ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.47.0-wmf.6
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
Event
Event talk
သိင်္ဂါလောဝါဒခေါ် လူ့တို့ကျင့်ဝတ်
0
3718
22094
11644
2026-06-14T13:01:49Z
~2026-34911-07
757
/* အပြစ်များ */ အရက်သေစာသောက်စားခြင်း အပြစ် ၆-ပါး
22094
wikitext
text/x-wiki
{{header
| title = သိင်္ဂါလောဝါဒခေါ် လူ့တို့ကျင့်ဝတ်
| author = အမည်မသိ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section =
| previous =
| previous2 =
| next =
| next2 =
| year =
| notes =
| edition =
| categories =
| shortcut =
| portal =

==သိင်္ဂါလောဝါဒခေါ် လူ့တို့ကျင့်ဝတ်==

တစ်လောကလုံး၊ ညွှတ်ရုံးဦးချ၊ နှိုင်းမမျှသား၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား၊ ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည်၊ လောကကျင့်ရာ၊ အကျဉ်းမှာပိမ့်၊ နတ်ရွာဖို့လုံးလုံး၊ ကျက်၍သုံး။

==သားသမီးကျင့်ဝတ် ၅-ပါး==

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေးမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။

[မိဘလုပ်ကျွေးခြင်း၊ မိဘ၏ အမှုကိစ္စကို ဆောင်ရွက်ခြင်း၊ မိဘစကားကို နားထောင်၍ မိဘ၏ အမွေတို့ ခံထိုက်အာင် ပြုလုပ်ခြင်း၊ (မိဘစကားကို နားမထောင်က အမွေမခံထိုက်ဟူ၏) မိဘသေဆုံးသောအခါ ရေစက်သွန်းချ၍ အမျှပေးဝေခြင်း၊ အမျိုးအနွယ်ကို စောင့်ရှောက်ခြင်းဟူ၏၊]

==၂။ မိဘကျင့်ဝတ် ၅-ပါး==

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။

==၃။တပည့်ကျင့်ဝတ် ၅-ပါး==

ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။

==၄။ ဆရာကျင့်ဝတ် ၅-ပါး==

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ။

[မိမိတတ်သမျှ အကုန်ပေးခြင်းကို-သိပ္ပမချန်၊ မိမိထက်ကျေးဇူးပြုနိုင်မည့် ဆရာထံသို့ အပ်နှံပေးခြင်းကို- သင့်ရာအပ်ပို့-ဟု ဆို၏၊]

==၅။ လင့်ကျင့်ဝတ် ၅-ပါး==

မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင့်ကျင့်ရာ။

[မိမိမယားအား မထီလေးစား မပြုခြင်းကို- မထီမဲ့ကင်း၊ အခြားမိန်းမတို့ကို မလွန်ကျူးခြင်းကို- မိစ္ဆာမမှား၊ စားရေးသောက်ရေး၌ အလိုရှိတိုင်း စီရင်ဖို့ လွှဲအပ်ခြင်းကို- ဥစ္စာအပ်နှင်းဟု ဆို၏၊ ငွေကိုအပ်ရန်မလို၊ ၎င်းအဓိပ္ပါယ်ကို “ပဉ္စမအပရိဟာနိယ“ အဖွင့်၌ အကျယ်ဆို၏၊]

==၆။ မယားကျင့်ဝတ် ၅-ပါး==

အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျှော်အောင်ဖြန့်ချီ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

[မိမိယောက်ျားမှ တစ်ပါးသောယောက်ျားတို့နှင့် မမှားမယွင်းခြင်းကို- မိစ္ဆာကြည်ရှောင်၊ မိမိ ဆွေမျိုး၊ လင်ဆွေမျိုးတို့၌ ဝတ်ကျေအောင်ပြုခြင်းကို- သင့်လျှော်ဖြန့်ချိဆို၏၊]

==၇။ မိတ်ဆွေကျင့်ဝတ် ၅-ပါး==

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

[ကိုယ့်အောက်သို့ မနှိမ့်ချမူ၍ ကိုယ်နှင့်အတူတူ ထားခြင်းကို- ကိုယ်နှင့်ယှဉ်ထားဟု ဆို၏၊]

==၈။ ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ၅-ပါး==

မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ဘေးတွေ့မပြစ်၊သားမြစ်စဉ်ဆက် မပျက်ချီးပင့်၊ ဝတ်ငါးဆင့်၊ ပြုကျင့်မိတ်ဆွေများ။

==၉။ သခင်ကျင့်ဝတ် ၅-ပါး==

ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင့်ဝတ်၊ မချွတ်ငါးခုသာ။

[သူတို့လုပ်နိုင်သော အလုပ်ကိုသာ လုပ်စေခြင်း၊ သင့်လျော်သော အချိန်၌ ခိုင်းခြင်းကို- ပြုရေးစီရင်၊ ထူးဆန်းသော အစာကို ရသောအခါ ဝေငှခြင်းကို- ငှဝေရသာဆို၏၊ ဥပုသ်နေ့၊ သီတင်းနေ့၊ ပွဲတော်နေ့ စသောအခါတို့၌ အခိုင်းအစေ စားရင်းငှါး ကျွဲ နွားတို့ကို မခိုင်းမစေဘဲ အနားပေးခြင်း အခွင့်လွှတ်ပေးခြင်းကို- အခါကိုလွှတ်ဆို၏၊]

==၁၀။ ကျွန်ကျင့်ဝတ် ၅-ပါး==

အိပ်သောနောက်ကျ၊ ထ,သော်ကားရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။

[အလုပ်ကို စေ့စေ့စပ်စပ် ဆောင်ရွက်ခြင်းကို- စေ့စပ်ဆောင်ရွက်၊ အရှင်၏ ကျေးဇူးကို ပြောဆိုခြင်းကို- ကျေးဇူးမြွက်ဟု ဆို၏၊]

==၁၁။ ဒါယကာ ကျင့်ဝတ် ၅-ပါး==

မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ၊ ဝတ်ငါးထွေ၊ ပြုလေ ဒါယကာ။

[ရဟန်းသံဃာ၌ မေတ္တာစိတ် ရှေးထားခြင်း၊ ခင်ခင်မင်မင် ပြောဆိုခြင်း၊ အလိုရှိသော အရာများကို တောင်းပါဟု ဖိတ်ထားခြင်း၊ တတ်နိုင်သမျှ လှူဒါန်းခြင်းတို့ကို ပြုရမည်ဟူ၏၊]

==၁၂။ ရဟန်းကျင့်ဝတ် ၆-ပါး==

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခုလွန်သေချာ။

[နာဖူးသော တရားကို ထပ်ဟောခြင်းကို- နာဖူးထပ်မံ၊ နတ်ပြည်သို့ ရောက်ဖို့ နည်းလမ်းကို ညွှန်ကြား ပြောပြခြင်းကို- နတ်ထံတင်ရာဟု ဆို၏၊]

==၁၃။ အကြီးအကဲကျင့်ဝတ် ၆-ပါး==

ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ကြည့်ရှု၊ ဤခြောက်ခု၊ ကြီးသူကျင့်ရာ တရားတည်း။

[သူများထက် လုံ့လရှိခြင်း၊ သူများကို မိမိက ရှေ့ဆောင်ပြုလုပ်ခြင်းကို- ထကြွနိုးကြား၊ အရာရာမှာ ဉာဏ်ဖြင့် ဆင်ခြင်ခြင်းကို-ကြည့်ရှုဟု ဆို၏၊]

ဝတ်မကျေလျှင် အပြစ် - ကျေလျှင် အကျိုး

၁။ ကျမ်းသိင်္ဂါလ၊ သုတ်ဝယ်ပြ၊ သုံးဝမြတ်ဆရာ။

၂။ ကျင့်ဝတ်မပြေ၊ ပယ်လေးထွေ၊ လားလေ ရှည်မြင့်စွာ။

ဤသည့် ဝတ်ကန်၊ ဆွေမျိုးစုံ၊ ခြောက်ဘုံ ထက်နတ်ရွာ။

၃။ လှည်းဘီးပြင်က၊ နားစောင့်ချဖို့၊ မိဘနှင့်သား၊ မယားနှင့်လင်၊ အရှင်နှင့်ကျွန်၊ ထေရ်မွန်ဒကာ၊ မိတ်သဟာနှင့်၊ ဆရာ တပည့်၊ တည့်တည့်မချွတ်၊ ကျင့်ဝတ်စုံလင်၊ ဖြူသန့်စင်မူ၊ ရှင်လည်း မကွေ၊ သေလည်းမကွာ၊ နတ်ရွာလူ့ပြည်၊ လှည့်လည်အတူ၊ ခံစားမူ၍၊ နိဗ္ဗူရွှေပြည်၊ ဝင်အံ့သည်လည်း၊ မတည့်ကျင့်ဝတ်၊ ချွတ်သူတို့မှာ၊ မလွတ်သာသည်၊ လေးရွာဖို့ လုံးလုံး လူဖြစ်ရှုံး။

[အပါယ်လေးဘုံသို့ ရောက်သည်ကို- လေးရွာသို့ လုံးလုံး လူဖြစ်ရှုံးဟု ဆို၏၊]

==အရက်သေစာသောက်စားခြင်း အပြစ် ၆-ပါး ==

၁။ ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊ မလုံအင်္ဂါ၊ ပညာဆုတ်ငြား၊ ဤခြောက်ပါးကား၊ သောက်စားသေစာ အပြစ်တည်း။

[ဥစ္စာဆုတ်ယုတ်တတ်ခြင်း၊ ရန်ဖြစ်တတ်ခြင်း၊ ကြီးကျယ်သော ရောဂါစွဲကပ်တတ်ခြင်း၊ အရှိန်အစော် မဲ့တတ်ခြင်း၊ လျှို့ဝှက်သော အင်္ဂါများ ပေါ်တတ်ခြင်း၊ ဉာဏ်ပညာ ထိုင်းမှိုင်း ဆုတ်ယုတ်ခြင်း - ဟူသည်တည်း။]

==၂။ အခါမဲ့လမ်းသွားခြင်း အပြစ် ၆-ပါး==

ကိုယ်သားမယား၊ တခြားဥစ္စာ၊ လုံရာမဲ့ရှောင်း၊ မကောင်းအရာ၊ ရွံရှာလေအပ်၊ ယိုးစွပ်ရောက်မှု၊ ဆင်းရဲစု၊ ခြောက်ခုခါမဲ့သွားပြစ်တည်း။

[မိမိကိုယ်၊ မိမိသားမယား၊ မိမိဥစ္စာ မလုံခြုံရှိတတ်ခြင်း၊ မကောင်းမှု ပြုသူဟု အထင်ခံရတတ်ခြင်း၊ အစွပ်အစွဲ ခံရတတ်ခြင်း၊ ဆင်းရဲများစွာ ရတတ်ခြင်း ဟူသည်တည်း။]

==၃။ ပွဲလမ်းသဘင် အပြစ် ၆-ပါး==

ကခြင်းတလီ၊ သီခြင်းတသီး၊ မှုတ်တီးတသင်း၊ ပြိန်းဖျင်းတအုပ်၊ လက်ခုပ်တတည်၊ အိုးစည်းတဖြာ၊ ရှိရာရှာဟု၊ ဥစ္စာပျက်မှု၊ ဤခြောက်ခု၊ ကြည့်ရှုသဘင် အပြစ်တည်း။

[အဘယ်မှာကသနည်း၊ အဘယ်မှာ သီချင်းဆိုသနည်း၊ အဘယ်မှာ တီးမှုတ်သနည်း၊ အဘယ်မှာ ပြိန်ဖျင်းသော စကားကို ပြောသနည်းဟူ၍ မေးပြီးလျှင် ပွဲလည်၍ ကြည့်နေသဖြင့် အလုပ်အကိုင်ပျက်၊ အစားအအိပ်ပျက်၍ အကျိုးဆုတ်ယုတ်သည်-ဟူ၏၊]

==၄။ လောင်းတမ်းကစားသူ၏ အပြစ် ၆-ပါး==

အောင်သူရန်ပွား၊ ရှုံးကားစိုးရိမ်၊ စည်းစိမ်လျော့ပါး၊ တရားသဘင်၊ မဝင်သက်သေ၊ မိတ်ဆွေနှိမ့်ဆို၊ မလိုထိမ်းမြား၊ ဤခြောက်ပါးကား၊ ပျော်ပါးကြွေအန်အပြစ်တည်း။

[တရားရုံး၌ သက်သေအရာ၌ တည်၍ ပြောသောစကားကို ကစားသမား စကားဟု အယုံအကြည် မရှိခြင်း၊ မိတ်ဆွေများလည်း ကစားသမားဟု ကဲ့ရဲ့ခြင်း၊ သမီးရှင်များကလည်း ကစားသမားဟူ၍ သမီးနှင့် မပေးစားလိုခြင်းကို မလိုထိမ်းမြားဟု ဆို၏၊]

==၅။ မိတ်ဆွေပျက်နှင့် ပေါင်းသင်းခြင်း အပြစ် ၆-ပါး==

ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ၊ သေစာကြူးမှု၊ အတုပြုငြား၊ လှည့်စားတထောက်၊ မျက်မှောက်လှည့်ချက်၊ နိုင်ထက်လုယူ၊ ဤသူခြောက်ပါး၊ မိတ်ဖြစ်လားကြောင့်၊ ပျက်ပြားမိတ်ဆွေ အပြစ်တည်း။

[အတုပြု၍ လှည့်ပတ်ခြင်းကို- အတုပြုငြား၊ လှည့်စားတစ်ထောက် ဆို၏၊ ထိုကဲ့သို့ သဘောရှိသော မိတ်ဆွေယုတ် ၆-ယောက်နှင့် ပေါင်းသင်းခြင်းကြောင့် မိမိလည်း ထိုမိတ်ဆွေယုတ်ကဲ့သို့ မကောင်းသော အကျင့်ကို ကျင့်တတ်၍ ထိုအကျင့်ယုတ်ဟု ဆိုအပ်သော အပြစ် ၆-ပါးကို ရသည်ဟု ဆိုလို၏၊]

==၆။ ပျင်းရိခြင်း အပြစ် ၆-ပါး==

အချမ်းပြင်းဝှန်၊ အလွန်ပူနိုး၊ မိုးချုပ်လှမော၊ စောလွန်းလှရောင်၊ ဆာလောင်ပြင်းနေ၊ လွန်ထွေဝမ်းဝ၊ ဓနပညာ၊ မပွားရာသည်၊ ခြောက်ဖြာ ပျင်းသူ အပြစ်တည်း။

[ချမ်းလွန်းလှသေးသည်၊ ပူလွန်းလှသေးသည်၊ မိုးချုပ်လှသေးသည်၊ စောလွန်းလှသေးသည်၊ ဆာလှသေးသည်၊ ဗိုက်ပြည့်လှသေးသည်ဟု အလုပ်အကိုင်ကို မလုပ်က ဥစ္စာမရ ဟူ၏၊]

==ခင်ပွန်းတုများ==
==၁။ ယူသာယူတတ်သော ခင်ပွန်းတု ၄-ယောက်==

လက်ချည်းလာ၍၊ ဥစ္စာဆောင်သယ်၊ နည်းငယ်ဖြင့်သာ၊ များစွာလိုရှိ၊ ဘေးထိရောက်ခါ၊ ပြုလာတုံဘိ၊ မိမိကျိုးငှါ၊ မှီလာပေါင်းယှဉ်၊ လေးယောက်စဉ်ကား၊ အညဒတ္ထုဟရတည်း။

==၂။ နှုတ်ဖြင့်သာ ဟန်ဆောင်သော ခင်ပွန်းတု ၄-ယောက်==

ရှေ့ဖြင့်စေ့စပ်၊ တစ်ထပ်နောက်မှီး၊ ချည်းနှီးသင်္ဂြိုလ်၊ ပေးလိုစဟန်၊ ပစ္စုပ္ပန်မူ၊ ပြညွှန်ပျက်ပြား၊ ဤလေးပါးကား မှတ်သား ဝစီပရမတည်း။

[မနေ့က သင့်ကို မျှော်နေသည်စသော လွန်လေပြီးဖြင့် လောကွတ်လုပ်ခြင်း၊ နောက်မည်သည့်အခါ မည်ကဲ့သို့ ကျေးဇူးပြုမည်ဟု နောက်အဖို့ဖြင့် လောကွတ်လုပ်ခြင်း၊ မြင်းစီးလာရင်း လာလေ သူငယ်ချင်း မြင်းစီးပါဦးဟု အလကား လောကွတ်လုပ်ခြင်း၊ တကယ်ကိစ္စရှိ၍ အကူအညီ တောင်းသောအခါ ရှောင်လွှဲ၍ နေခြင်းဟူ၏၊]

==၃။ ချစ်ဖွယ်သော စကားကို ဆိုတတ်သော ခင်ပွန်းတု ၄-ယောက်==

[မြှောက်၍ စားတတ်သော ခင်ပွန်းလည်း ဟူ၏]

မကောင်းခွင့်ပြု၊ ကောင်းမှုကိုလျှင်၊ ဆင်ခြင်မရှု၊ ခွင့်ပြုသည်ပင်၊ ရှေ့တွင်ချီးမွမ်း၊ ဖုံးလွှမ်းကွယ်လျှင်၊ ကဲ့ရဲ့ချင်သည်၊ လေးအင်ပီယဘာဏီတည်း။

==၄။ ပျက်စီးစေတတ်သော ခင်ပွန်းတု ၄-ယောက်==

သောက်ထုတ်သေရက်၊ ညဉ့်နက်လမ်းသွား၊ ရှုစားသဘင်၊ ပျော်ရွှင်အံစာ၊ လေးရပ်မှာပင်၊ တကွထင်သည်၊ လေးအင် အပါယသဟဲတည်း။

==ခင်ပွန်းစစ်များ==
==၁။ ကျေးဇူးကို ဆောင်ရွက်တတ်သော ခင်ပွန်းစစ် ၄-ယောက်==

မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက၊ နှစ်ဆဥစ္စာ၊ ချေးပေးလာသည်၊ လေးဖြာ ဥပကာရတည်း။

[ဘေးရောက်လာသည့်အခါ အားကိုးရသည်ကို- ဘေးရောက်ကိုးကွယ်ဟု ဆို၏၊]

၂။ ဆင်းရဲမကွာ ချမ်းသာမပစ်သော ခင်ပွန်းစစ် ၄-ယောက်

လျို့ဝှက်စကား၊ ကြားစတုံလျက်၊ သူလျို့ဝှက်၍၊ ဘေးတွေ့မစွန့်၊ မတွန့်တိုပါ၊ သူ့ကိုညှာလျက်၊ ကိုယ့်သက်စွန့်မြောက်၊ ဤလေးယောက်ကား၊ မျှလောက်ချမ်းသာ ဆင်းရဲတည်း။

[မိမိ၏ လျှို့ဝှက်အပ်သောစကားကို ပြောကြားခြင်း၊ မိတ်ဆွေ၏ လျှို့ဝှက်အပ်သော စကားကို လုံခြုံစွာ လျှို့ဝှက်ခြင်းကို- လျှို့ဝှက်စကား၊ ကြားစေတုံလျက်၊ သူလျှို့ဝှက်ဟု ဆို၏၊]

==၃။ အကျိုးစီးပွားကို ပြောကြားတတ်သော ခင်ပွန်းစစ် ၄-ယောက်==

မကောင်းမြစ်တား၊ ကောင်းရာကြား၍၊ မကြားစတောင်း၊ အကြောင်းကြားလာ၊ နတ်ရွာလမ်းပြ၊ ဤလေးဝကား၊ မည်ရ အတ္ထက္ခာယီတည်း။

[မကြားဖူး ထူးဆန်းသော အကြောင်းကို ပြောကြားခြင်းကို မကြားစတောင်း၊ အကြောင်းကြားလာ ဟူ၏၊]

==၄။ အစဉ်သနားတတ်သော ခင်ပွန်းစစ် ၄-ယောက်==

ဥစ္စာခမ်းနား၊ မပွားသမြို့၊ မနှစ်လိုငြား၊ ပွားကရွှင်မြူး၊ ကျေးဇူးမဲ့ကို၊ ဆိုသော်တားမြစ်၊ ကျေးဇူးနှစ်ကို၊ ဆိုလစ်ချီးမွှမ်း၊ သူတို့တမ်းကာ၊ မိတ်ကျွမ်းအနုကမ္ပကတည်း။

==၅။ အလေးအမြတ်ပြုအပ်သော အရပ် ၆-ပါး==

အရှေ့မိဘ၊ တောင်ကဆရာ၊ နောက်မှာမယား၊ မြောက်ကားမိတ်ဆွေ၊ အောက်ခြေကျွန်များ၊ အထက်ဖျားကား၊ ပုဏ္ဏားရဟန်း ခြောက်ရပ်တည်း။

==၆။ အလောင်းအလျာတို့ အလိုတော် ၆-ပါး==

လောဘ ဒေါသ၊ မောဟကင်းလို၊ တောခိုတစ်ဖြာ၊ ဆိတ်ရာငြိမ်သက်၊ ဝဋ်မှထွက်၊ ခြောက်ချက် လောင်းလျာလိုတော်တည်း။

==၇။ မပြတ်ဆင်ခြင်ရာတရား ၅-ပါး==

အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ၊ သေခြင်းတစ်ခြား၊ ကွဲပြားတစ်ဖန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာနေ့ည၊ ဉာဏ်သက်ဝင်၍ ဆင်ခြင်ကြ။

==၈။ အကျိုးဆောင်သောတရား ၁-ပါး==

သေခြင်းတစ်ပါး၊ ဤတရားကား၊ စီးပွားမြားမြောင်၊ အကျိုးဆောင်သည်၊ အိုအောင်အောက်မေ့ စီးဖြန်းကြ။

==၉။ အဂတိလေးပါး လိုက်စားခြင်း အပြစ် ၄-ပါး==

ချစ်၍ မုန်း၍၊ ကြောက်၍မိုက်မှား၊ တရားကိုသာ၊ လွန်ကျင့်ပါက၊ လဆုတ်ပက္ခ၊ ထွက်သည့်လ-သို့၊ မုချဧကန်၊ ပျက်မည်မှန်၏၊

==၁၀။ အဂတိလေးပါး မလိုက်စားခြင်းအကျိုး==

ချစ်၍မုန်း၍၊ ကြောက်၍ မိုက်မှား၊ တရားကိုသာ၊ မလွန်ပါက၊ လဆန်းပက္ခ၊ ထွက်သည့်လ-သို့၊ မုချဧကန်၊ တိုးမည်မှန်၏၊

==၁၁။ သင်္ဂဟတရား ၄-ပါး==

ချစ်ဖွယ်စကား၊ ပြောကြားလေလင့်၊ ချီးမြှင့်ပေးဝေ၊ ဆောင်လေကျိုးကို၊ ကိုယ်တူပြုငြား၊ ဤလေးပါး၊ မှန်သားဓမ္မသင်္ဂဟာ။

==၁၂။ ဥစ္စာစုနည်း==

ပျားအုံပျားက၊ ပြုလုပ်ကြဖို့၊ ခြကတောင်ပို့၊ သယ်ဖို့ကြနည်း၊ ပစ္စည်းဥစ္စာ၊ စည်းစုပါ မှန်စွာ ကြီးပွားမည်။

==၁၃။ ဥစ္စာပစ္စည်းကို သုံးစွဲနည်း==

ရှာ၍ရလာ ထိုဥစ္စာကို၊ ပုံပါလေးပုံ၊ တစ်ပုံစားပါ၊ နှစ်ဖြာထပ်ရင်း၊ အကြွင်းရန်ပုံ၊ ထားပါတုံ၊ မှတ်ယုံကြီးပွားမည်။

ဤကား သိင်္ဂါလောဝါဒခေါ် လူကျင့်ဝတ်တည်း။

[[Category:မြန်မာဘာသာ]]
[[Category:မြန်မာကဗျာများ]]
[[Category:သုတ္တန်များ]]
9hgvibeh37t9nbty89h8nyvqs5j7kak
22095
22094
2026-06-14T13:02:51Z
~2026-34911-07
757
/* အရက်သေစာသောက်စားခြင်း အပြစ် ၆-ပါး */ ၁။ အရက်သေစာသောက်စားခြင်း အပြစ် ၆-ပါး
22095
wikitext
text/x-wiki
{{header
| title = သိင်္ဂါလောဝါဒခေါ် လူ့တို့ကျင့်ဝတ်
| author = အမည်မသိ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section =
| previous =
| previous2 =
| next =
| next2 =
| year =
| notes =
| edition =
| categories =
| shortcut =
| portal =

==သိင်္ဂါလောဝါဒခေါ် လူ့တို့ကျင့်ဝတ်==

တစ်လောကလုံး၊ ညွှတ်ရုံးဦးချ၊ နှိုင်းမမျှသား၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား၊ ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည်၊ လောကကျင့်ရာ၊ အကျဉ်းမှာပိမ့်၊ နတ်ရွာဖို့လုံးလုံး၊ ကျက်၍သုံး။

==သားသမီးကျင့်ဝတ် ၅-ပါး==

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေးမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။

[မိဘလုပ်ကျွေးခြင်း၊ မိဘ၏ အမှုကိစ္စကို ဆောင်ရွက်ခြင်း၊ မိဘစကားကို နားထောင်၍ မိဘ၏ အမွေတို့ ခံထိုက်အာင် ပြုလုပ်ခြင်း၊ (မိဘစကားကို နားမထောင်က အမွေမခံထိုက်ဟူ၏) မိဘသေဆုံးသောအခါ ရေစက်သွန်းချ၍ အမျှပေးဝေခြင်း၊ အမျိုးအနွယ်ကို စောင့်ရှောက်ခြင်းဟူ၏၊]

==၂။ မိဘကျင့်ဝတ် ၅-ပါး==

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။

==၃။တပည့်ကျင့်ဝတ် ၅-ပါး==

ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။

==၄။ ဆရာကျင့်ဝတ် ၅-ပါး==

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ။

[မိမိတတ်သမျှ အကုန်ပေးခြင်းကို-သိပ္ပမချန်၊ မိမိထက်ကျေးဇူးပြုနိုင်မည့် ဆရာထံသို့ အပ်နှံပေးခြင်းကို- သင့်ရာအပ်ပို့-ဟု ဆို၏၊]

==၅။ လင့်ကျင့်ဝတ် ၅-ပါး==

မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင့်ကျင့်ရာ။

[မိမိမယားအား မထီလေးစား မပြုခြင်းကို- မထီမဲ့ကင်း၊ အခြားမိန်းမတို့ကို မလွန်ကျူးခြင်းကို- မိစ္ဆာမမှား၊ စားရေးသောက်ရေး၌ အလိုရှိတိုင်း စီရင်ဖို့ လွှဲအပ်ခြင်းကို- ဥစ္စာအပ်နှင်းဟု ဆို၏၊ ငွေကိုအပ်ရန်မလို၊ ၎င်းအဓိပ္ပါယ်ကို “ပဉ္စမအပရိဟာနိယ“ အဖွင့်၌ အကျယ်ဆို၏၊]

==၆။ မယားကျင့်ဝတ် ၅-ပါး==

အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျှော်အောင်ဖြန့်ချီ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

[မိမိယောက်ျားမှ တစ်ပါးသောယောက်ျားတို့နှင့် မမှားမယွင်းခြင်းကို- မိစ္ဆာကြည်ရှောင်၊ မိမိ ဆွေမျိုး၊ လင်ဆွေမျိုးတို့၌ ဝတ်ကျေအောင်ပြုခြင်းကို- သင့်လျှော်ဖြန့်ချိဆို၏၊]

==၇။ မိတ်ဆွေကျင့်ဝတ် ၅-ပါး==

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

[ကိုယ့်အောက်သို့ မနှိမ့်ချမူ၍ ကိုယ်နှင့်အတူတူ ထားခြင်းကို- ကိုယ်နှင့်ယှဉ်ထားဟု ဆို၏၊]

==၈။ ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ၅-ပါး==

မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ဘေးတွေ့မပြစ်၊သားမြစ်စဉ်ဆက် မပျက်ချီးပင့်၊ ဝတ်ငါးဆင့်၊ ပြုကျင့်မိတ်ဆွေများ။

==၉။ သခင်ကျင့်ဝတ် ၅-ပါး==

ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင့်ဝတ်၊ မချွတ်ငါးခုသာ။

[သူတို့လုပ်နိုင်သော အလုပ်ကိုသာ လုပ်စေခြင်း၊ သင့်လျော်သော အချိန်၌ ခိုင်းခြင်းကို- ပြုရေးစီရင်၊ ထူးဆန်းသော အစာကို ရသောအခါ ဝေငှခြင်းကို- ငှဝေရသာဆို၏၊ ဥပုသ်နေ့၊ သီတင်းနေ့၊ ပွဲတော်နေ့ စသောအခါတို့၌ အခိုင်းအစေ စားရင်းငှါး ကျွဲ နွားတို့ကို မခိုင်းမစေဘဲ အနားပေးခြင်း အခွင့်လွှတ်ပေးခြင်းကို- အခါကိုလွှတ်ဆို၏၊]

==၁၀။ ကျွန်ကျင့်ဝတ် ၅-ပါး==

အိပ်သောနောက်ကျ၊ ထ,သော်ကားရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။

[အလုပ်ကို စေ့စေ့စပ်စပ် ဆောင်ရွက်ခြင်းကို- စေ့စပ်ဆောင်ရွက်၊ အရှင်၏ ကျေးဇူးကို ပြောဆိုခြင်းကို- ကျေးဇူးမြွက်ဟု ဆို၏၊]

==၁၁။ ဒါယကာ ကျင့်ဝတ် ၅-ပါး==

မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ၊ ဝတ်ငါးထွေ၊ ပြုလေ ဒါယကာ။

[ရဟန်းသံဃာ၌ မေတ္တာစိတ် ရှေးထားခြင်း၊ ခင်ခင်မင်မင် ပြောဆိုခြင်း၊ အလိုရှိသော အရာများကို တောင်းပါဟု ဖိတ်ထားခြင်း၊ တတ်နိုင်သမျှ လှူဒါန်းခြင်းတို့ကို ပြုရမည်ဟူ၏၊]

==၁၂။ ရဟန်းကျင့်ဝတ် ၆-ပါး==

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခုလွန်သေချာ။

[နာဖူးသော တရားကို ထပ်ဟောခြင်းကို- နာဖူးထပ်မံ၊ နတ်ပြည်သို့ ရောက်ဖို့ နည်းလမ်းကို ညွှန်ကြား ပြောပြခြင်းကို- နတ်ထံတင်ရာဟု ဆို၏၊]

==၁၃။ အကြီးအကဲကျင့်ဝတ် ၆-ပါး==

ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ကြည့်ရှု၊ ဤခြောက်ခု၊ ကြီးသူကျင့်ရာ တရားတည်း။

[သူများထက် လုံ့လရှိခြင်း၊ သူများကို မိမိက ရှေ့ဆောင်ပြုလုပ်ခြင်းကို- ထကြွနိုးကြား၊ အရာရာမှာ ဉာဏ်ဖြင့် ဆင်ခြင်ခြင်းကို-ကြည့်ရှုဟု ဆို၏၊]

ဝတ်မကျေလျှင် အပြစ် - ကျေလျှင် အကျိုး

၁။ ကျမ်းသိင်္ဂါလ၊ သုတ်ဝယ်ပြ၊ သုံးဝမြတ်ဆရာ။

၂။ ကျင့်ဝတ်မပြေ၊ ပယ်လေးထွေ၊ လားလေ ရှည်မြင့်စွာ။

ဤသည့် ဝတ်ကန်၊ ဆွေမျိုးစုံ၊ ခြောက်ဘုံ ထက်နတ်ရွာ။

၃။ လှည်းဘီးပြင်က၊ နားစောင့်ချဖို့၊ မိဘနှင့်သား၊ မယားနှင့်လင်၊ အရှင်နှင့်ကျွန်၊ ထေရ်မွန်ဒကာ၊ မိတ်သဟာနှင့်၊ ဆရာ တပည့်၊ တည့်တည့်မချွတ်၊ ကျင့်ဝတ်စုံလင်၊ ဖြူသန့်စင်မူ၊ ရှင်လည်း မကွေ၊ သေလည်းမကွာ၊ နတ်ရွာလူ့ပြည်၊ လှည့်လည်အတူ၊ ခံစားမူ၍၊ နိဗ္ဗူရွှေပြည်၊ ဝင်အံ့သည်လည်း၊ မတည့်ကျင့်ဝတ်၊ ချွတ်သူတို့မှာ၊ မလွတ်သာသည်၊ လေးရွာဖို့ လုံးလုံး လူဖြစ်ရှုံး။

[အပါယ်လေးဘုံသို့ ရောက်သည်ကို- လေးရွာသို့ လုံးလုံး လူဖြစ်ရှုံးဟု ဆို၏၊]

==၁။ အရက်သေစာသောက်စားခြင်း အပြစ် ၆-ပါး ==

၁။ ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊ မလုံအင်္ဂါ၊ ပညာဆုတ်ငြား၊ ဤခြောက်ပါးကား၊ သောက်စားသေစာ အပြစ်တည်း။

[ဥစ္စာဆုတ်ယုတ်တတ်ခြင်း၊ ရန်ဖြစ်တတ်ခြင်း၊ ကြီးကျယ်သော ရောဂါစွဲကပ်တတ်ခြင်း၊ အရှိန်အစော် မဲ့တတ်ခြင်း၊ လျှို့ဝှက်သော အင်္ဂါများ ပေါ်တတ်ခြင်း၊ ဉာဏ်ပညာ ထိုင်းမှိုင်း ဆုတ်ယုတ်ခြင်း - ဟူသည်တည်း။]

==၂။ အခါမဲ့လမ်းသွားခြင်း အပြစ် ၆-ပါး==

ကိုယ်သားမယား၊ တခြားဥစ္စာ၊ လုံရာမဲ့ရှောင်း၊ မကောင်းအရာ၊ ရွံရှာလေအပ်၊ ယိုးစွပ်ရောက်မှု၊ ဆင်းရဲစု၊ ခြောက်ခုခါမဲ့သွားပြစ်တည်း။

[မိမိကိုယ်၊ မိမိသားမယား၊ မိမိဥစ္စာ မလုံခြုံရှိတတ်ခြင်း၊ မကောင်းမှု ပြုသူဟု အထင်ခံရတတ်ခြင်း၊ အစွပ်အစွဲ ခံရတတ်ခြင်း၊ ဆင်းရဲများစွာ ရတတ်ခြင်း ဟူသည်တည်း။]

==၃။ ပွဲလမ်းသဘင် အပြစ် ၆-ပါး==

ကခြင်းတလီ၊ သီခြင်းတသီး၊ မှုတ်တီးတသင်း၊ ပြိန်းဖျင်းတအုပ်၊ လက်ခုပ်တတည်၊ အိုးစည်းတဖြာ၊ ရှိရာရှာဟု၊ ဥစ္စာပျက်မှု၊ ဤခြောက်ခု၊ ကြည့်ရှုသဘင် အပြစ်တည်း။

[အဘယ်မှာကသနည်း၊ အဘယ်မှာ သီချင်းဆိုသနည်း၊ အဘယ်မှာ တီးမှုတ်သနည်း၊ အဘယ်မှာ ပြိန်ဖျင်းသော စကားကို ပြောသနည်းဟူ၍ မေးပြီးလျှင် ပွဲလည်၍ ကြည့်နေသဖြင့် အလုပ်အကိုင်ပျက်၊ အစားအအိပ်ပျက်၍ အကျိုးဆုတ်ယုတ်သည်-ဟူ၏၊]

==၄။ လောင်းတမ်းကစားသူ၏ အပြစ် ၆-ပါး==

အောင်သူရန်ပွား၊ ရှုံးကားစိုးရိမ်၊ စည်းစိမ်လျော့ပါး၊ တရားသဘင်၊ မဝင်သက်သေ၊ မိတ်ဆွေနှိမ့်ဆို၊ မလိုထိမ်းမြား၊ ဤခြောက်ပါးကား၊ ပျော်ပါးကြွေအန်အပြစ်တည်း။

[တရားရုံး၌ သက်သေအရာ၌ တည်၍ ပြောသောစကားကို ကစားသမား စကားဟု အယုံအကြည် မရှိခြင်း၊ မိတ်ဆွေများလည်း ကစားသမားဟု ကဲ့ရဲ့ခြင်း၊ သမီးရှင်များကလည်း ကစားသမားဟူ၍ သမီးနှင့် မပေးစားလိုခြင်းကို မလိုထိမ်းမြားဟု ဆို၏၊]

==၅။ မိတ်ဆွေပျက်နှင့် ပေါင်းသင်းခြင်း အပြစ် ၆-ပါး==

ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ၊ သေစာကြူးမှု၊ အတုပြုငြား၊ လှည့်စားတထောက်၊ မျက်မှောက်လှည့်ချက်၊ နိုင်ထက်လုယူ၊ ဤသူခြောက်ပါး၊ မိတ်ဖြစ်လားကြောင့်၊ ပျက်ပြားမိတ်ဆွေ အပြစ်တည်း။

[အတုပြု၍ လှည့်ပတ်ခြင်းကို- အတုပြုငြား၊ လှည့်စားတစ်ထောက် ဆို၏၊ ထိုကဲ့သို့ သဘောရှိသော မိတ်ဆွေယုတ် ၆-ယောက်နှင့် ပေါင်းသင်းခြင်းကြောင့် မိမိလည်း ထိုမိတ်ဆွေယုတ်ကဲ့သို့ မကောင်းသော အကျင့်ကို ကျင့်တတ်၍ ထိုအကျင့်ယုတ်ဟု ဆိုအပ်သော အပြစ် ၆-ပါးကို ရသည်ဟု ဆိုလို၏၊]

==၆။ ပျင်းရိခြင်း အပြစ် ၆-ပါး==

အချမ်းပြင်းဝှန်၊ အလွန်ပူနိုး၊ မိုးချုပ်လှမော၊ စောလွန်းလှရောင်၊ ဆာလောင်ပြင်းနေ၊ လွန်ထွေဝမ်းဝ၊ ဓနပညာ၊ မပွားရာသည်၊ ခြောက်ဖြာ ပျင်းသူ အပြစ်တည်း။

[ချမ်းလွန်းလှသေးသည်၊ ပူလွန်းလှသေးသည်၊ မိုးချုပ်လှသေးသည်၊ စောလွန်းလှသေးသည်၊ ဆာလှသေးသည်၊ ဗိုက်ပြည့်လှသေးသည်ဟု အလုပ်အကိုင်ကို မလုပ်က ဥစ္စာမရ ဟူ၏၊]

==ခင်ပွန်းတုများ==
==၁။ ယူသာယူတတ်သော ခင်ပွန်းတု ၄-ယောက်==

လက်ချည်းလာ၍၊ ဥစ္စာဆောင်သယ်၊ နည်းငယ်ဖြင့်သာ၊ များစွာလိုရှိ၊ ဘေးထိရောက်ခါ၊ ပြုလာတုံဘိ၊ မိမိကျိုးငှါ၊ မှီလာပေါင်းယှဉ်၊ လေးယောက်စဉ်ကား၊ အညဒတ္ထုဟရတည်း။

==၂။ နှုတ်ဖြင့်သာ ဟန်ဆောင်သော ခင်ပွန်းတု ၄-ယောက်==

ရှေ့ဖြင့်စေ့စပ်၊ တစ်ထပ်နောက်မှီး၊ ချည်းနှီးသင်္ဂြိုလ်၊ ပေးလိုစဟန်၊ ပစ္စုပ္ပန်မူ၊ ပြညွှန်ပျက်ပြား၊ ဤလေးပါးကား မှတ်သား ဝစီပရမတည်း။

[မနေ့က သင့်ကို မျှော်နေသည်စသော လွန်လေပြီးဖြင့် လောကွတ်လုပ်ခြင်း၊ နောက်မည်သည့်အခါ မည်ကဲ့သို့ ကျေးဇူးပြုမည်ဟု နောက်အဖို့ဖြင့် လောကွတ်လုပ်ခြင်း၊ မြင်းစီးလာရင်း လာလေ သူငယ်ချင်း မြင်းစီးပါဦးဟု အလကား လောကွတ်လုပ်ခြင်း၊ တကယ်ကိစ္စရှိ၍ အကူအညီ တောင်းသောအခါ ရှောင်လွှဲ၍ နေခြင်းဟူ၏၊]

==၃။ ချစ်ဖွယ်သော စကားကို ဆိုတတ်သော ခင်ပွန်းတု ၄-ယောက်==

[မြှောက်၍ စားတတ်သော ခင်ပွန်းလည်း ဟူ၏]

မကောင်းခွင့်ပြု၊ ကောင်းမှုကိုလျှင်၊ ဆင်ခြင်မရှု၊ ခွင့်ပြုသည်ပင်၊ ရှေ့တွင်ချီးမွမ်း၊ ဖုံးလွှမ်းကွယ်လျှင်၊ ကဲ့ရဲ့ချင်သည်၊ လေးအင်ပီယဘာဏီတည်း။

==၄။ ပျက်စီးစေတတ်သော ခင်ပွန်းတု ၄-ယောက်==

သောက်ထုတ်သေရက်၊ ညဉ့်နက်လမ်းသွား၊ ရှုစားသဘင်၊ ပျော်ရွှင်အံစာ၊ လေးရပ်မှာပင်၊ တကွထင်သည်၊ လေးအင် အပါယသဟဲတည်း။

==ခင်ပွန်းစစ်များ==
==၁။ ကျေးဇူးကို ဆောင်ရွက်တတ်သော ခင်ပွန်းစစ် ၄-ယောက်==

မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက၊ နှစ်ဆဥစ္စာ၊ ချေးပေးလာသည်၊ လေးဖြာ ဥပကာရတည်း။

[ဘေးရောက်လာသည့်အခါ အားကိုးရသည်ကို- ဘေးရောက်ကိုးကွယ်ဟု ဆို၏၊]

၂။ ဆင်းရဲမကွာ ချမ်းသာမပစ်သော ခင်ပွန်းစစ် ၄-ယောက်

လျို့ဝှက်စကား၊ ကြားစတုံလျက်၊ သူလျို့ဝှက်၍၊ ဘေးတွေ့မစွန့်၊ မတွန့်တိုပါ၊ သူ့ကိုညှာလျက်၊ ကိုယ့်သက်စွန့်မြောက်၊ ဤလေးယောက်ကား၊ မျှလောက်ချမ်းသာ ဆင်းရဲတည်း။

[မိမိ၏ လျှို့ဝှက်အပ်သောစကားကို ပြောကြားခြင်း၊ မိတ်ဆွေ၏ လျှို့ဝှက်အပ်သော စကားကို လုံခြုံစွာ လျှို့ဝှက်ခြင်းကို- လျှို့ဝှက်စကား၊ ကြားစေတုံလျက်၊ သူလျှို့ဝှက်ဟု ဆို၏၊]

==၃။ အကျိုးစီးပွားကို ပြောကြားတတ်သော ခင်ပွန်းစစ် ၄-ယောက်==

မကောင်းမြစ်တား၊ ကောင်းရာကြား၍၊ မကြားစတောင်း၊ အကြောင်းကြားလာ၊ နတ်ရွာလမ်းပြ၊ ဤလေးဝကား၊ မည်ရ အတ္ထက္ခာယီတည်း။

[မကြားဖူး ထူးဆန်းသော အကြောင်းကို ပြောကြားခြင်းကို မကြားစတောင်း၊ အကြောင်းကြားလာ ဟူ၏၊]

==၄။ အစဉ်သနားတတ်သော ခင်ပွန်းစစ် ၄-ယောက်==

ဥစ္စာခမ်းနား၊ မပွားသမြို့၊ မနှစ်လိုငြား၊ ပွားကရွှင်မြူး၊ ကျေးဇူးမဲ့ကို၊ ဆိုသော်တားမြစ်၊ ကျေးဇူးနှစ်ကို၊ ဆိုလစ်ချီးမွှမ်း၊ သူတို့တမ်းကာ၊ မိတ်ကျွမ်းအနုကမ္ပကတည်း။

==၅။ အလေးအမြတ်ပြုအပ်သော အရပ် ၆-ပါး==

အရှေ့မိဘ၊ တောင်ကဆရာ၊ နောက်မှာမယား၊ မြောက်ကားမိတ်ဆွေ၊ အောက်ခြေကျွန်များ၊ အထက်ဖျားကား၊ ပုဏ္ဏားရဟန်း ခြောက်ရပ်တည်း။

==၆။ အလောင်းအလျာတို့ အလိုတော် ၆-ပါး==

လောဘ ဒေါသ၊ မောဟကင်းလို၊ တောခိုတစ်ဖြာ၊ ဆိတ်ရာငြိမ်သက်၊ ဝဋ်မှထွက်၊ ခြောက်ချက် လောင်းလျာလိုတော်တည်း။

==၇။ မပြတ်ဆင်ခြင်ရာတရား ၅-ပါး==

အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ၊ သေခြင်းတစ်ခြား၊ ကွဲပြားတစ်ဖန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာနေ့ည၊ ဉာဏ်သက်ဝင်၍ ဆင်ခြင်ကြ။

==၈။ အကျိုးဆောင်သောတရား ၁-ပါး==

သေခြင်းတစ်ပါး၊ ဤတရားကား၊ စီးပွားမြားမြောင်၊ အကျိုးဆောင်သည်၊ အိုအောင်အောက်မေ့ စီးဖြန်းကြ။

==၉။ အဂတိလေးပါး လိုက်စားခြင်း အပြစ် ၄-ပါး==

ချစ်၍ မုန်း၍၊ ကြောက်၍မိုက်မှား၊ တရားကိုသာ၊ လွန်ကျင့်ပါက၊ လဆုတ်ပက္ခ၊ ထွက်သည့်လ-သို့၊ မုချဧကန်၊ ပျက်မည်မှန်၏၊

==၁၀။ အဂတိလေးပါး မလိုက်စားခြင်းအကျိုး==

ချစ်၍မုန်း၍၊ ကြောက်၍ မိုက်မှား၊ တရားကိုသာ၊ မလွန်ပါက၊ လဆန်းပက္ခ၊ ထွက်သည့်လ-သို့၊ မုချဧကန်၊ တိုးမည်မှန်၏၊

==၁၁။ သင်္ဂဟတရား ၄-ပါး==

ချစ်ဖွယ်စကား၊ ပြောကြားလေလင့်၊ ချီးမြှင့်ပေးဝေ၊ ဆောင်လေကျိုးကို၊ ကိုယ်တူပြုငြား၊ ဤလေးပါး၊ မှန်သားဓမ္မသင်္ဂဟာ။

==၁၂။ ဥစ္စာစုနည်း==

ပျားအုံပျားက၊ ပြုလုပ်ကြဖို့၊ ခြကတောင်ပို့၊ သယ်ဖို့ကြနည်း၊ ပစ္စည်းဥစ္စာ၊ စည်းစုပါ မှန်စွာ ကြီးပွားမည်။

==၁၃။ ဥစ္စာပစ္စည်းကို သုံးစွဲနည်း==

ရှာ၍ရလာ ထိုဥစ္စာကို၊ ပုံပါလေးပုံ၊ တစ်ပုံစားပါ၊ နှစ်ဖြာထပ်ရင်း၊ အကြွင်းရန်ပုံ၊ ထားပါတုံ၊ မှတ်ယုံကြီးပွားမည်။

ဤကား သိင်္ဂါလောဝါဒခေါ် လူကျင့်ဝတ်တည်း။

[[Category:မြန်မာဘာသာ]]
[[Category:မြန်မာကဗျာများ]]
[[Category:သုတ္တန်များ]]
4v9vfg5tkghtg9nfqtjmrcqoos5ro6m
မင်္ဂလသုတ် အနှစ်ချုပ်
0
5880
22159
22013
2026-06-15T03:28:32Z
Tejinda
173
22159
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မင်္ဂလသုတ် အနှစ်ချုပ်
| previous = [[မဟာသမယသုတ်တော် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း]]
| previous2 =
| next = [[လွတ်မြောက်တဲ့စိတ်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

မင်္ဂလသုတ် အနှစ်ချုပ်

မှတ်တမ်း

၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ရန်ကုန်တိုင်း၊ သံလျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဓမ္မဝိဇ္ဇာလယ သုဗောဓာရုံကျောင်း ဘုရားဆောင် ဂန္ဓကုဋီကျောင်း ရေစက်ချပွဲ၌ ဟောကြားအပ်သော 'မင်္ဂလသုတ် အနှစ်ချုပ်' တရားဒေသနာတော်။

ငယ်စဉ်တောင်ကြေး ကလေးအရွယ်မှာ ဗုဒ္ဓ ဘာသာဝင် သူတော်စင်တွေဟာ မင်္ဂလသုတ်က စပြီး ကျက်မှတ်ကြတယ်။ ဘုန်းကြီးတို့လည်း ဘုန်းကြီး ကျောင်းရောက်တဲ့ အချိန်ကနေစပြီး “ယံမင်္ဂလံ” ဆိုတာက စပြီး မင်္ဂလသုတ်ကို ကျက်မှတ်ခဲ့တယ်။ သို့သော် ဒီ မင်္ဂလသုတ်ဟာ စာပေအရ လေ့လာထား ကြသော်လည်း မိမိတို့ရဲ့ လက်တွေ့ဘဝနဲ့ အလှမ်း ကွာနေသလို ဖြစ်တယ်။

ဒါကြောင့်မို့ ဒီကနေ့ မိမိတို့ လက်တွေ့ဘဝမှာ မင်္ဂလသုတ်အတိုင်း မည်သို့မည်ပုံ ကျင့်ကြံနေထိုင် ကြမယ်ဆိုတာ သိရအောင် 'မင်္ဂလသုတ်' ကို လွယ်ကူ ရှင်းလင်းစွာ အားလုံး လက်တွေ့ အသုံးချနိုင်အောင်၊ မင်္ဂလာလမ်းမပေါ်မှာ လူတိုင်း လျှောက်လှမ်းနိုင်အောင် လက်တွေ့ဘဝနဲ့စပ်ဟပ်ပြီး 'မင်္ဂလသုတ် အနှစ်ချုပ်' ကို ဟောကြားမှာ ဖြစ်ပါတယ်။

ဘုန်းကြီးတို့တစ်တွေ ကုသိုလ်ကံရဲ့ ထောက်ပံ့မှု ကြောင့် လူ့ဘဝကို ရောက်ရှိလာကြပြီ။ မြတ်စွာဘုရား က လူ့ဘဝရရှိလာလို့ရှိရင် အရေးကြီးဆုံးက ဘာလဲ ဆိုတာ မင်္ဂလသုတ်မှာ အစဉ်တိုင်း ဟောထားတယ်။ တစ်ခုနဲ့တစ်ခု ဆက်စပ်ယူလို့ရပါတယ်။

အပေါင်းအသင်း

လူ့ဘဝ ရောက်လာတဲ့အခါမှာ အရေးကြီးဆုံး ကတော့ အပေါင်းအသင်းပဲ။ လူဆိုတာ ဘဝခရီး လျှောက်လှမ်းတဲ့အခါမှာ တစ်ယောက်တည်း လျှောက် လှမ်းတာ မဟုတ်ဘူး။ လူ့ဘဝရောက်လာကတည်းက မိသားစုဆိုတဲ့ အသိုင်းအဝိုင်းထဲ ရောက်လာတာ ဖြစ်တယ်။ မိသားစု အသိုင်းအဝိုင်းဆိုတာ လူတွေရဲ့ Society မှာ အသေးဆုံးပေါ့။ Family Society အသေးဆုံး အသိုင်းအဝိုင်းလေး တစ်ခုပဲ။ လူဟာ အပေါင်းအသင်းနဲ့နေတတ်တဲ့ သတ္တဝါလို့ ဆိုကြတယ်။ လူတင်မကပါဘူး၊ တခြား သတ္တဝါတွေဟာလည်းပဲ အပေါင်းအသင်းနဲ့ နေကြတာချည်းပါပဲ။

အဲဒီတော့ လူတွေရဲ့ထူးခြားမှုဟာ ဘာတုန်းဆိုရင် လူဟာ အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ လူ့ဘဝမှာ အရေးကြီးဆုံးက ဘာတုန်းဆို အပေါင်းအသင်းပဲ ဖြစ်တယ်တဲ့။

အပေါင်းအသင်းဆိုတဲ့နေရာမှာ ကံက ပေးလိုက် လို့ ပေါင်းသင်းနေရတဲ့ အပေါင်းအသင်းက တစ်မျိုး ပေါ့။ ကိုယ်ကိုယ်တိုင် ရွေးချယ်ပြီး ပေါင်းသင်းတာက တစ်မျိုးပေါ့။ တချို့ကျတော့ ကံက ပေးလိုက်သည့် အပေါင်းအသင်း၊ အသိုင်းအဝိုင်းကြားထဲမှာ ရောက် သွားတယ်။ ဆိုပါစို့၊ အယူဝါဒမတူ ကွဲပြားတဲ့ အုပ်စု တစ်ခုထဲမှာ ရောက်သွားပြီဆိုလို့ရှိရင် ထိုအယူဝါဒရှိတဲ့ အသိုင်းအဝိုင်းတွေရဲ့ ယုံကြည်ချက်အတိုင်း ဘဝခရီးမှာ လျှောက်နေကြရတယ်။ ဒီကနေ့ ကမ္ဘာမှာရှိကြတဲ့ လူတွေကိုကြည့်ပေါ့။ လူမျိုးအသီးသီးမှာ အယူအဆ အမျိုးမျိုး၊ ပေါင်းသင်းဆက်ဆံမှုတွေ အမျိုးမျိုး ရှိကြတယ်။ အဲဒီကြားထဲသွားပြီး လူဖြစ်လို့ရှိရင် ဆိုင်ရာ အသိုင်းအဝိုင်းအလိုက် အတွေးအခေါ်တွေ အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ နေကြရတယ်။ ကိုယ့်ရဲ့လုပ်ဆောင်ချက် တွေကြောင့်မို့ ကောင်းကျိုး ချမ်းသာတွေ ရကြတာ ရှိသလို မကောင်းတဲ့အကျိုးတွေ ခံစားကြရတာလည်း ရှိတာပေါ့။

ဘုန်းကြီးတို့ သီရိလင်္ကာမှာ နေခဲ့ဖူးတယ်။ သီဟိုဠ် နိုင်ငံဆိုတာ ဒီကနေ့ လူဦးရေသန်း(၂၀)ခန့်ရှိတယ်။ ဗုဒ္ဓဘာသာ နိုင်ငံလေးတစ်ခုပဲ။ အဲဒီ ဗုဒ္ဓဘာသာနိုင်ငံ လေးမှာ လူမျိုး(၄)မျိုး ခွဲခြား သတ်မှတ်ထားတယ်။ အများဆုံးကတော့ ဆင်ဟာလီလူမျိုး ဖြစ်တယ်။ ဆင်ဟာလီလူမျိုးကို ဗမာတွေကတော့ သီဟိုဠ်လူမျိုး လို့ ခေါ်တာပေါ့။ အသံထွက်လေးပဲ ကွာတာ။ ဆင်ဟာလီလူမျိုး ရှိတယ်၊ မွတ်ဆလင် ရှိတယ်၊ ဘာဂါ ဆိုတာ ရှိတယ်၊ တမီ ရှိတယ်။ လူမျိုး(၄)မျိုး ရှိတယ်။ Officially အသိအမှတ်ပြုထားတာ (၄)မျိုး ရှိတယ်။ အဲဒီမှာ ဒီစာရင်းထဲမှာမဝင်တဲ့ လူမျိုး(၁)မျိုး ရှိသေး တယ်။ ဝဲဒ လို့ခေါ်တဲ့ aborigine မူလကျွန်းနေ လူမျိုးလည်း ရှိသေးတယ်။ လူဦးရေ အင်မတန်နည်းတယ်။ တောတွေ တောင်တွေထဲမှာပဲ နေတယ်။ အဝတ် မဝတ်ဖူး။ တောထဲမှာပဲ ငယ်စဉ်တောင်ကြေး ကလေး ဘဝကတည်းက ဘာသင်တုန်းဆိုရင် မြားပစ်တာ သင်တယ်။ လှံထိုးတာသင်တယ်။ အကောင်တွေဖမ်းပြီး တော့ သတ်ဖြတ်နည်းတွေသင်တယ်။

လူ့ဘဝရောက်လာပြီ ဆိုလို့ရှိရင် လူဟာ မွေးလာ ကတည်းက Society တစ်ခုမှာ မွေးလာတဲ့အတွက် ကြောင့် အဲဒီ Society တစ်ခုက မကောင်းဘူး ဆိုလို့ ရှိရင် တစ်ဘဝလုံး ကောင်းနိုင်စရာအကြောင်း မရှိတော့ ဘူးလေ။ ဝဲဒ ဆိုတဲ့လူမျိုးကြားထဲမှာ သွားဖြစ်မယ် ဆိုလို့ရှိရင် ဘုန်းကြီးတို့တစ်တွေဟာ တစ်သက်လုံး တောထဲမှာ နေပြီးတော့ သတ္တဝါတွေရဲ့အသက် သတ်ဖြတ်စားသောက်လို့ မိမိဘဝ ရပ်တည်အောင် ကြိုးစားပြီး နောက်ဆုံးမှာ ဘဝတစ်ခု ပြီးဆုံးသွားကြ မှာပဲ။ ဒါက ကံကြမ္မာက ပေးလိုက်တဲ့ အသိုင်းအဝိုင်း တစ်ခုပေါ့။

ကံကြမ္မာကပေးတာ မဟုတ်ဘဲ မိမိဘာသာ ရွေးချယ် ပေါင်းသင်းဆက်ဆံတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကျင့် စာရိတ္တကြောင့် မကောင်းတဲ့လူနဲ့ ပေါင်းမိတဲ့အတွက် ဒုက္ခရောက်ကြတဲ့ ပုဂ္ဂိုလ်တွေလည်း ဒီကနေ့ခေတ် နေရာတိုင်းမှာ ရှိတာပဲပေါ့။

ဒါကြောင့်မို့ မင်္ဂလသုတ်မှာ 'အသေဝနာစ ဗာလာနံ ပဏ္ဍိတာနဉ္စသေဝနာ' တဲ့။ လူ့လောက ရောက် လာပြီဆိုလို့ရှိရင် အပေါင်းအသင်းဟာ အင်မတန်မှ အရေးကြီးတယ်။ အသိုင်းအဝိုင်းဟာ အင်မတန်မှ အရေးကြီးတယ်။ ကံက ပေးလိုက်တဲ့ အသိုင်းအဝိုင်းက ရုန်းထွက်ဖို့ဆိုတာ အင်မတန်မှခဲယဉ်းပါတယ်။ သာမန် စိတ်နေစိတ်ထားနဲ့၊ သာမန်အသိဉာဏ်မျိုးနဲ့ ရုန်းထွက် နိုင်ဖို့ဆိုတာ မလွယ်ဘူး၊ တော်တော်ခဲယဉ်းပါတယ်။

အဲဒါကြောင့်မို့ မွေးကတည်းက ကောင်းတဲ့ အသိုင်းအဝိုင်းထဲရောက်ဖို့ ဘုန်းကြီးတို့တစ်တွေ ဆုတောင်းကြရမှာပဲနော်။ စိတ်နေစိတ်ထားနဲ့ ဦးတည် ချက် ထားကြရမှာပဲ။ အပေါင်းအသင်းဟာ လူ့ဘဝမှာ သိပ်အရေးကြီးတယ်တဲ့။ အရေးကြီးဆုံးက 'ဗာလ' လို့ဆိုတဲ့ အသိဉာဏ်ကင်းမဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့ မပေါင်း သင်းမိဖို့၊ အတူမနေမိဖို့၊ မဆက်ဆံမိဖို့၊ 'ပဏ္ဍိတ' ဆိုတဲ့ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံဖို့။

'ဗာလ' နဲ့ ဆက်ဆံမိတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီဘဝ ခရီးမှာလည်း ဒုက္ခအမျိုးစုံ ကြုံတွေ့ကြရတယ်။ ပညာရှိ သူတော်ကောင်းတွေနဲ့ ဆက်ဆံမိတဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ဒီဘဝမှာလည်း အေးချမ်းတယ်၊ နောင်ဘဝ မှာလည်း ချမ်းသာသုခရတယ်။ အကျိုးတွေဟာ အင်မတန်မှ ထင်ရှားတယ်။

'ဗာလ ပဏ္ဍိတ' ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ခေါ်တာလဲဆိုတော့ မြတ်စွာဘုရားက မကောင်းတာ တွေး၊ မကောင်းတာပြော၊ မကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ် တွေကို 'ဗာလ' လို့ သတ်မှတ်တယ်။ ကောင်းတာတွေး၊ ကောင်းတာပြော၊ ကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်ကို 'ပဏ္ဍိတ' လို့ သတ်မှတ်တယ်။

ကောင်းမကောင်းဆိုတာကျတော့ ဘာနဲ့ဆုံးဖြတ် သလဲ။ ကိုယ်ကြိုက်ရင် ကောင်းတဲ့အကောင်းဟာ အကောင်းလားဆိုတော့ အဲဒီလို မဟုတ်ဘူး၊ ကိုယ် ကြိုက်တာ မကြိုက်တာနဲ့ မဆုံးဖြတ်ရဘူး။ အဲဒီတော့ တစ်ဖက်သားကို ညှဉ်းပမ်းနှိပ်စက်လိုတဲ့ အတွေးမျိုး၊ ကိုယ့်ကိုကိုယ် ထိခိုက်နစ်နာစေလိုတဲ့ အတွေးမျိုး၊ လောကကြီးကို အကျိုးမပြုတဲ့ အတွေးမျိုး၊ လောကကြီး ပျက်စီးစေလိုတဲ့ အတွေးမျိုး၊ အပြောမျိုး၊ အလုပ် အကိုင်မျိုးတွေဟာ မကောင်းဘူးလို့ သတ်မှတ်ရမယ်။

အများအတွက် အကျိုးဖြစ်တဲ့အတွေး၊ အများ အတွက် အကျိုးဖြစ်တဲ့ အပြော၊ အများအတွက် အကျိုး ဖြစ်တဲ့အလုပ် ဒါတွေဟာ ကောင်းတယ်လို့ သတ်မှတ် ရမယ်။ အဲဒီလို လူ့လောက ရောက်လာပြီ ဆိုလို့ရှိရင် နံပါတ်(၁) ပေါင်းသင်းဆက်ဆံရမယ့်သူကို ရွေးချယ် ရတယ်။ ဘဝမှာ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက် ပြီးတော့ ရွေးချယ်ဖို့ လိုအပ်တယ်လို့ မြတ်စွာဘုရားက ပထမဆုံး မင်္ဂလာခရီးကို စတင်လျှောက်လှမ်းဖို့ရာ အတွက် ဒါကို ဦးစွာဟောတာ။

အဲဒီတော့ ပေါင်းသင်းဆက်ဆံဖို့ရာ အရေးကြီး တယ်။ ပေါင်းသင်းဆက်ဆံပြီးတဲ့အခါမှာ လူတွေရဲ့ Society မှာ နေတဲ့အခါမှာ ဘာလုပ်ဖို့ လိုအပ်သလဲဆိုရင် 'ပူဇာ စ ပူဇနေယျာနံ' အလေးပေး ရိုသေ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ရိုသေလေးစားရမယ် လို့ ဆိုလိုတယ်။

ပူဇော်တယ်ဆိုတဲ့ စကားလုံးဟာ ပါဠိကလာတယ် ဆိုတော့ လူတွေကနားလည်ကြတာ ပန်းနဲ့ပူဇော်တယ် တို့ ဘာတို့ ဒါတွေမျိုး အလှူဝတ္ထုနဲ့ ပူဇော်တယ်လို့ ဒါကို ပူဇော်တယ်လို့ နားလည်ကြတာ။ ပူဇော်တယ်ဆိုတာ မြတ်နိုးတယ်၊ အရိုအသေပေးတယ်၊ လေးစားတယ်၊ ဒါမျိုးတွေဟာလည်း ပူဇော်တယ်လို့ ခေါ်တာပဲ။ စိတ် ထဲက အလေးအမြတ်ထားတယ်။ အဲဒီလို လောကမှာ ပူဇော်ထိုက်သူကို ပူဇော်ခြင်းဖြင့် ကိုယ့်မှာ အသိဉာဏ် တွေ တိုးပွားစေတယ်။

ဒါကြောင့်မို့ ဘဝမှာ နံပါတ်(၁) ရွေးချယ်ရမှာက အပေါင်းအသင်း။ အပေါင်းအသင်း ရွေးချယ်ပြီးတဲ့အခါ မှာ ကိုယ့်အသိုင်းအဝိုင်းထဲမှာ ပူဇော်ထိုက်တဲ့၊ လေးစား ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို လေးစားပေးဖို့ဆိုတာဟာ နံပါတ်(၂)ဖြစ်တယ်။

ဒါဖြင့် လူ့လောကမှာရောက်ပြီး ကြီးပွားတိုးတက် အောင်လုပ်ဖို့၊ မကောင်းတဲ့ ပုဂ္ဂိုလ်တွေကို ရှောင်၊ ကောင်းတဲ့ ပုဂ္ဂိုလ်တွေကို ပေါင်းသင်းပြီး ပူဇော်ထိုက် တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ရုံ ဒီလိုအလုပ်တွေ လုပ်ဖို့ ဆိုတာ ဘယ်နေရာ လိုအပ်သလဲ? မြတ်စွာဘုရားက ဒီလိုအလုပ်တွေလုပ်ဖို့၊ အကောင်းအဆိုး ရွေးချယ် တတ်ဖို့အတွက် ဘာက အရေးကြီးလာပြန်တုန်း ဆိုတော့ 'ပတိရူပဒေသဝါသ' တဲ့။ သင့်တင့်လျောက် ပတ်တဲ့ အရပ်မှာနေဖို့၊ ဗမာစကားမှာလည်း ရှိတယ် နော်။ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကား ရှိတယ်။ သူက အတွေ့အကြုံ၊ အမြင်အယူအဆ၊ ပညာ ဗဟုသုတဆိုတာ တစ်နေရာနဲ့တစ်နေရာ မတူတတ် ဘူး။ တစ်နေရာနဲ့ တစ်နေရာ ပြောင်းလိုက်တဲ့အခါ ကိုယ့်မှာ အတွေ့အကြုံအသစ်တွေရတယ်။ အသိဉာဏ် ဗဟုသုတတွေ အသစ်ရလာတယ်။ တစ်ခုနဲ့တစ်ခု ယှဉ်စရာတွေ ရလာတဲ့အတွက်ကြောင့် ဘယ်ဟာက ပိုကောင်းတယ်၊ ဘယ်ဟာက ညံ့တယ်ဆိုတာကို နှိုင်းယှဉ်တတ်လာတယ်ပေါ့။ တစ်နေရာတည်းမှာဆို နှိုင်းယှဉ်မှု မရှိဘူးပေါ့။ ဒါကြောင့်မို့ အကြောင်းအကျိုး အဆိုးအကောင်းကို သိဖို့ရာအတွက် 'ပတိရူပဒေသဝါသ' နေရာရွေးချယ်ပြီးနေဖို့ လိုအပ်တယ်။

နေရာရွေးချယ်ရမယ်ဆိုတာ ဘယ်လိုမျိုးရွေးချယ် ရတယ်လို့ဆိုရင် ကိုယ့်ရဲ့ ရည်ရွယ်ချက်အတိုင်းပဲ။ ပညာရေး တိုးတက်ဖို့အတွက် ရွေးချယ်မှာလား၊ စီးပွားရေးအတွက် ရွေးချယ်မှာလား၊ ကျန်းမာရေး အတွက် ရွေးချယ်မှာလား။ ဆိုင်ရာဆိုင်ရာ သူတော် ကောင်း တရားတွေကို ကျင့်ကြံကြိုးကုတ် အားထုတ် ပြီးတော့ နိဗ္ဗာန်ချမ်းသာရဖို့ရန်နေရာအတွက် ရွေးချယ် မှာလားလို့ဆိုတာ သူ့နေရာနဲ့သူ ရွေးချယ်ဖို့ လိုအပ် တယ်။

ကျန်းမာရေးအတွက် ဆိုလို့ရှိရင် ဆေးရုံတို့၊ ဆေး ကုမယ့်ဆရာတို့၊ ရာသီဥတုကောင်းတဲ့ နေရာတို့ ဒါမျိုး ရွေးချယ်ပြီးတော့ နေကြရမှာ။ ကြီးပွားတိုးတက်လိုတဲ့ ပုဂ္ဂိုလ်တွေ၊ ပညာရေးအတွက် ဆိုလို့ရှိရင် ဆရာ ကောင်း၊ သမားကောင်း ပုဂ္ဂိုလ်ရှိတဲ့ နေရာဌာနတို့၊ ကျောင်းရှိတဲ့ နေရာဌာနတို့၊ ပညာသင်လို့ရတဲ့နေရာမျိုးတို့ ရွေးချယ်ပြီးတော့နေကြရတယ်။ အဲဒီလို ရွေးချယ် ပြီးတော့ နေနိုင်တဲ့ပုဂ္ဂိုလ်တွေဟာ လောကမှာ ကြီးပွား တိုးတက်သွားတာတွေ အများကြီးပဲရှိတယ်။ မရွေးချယ် ဘဲနဲ့ ကျရာအတိုင်းပဲနေကြတဲ့ ပုဂ္ဂိုလ်တွေက ကြီးပွား တိုးတက်မှု အားနည်းသွားတယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက နေရာဒေသကို ရွေးချယ်ရမယ်တဲ့။ ကိုယ်နဲ့ သင့်တင့်လျောက်ပတ်တဲ့ နေရာကို ရွေးချယ်ရမယ်။ အဲဒီတော့ ပညာရေးအတွက် ရွေးချယ်တယ်၊ စီးပွားရေးအတွက် ရွေးချယ်တယ် ဆိုလို့ ရှိရင်လည်း စီးပွားရေးလုပ်လို့ကောင်းမယ့် နေရာမျိုး ရွေးချယ်ပြီး ရွှေ့ပြောင်းပြီးတော့ နေထိုင်ကြရမယ်။

သူတော်ကောင်းတရား ကျင့်ကြံကြိုးကုတ် အား ထုတ်ဖို့ ဆိုလို့ရှိရင် တရားဓမ္မဟောပြောနိုင်တဲ့ပုဂ္ဂိုလ် တို့၊ တရားအားထုတ်ခွင့်ရတဲ့ နေရာမျိုးတို့၊ တရား လိုက်စားလို့ရမယ့် နေရာမျိုးတို့၊ ဒီလိုဟာမျိုး ရွေးချယ် နေရမယ်။ အဲဒါကို ဆိုလိုတယ်။ မြတ်စွာဘုရားက 'ပတိရူပဒေသဝါသ' အဲဒီလို ရွေးချယ်ပေမယ့်လို့ လောကမှာ လူတွေဟာ အရေးကြီးဆုံးက ဘာလဲဆိုရင်ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်ဖို့က အင်မတန် မှ အရေးကြီးတယ်။ ဒီလို ရွေးချယ်ဖို့ဆိုတာ ကုသိုလ် ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ် မဟုတ်ဘူးဆိုရင်လည်း အခွင့် မသာပြန်ဘူး။ ဒါကြောင့်မို့ 'ပုဗ္ဗေစ ကတပုညတာ' လို့ မြတ်စွာဘုရားက ဆက်ဟောတာ။

ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကျတော့ သူများ ထက်လည်း အသိဉာဏ်ရှိတယ်ပေါ့။ အခြေအနေ ကောင်းတွေနဲ့လည်း ကြုံရတတ်တယ်ပေါ့။ ဒါကြောင့် မို့လို့ 'ပုဗ္ဗေစ ကတပုညတာ' ကုသိုလ်ကောင်းမှု ရှိခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ဖို့ လိုအပ်တယ်။ အဲဒီလိုရှိခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်မှ လည်းပဲ လောကကြီးမှာ ကြီးပွားတိုးတက်မှုဟာ အပြည့် အဝ ရနိုင်မယ်ပေါ့။

'ပုဗ္ဗေစ ကတပုညတာ' ရှိလာပြီးတဲ့နောက်မှာ အရေးကြီးဆုံး နောက်ထပ်ရှိရမယ့် မင်္ဂလာတစ်ခုက ဘာလဲဆိုရင် 'အတ္တသမ္မာပဏိဓိ' တဲ့။ ကိုယ့်ကိုယ်ကို ကောင်းအောင်ထားနိုင်ဖို့၊ ကိုယ့်စိတ်လေးကို ပြုပြင် ပေးမှု၊ ဒါက အင်မတန်မှ အရေးကြီးတယ်။

မြတ်စွာဘုရားက စက်(၄)ပါးဆိုပြီး ဟောတာ ရှိတယ်။ လောကမှာ ကြီးပွားတိုးတက်ဖို့အတွက် စက် (၄)မျိုး ရှိတယ်တဲ့။ စက်(၄)မျိုးဆိုတာ ဘာလဲဆိုရင် စက်ဆိုတာ ဒီနေရာမှာ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး တော့ လည်ပတ်သွားတာ စက်လို့ခေါ်တာပါ။ နံပါတ် (၁)က 'ပတိရူပ ဒေသဝါသ' သင့်တင့်လျောက်ပတ် ကောင်းမြတ်တဲ့ အရပ်မှာနေခြင်း။ နံပါတ်(၂) က 'သပ္ပုရိသူပနိဿယ' လူတော်လူကောင်းနှင့် ပေါင်းမိ ခြင်း။ နံပါတ်(၃)က 'အတ္တသမ္မာပဏိဓိ' ကိုယ့်ကိုယ်ကို ပြုပြင်ပြီးတော့ ကြိုးစားအားထုတ်ခြင်း။ နံပါတ်(၄)က 'ပုဗ္ဗေစ ကတပုညတာ' ရှေးက ကောင်းမှုရှိသူဖြစ်ခြင်း၊

ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ဟာ ကုသိုလ် ကောင်းမှုရှိပြီ ဆိုလို့ရှိရင် သင့်တင့်လျောက်ပတ်တဲ့ နေရာကိုရောက်တယ်။ သင့်တင့်လျောက်ပတ်တဲ့ နေရာ ကို ရောက်တဲ့ ပုဂ္ဂိုလ်ဟာ သူတော်ကောင်းနဲ့တွေ့တယ်။ သူတော်ကောင်းနဲ့တွေ့တဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲပြီးတော့ နေတတ် ထိုင်တတ်လာ တယ်။ အဲဒီလို ပြပြင်ထိန်းသိမ်းပြီးတော့ နေတတ် လာတယ်ဆိုရင် ကုသိုလ်ကောင်းမှုကို တစ်ခါဆက်လုပ် ပြန်တယ်။ လုပ်တဲ့အတွက်ကြောင့် 'ပတိရူပဒေသ' ကို ရောက်ပြန် တယ်။ 'ပတိရူပဒေသ' ရောက်ရင် သူတော် ကောင်းနဲ့ တွေ့ပြန်တယ်။ 'အတ္တသမ္မာပဏိဓိ' ဆိုတဲ့ ကိုယ့်ကိုယ်ကို ကောင်းအောင် ထားတတ်သွားတယ်။ မင်္ဂလာ တရားတော်ကို တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး မြတ်စွာဘုရားက ဟောသွားတာပါ။

ဘဝခရီးလျှောက်ပြီ ဆိုကတည်းက တို့တစ်တွေ နေတဲ့ထိုင်တဲ့နေရာဟာ တို့နဲ့ ပတိရူပ ဖြစ်ရဲ့လား ဆင်ခြင်စဉ်းစားရမယ်နော်။ ပတိရူပ ဖြစ်ပြီဆိုရင် ပတိရူပ ဖြစ်ရုံနဲ့ လုံလောက်ပြီလားဆိုရင် မလုံလောက် ဘူး။ ဘာလုပ်ဖို့လိုလဲဆိုရင် ကိုယ့်အပေါ်မှာ မူတည် တာက 'အတ္တသမ္မာပဏိဓိ' တဲ့။ ကိုယ့်ကိုယ်ကို ကောင်း အောင်ထား။

ကိုယ့်ကိုယ်ကို ကောင်းအောင်ထားတယ် ဆိုတဲ့ အဓိပ္ပာယ်ဟာ ဘာလဲဆိုရင် ကိုယ့်မှာ ငါးပါးသီလ မပြည့်စုံသေးဘူးဆိုရင် ပြည့်စုံအောင် လေ့ကျင့်ပါ။ သဒ္ဓါစွမ်းအားတွေ နည်းနေသေးတယ်ဆိုရင် သဒ္ဓါစွမ်းအားတွေ ပြည့်အောင်လုပ်မယ်။ ကိုယ်ကျင့်တရား တွေ အားလျော့နေရင် အားကောင်းလာအောင် လုပ် မယ်။ ဘာသာတရားနဲ့ပတ်သက်ပြီး ဗဟုသုတ နည်းနေ မယ် ဆိုလို့ရှိရင် ဗဟုသုတ ဆည်းပူးရမယ်။ ကိုယ့်ရဲ့ အမျိုးအကျိုး ဆောင်ရွက်မှုတွေ အားပျော့နေသေး တယ် ဆိုလို့ရှိရင်လည်း ကြိုးစားအားထုတ်ကြရမယ်။ မကောင်းတဲ့ စိတ်ထားတွေ တွန်းလှန်ဖယ်ရှားဖို့၊ ကောင်းတဲ့တရားတွေကို ကြိုးစားအားထုတ်ဖို့ဆိုတဲ့ ဝီရိယတရားတွေ လျော့ပါးနေသေးတယ်ဆိုရင် တိုး အောင်လုပ်တယ်။ အသိပညာတွေ နည်းပါးနေသေး တယ်ဆို ရအောင်လုပ်တယ်။ အဲဒါက 'အတ္တသမ္မာ ပဏိဓိ' ကိုယ့်ကိုယ်ကို ကောင်းအောင်ထားတယ်ဆိုတာ ကိုယ့်ကိုယ်ကို အဆင့်မြင့်လာအောင် ကြိုးစား အားထုတ်တာပါ။

အဲဒီလို မင်္ဂလာလမ်းမမှာ လျှောက်လှမ်းလို့ ကိုယ့်ကိုယ်ကို ကောင်းအောင်ထားတတ်ရန် ဘာတွေ လုပ်ဖို့လိုသလဲ။ ဒီအတိုင်း သူ့ဟာသူ ထားတတ်လာမှာ မဟုတ်ဘူး။ ဒါ့ကြောင့် မြတ်စွာဘုရားက နောက်ဆက်ပြီးဟောတာက ဗာဟုဿသစ္စဉ္စ တဲ့။ ဗဟုသုတ ဆည်းပူးပါတဲ့။ ဗဟုသုတဆိုတာ အခုလို တရားတွေ များများနာတယ်၊ တရားစာအုပ်တွေ ဖတ်တယ်၊ တရား တွေ ဆွေးနွေးတယ်။ မိတ်ဆွေသင်္ဂဟတွေနဲ့ ကောင်းနိုး ရာရာ တရားစကား ပြောကြားတယ်။ ဒါတွေဟာ ဗဟုသုတဆည်းပူးတယ်ခေါ်တယ်။ ဆိုင်ရာ ဆိုင်ရာ ဗဟုသုတပဲ။ ဗဟုသုတမျိုးစုံ ဆည်းပူးအားထုတ်ကြရ တယ်။

လောကမှာ ဗဟုသုတတွေ ရှိပြီးရင် စားဝတ် နေရေး ပြည့်စုံဖို့အတွက် မြတ်စွာဘုရားက 'သိပ္ပ' တဲ့။ လက်မှုပညာတို့၊ နှုတ်မှုပညာတို့၊ ဘဝရပ်တည်ရေး အတွက် ဒါတွေလည်း သင်ကြားရမယ်တဲ့။

လူ့လောက လူရယ်လို့ ဖြစ်လာရင် 'ဝိနယော စ သုသိက္ခိတော' လူတွေရဲ့ စည်းကမ်းဝိနည်းကိုလည်း လိုက်နာတတ်ရမယ်။ ဆိုပါစို့၊ နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေတွေရှိတယ်။ လောက လူ့ ကျင့်ဝတ်တွေရှိတယ်၊ အဲဒါတွေကိုလည်း သင်ကြား ထားရမယ်။ ဥပဒေတွေကို နားလည်ရမယ်၊ လေးစား ရမယ်၊ လိုက်စားရမယ်၊ လူ့ကျင့်ဝတ်တွေကို လေးစား ရမယ်။ ဥပဒေဆိုတာက မသိလို့ ကျူးလွန်မိတာလို့ ပြောလို့မရဘူး၊ သိအောင်လုပ်ရမယ်။ အဲဒါကို 'ဝိနယော စ သုသိက္ခိတော' လို့ ပြောတာ။ လောကမှာ ကြီးပွားတိုးတက်ဖို့အတွက် ဒီ မင်္ဂလသုတ်ကို အခြေခံ အားဖြင့် ပြောထားတာ။ အဲဒီလို အချက်အလက်တွေ ပြည့်စုံမှသာ 'အတ္တသမ္မာပဏိဓိ' ကိုယ့်ကိုယ်ကို ကောင်း အောင် ထားနိုင်မှာဖြစ်ပါတယ်။

'သုဘာသိတာ စ ယာ ဝါစာ' လောကမှာ လူ တွေ ဆက်ဆံရေးဟာ အရေးအကြီးဆုံးက အပြော အဆို။ လူတွေ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ် ခင်ခင် စည်းရုံးမှုရှိတာလည်း ပြောဆိုတတ်လို့ပဲ။ ကွဲပြား သွားကြတာလည်းပဲ အပြောအဆိုမတတ်လို့ပဲ။ ဒီ ပြောဆိုခြင်းတစ်ခုဟာ အင်မတန်မှ ထိရောက်တယ်။ ဒါကြောင့် 'သုဘာသိတာ စ ယာ ဝါစာ' စကား ကောင်းကောင်း ပြောတတ်ရမယ်။

ဒါဖြင့် စကားကောင်းပြောတာ ဘယ်လိုဟာမျိုး ပြောတာလဲဆိုရင် မြတ်စွာဘုရား ဟောထားတာ ရှိတယ်။ စကားပြောတော့မယ်ဆိုရင် အရင်ဆင်ခြင် စဉ်းစားရမယ်။ ပါးစပ်ဆိုတာ စကားပြောဖို့နဲ့ စားဖို့ ထားတယ်ဆိုတာ ဟုတ်တယ်။ ပါးစပ်ကို အသုံးချပြီး ပြောစရာဆိုစရာတွေ စည်းကမ်းမရှိ လျှောက်ပြောလို့ ရလားဆိုရင် မရဘူးတဲ့။ 'သုဘာသိတ' ကောင်းတဲ့ စကားဖြစ်အောင် ဘာလုပ်ရမလဲဆိုရင် စည်းကမ်းချက် ထားတာက ကိုယ့်ကိုယ်ကို အဓိဋ္ဌာန်ထား။

'ကာလေန ဝက္ခာမိ နော အကာလေန' ငါ စကားပြောသင့်တဲ့အချိန် ပြောမယ်၊ မပြောသင့်တဲ့ အချိန် မပြောဘူး။ ဘာလို့လဲဆိုရင် စကားကောင်းပဲ ဖြစ်စေ မပြောသင့်တဲ့အချိန် သွားပြောရင် စကား ကောင်း မဖြစ်တတ်ဘူး။ ဒါကြောင့် စကားပြောရင် ပြောသင့်တဲ့အချိန်ပြောမယ်၊ မပြောသင့်တဲ့အချိန် မပြောဘူး။ ပြောသင့်တဲ့အချိန်၊ မပြောသင့်တဲ့အချိန် ကို အသိဉာဏ်နဲ့ ရွေးချယ်ရမယ်။

ပြောသင့်တဲ့အချိန်ရောက်လို့ ပြောပြီဆို ဘယ်လို ပြောမလဲဆိုတော့ 'သဏှေန ဝက္ခာမိ နော ဖရုသေန' တဲ့။ ယဉ်ယဉ်ကျေးကျေး ပြောမယ်၊ ရိုင်းရိုင်းစိုင်းစိုင်း မပြောဘူး။ စကားဟာ ပြောသင့်တဲ့စကားပေမယ့် ယဉ်ယဉ်ကျေးကျေးမပြောဘဲ ရိုင်းရိုင်းစိုင်းစိုင်း ပြောမိ ရင် ထိုစကားဟာ စကားကောင်း မဖြစ်ပြန်ဘူး။

ယဉ်ကျေးတဲ့စကားတိုင်း မှားမှားယွင်းယွင်းတွေနဲ့ ဆိုရင်လည်း အသုံးမဝင်ပြန်ဘူး။ ဒါကြောင့် မြတ်စွာ ဘုရားက 'ဘူတေန ဝက္ခာမိ နော အအဘူတေန' မှန်တာပဲပြောမယ်၊ မမှန်တာမပြောဘူး။

မှန်တိုင်း ကောင်းလားဆိုတော့ မှန်တိုင်းမကောင်း ဘူး။ အကျိုးရှိမှ ကောင်းတယ်။ ဒါကြောင့်မို့ 'အတ္ထသံဟိတေန ဝက္ခာမိ နော အနတ္ထသံဟိတေန' ကိုယ်ပြောတဲ့စကားဟာ အဓိပ္ပာယ်ရှိရှိနဲ့ အကျိုးစီးပွား ကို ဖြစ်ပေါ်စေမယ့်စကားမျိုး ပြောရမယ်တဲ့။ ကောင်း ကျိုး ချမ်းသာကို ရစေမယ့် စကားမျိုးဖြစ်ရမယ်။

အဲဒီစကားမျိုး ပြောပြီဆိုတဲ့အခါ စိတ်ထဲက ဘယ်လို နှလုံးထားရမယ်ဆိုရင် 'မေတ္တာစိတ္တေန ဝက္ခာမိ နော ဒေါသန္တရော' မေတ္တာစိတ်နဲ့ ပြောမယ်တဲ့။ ဒေါသ စိတ်နဲ့ မပြောဘူး။ စိတ်ဆိုးမှ ဒေါသထွက်တာ မဟုတ် ဘူး။ တချို့က အမုန်းတရားကြောင့် ချောက်တွန်းတာ ရှိသေးတယ်။ ခုခေတ်ပြောကြတာ 'အချွန်နဲ့မ' တယ် ဆိုတာပေါ့။ ချိုချိုသာသာလေးပြောတိုင်း စကား ကောင်း မဟုတ်ဘူး။ အတွင်းစိတ်ဓာတ်က အင်မတန် အရေးကြီးတယ်။ မေတ္တာစိတ်နဲ့ပြောမယ်၊ အမုန်းစိတ်နဲ့ မပြောဘူး။ ဒီစကားနဲ့ပတ်သက်တဲ့အင်္ဂါ(၄)ချက်အတိုင်း ကိုယ့်ကိုယ်ကို အဓိဋ္ဌာန်ထားရင် 'သုဘာသိတာ' ဖြစ်တယ်။ ဒီအတိုင်း လိုက်နာမယ်ဆိုရင် လူတိုင်း တကယ်မင်္ဂလာရှိနေမှာပါ။ ဒီစကားပြောနေတာနဲ့ပင် မင်္ဂလာရှိသွားပြီ။ မင်္ဂလာရှိတယ်ဆိုတာ ကိုယ်လုပ်တဲ့ ကိစ္စတစ်ခု အောင်မြင်ကြီးပွားသွားတာလို့ မြတ်စွာ ဘုရားက ဟောတယ်။

လူ့ဘဝမှာ ကိုယ်တစ်ဦးတစ်ယောက်တည်း နေတာမဟုတ်ဘူး။ အသိုင်းအဝိုင်းမှာ ဒီလိုနေတော့ လူတွေမှာ အသီးသီး တာဝန်ဝတ္တရားတွေကို မဆောင် ရွက်ရင် မရပြန်ဘူး။ ဒါကြောင့် မြတ်စွာဘုရားက 'မာတာပိတုဥပဋ္ဌာနံ ပုတ္တဒါရဿ သင်္ဂဟော' လူတိုင်း လူတိုင်းဟာ အဖေအမေမရှိဘဲ လောကကြီးကို ရောက် မလာဘူး။ အဖေအမေအပေါ်မှာ ပြုစုရမယ့် တာဝန် ဝတ္တရားတွေ ရှိတယ်ပေါ့။ တာဝန်ဝတ္တရားတွေဟာ အခု ကမ္ဘာကြီးမှာကြည့်မယ်ဆိုရင် ကမ္ဘာရှိ လူတိုင်းလူတိုင်း လေးလေးစားစား လိုက်နာကြလားဆိုရင် မလိုက်နာ ကြတော့ဘူး။ အနောက်တိုင်းကလူဆိုရင် သားသမီး တွေက (၁၈)နှစ်ဆိုရင် မိဘရင်က ခွာသွားကြပြီ။ မိဘနဲ့ ပြန်တွေ့ဖို့ဆို သူတို့ဟာ New Year နဲ့ Christmas တို့မှာ ကဒ်ကလေးပဲ ပို့တဲ့အဆင့် ရောက်လာပြီ။ ကိုယ့်ဟာကိုယ် ရပ်တည်နေကြတာ ကောင်းသလိုလိုနဲ့ တာဝန်ဝတ္တရားတွေ ပျက်ကွက်လာကြတာပေါ့။ အဲလို ဖြစ်လာကြပြီ။ မြန်မာပြည်မှာလို တာဝန်ယူတာမျိုး မရှိ တော့ဘူး။ မြတ်စွာဘုရားက ဒါကို အလေးအနက် Society တစ်ခုမှာ 'မာတာပိတုဥပဋ္ဌာနံ' အဖေအမေ ကို ပြုစုလုပ်ကျွေးရမယ်ဆိုတာ လူတွေရဲ့ တာဝန် ဝတ္တရားတစ်ခုပဲ။

ဘုန်းကြီးတို့ဆီ နှစ်စဉ် ဂျာမဏီကနေ သင်တန်း လာတက်တဲ့ ဒကာမကြီးတစ်ယောက်ရှိတယ်။ ဒီနှစ် သူ့မိခင်ဖခင် အသက်(၈၀)ကျော်တော့ သူမလာနိုင် ဘူး။ တခြားညီအစ်မတွေတော့ရှိတယ်၊ သူတို့အလုပ်နဲ့ သူတို့ မလုပ်နိုင်ဘူး။ သူက သာသနာ့ဘောင်ဝင်ပြီး သီလရှင် ဝတ်ထားတယ်။ ဝတ်ထားတဲ့အတွက်ကြောင့် သူက ငြင်းတယ်။ မိဘတာဝန် မယူနိုင်ဘူးပေါ့။ သူ့ တရားပဲ သူလုပ်ချင်တယ်။ ဒီနှစ် စာလာမသင်နိုင်ဘူး ဆိုပြီး တယ်လီဖုန်းဆက်တော့ ဘုန်းကြီးက အားပေး စကားပြောတယ်။

မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးတယ်ဆိုတာ အလွန် မွန်မြတ်တဲ့ မင်္ဂလာတစ်ပါးပါ။ ဘုရားအလောင်းတွေ ဟာ ကိုယ်ကျိုးကိုစွန့်ပြီးတော့ မိဘကို လုပ်ကျွေးတယ် ဆိုတာ (၅၅၀) ဇာတ်ထဲမှာရှိတယ်။ အင်မတန် မွန်မြတ် တဲ့ ကုသိုလ်ကောင်းမှုတစ်ခု၊ ကိုယ်ဆောင်ရွက်သင့်တဲ့ လုပ်ငန်းတစ်ခုကို လုပ်နေတာပါလို့၊ ဒါကြောင့် စာလာ မသင်ရပေမယ့် ဝမ်းနည်းစရာမလိုဘူး၊ ကိုယ် လုပ်နေ တဲ့အလုပ်ဟာ အလွန်မွန်မြတ်တဲ့အလုပ်၊ ဘုရားစကား နားထောင်တဲ့အလုပ်ပဲလို့ ပြောပြလိုက်တယ်။ ဒီလို သိရလို့ သူစိတ်ချမ်းသာတဲ့အကြောင်း ပြန်ပြောပါတယ်။

လောကမှာ မိဘကို ပြုစုလုပ်ကျွေးမှု လစ်ဟင်း လာတယ်။ လူတွေဟာ တာဝန်မဲ့လာတယ်ဆိုရင် ကြီးပွားတိုးတက်မှုလမ်းကြောင်းက ဘေးချော်လာတာ ပဲ။ မင်္ဂလာလမ်းကို မလျှောက်လှမ်းဘဲ လမ်းဆိုးတွေကို လျှောက်လာကြတော့ ဒုက္ခရောက်မှာပေါ့။ ဒါကြောင့် မြတ်စွာဘုရားက လိုက်နာရမယ့် Duty ကိုဟောတာ။ 'မိဘရှိတဲ့လူက မိဘကို ပြုစုလုပ်ကျွေးဖို့ ဒါ အင်မတန် အရေးကြီးတယ်'။

တစ်ဖက်ကလည်း 'ပုတ္တဒါရဿ သင်္ဂဟော' အိမ်ထောင်ရက်သားကျလို့ သားနဲ့မယားနဲ့ နေသူတွေ ဟာ ကိုယ့်တာဝန်ဝတ္တရားကို ဆောင်ရွက်ကြဖို့ အရေး ကြီးတယ်။ ဒါ Family Society ညီညွတ်မှုအတွက် မြတ်စွာဘုရားက ဟောထားတာ။ ဥမကွဲ သိုက်မပျက် မိသားစုဟာ ဘဝတစ်ခုကို လက်တွဲပြီးတော့ လျှောက် ကြတယ်။

နိုင်ငံခြားမှာတော့ 'ပုတ္တဒါရဿ သင်္ဂဟော' အလွန်အားနည်းသွားပြီ။ divorce မကြာမကြာ လုပ်ကြတယ်။ အခု သဘောကျရင် တွဲနေတယ်၊ သဘောမကျရင် ခွဲလိုက်ကြတယ်။ ဒီလူနဲ့ သဘော ကျရင် တွဲလိုက်တယ်၊ ဟိုလူနဲ့ သဘောကျရင် ထပ်တွဲလိုက်တယ်။ ဘယ်သူ့ဘယ်သူမှ ဂရုမစိုက်ကြတော့ ဘူး။ ကိုယ့်လမ်းကိုယ်လျှောက်နေကြတဲ့ ပုံစံမျိုးတွေ အများကြီး ပေါ်လာတယ်။ ဒါက မင်္ဂလာတရားကို မျက်ကွယ်ပြုလာတဲ့အတွေးတွေ လောကမှာ အများကြီး ပေါ်လာတာကို ပြောပြတာ။ ဒါကြောင့် မြတ်စွာဘုရား က မှန်ကန်တဲ့လမ်းကြောင်းက 'ပုတ္တဒါရဿ သင်္ဂဟော' ဘဝခရီးမှာ လက်တွဲလာပြီဆိုရင် အပြန်အလှန် အထောက်အကူပြုရမယ်။

သင်္ဂဟ ချီးမြှောက်တယ်ဆိုတာ ဘာပြောတာလဲ။ ချီးမြှောက်တယ်ဆိုတာ နည်းလမ်း(၄)သွယ် ရှိတယ်။ (၁) ဒါန ပေးကမ်းတာ၊ (၂) ပေယျဝဇ္ဇ - ကြင်နာတဲ့ စကားပြောတာ၊ (၃) အတ္ထစရိယာ ကိစ္စဝိစ္စ ကူညီ ဆောင်ရွက်ပေးတာ၊ (၄) သမာနတ္တတာ - ကိုယ်နဲ့ တန်းတူထားပြီး ဆက်ဆံတာ၊ အဲဒါ သင်္ဂဟ လို့ ခေါ်တယ်။ စုစည်းထားခြင်းဖြစ်တယ်။

လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မေတ္တာ နှောင်ကြိုးဖြင့် စုစည်းဖို့လိုတယ်။ တစ်ဦးနဲ့တစ်ဦး ပေးသင့် ကမ်းသင့်တာ ပေးရကမ်းရတယ်။ ပေးရုံ ကမ်းရုံနဲ့ မလုံလောက်ဘူး။ ကြင်နာတဲ့စကား ပြောရ မယ်။ ရိုင်းစိုင်းတဲ့စကားပြောရင် စိတ်ထိခိုက်တတ် တယ်။ သူ့အလုပ် ကိုယ့်အလုပ် ခွဲခြားပြီး ဝိုင်းမလုပ် ဘူးဆိုရင် စိတ်ဓာတ်ကျတတ်တယ်။ ဒါကြောင့် သူ့ အလုပ် ကိုယ့်အလုပ် မရွေးဘဲ သူ့အလုပ်ရှိရင်လည်း ဝိုင်းလုပ်ရတယ်။ ကိုယ့်ကိစ္စရှိရင်လည်း ဝိုင်းလုပ်ရတယ်။ နောက်ပြီး ကိုယ်နဲ့တန်းတူထားရမယ်။ အထင်သေးပြီး ဆက်ဆံရင် တစ်ဦးနဲ့တစ်ဦး မေတ္တာပျက်တတ်တယ်။ ဒါကြောင့် 'ပုတ္တဒါရဿ သင်္ဂဟော' ဆိုတာ ဒါတွေကို ပြောတာ။ ငွေကြေးထောက်ပံ့ရုံတင် မဟုတ်ဘူး၊ ကြင်နာတဲ့စကားပြောရမယ်။ ကိစ္စဝိစ္စရှိရင် ဆောင်ရွက် ရမယ်။ ကိုယ်နဲ့တန်းတူထား ဆက်ဆံရမယ်။

အဲလို ပေါင်းသင်းဆက်ဆံခြင်းဖြင့် Family Society လူ့အဖွဲ့အစည်းကြီး တစ်ခုဟာ ခိုင်ခိုင် မာမာကြီး ဖြစ်သွားနိုင်တယ်။ ခိုင်မာနေသည့်အတွက် အန္တရာယ်ကျရောက်လာတဲ့အခါ စုပြီးတွန်းလှန်နိုင်တာ ပေါ့၊ ကြံ့ကြံ့ခံနိုင်တာပေါ့။ သောကဖြစ်စရာတွေလည်း ဝိုင်းပြီးဖြေရှင်းပေးတယ်။ လူဟာ တစ်ယောက်တည်း ဆို အားငယ်တယ်။ အသိုင်းအဝိုင်းနဲ့ဆို အင်အားတွေ ပြည့်လာပြီး အခက်အခဲတွေ ကျော်လွှားနိုင်တယ်။ ဒါတွေကိုရည်စူးပြီး မြတ်စွာဘုရားက ဟောထားတာ။

'အနာကုလာ စ ကမ္မန္တာ' တဲ့။ အလုပ်လုပ်တဲ့ အခါ သေသေသပ်သပ်လုပ်ဖို့လိုတယ်။ ကိုယ်လုပ်တဲ့ အလုပ်ဟာ ပြဿနာတွေ ခဏခဏမဖြစ်စေရဘူးလို့ ဆိုလိုတယ်။ တချို့က အလုပ်ကို မသေမသပ် လုပ်တဲ့ အတွက် ပြဿနာတက်လာတာမျိုးဖြစ်တယ်။ ကြိုးစား အားထုတ်မှု လျော့နည်းတဲ့အတွက် ပြဿနာတက်လာ တာမျိုးဖြစ်တယ်။ တစ်ခုခုလုပ်တယ်ဆို စေ့စေ့စပ်စပ် လုပ်ဖို့ လိုအပ်တယ်။ ဘာပဲလုပ်လုပ်၊ ဥပမာ-မီးပိတ် တာ၊ တံခါးပိတ်တာကအစ စေ့စေ့စပ်စပ်လုပ်ရင် ဘာမှ ပြဿနာမဖြစ်ဘူး။ တချို့ အမှတ်တမဲ့လုပ်လိုက်ရင်း အဲဒီကနေ ပြဿနာ တက်တက်လာတတ်တယ်။ ဒါကြောင့် မြတ်စွာဘုရားက 'အနာကုလာ စ ကမ္မန္တာ' ကိုယ်လုပ်တဲ့အလုပ်ဟာ စေ့စပ်သေချာစွာလုပ်ပါ။ ဒါက မြတ်စွာဘုရားက အခြေခံကစပြီး မင်္ဂလာတရားတွေ ဟောနေတာ။

အဲလိုလုပ်တဲ့အခါ လူ့လောကမှာ ဘာတွေလိုအပ် သေးလဲဆိုရင် 'ဒါနဉ္စ ဓမ္မစရိယာ စ ဉာတကာနဉ္စ သင်္ဂဟော' လုပ်သင့်လုပ်ထိုက်တာက ဒါနဆိုတာ ပေးတာကမ်းတာ စွန့်ကြဲတာ။ ဒါနဆိုရင် အလှူကြီး၊ အတန်းကြီးလှူမှ၊ ဘုန်းကြီးကျောင်းလှူမှ ဒါနမဟုတ် ဘူး။ အိမ်နီးနားခြင်း စားစရာပို့တာ၊ လက်ဆောင် ပေးတာကအစ အကုန်လုံး ဒါနပါပဲ။ တရားစာအုပ် တွေဝေမယ်၊ တစ်ခုခု လုပ်ပေးမယ် ဒါန။

ဓမ္မစရိယာဆိုတာ ကိုယ်ကျင့်တရားနဲ့ ပတ်သက် လာရင် ကုသိုလ်ကမ္မပထတရား (၁၀)ပါးကို ကျင့်သုံး ရမယ်။ ကုသလ ကမ္မပထ တရား (၁၀)ပါးဆိုတာ သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ရမယ်။ သူ့ဥစ္စာ ခိုးခြင်းမှ ရှောင်ကြဉ်တယ်။ သူတစ်ပါး သားမယား စော်ကားခြင်းမှ ရှောင်ကြဉ်တယ်။ အင်မတန် ရိုးနေ ပေမယ့် သိပ်အဓိကကျတဲ့ တရားတွေပဲ။

လူ့လောကမှာ ဒုစရိုက်(၁၀)ပါး ရှောင်ကြဉ်ပြီး သုစရိုက်တရားတွေ ကျင့်သုံးတာကို ဓမ္မစရိယာတရား ကို ကျင့်သုံးတာဖြစ်တယ်။ တရားကို ကျင့်သုံးနေတဲ့ သူဟာ ဘဝခရီးကို လျှောက်လှမ်းရာမှာ အောက်တန်း နောက်တန်းကျသွားမှာ မဟုတ်ဘူး။

'ဉာတကာနဉ္စ သင်္ဂဟော' ဆွေမျိုးဆိုတာ ကိုယ်နဲ့ အမျိုးတော်တာကို အနီးဆုံးဆွေမျိုးလို့ ပြောရမှာပေါ့။ ချဲ့ကြည့်မယ်ဆို တိုင်းပြည်တစ်ပြည်လုံး ကိုယ့်ဆွေမျိုးပဲ။ မြန်မာဆိုရင် မြန်မာလူမျိုးအကုန်လုံးဟာ ကိုယ့်ဆွေမျိုး ဖြစ်သွားပြီ။ တချို့က အမျိုးချစ်တယ်ဆိုတာ ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်တူတို့ကိုချစ်တာ။ ဒီလိုချည်း မဟုတ် ဘူး။ အမျိုးဆိုတဲ့နေရာ ကိုယ့်လူမျိုး ဆိုတာ ပါပါတယ်။ မိမိရရှိလာတဲ့ ငွေကြေးနဲ့ ဆွေတွေမျိုးတွေကို ထောက်ပံ့ တယ်။ ထောက်ပံ့တယ် ဆိုတဲ့နေရာမှာ ပေးတာ ကမ်းတာ တစ်ခုတည်းမဟုတ်ဘူး။ သင်္ဂဟ (၄)ပါးပဲ။ လုပ်စရာရှိတာ သွားလုပ်ပေးတယ်။ ကူညီစရာရှိ ကူညီ တယ်။ တန်းတူထား ဆက်ဆံတယ်။ 'ဉာတကာနဉ္စ သင်္ဂဟော' ပဲ။ အိမ်နီးနားချင်းဖြစ်စေ၊ ဆိုင်နီးနားချင်း ဖြစ်စေ၊ အလုပ်တူလုပ်တဲ့ ပုဂ္ဂိုလ်ဖြစ်စေ ထောက်ပံ့ ပေးရမယ်တဲ့။ ဒါ မင်္ဂလာရှိတဲ့ လုပ်ရပ်တွေပဲ။

မြတ်စွာဘုရားက လုပ်သင့် လုပ်ထိုက်တာတွေ ပြောပြီး မလုပ်သင့်တာတွေပြောတယ်။ 'အာရတီ ဝိရတီပါပါ' တဲ့။ ကိုယ့်ကိုယ်ကို နိမ့်ကျသွားစေတဲ့အရာ ကို ပါပ လို့ခေါ်တယ်။ ဥပမာ လူတစ်ယောက်ဟာ သူများပစ္စည်း ယူလိုက်တယ်ဆို ဒီလူရဲ့ ဂုဏ်သိက္ခာ နိမ့်ကျမသွားဘူးလား။ လိမ်ပြောလိုက်ပြီဆိုလည်း ဒီလူ ရဲ့ ဂုဏ်သိက္ခာ နိမ့်ကျသွားမယ်။ အဲလို ဒီဘဝမှာ နိမ့်ကျ သွားစေတာ။ အပါယ်ကျတာက နောင်မှ။ ဒီဘဝတင် တစ်ခုခုလုပ်လိုက်ရင် ဒီလူရဲ့သိက္ခာကျသွားပြီ။ အဲဒီလို နိမ့်ကျသွားစေတဲ့ အလုပ်တွေကို ရှောင်ပါ။ ဒါတွေက ဒုစရိုက်တွေကိုပြောတာပါ။

မဇ္ဇပါနာစ သံယမော တဲ့။ မူးယစ်ဆေးဝါး သေရည်သေရက် သောက်စားခြင်းမှ ရှောင်ရမယ်။ ဒါက ဘာလို့လဲဆို လောကမှာ မူးယစ်ဆေးဝါး သေရည် သောက်စားပြီဆိုရင် မူးယစ်စေတဲ့အရာ အသုံးပြုတဲ့ အတွက် အဲဒီလူရဲ့ဦးနှောက်ဟာ ပုံမှန်မဖြစ်တော့ဘူး။ သူတွေးတဲ့ အတွေးအခေါ်တွေဟာ မှားယွင်းလာမယ်။ မှားယွင်းလာတဲ့ အတွေးအခေါ်ဟာ လောကကြီးကို ဘယ်လိုမှအကျိုးမပြုနိုင်ဘူး။ သူ့ရဲ့ကောင်းကျိုးချမ်းသာ ကိုလည်း မဆောင်ရွက်နိုင်ဘူး။ သူများရဲ့ ကောင်းကျိုး ချမ်းသာကိုလည်း မဆောင်ရွက်နိုင်ဘူး။ ဒါကြောင့် ဒီကနေ့ခေတ် မူးယစ်ဆေးဝါးဆိုတာ ဘယ်နိုင်ငံကမှ လက်မခံဘူး။ ဘာလို့လဲဆို လူ့အသိုင်းအဝိုင်းကို ဖျက်ဆီးတာ ဖြစ်လို့ပဲ။ ဒါကြောင့် မူးယစ်ဆေးဝါး ကိုလည်း ရှောင်သင့်တယ်လို့ ဘုရားကဟောထား တယ်။ အဲလိုရှောင်လိုက်မှ ကိုယ့်ဘဝလမ်းခရီးကို ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်မှာဖြစ်တယ်။ အခြေခံပိုင်းကို မြတ်စွာဘုရားက ဟောထားတာ။

လူ့လောကမှာ ဒီအဆင့်လောက် ရောက်သွား ရင်ကို လူတော်လူကောင်းလို့ သတ်မှတ်လို့ရပြီ။ မင်္ဂလာ တရားနဲ့ ပြည့်စုံသွားပြီဆို သာမန်ပုဂ္ဂိုလ်တွေဟာ လူတော်လူကောင်းတွေ ဖြစ်သွားကြပြီ။ လူတော် လူကောင်းတွေ ဖြစ်သွားပြီး ရှေ့တစ်ဆင့်တက်ပြီး လူကြီးလူကောင်းအဖြစ် ရောက်ဖို့ဆိုရင် 'ဂါရဝေါစ နိဝါတောစ၊ သန္တုဋ္ဌိ စ ကတညုတာ' တဲ့။ လူကြီး လူကောင်းတွေရဲ့ အရည်အသွေးတွေပဲ။ ဂါရဝ အပြန်အလှန် လေးစားတတ်တယ်။ နိဝါတ မာန်မာန မထား ဘူး။ ကိုယ်က ရာထူးဘယ်လောက်မြင့်မြင့်၊ ပစ္စည်းဥစ္စာ ဘယ်လောက်ချမ်းသာချမ်းသာ အများနဲ့ ဆက်ဆံတဲ့ အခါ မာန်မာနဆိုတာ မရှိဘူး။ လေးစားရမယ့်ပုဂ္ဂိုလ် လေးစားတယ်၊ ရိုရိုသေသေ ဆက်ဆံတယ်။ အဲဒီတရား ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ မင်္ဂလာလမ်းမပေါ် လျှောက်လှမ်း နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ အများရဲ့ချစ်ခင် လေးစားမှုကို ဒီဘဝတင် ရကြတယ်။

'သန္တုဋ္ဌိ' ဆိုတာ လူ့လောကမှာလူတွေဟာ ရောင့်ရဲ တင်းတိမ်မှု အားနည်းကြတယ်။ ရောင့်ရဲမှုဆိုတာ အဓိပ္ပါယ်ကောက်ယူမှု မမှားစေနဲ့။ ရောင့်ရဲမှုဆိုတာ စီးပွားရေး မတိုးချဲ့ရဘူး၊ ပညာရေး မတိုးချဲ့ရဘူး၊ ကိုယ် ရတာလေးနဲ့ ကျေနပ်ရမယ်၊ ဒီလိုဆိုလိုတာမဟုတ်ဘူး။ မရောင့်ရဲဘူးဆိုတာ အိမ်မှာဆိုပါစို့။ အချဉ်ချက်ထားလို့ ရှိရင် အဲဒီနေ့ အချိုစားချင်တယ်။ အချိုချက်ထားလို့ ရှိရင် အဲဒီနေ့ အချဉ်စားချင်တယ်။ မရောင့်ရဲတဲ့ပုဂ္ဂိုလ် ဟာ မီးဖိုချောင်ထဲမှာတင်ပဲ ဒုက္ခရောက်တယ်။

တစ်ခါက အညာမှာ ထမင်းပွဲထိုင်ရင်းက ငရုတ်သီးမပါလို့ ငရုတ်သီး သွားရှာဦးမယ်ဆိုပြီး ထွက်သွားတာ အောက်ပြည် အောက်ရွာရောက်ပြီး အိမ်ထောင်ကျသွားတယ်ဆိုတဲ့ပုဂ္ဂိုလ်ရှိတယ်။ အဲဒါ မရောင့်ရဲနိုင်တဲ့ပုဂ္ဂိုလ်ပဲ။ မရောင့်ရဲရင် ဒုက္ခရောက် တယ်။ ကိုယ်ရောက်တဲ့ ပတ်ဝန်းကျင်ရော ဒုက္ခရောက် တယ်။ မြတ်စွာဘုရားက ဘာနဲ့ဖြစ်ဖြစ် ရောင့်ရဲရမယ်။

မတ္တရာဆရာတော် ရောင့်ရဲတယ်ဆိုတာ ကြားဖူး ကြလိမ့်မယ်။ မတ္တရာဆရာတော်က ခပ်ငံငံလေး ကပ် လိုက်လည်း အစာကျေတာပေါ့ကွာ။ ခပ်ပေါ့ပေါ့လေး ကပ်လိုက်လည်း ရေငတ်ပြေတာပေါ့။ ဆွမ်း ပျော့ပျော့ လေး ချက်ပေးရင်လည်း ဒီနေ့ မြန်မြန်အစာ ကျေတာ ပေါ့။ မာမာလေး ချက်ပေးရင်လည်း တောင့်တောင့် လေး စားရတာပေါ့လို့ ကောင်းတဲ့ဘက်ကချည်း တွေး တယ်။ အဲဒီ ကောင်းတဲ့ဘက်က တွေးတာက ရှိတာနဲ့ ကျေနပ်တဲ့သဘောပဲ။

အင်္ဂလိပ်ဖတ်စာ ပုံပြင်လေးထဲမှာပါတဲ့ မီးရထား မောင်းသမား တစ်ယောက်ရဲ့ ရောင့်ရဲတင်းတိမ်မှု၊ အကောင်းမြင်တတ်မှုဟာ အတော်အတုခိုးစရာ ကောင်းတယ်။ ရထားမှာ accident ဖြစ်လို့ ခြေထောက် တစ်ဖက် ဆေးရုံတက်ပြီး ဖြတ်လိုက်ရတယ်။ ဘယ်ကိစ္စ ဖြစ်ဖြစ် သူက အဆိုးဘယ်တော့မှ မပြောဘူးတဲ့။ အကောင်းချည်းပဲ ပြောလေ့ရှိတယ်။ သူငယ်ချင်း တွေက သူဒီတစ်ခါ ခြေထောက်ဖြတ်လိုက်ရပြီ။ ဘယ် လိုများ အကောင်းပြောမလဲ သွားပြီးစုံစမ်းကြတယ်။ ကဲ၊ မင်းဒီတစ်ခါ ခြေထောက်ဖြတ်လိုက်ရပြီ၊ မင်း ဒုက္ခ ရောက်နေပြီ၊ ဘယ်လိုများ အကောင်းပြောဦးမလဲ ဆိုတော့ ဟိုလူကပြုံးပြီး သူငယ်ချင်းတို့ရေ တဲ့၊ ငါတော့ ဖိနပ်တစ်ဖက်ဖိုး သက်သာသွားပြီတဲ့။ အကောင်းဘက် ကပဲ တွေးတောပြောတာ။ 'သန္တုဋ္ဌီ' ရဲ့ သဘောတွေပဲ ရှိတာနဲ့ ကျေနပ်နိုင်တာ။ အဲလိုလေး ကျေနပ်နိုင်တော့ စိတ်ချမ်းသာတာပေါ့။ ရှိတာနဲ့ မကျေနပ်နိုင်တဲ့ ပုဂ္ဂိုလ် မှာ စိတ်မချမ်းသာဘူး။ ရှိတာနဲ့ မကျေနပ်တဲ့အတွက် ဘယ်တော့မှ သူ့မှာ လိုဘပြည့်တယ်မရှိဘူး။ သူများ ကို ဒုက္ခမပေးချင်နေ၊ ကိုယ့်ဟာကိုယ် ဒုက္ခဖြစ်နေ တယ်။

မယ်ဆို ဘုရင်က ငါ့ကိုသတ်ချင်သတ်ပါစေ၊ ထမင်းရှင် ကို မပြစ်မှားဘူးဆိုပြီး ပြန်သွားတယ်။ အသင်္ခယာ စောယွန်းမင်းကိုင်တဲ့ သံလျက်ဓားကို သက်သေအဖြစ် ယူသွားတယ်။ ဟိုရောက်တဲ့အခါ ငါးစီးရှင်ကျော်စွာက ငါခိုင်းတာ ပြီးပြီလားဆိုတော့ အကျိုးအကြောင်းပြော တယ်။ ဘုရင်က စိတ်ထားကောင်းတယ်၊ သိပ် ကျေးဇူး သိတတ်တဲ့လူပဲဆိုပြီး အပြစ်ဒဏ်မပေးဘူး။ လောကမှာ ကျေးဇူးသိတတ်တဲ့ပုဂ္ဂိုလ်ဟာ အင်မတန်မှ တန်ဖိုးရှိ တယ်။ ဒါကြောင့် 'ကတညုတာ' ဟာ မင်္ဂလာတစ်ခုပဲ။

လူကြီးလူကောင်းဘဝ ရောက်သွားပြီဆိုရင် ဒီ့ထက်အဆင့်မြင့်ပြီး သံသရာဝဋ်ကလွတ်ဖို့ ကြိုးစား ကြမယ်ဆိုရင် လိုအပ်ချက်တွေကို မြတ်စွာဘုရားက ဆက်ပြီးဟောထားတာ 'ခန္တီ စ သောဝစဿတာ သမဏာနဉ္စ ဒဿနံ' တဲ့။ အဲဒီလောကလူတွေဟာ ဘာ လုပ်လုပ် သည်းခံဖို့လိုအပ်တယ်။ တစ်ဦးတစ်ယောက် လာစော်ကားလို့ သည်းခံတာရှိသလို အလုပ်တစ်ခု မအောင်မချင်း ကြိုးစားတာ ဒါလည်း သည်းခံတာ ခေါ်တယ်။ အအေးဒဏ်၊ အပူဒဏ်၊ ရာသီဥတုဒဏ်

'ကတညုတာ' ဆိုတာ သူတော်ကောင်းတွေရဲ့ အထိမ်းအမှတ်တစ်ခုပဲ။ လူတွေဟာ လွယ်လွယ်နဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောလေ့ရှိကြတယ်။ သို့သော် တကယ် ကျေးဇူးတင်တတ်တာက တကယ့် သူတော် ကောင်းမှ ကျေးဇူးတင်တတ်တယ်။ တကယ် ကျေးဇူး သိတတ်တဲ့ပုဂ္ဂိုလ်က အင်မတန်ရှားပါတယ်။ မင်္ဂလာ ရှိအောင် ကျေးဇူးသိတတ်ရမယ်။

မြန်မာရာဇဝင်ထဲမှာ ကျော်စွာမင်းရဲ့ လူယုံတော် ငခင်ညိုဆိုတာ ရှိတယ်။ ကျေးဇူးသိတတ်တဲ့နေရာမှာ စံပြထားရမယ့် ပုဂ္ဂိုလ်တစ်ယောက်ပဲ။ စစ်ကိုင်းဘက်က အသင်္ခယာစောယွန်းမင်းကို လုပ်ကြံခိုင်းလိုက်တာ (၃)ရက်တိတိ တောထဲမှာပုန်းပြီး အစာမစားရဘူး။ တစ်နေ့တော့ အသင်္ခယာစောယွန်းမင်း နတ်တင်ထား တဲ့ ထမင်းပွဲလေးတွေ့တော့ အဲဒီထမင်းကိုစား၊ အဲဒီနေ့ ညပဲ အသင်္ခယာစောယွန်းမင်းကို လုပ်ကြံမယ်လို့ သံလျက်ဓားကို ဆွဲထုတ်ရင်း ဘာစဉ်းစားလဲဆိုတော့ သူ့ထမင်း ငါစားထားတာ၊ ငါ့ရဲ့ ထမင်းရှင်ဖြစ်နေပြီ၊ သတ်လိုက်ရင် ငါ့ထမင်းရှင်ကို ပြစ်မှားရာရောက်တော့ စသည်ကို သည်းခံတာတွေပါတယ်။ အဲဒီ သည်းခံတာ မျိုးရှိရမယ်။

ပြောလို့ဆိုလို့ အကြံပေးတဲ့အခါမှာ လွယ်ကူစွာ နာခံတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ လိုတယ်။ မလွယ်ကူတဲ့လူကို ဘယ်သူကမှ မပြောတော့ဘူး။ အကြံပေးမခံရတဲ့အခါ ဒီပုဂ္ဂိုလ်ဟာ လမ်းကြောင်းလွဲနိုင်တယ်။

သမဏာနဉ္စ ဒဿနံ သူတော်စင် သူတော်မြတ် တွေကို မကြာခဏ တွေ့ဆုံခြင်းဖြင့် အမှန်တရားတွေ သိရှိနားလည်နိုင်တယ်။ ဒါ့ကြောင့် မင်္ဂလာလို့ ဆိုလို တာ။

ကိုယ်ကိုယ်တိုင်ကျင့်ပြီး တရားထူး၊ တရားမြတ် ရဖို့ကျတော့ 'တပေါစ ဗြဟ္မစရိယဉ္စ အရိယသစ္စာန ဒဿနံ' တဲ့။ တပ ဆိုတာ လူ့ဘဝက ခွာရှောင်ပြီး သာသနာဝင်တဲ့ အကျင့်မျိုး။ ကိုယ်ကျင့်သီလတွေနဲ့ ပြည့်စုံအောင်လုပ်မယ်။ ဗြဟ္မစရိယ မြတ်သောအကျင့် ကို ကျင့်တယ်ဆိုတာ မဂ္ဂင်(၈)ပါး အကျင့်ကိုကျင့်တယ်။

အဲလိုကျင့်တယ်ဆိုရင် ဘာရမလဲဆိုရင် 'အရိယ သစ္စာနဒဿန' သစ္စာ(၄)ပါးကို သိမြင်နိုင်တယ်။ အထက်မှာ အမျိုးစုံဖွင့်ထားပေမယ့် 'အရိယသစ္စာန ဒဿနံ' သစ္စာ(၄)ပါး သိတယ်ဆိုတာ သောတာပန် ဖြစ်သွားပြီလို့ ဆိုလို့ရတယ်။ သောတာပန် ဖြစ်ပြီဆိုရင် အပါယ်တံခါးပိတ်သွားတော့ မင်္ဂလာတရားဟာ ဒီအထိ ရောက်လာရင် နောင်ဘဝဟာ အင်မတန်မှ စိတ်အေး သွားရတဲ့နေရာမျိုး ရောက်သွားပြီ။

နောက်တစ်ခါ ဒီထက်အဆင့်မြင့်သွားပြီဆိုရင် 'နိဗ္ဗာန သစ္ဆိကိရိယာ စ' သောတာပန် အဆင့်မှ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်သွားပြီဆိုရင် နိဗ္ဗာန် ကို မျက်မှောက်ပြုပြီးသား ဖြစ်သွားပြီ။ ဘဝမှာ သောက တွေ့စရာအကြောင်း မရှိတော့ဘူးလို့ ဟောခြင်း ဖြစ်တယ်။ ဒီထဲမှာ နိဗ္ဗာန်ရပြီးတဲ့နောက် ဘာလိုသေး လဲဆိုရင် ဘာမှမလိုတော့ဘူး။ နိဗ္ဗာန်ရောက်လို့ ရဟန္တာ ဖြစ်သွားပြီဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အခြေအနေကို မြတ်စွာဘုရားက နိဂုံးချုပ်မှာ ဆက်ပြီးဟောထား တာက ...

'ဖုဋ္ဌဿလောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္မတိ၊ အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ'

နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးသွားတဲ့ အရိယာ သူတော်စင် ရဟန္တာအဖြစ် ရောက်သွားပြီဆိုရင် ဘယ်လို လောကဓံတွေနဲ့တွေ့တွေ့ သူ့ရဲ့စိတ်ဟာ တုန်လှုပ်မှုမရှိတော့ဘူး။ အသောက ဘယ်ကိစ္စနဲ့ ပတ်သတ်ပြီးမှ စိုးရိမ်စိတ်ဆိုတာ မလာတော့ဘူး။ 'ဝိရဇံ' သူ့စိတ်ထဲ လောဘ၊ ဒေါသ၊ မောဟ အညစ်အကြေး ဘယ်တော့မှ မလာတော့ဘူး။ 'ခေမံ' အန္တရာယ် ခပ်သိမ်း ကင်းငြိမ်းသွားပြီ။ အဲဒီကျရင် အမြတ်ဆုံး မင်္ဂလာဟာ လမ်းဆုံးသွားတာ ဖြစ်ပါတယ်။

မင်္ဂလသုတ်မှာ ဘဝခရီးကို လျှောက်လှမ်းသွား တဲ့ ပုဂ္ဂိုလ်တိုင်း တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်ဆင့်ပြီး တစ်ဆင့်တက်ပြီး ကျင့်သွားပုံကို မြတ်စွာဘုရားက ဟောတယ်။ အခြေခံအားဖြင့် အပေါင်းအသင်း ဆက်ဆံမှုကစတဲ့ မင်္ဂလာတရားတော်ဟာ ဘယ်မှာ အဆုံးသတ်တုန်းဆိုရင် 'နိဗ္ဗာနသစ္ဆိကိရိယာ' မှာ အဆုံး သတ်သွားတယ်။

အဲဒီ နိဗ္ဗာန်ကို မျက်မှောက်ပြုတာနဲ့ တစ်ပြိုင် တည်း ရဟန္တာဖြစ်သွားလို့ ကြံ့ခိုင်တဲ့စိတ်ကိုရတယ်။ စိုးရိမ်သောက ကင်းသွားတယ်။ အန္တရာယ် ကင်းသွား တယ်။ ဘေးခပ်သိမ်း အကုန်ကင်းသွားတယ်ဆိုတဲ့ အကျိုးတရားတွေ ရပါတယ်။

အဲဒီ အကျိုးတရားတွေရပြီဆိုရင် ...

'ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ၊ သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆ န္တိ၊ တံ တေသံ မင်္ဂလမုတ္တမံ'

လို့ မြတ်စွာဘုရားက နိဂုံးချုပ်တာ။ မင်္ဂလာလမ်းမ လျှောက်လှမ်းသွားတဲ့ပုဂ္ဂိုလ်ဟာ လမ်းဆုံးရောက်တာနဲ့ ဒီမှတ်တိုင် ရောက်ရှိမှာဖြစ်ပါတယ်။ ရောက်သွားလို့ ရှိရင် သဗ္ဗတ္ထ မပရာဇိတာ - ဘယ်တော့မှ ကိုယ်က ရှုံးတယ်ဆိုတာ မရှိဘူး။ သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆ န္တိအရာရာခပ်သိမ်း ပြီးပြည့်စုံအောင်နိုင်ခြင်း ရရှိနိုင်တယ် လို့ မြတ်စွာဘုရားက မင်္ဂလသုတ်မှာ ဒီလိုဟောထား တာ ဖြစ်တယ်။

ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ် အပေါင်း မိမိတို့ဘဝခရီးကို မင်္ဂလာ လမ်းမပေါ်မှ လျှောက်လှမ်းနိုင်အောင် ကြိုးစားအားထုတ်ကြမယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီး မင်္ဂလာလမ်းမအတိုင်း လျှောက်လှမ်းနိုင်ကြကုန်သတည်း။

kufaxtuvy5f7ipdqdpkmu7y932hlnbr
လွတ်မြောက်တဲ့စိတ်
0
5881
22158
21662
2026-06-15T03:28:19Z
Tejinda
173
22158
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = လွတ်မြောက်တဲ့စိတ်
| previous = [[မင်္ဂလသုတ် အနှစ်ချုပ်]]
| previous2 =
| next = [[ရှာဖွေခြင်းနှင့် ရရှိခြင်း]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

လွတ်မြောက်တဲ့စိတ်

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၂ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၀ ခုနှစ်၊ တပို့တွဲလဆန်း (၆)ရက်။ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ရာဇာဓရာဇ်လမ်းသွယ်၊ ဓမ္မသိင်္ဂိဓမ္မာရုံ၌ ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်း အနားဝယ် ဟောကြားအပ်သော “လွတ်မြောက်တဲ့စိတ်” တရားဒေသနာတော်။

လွတ်မြောက်တဲ့စိတ်

ဗုဒ္ဓမြတ်စွာ သာသနာတော်ရဲ့ ပန်းတိုင်ဟာ လွတ်မြောက်တဲ့စိတ်ကို ရရှိရေးဖြစ်တယ်။ “ဝိမုတ္တစိတ္တ” လွတ်မြောက်တဲ့စိတ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်မှာ အဆင့်အမြင့်ဆုံး ရဟန္တာလို့ ခေါ်ရမယ့် ပုဂ္ဂိုလ်ပဲ။ အဲဒီ ပုဂ္ဂိုလ်မှ “ဝိမုတ္တစိတ္တ” လွတ်မြောက် တဲ့စိတ်ရှိသူ။ အဲဒီတော့ လွတ်မြောက်တဲ့စိတ် ရှိဖို့ အတွက် ဘုန်းကြီးတို့တစ်တွေ ကျင့်ကြံကြိုးကုတ် အားထုတ်နေကြရတယ်။ ဒီလိုမှတ်ပါ။

လူတိုင်း လူတိုင်းဟာ လွတ်လပ်မှုကို မြတ်နိုးကြ တယ်။ လွတ်မြောက်တယ်တို့၊ လွတ်လပ်တယ်တို့ စကားလုံးဟာ နေရာတကာ အရပ်ထဲမှာလည်း အနှံ့ အပြား ပြောကြတယ်။ တစ်ချို့ပုဂ္ဂိုလ်တွေ ပြောကြ တယ်။ တို့ကတော့ လွတ်လွတ်လပ်လပ်ပဲ၊ သားသမီး သံယောဇဉ်လည်း မရှိဘူး၊ အလုပ်အကိုင်လည်း အေးအေးဆေးဆေးပဲ၊ ဘာမှ ပူစရာမရှိဘူး” လို့ သူက လွတ်မြောက်မှုကို ကြွေးကြော်တယ်။ အချုပ်အနှောင် ခံရလို့ လွတ်မြောက်လာတဲ့ ပုဂ္ဂိုလ်ကလည်း သူ လွတ်မြောက်လာတယ်လို့ ပြောတာပဲ။ ရုပ်ခန္ဓာကိုယ်ရဲ့ လွတ်မြောက်မှုကို ရည်ညွှန်းပြီး တစ်ချို့ကလည်း ပြောကြတယ်။

“လွတ်မြောက်တဲ့စိတ်” ဆိုတဲ့နေရာမှာ အလွန့်ကို အဆင့်မြင့်တဲ့ လွတ်မြောက်တဲ့စိတ်မျိုး ဖြစ်ရမယ်။ အရပ်ကပြောတဲ့ လွတ်မြောက်တဲ့စိတ်နဲ့ ဗုဒ္ဓမြတ်စွာ ဟောလိုတဲ့ လွတ်မြောက်တဲ့စိတ်ဟာ အဆင့်အတန်း ချင်း မြောက်များစွာ ကွာတယ်။ အရပ်က လွတ်မြောက် တယ်ဆိုတဲ့စိတ်၊ လွတ်လပ်တယ်ဆိုတဲ့စိတ်ဟာ ဗုဒ္ဓ မြတ်စွာရဲ့ စံနှုန်းနဲ့ သတ်မှတ်ပြီးတော့ ကြည့်မယ်ဆိုရင် မလွတ်လပ်တဲ့စိတ်ကို ခေါ်နေတာ။ လွတ်လပ်တဲ့စိတ် မဟုတ်ဘူး။

လူတွေက ပြောကြတယ်မို့လား၊ တို့ကတော့ စိတ် လွတ် ကိုယ်လွတ် လွတ်လွတ်လပ်လပ်ပဲ” လို့ ပြောကြ တယ်။ တကယ်တော့ သူက အနှောင်အဖွဲ့တွေနဲ့ ချည်းပဲ။ လွတ်လပ်တာ မဟုတ်ဘူးနော်။ အဲဒီတော့ ကိုယ့်စိတ်ကလေးဟာ အနှောင်အဖွဲ့တွင်းမှာ ရှိသလား၊ အနှောင်အဖွဲ့တွေမှ လွတ်မြောက်နေသလားဆိုတာ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေကိုနာပြီး တရားဓမ္မ စံနှုန်းနဲ့ ကိုက်ကြည့်မှ တကယ့်လွတ်လပ်မှု ဟုတ်မဟုတ် ဆိုတာ သိရှိနားလည်နိုင်တယ်။ အရပ်ပြော သူပြော ငါပြော ပြောနေတဲ့ လွတ်လပ်မှုတွေ၊ အရပ်ပြော သူပြော ငါပြော ပြောနေတဲ့ လွတ်မြောက်မှုတွေဆိုတာ အပေါ်ယံက လွတ်မြောက်မှုလေးတွေကြီးပဲတဲ့။ တကယ့် လွတ်မြောက်မှု မဟုတ်ပါဘူး။

အဲဒီ လွတ်မြောက်မှု၊ စိတ်ရဲ့ လွတ်မြောက်မှု သို့မဟုတ် လွတ်မြောက်တဲ့စိတ်ကို ပါဠိဘာသာမှာ “စေတောဝိမုတ္တိ”။ “စေတောဝိမုတ္တိ” ကို ဘာသာ အမျိုးမျိုးနဲ့ ပြန်ကြသော်လည်းပဲ စေတော ဆိုတာ စိတ်၊ စိတ်ဆိုတာ ဒီနေရာမှာ သမာဓိကို ရည်ညွှန်းတာလည်း ရှိတယ်ပေါ့။ သမာဓိဖြစ်ရင် စိတ်ရဲ့ ကိလေသာတွေ (သို့မဟုတ်) စိတ်ရဲ့အနှောင်အဖွဲ့တွေက လွတ်သွား တာမျိုးကို “စေတောဝိမုတ္တိ”။ “ဝိမုတ္တိ” ဆိုတာ လွတ်မြောက်တာ။ ဘာအနှောင်အဖွဲ့မှမရှိ၊ အနှောင့် အယှက် မရှိ၊ အညစ်အကြေး လုံးဝကင်းစင်တဲ့ လုံးဝ လွတ်မြောက်မှုရှိတဲ့ စိတ်မျိုးသာလျှင် “စေတောဝိမုတ္တိ” လို့ ဒီလိုပြောလို့ရတယ်။ နောက်ဆုံး အမြင့်ဆုံး ပြောမယ်ဆိုလို့ရှိရင် အရဟတ္တဖိုလ် စိတ်ကလေးဟာ “စေတောဝိမုတ္တိ” ပဲ။ လွတ်မြောက်တဲ့ စိတ်ကလေးပဲ။

ကျန်တဲ့စိတ်တွေဟာ လွတ်မြောက်မှုဆိုတာ တဒင်္ဂ အားဖြင့် လွတ်မြောက်ချင် လွတ်မြောက်နေမယ်။ လွတ်မြောက်တဲ့စိတ်လို့ အပြည့်အဝ မခေါ်နိုင်သေးဘူး လို့ ပြောရမယ်။ အဲဒီတော့ တရားချစ်ခင် သူတော်စင် ပရိသတ်တို့အနေနဲ့ တို့တစ်တွေဟာ လွတ်မြောက်တဲ့ စိတ်နဲ့နီးပြီလား၊ တို့ရဲ့စိတ်ဟာ လွတ်မြောက်မှုရှိရဲ့လား၊ မရှိသေးဘူးဆိုလို့ရှိရင် တို့ ဘာတွေလုပ်ရမလဲဆိုတာ သိရမှာပေါ့နော်။ အဲသလိုသိမှ ကိုယ့်စိတ်ကလေးဟာ လွတ်မြောက်တယ်၊ မလွတ်မြောက်ဘူး သိတယ်။

အများစုက ထင်နေကြတာ တစ်ယောက်တည်းနေရင် လွတ်လပ်တယ်လို့ ဒီလိုထင်တယ်။ တစ်ယောက်တည်း နေရင် အနှောင်အဖွဲ့တွေနဲ့နေတာ။ အနှောင်အဖွဲ့ တွေက နှောင်ဖွဲ့မှန်းမသိအောင် သိမ်မွေ့လွန်းတယ်။

တစ်ချို့ကပြောတယ်၊ အေး- သားသမီးတွေ ကြီးကုန်ပြီ၊ သားသမီးသံယောဇဉ်လည်း မရှိတော့ဘူး။ ဟော-သံယောဇဉ်မရှိဘူးလို့ထင်နေတယ်။ သံယောဇဉ် ကြိုးဆိုတာ (၁၀)မျိုးရှိတယ်။ အောက်ဆွဲတဲ့ကြိုးက ခြေထောက်မှာချည်ပြီး အောက်ဆွဲချတဲ့ သံယောဇဉ် ကြိုးက (၅)မျိုး။ လည်ပင်းကနေချည်ပြီး အထက် ဆွဲတင်တဲ့ သံယောဇဉ်ကြိုးက (၅)မျိုး။ အားလုံး သံယောဇဉ်ကြိုး (၁၀)မျိုး။ အဲဒီ သံယောဇဉ်ကြိုးတွေနဲ့ ချည်နှောင်ထားသေးသမျှ လွတ်မြောက်တဲ့စိတ် ဘယ် တော့မှ မဖြစ်နိုင်ဘူး။ ခြေထောက်ကချည်ပြီး အောက် ဆွဲချတဲ့ ကြိုးမျိုး၊ ဒါ တင်စားပြီးတော့ ပြောတာပေါ့နော်။ တင်စားပြီးတော့ပြောတာ။ လူတစ်ယောက်ကို ကြည့် ကြည့်လိုက် ခြေထောက်မှာ ကြိုး(၅)ချောင်း၊ ခေါင်းမှာ ကြိုး(၅)ချောင်း။ ခြေထောက်ကကြိုးက အောက်ဆွဲ တယ်။ လည်ပင်းမှာ ချည်ထားတဲ့ ကြိုး (၅)ချောင်းက အပေါ်ဆွဲတင်တယ်။ အောက်ကြိုး လွတ်သွားရင် အထက်ကြိုး ရှိသေးတယ်။

လွတ်မြောက်အောင် ကြိုးစားဖို့လိုတယ်။ အဲဒီ အောက်ကြိုးကို ဘာခေါ်သလဲဆိုရင် “ဩရမ္ဘာဂိယ သံယောဇန” တဲ့။ “ဩရမ္ဘာဂိယ” ဆိုတာ ကာမဘုံနယ် အတွင်းမှာ ချည်နှောင်ထားတတ်တဲ့ သံယောဇဉ်ကြိုး တဲ့။ အဲဒါက ဘာတုန်းဆိုရင် ကာမစ္ဆန္ဒ ကာမဂုဏ် ခံစားချင်တဲ့ အတွေးတွေ၊ စိတ်ဆန္ဒတွေ၊ လောဘတွေ။ ကာမဂုဏ် ခံစားတယ်ဆိုတာ ဘာပြောတာတုန်း၊ မျက်စိက လှတာလေးကြည့်ပြီး ပျော်ရွှင်မှုကို လိုလား တယ်။ နားက သာယာတဲ့အသံလေးကို နားထောင် ပြီးတော့ ပျော်ရွှင်မှုကို လိုလားနေတယ်။ နှာခေါင်းက မွှေးကြိုင်တဲ့ အနံ့လေးနဲ့ သာယာမှုကို လိုလားတယ်။ လျှာက အရသာရှိတာလေး စားပြီးတော့ သာယာမှုကို လိုလားတာ။ ခန္ဓာကိုယ်က ကောင်းတဲ့ အထိအတွေ့ လေး ထိတွေ့ပြီးတော့ သာယာမှုကို လိုလားနေတာ။ တစ်ခါမြင်ပြီးရင် နောက်ထပ်မြင်ချင်တယ်။ တစ်ခါ ကြားပြီးရင် နောက်ထပ်ကြားချင်တယ်။ ဒီ မြင်ချင်၊ ကြားချင်၊ နမ်းရှူချင်၊ လျက်ချင်၊ ထိတွေ့ချင်တယ်ဆိုတဲ့ ဒီဆန္ဒတွေကို ကာမစ္ဆန္ဒ လို့ခေါ်တယ်။

အဲဒီ ကာမစ္ဆန္ဒဟာ အောက်ကိုဆွဲချတာ ဖြစ်သော ကြောင့် ကာမဘုံမှာတင် ချည်နှောင်ထားတာ ဖြစ်သော ကြောင့် “ဩရမ္ဘာဂိယ” သံယောဇဉ်ကြိုးတစ်ချောင်း။

ဘုန်းကြီးတို့ တရားချစ်ခင် သူတော်စင် ပရိသတ် တို့၊ ကိုယ့်မှာ အဲဒီကြိုး ရှိမရှိ ကြည့်ဖို့လိုတယ်။ အရပ်ထဲမှာ ပြောတာက သားသံယောဇဉ်၊ သမီးသံယောဇဉ် လို့ ပြောတယ်။ ဟုတ်တယ်မို့လား။ သားသံယောဇဉ်၊ သမီး သံယောဇဉ်၊ ပစ္စည်း သံယောဇဉ်၊ တကယ့် သံယောဇဉ်အစစ်က သားကလည်းသံယောဇဉ် မဟုတ် ဘူး၊ သမီးကလည်း သံယောဇဉ် မဟုတ်ဘူး၊ ပစ္စည်း ကလည်း သံယောဇဉ် မဟုတ်ဘူး၊ တကယ့်သံယောဇဉ် အစစ်က ဟောဒီ ကာမစ္ဆန္ဒ ဆိုတဲ့ sense pleasure, desire for sense pleasure ကာမအာရုံတွေနဲ့ ပျော်ပါး လိုတဲ့ စိတ်ဆန္ဒ လောဘလေးကသာ တကယ့် သံယောဇဉ် ဖြစ်တယ်။ တစ်ချို့ကထင်တယ်၊ သား သံယောဇဉ်၊ သမီး သံယောဇဉ်တွေ ဖြတ်လိုက်တယ်။ သားသမီးတွေ မခေါ်မပြော အဝေး ပို့ပစ်လိုက်တယ်ပေါ့။ ဒါ သံယောဇဉ်ကင်းတယ် ထင်နေတာ။ ဘယ်ဟုတ်မတုန်း နော်။ သားသမီးကို ဖြတ်ရမှာ မဟုတ်ဘူး။ ဖြတ်ရမှာ ဘာတုန်း။ တွယ်တာမှု တဏှာကို ဖြတ်ရမှာ။ တလွဲ သွားဖြတ်ရင် ဒုက္ခရောက်လိမ့်မယ်။ ပစ္စည်းဥစ္စာ သံယောဇဉ် ဖြတ်တယ်ဆိုတာ ပစ္စည်းတွေ အကုန် လှူပစ်ခိုင်းတာ မဟုတ်ဘူး။ ပစ္စည်းဥစ္စာပေါ်မှာ တွယ်တာနေတဲ့ သံယောဇဉ်ကို ဖြတ်ခိုင်းတာ။ ပစ္စည်း က ရှိရမှာပေါ့။ လူ့ဘဝမှာ စားဝတ်နေရေး မပြည့်စုံလို့ ရှိရင် ဘယ်လိုလုပ်လို့ရမလဲ။ ဘဝတစ်ခု ရပ်တည်ဖို့ရာ အတွက် ပစ္စည်းဆိုတာ ရှိရမယ်။ သို့သော် အဲဒီ ပစ္စည်း ပေါ်မှာ တစ်တွယ်တာတာ ဖြစ်နေတဲ့ သံယောဇဉ်၊ တဏှာအတွယ်အတာကိုသာ ဖြတ်ရမှာ။ ပစ္စည်းကို ဖြတ်ရမှာ မဟုတ်ဘူးတဲ့။ အဲဒီတော့ ကာမစ္ဆန္ဒ ဆိုတာ သံယောဇဉ်ကြိုးတစ်ချောင်းပဲ။ အဲဒီ ကြိုးတစ်ချောင်းနဲ့ ချည်နှောင်ခြင်း ခံထားရတဲ့ စိတ်ကလေးဟာ ဘယ်လို လုပ်ပြီး လွတ်မြောက်တဲ့စိတ် ဖြစ်နိုင်မလဲ။ မဖြစ်နိုင် ဘူးနော်။

နောက်တစ်ခုက ဘာတုန်းဆို “ဗျာပါဒ” သံယောဇဉ်၊ “ဗျာပါဒ” ဆိုတာ ထစ်ခနဲရှိ စိတ်ထဲမှာ အလိုမကျဖြစ်တာ။ ပြင်းထန်လာလို့ရှိရင် လူတွေက ပြောတယ်။ စိတ်ဆိုးတယ်။ စိတ်တိုတယ်။ ကိုယ်မကြိုက် တဲ့ အာရုံနဲ့တွေ့ရင် စိတ်ထဲမှာ မကျေမနပ်ဖြစ်တယ်။ မဖြစ်ဘူးလား။ အဲဒါကလည်း “ဗျာပါဒ” သံယောဇဉ် လို့ ခေါ်တယ်။ သူကလည်း သံယောဇဉ်ပဲ။ အမုန်း သံယောဇဉ်။ ဒါကိုတော့ လူတွေက သိပ်ပြီးတော့ သံယောဇဉ်လို့ မတွက်ကြဘူး။ “တဏှာ” ကိုတော့ သံယောဇဉ်လို့ နားလည်ကြတယ်။ ဗျာပါဒဆိုတဲ့ ဒေါသ အမုန်းတရားကိုတော့ သံယောဇဉ်လို့ မထင်ကြဘူး။ သို့သော် ဒါလဲပဲ သံယောဇဉ်ပဲ။

မုန်းတဲ့စိတ်ကလေး ရှိနေသေးသမျှ ထိုမုန်းစရာ အာရုံကို ခဏခဏ သတိရနေတယ်။ အဲဒါ ကြိုးလေးက ချည်ထားလို့ပဲ ဟုတ်တယ်မဟုတ်လား။ ချစ်တဲ့လူကို သတိရသလို၊ မုန်းတဲ့သူရော သတိမရဘူးလား။ အဲဒါ “ဗျာပါဒ” သံယောဇဉ်လို့ခေါ်တယ်။ အမုန်းသံယောဇဉ် ကလည်းပဲ ရှိတာပဲ။ အဲဒီ သံယောဇဉ်ဆိုတဲ့ ဒီကြိုးနဲ့ နှောင်ဖွဲ့ထားတဲ့စိတ်ဟာ ဘယ်လိုမှ လွတ်မြောက်တဲ့ စိတ် ဆိုတာ မဖြစ်နိုင်ဘူး။ လွတ်မြောက်တဲ့စိတ်ကို သဘောကျဖို့ရာအတွက် ဒီလိုကြည့်ရတယ်။ desire သမျနညျန စူနေျကမန ဆိုတဲ့ ကာမစ္ဆန္ဒ ကြိုးတစ်ချောင်း ဖြုတ်ပစ်လိုက်။ ကာမစ္ဆန္ဒ ပြုတ်သွားလို့ရှိရင် ဗျာပါဒ ဆိုတဲ့ အလိုမကျတာလည်း ပြုတ်သွားပြီ။ ဒီကြိုးတွေ ပြုတ်ဖို့ဆိုတာ မလွယ်ဘူး၊ သောတာပန်တောင် မပြုတ် သေးဘူး။ သကဒါဂါမ်လည်း မပြုတ်သေးဘူး။ ဒီကြိုး (၂)ချောင်းက အနာဂါမ်ကျမှ ပြုတ်တယ်။

သောတာပန် အနေနဲ့ ဖြုတ်နိုင်တဲ့ကြိုးက (၃)ချောင်း။ ဘာလဲဆိုရင် သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတ ပရာမာသ တဲ့။ သက္ကာယဒိဋ္ဌိ ဆိုတာ ခန္ဓာ ငါးပါး ရုပ်နာမ်တရားကို အထင်မှားပြီးတော့ အသက်၊ ဇီဝ၊ အတ္တ၊ ထာဝရမြဲနေတဲ့အရာလို့ထင်တာ။ တစ်ဘဝ ကသေရင် တစ်ဘဝကူးသွားတာလို့ထင်တာ။ အဲဒီလို အတွေးမျိုးတွေနဲ့ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ တို့ဆိုတဲ့ ခန္ဓာ (၅)ပါးထဲက တစ်ခုခုပေါ်မှာ အမြင်မှားနေတာ သက္ကာယဒိဋ္ဌိ။ သက္ကာယ ဆိုတာ တကယ်ထင်ရှားရှိနေတဲ့ ခန္ဓာ(၅)ပါး။ ဒိဋ္ဌိ ဆိုတာ အဲဒီ ခန္ဓာ(၅)ပါးအပေါ်မှာ မှားယွင်းတဲ့ အယူအဆတစ်ရပ်။ ခန္ဓာ(၅)ပါးနှင့် ပတ်သက်ပြီး မှားယွင်းတဲ့ အယူအဆ တစ်ရပ် ဖြစ်တာကို သက္ကာယဒိဋ္ဌိ တဲ့။ ဒါလဲ သံယောဇဉ် ပဲ။ စိတ်ကို ချည်နှောင်ထားတတ်တယ်။ မှားယွင်းတဲ့ အမြင်တစ်ခုဟာ စိတ်ကို ချည်နှောင်ထားတတ်တဲ့ သံယောဇဉ်။ အဲဒီနှောင်ကြိုး ရှိနေတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ လွတ်မြောက်တဲ့စိတ်ဆိုတာ မရှိနိုင်ဘူး။

ဝိစိကိစ္ဆာ ဘုရား၊ တရား၊ သံဃာနဲ့ ပတ်သက်ပြီး သံသယဖြစ်တယ်။ ကိုယ်ကျင့်နေတဲ့ ကျင့်စဉ်နဲ့ ပတ်သက်ပြီး သံသယဖြစ်တယ်။ အမြင်မရှင်းဘူး။ ခုနလို အမြင်မှားနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ သံသယ ရှိနေမှာပဲ။ အမှန်မမြင်သေးသမျှ သံသယဆိုတာ လာနေမှာပဲ။ သက္ကာယဒိဋ္ဌိ ကင်းသွားမယ် ဆိုလို့ရှိရင် ဝိစိကိစ္ဆာ လည်း ကင်းသွားနိုင်တယ်။

နောက်တစ်ခုက သီလဗ္ဗတ ပရာမာသ။ သီလ + ဝတ “ဝ“ကို “ဗ“ပြောင်းပြီး သီလဗ္ဗတပရာမာသ၊ သီလ ဆိုတာ အလေ့အထတစ်ခု၊ ဝတ ဆိုတာ လိုက်နာ ကျင့်သုံးနေတဲ့အချက်။ သီလ ဆိုတာ အပြုအမူ အလေ့ အထ။ လူတိုင်း လူတိုင်းမှာ အလေ့အထလေးတွေ ရှိတယ်။ တိရစ္ဆာန်တွေမှာလည်း အလေ့အထလေးတွေ ရှိတယ်။ ဆိုပါစို့ ခွေးလေးတစ်ကောင်ကို ကြည့်၊ ခွေးလေးရဲ့ အလေ့အထက ဘာတုန်း၊ အိပ်တော့မယ် ဆိုရင် ချာချာလှည့်ပြီးမှ ကွေးကွေးလေး အိပ်တတ် တယ်။ ဒါသူ့ရဲ့ အလေ့အထ။ အစာစားတဲ့ အခါမှာ လည်းပဲ ပါးစပ်နဲ့စားတယ်။ လက်နဲ့စားတာ မဟုတ်ဘူး။ ဒါသူ့ရဲ့ အလေ့အထ။ ဒီ့ပြင် တိရစ္ဆာန်တွေလည်း ဒီလိုပဲ အလေ့အထလေးတွေ ရှိတယ်။ အဲဒါကို ဒီနေရာမှာ သီလလို့ ပြောတာ။ ဝတ ဆိုတာ တစ်စုံတစ်ခုကို ဆောက်တည်ထားတာ။ ဥပမာ ငါ သက်သတ်လွတ် စားမယ်။ တစ်စုံတစ်ခုကို လိုက်နာ ကျင့်သုံးဖို့ရာ စည်းကမ်းချက်ကလေး ထုတ်ထားတာ။ အဲဒါ ဝတ လို့ ခေါ်တယ်။ အဲဒီ သီလ ဝတ နဲ့ ပတ်သက်လာရင် မှားမှားယွင်းယွင်း သုံးသပ်ဆင်ခြင်ပြီးတော့ လိုက်နာ ကျင့်ကြံနေတဲ့ မှားယွင်းတဲ့ အယူအဆတစ်ရပ်ကို သီလဗ္ဗတ ပရာမာသ လို့ခေါ်တယ်။ မှားယွင်းတဲ့ မိစ္ဆာ ဒိဋ္ဌိတစ်မျိုးပဲ။

ဆိုပါစို့ သံသရာဝဋ်က လွတ်ဖို့ရန်အတွက် အကုသိုလ်တွေ နည်းနိုင်သမျှ နည်းသွားအောင် ဘာလုပ်ရမလဲ။ ခွေးလိုနေ၊ ခွေးလိုစား၊ ခွေးလိုကျင့်။ ခွေးအကျင့်ကို ဆောက်တည်ရင် ခွေးရဲ့ အလေ့အထ တွေက သီလ၊ ခွေးအလေ့အထတိုင်း လုပ်မယ်လို့ ဆောက်တည်တာက ဝတ။ အဲဒီ သီလ နဲ့ ဝတ ဆောက်တည်လို့ရှိရင် သံသရာဝဋ်က လွတ်တယ်၊ ကိလေသာတွေ စင်ကြယ်နိုင်တယ်လို့ ယူဆတာက ပရာမာသ တဲ့။

ဘုရားလက်ထက်က ဒီလို ခွေးအကျင့် ကျင့်တာ တို့၊ နွားအကျင့် ကျင့်တာတို့၊ ဥဒေါင်းလို ကျင့်တာတို့၊ မျောက်လို ကျင့်တာတို့ စုံနေတာပဲ။ တိရစ္ဆာန်တွေရဲ့ အကျင့်ကို လိုက်ကျင့်တာ။ ရည်ရွယ်ချက်ကတော့ ကောင်းတယ်။ မြတ်စွာဘုရားက အဲဒီအကျင့်တွေနဲ့ ပတ်သက်လာရင် “သီလဗ္ဗတ ပရာမာသ” သူ့ရဲ့ ရည်မှန်းချက် မရဘူးတဲ့။ ခွေးလိုကျင့်ရင်ဘာဖြစ်တုန်း?။ တစ်ခါတုန်းက ကုက္ကရဝတိက သုတ်မှာ ခွေးလိုကျင့်ရင် ခွေးဖြစ်ဖို့ပဲရှိတယ်တဲ့။ ဘာဖြစ်လို့တုန်းဆိုရင် တစ်ချိန် လုံး ခွေးစိတ်မွေးပြီး ခွေးလိုနေလို့တဲ့။ ခွေးဘဝနဲ့ မနီး ပေဘူးလား။ နွားလိုကျင့်ရင် နွားဖြစ်ဖို့ပဲရှိတယ်။ ဘာဖြစ် လို့တုန်းဆိုရင် နွားစိတ်မွေးနေတာကိုး၊ လူစိတ်မွေးမှ လူဖြစ်တော့မပေါ့။ နွားစိတ်မွေးရင် နွားပဲဖြစ်မှာပေါ့။ ဟုတ်တယ်မို့လား။ အဲဒီ အကျင့်မှားတွေကို “သီလဗ္ဗတ ပရာမာသ” လို့ခေါ်တယ်။

သို့သော် အင်္ဂလိပ်လို ဘာသာပြန်တဲ့အခါမှာ “သီလဗ္ဗတ ပရာမာသ” ကို ပေါ့ပေါ့လေး ပြန်ထား တယ်။ Right and Ritual တဲ့။ ဒီဘာသာပြန်ကတော့ မမှန်ဘူး။ Right and Ritual ဆိုတာ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ အခမ်း အနားတွေ။ “သီလဗ္ဗတ ပရာမာသ” ဆိုတာ ခွေး အကျင့်၊ နွားအကျင့် ကျင့်ရင် သံသရာဝဋ်က လွတ်နိုင် တယ်လို့ မှားယွင်းစွာ သုံးသပ်မှု။ ဒီလိုဆိုလိုတယ်။ ဒီ အကျင့်တွေနဲ့ သံသရာဝဋ်က လွတ်ပြီးတော့ ကိလေသာ အာသဝေါတွေ စင်ကြယ်နိုင်တယ်လို့ မှားယွင်းစွာ သုံးသပ်မှုကိုပဲ “သီလဗ္ဗတ ပရာမာသ” လို့ခေါ်တယ်။

ခန္ဓာ(၅)ပါးနဲ့ ပတ်သက်ပြီးတော့ မြဲတယ်။ ခန္ဓာ (၅)ပါးကို အတ္တလို့ သက္ကာယဒိဋ္ဌိက မှားတယ်။ သီလဗ္ဗတ ပရာမာသ က အကျင့်နဲ့ပတ်သက်ပြီးတော့ မှားတယ်။ အမြင်မှား နှစ်ခု။ ထိုအမြင်မှား နှစ်ခုကို လက်ကိုင်ကျင့်သုံးနေသည့်အတွက်ကြောင့် သံသဖြစ်မှု ဝိစိကိစ္ဆာ။ အဲဒီ သံယောဇဉ်(၃)ပါးကို သောတာပန် ပုဂ္ဂိုလ်က ဖြတ်လိုက်နိုင်ပြီ။ သောတာပန်ဖြစ်သွားရင် အဲဒီသံယောဇဉ် မရှိတော့ဘူး။

ခန္ဓာ(၅)ပါးနဲ့ ပတ်သက်ပြီး မှားယွင်းတာ မရှိဘူး။ အကျင့်နှင့် ပတ်သက်လာလို့ရှိရင်လည်း မှားယွင်းတာ မရှိဘူး။ ခွေးလိုကျင့်၊ နွားလိုကျင့်တဲ့ အကျင့်နဲ့ သံသရာက မစင်ကြယ်နိုင်ဘူး။ သံသရာက မလွတ် မြောက်နိုင်ဘူး။ ဖြူစင်တဲ့စိတ်ဓာတ် မရနိုင်ဘူးလို့ သိတယ်။ အမှန်မြင်တယ်။ အမှန်မြင်တဲ့အတွက်ကြောင့် ဒီကနေ့ ကျင့်နေကြတဲ့ သီလ ကျင့်စဉ်၊ သမာဓိ ကျင့်စဉ်၊ ပညာ ကျင့်စဉ်၊ ဝိပဿနာ ကျင့်စဉ်နဲ့ ပတ်သက်ပြီး ဘာမျှ သံသယ မရှိတော့တာ။ ဟော သောတာပန် ပုဂ္ဂိုလ်ဖြစ်သွားလို့ရှိရင် သံယောဇဉ်ကြိုး(၅)ချောင်းထဲက အောက်ခြေထောက်မှာချည်ထားတဲ့ (၃)ချောင်း ပြုတ် သွားပြီ။ အနာဂါမ်ဖြစ်လို့ရှိရင် နောက်ထပ်(၂)ချောင်း ထပ်ပြုတ်တယ်။ ကြိုး(၅)ချောင်း ပြုတ်သွားပြီ။ အဲဒါ ဆိုလို့ရှိရင် အနာဂါမ်ပုဂ္ဂိုလ်တောင်မှ လွတ်မြောက်တဲ့ စိတ်ဆိုတာ မရသေးဘူး။ အထက်မှာ ချည်ထားတဲ့ “ဥဒ္ဓမ္ဘာဂိရ” သံယောဇဉ်(၅)ကြိုး ကျန်နေသေးတယ်။

အဲဒီ “ဥဒ္ဓမ္ဘာဂိရ” သံယောဇဉ်ဆိုတာ အထက် ကနေ ချည်နှောင်ထားတဲ့ကြိုး။ ဘာကြိုးတွေတုန်း ကြည့်ရင် “ရူပရာဂ” ဗြဟ္မာဘုံ သို့မဟုတ် ရူပစျာန် ပေါ်မှာ တပ်မက်နေတယ်။ ကာမဂုဏ် အာရုံတွေ ကိုတော့ စွန့်လွှတ်နိုင်တယ်။ ထို ကာမဂုဏ်အာရုံတွေကို စွန့်လွှတ်လို့ရလာတဲ့ ချမ်းသာလေးကိုတော့ တပ်မက် တယ်။ ဒါကို စျာန်ချမ်းသာလို့ခေါ်တယ်။ ကာမဂုဏ် အာရုံတွေကို စွန့်လွှတ်လိုက်လို့ ရလာတဲ့ အကျိုး အမြတ်ဖြစ်တဲ့ ရူပစျာန်ချမ်းသာ။

ထိုရူပစျာန်ကြောင့် ရောက်လာမယ့် ရူပဘဝ အဲဒါတွေ ပေါ်မှာ တွယ်တာမှုလေးက မပြတ်သေးဘူးတဲ့။ ကာမစ္ဆန္ဒ ဆိုတဲ့ ကာမဂုဏ်ပေါ်မှာ တွယ်တာတာတော့ ပြတ်သွားပြီ။ ကာမကို ဖယ်ရှားလိုက်လို့ ရလာတဲ့ စျာန် ချမ်းသာနဲ့ ထိုစျာန်ချမ်းသာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘုံဘဝကို တွယ်တာနေတုန်းပဲ။ အဲဒါကို ရူပရာဂ လို့ ခေါ်တယ်။ ဒီနေရာမှာ ရူပ ဆိုတာ ရူပစျာန်ကိုပြောတာ။

“အရူပရာဂ”။ အရူပရာဂ ဆိုတာ အဲဒီလို ရုပ် အထည်အကိုယ် မရှိဘူး။ နာမ်တရားသက်သက်နဲ့ ဖြစ်တဲ့ အရူပ(၄)ဘုံ၊ အရူပစျာန်ပေါ်မှာ တွယ်တာနေတဲ့ တဏှာလောဘ၊ ထိုအရူပစျာန်ကြောင့် ရလာနိုင်တဲ့ အရူပဘဝက သက်တမ်းရှည်တယ်၊ ချမ်းသာတယ်။ ရုပ်ခန္ဓာကိုယ်ကြီးမရှိဘဲ စိတ်ကလေးသာ ရှိတဲ့အတွက် သိပ်လွတ်လပ်တယ်။ ချမ်းသာတယ်။ ဟုတ်တာပေါ့။ ခေါင်းကိုက်တာတို့၊ ခါးနာတာတို့ဆိုတာ ရုပ်ရှိမှ ဖြစ်တာ မို့လား။ စိတ်ကလေးချည်းဆို ဖြစ်စရာအကြောင်းမှ မရှိတာကိုးနော်။

ရုပ်ရှိသည့်အတွက် ပြဿနာတွေက အများကြီး ကိုး။ အဲတော့ စိတ်ချည်းဖြစ်တဲ့ဘုံ၊ အရူပဘုံကို တွယ်တာမှုဆိုတဲ့ သံယောဇဉ်တွေက သွားတွယ်နေပြန် ရော။ တဏှာရဲ့ နယ်ပယ်က ဘယ်လောက် ကျယ်သလဲ ဆိုတာ စဉ်းစားကြည့်။ ကာမဂုဏ် အာရုံတွေကို လွှတ်လိုက်ပြန်လို့ရှိရင်လည်း စျာန်ပေါ် သွားတွယ် တယ်။ အဲဒါကို အထက်ကြိုးလို့ ခေါ်တယ်။ ရူပရာဂ အရူပရာဂ၊ ဒါ လောဘရဲ့ နာမည်တွေချည်းပဲ။ အကုန် လုံး ရူပရာဂ အရူပရာဂ ဆိုတာ လောဘရဲ့ နာမည်။ ရူပရာဂ အရူပရာဂ ဆိုတာ ကြိုး(၂)ချောင်း ထပ်တွယ် လာတယ်။

“မာန” ကိုယ့်ရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး အထင်ရှိနေတာ။ အထင်ရောက်နေတာ။ ကိုယ့်ရဲ့ အရည်အသွေးပေါ်မှာ အားကိုးယုံကြည်မှု၊ ထင်မြင် ယူဆမှု၊ ငါဆိုတဲ့ အတွေးနဲ့တွေးနေတာ။ ငါလုပ်နိုင် တယ်ဆိုတဲ့ အတွေးတွေနဲ့ တွေးနေတဲ့ မာန။ conceit လို့ခေါ်တယ်။ ဒီ မာန လည်း အန္တရာယ် အလွန်များ တယ်။ ဒီ အတွေးတွေ ဝင်နေရင်လည်း တရားထူး၊ တရားမြတ် မရနိုင်ဘူး။ ရှင်အနုရုဒ္ဓါလိုပေါ့။ ရှင်အနုရုဒ္ဓါ က “ငါ စကြဝဠာ (၁၀၀၀)ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင် တယ်” ဒိဗ္ဗစက္ခုနဲ့ စကြဝဠာ (၁၀၀၀)ကို တစ်ခါတည်းနဲ့ ထိုင်ကြည့်နိုင်တယ်ဆိုတဲ့ ဒီအတွေးလေး ဝင်နေတဲ့ အတွက်ကြောင့် ရဟန္တာ မဖြစ်ဘူး။ မာနလေး ခံနေ တယ်။ အဲဒီ မာနဟာ အထက်ကြိုးတဲ့။

နောက်တစ်ခု “ဥဒ္ဓစ္စ” သမာဓိရဲ့ ဆန့်ကျင်ဘက်။ စိတ်က မငြိမ်းချမ်းဘူး၊ စိတ်တွေ မငြိမ်သက်ဘူး၊ ကယောင်ချောက်ချား ဖြစ်နေတဲ့ (သို့မဟုတ်) သမာဓိ မရတဲ့စိတ်၊ စိတ်လေလွင့်နေတာမျိုးဟာ ဥဒ္ဓစ္စ။ အဲဒီ ဥဒ္ဓစ္စ ကလည်းပဲ သံယောဇဉ်တစ်မျိုးပဲ။ သူကလဲ စိတ်ကို ချည်နှောင်ထားတတ်တယ်။ မာနက စိတ်ကို ချည်နှောင် သလို ဥဒ္ဓစ္စ ဆိုတဲ့ မငြိမ်းချမ်းမှုကလည်း စိတ်ကို ချည်နှောင်တယ်။ ကြည့်လေ မငြိမ်းချမ်းတဲ့စိတ်ဆိုတာ ခဏခဏ ပေါ်လာတတ်တယ်။ စိတ်ပူတတ်တဲ့သူမှာ ခဏခဏ မပေါ်ဘူးလား။ စိတ်ကလေး အေးအေး ထားစမ်းပါလို့ ပြောလို့ကိုမရဘူး၊ ရှာကြံပူတာ။ ဒါသံယောဇဉ်ပဲ၊ ချည်ထားတာ။

အဝိဇ္ဇာ အမှန်မသိဘူး၊ အမှားတွေကို သိနေတာ ကိုပဲ သူ့ကိုယ်သူ အမှန်သိနေတယ်လို့ ထင်နေတယ်။ ဟောဒီ အဝိဇ္ဇာ ဆိုတဲ့ကြိုးက အလွန်သိမ်မွေ့ပြီး အလွန် ပြင်းထန်တဲ့ ကြိုးတစ်ချောင်းပဲ။ အမှားသိမှုဟာ ဖျောက်ဖျက်ပစ်လို့ မရနိုင်တဲ့ဟာမို့ သံယောဇဉ်ပဲ။ ပေါင်းလိုက်တော့ အထက်က ချည်နှောင်တဲ့ သံယောဇဉ်ကြိုးက (၅)မျိုး ရူပရာဂ အရူပရာဂ မာန ဥဒ္ဓစ္စ အဝိဇ္ဇာ အဲဒီ သံယောဇဉ်ကြိုးတွေ လုံးဝ ကင်းသွား ပြီ၊ သံယောဇဉ်ကြိုး (၁၀)မျိုးစလုံး ကင်းသွားပြီ ဆိုတဲ့ အခါမှ လွတ်မြောက်တဲ့စိတ်ဆိုတာ ဖြစ်နိုင်တာ။ အနာဂါမ်ဖြစ်ရင်တောင်မှပဲ မလွတ်လပ်သေးဘူး။ သံယောဇဉ်ကြိုး(၅)မျိုး ကျန်နေသေးတယ်။ ရဟန္တာ ဖြစ်ပြီဆိုတော့မှ လုံးဝလွတ်လပ်သွားတာ။ ဒါကြောင့်မို့ ရဟန္တာပုဂ္ဂိုလ်ကိုသာလျှင် ဝိမုတ္တစိတ္တ လွတ်မြောက်တဲ့ စိတ်ရှိတဲ့ ပုဂ္ဂိုလ်လို့ ခေါ်ရမယ်။

ကဲ ဘုန်းကြီးတို့တစ်တွေ လွတ်မြောက်ချင်တယ်၊ လွတ်မြောက်တဲ့ စိတ်ကလေးကို ရချင်တယ်ဆိုတာ ဘယ်လိုလုပ်ကြမလဲ။ လွတ်မြောက်တဲ့စိတ်ဟာ ဗုဒ္ဓ ဘာသာ ကျင့်စဉ်ရဲ့ ပန်းတိုင်ဆိုတာ အားလုံးသိကြပြီ။ တို့တစ်တွေ ဘာလုပ်နေတာတုန်းလို့မေးရင် စိတ်ဓာတ် ကလေး လွတ်မြောက်ဖို့၊ လွတ်မြောက်တဲ့စိတ်ရဖို့ လုပ်နေကြတာ။ ဒါဖြင့် လွတ်မြောက်တဲ့စိတ်ဆိုတာ ရအောင်လုပ်နည်း ရှိသလား၊ ရှိတယ်။ လွတ်မြောက်တဲ့ စိတ် ရဖို့။ ဒီကနေ့လုပ်၊ ဒီကနေ့ ဖြစ်သွားတာ မဟုတ် ဘူး၊ ဒီကနေ့ ရင့်ကျက်သွားတာမဟုတ်ဘူး။ တဖြည်း ဖြည်းနဲ့ ရင့်ကျက်လာတာ။ သစ်သီးများလိုပဲ၊ သစ်သီး များဟာ အနုလေးကနေပြီးတော့ တဖြည်းဖြည်း ရင့်လာရတယ်။ အဲဒီလိုပဲ လွတ်မြောက်တဲ့စိတ်ဟာ လည်း အနုစားလေးကနေ တဖြည်းဖြည်း ရင့်လာ တယ်။ တဖြည်းဖြည်း ရင့်လာအောင် ဘာလုပ်မလဲ၊ ဘာတွေအရေးကြီးသလဲ။ အကျိုးတရားကို လိုလားလို့ ရှိရင် အကြောင်းတရားကို တည်ဆောက်ရမယ်ဆိုတာ ဒါ ဗုဒ္ဓရဲ့ လမ်းညွှန်ချက်ပဲ၊ လမ်းညွှန်ချက်က အကျိုး လိုချင်ရင် အကြောင်းကို တည်ဆောက်ရမယ်။ ဟုတ်ကဲ့ လား။ အကျိုးလိုချင်ရင် အကျိုးကို တိုက်ရိုက်ယူလို့ မရဘူး။ အကြောင်းကို လုပ်ရမယ်။ အကြောင်းတရား ကို ဖန်တီးပေးမှ အကျိုးတရားရမှာ။

ဒါကြောင့် စေတောဝိမုတ္တိ လို့ခေါ်တဲ့ လွတ်မြောက်တဲ့ စိတ်ကလေး ရဖို့ရာအတွက် မရင့်ကျက်သေးတဲ့ လွတ်မြောက်တဲ့စိတ်ကလေးကို ရင့်ကျက်လာအောင် ဘယ်အကြောင်းတရားတွေက ဖြစ်စေနိုင်တာတုန်းလို့ ဆိုတာကို မြတ်စွာဘုရားက မေဃိယ သုတ္တန် မှာ ဟောထားတာရှိတယ်။

မေဃိယသုတ္တန် ဖြစ်ပေါ်လာပုံ ဇာတ်လမ်းလေး နည်းနည်းပြောရမယ်။ မြတ်စွာဘုရား တစ်ခါတုန်းက စာလိယ လို့ခေါ်တဲ့မြို့နားက စာလိကာ ဆိုတဲ့ တောင် ပေါ်မှာ သီတင်းသုံးနေထိုင်တယ်၊ တောရကျောင်းမှာ နေတယ်ပေါ့။ မြတ်စွာဘုရားကို အနီးကပ်ပြုစုနေတဲ့ ပုဂ္ဂိုလ်က ရှင်မေဃိယ လို့ခေါ်တယ်။ အဲဒီတုန်းက ရှင်အာနန္ဒာ မဟုတ်သေးဘူး။ ရှင်မေဃိယ က မြတ်စွာ ဘုရားကို အနီးကပ်ပြုစုတယ်။ စာလိကာတောင်ကနေ ဆင်းပြီး နေ့စဉ်ဆွမ်းခံကြွတဲ့ ဇန္တု ဆိုတဲ့ရွာလေးရှိတယ်။ ကုလားနာမည်ပေါ့နော်။ တစ်နေ့ကျတော့ ရှင်မေဃိယ ဟာ ဗုဒ္ဓမြတ်စွာကို ဝတ်ကြီးဝတ်ငယ်ပြုပြီးတော့ စာလိကာ တောင်ပေါ်ကနေ ဆင်းပြီးတော့ ဇန္တု ဆိုတဲ့ ရွာလေးကို ဆွမ်းခံကြွတယ်။ တစ်အိမ်တစ်ဇွန်း ဒကာ၊ ဒကာမများ လောင်းလှူတဲ့ဆွမ်းတွေနဲ့ သပိတ်လေးကို ပိုက်ပြီး လမ်းဘေးမှာ ကုသိုလ်ရှင်တွေက ဇရပ်ကလေး တွေ ဆောက်ထားကြတယ်။ အဲဒီမှာ ထိုင်ပြီးတော့ ဆွမ်းဘုန်းပေးတယ်။ ဘာဖြစ်လို့တုန်းဆို အဝေးကြီး ဆိုတော့ ကျောင်းကိုပြန်ပြီး မသယ်နိုင်ဘူး။

ရှေးတုန်းက ကျောင်းမှာ ဆွမ်းစားကြတာ နည်း တယ်။ မြို့ထဲ ရွာထဲ ဆွမ်းခံ၊ ဆွမ်းခံပြီးလို့ရှိရင် မြို့ထဲ ရွာထဲမှာ ဇရပ်ကလေးတွေ ဆောက်ထားတာရှိတယ်၊ အဲဒီ ဇရပ်ပေါ် တက်ပြီးတော့ ရေလေး ဘာလေး လွယ်လွယ်ကူကူရမယ့် နေရာမှာ ဆွမ်းစားကြတယ်။ အဲဒီလို ဆွမ်းစားပြီးတော့ ဘယ်သွားတုန်းဆိုရင် အဲဒီ မြို့ရွာအနီးအနားမှာ တိတ်ဆိတ်ငြိမ်သက်တဲ့ တောအုပ် လေးတွေ၊ တောတန်းလေးတွေ၊ ဥယျာဉ်ကလေးတွေ လူသူမရှုတ်ထွေးတဲ့ နေရာတွေကို သွားကြတယ်။ ဒါဘုရားလက်ထက်က ရဟန်းတော်တွေရဲ့ နေပုံနေနည်း ပေါ့။ ဆွမ်းခံသွားတယ်။ တစ်ထပ်ပဲ ဘုန်းပေးကြတယ်။ ဆိုပါစို့ အခုခေတ်နာရီနဲ့ ပြောမယ်ဆိုလို့ရှိရင် (၇)နာရီ (၈)နာရီလောက် ကျောင်းကနေ ထွက်လာပြီးတော့ (၈)နာရီ (၉)နာရီ (၁၀)နာရီလောက် ဆွမ်းခံပြီး ဆွမ်းပါ ဘုန်းပေးပြီးတဲ့အခါ သပိတ်ကလေးဆေး၊ ပြန်လွယ်ပြီး သင့်တော်တဲ့နေရာကို ကြွသွားကြတယ်။ တိတ်ဆိတ် ငြိမ်သက်မယ့်နေရာကို ကြွသွားတယ်။

အဲဒီ ဇန္တု ရွာ ကမ်းခြေမှာ ကိမိကိလာ ဆိုတဲ့ မြစ်ရှိတယ်။ ကိမိကိလာ မြစ်ဘေးမှာ လူတွေ စိုက်ပျိုး ထားကြတဲ့ သရက်ဥယျာဉ်တစ်ခုရှိတယ်။ စိမ်းလို့ စိုလို့ အရိပ်အာဝါသ အလွန်ကောင်း၊ နေ့ခင်းမှာဆိုရင် ဘယ်သူမှမရှိဘူး၊ အေးအေးဆေးဆေးပဲ။ ရှင်မေဃိယ ကလည်း အဲဒီနေ့မှာ ကိမိကိလာမြစ်ကမ်းခြေ လျှောက် လှမ်းရင်း အဲဒီသရက်ဥယျာဉ်ဘက် ရောက်သွားတယ်။ သရက်ဥယျာဉ်ထဲ ဝင်လိုက်တာနဲ့ သူ့စိတ်လေးက ကြည်နူးသွားတယ်။ 'ဟာ ဒီနေရာဖြင့် တရားအားထုတ် ရရင် သိပ်ကောင်းမှာပဲ၊ မြတ်စွာဘုရားက ခွင့်ပြုမယ် ဆိုရင် ငါ ဒီနေရာပြန်လာပြီး တရားအားထုတ်မယ်' အဲဒီလို စိတ်ကူးမိတာနဲ့ ကျောင်းပြန်သွားတယ်။

စာလိကာတောင် ကျောင်းရောက်တော့ ဘုရားဆီ ဝင်ပြီး “အရှင်ဘုရားတဲ့၊ တပည့်တော် ဆွမ်းခံ ဆွမ်းစား ပြီး အပြန်မှာ ကိမိကိလာ မြစ်ကမ်းခြေက သရက် ဥယျာဉ်ကြီးတစ်ခု တွေ့တယ်ဘုရား၊ သိပ်သာယာတာပဲ၊ တိတ်ဆိတ်တယ်၊ ငြိမ်သက်တယ်။ အဲဒီမှာ တပည့်တော် တရားအားထုတ်ချင်တဲ့စိတ်တွေ ပေါက်တယ်၊ အဲဒီမှာ သွားပြီးတော့ တပည့်တော် တရားအားထုတ်ချင်တယ် ဘုရား“တဲ့။ မြတ်စွာဘုရားက ဘယ်သူက ဘာလုပ်ချင် တယ် ဆိုလို့ရှိရင် အကြောင်းအကျိုးတွေ အမြဲတမ်း ဆင်ခြင်ကြည့်လေ့ရှိတယ်။ ရှင်မေဃိယ စိတ်ကူးယဉ် တာ သာမန်မဟုတ်ဘူး။ လျှို့ဝှက်ချက်လေးရှိတယ်။ လောကမှာ လူတိုင်းလူတိုင်း လျှို့ဝှက်ချက်လေးတွေ ရှိနေတယ်။ ကိုယ်မေ့နေတဲ့ ဇာတ်လမ်းလေးတွေ ရှိတတ်ကြတယ်။ ဒါ ဒီဘဝက ဇာတ်လမ်း မဟုတ်ဘူး၊ အတိတ်ကဇာတ်လမ်း။ ကြုံဖူးကြပါလိမ့်မယ်။ ဘုန်းကြီး တို့လည်း သတိထားမိတဲ့အခါ တချို့နေရာက ရောက် သွားရင် စိတ်ထဲမှာပျော်သွားတဲ့နေရာရှိသလို မပျော်တဲ့ နေရာလဲရှိတတ်တယ်။ စိတ်ရဲ့ခံစားချက်နော်၊ ထူးဆန်း တယ်၊ သိလို့မဟုတ်ဘူး။

မေဃိယ ရဟန်းတော်ကလည်း အဲဒီဥယျာဉ်ထဲ ဝင်လိုက်တာနဲ့တစ်ပြိုင်နက် သူ့စိတ်ထဲမှာ သိပ်ကြည်နူး သွားတာ။ မြတ်စွာဘုရားက သူ့ရဲ့ အတိတ်ဇာတ်လမ်း ကို ပြန်ကြည့်လိုက်တော့ ဒီရှင်မေဃိယဟာ တစ်ခုသော ဘဝမှာ ဘုရင်ဖြစ်ပြီးတော့ အဲဒီ ဥယျာဉ်ထဲမှာ နေခဲ့ ဖူးတယ်။ ဒါကြောင့်မို့ စိတ်ထဲမှာ ကြည်နူးတာ။ ဒါတွေ ကိုတော့ သူမေ့နေပြီ၊ သူမသိဘူး။ အတိတ်ရဲ့ ပုံရိပ် တွေက သူ့စိတ်ထဲမှာ ပေါ်လာပေမယ့်လို့ သူ မမှတ်မိ တော့ဘူး။

မြတ်စွာဘုရားက ဒါတွေကိုသိတော့ မသွားစေချင် ဘူး။ သွားရင် သူ တရားရမှာ မဟုတ်ဘူး။ အဲဒီနေရာ သူနဲ့မတော်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ အတိတ်တုန်း က အဲဒီမှာ ဘုရင်အနေနဲ့ စိုးစံခဲ့တဲ့နေရာဆိုတော့ အဲဒီ ဥယျာဉ်ထဲ ဝင်လိုက်လို့ရှိရင် ရဟန်းစိတ်ပျောက်ပြီး မင်းစိတ်ပေါက်မှာ သေချာတယ်။ ဒါမျိုးကလည်း ရှိသေးတာနော်။ အဲဒါကြောင့်မို့ ဘုရားက ခွင့်မပြုချင် ဘူး၊ ခွင့်မပြုတာကို မြတ်စွာဘုရားက ဒီဇာတ်လမ်းနဲ့ ပြောပြနေရင် သူ ယုံချင်မှယုံမှာ။ “မေဃိယရယ်၊ ငါ တစ်ပါးတည်း ရှိသေးတယ်၊ နေပါဦး၊ နောက်တစ်ပါး ရောက်လာရင် သွားတာပေါ့” အချိန်လွှဲပေးလိုက်တယ်။ သူက ဘာပြန်ပြောတုန်းဆို “အရှင်ဘုရားတဲ့၊ အရှင် ဘုရားက ဘာမှလုပ်စရာမရှိဘူးတဲ့၊ တရားထူး တရား မြတ်တွေ အကုန်ရပြီး အရှင်ဘုရားမှာ လုပ်စရာ ကျင့် စရာ ဘာမှမရှိဘူး၊ တပည့်တော်မှာ လုပ်စရာတွေ ရှိသေးတယ်၊ ပုထုဇဉ်ဘဝပဲ ရှိသေးတယ်။ တပည့်တော် တရားအားထုတ်ချင်ပါတယ်” တဲ့။

မြတ်စွာဘုရားက ထပ်ပြီး အမိန့်ရှိတယ်။ “နေပါဦး မေဃိယ၊ ငါတစ်ပါးတည်းဖြစ်နေတယ်၊ နောက်တစ်ပါး လာတော့မှ သွားတာပေါ့” မရဘူး၊ သူက ဒါပဲ ထပ်ပြောတယ်၊ သုံးကြိမ်တိုင်အောင် ပြောလို့မရတော့ မြတ်စွာဘုရားက ဘာအမိန့်ရှိတုန်း။ “အေး၊ တရား အားထုတ်မယ်လို့ပြောတာ တို့က ကန့်ကွက်စရာ မရှိပါဘူး၊ စိတ်တိုင်းကျ သွားတာပေါ့” လို့ ခွင့်ပေးလိုက်တယ်။ ခွင့်လည်းပေးလိုက်ရော အဲဒီ သရက်ဥယျာဉ်ဘက်ကို ခြေဦးလှည့်ပြီး သွားတော့တာပဲ။ ဟိုလဲရောက်ရော သူ ဘုရင်ဘဝက ထိုင်ခဲ့တဲ့ သရက်ပင်ကြီးအောက်မှာ သွားထိုင်တယ်၊ သူသိလို့မဟုတ်ဘူး၊ အတိတ်က ပုံရိပ် တွေက ပေါ်နေတယ်။

အဲဒီ ရှင်မေဃိယ တရားအားထုတ်မလို့သွားပြီး သစ်ပင်ရင်းလည်း ထိုင်လိုက်ရော စိတ်ထဲ ဘာတွေ ပေါ်လာတုန်းဆို သူထိုင်နေတဲ့အချိန် သူ့ကိုယ်သူ နားကင်းကြီးနဲ့ ဘုရင်ကြီးဖြစ်လာတယ်၊ စိတ်တွေ စိတ်တွေနော်၊ စိတ်ကူးစိတ်သန်းတွေက သူ့ကိုယ်သူ ဘုရင်စိတ် ဝင်လာတယ်။ အလွန်ဆန်းကြယ်တယ်။ ဒါတွေက Unknown Cause မသိနိုင်တဲ့ အကြောင်း တရားတွေ။ ဒါမျိုးက လူတိုင်းမှာ ရှိတတ်တယ်။ အဲဒီ အတိတ်ရဲ့ ပုံရိပ်တွေ ပေါ်လာတော့ သူ့ကိုယ်သူ ဘုရင်စိတ်ဝင်လာ၊ ဝင်လာသည့်အတွက်ကြောင့် ဘေး ကနေ မောင်းမမိဿံ၊ မိဖုရားတွေ အခြံအရံတွေနဲ့ အို ကာမဝိတက် တွေ ပေါ်လာတယ်။ မင်းစည်းစိမ် ခံစားရတဲ့စိတ်တွေ၊ အတွေးတွေ ဝင်လာတယ်။ ဘုရင် ဆိုတာမျိုးက ပျော်စရာချည်းမှ မဟုတ်ဘဲ၊ ရန်သူတွေ အလွန်များတာပဲလေ၊ အဲဒီလို သရက် ဥယျာဉ်ထဲမှာ နေတဲ့အချိန်မှာပဲ “ဟာ၊ ဒီလူဟာ တိုင်းပြည်ကို ပုန်ကန်တဲ့လူ” ဆိုပြီး ဖမ်းခေါ်လာ၊ ဖမ်းခေါ်လာတဲ့ အခါကျတော့ အမိန့်ချရသေးတယ်၊ “ဒီကောင်ဖမ်း ဒီကောင်ထောင်ချ ဒီကောင်သတ်” ဆိုပြီး ပြောရသေးတယ်။ အဲဒီအတွေးတွေ တစ်ခါ ဝင်လာပြန်ရော။ ဟုတ်ကဲ့လား၊ အုပ်ချုပ်တယ်ဆိုတာ ဒီလိုပဲ ဖမ်းဆီးချုပ်နှောင်၊ နှောင်ဖွဲ့သတ်ဖြတ်ဆိုတဲ့ ဒေါသအတွေးတွေ ဝင်လာတယ်။ ဒါက ဗျာပါဒဝိတက် လို့ခေါ်တယ်။ စိတ်တွေ တိုလာတယ်၊ “ဒီကောင် ဒီလောက်ဆိုးသလား၊ လုပ် ဒီကောင့်ကို ဇက်ဖြတ် သတ်”။ ဟော အတွေးတွေ ဝင်လာတယ်။ “အေး၊ ဒီကောင်တွေက တော်လှန်မယ့် အကောင်တွေပဲ၊ စောစောထဲကဖမ်းချုပ်” ဆိုပြီးတော့ ဝိဟိံသာဝိတက် ညှင်းဆဲသတ်ဖြတ်ဆိုတဲ့ အတွေးတွေပါ ဝင်လာတယ်။ ကာမဝိတက် ဝင်တယ်၊ ဗျာပါဒဝိတက် ဝင်တယ်၊ ဝိဟိံသာဝိတက် ဝင်တယ်။

တရားအားထုတ်ပါမှ တရားမဝင်ဘဲ ဒီအတွေး တွေ ဝင်လာတော့ သူ့စိတ်ထဲ အံ့ဩသွားတယ်။ “အမလေး ဖြစ်မှဖြစ်ရလေ၊ ဒီထဲကိုလာတာ ငါ တရား အားထုတ်မလို့လာတာ၊ အခုကြည့်စမ်း၊ ငါ တွေးနေ လိုက်တာ မင်းစိတ်ပေါက်ပြီးတော့ တွေးနေလိုက်တာ ကာမဂုဏ်စိတ်တွေ ကာမဝိတက်တွေကလည်း ပေါ် လာတယ်၊ ဗျာပါဒဝိတက်က သတ်လိုဖြတ်လိုမှုတွေ ပေါ်လိုက်တယ်၊ ဝိဟိံသာဝိတက်က ညှင်းဆဲလိုမှုတွေ ပေါ်လာတယ်။ ငါဟာ သာသနာ့ဘောင် ဝင်လာတာ တကယ့်ယုံကြည်ချက်နဲ့ ဝင်လာတာ၊ ဒါတွေ ငါလိုချင်လို့ ဝင်လာတာ မဟုတ်ဘူး။ ဘယ့်နှယ့်ကြောင့် ဒီအတွေး တွေ ရောက်လာပါလိမ့်မလဲ”။

သို့သော် မြတ်စွာဘုရားက အဲဒီနေရာသွားရင် ဒါတွေ ဝင်လိမ့်မယ်ဆိုတာ သိထားတယ်။ ဘာဖြစ်လို့ တုန်းဆို ဥပနိဿယပစ္စယော လေ။ နေရာဆိုတာက ဥပနိဿယပစ္စည်းပဲ။ “အာဝါသော ပိ ဥပနိဿယ ပစ္စယေန ပစ္စယော” တဲ့။ ဟော နေရာဌာန တစ်ခုဟာ အားကောင်းတဲ့ အထောက်အပံ့တစ်ခု ပေးနိုင်တယ်။ “ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော” ပုဂ္ဂိုလ် တစ်ယောက်ကလည်း အားကောင်းတဲ့ အထောက်အပံ့ တစ်ခု ပေးနိုင်တယ်။ ကြီးမားတဲ့ အထောက်အပံ့တစ်ခု ကြောင့်မို့လို့ အကြောင်းမဲ့ ဖြစ်တာတော့ မဟုတ်ဘူး။ အတိတ်ဘဝက စိတ်ကူးစိတ်သန်းတွေ ပြန်ပြီးပေါ်လာ တာတဲ့။ အဲဒီ အတွေးတွေ နှိပ်စက်တာနဲ့ ဘာတရားမှ မရဘူး။

စိတ်ပျက်လက်ပျက်နဲ့ အဲဒီကနေ ထွက်လာခဲ့ပြီး မြတ်စွာဘုရားဆီရောက်လို့ လျှောက်တယ်။ “တပည့် တော် တရားအားထုတ်မလို့ သွားတယ် ဘုရားတဲ့၊ အတွေးတွေနှိပ်စက်လို့ တပည့်တော်ပြန်လာခဲ့ရတယ်၊ ဘာတရားမှ မရခဲ့ဘူး၊ ကာမဂုဏ် ခံစားချင်တဲ့ အတွေး တွေ၊ ဒေါသနဲ့ အတွေးတွေ၊ နှိပ်စက်လိုတဲ့ သတ်ဖြတ် ညှင်းဆဲလိုတဲ့ အတွေးတွေ အဲဒီ အတွေးတွေက တပည့်တော်စိတ်ကို ချည်နှောင်ထားပြီးတော့ နှောင့်ယှက်နေတဲ့ အတွက်ကြောင့် တပည့်တော် ဘာ တရားထူးမှ မရခဲ့ဘူးဘုရား” တဲ့။ မြတ်စွာဘုရားက အဲတော့မှ တရားဟောတာ။ “မေဃိယ- လွတ်မြောက်တဲ့စိတ်ကလေး ရဖို့ ဆိုတာ လွယ်တာမဟုတ်ဘူး။ မရင့်ကျက်သေးလို့ရှိရင် ရင့်ကျက်အောင်လုပ်ဖို့ အကြောင်းတရားတွေ မင်းမှာ လိုပါသေးတယ်။ အဲဒီ အကြောင်းတရားတွေက ဘာတွေလဲဆိုလို့ရှိရင် နံပါတ် (၁) မင်းမှာ လမ်းညွှန်မှု guide line ပေးနိုင်တဲ့ မိတ်ကောင်း ဆွေကောင်း လိုတယ်၊ ဒီအတွေးတွေကို ဘယ်လိုဖျောက်ရမယ်ဆိုတဲ့ guide line ပေးနိုင်တဲ့ ဆရာသမား လိုတယ်။ ဒါ ကလျာဏမိတ္တလို့ခေါ်တယ်။ နံပါတ်(၂) မင်း ကိုယ်ကျင့် သီလ ပြည့်စုံဖို့လိုတယ်။ ရဟန်းဆိုရင် ရဟန်းတွေ ကျင့်သုံးရမယ့် ပါတိမောက္ခသံသဝရသီလ ဆိုတဲ့ ကိုယ်ကျင့်တရားတွေနဲ့ ပြည့်စုံဖို့လိုတယ်။ နောက်ပြီး နံပါတ်(၃) ကထာ (၁၀)မျိုး စကား (၁၀)မျိုး သူများ ဆီက ကြားနာဖို့လိုတယ်၊ ဆွေးနွေးပြောကြားတဲ့ စကား ဆိုတာလဲ အင်မတန်မှ ထိရောက်တယ်။

ဘာစကားတွေ နားထောင်ရမလဲဆိုရင် “အပ္ပိစ္ဆ ကထာ” လောဘဆိုတာ မထားရဘူး ဆိုတာနဲ့ ပတ်သက်တဲ့ စကားမျိုးတွေ များများနားထောင်ရမယ်။ “သန္တုဋ္ဌီကထာ” ရှိတာလေးနဲ့ ရောင့်ရဲရမယ်ဆိုတဲ့ စကားမျိုးတွေ များများနားထောင်ရမယ်။ “အသံသဋ္ဌ ကထာ” ကိလေသာတွေနဲ့ စိတ်နဲ့ မရောနှောရဘူး၊ ကင်းကွာလွတ်လပ်အောင် နေရမယ်ဆိုတဲ့ နေနည်း တွေနဲ့ ပြောပြနေတဲ့စကားတွေကို မင်း နားထောင် ရမယ်။ “ပဝိဝေက ကထာ” လွတ်လွတ်လပ်လပ် ကိုယ်လွတ် စိတ်လွတ် တရားပေါ်မှာသာ စိတ်ညွှတ် ပြီးတော့နေတဲ့ အနေအထားမျိုးကို ရှင်းလင်း ပြောကြားတဲ့ စကားမျိုးတွေကို နားထောင်ပြီးတော့ ပေးရမယ်တဲ့။ ဒီစကားမျိုးတွေဟာ သိပ်အရေးကြီး တယ်။ “သလ္လေခကထာ” ကိလေသာဆိုတာ ဖယ်ထုတ် ပစ်ရမယ်။ မကောင်းတဲ့ဘက်နဲ့ ကောင်းတဲ့ဘက် မကောင်းတာကို ဖယ်ရှားပြီး ကောင်းတဲ့ဘက်ကို ကျင့်ကြံပွားများဖို့ဆိုတဲ့ စိတ်ကိုမွေးရမယ်။ အဲဒါတွေကို မွေးဖို့ တိုက်တွန်းတဲ့စကားတွေကို များများနားထောင် ပေးရမယ်။

ဟုတ်တယ်လေ၊ စကားဆိုတာ အင်မတန်မှတန်ဖိုး ကြီးတယ်။ တရားနာလိုက်လို့ရှိရင် တရားက ရလာတဲ့ အသိလေးက ကိုယ့်ကို အများကြီး ပြောင်းလဲသွားစေ တယ်။ ဒါ သေချာတာပေါ့။ ခုနက သူတော်ကောင်းနဲ့ ပေါင်းတဲ့အခါမှ ကလျာဏမိတ္တ ဆိုတဲ့ မိတ်ကောင်း ဆွေကောင်းဆီကမှ ဒီစကားမျိုး ကြားမှာတဲ့။ ဒီ့ပြင် လူဆီသွားလို့ ဒီစကားမျိုးကြားမှာမဟုတ်ဘူး။ ကုန်သည် ပွဲစားဆီသွားရင် အရောင်းအဝယ်ကိစ္စပဲ ကြားမှာပဲ။ သူခိုး ဓားပြဆီသွားလို့ရှိရင် တိုက်မယ်၊ ခိုက်မယ်ဆိုတဲ့ စကားမျိုးပဲ ကြားမှာပဲ။ ခါးပိုက်နှိုက်ဆီသွားရင် ခါးပိုက် နှိုက်ဖို့အကြောင်းပဲ ကြားမှာပဲ။ အဲတော့ သူတော် ကောင်းနဲ့ ပေါင်းတဲ့အခါမှ ဟောဒီစကားမျိုးကြားရမှာ။

နောက် သီလကထာ- ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့စကား။ သမာဓိကထာ- စိတ်ဓာတ် တည်ငြိမ်မှုနဲ့ ပတ်သက်တဲ့စကား။ ပညာကထာ ပညာနဲ့ပတ်သက်တဲ့စကား။ ဝိမုတိကထာ- စိတ်ရဲ့ လွတ်မြောက်မှုနဲ့ ပတ်သက်တဲ့စကား။ ဝိမုတ္တိဉာဏ ဒဿနကထာ- လွတ်မြောက်ပြီးတော့ရတဲ့ အသိဉာဏ် မျိုးနဲ့ ပတ်သက်တဲ့၊ လွတ်မြောက်မှန်းသိတဲ့ အသိဉာဏ် ကို ရရှိစေတတ်တဲ့ စကားမျိုးနဲ့ ပတ်သက်တဲ့စကားမျိုး။ ကထာ (၁၀)မျိုး လို့ခေါ်တယ်။ အဲဒီ ကထာ (၁၀)မျိုး ကလည်း စိတ်ရဲ့ လွတ်မြောက်မှုကို ရင့်ကျက်စေနိုင် တယ်။ ဒါကြောင့်မို့ အဲဒီ ကထာ (၁၀)မျိုးကိုလည်းပဲ မကြာခဏ နားထောင်ပေးရမယ်။

နောက်တစ်ခုက ဘာတုန်းဆိုရင် အရဒ္ဓဝီရိယ ကြိုးပမ်းအားထုတ်မှု လိုအပ်တယ်ဆိုတဲ့ ဝီရိယနဲ့ ပတ်သက်တဲ့ ကြိုးပမ်းအားထုတ်မှုမျိုးနဲ့ ပြည့်စုံရမယ်။ ဘာအတွက် ကြိုးပမ်းရမတုန်းဆို အကုသိုလ်တွေ မဖြစ်အောင် ကြိုးပမ်းရမယ်။ ဖြစ်လာရင် ဖယ်ရှားပစ်ဖို့ ကြိုးပမ်းရမယ်၊ အဲဒီကြိုးပမ်းမှုနှစ်မျိုးနဲ့ ပြည့်စုံရမယ်တဲ့။

နောက်တစ်ခုက လိုအပ်တဲ့ အရည်အသွေးက ဘာတုန်းဆိုရင် ဥဒယတ္ထဂါမိနီပညာ- သင်္ခါရတရား တွေရဲ့ ဖြစ်မှုပျက်မှုကို မြင်တဲ့ပညာ။ ကိလေသာ အစိုင် အခဲကို ဖောက်ခွဲပစ်နိုင်တဲ့ စွမ်းရည်ထက်မြက်တဲ့ပညာ။ ဝိပဿနာ ပညာ၊ မဂ် ပညာ ဆိုတဲ့ ဒီပညာမျိုးတွေနဲ့ ပြည့်စုံအောင် ကြိုးစားရမယ်တဲ့။ အဲသလို ကြိုးစားမှ လွတ်မြောက်တဲ့ စိတ်ကလေးဟာ ဖြစ်ပေါ်လာနိုင်တယ်။ အခုပြောခဲ့တဲ့ (၅)မျိုး။ (၁) မိတ်ကောင်း ဆွေကောင်း ရှိရမယ်၊ (၂) ကိုယ်ကျင့်သီလ ရှိရမယ်၊ (၃) ကထာ (၁၀)မျိုးကို နားထောင်ရမယ်၊ (၄) လုံ့လ ဝီရိယ ရှိရမယ်၊ (၅) အသိပညာ ရှိရမယ်။ အဲဒီ အရည်အသွေး (၅)မျိုးမှာ အရေးကြီးဆုံးက ဘာတုန်း ဆိုရင် မိတ်ကောင်းဆွေကောင်း။ ကလျာဏမိတ္တဆိုတာ သာမန်မိတ်ဆွေ မဟုတ်ဘူး။ တရားဓမ္မကို ညွှန်ကြား ပြသနိုင်တဲ့ ကလျာဏမိတ္တ ဘုရားထိအောင် ရည်ညွှန်း တာ။ ကလျာဏမိတ္တဆိုတဲ့ မိတ်ကောင်းဆွေကောင်း ရှိလာပြီ ဆိုလို့ရှိရင် သီလပြည့်စုံဖို့ အခြေအနေတစ်ခု ဖြစ်လာမယ်။ ကထာ (၁၀)မျိုးကို နားထောင်ဖို့လည်းပဲ အခြေအနေတစ်ခု ဖြစ်လာနိုင်တယ်။ ကြိုးပမ်း အားထုတ်မှု ဝီရိယရှိဖို့ဆိုတဲ့ အခြေအနေလည်း ရှိလာမယ်။ အသိပညာ တိုးတက်လာဖို့ အခြေအနေ မျိုးလဲ ဖြစ်လာနိုင်တယ်။ အရေးကြီးဆုံး နံပါတ်တစ်က ကလျာဏမိတ္တ၊ ဒါကိုပြောတာပဲ သပ္ပုရိသူပနိဿယတဲ့။ အင်အားကောင်းတဲ့ အကြောင်းတရား။ အဲဒီ အကြောင်းတရားတွေကနေ သယ်ဆောင် လိုက်တဲ့အခါ အကြောင်းတရားတွေ အဆင့်ဆင့် ဖြစ်လာတယ်။ ဒါဖြင့် စိတ်ကလေးက ဒီလောက်နဲ့ လွတ်မြောက်ပြီလားဆိုရင် မလွတ်မြောက်သေးဘူး။ ဒီအခြေအနေ (၅)မျိုးပေါ်မှာ အခိုင်အမာ ရပ်တည်ပြီး ဘာလုပ်ရမလဲ။ လွတ်မြောက်အောင် ကြိုးစားရမယ်။ လွတ်မြောက်အောင် ကြိုးစားဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ ဒါဖြင့် လွတ်မြောက်အောင် ကြိုးစားဖို့ ဆိုတာ ဘာတွေက လွတ်မြောက်အောင် ကြိုးစား ရမှာလဲဆိုရင် လောဘက လွတ်မြောက်ဖို့၊ ဒေါသက လွတ်မြောက်ဖို့၊ မမှန်ကန်တဲ့ အတွေးတွေက လွတ် မြောက်ဖို့၊ မှားယွင်းနေတဲ့ အထင်အမြင်တွေကနေ လွတ်မြောက်ဖို့။ အဲဒါတွေ လွတ်မြောက်မှ စိတ် ကလေးက တကယ့်လွတ်မြောက်တဲ့စိတ် ဖြစ်လာမှာတဲ့။ ဒါကြောင့် မြတ်စွာဘုရားက “မေဃိယ၊ ဟောဒီ အရည်အသွေး (၅)မျိုးပေါ် ရပ်တည်ပြီး အခုပြောမယ့် တရားလေးမျိုးကို ပွားပါတဲ့၊ ဆက်ပြီးတော့ လုပ်ပါတဲ့။ အဲဒါမှ လွတ်မြောက်နိုင်တယ်” ဘာတွေ လုပ်ရမတုန်း ဆိုရင် “အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ” တဏှာလောဘကို ဖယ်ရှားပစ်ချင်လို့ရှိရင် အသုဘ ကမ္မဋ္ဌာန်း ကို ပွားပါ။ အသုဘဆိုတာ မစင်မကြယ် မတင့်မတယ် ရွံစဖွယ်ကို တွေးတောပေးရတာ။ အပေါ်ယံလေးကြည့်ရင် တဏှာ ရာဂစိတ် ပေါ်လာပြီး လှတယ်လို့ထင်တယ်။ အဲဒီလို လှတယ် ထင်လို့ လောဘဖြစ်လာလို့ရှိရင် အတွင်းသားကိုကြည့်၊ ခန္ဓာကိုယ်ကြီးရဲ့ သဘာဝ မစင်ကြယ်တာတွေကို ကြည့်။

သုတ္တန်တစ်ခုမှာ ဟောထားတယ်။ ခန္ဓာကိုယ်ကြီး ကို အတွင်း အပြင်များ လဲထားလိုက်မယ်ဆိုရင် တုတ်နဲ့ ကျီးတွေမောင်းနေရမှာတဲ့။ အပေါ်ယံ အရေပါးလေး ဖုံးထားလို့ ဟုတ်သလို ထင်နေတယ်။ အဲဒီ အရေပါး လေး ပေါ်မှာတောင် လှတဲ့အဝတ်လေးတွေ ဆင်ထား တဲ့အတွက်ကြောင့် မျက်စိလည်နေကြတာတဲ့။ ဟုတ် တာပေါ့၊ မနက် အိပ်ယာထတာနဲ့ တပြိုင်နက် ခန္ဓာ ကိုယ်ရဲ့အညစ်အကြေး သုတ်သင်ရတာ နံပါတ်တစ် ပဲလေ။ မွှေးကြိုင်နေလို့ရှိရင် စုထားမှာပေါ့၊ မမွှေးကြိုင် လို့ စွန့်ပစ်နေကြရတာပဲ။ ခန္ဓာကိုယ်ထဲကထွက်တာ တင့်တယ်တာတို့၊ မွှေးကြိုင်တာတို့ တစ်ခုမှမရှိဘူး။ အကုန်ပစ်နေရတာပဲ။ အဲဒါတွေကို စဉ်းစားတွေးခေါ် လိုက်လို့ရှိရင် လောဘဆိုတာ ဖြစ်လာစရာ၊ ရာဂဆိုတာ ဖြစ်လာစရာ အကြောင်းမရှိဘူး။

ဒါကြောင့်မို့ ခုနက အခြေအနေ (၅)မျိုးပေါ်မှာ ရပ်တည်ပြီးတဲ့အခါမှာတဲ့ တဏှာရာဂတွေ အားနည်း သွားအောင် (သို့) တဏှာရာဂကို ဖယ်ရှားပစ်ဖို့အတွက် အသုဘ ဘာဝနာကို အားထုတ်ပါ။ မတင့်တယ်တဲ့ သဘောကို ဆင်ခြင်ပေးပါ။ ဆင်ခြင်တာဟာ ဓမ္မ pretice ပဲ။ တင်ပလ္လင်ခွေပြီး လက်ကြီးယှက် ထိုင်နေမှ မဟုတ်ဘူးနော်။ ဘယ်လိုထိုင်ထိုင် မတင့်မတယ် ရွံစဖွယ် အခြေအနေတွေ “ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော။ ဆံပင် မွေးညှင်း ခြေသည်း လက်သည်း သွား အရေ” တစ်ခုစီ တစ်ခုစီ ခန္ဓာကိုယ်မှ (၃၂)ကောဋ္ဌာသကြည့်၊ တစ်ခုမှ သိမ်းထားစရာမရှိဘူး။ ကိုယ်ဆံပင်ပဲ ခေါင်းပေါ်နေတဲ့အခါတော့ ဟုတ်တုတ်တုတ်ရှိတယ်။ လှအောင်ပြင်ကြတယ်၊ ဆေးဆိုးကြ တယ်။ အဲဒီ ဆံပင်ချည်လေးတစ်မျှင် ထမင်းပန်းကန်ထဲ ပါလာလို့ရှိရင် ရွံကြတယ်။ လူတွေဟာ အံဩစရာတော့ ကောင်းတယ်။ ဒီ ဆံပင်ပါပဲ၊ ခေါင်းပေါ်နေရင်တော့ လည်း အကောင်းသား။ နေရာရွေ့သွားတာနဲ့ တပြိုင် နက် မလိုချင်ကြတော့ဘူး။ ကိုယ့်ရဲ့ ပါးစပ်ထဲမှာ တံတွေးတွေ ရှိတယ်၊ အပြင် မထွက်သေးသမျှ အကောင်းပဲ၊ မြိုချနေကြတာ။ အပြင်ထွက်တာနဲ့ တပြိုင်နက် အမလေး ရွံတာ။ အဲသလိုပဲ အားလုံးဟာ အပြင်မထွက်သေးရင် အကောင်း၊ အပြင်ထွက်လိုက် တာနဲ့ တစ်ပြိုင်နက် ရွံစရာ။ ဒါကို ဆင်ခြင်တွေးတော တာကို အသုဘ လို့ပြောတာ။

အေး၊ အသုဘ ဆိုရင် Funeral သွားပြီးတော့ အောက်မေ့မနေနဲ့။ အဲတော့ အသုဘကို ဆင်ခြင် စဉ်းစားခြင်းဖြင့် ခန္ဓာကိုယ်ပေါ်မှာ တွယ်တာ တပ်မက် တတ်တဲ့ တဏှာလောဘကို ဖယ်ရှားပစ်နိုင်ပါတယ်လို့၊ အဲဒါ ဖယ်ရှားပစ်နိုင်မှ လောဘက လွတ်သွားမှာ။ လွတ်သွားမှ လွတ်မြောက်တဲ့စိတ်ဆိုတာရမှာ။ နို့မို့ဆိုရင် တွယ်နေမှာ၊ မလွတ်မြောက်နိုင်ဘူး။

ဒီနေရာမှာ မြတ်စွာဘုရား ညွှန်ပြတာ “အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ”။ ရာဂဿ ပဟာနာယ- ရာဂကိုဖယ်ရှားပစ်ဖို့ရန်အတွက်၊ အသုဘာ ဘာဝေတဗ္ဗာ- အသုဘကမ္မဋ္ဌာန်းကို ပွားပါတဲ့။ အသုဘ မတင့်မတယ် ရွံစဖွယ်ဆိုတဲ့ အနေအထားတွေ မြင် အောင်၊ စိတ်ထဲမှာ ဖြစ်ပေါ်လာအောင်၊ တိုးပွားလာ အောင် ကြိုးစားကျင့်ကြံအားထုတ်ပါလို့ ဒီလိုပြောတာ။ မဖြစ်သေးရင် စိတ်ထဲဖြစ်လာအောင်လုပ်တာ၊ ဖြစ်လာ ပြီးနောက် တိုးလာအောင် အရှိန်ရလာအောင် ကြိုးစား တာ ဒါ ဘာဝနာ။ ဘာဝနာဆိုတာ ဖြစ်စေ၊ တိုးပွားစေ၊ ဒီနှစ်ခုကိုပြောတာ။

ကဲ၊ အသုဘ ပွားသည့်အတွက်ကြောင့် ရာဂ ဆိုတာကို ဖယ်ရှားလိုက်နိုင်သည့်အတွက်ကြောင့် ရာဂ ကတော့ လွတ်မြောက်ပါပြီတဲ့၊ စိတ်ထဲမှာ အလိုမကျတာမျိုးတွေ ပေါ်လာတယ်။ ဗျာပါဒ က တစ်စထောင်လာလိမ့်မယ်၊ ဘာလုပ်ရမတုန်း။ "မေတ္တာ ဘာဝေတဗ္ဗာ ဗျာပါဒဿ ပဟာနာယ"။ ဗျာပါဒ ပဟာနာယ- ဒေါသကို ဖယ်ရှားပစ်ဖို့ရာအတွက်၊ မေတ္တာ ဘာဝေတဗ္ဗာ-မေတ္တာပွားလိုက်ပါတဲ့။ ကမ္မဋ္ဌာန်း ပေးနေတာ။ ဒေါသက လွတ်ဖို့အတွက် မေတ္တာကမ္မဋ္ဌာန်း အားထုတ်လိုက်တဲ့၊ မေတ္တာစိတ်တွေ များများမွေးတဲ့၊ ကမ္မဋ္ဌာန်း အားထုတ်တယ်ဆိုတာ ကိုယ့်စိတ်ထဲမှာ မေတ္တာတွေ အကြိမ်ကြိမ်ဖြစ်အောင် လုပ်တာကို ပြောတာ။ ဒါနဲ့တင် ရပ်သွားချင်လည်း ရပ်သွားမှာ။ မရပ်ဘူးဆိုလို့ရှိရင် ဘာတွေလာရဦးမလဲ၊ အာနာပါနဿတိ ဘာဝေတဗ္ဗာ ဝိတက္ကု ပစ္စေဒါယအတွေးတွေ ပြတ်သွားအောင် အာနာပါနဿတိ ပွားများပါတဲ့။

လူတွေမှာ အတွေးတွေ မထိန်းနိုင်ကြဘူး။ လူဆိုတာ တစ်ယောက်တည်းနေလည်း တွေးနေတာပဲလေ။ အမြဲတမ်း တွေးနေကြတာ။ အဲဒီအတွေးထဲမှာ မကောင်းတဲ့အတွေးက (၃)မျိုး၊ ကောင်းတဲ့အတွေးက (၃)မျိုး။ မကောင်းတဲ့အတွေးကို မိစ္ဆာဝိတက် လို့ ခေါ်တယ်။ ကောင်းတဲ့အတွေးကို သမ္မာဝိတက် (သို့မဟုတ်) သမ္မာသင်္ကပ္ပ။ မကောင်းတဲ့အတွေးဆိုတာ ဘာကြောင့် မကောင်းတာတုန်းဆိုရင် အသိဉာဏ်ရဖို့အတွက် အဟန့်အတား အနှောင့်အယှက်ဖြစ်လို့ မကောင်းဘူးလို့ပြောတာ။ ကာမဝိတက် ကာမဂုဏ်အာရုံနဲ့ ပတ်သက်တဲ့အတွေးဟာ တဏှာရာဂ ဦးတည်ပြီး တွေးတာမို့ မကောင်းတဲ့ မှားတဲ့အတွေး။ ဗျာပါဒ ဝိတက် ဒေါသနဲ့တွေးတဲ့အတွေးက မကောင်းဘူးတဲ့။ ဝိဟိံသာဝိတက် ညှင်းဆဲဖို့၊ သတ်ဖြတ်ဖို့တွေးတဲ့ အတွေးတွေဟာ မကောင်းတဲ့အတွေး။ အဲဒီမကောင်းတဲ့အတွေးတွေ ကိုယ့်သန္တာန်က ဖယ်ရှားပစ်ချင်လို့ရှိရင် ဘာလုပ်ရမတုန်း၊ ရှင်မေဃိယ တရားထိုင်လိုက်တဲ့အခါမှ မင်းစိတ်ပေါက်ပြီးတော့ တွေးလိုက်တဲ့အတွေးတွေ၊ ဒီအတွေးတွေ တွေးနေတာ။ အဲဒီအတွေးတွေပျောက်အောင် ဘာလုပ်ရမတုန်းဆိုလို့ရှိရင် "အာနာပါနဿတိ ဘာဝေတဗ္ဗာ" တဲ့။ ထွက်လေဝင်လေ ရှုပါတဲ့။ ထွက်လေဝင်လေပေါ်မှာ သတိစိုက်ထားပါ။ အာနာပါနဿတိ ကမ္မဋ္ဌာန်းကို အားထုတ်ပါ။ လေလေးကို မှန်မှန်ရှူပြီး ထွက်လာတဲ့ လေလေး၊ ဝင်သွားတဲ့ လေလေး။ (၂၄)နာရီ နှာခေါင်းက အသက်ရှူနေတယ်ဆိုတော့ အဲဒီ ထွက်လေဝင်လေပေါ်မှာ အာရုံစိုက်ထားလို့ရှိရင် ကျန်တဲ့အတွေးတွေ ရပ်ဆိုင်းပစ်လို့ရတယ်။ အဲဒီ အတွေးတွေ ရပ်ဆိုင်းပစ်လိုက်လို့ရှိရင် လောဘနဲ့ပတ်သက်တဲ့အတွေးကိုလည်း မတွေးတော့ဘူး၊ ဒေါသနဲ့ပတ်သက်တဲ့အတွေးကိုလည်း မတွေးတော့ဘူး။ မှားယွင်းတဲ့အတွေးတွေဟာ လုံးဝ ကင်းရှင်းသွားနိုင်တယ်။

ဒီလောက်တင် ပြီးပြီလားဆို မပြီးသေးဘူး။ အတွေးတွေ ရပ်ဆိုင်းသွားပြီးရင် အထင်အမြင်တွေက ရှိနေတတ်သေးတယ်။ ဘာတုန်းဆိုတော့ အဲဒီအတွေးတွေကို ရပ်ဆိုင်းပစ်နိုင်တဲ့ အာနာပါနသတိ။ ဒီသတိ၊ ပညာ၊ ဝီရိယတို့ကိုပဲ ကိုယ့်စိတ်ထဲမှာ ထာဝရရှိနေတယ်လို့ ထင်လာတဲ့ အထင်အမြင်မျိုး ပေါ်လာတတ်သေးတယ်။ ဒါကြောင့်မို့ "အနိစ္စသညာ ဘာဝေတဗ္ဗာ အသ္မိမာန သမုဂ္ဃါဋာယ"။ အသ္မိမာန သမုဂ္ဃါဋာယ ဆိုတာ ငါဆိုတဲ့ မာန်မာနကို ဖယ်ရှားပစ်ဖို့ရန်အတွက် အနိစ္စသညာကို ပွားလိုက်ပါတဲ့။ ဒါ မေဃိယရဟန်းကို မြတ်စွာဘုရားက ကမ္မဋ္ဌာန်း ပေးနေတာ။ ကမ္မဋ္ဌာန်း ပေးနေတယ်ဆိုတာ လူတိုင်းအတွက်လည်း သင့်လျော်တဲ့ ကမ္မဋ္ဌာန်း။

ငါဆိုတဲ့ အတွေးတွေ ပျောက်ဖို့အတွက် အနိစ္စသညာ ပွားပါတဲ့။ လူဆိုတာ မာနမရှိဘူး ထင်တတ်ပေမယ့် မာနဆိုတာ ရှိနေသေးတယ်။ သာမန်လူတွေမပြောနဲ့ သူတောင်းစားတောင် မာနရှိတယ်။ သူတောင်းစားခေါ်ပြီး အလုပ်လုပ်ခိုင်းကြည့်ပါလား၊ ပိုက်ဆံပေးမယ်ဆိုရင် မလုပ်ဘူး။ သူက သူတောင်းစားတဲ့၊ သူတောင်းစားက အလုပ်လုပ်စားတာ မဟုတ်ဘူးတဲ့၊ ဘယ်ကနေတောင်းတောင်း ရတယ်၊ သူ့ကို တံမြက်စည်း လှည်းခိုင်းလို့ လှည်းမယ်မထင်နဲ့နော်။ မာနဆိုတာ ရှိနေတာ။ အဲဒီ မာနကို ဖယ်ရှားဖို့အတွက် ဘာလုပ်ရမှာတုန်းဆိုရင် အေး၊ ဘယ်အရာမှ မမြဲဘူး၊ ထာဝရပြောင်းလဲနေတယ်ဆိုတဲ့ အတွေးကို တွေးဖို့၊ မမြဲဘူးဆိုတဲ့အမြင်တွေကို ကိုယ့်သန္တာန် ရောက်အောင်လို့ အနိစ္စသညာကို ပွားပါလို့ပြောတာ။

အဲဒီ အသ္မိမာန လို့ဆိုတဲ့ မာနတရားကို ဖယ်ရှားလိုက်နိုင်ပြီ၊ အနိစ္စသညာကို ပွားလိုက်ပြီဆိုရင် ဘာပေါ်လာနိုင်တုန်းဆိုရင် အနတ္တသညာ ကိုယ်လုပ်တိုင်း မဖြစ်ဘူးဆိုတာ သိလာလိမ့်မယ်။ မမြဲဘူးဆိုတာ သိလို့ရှိရင် ကိုယ့်အလိုကျ ဘာမှမဖြစ်ဘူးဆိုတာ သိလာလိမ့်မယ်။ လူတွေက ကိုယ်လုပ်ရင် ဖြစ်တယ်လို့ ထင်နေတာ၊ အားလုံးက။ အဲဒါ မာနက ထင်နေတာ။ မမြဲဘူး ထာဝရ ပြောင်းလဲနေတယ်ဆိုတဲ့ အနိစ္စကို သဘောပေါက်လိုက်တာနဲ့တပြိုင်နက် အနတ္တ ငါလုပ်လို့မရဘူး၊ သူ့သဘာဝနဲ့သူ ဖြစ်နေတာ။ ငါရဲ့ စိတ်ဆန္ဒအတိုင်း ဘာတစ်ခုမှ ဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ အနတ္တအတွေး မတွေးပေဘူးလား၊ တွေးတယ်။ ကိုယ့်အလိုကျ ဖြစ်မလာဘူး။ ဘာဖြစ်လို့တုန်းဆို ပျက်နေတဲ့ အရာတစ်ခု၊ ထာဝရပြောင်းလဲနေတဲ့ အရာတစ်ခုသည် ကိုယ်က မပြောင်းလဲချင်ဘူး၊ မပြောင်းလဲချင်တဲ့စိတ်ရှိနေတာ၊ ထာဝရပြောင်းလဲနေတဲ့ အရာတစ်ခုသည် ကိုယ့်အလိုကျ ဘယ်လိုလုပ်ဖြစ်ပါ့မလဲ၊ မဖြစ်နိုင်ဘူး။ အဲဒါကြောင့်မို့ အနိစ္စသညာကို ပွားလို့ရှိရင် အနတ္တသညာ ဝင်လာပါလိမ့်မယ်တဲ့။

အဲဒီ အနတ္တသညာ ဝင်လာပြီဆိုရင် အသ္မိမာန လုံးဝ ပျောက်သွားလိမ့်မယ်။ ငါဆိုတဲ့ မာနတရား ဖယ်ရှားလိုက်နိုင်လိမ့်မယ်တဲ့။ အနတ္တသညာ ဝင်လာလို့ရှိရင် အသ္မိမာန လို့ခေါ်တဲ့ ငါဆိုတဲ့ အထင်အမြင်ဟာ ပျောက်သွားလိမ့်မယ်။ ငါဆိုတဲ့ အထင်အမြင် ပျောက်ရုံတင် မကဘူး မျက်မှောက်ဘဝမှာပဲ စိတ်ကလေးက ငြိမ်းချမ်းသွားလိမ့်မယ်တဲ့။ စိတ်ကလေးက အနှောင်အဖွဲ့တွေ သံယောဇဉ်ကြိုးတွေကနေ လုံးဝ လွတ်သွားလိမ့်မယ်လို့ မြတ်စွာဘုရားက ဒီလိုဟောတာပါ။

ဒိဋ္ဌေဝ ဓမ္မေ ပရိနိဗ္ဗာယတိ- စိတ်ကလေးဟာ ငြိမ်ကျသွားပြီးတော့၊ နှောင်ကြိုးတွေအားလုံး ပြုတ်ထွက်သွားပြီးတော့ လုံးဝလွတ်လပ်တဲ့စိတ်ဆိုတာ အဲဒီကျမှ ဖြစ်မှာတဲ့။ ရာဂကိုလည်း ဖယ်ရှားလိုက်နိုင်ပြီ၊ ဒေါသကိုလည်း ဖယ်ရှားပစ်လိုက်နိုင်ပြီ၊ အတွေးတွေကိုလည်း ဖယ်ရှားပစ်လိုက်နိုင်ပြီ၊ မှားယွင်းတဲ့ အထင်အမြင်တွေကိုလည်း ဖယ်ရှားပစ်လိုက်နိုင်ပြီ။ မှားယွင်းသည့်အထင်အမြင်တွေ ဖယ်ရှားပစ်နိုင်သည့်အတွက်ကြောင့် မာနလည်း လုံးဝအကြွင်းအကျန် မရှိတော့ဘူးလို့ ဆိုလို့ရှိရင် စိတ်ကလေးဟာ လုံးဝ နှောင်ကြိုးက လွတ်မြောက်သွားပြီး လုံးဝလွတ်မြောက်တဲ့စိတ် အဆင့်ကို ရောက်သွားပါပြီ။ အဲဒီတော့မှ လွတ်မြောက်တယ်ဆိုတာ ခေါ်လို့ရတာတဲ့။

ကဲ၊ ဘုန်းကြီးတို့တစ်တွေဟာ တစ်ယောက်တည်း နေတာပါ၊ လွတ်လွတ်လပ်လပ်နေတာပါ ဆိုတာနဲ့ လွတ်တာ ဟုတ်ကဲ့လား။ မဟုတ်ဘူးတဲ့။ စိတ်ဟာ အနှောင်အဖွဲ့ကြီးထဲမှာ ရောက်နေတာ၊ စိတ်ဟာ နှောင်ကြိုးတွေနဲ့ တည်းခံနေရသည့်အတွက်ကြောင့် ကိုယ်က လွတ်တယ်ထင်နေပေမယ့်လို့ လွတ်မြောက်မှု မရှိဘူးတဲ့။ အဲဒါကြောင့် မြတ်စွာဘုရားက မေဃိယကို အဲဒီတရား (၅)မျိုးပေါ်မှာ အခြေစိုက်ပြီးတော့ အခုပြောခဲ့တဲ့အတိုင်း ရာဂပယ်ဖို့ အသုဘကိုပွားပါ၊ ဗျာပါဒ ဆိုတဲ့ ဒေါသပယ်ဖို့ မေတ္တာကိုပွားပါ။ အတွေးတွေဖြတ်ဖို့ရာအတွက် အာနာပါနဿတိကို ပွားပါတဲ့။ မာနကို ဖယ်ချဖို့အတွက် အနိစ္စသညာကိုပွားပါ။ အနိစ္စသညာ ပွားလိုက်ရင် အနတ္တသညာ ဝင်လာပါလိမ့်မယ်။ အနတ္တသညာ ဝင်လာလို့ရှိရင် ငါဆိုတဲ့ မာန်မာနက ကျသွားပါလိမ့်မယ်။ ငါဆိုတဲ့ မာန်မာန ကျသွားတာနဲ့ တစ်ပြိုင်နက် ကြိုးတွေအားလုံး ပြုတ်ထွက်သွားမယ်၊ မရှိတော့ဘူး။ ကြိုးတွေအားလုံး ပြုတ်ထွက်သွားပြီးတော့ စိတ်ကလေးက လုံးဝလွတ်သွားတယ်။ အနှောင်အဖွဲ့တွေ အားလုံးက လွတ်ထွက်သွားတဲ့ စိတ်ကလေးကို ဝိမုတ္တစိတ္တ(စေတောဝိမုတ္တိ စိတ်ရဲ့လွတ်မြောက်မှု) ဆိုတဲ့ အဆင့်ကို ရောက်ပါတယ်။ ဒါ ဗုဒ္ဓမြတ်စွာ လမ်းညွှန်တော်မူခဲ့တဲ့ အဆင့်အမြင့်ဆုံး စိတ်၏ လွတ်မြောက်ခြင်းပါပဲ။

လွတ်မြောက်တဲ့စိတ်ဆိုတာ အရဟတ္တဖိုလ်စိတ်ပဲ။ နောက်ဆုံး ဒီထိရောက်အောင် ဘုန်းကြီးတို့တစ်တွေ ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမှာ ဖြစ်ပါတယ်။ ထို လွတ်မြောက်မှုဆိုတဲ့စိတ်ကို ရဖို့ရာအတွက်

၁။ မိတ်ကောင်း၊ ဆွေကောင်း၊ ဆရာကောင်း၊ သမားကောင်း ရှာရမယ်။

၂။ မိတ်ကောင်း၊ ဆွေကောင်း၊ ဆရာကောင်း၊ သမားကောင်း အကြောင်းပြုပြီးတော့ ကိုယ်ကျင့်သီလ မြဲရမယ်။

၃။ တရားဓမ္မ နာယူရမယ်၊ ကထာ (၁၀)မျိုး မကြာခဏ နာရမယ်။ ပျော်စရာစကားတွေ နားထောင်ဖို့ မဟုတ်ဘူး။ တကယ့် သံဝေဂ ရစရာတို့၊ အပ္ပိစ္ဆ ကထာတို့၊ သန္တုဋ္ဌီကထာတို့ ဒီလိုလေးနက်တဲ့ တရားစကားတွေ နာဖို့လိုတယ်။

၄။ လုံ့လဝီရိယ ရှိရမယ်။

၅။ ပညာ ရှိရမယ်။

အဲဒီ အခြေအနေကောင်း (၅)မျိုး ရှိလာပြီဆိုရင် စိတ်ကလေး လွတ်အောင် ဘာလုပ်ရမလဲ။ လောဘက လွတ်ဖို့ အသုဘ ကို ပွားပါတဲ့။ ဒေါသက လွတ်ဖို့ အတွက် မေတ္တာ ကို ပွားပါတဲ့။ အတွေးတွေကနေ လွတ်မြောက်ဖို့အတွက် အာနာပါနဿတိ ကို ပွားပါတဲ့။ ငါ ဆိုတဲ့ မာန်မာန ဖယ်ရှားပစ်ဖို့ အနိစ္စသညာ ကို ပွားပါ။ အနိစ္စသညာ ကိုပွားလိုက်ရင် အနတ္တ ဝင်လာမှာ ဖြစ်တယ်။ အနတ္တသညာ ဝင်လာလို့ရှိရင် ငါဆိုတဲ့ မာန ကင်းသွားလိမ့်မယ်။ အဲဒီအချိန်မှာ လုံးဝ လွတ်လပ်တဲ့၊ လွတ်မြောက်တဲ့စိတ်ရဲ့ အခြေအနေတစ်ခုကို ရရှိပိုင်ဆိုင်ကြမှာဖြစ်တယ်။ အဲဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်အပေါင်းတို့၊ ဗုဒ္ဓမြတ်စွာရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ လွတ်မြောက်တဲ့စိတ်ကို ရရှိအောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။

n5217ssyz31saxctyypr60ldve8nn9z
ရှာဖွေခြင်းနှင့် ရရှိခြင်း
0
5882
22157
21661
2026-06-15T03:28:07Z
Tejinda
173
22157
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ရှာဖွေခြင်းနှင့် ရရှိခြင်း
| previous = [[လွတ်မြောက်တဲ့စိတ်]]
| previous2 =
| next = [[ပုဗ္ဗဏှသုတ် အနှစ်ချုပ်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ရှာဖွေခြင်းနှင့် ရရှိခြင်း

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁၀) ရက်၊ ၂၉-၁-၂၀၁၁၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်း သီတာလမ်း၊ (၅၅)ကြိမ်မြောက် သီတာလူငယ် ဝါတွင်းဝါပ ဆွမ်းလောင်းအသင်း၏ ဓမ္မပူဇာ ဓမ္မသဘင် အခမ်းအနား၌ ဟောကြားအပ်သော “ရှာဖွေခြင်းနှင့် ရရှိခြင်း” တရားဒေသနာတော်။

“ရှာဖွေခြင်းနှင့် ရရှိခြင်း” - လောကလူသားတွေ အနေနဲ့ပြောရရင် လူ့ဘဝရလာတဲ့အချိန်ကစပြီး လူတိုင်း လူတိုင်းဟာ ရှာဖွေမှုတွေရှိကြတယ်၊ ရှာဖွေမှု အားလျော်စွာ ရရှိလာကြတယ်၊ ရှာဖွေခြင်းဆိုတာနဲ့ ပတ်သက်လာလို့ရှိရင် ဘုန်းကြီးတို့တစ်တွေ ကိုယ့်ဘာသာ ဆန်းစစ်ပြီးတော့ကြည့်၊ “တို့ နေ့စဉ်နဲ့အမျှ ရှာနေကြတယ်၊ ဘာတွေရှာနေကြတာလဲ၊ သူတော်စင် သူတော်မြတ် ပုဂ္ဂိုလ်တွေလည်း ရှာနေကြတာပဲ၊ သူတို့ရော ဘာတွေရှာကြတာလဲ၊ တို့ရှာတာနဲ့ ကွဲလွဲမှု ရှိသလား” လို့ အလေးအနက် ဆင်ခြင်စဉ်းစားပြီး ကြည့်သင့်တယ်ပေါ့။

သာမန်အားဖြင့် ကြည့်မယ်ဆိုရင် လူ့ဘဝ ရောက် လာသူတိုင်း ရှာတယ်၊ ဘာရှာလဲ? ငယ်ရွယ်စဉ်အခါ ကာလမှာ ပညာရှာတယ်လို့ ပြောကြတယ်ပေါ့၊ ကျောင်း သွားပြီးတော့ ပညာဆည်းပူးကြတယ်၊ ပညာရှာကြ တယ်၊ ပညာတတ်လို့ ဘွဲ့ရလာတဲ့အခါ တစ်ခါရှာရပြန် တယ်၊ ဘာတွေ ရှာပြန်တုန်း၊ အလုပ်ရှာတယ်၊ အလုပ် ရှာတယ်ဆိုတာ ဘာကိုရှာတာတုန်းဆိုရင် ပိုက်ဆံ ရှာတာ၊ ငွေကြေးဓန ရှာတာပဲ။

အဲဒီလိုနဲ့ ရှာရင်းရှာရင်းနဲ့ပဲ ဘဝတစ်ခုဟာ အဆုံး သတ်သွားပြန်တယ်၊ လူ့ဘဝကို ဆင်ခြင်သုံးသပ်ကြည့် ရင် ဒီအတိုင်းပဲမြင်ရမှာပဲ၊ ကိုယ့်ဘဝကိုယ် ဆင်ခြင် သုံးသပ်ဖို့ လိုအပ်တယ်ပေါ့၊ “တို့ ဘာတွေ ရှာနေတာ တုန်း၊ ဒီရှာဖွေမှုဟာ ဘယ်တော့မှ အဆုံးသတ်မှာလဲ”။

လူတွေသာ မကဘူး၊ တိရစ္ဆာန်တွေလည်း ရှာတာ ပဲ၊ မနက်မိုးလင်းတာနဲ့ တစ်ပြိုင်နက် သူတို့လည်း အငြိမ်မနေနိုင်ဘူးလေ၊ ငှက်ကလေးတွေဆိုရင် ကောင်းကင်မှာ အတောင်ဖြန့်ပြီး ပျံကြတယ်၊ ရှာတာပဲ၊ ဘာရှာတာတုန်း၊ အစာရှာကြတယ်၊ အစာဝလို့ ပြန်လာ တဲ့အခါကျတော့လည်း ရှာရပြန်တယ်၊ ဘာရှာတာတုန်း၊ ည အေးအေးဆေးဆေး အိပ်စက်အနားယူဖို့ အိပ်တန်း ရှာရပြန်တယ်၊ သူတို့လည်း ရှာတာပဲ။

လူတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ တိရစ္ဆာန်လေးတွေပဲ ကြည့်၊ ရှာနေကြတာပဲ၊ ကျွေးမွေးတဲ့သူရှိရင် တော်သေး ရဲ့၊ ကျွေးမွေးတဲ့သူ မရှိရင်တော့ ဟိုအမှိုက်ပုံးနှိုက် ဒီအမှိုက်ပုံးနှိုက် ရှာနေကြတာပဲ၊ လူတွေလည်း ရှာကြ ရတယ်၊ တိရစ္ဆာန်တွေလည်း ရှာကြရတယ်၊ အားလုံး ဟာ ရှာနေကြတယ်။

အဲဒီရှာဖွေမှုအားလုံး သရုပ်ခွဲပြီးကြည့်၊ ဘုန်းကြီး တို့တစ်တွေဟာ ရှာသင့်တာကို ရှာနေတာလား၊ မရှာ သင့်တာကို ရှာနေတာလား? သို့မဟုတ် တို့ရဲ့ ရှာဖွေမှု ဟာ ဘယ်တော့ အဆုံးသတ်မယ့် ရှာဖွေမှုလဲ၊ အဆုံး သတ်ရှိတဲ့ ရှာဖွေမှုလား၊ အဆုံးမသတ်တဲ့ ရှာဖွေမှုလား လို့ မြတ်စွာဘုရား ဟောကြားထားခဲ့တဲ့ ဒေသနာတော် တွေနဲ့ တိုက်ဆိုင်ပြီးတော့ ရှာဖွေခြင်းကို လေ့လာ သုံးသပ်ကြည့်သင့်တယ်ပေါ့။

မဇ္စျိမနိကာယ် မှာ မြတ်စွာဘုရားဟောထားတဲ့ သုတ်တစ်သုတ် ရှိတယ်၊ မြန်မာနိုင်ငံ ဆဋ္ဌသံဂါယနာမူ ကမ္ဘာအေးက ထုတ်ဝေတဲ့ ပိဋကတ်ထဲမှာ ပါသရာသိ သုတ် လို့ ဖော်ပြထားတယ်၊ “ပါသရာသိ” ဆိုတာ “ကျော့ကွင်းပုံ“၊ ကျော့ကွင်းနဲ့ ဥပမာပေးပြီး ဟောထား လို့ ကျော့ကွင်းအပုံ၊ ကျော့ကွင်းအစုအဝေးလို့ ဒီလို နာမည်ပေးထားတယ်။ သို့သော် တခြားနိုင်ငံတွေမှာ ရိုက်တဲ့မူတို့၊ မြန်မာအက္ခရာစာလုံးက Roman စာလုံးပြောင်းထားတဲ့ စာမူတွေမှာတော့ “ပါသရာသိ” ဆိုတဲ့ သုတ်ကို “အရိယပရိယေသနသုတ်” လို့ ဖော်ပြတယ်။ အဲဒီသုတ်ကို အင်္ဂလိပ်လို ဘာသာပြန်တဲ့အခါ “အရိယပရိယေသန“၊ “အရိယ” ကို Noble လို့ ပြန်ပြီး တော့ “ပရိယေသန” ကျတော့ Quest လို့ ပြန်တယ်။ Noble Quest မြင့်မြတ်သောရှာဖွေခြင်းလို့ ဒီလို အဓိပ္ပာယ်ရတယ်၊ “အရိယပရိယေသန” Noble Quest၊ အဲဒါရဲ့ ဆန့်ကျင်ဖက် ရှာဖွေခြင်းကျတော့

“အနရိယပရိယေသန” Ignoble Quest, Noble Quest နဲ့ Ignoble Quest ဒီလို အင်္ဂလိပ်လိုပြန်တဲ့ စာအုပ် တွေမှာ ရေးထားတယ်၊ ဒါ အင်္ဂလိပ်လို လေ့လာတဲ့ ပုဂ္ဂိုလ်တွေ မြန်မာစာမူကိုဖတ်မယ်ဆိုရင် အရိယပရိယေသနသုတ် ဆိုတာ မတွေ့ဘူးလို့ ဖြစ်မှာစိုးလို့၊ အရိယပရိယေသနသုတ် ကို ပါသရာသိသုတ် လို့ ခေါ်တယ်၊ မြန်မာစာမူမှာ ပါသရာသိသုတ်လို့ ဒီလို အဓိပ္ပာယ် ရှိတယ်။

နောက်တစ်ခါ အင်္ဂုတ္တရနိကာယ်မှာ “ပရိယေသနသုတ်” ဆိုပြီး ဟောထားတာရှိတယ်၊ မြန်မာလူမျိုး တွေက ဒီစကားလုံးကိုသုံးတယ်၊ “ပရိယေသနဝမ်းစာ” လို့၊ မြန်မာစာပေထဲမှာ ပရိယေသနဝမ်းစာ ရှာမှီး ရတယ်လို့ဆိုတဲ့ အသုံးလေးရှိတယ်၊ ဝမ်းစာရှာတာသာ ပရိယေသန မဟုတ်ဘူး၊ ဘာရှာရှာ ရှာတာမှန်သမျှ ပရိယေသနပဲ၊ သို့သော် မြန်မာလူမျိုးတွေက အသုံး များတာကိုကြည့်ပြီး တစ်ခါတလေ အဓိပ္ပာယ်က တစ်ခု တည်း ဖော်ပြတာ ဖြစ်နေတယ်၊ ပရိယေသနဝမ်းစာ ဆိုတာကို ကြည့်ပြီး “ပရိယေသန” ဆိုတာ ဝမ်းစာလို့ ဒီလိုထင်နေကြလိမ့်မယ်၊ မဟုတ်ဘူး။

“ပရိယေသန” ဆိုတာ ရှာမှီးခြင်းပဲ၊ ခုနက ပြောခဲ့ တဲ့ စားဝတ်နေရေးနဲ့ပတ်သက်ပြီး ရှာတယ်၊ အသိပညာ တွေ ရှာတယ်၊ တရားဓမ္မ ရှာတယ်၊ ရှာဖွေတာအားလုံး ဟာ ရှာမှီးခြင်းပဲ၊ ဗဟုသုတရှာတာလည်း ရှာတာပဲ၊ ရှာဖွေခြင်းတွေအားလုံးကိုပဲ “ပရိယေသန” လို့ ပါဠိ စကားလုံးမှာ ဒီလိုသုံးတယ်။

တစ်ခါတစ်ရံကျတော့ “ပရိယေသန” ဆိုတဲ့ စကားလုံးအစား “ပရိ” တို့ “ယ” တို့ကို ဖြုတ်ပြီးတော့ “ဧသန” လို့လည်း သုံးတယ်၊ “ဧသန” ဆိုတာလည်း ရှာတာပဲ၊ ပါဠိစာပေမှာ တခြားစကားလုံးတွေလည်း ရှိတယ်ပေါ့၊ သို့သော် ဒီစာပေ အသုံးအနှုန်းတွေ အားလုံးက ရှာဖွေခြင်း၊ အင်္ဂလိပ်လို Quest လို့ပဲ ဖြစ်တယ်၊ အဲဒီတော့ ရှာဖွေခြင်းနဲ့ ပတ်သက်ပြီး မြတ်စွာဘုရား ဟောကြားထားတာ အလွန်မှတ်သားဖို့ ကောင်းတယ်။

ဘုန်းကြီးတို့တစ်တွေ ရှာဖွေခြင်းနဲ့ ပတ်သက်ပြီး တော့ ဒါ “တို့ရှာနေတာ ဘယ်လိုအတန်းအစားတွေလဲ၊ တို့ ဘာတွေရှာရမလဲ၊ တို့ရှာနေတာက ရှာသင့်တာကို ရှာတာလား၊ သို့မဟုတ် တို့ရှာတဲ့ရှာဖွေမှုဟာ မွန်မြတ်တဲ့ ရှာဖွေမှုလား၊ မမွန်မြတ်တဲ့ ရှာဖွေမှုလား” ဆိုတာ မသိသင့်ဘူးလား၊ သိသင့်တယ်နော်၊ ဒီလို မစူးစမ်း မလေ့လာဘူးဆိုရင် လူဖြစ်လာလို့ရှိရင် ရှာတာပဲ၊ ကိုယ် လိုချင်တာ ရှာကြတာပဲ၊ ရှာပြီးရင် ဘာမသိ ညာမသိနဲ့ တစ်ဘဝ ဆုံးသွားပြန်ရော၊ ဘယ်ဘဝရောက်ရောက် ရှာနေဦးမှာပဲ၊ အဆုံးမသတ်တဲ့ ရှာမှီးခြင်း၊ “ကိုယ် ရှာမှီးနေတာ မြင့်မြတ်တဲ့ ရှာမှီးခြင်းလား၊ မမြင့်မြတ်တဲ့ ရှာမှီးခြင်းလား၊ အကျိုးရှိတဲ့ ရှာမှီးခြင်းလား အကျိုးမရှိတဲ့ ရှာမှီးခြင်းလား” လို့ စဉ်းစားဆင်ခြင်သင့်တယ်။

တရားပွဲတွေ ကျင်းပပြီးတော့ တရားနာကြတယ် ဆိုတာ ကိုယ်သတိမထားမိတဲ့ အချက်တွေ သတိထားမိ လာအောင်၊ ကိုယ့်ဘဝမှာ အရာရာ ဆင်ခြင်စဉ်းစား တတ်လာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရားနာရ မယ်၊ အိမ်မှာပျင်းလို့ တရားပွဲ သွားနားထောင်လိုက် ဦးမယ်ဆိုတဲ့ အပျင်းပြေ နာရတာမျိုး မဟုတ်ဘူး၊ တရားပွဲလာလို့ရှိရင် ဗုဒ္ဓမြတ်စွာ ဟောကြားထားတဲ့ တရားတွေကို တို့နာခွင့်ရတယ်၊ တရားနာပြီးတဲ့အခါ ဘဝနဲ့ စပ်ဟပ်ပြီးတော့ စဉ်းစားရမယ်၊ အဲဒီစဉ်းစားမှု ဆိုတဲ့ အသိဉာဏ်ဟာ အလွန်တန်ဖိုးရှိတယ်ပေါ့။

ဒါကြောင့်မို့ မြတ်စွာဘုရားလက်ထက်က တပည့် သား ရဟန်းတော်တွေကို ပြောကြားတဲ့ စကားလေး တစ်ခုဟာ မှတ်သားသင့်တယ်၊ “သုဿူသာ သုတဝဍ္ဎနီ“၊ တရားပွဲတွေသွားပြီးတော့ တရားနာချင်တဲ့စိတ်၊ သို့မဟုတ် သင်တန်းတွေသွားပြီးတော့ သင်ယူချင်တဲ့ စိတ်၊ သင်ယူချင်တဲ့ဆန္ဒ၊ “သုဿူသာ” ဆိုတာ “သောတုံ + ဣစ္ဆာ = သုဿူသာ“၊ ကြားနာခြင်းငှာ အလိုရှိတယ်၊ ကြားနာတယ်ဆိုတာ ပညာယူနေတာ၊ မှတ်ယူနေတာ၊ အဲဒီ ကြားနာခြင်းဟာတဲ့ “သုတ“ဆိုတဲ့ မှတ်သားစရာတွေ ကိုယ့်မှာ တိုးတက်များပြားလာတယ်၊ အသိတွေ များလာတယ်၊ မကြားဖူးတာတွေ ကြားလာ လို့ သုတတွေ များလာတယ်၊ “သုဿူသာ သုတဝဍ္ဎနီ” တရားနာလိုတဲ့ဆန္ဒအလျောက် တရားပွဲ ရောက်လာတဲ့ အခါကျတော့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရား တွေကို ကြားနာရခြင်းဆိုတဲ့ သုတတွေ ရလာတယ်။

အဲဒီလို သုတတွေ ရလာတော့ ဘာဖြစ်လဲ၊ “သုတံ ပညာယ ဝဍ္ဎနံ“၊ ကြားနာလိုက်ရတဲ့အခါမှာ မြတ်စွာ ဘုရား ဟောတဲ့တရား မှတ်သားထားလိုက်တယ်၊ နောက်တစ်ခါ ဟောသွားတဲ့အခါ တရားကို ထပ် မှတ်သားထားလိုက်တယ်၊ ဘုရားဟောတဲ့ တရားတွေ ဒီလိုမှတ်သားပြီးတဲ့အခါကျတော့ ဘာတွေ တိုးပွား လာတုန်းဆို “သုတံ ပညာယ ဝဍ္ဎနံ” - အသိပညာတွေ တိုးပွားလာတယ်၊ ပညာဆိုတာ ဘာလုပ်ဖို့လဲ၊ ပညာ ဆိုတာ သဘာဝတရားတွေကို အမှန်သိအောင် စဉ်းစား တတ်တယ်၊ မြင်တတ်တယ်၊ ကွဲကွဲပြားပြား ပိုင်းပိုင်း ခြားခြားသိတယ်၊ အဲဒါကို ပညာလို့ ခေါ်တယ်၊ သုတကို အခြေခံလိုက်တဲ့အခါ ကိုယ့်သန္တာန်မှာ Knowledge လို့ခေါ်တဲ့ ပညာတွေ ရလာတယ်။

အဲဒီပညာတွေ ရလာတဲ့အခါ ဘာလုပ်ရလဲ ဆိုတော့ “ပညာယ အတ္ထံ ဇာနာတိ” တဲ့၊ အဲဒီ Knowledge ဆိုတဲ့ပညာတွေ ရလာတဲ့အခါ ဘဝရဲ့အဓိပ္ပာယ်၊ ဓမ္မရဲ့အဓိပ္ပာယ်၊ လောကရဲ့အဓိပ္ပာယ်၊ ဘဝရဲ့ အစစ် အမှန် သရုပ်သကန်တွေကို မြင်လာတယ်၊ ဒါတွေက ပညာမရှိရင် မမြင်ဘူးလေ။

ပညာမရှိရင် ဘာပဲသိတုန်း? စားဝတ်နေရေး လုံးပမ်းပြီးတော့ လူဖြစ်လာရင် စားစရာရှိရမယ်၊ အချိန် တန် စားရမယ်၊ ဒီလို စားစရာ ဝတ်စရာ သာမန် ကိစ္စတွေပဲ သိတယ်၊ စားစရာ စားရတယ်ဆိုတာ လူသာ သိတာ မဟုတ်ဘူး၊ တိရစ္ဆာန်လည်း သိတာပဲ။

အဲဒီတော့ သာမန်ကိစ္စကလေးတွေ မဟုတ်ဘဲနဲ့ ဘဝရဲ့ လေးနက်တဲ့ အဓိပ္ပာယ်တွေကို သိလာတယ်၊ ဘဝရဲ့ အနှစ်သာရကို သိလာတယ်၊ အကျိုးအမြတ် တွေကို စဉ်းစားတတ်လာတယ်၊ ဘာလုပ်သင့်တယ် ဘာမလုပ်သင့်ဘူးဆိုတာကို ပညာက ထောက်ပြလာတဲ့ အခါ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားပြီး သိလာ တယ်၊ အဲဒါကို ပြောတာ၊ “ပညာယ အတ္ထံ ဇာနာတိ” တဲ့၊ လေးနက်တဲ့အဓိပ္ပာယ်တွေကို သိလာတယ်။

သိလာတဲ့အခါ ဘာဖြစ်တုန်းဆိုတော့ “ဉာတော အတ္ထော သုခါဝဟော“၊ အဲဒီလို သိလာတဲ့ပုဂ္ဂိုဟ်ဟာ အဲဒီလေးနက်တဲ့ အဓိပ္ပာယ်အတိုင်း မလုပ်သင့်တာကို ရှောင်တယ်၊ လုပ်သင့်တာကို လုပ်တယ်၊ ဘဝမှာ အပြစ် ကင်းအောင် နေတယ်၊ အပြစ်ရှိတာကို ရှောင်တယ်၊ အပြစ်ကင်းတာကို ဆောင်တယ် ဆိုတော့ ဘဝမှာ လုပ်သင့်တာတွေလုပ်ပြီး မလုပ်သင့်တာတွေ ရှောင် သည့်အတွက်ကြောင့် ပြဿနာတွေ မကြုံတော့ဘဲနဲ့ လက်ရှိဘဝမှာလည်း အေးချမ်းသာယာမှုရတယ်။

ဘဝတစ်ခုကို စိတ်နှလုံးအေးချမ်းစွာနဲ့ ကျော်ဖြတ် ပြီး ထိုဘဝရဲ့ အဆုံးသတ်ဆိုတဲ့ ပန်းတိုင်ကို လှမ်းမြင် နိုင်တဲ့ အနေအထားမျိုး ရောက်သွားတယ်၊ ဘဝရဲ့ ပန်းတိုင် နောက်ဆုံး နိဂုံးလို့ဆိုတဲ့ ဝဋ်ဆင်းရဲတွေရဲ့ အဆုံးသတ်ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို တွေ့ရှိနိုင်တယ်လို့ ဒီလိုဆိုလိုတာ။

အဲဒါကြောင့်မို့လို့ ဘုန်းကြီးတို့တစ်တွေဟာ အခုလို တရားပွဲတွေကျင်းပပြီး တရားနာတာဟာ ပညာရဖို့ တရားနာကြတာပေါ့၊ ရလာတဲ့ပညာကို အသုံးချပြီး ကိုယ့်ရဲ့နေ့စဉ်ဘဝနဲ့ စပ်ဟပ်ပြီး ဆင်ခြင်စဉ်းစားဖို့တဲ့၊ အခုလည်း ဆင်ခြင်စဉ်းစားဖို့ရန် မြတ်စွာဘုရားဟောတဲ့ တရားကို မှတ်သားကြရမယ်။

ရှာဖွေခြင်းနှစ်မျိုး

မြတ်စွာဘုရားက ရှာဖွေခြင်းနှစ်ရပ် ဆိုတာကို ဦးစွာဟောတယ်၊ ရှာဖွေခြင်းနှစ်ရပ်က ဘာလဲလို့ဆိုရင် “အရိယပရိယေသန” မြင့်မြတ်သော ရှာဖွေခြင်းနဲ့ “အနရိယပရိယေသန” မမြင့်မြတ်သော ရှာဖွေခြင်း၊ သို့မဟုတ် မြင့်မြတ်သူတို့ရဲ့ရှာဖွေခြင်းနဲ့ သာမန်ပုဂ္ဂိုလ် တို့၏ ရှာဖွေခြင်းလို့ ရှာဖွေခြင်းနှစ်ရပ်၊ အဲဒီတော့ တို့တစ်တွေဟာ Noble Quest ဆိုတဲ့ မြင့်မြတ်တဲ့ ရှာဖွေခြင်းကို ရှာမှာလား၊ Ignoble Quest ဆိုတဲ့ မမြင့်မြတ်တဲ့ရှာဖွေခြင်းကို ရှာမှာလားဆိုတာ ကိုယ့် ကိုယ်ကို ဆုံးဖြတ်ရမယ်၊ တို့ရှာဖွေနေတဲ့ နေ့စဉ် ရှာဖွေမှု တွေဟာ မြင့်မြတ်တဲ့ရှာဖွေမှုလား၊ သို့မဟုတ် မမြင့်မြတ် တဲ့ ရှာဖွေမှုလား၊ တို့တစ်တွေ ရှာနေတာ တကယ့် တန်ဖိုးရှိတဲ့အရာကို ရှာတာလား၊ သို့မဟုတ် တန်ဖိုး မရှိတဲ့အရာကို ရှာတာလားလို့ ဆင်ခြင်သုံးသပ်ကြည့်ဖို့ ပေါ့။

ကဲ မြတ်စွာဘုရားက ဟောပြီ ဆိုတဲ့အခါမှာ အားလုံး သတိထားကြည့်ဖို့ရာ ဘုရားက ဘယ်တော့ မဆို “လုပ်ရမှာ” နဲ့ “မလုပ်ရမှာ” နှစ်မျိုးတွဲပြီး ဟောလေ့ရှိတယ်၊ အဲဒီလို လုပ်ရမှာနဲ့ မလုပ်ရမှာ ဒီနှစ်ခုထဲမှာ ဘယ်ဟာက ပိုပြီး အရေးကြီးတယ်လို့ ထင်ကြလဲ၊ မလုပ်ရမှာက အရေးကြီးတာလား၊ လုပ်ရ မှာ သိဖို့က အရေးကြီးတာလား။

မင်္ဂလသုတ်ကို ကြည့်ပြီး ပြောပြမယ်၊ မလုပ်ရမယ့် ဟာနဲ့ လုပ်ရမယ့်ဟာ ဘယ်ဟာက ပိုအရေးကြီးတုန်း ဆိုတာကို မင်္ဂလသုတ်မှာကြည့် - “အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ” ဆိုတာ ပေါင်းသင်း ဆက်ဆံရေးနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက မပေါင်း ရမယ့်လူကို အရင်ပြောတာလား၊ ပေါင်းရမယ့်လူကို အရင်ပြောတာလား။

မြတ်စွာဘုရားက မလုပ်ရမယ့်ဟာကို အရင် ပြောတယ်နော်၊ လုပ်ရမယ့်ဟာကို နောက်မှပြောတယ်၊ ဒါ သိပ်ပြီးတော့ reasonable ဖြစ်တယ်၊ အင်မတန်မှ သဘာဝကျတယ်၊ မလုပ်ရမယ့်ဟာကို မလုပ်မိဖို့က ပိုအရေးကြီးတယ်၊ လုပ်ရမယ့်ဟာကို မလုပ်မိတာက ခံသာသေးတယ်၊ မလုပ်ရမယ့်ဟာ လုပ်မိပြီဆိုရင်တော့ ပိုပြီးဒုက္ခရောက်တတ်တယ်၊ ဒါကြောင့်မို့ မပေါင်းသင့်တဲ့ ပုဂ္ဂိုလ်ကို မပေါင်းမိဖို့က ပိုအရေးကြီးတယ်၊ ပေါင်းသင့် တဲ့ ပုဂ္ဂိုလ်ကို မပေါင်းဖြစ်သေးတာက ဒီလောက် မဆိုး သေးဘူး။

လမ်းညွှန်တဲ့ပုဂ္ဂိုလ်တွေရဲ့ ထုံးတမ်းအစဉ်အလာ ကို အဋ္ဌကထာက ရှင်းပြတယ်၊ အေး လမ်းညွှန်တာပဲ ကိုယ်ကြိုက်သလို ညွှန်လို့ရတယ်၊ ဒါပေမယ့် စည်းမဲ့ ကမ်းမဲ့ လမ်းညွှန်တာ မဟုတ်ဘူး၊ စည်းကမ်းတကျ လမ်းညွှန်ရမယ်၊ လောကမှာ လမ်းညွှန်တတ်တဲ့ပုဂ္ဂိုလ် က လမ်းညွှန်မယ်ဆိုရင် ဘယ်လိုလမ်းညွှန်ရမလဲ၊ “အေး ဒီကနေ မင်း တည့်တည့်သွားလိုက်၊ တည့်တည့်သွားရင် ရှေ့နားကျတော့ လမ်းနှစ်မွှာတွေ့လိမ့်မယ်“၊ သူပြောရ မှာ ဘာပြောရမတုန်းဆို “ဘယ်ဘက်လမ်းကို မချိုးနဲ့၊ ညာဘက်လမ်းကို ချိုး“၊ “မချိုးနဲ့” ဆိုတာ အရင်ပြောရမယ်၊ “ဘယ်ဘက်လမ်းကို မသွားနဲ့၊ ညာဘက်လမ်းကို သွား” ဆိုတာ ပြောရမယ်၊ “မသွားရမယ့်လမ်း” ကို အရင် ပြောရမယ်တဲ့၊ သွားရမယ့်လမ်းကို နောက်မှ ပြောရမယ်၊ ဒါက systematically လမ်းညွှန်တဲ့ နည်း စနစ်။

အဲဒီလို စနစ်တကျ လမ်းညွှန်တာလိုပဲ မြတ်စွာ ဘုရားကလည်း မလုပ်ရမယ့်ဟာနဲ့ လုပ်ရမယ့်ဟာဆိုရင် မလုပ်ရမယ့်ဟာက ပိုအရေးကြီးသည့်အတွက်ကြောင့် မလုပ်ရမယ့်ဟာကို အရင်ပြောတယ်ပေါ့။

ကြည့်လေ - ဘုရားအဆူဆူဟောခဲ့တဲ့ တရားကို လည်း ကြည့်လိုက်ဦး၊ “သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ” တဲ့၊ အဓိပ္ပာယ်က ဘာတုန်းဆို “အကုသိုလ်မှန်သမျှကို မလုပ်နဲ့“တဲ့။ “ကုသိုလ်မှန်သမျှ ပြည့်စုံအောင်လုပ်” တဲ့၊ “မလုပ်နဲ့” ကို အရင်ပြောတယ်၊ အရေးကြီးတယ်ပေါ့၊ အဲဒါကြောင့် လမ်းညွှန်တဲ့ပုဂ္ဂိုလ် တွေရဲ့ နည်းစနစ်အတိုင်း မြတ်စွာဘုရားက သုံးတယ်။

ဘုရားက ညွှန်ပြတဲ့ ပုဂ္ဂိုလ်သာ ဖြစ်တယ်၊ ကယ်တင်တဲ့ပုဂ္ဂိုလ် မဟုတ်ဘူးနော်၊ မ,တဲ့ပုဂ္ဂိုလ် မဟုတ်ဘူး၊ မ,တယ်ဆိုတာ အပြောသာရှိတာ၊ တကယ် မ,လို့ ရရဲ့လား၊ မရဘူးနော်၊ ထမ်းစင်ပေါ်တင် မ,ရင် တော့ ရတာပေါ့၊ အဲဒီလိုတော့ ရမှာပေါ့၊ လူ တစ်ယောက် ကောင်းစားသွားအောင် မ,လို့ ရတာမှ မဟုတ်ဘဲ၊ နတ်ပြည်ရောက်အောင် မ,လို့ မရဘူး၊ နိဗ္ဗာန်ရောက်အောင် မ,လို့ မရဘူး၊ ဟုတ်ရဲ့လား။

ကိုယ်လုပ်မှ ကိုယ်ရတာ၊ မိဘတွေက သားသမီး ကို ဘွဲ့ကြီးရအောင် မ,လို့ ရပါ့မလား၊ မရဘူး၊ ကလေး က မကြိုးစားရင် မရဘူး၊ ဘာမှ မတတ်နိုင်ဘူး၊ ဘယ်လောက် ပိုက်ဆံတွေ ပုံပေးပေး Certificate တော့ ရချင်ရမယ်၊ ပညာတော့ ရမှာမဟုတ်ဘူး၊ အဲဒါ ကြောင့်မို့ တကယ့်အနှစ်သာရဆိုတာ ပေးလို့ရတဲ့အရာ မဟုတ်ဘူး၊ ပေးလို့ မရဘူး၊ အဲဒီတော့ မ,လို့ မရဘူး၊ အဆုံးအမသာ ပေးနိုင်တယ်၊ လမ်းညွှန်မှုကို ပြတယ် ဆိုတာ၊ ဒါ အလွန်ကို သဘာဝကျတယ်၊ ဖြစ်နိုင်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့တရားတော်တွေဟာ သေချာကြည့်လိုက်မယ်ဆို တကယ်ဖြစ်နိုင်တယ်၊ လက်တွေ့အင်မတန်ကျတယ်၊ မြတ်စွာဘုရားရဲ့ တရား အပေါ်မှာ ဘာသာစွဲ ပုဂ္ဂိုလ်စွဲ လူမျိုးစွဲ ဘာမှ အစွဲ အလမ်း မရှိဘဲနဲ့ သေသေချာချာကြည့်၊ မြတ်စွာဘုရား ရဲ့တရားဟာ နှစ်သက်စရာအကောင်းဆုံးပဲ၊ သိပ္ပံဆရာ တစ်ယောက်က ပြောခဲ့တယ် မဟုတ်လား၊ “သူဟာ ဘယ်ဘာသာမှ မကိုးကွယ်ဘူး၊ မဖြစ်မနေ ဘာသာ တစ်ခု ရွေးချယ်ရမယ်ဆိုရင် ဗုဒ္ဓဘာသာကိုပဲ ရွေးချယ် မယ်” ဆိုတာ၊ ဘာဖြစ်လို့တုန်းဆို စဉ်းစားဉာဏ်ရှိလို့၊ စဉ်းစားဉာဏ် သုံးလို့ရတယ်။

ဒါကြောင့်မို့ ဗုဒ္ဓဘာသာဟာ စဉ်းစားဉာဏ်နဲ့ ကိုးကွယ်ရတယ်၊ ကြည့်လေ - ဘုရားကိုယ်တိုင်က မဂ္ဂင် (၈)ပါးထဲမှာ “ငါပြောတဲ့အတိုင်း လုပ်လို့” ပါလား၊ မပါဘူးနော်၊ ဘာပြောထားတုန်း “သမ္မာဒိဋ္ဌိ“ Right understanding အမှန်အတိုင်း နားလည်ရမယ်၊ သို့မဟုတ် Right view မှန်မှန်ကန်ကန် မြင်ရမယ်လို့ပဲ ဟောထားတာနော်၊ မှန်မှန်ကန်ကန် မြင်ရတယ်ဆိုတာ ဘယ်သူ့အမြင်တုန်းဆို ကိုယ့်အမြင်ကို ပြောတာ၊ ဘယ်လောက် ကျေနပ်စရာကောင်းလဲ၊ မြတ်စွာဘုရား ရဲ့ တရားတော်ဟာ တကယ်လက်တွေ့လည်း ကျတယ်၊ ဒီလိုဆိုတာ။

အေး ဒါကြောင့်မို့လို့ ဒီနေရာမှာ မြတ်စွာဘုရားက လမ်းညွှန်မှုကို ပေးတယ်၊ ရှာရမှာနဲ့ မရှာရမှာ၊ ဒီနှစ်ခု ထဲမှာ မရှာရမယ့်ဟာကို “အနရိယပရိယေသန” အနေ နဲ့ ဟောတယ်၊ ရှာရမယ့်ဟာကို “အရိယပရိယေသန” အနေနဲ့ ဟောတယ်၊ “အနရိယပရိယေသန” ဆိုတာ Ignoble Quest မမြင့်မြတ်တဲ့ ရှာဖွေခြင်း တဲ့၊ ဘုန်းကြီးတို့တစ်တွေ ရှာနေတာကိုကြည့်။

အနရိယပရိယေသန ၄-မျိုး

မြတ်စွာဘုရားက မမြင့်မြတ်တဲ့ ရှာဖွေခြင်းဟာ ဘာတွေတုန်းဆိုတော့ (၄)မျိုး ခွဲပြထားတယ်၊ နံပါတ် (၁)က မိမိကိုယ်တိုင်က အိုခြင်းသဘောကို မလွတ်မြောက်နိုင်သေးခင် မိမိမှာ အိုတတ်တဲ့ သဘာဝတရားတွေ ရှိပြီးတော့ ရှာတဲ့အခါမှာလည်း အိုတတ်တဲ့ ဆွေးမြေ့တတ်တဲ့ သဘာဝတရားတွေကိုပဲ ရှာနေတယ် တဲ့၊ မြတ်စွာဘုရား သုံးထားတဲ့စကားလုံးက “အတ္တနာ ဇရာဓမ္မော သမာနော ဇရာဓမ္မံ ယေဝ ပရိယေသတိ” ကိုယ်ကိုယ်တိုင်က အိုခြင်းသဘော ရှိနေတဲ့ပုဂ္ဂိုလ် ဖြစ်ပါလျက် အိုခြင်းသဘောရှိတဲ့ အရာတွေကိုသာ ရှာတယ်တဲ့၊ ဒါ တစ်ခု။

ဟုတ်မဟုတ် ကိုယ့်ဘာသာ စဉ်းစားကြည့်လေ၊ လူတစ်ယောက် လူ့ဘဝရောက်လာတဲ့အခါမှာ သူရှာတာကြည့် - ပစ္စည်းဥစ္စာရှာတယ်ဆိုတာ အလုပ်ရှာပြီး အလုပ်ကရတဲ့ငွေကို ရှာတယ်ဆိုတာ အဲဒီငွေဟာ ဆွေးမြည့်တတ်တဲ့သဘော ရှိမရှိ၊ ရှိတယ်၊ အရွယ် ရောက်လာတဲ့အခါ အိမ်ထောင်ပြုရမယ့်သူကို ရှာတယ်၊ အဲဒီလူက မအိုတဲ့သူလား၊ အိုတဲ့လူပဲ၊ ကိုယ်ကလည်း အိုခြင်းသဘော ရှိတယ်၊ ကိုယ်ရှာလိုက်တာလည်း အိုခြင်းသဘောရှိတာကိုပဲ ရှာတယ်၊ ကိုယ်ရှာလိုက်တဲ့ ပစ္စည်းဥစ္စာမှန်သမျှဟာ subject to decay ဆိုတဲ့ အတိုင်း ဆွေးမြည့်တဲ့ သဘောအတိုင်းတွေချည်းပဲ၊ အကုန်လုံး အဲဒါတွေပဲ။

ကိုယ်ရှာသမျှ ပစ္စည်းတွေရော ကိုယ်ရှာသမျှ အိမ်တွေ တိုက်တွေ ကားတွေ အသုံးအဆောင်ပစ္စည်း မှန်သမျှ အကုန်လုံး subject to decay ချည်းပဲ၊ ပျက်စီးမယ့်အရာတွေချည်းပဲ၊ ဆွေးမြည့်သွားမယ့် အရာတွေချည်းပဲ၊ အဲဒီတော့ ကိုယ်ကလည်းပဲ အိုမယ်၊ ကိုယ်ရှာလိုက်တဲ့ ဟာတွေကလည်း အိုမယ့်ဟာတွေချည်းပဲ၊ ပျက်စီးမယ့်ဟာတွေချည်းပဲ ရှာတယ်ဆိုတဲ့ အဓိပ္ပာယ် မရောက်ဘူးလား၊ အဲဒါ နံပါတ် (၁)က အဲဒီလို မြတ်စွာဘုရားက ဖော်ပြထားတယ်။

နောက်နံပါတ် (၂) က “အတ္တနာ ဗျာဓိဓမ္မော သမာနော ဗျာဓိဓမ္မံ ယေဝ ပရိယေသတိ” - ကိုယ်ကိုယ် တိုင်က ဖျားနာခြင်း ဒုက္ခရောက်ခြင်းသဘော ရှိနေသူ ဖြစ်ပါလျက် ဖျားနာတတ်တဲ့၊ ပျက်စီးတတ်တဲ့ အရာ တွေပဲ ရှာတယ်တဲ့။

ဟုတ်တာပေါ့၊ ကိုယ်ရှာတဲ့ဟာတွေက အကုန်လုံး ပျက်စီးမယ့်ဟာတွေချည်းပဲ၊ ကိုယ်ကိုယ်တိုင်ကလည်း “ဗျာဓိ” နာမယ်၊ ထိခိုက်မယ်၊ ကိုယ်ရှာလိုက်တဲ့ဟာတွေ ကလည်း အကုန်လုံး နာမယ်၊ ထိခိုက်မယ်၊ တိုက်တွေ ဘာတွေဆို မီးလောင် ပါမသွားဘူးလား၊ ပါတာပေါ့၊ ကားတွေဘာတွေလည်း အားလုံး ပျက်စီးနိုင်တဲ့ အရာ တွေချည်းပဲ၊ “ဗျာဓိဓမ္မ” ထိခိုက်ပျက်စီးသွားနိုင်မယ့် အရာတွေချည်းပဲ တို့တစ်တွေ ရှာနေတယ်။

နောက် နံပါတ်(၃)က “အတ္တနာ မရဏဓမ္မော သမာနော မရဏံဓမ္မံ ယေဝ ပရိယေသတိ” - မိမိ ကိုယ်တိုင်က သေခြင်းသဘောရှိသူ ဖြစ်ပါလျက် သေခြင်းသဘောရှိတဲ့အရာတွေကိုသာ ရှာဖွေနေတယ် တဲ့။

သက်ရှိသတ္တဝါလည်း သေတတ်တဲ့ သဘော ရှိတယ်၊ ကိုယ်ရှာထားတဲ့ပစ္စည်းတွေကလည်း တစ်နေ့ကျ ပျက်စီးသွားမယ့်သဘောရှိတယ်၊ ကိုယ်ကိုယ်တိုင် ကလည်း “မရဏဓမ္မ” သေခြင်းသဘော ရှိပြီးတော့ ကိုယ်ရှာလိုက်တဲ့ အရာတွေကလည်း အားလုံးဟာ ပျက်စီးဆုံးရှုံး သေဆုံးရမယ့် အရာတွေချည်းပဲ။

နောက်ဆုံးတစ်ခုက “အတ္တနာ သံကိလေသဓမ္မော သမာနော သံကိလေသဓမ္မံ ယေဝ ပရိယေသတိ” - ကိုယ်ကိုယ်တိုင်က ပူပန်တတ်တဲ့သဘောရှိပြီး သို့မဟုတ် ညစ်နွမ်းတတ်တဲ့သဘောရှိပြီး ပူပန်တတ်တဲ့သဘော ရှိတာတွေကိုပဲ ရှာတယ်။

ဒါကျတော့ တစ်ဖက်ကိုကြည့်မယ်ဆိုရင် လောက လူတွေဟာ မိသားစုနဲ့ အိမ်ထောင်ဖက်ကြ ရှာကြဖွေကြ လုပ်တာတွေ မှန်သမျှဟာ အကုန်လုံး ကိလေသာ ပွားဖို့တွေ၊ ကိလေသာဖြစ်တယ်ဆိုတာ ရိုးရိုးဖြစ်တာ မဟုတ်ဘူး၊ စိတ်နှလုံး ပူပန်ရတဲ့ ဟာတွေပဲပေါ့၊ ကိလေသာတွေ မိမိသန္တာန်မှာဖြစ်ရင် စိတ်နှလုံးပူပန်တယ်၊ အဲဒီတော့ ကိုယ်ကိုယ်တိုင်က စိတ်နှလုံးပူပန်တတ်တဲ့သဘောရှိပြီး စိတ်နှလုံး ပူပန်စရာတွေချည်းပဲ ရှာတယ်၊ အဲဒီလို အဓိပ္ပာယ်ရတယ်။

အဲဒီတော့ ဘုန်းကြီးတို့တစ်တွေ နေ့စဉ်ရှာနေတယ် ဆိုတာဟာ ဒီအထဲက လွတ်ရဲ့လား? မလွတ်ဘူး တဲ့၊ အဲဒီ ရှာဖွေမှု(၄)ရပ်ကို မြတ်စွာဘုရားက Ignoble Quest မမြင့်မြတ်တဲ့ ရှာဖွေခြင်းလို့ ခေါ်တယ်၊ ကမ္ဘာမှာ သန်း(၆၀၀၀)ကျော်ရှိတဲ့ လူတွေကို လိုက်ကြည့်လိုက်၊ ဒီအထဲပဲ ရှာနေကြတာ၊ ရှာတာတွေမှန်သမျှ ဒီအထဲချည်းပဲ အများစုက။

အရိယပရိယေသန ၄-မျိုး

ကဲ Noble Quest မြင့်မြတ်သော ရှာဖွေခြင်း ဆိုတာ ဘာကိုပြောတာလဲ၊ အဲဒီမှာလည်းပဲ မြင့်မြတ်သော ရှာဖွေမှုဆိုတာ (၄)မျိုးဆိုပြီး ဟောထားတယ်၊ မြင့်မြတ်တဲ့ရှာဖွေမှုက ဘာတုန်းဆို - “အတ္တနာ ဇရာဓမ္မော သမာနော” မိမိကိုယ်တိုင်က အိုမင်းရင့်ရော် ဆွေးမြည့်တတ်တဲ့သဘောရှိလို့ “ဇရာဓမ္မေ အာဒီနဝံ ဝိဒိတွာ” အိုခြင်းတရားအပေါ်မှာ အပြစ်မြင်တယ်၊ အိုခြင်းတရားကို အပြစ်မြင်လာပြီး “အဇရာ” အိုခြင်းကင်းတဲ့ နိဗ္ဗာန်ကိုရှာတယ်တဲ့၊ နိဗ္ဗာန်ကျတော့ “အဇရာ” အိုရခြင်းမရှိတဲ့တရား ဖြစ်တယ်၊ အဲဒီအိုရခြင်းမရှိတဲ့ အရာကို ရအောင်ရှာတဲ့၊ ဆိုလိုတာကတော့ နိဗ္ဗာန်ချမ်းသာကိုရှာမှ Noble Quest ဖြစ်တယ်၊ ဒီလို ပြောတာ။

ဘာဖြစ်လို့တုန်းဆို သံသရာထဲမှာ ရှာနေတာ မှန်သမျှဟာ ဘယ်ဟာမှ အဆုံးသတ် မကောင်းဘူး၊ အိုခြင်း နာခြင်း သေခြင်း ဆိုတာက မလွတ်ဘူး၊ နိဗ္ဗာန်ကိုရှာလို့ နိဗ္ဗာန်ရမှ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတာက လွတ်တယ်လေ၊ နောက်ထပ်လည်း အိုစရာ နာစရာ သေစရာဆိုတာ မရှိဘူး၊ ရှာဖွေခြင်းဆိုတာ လည်း အဆုံးသတ်နိုင်တယ်။

ခုနကဟာတွေ ရှာနေလို့ကတော့ ဘယ်တော့မှ အတောမသတ်ဘူး၊ မဆုံးနိုင်တဲ့ ဘဝခရီးကို လျှောက်လှမ်းပြီးတော့ မဆုံးနိုင်တဲ့ရှာဖွေခြင်းနဲ့ ဘဝမှာ သွားနေကြတယ်၊ ရှာလိုက်တဲ့ အရာတွေကလည်း ဘာမှ ထူးမခြားနားတွေ ရှာတယ်၊ အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားက Ignoble Quest မမြင့်မြတ်သော ရှာဖွေခြင်းလို့ ဟောတယ်။

အေး - မြင့်မြတ်သော ရှာဖွေခြင်း ကျတော့ ကိုယ်တိုင်က အိုခြင်းသဘောရှိလို့ အိုခြင်းတရားအပေါ် မှာ အပြစ်မြင်တယ်၊ အပြစ်မြင်လို့ “ဇရာဓမ္မ” ဆိုတာ မရှာဘူးတဲ့၊ အိုခြင်းကင်းတဲ့နိဗ္ဗာန်ကို ရှာတယ်၊ အဲဒီလို အဆင့်မြှင့်ပြီးတော့ ရှာတယ်၊ ကိုယ့်ထက် အဆင့်မြင့်သွားတယ်။

မိမိကိုယ်တိုင်က အိုခြင်းသဘော ရှိတယ်။ ကိုယ်ရှာတဲ့ဟာက အိုခြင်းသဘောမရှိတဲ့ဟာကို ရှာတယ်၊ ဘယ်လောက်အဆင့်မြင့်သွားတုန်း၊ ကိုယ့်ရှိတာ ရှာတာ မဟုတ်ဘူး၊ လူတွေက ရှာနေတာ ကိုယ့်ရှိတာကိုပဲ ရှာနေတဲ့အဓိပ္ပာယ် ရောက်နေတယ်ပေါ့၊ အဲဒီတော့ တိုးမြင့်သွားတဲ့ ရှာဖွေခြင်း မဟုတ်ဘူး။

“အရိယပရိယေသန” ဆိုတဲ့ Noble Quest ဆိုတာကမှ မြင့်သွားတဲ့ရှာဖွေမှု ဖြစ်တယ်၊ ဘာဖြစ်လို့လဲ၊ ကိုယ့်အဆင့်က “ဇရာဓမ္မ” အိုခြင်းသဘော ရှိတယ်၊ ကိုယ်ရှာတာကျတော့ “အဇရ” အိုခြင်းသဘော မရှိတဲ့အရာကို ရှာတယ်၊ မြင့်မားသွားတာပေါ့။

အဲဒီအတိုင်းပဲ မြတ်စွာဘုရားက ဟောတယ်၊ မိမိကိုယ်တိုင်က ဖျားနာခြင်း ဒုက္ခရောက်ခြင်း သဘော ရှိတဲ့အခါ ဖျားနာမှု ဒုက္ခရောက်မှုအပေါ်မှာ အပြစ်မြင်ပြီးတော့ “ဗျာဓိ” ကင်းရာ နိဗ္ဗာန်ကို ရှာတယ်။

ဘုရားအလောင်း “သုမေဓာ” ပစ္စည်းဥစ္စာတွေ ကြည့်ပြီး စဉ်းစားတဲ့အခါမှာ ဒါတွေ ထည့်သွင်းပြီး စဉ်းစားတယ်၊ “ငါ မအို မနာ မသေရာဖြစ်တဲ့ နိဗ္ဗာန်ကို ရှာမယ်၊ ဒါတွေက အိုမယ် နာမယ် သေမယ်ဆိုတဲ့ အထဲက မလွတ်နိုင်ဘူး၊ ဒါတွေရဲ့လွတ်ရာဆိုတာ ရှိကို ရှိရမယ်“၊ ဘာဖြစ်လို့လဲ၊ “အပူရှိရင် အအေးရှိတယ်၊ ဒုက္ခရှိရင် သုခရှိတယ်၊ မကောင်းတာရှိရင် ကောင်းတာ ရှိရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ လောကမှာ အစုံလိုက် အစုံလိုက် အမြဲတွဲပြီးတော့နေတယ်၊ ရှိရမယ်” လို့ ဆုံးဖြတ်ချက်ချပြီးတော့ ရှာခဲ့တာ။

ဘုရားအလောင်းတော်ဟာ ရှာခဲ့တာ - ဘယ်တုန်းက စ,ပြီး ရှာခဲ့တာတုန်းဆို ဟိုး လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အထက်ကတည်းက ရှာခဲ့တာပေါ့၊ သူကိုယ်တိုင် သိရှိလိုတဲ့အနေနဲ့ ရှာတာ၊ ရှာလိုက်တာ လေး အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ ဒီဘက်ရောက်တဲ့အခါကျတော့ ဒီတရားကို ဟောနိုင်တဲ့အဆင့်ကို ရောက်တယ်၊ နည်းတဲ့ကာလလား။

အဲဒီတုန်းက ဘာဖြစ်လို့ ဒီလောက်ကြာနေရတုန်းဆို ရှာကြံတယ်ဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်စွမ်း မရှိသေးလို့၊ ဘုန်းကြီးတို့တစ်တွေကျတော့ ဘယ်လို ရှာရမလဲဆိုတာ သိတာက ဘုရားဟောထားတဲ့ တရားအရ သိတာ၊ ကြားဖူးနားဝရှိလို့ သိတာ၊ ကိုယ်ပိုင်ဉာဏ်နဲ့မှ မဟုတ်တာ၊ ဘုရားဆီက နည်းယူပြီးတော့ ပြောကြတာလေ၊ ကိုယ်တိုင်တီထွင်တာ မဟုတ်ဘူးလေ၊ လေယာဉ်ပျံ ပိုက်ဆံပေးပြီး စီးတာလေ၊ အဲဒါ တောင် မစီးနိုင်တဲ့သူက အများကြီး ဖြစ်နေတယ်၊ အခု တရားကလည်း ကိုယ်ပိုင်ဉာဏ်နဲ့ ကျင့်ကြံကြိုးကုတ်အားထုတ်လို့ ရတာမဟုတ်ဘူး၊ ဘုရားဟောထားတဲ့ တရား၊ အဲဒါတောင် မလိုက်နာတဲ့ ပုဂ္ဂိုလ်တွေ အများကြီးဖြစ်နေတာ။

နောက်တစ်ခုက ကြည့် - ကိုယ်ကိုယ်တိုင်က သေခြင်းသဘော ရှိနေတယ်။ ဒါကြောင့်မို့ သေခြင်းတရား အပေါ်မှာ အပြစ်မြင်တယ်။ အပြစ်မြင်ပြီးတော့ မသေရာနိဗ္ဗာန်ကို ရှာတယ်၊ ဒါ Noble Quest.

နောက်တစ်ခု ကိုယ်တိုင်က ကိလေသာတွေနဲ့ ပူပန်မှုဖြစ်တတ်တဲ့သဘော ရှိတယ်၊ အဲဒီ ကိလေသာ ဆိုတဲ့ ပူပန်မှုတွေ လုံးဝကင်းစင်တဲ့ နိဗ္ဗာန်ကိုရှာမယ်၊ အဲဒီ ပူပန်မှုတွေအပေါ်မှာ အပြစ်မြင်ပြီးတော့ ကိလေသာနဲ့ ပူပန်ညစ်နွမ်းရမှုဆိုတဲ့ အခြေအနေမျိုး ကင်းကွာတဲ့ နိဗ္ဗာန်ကို ရှာတယ်လို့ဆိုတယ်။

အားလုံးဟာ ခြုံကြည့်လိုက်တဲ့အခါကျတော့ problem တွေ ပြဿနာတွေကင်းတဲ့ နိဗ္ဗာန်ကို ရှာတာပဲ၊ အိုခြင်းဆိုတာ မရှိဘူး၊ နာခြင်းဆိုတာ မရှိဘူး၊ သေခြင်းဆိုတာ မရှိဘူး၊ ပူပန်ဆင်းရဲရခြင်း ညစ်နွမ်းရခြင်းဆိုတာ မရှိဘူးတဲ့၊ ဒါတွေမရှိတဲ့နိဗ္ဗာန်ကို ရှာတယ်တဲ့၊ အဲဒါကျမှ Noble Quest “အရိယပရိယေသန” လို့ ခေါ်တယ်တဲ့။

အဲဒါဖြင့် ဘုန်းကြီးတို့တစ်တွေ နိဗ္ဗာန်ကို မရှာသေးသမျှ တို့တစ်တွေ ရှာနေတာဟာ နှစ်သက်စရာ မကောင်းတဲ့ နိမ့်ကျတဲ့ ရှာဖွေမှုထဲမှာပဲ တဝဲလည်လည် လုပ်နေကြတယ်၊ မဆုံးနိုင်တဲ့ ရှာဖွေမှုခရီးစဉ်ကြီးထဲမှာ လျှောက်လှမ်းနေကြတယ်လို့ ဒီလိုပဲ ပြောရမှာပဲ။

ပရိယေသနသုတ်

နောက်သုတ္တန်တစ်ခုမှာ မြတ်စွာဘုရား ဟောထားတာလေး ရှိသေးတယ်၊ အဲဒီသုတ္တန်မှာ ရှာဖွေခြင်း သုံးရပ်ကို မြတ်စွာဘုရားဟောထားတယ် - ရှာဖွေခြင်း သုံးရပ်မှာ နံပါတ်(၁)က “ကာမေသနာ” - ကာမဂုဏ် အာရုံတွေကို ရှာဖွေခြင်း၊ ဒါ ခြုံငုံပြောမယ်ဆိုရင် မျက်စိမြင်ရပြီးတော့ နှစ်သက်စရာအဆင်းတွေ၊ နားက အသံကြားပြီးတော့ နှစ်သက်စရာ အသံတွေ၊ နှာခေါင်းက ရှူလို့ရတဲ့ နှစ်သက်စရာအနံ့တွေ၊ လျှာက အရသာခံလို့ ရတဲ့ နှစ်သက်စရာအရသာတွေ၊ ခန္ဓာကိုယ်နဲ့ ထိတွေ့ရတဲ့ နှစ်သက်စရာ အထိအတွေ့တွေ၊ အဲဒါတွေကို ကာမလို့ခေါ်တာ၊ Sense of pleasure လိုချင်စရာ အာရုံတွေ။

ဘယ်သူ ဘာရှာရှာ အားလုံး ဒီအထဲမှာပဲ ရှာနေတာပဲ၊ နာမည်တွေသာ အမျိုးမျိုးပြောမယ်၊ “မင်းဘာရှာတာတုန်း“၊ “ကားရှာတယ်” လို့ ပြောချင်ပြောမယ်၊ “အိမ်ရှာတယ်၊ တိုက်ရှာတယ်၊ ပိုက်ဆံရှာတယ်” လို့ ပြောချင်ပြောမယ်၊ ဘာရှာတာတုန်း၊ အဓိကကတော့ ဟောဒီကာမအာရုံတွေ ရှာနေတာ ဒီလိုပြောရမယ်။

အဲဒီ ကာမဂုဏ် အာရုံတွေကို ရှာဖွေခြင်းဟာ လူ့လောကမှာ မြန်မာနိုင်ငံတစ်နိုင်ငံသာမက ကမ္ဘာမှာ လူသားတွေရှိသမျှ ရှာနေတာ၊ ဘာရှာလဲ၊ ဒါပဲရှာတယ်၊ အားလုံးဟာ ဒါကို ရှာနေတယ်၊ ဒီရှာဖွေမှုဟာ ဘယ်တော့ အဆုံးသတ်မှာတုန်းဆို ဘယ်တော့မှ အဆုံးမသတ်ဘူး။

ဒါဖြင့် ဒီရှာဖွေမှုက ဘယ်တော့မှ အဆုံးသတ်နိုင်သလဲဆို အဆုံးသတ်တဲ့နည်းကို ဗုဒ္ဓဘာသာမှာ ရှာတွေ့နိုင်တယ်၊ ဘယ်မှာ အဆုံးသတ်တုန်းဆို ဝိပဿနာ ကျင့်စဉ် တစ်ခုကို ကျင့်ပြီးတော့ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ် ရလို့ အနာဂါမ်ဖြစ်သွားပြီဆိုရင်တော့ အဲဒီကာမအာရုံတွေကို ရှာတဲ့လုပ်ငန်းဟာ အပြီးသတ်သွားပြီ၊ ဘယ်တော့မှ မရှာတော့ဘူး၊ အနာဂါမ်ဖြစ်မှ ဒီရှာဖွေခြင်းဟာ ရပ်တယ်တဲ့၊ သောတာပန်တောင် ရှာတုန်းပဲ။

ဟုတ်တယ်လေ၊ ဝိသာခါ (၇) နှစ်သမီးက သောတာပန်ဖြစ်တာပဲ၊ (၁၆) နှစ်အရွယ်ရောက်တဲ့အခါကျတော့ “ပုဏ္ဏဝဍ္ဎန” ဆိုတဲ့ သူဋ္ဌေးသားနဲ့ အိမ်ထောင်ပြုတယ်၊ သူလည်း ကောင်းနိုးရာရာတွေ ရှာတာမှ ဝိသာခါ သားသမီးတွေ မွေးဖွားလိုက်တာ၊ “ဝိသာခါ ဝီသတိ ပုတ္တာ” သားသမီး နှစ်ဆယ်တောင် ရှိတယ်၊ ခုခေတ်လိုဆို ရှင်မွေးလွန်းလို့ အခေါ်ခံရမယ်၊ အဲဒီလို ရှာခဲ့တာပဲ၊ သို့သော် အဲဒီကာမတွေကို ရှာဖွေမှုဟာ သာမန်ပုဂ္ဂိုလ်တွေရဲ့ ကာမရှာဖွေမှုနဲ့ လုပ်ရပ်ချင်းတော့ မတူတတ်ဘူးပေါ့။

ရှာဖွေမှုချင်းတူသော်လည်း နည်းလမ်းတော့ မတူ

သာမန် ပုထုဇဉ် ပုဂ္ဂိုလ်တွေရဲ့ ရှာဖွေမှုဟာ တရားတဲ့နည်းနဲ့လည်း ရှာတယ်၊ မတရားတဲ့နည်းနဲ့လည်း ရှာတယ်၊ ခုနကလို အသိဉာဏ်ရှိသွားတဲ့ပုဂ္ဂိုလ် ဆိုလို့ရှိရင် မတရားတဲ့နည်းကို မသုံးတော့ဘူး၊ တရားတဲ့နည်းနဲ့ပဲ ရှာတယ်၊ ရှာတော့ ရှာသေးတယ်၊ သို့ပေမယ့် အသုံးပြုတဲ့နည်းလမ်းက ကွာသွားပြီပေါ့၊ နောက်ဆုံးမှာ အနာဂါမ်ဖြစ်ပြီဆိုရင် “ကာမေသနာ” ကာမကို ရှာဖွေ တယ် ဆိုတဲ့အလုပ်ဟာ လုံးဝပြတ်သွားပြီ၊ လိုချင်မှုဆိုတဲ့ “တဏှာ“၊ ကာမနဲ့ပတ်သက်တဲ့ “ကာမရာဂ“ကို လုံးဝ ဖယ်ရှားပစ်လိုက်နိုင်တယ်၊ ဒါကြောင့်မို့ ပြတ်သွားပြီလို့ ပြောတာ။

နောက်တစ်ခု နံပါတ် (၂)က “ဘဝေသနာ” ဘဝကို ရှာနေတာ၊ ဘဝကို ရှာတယ်ဆိုတာ ခုနက အနာဂါမ်ဖြစ်သွားဦး သူက ဘဝကို ရှာသေးတယ်၊ ဘယ်ဘဝကို ရှာနေတုန်းဆိုတော့ သူ့မှာ ကာမဘုံဆိုတဲ့ အောက်သံယောဇဉ် မရှိတော့ဘူး၊ ဘယ်အပေါ်မှာ သူက သံယောဇဉ် ရှိနေတုန်းဆို ဗြဟ္မာ့ပြည်ဆိုတဲ့ အထက်သံယောဇဉ် သူ့မှာရှိနေသေးတယ်၊ အဲဒီတော့ သူက ဘဝကို ရှာနေသေးတယ်လို့ ပြောရမယ်၊ ကျန်တဲ့ ပုဂ္ဂိုလ်တွေတော့ မဆိုထားနဲ့၊ အားလုံးဟာ ဘဝကို ရှာနေတာချည်းပဲ။

ဒါကြောင့်မို့ တချို့များ ရှာတယ်လေ။ “ဒီဘဝက မနေရလို့ သေသွားသောအခါ ဒီကုသိုလ်ကောင်းမှုကြောင့် နောင်ဘဝမှာ” ဆိုပြီးတော့ ဟုတ်လား၊ ရှာတယ်လေ၊ တချို့ ဆုတောင်းထဲမှာ ထည့်တောင် ရှာသေးတယ်၊ သူဋ္ဌေးတောင် တစ်ယောက်တည်း မဟုတ်ဘူး၊ ရှေးခေတ်က နာမည်ကြီးတဲ့ စာထဲပေထဲ ပါတဲ့ သူဋ္ဌေးကြီးတွေ၊ တစ်ယောက်တည်း မဟုတ်ဘူး၊ “ဇောတိက၊ ဇဋိလ” အကုန်လုံးပဲ ထည့်လိုက်တာ၊ တစ်ယောက်တည်းနဲ့ အကုန်လုံး ဖြစ်ချင်တာနော်၊ အဲဒီတော့ ဘဝကို ရှာနေကြတာ၊ ဒီ့ထက် ကောင်းတဲ့ဘဝ၊ မျှော်လင့်ချက်တွေနဲ့ အဲဒီလို ရှာကြတယ်၊ ဘဝရှာတာ ကြံကြံဖန်ဖန်ရှာကြတာ။

တချို့များ သံယောဇဉ် ဘယ်လောက်ကြီးတုန်း ဆိုလို့ရှိရင် ရှာပုံရှာနည်းက အမျိုးမျိုးပဲနော်၊ ငှက်ဖြစ်ရင်တောင် တစ်ကိုင်းထဲ နားချင်သေးတယ်၊ သူက အဲဒီလောက်ထိအောင် ရှာတာ၊ မျောက်ဖြစ်ရင်လည်း တစ်ကိုင်းတည်းပဲ နေမှာပဲ၊ အဲဒီလို ဘဝကို ရှာမှီးမှုဟာ ဘယ်မှာမှ အဆုံးသတ်တုန်း ဆိုလို့ရှိရင် ရဟန္တာဖြစ်မှပဲ အဆုံးသတ်တယ်၊ ကျန်တဲ့သူတွေကတော့ ရှာနေဦးမှာပဲ။

ရှာပုံရှာနည်းချင်းတော့ ကွာသွားပြီ၊ သူတော်ကောင်း ဖြစ်လာလို့ရှိရင် မကောင်းတဲ့နည်းနဲ့ မရှာတော့ဘူး၊ ကောင်းတဲ့နည်းနဲ့ပဲ ရှာတယ်၊ သောတာပန် သကဒါဂါမ် အနာဂါမ် ဖြစ်သွားပြီဆိုရင် အင်မတန်မှကို တရားတဲ့နည်းသက်သက်နဲ့ပဲ ရှာတယ်၊ ရဟန္တာဖြစ်ပြီဆိုရင် “ဘဝေသနာ” ဘဝကို ရှာဖွေခြင်းဟာ လုံးဝ အပြီးသတ်သွားတယ်။ ဒါ လောကက လူသားတွေ ရှာနေကြတာ၊ ဒီလိုရှာတယ်။

နောက်တစ်ခုရှာတာ နံပါတ်(၃)က ဘာတုန်းဆိုတော့ “ဗြဟ္မစရိယေသနာ” - အကျင့်မြတ်ကို ရှာဖွေခြင်းတဲ့၊ ဒါ ပုထုဇဉ်ပုဂ္ဂိုလ်တွေက သီလ သမာဓိ ပညာ ဆိုတဲ့ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်ကြံ ကြိုးကုတ် အားထုတ်တယ်၊ ကျင့်ကြံနေတာကိုပဲ ရှာတယ်လို့ပြောတာ။

ဘုရားသာသနာတော်နဲ့ကြုံလို့ သီလအကျင့် ကျင့်တယ်၊ သမာဓိအကျင့် ကျင့်တယ်၊ မြတ်သော အကျင့်တွေ ကျင့်တယ်၊ ကမ္မဋ္ဌာန်း အားထုတ်တယ်၊ ဒါ ဘာရှာတာတုန်း “ဗြဟ္မစရိယေသနာ” မြတ်သော အကျင့်ကို ရှာနေတာ၊ အဲဒါ ဘယ်ကျမှ အဆုံးသတ်တုန်းဆို ရဟန္တာဖြစ်မှပဲ အဆုံးသတ်ရမှာပဲ၊ ရဟန္တာဖြစ်မှပဲ ပြီးဆုံးတယ်။

ဒီရှာဖွေမှု သုံးမျိုးထဲမယ် “ဗြဟ္မစရိယေသနာ” ဆိုတာတော့ တကယ့်မွန်မြတ်တဲ့ရှာဖွေမှုလို့ ပြောရမယ်၊ ခုနကပြောတဲ့ Noble Quest ကိုယ်က အိုခြင်းသဘောရှိတော့ အိုခြင်းကင်းတဲ့ နိဗ္ဗာန်ကို ရှာတယ်၊ ကိုယ်က နာခြင်းသဘောရှိတော့ နာခြင်းကင်းတဲ့ နိဗ္ဗာန်ကို ရှာတယ်၊ ကိုယ်က သေခြင်းသဘောရှိတော့ သေခြင်းကင်းတဲ့ နိဗ္ဗာန်ကိုရှာတယ်၊ ကိုယ်က ပူပန်ကြောင့်ကြခြင်း သဘောရှိတော့ ပူပန်ကြောင့်ကြမှုမရှိတဲ့ နိဗ္ဗာန်ကို ရှာတယ်၊ အဲဒီ နိဗ္ဗာန်ရောက်ကြောင်းကို ရှာတဲ့ “ဗြဟ္မစရိယေသန” ဟာ အဲဒီအထဲမှာ အကြုံးဝင်တယ်လို့ ဒီလိုပြောရမယ်၊ အဲဒီတော့ ဒီသုတ္တန်မှာ မြတ်စွာဘုရားက ရှာဖွေခြင်းသုံးရပ်ကို ဒီလို ဟောထားတာ ရှိတယ်။

ကောင်းပြီ - ဘုန်းကြီးတို့တစ်တွေ ရှာသင့်တာနဲ့ မရှာသင့်တာ၊ ရှာနေကြတာတွေ၊ ရှာတာကို အကြောင်းပြုပြီး ရလာတာတွေက အိုခြင်းတရားကိုရှာရင် အိုခြင်းတရားပဲ ပြန်ရမှာပဲ၊ နာခြင်းသဘောရှိတဲ့အရာကိုရှာရင် နာခြင်းသဘော ရှိတာပဲရမယ်၊ သေခြင်းသဘောရှိတာကိုရှာရင် သေခြင်းသဘောရှိတာကိုပဲ ပြန်ရမယ်၊ ပူပန်ဆင်းရဲရတာတွေ ရှာနေရင် ပူပန်ဆင်းရဲမှုပဲ ပြန်ရမယ်၊ ရှာဖွေခြင်းနဲ့ ရရှိခြင်းက ကိုယ်ရှာတာ ကိုယ်ရမယ်ပေါ့၊ ဒါ ဆိုလိုတာပေါ့၊ နိဗ္ဗာန်ရှာမှ နိဗ္ဗာန်ရမယ်ပေါ့။

ကိုယ့်ကိုယ်ကိုရှာခြင်း

ဒါနဲ့ ပတ်သက်ပြီးတော့ မှတ်သားစရာလေးတစ်ခု၊ တကယ့် အဖြစ်အပျက်လေးတစ်ခု၊ အားလုံးသိတဲ့ အတိုင်း မြတ်စွာဘုရား ကဆုန်လပြည့်မှာ ဘုရားဖြစ်တယ်၊ နယုန်လပြည့်မှာ တစ်လပြည့်တယ်၊ ဝါဆိုလပြည့်ကျတော့ နှစ်လပြည့်တယ်၊ အဲဒီ ဘုရားဖြစ်ပြီး နှစ်လပြည့်တဲ့အချိန်မှာ ဓမ္မစကြာတရား ဟောတယ်၊ ဓမ္မစကြာတရားဟောပြီး နောက် (၅) ရက်ကြာတော့ အနတ္တလက္ခဏသုတ်ကို ဟောတယ်။

အဲဒီလိုနေပြီး မြတ်စွာဘုရားဟာ ပထမဝါကို ဣသိပတနမှာ ဝါဆိုတယ်၊ အဲဒီ ဣသိပတနမှာ ဝါဆိုလို့ ဝါကျွတ်ပြီးတဲ့အခါ ဘုရားက ခရီးထွက်တယ်၊ ဘယ်ဘက်ကို ပြန်လာသလဲ ဆိုလို့ရှိရင် သူကိုယ်တိုင် (၆) နှစ်ပတ်လုံး သီတင်းသုံးနေထိုင်ခဲ့တဲ့ ဥရုဝေလတော ဘက်ကို ပြန်လာတယ်၊ ဓမ္မစကြာတရား ဟောတာက ဣသိပတနကို သွားဟောတယ်၊ ဗာရာဏသီကို သွားဟောတယ်၊ ဗာရာဏသီကနေ ဗုဒ္ဓဂယာဘက်ကို မြတ်စွာဘုရား ပြန်လာတယ်၊ ပြန်လာတော့ လမ်းမှာ တောအုပ်ကြီးတစ်ခု ရှိတယ်။

အဲဒီတောအုပ်ထဲရောက်ပြီး သစ်ပင်တစ်ပင်အောက်မှာ နားနေတုန်းအချိန် လူတစ်စုရောက်လာတယ်။ (၃၀)လောက်ရှိတယ်။ အရေးတကြီး၊ အဲဒီလူ(၃၀)ဟာ ရောက်လာပြီးတော့ မြတ်စွာဘုရားကို ဘာမေးတုန်းဆိုတော့ “အရှင်ဘုရား - အမျိုးသမီး တစ်ယောက်သွားတာ မမြင်ဘူးလား” လို့ မေးတယ်၊ တောထဲမှာ အမျိုးသမီးတစ်ယောက်ကို သူတို့ လိုက်ရှာနေတာ၊ “အပိ ဘန္တေ ဘဂဝါ ဧကံ ဣတ္ထံ ပဿထ” “အရှင်ဘုရား - အမျိုးသမီးတစ်ယောက် မတွေ့လိုက်ဖူးလား”

ဘုရားက သစ်ပင်အောက်ထိုင်နေတာကို ဝင်မေးတာ၊ မေးတော့ မြတ်စွာဘုရားက သူတို့ကို ပြန်မေးလိုက်တယ်၊ “မင်းတို့အမျိုးသမီးက ဘာလုပ်ဖို့လဲ” “ဘာလုပ်ဖို့ ရှာတာတုန်း”။

သူတို့ပြဿနာက ဘာတုန်းဆိုတော့ သူတို့က မဟာကောသလမင်းရဲ့ သားတွေ၊ ဘုရင်တွေဆိုတာ ကလည်း မိဖုရားပေါတယ်ပေါ့၊ မိဖုရားပေါတော့ ညီအစ်ကိုတွေက အများကြီး၊ မြန်မာပြည်က မင်းတုန်းမင်းကြီးတောင် မိဖုရား(၅၀) ရှိတယ်၊ သားသမီးက (၁၀၀)ကျော်တယ်တဲ့၊ အဲဒီမဟာကောသလမင်းကြီးက သားသမီးတွေ အများကြီးထဲမယ် “ပသေနဒီ” တစ်ယောက်ပဲ သူက မင်းမြှောက်တာကိုး၊ မိဖုရားခေါင်ကြီးက မွေးတဲ့သားပဲ မင်းဖြစ်တာ။

မဟာကောသလမင်းကြီးရဲ့ ကျန်တဲ့သားတွေဟာ (၃၀)လောက် ရှိတယ်။ ဒါ အကုန်လုံး မဟုတ်လောက်ဘူး။ “ဇေတ” ဆိုတာလည်း သူ့သား ဖြစ်ချင်ဖြစ်မယ်၊ သို့မဟုတ် သူနဲ့ ညီအစ်ကိုဖြစ်ချင်လည်း ဖြစ်မယ်ပေါ့၊ အဲဒီမှာ သူနဲ့ညီအစ်ကိုဝမ်းကွဲ ဖအေတူမအေကွဲတွေပေါ့၊ အဲဒီ လူ(၃၀)၊ သူတို့က အုပ်စုဖွဲ့ပြီး နေတာ၊ “ဘဒ္ဒဝဂ္ဂိယ” လို့ ခေါ်တယ်၊ “ဘဒ္ဒဝဂ္ဂိယ” သူတို့က Association လေး လုပ်ထားတယ် ထင်ပါရဲ့၊ အသင်းအဖွဲ့ လုပ်ထားတယ်၊ သူတို့ စီးပွားရှာကြတယ်၊ လွတ်လွတ်လပ်လပ်နေကြတယ်၊ တောထဲမှာ သွားကြ လာကြတယ်ပေါ့။

ဘုရင်ရဲ့သားတွေပဲ၊ ဒါပေမယ့် တိုင်းပြည်အုပ်ချုပ် တဲ့အထဲ သူတို့မပါဘူး၊ ရာထူးထဲမှာ သူတို့မပါဘဲနဲ့ သူတို့က လွတ်လွတ်နေတယ်၊ အဲဒီမှာ မင်းသားသုံးကျိပ်ထဲက (၂၉)ယောက်က အိမ်ထောင်ရှိတယ်၊ အမျိုးသမီးတွေပါ ပါတယ်၊ တစ်ယောက်က အမျိုးသမီးမရှိဘူး၊ အိမ်ထောင်မကျသေးဘူး၊ အဲဒီလူအတွက် အငှား အမျိုးသမီးတစ်ယောက် ခေါ်လာတယ် ဆိုပါစို့၊ အငှား အမျိုးသမီး ခေါ်လာပြီးတော့ တောထဲမှာ သူတို့ ချက်ပြုတ်စားသောက်ပြီး ပျော်သလိုနေကြတာပေါ့။ အဲဒီအချိန်မှာ သူတို့ငှားထားတဲ့ အမျိုးသမီးက လက်ဝတ်ရတနာတွေ ယူပြီးတော့ လစ်သွားတယ်။ အဲဒါ လိုက်ရှာတာ။ ဘုရားနဲ့ တွေ့တဲ့အခါကျတော့ သူတို့အဲဒီအကြောင်းကို လျှောက်တာပေါ့၊ မတွေ့ဘူး လားဆိုပြီး လျှောက်တာပေါ့၊ မြတ်စွာဘုရားက ဘာလို့ ရှာတာတုန်းဆိုတော့ ဒီအကြောင်းပဲ သူတို့ ပြောတယ်။ အဲဒီမှာ မြတ်စွာဘုရားက သူတို့ကို ပြောလိုက်တယ်၊ “အေး ငါပြောမယ်၊ မင်းတို့ ဘယ်လိုထင်လဲ၊ မင်းတို့အဖို့ ရှာဖွေခြင်းနှစ်ခုကို ငါပြောမယ်၊ မင်းတို့ အမျိုးသမီး တစ်ယောက်ကို လိုက်ရှာနေတာရယ်၊ မင်းတို့ ကိုယ့်ကိုယ်ကို ရှာတာရယ် - ဒီနှစ်ခု ဘယ်ဟာ ကောင်းတုန်း“၊ စဉ်းစားစရာလေးကို ပြောလိုက်တာ၊ မြတ်စွာဘုရားက “အမျိုးသမီးကို လိုက်ရှာတာရယ်၊ ကိုယ့်ကိုယ်ကို ရှာတာရယ်၊ ဒီနှစ်ခုမှာ ဘယ်ဟာကောင်းတုန်း” လို့ မေးတယ်၊ စဉ်းစားကြည့်လိုက်တော့ ဒါဟာ ရိုးရိုးစကား မဟုတ်တော့ဘူးလေ၊ philosophy ပဲ၊ “ကိုယ့်ကိုယ်ကို ရှာတာနဲ့ အမျိုးသမီးရှာတာ မင်းတို့ ဘယ်ဟာကကောင်းတုန်း” ဆိုတော့ သူတို့အဖြေက “အရှင်ဘုရား ကိုယ့်ကိုယ်ကို ရှာတာ ကောင်းပါတယ်၊ သူများကိုရှာတာထက် ကိုယ့်ကိုယ်ကို ရှာတာကောင်းပါတယ်” လို့ ဒီလိုဖြေကြတယ်၊ သာမန်ပုဂ္ဂိုလ်ဆိုရင်တော့ ဒီအချက်ကို စဉ်းစားမိမှာ မဟုတ်ဘူးပေါ့၊ သို့သော်လည်း သူတို့က ဒါ ရိုးရိုးမေးတဲ့ စကား မဟုတ်ဘူး၊ အင်မတန် အဓိပ္ပာယ်ရှိတဲ့စကား၊ “အမျိုးသမီးရှာတာနဲ့ ကိုယ့်ကိုယ်ကိုရှာတာ”။ လောကလူတွေက ကိုယ့်ကိုယ်ကိုတော့ တွေ့နေတာ၊ ရှာစရာ မလိုဘူးလို့ ထင်နေတယ်၊ မဟုတ်ဘူး၊ ပျောက်နေတာက ကိုယ်ပဲ၊ ကိုယ် ပျောက်နေလို့ ကိုယ့်ကိုယ်ကို ရှာမှမတွေ့တာလေ၊ အဲဒီတော့ မြတ်စွာဘုရားက ဒီလိုမေးလိုက်တာ။

မေးလိုက်တဲ့အခါကျတော့ သူတို့ စဉ်းစားမိသွားတယ်၊ စဉ်းစားမိတော့ “အရှင်ဘုရား” တဲ့၊ “ကိုယ့်ကိုယ်ကိုရှာတာ အမြတ်ဆုံးပါ” တဲ့။

သတိထားဖွယ်

အဲဒီမှာ မြတ်စွာဘုရားသုံးတဲ့ စကားလုံးက “ယံ ဝေါ အတ္တာနံ ဂဝေသေယျာထ“၊ အဲဒီနေရာမှာ အနောက်တိုင်းက ဘာသာပြန်တဲ့ပုဂ္ဂိုလ်တွေက “မိမိကိုယ်ကို” ဆိုတဲ့ စကားလုံးကို မသုံးဘဲနဲ့ သူတို့က ဘာသွားသုံးတုန်းဆို အမျိုးသမီးကို ရှာတာနဲ့ “အတ္တ” ကို ရှာတာ ဘယ်ဟာမြတ်သလဲဆိုပြီးတော့ သူတို့ဆိုလိုချင်တဲ့ “အတ္တဝါဒ“ကို ဆွဲယူပြီးတော့ ဘာသာပြန်တယ်။

ကြည့် - မြတ်စွာဘုရားဟာ “အနတ္တသမား” မဟုတ်ဘူး၊ “အတ္တသမား” ဆိုပြီးတော့ ဒီလိုပြောတယ်၊ ဘာသာပြန်ပြီးတော့ ဘုရားက “အတ္တ” ကို ရှာခိုင်းတယ်ဆိုပြီးတော့ လုပ်တယ်၊ ဒါကတော့ မဟုတ်မဟပ်ပြောတဲ့ စကားပါ၊ ဒါလည်း သတိထားစရာပေါ့နော်၊ စကားလုံးတူတိုင်း အဓိပ္ပာယ်တူတာမှ မဟုတ်တာ။

မြတ်စွာဘုရား အနတ္တလက္ခဏသုတ် ဟောလာတာပဲ၊ ဘယ်မှာ “အတ္တ” ကို ရှာခိုင်းပါ့မလဲ၊ ကိုယ့်ကိုယ်ကို ရှာခိုင်းတာပါ၊ ဒါက philosophy နဲ့ ပတ်သက်တဲ့ စကားလုံးတစ်ခုပဲလေ။

“အေး မင်းတို့ အမျိုးသမီးရှာမှာလား၊ ကိုယ့်ကိုယ်ကို ရှာမှာလား” ဆိုတော့ သူတို့တွေက သဘောပေါက်သွားတယ်၊ သဘောပေါက်သွားလို့ “တပည့်တော်တို့ ကိုယ့်ကိုယ်ကိုရှာတာ ပိုမြတ်ပါတယ်ဘုရား” ဆိုတော့ “အေး အဲဒါဆိုရင် ထိုင်ကြ၊ ငါ တရားဟောမယ်” ဆိုပြီး မြတ်စွာဘုရားက တရားဟောတယ်။

အနုပုဗ္ဗိကထာ

“အနုပုဗ္ဗိကထာ” ဆိုတဲ့ ဒါနအကြောင်း ဟောတယ်၊ ဒါနအကြောင်းပြီးတော့ သီလအကြောင်း ဟောတယ်၊ သီလအကြောင်း ပြီးတဲ့အခါမှာ နတ်ပြည်ရဲ့ အကြောင်းကို ဟောတယ်၊ အဲဒီနောက် ကာမဂုဏ် အာရုံတွေက ထွက်မြောက်တဲ့ နေက္ခမ္မတရား၊ စျာန် မဂ်ဖိုလ်တရားတို့ရဲ့ အကျိုးကျေးဇူးကို ဟောပြတယ်၊ မြတ်စွာဘုရားက အဆင့်ဆင့် ပြောင်းလဲသွားတဲ့ ဖြစ်စဉ် လေးတစ်ခုကို ဟောတာ။

ကြည့်လေ - ဒါနကထာ ဒါနအကြောင်း ဟောတယ်ဆိုရင် ဒါနလုပ်လို့ရှိရင် ဖြစ်လေရာဘဝမှာ ချမ်းသာတယ်၊ လိုလေသေးမရှိအောင် စည်းစိမ်တွေ ပြည့်စုံနိုင်တယ်လို့ ဒါနအကြောင်း ဟောတယ်၊ အေး ဒါနတွေရှိလို့ စည်းစိမ်ဥစ္စာပြည့်စုံပေမယ့် မလုံလောက်သေးဘူး၊ ပိုက်ဆံတွေတော့ ချမ်းသာပါရဲ့ လူက မကျန်းမာဘူးဆို ခံစားရမှာ မဟုတ်ဘူး၊ ဒါကြောင့်မို့ သီလလေးလည်း လုံခြုံဖို့ကောင်းတယ်၊ သီလလုံခြုံလို့ ရှိရင် နတ်ပြည်ဆိုတာ အလွယ်လေးပဲ ဆိုပြီးတော့ သီလကထာကို ဟောတယ်၊ နတ်ပြည်ဆိုတာ ဘယ်လောက် ချမ်းသာတယ်ဆိုတာ ပြောပြတယ်။

ပြီးတဲ့အခါ ဒါတွေအားလုံးက အလကားတွေပါ၊ ဘယ်လောက် ချမ်းသာချမ်းသာ ကာမဂုဏ်အာရုံတွေဟာ အိပ်မက်တွေပဲ၊ အချိန်မတန်ခင် မနိုးခင်လေးပဲ ကောင်းတာ၊ နိုးသွားရင် အကုန်သွားရော၊ မရှိတော့ဘူး၊ လူတိုင်း လူတိုင်း အိပ်မက်မက်ဖူးတာပဲ လေ၊ အကောင်းမက်နေတဲ့သူက နိုးမှာ ကြောက်နေတယ်၊ နိုးသွားတာနဲ့ တစ်ပြိုင်နက် ဘာမှမရှိဘူး၊ အဲဒီတော့ ဒါတွေဟာ အိပ်မက်တွေပဲ၊ ကာမဂုဏ်အာရုံဆိုတာ အိပ်မက်လိုပဲ၊ အင်မတန် တိုတောင်းတယ်လို့ ကာမဂုဏ်အာရုံတွေရဲ့အပြစ်ကို ဟောပြပြီး နောက်ဆုံးအဲဒါတွေကို ပယ်နိုင်မှ ထာဝရငြိမ်းချမ်းတဲ့ ချမ်းသာသုခကို ရနိုင်မယ်ဆိုတဲ့ ဒီဖြစ်စဉ်လေးတစ်ခုကို မြတ်စွာဘုရားက တစ်ခုပြီးတစ်ခု ဟောသွားတယ်။

သူတို့စိတ်ကလေးတွေက အားတက်သရော ဖြစ်လာတယ်၊ မြတ်စွာဘုရားဟောတဲ့ တရားအပေါ်မှာ စိတ်တွေ တက်ကြွလာတယ်၊ အညစ်အကြေးတွေ ကင်းလာတယ်၊ နာခံနိုင်တဲ့အနေအထားတွေ ရှိလာတယ်။

ဘာနဲ့ ဥပမာတူတုန်းဆို အဝတ်ကလေးတစ်ခု အရောင်ဆိုးတော့မယ်ဆိုလို့ရှိရင် အညစ်အကြေးတွေ ကင်းအောင် အရင်ဖွပ်လိုက်တယ်၊ ဖွပ်ပြီးတော့မှ ကိုယ်ကြိုက်တဲ့အရောင်ကိုဆိုးရင် တောက်ပတဲ့အရောင် ရတယ်၊ မည်းညစ်နေတဲ့ အဝတ်တစ်ခုကို အညစ်အကြေးကို မရှင်းဘဲနဲ့ ကောက်ပြီးတော့ ဆိုးလိုက်မယ်ဆိုလို့ရှိရင် ဒီအဝတ်က ရလာတဲ့ အရောင်ကလည်း ဖြူစင်မှာ မဟုတ်ဘူးပေါ့၊ တောက်ပမှာ မဟုတ်ဘူး။

အဲဒီလိုပဲ သူတို့ရဲ့စိတ်ဓာတ်လေးတွေ ဖြူစင်သွားအောင် မြတ်စွာဘုရားက မှတ်လွယ်တဲ့ တရားတွေ အရင်ဟောပြီး စိတ်ကို ဖြူစင်အောင် လေ့ကျင့်ပေးလိုက်ပြီးတဲ့အခါ သူတို့စိတ်တွေ ကြံ့ခိုင်လာပြီဆိုတော့မှ သစ္စာလေးပါး အမြင့်တရားကို ဟောလိုက်တယ်။

“ဒုက္ခ၊ သမုဒယ၊ မဂ္ဂ၊ နိရောဓ” ဆိုတာကို ဟောလိုက်တဲ့အခါ ဘွားကနဲ သူတို့အသိဉာဏ်တွေ၊ ဓမ္မစက္ခုတွေ၊ တရားနဲ့ပတ်သက်တဲ့ မျက်စိတွေ ရရှိသွားပြီး တရားကို မြင်လာကြတယ်၊ မြတ်စွာဘုရားကို တောင်းပန်ကြတယ်၊ “တပည့်တော်တို့ သင်္ကန်းဝတ်ပါရစေ ဘုရား“၊ ဟိုအမျိုးသမီးရှာတဲ့ကိစ္စ မေ့သွားပြီနော်၊ “ကာမေသနာ” ဆိုတာကို ရပ်လိုက်ပြီ၊ ရပ်ပြီးတဲ့အခါမှာ “ဗြဟ္မစရိယေသန” ဆိုတဲ့ မြတ်သောအကျင့်ကို ကျင့်မယ်လို့ ရဟန်းအဖြစ်ကို တောင်းဆိုကြလို့ မြတ်စွာဘုရားက ရဟန်းခံပေးလိုက်တယ်။

ရဟန်းဖြစ်တော့လည်း သူတို့ညီအစ်ကို(၃၀)ဟာ အတူတူနေကြတယ်၊ ဘယ်သွားနေတုန်းဆို ပါဝါပြည်ကို သွားနေကြတယ်၊ သူတို့ကို နောက်ပိုင်းကျတော့ “ပါဝေယျက” ရဟန်း(၃၀)လို့ ခေါ်တယ်၊ “ကထိန်” ဆိုတာ သူတို့ကို အကြောင်းပြုပြီး ခွင့်ပြုပေးတာနော်။

နောက်ဆုံး သူတို့ဟာ မြတ်စွာဘုရားနဲ့ ဘယ်မှာ ထပ်တွေ့တုန်းဆိုတော့ အဲဒီပါဝေယျကရဟန်းတွေဟာ ပါဝါပြည်ကနေ မြတ်စွာဘုရားဆီ လာကြတယ်၊ သူတို့ သာဝတ္ထိပြည် မြတ်စွာဘုရားဆီလာတဲ့အခါမှ ကထိန်နဲ့ ပတ်သက်ပြီးတော့ သူတို့ကို ခွင့်ပြုတယ်၊ ပြီးတော့ မြတ်စွာဘုရားက အနမတဂ္ဂသုတ် ကိုဟောပေးတယ်။

“အနမတဂ္ဂ” ဆိုတာ သံသရာဟာ အလွန်ရှည်တယ်ပေါ့။ မသိနိုင်တဲ့အစရှိတယ်၊ အဲဒီလောက် ရှည်နေတဲ့ သံသရာထဲမှာ ဒုက္ခတွေဆိုတာ ခံစားခဲ့ဖူးပြီ၊ ဒါကြောင့်မို့ သံသရာကြီးကနေ ငြီးငွေ့ဖို့ ကောင်းလှပြီဆိုတဲ့ “အနမတဂ္ဂ” ဆိုတဲ့ ဒေသနာကို သူတို့ကို ဟောတာ၊ သူတို့ရဲ့ ဝိပဿနာဉာဏ်စွမ်းအားတွေကို တိုးမြှင့်ပေးဖို့ ဘုရားကဟောတာ။

ဒါကြောင့်မို့လို့ တရားအားထုတ်တယ်ဆိုတာ ဒီအတိုင်းချည်းပဲ မှိတ်ပြီးတော့ ဒါတွေပဲ ရှုတာချည်း လုပ်နေလို့ မရဘူး၊ စိတ်ကို ပြင်ပေးရသေးတယ်၊ သံသရာက ငြီးငွေ့တဲ့စိတ်တွေကို အများကြီးလုပ်ပေးရတယ်၊ တွန်းပေးရတယ်၊ ဆင်ခြင်ရတယ်၊ သုံးသပ်ရတယ်၊ အဲဒီလို မဟုတ်ဘဲနဲ့ တရားထိုင် ဟိုစဉ်းစား ဒီစဉ်းစား၊ သမာဓိလေး နည်းနည်းပါးပါး ရလာတဲ့အခါ အဟုတ်ကြီးထင်၊ အဲဒီလိုတွေ ဖြစ်ပြီးတော့ ဘာတွေ ဝင်လာတုန်းဆို မာန်မာနတွေ ဝင်လာတယ်၊ “ငါက တရားသိတယ်၊ ကျန်တဲ့သူတွေ တရားမသိဘူး” လို့ ဖြစ်လာတယ်၊ အဲဒီလိုတွေ ဖြစ်တတ်တယ်၊ မဟုတ်ဘူး ဆင်ခြင်ပေးရတယ်၊ ဝိပဿနာဉာဏ် ရင့်သန်လာအောင် တရားဆိုတာ အလွတ်လည်း ဆင်ခြင်ပေးရတယ်။

ကြည့်လေ အနမတဂ္ဂသုတ် ဆိုတာ သူတို့ရဲ့ ဝိပဿနာစွမ်းအားတွေ ရင့်သန်လာအောင် ဆင်ခြင်ပေးတာ၊ “သံသရာဆိုတာ ကြာလှပြီ၊ ဒီလောက်ကြာတဲ့ သံသရာကြီးတို့ ငြီးငွေ့ထိုက်ပြီ“၊ ဘုရားက ဟောတယ်၊ သူတို့ကို “မင်းတို့မှာ သံသရာကြီးကို ပြန်ကြည့်လိုက်၊ ဒီ့ပြင်ဟာ မကြည့်နဲ့ ခေါင်းအဖြတ်ခံရလို့ သေရတဲ့ ဘဝတွေကိုပဲကြည့်- ဇက်ပြတ်လို့ခန္ဓာကိုယ်က ထွက်လာတဲ့ သွေးတွေဟာ ပင်လယ်သမုဒ္ဒရာထက် များသေးတယ်“တဲ့၊ “တစ်ဘဝတင် မဟုတ်ဘူး၊ ဇက်ပြတ်ပြီးတော့ သေခဲ့ရလို့ ထွက်ခဲ့ရတဲ့ သွေးတွေဟာ ပင်လယ်ထဲက ရေထက် များတယ် ဆိုတာကို မင်းတို့ တွေးကြည့် ဆင်ခြင်ကြည့်“တဲ့၊ ရဟန်းတွေကို မေးတယ်၊ “ဘယ်ဟာက များမယ်ထင်တုန်း” လို့၊ “အရှင်ဘုရား” တဲ့၊ “အရှင်ဘုရား ဟောတဲ့တရားတွေကို တပည့်တော်တို့ သဘောပေါက်ပါတယ်၊ သံသရာဆိုတာ အလွန်ကြာနေပြီဖြစ်တော့ ဇက်ပြတ်လို့ သေတဲ့ဘဝတွေက ထွက်လာတဲ့ သွေးတွေကို အကယ်၍ စုဆောင်းထားမယ်ဆိုရင် ပင်လယ်ရေထက် များပါသေးတယ်” လို့ ဒီလိုပြောတယ်၊ ဒီလိုဝန်ခံကြတယ်။

ဒါ သူတို့နဲ့တင် ဆိုင်တာမဟုတ်ဘူး၊ ဘုန်းကြီးတို့တစ်တွေနဲ့လည်း ဆိုင်တယ်နော်၊ သံသရာဆိုတာ ကြာလှပြီ၊ ကြာလှသည့်အတွက်ကြောင့် ဒီ့ပြင်နည်းနဲ့ သေတာမဟုတ်ဘူး၊ ဇက်အဖြတ်ခံရလို့ သေဆုံးခြင်းကြောင့် ထွက်လာတဲ့သွေးတွေဟာ ပင်လယ်ထက်မက များနေတယ်လို့ မြတ်စွာဘုရားက ရှင်းပြတယ်၊ အေး နွားဖြစ်တုန်းက ဇက်ကို အလှီးခံရလို့ထွက်တဲ့သွေးတွေ ပင်လယ်ထဲရေထက်များတယ်၊ ဆိတ်ဖြစ်တုန်းက လည်လှီးခံခဲ့ရတဲ့သွေးတွေ၊ သိုးဖြစ်တုန်းက လည်လှီးခံခဲ့ရတဲ့ သွေးတွေ၊ ကြက်ဖြစ်တုန်းက လည်လှီးသတ်ဖြတ်ခံခဲ့ရတဲ့သွေးတွေ၊ ဝက်ဖြစ်တုန်းက လည်လှီးခံ သတ်ဖြတ်ခံခဲ့ရတဲ့သွေးတွေ၊ အဲဒီသွေးတွေဟာ သမုဒ္ဒရာကြီးတစ်ခုထဲက ရေထက်တောင် များသေးတယ်တဲ့။ ဒါကြောင့်မို့ သံသရာဆိုတာ ငြီးငွေ့သင့်ပြီလို့ အနမတဂ္ဂဒေသနာမှာ မြတ်စွာဘုရားက ဒီလို ဟောလိုက်တယ်။

ဟောလိုက်ပြီး “အလ မေဝ နိဗ္ဗိန္ဒိတုံ အလံ ဝိရဇ္ဇတုံ” သင်္ခါရတွေပေါ်မှာ ငြီးငွေ့ဖို့၊ တပ်မက်ခြင်း ကင်းဖို့၊ နောက်ဆုံးမှာ ဒီသင်္ခါရတွေက လွတ်အောင် လုပ်ဖို့ အချိန်တန်ပြီလို့ သူတို့ရဲ့ ဝိပဿနာဉာဏ်ကို ရင့်သန်လာအောင် စဉ်းစားခိုင်းတာ။

အဲဒီလို စဉ်းစားခိုင်းတဲ့ အနမတဂ္ဂဒေသနာကို နာရင်းနာရင်းနဲ့ လက်တွေ့လည်း သူတို့စဉ်းစားတယ်၊ ဘုရားက စဉ်းစားခိုင်းတဲ့အချိန်မှာ သူတို့စဉ်းစားတာပဲ၊ တရားနာရင်း စဉ်းစားဆင်ခြင်လိုက်တယ်၊ “ဟုတ်တယ်၊ ဒုက္ခတွေခံခဲ့ရတာ များလှပြီ၊ ဘဝပေါင်းက မရေမတွက်နိုင်အောင်ဆိုတော့ ဒီဒုက္ခတွေကလည်း မရေမတွက်နိုင်ဘူး၊ တို့တစ်တွေ ငြီးငွေ့သင့်ပြီ” ဆိုတာကို ဆင်ခြင်စဉ်းစားရင်း စဉ်းစားရင်းနဲ့ ဝိပဿနာဉာဏ်စွမ်းအားတွေ အရှိန်တက်လာပြီး နောက်ဆုံးမှာ သူတို့ဟာ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရောက်ရှိလို့ သွားကြတယ်။

ဒီသုတ္တန်လည်းဆုံးရော အဲဒီ ပါဝေယျက ရဟန်းတွေ (ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်ဟာ ကိုယ့်ကိုယ်ကို ရှာတာ မြတ်ပါတယ်လို့ အမြင်မှန်ရလာတဲ့အချိန်ကစပြီး ရှာလိုက်တာ အနမတဂ္ဂသုတ္တန်ကို ကြားနာပြီးတဲ့အဆုံးမှာ) အားလုံး ရဟန္တာ ဖြစ်သွားကြတယ်တဲ့၊ အဲဒီမှာ ရှာဖွေခြင်းအားလုံးဟာ ပြီးဆုံးသွားတယ်။

သူတို့ရလိုက်တာ ဘာလဲဆိုရင် - တဏှာတွေ အားလုံးကို ကုန်ဆုံးသွားစေတဲ့, ဆင်းရဲဒုက္ခတွေအားလုံး ကို အပြီးသတ်စေတဲ့, ရှာဖွေမှုအားလုံးကို အပြီးသတ်သွားစေတဲ့ အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုတာကို ရလိုက်တယ်၊ နိဗ္ဗာန်ကို ရလိုက်တယ်။

ဒါကြောင့်မို့ ဘုန်းကြီးတို့ ဘာတွေရှာနေလို့ ဘာတွေရကြမလဲ၊ ဘာတွေ ရှာရမလဲဆိုတာ မြတ်စွာဘုရား ဟောတဲ့ တရားလမ်းကြောင်းအတိုင်း ကြည့်မယ်ဆိုရင် “တို့ရှာနေတာတွေဟာ Ignoble Quest မမြင့်မြတ်တာတွေ ရှာနေတယ်၊ ဒါတွေပဲ တစ်သက်လုံး ရှာနေလို့ရှိရင်တော့ သံသရာကြီးထဲက လွတ်မှာမဟုတ်ဘူး၊ မြင့်မြတ်တဲ့ ရှာဖွေခြင်းမျိုးနဲ့ တို့တစ်တွေ ရှာမှ ဖြစ်မယ်” လို့ အသိတရား ရရှိပြီးတော့ Noble Quest ဆိုတဲ့ မြင့်မြတ်တဲ့ရှာဖွေမှုကိုသာ ရှာဖွေပြီး နောက်ဆုံး အိုခြင်းကင်းရာ နာခြင်းကင်းရာ သေခြင်းကင်းရာ ပူပန်မှုအားလုံး ကင်းငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ရရှိကြမှာလို့ ကိုယ်စီကိုယ်ငှ နားလည်ကြပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

n3grpmrmndzy38jpmge8b4sz3blmmg4
ပုဗ္ဗဏှသုတ် အနှစ်ချုပ်
0
5883
22156
21660
2026-06-15T03:27:56Z
Tejinda
173
22156
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ပုဗ္ဗဏှသုတ် အနှစ်ချုပ်
| previous = [[ရှာဖွေခြင်းနှင့် ရရှိခြင်း]]
| previous2 =
| next = [[န စ သော၊ န စ အညော]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ပုဗ္ဗဏှသုတ် အနှစ်ချုပ်

သာသနာတော်နှစ် ၂၅၅၅ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၃-ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (၁၂-၁၀-၂၀၁၁) မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၈)ရပ်ကွက်၊ စိန်ရတု ရွှေစင်သိန်း ဓမ္မဗိမာန်တော်အတွင်း ကိန်းဝပ်စံပယ် တော်မူသည့် အေးချမ်းအောင်မြင် မြတ်ဗောရှင် မြတ်စွာဘုရား ၏ ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲအဖြစ်ဖြင့် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်းအနားဝယ် မန္တလေးမြို့၊ ၂၆၊ ဘုရင့်နောင်လမ်း၊ ပွဲကုန်းလမ်းမတန်းနေ ရွှေစင်သိန်းပွဲရုံ စိန်ရတုရွှေစင်သိန်း ဓမ္မဗိမာန် အလှူရှင် ကွယ်လွန်သူ ဦးသိန်းမောင်အားရည်စူး၍ ဒေါ်ဒေါ်သန်း သားသမီးမြေးတစ်စု မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား အပ်သော “ပုဗ္ဗဏှသုတ် အနှစ်ချုပ်” တရားဒေသနာတော်။

ပုဗ္ဗဏှသုတ်ကို ပရိတ်ကြီး(၁၁)သုတ်ထဲမှာပါလို့ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေ ကြားဖူးကြတယ်။ တချို့လည်း အလွတ်ရနေကြတယ်။ နံနက်မိုးသောက်ချိန် လေးမှာ ရွတ်ဖတ်သရဇ္ဈာယ်ပြီး အာရုံပြုလို့ကောင်းတဲ့ သုတ္တန်တစ်ခု။ ရှေးဆရာတော်တွေက ဂါထာပုဒ်ပေါင်း (၁၉)ပုဒ်နဲ့ ပုဗ္ဗဏှသုတ်ကိုဖွဲ့စည်းပြီး ဖော်ပြထားတယ်။

ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ငယ်စဉ် တောင်ကျေး ကလေးဘဝကစပြီး “ပရိတ္တ“လို့ခေါ်တဲ့ အန္တရာယ်ကို ကင်းရှင်းစေနိုင်တဲ့ မြတ်စွာဘုရား တရားတော်တွေကို ကျက်မှတ်ကြတယ်။ အခါ အားလျော်စွာ ပရိတ်တရားတော်ကို နာယူကြတယ်၊ ရွတ်ဖတ်ကြတယ်၊ သရဇ္ဈာယ်ကြတယ်။ အဲဒီလို ရွတ်ဖတ်သရဇ္ဈာယ် နာယူကြတဲ့ ပရိတ်တရားတော်တွေ ရဲ့ အဓိပ္ပာယ်တွေကို ရှင်းရှင်းလင်းလင်းသိဖို့ အင်မတန် မှ အရေးကြီးတယ်။ ရှင်းရှင်းလင်းလင်းသိရင် ဒီ ပရိတ် တရားတော်တွေထဲမှာ နိဗ္ဗာန်ရောက်ကြောင်း အကျင့် တရားတွေ မြတ်စွာဘုရားက ဟောထားတယ်။ အဲဒါ ကြောင့် ပရိတ်တရားတော်ဆိုတာ နာယူရုံတင်မကဘူး၊ နာယူမှတ်သားပြီးတော့ လိုက်နာကျင့်သုံးကြမယ်ဆိုရင် မျက်မှောက်ဘဝမှာလည်း ကောင်းကျိုးချမ်းသာတွေကို ရမယ်။ တမလွန် ဘဝမှာလည်း ကောင်းကျိုးချမ်းသာ တွေ ရနိုင်တယ်။ နောက်ဆုံး နိဗ္ဗာန်တိုင် မျက်မှောက် ပြုနိုင်အောင် အကျိုးရှိမှာဖြစ်တယ်။

ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားတွေဟာ ယုံကြည်ရုံသက်သက်နဲ့ မှတ်သားရမယ့်တရားမျိုးတွေ မဟုတ်ဘူး။ သဘောပေါက်နားလည်ရမယ့် တရားတွေ ဖြစ်တယ်။ ဒါကြောင့်မို့ မဂ္ဂင်ရှစ်ပါးထဲမှာဆိုရင် မြတ်စွာ ဘုရားက သမ္မာဒိဋ္ဌိ မှန်မှန်ကန်ကန်မြင်ခြင်း ဆိုတဲ့ အသိဉာဏ်ဟာ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် အရေးကြီးဆုံးအရာတစ်ခုဖြစ်တယ်။ နားလည်သဘော ပေါက်မှ ပိုပြီး ကောင်းကျိုးချမ်းသာတွေ ရနိုင်တယ်။ ဒါကြောင့်မို့ ဘာသာရေးကိစ္စ ဆောင်ရွက်တဲ့အခါမှာ အခြား ဘာသာတွေနဲ့ မတူဘူး။ ဗုဒ္ဓဘာသာရဲ့ ဆောင်ရွက်မှုက နားလည်မှုအပေါ်မှာ အခြေခံတယ်။ ဒါကြောင့်မို့ အရာခပ်သိမ်းကို နားလည်အောင်ကြိုးစား ကြရတယ်။

ဒီ ပုဗ္ဗဏှသုတ်မှာ ဂါထာပုဒ်ပေါင်း (၁၉)ပုဒ် ရှိတယ်။ “သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ” စတဲ့ဂါထာတွေကို မြတ်စွာဘုရားဟောခဲ့တယ်။ ရှေ့ပိုင်း က ဂါထာတွေကတော့ ရှေးပညာရှိ ဆရာတော်ကြီး တွေ နံနက်မိုးသောက်ချိန်မှာ ရွတ်ဖတ်ပူဇော်ပြီး ဘုရားကိုအာရုံပြုလို့ နံနက်ခင်းကာလမှာ ကောင်းကျိုး ချမ်းသာတွေရဖို့၊ နေ့လယ်ခင်းကာလမှာ၊ ညနေခင်း ကာလမှာ ကောင်းကျိုးချမ်းသာတွေရဖို့ဆိုတဲ့ တစ်နေ့ တာကာလ ဖြတ်သန်းချိန်မှာ အကောင်းနဲ့ပဲ ဖြတ်သန်း ဖို့ရာအတွက် လမ်းညွှန်မှုပြုတဲ့သဘောပဲ။

ဒါကြောင့်မို့ လူဆိုတာ ၂၄ နာရီ နေ့စဉ်နဲ့အမျှ ဖြတ်သန်းပြီး နေကြရတယ်။ အခု ဘုန်းကြီးတို့တစ်တွေ ညအခါမှာ နားနေအိပ်စက်ပြီး နံနက်မိုးသောက် အလင်းရောက်တဲ့ အချိန်ကစပြီးတော့ နံနက်ပိုင်း၊ နေ့လယ်ပိုင်း၊ ညနေပိုင်းဆိုတဲ့ အပိုင်းသုံးပိုင်းကို ဖြတ်သန်းရတယ်။ ဒီလို ဖြတ်သန်းတဲ့အခါမှာ ဘယ်လို ပုံစံနဲ့ ဖြတ်သန်းရမယ်၊ ဘယ်လိုနေရမယ်၊ ဘယ်လို ထိုင်ရမယ်ဆိုတာ ဒီသုတ္တန်ထဲမှာ လမ်းညွှန်ထားတာ ရှိတယ်။ အဲဒီ လမ်းညွှန်ချက်အတိုင်း လိုက်နာကျင့်သုံးနိုင်မယ် ဆိုလို့ရှိရင် မျက်မှောက် ဘဝမှာလည်း ကောင်းကျိုးချမ်းသာတွေကို ရနိုင်တယ်။ တမလွန်ဘဝ မှာလည်း ကောင်းကျိုးချမ်းသာတွေ ရနိုင်တယ်။ နောက်ဆုံးမှာ နိဗ္ဗာန်တိုင် ရောက်ရှိနိုင်တယ်တဲ့။ အဲဒီလို နည်းစနစ်ကောင်းတွေ ညွှန်ပြထားတာ လူတွေဟာသိဖို့ အင်မတန်မှ အရေးကြီးတယ်။

သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘဝတစ်ခုကို ဖြတ်သန်းပြီးတော့ အချိန်ကုန်ကြရမှာတော့ အတူတူပဲ။ သို့သော် ဖြတ်သန်းပြီး အချိန်ကုန်တာချင်း တူပေ မယ့်လို့ အကျိုးရှိတဲ့လူ၊ အကျိုးမရှိတဲ့လူဆိုတာ နှစ်မျိုး ဖြစ်သွားတယ်။ ကောင်းကျိုး ချမ်းသာတွေကိုရအောင် ယူနိုင်တဲ့ပုဂ္ဂိုလ်ဟာ တကယ် လူလိမ္မာ ပညာရှိလို့ ခေါ်တယ်။ ကိုယ့်ဘဝခရီးမှာ ကောင်းကျိုးချမ်းသာ တွေကို ရအောင်မယူနိုင်ဘူးဆိုလို့ရှိရင် ဘဝတစ်ခု ဆုံးရှုံးနစ်နာတာပေါ့။

ဒါကြောင့်မို့ ဒီလို တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ ယူနိုင်အောင်၊ ယူတတ်အောင်လို့ ဆိုပြီးတော့ စာပေ တွေ သင်ယူကြရတယ်၊ တရားဓမ္မတွေ နာကြားကြရ တယ်။ ဘယ်အရာက အရေးကြီးတယ်၊ ဘယ်အရာက အရေးမကြီးဘူး၊ ဘယ်ဟာက တန်ဖိုးရှိတယ်၊ ဘယ် ဟာက တန်ဖိုးမရှိဘူး သိအောင်လုပ်ကြရတယ်။

လောကလူတွေဟာ ပစ္စည်းဥစ္စာနဲ့ ပတ်သက်ပြီး ခွဲခြားဝေဖန်တတ်ကြတယ်။ သို့သော် ကိုယ့်ရင်ထဲ နှလုံးထဲမှာ ဖြစ်စေရမယ့် တရားနဲ့ပတ်သက်ပြီး ခွဲခြား သိတဲ့ပုဂ္ဂိုလ်ဟာ အလွန်နည်းတယ်။ ဒါကြောင့်မို့ မှန်မှန် ကန်ကန် သိရှိနားလည်ဖို့ မြတ်စွာဘုရားဟောကြားတဲ့ တရားတွေ ကြားနာကြရတယ်၊ မှတ်သားကြရတယ်၊ ဗဟုသုတ ဆည်းပူးကြရတယ်။

ပုဗ္ဗဏှ ဆိုတာ နံနက်ခင်းလို့ အဓိပ္ပာယ်ရတယ်။ နံနက်ခင်းမှာ ကောင်းသော နံနက်ခင်းဖြစ်ဖို့ အရေးကြီးတယ်။ လူတိုင်းမှာ ကောင်းသောနံနက်ခင်း ဖြစ်သလားဆိုတော့ မဖြစ်ဘူး။ အိပ်ရာက နိုးထလာတဲ့အချိန်ကစပြီးတော့ နှုတ်ခမ်း ကြီးစူလို့ မျက်နှာကြီး အောက်သိုးသိုးနဲ့နေတဲ့ပုဂ္ဂိုလ် ဘယ်လိုလုပ် ကောင်းသောနံနက်ခင်းဖြစ်မလဲ။ မဖြစ် နိုင်ဘူး။ သောကတွေ ရင်ထဲမှာ ပူလောင်မှုတွေနဲ့ စိုးရိမ်မှုတွေနဲ့ နံနက်ခင်းတစ်ခုကို ဖြတ်သန်းမယ်ဆိုရင် ဘယ်လိုလုပ် ကောင်းသောနံနက်ခင်းဖြစ်မလဲ။ အဲဒီ တော့ ကောင်းသောနံနက်ခင်း ဖြစ်ဖို့အတွက် စိတ် ချမ်းသာ ကိုယ်ချမ်းသာနဲ့ ကိုယ့်ရင်ထဲ နှလုံးထဲမှာ အပြစ်ကင်းတဲ့ သဘာဝတရားတွေဖြစ်အောင်လုပ်နိုင်မှ ကောင်းသောနံနက်ခင်းဆိုတာ ဖြစ်တာပေါ့။

လူတွေဆိုတာ နံနက်မိုးလင်းလာလို့ရှိရင် နံပါတ် (၁) ဘာလုပ်မယ်ဆိုတာ တွေးကြတယ်။ အာရုံတစ်ခု ပေါ်မှာ တွေးကြတယ်။ စိတ်အလုပ်လုပ်တယ်။ တွေးပြီး ရင် ဘာလုပ်လဲ ပြောကြတယ်။ ပြောပြီးရင် ဘာလုပ် လဲ၊ ကိုယ်ထိလက်ရောက် လုပ်ကိုင်ကြတယ်။ ပထမ စိတ်ကူးတယ်၊ ဒုတိယ နှုတ်က ထုတ်ပြောတယ်၊ တတိယက ကိုယ်ဖြင့်လုပ်တယ်။ ပြောလိုတာက ကာယ ကံ၊ ဝစီကံ၊ မနောကံ ဆိုတဲ့အထဲမယ် မနောကံဆိုတာ စတင်ပြီးတော့ ဖြစ်လာတယ်။ မနောကံ ဖြစ်ပြီးရင် ဝစီကံဖြစ်တယ်။ ဝစီကံဖြစ်ပြီးရင် ကာယကံဖြစ်တယ်။ ကာယကံ၊ ဝစီကံ၊ မနောကံ လို့ဆိုတဲ့ ဒီကံသုံးပါးနဲ့ လှုပ်ရှားဆောင်ရွက်မှုတွေအတွက် ကိုယ့်အတွက် ကောင်းကျိုးချမ်းသာတွေကို ရစေနိုင်တဲ့ အလုပ်တွေ ဖြစ်ပါမှ ကောင်းသောနံနက်ခင်း ဖြစ်မယ်။ အဲဒီလို မဟုတ်ဘဲနဲ့ နံနက်ခင်း ဖြတ်သန်းတဲ့အခါမှာ မကောင်း တဲ့စိတ်တွေ၊ မကောင်းတဲ့အတွေးတွေ၊ မကောင်းတဲ့ အပြောတွေ၊ မကောင်းတဲ့အလုပ်တွေနဲ့ ဖြတ်သန်းသွား လို့ရှိရင် ဒီနံနက်ခင်းဟာ အရုပ်ဆိုး အကျည်းတန်ပြီး ကိုယ့်အတွက် အကျိုးမဲ့ဖြစ်စေနိုင်တဲ့ နံနက်ခင်းလေး ဖြစ်သွားတာပေါ့။ အဲဒီလိုပဲ နေ့လယ်ခင်းတို့၊ ညနေခင်း တို့ဆိုတာလဲ ကောင်းသောနေ့လယ်ခင်း၊ ကောင်းသော ညနေခင်းဖြစ်ဖို့ လိုအပ်တယ်ပေါ့။

နိုင်ငံခြားသားတွေ အနောက်တိုင်းကလူတွေက ဗမာတွေကတော့ ဒီလိုသတ်မှတ်ပြီးပြောတာ မရှိဘူး၊ အနောက်တိုင်းကလူတွေက တစ်ဦးနဲ့တစ်ဦး မိတ်ဆွေ တွေ နံနက်ပိုင်းမှာတွေ့လို့ရှိရင် Good Morning

ကောင်းသောနံနက်ခင်းလို့နှုတ်ဆက်ကြတယ်။ တကယ် ကောင်းသောနံနက်ခင်း ဖြစ်ဖို့ရာအတွက် နည်းစနစ် ကိုတော့ မြတ်စွာဘုရားက ဟောထားတယ်။ ဘယ်လိုမှ ကောင်းသောနံနက်ခင်းဖြစ်တယ်၊ အဲဒီမှာ တကယ့်ကို ကောင်းတဲ့နံနက်ခင်း ဖြစ်ဖို့အတွက် ဒီ ပုဗ္ဗဏှသုတ် ထဲမှာလာတဲ့ ကျင့်စဉ်တွေကို ကျင့်ဖို့လိုတယ်။

နံနက်မိုးသောက် အလင်းရောက်လို့ အိပ်ရာက နိုးထလာတဲ့အချိန် လူတွေဟာ အိပ်စက်နားနေတဲ့ အချိန် ဘာတွေဖြစ်တတ်တုန်းဆိုတော့ အိပ်မက်မက် တတ်တယ်၊ အဲဒီလို အိပ်မက်မက်တဲ့အခါမှာ ကောင်းတဲ့ အိပ်မက်ရှိသလို မကောင်းတဲ့အိပ်မက်တွေလဲ ရှိတတ် တယ်။ အဲဒီလို အိပ်မက်နဲ့ပတ်သက်ပြီးတော့ အကောင်း အဆိုးဆိုတာ ဘာကိုပြောတာတုန်းလဲဆို အိပ်မက်ထဲမှာ ကြောက်စရာ လန့်စရာ ကိုယ်မဖြစ်ချင်တာတွေဖြစ်ရ တယ်၊ အိပ်မက်ထဲမှာ မက်လို့ရှိရင် ဒါ မကောင်းတဲ့ အိပ်မက်လို့ သတ်မှတ်ကြတယ်။ ကောင်းတဲ့အိပ်မက် ဆိုတာ ကောင်းတဲ့အာရုံတွေကိုမြင်ပြီးတော့ မက်တဲ့ အိပ်မက်မျိုး ကောင်းတဲ့အိပ်မက်။ တချို့ အိပ်မက်ဆိုတဲ့ နေရာမှာ တချို့အိပ်မက်တွေက အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေတယ်။ တချို့ အိပ်မက်တွေက အကျိုး သက်ရောက်မှု မဖြစ်စေဘူး။ အိပ်မက်တိုင်းဟာ ကောင်းကျိုး ဆိုးကျိုးကို ဖန်တီးတာ မဟုတ်ဘူး။ ကောင်းကျိုးဆိုးကျိုး ဖန်တီးနိုင်တဲ့ အိပ်မက်ဆိုတာ ရှိတယ်ပေါ့။ ပုဗ္ဗနိမိတ်နဲ့ မက်တာမျိုးတွေ၊ အဲဒီလို ပုဗ္ဗ နိမိတ်နဲ့ မက်တာမျိုးကျရင် ကောင်းကျိုး ဆိုးကျိုးတွေ လာတတ်တယ်။ အဲဒီလိုလာတဲ့အခါမှာ လူတွေဟာ ဘာလုပ်ကြတုန်း၊ ဗေဒင်ဆရာဆီသွားပြီး ယတြာချေ တာတို့ ဘာတို့လုပ်တယ်။

အဲဒီလို လုပ်မယ့်အစား မြတ်စွာဘုရားက ဒီ ပုဗ္ဗဏှသုတ်မှာ နည်းလမ်း ပေးထားတာလေးကို မှတ်သားဖို့ လိုအပ်တယ်။ ကိုယ့်ရင်ထဲ နှလုံးထဲက ကောင်းပြီဆိုလို့ရှိရင် ရင်ထဲ နှလုံးထဲက သန့်စင်ပြီးတော့ ကောင်းတဲ့အတွေးတွေ ရှိလာပြီ၊ ကောင်းတဲ့စိတ်ဓာတ် တွေ ကိန်းဝပ်လာပြီ ဆိုလို့ရှိရင် အဲဒီ ကောင်းတဲ့ အတွေးတွေ၊ ကောင်းတဲ့ ကုသိုလ် စိတ်ဓာတ်တွေက မကောင်းမှုတွေကို ဖယ်ရှားနိုင်ပါတယ်။ ဖယ်ရှားနိုင်တဲ့ စွမ်းအားရှိတယ်လို့ ယုံကြည်ရမယ်။

ဒါကြောင့်မို့လို့ လူတွေမှာ ကြုံတွေ့တတ်တာတွေ ရှိတယ်။ တစ်ခါတစ်လေကျတော့ အတိတ်နိမိတ် မကောင်းဘူးလို့ ဒီလိုပြောလေ့ရှိကြတယ်ပေါ့။ တစ်ခါ တစ်လေကျတော့ မင်္ဂလာမရှိဘူးလို့၊ မင်္ဂလာမရှိတာ တွေ့ရတယ်လို့ လောကမင်္ဂလာလို့ သတ်မှတ်တာ ဘုရားက သတ်မှတ်ပေးတာ မဟုတ်ဘူး။ မြတ်စွာဘုရား သတ်မှတ်ပေးတာက ၃၈ ဖြာမင်္ဂလာဆိုတာ ကောင်းတဲ့ အလုပ်တွေနဲ့ ပတ်သက်တာတွေချည်းပဲ။

လောကလူတွေက မင်္ဂလာဆိုတာ ပညတ်သွားရာ ဓာတ်သက်ပါဆိုပြီး ခုခေတ်ဆို ပိုပြီးတော့ များလာ တယ်။ ကြာပန်းကို ဘုရားလှူရင် ကြန့်ကြာတယ်လို့၊ ပန်းသီးကိုလှူရင် ပန်းတယ်လို့ ဒီလိုဟာမျိုးတွေ လူတွေ မှာ တွေးတောလာတာမျိုးတွေရှိတယ်။ နေ့ချင်းညချင်း ကြီးပွားအောင် ဂျင်းကို ဘုရားလှူတယ်၊ ကြံပင်စိုက်တယ် အကြံအောင်ချင်လို့။ ဒါတွေက လောကီမင်္ဂလာ လို့ခေါ်တယ်။ ကောင်းကျိုးချမ်းသာကို ပေးနိုင်တဲ့ အနေအထားမရှိဘူး။ လူတွေက စိတ်ဖြေတာပဲရှိတယ်။

တကယ် ကောင်းကျိုးချမ်းသာ ပေးနိုင်တာက ကိုယ့်ရင်ထဲ နှလုံးထဲရှိတဲ့ သဘာဝတရားဟာ ကောင်းကျိုး ချမ်းသာ ပေးနိုင်တယ်။ အဲဒါကြောင့်မို့လို့ တကယ်ပေးနိုင်တာမဟုတ်ပေမယ့် လူတွေက ယုံကြည် ကြတာပဲ။ လောကလူသားတွေက ဗမာလူမျိုးတွေချည်း ယုံကြည်ကြတာမဟုတ်ဘူး၊ တခြား လူမျိုးတွေလဲ လောကမှာရှိတဲ့ မင်္ဂလာတွေကိုယုံတယ်။ ဗုဒ္ဓဘာသာ လုပ်ပြီးတော့ အဲဒီလို မင်္ဂလာတွေကို ယုံကြည်တယ် ဆိုလို့ရှိရင် မြတ်စွာဘုရားက ဗုဒ္ဓဘာသာ အညံ့စားလို့ သတ်မှတ်တယ်။ ဥပါသကာ ဆိုရင် အညံ့စား ဥပါသကာ၊ ဥပါသကာမဆိုရင် အညံ့စား ဥပါသကာမ။ “မင်္ဂလံ ပစ္စေတိ န ကမ္မံ” မင်္ဂလာကို ယုံကြည်တယ်။ မင်္ဂလာဆိုတာ လောကီမင်္ဂလာကိုပြောတာ။ ကောင်း တာ ကြားရင် မင်္ဂလာရှိတယ်၊ ကောင်းတာ မြင်ရင် မင်္ဂလာရှိတယ်။ ကောင်းတဲ့အနံ့ရရင် မင်္ဂလာရှိတယ်လို့ ဒီလို အမြင်အကြားနဲ့ ပတ်သက်တဲ့ မင်္ဂလာတွေကို စွဲလန်းလို့ရှိရင် အဲဒီပုဂ္ဂိုလ်ဟာ ကံတရားကို မယုံကြည် ရာ ရောက်တယ်ပေါ့။

ဒါကြောင့်မို့ ဗုဒ္ဓဘာသာအစစ်က ကိုယ်လုပ်တဲ့ကံ ကိုယ့်သန္တာန်မှာဖြစ်တဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ကံ တရား၊ နှုတ်က ထုတ်ပြောတဲ့ ကံတရား၊ ကိုယ်ထိ လက်ရောက်လုပ်တဲ့ ကံတရား၊ အဲဒီ ကံတရားကိုသာ လက်ခံယုံကြည်ဖို့ လိုအပ်တယ်။ အပေါ်ယံ အပြော အဆိုလေးတွေနဲ့ မင်္ဂလာရှိတယ်၊ မင်္ဂလာမရှိဘူးဆိုတာ မျိုးတွေက မယုံကြည်ရဘူးလို့။ ဒါကြောင့်မို့ အဲဒီ မင်္ဂလာမရှိဘူးလို့ထင်တဲ့ ကိစ္စတွေ လောကမှာ ဖြစ်ပေါ် လာလို့ရှိရင် အဲဒါတွေ ပပျောက်သွားအောင် မှန်ကန်တဲ့ နည်းစနစ်နဲ့ အခု ဒီပုဗ္ဗဏှသုတ်မှာ ညွှန်ကြားပြီးတော့ ပြထားတာရှိတယ်ပေါ့။

နောက်တစ်ခါ တစ်ခါတရံ မြန်မာလူမျိုးတွေက ငှက်ကို ငှက်ဆိုးလို့သတ်မှတ်တာ၊ နားထဲမှာ ဆူဆူညံညံ ဆိုးဆိုးဝါးဝါး အော်တဲ့ငှက်တွေ ငှက်ဆိုး။ အဲဒီလို ငှက်ဆိုးသံတွေ ကြားရင်လည်းပဲ အတိတ်နိမိတ် မကောင်းဘူးလို့ လူတွေကယူဆတယ်။ ဒါ တစ်ဦးနဲ့ တစ်ဦး ယူဆမှုမတူကြဘူး။ တချို့က ငှက်ဆိုတာ သူ့ ဟာသူ အော်ချင်အော်တတ်တာပဲလေ၊ မြန်မာလူမျိုး တွေကလာကြည့်၊ အိမ်ပေါ် လင်းတနားတယ် ဆိုလို့ ရှိရင် မြန်မာလူမျိုးတွေ တော်တော်ကြောက်ကြတယ်၊ အိန္ဒိယနိုင်ငံသွားကြည့်၊ တိုက်ပေါ်မှာ လင်းတ(ဠင်းတ) ကြီးတွေနားလည်း ဘာမှဂရုမစိုက်ဘူး၊ ကုလားပြည် သွားကြည့်ရင် တိုက်ပေါ်မှာ လင်းတကြီးတွေနားနေကြ တယ်။

မြန်မာလူမျိုးတွေက ယူဆသေးတယ်၊ ဖွတ် တက်ရင် မွဲတယ်တဲ့။ ဘုန်းကြီးတို့ သီဟိုဠ်နေတုန်းက ဘုန်းကြီးတို့နေတဲ့ အဲဒီအိမ်မှာ (ဝါတွင်း ကမ္မဋ္ဌာန်းပြဖို့ သွားနေတဲ့အချိန်) ဖွတ်ကြီး တစ်ကောင်က ညညဆို အမိုးပေါ်တက်အိပ်တယ်၊ အမြဲတန်းပဲ။ နံနက်ကျရင် အဲဒီပေါ်က ဆင်းလာတယ်၊ လူလဲ မကြောက်ဘူး၊ ဘယ်သူကမှလဲ သူ့ကို အန္တရာယ် မပေးဘူး။ ဖွတ်တက် လို့ မွဲမယ်ဆိုရင် အဲဒီအိမ် မွဲမှာပေါ့။ မမွဲဘူး။ ချမ်းသာ လိုက်တာမှ လွန်နေတာပဲ။ သူတို့ဆီမှာ ဖွတ်တက်လို့ မွဲတယ်ဆိုတဲ့ အယူအဆလဲ မရှိဘူး။ လင်းတနားလို့ ဒုက္ခရောက်တယ်ဆိုတဲ့ အယူအဆလည်း မရှိဘူး။ ဒါတွေက အယူအဆနဲ့ ပတ်သက်ပြီး မှန်ကန်မှုမရှိဘူး၊ စွဲလန်းလွန်းလို့ စိတ်စွဲရင် ဥပါဒါန် ဖြစ်တာပဲရှိတယ်။

အဲဒီလို ဥပါဒါန်ဖြစ်လာလို့ရှိရင် ပျောက်ကင်းဖို့ ဆိုတဲ့ဟာတစ်ခုက မှန်ကန်တဲ့နည်းလမ်းတစ်ခုကို ဒီမှာ ပြထားတာရှိတယ်။ အားလုံး ဒီဂါထာကို ကြားလည်း ကြားဖူးကြတယ်၊ နာလည်းနာဖူးကြတယ်။ သံဃာတွေ ရွတ်တာလဲ ကြားဖူးကြလိမ့်မယ်နော်။ အဲဒီ အဓိပ္ပာယ် ကို မှတ်သားကြဖို့ပေါ့။ နံနက်မိုးသောက် အလင်း ရောက်လို့ ကိုယ်စိတ်ထဲမှာ အိပ်မက်မကောင်းတာ မက်ပြီ ဆိုလို့ရှိရင် ဘာလုပ်မလဲ။ ဘုရားကိုရှိခိုး အာရုံ ပြုပြီးတဲ့အခါမှာ

ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊
ယော စာ'မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဗုဒ္ဓါနုဘာဝေန ဝိနာသမေန္တု။

တရားကို အာရုံပြုပြီးတဲ့အခါမှာ “ဓမ္မာနုဘာဝေန ဝိနာသမေန္တု” သံဃာ့ဂုဏ်ကို အာရုံပြုပြီး “သံဃာနုဘာဝေန ဝိနာသမေန္တု” ဆိုတဲ့ ဟောဒီဂါထာ လေးကို ရွတ်ဖတ်ပြီး စိတ်ထဲမှာ နှလုံးသွင်းလိုက်လို့ ကုသိုလ်တွေ ဖြစ်ပေါ်လာလို့ရှိရင် ခုနကပြောတဲ့ အရာတွေအကုန်လုံးဟာ ကြေပျောက်သွားတယ်။

ဘယ်လိုလုပ်ပြီးတော့ ကြေပျောက်တာတုန်းဆိုရင် နှလုံးထဲမှာ မကြည်မလင်ဖြစ်တဲ့ အရာတွေဟာ ဘုရား တရား သံဃာကို အာရုံပြုလိုက်တာနဲ့ ကုသိုလ်တွေ ရသွားပြီး ရင်ထဲ နှလုံးထဲမှာ ကြည်လင်ရွှင်ပျသွားတယ်။ အဲဒီသဘောနဲ့ ပျောက်တာကို ဆိုလိုတာ။

ဒါကြောင့်မို့ “ဒုန္နိမိတ္တံ” ဆိုတာ မကောင်းတဲ့ နိမိတ် တွေ၊ “အဝမင်္ဂလဉ္စ” မင်္ဂလာမရှိတဲ့ အရာတွေ၊
“ယော စာ'မနာပေါ သကုဏဿ သဒ္ဒေါ” နားထောင် ရတာ မနှစ်သက်စရာကောင်းတဲ့ ငှက်ဆိုးရဲ့အသံတွေ၊ “ပါပဂ္ဂဟော” မကောင်းတဲ့ ဂြိုဟ်စီးဇာတာ ကံကြမ္မာ တွေ၊ “ဒုဿုပိနံ အကန္တံ” နှစ်သက်စရာမကောင်းတဲ့ အိပ်မက်ဆိုးတွေ အဲဒီလူတွေရဲ့ စိတ်ထဲမှာ မသန့်တဲ့ မကောင်းဘူးဆိုတဲ့ဟာတွေအားလုံးဟာ မြတ်စွာဘုရား ကို အာရုံပြုပြီးတော့ ရလိုက်တဲ့ ကုသိုလ်ရဲ့စွမ်းအားနဲ့ အားလုံးကြေပျောက်သွားပါစေလို့ ဒီလိုဆိုတာနော်။

အဲဒီလို ဘုရားကိုအာရုံပြုလိုက်လို့ ရတဲ့ ကုသိုလ် ဟာ “ဗုဒ္ဓဿပူဇံ မဟာတေဇဝန္တော” ဆိုတဲ့အတိုင်း စွမ်းအားသတ္တိတွေပြည့်နေတယ်။ ဘုရားကို အာရုံပြု ကြည့်။ အာရုံပြုလိုက်လို့ စိတ်ထဲမှာ ဘုရားဂုဏ်တော် တွေနဲ့ ကြည်နူးလာပြီဆိုရင် အဲဒီကုသိုလ်ဟာ အခု ပြောခဲ့တဲ့ မကောင်းတဲ့အရာတွေ၊ ကိုယ်အလိုမရှိတဲ့ အရာတွေ ကိုယ့်သန္တာန်မှာ မဖြစ်အောင် ကာကွယ် စောင့်ရှောက်ပြီးသား ဖြစ်ပါတယ်တဲ့။ မှန်ကန်တဲ့ နည်းလမ်းနဲ့ပြောတာနော်။ ဒီအတိုင်းလုပ်ရင် ယတြာ ချေပြီးသား ဖြစ်တယ်နော်။

အဲဒီတော့ ယတြာချေတယ်၊ ယတြာချေတယ်နဲ့ လူတွေက များသောအားဖြင့် ဗေဒင်ဆရာဆီသွားပြီး ယတြာချေကြတယ်၊ ယတြာချေတဲ့လုပ်ငန်းက ဗမာ လူမျိုးတွေသာ လုပ်တာမဟုတ်ဘူး၊ တခြားနိုင်ငံတွေမှာ လည်းရှိတယ်။ ကိုယ်ယုံကြည်ရာ လုပ်ကြတယ်။

ဥပမာမယ် ဆိုပါစို့၊ စားနေတုန်း စားပွဲမှာ ထိုင်နေရင်း “ဆားဗူးလေးကို ဒီဘက်ပေးလိုက်စမ်းပါ” လို့ တစ်ဖက်က လှမ်းတောင်းတယ်၊ အဲဒါ လှမ်းတောင်း လို့ တစ်ဖက်က ပေးလိုက်တဲ့အခါမှာ ဆားလေး ဖိတ်သွားလို့ရှိရင် ဒါဟာ ကံမကောင်းဘူးလို့ ယူဆ တယ်။ အဲဒါကို ဘယ်လို ယတြာချေရတုန်းဆိုတော့ ဆားလေးကို အနည်းငယ်ယူပြီး ပခုံးကိုကျော်ပြီးတော့ ဟိုဘက်ကို ပက်လိုက်ရတယ်တဲ့။ အဲလို ပက်လိုက်လို့ ရှိရင် ယတြာကြေတယ်။ သဘာဝကျမကျ ကိုယ့်ဟာ ကိုယ် စဉ်းစားကြည့်လေ။ ဆားဖိတ်တဲ့အပြင် နောက်ထပ် ပြန်ပြီးတော့ပက်တော့ ဆားကုန်တာပဲ ရှိတာပေါ့။

အခုဟာက အဲဒါမျိုးမဟုတ်ဘူး၊ ဘုရားကို အာရုံ ပြုလိုက်တယ်၊ ဘုရားရှိခိုးလိုက်တယ်၊ ဘုရားရှိခိုးလိုက် ရင် စိတ်ထဲမှာကြည်နူးတယ်၊ ဝမ်းသာတယ်၊ ကုသိုလ် တွေရတယ်။ အဲဒီရတဲ့ ကုသိုလ်ရဲ့ စွမ်းအားနဲ့ မကြည် မလင်ဖြစ်နေတဲ့ စိတ်တွေ၊ အိပ်မက်ဆိုးတွေ၊ ကံ မကောင်းဘူးလို့ ဂြိုဟ်မကောင်းဘူးလို့ ဆိုတာတွေဟာ ပျောက်မသွားပေဘူးလား၊ ပျောက်သွားနိုင်တယ်။

နံနက်မိုးသောက်အလင်းရောက်တဲ့ အချိန်လေး မှာ ဘုရားကိုအာရုံပြုပြီး ဒီဂါထာလေးနဲ့ နှလုံးသွင်းပြီး ရွတ်ဆိုလိုက်မယ်ဆိုလို့ရှိရင် ကောင်းကျိုးချမ်းသာတွေ ရနိုင်ပါတယ်လို့ဆိုတာ။

“ဒုန္နိမိတ္တံ” ဆိုတာ မကောင်းတဲ့ နိမိတ်တွေ၊ “အဝမင်္ဂလဉ္စ” ဆိုတာ မင်္ဂလာမရှိတဲ့အရာတွေ၊ “ယော စာ'မနာပေါ သကုဏဿ သဒ္ဒေါ” ဆိုတာ မြတ်နိုးစရာ နှစ်သက်စရာမကောင်းတဲ့ ငှက်ဆိုးရဲ့ အသံတွေ “ပါပဂ္ဂဟော” ဂြိုဟ်ဆိုးတွေ၊ “ဒုဿုပိနံ အကန္တံ” စိတ်ထဲမှာ မကြည်မလင်ဖြစ်စေတတ်တဲ့ မကောင်းတဲ့ အိပ်မက်ဆိုးတွေဟာ မြတ်စွာဘုရားကို အာရုံပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ ကုသိုလ်ရဲ့စွမ်းအားနဲ့ ပျောက်ကွယ် သွားပါတယ်လို့ ဒီလိုပြောတာနော်။

ဒါက နည်းတစ်ခုပြောတာ။ ဒီတစ်နည်းနဲ့လည်းပဲ ကောင်းတဲ့နံနက်ခင်း ဖြစ်ပေါ်လာစေနိုင်တယ်။ ဘုရား ကို အာရုံပြုခြင်းဖြင့် ကုသိုလ်တွေ ရလာသည့်အတွက် ကြောင့် ကိုယ့်အတွက်မှာ ဒါ ကောင်းသောနံနက်ခင်း ပဲ။ အိပ်ရာက ထလိုက်တာနဲ့ ကောင်းသောနံနက်ခင်း ဖြစ်သွားတယ်လို့ ဒီလိုဆိုတယ်။ တစ်နေ့တာလုံးမှာ အလုပ်တွေလုပ်ရမယ်၊ အိမ်အပြင်ထွက်ရမယ်၊ လုပ်ငန်း ကိုင်တာတွေ လုပ်ရမယ်၊ သွားရမယ်။ လုပ်ရမယ်၊ သွားရမယ့်အခါကျတော့ အန္တရာယ်ဆိုတာ ကြုံတတ် တယ်။ Accident, Accident လို့ ပြောကြတယ်။ မမျှော်လင့်ဘဲနဲ့ ဖြစ်တာကို Accident လို့ခေါ်တာ။

အဲဒီတော့ အန္တရာယ်ဆိုတာတွေက ကြုံတတ် တယ်၊ ဒီအန္တရာယ်တွေ မကြုံကြရအောင် ဘာလုပ်ဖို့ လိုအပ်သလဲဆိုတာ မှန်ကန်တဲ့နည်းတစ်ခုနဲ့ အန္တရာယ် တွေကို မကြုံဖို့ရာအတွက် ယခုလို လုပ်ရတယ်

ဒုတိယ၊ တတိယ၊ စတုတ္ထမြောက် ဂါထာလေးက ဘာပြောတုန်းဆို

သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။

ရက္ခံ ဆိုတာ အစောင့်အရှောက် အကာအကွယ် တစ်ခု လုပ်လိုက်တာ၊ ဒါကြောင့်မို့ပြောကြတယ်၊ ခရီး သွားလို့ရှိရင် သမ္ဗုဒ္ဓေရွတ်သွားတယ်ဆိုတာ၊ သမ္ဗုဒ္ဓေ ဆိုတာ ဘုရားရှိခိုးတာပဲ။ ဘုရားကို အာရုံပြုပြီးရှိခိုးတာ၊ ဒါကလည်း ဘုရားကိုအာရုံပြုလိုက်တာနဲ့ ကိုယ့်စိတ်ထဲ မှာ ကုသိုလ်တွေ ဖြစ်သွားတာ။ အဲဒီ ကုသိုလ်က ကာကွယ်စောင့်ရှောက်တယ်လို့ ဆိုလိုတာ။ ကုသိုလ် ရအောင်လုပ်ဖို့တော့ လိုအပ်တယ်ပေါ့။ ဘုရားကိုအာရုံ ပြုဖို့ လိုအပ်တယ်။

အခုကြည့်၊ ဒီဂါထာလေးရဲ့ အဓိပ္ပာယ်က ဘယ်လောက်ကောင်းတုန်းဆိုတော့ “ရက္ခံ ဗန္ဓာမိ သဗ္ဗသော“အရာခပ်သိမ်းကနေပြီးတော့ ကိုယ့်အတွက် အကာအကွယ်ဖြစ်အောင် အစောင့်အရှောက်ကို လုပ်ပါတယ်တဲ့။

ဘာနဲ့ အစောင့်အရှောက်ကို လုပ်တာလဲဆိုတော့ “သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ” ဘုရားတွေဆိုတာ စွမ်းအား အင်မတန်မှကြီးတယ်။ ကာယဗလ၊ ဉာဏဗလဆိုတဲ့ စွမ်းအားကြီးတယ်။ အဲဒီ ဘုရားတွေရဲ့ စွမ်းအားကို အသုံးပြုပြီးတော့ အန္တရာယ်ကင်းမှု၊ စောင့်ရှောက်မှု၊ ကာကွယ်မှုကို စီမံပါတယ်လို့ ဒီလိုပြောတာ။ ဆိုလို တာက မြတ်စွာဘုရားရဲ့ဂုဏ်ကို ချီးကျူးလိုက်တာပဲ။ “သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ” ဆိုတာ ဘုရားရှင်တွေ အားလုံးဟာ ကာယဗလ၊ ဉာဏဗလဆိုတဲ့ စွမ်းအား တွေကို ရရှိထားသူတွေဖြစ်ပါတယ်။ အဲဒီ ဘုရားတွေရဲ့ စွမ်းအားတွေနဲ့ ကျွန်ုပ် အကာအကွယ်လုပ်ပါတယ်။ ဒါလဲ အင်မတန်မှ မှန်ကန်တဲ့ နည်းစနစ်နဲ့လုပ်တာ ဖြစ်တယ်။ “ပစ္စေကာနဉ္စ ယံ ဗလံ” ဘုရားတင်မကဘူး၊ ပစ္စေကဗုဒ္ဓ အရှင်မြတ်တွေလဲ စွမ်းအားတွေရှိတယ်။ အဲဒီစွမ်းအားတွေနဲ့ အကာအကွယ် လုပ်ပါတယ်။ “အရဟန္တာနဉ္စ တေဇေန” ရဟန္တာပုဂ္ဂိုလ်တွေရဲ့ အရှိန် အဝါတွေလည်း ရှိတယ်။ အဲဒီ အရှိန်အဝါတွေကို အသုံးချပြီးတော့ ကိုယ့်အတွက် အကာအကွယ်ဖြစ်စေ ပါတယ်လို့ ဒီလိုပြောတာ။

အဲဒီတော့ ဘုရားကိုချီးမွမ်းပြီးတော့ ဘုရားရဲ့ စွမ်းအားတွေ ရင်ထဲရောက်အောင်လုပ်တယ်၊ တရားရဲ့ စွမ်းအား၊ ဒီ ပစ္စေကဗုဒ္ဓရဲ့ စွမ်းအားတွေ ရင်ထဲ ရောက်အောင်လုပ်တယ်။ ရဟန္တာပုဂ္ဂိုလ်တွေရဲ့ စွမ်းအားတွေ။ ဒါ အာရုံပြုဖို့တော့ လိုအပ်တယ်။ လောကမှာ ပွင့်သွားတဲ့ဘုရားတွေ အများကြီးရှိတယ်။

ပွင့်သွားတဲ့ဘုရားတွေ စိတ်ထဲမှာ အာရုံပြုလိုက်၊ ပြုပြီးတော့ အဲဒီဘုရားတွေအားလုံးဟာ စွမ်းအား ကြီးမားတော်မူကြတယ်။ တစ်ခါ ပစ္စေကဗုဒ္ဓတွေ ပွင့်သွားကြတာ နည်းတာမဟုတ်ဘူး၊ အဲဒီ ပစ္စေကဗုဒ္ဓရဲ့ စွမ်းအားကလည်း အင်မတန်မှ ကြီးမားတယ်။ လောကမှာ ရဟန္တာပုဂ္ဂိုလ်တွေဆိုတာရှိတယ်။ ရဟန္တာ ပုဂ္ဂိုလ်တွေဟာလည်း စွမ်းအားအင်မတန်မှကြီးတယ်။ အဲဒီ အရှင်မြတ်တွေရဲ့ စွမ်းအားဟာ ကျွန်ုပ်အတွက် အစောင့်အရှောက် ဖြစ်ပါတယ်။

ဒါ အင်မတန်ကောင်းတဲ့ အဓိပ္ပာယ်။ ဘုရား၊ တရား၊ သံဃာကို ကိုယ်ကသတိရပြီးတော့ အစောင့် အရှောက်လုပ်တဲ့ အဓိပ္ပာယ်ပဲဖြစ်တယ်။ အဲဒီတော့ နံနက်ခင်းမှာ အိမ်အပြင်ထွက်၊ ခရီးသွားအလုပ်လုပ်တဲ့ အခါမှာ ဒီလို အကာအကွယ် အစောင့်အရှောက် လေးနဲ့ လုပ်သွားဖို့အတွက် ပုဗ္ဗဏှသုတ်ထဲမှာ ဒါကို လည်း ထည့်သွင်းပြီး ရေးသားထားတာ။ ဒါက နံပါတ်(၄) ဂါထာ။

နောက် နံပါတ်(၅၊ ၆၊ ၇) အဲဒီဂါထာ (၃)ပုဒ်က ရတနသုတ်မှာ ပါပြီးသား။ သစ္စာဆိုတာဖြစ်တယ်။ လောကမှာ သစ္စာဟာ အစွမ်းတန်ခိုး အင်မတန်မှ ထက်တယ်။ လူတွေက သစ္စာဆိုမှု အင်မတန်မှနည်းကြတယ်။ တကယ် ကိုယ့်ဟာကိုယ် သစ္စာဆိုပြီးတော့ ကိုယ် လိုချင်တဲ့အရာတစ်ခုကို တောင်းလို့ရှိရင် သစ္စာရဲ့ စွမ်းအားဟာရှိတယ်။

မယုံရင်တော့ လုပ်ကြည့်ပေါ့။ တစ်ခါတည်းနဲ့ တော့ ရချင်မှရမှာပေါ့။ ဘာဖြစ်လို့တုန်းဆိုတော့ သစ္စာ စကားဟာ မှန်ကန်ဖို့လဲလိုအပ်တယ်။ မှန်မှန်ကန်ကန် လဲ ဆိုရမယ်။ စိတ်စွမ်းအားတွေအားလုံး အသုံးချပြီး တော့လုပ်ဖို့ လိုအပ်တယ်။

သစ္စာဆိုတာ မှန်တာကိုပြောတာ၊ ကိုယ့်ဟာကိုယ် လည်း သစ္စာဆိုလို့ရတယ်။ ကိုယ့်ဟာကိုယ်ဆိုရင် အမှားရှိချင်ရှိနေမယ်။ ဒါကြောင့်မို့ ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ သစ္စာဆိုပုံကို ရတနသုတ်ကနေယူပြီး နံနက်ခင်းမှာ သစ္စာဆိုနိုင်အောင်လို့ ဒီမှာထည့်သွင်း ထားတာ။

ဒါ မနက်မိုးသောက် အိပ်ရာက ထလာလို့ရှိရင် လုပ်ရမယ့် အလုပ်ကလေးတွေပဲ။ အလုပ်သွားပြီ၊ တစ်ခုခုလုပ်ငန်းကိုင်တာတွေလုပ်ပြီ ဆိုလို့ရှိရင် အခုလို သစ္စာလေးဆိုပေါ့။ သစ္စာဆိုတာ ကိုယ့်အတွက်တင် မဟုတ်ဘူး၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်အတွက်ပါ အကုန် ပါတယ်။ ကြည့်လေ။

ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ၊
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ဘုရား၊ တရား၊ သံဃာနဲ့ပတ်သက်ပြီး သစ္စာဆိုပုံကိုကြည့်။ ဗမာလို အဓိပ္ပာယ်ကလည်း ရှင်းရှင်းပဲ။ “ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ” ဒီလိုဆိုလိုတယ်။ အဲဒီတော့ “ယံ ကိဉ္စိ ဝိတ္တံ” လောကမှာ နှစ်သက်စရာကောင်းလှတဲ့ ပစ္စည်း ဥစ္စာ၊ ဒီလူ့ပြည်မှာ ရှိတဲ့ဟာရော၊ တခြားလောကမှာ ရှိတာတွေရော၊ နတ်ပြည်မှာရှိတာတွေရော၊ လောက မှာ ရတနာတွေဟာ ကမ္ဘာမှာရှိတယ်။ “ယံ ကိဉ္စိ” ရှိသမျှ ရတနာတွေအားလုံး၊ “န နော သမံ အတ္ထိ တထာဂတေန” မြတ်စွာဘုရားဆိုတဲ့ရတနာနဲ့ တူတဲ့ ရတနာ မရှိပါဘူး။

လူတွေပိုင်ဆိုင်ကြတဲ့ စိန်ပဲဖြစ်ဖြစ်၊ ရွှေပဲဖြစ်ဖြစ်၊ ငွေပဲဖြစ်ဖြစ်၊ ကျောက်သံပတ္တမြားတွေပဲဖြစ်ဖြစ် အဲဒီ ရတနာတွေ မြောက်များစွာရှိတယ်။ ကမ္ဘာမှာရှိတဲ့ ဒီ ရတနာတွေရဲ့တန်ဖိုးဟာ မြတ်စွာဘုရားတည်းဟူသော ရတနာကို မမီပါဘူး။ ဒီလိုဆိုလိုတယ်။ အဲဒါဟာ မှန်ကန် သော စကားတစ်ခုဖြစ်တယ်။

“ဣဒမ္ပိ ဗုဒ္ဓေ ရတနံ” လောကမှာရှိတဲ့ ရတနာ တွေထက် ပိုပြီးတော့ ထူးမြတ်တဲ့ရတနာ၊ နှစ်သက်စရာ ကောင်းတဲ့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ ဒီ ထူးခြားတဲ့ တန်ဖိုးရှိလှတဲ့တရားတွေ မြတ်စွာဘုရားရဲ့ သန္တာန်မှာ ရှိတယ်၊ တရားမှာ ရှိတယ်၊ သံဃာမှာ ရှိတယ်။ အဲဒီမှန်သောစကားဆို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။ ဒါ သစ္စာဆိုပြီးတော့ မေတ္တာပွားတဲ့ နည်းပဲ။

အဲဒီတော့ နံနက်မိုးသောက် အလင်းရောက်တဲ့ အခါ ကိုယ့်အတွက်တင်မကဘူး၊ အများ သတ္တဝါတွေ အတွက်ပါ သစ္စာဆိုပြီးတော့ မေတ္တာပွားတာဟာ အလွန်ကောင်းတဲ့ အလုပ်တစ်ခုပေါ့။ အဲဒီတော့ အလွန် ကောင်းတဲ့ အလုပ်တစ်ခုကို မှန်မှန်ကန်ကန် လုပ်သွား မယ်ဆိုလို့ရှိရင် ကောင်းကျိုးချမ်းသာတွေရမှာပဲ။

နံနက်ပိုင်းမှာ ဒီလိုလုပ်ဖို့အတွက် ရှေးဆရာတော် ကြီးတွေက ထိုထိုပါဠိတော်တွေကနေ ထုတ်နှုတ်ပြီး တော့ ဒီလိုရေးသားခဲ့ကြတာဖြစ်တယ်။ ဒါကြောင့်မို့လို့ နေ့စဉ်နဲ့အမျှ ကောင်းကျိုးချမ်းသာတွေကို လိုချင်တယ်၊ တစ်နေ့တာ ဖြတ်သန်းတဲ့အခါမှာ နံနက်ပိုင်းမှာ ကောင်းကျိုးချမ်းသာတွေ ရချင်တယ်၊ နေ့လယ်ပိုင်းမှာ ကောင်းကျိုးချမ်းသာတွေ ရချင်တယ်၊ ညနေပိုင်းမှာ ကောင်းကျိုးချမ်းသာတွေ ရချင်တယ် ဆိုလို့ရှိရင် ဒီအတိုင်း လိုက်နာကြရမယ်။

နောက်တစ်ခု စိတ်ရဲ့ဆန္ဒဆိုတာ အင်မတန်မှ ကြီးမားတယ်။ လူတွေက အမှတ်တမဲ့နေလို့။ ဆန္ဒဆိုတာ ကြီးမားတယ်ဆိုတာ မသိကြဘူး၊ ကြည့်လေ၊ တရား နာချင်တဲ့ဆန္ဒရှိတော့ ဒီအထိ ရောက်လာတယ်၊ လာချင်တဲ့ဆန္ဒမရှိဘူးဆိုရင် ရောက်ပါ့မလား၊ မရောက် ဘူး။ အဲဒီတော့ ဆန္ဒကပို့တယ်လို့ ခေါ်တယ်နော်။ ဆန္ဒ မရှိတဲ့လူက အိမ်မှာပဲနေမယ်လေ။ ဆန္ဒရှိတော့ လူဟာ ဘယ်လောက်ဝေးဝေး တရားပွဲဆို ရောက်လာတယ်။ ဘာဖြစ်လို့တုန်းဆို ဆန္ဒရဲ့စွမ်းဆောင်မှုကြောင့်ဖြစ်တယ်။ အဲဒီတော့ ဆန္ဒရဲ့ ကြီးမားမှုဟာ၊ စွမ်းဆောင်နိုင်မှုဟာ ဘယ်လောက်ကြီးလဲ၊ ဒီအရာသာကြီးတာ မဟုတ်ဘူး၊ တခြားကိစ္စတွေလည်း ဆန္ဒဆိုတာ ကြီးတယ်။ အဲဒါ ကြောင့်မို့လို့ ဆန္ဒကို အဓိပတိပစ္စယော လို့ မြတ်စွာ ဘုရားက ဆန္ဒာဓိပတိဆိုပြီး အဓိပတိထဲမှာ ဟောထား တာရှိတယ်။

နောက်ပြီးတော့ ဆန္ဒိဒ္ဓိပ္ပါဒ၊ ဆန္ဒဟာ စွမ်းဆောင် နိုင်တဲ့ တန်ခိုးရဲ့ ပြီးစီးအောင်မြင်မှုရဲ့ အကြောင်း တရားလို့ ဒီလိုဟောထားတာရှိတယ်။ အဲဒါကြောင့်မို့လို့ စိတ်ဆန္ဒဆိုတာ အလွန်ကြီးမားတယ်။ ဒီ တစ်ခုတင် ကြီးမားတာမဟုတ်ဘူး၊ စိတ်ဆန္ဒရှိပြီ ဆိုလို့ရှိရင် ကိုယ် လုပ်ချင်တာတွေက ဖြစ်လာတတ်တယ်ပေါ့၊ ဒါကြောင့် မို့လို့ ဆန္ဒပြုတဲ့အနေနဲ့ ဘာလုပ်ရမလဲဆိုတော့ ဂါထာလေးသုံးပုဒ်ကို တင်ပြထားတယ်။

ဘဝတု သဗ္ဗမင်္ဂလံ ရက္ခန္တု သဗ္ဗဒေဝတာ၊
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

ကြည့်၊ ဆန္ဒပြုတာ၊ ကိုယ့်ကိုကိုယ် နံနက်မိုးသောက် အလင်းရောက်လို့ အိပ်ရာကထလိုက်ရင် ဆန္ဒပြုလိုက်၊ ဘယ်လို ဆန္ဒပြုရမှာလဲ၊ “ဘဝတု သဗ္ဗမင်္ဂလံ” မင်္ဂလာ အပေါင်းနဲ့ ခညောင်းပြည့်စုံပါစေ၊ ကောင်းမြတ်တဲ့ မင်္ဂလာတွေ ကျွန်ုပ်သန္တာန်မှာ ဖြစ်ပါစေ၊ အများ သတ္တဝါတွေမှာ ဖြစ်ပါစေ။ (ဘယ်လောက်ကောင်းတဲ့ ဆန္ဒလဲ၊ သူများကိုနှိပ်စက်ဖို့ ပါရဲ့လား၊ ဒီထဲမှာ မပါဘူး။ အလွန်မွန်မြတ်တဲ့ စိတ်ဓာတ်လို့ ခေါ်တယ်နော်။) မင်္ဂလာနဲ့ ပြည့်စုံပါစေ။

ရက္ခန္တု သဗ္ဗဒေဝတာ- နတ်တွေက အားလုံးကို စောင့်ရှောက်ပါစေ။ ဒါလည်း ကောင်းတဲ့ဆန္ဒပဲ၊ သူ စောင့်တာ မစောင့်တာ ကိုယ်နဲ့မဆိုင်ဘူး၊ ကိုယ်က စောင့်ပါစေလို့ ဒီလိုပြောတာ။ ဒါကိုပြောမယ်ဆိုရင် နတ် အားကိုးတာလားဆိုရင် မဟုတ်ဘူး၊ နတ်အားကိုးလို့ ပြောတာမဟုတ်ဘူး၊ နတ်တွေကလည်း လောကကို စောင့်ရှောက်တာတွေ ရှိတာပေါ့။ အဲဒီလိုစောင့်ရှောက် မှုတွေရှိလို့ နတ်တွေက အမှတ်တမဲ့ မနေဘဲနဲ့ စောင့်ရှောက်ကြပါစေ။

နတ်ကသာ စောင့်ရှောက်တာလား၊ လူလူချင်းရော မစောင့်ရှောက်ဘူးလား၊ စောင့်ရှောက်တယ်လေ။ အိမ်နီးနားချင်းလူတွေ မှာသွားတာ၊ အိမ်ကိုကြည့်လိုက် စမ်းပါ၊ ကြည့်မပေးဘူးလား၊ ဆိုင်လေးကြည့်လိုက်စမ်း ပါဆို၊ ဒါ စောင့်ရှောက်ပေးတယ်လို့ ခေါ်တယ်။ အကြောင်းကိစ္စရှိလို့ရှိရင် သတင်းပို့ပေးတယ်၊ ဒါ စောင့်ရှောက်တယ်လို့ခေါ်တာပဲ။ အဲဒီတော့ လူလူချင်း လည်း မေတ္တာရှိရင်စောင့်တယ်၊ မေတ္တာမရှိရင် ဒီအတိုင်း ကြည့်နေမှာပဲ။ နတ်တွေကိုလည်းပဲ ကိုယ်က မေတ္တာ ရှိအောင် မေတ္တာပွားပြီးတော့ထားရင် နတ်တွေရဲ့ စောင့်ရှောက်မှုရော မခံရဘူးလား၊ ခံရတယ်။ ဒါက လောကရဲ့သဘာဝပဲနော်။ ကိုယ်နဲ့ခင်မင်တဲ့၊ မေတ္တာ ရှိတဲ့ပုဂ္ဂိုလ် ဆိုလို့ရှိရင် ကိုယ့်ကိစ္စကို လာလုပ်ပေးမှာပဲ။

အဲဒီတော့ နတ်တွေကလည်း ကိုယ်က မေတ္တာပို့ တယ်၊ အမျှဝေတယ်ဆိုတော့ သူတို့ကလည်း ကိုယ့် အပေါ်မှာ ခင်မင်ကြတယ်၊ ခင်မင်တော့ စောင့်ရှောက် ပါစေဆိုတော့ လူတွေမသိလိုက်တဲ့ကိစ္စကို နတ်ကနေ ထိန်းသိမ်းစောင့်ရှောက်ပေးတယ်။ ဒါမျိုးကို ဆိုလိုတာ နော်။

ကြည့်ပါလား၊ ပုဂံရာဇဝင်မှာ ကျန်စစ်မင်း(ကျန်စစ် သား) ကို အနော်ရထာက ဖမ်းဆီးဖို့ လိုက်တဲ့အခါမှာ သူပြေးရတယ်။ ပြေးတဲ့အခါမှာ မြစ်ကိုဖြတ်ကူးတဲ့အခါ တံငါလှေတစ်စီးက ဟိုဘက်ကမ်းကို ပို့ပေးတယ်။ အဲဒါ ဟာ နတ်က ကူညီတာ၊ နတ်က တံငါလှေယောင် ဟန်ဆောင်ပြီးတော့ ကူညီသွားတာ။ အဲဒီနတ်ကို မဟာဂီရိနတ်လို့ခေါ်တယ်၊ ကျန်စစ်သားနဲ့ ဆုတောင်း ဖက်၊ အတိတ်ဘဝတုန်းက မိတ်ဆွေ၊ သူကနေပြီးတော့ ကူညီတယ်လို့ ဒီလိုပြောတယ်။

အဲဒီတော့ လောကမှာ တစ်ခါတစ်ခါ ကူညီမှု တွေရှိတယ်။ အဲဒီတော့ ကူညီတယ်ဆိုတာ နတ်ကြီးက အချွန်အတက်နဲ့ဆင်းလာပြီး ဒီလိုကူတာ မဟုတ်ဘူး။ အဲဒီလိုဆိုရင်လည်း လူကကြောက်ပြီးတော့ ပြေးမှာလေ။ နတ်မြင်ရင် လူက မကြောက်ဘူးမထင်နဲ့၊ ကြောက်ပြီး ပြေးမှာပဲ။ အဲဒါကြောင့်မို့လို့ နတ်မြင်တဲ့အခါကျတော့ လူတွေက ကြောက်လန့်မှာစိုးလို့ နတ်တွေကလည်း လူတွေကို ကူညီတဲ့အခါမှာ လူတစ်ယောက်ယောင်ပဲ ဆောင်ပြီး ကူညီတာ။ ဒီလိုဆိုလိုတာနော်။

ကိုယ်က နေပူထဲမယ် ရပ်ပြီးတော့ ကားစောင့်နေ မယ်၊ ဘတ်စ်ကားက မလာနိုင်ဘူး၊ သွားချင်နေတယ်။ သို့သော် အနားနားက ဖြတ်သွားတဲ့ ကားတစ်စီးက လူကြုံလို့တင်သွားတယ်ဆိုတာတွေရော မကြုံတတ်ဖူး လား၊ ကြုံတတ်တယ်။ နတ်ကမ,တယ်ဆိုတာ တစ်ခါ တစ်ရံ အဲဒါမျိုးကို ပြောတာနော်။ ကိုယ်သွားချင်တဲ့ ကိစ္စတစ်ခု၊ ကိုယ်လုပ်ချင်တဲ့ ကိစ္စလေးတစ်ခုဟာ တစ်ခါတစ်လေ လျောလျောလျူလျူနဲ့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကိုယ့်ကို ကူညီသွားတဲ့လူတွေနဲ့ ကြုံတတ်တယ်ပေါ့၊ အဲဒီလိုဆိုလိုတာနော်။အဲဒါကြောင့် မို့လို့ “ရက္ခန္တု သဗ္ဗဒေဝတာ” နတ်တွေက စောင့်ရှောက် ပါစေ၊ ကူညီပါစေ။

သဗ္ဗဗုဒ္ဓါနုဘာဝေန သဒါ သုခီ ဘဝန္တု တေ” ဘုရားကို အာရုံပြုပြီးတော့ ရလိုက်တဲ့ကုသိုလ်တွေဟာ ချမ်းသာသုခကို ပေးနိုင်တယ်။ ဒါကြောင့်မို့ ဘုရားကို အာရုံပြုတယ်။ ဘုရားကို အာရုံပြုလို့ ဖြစ်ပေါ်လာတဲ့ ကုသိုလ်စိတ်တွေ ကိုယ့်ရင်ထဲနှလုံးထဲမှာ ဖြစ်လာတယ်။ အဲဒီကုသိုလ်တရားတွေက လူတွေရဲ့သန္တာန်မှာ ချမ်းသာ သုခကို ဖြစ်ပေါ်စေတယ်။ ဒါက ကုသိုလ်ကမှ ချမ်းသာ သုခကို ဖြစ်စေတယ်ဆိုတာ အမှန်ပဲ။ ကုသိုလ်ဆိုတာ “အနဝဇ္ဇ သုခဝိပါကလက္ခဏာ” အပြစ်ကင်းပြီးတော့ ချမ်းသာသုခကို ဖြစ်စေတတ်တာ ကုသိုလ်။ အဲဒါကြောင့် ကုသိုလ်ကောင်းမှုဆိုတာ လုပ်ကြရတယ်။

ဘုရားကို အာရုံပြုလိုက်လို့ ရလာတဲ့ကုသိုလ်၊ တရားကို အာရုံပြုလိုက်လို့ ရလာတဲ့ကုသိုလ်၊ သံဃာကို အာရုံပြုလိုက်လို့ ရလာတဲ့ကုသိုလ်၊ အဲဒီကုသိုလ်ရဲ့ စွမ်းအားကြောင့် ချမ်းသာကြပါစေ ဒီလိုဆိုတာ။ အဲဒီ တော့ မနက်မိုးလင်းတဲ့အချိန်ကလေးမှာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အာရုံပြုလိုက်မယ်ဆိုရင် မင်္ဂလာလည်း ဖြစ်လာမယ်၊ နတ်တွေကလည်း ကိုယ့်ကို စောင့်ရှောက်လာမယ်။ ချမ်းသာသုခ ဆိုတာလည်း ရလာနိုင်တယ်။ အကြောင်းတရားကို ပြောပြတာ၊ မလုပ်ရင် မရဘူးပေါ့နော်။ ကိုယ့်သန္တာန်မှာ ကောင်းကျိုး ချမ်းသာကို လိုချင်ရင် ကောင်းကျိုးချမ်းသာရခြင်းရဲ့ အကြောင်းကို လုပ်ရတယ်။ ဒါကတော့ သဘာဝပဲလေ။ မလုပ်လို့ကတော့ ဘာမှမရဘူးဆိုတာ သေချာတယ်။

အဲဒီတော့ လုပ်တာကြောင့် ရနိုင်တဲ့အလုပ်မျိုးကို လုပ်ကြရတယ်။

နောက်တစ်ခုက ဘာတုန်းဆိုရင် ဘုရားဂုဏ်ကို အာရုံပြုတဲ့သဘော။

မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။

ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိမုတ္တမံ။

ဘုရားကို အာရုံပြုလိုက်တယ်၊ ဘုရားဟာ သတ္တဝါ တွေ ဒုက္ခရောက်နေတာကို အင်မတန်မှ သနားတယ်။ ဒုက္ခရောက်တယ်ဆိုတာ လူတွေကထင်တယ်၊ လူတိုင်း ဒုက္ခမရောက်ဘူးလို့ထင်တာ၊ ဟုတ်တယ်၊ မရောက်တဲ့ ဒုက္ခ မရောက်ဘူး။ သို့သော် လူတိုင်းရောက်နေတဲ့ဒုက္ခ က သိတယ်မဟုတ်လား။ လူတိုင်း ဘာဒုက္ခရောက်နေ လဲဆိုရင် တစ်နေ့ပြီးတစ်နေ့အိုလာတဲ့ ဇရာဒုက္ခ၊ နာရတဲ့ ဗျာဓိဒုက္ခ၊ သေရတဲ့ မရဏဒုက္ခ လူတိုင်း မရောက်ဘူး လား။ အဲဒါက တစ်ဘဝလား၊ ဘဝပေါင်းမြောက်မြားစွာ လား။ အဲဒီဒုက္ခက ဘာလူမျိုးဖြစ်ဖြစ်၊ ဘာ ဘာသာဝင် ဖြစ်ဖြစ် ရလာတာနဲ့တစ်ပြိုင်နက် အိုခြင်းဆင်းရဲ၊ နာခြင်း ဆင်းရဲ၊ သေခြင်းဆင်းရဲက လွတ်တဲ့သူ ရှိရဲ့လား၊ မရှိဘူး၊ အဲဒီတော့ လူတွေဟာ အားလုံးဒုက္ခရောက်နေကြတာ။ အဲဒါ သနားစရာအကောင်းဆုံးပဲပေါ့။

ဒီ့ပြင်ဒုက္ခဆိုတာ ရောက်ချင်မှရောက်တယ်လေ။ စားဝတ်နေရေး မပြေလည်တာ လူတိုင်းမဟုတ်ဘူး။ စီးပွားရေး မပြေလည်တာလည်း လူတိုင်းမဟုတ်ဘူး။ လူတိုင်းဖြစ်နေတဲ့ဒုက္ခက အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲပဲ။ အဲဒါကနေ ရှောင်လွှဲလို့မရဘူး။

အဲဒါတွေကိုမြင်ပြီးတော့ မြတ်စွာဘုရားက ဒီ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲတွေက လွတ်တဲ့နည်းလမ်းကိုရရှိဖို့ ဆိုပြီးတော့ အင်မတန်မှ ကရုဏာကြီးမားတဲ့ မြတ်စွာဘုရားဟာ ပါရမီတွေကို ဖြည့်ကျင့်ပြီးတော့ ထို အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲက လွတ်မြောက်ကြောင်းဖြစ်တဲ့ တရားထူး တရားမြတ်ကို သိအောင်ကြိုးစားခဲ့လို့ ဘုရား အဖြစ်သို့ရောက်သွားတယ်။ အဲဒါဟာ မှန်ကန်သော စကား တစ်ခုပဲ။ လုံးဝ လွဲမှားခြင်း မရှိဘူး။ အဲဒီ မှန်ကန်သောစကားကို ဆိုရခြင်းကြောင့် အားလုံး သတ္တဝါတွေ ချမ်းသာကြပါစေလို့ ဒါက သစ္စာဆိုပြီး တော့ မေတ္တာပို့တဲ့သဘောပဲနော်။

နောက်တစ်ခုက ဘာပြောတုန်းဆို လောကလူတွေ ဟာ ဘာကိစ္စဖြစ်ဖြစ် အောင်ချင်ကြတယ်။ အောင်ချင် တယ်ဆိုတာ အောင်ချင်ပြီဆိုလို့ရှိရင် အောင်တဲ့ပုဂ္ဂိုလ် ရဲ့ဂုဏ်ကို အာရုံပြုတာဟာ ဒါဟာ မှန်ကန်တယ်၊ သဘာဝကျတယ်။ ပိုက်ဆံလိုချင်ရင် ပိုက်ဆံရှိတဲ့ပုဂ္ဂိုလ် ဆီ သွားရမှာလား၊ ပိုက်ဆံမရှိတဲ့ပုဂ္ဂိုလ်ဆီ သွားရမှာ လား။ ပိုက်ဆံရှိတဲ့ပုဂ္ဂိုလ်ဆီသွားမှ ပိုက်ဆံရနိုင်မှာပေါ့။ ပညာလိုချင်ရင် ပညာရှိတဲ့ပုဂ္ဂိုလ်ဆီ သွားရမယ်။ ဒါဟာ သဘာဝပဲ။ အဲဒီတော့ အောင်မြင်ချင်ရင် အောင်ပွဲရတဲ့ ပုဂ္ဂိုလ်ဆီပဲ သွားရမှာပေါ့။

အဲဒါကြောင့်မို့လို့ ဒီဂါထာလေး ဆိုထားပုံကိုကြည့်။ “ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎနော” မှာ “သကျာနံ နန္ဒိဝဍ္ဎနော“ဆိုတာ သာကီဝင်မင်းသား တွေထဲမှာ အလွန်နှစ်သက်မှုကို၊ သာကီဝင်လူမျိုးတွေရဲ့ နှစ်သက်မှုကို တိုးပွားစေတတ်တဲ့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်၊ “ဇယန္တော ဗောဓိယာ မူလေ” ဗောဓိပင်ရင်းမှာ မာရ်နတ်ရဲ့ရန်ကို အောင်ခဲ့တယ်၊ သာကီဝင်မင်းတွေရဲ့ နှစ်သက်မြတ်နိုးမှုကို တိုးတက်စေ တဲ့ ဘုရားအလောင်းဟာ ဗောဓိပင်ရင်းမှာ အောင်ပွဲကြီး ရခဲ့တယ်ဆိုတာ ဟုတ်တယ်၊ မှန်တယ်။ လုံးဝ အရှုံး မရှိတဲ့ အောင်ပွဲကြီးကိုရတယ်။

“ဧဝမေဝ ဇယော ဟောတု” အဲဒီလို အောင်မြင်မှု ကျွန်ုပ်မှာဖြစ်ပါစေ၊ ဒါလည်း wish ပဲ။ ဆန္ဒကိုပြောတာ။ ဆန္ဒရှိရင် တကယ့်ဆန္ဒကြီးလို့ရှိရင် ဖြစ်လာတာပဲ။ အဲဒါမျိုး ကိုယ့်သန္တာန်မှာ ဖြစ်ပါစေ။ “ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ” အောင်မင်္ဂလာတွေ မှာ အောင်မြင်မှုကို ကျွန်ုပ်ရချင်ပါတယ်၊ ရပါရစေလို့ ဆိုတဲ့ ဆန္ဒပြုတဲ့ဂါထာ။

အဲဒီတော့ မနက်အိပ်ရာကထပြီးတော့ ဒီနေ့ လုပ်ငန်းကိုင်ငန်းတွေ လုပ်စရာတွေရှိတယ်၊ သွားစရာ တွေရှိတယ်၊ လာစရာတွေရှိတယ်။ ဘဝမှာ အောင်မြင်မှုကို ရချင်တယ်။ ဒါကြောင့်မို့ အောင်ပွဲရတဲ့ မြတ်စွာ ဘုရားရဲ့ဂုဏ်ကို ခေတ္တခဏလေး အာရုံပြုပြီးတော့ ကျွန်ုပ်လည်းပဲ အောင်ပါရစေလို့ဆိုတာ။

ဒါက အကြောင်းနဲ့အကျိုး မဆီလျော်ဘူးလား၊ ဆီလျော်တယ်။ ဘုရားက ကိုယ့်ကို မ,တာမဟုတ်ဘူး၊ ဒါက ကိုယ့်ရဲ့ ရင်ထဲနှလုံးထဲမှာ ဒီဆန္ဒတွေ ကြီးပွား လာအောင်လုပ်တာပဲရှိတယ်။ အဲဒီလို မှန်မှန်ကန်ကန် သိဖို့ လိုအပ်တာပေါ့။

အဲဒါနဲ့ ဆက်ပြီးတော့ ပြောပုံက အပရာဇိတပလ္လင်္ကေ၊ သီသေ ပုထု ဝိပုက္ခလေ၊

အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။

ဘုရားအဆူဆူဟာ အပရာဇိတ ပလ္လင်ထက် ဗောဓိပင်အောက်က အင်မတန်ထူးမြတ်တဲ့မြေလွှာပေါ် မှာ အပရာဇိတပလ္လင်ထက်မှာ နေပြီးတဲ့အခါ ဘုရားရှင် အားလုံးတွေရဲ့ ဂုဏ်ထူးဝိသေသတွေကို ရရှိတော်မူခဲ့ ကြတယ်။ ရရှိသည့် အတွက်ကြောင့် လောကမှာ အမြတ်ဆုံးဖြစ်လို့ ဝမ်းသာကြည်နူးမှုကြုံရတယ်။ ကျွန်ုပ်လည်းပဲ အဲဒီလို အကောင်းဆုံး၊ အမြတ်ဆုံး၊ အညွန့်ဆုံး ကိုရပြီး ဝမ်းသာကြည်နူးပါရစေ၊ ဒီလိုဆိုလိုတာနော်။ အဲဒါကြောင့်မို့လို့ ဒီ ဘုရားကို အာရုံပြုပြီးတော့ ဝမ်းမြောက်ဖွယ်ဖြစ်တဲ့ ရင်ထဲ နှလုံးထဲမှာ ကြည်နူး ဖွယ်ရာတွေကို ဒီလိုအာရုံပြုတာတဲ့။ ဒါက ရှေ့ပိုင်းမှာ ထည့်သွင်းပြီးတော့ မနက်ပိုင်းမှာ ဆင်ခြင်စဉ်းစားဖို့ ပြောတာ။

အဲဒီတော့ ကောင်းသော နံနက်ခင်းဖြစ်ဖို့၊ ကောင်းသောနက္ခတ်နဲ့ ကြုံရဖို့ အရေးကြီးတယ်။ ကောင်းကင်ကနက္ခတ်တွေကိုကြည့်ပြီး ဗေဒင်ဆရာတွေ က တွက်ကြတယ်။ ဒီနေ့ နက္ခတ်ကောင်းတယ် (သို့) ရက်ကောင်းတယ်၊ ရက်မကောင်းဘူးနဲ့ ပြောကြတယ် လေ။ ဒီနေ့က ပြဿဒါးကြီး၊ ဒီနေ့က ရက်ရာဇာနဲ့ ဆိုပြီးတော့ ရက်ကောင်းတယ် မကောင်းဘူး ရွေးကြ တယ်မဟုတ်လား။ ကနေ့ထိ ဗုဒ္ဓဘာသာတွေ ရွေးတုန်း ပဲ။ ရက်ရွေးတာဟာနော်။ အစွဲအလန်းကဘယ်လောက် ကြီးတယ်ဆိုတာကြည့်။ မြတ်စွာဘုရားက ဟောထား တာ ရက်ရွေးခိုင်းတာမဟုတ်ဘူး။ ရက်မရွေးခိုင်းဘူး၊ မြတ်စွာဘုရားက ဘာဟောလဲဆိုရင်

သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။

သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။

ဘယ်နေ့ပဲဖြစ်ဖြစ်၊ ရက်ရာဇာပဲဖြစ်ဖြစ်၊ ပြဿဒါး ပဲဖြစ်ဖြစ်၊ ဘယ်နက္ခတ်နဲ့ပဲယှဉ်ယှဉ် ကောင်းတဲ့အလုပ် တွေ လုပ်လို့ရှိရင် ကောင်းတဲ့နက္ခတ်တွေမှတ်ပါ။ ဒါ ပြောတာနော်။ မကောင်းတာလုပ်ရင် မကောင်းတဲ့ နက္ခတ်။ မနက်အိပ်ရာထပြီး ဒေါသထွက်နေမယ်ဆိုရင် အဲဒါ နက္ခတ်ဆိုးနေပြီလို့သာမှတ်ပေတော့နော်။ မနက် အိပ်ရာထပြီးတော့ မေတ္တာပို့ပြီး ဘုရားကိုအာရုံပြု၊ စိတ် ကြည်နူးနေရင် ဒါ ကောင်းသောနက္ခတ်ပဲတဲ့။ ဒီလိုဆိုလို တာ။ ကောင်းကင်ကနက္ခတ်ဆိုတာ ကိုယ်နဲ့မဆိုင်ဘူး တဲ့။

၅၅၀-ဇာတ်ထဲမှာလည်း အတိအလင်းဆိုထားတာ ရှိတယ်။ “နက္ခတ္တံ ပတိမာနေန္တံ အတ္ထော ဗာလံ ဥပစ္စဂါ” တဲ့။ တချို့က ဒီနေ့ နက္ခတ်မကောင်းသေးဘူး၊ ဒီလ နက္ခတ်မကောင်းသေးဘူး၊ နက္ခတ်မကောင်းလို့ ဘာမှ မလုပ်နဲ့ဦး၊ ဒီအတိုင်းနေတာ။ မလုပ်နဲ့ဦး၊ မလုပ်နဲ့ဦး ဆိုရင်းဆိုရင်းနဲ့ ဒီ့ပြင်လူတစ်ယောက်က ဦးသွားတယ်။ ကိုယ်မလုပ်လိုက်ရဘူး၊ ဒီလိုဟာမျိုးတွေ ကြုံတတ်တယ် ပေါ့နော်။ ကိုယ်က နက္ခတ်မကောင်းသေးလို့ဆိုပြီး မလုပ်တာ၊ ကျန်တဲ့လူကနေ လုပ်သွားတယ်။ ကိုယ်မရ လိုက်ဘူး။ အဲဒီတော့ ဘုရားအလောင်းတွေက ဘာပြော တုန်းဆို “နက္ခတ္တံ ပတိမာနေန္တံ အတ္ထော ဗာလံ ဥပစ္စဂါ” နက္ခတ်ကောင်းဖို့ မျှော်လင့်နေတဲ့ လူမိုက်ကို အကျိုး တရားတွေ လက်လွတ်ဆုံးရှုံးသွားစေတယ်။ “အထ္ထော အတ္ထဿ နက္ခတ္တံ” ကောင်းကျိုးချမ်းသာ ကိုယ်လိုချင် တဲ့ဟာရဖို့ရာ အရေးကြီးဆုံးပဲတဲ့။ အဲဒါဟာ ကောင်းတဲ့ နက္ခတ်ပဲ။ ကိုယ်လိုချင်တာရတာဟာ ကောင်းတဲ့နက္ခတ် ပဲ။ “ကိံ ကရိဿန္တိ တာရကာ” ကောင်းကင်ပေါ်က ကြယ်တွေက ကိုယ့်ကိုဘာတတ်နိုင်မှာလဲတဲ့၊ ဒီလို ဆိုထားတာနော်။

အဲဒါကြောင့်မို့လို့ ပုဗ္ဗဏှသုတ်မှာ မြတ်စွာဘုရား က အတိအလင်း ဟောထားတယ်။ နံနက်ခင်းမှာ အပြစ်ကင်းတဲ့ အတွေးတွေတွေးမယ်၊ အပြစ်ကင်းတဲ့ အပြောတွေပြောမယ်၊ အပြစ်ကင်းတဲ့အလုပ်တွေ လုပ် မယ်။ ဆိုလိုတာက မနက်ခင်းမှာ ကာယသုစရိုက်၊ ဝစီ သုစရိုက်၊ မနောသုစရိုက်ဆိုတဲ့ အကျင့်တရားတွေ ကျင့်ကြံကြိုးကုတ် အားထုတ်မယ်ဆိုရင် အဲဒီနံနက်ခင်း ဟာ ကောင်းသော နံနက်ခင်းပါ။ နေ့လယ်ခင်းမှာ ကောင်းတာ ပြောတယ်၊ ကောင်းတာ တွေးတယ်၊ ကောင်းတာလုပ်တယ် ဆိုလို့ရှိရင်လည်း ကောင်းတဲ့ နေ့လယ်ခင်းဖြစ်ပါတယ်။ ညနေခင်းမှာလည်းပဲ အပြစ် ကင်းတဲ့ အတွေးတွေတွေးတယ်၊ အပြစ်ကင်းတဲ့စကား တွေပြောတယ်၊ အပြစ်ကင်းတဲ့ အလုပ်တွေလုပ်လို့ရှိရင် ကောင်းသောညနေခင်း ဖြစ်ပါတယ်။ ဒီလိုဆိုလိုတာ နော်။

အဲဒါကြောင့်မို့လို့ ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်အဖို့ ဘယ်တော့ဖြစ်ဖြစ် နက္ခတ်က အကောင်းပဲတဲ့။ အဆိုး မရှိဘူး။ သို့သော် လူတွေက အကောင်းအဆိုးဆိုတာ နက္ခတ်ကိုပဲသွားရှာတယ်။ ကိုယ့်ရင်ထဲကအရာကိုတော့ မေ့နေတယ်။ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်၊ ကိုယ့် သန္တာန်မှာဖြစ်နေတဲ့ လောဘတွေ၊ ဒေါသတွေ၊ မာန် မာနတွေ၊ ဣဿာတွေကိုတော့ အကောင်းထင်နေကြ တာနော်။ ဘယ်သူကမှ ကိုယ့်လာဆွဲမခေါ်ဘူး။ ဆွဲခေါ် သွားတာက ကိုယ့်ရင်ထဲဖြစ်တဲ့ လောဘ၊ ဒေါသတွေက ဆွဲခေါ်သွားတာလေ။

ကဲကြည့်၊ လောကမှာလူဆိုးဖြစ်တယ်၊ ဒီရာဇဝတ်မှု ကို ကျူးလွန်တယ်ဆိုတဲ့ လူတွေဟာ ဘယ်သူကသူ့ကို ကျူးလွန်ခိုင်းတာတုန်း။ သူ့စိတ်ကပဲ ကျူးလွန်တာ မဟုတ်လား။ သူ့သန္တာန်မှာဖြစ်တဲ့ အကုသိုလ်တရား တွေက ဒီအလုပ်တွေကို လုပ်စေတာ။ ခံရတော့ သူပဲ ခံရတာလေ။

အဲဒါကြောင့်မို့လို့ ကိုယ့်ရင်ထဲမှာဖြစ်တဲ့ အရာတွေ ဟာ၊ ကိုယ့်စိတ်ထဲမှာဖြစ်တဲ့ မကောင်းတဲ့ သဘောထား တွေဟာ အင်မတန်မှ ကြောက်စရာကောင်းတယ်။ အပါယ်ငရဲဆိုတာ အပြင်ဘက်က လာမချဘူး၊ ကိုယ်က ချတာ။ ကိုယ့်ရင်ထဲမှာဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ဒီတရားတွေက အပါယ်ကိုချတာတဲ့။ ဘယ်လိုလုပ် အပါယ်ချတုန်းဆို ကိုယ့်စိတ်ထဲမှာဖြစ်ရင် ကိုယ်ပဲ ခံရတာလေ။

ဒီ့ပြင်ဟာ မကြည့်နဲ့၊ ကိုယ့်ခန္ဓာကိုယ်ကြီးမှာဖြစ်တဲ့ ရောဂါဝေဒနာ ဘယ်သူခံရတာတုန်း၊ ကိုယ်ပဲခံရတာ။ ဟုတ်တယ်လေ၊ ဆေးရုံသွားစစ်လိုက်လို့ HIV Positive ဆိုရင် ဘယ်သူခံရမှာတုန်း။ C ပိုး၊ B ပိုး Positive ဆိုလည်း ကိုယ်ပဲ ခံရမှာပဲ၊ ဟုတ်တယ်မဟုတ်လား။ ကိုယ့်ရင်ထဲမှာဖြစ်တာ။ အဲဒါကျတော့ လူတွေက ကြောက်တယ်လေ။ ဒီ့ထက်ကြောက်စရာကောင်းတာ ဘာတုန်းဆိုရင် ကိုယ့်ရဲ့ စိတ်အစဉ်ထဲမှာ Mental Process ထဲမှာဖြစ်နေတဲ့ Positive တွေက ပိုကြောက် စရာကောင်းတယ်။ စိတ်ထဲမှာဖြစ်တဲ့လောဘ၊ စိတ်ထဲမှာ ဖြစ်တဲ့ ဒေါသ၊ မောဟ၊ ဣဿာတွေ၊ မာန်မာနတွေက ပိုကြောက်စရာကောင်းတယ်။ ဒါတွေက သွားစမ်းလိုက် တယ်၊ Positive ဖြစ်နေတယ်၊ ဟုတ်ရဲ့လား။

အပါယ်ငရဲချတာ သူတို့ကချတာ၊ HIV ကလည်း အပါယ်ငရဲမချဘူး၊ C ပိုး၊ Bပိုး ကလည်း အပါယ်ငရဲ မချဘူး။ ရုပ်ခန္ဓာမှာဖြစ်တဲ့ ရောဂါဝေဒနာဆိုတာ ဒီဘဝ တစ်ခါပဲသေမှာ၊ ဘယ်သူမှ နှစ်ခါသေတဲ့လူ မရှိဘူး။ ရောဂါမရှိတဲ့လူရော မသေဘူးလား၊ သေတာပေါ့။ သူကတောင် တစ်ခါတစ်လေ အရင်သေချင် သေသွား တာ။ ရောဂါရှိတဲ့လူက တမျှဉ်းမျှဉ်းနဲ့ မသေသေးတဲ့ လူတောင် ရှိသေးတယ်။ ရောဂါရှိလည်း အတူတူပဲ၊ မရှိလည်း အတူတူပဲ။ သေမှာဟာ အတူတူပဲ။ သေမှာ ချည်းပဲ။ တစ်ဘဝမှာ တစ်ခါပဲသေကြတာ။ အဲဒီတော့ တကယ်ကြောက်စရာကောင်းတာက ရုပ်ခန္ဓာမှာ စွဲကပ် တဲ့ရောဂါ မဟုတ်ဘူး။ စိတ်မှာစွဲတဲ့ရောဂါက ကြောက် စရာကောင်းတာ။ အဲဒီတော့ ကိုယ့်သန္တာန်မှာ လောဘ တွေ၊ ဒေါသတွေ၊ မောဟတွေ၊ ဒါတွေကို နည်းအောင် ဂရုစိုက်ဖို့ ဆိုလိုတာနော်။ အဲဒီလိုဆိုလိုတာ။

အဲဒီလို လောဘ၊ ဒေါသ၊ မောဟတွေနည်းအောင် ကြိုးစားတဲ့အချိန်ဟာ “သုနက္ခတ္တံ” ကောင်းသောနက္ခတ် ပဲတဲ့။ ကိုယ့်အတွက် “သုမင်္ဂလံ” မင်္ဂလာအရှိဆုံးအချိန် ပဲတဲ့။ အဲဒီအချိန်ဟာ စိတ်ဆိုးနေတဲ့အချိန်ဟာ မင်္ဂလာ မရှိဆုံးအချိန်ပဲလို့ ဒီလိုမှတ်ထား။ စိတ်မဆိုးဘူး၊ မေတ္တာ ဘာဝနာ ပွားနေတယ်၊ တစ်ယောက်နဲ့တစ်ယောက် သင့်သင့်မြတ်မြတ် ရှိနေတယ်၊ မိတ်ဆွေမပျက်ဘူး ဆိုရင် မင်္ဂလာရှိတဲ့အချိန်တစ်ခုပဲလို့ ဒီလိုမှတ်တယ်။ “သုပ္ပဘာတံ” ဘုရား၊ တရား၊ သံဃာကို အာရုံပြုပြီး တော့ နိုးလာလို့ရှိရင် ကောင်းသောနံနက်ခင်းဖြစ်လာ တယ်။ “သုဟုဋ္ဌိတံ” အိပ်ရာက နိုးထလာတဲ့အခါ နှုတ်ခမ်းကြီးစူပြီးတော့ နိုးထတာမဟုတ်ဘူး၊ အများ သတ္တဝါတွေ ချမ်းသာကြပါစေဆိုတဲ့ အတွေးလေးနဲ့ နိုးထလာရင် ဒါ အကောင်းဆုံး အိပ်ရာကထခြင်းပဲ ဖြစ်တယ်ပေါ့။ အဲဒီလို နေ့စဉ်နဲ့အမျှ အကောင်းဆုံး မိုးသောက်ချိန်ဖြစ်ဖို့နဲ့ အကောင်းဆုံး အိပ်ရာကထခြင်း ဖြစ်အောင် မကြိုးစားသင့်ဘူးလား၊ ကြိုးစားရမှာ။ ဒါတွေဖြစ်အောင် ကြိုးစားရမှာ။ အဲဒီလို ကြိုးစားဖို့ဆိုလိုတာ။ နေ့စဉ်လုပ်နေတဲ့ အလုပ်တွေဖြစ်ရမယ်၊ ဟုတ်ရဲ့လား။ ကိုယ့်အိမ်မှာ နေရင်းထိုင်ရင်းနဲ့ ကောင်းသော မိုးသောက်ဖြစ်ဖို့၊ ကောင်းသော နက္ခတ်နဲ့ကြုံတဲ့ အချိန်ပိုင်းဖြစ်ဖို့၊ ကောင်းတဲ့မင်္ဂလာရှိတဲ့ အချိန်ဖြစ်ဖို့ရာ ကိုယ့်သန္တာန်မှာ ကောင်းတဲ့စိတ်ဓာတ်တွေ ဖြစ်နေ အောင် ကြိုးစားရမယ်။ မေတ္တာပွားနေမယ်၊ အဆင်မပြေ တဲ့သူတွေကို ကရုဏာထားမယ်၊ အဆင်ပြေတဲ့လူတွေ အပေါ်မှာ မုဒိတာပွားမယ်ဆိုရင် ဒါ အင်မတန်မှ ကောင်းမြတ်တဲ့စိတ်တွေလို့ ဒီလိုပြောတာနော်။

အဲဒီလိုနေလို့ရှိရင် “သုခဏော သုမုဟုတ္တောစ” မေတ္တာပို့တဲ့အချိန်လေး၊ ကုသိုလ်ရတဲ့အချိန်လေးဟာ အကောင်းဆုံးအချိန်လေးပဲ။ အကောင်းဆုံးအချိန်ပိုင်း လေး။ အဲဒီလို အကောင်းဆုံး အချိန်ပိုင်းလေး ကိုယ့် သန္တာန်မှာ အများကြီးဖြစ်လာအောင် လုပ်ဖို့လိုအပ် တယ်။ ဒီလိုဆိုလိုတာ။

“သုယိဋ္ဌံ ဗြဟ္မစာရိသု” အကျင့်စာရိတ္တကောင်းတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ဒါနကောင်းမှုလုပ်တဲ့ အချိန်လေး ဟာ ကိုယ့်အတွက် အကောင်းဆုံးအချိန်ကလေးပဲတဲ့။ ဒါက မြတ်စွာဘုရားဟောတဲ့ ဂါထာ။ ကောင်းသော နံနက်ခင်းဆိုတဲ့ အဓိပ္ပာယ်ရအောင် မြတ်စွာဘုရား ဟောတာ။

အဲဒီတော့ အတိုချုပ် ပြောလိုက်မယ် ဆိုလို့ရှိရင် လူတွေမှာ လှုပ်ရှားမှု၊ လုပ်ဆောင်မှု ဘယ်နှစ်ခုရှိတုန်း ဆိုရင် စိတ်နဲ့တွေးတာလည်းပဲ စိတ်နဲ့လုပ်တယ်လို့ ခေါ်တယ်၊ မနောကံလို့ခေါ်တယ်။ နှုတ်ကနေပြောတာ ကျတော့ ဝစီကံလို့ခေါ်တယ်။ ကိုယ်ထိလက်ရောက် လုပ်တာကျတော့ ကာယကံလို့ခေါ်တယ်။ စိတ်ထဲက နေပြီးတော့ တောင့်တတာကိုကျတော့ “ပဏိဓိ” လို့ ခေါ်တယ်။

အဲဒါတွေဟာ ကုသိုလ်နဲ့ယှဉ်ပြီးတော့ လုပ်မယ်၊ ဆိုပါစို့၊ ကာယကံအနေနဲ့ ကောင်းတဲ့ကာယကံနဲ့ ဘယ်လိုလုပ်တုန်းဆို အရပ်ထဲမှာ ကိုယ်လမ်းလျှောက် သွားတာပဲဖြစ်စေ၊ လမ်းလျှောက်သွားရင်းကနေပြီးတော့ ဘယ်သူမှ ခလုတ်မထိ ဆူးမငြိကြပါစေနဲ့၊ ခဲလေးတွေ ဖယ်သွားတယ်၊ ဆူးလေးတွေဖယ်သွားတယ်၊ လုပ်ပုံပြော တာ။ အသေးစိတ်ကစပြီးတော့ ကာယကံမေတ္တာတွေ ထားတယ်၊ နှုတ်ကလည်း ဝစီကံမေတ္တာတွေထားတယ်၊ စိတ်ကလည်းပဲ မနောကံမေတ္တာတွေပွားတယ်။ ကုသိုလ် တွေနဲ့ ကာယကံ၊ ဝစီကံ၊ မနောကံကုသိုလ်တွေ ဖြစ်နေ လို့ရှိရင် အဲဒီကုသိုလ်တွေဟာ ကိုယ့်အတွက် ကြီးပွား ကြောင်း အမှုတွေချည်းပဲ။

ဒါကြောင့်မို့လို့ “ပဒက္ခိဏံ ကာယကမ္မံ” ကုသိုလ်နဲ့ လုပ်တဲ့ ကာယကံမှန်သမျှဟာ “ပဒက္ခိဏ” တိုးတက်ဖို့၊ ကိုယ်ကြီးပွားဖို့ပဲဖြစ်တယ်။ ကြီးပွားတယ် တိုးတက်တယ် ဆိုတာ ဒီ နိမ့်ကျတဲ့ အနေအထားတစ်ခုကနေပြီးတော့ အဆင့်မြင့်လာတဲ့သဘောကို ပြောတာနော်။

“ဝါစာကမ္မံ ပဒက္ခိဏံ” ကိုယ်ပြောတဲ့စကား ကလည်း အပြစ်ကင်းတဲ့စကားဆိုရင် “ပဒက္ခိဏ” ကြီးပွားတိုးတက်မှုဖြစ်လာတယ်။ “ပဒက္ခိဏံ မနောကမ္မံ” စိတ်ထဲက ကြံစည်တဲ့ အမှုတွေဟာလည်းပဲ ကြီးပွား တိုးတက်ဖို့အတွက် ဖြစ်လာတယ်။ “ပဏီဓိတေ ပဒက္ခိဏာ” ကိုယ့်စိတ်ဆန္ဒတွေ၊ စိတ်ထဲကတောင့်တမှု၊ ရည်သန်မှုတွေဟာလည်းပဲ ကြီးပွားတိုးတက်တဲ့ ရည်ရွယ် ချက်တွေ ဒီလိုဖြစ်လာတယ်တဲ့။

အဲဒီလို ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ အတွေး အကြံတွေဟာ ကောင်းလာပြီ ဆိုလို့ရှိရင် ဘာဖြစ်လဲ ဆိုတော့ “လဘန္တတ္ထေ ပဒက္ခိဏေ” ကောင်းမြတ်တဲ့ အကျိုးကျေးဇူးတွေကို သူ,ရလာမယ်တဲ့။ ဒီလိုဆိုလိုတာ နော်။ “ပဒက္ခိဏာနိ ကတွာန၊ လဘန္တတ္ထေ ပဒက္ခိဏေ” လုပ်တဲ့အလုပ်ကိုက ကုသိုလ်တွေလုပ်တာ၊ ကုသိုလ်တွေ ဆိုတာ ကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းဖြစ်တယ်။

လူတစ်ယောက်ဟာ စီးပွားလုပ်လို့ စီးပွားဖြစ်လာ ပြီဆိုလို့ရှိရင် ပထမ ဆင်းရဲတဲ့ဘဝကနေ ကြိုးစား လိုက်တဲ့အခါ တဲအိမ်လေးကနေ တိုက်အိမ်ဆောက်လာ နိုင်တယ်၊ စက်ဘီးလေး ဝယ်ရာကနေ မော်တော် ဆိုင်ကယ် ဝယ်လာနိုင်တယ်၊ မော်တော်ဆိုင်ကယ်ကနေ ကားဝယ်လာနိုင်တယ်ပေါ့။ မြင့်မလာဘူးလား။ စီးပွား ရေးနဲ့ ပတ်သက်လို့ အဲဒီလို မြင့်လာသလိုပဲ စိတ်နေ စိတ်ထားတွေ၊ ကုသိုလ်တရားတွေကိုလည်း တိုးမြှင့် တိုးမြှင့်လုပ်တဲ့အခါ လူတစ်ယောက်ဟာ ဘဝမှာ မြင့်မြင့် လာတာပဲ။ ဘဝတစ်ခုနဲ့တစ်ခု သူက မြင့်မြင့်သွားတယ်။ အဲဒါကိုပြောတာ။

“ပဒက္ခိဏာနိ ကတွာန၊ လဘန္တတ္ထေ ပဒက္ခိဏေ” ကောင်းတာတွေလုပ်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာ ကောင်းတဲ့အကျိုးတွေကိုရတယ်။ ရလာတဲ့ အတွက် ကြောင့် သူဟာ အဆင့်မြင့်မြင့်ပြီးတော့သွားတယ်။ “တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရုဠှာ ဗုဒ္ဓသာသနေ” အဲဒီလို ကောင်းကျိုးချမ်းသာတွေ ရလာပြီ ဆိုလို့ရှိရင် “သုခိတ” ကိုယ်စိတ်နှစ်ဖြာ ချမ်းသာတယ်။

“ဝိရုဠှာ ဗုဒ္ဓသာသနေ” မြတ်စွာဘုရား သာသနာ မှာ စည်ပင်လာတယ်ဆိုတာ ဘာပြောတာလဲဆိုတော့ သူက ကိုယ်ကျင့်သီလတွေနဲ့လည်း ပြည့်စုံလာတယ်၊ ကမ္မဋ္ဌာန်းတွေ နှလုံးသွင်းလာနိုင်တယ်။ ဘာဝနာ ကျင့်စဉ်တွေ ကျင့်လာတယ်၊ ဘာဝနာကျင့်စဉ်တွေ ကျင့်လာလို့ ဝိပဿနာတရားတွေ အကြိမ်ကြိမ် အားထုတ်လာနိုင်တယ်၊ တိုးတက်လာတယ်၊ မသိသေး တာတွေ သိလာတယ်။ ဘုရား တရားတော်တွေနဲ့ ပတ်သက်ပြီးတော့ အဆင့်မြင့်လာတယ်။ ဒီလို ဆိုလို တာ။ အဲဒီလိုထိအောင် ဖြစ်လာနိုင်တယ်တဲ့။

အဲဒီလိုဖြစ်လာဖို့အတွက် ကျန်းမာဖို့တွေဘာတွေ လိုအပ်လို့ အားလုံးသတ္တဝါတွေကို ကျန်းမာကြပါစေ ဆိုတာနဲ့ နောက်ကနေ “အရောဂါ သုခိတာ ဟောန္တု၊ သဟ သဗ္ဗေဟိ ဉာတိဘိ” တဲ့။ ဆွေတွေမျိုးတွေနဲ့ အတူတကွ “အရောဂ” ရောဂါကင်းကြပါစေ၊ “သုခိတ” ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ မနက်ပိုင်းမှာ ဒါ မေတ္တာပွားတာပဲပေါ့။ အဲဒီလို မေတ္တာနှလုံးသားနဲ့ ကိုယ်ကနေနိုင်ပြီ ဆိုလို့ရှိရင် ကိုယ့်ရဲ့စိတ်ကလေးဟာ အင်မတန်မှ စင်ကြယ်လာတယ်။ စင်ကြယ်လာတဲ့ စိတ် ကလေးနဲ့ ကုသိုလ်တွေဖြစ်လာလို့ရှိရင် ခုနကပြောခဲ့တဲ့ ကာယကံတွေ၊ ဝစီကံတွေ၊ မနောကံတွေဟာ အထက် ကို တိုးတက်မြင့်မားစေတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ တွေပဲ ဖြစ်တယ်တဲ့။

ဒါကြောင့်မို့လို့ မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်က ဒီ ပုဗ္ဗဏှသုတ်ကို အကျဉ်းချုပ် ဒီလိုဟောထား တာဖြစ်တယ်။ တရားနာပရိသတ်အပေါင်း သူတော် ကောင်းတို့ဟာ ဒီပရိတ်ကြီးထဲမှာပါတဲ့၊ ရှေးဆရာတွေ စီရင်ထားတဲ့ ဂါထာတွေရော၊ မြတ်စွာဘုရားဟောထား တဲ့ ဂါထာတွေရော၊ ဒီဂါထာတွေအတိုင်း မနက် မိုးသောက် အလင်းရောက်တဲ့အချိန်မှာဖြစ်စေ၊ နေ့လယ် အခါမှာဖြစ်စေ၊ ညနေအခါမှာဖြစ်စေ ဒီလမ်းစဉ်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်သွားကြမယ် ဆိုလို့ရှိရင် ကောင်းသော နံနက်ခင်း၊ ကောင်းသော နေ့လယ်ခင်း၊ ကောင်းသော ညနေခင်းဆိုတဲ့ အချိန်ပိုင်းတွေနဲ့ကြုံတွေ့ ပြီးတော့၊ ကောင်းသောဘဝကြီးတစ်ခုလုံးကို ဖြတ်သန်း ပြီးတော့၊ ကောင်းတဲ့ဘဝကနေပြီးတော့ နောက်ဆုံးမှာ သံသရာဝဋ်ကလွတ်တဲ့ နိဗ္ဗာန်ဆိုတဲ့ ချမ်းသာသုခကို မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်တယ်လို့ ကိုယ်စီ ကိုယ်စီ သဘောကျပြီး ပုဗ္ဗဏှသုတ်လာ ကျင့်စဉ်အတိုင်း မိမိဘဝ တိုးတက်လာအောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော် မူနိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

1qfntigbypw0twdq6wzvzzm3zgas7yx
န စ သော၊ န စ အညော
0
5884
22155
21659
2026-06-15T03:27:44Z
Tejinda
173
22155
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = န စ သော၊ န စ အညော
| previous = [[ပုဗ္ဗဏှသုတ် အနှစ်ချုပ်]]
| previous2 =
| next = [[ပဋ္ဌာန်းပါဠိတော်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

န စ သော၊ န စ အညော

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၂ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၀-ပြည့်နှစ် ပြာသိုလပြည့်ကျော် (၁၁)ရက်နေ့ (၂၁-၁-၂၀၀၉) တာမွေမြို့နယ် ကျောက်မြောင်း၊ မလွှကုန်း ဌေးကြွယ်ရပ်ကွက် ရန်ကုန်တိုင်း၊ (၁၄)ကြိမ်မြောက် ဆွမ်းလောင်း အောင်ပွဲ အထူးဓမ္မသဘင်ဝယ် ဟောကြားအပ် သော "န စ သော၊ န စ အညော" တရား ဒေသနာတော်။

န စ သော၊ န စ အညော

န စ သော၊ န စ အညော ဆိုတာ ပါဠိစကား၊ မြန်မာလို "သူလည်း မဟုတ်၊ တစ်ခြားသူလည်း မဟုတ်" တဲ့။ အဲဒီအကြောင်းကို ကိုယ့်ကိုယ်ကို ပြန်ပြီး စစ်တမ်းထုတ်ဖို့ ဒီကနေ့ ဟောမှာပါ။ မြတ်စွာဘုရား သာသနာတော်ကြီးနှင့် ကြုံတွေ့လာတဲ့အခါမှာ တရား ဓမ္မနဲ့ ပတ်သက်ပြီး လေးလေးနက်နက် စဉ်းစား တတ်တဲ့ အသိဉာဏ်လေးရအောင် ကြိုးပမ်းအားထုတ် ကြရမယ်။ ဒါ အခွင့်ကောင်းကြီးတစ်ခုပဲ။ စိတ်ဝင်စား စရာ ဇာတ်လမ်းတွေဆိုတာက ဘယ်အခါဖြစ်ဖြစ် နာလို့ရတယ်၊ ကိုယ့်ကိုယ်ကို ဆင်ခြင်တွေးတောရမယ့် တရား ဓမ္မ ဆိုတာ ဘုရားပွင့်မှ နားလည်ခွင့်ရမယ်။ ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်တို့ ဒီနေ့ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်အောင် ဒီ စကားလုံး လေးကို မှတ်ထားပါ။ 'န စ သော၊ န စ အညော' 'သူလည်း မဟုတ်၊ တစ်ခြားသူလည်း မဟုတ်'။ ဒီလူ လည်း မဟုတ်ဘူး၊ ဟိုလူလည်း မဟုတ်ဘူးလို့ ဆိုလို တယ်၊ ဟုတ်ကဲ့လား။ တစ်ယောက်ထဲလည်း မဟုတ် ဘူး၊ နှစ်ယောက်လည်း မဟုတ်ဘူးလို့ ပြောလိုတာပါ။

ဒီစကားလုံးကို ဘယ်သူစသုံးခဲ့တုန်းလို့ သာသနာ့ သမိုင်းကို ပြန်ကြည့်ရမယ်။ ဒီစကားလုံးဟာ ပိဋကတ် သုံးပုံမှာပါတဲ့ စကားလုံးတော့ မဟုတ်ဘူး။ သို့သော် ပိဋကတ်သုံးပုံနဲ့လျော်တယ်။ စတင်သုံးခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူတုန်းဆိုရင် အားလုံးသိနေကြတဲ့ မိလိန္ဒ မင်းကြီးရဲ့ အမေးကိုဖြေတဲ့ အရှင်နာဂသေနမထေရ်ပဲ။ မြန်မာတွေကတော့ ရှင်နာဂသိန်လို့ ခေါ်ကြတယ်။

သာသနာတော်နှစ် ၁၀၀၀ ထက် စောပြီးတော့ မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသိန်တို့ သာသနာတော်မှာ ပေါ်ပေါက်ခဲ့ကြပြီး ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားဓမ္မ တွေနဲ့ ပတ်သက်တာတွေ လေးလေးနက်နက် နားလည်ဖို့ မိလိန္ဒမင်းကြီးက မေးတယ်၊ ရှင်နာဂသိန်က ဖြေတယ်။ ကပ်ကပ်သပ်သပ်မေးခွန်းတွေပဲ။ ဘာသာ ရေးနဲ့ ပတ်သက်ပြီး မေးထားတဲ့မေးခွန်းပေါင်း ၃၀၄ ခု ရှိတယ်။ အဲဒီ မေးခွန်းတွေကို ဖြေဆိုချက်နှင့်အတူ မှတ်တမ်းတင်ထားတဲ့ကျမ်းကို မိလိန္ဒပဥှာ လို့ ခေါ် တယ်။ မြန်မာနိုင်ငံမှာ သာသနာနှစ် ၂၅၀၀ အထိမ်း အမှတ်အဖြစ် ကမ္ဘာအေးကုန်းမြေမှာ ဗုဒ္ဓဘာသာနိုင်ငံ တွေစုပြီး သင်္ဂါယနာတင်ခဲ့တုန်းက ဒီ မိလိန္ဒပဥှာ ကျမ်း ကို ခုဒ္ဒကနိကာယ်ထဲ ထည့်သွင်းပြီး ပိဋကတ်သုံးသွယ် နိကာယ်ငါးဖြာ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ ထဲ ထည့်ထား ကြတယ်။ ဘာဖြစ်လို့တုန်းဆိုရင် ဘုရားဟောတဲ့ တရား ဓမ္မတွေကို နားလည်ဖို့အတွက် အထောက်အကူ ဖြစ်လို့ ပဲ။

ဗုဒ္ဓမြတ်စွာ သာသနာတော်နဲ့ ပတ်သက်ပြီး တရားဓမ္မကို နားလည်လို့ သောတာပန်ဖြစ်တယ်၊ သောတာပန် သောတာပန်လို့ ပြောနေကြတယ်။ သောတာပန်ရဲ့အရည်အသွေးက ဘာလဲလို့ မေးလိုက် ရင် သောတာပန်ဆိုတာ အမြင်မှန်ပြီး သံသယ ကင်းသွားတာ၊ အမြင်မှန်ပြီး သံသယ ကင်းရမယ်၊ လုံးဝအမြင်မှန်ပြီး လုံးဝ သံသယကင်းသွားတဲ့ ပုဂ္ဂိုလ် ဟာ သောတာပန်ပုဂ္ဂိုလ်။ သောတာပန်ပုဂ္ဂိုလ်ရဲ့ အင်္ဂါ ၄-မျိုးဆိုပြီးတော့ ဖော်ပြထားတာရှိတယ်။ ထို ၄-မျိုး ထဲမှာ သံသယကင်းမှုနဲ့ပတ်သက်ပြီး ဘယ်နေရာမှာ အမြင်မှန်ပြီး ဘယ်နေရာမှာ သံသယကင်းသွားသလဲ ဆိုရင် ဗုဒ္ဓရဲ့ သဗ္ဗညုတဉာဏ်တော်ကြီးကို ယုံကြည် တယ်၊ သံသယကင်းတယ်။ ဒါကို ဗုဒ္ဓေ အဝေစ္စပသာဒ လို့ ခေါ်တယ်။ မြတ်စွာဘုရားအပေါ်မှာ အသိဉာဏ် ရှိရှိနဲ့ လက်ခံယုံကြည်တာ။

အဝေစ္စပသာဒ ဆိုတာ အသိဉာဏ်နဲ့ ယုံကြည် တာ၊ ယုံကြည်တာ အမျိုးမျိုးရှိတယ်လို့ မှတ်ရမယ်။ အသိဉာဏ်မပါတဲ့ ယုံကြည်တာကော မရှိနိုင်ဘူးလား၊ ရှိနိုင်တယ်။ ပညာမဲ့သဒ္ဓါ လို့ခေါ်တယ်၊ ဉာဏ်မပါဘူး။

အဲဒီအသိဉာဏ်မပါတဲ့ ယုံကြည်မှုကျတော့ မှန်ကန်မှု ကို ဦးမဆောင်နိုင်ဘူး။ ဒါကြောင့်မို့ အသိဉာဏ်ရှိတဲ့ ယုံကြည်မှုမျိုးဖြစ်သင့်တယ်။ သောတာပန် ဖြစ်သွား လို့ရှိရင် အသိဉာဏ်ရှိတဲ့ ယုံကြည်မှုမျိုး ရသွားတယ်။

ဗုဒ္ဓေ အဝေစ္စပသာဒ - မြတ်စွာဘုရားကို ယုံကြည် တယ်ဆိုတာ မြတ်စွာဘုရားရဲ့ အသိဉာဏ်ကို လက်ခံ တာ၊ မြတ်စွာဘုရား အမှန်တရားကို သိတယ်ဆိုတာ လက်ခံတယ်။ မြတ်စွာဘုရားရဲ့ ဗောဓိဉာဏ်ကြီးကို လက်ခံတယ်။ အမှန်တရားကို သိတယ်ဆိုတာ ဟုတ်တယ်လို့ မိမိကိုယ်တိုင် အသိဉာဏ်ပါတဲ့ ယုံကြည်မှုရှိတာက တစ်ချက်။

ဓမ္မေ အဝေစ္စပသာဒ တရားဓမ္မနဲ့ ပတ်သက် လာရင်လည်း မှန်ကန်တဲ့အတိုင်း အသိဉာဏ်နဲ့ လက်ခံ ယုံကြည်တယ်။ တရားဓမ္မကို ယုံကြည်တယ်ဆိုတာ ဘာလဲဆိုရင် ဒီတရားဓမ္မကိုကျင့်ရင် ဒီအကျိုးရတယ် ဆိုတာ သေချာပေါက်ပဲလို့ ဆိုလိုတာ။ ဆိုပါစို့ မြတ်စွာ ဘုရားက သီလနဲ့ပြည့်စုံလို့ရှိရင် (ကိုယ်ကျင့်သီလ ဆိုတာ အားလုံးသိတဲ့အတိုင်း (၅)ပါးသီလဆိုတာ လူတွေအနည်းဆုံးရှိရမယ့်ကိုယ်ကျင့်သီလ) ကောင်းရာ သုဂတိ ရောက်တယ်လို့ မြတ်စွာဘုရားက ဟောတယ်။ အဲဒီကိုယ်ကျင့်သီလ (၅)ပါးကို အကျယ်ချဲ့လိုက်ရင် သုစရိုက်(၁၀)ပါးပေါ့။ ငါးပါးျသီလနဲ့ သုစရိုက် (၁၀)ပါး၊ ချုံ့လိုက်ရင် သုစရိုက် (၁၀)ပါးကို ကုသလ ကမ္မပထ တရား (၁၀)ပါး လို့လည်းခေါ်တယ်။ အဲဒါရဲ့ အပြန်က အကုသလ ကမ္မပထ တရား (၁၀)ပါး။ မြတ်စွာဘုရား က ယှဉ်ပြီးဟောထားတယ်၊ အားလုံးသိကြတဲ့အတိုင်း ကာယဒုစရိုက်၊ ကာယသုစရိုက်က (၃)မျိုးစီ။ ဝစီ ဒုစရိုက်၊ ဝစီသုစရိုက်က (၄)မျိုးစီ။ မနောဒုစရိုက်နဲ့ မနောသုစရိုက်က (၃)မျိုးစီ၊ အားလုံးပေါင်းလိုက်တဲ့ အခါ ကုသလကမ္မပထ တရား(၁၀)ပါး၊ အကုသလ ကမ္မပထတရား(၁၀)ပါး အဲဒါ ကိုယ်ကျင့်တရား၊ အားလုံးကျင့်ရမယ့် အခြေခံကျင့်စဉ်။

ဗုဒ္ဓဘာသာမှန်ရင် ကုသလကမ္မပထလမ်းကြောင်း ပေါ် လျှောက်ရမယ်လို့ ပြောတာနော်။ နို့မို့ဆိုရင် ဘုရားကို ကိုးကွယ်တယ်၊ ယုံကြည်တယ်ဆိုတာ ပါးစပ် ပြောပဲဖြစ်မယ်၊ အသိဉာဏ်နဲ့ မဟုတ်ဘူး။ မှန်ကန်တဲ့ ကုသလကမ္မပထတရား ဆိုတဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းပြီဆိုရင် ကိုယ်ကျင့်သီလနဲ့ ပြည့်စုံပြီ။ အဲဒီ ကုသလ ကမ္မပထတရား(၁၀)ပါး ကိုယ်ကျင့်တရား နဲ့ ပြည့်စုံပြီဆိုရင် လူ့ပြည်၊ နတ်ပြည် ရောက်နိုင်တယ်။ လူ့ပြည်နတ်ပြည်ရောက်ခြင်းရဲ့ အကြောင်းတရားဟာ ကိုယ်ကျင့်သီလပဲ။ ကိုယ်ကျင့်သီလပြည့်စုံတဲ့ ပုဂ္ဂိုလ်မှာ စေတောပဏိဓိ လို့ခေါ်တဲ့ စိတ်ဆန္ဒ တောင့်တချက် ပြည့်စုံတယ်။ ကိုယ်ကျင့်သီလနဲ့ မပြည့်စုံရင် ဆုတောင်း ပြည့်ဖို့ဆိုတာ မသေချာဘူးပေါ့။ အေး၊ မကောင်းတာ တောင်းရင်တော့ ရကောင်းရမှာပေါ့၊ နောင်ဘဝ သူ့ကို နိုင်ရပါလို၏ ဆိုတာမျိုး။ ကောင်းတာတောင်းဖို့ဆိုတာ ကိုယ်ကျင့်သီလနဲ့ပြည့်စုံမှ ပြည့်တယ်တဲ့။

အဲဒီကိုယ်ကျင့်သီလကို အခြေခံပြီးရင် ဘာလုပ်ရ မလဲဆိုရင် သမာဓိကျင့်စဉ်တစ်ခုကို ကျင့်တယ်၊ ကိုယ်ကျင့်သီလ မပါဘဲနဲ့ သမာဓိကျင့်စဉ်တစ်ခုကို ကျင့်လို့မရဘူး။ သမာဓိကျင့်စဉ် ကျင့်လို့ အောင်မြင်ပြီ ဆိုရင် ဗြဟ္မာဘုံ(၂၀)ထဲက အောင်မြင်တဲ့ စျာန် အားလျှော်စွာ ဗြဟ္မာဘုံကို ရောက်နိုင်တယ်။ အဲဒီ ဗြဟ္မာ့ပြည်(၂၀)နဲ့ နတ်ပြည် (၆)ထပ်၊ အဲဒီ (၂၆)ဘုံကို ဒေဝလောက (၂၆)ဘုံလို့ ခေါ်တယ်။

အဲဒီတော့ လူ့ပြည်ကိုလည်း ကိုယ်ကျင့်တရားနဲ့ ရောက်နိုင်တယ်။ ဗြဟ္မာ့ပြည်ဆိုတာကတော့ သမာဓိ ကျင့်စဉ်ကျင့်ပြီး သမထကျင့်စဉ် အောင်မြင်လို့ စျာန် တရားတွေရတဲ့အခါကျမှ ရောက်နိုင်တယ်။ သီလ သက်သက်နဲ့တော့ မရောက်နိုင်ဘူး။ သို့သော် သီလကို Foundation အဖြစ် အခြေခံရမယ်တဲ့။

ကဲ၊ သံသရာဝဋ်ကလွတ်အောင် လုပ်မယ်ဆိုရင် လည်း သီလကိုပဲ အခြေခံရမယ်။ အဲဒါကြောင့် ဝိသုဒ္ဓိ မဂ်ကျမ်းရေးတဲ့ အရှင်မဟာဗုဒ္ဓဃောသ က သူဖွင့်ဆို မယ့် ဂါထာတစ်ပုဒ်ကို ရှေ့ဆုံးကတင်ပြီး ရေးတယ်။ 'သီလေ ပတိဋ္ဌာယ နရော သပ္ပညော' တဲ့၊ ကိုယ်ကျင့် တရားပေါ်မှာ ရပ်တည်ပြီးတော့မှ သမထကျင့်စဉ် ကျင့်နိုင်တယ်၊ ကိုယ်ကျင့်တရားပေါ်မှာ ရပ်တည်ပြီး တော့မှသာ ဝိပဿနာကျင့်စဉ် ကျင့်နိုင်တယ်။ အဲဒီတော့ ကိုယ်ကျင့်သီလဆိုတာ ဗုဒ္ဓဘာသာမှာ အခြေခံဖြစ်ပြီး ကုသိုလ်တရားတွေရဲ့ အစ, သို့မဟုတ် သာသနာလုပ်ငန်းရဲ့ အစပဲ။ ကိုယ်ကျင့်တရားကို အခြေခံပြီး ဝိပဿနာဉာဏ် ရင့်သန်လာအောင် ကျင့်ကြံကျိုးကုတ် အားထုတ်ရမယ်။ အဲဒီ ဝိပဿနာ ဉာဏ် ရင့်သန်ဖို့ဆိုတာ ကိုယ်ကျင့်တရားရှိရမယ်၊ ကိုယ်ကျင့်သီလ ပြည့်စုံရမယ်။ ကိုယ်ကျင့်သီလဆိုတာ ခုနက ကုသလကမ္မပထတရား(၁၀)ပါးကျင့်လို့ (၅)ပါး သီလပြည့်စုံရင် ကိုယ်ကျင့်တရားကောင်းတယ်။ အဲဒီ ကိုယ်ကျင့်သီလအခြေခံပြီး ဝိပဿနာကျင့်စဉ် ကျင့်ရင် ဘာဖြစ်သလဲ။ ခုနကပြောတဲ့ အမှန်မြင်တာနဲ့ သံသယ ကင်းတယ်ဆိုတဲ့ အဆင့်ကို ရောက်တယ်။ အဲဒါ သောတာပန်အဆင့်လို့ ပြောတာ။ စာလိုပြောရင် တော့ ဒိဋ္ဌိ, ဝိစိကိစ္ဆာ ပယ်တယ်လို့ ပြောကြတာပေါ့။ ဒိဋ္ဌိ ဆိုတာ မှားယွင်းနေတဲ့ အမြင်တစ်ခု၊ အမြင်မှန် သွားရင် ဒိဋ္ဌိ ဘယ်ရှိတော့မလဲ၊ ဝိစိကိစ္ဆာဆိုတာ ယုံမှား သံသယဖြစ်နေတာ။ သောတာပန် ဖြစ်သွားလို့ရှိရင် လုပ်တဲ့အတိုင်းရတယ်လို့ တရားဓမ္မအပေါ် လက်ခံ ယုံကြည်လာတာ။ ဒီ ဓမ္မကို ကျင့်သုံးလို့ အရိယာ သူတော်စင် သူတော်မြတ်အဖြစ် ရောက်သွားတယ်လို့ သံဃာ့ဂုဏ်ကို ယုံကြည်တယ်။ ထိုအကျင့်ဟာ မှန်ကန် တဲ့ အကျင့်ပဲလို့ယုံကြည်တယ်၊ သံဃေ အဝေစ္စပသာဒ-သံဃာကို အသိဉာဏ်နဲ့ သက်ဝင်ယုံကြည်တယ်၊ သောတာပန် ဖြစ်သွားပြီဆိုလို့ရှိရင် ဒီအရည်အသွေး တွေ ရသွားတယ်။

ဒါတင်လားဆိုရင် သောတာပန် ပုဂ္ဂိုလ်ဟာ ထာဝရ မြတ်မြတ်နိုးနိုး ထိန်းသိမ်း စောင့်ရှောက်တဲ့ အရာရှိတယ်။ ဘာတုန်းဆိုရင် (၅)ပါး သီလတဲ့၊ အရိယကန္တလို့ ခေါ်တယ်၊ 'အရိယ'ဆိုတာ သူတော်စင် များ၊ 'ကန္တ' ဆိုတာ မြတ်မြတ်နိုးနိုး။ သီလကို မချိုး မဖောက်တော့ဘူး၊ သီလကို မြတ်နိုးတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ သီလကို မချိုးမဖောက်ဘူး။ ပစ္စည်း ဥစ္စာလေးတစ်ခုကို မြတ်နိုးတဲ့လူဟာ သေသေချာချာ မသိမ်းဘူးလား၊ သိမ်းတယ်။ သီလကိုမြတ်နိုးတဲ့ ပုဂ္ဂိုလ် ဟာ နောက်ဆုံး ကိုယ့်အသက် စွန့်ရဦးတော့ သီလကို မဖျက်ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူက သီလကို မြတ်နိုးတာကိုး။ မမြတ်နိုးတဲ့ပုဂ္ဂိုလ်ကတော့ သီလကို လွယ်လွယ်ပဲ ချိုးဖျက်တယ်။ 'နောင်ခါလာ နောင်ခါ စျေး' ဆိုပြီး ချိုးဖျက်တယ်။

ပါဏာတိပါတာ ဝေရမဏိ ဆိုပြီး ဆောက်တည် ထားတယ်။ အေး သတ်စရာ ကြုံလာတယ်၊ ကိုယ့် အန္တရာယ်ကြုံလာတယ်ဆိုရင် ကိုယ့်ကိုယ်ကို ကာကွယ် တယ်ဆိုတဲ့ ဆင်ခြေပေးပြီး သတ်လိုက်တာပဲ။ ခြင် ကိုက်ရင် ရောဂါဖြစ်လိမ့်မယ်၊ ဒီခြင်တွေတော့ သတ် မှပဲဆိုပြီး ဆင်ခြေလေးနဲ့လေ၊ မသတ်ကြဘူးလား။

ဒီနေရာမှာ သေသေချာချာစဉ်းစားကြည့်၊ ကိုယ့် အသက်နဲ့ ၅-ပါးသီလ ဒီနှစ်ခု ဘယ်ဟာကို ပိုတန်ဖိုး ထားရာရောက်တုန်း။ ကိုယ့်အသက်ကို ပိုပြီး တန်ဖိုး ထားရာ ရောက်တယ်။ အဲဒါ သီလကို မြတ်နိုးတယ်လို့ မခေါ်နိုင်ဘူး၊ ကိုယ့်အသက်ကို သီလထက်ပိုပြီး မြတ်နိုးနေတယ်။

အဲဒီလိုပဲ ကာမေသု မိစ္ဆာစာရ၊ အဒိန္နာဒါန၊ မုသာဝါဒ၊ သုရာမေရယ ဆိုတာ ကိုယ့်ရဲ့လိုအပ်ချက် တစ်ခုခုကြောင့် ချိုးဖောက်လိုက်မယ်ဆိုရင် ကိုယ် မြတ်နိုးတာဟာ သီလဆိုတာ ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင် ဘူး။

သောတာပန် ဖြစ်သွားရင်တော့ ဟောဒီ ၅-ပါး သီလကို မြတ်မြတ်နိုးနိုး မကျိုးမပေါက် မပြောက် မကြားရအောင် ထိန်းသိမ်းစောင့်ရှောက်တယ်။ အဲဒါ သောတာပန်ပုဂ္ဂိုလ်ရဲ့ အင်္ဂါ ၄ ရပ် လို့ ခေါ်တယ်၊ သောတာပန်ပုဂ္ဂိုလ် ဟုတ်မဟုတ် အဲဒါနဲ့ တိုင်းလို့ ရတယ်။ သောတာပန်ပုဂ္ဂိုလ်ဆိုတာ သံသယ ကင်းတာ နဲ့ အမှန်မြင်တာအပြင် ရတနာသုံးပါးနဲ့ ငါးပါးသီလကို မြတ်နိုးတတ်တယ်။

ဒါဖြင့် အမှန်မြင်ဖို့၊ သံသယကင်းဖို့ ဘာလုပ် ရမလဲဆိုရင် သီလကိုအခြေခံတဲ့ ဝိပဿနာဉာဏ် ရင့်သန်အောင် လုပ်ရမယ်။ ဘာဖြစ်လို့တုန်း၊ သာသနာ နဲ့ ကြုံတွေ့တဲ့အခါမှသာ ဒီအသိဉာဏ်မျိုးက ရနိုင်တာ ဖြစ်လို့ပဲ။

တစ်ယောက်တည်းလား

မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကို မေးတယ်။ “အရှင်ဘုရားတဲ့၊ ဆိုပါစို့၊ လူ့လောက လူတစ်ယောက် ရောက်လာတယ်၊ ရောက်လာပြီးတဲ့အခါ အဲဒီလူ ငယ်ရာကနေ ကြီးမသွားဘူးလား၊ ဆိုပါစို့ ၁ နှစ်သား ကနေ အသက် ၈၀ အထိ နေရတယ်ဆိုရင် အနှစ် ၈၀ သူနေသွားရတယ်။ ၁ နှစ်သားတုန်းက အရွယ်နဲ့ အသက် ၈၀ အရွယ်ကို ယှဉ်ကြည့်လိုက်ရင် တူ သလား ကွာခြားသလား၊ ကွာခြားသွားတယ်ဆိုရင် အဲဒါ တစ်ယောက်တည်းလား နှစ်ယောက်လား”။

တစ်ယောက်တည်းဆိုရင် ဟိုလူက ပေါက်စလေး၊ ဒီလူကအဘိုးကြီး၊ သွားတွေကကျိုးပြီးတော့ မျက်စိ တွေ မှုန်နေပြီ၊ ဟိုက ပေါက်စလေး ရှိသေးတယ်။ တစ်ယောက်တည်းလို့ ဘယ်လိုလုပ် ပြောမှာတုန်း၊ ပြောလို့ရသေးရဲ့လား။ ၁ နှစ်သားကလေးနဲ့ အဘိုးကြီး နဲ့ ယှဉ်ပြီးတော့ ထားကြည့်လိုက်၊ ဒီလူတွေရဲ့ ဓာတ်ပုံ ၂ ပုံ ရိုက်ထားလိုက်၊ တစ်ယောက်တည်းလို့ ပြောလို့ ရလား၊ မျက်စိလည်မသွားနဲ့နော်။

ရှင်နာဂသိန်ကလည်း ကြံကြံဖန်ဖန် ဖြေတယ်။ 'န စ သော၊ န စ အညော' တဲ့။ သူဖြေလိုက်တဲ့ စကားလုံးလေး။ 'သူလည်း မဟုတ်ဘူး၊ တစ်ခြား သူလည်း မဟုတ်ဘူး'။ သူမဟုတ်ဘူးလို့ ဘာကြောင့် ပြောတာလဲဆိုရင် သူက ဖြေထားတာနော်၊ ဥပမာ ၁ နှစ်သားအရွယ်က ပေါက်စလေးလေ၊ သွားမကျိုး ဘူး၊ ဆံပင်မဖြူသေးဘူး၊မျက်စိမမှုန်သေးဘူး။ အသက် ၈၀ ရောက်တဲ့အခါကျတော့ သွားကျိုးပြီလေ၊ မျက်စိ မှုန်ပြီ၊ ဆံပင်ဖြူပြီ၊ အဲဒီတော့ ၁ ယောက်တည်းလား၊ ၂ ယောက်လားဆိုတော့ ၂ ယောက်လို့လည်း ပြောလို့ မရဘူး၊ ၁ ယောက်ထဲလို့လည်းပြောလို့မရဘူး၊ သူလို့ လည်း ပြောလို့မရဘူး၊ တစ်ခြားသူလို့လည်း ပြောလို့ မရဘူး။ အလေးအနက်စဉ်းစား၊ ဒါက ဒဿန နည်းနဲ့ ဖြေတာ။ "န စ သော၊ န စ အညော" Neither he nor other 'သူလည်း မဟုတ်ဘူး၊ တခြားသူလည်း မဟုတ်ဘူး' တဲ့။

'သူလည်း မဟုတ်ဘူး၊ တခြားသူလည်း မဟုတ် ဘူး' ဆိုတော့ မိလိန္ဒမင်းကြီးက သဘောမကျဘူး၊ တရားနာ ပရိသတ်တွေလည်း သဘောကျပုံ မပေါ် သေးဘူး။ မိလိန္ဒမင်းကြီးက ပြန်မေးတယ်၊ သူလည်း မဟုတ်ဘူး၊ တစ်ခြားသူလည်းမဟုတ်ဘူးဆိုတာ မဖြစ် နိုင်ဘူးတဲ့။

အဲဒီတော့ မိလိန္ဒမင်းကြီးကို ရှင်နာဂသိန်က ပြန်မေးတယ်။ “ကဲ မဟာရာဇာကြီးတဲ့၊ မင်းကြီး ငယ်ငယ်တုန်းကအရွယ် ပက်လက်အိပ်တဲ့ တစ်နှစ် သား အရွယ်လေး၊ အခုအရွယ်နဲ့ တူသလား မတူ ဘူးလား” ဆိုတော့ သူက ဘယ်လိုဖြေလဲ “မတူဘူး” တဲ့၊ မတူဘူးဆိုရင် သူလို့ ပြောလို့ရပါ့မလား။ အဲဒီ တော့ မိလိန္ဒမင်းကြီးက ဘယ်လိုဖြေတုန်းဆိုရင် ဟိုတုန်းက ငယ်ငယ်လေးတုန်းက တစ်ခြား ဖြစ်ပြီး တော့ အခုအရွယ်ရောက်လာတော့ တခြားတဲ့၊ သူက အဲဒီလိုပြောတယ်။

အဲဒါကို ရှင်နာဂသိန်က ရှင်းပြတာ၊ အဲဒီလို မဟုတ်ဘူးတဲ့။ 'ဓမ္မသန္တတိ' လို့ ခေါ်တဲ့ သဘာဝ တရားကြီးက ဆက်စပ်ပြီးတော့နေတယ်။ ဆက်စပ်ပြီး နေသည့်အတွက်ကြောင့် သူလို့ ပြောလိုက်ရင် ပုံတူ ဖြစ်ရမယ်။ တစ်ခြားသူလို့ ပြောလိုက်ရင်လည်း သူနဲ့ ဆက်စပ်မှုမရှိရဘူး။ အခုတော့ သူနဲ့လည်း ဆက်စပ်မှု ရှိနေတယ်၊ ဆက်စပ်နေလို့ တစ်ခြားသူလည်း မဟုတ် ဘူး၊ ပုံတူမဟုတ်သည့် အတွက်ကြောင့် သူလည်း မဟုတ်ဘူးတဲ့၊ ဓမ္မသန္တတိ ဆိုတာ တရားသဘော အားဖြင့် ဆက်နွယ်နေတယ်၊ ဒါပေမယ့် ပုံစံတူ မဟုတ် ဘူးလို့ ဒီလိုပြောတာ။

အဲဒီအဆင့်ရောက်အောင် စဉ်းစားကြည့်လိုက်လို့ ရှိရင် တစ်ပြင်တည်းစီးနေတဲ့ မြစ်ရေမှ သောက်ရေ တစ်ခွက် ခပ်ယူလိုက်မယ်၊ ခုနရေလေးပေးစမ်း ဆိုလို့ ရှိရင် ခုနရေလေး ရှိသေးလား၊ စီးသွားပြီ။ ဒီနေရာ ကတော့ ခပ်မှာပဲ၊ ဒီနေရာကခပ်လိုက်ရင်ရော ခုနရေ ရရဲ့လား၊ တစ်ခြားရေ မရပေဘူးလား။ တစ်ခြား ဖြစ်မသွားဘူးလား။ အဲဒီလို ပြောင်းလဲမှုလေးတော့ ရှိတန်သလောက်ရှိတယ်။ သို့သော် ရေဆိုတဲ့ အစဉ် တန်းကြီးကတော့ မတူဘူးလား၊ တူနေတယ်တဲ့။ အဲဒါ ကို အခြေခံပြီးတော့ မိလိန္ဒမင်းကို ရှင်းလိုက်တယ်တဲ့။

နွားနို့ ဥပမာ

“အရှင်ဘုရားတဲ့၊ အရှင်ဘုရားအဆိုကို ဥပမာနဲ့ ပြောပါဦး” နားမလည်သေးဘူးပေါ့၊ ဥပမာနဲ့ပြောပါဦး ဆိုတော့ ရှင်နာဂသိန်က ပြောပြတယ်။ ဥပမာပြောရ မယ်၊ ဆိုပါစို့၊ လတ်လတ်ဆတ်ဆတ် ညှစ်ယူပြီးစ နွားနို့ကို(ရေခဲသေတ္တာထဲ မထားဘဲနဲ့) နောက်တစ်ရက် နှစ်ရက်ထားလိုက်လို့ရှိရင် အဲဒီနွားနို့ဟာ ဘာဖြစ် သွားမလဲ၊ 'ဒဓိ' လို့ ခေါ်တဲ့အဆင့် ပြောင်းသွားတယ်။ အဲဒီအဆင့်ကနေ တဖြေးဖြေး ပြောင်းသွားလိုက်တာ 'ရက်တတ်'၊ အဲဒီကနေ'ထောပတ်' 'ဆီဦး'အဆင့်ဆင့် ပြောင်းသွားတယ်။ ဟုတ်လား၊ ပြောင်းသွားရင် ဆိုပါစို့ အဲဒီနွားနို့ဟာ နို့ချဉ်လားလို့မေးရင် မဟုတ်ဘူး၊ နို့ချဉ် ဟာ ပြောင်းလဲသွားတဲ့ အရာသာဖြစ်တယ်၊ ဒါပေမယ့် လို့ နွားနို့မရှိဘဲ နို့ချဉ်ရော ဖြစ်ရဲ့လား၊ နို့ချဉ်သည် နွားနို့က တစ်ခြားလည်းမဟုတ်ဘူး။ ယခင်နွားနို့လည်း မဟုတ်ဘူး၊ ဒါကြောင့်မို့ န စ သော၊ န စ အညော လို့ ပြောတာ။ အဲဒီလို ဥပမာ ဥပမေယျနဲ့ ရှင်းပြလိုက်တယ်။

ရှင်နာဂသိန်က ပြောတယ်၊ ဓမ္မသန္တတိ အစဉ် ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်သွားတယ်၊ အညော ဥပ္ပဇ္ဇတိ အညော နိရုဇ္ဈတိ တစ်ခုက ဖြစ်လာပြီး တစ်ခုက ချုပ်သွားတယ်။

ဆိုပါစို့ ၁ နှစ်သားအရွယ် ကုန်ဆုံးသွားပြီးတော့ ၂ နှစ်သားအရွယ် ရောက်မလာဘူးလား၊ ၂ နှစ်သား အရွယ် ကုန်ဆုံးတဲ့အခါ ၃ နှစ်သားအရွယ် ရောက် လာတယ်၊ ရပ်နေတာ မဟုတ်ဘူးနော်။ ၁ နှစ်သား ဟာ ၂ နှစ်သားမဟုတ်ဘူး၊ ၂ နှစ်သားဟာ ၃ နှစ်သား မဟုတ်ဘူး။ သူ့အပိုင်းလိုက် အပိုင်းလိုက် ပြီးဆုံး ပြီးဆုံး သွားတယ်။ သို့သော် ဆက်ပြီးတော့ ဖြစ်နေတာ။ အညော ဥပ္ပဇ္ဇတိ-တခြားအရာဖြစ်လာတယ်၊ အညော နိရုဇ္ဈတိ-တခြားအရာ ချုပ်သွားတယ်။ အပုဗ္ဗံ အစရိမံ သန္ဒဟတိ-ရှေ့လည်းမကျ နောက်လည်းမကျ ဆက်စပ်ပြီးနေတယ်။ နောက်က ဆက်ပြီးလိုက်နေတဲ့ အတွက်ကြောင့် ပြောင်းလဲမှုရှိသော်လည်း ပြောင်းလဲမှု ကို မသိနိုင်ဘူး၊ တစ်ယောက်ထဲတော့ မဟုတ်ဘူး။

ဒီ့ထက်ရှင်းအောင်စဉ်းစားကြည့်၊ တစ်နေရာကို သွားတယ်။ ခြေလှမ်းလေး ၁၀ လှမ်း လှမ်းကြည့်လိုက် ရင် ပထမ ခြေလှမ်းဟာ ဒုတိယ ခြေလှမ်းလားလို့ ပြောရင် ဘယ်လိုဖြေမလဲ၊ မဟုတ်ဘူး။ ပထမခြေလှမ်း က ပြီးသွားပြီးလေ၊ ပထမခြေလှမ်းက ဒုတိယခြေလှမ်း မဟုတ်ဘူး၊ ဒါပေမယ့် ပထမခြေလှမ်း မရှိဘဲနဲ့ ဒုတိယခြေလှမ်း ဖြစ်ရဲ့လား။ ပထမကို ကြည့်ပြီးတော့ ဒုတိယလို့ ခေါ်တာလေ။ အဲဒီလိုပဲ ပထမ မရှိရင် ဒုတိယ မရှိဘူး၊ ဒုတိယ မရှိရင် တတိယ မရှိဘူး၊ တတိယမရှိရင် စတုတ္ထမရှိဘူးတဲ့။ အဲဒါကို ရည်ညွှန်း ပြီး ပြောတာ။ န စ သော၊ န စ အညော၊ သူလည်း မဟုတ်ဘူး၊ တစ်ခြားသူလည်း မဟုတ်ဘူး၊ တစ်ခုနဲ့ တစ်ခု အကြောင်းအကျိုးအနေနဲ့ ဆက်စပ်မှုတော့ ရှိတယ်လို့ပြောတာ။

၁ နှစ်သားလေးအရွယ် မရှိခဲ့လို့ရှိရင် ၈၀ ကျော် အဖိုးကြီး အဖွားကြီးအရွယ် ရှိပါ့မလား။ ၁ နှစ်သား တောင်မှ မမွေးဖွားနိုင်ခဲ့ဘူးဆိုရင် ၈၀ အရွယ်ဆိုတာ မဖြစ်နိုင်ဘူး။ အေး အဲဒါကို “န စ သော၊ န စ အညော” တဲ့။ သဘာဝရဲ့ ပြောင်းလဲမှုတွေဟာ ဆက်စပ်ပြီးဖြစ်နေတာမို့ သူလည်းမဟုတ်ဘူး၊ တစ်ခြား သူလည်းမဟုတ်ဘူးလို့ပြောတာ။

အဓိပ္ပါယ်တစ်မျိုး

ဒီနေရာမှာ တချို့က အဓိပ္ပာယ် တစ်မျိုးယူတာ ရှိသေးတယ်။ ဒီဘဝကသေပြီး နောင်ဘဝမှာ ဖြစ်တာနဲ့ ပတ်သက်တယ်။ အဲဒါကျတော့ အလှမ်းဝေးသွားပြီ ပေါ့၊ ပိုပြီးတော့ ထင်ရှားတယ်။

ဥပမာ ဒီဘဝကလူတစ်ယောက် ကွယ်လွန်အနိစ္စ ရောက်သွားတယ်၊ နောက်ဘဝမှာ လူတစ်ယောက် သွားဖြစ်တယ်၊ ဒီဘဝမှ ဒီလူမသေသေးရင် နောက် ဘဝမှာ ဟိုလူမဖြစ်ဘူး။ အဲဒီ လူနှစ်ယောက်ဟာ တစ်ယောက်ထဲလားလို့ အမေးမျိုးရှိတယ်။ အဲဒီအမေး ကိုလည်းပဲ ဓမ္မဓိဋ္ဌာန်ကျကျ၊ တရားကို ရည်ညွှန်းပြီး ဖြေမယ်ဆိုရင် “န စ သော၊ န စ အညော” ပဲ။ ဒီလူလည်း မဟုတ်ဘူး၊ တစ်ခြားလူလည်း မဟုတ်ဘူး လို့ ပြောရမယ်။

ဘာဖြစ်လို့လဲဆိုရင် ဒီလူက သေသွားပြီလေ၊ ဒီလူမသေဘဲ ဟိုလူ မဖြစ်နိုင်သောကြောင့် တစ်ခြား လူလည်း မဟုတ်နိုင်ဘူး၊ တစ်ခြားလူ မဟုတ်ရင် လုံးဝ ဆက်စပ်မှု ရှိတာပေါ့။ အဲဒီ သဘောလေးက စဉ်းစား ကြည့်ရင် ထင်ရှားပါတယ်။

ဒါကြောင့် ပန်းပွင့်ကလေးပဲကြည့်၊ ပန်းပွင့်လေး မပွင့်ခင် အဖူးလေး။ ပြီးတော့မှ အပွင့်လေး လာတာ။ ဒါဆိုရင် အဖူးလေးက အပွင့်လေးလားဆိုရင် အဖူးက အဖူးပဲ၊ အဖူးက အပွင့်မဟုတ်ဘူးလို့ပဲ ပြောရမှာပေါ့။ အဲဒီတော့ အဖူးကနေ အပွင့်ဖြစ်လာတာလားဆိုရင် အဖူးက အဖူးပဲလေ၊ အပွင့်ဖြစ်သွားရင် သူ့ကို အဖူးလို့ မခေါ်နိုင်ဘူး၊ အဲဒါကိုပြောတာ။ 'န စ သော၊ န စ အညော' ဆိုတာ သူလည်း မဟုတ်ဘူး၊ တစ်ခြားသူ လည်း မဟုတ်ဘူးလို့။

အေး၊ မိလိန္ဒမင်းကြီးနဲ့ ရှင်နာဂသိန်တို့ အမေး အဖြေမှာ ရှင်နာဂသိန်က ဓမ္မလမ်းကြောင်းအတိုင်း ဝိပဿနာကျင့်စဉ် ရှုထောင့်ကနေ ပြောလိုက်တာ၊ ဒါ ဓမ္မသန္တတိ လို့ ခေါ်တယ်တဲ့။ သဘာဝတရားရဲ့ ဖြစ်စဉ် ကြီးတစ်ခုဟာ ရှေ့နဲ့နောက် ဆက်စပ်ပြီးနေတယ်လေ။ တစ်ခုလည်းမဟုတ်ဘူး၊ အစဉ်ပြောင်းလဲနေတဲ့ ဖြစ်စဉ် ကြီးတစ်ခု။ ဒါအနိစ္စရဲ့သဘောတရားကို အထင်အရှား ပြနေတာ၊ မမြဲဘူးဆိုတာကို ထင်ရှားပြနေတာ။

ဘုန်းကြီးတို့တတွေလည်း ကိုယ့်ကိုယ်ကို ဆင်ခြင် စဉ်းစားကြည့်ပေါ့။ အကယ်၍သာ မြဲနေမယ် ဆိုလို့ ရှိရင် ကလေးဘဝကနေ ပြောင်းလဲပါ့မလား၊ မပြောင်း လဲဘူး။ အခု တဖြည်းဖြည်း အိုလာတာ၊ အဲဒါမပြောနဲ့ ပန်းပွင့်လေးတောင်မှ တစ်ရက်နဲ့ တစ်ရက် မတူဘူး၊ အငုံလေးတွေက ရွေ့ရွေ့လာပြီးတော့ အဖူးလေးက အပွင့်လေး ဖြစ်လာတာ၊ ချက်ချင်းကြီး မဟုတ်ဘူး။

မျိုးစေ့လေးတစ်ခုကို မြေထဲမှာ ချစိုက်ရင် တစ်ပတ်လောက်နေတဲ့အခါ အမြစ်ကလေး ဆင်းလာ ပြီး အပေါ်ကအညှောင့်ကလေးထွက်လာတာ တွေ့ဖူး ကြလိမ့်မယ်။ အဲဒီလို တွေ့တာဟာ (၇)ရက်ကြာမှ တစ်ခါတည်း ဝုန်းကနဲထွက်လာတာလား၊ ဒါမှမဟုတ် တဖြည်းဖြည်းချင်း ပြောင်းလဲလာတာလား၊ တဖြည်း ဖြည်းချင်း ပြောင်းလဲလာတာ။ အဲဒါ ဖြစ်စဉ်လို့ ခေါ်တယ်။ ဓမ္မသန္တတိ သဘာဝတရားရဲ့ ဖြစ်စဉ် တစ်ခု၊ အဲဒီသဘာဝတရားဟာ တစ်ခုပြီးတစ်ခုဖြစ်ပြီး ဆက်စပ်နေတယ်၊ အညော နိရုဇ္ဈတိ တစ်ခုက ချုပ်သွားလို့ရှိရင်၊ အညော ဥပ္ပဇ္ဇတိ - နောက်တစ်ခုက ဖြစ်လာတယ်။ အပုဗ္ဗံ အစရိမံ သန္ဒဟတိ-ရှေ့လည်း မကျ နောက်လည်းမကျ ဆက်စပ်မိသွားသည့်အတွက် ကြောင့် ကွဲပြားတာ မသိလိုက်တော့ဘူး။

ကဲ အဲဒီမှာ ဗုဒ္ဓဘာသာ မဟုတ်ဘဲနဲ့ သိပ္ပံ ဆရာကြီးတစ်ဦးက ဒါကိုပြောနိုင်တယ်။ အလေး အနက် စဉ်းစားပြီး သူပြောခဲ့တာ ဘာတုန်းဆိုရင် “မြစ်ထဲ နှစ်ခါဆင်းပြီး ရေမချိုးနိုင်ဘူး” တဲ့၊ ဟုတ်ကဲ့ လား။ အဲဒီစကားဟာ အကြမ်းစား အနိစ္စသဘော လေးကို ပြောတာ။ ထာဝရ ပြောင်းလဲနေတဲ့ အရာကို ဖော်ပြတဲ့ စကားတစ်ခုပဲနော်။

အေး အဲဒီလို ပြောင်းလဲနေတာဟာ အပုဗ္ဗံ အစရိမံ ရှေ့လည်းမကျ နောက်လည်းမကျ တစ်ပြိုင်နက်ထဲ၊ ရှေ့မကျ နောက်မကျဘူး ဆိုတာ တစ်ပြိုင်နက်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ပြန်ပြီး ဆက်စပ်မိနေ တယ်တဲ့။ ဆက်စပ်မိရုံတင်မကဘူး၊ ရှေ့စိတ်နဲ့ နောက် စိတ်ဟာ အဆက်မပြတ်ဖြစ်လို့ တစ်ခုထဲလို့ ထင်သွားရတယ်။ သို့သော် ရှေ့စိတ်မဖြစ်ဘဲနဲ့ နောက်စိတ် မဖြစ်နိုင်ဘူး။ ရှေ့က ပထမခြေလှမ်းမရှိဘဲနဲ့ ဒုတိယ ခြေလှမ်း မပေါ်ဘူး၊ ဒုတိယခြေလှမ်းမရှိဘဲ တတိယ ခြေလှမ်း မပေါ်ဘူး ဆိုတာလို ဘယ်အရာပဲဖြစ်ဖြစ် ရှေ့ကဖြစ်စဉ်တစ်ခု ဖြစ်လာပြီးတော့မှ နောက်ဖြစ်စဉ် တစ်ခုက တိုးတက် ဖြစ်ပေါ်လာတာတဲ့။ အဲဒါဟာ Continuousity ဆက်လက် ဖြစ်ပေါ်နေမှု၊ သန္တတိ လို့ခေါ်တယ်။ အဲဒီ သန္တတိ လို့ခေါ်တဲ့ ဖြစ်စဉ်ကြီးက ဖုံးထားလိုက်သည့် အတွက်ကြောင့် ပျက်သွားတဲ့ သဘောကို မမြင်နိုင်တာ၊ အဲဒါကိုမြင်မှ အမှန်မြင် တယ်လို့ ခေါ်တာနော်။

သောတာပန်ဖြစ်ဖို့ဆိုတာ အမှန်မြင်မှ ဖြစ်နိုင် တယ်။ ဖြစ်စဉ်ကြီးတစ်ခုက ဖုံးကွယ်နေတယ်၊ အခု ဖြစ်စဉ်ကြီးတစ်ခုက ဖုံးကွယ်တော့ ဘာကို မစဉ်းစား မိလဲဆိုတော့ ဖြစ်ပြီးပျက်သွားတွေကို မမြင်လိုက်ဘူး။ ဖြစ်ပြီးပျက်သွားတာ မမြင်လိုက်သည့်အတွက်ကြောင့် အနိစ္စလက္ခဏာဟာ မထင်ရှားဘဲ ဖြစ်နေရတယ်။ 'သန္တတိယာ ပဋိစ္ဆန္နတ္တာ' ဖြစ်စဉ်ကြီး တစ်ခုကနေ ဖုံးထားတယ်တဲ့။ 'ဥဒယဗ္ဗယဿ အမနသိကာရာ' ဖြစ်မှုပျက်မှုကို နှလုံးမသွင်းမိဘူး။ ဘယ်သူက လာဖုံး တုန်းဆိုရင် ဖြစ်စဉ်ကြီးတစ်ခုက လာဖုံးလိုက်တယ်၊ ဖုံးလိုက်တဲ့ အတွက်ကြောင့် အနိစ္စ မမြင်ကြဘူး။ အဲဒီလို ဖြစ်စဉ်တစ်ခုက ဖုံးထားတော့ ဖြစ်မှုပျက်မှုကို မစဉ်းစားမိဘူး။ မစဉ်းစားမိလို့ မမြဲဘူးဆိုတဲ့ အနိစ္စ သဘောကို မမြင်နိုင်ဘူး။ မမြင်နိုင်တော့ နိစ္စ မြဲနေ တယ်လို့ထင်တဲ့ ဒီအထင်ကြီး ရောက်သွားတယ်။ အဲဒီ အထင်ကြီးက မှားယွင်းနေတဲ့ အထင်ကြီးဖြစ်တယ်။

သောတာပန်ဖြစ်သွားပြီဆိုရင် ဖြစ်တာ ပျက်တာ ကို နှလုံးသွင်း ဆင်ခြင်တတ်လာတယ်။ ဆင်ခြင်တတ် လာသည့် အတွက်ကြောင့် ဖြစ်စဉ်ကြီးတစ်ခု ဖုံးမနေ တော့ဘူး။ ဖုံးကွယ်မနေသည့် အတွက်ကြောင့် မမြဲဘူး ဆိုတာ ရှင်းရှင်းကြီး မြင်သွားတယ်။ မြင်တာနဲ့ တစ်ပြိုင် နက် အမှန်မြင်ပြီး သံသယဆိုတာ ကင်းစင်သွား တယ်။ အဲဒါလည်း ဘုရားပွင့်မှ ဒီလိုမြင်နိုင်တာ။

အေး န စ သော၊ န စ အညော ဆိုတာ သဘာဝတရားကို လူတစ်ယောက်ရဲ့ ဘဝတစ်ခုနဲ့ နှိုင်းယှဉ်ပြီး ပြောတဲ့စကား။ ဒီဘဝနေပြီး နောက်ဘဝ သွားတာကိုလည်း ဒီစကားလုံးနဲ့ပဲ ပြောလို့ရတယ်။ ဒီဘဝက လူတစ်ယောက် သေသွားတယ်၊ နောက်ဘဝ မှာ လူတစ်ယောက် လာဖြစ်တယ်။

ဆိုပါစို့၊ ဦးဘ ဆိုတဲ့ လူကြီးတစ်ယောက် ကွယ်လွန်သွားတယ်၊ နောက် လေးငါးနှစ်ကြာတော့ မောင်လှ ဆိုတဲ့ ကလေးတစ်ယောက် ပေါ်လာတယ်။ အဲဒီလူက မှတ်မိလို့ပြောတယ်၊ သူဟာ ဦးဘ ဝင်စား တာပါ။ ဟုတ်ကဲ့လား၊ ဒီတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ထဲလားလို့ မေးလို့ရှိရင် “န စ သော န စ အညော” ဦးဘကိုယ်တိုင်က မောင်လှဖြစ်သွား တာ မဟုတ်ဘူး၊ မောင်လှကိုယ်တိုင်လဲပဲ တစ်ခြားလူ မဟုတ်ဘူး၊ အဲဒါ ဘာပြောတာလဲဆိုရင် ဖြစ်စဉ် အားဖြင့် ဆက်စပ်နေတယ်၊ တိုက်ရိုက်ကြီး ဆက်စပ် နေတာ ဟုတ်ကဲ့လား၊ ဒီလူက ဟိုလူဖြစ်သွားတာ မဟုတ်ဘူး။

ဗုဒ္ဓဝင်ကို ဖတ်တဲ့အခါကျတော့ သိဒ္ဓတ္ထမင်းသား သည် ဘုရားအလောင်းဖြစ်တယ်၊ သိဒ္ဓတ္ထ မင်းသား သည် တောထွက်ပြီး ဘုရားဖြစ်သွားတဲ့အခါ သိဒ္ဓတ္ထ မင်းသား ဘုရားဖြစ်တယ်လို့မပြောကြဘူးလား၊ သိဒ္ဓတ္ထ မင်းသား ဘာလုပ်နေတုန်းဆိုရင် ယသောဓရာနဲ့ အိမ်ထောင်ပြုတယ်မို့လား၊ ဘယ်လို သိဒ္ဓတ္ထမင်းသား က ဘုရားဖြစ်သွားတာလဲဆိုရင် ဘုရားနဲ့ သိဒ္ဓတ္ထ မင်းသားက အတူတူလား၊ တစ်ခြားစီလားလို့ပြောရင် တူတဲ့အပိုင်း တူတယ်၊ မတူတဲ့အပိုင်း မတူဘူး ဟုတ်ကဲ့ လား။ အဲဒါကို ရည်ညွှန်းပြီး “န စ သော၊ န စ အညော” ဘုရားဟာ သိဒ္ဓတ္ထ မင်းသားလည်း မဟုတ် ဘူး၊ တခြားလည်း မဟုတ်ဘူးလို့ ပြောတာ။ သိဒ္ဓတ္ထ မင်းသားရဲ့ ဘဝရှေ့ပိုင်းကဟာတွေဟာ ဆက်စပ်ပြီး တစ်ခုပြီးတစ်ခုပျက်၊ တစ်ခုဖြစ်တစ်ခုပျက်။ ခုခေတ်လို ပြောမယ်ဆိုရင် OnLine ပဲပေါ့။ Line တစ်ခုထဲ ရောက်နေတာ၊ အဲဒီလို တစ်လိုင်းထဲမှာ ရောက်နေလို့ တူတယ်လို့ပြောတာ၊ တကယ်တမ်းကျတော့ မတူဘူး၊ မတူဘူးဆိုတာ ဘာနဲ့သက်သေပြရမလဲဆိုရင် သိဒ္ဓတ္ထ မင်းသားက ယသောဓရာနဲ့ အိမ်ထောင်ပြုပြီး သား တစ်ယောက်တောင် ရနေပြီ၊ ဘယ်လိုဘုရားဖြစ်မလဲ။ Line က ကြည့်မယ်ဆိုရင် ဟုတ်ကဲ့လား၊ ဒါကြောင့် မို့လို့ တူတဲ့အပိုင်း ရှိသလို မတူတဲ့အပိုင်း ရှိတယ်။ ဒါကြောင့် လုံးဝတူတာ မဟုတ်တဲ့အတွက်ကြောင့် “န စ သော၊ န စ အညော”။ အဲဒါ သူကိုယ်တိုင် လည်း မဟုတ်ဘူး၊ တစ်ခြားသူလည်းမဟုတ်ဘူး။ အဲဒီ အချက်ကို သဘောပေါက်ဖို့လိုတယ်။ သဘောပေါက် ရင် အနိစ္စ လက္ခဏာကို ရှင်းရှင်းသိနိုင်တယ်။ သောတာပန်တို့ရဲ့အမြင်ဖြစ်တဲ့ မှန်ကန်သောအမြင်နှင့် သံသယကင်းစင်မှုဆိုတဲ့ ဒီအရည်အသွေး နှစ်ရပ်ကို ရမှာဖြစ်တယ်။ နို့မို့ဆိုရင် သံသယတန်းလန်း ရှိနေ ကြမှာ။

ပြုလုပ်သူနှင့် ခံရသူ

နောက်တစ်ခု စဉ်းစားကြည့်ရမှာ၊ မိလိန္ဒမင်းကြီး က နောက်မေးခွန်းတစ်ခု ထပ်မေးတယ်။ “ဒီဘဝ လူတစ်ယောက်ဟာ အကုသိုလ်တွေလုပ်တယ်၊ သူများ အသက်တွေ သတ်တယ်။ နောက်ဘဝ ရောက်တဲ့အခါ ကျတော့ ငရဲသွားခံရတယ်။ ဆိုပါစို့၊ ဥပမာတစ်ခုပေါ့ နော်၊ လုပ်တာက တစ်ယောက်၊ ခံနေရတာက တစ်ယောက် မဖြစ်ဖူးလား” တဲ့။

လုပ်တုန်းက ဒီဘဝက ရုပ်နာမ်တွေက လုပ်တာ၊ ခံရတဲ့အခါ နောက်ဘဝ ရုပ်နာမ်တွေက ခံနေရတာ၊ ဗမာတွေ ပြောကြတယ်မဟုတ်လား၊ “ဒီဘဝ ဒီကိုယ်စံ၊ နောက်ဘဝ နောက်ကိုယ်ခံ” ဆိုပြီးတော့ ဒီလို အတွေး အမြင်တွေလွဲပြီးတော့ “ဟာ နောက်ဘဝ ဒီကိုယ်ခံရ တာ မဟုတ်ဘူး၊ ဒီဘဝစံဖို့ အရေးကြီးတယ်” ဆိုပြီး တော့ မကောင်းမှုတွေ လုပ်တဲ့လူ မရှိဘူးလား။

မိလိန္ဒမင်းကြီးက မေးပြန်တယ်။ ဒီဘဝ ရုပ်နာမ် တွေက အကုသိုလ်လုပ်တာ၊ အဲဒီ အကုသိုလ်လုပ်တဲ့ ရုပ်နာမ်တွေ ရှိသေးလားဆိုရင် မရှိတော့ပါဘူး၊ လုပ်ပြီး ပျောက်သွားတာပဲ၊ ပျောက်သွားတယ်ဆိုတာ ဘယ် လောက်ထင်ရှားတုန်း၊ ဆိုပါစို့၊ အိမ်မှာ ကိုယ့်မိသားစု တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးတယ်၊ စိတ်ဆိုးတာ တစ်ရက်ပဲ စိတ်ဆိုးတယ်၊ နောက်မှာ ထမင်းအတူ စားနေတယ်၊ အဲဒီစိတ် ရှိသေးလား၊ စိတ်ဆိုးတုန်းက ဆိုးခဲ့ပြီးတော့ ပျောက်သွားတယ်၊ ဒါပေမယ့် စိတ်ဆိုး တုန်းက ပြောခဲ့တဲ့ဟာတွေမှာ နောက်တစ်ရက် ကျတော့ သူ့မှာတာဝန်မရှိဘူးလား ရှိနေတယ်နော်၊ သို့သော် စိတ်ဆိုးတုန်းကစိတ်ကမရှိတော့ဘူး၊ တာဝန် ရှိတာက နောက်နေ့ စိတ်မဆိုးတဲ့နေ့မှာ တာဝန် လာရှိနေမယ်ဆိုတော့ “လုပ်တာက တစ်ယောက်၊ ခံရ တာက တစ်ယောက် ဖြစ်မနေဘူးလား။ အဲဒါ ဘယ်လို ရှင်းမလဲ”။

သရက်သီးခိုးသူ

ရှင်နာဂသိန်က ဥပမာနဲ့ ဖြေတယ်။ လူ တစ်ယောက်ဟာ သရက်ခြံကြီးလုပ်ပြီး သရက်ပင် စိုက်ထားတယ်။ နောက်တစ်ယောက်က တိတ်တဆိတ် ဝင်ပြီးခိုးစားတယ်၊ ခိုးစားတော့ဖမ်းမိတယ်။ သရက်သီး သူခိုးဆိုပြီးတော့ ရုံးပို့တယ်။ ရုံးက တရားစွဲတယ်၊ ဒဏ်ရိုက်တဲ့အခါကျတော့ သရက်သီးခိုးတဲ့ကောင်က ပြောတယ်၊ သူပြောတဲ့စကားကကြည့်၊ “သူ့သရက်သီး မခိုးပါဘူးတဲ့၊ သူစိုက်တဲ့ သရက်သီးက မရှိဘူး၊ ဒါက ဒီအပင်ကသီးတာ” တဲ့၊ အဲဒီလိုပြောလို့ ရမလား၊ “အဲဒီလူစိုက်တဲ့ အသီးက တစ်ခြား၊ ကျွန်တော်ခိုးတဲ့ သရက်သီးက တစ်ခြားပါ” တဲ့၊ ပြောလို့မရဘူးလား၊ သူစိုက်တဲ့အသီးမှ မဟုတ်တာ၊ အခုဟာ သူစိုက်တဲ့ အပင်က သရက်သီးလေ၊ သူစိုက်တဲ့အသီးက သွားပြီ လေ မရှိတော့ဘူး၊ အဲတော့ သူစိုက်တဲ့သရက်သီးကို ကျွန်တော်မျိုး မခိုးရပါဘူးတဲ့။ အဲတော့ ကျွန်တော်မျိုး ခိုးတဲ့သရက်သီးက သူစိုက်တဲ့သရက်သီး မဟုတ်ပါဘူးလို့ ထုချေလွှာ သွင်းသတဲ့၊ ရုံးတော်က လွှတ်ပါ့မလား၊ လူတွေလုပ်တဲ့ရုံးကမှ မလွှတ်ရင် သဘာဝတရားက လွှတ်ပါ့မလား။ ဒီဘဝလုပ်ရတာ ဟိုဘဝ ခံရတယ် ဆိုရင် လွတ်ပါ့မလား၊ ဘာလို့လဲဆိုရင် ဆက်စပ်နေ တယ်တဲ့၊ ဒီဘဝလုပ်ထားတဲ့ရုပ်နာမ်က ချုပ်ပြီးတော့ နောက်ဘဝ ရုပ်နာမ်က တာဝန်ရှိလာတာ၊ OnLine ဖြစ်နေသည့်အတွက်ကြောင့် လုပ်တုန်းက တစ်ခု၊ ခံရတော့တစ်ခု ဒီလိုဖြစ်နေတယ်။

ဝိပဿနာဉာဏ်နဲ့ကြည့်ရင် လူတစ်ယောက်ကို “ဟာ သူငယ်ချင်း” လို့ဆိုပြီး ဝမ်းသာအားရ သွားဖက် လိုက်တယ်။ မြင်လိုက်တဲ့အချိန်မှာရှိတဲ့ရုပ်ဟာ အဲဒီလို ဖက်လိုက်တဲ့အချိန်မှာ မရှိတော့ဘူး။ ဝိပဿနာဉာဏ် အမြင်နဲ့ကြည့်ရင် အဲဒီလောက်ထိအောင် ပြောင်းလဲ မှုက မြန်တယ်။ သူဖက်တာက Copy ကို ဖက်မိနေ တာ၊ ဟုတ်ကဲ့လား။ နှုတ်ဆက်တဲ့အချိန်က ဖြစ်နေတဲ့ ရုပ်နာမ်က အဲဒီလူမှာ မရှိတော့ဘူး၊ နောက်ထပ် ရုပ်နာမ်သာ ရှိတယ်၊ အဲဒါကိုမြင်မှ အမှန်ကိုမြင်တဲ့ ဝိပဿနာဉာဏ်၊။

ဒီဘဝ အကုသိုလ်လုပ်ပြီး နောက်ဘဝ သွားခံ ရတယ်ဆိုတာ ဘာဖြစ်လို့ ခံရတာလဲမေးရင် သဘာဝ တရားချင်း ပြန်ပြီးဆက်စပ်နေတဲ့ အတွက်ကြောင့် လွတ်ခွင့်မရှိဘူး။ ခုနတုန်းက သရက်သီးသူခိုး ဘာလို့ မလွတ်သလဲ၊ ပိုင်ရှင်က စိုက်ထားမှ ဒီသရက်ပင် ပေါက်တာကိုး၊ ပိုင်ရှင်စိုက်တဲ့ သရက်စေ့ကမှ သရက်ပင်ပေါက်တဲ့အတွက်ကြောင့် ဒီလူဟာ မှုခင်းက မလွတ်နိုင်ဘူး၊ ဒီလူစိုက်တဲ့ သရက်သီးက ဖြစ်လာ တဲ့အပင်၊ ကြောင်းကျိုးဆက်နေတဲ့ အတွက်ကြောင့် လောကဥပဒေအရ လွတ်ခွင့်မရှိဘူး။

ဖယောင်းတိုင်မီး ဥပမာ

နောက်ဥပမာတစ်ခု စဉ်းစား၊ ရှင်နာဂသိန်က ပြောတယ်။ ဖယောင်းတစ်တိုင်ထွန်းပြီး ရွာတစ်ရွာ ကလူတွေပေါင်းပြီးထမင်းစားကြတယ်၊ အဲဒီ ဖယောင်း တိုင်မီးလေးက တိုတိုသွားပြီးတော့ မီးထလောင်တယ်။ အိမ်လည်းမီးလောင်သွားတယ်၊ အရပ်လည်းမီးလောင် သွားတယ်၊ အဲဒီလူကိုဖမ်းပြီး တရားစွဲတယ်၊ မင်း ကြောင့် မီးလောင်ရတယ်ပေါ့။

ဒီလူက ငြင်းချက်ထုတ်တယ်တဲ့၊ ကျွန်တော့်မီး မဟုတ်ပါဘူး၊ ကျွန်တော် ထမင်းစားတုန်း ထွန်းတဲ့ မီးက ဖယောင်းတိုင်မီးပါ။ အိမ်တွေလောင်တဲ့မီးက အဲဒီမီး မဟုတ်ပါဘူးတဲ့၊ ပြောလို့ရမလား၊ အဲဒီလို မရဘူးနော်။

အဲဒီလိုပဲ ဘဝတစ်ခုနဲ့တစ်ခုက အကြောင်းနဲ့ အကျိုး ဆက်စပ်နေတာလေ၊ ဘယ်လိုဆက်တုန်း ဆိုရင် သူပြောတဲ့အတိုင်း သူထွန်းတဲ့ဖယောင်းတိုင်မီး မဟုတ်ဘူး၊ အဲဒီဖယောင်းတိုင်မီးကနေ ကူးသွားတဲ့မီး။ အဲဒီမီးကနေ တစ်ခုကူး နောက်တစ်ခုကူးတယ်၊ အဲဒီ မီးကနေ အပြောင်းအလဲတစ်ခုဖြစ်သွားတယ်၊ သူပြော တာကလည်း ဟုတ်တယ်၊ သူ့မီးမဟုတ်ဘူးတဲ့။

နွားနို့ ဥပမာ

နောက် ဥပမာတစ်ခုကို ဆင်ခြင်စဉ်းစားကြည့်ဦး နော်။ လူတစ်ယောက်က နွားနို့စစ်စစ်ရချင်လို့ သွား ဝယ်တယ်၊ ပိုက်ဆံချေပြီး နွားနို့ကို နောက်နေ့ကျမှ လာယူမယ်ဆိုပြီး ပုလင်းထဲထည့်ထားခဲ့တယ်။ နောက် တစ်နေ့ အဲဒီနွားနို့က ချဉ်ပြီး ဒိန်ချဉ်ဖြစ်သွားပြီ၊ ဒိန်ချဉ် ဖြစ်သွားတော့မှ သူက ပြန်လာတယ်၊ “မနေ့က ကျွန်တော်ထားခဲ့တဲ့ နွားနို့လေး ပေးပါခင်ဗျ” ဆိုပြီး ပြောတော့ ထားခဲ့တဲ့ ပုလင်းလေး ပေးလိုက်တယ်။ ပေးလိုက်တဲ့အခါ နွားနို့က ချဉ်နေပြီ။ “ကျွန်တော် ဝယ်ထားတာက နွားနို့၊ ခင်ဗျားပေးတာက ဒိန်ချဉ်၊ ကျွန်တော် မယူနိုင်ဘူး” “ဟာ မဟုတ်ဘူး၊ ခင်ဗျား ထားခဲ့တဲ့ဟာ” ဆိုပြီး စကားများကြတယ်။ ရုံးရောက် တဲ့အခါ ဘယ်သူ့အနိုင်ပေးမတုန်း၊ နွားနို့ရောင်းတဲ့သူ အနိုင်ပေးမှာဟုတ်လား၊ ဘာလို့လဲဆိုတော့ သူပြော တာမှန်တယ်၊ ပြောင်းသွားတာ သူနဲ့မဆိုင်ဘူး၊ နွားနို့ ကနေ ဒိန်ချဉ်ဖြစ်သွားတာ၊ ဟိုလူက တရားစွဲဖို့မရှိဘူး၊ ဒါပေမယ့် သူဝယ်တာက နွားနို့၊ ရတာက ဒိန်ချဉ်၊ အကြောင်းနဲ့အကျိုးဆက်စပ်နေတယ်။ အဲဒီလိုပဲ ဒီဘဝ ဒီကိုယ်စံ၊ ဟိုဘဝ ဟိုကိုယ်ခံ၊ အဲဒီလိုလာမှာပဲ။ ဒီဘဝ လုပ်ထားလို့ရှိရင် ဟိုဘဝ လိုက်အကျိုးပေးမယ်။ ကဲ ရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီး ဒီဘဝ မှာ သူတော်ကောင်းကြီးပါ။ ဥပတိဿ ကောလိတ ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်တို့ဟာ တကယ်ချမ်းသာ ကြတယ်။ သွားအတူ၊ လာအတူ၊ စားအတူ၊ ပွဲကြည့် ရင်းကနေ သံဝေဂရပြီး သင်္ကန်းဝတ်လာတာ၊ တကယ့် သူတော်ကောင်းကြီး။ ဒီဘဝမှာ သူ့အမေလည်း မနှိပ်စက်ဘူး၊ အဖေလည်း မနှိပ်စက်ဘူး၊ ဒါပေမယ့် နောက်ဆုံးနေ့ကျတော့ ရှင်မဟာမောဂ္ဂလာန် မထေရ် မြတ် ရာဇဂြိုဟ်ပြည်နားက ကာဠသိလာ ကျောက် တောင်ကြီးမှာ သီတင်းသုံးစဉ် လူသတ်သမားငါးရာက လာပြီးသတ်သွားလို့ ပရိနိဗ္ဗာန်စံသွားရတယ် မဟုတ် လား။

အဲဒါကို ဘယ်လိုရှင်းလဲဆိုရင် အရင်ဘဝတုန်းက အဖေ၊ အမေကို သတ်ခဲ့တဲ့ကံက အကျိုးပေးတာ။ သတ်တာသူမဟုတ်ဘူး၊ ဟုတ်ကဲ့လား၊ ရှင်မောဂ္ဂလာန် က မသတ်ဘဲနဲ့ ဘာကြောင့် ရှင်မောဂ္ဂလာန်က လာခံ ရတာတုန်းဆိုတော့ အကြောင်းနဲ့အကျိုး ဆက်နေလို့ ဖြစ်တယ်။ အတိတ်ဘဝက အရှင်မောဂ္ဂလာန်ဖြစ်မယ့် ပုဂ္ဂိုလ် သန္တာန်မှာဖြစ်ခဲ့တဲ့၊ ရုပ်နာမ်တွေမှာ ဖြစ်ပေါ် ခဲ့တဲ့ အကုသိုလ်အမှုသည် ရှင်မောဂ္ဂလာန် ဘဝအထိ ဆက်စပ်နေတယ်။

အဲဒီအကုသိုလ်ကို တိမ်းလို့ မရဘူးဆိုတာ သတိ ထားနော်။ Line ဆိုတာ အဲဒါကို ပြောတာ။ Line ပေါ်မှာရောက်နေတယ်၊ သူ့ Line နဲ့သူ၊ ကိုယ့် Line နဲ့ကိုယ်။ ကိုယ်လုပ်ထားရင် ကိုယ်နဲ့ပဲဆိုင်တယ်ဆိုတာ အဲဒါပြောတာ။ ကောင်းတာလုပ်လုပ်၊ ဆိုးတာလုပ်လုပ် လုပ်သမျှဟာ ကိုယ်ပဲခံရမယ်၊ အဲဒီ အဓိပ္ပါယ်။ အကြောင်းအကျိုးတွေနဲ့ ဆက်စပ်နေတယ်။ ဒါပေမယ့် ပြောမယ်ဆိုရင် သူလုပ်တာ မဟုတ်ဘူး၊ ခံရတဲ့သူ လုပ်တာ မဟုတ်ဘူး၊ ရှင်မောဂ္ဂလာန်က ခံသာခံလိုက် ရတာ၊ ရှင်မောဂ္ဂလာန်ဘဝမှာဘာလုပ်ခဲ့လို့တုန်း၊ ဘာမှ မလုပ်ဘူး။ အဖေ အမေ သတ်တာ သူမလုပ်ဘူး၊ ဒါပေမယ့် သူခံရတာ။

ရှင်ဒေဝဒတ်ကြီးလည်း ကြည့်ဦးပေါ့။ သိဒ္ဓတ္ထ မင်းသားကို သန္ဓေကပါလာတဲ့ အမုန်းတရားနဲ့မုန်းတာ။ မြတ်စွာဘုရား သက်တော် ရွယ်တော်လည်း ကြီးလာ တဲ့အခါ ပရိသတ်အလယ် ဘုရား တရားဟောနေတဲ့ အချိန် “ပရိသတ်ကို သူ့လွှဲပါ၊ သူ တာဝန်ယူပြီး ခေါင်းဆောင်လုပ်ပါ့မယ်၊ အရှင်ဘုရား အသက်ကြီးပြီ” တဲ့။

အဲဒီကျတော့ မြတ်စွာဘုရားက အမိန့်ရှိလိုက်တဲ့ အထဲမှာ “သူများထွေးတဲ့တံတွေးကို မျိုချင်တာလား” ဆိုတဲ့ စကားလုံးလေး သုံးလိုက်တယ်။ အဲဒီမှာ နာကြည်းမှုက ပိုပြီးပြင်းထန်လာတယ်၊ နောက်ဆုံး ဘုရားကို ရန်လုပ်တာ အားလုံးအသိပဲနော်။

အဲဒီ ရန်လုပ်သွားတဲ့ ဒေဝဒတ်ဟာ အခု ဘယ် အခြေအနေရောက်တုန်းဆိုရင် အဝီစိငရဲမှာ ခံနေရ တယ်။ ရန်လုပ်တုန်းကဒီဘဝလုပ်တာ၊ ခံတော့ နောက် ဘဝမှာ သွားခံရတယ်၊ ဘာလို့တုန်း၊ တစ်ယောက်ထဲ လား နှစ်ယောက်လား၊ အတိအကျ တစ်ယောက်ထဲ တော့ ဟုတ်ရဲ့လား၊ ရန်လုပ်တုန်းက ဒီဘဝ ရုပ်နာမ် တွေက လုပ်တာ၊ ခံရတော့ နောက်ဘဝ ရုပ်နာမ်တွေ ခံရတာ၊ ဘာကြောင့် ခံရတာတုန်းဆိုရင် အကြောင်း အကျိုးတွေ ဆက်စပ်နေလို့။ ဆက်စပ်မှုဆိုတာ အကြောင်းအကျိုး ဆက်စပ်နေတဲ့ အဓိပ္ပာယ်ကို ပြောတာ။

ဖြစ်စဉ်ကြီးတစ်ခု

ဘဝကူးတယ်ဆိုတာကလည်း အဲဒီလိုပဲ။ ဖြစ်စဉ် ကြီး တစ်ခုဟာ စပ်နေတယ်။ ကြားထဲမှာ အပြတ် မရှိအောင် စပ်နေတယ်၊ ခုနက ပထမ ခြေလှမ်းသည် ဒုတိယခြေလှမ်းနဲ့တစ်ဆက်တည်း၊ အဲဒီလို စပ်နေတယ်။ နွားနို့ကနေ ဒိန်ချဉ်၊ ဒိန်ချဉ်ကနေ ရက်တက် ဖြစ်တယ်၊ ထောပတ် ဖြစ်လာတယ်၊ ဆီဦး ဖြစ်လာ တယ်၊ ဆက်မနေဘူးလား။ ဒီဖြစ်စဉ်က စပ်နေသည့် အတွက်ကြောင့် တစ်ခုလည်း မဟုတ်ဘူး၊ တစ်ခြား လည်း မဟုတ်ဘူး၊ ဒီအဖြေမျိုးပဲ ဖြေလို့ရတယ်။ ဒီ အပိုင်းအခြားကိုမမြင်တဲ့ မိလိန္ဒမင်းကြီးက တစ်ခြားစီ လို့ဖြေတယ်။

အဲဒီတော့ ရှင်နာဂသိန်က မှန်မှန်ကန်ကန် ဖြေတယ်။ 'န စ သော၊ န စ အညော' သူလည်း မဟုတ် တစ်ခြားသူလည်း မဟုတ်။ ဘာ့ကြောင့် သူ မဟုတ်သလဲဆိုရင် ဒီပုဂ္ဂိုလ်က ဟိုပုဂ္ဂိုလ်ဖြစ်သွားတာ မဟုတ်ဘူး၊ နောက်ဖြစ်တဲ့ ပုဂ္ဂိုလ်ကလည်းပဲ ဒီပုဂ္ဂိုလ် အတိအကျ မဟုတ်ဘူးတဲ့။ အဲဒီတော့ မတင်မကျ ဖြေထားတယ်လို့ မအောက်မေ့နဲ့နော်။ ပြောမယ်ဆိုရင် တစ်ခုနဲ့တစ်ခု အကြောင်းအကျိုးအနေနဲ့ ဆက်စပ်နေ တာတဲ့။ ဒါကြောင့်မို့ သူလည်းမဟုတ်ဘူး၊ တစ်ခြားသူ လည်း မဟုတ်ဘူးလို့ ဒီစကားကိုသုံးပြီး ဖြေရတယ်။

အဲဒီလို ဖြစ်ပျက်အစဉ်ကို မြင်တာဟာ အနိစ္စ လက္ခဏာကို ရှင်းရှင်းကြီး မြင်တာပဲ။ အဲဒီလို အနိစ္စ လက္ခဏာကိုမြင်လို့ရှိရင် ဖြစ်စဉ်ကြီးတစ်ခုကို ဖျက်လိုက် နိုင်တယ်။ ဘာနဲ့ ဖျက်တုန်းဆိုရင် ဥဒယဗ္ဗယ မနသိကာရ နဲ့ဖျက်တယ်။ ဖြစ်မှုပျက်မှုတွေကို မြင်လို့ ရှိရင် သန္တတိ ဆိုတဲ့ ဖြစ်စဉ်ကြီးတစ်ခုဟာ ဖြစ်ပျက် အစဉ်တန်းမျှသာ ဖြစ်တယ်လို့ သဘောပေါက်လာ တယ်။ ဖြစ်မှုပျက်မှုတွေ စုဝေးနေတယ် ဆိုတာကို သဘောပေါက်လာတဲ့အတွက်ကြောင့် အဲဒီဖြစ်မှုပျက်မှု ကို ဆင်ခြင်စဉ်းစားတတ်လာတဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်စဉ် ကြီးကို ပယ်ရှားလိုက်နိုင်တယ်။ အနိစ္စလက္ခဏာ ဖြစ်ပြီး ပျက်သွားတယ်။

ဖယောင်းတိုင်မီး ဥပမာနဲ့ဆိုရင် ထင်ရှားတယ်၊ တစ်ညလုံးခံတဲ့ ဖယောင်းတိုင် ထွန်းထားတယ်။ စပြီး ထွန်းတဲ့မီးတောက်နဲ့ ညသန်းခေါင်က မီးတောက်နဲ့ တူသလား မတူဘူးလား။ မတူဘူးနော်။ ပထမယာမ် မီးတောက်က ပထမပိုင်းက ဆီလေးနဲ့ မီးစာလေး ပေါ်မှာရှိတယ်၊ ဒုတိယယာမ် ကျတော့ နောက်ထပ် ဆီလည်း ပြောင်းသွားပြီ၊ မီးစာလည်း ပြောင်းသွားပြီ။ နံနက်မိုးသောက် အလင်းရောက်တဲ့အခါ ကုန်ခါနီး ကျတော့ကော ကုန်ခါနီးဆီနဲ့ ကုန်ခါနီး မီးစာရဲ့ မီးတောက် မဖြစ်ဘူးလား၊ ဖြစ်တယ်။ ဒါကြောင့် ပထမယာမ်က မီးလို့လည်း ပြောစရာမရှိဘူး၊ တစ်ခြား လို့လည်း ပြောစရာမရှိဘူး၊ အဲဒါကို န စ သော၊ န စ အညော၊ ဒါလည်း မဟုတ်၊ တစ်ခြားဟာလည်း မဟုတ်လို့ ဟောတာပါ။ ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်မယ်ဆိုရင် ဒီအဖြေရဲ့ သဘာဝအဓိပ္ပာယ်ကို ရှင်းရှင်းသိမြင်ရမှာ ဖြစ်ပါတယ်။

တရားနာ ပရိသတ် အပေါင်းတို့၊ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော် နှစ်ထောင်နီးပါးက ပညာရှိ အရှင်နာဂသိန်မထေရ် ရှင်းလင်း ဟောပြ သွားတဲ့ သဘာဝဖြစ်စဉ်ကြီးတစ်ခုရဲ့ အနေထားကို မြင်နိုင်အောင် “န စ သော၊ န စ အညော” ဆိုတဲ့ တရားကို ရှင်းလင်းပြခြင်း ဖြစ်ပါတယ်။ တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် ဗုဒ္ဓမြတ်စွာ သာသနာ တော်ကြီးနဲ့ ကြုံတဲ့အခါ အမြင်မှန်ဖို့နဲ့ သံသယကင်းဖို့ အတွက် ဓမ္မကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြ ပါစေကုန်သတည်း။

26t9cd7sau4tifivtw95alj0d9unyw0
ပဋ္ဌာန်းပါဠိတော်
0
5885
22154
21981
2026-06-15T03:27:33Z
Tejinda
173
22154
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ပဋ္ဌာန်းပါဠိတော်
| previous = [[န စ သော၊ န စ အညော]]
| previous2 =
| next = [[၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ပဋ္ဌာန်းပါဠိတော်

ပစ္စယုဒ္ဒေသပါဠိ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဟေတုပစ္စယော၊

အာရမ္မဏပစ္စယော၊

အဓိပတိပစ္စယော၊

အနန္တရပစ္စယော၊

သမနန္တရပစ္စယော၊

သဟဇာတပစ္စယော၊

အညမညပစ္စယော၊

နိဿယပစ္စယော၊

ဥပနိဿယပစ္စယော၊

ပုရေဇာတပစ္စယော၊

ပစ္ဆာဇာတပစ္စယော၊

အာသေဝနပစ္စယော၊

ကမ္မပစ္စယော၊

ဝိပါကပစ္စယော၊

အာဟာရပစ္စယော၊

ဣန္ဒြိယပစ္စယော၊

စျာနပစ္စယော၊

မဂ္ဂပစ္စယော၊

သမ္ပယုတ္တပစ္စယော၊

ဝိပ္ပယုတ္တပစ္စယော၊

အတ္ထိပစ္စယော၊

နတ္ထိပစ္စယော၊

ဝိဂတပစ္စယော၊

အဝိဂတပစ္စယောတိ။

ပစ္စယုဒ္ဒေသော နိဋ္ဌိတော။ (ပဋ္ဌာန်း ၂၄-ပစ္စည်း အကျဉ်းပြီး၏။)

ပစ္စယနိဒ္ဒေသပါဠိ

၁။ ဟေတုပစ္စယ

ဟေတုပစ္စယောတိ

ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။

၂။ အာရမ္မဏပစ္စယ

အာရမ္မဏပစ္စယောတိ

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ ဃာနဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယော။ သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယော။

ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေသတိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

၃။ အဓိပတိပစ္စယ

အဓိပတိပစ္စယောတိ

ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။

ဝီရိယာဓိပတိ ဝီရိယ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။

စိတ္တာ ဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။

ဝီမံသာဓိပတိ ဝီမံသ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။

ယံ ယံ ဓမ္မံ ဂရုံ ကတွာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိပစ္စယေန ပစ္စယော။

၄။ အနန္တရပစ္စယ

အနန္တရပစ္စယောတိ

စက္ခုဝိညာဏဓာတု တံ သမ္ပယုတ္တကာစ ဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံ သမ္ပယုတ္တကာစ ဓမ္မာ မနောဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ဇိဝှာဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနောဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနောဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

၅။ သမနန္တရပစ္စယ

သမနန္တရပစ္စယောတိ

စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ဇိဝှာဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ယေသံ ယေသံ ဓမ္မာနံ သမနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

၆။ သဟဇာတပစ္စယ

သဟဇာတပစ္စယောတိ

စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော။

ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတပစ္စယေန ပစ္စယော။

စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။

မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော။

ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဉ္စိကာလေ သဟဇာတ ပစ္စယေန ပစ္စယော၊ ကိဉ္စိကာလေ န သဟဇာတပစ္စယေန ပစ္စယော။

၇။ အညမညပစ္စယ

အညမညပစ္စယောတိ

စတ္တာရော ခန္ဓာ အရူပိနော အညမညပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမညပစ္စယေန ပစ္စယော။

ဩက္ကန္တိက္ခဏေ နာမရူပံ အညမညပစ္စယေန ပစ္စယော။

၈။ နိဿယပစ္စယ

နိဿယပစ္စယောတိ

စတ္တာရော ခန္ဓာ အရူပိနော အညမညံ နိဿယပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမညံ နိဿယပစ္စယေန ပစ္စယော။

ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ နိဿယပစ္စယေန ပစ္စယော။

စိတ္တစေတသိကာဓမ္မာ စတ္တသမုဋ္ဌာနာနံ ရူပါနံ နိဿယပစ္စယေန ပစ္စယော။

မဟာဘူတာ ဥပါဒါရူပါနံ နိဿယပစ္စယေန ပစ္စယော။

စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာ နဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

ယံ ရူပံ နိဿာယ မနောဓာတုစ မနောဝိညာဏဓာတုစ ဝတ္တန္တိ။ တံ ရူပံ မနော ဓာတုယာ စ မနောဝိညာဏ ဓာတုယာ စ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

၉။ ဥပနိဿယပစ္စယ

ဥပနိဿယပစ္စယောတိ

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။

ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော။

သေနာသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။

၁၀။ ပုရေဇာတပစ္စယ

ပုရေဇာတပစ္စယောတိ

စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ကိဉ္စိကာလေ ပုရေဇာတပစ္စယေန ပစ္စယော၊ ကိဉ္စိကာလေ န ပုရေဇာတပစ္စယေန ပစ္စယော။

၁၁။ ပစ္ဆာဇာတပစ္စယ

ပစ္ဆာဇာတပစ္စယောတိ

ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။

၁၂။ အာသေဝနပစ္စယ

အာသေဝနပစ္စယောတိ

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကိရိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကိရိယာဗျာကတာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။

၁၃။ ကမ္မပစ္စယ

ကမ္မပစ္စယောတိ

ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။

စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။

၁၄။ ဝိပါကပစ္စယ

ဝိပါကပစ္စယောတိ

ဝိပါကာ စတ္တာရော ခန္ဓာ အရူပိနော အညမညံ ဝိပါကပစ္စယေန ပစ္စယော။

၁၅။ အာဟာရပစ္စယ

အာဟာရပစ္စယောတိ

ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။

အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။

၁၆။ ဣန္ဒြိယပစ္စယ

ဣန္ဒြိယပစ္စယောတိ

စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

သောတိန္ဒြိယံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

ဃာနိန္ဒြိယံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

ဇိဝှိန္ဒြိယံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
ကာယိန္ဒြိယံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

အရူပိနော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

၁၇။ စျာနပစ္စယ

စျာနပစ္စယောတိ

စျာနင်္ဂါနိ စျာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ စျာနပစ္စယေန ပစ္စယော။

၁၈။ မဂ္ဂပစ္စယ

မဂ္ဂပစ္စယောတိ

မဂ္ဂင်္ဂါနိ မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော။

၁၉။ သမ္ပယုတ္တပစ္စယ

သမ္ပယုတ္တပစ္စယောတိ

စတ္တာရော ခန္ဓာ အရူပိနော အညမညံ သမ္ပယုတ္တပစ္စယေန ပစ္စယော။

၂၀။ ဝိပ္ပယုတ္တပစ္စယ

ဝိပ္ပယုတ္တပစ္စယောတိ

ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေနပစ္စယော။

အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေနပစ္စယော။

၂၁။ အတ္ထိပစ္စယ

အတ္ထိပစ္စယောတိ

စတ္တာရော ခန္ဓာ အရူပိနော အညမညံ အတ္ထိပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမညံ အတ္ထိပစ္စယေန ပစ္စယော။

ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ အတ္ထိပစ္စယေန ပစ္စယော။

စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။

မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။

စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ကာယာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

၂၂။ နတ္ထိပစ္စယ

နတ္ထိပစ္စယောတိ

သမနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ နတ္ထိပစ္စယေန ပစ္စယော။

၂၃။ ဝိဂတပစ္စယ

ဝိဂတပစ္စယောတိ

သမနန္တရဝိဂတာ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဝိဂတပစ္စယေန ပစ္စယော။

၂၄။ အဝိဂတပစ္စယ

အဝိဂတပစ္စယောတိ

စတ္တာရော ခန္ဓာ အရူပိနော အညမညံ အဝိဂတပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမညံ အဝိဂတပစ္စယေန ပစ္စယော။

ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ အဝိဂတပစ္စယေန ပစ္စယော။

စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဝိဂတပစ္စယေန ပစ္စယော။

မဟာဘူတာ ဥပါဒါရူပါနံ အဝိဂတပစ္စယေန ပစ္စယော။

စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ပစ္စယနိဒ္ဒေသော နိဋ္ဌိတော။

(ပဋ္ဌာန်း ၂၄-ပစ္စည်း အကျယ်ပြီး၏။)

ပဋ္ဌာန်းမြတ်ဒေသနာ

(အနှစ်ချုပ်)

“ရှိခိုးခြင်း”

“ကြောင်းကျိုး ဆက်ပြွမ်း၊ “မြတ်ပဋ္ဌာန်း” ကို၊
ဟောစွမ်း စေ့ငု၊
သဗ္ဗညုတ၊ ဉာဏသခင်၊ ဘုရားရှင်ကို၊
အစဉ်မြတ်နိုး၊
လက်စုံမိုးလျက်၊
ရှိခိုးပါ၏ အရှင်ဘုရား”

ပစ္စယုဒ္ဒေသပါဠိ

၁) “ဟေတုပစ္စယော၊
၂) အာရမ္မဏပစ္စယော၊
၃) အဓိပတိပစ္စယော၊
၄) အနန္တရပစ္စယော၊
၅) သမနန္တရပစ္စယော၊
၆) သဟဇာတပစ္စယော၊
၇) အညမညပစ္စယော၊
၈) နိဿယပစ္စယော၊
၉) ဥပနိဿယပစ္စယော၊
၁၀) ပုရေဇာတပစ္စယော၊
၁၁) ပစ္ဆာဇာတပစ္စယော၊
၁၂) အာသေဝနပစ္စယော၊
၁၃) ကမ္မပစ္စယော၊
၁၄) ဝိပါကပစ္စယော၊
၁၅) အာဟာရပစ္စယော၊
၁၆) ဣန္ဒြိယပစ္စယော၊
၁၇) စျာနပစ္စယော၊
၁၈) မဂ္ဂပစ္စယော၊
၁၉) သမ္ပယုတ္တပစ္စယော၊
၂၀) ဝိပ္ပယုတ္တပစ္စယော၊
၂၁) အတ္ထိပစ္စယော၊
၂၂) နတ္ထိပစ္စယော၊
၂၃) ဝိဂတပစ္စယော၊
၂၄) အဝိဂတပစ္စယော” တိ။

ပါဠိ အနက်

ဟေတုပစ္စယော
ရေသောက်မြစ်လျှင်၊ မြက်သစ်ပင်ကို၊ စိမ်းရှင် ခက်များ၊ ပင်စည် ထွားအောင်၊ ကြီးပွားစေမှု၊ ကျေးဇူး ပြုသို့၊ ဟေတုကြောင်းခံ၊ ရုပ်နှင့်နာမ်ကို၊ ရှင်သန် စေမှု၊ ကျေးဇူးပြုငြား၊ ဟိတ် ၆-ပါး ပစ္စည်းတရား လည်းကောင်း။

အာရမ္မဏပစ္စယော
တောင်ဝှေးကြိုးတန်း၊ ဆွဲကိုင်လှမ်းလျက်၊ မစွမ်း လူမှာ၊ ထ,ရရှာသို့၊ ခုနစ်ဖြာမှတ်၊ ဝိညာဏ်ဓာတ်တို့၊ စွဲမှတ်မြှော်ရှု၊ မှီရာမှုဖြင့်၊ ကျေးဇူးပြုငြား၊ အာရုံ ၆ ပါး၊ ပစ္စည်းတရား လည်းကောင်း။

အဓိပတိပစ္စယော
အတူဖြစ်ပြန်၊ ရုပ်နှင့်နာမ်ကို၊ ဧကန်လွှမ်းမိုး၊ ကြီးစိုး နိုင်ဘိ၊ အဓိပတိတရား၊ စိတ်စေများ၏၊ အလေးထား သမှု၊ အာရုံပြုပြန်၊ ရုပ်နိဗ္ဗာန်နှင့်၊ နိဗ္ဗာန်ခေါ်ရိုး၊ အာရုံ မျိုး၏၊ ကြီးစိုးသမှု၊ ကျေးဇူးပြုငြား၊ အဓိပတိပစ္စည်း တရား လည်းကောင်း။

အနန္တရပစ္စယော
ရှေ့ဖြစ်ချုပ်ငြား၊ နာမ်တရားက၊ နောက်ပါးဖြစ်မှု၊ နာမ်အစုအား၊ ခွင့်ပြုအနေ၊ မသွေစိတ္တ၊ နိယာမဖြင့်၊ ဓမ္မတစ်ပါး၊ ကွယ်ခြားကင်းမှု၊ ကျေးဇူးပြုငြား၊ အနန္တရ ပစ္စည်းတရား လည်းကောင်း။

သမနန္တပစ္စယော
ရှေ့နောက်နှစ်ရပ်၊ ကြားမညှပ်လာ၊ ခြားမဲ့သာ လျှင်၊ ရှေ့မှာချုပ်ငြား၊ ဧကန်ဖြစ်ဖို့၊ ကွယ်ရစ်သမှု၊ ကျေးဇူးပြုငြား၊ သမနန္တရပစ္စည်းတရား လည်းကောင်း။

သဟဇာတပစ္စယော
ဆီမီးအလင်း၊ မယွင်းခဏ၊ ပြိုင်တူကျသို့၊ တကွ ဖြစ်ပြန်၊ ရုပ်နှင့်နာမ်တို့၊ ဧကန်စင်စစ်၊ ပြိုင်တူဖြစ်လျက်၊ တည်ရစ်စေမှု၊ ကျေးဇူးပြုငြား၊ သဟဇာတပစ္စည်း တရား လည်းကောင်း။

အညမညပစ္စယော
သစ်သားသုံးခွ၊ ချင်းချင်းမလျက်၊ တည်ကြသည့် ဟန်၊ ပြန်လှန်တည်မှု၊ ကျေးဇူးပြုငြား၊ အညမညပစ္စည်း တရား လည်းကောင်း။

နိဿယပစ္စယော
မြေသည် သစ်ပင်၊ အစဉ်မကွာ၊ တည်ရာဖြစ်မှု၊ ကျေးဇူးပြုသို့၊ တစ်ခုတုံမှတ်၊ ပုံကားချပ်လည်း၊ သပ်ရပ် စုံစွာ၊ ရုပ်ပုံလွှာ၏၊ တည်ရာဖြစ်မှု၊ ကျေးဇူးပြုသို့၊ ရုပ်စု နာမ်ပါ၊ တည်ရာဖြစ်မှု၊ ကျေးဇူးပြုငြား၊ နိဿယပစ္စည်း တရား လည်းကောင်း။

ဥပနိဿယပစ္စယော
စိတ် စေတရား၊ ဤနှစ်ပါး၏ အင်အားကြီးစွာ၊ မှီရာဖြစ်မှု၊ ကျေးဇူးပြုသည့်၊ အာရမ္မဏူပနိဿယ။ထိုမှ တသီး၊ အားကြီးလှစွာ၊ ခြားမဲ့မှာလျှင်၊ မှီရာစင်စစ်၊ နောက်စိတ်ဖြစ်မှု၊ ကျေးဇူးပြုသည့်၊ အနန္တရူပနိဿယ။ ထိုမှတဖြာ၊ အားကြီးစွာသည့်၊ များစွာကြောင်းစု၊ ကျေးဇူးပြုသည့်၊ ပကတူပနိဿယ၊ သုံးဝ ပိုင်းခြား၊ ဥပနိဿယပစ္စည်းတရား လည်းကောင်း။

ပုရေဇာတပစ္စယော
ကြိုတင်ဖြစ်မှု၊ ဝတ္ထုအာရုံ၊ အလုံးစုံက၊ ဖြစ်တုံ နောက်ပေ၊ စိတ်နှင့်စေအား၊ မသွေတည်မှု၊ ကျေးဇူး ပြုငြား၊ ပုရေဇာတပစ္စည်းတရား လည်းကောင်း။

ပစ္ဆာဇာတပစ္စယော
စားချင်အာသာ၊ နောက်ပေါ်လာက၊ ရှေ့မှာ ဖြစ်ဆို၊ လင်းတကိုယ်အား၊ မပြိုလဲစေ၊ ထောက်ပံ့လေ သို့၊ စိတ်စေ၂-ပါး၊ နောက်ဖြစ်ငြားလည်း၊ ရှေ့သွား တည်လာ၊ ရုပ်ခန္ဓာ၏၊ မကွာတည်မှု၊ စွမ်းအားစုဖြင့်၊ ကျေးဇူးပြုငြား၊ ပစ္ဆာဇာတ ပစ္စည်းတရား လည်း ကောင်း။

ကမ္မပစ္စယော
အကြောင်းကံက၊ ကျိုးဖလကို၊ ခဏ ကွဲပြား၊ ဖြစ်ပွားစေဘိ၊ နာနာက္ခ ဏိကာ၊ စေတနာတည့်၊ မကွာ အစဉ်၊ စိတ်တိုင်းယှဉ်လာ၊ စေတနာက၊ တူစွာဖြစ်နေ၊ စိတ်နှင့်စေကို၊ မသွေမြော်ရှု၊ စေ့ဆော်မှုဖြင့်၊ ကျေးဇူး ပြုငြား၊ ကမ္မပစ္စည်းတရား လည်းကောင်း။

ဝိပါကပစ္စယော
အားထုတ်မှုကင်း၊ ငြိမ်သက်ခြင်းဖြင့်၊ မယွင်း တူစွာ၊ ဝိပါကာဟု၊ နှစ်ဖြာ ရုပ်နာမ်၊ ငြိမ်သက်ရန်ဟု၊ ထောက်ခံရှေ့ရှု၊ ကျေးဇူးပြုငြား၊ ဝိပါကပစ္စည်းတရား လည်းကောင်း။

အာသေဝနပစ္စယော
စာပေကျမ်းဂန်၊ ရှေ့သင်ဉာဏ်က၊ နောက်ဉာဏ် ဖြစ်မှု၊ ကျေးဇူးပြုသို့၊ နောက်စု ဇောအား၊ ရှေ့ဇော များက၊ ဖြစ်ပွားစေဟု၊ ထုံးမွမ်းမှုဖြင့်၊ ကျေးဇူးပြုငြား၊ အာသေဝန ပစ္စည်းတရား လည်းကောင်း။

အာဟာရပစ္စယော
ဩဇာခေါ်ကြ၊ အာဟာရနှင့်၊ ဖဿ စေတနာ၊ မကွာတူယှဉ်၊ စိတ်ဝိညာဉ်တို့၊ အစဉ်မကွာ၊ သက်ဆိုင် ရာဟု၊ နှစ်ဖြာသင့်တန်၊ ရုပ်နှင့် နာမ်ကို၊ ကျားကန်သမှု၊ ကျေးဇူးပြုငြား အာဟာရပစ္စည်းတရားလည်းကောင်း။

ဣန္ဒြိယပစ္စယော
စက္ခု စသည်၊ ငါးလီဣန္ဒြေ၊ စိတ်စေများအား၊ စိုးပိုင်ထားလျက်၊ တစ်ပါးရူပ၊ ဇီဝိတကား၊ ကမ္မဇရုပ်၊ ထိန်းချုပ်ဧကန်၊ ကျန်ဣန္ဒြေ၊ နှစ်ထွေ နာမ်ရုပ်၊ ထိန်းချုပ် သမှု၊ ကျေးဇူးပြုငြား၊ ဣန္ဒြိယပစ္စည်းတရား လည်း ကောင်း။

စျာနပစ္စယော
အာရုံစွဲမက်၊ ကပ်၍ရှုပါ၊ စျာန်အင်္ဂါတို့၊ တူစွာ ဖြစ်ငြား၊ ရုပ်နာမ်များကို၊ ရှုငြားစေမှု၊ သတ္တိစုဖြင့်၊ ကျေးဇူးပြုငြား၊ စျာနပစ္စည်း တရားလည်းကောင်း။

သမ္ပယုတ္တပစ္စယော
ဝတ္ထုအာရုံ၊ ဖြစ်တုံချုပ်ငြား၊ တူ ၄-ပါးဖြင့်၊ ပေါင်းထားသမှု၊ ကျေးဇူးပြုငြား၊ သမ္ပယုတ္တပစ္စည်းတရား လည်းကောင်း။

ဝိပ္ပယုတ္တပစ္စယော
ဝတ္ထုအာရုံ၊ ဖြစ်တုံချုပ်ပျက်၊ မတူချက်ကြောင့်၊ တွဲဖက်မရ၊ ရုပ်က နာမ်ကို၊ နာမ်ဆို ရုပ်အား၊ တူဖြစ်ငြား လည်း၊ ကွဲပြားသမှု၊ ကျေးဇူးပြုငြား၊ ဝိပ္ပယုတ္တပစ္စည်း တရားလည်းကောင်း။

မဂ္ဂပစ္စယော
ကောင်းဆိုးတရား၊ မဂ္ဂင်များက၊ ဖြစ်ပွားတူပြန်၊ ရုပ်နှင့် နာမ်ကို၊ ဧကန်မြှော်ရှု၊ လမ်းကြောင်းမှုဖြင့်၊ ကျေးဇူးပြုငြား၊ မဂ္ဂပစ္စည်းတရား လည်းကောင်း။

အတ္ထိပစ္စယော
ပစ္စပ္ပန်မှာ၊ ရှိခိုက်သာလျှင်၊ မကွာတူဘိ၊ ထင်ရှား ရှိငြား၊ ကျိုးတရားကို၊ ဖြစ်ပွားစေမှု၊ ကျေးဇူးပြုငြား၊ အတ္ထိပစ္စည်းတရား လည်းကောင်း။

နတ္ထိပစ္စယော
လုံးဝချုပ်ဘိ၊ မရှိမှသာ၊ နောက်လာတရား၊ စိတ် စေများတို့၊ ဖြစ်ပွားစေမှု၊ ကျေးဇူးပြုငြား၊ နတ္ထိပစ္စည်း တရား လည်းကောင်း။

ဝိဂတပစ္စယော
ချုပ်ပျောက်ကင်းကွာ၊ ဖြစ်သောခါမှ၊ နောက်လာ တရား၊ စိတ်စေများတို့၊ ဖြစ်ပွားစေမှု၊ ကျေးဇူးပြုငြား၊ ဝိဂတပစ္စည်းတရား လည်းကောင်း။

အဝိဂတပစ္စယော
ထင်ရှားရှိခါ၊ မကင်းကွာဘဲ၊ ဖြစ်လာအဟုတ်၊ နာမ်နှင့် ရုပ်တို့၊ မချုပ်သေးခင်၊ စွမ်းအင်ပေးမှု၊ ကျေးဇူး ပြုငြား၊ အဝိဂတပစ္စည်းတရား လည်းကောင်း။

ဣတိ၊ ဤသို့။ ပစ္စယုဒ္ဒေသေ၊ ပစ္စည်းတရား၊ အကျဉ်းအားဖြင့်၊ ဟောကြားပြသ၊ ပစ္စယုဒ္ဒေသ၌။ စတုဝီသတိပစ္စယာ၊ ၂၄-ပစ္စည်းတို့ကို။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။

“အဓိပ္ပာယ်ဖွင့်ဆိုချက်“

ကျေးဇူးပြုပုံ
အကျိုးတရားများ ခိုင်မြဲစွာတည်ရှိစေရန် အခြေ အမြစ် အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် “ဟေတုပစ္စည်း” မည်၏။ (ဟေတု=တည်ရှိရာ အခြေ အမြစ်။ ပစ္စယော= အကျိုးတရားများအား ဖြစ်စေ၊ တည်ရှိစေသောအားဖြင့် ကျေးဇူးပြုခြင်း။)

ရေသောက်မြစ်သည် သစ်ပင်ကို ခိုင်ခန့်စွာ တည်ရှိစေ၏။ ရှင်သန် ကြီးထွားစေ၏။ ဟေတုပစ္စည်း ခေါ် ဟိတ် ၆-ပါးသည်လည်း အကျိုးတရားများကို ခိုင်ခန့်စွာ တည်ရှိစေ၏။

ဟိတ် ၆-ပါး

ဟေတုကို “ဟိတ်”ဟု မြန်မာမှုပြု၏၊ အကျိုးတရား များ၏ ဖြစ်တည်ရာ အကြောင်းဟု ဆိုလို၏။ ဟိတ်သည် ၆-မျိုးရှိ၏။

၁) လောဘ (လိုချင်မှု၊ တွယ်တာမှု)
၂) ဒေါသ (မုန်းတီးမှု၊ အလိုမကျမှု)
၃) မောဟ (တွေဝေမှု၊ အမှန်မသိမှု)
၄) အလောဘ (စွန့်လွှတ်မှု)
၅) အဒေါသ (အကျိုးလိုလားမှု)
၆) အမောဟ (အမှန်သိမြင်မှု)

ဤဟိတ် ၆-ပါးသည် စိတ်၌ ဖြစ်ပေါ်တတ်သော (စေတသိက်) တရားများ ဖြစ်၏။ ဤတရားတို့သည် မိမိတို့ဖြစ်ရာစိတ် ထိုစိတ်နှင့်အတူ ဖြစ်လာသော စေတသိက် ထိုစိတ်ကြောင့် ဖြစ်လာသော စိတ္တဇရုပ် ပဋိသန္ဓေဖြစ်ခိုက် သဟိတ်ပဋိသန္ဓေ ကမ္မရုပ်များအား အခြေအမြစ်သဖွယ် ကျေးဇူးပြု၏။

ပစ္စည်း ပစ္စယုပ္ပန်

(ပစ္စယ= ပစ္စည်း= အကြောင်းတရား) (ပစ္စယုပ္ပန္န= ပစ္စယုပ္ပန်= အကြောင်းတရားကြောင့် ဖြစ်လာသော တရား၊ အကျိုးတရား)

ပစ္စည်း ဟိတ် ၆-ပါး
ပစ္စယုပ္ပန် သဟိတ်စိတ် ၇၁၊ စေတသိက် ၅၂၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်။

ကျေးဇူးပြုပုံ
ဟိတ် ၆-ပါး ပစ္စည်းတရားက ဆိုင်ရာ အကျိုး တရားများအား ကျေးဇူးပြုပုံကို ဤသို့မှတ်အပ်၏။

လောဘ
တစ်ဦးတစ်ယောက်၏စိတ်၌ လိုချင်မှု တွယ်တာမှု လောဘ ဖြစ်နေအံ့၊ လောဘဖြစ်သည်နှင့် တစ်ပြိုင်နက် လိုချင်မှု အကြောင်းခံသည့် အတွေးအကြံများ၊ ပြောဆို ပြုလုပ်မှုများဖြစ်လာ၏။ လောဘရှိနေသမျှ လိုချင်စိတ် များ၊ လိုချင်သည့်အရာကို ရရှိနိုင်ရန် ပြောဆို ပြုလုပ်မှု များ ရှိနေမည်သာ ဖြစ်၏။ ဤ၌ လိုချင်စိတ်များ ပြောဆို ပြုလုပ်မှုများ ရှင်သန်တည်ရှိနေအောင် လောဘက ဟေတုသတ္တိဖြင့် ကျေးဇူးပြုထားခြင်းဖြစ်၏။

ဒေါသ
အလိုမကျခြင်း၊ မုန်းတီးခြင်း ဒေါသသည် စိတ်၌ ဖြစ်လာအံ့၊ ဒေါသစိတ်ဖြင့် ကြံစည်ခြင်း၊ ပြောဆိုပြုလုပ် ခြင်းများ ဖြစ်လာ၏။ ဒေါသရှိနေသမျှ မိမိ သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်း စိတ်ကူးကြံစည်မှုများ၊ ပြောဆိုပြုလုပ်မှုများ တည်တံ့ဖြစ်ပွား ရှင်သန်နေကြ မည်သာ ဖြစ်၏။

အလောဘ
တဖန် လိုချင်တွယ်တာမှု မရှိခြင်း စွန့်လွှတ်ခြင်း အလောဘ ဖြစ်လာအံ့၊ လှူဒါန်း ပေးကမ်းရန် ကြံစည် စိတ်ကူးခြင်း ပြောဆိုပြုလုပ်ခြင်းများ ဖြစ်ပေါ်ရှင်သန် နေ၏။

အမောဟ
မတွေဝေခြင်း အမှန်ကို သိမြင်ခြင်း၊ အမောဟ ဖြစ်လာအံ့။ အကြောင်းအကျိုး ဆင်ခြင်သိမြင်ခြင်း ပြောဆိုပြုလုပ်ခြင်းများ ဖြစ်ပေါ်ရှင်သန်နေ၏။ ဤသို့လျှင် ဟိတ် ၆-ပါးတို့သည် မိမိတို့ကို အခြေခံ သည့် စိတ်ကူးကြံစည်မှုများ (ယှဉ်ဖက်စိတ်စေတသိက် များ) ပြောဆိုပြုလုပ်မှုများ (စိတ္တဇရုပ်များ)ကို ဖြစ်ပွား စေပြီး ရှင်သန်တည်တံ့နေအောင် ကျေးဇူးပြုကြပေ သည်။ အကျိုးတရားများ အခြေခိုင်အောင်၊ ရှင်သန် တည်တံ့နေအောင် စွမ်းဆောင်နိုင်သော ဤ ဟိတ် ၆-ပါး၏ သတ္တိထူးကိုပင် ဟေတုပစ္စည်း၏ သတ္တိထူး ဟု ဟောတော်မူခြင်းဖြစ်၏။

အဒေါသ
အမုန်းမပွား မေတ္တာထားခြင်း၊ သူတပါးအကျိုးကို လိုလားခြင်း အဒေါသ ဖြစ်လာအံ့။ အများအကျိုး ရှိရာ ရှိကြောင်း ကြံစည်ခြင်း၊ ပြောဆို ပြုလုပ်ခြင်းများ ဖြစ်ပေါ်ရှင်သန်နေ၏။

၂။ အာရမ္မဏပစ္စည်း

အကျိုးတရား၏ အားပြုမှီတွယ်ရာ ပျော်မွေ့ရာ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် “အာရမ္မဏပစ္စည်း” မည်၏။

အာရုံ ၆-မျိုး
စိတ်၊ စေတသိက်များသည် ပျော်မွေ့ရာ မှီတွယ်ရာ အာရုံနှင့်ကင်း၍ မဖြစ်နိုင်ကြ၊ အာရုံတစ်မျိုးမျိုးကို မှီတွယ်အားပြုကြရမှသာ ဖြစ်နိုင်ကြ၏။

စိတ်၏ပျော်မွေ့ရာ မှီတွယ်ရာအာရုံသည် ၆-မျိုး ရှိ၏။ ၆-မျိုးမှာ
၁) ရူပါရုံ (အဆင်း)
၂) သဒ္ဒါရုံ (အသံ)
၃) ဂန္ဓရုံ (အနံ့)
၄) ရသာရုံ (အရသာ)
၅) ဖောဋ္ဌဗ္ဗာရုံ (အတွေ့)
၆) ဓမ္မာရုံ (ကြံသိ အာရုံ)

တို့ဖြစ်၏။

ဓမ္မာရုံဟူရာ၌ မျက်စိ၊ နား၊ နှာခေါင်း၊ လျာ၊ ကာယ အကြည်ရုပ်များ၊ ထိုအကြည်ရုပ်များတွင် ထင်လာခြင်းမရှိသော ရုပ်များ၊ စိတ်အားလုံး၊ စေတသိတ် အားလုံး၊ နိဗ္ဗာန် ပညတ်များ ပါဝင်၏။ ပသာဒရုပ်များတွင် ထင်လာခြင်းမရှိဘဲ စိတ်ဖြင့် ကြံတွေးသိရသော အာရုံမျိုး၊ ထူးခြားသော ဉာဏ်ဖြင့် သာ သိရသော အာရုံမျိုးကို ဓမ္မာရုံဟုမှတ်။

ပစ္စည်း ပစ္စယုပ္ပန်

ပစ္စည်း
အာရုံ၆-ပါး။

ပစ္စယုပ္ပန်
စိတ်၈၉၊ စေတသိက် ၅၂။

ကျေးဇူးပြုပုံ
မျက်စိဖြင့် မြင်ရသော အဆင်းအာရုံကို မှီတွယ်၍ မြင်သိစိတ်များ ဖြစ်ကြ၏။ ဤ၌ မြင်သိစိတ်ကို အဆင်း အာရုံက မှီတွယ်ရာ အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။

ထို့အတူ နားဖြင့်ကြားရသော အသံအာရုံကို မှီတွယ်၍ ကြားသိစိတ်များ ဖြစ်ကြ၏။ နှာခေါင်းဖြင့် နမ်းရှူရသော အနံ့အာရုံကို မှီတွယ်၍ နံသိစိတ်များ ဖြစ်ကြ၏။ လျာဖြင့် လျက်ရသော အရသာ အာရုံကို မှီတွယ်၍ လျက်သိစိတ်များ ဖြစ်ကြ၏။ ဤသို့လျှင် အာရုံ ၆-မျိုးသည် ကြံစည်စိတ်ကူးမှုခေါ် စိတ် စေတသိက်များအား မှီတွယ်ရာ ပျော်မွေ့ရာအဖြစ်ဖြင့် ကျေးဇူးပြုကြ၏။

စိတ်စေတသိက် မှန်သမျှအား မှီတွယ်ရာအဖြစ် ကျေးဇူးပြုတတ်သော အာရုံ ၆-ပါး၏ စွမ်းဆောင်မှု သတ္တိကိုပင် အာမ္မဏပစ္စည်း၏ သတ္တိထူးဟု ဟောတော် မူခြင်း ဖြစ်သည်။

၃။ အဓိပတိပစ္စည်း

လွှမ်းမိုးကြီးစိုးသောအားဖြင့် ကျေးဇူးပြုတတ် သော အကြောင်းတရားသည် အဓိပတိပစ္စည်းမည်၏။

အဓိပတိပစ္စည်း ၂ မျိုး
အဓိပတိပစ္စည်းသည်
၁) သဟဇာတာ ဓိပတိ
၂) အာရမ္မဏာ ဓိပတိ

ဟူ၍ ၂-မျိုးရှိ၏။ ထိုတွင် ၁) အတူဖြစ်ဖက်တရားများတွင် လွှမ်းမိုး ကြီးစိုး တတ်သော ထက်သန်သော ဆန္ဒ၊ ကြီးမားကြံ့ခိုင်သော ဝီရိယ၊ ထက်မြက်သော ဝီမံသ (ပညာ)၊ ခိုင်မာသော စိတ်၊ ဤ အဓိပတိတရား ၄-ပါးတို့သည် သဟဇာတာ ဓိပတိ မည်၏။

၂) တွယ်တာစွဲမက် နှစ်သက်စရာ အာရုံနှင့် လေးနက်သိမ်မွေ့ မွန်မြတ်သော အာရုံတို့သည် အာရမ္မဏ အဓိပတိမည်၏။

ပစ္စည်း ပစ္စယုပ္ပန်

သဟဇာတာဓိပတိ
ပစ္စည်း
အဓိပတိ ၄-ပါး မှ တစ်ပါးပါး

ပစ္စယုပ္ပန်
သာဓိပတိဇော ၅၂
ဝိစိကိစ္ဆာမှတပါး စေတသိက် ၅၁၊ သာဓိပတိစိတ္တဇရုပ်၊

အာရမ္မဏာဓိပတိ
( ၁ ) ပစ္စည်း
လောကီစိတ်(ဒေါသမူ၊ မောဟမူ၊ ဒုက္ခသဟဂုတ် ကာယဝိညာဉ်မှတပါး) ၇၆၊ စေတသိက် ၄၇၊ ဣဋ္ဌပ္ဖန္နရုပ် ၁၈၊ ပစ္စယုပ္ပန် လောဘမူစိတ် ၈-ခု၊ စေတသိက် ၂၂၊

( ၂ ) ပစ္စည်း
လောကီကုသိုလ်စိတ် ၁၇၊ ပစ္စယုပ္ပန် မဟာကုသိုလ်စိတ် ၈၊ စေတသိက်(ဝီရတီအပ္ပမညာမှတပါး) ၃၃၊

( ၃ ) ပစ္စည်း
လောကုတ္တရာစိတ် ၈-နိဗ္ဗာန် ပစ္စယုပ္ပန် မဟာကုသိုလ် မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် ၈၊

( ၄ ) ပစ္စည်း
နိဗ္ဗာန်

ပစ္စယုပ္ပန် လောကုတ္တရာစိတ် ၈-ခု၊

ကျေးဇူးပြုပုံ
ထက်သန်သောဆန္ဒ မိမိစိတ်၌ဖြစ်လာအံ့၊ ထိုဆန္ဒ သည် မိမိ၏ စိတ်ကူး တွေးတောမှု မှန်သမျှ၊ ပြောဆို ပြုလုပ်မှု မှန်သမျှကို လွှမ်းမိုးကြီးစိုးထား၏။ ထို့အတူ ကြီးမားကြံ့ခိုင်သော ဝီရိယ၊ ထက်မြက်သော ဝီမံသ၊ ခိုင်မာသော စိတ်များသည် စိတ်ကူး တွေးတောမှု မှန်သမျှ၊ ပြောဆိုပြုလုပ်မှုမှန်သမျှကို လွှမ်းမိုးကြီးစိုး ထား၏။

ထို့ပြင် စွဲမက်စရာ နှစ်သက်စရာ အာရုံများသည် စွဲမက်တတ်သော စိတ်များကို လွှမ်းမိုး ကြီးစိုးလျက် ဖြစ်၏။ အလေးအနက် ထားရမည့် အာရုံများသည် အလေးအနက်ထားတတ်သော စိတ်များကို လွှမ်းမိုး ကြီးစိုးလျက် ဖြစ်၏။

ဤသို့လျှင် လွှမ်းမိုးကြီးစိုးလျက် ကျေးဇူးပြုတတ် သော အဓိပတိတရား ၄-ပါးနှင့် စွဲမက်ဖွယ် အလေး အနက်ပြုဖွယ် အာရုံတို့၏ စွမ်းဆောင်မှု သတ္တိကိုပင် အဓိပတိပစ္စည်း၏ သတ္တိထူးဟု မှတ်အပ်၏။

၄။ အနန္တရပစ္စည်း

မိမိ၏ အခြားမဲ့၌ အခြားအကွယ် မရှိစေဘဲ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် အနန္တရ ပစ္စည်းမည်၏။

ပစ္စည်း ပစ္စယုပ္ပုန်

ကျေးဇူးပြုပုံ
သတ္တဝါတို့သန္တာန်၌ စိတ်၊ စေတသိက်တို့သည် အာရုံတစ်မျိုးမျိုးကို မှီလျက် စိတ်ဖြစ်စဉ်(စိတ္တဝီထိ) တစ်ခုပြီးတစ်ခု စဉ်ဆက်မပြတ် ဖြစ်ပေါ်လျက်ရှိ၏။ စိတ္တနိယာမအတိုင်း ရှေ့ရှေ့စိတ်များ ချုပ်ပြီးသည်နှင့် နောက်နောက်စိတ်များ ဆက်တိုက်ဖြစ်လာ၏။ထိုသို့ ဖြစ်ရာ၌ ရှေ့စိတ်နှင့် နောက်စိတ်တို့၏အကြား တရား ဓမ္မတစ်မျိုး ခြားကွယ်ခြင်းမရှိ၊ ခြားကွယ်ခြင်းမရှိစေဘဲ ဖြစ်သည်ကိုပင် အနန္တရဟု ဆိုသည်။ ရှေ့ရှေ့စိတ်ဖြစ်၍ ချုပ်ပြီးသည်နှင့်တစ်ပြိုင်နက် နောက်နောက်စိတ်များ ကို ဖြစ်ခွင့်ပေးခြင်းအားဖြင့် ကျေးဇူးပြုကြ၏။

ပစ္စည်း
ရှေ့ရှေ့ဖြစ်သော စိတ် ၈၉၊
စေတသိက် ၅၂၊

ပစ္စယုပ္ပုန်
နောက်နောက်ဖြစ်သော စိတ် ၈၉၊
စေတသိက် ၅၂၊

စက္ခုဒွါရဝီထိ

မျက်စိနှင့် အဆင်းအာရုံတို့ ဆုံမိကြသောအခါ လက်ရှိစိတ်အစဉ်၏ အလွန်လျင်မြန်မှုကြောင့် ဘဝင် စိတ် တစ်ကြိမ်ကျော်လွန်သွား၏။ ဝတ္ထုအာရုံ ထိခိုက်မှု အစွမ်းကြောင့် ဘဝင်နှစ်ကြိမ်ဖြစ်ကာ လှုပ်ရှားပြီး ပြတ်တောက်သွား၏။

ထို့နောက် အာရုံအသစ်သို့ ဦးလှည့်ပေးသော အာဝဇ္ဇန်းစိတ်၊ အဆင်းအာရုံကိုမြင်သော စက္ခုဝိညာဏ် စိတ်၊ အာရုံအသစ်ကို လက်ခံသော သမ္ပဋိစ္ဆိုင်းစိတ်၊ စုံစမ်းသော သန္တီရဏစိတ်၊ ပိုင်းခြားမှတ်သားသော ဝုဋ္ဌောစိတ်၊ အာရုံသဘာဝကို သိရှိခံစားသော ဇောစိတ် ၇-ကြိမ်နှင့် ထိုဇောစိတ်၏အာရုံကို ထပ်မံရယူသော တဒါရုံစိတ် ၂-ကြိမ်ဖြစ်၏။ ဤတွင် အသစ် ဝင်လာ သော အဆင်းအာရုံ၏ သက်တမ်းသည် တစ်ကြိမ် ကုန်ဆုံးသွား၏။

ဝီထိပုံစံ

“ဘ ဘ ဘ ပ စ သံ တီ ဝု ဇ ဇ ဇ ဇ ဇ ဇ ဇ ရုံ ရုံ”

(ဘ=ဘဝင်၊ ပ= ပဉ္စဒွါဝဇ္ဇန်း၊ စ = စက္ခုဝိညာဏ်၊ သံ = သမ္ပဋိစ္ဆိင်း၊ တီ= သန္တီရဏ၊ ဝု = ဝုဋ္ဌော၊ ဇ = ဇော၊ ရုံ = တဒါရုံ)

ဤ၌ ပထမ ဘဝင်စိတ်သည် ဒုတိယ ဘဝင်စိတ် အား၊ ဒုတိယဘဝင်စိတ်သည် တတိယ ဘဝင်စိတ်အား၊ တတိယ ဘဝင်စိတ်သည် ပဉ္စဒွါရာဝဇ္ဇန်းအား ဤသို့ စသဖြင့် ရှေ့ရှေ့စိတ်များက နောက်နောက်စိတ်များ အား အနန္တရသတ္တိဖြင့် ကျေးဇူးပြု၏။

ရှေ့ရှေ့စိတ်သည် မိမိချုပ်ခြင်းဖြင့် နောက်နောက် စိတ်ဖြစ်ရန် လမ်းဖွင့်ပေးသည်။ မိမိ၏ အခြားမဲ့၌ နောက်စိတ် ဖြစ်လာအောင် ကျေးဇူးပြုပေးသော ရှေ့စိတ်၏ စွမ်းဆောင်မှုသတ္တိထူးဟု ဟောတော်မူ၏။

၅။ သမနန္တရပစ္စည်း

လုံးဝ အခြားအကွယ်မရှိသောအားဖြင့် ကျေးဇူး ပြုတတ်သော အကြောင်းတရားသည် သမနန္တရပစ္စည်း မည်၏။

မှတ်ချက်။။ သမနန္တရပစ္စည်းသည် အနန္တရပစ္စည်း နှင့် အမည်မျှသာကွဲ၍ ဓမ္မအားဖြင့် လုံးဝတူ၏။ ဝေနေယျဇ္ဈာသယအားဖြင့် ၂-မျိုး ခွဲဟောသည်ဟု မှတ်ရ၏။

၆။ သဟဇာတပစ္စည်း

အတူတကွဖြစ်လျက် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် သဟဇာတပစ္စည်း မည်၏။

ဆီမီးသည် မိမိဖြစ်လာသည်နှင့် တစ်ပြိုင်နက် အလင်းရောင်ကို ဖြစ်စေသကဲ့သို့ စိတ် စေတသိက်နှင့် ရုပ်တရားများသည် မိမိတို့ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ကျေးဇူးပြုကြ၏။

ပစ္စည်း ပစ္စယုပ္ပန်

ပစ္စည်း

(၁) စိတ် ၈၉၊ စေတသိက် ၅၂၊

(၂) မဟာဘုတ် ၄၊

(၃) ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ၊

ဟဒယဝတ္ထု၊

ပစ္စယုပ္ပန်

(၁) စိတ် ၈၉၊ စေတသိက် ၅၂၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်

(၂) မဟာဘုတ်၊ ဥပဒါရုပ်၊

(၃) ဟဒဝတ္ထု၊ ပဉ္စဝေါကာရပဋိသန္ဓေနာမက္ခန္ဓာ၊

ကျေးဇူးပြုပုံ

စိတ်တစ်ခု ဖြစ်လာသောအခါ ယှဉ်ဖက် စေတသိက်များ အတူတကွ ဖြစ်လာကြ၏။ အတူတကွ ဖြစ်ကြသော စိတ်၊ စေတသိက်တို့သည် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုကြ၏။ တဖန် ထို စိတ်၊ စေတသိက်များသည် အတူတကွဖြစ်ကြသော စိတ္တဇ ရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့အား ကျေးဇူးပြုကြ၏။

မဟာဘုတ် ၄-ပါးသည် မိမိတို့အချင်းချင်းနှင့် ဥပဒါဒါရုပ်များအား အတူတကွဖြစ်ကာ ကျေးဇူးပြုကြ ၏။

ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာနှင့် ဟဒယဝတ္ထု ရုပ်တို့သည် အတူတကွဖြစ်လျက် အပြန်အလှန် ကျေးဇူးပြုကြ၏။ သို့ရာတွင် ဟဒယဝတ္ထုရုပ်သည် ပဋိသန္ဓေအခါ၌သာ အတူတကွဖြစ်လျက် နာမ်တရား အား ကျေးဇူးပြု၍ ပဝတ္တိအခါ၌မူ ထိုသို့ ကျေးဇူး မပြုချေ။

ဤသို့ အတူတကွဖြစ်လျက် ကျေးဇူးပြုတတ် သော အကြောင်းတရားများ၏ သတ္တိကိုပင် သဟဇာတ ပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။

၇။ အညမညပစ္စည်း

အပြန်အလှန် အထောက်အကူဖြစ်လျက် ကျေးဇူး ပြုတတ်သော အကြောင်းတရားသည် အညမညပစ္စည်း မည်၏။

ပစ္စည်း ပစ္စယုပ္ပန်

ပစ္စည်း

(၁) စိတ် ၈၉၊စေတသိတ် ၅၂၊

(၂) မဟာဘုတ် ၄၊

(၃) ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ၊ ဟဒယဝတ္ထု၊

ကျေးဇူးပြုပုံ

သုံးချောင်းထောက်ခုံ၏ ခြေထောက်သုံးချောင်း သည် တကွဖြစ်လျက် အပြန်အလှန် အထောက်အကူ ပြုကြ၏။ ထို့အတူ စိတ် စေတသိက် အချင်းချင်း မဟာဘုတ် အချင်းချင်း ပဋိသန္ဓေခဏ နာမ်ရုပ် အချင်းချင်း အတူတကွဖြစ်ကာ အပြန်အလှန် အထောက်အကူပြုကြ၏။

ဤသို့ အတူတကွဖြစ်သော အပြန်အလှန် အထောက်အကူပြုတတ်သော အကြောင်းတရား၏ သတ္တိကိုပင် အညမညပစ္စည်း၏သတ္တိဟု ဟောတော် မူ၏။

ပစ္စယုပ္ပန် (၁) စိတ် ၈၉၊ စေတသိတ် ၅၂၊

(၂) မဟာဘုတ် ၄၊

(၃) ဟဒယဝတ္ထု၊ ပဉ္စဝေါကာရပဋိသန္ဓေ နာမက္ခန္ဓာ၊

၈။ နိဿယပစ္စည်း

တည်ရာ မှီရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် နိဿယပစ္စည်း မည်၏။

နိဿယပစ္စည်း ၂ မျိုး

နိဿယပစ္စည်းသည်

၁) သဟဇာတနိဿယ

၂) ပုရေဇာတနိဿယ

ဟူ၍ ၂-မျိုးရှိ၏။

ထိုတွင် အတူတကွဖြစ်ပြီး တည်ရာမှီရာအဖြစ် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် သဟဇာတ နိဿယ မည်၏။ ရှေးဦးဖြစ်နှင့်ပြီး မိမိ တည်ရှိခိုက်မှာ တည်ရာမှီရာအဖြစ်ဖြင့် ကျေးဇူးပြုတတ် သော အကြောင်းတရားသည် ပုရေဇာတနိဿယ မည်၏။

ပစ္စယုပ္ပန်

(၁) စိတ် ၈၉၊ စေတသိက် ၅၂၊

(၂) မဟာဘုတ်၊ ဥပါဒါရုပ်၊

(၃) ဟဒယဝတ္ထု၊ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ၊

(၂) ပုရေဇာတနိဿယ

ပစ္စည်း

ဝတ္ထုရုပ် ၆-ပါး။

ပစ္စယုပ္ပန် ဝတ္ထုရုပ်ကို မှီ၍ ဖြစ်သော စိတ်၊ စေတသိက်များ၊

ပစ္စည်း ပစ္စယုပ္ပန်

(၁) သဟဇာတနိဿယ ပစ္စည်း (၁) စိတ် ၈၉၊ စေတသိက် ၅၂၊

(၂) မဟာဘုတ် ၄၊

(၃) ပဉ္စဝေါကာရ ပဋိသန္ဓေ၊ နာမက္ခန္ဓာ၊ ဟဒယဝတ္ထု၊

ကျေးဇူးပြုပုံ

စိတ်၊ စေတသိက်နှင့် အချို့သော ရုပ်တရား တို့သည် အတူတကွ ဖြစ်ကြပြီး မိမိတို့အချင်းချင်းအား တည်ရာမှီရာ အဖြစ်ဖြင့် ကျေးဇူးပြုကြ၏။ ထို့ပြင် ကြိုတင်ဖြစ်နှင့်၍ ထင်ရှားရှိနေသော ဝတ္ထုရုပ်ကို မှီတတ်သော စိတ်၊ စေတသိက်များအား တည်ရာမှီရာ အဖြစ်ဖြင့် ကျေးဇူးပြုကြ၏။

ဥပမာ၊ ကမ္ဘာမြေသည် သစ်ပင်များ၏ တည်ရာ မှီရာ ဖြစ်ကာ ကျေးဇူးပြုသကဲ့သို့ ပန်းချီကားချပ်သည် ရုပ်ပုံလွှာများ၏ တည်ရာမှီရာဖြစ်ကာ ကျေးဇူးပြု သကဲ့သို့ ကျေးဇူးပြုကြပေသည်။

ဤသို့ အတူတကွဖြစ်ပေါ်လာ၍ လည်းကောင်း၊ ကြိုတင်ဖြစ်နှင့်၍ လည်းကောင်း တည်ရာမှီရာအဖြစ် ကျေးဇူးပြုတတ်သောအကြောင်းတရား၏ စွမ်းဆောင်မှု သတ္တိကိုပင် နိဿယပစ္စည်း၏ သတ္တိထူးဟု ဟောတော် မူသည်။

(၂) အနန္တရူပနိဿယ၊

(၃) ပကတူပနိဿယ တို့ဖြစ်၏။

ထိုတွင် စိတ်၏မှီရာ ပျော်မွေ့ရာဖြစ်၍ အင်အားကြီးမားသော အကြောင်းတရားသည် အာရမ္မဏူပနိဿယ မည်၏။ အခြားမဲ့ အင်အားကြီးမားသော အကြောင်းတရားသည် အနန္တရူပနိဿယ မည်၏။ မိမိသန္တာန်၌ ဖြစ်ပေါ်စေပြီး မှီဝဲရရှိပြီး အားကြီးသော အကြောင်းတရားသည် ပကတူပနိဿယ မည်၏။

၉။ ဥပနိဿယပစ္စည်း

အင်အားကြီးမားသော မှီရာအဖြစ် ကျေးဇူး ပြုတတ်သော အကြောင်းတရားသည် ဥပနိဿယ ပစ္စည်း မည်၏။

ဥပနိဿယပစ္စည်း ၃-မျိုး

ဥပနိဿယပစ္စည်းသည် ၃-မျိုးရှိ၏။ ၃-မျိုးမှာ

(၁) အာရမ္မဏူပနိဿယ၊

ပစ္စည်း ပစ္စယုပ္ပန်

(၁) အာရမ္မဏူပနိဿယ

ပစ္စည်း

စွဲမက်ဖွယ် နှစ်သက်ဖွယ်ဖြစ်၍ လွှမ်းမိုး ကြီးစိုးနိုင်သော အာရုံတရား။

ပစ္စယုပ္ပန် အဆိုပါ အာရုံတရားကို အလေးအနက် အာရုံပြုသော စိတ်စေတသိက်များ။

(၂) အနန္တရူပနိဿယ

ပစ္စည်း

ရှေ့ရှေ့ဖြစ်သော စိတ် ၈၉၊ စေတသိက် ၅၂၊

ပစ္စယုပ္ပန် နောက်နောက်ဖြစ်သော စိတ် ၈၉၊ စေတသိက် ၅၂၊

(၃) ပကတူပနိဿယ

ပစ္စည်း

အင်အားကြီးမားသော ရှေ့ရှေ့ဖြစ်သော စိတ် ၈၉၊ စေတစိတ် ၅၂၊ ပညတ်၊ ပစ္စယုပ္ပန် နောက်နောက်ဖြစ်သော စိတ် ၈၉၊ စေတသိက် ၅၂၊

ရှေ့ရှေ့စိတ်များသည် မျိုးတူသည်ဖြစ်စေ မျိုးကွဲ သည်ဖြစ်စေ နောက်နောက်စိတ်များ၏ အင်အား ကြီးမားသော အကြောင်းတရားဖြစ်၏။

ရာဂစသော အကုသိုလ်တရား၊ သဒ္ဓါစသော ကုသိုလ်တရား၊ မိမိတွေ့ကြုံခံစားရသော ချမ်းသာ ဆင်းရဲ၊ မိမိတွေ့ကြုံခံစားရသော ဥတုရာသီ၊ အစာ အာဟာရ၊ နေထိုင်ရာ အဆောက်အအုံစသော အရာ ဝတ္ထု၊ ပေါင်းသင်းဆက်ဆံရသော ပုဂ္ဂိုလ်တို့သည် အင်အားကြီးမားသော အကြောင်းတရားများဖြစ်ကြ၏။ ဤသို့လျှင် အင်အားကြီးမားသော မှီရာအဖြစ် ကျေးဇူးပြုတတ်သော အကြောင်းတရား၏ သတ္တိကိုပင် ဥပနိဿယပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။

ကျေးဇူးပြုပုံ

စွဲမက်ဖွယ် နှစ်သက်ဖွယ် အာရုံများသည် ထို အာရုံများအပေါ် အလေးအနက်ထားတတ်သော စိတ်၊ စေတသိက်များ၏ အင်အားကြီးမားသော အကြောင်း တရားဖြစ်၏။

၁၀။ ပုရေဇာတ ပစ္စည်း

ရှေးဦးကြိုတင်ဖြစ်ပြီး တည်ရှိနေစဉ် ကျေးဇူး ပြုတတ်သော အကြောင်းတရားသည် ပုရေဇာတ ပစ္စည်း မည်၏။

ပုရေဇာတပစ္စည်းသည်

၁) အာရမ္မဏ ပုရေဇာတ

၂) ဝတ္တုပုရေဇာတ

ဟူ၍ ၂-မျိုးရှိ၏။ ထိုတွင် အာရုံဖြစ်လျက် ရှေးဦးကြိုတင်ဖြစ်ပြီး ကျေးဇူးပြုတတ် သော အကြောင်းတရားသည် အာရမ္မဏ ပုရေဇာတ မည်၏။ မှီရာဝတ္ထုဖြစ်လျက် ရှေးဦးကြိုတင်ဖြစ်ပြီး ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ဝတ္ထု ပုရေဇာတ မည်၏။

ပစ္စည်း ပစ္စယုပ္ပန်

(၁) အာရမ္မဏ ပုရေဇာတ

ပစ္စည်း

နိပ္ဖန္နရုပ် ၁၈-ဟူသော အာရုံ ၆-ပါး။

ပစ္စယုပ္ပန်

ကာမစိတ် ၅၄၊ အဘိညာဉ် ၂၊ (အပ္ပမညာမှတပါး) စေတသိက် ၅၀၊

ကျေးဇူးပြုပုံ

အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့စသော အာရုံများသည် ရှေးဦးဖြစ်နှင့်ကာ တည်ရှိနေစဉ် ထို အာရုံကို မှီတွယ်ဖြစ်ကြသည့် စိတ်၊ စေတသိက်များအား ကျေးဇူးပြုကြ၏။

မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ ဟဒယ ဟူသော ဝတ္ထုရုပ်များသည် ရှေးဦးဖြစ်နှင့်ပြီး မိမိတို့တည်ရှိနေစဉ် နောက်မှဖြစ်လာသည့် စိတ်၊ စေတသိက်များအား ကျေးဇူးပြုကြ၏။

ဤသို့လျှင် ရှေးဦးကြိုတင်ဖြစ်၍ တည်ရှိနေစဉ် နောက်မှဖြစ်လာသည့် စိတ်၊ စေတသိက်များအား ကျေးဇူးပြုတတ်သော စွမ်းဆောင်မှု သတ္တိကိုပင် ပုရေဇာတပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။

(၂) ဝတ္ထုပုရေဇာတ

ပစ္စည်း

ဝတ္ထုရုပ် ၆-ပါး၊

ပစ္စယုပ္ပန်

ဝတ္ထုရုပ်ကို မှီ၍ဖြစ်သော စိတ်၊ စေတသိက်များ

၁၁။ ပစ္ဆာဇာတပစ္စည်း

ရှေးဦးဖြစ်နှင့်ကာ တည်ရှိနေသော တရားကို နောက်မှ ဖြစ်လာပြီး အထောက်အကူပြုသော အကြောင်းတရားသည် ပစ္ဆာဇာတပစ္စည်း မည်၏။

ပစ္စည်း ပစ္စယုပ္ပန်

ပစ္စည်း

နောက်နောက်၌ဖြစ်သော အရူပဝိပါက် ၄-ခုမှ တပါး စိတ် ၈၅၊ စေတသိက် ၅၂၊

ပစ္စယုပ္ပန် ရှေ့ရှေ့စိတ်နှင့်အတူ ဖြစ်လာခဲ့သော ရုပ်တရားများ

ကျေးဇူးပြုပုံ

မျှော်လင့်ချက်အာသာသည် နောက်မှ ဖြစ်လာ သော်လည်း ဖြစ်နှင့်ကာ တည်ရှိပြီး ကိုယ်ကာယအား အထောက်အကူပြုနိုင်၏။ နောက်မှ ဖြစ်ပေါ်လာသည့် စိတ်၊ စေတသိက်များသည် ရှေးဦးဖြစ်နှင့်ကာ တည်ရှိ နေသော ရုပ်အပေါင်းတို့အား ကျေးဇူးပြု၏။

ဤသို့ ရှေးဦးဖြစ်နှင့်ကာ တည်ရှိနေသည့် တရား အား နောက်မှဖြစ်လာပြီး အထောက်အကူ ကျေးဇူး ပြုသော အကြောင်းတရား၏ သတ္တိကိုပင် ပစ္ဆာဇာတ ပစ္စည်း၏ သတ္တိထူးဟုဟောတော်မူ၏။

၁၂။ အာသေဝနပစ္စည်း

မိမိ၏ အခြားမဲ့၌ဖြစ်သော တရားများကို အဖန်ဖန် အထပ်ထပ်ဖြစ်စေခြင်းဖြင့် ကျင့်သားရပြီး အားကောင်း လာစေရန် စွမ်းဆောင်တတ်သော အကြောင်းတရား သည် အာသေဝနပစ္စည်း မည်၏။

ပစ္စည်း ပစ္စယုပ္ပန်

ပစ္စည်း

ရှေ့ရှေ့ဖြစ်သော လောကီဇောစိတ် ၄၇၊ စေတသိက် ၅၂၊

ပစ္စယုပ္ပန်

နောက်နောက်ဖြစ်သော ဖိုလ်ဇောမှတပါး ဇောစိတ် ၅၁၊ စေတသိက် ၅၂၊

ကျေးဇူးပြုပုံ

ရှေ့ရှေ့၌ဖြစ်သော ကုသိုလ်ဇော၊ အကုသိုလ် ဇော၊ ကြိယာဇောစိတ်များသည် မိမိ၏ အခြားမဲ့၌ ဖြစ်သော နောက်နောက် မျိုးတူဇောစိတ်များအား အဖန်ဖန် အထပ်ထပ် ဖြစ်စေခြင်းဖြင့် အင်အား ကြီးထွားစေရန် ကျေးဇူးပြု၏။ ဥပမာ၊ စာပေ သင်ယူရာ၌ ရှေ့ရှေ့သင်ယူမှုက နောက်နောက်သင်ယူမှုအား လွယ်ကူအောင် ကျေးဇူးပြုသကဲ့သို့တည်း။

ဤသို့လျှင် မိမိ၏အခြားမဲ့၌ အလားတူ တရား များကို အဖန်ဖန်အထပ်ထပ် ဖြစ်စေခြင်း ကျင့်သားရပြီး အားရှိအောင် စွမ်းဆောင်နိုင်သော ရှေ့ရှေ့ဇောစိတ် များ၏ သတ္တိကိုပင် အာသေဝန ပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။

၁၃။ ကမ္မပစ္စည်း ၂-မျိုး

စိတ်၏ ဗျာပါရဟု ဆိုအပ်သော ပြုလုပ်ခြင်း အားဖြင့် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ကမ္မပစ္စည်း မည်၏။

ကမ္မပစ္စည်း ၂-မျိုး

ကမ္မပစ္စည်းသည်

၁) နာနာက္ခဏိက ကမ္မ

၂) သဟဇာတ ကမ္မ

ဟူ၍ ၂-မျိုးရှိ၏။ ထိုတွင်

မိမိဖြစ်ဆဲခဏ၌ အကျိုးကို မဖြစ်စေဘဲ မတူ ကွဲပြားသောခဏ၌သာ အကျိုးကို ဖြစ်စေတတ်သော ကုသိုလ်စေတနာ အကုသိုလ် စေတနာကံကို နာနာက္ခဏိကကမ္မ ဟုခေါ်၏။

စေတနာ စေတသိက်သည် မိမိနှင့် အတူတကွ ဖြစ်ကြသော စိတ်၊ စေတသိက်၊ စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်တို့အား ကျေးဇူးပြု၏။ ဤသို့တကွ ဖြစ်ဖက် တရားများအား ကျေးဇူးပြုတတ်သော စေတနာကို သဟဇာတကမ္မ ဟုခေါ်၏။

ပစ္စည်း ပစ္စယုပ္ပန်

(၁) နာနာက္ခဏိက ကမ္မ

ပစ္စည်း

ကုသိုလ်စေတနာ ၂၁၊

အကုသိုလ်စေတနာ ၁၂၊

ပစ္စယုပ္ပန် ဝိပါက်စိတ်၃၆၊စေတသိက်၃၈၊ ကမ္မဇရုပ်၊

(၂) သဟဇာတ ကမ္မပစ္စည်း

စေတနာ

ပစ္စယုပ္ပန် စိတ် ၈၉၊ စေတနာမှတပါး စေတသိက် ၅၁၊

စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်

ကျေးဇူးပြုပုံ

ကုသိုလ်စိတ်နှင့်ယှဉ်သော စေတနာ၊ အကုသိုလ် စိတ်နှင့်ယှဉ်သော စေတနာ (ကုသိုလ်ကံ၊ အကုသိုလ် ကံ) သည် အကျိုးဝိပါက်စိတ် စေတသိက်များ၊ ကမ္မဇရုပ်များဖြစ်ပေါ်စေရန် ကျေးဇူးပြု၏။ ကုသိုလ်ကံ၊ အကုသိုလ်ကံသည် မိမိဖြစ်ခိုက်ခဏ၌ အကျိုးတရား များကို မဖြစ်ပေါ်စေ။ မိမိ ချုပ်ငြိမ်းပြီးနောက် မိမိ အခြားမဲ့ခဏ၌ဖြစ်စေ၊ အချိန်ကြာမြင့်ပြီးမှဖြစ်စေ အကျိုးတရားများကို ဖြစ်ပေါ်စေသည်။

ထို့ပြင် စေတနာစေတသိက်သည် မိမိနှင့် အတူ တကွ ဖြစ်သောစိတ် စေတသိက်များ၊ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်များအား မိမိ၏ဗျာပါရမျိုး ဖြစ်ပေါ် လျက် ကျေးဇူးပြု၏။

ဤသို့လျှင် အကျိုးဝိပါက် စိတ်၊ စေတသိက်နှင့် ကမ္မဇရုပ်များကို ဖြစ်ပေါ်စေတတ်သော ကံတရား၏ လည်းကောင်း၊ အတူတကွဖြစ်သော စိတ်၊ စေတသိက် နှင့် စိတ္တဇရုပ်၊ ပဋိသန္ဓေပမ္မဇရုပ်များအား စေတနာ ဗျာပါရမျိုး ဖြစ်စေရန် ကျေးဇူးပြုတတ်သော စေတနာ စေတသိက်၏ လည်းကောင်း စွမ်းဆောင်မှုသတ္တိကိုပင် ကမ္မပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူသည်။

၁၄။ ဝိပါကပစ္စည်း

အားထုတ်မှုကင်း ငြိမ်သက်ခြင်းမျိုး ဖြစ်စေရန် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ဝိပါက ပစ္စည်း မည်၏။

ပစ္စည်း ပစ္စယုပ္ပန်

ပစ္စည်း

ဝိပါက်စိတ် ၃၆၊ စေတသိက် ၃၈၊

ပစ္စယုပ္ပန်

ဝိပါက်စိတ် ၃၆၊ စေတသိက် ၃၈၊

စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်

ကျေးဇူးပြုပုံ

ဝိပါက်စိတ်၊ စေတသိက်တို့သည် ကံတရား၏ အကျိုးပုံရိပ်များသာဖြစ်၍ အားထုတ်မှုကင်းသော ငြိမ်သက်ခြင်းဖြင့် ငြိမ်သက်ကြ၏။ ၄င်းတို့သည် မိမိတို့ အချင်းချင်းနှင့် စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မရုပ်များအား အားထုတ်မှုကင်း ငြိမ်သက်ခြင်းရှိစေရန် ကျေးဇူးပြုကြ ၏။

ဤသို့လျှင် အားထုတ်မှုကင်း ငြိမ်သက်ခြင်း ဖြစ်စေရန် ကျေးဇူးပြုတတ်သော ဝိပါက်စိတ်၊ စေတသိက်တို့၏ စွမ်းဆောင်မှုသတ္တိကိုပင် ဝိပါက ပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။

၁၅။ အာဟာရပစ္စည်း

သက်ဆိုင်ရာ အကျိုးတရားများကို လွန်စွာ စွမ်းဆောင်နိုင်သော အကြောင်းတရားသည် အာဟာရ ပစ္စည်း မည်၏။

အာဟာရပစ္စည်း ၂- မျိုး

အာဟာရပစ္စည်းသည်

၁) ရုပ်အာဟာရ

၂) နာမ်အာဟာရ

ဟူ၍ ၂-မျိုးရှိ၏။ ထိုတွင်

အဇ္ဈတ္တသန္တာန်၌ ဖြစ်သော အကြောင်းတရား ၄-ပါးကြောင့်ဖြစ်သော ဩဇာသည် ရုပ်အာဟာရ မည်၏။ ၄င်း ဩဇာရုပ်သည် အစာအာဟာရများ၌ တည်ရှိ၏။ ဩဇာ၏တည်ရာ အစာအာဟာရကို အတုံး အခဲ အလုပ်အလွေ့ပြု၍ စားမျိုအပ်သောကြောင့် ကဗဠီကာရ အာဟာရဟု ခေါ်၏။

နာမ်အာဟာရသည် ဖဿ၊ စေတနာ၊ ဝိညာဉ် ဟူ၍ ၃- မျိုးရှိ၏။ ရုပ်အာဟာရ ၁-ပါး၊ နာမ်အာဟာရ ၃-ပါးရှိသဖြင့် အာဟာရ ၄-ပါး ရှိသည်ဟု မှတ်ရာ၏။

ပစ္စည်း ပစ္စယုပ္ပန်

(၁) ရုပ်အာဟာရပစ္စည်း

ပစ္စည်း

ဩဇာ

ပစ္စယုပ္ပန်

အာဟာရကြောင့် ဖြစ်သော ရုပ်များ၊

တနည်း အကြောင်း ၄-ပါးကြောင့် ဖြစ်သော ရုပ်များ

(၂) နာမ်အာဟာရပစ္စည်း

ပစ္စည်း

ဖဿ၊ စေတနာ၊ ဝိညာဉ်၊ ပစ္စယုပ္ပန် စိတ်၊ စေတသိက်၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်၊

စေတနာသည် ပဋိသန္ဓေကို ဖြစ်ပေါ်စေရန် စွမ်းဆောင်လျက် ကျေးဇူးပြု၏။

ဝိညာဉ်သည် နာမ်ရုပ် တိုးတက်ဖြစ်ပွားစေရန် စွမ်းဆောင်လျက် ကျေးဇူးပြု၏။

ဤသို့လျှင် ရုပ်ခန္ဓာ၏ တည်တံ့ဖွံ့ထွားမှုကို စွမ်းဆောင်သော ဩဇာ၏သတ္တိ၊ ဝေဒနာကို ဖြစ်ပေါ် တတ်သော ဖဿ၏သတ္တိ၊ ပဋိသန္ဓေကျိုးကို ဖြစ်စေ တတ်သော စေတနာ၏သတ္တိ၊ နာမ်ရုပ်များ တိုးတက် ဖြစ်ပွားစေရန် စွမ်းဆောင်တတ်သော ဝိညာဉ်၏သတ္တိ ကိုပင် အာဟာရပစ္စည်း၏ သတ္တိထူးဟုဟောတော်မူ၏။

ကျေးဇူးပြုပုံ

ကဗဠီကာရအာဟာရခေါ် ဩဇာရုပ်သည် သက်ရှိ သတ္တဝါများ၏ ကိုယ်ကာယ ရှည်ကြာစွာ တည်ရှိဖွံ့ထွား အောင် စွမ်းဆောင်လျက် ကျေးဇူးပြု၏။

ဖဿ အာဟာရသည် ခံစားမှုဝေဒနာ ဖြစ်ပေါ် အောင် စွမ်းဆောင်လျက် ကျေးဇူးပြု၏။

၁၆။ ဣန္ဒြိယပစ္စည်း

မိမိဆိုင်ရာကိစ္စ၌ အစိုးတရ ချုပ်ကိုင်အုပ်စိုးလျက် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ဣန္ဒြိယ ပစ္စည်း မည်၏။

ဣန္ဒြိယပစ္စည်း ၃ -မျိုး

ဣန္ဒြိယပစ္စည်းသည်

(၁) သဟဇာတ ဣန္ဒြိယ

(၂) ပုရေဇာတ ဣန္ဒြိယ

(၃) ရူပဇီဝိတ ဣန္ဒြိယ ဟူ၍ ၃ မျိုးရှိ၏။ ထိုတွင်

အတူတကွဖြစ်လျက် ကြီးစိုးကာ ကျေးဇူးပြုတတ် သော အကြောင်းတရားသည် သဟဇာတ ဣန္ဒြိယ မည်၏။

ရှေးဦးဖြစ်နှင့်ကာ ကြီးစိုးလျက် ကျေးဇူးပြုတတ် သော အကြောင်းတရားသည် ပုရေဇာတ ဣန္ဒြိယ မည်၏။

ကမ္မဇရုပ်များကို ကြီးစိုးလျက် ကျေးဇူးပြုတတ် သော အကြောင်းတရားသည် ရူပဇီဝိတ ဣန္ဒြိယ မည်၏။

ပစ္စည်း ပစ္စယုပ္ပန်

(၁) သဟဇာတ ဣန္ဒြိယ

ပစ္စည်း

ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာ ဟူသော နာမ်ဣန္ဒြေတရားကိုယ် ၈ ပါး

ပစ္စယုပ္ပန်

စိတ် ၈၉၊ စေတသိက် ၅၂၊ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်၊

(၂) ပုရေဇာတ ဣန္ဒြိယ

ပစ္စည်း

စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ ဝတ္ထုရုပ် ၅-ပါး

ပစ္စယုပ္ပန်

ဒွေပဉ္စဝိဉာဏ် ၁၀၊ သဗ္ဗစိတ္တ သာဓာရဏ စေတသိက် ၇- ခု၊

(၃) ရူပဇီဝိတိန္ဒြိယ

ပစ္စည်း

ရုပ်ဇီဝိတ

ပစ္စယုပ္ပန်

ရုပ်ဇီဝိတမှတပါးသော ကလာပ်တူ ကမ္မဇရုပ် ၉-ခု

ကျေးဇူးပြုပုံ

နာမ်ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာ ဟူသော နာမ်ပိုင်းဆိုင်ရာ ဣန္ဒြေ တရားများသည် ဆိုင်ရာကိစ္စအသီးသီး၌ အတူတကွ ဖြစ်သော နာမ်ရုပ်တရားများအား ကြီးစိုးလျက် ကျေးဇူး ပြု၏။

စက္ခုန္ဒြေခေါ် မျက်စိအကြည်ရုပ်သည် မြင်သိ စိတ်၊ စေတသိက် တရားများအား မြင်မှုကိစ္စ၌ ကြီးစိုး လျက် ကျေးဇူးပြု၏။ ထင်ရှားစေအံ့၊ မျက်စိအကြည်ရုပ် အားကောင်းလျှင် မြင်သိစိတ် အားကောင်း၏။ အားနည်းလျှင် အားနည်း၏။ ဤသည်မှာ မြင်မှုကိစ္စ၌ မျက်စိအကြည်ရုပ် (စက္ခုန္ဒြေ) က မြင်သိစိတ် စေတသိက်တို့ကို စိုးပိုင်ချုပ်ကိုင်ထားပုံဖြစ်၏။

ထို့အတူ သောတိန္ဒြေ (နားအကြည်ရုပ်) သည် ကြားမှုကိစ္စ၌ ကြားသိစိတ်၊ စေတသိက်များကို ကြီးစိုး ထား၏။ ဃာနိန္ဒြေ(နှာခေါင်းအကြည်ရုပ်)သည် နမ်းရှူမှု ကိစ္စ၌ နံသိစိတ်၊ စေတသိက်များကို ကြီးစိုး၏။ ဇီဝှိန္ဒြေ (လျှာ အကြည်ရုပ်)သည် လျက်မှုကိစ္စ၌ လျက်သိစိတ် စေတသိက်များကိုကြီးစိုး၏။ ကာယိန္ဒြေ(ကိုယ်အကြည် ရုပ်) သည် ထိတွေ့မှုကိစ္စ၌ ထိသိစိတ် စေတသိက် များကို ကြီးစိုး၏။

ရုပ်ဇီဝိတိန္ဒြေသည် စောင့်ထိန်းမှုကိစ္စ၌ ကမ္မဇရုပ် (ကဋတ္တာရုပ်)များကို ကြီးစိုး၏။

ဤသို့လျှင် မိမိဆိုင်ရာကိစ္စ၌ အစိုးတရ ချုပ်ကိုင် အုပ်စိုးလျှက် ကျေးဇူးပြုတတ်သော အကြောင်းတရား များ၏ စွမ်းဆောင်မှုသတ္တိကိုပင် ဣန္ဒြိယ ပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။

၁၇။ စျာနပစ္စည်း

အာရုံကို စူးစိုက်ရှုလျက် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် စျာနပစ္စည်း မည်၏။

ပစ္စည်း ပစ္စယုပ္ပန်

ပစ္စည်း

ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂကာဟူသော စျာန်အင်္ဂါ ၅-ပါး။

ပစ္စယုပ္ပန်

ဒွိပဉ္စဝိညာဏ်မှတပါး စိတ် ၇၉၊ စေတသိက် ၅၂၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်

ကျေးဇူးပြုပုံ

ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ ၅-ပါး တို့သည် အတူတကွဖြစ်ကြသော စိတ် စေတသိက်နှင့် စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ် များအား အာရုံကို စူးစိုက်ရှုစေလျက် ကျေးဇူးပြု၏။

မှတ်ချက်။ သမထကျင့်စဉ်ဖြင့် ရရှိလာသော စျာန်တရားကိုသာ စျာနပစ္စယော ဟု ဟောသည် မဟုတ်၊ အကုသိုလ်စိတ်နှင့်ယှဉ်သော ဝိတက် စသည် ကိုသာ စျာနပစ္စယောဟု ဟောတော်မူသည်ဟုမှတ်။

ဤသို့ အာရုံကို စူးစိုက်ရှုစေလျက် ကျေးဇူးပြုတတ် သော အကြောင်းတရား၏ စွမ်းဆောင်မှုသတ္တိကိုပင် စျာနပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။

၁၈။ မဂ္ဂပစ္စည်း

ထုတ်ဆောင်တတ်သော လမ်းကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် မဂ္ဂ ပစ္စည်း မည်၏။

ပစ္စည်း ပစ္စယုပ္ပန်

ပစ္စည်း

ပညာ၊ ဝိတက်၊ ဝိရတီ ၃-ခု၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ဒိဋ္ဌိ ဟု ဆိုအပ်သော မဂ္ဂင်တရားကိုယ် ၉-ပါး သဟိတ်စိတ် ၇၁၊ စေတသိက် ၅၂

ပစ္စယုပ္ပန်

သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေကမ္မဇရုပ်

ကျေးဇူးပြုပုံ

မဂ္ဂင်တရားကိုယ် ၉-ပါးသည် အတူတကွ ဖြစ်သော စိတ်၊ စေတသိက်နှင့် စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်များကို ထုတ်ဆောင်တတ်သော လမ်းကြောင်း အဖြစ်ဖြင့် ကျေးဇူးပြု၏။

ဤသို့ အကျိုးတရားများကိုပါ ထုတ်ဆောင်တတ် သော လမ်းကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော မဂ္ဂင်တရားကိုယ် ၉-ပါး၏ စွမ်းဆောင်မှုသတ္တိကိုပင် မဂ္ဂပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။

၁၉။ သမ္ပယုတ္တပစ္စည်း

ယှဉ်တွဲပေါင်းစပ်ခြင်းဖြင့် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် သမ္ပယုတ္တပစ္စည်း မည်၏။

ပစ္စည်း ပစ္စယုပ္ပန်

များသည် အချင်းချင်း အပြန်အလှန် ယှဉ်တွဲပေါင်းစပ် ခြင်း အဖြစ်ဖြင့် ကျေဇူးပြုကြ၏။

ဤသို့ ယှဉ်တွဲပေါင်းစပ်သောအားဖြင့် ကျေးဇူး ပြုတတ်သော စိတ် စေတသိက်တို့၏ စွမ်းဆောင်မှု သတ္တိကိုပင် သမ္ပယုတ္တပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူသည်။

၂၀။ ဝိပ္ပယုတ္တပစ္စည်း

အတူတကွ တည်ရှိကြသော်လည်း ပေါင်းစပ် ရောနှောခြင်းမရှိဘဲ ကျေးဇူးပြုတတ်သော အကြောင်း တရားသည် ဝိပ္ပယုတ္တပစ္စည်းမည်၏။

ပစ္စည်း

စိတ် ၈၉၊ စေတသိက် ၅၂၊

ပစ္စယုပ္ပန်

စိတ် ၈၉၊ စေတသိက် ၅၂၊

ကျေးဇူးပြုပုံ

မှီရာဝတ္ထုတူခြင်း၊ အာရုံပြုရာတူခြင်း၊ ဖြစ်မှုခဏ တူခြင်း၊ ချုပ်မှုခဏတူခြင်း ဟူ၌ ပေါင်းစပ်ယှဉ်တွဲမှု လက္ခဏာ ၄-ရပ်နှင့်အညီဖြစ်သော စိတ် စေတသိက် ဝိပ္ပယုတ္တပစ္စည်း ၃-မျိုး

ဝိပ္ပယုတ္တပစ္စည်းသည်

(၁) သဟဇာတ ဝိပ္ပယုတ္တ

(၂) ပုရေဇာတ ဝိပ္ပယုတ္တ

(၃) ပစ္ဆာဇာတ ဝိပ္ပယုတ္တ

ဟူ၍ ၃-မျိုးရှိ၏။

ထိုတွင် အတူတကွဖြစ်လျက် ပေါင်းစပ်ရောနှော ခြင်း မရှိဘဲ ကျေးဇူးပြုတတ်သော အကြောင်းတရား သည် သဟဇာတဝိပ္ပယုတ္တ မည်၏။

ရှေးဦးဖြစ်နှင့်၍ ပေါင်းစပ်ရောနှောခြင်း မရှိဘဲ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ပုရေဇာတဝိပ္ပယုတ္တ မည်၏။

နောက်မှဖြစ်ပြီး ရောနှောပေါင်းစပ်ခြင်း မရှိဘဲ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ပစ္ဆာဇာတဝိပ္ပယုတ္တ မည်၏။

ပစ္စည်း ပစ္စယုပ္ပန်

(၁) သဟဇာတ ဝိပ္ပယုတ္တ

ပစ္စည်း

ရုပ်ကိုဖြစ်စေတတ်သော စိတ် ၇၅၊ စေတသိက် ၅၂ နှင့် ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓ ဟဒယဝတ္တု၊

ပစ္စယုပ္ပန်

စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်နှင့် ဟဒယဝတ္ထု၊ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ၊

(၂) ပုရေဇာတဝိပ္ပယုတ္တ

ပုရေဇာတပစ္စည်းနှင့် ပစ္စည်း ပစ္စယုပ္ပန် တူ၏။

(၃) ပစ္ဆာဇာတဝိပ္ပယုတ္တ

ပစ္ဆာဇာတပစ္စည်းနှင့် ပစ္စည်း ပစ္စယုပ္ပန် တူ၏။

ကျေးဇူးပြုပုံ

ရုပ်တရားများနှင့် နာမ်တရားများ၊ နာမ်တရားများ နှင့် ရုပ်တရားများတို့သည် အတူတကွတည်ရှိကြသော် လည်း ပေါင်းစပ်ရောနှောခြင်းမရှိဘဲ ကျေးဇူးပြုကြ၏။ ဤသို့ ပေါင်းစပ်ရောနှောခြင်း မရှိဘဲ ကျေးဇူးပြုတတ် သော အကြောင်းတရား၏ စွမ်းဆောင်မှုသတ္တိကိုပင် ဝိပ္ပယုတ္တပစ္စည်း သတ္တိထူးဟု ဟောတော်မူ၏။

၂၁။ အတ္ထိပစ္စည်း

ရှိနေခိုက်မှာသာ ကျေးဇူးပြုတတ်သောအကြောင်း တရားသည် အတ္ထိပစ္စည်း မည်၏။

အတ္ထိပစ္စည်း ၅-မျိုး

အတ္ထိပစ္စည်းသည်

(၁) သဟဇာတ အတ္ထိ

(၂) ပုရေဇာတ အတ္ထိ

(၃) ပစ္ဆာဇာတ အတ္ထိ

(၄) အာဟာရ အတ္ထိ

(၅) ဣန္ဒြိယ အတ္ထိ ဟူ၍ ၅-မျိုးရှိ၏။

ထိုတွင် အတူတကွဖြစ်ပြီး ထင်ရှားရှိခိုက်မှာသာ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် သဟဇာတအတ္ထိ မည်၏။

ရှေးဦးဖြစ်နှင့်ပြီး ထင်ရှားရှိခိုက်မှာသာ ကျေးဇူး ပြုတတ်သော အကြောင်းတရားသည် ပုရေဇာတအတ္ထိ မည်၏။

နောက်မှဖြစ်၍ ထင်ရှားရှိခိုက်မှာသာ ကျေးဇူး ပြုတတ်သော အကြောင်းတရားသည် ပစ္ဆာဇာတအတ္ထိ မည်၏။

စွမ်းဆောင်မှုလွန်ကဲ၍ ထင်ရှားရှိခိုက်မှာသာ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် အာဟာရအတ္ထိ မည်၏။

ချုပ်ကိုင်အုပ်စိုးလျက် ထင်ရှားရှိခိုက်မှာသာ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ဣန္ဒြိယ အတ္ထိမည်၏။

ပစ္စည်း ပစ္စယုပ္ပန်

သဟဇာတအတ္ထိသည် သဟဇာတနှင့် တူ၏။

ပုရေဇာတအတ္ထိသည် ပုရေဇာတနှင့် တူ၏။

ပစ္ဆာဇာတအတ္ထိသည် ပစ္ဆာဇာတနှင့် တူ၏။

အာဟာရအတ္ထိသည် ရုပ်အာဟာရနှင့် တူ၏။

ဣန္ဒြိယအတ္ထိသည် ရူပဇီဝိတိန္ဒြိယနှင့် တူ၏။

ကျေးဇူးပြုပုံ

မိမိနှင့် ပြိုင်တူဖြစ်သည်ဖြစ်စေ၊ ကြိုတင်ဖြစ်နှင့် သည် ဖြစ်စေ၊ နောက်မှဖြစ်သည်ဖြစ်စေ မိမိဖြစ်လာပြီး ထင်ရှားရှိခိုက်မှာသာ ဖြစ်ပြီးလျှင် ထင်ရှားရှိဆဲ အကျိုးတရားများကို ကျေးဇူးပြု၏။ ဤသို့ ထင်ရှား ရှိခိုက်မှာသာ ကျေးဇူးပြုတတ်သော အကြောင်းတရား ၏ စွမ်းဆောင်မှုသတ္တိကိုပင် အတ္ထိပစ္စည်း၏ သတ္တိထူး ဟု ဟောတော်မူ၏။

၂၂။ နတ္ထိပစ္စည်း

မိမိမရှိသည့်နောက်မှသာ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် နတ္ထိပစ္စည်းမည်၏။

နတ္ထိပစ္စည်းသည် အနန္တရပစ္စည်းနှင့် ပစ္စည်း ပစ္စယုပ္ပန် တူ၏။

ကျေးဇူးပြုပုံ

မိမိ၏အခြားမဲ့၌ဖြစ်လာမည့် နာမ်တရားများအား မိမိမရှိတော့သည့် နောက်မှသာ ဖြစ်ပေါ်လာရန် အခွင့် ပေးသောအားဖြင့် ကျေးဇူးပြု၏။ ရှေ့ရှေ့အခြားမဲ့၌ ချုပ်ငြိမ်းပြီး၍ လုံးဝမရှိသော စိတ် စေတသိက် တရား များသည် နောက်နောက်၌ ဖြစ်လာမည့် စိတ် စေတသိက် တရားများအား နတ္ထိသတ္တိဖြင့် ကျေးဇူး ပြု၏။

ဤသို့ မိမိမရှိသည့်နောက်မှသာ မရှိသောအားဖြင့် ကျေးဇူးပြုတတ်သောအကြောင်းတရား၏ စွမ်းဆောင်မှု သတ္တိကိုပင် နတ္ထိသတ္တိဟု ဟောတော်မူသည်။

၂၃။ ဝိဂတပစ္စည်း

လုံးဝချုပ်ငြိမ်း ပြတ်စဲပြီးမှ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ဝိဂတပစ္စည်း မည်၏။

ဝိဂတပစ္စည်းသည် နတ္ထိပစ္စည်းနှင့် လုံးဝတူ၏။

၂၄။ အဝိဂတပစ္စည်း

ချုပ်ငြိမ်းပြတ်စဲခြင်း မဖြစ်သေးမီ ကျေးဇူးပြုတတ် သော အကြောင်းတရားသည် အဝိဂတပစ္စည်း မည်၏။

အဝိဂတပစ္စည်းသည် အတ္ထိပစ္စည်းနှင့် လုံးဝတူ၏။

နိဂုံး

A ကြောင်းကျိုး နှစ်တန်၊

စစ်အမှန်ကို၊

ဧကန်ရှုမြင်၊

ဉာဏ်သက်ဝင်မှ၊

ကင်းစင် သံသယ၊

လမ်းမှန်ရလျက်၊

ဘဝသံသရာ၊

ကျင်လည်ရာမှ၊

မြန်စွာထွက်မြောက်၊

နိဗ္ဗာန်ရောက်မည်၊

ထွန်းတောက်ဉာဏ်မြင်၊

လင်းစေသော်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလ ကုန်းမြေ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် (ITBMU) ၌ နေထိုင်စဉ် ရေးသားအပ်သော ပဋ္ဌာန်း ၂၄-ပစ္စည်း ကျေးဇူးပြုပုံ သိသာရုံ အကျဉ်းမျှ ရှင်းပြထားသည့် “ပဋ္ဌာန်းမြတ် ဒေသနာ” မည်သော ဤစာတမ်းသည် ၁၃၆၅-ခုနှစ်၊ တန်ခူးလ္ဆန်း ၃-ရက်(၂၃/၃/၂၀၀၄)နေ့၌ ပြီးသည်။

fuk5zhujfuobzmzs9rlken2ofofimuh
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
0
5886
22153
21657
2026-06-15T03:27:22Z
Tejinda
173
22153
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ
| previous = [[ပဋ္ဌာန်းပါဠိတော်]]
| previous2 =
| next = [[ယနေ့လူသားများရဲ့ မနက်ဖြန်ကမ္ဘာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ပေါင်းလဲတိုက်၊ မဟာအောင်မြေ ရွှေသာလျောင်း ဓမ္မ ဗိမ္မာန်တော်ကြီးအတွင်း မန်းမြို့စျေး မိသားစု တို့၏ ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် အမတဒါန၊ ဓမ္မဒါန အဖြစ်ဖြင့် ဟောကြားအပ်သော “၁၂-နှစ်ကြာ အဖြေရှာ ခဲ့ရသော မေးခွန်းများ” အကြောင်း တရားဒေသနာ တော်။

၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ

“၁၂-နှစ်ကြာ အဖြေရှာခဲ့ရသောမေးခွန်းများ” တဲ့၊ ၁၂-နှစ်ကြာ အဖြေရှာခဲ့ရတဲ့ မေးခွန်းတွေက ဘာတွေ လဲ? ဘယ်သူတွေ ဒီမေးခွန်းရဲ့ အဖြေကို ရှာနေကြ တာလဲ? ဘုန်းကြီးတို့အားလုံး ကြားဖူးကြလိမ့်မယ်၊ လောကမှာ မင်္ဂလာဆိုတာဘာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကိုလည်းပဲ ၁၂-နှစ်ကြာအောင် စဉ်းစားခဲ့ကြရ တယ်၊ အဖြေရှာမတွေ့ခဲ့ဘူး။ နောက်ဆုံးမှာ မြတ်စွာ ဘုရားထံ ရောက်လာကြတဲ့အခါကျမှ ထိုမေးခွန်းရဲ့ အဖြေဟာ ထွက်လာတယ်။

ဒီကနေ့ တရားချစ်ခင်သူတော်စင်တို့ရဲ့ ရင်ထဲမှာ လည်းပဲ မေးချင်နေတဲ့ မေးခွန်းတွေ ရှိပါလိမ့်မယ်။ သိချင်တဲ့အချက်တွေ၊ လူတိုင်းလူတိုင်းမှာ သိချင်တဲ့ မေးခွန်းတွေ ရှိနေတတ်တယ်၊ လူတွေမှာသာ ဒီလို မေးခွန်းတွေရှိတာ မဟုတ်ဘူး၊ နတ်တွေမှာလည်း မေးခွန်းတွေ ရှိကြတာပဲ။

မေးခွန်းဆိုတာ တစ်ခါတစ်ရံအဖြေက လွယ်လွယ် ကူကူနဲ့ ထွက်မလာဘူး။ ဘုန်းကြီးတို့တစ်တွေ သာသနာ တော်နှင့် ကြုံကြိုက်နေသည့်အတွက်ကြောင့် အမေးကို မတွေ့ရမီ အဖြေတွေနဲ့ အရင်တွေ့နေကြတာမျိုးလည်း ရှိတယ်။ အကယ်၍ ဘုရားမပွင့်ဘူး ဆိုလို့ရှိရင် ဒီမေးခွန်းပုစ္ဆာတွေဟာ အဖြေတွေ့ဖို့ အင်မတန်မှ ခဲယဉ်းပါတယ်နော်။ အဖြေကို အရင်သိနေသည့် အတွက်ကြောင့် ခက်ခဲတဲ့အဖြေ မဟုတ်ဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။

ဘုန်းကြီးတို့ စာပေထဲမှာ ရဟန်းတော် တစ်ပါး ဟာ အင်မတန်မှ သိချင်လှတဲ့ မေးခွန်းတစ်ခုရဲ့ အဖြေ ကို လိုက်ရှာလိုက်တာ အခုခေတ်စကားနှင့်ပြောရရင် ကမ္ဘာအနှံ့ပေါ့နော်။ သူက တန်ခိုးရှင်ပဲ၊ တန်ခိုးရှင် ဆိုတာ စျာန်အဘိညာဏ်တွေ ရသည့်အတွက်ကြောင့် ဒီမေးခွန်းရဲ့ အဖြေကို လူ့ပြည်မှာတင် မကဘူး၊ နတ်ပြည် ဗြဟ္မာပြည်ထိအောင် တက်ပြီးရှာတယ်၊ သူသည် မေးခွန်းရဲ့အဖြေကို နောက်ဆုံးကျတော့ ဘယ်မှာ ရသွားသလဲဆိုတော့ လူ့ပြည်မှာပဲ အဖြေမှန် ရသွားတယ်။

အဲဒီမေးခွန်းက ဘာတုန်းဆိုလို့ရှိရင် “ဓာတ်ကြီး ၄-ပါး၊ မဟာဘုတ် ၄-ပါးလို့ ခေါ်တဲ့ ပထဝီ အာပေါ တေဇော ဝါယော ဆိုတာ ဘယ်နေရာမှာ အပြီးသတ် ချုပ်ငြိမ်းသွားသလဲ” ဆိုတဲ့ မေးခွန်းပဲ။ အဲဒီမေးခွန်းရဲ့ အဖြေကို သူရှာလိုက်တာ၊ ဒီမေးခွန်းကို သူ့အနီးအနားမှာရှိတဲ့ မြတ်စွာဘုရားဆီ မမေးဘူး၊ ဒီမေးခွန်းရဲ့ အဖြေကို သူစဉ်းစားလို့လည်း အဖြေမထွက်ဘူး။ အဖြေ မထွက်သည့်အတွက်ကြောင့် တန်ခိုးကြီးတဲ့နတ်တွေ (နတ်ကို အထင်ကြီးတာတော့ ရှေးတုန်းကတည်းက ရှိတယ်နော်)၊ တန်ခိုးကြီးတဲ့ နတ်တွေကတော့ ဒီအဖြေ ပေးနိုင်လောက်တယ်ဆိုပြီး နတ်တွေဆီ သွားအဖြေရှာ တယ်။ ဒီမေးခွန်း မေးလိုက်တိုင်း သူတို့ မသိပါဘူး၊ မသိပါဘူးပဲဖြေကြတယ်။ နောက်ဆုံးမှာ စတုမဟာရာဇ် ကနေ တာဝတိံသာရောက်၊ တာဝတိံသာကနေ အဆင့် ဆင့် တက်သွားတာ နတ်ပြည်ခြောက်ထပ်သာကုန်ရော အဖြေမရခဲ့ဘူး။

အဖြေမရတော့ ဒီရဟန်းက မလျော့သေးဘူး၊ ဗြဟ္မာတွေက ဒီ့ထက် တန်ခိုးကြီးတယ်။ ဗြဟ္မာ့ပြည် တက်ပြီး အဖြေရှာဦးမယ်လို့ဆိုပြီး ဗြဟ္မာ့ပြည်တက်ပြီး အဖြေရှာပြန်တယ်။ အဖြေရှာတဲ့အခါမှာ (ဗြဟ္မာတွေမှာ သာမန် ဗြဟ္မာနဲ့ မဟာဗြဟ္မာ ဆိုတာရှိတယ်) အဲဒီ သာမန်ဗြဟ္မာတွေဆီ မေးလိုက်တဲ့အခါကျတော့ သာမန် ဗြဟ္မာတွေက အဖြေမပေးနိုင်ဘူး၊ ဗြဟ္မပါရိသဇ္ဇာတို့၊ ဗြဟ္မပုရောဟိတာ တို့လို့ဆိုတဲ့ အဲဒီဗြဟ္မာတွေက အဖြေ မပေးနိုင်ဘူး။ မပေးနိုင်တော့သူတို့ကဘယ်ကိုညွှန်းတုန်း ဆိုတော့ မဟာဗြဟ္မာကြီးကို မေးရင်တော့ သိကောင်း သိမယ်တဲ့။

အဲဒီ မဟာဗြဟ္မာကြီးဆိုတာ ဒီကနေ့ခေတ်က God ဆိုပြီး ကိုးကွယ်နေကြတာကြီးပဲ။ အမှန်ကတော့ ဗုဒ္ဓဘာသာကျမ်းစာမှာ အဲဒီဗြဟ္မာကြီးက သူ့ကိုယ်သူ လည်း Creater လို့ ယူဆတယ်။ လူတွေကလည်း သူ့ကို Creater အဖြစ် ဖန်ဆင်းရှင်အဖြစ် ယုံကြည်နေကြတယ်။ ဒီကနေ့ခေတ်မှာ ကမ္ဘာ့လူသားတွေရဲ့ ၅-ပုံ ၄-ပုံလောက် က God ကိုယုံကြည်နေကြတာ၊ ဖန်ဆင်းရှင် ကို လက်ခံနေကြတယ်။

အေး-အဲဒီဗြဟ္မာကြီးဘယ်နေတုန်းဆိုတာ ကျန်တဲ့ ဗြဟ္မာတွေက မသိဘူးတဲ့။ ဒါဖြင့် ဘယ်မှာနေတယ် ဆိုတာ မသိဘူးဆိုရင် ဒီဗြဟ္မာကြီးနှင့်တွေ့ဖို့ ဘယ်လို လုပ်ရမလဲဆိုတော့ ဗြဟ္မာကြီးလာရင် အရောင်အလင်း တွေက အရင်ပေါ်လာတယ်၊ သူဘယ်နေတယ် ဆိုတာ တော့ မသိဘူးတဲ့၊ အရောင်အလင်းတွေ ပေါ်လာလိမ့် မယ်၊ ပေါ်လာလို့ရှိရင်တော့ ဗြဟ္မာမင်းကြီး ရောက်လာ တတ်တယ်။

အဲဒီရဟန်းက အလင်းရောင်လေး ပေါ်တဲ့အချိန် စောင့်လိုက်တယ်။ မကြာခင် အလင်းရောင် ပေါ်လာ တယ်၊ ပေါ်လာပြီးတာနဲ့ ဗြဟ္မာကြီးလည်း သူတို့ရှေ့ ဘွားကနဲပေါ်လာတယ်။ ပေါ်တဲ့အခါ အဲဒီရဟန်းက သူ့မေးခွန်းကိုမေးတယ်။ “မဟာဘုတ် ၄-ပါး ဓာတ်ကြီး ၄-ပါး ဘယ်မှာ အပြီးသတ်ချုပ်တုန်း”

ဗြဟ္မာကြီးက ဒီမေးခွန်းရဲ့အဖြေ သူမသိဘူး၊ မသိ တာကို မသိဘူးလို့ သူပြောရမှာရှက်တယ်။ လူတွေသာ ရှက်တာ မဟုတ်ဘူး၊ ဗြဟ္မာလည်းရှက်တယ်လို့ ပြောရ မယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ပတ်ဝန်းကျင်က သူ့ကို အထင်သေးသွားမှာစိုးသည့်အတွက်ကြောင့် မသိဘူး လို့ မပြောချင်ဘူး။ မပြောချင်တော့ သူက ဘာတွေ ပြောတုန်းဆိုတော့ “ကျွန်ုပ်ဟာ ကမ္ဘာကြီးကို ဖန်ဆင်း တဲ့ မဟာဗြဟ္မာဖြစ်ပါတယ်” ဆိုတာကိုပဲ ထပ်တလဲလဲ ပြောနေတယ်။

ရဟန်းကလည်း မရဘူး ဇွတ်မေးတယ်၊ “သင့်ကို မဟာဗြဟ္မာလား၊ ကမ္ဘာကြီးကို ဖန်ဆင်းတဲ့ ဖန်ဆင်းရှင် လားလို့ ငါမေးတာ မဟုတ်ဘူး၊ မေးတာက ဓာတ်ကြီး ၄-ပါး မဟာဘုတ် ၄-ပါး ဘယ်မှာချုပ်တုန်း ငါသိချင် တာ” အဲဒီလို အတင်းအကြပ်မေးတဲ့အခါ ဗြဟ္မာကြီးက သူမသိဘူးလို့လည်း ပြောချင်တယ်၊ သူ့ပရိသတ်ရှေ့မှာ လည်း သူအဖြေမပေးချင်ဘူး။

အဲဒါနဲ့ အဲဒီရဟန်းကိုလက်ဆွဲပြီးတော့ တစ်နေရာ ခေါ်သွားတယ်တဲ့။ ခေါ်သွားပြီးတဲ့အခါ သူက တိုးတိုး ပြောတယ်၊ “ဒီအဖြေ သူလည်းမသိဘူး” တဲ့၊ “ဒါ ကိုယ်တော့်အမှားပဲ” တဲ့၊ “ဒီမေးခွန်းရဲ့ အဖြေကို ဖြေနိုင်တာက ကိုယ်တော်တို့ ဘုရားပဲရှိတယ်၊ အဲဒီကို ပြန်မေးပါ” လို့ဆိုပြီး လူ့ပြည်ပြန်လွှဲချလိုက်တယ်။ အဲဒီ မေးခွန်းဟာလည်းပဲ မြတ်စွာဘုရားကလွဲရင် မည်သူမျှ အဖြေမပေးနိုင်တဲ့ မေးခွန်းတစ်ခုဖြစ်တယ်။

မြတ်စွာဘုရားဆီ ပြန်ရောက်သွားတဲ့အခါ သူ့ မေးခွန်းရဲ့ မပြည့်စုံမှု၊ မှားယွင်းမှုကို မြတ်စွာဘုရားက ပြင်ဆင်ပေးတယ်။ ပြီးတဲ့အခါကျမှ အဖြေပေးလိုက် တယ်တဲ့။ အဲဒီ သုတ္တန်ဟာ ဒီဃနိကာယ်မှာ ပါတယ် ပေါ့။

အဲဒီလိုပဲ လောကကြီးမှာ လူတွေပဲဖြစ်ဖြစ်၊ နတ် တွေပဲဖြစ်ဖြစ် ဘဝအရေးနဲ့ပတ်သက်ပြီး ကြံတွေးတဲ့ အခါ ကိုယ်သိချင်တဲ့ မေးခွန်းတွေ ရင်ထဲမှာ ပေါ်လာ တတ်တယ်။ သူတော်စင် ပရိသတ်တို့ရင်ထဲမှာလည်း မေးခွန်းတွေရှိနေမှာပါ။ ဘာသာရေးဖြစ်ဖြစ်၊ လူမှုရေး ဖြစ်ဖြစ် သိချင်တဲ့မေးခွန်းတွေ ရှိနေမှာပါ။

အခု ၁၂-နှစ်ကြာသည်ထိအောင် အဖြေကို ရှာခဲ့ ရတဲ့ မေးခွန်းဆိုတာ ဘာတွေလဲ? ဘယ်သူတွေက ၁၂-နှစ်ကြာအောင် ရှာခဲ့တာလဲ? ဆိုတော့ စတုမဟာရာဇ်, တာဝတိံသာမှာနေကြတဲ့ နတ်တွေ၊ လူ့ဘုံလူ့လောကနှင့် ဆက်ပြီးနေတဲ့ နတ်တွေပဲ။

မေးခွန်းတွေ ဖြစ်ပေါ်လာပြီး ထိုမေးခွန်းရဲ့ အဖြေ ကို ရှာကြတယ်။ ဖြေနိုင်မယ့်ပုဂ္ဂိုလ်ရှိမယ်ထင်တဲ့နေရာ၊ ဖြေနိုင်တဲ့ပုဂ္ဂိုလ်လို့ ထင်တဲ့သူတွေကို မေးခွန်းတွေ မေးတယ်။ ကျေနပ်လောက်တဲ့အဖြေ မရဘူး၊ နောက်ဆုံး ဒီမေးခွန်းက ဘယ်ထိရောက်သွားတုန်း ဆိုတော့ အောက်ခြေနတ်တွေ သာမန်နတ်တွေက မေးလိုက်တာ နောက်ဆုံး သိကြားမင်းကြီးထိအောင် ဒီမေးခွန်း ရောက်သွားတယ်။

သိကြားဆိုတော့ အခြားနတ်တွေထက် သူက ဉာဏ်ရည် ဉာဏ်သွေး သာတာကိုး။ သိကြားမင်းက သိတယ်၊ “ဒီမေးခွန်းက သာမန်ပုဂ္ဂိုလ်တွေ ဖြေနိုင်တဲ့ မေးခွန်းမျိုးမဟုတ်ဘူးတဲ့၊ ဘုရားဆီ သွားမေးမှဖြစ်မယ်” နတ်ပရိသတ်တွေ အားလုံးကိုခေါ်ပြီး မြတ်စွာဘုရားဆီ သွားပြီး မေးတာတဲ့။

သူတို့ ဒီမေးခွန်းရဲ့အဖြေကို ရှာနေတာ ဘယ် လောက် ကြာတုန်းဆို ၁၂-နှစ်ကြာတယ်နော်။ အဲဒီ ၁၂-နှစ်ကြာတဲ့ မေးခွန်းဟာ အကယ်၍များ ဘုရား မပွင့်ဘူးဆိုလို့ရှိရင် ဒီမေးခွန်းကြီးဟာ မေးခွန်းအနေနဲ့ပဲ ရပ်နေမှာပဲ။ အဖြေမှန်ထွက်လာမှာမဟုတ်ဘူး။ မြတ်စွာ ဘုရားဆီရောက်တဲ့အခါကျတော့မှ အဖြေမှန်ထွက်လာ တယ်။

ဒီကနေ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ရဲ့ကြားမှာ အဖြေအနေနှင့် လူတိုင်းတော်တော်များများ ဒီမေးခွန်း ရဲ့အဖြေတွေကို သိနေကြတယ်၊ သို့သော် ရင်ထဲမှာ မေးခွန်းရှိချင်ရှိမယ်။

မေးခွန်း - ၁

နံပါတ်(၁) မေးခွန်းက ဘာတုန်းလို့ဆိုရင် “လက်ဆောင်ပေးတဲ့ အထဲမှာ အကောင်းဆုံး လက်ဆောင်ဆိုတာ ဘာဖြစ်မလဲ?” ဟောဒီမေးခွန်းပဲ။ လူတွေ တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြပြီဆိုရင် ပေးကြ ကမ်းကြတယ်ဆိုတာ ရှိတယ်မဟုတ်လား။ ဒီကနေ့ခေတ်မှာ အပေးအကမ်းတွေ ပိုတောင်များလာ သေးတယ်နော်၊ ပေးရ ကမ်းရတယ် ဆိုတာတွေက အများကြီးဖြစ်လာတဲ့အခါ ပေးရတဲ့အထဲမှာ ဘာ ပေးတာ ပိုကောင်းလဲ၊ ဘယ်ဟာက အကောင်းဆုံးလဲ ဆိုတဲ့ မေးခွန်းပဲ။ အဲဒီမှာ လူတွေသာမက နတ်တွေ လည်းပဲ ပေးလို့သာ သူတို့ဒီအတွေးပေါ်တာပေါ့။ နတ်တွေလည်း တစ်ဦးနဲ့တစ်ဦး လက်ဆောင်ပေးတာ မျိုး ရှိမှာပေါ့။

ပေးတာကမ်းတာကို ပါဠိစာပေမှာ “ဒါန” လို့ ပြောကြတယ်၊ ဒါနဆိုတဲ့ စကားလုံးလေး တွေ့လို့ရှိရင် ၂-မျိုး မှတ်ထားဖို့လိုတယ်။

ဒါနနှစ်မျိုး

ဒါနဆိုတာ လှူစရာ ပစ္စည်းကိုလည်း ဒါန လို့ ခေါ်တယ်၊ ဒါက နံပါတ်တစ်။ နောက်တစ်ခုက အဲဒီ လှူစရာပစ္စည်းတွေကို လှူစေတတ်တဲ့ စေတနာကို လည်း ဒါန လို့ခေါ်တယ်။ ဟော - ဒါန ဆိုတဲ့ စကားလုံးလေးမှာ ဒီလို အဓိပ္ပာယ်နှစ်မျိုးရှိတယ်ဆိုတာ ကိုလည်း မှတ်ထားပါ။

“ဒါနံ ဒတွာ - ဒါနကို လှူ၍” ဆိုတဲ့နေရာမှာ စေတနာကို လှူတာမဟုတ်ဘူး၊ လှူစရာပစ္စည်းကို လှူတာ၊ ဒါနံ ဒတွာ ဆိုတဲ့စကားမှာ ဒါနံ-အလှူဒါနကို၊ ဒတွာ-ပေးလှူသောကြောင့်၊ အဲဒီစကားရပ်မှာ လှူစရာ ကို လှူသောကြောင့်လို့၊ ဒါနဝတ္ထုကို လှူသောကြောင့်လို့ ဆိုလိုတာ။ ဒါနဆိုတာ လှူစရာ ပစ္စည်းဝတ္ထုကို လှူသော ကြောင့်လို့ ဒီလိုအဓိပ္ပာယ်ယူရမယ်။

“ဒါနတော ဘောဂဝါ - ဒါနကြောင့် စည်းစိမ်ဥစ္စာ ကြွယ်ဝတယ်“ဆိုတာကျတော့ အဲဒီဒါနက စေတနာကို ပြောတာ၊ ကံတရားကိုပြောတာ၊ လှူလိုက်တဲ့ လှူစေ တတ်တဲ့ စေတနာစွမ်းအား ကံတရားသည် ဖြစ်လေရာ ဘဝမှာ ချမ်းသာကြွယ်ဝခြင်း၊ စည်းစိမ်ဥစ္စာပေါများခြင်း ဆိုတဲ့ အကျိုးကိုပေးတယ်။

ဒါ့ကြောင့်မို့ ဒါနလို့ ဆိုတဲ့နေရာမှာ စကားလုံး ဆက်သွယ်မှုကို ကြည့်ပြီးတော့ ဒီဒါနရဲ့ အဓိပ္ပာယ်ကို မှတ်သားရမယ်ပေါ့။

ဒါနဆိုတာ တစ်ဦးနှင့်တစ်ဦး လက်ဆောင်အဖြစ် ပေးကြတယ်၊ ကမ်းကြတယ်။ ကိုယ့်ရှိတဲ့ ပစ္စည်းကို အများအတွက် စွန့်ကြဲတယ်။ အဲဒီလို ကိုယ့်ပစ္စည်း ကိုယ့်ရှိတာကိုပေးတယ် ဆိုတဲ့နေရာမှာ ပေးတာ ကမ်းတာတွေ မြောက်များစွာ အမျိုးမျိုးရှိတယ်ပေါ့။ ငွေကြေးပေးတာ ရှိတယ်၊ ပစ္စည်းဥစ္စာပေးတာ ရှိတယ်၊ မြေပေးတာ ရှိတယ်၊ တိုက်အိမ်ပေးတာ ရှိတယ်၊ ပေးစရာတွေ အများကြီးပေါ့။ ဘုန်းကြီးတွေကျတော့ လှူတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သုံးတယ်ပေါ့။ သင်္ကန်း လှူတယ်၊ ကျောင်းလှူတယ်ပေါ့။ လှူတာက ပေးတာ တွေချည်းပဲ။ အဲဒီ ပစ္စည်းဝတ္ထုတွေပေးတဲ့ အပေး လောကမှာ ရှိနေတယ်။

နောက်တစ်ခု ဘာတုန်း၊ ခုခေတ် သုံးကြတယ် မဟုတ်လား။ ပညာဒါနတဲ့၊ အသိပညာကို ပေးကြ တယ်။ မသိသေးတဲ့လူကို သိအောင် ပြောပြတယ်၊ အသိဉာဏ်ဖွံ့ဖြိုးအောင်ဆောင်ရွက်ပေးတယ်၊ ဒါလည်း ပေးတာပဲ။

ပညာပေးတယ်၊ အသိဉာဏ်ပေးတယ်၊ ကျန်းမာ ရေး စောင့်ရှောက်မှုပေးတယ် စသည်ဖြင့် ပေးမှုတွေ များစွာရှိတဲ့ အထဲမှာ ပစ္စည်းဥစ္စာပေးတာနဲ့ အသိပညာ ပေးတာ ဘယ်ဟာက ကောင်းသလဲ? ဆိုတဲ့ မေးခွန်းပဲ။ ပေးတာတွေ မြောက်များစွာ ရှိတဲ့အထဲမှာ အတူတူ ပဲလား၊ ပစ္စည်းဥစ္စာပေးတာနဲ့ ပညာပေးတာ ဒီနှစ်ခုဟာ အတူတူပဲလား စဉ်းစားလာတော့ ဘယ်ဟာ ပိုကောင်း လဲ? ဒါ လူ့လောကမှာ စဉ်းစားထိုက်တဲ့ဟာတစ်ခုပဲ။ သာမန်နေလို့ရှိရင်တော့ မစဉ်းစားမိဘူးပေါ့။ ကျကျ နန အလေးအနက်ထားလို့ရှိရင် ဘာပေးတာဟာ ပိုကောင်းသလဲ၊ ပညာပေးတာဟာ ပိုကောင်းတယ် ဆိုတော့ ဘာဖြစ်လို့ ကောင်းသလဲ? ဆိုတဲ့ နောက် မေးခွန်းတစ်ခု ထပ်တက်လာတယ်။ ကောင်းပုံ ကောင်း နည်းကျတော့ မတူပြန်ဘူးနော်၊ အဲဒီတော့ ကောင်း တယ်ဆိုတာ ဘယ်ဘက်က ကြည့်တာလဲ? ရတဲ့လူ ဘက်က ကြည့်တာလား၊ ပေးတဲ့လူဘက်က ကြည့်တာ လား၊ နှစ်မျိုးကြည့်ရမယ်။

ခု ဒါနကောင်းမှုပြုနေတဲ့ပုဂ္ဂိုလ်တွေကြည့်လေလှူတဲ့ ပုဂ္ဂိုလ်ဘက်က ကြည့်တာလား၊ သို့မဟုတ် ရတဲ့ ပုဂ္ဂိုလ်ဘက်က ကြည့်တာလား၊ ကောင်းတယ်ဆိုတာ ဘယ်ဟာနဲ့ တိုင်းတာမှာလဲလို့ ဒီလိုပြောတယ်။

အဲဒီတော့ သဘောတရားတစ်ခု စဉ်းစားကြည့်ပေးတယ်ဆိုတာ ပေးတဲ့လူ အတွက်လား၊ ယူတဲ့လူ အတွက်လား? သေချာစဉ်းစားကြည့်လိုက်နော်၊ ပစ္စည်း တစ်ခု ပေးလိုက်တယ်ဆိုရင် ဘယ်သူ့မှာ တိုက်ရိုက် အကျိုးရှိသွားသလဲ၊ ပေးတဲ့သူက ပါသွားပြီလေ၊ ယူတဲ့ လူက ရတာပေါ့မဟုတ်ဘူးလား။ ပေးတဲ့လူက ကုန်သွား တာပဲလေ၊ ယူတဲ့လူက ရတာလေ။ အဲဒီတော့ ယူတဲ့လူ အတွက် အကျိုးလား၊ ပေးတဲ့လူတွေအတွက် အကျိုး လား (ပေးတဲ့လူအတွက် အကျိုးပါဘုရား)၊ အေး- ဒါန ဆိုတာ ပေးတဲ့သူအတွက် မဟုတ်ဘူး၊ ယူတဲ့လူအတွက် နော်၊ ဥပမာမယ် ပစ္စည်းဥစ္စာတစ်ခု ပေးလိုက်ပြီဆိုရင် ဒီလူက သူ့ဆီက လျော့သွားပြီး ဟိုလူက ရလိုက်တာ၊ ဒါ လက်တွေ့ကို ပြောပြတာပါ။

အဲဒီတော့ ဒါနဆိုတာ ယူမယ့်ပုဂ္ဂိုလ်အတွက် အကျိုးပြုတဲ့ ပစ္စည်းတစ်ခုပဲ၊ အကျိုးပြုတဲ့ လုပ်ရပ် တစ်ခုပဲ။ လှူတယ် ဆိုကတည်းက တစ်ဖက်သားရဲ့ လိုအပ်ချက်ကို ဖြည့်ပေးတာ မဟုတ်လား။ စားစရာ မရှိတဲ့သူကို စားစရာ ပေးလိုက်တယ်။ ယူတဲ့သူက ရမသွားဘူးလား၊ နေစရာမရှိလို့နေစရာပေးလိုက်တယ်၊ ယူတဲ့သူ ရသွားတယ်။

အသိပညာမရှိလို့ အသိပညာ ပေးလိုက်တယ်၊ ယူတဲ့သူ ရသွားတာပဲ။ အဲဒီတော့ ကိုယ်ပေးလိုက်တာ၊ ကိုယ့်ရဲ့ပေးခြင်းဟာ ပေးသူကို အကျိုးပြုသလား၊ ယူသူကို အကျိုးပြုသလားဆိုရင် ယူသူကို အကျိုးပြု တာနော်။

အေး- တစ်ချို့ကတော့ ပြောမှာပေါ့၊ လှူတာ ကုသိုလ်ရတယ်။ ကုသိုလ်ဆိုတာ အသာထားလိုက်ပါ၊ ကိုယ့်ဆီက အရင်ကုန်သွားတာတော့ သေချာတယ်။ တကယ်လက်တွေ့ ခံစားရတာကတော့ ကြည့်- လှူတဲ့ သူလား၊ ယူတဲ့သူလား၊ ရတဲ့သူက တကယ်ရသွား တာလေ။ ဒါ့ကြောင့်မို့ ဒါနကောင်းမှုနဲ့ ပတ်သက်ပြီး ဘယ်စံနဲ့ ဆုံးဖြတ်မလဲတဲ့။ ပညာပေးတာနဲ့ ပစ္စည်းဝတ္ထု ပေးတာ ဘယ်ဟာပိုကောင်းလဲဆိုတာကို အဲဒီစံနှစ်ခုနဲ့ ဆုံးဖြတ်မယ်၊ ကဲ- အဲဒီမေးခွန်းလေးကို နတ်တွေက မေးလိုက်ကြတာ။

အချင်းချင်းမေးလို့ အဖြေမထွက်ဘူး၊ စတုမဟာ ရာဇ် နတ်မင်းကြီးတွေဆီ သွားမေးလည်း အဖြေမထွက် ဘူး၊ သိကြားမင်း သွားမေးတော့လည်း အဖြေမထွက် ဘူး။ အားလုံးစုပြီးတော့ ဘုရားဆီ သွားလျှောက်တဲ့အခါ ကျတော့ ဘုရားက အဖြေပေးလိုက်တယ်။ ဒီစကားလုံး လေးကိုအားလုံးသိတယ်၊ မြန်မာပြည်က ဗုဒ္ဓဘာသာဝင် တွေတင် မကဘူး၊ နိုင်ငံခြားက ဗုဒ္ဓဘာသာဝင်တွေ လည်း သိနေကြတယ်။

“သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ' တဲ့။ ဘုရားက အဖြေ ပေးလိုက်တဲ့စကားလေး။ သဗ္ဗဒါနံ-အားလုံးသော ပေးမှု တွေကို၊ ဓမ္မဒါနံ-ဓမ္မကိုပေးခြင်းက၊ ဇိနာတိ-အနိုင် ရတယ်လို့ ပြောတာ။

ဘာပဲပေးပေး၊ ပေးတာတွေအားလုံးကို ဘယ်ဟာ က အနိုင်ရတုန်း၊ ဘယ်ဟာက အုပ်စိုးထားနိုင်တုန်း ဆိုရင် ဓမ္မကိုပေးခြင်းက အုပ်စိုးထားနိုင်တယ်လို့ ဆိုလို တယ်။ ဓမ္မလို့ဆိုတဲ့အထဲမယ် ခုနက ပညာပေးတာ လည်း ပါတယ်ပေါ့။ ဒီနေရာမှာ “ဓမ္မဒါန” လို့ ခေါ် တယ်။ အားလုံးနားလည်နေကြတာတော့ တရားအလှူ ပေါ့နော်။

အလှူဒါနဆိုတာ နှစ်မျိုးရှိတယ်ဆိုတာ နဲနဲခွဲပြီး တော့ကြည့်၊ နံပါတ်တစ်က အာမိသဒါန - အဆောက် အဦးပဲ လှူလှူ၊ စားစရာပဲလှူလှူ၊ ဝတ်စရာပဲလှူလှူ၊ ဆေးပဲလှူလှူ ပစ္စည်းဝတ္ထု လှူတာတွေအားလုံးကို “အာမိသဒါန” လို့ ခေါ်တယ်နော်။ အဲဒါက တစ်ခု။

အဲဒီလိုအကောင်အထည်မရှိဘဲနဲ့ လူတစ်ယောက် ကို အသိဉာဏ်ပေးတယ်၊ ဓမ္မအသိပေးတယ်၊ လောက အသိပေးတယ်။ အဲဒီလို အသိဉာဏ်နဲ့ ပတ်သက်တာ တွေကို ဖြန့်ဝေပေးတယ် ဆိုတာကျတော့ ဓမ္မဒါန၊ “ဓမ္မဒါန” ဆိုတာက အကောင်အထည်ကြီးရှိတာ မဟုတ်ဘူးနော်၊ အသိကိုပေးတာ၊ ဟိုတစ်ဖက်သားက ပစ္စည်းဝတ္ထု ရသွားတာမဟုတ်ဘူး၊ အသိဉာဏ်ပဲ ရသွား တာ။

အဲဒီနှစ်ခုကို နှိုင်းယှဉ်လိုက်မယ် ဆိုလို့ရှိရင်တဲ့ သဗ္ဗဒါနံ ပေးတာတွေအားလုံးကို (ဘာပဲပေးပေး၊ ပစ္စည်း ဝတ္ထုတွေ ပေးတာတွေ၊ ပေးတာတွေအားလုံးကို) ဘယ် ဟာက အနိုင်ရထားတုန်း၊ ဘယ်အရာက အုပ်စီးထား တုန်းလို့ဆိုရင် ဓမ္မဒါနလို့ ခေါ်တဲ့ ဓမ္မအလှူက အနိုင် ရပါတယ်၊ ပညာအလှူက အနိုင်ရပါတယ်လို့ ပြော တယ်။

နတ်တွေကတော့ မြတ်စွာဘုရား ဒီလောက် ဖြေလိုက်တာနဲ့ သူတို့ကျေနပ်သွားတယ်၊ ဘုန်းကြီးတို့ တစ်တွေက မကျေနပ်သင့်သေးဘူး။ ဘာဖြစ်လို့ ဓမ္မဒါန က ဒါနအားလုံးကို အုပ်စိုးထားနိုင်သလဲ၊ ဓမ္မဒါနက ဘာကြောင့်အမြတ်ဆုံးလဲဆိုတာ ဆက်ပြီး စဉ်းစား ရမယ်၊ ဆက်မစဉ်းစားလို့ရှိရင် မသိနိုင်သေးဘူးနော်။

ဓမ္မဒါန အမြတ်ဆုံးဖြစ်ရခြင်း

အဲဒါကို ဓမ္မပဒ အဋ္ဌကထာမှာ အဋ္ဌကထာ ဆရာက ရှင်းထားတာ အချက်နှစ်ချက်ပေးထားတယ်။ အချက်နှစ်ချက်က ဘာလဲလို့ဆိုရင် “လောကမှာ“တဲ့“လှူမှုတန်းမှု လုပ်နေကြတာတွေဟာ ဓမ္မဒါန ဆိုတဲ့ အသိဉာဏ်ပေးလို့ အသိဉာဏ် ရ,ထားတဲ့အပေါ်မှာ အခြေခံပြီးတော့ လှူကြတာ” တဲ့။

ဆိုလိုတာက တရားဓမ္မ နာယူကြရလို့ လူတွေဟာ ဒါန လုပ်နေကြတာ။ တရားမှ မနာယူရရင် ဒါနမလုပ် ဘူး၊ ဒါ့ကြောင့် ဓမ္မဒါနက ပိုပြီးတော့ အရင်းခံကျတာ ပေါ့၊ ဒါတစ်ခု မှတ်ထားပေါ့နော်။ ဒါ အဋ္ဌကထာ ဆရာကြီးက ဖြေတာ၊ ပစ္စည်းဝတ္ထုတွေ ဘယ်လောက်ပဲ လှူလှူတဲ့၊ အခုလို တရားပွဲကြီးတွေ ကျင်းပပြီးတော့ အသိဉာဏ်ကို ပေးလှူလိုက်တာက၊ ဓမ္မအသိကို ပေးလှူ လိုက်တာက ပိုပြီးကောင်းတယ်တဲ့။ ဘာဖြစ်လို့ ကောင်း တာတုန်းဆိုတော့ လူတွေဟာ တရားနာရမှ သဒ္ဓါ တရားတွေ ဖြစ်လာပြီး ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘာဝနာကောင်းမှု ဆိုတာတွေ လုပ်တာတဲ့။ အဲဒီတော့ ဒီဓမ္မဒါနဆိုတဲ့ ဓမ္မအသိဉာဏ်ကို ပေးလှူတာဟာ ဒါန အားလုံးကို ဖြစ်ပေါ်စေတတ်သည့် အတွက်ကြောင့် အကောင်းဆုံးလို့ ပြောရတယ်။

ဒါ အဋ္ဌကထာဆရာကြီးက ရှင်းတဲ့တစ်ချက်နော်။ ဒါဖြင့် သူရှင်းတာက အခြေခံကျတဲ့အကြောင်းကို ရည်ရွယ်ပြောတဲ့ စကားတစ်ခုပဲနော်။ အခြေခံကျတယ်ဆိုတဲ့ အကြောင်းတစ်ခုပြောတာ။ နောက်အကြောင်းတစ်ခု ပေးလိုက်တာ ရှိသေး တယ်။ ဘာတုန်းဆိုတော့ အသိပညာဓမ္မဒါနလို့ခေါ်တဲ့ တရားနာရလို့၊ တစ်ဦးတစ်ယောက်ကမှ တရားကို ရှင်းပြခြင်း (ရှင်းပြတယ်ဆိုတာ ဓမ္မကို ပေးတာပဲနော်)၊ အသိပညာပေးခြင်း မရှိဘူးဆိုရင် ဘုရား၊ ပစ္စေကဗုဒ္ဓ ကလွဲရင် ဘယ်ပုဂ္ဂိုလ်မှ တရားထူးတရားမြတ် မရနိုင် ဘူးတဲ့။

ရှင်သာရိပုတ္တရာမထေရ်မြတ်တောင် ရှင်အဿဇိ ရဲ့ ဖြန့်ဝေမှု ဓမ္မဒါနကို လက်ခံရရှိမှ သောတာပန် ဖြစ်တာ။ ကြည့်လေ ရှင်သာရိပုတ္တရာရဲ့အလောင်း ဥပတိဿ ပရဗိုဇ်ကြီး အမတ ဆိုတဲ့ သေခြင်းကင်းရာ တရားကို လိုက်ရှာတယ်။ ရှာတဲ့အခါမှာ ထိုခေတ်က ခေတ်စားနေတဲ့ နာမည်ကြီးတဲ့ သဉ္စယဆိုတဲ့ ပရဗိုဇ်ကြီး ထံမှာ တပည့်ခံပြီး ပရဗိုဇ်လုပ်နေတယ်။ သူ့ဆီက ပညာတွေ သင်လိုက်တယ်။ အဲဒီ သင်ယူလိုက်တဲ့ သူ့ဆီကပညာတွေက သူလိုချင်တဲ့အကျိုးကို ပေးနိုင်စွမ်း မရှိဘူး။ ပေးနိုင်စွမ်းမရှိလို့ တရားဓမ္မကို လှည့်လည်ပြီး ရှာရင်း စောင့်စားနေတာ အကြာကြီးပဲ၊ နောက်ဆုံး ကျတော့ မြတ်စွာဘုရားပွင့်လို့ ပဉ္စဝဂ္ဂီ ငါးဦးကို တရား ဓမ္မဟော၊ တရားဟောပြီး သာသနာပြုတွေ စေလွှတ် လိုက်တဲ့နောက်မှာ ပဉ္စဝဂ္ဂီတွေထဲမှာ အငယ်ဆုံးဖြစ်တဲ့ ရှင်အဿဇိက တစ်ပတ်ပြန်ကျော့ပြီးတော့ ရာဇဂြိုဟ်ကို ရောက်လာတယ်။

အဲဒီအချိန်မှာ ရှင်သာရိပုတ္တရာအလောင်း ဥပတိဿ ပရဗိုဇ်က သွားတွေ့တယ်။ မြင်လိုက်တာနဲ့ပဲ ဒီပုဂ္ဂိုလ်ရဲ့ အနေအထားကို စိတ်ထဲမှာ ကျေနပ်သွား တယ်။ ရင်ထဲမှာ တရားရှိတဲ့ပုဂ္ဂိုလ်ရဲ့ မျက်နှာ အနေ အထား၊ ကိုယ်ဣန္ဒြေအမူအရာနဲ့ တရားမရှိတဲ့ပုဂ္ဂိုလ်ရဲ့ မျက်နှာအနေအထား၊ ကိုယ်ဣန္ဒြေအမူအရာက လုံးဝ မတူဘူး၊ ခြားနားတယ်။ အကဲခတ်တတ်တဲ့ပုဂ္ဂိုလ်က သိတယ်။ ရင်ထဲမှာ အေးချမ်းနေလို့ရှိရင် မျက်နှာ မှာလည်း လာပြီး အရိပ်ထိုးနေတယ်၊ အေးချမ်းတယ်။ ရင်ထဲမှာ ပူနေလို့ရှိရင်လည်း မျက်နှာမှာ လာပြတယ်။ အေးချမ်းမှုရှိမရှိ၊ တရားထူးတရားမြတ် ရှိမရှိ ဆိုတာ သူ့ရဲ့အမူအရာ ကြည့်တာနဲ့ အကဲခတ်လို့ရတယ်။ ရှင်အဿဇိကို မြင်လိုက်တာနဲ့ သူ့ဆရာကြီးထက် အဆပေါင်းများစွာသာတယ်၊ မျက်နှာအနေအထား ကြည့်လိုက်တာနဲ့ တရားထူးတရားမြတ် ရှိရမယ်လို့ စိတ်ထဲမှာ ဆုံးဖြတ်ပြီးသား ဖြစ်သွားတယ်။ အဲဒီ ရှင်အဿဇိနောက် လိုက်ပြီးတော့ မေးတယ်။ “ဘယ်သူ့ကို ဦးတည်ပြီး သင်္ကန်းဝတ်တာလဲ၊ သင့် ဆရာ ဘယ်သူလဲ၊ သင့်ဆရာက ဘာတွေဟောလဲ” ပေါ့၊ သူသိချင်တာကတော့ “ဘာတွေဟောလဲ၊ သင့် ဆရာရဲ့အယူဝါဒက ဘာတွေလဲ” ဒါ သိချင်တာ၊ ဓမ္မကို ရှယ်ယာလုပ်ခိုင်းတာပေါ့။ ရှင်အဿဇိက သူ ရဟန္တာ ဖြစ်နေပေမယ့်လို့ ထိုအချိန်မှာ ဓမ္မစကြာတို့၊ အနတ္တ လက္ခဏသုတ်တို့လောက်ပဲ မြတ်စွာဘုရား ဟောသေး တာနော်။ သုတ္တန်တွေ မြောက်များစွာ မထွက်သေး ဘူး။ ဒါနဲ့ သူရှယ်ယာလုပ်တာ ဘာလုပ်လဲ၊ သစ္စာ လေးပါးပဲ။ ဓမ္မစကြာမှာ အဓိကဟောတာက သစ္စာ လေးပါးပဲမို့လား၊ အဲဒီ သစ္စာလေးပါးကို အကျဉ်းချုံးပြီး ပြောလိုက်တာ။ ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ။

ဒီဂါထာလေးက မြန်မာနိုင်ငံမှာ အခုခေတ် ပြည် လို့ခေါ်ပြီး ရှေးတုန်းက သရေခေတ္တရာရှိ ရှေးဟောင်း ဌာနတစ်ခု မှော်စာတို့ ခင်ဘကုန်းတို့မှာ တူးဖော်ရရှိတဲ့ ပုရပိုက်မှာ ဒီဂါထာလေး ရေးထားတာ တွေ့ရတယ်။ မြန်မာပြည် ဒီဂါထာလေး ရောက်လာတဲ့သဘောရှိတယ်ပေါ့။ ယေ ဓမ္မာ ဟေတုပ္ပဘဝါ။ တေသံ ဟေတုံ

တထာဂတော အာဟ။ တေသဉ္စယောနိရောဓော၊

ဧဝံဝါဒီ မဟာသမဏော။ မြတ်စွာဘုရားဟောတဲ့ သစ္စာ တရားကို ဂါထာလေးတစ်ပုဒ်နဲ့ အကျဉ်းချုပ် ပြောလိုက်တာ။ ဆိုလိုတာက “အကြောင်းကြောင့်ဖြစ်တဲ့ အကျိုး တရားတွေရဲ့ အကြောင်းကိုလည်း ဟောတယ်၊ အဲဒီ အကြောင်းတရားတွေ ချုပ်ငြိမ်းသွားလို့ အကျိုးတရား တွေ ချုပ်ငြိမ်းသွားတာကိုလည်း ဟောတယ်” လို့။ ဩော်- အကြောင်းရှိနေလို့ အကျိုးရှိနေတယ်၊ အကြောင်းချုပ်ရင် အကျိုးချုပ်မယ်ဆိုတဲ့ ဒီ philosophy ကို ပြောလိုက်တာပဲနော်။ အဲဒါသိဖို့ အင်မတန် ခက်တာ၊ အဲဒါပြောလိုက်တာ ဒါ ရှယ်ယာ လုပ်လိုက် တာပဲ၊ သူသိတဲ့ဓမ္မကို ပေးလိုက်တာ၊ အဲဒါ ဓမ္မဒါနလို့ ခေါ်တယ်။

အဲဒီဓမ္မဒါနကို လက်ခံရရှိလိုက်တဲ့အခါကျတော့မှ ရှင်သာရိပုတ္တရာ မထေရ်မြတ် အလောင်းဖြစ်တဲ့ ဥပတိဿဟာ အသိဉာဏ် ပွင့်သွားတယ်။ အသိဉာဏ် ပွင့်သွားပြီး သံသယ ကင်းသွားတယ်၊ အမြင်မှားတွေ ပျောက်သွားတယ်၊အမြင်မှန်ရသွားတယ်၊“သောတာပန် ဖြစ်တယ်ဆိုတာ အမြင်မှန်ရတာနဲ့ သံသယကင်းတာ” ဒီနှစ်ခုကိုပြောတာ။ အမြင်မှန်သွားပြီ၊ သံသယ ကင်း သွားပြီ။ သောတာပန် မဖြစ်သေးရင် အမြင်မမှန် သေးဘူး၊ သံသယ မကင်းသေးဘူး၊ ဓမ္မနဲ့ ပတ်သက်လို့ သောတာပန်ဖြစ်မှ အမြင်မှန်ပြီးတော့ သံသယ ကင်းတာ။

ကြည့် - ရှင်အဿဇိက ဖြန့်ဝေလိုက်တဲ့ ဒီဓမ္မဒါန ကို ရရှိပြီး ရှင်သာရိပုတ္တရာမထေရ်မြတ်သည် ထူးခြားတဲ့ အသိဉာဏ်ကိုရတယ်။ နောက်ဆုံးမှာ အဂ္ဂသာဝက ဉာဏ်တွေပါရပြီး သာသနာတော်မှာ အင်မတန်မှ တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာတာတဲ့။ ကဲ ဒါဖြင့် ရှင်သာရိပုတ္တရာ အသိဉာဏ်တွေ ရသွားအောင် ဓမ္မဒါနတွေ ပေးတာက ရှင်အဿဇိ။ အဲဒီ ဓမ္မဒါနကြောင့် အကျိုးဖြစ်ထွန်းသွားတာက ရှင်အဿဇိလား? ရှင်သာရိပုတ္တရာလား? (ရှင်သာရိပုတ္တရာ ပါ ဘုရား)၊ ကဲ- လှူတဲ့လူထက် ယူတဲ့လူက အကျိုးပိုရတယ်ဆိုတာ မှတ်ထားနော်။

ဒါနဆိုတာ ပေးသူအတွက် မဟုတ်ဘူး၊ ယူသူ အတွက်၊ ဟုတ်ကဲ့လား၊ ဒါ မျက်မြင်အားဖြင့်လည်း ယူတဲ့သူက ရတာလေ၊ ပေးတဲ့သူက ပါသွားပြီလေ။ ကိုယ့်ဆီကဟာ သူများပေးလိုက်တာကိုး၊ ယူတဲ့သူက ရတာ သေချာတာပေါ့။ ကုသိုလ်ရတာတွေ ဘာတွေ အသာထားနော်။

အေး-ဒါနဆိုတာ ပေးသူအတွက် အကျိုးဖြစ်ထွန်း တာထက် ယူသူအတွက် အကျိုးဖြစ်ထွန်းတာကို စံထားပြီး မြတ်စွာဘုရားက အဖြေထုတ်တာ။ ဘာ့ကြောင့် ဓမ္မဒါနက မြတ်သလဲလို့ မေးလိုက်လို့ ရှိရင် ဥပမာမယ် - ရှင်အဿဇိက ရှင်သာရိပုတ္တရာကို သင်္ကန်းတစ်စုံ လှူလိုက်မယ်ဆိုရင် ဒီသင်္ကန်းက မဟောင်းခင်၊ မစုတ်ခင်လေးပဲ ဝတ်လို့ရမှာပေါ့၊ ဟုတ်ရဲ့ လား၊ ဆွမ်းလှူလိုက်မယ်ဆိုရင်လည်းပဲ တစ်ရက်စာပဲ ရမှာပေါ့။ ဆွမ်းရဲ့အကျိုးပြုမှုကလည်း ဒီလောက်ပဲ ရှိမယ်။ သင်္ကန်း အကျိုးပြုမှုကလည်း ဒီလောက်ပဲ ရှိတယ်။ အဆောက်အဦး လှူလိုက်မယ်ဆိုရင်လည်း အဆောက်အဦးရဲ့ အကျိုးပြုမှုက ဒီလောက်ပဲရှိမယ်၊ ဓမ္မဒါနကြောင့် ဓမ္မကို ရသွားတဲ့အခါ အကျိုးပြုတာ ကျတော့ သံသရာဝဋ်ကလည်း လွတ်သွားတယ်၊ အသိဉာဏ်တွေလည်း ရသွားတယ်၊ နိဗ္ဗာန်ထိအောင်လည်း ရောက်သွားတယ်ဆိုတော့ ဘယ်က အကျိုးတွေများ တုန်း၊ (ဓမ္မကို လှူတာက များတယ်၊) ဒါ့ကြောင့်မို့ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ လို့ ဒီလိုပြောတာနော်။

အဲဒီတော့ လှူသူနဲ့ယူသူ၊ ပေးသူနှင့်ရသူ အဲဒီ နှစ်မျိုးထဲက ရသူမှာ ပိုပြီးတော့ အကျိုးဖြစ်ထွန်းသည့် အတွက်ကြောင့် ဓမ္မဒါနက ပိုမြတ်တယ်လို့ ပြောတာ။ နှိုင်းစာလို့ မရဘူးနော်။

ဆိုပါစို့ - ဘုန်းကြီးတစ်ပါးကို ကျောင်းကြီးဆောက် လှူလိုက်မယ်၊ ဒီဘုန်းကြီးကတော့ ကျောင်းပေါ်မှာ ချမ်းချမ်းသာသာ နေရမယ်၊ ကျောင်းရတာကို အကြောင်းပြုပြီး တိုက်ရိုက် နိဗ္ဗာန် မဂ်ဖိုလ် ရနိုင်ပါ့ မလား၊ မရနိုင်ဘူး။ အဲဒီဘုန်းကြီးကို တရားပြလို့၊ ဓမ္မဒါန အလှူလှူလိုက်လို့ အဲဒီဘုန်းကြီး တရားသိသွား လို့ရှိရင် သံသရာဝဋ်က လွတ်တယ်ဆိုတာ မဖြစ်နိုင် ဘူးလား (ဖြစ်နိုင်ပါတယ်ဘုရား)။ ဒါ့ကြောင့် ဓမ္မဒါနက မြတ်တယ်လို့ပြောတာ။

အဋ္ဌကထာ ဆရာကြီးက အကြောင်းနှစ်ခုပြတဲ့ အထဲမယ် ခု ဒုတိယအကြောင်းက ပိုပြီးတော့ သဘာဝ နှင့် ပိုနီးစပ်တယ်။ ဟုတ်ရဲ့လား၊ ဒါ့ကြောင့်မို့ လူတိုင်း သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ - ဒါနအားလုံးမှာ ဓမ္မဒါနဟာ အမြတ်ဆုံးလို့ပြောနေကြတယ်။ ဘာကြောင့်မြတ်သလဲ ဆိုတာ စဉ်းစားမယ်ဆိုရင် ပေးသူနှင့် ယူသူမှာ ယူသူမှာ အကျိုးတွေ အတိုင်းအဆ မရှိလောက်အောင် များပြား လို့ မြတ်တယ်လို့ ပြောရတာ။ ဟော အကျိုးအမြတ် ရှိတာကို ကြည့်ပြီး ဆုံးဖြတ်တာ။

အဲဒီတော့ မြတ်စွာဘုရားဟောတဲ့ တရားက တကယ်ကို reasonable ဖြစ်တယ်။ အကြောင်း အကျိုး အင်မတန်မှ ဆီလျော်တယ်။ ဘယ်လိုလှည့်ပြီး တွက်တွက် ဘုရား တရားက လုံးဝမမှားဘူး၊ လုံးဝ ကျေနပ်စရာကောင်းတယ်။ ဘယ်ဘက်ကကြည့်ကြည့် ဘုရားတရားမှာ လိုသွားတယ်ဆိုတာ မရှိဘူး။

ကြည့် - ဓမ္မဒါနက ဒါနအားလုံးထက် မြတ်တယ် ဆိုတာ ဟုတ်တာပေါ့၊ ကျန်တဲ့ဒါနတွေ ခံစားပြီး နိဗ္ဗာန် ရတယ်လို့ ရှိမှမရှိတာ။ ကျန်တဲ့ဒါနကို ခံစားသုံးဆောင် ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အဲဒီခံစားသုံးဆောင်မှုကို အကြောင်းပြုပြီး နိဗ္ဗာန်ရတယ်လို့ ရှိပါ့မလား၊ အေး ဓမ္မကို ရလိုက်ပြီဆိုရင်တော့ နိဗ္ဗာန်ရတာ သေချာ သွားပြီ။

ဘုရားဟောတဲ့တရားဟာ အရင်းကျကျဟောတာ ချည်းပဲ။ ဘယ်ဘက်က လှည့်တွေးတွေး မြတ်စွာဘုရား တရားတော်က အင်မတန်မှ ကျေနပ်စရာရှိတယ်။ လစ်ဟင်းသွားတယ်၊ ဟာသွားတယ်၊ ပြောစရာတွေ ဖြစ်သွားတယ်ဆိုတာ မရှိဘူး။ ကိုယ်မသိသေးရင်တော့ ဒါလေးတော့ လိုနေတယ်လို့ ထင်ကောင်းထင်မယ်၊ ဟောကြည့် - မြတ်စွာဘုရားက အဖြေလေးပေးလိုက် တာ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ “သဗ္ဗဒါနံ- ပေးတာတွေ အားလုံးကို၊ ဘာပဲပေးပေး တစ်ဦးတစ်ယောက်က နေပြီး လက်ဆောင်ပဲပေးပေး၊ ပစ္စည်းတွေပဲပေးပေး၊ ပေးချင်တာတွေပေး၊ ပေးစရာ အားလုံးကို၊ ဓမ္မဒါနံ ဓမ္မကို ပေးလှူခြင်းကသာလျှင်၊ ဇိနာတိ- အုပ်စိုးထား နိုင်တယ်” လို့ ဒီလိုဟောတာ။

ဘာရှုထောင့်က ဟောတာတုန်းဆိုတော့ အကျိုး အမြတ် ရှုဒေါင့်က ဟောတာ။ တန်ဖိုးကို ဘယ်ကနေ ကြည့်ဖြတ်တုန်းဆိုရင် အကျိုးအမြတ်ကနေ ကြည့်ဖြတ် တယ်။ ရွှေကို တန်ဖိုးဖြတ်ရင် ဘာနဲ့ဖြတ်တုန်း၊ စိန်ကို တန်ဖိုးဖြတ်ရင် ဘာနဲ့ဖြတ်တုန်း၊ ဟော တန်ဖိုးဖြတ်ပုံ ခြင်းက မတူဘူးနော်၊ အခုဟာက လက်ခံရရှိသူမှာ ရလိုက်တဲ့ အကျိုးနှင့်ကြည့်ပြီး တန်ဖိုးဖြတ်တာတဲ့။

ပေးတဲ့လူနဲ့ တန်ဖိုးဖြတ်တာ မဟုတ်ဘူးနော်၊ လက်ခံ ရရှိတဲ့ ပုဂ္ဂိုလ်မှာ ခံစားရတဲ့အကျိုးကိုကြည့်ပြီး တန်ဖိုး ဖြတ်လိုက်တယ်လို့ ဒီလိုမှတ်ရမယ်၊ အဲဒါ မေးခွန်း တစ်ပုဒ် ရှင်းသွားပြီနော်။

မေးခွန်း - ၂

နောက်ထပ် မေးခွန်းတွေ ဆက်မေးတယ်၊ ဘာ မေးလဲလို့ဆိုတော့ လူတွေမှာ စိတ်ထဲက ခံစားချက် ကလေးတွေရှိတယ်။ ခံစားချက်အမျိုးမျိုးတွေ ရှိကြ တယ်။ နှစ်သက်စရာ၊ ကျေနပ်စရာ၊ ဝမ်းမြောက်စရာ အဲဒီခံစားချက်တွေ အရသာခံကြရတယ်။ “ခံစားချက် အရသာတွေထဲမှာ ဘယ်ခံစားချက် အရသာဟာ အကောင်းဆုံးလဲ?” လူတွေမှ မဟုတ်ဘူး၊ နတ်တွေမှာ လည်း ခံစားချက်ရှိတာပဲ၊ ရသလို့ ခေါ်တယ်၊ ရသ ဆိုတာ ကျေနပ်စရာ နှစ်သက်စရာ “ရသိယတေ အဿာဒိယတေတိ ရသော” လို့ ဆိုတယ်၊ စိတ်ထဲမှာ ကျေနပ်စရာပါ။

စာပေကျမ်းဂန်မှာ ရသနှင့် ပတ်သက်ပြီးတော့ ကိုးမျိုး ထုတ်ပြထားတာရှိတယ်။ လူတွေဟာ ရီတဲ့ အခါရော အရသာ မရှိဘူးလား (ရှိပါတယ် ဘုရား) အေး- ဟာသရသပဲ၊ လူတွေက ရီစရာ မောစရာ အလွန်ကြိုက်တယ်၊ တရားပွဲတောင် ရီစရာလေး ပြောမှ၊ ရီရတယ်ဆိုရင် အရသာခံတယ်၊ တချို့ တရား သွားနာတာ ဘာလို့လဲ၊ ရီရလို့တဲ့၊ အဲဒီလို ပြောတဲ့သူက ရှိသေးတယ်။ တရားနာမှ ရီရမှာ မဟုတ်ပါဘူး၊ လူရွှင်တော်တွေပြောတာ သွားနားထောင်ရင်လည်း ရီရတာပါပဲနော်။ အေး- တဟားဟားနဲ့ ရီရရင် လူတွေ ကလည်း ကျေနပ်နေတာပေါ့၊ အဲဒါလည်း ရသ တစ်မျိုးပဲ။

နောက်ပြီးတော့ တစ်ဦးနှင့်တစ်ဦး နှစ်သက်ပြီး တော့ ခင်မင်ကြတယ်၊ ချစ်ကြိုးသွယ်ကြတယ်။ ဒါကော ရသ မဟုတ်ဘူးလား။ အဲဒါလည်း ရသတစ်မျိုးပဲ။ ခင်ကြတယ်၊ မင်ကြတယ်၊ သံယောဇဉ် ဖြစ်ကြတယ်၊ ဒါလည်း ရသတစ်မျိုးပဲ၊ အဲဒါကို “သိင်္ဂါရရသ” လို့ ခေါ်တယ်။

နောက်ပြီးတော့ ရသတစ်မျိုး ရှိသေးတယ်။ ဆင်းရဲ ဒုက္ခ ကြုံနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို သနားလိုက်တာ လို့ ရင်လေး မ,မပြီးတော့ ပြောကြတယ်။ သနား လိုက်တာ သနားလိုက်တာနဲ့၊ ပွဲကြည့်ပြီးတော့ မျက်ရည် ကျတဲ့လူတောင် ရှိသေးတယ်နော်။ ရှေးတုန်းက ဇာတ်ခင်းတဲ့အထဲ ပုဏ္ဏားက မင်းသား မင်းသမီးကို နှိပ်စက်ရင် အဲဒါကို လူတွေက သဘောတွေကျလို့၊ အဲဒါလည်း အရသာခံတာပဲ။ ခုခေတ်တော့ အဲဒီအရသာ မခံရတော့ဘူးထင်တယ်။ ကိုရီးယားဇာတ်ကား ကြည့်ပြီးတော့ အရသာခံတယ်၊ “ကရုဏာရသ“လို့ ခေါ်တယ်။ သနားစရာ ဝေဿန္တရာ ဇာတ်တော်ဆိုရင် ကဏှာ ဇာလီ သားသမီးတွေ လှူလိုက်တဲ့အခါ မယ်မဒီ မိဖုရားက တစ်ခါတည်း မေ့မျောသွားတာ။ ဒါတွေကိုကြည့်ပြီး သနားတယ်ပေါ့ နော်၊ အဲဒီသနားတဲ့ စိတ်ကလေး ပေါ်တာလည်း ရသတစ်ခုပဲ။

နောက်ဇာတ်လမ်းတွေထဲမှာကြည့် - ကြမ်းကြမ်း တမ်းတမ်း ကြမ်းပြတဲ့ လူကြမ်းဆိုတာ မပါဘူးလား၊ အေး - လူကြမ်းက ကြမ်းပြတာကိုလည်း လူတွေက ကြိုက်တယ်၊ ထိုးလားကြိတ်လား၊ တစ်ချိန်တုန်းက “ကျန်ကျောင်း” ခေတ်စားလိုက်သေးတယ်ပေါ့၊ ဟုတ်ရဲ့ လား၊ အဲဒီလို ကြမ်းပြတာတွေကိုလည်း လူတွေက ကြိုက်တယ်၊ ဒါလည်း ရသတစ်ခုပဲ။ နောက် ရဲစွမ်းသတ္တိရှိတဲ့သူရဲကောင်း၊ လူတွေ ကြောက်စရာကို သူကမကြောက်ဘူး၊ သတ္တိ အင်မတန် ကောင်းတယ်၊ သူရဲကောင်းကိုပြလို့ရှိရင်လည်းပဲ၊ သတ္တိ ရှိတာတွေ ပြလို့ရှိရင်လည်း လူတွေက သဘောကျ တယ်၊ စိတ်ထဲမှာ ခံစားရတယ်၊ “ဝီရရသ” ပဲ။ ရွံစရာတွေ တွေ့လို့ရှိရင်လည်း သူက ရသ တစ်မျိုးပဲ၊ နောက် အံ့ဩစရာတွေ တွေ့လို့ရှိရင်လည်း ရသတစ်မျိုးပဲ၊ ကြောက်စရာတွေကလည်း ရသ တစ်မျိုးပဲ၊ တစ္ဆေပုံပြင်ဆိုရင် သိပ်နားထောင်လို့ ကောင်းတာ။ သို့သော် တစ္ဆေပုံပြင်ပြောရင်း ပြောရင်းနဲ့ ပြောတဲ့လူရှေ့ တိုးလာတယ်၊ လူကြားထဲ ဝင်လာတယ် နောက်ကြောမလုံဘူး၊ အဲဒီနောက်ကြော မလုံတာလေး ကိုပဲ တစ်မျိုးအရသာရှိတယ်။

လူတွေမှာ အဲဒီလိုရသတွေဆိုတာ လူ့လောကမှာ မြောက်များစွာ ရှိတယ်တဲ့။ ဒီပြင်ရသတွေ အသာထား စိတ်ထဲမှာ ခံစားရတဲ့ရသ- ဟိုထမင်းဆိုင်က ကောင်း တယ်၊ ဒီထမင်းဆိုင်က အချက်ကောင်းတယ် ဆိုတဲ့ ရသတွေ၊ ကဲ ထားလိုက်တော့။

“လောကမှာ လူတွေကြုံတွေ့နေရတဲ့ ရသတွေ ထဲမှာ ဘယ်ရသ အကောင်းဆုံးလဲ၊ ဘယ်အရသာဟာ အကောင်းဆုံးလဲ?” ဆိုတဲ့ မေးခွန်းတစ်ခု မေးလာ တယ်။

မေးတဲ့အခါမှာ မြတ်စွာဘုရားက ဒီမေးခွန်းကို ဖြေပေးလိုက်တာကတော့ “သဗ္ဗရသံ ဓမ္မရသော ဇိနာတိ” ဒါလေးကို မှတ်ထားပေါ့၊ သဗ္ဗရသံ - ခံစား ရတဲ့ အရာသာမှန်သမျှကို၊ ဓမ္မရသော-ဓမ္မနဲ့ ပတ်သက် တဲ့ အရသာကသာလျှင်၊ ဇိနာတိ- အနိုင်ရတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကျန်တဲ့ ရသတွေရဲ့ နောက်ကွယ်မှာ ရှုတ်ထွေးမှုတွေ၊ ပူလောင်မှုတွေ အများကြီး ပါလာတယ်။ ငြိမ်းချမ်းမှုဆိုတာ မရှိဘူး၊ သနားတဲ့အချိန်မှာလည်း ရင်နာတာပဲ၊ ရီလာလို့ ရှိရင် လည်း ကြာတော့ မောလာတာပဲ။ ခုနက ရသတွေဟာ သေချာကြည့်မယ် ဆိုလို့ရှိရင် အဆုံးထိအောင် မကောင်းဘူး၊ ကြာရှည်လည်း မကောင်းဘူး။ တရားကို အာရုံပြုပြီး၊ တရားနဲ့ ပတ်သက်ပြီး သဘာဝ တရားလေးတွေစဉ်းစားလို့ စိတ်ထဲမှာကြည်နူး လာတယ်။ ကမ္မဋ္ဌာန်းထိုင်လိုက်ရလို့ သမာဓိစွမ်းအား တွေ ကောင်းလာလို့ စိတ်ထဲမှာ ကြည်နူးလာတယ်၊ သင်္ခါရတရားတွေ ချုပ်ငြိမ်းသွားပြီး နိဗ္ဗာန်အငြိမ်းဓာတ် ကြီးကို အာရုံပြုရလို့ စိတ်ထဲမှာ ချုပ်ငြိမ်းချမ်းသွားတယ်၊ အဲဒီရသမှာ အရှုတ်အထွေးတစ်ခုမှမပါဘူး၊ ဘယ်လိုမှ အားရတင်းတိမ်ခြင်းမရှိနိုင်တဲ့ အမြဲတမ်းပဲ ခံစားချင် တဲ့ ဒီလို ဓမ္မရသမျိုးကသာလျှင် ကျန်တဲ့ ရသတွေ အားလုံးကို သိမ်းချုပ်ပြီးတော့ အနိုင်ရပါတယ်ဆိုတော့ ဓမ္မရသဟာ အကောင်းဆုံးလို့ ဒီလိုပြောတာပါ။ ဓမ္မရသကောင်းလို့ ပွဲသွားမကြည့်ဘဲနဲ့ တရားပွဲ ရောက်လာတာ၊ ဓမ္မရသကောင်းလို့ အပျော်အပါးတွေ မလိုက်စားဘဲနဲ့ ရိပ်သာသွားပြီး တရားအားထုတ်တာ ဟုတ်ကဲ့လား။ သာမန် ပုဂ္ဂိုလ်တွေက ကြည့်မယ်ဆိုရင် “ဒီလူတွေ ဘာလုပ်နေတုန်း၊ ငုတ်တုတ်ကြီးတွေ ထိုင်နေ တယ်” ပေါ့၊ ဒီလိုပဲထင်မယ်။ “ဘာများ ကောင်းတာရှိလို့ တုန်း၊ ရိပ်သာသွားပြီး တစ်ယောက်တည်းငုတ်တုတ်ကြီး ထိုင်နေတယ်၊ ဘာများ အရသာရှိပါလိမ့်” လို့ ထင်ကောင်း ထင်နေလိမ့်မယ်၊ သူ့မှာလည်း အရသာ ရှိနေတာပဲ၊ ဟုတ်ကဲ့လား။

အဲဒီ ဓမ္မရသဆိုတာကျတော့ တကယ့်ကို မဂ်ဖိုလ် နိဗ္ဗာန်အဆင့် ရောက်သွားပြီဆိုတဲ့အခါ လုံးဝ ငြိမ်းချမ်း သွားတယ်။ ပဋာစာရီတို့ကြည့်၊ သောကအပူမီးတွေနဲ့ ရူးသွားတဲ့အဆင့်၊ သောကုမ္မတ္တကဆိုတဲ့ အရူးဘဝရောက်သွားတဲ့ အချိန်ထိအောင် သတိလက်လွတ် ဖြစ်သွားတယ်၊ ဓမ္မရသနဲ့ တွေ့လိုက်တဲ့အခါ ကျတော့ ပဋာစာရီဟာ အရူးပျောက်ပြီးတော့ ထာဝရငြိမ်းတဲ့ အငြိမ်းဓာတ်ကို တွေ့သွားတာ မဟုတ်လား။

ဗုဒ္ဓမြတ်စွာလက်ထက်တုန်းက သောကရောက် နေတဲ့ ပုဂ္ဂိုလ်တွေလည်း သောကပြေပျောက်သွားကြ တယ်။ ဒါ ဓမ္မရသပဲ။ ဒီကနေ့ခေတ်မှာလည်း မိမိတို့ စွမ်းအားသတ္တိရှိသလောက် တရားဓမ္မကို နှလုံးသွင်းကြ လို့ သောကတွေကို ကျော်လွှားနိုင်ကြတယ်။ မြတ်စွာ ဘုရား ကိုယ်တိုင်ကလည်း ရင်ထဲက အပူတွေကို ဖယ်ရှားပစ်နိုင်တဲ့တရားဟာ ဒီတရားပဲလို့ ပြောတယ် နော်။

ဒီဓမ္မဆိုတာ ဘာတွေတုန်းဆိုတော့ ကိုယ့်ရင်ထဲမှာ ရှိပြီး ကြီးပွားလာအောင်လုပ်ရတဲ့ သတိပဋ္ဌာန်စတဲ့ ဗောဓိပက္ခိယ တရားတွေပဲ။ ဗောဓိပက္ခိယ ဆိုလို့ ဒီတရားတွေက ရိပ်သာမှာရှိတယ်လို့ သွားပြီးမအောက် မေ့နဲ့၊ လေ့ကျင့်ယူလို့ရှိရင် ကိုယ့်ရင်ထဲမှာရမယ့် တရားတွေပေါ့။

သတိပဋ္ဌာန်မှာ သတိကို မွေးမြူပြီးတော့ ကာယ ပေါ်မှာ လေ့ကျင့်ယူတယ်၊ ထွက်လေ ဝင်လေပေါ်မှာ အာရုံစိုက်ပြီးတော့ လေ့ကျင့်ယူတယ်- ကာယာနုပဿနာ၊ ကိုယ့်ရဲ့ခံစားမှုလေးပေါ်မှာ အာရုံစိုက်ပြီး တော့ လေ့ကျင့်ယူတယ်- ဝေဒနာနုပဿနာ၊ ကိုယ့်ရဲ့ စိတ်အခြေအနေလေးပေါ်မှာ လေ့ကျင့်ယူတယ် စိတ္တာနုပဿနာ၊ ကျန်တဲ့ သဘာဝတရားတွေပေါ်မှာ လေ့ကျင့်ယူတယ်-ဓမ္မာနုပဿနာ၊ အဲဒီလို သတိထား တတ်လာပြီဆိုရင် သတိနဲ့ဉာဏ်က တွဲလာသည့် အတွက်ကြောင့် သတိထားလိုက်တာနဲ့ ဉာဏ်က သိသိ လာတယ်။ သိလာသည့်အတွက်ကြောင့် ဘယ်ဟာ အမှန် ဘယ်ဟာအမှား၊ ဘယ်ဟာက အကောင်း ဘယ် ဟာကအဆိုးဆိုတာ ကွဲကွဲပြားပြားကြီး သိလာတယ်။ ဒါမှ အရသာတွေကို ပြည့်ပြည့်ဝဝ ခံစားနိုင်ကြတယ်။

ဓမ္မအရသာတွေကို ခံစားပြီ ဆိုလို့ရှိရင် မြတ်စွာ ဘုရားက ဟောတယ်လေ - “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ၊ ဒုက္ခ- ဒေါမနဿာနံ အတ္ထင်္ဂမာယ၊ ဉာယဿ အဓိဂမာယ” ကြည့် - ရင်ထဲမှာ ပူနေတဲ့ သောက၊ ပူတာကို မခံနိုင်လို့ မျက်ရည်ကျရတာ ပရိဒေဝ၊ အဲဒါတွေကို ငြိမ်းသွားစေနိုင်တာ ဟောဒီ ဓမ္မပဲ။ ဒါ့ကြောင့်မို့လို့ ဓမ္မရသဟာ ကောင်းတယ်လို့ ပြောတာနော်။ ကျန်တဲ့နည်းနဲ့ ငြိမ်းလို့မရဘူး၊ ဒုက္ခ ဒေါမနဿ - ကိုယ်ဆင်းရဲမှုတွေ စိတ်ဆင်းရဲမှုတွေ လူတွေမှာ ကြုံတွေ့ရင် အဲဒီ ကိုယ်ဆင်းရဲမှု စိတ် ဆင်းရဲမှုဆိုတဲ့ အပူတွေကိုလည်းပဲ ဟောဒီဓမ္မက ငြိမ်းစေနိုင်တယ်တဲ့။ ဒါ့ကြောင့်မို့ ဓမ္မရသသည် ကျန်တဲ့ အရသာတွေ အားလုံးကို လွှမ်းခြုံထားနိုင်ပါတယ်လို့ ပြောတာ။ အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားက “သဗ္ဗရသံ ဓမ္မရသော ဇိနာတိ” ဆိုတဲ့ ဒီအဖြေကို ပေးတာ။

မေးခွန်း - ၃

ကဲ၊ နောက်တစ်ခု - သူတို့က အမေးတစ်ခု တက်လာပြန်တယ်၊ လောက လူတွေဟာ စိတ်ရဲ့ ပျော်မွေ့ရာတွေ ရှိကြတယ်၊ စိတ်ရဲ့ ပျော်မွေ့ရာမှာ လူတွေဟာ ဘာနဲ့ပျော်ကြသလဲဆိုရင် သားသမီးရှိတဲ့ ပုဂ္ဂိုလ်က သားသမီးနဲ့ပျော်တယ်၊ ပစ္စည်းရှိတဲ့ပုဂ္ဂိုလ်က ပစ္စည်းဥစ္စာနဲ့ ပျော်တယ်၊ ပျော်စရာ အာရုံတွေနဲ့ ပျော်တယ်၊ လောကမှာ ပျော်စရာတွေ အမျိုးမျိုးရှိတယ် မဟုတ်လား။ လူတွေက တစ်ခုရိုးသွားရင် နောက်တစ်ခုရှာပြီး ပျော်ကြတာပဲ၊ ပျော်စရာအမျိုးမျိုးရှာတယ်။ မျက်စေ့ကကြည့်ပြီး ပျော်စရာရှာတယ်၊ နားက နားထောင်ပြီး ပျော်စရာရှာတယ်၊ မျက်စေ့ကြည့်ရတာ ညောင်းလို့ရှိရင် နားက နားထောင်တယ်၊ လူတွေက အမြဲတမ်း ပျော်စရာလေးနဲ့နေတယ်။

ဘုန်းကြီးတို့ စင်္ကာပူသွားတော့ ကောင်လေးတွေ ကောင်မလေးတွေ ဘာလုပ်လဲဆိုတော့ နားမှာ ကြိုး ကလေးတွေ လှမ်းလှမ်းတွေ့တယ်၊ MP3 သီချင်းခွေ လေးတွေ နားထဲမှာ နားကြပ်ကလေးတွေ ထည့်ထည့် ပြီးတော့ အဲဒါနဲ့ပဲ ပျော်နေတာ၊ ဒီတိုင်း မနေနိုင်ဘူး၊ လူက ပျော်စရာလေးနဲ့မှ နေနိုင်တာ။

တစ်ခါတုန်းက ဂျာမနီသွားတုန်းကဆိုရင် ရထား ပေါ်မှာ ဂျာမန်ကြီးတစ်ယောက် နားထဲမှာ နားကြပ် ကလေးထည့်ပြီး တစ်ကိုယ်လုံးကို ရှိတ်ဆွဲနေလိုက်တာ မပြောနဲ့တော့၊ ဘေးက လူတွေကိုလည်း မကြည့်အား ဘူး၊ သူ့တစ်ကိုယ်လုံး လှုပ်နေတာပဲ၊ ဘာသီချင်းမှန်း တော့ မသိဘူး၊ သူရဲ့ခံစားချက်ကတော့ အပြည့်ပဲနော်။

အဲဒီတော့ “လောကမှာ ပျော်စရာအမျိုးမျိုးနဲ့ လူတွေဟာ ပျော်နေကြတယ်၊ အဲဒီပျော်စရာအမျိုးမျိုး ထဲမှာ ဘယ်ပျော်စရာက အကောင်းဆုံးလဲ” ဆိုတာကို မြတ်စွာဘုရားကို မေးတယ်။

သူတို့နတ်ပြည်မှာလည်းပဲ ဥယျာဉ်တွေ လှည့်ပတ် ကြည့်လို့၊ နတ်ဆိုင်းတွေတီးလို့ နတ်ဂီတတွေနဲ့ ဒီလို ပျော်ကြတာတွေ ရှိတယ်။ ဒါတွေက နောက်ကျ ငြီးငွေ့ သွားတယ်၊ အသံဗလံတွေဆိုတာ ကြာလာတဲ့အခါကျ ငြီးငွေ့သွားတယ်။ ထာဝရ ပျော်မနေနိုင်ဘူး။ အဲဒီတော့ ပျော်စရာတွေထဲမှာ သူတို့တွေ့နေတဲ့၊ ခံစားနေရတဲ့ ပျော်ရွှင်မှုတွေဟာ ငြီးငွေ့တယ်တဲ့၊ မပျော်နိုင်ဘူးပေါ့။

ဘုန်းကြီးတို့ ၂၀၀၃-ခုနှစ်က ဂျာမနီကို သွားတဲ့ အခါ ဂျာမနီက ဘာလင်မြို့။ အခုတော့ အရှေ့ဘာလင် အနောက်ဘာလင် ပေါင်းသွားပြီပေါ့လေ။ ဘာလင်မြို့ မှာ အင်မတန်ကြီးကျယ်တဲ့ ပွဲကြီးတစ်ပွဲ ကျင်းပတာနဲ့ သွားပြီးဆုံတယ်။ ဇွန်လထဲမှာ အဲဒီပွဲကြီးကျင်းပတယ်၊ ပွဲနာမည် ဘာခေါ်တုန်းဆိုတော့ love parade “ချစ်သူတို့ ချီတက်ပွဲ” ဆိုတဲ့ အဓိပ္ပာယ်ပဲ။ love parade ဆိုတဲ့ပွဲ။ ဥရောပနိုင်ငံတွေက အနယ်နယ် အရပ်ရပ်က လာကြတယ်။ လေယာဉ်ပျံနဲ့ လာတယ်၊ ရထားနဲ့လာတယ်၊ ကားနဲ့ လာတယ်၊ ရထားတွေဆို လူပြည့်ညှပ်နေတာပဲ၊ လေယာဉ်ပျံဆို လက်မှတ်ဝယ်ဖို့ မလွယ်ဘူး။ အဲဒီအချိန်မှာ ဘာလင်မြို့ကို စုလာကြ တယ်၊ လူသန်းချီပြီးတော့ တက်တယ်။ တယ်လီဗီးရှင်း ကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် အဲဒီ love parade ဆိုတဲ့ပွဲမှာ ပျော်လိုက်ကြတာ၊ သီချင်းဆိုတဲ့သူက ဆို၊ ခုန်တဲ့သူက ခုန်၊ ပေါက်တဲ့သူက ပေါက်။ အဲဒီမှာ ပျော်လိုက် ရွှင်လိုက်ကြတာ။ အဲဒီမှာ အဲဒီလို ပျော်ရွှင်မှုမျိုးတွေ လောကမှာရှာပြီး ပိုက်ဆံအကုန်ခံပြီး လာပျော်ကြတယ်။

ပျော်စရာတွေက ဒါတင်မကဘူး၊ ဘောလုံး ဝါသနာပါတဲ့လူက ဘောလုံးပွဲကြည့်ပြီးပျော်တာပဲနော်။ အမျိုးကို စုံနေတာပေါ့။ အဲဒီလို လောကမှာ စိတ်ရဲ့ ပျော်ရွှင်စရာတွေကိုရှာပြီး ပျော်ကြတာတွေထဲမှ ဘယ် ဟာကို ပျော်တာက ကောင်းသလဲ ဆိုတာကို မြတ်စွာ ဘုရားကို မေးတာ။

မြတ်စွာဘုရားက ဖြေလိုက်တယ်။ သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ။
သဗ္ဗရတိံ- လောကမှာ ပျော်စရာတွေ မှန်သမျှကို၊
ဓမ္မရတိ- ဓမ္မနဲ့ မွေ့လျော် ပျော်ပိုက် ခြင်းကသာ၊
ဇိနာတိ- အနိုင်ရတယ်။

ဓမ္မရတိလို့ဆိုတဲ့ ဓမ္မနဲ့ပျော်မွေ့ခြင်းက အလွန် ငြိမ်းချမ်းတယ်ပေါ့။ ဓမ္မနဲ့ပျော်မွေ့တဲ့ နောက်ကွယ်မှာ သောကလည်း မလာဘူး၊ ပရိဒေဝလည်းမလာဘူး၊ ပင်ပန်းနွမ်းနယ်တာတွေလည်း မလာဘူး။ ခုနက love parade မှာ ပျော်တဲ့လူတွေက နောက်တစ်ရက်ကျ တော့ ပက်လက်ဖြစ်ကုန်ကြတယ်။ တစ်ညလုံး ကကြ ခုန်ကြ သောက်ကြ စားကြတာ နောက်တစ်ရက် ကျတော့ သွားရော။ ဓမ္မနဲ့ပျော်တဲ့ပုဂ္ဂိုလ်က အဲဒီလို မဟုတ်ဘူးတဲ့၊ ခုခေတ်မှာတောင် တချို့ရှိပါတယ်၊ တရားမှတ်ကောင်းနေတယ်၊ တစ်ညလုံး မအိပ်ဘူးတဲ့။ နောက်တစ်ရက်လည်း လန်းလန်းဆန်းဆန်းပဲ၊ တရား မှတ်လို့ သမာဓိတွေ ကောင်းတယ်၊ နောက်တစ်ရက် လည်း လန်းလန်းဆန်းဆန်းပဲ။ ငြီးငွေ့တာတို့ အိပ်ချင် တာတို့ - ဒါမျိုးတွေ မရှိဘူးတဲ့။ တရားမှတ်လို့ ကောင်း နေတဲ့ ပုဂ္ဂိုလ်တွေ ဓမ္မနှင့်ပျော်တာဟာ နောက်ဆက်တွဲ ဘာမှ အပူအပင်တွေ မလာဘူးတဲ့။ ဒါ့ကြောင့်မို့ “ဓမ္မရတိ” ဟာ အကောင်းဆုံးပဲလို့ မြတ်စွာဘုရားက ဟောတာနော်။

မေးခွန်း - ၄

နောက်ဆုံး မေးခွန်းလေးတစ်ခု သူတို့က မေးကြ တယ်။ လောကမှာ ကုန်အောင် လုပ်စရာတွေ အများကြီးရှိတယ်။ အဲဒီ ကုန်အောင်လုပ်တဲ့အထဲမယ် ဘာကုန်တာ ကောင်းသလဲပေါ့။ သူတို့မေးတဲ့ မေးခွန်း ကတော့ “တဏှာကုန်တာဟာ ဘာလို့ကောင်းတာလဲ” မြတ်စွာဘုရားက တဏှာကို ကုန်အောင်လုပ်ရမယ်လို့ သိကြားမင်းကြီးလာတုန်းက တဏှာသင်္ခယ သုတ္တန် ဆိုတာ ဟောလိုက်တယ်။ အားလုံးပရိသတ်လည်း သိတယ်နော်၊ ဒုက္ခသမုဒယဆိုတာ တဏှာကို ပြောတာ နော်။ လူတွေမလိုချင်တာ ဘာတုန်း၊ ဒုက္ခ၊ အဲဒီ မလိုချင်တဲ့ ဒုက္ခကို ထုတ်လုပ်နေတာ ဘယ်သူတုန်း ဆိုရင် တဏှာ၊ အဲဒီတော့ ဒီမေးခွန်းကို မေးတယ်။

ဘုန်းကြီးတို့ စဉ်းစားကြည့်တယ်၊ သူတို့မေးတာ ဒီလိုလည်း ဖြစ်နိုင်တယ်၊ “ကုန်စရာတွေထဲမှာ တဏှာ ကုန်တာ ဘာလို့ကောင်းတာလဲ” လောကမှာ ပစ္စည်း ဥစ္စာတွေ ကုန်သွားတာရှိတယ်၊ စားစရာ သောက်စရာ တွေ ကုန်သွားတာရှိတယ်၊ ကုန်တာတွေ အကုန်လုံး ကုန်ကြတာတွေ ရှိတာပဲ။ အဲဒီ ကုန်သွားတဲ့အထဲမှာ အကောင်းဆုံးကုန်ခြင်းကဘာလဲ၊ ဘာ့ကြောင့် ကောင်း သလဲဆိုတာ၊ တဏှာကုန်တာ ဘာ့ကြောင့်ကောင်းသလဲ ဆိုတဲ့ မေးခွန်းကို မေးတာဖြစ်တယ်။

မြတ်စွာဘုရားက တဏှာက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။
တဏှာက္ခယော- တွယ်တာမှု ဆိုတဲ့တဏှာ ကုန်ခမ်းသွားခြင်းသည် (တဏှာက္ခယဆိုတာ တခြားကို ပြောတာမဟုတ်ဘူး၊ အရဟတ္တမဂ်နှင့် အရဟတ္တဖိုလ်ကို ပြောတာ) တဏှာက ဘယ်မှာ ကုန်သလဲ၊ ဘာနဲ့မှ ကုန် သလဲဆိုရင် အရဟတ္တမဂ် အရဟတ္တဖိုလ်ရမှကုန်မယ်၊ အရဟတ္တမဂ်ကသာလျှင် တဏှာကို အားလုံး ဖယ်ရှား ပစ်နိုင်တယ်၊ ဒါ့ကြောင့်မို့ အရဟတ္တမဂ်ရယ် အရဟတ္တ ဖိုလ်ရယ်ဆိုတဲ့ အမြင့်ဆုံးဓမ္မ ဒီနှစ်ခုကို တဏှာက္ခယ လို့ ခေါ်တယ်နော်။

အဲဒီ တဏှာက္ခယ လို့ဆိုတဲ့ တဏှာကုန်ဆုံးမှု၊ အတွယ်အတာကုန်ဆုံးမှုဟာ ဘာကြောင့် အကောင်း ဆုံးလို့ ပြောရသလဲဆိုရင် မြတ်စွာဘုရားက သဗ္ဗဒုက္ခံ ဇိနာတိ တဲ့။ ဒုက္ခတွေ အားလုံးကို အနိုင်ရလိုက်လို့ ပါတဲ့။ ဘုန်းကြီးတို့ တစ်တွေက တဏှာကို မပယ်နိုင် ဘဲနဲ့ ဒုက္ခက လွတ်မြောက်ချင်နေတာ၊ တဏှာကို မပယ် ဘဲနဲ့ ဒုက္ခကလွတ်မြောက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ တဏှာမပယ်ဘဲနဲ့ ဒုက္ခကလွတ်တယ်ဆိုတာ လုံးဝ မရှိဘူး။

ဒါ့ကြောင့်မို့ အားလုံးမကြိုက်မနှစ်သက်တဲ့ ဒီဒုက္ခ ကြီးက လွတ်ဖို့ဆိုလို့ရှိရင် ဘာကို ကုန်အောင် လုပ်ရ မလဲ။ ဒုက္ခကို ကုန်အောင် လုပ်ရမှာလား၊ တဏှာကို ကုန်အောင်လုပ်ရမှာလား၊ ဒုက္ခကို ကုန်အောင်လုပ်လို့ မရဘူးတဲ့၊ ဒုက္ခကို ကုန်စေချင်လို့ရှိရင် တဏှာကို ကုန်အောင်လုပ်ရမယ်။ အတွယ်အတာကို မလျော့ဘဲနဲ့ ဒုက္ခက လွတ်ချင်တယ်ဆိုရင်ကတော့ လုံးဝမဖြစ်နိုင် ဘူး။

ဒါ့ကြောင့် တဏှာက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။

တဏှာက္ခယော - တဏှာကို ကုန်စေတတ်တဲ့ အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုတဲ့ သဘာဝတရားဟာ၊
သဗ္ဗဒုက္ခံ - ဒုက္ခမှန်သမျှကို၊
ဇိနာတိ - အနိုင်ရတယ် လို့ပြောတယ်။ ဒုက္ခခပ်သိမ်းက လွတ်မြောက်ချင်လို့ရှိရင် တဏှာကုန်အောင် လုပ်ရမယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ဘုရား အဖြစ်သို့ ရောက်တဲ့အချိန်မှာ ဥဒါန်းကျူးတဲ့ စကား လေးကိုကြည့်၊ အားလုံး ကြားဖူးကြလိမ့်မယ်၊ အိမ်တွေ မှာ ဘုရားရုပ်ပွားတော်ပင့်ပြီး ကိုးကွယ်တဲ့အခါ “အနေကဇာတင်” တယ်ဆိုတာ ရှိတယ်နော်၊ အဲဒီ အနေကဇာ ဆိုတာ ပါဠိစကားကို ဖြတ်ခေါ်တာ။ အနေကဇာတိ သံသာရံ ဆိုတဲ့ ဒီဂါထာကို ဖြတ်ပြီးတော့ အနေကဇာတင်တယ်လို့ ပြောနေကြတာ၊ မြတ်စွာ ဘုရားဖြစ်စက ဥဒါန်းကျူးတဲ့ ဂါထာလေး။ ဘာကို ဥဒါန်းကျူးခဲ့တာလဲဆိုရင် “ငါ့ရဲ့ ခန္ဓာဒုက္ခကြီးကို ထပ်တလဲလဲဖြစ်စေတာ၊ ထပ်တလဲလဲ ဆောက်လုပ် နေတာ ဘယ်သူလဲဆိုတာ ငါရှာတာ မတွေ့ရလို့ ဘဝ ပေါင်းများစွာ သံသရာလည်ခဲ့ရတယ်” လို့ ပြောတယ် နော်။ အနေကဇာတိ သံသာရံ သန္ဓာဝိဿံ- ဘဝတွေ မြောက်များစွာ သံသရာထဲမှာ ပြေးခဲ့ရတယ်၊ လည်ခဲ့ ရတယ်၊ ကျင်လည်ခဲ့ရတယ်၊ ဟိုဘဝကနေ ဒီဘဝ ရောက်ခဲ့ရတယ်၊ ဘယ်သူက လုပ်နေတာလဲဆိုတာ ရှာမတွေ့လို့တဲ့၊ ဘာဖြစ်လို့ရှာတုန်းဆိုတော့ ဒုက္ခာဇာတိ ပုနပ္ပုနံ - ထပ်ထပ်ပြီးတော့ မွေးနေတာဟာ ဒုက္ခ ဖြစ်လို့ပဲ။

ဒုက္ခဖြစ်တယ်ဆိုတာ စဉ်းစားကြည့် - မွေးလာ ပြီးရင် ဒီအတိုင်း ရပ်နေတာမဟုတ်ဘူး၊ ကျန်တဲ့ ဒုက္ခ တွေ အသာထား စီးပွားရေးဒုက္ခ လူမှုရေးဒုက္ခ ဘာဒုက္ခ ညာဒုက္ခတွေအသာထား လူဟာ နေရင်း ထိုင်ရင်း အိပ်ရင်းနဲ့ ဘာဖြစ်လာလဲ၊ တဖြည်းဖြည်း အိုလာတာ မဟုတ်ဘူးလား။ အိုလာတယ် ဆိုတာကို အိုလာတယ် လို့ မပြောချင်ဘူးဟုတ်လား။ ဘယ်နှစ်နှစ် ဘယ်နှစ်နှစ် နဲ့ နှစ်ကလေးတွေလုပ်ပြီးတော့ မွေးနေ့ပွဲတွေ ကျင်းပ နေတယ်။ တကယ်ကတော့ အိုလာတာပဲလေ getting older and older လူတွေက တဖြည်းဖြည်း အိုလာ တာပဲ။ အဲဒီလို အိုလာတာကို ရပ်တန့်လို့ ရမလား၊ (မရပါဘုရား)၊ အဲဒါကိုက ဒုက္ခကြီးပဲ။

တစ်ခါ အိုလာပြီးတော့ မကြာခဏ နာရတယ် ဆိုတာကောမလာဘူးလား၊ နာလို့ ဆေးရုံတွေ ဆေးခန်း တွေ ပြည့်နေတာပဲ၊ သွားကြည့်နော် ဆေးရုံ ဆေးခန်း တွေ ဆေးတွေမလောက်ဘူး၊ ဒီဒုက္ခတွေ နောက်ဆုံး ကျတော့ ဘာဖြစ်တုန်းဆိုရင် မရဏ ဗြဟ္မစိုရ်အဖွဲ့က အကူအညီပေးရတဲ့အဆင့်ရောက်ရော၊ မရဏ ဒုက္ခ။

ကဲ- မွေးတယ်ဆိုတာ မွေးရုံနဲ့ရပ်နေမှာ မဟုတ် ဘူး၊ အိုမယ် နာမယ် သေမယ်၊ ဒီစခန်း ဒီလမ်းပဲ သွားနေတာဆိုတော့ အဲဒီလိုချည်း ဖြစ်နေတာ ဘယ် လောက်စိတ်ပျက်စရာကောင်းလဲ။ ဒါ ဘုရားစဉ်းစား တာ အဲဒီအတိုင်းပဲနော်၊ ဒုက္ခာဇာတိ ပုနပ္ပုနံ၊ ပုနပ္ပုနံ-ထပ်တလဲလဲ၊ ဇာတိ- မွေးဖွားလာရတာဟာ၊ ဒုက္ခာ- သိပ်စိတ်ပျက်စရာ ကောင်းတယ်တဲ့။

အဲဒါကြောင့်မို့ ဒီလို ထပ်တလဲလဲမွေးနေအောင် ဘယ်သူလုပ်နေတာလဲလို့ ရှာလိုက်တာ နောက်ဆုံး ကျတော့ တွေ့သွားတယ်။ အဖြေက ဘာတုန်းဆိုရင် “ယာတံ တဏှာ ပေါနော- ဗ္ဘဝိကာ” ဘဝသစ်တွေကို တည်ဆောက်နေတာဟာ တဏှာပဲ ဆိုတာ သွားတွေ့ တယ်။ လိုချင်တာတို့၊ တွယ်တာတာတို့၊ မက်မောတာ တို့ ဆိုတဲ့ ဒီသဘာဝတရားလေးကို သွားတွေ့တယ်။

သွားတွေ့လိုက်တဲ့အခါကျတော့ ဒါကို ဖယ်ရမှာပဲ ဆိုတာ သဘောပေါက်သွားတယ်။ တဏှာကို အဆင့် ဆင့် ဖယ်ရှားလိုက်တာ နောက်ဆုံး အရဟတ္တမဂ် အရဟတ္တဖိုလ် ရောက်တဲ့အခါ တဏှာလုံးဝကုန်သွားပြီ။ ဒါ့ကြောင့်မို့ အဲဒီဂါထာမှာ နောက်ဆုံး ဘုရားက သူ ရလိုက်တာ ဘာတုန်းဆိုရင် တဏှာနံ ခယမဇ္ဈဂါ၊ တဏှာကုန်ဆုံးမှုကို သူရတယ်၊ ကုန်တာကို ရတာနော်။

ဘုန်းကြီးတို့တစ်တွေဟာ ရှိတာလေး ကုန်သွားမှာ ကြောက်နေတာ။ မြတ်စွာဘုရားကတော့ ဒီအတွယ် အတာတဏှာလေးကို ကုန်အောင်လုပ်၊ ကုန်သွား တာလေး ရတာကိုပဲ သူ့မှာ သိပ်ဝမ်းသာရွှင်မြူးပြီး ဥဒါန်းကျူးစရာကြီးဖြစ်လာတယ်။ တဏှာနံ ခယမဇ္ဈဂါ၊ တဏှာနံ ခယံ- တဏှာတို့ရဲ့ ကုန်ဆုံးမှု ဆိုတဲ့ ကုန်ဆုံး စေတတ်တဲ့ အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုတဲ့ သဘာဝတရားကို၊ အဇ္ဈဂါ - ငါ ရလိုက်ပြီဆိုတာ ဒုက္ခကို ငါအနိုင်ရလိုက်ပြီလို့ပြောတာ၊ အဲဒါကြောင့်မို့ မြတ်စွာဘုရားက ဒီအဖြေကိုပေးတာ၊ လောကမှာ လုံးဝ ချုပ်ငြိမ်းဖို့ဆိုရင် ဘာကို ပယ်ရမှာလဲ၊ (တဏှာကို ပယ်ရ မှာပါဘုရား) တဏှာကို မပယ်နိုင်သေးသမျှတော့ နိဗ္ဗာန်နဲ့ ဝေးနေဦးမှာပဲလို့ ဒီလိုဆိုလိုတယ်။

အခုပြောခဲ့တဲ့ မေးခွန်းလေးခုဟာ ၁၂-နှစ်ကြာ အဖြေရှာခဲ့ရတဲ့ မေးခွန်းတွေပဲ။ (၁) ပေးကမ်းခြင်း အထဲမယ် ဘယ်ပေးကမ်းခြင်းဟာ အကောင်းဆုံးလဲ တဲ့။ (၂) အရသာတွေထဲမှာ ဘယ်အရသာက အကောင်းဆုံးလဲ။ (၃) ပျော်မွေ့စရာတွေထဲမှာ ဘယ် ပျော်မွေ့မှုက အကောင်းဆုံးလဲ။ (၄) တဏှာကုန်ခြင်း ဟာ ဘာကြောင့် အကောင်းဆုံးဖြစ်ရသလဲ ဆိုတဲ့ အဲဒီမေးခွန်း လေးချက်ကို နတ်တွေ ဆွေးနွေးကြတာ ၁၂-နှစ်ကြာသွားတယ် အဖြေမရဘူးတဲ့။ မြတ်စွာဘုရား နှင့် တွေ့တဲ့အခါကျတော့မှ မှန်ကန်တဲ့ အဖြေတွေ ရသွားကြတယ်။

ဘုန်းကြီးတို့တစ်တွေလည်း ဒီကနေ့ ဒီအဖြေ တွေကို မှတ်သားထားဖို့ပဲ။ ဒီကနေ့ ဒီအဖြေတွေကို မှတ်သားထားပြီးတော့ ဘာ့ကြောင့် ဓမ္မဒါနသည် ဒါန အားလုံးမှာ အမြတ်ဆုံး ဖြစ်သလဲဆိုရင် ဓမ္မဒါနရဲ့ အကျိုးပြုမှုက ကျန်တဲ့ ဒါနတွေရဲ့ အကျိုးပြုမှုထက် သာလွန်တယ်။

ကျန်တဲ့အရသာတွေထက် ဓမ္မရသဆိုတာ လုံးဝ ဒုက္ခခပ်သိမ်းကင်းငြိမ်းပြီး ရင်ထဲအေးမြစေတာဖြစ်လို့ သူက အကောင်းဆုံးဖြစ်တယ်။

ပျော်မွေ့စရာတွေရဲ့ နောက်ကွယ်မှာ ပြဿနာ တွေ အများကြီး တက်လာတဲ့အတွက်ကြောင့် ဓမ္မရတိ လို့ဆိုတဲ့ တရားနဲ့ ပျော်မွေ့ခြင်းဟာ လုံးဝ ပြဿနာ မတက်တဲ့အပြင် ထာဝရပျော်မွေ့ရမယ့် ပျော်မွေ့မှု ဖြစ်သောကြောင့် ဒါ အကောင်းဆုံးဖြစ်တယ်။

နောက်ဆုံး ဒုက္ခတွေ ပြဿနာတွေ အားလုံးကို ငြိမ်းချင်လို့ရှိရင် အတွယ်အတာကို ဖယ်ရှားရမယ်။ ဒါပဲ၊ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မရဲ့ အကျဉ်းချုပ်က အဲဒါပဲ။

ဘုန်းကြီးတို့တစ်တွေဟာ နောက်ဆုံးမှာ တို့ တစ်တွေရဲ့ ဦးတည်ချက်က ဘာလဲဆိုရင် တဏှာ ကုန်ဖို့ပဲ။ အဲဒီတဏှာ မကုန်သေးသမျှ သံသရာထဲမှာ တို့တစ်တွေ လည်နေကြဦးမှာပဲ။ တဏှာဆိုတာ ကုန်သွားမှ ဟောဒီ ဒီဘဝကနေ ဟိုဘဝ၊ ဒုက္ခမျိုးစုံ ထဲမှာ ကျင်လည်ရတဲ့ဘဝ၊ သံသရာက လွတ်မြောက်ပြီး နောက်ဆုံး နိဗ္ဗာန်ဆိုတဲ့ အငြိမ်းဓာတ်ကို ရကြမှာ ဖြစ်တယ်။ အဲဒါကြောင့် တဏှာကုန်အောင် တို့တစ်တွေ ကြိုးစားအားထုတ်ကြရမယ်လို့ ကိုယ်စီ ကိုယ်ငှ သဘောကျပြီး ကြိုးစားအားထုတ်နိုင်ကြပါစေ ကုန်သတည်း။

သာဓု . . . သာဓု . . . သာဓု

qxgunbo0kpfe8dlro4zdzoywii7pi92
ယနေ့လူသားများရဲ့ မနက်ဖြန်ကမ္ဘာ
0
5887
22152
21656
2026-06-15T03:27:10Z
Tejinda
173
22152
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ယနေ့လူသားများရဲ့ မနက်ဖြန်ကမ္ဘာ
| previous = [[၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ]]
| previous2 =
| next = [[နန္ဒီ ဒုက္ခဿ မူလံ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ယနေ့လူသားများရဲ့ မနက်ဖြန်ကမ္ဘာ

ယနေ့ လူသားတွေအဖြစ် အခြေအနေ အမျိုးမျိုး ပြောင်းလဲရောက်ရှိလာပုံနဲ့ ယနေ့လူသားတွေရဲ့ မနက်ဖြန်ကမ္ဘာ မည်သို့မည်ပုံ ဖြစ်လာနိုင်တယ်ဆိုတာကို ဟောကြားထားတဲ့
စက္ကဝတ္တိသုတ္တန်
ဆိုတာ ရှိပါတယ်။ အဲဒီ စက္ကဝတ္တိသုတ္တန်ကို အခြေခံပြီးတော့ ယနေ့လူသားများရဲ့ မနက်ဖြန်ကမ္ဘာ တရားကိုဟောမှာ ဖြစ်ပါတယ်။

တစ်ချိန်တုန်းက လူသားတွေဟာ ဒီကနေ့ အခြေအနေမျိုး မရောက်ခင် အလွန်သာယာ အေးချမ်းပြီးတော့ အစစအရာရာ စုံလင်ပြည့်ဝတဲ့ ရွှေခေတ်လို့ ခေါ်ရမယ့် ခေတ်တစ်မျိုးကို ကြုံခဲ့ကြရပါတယ်။ ထိုအချိန်တုန်းကတော့ လူသားတွေရဲ့ သက်တမ်းဟာ အင်မတန်မှ ရှည်လျားပါတယ်။ နှစ် ရှစ်သောင်းသက်တမ်း ရှည်တယ်။ နှစ် ရှစ်သောင်း သက်တမ်းရှည်တဲ့ လူ့လောကမှာ ပြဿနာအလွန်နည်းပါးပြီး လူတွေဟာ အင်မတန်သာယာ ငြိမ်းချမ်းပျော်ရွှင် ချမ်းမြေ့စရာကောင်းတဲ့ လူ့ဘုံလူ့ဘဝမှာ နေခဲ့ကြရတယ်ဆိုတာကို သိရပါတယ်။

ထိုခေတ် ထိုအခါမှာ အုပ်စိုးတဲ့ ဘုရင်ကြီးက စကြာရတနာကို ပိုင်စိုးတဲ့
စက္ကဝတ္တိ
လို့ဆိုတဲ့ စကြဝတေးမင်းကြီး ဖြစ်ပါတယ်။ ထို စကြဝတေးမင်းကြီးဟာ စကြာမင်းရဲ့ ကျင့်ဝတ်စည်းကမ်းနဲ့အညီ တိုင်းပြည်ကို အုပ်စိုးခဲ့ကြပါတယ်။ တရားဥပဒေနဲ့အညီ တိုင်းသူပြည်သားများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ တရားဥပဒေနဲ့အညီ တိုင်းသူပြည်သားများကို အကာအကွယ်ပေးခြင်း၊ တရားဥပဒေနဲ့အညီ တိုင်းသူပြည်သားများရဲ့ လုံခြုံရေးကို စီမံဆောင်ရွက်ပေးခြင်းဆိုတဲ့ အချက် (၃) ချက်ကို ပြည့်ပြည့်ဝဝ ဆောင်ရွက်ကြပါတယ်။

မိမိတို့အုပ်စိုးတဲ့ နိုင်ငံအတွင်းမှာ တရားဥပဒေကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးတွေ မဖြစ်ပေါ်ဖို့ဆိုတာကို အလေးအနက်ထားပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ကြပါတယ်။ “မာ တေ တာတ ဝိဇိတေ အဓမ္မကာရော ပဝတ္တယိတ္ထ” ငါ့သား၊ မင်းရဲ့နိုင်ငံမှာ ဥပဒေမဲ့လုပ်ရပ်တွေ၊ ဥပဒေနဲ့ ဆန့်ကျင်တဲ့ ဖြစ်ရပ်တွေ မဖြစ်ပေါ်ရအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ တိုင်ပြည်အုပ်စိုးတဲ့ စကြဝတေးမင်းကြီးက မှာလေ့ရှိပါတယ်။

ဒီထက် ထူးခြားတဲ့ စီမံဆောင်ရွက်ချက်တစ်ခုကတော့ အဲဒီခေတ်ကာလတုန်းက တိုင်းပြည်မှာ အလွန်ဆင်းရဲမွဲတေတဲ့ ပုဂ္ဂိုလ်တွေ မရှိရလေအောင်ဆိုပြီးတော့ စီမံချက်တစ်ခုရှိပါတယ်။ အဲဒီစီမံချက်က ဘာလဲလို့ဆိုလို့ရှိရင် “အဓနာနံ ဓန မနုပ္ပါဒိတဗ္ဗံ” ဓနကြေးငွေ မပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကို ဘုရင့်ဘဏ္ဍာတော်ကနေ ထုတ်ပြီးတော့ ဓနကြေးငွေ ထောက်ပံ့ပေးတဲ့ကိစ္စဖြစ်ပါတယ်။ ထိုခေတ်ထိုအခါမှာ စားစရာမရှိအောင် ဆင်းရဲတဲ့ပုဂ္ဂိုလ်မျိုး မရှိအောင် ဘုရင်ကြီးက ဒါကို အလေးအနက်ထားပြီးတော့ ဆောင်ရွက်ပါတယ်။
အဓန
လို့ခေါ်တဲ့ ဓနကြေးငွေ မပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကို “ဓနမနုပ္ပါဒိတံ” ဓနကြေးငွေတွေကို ထုတ်ပြီးတော့ပေးတယ်။ ထောက်ပံ့အကူအညီပေးတယ်။ အဲဒီနည်းနဲ့ တိုင်းပြည်မှာ ငြိမ်းချမ်းသာယာပြီးတော့ ပြဿနာမရှိ၊ ပကတိအေးချမ်းတယ်တဲ့။ တိုင်းပြည်ကြီးဟာ နှစ်ပေါင်းရှည်ကြာစွာ လူ့လောက၊ လူ့ကမ္ဘာမှာ တည်တံ့ခဲ့ပါတယ်။

အဲဒီလိုနဲ့ စကြဝတေးမင်းတွေဟာ တစ်ဆက်ပြီးတစ်ဆက် တိုင်းပြည်ကို အုပ်စိုးလာခဲ့ကြတာ ရွှေခေတ်လို့ ခေါ်နိုင်ပါတယ်။ အလွန်သာယာတဲ့ လူ့ပြည်လူ့လောကကြီး၊ အလွန်သာယာငြိမ်းချမ်းတဲ့ လူ့လောကကြီးမှာ လူတွေဟာ ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်လာခဲ့ကြတယ်။

နောက် ရှစ်ဆက်မြောက် တိုင်းပြည်ကို အုပ်ချုပ်တဲ့ စကြဝတေးမင်းရဲ့ သားတော်တစ်ဦးလက်ထက်မှာ ပြဿနာတစ်ခု စ,လာခဲ့ပါတယ်။ ရှေးထုံးတမ်းစဉ်လာအရ တရားဥပဒေနဲ့အညီ တိုင်းပြည်ကို ကာကွယ်ပေးတယ်၊ စောင့်ရှောက်တယ်။ တရားဥပဒေနဲ့အညီ လုံခြုံရေးကို စီမံဆောင်ရွက်ပေးတယ်။ တရားဥပဒေရဲ့ ဆန့်ကျင်ဘက်၊ တရားဥပဒေနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်တွေ တိုင်းပြည်မှာ မပေါ်အောင် ထိန်းသိမ်းစောင့်ရှောက်တယ်။

ဒီအချက်တွေနဲ့ပတ်သက်ပြီးတော့ အလေးအနက်ထားပြီး ဆောင်ရွက်ခဲ့သော်လည်း အဲဒီဘုရင်ရဲ့လက်ထက်မှာ ဓနကြေးငွေမရှိတဲ့ ပုဂ္ဂိုလ်တွေကို ဓနကြေးငွေ ထောက်ပံ့ရမယ်ဆိုတဲ့ ဒီစည်းကမ်းချက်ကို မလိုက်နာခဲ့ပါဘူး။ ဒီစည်းကမ်းချက်ကို ဘုရင်ကြီးဟာ လိုက်နာဆောင်ရွက်မှု မပြုခဲ့ပါဘူး။ အဲဒီမပြုခဲ့တဲ့အတွက်ကြောင့် တိုင်းပြည်မှာ ဘာဖြစ်လာတုန်းဆိုတော့ ဓနကြေးငွေမရှိတဲ့ ပုဂ္ဂိုလ်တွေ တဖြေးဖြေးများလာတော့ ဆင်းရဲမွဲတေမှုတွေ ပေါ်လာတယ်။ ဆင်းရဲမွဲတေမှုကို “ဒါလိဒ္ဒိယ” လို့ခေါ်တယ်။ လူတွေဟာ စားဝတ်နေရေး မပြည့်စုံလို့ ဆင်းရဲလာကြတယ်။ အဲသည်လို ဆင်းရဲတဲ့ လူတန်းစားတွေ ပေါ်လာပြီး တဖြေးဖြေးများလာတယ်။

ထိုဆင်းရဲတဲ့ လူတန်းစားတွေကို ဒီဘုရင်လက်ထက်မှာ ထောက်ပံ့ကြေးမပေးသည့်အတွက်ကြောင့် ဆင်းရဲတဲ့လူတွေဟာ ပိုပိုပြီး ဆင်းရဲလာကြတယ်။ ဆင်းရဲလာတော့ ဘာဖြစ်လာလဲဆိုရင် ဆင်းရဲမှုတွေ တိုးပွားလေလေ အကျင့်ပျက်မှု များလာလေလေ ဖြစ်လာတယ်။ လူတွေရဲ့အကျင့်ပျက်မှုတစ်ခု ဆင်းရဲမှုကနေ တွန်းပို့လို့ ဖြစ်ပေါ်လာတယ်။ ဘာလဲလို့ဆိုရင် ဆင်းရဲလို့ စားစရာမရှိတဲ့အခါ သူတစ်ပါးပစ္စည်းကို ခိုးယူတယ်ဆိုတဲ့ “အဒိန္နာဒါန” ပြစ်မှုတစ်ခု လူ့လောကမှာ ပေါ်ထွန်းလာခဲ့ပါတယ်။

ဒီကနေ့ခေတ်မှာလဲပဲ ဆင်းရဲခြင်းက ရာဇဝတ်မှုတွေကို တိုးပွားစေတယ်ဆိုတဲ့ အယူအဆတစ်ရပ်ဟာ ရှိပါတယ်။ (poverty engenders crime) ဆင်းရဲမွဲတေမှုဟာ ရာဇဝတ်မှုကို ဖြစ်ပေါ်စေတယ်။ ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀) နှစ်ထောင့်ငါးရာကျော်က မြတ်စွာဘုရားက ဒီအတိုင်းပဲ ဟောခဲ့တယ်။ “ဒါလိဒ္ဒိယံ ဝေပုလ္လမာဂတေ အဒိန္နာဒါနံ ဝေပုလ္လမဂမိ” တဲ့။ ဆင်းရဲမွဲတေမှုတွေ များလာပြီဆိုလို့ရှိရင် ခိုးမှု၊ လုယက်မှုတွေ လူ့လောကထဲမှာ ပေါ်ထွန်းလာလိမ့်မယ်။

အေး၊ ဒါကြောင့် ထိုဘုရင်ရဲ့လက်ထက်မှာ ဓနကြေးငွေမရှိတဲ့ ပုဂ္ဂိုလ်တွေကို ဓနကြေးငွေ ထောက်ပံ့ပေးတာ မလုပ်သည့်အတွက်ကြောင့် သူ့နိုင်ငံမှာ ခိုးမှုပေါ်လာပါတယ်။ လူတစ်ယောက်ဟာ သူများပစ္စည်းကို ခိုးတယ်၊ အားလုံးက ဝိုင်းပြီးတော့ သူများပစ္စည်းခိုးတဲ့ ပုဂ္ဂိုလ်ကို ဖမ်းပြီးတော့ ဘုရင်ကြီးဆီ ပို့ကြတယ်။ ပို့တော့ ဘုရင်ကြီးက စစ်မေးတယ် ...

“မင်း သူများပစ္စည်းခိုးတယ်ဆိုတာ ဟုတ်သလား” ဘုရင်ကြီးက အဲဒီအချိန်မှာ ဒီပြဿနာကို ဘယ်လိုဖြေရှင်းတုန်းဆိုတော့ စားစရာမရှိလို့ ခိုးတယ်ဆိုရင် စားစရာရှိရင် ဒီလိုခိုးမှာမဟုတ်ဘူးဆိုပြီး ဘဏ္ဍာတော်ကနေပြီး ငွေကြေးဓနတွေ ခိုးမှုကျူးလွန်တဲ့ ပုဂ္ဂိုလ်ကို ထုတ်ပေးတယ်။ ထုတ်ပေးပြီးတော့ ဆုံးမဩဝါဒ ပေးလိုက်တယ်။ မင်းကိုယ်တိုင်လဲစား၊ မင်းမိဘတွေ သားမယားတွေကိုလဲကျွေး၊ ဒီ ဓနကြေးငွေ အရင်းနှီးထားပြီး စီးပွားရေးလဲလုပ်၊ ကုသိုလ်ကောင်းမှုလဲလုပ်၊ နောက် သူများပစ္စည်းမခိုးနဲ့လို့ ဆုံးမဩဝါဒ ပေးလိုက်ပါတယ်။

အဲဒီလိုပေးလိုက်တော့ ဘုရင်ကြီးရဲ့စိတ်ထဲမှာ ဒီပြဿနာ ဒီမှာပဲရပ်လိမ့်မယ်လို့ အောက်မေ့တာ။ နောက်တစ်ယောက်ရဲ့ခိုးမှု ပေါ်လာပြန်တယ်။ ဒီလိုခိုးမှု ပေါ်လာပြန်တော့လည်းပဲ ဒီစီမံချက်အတိုင်းပဲ ဘဏ္ဍာတော်ကနေ ငွေကြေးထုတ်ပေး၊ နောက်မခိုးနဲ့ပေါ့။ ဒီနည်းနဲ့ တိုင်းပြည်မှာ ခိုးမှုတွေပျောက်သွားလိမ့်မယ်လို့ ဘုရင်ကြီးက ဒီလိုယူဆတယ်။ သို့သော် ဘုရင်ကြီးရဲ့ အယူအဆဟာ သူမမျှော်မှန်းတဲ့ဘက်ကနေပြီးတော့ ဘေးထွက်ဆိုးကျိုး (side effect) ဆိုတာ ပေါ်လာတယ်။

စောစောကသာ ဘုရင်ကြီးက ဓနကြေးငွေမရှိတဲ့ ပုဂ္ဂိုလ်တွေကို ဓနကြေးငွေ ထောက်ပံ့ပေးနေမယ်ဆိုလို့ရှိရင် ဒီလိုခိုးမှု ပေါ်မှာမဟုတ်ဘူး။ ခိုးမှုပေါ်လာတဲ့အခါကျမှ ဓနကြေးငွေ ထုတ်ပေးတယ်ဆိုတော့ လူတွေရဲ့စိတ်ထဲမှာ ဘယ်လိုယူဆလာကြတုန်းဆိုတော့ ဘုရင်ကြီးက ခိုးလို့ ဆုချတယ်လို့ ဒီလိုလူတွေက ထင်သွားတယ်။ ထင်သွားသည့်အတွက်ကြောင့် ထိုတိုင်းပြည်မှာ ခိုးမှုတွေက မရပ်ဘူး၊ ခိုးတဲ့သူ ဘုရင်က ပိုက်ဆံပေးပြီးလွှတ်တယ်၊ ခိုးရင် ဆုချခံရတယ်လို့ လူတွေရဲ့စိတ်ထဲမှာ ဒီလိုထင်သွားပြီး ခိုးမှုတွေဟာ တဖြေးဖြေးများသည်ထက်များလာတယ်၊ ရပ်မသွားဘူး။

အဲဒီလို ရပ်မသွားတော့ ဘုရင်ကြီးက ကဲ ဒီတိုင်းလုပ်နေလို့ မဖြစ်တော့ဘူး၊ ဒီပြဿနာတော့ ရှင်းမှပဲ။ နောက်တစ်ယောက် ခိုးမှုပေါ်လာတာနဲ့ ဘုရင်ကြီးက စီမံချက်ကို ပြောင်းလဲလိုက်တယ်။ ဒီတစ်ခါ ခိုးလာတဲ့ပုဂ္ဂိုလ်ကို ဆုမချတော့ဘူး၊ သေဒဏ်အပြစ်ချမယ်ဆိုပြီး ခိုးမှုနဲ့ဖမ်းဆီးပြီး ဘုရင်ကြီးဆီ ပို့ခံရတဲ့သူကို ဘုရင်ကြီးက ခေါင်းဖြတ်ပြီး အသေသတ်စေ၊ ဒါမှ ခိုးမှုတွေ ကင်းသွားလိမ့်မယ်၊ နို့မဟုတ်ရင် ဒီခိုးမှုတွေ ဆက်ဖြစ်လိမ့်မယ်လို့ ဘုရင်ကြီးက ယူဆပြီး သေဒဏ်အမိန့်ချလိုက်တယ်။

ဒါနဲ့ အဲဒီခိုးတဲ့သူကို အင်မတန်ကြမ်းတမ်းပြီး ကြောက်စရာကောင်းတဲ့ စည်တီးပြီး ခေါင်းကို ပြောင်အောင်ရိတ်၊ လက်ပြန်ကြိုးတုပ်၊ တောင်စမုခ်ကထုတ်ပြီးတော့ ထိုပုဂ္ဂိုလ်ကို ခေါင်းဖြတ်ပြီး အသေသတ်လိုက်တယ်။ ဒီခိုးမှုဆိုတဲ့ ရာဇဝတ်မှုကြီးဟာ အခုလိုရှင်းလိုက်လို့ရှိရင် လုံးဝပြတ်သွားလိမ့်မယ်လို့ ဘုရင်ကြီးက ယူဆတယ်။

ဒီမှာလည်း ဘေးထွက်ဆိုးကျိုး (side effect) တစ်ခု ပေါ်လာပြန်တယ်။ ခိုးမှုကျူးလွန်တဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ထဲမှာ ဘာပေါ်လာတုန်းဆိုလို့ရှိရင် ဘုရင်ကြီးက ခိုးတဲ့သူကို သတ်တယ်။ ဒို့လဲ သူများပစ္စည်းကိုယူတဲ့အချိန်ကတည်းက သူများကိုသတ်ဖြတ်ပြီး ပစ္စည်းကိုယူမယ်လို့ဆိုပြီး ဘာတွေလုပ်လာကြတုန်းဆိုတော့ လက်နက်တွေ ကိုင်လာကြတယ်။ လက်နက်တွေ လုပ်လာကြတယ်။ လက်နက်ကိုင်စွဲကာ ပစ္စည်းယူ၊ လူသတ်ဆိုတဲ့ ရာဇဝတ်မှုတစ်မျိုး ထပ်ပြီးတော့ ပေါ်လာတယ်။

လက်နက်ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်အိမ်ထဲကိုလဲ လုယက်ကြတယ်၊ ရွာထဲ ဝင်ရောက်ပြီး တိုက်ခိုက်လုယက်ကြတယ်၊ မြို့တွေကိုလဲ ဝင်ရောက်တိုက်ခိုက်လုယက်ကြတယ်၊ လက်နက်တွေ ကိုင်စွဲပြီး လမ်းဘေးမှာစောင့်ပြီးတော့လဲ လုယက်ကြတယ်ဆိုတဲ့ ရာဇဝတ်မှုတွေ တိုးပွားလာတယ်။ ဘုရင်ကြီးက ဒီလို အမြစ်ဖြတ်လိုက်လို့ရှိရင် ခိုးမှုတွေ ရပ်သွားလိမ့်မယ်လို့ ယူဆသော်လည်းပဲ ခိုးမှုဟာ ရပ်မသွားဘူး။

အဲဒီလိုနဲ့ လက်နက်တွေတို့၊ သူများအသက် သတ်မှုတွေတို့ တိုးလာတဲ့အခါမှာ လူ့လောကကြီးမှာ အေးချမ်းတည်ငြိမ်မှု မရှိတော့ဘူး။ မရှိတော့တဲ့အတွက်ကြောင့် အနှစ် ရှစ်သောင်းတမ်းက ပုဂ္ဂိုလ်တွေရဲ့ နောက်တစ်ဆက် သားသမီးမျိုးဆက်တွေဟာ (next generation) မျိုးဆက်လူငယ်တွေရဲ့ အသက်ဟာ ကျဆင်းသွားတယ်။ တိုင်းပြည်ငြိမ်းချမ်းမှု မရှိသည့်အတွက်ကြောင့် အနှစ်ရှစ်သောင်း အသက်တမ်းရှိတဲ့ မိသားစုထဲက ကလေးတွေဟာ အနှစ်လေးသောင်းထိအောင် ကျသွားတယ်။ သူတို့ရဲ့ သက်တမ်းသာမက ခန္ဓာကိုယ်ရဲ့ အသားအရေ ဖွံ့ဖြိုးမှုတွေဟာလည်း ကျဆင်းပြီးသွားတယ်။ ရှစ်သောင်းကနေပြီး လေးသောင်းပဲ အသက်ရှည်တော့တယ်။ ဘာဖြစ်လို့တုန်း။ ရာဇဝတ်မှုတွေ များလာလို့ အနှစ်ရှစ်သောင်းတမ်းမှာ “အဒိန္နာဒါန” ဆိုတဲ့ ခိုးမှုပေါ်လာတယ်။ ခိုးမှုပေါ်လာသည့်အတွက်ကြောင့် လက်နက်တွေပေါ်လာတယ်။ လူတွေ ဆင်းရဲမွဲတေတာက စတင်ပြီး ခိုးမှုတွေ ပေါ်လာတယ်။ ခိုးမှုပေါ်တာကို အကြောင်းပြုပြီး လက်နက်တွေ ပေါ်လာတယ်။ လက်နက်ပေါ်တာကို အကြောင်းပြုပြီးတော့ သတ်မှုဖြတ်မှုဆိုတဲ့ “ပါဏာတိပါတ” တွေ ပေါ်လာတယ်။ အဲဒီလို ပေါ်လာတဲ့အတွက်ကြောင့် အနှစ်လေးသောင်းထိအောင် ကျဆင်းပြီးတော့သွားပါတယ်။

လေးသောင်းတမ်း

အနှစ်လေးသောင်း ရောက်တဲ့အခါကျတော့ လူ့လောကကြီးမှာ ဒုစရိုက်မှုတွေက ရပ်မသွားဘူး။ ထပ်ပြီးတိုးလာတယ်။ ယခင်က သူများပစ္စည်းခိုးတဲ့ ပုဂ္ဂိုလ်တွေဟာ ခိုးရင်ခိုးတယ်လို့ ဖြောင့်ချက်ပေးကြပေမယ့် အခု မပေးတော့ဘူး။ ခိုးတဲ့ပုဂ္ဂိုလ်တွေကို ဖမ်းပြီး ဘုရင်ကြီးဆီပို့တဲ့အခါ ဘုရင်ကြီးက စစ်မေးတယ်။ မင်း သူများပစ္စည်းခိုးတယ်ဆိုတာ ဟုတ်သလား။ မဟုတ်ရပါဘူးတဲ့။ လိမ်လည်မှုဆိုတဲ့ “မုသာဝါဒ” ပေါ်လာတယ်။ အဲဒီလိမ်လည်မှု “မုသာဝါဒ” ပေါ်လာတဲ့အခါ မကောင်းမှုဒုစရိုက်တွေဟာ ပိုပိုပြီးများလာသည့်အတွက်ကြောင့် လူတွေဟာ အနှစ်လေးသောင်းတမ်းအသက်ကနေပြီးတော့ အနှစ်နှစ်သောင်းထိအောင် ကျဆင်းသွားတယ်တဲ့။

နှစ်သောင်းတမ်း

အနှစ်လေးသောင်း အသက်ရှည်တဲ့ ပုဂ္ဂိုလ်တွေရဲ့ သားသမီးတွေဟာ အနှစ်နှစ်သောင်းပဲ အသက်ရှည်တော့တယ်။ ရှစ်သောင်းကနေ လေးသောင်းအထိ ကျလာတယ်။ လေးသောင်းကနေ နှစ်သောင်းအထိ ကျသွားပြီး အဲဒီနှစ်သောင်းတမ်းရောက်တဲ့အခါ ဒုစရိုက်မှုတစ်ခု ထပ်တိုးလာတယ်။

ဘာတိုးလာလဲဆိုရင် လူတစ်ယောက် ခိုးမှုကျူးလွန်တာနဲ့တစ်ပြိုင်နက်ထဲ သွားပြီးတော့ တိုင်တာတွေ တောတာတွေ၊ မဟုတ်တန်းတရားပြောတာတွေ “ပိသုဏဝါစာ” ဆိုတဲ့ ဂုံးချောတဲ့စကားမျိုးတွေ ပြောလာတာတွေ တိုးလာပါတယ်။ အဲဒီလို တိုးလာသည့်အတွက်ကြောင့် “ပိသုဏဝါစာ” ဂုံးတိုက်တဲ့စကားတွေ ပြောလာတဲ့အခါ လူသားတွေရဲ့သက်တမ်းတို့၊ လူတွေရဲ့အသားအရေတို့ ဒါတွေဟာ လျော့ကျသွားပြီးတော့ လူတွေဟာ အနှစ်နှစ်သောင်းကနေပြီးတော့ တစ်သောင်းထိအောင် သက်တမ်း ကျဆင်းပြီးတော့သွားတယ်။

ဒီနေရာမှာ ပထမဆုံးလုပ်ရမယ့် လုပ်ငန်းတစ်ခုကို မလုပ်ဘဲနှင့် (neglect) ဖြစ်သွားသည့်အတွက်ကြောင့် ပြဿနာတွေဟာ ဖြေရှင်းလို့မရအောင် တစ်ခုပြီးတစ်ခု တက်လာလိုက်ပုံဟာ ဒီသုတ္တန်မှာ ထင်ရှားပါတယ်။

တစ်သောင်းတမ်း

လူတွေဟာ တစ်သောင်းတမ်း ရောက်လာတဲ့အခါကျတော့ တစ်သောင်းတမ်းမှာ ဘာပေါ်လာသေးလဲဆိုတော့ လူတွေမှာ လှတာ မလှတာ ကွဲပြားလာတယ်။ လှတဲ့လူကလှ၊ မလှတဲ့လူက မလှဘူး။ တစ်ဦးနဲ့တစ်ဦး ရုပ်အဆင်းဟာ အင်မတန်မှ ကွာခြားလာတယ်။

ဟိုရှေးယခင်တုန်းက တစ်ဦးနဲ့တစ်ဦး သိပ်ပြီးတော့ ကွာခြားမှုမရှိဘူး။ တစ်သောင်းတမ်း ရောက်လာတဲ့အခါကျတော့ လှသူနဲ့မလှသူဆိုတာ ဒီနှစ်ခု ကွာခြားလာတယ်။ အဲဒီလို ကွာခြားလာသည့်အတွက်ကြောင့် လှတဲ့ပုဂ္ဂိုလ်ကို မလှတဲ့ပုဂ္ဂိုလ်က “အဘိဇ္ဈာ” လို့ခေါ်တဲ့ လောဘစိတ်တွေ ဝင်လာတယ်။ ဝင်လာပြီးတော့ ဘာပြဿနာတက်လာတုန်းဆိုတော့ ကာမဂုဏ်ကိစ္စတွေမှာ မှားမှားယွင်းယွင်း “ကာမေသုမိစ္ဆာစာရ” ဆိုတဲ့ ပြစ်မှုတွေ ကျူးလွန်လာတယ်။ အဲဒီလိုကျူးလွန်လာတာနဲ့ တပြိုင်နက် လူတွေရဲ့ သက်တမ်းဟာ ဒုစရိုက်တရားတွေ များများထွန်းကားလာသည့်အတွက်ကြောင့် လျော့ကျလာလိုက်တာ တစ်သောင်းတမ်းကနေပြီးတော့ ငါးထောင်တမ်းအထိ ရောက်သွားတယ်။

ငါးထောင်တမ်း

အဲလိုငါးထောင်တမ်း ရောက်သွားတဲ့အခါမှာ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆဲကြတယ်၊ ကြမ်းကြမ်းတမ်းတမ်းတွေပြောလာကြတယ်။ အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောလာကြတယ်။ “ဖရုသဝါစာ”၊ “သမ္ဖပ္ပလာပ” ဆိုတဲ့ စကားမျိုးတွေ ထွန်းကားလာတယ်။ အဲဒီလို ထွန်းကားလာတဲ့အခါကျတော့ ငါးထောင်တမ်းကနေတစ်ခါ လူ့ရဲ့အသက်တမ်းဟာ လျော့ကျသွားတာ နှစ်ထောင့်ငါးရာတမ်းအထိ ကျဆင်းသွားပါတယ်။

နှစ်ထောင့်ငါးရာတမ်း

အဲဒီလို နှစ်ထောင့်ငါးရာတမ်းအထိအောင် ကျဆင်းသွားတဲ့အခါ ဘာတွေ ပေါ်လာပြန်တုန်းဆိုတော့ လူ့သက်တမ်း နှစ်ထောင့်ငါးရာတမ်းမှာ “အဘိဇ္ဈာ” လို့ခေါ်တဲ့ သူများပစ္စည်းကိုမှ လိုချင်တဲ့ ဝိသမလောဘမျိုးတွေ ပေါ်လာတယ်။ သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုမှု မတရားတဲ့လောဘတွေ၊ သူများပစ္စည်းကို ရလိုမှုဆိုတာတွေ ဒီဆိုးဝါးတဲ့ စိတ်နေစိတ်ထားတွေဟာ လူ့လောကမှာ ဝင်ရောက်ပြီးတော့လာတယ်။ ဒါတင်မကသေးဘူး၊ “ဗျာပါဒ” လို့ဆိုတဲ့ တစ်ယောက်နဲ့တစ်ယောက် မုန်းတီးမှုတွေလည်းပဲ လူ့လောကမှာ များလာတယ်။

အဲဒီလို များလာသည့်အတွက်ကြောင့်
အဘိဇ္ဈာ
တရားတွေ၊
ဗျာပါဒ
တရားတွေ လူ့ရဲ့စိတ်တွေထဲမှာ ဖြစ်ပွားမှု အားကောင်းလာတာနဲ့ တစ်ပြိုင်နက်တည်း လူတွေရဲ့သက်တမ်းဟာ ယုတ်လျော့လာတယ်။ ခန္ဓာကိုယ်ရဲ့ အဆင်းအရောင်တွေလည်းပဲ ယုတ်လျော့လာတယ်။ ဒါနဲ့ လူ့သက်တမ်းဟာ နှစ်ထောင့်ငါးရာတမ်းကနေပြီးတော့ တစ်ထောင်တမ်းအထိအောင်ကျဆင်းသွားပါတယ်။

လူ့သက်တမ်း

အခုလို ဒုစရိုက်တွေလုပ်တာနဲ့ လူ့ရဲ့သက်တမ်းဟာ ဘာကြောင့်လျော့ကျရသလဲ? ကြောင်း၊ ကျိုးဆီလျော်မှု ရှိရဲ့လားလို့ စဉ်းစားကောင်းစဉ်းစားမိကြပါလိမ့်မယ်။ လူနဲ့ပြင်ပကမ္ဘာဆိုတာ အမြဲတမ်းဆက်စပ်ပြီးတော့ နေတာပါ။ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာကျဆင်းသွားတာနဲ့ တစ်ပြိုင်နက် ဘာတွေကို သွားထိခိုက်သလဲဆိုလို့ရှိရင် ရာသီဥတုကို သွားထိခိုက်ပါတယ်။ လူတွေရဲ့စိတ်ဓာတ်ပေါ်မှာမူတည်ပြီးတော့ ရာသီဥတုတွေ ဖောက်ပြန်လာတယ်။

လူတွေ စိတ်ဖောက်ပြန်တာကို အကြောင်းပြုပြီး ရာသီဥတုတွေဖောက်ပြန်လာတယ်။ ထိုအခါ ရာသီဥတုတွေပေါ်မှာမှီပြီး စိုက်ပျိုးရတဲ့သီးနှံတွေ၊ သီးပင်စားပင်တွေမှာ အဆီဩဇာတွေ ယုတ်လျော့သွားတယ်။ မကောင်းတဲ့ ရာသီဥတုကိုမှီပြီး ပေါက်လာရတဲ့ သီးနှံတွေမှာ အဆီဩဇာတွေ ယုတ်လျော့သွားသည့်အတွက်ကြောင့် ထိုအဆီဩဇာ ယုတ်လျော့သွားတဲ့ အာဟာရတွေကို စားသုံးရတဲ့ လူတွေရဲ့သက်တမ်းဟာ ကျပြီးတော့သွားတာပါ။

ဒါကြောင့်မို့လို့ လူ့လောကမှာ ကံတရားသာ အဓိကမဟုတ်ပါဘူး၊ လူတွေ လူ့ဘဝရောက်ရှိလာတဲ့အခါမှာ အသက်ရှည်မှု၊ အသက်တိုမှုဆိုတဲ့အရာကို ဥတုနဲ့ အာဟာရက အဆုံးအဖြတ်ပေးပါတယ်။ “ဥတုနာ ဘောဇနေန အာယု ဟာယတိပိ ဝဍ္ဎတိပိ” ဥတုနဲ့ အာဟာရသည် လူတွေရဲ့သက်တမ်းကို ယုတ်လျော့စေတယ်၊ တိုးလဲတိုးစေတယ်။ အဲဒီဥတုကို ဘယ်သူကနေပြီးတော့ ထိန်းချုပ်နေသလဲ။ (control) လုပ်နေသလဲဆိုရင် လူတွေရဲ့ ကံကြမ္မာတွေက ထိန်းချုပ်၊ (control) လုပ်နေတာပါ။

လူတွေရဲ့သန္တာန်မှာ ကောင်းတဲ့စိတ်တွေမွေးလို့ရှိရင် ရာသီဥတုတွေဟာ ကောင်းမွန်လာတယ်။ လူတွေရဲ့ စိတ်ထဲမှာ မကောင်းတာတွေ မွေးလာလို့ရှိရင် ရာသီဥတုတွေဟာ ဖောက်ပြန်လာတယ်။ သက်ရှိကမ္ဘာနဲ့ သက်မဲ့ပြင်ပကမ္ဘာတို့ဟာ အမြဲတမ်း တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးတော့နေတာပါ။ ဒါကြောင့်မို့လို့ လူတွေ အကျင့်စာရိတ္တပျက်တာကို အကြောင်းပြုပြီး ရာသီဥတုတွေ ပျက်ပြားလာတယ်။ ရာသီဥတုပျက်ပြားတာကို အကြောင်းပြုပြီး ရာသီဥတုကိုမှီပြီး စိုက်ပျိုးကြရတဲ့ သီးနှံတွေမှာ အဆီဩဇာ ယုတ်လျော့တယ်။ ဒီလိုဖြစ်တာ။

ဒီအဆီဩဇာယုတ်လျော့တဲ့ သီးနှံတွေ စားရတဲ့အခါ ထိုသီးနှံတွေရဲ့ စွမ်းအင်သတ္တိ အာဟာရဓာတ်တွေဟာ လူ့ရဲ့သက်တမ်းကို ရှည်အောင်မထိန်းနိုင်တော့ဘူးတဲ့။ ဒါကြောင့်မို့လို့ လူတွေရဲ့ ကံကြမ္မာအလျောက် သက်တမ်းတွေဟာ တဖြည်ဖြည်းနဲ့ အခုလိုကျဆင်သွားတာဖြစ်ပါတယ်။ အဲဒီမှာ လူတွေဟာ ရှစ်သောင်းတမ်းကနေ တဖြည်းဖြည်းပဲ ဆုတ်ယုတ်လာလိုက်တာ မျိုးဆက် (generation) တစ်ခုပြီးတစ်ခု ဆုတ်ယုတ်လာလိုက်တာ နှစ်ပေါင်းတော်တော်ကြာလာတဲ့အခါ လူ့ရဲ့သက်တမ်းဟာ တစ်ထောင်တမ်းအထိအောင် ကျလာတယ်။

တစ်ထောင်တမ်း

အဲဒီတစ်ထောင်တမ်း ရောက်တဲ့အခါ ဘာဖြစ်လဲဆိုတော့ လူတွေမှာ အယူအဆကွဲပြားမှုတွေ များလာတယ်။ မှားယွင်းတဲ့အယူအဆတွေ တွေးတောပြီးတော့ ယုံကြည်လက်ခံလာကြတယ်။ အေး၊ လောကမှာ ကုသိုလ်ဆိုတာ မရှိပါဘူး။ ကုသိုလ်လုပ်လို့ ကုသိုလ်ရဲ့အကျိုးတရားဆိုတာ မရှိပါဘူး။ အကုသိုလ်ဆိုတာလည်း မရှိပါဘူး။ အကုသိုလ်ရဲ့ အကျိုးတရားဆိုတာလည်း မရှိပါဘူး။ တမလွန်လောက နောက်ဘဝဆိုတာလည်း မရှိဘူးဆိုတဲ့ အမှန်တရားကို ငြင်းပယ်တဲ့ အယူဝါဒတွေ “နတ္ထိက” လို့ခေါ်တဲ့ ကံ,ကံရဲ့ အကျိုးတရားကို ငြင်းပယ်တဲ့ဝါဒတွေ လူ့လောကမှာ ထွန်းကားလာတယ်။ လူတွေက ဒါကို (philosophy) လို့ခေါ်ပါတယ်။ မှန်ကန်တဲ့ အယူအဆတစ်ရပ်ကို ပြောင်းပြန်မြင်လာတယ်။ စာလိုပြောရရင်တော့ “မိစ္ဆာဒိဋ္ဌိ” မိစ္ဆာအယူဝါဒတွေ လူ့လောကကြီးကို လွှမ်းမိုးလာတယ်ပေါ့။

အဲဒီလို လွှမ်းမိုးလာတာကို အကြောင်းပြုပြီးတော့ ရာသီဥတုတွေပျက်ပြားဆုတ်ယုတ်လို့ တစ်ထောင်တမ်း အသက်ရှည်တဲ့ လူသားတွေရဲ့ သားသမီးမျိုးဆက်တွေကျတော့ တစ်ထောင်ကနေ လျော့ကျသွားတာ ဘယ်အထိ ရောက်သွားတုန်းဆိုတော့ ငါးရာတမ်းအထိအောင် ကျသွားတယ်။ လူ့ရဲ့သက်တမ်းဟာ အနှစ်ငါးရာတမ်း ရောက်သွားပြီ။

ငါးရာတမ်း

ကြည့်လေ၊ ရှစ်သောင်းတမ်းကနေပြီးတော့ စလာတဲ့ ဒုစရိုက်တွေဟာ အနှစ်တစ်ထောင်တမ်းရောက်တဲ့အခါ လူ့လောကမှာ ဒုစရိုက် (၁၀) ပါးစလုံး ပြည့်သွားတယ်။ ဒုစရိုက် (၁၀) ပါးစလုံး ကုန်သွားပြီး ဘေးထွက်ဆိုးကျိုး (side effect) တွေ တစ်ခုပြီးတစ်ခု တက်လာတာ ပြဿနာက ဖြေရှင်းလို့မရဘူး။ နှစ်တစ်ထောင်ထိအောင် သက်တမ်းတွေ လျော့ကျလာတယ်။ အဲဒီအနှစ်တစ်ထောင်တမ်းကနေတစ်ခါ အခု ငါးရာတမ်းအထိအောင် လျော့ကျလာတယ်။

ရပ်သွားသလား၊ မရပ်ဘူး။ ဒုစရိုက်တွေဟာ ဆက်လက်ထွန်းကားနေသည့်အတွက်ကြောင့် အနှစ်ငါးရာတမ်းရောက်တဲ့အခါကျတော့ အင်မတန်မှ ဆိုးဝါးတဲ့ အတွေးအခေါ်၊ အယူအဆတွေ၊ စိတ်နေစိတ်ထားတွေဟာ ပေါ်ပေါက်လာပြန်တယ်။

ဘာတွေလဲဆိုလို့ရှိရင် “အဓမ္မရာဂ” တဲ့။
အဓမ္မရာဂ
ဆိုတာ တရားနည်းလမ်းနဲ့ သဘာဝကို ဆန့်ကျင်တဲ့ တဏှာရာဂစိတ်တွေ ပေါ်လာတာ။ ဘယ်လို သဘာဝကို ဆန့်ကျင်တဲ့ တဏှာရာဂစိတ်တုန်းဆိုတော့ သားသမီးနဲ့မိဘ ဆိုပါတော့။ သားက အမေကို ပြန်ပြီးတော့ ကာမစိတ်တွေဖြစ်လာတယ်။ အဖေက သမီးကို ကာမစိတ်တွေ ဖြစ်လာတယ်။ ညီအစ်ကို မောင်နှမ အချင်းချင်း ကာမစိတ်တွေ ဖြစ်လာတယ်။ မဖြစ်သင့်မဖြစ်ထိုက်တာတွေ ဖြစ်လာတယ်။ မိသားစုထဲမှာ သဘာဝကို ဆန့်ကျင်လာတဲ့ တဏှာရာဂတွေ ပေါ်လာတယ်တဲ့။ အဲဒါကို
အဓမ္မရာဂ
လို့ခေါ်တယ်။ လိင် (sex) နဲ့ ပတ်သက်တဲ့ အရာတွေဟာ အင်မတန်မှ ဆိုးဝါးလာတယ်။

လူတွေရဲ့ သက်တမ်းငါးရာမှာ နောက်တစ်ခုက “ဝိသမလောဘ”၊
ဝိသမလောဘ
ဆိုတာ ရှိသင့်တာထက်ပိုတဲ့ ကာမစိတ်တွေဟာ ပိုများလာတယ်လို့ဆိုတယ်။ ဇနီးမောင်နှံအချင်းချင်းတောင်မှပဲ ရှိသင့်တာထက်ပိုလာတဲ့ တဏှာရာဂစိတ်တွေ များလာတာကို “ဝိသမလောဘ” လို့ ဒီနေရာမှာဆိုတယ်။

နောက်တစ်ခုက “မိစ္ဆာဓမ္မ” တဲ့။ (wrong practice) ပေါ့။ အဲဒါက ဘာတုန်းလို့ဆိုတော့ ဒီကနေ့ခေတ် သိနေကြတဲ့ (homosexuality) ပေါ့။ လိင်တူချင်းဆက်ဆံတဲ့ ကာမစိတ်တွေ ထွန်းကားလာတယ်။ အဲဒီအချိန် လူ့လောကမှာ ဒီ (homosexuality) ဆိုတာ လူတွေရဲ့သက်တမ်း နှစ်ငါးရာကစပြီးတော့ ပေါ်လာတာပါ။ အခုမှပေါ်တာ မဟုတ်ဘူး။

အဲဒီ (homosexuality) ပေါ်လာသည့်အတွက်ကြောင့် ကျား ကျားချင်း၊ မ မချင်းဆိုတာလို ကမ္ဘာ့ရိုးရာမဟုတ်တဲ့ ကာမစိတ်တွေ လူတွေရဲ့သန္တာန်မှာ ဖြစ်ပေါ်ပြီးတော့လာတယ်။ ဒီကနေ့ခေတ်မှာဆိုလို့ရှိရင် ဒါတွေဟာ အထွတ်အထိပ်ရောက်နေတယ်လို့ ဆိုရမယ်။ တချို့နိုင်ငံတွေမှာဆိုရင် ကျား ကျားချင်း၊ မ မချင်း လက်ထပ်ခွင့်တွေ ပြုထားပြီး
LGBT
လို့ခေါ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အဖွဲ့အစည်းတရားဝင်အဖြစ် တည်ထောင်လာကြတယ်။ (homosexuality) ကို တရားဝင်ဖြစ်အောင်၊ တကယ့် ပင်ကိုယ်သဘာဝတရားအဖြစ် လက်ခံလာအောင် ကြိုးစားလာကြတယ်။

ဩော်၊ ဒီကိစ္စတွေဟာ လွန်ခဲ့တဲ့ လူတွေရဲ့သက်တမ်း အနှစ်ငါးရာတုန်းက စပြီး ပေါ်လာတာပါ။ အခုမှပေါ်တာ မဟုတ်ပါဘူး။ မြတ်စွာဘုရားက အင်္ဂုတ္တရနိကာယ် “ပလောကသုတ်” မှာ ဟောထားပါတယ်။
ပလောက
ဆိုတာ ပျက်စီးခြင်းလို့ အဓိပ္ပာယ်ရတယ်။ ပုဏ္ဏားကြီးတစ်ယောက်က မြတ်စွာဘုရားကို လျှောက်ဖူးတယ်။ အရှင်ဘုရား၊ တပည့်တော်ကြားဖူးတာ ရှေးယခင်တုန်းက ဟောဒီလူ့ပြည်လောကကြီးဟာ သိပ်ပြီးတော့ သာယာအေးချမ်းတယ်။ မြို့တွေ၊ ရွာတွေဟာလည်းပဲ ကြက်ပျံမကျစည်ကားတယ်လို့ တပည့်တော်ကြားဖူးတယ်။ အခုကျတော့ လူနေအိမ်တွေ အင်မတန်ကျဲပြီး မြို့ပျက်ကုန်းတွေ၊ ရွာပျက်ကုန်းတွေ ပေါ်လာတယ်။ ဒီလိုလူတွေပျက်စီးရတာဟာ ဘာကြောင့်ပါလဲ။

အဲဒီလိုမေးတော့ အဲဒီသုတ္တန်မှာ မြတ်စွာဘုရားက ဒီတရားသုံးပါးကို ဟောထားပါတယ်။ အေး၊ လူ့လောကမှာ “အဓမ္မရာဂ” လို့ခေါ်တဲ့ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ တဏှာစိတ်တွေ၊ “ဝိသမလောဘ” ဆိုတဲ့ အလွန်အကျွံဖြစ်တဲ့ တဏှာစိတ်တွေ၊ “မိစ္ဆာဓမ္မ” လို့ခေါ်တဲ့ ကျား ကျားချင်း၊ မ မချင်း လိင်ဆက်ဆံချင်တဲ့ စိတ်တွေ၊ ဒီစိတ်မျိုးတွေကြောင့်မို့လို့ လူ့လောကကြီးမှာ ကိုယ်ကျင့်တရားတွေ ပျက်လာတယ်။ ပျက်လာသည့်အတွက်ကြောင့် ရာသီဥတုတွေပျက်တယ်။ ရာသီဥတုတွေ ပျက်သည့်အတွက်ကြောင့် ကပ်ဆိုက်ပြီးတော့ လူတွေရဲ့သက်တမ်းဟာ တိုလာရတယ်။ ဒါကြောင့်မို့လို့ လူ့လောကမှာ ဒုဗ္ဘိက္ခန္တရကပ်တွေ ဖြစ်လာလို့ အစာရေစာခေါင်းပါးတယ်၊ ငတ်မွတ်တယ်။ ဒုဗ္ဘိက္ခန္တရကပ်ကို အကြောင်းပြပြီးတော့ ရောဂါတွေဖြစ်လာရတယ်။ ရောဂါတွေဖြစ်လို့ လူတွေသေဆုံးမှုများလာတယ်။ မမြင်ရတဲ့အန္တရာယ်တွေ ပါဝင်လာတယ်လို့ မြတ်စွာဘုရားက အဲဒီသုတ္တန်မှာလည်း ဟောထားတာ ရှိပါတယ်။ အဲတော့ ဒီကနေ့ခေတ်အခါမှ ဒီ (homosexuality) ဆိုတာ ပေါ်လာတာမဟုတ်။ ရှေးတုန်းကတည်းက ပေါ်လာတာ။

ဘုန်းကြီးတို့ နိုင်ငံခြားမှာနေတုန်းက နိုင်ငံတစ်နိုင်ငံမှာ သတင်းစာထဲ ဖတ်လိုက်ရတယ်။ အဲဒီနိုင်ငံမှာ ယောက်ျားကလေး ပြည့်တန်ဆာ သုံးထောင်ထိအောင်ရှိတယ်လို့။ သူတို့နိုင်ငံမှာ ယောက်ျားလေးတွေ ဟိုတယ်ကို မသွားရဘူးဆိုပြီးတော့ တားမြစ်ထားရတာတွေတောင်မှ ကြားခဲ့ရတယ်။ အဲတော့ ဒီကိစ္စတွေများများ ဖြစ်လာလေ လူ့လောကကြီးမှာ ရောဂါဘယတွေ ပေါများလာလေ၊ ရောဂါဘယတွေ ပေါ်လာပြီးတော့ သက်တမ်းတွေဟာ ဆုတ်ယုတ်လာတာ ဖြစ်ပါတယ်။

နှစ်ရာတမ်း

ဒါကြောင့်မို့လို့ လူတွေရဲ့ သက်တမ်းအနှစ်ငါးရာတမ်းမှာ ဟောဒီ (sex) နဲ့ပတ်သက်တဲ့ တရားသုံးမျိုး ထွန်းကားလာတာနဲ့တစ်ပြိုင်နက်တည်း လူ့ရဲ့အသက်တွေဟာ အနှစ်ငါးရာတမ်းကနေပြီးတော့ နှစ်ရာ့ငါးဆယ်၊ နှစ်ရာတမ်းထိအောင် လျော့ကျသွားပါတယ်တဲ့။

အဲဒီလို လျော့ကျသွားတဲ့အခါမှာ လူ့လောကမှာ ဘာတွေ ပေါ်လာပြန်တုန်းဆိုတော့ အမေကို ထော်လော်ကန့်လန့်ပြောတာတွေ၊ အဖေကို ထော်လော်ကန့်လန့်ပြောတာတွေ၊ ဆွေထဲမျိုးထဲက ဦးကြီး၊ ဦးလေး၊ ကြီးဒေါ်၊ ဒေါ်ဒေါ်စတဲ့ လေးစားရမယ့်ပုဂ္ဂိုလ်တွေကို အလေးအမြတ်မပြုတာတွေ၊ ဘာသာရေးနဲ့ပတ်သက်တဲ့ သူတော်ကောင်းတွေကို ပြစ်မှားစော်ကားတာတွေ၊ ဒီကိစ္စရပ်တွေ ပေါ်လာတယ်တဲ့။

မိဘကို မလေးစားတာတွေ၊ လေးစားရမယ့်ပုဂ္ဂိုလ်တွေကို မလေးစားတာတွေ၊ ဒီလို လူ့လောကမှာ ထော်လော်ကန့်လန့်လုပ်တာတွေ၊ အသက် နှစ်ရာ့ငါးဆယ်တမ်းမှာ ပေါ်လာသည့်အတွက်ကြောင့် လူတွေရဲ့သက်တမ်းဟာ ထပ်မံပြီးတော့ ကျဆင်းသွားလိုက်တာ အသက်တစ်ရာတမ်းအထိအောင် ရောက်ရှိလာခဲ့ပါတယ်။

တစ်ရာတမ်း

အဲဒီအသက်တစ်ရာတမ်း ရောက်လာတဲ့အချိန် လောကမှာ ဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်လာတယ်ဆိုတာ အားလုံး ဗုဒ္ဓဘာသာဝင်တွေ သိတဲ့အတိုင်းပဲ။ ဂေါတမမြတ်ဘုရားဟာ ဒုစရိုက်တွေ အားလုံးစုံပြီးတော့ ကိုယ်ကျင့်တရားတွေ အလွန်ပျက်ပြားနေတဲ့အချိန်မှာ ပွင့်လာရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ထိုခေတ်အခါကို “ယုဂ” လေးပါးနဲ့ ကြည့်မယ်ဆိုရင် “ယုဂ” ဆိုတဲ့ နှစ်အပိုင်းအခြားကြီးနဲ့ တွက်ကြည့်မယ်ဆိုလို့ရှိရင် “ကလိယုဂ” လို့ခေါ်တဲ့ အင်မတန်မှဆိုးဝါးတဲ့ ခေတ်ကြီးထဲမှာ ဂေါတမမြတ်စွာဘုရားပွင့်တာ။

ကလိယုဂ် ဆုတ်ကပ်ကာလမှာ ဂေါတမမြတ်စွာဘုရားပွင့်လို့ အဋ္ဌကထာကျမ်းကြီးတွေကို ဖွင့်ဆိုတဲ့ ဋီကာဆရာကြီးတွေက ဘယ်လိုတင်စားပြီးတော့ ပြောတုန်းဆိုလို့ရှိရင် “ဂေါတမမြတ်စွာဘုရား ပွင့်လာတာဟာ မီးပုံထဲကပွင့်လာတဲ့ ကြာပန်း” ပါတဲ့။ အဲဒီတော့ မီးနဲ့ ကြာဆိုတာက အတူနေလို့ရကောင်းတဲ့ဟာမှ မဟုတ်ဘဲ။ ဘုရားပွင့်က မီးပုံထဲကပွင့်ရတာ။ ရေထဲကပွင့်တာ မဟုတ်ဘူး။ ဒီလိုတင်စားပြီးတော့ ရေးထားကြတယ်။ “မီးပုံထဲကပွင့်လာတဲ့ ကြာပန်းကြီး” တဲ့။

ဂေါတမမြတ်စွာဘုရားကို ဘာဖြစ်လို့ မီးပုံထဲကပွင့်လာတဲ့ ကြာပန်းကြီးလို့ ပြောရတုန်းဆိုလို့ရှိရင် တကယ့်ခေတ်ဆိုးထဲ ပွင့်လာလို့ပါ။ ဘယ်လောက်ထိအောင် ဆိုးတုန်းဆိုတော့၊ ဥပမာ-လေးချောင်းထောက်စားပွဲကြီးမှာ ခြေထောက်လေးချောင်းလုံး စုံနေတဲ့အချိန် ချထားလိုက်ရင် ငြိမ်နေတာပဲ။ ရွှေခေတ်မှာ လူတွေဟာ အားလုံး လေးပုံပုံ လေးပုံလုံး လူကောင်းကြီးပဲ။ အကုန်လုံး သာယာငြိမ်းချမ်းတယ်။

အေး၊ အဲဒီကနေပြီး ခြေထောက်လေးချောင်းမှ တစ်ချောင်းကျိုးသွားလို့ စားပွဲကြီးဟာ နည်းနည်းလှုပ်လာသလို လူလေးပုံမှာ တစ်ပုံလောက်က အကျင့်ပျက်လာပြီဆိုလို့ရှိရင် မငြိမ်တော့ဘူး။ နောက်တစ်ခု လေးချောင်းထောက်စားပွဲမှ နောက်ခြေထောက်တစ်ချောင်း ထပ်ပြီးတော့ ကျိုးသွားပြီး ခြေထောက်နှစ်ချောင်းထဲနဲ့ဆိုလို့ရှိရင် စားပွဲကြီးဟာ စောင်းသွားပြီ။

အဲဒီထဲမှာ နောက်တစ်ချောင်းထပ်ပြီးကျိုးလိုက်တဲ့အခါကျတော့ စားပွဲကြီးဟာ တစ်ချောင်းထဲထောက်နေရတဲ့ အခြေအနေမျိုးလို လူတွေ လေးပုံမှာ သုံးပုံက အကျင့်ပျက်နေတဲ့အချိန်မျိုးမှာ ဂေါတမဘုရား ပွင့်တော်မူလာရတာဖြစ်တယ်။ ဒီလို ကလိယုဂ် ဆုတ်ကပ်ကာလဆိုတာ လူ့လောကမှာ လေးပုံတစ်ပုံပဲကောင်းတယ်။ ကျန်တဲ့သုံးပုံက တရားပျက်နေပြီလို့ ဆိုလိုတာ။

အဲဒီလို ခေတ်ဆိုးကြီးထဲမှာ မြတ်စွာဘုရားပွင့်လာရတာ ဖြစ်ပါတယ်။ မြတ်စွာဘုရား ပွင့်လာသည့်အတွက်ကြောင့်၊ ဘုရားရဲ့ တရားစွမ်းအားတွေကြောင့် လူတွေရဲ့သက်တမ်း တစ်ရာတမ်းဟာ ကနေ့ထိအောင်ပဲ တည်တံ့နေတယ်။ တစ်ရာနီးနီး၊ တစ်ရာကျော်ကျော် အသက်ရှည်တဲ့ ပုဂ္ဂိုလ်တွေ တွေ့နိုင်သေးတာပေါ့။ ဘုရားပွင့်ထားတဲ့ အရှိန်လေးကြောင့်မို့လို့ပါ။

မနက်ဖြန်ကမ္ဘာ

အေး၊ ဒီကနေ့ခေတ်မှာ ပြန်ပြီးတော့ကြည့်။ အခု ယနေ့လူသားတွေရဲ့ အသက်ဟာ တစ်ရာတမ်းလို့ပဲ ဆိုပါစို့။ အသက်တစ်ရာတမ်းနေ လူတွေရဲ့မနက်ဖြန် ကမ္ဘာဟာ ဘာဖြစ်ဦးမလဲဆိုတာကို မြတ်စွာဘုရားက ဟောထားတယ်။ နောင်ကျလို့ရှိရင်တဲ့၊ လူတွေရဲ့ သက် တမ်းဟာ အခုတစ်ရာတမ်းကနေ ဆက်ပြီးကျသွားဦး မယ်တဲ့။ ဘာကြောင့်တုန်းဆိုလို့ရှိရင် အခုနက ဒုစရိုက် တရားတွေ ထပ်ထပ်ပြီးတော့ ပေါ်နေလို့ပဲ။

အခုကြည့်လေ၊ လွန်ခဲ့တဲ့အနှစ်လေးငါးဆယ်က မကြားဖူးတဲ့ အကြမ်းဖက်ဝါဒ terrorism တို့၊ အကြမ်း ဖက်သမား terrorist တို့ ဆိုတာတွေ ပေါ်လာပြီလေ။ အပြစ်မဲ့တဲ့ပုဂ္ဂိုလ်တွေကို သတ်ရဲဖြတ်ရဲတယ်။ အပြစ် မရှိတဲ့ ပုဂ္ဂိုလ်တွေ ဘယ်သူသေသေ ဆိုပြီးတော့ လက်နက်တွေ ထွင်လာတာတွေ၊ ဒုစရိုက်မှုတွေ လူတွေ ရဲ့စိတ်ဓာတ်မှာ ဆက်လက်ပြီးတော့ လွှမ်းမိုးလာတယ်။ လူသတ်ဖို့ လက်နက်တွေ ပိုပိုပြီးထွင်လာကြတယ်။ လူ ကို သေစေတတ်တဲ့ အဆိပ်လက်နက်တွေ၊ ဓာတုဗေဒ လက်နက်တွေ ဒီလို လက်နက်မျိုးစုံ ဆက်ပြီးတော့ တီထွင်ကြံဆနေကြတုန်းပဲ။ အဲဒီလို တီထွင်ကြံဆနေ သည့်အတွက်ကြောင့် လူတွေရဲ့ နက်ဖြန်ကမ္ဘာဟာ ရင်အေးစရာ မဟုတ်ပါဘူး။ ရင်လေးစရာ ဖြစ်နေပါ တယ်။

အဲဒါကို မြတ်စွာဘုရားက အေး၊ နောင်ကျလို့ ရှိရင်တဲ့၊ လူ့ရဲ့သက်တမ်းဟာ ဆယ်နှစ်တမ်းထိအောင် ရောက်သွားလိမ့်မယ်တဲ့။ အဆိုးဆုံးခေတ်၊ အဲဒီခေတ် က လူတွေရဲ့အသက်ဟာ ဆယ်နှစ်ပဲရှိမယ်။ အဲဒီထဲမှာ ဆယ်နှစ်အသက်ရှည်တဲ့ လူတွေထဲမှာ ငါးနှစ်အရွယ် သတို့သမီးငယ်ဟာ အိမ်ထောင်ပြုရမယ့်အရွယ်ဖြစ်လာ လိမ့်မယ်။

စာထဲမှာ “ပဉ္စဝဿိကာ ကုမာရိကာ အလံပ တေယျာ” တဲ့။ ငါးနှစ်အရွယ် သတို့သမီးငယ်ဟာ အိမ်ထောင်ပြုရမယ့်အရွယ် ဖြစ်လာလိမ့်မယ်။ အောက် ခြေမှာပါတဲ့ ပါဠိမူကွဲလေးတစ်ခု different version လေးတစ်ခုရှိပါတယ်။ ပဉ္စမာသိကာ - ငါးလအရွယ် ရှိသောတဲ့။ အဲဒီမူကွဲလေးမှာပါတဲ့အတိုင်း ငါးလအရွယ် ဆိုတာကျ ယခုခေတ် အနေအထားနဲ့တွက်ရင် ငယ်လွန်းနေပြန်တယ်။

ဆယ်နှစ်သက်တမ်းမှာ ငါးနှစ်ဆိုပြန်ရင် အသက် တစ်ဝက်ကျိုးနေပြီ။ အဲဒီတော့ အသက်တစ်ဝက်ကျိုးမှ အိမ်ထောင်ပြုနိုင်တဲ့အရွယ် ဖြစ်တယ်ဆိုရင် နောက်ကျ လွန်းနေပြန်တယ်။ ပဉ္စဒသ မာသိကာဟု ပါဠိရှိစေပြီး ၁၅-လအရွယ်ရှိသော ဟု ဆိုရပါလျှင် မငယ်လွန်း၊ မကြီးလွန်း ဖြစ်စရာရှိပါတယ်။ ၁၈-လအရွယ်ဆိုလျှင် အနှစ်တစ်ရာတမ်းမှာ ၁၆-နှစ်အရွယ် ဆိုတာနဲ့ပိုပြီး ဆီလျော်လို့ ပိုကောင်းလောက်စရာရှိပါတယ်။ ပိုပြီး တော့ ယုတ္တိရှိပါလိမ့်မယ်။

ဒါတင်မကဘူး၊ ၁၀-နှစ်တမ်းအရွယ် ဒီကနေ့ ခေတ်မှာ ကောင်းတယ်လို့ သတ်မှတ်ထားတဲ့ ထောပတ် တို့၊ ဆီဦးတို့၊ ဆီတို့၊ ပျားတို့၊ တင်လဲတို့ဆိုတဲ့ အဆီ ဩဇာရှိတဲ့ အစာအာဟာရတွေအပြင် ဟင်းထဲမှာပါတဲ့ ဆားဆိုတာဟာ ရှာမရအောင် ပျောက်ကွယ်သွားလိမ့် မယ်။

ဒါလဲပဲ ဒီကနေ့ခေတ် အနေအထားနဲ့ နည်းနည်း စဉ်းစားကြည့်လိုက်မယ်ဆိုရင် ထောပတ် အစစ်က ပျောက်သလောက်ဖြစ်သွားပြီ။ ထောပတ်အတုတွေ များလာပြီ။ ဆီဆိုလို့ရှိရင်လည်း အဓိကကတော့ ဆီ ဆိုတာ နှမ်းဆီအဓိကပါ။ အခု နှမ်းဆီလည်း တဖြည်း ဖြည်း ပျောက်လာတဲ့သဘော ရှိလာတာပေါ့။ ပျားရည် တို့ဘာတို့ ဆိုတာလည်းပဲ အတုတွေများလာတယ်။ အဲတော့ ဒါတွေပျောက်သွားမယ်ဆိုတာ အစစ်တွေ ပျောက်လိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးဖြစ်မှာပါ။ ၁၀-နှစ် သက်တမ်း မတိုင်ခင်ကတည်းက အခုပင် ပျောက်စ ပြုလာပြီလို့ ဒီလိုပြောနိုင်ပါတယ်။

ဘုန်းကြီးတို့က စဉ်းစားကြည့်တာ၊ ဆားက ဘာဖြစ်လို့ပျောက်ရတာလဲဆိုတော့ လူတွေဟာ အခု ဆားရှောင်နေရတယ်။ ဆားရှောင်ရတဲ့ ရောဂါမျိုးတွေ ဖြစ်လာကြတာကိုး။ သွေးတိုးရောဂါတို့ ဘာတို့ဆိုတာ အဲတော့ တစ်နေ့ကျတော့လည်းပဲ ဆားကိုလုံးဝမသုံး ရတဲ့အခြေအနေမျိုး ဖြစ်ကောင်းဖြစ်လာလိမ့်မယ်။ အဲဒါ ကြောင့်မို့ ဆားပျောက်သွားတာလည်း ဖြစ်နိုင်ပါလိမ့် မယ်။ တချို့ဆိုရင် ဆားမစားဘဲနဲ့ ဆားအစား အချို ချက်စားနေကြတာတွေများလာကြတယ်လေ။ အဲတော့ ဒါလည်း ပျောက်မယ်ဆိုတာ သဘာဝကျတယ်။

နောက် ၁၀-နှစ် သက်တမ်းမှာ ဒီကနေ့ခေတ် အကောင်းဆုံး သလေးစပါးတို့၊ မြန်မာပြည်ကထုတ်တဲ့ ပေါ်ဆန်းမွှေးတို့၊ နောက်တခြားနိုင်ငံတွေမှာ ပေါ်နေ တဲ့ ဘာစမာတီလို့ဆိုတဲ့ ကောင်းတဲ့ဆန်မျိုးတွေဟာ လုံးဝပျောက်ကွယ်သွားပြီးတော့ လူးစပါးလို့ခေါ်တဲ့ စပါးကြမ်း၊ ဒီကနေ့ခေတ်မှာ ဘယ်သူမှမစားတဲ့ စပါး အညံ့ဟာ အဲဒီခေတ်မှာ အကောင်းဆုံးစပါး ဖြစ်လာ လိမ့်မယ်။ တဖြည်းဖြည်း ဒီလို အစာအာဟာရတွေဟာ ပျောက်ကွယ်သွားမယ်။

ဒါတင်မကဘူး၊ “ကုသလကမ္မပထ” တရား- သူ့ အသက်သတ်ခြင်းမှ ရှောင်ကြဉ်တယ်။ သူ့ဥစ္စာခိုးခြင်း မှ ရှောင်ကြဉ်တယ်။ သူတစ်ပါးသားမယား ပြစ်မှားခြင်း မှ ရှောင်ကြဉ်တယ်ဆိုတဲ့ ကာယသုစရိုက် သုံးပါး၊ လိမ်ပြောခြင်းမှ ရှောင်ကြဉ်တယ်၊ ကုန်းတိုက်ခြင်းမှ ရှောင်ကြဉ်တယ်၊ ဆဲဆိုကြမ်းတမ်းသောစကား ပြောဆို ခြင်းမှ ရှောင်ကြဉ်တယ်၊ အကျိုးမရှိတဲ့စကားကို ပြောဆို ခြင်းမှ ရှောင်ကြဉ်တယ်ဆိုတဲ့ ဝစီသုစရိုက်လေးပါး။ သူများပစ္စည်း ကိုယ့်ပစ္စည်းဖြစ်လိုမှု အဘိဇ္ဈာ မှ ရှောင်ကြဉ်တယ်၊ သူတစ်ပါးအပေါ်မှာ မေတ္တာထား တယ်။ အဗျာပါဒမှန်ကန်သောအယူကို ယူတယ်။ သမ္မာဒိဋ္ဌိဆိုတဲ့ မနောသုစရိုက်သုံးပါး၊ အဲဒီကုသိုလ် ကမ္မပထတရား ဆယ်ပါးဟာ လူ့လောကမှာ လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်တဲ့။ အကုသိုလ် ကမ္မပထ တရားတွေသာ ခေတ်စားလာလိမ့်မယ်။

ခေတ်စားလာရုံတင် မကဘူးတဲ့၊ ကုသိုလ်ဆိုတဲ့ စကားတောင် မကြားရဘဲနဲ့ ကုသိုလ်ပြုမယ့်သူဆိုတာ လုံးဝမပေါ်လာတော့ပါဘူး။ ဒါတင်မကဘူး၊ အဲဒီ ဆယ်နှစ်တမ်းရဲ့ အခြေအနေဆိုးတွေက ဘာတုန်း ဆိုလို့ရှိရင် အမေတွေ၊ အဖေတွေ၊ ဆွေထဲမျိုးထဲက အကြီးအကဲတွေဆိုတာ ဘယ်သူမှ အသိအမှတ်မပြု တော့ဘူး။ ဘာသာတရားနှင့် ပတ်သက်ပြီးတော့ လေးစားရမယ့်ပုဂ္ဂိုလ်ဆိုတာ ဘယ်သူကမှ အသိအမှတ် မပြုတော့ဘူး။ ဒီကနေ့ခေတ်မှာ မိဘကို လုပ်ကျွေးတဲ့ ပုဂ္ဂိုလ်ဟာ ချီးမွမ်းခံရတာလို နောင်ခေတ်ကျရင် မိဘ ကို စော်ကားတဲ့ပုဂ္ဂိုလ်က အချီးမွမ်းခံရတဲ့ပုဂ္ဂိုလ် ဖြစ် လာလိမ့်မယ်တဲ့။

အဲဒါတင်လားလို့ဆိုတော့ မဟုတ်ဘူး။ လူတွေရဲ့ စရိုက်တွေ၊ စိတ်နေ စိတ်ထားတွေဟာ အလွန် အာဃာတ များလာလိမ့်မယ်။ အခုခေတ်မှာပြောတဲ့ အကြမ်းဖက်ဝါဒဆိုတာ လူတွေရဲ့စိတ်ထဲမှာ သတ်ချင် ဖြတ်ချင်စိတ်တွေ ဖြစ်နေတာ။ အကြောင်းမဲ့သတ်ချင် တဲ့စိတ်တွေ၊ ဒီကနေ့ခေတ်မှာ ကြိုကြားကြိုကြားပေါ်နေ တယ်။ ဘာမှအဓိပ္ပာယ်မရှိဘဲနဲ့ လိုက်ပြီးတော့ လူတွေ ကို သတ်တယ် ဆိုတဲ့ဟာမျိုးတွေ။ အခုခေတ် မကြာ မကြာ သတင်းစာတို့၊ ရေဒီယိုတို့မှာ ကြားနေရတယ်။ အဲဒီလိုစိတ်ဓာတ်မျိုးတွေ။ တကယ်ကတော့ လူတွေရဲ့ စိတ်ထဲမှာ ဒါတွေဟာ တဖြည်းဖြည်း ကိန်းအောင်းလာ တယ်လို့ ပြောရမှာပါ။

တချို့နိုင်ငံတွေမှာဆိုရင် ကျောင်းထဲဝင်ပြီးတော့ သေနတ်နဲ့ ကျောင်းသူကျောင်းသားတွေကို ပစ်သတ် တယ်၊ ဆရာ ဆရာမတွေကို ပစ်သတ်တယ်ဆိုတဲ့ သတင်းတွေတောင် ကြားနေရတယ်။ အဲဒီလိုဟာမျိုး တွေ ဆယ်နှစ်သက်တမ်း ရောက်လာတဲ့အခါကျတော့ ပေါ်လာလိမ့်မယ်။ ပြင်းထန်တဲ့ ဒေါသတွေ၊ အာဃာတ တွေဟာ လူတွေရဲ့စိတ်ထဲမှာ ဘာကြောင့်မှန်းမသိဘဲနဲ့ ပေါ်လာလိမ့်မယ်တဲ့။

မိသားစုအချင်းချင်းမှာပင် မေတ္တာတရားတွေ ကင်းမဲ့ဆိတ်သုဉ်းသွားလိမ့်မယ်။ အမေကလဲ သားသမီး တွေကို သတ်ချင်တယ်။ အဖေကလဲ သားသမီးတွေကို သတ်ချင်တယ်။ သားသမီးတွေကလည်း မိဘကို သတ်ချင်ဖြတ်ချင်နေကြတယ်။ အကြင်နာတရားတို့၊ မေတ္တာတရားတို့ဆိုတာ အဲဒီဆယ်နှစ်တမ်းမှာ မရှိ သလောက် လုံးဝပျောက်ကွယ်သွားလိမ့်မယ်တဲ့။

နောက်ဆုံးမှာ လူတွေဟာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးတဲ့အနေနဲ့ အင်မတန်မှ အစွမ်းထက်တဲ့ လက်နက်တွေ လက်ထဲမှာရလာပြီးတော့ အကြောင်းမဲ့ တစ်ဦးနှင့်တစ်ဦး သတ်ကြဖြတ်ကြတဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလိမ့်မယ်။ ခုနစ်ရက်အတွင်းမှာပဲ လူသတ် လက်နက်တွေအသုံးပြုပြီးတော့ လူတွေဟာအချင်းချင်း ခုတ်ကြထစ်ကြ သတ်ကြဖြတ်ကြလို့ လူတွေအကုန်လုံး သေကြေပျက်စီးပြီးတော့ သွားကြမယ်။

အဲဒီထဲမှာ ငါတို့ကိုလဲပဲ ဘယ်သူကမှမသတ်ဘူး၊ ငါတို့ကလဲ သူများရဲ့အသက်ကို မသတ်ဘူးဆိုတဲ့ အဲဒီ လို ပုဂ္ဂိုလ်မျိုးတွေဟာ တစ်နေရာမှာ ပုန်းအောင်နေကြ တယ်။ တောတွေ တောင်တွေကြားထဲမှာ ပုန်းအောင်း နေကြတဲ့ ပုဂ္ဂိုလ်အချို့လောက်ပဲ လူ့လောကမှာကျန်မယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေက ခုနစ်ရက်စစ်ပွဲကြီး ဖြစ်ပြီး တော့ ဆယ်နှစ်တမ်းခေတ်ကြီးမှာ သွေးရဲရဲ သံရဲရဲနဲ့ သွေးချောင်းစီးတိုက်ပွဲကြီးနဲ့ လူ့ရဲ့ နောက်ဆုံးအခြေ အနေဆိုးကြီးသို့ ရောက်ရှိသွားပါလိမ့်မယ်တဲ့။ ယနေ့ လူသားများရဲ့ မနက်ဖြန်ကမ္ဘာ မှာ ဒီလိုဖြစ်လာမယ် ဆိုတာကို မြတ်စွာဘုရားက စက္ကဝတ္တိသုတ္တန် မှာ ဟောထားပါတယ်။

အဲဒီလို ခုနစ်ရက်စစ်ပွဲကြီး ဖြစ်ပွားပြီးတဲ့ နောက် ပိုင်းမှာ လူတွေဟာ အသိတရား ပြန်ရလာကြတယ်။ ပြန်ပြီး တစ်ဦးနှင့်တစ်ဦးတွေ့တဲ့အခါ အေး၊ မသေလို့ တွေ့ရတာ ဆိုပြီးတော့ အဲဒီကျမှ တစ်ဦးနှင့်တစ်ဦး ဖက်ပြီးတော့ မင်းအသက်ရှင်လျက်တွေ့ရတာ ဝမ်းသာ လိုက်တာဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ဖက်ပြီး တော့ လူတွေဟာ ငိုကြယိုကြပြီး တို့တစ်တွေဟာ တစ်ယောက်နဲ့တစ်ယောက် သတ်ကြလို့ တို့လူမျိုးနွယ် တွေ ပျက်စီးသွားပြီ၊ ဒီနေ့ကစပြီးတော့ တို့ ဘယ်သူ့ ကိုမှ မသတ်တော့ဘူးလို့ သူများအသက်သတ်ခြင်းမှ ရှောင်ကြဉ်မှုဆိုတဲ့ “ပါဏာတိပါတာ ဝေရမဏိ” ဆိုတဲ့ သိက္ခာပုဒ်ကိုဆောက်တည်လိုက်ကြတယ်။ စိတ်ကောင်း လေး ပြန်ဝင်လာပြီးတော့ ခေတ်သစ်တစ်ခု စတင် ပေါ်ထွန်းလာတဲ့သဘောပေါ့။

စိတ်ကောင်းလေး စပြီးတော့ ဝင်လာတယ်။ ကောင်းတဲ့ခေတ်ကလေး တစ်ခုဆီ ပြန်ပြီးတော့ တာစူ လာတယ်။ လူတွေရဲ့စိတ်ထဲမှာ သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မယ်ဆိုတဲ့ ဒီအသိတရားလေး ဝင်လာတယ်။ ရှောင်ကြဉ်ကြမယ်ဆိုတဲ့ အသိတရား လေး စပေါ်လာတာနဲ့ တစ်ပြိုင်နက်ပဲ လူတွေရဲ့စိတ် ထဲမှာ ကြည်လင်အေးမြတဲ့ သဘာဝလေး၊ ကုသိုလ် တရားလေး ထွန်းကားလာသည့် အတွက်ကြောင့် ဆယ်နှစ်တမ်းက မိဘတွေရဲ့ သားသမီးတွေ နောက် (generation) သားသမီးတစ်ဆက်ကျ ဘာဖြစ်လာတုန်း ဆိုတော့ အသက်နှစ်ဆယ်လောက်ထိ ရှည်သွားသတဲ့။

အဲဒီကနေတစ်ခါ သူများပစ္စည်းတို့မခိုးဘူး၊ သူများ ပစ္စည်းခိုးခြင်းမှ တို့ရှောင်ကြဉ်မယ်ဆိုတဲ့ ကုသိုလ်ကို ဆက်လုပ်လိုက်တဲ့အခါ သုစရိုက်ဆယ်ပါး တစ်ခုပြီး တစ်ခု ဆက်ပြီးတော့ ကျင့်သုံးသွားလိုက်တဲ့အခါ ဆယ်နှစ်တမ်းကနေ အနှစ်နှစ်ဆယ်၊ အနှစ်နှစ်ဆယ် ကနေ အနှစ်လေးဆယ်၊ အနှစ်လေးဆယ်ကနေ အနှစ် ရှစ်ဆယ်၊ အနှစ် ရှစ်ဆယ်ကနေ အနှစ် တစ်ရာ့ ခြောက်ဆယ်ဆိုပြီး နှစ်ဆ နှစ်ဆ တက်ပြီးတော့သွား လိုက်တာ နောက်ဆုံး လူ့ရဲ့သက်တမ်းဟာ အနှစ် အသင်္ချေတမ်းအထိပဲ။ ရွှေခေတ်ကို ပြန်ရောက်သွား လိမ့်မယ်လို့ မြတ်စွာဘုရားက ဒီသုတ္တန်မှာ ဟောထား ပါတယ်။

ဒါကြောင့် ယနေ့လူသားများရဲ့ မနက်ဖြန်ကမ္ဘာ ဟာ ယခုလို အခြေအနေဆိုးကြီးနဲ့ အဆုံးသတ်ပြီးတော့ အကောင်းဘက်က ပြန်စလာမယ်။ ဘာကြောင့် ဒီလို ဖြစ်ရသလဲလို့ဆိုရင် ဒုစရိုက်တရားတွေကြောင့် ဖြစ်ရ တာပါ။ ဒါကြောင့်မို့ မြတ်စွာဘုရားက ဒီသုတ္တန်မှာ နိဂုံး ချုပ်တဲ့ အနေနဲ့

“အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ

အနည သရဏာ။ ဓမ္မဒီပါ ဘိက္ခဝေ ဝိဟရထ

ဓမ္မသရဏ အညသရဏာ“လို့ ဟောပါတယ်။ မိမိသည် သာလျှင် မိမိ၏ကိုးကွယ်ရာဖြစ်ကြပါစေ၊ မိမိကျင့်သုံးတဲ့ တရားသည်သာ မိမိရဲ့ကိုးကွယ်ရာ ဖြစ်ကြပါစေ။

ကုသိုလ်တရားတွေကို ဆောက်တည်ခြင်းဖြင့် လူ့ရဲ့သက်တမ်းဟာ တိုးတက်နိုင်သလို အကုသိုလ် တရားတွေကို ဆက်လက်လုပ်ကိုင်နေခြင်းဖြင့် လူ့ရဲ့ သက်တမ်းတွေဟာ ကျဆင်းသွားနိုင်တယ်။ ဒါကြောင့် မို့လို့ မြတ်စွာဘုရားက ဒီသုတ္တန်မှာ ကိုယ့်ကိုယ်ကို အားကိုးတဲ့အနေနဲ့ ဓမ္မကိုသာလျှင် ကိုးကွယ်ကြဖို့၊ ဓမ္မ သည်သာလျှင် မိမိတို့ရဲ့ ကိုးကွယ်ရာ ဖြစ်တယ်လို့ ဟောတော်မူပါတယ်။

အေး ... နိဂုံးချုပ်အနေနဲ့ “ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ” (Well practised dhamma brings happiness) ဆိုတဲ့အတိုင်း ကောင်းစွာကျင့်သုံးအပ်တဲ့ တရားသည် ချမ်းသာသုခကို ရယူစေနိုင်တယ်လို့ဆိုတဲ့ ဗုဒ္ခမြတ်စွာရဲ့ ဒေသနာတော်အတိုင်း “အတ္တဒီပ” မိမိ သည်သာလျှင် မိမိရဲ့မှီခိုရာ၊ “အတ္တသရဏ” မိမိသည် သာလျှင် မိမိရဲ့ကိုးကွယ်ရာ၊ “ဓမ္မဒီပ” တရားသည်သာ လျှင် မိမိရဲ့မှီခိုရာ၊ “ဓမ္မသရဏ” မိမိကျင့်သုံးတဲ့တရား သည်သာလျှင် မိမိကိုးကွယ်ရာဖြစ်အောင် အားလုံး ကျင့်သုံးဆောက်တည်ကြရမှာ ဖြစ်ပါတယ်။

ယနေ့လူသားများရဲ့ မနက်ဖြန်ကမ္ဘာ ကို သံဝေဂ ကြီးစွာယူပြီး တရားဓမ္မကို ကျင့်သုံးခြင်းဖြင့်သာလျှင် အခြေအနေဆိုးတွေက လွတ်မြောက်ပြီးတော့ အခြေ အနေကောင်းတွေကို ဖန်တီးနိုင်မှာဖြစ်တဲ့အကြောင်း အားလုံးသော သူတော်စင်အပေါင်းတို့သည် တရား တော်ကို လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။

ဒေါက်တာနန္ဒမာလာဘိဝံသ

narswsywfff2o65cgcsk595nm2okpup
နန္ဒီ ဒုက္ခဿ မူလံ
0
5888
22151
21655
2026-06-15T03:26:41Z
Tejinda
173
22151
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = နန္ဒီ ဒုက္ခဿ မူလံ
| previous = [[ယနေ့လူသားများရဲ့ မနက်ဖြန်ကမ္ဘာ]]
| previous2 =
| next = [[ကာလာမသုတ် အနှစ်ချုပ်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

နန္ဒီ ဒုက္ခဿ မူလံ

မှတ်တမ်း

ကွန်ပျူတာစာစီ
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်

ထုတ်ဝေသူ
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်

ညွှန်ကြားရေးမှူး ဦးဘဟိန်း
မှတ်ပုံတင်အမှတ်(ဝ၄၃၇၂/၂၀၁၁)က ပုံနှိပ်ထုတ်ဝေသည်။

သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ ပြာသို လပြည့်ကျော်(၆)ရက်နေ့ည ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ ကံမြင့်ကျောင်းတိုက် ဓမ္မာရုံအတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယာမ် ဓမ္မသဘင် အခမ်းအနားဝယ် ဗိုလ်တထောင် မြို့နယ်၊ ၄၇-လမ်း၊ အမှတ်(၁၆၂/၁၆၄)နေ ကိုဝင်းဌေး+မစန္ဒာ၊ သားမြတ်ဘုန်းခန့်၊ သမီး မြတ်ကြာဖြူ မိသားစုတို့၏ ဓမ္မဒါန အမတဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “နန္ဒီ ဒုက္ခဿ မူလံ” တရားဒေသနာတော်။

တရားစာအုပ်များကို ဓမ္မစာပေ အလှူငွေဖြင့် ပုံနှိပ်ဖြန့်ဝေသည်။

“နန္ဒီ ဒုက္ခဿ မူလံ” ဆိုတဲ့ ပါဠိဝါကျလေးကို ပုဏ္ဏောဝါဒသုတ္တန်မှာ တွေ့ရတယ်။ မူလ ပရိယာယ သုတ္တန်မှာလည်း တွေ့ရတယ်။ နန္ဒီ ဆိုတာ တဏှာရဲ့ အမည်တစ်ခုဖြစ်တယ်။ အာရုံငါးပါး ကာမဂုဏ်တရား တွေကို နှစ်သက်ခြင်း၊ တွယ်တာခြင်းဆိုတဲ့ တဏှာ တရားကို နန္ဒီ လို့ခေါ်တယ်။ “နန္ဒီ နန္ဒီဆိုတဲ့ တဏှာ တရားသည်၊ ဒုက္ခဿ မူလံ ဒုက္ခဖြစ်ခြင်းရဲ့ အကြောင်း အရင်းပဲ” လို့ မြတ်စွာဘုရား ဟောတော်မူတယ်။

တဏှာ ဆန္ဒ

မြတ်စွာဘုရားက တဏှာရဲ့အမည်ကို ရံဖန်ရံခါ ပြောင်းလဲပြီး “နန္ဒီ” လို့ ဟောတဲ့အခါလည်း ရှိတယ်။ “တဏှာ” လို့ ဟောတဲ့အခါလည်းရှိတယ်။ “ရာဂ” လို့ ဟောတဲ့အခါလည်း ရှိတယ်။ အချို့ သုတ္တန်တွေမှာ “ဆန္ဒော မူလံ ဒုက္ခဿ ဆန္ဒဆိုတဲ့ တဏှာတရားသည် ဒုက္ခရဲ့ အရင်းအမြစ်ဖြစ်တယ်” လို့ မြတ်စွာဘုရား ဟောတယ်။ ဒီသုတ္တန်တွေမှာ တဏှာရဲ့ အမည်နာမ တွေကို ပြောင်းလဲ ဟောထားတာ ဖြစ်ပေမယ့်လို့ တရားကိုယ်အားဖြင့်တော့ တဏှာပါပဲ။ ဆန္ဒ လို့ပဲ ဟောဟော၊ နန္ဒီ လို့ပဲဟောဟော အတူတူပဲ။

တဏှာမဟုတ်တဲ့ ဆန္ဒ

သို့သော် ဆန္ဒ ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်က ကျယ်ဝန်းတယ်။ တဏှာမဟုတ်တဲ့ဆန္ဒ ဆိုတာ ရှိသေး တယ်။ ဒီ တဏှာနဲ့မတူတဲ့ ဆန္ဒကို တစ်ခါတစ်ရံ ဆန္ဒ လို့ပဲ ခေါ်တယ်။ ဥပမာ “ဆန္ဒိဒ္ဓိပါဒ၊ ဆန္ဒာဓိပတိ” ဒါတွေကျတော့ တဏှာကို ဆိုလိုတာ မဟုတ်ဘူး။ “ဆန္ဒော မူလံ ဒုက္ခဿ“ ဆန္ဒဟာ ဒုက္ခရဲ့အကြောင်းရင်း လို့ဟောတဲ့ သုတ္တန်မှာတော့ ဆန္ဒဆိုတာ တဏှာကို ဆိုလိုတယ်။

အနက်အဓိပ္ပာယ် ဆုံးဖြတ်ပုံ

ဆိုင်ရာဆိုင်ရာ စကား အဆက်အသွယ်ကို ကြည့်ပြီး အဓိပ္ပာယ်ကို ကောက်ယူရတယ်။ ဒီလိုမဟုတ် ဘဲ တသမတ်တည်း အဓိပ္ပာယ်ကို ကောက်ယူမယ် ဆိုရင် စာပေအယူအဆ အဓိပ္ပာယ် လွဲမှားနိုင်တယ်။ ဒါကြောင့် စာပေရေးရာနဲ့ ပတ်သက်လာရင် စကားလုံး တစ်ခုတည်းတင် မကြည့်ရဘူး။ အသင့်ယုတ္တိ၊ ဒေသ ကာလ တို့ကိုကြည့်ပြီး ဆုံးဖြတ်ရတယ်။ “အတ္တ” လို့ ဆိုတဲ့ လိုရင်းအနက်အဓိပ္ပာယ်နဲ့ “ပကရဏ” အရာဌာန ဆိုတာ ကြည့်ရတယ်။ ဒါတွေမကြည့်ဘဲနဲ့ ဆုံးဖြတ်မယ် ဆိုရင် အဓိပ္ပာယ် မှားယွင်းသွားနိုင်ပါတယ်။ စာပေနဲ့ ပတ်သက်လာလို့ရှိရင် စကားလုံးတစ်ခု မှာ ဆိုင်ရာဆိုင်ရာ ဆက်သွယ်နေတဲ့ အဓိပ္ပာယ်နဲ့ ပေါင်းစပ်ပြီး ယူရတယ်။ မြန်မာစကားမှာလည်း ဒီအတိုင်းပဲ ရှိမှာပါ။ ဆိုင်ရာဆိုင်ရာ အကြောင်းတရား များနဲ့ စကားလုံးအသုံးကိုကြည့်ပြီး အကောင်းယူရတာ ရှိသလို အဆိုးယူရတာမျိုးတွေလည်း ရှိတတ်တယ်။ ဥပမာ- ရောဟိတ ဆိုတဲ့ ပါဠိစကားလုံးလေးတစ်ခုဟာ “ငါးကြင်း” ကိုလည်းခေါ်တယ်၊ “စိုင်” ဆိုတဲ့ သတ္တဝါ ကိုလည်းခေါ်တယ်၊ “ရောဟိတာ ဥဒကေ ယန္တိ” ဆိုတဲ့ ဝါကျမှာ “ဥဒကေ-ရေ၌၊ ယန္တိ-သွားကြတယ်” လို့ ဆိုတော့ “ဥဒကေ” ဆိုတဲ့ ဒေသကိုကြည့်ရင် ရေထဲ မှာသွားတာ “စိုင်” တော့ မဖြစ်နိုင်ဘူး၊ “ငါးကြင်း” ပဲ ယူရမယ်ဆိုတဲ့အဓိပ္ပာယ် ရှင်းတယ်။ ဒါ နေရာဒေသကို ကြည့်ပြီး အဓိပ္ပာယ်ကောက်ယူတာ။ အဲဒီလိုမဟုတ်ဘဲ နဲ့ “ရောဟိတာ ဝနေ ယန္တိ” ဆိုရင် ဝနေ ယန္တိ ဆိုတာ တောထဲမှာ သွားလာနေကြတယ်ဆိုတော့ “ရောဟိတ” ဟာ ဒီနေရာမှာ “ငါးကြင်း” မဖြစ်နိုင်ဘူး၊ “စိုင်” ပဲ ဖြစ်တယ်လို့ ဆုံးဖြတ်ရမယ်။

ဗမာစကားမှာလည်း ထို့အတူပဲ ဆိုင်ရာဆိုင်ရာ ဆက်သွယ်လာတဲ့ Word Contact လို့ခေါ်တဲ့ စကားလုံး ဆက်သွယ်မှုကို ကြည့်ပြီးတော့ အဓိပ္ပာယ်ကောက်ယူ ရတယ်။

တရားကိုယ်က တဏှာ

“နန္ဒီ“လို့ပဲသုံးသုံး၊ “ဆန္ဒ“လို့ပဲသုံးသုံး တရားကိုယ် ကတော့ တဏှာပဲဆိုတဲ့ အဓိပ္ပာယ် ထင်ရှားတယ်။ မြတ်စွာဘုရားက “ဆန္ဒော ဒုက္ခဿ မူလံ” ဆန္ဒဆိုတဲ့ အတွယ်အတာတရားဟာ ဒုက္ခရဲ့ အကြောင်းအရင်း ဖြစ်တယ်လို့ ဂါမဏိသံယုတ် သုတ္တန်မှာ ဟောထား တယ်။ “ပုဏ္ဏောဝါဒသုတ်” နဲ့ “မူလပရိယာယသုတ်” မှာကတော့ “နန္ဒီ ဒုက္ခဿ မူလံ“၊ “နန္ဒီသမုဒယာ ဒုက္ခ သမုဒယော” နန္ဒီဆိုတဲ့တဏှာ ဖြစ်လာတာဟာ ဒုက္ခ ဖြစ်ခြင်းရဲ့ အကြောင်းပဲလို့ မြတ်စွာဘုရား ဟောထား တယ်။ ဒီတော့ “နန္ဒီ ဒုက္ခဿ မူလံ” ဆိုတဲ့စကားလုံး ဟာ ကာမဂုဏ်အာရုံတွေပေါ်မှာ နှစ်သက်တွယ်တာမှု၊ တဏှာရာဂဟာ ဒုက္ခရဲ့ အကြောင်းရင်းဆိုတာ ပုံသေ ကားကျစကား၊ လုံးဝသေချာတဲ့ စကားတစ်ခုပဲ။ မြတ်စွာဘုရားဟောတဲ့ အရိယသစ္စာလို့ခေါ်တဲ့ မွန်မြတ်တိကျ မှန်ကန်တဲ့ သစ္စာ(၄)ရပ်ထဲမှာ ဒုတိယ သစ္စာဖြစ်တဲ့ ဒုက္ခသမုဒယဆိုတာ ဒါကိုပြောတာ။ “ဒုက္ခ ဆိုတာ သိရမယ်၊ ထိုဒုက္ခဖြစ်ခြင်းအကြောင်းတရားကို သိရမယ်၊ ထိုဒုက္ခချုပ်သွားတဲ့နေရာကို သိရမယ်၊ ထို ဒုက္ခ ချုပ်ငြိမ်းကြောင်း အကျင့်တရားကို သိရမယ်” လို့ မြတ်စွာဘုရားရဲ့ ဒေသနာတော်မှာ အဓိကဟောကြား ချက်ဖြစ်တဲ့ သစ္စာလေးပါးမှာ ဒုတိယသစ္စာအကြောင်း ကို ဒီကနေ့ဟောဖို့ပါ။ နန္ဒီ ဒုက္ခဿ မူလံ လို့ တရားရဲ့ နာမည်ပေးလိုက်တာ၊ ပါဠိအနေနဲ့ကလည်း မခက်ဘူး။

မှတ်ထားရင် အကျိုးရှိ

မြတ်စွာဘုရားဟောတဲ့ ဒေသနာလေး တစ်ပုဒ် လူတွေရဲ့နှုတ်ထဲ ရောက်သွားလို့ရှိရင် ဒီဘဝတင် မက ဘူး၊ နောက်ဘဝတွေမှာပါ အကျိုးရှိနိုင်တယ်။ “ပဉ္စဂ္ဂ ပုဏ္ဏား ဇနီးမောင်နှံ” လိုပဲ 'နာမရူပ' ဆိုတဲ့ စကားလုံး လေး ကြားလိုက်တာနဲ့ ကြားဖူးတဲ့စကားလုံးပဲ ဆိုပြီး အဓိပ္ပာယ်ထွင်းဖောက်သိရှိကာ တရားတစ်ပုဒ်အဆုံးမှာ အနာဂါမ်ဖြစ်သွားကြသလိုပေါ့။ ဗုဒ္ဓမြတ်စွာရဲ့ စကား လုံးလေးအတိုင်း “နန္ဒီ ဒုက္ခဿ မူလံ” ဆိုတာကို မှတ်ထားကြ။ သိပ်ခဲယဉ်းတဲ့ ပါဠိစကား မဟုတ်ဘူး။ “နန္ဒီ နှစ်သက်တတ်တဲ့ တဏှာရာဂဟာ၊ ဒုက္ခဿဆင်းရဲဒုက္ခရဲ့၊ မူလံအကြောင်းပဲ” တဲ့။

ဒုက္ခ ဒုက္ခ

ဒုက္ခ ဒုက္ခနဲ့ လူတွေက ပြောတော့ပြောကြတယ်၊ မြတ်စွာဘုရားက ဒီဒုက္ခတွေကို တစ်ခုစီ ဖော်ထုတ်ပြီး တော့ ပြောမယ်ဆိုရင် ဒုက္ခတွေက ဆုံးနိုင်မှာမဟုတ် ဘူး။ မဆုံးနိုင်တဲ့ ဒုက္ခတွေပေါ့။ လူတွေအများသိနေတဲ့ ဒုက္ခဆိုတာ ဒုက္ခအမျိုးမျိုးထဲက တစ်ခုပဲ။ လူတွေက ဒုက္ခလို့သိနေတဲ့ ဒုက္ခဟာ “ဒုက္ခ ဒုက္ခ” လို့ ခေါ်တဲ့ ဒုက္ခ။ ဒုက္ခဆိုတဲ့ စကားလုံးကို နှစ်ထပ်သုံးထားသည့် အတွက်ကြောင့် ဒုက္ခဆိုတဲ့အတိုင်း တကယ်ဆင်းရဲလို့ လူတိုင်းသိတဲ့ ဒုက္ခပဲ။ ပါဠိစကားလုံးမှာ နှစ်ထပ် သုံးထားလို့ရှိရင် ပိုပြီးတော့ အဓိပ္ပာယ်ပြင်းထန်တယ်။ “ဒုက္ခ ဒုက္ခ“မှာ ဒုက္ခဆိုတဲ့အတိုင်း တကယ်ဆင်းရဲတာ လူတိုင်းသိနိုင်တဲ့ ဒုက္ခ။ အဲဒီ ဒုက္ခ ဒုက္ခဆိုတာ “ကိုယ် ဆင်းရဲခြင်းနဲ့ စိတ်ဆင်းရဲခြင်း” ပဲ။

ကိုယ်ဆင်းရဲခြင်း ဆိုတာ အားလုံးသိတယ်၊ နေမကောင်း ထိုင်မသာဖြစ်တယ်၊ ခေါင်းကိုက်တယ်၊ ခါးကိုက်တယ်၊ နားကိုက်တယ်၊ ဗိုက်နာတယ် စတဲ့ ခန္ဓာ ကိုယ်မှာ စွဲကပ်နေတဲ့ရောဂါ သို့မဟုတ် ခန္ဓာကိုယ်မှာ တစ်ခုခု ထိခိုက်လာလို့ ဖြစ်ပေါ်လာတဲ့ နာကျင်ကိုက်ခဲ မှုတွေ၊ ဒါတွေကို လူတိုင်းသိကြတယ်။ ညည်းကြတယ်၊ ဒုက္ခ ဒုက္ခလို့။

နောက်တစ်ခု ဒုက္ခမှန်းသိတာကတော့ စိတ်ဆင်းရဲ မှုပဲ။ ကိုယ်ဆင်းရဲမှုကို အကြောင်းပြုပြီးတော့ စိတ် ဆင်းရဲမှုဆိုတာ လာတတ်တယ်။ သို့မဟုတ် စိတ်ဆင်းရဲ မှုကို အကြောင်းပြုပြီးတော့ ကိုယ်ဆင်းရဲမှုဆိုတာလည်း လာတတ်တယ်။ ကိုယ်ဆင်းရဲမှုနဲ့ စိတ်ဆင်းရဲမှုဟာ တစ်ခုနဲ့တစ်ခုဆက်စပ်ပြီးနေတယ်။ ဘယ်ကျမှ အဆက် အသွယ်ပြတ်တုန်းဆိုရင် အာသဝေါ ကင်းကွာတဲ့ ရဟန္တာပုဂ္ဂိုလ်ဖြစ်မှပေါ့။ ရဟန္တာပုဂ္ဂိုလ်တွေမှာ ကိုယ် ဆင်းရဲမှုတော့ရှိတယ်၊ စိတ်ဆင်းရဲမှု ဘယ်တော့မှ မလာတော့ဘူး။ တစ်ခြမ်း သက်သာသွားပြီ။ ဒုက္ခ သက်သာ သွားတယ်။ ပုထုဇဉ်တွေမှာ ကိုယ်ဆင်းရဲမှု လာလိုက် တာနဲ့ စိတ်ဆင်းရဲမှုက ဆက်နွယ်ပြီး ရောက်လာတယ်။ စိတ်ဆင်းရဲမှုကို အကြောင်းပြုပြီးတော့လည်း ကိုယ် ဆင်းရဲမှုဖြစ်တယ်။

ဒုက္ခ ဒုက္ခဆိုတာ အဘိဓမ္မာအရ ဒုက္ခသဟဂုတ် ကာယဝိညာဉ်စိတ်မှာရှိတဲ့ ဝေဒနာ၊ ခန္ဓာကိုယ်မှာ တကယ်ဖြစ်ပေါ်လာတဲ့ နာကျင်ကိုက်ခဲမှုဆိုတဲ့ ဆင်းရဲ၊ ခံစားရတဲ့ ဝေဒနာသည် ကာယိကဒုက္ခ၊ ဒါ တကယ့် ဒုက္ခပဲ။ နောက်ဒုက္ခတစ်ခုက ဒေါသမူလဆိုတဲ့ ဒေါသ နဲ့ ယှဉ်ပြီးတော့ ဖြစ်လာတဲ့ စိတ်နှစ်ခုမှာဖြစ်ပြီး ဝမ်းနည်း ခြင်း၊ ကြေကွဲခြင်း၊ မကျေနပ်ခြင်း ဆိုတဲ့ ဒေါမနဿ ဝေဒနာ။ ဒီနှစ်ခုကို “ဒုက္ခ ဒုက္ခ“လို့ခေါ်တယ်။ ဒီ ဒုက္ခ ဒုက္ခကို လူတိုင်းသိကြတယ်။

ဝိပရိဏာမ ဒုက္ခ

လူတိုင်းမသိတဲ့ ဒုက္ခက ဝိပရိဏာမ ဒုက္ခတဲ့။

ဝိပရိဏာမ ဒုက္ခဆိုတာ ပြောင်းလဲသွားတဲ့အခါ ဒုက္ခ ဖြစ်လာတဲ့ ဒုက္ခ။ ဒါကိုတော့ လူတွေက သုခလို့ပဲ ယူဆကြတယ်။ ဝမ်းသာတယ်၊ ပျော်တယ်၊ စိတ်ချမ်းသာ တယ်၊ ကိုယ်ချမ်းသာတယ်၊ ကာယိကသုခဆိုတဲ့ ကိုယ် ချမ်းသာ၊ စေတသိကသုခဆိုတဲ့ စိတ်ချမ်းသာမှုတွေဟာ တည်မြဲတဲ့အရာ မဟုတ်ဘူး၊ ခိုင်မာတဲ့အရာ မဟုတ် ဘူး။ မကြာခင်ပဲ ကိုယ်ချမ်းသာမှု လက်လွတ်ဆုံးရှုံး သွားနိုင်တယ်။ စိတ်ချမ်းသာမှုကလည်း လက်လွတ် ဆုံးရှုံးသွားနိုင်တယ်။ ချမ်းသာသုခ ပြောင်းလဲသွားတာ နဲ့ တစ်ပြိုင်နက် ဒုက္ခအဖြစ်ကို ရောက်သွားလို့ မြတ်စွာ ဘုရားက အဲဒါကို “ဝိပရိဏာမဒုက္ခ” လို့ နာမည် ပေးထားတယ်။

ရှိနေတုန်းတော့ သုခပဲ။ ပြောင်းသွားတဲ့အခါမှာ ဒုက္ခဖြစ်လို့ ဝိပရိဏာမဒုက္ခလို့ခေါ်တယ်။ စာပေအရ သောမနဿဝေဒနာ နဲ့ သုခဝေဒနာကို ပြောတာ။ လူတွေ နှစ်သက်မြတ်နိုးတဲ့ ကာယိကသုခ- ကိုယ် ချမ်းသာမှု၊ စေတသိကသုခ-စိတ်ချမ်းသာမှု၊ ဝမ်းသာ ပျော်ရွှင်မှုဆိုတဲ့ ဒီသုခဝေဒနာနဲ့ သောမနဿဝေဒနာ နှစ်မျိုးကို မြတ်စွာဘုရားက ဒုက္ခထဲထည့်ပြီး “ဝိပရိဏာမ ဒုက္ခ“လို့ ဟောတယ်။

သင်္ခါရဒုက္ခ

နောက်ခံစားချက်တစ်မျိုးက ဥပေက္ခာ သို့မဟုတ် အဒုက္ခ မသုခ။ ဒုက္ခလည်းမဟုတ်၊ သုခလည်းမဟုတ် တဲ့ ကြားခံစားမှု။ မထင်ရှားတဲ့ ခံစားမှုမျိုး။ ဒီခံစားမှု ကျတော့ အကြောင်းတရားကိုမှီပြီးဖြစ်ပေမယ့် ပြုပြင် ထားတဲ့အရာ ဖြစ်သောကြောင့် “သင်္ခါရဒုက္ခ” လို့ ခေါ်တယ်။

အားလုံးဟာ ဒုက္ခပါပဲ

ဝေဒနာရှုထောင့်ကကြည့်မယ် ဆိုလို့ရှိရင် ဝေဒနာ ငါးမျိုးလုံးဟာ ဒုက္ခတွေချည်းပဲ။ ကာယိကဒုက္ခ၊ စေတသိကဒုက္ခ သို့မဟုတ် ဒုက္ခဝေဒနာနှင့် ဒေါမနဿ ဝေဒနာတို့သည် ဝိပရိဏာမဒုက္ခ။ ဥပေက္ခာဝေဒနာ သည် သင်္ခါရဒုက္ခဖြစ်တယ်။ ကျန်တဲ့ သဘာဝတရား တွေ အားလုံးဟာလည်း သင်္ခါရဒုက္ခထဲ အကုန်ဝင်သွားတာပဲ။ ဒါကြောင့် မြတ်စွာဘုရားက တစ်ခါတစ်ခါ ကျတော့ အားလုံးဟာ ဒုက္ခလို့ဟောတာ။ သစ္စာလေးပါးအနက် ပထမသစ္စာ ဒုက္ခကလွဲလို့ ဘာမှမရှိတဲ့အတွက် ဒုက္ခလို့ပဲ အကုန်ဟောလိုက်တာ။ ဒီဒုက္ခဆိုတဲ့ အရာမှာ သုခတွေလဲ ပါတာပဲ။ သင်္ခါရ ရှုထောင့်က ကြည့်လိုက်မယ်ဆိုရင် တစ်ခုမှမမြဲသည့် အတွက် ဒုက္ခပဲ။

ဒုက္ခ၏အဓိပ္ပာယ်တစ်မျိုး

ဒုက္ခ အဓိပ္ပာယ်နဲ့ စကားလုံး တီထွင်ထားမှုကို ကြည့်ပြီး စကားလုံးတစ်ခုစီရဲ့ အဓိပ္ပာယ်ကို ပုံဖော်တဲ့ နည်းနဲ့ ပုံဖော်ကြည့်ရမယ်။ ဝိသုဒ္ဓိမဂ်မှာ အဓိပ္ပာယ် တစ်မျိုး ဖွင့်ထားတယ်။ ဒု-ရယ်၊ ခ-ရယ် စကားလုံး နှစ်လုံး ပေါင်းပြီးတော့ ဒုက္ခလို့ ခေါ်ထားတာတဲ့။ ဒုဆိုတာ ကျေနပ်စရာမကောင်းဘူး၊ ရွံမုန်းစရာ ကောင်း တယ်၊ စက်ဆုပ်စရာကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ် ရတယ်။ သားဆိုး သားမိုက်ကို “ဒုပုတ္တ” လို့ ဒု-ဆိုတဲ့ စကားလုံးနဲ့ တွဲသုံးတယ်။ စက်ဆုပ်စရာ ကောင်းတယ်၊ မုန်းစရာကောင်းတယ်ဆိုတာ “ဒု“၊ “ခ” ဆိုတာကျတော့ ဘာမှမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ရတယ်။ “ခ“အဓိပ္ပာယ်က ကောင်းကင်။ ကောင်းကင်ဆိုတာ လက်နဲ့စမ်းကြည့် ဘာတွေ့မှာလဲ၊ ဘာမှမတွေ့ရဘူး၊ ဘာမှမရှိဘူး။ အဲဒီ စကားလုံးနှစ်လုံးကို ပေါင်းလိုက်တဲ့အခါ “စက်ဆုပ် ရွံမုန်းစရာ ကောင်းပြီးတော့ ထင်တဲ့အတိုင်း ဘာတစ်ခု မှ မရှိတဲ့အရာ” လို့ဆိုလိုတာ။

လူတွေက အဲဒီ ခန္ဓာတွေကိုပဲ 'ငါ' လို့ ထင်တယ်၊ 'သူ' လို့ထင်တယ်၊ တကယ်ကျတော့ ရှိရဲ့လား၊ မရှိဘူး။ 'ငါ့ဟာ' လို့ထင်တာတွေ၊ 'သူ့ဟာ' လို့ ထင်တာတွေ အားလုံး ဘယ်အရာမှ တကယ်ထင်တဲ့အတိုင်း မရှိဘူး။ မိစ္ဆာဝါဒအယူရှိတဲ့ ပုဂ္ဂိုလ်တွေက ခိုင်မာတဲ့အရာလို့ စိတ်ကထင်နေတဲ့ အရာအားလုံးဟာ တကယ်တော့ အတွေးအထင်မျှသာဖြစ်တယ်။ ဘာတစ်ခုမှ မရှိဘူး။ သူ့အကြောင်းကြောင့် သူ့ဟာသူ ဖြစ်လာပြီး သူ့ဟာသူ ပျက်သွားတာချည်းပဲ။ အားလုံးဟာ ရှာမရအောင် ပျက်သွားတာချည်းပဲ။ ဒါကြောင့် “ဒု” စက်ဆုပ်စရာ ကောင်းတယ်၊ ကျေနပ်စရာမကောင်းဘူး။ “ခ” ထင်တဲ့ အတိုင်း တစ်ခုမှမဖြစ်ဘူး၊ Emptiness လို့ ခေါ်တယ်။ သုညဆိုတဲ့ အဓိပ္ပာယ်မျိုးပြောတာ။ “တုစ္ဆ” လို့လည်း ဆိုတယ်။ ဘာတစ်ခုမှမရှိဘူး၊ ထင်တာတွေက တစ်ခုမှ မဟုတ်ဘူး။ ဒီအဓိပ္ပာယ်နဲ့ကြည့်ရင် သင်္ခါရတရားတွေ မှာ ငါလို့ဆိုတာ ဘာတစ်ခုမှရှိတာ မရှိဘူး။

ဒုက္ခ ဒုက္ခနဲ့ ပြောနေကြပေမယ့် အားလုံး လူသိ များနေတဲ့ ဒုက္ခဟာ ကာယိကဒုက္ခနဲ့ စေတသိကဒုက္ခ။ ဒီလောက်ပဲ လူတွေက ဒုက္ခလို့ထင်တာ။ ကျန်တာတွေ ကျတော့ သုခလို့ထင်ပြီး လိုချင်နေကြတယ်၊ နှစ်သက် နေကြတယ်၊ မြတ်နိုးနေကြတယ်။ အဲဒီ လိုချင် နှစ်သက်မှုသည်ပင်လျှင် “နန္ဒီ ဒုက္ခဿ မူလံ” ပဲ။ ဒုက္ခရခြင်းရဲ့အကြောင်း ဖြစ်နေတယ်လို့ မြတ်စွာဘုရား က ဟောတာ။

ဒုက္ခဆိုတာကို မြတ်စွာဘုရားက သံယုတ်ပါဠိ တော်မှာ ဟောထားတာ၊ အင်မတန်မှ ရှင်းလင်းတယ်။ “ယော ဘိက္ခဝေ ရူပဿ ဥပ္ပါဒေါ ဒုက္ခေဿသော ဥပ္ပါဒေါ” ကိုယ့်သန္တာန်မှာ ရုပ်တရား ဖြစ်လာတာဟာ ဒုက္ခဖြစ်လာတာတဲ့။

ဒုက္ခတင် ဖြစ်လာတာလား၊ မဟုတ်ဘူး၊ “ရောဂါနံ ဌိတိ၊ ဇရာ မရဏဿ ပါတုဘာဝေါ” ရောဂါဆိုတာ လည်း ဒါကိုပဲခေါ်တာ။ မြတ်စွာဘုရားက ကိုယ့်သန္တာန် မှာ ရလာတဲ့ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်လို့ ဆိုတဲ့ ခန္ဓာငါးပါးဟာ ဒုက္ခဖြစ်လာတာတဲ့။ ကျေနပ်စရာ မကောင်းတဲ့ ဘာမှမဟုတ်တဲ့အရာတွေ ဖြစ်လာတယ် လို့ပြောတာ။

ဘုန်းကြီးတို့တစ်တွေက အပြင်ကိုသွားပြီး တရားခံ ရှာနေတာ။ အပြင်က လာတာတို့၊ Virus ပိုးကြောင့် ဖြစ်တာတို့ ဘာကြောင့်ဖြစ်တယ်လို့သာ ပြောနေတာ၊ တကယ်တော့ ကိုယ့်ခန္ဓာကိုယ်ကြီးက ရောဂါကြီးပဲ လေ။ ရောဂါဆိုတာ တခြားဟာခေါ်တာ မဟုတ်ဘူး၊ ဒီ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်လို့ ဆိုတဲ့ သဘာဝတရားကြီးကိုက ရောဂါကြီးပဲနော်။

ရောဂါဆိုတာ နာကျင်တတ်တယ်၊ ပျက်စီးတတ် တယ်။ “ရုဇ္ဇတီတိ ရောဂေါ“နာကျင်တတ်တယ်၊ နှိပ်စက် တတ်တယ်ဆိုတာ ဒီခန္ဓာကိုယ်ထဲမှာဖြစ်တာ။ ဒီခန္ဓာ ကိုယ်ကြီး ရှိနေရင် ဒါတွေက လာနေမှာပဲ။ ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်တဲ့ အနေအထား တစ်ခုပေါ့။ ဒါကြောင့် မြတ်စွာဘုရားက အားလုံးကိုခြုံပြီးတော့ ခန္ဓာ ငါးပါးကို ဒုက္ခလို့ဟောလိုက်တယ်။

ဒုက္ခ(၁၂)မျိုး

သို့သော် အများနားလည်အောင် ဓမ္မစကြာမှာ မြတ်စွာဘုရားက ဒုက္ခ(၁၂)မျိုး ဟောထားတယ်။ တချို့ စာမှာတော့ တစ်မျိုးပိုပြီးတော့ (၁၃)မျိုးရှိတယ်။ သို့သော် ဝိသုဒ္ဓိမဂ်မှာ ပါတဲ့အတိုင်းဆိုရင် ဓမ္မစကြာမှာ မြတ်စွာ ဘုရားက ဒုက္ခ(၁၂)မျိုးဟောထားတာ။ အားလုံး သိကြ တဲ့ အတိုင်းပဲ “ဇာတိပိ ဒုက္ခာ” ဇာတိတရားဟာ ဒုက္ခ ပဲ။ ဘာကြောင့် ဇာတိကို ဒုက္ခလို့ပြောရတာတုန်းဆိုရင် အားလုံးပြဿနာတွေဟာ ဇာတိဆိုတဲ့ မွေးဖွားလာမှု ပေါ်မှာ မူတည်ပြီး ဖြစ်လာတယ်။ ဒီ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်ဆိုတာ ရလာသည့် အတွက် ကြောင့် အားလုံး ပြဿနာတွေ Problem တွေ တက်လာတာ ဖြစ်သောကြောင့် ဇာတိဟာ ဒုက္ခပဲ။ ဝိသုဒ္ဓိမဂ်က ရှင်းပြတယ်။ ဇာတိကို ဘာကြောင့် ဒုက္ခလို့ ပြောရတာတုန်းဆိုရင် “ဒုက္ခဝတ္ထုဘာဝတော” ဒုက္ခရဲ့တည်ရာဌာန၊ တည်ရာအကြောင်း ဖြစ်နေလို့ပဲ။ ဇာတိရလာတာနဲ့ တစ်ပြိုင်နက် ဒုက္ခရလာတာပဲ။ သို့သော် ဒုက္ခရလာတာလို့ သာမန်ပုဂ္ဂိုလ်တွေ မမြင်နိုင် ဘူး။ ဒီလို မမြင်နိုင်သည့်အတွက် နန္ဒီ နှစ်သက်မှု ဆိုတာ လာနေတာ။ လာနေသည့်အတွက် ဒီဒုက္ခကို ထပ်တလဲလဲ ရနေဦးမှာပဲ။

ဝိသုဒ္ဓိမဂ်မှာ မိခင်ဝမ်းထဲမှာ သန္ဓေတည်တဲ့ အခါမှာ ဘယ်လောက် ဆင်းရဲတယ် ဆိုတာကို သရုပ်ဖော်ပြီးတော့ ရေးထားတာ ရှိတယ်။ ဒီလို သရုပ်ဖော် ရေးထားတာလောက်တင် ရည်စူးပြီး ပြောထားတာ မဟုတ်ဘူး။ ဇာတိဟာ ဒုက္ခအားလုံးရဲ့ တည်ရာဌာနဖြစ်တယ်။ ဇာတိဟာ တကယ့်ဒုက္ခပဲ။

မြန်မာစကားတစ်ခု ရှိတယ်။ “ငါးတကာယိုတဲ့ မစင်ဟာ ပုစွန်ဆိတ်ခေါင်းမှာစုတယ်” ဆိုတာလိုပဲနော်။ အားလုံး ဒုက္ခတွေဟာ ဇာတိပေါ်မှာ ပုံကျတယ်။ လောကမှာ လူတွေ မွေးလာသည့် အတွက်ကြောင့် ဖျားကြရတယ်၊ အိုကြရတယ်၊ နာကြရတယ်၊ သေကြ ရတယ်။ ဒီဒုက္ခတွေဟာ မွေးဖွားလာလို့ ဖြစ်ကြရတာ လေ။ မမွေးဘူးဆို မဖြစ်ဘူး။ ဒီခန္ဓာရှိထားတဲ့ ပုဂ္ဂိုလ် ဟာ ဘယ်လောက်ပဲ ကျန်းမာပါတယ်လို့ လူတွေက ကိုယ့်ကိုယ်ကို ထင်ပေမယ့်လို့ ဘယ်လိုမှ ကျန်းမာတယ် ဆိုတာ မပြောနိုင်ဘူး။ ဓာတ်လေးပါး အဆင်ပြေလို့ လုပ်နိုင်၊ ကိုင်နိုင်၊ သွားနိုင်၊ လာနိုင်နေတဲ့ အချိန်လေး မှာတော့ ကျန်းမာတယ်လို့ ပြောနေကြတယ်။

ဒါကြောင့် နကုလပိတုသုတ္တန်မှာ မြတ်စွာဘုရား က ဟောထားတယ်။ “ယော ဣမံ ကာယံ ပရိဟရန္တော မုဟုတ္တမ္ပိ အာရောဂျံ ပဋိဇာနေယျ ကိမညတြဗာလျာ” နကုလပိတာ ဒကာကြီးကို ဟောထားတာ။ “ဒီလို ဒုက္ခတွေနဲ့ ပြည့်နှက်နေတဲ့ ခန္ဓာကိုယ်ကြီးကို ရ,ထား တာ ဖြစ်ပါလျက်နဲ့ ကျန်းမာပါတယ်လို့ပြောရင် မိုက်လို့ ပြောတာ၊ မသိလို့ပြောတာပဲ”

တကယ်တော့ ရုပ်ခန္ဓာကြီးဆိုတာ အမြဲတမ်း ပြုပြင်ပြီးတော့ နေကြရတာ၊ ကျန်းမာတယ်လို့ မရှိပါ ဘူး။ မလှုပ်နိုင်၊ မရှားနိုင်၊ မစားနိုင်၊ မသောက်နိုင် တော့မှ လူတွေက မကျန်းမာဘူးလို့ သတ်မှတ်ကြတယ်။ သွားနိုင်လာနိုင်တဲ့အချိန်လေးတော့ အပြောင်းအလဲ တွေ လုပ်ပြီးတော့ ဖုံးကွယ်ထားကြတယ်။

ဒုက္ခကို ဣရိယာပုထ်က ဖုံးတယ်

ဒုက္ခကို ဘာကဖုံးတုန်းဆိုရင် ဣရိယာပုထ်က ဖုံးတယ်။ မယုံရင် အကြာကြီးထိုင်ကြည့်ပေါ့။ တရားပွဲ တောင်မှ နှစ်နာရီ သုံးနာရီ တရားပွဲမှာ လာထိုင်ရမယ် ဆိုရင် ခါးထဲကညောင်းလာတာ၊ ဟိုကဒီကညောင်းတာ သဘာဝပဲ။ အဲဒီညောင်းညာတာလေးကို လမ်းလျှောက် လိုက်တဲ့အခါ ပြေသွားတော့ လူက ဒုက္ခမရှိဘူးလို့ ထင်သွားရပြန်တယ်။

ဒါကို စာပေက ဣရိယာပုထ်နဲ့ ဖုံးထားတာတဲ့။ ဒုက္ခမထင်ရှားအောင် အဲဒီလို အပြောင်းအလဲလေး တွေနဲ့ လူတွေဟာ ကိုယ့်ကိုယ်ကို လှည့်စားထားတယ်။ ကိုယ့်စိတ်ကလေးကို ကိုယ်လှည့်စားတယ်၊ လှည့်စား ထားပြီးတော့ ကျန်းမာသယောင်ယောင်၊ နေကောင်း သယောင်ယောင် နေကြရတယ်။ ဒါကြောင့်မို့ ဒုက္ခ သဘာဝဟာ ဣရိယာပုထ်ကို ပယ်ဖျက်လိုက်မယ်၊ ဣရိယာပုထ်ကို တစ်ခုပဲထားလိုက်မယ်ဆိုရင် ဒီ ခန္ဓာ ကိုယ်ကြီးဟာ ခံနိုင်ရည်မရှိတော့ဘူး၊ ပြိုလဲသွားမယ်။ ဒုက္ခရဲ့ သဘောတွေဟာ ထင်ရှားလာလိမ့်မယ်။

အိုခြင်းဆင်းရဲ

ဓမ္မစကြာမှာ ဒုက္ခ (၁၂)မျိုးထဲက ဇရာပိ ဒုက္ခာ အိုခြင်းဆင်းရဲလို့ ဆိုတာကို လူငယ်လူရွယ်တွေက သိပ် သဘောမပေါက်ဘူး။ အသက်ကြီးတဲ့လူတွေကို ကြည့် လိုက်ရင် သူတို့ အေးအေးဆေးဆေး နေကြရတယ်။ ဘာမှမလုပ်ရဘူးလို့ထင်ပြီး အဖိုးကြီး အဖွားကြီးတွေကို ကြည့်ပြီး သဘောတောင်ကျမိတယ်။ ကိုယ်အသက်ကြီး လာတဲ့အခါကျတော့မှ မဟန်မှန်း ပိုသိတယ်နော်။ ငယ်ငယ်ရွယ်ရွယ်နဲ့မတူဘူး၊ အသက်ကြီးလာပြီဆိုရင် ထိုင်နေလဲပဲ ကောင်းလို့ထိုင်နေတာမဟုတ်ဘူး၊ အိပ်နေ ရတာလဲ ကောင်းလို့အိပ်နေတာမဟုတ်ဘူး၊ ဣရိယာ ပုထ်လေးပါး ဘယ်နေရာမှ သိပ်သက်သာလှတယ် မဟုတ်ဘူးတဲ့။ ဇရာဒုက္ခအိုခြင်းဆင်းရဲဆိုတာ အိုတဲ့ ပုဂ္ဂိုလ်တွေက ပိုပြီးသိတယ်။

မအိုသေးသူတွေက “ယောဗ္ဗနမဒ” လို့ခေါ်တဲ့ နုပျိုမှု မာန်မာနတွေတက်ကြွနေလို့ မအိုဘူးလို့ထင်နေ တာ။ အိုလာပြီဆိုရင် ငယ်စဉ်ကအလှတွေ အကုန် ပြိုဆင်းသွားတယ်။ နေ့စဉ်နဲ့အမျှ ခန္ဓာကိုယ်ရဲ့ နုပျိုမှု တွေကို အားလုံးယူသွားတာ။ တစ်နေ့တစ်နေ့ အချိန် ကုန်သွားတယ်ဆိုတာ ဒီအချိန်က အလကား သက် သက် သူ့ဟာသူ တစ်ခုတည်းထွက်သွားတာ မဟုတ် ဘူး၊ ကိုယ့်သန္တာန်မှာရှိတဲ့ နုပျိုမှုတွေကို ယူသွားတာ။ ဒီကနေ့ နုပျိုမှုတွေ မနက်ဖြန်ပါမလာအောင် ယူသွား တယ်။ မရှိတော့ဘူး။ မနက်ဖြန်ခါကျတော့ ဒီကနေ့ လောက် မနုတော့ဘူး။ ဟို နက်ဖြန်ခါ နုပျိုမှုတွေကိုလဲ သန်ဘက်ခါကျတော့ ယူသွားဦးမှာပဲ။ တစ်နာရီပြီး တစ် နာရီ နုပျိုမှုတွေယူသွားတာ။ အဲဒီလို ယူယူ ယူယူသွား တာ၊ နောက်ဆုံးကျတော့ ပါးရေတွန့်ပြီး သွားတွေ ကျိုး ကျန်ရစ်တာပဲရှိတယ်။

အချိန်ကုန်တယ်ဆိုတာ အချိန်သည် အလဟဿ ကုန်တာမဟုတ်ဘူး။ “ကာလော ဃသတိ ဘူတာနိ သဗ္ဗာနေဝ သဟတ္တနာ” အချိန်ကာလက သတ္တဝါတွေ ကို စားပစ်တာ။ ရှိသမျှအကုန် ပါသွားတာ။ အချိန်က သူ့ဟာသူလည်း ပြန်စားလိုက်လို့ အချိန်ဆိုတာ ကုန်သွားပြန်တာပဲ။ ဒါကြောင့် တစ်နေ့ပြီးတစ်နေ့ အချိန်ရှိသမျှ နုပျိုမှုအားလုံးကို ဖျက်ဆီးပြီးတော့ အိုခြင်း ဘက်ကို သွားနေတယ်။ ဒါကြောင့် ဇရာဆိုတာလည်း ဒုက္ခတရားပဲ။

ဇရာဒုက္ခဖြစ်လာပြီ ဆိုလို့ရှိရင် “ ဟတ္ထပါဒါ အနဿဝါ-ကိုယ့်ခြေ ကိုယ့်လက်ကတောင် ကိုယ့်စကား နားမထောင်ဘူး” တဲ့။ မှန်တယ်၊ နဂိုတုန်းကတော့ ကိုယ့်လက်ပဲ ကိုယ်သုံးချင်တာ သုံးလို့ရတယ်။ ကိုယ့် ခြေထောက်ပဲ ကိုယ်ပိုင်တယ်လို့ ထင်တာ။ ဒီဘက် လှမ်းလိုက်ပေမယ့် ဟိုဘက်ယိမ်းချင်ယိမ်းသွားတတ် တာနော်။ လက်ကလည်း မြှောက်လို့ ရချင်မှရတာ။ ဒီတော့ ကိုယ့်လက် ကိုယ့်ခြေကို ကိုယ်မပိုင်ဘူးဆိုတာ အင်မတန်ထင်ရှားတယ်ပေါ့။ “ဟတ္ထပါဒါ အနဿဝါ” တဲ့။

နောက် ဒါတင်လားဆိုတော့ ဇရာတရားထဲမှာ အင်အားတွေ ပါပါသွားတယ်။ “ယဿ သော ဝိဟ တတ္ထာမော၊ ကထံ ဓမ္မံ စရိဿသိ” တဲ့။ ပါလဆိုတဲ့ ဒကာကြီးက ပြောပြတယ်။ အားအင်တွေ ကုန်သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်လိုလုပ်ပြီး တရားကျင့်နိုင် မှာလဲ။ အားတွေဟာလဲ ဇရာကယူသွားလို့ မရှိတော့ ဘူး။ အင်မတန် အားကောင်းတဲ့ ပုဂ္ဂိုလ်တောင်မှ “ထူပါဦး” ဆိုလို့ ဝိုင်းပြီးထူနေကြရတယ်။ ဒါကြောင့် မြတ်စွာဘုရားက ဇရာဆိုတာ အခုလို နုပျိုမှုတွေ အားလုံးကိုလည်း ဖျက်ဆီးပစ်တယ်။ အင်အားတွေ အားလုံးကိုလည်း ကုန်ဆုံးစေတယ်။ ဒါကြောင့်မို့ ဇရာတရားကို ဒုက္ခလို့ပြောတာနော်။

မရဏတရားဒုက္ခ ဆိုတာတော့ ထင်ရှားပါတယ်။ လူတိုင်းလူတိုင်း သေခြင်းတရားနဲ့ ရင်ဆိုင်ကြရတယ်။ ဒုက္ခကတော့ အင်မတန်မှကြီးပါတယ်။

“သောက” ဆိုတဲ့ ဒုက္ခတစ်ခု ရှိသေးတယ်။ မသေခင်စပ်ကြားမှာ နေ့စဉ်နဲ့အမျှ လူတွေဟာ ပူနေ ကြတယ်။ “လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ” လို့ ပြောကြတယ်။ မကတောင် မကလောက်ဘူးနော်။ တစ်ခါတစ်လေ ပူစရာမရှိ ရှာကြံပြီး ပူတာပဲ။ မဖြစ်သေးတာလဲ တွေးပူတာပဲ။ ဖြစ်ပြီးသားလဲ ပူနေတာပဲ။ သောကဆိုတာ တစ်စုံတစ်ခု ဆုံးရှုံးနစ်နာမှု ဖြစ်တော့ မယ် ဆိုရင်လည်း ပူတယ်။ ဖြစ်သွားရင်လည်းပူတယ်။ အားလုံး ပူပန်မှုတွေကို ဖြစ်စေတယ်။ ဒါလဲ ဒုက္ခပဲ။

ပူတာတွေ မခံနိုင်တဲ့အခါ နှုတ်ကနေထုတ်ပြော ပြီး ငိုကြွေးရလောက်အောင် ဖြစ်လာရင် ပရိဒေဝလို့ ခေါ်တယ်။ ဒါလဲ ဒုက္ခပဲ။ နောက် ခန္ဓာကိုယ်မှာ ခုနက ပြောတဲ့ ကာယိကဒုက္ခဆိုတာလဲ “ဒုက္ခ“ပဲ။ စိတ်မချမ်း မသာဖြစ်တဲ့ ဒေါမနဿ၊ စိတ်ထဲမှာ မကျေမနပ် ဖြစ်တာတို့၊ ပူဆွေးတာတို့ဆိုရင်လဲ ဒုက္ခပဲ။

“ဥပါယာသ” ဆိုတာ ဒုက္ခတွေ ခံစားရလွန်းမက ခံစားလာတဲ့အခါ စိတ်တွေဆိုးလာတာ၊ စိတ်တိုလာ တာ၊ ဒေါသကိုပြောတာ။ “စေတော ဒုက္ခ ပဘာဝိတော” တဲ့။ စိတ်ထဲမှာ အင်မတန်မှခံပြင်းလာလို့ ဒီဒုက္ခဝေဒနာ ခံစားလာရတဲ့ပုဂ္ဂိုလ်ဟာ ဒေါသဖြစ်လာတယ်၊ တချို့ များ ဒေါသဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ကို ရိုက် တာတို့၊ ဒုက္ခမခံနိုင်လို့ ကိုယ့်ကိုယ်ကို သတ်သေတာတို့၊ သေကြောင်းကြံတာတို့နော်။ အဲဒါ ဥပါယာသဆိုတာ ပြင်းထန်တဲ့ ဒေါသတွေဖြစ်လာတာ။ ဒါတွေဟာလည်း ဒုက္ခတွေပဲ။ ဒုက္ခ(၁၂)မျိုးထဲမှာ ဒါတွေပါတယ်။ နောက်တစ်ခုကတော့ “အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော” လူတွေဟာ ကိုယ်သဘောကျတဲ့ အရာကို ကိုယ်ခင်မင်တဲ့အရာနဲ့သာ ဆုံရကြုံရတာ မဟုတ်ဘူး။ ကိုယ့်မျက်စိထဲမှာ မမြင်ချင်ပါဘူးဆိုလဲ မြင်ရတာပဲ။ မကြားချင်ပါဘူးဆိုလဲ ကြားရတာပဲ။ ကိုယ်မကြိုက်တာ တွေလဲ မြင်ရမယ်၊ ကိုယ်မကြိုက်တာတွေလဲ ကြားရ မယ်။ ကိုယ်နဲ့မုန်းတဲ့ ပုဂ္ဂိုလ်နဲ့လဲ တွေ့ချင်တွေ့နေမယ်၊ ဒါကို “အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော“လို့ခေါ်တယ်။ အပ္ပိယ လို့ဆိုတာ ကိုယ့်စိတ်ထဲမှာ မနှစ်မြို့တဲ့အရာ ပုဂ္ဂိုလ်ရင်လည်း ဖြစ်တယ်၊ ပစ္စည်းဝတ္ထုတွေလည်း ဖြစ်နိုင်တယ်။ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော တဲ့။ မရှောင်လွှဲနိုင်လို့ လူတွေဟာ ကိုယ်မနှစ်ခြိုက်တဲ့အရာ တွေနဲ့ ဆုံစည်းပြီး ဘဝတစ်ခုမှာ ကြုံတွေ့နေရတာတွေ အများကြီးရှိတယ်။ အဲဒီ ဒုက္ခကလည်း သေးတဲ့ဒုက္ခ မဟုတ်ဘူး။

ကိုယ်နှစ်သက်သဘောကျလို့ ကိုယ်မြတ်နိုးတဲ့ အရာတွေနဲ့လဲပဲ မခွဲချင်ဘဲနဲ့ ခွဲရတယ်။ “ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော” ဒါလဲ ထင်ရှားတဲ့ဒုက္ခတစ်ခုပဲ။ နောက်တစ်ခုကတော့ “ယမိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ” တဲ့။ မဖြစ်နိုင်တာကို လိုချင်တောင့်တလာလို့ ရှိရင် မဖြစ်နိုင်တာက ဘယ်တော့မှ ဖြစ်လာမှာမဟုတ် ဘူး။ စာပေကျမ်းဂန်အလိုအရ ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ဥပမာ-တချို့က ကားစီးချင်တယ်၊ မစီးရဘူး၊ တိုက်ဆောက်ချင်တယ်၊ မဆောက်နိုင်ဘူး ဆိုတာမျိုး မဟုတ်ဘူး။ အဲဒါက ဖြစ်နိုင်သေးတယ်။ မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။ မဖြစ်သေးတာသာ ရှိတယ်။ ဒါကြောင့် တချို့လူတွေပြောတယ် မဟုတ် လား၊ လောကမှာ “မဖြစ်နိုင်တာမရှိဘူး၊ မဖြစ်သေးတာ သာ ရှိတယ်“ပေါ့။ ဒါမျိုးကို ဆိုလိုတာ မဟုတ်ဘူး။ မွေးလာပြီးတဲ့နောက် မအိုချင်ဘူးဆိုလို့ ရမလား၊ မနာ ချင်ဘူး ဆိုရင်ရော၊ အေး မသေချင်ဘူးဆိုရင်ရော၊ မရပါဘူး၊ အဲဒါမျိုးကိုရည်ညွှန်းတာ။ “ယမိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ” ဆိုတာ ကိုယ်ဘယ်လောက်ပဲ လိုချင်လိုချင် လုံးဝမရနိုင်တဲ့အရာ၊ မဖြစ်နိုင်တဲ့အရာတွေပဲ။ ဒါလဲ ဒုက္ခတစ်ခုပဲ။

ဒုက္ခသရုပ်တွေ လျှောက်ထုတ်လို့တော့ ကုန်မှာ မဟုတ်ဘူး ဆိုပြီးတော့ မြတ်စွာဘုရားက “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” လို့ နောက်ဆုံးမှာ ရထားတဲ့ ဥပါဒါနက္ခန္ဓာတွေဟာ ဒုက္ခပဲလို့ နိဂုံးချုပ်လိုက်တယ်။ ပေါင်းလိုက်တဲ့အခါမှာ ဒုက္ခ(၁၂)မျိုးရတယ်။

အဲဒီ ဒုက္ခ(၁၂)မျိုးကို ဒုက္ခသစ္စာမှာ မြတ်စွာဘုရား က သရုပ်ဖော်ပြီး ဟောထားတယ်။ ဒုက္ခတွေအကြောင်း တော့သိပြီ၊ ဒီဒုက္ခ ဘာကြောင့်ဖြစ်တာတုန်း ဆိုတော့ တရားနာမည်အတိုင်း “နန္ဒီ ဒုက္ခဿ မူလံ” ပဲ။ အဲဒီ ဒုက္ခအားလုံးရဲ့ အရင်းအမြစ် ဘယ်ကလာတာတုန်း ဆိုရင် တဏှာက လာတာပဲ။ အာရုံငါးပါး ကာမဂုဏ် တရားတွေကို နှစ်သက်ကျေနပ်နေတယ်၊ တွယ်တာ နေဦးမယ်ဆိုရင် ဒီဒုက္ခတွေ လာနေဦးမှာပဲ။

ဒုက္ခအစ တွယ်တာခြင်းက

ဗုဒ္ဓမြတ်စွာလက်ထက်တော်အခါက မလ္လတိုင်းမှာ ဥရုဝေလကပ္ပလို့ခေါ်တဲ့ နိဂုံးရွာကြီးရှိတယ်။ အဲဒီ နိဂုံး ရွာကြီးအနီးမှာ မြတ်စွာဘုရား သီတင်းသုံးနေတဲ့အချိန် ဥရုဝေလကပ္ပ က နိဂုံးသူကြီး၊ ရွာသူကြီး ရွာ ခေါင်းဆောင်ပေါ့။ အဲဒီလူရဲ့နာမည်က ဘဒြက လို့ ခေါ်တယ်။ တစ်နေ့တော့ အဲဒီ ဘဒြက ဆိုတဲ့ ရွာ သူကြီးက မြတ်စွာဘုရားကို လာပြီးတော့ လျှောက် တယ်။

“အရှင်ဘုရား၊ တပည့်တော်က ဒုက္ခကို ထိုက်သင့် သလောက် သိပါတယ်၊ ဒုက္ခရဲ့ သမုဒယဆိုတဲ့ ဖြစ်ကြောင်းတရားနဲ့ ဒုက္ခရဲ့ အတ္ထင်္ဂမ လို့ဆိုတဲ့ ချုပ်ကြောင်းတရားတွေဟာ ဘာတွေပါလဲ။ တပည့် တော်တို့တစ်တွေ ဒုက္ခဖြစ်တာ ဘာကြောင့်လဲ။ အဲဒီ ဒုက္ခတွေ ဘာကြောင့် ချုပ်ငြိမ်းသွားနိုင်သလဲ” ဆိုတဲ့ ဒီမေးခွန်းကိုမေးတယ်။

မြတ်စွာဘုရားက “အတိတ်က ဆင်းရဲဒုက္ခ တွေဟာ ဘာကြောင့်ဖြစ်ခဲ့တယ်၊ ဘယ်လိုချုပ်ငြိမ်းသွားတယ်ဆိုတာ ငါမင်းကိုပြောမယ်ဆိုရင် မင်း သံသယ ဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ အတိတ်ဆိုတာ ပြီးခဲ့ပြီ လေ။ အနာဂတ်မှာ ဆင်းရဲဒုက္ခတွေဟာ ဘယ်လိုဖြစ် တယ် ဆိုတာကို၊ ဘယ်လိုချုပ်တယ်ဆိုတာကို မင်းကို ပြောရင်လည်း မင်း သံသယဖြစ်ကောင်းဖြစ်လိမ့်မယ်။ အဲဒါကြောင့် အခု မင်း ဒီနားထိုင်နေတုန်းပဲ ငါ လက်တွေ့ပြမယ်” လို့ မိန့်တော်မူပြီး ဘုရားက လက်တွေ့ဒုက္ခတစ်ခုကို ဖော်ပြတဲ့အနေနဲ့ သူ့ကို မေးခွန်းလေးပုဒ် မေးလိုက်တယ်။

လက်တွေ့သိရတဲ့ဒုက္ခ

“မင်း ဥရုဝေလကပ္ပ ဆိုတဲ့ ဒီ နိဂုံးရွာကြီးမှာ လူဦးရေ မြောက်မြားစွာရှိတဲ့အထဲမယ် တစ်စုံတစ်ခု ဒုက္ခရောက်သွားမယ်ဆို စိတ်သောကဖြစ်ရမယ့်ပုဂ္ဂိုလ် တွေ ဒီရွာထဲမှာ ရှိသလား၊ အချို့ပုဂ္ဂိုလ်တွေ ဒုက္ခ ရောက်လည်း အေးအေးဆေးဆေး နေနိုင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေကော ရှိသလား?” ကိုယ့်ကိုယ်ကိုပဲ စဉ်းစားကြည့်။ အခု ဒီမှာ စမ်းချောင်းမြို့နယ်ထဲမှာ တချို့နေကြတယ် ဆိုပါစို့။ အားလုံးခြုံပြောရင် ရန်ကုန်မြို့မှာ နေကြတယ်။ ရန်ကုန် မြို့ထဲမှာရှိတဲ့ ပုဂ္ဂိုလ်တချို့ ဒုက္ခရောက်ပြီဆိုရင် ကိုယ်ပါ စိတ်ဆင်းရဲရတဲ့ ပုဂ္ဂိုလ်မျိုးတွေ ရှိသလို သူတို့ ဒုက္ခ ရောက်ပေမယ့်လို့ ကိုယ်စိတ်မဆင်းရဲတဲ့ ပုဂ္ဂိုလ်မျိုးတွေ ကော မရှိပေဘူးလား၊ ရှိတယ်။

မြတ်စွာဘုရားက မေးလိုက်တယ်။ “ကဲ၊ ဥရုဝေလကပ္ပ က လူတွေထဲမယ် တချို့ပုဂ္ဂိုလ်တွေနဲ့ပတ်သက် ပြီး မင်း စိတ်ဆင်းရဲတယ်၊ တချို့ပုဂ္ဂိုလ်တွေနဲ့ ပတ်သက် ပြီး မင်း စိတ်မဆင်းရဲဘူး မဟုတ်လား” တဲ့။ “မင်းဘာသာမင်း စဉ်းစားကြည့်လိုက်တဲ့။ တချို့ ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီး စိတ်ဆင်းရဲရတာဘာကြောင့် လဲ၊ တချို့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး စိတ်မဆင်းရဲ ရတာ ဘာကြောင့်လဲ”

သူကဖြေတယ်။ “အရှင်ဘုရားတဲ့၊ တချို့ ပုဂ္ဂိုလ် တွေနဲ့ ပတ်သက်လာရင် သူတို့အပေါ်မှာ ခင်မင်မှု၊ သိကျွမ်းမှုတွေမရှိတော့ စိတ်ဆင်းရဲစရာ မရှိဘူးတဲ့။ ကိုယ်နဲ့လည်းမသိဘူး၊ ကိုယ်နဲ့လည်း မပတ်သက်ဘူး ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဘယ်လောက်ပဲ ဒုက္ခ ရောက်ရောက် ကိုယ့်မှာ စိတ်ဆင်းရဲမှု မဖြစ်လာဘူး။ တချို့ပုဂ္ဂိုလ်တွေကျတော့ ဘာဖြစ်လို့ တပည့်တော် စိတ်ဆင်းရဲမှု ဖြစ်ရတုန်းဆိုရင် အဲဒီပုဂ္ဂိုလ်တွေဟာ တပည့်တော်နဲ့ခင်မင်တဲ့ ပုဂ္ဂိုလ်တွေပါဘုရား။ ကိုယ်နဲ့ သံယောဇဉ်ရှိတဲ့ ပုဂ္ဂိုလ်တွေ တစ်စုံတစ်ခုဖြစ်သွားပြီ ဆိုရင် တပည့်တော် စိတ်သောကရောက်ရပါတယ်” သူ့ရဲ့အဖြေအရ မြတ်စွာဘုရားက “ကဲ၊ ခင်မင်မှု ဟာ ဒုက္ခကို ယူလာတာပဲ၊ ခင်မင်မှုမရှိဘူးဆိုရင် ဒုက္ခ မရှိဘူးဆိုတာ မထင်ရှားဘူးလား” တဲ့။ မြတ်စွာဘုရား က လက်တွေ့ဒုက္ခဖြစ်ကြောင်းတရားကို ဟောပြတာ ပဲ။

မြတ်စွာဘုရားက ဟောလိုက်တယ်။ “ယံ ကိဉ္စိ ဒုက္ခံ သမ္ဘောတိ၊ ယံ ကိဉ္စိ ဒုက္ခံ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ သဗ္ဗံ တံ ဆန္ဒမူလကံ” တဲ့။ “ဆန္ဒနိဒါနံ၊ ဆန္ဒော ဟိ မူလံ ဒုက္ခဿ” တဲ့။ ဆိုလိုတာက ဒုက္ခဖြစ်လာသမျှဟာ တဏှာဆန္ဒ-ချစ်ခင်မှုဆိုတဲ့ တဏှာအတွယ်အတာပေါ်မှာ မူတည်ပြီးဖြစ်တာ။ တဏှာအတွယ်အတာ ရှိနေလို့ ရှိရင် ဒုက္ခဖြစ်မှာပဲ။ အတွယ်အတာရှိနေတဲ့ နေရာမှာ ဒုက္ခဆိုတာ လာတာပဲ။ ဒါကြောင့်မို့ ဘုန်းကြီးတို့ မကြာ ခဏပြောတယ်။ Where there is attachment, there is worry ဆိုတာလေ။ တွယ်တာမှုရှိတဲ့နေရာ သောက ဆိုတာ လာတာပဲ။ မတွယ်တာတဲ့နေရာမှာ သောက ဆိုတာ မလာဘူး။

ကိုယ်နဲ့ပတ်သက်လာတဲ့ ပစ္စည်းတစ်ခုခုဆိုရင် ပျက်စီးသွားမှာလည်း စိုးရိမ်ရတယ်။ ပျက်စီးသွားရင် လည်း သောကဖြစ်တယ်။ ကိုယ်နဲ့မပတ်သက်တဲ့ပစ္စည်း ဟာ ဘယ်လောက်ပဲတန်ကြေးရှိရှိ ဘယ်သူမှ သောက မဖြစ်ဘူး။ တွယ်တာမှုမရှိလို့ပဲ။ မြတ်စွာဘုရားက ဒုက္ခ ဖြစ်တယ်ဆိုတာ တခြားကြောင့် မဟုတ်ဘူး၊ ဟောဒီ တွယ်တာမှုကြောင့်ဖြစ်တာ။ ဒုက္ခဖြစ်ခြင်းအကြောင်းက တွယ်တာမှုပဲ။ ဒုက္ခချုပ်ငြိမ်းချင်ရင် ဒီ တွယ်တာမှုကို ဖယ်ရှားရမယ်။ တွယ်တာမှုကို ဖယ်လိုက်နိုင်တာနဲ့ တစ်ပြိုင်နက် ဒုက္ခဟာ ချုပ်ငြိမ်းသွားတယ်။

အဲဒီတော့ ဘဒြက ဆိုတဲ့ ဒကာကြီးက သဘော ကျသွားတယ်။ “အရှင်ဘုရားဟောတာ မှန်လိုက်တာ ဘုရား၊ တပည့်တော်မှာ 'စိရဝါသီ' ဆိုတဲ့ သားကလေး တစ်ယောက် ရှိပါတယ်။ သူက ရွာပြင်က ခြံထဲမှာ နေတယ်။ အဲဒါ မနက်မိုးလင်းတာနဲ့ တစ်ပြိုင်နက် အိမ်က လူလွှတ်ပြီးတော့ မေးရတယ်တဲ့။ ကလေး နေကောင်းလား” လို့။

အခုလည်း ဒီပရိသတ်ထဲလဲ ပါချင်ပါမှာ။ ကလေး နေကောင်းရဲ့လားလို့ အမြဲမေးနေရတဲ့ပုဂ္ဂိုလ်။ အဲဒါ သူက မနက်မိုးလင်းတာနဲ့ တစ်ပြိုင်နက် ခြံထဲသွားစမ်း၊ ကလေးနေကောင်းလား မေးခိုင်းရ တယ်တဲ့။ အကယ်၍များ နေမကောင်းဘူးဆိုရင် ပူထူ သွားတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ 'စိရဝါသီ' ဆိုတဲ့ သူ့သားလေးပေါ်မှာ အင်မတန်မှချစ်တယ်ပေါ့။ “အရှင် ဘုရား၊ အရှင်ဘုရားဟောတာ မှန်လိုက်တာ။ ချစ်ခင် တွယ်တာမှုသည် ဒုက္ခရဲ့အကြောင်းရင်းဆိုတာ သိပ်မှန် တာပဲ”

မြတ်စွာဘုရားက “အေး၊ မင်းရဲ့ 'စိရဝါသီ'ဆိုတဲ့ သားလေး မပြောကောင်းပြောကောင်း တစ်စုံတစ်ခု များ ဖြစ်သွားမယ်ဆိုရင် မင်းဘယ်လိုနေမတုန်း” ဆိုတော့ “ဟာ၊ တပည့်တော်ပါ အသက်ဆုံးရမှာပေါ့ ဘုရား” တဲ့။ ဒုက္ခဖြစ်ကြောင်းတရားကို သူနားလည် သွားတာနော်။

မြတ်စွာဘုရားကဟောတယ်။ “ငါ စာသံပေသံနဲ့ မပြောဘဲ အကာလိက တစ်ထိုင်တည်းနဲ့ အချိန်မဆိုင်း ဘဲ ဒုက္ခဖြစ်ကြောင်းတရားကို မင်းခုချက်ချင်းနားလည် သွားပြီ၊ အခု ပစ္စုပ္ပန်ဒုက္ခ မင်းနားလည်သလို အတိတ် က ဒုက္ခတွေလဲ ဒီအတိုင်းပဲ” တဲ့။

ဘယ်ဘုရားလက်ထက်က ဒုက္ခပဲဖြစ်ဖြစ်၊ ဘယ် ဘဝကရတဲ့ ဒုက္ခပဲဖြစ်ဖြစ် “ဆန္ဒော မူလံ ဒုက္ခဿ သို့မဟုတ် နန္ဒီ ဒုက္ခဿ မူလံ” ပဲ။ နောင်လာဦးမယ့် ကမ္ဘာတွေမှာ ရှိလာမယ့် ဒုက္ခတွေမှန်သမျှဟာလည်း “နန္ဒီ ဒုက္ခဿ မူလံ” ပဲ။ ဒါ နည်းယူပြီးတော့ ဆုံးဖြတ် ပါတဲ့။

နှစ်သက်တွယ်တာမှုဆိုတဲ့ အတွယ်အတာတဏှာ ရှိနေသေးသမျှ ဘယ်ခေတ် ဘယ်ကာလမှာဖြစ်ဖြစ် ဒုက္ခဆိုတာ လာနေဦးမှာပဲ၊ ပြောင်းလွဲမှု မရှိဘူး။ ဘာကြောင့်လဲဆိုရင် သဘာဝတရား The Law of nature ကိုး။ သဘာဝတရားဆိုတာ ပြောင်းလဲလို့ မရ ဘူးလေ။

မြတ်စွာဘုရားက ဆက်ပြီးတော့ ဟောတယ်။ “စီရဝါသီ ကလေးလေးရဲ့ မိခင်အပေါ်မှာ မင်း တွယ်တာတယ် မဟုတ်လား။ စီရဝါသီ သားလေးရဲ့ မိခင် တစ်စုံတစ်ခုဖြစ်သွားရင် မင်းဘယ်လိုနေမလဲ” “ဟာ၊ တပည့်တော် သောကဖြစ်ပြီးတော့ ရင်ကွဲနာ ကျမှာပေါ့ဘုရား” တဲ့။

အဲဒါပဲကြည့်။ သောက ဆိုတာတွေ၊ ဆင်းရဲဒုက္ခ ဆိုတာတွေ အားလုံးဟာ တွယ်တာမှုက လာတယ်လို့ ဘဒြက သုတ္တန်မှာ မြတ်စွာဘုရားက ဟောထားတယ်။

ဒုက္ခချုပ်ခြင်း အကြောင်းတရား

အဲဒီသုတ္တန်မှာ သူမေးတဲ့မေးခွန်းထဲမှာ ဒုက္ခရဲ့ ဖြစ်ကြောင်းတရားနဲ့ ဒုက္ခရဲ့ချုပ်ကြောင်းတရား ဆိုပြီး တော့ နှစ်ခုမေးထားတယ်။ သို့သော် ဒီသုတ္တန်မှာ ဒုက္ခ ရဲ့ ဖြစ်ကြောင်းကိုသာ မြတ်စွာဘုရား ရှင်းပြသွားပြီး တော့ ဒုက္ခရဲ့ချုပ်ကြောင်းတရားကို ရှင်းပြမသွားတာ ဟာ စာပေထဲမှာ ကျန်နေတာလားလို့ တွေးမိတယ်။ အဲဒီတော့ ချုပ်ကြောင်းတရားကို ဘုန်းကြီးတို့က ဖြည့်စွက်ပြီးတော့ တခြားသုတ္တန်ကယူပြီး ဟောရ မယ်ဆိုရင် “ဆန္ဒရာဂ ပဟာနံ၊ ဆန္ဒရာဂလို့ခေါ်တဲ့ တဏှာအတွယ်အတာကိုပယ်ခြင်း၊ နန္ဒီဆိုတဲ့ နှစ်သက်မှု တဏှာသည် ဒုက္ခဖြစ်ကြောင်းတရားဆိုရင် ဒုက္ခ ချုပ်ကြောင်းတရားကတော့ အဲဒီ နန္ဒီ သို့မဟုတ် ဆန္ဒ ရာဂ လို့ခေါ်တဲ့ ဒီအတွယ်အတာ တဏှာကို ဖယ်ရှား ခြင်းပါပဲ” တဏှာ ဖယ်ရှားခြင်းသည် ဒုက္ခချုပ်ခြင်းရဲ့ အကြောင်းတရား တစ်ခုပါပဲ။

ဘာနဲ့ဖယ်ရှားမလဲဆိုရင် မဂ္ဂင်ရှစ်ပါး အကျင့် တရားနဲ့ပဲ။ မဂ္ဂင်ရှစ်ပါး အကျင့်တရားဆိုတာ ဘာလဲ။ သမ္မာဒိဋ္ဌိ အမြင်မှန်အောင်ကြိုးစား၊ အမြင်မှန်အောင် ကြည့်။ ဘုန်းကြီးတို့တစ်တွေ အမြင်မမှန်သေးသည့် အတွက်ကြောင့် ဒုက္ခကို ဒုက္ခလို့ မမြင်နိုင်သေးသည့် အတွက်ကြောင့်၊ ဒုက္ခရဲ့အပြစ်ကို မမြင်နိုင်သေးသည့် အတွက်ကြောင့် တွယ်တာမှုဆိုတာ လာနေတာ။ တွယ်တာမှု လာနေသေးသမျှ တွယ်တာမှုက ဒုက္ခတွေ ကို ထုတ်လုပ်နေဦးမှာပဲ။ ဒါကြောင့်မို့လို့ သမ္မာဒိဋ္ဌိဆိုတဲ့ အဆင့်မြင့် ဝိပဿနာဉာဏ်ရအောင် လုပ်ပြီးတော့ ထို ဝိပဿနာဉာဏ်ကနေပြီးတော့ဖြစ်ပေါ်စေတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရလာရင် ဒီအတွယ်အတာတွေအားလုံးဟာ ခမ်းခြောက်သွားမှာပါ။ အတွယ်အတာတွေခမ်းခြောက် သွားပြီဆိုရင် ဘုန်းကြီးတို့တစ်တွေ မလိုချင်တဲ့ ဒုက္ခ တွေဟာ တဖြည်းဖြည်းချင်းပြုတ်လာပြီး နောက်ဆုံးမှာ ဒုက္ခအပေါင်းက လွတ်သွားမှာပါပဲ။

တွယ်တာမှုတွေ ဖြုတ်ပယ်

ရှင်သာရိပုတ္တရာ မထေရ်မြတ်က အနာထပိဏ် သူဌေးကြီးကို တွယ်တာမှုတွေ တစ်ခုချင်း တစ်ခုချင်း ဖြုတ်ခိုင်းသွားသလိုပေါ့။ ဘုန်းကြီးတို့တစ်တွေလည်း ကိုယ့်ကိုယ်ကို တဖြည်းဖြည်းချင်းဖြုတ်ဖို့ ကြိုးစားရမယ်၊ အနာထပိဏ်သူဌေးကြီးကို မျက်စိကမြင်တဲ့အာရုံကနေ စပြီးတော့ တစ်ခုချင်း တစ်ခုချင်း ဖြုတ်သွားသလို ဘုန်းကြီးတို့တစ်တွေလည်းပဲ နံပါတ်(၁) ကိုယ်ပိုင်ဆိုင် တဲ့ ပစ္စည်းတွေပေါ်မှာ တွယ်တာတဲ့တဏှာကို ဖြုတ်၊ နံပါတ်(၂)က ကိုယ်နဲ့ခင်မင်တဲ့ ပုဂ္ဂိုလ်ပေါ်မှာ တွယ်တာ တဲ့ တဏှာကိုဖြုတ်။ နောက်ဆုံး ဖြုတ်ရမှာကတော့ ကိုယ့်ကိုယ်ကို တွယ်တာနေတဲ့တဏှာကို ဖြုတ်ဖို့ပဲ။ အဲဒီအဆင့်သုံးဆင့်နဲ့ ဖြုတ်လိုက်နိုင်ပြီဆိုရင် ကိုယ့် ကိုယ်ကိုတောင် မတွယ်တာတော့ဘူး။ အတွယ်အတာ တွေ လုံးဝပြတ်သွားပြီဆိုရင် “ဧသေဝန္တော ဒုက္ခဿ= ဒါ ဆင်းရဲဒုက္ခရဲ့ အဆုံးသတ်ခြင်းပဲ” တဲ့။ အကယ်၍ အတွယ်အတာတွေ ကျန်နေဦးမယ် ဆိုရင်တော့ ဒုက္ခတွေက အဆုံးမသတ်နိုင်သေးဘူး။ ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်း တို့၊ မိမိတို့ရလာတဲ့ ခန္ဓာငါးပါးလို့ဆိုတဲ့ ဒုက္ခတရားကြီး သည် တွယ်တာမှုတဏှာကြောင့် ရနေတာပဲ။ “နန္ဒီ ဒုက္ခဿ မူလံ” လို့ဆိုတဲ့ ဒေသနာတော် အတိုင်း နန္ဒီလို့ခေါ်တဲ့ နှစ်သက်ကျေနပ် စွဲလမ်းမှု၊ ခင်မင်တွယ်တာမှုဆိုတဲ့ တဏှာရာဂဟာ ဒုက္ခရဲ့ အကြောင်းတရားဖြစ်တယ်။ ဒါကြောင့် ခန္ဓာငါးပါးကို တွယ်တာတဲ့ အတွယ်အတာမှန်သမျှကို တစ်စချင်း ဖြုတ်နိုင်အောင် ကြိုးစားကြရမယ်။ ထိုသို့ဖြုတ်ဖို့အတွက် က ထိုခန္ဓာငါးပါးရဲ့ အပြစ်တွေကိုမြင်အောင်၊ သဘာဝ အစစ်အမှန်တွေကိုမြင်အောင် ရှုမြင်သုံးသပ်မှ အတွယ် အတာဆိုတာ ပြုတ်နိုင်မှာဖြစ်တယ်။

ဒါကြောင့် သဘာဝတရားတွေကို ရှုမြင်သုံးသပ် နိုင်တဲ့ ဝိပဿနာဉာဏ်မျိုးရအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့် အတွယ်အတာမှန်သမျှပြုတ်ပြီး ဒုက္ခ ခပ်သိမ်း ချုပ်ငြိမ်းရာမှန် နိဗ္ဗာန်သို့ ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ။

0eozpngm0zyyusdi204tj96urla6im1
ကာလာမသုတ် အနှစ်ချုပ်
0
5889
22150
21654
2026-06-15T03:26:29Z
Tejinda
173
22150
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ကာလာမသုတ် အနှစ်ချုပ်
| previous = [[နန္ဒီ ဒုက္ခဿ မူလံ]]
| previous2 =
| next = [[သံသရာခရီးသွား အမှားမလုပ်မိစေနှင့်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ကာလာမသုတ် အနှစ်ချုပ်

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၅ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ နတ်တော်လဆန်း(၁)ရက်၊ ၂၆-၁၁-၂၀၁၁ (စနေနေ့)၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့၊ အကွက်(၂၇၆) ရှမ်းပိုင်းရပ်၊ ၈၆ လမ်း၊ ၃၆-၃၇ လမ်းကြား (၁၅၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဓမ္မဒါန အမတဒါန တရားပွဲကြီး၌ ရှမ်းဝိုင်းရပ်၊ နှစ်ဖက်သော မိဘများကို အမှူးထား၍ ကိုဝင်းမြင့်အောင်+မဥမ္မာ၊ သမီး မေနံ့သာ(ခ)ဖူးဖူး၊ ဇွန်မိုးပွင့်အောင်(ခ)ဇူးဇူး မိသားစုတို့၏အမတဒါန၊ ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ကာလာမသုတ် အနှစ်ချုပ်” တရားတော်။

အင်္ဂုတ္တရနိကာယ်မှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဟောကြားထားတဲ့ သုတ္တန်တစ်ခုကို “ကာလာမသုတ် သို့မဟုတ် ကေသမုတ္တိသုတ်” လို့ အမည်နှစ်မျိုးဖြင့်ထင်ရှားတဲ့သုတ်တစ်သုတ် ဟောကြားထားတာရှိတယ်။ ဒီသုတ္တန်နဲ့ အလားတူတဲ့ နောက်တစ်သုတ်လည်းရှိတယ်၊ ဘဒ္ဒိယမင်းသားကို ဟောထားတဲ့ သုတ္တန်ဖြစ်တယ်။

ဒီကာလာမသုတ်က ထင်ရှားတယ်။ ဗုဒ္ဓဘာသာကို လေ့လာကြတဲ့ နိုင်ငံခြားသားတွေက ဒီသုတ္တန်ကို အလေးဂရုထားပြီး ညွှန်းဆိုလေ့ရှိကြတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဒီသုတ္တန်က စဉ်းစားဉာဏ်ကို ဦးစားပေးပြီး ဟောကြားထားတဲ့သုတ္တန် ဖြစ်လို့ပဲ။ နောက်ဆုံး ဘာသာဝါဒတွေကိုငြင်းပယ်တဲ့ ကွန်မြူနစ်ဝါဒီတွေကတောင် ဒီသုတ္တန်ကို လက်ဆုပ်လက်ကိုင်ပြုပြီး ပြောဆိုလေ့ရှိကြတာကို တွေ့ရတယ်။ သို့သော်လည်း ထိုပြောဆိုမှုတွေဟာ ဗုဒ္ဓမြတ်စွာရဲ့အာဘော်မကျဘူး၊ ဒါသုတ္တန်ကို တလွဲအသုံးချတာဖြစ်တယ်။ မြတ်စွာဘုရားရဲ့ ရည်ရွယ်ချက်အစစ်ကို နားလည်ဖို့ အင်မတန်မှ အရေးကြီးတယ်။

အဲဒီတော့ ဒီသုတ္တန်ကို “ကာလာမသုတ္တန်” လို့ တော်တော်များများ သိနေကြတယ်။ ဒီသုတ္တန်နဲ့ ပတ်သက်ပြီး ဗုဒ္ဓမြတ်စွာရဲ့ ဆိုဆုံးမခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေက ကာလာမ လူမျိုးတွေ၊ ကာလာမ အမျိုးသားတွေပဲ။ သို့သော် ဒီသုတ္တန်ဟောတဲ့ နေရာကတော့ 'ကေသမုတ္တ' ဆိုတဲ့ နိဂုံးရွာကြီးဖြစ်တယ်။ ဒီ ကာလာမ ဆိုတဲ့ လူမျိုးတွေက ကေသမုတ္တဆိုတဲ့ နိဂုံးရွာမှာနေကြတယ်၊ အဲဒီတော့ နိဂုံးရွာနာမည်နဲ့ဆိုရင် ကေသမုတ္တသုတ်လို့ ခေါ်သင့်တယ်။

ပိဋကတ်သုံးပုံမှာ သုတ္တန်တွေကို အမည်ပေးတဲ့အခါ မြတ်စွာဘုရားကိုယ်တိုင် အမည်ပေးခဲ့တာ ရှိတယ်။ သို့သော် ဘုရားကိုယ်တိုင် အမည်ပေးခဲ့တဲ့သုတ်က အင်မတန်နည်းတယ်၊ နောက်ပိုင်းမှာ သံဂါယနာဆရာတွေက မှတ်သားလို့လွယ်အောင် ဟောကြားရာဌာနကို ရည်ညွှန်းပြီးတော့ သုတ္တန်တွေရဲ့ နာမည်ကိုပေးတယ်။ ဒီသုတ္တန်တွေထဲမှာ အဓိကဦးတည်ပြီးတော့ဟောတဲ့ ပုဂ္ဂိုလ်ရဲ့ နာမည်နဲ့လည်း သုတ္တန်တွေကို အမည်ပေးခဲ့တယ်။ ထိုသုတ္တန်ထဲမှာပါတဲ့ အကြောင်းအရာတစ်ရပ်ကို ဖော်ညွှန်းပြီးတော့လည်း သုတ္တန်ရဲ့နာမည်ပေးကြတယ်။

အခု ဒီ ကာလာမသုတ္တန်ဆိုတာ မြတ်စွာဘုရားကိုယ်တိုင်က အမည်ပေးခဲ့တဲ့ သုတ္တန်တော့ မဟုတ်ဘူး။ ဒါကြောင့် ဒီသုတ္တန်ရဲ့ နာမည်က နာမည်အမျိုးမျိုးဖြစ်တာ။ ဟောကြားတဲ့နေရာကို ကြည့်မယ်ဆိုရင်တော့ ကေသမုတ္တ၊ ကေသမုတ္တဆိုတဲ့ စကားလုံးတောင်မှလည်း သီဟိုဠ်မူ အနေနဲ့ပြောမယ်ဆိုရင် ကေသပုတ္တလို့ပြောရမယ်။ different version ဆိုတဲ့ မူမတူတာတွေ ရှိတယ်ပေါ့။ ကေသပုတ္တလို့လည်း ခေါ်တယ်၊ ကေသမုတ္တလို့လည်း ခေါ်တယ်။ ဒါကတော့ နိဂုံးရွာတစ်ရွာရဲ့နာမည်ဆိုတော့ ဘယ်ဟာအမှန်လို့ပြောဖို့ရာ ခက်တယ်။ ဘာဖြစ်လို့တုန်းဆို သမိုင်းဆိုတာ မှတ်တမ်းတင်တဲ့အခါ အမည်နာမကလည်း ရွေ့လျားပြောင်းလဲသွားတယ်လေ။ ဒီ့ပြင်နေရာမကြည့်နဲ့၊ ဒီနေ့ မန္တလေးတောင်မှပဲ အမည်နာမတွေ ရွေ့လျားပြောင်းလဲနေတာ ရှိတာပဲ။ တစ်ခေတ်နဲ့တစ်ခေတ်၊ တစ်ချိန်နဲ့တစ်ချိန် မတူကြဘူးလေ၊ ဘုန်းကြီးတို့ ငယ်စဉ်ကာလက ဒီနားမှာနေတာ။ ရှမ်းဝိုင်းလို့ ဒီအရပ်ကို ခေါ်ကြတာပေါ့နော်။ သို့သော်လည်း အခုတော်တော်များများက ရှမ်းဝိုင်းလို့ သိပ်မသိကြဘူး၊ တဖြည်းဖြည်း အမည်နာမဆိုတာ ပြောင်းသွားတာ၊ ဟို ၄၁ လမ်း ပတ်ဝန်းကျင်နား၊ ၈၄ လမ်း ပတ်ဝန်းကျင်၊ ရှေ့တုန်းက ရွာဟိုင်းစျေးလို့ ခေါ်တယ်၊ ရွာဟိုင်းစျေး။ အခုဒီကနေ့ကျတော့ မန်းမြို့စျေးဖြစ်နေတယ်၊ ရွာဟိုင်းစျေးလို့ပြောရင် လူသိပ်မသိတော့ဘူး၊ မန်းမြို့စျေးလို့ပြောမှ လူကသိတာကိုး။ မင်းတုန်းမင်းကြီး လက်ထက်တုန်းက နာမည်တွေလည်းပဲ အခုချိန် ပြောင်းသွားတာတွေ ရှိမှာပေါ့။

ခေတ်ကာလအလိုက် နာမည်တွေဟာ အမျိုးမျိုးပြောင်းလဲပြီးနေတာဖြစ်လို့ နိဂုံးရွာကို ကေသပုတ္တလို့ ခေါ်တာလား၊ ကေသမုတ္တလို့ ခေါ်တာလားဆိုတာ ဒါက အရေးမကြီးတဲ့အချက်တစ်ခုပဲ။ အဲဒီတော့ ကေသပုတ္တလို့ခေါ်ချင်ခေါ်၊ ကေသမုတ္တလို့ ခေါ်ချင်ခေါ် ဒီနာမည်ဟာ နိဂုံးရွာရဲ့နာမည်၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် တရားဟောခဲ့တဲ့ဒေသပဲ၊ ဒီလိုပဲ မှတ်တမ်းတင်ရမယ်။ သို့သော် ဒီကနေ့ခေတ် ဆဋ္ဌသံဂါယနာ ပါဠိတော်မှာ နာမည်တပ်ထားတာက ကေသမုတ္တိသုတ်လို့ နာမည်တပ်ထားတယ်။ နိဂုံးရွာနာမည်က ကေသမုတ္တ၊ ဘာဖြစ်လို့ ကေသမုတ္တိနာမည်နဲ့ သုံးရသလဲဆိုတဲ့အခါမှာ ကာလာမ လူမျိုးတွေကို ရည်ညွှန်းတဲ့အခါ ကေသမုတ္တိယာ ကာလာမာ-ကေသမုတ္တနိဂုံးမှာနေတဲ့ ကာလာမလူမျိုးတွေ၊ တခြားနေရာမှာနေတဲ့ ကာလာမလူမျိုးတွေက ရှိကောင်းရှိနိုင်သေးတာကိုး။ (ဒီနေရာ အရင်က ရှမ်းဝိုင်းဆိုတာ ရှမ်းတွေနေတာ ဖြစ်လိမ့်မယ်။ အခုတော့ ရှမ်းတွေ မရှိတော့ဘူးနဲ့တူတယ်၊ ရှေးကတော့ ယိုးဒယားစျေးဆိုလည်း ယိုးဒယားတွေ နေခဲ့တဲ့နေရာ ဖြစ်လောက်တယ်၊ ဘုရင်တွေလက်ထက်က အကွက်ချပြီးတော့ ထားလေ့ရှိတာကိုး။ တဖြည်းဖြည်း ယိုးဒယားကလည်း ဗမာဖြစ်သွား၊ ရှမ်းကလည်း ဗမာဖြစ်သွား၊ တောင်မြို့အမရပူရမှာဆိုရင်လည်း ကသည်းတို့ဘာတို့ ရှိသေးတယ်။ ဒီနားလေးတောင် ကသည်းဝင်းတို့ ဘာတို့ ရှိသေးတယ်။ ကသည်းဆိုတာ မဏိပူရိတွေကို ခေါ်တာပေါ့။ သူတို့ကလည်း တဖြည်းဖြည်း များရာနောက် လိုက်သွားပြီးတော့ ဗမာတွေဖြစ်ကုန်တော့ ကသည်းဆိုတာ ပျောက်သွားကြတယ်။ ဒီလိုပဲဖြစ်မှာပေါ့နော်၊ သဘာဝတရားကြီးရဲ့ ပြောင်းလဲမှု။) အဲဒီမှာလည်း ကာလာမလူမျိုးတွေက ကေသမုတ္တမှာနေတဲ့ ကာလာမလူမျိုးတွေကို ပါဠိစာပေနဲ့ ကေသမုတ္တိယာ ကာလာမာ-ကေသမုတ္တနိဂုံးရွာမှာနေကြတဲ့ ကာလာမအမျိုးသားတွေလို့ အဲဒီသုံးတဲ့စကားလုံးကိုကြည့်ပြီး ကေသမုတ္တိယသုတ်လို့ နာမည်ပေးရာကနေပြီးတော့ ယ,ဖြုတ်ပြီးတော့ ကေသမုတ္တိလို့ ဒီလိုခေါ်လာတာ ဖြစ်တယ်၊

အမည်နာမဆိုတာ တစ်ခါတစ်ရံ အကြောင်းတစ်ခုခုကို အစွဲပြုပြီးတော့ ပေးထားတာ၊ ဒါက အဓိကမဟုတ်ဘူး။ ကဲ ဒီသုတ္တန်မှာ မြတ်စွာဘုရားဆီ လာရောက်ပြီးတော့ တရားနာတဲ့ ပုဂ္ဂိုလ်တွေက ကာလာမ လူမျိုးတွေ၊ ဟောကြားတဲ့ဒေသက ကေသမုတ္တနိဂုံးလို့ ဒီလောက်ပဲသိရတယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ ကာသိနဲ့ ကောသလတိုင်းနှစ်ခုထဲမှာ ကောသလတိုင်းကို ဒေသစာရီကြွတယ်။ ကြွချီတဲ့အခါမှာ ကေသမုတ္တဆိုတဲ့ နိဂုံးရွာကိုရောက်တယ်။ ဘုရားရောက်လာတယ်ဆိုရင်ပဲ သတင်းပြန့်သွားတယ်၊ မြတ်စွာဘုရားက အင်မတန်မှ ဂုဏ်သတင်းကြီးတာကိုး။ ဘုရားကို ဗုဒ္ဓဘာသာဟုတ်သူရော မဟုတ်သူရော မြို့ရွာမှာရှိကြတဲ့ ပုဂ္ဂိုလ်တွေက အုတ်အော်သောင်းနင်း လာပြီးတွေ့ကြတယ်။ ကျော်ကြားထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မြတ်စွာဘုရား ကြွလာတယ်ဆို အဲဒီခေတ်က ဂုဏ်သတင်း အင်မတန်ကြီးတော့ လာရောက်ပြီးတော့ မမြင်ဖူးလို့ ကြည့်ချင်တဲ့လူလည်းပါတယ်၊ လူမျိုးစုံပဲ၊ ဒီကနေ့ခေတ်လိုပဲပေါ့၊ ဒါကတော့ မဆန်းဘူး၊ ထူးဆန်းပြီးတော့ မမြင်ဖူးလို့ လာကြည့်တယ်။

အဲဒီလို မြတ်စွာဘုရား ကေသမုတ္တနိဂုံးရောက်တဲ့အခါ ကေသမုတ္တမှာ အများစုဖြစ်တဲ့ ကာလာမလူမျိုးတွေဟာ ဘုရားကို လာပြီးတွေ့ကြတယ်။ အားလုံးဟာ ဗုဒ္ဓဘာသာဝင်တွေချည်း မဟုတ်ဘူး၊ ဘုရားကိုကြည်ညိုတဲ့ပုဂ္ဂိုလ်တွေချည်း မဟုတ်ဘူး၊ လာရောက်ပြီးတော့ တွေ့ကြတဲ့အခါမှာ ဘုရားကို ကြည်ညိုရင်းစွဲရှိကြတဲ့ပုဂ္ဂိုလ်တွေက ဘုရားရှေ့ရောက်တဲ့အခါမှာ အရိုအသေဦးညွှတ်လို့ ရှိခိုးဝပ်ချပြီး မြတ်စွာဘုရားပြောမယ့်စကား၊ ဟောကြားတဲ့တရားကို နားစွင့်ပြီး ထိုင်နေကြတယ်။ မြတ်စွာဘုရားကြွလာရင်တော့ တရားဟောမှာပဲ၊ ဟောတဲ့တရားကို တို့နာခွင့်ရအောင်ဆိုပြီး လာတဲ့ပုဂ္ဂိုလ်တွေက တရိုတသေရှိခိုးဦးချပြီးတော့ မြတ်စွာဘုရားရှေ့မှာနေကြတယ်၊ ထိုင်နေကြတယ်။

နောက်ပုဂ္ဂိုလ်တစ်စုက မြတ်စွာဘုရားထံလာပြီး ကိုယ့်ဆီရောက်လာတဲ့ ဧည့်သည်တစ်ယောက်ကို လာရောက်တွေ့ဆုံတဲ့သဘောပဲ။ ကျန်းမာကြောင်း၊ ချမ်းသာကြောင်း၊ ဘယ်ကကြွလာသလဲ၊ ခရီးရောပန်းသလား စသဖြင့်ပေါ့လေ၊ ယဉ်ကျေးသိမ်မွေ့တဲ့ လောကပျုငှာသဘောမျိုး မြတ်စွာဘုရားကို လာပြီးနှုတ်ဆက်ကြတယ်။ တွေ့ဆုံနှုတ်ဆက်ကြတဲ့ ပုဂ္ဂိုလ်က တစ်စု၊ အဲဒီပုဂ္ဂိုလ်တွေက ဘုရားကိုဝပ်ချတာမဟုတ်ဘူး။

နောက်တစ်စုက ဘာလုပ်သလဲဆိုရင် မြတ်စွာဘုရားဆီကို လာပြီးတော့ လက်အုပ်ကလေးချီပြီး ထိုင်နေကြတယ်၊ ရှိခိုးဝပ်ချတာ သူတို့က မလုပ်ဘူး၊ လက်အုပ်တော့ ချီထားကြတယ်။ အဲဒီပုဂ္ဂိုလ်တွေက ဘယ်လိုပုဂ္ဂိုလ်တွေလည်းဆိုရင် ဘာသာရေးမှာ မည်သည့်ဘာသာရယ်လို့ ဟုတ်တိပတ်တိ မကိုးကွယ်ကြတဲ့ ပုဂ္ဂိုလ်မျိုးတွေ၊ ကြားနေသမားတွေလို့ ပြောရမယ်၊ သူတို့က အကြံနဲ့လက်အုပ်ချီတဲ့ ပုဂ္ဂိုလ်မျိုးတွေ၊ တခြားဘာသာဝင်တွေရဲ့ပြစ်တင်ကဲ့ရဲ့မှုကိုလည်း သူတို့ကြောက်ကြတယ်၊ ဗုဒ္ဓဘာသာဝင်လို့လည်း နာမည်မခံရဲဘူးပေါ့၊ ဘုရားကိုမလေးစားလို့ ပြစ်တင်ခံရမှာကိုလည်း သူတို့က ကာကွယ်ဖို့လုပ်ထားတယ်၊ သူတို့ရဲ့စိတ်ကူးက ဘာတုန်းဆို ဒီလောက်ဂုဏ်သတင်းကြီးတဲ့ မြတ်စွာဘုရားကြွလာတာ ဘာဖြစ်လို့ မင်းတို့ အရိုအသေမပေးလဲဆို “ဟာ ..ဒီမှာကြည့်ပါလား၊ တို့လက်အုပ်ချီထားတာပဲ၊ ရိုသေတာပေါ့ ဘုရားကို” ဒီလိုပြောမယ်။ တခြားဘာသာဝင်တွေက “မင်းတို့ ဘာဖြစ်လို့ ဂေါတမဗုဒ္ဓကို ရှိခိုးရတာလဲ” ဆိုရင် “လက်အုပ်ချီတာ ရှိခိုးတာမှ မဟုတ်တာ”။ အဲဒီလိုစိတ်ကူးနဲ့ လက်အုပ်ချီထိုင်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း အဲဒီအထဲမှာ တစ်စုပါလာကြတယ်၊ ဒါကြောင့်မို့ လူမျိုးစုံလို့ပြောတာ။

နောက်တစ်စုကတော့ ဘာလုပ်တုန်းဆိုရင် ဘုရားအနီး မရောက်ရောက်အောင် ရှေ့တိုးလာပြီး “တပည့်တော်ရဲ့အနွယ်က ဘယ်သူပါဘုရား၊ နာမည်က ဘယ်သူပါဘုရား” နဲ့ လူကြားထဲမှာ ကျယ်ကျယ်ကျယ်ကျယ်နဲ့ လျှောက်ကြတယ်။ ကိုယ့်ဂုဏ်ကိုယ် ဖော်ထုတ်ပြီးလျှောက်ကြတယ်။ အဲဒီပုဂ္ဂိုလ်တွေက လူစုလူဝေးအခွင့်အရေးယူကြတာပေါ့။ လူထုပရိသတ် စုရုံးပြီးနေတဲ့အချိန် သူဘယ်သူပါသိအောင်လို့။ ခုခေတ်စကားနဲ့ပြောရရင် မဏ္ဍပ်တိုင်တက်တဲ့ ပုဂ္ဂိုလ်တွေပါ၊ သူဟာ ဘယ်သူပါ၊ တစ်ချိန်တုန်းက သူတို့ဟာ ထင်ရှားချင် ထင်ရှားခဲ့မယ်၊ အဲဒီအချိန်မှာ တိမ်မြုပ်နေတယ်၊ လူက သိပ်ပြီးတော့ မသိကြဘူး။ မသိတာကို လူသိစေချင်လို့၊ ထင်ပေါ်ကျော်ကြားချင်လို့ ဘုရားရှေ့မှာ သူတို့ကလျှောက်ကြတယ်၊ “တပည့်တော်က ဘယ်အမျိုးအနွယ်ကပါ၊ တပည့်တော်ရဲ့နာမည်က ဘယ်သူပါ” ဆိုပြီး လူကြားထဲမှာ လူသိထင်ရှားဖြစ်အောင် ကြိုးစားကြတဲ့ ပုဂ္ဂိုလ်မျိုးတွေလည်းပါတယ်။

အဲဒီထဲမှာ နောက်ဆုံးတစ်စုကတော့ မြတ်စွာဘုရားဆီရောက်ပြီး ကျန်းမာကြောင်း ချမ်းသာကြောင်း မမေးဘူး၊ ငုတ်တုတ်ထိုင်နေတဲ့ သူတစ်စုကလည်း ပါသေးတယ်။ မြတ်စွာဘုရားကြွလာလို့ လာရောက်တွေ့ဆုံကြတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီလို ငါးမျိုးရှိတယ်။

ဒီလို မြတ်စွာဘုရားကို လာရောက်တွေ့ဆုံကြတဲ့ ပရိသတ်တွေထဲမှာ ခေါင်းဆောင်ပြီးလာတဲ့ ကာလာမအမျိုးသားတွေက မြတ်စွာဘုရားကို လျှောက်တယ်။ “အရှင်ဘုရားတဲ့၊ တပည့်တော်တို့ဆီ သမဏ၊ ဗြဟ္မဏတွေ ဘာသာရေးဆရာတွေ ရောက်ရောက်လာကြတယ်” တဲ့။ (ရောက်မှာပေါ့၊ ကေသမုတ္တဆိုတဲ့ နိဂုံးကြီးက ပါဠိတော်မှာတော့ဖော်ပြမထားပေမယ့် အဋ္ဌကထာကနေပြီးတော့ ဒီနိဂုံးရွာကြီးက ဘယ်နေရာမှာရှိတယ်ဆိုတဲ့ Location ကိုဖော်ပြထားတာရှိတယ်။) တောကြီးတစ်ခုကို ဖြတ်သန်းသွားမယ့်အဝမှာ ကေသမုတ္တနိဂုံးရွာကြီးက ရှိတာ၊ တောအုပ်ကြီးတစ်ခု ဖြတ်ရတော့မယ်ဆိုရင် အဲဒီရွာမှာ စခန်းချရတယ်၊ ရိက္ခာတွေဘာတွေ ဖြည့်တင်းပြီးတော့မှ ဟိုဘက်တောကြီးကို ဖြတ်ရတယ်။ တောကြီးကိုဖြတ်သန်းလာတဲ့ပုဂ္ဂိုလ်တွေကလည်း ကေသမုတ္တမှာ စခန်းချပြီးမှ ရှေ့ခရီးဆက်ကြတယ်။ အဲဒီတော့ စခန်း အင်မတန်မှ ကောင်းတဲ့နေရာလို့ ဒီလိုပြောရမယ်။ အခုခေတ်အမြင်နဲ့တော့ မကြည့်နဲ့ပေါ့။ ရှေးတုန်းကတော့ ဆင်နဲ့ မြင်းနဲ့ ဒီလိုသွားချင်သွားကြမယ်၊ ရထားနဲ့ လှည်းနဲ့ သွားကြတယ်၊ အခုလို ကားနဲ့ မြန်မြန်ဆန်ဆန် သွားလို့မရဘူး၊ ကုန်းကြောင်းသွားတာရှိမယ်၊ အဲဒီလိုသွားတဲ့ပုဂ္ဂိုလ်တွေက တောအုပ်ကြီးတစ်ခုကို ဖြတ်ရတယ်ဆိုရင် အစာရေစာတို့ အန္တရာယ်တို့ ကာကွယ်မှုတွေ ပြင်ဆင်ပြီးတော့မှသွားကြရတာ။

ဘာသာရေးတရား ဟောပြောတဲ့ ပုဂ္ဂိုလ်တွေ၊ ဘာသာအယူဝါဒများပြားလှတဲ့ ခေတ်အခါကာလမှာ ဘာသာရေးအယူအဆရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို သမဏ၊ ဗြဟ္မဏလို့ သမဏဂိုဏ်းနဲ့ ဗြဟ္မဏဂိုဏ်း၊ အိန္ဒိယမှာထွန်းကားခဲ့တဲ့ ဘာသာဂိုဏ်းနှစ်ခုကို ဦးတည်ပြီးတော့ပြောတာ။ သူတို့ကလည်း ရောက်လာလို့ရှိရင် ကေသမုတ္တဆိုတဲ့ နိဂုံးရွာမှာ စခန်းချပြီးမှ တောအုပ်ကြီးကို ဖြတ်တယ်။ တောအုပ်ကြီး ဖြတ်လာတဲ့ ဘာသာရေးသမားတွေကလည်းပဲ တောအုပ်ကြီး ဖြတ်သန်းလာလို့ ပင်ပန်းလာတော့ ကေသမုတ္တမှာပဲ စခန်းချကြတယ်။ စခန်းချပြီးတော့ ဘာလုပ်တုန်းဆို တရားဟောကြတာပေါ့။ ကိုယ့်အယူဝါဒကိုကိုယ် ဟောပြောသွားကြတယ်။

အဲဒီဟောပြောတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦးက အင်မတန်မှ ဆန့်ကျင်တဲ့အကြောင်းတွေ ဟောကြတယ်။ တချို့ ဘာသာရေးဆရာတွေ ဟောသွားကြတယ် “တမလွန်လောကဆိုတာမရှိပါဘူး၊ သေပြီးတာပဲ၊ သေပြီးတဲ့နောက်မှာ ဘာမှမရှိဘူး၊ ကုသိုလ်ကံ အကုသိုလ်ကံရဲ့ အကျိုးတရားဆိုတာလည်းမရှိဘူး“တဲ့၊ အားလုံးကို ကံ ကံ၏အကျိုးကို ငြင်းပယ်ပြီးတော့ ဟောပြောသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။ တချို့ပုဂ္ဂိုလ်တွေကျတော့ “အကုသိုလ်ဆိုတာ ရှိမှ မရှိတာ။ မရှိသည့်အတွက်ကြောင့် အကုသိုလ်လုပ်လို့ မရဘူး” တဲ့၊ အကုသိုလ်ဆိုတာ မရှိသည့်အတွက် လုပ်လည်းမရဘူး၊ ဒီလိုဟောပြောသွားတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်။ နောက်အုပ်စုတစ်ခု လာတဲ့အခါကျတော့ “တမလွန်လောကဆိုတာ ရှိတယ်၊ ကုသိုလ်ကံဆိုတာလည်းလုပ်လို့ရတယ်၊ အကျိုးတရားဆိုတာလည်း ရှိတယ်” လို့ ဟောပြောပြီးသွားကြတယ်။ အဲဒီတော့ ကေသမုတ္တက လူတွေက ဘာသာတရားတွေ အမျိုးမျိုးနာနေရတဲ့အခါ သူတို့မှာ ဘာဖြစ်လဲဆို သံသယတွေ ဖြစ်ပွားတာပေါ့။ အယူဝါဒချင်း မတူတဲ့ပုဂ္ဂိုလ်တွေက ဟိုကတစ်မျိုးပြောသွားလိုက်၊ ဒီကတစ်မျိုးပြောသွားလိုက်ဆိုတော့ ဒါကဖြစ်တတ်တယ်၊ ဒီ့ပြင်ဟာ မပြောနဲ့၊ တစ်ခါတစ်ရံ ဒီဗုဒ္ဓရဲ့တရားတော်ကို ဟောတာသည်ပင်လျှင် တစ်ပါးကတစ်မျိုးဟောသွားရင် နောက်တစ်ပါးကတစ်မျိုးဟောလို့ရှိရင် သံသယဖြစ်ကြတာ ရှိသေးတာပဲလေ။ သူတို့ကျတော့ လုံးဝဆန့်ကျင်တဲ့ အယူဝါဒတွေကို ဟောပြောသွားတာ။

အဲဒီတော့ ကေသမုတ္တမှာနေတဲ့ ကာလာမအမျိုးသားတွေက မြတ်စွာဘုရားနဲ့တွေ့တဲ့အခါ လျှောက်ကြတယ် “အရှင်ဘုရား၊ တပည့်တော်တို့ ကေသမုတ္တမှာ သမဏ၊ ဗြဟ္မဏတွေရောက်ရောက်လာကြတယ်ဘုရား၊ လာသမျှပုဂ္ဂိုလ်တွေဟာ ကိုယ့်ဝါဒကောင်းကြောင်းပြောပြီး သူများဝါဒကို ရှုံ့ချပြီးပြောဆိုသွားကြတာချည်းပဲ၊ နောက်တစ်စုကလာပြန်လဲ ဒီလိုပဲ ကိုယ့်ဝါဒအကောင်းပြော ကိုယ့်ဟာအမှန်ပြောပြီး သူများဝါဒကို ရှုံ့ချပစ်ပယ်ပြီးသွားကြတယ်၊ အဲဒီတော့ ဘယ်သူမှားလို့ ဘယ်သူမှန်တယ်ဆိုတာ တပည့်တော်တို့ မဝေခွဲနိုင်ဘူးဘုရား” တဲ့၊ သံသယတွေ ဖြစ်တယ်ပေါ့။ ဒါ ဒီသုတ္တန်စတင်ဖြစ်ပေါ်လာခြင်းအကြောင်းရင်းပဲ။

ဒီနေရာမှာ မြတ်စွာဘုရားရဲ့ Technigue ပေါ့၊ ဟောပြောမှုမှာ မြတ်စွာဘုရားက အလွန်လိမ္မာကျွမ်းကျင်တယ်၊ ပုဂ္ဂိုလ်တွေရဲ့အနေအထားကို ကြည့်တယ်၊ အခုဒီ ကာလာမဆိုတဲ့လူမျိုးတွေဟာ သံသယဖြစ်နေတဲ့လူတွေ၊ မြတ်စွာဘုရားက အကယ်၍သာ “သူတို့ပြောတာတစ်ခုမှ မမှန်ဘူး၊ ငါပြောတာ မှတ်ကြ” လို့ပြောလို့ရှိရင် သံသယပိုဖြစ်သွားမှာ သေချာတယ်။ လာပြန်ပြီ၊ ဂေါတမဗုဒ္ဓကလည်း သူ့ဟာပဲမှန်တယ်၊ ကျန်တာတွေအမှားလို့ ပြောသွားပြန်ပြီ။ ဒီလိုပဲ ဖြစ်ကျန်ခဲ့မှာ၊ သံသယရှင်းမှာမဟုတ်ဘူး။ အဲဒီတော့ မြတ်စွာဘုရားရဲ့ Technigue က အင်မတန်မှ ကောင်းတယ်၊ မြတ်စွာဘုရားက ဘာပြောလိုက်တုန်းဆို ဒါ အလွန်မှတ်သားစရာကောင်းတယ်။ “အေး၊ ဟုတ်တယ်ပေါ့၊ မင်းတို့ဟာ သံသယဖြစ်ထိုက်တဲ့နေရာဖြစ်တာပေါ့၊ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ သိဖို့ခက်တာပဲ၊ ဟိုကတစ်မျိုးပြော ဒီကတစ်မျိုးပြောဆိုတော့ မင်းတို့ သံသယဖြစ်ထိုက်ပါတယ်၊ ဖြစ်ထိုက်တဲ့နေရာဖြစ်တာပါ” တဲ့။ ဒီလိုပြောလိုက်တော့ သူတို့ကျေနပ်သွားတာပေါ့၊ ဟုတ်တယ် သံသယဖြစ်ထိုက်တဲ့နေရာဖြစ်တာတဲ့၊ အဲဒီသံသယပျောက်ဖို့ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်နိုင်အောင် မြတ်စွာဘုရားက ဒီသုတ္တန်မှာ သွန်သင်ဆုံးမသွားတယ်။ အဲဒီတော့ ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်ဖြစ်နေလင့်ကစား တစ်ခါတစ်ရံ သံသယဖြစ်စရာလေးတွေ ကြုံလာလို့ရှိရင် ကြည့်၊ မြတ်စွာဘုရားရဲ့ ဒီသုတ္တန်အဆုံးအမဟာ အင်မတန်မှ တန်ဖိုးရှိတယ်၊ ကိုယ့်ဘဝရဲ့ guide line အဖြစ် အသုံးချလို့ရတယ်။

မြတ်စွာဘုရားဟာ ပြောရမယ်ဆိုရင် လက်တွေ့သမား၊ ရှေးအကြောင်းတရားတွေကိုလည်း မပယ်ဘူး၊ ပစ္စုပ္ပန်အကြောင်းတရားကိုလည်း လက်ခံတယ်၊ အကြောင်းကို တစ်ခုတည်းလို့ မယူဆဘူး၊ အစစ်အမှန်ကို သိထားတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက် အကြောင်းဖြစ်သင့်လို့ရှိရင် အတိတ်ကဟာပဲဖြစ်ဖြစ်၊ ပစ္စုပ္ပန်ဖြစ်ဖြစ် လက်ခံတယ်။ တချို့ကျတော့ အတိတ်အကြောင်းအရာတွေငြင်းပယ်ပြီး ပစ္စုပ္ပန်အကြောင်းတစ်မျိုးတည်းလက်ခံတယ်၊ တချို့ကျတော့ ပစ္စုပ္ပန်အကြောင်းကို ငြင်းပယ်ပြီး အတိတ်အကြောင်းတစ်မျိုးတည်းပဲ လက်ခံတယ်၊ အဲဒါကျတော့ ဘယ်မှန်မလဲ၊ မြတ်စွာဘုရားက အဲဒီလိုမဟုတ်ဘူး၊ အတိတ်အကြောင်းဆိုတာလည်း ဖြစ်သင့်တဲ့အကြောင်းကို လက်ခံတယ်၊ ပစ္စုပ္ပန်အကြောင်းကိုလည်း ထည့်သွင်းစဉ်းစားပြီးပြောတယ်။

ဆိုပါစို့ ဥပမာ အအေးမိလို့ နှာစေးတာကို ကံကြောင့် ငါနှာစေးတာလို့ပြောရင် မှန်ပါ့မလား၊ သို့သော် ကံမပါဘူးလားဆိုတော့ ကံဆိုတာ အဝေးကြီး၊ ကံရှိလို့ လူဖြစ်လာတယ်၊ လူဖြစ်တော့ အအေးပတ်တဲ့နေရာရောက်လာတော့ အအေးပတ်တာပေါ့။ အဲဒီတော့ အအေးမိတယ်ဆိုတာ ပစ္စုပ္ပန်အကြောင်းတစ်ခုတည်းကို မပြောဘူး၊ ပစ္စုပ္ပန် လက်တွေ့မြင်ရတဲ့အကြောင်းကို လက်ခံတယ်၊ ထည့်သွင်းစဉ်းစားတယ်ပေါ့။ တစ်ခုတည်းကို မပြောရဘူး၊ ဒါကြောင့်မို့ အကြောင်းတရားဆိုတာ အမျိုးမျိုးရှိတယ်၊ များစွာသော အကြောင်းတရားတွေကို နားလည်မယ်ဆိုရင် ကိုယ့်ဘဝကိုယ်ရပ်တည်ဖို့အတွက် ကိုယ့်သွားရမယ့် လျှောက်လှမ်းရမယ့် လမ်းခရီးဟာ ဖြောင့်တန်းတယ်ပေါ့။ ဒါကြောင့်မို့ မြတ်စွာဘုရားက ကာလာမအမျိုးသားတွေကို “အေး၊ ဟုတ်တာပေါ့၊ မင်းတို့သံသယဖြစ်ဖို့ အင်မတန်ကောင်းတာပဲ၊ သံသယဖြစ်ထိုက်တဲ့နေရာမှာ သံသယဖြစ်တာပဲ” လို့ ဒီလိုပြောလိုက်ပြီး မြတ်စွာဘုရားက သူတို့စဉ်းစားဖို့ အချက်တွေကို ပြောပြတယ်။

အဲဒီတော့ ဘုရားက ပြောတဲ့အခါမှာ သံသယဖြစ်နေတဲ့လူတွေကို စဉ်းစားဖို့ အင်အားတစ်ခုကိုပေးတယ်။ သံသယဖြစ်နေတယ်ဆိုတဲ့လူက ရှေ့ကိုဆက်ပြီးမစဉ်းစားနိုင်ဘူး၊ စဉ်းစားရင် ပင်ပန်းတယ်၊ အဲဒါကို ဝိစိကိစ္ဆာလို့ခေါ်တယ်။ ဒါကြောင့်မို့ ဝိစိကိစ္ဆာဆိုတဲ့ စကားလုံးက “ဝိစိနန္တဿ ကိစ္ဆာ ဝိစိကိစ္ဆာ” ဝိစိနန္တဿ-စူးစမ်းလိုက်တာနဲ့၊ ကိစ္ဆာ-ပင်ပန်းသွားတယ်၊ ရှေ့မတိုးနိုင်ဘူး။ ကိုယ့်ဉာဏ်မမီလို့ရှိရင် တစ်စုံတစ်ခုကို စဉ်းစားရင် ခေါင်းရှုပ်လာတယ်၊ အဲဒါဟာ ဝိစိကိစ္ဆာပဲ၊ ဒါကြောင့်မို့ ဝိစိကိစ္ဆာရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုတဲ့အခါမှာ “ဝိစိနန္တဿ ကိစ္ဆာ ဝိစိကိစ္ဆာ” ဒီလိုဖွင့်တယ်။ စဉ်းစားလိုက်လေ ခေါင်းရှုပ်လေ စိတ်ပင်ပန်းလေဆိုတဲ့အချက်၊ အဲဒါကြောင့်မို့ မြတ်စွာဘုရားက သူတို့ရှုပ်ထွေးနေတဲ့အကြောင်းအရာတင်မကဘူး၊ လောကမှာ ရှုပ်ထွေးစရာ အကြောင်းတွေက အများကြီး၊ ဒါတင်မကဘူး လူဆိုတာ သူ့အကြိုက် ကိုယ့်အကြိုက် အမျိုးစုံရှိတယ်၊ အဲဒီအမျိုးစုံတွေကို ခြုံငုံသုံးသပ်ပြီးတော့ မြတ်စွာဘုရားက ဒီသုတ္တန်မှာ အချက်(၁၀)ချက်ကို ထုတ်ပြတယ်။

“ဧထ တုမှေ ကာလာမာ” ဒီစကားက မင်းတို့ ဘာမှတွေဝေမနေကြနဲ့၊ လာကြ ငါပြောမယ်၊ ဒီအဓိပ္ပာယ်မျိုးကိုပြောတာ၊ “ဧထ တုမှေ ကာလာမာ” လာကြ မင်းတို့တွေဝေမနေနဲ့၊ ကိုယ့်ဟာကိုယ် စဉ်းစားကြရမယ်။ ကြည့် မြတ်စွာဘုရားထုတ်ပြတဲ့ အချက်တွေက ဘာတွေတုန်းဆို

နံပါတ်(၁)က “မာ အနုဿဝေန” တစ်ယောက်ယောက်က မင်းတို့လာပြောတာ၊ အနုဿဝမှ အနုဆိုတာ တစ်ဆင့်၊ သဝဆိုတာကြားတာ သို့မဟုတ် တစ်ယောက်က လာပြီးပြောတဲ့စကားကို အနုဿဝလို့ခေါ်တယ်။ လောကမှာ တဆင့်စကားဆိုတာတွေနဲ့ လူတွေဟာ လက်ခံပြီး ယုံကြည်နေကြတာလေ၊ အရပ်ထဲမှာ ပိုဆိုးတာပေါ့။ “Gossip” ဆိုတာတွေလေ၊ ဟိုအိမ်ဒီအိမ် လည်ပြော၊ ဒီအိမ်ကဟိုအိမ်သွားပြော၊ ဟိုရပ်ကွက်က ဒီရပ်ကွက်သွားပြော၊ ဘာတဲ့ ညာတဲ့နဲ့ဆိုတာ၊ ဒါမျိုးတွေ အများကြီးရှိတာပေါ့။ အကြောင်းအရာတစ်ခုခုကို လာပြီးပြောတာ၊ အဲဒါကို “အနုဿဝ” လို့ခေါ်တယ်၊ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ဂျာနယ်ထဲပါတာ၊ မဂ္ဂဇင်းထဲပါတာနဲ့ တစ်လောကတောင် ပါလာသေးတယ်။ သုံးပေရှိတဲ့ တောက်တဲ့ကြီးဆိုတာ၊ တောက်တဲ့သုံးပေရှိတာ မကြားဖူးဘူးနော်။ အဲဒီတော့ ဒါကြောင့်မို့ အနုဿဝကို အင်္ဂလိပ်လို ပြန်တဲ့အခါ report လို့ ပြန်တယ်။ တစ်စုံတစ်ယောက်ကနေ ကိုယ့်ကိုလာပြီး report လုပ်တယ်၊ သတင်းပေးတယ်။ အဲဒါနဲ့လည်း အမှန်လို့ မဆုံးဖြတ်နဲ့တဲ့။

မြတ်စွာဘုရားက report တွေကို အမှန်မယူနဲ့။ ဂျာနယ်ထဲပါတယ်၊ သတင်းစာထဲပါတယ်၊ ဟိုထဲပါတယ်၊ ဒီထဲပါတယ်၊ ဟိုလူကပြောသွားတယ်၊ ဒီလူကပြောသွားတယ်၊ အမှန်မယူနဲ့တဲ့၊ ဒီလိုဆိုလိုတယ်။ ဘာဖြစ်လို့တုန်းဆိုရင် မှန်တာလည်း ရှိချင်ရှိမယ်၊ မှားတာလည်းရှိချင်ရှိမယ်။ ကိုယ့်ဉာဏ်နဲ့ စဉ်းစားဦးလို့ ဒီလိုဆိုလိုတာ။ မြတ်စွာဘုရားဆိုလိုတာက အဲဒါပဲ။

ကွန်မြူနစ်တွေက ဒီအချက်တွေနဲ့ သူတို့က ဘာသာတရားတွေအကုန်လုံး ပစ်ပယ်ချင်တယ်။ ဒီစကားလုံးသုံးပြီးတော့ ဘာသာတရားတွေကို အကုန်ပုတ်ခတ်တာ၊ အဲဒါတော့မမှန်ဘူး။ မြတ်စွာဘုရားရဲ့ဆိုလိုရင်းအဓိပ္ပာယ်က ဘာတုန်းဆို သူများကလာပြီးreport လုပ်လို့ရှိရင် အဲဒါနဲ့တင် ရပ်မနေနဲ့၊ ကိုယ့်ဟာကိုယ် ဟုတ်တယ် မဟုတ်ဘူး၊ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဦးလို့ပြောတာ၊ ဘယ်လောက်ကောင်းလဲ။ လောကလူတွေက လွယ်လွယ်နဲ့ ယုံတတ်တယ်လေ၊ အောက်ကအစီရင်ခံစာ တတ်လာတယ်ဆိုလို့ရှိရင် လက်ခံလိုက်တာပဲ၊ ဟုတ်လား မဟုတ်လားဆိုတာ စဉ်းစားရမယ်၊ အစီရင်ခံစာဆိုတာ အကုန်လုံးမှန်နိုင်ပါ့မလား၊ မမှန်နိုင်ဘူး။

ဒီ့ပြင်အစီရင်ခံစာ မပြောနဲ့ ကိုယ့်အိမ် ကိုယ့်မိသားစုထဲပဲကြည့်၊ သမီးကလာပြော၊ သားကလာပြော၊ ဟိုလူကလာပြော ဒီလူကလာပြောနဲ့ အမှန်ချည်းအောက်မေ့မနေနဲ့။ အမေ မသိစေနဲ့၊ အဖေမသိစေနဲ့တဲ့၊ အဟုတ်မှတ်နေကြတာ၊ အဲဒါကြောင့်မို့လို့ report လေးနဲ့တင် ကျေနပ်မနေနဲ့၊ မြတ်စွာဘုရားဆိုလိုတာက “အနုဿဝ” လို့ဆိုတဲ့ တစ်ဆင့်ကြားစကားလေးနဲ့တင် မှန်တယ်လို့ မဆုံးဖြတ်နဲ့ဦး၊ မှန်တာလည်းရှိနိုင်တယ် မှားတာလည်းရှိနိုင်တယ်၊ မသေချာဘူးလို့ပြောတာ။

စဉ်းစားကြည့်ပေါ့၊ ဒါအမှန်ပဲလေ၊ အဲဒါကိုဆိုလိုတာ။ နောက်တစ်ခုကတော့ (၂) “မာ ပရမ္ပရာယ” ပရမ္ပရဆိုတာ ရှေးဘိုးဘွားဘီဘင် လက်ထက်ကတည်းက လုပ်လာတဲ့အလုပ်တစ်ခု၊ Tradition လို့ခေါ်တယ်။ မျိုးရိုးအစဉ်အဆက်က လက်ခံလာကြတာ၊ အဲဒါဟာလည်း “ဒါက တို့ဘိုးဘွားလက်ထက်ကတည်းကပဲ၊ တို့ရဲ့ဓလေ့ထုံးစံပဲ” ဆိုပြီးတော့ လုပ်နေကြတာ၊ အဲဒါကိုလည်းပဲ မြတ်စွာဘုရားက ဒါနဲ့ အမှန်တရားကို ဆုံးဖြတ်လို့မရဘူးတဲ့။ Tradition ဆိုတာ မှန်တာလည်းရှိနိုင်တယ်၊ မှားတာလည်းရှိနိုင်တယ်၊ အမှန်တရားကို ရှာဖွေတဲ့နေရာမှာ ဒါက အသုံးမဝင်ဘူး၊ research လုပ်တဲ့အခါမှာ ဒါတွေနဲ့ research အဓိပ္ပာယ်က အမှန်တရားကို ရှာချင်ပြီဆိုလို့ရှိရင် Tradition နဲ့ မရှာနဲ့၊ ရှာရင် မှန်တာ ရှိချင်ရှိမယ်၊ မှားတာ ရှိချင်ရှိမယ်။ မသေချာဘူးလို့ ပြောတာ။ ဘုန်းကြီးတို့တစ်ခါတုန်းက Mexico နိုင်ငံကလာတဲ့ Mexican လူမျိုးတွေ သုံးဆယ်လောက် ဗမာပြည်ကို ရောက်လာတယ်၊ သူတို့က ဗုဒ္ဓဘာသာတွေ ဖြစ်နေကြတယ်၊ Mexico ဆိုတာ ခရစ်ယာန်အများစု စပိန်စကားပြောတဲ့နိုင်ငံ၊ အမေရိကန်နိုင်ငံနားက နိုင်ငံတစ်နိုင်ငံ၊ အဲဒီက အမျိုးသား အမျိုးသမီး လူ(၃၀)လောက် ရောက်လာတယ်။ ဘုန်းကြီးတို့ဆီရောက်တော့ မေးခွန်းတွေမေးကြတယ်၊ မေးခွန်းမေးတဲ့အထဲမယ် အမျိုးသမီးတစ်ယောက်က ဘာမေးတုန်းဆို “သူမန္တလေးက မဟာမြတ်မုနိဘုရားကြီးကို သွားဖူးတယ်တဲ့၊ ဖူးတဲ့အခါမှာ ဂန္ဓကုဋိတိုက်အနားမှာ အမျိုးသမီးမဝင်ရဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ခဲ့တယ်၊ အင်္ဂလိပ်လိုလည်း ရေးထားတယ်၊ အဲဒါမြင်လာတဲ့အခါ သူ့စိတ်ထဲမှာ မကျေမနပ်ဖြစ်တယ်၊ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတယ်ပေါ့၊ အမျိုးသားတွေတော့ ဝင်လိုက်ထွက်လိုက် လုပ်တယ်၊ အမျိုးသမီးတွေတော့ မဝင်ရဘူးဆိုရင် ဒါခွဲခြားဆက်ဆံတာ၊ ဘုန်းကြီးနဲ့တွေ့တဲ့အခါ မေးတာ၊ အဲဒီလိုစာတမ်းတွေ့တယ်တဲ့၊ ဒါ ဗုဒ္ဓဘာသာလား၊ ဘုရားဟောတဲ့တရားလား” တဲ့ သူကမေးတယ်။

ဘုန်းကြီးက “This is not a buddhism” ဒါက ဗုဒ္ဓရဲ့ဝါဒ မဟုတ်ဘူး။ “This is a Tradition”။ မြန်မာလူမျိုးတွေရဲ့ ရှေးအစဉ်အလာအရ လက်ခံကျင့်သုံးလာတဲ့ ထုံးတမ်းအစဉ်အလာတစ်ခုသာ ဖြစ်ပါတယ်၊ ဗုဒ္ဓဘာသာနဲ့ မဆိုင်ပါဘူးလို့ ဒီလိုပြောလိုက်တယ်၊ အဲဒီကျတော့ ကျေနပ်တယ်၊ Tradition ဆိုတာ သူတို့လည်းရှိတယ်၊ ကိုယ်လည်းရှိတယ်။

Tradition ဆိုတာ အမှန်တရားလို့ပြောတာ မဟုတ်ဘူး၊ ဓလေ့ထုံးတမ်းအစဉ်အလာအရ လိုက်နာရတာတွေ ရှိတယ်လေ။ မှန်လို့လိုက်နာတာ မဟုတ်ဘူး၊ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ထုံးတမ်းအစဉ်အလာမို့ လုပ်နေကြတာ၊ ဒါက အမှန်တရားကို ရှာတဲ့နေရာမှာ အဓိကမဟုတ်ဘူး။ ဒါကြောင့်မို့ မြတ်စွာဘုရားက Tradition နဲ့လည်း အမှန်တရားကို မရှာနဲ့၊ Tradition ဆိုတာ မှန်တာရှိတယ်၊ မှားတာရှိတယ်။

ခုနက “အမျိုးသမီးမဝင်ရ” ဆိုတာ ဝင်ရင် အကုသိုလ်ဖြစ်တယ်ဆိုရင် ဒါမှားတယ်၊ ဘယ်လိုလုပ် ဝင်ရင် အကုသိုလ်ဖြစ်မလဲ။ သို့သော် အမျိုးသမီးမဝင်ရဆိုတာ မြန်မာလူမျိုးတွေရဲ့ Tradition အနေနဲ့ အမျိုးသမီးမဝင်ဖို့ဆိုတာ ဒါလူမျိုးရဲ့ Tradition ။ Tradition ဆို သူတို့နားလည်တယ်။

ဟို ကျိုက်ထီးရိုးမှာလည်း ကြည့်လေ၊ ဘုရားဖက်ကူးတဲ့ တံတားလေး ရှိတယ်မဟုတ်လား၊ အမျိုးသမီးမတက်ရဆိုတာ၊ အမျိုးသမီးတက်ရင် မိုးကြိုးပစ်တယ်တို့၊ မုန်တိုင်းထန်တယ်တို့ ဘာတို့ ပြောကြတယ်၊ တစ်ခါတုန်းက နိုင်ငံခြားအမျိုးသမီးတစ်ယောက်က ယောက်ျားလိုဝတ်ပြီးတော့ ကူးသွားတာ၊ မိုးကြိုးကမပစ်လိုက်ဘူး၊ မုန်တိုင်းကလည်း မကျလိုက်ဘူး၊ မသိလိုက်ကြဘူး၊ မျက်စိလည်သွားတယ်နဲ့တူတယ်။ အကယ်၍ ပြောတဲ့အတိုင်း မဖြစ်ရင် ဒါသိက္ခာကျတယ်၊ အဲဒီတော့ guide တွေကို ပြောလိုက်တယ် “မင်းတို့ အဲဒီလိုမပြောနဲ့၊ ဟိုဟာ ဒီဟာတွေ။ နိုင်ငံခြားသားတွေကို Tradition လို့သာပြော၊ Tradition လို့ပြောရင် ဒါကိစ္စပြီးတယ်၊ သူတို့မှာလည်းရှိတယ်၊ ဒါက Tradition ပဲ” လို့ ဒီလိုပဲပြောရမယ်။

Tradition ဆိုတာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အမှန်တရားကို ရှာရမယ့်ဟာ မဟုတ်သည့်အတွက်ကြောင့် မြတ်စွာဘုရားက Tradition နဲ့လည်း အမှန်တရားကို မရှာနဲ့၊ အဲဒီတွင် လမ်းမဆုံးနဲ့ပေါ့၊ မှန်ကန်တဲ့ Tradition ရှိတယ်၊ မှားယွင်းနေတဲ့ Tradition လည်းရှိတယ်ပေါ့၊ ဒီလိုဆိုလိုတာနော်၊ အဲဒါကို “မာ ပရမ္ပရာယ” လို့ပြောတာ။

ဒီသုတ္တန်ဟာ ဘဝအတွက် guide line ပေးတဲ့နေရာမှာ အလွန်ကောင်းတယ်။ သို့သော် ပုံပျက်ပန်းပျက် အဓိပ္ပာယ်မယူဆတတ်လို့ရှိရင် တလွဲရောက်ကုန်တတ်တယ်။ အကုန်ပယ်ဖို့ မြတ်စွာဘုရားက ဟောတာမဟုတ်ဘူး။ အခုကြည့် report နဲ့ အမှန်တရားကို မရှာနဲ့၊ report ဆိုတာ ဘာဖြစ်လို့မရှာရတာတုန်းဆို မှန်တာလည်းရှိတယ်၊ မှားတာလည်းရှိတယ်၊ မသေချာဘူး။ Tradition နဲ့လည်း အမှန်တရားကို မဆုံးဖြတ်နဲ့။ Tradition ဆိုတာ မှန်တာလည်းရှိတယ်၊ မှားတာလည်းရှိတယ်။

နောက်တစ်ခုက (၃) “မာ ဣတိကိရာယ” ဣတိကိရဆိုတာ ဒီလိုတဲ့ဆိုပြီး တစ်ယောက်လာပြောတဲ့အရာ၊ ဘာဖြစ်သတဲ့ ညာဖြစ်သတဲ့၊ ဟိုလိုပြောသတဲ့ ဒီလိုပြောသတဲ့၊ လောကမှာ “တဲ့” တွေ အများကြီးရှိတယ်၊ အဲဒါကို hearsay လို့ခေါ်တယ်၊ ကြားလာတာကို တစ်ဆင့်လာပြောတာလေ၊ သူကလည်း တစ်ဆင့်ကြားပဲ၊ သူကိုယ်တိုင်မြင်တာမဟုတ်ဘူး၊ ဘာဖြစ်သတဲ့ ညာဖြစ်သတဲ့ လာပြောတာပေါ့၊ အဲဒီ hearsay တွေ၊ “ဣတိကိရ” ဆိုတာတွေနဲ့လည်း အမှန်တရားကို မဆုံးဖြတ်နဲ့တဲ့၊ အမှန်တရားကို ဆုံးဖြတ်ရင် အမှန်တရား မရနိုင်ဘူး။ ဒီလိုဆိုလိုတာနော်၊ ဒါလည်း အမှန်တရားဆုံးဖြတ်ရမယ့်အကြောင်းတစ်ခုမဟုတ်ဘူးတဲ့၊ မှန်တာလည်းရှိမယ်၊ မှားတာလည်းရှိမယ်။

နောက်တစ်ခုက (၄) “မာ ပိဋကသမ္ပဒါနေန“၊ ပိဋကဆိုတာ ဘုရားဟော ပိဋကကိုပြောတာ မဟုတ်ဘူး၊ သင်ယူရတဲ့ကျမ်းစာကို ပိဋကလို့ပြောတာ၊ “ပိဋကသမ္ပဒါနေန” စာထဲမှာပါတယ်ဆိုတာနဲ့လည်း အမှန်တရားကို မဆုံးဖြတ်နဲ့လို့ ဒီလိုပြောတာ။

အဲဒီစကားလုံးကို ယူသုံးပြီး ပိဋကသုံးပုံက စကားတွေ ပယ်ချင်တဲ့လူတွေက လျှောက်ပြောတာ၊ အဲဒါအဓိပ္ပာယ်မရှိဘူး၊ ဒါကိုဆိုလိုတာမဟုတ်ဘူး၊ သတင်းစာထဲပါတယ်၊ ဂျာနယ်ထဲပါတယ်၊ စာအုပ်ထဲပါတယ်ဆိုတာနဲ့ အမှန်ပြောလို့မရဘူး၊ ဒါဟုတ်တာပေါ့၊ စာအုပ်ထဲမှာ အမှားရေးချင်လည်း ရေးမှာပဲလေ၊ မှားချင်မှားတာပဲ၊ ဒါကြောင့် စာအုပ်ထဲမှာပါတယ်ဆိုတာနဲ့လည်း အမှန်တရားကို ဆုံးဖြတ်လို့မရဘူး၊ ဒါသိပ်သဘာဝကျတာ။ ကိုယ်ပိုင်ဉာဏ်ကို အသုံးချဖို့ မြတ်စွာဘုရားက ဟောနေတာနော်။ ဒီ ပိဋကသုံးပုံကို ပြောတာမဟုတ်ဘူး။ “ပိဋကသမ္ပဒါနေန” ဆိုတာ သင်ယူရတဲ့ကျမ်းစာမှန်သမျှကို “ပိဋက” လို့သုံးတာ။

တချို့ နိုင်ငံခြားသားတွေ ဘာသာပြန်တာတော့ ပိဋကကို ခြင်းတောင်းလို့ ဘာသာပြန်ကြတယ်။ Logic တဲ့၊ သို့သော် ခြင်းတောင်းကိုသာ ပိဋကလို့ခေါ်တာမဟုတ်ဘူး။ သင်ယူရတဲ့စာပေတွေကိုလည်း ပိဋကတ်လို့ခေါ်တယ်။ အဲဒီတော့ သင်ယူထားတဲ့ ကျမ်းစာနဲ့ ကိုက်တယ်ဆိုရုံနဲ့လည်း အမှန်တရားကို မဆုံးဖြတ်နဲ့တဲ့။ မှန်ချင်မှန်မယ်၊ မှားချင်မှားမယ်၊ ဒါတင်ရပ်မထားနဲ့၊ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်စဉ်းစားဖို့ လိုအပ်တယ်လို့ ဒီလိုဆိုလိုတာနော်။

နောက်တစ်ခုက (၅) “မာ တက္ကဟေတု” တက္ကဆိုတာ ဒီကနေ့ Logic ကိုခေါ်တာ။ အကြောင်းအကျိုး ဆီလျော်အောင် တွေးတောဆင်ခြင်မှု၊ တတ္တဗေဒနည်း၊ တွေးခေါ်မြော်မြင်တဲ့ နည်းစနစ်တစ်ခုကို တက္ကလို့ခေါ်တယ်၊ Logic လို့ခေါ်တယ်၊ အဲဒီ Logic နည်းနဲ့လည်းပဲ အမှန်တရားကိုရှာလို့ မမှန်နိုင်ဘူးတဲ့၊ ဆုံးဖြတ်လို့မရဘူးလို့ ဒီလိုဆိုလိုတယ်။ လောကမှာ တတ္တဗေဒနည်းတွေ အများကြီးရှိတယ်လေ၊

ကြောင်းကျိုးဆင်ခြင်တာပေါ့၊ “လူသည် သေမျိုးဖြစ်သည်၊ ဦးဘသည် လူတစ်ယောက်ဖြစ်သည်၊ ဒါ့ကြောင့် ဦးဘသည် သေမျိုးဖြစ်သည်”။ ဒီလိုဆင်ခြင်တာမျိုးကို ဆိုလိုတာ၊ ကြောင်းကျိုးဆင်ခြင်ပြီးပြောတာ။

အဲဒီတော့ နေရာတကာတိုင်းမှာ ဒီနည်းစနစ်ကို သုံးလို့ရှိရင်လည်း အမှန်တရားကို ရှာဖွေလို့ရမှာမဟုတ်ဘူး။ အသိဉာဏ်နဲ့ ရှာဖွေမှသာလျှင် မှန်ကန်တဲ့တရားကို သိနိုင်တယ်လို့။ ဒါကြောင့်မို့ တတ္တဗေဒနည်းနဲ့လည်း အမှန်တရားကို မဆုံးဖြတ်လေနဲ့လို့ မြတ်စွာဘုရားဟောတာ။

သူတို့ပြောနေတဲ့ သံသယတွေဟာ တစ်ခုတည်းမကဘူး၊ မြတ်စွာဘုရားက လောကမှာရှိတဲ့ သံသယဖြစ်ဖွယ်ရာတွေကို ဒီမှာ အကုန်ထုတ်ပြနော်။

နောက်တစ်ခုက (၆) “မာ နယဟေတု” တဲ့။ နယဆိုတာ နည်းယူပြီးတော့ပြောတာ၊ အကြောင်းမြင်ရင် အကျိုးကိုပြောလို့ရတယ်၊ အကျိုးအကြောင်းကို ပြောလို့ရတယ်၊ အဲဒါကို inference လို့ခေါ်တယ်၊ အနုမာနလို့ခေါ်တယ်၊ တစ်ဆင့်သိတာ မှန်တာလည်းရှိတယ်၊ မှားတာလည်းရှိတယ်။

တောင်ရဲ့ဟိုဘက်ကနေပြီးတော့ မီးခိုးတွေထွက်နေတာ မြင်တဲ့သူတစ်ဦးက “တောင်ရဲ့ဟိုဘက်မှာ မီးလောင်နေတယ်” လို့ပြောတယ်၊ ဘာဖြစ်လို့တုန်းဆို မီးခိုးဆိုတာ မီးကဖြစ်တာကိုး၊ သူမြင်တာက မီးခိုး၊ မီးရဲ့အကျိုးကိုသာ မြင်တာ၊ အကျိုးကိုကြည့်ပြီးတော့ အကြောင်းကိုလှမ်းပြောတာ၊ မီးကိုသူမမြင်ဘူး။ အဲဒါအမြဲတမ်းမှန်သလားဆိုတော့ မီးခိုးမြင်တာနဲ့ မီးရှိတယ်လို့ပြောရင် အမြဲတမ်းမမှန်ဘူး။ တစ်ခါတလေ မီးရထားစက်ခေါင်းကလည်း မီးခိုးထွက်သေးတာပဲ၊ မီးမလောင်ဘဲနဲ့ မီးခိုးထွက်တာရော မရှိဘူးလား၊ ရှိတယ်။ အဲဒီတော့ ဒါတွေက အနုမာနလို့ခေါ်တယ်၊ အကျိုးကိုကြည့်ပြီး အကြောင်းကိုတွက်ဆတာ၊ အကြောင်းကိုကြည့်ပြီးတော့ အကျိုးကိုတွက်ဆတာ၊ တစ်ခုပဲမြင်ရတယ်၊ တစ်ပိုင်းပဲမြင်ရတယ်၊ မြင်ရတာနဲ့ ကျန်တာကိုမှန်းပြီးတော့ ဆုံးဖြတ်တာ၊ inference အနုမာနလို့ခေါ်တယ်၊ တစ်ဆင့်မှန်းဆပြီးတော့ သိတာမျိုး။ အဲဒါနဲ့လည်း အမှန်တရားကို ရှာလို့မရဘူးလို့ ဒီလိုပြောတာ။

မြတ်စွာဘုရား ဟောတာတော့ တကယ့်ကို ပစ္စဝေက္ခဏာဉာဏ်ကို ဟောတာပဲ။ ဒါကြောင့်မို့ ပစ္စဝေက္ခဏာဉာဏ် မဟုတ်တာတွေနဲ့ဆို တစ်ခုမှ စိတ်မချရဘူး၊ ဘာဖြစ်လို့တုန်းဆို လောကလူသားတွေက အမှန်တရားဆိုတာကို အတွေးတွေ၊ အပြောတွေနဲ့ပဲ ရှာနေကြတာ။

နောက်တစ်ခုက (၇) “အာကာရပရိဝိတက္ကေန” ကြောင်းကျိုးဆင်ခြင်ပြီး သုံးသပ်ကြည့်တာ၊ အကြောင်းတရားကို တွေးတောဆင်ခြင်ပြီးကြည့်တာ၊ အဲဒီလိုတွေးတောဆင်ခြင်ပြီးတော့ အတွေးအခေါ်တစ်ခုနဲ့ အမှန်တရားကို ဆုံးဖြတ်ရင် မှန်လားဆို မမှန်ဘူး။ ဒါနဲ့လည်းပဲ အမှန်တရားကို ဆုံးဖြတ်လို့မရဘူး၊ ဒီလိုဆိုလိုတာ။

နောက်တစ်ခုက (၈) “ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ“၊ ဒိဋ္ဌိဆိုတာ ကိုယ့်ရဲ့အမြင်၊ ကိုယ့်ရဲ့အမြင်ကို ဆင်ခြင်စဉ်းစားလိုက်တဲ့အခါ ကျေနပ်စရာအဖြေတွေ ထွက်တယ်၊ ကိုယ့်အမြင်လေးက သဘောကျစရာရှိတယ်၊ ကြောင်းကျိုးဆင်ခြင်လို့ရတယ်၊ ကိုက်ညီတယ်။ ကိုယ့်အမြင်ဟာ သူများအမြင်နဲ့လည်း ကိုက်ညီတယ်၊ ကျေနပ်စရာကောင်းတယ်၊ ဆင်ခြင်သုံးသပ်ပြီးကြည့်မှုနဲ့ရော အမှန်တရားကို ဆုံးဖြတ်လို့ရလားဆိုတော့ မရဘူးတဲ့။ မြတ်စွာဘုရားက အဲဒါနဲ့လည်း ဆုံးဖြတ်လို့မရဘူး၊ လောကလူတွေက ဆုံးဖြတ်နေကြတယ်၊ ဒါမျိုးတွေပေါ်မှာ အခြေခံပြီးတော့ ဆုံးဖြတ်ကြတာကိုး၊ ဒါကြောင့်မို့ မြတ်စွာဘုရားက ဒီအချက်တွေနဲ့ မဆုံးဖြတ်ဖို့ ဒီသုတ္တန်မှာ နည်းစနစ်တစ်ခုကိုပေးတာ။ နောက်တစ်ခုက (၉) “မာ ဘဗ္ဗရူပတာယ” ဖြစ်နိုင်ခြေရှိတာ posibility လို့ခေါ်တယ်၊ ဘယ်ကိစ္စဖြစ်ဖြစ် လူတွေကပြောကြတယ် “ဒါဖြစ်နိုင်တယ်” တဲ့။ အကြောင်းအကျိုး ဆင်ခြင်မှုတော့ ရှိတာပေါ့၊ ဒါဖြစ်နိုင်တယ်လို့ ပြောရတဲ့အရာတစ်ခုဟာလည်း ကိုယ်ကဖြစ်နိုင်တယ်လို့ ပြောပေမယ့် ဖြစ်ချင်မှဖြစ်တာ၊ ဒါကြောင့်မို့ ဒါနဲ့လည်းပဲ အမှန်တရားကို မဆုံးဖြတ်နဲ့တဲ့၊ “ဘဗ္ဗရူပ” မှတ်သားထိုက်တယ်၊ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့အချက်နဲ့လည်း အမှန်တရားကို မဆုံးဖြတ်နဲ့တဲ့။ နောက်ဆုံးအချက်ကျတော့ ဘာတုန်းဆို (၁၀) “မာ သမဏော နော ဂရု” တချို့က လေးစားရတဲ့ သူ့ရဲ့ဆရာက ပြောသွားတဲ့စကား “ဒီသမဏဟာ တို့ရဲ့ဆရာပဲ၊ ဆရာပြောတာဆိုရင် မမှားဘူး” လို့ ဒီလိုနဲ့ အမှန်တရားကို ဆုံးဖြတ်လို့မရဘူးတဲ့။ အဲဒီတော့ အသိဉာဏ်မပါဘဲနဲ့ ဘယ်အချက်ကိုမှ ကိုယ့်ရဲ့ဆင်ခြင်တုံတရား ပစ္စဝေက္ခဏဉာဏ်မရှိဘဲနဲ့ ဘယ်ဟာကိုမှ အမှန်တရားလို့ မဆုံးဖြတ်ရဘူးလို့ မြတ်စွာဘုရားက ကာလာမအမျိုးသားတွေကို ဟောတာ၊ ဒီ(၁၀)ချက်၊ ဆရာကြီးကတော့ တို့ရဲ့ဆရာပဲ (သို့မဟုတ်) တို့ရဲ့ဆရာတော်ကြီးက ပြောသွားတာ၊ အခုခေတ်ဆိုလို့ရှိရင် တို့ဘုန်းကြီးကပြောတာ၊ တို့ဦးဇင်းကပြောတာ ဆိုပြီးတော့လည်းပဲ ဒီမှာတင် လမ်းမဆုံးစေနဲ့လို့ ပြောတာ၊ ကိုယ့်ဟာကိုယ် စဉ်းစားဦးပေါ့၊ ဒီလိုဆိုလိုတာ။

မြတ်စွာဘုရားက မစဉ်းစားဘဲနဲ့ လက်ခံတာကို သဘောမကျဘူး၊ ဒါက သာမန်သာပြောတာ၊ တခြားသုတ္တန်မှာဆိုလို့ရှိရင် “ဝီမံသကသုတ်” မှာဆိုရင် မြတ်စွာဘုရားက “ငါ့ကို မင်းတို့စုံစမ်းကြစမ်း၊ စူးစမ်းကြစမ်း၊ လေ့လာကြစမ်း၊ ငါပြောတဲ့အတိုင်း ငါ့ကို မယုံကြနဲ့” လို့ ဖိတ်ခေါ်တယ်၊ ဒီလိုဖိတ်ခေါ်တဲ့ ဘာသာရေးဆရာဟာ မြတ်စွာဘုရားတစ်ပါးပဲရှိတယ်။ ကာယကံ၊ ဝစီကံနဲ့ လေ့လာကြည့်၊ ကျေနပ်လောက်စရာရှိလား၊ ကျေနပ်လောက်မှလက်ခံ။

ကိုယ်ပိုင်ဉာဏ် ဦးစားပေးပြီးတော့ ဆုံးမ သွန်သင်လေ့ရှိတဲ့ မြတ်စွာဘုရားက အခုပြောတဲ့ အချက်(၁၀)ချက်နဲ့ အမှန်တရားကို ဆုံးဖြတ်လို့မရဘူးလို့ ကာလာမအမျိုးသားတွေကိုဟောတာ။ ဘာဖြစ်လို့တုန်းဆို သံသယဖြစ်နေတဲ့လူတွေကိုး။ မင်းတို့ ဒီအချက်တွေနဲ့ မရှာလေနဲ့၊ ဒါဖြင့် ဘယ်အချက်တွေနဲ့ ရှာရမလဲ “ဒါက ဘာကိုရည်ရွယ်ပြီးပြောတာလဲ၊ မင်းတို့ကိုယ်တိုင်သိအောင်လုပ်ရမယ့်အချက်က ဘာလဲ” ဆိုတဲ့အခါ ကုသိုလ်လား၊ အကုသိုလ်လား၊ အပြစ်ရှိသလား၊ အပြစ်မရှိဘူးလား၊ ပညာရှိသူတော်ကောင်းတွေ ကဲ့ရဲ့တဲ့ဟာလား၊ ချီးမွမ်းတဲ့အရာလား၊ လက်တွေ့ကျင့်သုံးလုပ်ကိုင်ဆောင်ရွယ်မယ်ဆိုရင် ကောင်းကျိုးချမ်းသာတွေ မရဘဲနဲ့ ဆင်းရဲဒုက္ခတွေ ကြုံနိုင်တဲ့အရာလား၊ ဒီအချက်တွေနဲ့ပဲ ကိုယ်တိုင်သိအောင် ကြိုးစားပါ” လို့ ဒီလိုပြောတာ။ ဒါတွေက ပိုပြီးတော့ အဓိကကျတယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ်ပေါ့ “ဒါလုပ်ကောင်းလား၊ ငရဲကြီးသလား” နဲ့ မေးတတ်ကြတယ်။ ငရဲကြီးလား၊ မကြီးဘူးလားဆိုတာက အကုသိုလ်ဖြစ်ရင် ငရဲကြီးတာပဲ၊ ငရဲကြီးတယ်ဆိုတာက အကုသိုလ်မှန်သမျှ အပါယ်ဘုံကို ကျစေနိုင်တဲ့သတ္တိရှိတယ်၊ ဒါပေမယ့်လို့ ကျရမယ်လို့ပြောတာ မဟုတ်ဘူး၊ ကျစေနိုင်တယ်လို့ပြောတာ။

မြတ်စွာဘုရားဟောတဲ့ တရားကိုက “ပါဏာတိပါတော နိရယသံဝတ္တနိကော၊ တိရစ္ဆာနသံဝတ္တနိကော၊ ပေတသံဝတ္တနိကော” ပါဏာတိပါတ အမှုသည် ငရဲ၌ဖြစ်စေနိုင်သည်၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၌ ဖြစ်စေနိုင်သည်လို့ဆိုတာ။ ဖြစ်စေနိုင်သည်ဆိုတာနဲ့ ဖြစ်ရမည်ဆိုတာ မတူဘူး၊ ဒီစကားလုံးက မတူဘူး၊ ပါဏာတိပါတက လုပ်သမျှအကုန် ငရဲကျရမယ်လို့ ဒီလို ဘယ်တော့မှ မဟောဘူး။ တကယ်လည်း ပါဏာတိပါတ လုပ်တိုင်း ငရဲကျတယ်လို့ ဒီလိုပြောတာမဟုတ်ဘူး၊ အဲဒီလိုဟောရင် မှားမှာပေါ့၊ ဘာဖြစ်လို့တုန်းဆို အခြားအခြေအနေတွေ ရှိသေးတယ်၊ ပါဏာတိပါတက ငရဲဖြစ်စေနိုင်တာ၊ တိရစ္ဆာန်ဘဝ၊ ပြိတ္တာဘဝ ရောက်စေနိုင်တာ၊ ဒါမှန်တယ်။ သို့သော် အခြားအကြောင်းတရားတွေကိုလည်း စဉ်းစားရတယ်။ ဂျိန်းဘုရားက ဟောတဲ့အခါ “ယော ပါဏမဏိပါတေတိ သဗ္ဗော သော နိရယံ ဥပပဇ္ဇတိ” တဲ့။

သူပြောတဲ့စကားလုံးက definite သေချာပေါက်ပြောလိုက်တာ၊ “ပါဏာတိပါတလုပ်သူတိုင်းဟာ အပါယ်ငရဲကျမယ်” လို့ ဒီလိုပြောတာ၊ အဲဒါကို မြတ်စွာဘုရားက မမှန်ဘူးတဲ့။

အခုခေတ်တောင်မှ ကြည့်လေ၊ မင်း ခိုးလို့ရှိရင် ထောင်ကျမယ်ဆိုပေမယ့် လူတိုင်းထောင်ကျရဲ့လား၊ မကျတဲ့လူတွေရှိတာပေါ့၊ ဟုတ်တယ်မဟုတ်လား၊ ဒါစဉ်းစားဖို့ပြောပြတာလေ၊ တစ်ယောက်နဲ့တစ်ယောက် အခြေအနေချင်းလည်း မတူဘူးလေ၊ ကံလုပ်တာချင်းတူပေမယ့် မတူတဲ့အခြေအနေတွေ ရှိသေးတယ်။ ဘာတွေတုန်းဆို ဆိုပါစို့၊ လူနှစ်ယောက်ဟာ အကုသိုလ်လုပ်တာချင်းတူတယ်၊ သို့သော် တစ်ယောက်က အကုသိုလ်လုပ်တယ်၊ ကုသိုလ်မရှိဘူးဆိုတဲ့လူတစ်ယောက်။ ကုသိုလ်တွေလည်းလုပ်တယ်၊ အကုသိုလ်လည်းလုပ်တယ်ဆိုတဲ့လူတစ်ယောက်က အကျိုးပေးတာချင်း မတူနိုင်ဘူးလေ။

ပြစ်မှုတစ်ခု ကျူးလွန်တဲ့အခါမှာ ပိုက်ဆံရှိတဲ့လူနဲ့ မရှိတဲ့လူ ကွာလား၊ မကွာဘူးလား၊ ဒါက လက်တွေ့၊ ပိုက်ဆံရှိရင် အပြစ်ကလွတ်သွားနိုင်တယ်၊ ပေါ့သွားနိုင်တယ်၊ မရှိရင်ပိုဆိုးမယ်၊ ဒါက သဘာဝကိုပြောပြတာလေ၊ အဲဒါတွေကို ထည့်စဉ်းစားပြီး ကံတရားလည်း အဲဒီအတိုင်းပဲ၊ ဒီလိုဆိုရင် ကံတရားက မျက်နှာလိုက်တာလားဆိုတော့ မျက်နှာလိုက်တာ မဟုတ်ဘူး၊ condition အခြေအနေတွေ ရှိတယ်၊ အခြေအနေကောင်းတွေရှိရင် သက်သာတယ်၊ အခြေအနေကောင်းမရှိရင် မသက်သာဘူး၊ ဒါပဲ။ ဒါကြောင့်မို့ အခြေအနေကောင်းအောင် လုပ်ရမယ်။

မြတ်စွာဘုရားဟောတဲ့တရားတွေက အင်မတန်မှ သဘာဝကျတယ်၊ ပါဏာတိပါတလုပ်ရင် ငရဲကျရမယ်လို့ ဟောကြည့်ပါလား၊ ရှင်အင်္ဂုလိမာလ ငရဲကျရဲ့လား၊ မကျဘူးလေ၊ နှစ်ပေါင်း (၅၀) ရာဇဝတ်သားတွေကို ခေါင်းဖြတ်သတ်လာတဲ့ တမ္ဗဒါဋ္ဌိက လူသတ်သမားကြီးရော သေတော့ ငရဲကျရဲ့လား၊ မကျဘူး။ ဘာဖြစ်လို့တုန်း၊ အခြေအနေက မတူဘူးလေ၊ လွတ်သွားတဲ့ပုဂ္ဂိုလ်လွတ်တယ်၊ မလွတ်တဲ့ပုဂ္ဂိုလ် မလွတ်ဘူး၊ ဒါကတခြားအခြေအနေတွေကို ထည့်သွင်းစဉ်းစားရမယ်၊ သို့သော်မှတ်ရမှာက ပါဏာတိပါတသည် ငရဲကိုကျစေနိုင်တယ်၊ ဒါမှန်တယ်၊ ဒါကတော့ principle ပဲ။ သေချာပေါက်။ ပါဏာတိပါတအလုပ်ကြောင့် နတ်ပြည်ရောက်တာတော့ လုံးဝမရှိဘူး၊ ဘယ်အကုသိုလ်ကမှ ကောင်းကျိုးမပေးဘူး၊ ဒါမှန်တယ်။ သို့သော် ဒီအကုသိုလ်က သူအကျိုးပေးခွင့် ရချင်မှရမှာပေါ့၊ ဒီလိုဆိုလိုတာ။

အဲဒီတော့ လူသတ်လို့ ငရဲပြည်မရောက်ပေမယ့် လူသတ်လို့ နတ်ပြည်ရောက်သွားတယ်လို့ ဒီလိုတွေ မတွက်လေနဲ့၊ လူသတ်လို့ရောက်တာ မဟုတ်ဘူး၊ တခြားကုသိုလ်ကြောင့် ရောက်တာ၊ ဒါကိုလည်း ခွဲခြားသိဖို့လိုတယ်။

ပါဏာတိပါတ အမှုကတော့ ငရဲမှာ ကျစေတာ သေချာတယ်၊ သို့သော် တခြားအခြေအနေကြောင့် ငရဲ မကျဘဲ လွတ်ချင်လွတ်သွားတယ်၊ ဒီလို ဆိုလိုတာ။ ဒါကြောင့်မို့ မြတ်စွာဘုရားက စဉ်းစားရမှာက “ဒီအလုပ် ဟာ အပြစ်ရှိလား၊ မရှိဘူးလား၊ ကုသိုလ် အလုပ်လား၊ အကုသိုလ်အလုပ်လား၊ ပညာရှိတွေ ချီးမွမ်းသလား၊ ကဲ့ရဲ့သလား၊ လက်တွေ့ ကျင့်သုံးတဲ့အခါ ကောင်းကျိုး ချမ်းသာ ပေးသလား၊ မပေးဘူးလား” ဒါပဲ ဆင်ခြင် စဉ်းစား။ အဲဒီအချိန်မှာ စဉ်းစားလိုက်လို့ အကုသိုလ် ဖြစ်တယ်၊ အပြစ်ရှိတယ်၊ ပညာရှိတွေ ကဲ့ရဲ့တဲ့အရာ ဖြစ်တယ်၊ လက်တွေ့ကျင့်သုံးလို့ရှိရင် ဒုက္ခရောက်နိုင် တယ် ဆိုတာနဲ့တစ်ပြိုင်နက် ဖယ်လိုက်ပါ၊ ဒါကို မလုပ် ပါနဲ့။

အခုခေတ်လူတွေက မကောင်းမှန်းတော့သိတယ်၊ မှိန်းတုတ်နေတာ အများကြီးလေ၊ မပယ်နိုင်ကြဘူး။ မြတ်စွာဘုရားက နောက်တစ်ခု ဟောတယ်၊ “ပညာရှိတွေ ချီးမွမ်းတယ်၊ ကုသိုလ်လည်း ဖြစ်တယ်၊ အပြစ်လည်းကင်းတယ်၊ လက်ခံကျင့်သုံး ဆောက်တည် လိုက်ရင်လည်း ကောင်းကျိုးချမ်းသာတွေကို ရတယ် ဆိုတာ သိတယ်၊ သိရင် ချက်ချင်းကျင့်သုံးပါ” တဲ့။ လူတွေက မကျင့်သုံးနိုင်ကြဘူး၊ တန်းလန်း တန်းလန်း နဲ့ပဲ နေကြတာပဲလေ။ တချို့ အရက် သောက်တယ်၊ မကောင်းမှန်းသိတယ်၊ ဒါပေမယ့် တိုးလုပ်တယ်၊ ဒီအလုပ်ဟာ မကောင်းဘူးလို့ သိတယ်၊ သိပေမယ့်လို့ တန်းလန်းပဲ၊ မပြတ်သားတဲ့သဘော။ မြတ်စွာဘုရားက အသိဉာဏ်နဲ့ သိလာပြီဆိုရင် မကောင်းတာကို ချက်ချင်းပယ်၊ ကောင်းတာဆိုရင် ချက်ချင်းပြောင်းလဲပြီး ကျင့်သုံးပါ လို့ ဒီလိုပြောတာ။ တချို့ ဘာသာခြားတွေက ဗုဒ္ဓဘာသာ ကောင်း တယ်ဆိုတာသိတယ်၊ သို့သော် ဗုဒ္ဓဘာသာ လုပ်ပါလား ဆိုတော့ မလုပ်နိုင်ဘူး၊ ဒီလိုလည်းရှိတာပဲလေ။ မြတ်စွာ ဘုရားက ရဲရင့်ပြတ်သားဖို့ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ် တယ်ဆိုတဲ့နေရာမှာ အဓိကအချက်က ဘာတုန်းဆိုရင် လက်တွေ့ကျင့်သုံးတဲ့အခါမှာ “ကောင်းကျိုးကို ဖြစ်စေ သလား၊ မကောင်းကျိုးကို ဖြစ်စေသလား” ဒါက အဓိက အကျဆုံးပဲတဲ့၊ ဒီလိုဆိုလိုတာနော်။ အဲဒီမှာ မြတ်စွာဘုရားက အကုသိုလ်နဲ့ ပတ်သက် ပြီးတော့ လောဘ၊ ဒေါသ၊ မောဟ ဒီသုံးမျိုးကို ရှင်းပြ တယ်။ လောဘက လွှမ်းမိုးထားမယ်၊ ဒေါသတွေ လွှမ်းမိုးနေမယ်၊ မောဟတွေ လွှမ်းမိုးနေတယ်။ လောဘ လွှမ်းမိုးတဲ့အခါမှာ လိုချင်စိတ်တွေများပြီးတော့ သူများ အသက် သတ်ချင်လည်းသတ်မယ်၊ သူများဥစ္စာ ခိုးချင် လည်း ခိုးမယ်၊ သူတစ်ပါး သားမယား စော်ကားချင် စော်ကားမယ်၊ လိမ်ပြောချင်လည်းပြောမယ်၊ သူများကို လည်းပဲ ဒီအလုပ်တွေလုပ်ဖို့ တိုက်တွန်းချင် တိုက်တွန်း မယ်၊ မကောင်းတဲ့ အလုပ်တွေဘက်ကို လောဘ လွှမ်းမိုးလာတဲ့လူတစ်ယောက်ဟာ ဦးလှည့်သွားတတ် တယ်။

ဒေါသလွှမ်းမိုးခြင်းခံရတဲ့ ပုဂ္ဂိုလ်ဟာလည်း ထို့ အတူပဲ၊ ဒီ ဒုစရိုက်တွေဘက်ကို ဦးလှည့်သွားတယ်။ မောဟဆိုတာကတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာ မသိဘူး၊ မသိသည့်အတွက်ကြောင့် မလုပ်သင့်တာကို လုပ်သင့်တယ်လို့ထင်တယ်၊ လုပ်သင့်တာကို မလုပ်သင့် ဘူးလို့ ထင်တယ်ဆိုတဲ့ မောဟ လွှမ်းမိုးခြင်းခံရတဲ့ ပုဂ္ဂိုလ်ဟာလည်း ဒီအတိုင်းပဲ၊ အဲဒီလို ဖြစ်တတ်တယ် တဲ့။ အဲဒါ ကိုယ့်ဟာကိုယ် ဆင်ခြင်ဆုံးဖြတ်ကြည့်ရမယ်။ ဆင်ခြင်သုံးသပ်ကြည့်လိုက်တဲ့အခါမှာ ဒီအလုပ်တွေက မကောင်းဘူးဆိုတာကို သိတယ်၊ လောဘလည်း မကောင်းဘူး။

လောဘ၊ ဒေါသ၊ မောဟ ရှိနေရင် လောဘ၊ ဒေါသ၊ မောဟ အကြောင်းပြုပြီး ပါဏာတိပါတ လုပ်တယ်။ မှန်တာပေါ့၊ ခြင်ကလေးတစ်ကောင် ကိုယ့် ကိုက်လာလို့ရှိရင် ဒေါသနဲ့ ရိုက်လိုက်တာပေါ့၊ ကြက်မြင် တော့ ကြက်သားစားချင်လို့ သတ်တာပေါ့၊ လောဘ ဖြစ်ရင်လည်း မကောင်းတဲ့အလုပ် လုပ်တာပဲ၊ ဟုတ်ရဲ့ လား၊ ဒေါသဖြစ်ရင်လည်း မကောင်းတဲ့အလုပ် လုပ်တာပဲ၊ မောဟ လုပ်ကောင်းတယ်၊ မလုပ်ကောင်း ဘူး မသိသည့်အတွက်ကြောင့်လည်း လုပ်တာပဲ။ အဲဒီလို ဒုစရိုက်လုပ်ငန်းတွေလုပ်တော့ ဆင်းရဲ ဒုက္ခတွေ ဖြစ်လာနိုင်တယ်ပေါ့။ အဲဒီလို ဖြစ်လာတယ် ဆိုလို့ရှိရင် ဒီအလုပ်တွေက မကောင်းဘူးတာ သိရ မယ်။ မြတ်စွာဘုရားက စွန့်ပယ်ရမယ်တဲ့။ ဒါတွေဟာ အနုဿဝ နဲ့ ဆိုင်သလား ပြန်စဉ်းစား ကြည့်၊ မဆိုင်ဘူး၊ သူများကလာပြီး သတင်းပေးတဲ့ သမ္ပရာဒါန နဲ့ရော ဆိုင်သလား၊ မဆိုင်ဘူး၊ ဒီလို ပိဋကတ်တွေနဲ့လည်း မဆိုင်ဘူး၊ စာထဲမှာပါလို့ ဆိုတာနဲ့ လည်း မဆိုင်ဘူး၊ အင်မတန်မှ လက်တွေ့ကျပြီး လက်တွေ့ကျင့်သုံးဖို့ မြတ်စွာဘုရားက ဟောတာ။ ထို့အတူပဲ ကုသိုလ်ဘက်က ကြည့်မယ်ဆိုရင် အလောဘ၊ အဒေါသ၊ အမောဟ၊ အလောဘ ရှိရင် ဒါနကောင်းမှုတွေ လုပ်တယ်၊ အဒေါသ (မေတ္တာ) ရှိလို့ရှိရင် လူမှုကူညီရေးတွေ လုပ်တယ်၊ အမောဟ ရှိလာလို့ရှိရင် အရာရာ ဆင်ခြင်တိုင်းထွာပြီးလုပ်တယ်၊ ပါဏာတိပါတက ရှောင်တယ်၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ ဒါတွေလည်း ရှောင်တယ်၊ သူများ ကိုလည်း မကောင်းတဲ့ဘက်က မတိုက်တွန်းဘူး၊ ဟော၊ ဒုစရိုက်တွေဘက်က ရှောင်တယ်။ ရှောင်သည့်အတွက် ကြောင့် အပြစ်ကင်းတယ်၊ ပညာရှိတွေက ချီးမွမ်းတယ်၊ တကယ်လည်း ကိုယ်လုပ်တဲ့အခါမှာ အလောဘ၊ အဒေါသ၊ အမောဟကို အကြောင်းပြုပြီး ဖြစ်ပေါ် လာတဲ့ အခြေအနေတွေက အခြေအနေကောင်းတွေ ချည်းပဲ ဖြစ်ပေါ်လာတယ်။ ဒီလို အခြေအနေကောင်း တွေ ဖြစ်ပေါ်လာတာ ခုနတုန်းက သူများက အခြေ အနေ ကောင်းတွေ ရှိတယ်လို့ပြောလို့ လုပ်တာလား၊ ကိုယ်တိုင်သိလို့လုပ်တာလားဆို ကိုယ်တိုင်သိလို့ လုပ် တာ။ အနုဿဝ မို့ လုပ်တာလား၊ မဟုတ်ဘူး၊ ကိုယ်တိုင် သိတာ၊ ဒီလိုဆိုလိုတာ၊ တက္ကနည်းနဲ့ စဉ်းစားပြီးတော့ လုပ်တာလား၊ တက္ကဗိနယ ဆိုတဲ့ အနုမာနနဲ့ တွေးခေါ် ပြီးလုပ်တာလား၊ ဒါတွေလည်းမဟုတ်ဘူး၊ အမှန်တရား ဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင် စဉ်းစားပြီးတော့ ဆုံးဖြတ်တာ၊ ဒါကိုရည်ရွယ်ပြီးတော့ ငါဘုရား ဒီ(၁၀) ချက်ကို ဟောပါတယ်လို့။

ဘဝမှာ ဒီအတိုင်း လိုက်နာနိုင်တယ်၊ အကောင်းနဲ့ အဆိုး၊ အကြောင်းနဲ့အကျိုး ဝေဖန်သုံးသပ်ပြီးတော့ မကောင်းတာဆိုရင် စွန့်၊ ကောင်းတာဆိုရင် လက်ခံ ကျင့်သုံး၊ ဒီလိုဆိုရင် ဘဝမှာမပြည့်စုံဘူးလား၊ ပြည့်စုံ တာပေါ့၊ ပြည့်စုံသွားပြီဆိုတော့ တစ်ဦးတစ်ယောက် အတွက်တော့ ပြည့်စုံသွားပြီ။

သို့သော် လူဆိုတာဟာ ကိုယ်တစ်ယောက်တည်း ကောင်းလို့ မရသေးဘူး၊ လူဆိုတာ society အပေါင်း အသင်းနဲ့နေတာ။ အပေါင်းအသင်းနဲ့နေရင် ဘယ်လို နေရမလဲဆိုတာကို မြတ်စွာဘုရားက ဆက်ဟော တယ်။ အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ သဘာဝတရားတွေ သူ့မှာရှိလာရင် သူက လောဘ လည်း ကင်းနေတယ်၊ ဒေါသလည်း နည်းတယ်၊ တွေဝေမှုလည်း မရှိဘူး၊ အသိဉာဏ်တွေ၊ စဉ်းစား ဉာဏ်တွေ ရှိလာတယ်။

သူ့စိတ်နေသဘောထားတွေဟာ မြင့်မြတ်လာ တယ်၊ အများရဲ့အကျိုးကို လိုလားတယ်ဆိုတဲ့ မေတ္တာ စိတ် ဝင်လာတယ်၊ မေတ္တာနဲ့ နေတတ်လာတယ်၊ ကောင်းတဲ့ဘက် ရွေးချယ်လိုက်တဲ့အခါ ငါ့ရဲ့ ပတ်ဝန်းကျင်ကလူတွေ ကောင်းကျိုး ချမ်းသာတွေ ရကြပါစေ၊ အဆင်ပြေကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးကင်းကြပါစေ၊ ရန်ကင်းကြပါစေနဲ့ မေတ္တာစိတ် ထားတတ်လာတယ်၊ အကျိုးစီးပွားကို လိုလားလာတယ်။ နိမ့်ကျပြီး ဆင်းရဲဒုက္ခရောက်နေတဲ့၊ အဆင်မပြေ တဲ့ ပုဂ္ဂိုလ်တွေလည်း အဆင်ပြေကြပါစေ၊ ကရုဏာ ထားတတ်လာတယ်၊ အောင်မြင်ကြီးပွားသွားတဲ့ ပုဂ္ဂိုလ် တွေအပေါ်မှာလည်း နြေူသကျပ မဖြစ်ဘူး၊ အောင်မြင်မှု တွေ ဆက်လက် ရရှိကြပါစေလို့ မုဒိတာပွားနိုင်တယ်။ ဒါတင်မကဘူး၊ အားလုံးအပေါ်မှာ လူဆိုတာ ကိုယ့်ကံနဲ့ကိုယ်လာတာ ဖြစ်သောကြောင့် တွယ်တာမှု ဆိုတဲ့ ရှုထောင့်ကနေ မကြည့်ဘဲနဲ့ ကံတရားဆိုတဲ့ ရှုထောင့်ကနေကြည့်ပြီး လူတွေကို ကူညီစောင့်ရှောက် လာတတ်တယ်၊ ဥပေက္ခာတရားတွေ ဖြစ်ပေါ်လာတာ ပါ။

ဥပေက္ခာဆိုတာ ဂရုမစိုက်ဘဲနဲ့ ပစ်ထားတာမျိုး မဟုတ်ဘူး၊ စိတ်ဓာတ်အနေနဲ့ တည်ငြိမ်တာ “အားလုံး ဟာ ကိုယ့်ကံနဲ့ကိုယ်လာတာ” ကိုယ့် သားသမီးအပေါ် တောင်မှ ဥပေက္ခာမထားနိုင်လို့ရှိရင် ကြည့်လေကိုယ်က ဖြစ်စေချင်တာတစ်ခု၊ သားသမီးက ဖြစ်နေ တာတစ်ခုဆိုရင် ဥပေက္ခာမထားနိုင်ရင် ဘာဖြစ်လာ တုန်းဆို ရိုက်တယ်၊ နှက်တယ်၊ ဆုံးမတယ်၊ မျိုးစုံလုပ် တော့ ကြာတော့ ဒုက္ခ ရောက်လာတယ်၊ ဟုတ်ရဲ့လား။ ဥပေက္ခာဆိုတာ ဘယ်လိုထားရတုန်း၊ ဩော် - သူလည်း သူ့ကံနဲ့သူ လာတာ၊ ငါလည်း ငါ့ကံနဲ့ကံ၊ ကောင်းကျိုးချမ်းသာရအောင် ကိုယ်က ဦးတည့်ပေးရ မယ်၊ လုပ်ပေးရမယ်၊ ဒါက ကိုယ့်တာဝန် လုပ်ပေးတာ ပါ။ သို့သော် လုပ်ပေးတာကို မရကောင်းလားဆိုပြီး ဒေါသဖြစ်နေရင် ဒါ ဥပေက္ခာမထားနိုင်ဘူး၊ ဒီလိုဆိုလို တာ။

အဲဒီတော့ ဥပေက္ခာဆိုတာ ကံတရားကို ဆင်ခြင် သုံးသပ်ပြီး စိတ်ကိုတည်ငြိမ်အောင်၊ အစွန်းမရောက် အောင် ထားနိုင်တဲ့ အနေအထား။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဒီလေးခုနဲ့ နေလိုက်လို့ရှိရင် အားလုံး အဆင်ပြေမှာဖြစ်တယ်။ အားလုံးအပေါ်မှာ ခြုံငုံပြီး မေတ္တာထား၊ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေကျတော့ မေတ္တာမဟုတ်ဘူး၊ ကရုဏာထား၊ အောင်မြင်ကြီးပွား တဲ့ ပုဂ္ဂိုလ်တွေကျတော့ မုဒိတာထား၊ အားလုံးကို တစ်ခါ ခြုံငုံပြီးတော့ သံယောဇဉ်ဖြစ်ခြင်းဆိုတာ မဖြစ်စေဘဲနဲ့ အားလုံးဟာ သူ့ကံနဲ့သူ လာကြတာဆိုတဲ့ အတွေးအခေါ်နဲ့ ဥပေက္ခာထား။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဒီတရားတွေဟာ သတ္တဝါတွေ အားလုံးအပေါ်မှာ ထားနိုင်ပြီဆိုလို့ရှိရင် ကိုယ့်အတွက်လည်း လုံလောက် တယ်၊ အားလုံးပတ်ဝန်းကျင်အတွက်လည်း လုံလောက် သွားတယ်။

ဆိုလိုတာက လောဘ၊ ဒေါသ၊ မောဟတွေ ဖယ်ရှားပြီး အလောဘ၊ အဒေါသ၊ အမောဟတွေ ဦးစီး ပြီးတော့ လုပ်ဆောင်သွားပြီ ဆိုလို့ရှိရင် တစ်ကိုယ်ရည် တစ်ကာယအတွက် လုံလောက်လို့ စိတ်ဖြူစင်သွားပြီ။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ထားနိုင်ပြီ ဆိုလို့ ရှိရင် အများကောင်းကျိုးအတွက် ဖြစ်စေပြီး ဘဝမှာ ကိုယ့်အကျိုး သူ့အကျိုး နှစ်မျိုး ပြည့်စုံသွားပြီလို့ ဒီလို ပြောတာ။

အဲဒီတော့ သက္ကာယဒိဋ္ဌိ မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ထားနိုင်ပြီ ဆိုတဲ့အခါ ပြဿနာ ကျန်သေးသလားဆိုရင် မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခု ကျန်နေသေးတယ်။ ဘာလဲလိုရင် ကိုယ်ကိုယ်တိုင်က မဆုံးဖြတ်နိုင်လို့ နောင်ဘဝဆိုတာ ရှိသလား၊ မရှိဘူး လား ဆိုတာပဲ။

သေပြီးတဲ့နောက် ဘာဖြစ်မလဲ ကိုယ်ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူး၊ မဆုံးဖြတ်နိုင်တဲ့အခါ မြတ်စွာဘုရား က အကြံဉာဏ်၊ ဆုံးမဩဝါဒပေးတယ်။ အဲဒီလို မဆုံးဖြတ်နိုင်တဲ့အခါ သေချာတာကိုလုပ်။ ဒီသုတ္တန်မှာ ကိုယ့်အတွက် သက်သာရာရစေမယ့် အချက်လေးချက်။ ဒီဘဝမှာ ကောင်းအောင်နေခြင်း ဖြင့် နောင်ဘဝအရေး စိတ်အေးရမယ့် အချက် လေးချက်ကို မြတ်စွာဘုရား ဟောတယ်။ ဟုတ် မဟုတ် စဉ်းစားကြည့်။

တချို့ဘာသာရေးဆရာက ဟောတယ်၊ တမလွန် လောက မရှိဘူးလို့ ဟောတယ်။ တချို့က ရှိတယ်လို့ ဟောတယ်၊ အဲဒီနှစ်ခုကြားမှာ ဘယ်လိုနေမလဲဆိုတော့ မြတ်စွာဘုရားက “ဒီဘဝမှာ ကောင်းအောင်လုပ်၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့နေ၊ အများအတွက် ကိုယ်ကိုယ်တိုင်က လောဘ၊ ဒေါသ၊ မောဟ အခြေခံ တဲ့ အကုသိုလ်တွေ စွန့်ပယ်ပြီး အလောဘ၊ အဒေါသ၊ အမောဟ အခြေခံတဲ့ ကုသိုလ်တရားတွေ ပြီးပြည့်စုံ အောင်လုပ်”

အဲဒီလို ဖြူစင်နေတဲ့စိတ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ တမလွန် လောက မရှိလည်း ဘာပူစရာလိုလဲ၊ ဒီဘဝမှာ လူကောင်းပဲ၊ တမလွန်လောက ရှိပြီဆိုရင် ဟိုဘဝမှာ ချမ်းသာတဲ့ဘဝ ရောက်သွားမယ်၊ စိတ်သက်သာရာ မရပေဘူးလား။

ဘယ်ဘက်က ကြည့်ကြည့် သူ့အတွက်က လုံလောက်တယ်။ ဒီဘဝမှာ ကောင်းအောင်နေသည့် အတွက်ကြောင့် တမလွန်ဘဝ ရှိတယ်ဆိုရင် အိုကေ၊ နောင်ဘဝ ငါကောင်းတဲ့ဘုံ ရောက်မှာပဲ၊ တမလွန် လောက မရှိဘူးဆိုလည်း ဘာကိစ္စရှိလဲ၊ ဒီဘဝမှာ ငါ လူတော်လူကောင်း၊ ကိုယ့်ကိုကိုယ် ချမ်းချမ်း သာသာနဲ့ ထိန်းသိမ်းစောင့်ရှောက် သွားနိုင်တယ်၊ ဒီလို စိတ်သက်သာရာ (၂)မျိုးရတယ်။

နောက် အကုသိုလ်ဆိုတာ မရှိဘူး၊ အကုသိုလ် ဆိုတာ လုပ်လို့မရဘူးလို့ ပြောတဲ့ပုဂ္ဂိုလ်က တစ်ဦး၊ လုပ်လို့ရတယ်လို့ ပြောတဲ့ပုဂ္ဂိုလ်ကတစ်ဦး၊ ဒီလိုနှစ်မျိုး ကွဲနေတယ်။ လုပ်လို့မရဘူးဆိုရင် ငါကိုယ်တိုင်ကမှ အကုသိုလ်မလုပ်တာ၊ မလုပ်ရင် အကုသိုလ်အကျိုး ဘယ်လာမလဲလို့ သက်သာရာရတယ်။ နှစ်ဖက်စလုံး သူ့အတွက် သေချာပေါက်ချည်းပဲ။ မလုပ်ခြင်းကြောင့် လည်း အကုသိုလ်မရဘူး၊ လုပ်မဖြစ်ခြင်းကြောင့် လည်း အကုသိုလ် မဖြစ်ဘူး။ အဲဒီတော့ လေးဘက် လေးတန်က သက်သာရာရတယ်။ ဒီလို သေချာတဲ့ နည်းစနစ်ကို လိုက်နာကျင့်သုံးရမယ်လို့ မြတ်စွာ ဘုရားက ကာလာမသုတ်မှာ ဒီလိုဟောလိုက်တာ။ သံသယရှိနေတဲ့ ပုဂ္ဂိုလ်တွေကို “ငါပြောတာ နားထောင်၊ ငါ့တရားမှ အမှန်၊ ကျန်တဲ့လူတွေရဲ့ တရားက အမှား” လို့ ဒီလိုသာပြောရင် ဟိုလူတွေ သံသယပိုဖြစ်သွားမှာပဲ။ ရဟန်းဂေါတမလည်း ဒီပုတ် ထဲက ပဲပါပဲဆိုပြီးတော့ သူကလည်း သူ့ဝါဒ ကောင်း ကြောင်း ပြောသွားတာပဲ” ဒီလိုပြောခံရမှာ။ အခုကျ တော့ မြတ်စွာဘုရားက အလွန်လိမ္မာပါးနပ်စွာ ဆုံးမ တော်မူတယ်။ (ဘုရားက ကိုယ့်ဝါဒ ပြောတာပဲ၊ ပြော တယ်လို့ မထင်ရဘူး၊ တကယ်တော့ မြတ်စွာဘုရားဟာ ကိုယ်ဟောနေကျတရား ဟောသွားတာပါပဲ) အကုသိုလ်တွေရှောင်ဖို့၊ ကုသိုလ်တွေဆောင်ဖို့၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားတွေ ပွားများ အားထုတ်ကြဖို့ဆိုတဲ့ ဒီအခြေခံတရားတွေကို ကာလာမ အမျိုးသားတွေကို ဟောသွားတာတာ။ သူတို့ အင်မတန်မှ သဘောကျပြီး နောက်ဆုံး ဗုဒ္ဓဘာသာ အဖြစ်ကို ခံယူကြတယ်တဲ့။ ဒါက ကာလာမသုတ္တန်ကို အနှစ်ချုပ်အနေနဲ့ ရှင်းလင်းဟောကြားတာ ဖြစ်ပါ တယ်။

ကာလာမသုတ်၏ အနှစ်ချုပ် လိုက်နာရမည့် အချက်များ

(၁) မြတ်စွာဘုရားက အမှန်တရားကို ရှာဖွေတဲ့အခါမှာ တစ်ဆင့်ကြားစကားနဲ့လည်း မရှာနဲ့။ အနုဿဝ ဆိုတဲ့အစဉ်အလာနဲ့လည်း မရှာနဲ့။ လူပြော သူပြော ဒီလိုတဲ့ ဆိုတာနဲ့လည်း မရှာနဲ့။ စာထဲမှာ ပါတယ်ဆိုတာနဲ့လည်း မရှာနဲ့၊ မဆုံးဖြတ်နဲ့။ ဥပသမ္ပဒါန နည်းနဲ့လည်း မဆုံးဖြတ်နဲ့။ အနုမာန အတွေးအခေါ် မျိုးနဲ့လည်း မဆုံးဖြတ်နဲ့။ ကြောင်းကျိုးဆင်ခြင်တဲ့နည်းနဲ့ လည်း မဆုံးဖြတ်နဲ့။ ငါ့အယူဝါဒနဲ့ ကိုက်ညီတယ် ဆိုတာနဲ့လည်း မဆုံးဖြတ်နဲ့။ ဖြစ်နိုင်တယ် ဆိုတာနဲ့ လည်း မဆုံးဖြတ်နဲ့။ တို့ဆရာပြောတဲ့စကား ဆိုတာနဲ့ လည်း မဆုံးဖြတ်နဲ့။ ကိုယ်ပိုင်ဉာဏ်နဲ့ သိပြီးတော့ ဆုံးဖြတ်ပါတဲ့။

(၂) ဆုံးဖြတ်လို့ လက်ခံကျင့်သုံးလို့ အပြစ်ရှိလို့ လက်ခံကျင့်သုံးလို့ မကောင်းကျိုးတွေ ပေးမယ်ဆိုရင် ချက်ချင်း သိတဲ့အချိန်မှာ ချက်ချင်း စွန့်လိုက်ပါ။

(၃) လက်ခံကျင့်သုံးလို့ ကောင်းကျိုးချမ်းသာကို ရမယ် ဆိုရင် ချက်ချင်း ကျင့်သုံးပါ။

(၄) အဲဒီလို မကောင်း တာတွေကိုစွန့်ပယ်၊ ကောင်းတာတွေကို ကျင့်သုံးတဲ့ အခါမှာ အားလုံးအတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားများ ပွားများအားထုတ် ပြီးတော့နေပါ။

(၅) အဲဒီလို အားထုတ်ပြီးတော့ နေလို့ ရှိရင် နောင်ဘဝ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ အကုသိုလ်ကံရဲ့အကျိုး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာမှစိတ်ပူစရာမရှိပါဘူးလို့ မြတ်စွာဘုရားက ဒီလို အဆုံးသတ် ဟောကြားခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်တို့ ကာလာမသုတ္တန်အတိုင်း မြတ်စွာဘုရား ဟောကြား ဆုံးမတဲ့တရားကို နာယူမှတ်သားပြီး မိမိတို့ဘဝမှာ တကယ် ဆင်ခြင်စဉ်းစားရမှာက အပြစ်ရှိတဲ့အရာလား အပြစ်မရှိတဲ့အရာလား၊ အကုသိုလ်လား ကုသိုလ်လား၊ ပညာရှိတွေ ကဲ့ရဲ့တဲ့အရာလား ချီးမွမ်းတဲ့အရာလား၊ လက်တွေ့ကျင့်သုံးလို့ရှိရင် ကောင်းကျိုးချမ်းသာကို ပေးတတ်သလား ဆင်းရဲဒုက္ခကို ပေးတတ်သလား ဆိုတာတွေဖြစ်တယ်။ ဒီ အတိုင်းအတာတွေနဲ့ ဆင်ခြင် သုံးသပ်ပြီး ကိုယ်ပိုင်ဉာဏ်ဖြင့်ဆုံးဖြတ်ကာ လက်တွေ့ လိုက်နာကျင့်သုံးကြရမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါ စေကုန်သတည်း။

သာဓု သာဓု သာဓု

နနန

jx4objt5x5vofs65dyxbmbr1gubxst2
သံသရာခရီးသွား အမှားမလုပ်မိစေနှင့်
0
5890
22149
21653
2026-06-15T03:26:17Z
Tejinda
173
22149
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = သံသရာခရီးသွား အမှားမလုပ်မိစေနှင့်
| previous = [[ကာလာမသုတ် အနှစ်ချုပ်]]
| previous2 =
| next = [[မေတ္တသုတ် အနှစ်ချုပ်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

သံသရာခရီးသွား အမှားမလုပ်မိစေနှင့်

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၉)ရက်၊ ရန်ကုန်တိုင်း၊ ဥက္ကံမြို့၊ ဘုရားကြီးကျောင်းစာသင်တိုက် (၄၉)ကြိမ်မြောက် ရွှေကျင်နိကာယဝိနယာဓိက ပရိယတ္တိစာမေးစာပြန် ပွဲတော်ကြီးနှင့် စပ်လျဉ်း၍ ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် ဟောကြားအပ်သော “သံသရာ ခရီးသွား အမှားမလုပ်မိစေနှင့်“တရားဒေသနာတော်။

သံသရာခရီးသွား အမှားမလုပ်မိစေနှင့်

သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ် တွေဟာ ဘယ်ပုံဒုက္ခရောက်ကြတယ်ဆိုတာ မှတ်သား ပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ပါပဲ။ သံသရာခရီးသွားနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အမှားလုပ်မိ တတ်ကြတယ်။ ဘာကြောင့် အမှားလုပ်မိသလဲဆိုရင် အမှားလုပ်မိခြင်းရဲ့ အကြောင်းတရားတွေထဲမှာ အမှန် တရားကို မသိတာက အဓိကပဲပေါ့။ အေး၊ “လုပ်သင့် တာနဲ့ မလုပ်သင့်တာ” ကို ခွဲခြားပြီး မသိဘူး။ ခွဲခြားမသိသည့်အတွက်ကြောင့် မလုပ်သင့်တာကို လုပ်မိခြင်း၊ လုပ်သင့်တာကျတော့ မလုပ်မိခြင်းဆိုတာ အကြောင်းတစ်ခုပဲ။ မသိလို့ အဆိုးကို အကောင်း ထင်ပြီးတော့ ရံဖန်ရံခါ လူတွေဟာ လုပ်မိတတ်တယ် ပေါ့။

ကောင်းမှုနှင့် မကောင်းမှု

မှားမှားယွင်းယွင်း တစ်ခုခု လုပ်မိသွားပြီဆိုရင် ခံရတဲ့အကျိုးဆက်ဟာ သက်သာလှတယ်လို့ မရှိဘူး ပေါ့။ ဗုဒ္ဓမြတ်စွာရဲ့ လက်ထက်တော်အခါမှာ ကြုံတွေ့ ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေအနေကို ဆင်ခြင် သုံးသပ် ပြီး ကိုယ့်ကိုယ်ကို သတိပေးထားဖို့ပါ။

ကောင်းတဲ့ အလုပ်၊ မကောင်းတဲ့ အလုပ်၊ ကောင်းမှု၊ မကောင်းမှု ဒီနှစ်ခုကို ဘာနဲ့စံပြုပြီးတော့ ခွဲရတုန်းလို့ဆိုတော့ မြတ်စွာဘုရားက “လုပ်ပြီးတဲ့ အခါမှာ ပူပန်နေရတဲ့အလုပ်“မျိုး။ ဩော်၊ လုပ်မိတာ မှားလေခြင်းလို့ စိတ်ထဲမှာ ပူပန်ရတဲ့ အလုပ်မျိုးဟာ “မကောင်းတဲ့အလုပ်” လို့ခေါ်တယ်။ အလုပ်တစ်ခုကို လုပ်မိပြီးတဲ့နောက်မှာ ဘယ်အလုပ်ပဲဖြစ်ဖြစ် အကျိုး ဆိုတာ ပေါ်လာတတ်တယ်။ result ဆိုတာ ရှိတယ် ပေါ့။ ဆိုပါစို့။ သရက်ပင်တစ်ပင်စိုက်ရင် သရက်သီး ဆိုတာ သီးလာမှာပဲ။ ဒါ အကျိုးပေါ့နော်။ အေး၊ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဟာ စိတ်ထဲက တွေးတာပဲ ဖြစ်စေ၊ နှုတ်က ထုတ်ဖော်ပြောပြတာပဲဖြစ်စေ၊ ကိုယ်ထိ လက်ရောက် လုပ်တာပဲဖြစ်စေ တစ်ခုခု လုပ်လိုက်လို့ ရှိရင် ထိုလုပ်ရပ်ရဲ့ အကျိုးသက်ရောက်မှုက ပေါ်လာ မှာပဲ။ အဲဒီလို ပေါ်လာတဲ့အခါ “ရလာတဲ့အကျိုးတရား ကို ငိုငိုရီရီ ကြိတ်မှိတ်ပြီး ခံစားရမယ့်အလုပ်မျိုးဟာ မကောင်းတဲ့အလုပ်” တဲ့။ ဒီနှစ်ချက်နဲ့ မှတ်ရမယ်နော်။

ဒါ မြတ်စွာဘုရားဒေသနာတော်နဲ့ ပြောမယ်ဆိုရင် “န တံ ကမ္မံ ကတံ သာဓု” ဒီအလုပ်မျိုးဟာ မကောင်း ဘူးတဲ့။ ဘယ်အလုပ်တုန်း၊ “ယံ ကတွာ အနုတပ္ပတိ” လုပ်ပြီးတဲ့နောက်မှာ ပူပန်နေရတယ်။ အဲဒီအလုပ်မျိုး ဘယ်တော့မှ မလုပ်မိစေနဲ့တဲ့။ ဒါ မှားယွင်းတဲ့ လုပ်ရပ် တစ်ခုပဲ။ “ယဿ အဿုမုခေါ ရောဒံ”။ 'အဿုမုခေါ' ဆိုတာ မျက်ရည်ရွှဲနေတဲ့မျက်နှာ။ 'ရောဒံ' ဆိုတာတ ငိုငိုတယိုယိုနဲ့၊ “ဝိပါကံ ပဋိသေဝတိ” အဲဒီလုပ်ရပ်ရဲ့ အကျိုး ပေါ်လာပြီ ဆိုလို့ရှိရင် အကျိုးတရားကို ကြိတ်မှိတ်ပြီး ငိုကြွေးခံစားရတဲ့ လုပ်ရပ်မျိုးဟာ မကောင်းတဲ့လုပ်ရပ်ပဲတဲ့။ မြတ်စွာဘုရားက လူတိုင်း နားလည်အောင်လို့ မကောင်းမှုဆိုတာ ဒါခေါ်တာလို့ ဒီလိုရှင်းပြောတာနော်။

ကောင်းမှုဆိုတာကျတော့ ပြောင်းပြန်မှတ်ရမယ်။ “လုပ်မိတဲ့ကိစ္စတစ်ခုဟာ ဘယ်တော့မှ ပြန်ပြီး ငါလုပ်မိ တာ မှားလေခြင်းလို့ နောင်တပူပန်မှုကို မဖြစ်စေဘူး ဆိုရင် ကောင်းတဲ့အလုပ် ကောင်းမှုပဲ”။ တစ်ခါ အကျိုး ပေါ်လာလို့ရှိရင်လည်းပဲ “ရရှိလာတဲ့ အကျိုးကို ဝမ်းမြောက်ဝမ်းသာ ပီတိသောမနဿနဲ့ ခံစားရပြီ ဆိုရင်လည်း ကောင်းတဲ့လုပ်ရပ်” လို့ ဒီလိုပြောတာ။ အဲဒီတော့ ကောင်းမှု၊ မကောင်းမှုကို သိရမယ်။ “သံသရာခရီးသွား အမှားကို မလုပ်မိစေနဲ့” ဆိုတာ မကောင်းတဲ့အမှုတွေ မလုပ်မိစေနဲ့လို့ ပြောလိုတာ။ အဲဒီအမှားကို လုပ်မိပြီဆိုလို့ရှိရင် ထိုအမှားက ပုံဖော်ပေးလိုက်တဲ့၊ ထိုအမှားကနေ ဖြစ်ပေါ်စေတဲ့အကျိုးဟာ အင်မတန်မှဆိုးဝါးတယ်ဆိုတာ ဝတ္ထုသာဓကနဲ့ ကြည့်ရ အောင်။

ရှင်စက္ခုပါလ

သာဓကတွေ မြောက်မြားစွာရှိတဲ့အထဲက တစ်ခုစီထုတ်ပြီး ကြည့်ကြရအောင်။ သာဝတ္ထိပြည်က သူဌေးတစ်ယောက်၊ သူ့နာမည်က 'ပါလ' တဲ့။ အဲဒီ 'ပါလ'ဆိုတဲ့သူဌေးဟာ မြတ်စွာဘုရားရဲ့တရားကို နာရ တဲ့အခါ တရားကို သိပ်သဘောကျသွားတယ်။ “ဩော် ဒီတရားကို ပြည့်ပြည့်ဝဝ လိုက်နာကျင့်သုံးဖို့ဆိုတာ လူ့ဘောင်မှာနေလို့ မဖြစ်ဘူး၊ သာသနာ့ဘောင်ဝင်ပြီး ကျင့်မှသာလျှင် ပြည့်ပြည့်စုံစုံ ကျင့်နိုင်မှာ“လို့ဆိုပြီးတော့ သာသနာ့ဘောင် ဝင်လိုက်တယ်။ ဝင်လာပြီး တရား ကျင့်တယ်ပေါ့။ တရားကျင့်တဲ့အခါ ဘာဖြစ်လာတုန်း ဆိုရင် မျက်စိရောဂါရလာတယ်။ တစ်ဝါတွင်းလုံး မအိပ် မနေထိုင်ပြီး တရားကျင့်လိုက်တဲ့အခါ မျက်စိရောဂါ ရလာတယ်။ နောက်ဆုံးမှာ မျက်စိရောဂါက မသက် သာဘူး၊ တစ်စထက်တစ်စ ဆိုးလာပြီး ရဟန္တာဖြစ်တဲ့ နေ့မှာ မျက်စိလည်း ကွယ်သွားတယ်၊ ရဟန္တာလည်း ဖြစ်တယ်၊ တစ်ပြိုင်နက်လိုဖြစ်တယ်။ စိတ်ထဲမှာစွဲကပ် နေတဲ့ ကိလေသာအာသဝေါတွေ အကုန်ချုပ်ငြိမ်းသွား သလို မျက်စိနှစ်ကွင်းကလဲ အလင်းမရဖြစ်သွားတယ် တဲ့။ အဲဒီလို ရဟန္တာဘဝရောက်လျက်သားနဲ့ ဘာဖြစ်လို့ မျက်စိကွယ်ရတာတုန်းဆိုတော့ သံသရာမှာ ခရီးသွား တုန်းက အမှားလုပ်မိခဲ့လို့ပဲ။

ဆေးဆရာဘဝ

တစ်ခုသောဘဝမှာ သူက ဆေးဆရာဖြစ်ခဲ့တယ်။ ဆေးဆရာဖြစ်တဲ့အခါ ဟိုဟိုဒီဒီ လှည့်လည်ပြီးတော့ ဆေးကုတာ။ အဲဒီလို ဆေးကုရင်း ကျေးရွာတစ်ရွာ ရောက်သွားတယ်။ မျက်စိအထူးကုအနေနဲ့ မျက်စိ ကုတယ်၊ မျက်စိရောဂါရှိတဲ့ ပုဂ္ဂိုလ်တွေ ဆေးကုပေး တယ်ဆိုတော့ အမျိုးသမီးတစ်ယောက် မျက်စိရောဂါ ဖြစ်နေတယ်။ အမျိုးသမီးရဲ့ မျက်စိရောဂါကို ကြည့် တယ်။ ကြည့်ပြီး ဆေးဖိုးဝါးခအတွက် စကားပြောတာ ပေါ့နော်။ “ဒီမျက်စိရောဂါကို ပျောက်အောင်ကုပေး မယ်၊ ပျောက်လို့ရှိရင် ဘယ်လောက်ပေးမလဲ” ပေါ့။

အဲဒီ မျက်စိရောဂါကလဲ ဆရာပေါင်းကို စုံနေပေ မယ့် မသက်သာဘူး။ အဲဒီ ဆရာက အာမခံတယ်။ သူ ပျောက်အောင်ကုနိုင်တယ်၊ သို့သော် ပျောက်ရင် ဘာပေးမလဲပေါ့။ ငွေကြေးစကား ပြောကြတယ်။ စကားပြောတဲ့အခါ အဲဒီအမျိုးသမီးက “ဆရာရယ်၊ ငွေကြေးတော့ ပြောမနေပါနဲ့၊ ကျွန်မ မျက်စိရောဂါ ပျောက်အောင်ကုနိုင်ရင် ရှိတဲ့ပစ္စည်းတွေ အကုန် ပုံအပ်ပြီး လူကိုယ်တိုင် ကျွန်ခံပါ့မယ်” လို့ ပြောတယ်။

ကြည့်နော်၊ လူတွေက စကားကို အလွန်အကျွံ ပြောမိတတ်တယ်။ “နှုတ်လွန် ကျွန်ဖြစ်” ဆိုတာရှိတယ် မဟုတ်လား။ အေး၊ စကားပြောတဲ့အခါမှာ အင်မတန်မှ ဆင်ခြင်ပြီးပြောသင့်တယ်ပေါ့။ သူက ဒီလိုအလွန်အကျွံ ပြောလိုက်တော့ ဆရာကလည်း ကောင်းပြီဆိုပြီး အစွမ်းထက်တဲ့မျက်စဉ်း ဖော်စပ်ပြီးတော့ အဲဒီအမျိုးသမီးကို မျက်စဉ်းခပ်ပေးလိုက်တယ်။ အများကြီး သက်သာသွား တယ်။ ပျောက်သလောက် ဖြစ်သွားတယ်။

အဲဒီအခါ စကားလွန်ထားသည့်အတွက်ကြောင့် အဲဒီအမျိုးသမီး သူ့စကားအတိုင်းဆို ရှိတဲ့ပစ္စည်းတွေ ပုံအပ်ပြီး သူကိုယ်တိုင် ကျွန်ဖြစ်တော့မယ်။ စကားက ကျွံနေပြီ။ စကားကျွံရင် နှုတ်လို့မရဘူး၊ အဲဒီမှာ ဆရာက လာပြီးတော့မေးတယ်။ “ဘယ့်နှယ်လဲ၊ မျက်စိရောဂါ သက်သာသလား” လို့ဆိုတော့ “ဆရာရယ်၊ အရင် တုန်းက နည်းနည်းကျိန်းတာ၊ အခု ဆရာဆေးခပ် လိုက်မှ ပိုကျိန်းသွားတယ်” သူကလဲ လိမ်တာပဲလေ။ မျက်စိပိုကျိန်းချင်ယောင်ဆောင်တယ်။ ဟိုဆရာကလဲ သိတယ်။ သူ့ဆေး အစွမ်းထက်တယ်၊ မျက်စိရောဂါ သက်သာတယ်ဆိုတာ သိတယ်။

အဲဒီအခါမှာ သူ ဘာအမှား လုပ်လိုက်သလဲ၊ တကယ်ကတော့ မျက်စိရောဂါ ပျောက်အောင်ပဲ စေတနာထားရမှာ၊ မထားဘူး၊ စိတ်ဆိုးစိတ်မိုက်ကဝင်လာတယ်။ အေး၊ သူပေးမယ့် ဆေးဖိုးဝါးခလဲ ငါ မယူချင်ဘူး၊ အဲဒီအမျိုးသမီးတော့ သိစေမယ်၊ မျက်စိ ကန်းအောင်လုပ်မယ် ဆိုတဲ့အတွေး ဝင်သွားတယ်။ အဲဒါကို “ပဒုဋ္ဌစိတ်” လို့ခေါ်တယ်။ မုန်းတီးတဲ့စိတ်နဲ့ အမှားတစ်ခုကို သူလုပ်မိလိုက်တယ်။

ဘာလုပ်လဲဆိုရင် မျက်စိကန်းစေတဲ့ဆေးကို ဖော်စပ်ပြီးတဲ့အခါ အိမ်ပြန်ပြီး သူ့အိမ်ရှင်မကို တိုင်ပင် သေးတယ်။ ငါ့ကို ဆေးဖိုးဝါးခ မပေးချင်လို့လိမ်တာ၊ ကဲ သိစေမယ်ပေါ့။ ရောဂါသည်ထံသွားပြီး မသက်သာ ရင် ဒါလေး ပြောင်းခပ်ကြည့်ပါဆိုပြီး သူကိုယ်တိုင် ခပ်ပေးတာ။

ဆေးလဲခပ်လိုက်ရော မျက်လုံးဟာ ဖူးဖူး ယောင်ယောင်ဖြစ်ပြီး နောက်ဆုံး မျက်စိကွယ်သွားတဲ့ အထိကို ရောက်သွားတယ်။ အဲဒါ သံသရာတွင်းမှာ အမှားတစ်ခု လုပ်လိုက်တာပဲ။ အဲဒီအမှား လုပ်မိသည့် အတွက်ကြောင့် ဆေးသမားဘဝက သေတဲ့အခါ ငရဲကျပြီး ဘဝအကြိမ်ကြိမ်မှာ မျက်စိကွယ်ခဲ့ရတယ်တဲ့။ ဩော်၊ အခုခေတ်မှာလည်း မျက်စေ့ကွယ်တဲ့သူတွေ မရှိဘူးလား။ သံသရာတုန်းက တစ်ခုခု အမှားလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ပါကောင်းပါလိမ့်မယ်နော်။

သံသရာကျင်လည်နေတဲ့ အချိန်လေးမှာ ဘာမှ တန်ဖိုးမရှိတဲ့ ဆေးဖိုးဝါးခလေး အကြောင်းပြုပြီးတော့ အမှားတစ်ခုကို သွားလုပ်လိုက်တယ်။ ရဟန္တာဖြစ်တဲ့ ဘဝတောင်မှ မျက်စေ့နှစ်ကွင်း အလင်းမရတဲ့ ဒုက္ခိတ ဖြစ်မသွားဘူးလား။ ဒါကြောင့်မို့လို့ သံသရာခရီး သွားနေတဲ့အချိန်မှာ အမှားမလုပ်မိစေနဲ့၊ အမှား လုပ်မိလို့ရှိရင် နိဗ္ဗာန်ဝင်ရတာတောင် မျက်စေ့မပါဘဲနဲ့ ဝင်ရတဲ့ကိန်း ရောက်နေပြီ၊ ဟုတ်ကဲ့လား။

အဲဒါကြောင့် ဒီလိုအမှားမျိုးကို မလုပ်မိစေရဘူး။ ငွေကြေးရတာက ဘယ်လောက်မှတန်ဖိုးမရှိဘူး၊ မရ တာလည်း ဘယ်လောက်မှ တန်ဖိုးလျော့မသွားဘူး။ ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် ဟိုတစ်ဖက်သားက မျက်စေ့ကွယ်သွားတာ တစ်ခါပဲကွယ်တယ်။ ကိုယ့်ရဲ့ စေတနာဆိုးက အကျိုးပေးတာ ရဟန္တာဖြစ်မယ့်ဘဝ ထိအောင် ဘဝတိုင်း ဘဝတိုင်းလို မျက်စေ့ ကွယ်ခဲ့ရ တယ်။

ဒီနေရာမှာ တရားချစ်ခင် သူတော်စင် ပရိသတ် တို့ဟာ စဉ်းစားမိလိမ့်မယ်။ သူ့မျက်လုံးတစ်လုံးပဲ ကန်းအောင် လုပ်ခဲ့တာ၊ ကိုယ့်ကျတော့ ဘာကြောင့် အကြိမ်ကြိမ် ကန်းရတုန်းလို့။ စေတနာစွမ်းအား တွေက နည်းတာမဟုတ်ဘူး။ ဒီအမျိုးသမီး မျက်စေ့ ကွယ်အောင်လုပ်မယ်ဆိုတဲ့ အတွေးတွေက ရှေ့ပိုင်းမှာ သိန်းသန်းကုဋေထိအောင် စေတနာဆိုးတွေ ပေါ်ခဲ့ တယ်။ နောက်ဆုံးမှာ အိမ်ပြန်တိုင်ပင်ပြီးတော့ ဒီ မျက်စေ့ကွယ်တဲ့ဆေးကို ဖော်စပ်ပြီးတော့ ကိုယ်ကိုယ် တိုင် ခပ်ပေးခဲ့တယ်ဆိုတဲ့ ဒီစေတနာလုပ်ရပ်ဟာ နည်း တာမှ မဟုတ်ဘဲကိုး။

ဆိုပါစို့။ သရက်စေ့လေး တစ်စေ့ကို စိုက်လိုက် တာ အပင်ဖြစ်လာတဲ့အခါကျတော့ သရက်သီးက ထောင်သောင်းမကသီးတာ မဟုတ်လား။ အဲဒါမျိုးလိုပဲ ကိုယ့်လုပ်ရပ်ကလေးဟာ တစ်ခုပဲဖြစ်စေ စေတနာ တွေက မြောက်မြားစွာ ဖြစ်သည့်အတွက်ကြောင့် စေတနာတစ်ခု အကျိုးတစ်ခု ပေးတာ၊ စေတနာ တစ်ခုကြောင့် ငရဲကျတယ်။ နောက်စေတနာ တစ်ခု ကြောင့် မျက်စေ့ကွယ်ရတယ်ဆိုတော့ မျက်စေ့ပေါင်း မြောက်မြားစွာ ကွယ်ရတယ်ဆိုတဲ့အကျိုး ခံစားရတယ် ပေါ့။ အေး၊ ဒါကြောင့်မို့ သံသရာခရီးသွားနေတဲ့ အချိန်မှာ အမှားမလုပ်မိစေဖို့ သတိထားကြရမယ်။

အကယ်၍ မေတ္တာထားလိုက်မယ်ဆိုရင် ရဟန္တာ ဖြစ်တဲ့ဘဝမှာ မျက်စေ့ကွယ်ဖို့အကြောင်း မရှိတော့ဘူး ပေါ့။ ဒါကြောင့်မို့ ဒီလိုအမှားမျိုး မလုပ်မိစေဖို့၊ အမှား လုပ်တယ်ဆိုတဲ့နေရာမှာ အခုဟာက ဒေါသစိတ်နဲ့ အမှားလုပ်တာနော်။ ဒေါသစိတ်နဲ့ အမှားလုပ်သလို နောက် ဒေါသတစ်မျိုးက ကြောက်တယ်ဆိုတဲ့ ဟာလည်းပဲ အမှားပဲ။ ကြောက်လို့ လုပ်တာပဲဖြစ်စေ၊ မနာလိုလို့ လုပ်တာပဲဖြစ်စေ ဒီစိတ်ရဲ့အခြေအနေတွေ ဟာ အမှားလုပ်မိစေတတ်တယ်၊ ချစ်ရင်လည်း အမှားလုပ်မိတတ်တယ်၊ မုန်းရင်လည်းပဲ အမှားလုပ်မိတတ် တယ်၊ မသိရင်လည်း အမှားလုပ်မိတတ်တယ်ပေါ့။ ဆိုလိုတာကတော့ အဂတိ(၄)ပါးလို့ ဆိုလိုတာ ပေါ့နော်။ ဆန္ဒ- ချစ်ခင်ခြင်းကြောင့်လည်း မှားမှား ယွင်းယွင်းလုပ်တတ်တယ်။ ဒေါသ-မုန်းတီးခြင်းကြောင့် လည်း အမှားလုပ်မိတတ်တယ်။ မောဟ - အမှန်မသိ ခြင်း၊ တွေဝေခြင်းကြောင့်လည်း အမှားလုပ်မိတတ် တယ်တဲ့။ ဘယ- ကြောက်ခြင်းကြောင့်လည်း အမှား လုပ်မိတတ်တယ်တဲ့။

သာမာဝတီမိဖုရား

ကဲ၊ နောက်တစ်ခုကိုကြည့်ဦး။ သံသရာခရီး သွားနေတဲ့အချိန်မှာ အမှားအယွင်းတွေ လုပ်မိတာ သာမာဝတီ။ ဥတေနမင်းကြီးရဲ့ မိဖုရား သာမာဝတီ ဆိုတာရှိတယ်။ ကောသမ္ဗီပြည်က ဥတေနမင်းကြီးမှာ သာမာဝတီဆိုတဲ့ မိဖုရားရယ်၊ ဝါသုလဒတ္တာဆိုတဲ့ မိဖုရားရယ်၊ မာဂဏ္ဍီဆိုတဲ့ မိဖုရားရယ်၊ မိဖုရား(၃)ဦး ရှိတယ်။ အဲဒီထဲမယ် သာမာဝတီဆိုတဲ့ မိဖုရားဟာ နန်းပြသာဒ်ကြီးတစ်ခုလုံး မီးလောင်ပြီး အခြံအရံ (၅၀၀)နှင့်အတူတကွ သေဆုံးသွားတယ်။ ခုခေတ်လို ပြောမယ်ဆိုရင် ဒါ အသေဆိုးနဲ့သေသွားတယ်ပေါ့။ သူတို့နေတဲ့ စံနန်းဟာ မီးလောင်ကျွမ်းသွားတယ်။ လူ(၅၀၀) မီးလောင်လို့ သေသွားတယ်ဆိုတာ နည်း တာမှ မဟုတ်ဘဲနော်။ တစ်ယောက်တစ်လေ သေတာ မဟုတ်ဘူး။ အိမ်မီးလောင်တာနဲ့ တစ်ခါတည်း သာမာဝတီ အမှူးရှိတဲ့ မိဖုရား(၅၀၀)လုံးဟာ မီးလောင်ပြီး သေဆုံးသွားကြရတာ။

အဲဒီလို မီးလောင်ပြီး ဘာကြောင့်သေရတာတုန်း။ မျက်မြင်အားဖြင့် ပြောမယ်ဆိုရင် မကောင်းကြံတဲ့ မာဂဏ္ဍီမိဖုရားက မီးရှို့လို့ မီးလောင်ခံရတယ်။ အပြင် မှာတော့ အဲဒီလိုပဲ မြင်ကြရမယ်ပေါ့။ သို့သော် မဟုတ် ဘူး။ သာမာဝတီမိဖုရား မီးလောင်လို့သေရတာ သံသရာခရီးသွားတဲ့အချိန် သူ အမှားတစ်ခု လုပ်ခဲ့ တယ်။ ဘာတွေလုပ်မိတုန်းဆိုတော့ ဒီလိုပါ။

ဘဝတစ်ခုမှာ သူက ဘုရင်ရဲ့ မိဖုရားတစ်ဦးပဲ။ ရံရွေတော်နဲ့အတူ မြစ်ဆိပ်ကိုဆင်းပြီး ရေချိုးလေ့ ရှိတယ်ပေါ့နော်။ အဲဒီလို မြစ်ဆိပ်ကိုဆင်းပြီး ရေချိုးတဲ့ အချိန် ဘုရင့်နန်းတော်ကို နေ့စဉ်ဆွမ်းခံကြွလေ့ရှိတဲ့ ပစ္စေကဗုဒ္ဓါ(၈)ပါးရှိတယ်။ အဲဒီနေ့မှာ ပစ္စေကဗုဒ္ဓါ (၇)ပါးကတော့ ဂန္ဓမာဒနတောင်ကို ပြန်ကြွသွားတယ်။ တစ်ပါးကတော့ အဲဒီမြစ်ကမ်းနားက ချုံပုတ်တစ်ခု အောက်မှာထိုင်ပြီး သမာပတ်ဝင်စားနေတယ်။ လူမမြင် သူမမြင် ချုံအောက်မှာထိုင်ပြီး သမာပတ်ဝင်စား နေတယ်။

အဲဒီအချိန်မှာ သာမာဝတီအလောင်းဖြစ်တဲ့ မိဖုရားနဲ့ မောင်းမမိဿံ(၅၀၀)တို့ ရေချိုးကြတယ်။ အားရပါးရ ရေချိုးပြီး ချမ်းတဲ့အခါ ဘာလုပ်ချင်တုန်း ဆိုရင် မီးလှုံချင်တာပေါ့။ မီးလှုံချင်တော့ ခုနက ပစ္စေက ဗုဒ္ဓါ ထိုင်နေတဲ့ ချုံပုတ်ဆီသွားကြတယ်။ ပစ္စေကဗုဒ္ဓါ ထိုင်နေမှန်း မသိဘူး။ မီးလှုံလို့ရမှာပဲဆိုပြီး ချုံပုတ်ကြီးကို မီးတိုက်လိုက်ကြတယ်။ ချုံပုတ်ကြီး မီးတိုက်လိုက်လို့ မီးတွေလောင် ပြာကျသွားတယ်။ ပစ္စေကဗုဒ္ဓါကတော့ နိရောဓသမာပတ် ဝင်စားနေတာဆိုတော့ ဘာမှမဖြစ် ဘူး။ သမာဓိ စွမ်းအားကြောင့် ပစ္စေကဗုဒ္ဓါကို မီး မလောင်ဘူး။ သို့သော် ချုံပုတ်ကြီး မီးလောင်သွားတဲ့ အခါ ကိုယ်တော်ကြီးက ငုတ်တုတ်ပေါ်လာတယ်။ “ဟော့တော့ ဒို့အိမ် ဆွမ်းခံကြွတဲ့ ပစ္စေကဗုဒ္ဓါကြီးပဲ၊ ဘုရင်ကြီးသိရင် ဒို့ကိုသတ်တော့မှာပဲ”။ သူတို့စိတ်ထဲမှာ ပစ္စေကဗုဒ္ဓါ မီးလောင်သေသွားပြီလို့ ထင်တာပေါ့။

အစက မသိလို့ မီးရှို့မိတာ။ ဒါက အကုသိုလ် မဖြစ်ဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာတုန်းဆိုတော့ မီးလှုံချင်လို့ ချုံကိုမီးရှို့တာ။ အဲ ပစ္စေကဗုဒ္ဓါ ပေါ်လာ တဲ့အခါကျတော့ “ဟာ၊ ဒို့အစဖျောက်မှပဲ၊ ဒို့လုပ်ထားတဲ့ အလုပ် အစဖျောက်မှပဲ“ဆိုပြီး အနီးအနားမှာရှိတဲ့ ထင်း တွေ၊ သစ်ကိုင်းတွေ ချိုးကြတယ်ပေါ့။ ထင်းခြောက်တွေ အကုန်စု၊ ပစ္စေကဗုဒ္ဓါကြီးကို ဝိုင်းပြီး ထင်းတွေပုံ၊ ပုံပြီးပြီဆိုတဲ့အခါ “ကဲ၊ အစဖျောက်အောင် မီးတိုက်မယ်”။ အဲဒါကျတော့ အကုသိုလ် ဖြစ်သွားပြီ။ အမှား လုပ်လိုက်တာ။

အကယ်၍ သူတို့ မတော်တဆ ဖြစ်စဉ်တုန်းက ဆက်ပြီး အမှားမလုပ်ဘဲနဲ့ ပစ္စေကဗုဒ္ဓါကို ရှိခိုး တောင်းပန်၊ မသိလို့လုပ်မိတာပါလို့ဆိုရင် ပစ္စေကဗုဒ္ဓါ လည်း ပရိနိဗ္ဗာန်စံတာမှ မဟုတ်ဘဲ၊ သမာဓိစွမ်းအား ကြောင့် မီးမလောင်တာပဲဖြစ်တယ်။ အချိန်တန်ရင် ပြန်ကြွသွားမှာနော်။

သူတို့ မီးနဲ့အကြိမ်ကြိမ်တိုက်လည်းပဲ ဒီကိုယ်တော် ပျံလွန်တော်မူမှာမှ မဟုတ်တာ။ အဲဒါကို မသိလို့ အစပျောက်အောင် ထင်းတွေနဲ့ပုံပြီးတော့ မီးဝိုင်းရှို့ကြ တာ။ မီးဝိုင်းရှို့ပြီးတော့ ကဲ၊ မီးကျွမ်းလောက်ပြီ ဆိုပြီး တော့ နန်းတော်ပြန်သွားကြတာ။ ပစ္စေကဗုဒ္ဓါက ပြာတွေ ဖုတ်ဖက်ခါထပြီးတော့ နောက်ရက်ကျ ဆွမ်းစားကြွလာတယ်။

သူတို့ရဲ့ စေတနာဆိုးနဲ့လုပ်ရပ်ကြောင့် ပစ္စေကဗုဒ္ဓါ ပရိနိဗ္ဗာန် စံမသွားသော်လည်းပဲ စေတနာနဲ့ မီးတိုက်ခဲ့ သည့်အတွက်ကြောင့် သာမာဝတီအမှူးရှိတဲ့ မိဖုရား တွေဟာ အဲဒီဘဝက သေတဲ့အခါ ငရဲရောက်၊ ဖြစ်လေ ရာ ဘဝမှာ သူတို့က မီးလောင်ပြီးတော့ သေရတယ်။

ဩော် ခုခေတ်လည်းပဲ ဘုရားရှိလို့ ဘုရားကို မေးလျှောက်ကြည့်ရင် အသေဆိုးနဲ့သေတဲ့ ပုဂ္ဂိုလ်တွေ ဟာ သံသရာခရီးသွားရင်းက အမှားလုပ်ခဲ့တဲ့ ပုဂ္ဂိုလ် တွေ ဖြစ်နိုင်တယ်။ လူတိုင်း အသေဆိုးနဲ့သေတာမှ မဟုတ်ဘဲကိုး။ တချို့ လွတ်လာတာတွေ အများကြီး ရှိတာပဲ။ အေး၊ ဒါကြောင့်မို့လို့ သံသရာခရီးသွားနေတဲ့ အချိန်မှာ အမှားမလုပ်မိစေနဲ့လို့ ဒီလိုပြောတာ။

ခုဇ္ဇုတ္တရာ

ကဲ၊ နောက်တစ်ခု ကြည့်ကြဦး။ အမှားတစ်ခု လုပ်တယ်ဆိုတာ ရယ်စရာအနေနဲ့လည်း သွားမလုပ် လေနဲ့။ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေကို သွားပြီး ရယ်စရာ လုပ်မိလို့ရှိရင် ဆိုးကျိုးတွေ ရောက်လာတတ်တယ်။ သာမာဝတီ ရဲ့ အလုပ်အကျွေးထဲမှာ ခုဇ္ဇုတ္တရာ (ခုဇ္ဇာ+ဥတ္တရာ) သူ့နာမည်ကတော့ ဥတ္တရာ။ သို့သော် ခါးလေးကုန်းနေလို့ သူ့ကို ခုဇ္ဇုတ္တရာ လို့ခေါ်တယ်။ ခုဇ္ဇုတ္တရာ ဆိုတာ အလွန်ပညာထက်တယ်၊ ပိဋကတ် သုံးပုံထဲမှာ ဣတိဝုတ္တက ဆိုတဲ့ကျမ်းရှိတယ်။ အဲဒီ ကျမ်းဟာ ခုဇ္ဇုတ္တရာ နေ့စဉ် ဘုရားဆီသွား တရားနာ၊ နာပြီးရင် သာမာဝတီတို့ကို ပြန်ဟောတဲ့တရားပဲ။ အဲဒါကို ဣတိဝုတ္တက ကျမ်းလို့ ခေါ်တယ်။ ခုဇ္ဇုတ္တရာ က ဘာဖြစ်လို့ ကျွန်မ,ဖြစ်သလဲ၊ ဘာဖြစ်လို့ ခါးကုန်းရ သလဲ၊ ကြည့်နော်။ သံသရာခရီးသွားနေတဲ့အချိန်မှာ သူဘာအမှားလုပ်ခဲ့သလဲ။

တစ်ချိန်က သူတို့နန်းတော်ကို ပစ္စေကဗုဒ္ဓါ တွေ ကြွကြွပြီးတော့ လာကြတယ်။ အဲဒီအထဲမှာ ပစ္စေကဗုဒ္ဓါ တစ်ဆူက ခါးလေးနဲနဲကုန်းနေတယ်။ ခုဇ္ဇုတ္တရာ အလောင်းက ရွှေခွက်လေးကိုပွေ့ပြီး ဝတ်ရုံလေးကို အပေါ်ကခြုံလို့ “တို့ ပစ္စေကဗုဒ္ဓါ က ဟောလိုလေး ကြွတာ” ဆိုပြီးတော့ ခါးလေးကုန်းပြီး သွားပြတယ်။ ရယ်စရာလုပ်တာနော်။ အဲဒီ ရယ်စရာလုပ်ခဲ့တဲ့ အမှားလုပ်ရပ်ကြောင့် ဖြစ်လေရာ ဖြစ်လေရာဘဝမှာ ခါးကုန်းမကြီး ဖြစ်နေတယ်။ ကြည့်၊ ဒါကြောင့်မို့ သံသရာသွား အမှားမလုပ်မိစေနဲ့တဲ့။

ဘာဖြစ်လို့ ကျွန်မ ဖြစ်ရတာတုန်းဆိုတော့ တစ်ခု သော ဘဝမှာ သူက သူဌေးသမီး ဖြစ်တယ်။ အဲဒီ ခေတ်က ဘုရားတစ်ဆူရဲ့လက်ထက်ဆိုတော့ ဘိက္ခုနီမ တွေရှိတယ်။ ရဟန္တာဘိက္ခုနီမတွေက သူ့အိမ်လာလည် ကြတယ်။ သူဌေးသမီးနဲ့ရင်းနှီးတဲ့ ရဟန္တာဘိက္ခုနီမတွေ အိမ်ကို အလည်အပတ်လာတဲ့အခါ သူဌေးသမီးက သနပ်ခါးလိမ်းနေတယ်ပေါ့နော်။ သနပ်ခါးလိမ်းနေ တော့ တစ်ခုခုလိုချင်တယ်၊ အနားမှာ ခိုင်းစရာလူ မရှိတော့ အဲဒီ ဘိက္ခုနီမကို သူခိုင်းမိတယ်။

အခုခေတ်လည်း လူတွေ ပြောတတ်တယ်၊ “မရိုမသေ ဒါလေး လုပ်ပေးစမ်းပါ”။ မရိုမသေလို့ ဆိုကတည်းက ရိုသေတာ မဟုတ်ဘူး။ လူတွေက ထင်တယ်၊ မရိုမသေလို့ ပြောလိုက်ရင် အပြစ်မဖြစ်ဘူး လို့ ထင်နေတယ်။ မဟုတ်ဘူးနော်၊ သူပြောတာကိုက မရိုမသေလို့ပြောလိုက်တာကိုး။ “အရှင်မရေ အနားမှာ ဘယ်သူမှမရှိလို့ ရေလေးတစ်ခွက် မရိုမသေ ယူပေး စမ်းပါ“လို့ ခိုင်းတယ်။ အဲဒီမှာ ရဟန္တာ ဘိက္ခုနီမက သိပြီ၊ ငါယူမပေးရင် သူစိတ်ဆိုးလိမ့်မယ်၊ စိတ်ဆိုးရင် ငရဲကျမယ်။ ငါယူပေးလို့ရှိရင် သူ ဘာဖြစ်မလဲ၊ ကျွန်ဖြစ် မယ်။ အေး၊ ကျွန်ဖြစ်တာက ငရဲထက်စာရင်တော့ သက်သာသေးတယ် ဆိုပြီးတော့ ဘိက္ခုနီမက ယူပေး လိုက်တယ်။

ယူမပေးရင် သူက စိတ်ဆိုးဦးမှာလေ။ အိမ်တောင် နောက်အလာခံချင်မှ ခံမယ်၊ ဟုတ်ကဲ့လား။ အဲဒါ သတိထား။ သီလရှင် ဆရာလေးတွေ အိမ်လာရင် “ဆရာလေး၊ ဒါလေးလုပ်ပေးစမ်းပါ“လို့ သွားမခိုင်း လေနဲ့နော်။ မရိုမသေဆိုပြီး ခိုင်းတတ်ကြတယ်။ လူတွေ က မရိုမသေခိုင်းတယ် ဆိုကတည်းက ရိုမှမရိုသေ တာပဲ။ အေး ကောင်းပြီ၊ အဲဒီလို ခိုင်းလိုက်တာကို အကြောင်းပြုပြီးတော့ တစ်ခါခိုင်းလိုက်မိတာနဲ့ ဖြစ်လေ ရာ ဖြစ်လေရာဘဝမှာ သူများအခိုင်းခံကျွန်မ ဖြစ်တယ် တဲ့။

ဒါကြောင့်မို့လို့ သံသရာခရီးသွားတဲ့ အချိန်မှာ အမှားမလုပ်မိစေနဲ့လို့ပြောတာ။ အဲဒါ သတိထား။ မြန်မာတွေ ခိုင်းတတ်တယ်နော်။ “ကန်တော့ပါရဲ့“ဆိုပြီး တော့လဲခိုင်းတယ်၊ ပါးစပ်ကဆိုတာ၊ အဟုတ်လည်း ကန်တော့တာ မဟုတ်ဘူးနော်။ အေး၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို ခိုင်းမိပြီဆိုလို့ရှိရင် အဲဒီလိုဒုက္ခရောက် တတ်တယ်။ ရယ်စရာအနေနဲ့တောင်မှ တစ်ဖက်သား ကို နစ်နာအောင် မလုပ်ထိုက်ဘူး။

ရှင်စူဠပန္ထက

စူဠပန္ထက ရဟန္တာဖြစ်မယ့်ဘဝ၊ ရဟန္တာ ဖြစ်မယ့် ပုဂ္ဂိုလ်၊ ဘယ်ဉာဏ်ထိုင်းမလဲ။ ဉာဏ်အင်မတန်မှ ထက်တာပေါ့။ ပဋိသန္ဓေစိတ်ကိုက ဉာဏ်နဲ့ယှဉ်ပြီး တော့ ဉာဏသမ္ပယုတ်နဲ့ မွေးလာတဲ့ပုဂ္ဂိုလ်တစ်ဦးပဲ။ သို့သော် ရှင်စူဠပန္ထက ဂါထာလေးတစ်ပုဒ် လေးလ ကျက်တာ မရဘူး။ မရတော့ အစ်ကိုလုပ်တဲ့ ရဟန္တာ မဟာပန္ထက က “မင်း၊ သာသနာနဲ့မတန်ဘူး၊ အိမ်ပြန် တော့” ဆိုပြီး နှင်ထုတ်လိုက်တယ်။

အေး၊ဘာဖြစ်လို့ ဂါထာလေးတစ်ပုဒ်ကို လေးလ ထိအောင် ကျက်ရတုန်း၊ ကြိုးစားလျက်သားနဲ့ ဘာဖြစ် လို့ မရတာတုန်းဆိုတော့ အတိတ်ဘဝတစ်ခုတုန်းက ဉာဏ်လေးတဲ့ ကိုယ်တော်ကို သူက ပြောင်ခဲ့တယ်၊ လှောင်ခဲ့တယ်တဲ့။ ဟော၊ ပြောင်ခဲ့၊ လှောင်ခဲ့ပြီး ရယ်စရာလုပ်တယ်။ အဲဒီလို ရယ်စရာလုပ်တော့ ဟို ကိုယ်တော်က ရှက်တယ်။ ရှက်ပြီး စာမသင်ရဲတော့ဘူး၊ ဒါကြောင့်မို့ သူ ဒီဘဝမှာ ဉာဏ်လေးတာ။ သံသရာ ခရီးသွား အမှားဆိုတာ မလုပ်သင့်ဘူးတဲ့။ တစ်ဖက် သားကို နစ်နာအောင် သွားလုပ်တာဟာ ဒါ မှားယွင်းတဲ့ လုပ်ရပ်တစ်ခုပဲတဲ့။ ဒါလဲ သတိထားရမယ့် အချက် တစ်ခုပဲ။

ရှင်ပူတိဂတ္တတိဿ

နောက်တစ်ခုကို စဉ်းစားပြီးတော့ကြည့်ဦး။ ပူတိဂတ္တတိဿမထေရ်ဆိုတာ တစ်ကိုယ်လုံးအနာတွေ ပေါက်ပြီးတော့ ပုပ်ပွသွားတယ်။ ဒီအထိအောင် ရောဂါ ဆိုးရွားတယ်။ ခုခေတ်ဆိုရင်တော့ အရေပြားကင်ဆာ တို့၊ ဘာကင်ဆာ၊ ညာကင်ဆာ ပြောလိမ့်မယ် ထင်ပါ တယ်။ တစ်ကိုယ်လုံး အနာတွေ အဖုအပိန့်ပေါက်ပြီး ရောဂါဝေဒနာဖြစ်၊ အရိုးတွေ အကုန်လုံး ကျိုးပဲ့ကုန်တဲ့ အနေအထားမျိုးကို ရောက်သွားတယ်။ အနားနားကို ဘယ်သူမှ မကပ်နိုင်လောက်အောင် ပုပ်စော်နံတယ်။

ဩော်၊ ရဟန္တာဖြစ်မယ့် ဘဝကြီးမှာ ဒီလိုဖြစ်ရ တယ်။ ဘာကြောင့်တုန်းဆိုရင် သံသရာခရီးသွားတုန်း က သူအမှားတစ်ခုလုပ်ခဲ့တယ်။

ငှက်မုဆိုးဖြစ်စဉ်အခါတုန်းက ရက်စက်ခဲ့တယ်။ ငှက်မုဆိုးဆိုတာ ငှက်တွေကိုထောင်ပြီးတော့ဖမ်း၊ ငှက် တွေကို ထောင်ဖမ်းပြီးတော့ ငှက်သားတို့၊ ငှက်ကြော်တို့ ရောင်းချတာပေါ့။ အဲဒီလို ရောင်းချတဲ့အခါမှာ သူက အကုန်လုံးသတ်ပြီး ရောင်းမယ်ဆိုရင် ဝယ်တဲ့သူ ရှိဦးမှ ကိုး။ သတ်ထားလို့ရှိရင်လဲ သိပ်ပြီး ကြာရှည်ခံတာ မဟုတ်ဘူး။ ခုခေတ်လို ရေခဲနဲ့စိမ်လို့လဲရတာ မဟုတ် ဘူး၊ ရေခဲသေတ္တာလဲရှိတာ မဟုတ်ဘူး။ အဲဒီတော့ သူ ဘယ်လိုလုပ်တုန်း ဆိုလို့ရှိရင် ငှက်အရှင်တွေ ခြေထောက်တွေ ချိုးထားတယ်၊ တောင်ပံတွေချိုးပြီး မပျံနိုင်အောင် လုပ်ထားတယ်။ အဲဒီလိုလုပ်ခဲ့တဲ့ အကုသိုလ်က ရဟန္တာဖြစ်တဲ့ ဘဝတောင်မှပဲ ပေါင်ကျိုး တယ်။ တစ်ကိုယ်လုံး အနာတွေပေါက်ပြီး ပုပ်ပွပြီး တော့ လူတွေမကပ်ချင်လောက်အောင် ဖြစ်ခဲ့ရတယ် ပေါ့။ ဒါ ဘဝတစ်ခုမှာ မှားယွင်းခဲ့တဲ့ အကုသိုလ်ကြောင့် ပဲပေါ့။ အေး၊ ဒါကြောင့်မို့လို့ ဒါလည်း သတိထားစရာပဲ။

သုပ္ပဗုဒ္ဓဝတ္ထု

နောက်တစ်ခါ သုပ္ပဗုဒ္ဓ ဆိုတဲ့ လူတစ်ယောက်။ ဒီလူက အနာကြီးရောဂါသည်။ ဘုရားတရား နာလိုက် ရတဲ့အခါမှာ သောတာပန်ဖြစ်သွားတယ်။ ထူးခြားတဲ့ အသိဉာဏ်ရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ သို့သော် တစ်ကိုယ်လုံး အဖုအပိမ့်တွေနဲ့ အနာကြီးရောဂါ စွဲကပ်ပြီးနေတာ။ ဘာဖြစ်လို့ ဒီလို အနာကြီးရောဂါ စွဲကပ်ရတုန်း။ ခုခေတ်လို ပြောမယ်ဆိုလို့ရှိရင် အနာကြီးရောဂါ မျိုးရိုးပါတာလို့ ပြောချင်ပြောကြမှာပေါ့။ ဒါပေမယ့် ဘာဖြစ်လို့ အနာကြီးရောဂါ စွဲကပ်ရသလဲဆိုရင် တစ်ခု သောဘဝမှာ ပစ္စေကဗုဒ္ဓါကို စွပ်စွဲပြီးတော့ နှုတ်နဲ့ပြောခဲ့ ဖူးတယ်။ “အနူအဝဲတွေ” လို့ ဆဲခဲ့တယ်တဲ့။ ဟော၊ အနူအဝဲနဲ့ ဆဲခဲ့သည့်ကိစ္စကြောင့်မို့လို့ ဒီဘဝမှာ အနူ လာဖြစ်တာ၊ အင်မတန်မှ ကြောက်စရာကောင်းတယ် နော်။

ဇမ္ဗုက

နောက်တစ်ခု ကြောက်စရာကောင်းတဲ့ အမှား အယွင်းဆိုတာ ကြုံသွားတတ်တယ်။ ဒေါသကြောင့် ဖြစ်စေ၊ ခုနက ပြောင်လှောင်၍ဖြစ်စေ၊ တစ်ခုခုကြောင့် စိတ်ဆိုးမာန်ဆိုး ဖြစ်တဲ့အခါကြောင့်ဖြစ်စေ လူတွေဟာ မှားယွင်းတဲ့ အလုပ်တစ်ခုကို လုပ်မိသွားတတ်တယ်။ ကြည့်၊ ဇမ္ဗူက ဆိုတဲ့ ပရဗိုဇ်တစ်ယောက်ရှိတယ်။ အဲဒီ ဇမ္ဗူကဆိုတဲ့ ပရဗိုဇ်ကို လူတကာက ကြည်ညိုကြတယ်။ အင်္ဂတိုင်းတို့၊ မဂဓတိုင်းတို့က လူတွေက ကိုးကွယ်ကြ တယ်။ အင်မတန်ဘုန်းကြီးတယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ သူက အစာမစားဘူး၊ လေကိုစားတယ်။ အဝတ်မဝတ်ဘူး၊ ပြင်းထန်တဲ့အကျင့်ကို ကျင့်တယ်လို့ ယုံကြည်ကြတယ်။ လူတွေက သူ့ကို တကယ့် အကျင့် ကောင်းတဲ့ ရဟန္တာလို့ သိကြတယ်။

သို့သော် တကယ်မဟုတ်ဘူး။ သူစားနေတာက ဘာတုန်းဆိုရင် လူတကာစွန့်ထားတဲ့ မစင်ကိုစားတာ နော်။ လူတကာ စွန့်ထားတဲ့မစင်မှ သူကစားတာ။ ဒါလည်း သံသရာတစ်ခုတုန်းက သူက အမှားလုပ်ခဲ့လို့ အဝတ်မဝတ်ဘူး၊ ဘာလို့ မဝတ်တာတုန်းဆိုတာ သံသရာတုန်းက သူက အဝတ် မဝတ်စေတတ်တဲ့ အပြစ်ကို ဖြစ်ပေါ်လာစေတဲ့ ပြစ်မှုတစ်ခုကို သူ ကျူးလွန်ခဲ့တယ်ပေါ့။

အရင်တုန်းက သူက ကျောင်းတစ်ကျောင်းမှာ ကျောင်းထိုင်နေတဲ့ ကျောင်းထိုင် ဘုန်းကြီးတစ်ပါးပဲ။ အာဂန္တုတစ်ပါး ကြွလာတဲ့အခါ ကျောင်းဒကာက အဲဒီ အာဂန္တုကို ကြည်ညိုတယ်ပေါ့။ ဒါ ဘုန်းကြီးတွေ သတိ ထားရမည့်ဟာပေါ့။ ကြည်ညိုတော့ ကျောင်းဒကာက ဘာလုပ်တုန်းဆိုရင် အာဂန္တုက ဆံပင်ရှည်နေလို့ ဆံပင် ရိတ်ဖို့ရာအတွက် ဆေတ္တာသည်ပေါ့၊ ခုခေတ်လိုဆိုရင် ဆံသက လူတစ်ယောက်ကို လွှတ်လိုက်တယ်ပေါ့။ အဲဒီ အာဂန္တုကျိန်းဖို့ ဆိုပြီးတော့ ကွပ်ပျစ်ကောင်းကောင်း အိမ်ကနေသယ်ပြီးတော့ပို့တယ်။ အာဂန္တုကို ဂရုတစိုက် လုပ်ပေးတယ်။

အဲဒီလို အာဂန္တုကို ဂရုတစိုက် ပြုစုတာကို ကျောင်းထိုင်ဘုန်းကြီးက မခံနိုင်ဘူး။ သူ့ထက်ပိုပြီး ကြည်ညိုတယ်လို့ စိတ်ထဲကထင်တယ်ပေါ့။ ဘုန်းကြီး တွေမှာလဲ အဲဒီလို ဖြစ်တတ်တယ်။ အဲလိုဖြစ်တာ ဣဿာလို့ခေါ်တယ်။ မနာလို မရှုစိမ့်တဲ့ ဣဿာ ဖြစ်လာတာ။ ဣဿာ ဖြစ်လာတဲ့အခါကျတော့ အဲဒီ အာဂန္တုကို ဒီမှာမနေအောင် သူကလုပ်တယ်။ သူက ဘာပြောတုန်းဆိုတော့ “ကိုယ်တော်တဲ့၊ ဒီဒကာရဲ့ သင်တုံးဓားနဲ့ ခေါင်းရိတ်ခံမယ့်အစား ကိုယ်တော့်ခေါင်းက အမွှေးကို ထန်းစေ့နဲ့ဆွဲညှပ်နှုတ် တာကမှ ကောင်းသေးတယ်“တဲ့။ ဆဲရေးတာပေါ့ ဟုတ် ကဲ့လား။ “ကိုယ်တော် ဒီဒကာကျွေးတဲ့ဆွမ်း စားမယ့် အစား လူ့မစင်စားတာက ကောင်းသေးတယ်” တဲ့။ ဟော၊ သူက ဆဲရေးတာ။ ဘာဖြစ်လို့တုန်းဆိုရင် ဒီမှာ မနေအောင် သူကလုပ်တာ။ “ဒီဒကာပေးတဲ့ ကွပ်ပျစ် ပေါ် အိပ်မယ့်အစား ကိုယ်တော် မြေကြီးပေါ်အိပ်တာ ကောင်းသေးတယ်“ပေါ့။ “ဒီသင်္ကန်းကြီးဝတ်မယ့်အစား တုံးလုံးနေတာ ကောင်းသေးတယ်“နဲ့။ အဲဒီလို အာဂန္တု ကိုယ်တော်ကို ပြစ်မှားပြီးတော့ ဆဲရေးတယ်။ ဒကာက “အရှင်ဘုရား အာဂန္တု ပင့်ပြီးတော့ ကြွခဲ့ပါ“လို့ မှာထားတာ။ မနက်မိုးလင်းတဲ့အခါကျတော့ အာဂန္တုနိုးမှာစိုးလို့နော်၊ သက်ကယ်ရိုးလေးနဲ့ ခေါင်း လောင်းထိုးသတဲ့။ တကယ်က အာဂန္တုကို မနှိုးဘဲနဲ့ တိတ်တဆိတ် သူက ဒကာအိမ်ကြွသွားတယ်။ ဒကာက “အရှင်ဘုရား၊ အာဂန္တု မပါဘူးလား” ဆိုတော့ “ဒကာကြီးရဲ့ကိုယ်တော် တစ်ခါတည်း ဘယ်လောက် ထိအောင်အိပ်နေမှန်းမသိဘူးပေါ့လေ။ ခေါင်းလောင်း ထိုးတာတောင် မနိုးဘူး” အပြစ်ပြောတဲ့အခါ ကျောင်း ဒကာက “အရှင်ဘုရား၊ ခရီးပန်းလာလို့ နေမှာပါ” ဆိုပြီးတော့ သူ့ကိုဆွမ်းကပ်တယ်။ အာဂန္တုအတွက် ဆွမ်းတစ်သပိတ် လှူလိုက်တယ်။ “အာဂန္တုနိုးလို့ရှိရင် ကျွေးလိုက်ပါဘုရား” အဲဒီ ဆွမ်းသပိတ်ကို လမ်းမှာပဲ သွန်ပစ်ခဲ့တယ်။

ကြည့်နော်၊ မှားယွင်းတဲ့ လုပ်ရပ်တွေ သူလုပ်ခဲ့ တယ်။ တစ်သက်စာလဲ မဟုတ်ဘူး၊ တစ်ခဏစာလေး အတွက် သူဟာ မနာလိုစိတ်နဲ့ မှားယွင်းတဲ့လုပ်ရပ်တွေ သူလုပ်ခဲ့တယ်။ အဲဒီလိုလုပ်ပြီး ကျောင်းပြန်ရောက်တဲ့ အခါ အာဂန္တုအိပ်တဲ့အခန်း သွားကြည့်တယ်၊ မရှိတော့ ဘူး၊ အဲဒီကျတော့မှ သူ ထိတ်ထိတ်ပျာပျာ ဖြစ်သွား တယ်ပေါ့။ “ငါ့ရဲ့လုပ်ရပ်တွေကို သိတဲ့ပုဂ္ဂိုလ်ဖြစ်မယ်”။ အဲဒီပုဂ္ဂိုလ်က ရဟန္တာပုဂ္ဂိုလ်ကြီး။ ရဟန္တာပုဂ္ဂိုလ်ကို ပြစ်မှားမိတဲ့အတွက်ကြောင့် သေတဲ့အခါ ငရဲကျတယ်။ အခု နောက်ဆုံးဘဝ ရောက်တဲ့အခါ သူဟာ မွေးလာတဲ့ အချိန်ကတည်းက နို့တိုက်ရင် နို့မစို့ဘူး၊ ဘာစားတုန်း ဆိုရင် ကိုယ့်မစင်ကိုယ်ပြန်စားတယ်။ ကြည့်နော်၊ ကိုယ့် မစင် ကိုယ်ပြန်စားတယ်။ လူကြီးတွေကတော့ “ဩော်၊ ကလေးမို့ မသိတတ်လို့” ဆိုပြီးတော့နေကြတယ်။ ဘာ ဟုတ်မလဲ၊ အရွယ်လေး ရောက်လာတယ်။ စကားလေး ဘာလေး ပြောတတ်၊ လမ်းလေးဘာလေး လျှောက် တတ်တဲ့ အချိန်မှာလည်း ထမင်းရယ်လို့ ဟုတ်တိပတ်တိ မစားဘူး။ လူအလစ်မှာ မစင်ဘဲ သွားစားတယ်။ ကြာတော့ အဖေ အမေတွေက သူ့ရဲ့အကျင့်တွေ တွေ့လာတဲ့အခါ လက်မခံတော့ဘူး၊ အိမ်ကနေပြီး တော့ နှင်ထုတ်တယ်။ နှင်ထုတ်တော့ အစေလက အဝတ်မဝတ်တဲ့ဂိုဏ်းထဲ ရောက်သွားတယ်။ အဲဒီမှာ သူ့ဆံပင်ကို ထန်းစေ့လေးနဲ့ဆွဲပြီး နှုတ်ခံရတယ်။ သူပြောခဲ့တဲ့အတိုင်း အဝတ်မဝတ်ရဘူး၊ မြေကြီးပေါ်မှာ အိပ်ရတယ်။

အဲဒီလိုနေပြီး အစေလက အဖွဲ့တွေက မြို့ထဲ ရွာထဲ ဆွမ်းခံသွားတဲ့အခါမှာ သူ့ကို ခေါ်တာ မလိုက် ဘူး။ ကျောင်းမှာပဲကျန်ရစ်တယ်။ ရလာတဲ့ အစားအစာ တွေ သွားကျွေးတဲ့အခါ သူကလက်မခံဘူး၊ မစားဘူး ဆိုပြီးတော့နေတယ်။ “ဒီကိုယ်တော် ဘာစားနေသလဲ” ဆိုပြီးတော့ ဆွမ်းခံသွားတဲ့အခါ တစ်ယောက်ကို ချောင်းကြည့်ခိုင်းတယ်။ သူက ဘာလုပ်လဲဆိုတော့ သူများသွားပြီဆိုရင် အိမ်သာဖွင့်ပြီးတော့ လူ့မစင် တွေကို အားရပါးရစားတာ။ အဲဒါနဲ့ အစေလက တွေကလည်း မစင်စားတယ်ဆိုတော့ မကောင်း သတင်း ထွက်မှာစိုးလို့ သူ့ကို မောင်းထုတ်လိုက်ကြ တယ်။ မောင်းထုတ်လိုက်တဲ့အခါ လူတကာ မစင်စွန့်တဲ့ နေရာ ကျောက်ဖျာဘေး သွားပြီးနေတယ်။ လူတွေ မမြင်တဲ့အခါမှာ မစင်တွေစားတယ်၊ ပြီးတော့ ဘာလုပ် လဲဆိုရင် ခြေထောက်တစ်ဖက်မြှောက်၊ ပါးစပ်ဟပြီးတော့နေတယ်။ “သူဟာ လေစားတယ်၊ အစာမစား ဘူး”။ လိမ်တာညာတာနော်။ နောက်ပိုင်းကျတော့ “ဩော်၊ အစာမစားဘူး၊ လေစားတယ်” ဆိုပြီးတော့ ဘုန်းကြီးလာတယ်။ တကယ်တော့ စားတာ လူတွေ စွန့်တဲ့ မစင်ကို စားနေတာ။

တကယ်တော့ သူဟာ သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး၊ ရဟန္တာဖြစ်နိုင်တဲ့ အနေအထားရှိတယ်။ ဒါနဲ့ မြတ်စွာ ဘုရား ကြွသွားပြီးတဲ့ သူ့ရဲ့လုပ်ရပ်တွေ ဖော်ထုတ် တယ်။ မြတ်စွာဘုရားတရား နာရတဲ့အခါ သူဟာ အကျွတ်တရားရပြီး ရဟန္တာကြီးဖြစ်သွားတယ်။

ကဲ၊ ဘယ်လောက် ကြောက်စရာကောင်းတုန်း။ ရဟန္တာဖြစ်မယ့်ဘဝတောင် မစင်စားရတဲ့ ဘဝမျိုး ရောက်သွားသေးတယ်။ အဲဒါ တစ်ကြိမ်တစ်ခါတုန်းက အမှားလုပ်ခဲ့လို့ပဲ။ ဒါကြောင့် သံသရာခရီးသွား အမှား မလုပ်မိစေနဲ့တဲ့နော်။

ဥဂ္ဂသေန

နောက်တစ်ခုကြည့်၊ ဥဂ္ဂသေန ဆိုတဲ့ သူဌေးသား။ ဥဂ္ဂသေနဟာ သူဌေးသားပဲ။ သူ့ဇနီးကတော့ ကချေ သည် မျိုးရိုး၊ သဘင်သည်မျိုးရိုး ခေါ်တာပေါ့။ ရှေးတုန်း ကတော့ ဒါ မျိုးရိုးရှိတယ်။ ခုခေတ်ကတော့ မျိုးရိုး ရယ်လို့ မဟုတ်ကြဘူး။ ဝါသနာပါလို့လုပ်တယ်ပေါ့နော်။ ကချေသည်မျိုးရိုးဆိုတော့ သူ့အဖေက ဇာတ်ဆရာ၊ သူက က,တဲ့မင်းသမီးပေါ့လေ။ ခုခေတ်အခေါ် အငြိမ့် မင်းသမီး၊ ဇာတ်မင်းသမီးပေါ့။

ဥဂ္ဂသေနက သူဌေးသား။ ဒီဇာတ်ပွဲကြည့်ရင်း အဲဒီဇာတ်မင်းသမီးကို သဘောကျပြီး သူလဲ ဇာတ်ထဲ လိုက်သွားတယ်။ သူဌေးသားက သူဌေးသားလို မနေဘဲ သဘင်သည်လုပ်တယ်။ ခုခေတ်ကတော့ အနုပညာ သည်လို့ ခေါ်ပါတယ်။ နှိမ့်ချခေါ်တာ မရှိဘူး။ ရှေးတုန်း ကတော့ အနုပညာသည်လို့ မခေါ်ဘူး၊ “သဘင်သည်” လို့ပဲခေါ်တယ်။ မြန်မာပြည်မှာနော်။ သဘင်သည်လို့ ခေါ်ပြီး ဖက်ခွက်စားလို့လည်း ခေါ်ကြတယ်။ ဇာတ် မင်းသား မင်းသမီးတွေ ကြားရင်တော့ ကြိုက်မှာမဟုတ် ဘူးပေါ့။ ရှေးတုန်းက အဲဒီလိုခေါ်တယ်။ ဖက်ခွက်စား။ လူတွေက ရှုံ့ချတယ်ပေါ့။ သူတို့ ကပြတာ ကြည့်တော့ ကြည့်တယ်၊ ဒါပေမယ့် အဲဒီမျိုးရိုးကို လူတွေက အထင်မကြီးဘူး။ သဘင်သည် မျိုးရိုးကို အထင်မကြီး ဘူး။

အဲ၊ ဥဂ္ဂသေနက သူဌေးသား ဖြစ်လျက်သားနဲ့ အဲဒီဇာတ်ပွဲက မင်းသမီးကို သဘောကျပြီးတော့ သူတို့ ဇာတ်ထဲကို လိုက်သွားတယ်။ အဲဒီလိုဖြစ်ရတာ ဘာကြောင့်တုန်းဆိုတော့ ဘဝတစ်ခုမှာ သူက အမှား လုပ်ခဲ့မိတယ်။

ဟိုတုန်းကလဲ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ပဲ။ အဲဒီတုန်းက ခရီးသွားရင်း လမ်းမှာ ရဟန္တာတစ်ပါး တွေ့တယ်။ တွေ့ပြီးတော့ အဲဒီရဟန္တာကို သူတို့က ဆွမ်းကပ်ကြတယ်။ ဆွမ်းကပ်ပြီး ဆုတောင်းတယ်ပေါ့။ “အရှင်ဘုရား၊ ဒီကောင်းမှုကြောင့် အရှင်ဘုရားသိတဲ့ တရားထူး၊ တရားမြတ်ကို တပည့်တော်တို့ သိပါရစေဘုရား” လို့ အဲဒီလိုဆုတောင်းတဲ့အခါ ရဟန္တာပုဂ္ဂိုလ် ကြီးက အနာဂတံသဉာဏ်နဲ့ ကြည့်လိုက်တယ်။ ဩော်၊ သူတို့ဟာ ငါသိတဲ့ တရားထူးတရားမြတ်သိတဲ့ ပုဂ္ဂိုလ် တွေ ဖြစ်မှာပဲ၊ ဖြစ်မှာပဲဆိုတာကိုမြင်လို့ ရဟန္တာက သဘောကျပြီးပြုံးတာ။ အဲဒီပြုံးတာကို မြင်ပြီးတော့ အမျိုးသမီးလုပ်တဲ့သူက နှုတ်မစောင့်ဘူးလေ၊ “ကြည့်၊ ကိုယ်တော်ကြီးက ပြုံးတယ်၊ ဇာတ်သမားနဲ့တူတယ်” ပြောလိုက်တယ်။ ဟို လင်ယောက်ျားလုပ်တဲ့သူက လည်း “အေး၊ ဟုတ်မှာပေါ့ကွာ” လို့ ပြောလိုက်တယ်။

ဥဂ္ဂသေနက ဟုတ်မှာပေါ့ကွာ ပြောခဲ့လို့ သူဌေးသားဖြစ်လျက်သားနဲ့ ဇာတ်သမားသွားဖြစ်ရ တယ်။ ဘဝတစ်ခုမှာ အမှားလုပ်ခဲ့ပြီးပြီဆိုရင် အမြင့် ကနေ အနိမ့်ဆင်းသွားတာပဲနော်။ ဒါကြောင့်မို့ အင်မတန်ကြောက်စရာကောင်းလို့ သံသရာခရီးသွား အမှားမလုပ်မိစေနဲ့ ပြောတာနော်။

ဇဋိလ

တစ်ခါ ဇောတိကတို့၊ ဇဋိလတို့၊ မေဏ္ဍကတို့ ဆိုပြီးတော့ အင်မတန်ထင်ရှားတဲ့ သူဌေးတွေရှိတယ်။ ဇောတိက က ရာဇဂြိုဟ်ပြည်မှာ အလွန်ထင်ရှားတဲ့ သူဌေး။ ဇဋိလက သူဌေးသားဖြစ်ပေမယ့်လို့ သူမွေးလာ တာက ဖအေ မပေါ်ဘူးနော်။ ဖအေမပေါ်ဘူးဆိုတာ သူက သူဌေးသမီးတစ်ယောက်က မွေးတာ။ သူ့အမေ ကတော့ သူဌေးသမီးပဲ။ သို့သော် ဝိဇ္ဇာဓိုရ်နဲ့ တိတ်တိတ်ပုန်း မွေးတယ်။ တိတ်တိတ်ပုန်းမွေးတယ် ဆိုကတည်း က လူမသိရဲလို့ ဇဋိလလေး မွေးလာတဲ့အခါ ဘာလုပ်တုန်းဆိုတော့ အိုးထဲထည့်ပြီး မြစ်ထဲမျှောတာ။ အောက်က ရေချိုးနေတဲ့ အမျိုးသမီးနှစ်ယောက်က ဆယ်ယူကြတယ်။ နောက်တော့ သူ့ကံအားလျော်စွာ အိမ်နောက်ဖေးမှာ ရွှေတောင်ပေါက်တဲ့ သူဌေးကြီး ဖြစ်သွားတယ်။

ဩော်၊ သူဌေးသမီးရဲ့သား ဖြစ်ပါလျက်နဲ့ အိမ်မှာ ကျွေးမွေးထားခြင်း မခံရဘဲနဲ့ ရေထဲမှာ အမျှောခံရ တယ်ဆိုတာ တစ်ခုသောဘဝမှာ အမှားအယွင်းတွေ သူလုပ်ခဲ့တယ်။

ကဿပဘုရားရဲ့ စေတီတည်နေတဲ့အချိန်မှာ ရဟန္တာတစ်ပါး ကြွလာပြီးတော့ ဒကာ၊ ဒကာမတွေကို နှိုးဆော်တယ်။ “စေတီအတွက် ရွှေတွေ လိုနေသေး တယ်၊ တာဝန်ယူထားတာ ပြည့်စုံအောင် လှူကြဖို့” လိုက်ပြီးတော့ တိုက်တွန်းတယ်။ ဇဋိလသူဌေး အလောင်းက အဲဒီတုန်းက ရွှေပန်းတိမ်သည် ဖြစ် တယ်။ သူလည်း တာဝန်ယူထားတယ်။ အဲဒီ ရဟန္တာ ကြွလာခါနီးမှာ အိမ်က ဇနီးသည်နဲ့ စကားများ ရန်ဖြစ် ထားတယ်။ စိတ်ဆိုးနေတဲ့ အချိန်ပေါ့နော်။ အဲဒီစိတ်ဆိုး နေတဲ့အချိန်မှာ ခုနက ရဟန္တာက လာပြီးတော့ “အေး၊ လိုအပ်တဲ့ရွှေတွေ ဖြည့်ကြ၊ လှူကြ” လို့ လာပြီးပြော တော့ ဘာပြောလိုက်တုန်းဆိုရင် “ကိုယ်တော်တို့ ဘုရား ကို ရေထဲသာမျှောပစ်လိုက်“လို့ ပြောလိုက်တယ်။ သူက စိတ်ဆိုးနေတာကိုး။ သူ့ အမျိုးသမီးကို စိတ်ဆိုးတာ။ ဘာမှအပြစ်မရှိတဲ့ဘုရား ရေထဲ မျှောပစ်လိုက်လို့ ပြောတော့ အမျိုးသမီးလုပ်တဲ့ ပုဂ္ဂိုလ်က “ရှင်ဘယ်လို ပြောလိုက်တာလဲ၊ ကျွန်မကို စိတ်ဆိုးရင် ကျွန်မကိုရိုက် ပေါ့၊ ဘာလို့ ဘုရားသွားပြောတာလဲ” ဆိုတော့မှ သူ သတိရသွားပြီး ရဟန္တာကို တောင်းပန်တယ်။ ရဟန္တာက ညွှန်ပြတဲ့အတိုင်း ရွှေပန်းအိုးကြီးသုံးလုံး လုပ်ပြီးတော့ ဘုရားကိုကန်တော့ပြီး ဝန်ချတောင်းပန်ခဲ့ရတယ်။

သို့သော် ဖြစ်လေရာဘဝ ဘယ်တော့မှ အိမ်မှာ မကြီးရဘူး၊ ရေထဲ အမျှောခံရတယ်။ ဒါကြောင့် သံသရာခရီးမှာ မှားမှားယွင်းယွင်း လုပ်မိပြီဆိုရင် ဆိုးကျိုးပေါ်လာတတ်တယ်။ အင်မတန်ကြောက်ဖို့ ကောင်းတယ်လို့ ပြောတာနော်။

ကောဏ္ဍဓာန

ဟော၊ နောက်ဇာတ်လမ်းတစ်ခုက ဘာတုန်း ဆိုရင် ရဟန်းတော်တစ်ပါး။ သူ့ဘွဲ့က မူရင်းကတော့ ဓာနပေါ့။ ရှေ့ကနေပြီးတော့ ကောဏ္ဍဆိုတဲ့ စကားလုံး ထည့်ပြီးခေါ်ကြတယ်။ ဘယ်လို အဓိပ္ပာယ်ရတုန်းဆိုတော့ “သူယုတ်မာ” အဓိပ္ပာယ်ရတယ်။ ကောဏ္ဍဒါန ဆိုတဲ့ ကောဏ္ဍဆိုတာ သူယုတ်မာကြီးပေါ့။ အဲဒီ ကိုယ်တော်ရဲ့ ဝဋ်ကြွေးက ဘယ်လောက်ကြောက်စရာ ကောင်းတုန်းဆိုတော့ လူ့ဘဝနေတုန်းက ဘာမှမဖြစ် ဘူး၊ ရဟန်းဝတ်လိုက်တဲ့အခါကစပြီးတော့ သူ့နောက် မှာ အရိပ်ပေါ်နေတယ်။ အမျိုးသမီးတစ်ယောက်က အမြဲလိုက်နေတယ်။ သူက မမြင်ရဘူး၊ ပတ်ဝန်းကျင်က လူတွေက အကုန်မြင်ရတယ်နော်။ အဲဒီကိုယ်တော်ရဲ့ နောက်က အမျိုးသမီးငယ်တစ်ယောက်က အမြဲတမ်း ပါတယ်။ ဆွမ်းလောင်းတဲ့ ဒကာ၊ ဒကာမတွေက ပြော တယ်၊ ဒါက ကိုယ်တော့်အတွက်၊ ဒါက ကိုယ်တော့်ရဲ့ ဒကာမအတွက် ဆိုပြီးတော့ တချို့ကလည်း ပြောင် ပြောင် လှောင်လှောင် လောင်းလှူလိုက်ကြတယ်။ သူက တော့ နားမလည်ဘူးပေါ့။ သူ့နောက်က အမျိုးသမီး တစ်ယောက်ပါနေတာ သူမသိဘူး၊ မြင်လည်း မမြင်ရ ဘူး။ သို့သော် မကောင်းသတင်း ဟိုးလေးတကျော်ဖြစ်နေရတယ်။ ဘယ်လိုမှ ဖြေရှင်းလို့မရနိုင်တဲ့ပြဿနာ ဖြစ်လာတယ်။

နောက်ဆုံးမှာ ဘုရင့် နန်းတော်ထိအောင် ဒီသတင်း ပေါက်သွားတယ်။ ပေါက်သွားတော့ ကောသလမင်းကြီးကိုယ်တိုင် လာရောက်စုံစမ်းတယ်။ အဲဒီ ရဟန်းတော်နောက်က အမျိုးသမီးတစ်ယောက် အမြဲတမ်းပါတယ်။ ကျောင်းအခန်းထဲ ဝင်သွားလည်း ပါသွားတာပဲ။ အမြဲတမ်း အတူတူ နေတယ်လို့ ထင်ရ တယ်။

လူကောင်ထည်ကြီးကို မြင်နေရတာဆိုတော့ ဘယ်သူမှ မယုံဘူးပေါ့နော်။ အဲဒါ တကယ့်အဖြစ် အပျက်နော်။

ကောသလမင်းကြီးကြားလို့ လာစုံစမ်းတဲ့အခါ အဲဒီကိုယ်တော် ကျောင်းထဲဝင်သွားတဲ့အခါ သူ့နောက် က အမျိုးသမီးတစ်ယောက်ကို မြင်ရတယ်။ ကျောင်း ပေါ် တက်ကြည့်တော့ အဲဒီအမျိုးသမီး မတွေ့ရပြန် ဘူး။ တစ်ခါ အောက်ပြန်ဆင်းလိုက်ပြန်တော့ မြင်ပြန် ရော။

ဘုရင်ကြီးကပြောတယ်။ “ကိုယ်တော့်နောက်က အမျိုးသမီးတစ်ယောက်ရှိတယ်” လို့။ အဲဒီကိုယ်တော်က “မရှိပါဘူးတဲ့။ သူတစ်ခါမှ မမြင်ရဘူး။ သူ ဒီလိုပဲ အပြောခံရတယ်။ သူတစ်ယောက်တည်းပါ၊ ဘယ်တော့ မှ အမျိုးသမီးတစ်ယောက်နဲ့တွဲနေတာ မရှိပါဘူး” လို့ ငြင်းတယ်။ ငြင်းပေမယ့် ဘယ်လိုမှမရဘူး။

ကိုယ်တော်တွေက တိုင်ကြတန်းကြတာ။ နောက် က အမျိုးသမီးတစ်ယောက် ပါနေတယ်ဆိုတော့ ဒို့ သာသနာ နာမည်ပျက်တော့မှာပဲဆိုပြီး ဘုရင်ထိအောင် တိုင်ကြတယ်။ ဘုရင်ကြီးကိုယ်တိုင် လာစုံစမ်းတာ။

နောက်ဆုံးကျတော့ ဘုရင်ကြီးက အမျိုးမျိုး စူးစမ်းတဲ့အခါကျတော့ တွေ့လိုက် ပျောက်သွားလိုက်၊ တွေ့လိုက် ပျောက်သွားလိုက်၊ ထွက်မသွားနိုင်အောင် ဝိုင်းထား ရှာပြန်တော့လည်းမတွေ့။ အောက်ဆင်းပြီး ပြန်ကြည့်တော့ ဒီအမျိုးသမီးပုံက ပေါ်နေပြန်ရော။ ဩော်၊ အဲလိုလုပ်တော့ ဘုရင်ကြီးက ဒါ အကြောင်း တစ်ခုခုတော့ ရှိမှာပဲဆိုပြီး ဘုရင်ကြီးက ဆုံးဖြတ်လိုက် တယ်။

အဲဒီ ကိုယ်တော်ကို “အရှင်ဘုရားတဲ့၊ ဒီပုံစံနဲ့ ဆိုရင် ကိုယ်တော့်ကို ဆွမ်းလောင်းမယ့်သူရှိမှာ မဟုတ် ဘူးတဲ့။ သူ့နန်းတော်ထဲကြွပြီး ဆွမ်းစားပါ” ဆိုပြီးတော့ ပင့်သွားတယ်။ ဘုရင်ကြီးကတော့ နားလည်သွားတယ် ပေါ့နော်။ ကျန်တဲ့ ရဟန်းတွေက မကျေနပ်ဘူး။

မြတ်စွာဘုရားက ရှင်းပြတယ်။ အတိတ်ဘဝ တုန်းက၊ သံသရာခရီးသွားတုန်းက သူအမှားတစ်ခု လုပ်ခဲ့တယ်၊ အဲဒီတုန်းက သူက နတ်သားတစ်ယောက် ဖြစ်ခဲ့တယ်။ နတ်သားတစ်ယောက်ဖြစ်တော့ အဲဒီ အချိန်မှာ ရဟန်းတော်နှစ်ပါးဟာ ညီအစ်ကိုလိုပဲ သိပ် ရင်းနှီးကြတယ်။ သူတို့နှစ်ပါး ခရီးသွားအတူတူ၊ နေ အတူတူ၊ အဲဒီအကျင့်ကောင်း၊ အနေအထိုင်ကောင်း ရဟန်းတော်နှစ်ပါး တူတူသွားတာ ဒီရဟန်းတော်နှစ်ပါး ဟာ အမြဲတမ်း ပူးတွဲပူးတွဲနေတယ်ပေါ့လေ။ အဲဒီနတ်က ဒီကိုယ်တော်နှစ်ပါးဟာ ဘယ်တော့မဆို ပူးတွဲပူးတွဲ လုပ်နေတယ်။ ငါ ကွဲအောင်လုပ်ဦးမယ် ဆိုပြီးတော့ ခရီးသွားနေတဲ့အချိန်မှာ ထင်ယောင်ထင်မှား ဖြစ် အောင် လုပ်ခဲ့တာ။

ရဟန်းတော်တစ်ပါးက “ကိုယ်တော်၊ နောက်ဖေး နောက်ဖီ သွားချင်လို့”။ (ခုခေတ်လို ပြောရင်တော့ ကျန်းမာရေးပေါ့နော်။) ပြောပြီး အဲဒီခြုံကြားကို ခဏ ဝင်တယ်။ ဟို ကိုယ်တော်က ရှေ့နားကစောင့်။ ခြုံကြား ဝင်ပြီး နောက်ဖေးနောက်ဖီသွားပြီးတော့ ပြန်ထွက် လာတဲ့အခါ အဲဒီနတ်သားက ဘာလုပ်တုန်းဆိုတော့ အမျိုးသမီးယောင် ဖန်တီးပြပြီးတော့ ဆံပင်ကို ပြင်ပြီး ထုံးတာတို့၊ အဝတ်ပြင်ဝတ်တာတို့ ဖိုးရိုးဖားယားတွေ ပုံစံအမျိုးမျိုး လုပ်ပြတယ်ပေါ့။ ဟို စောင့်နေတဲ့ ကိုယ်တော်မြင်အောင်ပြတာ။ ပြတော့ ဟိုကိုယ်တော် ကလဲ မျက်စိနဲ့မြင်လိုက်တာ တကယ်မြင်လိုက်တာပဲ၊ ထင်ထင်ရှားရှားကြီးမြင်တယ်။

ကာယကံရှင် ကိုယ်တော်ကတော့ ဘာမှမသိရှာ ဘူး။ စောင့်နေတဲ့ ကိုယ်တော့်အနားနားလဲရောက်ရော ဟိုကိုယ်တော်က ပြောတာ၊ “ဟာ၊ ကိုယ်တော်၊ ကိုယ်တော် ဒုဿီလပဲ၊ ကိုယ်တော်အကျင့်ပျက်ကြီးပဲ၊ လူယုတ်မာကြီးပဲ၊ ကိုယ်တော်နဲ့အတူတူ မနေနိုင်ဘူး” ဆီးပြောတယ်။

ဟိုကိုယ်တော်ကလည်း ငါ ဘာမှမလုပ်ဘဲနဲ့ ဘာဖြစ်လို့ ဒီလိုစွပ်စွဲရတာတုန်းဆိုပြီးတော့ နှစ်ပါး ကွဲသွားကြတာ။ အဲဒါ သက်သက်ဝင်ပြီးတော့ ကွဲအောင်လုပ်တဲ့ သဘောပဲနော်။

အဲဒီနတ်သား သေသွားတဲ့အခါ ငရဲကျပြီး ခု ဂေါတမ မြတ်စွာဘုရားလက်ထက် အခါကျတော့ ကောဏ္ဍဒါန လာဖြစ်တယ်။ ကောဏ္ဍဒါန ဘဝမှာ သူဟာ အရှက်တကွဲ အကျိုးနည်း ဖြစ်နေရတယ်။

နောက်ဆုံးမှာ သူ့ကို လူယုတ်မာကြီး၊ လူယုတ်မာ ကြီးနဲ့ ခေါ်တဲ့အခါ သူကလည်း ပြန်ပြောလာတယ်၊ ပြန်ဆဲလာတယ်။ မြတ်စွာဘုရားက ဆုံးမတယ်၊ “မင်း ဟိုတုန်းကလည်း မဟုတ်တဲ့ အယူအဆ၊ အတွေး အခေါ်တွေကြောင့်မို့ ဒီလို ဒုက္ခရောက်တယ်၊ ခုလဲ ရဟန်းကောင်းတွေနဲ့ တုန့်ပြန်ပြီး ရန်ဖြစ်နေမယ်ဆိုရင် ပိုပြီးဆိုးသွားလိမ့်မယ်” လို့ ဆုံးမပြီး သည်းခံဖို့ရာ ဟောတယ်။ နောက်ဆုံးကျတော့ သူဟာ ရဟန္တာ ဖြစ်သွားတယ်။ အဲဒီအခါမှာ ခုနက အမျိုးသမီးပုံရိပ်ကြီး ပျောက်သွားတယ်။ ကဲ၊ သံသရာမှာ အမှားလုပ်ခဲ့ပြီ ဆိုရင် ခံလေရော။ အရှက်ကွဲ အကျိုးနည်း၊ ဟုတ်လား။ မြေပေါ်မှာ စီးခဲ့တာ မဟုတ်ဘူးနော်။ ဘုရားပန်းတင်တဲ့ ခုံပေါ်မှာ မလေးမစား လုပ်ပြီးတော့ စော်ကား မော်ကား လုပ်ခဲ့တဲ့အမှား။ အဲဒီအမှားကြောင့် အခု ဗိမ္ဗိသာရမင်းဘဝ ရောက်တဲ့အခါမှာ ခြေဖဝါးဓားခွဲပြီး အသတ်ခံရတယ်။ ရိုးရိုးသတ်ရင်လဲ သေမှာပဲ၊ ဒါပေ မယ့် ခြေဖဝါးဓားခွဲ သတ်တယ်ဆိုတာ သူ့အမှား လုပ်ရပ်ကြောင့်ဖြစ်တာ။ အဲဒါကြောင့်မို့လို့ အမှား အယွင်းဆိုတာ မဖြစ်စေသင့်ဘူးတဲ့။

ဗိမ္ဗိသာရမင်း

မြန်မာတွေအားလုံး ဗိမ္ဗိသာရမင်းကြီး ခြေဖဝါး ဓားနဲ့ခွဲခံရတယ်ဆိုတာ သိကြတာပဲနော်။ အဲဒါလည်း သံသရာဘဝတစ်ခုမှာ အမှားလုပ်ခဲ့လို့ပဲ။ အများက ဘုန်းကြီးကျောင်းထဲ ဖိနပ်စီးခဲ့လို့၊ စေတီရင်ပြင် ဖိနပ် စီးခဲ့လို့ ပြောကြတယ်။ တကယ်ကတော့ ဘုရားကို ပန်းတင်ပြီးလှူခဲ့တဲ့ ပန်းခုံတွေပေါ်မှာ သူဟာ မရိုမသေ မလေးမစားလုပ်ပြီးတော့ ဖိနပ်စီးခဲ့တယ်။ ဒီလို သာမန်

လောကသတိဿ

နောက် ဒီ့ထက်ဆိုးတဲ့ အမှားအယွင်းတစ်ခု လုပ်သူ လောသကတိဿ ဆိုတာရှိတယ်။ ရဟန္တာ ဖြစ်သည့်တိုင်အောင် သူက ဘယ်တော့မှဝအောင်မစား ရဘူး။ ခုနကလိုပဲ သူများကို အစားအစာနဲ့ ပတ်သက် ပြီးတော့ သူက ပိတ်ပင်ခဲ့တာ။ နောက်ဆုံးမှာ ရဟန္တာ ဖြစ်ပြီး ပရိနိဗ္ဗာန်စံမယ့်နေ့တောင်မှပဲ ရှင်သာရိပုတ္တရာ က သနားလို့ သူ့ကို စားစေချင်လို့ ပေးလိုက်တဲ့ဆွမ်းကို ကိုယ်တော်တွေကမေ့ပြီးတော့ သူ့ကိုမကျွေးကြဘူးတဲ့။ သူ့အကုသိုလ်ကြောင့် အဲဒါနဲ့ ရှင်သာရိပုတ္တ မထေရ် မြတ်ဟာ မွန်းလွဲမှ မြို့ထဲတစ်ခါ ဆွမ်းခံဝင်တယ်။ မွန်းလွဲ အချိန်ဆိုရင် ရှေးက ဒကာ၊ ဒကာမတွေက အဖျော်တို့၊ စတုမဓုတို့ လောင်းလှူလေ့ရှိတယ်။

အေး၊ အချိန်ကြည့်ပြီးတော့ ဒကာ၊ ဒကာမတွေက စတုမဓု တစ်သပိတ် လှူလိုက်တယ်။ အဲဒီ စတုမဓု သပိတ်လေးကို ကိုယ်တိုင်ယူပြီးတော့ ခုနက လောသကတိဿ ကိုယ်တော်ကို နောက်ဆုံးနေ့မှာ စတုမဓု အဝကျွေးတယ်။ အဲဒီနေ့ပဲ ဝအောင်စားရ တယ်။ စားပြီးရော ပရိနိဗ္ဗာန်စံသွားရတယ်နော်။

ကြည့်၊ ဒီလို ငတ်ငတ်ပြတ်ပြတ်နဲ့ ဖြစ်ရတာ ဘာဖြစ်လို့တုန်း။ တစ်ခုသောဘဝမှာ သူဟာ အမှား အယွင်းတွေ လုပ်ခဲ့တယ်။ ဒါကြောင့် အမှားအယွင်း တွေလုပ်ခဲ့လို့ အမှားအယွင်းခံရတဲ့ ပုဂ္ဂိုလ်တွေဟာ အများကြီးရှိတယ်။

မြတ်စွာဘုရားကိုယ်တော်တိုင်

မြတ်စွာဘုရားကိုယ်တိုင်လည်း မှားမှားယွင်းယွင်း လုပ်ခဲ့သည့်အတွက်ကြောင့် မလိုအပ်ဘဲနဲ့ ခြောက်နှစ် ပတ်လုံး ပင်ပန်းကြီးစွာ ဒုက္ကရစရိယ ကျင့်ခဲ့ရတယ်။ ကဿပ မြတ်စွာဘုရား လက်ထက်က ဇောတိပါလ ဆိုတဲ့ ပုဏ္ဏားလုလင်ဖြစ်ခဲ့တဲ့အချိန်မှာ သူက အမျိုး ဇာတ်ကို အကြောင်းပြုပြီးတော့ မာန်မာနတွေ တက်ခဲ့ တယ်။ ကဿပ မြတ်စွာဘုရားဖြစ်တာနဲ့ ပတ်သက်ပြီး သူက အကျင့်တရားနဲ့ ပတ်သက်ပြီး ပြောခဲ့တယ်။ မာန်မာနတက်ပြီးတော့နော်။ အဲဒါကြောင့်မို့ သူဟာ မလိုအပ်တဲ့ အကျင့်တွေကို သေလောက်အောင် ပြင်းထန်တဲ့ တပ အကျင့်တွေကို ကျင့်ခဲ့ရတာ ဒီ ဝစီ ဘေဒ ကံကြောင့်။ အဲဒါလည်း အမှားတစ်ခုကြောင့် ဒီလိုဖြစ်ရတာ။

အေး၊ မြတ်စွာဘုရားနဲ့ ပတ်သက်လာလို့ရှိရင် ပုဗ္ဗကမ္မ ပိလောတိက အပဒါန ဆိုတာရှိတယ်။ အဲဒီမှာ မြတ်စွာဘုရားလုပ်ရပ်တွေဟာ ဒီဘဝမှာ ဘုရားဖြစ်တဲ့ ဘဝတင်ပဲ လွန်ခဲ့တဲ့ ဒီသံသရာခရီးသွားရင်းက အမှား အယွင်းတွေ လုပ်ခဲ့သည့်အတွက်ကြောင့် ခေါင်းကိုက် ရတာရှိတယ်၊ ခါးနာရတာရှိတယ်။ နောက် ဝေရဉ္ဇာ ပြည်မှာ မုယောဆန်တွေပဲ မြင်းစားတဲ့၊ မြင်းကျွေးတဲ့ မုယောဆန်တွေ စားခဲ့ရတယ်။ နောက်ဆုံးမှာ သွေးဝမ်း သွန်ရတယ်ဆိုတော့ ဒီဒုက္ခသုက္ခတွေ ခံစားရတာဟာ ရှေးက သံသရာခရီးသွားတုန်းက မှားမှားယွင်းယွင်း ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့်ပဲတဲ့။

အေး၊ ဝိသာခါတို့နဲ့ ပတ်သက်လာတဲ့အခါကျ တော့ ဒီလို ကျောင်းအမကြီး ဝိသာခါနဲ့ပတ်သက်ပြီး တော့ မှားယွင်းတယ်ဆိုတဲ့လုပ်ရပ်တွေ မတွေ့ရဘူး၊ ဝိသာခါ ကျောင်းအမကြီးက အင်မတန်ချမ်းသာတယ်၊ မဟာလတာ တန်ဆာကြီးကိုဝတ်ဆင်ရတယ်။ အိုသည် ထိအောင် နုပျိုနေတယ်။ အသက် ၁၂၀ ရှိတယ်၊ သေတဲ့အခါကျတော့ နိမ္မာနရတိ နတ်ဘုံရောက်တယ်။ ဟော၊ သူ့ရဲ့ဇာတ်လမ်းက အကုန်အကောင်းချည်းပဲ။ သူ မှားမှားယွင်းယွင်း မလုပ်ခဲ့ဘူးဆိုတာ ထင်ရှားတယ် ပေါ့။

အနာထပိဏ် သူဌေးကြီးလဲ မှားယွင်းတဲ့ အနေ အထားမျိုး မတွေ့ရဘူး။ မတွေ့ရတော့ သေတဲ့အခါမှာ တုသိတာနတ်ပြည် ရောက်သွားတယ်။ အမှားအယွင်း မရှိဘူး။ အမှားအယွင်းမရှိတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးရှိတာပဲ။ ဒါကြောင့် သတိထားပြီးတော့ သံသရာခရီးသွားတဲ့အခါမှာ အမှားအယွင်းတွေ မလုပ် မိစေဖို့ဆိုတာ ဒီဇာတ်လမ်းတွေကို နမူနာယူပြီးတော့ မိမိတို့ဘဝမှာ စိတ်ဆိုး၍ဖြစ်စေ၊ မသိမုန်းထား၍ ဖြစ်စေ အမှားအယွင်းတွေကို မလုပ်မိအောင် သတိ ထားပြီး ရှောင်ကြဉ်ကာ ကောင်းတဲ့အမှုများကိုသာ ပြုလုပ်ခြင်းဖြင့် မိမိတို့ သံသရာခရီးသွားတဲ့အခါမှာ ဖြောင့်ဖြောင့်တန်းတန်း သွားဖို့လိုတယ်။ နောက်ဆုံးမှာ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုကြရမှာ ဆိုတာကို သတိထားပြီးတော့ ကြိုးစားအားထုတ်နိုင်ကြပါစေကုန် သတည်း။

d56brm4n0fqbsm8sqpjt5d3enstjvrw
မေတ္တသုတ် အနှစ်ချုပ်
0
5891
22148
21652
2026-06-15T03:26:05Z
Tejinda
173
22148
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မေတ္တသုတ် အနှစ်ချုပ်
| previous = [[သံသရာခရီးသွား အမှားမလုပ်မိစေနှင့်]]
| previous2 =
| next = [[နိဗ္ဗာန်သို့ ဦးတည်သွားနေသူ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

မေတ္တသုတ် အနှစ်ချုပ်

၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ စင်ကာပူ နိုင်ငံ Satipatthana Meditation Center ကျောင်း၌ ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မ သဘင် အခမ်းအနားဝယ် ဟောကြားအပ်သော “မေတ္တသုတ် အနှစ်ချုပ်” တရားဒေသနာတော်။

ပရိတ်ကြီး ၁၁-သုတ်ထဲမှာ မေတ္တသုတ်ဆိုတာ ပါရှိတယ်။ အားလုံး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တွေ နေ့စဉ်နဲ့အမျှ ရွတ်ဖတ်နေကြတယ်။ သို့သော် ထိုရွတ်ဖတ်နေတဲ့ ပုဂ္ဂိုလ်တိုင်း မေတ္တသုတ်ရဲ့ အဓိပ္ပာယ်ကို သိချင်မှသိမယ်။ ဒါ့ကြောင့်မို့ ဒီကနေ့ တခြားတရားကို မဟောဘဲနဲ့ လူတွေနဲ့ ရင်းနှီး ပြီးသားဖြစ်တဲ့ နေ့စဉ်နဲ့အမျှ ရွတ်ဖတ်သရဇ္ဈာယ်ပြီး အန္တရာယ်ကင်းအောင် ဆောင်ရွက်နေကြတဲ့ ပရိတ်ကြီးထဲမှာပါတဲ့ မေတ္တသုတ်ကို အနှစ်ချုပ်ပြီး ဟောရရင် ကောင်းမှာပဲလို့ တွေးမိလို့ ဒီတရားကို ရွေးလိုက်တာပါ။

မေတ္တသုတ်မှာ

ယဿာ နုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။

ယဥှိစေဝါ နုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။

သုခံ သုပတိ သုတ္တောစ၊ ပါပံ ကိဉ္စိ န ပဿတိ။

ဧဝမာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

ဆိုတဲ့စကားက မြတ်စွာဘုရား ဟောတဲ့စကား မဟုတ်ပါဘူး။ ဒီမေတ္တသုတ်ကို ရွတ်မယ်လို့ဆိုတဲ့ အခါမှာ ရွတ်ဖတ် သရဇ္ဈာယ်ချင်လာအောင် မေတ္တသုတ်ရဲ့အကျိုးကို ဖော်ပြပြီး ရွတ်ကြမယ်လို့ တိုက်တွန်းပြောကြားတဲ့ စကားသာဖြစ်တယ်။ မေတ္တသုတ်ဆိုတာ ရွတ်ဖတ်ရုံသက်သက် မဟုတ်ဘူး။ များသောအားဖြင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေဟာ ပရိတ်တရားတော်ကို ရွတ်ဖတ်ခြင်း၊ နာယူခြင်းဖြင့် လုံလောက်ပြီလို့ ယူဆနေကြတယ်။ မေတ္တသုတ်ကို လေ့လာကြည့် မယ်ဆိုရင် ရွတ်ဖတ်ရမယ်ဆိုတာတောင် မပါဘူး နော်။ အန္တရာယ်ကင်းဖို့အတွက် မေတ္တသုတ် မရွတ် ရဘူးလားဆိုတော့ ရွတ်ရပါတယ်။ မနာရဘူးလား ဆိုရင် နာရပါတယ်။ ဘယ်တရားဖြစ်ဖြစ် ရွတ်ဖတ် သရဇ္ဈာယ်လို့ရှိရင် ရွတ်ဖတ်သရဇ္ဈယ်တဲ့အကျိုး ရှိတာပေါ့။ နာယူရင် နာယူတဲ့အကျိုးဆိုတာ ရှိတာ ပေါ့နော်။

မြတ်စွာဘုရားက ပရိတ်တရားတော်တွေကို ဟောတဲ့အခါမှာ “မေတ္တာ” နဲ့ “သစ္စာ” ဒီနှစ်ခုကို အဓိကထားဟောတယ်။ အန္တရာယ်ကို ကာကွယ်တဲ့ အခါမှာ မေတ္တာကိုအသုံးပြုပြီး ကာကွယ်တဲ့ နည်း စနစ်၊ သစ္စာကို အသုံးပြုပြီးတော့ ကာကွယ်တဲ့ နည်း စနစ်၊ ဟောဒီ နည်းစနစ်နှစ်ခုကိုသုံးပြီးတော့ ပရိတ် တရားတော်ကို ဟောထားတာ။ ဒါကိုလည်း သဘောပေါက်ထားဖို့ လိုအပ်တယ်ပေါ့နော်။

မေတ္တာလို့ဆိုတဲ့ တရားဟာ ရွတ်ဖတ်ရမယ့် တရား မဟုတ်ဘူး။ ပွားများရမယ့်တရား ဖြစ်တယ်။ မေတ္တာဟာ ကမ္မဋ္ဌာန်းပဲ။ များသောအားဖြင့် ဝိပဿနာတရား အားထုတ်တာမှ ကမ္မဋ္ဌာန်းလို့ ယူဆနေကြတယ်။ မေတ္တာပို့နေတာဟာလည်း ကမ္မဋ္ဌာန်းပဲပေါ့။ သမထကမ္မဋ္ဌာန်းထဲမှာ ပါတယ်။ ဒါကြောင့် မေတ္တသုတ်နဲ့ ပတ်သက်လာလို့ရှိရင် ရွတ်ရမှာသက်သက် မဟုတ်ဘူး။ နာရမှာ သက်သက် မဟုတ်ဘူး။ မေတ္တသုတ်ကို နေ့စဉ် ရွတ်ဖတ်လို့ရှိရင် အန္တရာယ်တွေကင်းတယ်။ နာရင် အန္တရာယ်တွေ ကင်းတယ်လို့ ဒီမေတ္တသုတ်ထဲမှာ ပြဆိုထားတဲ့စကား တစ်လုံးမှမပါဘူး။ သို့သော် အများက အဲဒီအတိုင်းပဲ ယုံကြည်နေကြတယ်။ မိုးကုတ်ဆရာတော်ကြီးပြောတဲ့ စကားလုံးနဲ့ ပြောရ မယ်ဆိုလို့ရှိရင် “တို့လူတွေက သောက်ဆေးကို လိမ်းဆေး လုပ်နေကြတယ်” ပေါ့။ သောက်ရမှာကို မသောက်ဘဲနဲ့ လိမ်းဆေးအဖြစ် အသုံးပြုနေလို့ ရှိရင် အကျိုးသက်ရောက် အားနည်းမှာပေါ့နော်။ သောက်ရမယ့်ဆေးက သောက်ကိုသောက်မှ အကျိုးသက်ရောက်မှု ဖြစ်မှာပေါ့။ ဒါ့ကြောင့် မေတ္တာဆိုတာ ဘာဝနာတရားဖြစ်လို့ ပွားများကြရ မယ်။

မေတ္တာဟာ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာလို့ သုံးမျိုးရှိတယ်။ ကာယကံ မေတ္တာဆိုတာ လမ်းသွားရင်း လမ်းပေါ်မှာရှိနေတဲ့ အမှိုက်သရိုက်၊ ဆူးညှောင့်ခလုတ် ဖယ်ရှားပြီး ဒီလမ်းပေါ်သွားတဲ့လူတွေ ခလုတ်မတိုက်မိကြပါစေ နဲ့။ ဆူးမဆူးကြပါစေနဲ့ဆိုပြီး ဖယ်ရှားပေးသွားတဲ့ သဘောမျိုးတွေဟာ ကာယကံမေတ္တာလို့ ခေါ်တယ် ပေါ့။ အများ ဒုက္ခမရောက်စေချင်ဘူး၊ အများ ချမ်းသာစေချင်တယ်။ ဆိုပါစို့၊ အများသွားလာတဲ့ နေရာမှာ တံမြက်စည်းလှဲပေးတယ်။ ကျောင်းတွေ၊ ကန်တွေ လာတဲ့အခါမှာ တံမြက်စည်းလှဲပေးတယ်။ ဒါ ကာယကံမေတ္တာလို့ ခေါ်တယ်ပေါ့။ မေတ္တာကို ကိုယ်အမှုနဲ့ပြတယ်။

မေတ္တာကို နှုတ်နဲ့ပြတာလည်းရှိတယ်။ နှုတ်နဲ့ ပြတယ် ဆိုတဲ့နေရာမှာ “သတ္တဝါတွေ ချမ်းသာကြ ပါစေ၊ ချမ်းသာကြပါစေ” လို့ ဒီလို နှုတ်က မေတ္တာ ပို့တွေကို ရွတ်နေတာလဲ ဝစီကံမေတ္တာလို့ ပြောလို့ ရပါတယ်။ ပိုပြီးတော့ ထိရောက်တဲ့ ဝစီကံမေတ္တာ ဆိုတာ တစ်ဦးနဲ့တစ်ဦး စကားပြောတဲ့အခါ တကယ့် မေတ္တာစိတ်ထားနဲ့ ကောင်းတဲ့စကားကိုပြောတယ်။ မကောင်းတဲ့စကား မပြောဘူး။ တစ်ဦးနဲ့တစ်ဦး အတင်းမပြောဘူးနော်။ ကောင်းကျိုးချမ်းသာကို ရစေတတ်တဲ့ အပြောမျိုးတွေကို ပြောပေးတယ်။ အကြံကောင်း၊ ဉာဏ်ကောင်းတွေပေးတယ်။ ဒါ ဝစီကံမေတ္တာလို့ ပြောရမယ်။

မနောကံမေတ္တာ ဆိုတာကျတော့ ဘာဝနာ အလုပ်အနေနဲ့ ပွားများအားထုတ်တာ။ ဒီသုတ္တန်မှာ မေတ္တာဘာဝနာ ပွားတော့မယ်ဆိုရင် မေတ္တာ ဘာဝနာပွားမည့် ပုဂ္ဂိုလ်ဟာ ဘယ်လို အရည် အသွေးတွေ ရှိရမယ်ဆိုတာကို မြတ်စွာဘုရားက ရှေးဦးစွာ ဟောထားတယ်။ အဲဒါကို နောက်ပိုင်း ကျမှ ရှင်းပြမယ်။

“ယဿာ နုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ” အစ ရှိတဲ့ နောက်ဆရာများ ရေးထားတဲ့ အဖွင့်ဂါထာနှစ်ပုဒ်ကတော့ မေတ္တာရဲ့ အကျိုးကို ဖော်ပြတဲ့ စကားတွေပေါ့။

မေတ္တသုတ်ရဲ့ အစွမ်းတန်ခိုးကြောင့် (သို့) မေတ္တာရဲ့ အစွမ်းတန်ခိုးကြောင့် နတ်တွေကပဲ ဖြစ်စေ၊ ဘီလူးတွေကပဲဖြစ်စေ၊ ဘယ်ပုဂ္ဂိုလ်တွေ ကပဲဖြစ်စေ ကြောက်စရာ လန့်စရာတွေကို မပြဝံ့ ကြဘူးတဲ့၊ မခြောက်လှန့်ကြဘူးလို့ ဒီလိုပြောတာ။

“ယဥှိစေဝါ နုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော” ဆိုတာ အဲဒီမေတ္တာ ဘာဝနာလုပ်ငန်းမှာ စဉ်ဆက် မပြတ် ကြိုးပမ်းအားထုတ်မယ်ဆိုရင် “သုခံ သုပတိ” ချမ်းချမ်းသာသာ အိပ်ရမယ်တဲ့။ “သုတ္တောစ၊ ပါပံ ကိဉ္စိ န ပဿတိ” အိပ်ပျော်နေတဲ့ အချိန်မှာလည်းပဲ အိပ်မက်ဆိုးတွေ မမက်ဘူး တဲ့။

“ချမ်းသာအိပ်စက်၊ ချမ်းသာလျက်နိုး၊ အိပ်မက် ဆိုးကင်း၊ စောင့်ခြင်းနတ်များ၊ လူသားလည်းချစ်၊ နတ်လည်းချစ်လျက်၊ လက်နက်ဆိပ်မီး၊ ပြီးသည် တစ်ဖြာ၊ မျက်နှာရွှင်ကြည်၊ တည်ကြည်နှလုံး၊ သေဆုံးမတွေ၊ သေလျှင်ဗြဟ္မာ၊ ဖြစ်တတ်စွာတည်း၊ မေတ္တာအကျိုး ဆယ့်တစ်မျိုး” ဆိုတဲ့ အကျိုးတရား တွေကိုဖော်ပြပြီး အင်္ဂုတ္ထိုရ်ပါဠိတော်မှာ မြတ်စွာ ဘုရားက မေတ္တသုတ်တစ်သုတ် ဟောထားတာ ရှိတယ်။ အကျိုးပြ မေတ္တသုတ်ပေါ့နော်။

အဲဒီ အကျိုးပြ မေတ္တသုတ်က ယူပြီးတော့ “သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ” အေး... အိပ်နေတဲ့အခါမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရတယ်တဲ့။ အိပ်ပျော်နေတဲ့ အချိန်မှာလည်းပဲ အိပ်မက်ဆိုးတွေ မမက်ဘူး စတဲ့ အကျိုးကျေးဇူး တွေကိုရနိုင်တဲ့ မေတ္တာဘာဝနာကို ပွားပါလို့ ဒီလို ဆိုလိုတယ်။ အဲဒီ မေတ္တာဘာဝနာ ပွားနည်းကို ဒီသုတ္တန်မှာ ဟောထားတယ်။

မေတ္တသုတ်ကို ရွတ်ဖတ်တဲ့အခါမှာ အဓိပ္ပာယ် နားလည်ပြီး ရွတ်ဖတ်ရမယ်။ အဲဒီအတိုင်း လိုက်နာ ကျင့်သုံးဖို့လိုတယ်။ တစ်ချို့ ရွတ်ဖတ်တယ်ဆိုတာ ရလို့ ရွတ်နေကြတာလေ။ စိတ်ထဲ နှလုံးထဲမှာ မေတ္တာဓာတ် မကိန်းဘူး၊ ကိန်းဖို့က အင်မတန်မှ အရေးကြီးတယ်ပေါ့။

ဒါ့ကြောင့် မေတ္တာဘာဝနာ လုပ်ငန်းကို ကြိုးပမ်း အားထုတ်တော့မယ်ဆိုရင် ရှိအပ်တဲ့ အရည်အချင်းတွေကို ဘုရားက ရှေးဦးစွာ ဟောတယ်။

“ကရဏီယ'မတ္ထကုသလေန၊

ယန္တသန္တံ ပဒံ အဘိသမေစ္စ”

အေး ..ငြိမ်းချမ်းတဲ့ နိဗ္ဗာန်ရဲ့ ဂုဏ်တွေကို အာရုံပြုပြီး သို့မဟုတ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်ပြီ ဆိုရင် ထိုနေနည်းကားကိုသိလို့ လိမ္မာရေးခြား ရှိတဲ့ ပုဂ္ဂိုလ်ဟာ အလုပ်တစ်ခု လုပ်ပါတဲ့။ ဒါကို “ကရဏီယံ” လို့ပြောတာ။

ဘာလုပ်ရမှာလဲဆိုတော့ သီလနဲ့ ပြည့်စုံ အောင်လုပ်ပါ။ သမာဓိနဲ့ ပြည့်စုံအောင်လုပ်ပါ။ ပညာနဲ့ ပြည့်စုံအောင်လုပ်ပါ။ ငြိမ်းချမ်းတဲ့ဘဝမှာ နေချင်လို့ရှိရင် သီလ၊ သမာဓိ၊ ပညာတွေနဲ့ ပြည့်စုံ အောင်လုပ်ပါလို့။ ဒါလေးကို အဖွင့်စကားမှာ ပြောတာ။

“ယန္တသန္တံ ပဒံ အဘိသမေစ္စ” ဆိုတာ နိဗ္ဗာန်ကို ရည်ညွှန်းတာ ဖြစ်တယ်။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ဘဝမှာ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ပြီ ဆိုလို့ရှိရင် “ကရဏီယံ” လုပ်ပါတဲ့။ လုပ်တယ် ဆိုတာလည်း သာမန်ပုဂ္ဂိုလ် မလုပ်နိုင်ဘူး။ “အတ္ထကုသလ” ကိုယ့်ရဲ့ အကျိုးစီးပွားကို လိမ္မာ ပါးနပ်တဲ့ ပုဂ္ဂိုလ်မျိုးကသာ လုပ်နိုင်တယ်။ တချို့က ကိုယ့်ကျိုး ကိုယ့်စီးပွားနဲ့ ပတ်သက်ပြီး လိမ္မာ ကျွမ်းကျင်မှုမရှိဘူး။ မရှိတဲ့ပုဂ္ဂိုလ်တွေဟာ ကိုယ့် အကျိုးလို့ထင်ပြီး အကျိုးမဲ့တွေကို လုပ်နေကြတာ လေ။ ဥပမာ ... အရက်သေစာ သောက်စား တယ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အရက်သောက်တာ သူ့ အကျိုးလို့ထင်တယ်။ သို့သော် အကျိုးဆုတ်ယုတ်တဲ့ အလုပ်တွေ လုပ်နေတာပါ။ တစ်နေ့တခြား နိမ့်ကျ သွားမှာပဲ။ လုပ်တိုင်းဟာ ကောင်းကျိုးချမ်းသာ ရတာ မဟုတ်ဘူး။

နီတိကျမ်းဆရာတွေက ပြောထားတာရှိတယ်။ “တွင်းတူးတဲ့သူဟာ တဖြည်းဖြည်း နိမ့်ကျသွား တယ်။ တံတိုင်းစီတဲ့သူက တဖြည်းဖြည်း မြင့်တက် လာတယ်” ဒါက ဥပမာနဲ့ ပြောပြတာ။ တွင်းတူးတဲ့ သူက တွင်းနက်လေ လူကလည်း အောက်ရောက် သွားလေပဲ။ တချို့လုပ်ငန်းက တွင်းတူးတဲ့ လုပ်ငန်း မျိုးလို ဖြစ်နေတယ်။ အဲဒါမျိုးကျတော့ “အတ္ထကုသလ” လိမ္မာကျွမ်းကျင်သူလို့ မဆိုနိုင်ဘူး။ ကိုယ်လုပ်တဲ့ အလုပ်ကနေ ကိုယ့်ပြန်ပြီးတော့ ဒုက္ခ ပေးသွားတာ။ အောက်တန်းကျစေတယ်ပေါ့။ အဲဒီလိုပုဂ္ဂိုလ်တွေ လောကမှာ အများကြီးရှိပါ တယ်။ အုတ်တံတိုင်းစီတဲ့ ပုဂ္ဂိုလ်တွေကျတော့ ကြည့်။ တဖြည်းဖြည်း မြင့်တက်လာတယ်။ အုတ် တွေ မြင့်တက်လာလေ လူကလည်း မြင့်တက် လာလေ။ အဲဒီ ဥပမာလိုပဲ။ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျ အောင် မလုပ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် မြင့်အောင် လုပ်နိုင်မှ “အတ္ထကုသလ” ဖြစ်တယ်။

အေး...ဒါ့ကြောင့်မို့ ဘဝမှာ အကျိုးရှိရှိနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ပြီဆိုလို့ရှိရင် လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်ပါတဲ့။ အဲဒီလို လုပ်တော့ မယ်ဆိုရင် ဘယ်လိုအရည်အချင်းတွေ လိုအပ် သလဲ။ မေတ္တာဘာဝနာနဲ့ ပတ်သက်လာလို့ရှိရင် လိုအပ်တဲ့ အရည်အချင်းလေးတွေကို မြတ်စွာ ဘုရား ဟောတယ်။

“သက္ကော ဥဇူစ သုဟုဇူ စ၊

သုဝစော စဿ မုဒု အနတိမာနီ”

“သက္ကော” စွမ်းနိုင်သူဖြစ်ရမယ်တဲ့။ စွမ်းနိုင်သူ ဆိုတာ အလုပ်တစ်ခု၊ ကမ္မဋ္ဌာန်းအလုပ်ပဲဖြစ်ဖြစ်၊ ကောင်းတဲ့ အလုပ်ကိုပဲဖြစ်ဖြစ် လုပ်နိုင်သူဆိုတာ ကျန်းမာသူကို ပြောတာနော်။ ကျန်းမာရေး ကောင်း ရမယ်။ ပဓာနိယင်္ဂတရား ၅-ပါး မြတ်စွာဘုရားက ဟောတဲ့ထဲမယ် စွမ်းနိုင်သူဆိုတာ နံပါတ်တစ် ကိုယ်လုပ်တဲ့ လုပ်ငန်းပေါ်မှာ ယုံကြည်ချက်ရှိသူ၊ နံပါတ်နှစ် ကျန်းမာသူ ဖြစ်ရမယ်။

အဲဒီနှစ်ခုထဲမှာ “သက္ကော” စွမ်းနိုင်သူဆိုတာ ယုံကြည်ချက် ရှိသူဟာလည်း စွမ်းနိုင်သူပဲ။ ယုံကြည်ချက်ရှိသူဟာ အလုပ်တစ်ခု အောင်မြင် အောင် လုပ်မှာပဲ။ သူက ယုံကြည်ချက်ရှိတာကိုး။ နောက်ပြီး ကျန်းမာသူ၊ နောက်တစ်ခုက ကြိုးပမ်း အားထုတ်မှု လုံ့လ ဝီရိယရှိသူ၊ နောက်တစ်ခုက ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ စဉ်းစား ဆင်ခြင်နိုင်တဲ့ အသိပညာရှိသူ၊ အဲဒီပုဂ္ဂိုလ်တွေကို စွမ်းနိုင်သူလို့ ပြောရမယ်။

ဒီ အရည်အသွေးတွေကို ကိုယ့်သန္တာန်မှာ ရှိရဲ့လား၊ မရှိသေးရင် ရှိအောင်လုပ်ရမယ်။ အရည်အသွေးဆိုတာ တချို့က လေ့ကျင့်ပေးရတယ်။ လေ့ကျင့်မပေးရင် မရဘူး။ Physical exercise တောင်မှ လေ့ကျင့်ရတာလေ။ ဥပမာမယ် လမ်းလျှောက်တာလည်း လေ့ကျင့်တာပဲ။ ဘောလုံး ကန်တာလည်းလေ့ကျင့်တာပဲ။ ကျန်တဲ့ အားကစား တွေလည်း လေ့ကျင့်ရတာပဲ။ မလေ့ကျင့်ရင်တော့ ဘာမှမဖြစ်ဘူး။ ထို့အတူပဲ စိတ်ဓာတ်ကိုလည်း အာရုံနဲ့ တွဲကပ်ပြီးတော့ လေ့ကျင့်ပေးရတာ။ လေ့ကျင့်ပေးလို့ရှိရင် ပထမ ခက်ပေမယ့် နောက် ကျတော့ လွယ်သွားတယ်။ အေး...ဒါကြောင့်မို့ “သက္က“စွမ်းနိုင်သူ ဖြစ်ရမယ်တဲ့။ မေတ္တာဘာဝနာ ပွားတော့မယ်ဆိုလို့ရှိရင် စွမ်းနိုင်သူပုဂ္ဂိုလ် ဖြစ်ရ မယ်။

နောက်တစ်ခုက “ဥဇူစ” ဖြောင့်မတ်သူ ဖြစ်ရ မယ်။ ဖြောင့်မတ်သူ ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ မြန်မာစကားမှာ လူရိုးလို့ပြောလို့ရှိရင် “လူအ“လို့ အဓိပ္ပာယ်ရောက်ရောက်သွားတတ်တယ်။ “ဥဇူ” ရိုးသားဖြောင့်မတ်သူဆိုတာ ကောက်ကျစ် စဉ်းလဲ ခြင်း မရှိသူ၊ Cunning မဖြစ်သူ။ ပဓာနိယင်္ဂတရား ထဲမှာ “အသဌော၊ အမာယာဝီ” တဲ့ “သဌ” ဆိုတာ ကောက်ကျစ်တာ။ ကောက်ကျစ်တယ် ဆိုတာ ဘာကိုပြောတာတုံးဆိုရင် ကိုယ့်မရှိတဲ့ဂုဏ်ကို ထုတ်ဖော်တယ်။ မရှိဘဲနဲ့ အရှိလုပ်ပြီးတော့ ပြောတယ်။ ဝါကြွားပြီးတော့ ပြောတာ၊ သူများ ကိုယ့်ကိုအထင်ကြီးအောင် မရှိတာကို အရှိလုပ် တယ်။ ကိုယ့်မှာ ပိုက်ဆံမချမ်းသာတာကို ချမ်းသာ တဲ့ ပုဂ္ဂိုလ်မျိုး ဂိုက်ဖမ်းတယ်ပေါ့နော်။ အပြောအဆို မျိုး လုပ်တယ်ပေါ့။ ပညာမရှိဘဲနဲ့ ပညာရှိတဲ့ဂိုက်မျိုး၊ သီလမရှိဘဲနဲ့ သီလရှိတဲ့ ပုံစံမျိုးချိုးတယ်။ အဲဒါ မျိုးဟာ အရှိကိုအရှိအတိုင်း မပြသည့်အတွက် ကြောင့် လိမ်လည်မှုတစ်ရပ် အနေနဲ့ ဒါကို “သာဌေယျ” လို့ခေါ်တယ်။ ကောက်ကျစ် စဉ်းလဲ တယ်လို့ ပြောတာနော်။

နောက်တစ်ခုက “မာယာ” တဲ့။ မာယာဆိုတာ ကိုယ့်ရှိတဲ့ အပြစ်ကိုဖုံးတာ။ ကိုယ်လုပ်ထားတဲ့ အပြစ်ကို လူမသိစေချင်လို့ ဖုံးကွယ်တယ်၊ ဟန်ဆောင်တယ်၊ အဲဒါမျိုး မရှိစေရဘူးတဲ့။ ရိုးသား ဖြောင့်မတ်တဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။ ကိုယ့်မရှိတာကို မရှိဘူးပဲ။ ကိုယ်မှားတာ လုပ်မိရင်လည်း လုပ်မိ တာပဲ။ ဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။ ဒါကို ပြောတာ “ဥဇူ” ရိုးသားဖြောင့်မတ်ရမယ်တဲ့။

တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ မရိုးသားဘူး ဆိုလို့ရှိရင် သမာဓိမရဘဲနဲ့ သမာဓိရပါတယ်လို့ report လုပ်ချင်လုပ်မှာကိုး။ အဲဒီတော့ ဆရာက ဘယ်လိုလုပ်ပြီးတော့ သူ့အခြေအနေမှန်ကို သိမလဲ။ ကမ္မဋ္ဌာန်း စစ်တဲ့အခါမှာ သမာဓိမရဘဲနဲ့ ရတယ်လို့ထင်အောင် ပြောတာကို မရိုးသားဘူး ပြောတာပေါ့နော်။ အေး ... ဒါ့ကြောင့် “ဥဇူ” ဖြောင့်မတ်ရမယ်တဲ့။

“သုဥဇူ” သိပ်ကို ဖြောင့်မတ်ရမယ်။ “ဥဇူ” ဖြောင့်မတ်တယ်ဆိုတာ ကိုယ်အမူအရာလည်းပဲ ဖြောင့်စင်းတယ်။ နှုတ်အမူအရာလည်းပဲ ဖြောင့်စင်း တယ်။ “သုဥဇူ” ကတော့ စိတ်ဓာတ်ပါ ဖြောင့်မတ် တယ်လို့ ဒီလိုပြောတာ။ အဲဒီတော့ ကိုယ်၊ နှုတ်၊ စိတ်သုံးပါးလုံးမှာ ရိုးသားတယ်၊ ဖြောင့်မတ်တယ် ဆိုတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်လို့ပြောတာ။

ဘာဖြစ်လို့တုံးဆိုရင် လောကမှာ ရိုးသား ဖြောင့်မတ်မှု မရှိဘူးလို့ဆိုရင် မေတ္တာပျက်တတ် တယ်လေ။ အဲဒါ ကိုယ်တိုင်က ရိုးသားဖြောင့်မတ်မှု မရှိသည့်အတွက်ကြောင့် ရင်ထဲ နှလုံးသားထဲမှာ မေတ္တာဓာတ် တည်ဆောက်ဖို့ဆိုတာ အင်မတန် ခဲယဉ်းသွားတယ်။ သူများအပေါ် မေတ္တာ ထားဖို့ လည်း ခဲယဉ်းသွားတယ်။ ကျန်တဲ့သူကလည်း သူ့အပေါ် မေတ္တာရောက်မှာမဟုတ်ဘူး။ ဒီလူက မရိုးသားဘူး ဆိုလို့ရှိရင် ဘယ်လိုလုပ် မေတ္တာ ရောက်မလဲ။ မရောက်နိုင်ဘူးနော်။ ဒါ့ကြောင့်မို့ မြတ်စွာဘုရားက အရေးကြီးတဲ့ အင်္ဂါရပ်တွေကို ပြောတာ။ “ဥဇူ“ဖြောင့်မတ်ပါစေ။ “သုဥဇူ” သိပ်ကို ဖြောင့်မတ်ပါစေလို့ ဒီလိုပြောတယ်။

“သုဝစ” အကြံပေးတဲ့အခါ၊ ပြောဆိုဆုံးမတဲ့ အခါ ပြောလို့ဆိုလို့လွယ်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်။ သာသနာတော်မှာ နေကြတဲ့ ရဟန်းတော်တွေ ထဲမှာဖြစ်စေ၊ မိသားစုထဲမှာဖြစ်စေ ကိုယ့်ထက် ကြီးတဲ့ ပုဂ္ဂိုလ်တွေက ဆုံးမလို့ရှိရင် ခေါင်းမမာ ရဘူးပေါ့။ တချို့ကျတော့ ခေါင်းမာတယ်။ သူများ ပြောလို့ မရဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်မယ် ဆိုတဲ့လူမျိုးက ရှိသေးတာ။ အဲဒီလို ပုဂ္ဂိုလ်မျိုး ကျတော့ မေတ္တာပျက်သွားရော။ အို...ဒီလူက ပြောမရပါဘူး။ ဒီလူက ခေါင်းမာတယ်ဆိုပြီး ပြောမယ့်သူကလည်း တစ်ခါနှစ်ခါပြောပြီး နောက် ထပ် မပြောတော့ဘူး။ ပစ်ထားလိုက်တော့တာ။ ဒါကြောင့်မို့ “သုဝစ” အကြံပေးတဲ့အခါ၊ ပြောဆို ဆုံးမတဲ့အခါမှာ လက်ခံလွယ်တဲ့ ပုဂ္ဂိုလ်မျိုး၊ ပြောလို့ ဆိုလို့လွယ်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်တဲ့။

ပြောလို့ဆိုလို့ ကောင်းတဲ့သူဆိုရင် ပိုချစ်ကြ တယ်ပေါ့။ မိတ်ဆွေတွေကလည်းပဲ အေး... ဒီလူက ပြောလို့ရှိရင် နားထောင်တယ်ဆိုပြီး ပိုချစ် ကြတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် ဒီကောင် ပြောမကောင်းဘူးဆိုပြီး မေတ္တာပျက်နေပြီပေါ့ နော်။ အေး... ဒါ့ကြောင့်မို့ မေတ္တာတရား တည်ဆောက်ဖို့အတွက် ပြောလို့ဆိုလို့ လွယ်ကူမှု ဆိုတာ ရှိရမယ်တဲ့။

အကြံဉာဏ် ပေးတဲ့အခါ ထိုအကြံဉာဏ် အတိုင်း ဟုတ်မဟုတ်ဆိုတာ ကိုယ့်ဟာကို စဉ်းစား ဖို့တော့ လိုတာပေါ့။ စဉ်းစားပြီးတော့ လက်ခံသင့် တာ လက်ခံ၊ လက်မခံသင့်တာပယ်။ ဒီလို “သုဝစ” ဂုဏ်နဲ့ ပြည့်စုံရမယ်တဲ့။ အဲဒီလိုမဟုတ်ဘဲနဲ့ ပြောဆို ဆုံးမတဲ့အခါမှာ ပြန်ပြီးရန်တွေ့မယ်ဆိုရင် နှစ်ဦး နှစ်ဝ မေတ္တာတွေပျက်သွားနိုင်တယ်။ မေတ္တာတွေ ခန်းခြောက်သွားနိုင်တာပေါ့။

“မုဒု” ဆိုတာ နူးညံ့ သိမ်မွေ့မှုကိုပြောတာ။ နူးညံ့ရမယ်။ သိမ်မွေ့ရမယ်။ ပြောဆိုဆက်ဆံရာမှာ သိမ်မွေ့ရမယ်၊ ယဉ်ကျေးရမယ်ပေါ့။ polite ဖြစ်ဖို့ လိုတယ်ပေါ့။ impolite ဆိုရင် လူမုန်းတယ်လေ။ ကိုယ်တိုင်ကလည်း မယဉ်ကျေးဘူးဆိုရင် ပတ်ဝန်း ကျင်က မုန်းတယ်၊ ဘယ်လိုလုပ်မှ မေတ္တာနှလုံးသား တည်ဆောက်လို့ရမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒါလည်း အရေးကြီးတဲ့ အချက်ဖြစ်တယ်။ နူးညံ့ သိမ်မွေ့ရမယ်။

“အနတိမာနီ” မမောက်မာလွန်းရဘူးတဲ့။ လွန်ကဲတဲ့ မာန်မာနမရှိရဘူး။ ဒီနေရာမှာ မာနမရှိရ ဘူးလို့ ဘုရားကမဟောဘဲနဲ့ အလွန်မောက်မာတဲ့ မာနမရှိရဘူးလို့ ဟောတာဟာ အဓိပ္ပာယ်ရှိတယ် ပေါ့။ မာနဆိုတာ ထားသင့်တဲ့မာန၊ မထားသင့်တဲ့ မာနနှစ်မျိုးရှိတယ်။ မာနဆိုတာကတော့ အကုသိုလ် ချည်းပဲ၊ ကိုယ့်အရည်အချင်းနဲ့ ပတ်သက်ပြီးတော့ အတွေးအထင်တွေကို မာနလို့ခေါ်တယ်။ ထားသင့် တဲ့ မာနဆိုတာ ပညာရေးနဲ့ ပတ်သက်ပြီး “သူ တောင် တတ်သေးတာပဲ၊ ငါလည်း တတ်အောင် လုပ်ရမယ်” ဒီမာနမျိုး ထားရမယ်။ စီးပွားရေးနဲ့ ပတ်သက်ရင် “သူတောင် အောင်မြင်သေးတာပဲ၊ ငါလည်း အောင်မြင်အောင်လုပ်မယ်“၊ ကမ္မဋ္ဌာန်း ဘာဝနာနဲ့ ပတ်သက်ပြီး “သူတောင်မှပဲ ဒီလို ပေါက်ပေါက် ရောက်ရောက် ဖြစ်သေးတယ်၊ ငါလည်း ဘာလို့ပေါက်ပေါက်ရောက်ရောက် မဖြစ် ရမှာလဲ“၊ “သူတို့တောင် ရဟန္တာဖြစ်သေးတာ။ ငါလည်း ဖြစ်ရမယ်” ဆိုတဲ့ မာနမျိုးနော်။ အဲဒီ မာနမျိုးကတော့ ထားသင့်တဲ့မာနမျိုး။

မြတ်စွာဘုရားအလောင်း သုမေဓာရသေ့ဟာ မာနထားလို့ ဘုရားဖြစ်တာ၊ မာနမရှိရင် ဘုရား မဖြစ်နိုင်ဘူး။ ဘာ့ကြောင့် ဒီစကား ပြောရတုန်း ဆိုလို့ရှိရင် ဒီပင်္ကရာ မြတ်စွာဘုရားနဲ့ တွေ့တဲ့ အချိန်မှာ သူ့ရဲ့ ပညာအရည်အချင်းက အလွန်မြင့် တယ်။ စျာန်အဘိညာဉ်တွေရထားတဲ့ ရသေ့တစ်ဦး ဖြစ်တယ်။ အဲဒီအချိန်မှာ ဒီပင်္ကရာ မြတ်စွာဘုရား ထံ တပည့်ခံပြီးတော့ တရားအားထုတ်မယ်ဆိုရင် ရဟန္တာဖြစ်သွားမှာ။ ဒါပေမယ့် “ငါလိုစွမ်းရည်သတ္တိ ရှိတဲ့ လူတစ်ယောက်က ကိုယ်တစ်ယောက်တည်း သိရုံနဲ့ ကျေနပ်မှာ မဟုတ်ဘူးတဲ့။ ငါကိုယ်တိုင် ဘုရားဖြစ်ပြီးတော့ သတ္တဝါတွေကို ကယ်တင်ဦး မယ်။ အမှန်တရားကို ငါကိုယ်တိုင် ဟောဦးမယ်။ ငါ သူများဟောထားတဲ့ တရားကို နာပြီးတော့ ရဟန္တာဖြစ်သွားတဲ့ အဖြစ်မျိုး၊ ကိုယ်လွတ်ရုန်းသွား တာမျိုး ငါမလုပ်နိုင်ဖူး” တဲ့။ ဒါ မာနပဲပေါ့။ အဲဒီ မာနကြောင့် ဘုရားဖြစ်တာ။

သို့သော်စာပေကျမ်းဂန်တွေမှာ ဘုရားလောင်း တွေ ဘုရားဖြစ်တာ ကရုဏာကြောင့် ဖြစ်တယ်လို့ ဆိုတယ်။ ကရုဏာ ပါတော့ပါမှာပေါ့။ ဒီပင်္ကရာ မြတ်စွာဘုရားနဲ့ တွေ့တဲ့အချိန်မှာ ငါလည်း ဘုရား ဖြစ်အောင်လုပ်မယ်ဆိုတဲ့ မာနက အဓိကပဲ။ အဲဒီ မာနကြောင့် ဘုရားဖြစ်တာလို့ ပြောနိုင်တယ်။

သိပ်မောက်မာတဲ့ မာနဆိုတာ လူကြီးတွေကို အရိုအသေ မပေးနိုင်ဘူးနော်၊ ငါက အသာဆုံးပဲ၊ ငါ့ထက်တတ်တဲ့သူ မရှိဘူးဆိုတဲ့ မောက်မာတဲ့ မာန၊ ပညာနဲ့ဖြစ်စေ၊ စီးပွားနဲ့ဖြစ်စေ၊ အလှနဲ့ ဖြစ်စေ၊ ဂုဏ်သတင်းနဲ့ဖြစ်စေ၊ အဲဒါမျိုးတွေနဲ့ ပတ်သက်ပြီး မမောက်မာရဘူးတဲ့။ မောက်မာလို့ ရှိရင် ပတ်ဝန်းကျင်က သူ့ကိုမုန်းတယ်။ မုန်းတော့ မေတ္တာတည်ဆောက်ဖို့ မဖြစ်ဘူးတဲ့။ အဲဒါကြောင့် မို့ “အနတိမာနီ” မာနမကြီးလွန်းရဘူး။

နောက်တစ်ခုက “သန္တုဿကော” တဲ့။ “သန္တုဿက” ဆိုတာ ရှိတာလေးနဲ့ ကျေနပ်မှု။ ရှိတာလေးနဲ့ ကျေနပ်တယ်ဆိုတာ တချို့က အဓိပ္ပာယ် အကောက်လွဲတယ်။ အေး...လခ တစ်ထောင်ရရင် ဒါလေးနဲ့ပဲ ကျေနပ်ရမယ်လို့ ဒီလိုအဓိပ္ပာယ်ကောက်တယ်။ အဲဒီလို ဆိုလိုတာ မဟုတ်ဘူး။ “သန္တုဿက” ဆိုတာ ဇီဇာမကြောင် ရဘူးလို့ပြောတာ။ တစ်ချို့က ဇီဇာကြောင်တယ် လေ။ အချိုကြိုက်မလားထင်လို့ အချိုချက်ပေးရင် မဟုတ်ပြန်ဘူး။ အချဉ်ကြိုက်မလားဆိုလဲ မဟုတ် ပြန်ဘူး၊ ကိုယ့်ရှိတာနဲ့လည်း မကျေနပ်ဘူး။ ကိုယ့် ရှိတာနဲ့ မကျေနပ်တော့ သူများဟာ လိုချင်လာ တယ်။ အဲဒါလည်း အန္တရာယ်ကြီးတစ်ခုပဲ။

အဲဒီတော့ ကိုယ့်ရှိတာလေးနဲ့ ကျေနပ်ရမယ်။ ကိုယ့်ရှိတာလေးနဲ့ မကျေနပ်ဘူး။ သူများဟာ သွားပြီး တစ်ခုခုလုပ်မိရင် ပြဿနာပေါ့။ အဲဒါ ကြောင့် “သန္တုဿက“ရောင့်ရဲဖို့လိုတယ်။ contentment ရှိဖို့ လိုအပ်တယ်။ သို့သော် တိုးတက်အောင် မလုပ်ရဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ တိုးတက်အောင်လုပ်တာက တခြား၊ ဇီဇာကြောင်တာက တခြား။ ဇီဇာကြောင်လို့ရှိရင် ကြည့်လေ။ ချက်ကျွေး တဲ့သူကလည်း မေတ္တာမရှိဘူး။ ဒီဟင်း ချက်ထား ပြန် မကြိုက်ဘူး။ ဟိုဟင်း ချက်ထားပြန် မကြိုက် ဘူးဆိုရင် မီးဖိုချောင်မှာ ရန်ဖြစ်တော့မှာပေါ့။ ဘယ်လိုလုပ်ပြီး မေတ္တာထားလို့ရမလဲ၊ မရဘူး။ ဒါကြောင့်မို့ ရှိတာလေးနဲ့ ကျေနပ်ရမယ်လို့ ဆိုလို တယ်နော်။ “သန္တုဿက” ရှိတာနဲ့ ကျေနပ်တယ် (သို့) ကိုယ့်ဟာနဲ့ ကျေနပ်တယ်။ အဲဒီ အရည် အချင်းဟာလည်း အင်မတန်မှ အရေးကြီးပါတယ် တဲ့။

“သုဘရော စ” မွေးမြူလွယ်ရမယ်တဲ့။ ခုနက “သန္တုဿက” ရှိရင် မွေးမြူလွယ်တယ်။ ကိုယ့် ကိုယ်လည်း မွေးမြူလွယ်ရမယ်။ သူတစ်ပါးက ကိုယ့်ကို ကူညီစောင့်ရှောက်တဲ့ အခါမှာလည်းပဲ ကျေနပ်နှစ်သက်မှု ရှိရမယ်။ ကိုယ့်ကိုယ်ကို မွေးမြူ လွယ်တယ်ဆိုတာ ဘာနဲ့စားရစားရ ကျေနပ်တယ်။ ရှိတာလေးနဲ့ ကျေနပ်တယ်။ အဲဒါ ကိုယ့်ဟာကိုယ် မွေးမြူလွယ်တယ်လို့ ခေါ်တယ်။

တချို့ကျတော့ အမွေးအမြူခက်တယ်။ ကိုယ့် ဟာကို တစ်ယောက်တည်း ရန်ဖြစ်နေတဲ့သူက ရှိသေးတယ်။ မကျေနပ်ဘူးလေ။ ဘယ်တော့မှ စိတ်တိုင်းမကျဘူး။ တွေ့ဖူးကြပါလိမ့်မယ်။ ကိုယ် ဟာကိုယ် စိတ်တိုင်းမကျတဲ့သူတွေ အများကြီး ရှိတယ်။ ကိုယ်ဟာကိုယ်လည်း စိတ်တိုင်းမကျဘူး။ သူများလုပ်တာလည်း စိတ်တိုင်းမကျဘူးဆိုလို့ရှိရင် မေတ္တာဆိုတာ ဖြစ်လာနိုင်မှာ မဟုတ်ဘူးတဲ့။ ဒါကြောင့်မို့ “သုဘရ” မွေးမြူလွယ်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်သင့်တယ်။ ဖြစ်ရမယ်လို့ မြတ်စွာဘုရားက ဟောတာ။

“အပ္ပကိစ္စ” မေတ္တာဘာဝနာ ပွားတော့မယ် ဆိုလို့ရှိရင် အပိုကိစ္စတွေ သိပ်မလုပ်နဲ့တဲ့။ ကိစ္စ နည်းပါးရမယ်လို့ ဒီလိုပြောတာ။ မေတ္တာ ဘာဝနာ ပွားဖို့ အချိန်များများပေးနိုင်ဖို့အတွက် အလုပ်ကိစ္စ နည်းပါးရမယ်။ လူ့လောကမှာ လုပ်ရမယ့်ကိစ္စတွေ ကတော့ အများကြီးရှိကြတာပေါ့။ သို့သော် အဲဒီ ထဲကနေ အချိန်ယူရမယ်။ တချို့က အပိုအလုပ်တွေ အများကြီး လုပ်ကြတယ်လေ။ အပိုအလုပ် မလုပ် ဘဲနဲ့ မလုပ်မဖြစ်လုပ်ရမယ့် အလုပ်မျိုးကိုသာလုပ်ပြီး ကျန်တဲ့အချိန်မှာ မေတ္တာဘာဝနာပွားများဖို့ လိုအပ် တယ်။ လုပ်ရမယ့်ကိစ္စကို ရပ်ခိုင်းတာမဟုတ်ဘူး။

နောက်တစ်ခုက “သလ္လဟုကဝုတ္တိ” ဆိုတာ ပေါ့ပေါ့ပါးပါး အသက်မွေးတယ်။ ဆိုလိုတဲ့ အဓိပ္ပာယ်က simple life မှာ နေတာထိုင်တာ၊ ကိန်းကြီးခန်းကြီးနေတဲ့ ပုဂ္ဂိုလ်ကျတော့ သူက အလုပ်ကိစ္စတွေ ပိုများလာတာပေါ့။ နေတာလည်း ကိန်းကြီးခန်းကြီးနဲ့ နေတတ်တယ်။ စားတဲ့ အခါမှာ လည်း ကိန်းကြီးခန်းကြီးနဲ့ အပိုတွေ ဇာချဲ့တယ်ပေါ့ နော်။ အဲဒါမျိုး မဟုတ်ဘဲနဲ့ simple life မှာ နေနိုင် အောင် ကြိုးစားတဲ့။ တချို့ကျ ပိုက်ဆံ ချမ်းသာ ပေမယ့် simple life မှာ တစ်သက်လုံး နေသွား တာတွေ ရှိတယ်။

နောက်တစ်ခု ပြည့်စုံရမည့် အချက်က “သန္တိန္ဒြိယ” ဣန္ဒြေ ငြိမ်သက်ရမယ်။ ဣန္ဒြေ ငြိမ်သက်တယ်ဆိုတာ တောင်ကြည့်မြောက်ကြည့် မကြည့်ရဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ ဣန္ဒြေဆိုတာ ဘာတွေတုံးလို့ မေးလို့ရှိရင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်၊ လူတွေရဲ့သန္တာန်မှာ မျက်စိနဲ့ ကြည့်ပြီး တော့ လောဘဖြစ်ရင်၊ ဒေါသဖြစ်ရင် ဒါ မငြိမ်သက် ဘူးခေါ်တယ်။ ဣန္ဒြေ မငြိမ်သက်ဘူး။ ဟိုကြည့် ဒီကြည့်ကြည့်လို့ ပြောတာမဟုတ်ဘူးနော်။ မျက်စိ က မြင်တဲ့အခါမှာ လောဘဖြစ်ရင်၊ ဒေါသဖြစ်ရင် ဣန္ဒြေ မငြိမ်သက်ဘူး။ နား နားထောင်ပြီးတော့ နှာခေါင်းက အနံ့၊ လျှာက အရသာ၊ အဲဒါတွေ ကြည့်ပြီး လောဘဖြစ်ရင်၊ ဒေါသဖြစ်ရင် ဣန္ဒြေ မငြိမ်သက်ဘူးလို့ ဒီလိုပြောတာ။

မြင်ပြီးတော့ စိတ်ဆိုးတယ်၊ လိုချင်တယ်။ နားက ကြားပြီးတော့ စိတ်ဆိုးတယ်၊ လိုချင်တယ်။ နှာခေါင်းက အနံ့ရပြီးတော့ စိတ်ဆိုးတယ်၊ လိုချင် တယ်။ လျှာက ထိပြီး စိတ်ဆိုးတယ်၊ လိုချင်တယ်။ ခန္ဓာကိုယ်က ထိတွေ့ပြီး စိတ်ဆိုးတယ်၊ လိုချင် တယ်။ စိတ်ကူး စိတ်သန်းမှာ ဒေါသဖြစ်တယ်။ လောဘဖြစ်တယ်ဆိုရင် ဒါ ဣန္ဒြေ ငြိမ်သက်မှု မရှိ ဘူး။ ထိုက်သင့်သလောက် ဣန္ဒြေ ငြိမ်သက်မှု ရှိအောင်ကြိုးစားရမယ်။ ဣန္ဒြေကို စောင့်ထိန်းတယ် ဆိုတာလည်း အဲဒါကိုပြောတာပဲ။

“နိပကော” ဆိုတာ အသိပညာ ရင့်ကျက် လာအောင် ကြိုးစားရမယ်တဲ့။ ဓမ္မနဲ့ပတ်သက်ရင် အသိပညာ ရင့်ကျက်လာအောင် ကြိုးစားဖို့ လိုတယ်။ ဒါဖြင့် ပညာဆိုတာ ဘယ်လိုနည်းနဲ့ ရနိုင်တုံးဆိုရင် တရားနာခြင်းဖြင့်လည်း ပညာ ရတယ်၊ တရားဓမ္မကို ဆင်ခြင် စဉ်းစားခြင်းဖြင့် လည်း ပညာရတယ်၊ လက်တွေ့ကျင့်သုံးခြင်း ဘာဝနာဖြင့်လည်း ပညာရတယ်။

“သုတမယပညာ” တရားနာတယ်၊ စာအုပ် တွေ ဖတ်တယ်၊ အဲဒီကနေ ပညာရတယ်။ “စိန္တာမယပညာ” တရားနဲ့ပတ်သက်ပြီး ကြံစည် တွေးတောမှုရှိတယ်။ “စိန္တာမယပညာ” ဆိုတာ သူတစ်ပါးဆီက ဘာမှမကြားဘူးဘဲနဲ့ ကိုယ်ပိုင် ဉာဏ်နဲ့ စဉ်းစားတာ။ တရားဓမ္မနဲ့ ပတ်သက်လာလို့ ရှိရင် ဘုရားလောင်းတွေသာ ဒီ “စိန္တာမယပညာ” ဆိုတာ ရှိတယ်။ လောကီဘက်မှာတော့ တစ်ခြား သူတွေမှာလည်း ရှိကောင်း ရှိနိုင်မယ်ပေါ့။ “ဘာဝနာမယ” ဆိုတာ ဒီလို ကြားနာပြီးတဲ့အခါမှာ လက်တွေ့ကျင့်သုံးတာ။ အဲဒီလို အဆင့်ဆင့် ကြိုးစားအားထုတ်မှ ဒီ “နိပက“ဆိုတဲ့ ရင့်ကျက်တဲ့ ပညာမျိုး ရနိုင်တယ်။

ဒီ မေတ္တသုတ်မှာ မြတ်စွာဘုရားက မေတ္တာ မပွားခင် ဒါတွေ လိုအပ်တယ်တဲ့။ ဒီလို အရည် အချင်းတွေကို ကိုယ့်သန္တာန်မှာဖြစ်အောင် လုပ်ပါ တဲ့။ အဲဒါတွေလုပ်မှ ကိုယ်လုပ်တဲ့ လုပ်ငန်းတစ်ခု ဟာ အောင်မြင်နိုင်တယ်၊ ဟုတ်တာပေါ့။ လောကီ အလုပ်ပဲကြည့်ကြည့်လေ။ အရည်အချင်းရှိအောင် အရင်သင်ရတာပဲ။ သင်ပြီးတော့မှ အလုပ်တစ်ခု လုပ်တာ၊ မသင်ဘဲနဲ့ သွားလုပ်လို့ရှိရင် ဘာမှ အောင်မြင်မှာ မဟုတ်ဘူးပေါ့။

နောက်တစ်ခုက ဘာတုံးဆိုရင် မလုပ်ရမယ့် အချက်တွေကိုပြောတာ။ တရားအားထုတ်မယ် ဆိုရင် လူတွေက တစ်ခါတလေ အပြစ်မကင်းတာ လေးတွေ လုပ်တတ်တယ်။ “နစ ခုဒ္ဒ' မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ” သူများတွေက အပြစ်တင်ပြီးတော့ မေးငေါ့စရာကောင်းတဲ့ အပြုအမူလေးတွေ၊ အပြစ် ပြောစရာလေးတွေ မလုပ်ပါနဲ့တဲ့။ ဒီအသေးအဖွဲလေးကစပြီး မလုပ်ပါ စေနဲ့၊ မဖြစ်ပါစေနဲ့လို့ ပြောတာ။ ဘာဖြစ်လို့တုံး ဆိုသူများ အပြစ်တင်စရာလေးတွေ လျှောက်လုပ် မယ်၊ အမှုမဲ့ အမှတ်မဲ့နေမယ် ဆိုလို့ရှိရင် ဘေးက ကိုယ့်အပေါ်မှာ ဘယ်လိုလုပ် မေတ္တာရောက်မလဲ။ ကိုယ်တိုင်ကလည်း သူများအပေါ် မေတ္တာရောက်မှာ မဟုတ်ဘူး။ မေတ္တာဆိုတာ သူ့မေတ္တာ၊ ကိုယ့်မေတ္တာ အပြန်အလှန်ရှိတယ်။ ဒါကြောင့်မို့ ဒါကိုလည်း မြတ်စွာဘုရားက ထည့်ပြီး သတိထားပေးထား တယ်။ “ပညာရှိ သူတော်ကောင်းတွေ စွပ်စွဲဖွယ်ရာ ဖြစ်တဲ့ မှားယွင်းတဲ့ လုပ်ရပ်ကလေးတွေကို ရှောင် ပါ” တဲ့။ မလုပ်ပါနဲ့။ ဒီအတိုင်းအတာထိအောင် လိုက်နာရမယ့် အချက်တွေကို မြတ်စွာဘုရားက ရှေးဦးစွာ ထုတ်ဖော်ပြီး ဟောထားတယ်နော်။

အဲဒီနောက် မေတ္တာပွားပုံကို ဆက်ပြီးဟော တယ်။ “သုခိနော ဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ” မေတ္တာပို့မယ်ဆိုရင် အဲဒီ စကားလုံးလေးတွေ သို့မဟုတ် အဲဒီ အဓိပ္ပာယ်မျိုး ရှိတဲ့ စကားကိုသုံးပြီးတော့ ပို့ပါလို့ ပြောတာနော်။ “သဗ္ဗသတ္တာ” ဆိုတာ သတ္တဝါတွေမှာ ခြွင်းချက် မရှိဘူး။ တချို့က သတ္တဝါတွေကို ခြွင်းချက်လေး ထားတတ်တယ်။ ကိုယ်နဲ့ မတည့်တဲ့သူ မေတ္တာပို့တဲ့ ထဲမှာ မပါဘူး။ အဲဒါမျိုး မဖြစ်စေရဘူး။

သဗ္ဗသတ္တာ= သတ္တဝါမှန်သမျှ၊ သုခိနောကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှုတွေနဲ့ ပြည့်စုံကြပါ စေ။ ကိုယ်ကြိုက်တဲ့ စကားလုံးတွေ အသုံးပြုပြီး တော့ သတ္တဝါမှန်သမျှ ချမ်းသာကြပါစေ။ ခေမိနော သတ္တဝါမှန်သမျှ ဘေးကင်းကြပါစေ။ သုခိတတ္တာ စိတ်ချမ်းသာမှုနဲ့ ပြည့်စုံကြပါစေလို့ မေတ္တာပို့ပါတဲ့။ မေတ္တာပို့ပုံ သုံးမျိုးကို ဒီနေရာမှာ မြတ်စွာဘုရားက ပြတယ်။

သုခိနော သတ္တဝါအားလုံးဟာ ချမ်းသာ ပါစေ။ ခေမိနော ဘေးရန်ကင်းကြပါစေ။ သုခိတတ္တာ ဘဝန္တု စိတ်ချမ်းသာမှုနဲ့ ပြည့်စုံကြ ပါစေလို့။ အဲဒီ စိတ်ဓာတ်ကလေး အမြဲမပြတ် ဖြစ်နေအောင် လုပ်နေတာကို ဘာဝနာလို့ ပြောတာ။ တစ်ခါတည်းဖြစ်ရုံ မဟုတ်ဘူး။ ပထမ တစ်စက္ကန့်ဖြစ်တယ်။ နောက်ထပ် ဒုတိယစက္ကန့်၊ နောက်ထပ် တတိယစက္ကန့်၊ စက္ကန့်ပေါင်း မြောက်များစွာကြာအောင် ဖြစ်ပွားစေတာကို ဘာဝနာလို့ခေါ်တယ်။ ဒီစိတ်ကလေးချည်းပဲ ထပ် တလဲလဲ ကိုယ့်သန္တာန်မှာ ဖြစ်နေအောင် ကြိုးစား ပါတဲ့။

မေတ္တာပို့စရာ သတ္တဝါအာရုံနဲ့ စိတ်ကလေးကို လေ့ကျင့်ပြီးတော့ အားလုံးသတ္တဝါတွေကို အာရုံ ပြုပြီး ချမ်းသာကြပါစေ သို့မဟုတ် ဘေးကင်း ကြပါစေ ပွားရမယ်။ မေတ္တာအာရုံကို တဖြည်းဖြည်း တိုးချဲ့သွားလို့ရတယ်။ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင် ကို အရင်ပို့မယ်။ နောက်ပြီးရင် ကျန်တဲ့ မြင်ရတဲ့ သတ္တဝါတွေရော၊ မမြင်ရတဲ့ သတ္တဝါတွေရော အကုန်လုံး သတ္တဝါမှန်သမျှ မေတ္တာပို့ရမယ်။ ဒီလို ဆိုလိုတယ်ပေါ့။

“ယေ ကေစိ ပါဏဘူတတ္ထိ၊

တသာ ဝါ ထာဝရာ ဝ နဝသေသာ။

ဒီဃာ ဝါ ယေ ဝ မဟန္တာ၊

မဇ္ဈိမာ ရဿကာ အဏုကထူလာ။”

ဒါက သတ္တဝါ အမျိုးအစားအလိုက် မေတ္တာပို့ပုံလေးကိုပြောတာ။ ခုနတုန်းက သတ္တဝါမှန်သမျှ အားလုံးကို ခြုံငုံပြီး မေတ္တာပို့တာ။ ကမ္ဘာလောက မှာရှိကြတဲ့ လူတွေတင် မကဘူး၊ တိရစ္ဆာန် သန်းပေါင်းများစွာကိုလည်း အာရုံပြုတယ်။ သက်ရှိ သတ္တဝါမှန်သမျှ အကုန်လုံး ကုန်းပေါ်မှာရှိတာ ဖြစ်စေ၊ ရေထဲမှာရှိတာဖြစ်စေ၊ ကောင်းကင်မှာ ရှိတာဖြစ်စေ၊ သက်ရှိ သတ္တဝါမှန်သမျှ ချမ်းသာ ကြပါစေ။

“ယေ ကေစိ ပါဏဘူတတ္ထိ” လောကကြီးမှာ ရှိတဲ့ သတ္တဝါတွေတဲ့။ အဲဒီ သတ္တဝါတွေကို အမျိုးအစားအလိုက် နှစ်ပိုင်း၊ သုံးပိုင်း ခွဲလိုက်တယ်။ “တသာ ဝါ ထာဝရာ ဝ'နဝသေသာ” တသ ဆိုတာ ကြောက်တတ်၊ လန့်တတ်တဲ့ သတ္တဝါတွေ၊ ဒါတွေ က ပုထုဇဉ် တို့၊ သေက္ခ ပုဂ္ဂိုလ်တို့၊ ဒေါသမကင်း သေးတဲ့ ပုဂ္ဂိုလ်ကိုခေါ်တယ်။ ထိတ်လန့်တတ်တယ်၊ ကြောက်တတ်တယ်၊ “ထာဝရ” ဆိုတာ ရဟန္တာ ပုဂ္ဂိုလ်တွေ၊ ဘဝမှာ ခိုင်မြဲသွားတဲ့ ပုဂ္ဂိုလ်တွေ၊ တသ နဲ့ ထာဝရ ဒီလိုခွဲတယ်။ ထိတ်လန့်ကြောက်ရွံ့တဲ့ သတ္တဝါတွေလည်း ချမ်းသာကြပါစေ။ ထိတ်လန့် ကြောက်ရွံ့မှုကင်းသွားတဲ့ ရဟန္တာ ပုဂ္ဂိုလ်တွေ၊ ထာဝရ သတ္တဝါတွေလည်း ချမ်းသာကြပါစေ။ ဟောဒီလို ပြောတာ။

ဒီနေရာမှာ interpretation တစ်မျိုး ရှိသေး တယ်။ ဒီ တသ နဲ့ ထာဝရ ဆိုတဲ့ စကားလုံးကို ဗုဒ္ဓဘာသာကသာ သုံးတာမဟုတ်ဘူး။ ဗုဒ္ဓနဲ့ ခေတ်ပြိုင် တစ်ခြားဘာသာတွေမှာလည်းသုံးတယ်။ သူတို့အလို “တသ” ဆိုတာ သက်ရှိ သတ္တဝါတွေကို ပြောတာ၊ “ထာဝရ” ကျတော့ သက်မဲ့တွေကို ပြောတာတဲ့။

ဘုန်းကြီးတို့ သီဟိုဠ်မှာသွားပြီးတော့ M.A တန်း လုပ်တုန်းက ဆရာကြီးတစ်ယောက်က မေတ္တသုတ်နဲ့ ပတ်သက်ပြီး Lecture ပေးတယ်။ ပေးတဲ့အထဲမှာ သူက “တသ” ဆိုတာ သက်ရှိ သတ္တဝါတဲ့၊ “ထာဝရ” ကျတော့ တောတောင် သစ်ပင်တွေလို့ ပြောတယ်။

သက်မဲ့ကို ဘယ်လိုလုပ် မေတ္တာပို့မလဲ။ သစ်ပင်ကို ဘယ်လိုလုပ် မေတ္တာပို့မလဲနော်။ အဲဒီ အဓိပ္ပာယ်က ဂျိန်းဝါဒ ကလာတဲ့ အဓိပ္ပာယ် ဖြစ်တယ်။ “ဂျိန်းဝါဒ” ဆိုတာ ဒီနေ့ထိအောင် အိန္ဒိယမှာရှိတယ်။ အဲဒီ ဂျိန်းဝါဒမှာ သစ်ပင်၊ တောတောင်တွေ အကုန်လုံး အသက်ရှိတယ်လို့ ယူဆတယ်၊ မီးမှာလည်း အသက်ရှိတယ်၊ ရေမှာ လည်း အသက်ရှိတယ်၊ မီးကို မီးဖိုလိုက်လို့၊ မီးက ထင်းတွေကိုလောင်လို့ရှိရင် အဲဒါ သက်ရှိသတ္တဝါ၊ မီးကနေပြီးတော့ သက်ရှိထင်းကို ဖျက်ဆီးတယ်၊ မီးကိုငြှိမ်းရင် မီးကို သတ်ရာရောက်လို့ ပါဏာတိပါတ အပြစ်ရှိတယ်။ ဟော...ရေကို မသောက်ရဘူး။ သောက်လို့ရှိရင် အဲဒါ အပြစ် ရှိတယ်။ သူတို့က ရေစိမ်းကို သုံးလို့ရှိရင် အပြစ် ရှိတယ်လို့ ယူဆတယ်။ မြူမှုန်လေးတွေတောင်မှ ဇီဝရှိတယ်၊ အသက်ရှိတယ်လို့ ယူဆတယ်။ အဲဒီ ဂျိန်းဘာသာအရ interpretation လုပ်တာ။ အဲဒါ ဗုဒ္ဓဘာသာနဲ့ မဆီလျော်တဲ့ ဘာသာပြန်ဆိုချက် ဖြစ်တယ်။

ဗုဒ္ဓဘာသာနဲ့ ဆီလျော်တဲ့ ဘာသာပြန်ဆို ချက်က တသ= ထိတ်လန့်ကြောက်ရွံ့တဲ့ သတ္တဝါ၊ ကိလေသာ အာသဝေါ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေ။ ထာဝရ= ကိလေသာ အာသဝေါကင်းပြီး တည်ငြိမ် သွားတဲ့ ပုဂ္ဂိုလ်တွေ။ ဒီလို ဘာသာပြန်ရမယ်။

နောက်တစ်ခုက သတ္တဝါတွေကို သုံးမျိုး ခွဲလိုက်တယ်။ “ဒီဃ” ရှည်လျားတဲ့ သတ္တဝါ။ “မဇ္ဈိမ” အလယ်အလတ်သတ္တဝါ။“ရသ” တိုတဲ့ သတ္တဝါ။ အလျားနဲ့ ပတ်သက်ပြီးတော့ တိုတဲ့သတ္တဝါဖြစ်စေ၊ ရှည်တဲ့အကောင်ပဲဖြစ်စေ၊ မရှည်မတိုတဲ့ အကောင် ပဲ ဖြစ်စေပေါ့။ ရှည်လျားတဲ့ သတ္တဝါဆိုတာ မြွေလို အလျားရှည်တဲ့ သတ္တဝါမျိုးပေါ့နော်။ လူထဲကဆို အရပ်ရှည်တဲ့လူတွေ ပါမှာပေါ့နော်။ ဒီထဲမှာ အရပ်ရှည်တဲ့လူရော၊ အရပ်ပုတဲ့သူရော၊ အလယ် အလတ်သမားရော၊ ဒီလို ရှည်လျားတဲ့ သတ္တဝါပဲ ဖြစ်စေ၊ ပုတဲ့သတ္တဝါပဲဖြစ်စေ၊ အလယ်အလတ် ဖြစ်တဲ့ သတ္တဝါပဲဖြစ်စေ ချမ်းသာကြပါစေလို့ မေတ္တာပို့ရတယ်။

နောက် “အဏုကထူလာ” သတ္တဝါတွေမှာ တချို့ သတ္တဝါလေးတွေက ပုရွက်ဆိတ်တို့၊ ကမြင်းနီတို့ဆိုတာ သေးသေးလေး၊ မှုန်မှုန်လေး တွေ၊ ဆင်လို အကောင်တွေကျတော့ အကြီးကြီး တွေ၊ အဲလို ခန္ဓာကိုယ်ကြီးတဲ့ အကောင်လည်း ချမ်းသာကြပါစေ။ သေးတဲ့၊ မသေးမကြီး အလတ် တန်းစား သတ္တဝါတွေလည်း ချမ်းသာကြပါစေ ဆိုပြီးတော့ သတ္တဝါတွေကို သုံးမျိုးခွဲပြီးတော့ မေတ္တာပို့ဖို့ ပြောတာနော်။

“ဒိဋ္ဌာ ဝါ ယေ ဝ အဒိဋ္ဌာ၊ နောက်တစ်ခု

ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ” မြင်ရတဲ့သတ္တဝါ၊ ကိုယ့်မျက်စိနဲ့ မြင်ရတဲ့သတ္တဝါတွေရှိသလို၊ မမြင် ရတဲ့ သတ္တဝါတွေ အများကြီးရှိတယ်ပေါ့။ တိပိဋက ဆရာတော်ကြီးက ဒီမေတ္တာပို့နဲ့ ပတ်သက်ပြီး ရေးထားတာလေးတွေ ရှိပါတယ်။ “မြင်အပ်မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ” ကိုယ်မြင်ရတဲ့ သတ္တဝါပဲဖြစ်စေ၊ မမြင်ရတဲ့ သတ္တဝါပဲဖြစ်စေ၊ မည်သည့်သတ္တဝါပဲ ဖြစ်ဖြစ်၊ ချမ်းသာသုခ ရကြပါစေလို့ မေတ္တာပွားပါတဲ့။

အဝေးနေတဲ့ သတ္တဝါဖြစ်စေ၊ ကိုယ့်အနီး အနားမှာရှိတဲ့ သတ္တဝါဖြစ်စေ မေတ္တာပို့ရမယ်။ အဝေးနေ၊ အနီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ” လို့ မေတ္တာပို့ပုံကို ပြောတာ။

“ဘူတာ ဝ သမ္ဘဝေသီ ဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ” ဘူတ ဆိုတဲ့သတ္တဝါနဲ့ သမ္ဘဝေသီ ဆိုတဲ့ သတ္တဝါနှစ်မျိုး ခွဲထားတယ်။ “ဘူတ” ဆိုတာ grown up ခန္ဓာကိုယ် ပီပီပြင်ပြင် အရွယ်အစား ပြည့်ပြည့်ဝဝ ဖြစ်ပြီးသား သတ္တဝါ၊ မွေးလာပြီးသူ မိခင်ဝမ်းတွင်း စတင်နေတုန်း အင်္ဂါခြေလက် မစုံ သေးဘူးဆိုတဲ့အချိန်မှာ “သမ္ဘဝေသီ” ပေါ့။

နောက် အဓိပ္ပာယ်တစ်ခုက သမ္ဘဝေသီ ဆိုတာ ...

သန္ဓေတည်ပြီးဖြစ်နေတဲ့ သတ္တဝါ၊ ဥပမာ ကြက် အကောင်မပေါက်သေးဘူး၊ ဥထဲမှာ ရှိနေ သေးတုန်းဆိုရင် သမ္ဘဝေသီ အဆင့်ပေါ့။ ကြက် ကောင်လေး ဖြစ်လာပြီဆိုရင် “ဘူတ” ပေါ့နော်။ အဲသလို သတ္တဝါအားလုံးကို ခြုံမိငုံမိအောင် ဘူတ နဲ့ သမ္ဘဝေသီ လို့ ဒီလို ၂-မျိုးခွဲတယ်။

နောက်တစ်နည်းအားဖြင့် “ဘူတ” ဆိုတာ ထင်ထင်ရှားရှား ဖြစ်ပြီးသား သတ္တဝါ၊ “သမ္ဘဝေသီ” ဆိုတာ ဖြစ်ဖို့ရာအတွက် ရှာကြံနေတဲ့ သတ္တဝါ၊ သံသရာထဲမှာ နောက်ဖြစ်ကြဦးမှာ။ ဘူတ ဖြစ်ပြီး သားဆိုတာ ရဟန္တာပုဂ္ဂိုလ်ကို“ဘူတ” လို့ ပြောလို့ ရတယ်။ “သမ္ဘဝေသီ” ဆိုတာ ပုထုဇဉ်သတ္တဝါ၊ သူ့ကို နောင်ဖြစ်ဦးမှာမို့ ဘဝဟာ အဆုံးမသတ် သေးဘူးလို့ ဒီလိုအဓိပ္ပာယ်မျိုးနဲ့လည်း မှတ်ကြ တယ်။ ဘူတ ရော သမ္ဘဝေသီ ပါ သတ္တဝါတွေ ချမ်းသာကြပါစေလို့ မေတ္တာပို့ရမယ်။ ကိုယ်ကြိုက်တဲ့ စကားလုံးလေး တစ်ခုပဲ သုံးပြီးတော့ မေတ္တာပွားနိုင် တယ်။ စာထဲမှာ နည်းအမျိုးမျိုး မြတ်စွာဘုရားက ဟောပြောတာပါ။

မေတ္တာဘာဝနာ ပွားတာဟာ သတ္တဝါတွေ အာရုံပြုပြီးတော့ ပွားဖို့ပဲ။ ဘယ် သတ္တဝါတွေပဲဖြစ်ဖြစ်၊ ပွားလို့ရတယ်လို့ ပြောတာ။ ပြီးတော့ ချမ်းသာကြပါစေဆိုတဲ့ စကားလုံးအပြင် ပွားလို့ ရတာတွေ ရှိသေးတယ်။ “န ပရော ပရံ နိကုဗ္ဗေထ” လောကလူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မလိမ်ညာကြပါစေနဲ့၊ မလှည့်စားကြပါစေနဲ့။ ဒီလူက လိမ်ညာတတ်တယ်၊ လှည့်စားတတ်တယ်၊ ဘယ်သူ့ ကိုဖြင့် ညာသွားပြန်ပြီ၊ လိမ်သွားပြန်ပြီ။ ဒါမျိုးတွေ ရှိတယ်ပေါ့။ အဲဒီလိုဖြစ်လို့ရှိရင် အလိမ်ခံရတဲ့လူက စိတ်ဆင်းရဲ မကျန်ရစ်ဘူးလား၊ စိတ်ဆင်းရဲ ကျန်ရစ် တယ်။ အဲဒါကြောင့်မို့လို့ မေတ္တာဘာဝနာ ပွားတဲ့ အခါမှာလည်းပဲ “န ပရော ပရံ နိကုဗ္ဗေထ” တစ်ယောက်နဲ့ တစ်ယောက် မလိမ်ကြပါစေနဲ့၊ မလှည့်စားကြပါစေနဲ့၊ အချင်းချင်း ဆက်ဆံတဲ့ အခါမှာ ရိုးသားကြပါစေ။ ဒီလိုလည်း မေတ္တာပို့ဖို့ လိုအပ်တယ်တဲ့။

“နာတိမညေထ ကတ္ထစိ န ကဉ္စိ” ဘယ်သူ့ကို ဘာအတွက်နဲ့မှ အထင်အမြင် မသေးပါစေနဲ့၊ လူတွေက တစ်ယောက်နဲ့ တစ်ယောက် အထင်မြင် သေးတတ်တယ်လေ။ ပညာနိမ့်ကျလို့ ဖြစ်စေ၊ စီးပွားရေး နိမ့်ကျလို့ဖြစ်စေ၊ အလုပ်အကိုင် နိမ့်ကျလို့ဖြစ်စေ၊ နိမ့်ကျမှုကို အကြောင်းပြုပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အထင်သေးမှုတွေ ဖြစ်တတ်တယ်။ ဘာကိစ္စနဲ့မှ ဘယ်သူ့ကိုမှ အထင်အမြင်သေးမှု မဖြစ်ကြပါ စေနဲ့။ အထင်အမြင်သေးခြင်းသည် ခံရတဲ့သူ အတွက် အခံရခက်တယ်၊ မေတ္တာပျက်တယ်၊ ဘယ်လိုမှ မေတ္တာမထားနိုင်ဘူး။ အထင်အမြင် သေးသူlook down လုပ်တဲ့လူကလည်း မေတ္တာ မရှိလို့ အထင်သေးတာ၊ look down လုပ်တာပဲ။ အထင်အမြင်သေးခြင်းဟာ နှစ်ဦးနှစ်ဝ မေတ္တာ ပျက်စရာအကြောင်း ဖြစ်သည့်အတွက်ကြောင့် အဲဒါမျိုးတွေ မဖြစ်ပါစေနဲ့။ လူတွေရဲ့ စိတ်ထဲမှာ တစ်ဦးနဲ့တစ်ဦး အထင်သေးတာမျိုး ဘယ် အကြောင်းကြောင့်မှ မဖြစ်ပါစေနဲ့။ ပညာရေး ကြောင့် ဖြစ်စေ၊ စီးပွားရေးကြောင့် ဖြစ်စေ၊ မည်သည့် အကြောင်းကိစ္စကြောင့်မှ လူတွေဟာ တစ်ဦးနဲ့တစ်ဦး အထင်အမြင်သေးတာမျိုး မဖြစ် ပါစေနဲ့လို့ မေတ္တာပို့ရမယ်။

“ဗျာရောသနာ ပဋိဃသည၊

နာညမညဿ ဒုက္ခ မိစ္ဆေယျ”

“ဗျာရောသနာ” ဆိုတာ စော်ကားတာ။

“ပဋိဃသည” ဆိုတာ မုန်းတီးတာ။ တစ်ဦးနဲ့ တစ်ဦး မစော်ကားကြပါစေနဲ့၊ မမုန်းတီးကြပါစေနဲ့၊ “နာညမညဿ ဒုက္ခမိစ္ဆေယျ” တစ်ဦး တစ်ဦး ဒုက္ခ ဖြစ်မှုကိုမှ မလိုလားကြပါစေနဲ့။ လောကမှာ လူတစ်ယောက် ဒုက္ခဖြစ်တာကို ကျေနပ်တဲ့လူက ရှိသေးတာကိုး။ ဒီလူ ဒုက္ခရောက်အောင် လုပ်လိုက် မယ်ဆိုတဲ့လူတွေက ရှိသေးတယ်။ လူတစ်ယောက် ဒုက္ခရောက်အောင် လုပ်လိုက်မယ်ဆိုတဲ့ စိတ်ဓာတ် မျိုးတွေရှိတယ်။ အင်မတန်မှ ယုတ်ညံ့တဲ့ စိတ်ဓာတ် မျိုးတွေရှိတယ်။ အဲဒီ စိတ်ဓာတ်မျိုးတွေကို ဖယ်ရှား နိုင်အောင် မြတ်စွာဘုရားက သင်ပေးတယ်။ အေး ...မုန်းတီးလို့ပဲဖြစ်စေ၊ ဘာ့ကြောင့်ပဲ ဖြစ်စေ တစ်ယောက်နဲ့တစ်ယောက် ဒုက္ခဖြစ် အောင် မလုပ်ကြပါစေနဲ့၊ တစ်ယောက်ရဲ့ ဆင်းရဲမှု ကို မလိုလားမိကြပါစေနဲ့လို့ သတ္တဝါတွေပေါ်မှာ မေတ္တာထားရမှာနော်။

အခုခေတ်မှာ အကြမ်းဖက်ဝါဒ terrorism ဆိုတာ ပေါ်လာတယ်။ အကြမ်းဖက်ဝါဒ ဆိုတာ လူတွေ ဒုက္ခရောက်အောင်လုပ်တဲ့ ဝါဒပဲလေ။

ဘယ်သူသေသေဆိုပြီးလုပ်ကြတာတွေ၊ အင်မတန် မှ ကြောက်စရာ ကောင်းတယ်၊ အဲဒါ မေတ္တာ ခန်းခြောက်လာတဲ့ အဓိပ္ပာယ်ကို ပြောနေတာနော်။

ကမ္ဘာကြီးပူနွေးလာတာသာ လူတွေကသိကြ တာ။ မေတ္တာခန်းလာတာ သိပ်မသိကြဘူးနော်။ သတိမထားကြဘူး။ လူတွေရဲ့ သန္တာန်မှာရှိတဲ့ မေတ္တာတွေဟာ ခန်းခြောက်လာလို့ ရင်ထဲနှလုံးထဲ မှာ ပူနွေးလာတာကို သတိထားဖို့ လိုအပ်တယ်ပေါ့။ ဗဟိဒ္ဓလောက ကမ္ဘာကြီး ပူနွေးနေတာကို ဆွေးနွေး ဖြေရှင်းဖို့ လုပ်နေကြတယ်။ ရင်ထဲက ပူနေတာ တော့ ဘယ်သူမှ မဆွေးနွေးဘူး။ ရင်ထဲ ပူနွေး တာက ပိုဆိုးတယ်တဲ့။ အေးချမ်းအောင် လုပ်ရ မယ်။

ဒါကြောင့်မို့ ဒီလို မေတ္တာစိတ်ဓာတ်တွေ ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်စေရမယ်လို့ မြတ်စွာဘုရားဟောတယ်။ မေတ္တသုတ်ရဲ့ အဓိပ္ပာယ်က အင်မတန်မှ ကောင်းတယ်။ ရွတ်တဲ့အခါမှာ ဒီ အဓိပ္ပာယ်လေးတွေကို ဆင်ခြင်စဉ်းစားပြီး ရွတ်ရ မယ်။ ပြီးတော့ ကိုယ်တိုင်ကျင့်သုံးမှု ပြုရမယ်။ ပထမ သိအောင်လုပ်တယ်၊ နောက် ကျင့်သုံးရမယ် ပေါ့။

မြတ်စွာဘုရားက မေတ္တာရဲ့ သဘာဝကို လူတွေနားလည်အောင် ဟောပြန်တယ်။ “မာတာ ယထာ နိယံပုတ္တ၊

မာယုသာ ဧကပုတ္တ မနုရက္ခေ၊

ဧဝမ္ပိ သဗ္ဗဘူတေသု၊

မာနသံ ဘာဝယေ အပရိမာဏံ။”

မေတ္တာစိတ်ရဲ့ သဘောကို နားလည်အောင် ဘုရားက ဆက်ပြီးဟောတယ်။ "သားသမီး တစ်ယောက်တည်း ထွန်းကားတဲ့မိခင်ဟာ ထို သား သမီးကို အသက်ပေးပြီး စောင့်ရှောက်သလိုပဲတဲ့။ သူသေချင် သေပါစေတဲ့၊ ငါ့သားသမီး မသေပါစေနဲ့ဆိုတဲ့ စိတ်ဓာတ်မျိုး မွေးတယ်ပေါ့။ အဲဒါကို အသက်ပေးပြီးတော့ စောင့်ရှောက်တယ်လို့ ပြောတာနော်။ အဲဒီလို ကလေးအပေါ်မှာထားတဲ့ မိခင်ရဲ့မေတ္တာဟာ ဘယ်လောက် ကြီးမားသလဲ။ အဲဒီ မိခင်ရဲ့မေတ္တာလိုပဲ သတ္တဝါပေါ်မှာ မေတ္တာ ထားနိုင်အောင်ကြိုးစားပါ" တဲ့။ "မာနသံ ဘာဝယေ အပရိမာဏံ" အတိုင်းအတာ အကန့်အသတ် မရှိတဲ့ မေတ္တာမျိုးကို သတ္တဝါတွေ အားလုံးပေါ်မှာ ဖြစ်အောင် လုပ်ပါတဲ့။ "ဘာဝယေ" ဆိုတာ ဖြစ်အောင်လုပ်ပါ၊ တိုးပွားလာအောင် လုပ်ပါလို့ ပြောတာ။

နောက်ဆက်ပြီး ဟောသေးတယ်နော်။

"မေတ္တဉ္စ သဗ္ဗလောကသ္မိံ မာနသံ ဘာဝယေ အပရိမာဏံ"

တစ်လောကလုံး အပေါ်မှာ အဲဒီ မိခင် စိတ်ဓာတ်မေတ္တာမျိုး ထားနိုင်အောင် "ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ" အရပ်မျက်နှာနဲ့ ပြောလိုက်မယ်ဆိုရင် အထက် အရပ်မှာပဲရှိရှိ၊ အောက်အရပ်မှာပဲရှိရှိ အထက် အောက်ကြားမှာပဲရှိရှိ (ဥဒ္ဓံ ဆိုတာ အထက်၊ အဓော ဆိုတာ အောက်၊ တိရိယ ဆိုတာ အလယ်) ဘယ်နေရာမှာပဲရှိရှိ လောကမှာရှိသမျှ သတ္တဝါတွေ အားလုံး ချမ်းသာကြပါစေလို့ မေတ္တာပွားရမယ်။

အသမ္ဗာဓံ- ကျဉ်းမြောင်းတဲ့စိတ် မထားရဘူး တဲ့။ မေတ္တာစိတ်ဟာ အလွန်ကျယ်ပြန့်တဲ့စိတ်၊ ဒီတစ်ဦးအပေါ် မေတ္တာထားတယ်၊ တစ်ခြား တစ်ဦးအပေါ်တော့ မထားဘူးဆိုတဲ့ ကျဉ်းမြောင်းတဲ့စိတ် မရှိဘူး၊ အားလုံးပေါ်မှာ တညီတည်း မေတ္တာထားနိုင်ရမယ်။ အဝေရ- ရန်မရှိဘူးတဲ့။ မေတ္တာမှာ ရန်မရှိဘူး။ အေး ... ဒီနေရာမှာ ဒီအချက်ကလေးက အင်မတန်မှ အရေးကြီးတယ်။ လောကမှာ လူတိုင်းဟာ ဘေးကင်းချင်ကြတယ်၊ ရန်ကင်းချင်ကြတယ်၊ ဒါဖြင့်ရင် ရန်ဆိုတာ ဘယ်ဟာခေါ်တာတုံးလို့ဆိုရင် လူတွေက ရန် ဆိုတာ ပုဂ္ဂိုလ်လို့ပဲထင်နေကြတာ။ အပြင်ကလာတဲ့ ရန်သူကိုပဲ ရန်သူလို့ထင်တာ။ သို့သော် အဲဒီ အပြင်က လာတဲ့သူက ကိုယ်ဆီရောက်ချင်မှ ရောက်တယ်နော်။ ကိုယ့်ဆီ တကယ်လို့ရောက်ဦး၊ အန္တရာယ်ပေးဦး၊ ဒီတစ်ဘဝတင်ပဲ အန္တရာယ် ပေးလို့ရတယ်။

သို့သော် ကြောက်စရာကောင်းတာက မိမိရဲ့ ရင်ထဲနှလုံးထဲမှာရှိတဲ့ အမုန်းတရားဆိုတဲ့ ဒေါသ ရန်က ပိုကြောက်စရာကောင်းတယ်။ အပြင်ရန်က ကိုယ့်ဇနီးမောင်နှံနှစ်ယောက် ကွဲအောင် မလုပ်နိုင်ဘူး။ အတွင်းထဲမှာဖြစ်တဲ့ အမုန်းရန်က လုပ်နိုင်တယ်။ မုန်းတီးမှု ဒေါသကျတော့ လူတွေက ရန်သူလို့မသိကြဘူး။ မိတ်ဆွေထင်ပြီး ရင်ထဲမှာ သိမ်းပိုက်ထားကြတယ်ပေါ့။

တချို့က ဒေါသကို ချီးတောင် ချီးမွမ်းလိုက်သေးတယ်နော်။ ငါက စိတ်တိုတယ်၊ ငါ့စိတ်က မရဘူးနဲ့၊ ချီးမွမ်းစကားတောင် ပြောလိုက်ချင်သေးတယ်။ ဒေါသက တကယ့်ရန်သူအစစ်၊ "အဝေရ" ရန်သူမရှိဘူးဆိုတာ ကိုယ့်ရင်ထဲမှာ အမုန်းဆိုတဲ့ ရန်သူမရှိအောင် လုပ်ရမယ်။

ကဲ... ဒါဖြင့် ဒီလို ရန်ကင်းသွားအောင် မေတ္တာဓာတ်ပွားရမှာက ဘယ်အချိန်ပွားရမှာတုံး။ ဘယ်အခါမှာ လုပ်ရမှာတုံးဆိုတာကြည့်။

"တိဋ္ဌံ စရံ နိသိန္နော ဝ၊

သယာနော ယာဝတာဿ ဝီတမိဒ္ဓေါ"။

"တိဋ္ဌံ" မတ်တတ်ရပ်နေတုန်းလည်း ပွားလို့ရတယ်။ "စရံ" လမ်းလျှောက်နေတုန်းလည်း ပွားပါ။ "နိသိန္နော" ထိုင်နေတဲ့ အချိန်မှာလည်း မေတ္တာစိတ်နဲ့ ထိုင်နေပါ။ "သယာနော" ညောင်းလို့ လှဲအိပ်နေပြီး အိပ်ချင်စိတ် မရှိသေးဘူး။ အဲဒီ အချိန်မှာလည်းပဲ မေတ္တာပွားပါဆိုတော့ ဣရိယာပုထ် လေးပါးစလုံး "လျောင်း ထိုင် ရပ် သွား လေးပါး ဣရိယာ" ဘယ်ခါမှာပဲဖြစ်ဖြစ် မေတ္တာစိတ်လေး ကိုယ့်သန္တာန်မှာ ဖြစ်နေအောင် လုပ်ပါလို့ ပြောတာနော်။

"ဧတံ သတိံ အဓိဋ္ဌေယျ" အဲဒီ မေတ္တာ သတိလေးကိုထားပါ။ သတ္တဝါတွေ ချမ်းသာကြပါစေဆိုတဲ့ ဒီသတိလေးဟာ ထမင်းချက်ရင်းလည်း ထားရမှာ။ လုပ်ငန်းလုပ်ရင်းလည်း ထားရမှာပဲ။ ဟော... အားလုံးသတ္တဝါ ချမ်းသာပါစေဆိုတဲ့ သတိလေးနဲ့ အမြဲတမ်းနေပါလို့ အဲဒီလို နေတာကိုပဲ "ဗြဟ္မဝိဟာရ" မြတ်သောနေထိုင်ခြင်း လို့ ခေါ်တယ်။ ဒီမေတ္တာနဲ့ နေထိုင်ခြင်းဟာ အလွန်ကောင်းတဲ့ မြင့်မြတ်သော နေထိုင်ခြင်း ဖြစ်ပါတယ်တဲ့။ "ဗြဟ္မမေတံ ဝိဟာရ မိဓမာဟု" ဒီသာသနာမှာ အမြတ်ဆုံး နေခြင်းတစ်ခုပဲလို့ ဟောတာ။

ဒီအထိ မေတ္တာဘာဝနာပွားလို့ ပြီးသွားပြီ။ မြတ်စွာဘုရားက ဘယ်အချိန် ပွားရမယ်ဆိုတာ ပွားပုံပွားနည်းတွေရော ပြည့်ပြည့်စုံစုံ ဟောတာ။ မအိပ်ချင်သေးသမျှ မေတ္တာပွားနေပါတဲ့။ တချို့က မေတ္တာပို့လေး ရွတ်ပြီးရင် အိပ်လိုက်ကြတယ်၊ ပြီးရော။ တွေးတဲ့အခါ လျှောက်တွေးချင်တွေးမယ်။ အမုန်းတရားတွေလည်း ဝင်ချင်ဝင်လာမယ်နော်။

"သဗ္ဗေသတ္တာ အဝေရာဟောန္တု" လို့ မေတ္တာလေး ပို့ပြီးတော့အိပ်ရင် လုံလောက်ပြီထင်ကြတယ်နော်။ တကယ်တမ်းက မေတ္တာစိတ်ဆိုတာ ထပ်တလဲလဲ ဖြစ်နေအောင် လုပ်နေရမယ်။ ကမ္မဋ္ဌာန်းတရား အားထုတ်တာပဲ။ ဒါလည်း ထွက်လေဝင်လေ မှတ်နေသလိုပဲ။ မေတ္တာစိတ်ကလေး ကိုယ့်သန္တာန်မှာ မပြတ်ဖြစ်နေအောင် လုပ်ပါလို့ ဒီလိုပြောတာ။ အဲဒါမှ ကမ္မဋ္ဌာန်းဖြစ်မှာ။

မေတ္တာဘာဝနာ ပွားလို့ရှိရင် စျာန်အထိ ရနိုင်တယ်။ မေတ္တာကို စျာန်ရအောင်ပွားတဲ့အခါ တစ်ဦးတစ်ယောက်တည်းပေါ်မှာ အာရုံစိုက်ပြီး ပွားရမယ်။ ပြီးတော့မှ မေတ္တာအာရုံကို တိုးချဲ့ရတာ။ စျာန်ရအောင် ပွားနည်းက တစ်ခု၊ ကုသိုလ်ရရုံ ပွားနည်းကတစ်ခု၊ စျာန်ရအောင် ပွားနည်းက ယောကျ်ားဆိုရင် ယောကျ်ားချင်း၊ အမျိုးသမီးဆိုရင် အမျိုးသမီးချင်း အာရုံကို ရွေးရတယ်။ အဲဒါ ဘာဖြစ်လို့ ကျားကျားချင်း မမချင်း မေတ္တာပွားရလဲ ဆိုရင် မေတ္တာနဲ့ အနီးဆုံးရန်သူက တဏှာဖြစ်တယ်။ ယောကျ်ားက အမျိုးသမီးကို အာရုံစိုက် မေတ္တာ ပို့ရင်၊ အမျိုးသမီးက ယောကျ်ားကို အာရုံစိုက် မေတ္တာပို့ရင် စိတ်ပြောင်းသွားတတ်တယ်။ လိင် မတူ တစ်ဦးတည်း ဩဒိသအနေနဲ့ မပို့ရဘူး။ ခြုံငုံပြီးတော့ ပို့လို့ရတယ်ပေါ့။ တစ်ဦးတည်း အာရုံစိုက်ပြီးတော့ ပို့မယ်ဆိုလို့ရှိရင် အမျိုးသမီးကလည်း အမျိုးသမီး မိတ်ဆွေ၊ အမျိုးသားကလည်း အမျိုးသားမိတ်ဆွေ ဓာတ်ပုံလေး ကြည့်၍ဖြစ်စေ၊ သူ့မျက်နှာကို စိတ် ထဲမှာ ပုံဖော်၍ဖြစ်စေ ချမ်းသာပါစေဆိုတဲ့စိတ်ကို (၁)နာရီဖြစ်အောင်၊ (၂)နာရီဖြစ်အောင် (၃)နာရီဖြစ်အောင် လုပ်ရမယ်။ အဲဒီကနေ သမာဓိတွေ ရမယ်၊ စျာန်ရမယ်။

နောက်ဆုံး ကိုယ့်မေတ္တာဟာ ဘယ်လောက်ထိအောင် အပိုင်းခြားတွေ ပျက်သွားသလဲဆိုတာ စမ်းသပ်ကြည့်ရမယ်။ မိမိကိုယ်တိုင်ရယ်၊ မိမိ ချစ်ခင်တဲ့ မိတ်ဆွေရယ်၊ ကိုယ်နဲ့မတည့်တဲ့ ရန်သူရယ်၊ မုန်းသူလည်းမဟုတ်၊ ချစ်သူလည်းမဟုတ်တဲ့ သာမန်ပုဂ္ဂိုလ်ရယ်၊ ၄-ဦးခွဲလိုက်၊ အဲလို ၄-ဦး ခွဲလိုက်တဲ့အခါမှာ ဒီ ၄-မျိုးဟာ အပိုင်းအခြား ပျက်သွားရမယ်။ ကိုယ်လို့ ကိုယ်ကိုယ်ကိုယ်လည်း ဦးစားပေးတာ မရှိစေရဘူး။ ကိုယ့်မိတ်ဆွေမို့၊ ကိုယ်နဲ့ မသိတဲ့သူမို့၊ ကိုယ့်ရန်သူမို့ ဦးစားပေးတာလည်း မရှိစေရဘူး။ ဒီ ၄-ဦးဟာ တစ်ဦးတည်းလို ဖြစ်သွားရင် ဒါ မေတ္တာဟာ အလွန်ခိုင်မာတဲ့ မေတ္တာတစ်ခု ဖြစ်သွားပြီလို့ ပြောတာနော်။

ဆိုပါစို့...မိမိအပါအဝင် လူ ၄-ယောက်ကို တစ်ယောက်ကို ပေးပါ။ သတ်ပြီးတော့ ယဇ်ပူဇော်မယ်ဆိုရင် အေး... မင်းတို့ ၃-ယောက်နေခဲ့၊ ငါလိုက်သွားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် မေတ္တာပျက်တာပဲနော်၊ ကျန်တဲ့လူအပေါ်မှာ မေတ္တာပို့နေတယ်။ ကိုယ့်အပေါ် မေတ္တာပျက်တာ။ အဲလို မဟုတ်ဘဲ ငါနဲ့မတည့်တဲ့ကောင် ထည့်လိုက်မယ်ဆိုရင်လည်း ရန်သူ့အပေါ်မှာ မေတ္တာပျက်ပြန်ပြီ။ အေး... ကျန်တဲ့လူတွေ မသွားနဲ့၊ ငါ့ မိတ်ဆွေ လိုက်သွားဆိုရင်လည်း မိတ်ဆွေအပေါ်မှာ မေတ္တာပျက်တာပဲ။ အေး ... ကိုယ်နဲ့ ရင်းနှီးမှုမရှိတဲ့ ပုဂ္ဂိုလ်ကို ထည့်လိုက်မယ်ဆိုရင်လည်း မေတ္တာပျက်တာပဲ။ အေး...ထည့်စရာလူကို ရှာမတွေ့ဘူး။ ဒီ၄-ယောက်ဟာ တစ်ယောက်တည်းလိုပဲ သူ့အဖို့မှာ ခွဲခြားမှုမရှိဘူး ဆိုလို့ရှိရင်တော့ ဒါ အင်မတန်မှ ကြီးမားတဲ့ မေတ္တာထု သူ့ရင်ထဲမှာ တည်ဆောက်ပြီး ဖြစ်သွားပြီပေါ့။

ဝိပဿနာကူးပုံ

ကဲ...ဒါဖြင့် မေတ္တာဘာဝနာပွားပြီး မေတ္တာအခြေခံရသွားပြီ ဆိုတဲ့အခါမှာ ဒီမေတ္တာကို အခြေခံပြီးတော့ ဝိပဿနာ ကျင့်စဉ်တစ်ခုကို သွားကြမယ်။ မြတ်စွာဘုရားက တရားဟောလို့ရှိရင် ရဟန္တာအဆင့်ထိအောင် ဟောလေ့ရှိတယ်။

ကောင်းပြီ။ မေတ္တာ ဘာဝနာ ပွားတာဟာ ကမ္မဋ္ဌာန်းကျင့်စဉ် တစ်ခုပဲ။ အဲဒီ သမထကျင့်စဉ် တစ်ခုမှ ဝိပဿနာကျင့်စဉ်တစ်ခုကို သွားတော့မယ် ဆိုလို့ရှိရင် အာရုံပြောင်းရမယ်။ မေတ္တာဘာဝနာ ပွားတာက သတ္တဝါပေါ်မှာ ပွားတာ၊ ပုဂ္ဂိုလ်ပေါ်မှာ ပွားတာ၊ အဲတော့ ဝိပဿနာကျတော့ ပုဂ္ဂိုလ်သတ္တဝါနဲ့ အလုပ်လုပ်လို့မရပြန်ဘူး။ ပုဂ္ဂိုလ်သတ္တဝါ ရှိတယ်လို့ ယူဆလို့ရှိရင် မှားယွင်းတဲ့ အမြင်တစ်ခု ဖြစ်သွားတယ်ပေါ့။ အတ္တဒိဋ္ဌိ လို့ ခေါ်တယ်။ မေတ္တာဘာဝနာပွားတဲ့အခါ သတ္တဝါပညတ်ကို အာရုံပြုရတာဖြစ်လို့ သတ္တဝါရှိတယ်ဆိုတဲ့အတွေး ဝင်လာတတ်တယ်တဲ့။ အဲဒါကြောင့်မို့ အဲဒီအတွေးကို ဖျောက်ရမယ်တဲ့။ ဖျောက်တယ်ဆိုတာ ရုပ်နဲ့နာမ် နှစ်မျိုးသာရှိတယ်ဆိုတဲ့အသိကို ရအောင်လုပ်တာပဲ။

ငါ မေတ္တာပို့နေတဲ့ ပုဂ္ဂိုလ်လည်း ရုပ်နဲ့နာမ် နှစ်ခုတည်းပဲရှိတယ်။ ပို့နေတဲ့ ပုဂ္ဂိုလ်ကလည်း ရုပ်နဲ့နာမ် နှစ်ခုတည်းပဲ ရှိတယ်ဆိုတော့ "ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ" မှားယွင်းတဲ့ အယူအဆတစ်ခုကို မရောက်ပါစေနဲ့လို့ အတ္တဒိဋ္ဌိ ကို ပယ်ခွာလိုက်ပါ။ သတ္တဝါဆိုတာမရှိဘူး။ အဲဒါ မပယ်ဘဲနဲ့ ဝိပဿနာကျင့်စဉ် ကျင့်လို့မရဘူးတဲ့။ ဝိပဿနာရဲ့အာရုံသည် ရုပ်နှင့်နာမ်ပဲရှိတယ်။ သတ္တဝါမဟုတ်ဘူး။ ဒါကြောင့်မို့ "ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ" အတ္တဒိဋ္ဌိကို ပယ်ရှားလိုက်ပါ ဆိုတာ ရုပ်နဲ့နာမ်ကို တွေ့အောင်ကြည့်ပါ။

တရားအားထုတ်တော့မယ်ဆိုရင် ကိုယ့်သန္တာန်မှာဖြစ်တဲ့ ရုပ်တရား၊ နာမ်တရား၊ သူတစ်ပါးသန္တာန်မှာဖြစ်တဲ့ ရုပ်တရား၊ နာမ်တရား တွေ့အောင်လုပ်၊ အဲသလို လုပ်မယ်ဆိုရင် အရေးကြီးတာ ဘာလဲဆိုရင် "သီလဝါ" ကိုယ်ကျင့်သီလ ရှိရမယ်၊ ကိုယ်ကျင့်သီလဆိုတာ ဘာဖြစ်လို့ လိုအပ်တာတုံးလို့မေးရင် သမာဓိဖြစ်ဖို့အတွက် ကိုယ်ကျင့်သီလ လိုအပ်တယ်။ ကိုယ်ကျင့်သီလနှင့် ပြည့်စုံပြီးလို့ရှိရင် ကိုယ်ကျင့်သီလကို အကြောင်းပြုပြီးတော့ စိတ်က ကြည်နူးတယ်၊ ကြည်နူးမှုကို အကြောင်းပြုပြီးတော့ ဝမ်းသာတယ်၊ ဝမ်းသာမှုကို အကြောင်းပြုပြီးတော့ ပီတိဖြစ်တယ်၊ ပီတိကို အကြောင်းပြုပြီးတော့ ပဿဒ္ဓိ ကိုယ်စိတ်ငြိမ်းချမ်းတယ်၊ ကိုယ်စိတ်ငြိမ်းချမ်းရင် သုခဆိုတဲ့ ချမ်းသာမှုဆိုတာ ဖြစ်လာတယ်။ ချမ်းသာမှု ဖြစ်လာလို့ရှိရင် သမာဓိဆိုတဲ့ စိတ်တည်ငြိမ်မှုဟာ လွယ်လွယ်လေးနဲ့ ရလာတယ်။ စိတ်တည်ငြိမ်မှု ရလိုက်တာနဲ့ ယထာဘူတ ဉာဏ ဒဿန မှန်မှန်ကန်ကန် သိတယ်ဆိုတဲ့ အသိဉာဏ်ဟာ ဝင်လာတယ်။ သီလ မစင်ကြယ်ဘူးဆိုရင် အဲဒါတွေ ဆုံးရှုံးနိုင်တယ်ပေါ့။ ဒါကြောင့်မို့ သီလဝါ သီလ ရှိပါစေတဲ့။

နောက်တစ်ခုက "ဒဿနေန သမ္ပန္နော" သီလ ရှိပြီး ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်လို့ရှိရင် ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး နိဗ္ဗာန် မြင်တာကို ဒဿန လို့ခေါ်တယ်။ ဒီနေရာမှာ သင်္ခါရ တရားတွေရဲ့ အဖြစ်အပျက်ကို မြင်ပြီးတဲ့နောက် သင်္ခါရတရားတွေရဲ့ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မြင်လိုက်တယ်။ "ဒဿနေန သမ္ပန္နော" အဲဒီ အမြင်နဲ့ ပြည့်စုံတယ်ဆိုတာ သောတာပန် ဖြစ်သွားတာကို မြတ်စွာဘုရားက ဟောတာနော်။ "ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ" ဖြင့် ဝိပဿနာဉာဏ် ဖြစ်ပုံကို ဟောတယ်။ "ဒဿနေန သမ္ပန္နော" ဖြင့် သောတာပန်ဖြစ်ပုံကို ဟောတယ်။ "ကာမေသု ဝိနေယျ ဂေဓံ" ကာမဂုဏ် အာရုံတွေမှာ တပ်မက်တဲ့တဏှာကို ဖယ်ရှားပါ ဆိုတာက အနာဂါမ်ဖြစ်သွားတာကို ပြောတာတဲ့။ အနာဂါမ်ဖြစ်ပြီဆိုရင် ကာမဂုဏ် အာရုံတွေပေါ်မှာ တပ်မက်တဲ့၊ တွယ်တာတဲ့တဏှာ ကင်းသွားပြီ။

"န ဟိ ဇာတု ဂ္ဂဗ္ဘသေယျ ပုန ရေတိ" အဲသလို ကာမဂုဏ် အာရုံတွေပေါ်မှာ တပ်မက်မှုကင်းသွားပြီးနောက် ဝိပဿနာအရှိန် မြှင့်လိုက်လို့ရှိရင် ဘဝတစ်ခုမှာ နောက်ထပ်ဘယ်တော့မှ မိခင် ဝမ်းထဲ ရောက်တော့မှာ မဟုတ်ဘူး။ ဘယ်တော့မှ ပြန်လည်မွေးဖွားမှာ မဟုတ်တော့ဘူး။ မိခင်ဝမ်း ဘယ်တော့မှ ပြန်မဝင်ရတော့ဘူး။ ရဟန္တာ ဖြစ်တာကို ပြောတာ။

အဲဒီတော့ မေတ္တာကို အခြေခံပြီးတော့ ဝိပဿနာကျင့်စဉ်ကို ကျင့်လိုက်တယ် ဆိုလို့ရှိရင် ရဟန္တာ ဖြစ်နိုင်တယ်။ ဒါကို ပြောတာနော်။ မေတ္တာဘာဝနာကို ပွားပြီးတော့ မေတ္တာစိတ်ဓာတ်လေးကိုပဲ နာမ်တရားအဖြစ် ရှုမယ်၊ ထို နာမ်တရားရဲ့ တည်ရာ နှလုံးသားကိုလည်း ရုပ်တရားအဖြစ်ဖြင့် ရှုလိုက်မယ်။ အဲလို ရှုလိုက်လို့ရှိရင် ဝိပဿနာဉာဏ် ရင့်ပြီး သောတာပန်ဖြစ်မယ်။ ထပ်ပြီး ဝိပဿနာဉာဏ် အဆင့်မြင့်လို့ရှိရင် သကဒါဂါမ်၊ အနာဂါမ်ဖြစ်မယ်။ အနာဂါမ်ဖြစ်တာနဲ့ တစ်ပြိုင်နက် ကာမဂုဏ် အာရုံတွေပေါ်မှာ တွယ်တာမှု တဏှာ ကင်းသွားမယ်။ အဲဒီကနေ အဆင့်မြှင့်ပြီး ကျင့်လိုက်တဲ့အခါ ကိလေသာ အာသဝေါတွေကုန်လို့ နောင်ဘဝ ပြန်လည်မွေးဖွားခြင်းဆိုတာ မရှိတော့ဘူးတဲ့။ အဲဒီကျတော့မှ အပြီးသတ်တယ်ပေါ့။ မေတ္တသုတ်ဟာ အဲဒီနေရာမှာပဲ နိဂုံးချုပ်တာနော်။ "န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ" မိခင်ဝမ်း ဘယ်တော့မှ ပြန်မရောက်တော့ဘူးတဲ့။

အေး ဒါ့ကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့သည် မေတ္တာအခြေခံတဲ့ ဝိပဿနာဉာဏ်ထိအောင် ဆိုက်ရောက်နိုင်တဲ့ ဟောဒီ မေတ္တသုတ်ရဲ့ အနှစ်သာရကို နာယူပြီးတဲ့အခါမှာ ဒီမေတ္တသုတ်အရ တကယ် ကျင့်ကြံကြိုးကုတ် အားထုတ်ပြီးတော့ ပွားများကြရမှာဖြစ်တယ်ဆိုတာကိုသဘောကျပြီး မေတ္တာ၊ ဘာဝနာ ပွားများခြင်း၊ ထိုမေတ္တာကို အခြေခံသော ဝိပဿနာကျင့်စဉ်ကို ကျင့်ခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကို ကိုယ်စီ ကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။

qa3cuydaiswtbte1zyr65bajktfv05w
နိဗ္ဗာန်သို့ ဦးတည်သွားနေသူ
0
5892
22147
21651
2026-06-15T03:25:54Z
Tejinda
173
22147
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = နိဗ္ဗာန်သို့ ဦးတည်သွားနေသူ
| previous = [[မေတ္တသုတ် အနှစ်ချုပ်]]
| previous2 =
| next = [[ဓာတုဝိဘင်္ဂသုတ် အနှစ်ချုပ်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

နိဗ္ဗာန်သို့ ဦးတည်သွားနေသူ

(ဒါရုက္ခန္ဓောပမသုတ် အနှစ်ချုပ်)

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ကဆုန်လဆန်း ၁၄ရက်၊ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် အမှတ်(၅)ရပ်ကွက် ဝါတွင်းဝါပ သံဃာ့ဒါန ဆွမ်းလောင်းအသင်း၏ ဝါတွင်း(၆၂)ကြိမ်၊ ဝါပ ဒုတိယအကြိမ် ဆွမ်းလောင်းအောင်ပွဲ အထိမ်းအမှတ်အဖြစ်ဖြင့် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် စတုတ္ထအကြိမ်မြောက် အထူး တရားပွဲ၌ ဟောကြားအပ်သော “နိဗ္ဗာန်သို့ ဦးတည်သွားနေသူ” တရားဒေသနာတော်။

သာသနာတော်နှစ်က ၂၅၅၃ ခုနှစ်ပဲ ရှိသေး တာပေါ့၊ ကဆုန်လပြည့်ကျော် (၁)ရက်နေ့ရောက်မှ သာသနာတော်နှစ်က ၂၅၅၄ ခုနှစ် ဖြစ်မယ်။ ကဆုန် လပြည့်ကျော် (၁)ရက်နေ့မှာ သာသနာနှစ်ကူးတယ်လို့ မှတ်ထားရမယ်၊ မြန်မာသက္ကရာဇ်ကတော့ ကူးသွား ပြီပေါ့၊ ၁၃၇၂ ခုနှစ် ဖြစ်သွားပြီ၊ သာသနာသက္ကရာဇ်က ကဆုန်လပြည့်ကျော် (၁)ရက်နေ့မှ ကူးမှာ၊ ဒါလေးကို သတိပြုပြီး မှတ်ထားဖို့တော့ လိုလိမ့်မယ်၊ ကဆုန် လပြည့်ကျော် (၁)ရက်နေ့ဆိုရင် သာသနာတော်နှစ်က ၂၅၅၄ ခုနှစ်။ ၂၅၅၄ ဆိုတာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံသွားတာ နှစ်ပေါင်း ၂၅၅၄ ရှိပြီလို့ ပြောတာဖြစ်တယ်၊ ဗုဒ္ဓရဲ့ ပရိနိဗ္ဗာန်နှစ်ကို ပြောတာ၊ သာသနာတော် စပြီး တော့ ပေါ်ထွန်းတဲ့နှစ် မဟုတ်ဘူး၊ မြတ်စွာဘုရားက (၄၅)ဝါအရ သက်တော်(၈၀)ပြည့်ပြီး ကဆုန်လပြည့် နေ့မှာ ပရိနိဗ္ဗာန်စံတော့ ကဆုန်လပြည့်ကျော် (၁)ရက် နေ့ကနေစပြီး သာသနာတော်နှစ်ကို (၁)လို့ တွက်လာ ခဲ့တယ်၊ အဲဒီတော့ သာသနာသက္ကရာဇ်ရဲ့ နှစ်ဆန်း (၁)ရက်နေ့ဟာ ကဆုန်လပြည်ကျော် (၁)ရက်နေ့လို့ ပုံသေမှတ်ထားလို့ ရတယ်နော်။

အေး၊ ကောင်းပြီ နိဗ္ဗာန်သို့ ဦးတည်သွားနေသူ ဆိုတာ ဘယ်သူလဲ? ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ဟာ ဘယ်ကောင်းမှုပဲပြုပြု “ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု” လို့ နိဗ္ဗာန်ကို ဦးတည်ပြီးတော့ ဆုတောင်းကြတယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဦးတည်ချက် ဟာ နိဗ္ဗာန်ပဲဖြစ်တယ်၊ တစ်ခြားဘာသာတွေမှာလည်းပဲ သူတို့ရဲ့ ဦးတည်ချက်တွေ ရှိတာပေါ့နော်၊ သို့သော် ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဦးတည်ချက်ကတော့ နိဗ္ဗာန်ပဲ ဖြစ်တယ်၊ လူတိုင်းလူတိုင်းဟာ နိဗ္ဗာန်ကိုမျှော်လင့်ကြ တယ်၊ နိဗ္ဗာန် ဦးတည်ချက်နဲ့ နိဗ္ဗာန်ကို ရည်စူးပြီး ကုသိုလ်ကောင်းမှုကို လုပ်ကြတယ်။

အဲဒီတော့ နိဗ္ဗာန်ကို ဖြောင့်ဖြောင့်တန်းတန်း ရောက်သွားဖို့ နိဗ္ဗာန်ကို ဦးတည်သွားနေတဲ့သူကတော့ လူတိုင်း ဖြစ်ချင်မှ ဖြစ်မယ်ပေါ့၊ ဘယ်လိုပဲ ဆုတောင်း ဆုတောင်း နိဗ္ဗာန်လမ်းကြောင်းပေါ်မှာ ရောက်ပြီးတော့ နိဗ္ဗာန်ကို ဦးတည်နေတဲ့သူဆိုတာ ဘယ်လို အခြေအနေ တွေ ရှိရမှာလဲ၊ ဒါ သိဖို့လိုအပ်တယ်ပေါ့၊ အဲဒီတော့ နိဗ္ဗာန်ကို ဦးတည်နေတဲ့သူဟာ ဘယ်သူလဲ၊ ဆုတောင်းမှု နဲ့ ဦးတည်နေသူကိုပြောတာ မဟုတ်ဘူး၊ သို့သော် သူ့ကို ဦးတည်နေသူလို့တော့ ပြောလို့ရတယ်ပေါ့။

သို့သော် ဒါရုက္ခန္ဓောပမသုတ်မှာ တကယ့်ကို နိဗ္ဗာန်ရောက်ဖို့ သေချာနေတဲ့ ပုဂ္ဂိုလ်ရဲ့ လိုအပ်တဲ့ အရည်အချင်းတွေ ဘာတွေလဲ ဆိုတာကို မြတ်စွာဘုရား ဟောကြားခဲ့တယ်။ ဒီ ဒေသနာတော်ကို ကြားနာ မှတ်သားပြီး ဒို့တတွေ နိဗ္ဗာန်သွားဖို့ လမ်းကြောင်း ပေါ်မှာ ဦးတည်နေတဲ့သူတွေ ဟုတ်လားလို့ (သို့မဟုတ်) နိဗ္ဗာန်ကို မရောက်နိုင်အောင် လမ်းကြောင်းမှာ အခက် အခဲတွေ ရှိပြီးတော့ လမ်းမှာပဲ သောင်တင်နေတဲ့ သူတွေများ ဖြစ်မလား ဆိုတာကို ကိုယ့်ကိုယ်ကို ဆုံးဖြတ်လို့ရတာပေါ့။

ဒို့တွေ နိဗ္ဗာန်နဲ့ နီးနေပြီလား၊ နိဗ္ဗာန်ကို ဦးတည် သွားနေတာ ဟုတ်ကဲ့လားဆိုတာ ကိုယ့်ကိုယ်ကို ဆုံးဖြတ် ရမယ်၊ မြတ်စွာဘုရားက တရားဓမ္မကို ဟောတဲ့အခါမှာ နိဗ္ဗာန်လမ်းကြောင်းကို ရှင်းလင်းပြီးတော့ ဟောတာ၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ပတ်ဝန်းကျင် ရှုမြင် စရာတွေ၊ တွေးတောစရာတွေ၊ မှတ်သားလိုက်နာစရာ တွေ မြောက်များစွာရှိတယ်။ အဲဒီမြောက်များစွာ ရှိတာ တွေကို မြတ်စွာဘုရားက ရှင်းပြပြီး နိဗ္ဗာန်လမ်းကြောင်း ပေါ် ဦးတည်မိသွားအောင် ဆွဲတင်ပေးတယ်ပေါ့။ သဘာဝတရားတွေဟာ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ရှိနေတာ ဖြစ်သောကြောင့် (သို့မဟုတ်) ကိုယ့်သန္တာန်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတာ ဖြစ်သောကြောင့် ကြည့်တတ်မြင်တတ်ဖို့ပဲလိုတယ်၊ ကြည့်တတ်မြင်တတ်မှ နိဗ္ဗာန်လမ်းကြောင်းပေါ် ရောက်မယ်၊ မကြည့်တတ် မမြင်တတ်ဖူးဆိုရင် နိဗ္ဗာန်ဟာ ဘယ်ဝယ်ဆီသို့ ရည်မှန်း ရမယ် ဆိုတာကို မသိနိုင်ကြဘူးပေါ့။

ဒါကြောင့်မို့ မြတ်စွာဘုရားဟောတဲ့ နိဗ္ဗာန်ဆိုတာ အဝေးကြီးတော့မဟုတ်ဘူး၊ အနီးလေးပဲ၊ နိဗ္ဗာန်ဟာ ကိုယ်နဲ့ ကပ်နေတာတောင်မှပဲ မမြင်နိုင်ကြဘူးတဲ့၊ လောကမှာ နီးပေမယ့်လို့ မမြင်ရတာတွေ အများကြီး ရှိတယ်၊ ဝေးပေမယ့်လို့ မြင်နေရတာတွေရှိတယ်၊ “သန္တိကေ န ဝိဇာနန္တိ၊ မဂါ ဓမ္မဿာ' ကောဝိဒါ” တရား ဓမ္မနဲ့ ပတ်သက်ပြီး လိမ္မာကျွမ်းကျင်မှုမရှိတဲ့ ပုဂ္ဂိုလ် တွေဟာ မိမိရဲ့ အနီးအပါးမှာ နိဗ္ဗာန်ရှိနေလျက်နဲ့ ထို နိဗ္ဗာန်ကို မတွေ့နိုင်ကြဘူးတဲ့၊ နီးပေမယ့် မတွေ့နိုင်ဘူး လို့ပြောတာ။

နိဗ္ဗာန်ဆိုတဲ့အရာဟာ ဗုဒ္ဓဘာသာဝင် သူတော်စင် တွေ မျှော်လင့်ပြီးတော့ ဆုယူပန်ဆင်နေကြတာ ဖြစ် တယ်။ နိဗ္ဗာန်ဆိုတဲ့ အရာဟာ တစ်ချို့ပုဂ္ဂိုလ်တွေ အဖို့တော့ မမျှော်မှန်းနိုင်လောက်အောင် ဝေးကွာနေပေ မယ့်လို့ တစ်ချို့ပုဂ္ဂိုလ်တွေအဖို့တော့ အလွန်နီးတဲ့ အရာဖြစ်တယ်။ လူပေါ်မှာ မူတည်တယ်လို့ ပြောတာ နော်၊ တစ်ချို့ ပုဂ္ဂိုလ်တွေအတွက် နိဗ္ဗာန်ဟာ အလွန် နီးနေသော်လည်း တစ်ချို့ပုဂ္ဂိုလ်တွေအတွက် နိဗ္ဗာန်ဟာ အလွန်ဝေးတယ်၊ အေး ဒါကြောင်မို့လို့ နိဗ္ဗာန်နဲ့ နီးချင် လို့ရှိရင် နိဗ္ဗာန်ကို ဦးတည်သွားနေတဲ့ လမ်းကြောင်း ပေါ်ကို လျှောက်လှမ်းကြဖို့ လိုအပ်တယ်။

နိဗ္ဗာန်သွားတဲ့လမ်းမှာ အနှောင့်အယှက် အဟန့် အတားတွေ ရှိတယ်၊ အဲဒီ အနှောင့်အယှက် အဟန့် အတားတွေ ရှိနေမယ်ဆိုရင် နီးနေလျက်နဲ့ ဝေးနေကြဦး မှာပဲ၊ အဲဒီတော့ နီးလျက်နဲ့ မဝေးကြရအောင် အနှောင့် အယှက် အဟန့်အတားတွေကို အဟန့်အတားမှန်း သိပြီးတော့ ဖြတ်ကျော်ဖို့လိုတယ်၊ အဟန့်အတားမှန်း မသိလို့ရှိရင် ထိုအဟန့်အတားသည်ပင်လျှင် ကိုယ့် အတွက် ပျော်စရာဌာနကြီးတစ်ခု ဖြစ်ပြီးတော့ လိုချင် တာကတော့ နိဗ္ဗာန်၊ ရနေတာကတော့ သံသရာဆိုတာ ဖြစ်နေမှာပေါ့။

အဲဒီတော့ နိဗ္ဗာန်သွားချင်ပြီဆိုရင် အရည်အချင်း (၈)မျိုးနဲ့ ပြည့်စုံနေဖို့ လိုအပ်တယ်။ နိဗ္ဗာန်ခရီးလမ်းမှာ သတိထားရမယ့်နေရာတွေ ရှိတယ်ပေါ့၊ အဲဒီလို သတိ ထားရမယ့်နေရာတွေကို မြတ်စွာဘုရားက ရှင်းလင်း ဖော်ပြပြီးတော့ ဟောထားတယ်။ အဲဒီသုတ္တန်ကို ဒါရုက္ခန္ဓောပမသုတ္တန် လို့ခေါ်တယ်။ မြန်မာပြည်က တရားနာ ပရိသတ်တွေ မကြာခဏ နာဖူးကြတယ်။

မြတ်စွာဘုရားက ကောသမ္ဗီပြည် (ကောသမ္ဗီပြည် ဆိုတာ ဒီကနေ့ခေတ် အိန္ဒိယနိုင်ငံ Alharbad ဆိုတဲ့ မြို့နားမှာရှိတယ်) ဂင်္ဂါမြစ်နဲ့ ယမုံနာမြစ်ရဲ့ ဆုံစည်းရာ နေရာမှာ ရှိတဲ့အတွက်ကြောင့် မြစ်နဲ့လည်းနီးတယ်၊ စိတ်ထဲက မျှော်မှန်းပြီးတော့ကြည့်လိုက်၊ ကောသမ္ဗီပြည် မှာ မြတ်စွာဘုရား သီတင်းသုံးနေတဲ့အချိန် ဂင်္ဂါမြစ်ကမ်း ကို ခေတ္တခဏ ရောက်ရှိလာတယ်၊ နောက်ပါ ရဟန်း တွေနဲ့အတူ ဂင်္ဂါမြစ်ကမ်းကို ရောက်လာတယ်၊ ရောက် လာတဲ့အခါ ဂင်္ဂါမြစ်ထဲမှာ သစ်တုံးကြီးတစ်တုံးဟာ ပေါလောပေါလောနဲ့ မျောနေတယ်၊ ရေစီးကြောင်း အတိုင်း မျောသွားတယ်၊ ကြည့်နော် သာမန်မြင်ကွင်းပဲ ဖြစ်တယ်၊ သာမန်တွေးမယ်ဆိုရင် ဒါဟာ သာမန် မြင်ကွင်းပဲလေ၊ မြစ်နား ကမ်းနားနေတဲ့ ပုဂ္ဂိုလ်တွေ မြစ်ထဲမှာ သစ်တုံးမျောလာတာ မမြင်ဖူးဘူးလား၊ မြင်ဘူးတယ်နော်။

သာမန်မြင်ကွင်း တစ်ခုပေမယ့် ကြည့်တတ်ရင် တရားဖြစ်သွားတယ်၊ ကြည့်တတ်လို့ရှိရင် တရား ဖြစ်တယ်ဆိုတာ ပစ္စေကဗုဒ္ဓါ တွေရဲ့ အတ္ထုပ္ပတ္တိတွေ၊ ကြည့်-ပစ္စေကဗုဒ္ဓါတွေ ဘယ်လိုတရားထူးရလာတယ် ဆိုတာကို ပြန်ပြန်ပြီးတော့ ပြောတဲ့ ပစ္စေကဗုဒ္ဓါတွေရဲ့ ဇာတ်လမ်းတွေရှိတယ်ပေါ့။ ဆိုပါစို့ ပန်းပွင့်လေးတစ်ပွင်ဟာ မနက်က အပင်မှာ လန်းလန်းဆန်းဆန်း ရှိနေ တယ်၊ အဲဒီပန်းပွင့်လေးဟာ ညနေပိုင်း ရောက်တဲ့အခါ နွမ်းပြီးတော့ ကြွေကျသွားတယ်။ အဲဒါကို ကြည့်ပြီး ပန်းပွင့်လေးကပြတဲ့ တရားဆိုပြီး ကိုယ့်သန္တာန် စပ်ယူ ကြည့်လိုက်တဲ့အခါ ပစ္စေကဗောဓိဉာဏ် ရသွားတယ်၊ ပတ်ဝန်းကျင်က ပန်းပွင့်လေးကို ကြည့်ပြီးတော့ တရားရမှုဆိုတာ ဖြစ်လာတယ်။

ဒါတင်လားဆို မဟုတ်သေးဘူး၊ လူတွေဟာ ကိုယ့် အိမ်ထဲမှာ သစ်ပင်လေးတွေ စိုက်ထားတာရှိတယ်၊ အခုလို ဆောင်းရာသီကုန်ဆုံးလို့ နွေဦးရောက်လာပြီ ဆိုရင် သစ်ရွက်လေးတွေဟာ ဝါပြီး တဖပ်ဖပ်ကြွေကျ နေတာကို လူတိုင်းမြင်ဖူးကြမှာပါနော်၊ သာမန်ပုဂ္ဂိုလ် တွေကတော့ ဟာ ဒါ သစ်ရွက်ကြွေတာပဲလို့ ဒီလိုပဲ ပြောမှာပေါ့၊ အေး ကြည့်တတ်မြင်တတ်တဲ့ ပုဂ္ဂိုလ်တွေ ကျတော့ အနိစ္စသဘောကို ဆင်ခြင်သုံးသပ်တယ်၊ ဒါနဲ့ ပစ္စေကဗုဒ္ဓ ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။

“ဩော် ဒီသစ်ရွက်လေးတွေဟာ မမြဲပါလား၊ မမြဲလို့ကြွေကျသွားသလို ငါ့သန္တာန်မှာရှိတဲ့ ရုပ်တွေ နာမ်တွေဟာလည်းပဲ ဒီအတိုင်းပါလား” ဆိုတဲ့အတွေး ဝင်လာတယ်၊ သာမန်ပုဂ္ဂိုလ်တွေကတော့ ဒီအတွေးမျိုး မတွေးတတ်ပါဘူး၊ ဘုရားသာသနာနဲ့ ကြုံတွေ့နေတဲ့ အချိန်မှာ ဒီအတွေးလေးတွေကို လေ့ကျင့်ပေးဖို့လိုတယ်၊ အဲဒီ လေ့ကျင့်ပေးနေတာသည်ပင်လျှင် ပါရမီပဲ ဖြစ် တယ်၊ မလေ့ကျင့်ဘူးဆိုလို့ရှိရင် ဒီအတွေးတွေ ရနိုင် ပါ့မလား၊ မရနိုင်ဘူးနော်။

အေး တစ်ခါတွေးမိရင် နောက်ထပ် တွေးဖို့ရာ ခက်သေးလား၊ မခက်တော့ဘူး။ နောက်တစ်ခါမြင်ရင် ဒီအတွေး ထပ်လာမှာပဲလေ၊ ထပ်ထပ် ထပ်ထပ်လာတဲ့ အခါ ဒီအတွေးလေးတွေဟာ သံဝေဂအတွေးလေးတွေ၊ မှန်ကန်တဲ့ အတွေးလေးတွေ ဖြစ်တဲ့အတွက်ကြောင့် နောက်ဆုံးမှာ ကိလေသာတွေကို တွန်းလှန်ပစ်နိုင်တဲ့ အတွေးတစ်ခု ဖြစ်လာတယ်။ အင်အား ကောင်းလာပြီး တော့ ကိလေသာတွေကို တွန်းလှန်သွားနိုင်လိမ့်မယ်။

နာရေးကိစ္စ ကြုံလာတဲ့အခါမှာလည်းပဲ မြတ်စွာ ဘုရား ဟောထားတာ ရှိတယ်။ တွေ့တိုင်းတွေ့တိုင်း ဆုံတိုင်းဆုံတိုင်း မှန်ကန်တဲ့ အတွေးကလေးကို တွေးတတ်ဖို့ ဟောထားတယ်၊ နာရေးတင် မဟုတ်ပါဘူး၊ ဒေဝဒူတသုတ် မှာဆိုရင် ဒီအတွေးလေးတွေဟာ အင်မတန်မှ တန်ဖိုးရှိတယ်၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အဖိုးအို အဖွားအိုတွေ မရှိဘူးလား၊ ရှိတယ်နော်။ အေး အဖိုးအို အဖွားအိုတွေကို တွေ့တဲ့အခါမှာ သာမန် ပုဂ္ဂိုလ်တွေဟာ 'ဟာ အဖိုးကြီးတစ်ယောက်၊ အဖွားကြီး တစ်ယောက်' ဒီလိုပဲတွေးတယ်၊ 'ဘယ်အိမ်က အဖိုးကြီး၊ ဘယ်အိမ်က အဖွားကြီး' ဒီလောက်ပဲ တွေးတယ်၊ ဒီ့ထက်ပို မစဉ်းစားဘူး၊ ဩော် ကြည့်တတ်မြင်တတ်တဲ့ ပုဂ္ဂိုလ်ကျတော့ “အေး သူလဲ တစ်ချိန်တုန်းက ငါ့လို ငယ်ငယ်ရွယ်ရွယ်လေးပဲ၊ အခု အိုမင်းသွားရှာပြီ၊ ငါလည်းပဲ ဒီလို အိုရဦးမှာပါလား” ဆိုတဲ့ အတွေး မတွေးသင့်ဘူးလား၊ သံဝေဂ အတွေးလို့ခေါ်တယ်နော်။

ဘုရားလောင်း တောထွက်တယ်ဆိုတာ အဲဒီ သံဝေဂအတွေးက တွန်းပို့လိုက်တာ ဖြစ်တယ်နော်၊ ချစ်လှပါတယ်ဆိုတဲ့ ယသောဓရာမိဖုရား၊ မွေးခါစ သားလေး ရာဟုလာ စွန့်ပစ်နိုင်တာဟာ အဲဒီအတွေးပဲ၊ အဲဒီအတွေးကြောင့် သံဝေဂဖြစ်တာ။ အားလုံးသိကြတဲ့ အတိုင်း နိမိတ်ကြီးလေးပါးမြင်ပြီး တောထွက်တယ် မဟုတ်လား၊ ကိုယ့်ရှေ့မှာရော အဲဒီ နိမိတ်ကြီးတွေ မရှိဘူးလား၊ အေး ဒါလေးတွေကို ဘုရားအလောင်းမှ တွေးတာ၊ ငါတို့နဲ့ မဆိုင်ဘူးလို့ မအောက်မေ့လေနဲ့နော်။

အဖိုးအိုတစ်ယောက်တွေ့ရင် တွေးလိုက်စမ်းပါ၊ အဖွားအိုတစ်ယောက်တွေ့ရင် တွေးလိုက်စမ်းပါ၊ “ဇရာ ဓမ္မောမှိ ဇရံ အနတိတော” ငါဟာ အိုခြင်းသဘော ရှိနေသူဖြစ်တယ်၊ အိုခြင်းတရားကို ငါ မကျော်လွှား နိုင်ဘူး” အဲဒီ အတွေးလေးဟာ အင်မတန်အဆင့်မြင့်တဲ့ အတွေးလေးပါ၊ သာမန်အားဖြင့် ပြောမယ်ဆိုရင်တော့ ဒါ ဘာမှ မဆန်းဘူးလို့ ထင်ရတယ်။ အိုတာ နာတာ ဘာဆန်းလို့လဲ လူတိုင်း အိုနေကြတာပဲလို့ တစ်ချို့ကပြောကောင်း ပြောလိမ့်မယ်၊ အိုတာ နာတာကို ပြဿနာ လို့ မထင်ကြဘူး၊ ဘုရားအလောင်းတွေကျတော့ အဲဒီလို မမြင်ဘူး၊ သံဝေဂဖြစ်တာ၊ အဲဒီ သံဝေဂအတွေးဟာ အင်မတန်မှ တန်ဖိုးရှိတဲ့ အသိဉာဏ် တစ်ခုရအောင် တွန်းပို့လိုက်တာ ဖြစ်တယ်။

အားလုံး ကြားဖူးကြလိမ့်မယ်၊ ဘုရားအလောင်း မဃဒေဝမင်းကြီးဆိုတာ၊ နေမိမင်းလို့လည်း ခေါ်တယ်၊ အဲဒီ မဃဒေဝမင်းကြီး ဟာ သက်တမ်းအလွန်ရှည်တဲ့ ကာလမှာ လူဖြစ်တယ်၊ သက်တမ်း သိပ်ရှည်တယ်၊ အခုလို နှစ်လေးငါးခြောက်ဆယ် ခုနစ်ဆယ်လို ဘဝခရီး ဆုံးသွားတာမျိုး မဟုတ်ဘူး၊ သောင်းချီ ရှည်တဲ့ခေတ်မှာ ဖြစ်တယ်၊ အဲဒီလို သက်တမ်းရှည်တဲ့ ခေတ်မှာတောင်မှ မေ့မေ့လျော့လျော့နေတဲ့ ပုဂ္ဂိုလ် မဟုတ်ဘူး၊ သူ့ရဲ့ ဦးခေါင်းက ဆံပင်တွေကို ဖီးလိမ်းပြုပြင်ပေးရတဲ့ ဆတ္တာသည်ကို အစောကြီးကတည်းက မှာထားတာ။ “ငါ့ခေါင်းပေါ်မှာ ဆံပင်ဖြူတစ်ချောင်းမျှတွေ့ရင် ငါ့ကို ပြောပါ၊ ပြောနိုင်လို့ရှိရင် ဆုတော် လာဘ်တော် ချမယ်”

ဆုရချင်တော့ ဆတ္တာသည်က ခေါင်းကို နေ့တိုင်း ကြည့်တယ်ပေါ့၊ (၁)နှစ်လည်း မဟုတ်ဘူး၊ (၂)နှစ်လည်း မဟုတ်ဘူး၊ နှစ်ကိုရာထောင်ချီပြီးတော့ ကြည့်လာတာ ဆံပင်ဖြူတစ်ပင်မှ မတွေ့သေးဘူး၊ ဩော် နောက် တစ်ရက်ကျတော့ ဆံပင်တွေ ဖီးလိမ်း ပြုပြင်ရင်းက နေပြီးတော့ အဖြူကလေးတစ်ချောင်း သွားတွေ့တယ်။ အဖြူကလေးတစ်ချောင်း တွေ့တဲ့အခါမှာ ဆုရတော့မှာ ဆိုပြီး ဆတ္တာသည်ဟာ ဝမ်းသာသွားတယ်၊ ရွှေမွှေးညှပ် ကလေးနဲ့ အဲဒီ ဆံပင်ဖြူကလေးကို ဆွဲနှုတ်ပြီးတော့ “အရှင်မင်းတရားရဲ့ ခေါင်းမှာ ဟောဒီမယ် ဆံဖြူပင် ကလေး တစ်ချောင်းရောက်နေပါပြီ” ဆိုပြီး ဘုရင်ကြီးရဲ့ လက်ထဲ ထည့်လိုက်တယ်။

ဘုန်းကြီးတို့ တစ်တွေ ဆံပင်လေးတစ်ပင်ဖြူတာ ဘာဖြစ်လဲ၊ ဆေးဆိုင်သွားပြီး ဆေးတောင် ဆိုးလိုက်ဦး မယ်၊ တစ်ခေါင်းလုံးဖြူလည်း ကိစ္စမရှိဘူး။ အဲဒီ ဘုရားလောင်းကျတော့ ဆံပင်လေးတစ်ပင် ဖြူသွား တာနဲ့ပဲ တစ်ကိုယ်လုံးကို ချွေးပြိုက်ပြိုက်ကျပြီး “ဩော် ငါအိုလာပါပြီလား၊ အိုခြင်းတရားဟာ ငါ့ဆီရောက်လာ ပြီ” ဆိုတဲ့ အတွေး တွေးမိတယ်။ ဘယ်လောက် တန်ဖိုး ရှိတဲ့ အတွေးလဲ၊ အဲဒီအတွေးဟာ အင်မတန်မှကြီးမားတဲ့ ဘုရင့်စည်းစိမ်ကို စွန့်ခွာနိုင်လောက်အောင် အစွမ်း ထက်တယ်။ ဘုရင့်စည်းစိမ်ကို မစွန့်ခွာနိုင်တဲ့ တဏှာ လောဘကို ဖယ်ရှားပြီးတော့ စွန့်ခွာနိုင်လောက်အောင် တွန်းပို့လိုက်နိုင်တယ်။ ဘုရားလောင်းဟာ တောထွက် သွားတယ်၊ ဘယ်လောက်တန်ဖိုးရှိတဲ့ အတွေးလည်း ဆိုတာ၊ မှတ်ထားဖို့ပေါ့။ ဒါလေးတွေကို အများစုက တရားလို့ မထင်ကြဘူး၊ အဲဒါက အင်မတန်မှ ကြီးမားတဲ့ တရားနော်။

ဒီအတွေးလေးတွေ တွေးနေတာကို လူတွေက တရားအားထုတ်တယ်လို့ ထင်ချင်မှ ထင်မယ်ပေါ့၊ တင်ပလ္လင်ခွေထိုင်ပြီး မျက်စေ့ကြီး မှိတ်ပြီးတော့ တွေးချင်ရာ တွေးနေတာရော မဖြစ်နိုင်ဘူးလား၊ တရား ဆိုတာ စိတ်ထဲမှာပေါ်လာပြီး တကယ့်ကို အသိဉာဏ် ထူးတွေကိုရပြီး လောဘတွေကို ဖယ်ရှားနိုင်မှ၊ ဒေါသတွေကို ဖယ်ရှားနိုင်မှ၊ မောဟတွေကို ဖယ်ရှားနိုင်မှ (သို့မဟုတ်) မဖယ်ရှားနိုင်သေးရင် ပျော့ညံ့သွားအောင် လုပ်နိုင်မှ တကယ့် တရားအစစ်ဖြစ်တယ်။

ခုနက အတွေးလေး အဖိုးကြီး အဖွားကြီးမြင်ရပြီး တော့ “ဩော် ငါလည်းပဲ အိုရဦးမှာပါပဲ၊ အိုခြင်းသဘော ရှိသေးတယ်ဆိုတဲ့ အတွေးဟာ ဘဝပေါ်မှာ တွယ်တာ နေတဲ့၊ ကိုယ့်ရဲ့နုပျိုနေတဲ့ ဘဝပေါ်မှာ အထင်အမြင် မကြီးတော့ဘဲနဲ့ တွယ်တာမှုတွေ ကင်းမသွားပေဘူး လား၊ အေး တွယ်တာမှုဆိုတဲ့ ယောဗ္ဗနမဒ ကို လျော့ချ လိုက်နိုင်တယ်၊ နည်းတာမဟုတ်ဘူး၊ ဘာဖြစ်လို့တုန်း ဆိုရင် နုပျိုမှုဆိုတဲ့အပေါ်မှာ မာန်ယစ်ပြီးတော့ လူတွေ က ငါမအိုသေးဘူးဆိုပြီး လုပ်ချင်တာတွေ လုပ်တတ်ကြ တယ်၊ အကုသိုလ်တွေ ဆက်တိုက် ဖြစ်လာတတ်တယ်။

ခုနက အတွေး တွေးလိုက်တာနဲ့ တစ်ပြိုင်နက်ထဲ ဒီပုဂ္ဂိုလ်ဟာ အကုသိုလ်တွေကို ရှောင်လာတယ်၊ မအိုရ သေးခင်မှာ ကောင်းအောင်လုပ်မှပဲ ဆိုပြီးတော့ ကောင်းတဲ့အတွေးနဲ့ ကောင်းတာတွေ လုပ်ဖြစ်တယ်၊

ဘယ်လောက်တန်ဖိုးရှိတဲ့ အတွေးလဲ၊ ကိလေသာတွေ ကို တစ်ပြိုင်နက် ရုတ်တရက် မပယ်နိုင်သေးသော်လည်း ဒီအတွေးလေးဟာ အင်မတန်မှ ကောင်းတယ်။

နောက်တစ်ခု ဆက်စဉ်းစားလိုက်ဦး၊ ဆေးရုံတွေမှာ နေမယ်ဆိုရင် လူမမာတွေ မတွေ့ရပေဘူးလား၊ အေး တစ်ချို့အခြေအနေ ဆိုးတယ်ဆိုတဲ့ လူမမာတွေရှိတယ်၊ တညည်းညည်း တညူညူနဲ့ သူများထူပေးမှ ထ,နိုင်တဲ့ လူမမာ၊ အဲဒါကိုမြင်လိုက်ရင်လည်း ဩော် လူမမာကြီးပဲ၊ ဘာရောဂါပါလိမ့်၊ ဒီလောက်ပဲ စဉ်းစားတဲ့ လူတွေက များတယ်၊ အဲဒါက ရိုးရာအတွေးဖြစ်တယ်။ ရိုးရာ အတွေးတင် မကသေးဘဲ ထူးခြားတဲ့ အတွေးလေး တွေးမိစေဖို့ ကိုယ့်ကိုယ်ကို လေ့ကျင့်ပေးထားရမယ်။ “ဗျာဓိဓမ္ဓောမှိ၊ ဗျာဓိံ အနတီတော” ငါဟာလည်း ဖျားနာတတ်တဲ့၊ ရောဂါရတတ်တဲ့ သဘောရှိတယ်၊ ငါလည်း ရောဂါရခြင်းဆိုတဲ့ ဗျာဓိကို မကျော်လွှားနိုင် သေးဘူး၊ ကျန်းမာနေတုန်း ကုသိုလ်ကောင်းမှုတွေ များများလုပ်မှပဲ” ဆိုတဲ့ အတွေးတွေက အင်မတန် တန်ဖိုးရှိတဲ့ အတွေးတွေဖြစ်တယ်၊ လောကလူတွေက ကျန်းမာနေပြီဆိုရင် ဘာမှ ဂရုမစိုက်ဘဲ မကောင်းတာ တွေကို လုပ်မိတတ်ကြတယ်။

တချို့ ကျန်းမာမှုကို အကြောင်းပြုပြီးတော့ ကြွားကြွားဝါဝါတောင် ပြောတတ်သေးတယ်နော်၊ သူက ကျန်းမာလိုက်တာ နှာလည်းမစေးဘူး၊ ချောင်းလည်း မဆိုးဖူးဘူး၊ လျက်ဆားဆို လျက်တောင် မလျက်ဖူးဘူးနဲ့ ပြောလိုက်သေးတယ်၊ ဆေးရုံဆေးခန်း တစ်ခါမှမသွားဖူး ဘူး ဆိုပြီးတော့ ကိုယ့်ခန္ဓာကိုယ်ကို အထင်တွေ ကြီးပြီးတော့ မြှောက်စားနေသေးတယ်၊ မရှိဘူးလား အဲဒါမျိုးတွေ။

တကယ်တွေးရမှာက အဲဒီ အတွေးမဟုတ်ဘူး၊ တကယ်တွေးရမှာက “ဩော် ငါ့ခန္ဓာကိုယ်ကြီးကလည်း ဖျားနာတတ်တဲ့သဘော၊ ရောဂါဝေဒနာ ရတတ်တဲ့ သဘောရှိတယ်၊ အဲဒီ ရောဂါဝေဒနာ ရတတ်တဲ့ သဘောကို ငါလည်းပဲ မကျော်လွှားနိုင်သေးဘူး၊ တစ်နေ့ ကျတော့ ကြုံရမှာပဲ” ဆိုတဲ့ အတွေးလေးနဲ့ သံဝေဂ ဉာဏ်ဖြစ်ပွားလို့ ကိလေသာတရားတွေ လျော့ကျသွား အောင် လုပ်ရမယ်တဲ့။

နာရေးကိစ္စနဲ့ ကြုံတဲ့အခါမှာ စဉ်းစား၊ သေခြင်း တရားကို လူတွေ နေ့စဉ်နဲ့အမျှ တွေ့ကြုံနေကြရတာပဲ၊ သတင်းစာထဲမှာ ကောက်လှန်ကြည့်လိုက်ရင် တွေ့ရ မှာပဲ၊ အသက်မျိုးစုံ အရွယ်မျိုးစုံ သေကြ ကြေကြနဲ့၊ အေး သတင်းစာ ကောက်ဖတ်သူက ဘယ်လိုဖတ်တုန်း ဆိုတော့ ငါ့အသိများ ပါသွားလား၊ ကိုယ့်ကိုယ်ကို ပါရင် တော့ သိမှာမဟုတ်တော့ဘူး။ နောက် လောကလူတွေ က ဘာပြောချင်သေးတုန်းဆိုရင် “သူသေ ငါပို့၊ ငါပို့ သူသေ” လို့ပြောချင်ကြတယ်၊ သေတာကို သူများဘက် လှည့်ထားတယ်၊ ကိုယ့်ဘက်ကို မလှည့်ထားဘူး၊ အေး အဲဒီလို မတွေးရဘူး။

နာရေးကြော်ငြာ ဖတ်လိုက်ပြီးတဲ့အခါ “ဩော် ဒီလိုသေခြင်းတရားဟာလည်း ငါ့သန္တာန်မှာ ရှိတယ်၊ ငါလည်း မရှောင်လွှဲနိုင်ပါလား” ဆိုတဲ့ အတွေးကို တွေးရ မယ်။ အဲဒါမှ မှန်ကန်တဲ့အတွေးလို့ ပြောတာ ဖြစ်တယ်၊ အဲဒီတော့ တရားဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိမနေ ဘူးလား၊ ရှိနေတယ်၊ အမြဲတမ်း ကိုယ့်ခန္ဓာကိုယ်နဲ့ ဆက်စပ်ပြီးတော့ တွေးတတ်ဖို့လိုတယ်၊ အဲဒီတွေးတတ် ဖို့ရာကို မြတ်စွာဘုရားက သွန်သင်နေတာ။

ကြည့် - ကောသမ္ဗီမြစ်ကမ်းမှာ ဘာဆန်းလဲ၊ မြစ်ရေကြော သစ်တုံးကြီးမျောနေတာ ဘာမှမထူးဘူး၊ အဲဒီ သစ်တုံးကြီးကို ကြည့်ပြီးတော့ မြတ်စွာဘုရားက ရဟန်းတွေကို ဆုံးမတယ်။ “အေး၊ ကြည့်ကြစမ်း၊ ဟိုမှာ သစ်တုံးကြီး မျောနေတာ တွေ့ကြလား၊ အဲဒီ သစ်တုံး ကြီးဟာ အခြေအနေ ကောင်းလို့ရှိရင် ပင်လယ်ထဲ ရောက်သွားမှာတဲ့၊ အခြေအနေမကောင်းရင်၊ အနှောင့် အယှက်(၈)မျိုးနဲ့တွေ့ပြီး သစ်တုံးကြီးဟာ ပင်လယ်ထဲ ရောက်မှာ မဟုတ်တော့ဘူး” တဲ့။

အနှောင့်အယှက် (၈)မျိုး

အဲဒီ အနှောင့်အယှက် (၈)မျိုးဆိုတာ အဓိက ဘာတုန်းဆိုတော့ မြတ်စွာဘုရားက နံပါတ်(၁)အနေနဲ့ဟောထားတာ အန္တောပူတိ သစ်တုံးကြီးက အဆွေးကြီး ဆိုလို့ရှိရင် ဒီလောက်ဝေးလံတဲ့ခရီးကြီး ရေထဲမျောသွား ရတဲ့ သစ်တုံးကြီးဟာ ဟိုကလှိုင်းပုတ်လိုက် ဒီကလှိုင်း ပုတ်လိုက်၊ ကျောက်ဆောင်နဲ့တွေ့ရင် ကျောက်ဆောင်နဲ့ တိုက်လိုက်ဆိုရင် အဲဒီ သစ်တုံးကြီးဟာ အစိတ်စိတ် အမွှာမွှာဖြစ်ပြီး ပကတိ အကောင်းအတိုင်း ပင်လယ်ထဲ ရောက်နိုင်ပါ့မလား၊ မရောက်နိုင်ဘူး။ အဲဒီ ဆွေးနေတဲ့ သစ်တုံးဟာ လှိုင်းပုတ်တာနဲ့ တစ်စစီ ဖြစ်သွားမှာ။

ဆွေးနေတဲ့ သစ်တုံးလိုပဲ ဘုန်းကြီးတို့တစ်တွေ ကိုယ့်ကိုယ်ကို ခံစားပြီးတော့ကြည့်ရအောင်။ အတွင်းက ပုပ်ပြီးတော့ ဆွေးနေတဲ့သစ်တုံး ဆိုတာ ဘာကိုပြောတာ လဲ၊ နိဗ္ဗာန်ရောက်ဖို့အတွက် (သို့မဟုတ်) ပင်လယ်ထဲ ရောက်ဖို့ရာအတွက် သစ်တုံးဟာ အကောင်းပကတိ ဖြစ်ဖို့ လိုအပ်သလို နိဗ္ဗာန်သွားဖို့အတွက် ဘုန်းကြီးတို့ တစ်တွေမှာလည်း သစ်တုံးအဆွေးကြီးမဖြစ်ဖို့ လိုအပ် တယ်၊ ကိုယ့်ဘာသာကိုယ်ကြည့်၊ သစ်တုံးအဆွေးကြီး ဟုတ်မဟုတ်။

“သစ်တုံးအဆွေး” ဆိုတာ ဘာပြောတာလဲဆိုရင် ကိုယ်ကျင့်တရား ပျက်ပြားနေတဲ့ပုဂ္ဂိုလ်ကို ပြောတာ၊ ကိုယ်ကျင့်သီလ မရှိတဲ့ပုဂ္ဂိုလ်ဟာ သစ်တုံးအဆွေးနဲ့ အတူတူပဲ၊ အတွင်းမှာ ဘာအနှစ်မှမရှိဘူး၊ အန္တောပူတိ အတွင်းမှာ ပုပ်နေတယ်၊ ကသမ္ဗုဇာတော ယောက်သွား ဆိုတာ အပြင်ဘက်ကအခွံမာတယ် မဟုတ်လား၊ ပုပ်ရင် အတွင်းထဲကပုပ်တယ်၊ အဲဒီလိုပဲ ကိုယ်ကျင့်တရား ပျက်ပြီးတော့ ဖုံးဖိထားရတဲ့ ကိုယ်ကျင့်တရားရှိတယ်၊ လောကလူတွေ ဖုံးဖိပြီးတော့ ဟန်ဆောင်နေကြတယ်။

အဲဒါကို မြတ်စွာဘုရားက ဘာပြောတုန်းဆိုတော့ “ရွှေရည်သုတ်ထားတဲ့ မြေနားဍောင်း” တဲ့။ ရွှေရည် သုတ်ထားတော့ အပြင်ဘက်က ကြည့်လိုက်ရင်တော့ ရွှေနားဍောင်းလေးလိုပဲ ဝင်းဝင်းလက်လက်နဲ့၊ သို့သော် လည်း အတွင်း ကြည့်လိုက်လို့ရှိရင် မြေကြီးကြီးပဲ၊ ဘာမှမရှိဘူး၊ မြေနားဍောင်းပေါ့၊ ရွှေချထားတဲ့ မြေ နားဍောင်းဟာ ဘာမှ တန်ဖိုးမရှိဘူး။ အဲဒီလိုပဲ ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတာနဲ့ နိဗ္ဗာန်ကို ဦးတည်သွားနိုင်ပြီလားဆိုတာ လမ်းမှာ အခက်အခဲတွေ အများကြီးရှိသေးတယ်၊ အနှစ်သာရ ရှိတဲ့ သစ်တုံးပဲဖြစ်လင့်ကစား လှိုင်းပုတ်လို့ ဟိုဘက်ကမ်း ကို တင်သွားမယ်ဆိုရင် ရောက်ပါ့မလား၊ မရောက်ပါ ဘူး။

နံပါတ်(၃) အေး ဒီဘက်ကမ်း တင်သွားရင်ရော မရောက်နိုင်ဘူးတဲ့၊ ဟိုဘက်ကမ်းလည်း မတင်ပါမှ၊ ဒီဘက်ကမ်းလည်း မတင်ပါမှ ပင်လယ်ထဲ ရောက်မယ် ပေါ့။

နံပါတ်(၄) တစ်ခါတစ်ရံ ဟိုဘက်ကမ်းလည်း မတင်ပါဘူး၊ ဒီဘက်ကမ်းလည်း မတင်ပါဘူး၊ ရေစိမ်ဝပြီး တော့ သစ်တုံးကြီးဟာ မပေါ်နိုင်တော့ဘဲ ရေထဲမြုပ် သွားမယ်၊ တစ်ချို့သစ်တုံးတွေက လေးပြီးတော့ ရေထဲ မြုပ်သွားတာ ရှိတယ်နော်၊ အဲဒီလို ရေထဲမြုပ်နေတဲ့ သစ်တုံးကရော ပင်လယ်ထဲ ရောက်ပါ့မလား၊ မရောက် နိုင်ဘူး။ ဟိုဘက်ကမ်းလည်း မတင်မှ ဒီဘက်ကမ်းလည်း မတင်မှ ရေထဲလည်း မမြုပ်မှ ရောက်နိုင်မယ်တဲ့။ အပြင်ဘက်ကနေ ကြည့်လိုက်ရင် သူတော်စင်အသွင် ဆောင်နေပေမယ့်၊ လူတော်လူကောင်းအသွင် ဆောင် နေပေမယ့် သူဟာ တန်ဖိုးမရှိဘူးတဲ့။ အတွင်းက ပုတ်ဆွေးနေတဲ့ သစ်တုံးလိုပဲ နိဗ္ဗာန်ကို မရောက်နိုင် ပါဘူးတဲ့၊ လမ်းတင်ပဲ တစ်စစီကွဲသွားမှာ။

နံပါတ်(၁) အရေးကြီးဆုံးက သစ်တုံးသစ်ဆွေး မဖြစ်ဖို့ဘဲ ဖြစ်တယ်၊ မြတ်စွာဘုရားက ဟောတယ် အဲဒီ သစ်တုံးကြီးဟာ အနှစ်သာရပြည့်နေတဲ့သစ်တုံး ဆိုရင် တော့ ပင်လယ်ထဲအထိ ရောက်မှာပဲတဲ့၊ အနှစ်သာရ မပြည့်ဘဲနဲ့ အတွင်းမှာ ပုပ်နေရင်တော့ လမ်းမှာတင်ပဲ လှိုင်းပုတ်တာနဲ့ တစ်စစီဖြစ်ပြီးတော့ ပင်လယ်ထဲ ရောက်မှာ မဟုတ်တော့ဘူး၊ အဲဒီတော့ သင်ချစ်သားတို့ လည်းပဲ အနှစ်မရှိ အတွင်းပုပ်နေတဲ့ သစ်တုံးတွေ မဖြစ်ပါစေနဲ့လို့ ဒီလိုဟောလိုရင်းဖြစ်တယ်။

နံပါတ်(၂)က အဲဒီသစ်တုံးကြီးဟာ ကောင်းပါပြီတဲ့၊ အနှစ်သာရတော့ပြည့်တယ်၊ လူကလည်း ကိုယ်ကျင့် တရားတော့ ကောင်းပါတယ်၊ ကိုယ်ကျင့်တရား ကောင်း နံပါတ်(၅) ရေထဲလည်း မမြုပ်ဘူး၊ သို့သော် အလယ်က သောင်ထွန်းနေလို့ သောင်တင်သွားရင်ရော အဲဒီသစ်တုံးဟာ ပင်လယ်ထဲ ရောက်ပါ့မလား၊ မရောက် တော့ဘူး၊ ကြည့် မရောက်နိုင်တဲ့ အနေအထားတွေကို မြတ်စွာဘုရားက ဟောနေတာနော်၊ သစ်တုံးကြီးဟာ သောင်တင်သွားတယ်ဆိုရင် ဘယ်လိုမှ မရောက်တော့ ဘူး၊ ရှေ့ဆက်သွားဖို့ မရှိတော့ဘူး၊ ခရီးကရပ်သွားပြီ။

နံပါတ်(၆) သောင်တော့ မတင်ဘူး၊ မျောတော့ မျောနေတာပဲ၊ သို့သော် လူတွေက ထင်းလုပ်ဖို့ ဆယ်ပြီး တော့ အိမ်ယူသွားမယ်၊ တစ်ခုခုအသုံးချဖို့ သစ်တုံး ကြီးကို ဆယ်ယူသွားမယ်ဆိုရင်ရော ရောက်ပါ့မလား၊ မရောက်တော့ဘူးပေါ့။

နံပါတ်(၇) လူကတော့ မဆယ်ဘူး၊ မမြင်ရတဲ့ နတ်တွေဘာတွေက အဲဒီ သစ်တုံးကြီးကို မ,ယူသွား လို့ရှိရင်ရော မရောက်နိုင်ဘူး။

ဟော နောက်တစ်ခု နံပါတ်(၈)က လူကလည်း မဆယ်ဘူး၊ နတ်ကလည်း မဆယ်ဘူး၊ ပေါလော ပေါလောနဲ့ ရေထဲမှာမျောနေမယ်၊ ဒါပေမယ့် ဝဲနဲ့တွေ့ပြီး ဝဲကစုတ်ယူထားလိုက်မယ်ဆိုရင် ဝဲလည်နေတဲ့ သစ်တုံး ဟာ ပင်လယ်ထဲ ရောက်ပါ့မလား၊ မရောက်တော့ဘူး ပေါ့။

မရောက်နိုင်တာတွေ အများကြီး ရှိတယ်ပေါ့။ အဲဒီတော့ အခြေအနေတွေအားလုံး ကျော်လွှားပြီး တော့ လမ်းခရီးက အဟန့်အတားတွေကို အကုန်လုံး ဖယ်ရှားပစ်နိုင်တဲ့အခါမှသာ အဲဒီ သစ်တုံးကြီးက ပင်လယ်ထဲ ရောက်သွားနိုင်တယ်လို့ ရဟန်းတွေကို သစ်တုံးကြီးကို ကြည့်ပြီးတော့ မြတ်စွာဘုရားက တရားဟောတယ်။

အဲဒီသစ်တုံးကြီးဟာ(၁)ဟိုဘက်ကမ်းလည်း မတင် ဘူး၊ (၂) ဒီဘက်ကမ်းကိုလည်း မတင်ဘူး၊ (၃) အလယ် ခေါင်လည်း မြုပ်မသွားဘူး၊ (၄) သောင်လည်း မတင် ဘူး၊ (၅) လူတွေကလည်း မဆယ်ဘူး၊ (၆) နတ်ကလည်း မဆယ်ဘူး၊ (၇) ဝဲကလည်း စုတ်မထားဘူး၊ (၈) အတွင်း ကလည်း မပုပ်ဘူး၊ သစ်တုံးအကောင်းစား ဆိုရင်တော့ဖို့ လိုအပ်တယ်။ ဘာဖြစ်လို့တုန်းဆိုရင် ငါဟောထားတဲ့ သမ္မာဒိဋ္ဌိ ဆိုတာ နိဗ္ဗာန်ကို ဦးတည်ထားတာ ဖြစ်တယ်” တဲ့။

ရဟန်းတစ်ပါးက လျှောက်တယ်၊ ဟိုဘက်ကမ်း ဆိုတာ ဘာကိုပြောတာပါလဲဘုရား၊ ဒီဘက်ကမ်း ဆိုတာ ဘာလဲဘုရား။ အေး နိဗ္ဗာန်သွားဖို့ရာအတွက် အဟန့် အတားတွေက အများကြီးရှိတယ်၊ ကမ်းမတင်ဖို့ အရေး ကြီးသေးတယ်၊ ရေကြောင်းခရီးနဲ့ သွားမယ်ဆိုရင် ကမ်းပေါ်တက်ပြီးလို့ရှိရင် ပြန်ဆင်းဖို့ မလွယ်ဘူးလေ။

အဲဒီတော့ မြတ်စွာဘုရားက ဒီဘက်ကမ်း ဆိုတာ တခြားမဟုတ်ဘူးတဲ့၊ ကိုယ့်သန္တာန်မှာရှိနေတဲ့ မျက်စေ့၊ နား၊ နာ၊ လျှာ၊ ကိုယ်၊ စိတ် လို့ဆိုတဲ့ ပြင်ပက ဗဟိဒ္ဓ အာရုံတွေကိုယူနိုင်တဲ့ အဇ္ဈတ္တိအာယတန(၆)ပါးကို ခေါ်တာ ဖြစ်တယ်၊ ကဲ ဘုန်းကြီးတို့တစ်တွေမှာ မျက်စေ့ မရှိဘူးလား၊ မျက်စေ့ရှိတယ်၊ နားရှိတယ်၊ နှာခေါင်း ရှိတယ်၊ လျှာရှိတယ်၊ ကိုယ်ရှိတယ်၊ စိတ်ဆိုတာရှိတယ်၊ အဲဒီပေါ် တင်သွားတယ်ဆိုတာ လူတွေဟာ “ကိုယ့်

မျက်စေ့လေးကို ဧတံ မမ ငါ့မျက်စေ့၊ ဧသောဟမသ္မိ မျက်စေ့ဟာငါပဲ၊ ဧသော မေ အတ္တာ ငါလိုချင်တိုင်း ရတဲ့ အရာလေးပဲ၊ ငါ့ရဲ့ အတ္တပဲ” လို့ဆိုတဲ့ မမှန်ကန်တဲ့ အတွေးတွေနဲ့ မျက်စေ့ပေါ်မှာ ဆင်ခြင်သုံးသပ်နေမယ် ဆိုရင် ကမ်းတင်သွားပြီ။

အဲဒီအတွေး ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် ဒီဘက် ကမ်းမှာ တင်သွားပြီ၊ တင်သွားပြီဆိုရင် နိဗ္ဗာန်ရောက်ဖို့ မလွယ်ဘူးပေါ့၊ နိဗ္ဗာန်လမ်းကြောင်းပေါ်ကနေ ဘေး ရောက်သွားပြီ။ နားလေးကို ငါ့နားလို့၊ နှာခေါင်းလေးကို ငါ့နှာခေါင်းလို့၊ လျှာလေးကို ငါ့လျှာလို့၊ ခန္ဓာကိုယ်ကို ငါ့ခန္ဓာကိုယ် အဲဒီအတွေးအမြင်တွေနဲ့ တွယ်တာနေမယ် ဆိုရင် ဒီဘက်ကမ်းပေါ်မှာ တင်သွားတာပါပဲတဲ့။ နိဗ္ဗာန်ရောက်ဖို့ မရှိတော့ဘူး၊ ဒီဘက်မှာ တင်နေပြီ ဟုတ်ကဲ့လား။ မျက်စေ့၊ နား၊ နာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ အာရုံတွေကို ရယူတတ်တဲ့sense organs တွေ ပေါ့၊ အဲဒီ sense organs တွေပေါ်မှာ စွဲလမ်းသွားပြီ ဆိုကတည်းက စွဲလမ်းသွားတာဟာ တင်သွားတာပဲပေါ့။

မျက်စေ့ပေါ်မှာ တွယ်တာတယ်၊ နားပေါ်မှာ တွယ်တာတယ်၊ နှာခေါင်းပေါ်မှာ တွယ်တာတယ်၊ လူတွေခြုံပြောရင် မျက်စေ့တွယ်တာလို့၊ တစ်ချို့ဆိုလို့ ရှိရင် အမေမွေးတဲ့ မျက်စေ့က အညိုရောင်လေး အနက်ရောင်လေးဆိုရင် ဘာအရောင်ဆိုးကြသေးတုန်း၊ မဆိုးဘူးလား၊ ဆိုးတယ်။ အဲဒီလို မလှလှအောင်၊ မကောင်းကောင်းအောင်၊ မသာယာတာကို သာယာ ဖွယ်ဖြစ်အောင် ပြုပြင်ပြီးတော့ မနေကြဘူးလား၊ အဲဒါ ကမ်းပေါ်မှာ တင်နေတာ ဖြစ်တယ်။ အဲဒါ ကိုယ့်ကိုယ်ကို ကမ်းတင်နေတာကို တင်မှန်းမသိဘူး ဖြစ်နေတယ်။ အဲဒါဟာ ကမ်းပေါ်ရောက်နေတာဖြစ်တယ်၊ နိဗ္ဗာန် သွားရပါလို၏လို့ ဆုတောင်းနေပေမယ်လို့ ကမ်းပေါ်မှာ ရောက်နေတယ်၊ လမ်းကြောင်းအပြင် ရောက်နေတယ်။

ကဲ တစ်ဖက်ကမ်းကို ကြည့်လိုက်ဦး၊ မျက်စေ့က မြင်တဲ့ အဆင်းအာရုံကို လှလိုက်တာလို့ တွေးတယ်၊ လှလိုက်တာလို့ ပြောတာနဲ့၊ လိုချင်လိုက်တာလို့ ပြောတာ နဲ့၊ လောဘကလာပြီ။ မုန်းစရာ ကောင်းတယ်လို့ ပြောလိုက်တာနဲ့ ဒေါသက မလာဘူးလား၊ လာတယ်။ မျက်စေ့က မြင်ရတဲ့အာရုံ၊ နားက ကြားရတဲ့အသံ၊ လောကလူတွေ နေ့စဉ်နဲ့အမျှ ပြောနေတာ မျက်စေ့က မြင်ထားတဲ့ အာရုံကိုပြောတယ်၊ နားက ကြားရတဲ့ အသံကို ပြောတယ်၊ နှာခေါင်းက အနံ့အာရုံအကြောင်း ပြောတယ်၊ အာရုံအကြောင်းတွေ ပြောနေတာ အဲဒီ အပေါ်မှာ မက်မောနေကြတာပဲ။

မြင်စရာအာရုံက ကိုယ့်အိမ်ထဲမှာ နေ့တိုင်း မြင်နေ ပြီး ရိုးတော့ အပြင်ထွက်ကြည့်တယ်၊ အသံကလည်း ကိုယ့်အိမ်က ကြားနေကျအသံတွေ ရိုးတဲ့အခါ သာယာ ဖွယ် အသစ်လေးများ တွေ့တဲ့အခါ နားကျပ်လေးနဲ့ ထည့်ပြီး နားမထောင်ဘူးလား၊ ထောင်တယ်။ ဒါကြောင့် ဆိုင်တွေရောင်းကောင်းတာ။ Mp.4 တို့ Mp.3 တို့လေ၊ သီချင်းသံလေး တငြိမ့်ငြိမ့်နဲ့ တစ်ချို့များ နားထဲ နားကြပ် ကလေးထည့်ပြီးတော့ တစ်ယောက်ထဲ လှုပ်နေတာ ရှိသေးတယ်။ ဘေးကနေကြည့်ရင် ဒီလူဟာ ဘာဖြစ် နေတာတုန်း၊ ငလျင်များ လှုပ်နေသလားလို့ ထင်ရတယ်။

ယိမ်းထိုးနေတာ၊ အသံက စည်းချက်ပေးနေတာ၊ အဲဒီ စည်းချက်နောက်လိုက်ပြီး ယိမ်းထိုးနေတာပေါ့။ အဲဒါ ကမ်းတင်နေတာပဲ။ အဲဒါကို ဟိုဘက်ကမ်းလို့ ခေါ်တာ ဖြစ်တယ်။

မျက်စေ့က ဒီဘက်ကမ်းဆိုရင် မျက်စေ့ကမြင်ရတဲ့ အာရုံတွေက ဟိုဘက်ကမ်း မဟုတ်ဘူးလား။ နားက ဒီဘက်ကမ်းဆိုရင် နားက ကြားရတဲ့ အသံလေးက ဟိုဘက်ကမ်းဖြစ်တယ်၊ အဲဒီတော့ ဟိုဘက်ကမ်း တင်လိုက် ဒီဘက်ကမ်းတင်လိုက်နဲ့ ဘယ်ရောက်တော့ မှာတုန်း၊ နိဗ္ဗာန်ရောက်ဖို့ရာအတွက် ဟိုဘက်ကမ်းနဲ့ ငြိလိုက်၊ ဒီဘက်ကမ်းနဲ့ ငြိလိုက်နဲ့။ နှာခေါင်းကလည်း မွှေးကြိုင်တဲ့ အနံ့လေးဆိုရင် ကြိုက်တယ်လေ၊ ဒါကြောင့် မို့ ရေမွှေးအမျိုးမျိုး ထွက်တိုင်းထွက်တိုင်း ဝယ်တယ်။ ပေါင်ဒါကလည်း ထွက်တိုင်းထွက်တိုင်း ဝယ်တော့ ဒီကနေ့ခေတ်မှာ ကြည့်လိုက် ဘာသနပ်ခါးတို့၊ ညာ သနပ်ခါးတို့၊ ဘာ ပေါင်ဒါတို့၊ ညာ ပေါင်ဒါတို့၊ အဲဒါ ကမ်းတင်နေတာတွေပဲ။ အကုန်လုံးနော်၊ နည်းသလား။

ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော အခုမှ ပစ္စယောပဲရှိသေးတယ် လူက ကမ်းပေါ် ရောက်နေပြီ။ လျှာကရော ကမ်းမတင်ဘူးလား။ အရသာဆိုတဲ့ ဟိုဘက်ကမ်းပေါ်မှာ သွားတင်နေသေးတယ်။ အိမ် ထမင်း စားမကောင်းလို့ စားသောက်ဆိုင်သွားစားတယ်၊ မြန်မာထမင်းဟင်း ရိုးသွားလို့ ကိုရီးယား အစားအစာ သွားစားတယ်။ ထိုင်းအစားအစာစားတယ်။ အသားကင် ဆိုရင် သွားစားကြပြန်ရော။ ဘယ်ဆိုင်က ကောင်းတယ် ဆိုရင် သတင်းတောင် ပေးလိုက်ကြသေးတယ်၊ ဟုတ်လား၊ ကမ်းတင်လိုက်ပုံကနော်၊ ဟိုဘက်ကမ်း တင်မသွားဘူးလား။

ဒါ တစ်ကမ္ဘာလုံး ခြုံပြီးကြည့်၊ လူသားတွေရဲ့ အနေအထားကိုကြည့်၊ ဒီဘက်ကမ်း တင်လိုက် ဟိုဘက် ကမ်း တင်လိုက်နဲ့ ဘယ်လိုလုပ်ပြီး ရှေ့ခရီးဆက်လို့ ရမှာတုန်း။ အထိအတွေ့ ဆိုလို့ရှိရင်လည်း ကြည့်လေ။ အထိအတွေ့နဲ့ ပတ်သက်လာရင်လည်း အမျိုးမျိုး အဝတ်ကစပြီးတော့ နူးညံ့တဲ့ အဝတ်ကလေးတွေ ကောင်းတာလေးတွေ၊ အိပ်ရာခုတင်ကစပြီး ကောင်း တာလေးနဲ့မှ၊ ဒါလည်း ကမ်းတင်သွားတာပဲပေါ့၊ ဇိမ်ခံဖို့ လုပ်တာမှန်သမျှ အကုန် ကမ်းတင်သွားတာပဲ။ ဒီ့ပြင် ဟာတွေ ဖယ်လိုက်ဦး၊ ဩော် စိတ်ထဲကနေပြီးတော့ အတွေးလှလှလေးတွေ တွေးနေရလို့ ရှိရင်လည်း လူက ကျေနပ်နေသေးတယ်၊ အဲဒါလည်း ဟိုဘက်ကမ်း တင်နေတာပါပဲ။

ကဲ - ခြုံငုံပြောလိုက်မယ်ဆိုရင် ဒီဘက်ကမ်းဆိုတာ အဇ္ဈတ္တိကာယတန(၆)ပါး။ စာထဲကဟာကို သွားသတိ မရနဲ့။ အဇ္ဈတ္တိကာယတန(၆)ပါး လို့ ပြောလိုက်တယ် ဆိုရင် မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတာကို ပြောတာဖြစ်တယ်။ ဩော် ဟိုဘက်ကမ်းလို့ ပြောတာ တစ်ပြိုင်နက် ဗာဟိရာယတန(၆)ပါး။ မြင်စရာ အာရုံ၊ ကြားစရာ အသံ၊ နမ်းရှူစရာ အနံ့၊ လျက်စရာ အရသာ၊ ထိတွေ့စရာ အထိအတွေ့နဲ့ စိတ်ကူးကြံစည်စရာ အာရုံ တွေကို မှတ်ယူရမယ်ပေါ့၊ အဲဒီတော့ ဟိုဘက်ကမ်း တင်လိုက် ဒီဘက်ကမ်းတင်လိုက်နဲ့ နိဗ္ဗာန်ကိုရောက်နိုင် ပါ့မလား။

ဒီဘက်ကမ်း တင်နေတာနဲ့ ပြီးသွားရော တစ်ဘဝ။ ဟိုဘက်ကမ်း တင်နေတာနဲ့ ပြီးသွားပြန်ရော တစ်ဘဝ။ အဲဒီလို ဘဝပေါင်းများစွာ နေသွားတဲ့သူတွေ ဘယ်လို လုပ်ပြီး နိဗ္ဗာန်ရောက်နိုင်ပါ့မလဲ။ ဟိုဘက်ကမ်းလည်း မကပ်နဲ့၊ ဒီဘက်ကမ်းလည်း မကပ်နဲ့ဆိုတာ မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ပေါ်မှာလည်း စွဲလမ်းမှု မပြုနဲ့။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ အပေါ်မှာလည်းပဲ မက်မက်မောမောနဲ့ မတွယ်တာနဲ့။ အဲဒါဆိုရင်တော့ ဟိုဘက်ကမ်းလည်း မကပ်ဘူး၊ ဒီဘက် ကမ်းလည်း မကပ်ဘူး၊ ရှေ့ဆက်သွားဖို့ရာ မဖြစ်ပေ ဘူးလား။

အလယ်ခေါင်နေရမယ် သို့သော်လည်း စိတ်မချနဲ့ ဦး။ လူတွေမှာ ဘာဖြစ်နိုင်သလဲ ဆိုလို့ရှိရင် နန္ဒီရာဂ ထဲ နစ်သွားနိုင်သေးတယ်တဲ့။ ဟောဒီ ရေထဲမှာ နစ်သွား နိုင်သေးတယ်။ ဟိုဘက်ကမ်းတော့ မတင်ပါဘူး၊ ဒီဘက်ကမ်းလည်း မတင်ပါဘူး၊ သို့သော် ရေထဲမြုပ်သွားတယ်၊ ရေထဲမြုပ်သွားတယ်ဆိုတာ မိသားစုထဲက ခေါင်းကို မဖော်နိုင်ဘူး၊ သံယောဇဉ်တွေကြီးလို့။ ဘယ်မှမသွားနိုင် ဘူး။ မြေး စိတ်မချလို့၊ သားသမီး စိတ်မချလို့ ဘယ်မှ မသွားနိုင်ဘူး။ ဟော မြုပ်မနေဘူးလား၊ ဒီဘက်ကမ်း လည်းမကပ်၊ ဟိုဘက်ကမ်းလည်း မကပ်နဲ့၊ ရေလယ် ခေါင်မှာလည်း မြုပ်သွားနိုင်တာပဲ။ နန္ဒီရာဂ တဲ့။ နှစ်သက် စရာ အာရုံနဲ့တွေ့ရင် နှစ်သက်လိုက်တယ်။ တွယ်တာ စရာ အာရုံရှိရင် တွယ်တာလိုက်တယ်ဆိုရင် မြုပ်သွားပြီ။

အေး မြုပ်လည်းမမြုပ်ဘူး၊ ဟိုဘက်ကမ်းလည်း မတင်ဘူး၊ ဒီဘက်ကမ်းလည်း မတင်ဘူးဆိုရင် ဘာ လာပြန်တုန်းဆို မြစ်လယ်ခေါင်မှာ သောင်ထွန်းနေတာ မျိုးလို လူတွေမှာ ခုနက သံယောဇဉ်တွေ စွန့်လိုက် နိုင်ပြန်တော့ ဘာလာတုန်းဆိုရင် အသ္မိမာန ငါ ဆိုတဲ့ မာနလေး ကျန်နေတယ်။ တရားကျောင်း သွားရင်လည်း အဲဒါလေးက ပါလာတယ်။ ငါ ဉာဏ်စဉ်နာပြီးပြီ။ သူတို့က မနာရသေးဘူး။ ငါက တရားကို ဘယ်နှစ်ကြိမ် ဝင်ပြီးပြီ။ သူတို့တစ်ခါမှ မဝင်ဘူး။ ငါက တရား ပေါက်ပြီးသား။ သူတို့တွေ တရားမပေါက်သေးဘူး။ သူတို့က တရားနဲ့ ဝေးနေတယ်၊ အဲဒါမျိုးတွေ မလာ ဘူးလား။ အသ္မိမာန တဲ့။

အဲဒီ မာနမျိုးမပြောနဲ့ ရှင်အနုရုဒ္ဓါ ရဲ့ မာနမျိုး တောင်မှပဲ ရဟန္တာဖြစ်ဖို့ အဟန့်အတားကြီး ဖြစ်သွား သေးတယ်။ “ငါ စကြဝဠာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်” လို့ တွေးမိတာ၊ အဲဒီ အတွေးလေး ကြောင့်မို့ သူဟာ ရဟန္တာမဖြစ်ဘူး။ ရှင်သာရိပုတ္တရာ ကထောက်ပြတယ်။ အဲဒီအတွေး မတွေးနဲ့တဲ့။ ဒါ မာနအတွေးတဲ့။ အဲဒါကို ဖယ်လိုက်မှ ရဟန္တာဖြစ်တာ။ နို့မို့ဆိုရင်မဖြစ်ဘူး။ ဘယ်လောက် သမာဓိ ကောင်းနေ လဲ၊ ဒိဗ္ဗစက္ခု အဘိညာဉ် ရ,ထားတဲ့ ပုဂ္ဂိုလ်၊ စျာန်တွေ အကုန် ရထားတဲ့ပုဂ္ဂိုလ်၊ သို့သော် ဒါလေး ခံနေတယ်။ အဲဒါ သောင်တင်တာ ခေါ်တယ်နော်။ ရှေ့ဆက်လို့ မရဘူး။ သင်္ဘောတွေ သောင်တင်သွားရင် ရှေ့ဆက် မောင်းလို့ ရပါမလား၊ မရဘူး။ ရှေ့တိုးမရဘူး၊ အဲဒီ မာနကလည်းပဲ အင်မတန် သတိထားရတယ်၊ အဲဒါ ကိုလည်း ပယ်ဖို့ လိုအပ်တယ်။

အဲဒါ ပယ်လိုက်ပါပြီ၊ ပတ်ဝန်းကျင်နဲ့ လိုက်လိုက် လျောလျော နေတယ်။ ဘုန်းကြီး ရဟန်းတွေဆိုရင် ဒကာ၊ ဒကာမတွေနဲ့ သံယောဇဉ်ဖြစ်ပြီ၊ လူ့ သံယောဇဉ် တော့ ခွာလိုက်ပါပြီ၊ မိသားစု သံယောဇဉ် မရှိဘူး၊ အိမ်ထောင်မရှိသည့် အတွက်ကြောင့် အိမ်ထောင် သံယောဇဉ် မရှိဘူး၊ ဒါပေမယ့် ကိုးကွယ်တဲ့ ဒကာ၊ ဒကာမတွေ အပေါ်မှာ သံယောဇဉ် ဖြစ်နေပြီ၊ ဒါဆို လူဆယ် ခံလိုက်ရတာပဲ။

စိတ်ထဲမှာ ဒီဘဝမှာ နိဗ္ဗာန်မရောက်သေးရင် ဟောဒီ အကျင့်ကလေးကြောင့် ငါ နတ်ပြည် ရောက်ပါ ရစေ၊ နတ်မင်းကြီး ဖြစ်ပါရစေ၊ ဒီလို အတွေးလေးတွေ ဝင်လာပြီးတော့ ကိုယ်ကျင့်ထားတဲ့ အကျင့်လေးတွေနဲ့ နတ်ပြည်ကို အလဲအလှယ် လုပ်ချင်လာတယ်။ နိဗ္ဗာန် ဆိုတာ ဘယ်မှန်း မသိသေးဘူး။ နိဗ္ဗာန်သွားဖို့ စောပါ သေးတယ်။ နတ်ပြည်က နတ်စည်းစိမ်လေး ခံလိုက် ဦးမှပဲလို့ အတွေးကလေး ဝင်လာပြီး ငါကျင့်ထားတဲ့ အကျင့်ကလေးတွေနဲ့ နတ်ပြည် သွားချင်ပါတယ်ဆိုတဲ့ အတွေးလေး ဝင်လာခဲ့လို့ရှိရင် နတ်အဆယ် ခံလိုက် ရပြန်ရော။ အဲဒီ ပုဂ္ဂိုလ်ဟာနော် နိဗ္ဗာန် မရောက်နိုင် တော့ဘူး။ ဟုတ်ကဲ့လား၊ အဲဒါဟာ နတ်ရဲ့ အဆယ် ခံလိုက်ရတာပါပဲ။

ကဲ ကောင်းပြီ၊ လူလည်းမဆယ်ဘူး၊ နတ်လည်း မဆယ်ဘူး၊ သို့သော်လည်း ကာမဂုဏ် အာရုံတွေထဲ ကနေ ခွဲမထွက်နိုင်ဘူး၊ ကာမဂုဏ်ဆိုတာ ကာမ ဆိုတာဟာ နှစ်သက်စရာအာရုံကို ကာမလို့ခေါ်တာ ဖြစ်တယ်။ အဲဒီ နှစ်သက်စရာ အာရုံများဟာ လူ့ရဲ့ စိတ်ကို နှောင်ဖွဲ့ထားတတ်သောကြောင့် ဂုဏ ဂုဏ်လို့ ပြောတာဖြစ်တယ်။ ဂုဏ်ကျက်သရေရှိတဲ့ဂုဏ် မဟုတ် ဘူး။ ကာမဂုဏ ဆိုတဲ့ အနှောင်အဖွဲ့လို့ ဒီလို ဆိုလို တယ်။ သစ်တုံးတစ်ခုဟာ ဝဲလယ်နေတယ်ဆိုရင်၊ ထိုသစ်တုံးဟာ ဝဲစုပ် ခံလိုက်ရပြီဆိုရင်၊ ထိုသစ်တုံးဟာ ရှေ့ဆက်ရွှေ့လို့ ရပါ့မလား၊ မရတော့ဘူး၊ ဒီနားမှာပဲ ဝဲလယ်နေတယ်။

လောကလူတွေဟာလည်းပဲ ကာမဂုဏ် အာရုံ တွေကို မပယ်ဖျက်နိုင်သည့်အတွက်ကြောင့် ဝဲလည်နေ တယ်၊ ဝဲလည်တယ်ဆိုတာ ကြည့်လေ၊ ခုန ဝဲလည်နေပုံ က လူတွေက ညည်းတာ ညည်းတာ၊ ညည်းပြီးတော့ ဝေ့နေတယ် ဆိုတာလို ဒီနားတင်ပဲ ဝေ့ဝေ့နေတာပေါ့။ မသွားနိုင်ဘူး၊ အဝေးကို မသွားနိုင်ဘူး။ ဒီအာရုံလေးမှာပဲ လှည့်ပြီးတော့ ပျော်ချင်နေတယ်။ ကာမဂုဏ် အာရုံတွေ ထဲမှာ ပျော်နေတာ။ အဲဒါကို ဝဲလည်နေတာလို့ ခေါ်တယ်။ အဲဒီလို ဝဲလည်နေတာကနေ မထွက်နိုင်လို့ ရှိရင် အဲဒီ သစ်တုံးကြီးဟာ ဘယ်တော့မှ ပင်လယ်ထဲကို မရောက်နိုင်ဘူး။ ကာမဂုဏ်အာရုံဆိုတဲ့ ဝဲထဲက မထွက် နိုင်တဲ့ ပုဂ္ဂိုလ် ဆိုတာဟာလည်း ဘယ်တော့မှ နိဗ္ဗာန် မရောက်နိုင်ဘူး။ ဒီလိုဆိုလိုတာ ဖြစ်တယ်ပေါ့။ အားလုံးခြုံပြီးတော့ ကြည့်လိုက်ရင် မြတ်စွာ ဘုရားက ဒါရုက္ခန္ဓောပမသုတ္တန်ဆိုတာကို ကောသမ္ဗီပြည်နားက ဂင်္ဂါမြစ် ကမ်းမှာ ဟောတာ။ ဂင်္ဂါမြစ်ကမ်းမှာ သစ်တုံးကြီးမျောနေတာကို ကြည့်ပြီးတော့ ဒီတရားကို ဟောလိုက်တာ ဖြစ်တယ်။ “မြင်ကြလားဟေ့ ဟိုနားမှာ သစ်တုံးကြီး မျောနေတာ။ အဲဒီ သစ်တုံးကြီးဟာ ဟိုဘက်ကမ်းလည်း မတင်ဘူး၊ ဒီဘက်ကမ်းလည်း မတင်ဘူး။ ရေထဲလည်း မြုပ်မသွားဘူး။ သောင်လည်း မတင်ဘူး၊ လူလည်း ဆယ်မသွားဘူး၊ နတ်ကလည်း ဆယ်ယူမသွားဘူး၊ ဝဲလည်း မစုပ်ဘူးဆိုရင် ပင်လယ်ထဲ ရောက်မှာပေါ့။ အေး မင်းတို့တတွေလည်း နိဗ္ဗာန်ကို အရောက်သွားကြရမယ်။ အရောက်သွားတဲ့ အခါမှာ ဟိုဘက်ကမ်းလည်း မတင်စေနဲ့နော်။ ဒီဘက်ကမ်း လည်း မတင်စေနဲ့။ ရေထဲလည်း မြုပ်မသွားစေနဲ့၊ သောင်လည်းပဲ မတင်စေနဲ့၊ လူဆယ်တာလည်း မခံရ စေနဲ့၊ နတ်ဆယ်တာလည်း မခံရစေနဲ့၊ ဝဲစုပ်တာလည်း မခံရစေနဲ့၊ အတွင်းပုပ်တဲ့ သစ်တုံးမျိုးလည်း မဖြစ်စေ ကြနဲ့”

မြတ်စွာဘုရားက ဒီသစ်တုံးကြီးကို ကြည့်ပြီးတော့ ရဟန်းတွေကို နိဗ္ဗာန်သွားဖို့ ဦးတည်ပြီးတော့ ဘာတွေ လုပ်ရမယ် ဆိုတာကို ကမ္မဋ္ဌာန်းပေးတာပဲ။ ဟုတ်ကဲ့ လား။ ဒါဟာ ကမ္မဋ္ဌာန်းပေးထားတာ ဖြစ်တယ်။ ဘယ်လို ကမ္မဋ္ဌာန်း ရှုရမှာတုန်းဆိုရင် သမ္မာဒိဋ္ဌိ နဲ့ပဲ သွားမှာပဲ။ မှန်ကန်တဲ့ အမြင်တစ်ခုနဲ့ သွားတာပဲလေ၊ အဲဒီ မဂ္ဂင် (၈)ပါး နဲ့ မှန်ကန်တဲ့ အတွေးတွေကို တွေးလိုက်ပြီ၊ မှန်မှန် ကန်ကန် ကြိုးပမ်းအားထုတ်မှုဆိုတဲ့ သမ္မာဝါယာမ၊ အဲဒီတော့ မှန်မှန်ကန်ကန် အမှတ်ရခြင်းဆိုတဲ့ သမ္မာ သတိ၊ မှန်မှန်ကန်ကန် စိတ်တည်ငြိမ်ခြင်းဆိုတဲ့ သမ္မာ သမာဓိ၊ ကိုယ်ကျင့်သီလလို့ဆိုတဲ့ အခြေအနေကောင်း အဲဒါတွေကို စုပေါင်းလိုက်တဲ့ အခါ မဂ္ဂင်ရှစ်ပါးပဲပေါ့၊ မဂ္ဂင်ရှစ်ပါးနဲ့ အလုပ်လုပ်လို့ရှိရင် ဟောဒီ သစ်တုံးကြီးဟာ ရှောရှောရှူရှူ ပင်လယ်ထဲကို ရောက်သွားသလိုပဲ သင်တို့ တတွေဟာလည်းပဲ နိဗ္ဗာန်ကို ဦးတည်သွားနေပြီး တစ်ချိန်ကြရင် နိဗ္ဗာန်ကိုဝင်သွားမှာပဲလို့ ဒီလို ဟောတာ နော်။

အဲဒီလို မြတ်စွာဘုရားက ဂင်္ဂါမြစ်ကြီးကို လက်ညှိုး ထိုးကာ သစ်တုံးကြီးကိုပြပြီး ဟောနေတဲ့အချိန်မှာ နန္ဒဆိုတဲ့ နွားကျောင်းသားက အဲဒီနားကို မယောင် မလည်နဲ့ ရောက်လာပြီး ဘုရားဟောတာကို နားထောင် နေတယ်။ သစ်တုံးကြီးအကြောင်းကို ပြောနေတာ နားထောင်နေတယ်။ အေးအေးဆေးဆေးကြီး နားထောင်ပြီးတော့ မှတ်သားတယ်ပေါ့။

မြတ်စွာဘုရားက တရားလည်း အဆုံးသတ်လိုက် ရော နန္ဒဆိုတဲ့ နွားကျောင်းသားဟာ သူ့နွားအုပ်ကြီးနဲ့ မလှမ်းမကမ်း ဘုရားရှေ့မှာဒူးထောက်ပြီး “အရှင်ဘုရား တဲ့၊ တပည့်တော်က ဟိုဘက်ကမ်းလည်း မကပ်ပါဘူး၊ ဒီဘက်ကမ်းလည်း မကပ်စေရပါဘူး၊ ရေလယ်ခေါင် လည်း တပည့်တော် မမြုပ်စေရပါဘူး၊ သောင်လည်း မတင်စေရပါဘူး၊ လူဆယ်တာလည်း တပည့်တော် မခံပါဘူး၊ နတ်ဆယ်တာလည်း တပည့်တော်မခံပါဘူး၊

ဝဲလည်း အစုပ်မခံစေရပါဘူး၊ တပည့်တော် အတွင်း ပုပ်ဆွေးနေတဲ့ ကိုယ်ကျင့်သီလပျက်ပြားတဲ့ ပုဂ္ဂိုလ်လည်း မဖြစ်စေရပါဘူး။ တပည့်တော် ရဟန်းဘဝကို ကူးပါ ရစေ ခွင့်ပြုပါဘုရား“လို့ လျှောက်တယ်။

ရဟန်းတွေ တရားထူးရတယ် မရဘူး မပြော တတ်ဘူး။ အဲဒီ နွားကျောင်းသား တစ်ယောက်တော့ တရားထူးရသွားတယ်။ မြတ်စွာဘုရားက “မင်းနွားတွေ ပိုင်ရှင်ကို သွားအပ်လိုက်ဦး“တဲ့။ သူက အခစား နွား ကျောင်းသားကိုးနော်၊ အဲဒီအခါမှာ သူကဘာပြော တုန်းဆို သွားအပ်ရမှာကို တာဝန်ကြီးတစ်ခု ဖြစ်နေ တယ်။ အချိန်မဖြုန်းနိုင်တော့ဘူး။ ဘုရားကို ဘယ်လို လျှောက်တုန်းဆိုတော့ “အရှင်ဘုရား၊ နွားအုပ်ကြီးက အချိန်တန်တော့ အိမ်ပြန်ကြမှာပါ ဘုရား” တဲ့။ မြတ်စွာ ဘုရားက “မဟုတ်ဘူး၊ ကိုယ့်တာဝန်ရှိတယ်၊ အပ်ရမယ်၊ အပ်ပြီးမှ သင်္ကန်းဝတ်ပေးမယ်” ဆိုတော့ သူက ကပျာကယာ မြန်မြန်သွားပြီး နွားတွေရေတွက်ပြီးတော့ ပိုင်ရှင်ကို အပ်ထားခဲ့တယ်။ ပြီးတော့မှ ဘုရားဆီကို ပြန်လာပြီးတော့ သာသနာ့ဘောင်ထဲကို အပြီးဝင်သွား ခဲ့တယ်။

ဒီမှာလည်း တရားပွဲပြီးလို့ သင်္ကန်းလာဝတ်မယ့် သူများ ရှိမလား မသိဘူးနော်။ နန္ဒဆိုတဲ့ နွားကျောင်း သားလေးဟာ မြတ်စွာဘုရားရဲ့ သာသနာမှာ သင်္ကန်း ဝတ်ပြီးတော့ သစ်တုံးကြီး ဥပမာလိုပဲ ဟိုဘက်ကမ်း လည်း မတင်အောင် သူကြိုးစားခဲ့တယ်။ ဘာနဲ့ ကြိုးစား တုန်း မဂ္ဂင်ရှစ်ပါးနဲ့၊ ဒီဘက်ကမ်းလည်း မတင်အောင် သူကြိုးစားခဲ့တယ်၊ သောင်မတင်ရအောင် ကြိုးစား တယ်၊ လူဆယ်မခံရအောင်၊ နတ်ဆယ်မခံရအောင်၊ ဝဲစုပ်မခံရအောင် ကြိုးစားတယ်၊ ကိုယ်ကျင့်သီလနဲ့ ပြည့်ဝပြီး အတွင်းပုပ် မဖြစ်ရအောင် ကြိုးစားလိုက်တာ မကြာခင်မှာ ရဟန္တာဖြစ်သွားပါတယ်တဲ့။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ် အပေါင်းတို့သည် ဒါရုက္ခန္ဓောပမသုတ် အနှစ်ချုပ်ကို ဘုန်းကြီးတို့တတွေက နိဗ္ဗာန်သို့ဦးတည်သွားနေသူ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောကြားတာဖြစ်ပါတယ်၊ Apply လုပ်တဲ့ နည်းနဲ့ ဟောကြားထားတာ ဖြစ်ပါတယ်။ ဤအတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် နိဗ္ဗာန်ကို တို့တတွေ ဦးတည် သွားနေတာ။ ဦးတည်သွားနိုင်ဖို့ရာအတွက် ဟိုဘက် ကမ်းလည်း မတင်အောင်၊ ဒီဘက်ကမ်းလည်း မတင်ရ အောင်၊ အလယ်မှာလည်း မြုပ်မသွားရအောင်၊ သောင် လည်း မတင်စေရအောင်၊ လူဆယ်တာလည်း မခံရ အောင်၊ နတ်ကလည်း အဆယ်မခံရအောင်၊ ဝဲစုပ်မခံရ စေဖို့နဲ့ အတွင်းပုပ် မဖြစ်ရလေအောင် ကိုယ်ကျင့်သီလနဲ့ ပြည့်ဝစေဖို့ သတိထားပြီးတော့ ကိုယ်စီကိုယ်စီ ကြိုးစား အားထုတ်ကြမယ်လို့ အဓိဋ္ဌာန်ပြီး အားလုံး နိဗ္ဗာန်သို့ ဦးတည်ကာ ကြိုးစား အားထုတ်နိုင်ကြပါစေကုန် သတည်း။

h6c4ipx0oq1m5k95234qlo25llgne6i
ဓာတုဝိဘင်္ဂသုတ် အနှစ်ချုပ်
0
5893
22146
21650
2026-06-15T03:25:42Z
Tejinda
173
22146
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ဓာတုဝိဘင်္ဂသုတ် အနှစ်ချုပ်
| previous = [[နိဗ္ဗာန်သို့ ဦးတည်သွားနေသူ]]
| previous2 =
| next = [[အခွင့်ကောင်းကို ရအောင်ယူ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဓာတုဝိဘင်္ဂသုတ် အနှစ်ချုပ်

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၁ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၆၉ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၇)ရက် နေ့ည ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ မင်္ဂလာစျေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ် အပ်သည့် ညဉ့်ဦးယံ ဓမ္မသဘင် အခမ်းအနားဝယ် ဟောကြားအပ်သော “ဓာတုဝိဘင်္ဂသုတ် အနှစ်ချုပ်” တရားဒေသနာတော်။

ဓာတုဝိဘင်္ဂသုတ် အနှစ်ချုပ်

ဗုဒ္ဓမြတ်စွာက တရားနာ ပရိသတ်တွေရဲ့ စရိုက် အားလျော်စွာ ထိုထိုသုတ္တန်များကို ဟောကြားလေ့ ရှိပါတယ်။ ဓာတုဝိဘင်္ဂသုတ် ဆိုတာ ဒီဃနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ မဇ္ဈိမနိကာယ်၊ ခုဒ္ဒကနိကာယ် လို့ နိကာယ်ငါးရပ်ရှိတဲ့အထဲမှာ မဇ္ဈိမနိကာယ် ထဲမှာပါတယ်။

မဇ္ဈိမနိကာယ်မှာ သုတ်ပေါင်း ၁၅၂ သုတ် ရှိတဲ့ အနက် ဓာတုဝိဘင်္ဂသုတ်ကို သုတ်တစ်သုတ်အဖြစ် ထည့်သွင်း မှတ်တမ်းတင်ထားတယ်။ ဓာတုဝိဘင်္ဂသုတ် မှာ မြတ်စွာဘုရားက အဆင့်မြင့်မြင့် ဝိပဿနာတရား ကို ဟောကြားထားတာဖြစ်လို့ တရားနာတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ ဒီသုတ္တန်ရဲ့ သဘောသွားကို နားလည်ဖို့ အလေးအနက် အာရုံစိုက်ပြီးတော့နာဖို့ လိုအပ်ပါ တယ်။

ဗုဒ္ဓမြတ်စွာကလည်း တရားဟောခါနီးမှာ အမြဲတမ်း မိန့်ကြားလေ့ရှိတယ်။ “သာဓုကံ သုဏောဟိ မနသိကရောဟိ” တဲ့။ သာဓုကံ - တကယ့်လေးလေး စားစား၊ သုဏောဟိ - နားစိုက်ပြီး ထောင်ပါတဲ့။ မနသိကရောဟိ- စိတ်ထဲမှာ မှတ်ထားပါ၊ နှလုံးသွင်း ပါလို့ တရားဟောတိုင်း တရားဟောတိုင်းမှာလိုလို မြတ်စွာဘုရားက သတိပေးလေ့ရှိတယ်။ မြတ်စွာဘုရား ဟောတဲ့ တရားတော်တွေဟာ အာရုံစိုက်ပြီး သဘာဝ တရား ဆိုက်အောင်နာမှ ဆိုလိုရင်း အဓိပ္ပာယ်ကို ပေါ်လွင်ထင်ရှားစေနိုင်တယ်။ ဓာတုဝိဘင်္ဂသုတ်မှာ ဝိပဿနာကျင့်စဉ်တစ်ခုကို တရားနာပုဂ္ဂိုလ်၏ စရိုက် အားလျော်စွာ မြတ်စွာဘုရားက ရှင်းလင်းဟောထား တာ ဖြစ်ပါတယ်။

ဓာတုဝိဘင်္ဂ မှာ ဓာတု ဆိုတာ “ပုဂ္ဂိုလ် သတ္တဝါ ဇီဝ” ဆိုတာမျိုးလို အပြောထဲမှာသာရှိတဲ့ တရားမျိုး မဟုတ်ဘူး။ တကယ့်ကို သဘာဝအားဖြင့် ရှိနေတဲ့ တရားကို “ဓာတု” လို့ ခေါ်တယ်။ “အတ္တနော သဘာဝံ ဓာရေတီတိဓာတု” သူ့သဘာဝအတိုင်းသူ ထင်ရှား ရှိနေတာကို ဓာတု။ မြတ်စွာဘုရားက ဓာတ်အမျိုးမျိုး ဟောတယ်။ အဘိဓမ္မာမှာဆိုရင် ဓာတ်(၁၈)ပါး ဟောထားတာရှိတယ်။ ဒီတရားတွေက အလွန် လေးနက်သော်လည်း လူနဲ့ အလွန်နီးစပ်တဲ့ တရားတွေ ဖြစ်တယ်။

လောကမှာ နီးပင်နီးသော်လည်း မမြင်တာတွေက အများကြီး၊ မမြင်နိုင်တာတွေက အများကြီး။ မြင်ဖို့ ခက်တယ်။ “ဒုဒ္ဒသတ္တာ ဂမ္ဘီရံ၊ ဂမ္ဘီရတ္တာ ဒုဒ္ဒသံ” နက်နဲတယ်ဆိုတဲ့ သဘာဝတရားတွေဟာ တချို့ဟာက “မြင်ဖို့ခက်လို့ နက်နဲတာ“၊ ဝေးလို့ မမြင်နိုင်တာမျိုး မဟုတ်ဘူး။ နက်နဲလို့ မမြင်နိုင်တာတော့ မဟုတ်ဘူး။ မြင်ဖို့ သတိမူရန်ခက်ခဲတဲ့အတွက်ကြောင့် နက်နဲတယ်။ တချို့တရားကတော့ အဲဒီလိုမဟုတ်ဘူး၊ “နက်နဲလို့ မြင်ဖို့ခက်တာ“၊ ဆိုပါစို့ နီးလျက်သားနဲ့ မမြင်ရဘူး။ ဝေးလို့မမြင်ရဘူး နှစ်မျိုး ရှိနိုင်တယ်။ ဝေးနေရင်လည်း မမြင်ရဘူး၊ နီးလျက်သားနဲ့လည်း မမြင်ရတာ ရှိတယ်။ အေး “ဓာတု“ဆိုတဲ့ သဘာဝတရားတွေက ကိုယ့်ခန္ဓာကိုယ်မှာရှိတယ်။ လူတိုင်း လူတိုင်းမှာ ရှိနေတဲ့ တရား တွေ ဖြစ်တယ်။

အဲဒီ လူတိုင်း လူတိုင်းမှာ ရှိနေတဲ့တရားဟာ အလွန် နီးကပ်တယ်။ ကိုယ်ထဲမှာ ရှိနေသော်လည်းပဲ မြင်ဖို့ခက်ခဲသည့်အတွက်ကြောင့် ဂမ္ဘီရ နက်တယ်လို့ ဒီလိုပြောတာ။ ဟို နိဗ္ဗာန်တို့ ဘာတို့ကျတော့ နက်နဲ လွန်းအားကြီးလို့ မမြင်နိုင်ဘူးလို့ပြောတာ။

ဓာတု ကို English လိုပြန်တဲ့အခါကျတော့ Element လို့ ပြန်တာပေါ့။ အဲဒီတော့ “ဓာတုဝိဘင်္ဂ” ကို An Analysis of Element လို့ ဆိုရမှာပေါ့။

လူတွေရဲ့သန္တာန်မှာရှိတဲ့ သဘာဝဓာတ်တရားကို ခွဲခြား စိတ်ဖြာပြီးတော့ မြတ်စွာဘုရားက ဟောတော့ ကိုယ့် ခန္ဓာလေးကို ကိုယ်က အာရုံစိုက်လိုက်လို့ရှိရင် ဒီသဘောတရားတွေ တွေ့လာမှာဖြစ်ပါတယ်။

အေး ဒီသုတ္တန်ဟောတဲ့အခါမှာ တရားနာ ပုဂ္ဂိုလ် က တစ်ဦးတည်းပဲရှိတယ်။ ဟောတဲ့နေရာကလည်း ခမ်းခမ်းနားနားကြီး မဟုတ်ဘူး။ အိုးထိန်းသည် တစ်ဦး ရဲ့ အိုးလုပ်တဲ့တဲကြီးထဲမှာ ဟောတာ။ ဟောတဲ့အချိန် ကလည်း ညသန်းခေါင်ကျော်တဲ့အချိန်၊ တရားနာ ပရိသတ်ကလည်းပဲ တစ်ဦးတည်းပဲ ရှိတယ်။

တရားနာပရိသတ်နဲ့ တရားဟောတဲ့ မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်ဟာ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်မှု မရှိဘူး။ တရားနာနေတဲ့ ပုဂ္ဂိုလ်က တရားဟောနေတဲ့ ပုဂ္ဂိုလ်ကို ဘယ်ပုဂ္ဂိုလ်ဆိုတာ မသိဘူး။ ဘုရားမှန်း မသိဘူး။ အဲဒီလို အခြေအနေနဲ့ ဟောထားတဲ့ သုတ္တန်တစ်ခု။ ဒါကြောင့်မို့ “အိုးထိန်း သည်ရဲ့ တဲထဲက တရားပွဲ” လို့ ဒီလိုမှတ်ထားပေါ့။

ကဲ သုတ္တန်ကလေး စလိုက်ကြရအောင် အနှစ်ချုပ် ကို ဟောမှာ ဖြစ်သည့်အတွက်ကြောင့် ဘုန်းကြီးတို့ ပါဠိတွေကို များများမရွတ်တော့ဘဲနဲ့ မြန်မာလို ရှင်းပြီး တော့ ပြောရအောင်။ ဘယ်သုတ္တန်ပဲဖြစ်ဖြစ် သုတ္တန် ဖြစ်ပေါ်လာပုံလေးကစပြီးပြောမှ ပိုပြီးအဆင်ပြေတယ်။

ဒီသုတ္တန်လေး မှတ်တမ်းပါဠိထဲမှာ စတင်ထား တာက ဗုဒ္ဓမြတ်စွာ မဂဓတိုင်းမှာ ခရီးဒေသစာရီ ကြွချီရင်း ရာဇဂြိုဟ်မြို့ကို ရောက်လာပါတယ်တဲ့။ ဘာကြောင့် ရောက်လာတယ်ဆိုတာကို မပြောဘူး၊ ဒီထဲမှာ မြတ်စွာဘုရားဟာ ခရီးဒေသစာရီကြွချီရင်း မဂဓတိုင်းတစ်ခွင် လှည့်လည်နေရာကနေပြီး ရာဇဂြိုဟ် မြို့ကို ရုတ်တရက် ရောက်ရှိလာပါတယ်။ ရောက်ရှိ လာတဲ့ အချိန်ကလည်းပဲ ညနေ မိုးချုပ်တဲ့အချိန် ဖြစ်တယ်။ ရာဇဂြိုဟ်မြို့အပြင်မှာ ဘဂ္ဂဝ ဆိုတဲ့ အိုးထိန်းသည်ကြီးရဲ့ နေ့အခါမှာ အိုးလုပ်ငန်းလုပ်တဲ့ အလုပ်ရုံကြီးရှိတယ်။ အိုးဖုတ်တဲ့ တဲကြီးက မြို့အပြင် ခပ်လှမ်းလှမ်းမှာ အလွန်ဆိတ်ငြိမ်သည့်နေရာ ဖြစ်သည့် အတွက်ကြောင့် ညအခါမှာဆိုရင် အချိန်မဲ့ အခါမဲ့ ရောက်လာတဲ့ ခရီးသွား ရဟန်းတော်တွေ၊ ဘာသာရေး ပုဂ္ဂိုလ်တွေဟာ အဲဒီအိုးလုပ်တဲ့ တဲကြီးထဲမှာ ဝင်ရောက် တည်းလေ့ရှိကြတယ်။ ညဆိုတော့ အားနေတာကိုး၊ နေ့မှာကျတော့ အိုးအလုပ်တွေ အိုးဖုတ်တဲ့အလုပ် လုပ်ကြတယ်။ အချိန်မဲ့ အခါမဲ့ ရောက်လာတဲ့ ပုဂ္ဂိုလ် တွေဟာ တစ်ညတာဝင်ပြီးတည်းတယ်။

အိုးထိန်းသည်ကြီးရဲ့ နာမည်က ဘဂ္ဂဝ လို့ ခေါ်တယ်။ အဲဒီ ဘဂ္ဂဝ ဆိုတဲ့ အိုးထိန်းသည်ကြီး ကလည်း သဒ္ဓါတရား ကောင်းတယ်။ ဘယ်သူ လာ တည်းတည်း အခမဲ့တည်းခွင့် ပြုထားတယ်ပေါ့။ အဲဒီ တော့ ဘာသာရေးဆရာတွေ ခရီးသွားတဲ့ ပုဂ္ဂိုလ်တွေ အချိန်မတော်ရောက်လာလို့ မြို့ထဲကို ဝင်ခွင့်မရဘူး ဆိုရင် မြို့ပြင်မှာ အဲဒီလို တည်းခိုလေ့ရှိတယ်။

မြတ်စွာဘုရားကလည်း အတော်လေး မိုးချုပ်မှ ရောက်လာတယ်။ ဝေဠုဝန်ကျောင်းတော်ကို မကြွဘူး။ မကြွဘဲနဲ့ ဘဂ္ဂဝ အိုးထိန်းသည်ကြီးရဲ့ အိုးလုပ်တဲ့ နေရာကို ကြွလာတယ်။ ငါ ဘုရားဆိုပြီး ပိုင်စိုးပိုင်နင်း သူများအိုးလုပ်တဲ့ တဲထဲကို ဝင်မတည်းဘူး၊ မြတ်စွာ ဘုရားက ဘဂ္ဂဝ ဆိုတဲ့ အိုးထိန်းသည်ကြီးထံ သွားပြီး တော့ ခွင့်တောင်းတယ်။ “သစေ တေ ဘဂ္ဂဝ အဂရု၊ ဝိဟရေယျာမ ဣဓ ဧကရတ္တိံ “ မင်းမှာ ဝန်မလေးဘူး ဆိုရင်တဲ့ ဟောဒီ အိုးလုပ်တဲ့တဲမှာ ငါ တစ်ညလောက် တည်းချင်ပါတယ်တဲ့။

ဘုရားက ခွင့်တောင်းစကားပြောတာ။ အိုးထိန်း သည်ကြီးက “အရှင်ဘုရား၊ ကိုယ်တော်တစ်ပါး အဲဒီ ထဲမှာ ရောက်နှင့်နေပြီတဲ့။ တပည့်တော် အနေနဲ့ ကတော့ ဝန်မလေးပါဘူးတဲ့။ အဲဒီ ကိုယ်တော်က သဘောတူမယ်ဆိုရင် အရှင်ဘုရား ကြိုက်သလိုနေပါ” လို့ ပြောလိုက်တယ်။ အိုးထိန်းသည်ကလည်း လိမ္မာ ပါးနပ်တယ်နော်။ အရင်ရောက်တဲ့ ကိုယ်တော်က နောက်လာတဲ့ ကိုယ်တော်ကို ကြိုက်မကြိုက်မသိဘူး။ မသိသည့် အတွက်ကြောင့် သူ့အပြစ်လွတ်အောင် ပြောလိုက်တာ၊ “အရှင်ဘုရားတဲ့၊ ကိုယ်တော်တစ်ပါး တော့ အရင် ရောက်နေတာရှိတယ် ဘုရားတဲ့။ သူက လက်ခံမယ် ဆိုရင်နေပါတဲ့။ အရှင်ဘုရား ကြိုက်သလို နေပါ” ဆိုတော့ မြတ်စွာဘုရားကလည်း ကောင်းပြီ ဆိုပြီး အိုးလုပ်တဲ့တဲထဲ ဝင်သွားတယ်။

အိန္ဒိယနိုင်ငံ ထိုအချိန်တုန်းက ဘာသာရေး အဝတ်ကိုဝတ်ပြီး ဘာသာတရား ဟောပြောနေကြတဲ့ ဘာသာရေးဂိုဏ်းပေါင်း မြောက်များစွာ ရှိတယ်။ “အဂါရသ္မာ အနဂါရိယံ” အိမ်မှာနေပြီး စီးပွားလုပ်တဲ့ ဘဝမျိုးကို ဖယ်ရှားပြီးတော့ ဘာသာတရားကို စောက်ချပြီးတော့လုပ်တဲ့ ပုဂ္ဂိုလ်ရဲ့ အဝတ်အစားမျိုး ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိနေတယ်။ မြတ်စွာဘုရားက အဲဒီပုဂ္ဂိုလ်ထံသွားပြီး ခွင့်တောင်း တယ်။ အဲဒီပုဂ္ဂိုလ်ကို ဘုရားက ဘိက္ခု လို့ပဲခေါ်တယ်၊ ထိုခေတ်ကာလတုန်းက ဘာသာရေး အဝတ်ကို ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများကို “ဘိက္ခု” လို့ပဲ ခေါ်ကြတယ်။ ဘိက္ခု ဆိုတာ ဆွမ်းတွေ၊ ဟင်းတွေ၊ ထမင်းတွေ နေ့စဉ် စားစရာ သောက်စရာ တွေကို ချက်ပြုတ်ပြီးတော့ မစားတော့ဘူး။ ဆွမ်းခံပြီး တော့ စားတဲ့ ပုဂ္ဂိုလ်တွေပေါ့။ အခု မြန်မာပြည်မှာ ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားတဲ့နိုင်ငံ ဆိုတော့ ဘိက္ခု ဆိုရင် ထေရဝါဒ ဘုန်းကြီးပဲလို့ ဒီလိုပဲ အောက်မေ့ကြမှာပေါ့။ သူတို့ဆီမှာတော့ ဒီလိုမဟုတ် ဘူး။

ဘုန်းကြီးတို့ အိန္ဒိယ ဗုဒ္ဓဂယာသွားတုန်းကလမ်းမှာ ကုလားတစ်ယောက် တွေ့တယ်၊ လူဝတ် ကြောင်ပဲ။ အဲဒီကုလားက ဘုန်းကြီးတို့နဲ့ အတူတူ ပါလာတဲ့ သီလရှင်တစ်ပါးကို ပိုက်ဆံတောင်းတယ်။ ပိုက်ဆံတောင်းတဲ့အခါ သူက ကုလားလို “ဟံမာရေ ဘိက္ခု ဟဲ” ပြောပြီးတောင်းတယ်။ သူ ဘိက္ခု ပါလို့ ပြောတာ၊ အဲဒီလို သူတောင်းစားကလည်း သူကိုယ်သူ ဘိက္ခု လို့ ခေါ်တာပဲ။

မြတ်စွာဘုရားကလည်း အဲဒီ အိုးထိန်းသည် တဲထဲမှာ အရင်ရောက်နေတဲ့ ကိုယ်တော်ကို “ဘိက္ခု၊ ဝန်မလေးဘူးဆိုရင် ဒီကနေ့တစ်ည ဒီထဲမှာ တည်းပါ ရစေ” ဆိုတော့ အဲဒီပုဂ္ဂိုလ်ကလည်း ပြောတယ်၊ “ဩော် တဲက အကျယ်ကြီးပါတဲ့၊ အရှင်ဘုရား ချမ်းသာသလို နေပါ” လို့ တည်းခွင့်ပြုလိုက်တယ်။ အဲဒီတော့ အိုးထိန်း သည်ကြီးရဲ့ တဲထဲမှာ မြတ်စွာဘုရားရယ်၊ ကြိုပြီး ရောက်ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးရယ် ဒီနှစ်ဦးပဲရှိတယ်။

အဲဒီပုဂ္ဂိုလ်က မြတ်စွာဘုရားကို မြတ်စွာဘုရား မှန်း မသိဘူး။ ရဟန်းတော်တစ်ပါး ကြွလာတယ်လို့ ဒီလိုပဲထင်တာပေါ့။ ရဟန်းတစ်ပါးလို့ပဲ ထင်တယ်။ အဲဒီတော့ မြတ်စွာဘုရားရဲ့ပုံပန်းသဏ္ဌာန်ဟာ အများ နှင့် ဆင်တူတယ်။ ခုခေတ် ထုလုပ်ထားတဲ့ ရုပ်တု ကျတော့ ထူးထူးခြားခြားကြီးတွေ ဖြစ်နေတာပေါ့။ အမှန်တော့ မြတ်စွာဘုရားဟာ 'သမဏော ဂေါတမော' ရဟန်းဂေါတမဆိုတဲ့ နာမည်နဲ့ ရဟန်းတော်တစ်ပါးပဲ။ လူသားရဟန်း ဖြစ်သည့်အတွက်ကြောင့် ထိုခေတ် ထိုအခါကာလက လူတွေရဲ့ အရပ်အမောင်းမျိုး ရှိမှာ ပေါ့။ အေး ဘုရားဆိုတော့ ထွားထွားကျိုင်းကျိုင်း ရုပ်ဆင်းသပ္ပါယ်ပြီး ချောချောမောမောတော့ ရှိမှာ ပေါ့နော်။

သို့သော်လည်း ကြည့်လိုက်လို့ ရှိရင်တော့ ရဟန်းတော်တစ်ပါးဟာ ရဟန်းတော်တစ်ပါးပဲပေါ့။ တစ်ခါတုန်းက ရဟန်းတော်တွေက အစည်းအဝေး ခန်းမမှာ ထိုင်နေကြတယ်၊ ညီတော်ဖြစ်တဲ့ ရှင်နန္ဒက မြတ်စွာဘုရားဝတ်တဲ့ သင်္ကန်းမျိုး ခပ်ဖားဖား သင်္ကန်း ကြီးကိုဝတ်ပြီး ခပ်လှမ်းလှမ်းကလာတာ၊ ညီအစ်ကို ဆိုတော့ ရုပ်ကတူတာပေါ့၊ ရှင်နန္ဒ ကြွလာတာကို ခပ်လှမ်းလှမ်းက မြင်ကြရတဲ့ ရဟန်းတော်တွေက “ဟိုမှာ ဘုရားကြွလာပြီ ဘုရားကြွလာပြီ” ဆိုပြီးတော့ ခရီးဦးကြိုဆိုဖို့ အဆင်သင့် ထကြတယ်။ အနီးနား ရောက်လာတဲ့အခါကျတော့မှ ဘုရား မဟုတ်ဘူး၊ ညီတော်နန္ဒမှန်း သိကြတယ်တဲ့။ ဝိနည်းပါဠိတော်ထဲ မှာ မှတ်တမ်းတစ်ခု ရှိတယ်ပေါ့။

ရှင်နန္ဒဟာ ဘုရားရဲ့ညီတော်၊ မြတ်စွာဘုရားထက် လက်အရပ်လေးသစ်ပဲ နိမ့်တယ်တဲ့။ မြတ်စွာဘုရားနဲ့ အရပ်အမောင်း ခပ်ဆင်ဆင်၊ ရုပ်ကလည်း ညီအစ်ကို ဆိုတော့ တူတာပေါ့နော်။ မြတ်စွာဘုရားကို တစ်ခါ တစ်ရံ မထင်မရှား ကြွလာတဲ့အခါကျတော့ သာမန် ရဟန်းတော်တစ်ပါးလို့ ဒီလိုပဲ ထင်ကြတယ်။ တပည့် ပရိသတ်နဲ့ ခမ်းခမ်းနားနား နောက်ပါတွေနဲ့ ကြွလာတဲ့ အခါကျတော့ ဘုရားရဲ့ ဂုဏ်ကျက်သရေတွေ ကြည့် လိုက်လို့ရှိရင်သာ ဒါ ဘုရားပဲလို့ ကွဲကွဲပြားပြား သိနိုင် တာ။

တစ်ချို့ နာမည်ကြီး ဆရာတော်တစ်ပါး ကြွသွား ရင် မမြင်ဘူး မကြားဘူးတဲ့ ပုဂ္ဂိုလ်တွေက သာမန် ဘုန်းကြီးတစ်ပါးလို့လဲ ထင်ချင်ထင်တာပေါ့။

အေး မြတ်စွာဘုရားကို ကြိုတင်ပြီးတော့ ရောက် နေတဲ့ ကိုယ်တော်က မသိဘူးတဲ့။ သာမန်ခရီးသွား ကိုယ်တော်တစ်ပါးလို့ ထင်ပြီးတော့ အရှင်ဘုရားတဲ့ အကျယ်ကြီးပါ၊ ကြိုက်သလိုနေပါလို့ ခွင့်ပေးလိုက် တယ်။ အိုးထိန်းသည်ရဲ့ တဲထဲမှာ ညဦးယံကတည်းက နှစ်ပါး အဲဒီထဲ ရောက်နေကြတယ်။ မြတ်စွာဘုရားက ရောက်တာနဲ့ တစ်ပြိုင်နက် မြက်ဖျာလေးခင်းပြီး ထိုင် တယ်၊ မလှဲပါဘူး၊ မအိပ်ပါဘူး။ မြက်ဖျာလေးခင်းပြီး စျာန်သမာပတ်ဝင်စားနေတယ်။ ကမ္မဋ္ဌာန်း အားထုတ် နေတဲ့ပုံစံနဲ့ ထိုင်နေတယ်။

ခုနက ကြိုရောက်နေတဲ့ ကိုယ်တော်ကလည်းပဲ အဲဒီအတိုင်းပဲ။ အိပ်နေတာ မဟုတ်ဘူး၊ ကမ္မဋ္ဌာန်း ထိုင်နေတယ်။ အတော် ညဉ့်နက်သည်ထိအောင် သန်းခေါင်ကျော်သည်အထိ မြတ်စွာဘုရားကလည်း မြက်ဖျာကလေးပေါ်မှာ ထိုင်နေတယ်။ စကား တစ်ခွန်း မှ မပြောဘူး။ ဟို ကိုယ်တော်ကလည်း အတူတူပဲ ခပ်လှမ်းလှမ်းမှာ သူ့နေရာလေးမှာထိုင်ပြီး ငြိမ်နေတာ ပဲ၊ တိတ်ဆိတ်ငြိမ်သက်နေတယ်။ သန်းခေါင် ကျော် လာတဲ့ အခါကျတော့ မြတ်စွာဘုရားက စပြီးတော့ အဲဒီကိုယ်တော်ကို စကားပြောဖို့ ကြိုးစားတယ်၊ မြတ်စွာ ဘုရား သမာပတ်ဝင်စားရာကထပြီး အဲဒီကိုယ်တော်ကို စောင်းပြီးတော့ ကြည့်လိုက်တယ်၊ ခပ်လှမ်းလှမ်းက ကြည့်လိုက်တဲ့အခါမှာ ငြိမ်ပြီးတော့ ထိုင်နေတာကို မြင်တော့ မြတ်စွာဘုရားက “ဩော် အတော်ကြည်ညို စရာ ကောင်းတဲ့ ကိုယ်တော်ပဲ၊ ထိုင်နေလိုက်တာ ကြည့်စမ်း ငြိမ်ငြိမ်သက်သက်နဲ့၊ ငါသူ့ကို မေးဦးမှပဲ” လို့ အဲဒီကိုယ်တော်အနီး ကြွသွားပြီး မေးတာပေါ့။

“ကိုယ်တော်က ဘယ်သူ့ကို ဆရာတင်ပြီးတော့ သင်္ကန်းဝတ်လာတာလဲတဲ့။ ဘယ်ဂိုဏ်းကလဲ၊ ကိုယ် တော့်ဆရာ ဘယ်သူလဲ၊ ဘယ်သူ့တရားကို ကြိုက်နှစ် သက်သလဲ” လို့ ဒီမေးခွန်းတွေ မေးလိုက်တဲ့အခါ အံ့အားသင့်စရာကောင်းတဲ့ အဖြေကို ကြားရတယ်။ “အရှင်ဘုရား၊ သာကီဝင်လူမျိုးထဲက လူ့လောက ခွာရှောင်ပြီး သာသနာဘောင် ဝင်လာတဲ့ ရဟန်း ဂေါတမ ဆိုတာ ရှိတယ်၊ အဲဒီ ရဟန်းဂေါတမမှာ ထူးခြားလေးနက်တဲ့ အရည်အသွေးရှိတယ်။ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏသမ္ပန္နော စတဲ့ ဂုဏ်တွေ၊ ကိလေသာ အားလုံးကုန်စင်တယ်။ ရှိခိုးပူဇော်ထိုက် တယ်။ အမှန်တရားကို ကိုယ်ပိုင်ဉာဏ်ဖြင့် အကြွင်း အကျန်မရှိ သိတယ်။ အကျင့်တရား အသိဉာဏ်နဲ့ ပြည့်စုံတယ်။ အောင်မြင် ပေါက်ရောက်ပြီးသူ ဖြစ်တယ်။ လောကအကြောင်း ကောင်းကောင်း သိတယ်။ အနုတ္တရော ပုရိသဒမ္မသာရထိ သွန်သင် ဆုံးမတဲ့ နေရာမှာတော့ အအောင်မြင်ဆုံးပဲ၊ နတ်တွေ လူတွေ အားလုံးရဲ့ဆရာလို့ ထင်ရှားတယ်၊ သစ္စာ လေးပါးကို သူများသိအောင် ဟောပြောနိုင်တယ်၊ အင်မတန်မှ ကျက်သရေရှိတဲ့ ဘုန်းကံပါရမီနဲ့ ပြည့်စုံ တယ်” လို့ မြတ်စွာဘုရားရဲ့ အရည်အသွေးတွေကို ပြောပြီးတော့ “တပည့်တော်ဟာ အဲဒီိ ရဟန်းဂေါတမကို ရည်စူးပြီး သာသနာ့ဘောင် ဝင်လာတာပါ” တဲ့။

သို့သော် ဘုရားနဲ့စကားပြောနေတာ၊ ဘုရားက သူ့ကို မေးနေတာ၊ ဒါ ဂေါတမ မြတ်စွာဘုရားမှန်း သူ လုံးဝမသိဘူးနော်။

အဲဒီတော့ မြတ်စွာဘုရားက ထပ်ပြီးမေးတယ်၊ “ကဲ ဒီလိုဆိုလို့ရှိရင် အဲဒီရဟန်းဂေါတမ ဆိုတာကော မြင်ဘူးသလား၊ မြင်ရင်ရော သိမလား” ဆိုတော့ “အရှင် ဘုရား၊ တပည့်တော် မြင်လည်းမမြင်ဖူးပါဘူး၊ မြင်ရင် လည်း သိမှာမဟုတ်ပါဘူး” တဲ့နော်။

စဉ်းစားကြည့် ညသန်းခေါင်ကျော်ကြီးမှာ နှစ်ဦးထဲ စကားပြောနေတာ၊ အိုးထိန်းသည်ရဲ့ တဲထဲမှာ။ တပည့်တော် မမြင်ဖူးပါဘူး၊ မြင်ရင်လည်း သိမှာမဟုတ် ပါဘူး ဆိုတော့မှ မြတ်စွာဘုရားက ငါ့ကို ရည်စူးပြီး သာသနာဘောင် ဝင်လာတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ငါတရား ဟောမယ်ပေါ့။ မြတ်စွာဘုရားက ဒီကိုကြွလာတာကိုက သူနဲ့တွေ့ဖို့ကြွလာတာ။ ဒါကြောင့်မို့ ဝေဠုဝန်ကို မသွားတာ။ မြတ်စွာဘုရားကတော့ အခြေအနေတွေ ကောင်းကောင်းသိပြီးသားပဲ။

အဲဒီပုဂ္ဂိုလ်က ဘယ်သူလဲလို့ဆိုရင် တက္ကသီလာ မြို့ ကဘုရင်တစ်ဦးပဲ၊ သူက သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး၊ (တက္ကသီလာ ဆိုတာ ဒီကနေ့ခေတ်အရ ပြောမယ် ဆိုရင် ပါကစ္စတန်နိုင်ငံထဲမှာ ရှိတာပေါ့။ ကနေ့ခေတ်မှာ လည်းပဲ တက္ကဆီလာ လို့ခေါ်တယ်။) “တက္ကသီလ” အဲဒီတက္ကသိုလ်ပြည်ရဲ့ဘုရင်၊ သူ့နာမည်က ပုက္ကုသာတိ လို့ခေါ်တယ်။ အဲဒီ ပုက္ကုသာတိ ဘုရင်ကြီးဟာ ဘာဖြစ်လို့ ရဟန်းအသွင်နဲ့ ဒီကိုရောက်လာတာတုန်း ဆိုတော့ ဒီလိုပါ။ အဲဒီ ပုက္ကုသာတိ တက္ကသိုလ်ပြည့်ရှင် ဘုရင်မင်းတရားကြီးနဲ့ ရာဇဂြိုဟ်ပြည်က ဗိမ္ဗိသာရ မင်းတို့ သက်တူရွယ်တူ၊ တစ်ယောက်နဲ့တစ်ယောက် မမြင်ဖူးကြဘူး၊ မတွေ့ဖူးကြဘူး။ သို့သော် မိတ်ဆွေတွေ ဖြစ်နေကြတယ်။ သတင်းကြားရုံနဲ့ မိတ်ဆွေတွေ ဖြစ်နေ ကြတယ်။

ဘယ်လို ဆက်သွယ်ပြီး မိတ်ဆွေဖြစ်တုန်းဆိုရင် အခုဒီကနေ့ခေတ် ပါကစ္စတန် ဘက်ကပေါ့၊ အဲဒီ ဂန္ဓာရတိုင်းတက္ကသိုလ် က ကုန်သည်တွေ အိန္ဒိယနိုင်ငံ ဘက် အခု ရာဇဂြိုဟ်ပြည် ဘက်ကို လာပြီးတော့ ကုန်ရောင်း ကုန်ဝယ် လုပ်ကြတယ်။ ရာဇဂြိုဟ်က ကုန်သည်တွေကလည်းပဲ အဲဒီ တက္ကသိုလ်ပြည်ဘက် သွားပြီးတော့ ကုန်ရောင်း ကုန်ဝယ် လုပ်ကြတယ်။ လုပ်ရင်းကနေပြီးတော့ ဘုရင့်ဆီ သွားရောက်ခစားတဲ့ အခါ ဘုရင်က စကားစမြည် ပြောရင်းနဲ့ တစ်ဦး အကြောင်းတစ်ဦး သိနေကြတယ်။ ကုန်သွယ်ရေး လုပ်ငန်းက ဆက်သွယ်သွားတာပေါ့။ ကုန်သည်တွေက တဆင့် သိသွားတာ။ တစ်စတစ်စနဲ့ ကုန်သည်တွေနဲ့ ဆက်သွယ်သိသွားတော့ ခင်မင်ရင်းနှီးလို့ တစ်ဦးနဲ့ တစ်ဦး စာပေးကြ၊ လက်ဆောင်ပေးကြ အဲဒီလို အခြေ အနေထိရောက်သွားတာ။

အေး တက္ကသိုလ်ပြည်ဘုရင် ပုက္ကုသာတိကလည်း ထူးဆန်းတဲ့ ပစ္စည်းဥစ္စာလေး ဘာလေး ရလာတယ် ဆိုလို့ရှိရင် ကုန်သည်တွေကတဆင့် ဗိမ္ဗိသာရမင်းကြီး ဆီ လက်ဆောင်ပေးလိုက်တယ်။ သက်တူ ရွယ်တူ ဆိုတော့ ပိုပြီးတော့ ခင်ကြတာပေါ့။

ဗိမ္ဗိသာရမင်းကြီးကလည်း လက်ဆောင် တုန့်ပြန် ပြီးပေးဖို့ စဉ်းစားတဲ့အခါမှာ အကောင်းဆုံး လက်ဆောင်က ဘာလဲဆိုရင် ဓမ္မ လက်ဆောင်က အကောင်းဆုံးပဲလို့ သူရွေးချယ်တယ်။ ရာဇဂြိုဟ်ပြည် မဂဓတိုင်းမှာ ဗုဒ္ဓပွင့်နေတယ်ဆိုတဲ့ သတင်း၊ တရားဓမ္မ ပေါ်ထွန်းနေတယ် ဆိုတဲ့သတင်း။ ဗုဒ္ဓမြတ်စွာရဲ့ တရား ဓမ္မကို လက်တွေ့ကျင့်သုံးနေတဲ့ သံဃာ ပေါ်ထွန်း နေတယ် ဆိုတဲ့သတင်းကို ရွှေပေလွှာပေါ်မှာ ရေးပြီး တော့ ကုန်သည်တွေကနေတဆင့် ပုက္ကုသာတိ ဘုရင် ကြီးဆီကို ပို့လိုက်တယ်။ အမှာစကားလေးလည်း ပါးသေးတယ်။ (ဒါကို ထောက်ထားမယ်ဆိုရင် မြတ်စွာ ဘုရား လက်ထက်က အက္ခရာ အရေးအသား မရှိဘူး လို့ မပြောနိုင်ဘူး။ အရေးအသား ရှိတယ်ပေါ့နော်။ အရေးအသားရှိတယ်လို့ ပြောရမယ်။ သို့သော်လည်း စာအုပ်တွေ ဘာတွေ ဒါကို အဓိက မထားကြဘူးပေါ့၊ တရားဓမ္မတွေကို နှုတ်နဲ့ပဲသင်တဲ့ Oral Tradition လို့ခေါ်တာပေါ့။ နှုတ်နဲ့ပဲ သင်တယ်၊ နှုတ်နဲ့ပဲ ပို့ချတဲ့ ခေတ်ပေါ့။)

အဲဒီတုန်းက စာတစ်စောင် ရေးပေးပြီးတော့ မှာလိုက်သေးတယ်။ ဟောဒီ ရွှေပေလွှာကို ဖတ်တဲ့ အခါမှာ တစ်ယောက်တည်း ဆိတ်ငြိမ်တဲ့နေရာမှာ ဖတ်ပါ။ ဘယ်သူမှ အနားနားမှာ မရှိပါစေနဲ့။ အလေး အနက် စဉ်းစားပြီး ဖတ်ပါလို့ ဗိမ္ဗိသာရမင်းကြီးက နှုတ်နဲ့တဆင့်လည်း မှာလိုက်တယ်။ အမှာစာလည်း ရေးပို့လိုက်တယ်။

ဟော ပုက္ကုသာတိ ဘုရင်ကြီးက ဗိမ္ဗိသာရ ဆီက လက်ဆောင်ရတယ်ဆိုတော့ သူမှာထားတဲ့အတိုင်း ခုနစ်ထပ်ရှိတဲ့တိုက်ရဲ့ အပေါ်ဆုံးထပ်ကိုတက်၊ တံခါး တွေ အကုန်ပိတ်၊ ဘယ်သူမှ မလာအောင်၊ စာဖတ် နေတဲ့ အချိန်မှာ အနှောင့်အယှက် မဖြစ်အောင်ဆိုပြီး အကုန်လုံး တံခါးတွေပိတ်၊ ဂျက်ထိုးပြီး အပေါ်ထပ်မှာ တက်ပြီးတော့ ဘာလက်ဆောင်လဲဆိုတာ ဘုရင်ကြီး ကိုယ်တိုင် တစ်ဦးတည်း ဖွင့်ပြီးတော့ကြည့်တယ်။ အထဲမှာ ရွှေပေလွှာကိုတွေ့တယ်။ ဖတ်လိုက်တဲ့အခါ “သူ့နိုင်ငံမှာ ဘုရားဆိုတာ ပေါ်နေပါတယ်၊ တရား ဆိုတာ ပေါ်နေပါတယ်၊ သံဃာဆိုတာ ပေါ်နေပါ တယ်။ ဘုရားဆိုတာ ဘယ်လိုအရည်အချင်းနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ တရားရဲ့ စွမ်းရည်တွေ၊ တရားရဲ့ ဂုဏ်ရည်တွေက ဘယ်လို၊ ထိုတရားအတိုင်း ကျင့်ကြံ ကြိုးကုတ် အားထုတ်နေကြတဲ့ သံဃာတွေရဲ့ ဂုဏ်ရည် တွေက ဘယ်လို” ဆိုတာ အသေးစိတ် ရေးထားတယ်။ သမထကျင့်စဉ် ဝိပဿနာကျင့်စဉ် ဆိုတာတွေ အသေးစိတ် ဖော်ပြီးရေးထားတာ ဖတ်ရင်း ဖတ်ရင်းနဲ့ ပုက္ကုသာတိ ဘုရင်ကြီးက သိပ်ပြီးနှစ်ခြိုက်ပြီး ကျေနပ် အားရတယ်။

အဲဒီစာထဲမှာလာတဲ့ ကျင့်စဉ်အတိုင်း ကျင့်ဖို့ စိတ်ဝင်စားတယ်။ စာလွှာဖတ်ပြီးကတည်းက ဘယ်သူ မှ မတွေ့တော့ဘဲ တိုင်းရေးပြည်ရေး ကိစ္စတွေ စီမံ ခန့်ခွဲဖို့ လွှဲအပ်ထားပြီးတော့ ဘုရင်ကြီးဟာ ဗိမ္ဗိသာရ မင်းကြီး ရေးပို့ထားတဲ့ သမထကျင့်စဉ် ဝိပဿနာ ကျင့်စဉ်ဆိုတဲ့ ကျင့်စဉ်တွေကို ကျင့်ကြံ ကြိုးကုတ် အားထုတ်ကြည့်တယ်။ စတုတ္ထစျာန် အဆင့်ထိ ရောက် သွားတယ်။ အဲဒီလို စတုတ္ထစျာန် အဆင့်အထိ ရောက် သွားတဲ့အခါ ဗိမ္ဗိသာရမင်းကြီးရဲ့ စာထဲမှာ “ဟောဒီ တရားတွေကို လက်တွေ့ကျင့်ကြံပါ။ ကျင့်ကြံပြီးလို့ရှိရင် တတ်နိုင်လို့ရှိရင် ဘုန်းကြီးဝတ်ပါ” လို့ မှာလိုက်တာ။

ဘုန်းကြီးတို့ ဒကာတွေ အဲဒီလိုစာလေး ရေးလိုက် လို့ရှိရင် ဘုန်းကြီးဝတ်နိုင်ပါ့မလား။ ကိုယ်က ဘုန်းကြီး ဝတ်ပါတဲ့ဆိုပြီး ဗိမ္ဗိသာရမင်းကြီးကတော့ ဘုန်းကြီး မဝတ်ဘဲနဲ့ သူများတော့ ဘုန်းကြီးဝတ်ခိုင်းတယ်လို့ တွေးကောင်း တွေးမိမယ်။ အဲဒီတော့ စာဖတ်ရင်းနဲ့ တရားကျင့်တဲ့အခါကျတော့ တရားကို သိပ်သဘောကျ သွားတယ်။ သူကိုယ်တိုင် တရားရဲ့အရသာ တွေ့သွား တယ်။ ဆုံးဖြတ်လိုက်တယ်၊ “ဒီ ဘုရားကို ငါကိုယ်တိုင် သွားဖူးမယ်၊ သွားဖူးပြီးတော့ ငါကိုယ်တိုင် တရားဓမ္မ တွေကို ဘုရားထံက နည်းခံပြီးတော့ ကျင့်မယ်” ဘုရားနဲ့ တွေ့ချင်တဲ့စိတ်တွေက တအားပြင်းထန်တယ်။

မြို့ထဲမှာ သူ့ရဲ့ လူယုံတော် တစ်ယောက်ကို ဘာသာရေး ပုဂ္ဂိုလ်တွေဝတ်တဲ့ အဝတ်အစားမျိုးကို ဝယ်ခိုင်းပြီးတော့ သူ့ခေါင်းကဆံပင် သူ့ဟာသူ ဖြတ် တယ်။ ဘာသာရေးအဝတ်ကို ဝတ်ဆင်ပြီး နန်းတော် ပေါ်က ဆင်းသွားတယ်။ ရုတ်တရက် အစောင့်တွေက မသိလိုက်ဘူး၊ ဘုရင့်ဆီကြွလာတဲ့ ပစ္စေကဗုဒ္ဓါတစ်ပါး ဖြစ်မှာပဲလို့ တွေးမိကြတယ်။ သူတို့ဘုရင်ကြီးမှန်း မသိဘူး။ နောက်မှ ဘုရင်ကြီး မရှိဘူးဆိုတာ သိကြ တယ်။ ဘုရင်ကြီး တောထွက်သွားတာဆိုပြီး နောက်က လိုက်ကြတယ်။ နောက်တော့ ဘုရင်က ဘယ်သူမှ မလိုက်နဲ့ဆိုပြီး အမိန့်နဲ့တားတယ်။

ဘုရင်ကြီးက ဘယ်သွားတာတုန်းဆိုရင် ရာဇဂြိုဟ် ကိုသွားတာ၊ ကုန်းကြောင်းခရီးနော်။ ယူဇနာ တစ်ရာ့ နှစ်ဆယ်ကျော်တဲ့ခရီးကို ပါကစ္စတန်ကနေပြီး အိန္ဒိယ၊ မဂဓတိုင်း ခု ဘီဟာပြည်နယ်ကို လာတယ်ဆိုတာ နည်းတဲ့ခရီးမှ မဟုတ်ဘဲ။ လမ်းမှာ ရောက်တဲ့နေရာ တစ်ညအိပ် တစ်ညအိပ်နဲ့ အဲဒီလို ကုန်းကြောင်း လျှောက်လာလိုက်တာ ဘယ်ကို အရင်ရောက်တာ တုန်းဆိုတော့ သာဝတ္ထိကို အရင်ရောက်တယ်။

အဲဒီတုန်းက သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းမှာ ဘုရားရှိတယ်။ သို့သော် ဗိမ္ဗိသာရ ရေးတဲ့စာထဲမှာ ဤရာဇဂြိုဟ်မှာ ဘုရားပွင့်တယ်။ “ဣဓ“ဆိုတဲ့ ဒို့နိုင်ငံ မှာ ဘုရားပွင့်နေတယ်လို့ဆိုတော့ သူ့စိတ်ထဲမှာ သာဝတ္ထိမှာ ဘုရားမရှိဘူးလို့ ထင်တာကိုး။ ရာဇဂြိုဟ်ကို သွားမယ်ဆိုရင် သာဝတ္ထိကို ဖြတ်ပြီးတော့မှ လေးဆယ့် ငါး ယူဇနာ ကွာဝေးတဲ့ရာဇဂြိုဟ်ပြည်ကို ရောက်တာ။ ဘုရား သီတင်းသုံးတော်မူတဲ့ ဇေတဝန် ကျောင်း တော်နားက ကပ်ပြီးတော့ ဘုရားရှိမှန်းမသိလို့ ဖြတ်ကျော်သွားပြီး လေးဆယ့်ငါးယူဇနာ (တစ်ယူဇနာ ကို ရှစ်မိုင်နှုန်းနဲ့သာ တွက်ကြည့်ပေါ့၊ တစ်ချို့ကလဲ ဆယ့်နှစ်မိုင်လို့ပြောတယ်၊ ရှစ်မိုင်လို့လဲ ပြောတယ်။ ရှေးကအခေါ် တစ်ယူဇနာ) ကွာဝေးတဲ့ ရာဇဂြိုဟ် ထိအောင် ရောက်သွားတယ်။

အဲဒီအကြောင်းကို ဘယ်သူက သတိထားမိလဲ ဆိုရင် မြတ်စွာဘုရားက သတိထားမိတယ်။ ဘာဖြစ်လို့ မြတ်စွာဘုရားက သိတုန်းဆိုရင် ဘုရားက နံနက် မိုးသောက် အလင်းရောက်လို့ မလင်းခင်လေး အချိန် မှာ မဟာကရုဏာ ဉာဏ်တော်ကြီးကို ဖြန့်ကျက်ပြီး တော့ လောကကြီးကို ကြည့်လေ့ရှိတာကိုး။ ဒီကနေ့ ဘယ်သူ့ကို တရားဟောရမလဲ၊ ဘယ်ပုဂ္ဂိုလ် ကျွတ်တန်း ဝင်မလဲဆိုတာ မြတ်စွာဘုရားကကြည့်တော့ “ဩော် ဂန္ဓာရတိုင်းက တက္ကသိုလ်ဘုရင်ကြီး ပုက္ကုသာတိ ဟာ သာသနာ့ဘောင် ဝင်လာတယ်။ သူ့ကိုငါ တရားဟောဖို့ ရှိတယ်။ သူဟာ ကျွတ်တန်းဝင်လိမ့်မယ်” ဆိုတာ မြတ်စွာဘုရားက သိတယ်။

ရာဇဂြိုဟ် ဘဂ္ဂဝ ရဲ့ အိုးလုပ်တဲ့ တဲထဲမှာ ပုက္ကုသာတိ ဘုရင်ကြီး တည်းနေတယ်။ တစ်ညတာ တည်းတဲ့အချိန် ကြည့်လိုက်တော့လည်း သူ့အသက် က သိပ်မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် အသက် အန္တရာယ်ရှိနေတယ်။ ပုက္ကုသာတိ ဘုရင်ကြီးဟာ ဘုန်းကြီးဝတ်လာပေမယ့်လို့ သူ့မှာ အန္တရာယ်တစ်ခု ရှိတယ်၊ အတိတ်ဘဝက ရန်ငြိုးရှိတဲ့ပုဂ္ဂိုလ်က လုပ်ကြံ သတ်ဖြတ်မယ့် အန္တရာယ်ရှိတယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဒီပုဂ္ဂိုလ် သေသွားလို့ရှိရင် တရားနာလိုက်ရမှာမဟုတ်ဘူးဆိုပြီး ဘုရားနဲ့တွေ့အောင် သာဝတ္ထိပြည်ဘက် ပြန်မလာခင် မြတ်စွာဘုရား ကိုယ်တိုင်က သွားတွေ့တဲ့သဘော။ မြတ်စွာဘုရား ကိုယ်တိုင်က ရုတ်တရက် ချက်ချင်း ဆိုသလို ပုက္ကုသာတိ ဆိုတဲ့ ဒီပုဂ္ဂိုလ်နဲ့ တွေ့ရအောင် ရာဇဂြိုဟ်ပြည်နားက ဘဂ္ဂဝရဲ့ အိုးလုပ်တဲ့ တဲဘက်ကို ကြွလာတာဖြစ်တယ်။

အလွန်ဝေးလံတဲ့ ခရီးကနေပြီးတော့ ပင်ပင် ပန်းပန်း ရောက်လာတာဖြစ်လို့ ခရီးအပန်းပြေသည် အထိ မြတ်စွာဘုရားက စောင့်ဆိုင်းပြီး တစ်ညလုံး ထိုင်ပြီးတော့ အပန်းဖြေနေကြတာ။ ညနာရီပြန်နှစ်ချက် သုံးနာရီ လင်းအားကြီးအချိန်လောက်မှာ မြတ်စွာ ဘုရားက သူ့ကိုနှုတ်ဆက်တာလို့ ခန့်မှန်းရတယ်။

အဲဒီလို နှုတ်ဆက်မေးမြန်းတဲ့အခါမှာ “သူဟာ ရဟန်းဂေါတမရဲ့ တပည့်ဖြစ်ကြောင်း၊ မြတ်စွာဘုရား ရဲ့ တပည့်ဖြစ်ကြောင်း၊ မြတ်စွာဘုရားကို ရည်စူး ဦးတည်ပြီး သာသနာ့ဘောင်ကို ဝင်ခဲ့တဲ့အကြောင်း၊ သူ့တရားကို နှစ်သက်တဲ့အကြောင်း ဒီလိုပြောတယ်။ အဲဒီတော့မှ မြတ်စွာဘုရားက “ဓမ္မံ တေ ဘိက္ခု ဘာသိဿာမိ၊ သာဓုကံ သုဏောဟိ မနသိကရောဟိ” “ဘိက္ခု၊ ဒီလိုဆိုရင် ငါ ဓမ္မကို ဟောမယ်၊ သတိထားပြီး ဂရုစိုက်ပြီးတော့ နာပါ” လို့ မိန့်တယ်။ တရားဟောမယ် ဆိုတော့ ဘယ်သူဟောဟော သူက သဘောကျတယ်၊ “ကောင်းပါပြီ၊ နာပါ့မယ်” တဲ့။ အဲဒီအချိန်အထိ ဘုရား မှန်း မသိသေးဘူးနော်၊ လုံးဝမသိသေးဘူး။ အဲဒီတော့ မြတ်စွာဘုရားဟောတဲ့ တရားကလည်း ဒီပုဂ္ဂိုလ်က စတုတ္ထစျာန် ရသည်ထိအောင် သမထကျင့်စဉ်မှာ ပေါက်ရောက်နေတဲ့ ပုဂ္ဂိုလ်၊ သမာဓိစွမ်းအားတွေ အလွန်ကောင်းနေတဲ့ ပုဂ္ဂိုလ်၊ အဲဒီတော့ သီလ အကြောင်းတို့ ဘာတို့ ဟောနေစရာ မလိုတော့ဘူး။ သီလကလည်း ဖြူစင်နေတယ်။ သမာဓိအကြောင်း လည်းပဲ ဟောနေစရာ မလိုတော့ဘူး။ သမာဓိက လည်းပဲ စတုတ္ထစျာန် အဆင့်ထိအောင်ရောက်နေပြီ။

အဲဒီတော့ ထိုခေတ် ထိုအခါမှာ မြတ်ဗုဒ္ဓရဲ့ သာသနာကလွဲလို့ မဟောနိုင်၊ မပြောနိုင်တဲ့ ဝိပဿနာ ကျင့်စဉ်ကို မြတ်စွာဘုရားက တန်းပြီးဟောလိုက် တာပေါ့နော်။ ဟောတဲ့ တရားလေးက ကျဉ်းကျဉ်း လေးပဲ။ လေးနက်တဲ့တရား ဖြစ်သည့်အတွက်ကြောင့် အာရုံစိုက်ကြရမှာပေါ့။

“ဆဓာတုရော အယံဘိက္ခု ပုရိသော ဆဖဿာယတနော အဋ္ဌာရသ မနော ပဝိစာရော စတုရာဇိဋ္ဌာနော ယတ္ထဌိတံ မညဿဝါ နပဝတ္တန္တိ မညဿဝေ နပဝတ္တမာနေ မုနိသန္တောတိ ဝုစ္စတိ”

“ဘိက္ခု- အိုရဟန်း၊ အယံပုရိသော- ဤ သတ္တဝါ ဆိုတာဟာ၊ ဆဓာတုရော- ဓာတ်ခြောက်ပါးနဲ့ ဖွဲ့စည်း ထားတဲ့ အရာသာဖြစ်ပါတယ်။ ဆဖဿာယတနော-ဖဿာယတနာခြောက်ပါးကို အခြေခံပြီး သကာလ အာရုံတွေနဲ့ ဆက်သွယ်ပြီး နေတဲ့အရာ ဖြစ်ပါတယ်။ အဋ္ဌာရသ မနော ပဝိစာရော- စိတ်ရဲ့ ဖြစ်ပေါ် ကျက်စားမှု တစ်ဆယ့်ရှစ်မျိုးနဲ့ ပြည့်စုံတယ်။ စတုရာဓိဋ္ဌာနော- လေးပါးသော ရပ်တည်မှု၊ လေးပါး သော အခိုင်အမာရပ်တည်မှုရှိတယ်။ ယတ္ထ- အကြင် လေးပါးသော အခိုင်အမာရပ်တည်မှု၌။ ဋ္ဌိတံ-တည်ရှိတဲ့ ပုဂ္ဂိုလ်သူမြတ်ကို။ မညဿဝါ- အထင်အမြင်လို့ဆိုတဲ့ စီးဝင်တတ်တဲ့ သဘာဝတရားတို့သည်။ နပဝတ္တန္တိ-ဖြစ်ပေါ်၍ မလာကုန်။ မညဿဝေ နပဝတ္တမာနေ-အထင်အမြင်ဆိုတဲ့ စီးဝင်တတ်တဲ့ သဘောတရားတွေ ဖြစ်ပြီးတော့ မလာဘူးဆိုရင်။ မုနိ- သူတော်စင် ပုဂ္ဂိုလ် ကို။ သန္တောတိ- တကယ့်သူတော်ကောင်း၊ ငြိမ်းအေး ပြီးသား တကယ့်သူတော်စင်၊ သူမြတ်ဟူ၍။ ဝုစ္စတိ-ဆိုအပ်ပါပေသည်ဟူ၍။ ဘဂဝါ- ရွှေဘုန်းတော်သခင် အရှင်သူမြတ်ဘုရားသည်။ အဝေါစ- ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း”

မြတ်စွာဘုရားက “ဆဓာတုရော အယံပုရိသော” တဲ့။ ပုရိသ ဆိုတာ သတ္တဝါကိုပြောတာ။ ကဲ ဘုန်းကြီး တို့တစ်တွေ စဉ်းစားကြည့်၊ လူဆိုတာ ဓာတ်ခြောက်ပါးနဲ့ ဖွဲ့စည်းထားတဲ့ အရာဖြစ်တယ်တဲ့။ ဒါ စကားတစ်ခု။ ဆဖဿာယတနော၊ ဓာတ်ခြောက်ပါးနဲ့ ဖွဲ့စည်းထားတဲ့ လူဆိုတာ အပြင်ဘက်က အာရုံတွေနဲ့ contact လုပ်တဲ့ အခါမှာ ဆက်သွယ်တဲ့အခါမှာ အခြေခံ ခြောက်မျိုး ရှိတယ်။ အဋ္ဌာရသ မနောပဝိစာရော၊ အာရုံခြောက်ပါး ပေါ်မှာ စိတ်ဖြစ်တာ တစ်ဆယ့်ရှစ်မျိုး ရှိတယ်တဲ့။ ဒါ ဘဝအကြောင်း ပြောနေတာ။ သတ္တဝါ အားလုံးရဲ့ ဘဝကိုပြောနေတာ။ လူတိုင်း လူတိုင်းဟာ ဒီအတိုင်းပဲ။

ကဲ-ဒါလေးကို အကျဉ်းချုပ်ပြီးတော့ ကြည့်ရ အောင်။ မြတ်စွာဘုရားက ရှင်းပြီးတော့ဟောပါတယ်။ ဓာတ်ခြောက်ပါး ဆိုတာဘာလဲ? six Element ပေါ့ ဟုတ်လား။ ဓာတ်ခြောက်ပါးက ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်၊ အာကာသဓာတ်၊ ဝိညာဏဓာတ် တဲ့နော်။ ကဲ- ကိုယ့်သန္တာန်မှာ ရှာပြီး တော့ကြည့်၊ လူတိုင်း လူတိုင်းမှာ ဓာတ်ခြောက်ပါး ရှိတယ်။ ကဲ-ပထဝီဆိုတာ ကိုယ့်သန္တာန်ကိုကြည့်လိုက်၊ မာမာတွေ အတုံးအခဲတွေမှန်သမျှ ပထဝီ ကြည့်နော်၊ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ကြည့်မယ်ဆိုရင် “ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ခြင်ဆီ၊ အရွတ်၊ နှလုံး၊ အသည်း၊ အမှေး၊ အဖျင်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း” အဲဒီ သဘာဝတရားတွေ ဟာ ဘာတွေတုန်းဆိုရင် မြတ်စွာဘုရားက ဒါတွေဟာ မာမာတုန်းခဲတွေ ဖြစ်သည့်အတွက်ကြောင့် အတုံး အခဲ မာမာသဘောတွေ ဖြစ်သည့်အတွက်ကြောင့် ဒါကို ပထဝီဓာတ် လို့ခေါ်တယ်။

အေး၊ မြတ်စွာဘုရားက လူရဲ့ခန္ဓာကိုယ်မှာ သိလွယ်မြင်လွယ်အောင် ဟောတာ။ ကိုယ့်သန္တာန်မှာ ရှိတဲ့ ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ ဒီ မာမာအရာတွေ မှန်သမျှ၊ အတုံးအခဲတွေမှန်သမျှ ဒါတွေဟာ ပထဝီဓာတ်တွေပဲ တဲ့။ အဲဒီတော့ လူရဲ့သန္တာန်မှာ ဒါတွေနဲ့ပဲ ဖွဲ့စည်း ထားတာ။ အပြင်ဘက်က ပထဝီပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ် ထဲက ပထဝီပဲဖြစ်ဖြစ် မာမာ အတုံးအခဲတွေမှန်သမျှ၊ အတုံးအခဲတွေ မာတာ ပျော့တာတွေ မှန်သမျှ အားလုံးဟာ ပထဝီတွေပဲဖြစ်တယ်တဲ့။

ကဲ၊ နောက် အာပေါ ဆိုတာလည်း စဉ်းစားကြည့် ပေါ့။ လူရဲ့သန္တာန်မှာရှိတယ်။ အာပေါနဲ့ ပတ်သက်ပြီး တော့ “သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ မစင်၊ ကျင်ငယ်” လူ့ခန္ဓာကိုယ်မှာရှိတာ။ အဲဒီ အရည်သဘောတွေ မှန်သမျှ အကုန်လုံး အာပေါပဲတဲ့။ ဒါ လူ့ခန္ဓာကိုယ်ထဲမှာ သေချာစဉ်းစားကြည့် ဒါပဲရှိတယ်။ ဘုန်းကြီးတို့ ခန္ဓာကိုယ်ကို ခွဲစိတ်ပြီး ကြည့်မယ်ဆိုရင် အခုပြောတဲ့ အတုံးအခဲတွေရှိတယ်၊ အရည်တွေရှိတယ်။

ကဲ၊ နောက်တစ်ခု၊ အပူလေးမျိုး ရှိတယ်တဲ့၊ ခန္ဓာကိုယ်ထဲမှာကြည့်၊ ပူတဲ့သဘောတွေ လေးမျိုး ရှိတယ်။ ပူတဲ့သဘော လေးမျိုးတွေက ဘာတုန်းဆိုရင် “ယေနသန္တပ္ပတိ” တစ်ခါတစ်ရံ အဖျားတက်တဲ့အခါ ကျတော့ ခန္ဓာကိုယ်မှာမပူဘူးလား၊ အဲဒီအပူကတစ်မျိုး နော်၊ အဲဒါကို သံတပ္ပနတေဇောလို့ခေါ်တယ်။ ဖျားပြီ ဆိုရင်Temperature မြင့်လာရင် ခန္ဓာကိုယ် ပူလောင် လာတယ်။

နောက်တစ်ခုက လူရဲ့ခန္ဓာကိုယ်ထဲမှာ ဘာအပူ ရှိတုန်း ဆိုလို့ရှိရင် ခန္ဓာကိုယ်ကြီးဟာ တဖြည်းဖြည်း ရင့်ပြီးတော့ ရုပ်ရည်အဆင်းတွေ ပြိုကျသွားအောင် ပူလောင်တဲ့အပူကို ဇီရဏတေဇော လို့ခေါ်တယ်။ ဒါ ကြောင့်မို့လို့ အဲဒီ ဇီရဏတေဇော ဆိုတဲ့ အပူသဘော ကြောင့် ခေါင်းပေါ်ကဆံပင်လေးတွေက ဖြူပြီးတော့ သွားတယ်။ သွားတွေဘာတွေလည်း ကျွတ်ထွက်ကုန် တယ်။ အသားအရေတွေလည်း စိုစိုပြည်ပြည် မရှိ တော့ဘူး။ ခြောက်ပြီး တွန့်လာတယ်၊ ဟုတ်ကဲ့လား။ လူဟာအရုပ်ဆိုး အကျည်းတန်ဖြစ်လာတယ်။ ဘာဖြစ် လို့တုန်းဆိုရင် ဇီရဏတေဇော ကြောင့်ပဲ။ အဲဒီ အပူက တစ်မျိုး။

နောက်အပူတစ်မျိုးက ဘာတုန်းဆိုရင် တစ်ခါ တစ်ရံကျတော့ ခန္ဓာကိုယ်မှာ ပူလိုက်တာ၊ လောင် လိုက်တာနဲ့ ဖြစ်တတ်တယ်လေ။ တစ်ခါတစ်ရံ တေဇောက ပြင်းထန်လာလို့ ပူလှချည် လောင်လှချည် ဆိုတဲ့ အပူမျိုးကလည်းပဲ ခန္ဓာကိုယ်မှာလောင်တဲ့ အပူမျိုးကို ဒယှနတေဇော လို့ခေါ်တယ်။

နောက်တစ်ခုက စားသမျှ အစာအဟာရတွေ ကျက်စေတာ၊ ဒါ ပါစကတေဇော လို့ခေါ်တယ်။ဆန် မာမာလေး အိုးလေးထဲထည့်ပြီးတော့ ရေနဲ့ အောက်က မီးပူလေးပေးလိုက်ရင် ဆန်အမာလေးတွေ ပျော့မသွား ဘူးလား။ အဲဒီအတိုင်းပဲ စားတဲ့အစာတွေဟာ ဗိုက်ထဲ ရောက်တဲ့အခါ အဲဒီ အပူကြောင့် နပ်သွားတာပါ။ နပ်သွားတဲ့အခါကျတော့ ကြည့်လေToilet ထဲ စွန့်တဲ့ အခါ ဘာရယ် ညာရယ် ကွဲသေးလား၊ အကုန်လုံး ကြေမွပြီးတော့ ရောထွေးသွားတာပဲ မဟုတ်လား။မစင် ဖြစ်သွားတဲ့အခါကြည့်၊ ဘယ်လောက် နူးညံ့သွားတုန်း၊ အကုန်လုံး ကြေမွပြီးတော့ ကြိတ်ချေထားလိုက်တာ အကုန်လုံးကြေနေတာပဲ။ ဘာမှန်းမသိတော့ဘူး။မစင် ဖြစ်သွားရင် ဒါက ဟင်းရွက်ပဲ၊ ဒါက ဘာပဲလို့ ခွဲလို့ ရသေးလား။ အေး တစ်ခါတစ်ရံတော့ မကြေတာ လည်း ရှိကောင်းရှိမှာပဲနော်။ အဲဒါဟာ ပါစကတေဇော လို့ခေါ်တယ်။ အဲဒီအပူ(၄)မျိုးဟာလည်း ခန္ဓာကိုယ် ထဲမှာ ရှိတယ်တဲ့။ ဒါကို တေဇောဓာတ် လို့ခေါ်တယ်။

ကဲ၊ နောက်တစ်ခု စဉ်းစားကြည့်ပေါ့ ဝါယော။ ဝါယော ဆိုတာက အပေါ်တက်လာတဲ့လေ ရှိတယ်။ တစ်ခါတစ်ရံ တစ်ချို့ “အေ့” နဲ့ဆို ပါးစပ်ကထွက်သွား တယ်၊ အပေါ်တက်လာတဲ့လေ အောက်ဆင်းသွားတဲ့ လေ ရှိတယ်။ ဗိုက်ထဲက တစ်ခါတစ်ခါ မြည်တဲ့လေ ရှိတယ်၊ အူတွေထဲမှာ ရှိနေတဲ့လေရှိတယ်၊ ဟုတ်ကဲ့ လား၊ လေအမျိုးမျိုး ခန္ဓာကိုယ်ထဲမှာ။ သွေးတွေ လည်ပတ်နေတာလည်း လေရဲ့စွမ်းအားနဲ့ လည်ပတ် တာ။ ဘာဖြစ်လို့တုန်းဆို နှလုံးသားကနေ pump သဘောမျိုး ရှုံ့လိုက်တွလိုက်၊ ရှုံ့လိုက်တွလိုက် လုပ်ပြီး လေအားနဲ့ တွန်းပို့နေတာနော်။ အဲဒီလေ ရှိတယ်။ နောက်ပြီးတော့ ၂၄ နာရီမပြတ် ဘုန်းကြီးတို့ အသက် ရှူနေကြတဲ့လေရော မရှိဘူးလား၊ အေး လေခြောက်မျိုး တဲ့၊ အဲဒါကို ဝါယောဓာတ် လို့ခေါ်တယ်။

ကဲ၊ ပေါင်းလိုက်တော့ လူရဲ့သန္တာန်မှာ ပထဝီ ရှိတယ်၊ အာပေါရှိတယ်၊ တေဇောရှိတယ်၊ ဝါယော ရှိတယ်။ ဟော ဒါတွေနဲ့ တည်ဆောက်ထားတာပဲ။ ဒါကလွဲလို့ ဘာရှိသေးတုန်း၊ ဘာမှမရှိဘူး။

ကဲ၊ နောက်တစ်ခု ဘာရှိတုန်းဆိုရင် အာကာသ တဲ့၊ အာကာသဆိုတာ ဟင်းလင်းပေါက်တွေ၊ လူမှာ ကြည့်၊ နှာခေါင်းပေါက် ရှိတယ်၊ ဟင်းလင်းပေါက်က ပါးစပ်ပေါက်ရှိတယ်၊ နားပေါက်ရှိတယ်၊ နှာခေါင်း ပေါက်တဲ့၊ နားပေါက်တဲ့၊ ဟင်းလင်းပေါက်တဲ့၊ ဟောဒီ အပေါက်တွေဟာ လူ့ရဲ့ခန္ဓာကိုယ်ထဲ tube လို ရှိနေတာ ဆိုတော့ အကုန်လုံးဟာ အပေါက်တွေကြီးပဲနော်၊ အဲဒါကို အာကာသဓာတ် လို့ခေါ်တယ်။ ဓာတ် ဘယ်နှစ်ပါး ရသွားတုန်း၊ ငါးပါးရသွားပြီ။ အဲဒါတွေက ရုပ်နဲ့ ပတ်သက်တာတွေတဲ့။ ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်း ဆိုင်ရာတွေ ဟောဒီငါးခုနဲ့ တည်ဆောက်ထားတာ။

အဲဒီအပြင် ထူးခြားတာ ဘာရှိသေးတုန်း။ဆိုရင် အသိစိတ် တဲ့၊ အဲဒါကို ဝိညာဏဓာတ် လို့ခေါ်တယ်။ ဝိညာဏဓာတ်က ဘာကိုသိတာတုန်းဆိုရင် အေး ချမ်းသာရင် ချမ်းသာတယ်လို့ သိတယ်၊ ဆင်းရဲရင် ဆင်းရဲတယ်လို့သိတယ်။ ချမ်းသာတာ ဆင်းရဲတာ မဟုတ်ဘူးဆိုရင် ချမ်းသာတာ ဆင်းရဲတာ မဟုတ်ဘူး လို့သိတယ်နော်။ ဒီအသိလေးက ညောင်းရင် ညောင်း တယ်လို့ သိတယ်ပေါ့၊ ကိုက်ရင်ကိုက်တယ်လို့ သိတယ်၊ နာရင် နာတယ်လို့သိတယ်၊ ဘယ်သူက သိနေတာလဲ၊ ခုနက ပထဝီ အာပေါ တေဇော ဝါယော အာကာသ တို့က သိတာလား၊ သို့မဟုတ် စိတ်က သိတာလား၊ (စိတ်ကသိတာပါဘုရား) အေး သိတဲ့စိတ်ကလေးကို ဒီမှာ ဝိညာဏ လို့ခေါ်တယ်၊ ပေါင်းလိုက်တဲ့အခါ ကျတော့ ဓာတ်ခြောက်ပါးတဲ့။ ဩော် လူဆိုတာ သတ္တဝါဆိုတာ အဲဒီခြောက်ခု ပေါင်းစပ်ပြီး ဖွဲ့စည်း ထားတဲ့အရာသာ ဖြစ်တယ်လို့ မြတ်စွာဘုရားက ဒီလို ဟောတာနော်။

“ဘိက္ခု-အိုရဟန်း၊ အယံပုရိသော- ဤသတ္တဝါ ဆိုတာ၊ ဆဓာတုယော- ဓာတ်ခြောက်ပါး အစုအဝေး မျှသာ ဖြစ်တယ်”

ဒါပဲ ဓာတ်ခြောက်ပါး အစုအဝေးတွေစုထားတာ၊ အေး ..ဒိပြင် ဘာတွေရှိတုန်းဆိုရင် ဒီလိုစုဝေးထားတဲ့ ဓာတ်ခြောက်ပါး အစုအဝေးကြီးမှာ ထူးထူးခြားခြား ဘာတွေပါနေတုန်းဆိုရင် ပြင်ပက အာရုံတွေနဲ့ ဆက်သွယ်တဲ့အရာ အခြေခံ ဆက်သွယ်ရေးကိရိယာ၊ အခြေခံခြောက်မျိုးရှိတယ်။

“ဆဖဿာယတနော” ပြင်ပက အာရုံတွေနဲ့ ဆက်သွယ်ဖို့ရန် အခြေခံ ခြောက်မျိုးလည်းပါရှိတယ်။ ဘာတွေတုန်း၊ စက္ခုသမ္ဖဿါယတန၊ သောတသမ္ဖဿါ ယတန၊ ဃာနသမ္ဖဿါယတန၊ ဇိဝှါသမ္ဖဿါယတန၊ ကာယသမ္ဖဿါယတန၊ မနောသမ္ဖဿါယတန၊ ဩော် မျက်စိက မြင်စရာအာရုံကို ဆက်သွယ်တယ်၊ ဟော မျက်စိက ဆက်သွယ်ရေးကိရိယာတစ်ခုပဲ။ ဟုတ်တယ် မဟုတ်လား၊ မျက်စိက ဘာနဲ့ဆက်သွယ်တာတုန်းဆို မြင်စရာအာရုံတွေနဲ့ ဆက်သွယ်တယ်။ နားက ဘာနဲ့ ဆက်သွယ်တာတုန်း အသံတွေနဲ့ ဆက်သွယ်တယ်။ အနံ့နဲ့ဆက်သွယ်တာက နှာခေါင်း၊ အနံ့တို့ ဘာတို့ ဆိုတာ အပြင်ဘက်က။ အေး ..အရသာနဲ့ဆက်သွယ် တာကလျှာ။ (လက်ဖဝါးပေါ်တင်လို့ အရသာ သိတာ မဟုတ်ဘူး။ လျှာပေါ်တင်မှအရသာကသိတာ။) နောက် အထိအတွေ့နဲ့ ဆက်သွယ်တယ်၊ ကာယ။

မျက်စိလည်း မှိတ်ထားမယ်၊ နားလည်း ပိတ်ထား မယ်၊ နှာခေါင်းကလည်း အနံ့မရဘူး၊ လျှာကလည်း အသုံးမချဘူး၊ ခန္ဓာကိုယ်လည်း အသုံးမချဘူးဆို ဘာနဲ့ဆက်သွယ်လည်းဆိုရင် စိတ်နဲ့ ဆက်သွယ်တာ ပေါ့။ ဆက်သွယ်မှုတစ်ခု။ အားလုံး ဆက်သွယ်မှု ဘယ်နှစ်ခုရှိတာလဲ၊ ခြောက်ခု ရှိတယ်။

ဒါကြောင့်မို့ သတ္တဝါဆိုတာ အဲဒီအတိုင်းပဲ။ ဆက်သွယ်မှုခြောက်မျိုးဖြင့် ဆက်သွယ်ထားတာတဲ့။ ကဲ ဆက်သွယ်မှု ခြောက်မျိုးအပြင် ဘာရှိသေးတုန်း ဆိုရင် စိတ်ဖြစ်မှု(၁၈)မျိုး ရှိသေးတယ်တဲ့။ အဲဒီ ဆက်သွယ်တဲ့နေရာ base လို့ခေါ်တာပေါ့နော်။ eye base, ear base, nose base, taste base, အဲဒီ base ဆိုတဲ့ အခြေခံ ဆက်သွယ်ရေးဌာန ခြောက်မျိုးမှာ လာပြီးတော့ ဆက်သွယ်တဲ့အာရုံက ခြောက်ခုရှိတယ်။ ဘာတုန်းဆိုရင် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံ တဲ့။ ရူပါရုံဆိုတာ မျက်စိနဲ့မြင်ရတဲ့ အရာကိုပြောတာ။ (visual object)။ သဒ္ဒါရုံဆိုတာ အသံကိုပြောတာ (sound)။ ဂန္ဓာရုံဆိုတာ အနံ့ကို ပြောတာ (smell) နော်၊ ရသာရုံဆိုတာ (taste)။ ဖောဋ္ဌဗ္ဗာရုံ ဆိုတာ ထိလို့သိရတဲ့ အရာကိုပြောတာ (touchable object)။ ဓမ္မာရုံဆိုတာ အခြားအကြံ တွေးလို့သိတဲ့ အာရုံမှန်သမျှကို ပြောတာ။ ဟော ပေါင်းလိုက်တဲ့အခါကျတော့ အာရုံခြောက်မျိုး။

အဲဒီအာရုံခြောက်မျိုးက ခုနက base ခြောက်ခုကို လာပြီးတော့ contact လုပ်တယ်။ ဆက်သွယ်တယ်။ ရူပါရုံက မျက်စိနဲ့ဆက်သွယ်လာတယ်။ သဒ္ဒါရုံက နားနဲ့ ဆက်သွယ်မိလာတယ်။ ဂန္ဓာရုံက နှာခေါင်းနဲ့ ဆက်သွယ်မိလာတယ်။ ရသာရုံက လျှာနဲ့ ဆက်သွယ် မိလာတယ်။ ဖောဋ္ဌဗ္ဗာရုံက ခန္ဓာကိုယ်နဲ့ ဆက်သွယ် မိလာတယ်။ ဓမ္မာရုံက မနောနဲ့ ဆက်သွယ်မိလာတယ်။ အဲဒီလို ဆက်သွယ်လာတဲ့အခါကျတော့ အာရုံတစ်ခု တစ်ခုကို (၃)မျိုး(၃)မျိုးစီ ဖြစ်လာတယ်။ ဘယ်လို (၃)မျိုးစီ ဖြစ်တုန်းဆိုတော့ ကြည့် မျက်စိကမြင်လာတဲ့ အာရုံတိုင်းမှာ အချောတွေ အလှတွေ အကောင်းတွေ ချည်းပဲလား။ မဟုတ်ဘူး။ မြင်ပြီးတဲ့အခါ ဝမ်းသာတာ ချည်းပဲလား။ မြင်လို့ ဝမ်းနည်းတာရော မရှိဘူးလား။ အေး မြင်လို့ဝမ်းသာရတာရှိတယ်၊ မြင်လို့ စိတ်ညစ် ရတာ ရှိတယ်နော်။ တစ်ခါတစ်ရံကျတော့ ရိုးနေတယ်၊ မြင်ရတာ ဝမ်းသာစရာလည်းမဟုတ်ဘူး၊ စိတ်ညစ်စရာ လည်း မဟုတ်ဘူး။ ဟုတ်တယ် မဟုတ်လား။ (၃)မျိုး မဖြစ်နိုင်ဘူးလား။

အသံကလည်း ထို့အတူပဲ၊ ကြားရင်ဝမ်းသာတယ်။ တချို့အသံကြားတဲ့အခါကျတော့ ဝမ်းသာတာ မဟုတ် ဘူး။ စိတ်ညစ်စရာအသံ ကြားရတယ်။ တချို့အသံကျတော့ ဝမ်းသာစရာလည်း မဟုတ်ဘူး၊ စိတ်ညစ်စရာ လည်းမဟုတ်ဘူး။

အနံ့ကျတော့ရော တချို့အနံ့ ရလိုက်လို့ရှိရင် မွှေးကြိုင်တဲ့အနံ့လေးဆိုလို့ရှိရင် ဝမ်းသာမှု ဖြစ်သွား တယ်။ စံပါယ်အနံ့လေးနံလိုက်ရတယ်ဆိုရင် စိတ်ထဲမှာ ဝမ်းသာသွားတယ်။ ကိုယ်မကြိုက်တဲ့ အနံ့ကြီးဆိုရင် စိတ်ညစ်မသွားဘူးလား။ အေး တစ်ခါတစ်ရံကျတော့ ဝမ်းသာတာလည်း မဖြစ်ဘူး၊ စိတ်ညစ်တာလည်း မဖြစ်ဘူးဆိုတဲ့ အနံ့မျိုးရော မရှိဘူးလား။ ရှိတော့(၃)မျိုး။

အရသာကလည်း ထို့အတူပဲ၊ လျှာပေါ်တင်ကြည့် လိုက်လို့ ဝမ်းသာသွားတဲ့ အရသာရှိတယ်၊ စိတ်ညစ် သွားတဲ့ အရသာရှိတယ်နော်။ စိတ်ညစ်တာလည်း မဟုတ်ဘူး၊ ဝမ်းသာတာလည်းမဟုတ်ဘူး၊ ဒီလိုအရသာ လည်းရှိတယ်။

ခန္ဓာကိုယ်ကို လာထိတာလည်း အတူတူပဲ။ တစ်ခါတစ်လေကျတော့ comfort ဖြစ်တယ်။ ဝမ်းသာမှု ဖြစ်စေတယ်။ တစ်ခါတစ်လေကျတော့ uncomfortable ဖြစ်တယ်။ ဝမ်းမသာဘူး ဟုတ်လား စိတ်ညစ်တယ်။ တစ်ခါတစ်ရံကျတော့ comfort လည်း မဟုတ်ဘူး၊ uncomfort လည်း မဟုတ်ဘူးဆိုရင် ဘာမှ မဖြစ်တာ လည်းရှိတယ်။ ဟော(၃)မျိုးပဲ။

စိတ်ကူးတာလည်းပဲ တစ်ခါတလေ စိတ်ကူးလေး က လှလှလေး စိတ်ကူးမိလို့ရှိရင် ကျေနပ်ဝမ်းသာ ပြန်တယ်။ တစ်ခါတလေ မဟုတ်တာသွားစိတ်ကူး မိပြန်ရင်လည်း စိတ်ညစ်ရပြန်တယ်။ တစ်ခါတလေ ကျတော့ ရိုးရိုးတန်းတန်းပဲ စိတ်ကူးတာဆိုတော့ ဘာမှ မဖြစ်ဘူး။ ဟော အာရုံ တစ်ခုတစ်ခုမှာ (၃)မျိုးစီ ဖြစ်လိုက်တဲ့အခါကျတော့ ၆-ကို ၃-ခုနဲ့မြှောက်တော့ ဘယ်လောက်ဖြစ်လဲ၊ (၁၈-)ပါဘုရား။ အေး စိတ် ဖြစ်တာ အဲဒီလို ၁၈-ခုရှိတယ်လို့ ဒါပြောတာနော်။ အာရုံနဲ့ base contact လုပ်လိုက်တဲ့အခါကျတော့ ဟောဒီ ၁၈-မျိုးဖြစ်လာတယ်တဲ့။

ဒါ ဘုန်းကြီးတို့ရဲ့ နေ့စဉ်ဘဝပဲ။ စဉ်းစားကြည့်၊ နေ့စဉ်ဘဝဆိုတာဒါပဲ။ “လူရဲ့ ခန္ဓာကိုယ်ကြီးက ဓာတ်ခြောက်ပါးနဲ့ တည်ဆောက်ထားတယ်၊ ဆက်သွယ်ရေး အင်္ဂါ ၆-ခုရှိတယ်။ အာရုံတွေနဲ့ လာပြီးဆက်သွယ်တဲ့ အခါမှာ စိတ်ဖြစ်တာ ၁၈-မျိုးရှိတယ်။ ဟောဒါပဲ။” သတ္တဝါဆိုတာ ဒါပဲ။

အေး၊ သာမန်လူတစ်ဦးမှ တစ်ဆင့်တက် ထူးထူးခြားခြားဖြစ်ဖို့ရာအတွက်ကျတော့ ရပ်တည်ချက် (၄)မျိုးရှိရမယ်တဲ့။ ဒါ သူတော်စင်တွေအတွက် တရားကျင့်ဖို့ မြတ်စွာဘုရားက ဟောတာ။ စတုရာဓိဋ္ဌာနော လူတိုင်းမှာ မဖြစ်ဘူး။ သံသရာကလွတ်ဖို့ရာအတွက်ကျတော့ ရပ်တည်ချက်(၄)မျိုး ရှိရမယ်။ အဲဒီ ရပ်တည်ချက် (၄)မျိုးဆိုတာဘာလဲ။

နံပါတ်(၁)က ပညာဓိဋ္ဌာန၊ အသိဉာဏ်ပေါ်မှာ အခြေစိုက်ထားရမယ်။ ဒါကတစ်ချက်။

နံပါတ်(၂)က သစ္စာဓိဋ္ဌာန၊ အမှန်တရားပေါ်မှာ၊ သစ္စာပေါ်မှာ အခြေစိုက်ထားရမယ်။

နံပါတ်(၃)က စာဂါဓိဋ္ဌာန၊ စွန့်လွတ်မှုပေါ်မှာ အခြေစိုက်ထားရမယ်။

နံပါတ်(၄)က ဥပသမာဓိဋ္ဌာန၊ အငြိမ်းဓာတ်ပေါ်မှာ အခြေစိုက်ထားရမယ်တဲ့။

ဟော၊ ရပ်တည်အခြေပြုရာ ဘယ်နှစ်မျိုးတုန်း (၄-မျိုးပါဘုရား) အေး အဲဒီ(၄)မျိုးက ပညာပေါ်မှာ၊ သစ္စာပေါ်မှာ၊ စွန့်လွှတ်မှုပေါ်မှာ၊ ငြိမ်းအေးမှုပေါ်မှာ၊ (ကိလေသာအပူတွေ ငြိမ်းသွားတဲ့ ငြိမ်းအေးမှုအပေါ်မှာ) ဆိုတဲ့ အဲဒီ(၄)ချက်ပေါ်မှာ ရပ်တည်မိပြီဆိုရင် ဘာဖြစ်တုန်း၊ “ယတ္ထ ဌိတံ မညဿဝါ န ပဝတ္တန္တိ” “စတုရာဒိဋ္ဌာနော၊ လေးပါးသော ရပ်တည်ရာ ရှိသည်ဖြစ်၍။ ယတ္ထ၊ အကြင်ရပ်တည်ရာလေးမျိုး၌။ ဌိတံ၊ အခိုင်အမာတည်ရှိတဲ့ပုဂ္ဂိုလ်ကို။ မညဿဝါ၊ အတွေးအမြင်ဆိုတဲ့ စီးဝင်တတ်တဲ့ သဘာဝတရားတွေဟာ။ န ပဝတ္တန္တိ၊ မဖြစ်တော့ဘူး။”

ပညာပေါ်မှာ ရပ်တည်ထားမယ်၊ အမှန်တရားပေါ်မှာ ရပ်တည်ထားမယ်၊ စွန့်လွှတ်မှုပေါ်မှာ ရပ်တည်ထားမယ်။ ငြိမ်းအေးမှုမှာ စွဲစွဲမြဲမြဲတည်ရှိနေပြီဆိုလို့ရှိရင် အထင်တွေ၊ အမြင်တွေ မလာတော့ဘူးလို့ ပြောတာ။

ဘုန်းကြီးတို့တစ်တွေ လောကမှာ အသက်ရှင်နေကြတာ အထင်နဲ့ အမြင်နဲ့ အသက်ရှင်နေတာလေ။ ကဲ၊ ဘယ်လိုထင်နေကြတုန်းဆိုရင် ဓာတ်ခြောက်ပါးကို “ငါ” လို့ထင်နေတာပဲ။ “ငါ့ဟာ” လို့ ထင်နေတာပဲ။ ဟုတ်တယ်မဟုတ်လား။ ပြောကြတယ်လေ “ငါ့မျက်လုံး၊ ငါ့နှာခေါင်း၊ ငါ့လျှာ၊ ငါ့နား၊ ငါ့ဘဝ” တကယ်တော့ ဒါဟာ အထင်ပဲရှိတယ်။ တကယ်ဟုတ်မှ မဟုတ်တာ။

အထင်အမြင်က ဘာကြောင့်ဖြစ်တာတုန်းဆိုရင် တဏှာကြောင့်ဖြစ်တာ။ တွယ်တာနေလို့ဖြစ်တာ။ “ငါ့ဘဝ ငါ့ဟာ” ဆိုပြီးတော့ တွယ်တာတယ်။ တကယ်စဉ်းစားကြည့်ရင် ပထဝီဟာ ပထဝီပဲ။ အာပေါဟာ အာပေါပဲ။ တေဇောဟာ တေဇောပဲ။ Element is Must Element ပဲ၊ ဟုတ်ကဲ့လား။ ငါလို့ ပြောစရာ တစ်ခုမှမရှိဘူး။ သဘာဝတရားတွေဆိုတာ ဆိုင်ရာအကြောင်းကြောင့် ဖြစ်နေတာတွေချည်းပဲ။ အဲဒီ အထင်အမြင်တွေအတိုင်း ကိုယ်ပိုင်တဲ့အရာလို့မြင်နေတယ်၊ ထင်နေတယ်။ အထင်အမြင်ဆိုတာ တဏှာ ဒိဋ္ဌိမာန ကိုပြောတာ။ ငါ့ဟာလို့ ထင်နေတာ တဏှာ။ ငါလို့ထင်နေတာ မာန။ ငါ့ရဲ့ အတ္တလို့ ထင်နေတာက ဒိဋ္ဌိ။ ဒီနေရာမှာတော့ အထင်နဲ့အမြင်သည် တဏှာဒိဋ္ဌိ။ ဒါကိုပဲ ဥပါဒါန်လို့လည်းခေါ်တယ်။ ဥပါဒါန်ဆိုတာ အစွဲ။ ဟုတ်ကဲ့လား။

အဲဒီ အထင်အမြင်တွေဟာ 'မညဿဝ' စီးဝင်နေတဲ့ အရာတွေပဲ။ ဒါတွေဟာ flux အဆက်မပြတ်ဖြစ်နေတာ။ ပင်လယ်ထဲကို ရေတွေ စီးဝင်နေသလို စီးဝင်နေတယ်။ ဟော တဏှာဆိုတဲ့ အထင်တွေ၊ ဒိဋ္ဌိဆိုတဲ့ အမြင်တွေဟာ ဟောဒါတွေနဲ့ ပတ်သက်လာရင် အမြဲတမ်းစီးဝင်နေတယ်။ အဲဒီလို စီးဝင်မှုတွေ မဖြစ်တော့ဘူးတဲ့။ ပညာပေါ်မှာ ရပ်တည်လိုက်မယ်၊ ခုနလို အသိမှန်မှန် သိလိုက်မယ်ဆိုရင် ဒီစီးဝင်မှုတွေ မဖြစ်တော့ဘူး။

စီးဝင်မှုတွေ မဖြစ်တော့ဘူးဆိုရင် ဒီပုဂ္ဂိုလ်ဟာ တကယ့်သူတော်စင်တဲ့။ “မု နိ သန္တောတိ ဝုစ္စတိ” တကယ့်သူတော်စင်ဖြစ်သွားပြီတဲ့။ မြတ်စွာဘုရားက အဲဒီတရားကိုဟောတာနော်။

ကဲ၊ ဒီနေရာမှာ အဲဒီလိုဖြစ်အောင် ဘာကိုလုပ်ရမှာတုန်းဆိုရင် မြတ်စွာဘုရားက လုပ်ဖို့ရာကို ဆက်ပြီး ဟောသေးတယ်။

“ပညံ န ပ္ပမဇ္ဇေယျ” တဲ့။ ပညာကို ဘယ်တော့မှ မေ့မထားနဲ့။ “သစ္စမနုရက္ခေယျ” သစ္စာကို ထိန်းသိမ်းထား။ “စာဂမနုဗြူပေယျ” စွန့်လွှတ်မှုကို တိုးပွားအောင် လုပ်။ “သန္တိမေဝ သော သိက္ခေယျ” ငြိမ်းချမ်းရေးအတွက် ကြိုးစားအားထုတ်။ ကိုယ့်သန္တာန်မှာ စိတ်ငြိမ်းချမ်းမှုအတွက် ကြိုးစားအားထုတ်လို့ ဟောဒီအချက်လေးချက်က လုပ်ရမယ့် အချက်(၄)ချက်ပဲ။ မြတ်စွာဘုရားက လမ်းညွှန်ပေးထားတာ။

“ပညံ နပ္ပမဇ္ဇေယျ” အရ ဘယ်လိုလုပ်ရမှာတုန်းဆိုရင် ဓာတ်ခြောက်ပါးအစုမျှသာ ဖြစ်တယ်၊ အခြေခံခြောက်ခုနဲ့ အာရုံဆက်သွယ်ပြီးတော့ စိတ်တွေဖြစ်နေတာဖြစ်လို့ အခြေခံခြောက်မျိုးရှိတယ်။ အာရုံခြောက်မျိုးနဲ့ ဆက်သွယ်ပြီး ဖြစ်လာတဲ့အခါ စိတ်ရဲ့ခံစားမှု၊ စိတ်ရဲ့ဖြစ်မှုဟာ (၁၈)ခုရှိတယ်။ အဲဒီသဘောတရားကိုသိတာ “ပညာ”။

ကဲ၊ သိတဲ့အခါ ဘယ်လိုသိတာတုန်းဆိုရင် ခုနပြောတဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ပထဝီဓာတ်တွေကို အဇ္ဈတ္တိက ပထဝီဖြစ်ဖြစ်၊ ဗဟိဒ္ဓ ပထဝီပဲဖြစ်ဖြစ် ပထဝီဆိုတာ ပထဝီသာဖြစ်တယ်။ “နေတံ မမ၊ နေသောဟမသ္မိ၊ နမေသောအတ္တာ” အခုပြောတဲ့ ပထဝီဓာတ်တွေဟာ “နမမ” ငါ့ဟာလည်း မဟုတ်ဘူး။ “နအဟံ” ငါဆိုတာလည်း မဟုတ်ဘူး။ “နအတ္တာ” ငါ့ရဲ့ခိုင်မြဲတဲ့ သဘာဝအတ္တဆိုတာလည်း မဟုတ်ဘူး။ တစ်ခုမှ မဟုတ်ဘူး၊ အဲဒီလို မဟုတ်ဘူးလို့သိတာဟာ အမှန်သိပဲ။ “ယထာဘူတံ သမ္မပညာယ ဒဋ္ဌဗ္ဗံ” မှန်တဲ့ အမြင်နဲ့ အဲဒီလိုရှုနိုင်အောင်ကြိုးစား၊ အဲဒီလိုရှုပါတဲ့။

“ပထဝီဓာတ်သည် ပထဝီဓာတ်သာ ဖြစ်တယ်၊ ငါ့ဥစ္စာလည်း မဟုတ်ဘူး၊ ငါလည်း မဟုတ်ဘူး၊ ငါ့ရဲ့အတ္တလည်းမဟုတ်ဘူးလို့ မှန်ကန်တဲ့အမြင်နဲ့ သုံးသပ်ကြည့်ပါ” တဲ့။

အဲဒီလို သုံးသပ်လိုက်တော့ ဘာဖြစ်တုန်းဆို “ယထာဘူတံ သမ္မပ္ပညာယ ပဿတော ပထဝီဓာတုယံ နိဗ္ဗိန္ဒတိ” အဲဒီလို မှန်မှန်ကန်ကန် မြင်လာတဲ့အခါ ပထဝီဓာတ်ကို တွယ်တာမှု မရှိတော့ဘူးပေါ့၊ နို့မို့ဆို တွယ်နေမှာ။ မျက်လုံးလို့မြင်နေရင် တွယ်ဦးမှာပဲ။ နားလို့မြင်နေရင် တွယ်နေဦးမှာပဲ။ ပထဝီဓာတ်ကို ပထဝီဓာတ်လို့ပဲ မြင်လိုက်တယ်ဆိုလို့ရှိရင် တွယ်တာစရာရှိသေးရဲ့လား။ ငါမဟုတ်ဘူးလို့မြင်လိုက်တယ်။ ငါ့ဥစ္စာမဟုတ်ဘူးလို့ဆိုရင် တွယ်ရှိသေးရဲ့လား။ လောကမှာ လူတွေဟာ ငါ့ဥစ္စာလို့ သတ်မှတ်လိုက်တာနဲ့ တစ်ပြိုင်နက် တွယ်သွားတာပဲနော်။

ဆိုပါစို့၊ ကားလေးတစ်စီးဝယ်တယ်ဆိုပါတော့။ မဝယ်ခင်တုန်းက လိုက်ကြည့်ထားတယ်။ ကားတွေ အများကြီးပဲ၊ ကြည့်နေတုန်း အဲဒီကြည့်နေတဲ့ ကားတွေပေါ်မှာ တွယ်တာမှုရှိလား။ အေး၊ ကားတစ်စီးကတော့ အရောင်းအဝယ်တည့်လို့ ပိုက်ဆံလေးလဲချေလိုက်ပြီ၊ ငါ့ဟာလို့ဆိုကတည်းက တွယ်မသွားတော့ဘူးလား။ အေး၊ အိမ်ဝယ်ရင်လဲ ထို့အတူပဲ ဟုတ်လား။ ငါ့ဟာလို့ သတ်မှတ်လိုက်တာနဲ့ တစ်ပြိုင်နက် အတွယ်အတာက တစ်ခါတည်းရှိသွားပြီ။

ရှိသွားတော့ ဘာဖြစ်တုန်း worry ဆိုတဲ့သောကက နောက်ကလိုက်လာပြီ။ တစ်ခုခုဖြစ်မှာ စိုးသွားပြီ။ အရင်တုန်းက ကား သူ့ဟာသူ လမ်းပေါ်ပြေးနေတာ ဒီကား သတိတောင်မရဘူး။ ဟုတ်ကဲ့လား။ အေး၊ ကိုယ့်ဟာလို့ သတ်မှတ်လိုက်တာနဲ့ တစ်ပြိုင်နက် ကြည့် ခုနဟာတွေ အကုန်တက်လာတယ်။ နဂိုတုန်းက သူများအိမ် ကိုယ်ကဝယ်လိုက်တယ်။ သို့မဟုတ် တိုက်ခန်းတစ်ခု ဝယ်လိုက်တယ်။ ကိုယ်မပိုင်ခင်က ဒီတိုက်ခန်းရှိနေတာပဲ၊ ဘာမှမပူဘူး။ ပိုက်ဆံပေးပြီးချေလိုက်တာနဲ့ ကိုယ့်ဟာလို့ သတ်မှတ်လိုက်တဲ့အချိန်ကစပြီးတော့ တွယ်တာမှုဖြစ်သွားပြီ။ တွယ်တာမှုဖြစ်တဲ့အချိန်ကစပြီး ဒီတိုက်ခန်းအတွက် စိုးရိမ်သောကလေးတွေ ဝင်လာပြီ။ အဲဒီတော့ သောကဟာ တွယ်တာမှုကြောင့်ဖြစ်တယ်ဆိုတာ မထင်ရှားဘူးလား။

ဒါကြောင့်မို့လို့ ဒီသောကကို ဖြုတ်ချင်လို့ရှိရင် တွယ်တာမှုကိုဖြတ်ရမယ်တဲ့ ဒီလိုပြောတာ။ တွယ်တာမှုကို ဖြတ်ချင်လို့ရှိရင် ဘာနဲ့ဖြတ်ရမတုန်း။ အမြင်မှန်အောင်ကြည့်ပြီးတော့ ဖြတ်ရမယ်။ မှန်ကန်တဲ့ ဉာဏ်အမြင်နဲ့သာဖြတ်ရမယ်။

“ယထာဘူတံ- ဟုတ်တိုင်းမှန်စွာ၊ သမ္မပ္ပညာယ- မှန်ကန်သောဉာဏ်ပညာဖြင့်၊ ပဿတော- မြင်တဲ့ပုဂ္ဂိုလ်ဟာ၊ ပထဝီဓာတုယံ - ပထဝီဓာတ်အပေါ်မှာ၊ နိဗ္ဗိန္ဒတိ- အတွယ်အတာ ကင်းပြတ်၍ ငြီးငွေ့ကာ သွားလေတော့၏။

အတွယ်အတာ ကင်းပြတ်သွားပြီတဲ့။ အတွယ်အတာ ကင်းပြတ်တော့ ငြီးငွေ့သွားရင် ဘာဖြစ်တုန်း “ပထဝီဓာတုယံ န ဝိရဇ္ဇတိ” တဲ့၊ မတွယ်တော့ဘူး။ မတွယ်တော့ရင် သောကတွေဘာတွေ လာသေးလား။

အေး၊ အဲဒီအတိုင်းပဲ အာပေါဓာတ်အပေါ်မှာလည်း ထို့အတူပဲ၊ အာပေါဓာတ်ဟာ အာပေါဓာတ်သာဖြစ်တယ်။ အတွင်းအာပေါပဲဖြစ်ဖြစ်၊ အပြင်အာပေါပဲဖြစ်ဖြစ် အာပေါဓာတ်ဟာ အာပေါမျှသာဖြစ်တယ်။ ငါမဟုတ်ဘူး။ ငါ့ဟာမဟုတ်ဘူးလို့ မှန်ကန်တဲ့ဉာဏ်ဖြင့် ရှုရမယ်။ ပညံနပ္ပမဇ္ဇေယျ ပညာကို မမေ့နဲ့ဆိုတာ အဲဒါပြောတာ။ ဝိပဿနာပညာကို တည်ဆောက်ဖို့ မမေ့နဲ့တဲ့။ ပညာနဲ့ အမြဲတမ်းကြည့်လို့ ပြောတာနော်။

ဘုန်းကြီးတို့တတွေ ပညာနဲ့ မကြည့်ဘူး။ ဘာနဲ့ကြည့်လဲ တဏှာနဲ့ကြည့်တယ်။ ဒိဋ္ဌိနဲ့ကြည့်တယ်။ “တဏှာနဲ့ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် တွယ်တာသွားပြီ၊ ဒိဋ္ဌိနဲ့ကြည့်လိုက်တာနဲ့ အမြင်စောင်းသွားပြီ” ဟောဒီလိုဖြစ်ကုန်တယ်။ အေး တဏှာနဲ့ မကြည့်နဲ့။ ပညာနဲ့ကြည့်ပါ။ ဒိဋ္ဌိနဲ့ မကြည့်နဲ့၊ ပညာနဲ့ကြည့် အဲဒီလိုကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် ထိုအာရုံတွေအပေါ်မှာ အတွယ်အတာတွေ အားလုံးဟာ ကင်းပြတ်သွားတယ်။

ပထဝီတဲ့၊ အာပေါ့တဲ့၊ တေဇောတဲ့၊ ဝါယောတဲ့ ဓာတ်လေးပါး။ သူ့အတိုင်းပဲ၊ ဟော အာကာသဓာတ်ပဲ ငါနဲ့ဘာမှမဆိုင်ဘူး။ ဝိညာဏဓာတ်ကလည်း ဝိညာဏဓာတ်ပဲ၊ ငါနဲ့ဘာမှ မဆိုင်ဘူးလို့ အဲဒီလို အမှန်အကန်မြင်အောင် ကြိုးစားခြင်းကိုပဲ “ပညံနပ္ပမဇ္ဇေယျ” ပညာကို မမေ့နဲ့လို့ မြတ်စွာဘုရားကဟောတာ။

အဲဒီလို ပညာမမေ့ဘူးဆိုတာနဲ့ တပြိုင်နက် နောက်က အကျိုးဆက်တွေဝင်လာတယ်။ ဘာအကျိုးဆက်တွေ ဝင်လာတုန်းဆို ပညာပေါ်မှာ အခိုင်အမာ ရပ်တည်လိုက်တာနဲ့ အမှန်တရားကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပြီးဖြစ်သွားတယ်။

အဲဒီ ပညာဆိုတဲ့အထဲမှာ အမြင့်ဆုံးပညာက ဘာလဲဆိုလို့ရှိရင် “ဒုက္ခအားလုံးကိုကုန်ခမ်းစေနိုင်တဲ့ အရဟတ္တမဂ်ပညာဟာ အမြင့်ဆုံးပညာပဲ” တဲ့။ အဲဒီပညာပေါ်လာတာနဲ့တပြိုင်နက် ကိလေသာအားလုံး ကုန်သွားရော။ အဲဒီ ဒုက္ခက္ခယပညာသည် ပညာထဲမှာ အမြင့်ဆုံးပညာပဲ။

သစ္စာထဲမှာ အမြတ်ဆုံးသစ္စာက ဘာလဲဆိုရင် ဘယ်တော့မှ မလွဲမှားတဲ့၊ ဘယ်တော့မှ မပျက်စီးတဲ့ “နိဗ္ဗာန်ဟာ အမှန်ဆုံးသစ္စာပဲ” တဲ့။ ကျန် သစ္စာတွေက မှားတဲ့အခါ မှားသွားသေးတယ်။ နိဗ္ဗာန်ဆိုတဲ့ သစ္စာကို ထိန်းသိမ်းပါတဲ့။ ကိုယ့်သန္တာန်မှာရအောင် ခုနက ပညာရတာနဲ့တပြိုင်နက် နိဗ္ဗာန်ကိုရော မျက်မှောက်မပြုနိုင်ဘူးလား။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လို့ရှိရင် အမြတ်ဆုံးသစ္စာကို ထိန်းသိမ်းပြီးသားဖြစ်သွားတယ်။

အမြတ်ဆုံးသစ္စာကို ထိန်းသိမ်းပြီးတာနဲ့တပြိုင်နက် ဘာဖြစ်တုန်းဆို စာဂမနုဗြူဟေယျ စာဂကို တိုးပွားစေတယ်။ ဘာတွေကို စာဂ လုပ်မလဲဆိုရင် အေး ဖြစ်ပေါ်နေတဲ့ ခန္ဓာဆိုတာကိုလည်း စွန့်လွှတ်ရမယ်။ အဓိကကတော့ ကိလေသာတွေကို စွန့်လွှတ်ရမယ်။ ဥပဓိဆိုတဲ့တရားတွေကိုစွန့်လွှတ်ရမယ်။ ကိလေသာဆိုတဲ့ ဥပဓိတွေကိုစွန့်လွှတ်တယ်။ အဘိသင်္ခါရဆိုတဲ့ ကံတရားတွေကို စွန့်လွှတ်ရမယ်။ နောက်ဆုံးမှာ ကိလေသာလည်း မရှိတော့ဘူး၊ ကံတွေလည်း မရှိတော့ဘူးဆိုရင် ခန္ဓာကိုယ်ရော စွန့်လွှတ်ပြီးသားဖြစ်သွားတယ်။

ဒါကြောင့်မို့ အဘိသင်္ခါရဥပဓိ၊ ကိလေသဥပဓိ ဒါတွေကို စွန့်လွှတ်လိုက်တာ။ အရဟတ္တမဂ် ပေါ်လိုက်တာနဲ့တပြိုင်နက် ဟောဒီ ဥပဓိအားလုံး စွန့်ပယ်ပြီးသားဖြစ်သွားတယ်။ ဒါကြောင့် စာဂထဲမှာ ဥပဓိကိုစွန့်တဲ့ စာဂဟာ အကောင်းဆုံးပဲလို့ ဒီလိုပြောတာနော်။ ကိလေသာတွေ ထိုကိလေသာတွေနဲ့ ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာတဲ့ ကံတရားတွေ ကိလေသာလည်း မရှိတော့ဘူး၊ ကံလည်းမရှိတော့ဘူးဆို ခန္ဓာလည်း မရှိနိုင်တော့ဘူး။ အဲဒါတွေ စွန့်သွားလို့ရှိရင် ဥပဓိတရား လုံးဝစွန့်လွှတ်ခြင်းသည် စာဂ။

အဲဒီလို စွန့်လိုက်တာနဲ့တစ်ပြိုင်နက် ခန္ဓာကိုယ်ထဲမှာ ဘာတွေငြိမ်းသွားလဲဆိုရင် လောဘတွေငြိမ်းသွားတယ်။ ဒေါသတွေငြိမ်းသွားတယ်။ မောဟတွေငြိမ်းသွားတယ်။ လောဘဆိုတဲ့ အဆိုးတရား လုံးဝမရှိတော့ဘူး။ ဒေါသဆိုတဲ့ အဆိုးတရားလည်း လုံးဝမရှိတော့ဘူး။ မောဟဆိုတဲ့အဆိုးတရားလည်း လုံးဝငြိမ်းသွားတယ်။ အဲဒီ ကိလေသာထဲမှ လောဘ ဒေါသ မောဟဆိုတဲ့ အခြေအမြစ်တွေကစပြီး ငြိမ်းသွားလို့ရှိရင် သန္တိမေဝ သောသိက္ခေယျ အငြိမ်းဓာတ်ကို ကြိုးစားအားထုတ်ပါတဲ့။ အားထုတ်ပြီး ဖြစ်သွားပြီ။

ငြိမ်းသွားလို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ ခုနကပြောတဲ့ ပညာပေါ်မှာလည်း ရပ်တည်ပြီးသားဖြစ်သွားတယ်။ သစ္စာပေါ်မှာလည်း ရပ်တည်ပြီးသားဖြစ်သွားတယ်။ စာဂပေါ်မှာလည်း ရပ်တည်ပြီးသားဖြစ်သွားတယ်။ ငြိမ်းချမ်းမှုပေါ်မှာလည်း ရပ်တည်ပြီးသားဖြစ်သွားတယ်။ ဟော ရပ်တည်မှု(၄)ခုနဲ့ပြည့်စုံမသွားဘူးလား။

အေး၊ အဲဒီလို ရပ်တည်မှု(၄)မျိုးနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အထင်အမြင်ဆိုတာတွေ စီးဝင်ပြီးတော့ မလာတော့ဘူးတဲ့။ ငါဆိုတဲ့အထင်တွေ ငါ့ဥစ္စာဆိုတဲ့ အထင်အမြင်တွေ ငါ့ရဲ့အတ္တဆိုတဲ့ အမြင်အမှား ဒါတွေတစ်ခုမှ သူ့ရဲ့သန္တာန်မှာ စီးဝင်မလာဘဲနဲ့ လုံးဝရပ်ဆိုင်းသွားပြီ။ အဲဒီ ရပ်ဆိုင်းသွားတဲ့ပုဂ္ဂိုလ်ကို “မုနိသန္တောတိ ဝုစ္စတိ” တကယ့်သူတော်စင်သူတော်မြတ်ဖြစ်ပါတယ်လို့ မြတ်စွာဘုရားကဟောတာနော်။

“ယတ္ထာ- အကြင်လေးမျိုးသော ရပ်တည်မှုနဲ့။ ဌိတံ- တည်ရှိတဲ့ပုဂ္ဂိုလ်ကို။ မညဿဝါ- အထင်အမြင်ဆိုတဲ့ စီးဝင်မှုတို့သည်။ နပ္ပဝတ္တမာနေ- မဖြစ်ပေါ်တဲ့အခါမှာ။ မုနိ- တကယ့်သူတော်စင်သူတော်မြတ်ကို။ သန္တောတိ- တကယ့်ငြိမ်းအေးတဲ့ သူတော်ကောင်းသူတော်စင်သူတော်မြတ်ဟူ၍။ ဝုစ္စတိ-ခေါ်ဆိုအပ်ပါပေသည်ဟူ၍။ ဘဂဝါ-ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ အဝေါစ- ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။”

ဓာတုဝိဘင်္ဂသုတ်ကို အကျဉ်းအားဖြင့် မြတ်စွာဘုရားက အခုလို သဘာဝတရား ဆိုက်ထိအောင် ဟောလိုက်တာ။ ဟော နံနက်မိုးသောက် အလင်းရောက်ခါနီးဖြစ်သွားတော့ တရားလည်းပြီးဆုံးသွားတယ်။ တရားနာရင်းနာရင်းနဲ့ ပုက္ကုသာတိဆိုတဲ့ အမျိုးကောင်းသားဟာ တရားဓမ္မတွေကို သိမြင်ပြီး အနာဂါမ်အဆင့်ရောက်သွားတယ်။ သူက တရားကို စူးစိုက်နာရင်းကနေ အနာဂါမ်အဆင့် ရောက်သွားတယ်။

အဲဒီလို တရားကိုမြင်တော့မှ သူက ဘုရားကို မြင်တော့တာ။ အဲဒီကျမှ သူက နေရာမှထပြီးတော့ “အရှင်ဘုရား၊ တပည့်တော် မိုက်မိုက်မဲမဲနဲ့ အရှင်ဘုရားကို သာမန်ပုဂ္ဂိုလ်လို ဆက်ဆံမှုပြုခဲ့ပါတယ်” တဲ့။ မလေးမစား အရိုအသေ မပေးဘူးပေါ့လေ။ ဆရာတစ်ပါးလို အရိုအသေမပေးခဲ့ဘူး။ “သာမန်ပုဂ္ဂိုလ်တစ်ပါးလို ဆက်ဆံခဲ့မိပါတယ်။ အဲဒီအပြစ်ကို ခွင့်လွှတ်တော်မူပါ” မြတ်စွာဘုရားကို ဝန်ချတောင်းပန်တယ်။

မြတ်စွာဘုရားက ခွင့်ပြုတယ်။ အဲဒီလိုခွင့်ပြုပြီးတဲ့အခါ “အရှင်ဘုရား၊ တပည့်တော် ရဟန်းဝတ်ပါရစေ” တဲ့။ သူက ကိုရင်ကြီးဝတ်လာတာကိုး။ ရဟန်းခံထားတာမဟုတ်ဘူးနော်။

အဲဒီတော့ ရဟန်းခံချင်ပါတယ်ဆိုတော့ မြတ်စွာဘုရားက “ရဟန်းခံရင် သင်္ကန်းသပိတ် ပရိက္ခရာစုံရမယ်၊ အဲဒါရှိပြီလား” လို့ဆိုတော့ “မရှိသေးပါဘူး”။ “အေး၊ မရှိသေးရင် ရှာပါဦး” လို့ မိန့်တော်မူတယ်။

မြတ်စွာဘုရားက တရားပွဲလည်းပြီးရော အဲဒီအိုးထိန်းသည်တဲထဲကနေပြီးတော့ ရုတ်တရက်ပျောက်ကွယ်သွားတယ်။ သာဝတိပြည် ပြန်ကြွသွားတယ်။

အဲဒီအမျိုးကောင်းသားကလည်း ရဟန်းဖြစ်ချင်ဇောနဲ့ ရာဇဂြိုဟ်မြို့ပတ်ဝန်းကျင်မှာ လှည့်လည်ပြီးတော့ သပိတ်သင်္ကန်းရှာလိုက်တာ (အိန္ဒိယနိုင်ငံဆိုတာ ထုံးစံအတိုင်းပဲလေ၊ ကြည့် လမ်းမှာနွားတွေ လွှတ်ထားလိုက်တာ အများကြီးပဲမဟုတ်လား။ ကုလားပြည်ရောက်ဖူးတဲ့ပုဂ္ဂိုလ်တွေသိပါတယ်။ နွားတွေက ဈေးထဲလည်း လျှောက်တိုးနေတာပဲ၊ အဲဒီအကောင်တွေက အဲဒီမှာ VIPဆိုတာ နွားတွေပဲ။ အဲဒီက လမ်းပေါ်မှာ ဘယ်သူမှ ဂရုမစိုက်ဘူး။) နွားမတစ်ကောင်က ခွေ့လိုက်တာ တစ်ခါတည်း အသက်ပါ ပါသွားတယ်။ ပုက္ကုသာတိ ရဟန်းလောင်းကြီးဟာ အသက်ပါ ပါသွားတယ်။

အေး၊ အကယ်၍သာ မြတ်စွာဘုရားက အဲဒီနေ့ညမှာ တရားလာမဟောဘူးဆိုလို့ရှိရင် ဒီလိုနွားခွေ့တာနဲ့ပဲ ဆုံးရမှာပဲ။ အဲဒီ မဆုံးခင် မြတ်စွာဘုရားက လာပြီးတော့ တရားဟောတာ။

နွားဆိုတာတော့ တကယ့်နွားမဟုတ်ဘူးတဲ့၊ အတိတ်ဘဝတုန်းက ရန်ငြိုးရှိခဲ့တဲ့ ဘီလူးမက နွားယောင်ဆောင်ပြီးတော့ ဝှေ့သတ်လိုက်တာပေါ့။ အဲဒါနဲ့ပဲ အမှိုက်ပုံပေါ်မှာ မှောက်လျက်ကျပြီးတော့ ဆုံးသွားရှာတယ်။

ပုက္ကုသာတိ အမျိုးကောင်းသား သေဆုံးတာနဲ့ပတ်သက်ပြီး သတင်းရောက်လာတယ်။ ရဟန်းတွေက မေးကြတယ်။ မြတ်စွာဘုရား တရားဟောခဲ့တဲ့ပုဂ္ဂိုလ် အခုဆုံးသွားပြီလို့ ပြောတယ်ဘုရား။ ဘယ်ဘဝရောက်သွားတုန်းဆိုတော့ မြတ်စွာဘုရားက “အေး၊ သူဟာ ဩရမ္ဘာဂိယ သံယောဇဉ် ၅-ပါး (သံယောဇဉ်က ၁၀-ပါးရှိတယ်။ ကြိုး ၁၀ ချောင်းနဲ့ချည်ထားတယ်။ ခြေထောက်မှာ ချည်ထားတဲ့ကြိုးက ၅-ချောင်း၊ ခေါင်းပိုင်းမှာ ချည်ထားတာက ၅-ချောင်း။ အပေါ်ဆွဲအောက်ဆွဲပေါ့ဗျာနော်။ အောက်ဆွဲတဲ့သံယောဇဉ်တွေ သက္ကာယဒိဋ္ဌိ တို့၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ကာမရာဂ ဗျာပါဒ ဆိုတဲ့ အဲဒီသံယောဇဉ်တွေက မရှိတော့ဘူး။ အောက်ဆွဲသံယောဇဉ် မရှိတော့ဘူး”။ ဆိုလိုတာက ကာမဘုံနဲ့ စခန်းပြတ်သွားပြီ။

ကာမဘုံနဲ့ သံယောဇဉ်ပြတ်ပြီး ဗြဟ္မာ့ပြည်ရောက်သွားတယ်။ ဗြဟ္မာ့ပြည်က ပြန်မလာတော့ဘူး၊ သုဒ္ဓါဝါသဗြဟ္မာ့ပြည်မှာနေပြီး အဲဒီမှာပင် ပရိနိဗ္ဗာန်စံတော့မယ်။ အခုကနေ့ ရှိသေးတယ်ပေါ့ဗျာ။

ပုက္ကုသာတိ ဗြဟ္မာ့ပြည်လည်းရောက်ရော ရောက်တာနဲ့ တစ်ပြိုင်နက် ရဟန္တာဖြစ်သွားတယ်။ ပုက္ကုသာတိ အရှင်မြတ်ကြီးဟာ အခု ဗြဟ္မာဘဝနဲ့ ရဟန္တာကြီးပေါ့။ သုဒ္ဓါဝါသဗြဟ္မာဘုံမှာ ရှိနေတယ်။ သူနဲ့အတူတူ ဘယ်သူရှိတုန်းဆိုရင် အားလုံးသိကြတဲ့အတိုင်း 'ဥပက' ဆိုတာရှိတာပေါ့။ 'ဥပက' ကလည်း အဲဒီလိုပဲ သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံမှာ ဗြဟ္မာကြီး ဖြစ်နေလေရဲ့နော်။ နောက် ဘုရားပွင့်ရင်လည်း တွေ့ကြဦးမှာပေါ့။ သူတို့ သုဒ္ဓါဝါသဘုံရောက်သွားတယ်။

ဒီပုဂ္ဂိုလ်ဟာ အလွန်ဉာဏ်ထက်တယ်တဲ့။ မြတ်စွာဘုရားက တရားကိုတိုတိုလေး “ဓာတုဝိဘင်္ဂ ကမ္မဋ္ဌာန်း ကျင့်စဉ်” ဟောလိုက်တာနဲ့ အနာဂါမ်ဖြစ်သွားတယ်။

ဒီဓာတ်ခြောက်ပါးလို့ဆိုတဲ့အထဲမှာ ဝိဉာဏဓာတ်က နာမ်တရား၊ ကျန်တဲ့ဓာတ်တွေက ရုပ်တရား။ ရုပ်ကမ္မဋ္ဌာန်းနဲ့ နာမ်ကမ္မဋ္ဌာန်း အဲဒီ၂-ခုကို အခြေခံပြီးတော့ ဟောလိုက်တာ ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး ဒီပုဂ္ဂိုလ်ဟာ အနာဂါမ်ပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်တဲ့။ အနာဂါမ်ပုဂ္ဂိုလ်ဖြစ်သွားတဲ့အခါမှ ဘုရားမှန်းသိပြီးတော့၊ ရှိခိုးဝပ်ချတောင်းပန်ပြီးတော့ သူတွေ့ချင်တဲ့ ဘုရားဟာ ဒီဘုရားပဲလို့ဆိုတာကို အဲဒီကျတော့မှ သိသွားတယ်။

ဒါဟာ “အိုးထိန်းသည် တဲထဲက တရားပွဲမှာ ဟောတဲ့ တရားကလေးတစ်ပုဒ်“ပါပဲနော်။ “ဓာတုဝိဘင်္ဂသုတ်ရဲ့ အနှစ်ချုပ်ကလေး” ကို ဟောတာဖြစ်လို့ တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် တို့ရဲ့ဘဝ တို့ရဲ့ခန္ဓာဟာ ဓာတ်ခြောက်ပါးနဲ့ ဖွဲ့စည်းထားတယ်၊ အခြေခံခြောက်မျိုးရယ်၊ လာရောက်ပြီး ဆက်သွယ်တဲ့ အာရုံတွေခြောက်မျိုးရယ်၊ ဆက်သွယ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ စိတ်(၁၈)မျိုးရယ် ဒါဟာ ဒို့ဘဝပဲ။ ထို(၁၈)မျိုးကိုသိဖို့ ပညာမှာ ရပ်တည်မယ်၊ အမှန်တရားပေါ်မှာ ရပ်တည်ကျင့်သုံးမယ်။ စာဂပေါ်မှာ ရပ်တည်ပြီး ငြိမ်းချမ်းမှုပေါ်မှာ အခြေခံရပ်တည်မယ်ဆိုတဲ့ ဒီရပ်တည်မှုလေးမျိုးအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်မိပြီဆိုရင် အထင်အမြင်ဆိုတဲ့ တရားတွေ မဖြစ်လာတော့ဘူး။

ဒီကနေ့ အထင်အမြင်တွေက ကြီးစိုးနေတာဖြစ်တယ်။ ဟုတ်ကဲလား။ လူတိုင်းလူတိုင်းမှာ အထင်အမြင်ဆိုတဲ့ တဏှာနဲ့ ဒိဋ္ဌိတွေက ကြီးစိုးနေသည့်အတွက်ကြောင့် သံသရာဝဋ်ကနေ မလွတ်နိုင်ကြတာ။ ထိုအထင်အမြင်ဆိုတဲ့ တရားတွေရဲ့ ရပ်တည်မှု၊ ကြီးစိုးလာမှု၊ စီးဝင်လာမှုတွေမရှိအောင် အသိပညာဖြင့် ဒို့တားရမှာလို့ ကိုယ်စီကိုယ်စီသဘောကျပြီး ဓာတုဝိဘင်္ဂသုတ္တန် တရားအတိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။

သာဓု ... ... သာဓု ... ... သာဓု

tw62sgx0kshc84dlv8xyjr3fxmty855
အခွင့်ကောင်းကို ရအောင်ယူ
0
5894
22145
21649
2026-06-15T03:25:30Z
Tejinda
173
22145
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = အခွင့်ကောင်းကို ရအောင်ယူ
| previous = [[ဓာတုဝိဘင်္ဂသုတ် အနှစ်ချုပ်]]
| previous2 =
| next = [[ဓမ္မဗျူဟာသင်တန်းသားများ၏ မေးခွန်းများကို ဖြေဆိုခြင်း]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

အခွင့်ကောင်းကို ရအောင်ယူ

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄)ရက်နေ့ (၂၃-၁-၂၀၁၁) အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ထေရဝါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သော ကွယ်လွန်သူဖခင်ကြီး ဦးယူဆေး အားရည်စူး၍ ပြုလုပ်သော အလှူတော်၌ မိသားစု၏ အမတဒါန ဓမ္မဒါန အဖြစ် ဟောကြားအပ်သော “အခွင့်ကောင်းကို ရအောင်ယူ” တရားဒေသနာတော်။

“အခွင့်ကောင်းကို ရအောင်ယူ” ဆိုတဲ့စကားကို အရေးတကြီး ပြောကြားခဲ့တဲ့အထဲမယ် မြတ်စွာဘုရားရဲ့ တပည့်သားသာဝက ရှင်ဥပါလိမထေရ်ဆိုတာ ရှိတယ်။ ရှင်ဥပါလိမထေရ်ဟာ ဝိနယပိဋကကို တာဝန်ယူပြီး ထိန်းသိမ်း စောင့်ရှောက်ခဲ့တယ်၊ မြတ်စွာဘုရားရဲ့ စည်းမျဉ်းစည်းကမ်းတွေကို တပည့်ပရိသတ်တွေအား သင်ကြားပေးခဲ့တဲ့ မထေရ်ကြီးဖြစ်တယ်။ ဘဝတစ်ခုမှာ အမှားပြုခဲ့သည့်အတွက်ကြောင့် သူ့ဘဝဟာ နောက်ဆုံး အခြေအနေထိအောင် နိမ့်ကျတဲ့ဘဝကို ရရှိခဲ့တယ်။ အဲဒါကြောင့် သူ့လိုမဖြစ်ရအောင်ဆိုပြီးတော့ သတိ ပေးခဲ့တယ်။ ဘုန်းကြီးတို့တစ်တွေလည်း အလေး အနက် စဉ်းစားသင့်တာပေါ့။

အခွင့်ကောင်းဆိုတာ ကြုံတော့ကြုံတယ်။ ကြုံမှန်း မသိကြဘဲ သို့မဟုတ် အခွင့်ကောင်းကို အသုံးမချဘဲ ဘဝတစ်ခုကို လက်လွတ် ဆုံးရှုံးသွားကြတာတွေ လောကမှာ အများကြီးပဲ။ အခွင့်ကောင်းကြုံနေတာကို ကြုံမှန်းမသိလို့ ဆုံးရှုံးတာလည်းရှိတယ်။ သိလျက်သားနဲ့ အခြားကိစ္စဝိစ္စတွေနဲ့ မအားဘူးဆိုတာကို အကြောင်း ပြပြီးတော့ ဘဝတစ်ခုပြီးဆုံးသွားကြတာ၊ အခွင့်ကောင်း ကို လက်လွတ်ဆုံးရှုံးသွားကြတာတွေ ရှိတယ်။ အခွင့် ကောင်းဆိုတာ အမြဲမရှိဘူးဆိုတာ အင်မတန်မှ မှန်တယ်။

အခွင့်ကောင်းဆိုတဲ့နေရာမှာ အမျိုးမျိုးရှိတယ် ပေါ့။ ရှေးတုန်းက လျှပ်စစ်မီးတွေ ဘာတွေ မရှိမီက ညအခါ အလုပ်လုပ်ချင်ပြီ ဆိုလို့ရှိရင် လ,ရောင်ကို အားပြုကြရတယ်။ ဒါ့ကြောင့် “လသာတုန်း ဗိုင်းငင်” ဆိုတဲ့စကား ပေါ်လာတယ်။ ဒါလည်း အခွင့်ကောင်းပဲ။ လ,ဆိုတာ အမြဲတမ်းရှိတာ မဟုတ်ဘူး။ တစ်ချိန်လေးပဲ ရှိတာ။ ခဏပဲရှိတာ။ တိမ်ဖုံးသွားရင်လည်း လ,ဆိုတာ ထွက်နိုင်ခြင်းမရှိဘူး။ လ,ရောင်လေးရှိတုန်း အလုပ်လုပ် ကြရတယ်။ ဒါက အခွင့်ကောင်းကို အသုံးချတယ် ခေါ်တယ်။

“နေပူတုန်း စပါးလှန်း” ဆိုတာ နေပူတဲ့အချိန်မှာ လှမ်းကြရတယ်။ နေအကြောင်းကို မိုးရာသီကျရင် ပိုသိကြရတယ်။ ဒီ ရန်ကုန်ကလူတွေ နေပူလေးရဖို့ရာ အတွက် အင်မတန်ခဲယဉ်းတော့ တိုက်အမြင့်ကလူတွေ အဝတ်လှမ်းချင်လို့ရှိရင် နေပူတဲ့အချိန်မှာ လှန်းကြ ရတယ်။ အိမ်ရှင်အမျိုးသမီးတွေ ပိုပြီးတော့ သိတယ်။ လျှပ်စစ်မီးလာမှ အလုပ်လုပ်ဖြစ်တဲ့အခါမှာဆိုလည်း လျှပ်စစ်မီးလာတဲ့ အခိုက်လေးဟာ အခွင့်ကောင်းပဲ။ လာတုန်းလေးမှာ မလုပ်လိုက်ဘူး ဆိုလို့ရှိရင် လုပ်ဖို့ တော်တော် ခဲယဉ်းသွားတယ်။ ဘယ်ဟာပဲဖြစ်ဖြစ် အခွင့်ကောင်းဆိုတာ အချိန်ပိုင်းလေးပဲ ရတာ။ အမြဲတမ်းရမှာ မဟုတ်ဘူး။

ဘုန်းကြီးတို့တစ်တွေလည်း ဒီအတိုင်းပဲ။ အခွင့် ကောင်းကလေး ခုချိန်မှာ ရနေပြီ။ လူတိုင်းလူတိုင်းဟာ ငါ အခွင့်ကောင်းရနေတယ်လို့ သိချင်မှ သိကြတာ။ သိတောင်မှလည်း အခွင့်ကောင်းဆိုတာ စီးပွားရေး အတွက် အခွင့်ကောင်းလား၊ ပညာရေးအတွက် အခွင့် ကောင်းလား ခွဲခြားသိရမယ်။ များသောအားဖြင့် လူတွေဟာ စီးပွားရေးအတွက် အခွင့်ကောင်းကိုသာ အခွင့်ကောင်းလို့ သတ်မှတ်ကြတယ်။ သို့သော် စီးပွား ရေး တိုးတက်နိုင်တယ်ဆိုတာ တစ်ဘဝပဲ။ တစ်ဘဝ တောင်မှ တစ်ခဏပဲလို့ ပြောရမယ်။ ကိုယ့်မျက်စိ အောက်မှာတင်ပဲ ချမ်းသာပြီးတော့မှ ဆင်းရဲသွားတဲ့ လူတွေလည်း အများကြီးရှိတယ်။ အဲဒီတော့ အချိန်ပိုင်း လေးအနေနဲ့ အလွန် တိုတောင်းတာ။ အဲဒါလေးကို အခွင့်ကောင်းလို့ သတ်မှတ်ပြီးတော့ တခြား ဒီ့ထက် အရေးကြီးတဲ့ အခွင့်ကောင်းကို မစဉ်းစားဘူး ဆိုလို့ ရှိရင် ဒီ့ထက်အရေးကြီးတဲ့ အခွင့်ကောင်းတွေ ဆုံးရှုံး နစ်နာသွားနိုင်တယ်။

ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအဖို့ မြတ်စွာ ဘုရားက လမ်းညွှန်ထားတဲ့ အခွင့်ကောင်းဆိုတာ ဘယ်လိုဟာကိုခေါ်တာတုန်းဆိုတော့ အခုဘုရားပွင့်လို့ တရားဓမ္မတွေ ဟောပြောထားလို့ သာသနာတော်ကြီး တည်ရှိတယ်။ အဲဒီလိုတည်ရှိနေတာ အခွင့်ကောင်းကြီး တစ်ခုပဲ။ ကိုယ်ကိုယ်တိုင်က စဉ်းစားဉာဏ်ရှိတယ်။ အကြောင်းအကျိုး၊ အကောင်းအဆိုး ခွဲခြားပြီးသိတယ်။ ဒီသိနိုင်တဲ့ အချိန်လေးဟာလည်း အခွင့်ကောင်းပဲ။ တစ်ခါတစ်ခါကျတော့ မသိနိုင်တဲ့ဘဝထဲ ရောက်သွား တာ ရှိသေးတာကိုး။

မြတ်စွာဘုရားရဲ့သာသနာ ပွင့်ထွန်းလို့ တရားဓမ္မ ကိုလည်း ဟောပြောနေတယ်။ တရားတွေကို ကိုယ် သိချင်ရင် သိလို့ရတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ခံယူ နိုင်တဲ့ ဉာဏ်စွမ်းတွေရှိတယ်။ အဲဒီလို ရခဲတဲ့ လူ့ဘဝကို ရပြီးတော့ အခြေအနေတွေ ကောင်းနေတဲ့အခါမှာ တရားဓမ္မကို လိုက်စားမယ်။ လေ့လာမယ် ဆိုလို့ရှိရင် မြန်မာပြည်မှာ အခြေအနေတွေ အလွန်ကောင်းတာပဲ။ ဘာပဲလေ့လာချင် လေ့လာချင် အလွယ်တကူနဲ့ ရနိုင် တယ်။

တချို့နိုင်ငံတွေမှာဆို တရားထိုင်ချင်လို့ တရားဓမ္မ လေ့လာချင်တာတောင်မှပဲ အစစအရာရာ ကုန်ကျ စရိတ်တွေ အများကြီး ရှိတယ်။ အကုန်အကျခံနိုင်မှ လေ့လာလို့ ရတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလို မဟုတ်ဘူး။ အများကြီး အခြေအနေကောင်းတွေ ရှိတယ်ပေါ့။ အဲဒီလို အခြေအနေကောင်းတွေရှိတော့ စီးပွားရေးဆိုတာ ဘဝတိုင်းလုပ်လို့ရတယ်။ ဒီတရား ဓမ္မရေးဆိုတာ ဘဝတိုင်းလုပ်လို့မရဘူး။ ခုလို အချိန် ကောင်းမှ လုပ်လို့ ရတယ်။

တခြားနိုင်ငံတွေမှာကြည့်၊ ဗုဒ္ဓဘာသာ မဟုတ် ပေမယ့်လို့ စီးပွားရေးလုပ်လို့ရတဲ့ဟာတွေ အများကြီးပဲ ရှိလိမ့်မယ်။ စီးပွားရေးဘက်က တိုးတက်မှုရအောင် အများကြီးပဲ လုပ်နိုင်တယ်။ သို့သော် ကိုယ်ကျင့်တရားနဲ့ အသိတရားရှိဖို့ဆိုတာကျတော့ အင်မတန်မှ ခဲယဉ်း တယ်။ ဒါကြောင့်မို့ တို့ဘဝဟာ ခုချိန်မှာ ဘာလုပ်ချင် သလဲ။ အကောင်းဆုံး အခွင့်အရေးဆိုတာ ဘာလဲ၊ (စီးပွားရေးကို အခွင့်ကောင်းလို့ သတ်မှတ်ရင် တစ်ဘဝ စာပဲ)၊ ဓမ္မရေးရာ အသိဉာဏ်ကို အခွင့်ကောင်းလို့ သတ်မှတ်ရင်တော့ ဒီဘဝတင် မကဘူး။ ဘဝပေါင်း မြောက်များစွာ ကိုယ့်အတွက် အခြေအနေကောင်းတွေ ရရှိသွားမှာ ဖြစ်တယ်။

အဲဒီလို စဉ်းစားဉာဏ်နဲ့တွေးလိုက်ရင် ခု ရ,ထားတဲ့ အခြေအနေကောင်းကြီးဟာ တကယ့်ကို ကောင်း တယ်။ “လသာတုန်း ဗိုင်းငင်” ဆိုတာလို လုပ်ရမယ့်၊ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်ကြရမှာ။ မလုပ်လိုက်လို့ရှိရင် 'လ' ဟာ အမြဲသာနေမှာ မဟုတ်ဘူး။ သာသနာနဲ့ကြုံတွေ့ပြီး အသိဉာဏ်ရှိတဲ့ဘဝ၊ ဘုရားတရားတွေ လေ့လာလို့ရနိုင်တဲ့ ဘဝလေးမှာ တရားဆိုတာ ဘာလဲဆိုတာ တရားရဲ့အရသာကို မြည်းစမ်းပြီးတော့ မကြည့်လိုက်ဘူးဆိုရင် နောင် ဒါမျိုး ကြုံဖို့ဆိုတာ အများကြီး ခဲယဉ်းသွားလိမ့်မယ်၊ ဝေးသွား လိမ့်မယ်။ ဝေးသွားမှ ဒါကိုသိချင်ပါတယ် ဆိုလို့ရှိရင် အခွင့်ကောင်း ဆုံးရှုံးသွားပြီး ပြန်ပြီးရဖို့ မရှိဘူး။ ဒါကြောင့်မို့ လူ့ပညာရှိတွေက ပြောကြတယ် “အခွင့် ကောင်းဆိုတာ နှစ်ခါ မလာဘူး။ တစ်ခါပဲလာတယ်” လို့။ ဒါလည်း ဟုတ်သင့်သလောက် ဟုတ်တယ်။

အခွင့်ကောင်းဆိုတာ အမြဲတမ်းကြုံတဲ့ အနေ အထားမျိုး မရှိဘူး။ ဆိုပါစို့။ ဘုရားသာသနာနဲ့ ကြုံနေ တယ်။ မြန်မာနိုင်ငံမှာလည်း လူဖြစ်တယ်။ တရားဓမ္မ တွေရဲ့ အနီးမှာလည်း ရှိနေတယ်။ စဉ်းစားကြည့်မယ် ဆိုရင် တိရစ္ဆာန် တစ်ကောင်ဟာလည်း သူ့အဖို့မှာ ဘုရားသာသနာ ကြုံသားပဲ။ နေတာလည်း ဓမ္မာရုံနား မှာ နေတယ်။ သို့သော် သူ့အဖို့မှာ တရားသိနိုင်တဲ့ အသိဉာဏ် မရှိဘူး။ ဒါ့ကြောင့် သူ့အဖို့မှာ ဒါတွေက အပိုဖြစ်သွားတယ်။ အခွင့်ကောင်းလို့ မခေါ်နိုင်ဘူး။ အဲဒါကြောင့်မို့လို့ ဘုန်းကြီးတို့ အက္ခဏသုတ္တန် ကို ရှင်းပြီးတော့ ဟောထားတဲ့ “ရှစ်ယောက်နဲ့ တစ်ယောက်” တရားမှာ အခွင့်ကောင်း ရှိတဲ့လူဟာ တစ်ယောက်တည်းပဲရှိတယ်။ အခွင့်ကောင်းလက်လွတ် ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တွေက ရှစ်ယောက်တောင်ရှိတယ်။ အဲဒီတော့ “ရှစ်ဦးမှာတစ်ဦး” ဆိုတဲ့ အဲဒီလောက်ရဖို့ရာ ခက်ခဲတဲ့ အခွင့်အရေးကြီးကို တို့ရနေတယ်။ ရနေတာ ကို တန်ဖိုး ရှိမရှိ မစဉ်းစားမိလို့ တန်ဖိုးရှိတယ်လို့ထင်ပြီး တန်ဖိုးမရှိတဲ့ အရာတွေနဲ့ အချိန်ဖြုန်းလိုက်မယ်ဆိုရင် ဒီအခွင့်ကောင်းဟာလည်း လက်လွတ်ဆုံးရှုံးသွားမှာပဲ။ ဒါကြောင့်မို့ ရှင်ဥပါလိက သတိပေးခဲ့တဲ့ စကား လေးတစ်ခွန်းက အလွန် မှတ်သားစရာကောင်းတယ်။ “မာ ဝေါ ခဏံ ဝိရာဓေထ” - သူပြောတဲ့စကားဟာ ပါဠိစကားပေါ့။ “အေး၊ အခွင့်ကောင်းကြီးကို လွဲချော် မသွားကြစေနဲ့“၊ ဒါ အရေးတကြီး သတိပေးလိုက်တာ၊ ကိုယ်ရ,ထားတဲ့ အခြေအနေကောင်းတွေကို ဆုံးရှုံး မသွားစေနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ခဏလေးနဲ့ ဆုံးရှုံး သွားနိုင်တယ်။ လူ့ဘဝဆိုတာလည်း ကျန်းမာနေတုန်းပဲ အလုပ်လုပ်လို့ရတယ်။ အခြေအနေဆိုတာ အမြဲတမ်း ကောင်းနေမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ “မာ ဝေါ ခဏံ ဝိရာဓေထ” “ကောင်းတဲ့ခဏလေးကို လွဲချော် မသွားစေနဲ့” တဲ့။

ဘာဖြစ်လို့ တိုက်တွန်းရတာလဲဆိုတော့ သူက ဆက်ပြီး အမိန့်ရှိတယ်။ “ခဏာတီတာ ဟိ သောစရေ” “အခွင့်ကောင်းတစ်ခုကို လက်လွတ် ဆုံးရှုံးသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ထာဝရ ပူပန်နေရတဲ့ အနေ အထားမျိုး ရောက်သွားနိုင်တယ်“၊ ဆုံးရှုံးသွားပြီဆိုရင် ပြန်ယူလို့မရဘူး။ မရတော့ အဲဒါအတွက် တအုံနွေးနွေး စိတ်ပူပန်နေရတယ်။ စိတ်ပူတာပဲရှိတယ်။ ရလာမှာ မဟုတ်ဘူး။ အခွင့်ကောင်းဆိုတာကို ပြန်မရနိုင်ဘူး။

ဒါကြောင့်မို့ တိုက်တွန်းစကား ပြောတယ်။ “သဒတ္ထေ ဝါယမေယျာထ” - “ကိုယ့်အတွက် အကောင်းဆုံး အလုပ်တွေကို လုပ်ဖို့လိုတယ်” တဲ့။

အဲဒီတော့ ကိုယ့်အတွက် အကောင်းဆုံးအလုပ် ဆိုတာ စဉ်းစားဖို့ လိုလာတယ်။ မစဉ်းစားရင်တော့ သူများလုပ်တာပဲ လိုက်လုပ်မှာပဲ။ လောကကလူတွေ ဆိုတာ သူများလုပ်တဲ့ လမ်းကြောင်းပေါ်ပဲ လျှောက် တယ်။ ဥပမာ - ဒီနား လက်ဖက်ရည်ဆိုင်ဖွင့်လို့ ကြီးပွားရင် ငါလည်း လက်ဖက်ရည်ဆိုင် ဖွင့်ဦးမှပဲ။ ကြီးပွားအောင် သူများလုပ်တဲ့ အလုပ်ကို လိုက်လုပ်တာ၊ ရှေ့က ဒီလိုလုပ်လို့ ကြီးပွားသွားရင် လိုက်နင်းတာ၊ အဲဒီလမ်းပဲ လိုက်လျှောက်တာ။

အဲဒီတော့ စဉ်းစားရမှာက ကိုယ့်အတွက် တကယ်အကျိုးရှိတဲ့အလုပ်လား၊ အကျိုးရှိတယ်ဆိုတဲ့ နေရာမှာ အတိုင်းအတာ တစ်ခုထိ ရှိတာလား။ သို့မဟုတ် အတိုင်းအတာမဲ့ အင်မတန် ကြီးမားတဲ့ အကျိုးရှိတာလား။ ဒါဟာ မစဉ်းစားဘဲနဲ့ မနေသင့်ဘူးပေါ့။ စဉ်းစားသင့်တယ်။ အကျိုးနှစ်ခုကို ရွေးချယ်တဲ့ အခါမှာ အကျိုးရှိတယ်ဆိုတဲ့ဟာ “ခဏတာ အကျိုးရှိ တာကို ရွေးမှာလား?၊ တစ်ဘဝလုံးအတွက် အကျိုး ရှိတာကို ရွေးမှာလား?။ နောက်ဆုံး တစ်သံသရာလုံး အတွက် အကျိုးရှိတာကို ရွေးမှာလား?”

ဘဝတစ်ခုမှာ အဆင်မပြေလို့ ဒုက္ခရောက်သွား တာတွေ ကိုယ့်မျက်စိအောက်မှာ အများကြီးရှိတယ်။ လူထဲလည်းရှိတယ်။ တိရစ္ဆာန်ထဲလည်း စဉ်းစားကြည့်၊ လူတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုအောက်မှာ တိရစ္ဆာန် တွေဟာ ဒုက္ခရောက်နေကြပုံကို ဗုဒ္ဓရဲ့တရားတော်အရ ဆိုရင် တစ်ချိန်တစ်ခါတုန်းက သူတို့လည်း လူဖြစ်ခဲ့ မှာပဲ။ လူဖြစ်ခဲ့ပြီး ကံမကောင်း အကြောင်းမလှလို့ တိရစ္ဆာန်ဘဝရောက်ရင် လူတွေရဲ့ အနိုင်ကျင့်မှုကို ခံပြီးတော့နေကြရတယ်။ အဲဒီအချိန်ကျမှ ကောင်းတဲ့ အလုပ်ကို လုပ်ချင်ပါတယ်၊ အကျိုးရှိရာရှိကြောင်း လုပ်ချင်ပါတယ်ဆို ဘယ်လိုမှ သူတို့မှာ အခွင့်အရေး မရှိနိုင်ဘူး။

အဲဒါတွေကို အလေးအနက်ထား စဉ်းစားပြီး တော့ ရှင်ဥပါလိက “သဒတ္ထေ ဝါယမေယျာထ” “အကောင်းဆုံး အကျိုးရှိတဲ့အပေါ်မှာ ကြိုးစား အားထုတ်ကြပါ” တဲ့။ “ခဏော ဝေါ ပဋိပါဒိတော““သင်တို့မှာ လုပ်လို့ဖြစ်တဲ့အချိန်ကြီး၊ အခုဟာ အခွင့် ကောင်းကြီးက ရှိနေတယ်”

လုပ်ချင်ပေမယ့် လုပ်လို့မရတဲ့အခြေအနေဆိုတာ အများကြီး ရှိတယ်။ အချိန်အခါဆိုတာ အမြဲတမ်း ရှိနေတာ မဟုတ်ဘူး။ ဒီကနေ့လူတွေ ပိုနားလည်ပါ တယ်။ ကိုယ်ဘယ်လောက်လုပ်ချင်ပေမယ့် လုပ်မရတာ တွေ အများကြီးပဲလေ။ ဒါက သာမန်ကိစ္စလေးတွေပဲ ကိုယ်မြင်တယ်။ စီးပွားရေးတွေ မြင်တယ်။ ကျန်တဲ့ကိစ္စ တွေ လုပ်ချင်တယ်။ လုပ်လို့မရတဲ့ဟာ ရှိတယ်။

အချိန်ကောင်းနေတဲ့ အချိန်လေးသာ လုပ်လို့ ရတာ ဖြစ်သောကြောင့် ကိုယ့်ကျိုးကိုယ့်စီးပွားကို ကြိုးစားအားထုတ်ပါလို့ ရှင်ဥပါလိက တိုက်တွန်းခဲ့ တယ်။ သူဟာ သံသရာခရီးမှာ အမှားတစ်ခုလုပ်ခဲ့သည့် အတွက်ကြောင့် နိမ့်ကျတဲ့ဘဝ ရောက်သွားရှာတာ။

အကျဉ်းချုပ် ပြောမယ်ဆိုရင် - ရှင်အာနန္ဒတို့၊ ရှင်ကိမိလတို့၊ ရှင်ဘဒ္ဒိယတို့ဆိုတဲ့ သာကီဝင်မင်းသား ၆ ယောက် ရဟန်းပြုတဲ့အခါမှာ သူက နောက်က လိုက်သွားတာ၊ သူက အဲဒီမင်းသားတွေကို ဆံပင်၊ မုတ်ဆိတ်ကို ပြုပြင်ပေးရတဲ့ ဆတ္တာသည်၊ သူတို့ခေတ် မှာ သူ့အမျိုးဟာ အင်မတန်မှ အောက်တန်းကျတယ်။ လူရာသွင်း မခံရဘူး။ နေရင်လည်း နောက်နားလေးမှာ၊ ခြေရင်းလေးမှာ၊ အပြင်မှာ နေရတယ်နော်။ အထက် တန်းကျတဲ့ ပုဂ္ဂိုလ်တွေနဲ့ အတူတူ စားပွဲမှာ ထိုင်ဖို့ဆိုတာ အဝေးကြီး။ အမြဲတမ်း သူတို့ဝေယျာဝစ္စ လုပ်ပေးရ တယ်။ အောက်တန်း နောက်တန်းကျတဲ့ အနေအထား မျိုးမှာ သူနေရတာ။

နောက်ဆုံးကျတော့ ဒီဘဝမှာ သူ့ကိုယ်သူ စဉ်းစားပုံက အလွန်ကောင်းတာ၊ မင်းသားတွေက သာသနာ့ဘောင် ဝင်တော့မယ့်အချိန်မှာ သူတို့ရဲ့ လက်ဝတ်ရတနာတွေ၊ ဝတ်ဆင်လာတဲ့ အဝတ်အစား တွေ အကုန်လုံး အထုပ်ထုပ်ပြီး သူ့ကို ပေးခဲ့တယ်။ “မင်းပြန်တော့၊ တို့ကတော့ ဘုန်းကြီးဝတ်တော့မယ်” ဆိုပြီး သူ့ကို ပစ္စည်းတွေပေးပြီး ပြန်လွှတ်လိုက်တာ။ ကြည့်၊ သူ့ရွေးချယ်ပုံလေးက သူက ဘယ်လိုစဉ်းစားလဲ ဆိုရင် သူ့စဉ်းစားပုံက နှစ်ချက်ရှိတယ်။

“အကယ်၍ ငါ ဒီအထုပ်ကြီးနဲ့ ပြန်သွားလို့ရှိရင် ဒီကောင် မင်းသားတွေကို သတ်ပြီးတော့ ဒီပစ္စည်းတွေ ယူလာတာလို့ တွေးကြလိမ့်မယ်” ဒါကတစ်ခု၊ သူ့ အတွက် အန္တရာယ် ဖြစ်နိုင်တယ်။

နောက်တစ်ခုကတော့ “ဒီမင်းသားတွေတောင်မှ သူတို့ စည်းစိမ်ဥစ္စာချမ်းသာတာတွေ စွန့်ကြသေးတာ၊ ငါ့မှာ ဘာမှရှိတဲ့လူ မဟုတ်ဘူး၊ သူတို့ပေးထားခဲ့တဲ့ ပစ္စည်းတွေဟာ သူတို့ထွေးလိုက်တဲ့ တံထွေးနဲ့တူတယ်။ ဒါတွေကို မက်မောပြီးတော့ ငါ ကိုယ့်ကျိုးကိုယ့်စီးပွားကို မလုပ်နိုင်ဘူးဆိုရင် ငါ လူညံ့ဖြစ်တော့မှာပေါ့။ ဒါကြောင့် မို့လို့ သူတို့ထွေးတဲ့ တံထွေးကို ငါမမျိုဘူး။ သူတို့ မလိုချင်တဲ့၊ သူတို့ပေးခဲ့တဲ့ပစ္စည်းကို ငါမလိုချင်ဘူး။ ငါလည်းပဲ သူတို့ရှာတဲ့တရားမျိုး ရအောင်ရှာမယ်။ သူတို့တောင် ရှာလို့ရသေးတာ၊ ငါလည်း ရအောင် ရှာမယ်” လို့ စဉ်းစားတယ်။ ဒါကတစ်ခု။

အဲဒီလို စဉ်းစားပြီးတော့ အထုပ်ကြီးကို သစ်ပင်မှာ ချိတ်ထားခဲ့ပြီးတော့ သူလည်း နောက်က လိုက်သွား တယ်။ ဟိုရောက်တဲ့အခါကျတော့ မင်းသားတွေက ဘုရားဆီရောက်တော့ “မင်းမပြန်ဘဲနဲ့ ဘာလို့ လိုက် လာသလဲ” ဆိုတော့ သူက သူစဉ်းစားတဲ့အကြောင်း ကို ပြောပြတယ်။ အဲဒီမင်းသားတွေကလည်း သဘော ထား ကောင်းကြတယ်။ “အေး၊ ဟုတ်တယ်၊ မင်းပြန် သွားလို့ရှိရင် အဲဒီအထုပ်ကြီးနဲ့ အသတ်ခံရရင် အသတ် ခံရမှာ၊ လိုက်လာတာ ကောင်းတယ်” ဆိုပြီးတော့ သူတို့ကိုယ်သူတို့ မာန်ချတဲ့အနေနဲ့ ဥပါလိကို အရင် သင်္ကန်းဝတ်ပေးဖို့ မြတ်စွာဘုရားကို လျှောက်ထားကြ တယ်။ ပြီးတော့မှ သူတို့က ရှင်ဥပါလိကို သင်္ကန်းဝတ် ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ အရိုအသေပြုပြီးမှ သူတို့ သင်္ကန်းဝတ်ကြတယ်။ အဲဒါ ရှင်အာနန္ဒတို့အဖွဲ့ပဲ၊ သာကီဝင်မင်းသား ၆ ယောက် ရဟန်းခံတယ်ဆိုတာ။ သူ့မှာ အင်မတန် ထူးချွန်တဲ့ အသိဉာဏ်တွေ ရှိတယ်။ ဘဝကံက နိမ့်ကျပေမယ့် အသိဉာဏ်က မနိမ့်ကျဘူး။ လောကလူတွေက ဘဝနိမ့်ကျသလို အသိဉာဏ်ပါ နိမ့်ကျတတ်တယ်။ အရေးကြီးတာက အသိဉာဏ်မနိမ့်ကျဖို့ အရေးကြီးတယ်။ ဘဝဆိုတာ အခြေအနေပေးသလို နေကြရတာဆိုတော့ နိမ့်ကျတဲ့ ဘဝလည်း နိမ့်ကျမှာပဲ။

လောကလူတွေက ပိုက်ဆံမရှိရင် နိမ့်ကျတယ်လို့ သတ်မှတ်ကြတယ်။ မျိုးရိုးမကောင်းရင်လည်း နိမ့်ကျ တယ်လို့ သတ်မှတ်ကြတယ်။ အဲဒီတော့ “ပိုက်ဆံတို့၊ မျိုးရိုးတို့ဆိုတာ လူ့ရဲ့တန်ဖိုးမဟုတ်ဘူး၊ လူ့ရဲ့တန်ဖိုး ဆိုတာ အသိဉာဏ်ပဲ”

သူက တရားဓမ္မ ကျင့်လိုက်တဲ့အခါကျတော့ အသိဉာဏ်နဲ့ ကြိုးစားလိုက်တဲ့အခါ ရှင်ဥပါလိဟာ သာသနာတော်မှာ ပထမသင်္ဂါယနာတင်တဲ့အခါမှာ ဝိနည်းကျမ်းကို ဦးဆောင်တင်နိုင်တဲ့ပုဂ္ဂိုလ်၊ သူ့တပည့် သားမြေးတွေနဲ့ ထွန်းကားပြီးတော့ အင်မတန် အလေး ပေးရတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့တယ်။ ဒါက အောက်တန်းစား ဘဝက တက်သွားတာ။

သူ ဘာဖြစ်လို့ ဒီလိုအောက်တန်းစားဖြစ်ရတုန်း ဆိုရင် တစ်ခါတုန်းက သူမင်းသားဘဝမှာ ပစ္စေကဗုဒ္ဓ တစ်ပါးကို အောက်တန်းစားပုဂ္ဂိုလ်လို့ စော်ကား မော်ကား ပြောခဲ့ဖူးတယ်။ ပစ္စေကဗုဒ္ဓဆိုတာ သင်္ကန်း ဝတ်ထားတာက ပံ့သကူသင်္ကန်းဆိုတော့ တောက် တောက် ပြောင်ပြောင် မဟုတ်ဘူး။ လူတကာ မလိုချင် တဲ့ အဝတ်တွေကို ဖြစ်သလို စပ်ချုပ်ထားတဲ့ ပံ့သကူ သင်္ကန်းဝတ်ထားတာကို သူ့စိတ်ထဲမှာ သူတောင်းစားလို့ ထင်တယ်။ အဲဒီလို သူတောင်းစားကြီးပဲ ဆိုပြီးတော့ အထင်အမြင်သေးသွားတယ်။ ဒါမျိုး သိပ်ကြောက်ဖို့ ကောင်းတယ်။ ဒီတော့ မြင်မြင်သမျှပေါ်မှာ အထင် သေး အမြင်သေးပြီး စော်စော်ကားကား မပြုမိအောင်၊ ဘယ်သူ့ကိုမှ စော်ကားမှု မပြုမိအောင် သတိထားကြ ရမယ်။ စော်ကားတာမျိုး မပြုသင့်ဘူးပေါ့။

အဲဒီတော့ တကယ့်သူတော်ကောင်းကို စော်ကား မိတော့ သူ့စိတ်ထားအတိုင်းပဲ ဘဝတွေမှာ နိမ့်ကျတဲ့ ဘဝချည်းပဲဖြစ်ရတယ်။ နောက်ဆုံး ရဟန္တာဖြစ်မယ့် ဘဝမှာတောင် သူက အောက်တန်းစားမှာ သွားဖြစ် တယ်။

မြန်မာပြည်က လူတွေက သိပ်မသိကြလို့ပေါ့။ အိန္ဒိယနိုင်ငံမှာဆိုရင် ဇာတ်နိမ့်တွေက Untouchable မထိမကိုင်ရတဲ့လူမျိုးတွေ၊ ထိရင် သနတယ်လို့ ပြော တယ်။ တကယ့်ကို ဒီနေ့ထိ ရှိနေသေးတယ်။ ဘယ် လောက် ခေတ်မီတိုးတက်တဲ့အခြေအနေ ရောက်လာ တာတောင်မှ ဒီ Untouchable တွေကို လူတွေက အထိမခံဘူး။ အိန္ဒိယနိုင်ငံမှာ အဲဒီဇာတ်နိမ့်တွေက mamority ပဲ၊ အများစုပဲ။

ဘဝမှာ လူ့အသိုင်းအဝိုင်းဆိုတာ စိတ်ထားချင်း မတူညီကြဘူး။ ဒါကြောင့်မို့လို့ ကိုယ်ဟာ အဆင့်မြင့်တဲ့ ဘဝ၊ လူအထင်သေးမခံရတဲ့ ဘဝမျိုး ဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့စိတ်ထား၊ နှလုံးသားကလည်း အင်မတန် အရေးကြီးတယ်။ သံသရာခရီးမှာ လွဲလွဲမှားမှား အမှား တစ်ခု လုပ်မိလို့ရှိရင် သံသရာမှာ ခံရတတ်တယ်။

အဲဒီတော့ ရှင်ဥပါလိမထေရ်က သူ့ရဲ့ကိုယ်တွေ့ ကို ပြောပြီးတော့ ဆုံးမတာ၊ “သဒတ္ထေ ဝါယမေယျာထ”- “ကိုယ့်အတွက် အကျိုးရှိတဲ့ အလုပ်တွေ လုပ်ကြပါ” တဲ့။ အကျိုးရှိဆိုတာ ဒီဘဝမှာတင် အကျိုး ရှိတာ မဟုတ်ဘူး။ သံသရာမှာပါ အကျိုးရှိတဲ့အလုပ်မျိုး လုပ်ကြပါတဲ့။ ဘာဖြစ်လို့ လုပ်ခိုင်းတာတုန်းဆိုတော့ “ခဏော ဝေါ ပဋိပါဒိတော” ဘယ်သံသရာ ဘယ်ဘဝ မျိုးမဆို လူ့ဘဝရရင် စီးပွားရှာလို့ရတဲ့ အခြေအနေ တွေဆိုတာ ရရှိနိုင်တယ်။ တရားဓမ္မကို နှလုံးသွင်းခွင့်၊ ကျင့်ဆောင်ခွင့်ဆိုတဲ့ အခွင့်အရေး ဆိုတာကျတော့ နေရာတိုင်း မရနိုင်ဘူး။ အချိန်တိုင်း မရနိုင်ဘူး။ ခေတ် တိုင်းလည်း မရဘူး။

နောက်ဆုံးမှာ ကုန်ကုန်ပြောရလို့ရှိရင် “အသိ ဉာဏ်ရှိတဲ့ဘဝရအောင် ကြိုးစားစမ်းပါ” လို့ ပြောရ မယ်။ ဘာဖြစ်လို့တုန်းဆိုရင် လောကလူတွေက ရတနာ လို့ သတ်မှတ်ပြီး ရှာဖွေတာ ဘာတွေတုန်းဆိုရင် စိန်တို့၊ မြတို့၊ ကျောက်စိမ်းတို့၊ ပတ္တမြားတို့၊ ဒါတွေကို ရတနာလို့ သတ်မှတ်တာ။ မြတ်စွာဘုရားကတော့ အဲဒါတွေကို ရတနာလို့ မသတ်မှတ်ဘူး။ ဒါ လူ့ဝေါဟာရအနေနဲ့ ခေါ်ချင်ခေါ်ပေါ့။ မြတ်စွာဘုရားက ရတနာအစစ် ဆိုတာ အဲဒီ စိန်တွေ ရွှေတွေ ပတ္တမြားတွေ မဟုတ်ဘူး။ “ပညံ နရာနံ ရတနံ” - “အသိပညာသာ လူ့ရဲ့ရတနာ” လို့ ဆိုတယ်။ ဟိုဟာတွေက ကိုယ်က ခဏတစ်ဖြုတ်ပဲ ပိုင်ဆိုင်ခွင့် ရှိတာလေ။

မြန်မာပြည်မှာလည်း စဉ်းစားကြည့်ရင် သိပါ တယ်။ ရတနာကုန်သည်တွေ နောက်ဆုံး သေတော့ ပစ်ထားခဲ့ရတာတို့၊ ရတနာတွေ အလုခံလိုက်ရတာတို့၊ အသတ်ခံလိုက်ရတာတို့နဲ့၊ ရတနာကို အကြောင်းပြုပြီး တော့ ဒုက္ခရောက်ကြတာတွေ အများကြီးပဲလေ။

တကယ်တော့ ကိုယ် ပိုင်တယ် ဆိုင်တယ်ဆိုတာ ခဏတစ်ဖြုတ်ပဲ။ မပိုင်မဆိုင်တာတွေ အများကြီးပဲ။ တကယ် ထာဝရပိုင်လို့ရတဲ့ ပိုင်ဆိုင်မှုက ဘာတုန်း ဆိုတော့ အသိပညာပဲ။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက တကယ့် အစစ်အမှန် “ပညံ နရာနံ ရတနံ”- “ပညာ သည်သာလျှင် လူသားတွေအတွက် ရတနာ ဖြစ်ပါ တယ်” ကျန်တာတွေက ရတနာလို့ ခေါ်သာနေကြတာ တစ်သက်လုံးလည်း ပိုင်လို့ရတာ မဟုတ်ဘူး။ တစ်သက် လုံး ကိုယ်ကျိုးချည်းပေးတာလည်း မဟုတ်ဘူး။ တကယ့် ပညာ ဆိုတာကျတော့ ကိုယ့်အတွက် ကောင်းကျိုး ချမ်းသာ ပေးတယ်။

ပညာဆိုတာ ဘာလဲ? လုပ်သင့်တာ၊ မလုပ်သင့် တာကို ခွဲခြားသိတယ်။ အကြောင်းအကျိုး၊ အကောင်း အဆိုး ခွဲခြားသိတယ်။ အခွင့်ကောင်း ကြုံတယ်၊ မကြုံ ဘူး။ အခွင့်ကောင်းရှိရင် ဘာလုပ်သင့်လဲဆိုတာ သိတဲ့ ပညာသည်သာလျှင် တကယ့်ရတနာအစစ်ပါ။ အဲဒီ ရတနာကိုသာ ပိုင်ဆိုင်ဖို့ ကြိုးစားရမှာတဲ့။ ဟိုရတနာ တွေကို ပိုင်ဆိုင်ရင် ခဏပဲ ပိုင်ဆိုင်လို့ရမှာ။ ခဏပဲ ပိုင်ရုံတင်မကဘူး အဲဒီရတနာတွေက ကိုယ့်လည်း ဒုက္ခပေးသေးတယ်။ ဒါကြောင့်မို့ ကိုယ်ကိုယ်တိုင် ပိုင်ဖို့ ကြိုးစားရမှာက ပညာတည်းဟူသော ရတနာပဲတဲ့။

အဲဒီလို အခွင့်ကောင်းဆိုတာ သူ့ဟာသူ လာတာ ပဲ။ လာတဲ့အချိန်လေးမှာ အသုံးချလိုက်မှ၊ အသုံးမချ ဘူးဆိုရင် မရလိုက်ဘူးပဲ။

ဘုန်းကြီးတို့တစ်တွေ အခွင့်ကောင်းရနေတဲ့အချိန် မှာ ဥပမာ - သာသနာ အခု ထွန်းနေတယ်၊ တရား ဓမ္မတွေ ပွင့်လင်းနေတယ်၊ ဟောကြားနေတယ်၊ တခြား ကိစ္စဝိစ္စတွေ ရှိနေလို့ လှည့်မကြည့်အားဘူး။ တရား ဆိုတာလည်း ဘာမှန်းမသိဘူး၊ စိတ်မဝင်စားဘူး။ အလုပ်နဲ့ပဲ နေ့စဉ်ရှုပ်နေတယ်ဆိုရင် ဒီအခွင့်ကောင်း ကြီးက နိဂုံးချုပ်သွားနိုင်တယ်။ အဲဒီနှစ်ခုစလုံး ကိုယ့် ဘက်ကလည်း နိဂုံးချုပ်တယ်၊ အခြေအနေကောင်း ဘက်ကလည်း နိဂုံးချုပ်သွားတယ်ဆိုတော့မှ၊ ကိုယ်ဘာမှ မရလိုက်တဲ့အခါကျတော့မှ ဒါမျိုး ပြန်ရချင် ပါတယ်ဆိုလို့ မရတော့ဘူး။ ဒီလို ဆိုလိုတာပေါ့။ အဲဒီတော့ ဘုန်းကြီးတို့တစ်တွေ ဘဝတစ်ခု ရလာပြီဆိုလို့ရှိရင် ပညာဟာ လူသားတို့ရဲ့ရတနာ ဖြစ်တာကို သိရမယ်။ သုတ္တန်တစ်ခုမှာ မြတ်စွာဘုရားက မျက်စိနှစ်ဘက် ကန်းနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒုက္ခိတလို့ ခေါ်သလို လူဖြစ်လာပြီးတော့ ဘာမှမသိတဲ့ ပုဂ္ဂိုလ်တစ်ယောက် မဖြစ်သင့်ဘူးတဲ့။ လောကကြီးမှာ population တစ်ခုမှာ ခွဲကြည့်လိုက်မယ် ဆိုလို့ရှိရင် လူဦးရေကို ပိုင်းခြားပြီးတော့ ကြည့်လိုက်ရင် ဘာမှ မသိတဲ့ လူတန်းစားတစ်ခု ရှိတယ်။ လူတွေထဲမယ် ဘာမှမသိဘူး၊ ဘာမှမသိဘူးဆိုတာ စီးပွားရေးလည်း မသိဘူး။ ကုသိုလ်ရေးလည်း မသိဘူး။ စီးပွားရေးဆိုတာ လည်း မလုပ်တတ်ဘူး။ ကုသိုလ်ရေးဆိုတာလည်း မလုပ်တတ်ဘူး။ လောကလူတွေ အများကြီးမှာ စီးပွားရေးမလုပ်တတ်လို့ သူများဝန်ထမ်း လုပ်နေ တာတွေလည်း အများကြီး ရှိတာပဲ။

လူတိုင်း စီးပွားလုပ်တတ်တာ မဟုတ်ဘူး။ စီးပွား ဆိုတာ ဘယ်လိုလုပ်ရင် ရမလဲဆိုတဲ့ စီးပွားရေးမျက်စိ ဆိုတာ မရှိဘူး၊ ပညာရေးမျက်စိဆိုတာ မရှိဘူး။ ကုသိုလ်ရေးမျက်စိဆိုတာ မရှိဘူး။ ဒါ မျက်လုံးနှစ်ဘက် ကန်းနေတာနဲ့ တူတယ်။

နောက်တစ်ခုကျတော့ တချို့က မျက်စိတစ်လုံးပဲ ရှိတယ်။ တစ်ဖက်ပဲရှိတယ်။ နှစ်ဖက်မပြည့်စုံဘူး။ တစ်ဖက်သာရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်က စီးပွားသက်သက် သာ ရှာတယ်။ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီးတော့ မျက်ကွယ်ပြုထားတယ်။ အဲဒီပုဂ္ဂိုလ်မျိုးကို တစ်ဖက်မြင် ပုဂ္ဂိုလ်လို့ ခေါ်တယ်။ အဲဒီတစ်ဖက်မြင်ပုဂ္ဂိုလ်က အလွန် ကြောက်စရာကောင်းတယ်။

မြတ်စွာဘုရားက ဟောထားတာ၊ စီးပွားရေး မျက်စိသာ ရှိပြီးတော့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ မျက်စိ မရှိဘူးဆိုရင် ပိုက်ဆံရပြီးရော၊ စီးပွားဖြစ်ပြီးရော အကောင်းရော အဆိုးရော ဘာပဲဖြစ်ဖြစ် အကုန်လုပ် တယ်၊ My hook or by crook ဖြစ်နိုင်တဲ့နည်း အကုန် လုပ်တယ်၊ တရားတဲ့နည်းရော မတရားတဲ့နည်းရော ပိုက်ဆံရရင်ပြီးရော၊ စီးပွားဖြစ်ဖို့တစ်ခုတည်းပဲ ကြည့် တယ်၊ ကိုယ်ကျင့်တရားပျက်ပျက် မပျက်ပျက်၊ ဘယ်သူ တွေ ဘာဖြစ်ဖြစ်၊ ကိုယ်ရရင်ပြီးရော၊ “ဘယ်သူသေသေ ငတေမာ” ဆိုတာ - အဲဒါ မျက်စိတစ်ဖက်တည်းရှိတဲ့ ပုဂ္ဂိုလ်မျိုး စဉ်းစားတာ။

ကိုယ်ရ ပြီးရောဆိုတဲ့ လူစားမျိုးကျတော့ ဒီဘဝမှာ ကြိုးစားအားထုတ်လို့ ပိုက်ဆံတော့ စုမိကောင်း စုမိ မယ်၊ ရချင်လည်း ရလာလိမ့်မယ်၊ စီးပွားကို တရားတဲ့ နည်းရော မတရားတဲ့နည်းရော ရှာလာတဲ့ပုဂ္ဂိုလ် တစ်ယောက်ဟာ နောက်ဆုံးအချိန် ရောက်လာတဲ့အခါ မှာ ကိုယ်ကျင့်တရား ပျက်ပြားလို့ ဒုက္ခနဲ့ပဲ အဆုံးသတ် သွားရမယ်။ အဲဒီပုဂ္ဂိုလ်ဟာ သေတဲ့အခါမှာလည်းပဲ နောင်ဘဝ အကောင်းမဖြစ်တော့ဘူး၊ ဒီဘဝရှာထားတဲ့ စည်းစိမ်ဥစ္စာဟာ နောင်ဘဝမှာ ယူသွားလို့ ရတာမှ မဟုတ်တာ။ ပစ္စည်းဥစ္စာဆိုတာ အတိုင်းအတာတစ်ခု အတွက်ပဲ။ အကန့်အသတ်ကလေးနဲ့ပဲ သုံးလို့ရတာ။ စီးပွားဥစ္စာဟာ ဒီဘဝရှာဖွေစုဆောင်းပြီး နောက်ဘဝ မပါဘူး။ စီးပွားသက်သက်လုပ်တယ်။ ကုသိုလ်ကောင်းမှု မလုပ်ခဲ့သည့်အတွက်ကြောင့် ကောင်းတဲ့ဘဝဆိုတာ မျှော်လင့်ချက် မရှိဘူး။ အဲဒီလိုဘဝမျိုးရောက်သွားရင် မျက်စိတစ်ဖက်သာရှိတဲ့ပုဂ္ဂိုလ်လို့ ခေါ်တယ်။ ဒါကြောင့် လူဖြစ်လာရင် Ideal person ဖြစ်ဖို့လိုတယ်။

Ideal person ဆိုတာ မျက်စိနှစ်လုံး ပြည့်စုံတာ၊ လူဆိုတာ မျက်စိနှစ်လုံးရှိသလို အမြင်နှစ်ဘက်ရှိရမယ်၊ အမြင်နှစ်မျိုးဆိုတာ စီးပွားလည်း ရှာတတ်ရမယ်၊ ကိုယ်ကျင့်တရားဘက်ကလည်း လက်မလွတ်စေရဘူး၊ နှစ်ဖက်ညှိပြီး ဆောင်ရွက်တတ်တဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်၊ ဆိုလိုတာက တစ်ဖက်က စီးပွားရေးလည်းလုပ်တယ်၊ တစ်ဖက်က ကုသိုလ်ရေးလည်းလုပ်တယ်ဆိုတဲ့ ပုဂ္ဂိုလ် တွေဟာ ဒီဘဝလည်း ကောင်း၊ နောက်ဘဝလည်း ကောင်း၊ နှစ်ဖက်စလုံး ကောင်းတယ်တဲ့။

ဒါကြောင့်မို့ မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ သတိပေးထားတာ - အန္ဓဆိုတဲ့ နှစ်ဖက်ကန်းပုဂ္ဂိုလ်လည်း မဖြစ်စေနဲ့၊ တစ်ဖက်မြင်ပုဂ္ဂိုလ်လည်းမဖြစ်စေနဲ့၊ လူ့ဘဝ ရောက်လာလို့ရှိရင် နှစ်ဖက်မြင်တဲ့ပုဂ္ဂိုလ် ဖြစ်အောင် ကြိုးစားကြလို့ မြတ်စွာဘုရားက ဆုံးမတယ်၊ ဒါလည်း ဘုရားရဲ့ဆုံးမဩဝါဒတစ်ခုပဲ၊ လူ့လောကမှာ ဒါလည်း အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ။

အဲဒီတော့ နောက်တစ်ခု ပညာရှိတွေအနေနဲ့ ခုလို အသိဉာဏ်ရှိတဲ့ ဘဝမျိုးမှာ လူဖြစ်လာပြီ ဆိုတဲ့အခါ ကောင်းကျိုးချမ်းသာတွေရအောင် ဘာတွေ လုပ်သင့် တာလဲ၊ လူတိုင်း လူတိုင်းဟာ ချမ်းသာချင်တယ်၊ ကောင်းကျိုး ချမ်းသာတွေ ရချင်တယ်၊ သို့သော် ကောင်းကျိုးချမ်းသာရခြင်းရဲ့ အကြောင်းတရားကို လူတိုင်းမသိဘူး၊ ဘာ့ကြောင့် ကြီးပွားတိုးတက်တယ် ဆိုတဲ့ အခြေအနေ အစစ်အမှန်ကို မသိဘူး၊ တစ်ခါ တလေကျတော့ အပေါ်ယံလေးကို ကြည့်ပြီးတော့ လူတွေက ဆုံးဖြတ်ကြတယ်။ အခုခေတ် စီးပွားဖြစ် နေတဲ့ ပုဂ္ဂိုလ်တွေ ဘာ့ကြောင့်ရတယ်ဆိုတာ အမျိုးမျိုး ပြောကြတယ်။

တကယ် စစ်မှန်တဲ့နည်းနဲ့ လူ့ဘဝတစ်ခုမှာ ပြည့်စုံ တိုးတက်ပြီးတော့ ကောင်းကျိုးချမ်းသာတွေရဖို့၊ ခိုင်မာဖို့ ဆိုတာကျတော့ ဘာလိုအပ်သလဲ ဆိုတာကို မြတ်စွာ ဘုရား ဟောထားတာရှိတယ်၊ စဉ်းစားကြည့်မယ်ဆိုရင် အင်မတန်မှ မှန်ကန်တယ်၊ အဲဒါကို “အတ္ထဒွါရ” လို့ သုံးထားတယ်၊ “ကောင်းကျိုးချမ်းသာတွေရဲ့ ဝင်ပေါက်

တံခါးကြီးတွေ” - Gate to prosperity ကြီးပွား တိုးတက်ခြင်းရဲ့ ဂိတ်ဝကြီးတွေပေါ့၊ ကြီးပွားတိုးတက် နိုင်တယ်၊ လူ့ဘဝရလာပြီဆိုရင် ကြီးပွားတိုးတက်နိုင် တယ်၊ လူ့ဘဝရလာပြီဆိုရင် ကြီးပွားတိုးတက်ခြင်းရဲ့ ဂိတ်ဝကြီးတွေ ၆ ခု ရှိတယ်၊ ကြီးပွားတိုးတက်နိုင်တဲ့ အကြောင်းတရားဟာ ၆ မျိုး ရှိတယ်တဲ့၊ ကိုယ့်ဟာ ကိုယ်လည်း စဉ်းစားကြည့်ပေါ့၊ ဒီ ၆ မျိုးကို ရအောင် ဖန်တီးရမယ်။

နံပါတ် (၁) က “အာရောဂျံ” - ကျန်းမာခြင်းတဲ့၊ ကိုယ်ကျန်းမာရမယ်၊ စိတ်ကျန်းမာရမယ်၊ ကျန်းမာ တယ်ဆိုတာ နှစ်ခုရှိတယ်၊ ကာယကျန်းမာရေးနဲ့ စိတ္တ ကျန်းမာရေး၊ လူ့ဘဝရောက်လာပြီဆိုရင် ကျန်းမာရေးနဲ့ ပြည့်စုံဖို့လိုတယ်၊ ကျန်းမာရေးနဲ့ပြည့်စုံအောင် လုပ်ရ မယ်၊ ကံမကောင်းအကြောင်းမလှလို့ ရောဂါတွေဖြစ်ပြီး တော့ ကုလို့မရတဲ့ ပုဂ္ဂိုလ်မျိုးတွေရှိတာပဲ၊ အနေအထိုင် အစားအသောက်မတတ်လို့ ကျန်းမာရေး ချို့တဲ့သွားတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီး ရှိတယ်၊ ပင်ကိုယ်က ကျန်းမာလျက်သားနဲ့ အနေအထိုင် အစားအသောက် မတတ်လို့ မကျန်းမမာဖြစ်သွားတာ။

မကျန်းမမာဖြစ်သွားရင် အားလုံး ဆုံးရှုံးသွားပြီ လို့သာ မှတ်ပေတော့၊ တချို့က ပိုက်ဆံရှိရင် ဆေးကုလို့ ရတယ်လို့ ထင်ကောင်းထင်လိမ့်မယ်၊ ကုမရတဲ့ အနေ အထားမျိုး incurable တွေ ရှိတယ်၊ အဲဒါကြောင့် နံပါတ်(၁) အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကို ကျန်းမာရေး ဂရုစိုက်ရမှာပဲ၊ ကိုယ် ကျန်းမာရမယ်၊ စိတ်ကျန်းမာရမယ်။

ကိုယ် ကျန်းမာဖို့အတွက်ကျတော့ physical exercise လုပ်တာတို့၊ ကိုယ်နဲ့မတည့်တဲ့အစာ မစား တာတို့၊ ကိုယ်နဲ့သင့်မြတ်တဲ့ အစားအစာ စားတယ်၊ မလော်လီဘူး၊ ကိုယ့်စိတ်ကို ထိန်းချုပ်တယ်၊ ကျန်းမာ အောင် နေတယ်၊ ကျန်းမာအောင် ဝတ်တယ်၊ ကျန်းမာ အောင် စားတယ်၊ ဒါတွေက ကာယ ကျန်းမာရေး အတွက် အထောက်အကူဖြစ်တယ်၊ ဒါ ကျန်းမာရေး လိုက်စားတဲ့ပုဂ္ဂိုလ်တိုင်း သိတယ်၊ ဘုရားဟောတာ လည်း ဒါပဲ ဟောတာပဲ။

စိတ်ကျန်းမာဖို့ကျ ဘာလုပ်ဖို့လိုလဲဆိုတော့ လောကလူတွေဟာ ဘာကြောင့် စိတ်မကျန်းမမာ ဖြစ်သလဲဆိုတော့ လောဘတွေ လွှမ်းမိုးမယ်၊ ဒေါသ တွေ လွှမ်းမိုးမယ်၊ မောဟတွေ လွှမ်းမိုးမယ်ဆိုရင် စိတ် မကျန်းမမာ ဖြစ်လာတတ်တယ်၊ ဒါ့ကြောင့် ကိုယ့် သန္တာန်မှာ လောဘတွေကို များများအဖြစ်မခံရဘူး၊ ဒေါသတွေကို များများအဖြစ် မခံရဘူး၊ ဖြစ်လာလို့ရှိရင် ဒါတွေက စိတ်ကျန်းမာရေးထိခိုက်တဲ့အရာတွေပဲ ဆိုပြီး တော့ စိတ်ကျန်းမာအောင် နေတယ်၊ စိုးရိမ်သောက တွေကို တရားဓမ္မကို နှလုံးသွင်းခြင်းဖြင့် လျှော့ချလို့ ရတယ်၊ အဲဒီလိုနည်းဖြင့် ကိုယ်ကျန်းမာအောင်၊ စိတ် ကျန်းမာအောင် နေရမယ်တဲ့။

ခုခေတ် စိတ်မကျန်းမာဘူး၊ စိတ်ရောဂါတို့ ဆိုတာက တစ်မျိုး၊ အခုပြောတဲ့ စိတ်ရောဂါဆိုတာ လောဘ၊ ဒေါသ၊ မောဟ ဒါတွေကို လျှော့ချဖို့ ပြောတာ။

အဲဒီတော့ စိတ်ကျန်းမာသွားပြီ၊ ကျန်းမာရေး ကောင်းတာဟာ အားလုံးအတွက် အခွင့်အလမ်း တစ်ခုပဲ၊ ကိုယ်ကျန်းမာတယ်ဆိုရင် အားလုံးအတွက် အခွင့်အလမ်းချည်းပဲ၊ စီးပွားလုပ်မလား၊ ပညာရှာ မလား၊ တရားကျင့်မလား၊ ဘယ်ဟာအတွက်ဖြစ်ဖြစ် အကုန်လုံး အဆင်သင့်ဖြစ်တယ်၊ မကျန်းမာဘူးဆိုရင် အဲဒီအရာတွေ ဆုံးရှုံးသွားမယ်၊ ဘာတစ်ခုမှ လုပ်လို့ မရတဲ့ အခြေအနေမျိုးကို ရောက်သွားနိုင်တယ်၊ ဒါကြောင့်မို့ နံပါတ်တစ် ကြီးပွားတိုးတက်ဖို့ရာအတွက် ကောင်းကျိုးချမ်းသာတွေ ရဖို့ရာအတွက် အရေးကြီးတဲ့ ဂိတ်ဝကြီးတစ်ခုဟာ “ကျန်းမာမှု” ပဲ။

ဒါကြောင့် မြတ်စွာဘုရား ဟောထားတာရှိတယ်။ “အာရောဂျံ ပရမာ လာဘာ” ဆိုတာ လောကမှာ စိန်တွေ၊ ရွှေတွေ၊ ငွေတွေ ရတယ်၊ စီးပွားပစ္စည်းတွေ ရတယ်၊ ဘာတွေရရ ကျန်းမာမှုရတဲ့ပုဂ္ဂိုလ်ကသာ ခံစား နိုင်တာ၊ မကျန်းမာတဲ့ပုဂ္ဂိုလ်က မခံစားနိုင်ဘူး၊ ကျန်းမာ မှ ဒါတွေက အဓိပ္ပာယ်ရှိတယ်၊ အိမ်ပေါ်ကမှ မဆင်းနိုင် အောင် ရောဂါရနေရင် မော်ဒယ်မြင့်ကားကြီး သူ့ရှိ လည်း သူစီးရမှာမှ မဟုတ်တာ၊ ဘာတွေလာခဲ့လာခဲ့ မကျန်းမာလို့ သူသုံးလို့မှ မရတာ၊ ဒါကြောင့် ကျန်းမာမှု ဟာ နံပါတ် (၁) အရေးကြီးဆုံးပဲတဲ့။

နံပါတ် (၂) ဘာလုပ်ရမလဲဆိုတော့ “ကိုယ်ကျင့် တရားကောင်းဖို့” လိုတယ်။ ကိုယ်ကျင့်တရားကို လျှော့ပြီးတော့ မတွက်ရဘူး။ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းသည် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်တယ်။ နောက်ဘဝဆက်တိုင်းမှာ လည်း ကောင်းကျိုးချမ်းသာတွေ ရဖို့အတွက် အထောက်အကူ ဖြစ်တယ်၊ နှစ်ဖက်စလုံး အကျိုးရှိ တယ်။

ကိုယ်ကျင့်တရားဆိုတဲ့နေရာမှာ မလုပ်သင့်တာကို မလုပ်ဖို့၊ လုပ်သင့်တာကိုလုပ်ဖို့ - ဒါကိုယ်ကျင့်တရားပဲ၊ စာရိတ္တသီလနဲ့ ဝါရိတ္တသီလ လို့ နှစ်မျိုးရှိတယ်။

“ဝါရိတ္တသီလ” ဆိုတာ မလုပ်ရဘူးလို့ သတ်မှတ် ထားတာ၊ ဘာတွေတုန်းဆို ဥပမာမယ် သူက မီးနဲ့တူ တယ်၊ မီးကိုမကိုင်ရဘူးလို့အားလုံးသိကြတယ်။ ကိုင်ရင် ဘာဖြစ်တုန်းဆို - ကိုင်ရင် ပူမှာလောင်မှာပေါ့၊ မလုပ်ရဘူးဆိုတာ လုပ်ရင် ကိုယ့်မှာ ထိခိုက်မှာပဲ၊ လျှပ်စစ်မီးကြိုးကို သွားမကိုင်နဲ့၊ ကိုင်လို့ရှိရင် ဓာတ် လိုက်မယ်၊ ဒုက္ခရောက်မယ်၊ အဲဒါလိုပဲ ဝါရိတ္တသီလ ဆိုတာ ဒါ မလုပ်ရဘူးလို့ တားမြစ်ထားတဲ့ကိစ္စ၊ မလုပ် ရဘူးလို့ဆိုတာ ပညတ်ချက်ကြီးတစ်ခုလို မဟုတ်ဘူး၊ ဒါလုပ်ရင် တုံ့ပြန်မှုက ဒုက္ခဖြစ်မယ်လို့ ပြောတာ။

ငါးပါးသီလဆိုတာ မြတ်စွာဘုရားက laid down လုပ်ထားတာ မဟုတ်ဘူး၊ ဘုရားရဲ့ပညတ်ချက် မဟုတ် စာရိတ္တသီလဆိုတာကျတော့ လုပ်သင့်လုပ်ထိုက် တာ၊ လောကမှာ လုပ်သင့်လုပ်ထိုက်တယ်ဆိုတာ မိဘ တွေကို စောင့်ရှောက်ရမယ်၊ ဆွေမျိုးသားချင်းတွေကို စောင့်ရှောက်ရမယ်၊ မိတ်ဆွေသင်္ဂဟတွေကို စောင့် ရှောက်ရမယ်၊ လောကမှာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်တယ်၊ ဒါက စာရိတ္တသီလ။

ဒါကြောင့် ဝါရိတ္တသီလလည်း ရှိရမယ်။ စာရိတ္တ သီလလည်း ရှိရမယ်။ အဲဒီလို ကိုယ်ကျင့်တရား ကောင်းမွန်အောင် ကိုယ့်ကိုယ်ကို ကြိုးစားအားထုတ်ရ မယ်။

နောက် နံပါတ် (၃) က “ဆုံးမဩဝါဒ” - ကြီးပွား တိုးတက်ရေးအတွက် ဘာလိုတုန်းဆိုတော့ လောက လူ့အသိုင်းအဝိုင်းထဲမှာ ဦးဆောင်တဲ့ပညာရှိတွေဆိုတာ ရှိတယ်၊ လူကြီးသူမတွေ ရှိတယ်။ မိသားစုထဲမှာဆိုရင် အတွေ့အကြုံရင့်ကျက်တဲ့ အမေတို့၊ အဖေတို့၊ အဖိုးတို့၊ အဖွားတို့ဆိုတာတွေ ရှိတယ်၊ သူတို့ရဲ့ အတွေ့အကြုံ တွေ၊ အဆုံးအမတွေကို မှတ်သား နာယူသင့်တယ်၊ ဘူး၊ လုပ်ရင် ဒီလိုအပြစ်တွေကို ဖြစ်လာနိုင်လို့ သတိ ပေးတာပဲဖြစ်တယ်၊ အခုခေတ် အန္တရာယ်ရှိတဲ့နေရာမှာ Dangerous လို့ ရေးထားတယ်လေ၊ အန္တရာယ်လို့ ရေးထားတာကို မရှောင်ဘူးဆိုရင် ခံရမှာပဲလေ၊ ဝါရိတ္တသီလရဲ့ အဓိပ္ပာယ်က Dangerous လို့ ပြောတဲ့ အဓိပ္ပာယ်ပဲ။

ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သုရာမေရယဆိုတာ ဒါတွေကို မလုပ်နဲ့၊ ဒါတွေဟာ Dangerous ပဲ၊ တုံ့ပြန်လာရင် ခံရမယ်လို့ ဒီလိုပြောတာနော်။

တချို့က “ငါးပါးသီလ ဘုရားမဟောပါဘူး” လို့ ဒီလိုပြောတဲ့လူလည်း ရှိတာပဲ။ “ငါးပါးသီလ မလုံလည်း တစ်ပါးလောက်လုံလည်း ရတယ်” တို့ - ဘယ်ဟာမှ နားမယောင်လေနဲ့၊ ဒီဟာတွေက Dangerous ပဲနော်၊ မြတ်စွာဘုရားက Dangerous လို့ စာတန်းထိုးပေးထား တဲ့ သဘောပဲ၊ သဘာဝကိုက အဆိုးနဲ့ တုံ့ပြန်မှာနော်။

ဆုံးမဩဝါဒ Instruction ဆိုတာ ဘယ်နေရာမဆို ရှိတာချည်းပဲ။Instruction မရှိဘဲနဲ့ အလုပ်လုပ်ရင် အကုန်လွဲချော်နိုင်တာပေါ့။

အမေက ဆုံးမတာပဲဖြစ်ဖြစ်၊ အဖေကဆုံးမတာပဲ ဖြစ်ဖြစ်၊ ပညာရှိတွေက ဆုံးမတာပဲဖြစ်ဖြစ်၊ စာပေက ရတဲ့ ဆုံးမဩဝါဒပဲဖြစ်ဖြစ်၊ ဘယ်ဆုံးမဩဝါဒမဆို လူတွေက ကျယ်ကျယ်ပြန့်ပြန့် နာယူကြရတယ်လေ၊ မြင်ဆရာတဲ့၊ ကြားဆရာတဲ့၊ ကိုယ်မြင်တဲ့အပေါ်မှာ သင်ခန်းစာယူမယ်၊ ကြားတဲ့အပေါ်မှာ သင်ခန်းစာ ယူမယ်၊ လောကမှာ ကြီးပွားတိုးတက်ဖို့အတွက် အဲဒီလို ဆုံးမဩဝါဒတွေကလည်း လိုအပ်တယ်တဲ့။

နောက် နံပါတ် (၄) ကျတော့ “သုတ“၊ ခုနက ပညာရှိတွေရဲ့အဆုံးအမ၊ သုတဆိုတာ မိမိကိုယ်တိုင် အကြားအမြင် ဗဟုသုတတွေကို ဆည်းပူးအားထုတ် ရမယ်၊ လောကမှာ အကျိုးရှိအောင် အောက်ထစ်ဆုံး စျေးအရောင်းအဝယ်လုပ်တာတို့၊ Managing လုပ်တဲ့ ပညာတို့၊ ဘာပဲဖြစ်ဖြစ်ပေါ့၊ Musines နဲ့ ပတ်သက်တဲ့ ပညာတို့၊ Computer ပညာတို့စသဖြင့်ပေါ့၊ ဗဟုသုတ ဆိုတာ အကုန်လုံး ဆည်းပူး အားထုတ်ရတယ်တဲ့၊ ဒါလည်းပဲ ကြီးပွားတိုးတက်ခြင်း အကြောင်းတစ်ခုပဲ။

နောက် နံပါတ် (၅) က “ဓမ္မကို ကျင့်သုံးရမယ်” ဒါကတော့ လက်တွေ့လုပ်ဖို့လိုတယ်၊ ဓမ္မကို ကျင့်သုံး တယ်ဆိုတာ သုစရိုက်တရားတွေကို ဆောင်ရွက်ပြီး ဒုစရိုက်တရားတွေကို ရှောင်တာပဲ။

လောကကလူတွေ ကိုယ့်ဟာကိုယ် ကျင့်သုံးလို့ ရတာ ဘာတုန်းဆိုရင် စိတ်အတွေးနဲ့ပတ်သက်ပြီးတော့- သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုတဲ့ လောဘနဲ့ အတွေးမျိုးတွေ မတွေးရဘူး၊ သူများကို ပျက်စီးပါစေ၊ ဒီလူဟာ ဆုတ်ယုတ်နစ်နာသွားပါစေ၊ ဒုက္ခရောက်သွား ပါစေဆိုတဲ့ ဒေါသနဲ့ အတွေးမျိုးတွေ မတွေးရဘူး။ ကံ၊ ကံ၏အကျိုးကို ငြင်းပယ်တဲ့အမြင်တွေ မမြင်ရဘူး၊ အဲဒါ တွေဟာ မှန်ကန်တဲ့အတွေး မနောကံဆိုင်ရာ သုစရိုက် တရားလို့ ခေါ်တယ်။

နှုတ်နဲ့ ပတ်သက်လာလို့ရှိရင်လည်း လိမ်မပြော ရဘူး၊ မှန်တာပဲပြောရမယ်၊ တချို့က မှန်တာပြောတာ ကို ဝန်လေးတတ်တယ်၊ မှန်တာပြောတယ် ဆိုတဲ့ နေရာမှာ ပိုပြီးအရေးကြီးတာက လူတစ်ဖက်သား ဒုက္ခရောက်အောင် ရုံးပြင်ကန္နားတက်ပြီး ဒီလူမဟုတ် တာကို အဟုတ်၊ ဟုတ်တာကိုမဟုတ်ဘူးလို့ သက်သေ လိုက်တာမျိုးကို ဆိုလိုတယ်၊ ကြောက်လို့ လှီးလွှဲပြောတဲ့ မုသာဝါဒမျိုးကို ပြောတာမဟုတ်ဘူး၊ အပြစ်ကြီးတဲ့ မုသာဝါဒဆိုတာ လူတစ်ယောက်ကို ဒုက္ခရောက်အောင် မဟုတ်တမ်းတရားတွေကို လိမ်လည်ပြီးတော့ ပြောတာ မျိုး၊ ထွက်ဆိုတာမျိုး၊ အဲဒါမျိုး မလုပ်ဘဲနဲ့ မှန်တာကို ပြောရမယ်။

နောက်ပြီးတော့ လူသားအချင်းချင်း၊ ကိုယ့် ပတ်ဝန်းကျင်အချင်းချင်း၊ မိတ်ဆွေသင်္ဂဟအချင်းချင်း မှာ တစ်ဦးနဲ့တစ်ဦး မတည့်အောင်မလုပ်ရဘူး။ တည်အောင်သာ ပြောရမယ်။ ဒါလည်း အရပ်ထဲမှာတို့၊ မိသားစုထဲမှာတို့ အလွန်အရေးကြီးတာ။

နောက်တစ်ခုက ရိုင်းပြတဲ့စကားကို မသုံးရဘူး၊ ယဉ်ကျေးတဲ့ စကားအပြောမျိုးကို ပြောရတယ်။ နောက်တစ်ခုက အကျိုးမရှိတဲ့ စကားရပ်တွေကို ပြောပြီးတော့ အချိန်ဖြုန်းတာမျိုး မလုပ်ရဘူး၊ ဒါ နှုတ်နဲ့ ပတ်သက်တဲ့ ကောင်းတဲ့အလုပ်တွေပေါ့၊ အသိဉာဏ်နဲ့ ပြောတဲ့ စကားမျိုးပဲ ပြောရမယ်။

နောက် ကာယကံနဲ့ ပတ်သက်လာတဲ့အခါကျတော့ သူများအသက်ကိုမသတ်ဘူး၊ သူ့ဥစ္စာမခိုးဘူး၊ နောက် ကာမကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ စည်းကမ်းပျက်တဲ့ ကိစ္စတွေကို မလုပ်ဘူး၊ မှားယွင်းတဲ့အလုပ်တွေကို မလုပ်ဘူး၊ လူ့သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရတယ်၊ ဒါတွေဟာ ကြီးပွားတိုးတက်ခြင်းအကြောင်းပဲ၊ တစ်ခုခု လုပ်လို့ရှိရင် လူသိရင်လည်း ရှုံ့ချခံရမယ်၊ မသိရင်လည်း ကိုယ့်ရဲ့ကိုယ်ကျင့်တရားဟာ ပျက်ပြားတယ်၊ လူမသိတာက အကဲ့ရဲ့ မခံရရုံပဲ ရှိတယ်နော်၊ ပျက်စီးမှု ကတော့ ရှိတာပဲ၊ ဒါ့ကြောင့် “ဓမ္မာနုဝတ္တိ” လို့ ခေါ်တဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီးတော့ လိုက်နာကျင့်သုံး ရမယ်။

နောက်တစ်ခု နံပါတ် (၆) က “စိတ်ဓာတ်ဟာ ကောင်းတာလုပ်တဲ့အပေါ်မှာ အမြဲတမ်း တက်ကြွနေဖို့ လိုတယ်” ပေါ့၊ စိတ်မပါတာမျိုး မဖြစ်စေရဘူး၊ ကိုယ့် စိတ်ကို ပြင်ပေးရတယ်၊ ဥပမာမယ် - တရား နှလုံးသွင်း ဖို့တို့၊ တရားနာဖို့တို့ တရားအသိတွေရအောင်တို့ဆိုရင် စိတ်ဓာတ်ဆုတ်နစ်တာမျိုး မရှိရဘူးတဲ့၊ အမြဲတမ်း စိတ်ဓာတ်ဟာလန်းဆန်းတက်ကြွပြီးတော့ “ဒါ လုပ်သင့် လုပ်ထိုက်တဲ့ဟာ” လို့ ဆုံးဖြတ်ပြီးတော့ လုပ်ရမယ်။

အဲဒီလို ကိုယ့်မှာ ကောင်းကျိုးချမ်းသာတွေရဲ့ မုခ်ဦးကြီးသဖွယ် ဒီ ၆ - ခုဟာ ရှိမယ်ဆိုရင် ဒီဘဝမှာ လည်း ကောင်းကျိုးချမ်းသာတွေ ဝင်လာမှာပဲ၊ နောင် ဘဝရောက်ရင်လည်း ဒီအတိုင်း ကောင်းကျိုးချမ်းသာ တွေ ဝင်လာမှာပဲ၊ ဘဝဆက်တိုင်း ရေရှည်ကောင်းဖို့ အမှုမဲ့အမှတ်မဲ့နေမယ်ဆိုရင် ဒါတွေ ကိုယ့်သန္တာန်မှာ ရှိတာလည်း မသိဘူး၊ မရှိတာလည်း မသိဘူး၊ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ မနေသင့်ဘူး၊ ရှိသင့်ရှိထိုက်တဲ့ဟာတွေ ကိုယ့်သန္တာန်မှာရှိအောင် ကြိုးစားကြရမှာ။

ပစ္စည်းဆိုတာ တစ်ခုနဲ့တစ်ခု အသုံးဝင်တာချင်း မတူတတ်ဘူးပေါ့၊ လူတွေရဲ့ အရည်အချင်းတွေမှာ လည်းပဲ တစ်ခုနဲ့တစ်ခု အသုံးဝင်တာချင်း မတူဘူး၊ ဒါကြောင့်မို့လို့ အသုံးဝင်မှု ပြည့်စုံစေတတ်တဲ့ ဒီတရား တွေနဲ့ ပတ်သက်ပြီးတော့ စုံအောင်ရှိရမယ်လို့ မြတ်စွာ ဘုရားက ဒီလိုဟောတာ။

ကဲ၊ လောကမှာ စိတ်နေစိတ်ထားနဲ့ ပတ်သက်ပြီး တော့ နောက်သုတ္တန်တစ်ခုကို ကြည့်ကြရအောင်။ မြတ်စွာဘုရားက လူ့ဘဝ ရလာလို့ရှိရင်တဲ့ ခုနက အန္ဓသုတ္တန် မှာ ဟောထားတဲ့ မျက်စိအမြင်နှစ်မျိုး ရှိရမယ်ဆိုတာနဲ့ သွားပြီးတော့ နီးစပ်တယ်၊ လူတွေ အတွက်ကောင်းဖို့ အချက်လေးချက်၊ ဒါက လက်တွေ့ လိုက်နာသုံးသပ်ဖို့၊ အဲဒီလေးချက်က ဘာတုန်းဆိုတော့ (၁) ဒက္ခံ ဂဟပတံ သာဓု- အိမ်ရာတည်ထောင် လူ့ဘောင်ဘဝမှာ နေလို့ရှိရင် စီးပွားရေးနဲ့ ပတ်သက်ပြီး လိမ္မာကျွမ်းကျင်မှု၊ လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်တဲ့၊ မလုပ်တတ် မကိုင်တတ်ဆိုရင် လွဲလွဲချော်ချော်တွေ ဖြစ်တယ်၊ ဘယ်အလုပ်ပဲလုပ်လုပ် လုပ်ငန်းကျွမ်းကျင်မှု က အင်မတန်မှ အရေးကြီးတယ်၊ ကြည့်လေ - ကိုယ့် အနီးက နိုင်ငံတွေပဲကြည့်၊ တစ်ခါတစ်ခါ မြန်မာလူမျိုး တွေနဲ့ နှိုင်းယှဉ်ပြီးတော့ကြည့်၊ လုပ်ငန်းကျွမ်းကျင်တဲ့ လူဟာ အသာရနေတယ်၊ နည်းပညာကောင်းတဲ့ လူဟာ အသာရနေတယ်၊ နည်းပညာ ညံ့နေပြီဆိုရင် အကုန်ညံ့သွားတာပဲ၊ နည်းပညာကောင်းအောင်၊ လုပ်ငန်းကျွမ်းကျင်မှုရှိအောင် လေ့ကျင့်မွေးမြူနေကြ ရတာ၊ အဲဒီတော့ နည်းပညာလည်းသာတယ်၊ လုပ်ငန်း ကျွမ်းကျင်လည်း သာတယ်ဆိုတဲ့ပုဂ္ဂိုဟ်ဟာ ရှေ့ရောက် သွားတာပဲ၊ လုပ်ငန်းကျွမ်းကျင်မှုမရှိတဲ့လူဟာ နောက် ရောက် ကျန်ရစ်တာပဲ၊ ဒါ ထုံးစံပဲ။

ဘုန်းကြီးတို့ တစ်ခါတလေ စဉ်းစားကြည့်မိတယ်၊ ဒါတော့ စီးပွားရေး တကယ်လုပ်နေတဲ့ ဒကာ၊ ဒကာမ တွေက ဘုန်းကြီးတို့ထက် ပိုမြင်ပါလိမ့်မယ်၊ တို့နိုင်ငံက လူတွေက ဘာနဲ့တူနေလဲဆိုတော့ တချို့ကြီးပွား တိုးတက်နေတဲ့ နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် တောက တောင်သူလယ်သမားတွေနဲ့ သွားတူနေတယ်၊ ဘယ်လို ဖြစ်တာတုန်းဆိုတော့ တောင်သူလယ်သမားတွေ ဆိုတာဟာ တစ်နေကုန် နေပူထဲမှာ ချွေးဒီးဒီးကျအောင် အလုပ်လုပ်ရတယ်၊ အသီးအနှံလေးတွေ ရလာတယ်၊ မြို့ကပွဲစားဆီ ပို့တယ်၊ ပွဲစားက ဖြတ်ပေးတဲ့ စျေး ကလေးနဲ့ပဲ သူပြန်သွားရတယ်၊ ဒီ့ထက်မရဘူး၊ ပွဲစားက နေပူထဲထွက်စရာ မလိုဘူး၊ ဒီပစ္စည်းတွေ သူယူထား လိုက်တယ်၊ စျေးကောင်းပြီဆိုတော့ သူက ထုတ်ရောင်း လိုက်တာ ၄ - ၅ - ၁၀ ဆ မြတ်တယ်၊ ကဲ ဟိုမှာ နေပူ ထဲမှာ ကျောကုန်းမှာ ဆားပွင့်လောက်အောင်၊ လူရုပ် မပီအောင်၊ မွဲခြောက်နေအောင် အလုပ်လုပ်ရတဲ့လူကျတော့ အဲဒီလောက် အမြတ်မရဘူး၊ ပွဲစားကတော့ သူလုပ်ထားတဲ့ အသီးအနှံတွေပေါ်က ရလိုက်တဲ့ အမြတ်က နည်းတာ မဟုတ်ဘူး။

အဲဒီလိုပဲ မြန်မာပြည်မှာလည်းပဲ ကြည့် သယံဇာတပစ္စည်းတွေကို နိုင်ငံခြား တိုင်းပြည်တွေ ဒီတိုင်းပဲ ရောင်းလိုက်မယ်ဆိုရင် ဟိုက လူတွေက ၁၀-ဆမက မြတ်သွားတယ်၊ ဒီကလူတွေက လုပ်လိုက် ရတာ၊ ကိုယ့်ဆီကပစ္စည်းတွေ တန်ဖိုးကျတော့ နည်း နည်းလေးပဲ ရတယ်၊ အဲဒီတော့ ခုနက တစ်နှစ်ပတ်လုံး နေပူထဲ ရုန်းကန်လုပ်ရတဲ့ပုဂ္ဂိုလ်က တစ်သိန်းရတယ် ဆိုရင် ပွဲစားက ၁၀-သိန်းလောက်လည်း ရချင် ရသွား မယ်၊ အဆချင်း မတူဘူး၊ တစ်သိန်းကနေ ၂-သိန်း ရတယ်ဆိုရင် ၂ -ဆ ရတယ်ပေါ့။

အဲဒါကြောင့် နည်းပညာတို့၊ လိမ္မာကျွမ်းကျင်မှုတို့ ဆိုတာ အရေးကြီးတယ်၊ မြတ်စွာဘုရားကိုယ်တိုင်က ဟောထားတယ်၊ စီးပွားဖြစ်ဖို့ရာအတွက် ဥဌာနသမ္ပဒါ နဲ့ ပြည့်စုံရမယ်၊ ဥဌာနသမ္ပဒါဆိုတာ တက်တက်ကြွကြွ ကြိုးစားအားထုတ်တာ၊ လူတွေက စောလွန်းနေသေး တယ်၊ မိုးချုပ်သွားပြီ စသဖြင့် ဒီအတွေးလေးတွေ ရှိတယ်၊ ရာသီဥတုက အေးလွန်းနေသေးတယ်၊ ပူလွန်း နေတယ်ဆိုတဲ့ အကြောင်းတွေနဲ့ ပျင်းတတ်ကြတယ်။

သိင်္ဂါလောဝါဒသုတ်မှာ အဲဒါတွေက ပျင်းရိခြင်းရဲ့ အကြောင်းပြလေးတွေ - စောလွန်းအားကြီးလို့၊ စောလို့ မထသေးဘူး၊ နောက်ကျသွားရင်လည်း နောက်ကျ သွားပြီ၊ မိုးချုပ်လွန်းသွားပြီ၊ အေးလို့ရှိရင်လည်း အေးလွန်းနေသေးလို့၊ ပူလို့ရှိရင်လည်း ပူလွန်းနေသေး လို့ဆိုတာတွေနဲ့ လောကကြီးမှာ ဒီလိုနေကြတာ၊ အဲဒီလိုနေပြီးတော့ ဆာတော့ ထမင်းမစားရသေးလို့၊ စားပြီးတဲ့အခါကျတော့လည်း ဗိုက်လေးသေးလို့ဆိုတဲ့ အကြောင်းပြ ၆-မျိုးက ပျင်းရိခြင်းရဲ့ အကြောင်းတရား ၆-မျိုးလို့ ခေါ်တယ်။ အဲဒါမျိုးကြောင့်မို့လို့ အလုပ်တွေ မအောင်မြင်ဘဲနဲ့ ဖြစ်တတ်တယ်တဲ့။

တစ်ခါတုန်းက ကြားဖူးတယ်။ အလှူကဖိတ်လို့ မဟုတ်ဘူး၊ ကြုံလို့ရောက်လာတဲ့ လူတစ်ယောက်က အလှူပွဲကြီးကျင်းပနေတာ သူလည်း ကုသိုလ်ရချင် တယ်၊ ဝေယျာဝစ္စ ဝိုင်းပြီးတော့ လုပ်ချင်လိုက်တာ၊ ဘာလုပ်ရ လုပ်ရပေါ့၊ အိုးဆေးရဆေးရ၊ ခွက်ဆေးရ ဆေးရ၊ လုပ်စရာရှိတာတွေ သူလုပ်ပါ့မယ်ပေါ့၊ လုပ်ချင် တယ်၊ ဒါပေမယ့်လို့ ထမင်းမစားရသေးလို့ ဗိုက်က တအားဆာနေတယ်ဆိုတော့ ဒီလူ သဒ္ဓါတရား ကောင်းပုံရတယ်ဆိုပြီးတော့ ထမင်းကျွေးလိုက်တယ်၊ ကျွေးလိုက်တော့ သူ အားရပါးရ စားပြီးတော့ ပြောပြန် တယ်တဲ့ - ကျုပ် လုပ်ချင်လိုက်တာဗျာ၊ ခုနက ဆာလို့ မလုပ်နိုင်ဘူး၊ ခုတော့ ဗိုက်လေးသွားလို့ မလုပ်နိုင် သေးဘူးတဲ့၊ နောက်ဆုံးမှာ မလုပ်တာချင်း အတူတူပဲ၊ စောစောတုန်းက ထမင်းဆာလို့ မလုပ်နိုင်တာ၊ ခုတော့ ဗိုက်လေးလို့ဆိုပြီးတော့ ဒီအကြောင်းပြနဲ့ပဲ အလှူပွဲသာ ပြီးသွားတယ်။ သူဘာတစ်ခုမှ ဝင်မလုပ်လိုက်ရဘူး။

အဲဒါမျိုးလိုပဲ တကယ် ကြိုးစားအားထုတ်တယ် ဆိုတဲ့ပုဂ္ဂိုဟ်ဟာ မြတ်စွာဘုရား ဟောထားတဲ့ တရားထဲမှာ “ယော စ သီတဉ္စ ဥဏှဉ္စ၊ တိဏာ ဘိယျော နမညတိ” - အပူတွေ၊ အအေးတွေ ခုနက အခက် အခဲတွေကို မြက်ကလေးတစ်ပင်လောက်တောင် သူက ဂရုမစိုက်ဘူးပေါ့၊ ဒါတွေကို ထည့်မစဉ်းစားဘူး၊ လုပ်စရာရှိတာကိုလုပ်မယ်၊ အဲဒီလိုစိတ်ဓာတ်ကို ထားရ မယ်၊ အဲဒီလိုထားမှ လောကကြီးမှာ ကြီးပွားချမ်းသာ မယ်တဲ့၊ အကြောင်းပြပြီးတော့ ရေသာခိုတာမျိုး ဘယ် ကိစ္စမှာမှ မလုပ်ရဘူး၊ ကြိုးစားအားထုတ်ရမယ်။

အဲဒီ ကောင်းခြင်းလေးဖြာထဲမှာ နံပါတ်တစ် ဥဌာနသမ္ပဒါ၊ မြတ်စွာဘုရားက လုံ့လဝီရိယရှိတယ်ဆိုတဲ့ နေရာမှာ မှတ်သားထားဖို့ရာက လုပ်တိုင်းဖြစ်တာတော့ မဟုတ်ဘူးတဲ့၊ လုပ်တာတော့ လုပ်ရမယ်၊ အဲဒီထဲမှာမှ ဒက္ခ = လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်၊ အနလသ ဇွဲကောင်းရမယ်၊ ဥပါယဝီမံသ - နည်းပညာ ကောင်းရ မယ်တဲ့၊ အဲဒါမှ လောကကြီးဟာ မှန်ကန်တယ်တဲ့။

လှိမ့်မရတဲ့ ကျောက်တုံးကြီးကို လာပြီးတော့ တွန်းနေလို့ကတော့ အချိန်သာကုန်သွားမယ်၊ ရွေ့မှာ မဟုတ်ဘူးလေ၊ အဲဒါအလုပ်လို့ မသတ်မှတ်ဘူး၊ အကျိုး မထွက်ရင် အလုပ်လို့ မသတ်မှတ်ဘူး၊ လုပ်ကတည်းက အကျိုးထွက်တဲ့အလုပ်ပဲ လုပ်ရမယ်တဲ့။

အဲဒါကြောင့် အိမ်ယာတည်ထောင် လူ့ဘောင် ဘဝမှာနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ လိမ္မာကျွမ်းကျင်မှုရှိမှ ကောင်းတယ်၊ ဒါကတော့ အားလုံးလည်း သိပြီးသားပဲ နော် တစ်ခု။

နောက်တစ်ခု နံပါတ် (၂) က “သံဝိဘဇ္ဇဉ္စ ဘောဇနံ” ကိုယ်ရှာဖွေလို့ ရလာတဲ့ပစ္စည်းကို ကိုယ့် မိသားစု၊ ကိုယ့်မိဘဆွေမျိုးအားလုံးနဲ့ share လုပ်ပြီး သုံးပါတဲ့၊ ကိုယ်တစ်ယောက်တည်း မသုံးပါနဲ့တဲ့၊ ဒါမှ အားလုံးရဲ့ မေတ္တာရမှာ၊ ကိုယ်ရတာ ကိုယ်စားတဲ့ လူ တစ်ယောက်ဟာ ကျန်တဲ့လူကလည်း သူ့အပေါ် မေတ္တာမထားဘူး၊ ကိုယ်ရလာ ကိုယ်ဝယ်လာတဲ့ ပစ္စည်း လေး အားလုံး မိသားစုမှာ share လုပ်ပြီးတော့ စား တယ်၊ ခွဲခြားဝေဖန်ပြီးတော့မှသုံးတယ်ဆိုတာ ဒါ လူ့ လောကမှာ ရှိသင့်ရှိထိုက်တဲ့ကိစ္စတဲ့။

ဒါကြောင့်မို့ မြတ်စွာဘုရားက စီးပွားရှာပြီးတော့ ဘယ်လိုသုံးရမယ်ဆိုတာ ဟောထားတာ ရှိတယ်၊ စီးပွား ရှာထားတဲ့ ပုဂ္ဂိုလ်ဟာ ဘာအတွက်ရှာရမယ် ဆိုပြီးတော့ လည်း မြတ်စွာဘုရားက ဟောထားတာရှိတယ်၊ စီးပွား ရလာလို့ရှိရင်တဲ့ - “အတ္တာနံ သုခေတိ ပိဏေတိ” ကိုယ့်ကိုယ်ကို ဝဖြိုးအောင်၊ ချမ်းသာအောင် အသုံးပြု တယ်။ ဒါက ပထမ၊ “မာတာပိတရော သုခေတိ ပိဏေတိ” - ကိုယ်ပြီးရင် ကိုယ့်အဖေ၊ အမေတွေ ချမ်းသာအောင်ထား၊ နောက် သား၊ မယား၊ မိတ်ဆွေ သင်္ဂဟတွေကို ချမ်းသာအောင်ထား၊ နောက်ပြီး စတုတ္ထ ကျတော့မှ ကုသိုလ်လုပ်လို့ပြောတာ၊ ဒီတော့ ရလာတဲ့ စီးပွားဥစ္စာဟာ အဲဒါအတွက်ပဲ။

ဆိုလိုတာက ပစ္စည်းဆိုတာ သိမ်းထားဖို့ မဟုတ် ဘူး၊ သုံးဖို့၊ တချို့ကျတော့ ပစ္စည်းကို နှမြောလို့ အလှ ကြည့်ပြီး သိမ်းထားတယ်၊ ကိုယ်လည်းမသုံးလိုက်ရဘူး၊ သူခိုးခိုးရင်လည်း ပါသွားမယ်၊ မီးလောင်တဲ့အထဲ ပါသွားမယ်၊ အဲဒါကြောင့် ပစ္စည်းဆိုတာ သုံးဖို့၊ သိမ်းဖို့ မဟုတ်ဘူးတဲ့၊ ကားလေးတစ်စီး ဝယ်ထားပြီးတော့ မစီးရက်ဘဲ ဂိုဒေါင်ထဲ ထားကြည့်ပါလား၊ သူ့ဖာသာသူ ပျက်သွားမှာပဲ၊ မသုံးရင် ပျက်သွားမှာပဲ၊ “သံဝိဘဇ္ဇဉ္စ ဘောဇနံ” - ကိုယ်ရလာတဲ့ ပစ္စည်းဥစ္စာကို ခွဲဝေပြီး သုံးဆောင်ပါတဲ့၊ ဒါ ဒုတိယ လိုက်နာရမယ့် ကိစ္စတစ်ခု တဲ့။

လေးချက်ဟောထားတဲ့အထဲမှာ နောက်နှစ်ခုက ပိုပြီးတော့ အရေးကြီးတယ်၊ လူဆိုတာ ကြိုးစား အားထုတ်လို့ စီးပွားတက်လာတဲ့အခါရှိတယ်၊ ရာထူး တွေ မြင့်လာတဲ့အခါရှိတယ်၊ အခြေအနေတွေ ကောင်း လို့ တိုးတက်ကြီးပွားလာပြီဆိုရင် ပတ်ဝန်းကျင်၊ အပေါင်းအသင်းတွေပေါ်မှာ မောက်မာလာတတ် တယ်၊ အဖက်မတန်ဘူးလို့ ထင်လာတတ်တယ်၊ အဲဒါ ဟာ ပျက်စီးခြင်းအကြောင်းတစ်ခုပဲတဲ့။

ဒါကြောင့်မို့ “အဟာသော အတ္ထလာဘေသု” မောက်မာတာ မလုပ်နဲ့တဲ့၊ ကြီးပွားတိုးတက်လာလို့ရှိရင် နဂိုအခြေအနေက မပြောင်းစေနဲ့တဲ့၊ ဆက်ဆံရေးတွေ မပြောင်းစေနဲ့၊ ပုံမှန်နေတတ်ရမယ်၊ ဆိုလိုတာကတော့ ကြီးပွားတိုးတက်လာတဲ့အခါမှာ ဘဝင် မမြင့်ရဘူး၊ ဘဝင်မြင့်ရင် အနည်းဆုံး ပတ်ဝန်းကျင်က မုန်းသွား လိမ့်မယ်၊ မုန်းရင် မိတ်ဆွေတွေရဲ့ ခင်မင်မှုတွေ ပျက်စီး သွားလိမ့်မယ်။ နောက်ဆုံးမှာ မိသားစုထဲတောင်မှပဲ - ကြားဖူးတယ် အမေ၊ အဖေက ကိုယ့်သား၊ သမီးကိုပဲ ပြောလို့ဆိုလို့ မကောင်းဘူး၊ ကြီးပွားတိုးတက်လာတဲ့ အခါ မာနတွေ တက်လာတယ်၊ မိဘက စပြီးတော့ မေတ္တာပျက်လာတယ်၊ မေတ္တာပျက်တယ် ဆိုကတည်း က မကောင်းတော့ဘူးပေါ့၊ ဒါကြောင့်မို့လို့ မြတ်စွာ ဘုရားက “အဟာသော အတ္ထလာဘေသု” ကောင်းကျိုးချမ်းသာတွေ ရလာပြီဆိုတဲ့အခါမှာ ဘဝင် မမြင့်နဲ့တဲ့၊ ဘဝင်မမြင့်အောင် သတိထားတဲ့။

လူဆိုတာ အမြဲတမ်း ကောင်းကျိုးချမ်းသာရတာ မဟုတ်ဘူး၊ တစ်ခါတလေ ရာထူးကျသွားတာ ရှိတယ်၊ စီးပွားဥစ္စာတွေ ပျက်သွားတာ ရှိတယ်၊ နောက်ဆုံးမှာ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲသွားတာတွေ ရှိတယ်၊ အဲဒီလိုရှိတဲ့အခါမှာ လူဟာ Depresion ဝင်လာတယ်၊ ဝင်လာတဲ့အခါမျိုးမှာ နိုင်ငံခြားတိုင်းပြည် တွေမှာဆို suicide လုပ်ပစ်တာတွေ ရှိတယ်ပေါ့။

suicide လုပ်တယ်ဆိုတာ ဒီဘဝမှာ မှားတဲ့နည်းနဲ့ ထွက်ပေါက်ရှာတာ၊ နောင်ဘဝမှာ ကောင်းစားသွား မလားဆိုတော့ ဒီထက်ဆိုးတဲ့ဘဝ ရောက်သွားနိုင် တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကို သတ်သေ တယ်ဆိုတဲ့လူက ဒေါသနဲ့ သတ်သေတာ ဖြစ်သည့် အတွက်ကြောင့် ဒီ့ထက်ဆိုးတဲ့ ငရဲရောက်သွားနိုင်တယ်၊ အဲဒီ ကိုယ့်ကိုယ်ကို သတ်သေတဲ့အမှုကိုက ငရဲကို ရောက်သွားနိုင်တယ်။ သေခါနီးမှာ စိတ်က ပြောင်း သွားရင်တော့ မပြောနိုင်ဘူးပေါ့၊ များသောအားဖြင့် ကိုယ့်ကိုယ်ကို သတ်သေရင် ဒေါသနဲ့ သေတာ၊ ငရဲဘဝ ရောက်တယ်။

အကယ်၍ ဒေါသပြေပြီးတော့ ကုသိုလ်ကောင်းမှု လေး သတိရလို့ မသေခင်လေးမှာ စိတ်ကလေး ပြောင်း သွားရင်တော့ လူမသိနိုင်ဘူးပေါ့၊ ဒါကြောင့်မို့ ကိုယ့် ကိုယ်ကို သတ်သေပြီးတော့ လူပြန်ဖြစ်တယ်ဆိုတာ ခုနက ကြားထဲမှာ အပြောင်းအလွဲလေးတွေ ဖြစ်တတ် တယ်ပေါ့နော်။

အေး၊ အဲဒီလို ပျက်စီးလာပြီဆိုတဲ့အခါ လူမှာ depresion ဝင်လာတတ်တယ်။ အဲဒီလိုလည်း မဝင် စေနဲ့တဲ့၊ “အတ္ထဗျာပတ္တိ အဗျထော” ကိုယ့်ကျိုး ကိုယ့် စီးပွားတွေ ပျက်စီးဆုံးရှုံးလာတယ် ဆိုတဲ့အချိန်မှာ မတုန်လှုပ်နဲ့တဲ့၊ ဘာကြောင့် ပျက်စီးတာတုန်းလို့ အကြောင်းတရားကိုရှာ၊ ဘယ်လို ရပ်တည်ရမလဲလို့ အကြောင်းတရားကိုရှာတဲ့။

နိုင်ငံခြားတွေမှာ ကုမ္ပဏီကြီးတွေ စီးပွားပျက် ကပ်နဲ့ ကြုံတာရှိတယ်၊ မိတ်ဆွေသင်္ဂဟတွေနဲ့ အဖြေ ရှာပြီး သူတို့ ကုစားကြတာပဲ၊ ပံ့ပိုးပေးကြတာ၊ Mank crupt ဖြစ်တော့မယ်ဆိုရင် ဝိုင်းပြီးတော့ support လုပ်ကြတာ မဟုတ်လား။

လူတွေလည်း ကိုယ့်အချင်းချင်း ပြန်ပြီးတော့ ထိန်းမတ်သွားအောင် ဒီလိုပဲ လမ်းကြောင်းရှာရမယ်၊ စိတ်ပျက်နေလို့က အဖြေမပေါ်ဘူး၊ တစ်စုံတစ်ခု စီးပွားရေးပျက်သွားရင် လမ်းကြောင်းပြောင်းမယ်၊ ကိုယ့်စိတ် သက်သာရာ သက်သာကြောင်း တစ်ခုခု လုပ်မယ်၊ လမ်းမှန်တွေ့အောင် ရှာမယ်၊ အခြေအနေ ကောင်းတွေကို ဖန်တီးမယ်၊ ဒီတစ်နေရာမှာ စီးပွား မဖြစ်လို့ နောက်တစ်နေရာမှာ ပြောင်းပြီးတော့ လုပ် မယ်၊ ဒီလုပ်ငန်းမကောင်းလို့ နောက်လုပ်ငန်း ပြောင်း လုပ်မယ်၊ ဒီလိုပဲ လုပ်သင့်တာပဲ၊ ဒါ ထွက်ပေါက် အစစ်အမှန်ပဲ။

အဲဒီလိုမဟုတ်ဘဲနဲ့ စိတ်ဓာတ်တုန်လှုပ် ခြောက် ခြားပြီးတော့ depresion တွေ ဝင်သွားတာဟာ အဖြေ မဟုတ်ဘူးတဲ့။ အဲဒါကြောင့် မြတ်စွာဘုရားက “အတ္ထ ဗျာပတ္တိ အဗျထော” - ရာထူးကျမယ်၊ စည်းစိမ်ဥစ္စာတွေ ပျက်စီးမယ်ဆိုရင် “အဗျထ” - မတုန်လှုပ်ပါစေနဲ့တဲ့၊ စိတ်ဓာတ်တွေ မပျက်ပါစေနဲ့တဲ့၊ ကိုယ့်ဘာသာကိုယ် ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်နိုင်အောင် ကြိုးစားပါတဲ့၊ ဒါက လုပ်ရမယ့်ကိစ္စတွေကို မြတ်စွာဘုရား ဟောတာ။ အဲဒီတော့ ဒီသုတ္တန်တွေဟာ တစ်နေရာတည်းမှာ မဟုတ်ဘူး၊ လောကမှာ လူတွေ လိုက်နာ ကျင့်သုံးဖို့ ဆိုတာ မြတ်စွာဘုရားက စပ်ရာစပ်ရာ ဟိုနားဒီနား ဟောထားတဲ့သုတ္တန်တွေကို ဘုန်းကြီးတို့ စုပြီးတော့ ဒီနေရာမှာ ဟောပေးတာနော်။

နောက်တစ်ခါ သတိထားစရာ အချက်ကလေး တစ်ခုရှိတယ်။ မြတ်စွာဘုရားက ဖြေဆိုထားတာ၊ အဖြေ ထုတ်ထားတာလေး၊ ပစ္စည်းဥစ္စာတွေရဲ့ ယိုကျပျက်စီး သွားတတ်တဲ့ ယိုပေါက်ကြီး ၆-ပေါက် ရှိတယ်။ အဲဒီ ယိုပေါက်ကြီး ၆ - ပေါက်မှာ ကိုယ်ရှာထားတဲ့ပစ္စည်း ဥစ္စာတွေဟာ အကုန်လုံး ပျောက်ပြီးတော့ နောက်ဆုံး မှာ ဆင်းရဲဒုက္ခတွေ ရောက်သွားတယ်၊ ဒါတွေဟာ ပုံပြင်တွေ အများကြီး ရှိတာပဲ။

အားလုံး သိကြလိမ့်မယ်၊ ရန်ကုန်မှာ ချင်းချောင်း ပဲလေ့စ် Chin Chong Palace ဆိုတာ ရှိတယ်၊ ဘုန်းကြီးတို့ တစ်လောတုန်းက ဂျာနယ်တစ်ခုမှာ ချင်းချောင်း သူဌေးအကြောင်း ဖတ်လိုက်ရတယ်၊ နောက်ဆုံးကျတော့ သူက တကယ့်ကို ဆင်းရဲဒုက္ခ ရောက်သွားရှာတယ်၊ ကုက္ကိုင်းလမ်းဆုံမှာ တကယ့် နန်းတော်ကြီးလို ဆောက်ထားတာပဲ၊ နောက်ဆုံးကျ တော့ ပျက်စီးဆုံးရှုံးသွားတာ၊ မိဘတွေလက်ထက်က အင်မတန် ချမ်းသာတာ၊ ပျက်စီးဆုံးရှုံးသွားတာဟာ အကြောင်းမဲ့တော့ မဟုတ်ဘူး၊ အကြောင်းတော့ရှိတယ်၊ မကျွမ်းကျင်တာတွေရော၊ မကြိုးစားတာတွေရော အကုန်လုံးပေါ့၊ ဒီလို ဖြစ်တတ်တယ်။

အဲဒီမှာ မြတ်စွာဘုရား ဟောထားတာကတော့ လောကမှာ စီးပွားရေးပစ္စည်းဥစ္စာတွေရဲ့ ယိုပေါက်ကြီး ၆-ခုဆိုတာ ဘာလဲဆိုတော့ ပစ္စည်းဥစ္စာဟာ ဘယ် တော့မှ မတည်ဘူးတဲ့၊ မြန်မာတွေကတော့ ပြောကြ တယ်၊ “လူမိုက်နဲ့ငွေ” အတူမနေဘူးတဲ့၊ ပစ္စည်းဥစ္စာ ဟာ ပျောက်သွားတယ်၊ မြတ်စွာဘုရားက ဘာကို ဟော သလဲဆိုရင် နံပါတ် (၁) က အာလသျ - လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့၊ ပျင်းရိလို့ရှိရင် - ပျင်းတယ် ဆိုတာ ခုနကပြောတဲ့ ပူလွန်းတယ်၊ အေးလွန်းတယ်၊ မိုးချုပ်လွန်းတယ်၊ ဆာနေသေးတယ်၊ မစားရသေးဘူး၊ စားပြီးပြီ၊ ဗိုက်လေးတယ် ဆိုတဲ့ အချက်တွေကို အကြောင်းပြပြီး အလုပ်မလုပ်ဘဲနဲ့နေတာကို ပျင်းတယ် လို့ ပြောတာနော်၊ အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်း ဥစ္စာရဲ့ ယိုကျဖို့ရာ အပေါက်တစ်ခုပဲတဲ့။

နောက် နံပါတ် (၂) ကတော့ ပမာဒ တဲ့၊ အပျော် အပါးတွေဘက်ပဲ စိတ်ဝင်စားတယ်၊ ကောင်းကျိုး ချမ်းသာဖြစ်ဖို့ စိတ်မဝင်စားဘူး၊ လုပ်ငန်းကိုလည်း စိတ်မဝင်စားဘူး၊ အပျော်အပါးတွေကို အမြဲတမ်း စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်တယ်။

နံပါတ် (၃) က အနုဋ္ဌာန - လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာ တက်တက်ကြွကြွ မရှိဘူး၊ ဝတ်ကျေ တမ်းကျေပဲ လုပ်တယ်၊ ဖြေးဖြေးဆေးဆေးပဲ၊Goslow ပေါ့၊ သွက်သွက်လက်လက် လုပ်ရမယ့်ဟာကို သွက် သွက် လက်လက် မလုပ်ဘူး၊ ပျင်းပျင်းရိရိ လုပ်တယ်၊ အဲဒီလိုဟာမျိုး မဖြစ်ရဘူးတဲ့၊ ကြိုးကြိုးစားစား လုပ်ရ မယ်၊ အဲဒီတော့ ပျင်းရိခြင်းဟာလည်း ဥစ္စာရဲ့ယိုပေါက် တစ်ခု။

နံပါတ် (၄) က ကာမဂုဏ်အာရုံတွေထဲမှာ စိတ်ကို လွှတ်ထားပြီးတော့ ပျော်ပါးခြင်း ဟာလည်း ပစ္စည်း ဥစ္စာရဲ့ ယိုကျတဲ့အပေါက်တစ်ခုတဲ့။

နံပါတ် (၅) က မစောင့်စည်းခြင်း၊ ကိုယ့်စိတ် ကိုလည်း မစောင့်စည်းဘူး၊ ကာယကံ ဝစီကံကိုလည်း မထိန်းသိမ်း မစောင့်ရှောက်ဘူး၊ ကိုယ်ကျင့်တရားကို လည်း မထိန်းသိမ်း မစောင့်ရှောက်ဘူး၊ အဲဒါဟာ စီးပွားရေး ယိုပေါက်တစ်ခုပဲ။

နံပါတ် (၆) က အအိပ်ကြူးခြင်း၊ ဘယ်တော့ဖြစ်ဖြစ် အိပ်တာပဲ၊ အအိပ်များနေတယ်၊ အဲဒီဟာလည်းပဲ ပျက်စီးခြင်း အကြောင်းတစ်ခုပဲ။

ခုနကပြောခဲ့တဲ့ အာလသျ နဲ့ တန္ဒီ မှာ - အာလသျ ပျင်းရိတယ် ဆိုတဲ့နေရာမှာ ဘာအလုပ်မှ မလုပ်ဘဲ နေတာမျိုး၊ တန္ဒီကျတော့ ဖြစ်ပေါ်လာတဲ့ အချိန်ကို ရွှေ့တာ၊ အမြဲတမ်းအချိန်ကို ရွှေ့ချင်တယ်၊ စောသေး တယ်၊ အချိန်ရွှေ့လိုက်တယ်၊ ၈-နာရီလောက် အလုပ် လုပ်ရမှာကို မလုပ်သေးပါဘူး၊ ၉-နာရီမှ လုပ်မယ်၊ ၉-နာရီကျတော့လည်း ၁၀-နာရီကျမှ သွားတော့မယ်၊ ဒီလိုအချိန်တွေကို ရွှေ့ရွှေ့သွားတာမျိုးကို ဆိုလိုတယ်။

အဲဒီအပေါက် ၆-ပေါက်ကို ပိတ်နိုင်မှတဲ့၊ မပိတ် နိုင်လို့ရှိရင် ပစ္စည်းဥစ္စာဟာ လူတွေနဲ့အတူ မရှိနိုင်ဘူးလို့ ဒီလို မြတ်စွာဘုရားက ဟောတယ်၊ အဲဒီလိုဟောတာ တွေဟာ ကိုယ့်အတွက် ပစ္စုပ္ပန်ဘဝမှာ ကောင်းကျိုး ရနိုင်သလို သံသရာအတွက်လည်း ကောင်းကျိုးရနိုင် တယ်၊ မကောင်းတဲ့ အချက်အလက်တွေကို ရှောင်ပြီး တော့ ကောင်းတဲ့ အချက်အလက်တွေကို ကိုယ့်သန္တာန် မှာ ကျင့်ဆောင်ဖို့ အရေးကြီးတယ်။

မြတ်စွာဘုရားက မကောင်းဘူး ဆိုတဲ့အထဲမယ် ထိုမကောင်းတာတွေ အများကြီးထဲက နေပြီးတော့ အရေးကြီးတဲ့ မကောင်းတာတွေကိုရှောင်ဖို့ နောက်ဆုံးပိတ်အနေနဲ့ ဒီလိုဟောထားတာလေးက မှတ်သားဖို့ ကောင်းတယ်၊ “အလသော ဂီဟိ ကာမဘောဂီ န သာဓု” - လူ့လောကမှာ မိသားစုနဲ့နေတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာ ပျင်းရင် ဘယ်တော့မှ မကောင်းဘူး၊ မပျင်းရဘူး၊ မိသားစုနဲ့နေပြီး လောကီစီးပွားရှာနေတဲ့ ပုဂ္ဂိုလ်ဟာ ပျင်းလို့ရှိရင် မကောင်းဘူး၊ ကောင်းကျိုး ချမ်းသာတွေ မရနိုင်ဘူးလို့ ပြောတာ။

နောက်တစ်ခုကျတော့ “အသညတော ပဗ္ဗဇိတော န သာဓု” - သင်္ကန်းဝတ်ပြီး ဘုန်းကြီးဘဝနဲ့နေပြီးတော့ လူလိုနေတယ်၊ မထိန်းသိမ်းဘူး၊ မစောင့်ရှောက်ဘူး၊ ပြောချင်ရာတွေ ပြောတယ်၊ လုပ်ချင်တာတွေ လုပ် တယ်၊ ဘုန်းကြီးက ဘုန်းကြီးလို မနေဘူး၊ လူလို နေတယ်၊ ပြောတာဆိုတာက စပြီးတော့ ဘုန်းကြီးလို မနေဘူး၊ စောင့်စည်းမှု မရှိဘူးဆိုရင် မကောင်းဘူးတဲ့၊ အဲဒါလည်း ဘုန်းကြီးတွေလည်း စောင့်စည်းရမယ်လို့ ဒီလိုပြောတယ်။

“ရာဇာ န သာဓု အနိသမ္မကာရီ” - တိုင်းပြည် အုပ်ချုပ်တဲ့မင်း လုပ်နေပြီးတော့ မဆင်မခြင် အရမ်း လုပ်တာမျိုး မလုပ်ရဘူးတဲ့၊ ဘယ်ကိစ္စမျိုးပဲဖြစ်ဖြစ် စဉ်းစဉ်းစားစားပဲ လုပ်သင့်တယ်၊ မစဉ်းမစားနဲ့ အမိန့် တွေ မချမှတ်သင့်ဘူး၊ မထုတ်သင့်ဘူးတဲ့၊ မစဉ်းမစားနဲ့ အမိန့်တွေထုတ်၊ ချမှတ်တယ်ဆိုရင် လမ်းကြောင်းတွေ လွဲပြီးတော့ လူတွေမှာ အကုန် ဒုက္ခရောက်ကြတယ်၊ ဒါကြောင့်မို့ “ရာဇာ န သာဓု အနိသမ္မကာရီ” မဆင်ခြင် မစဉ်းစားဘဲ အသိဉာဏ်ရှေ့သွားမထားဘဲနဲ့ အလုပ်လုပ်တဲ့မင်းဟာ မကောင်းဘူးလို့ ဒီလို မြတ်စွာ ဘုရားက ဟောထားတယ်။

နောက်တစ်ခုကျတော့ “ယော ပဏ္ဍိတော ကောဓနော တံ န သာဓု” - ပညာရှိလို့ ဆိုပြီးတော့ ဒေါသကြီးရင် မကောင်းဘူးတဲ့၊ ဆိုလိုတာ ပညာရှိ အမျက် အပြင်မထွက်ရဘူးတဲ့၊ ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ဟာ ဘယ်အရာပဲဖြစ်ဖြစ် ဆင်ခြင် စဉ်းစားရမယ်လို့ - ဒီ ပုဂ္ဂိုလ် ၄-မျိုးနဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့ အချက်အလက်တွေကို မြတ်စွာဘုရားက ဟောကြား ထားတယ်- “လူဝတ်ကြောင်ဟာ မပျင်းရဘူး၊ ပျင်းရင် မကောင်းဘူး၊ ရဟန်းဆိုတာ စောင့်စည်းရမယ်၊ မစောင့်စည်းရင် မကောင်းဘူး၊ မင်းဆိုတာ စဉ်းစဉ်း စားစားလုပ်ရမယ်၊ စဉ်းစဉ်းစားစား အမိန့်ထုတ်ရမယ်၊ မစဉ်းမစားလုပ်ရင် မကောင်းဘူး၊ ပညာရှိဆိုတာ စိတ်မဆိုးရဘူး၊ စိတ်ဆိုးရင် မကောင်းဘူး”။

အဲဒီ မကောင်းတဲ့အချက်အလက်တွေကိုရှောင်ပြီး ကောင်းတဲ့အချက်အလက်တွေကို ဆောင်မှသာလျှင် ဘဝသံသရာမှာ အဆင်ပြေလို့၊ ကိုယ်ကျင့်တရားတွေ လည်း ကိုယ့်သန္တာန်မှာ ပြည့်စုံလို့ ဘုရားပွင့်ခိုက် ဘုရား ဟောတဲ့ အကျင့်သိက္ခာတွေကို ကျင့်ကြံကြိုးကုတ် အားထုတ်လို့ မှန်ကန်တဲ့အမြင် သမ္မာဒိဋ္ဌိ ပေါ်မှာ အခြေခံပြီးတော့ မှန်ကန်တဲ့အတွေး သမ္မာဒိဋ္ဌိသင်္ကပ္ပ၊ မှန်ကန်တဲ့ကြိုးပမ်းအားထုတ်မှု သမ္မာဝါယာမ၊ မှန်မှန် ကန်ကန် အမှတ်ရမှု သမ္မာသတိ၊ မှန်မှန်ကန်ကန် စိတ်တည်ငြိမ်အောင်ထားမှု သမ္မာသမာဓိ ဆိုတာတွေ ကိုယ့်သန္တာန်မှာ ဖြစ်ပွားအောင် လုပ်ရမယ်။

အဲဒီလို လုပ်ရင် ဘဝခရီးဟာ ဘယ်ထိအောင် ဖြောင့်တန်းသလဲဆိုရင် ဒုက္ခတွေ အဆုံးသတ်တဲ့ နိဗ္ဗာန် ထိအောင် ဖြောင့်တန်းပါတယ်တဲ့၊ အဲဒီ လမ်းကြောင်း ကြီးပေါ် လျှောက်သွားခြင်းဖြင့် ပစ္စုပ္ပန်ဘဝမှာလည်း ချမ်းသာသုခတွေရလို့ နောင်တမလွန် ဘဝမှာလည်း ကောင်းရာ သုဂတိဘုံရောက်လို့ ဒီဘဝမှာ ကြိုးစား အားထုတ်ရင် တကယ့်ကို အငြိမ်းဓာတ်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန်သတည်း။

နနန

eerosy3p6dqrguqzw72oa56l035okb2
ဓမ္မဗျူဟာသင်တန်းသားများ၏ မေးခွန်းများကို ဖြေဆိုခြင်း
0
5895
22144
21648
2026-06-15T03:25:16Z
Tejinda
173
22144
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ဓမ္မဗျူဟာသင်တန်းသားများ၏ မေးခွန်းများကို ဖြေဆိုခြင်း
| previous = [[အခွင့်ကောင်းကို ရအောင်ယူ]]
| previous2 =
| next = [[ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဓမ္မဗျူဟာသင်တန်းသားများ၏ မေးခွန်းများကို ဖြေဆိုခြင်း

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၂ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၀ ပြည့်နှစ်၊ တပို့တွဲလပြည့်ကျော်(၁၂) ရက်၊ (၂၁-၂-၂၀၀၉) ပထမနေ့၊ တပို့တွဲလပြည့်ကျော် (၁၃)ရက်၊ (၂၂-၂-၂၀၀၉) ဒုတိယနေ့များ၌ ဓမ္မဗျူဟာ သာသန မာမကအဖွဲ့၊ လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မစာပေ သင်တန်းကျောင်း (ကြားတောရလမ်း၊ ဗဟန်း) တွင် ပြုလုပ်အပ်သော “အဘိဓမ္မာဆိုင်ရာ ဗဟုသုတနှင့် အမေးအဖြေများ” အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ မှ ပြန်လည်ဖြေကြား ရှင်းလင်းသည်။

ဆရာတော်၏ အဖွင့်စကား

ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ပိဋကတ် သုံးသွယ်၊ နိကာယ်ငါးဖြာ၊ ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်း လေးထောင် တရားတော်တွေထဲမှာ ဓမ္မပဥှာ ဆိုတဲ့ ဓမ္မ မေးခွန်းနဲ့ပတ်သက်တဲ့ သုတ္တန်တွေ တော်တော်များများ ရှိတယ်။ အဲဒီလို မေးတဲ့အခါမှာ မေးတဲ့ပုဂ္ဂိုလ်တွေရဲ့ (intention) ရည်ရွယ်ချက် (၅)မျိုးရှိတယ်။ အဲဒီ ရည်ရွယ်ချက်(၅)မျိုးအရ မေးခွန်း(၅)မျိုးကို ခွဲခြား ဖော်ပြတယ်။

(၁) အဒိဋ္ဌဇောတနာ = အဒိဋ္ဌ ဆိုတာ အဖြေကို ကိုယ်မသိလို့ သိချင်လို့မေးတဲ့ဟာမျိုးပေါ့။ အဒိဋ္ဌ ဇောတနာ-ကိုယ်မသိတာကို ဖော်ပြတာ။ ဒါလေးဖြင့် မရှင်းဘူး၊ ဒါလေး သိချင်တယ်။ အဲဒါ အဒိဋ္ဌဇောတနာ ပုစ္ဆာ။ မသိလို့မေးတဲ့ မေးခွန်းပေါ့။ မသိတာကို သိချင် လို့မေးတဲ့ မေးခွန်း။

(၂) ဒိဋ္ဌသံသန္ဒနာ = ဒိဋ္ဌဆိုတာ ကိုယ်သိပြီးမြင်ပြီး အကြောင်းအရာကို၊ သံသန္ဒနာဆိုတာ သူများနဲ့ တိုက် ဆိုင်ကြည့်ချင်တာ။ ငါသိထားတဲ့အသိနဲ့ သူသိထားတဲ့ အသိ ကိုက်ညီမှုရှိရဲ့လား၊ ငါသိထားတာ မှန်ရဲ့လားလို့ တိုက်ဆိုင်နှီးနှောကြည့်ချင်တဲ့ ရည်ရွယ်ချက်နဲ့မေးတာ ကျတော့ ဒိဋ္ဌသံသန္ဒနာ။ သံသန္ဒနာ ဆိုတာ နှီးနှော တိုက်ဆိုင်တယ်လို့ အဓိပ္ပာယ်ရတယ်။

(၃) ဝိမတိစ္ဆေဒနာ = ဝိမတိဆိုတာ မဆုံးဖြတ်နိုင် ဘူး၊ သံသယဖြစ်တယ်။ ဆေဒနာဆိုတာ ဖြတ်တောက် ဖယ်ရှားတာ၊ ကိုယ့်စိတ်ထဲမှာ သံသယဖြစ်နေတယ်။ ဟုတ်သလား၊ မဟုတ်ဘူးလား မဝေခွဲနိုင်ဘူး။ မဝေခွဲ နိုင်ဘူးဆိုတာ ကိုယ်မသိတဲ့အရာနဲ့ မတူဘူးပေါ့။ သိသလိုလို မသိသလိုလို၊ ဒါက မှန်သလား၊ ဒါက မှား သလားလို့ မဝေခွဲနိုင်တဲ့ဟာမျိုး သံသယကို ဝိမတိလို့ ခေါ်တယ်။ ဝိစိကိစ္ဆာဆိုတာနဲ့ အတူတူပဲ။ အဲဒါကို ဖယ်ရှားလိုလို့ မေးတဲ့မေးခွန်းကို ဝိမတိစ္ဆေဒနာ မေးခွန်း လို့ခေါ်တယ်။

(၄) အနုမတိပုစ္ဆာ = အနုမတိ ဆိုတာ အခြား ပုဂ္ဂိုလ်ရဲ့ ထင်မြင်ချက်ကို သိချင်လို့မေးတာ။ သူများကို စူးစမ်းချင်လို့မေးတာ။ အမေးခံရတဲ့ပုဂ္ဂိုလ်ရဲ့ သဘော ထားကို သိချင်လို့မေးတဲ့မေးခွန်း။ အနုမတိ ဆိုတာ သူတစ်ပါးရဲ့ထင်မြင်ယူဆချက်၊ အဲဒါကိုသိချင်လို့မေးတဲ့ မေးခွန်းက အနုမတိပုစ္ဆာ။ အခြားသူတစ်ယောက် သိသည့်အားလျော်စွာ ဖြေနိုင်အောင်မေးတဲ့ မေးခွန်း မျိုးပေါ့။

(၅) ကထေတုကမျတာပုစ္ဆာ = ကထေတုဆိုတာ ကထေတုံ-အဖြေပေးချင်လို့ အဖြေပေးရန်၊ ကမျတာလိုချင်တယ်။ ဆိုလိုတာက “ကထေတုကမျတာ“ဆိုတာ အဖြေပေးချင်လို့ မေးတဲ့မေးခွန်း။ ကျမ်းဂန်တွေမှာ အဲဒီလို မေးခွန်း(၅)မျိုးရှိတယ်။

အဒိဋ္ဌဇောတနာ ဆိုတာ ကိုယ်မသိလို့ ကိုယ်မသိ ကြောင်း ဖော်ပြပြီး မေးတဲ့မေးခွန်းမျိုး။ ဒိဋ္ဌ သံသန္ဒနာ ဆိုတာက ကိုယ်သိပြီးသား အကြောင်းအရာကို သူများ နဲ့ တိုက်ဆိုင်ကြည့်ချင်လို့ မေးတဲ့မေးခွန်းမျိုး။ ဝိမတိ စ္ဆေဒနာ ဆိုတာ သံသယရှိလို့၊ သံသယကို ဖယ်ရှားလို လို့ မေးတဲ့မေးခွန်းမျိုး။ အဲဒီမေးခွန်းသုံးမျိုးက မြတ်စွာ ဘုရားရှင်တွေမှာ ဘယ်တော့မှမရှိဘူး။ ဘယ်တော့မှ မမေးဘူးပေါ့။ မြတ်စွာဘုရားက မသိတာဆိုတာလည်း မရှိဘူး၊ သိပြီးသားကိုလည်း သူများနဲ့တိုက်ဆိုင်ကြည့် နေဖို့လည်း အားနည်းချက်မရှိဘူး။ သံသယ ဆိုတာ လည်း လုံးဝမရှိဘူး။ ဒါကြောင့် ဒီမေးခွန်းသုံးမျိုးက မြတ်စွာဘုရားတွေနဲ့ မသက်ဆိုင်ဘူး။ ဒါပေမယ့် မြတ်စွာဘုရားကလည်း မေးခွန်းတွေမေးတယ်။ နောက် ဆုံး မေးခွန်းနှစ်မျိုးထဲက တစ်မျိုးမျိုးကို မြတ်စွာဘုရား က မေးလေ့ရှိတယ်။ အနုမတိပုစ္ဆာဆိုတာ တရားကို နာယူတဲ့ ပုဂ္ဂိုလ်တွေရဲ့ အလိုဆန္ဒ၊ အသိဉာဏ်ကို စမ်းသပ်လိုလို့ မေးတာမျိုး။ ဥပမာအားဖြင့် အနတ္တ လက္ခဏသုတ်ထဲမှာ 'ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါ -ရဟန်းတို့၊ ရုပ်တရားဟာ နိစ္စလား၊ အနိစ္စလား' ဆိုတာ ဒါ ရဟန်း တွေရဲ့ အသိဉာဏ်ကိုမေးတဲ့ သဘောမျိုးပဲ။ ရဟန်း တွေရဲ့ အလိုဆန္ဒအားလျော်စွာ ရှင်းလင်းအောင်မေးတဲ့ မေးခွန်းမျိုး။ ကထေတုကမျတာပုစ္ဆာကို မြတ်စွာဘုရား တွေ မေးလေ့ရှိတယ်။ အဖြေပေးချင်လို့မေးတဲ့ မေးခွန်း မျိုး။ ဗမာစကားမှာလည်း ပြောလေ့ရှိတယ်လေ။ 'ဒါ ဘာလဲဆိုတော့ ...' ဆိုတာမျိုး။ မေးခွန်းမေးလိုက်တာ။ သူ့ဘာသာ အဖြေပေးမှာလေ။ 'ဒါ ဘာကြောင့်လဲလို့ ဆိုလျှင်...' ကိုယ့်ဘာသာအဖြေပေးဖို့မေးတဲ့ မေးခွန်း မျိုး။ အဲဒီမေးခွန်းမျိုးကို ကထေတုကမျတာပုစ္ဆာ လို့ ခေါ်တယ်။ အဘိဓမ္မာကျမ်း ဓမ္မသင်္ဂဏီပါဠိတော်မှာ 'ကတ မေ ဓမ္မာ ကုသလာ' မြတ်စွာဘုရားက မေးခွန်း ထုတ်လိုက်တယ်။ 'အဘယ်တရားတွေဟာ ကုသိုလ်လဲ၊ ကုသိုလ်ဆိုတာ ဘယ်တရားတွေလဲ' လို့ ပထမမေးခွန်း ထုတ်ပြီး၊ ပြီးမှ အဖြေပေးတယ်။ 'ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ' ဆိုပြီး ဖြေသွားတာ။ ကိုယ်တော်တိုင်ဖြေဖို့ မေးတဲ့မေးခွန်းမျိုးဖြစ်တယ်။ အဲဒီတော့ ဗုဒ္ဓမြတ်စွာရဲ့ တရားဒေသနာတော်တွေထဲမှာ ဟောဒီမေးခွန်းနဲ့ ပတ်သက်တာတွေ အများ ကြီးရှိတာပေါ့။ အထူးသဖြင့် အရှင်သာရိပုတ္တရာနဲ့ အရှင်ကောဋ္ဌိကတို့ရဲ့ အမေးအဖြေခန်းတွေ အများကြီး ရှိတယ်။ ဘုန်းကြီးတို့ စုဆောင်းလိုက်မယ်ဆိုရင် တစ်စုတည်းရနိုင်တယ်။ တစ်ခါတလေ စိတ်ကူးမိတယ်။ 'ဓမ္မပဥှာ' ဆိုပြီး ဓမ္မမေးခွန်းတွေနဲ့ အဖြေတွေကိုစုပြီး စာအုပ်တစ်အုပ် ရိုက်မယ်ဆိုရင် မိလိန္ဒပဥှာ ကျမ်းကြီး လောက် ရှိနိုင်တယ်ပေါ့။

ဗုဒ္ဓမြတ်စွာဟောတဲ့ တရားတော်တွေထဲမှာ “ဝေဒလ္လ” ဆိုတာရှိတယ်။ ဝေဒလ္လ ဆိုတဲ့အဓိပ္ပာယ်က မေးခွန်းမေးတဲ့ပုဂ္ဂိုလ်ကကျေနပ်ပြီး ထပ်ထပ်မေးတယ်။ မေးခွန်းရဲ့အဖြေသိရတော့ စိတ်ထဲက ကျေနပ်ပြီး နောက်မေးခွန်းတစ်ခုထပ်မေးပြန်တယ်။ အဲဒီလို အမေး အဖြေသုတ္တန်တွေကို ဝေဒလ္လ လို့ခေါ်တယ်။ တခြား သုတ္တန်တွေမှာလည်း အမေးအဖြေတွေ မြောက်များစွာ ရှိတယ်ပေါ့။

မေးခွန်းနဲ့ပတ်သက်ပြီးတော့ အဖြေဆိုတာ လာရ မယ်။ သို့သော် မေးခွန်းတိုင်း ဖြေရမှာလားဆိုတော့ မဟုတ်ဘူး။ မေးခွန်းပုစ္ဆာကို အဖြေပေးရမယ့် ပုစ္ဆာ အမျိုးအစား၊ မဖြေဘဲထားရတဲ့ ပုစ္ဆာအမျိုးအစားဆိုပြီး ထပ်ပြီးခွဲတာ ရှိသေးတယ်။ အဖြေနှင့်ဆက်စပ်ပြီး ခွဲခြားတဲ့မေးခွန်းက (၄)မျိုးရှိတယ်။

(၁) ဧကံသဗျာကရဏိယ = ခုနကပြောတဲ့မေးခွန်း မျိုးတွေ မေးလာတယ်။ တချို့မေးခွန်းတွေက ဒါ ဟုတ် လား၊ မဟုတ်ဘူးလားဆိုလျှင် ဟုတ်တယ်(သို့မဟုတ်) မဟုတ်ဘူးလို့ပဲ တထစ်ချဖြေရတဲ့ မေးခွန်းမျိုး။ အဲဒါ မျိုးလည်းရှိတယ်။ အင်္ဂလိပ်လိုတော့ Yes, No Question ပေါ့။ ဒါဟုတ်သလားမေးရင် ဟုတ်ရင်ဟုတ်တယ်၊ မဟုတ်ရင်မဟုတ်ဘူး၊ ဟုတ်တယ်(သို့မဟုတ်) မဟုတ် ဘူး တစ်ခုခုကို ရွေးချယ်ပြီးဖြေတာ။ အဲဒါ ဧကံသ ဗျာကရဏိယတဲ့။ မေးခွန်းအလိုက် ဖြေရတာမျိုးရှိတယ်။ ဆိုပါစို့၊ 'မင်း နံနက်စာစားပြီးပြီလား' ဆိုလျှင် စားပြီး လျှင် 'စားပြီးပြီ'လို့ပဲ ဖြေရမှာပေါ့။ မစားရသေးလျှင် 'မစားရသေးဘူး' ဒါပဲ။ ဧကံသဗျာကရဏိယ ဆိုတာ တထစ်ချ ဖြေဆိုရတဲ့ မေးခွန်းမျိုးပဲ။ သူ့အမေးနဲ့ သူ့ အဖြေ ကိုက်အောင်ဖြေရမယ်။

(၂) ဝိဘဇ္ဇဗျာကရဏိယ = ဆိုပါစို့။ ခုနက ဧကံသ ဗျာကရဏိယဆိုတာ 'ရုပ်ဟာမမြဲဘူးလား'လို့မေးလျှင် 'ရုပ်ဟာမမြဲဘူး'။ ဒါ တထစ်ချဖြေရမယ်။ 'ဟုတ်တယ်၊ ရုပ်ဆိုတာ မမြဲဘူး'။ ရုပ်တိုင်းဟာမမြဲဘူး။ ဒါတထစ်ချ ဖြေလို့ရတယ်။ ဒါ ဧကံသဗျာကရဏိယပုစ္ဆာခေါ်တယ်။ ဝိဘဇ္ဇဗျာကရဏိယ ကျတော့ အဲဒီလိုမဟုတ်ဘူး၊ ခွဲပြီး ဖြေရမယ်။ မခွဲဘဲ လုံးပြီးဖြေလို့မဘူး။ Yes, No နဲ့ ဖြေလို့မရဘူးလို့ ဆိုလိုတယ်။ ဆိုပါစို့၊ ဒါဖြင့် 'မမြဲတဲ့ သဘောတရားဟာ ရုပ်လား' လို့မေးတယ်။ မမြဲတာဟာ ရုပ်တင်မကဘူးလေ၊ ဝေဒနာလည်းမမြဲဘူး၊ သညာ လည်း မမြဲဘူး၊ သင်္ခါရလည်းမမြဲဘူး၊ ဝိညာဏ်လည်း မမြဲဘူး။ အဲဒီလို ခွဲခြားပြီးဖြေဆိုရမယ့် မေးခွန်းမျိုးကို ဝိဘဇ္ဇဗျာကရဏိယပဥှာလို့ ခေါ်တယ်။

(၃) ပဋိပုစ္ဆာဗျာကရဏိယ = နောက်တစ်ခုက မေးခွန်းကိုကြည့်ပြီး Counter Question လို့ခေါ်တဲ့ မေးလာသူကို ပြန်မေးရတယ်။ မေးလာသူကို ပြန်မေး ပြီးမှ ဖြေလို့ရတယ်။ ဆိုပါတော့၊ သူ့မေးခွန်းက ယေဘုယျဆန်သောမေးခွန်းမျိုး ဖြစ်နေတယ်။ အဲဒီလို ယေဘုယျမေးခွန်းဆိုလျှင် ဘာကိုဆိုလိုတာလဲ ဆိုတာ ကို ပြန်မေးရမယ်။ အဲဒီလို မမေးဘူးဆိုလျှင် အဖြေ ပေးလျှင် မှားသွားနိုင်မယ်။ ပြန်ပြီးတော့ ဒါကို မေးကို မေးရမယ်။ ဘာကိုပြောချင်တာလဲ၊ ဘာကိုဆိုလိုချင် တာလဲဆိုတာ သိရတော့မှ သူ့ရဲ့ ဆိုလိုရင်းအာဘော် ကိုသိမှ ပြန်ဖြေရတယ်။ အဲဒါက ပဋိပုစ္ဆာဗျာကရဏိယ လို့ ခေါ်တယ်။ ပြန်ပြီးတော့ မေးခွန်းထုတ်ပြီးမှ ဖြေရ တယ်။ ဘာဖြစ်လို့တုန်း၊ သူမေးတဲ့ မေးခွန်းကြီးက ယေဘုယျဖြစ်ပြီး ကျယ်ပြန့်လွန်းအားကြီးနေတယ်ပေါ့။ ဘာကိုရည်ရွယ်တာလဲဆိုတဲ့ သန္ဓာယဘာသိတ ကို ပြန်ပြီးတော့ မေးရတယ်။ မေးပြီးတော့မှ ဖြေရတယ်။ ဒါက ပဋိပုစ္ဆာဗျာကရဏိယ လို့ခေါ်တယ်။

(၄) ဌပနိယဗျာကရဏိယ = မဖြေဘဲ ထားရတဲ့ မေးခွန်းမျိုး။ မဖြေရတဲ့ မေးခွန်းဆိုတာ မဖြေနိုင်လို့ မဖြေတာမဟုတ်ဘူး။ အဖြေမထွက်တဲ့ မေးခွန်းလို့ ပြောတာ။ ဘုရားကိုယ်တိုင် အဖြေမပေးခဲ့တဲ့ မေးခွန်း ဆယ်မျိုးရှိတယ်ပေါ့။ အတ္တဝါဒနဲ့ ပတ်သက်တဲ့မေးခွန်း တွေ ဘုရားကိုယ်တိုင် အဖြေမပေးခဲ့ဘူး။ အဲဒါတွေကို အဗျာကတ လို့ခေါ်တယ်။ Unanswer Question အဖြေမပေးတဲ့ မေးခွန်းတွေ။ 'သတ္တဝါသေပြီးလျှင် ဖြစ် သေးသလား'၊ 'သတ္တဝါ သေပြီးလျှင် မဖြစ်တော့ဘူး လား'၊ 'တချို့ဖြစ်၊ တချို့မဖြစ်ဘူးလား'၊ 'ဖြစ်တာလည်း ရှိ၊ မဖြစ်တာလည်းရှိသလား' စသည်ဖြင့် 'ဖြစ်ကိုမဖြစ် ဘူး၊ လုံးဝမဖြစ်ဘူးလား' စတဲ့ မေးခွန်းတွေနဲ့ပတ်သက် လာလျှင် မြတ်စွာဘုရားက လုံးဝမဖြေဘူး။ အဲဒါ ဌပနိယဗျာကရဏိယလို့ခေါ်တယ်။

ဒီမေးခွန်းမျိုးတွေကို မဖြေလို့ မာလုကျပုတ္တ ဆိုတဲ့ ရဟန်းက မြတ်စွာဘုရားကို မကျေနပ်ဘူး။ သူက ဖြစ်စေချင်တာက သိလျှင်သိတယ်၊ မသိလျှင် မသိဘူး၊ ရှင်းရှင်းဖြေ။ အဖြေတော့ ရှိရမှာပေါ့။ ယောင်ဝါးဝါး မလုပ်နဲ့လို့ ဒီလိုပြောချင်တာ။ မြတ်စွာဘုရားက ဖြေလို့ မရတဲ့မေးခွန်းမို့ မဖြေတာ၊ အဲဒီတော့ သူက မကျေနပ် ဘူး။

ကဲ-ပရိသတ်က နည်းနည်းဖြေကြည့်ဦးပေါ့။ ကိုယ့် မှာ ကားမရှိဘူး။ အဲဒီ မရှိတဲ့ကားသည် Made in Japan လား၊ Made in Germany လားဆိုလျှင် ဘာ ပြောမလဲ။ ကိုယ့်မှာရှိမှမရှိတာ၊ အဲဒါမျိုးပေါ့။ မြတ်စွာ ဘုရားကလည်း အတ္တကို လက်မခံဘူး၊ လက်မခံတဲ့ အတွက်ကြောင့် အတ္တကိုကိုင်ပြီးတော့ မေးတာမှန်သမျှ မဖြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားအနေနဲ့ အတ္တ က ရှိမှမရှိတာ၊ ဖြေလိုက်လျှင် လက်ခံပြီးသားဖြစ်သွား မှာပေါ့။ အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီးတော့ ဥတ္တိယသုတ် ဆိုတာရှိတယ်။ အဲဒါကို နိုင်ငံခြားသားတွေ Buddhism နဲ့ပတ်သက်ပြီးတော့ရေးတဲ့ စာအုပ်တွေထဲ မှားပြီးတော့ ဘာသာပြန်ထားတာတွေရှိတယ်။ မေးခွန်းက ဘာလဲ ဆိုတော့ 'အတ္ထိ အတ္တာ၊ နတ္ထိ အတ္တာ' ဒီမေးခွန်းလေး နှစ်ခု မြတ်စွာဘုရားကိုမေးတယ်။ အတ္တဆိုတာ ရှိသလားဆိုတဲ့မေးခွန်း၊ ဘုရားက မဖြေဘူး။ အတ္တ ဆိုတာ မရှိဘူးလားဆိုတော့လည်း ဘုရားကမဖြေဘူး။ အဲဒီတော့ သူတို့က ဘယ်လို ကောက်ချက်ချသလဲ ဆိုတော့ မြတ်စွာဘုရားက အတ္တနဲ့ပတ်သက်လျှင် ငြိမ် နေလိုက်တယ်၊ ဘာမှမပြောဘူး၊ ရှိတယ်လို့လည်း မပြောဘူး၊ မရှိဘူးလို့လည်း မပြောဘူးဆိုတော့ ဘုရား က လက်ခံသယောင်ယောင်၊ အနတ္တလက္ခဏသုတ် သည်ပင်လျှင် နောက်မှ ဘုန်းကြီးတွေက တီထွင်ထား သယောင်ယောင်တွေ လျှောက်ပြီးရေးကြတယ်၊ ပြော ကြတယ်။ တကယ်တော့ သူတို့ဘာသာပြန်တာ မှားနေ တယ်။

'အတ္ထိ၊ နတ္ထိ' ဆိုတာ Philosophical terms ဖြစ်တယ်။ သာမန် ရှိတယ်၊ မရှိဘူးပြောတာ မဟုတ် ဘူး။ အတ္ထိဆိုတာ အမြဲတမ်းရှိနေတာကိုပြောတာ။ အဲဒီ တော့ အတ္တသည် ထာဝရအမြဲရှိသလားလို့မေးတာ။ ဘာသာပြန်တာ ဟန်မကျလို့ရှိရင် သွားရော။ Does Atta exist? ဒီလိုဆိုလိုတာ မဟုတ်ဘူး။ Does Atta exist forever? အတ္တဟာ ထာဝရရှိနေတဲ့ အရှိလား လို့မေးတာ။ အဲဒါဘာကိုမေးတာတုန်းဆိုလျှင် သဿတ ဒိဋ္ဌိကိုမေးတာ။ အတ္တကို ကိုင်မေးတာဖြစ်တယ်။ ကိုယ် ကမှ အတ္တ လက်ခံမထားသည့်အတွက်ကြောင့် ထာဝရမြဲသလားလို့ဆိုလျှင် ဘယ်လိုလုပ်ဖြေမလဲ၊ ဖြေစရာ မရှိဘူးလေ။ ဘာဖြစ်လို့လဲ၊ ကိုယ့်ရဲ့အယူဝါဒမှာ အတ္တ ဆိုတာ မရှိလို့။ 'နတ္ထိ အတ္တာ' ကလည်းပဲ 'အတ္တသည် ထာဝရမရှိဘူးလား'ဆိုတာ။ ဥစ္ဆေဒဒိဋ္ဌိမေးခွန်း။ Does not exist forever ဒီလိုဘာသာပြန်ရမှာ။ သာမန် ရှိ၊ မရှိကိုမေးတာ မဟုတ်ဘူး။ ဘာနဲ့ဥပမာတူတုန်းဆိုလျှင် 'အတ္တသည် ထာဝရမြဲသလား၊ အတ္တသည် ထာဝရမမြဲ ဘူးလား' အဲဒီမေးခွန်းနှစ်ခုကိုမေးတာ။

အဲဒီတော့ 'အတ္တသည်' လို့ ကိုင်မေးလာသည့် အတွက်ကြောင့် ခုနက ကိုယ့်မှာမရှိတဲ့ကားသည် ဂျပန် လုပ်လား၊ စက်မှုဇုံထုတ်ကားလား၊ ဘယ်လိုဖြေမလဲ။ ကိုယ့်မှာမှမရှိတာ ဖြေလို့မရဘူး။ 'သားသမီးမထွန်းကား သော အမျိုးသမီး၏သားသည် အရပ်မြင့်သလား၊ အရပ်ပုသလား'ဆိုလျှင် ဘယ်လိုလုပ်ဖြေမလဲ။ ဖြေလို့ မရဘူးတဲ့။ အဲဒါမျိုးကိုဆိုလိုတယ်။ အဲဒီတော့ မြတ်စွာ ဘုရားက 'သတ္တဝါသည် သေပြီးတဲ့နောက် ဖြစ်သေး သလား' ဆိုတော့ 'သတ္တဝါသည်'ဆိုတဲ့ မေးခွန်းကိုက မှားနေတယ်။ 'သတ္တဝါသည်'ဆိုတာကို မစဉ်းစားဘူး။ အဲဒီတော့ သေပြီးနောက် ဖြစ်သေးသလားဆိုတဲ့ မေးခွန်းက ဖြေလို့မရတဲ့မေးခွန်း၊ ဖြေလိုက်တာနဲ့တပြိုင် နက် သတ္တဝါဆိုတာကို လက်ခံပြီးသား ဖြစ်သွားပြီ။ အတ္ထိ၊ နတ္ထိ နှစ်ခုစလုံးကို လက်ခံလိုက်လျှင် အတ္တကို လက်ခံပြီးသား ဖြစ်သွားတယ်လေ။ ဒါကြောင့်မို့ မဖြေ တာတဲ့။ အဲဒါက ဌပနိယဗျာကရဏိယ လို့ခေါ်တယ်။

အဲဒါကြောင့်မို့ မေးခွန်းနဲ့ ပတ်သက်လာလျှင် ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး (၅)မျိုးရှိတယ်။ ဖြေဆို ရမယ့် မေးခွန်းပုံစံက လေးမျိုးရှိတယ်။ အဲဒီတော့ မေးခွန်းမေးတဲ့ ပုဂ္ဂိုလ်တွေရဲ့အကြောင်း ရေးထားတာ ရှိသေးတယ်ပေါ့။ သိချင်လို့မေးတာ၊ မသိလို့မေးတာ၊ မေးရမှန်းမသိလို့မေးတာ၊ မေးထိုက်လို့မေးတာ၊ မမေး ထိုက်ဘဲ မေးတာဆိုပြီး ဖော်ပြထားသေးတယ်။ မေးခွန်း တွေ မေးတယ်ဆိုတာ 'ပညာ သံဝတ္တနိက ပဋိပဒါ' လို့ ခေါ်တယ်။ 'ဘဝမှာ ပညာကြီးခြင်း၏ အကြောင်းက မေးခွန်းမေးတာပါ'။ ခုခေတ်က ပညာဒါနဆိုပြီးတော့ ပညာအလှူ လှူတာဟာ ပညာကြီးခြင်း၏အကြောင်း လို့ ပြောကြတယ်။ ဘုန်းကြီးတို့စာပေထဲမှာ ပါတာက ပညာကြီးခြင်းရဲ့ အကြောင်းက ဘာလဲဆိုလျှင် တတ်ကျွမ်းနားလည်တဲ့ ပုဂ္ဂိုလ်တွေကို ဆည်းကပ်ပြီး တော့ 'ဒါလေး ဘယ်လိုမှတ်ရမလဲ'၊ 'ဒါက ဘယ်လို နားလည်ရမလဲ'၊ 'ကုသိုလ်ဆိုတာ ဘာခေါ်သလဲ၊ အကုသိုလ်ဆိုတာ ဘာခေါ်သလဲ' ဒီလိုမေးခွန်းတွေ မေးတာသည်ပင်လျှင် 'ပညာ သံဝတ္တနိက ပဋိပဒါ' လို့ ပြောတယ်။ စာပေထဲမှာ အဲဒီလိုပါတယ်။ အဲဒီတော့ မေးတာဟာ ပညာတိုးတက်ခြင်းရဲ့ အကြောင်းတစ်ခုပဲ။

ဒါကြောင့်မို့ မေးခွန်းများကို စီစဉ်ထားတဲ့အတိုင်း မေးလို့ရပါတယ်။ မေးခွန်းမေးတဲ့အခါမှာ မေးခွန်းတွေ အားလုံးကို Chalenge လုပ်နိုင်တာ ဘုရားတစ်ပါးပဲ ရှိတယ်။ ကွဲပြားခြားနားမှုလေးတစ်ခု ပြောပြမယ်။ မြတ်စွာဘုရားက မေးခွန်းမေးပါရစေလို့ လာပြီး တောင်းပန်လို့ရှိရင် 'ပုစ္ဆ ယထာ ကင်္ခသိ'တဲ့။ 'ကြိုက်တာ မေးစမ်း' လို့။ ဒါ Chalenge လုပ်တာ။ ခြွင်းချက်မထား ဘူး။ ဒါ ဘုရားကပြောတာ။ အရှင်သာရိပုတ္တရာ တို့ တောင် အဲဒီလိုမပြောဝံ့ဘူး။ အရှင်သာရိပုတ္တရာ တို့ကျတော့ ဘယ်လိုပြောသလဲဆိုတော့ 'ပုစ္ဆ၊ သုတွာ ဇာနိဿာမ'၊ မေးပါတဲ့၊ မေးခွန်းကိုသိပြီးမှ ဖြေနိုင်၊ မဖြေနိုင် သိပါ့မယ်တဲ့။ ဒါ အရှင်သာရိပုတ္တရာ စတဲ့ ရဟန်းတွေရဲ့ ပဋိညာဉ်ပေးတဲ့စကား။ ဘုန်းကြီးတို့က အဲဒီလောက်တောင် ပဋိညာဉ်ပေးလို့ မရသေးဘူး။ မေးကြည့်ပါပေါ့။ ဖြေနိုင်လို့ရှိရင် ဖြေပါမယ်ပေါ့။

မေးခွန်း(၁)

ခြေတော်အစုံကို ဦးခိုက်၍ ရိုသေလေးမြတ်စွာဖြင့် လျှောက်ထားအပ်ပါသည် ကျေးဇူးတော်ရှင် ဆရာတော် ဘုရား။ ဘုရားတပည့်တော်တို့ ဓမ္မဗျူဟာ လူပုဂ္ဂိုလ်များ ဆိုင်ရာ ဓမ္မစာပေသင်တန်းကျောင်းတွင် ဝိသုဒ္ဓိမဂ် တတိယအဆင့်၌ တက်ရောက်သင်ကြားလျက်ရှိသော သင်တန်းသူတစ်ဦးမှ ဤမေးခွန်းကို မေးထားပါသည် ဘုရား။ 'သံသရာမှ မကျွတ်လွတ်ခင် ဖြစ်လေရာ ဘဝ တိုင်း၌ လူဖြစ်ပါက အသိ၊ အလိမ္မာ၊ ကိုယ်ချင်းစာ တရား၊ ဉာဏ်ပညာ အမြော်အမြင်ရှိပြီး သရဏဂုံတည်သော ခေါင်းဆောင်၊ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ၊ လက်အောက်ငယ်သားတို့နှင့်သာ ဆုံတွေ့နိုင်ရန် မည်သို့သော ကုသိုလ်တို့ကို ပြုကျင့်ရန် လိုအပ်ပါသနည်း အရှင် ဘုရား'

ဖြေဆိုခြင်း

အဲဒါနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားဟောထား တယ်။ သင်္ခါရူပပတ္တိသုတ်မှာ သဒ္ဓါရယ်၊ သီလရယ်၊ သုတရယ်၊ စာဂရယ်၊ ပညာရယ် ဒီအရည်အချင်းငါးမျိုး ရှိဖို့လိုတယ်။ တောင်းတဲ့ဆုတွေ ပြည့်ဖို့ရန်အတွက် ဒီအရည်အချင်းငါးမျိုး ရှိဖို့လိုတယ်။ အဲဒီသုတ္တန်အရ ဆိုလျှင် သဒ္ဓါရယ်၊ သီလရယ်၊ သုတရယ်၊ စာဂရယ်၊ ပညာရယ်။ အားလုံးသိပြီးဖြစ်လို့ အဓိပ္ပာယ်တော့ အကျယ်မပြောတော့ဘူးနော်။ အဲဒီအထဲမှာ ကိုယ့်ရဲ့ ဆန္ဒ ပြည့်ဝခြင်းရဲ့ အကြောင်းတစ်ခုက သီလတဲ့။ အတော်များများ သုတ္တန်တွေမှာ မြတ်စွာဘုရားက 'ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ' တဲ့။ စိတ်ဆန္ဒတွေဟာ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်မှာ ပြည့်ဝနိုင်တယ်လို့ မြတ်စွာဘုရားက ဟောထားတော့ အနည်းဆုံး သီလရှိဖို့လိုတယ်ပေါ့။ ခုနက တရားတွေ ထဲမှာ အကျုံးဝင်ပါတယ်။ အနည်ဆုံး ကိုယ်ကျင့်တရား ကောင်းတယ်ဆိုလျှင် သူရဲ့ စိတ်ဆန္ဒတွေ ပြည့်စုံမှာပါ။ သီလမရှိဘူးဆိုလျှင်တော့ စိတ်မချရဘူးပေါ့။ အဲဒီတော့ ဘယ်ဟာပဲဖြစ်ဖြစ် စိတ်ဆန္ဒရှိတယ် ဆိုတဲ့နေရာမှာ အရည်အသွေးတွေပေါ်မှာ မူတည်တာပေါ့။ သူ့မှာ အရည်အသွေးတွေရှိဖို့လိုတယ်။ အဲဒီအရည်အသွေး တွေထဲမှာ သီလကအဓိကကျလို့ သီလကိုအဓိကထား ပြီး 'ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ' လို့ဟောတာ။ နောက်ကဆက်ပြီးအကြောင်းပြထားတဲ့ စကားလေးက 'ဝိသုဒ္ခတ္တာ' တဲ့။ သူ့ရဲ့ ကာယကံ၊ ဝစီကံ တွေက စင်ကြယ်နေတယ်။ သီလရှိသည့်အတွက် ကြောင့် ကာယကံမှု စင်ကြယ်တယ်၊ ဝစီကံမှု စင်ကြယ် တယ်။ ဒါကြောင့် ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ဆန္ဒတွေဟာ အောင်မြင်နိုင်တယ်၊ ပြည့်စုံနိုင်တယ် လို့ မြတ်စွာဘုရားက ဟောထားပါတယ်။ အဲဒီတော့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ ရှိပြီး ဆန္ဒရှိမယ် ဆိုလျှင် ပြည့်စုံအောင်မြင်နိုင်ပါတယ်။

မေးခွန်း(၂)

ဝိသုဒ္ဓိမဂ် တတိယအဆင့် သင်တန်းကို တက် ရောက်တဲ့ သင်တန်းသူတစ်ဦးက မေးခွန်းနှစ်ခုကို မေးပါ တယ်ဘုရား။ (၁) 'သမထ ဘာဝနာအရာသည် ပါရမီ မလိုဟု ကြားဖူးပါတယ်။ ဟုတ်၊ မဟုတ် သိလိုပါသည် ဘုရား။ ဝီရိယတရား၊ သဒ္ဓါတရားတို့ဖြင့် နည်းမှန် လမ်းမှန် အားထုတ်ရုံဖြင့် စျာန်ရနိုင်၊ မရနိုင် သိလိုပါ သည် ဘုရား။'

ဖြေဆိုခြင်း

ပါရမီဆိုတာ မြင့်မြတ်သူတို့ရဲ့ အလုပ်ကိုခေါ်တာ၊ ကောင်းတဲ့အလုပ်တွေကို ဆက်တိုက် ဆက်တိုက် လုပ်ရ မယ်။ မေးခွန်းရှင် ဆိုလိုတာက အတိတ်က ပါရမီတို့ ဘာတို့ ရည်ညွှန်းတာ ဖြစ်ပါလိမ့်မယ်။ ဘယ်အရာပဲ ဖြစ်ဖြစ် 'ပုဗ္ဗပယောဂ' လို့ခေါ်တာရှိတယ်။ လုပ်ခဲ့ဖူးလျှင် လွယ်တယ်၊ မလုပ်ဖူးလျှင် ခက်တယ်ပေါ့။ ပါရမီဆိုတဲ့ နေရာမှာ အဓိက ဘာရှိဖို့လိုသလဲဆိုလျှင် သမထ ကျင့်စဉ်တစ်ခု အောင်မြင်ဖို့အတွက် တိဟိတ်ပဋိသန္ဓေ နေဖို့တော့လိုတယ်။ တိဟိတ်ပဋိသန္ဓေဆိုတာ ကုသိုလ် ထူးတွေ ရှိရတယ်။ ဉာဏသမ္ပယုတ် ကုသိုလ်ရဲ့ အကျိုး ကမှ မဟာဝိပါက်၊ ဉာဏသမ္ပယုတ် ဖြစ်နိုင်တယ်။ သူနေခဲ့တဲ့ ပဋိသန္ဓေစိတ်သည် အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ ပညာပါတဲ့ ပဋိသန္ဓေစိတ် ဖြစ်ရမယ်။ အမောဟ ပါရမယ်။ အခြေခံ(Source) ကောင်းရမယ်။ အခုခေတ်စကားနဲ့ပြောရမယ် ဆိုလျှင်တော့ ဉာဏ်ရည် ဉာဏ်သွေး (IQ) မြင့်ရမယ်ပေါ့။ အဲဒါမှ မပါလျှင်တော့ မရဘူး။ ဒီဘဝနဲ့ပဲတွက်ပေါ့။ ပဋိသန္ဓေစိတ်က ဒွိဟိတ် ပဋိသန္ဓေစိတ် ဖြစ်နေတယ်။ အဟိတ်ပဋိသန္ဓေစိတ် ဖြစ်နေတယ်ဆိုလျှင် မပေါက်ရောက်နိုင်ဘူး။ သို့သော် အလဟဿဖြစ်သလားဆိုတော့ မဖြစ်ဘူး။ သူကြိုးစား သလောက်တော့ ရောက်သွားမယ်။ သို့သော် ထိပ်တန်း အဆင့်အထိ မရောက်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုလျှင် သူ့(IQ) က နိမ့်နေတယ်ပေါ့။ နိမ့်နေလျှင် မရဘူး။ အဲဒါကိုပဲ ပါရမီကံထူးလို့ ပြောလို့ရတာပေါ့။ ပါရမီဆိုတာ ကိုယ့်မှာ အခြေခံကောင်းရှိဖို့လိုတယ်။ အတိတ်က ကုသိုလ်ကောင်း ရှိခဲ့သည့်အတွက်ကြောင့် ဒီဘဝမှာ ပဋိသန္ဓေစိတ်၊ ကိုယ့်ရဲ့ မူရင်းစိတ်လေးက အသိဉာဏ် ပါတယ်ပေါ့။ အဲဒီ အသိဉာဏ်ပါမှ ထက်မြက်တယ်။ မြန်မာစကားလိုပေါ့။ 'နဂိုရှိမှ နဂိုင်းထွက်တယ်' ပေါ့။

မျိုးစေ့ကိုက မကောင်းဘူး၊ မအောင်မြင်ဘူးဆိုလျှင် ဒီပုဂ္ဂိုလ်ဟာ ထိပ်တန်းကို ဘယ်လိုမှမရောက်နိုင်ဘူး။ မရောက်နိုင်လို့ အားငယ်စရာလားဆိုတော့ မဟုတ်ဘူး။ ကြည့်လေ။ တစ်ခုပြောပြမယ်။ ဖားနတ်သား အကြောင်း။ အားလုံးလည်း ကြားဖူးကြလိမ့်မယ်။ ဖားလေးတစ်ကောင်က သူရဲ့သန္ဓေစိတ်က အဟိတ် ပဋိသန္ဓေလို့ခေါ်တယ်။ သန္ဓေစိတ်က ညံ့နေသည့် အတွက်ကြောင့် မြတ်စွာဘုရားတရား နာရပေမယ့် သူက တစ်မဂ်တစ်ဖိုလ်ဆိုတဲ့အဆင့်ကို မရောက်ဘူး။ သို့သော် အဲဒီကုသိုလ်ကို အကြောင်းပြုပြီး ဒုတိယ ဘဝမှာ နတ်သားဖြစ်သွားတယ်။ နတ်သားဖြစ်သွားတဲ့ အခါ သူ့ရဲ့ ပဋိသန္ဓေစိတ်ဟာ တိဟိတ်ပဋိသန္ဓေစိတ် ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ဘုရားရဲ့တရား နာလိုက် တာ သောတာပန် ဖြစ်သွားတယ်။ ဒီလိုပေါ့။

သမထ ကျင့်စဉ်ပဲဖြစ်ဖြစ်၊ ဝိပဿနာကျင့်စဉ်ပဲ ဖြစ်ဖြစ် အခြေအနေကောင်းရှိတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ် တိုင်း အားထုတ်လျှင် ပေါက်ရောက်နိုင်တယ်။ ပျင်းလို့ တော့ မရဘူး။ လူတွေဟာ အခြေခံကောင်းပြီးတော့ ပျင်းလို့ မအောင်မြင်တာ များပါတယ်။ ဇွဲမရှိလို့၊ စိတ်ဆန္ဒမရှိလို့ ပြင်းပြင်းထန်ထန်မလုပ်ဘူး။ လုပ်သင့် သလောက် မကြိုးစားဘူး ဆိုလျှင်လည်း အောင်မြင် ပေါက်ရောက်မှု မဖြစ်နိုင်ဘူး။

သူ့အတိုင်းအတာတစ်ခုရောက်မှ အကျိုးဆိုတာ ဖြစ်လာတာ။ ဘာနဲ့ ဥပမာတူတုန်းဆိုလျှင် မီးပွတ်တဲ့ ယောကျ်ားလိုပေါ့။ ရှေးတုန်းက မီးရဖို့အတွက် အမာခံ သစ်သားချောင်း နှစ်ချောင်းကို ပွတ်ရတယ်။ ပွတ်တဲ့ အခါ ပူလာတော့မှ မီးရလာတယ်၊ မီးစွဲလောင်အောင် ပွတ်ရတယ်။ အဲဒီမှာ ပူလာခါနီးမှာ ခဏနားလိုက် ဦးမယ်ဆိုပြီး ချထားလိုက်လျှင် ပြန်အေးသွားတယ်။ မရနိုင်ဘူး။ ဒီလိုပဲ တရားအားထုတ်တဲ့အခါမှာ ရခါနီး ပြန်ပြန်လျော့ထားလိုက်ရင် အသစ်အသစ်ပဲ ပြန်ပြန် ဖြစ်သွားတယ်။ ဇွဲကောင်းဖို့တော့လိုတာပေါ့။ အဲဒီတော့ နံပါတ်တစ်က အခြေအနေကောင်း (သို့မဟုတ်) ပါရမီ ရှိတယ်လို့ ပြောရမှာပေါ့။ ပါရမီကုသိုလ်ကြောင့် တိဟိတ် ပဋိသန္ဓေ နေခဲ့တာကိုပြောတာ။ ဒါကို ဥပနိဿယ သမ္ပတ္တိ လို့ခေါ်တယ်။ ဥပနိဿယ ဆိုတာ တိဟိတ် ပဋိသန္ဓေ နေခဲ့တာ။ တိဟိတ်ပဋိသန္ဓေ နေခဲ့တဲ့ ပုဂ္ဂိုလ် တိုင်း မဂ်ဖိုလ်ရသလားဆိုတော့ မရဘူး။ ပစ္စုပ္ပန် အကြောင်းတရားတွေ အများကြီး လိုသေးတယ်။ တိဟိတ်ပဋိသန္ဓေနေခဲ့တာက internal cause (internal source)။ ဒါက အရေးကြီးတယ်။ အဲဒီ အတွင်း အကြောင်းခံ(internal source) က ပြင်ပအခြေအနေ (external condition) နဲ့ ပေါင်းဖို့လိုတယ်။ external condition ဆိုတာဘာလဲဆိုတော့ 'သပ္ပုရိသူပနိဿယ၊ သဒ္ဒမ္မဿဝန' နည်းပြတဲ့ဆရာ ရှိရမယ်။ နည်းပြတဲ့ ဆရာရဲ့စနစ်ကို နာယူရမယ်။ ဒီနှစ်ခုပေါင်းမှရတယ်။ တစ်ခုတည်းနဲ့ မရဘူး။ ဘယ်အရာပဲဖြစ်ဖြစ် ပေါင်းမှ energy ဆိုတာ ဖြစ်တာ။ Energy ဆိုတာ တစ်ခုနဲ့ တစ်ခု ပေါင်းရတယ်။ ဒါကြောင့် အတွင်းအကြောင်း၊ အပြင်အကြောင်း နှစ်ခုပေါင်းလိုက်ရတယ်။ ပေါင်းလိုက် တဲ့ အခါကျတော့မှ အကျိုးတရားဆိုတာ ထွက်ပေါ်လာ တယ်။

တစ်ချို့က တိဟိတ်ပဋိသန္ဓေ နေခဲ့သော်လည်းပဲ မိတ်ဆွေကောင်းကို မဆည်းကပ်ဘူး။ မိတ်ဆွေဆိုးကို ဆည်းကပ်ခဲ့သည့် အတွက်ကြောင့် အခြေအနေ ပျက်ပြားသွားတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးပဲလေ။ ဆိုပါစို့။ အဇာတသတ်ဘုရင်ကြီးဟာ တိဟိတ်ပဋိသန္ဓေ နေလာတာပဲ။ သူရဲ့သန္ဓေစိတ်ဟာ တိဟိတ်ပဋိသန္ဓေပဲ။ တရားနာရလျှင် သူ သောတာပန် ဖြစ်နိုင်တဲ့ အခြေ အနေရှိတယ်။ IQ မြင့်တယ်ပေါ့။ သို့သော် ဒေဝဒတ်နဲ့ ပေါင်းပြီး ဖခင်ဖြစ်တဲ့ ဗိမ္မိသာရမင်းကြီးကို လုပ်ကြံ သတ်ဖြတ်လိုက်တယ်။ ပိတုဃာတကကံကို ကျူးလွန် လိုက်တဲ့အခါ အဲဒီ အခြေအနေကောင်းကြီးက ပျက်စီး သွားတယ်။ အခြေအနေကောင်းကြီး ဖျက်ဆီးခံလိုက်ရ တယ်။ ဒါကြောင့် သာမညဖလသုတ် နာတဲ့အခါမှာ သူ သောတာပန် မဖြစ်တော့ဘူး။ မဖြစ်ရုံတင်မကဘူး၊ သူဟာ သေတဲ့အခါ ပိတုဃာတကကံကြောင့် ငရဲ ကျသွားတယ်။ သို့သော် သက်သာမှုတော့ ရသွားတယ်။ အဝီစိငရဲမှာ နှစ်ပေါင်းများစွာခံရမယ့်အစား လောဟ ကုမ္ဘီငရဲမှာ နှစ်ပေါင်း ၆-သောင်းခံရတယ်။ သက်သာမှု လေးတော့ ရသွားတယ်။ ဒီလိုရှိတယ်ပေါ့။

အဲဒီတော့ ပါရမီရှိသော်ငြားလည်း အကြောင်း နှစ်ခုကြောင့် ကိုယ့်ရဲ့ပါရမီ အခြေအနေကောင်းတွေ ပျက်စီးသွားနိုင်တယ်တဲ့။ ဒီ အကြောင်းနှစ်မျိုးကို မှတ်ထားရမယ်။ နံပါတ်တစ်က ပါပမိတ္တ။ ပါပမိတ္တ ဆိုတဲ့အထဲမှာ နည်းမှားလမ်းမှား ပေးတဲ့သူဟာလည်း ပါပမိတ္တ ပဲ။ မမှန်ကန်တဲ့ နည်းတွေပေးလျှင် ပါပမိတ္တ ဖြစ်မှာပဲ။ ဥပမာအားဖြင့် သမထ ကျင့်စဉ်တစ်ရပ်ကို မှန်ကန်တဲ့နည်းလမ်းအတိုင်းမပေးဘဲ မှားမှားယွင်းယွင်း ပေးလျှင်လည်း အောင်မြင်မှာ မဟုတ်ဘူးလေ။ အဲဒီ တော့ ပါပမိတ္တ ဆိုတာ မကောင်းတဲ့ မိတ်ဆွေနဲ့ ပေါင်းသင်းမှု။ ပေါင်းသင်းတယ်ဆိုတာ ဆရာတင်တာကို ပြောတာနော်။ ပါပမိတ္တ နဲ့ ပေါင်းမိလို့ မကောင်းတာတွေ လုပ်မိသွားလျှင်လည်း ကိုယ့်ရဲ့အခြေအနေကောင်းဟာ ပျက်စီးသွားတယ်။

နောက်တစ်ခုကဘာလဲဆိုတော့ ကိရိယာပရိဟာနိ တဲ့၊ ကိရိယာပရိဟာနိ ဆိုတာ ကိုယ်လုပ်ရမယ့်အလုပ် လုပ်ဆောင်မှုမရှိတာ၊ လုပ်ဆောင်မှု လစ်ဟင်းတာ။ ဒါက ကိုယ့်ဘက်နဲ့ဆိုင်တယ်။ အဲဒီတော့ internal ပေါ့။ ပါပမိတ္တ ဆိုတာ external condition ။ ကိရိယာပရိဟာနိ ဆိုတာ internal condition ပဲ။ internal condition ချို့ယွင်းတယ်ဆိုတာ failure of action, failure of practice။

လုပ်ရမယ့်ဟာတွေမလုပ်တာ။ တချို့ တိဟိတ် ပုဂ္ဂိုလ်တွေ ရှိကောင်းရှိမယ်။ တိဟိတ်ပုဂ္ဂိုလ်တွေ အများကြီး ရှိနိုင်တယ်။ သို့သော် လုပ်ရမယ့် အတိုင်း အတာတစ်ခုပြည့်စုံအောင် မလုပ်သည့်အတွက်ကြောင့် မဂ်တရား၊ ဖိုလ်တရား မရတာရှိတယ်။

အဲဒီတော့ အကျဉ်းချုပ်အားဖြင့်ပြောမယ်ဆိုရင် လုပ်နေတာက ကိုယ့်တာဝန်ပဲ။ ကြိုးစားဖို့က အဓိကပဲ။ ဒီလိုဆိုလိုတယ်။ ခုနက ပါပမိတ္တ နဲ့ပေါင်းမိလို့ ကိုယ့် အခြေအနေကောင်းတွေ ပျက်စီးသွားတာမျိုးလည်း မဖြစ်အောင်နေဖို့လိုတယ်ပေါ့။

အဲဒီ ကိရိယာပရိဟာနိ ဆိုတဲ့နေရာမှာ နှစ်မျိုး ရှိတယ်။ ဆရာရဲ့ ချို့ယွင်းချက်၊ တပည့်ရဲ့ ချို့ယွင်းချက် နှစ်မျိုး ယူလို့ရတယ်။ မြတ်စွာဘုရားနဲ့ ပတ်သက် လာလျှင် ဆရာ့ဘက်က ချို့ယွင်းချက်မဟုတ်ဘူး၊ တပည့်ဘက်က ချို့ယွင်းချက်ပဲဖြစ်တယ်။ ဒီ့ပြင် နေရာကျတော့ ဆရာဘက်ကလည်း ချို့ယွင်းချက် ရှိနိုင် တယ်။ တပည့်ဘက်ကလည်း ချို့ယွင်းချက်ရှိနိုင်တယ်။

မေးခွန်း(၃)

“ဝိပဿနာ ဘာဝနာအရာမှာ ပါရမီပြည့်မှ မဂ်ဖိုလ် ရသည်ဟု ကြားဖူးပါသည် ဘုရား။ မိမိကိုယ်ကို ပါရမီ ပြည့်ပြီဟု မည်ကဲ့သို့ သိနိုင်၊ မသိနိုင် သိလိုပါသည် ဘုရား”

ဖြေဆိုခြင်း

ပါရမီမှာ သာမိုမီတာ မရှိဘူးနဲ့ တူပါတယ်။ (ရယ်သံများ) သွေးချိန်တဲ့ကိရိယာလိုမျိုး ရှိမယ်မထင်ဘူးနော်။ အဲဒီဘက်က မစဉ်းစားဘဲနဲ့ ကိုယ်ဘာလုပ်ရမယ် ဆိုတာကို စဉ်းစားပြီး လုပ်ကိုင်နေခြင်းဟာ မှန်ကန် တယ်လို့ ထင်ပါတယ်။ အတိုင်းအတာတစ်ခုကို ကြည့် မနေဘဲနဲ့ ကိုယ့်သန္တာန်မှာ စိတ်ဘယ်လောက် ဖြူစင် နေပြီလဲ၊ ကိုယ်ကျင့်တရား ဘယ်လောက် ကောင်းနေပြီ လဲ၊ ကိုယ်ကျင့်တရားကောင်းလျှင် စိတ်ဘယ်လောက် ဖြူစင်နေပြီလဲ ဆိုတာ အရေးကြီးတယ်။ မြတ်စွာဘုရား ဟောထားတာ။ စိတ္တာနုပဿနာ တဲ့။ ကိုယ်စိတ်ကလေးကို အမြဲတမ်း ရှုနေတာ။

contemplation of consciousnes, contemplation of mind ငါ့စိတ်မှာ ရာဂတွေ ဖြစ်နေသလား၊ ဒေါသ တွေ ဖြစ်နေသလား သိပြီးတော့ ရာဂဖြစ်လျှင် မဖြစ် အောင်ကြိုးစားဖို့၊ ဒေါသဖြစ်လျှင် မဖြစ်အောင် ကြိုးစား ဖို့၊ ဒါက အဓိက ကျပါတယ်။

ပါရမီပြည့်မပြည့် တွေးနေတဲ့ သံသယတွေနဲ့ဆို အလုပ်မဖြစ်ဘူး။ အဲဒီဘက်ကို စဉ်းစားဖို့ မလိုလောက် ပါဘူး။ စဉ်းစားနေမယ်ဆိုရင် အလုပ်လစ်ဟင်းပြီးတော့ ကိုယ်လုပ်ရမယ့် အလုပ်ကိုမလုပ်ဘဲ အချိန်ဖြုန်းတာနဲ့ အတူတူပဲ။ ပါရမီရှိလား၊ မရှိဘူးလား။ ငါ မဂ်ဖိုလ် နိဗ္ဗာန်ရမှာလား၊ မရဘူးလား။ စဉ်စားစရာ မလိုဘူး။ လမ်းကြောင်းရှိလျှင် လျှောက်ဖို့ပဲ။ ကြည့်လေ။ ဟို မရမ်းကုန်းကနေပြီးတော့ ရွှေတိဂုံဘုရား သွားတဲ့လမ်း သိနေလျှင် လျှောက်သာလာခဲ့။ ကား မတွေ့လည်း လျှောက်သာလာခဲ့။ အချိန်တန်ရင် ရောက်လာမှာပဲ။ နှစ်နာရီ လျှောက်ရမယ်ဆိုရင် နှစ်နာရီနဲ့ ရောက်လာ မှာပဲလေ။ ပြန်လှည့်တော့ မသွားနဲ့ပေါ့။ ပြန်လှည့် သွားရင်၊ ရပ်နေရင် မရောက်ဘူးပေါ့။ အဲဒီလိုပဲ။ ပါရမီ ပြည့်လား၊ မပြည့်လား မစဉ်းစားနဲ့၊ ကျင့်စရာရှိတာသာ ကျင့်ပေတော့။ အဲဒီလိုကျင့်လျှင် ပါရမီဆိုတာ ပြည့်လာ မှာပဲ။

မေးခွန်း(၄)

အမြန်ဆုံးပါရမီပြည့်ရန် မည်ကဲ့သို့ ကျင့်ကြံနေထိုင် ရပါမည်နည်း။

ဖြေဆိုခြင်း

အဲဒါလည်း ခုနကလိုပဲ ကျင့်ကြံကြိုးကုတ် အားထုတ်ရမှာပေါ့။ ဥပမာဆိုပါစို့။ ဘယ်ပါရမီ ဖြည့်ချင်တာလဲပေါ့။ ဒါနပါရမီ ဖြည့်ချင်တာဆိုလျှင် မပြတ်လှူ။ လှူတဲ့ အလေ့အကျင့်လေး လုပ်ထား။ လှူတယ်ဆိုတာ အများကြီးလှူမှ လှူတာမဟုတ်ဘူး။ မနက်မိုးလင်းကတည်းက စပြီးတော့ ပန်းလေးတွေ ကောက်ပြီး ဘုရားတင်မယ်။ ရေချမ်းလှူမယ်။ ဆီမီး ကပ်မယ်။ လမ်းသွားလမ်းလာတွေကို ကိုယ်စားမယ့် ထဲက ပေးမယ်။ သံဃာတွေကို ဆွမ်းလောင်းမယ်။ ဒါနဘက်ကို စိတ်ညွှတ်ပြီး လုပ်နေရမယ်။ ဒါဆိုလျှင် တော့ ဒါနပါရမီ ပြည့်လာမယ်။ ဒါနပါရမီပြည့်တာနဲ့ သီလပါရမီက ပြည့်မှာမဟုတ်သေးဘူး။ သီလဘက် ဖြည့်ဦး။ သီလပါရမီပြည့်ရုံနဲ့ ခန္တီပါရမီတို့ ပြည့်ဦးမှာ မဟုတ်သေးဘူး။ အဲဒီတော့ မြတ်စွာဘုရားအလောင်း ဖြည့်သလို ပါရမီ (၁၀)ပါးကို အဆင့်သုံးဆင့်ထားပြီး ဖြည့်ဖို့လိုတာပေါ့။

ဒါနပါရမီဆိုလျှင် ပထမဆင့် ကိုယ့်ရဲ့ပြင်ပ ပစ္စည်း တွေကိုလှူတာ ဒါနပါရမီ။ ကိုယ်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ သွေးသားကို လှူတာက ဒါနဥပပါရမီ၊ ကိုယ့်ရဲ့ အသက် လှူနိုင်လို့ရှိရင် ဒါနပရမတ္ထပါရမီ။ အဲဒီလို အဆင့် သုံးဆင့်ခွဲပြီးတော့ ဖြည့်မယ်ဆိုလျှင်တော့ ပြည့်သွားမှာ ပေါ့။ အဲဒီလိုပဲ ဖြည့်ရမှာပါ။ ခန္တီပါရမီလည်း ဖြည့်ရမှာပဲ။ ဥပေက္ခာပါရမီလည်း ဖြည့်ရမှာပဲ။ နေက္ခမ္မပါရမီလည်း ဖြည့်ရမှာပဲ။ ပါရမီဆိုတာ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ လုပ်ငန်းပဲ။

မေးခွန်း(၅)

သမထဘာဝနာ ပွားပြီးမှ ဝိပဿနာဘာဝနာ ကူးသော အားထုတ်နည်းနှင့် ဝိပဿနာ ဘာဝနာ သက်သက်သာ အားထုတ်နည်းတို့၏ အားနည်းချက်၊ အားသာချက်များကို သိလိုပါသည်ဘုရား။

ဖြေဆိုခြင်း

သမထ ကျင့်စဉ်တစ်ခုကိုကျင့်ပြီး ဝိပဿနာ ကူးလျှင် ပိုပြီးတော့ လျှင်မြန်သက်သာ လွယ်ကူ နိုင်တယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမထကျင့်စဉ် တစ်ခုအရ သမာဓိ စွမ်းအားတွေ တက်လာလို့ရှိရင် 'သမာဟိတော ယထာဘူတံ ဇာနာတိ'၊ သမာဓိက ယထာဘူတဉာဏ်ကို ဖြစ်စေတာပေါ့။ မြတ်စွာဘုရားလက်ထက် သာသနာရှေ့ပိုင်း ရဟန်း တော်တွေ တော်တော်များများက သမထကျင့်စဉ် ပေါက်ရောက်ပြီးမှ ဝိပဿနာကူးကြတာ ဖြစ်ပါတယ်။ သမထ ကျင့်ပြီးတဲ့အခါကျတော့မှ ဝိပဿနာဘက် ကူးတာ ပိုပြီးတော့ လွယ်ကူတယ်လို့ ဆိုပါတယ်။

ဝိပဿနာသက်သက် သွားလို့ရှိရင် သမာဓိ ထူထောင်ရတာ ခက်တယ်။ ဝိပဿနာ ဆိုတာက သွေ့ခြောက်တယ်။ သမထလို မဟုတ်ဘူး။ သမထ ဆိုတာ စိတ်ကို အာရုံတစ်ခုထဲမှာ ငြိမ်နေအောင် ထားတာ။ စိတ်ငြိမ်လို့ရှိရင် အသိဉာဏ်ကလည်း ပိုပြီးတော့ စွမ်းဆောင်နိုင်လာတယ်။ ဝိပဿနာကျတော့ အဲဒီလိုမဟုတ်ဘူး။ သဘာဝတရားတွေကို ဆင်ခြင် စဉ်းစားပြီး နေရသည့်အတွက်ကြောင့် သဘာဝတရား တွေထဲမှာ စိတ်ပျက်စရာတွေ မြင်မယ်၊ အနိစ္စ မြင်မယ်၊ ဒုက္ခ မြင်မယ်၊ ကိုယ် မပိုင်တာတွေ၊ မစိုးပိုင်တာတွေ မြင်မယ်။ မြင်လာတဲ့အခါ စိတ်ဓာတ်တွေ ခြောက်ခြား တယ်။ နောက် သင်္ခါရတရားကို ကြောက်စရာကြီးလို့ မြင်လာတယ်၊ ငြီးငွေ့စရာကြီးလို့ မြင်လာတယ်။ ဝိပဿနာကတော့ အဲဒီလို ခြောက်ခြားစရာတွေနဲ့ သွားတာပေါ့။ စိတ်ပျက်စရာတွေ၊ ငြီးငွေ့စရာတွေနဲ့ ဝိပဿနာကသွားတယ်။ သမထက သွားလို့ရှိရင်တော့ အဲဒီအဆင့်တွေကို လွယ်လွယ်ကူကူနဲ့ ကျော်လွှားပြီး သဘာဝတရားတွေကို ရှင်းခနဲ ရှင်းခနဲ သိသွားနိုင် တာပေါ့။

နောက်ဆုံးကျလျှင်တော့ ဝိပဿနာ သမာဓိက လည်းပဲ အဆင့်မြင့်သွားလို့ရှိရင် သမထသမာဓိလို စွမ်းဆောင်သွားပါတယ်။ အဆက်မပြတ် မှတ်နိုင်သွားပြီ ဆိုလျှင် ဝိပဿနာ သမာဓိကလည်း သမထသမာဓိလို အားကောင်းတာပဲ။ သို့သော် သမထ အားထုတ်တဲ့အခါ ချမ်းသာသုခကို အခြေခံပြီးတော့ အားထုတ်တာ ဖြစ်တယ်။ ဝိပဿနာသက်သက် အားထုတ်တာ ကျတော့ ဒုက္ခသက်သက်၊ ခြောက်ခြောက်သွေ့သွေ့ ဘက်က သွားတာဖြစ်တယ်ပေါ့။ အဲဒါကတော့ ပုဂ္ဂိုလ်ရဲ့ ဆန္ဒအရပေါ့။ ကိုယ်ကြိုက်တဲ့လမ်းကနေ ရွေးပြီးတော့ လျှောက်ရမှာပေါ့။ ကုန်းကြောင်း လျှောက်ချင်တာလား၊ ကားစီးချင်တာလား၊ တစ်ခုခုပေါ့နော်။

အဲဒီတော့ ဘယ်လမ်းကသွားသွား သင်္ခါရတရား တွေရဲ့ မမြဲတဲ့သဘောတွေကို ဆင်ခြင်ပြီး လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာတရားတွေ ကုန်ဖို့ ကသာ အဓိကကျတယ်ပေါ့။

နောက် သတိထားစရာ အချက်လေးတစ်ခုက သမထသမာဓိနဲ့ ဝိပဿနာသမာဓိ အာရုံချင်း မတူဘူး ဆိုတာပဲဖြစ်တယ်။ ဘုန်းကြီးတို့ သီရိလင်္ကာ နေတုန်းက ကိုရီးယား ဘုန်းကြီးတစ်ပါးက မေးဖူးတယ်။ သူမေးတဲ့ မေးခွန်းကတော့ 'သမာဟိတော ယထာဘူတံ ဇာနာတိ' လို့ မြတ်စွာဘုရားက ဟောတယ်တဲ့။ သမာဓိရှိမှ ယထာဘူတဉာဏ်ရနိုင်တယ်၊ တစ်ချို့က သမာဓိ မထူထောင်ဘဲ ဝိပဿနာသက်သက် လုပ်လို့ရှိရင် အောင်မြင်တယ်လို့လည်း ပြောကြတယ်ပေါ့။ သမာဓိ မပါဘဲနဲ့ ဝိပဿနာဖြစ်တယ်ဆိုတာကို သူမယုံကြည်ဘူး လို့ ပြောတယ်။

အဲဒီမှာ သမာဓိဆိုတဲ့အဆင့်က ဘယ်အထိတောင် ပြောရမှာတုန်းဆိုရင် သမာဓိဆိုတဲ့ အဆင့်သည် အပ္ပနာစျာန်ထိအောင် သွားတာလား (သို့မဟုတ်) ဥပစာရထိအောင် သွားတာလား။ သမာဓိက နှစ်မျိုး ရှိတယ်။ သမထကျင့်စဉ်ကိုကျင့်ပြီး ဥပစာရသမာဓိ အဆင့်ကနေ ဝိပဿနာ ကူးတာရှိတယ်။ သို့မဟုတ် အပ္ပနာ ဆိုတဲ့ စျာန်ရပြီးတဲ့နောက်မှ ဝိပဿနာကူးတာ ရှိတယ်။ အဲဒီနှစ်ခုစလုံးဟာ သမာဓိ ထူထောင် ပြီးတော့မှ ဝိပဿနာကူးတာ။

အဲဒီလို မဟုတ်ဘဲနဲ့ ဝိပဿနာအာရုံ တစ်ခုကို တိုက်ရိုက်ရှုမှတ်တာ။ သင်္ခါရ အာရုံတွေကစပြီး ရှုမှတ် တာ။ သမထကျင့်စဉ်တွေကိုမကျင့်ဘဲ ကျင့်တာမျိုးလည်း ရှိတယ်။

အဲဒီမှာ သမထသမာဓိရဲ့ အာရုံက ပညတ်၊ ဝိပဿနာသမာဓိရဲ့ အာရုံက ပရမတ်။ အဲဒီလို မတူ တာကို သတိထားဖို့လိုတယ်။ ဆိုပါစို့။ သမထမှာရှိတဲ့ သမာဓိတရားက ပညတ်ကို အာရုံပြုတာ။ ပညတ် ပေါ်မှာ စိတ်ကိုငြိမ်အောင်လုပ်တာ။ ဝိပဿနာသမာဓိ ဆိုတာကျတော့ ပညတ်ပေါ်မှာ မဟုတ်ဘူး။ ပရမတ္ထ တရားပေါ်မှာ - ပရမတ္ထတရားဆိုတာ အစဉ် ရွေ့လျားနေတဲ့၊ ဖြစ်ပြီးပျက်နေတဲ့ သဘောတရားတွေ၊ အဲဒီဖြစ်ပျက်နေတဲ့ သဘောတရားတွေပေါ်မှာ စိတ်ကို ထားတယ်ဆိုတာ အာရုံကသာ ဖြစ်ပျက်နေမှာ မဟုတ် ဘူး၊ စိတ်ကလည်း ဖြစ်ပျက်နေတာ။ နှစ်ခုစလုံးဟာ ရွေ့လျားနေတယ်ဆိုတာကို သိရတယ်။ အဲဒါက ဝိပဿနာ သမာဓိ။

ဝိပဿနာ သမာဓိမှာ အသိဉာဏ်က ဦးဆောင် သွားတယ်။ သမထ သမာဓိကျတော့ ပညတ်ပေါ်မှာပဲ တည်ငြိမ်နေတယ်။ ဒါကြောင့် ဝိပဿနာ သမာဓိက momentry ပဲ။ တစ်ခဏလေး တစ်ခဏလေး တန့်ပြီး ရွေ့နေတာ။ သမထသမာဓိကျတော့ ငြိမ်နေအောင် လုပ်ထားတာ။ အာရုံပေါ်မှာ remain လုပ်ထားတယ်။

ဥပမာဆိုပါတော့- အဖြူရောင် ကသိုဏ်းကို ရှုတယ်ဆိုလျှင် အဖြူရောင်ပေါ်မှာ စိတ်ကငြိမ်နေတယ်။ ဒီပြင် ဘာမျှ မစဉ်းစားဘူး။ ဝိပဿနာကျတော့ အဲဒီလို မဟုတ်ဘူး။ ဖြစ်ပြီးပျက်သွားတဲ့ သဘာဝတရားတွေကို ရှုနေတာ။ အဲဒီပေါ်မှာရှိတဲ့ သမာဓိက ပညတ်အာရုံ မဟုတ်ဘဲ ပရမတ်အာရုံ ဖြစ်သွားပြီ။ အဲဒီတော့ သမာဓိချင်း မတူဘူးလို့ ရှင်းပြရတယ်။

'သမာဟိတော ယထာဘူတံ ဇာနာတိ' ဆိုတာ ဝိပဿနာသမာဓိကို ယူရတယ်။ ဝိပဿနာသမာဓိသည် ယထာဘူတဉာဏ်ကို ဖြစ်စေနိုင်တယ်။ တစ်ခုနဲ့တစ်ခု မတူဘူး။

မေးခွန်း(၆)

နောက်မေးခွန်းတစ်ခုက သင်ကြားရေးမေးခွန်း ဖြစ်ပါတယ် ဘုရား။ မေးတဲ့သူကတော့ တပည့်တော်တို့ဆီမှာ အဘိဓမ္မာသင်တန်းတွေလည်း ပို့ချပြီးတော့ ယဉ်ကျေးမှု သင်တန်းတွေမှာ ကလေးများကို သင်ကြားတဲ့အခါ သူ အခက်အခဲရှိတာလေးတွေကို နေပြည်တော်ကနေ ဖုန်းဆက်ပြီးမေးခြင်း ဖြစ်ပါတယ် ဘုရား။ “မောဟကို လူပြိန်း၊ ဘာသာခြား ပုဂ္ဂိုလ်များ အပါအဝင် ကလေးများအထိ နားလည်အောင် မည်ကဲ့သို့ ပြောပြရပါမည်နည်း”

ဖြေဆိုခြင်း

မောဟဆိုတာ လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ ထင်နေတာ။ မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်နေတာ။ ဒါမောဟ။ မောဟဆိုတာ မသိတာ သက်သက် မဟုတ်ဘူး၊ သိတော့သိတယ်။ တလွဲသိနေတဲ့ အသိမျိုး။ အဲဒါကိုပဲ တွေဝေတယ်လို့ပြောတာ။ အမှန်မသိဘူးဆိုတာ လုပ်သင့်တာကျတော့ မလုပ်သင့်ဘူးလို့ထင်တယ်။ မလုပ်သင့်တာကျတော့ လုပ်သင့်တယ်လို့ ထင်တယ်။ အဲဒီလို တလွဲထင်နေတာဟာ မောဟပဲ။

'ဓမ္မာနံ ယထာဘူတသဘာဝ ပဋိဝေဓလက္ခဏာ' = သဘာဝတရားတွေရဲ့ အရှိအတိုင်း၊ အမှန်အတိုင်း သိတာကို ပညာလို့ ပြောတယ်။

အဲဒီတော့ အရှိအတိုင်း၊ အမှန်အတိုင်း မသိဘဲနဲ့ တလွဲသိနေလို့ရှိလျှင် ဒါ မောဟပဲ။ သဘာဝတရား ရှိနေတာက တစ်ခြား၊ သူသိနေတာတစ်ခြား။ ဒီလို လွဲမှားနေတဲ့ အသိမျိုးတွေကို မောဟလို့ခေါ်တယ်။

မောဟသမားက သူက ဘာလုပ်လိုက် လုပ်လိုက် တလွဲဖြစ်ဖြစ်သွားတတ်တယ်။ မောဟရှိနေတယ်ဆိုလျှင် ကိုယ်က ဒါထင်လို့လုပ်လိုက်တယ်။ ဖြစ်လာတာက တခြားဖြစ်လာတယ်ပေါ့။ ဒီတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို မှန်မှန်ကန်ကန် မသိဘူး၊ မသိသည့်အတွက်ကြောင့် မလုပ်သင့်တာကို လုပ်မိတယ်။ လုပ်သင့်တာကို မလုပ်မိဘူးဆိုတဲ့ မှားမှားယွင်းယွင်းတွေ ဖြစ်စေတတ်တဲ့ တရားကို မောဟလို့ ခေါ်ပါတယ်။

မေးခွန်း(၇)

အဘိဓမ္မာသုံးဆင့်လုံးနဲ့ အဘိဓမ္မာဂုဏ်ထူးဆောင် သုံးဆင့်လုံး တက်ရောက်ပြီးတဲ့ သင်တန်းသူတစ်ဦးက မေးတာ ဖြစ်ပါတယ်ဘုရား။ ကျင့်စဉ်ပိုင်းဆိုင်ရာမေးခွန်း အလျင်ဆုံး မေးပါတယ် ဘုရား။ “ကမ္မဋ္ဌာန်းရိပ်သာများ၌ တရားရှုမှတ်လျှင် ပစ္စုပ္ပန်တည့်အောင် ရှုမှတ်ရမည် ဟူသောနည်းနှင့် ကမ္မဋ္ဌာန်းပိုင်း အဒ္ဓါသမ္မသန နည်းတွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလအားဖြင့် ခွဲခြားသုံးသပ် ပွားများရမည် ဟူသောနည်းကို မည်ကဲ့သို့ နားလည်ရပါမည်နည်း”

ဖြေဆိုခြင်း

ပစ္စုပ္ပန်တည့်တည့် ဆိုတဲ့စကားကို ပြောလေ့ရှိကြတယ်ပေါ့။ အဲဒီ ပစ္စုပ္ပန်တည့်တယ်ဆိုတဲ့ စကားသည် အတိတ်ကို မရှုရဘူး။ အနာဂတ်ကို မရှုရဘူးဆိုတဲ့ အဓိပ္ပာယ်ကို မယူရပါဘူး။ အားလုံးဟာ ပစ္စုပ္ပန်တည့်တယ်ဆိုတဲ့ သဘောတရားက ဖြစ်လာလို့ရှိရင် ဖြစ်လာတဲ့အခိုက်မှာ သိဖို့က ပိုပြီးတော့ အရေးကြီးတယ်။ အဲဒါကြောင့်မို့ ဝိပဿနာရှုတဲ့အခါမှာ 'ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ၊ တတ္ထ တတ္ထ ဝိပဿတိ' လို့ ဘဒ္ဒေကရတ္တ သုတ်မှာ မြတ်စွာဘုရား ဟောထားတယ်။

ပစ္စုပ္ပန်အခိုက် ရှုရမယ်ဆိုတဲ့နေရာ ပစ္စုပ္ပန်ကို ခွဲခြားသိဖို့ လိုသေးတယ်။ ပစ္စုပ္ပန်ဟာ ခဏပစ္စုပ္ပန် ရှိတယ်။ သန္တတိပစ္စုပ္ပန် ရှိတယ်။ အဒ္ဓါပစ္စုပ္ပန် ရှိတယ်။ ခဏပစ္စုပ္ပန် ဆိုတာက ဖြစ်နေခိုက်လေးကိုပြောတာ။ အဲဒီဖြစ်နေခိုက်လေးမှာ နာမ်ကိုရှုလို့မရဘူး။ စိတ်က နှစ်ခုမဖြစ်ဘူး။ စိတ်ကို ဒီလိုမှတ်ရမယ်။ ဖြစ်တဲ့စိတ်၊ အရှုခံစိတ် ဆိုပါတော့။ စိတ်ကို စိတ်နဲ့ရှုတယ်ဆိုတဲ့နေရာမှာ အရှုခံစိတ်လေးက တစ်ခု၊ ရှုတဲ့စိတ်ကတစ်ခု။ အရှုခံစိတ်လေးဖြစ်နေတဲ့အခိုက်မှာ ရှုတဲ့စိတ် မပေါ်နိုင်သေးဘူး။ အဲတော့ အရှုခံစိတ်လေး ပျက်သွားတဲ့အချိန်မှာမှ ရှုတဲ့စိတ်က ပေါ်လို့ရတယ်။ စိတ်က ဖြစ်စဉ် (mental process)နဲ့ သွားနေတာ။ နှစ်ခုပြိုင်တူဖြစ်လို့ မရဘူး။ နှစ်ခုပြိုင်တူဖြစ်လို့ မရသည့်အတွက်ကြောင့် ပစ္စုပ္ပန်တည့်တည့် ရှုတယ်ဆိုတာ ခဏပစ္စုပ္ပန်ကို ပြောတာမဟုတ်ဘူး။ နာမ်နဲ့ပတ်သက်လာရင် သန္တတိပစ္စုပ္ပန်ကိုပြောတာ။

ဖြစ်စဉ်လေးတစ်ခု။ ဥပမာ မျက်စိကနေ အဆင်းကို မြင်ပြီးတော့ ထိုအဆင်းပေါ်မှာ တွေးနေတဲ့ အချိန်ပိုင်းဟာ ပစ္စုပ္ပန်ပဲ။ အသံလေး ကြားပြီးတော့ စဉ်းစားနေတဲ့အချိန်ဟာ ပစ္စုပ္ပန်ပဲ။ သန္တတိပစ္စုပ္ပန်လို့ ခေါ်တယ်။ ဖြစ်နေဆဲလေးတစ်ခုဟာ ပစ္စုပ္ပန်တစ်ခု။ အခု ဒီမှာ (၈)နာရီကနေ (၉)နာရီအထိ သင်တန်းပို့ချတယ်၊ ဒီတစ်နာရီလုံးဟာ ပစ္စုပ္ပန်ပဲ။ အချိန်ကာလတစ်ခု၊ အတိုင်းအတာ တစ်ခုကို ပစ္စုပ္ပန်လို့ခေါ်တယ်။ အဲဒီ ပစ္စုပ္ပန်ကိုလည်းရှုလို့ရတယ်။

ပြီးဆုံးသွားတာက အတိတ် ဖြစ်သွားပြီ။ အဲဒီတော့ ပစ္စုပ္ပန်တည့်တည့်ဆိုတာ အခုလက်ရှိ သန္တတိပစ္စုပ္ပန်၊ အဒ္ဓါပစ္စုပ္ပန် တို့ကနေပြီးတော့ သန္တတိပစ္စုပ္ပန်ကိုရှုရင် အရှုခံစိတ်နဲ့ ရှုမှတ်တဲ့စိတ်နှစ်ခုဟာ ကပ်နိုင်သမျှ ကပ်သွားလို့ရှိရင် ကြားထဲမှာ ကိလေသာ မညပ်တော့ဘူးပေါ့။ နောက်ကျမှ ရှုတယ်ဆိုလျှင် ကြားထဲမှာ အများကြီး ကွာသွားပြီ။

ဆိုလိုတာက ဝီထိတစ်ခုနဲ့ တစ်ခုပေါ့။ အာရုံကိုသိတဲ့ ဝီထိကတစ်ခု၊ ပြန်ပြီးတော့မှတ်တဲ့ ဝီထိက တစ်ခု၊ အဲဒီဝီထိနှစ်ခုကြားထဲမှာ ကိလေသာညပ်တာ မရှိဘူးဆိုလို့ရှိလျှင် ဒါ ပစ္စုပ္ပန်တည့်သွားပြီလို့ ပြောလို့ရပါတယ်။ သို့သော် ခုနကလို ဖြစ်ခိုက် တည့်တည့်ကြီး မဟုတ်ဘူး။ သန္တတိပစ္စုပ္ပန်၊ အဒ္ဓါပစ္စုပ္ပန်ပဲဖြစ်နိုင်တယ်။ ခဏပစ္စုပ္ပန် မဖြစ်နိုင်ပါဘူး။

ဆိုပါစို့။ မျက်စိကမြင်လို့ မြင်သည့်စိတ်တွေရဲ့ ဖြစ်စဉ် (Process) ဝီထိက တစ်ခုသွားတယ်။ အဲဒါကို ပြန်ပြီးတော့ရှုတဲ့ စိတ်ရဲ့ဖြစ်စဉ် (Process) က တစ်ခုသွားတယ်။ အဲဒီကြားမှာ မြင်ပြီးတဲ့နောက်မှာ သာယာတဲ့ လောဘတွေ၊ မုန်းတီးတဲ့ ဒေါသတွေ မဖြစ်ရအောင် မြင်ပြီးတာနဲ့တစ်ပြိုင်နက် ရှုမှတ်တဲ့စိတ်က နောက်က ကပ်လိုက်လာတာ။ ဒီ (Process) ပြီးလျှင် နောက် (Process)က ရှုမှတ်တဲ့စိတ် ဖြစ်သွားတယ်။ အဲဒါဆိုလျှင် ကြားထဲမှာ ကိလေသာ မညပ်တော့ဘူး။ အဲဒါကိုပဲ ပစ္စုပ္ပန်တည့်တယ်လို့ ပြောတယ်။ ဒီလို နားလည်ရမယ်။

ပစ္စုပ္ပန်တည့်တယ်ဆိုတာ ကြားထဲမှာ ကိလေသာ ခိုမသွားရအောင်၊ ညပ်မသွားရအောင်ရှုတာ၊ အဲဒီ အဆင့် ရောက်သွားပြီ ဆိုလို့ရှိရင် ရှေ့ကဖြစ်တာ နောက်ကသိတယ်။ မိုးကုတ်ဆရာတော်ကြီးပြောတဲ့ 'ရှေ့က ဖြစ်ပျက်၊ နောက်က မဂ်' ဆိုတာ အဲဒါမျိုးကို ဆိုလိုတာပေါ့။

မေးခွန်း(၈)

“ကဿပ ဘုရားရှင်လက်ထက်က ရဟန်းတစ်ပါးသည် အနှစ်နှစ်သောင်း ရဟန်းတရား အားထုတ်ခဲ့သော်လည်း သေခါနီး၌ မြက်ပင်ကို မတော်တဆ နှုတ်မိသော ဝိနည်းဖြစ်ကို အမှတ်ရ၍ ဘုရားနှစ်ဆူကြား ကာလပတ်လုံး နဂါးဖြစ်ရခြင်း၊ မလ္လိကာမိဖုရား သေခါနီး၌ ကောသလ မင်းကြီးအား မုသားပြောခဲ့မိသည်ကို အမှတ်ရ၍ ခုနစ်ရက် ငရဲကျခဲ့ရခြင်း၊ တိဿရဟန်း သေခါနီး၌ မိမိသင်္ကန်းကိုစွဲ၍ ခုနစ်ရက် သန်းဖြစ်ရခြင်းတို့တွင် သေးငယ်သော အပြစ်ချင်းတူပါလျက် အဘယ့်ကြောင့် မြက်ပင်နုတ်မိသော ရဟန်းက အချိန်ကြာမြင့်စွာ တိရစ္ဆာန် ဖြစ်ရပါသနည်း။”

ဒါက ဘဝကိုဖြစ်စေတဲ့ အကြောင်းလေးတစ်ခုသာ ရည်ညွှန်းပြောတာ။ ဒီပုဂ္ဂိုလ်တွေရဲ့ အရည်အချင်းတွေက မတူဘူး။ ပတ်ဝန်းကျင် အခြေအနေတွေချင်းက မတူကြဘူး။ ပုဂ္ဂိုလ်တစ်ယောက်နဲ့ တစ်ယောက်ဟာ တူတယ်လို့ ပြောလို့မရဘူးလေ။ အခု ဒီသင်တန်းတက်နေကြတဲ့ ပုဂ္ဂိုလ်တွေတောင်မှ တစ်ယောက်နဲ့ တစ်ယောက် အရည်အသွေးချင်း၊ သဘောချင်းက တူလို့မရဘူး။ ကွဲပြားခြားနားမှုတွေ အမြဲတမ်း ရှိနေတယ်။ အဲဒီ မတူတဲ့သဘောတွေကို တူတယ်လို့ သွားပြီး ယူဆလို့ရှိရင် မှားသွားမယ်။ မတူတဲ့ အခြားအခြေအနေတွေကို ထည့်သွင်းပြီးတော့ စဉ်းစားရမယ်။

ခုနတုန်းက အနှစ်နှစ်သောင်း ရဟန်းတရား အားထုတ်ပြီးတဲ့အခါမှာ နဂါးဘုံ ရောက်သွားတယ်ဆိုတာက နဂါးဘဝက အသက်ရှည်တဲ့ ဘဝမျိုးကို ရောက်သွားသည့်အတွက်ကြောင့်ပဲ။ ပြီးတော့ နဂါးဘဝကလည်း တစ်ပိုင်းက နတ်နဂါးဆိုတော့ စည်းစိမ်ချမ်းသာက တစ်ဖက်ကရှိနေတဲ့ အနေအထားတစ်ခုပေါ့။ အဲဒီလိုအနေအထားရှိတဲ့ ဘုံဘဝ ရောက်သွားတော့ သူ့ရဲ့သက်တမ်း (life span) အတိုင်း သွားတော့တာ။ သူက ကံတင်မကဘူး။ စိတ်၊ ဥတု၊ အာဟာရတွေရော ဖန်တီးလာတာ။ သန်းဖြစ်တဲ့ ကိုယ်တော်ကျတော့ သူ့ရဲ့အခြေအနေက သန်းဆိုတာ သက်တမ်းရှည်တဲ့ဘဝ မဟုတ်ဘူး၊ တိုတဲ့ဘဝ။ သူ့ရဲ့ ဗီဇ၊ ရောက်လာတဲ့ဘဝရဲ့အခြေအနေတွေကိုလည်း ထည့်ပြီး စဉ်းစားရမယ်။

ပြီးတော့ မလ္လိကာမိဖုရားကြီး ငရဲကျတယ်။ ငရဲမှာ သက်တမ်းမရှိဘူး။ ကံသည် သူတို့ရဲ့ သက်တမ်းပဲ။ သူ့ကံရဲ့အရှိန်ကုန်တာနဲ့ ချက်ချင်းလွတ်တယ်။ ကံအရှိန်မကုန်သေးဘူးဆိုလျှင် ဆက်သွားနေမှာပဲ။ ဘယ်တော့မှ မသေဘူးတဲ့။ 'န စ တာဝ ကာလံ ကရောတိ၊ ယာဝ န တံ ပါပကမ္မံ ဗျန္တီဟောတိ'။ = ကံမကုန်သေးသမျှ ငရဲဘုံကဘယ်တော့မှမလွတ်ဘူး။ ဘယ်လောက်ညှဉ်းဆဲညှဉ်းဆဲ၊ ဘယ်လောက် ဒုက္ခတွေရောက်ရောက် ကံမကုန်သေးလျှင် မသေဘူးလို့ဆိုတယ်။ အဲဒီတော့ ကံသည် ငရဲရဲ့ life span ပဲ။ သက်တမ်းပဲ။

အဲဒီတော့ အကြောင်းတစ်ခုတည်းကို မကြည့်ဘဲနဲ့ အခြားအခြေအနေကောင်းတွေ၊ အခြေအနေမကောင်းတာတွေ အများကြီးရှိတယ်ဆိုတာကို ထည့်သွင်းပြီး စဉ်းစားရမယ်။ သူလည်း ကောင်းတာလုပ်တာပဲ။ ငါလည်းကောင်းတာလုပ်တာပဲ။ သူလည်းမကောင်းတာလုပ်တာပဲ၊ ငါလည်း မကောင်းတာလုပ်တာပဲ၊ အကျိုးပေးချင်းကျတော့ တူတယ်၊ မတူဘူးလို့ သွားပြောလို့မရဘူး။ ရာဇဝတ်မှုတစ်ခုကျူးလွန်တာတောင်မှ လွတ်တဲ့သူက လွတ်သွားတာပဲ၊ ခံရတဲ့သူက ခံရတယ်လေ။ ဘာဖြစ်လို့တုန်းဆိုတော့ အခြေအနေချင်းမတူလို့။ ဒါ အခြေအနေခေါ်တယ်။

လောဏကပလ္လသုတ်မှာ ဘာဟောထားသလဲဆိုတော့ မြတ်စွာဘုရားက ဆားခဲလေးတစ်ခုကို ဖန်ခွက်တစ်ခုထဲမှာရှိတဲ့ ရေထဲကို ထည့်လိုက်လို့ရှိရင် အဲဒီရေသည် သောက်မရအောင် ငန်သွားနိုင်တယ်။ သို့သော် အဲဒီဆားခဲကိုပဲ ရေကန်ကြီးထဲ၊ မြစ်ထဲမှာ ထည့်လိုက်မယ်ဆိုလျှင် ဘာအရသာမှ မပေါ်ဘူး၊ ဘာမှမဖြစ်ဘူး။ အဲဒါလိုပဲ လူမှာ တချို့ပုဂ္ဂိုလ်တွေမှာ ကောင်းတာတွေလုပ်ထားတာက အများကြီး၊ မကောင်းတဲ့ အကုသိုလ် မတော်တဆ လုပ်မိဦး။ သူ့ကျတော့ ပျောက်သွားတယ်။ မဝင်လာတော့ဘူး။ တချို့ကျတော့ ကောင်းတာက မရှိဘူး။ မကောင်းတာတွေက များနေတယ်ဆိုလျှင် ခုနကဆားခဲကို ဖန်ခွက်ထဲကရေထဲ ထည့်လိုက်သလိုပဲ။ သူကျတော့ ပိုခံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ အခြေအနေကောင်းတွေ မရှိဘူး။

အဲဒီသဘောတွေကို ထည့်စဉ်းစားကြည့်လိုက်မယ်ဆိုလျှင် ကံက အကျိုးပေးတယ်ဆိုတဲ့နေရာမှာလည်း အခြေအနေတွေပေါ်မှာ မူတည်တယ်။ တစ်ဦးနဲ့ တစ်ဦးဟာ အခြေအနေချင်း မတူဘူး။ မတူလျှင် အကျိုးပေးတာချင်းလည်း မတူနိုင်ဘူး။

မေးခွန်း(၉)

“အနာဂတံသ အဘိညာဉ်ဖြင့် မဖြစ်သေးသော အရာများကို မည်ကဲ့သို့ မြင်နိုင်ပါမည်နည်း။ ဥပမာ အနာဂတံသအဘိညာဉ်၏ အာရုံတစ်ခုဖြစ်သော စိတ်သည် အာရုံနှင့်ဒွါရ တိုက်ဆိုင်မှ (သို့မဟုတ်) အတိတ်ကံတည်းဟူသော အကြောင်းတရားများကြောင့်သာ ဖြစ်ပေါ်လာနိုင်သော တရားများဖြစ်၍ တစ်စုံတစ်ယောက်က အဘယ်စိတ်ဖြစ်ပြီး အဘယ်စိတ်ဖြစ်ရမည်ဟု ကြိုတင်စီစဉ်ထားခြင်း မရှိပါဘဲလျက်၊ စိတ်ဖြစ်ပေါ်ရန် အကြောင်းတရားများတောင်မှ မဖြစ်သေးချိန်တွင် အဘယ်သို့ ကြိုတင်သိနိုင်ပါသနည်း”

အဘိဓမ္မာသင်တန်းမှာ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် အောင်မြင်ပြီး အဘိဓမ္မာဂုဏ်ထူးဆောင် ပထမ၊ ဒုတိယ၊ တတိယ စာမေးပွဲ ဖြေဆိုထားတဲ့ သင်တန်းသူရဲ့ ဒုတိယမေးခွန်း ဖြစ်ပါတယ် ဘုရား။

ဖြေဆိုခြင်း

အနာဂတံသ အဘိညာဉ်ဆိုတာ ဒိဗ္ဗစက္ခု အဘိညာဉ်ရဲ့ ဆင့်ပွား (branch) တစ်ခုပေါ့။ အကြောင်းတရားဆိုတာ တစ်ခုတည်းမဟုတ်ဘူး။ အကြောင်းတရားတွေ မြောက်များစွာရှိတယ်။ အဲဒီအထဲမှာ နောက်ထပ် အကြောင်းတရားလေးတစ်ခု ပေါင်းလို့ရှိရင် ဖြစ်တော့မယ့် အနေအထားလေးတွေ ရှိတယ်။ အဲဒီတော့ အကြောင်းတရားတွေ လုံးဝမစုစည်းသေးဘူးဆိုလို့ရှိရင် ဘာဖြစ်မယ်ဆိုတာ ကြိုပြောလို့မရဘူး။ အခုဟာက ဖြစ်ဖို့ အနေအထား၊ အကြောင်းတရားတွေ တော်တော် ပြည့်ပြည့်စုံစုံ ရှိနေပြီ။ potentiality, posibility conditions ရှိနေပြီးသားမှာ နောက်ထပ် အကြောင်းတစ်ခု ထပ်ပေါင်းလိုက်လို့ရှိရင် ဖြစ်မယ်ဆိုတာ သေချာသည့်အတွက်ကြောင့် ဘာဖြစ်မယ်ဆိုတာကို ပြောလို့ရတယ်။ အခြေအနေတွေ ဖန်တီးထားပြီးသား ရှိနေတယ်။

ဆိုပါစို့။ စေတနာတောင်မှပဲ အတ္ထသာဓိက စေတနာဆိုတာ ဒီအကြောင်းတရားတွေလုပ်လျှင် ဒီအကျိုးတရား ဧကန်ရလာမှာဖြစ်တယ်။ အဲဒီအကျိုးတရားဟာ ကြိုတင်သတ်မှတ်ထားသလို ဖြစ်နေတယ်။ အတ္ထသာဓိက စေတနာလို့ ခေါ်တယ်။ ဒီစေတနာဖြစ်သည်နှင့်တစ်ပြိုင်နက် အကျိုးတရားဟာ နောက်က ရှိနေပြီးသား။ ပေါ်တော့ မပေါ်သေးဘူး။ မပေါ်သေးပေမယ့်လို့ ဖြစ်မယ်ဆိုတာ လုံးဝသေချာတာ ဖြစ်သည့်အတွက်ကြောင့် အနာဂတံသအနေနဲ့ ပစ္စုပ္ပန်ဖြစ်ပေါ်နေတဲ့ အကြောင်းတရားကိုကြည့်ပြီး အနာဂတ်ကို ထုတ်ဆိုလို့ရတယ်ပေါ့။ ဖွင့်ပြီးတော့ ဟောလို့ရတယ်။

သို့မဟုတ် အနာဂတ်အတွက် အခြေအနေတွေ၊ အခြင်းအရာတွေ (conditions) တွေ သူ့မှာ ပြည့်ပြည့်စုံစုံ ရှိနေပြီ။ နောက်ထပ် (conditions) လေးတစ်ခု ပေါင်းလိုက်တာနဲ့တစ်ပြိုင်နက် ဒီပုဂ္ဂိုလ်ဟာ ထူးခြားတဲ့ အခြေအနေတစ်ခုကို ရသွားမယ်။ ဆိုပါစို့။ ဒီပင်္ကရာမြတ်စွာဘုရားထံ သုမေဓာရသေ့ ဗျာဒိတ်ခံတဲ့အချိန်မှာ သုမေဓာရဲ့ သန္တာန်မှာရှိနေတဲ့ စိတ်ဆန္ဒတွေ၊ (conditions) တွေ၊ ပစ္စုပ္ပန် အခြေအနေတွေဟာ အနာဂတ်ကို မပျက်မကွက် သယ်ဆောင်သွားမယ်၊ ဒီအရည်အချင်းတွေဟာ လုံးဝမပျက်စီးဘဲနဲ့ ဖြစ်လိမ့်မယ်ဆိုတာ ဒီပင်္ကရာမြတ်စွာဘုရားရဲ့ဉာဏ်ထဲမှာ လုံးဝ မြင်လာတယ်။ အဲဒီ (conditions) တွေကို အခြေပြုပြီးတော့ ဒီ (conditions) တွေရဲ့ အကျိုးအဆက်ဆက် ဖြစ်ပေါ်မှုကို မြတ်စွာဘုရားရဲ့ဉာဏ်တော်ထဲမှာ အားလုံးမြင်လာလို့ 'လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်းလွန်မြောက်တဲ့အခါမှာ ဂေါတမ အမည်ရှိတဲ့ဘုရား ပွင့်လိမ့်မယ်' လို့ ဒီလိုပြောလို့ရတာ။ အဲဒီနည်းနဲ့မြင်တာဖြစ်ပါတယ်။

မေးခွန်း(၁၀)

“ပစ္စေကဗုဒ္ဓါနှင့် သမ္မာသမ္ဗုဒ္ဓတို့ မည်သို့ထူးခြားပါသနည်း။ ပစ္စေကဗုဒ္ဓါများ ပဋိသမ္ဘိဒါလေးပါး ရနိုင်ပါသလား။ အကယ်၍ရနိုင်လျှင် ပဋိဘာန ပဋိသမ္ဘိဒါကို ရလျက် အဘယ်ကြောင့် သူတစ်ပါးနားလည်အောင် တရားမဟောနိုင်ရပါသနည်း”

ဖြေဆိုခြင်း

ပစ္စေကဗုဒ္ဓနဲ့ သမ္မာသမ္ဗုဒ္ဓရဲ့ ထူးခြားချက်တွေထဲက တစ်ခုကတော့ ပါရမီဆည်းပူးတဲ့ အချိန်ပိုင်းဟာ ထူးခြားမှုရှိတယ်။ သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားအလောင်းတွေကျတော့ အနည်းဆုံး လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း။ လေးအသင်္ချေ ဆိုတာ မရေမတွက်နိုင်တဲ့ ကမ္ဘာတွေ လေးခါကြုံရတယ်။ တချို့က ပြောကြတယ်။

လေးလို့ဆိုရဲ့သားနဲ့ ဘာဖြစ်လို့ အသင်္ချေ မရေမတွက်နိုင်တာလဲလို့ ပြောကြတယ်၊ ဒီလို စဉ်းစားလေ့ရှိကြတယ်။ မဟုတ်ဘူး။ မရေတွက်နိုင်တဲ့ ကမ္ဘာပေါင်း လေးခါကြုံတယ်လို့ ပြောတာ။

ဆိုပါစို့။ ဒီပင်္ကရာ မြတ်စွာဘုရားပွင့်ပြီး ကောဏ္ဍည မြတ်စွာဘုရားပွင့်တယ်။ အဲဒီ ဘုရားနှစ်ဆူကြားမှာ ကမ္ဘာပေါင်း ဘယ်လောက်ဆိုတဲ့ အရေအတွက်မရှိဘူး။ အဲဒီလောက်ကြာပြီးမှ ကောဏ္ဍည မြတ်စွာဘုရားပွင့်လို့ အဲဒါကို တစ်အသင်္ချေလို့ ယူတယ်။

ကောဏ္ဍညမြတ်စွာဘုရား ပွင့်ပြီးတဲ့အခါမှာ မင်္ဂလဘုရားပွင့်ဖို့ ကမ္ဘာပေါင်း ဘယ်လောက်ကြာတယ်ဆိုတဲ့ အရေအတွက်မရှိဘူး။ အဲဒါ တစ်အသင်္ချေဆိုတော့ နှစ်အသင်္ချေ လွန်သွားပြီ။ အဲဒီလိုကမ္ဘာတွေကိုပြောတာ။

မင်္ဂလ မြတ်စွာဘုရားနဲ့ နာရဒ မြတ်စွာဘုရားရဲ့ကြားမှာလည်း ကမ္ဘာပေါင်း ဘယ်လောက် ကြာသွားတယ်ဆိုတာ အရေအတွက် မရှိသည့်အတွက်ကြောင့် တစ်အသင်္ချေ။

နောက် အနောမဒဿီ မြတ်စွာဘုရားနဲ့ ပဒုမုတ္တရ မြတ်စွာဘုရားကြားမှာလည်း ကမ္ဘာပေါင်း ဘယ်လောက်ကြာတယ်ဆိုတာ အရေအတွက် မရှိသည့်အတွက်ကြောင့် တစ်အသင်္ချေ။ အားလုံးပေါင်းလိုက်တဲ့အခါ လေးအသင်္ချေ။

ပြီးတော့မှ ပဒုမုတ္တရ မြတ်စွာဘုရားရဲ့ ဒီဘက်ကျတော့ ကမ္ဘာပေါင်း တစ်သိန်း။ အဲဒါကိုပြောတာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဆိုတဲ့ အရေအတွက်က အဲဒီလို။

ပစ္စေကဗုဒ္ဓတွေကျတော့ အဲဒီလို လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း မဖြည့်ရဘူး။ နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းဆိုလျှင် ပစ္စေက ဗောဓိဉာဏ်က ရင့်ကျက်သွားတယ်။ ပစ္စေကဗုဒ္ဓ ဖြစ်နိုင်တဲ့အဆင့် ရှိသွားပြီ။ အဲဒီတော့ ပစ္စေကဗုဒ္ဓတွေမှာလည်း 'ပစ္စေက' ဆိုတာ သီးခြားလို့ အဓိပ္ပာယ်ရတယ်။ သီးခြားဆိုတာ ဘယ်သူ့မှ ဆရာမတင်ဘဲနဲ့၊ ဘယ်သူ့ဆီကမှ နည်းမယူဘဲနဲ့ သီးခြားကိုယ်ပိုင်ဉာဏ်နဲ့ ဗုဒ္ဓ ဖြစ်တယ်။ သူ့လမ်းကြောင်း သူ့ဘာသာ ထိုးထွင်းပြီးသိတယ်။ သို့သော် ပစ္စေကဗုဒ္ဓတွေက နောက်ဆုံးမှာ ပဋိသမ္ဘိဒါဉာဏ်တွေ ရရှိထားသော်လည်း သူတို့မရတဲ့ ဉာဏ်နှစ်ခုရှိတယ်။ အဲဒီ ဉာဏ်က ဘာတုန်းဆိုလျှင် ဣန္ဒြိယပရောပရိယတ္တိဉာဏ် နဲ့ အာသယာနုသယဉာဏ်။ ဣန္ဒြိယပရောပရိယတ္တိဉာဏ်ဆိုတာ သတ္တဝါရဲ့ ဣန္ဒြေအနုအရင့်ကိုသိတာ။ ဆိုပါစို့ နှိုင်းတော့ မနှိုင်းကောင်းဘူးပေါ့။ စာတော့ တတ်တယ်၊ စာမသင်တတ်ဘူး။ တစ်ချို့ တတ်တယ်လေ၊ နားလည်အောင် မပြောတတ်ဘူး။ ဆရာမလုပ်တတ်ဘူးပေါ့။ ဆရာလုပ်တယ်ဆိုတာကလည်း အရည်အချင်းတစ်ရပ်ပဲ။ သူများနားလည်အောင်ပြောတာ အရည်အချင်းတစ်ရပ်။ သိတိုင်းလည်း နားလည်အောင် မပြောတတ်ဘူး။

ပစ္စေကဗုဒ္ဓတွေက သိတယ်။ ဒါပေမဲ့ နားလည်အောင် မပြောတတ်ဘူး။ ဘာဖြစ်လို့ နားလည်အောင် မပြောတတ်တုန်းဆိုတော့ တရားနာတဲ့ပုဂ္ဂိုလ်ရဲ့ သဒ္ဓါစွမ်းအားတွေ၊ ဝီရိယစွမ်းအားတွေ၊ သတိစွမ်းအားတွေ၊ ပညာစွမ်းအားတွေ၊ သမာဓိစွမ်းအားတွေဟာ ရင့်ကျက်ပြီလား၊ မရင့်ကျက်သေးဘူးလားဆိုတာ မဆုံးဖြတ်နိုင်ဘူး။ မဆုံးဖြတ်နိုင်သည့်အတွက်ကြောင့် သူဟောတဲ့တရားဟာ တည့်ချင်မှ တည့်တယ်။ နောက်တစ်ခါ အာသယာနုသယဉာဏ်ဆိုတာ တရားနာတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်နေသဘောထားကို သိတာ။ အဲဒီအခြေအနေတွေက ဘယ်လိုရှိသလဲဆိုတာ မသိဘူး။ အဲဒီလို သိနိုင်လောက်အောင် ဉာဏ်မထက်မြက်ဘူး။ မထက်မြက်သည့်အတွက်ကြောင့် ဒီပုဂ္ဂိုလ်ကို ဒီစကားလုံးလေး သုံးပြီးတော့ နားလည်အောင် ဘယ်လိုပြောမယ်၊ ဟိုပုဂ္ဂိုလ်ကိုကျတော့ ဟိုစကားလုံးသုံးပြီး နားလည်အောင် ဘယ်လိုပြောရမယ်ဆိုတဲ့ teacher's abalities ဆရာအရည်အချင်း မရှိဘူးပေါ့။

သမ္မာသမ္ဗုဒ္ဓကျတော့ teacher's abalities က အပြည့်အဝရှိတယ်။ လိမ္မာကျွမ်းကျင်တဲ့နေရာမှာ အသာဆုံးဖြစ်တယ်။ ဒါကြောင့်မို့ အနုတ္တရောပုရိသဒမ္မသာရထိ တဲ့။ = ဆုံးမတဲ့နေရာမှာတော့ အကျွမ်းကျင်ဆုံးပုဂ္ဂိုလ်လို့ပြောတာ။ ဒီပုဂ္ဂိုလ်ဒါနဲ့တန်တယ်။ ဟိုပုဂ္ဂိုလ်ကျတော့ ဟိုဟာနဲ့တန်တယ်ဆိုတာ အကုန်သိတယ်။ ဥပမာ ဝက္ကလိလို ပုဂ္ဂိုလ်မျိုးကျတော့ ဘုရားကို ကြည်ညိုတဲ့ သဒ္ဓါက လွန်နေပြီ။ သဒ္ဓါလွန်တော့ တဏှာဖြစ်တယ်။

ဘုရားရဲ့ ရုပ်အဆင်းတော်မှာ တပ်မက်တဲ့ တဏှာတွေ ဖြစ်လာတယ်။ အဲဒါကြောင့်မို့ ဝက္ကလိကို မြတ်စွာဘုရားက စကားခပ်မာမာ ပြောတာ။ 'ကိံ တေ ဝက္ကလိ ဣမိနာ ပူတိ ကာယေန ဒိဋ္ဌေန' = ဒီမတင့်တယ်ဘဲ ပုပ်တဲ့ ခန္ဓာကိုယ်ကြီး ကြည့်နေလို့ ဘာအကျိုးရှိမှာလဲ၊ 'ယော ဓမ္မံ ပဿတိ သော မံ ပဿတိ' = ဓမ္မကိုမြင်မှ ငါ့ကိုမြင်မှာ။

ဟုတ်တာပေါ့။ ဘုရားနဲ့ တွေ့နေပေမယ့်လို့ ဓမ္မ မသိလိုက်တဲ့ ပုဂ္ဂိုလ်တွေက မထူးဘူးလေ။ တွေ့တာနဲ့ မဆိုင်ဘူး။ ဥပမာ- ကောသလမင်းကြီးတို့ဆို သာမန်ဒါန၊ သီလလောက်နဲ့ပဲပြီးသွားတယ်လေ။ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်ဆိုတဲ့အဆင့် မရောက်ရှာဘူး။ အဲတော့ ဓမ္မကို မမြင်လို့ရှိရင် ခုနကထူးခြားတဲ့ အသိဉာဏ်မျိုး ရမှာမဟုတ်ဘူး။ ဒါကြောင့်မို့ ဓမ္မ မမြင်လျှင် ဘုရားမမြင်တာနဲ့ အတူတူပဲတဲ့။

ဘုရားလက်ထက်က သာဝတ္ထိပြည်မှာ အများကြီးရှိတာပဲ။ လူဦးရေအများကြီးရှိတယ်။ တချို့ဆို လုံးဝမသိတာတွေ အများကြီး။ ဒါကြောင့်မို့ မြတ်စွာဘုရားက ဓမ္မကိုမြင်မှ ငါ့ကိုမြင်တယ်ဆိုတာ ဟုတ်တယ်။ အဲဒီလို ဝက္ကလိလို ပုဂ္ဂိုလ်မျိုးကျတော့ အဲဒီလိုပြောမှ သူ့သန္တာန်မှာရှိတဲ့ Attachment (အတွယ်အတာ) ကို ဖယ်နိုင်မှာဖြစ်တယ်။

အဲဒါကို နေရာတကာတိုင်း ယူပြီးတော့ 'ကြည့် ဝက္ကလိကိုတောင် ငေါက်တယ်ပေါ့၊ ငါ့မဖူးနဲ့လို့။ ဆင်းတုတော်တွေ၊ ရုပ်ပွားတော်တွေ ဖူးနေတာ အကျိုးမရှိဘူး' လို့ conclusion (ကောက်ချက်ချ) ဆွဲရင်မှားတယ်။ သဒ္ဓါစိတ်နဲ့ ဘုရားဖူးတာကို ခုနက တဏှာစိတ်နဲ့ ဖူးနေတဲ့ ပုဂ္ဂိုလ်ကို ပြောတဲ့စကားနဲ့ သွားပြောလို့ရှိရင် ဒါ မှားယွင်းပြီးတော့ သူ့ရဲ့ ကုသိုလ်ရမှုကို ပယ်ဖျက်ပစ်ရာရောက်တယ်။ အဟန့်အတားလုပ်ရာရောက်တယ်။ ငရဲကြီးတယ်ပေါ့။ အရေးကြီးတယ် ဒါက။

မြတ်စွာဘုရားကျတော့ ဆုံးမတဲ့နေရာမှာ ကျွမ်းကျင်မှုရှိတယ်။ ပစ္စေကဗုဒ္ဓတွေကျတော့ အဲဒီလို ကျွမ်းကျင်မှုမရှိဘူး။ ကျွမ်းကျင်မှု မရှိသည့်အတွက်ကြောင့် သူတပါးနားလည်အောင် မဟောနိုင်တာ။

နိုင်ငံခြားက ဘာသာပြန်ကြတဲ့သူတွေက ပစ္စေကဗုဒ္ဓဆိုတဲ့ စကားလုံး ဘာသာပြန်ကြတဲ့အခါ Silent Buddha လို့ ဘာသာပြန်လေ့ရှိတယ်။ Silent Buddha ဆိုတာ တရားမဟောတဲ့ ဘုရားပေါ့။ တရားမဟောဘူးဆိုတာတော့ မမှန်ဘူး။

ပစ္စေကဗုဒ္ဓတွေ ဟောတဲ့တရားတွေ အများကြီးရှိတာပဲ။ အရိန္ဒမဇာတ်တို့ ဘာတို့မှာကြည့်။ ပစ္စေကဗုဒ္ဓက ဥပမာ ဥပမေယျနဲ့တောင် ဟောသွားတာ။ “မြစ်ထဲမှာ မျောနေတဲ့ ဆင်သေကောင်ကြီးပေါ်မှာ ကျီးကန်းတစ်ကောင်က ရောက်လာပြီး ဒီဆင်ကောင်ကြီး စားရလျှင်တော့ တစ်သက်လုံး ငါဟန်ကျပြီ။ အစာရှာစရာ မလိုတော့ဘူး။ နေစရာလည်း ငါ့ရှိတယ်ဆိုပြီး ဆင်ကောင်ကြီးပေါ် နားမယ်၊ စားမယ်၊ စားပြီးလျှင် ရေသောက်လိုက်မယ်။ ရေကလည်း ဘေးမှာ ကပ်လျက်ပဲ။ အစာစားချင်လို့ရှိရင် ဆင်ကြီးအသား စားလိုက်မယ်။ နေစရာရှိလျှင်လည်း ဟောဒီဆင်ကြီးပေါ်မှာပဲနေမယ်ဆိုပြီးတော့ ဒီလိုအေးအေးဆေးဆေး နေသွားတာ။ ဆင်သေကောင်ကြီးက ပင်လယ်ထဲ ရောက်သွားတဲ့အခါ လှိုင်းလုံးတွေပုတ်တော့ ကျီးကန်းဟာ ရပ်တည်မှု မရတော့ဘူး။ ဟိုဟိုဒီဒီ ပျံတော့လည်း ကမ်းမတွေ့လို့ ပင်လယ်ထဲမှာပဲ သူဟာ အသက်ဆုံးရတယ်ပေါ့”

အဲဒီဇာတ်လမ်းကို ပစ္စေကဗုဒ္ဓက ဟောတာ။ အရိန္ဒမမင်းကြီးကို အဲဒီဥပမာပြပြီး ကာမဂုဏ်အာရုံတွေထဲမှာ နစ်မြုပ်နေမယ်ဆိုလျှင် မင်း ကျီးမိုက်လို ဖြစ်လိမ့်မယ်လို့ ဒီလိုဟောတာ။ အဲဒီတော့ ပစ္စေကဗုဒ္ဓက Silent Mudha တော့ မဟုတ်ဘူး။ အကျွတ်တရားရအောင် မဟောနိုင်တာ၊ တရားထူး တရားမြတ်ရအောင် မဟောနိုင်တာတော့ အာသယာနုသယနဲ့ ဣန္ဒြိယပရောပရိယတ္တိဉာဏ် မရသည့်အတွက်ကြောင့် ပုဂ္ဂိုလ်ရဲ့စရိုက်ကိုမသိဘူး။ မသိသည့်အတွက်ကြောင့် ဟောတော့ဟောတယ်။ မထိရောက်ဘူးလို့ ပြောတာ။

ဒါဖြင့် အရှင်သာရိပုတ္တရာတို့၊ အရှင်မောဂ္ဂလာန်တို့ ဟောတော့ ကျွတ်တယ်၊ ပစ္စေကဗုဒ္ဓ ဟောတာ ဘာကြောင့်မကျွတ်တုန်းဆိုတော့ အရှင်သာရိပုတ္တရာတို့၊ အရှင်မောဂ္ဂလာန်တို့က ကိုယ်ပိုင်နည်းစနစ် မဟုတ်ဘူး၊ ဘုရားဆီကရတဲ့နည်းနဲ့ဟောတာ။ ဘယ်သူဟောဟော ဘုရားရဲ့တရားပဲ။ ဘုန်းကြီးတို့ အခုဟောနေတာ ကိုယ်ပိုင်ဉာဏ်နဲ့ ဟောနေတာတွေမဟုတ်ဘူး။ ဘုရားဆီက နည်းယူပြီး ဟောတာတွေချည်းပဲ။ ကိုယ်ပိုင်တရား မဟုတ်ဘူး။ ပစ္စေကဗုဒ္ဓက သူရဲ့ ကိုယ်ပိုင်တရားဖြစ်တယ်။ တခြားပုဂ္ဂိုလ်ဆီက နည်းယူစရာ မရှိဘူး။

ပစ္စေကဗုဒ္ဓတွေမှာ အာသယာနုသယဉာဏ် မရှိဘူး၊ သတ္တဝါရဲ့ စရိုက်ဝါသနာကို မသိဘူး။ အဲဒီအချက်အလက်တွေ သမ္မာသမ္ဗုဒ္ဓနဲ့ ပစ္စေကဗုဒ္ဓတို့ ထူးခြားပါတယ်လို့ ဒီလိုပြောရမယ်။

အဋ္ဌကထာ (ခဂ္ဂဝိသာဏသုတ်) တစ်နေရာမှာ ပစ္စေကဗုဒ္ဓကို ဥပမာလေးတစ်ခု ပေးထားတယ်။ ပစ္စေကဗုဒ္ဓအရှင်မြတ်တွေဟာတဲ့ ကိုယ်တိုင် တရားထူးတရားမြတ်သိထားပေမယ့် စကားမပြောတတ်တဲ့ အ,အအိပ်မက်, မက်ထားသလိုပဲ၊ ပြန်မပြောတတ်ဘူးလို့ ဆိုတယ်။

အဲဒီဥပမာက နည်းနည်းလွန်သွားတယ်လို့ ထင်ပါတယ်။ ဒါက အဋ္ဌကထာထဲမှာပါတာ။ တင်စားလိုက်တာကတော့ ကျွတ်အောင်မဟောတတ်တဲ့ သဘောလောက်ကို ရည်ညွှန်းတာ။ ဘာဖြစ်လို့ လူတစ်ဖက်သားကို ကျွတ်အောင်မဟောတတ်သလဲ၊ တရားထူးတရားမြတ်ရအောင် မဟောနိုင်သလဲဆိုရင် ခုနက ပြောခဲ့တဲ့ အသယာနုသယဉာဏ်နဲ့ ဣန္ဒြိယပရောပရိပတ္တိဉာဏ်လို့ခေါ်တဲ့ ဗုဒ္ဓစက္ခုမျိုး မရှိလို့ပဲ။

မြတ်စွာဘုရားက တရားဟောပြီဆိုရင် 'ဗုဒ္ဓစက္ခုနာ လောကံ ဝေါလောကေသိ'။ = ဗုဒ္ဓစက္ခုနဲ့ လောကကြီးကို ကြည့်တယ်လို့ ဆိုတယ်။ အဲဒါ ကြည့်ပြီးမှဟောတာ။ ဒါကြောင့်မို့ မြတ်စွာဘုရားက ဆရာကောင်းတစ်ယောက်နဲ့ အလားတူတယ်။ တပည့်တွေရဲ့ အရည်အချင်းကို သိတယ်။ တပည့်တွေကို ဘယ်လိုသင်ရမယ်ဆိုတာသိတယ်။ အဲဒီလို သိပြီးတော့ သင်တတ်တဲ့ ဆရာလိုပဲ။ ပစ္စေကဗုဒ္ဓက သိတော့သိတယ်၊ မသင်တတ်တဲ့ ဆရာပေါ့။ အဲဒီလို ကွဲပြားမှုရှိပါတယ်။

မေးခွန်း(၁၁)

“သုဒ္ဓဝိပဿကပုဂ္ဂိုလ်များ မဂ်ဖိုလ်ရသောအခါ ဥပစာရဘာဝနာ၏ ဝေဒနာအတိုင်း တစ်နည်း ပထမစျာန်နှင့် ညီမျှသော မဂ်ဖိုလ်ကိုသာ ရသည်ဟု သိထားပါသည်ဘုရား။ သို့ဖြစ်ရာ စိတ်အကျဉ်း(၈၉)ပါးကို ရေတွက်ရာ၌ လောကုတ္တရာစိတ်(၈)ပါးကို အဘယ်ကြောင့် သောမနဿကို ဥပေက္ခာ၌ပါ ထည့်သွင်း၍ ရေတွက်ရပါသနည်း။ သောမနဿသာ ဖြစ်သင့်သည် မဟုတ်ပါလား”

ဖြေဆိုခြင်း

မဂ်ဖိုလ်ကို ရေတွက်တဲ့အခါမှာ စိတ်အကျဉ်းကျတော့ သောမနဿလည်း ဖြစ်နိုင်တယ်။ ဥပေက္ခာလည်း ဖြစ်နိုင်တယ်။ သောမနဿသာ ဖြစ်ရမယ်လို့ ဆိုလို့မရဘူးပေါ့။ အဲဒီတော့ ရှေ့က ဝိပဿနာဉာဏ်ကို အခြေခံတဲ့အခါမှာ ဝေဒနာနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်က ဝိသုဒ္ဓိမဂ်မှာတော့ ပါပါတယ်။ ဝေဒနာနိယာမလို့ ဆိုတာ။ ဝိပဿနာကို အခြေပြုပြီးတော့ ရလာတဲ့ မဂ်ဖိုလ်ဆိုလို့ရှိရင်၊ ဝိပဿနာက အဆုံးအဖြတ်ပေးတဲ့ မဂ်ဖိုလ်ဆိုလို့ရှိရင် ဝိပဿနာရဲ့ ဝေဒနာ အားလျော်စွာ နောက်က ဝေဒနာဖြစ်တယ်။ နောက် စျာန်ကို အခြေပြုပြီးတော့ ဖြစ်ပေါ်လာတာဆိုရင် စျာန်အားလျော်စွာ ဖြစ်တယ်လို့ ဒီလိုဆိုတယ်။

အဲဒီတော့ သာမန်လောကုတ္တရာစိတ်(၈)ခုကိုသာ ပြောလို့ရှိရင် ဝေဒနာနှစ်မျိုးစလုံးဟာ အခြေအနေအရ ဖြစ်ပေါ်လာတဲ့ အကြောင်းတရား၊ သူ့ရဲ့ လမ်းကြောင်းအတိုင်း ဝေဒနာက သောမနဿလည်း ဖြစ်နိုင်တယ်။ ဥပေက္ခာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ဖြစ်နိုင်တဲ့ posibility အရ သောမနဿ၊ ဥပေက္ခာ နှစ်မျိုးခွဲပြီးတော့ ဟောတာ။ ခုနက စျာန်နဲ့ခွဲလိုက်တဲ့အခါကျတော့ ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်ကို သောမနဿလို့ ယူပြီးတော့ ပဉ္စမစျာန်နဲ့ တူတာကျတော့ ဥပေက္ခာလို့ယူတယ်။ အဲဒါကျတော့ တိတိကျကျ ပြောလို့ရတယ်။ ခုနကတော့ posibility ပြောတာမို့ တိတိကျကျ မပြောဘူး။ သောမနဿဖြစ်စေ (သို့မဟုတ်) ဥပေက္ခာဖြစ်စေလို့ နှစ်မျိုးယူပြီးတော့ ခွဲတာဖြစ်ပါတယ်။ ဒါက အတိအကျ ပြောလို့မရဘူး။ ပုဂ္ဂိုလ်ပေါ်မှာ မူတည်တယ်။

ပုဂ္ဂလဇ္ဈာသယ အတိုင်းပဲ တချို့က ငါရလာတဲ့ မဂ်ဟာ သောမနဿ ဖြစ်ချင်တယ် (သို့မဟုတ်) ဘာစျာန်နဲ့ ညီမျှချင်တယ် ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်ရဲ့ ဆန္ဒအတိုင်း ဖြစ်တာရှိတယ်။ ဒါကို ပုဂ္ဂလဇ္ဈာသယ လို့ခေါ်တယ်။

ပါဒကစျာန်ကို အခြေပြုလာလို့ရှိရင် ပါဒကစျာန်နဲ့ အခြေအနေအတိုင်းသွားတာ။ အဲဒီတော့ လူရဲ့ စိတ်ဆန္ဒက တစ်ဦးနဲ့တစ်ဦး မတူတတ်ဘူး။ မတူတော့ အတိအကျပြောလို့တော့ မရဘူးပေါ့နော်။ သူ အခြေပြုလာတာကို ကြည့်ပြီးတော့ ဖြစ်နိုင်တာကိုပြောတာ။ ယေဘုယျ အပြောမျိုးလို့ မှတ်သင့်ပါတယ်။

မေးခွန်း(၁၂)

နောက်မေးခွန်းတစ်ခုအနေနဲ့ ဝိသုဒ္ဓိမဂ် တတိယအဆင့်ကို တက်ရောက်သင်ကြားနေတဲ့ သင်တန်းသူတစ်ဦးမေးတာ ဖြစ်ပါတယ် ဘုရား။

“နိရောဓသမာပတ်ဝင်စားရာ၌ စိတ်၊ စေတသိက်၊ စိတ္တဇရုပ်များ၊ မဖြစ်ကြောင်းကိုလည်း သိပါပြီဘုရား။ ဆရာတော် တစ်ပါးက စေတနာဆိုတာ စေတသိက်၊ ကံဖြစ်သောကြောင့် ကံကြောင့်ဖြစ်သော ကမ္မဇရုပ်လည်း စိတ်၊ စေတသိက် မရှိသောကြောင့် မဖြစ်ဟု ပြောပါတယ်။ နောက်တစ်ဖန် ပါစကဝမ်းမီးသည် ခုနစ်ရက်လုံး အစာ၊ ရေ လိုလားသောကြောင့် သမာပတ်မှ ထလျှင်ထချင်း အစားစားရသည်ဟု ပြောပါသည်ဘုရား။ တပည့်တော် သိထားသည်မှာ ပါစကဝမ်းမီးသည် ကံကြောင့်ဖြစ်သောရုပ်ဟု ထင်ရှားပါ၍ ကွာခြားမှုများ ဖြစ်နေပါသည်ဘုရား။ ထို့ကြောင့် နိရောဓသမာပတ်ဝင်စားခိုက် အဘယ့်ကြောင့် အဘယ်ရုပ်များဖြစ်ပြီး၊ အဘယ့်ကြောင့် အဘယ်ရုပ်များ မဖြစ်သည်ကို ကရုဏာရှေ့ထား၍ ဖြေကြားပေးတော်မူပါ ဘုရား”

ဖြေဆိုခြင်း

ဒီအယူအဆက ကံဆိုတဲ့အယူအဆမှာ မရှင်းလို့ ဒီပြဿနာ သွားပေါ်တာ။ ဆိုပါစို့။ ဥပမာတစ်ခုပြောမယ်။ မျိုးစေ့လေးက ကံဆိုပါစို့။ အဲဒီမျိုးစေ့လေးကနေပြီးတော့ အမြစ်ထွက်၊ အမြစ်ကလေး ဆင်းပြီးတော့ အညောင့်ကလေး ထွက်လာတဲ့အခါမှာ အဲဒီမျိုးစေ့ကလေး ရှိသေးလား၊ မရှိတော့ဘူးလားဆိုတာ စဉ်းစားရမယ်။ မျိုးစေ့ကလေး ပုပ်သွားပြီမဟုတ်လား။ ပုပ်သွားလို့ရှိရင် ဒီသစ်ပင်က ဘာတွေနဲ့ ဆက်ရှင်နေတုန်းဆိုလို့ရှိရင် ရေဓာတ်၊ မြေဓာတ်၊ အလင်းရောင်၊ အပူငွေ့ ဒါတွေနဲ့ ဆက်ပြီးတော့ ရှင်သန်နေတာ။ သူ့ရဲ့မိခင်ဖြစ်တဲ့ မျိုးစေ့က မရှိတော့ဘူး။ ကျန်တဲ့ အထောက်အပံ့တွေနဲ့ ရှင်သန်နေတာ။ အဲဒါလိုပဲ ကံကြောင့်ဖြစ်လာတဲ့ ကမ္မဇရုပ်တွေက ကံမရှိပေမယ့်လို့ စိတ်တွေ၊ ဥတုတွေနဲ့ ဆက်ပြီး ရှင်သန်နေတာ။

အဲဒီတော့ နိရောဓသမာပတ်ဝင်စားနေတဲ့အချိန်မှာ ခေတ္တခဏ ရပ်တန့်သွားတာကတော့ စိတ်အားလုံး၊ စေတသိက်အားလုံး၊ ထိုစိတ်၊ စေတသိက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ် အားလုံး၊ ဒါပဲ ရပ်တန့်သွားတယ်။ ကျန်တာတော့ မရပ်တန့်ဘူး။ ကမ္မဇရုပ် သည် စုတိစိတ်နဲ့ ပြိုင်ပြီးတော့ ချုပ်တာ။ မွေးဖွားလာတော့လည်း ပဋိသန္ဓေစိတ်နဲ့ ပြိုင်တူဖြစ်လာတာ။ ဒါ မူလကမ္မဇရုပ်တွေပေါ့။ ကမ္မဇရုပ်တွေ နောက်ထပ် တိုးတက်လာတာလည်း ရှိတယ်။

ကမ္မဇရုပ်က ဘယ်ကနေ စဖြစ်တာတုံး။ သူ့ကို ဖန်တီးလိုက်တဲ့အရာကတော့ ကံပဲ။ ကံကနေပြီးတော့ ထုတ်လုပ်လိုက်လို့ ကမ္မဇရုပ်က ပဋိသန္ဓေအခါက စဖြစ်လာတာ။ အဲဒီစဖြစ်လာတဲ့ ကမ္မဇရုပ်သည် ကံရဲ့ အရှိန်အဟုန် မကုန်မချင်း စိတ္တက္ခဏတိုင်း ခဏတိုင်း ဖြစ်တယ်။ စိတ်ရဲ့ ခဏတိုင်းဆိုတာ စိတ်မှာ ခဏသုံးမျိုး ရှိတယ်။ ဖြစ်၊ တည်၊ ပျက်။ အဲဒီတော့ ကမ္မဇရုပ်ဟာ စိတ်ဖြစ်နေတဲ့အခိုက်မှာ ဖြစ်တယ်။ တည်တဲ့အခိုက်မှာ အသစ်လာတယ်။ ပျက်သွားတဲ့အချိန်မှာလည်း ဖြစ်တယ်။ နောက်ထပ် စိတ်ဖြစ်တိုင်းလည်း အသစ်အသစ်တွေ ဖြစ်လာတယ်။

ဥပမာ- ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏမှာဆိုလျှင် ကမ္မဇရုပ် သုံးဆယ်လို့ပြောတယ်။ ကမ္မဇရုပ် သုံးဆယ်။ ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထုဒသက-ရုပ်သုံးဆယ်နဲ့ ဖွဲ့စည်းထားတဲ့ ကလလ။ ပဋိသန္ဓေစိတ်ရဲ့ ဋ္ဌီခဏ ရောက်ပြီဆိုလျှင် ခြောက်ဆယ်ဖြစ်သွားတယ်။ နောက်ထပ် ထပ်တိုးလာတယ်။ သင်ခဏရောက်လျှင် ကိုးဆယ်ဖြစ်သွားတယ်။ တိုးနေတာ သူက။ အဲဒီအချိန်မှာ ပထမဆုံးဖြစ်တဲ့ အချိန်သာ ကမ္မဇကစိတ်ကို အမှီပြုတာ၊ နောက်ကျတော့ ကံအားနဲ့ ကံရဲ့ Energy နဲ့ ကမ္မဇရုပ်က သွားနေတာ။ ဒါကြောင့်မို့ စိတ်နဲ့တိုက်ဆိုင်မှုကိုသာ ပြောတာ။ စိတ်က ဖြစ်စေတာမဟုတ်ဘူး။ အဲတော့ ဒီကမ္မဇရုပ်က စိတ်ချုပ်သွားသော်လည်း ကမ္မဇရုပ် မချုပ်ဘူး။ အသစ်သစ်ဖြစ်တာ ဘယ်အထိအောင် သွားသလဲဆိုလို့ရှိရင် စုတိစိတ်ကနေ နောက်ပြန်ရေတွက်ကြည့်လိုက်လို့ရှိရင် (၁၇) ချက်မြောက်စိတ်ရဲ့ ဥပါဒ်ထိအောင် ဖြစ်သေးတယ်။ ဒါနောက်ဆုံးပဲ။ ဋ္ဌီခဏကနေစပြီး ကမ္မဇရုပ်အသစ် မဖြစ်တော့ဘူး။ စုတိစိတ်နဲ့ ပြိုင်ပြီး သူချုပ်မယ်။

ဒီကြားထဲမှာ ကမ္မဇရုပ် ဘယ်တော့မှ ရပ်တန့်ပြီးတော့ မနေဘူး။ ကံကနေပြီးတော့ ထုတ်လုပ်လိုက်တဲ့ Energy ရှိနေသမျှ သွားနေမှာပဲ။ ဥပမာ- ရော့ကက်တစ်ခုဟာ လောင်ချာနဲ့ပစ်လိုက်လို့ရှိရင် သူရဲ့ Energy ရှိသမျှ သွားမှာပဲ။ ကြားထဲမှာ ဒီ့ပြင် ဒုံးပျံတစ်ခုကနေ ပစ်ချခံလိုက်ရလျှင်တော့ ဒါ ဥပစ္ဆေဒက ကံပေါ့။ သူ့အရှိန်ရှိလျှင် သူက သွားနေတာ။ အဲဒီလို ဘဝတစ်ခုစကတည်းက ကမ္မဇရုပ်တွေက ဆက်ပြီးတော့ သွားနေတာ။ ကမ္မဇရုပ်ကိုထုတ်လိုက်တဲ့ စေတနာသည် အတိတ်ကံသာ ဖြစ်တယ်ပေါ့။ လက်ရှိစေတနာနဲ့ မဆိုင်ဘူး။

ဒါကြောင့်မို့ နိရောဓသမာပတ်ဝင်စားနေတဲ့အချိန်မှာ ကမ္မဇရုပ်တွေ မချုပ်ပါဘူး။ ကမ္မဇရုပ်တွေ ရှင်သန်နေဆဲပါ။ ချုပ်တာက စိတ္တဇရုပ်ပဲ ချုပ်တယ်။ နောက်ပြီးတော့ စိတ်နဲ့ပတ်သက်တာတွေ အကုန်ချုပ်တယ်ပေါ့။ အစာအာဟာရမစားသည့်အတွက်ကြောင့် အာဟာရဇရုပ် အသစ်မဖြစ်ဘူး။ (Food Efect) တော့ ရှိနေမှာပဲပေါ့။ ဒါ့ကြောင့်မို့ ခုနစ်ရက်ကြာတဲ့အခါ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကြောင့် အစာစားရတယ်။ နောက်ထပ် အာဟာရရုပ် အသစ်တွေ ထုတ်လုပ်ဖို့ ဖြစ်တာပါ။

မေးခွန်း(၁၃)

နောက် မေးခွန်းတစ်ခုကတော့ ဝိသုဒ္ဓိမဂ် တတိယအဆင့် သင်တန်းသားတစ်ဦးရဲ့ မေးခွန်းဖြစ်ပါတယ် ဘုရား။

“ဆရာတော်ခင်ဗျား။ တပည့်တော်သည် ဝိသုဒ္ဓိမဂ် တတိယဆင့်သင်တန်းမှ သင်တန်းသားတစ်ဦး ဖြစ်ပါသည်ဘုရား။ တပည့်တော် မေးမြန်းလျှောက်ထားလိုသည့်ကိစ္စမှာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းနှင့် ပတ်သက်သည့် ပြဿနာပါဘုရား။ ယခုအခါ လူပုဂ္ဂိုလ်တစ်ဦးက နိဗ္ဗာန်နှင့် ပတ်သက်သည့် အကြောင်းအရာများ ဟောပြော၊ စာအုပ်ရေးသား ထုတ်ဝေလျက် ရှိပါသည်ဘုရား။ ထိုပုဂ္ဂိုလ်ဟောကြားနေသည့် အကြောင်းအရာများထဲမှာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းနှင့် ပတ်သက်သည့် အချက်အချို့မှာ တပည့်တော်တို့ သင်ကြားနာယူ မှတ်သားခဲ့ရသည့် အဘိဓမ္မာ ဋီကာကျော် ဝိသုဒ္ဓိမဂ်ကျမ်းစာများတွင် ပါဝင်သည်များနှင် ကွဲလွဲမှုရှိနေသည်ဟု ယူဆမိသည့်အတွက် ဝိဝါဒကွဲပြားမှုကို ဆရာတော်ဘုရားက ရှင်းလင်းပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားရခြင်း ဖြစ်ပါသည် ဘုရား။ အဆိုပါ ပုဂ္ဂိုလ်၏ ဟောပြောပို့ချချက်နှင့် စာအုပ်ရေးသားထုတ်ဝေမှုတို့မှ ဝိဝါဒ ဖြစ်စေသည့် အဆိုနှင့် စောဒနာတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည် ဘုရား။

( ၁ ) ထိုပုဂ္ဂိုလ်က နိဗ္ဗာန်ကို ရုပ်၊ နာမ်ဖြင့် မျက်မှောက်မပြုနိုင်၊ မမြင်နိုင်။ မဂ်ဉာဏ်ဖြင့်သာ မျက်မှောက်ပြုနိုင်တယ်ဟု ဆိုပါတယ်ဘုရား။ ထိုသို့ ဆိုရခြင်းမှာ နိဗ္ဗာန်သည် ဖြစ်ပျက်မရှိသော အသင်္ခတဓာတ်ဖြစ်ပြီး ရုပ်၊ နာမ်သည် သင်္ခတဓာတ်ဖြစ်၍ သဘောသဘာဝ မတူသောကြောင့် ရုပ်၊ နာမ်ဖြင့် နိဗ္ဗာန်ကို မမြင်နိုင်ဟု ယုတ္တိပြ၍ စောဒကတက်ခြင်းဖြစ်ပါသည် ဘုရား။ ( ၂ ) မဂ်ဉာဏ်သည် စိတ်မဟုတ်။ စိတ်နှင့် မဂ်ဉာဏ်သည် တစ်ခြားစီ။ မဂ်ဉာဏ်သည် အသင်္ခတဓာတ်ဟု ဆိုပါသည်ဘုရား။

တပည့်တော်တို့ သင်ကြားမှတ်သားခဲ့ရသည့် ဗုဒ္ဓအဘိဓမ္မာတွင်မူ ရုပ်တရားသည် သိတတ်သည့်သဘောမရှိ၍ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ဆိုခြင်းမှာ အငြင်းပွားဖွယ် မရှိသော်လည်း နာမ်တရားတွင်မူ အကျဉ်း (၈၉)၊ အကျယ် (၁၂၁)ပါး၌ နိဗ္ဗာန်ကို မျက်မှောက်ပြုသည့် မဂ်စိတ်၊ ဖိုလ်စိတ်များဖြစ်သည့် လောကုတ္တရာစိတ်များ အကျုံးဝင်ပြီး ဖြစ်ပါသည်ဘုရား။ မဂ်ဉာဏ်ဆိုသည်မှာလည်း မဂ်စိတ်၌ယှဉ်သော၊ မဂ်စိတ်နှင့် ခွဲမရသော အမောဟခေါ် ပညာစေတသိက်သာ တရားကိုယ်ဖြစ်ပြီး ပညိန္ဒြေထူးလေးပါးဖြင့် မဂ်လေးတန်ကို ထွင်းဖောက်သိမြင်နိုင်သည့် ဉာဏ်ထူးသာဖြစ်သည်ဟု တပည့်တော်တို့ နားလည်ထားပါသည်ဘုရား။ ယင်း မဂ်ဉာဏ်သည်လည်း စိတ္တက္ခဏတစ်ခုမျှသာဖြစ်ပြီး ဖြစ်ပြီးပျက်သည့်သဘောရှိသည့် အားလျော်စွာ သင်္ခတနယ်ပယ်၌ အကျုံးဝင်သော်လည်း ဝိပဿနာရှုသင့်သည့် တရား မဟုတ်၍ ဥပါဒါနက္ခန္ဓာ၌ ထည့်သွင်းခြင်းမပြုဟု နားလည်ထားပါသည်ဘုရား။

သို့ဖြစ်ပါ၍ တပည့်တော်တို့ သင်ကြားမှတ်သားခဲ့ရသည်များနှင့် အဆိုပါ ပုဂ္ဂိုလ်၏ ဟောပြောချက်များ ကွဲပြားနေသည်ဟု ယူဆမိ၍ ဆရာတော်ဘုရားက ရှင်းလင်းဟောကြားပေးပါရန် ရိုသေစွာ တောင်းပန်လျှောက်ထားအပ်ပါသည် ဘုရား။

ဖြေဆိုခြင်း

အကျဉ်းချုပ်အားဖြင့်ပြောမယ်ဆိုလျှင် စာထဲမှာပါတဲ့အတိုင်း၊ သင်ထားတဲ့အတိုင်းက အမှန်ပါ။ ခုနကပြောတဲ့ပုဂ္ဂိုလ်က ရုပ်နဲ့ နာမ်နဲ့ မကွဲတဲ့ပုဂ္ဂိုလ်ဖြစ်မယ်။ မဂ်ဖိုလ်ဉာဏ်ဟာ စိတ်မဟုတ်ပေမယ့်လို့ စိတ်(၈၉)ပါးမှာပါတဲ့ မဂ်စိတ် ဖိုလ်စိတ်မှာသာ ဖြစ်တယ်ဆိုတာ သိနေကြတာပဲ။ ဒီစိတ်က သာမန်စိတ်တော့ မဟုတ်ဘူးပေါ့။ လေ့ကျင့်ယူလို့ ဝိပဿနာအသိဉာဏ်တွေ ဖြစ်ပြီးတဲ့နောက်မှာ ဖြစ်တာ၊ Attainment ခေါ်တာပေါ့။ အဲဒီသဘောလေးတွေတောင်မှ မသိဘဲနဲ့ နိဗ္ဗာန်ကို တက်ပြီးတော့ ကိုင်တယ်ဆိုတော့ တော်တော်ကို သတ္တိကောင်းတယ်လို့ ပြောရမှာပေါ့နော်။ အဲဒီတော့ ကိုယ်သိထားတဲ့၊ ကိုယ်သင်ထားတဲ့စာဟာ မှန်ကန်တဲ့ လမ်းကြောင်းပဲ။ လောကကြီးမှာ မမှန်မကန်တွေ ပြောနေတာတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့်မို့ သိအောင် သင်ကြားဖို့က သိပ်အရေးကြီးတယ်။ မရှင်းသေးလို့ရှိရင် ထပ်ပြီးတော့မေးဖို့ လိုအပ်ပါတယ်။

ဒီတင်မကဘူး။ Buddhism လို့ ခေါင်းစဉ်တပ်ပြီး နိုင်ငံတကာမှာ စာအုပ်တွေရေးကြတယ်။ နာမည်ကတော့ Buddhism ပဲ။ ဒါပေမယ့် ကိုယ်ရေးချင်ရာတွေ ရေးတယ်ပေါ့။ Buddhism မဟုတ်ဘူး။ အဲဒီလိုပဲ အများကြီးရှိတယ်။

တလောက စင်ကာပူသွားတော့ စင်ကာပူက ဒကာတစ်ယောက်က Internet ကထုတ်ပြီး ဆောင်းပါးတစ်ပုဒ်လာပြတယ်။ မလေးရှားဘုန်းကြီးတစ်ပါးက အင်တာနက်မှာ ဆောင်းပါးလေးတစ်ပုဒ် ရေးထားတယ်။ သူ့ဆောင်းပါးထဲမှာ ဘာပါတုံးဆိုလျှင် သောတာပန်၊ သကဒါဂါမ် မဖြစ်ဘဲ အနာဂါမ်ကို ခုန်ကျော်ပြီးဖြစ်တာ အထောက်အထားရှိတယ်ဆိုပြီးတော့ ရေးထားတယ်။

အဲဒီလိုဆိုရင် ဘွဲ့ထူးတွေ တပ်လိုတဲ့အခါ လေးတန်းကနေ စတပ်ရမယ်နော်။ နို့မို့ဆိုလျှင် ခုန်ပြီး တက်သွားတယ်လို့ ထင်နေလိမ့်မယ်။ (ရယ်သံများ) သူက ဘာပြသလဲဆိုရင် ဥဂ္ဂသုတ်မှာ ဥဂ္ဂဥပါသကာက သူဟာ အနာဂါမ်ပါလို့ ပြောတဲ့စကားကိုထောက်ပြီး သောတာပန်၊ သကဒါဂါမ်မဖြစ်ဘဲ အနာဂါမ် ကျော်ဖြစ်တယ်လို့ သူကယူဆတယ်။ အဲဒါမျိုးက အဓိပ္ပါယ်မရှိဘူး။

လူတစ်ယောက်ရဲ့ ထင်မြင်ယူဆချက်တွေကို ဘုရားရဲ့ တရားတော်တွေထဲ လာရေးပြီး ညစ်ထေးမှု (polution) ဖြစ်အောင် မလုပ်ထိုက်ဘူး။ ကိုယ့်အယူအဆတွေနဲ့ ဗုဒ္ဓရဲ့ အစစ်အမှန်တွေ၊ စာပေကလာတဲ့ အစစ်အမှန်တရားတွေကို polution ဖြစ်အောင် မလုပ်ထိုက်ဘူး။ ဒါက polution ဖြစ်အောင်လုပ်တာပဲ။ Dhamma polution ပေါ့။ Air polution က ကျန်းမာရေးကို ထိခိုက်စေသလိုပဲ Dhamma polution က အသိဉာဏ်ကို ထိခိုက်စေတယ်။ Water polution က ကျန်းမာရေးကို ထိခိုက်စေတယ်။ Dhamma polution က အသိဉာဏ်ကို ထိခိုက်စေပြီးတော့ နိဗ္ဗာန်လမ်းကြောင်းကို ဝေဝေဝါးဝါး ဖြစ်သွားစေနိုင်တယ်ပေါ့။

အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ သင်ထားတဲ့အတိုင်း နိဗ္ဗာန်ဆိုသည်မှာ 'လောကုတ္တရ သင်္ခါတံ' = လောကမှ ထွက်မြောက်သွားတဲ့ တရားတစ်ခု။ 'စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ' = မဂ်ဉာဏ်နဲ့သာ သိနိုင်တယ်။ သာမန်ဉာဏ်နဲ့ကျတော့ မှန်းဆပြီးသိရတယ်။ 'စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ' ဒါလေး မှတ်ထားဖို့ပါပဲ။ နိဗ္ဗာန်ကို ရုပ် နာမ်နဲ့ မသိနိုင်ဘူးဆိုတော့ ရုပ်နဲ့မသိနိုင်တာတော့ ဟုတ်တယ်။ နာမ်ဆိုတဲ့စကားက နိဗ္ဗာန်တောင်မှပဲ တစ်ခါတစ်ရံ နာမ်လို့သုံးတယ်လေ။ ဘာဖြစ်လို့ နာမ်သုံးထားတာလဲဆိုတော့ နာမရဲ့အဓိပ္ပာယ်က ညွှတ်ကိုင်းခြင်းနဲ့ ညွှတ်ကိုင်းစေခြင်း။ နိဗ္ဗာန်သည် မဂ်ဖိုလ်စိတ်တွေကို သူ့ဆီကို ညွှတ်ကိုင်းစေလို့ သူ့ကို နာမ်လို့ခေါ်တာ။ မဂ်ဖိုလ်စိတ်တွေကလည်း နိဗ္ဗာန်အာရုံဆီ ညွှတ်ကိုင်းတာ။ ညွှတ်ကိုင်းလို့ နာမ်လို့ခေါ်တာ။ သူ့ရှုထောင့်နှင့်သူ သုံးထားတဲ့စကားလုံး။ ဒီစကားလုံးတောင် မှန်အောင်မသုံးနိုင်ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့ အရည်အချင်းက ဘာလဲ၊၊ ပြောချင်လို့ ပြောနေတာမျိုး ဖြစ်သွားပြီ။ စာနဲ့ပေနဲ့ ပြောတာမျိုး မဟုတ်ဘူး။ ဒါကြောင့် ဒါတွေက သိပ်ပြီးဂရုစိုက်စရာလည်း မလိုပါဘူး။

လောကမှာ ဒီလိုထင်ရာမြင်ရာ ပြောနေတတ်တဲ့သူတွေ အများကြီးရှိတယ်။ အဲဒီတော့ ထင်ရာမြင်ရာ ပြောတဲ့အထဲက ကိုယ်က အမှန်သိဖို့တော့ ကြိုးစားရမယ်ပေါ့။ အမှန်သိဖို့ ကြိုးစားတယ်ဆိုတာ နိဗ္ဗာန်ရဲ့အကြောင်း ရေးထားတဲ့အထဲကနေပြီး တကယ့်ကို နိဗ္ဗာန်ဆိုတာ ဘယ်လိုဟာမျိုးလဲ။ နိဗ္ဗာန်နဲ့ပတ်သက်လာပြီး တစ်ချို့အချက်တွေကို metaphorical အနေနဲ့ ရေးထားတာမျိုးတွေရှိတယ်။ အဲဒီတော့ မြတ်စွာဘုရားဟောထားတဲ့ ဓမ္မစကြာတရားကို အလေးထားကြည့်။ ဘုန်းကြီးတို့ မြန်မာပြည်မှာ “မြတ်ဗုဒ္ဓဒေသနာ” ဆိုတဲ့ အမည်နဲ့ ဘာသာပြန်ထားတဲ့ သီဟိုဠ်က ဒေါက်တာဝါပိုလာရာဟုလ ဆိုတဲ့ ဘုန်းကြီးတစ်ပါး ရေးထားတဲ့ What the Buddha Taught ဆိုတဲ့ စာအုပ်ရှိတယ်။

အဲဒါလည်း သာမန်ပုဂ္ဂိုလ်တွေက မသိဘူးပေါ့။ အပြောကောင်းတော့ ဟုတ်နိုးနိုး ဖြစ်သွားတတ်တယ်။ အဲဒါကြောင့် အခုလို ဓမ္မသင်တန်းမျိုးတွေရှိတာ သိပ်ကောင်းတယ်နော်။ ဆရာမကြီးကိုလည်း ကျေးဇူးတင်စရာ ကောင်းတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ကယ့် ထေရဝါဒ Tradition အရ အစဉ်အလာ စာပေအတိုင်း သင်ကြားပေးတာဟာ အလွန်ကောင်းတယ်။

ဒါတောင် interpretation problem ဆိုတာ ဖြစ်လာနိုင်သေးတယ်။ ဘာသာပြန်တဲ့နေရာမှာ ပြဿနာရှိသေးတယ်။ ဒီလို မူရင်းကျမ်း သင်တာတောင်မှ ပြဿနာက ရှိလာသေးတယ်။ ခုနကလို အပေါ်ယံစာတွေ သူကြိုက်လို့သူရေး၊ ကိုယ်ကြိုက်လို့ကိုယ်ရေးတဲ့စာတွေ ဖတ်မယ်ဆိုလျှင် ပိုပြီး ပြဿနာတက်နိုင်တယ်။ ရှုပ်ထွေးသွားပြီး နောက်ဆုံးမှာ အာနကစည်ကြီးလိုပေါ့။ အာနကစည်ကြီးမှာ ဟိုနားကပေါက် ဖာလိုက်၊ ဒီနားကပေါက်ဖာလိုက်နဲ့ နောက်ဆုံးကျတော့ မူလစည်ကြီးမရှိတော့ဘူး။ အသစ်တွေချည်း အဲဒီစာအုပ်ထဲမှာ နိဗ္ဗာန်ကို စကားလုံးဖြင့်ဖော်ပြခြင်းငှာ မစွမ်းနိုင်ဘူးဆိုတဲ့ အသုံးကိုသုံးပြီး ရေးထားတယ်။ ဒါက ဘာကိုသံယောင်လိုက်ထားတာလဲဆိုတော့ Hinduism က စကားလုံးကို သံယောင် (follow) လိုက်ထားတာ။ Hinduism မှာ “ဗြဟ္မာဆိုတဲ့အရာကို စကားလုံးဖြင့် ဖော်ပြခြင်းငှာ မစွမ်းဘူး” ဆိုတဲ့ အသုံးရှိတယ်။ အဲဒီနောက် သံယောင်လိုက်ပြီးရေးထားတာ။ အဲဒီတော့ စာအုပ်မှာပါတာ အကုန်လုံးမှတ်ဖို့ မကောင်းဘူးပေါ့။ သတိတရားနဲ့ ဖတ်ရှုဖို့တော့ လိုအပ်တယ်ပေါ့။

မြန်မာပြည်မှာရေးတဲ့ စာအုပ်တွေလည်းရှိတယ်။ ဗုဒ္ဓနဲ့ ဗုဒ္ဓဝါဒဆိုတာတွေ။ တကယ်ကတော့ ဗုဒ္ဓကတော့ ဟုတ်ပါတယ်။ ဗုဒ္ဓဝါဒ ဆိုပြီး ရေးတာကတော့ င့ါဝါဒ ဖြစ်နေတယ်။ “ဗုဒ္ဓနှင့် ငါ့ဝါဒ” ဆိုလျှင်တော့ မှန်မှာပေါ့။ တစ်ချို့က ကိုယ်ကြိုက်တာ ကိုယ်တင်ပြသွားတာလေ။ ကိုယ့်အထင်အမြင်တွေနဲ့။ တရားဟောတဲ့အခါမှာ လည်း အတူတူပဲ။ ဘုန်းကြီးတို့လည်း သတိထားရမှာ ပေါ့။ အချို့က ကိုယ့်ဝါဒကိုယ် ထည့်ပြောသွားတာ။ စာထဲပေထဲက မဟုတ်ဘူး။ ဖြစ်သွားတယ်။

အဲဒါမျိုးလိုပဲ မြတ်စွာဘုရားရဲ့ တရားစစ်၊ တရားမှန် တွေဟာ နောက်ဆုံးကျတော့ ကွယ်သွားနိုင်တယ်။ ဟိုလူက တစ်မျိုးရေးလိုက်၊ ဒီလူကတစ်မျိုး တင်ပြလိုက် နဲ့။

မူရင်းအတိုင်း လေ့လာလိုက်စားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ နိဗ္ဗာန်ဆိုတဲ့သဘောကို အကျဉ်းချုပ် မှတ်ချင်လို့ရှိရင် ဓမ္မစကြာအတိုင်းမှတ်တာ အကောင်း ဆုံးပဲ။ ဓမ္မစကြာက ဘယ်လိုဆိုတုန်းဆိုရင် 'ဒုက္ခ နိရောဓော' တဲ့။ ဒုက္ခနိရောဓ လို့ ဗုဒ္ဓက နိဗ္ဗာန်ကို နာမည်တပ်ခဲ့တာပဲလေ။ ဒုက္ခဆိုတာ ဘာတွေတုန်း ဆိုလျှင် ဗုဒ္ဓက ဟောထားခဲ့တာပဲ။ ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ ဒုက္ခသရုပ်တွေ ထုတ်ပေး ထားခဲ့တာပဲ။ နောက်ဆုံးမှာ သံခိတ္တေန ပဉ္စုပါဒါန က္ခန္ဒာ ဒုက္ခာ၊ ကိုယ်ရထားတဲ့ ခန္ဓာကြီးဟာ ဒုက္ခတဲ့။ အဲဒါတွေ ငြိမ်းသွားတာ နိဗ္ဗာန်လို့ဆိုတော့ ရှင်းနေပြီပဲ။ 'ယော တဿါယေဝ တဏှာယ အသေသ ဝိရာဂ နိရောဓေါ' ဆိုတာ အကြောင်းကို ဟောထားတာ။ တဏှာငြိမ်းမှ ဒုက္ခငြိမ်းတယ်။ နာမည်ပေးကတည်းက 'ဒုက္ခနိရောဓ' တဲ့။ ရှင်းပြတဲ့အခါ 'တဏှာနိရောဓ' နဲ့ ရှင်းပြတယ်။ ဘာကြောင့်လဲ။ မြတ်စွာဘုရားတွေက အကျိုးတရားပေါ်မှာ အလုပ်မလုပ်ဘူး။ အကြောင်း တရားပေါ်မှာအလုပ်လုပ်တယ်။ ဒါကြောင့်မို့ အကြောင်း ကို ကြည့်ပြီးဟောတာ။ ခုနက အနာဂတံသဉာဏ် ဆိုတာ အကြောင်းကိုကြည့်ပြီး အကျိုးကိုဆုံးဖြတ်တာ။ အဲဒါ 'အနုမာန' ခေါ်တယ်။ ဒီအကြောင်းဟာ လုံလောက်တဲ့ အကြောင်းဆိုလျှင် ဒီအကျိုးကိုရမှာ ဆိုတာ သေချာပြောလို့ရတယ်။ သေချာပြောနိုင်တာ ပေါ့။ အဲဒီတော့ မြတ်စွာဘုရားက နိဗ္ဗာန်လို့ ပြောတဲ့ အခါမှာ အကျိုးရဲ့ချုပ်ငြိမ်းမှု၊ ဒုက္ခနိရောဓ ဆိုတဲ့ နာမည်နဲ့ နိဗ္ဗာန်ကို ဖော်ပြပြီးတဲ့အခါ ထို ဒုက္ခနိရောဓ သည် တဏှာနိရောဓဖြစ်မှာသာ ဖြစ်သောကြောင့် 'ယောတ ဿာ ယေဝ တဏှာယ အသေသဝိရာဂနိရောဓ' အကြွင်းအကျန်မရှိအောင် ချုပ်ငြိမ်းဖို့လိုတယ် ပေါ့။

နောက်ဆုံး အကြွင်းအကျန်မရှိဘူးဆိုတာ ကိုယ် ရထားတဲ့ တရားအပေါ်မှာ တွယ်နေသေးလျှင် 'ဓမ္မရာဂ ဓမ္မနန္ဒိ' ခေါ်တယ်။ တဏှာကျန်နေသေးတယ်။ အချို့ ယောဂီပုဂ္ဂိုလ်တွေလို တရားအားထုတ်လို့ကောင်းပြီ ဆိုလျှင် သူ့သမာဓိလေးကို သဘောကျ၊ သူ့အသိဉာဏ် လေးကို သဘောကျနေတယ်။ ဒါ တွယ်တာတာပဲ။ အဲဒီအတွယ်လေး ရှိနေသေးရင် အထက်တက်လို့ မရဘူး။ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ အတွယ်တွေ လုံးဝကင်းသွားမှရမယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက “အဓမ္မကို မပြော နဲ့၊ ဓမ္မကိုတောင် မတွယ်ရဘူး” တဲ့။ ခုခေတ် အများစုက ဘာတုန်းဆိုလျှင် အဓမ္မကို တွယ်နေတာ။ ဓမ္မကိုတွယ်တာ မဟုတ်ဘူး။ အဲဒီတော့ မြတ်စွာဘုရားက အဓမ္မကို ပယ်ခိုင်းတယ်။ ဓမ္မအပေါ် တွယ်တာကိုလည်း ပယ်ခိုင်းတယ်။ ဒါကြောင့် ဓမ္မကို မြတ်စွာဘုရားက ဖောင်ကြီးနဲ့ ဥပမာပေးပြီးတော့ ဟောထားတာရှိတယ်လေ။ မဇ္စျိမနိကာယ်မှာ။ ဖောင် ဆိုတာ ဘာလုပ်ဖို့တုံးဆိုလျှင် မြစ်ပင်လယ်ကြီးကို ဖြတ်ကူးဖို့ပဲ အသုံးချတာ။ ဓမ္မ ကလည်း ဘာအတွက် အသုံးချတာလဲ။ သံသရာ ပင်လယ်ကြီးကို ဖြတ်ကူးဖို့ အတွက်ပဲ အသုံးချတာ။ ဟိုဘက်ကမ်းရောက်သွားလျှင် မလိုတော့ဘူး။ ဟိုဘက်ကမ်းရောက်သွားပြီးမှ ဒီဖောင် ကြီးကို ငါထမ်းသွားမှပဲဆိုလျှင် မဟုတ်တော့ဘူး။ စွဲနေ သေးလျှင် မဟုတ်တော့ဘူး။ အဲဒါကြောင့်မို့ မြတ်စွာ ဘုရားက “ဓမ္မကိုတောင် ငါက ပယ်ဖို့ဟောတာတဲ့။ အဓမ္မ ဆိုလျှင်တော့ မပြောနဲ့တော့“တဲ့။ ဆိုလိုတာက ကျင့်သုံးလိုက်နာ၊ ပြီးလျှင် ဒီဓမ္မပေါ်မှာ တွယ်တာစရာ မလိုတော့ဘူး။ ဖောင်နဲ့ဥပမာပေးထားတယ်။ ဖောင်ဟာ ဖြတ်ကူးပြီးလို့ရှိလျှင် 'ဩော်၊ ငါ ဒီဖောင်ကြီးကြောင့် ဒီဘက်ကမ်း ရောက်လာရပြီ' လို့ ဒီလောက်ပဲ အသိ အမှတ်ပြုပြီး သွားတော့၊ ကိုယ်သွားချင်တဲ့ဆီ။ ဒီဖောင် ကြီး ကြည့်ပြီး သိမ်းနေစရာမလိုဘူးလို့ ပြောတာ။

အဲဒါကြောင့်မို့ နိဗ္ဗာန်ဆိုတဲ့တရားဟာ အလွန် သိမ်မွေ့တယ်။ ကိုယ်တိုင် မျက်မှောက်ပြုမှ သိမယ်။ သာမန်ပုဂ္ဂိုလ်တစ်ယောက်က ကိုယ်တိုင်လည်း နိဗ္ဗာန် ကို မရောက်ဘူးဘဲနဲ့ နိဗ္ဗာန်အကြောင်းကို ပြောတယ် ဆိုတာ သိပ်ပြီးတော့ မြင့်လွန်းအားကြီးပါတယ်နော်။

မေးခွန်း(၁၄)

အဘိဓမ္မာ ဒုတိယဆင့် အောင်မြင်ပြီးတဲ့ သင်တန်းသူတစ်ဦးက နိဗ္ဗာန်ဆိုင်ရာမေးခွန်းပဲ မေးထား ပါတယ်ဘုရား။

“အနုပါဒိသေသ နိဗ္ဗာန်သို့ ဝင်စံတော်မူပြီးကြကုန် သော မြတ်စွာဘုရားအဆူဆူ၊ ရဟန္တာပုဂ္ဂိုလ်မြတ်များ၏ ဓာတ်သဘာဝများသည် ယခုထက်တိုင် ကျန်ရှိနေသေး တယ်ဆိုတာကို သိချင်ပါတယ် ဘုရား။

ဖြေဆိုခြင်း

ကျန်ရှိနေသေးတယ် ဆိုတာနဲ့ ပတ်သက်ပြီး အနုပါဒိသေသ နဲ့ ဥပါဒိသေသကို ရှင်းကြည့်ရအောင်။ “ဥပါဒိ” ဆိုတာ ဘာကိုပြောတာတုန်းဆိုတော့ ကံတို့၊ ကိလေသာတို့က အကျိုးအဖြစ် ရယူထားတဲ့အရာ။ ကံတွေ၊ ကိလေသာတွေက ထုတ်လုပ်ထားတဲ့ အကျိုး တရားတွေကို “ဥပါဒိ” လို့ပြောတာ။ ဆိုပါစို့။ ဘုရား အလောင်း မဟာဗောဓိပင်အောက်မှာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ဉာဏ်ကိုရပြီး ဘုရားဖြစ်တဲ့အချိန် မြတ်စွာ ဘုရားရဲ့သန္တာန်မှာ အစမထင် သံသရာကနေ ကိန်းလာ တဲ့ ကိလေသာတွေ လုံးဝဖယ်ရှားပြီး ဖြစ်သွားတယ်။ သို့သော် ဘာကျန်နေတုန်းဆိုလို့ရှိရင် ထိုကိလေသာတွေ ကနေ ထုတ်လုပ်ထားတဲ့ခန္ဓာ ကျန်နေတယ်။ အဲဒါကို “ဥပါဒိသေသ” လို့ ခေါ်တယ်။ “ဥပါဒိ” ဆိုတာ ကံ၊ ကိလေသာ အကြောင်းတရားတွေကနေ ထုတ်လုပ် ထားတဲ့ အကျိုး၊ “သေသ” ဆိုတာ ကျန်နေတယ်၊ Remain ဖြစ်နေတယ်လို့ဆိုလိုတယ်။ အဲဒီ Remain ဖြစ်နေတဲ့အချိန်မှာ ရထားတဲ့နိဗ္ဗာန်ကို “ကိလေသ နိရောဓ” ကိလေသာငြိမ်းသွားတာပဲရှိတယ်။ ကိလေသာ ရဲ့ အကျိုးဆက်ခန္ဓာ မငြိမ်းသေးဘူးလို့ပြောတာ။

ဆိုပါစို့။ ထမင်းချက်ပြီးတဲ့အခါ မီးကိုငြိမ်းလိုက် တယ်။ မီးတော့မရှိတော့ဘူး။ ဒါပေမဲ့ ထမင်းရှိနေတယ်၊ အကျိုးဆက် ရှိနေသေးတယ်။ သို့မဟုတ် အပူငွေ့ ရှိနေ သေးတယ်လို့ ပြောလို့ရသလိုပဲပေါ့။ သူ့ရဲ့အကျိုးဆက် ရှိနေသေးတယ်လို့ ဒီလိုပြောတာ။ “သဥပါဒိသေသ” နိဗ္ဗာန်ဆိုတာ ကိလေသ နိရောဓ၊ ကိလေသာတွေ ငြိမ်းသွားတဲ့ နိဗ္ဗာန်။

အဲဒီကနေ မြတ်စွာဘုရား (၄၅)ဝါ ကာလပတ်လုံး တရားဓမ္မတွေ လှည့်လည်ဟောတာ။ နောက်ဆုံး သက်တော်(၈၀)ရှိတဲ့အခါ ကုသိနာရုံအင်ကြင်းမြိုင်မှာ မြောက်ဘက်ကို ဦးခေါင်းထားပြီးတော့ အနောက်ဘက် ကို မျက်နှာမူလိုက်တယ်။ နေဝင်တဲ့ဘက်ကို မျက်နှာမူ တယ်။ မြောက်ဘက်ကို ဦးခေါင်းထားလိုက်ကတည်းက မျက်နှာက အနောက်ဘက် ရောက်သွားပြီ။ လက်ယာ ဘက် စောင်းအိပ်တာကိုး။ လက်ယာဘက်နှင့် လျောင်း သည့်အတွက်ကြောင့် နေဝင်တဲ့ဘက်ကို ကြည့်ပြီးသား ဖြစ်သွားတယ်။ ဘုရားပွင့်တော်မူတုန်းက အရှေ့ဘက်ကို ကြည့်ပြီးပွင့်တာ။ ဘယ်လိုအဓိပ္ပာယ်ရှိတုန်းဆိုတော့ အရှေ့ဘက်က နေထွက်တာ။ ကမ္ဘာကြီးကို အလင်း ရောင်ပေးဖို့ နေဟာ အရှေ့က ထွက်ပေါ်လာတာ။ အနောက်ဆိုတာက နေဝင်ပြီး အလင်းရောင် ချုပ်ငြိမ်း သွားတဲ့ နေရာပဲ။ အဲတော့ မြတ်စွာဘုရားဟာ သူ ပရိနိဗ္ဗာန်စံသွားလျှင် တရားဓမ္မအလင်းကြီး ပျောက် ကွယ်တော့မယ်။ နေမင်းကြီးဟာ ဝင်တော့မယ် ဆိုတဲ့ အဓိပ္ပာယ်ကိုပြသွားတယ်လို့ တွေးကြည့်ရတာပေါ့နော်။ မြတ်စွာဘုရားမှာ ကိလေသာတွေ လုံးဝချုပ်ငြိမ်းပြီး ခန္ဓာက Remain ဖြစ်နေတယ်။ ရုပ်နာမ် ခန္ဓာနှစ်ခုဟာ အကြောင်းငြိမ်းသွားသည့်အတွက်ကြောင့် မဆက်တော့ ဘူး။ အကြောင်းဆိုတာ ဥပမာ မီးတောက်လေးကို ကြည့်ပေါ့။ ဆီမီးတောက်လေးကို ကြည့်မယ်ဆိုရင် ဆီကလည်း ရှိနေသေးတယ်။ မီးစာကလည်း ရှိနေသေး တယ်။ ဒီ (၂)ခု ရှိနေသေးလျှင် ဆက်ပြီးလောင်နေမှာပဲ။ နောက်ဆုံးကျတော့ ဆီလည်း ခမ်းသွားတယ်။ မီးစာ လည်း ကုန်သွားတယ်။ ကုန်သွားရင် မီးတောက်ကလေး ငြိမ်းသွားမယ်၊ အဲဒီမီးတောက်ကလေး ငြိမ်းသွားတာကို စဉ်းစားကြည့်ပေါ့။ ဘယ်ရောက်သွားတယ်လို့ ပြောလို့ရ မလဲ။ ဘယ်ရောက်သွားတယ်လို့ ပြောလို့မရဘူး။ အကြောင်းတွေ ကုန်သွားလို့ မီးတောက်ဆိုတဲ့ အကျိုး တရားလေးဟာ ကုန်ဆုံးသွားတယ်။ ဒီလိုပဲ ပြောလို့ ရမှာပေါ့။ “အနုပါဒိသေသ နိဗ္ဗာန်” ဆိုတာ အဲဒါမျိုး ပြောတာ။ လောင်စာတွေ ဘာမှ မရှိတော့ဘူး။ အကြောင်းတရားတွေအားလုံး ရပ်သွားလို့ အကျိုးဆက် ပျက်သွားတာဟာ အနုပါဒိသေသ နိဗ္ဗာန်၊ အဲဒီနိဗ္ဗာန်မှာ ကျန်စရာဆိုလို့ ဘာရှိဦးမလဲ။ ဘာမှမရှိဘူး။ ဘာမှမရှိတာကို ကြံဖန်ပြီးတော့ ဂေါတမ မြတ်စွာ ဘုရားဟာ နိဗ္ဗာန်မှာ ရှိနေသေးတယ်ဆိုလျှင် စာအုပ် တစ်အုပ်ထဲ ရေးထားတဲ့အတိုင်းဖြစ်မယ်။ “တစ်ညမှာ သူအိပ်နေတဲ့အခန်းတံခါး လာခေါက်တယ်။ ထွက်ကြည့် လိုက်တော့ ဂေါတမမြတ်စွာဘုရား ဖြစ်နေတယ်“တဲ့။ (ရယ်သံများ) တစ်ချို့ရဲ့ အယူအဆတွေက အဲဒီလို ရှိတယ်။

မြတ်စွာဘုရားကိုယ်တိုင်က ဒုက္ခတွေ ချုပ်သွားပါပြီ လို့ ပြောတာ။ ပြီးတော့ ဘုရားက သုတ္တန်တွေမှာ ဟောထားတဲ့ 'အပ္ပညတ္တိကော' တဲ့၊ ခေါ်စရာမရှိတော့ဘူး လို့ပြောတာ။

အဲဒါကို တစ်ချို့က ယောင်မှားပြီး အဲဒါဟာ ဥစ္ဆေဒ ဒိဋ္ဌိ မဖြစ်ဘူးလားတဲ့။ ဥစ္ဆေဒ တို့၊ သဿတ တို့ ဆိုတာ အတ္တကိုကိုင်စွဲပြီး ပြောတဲ့စကားတွေ။ “အတ္တ” ရှိနေတယ်ဆိုတဲ့ အယူကို ယူပြီးတော့ ပြောတဲ့အခါ ဥစ္ဆေဒ နှင့် သဿတ က ပြောလို့ရတယ်။ ဥစ္ဆေဒ၊ သဿတ ဆိုတာ “အတ္တဒိဋ္ဌိ” ကနေ ပေါက်ဖွားလာတဲ့ အယူအဆတွေသာ ဖြစ်တယ်ပေါ့။ ဒါနဲ့မဆိုင်ဘူး။

အင်္ဂုတ္တိုရ်က သုတ္တန်တစ်ခုမှာ ဥစ္ဆေဒဒိဋ္ဌိသမားဟာ နိဗ္ဗာန်နဲ့ အလွန်နီးတယ်လို့ ဟောထားတာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူလည်း ချုပ်ငြိမ်းတယ်ဆိုတာကို ယူဆတာကိုး။ အဲဒါကြောင့် နိဗ္ဗာန်နဲ့ နီးစပ်တယ်လို့ ပြောတာ။ သို့သော် သူက အကြောင်းမရှိဘဲနဲ့သက်သက် သူ့အထင်နဲ့တင် ချုပ်နေတာ ဖြစ်သည့်အတွက်ကြောင့် အမှန်တရားမဟုတ်ဘူး။ အကြောင်းချုပ်မှ ချုပ်တဲ့ အချုပ်ကမှ တကယ် အစစ်အမှန်။ ဆိုလိုတာက အကြောင်းပျက်အောင် လုပ်ရမယ်။ အကြောင်း ပျက် သွားလျှင် အကျိုးပျက်သွားတယ်လေ။ ဒါမှ မှန်တယ်။

ဘယ်မှ မေးမနေနဲ့လေ။ ဆီမီးခွက်ကလေး၊ ဖယောင်းတိုင်ကလေး ထွန်းကြည့်၊ ဖယောင်းဆီလေး လည်း ရှိနေမယ်၊ မီးစာလေးလည်းရှိနေမယ်ဆိုလျှင် မီးတောက်ကလေး ရှိနေမှာပဲ။ ဖယောင်းဆီလည်း ကုန်သွားပြီ၊ မီးစာလည်း ကုန်သွားပြီဆိုလျှင် မီးတောက် ကလေး ငြိမ်းသွားမှာပဲ။ နိဗ္ဗာန်ရဲ့သဘောက အဲဒါလိုပဲ။ သံသရာရဲ့သဘောက ဖယောင်းဆီတွေ ထည့်ထည့် ပေးနေတာနဲ့တူတယ်။ လောင်စာတွေ ထပ်ထည့်ပေးနေ လျှင် ဆက်လောင်နေတယ်ပေါ့။ အဲ့ဒီ မီးတောက် ကလေး ငြိမ်းသလိုပဲ နိဗ္ဗာန်ဆိုတာ အဲဒီလို ငြိမ်းသွား တာ။

လောကလူတွေက လောဘနဲ့ တွေးတာကိုး။ ချုပ်ငြိမ်းသွားတယ်ဆိုလျှင် ကြောက်စရာကြီးလို့ တွေးထင်တာ။ ဘဝတဏှာက ရှိနေတာ။ ဆက်လက် ဖြစ်နေတာကို လိုချင်တာဆိုတော့ မဖြစ်တော့ဘူးဆိုတဲ့ နိဗ္ဗာန်ဟာ ကျောချမ်းစရာကြီး ဖြစ်သွားတယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက ဒုက္ခလို့မြင်အောင် ကြည့်ခိုင်းတာလေ။ ဒုက္ခဆိုတဲ့ နာမည်ဆိုးနဲ့ ပေးထား တာ၊ နာမည်ဆိုးကို ကျကျနန နားလည်သွားလို့ရှိရင် မလိုချင်တော့ဘူး။ မလိုချင်ရင် “နိဗ္ဗိန္ဒတိ“ဆိုတာ ဖြစ်လာ တယ်။ “နိဗ္ဗိန္ဒတိ“ဆိုတာ ဝိပဿနာဉာဏ် ဖြစ်တာကို ပြောတာ။

“ဝိမုစ္စတိ” ဆိုတာ တဏှာမှ လွတ်သွားတာကို ပြောတာ။ တဏှာကင်းသွားတာနဲ့ ဝိမုစ္စတိ လွတ်သွားတယ်။ အဲဒီလို အလွတ်မျိုးလို့ ဆိုလိုတယ်။ ဘယ်က လွတ်သလဲဆိုတော့ ပထမတဏှာက လွတ်သွားတာ။ တဏှာက ကင်းလွတ်သွားပြီဆိုလျှင် ဘာကလွတ်သလဲ ဆိုတော့ ဒုက္ခက လွတ်တယ်။ အဲဒါကိုပဲ နိဗ္ဗာန်လို့ အဓိပ္ပာယ်ရပါတယ်။

အဲဒီတော့ ဘဝကို လိုချင်နေသမျှ ကာလပတ်လုံး တဏှာရှိတယ်၊ အတွယ်အတာရှိတယ်။ ပုဂ္ဂိုလ်တွေရဲ့ ရှုထောင့်က ကြည့်မယ်ဆိုလျှင် နိဗ္ဗာန်ဟာ ကြောက်စရာ ကြီးပဲလို့ မြင်နေဦးမှာပဲ။ ဒုက္ခကို ဒုက္ခလို့ သေချာမြင်လာ ပြီဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ မရှိတာဟာ အေးချမ်းတယ်လို့ မြင်လိမ့်မယ်။ မရှိတဲ့အေးချမ်းခြင်းကို “သန္တိသုခ” လို့ ခေါ်တယ်။ ရှိနေတဲ့ဒုက္ခက အများကြီးကို။ မရှိတော့ ဘူးဆိုလျှင် အေးချမ်းတာဟာ “သန္တိသုခ” ပဲ။ အရှင်သာရိပုတ္တရာ မိန့်ကြားထားတဲ့ စကားလေး တစ်ခုက 'သုခမိဒံ အာဝုတော ယဒိဒံ နိဗ္ဗာနံ' ငါ့ရှင်တို့၊ ဟောဒီ နိဗ္ဗာန်ဟာ သိပ်ချမ်းသာတယ် လို့ အဲဒီလိုပြောတာ။ အဲဒီတော့ ဥဒါယီ ဆိုတဲ့ ကိုယ်တော်က ထောက်တယ်။ 'အရှင်ဘုရား၊ နိဗ္ဗာန်မှာ ခံစားတာ မရှိဘူးမဟုတ်လား၊ ဘာဖြစ်လို့ ချမ်းသာတယ်လို့ ပြောရ ပါသလဲ' ဆိုတော့ အရှင်သာရိပုတ္တရာက ပြန်ဖြေတယ်။ 'အဲဒီလို ခံစားမှုမရှိတာကိုက ချမ်းသာတာ' တဲ့။ ခံစားမှု ရှိနေသေးလျှင် မချမ်းသာဘူးတဲ့။ ဟုတ်တယ်။ ခံစား တယ်ဆိုတာ ပြောင်းလဲနေတတ်တယ်။ ပြောင်းလဲမှု တွေနဲ့ ကြုံနေရမှာပဲ။ အဲဒါကြောင့်မို့ နိဗ္ဗာန်ရပြီးတဲ့ နောက်မှာ ဘာရှိသေးတယ်၊ ညာရှိသေးတယ်နဲ့ ဒါတွေ ထပ်တွေးနေစရာ မလိုပါဘူး။

မေးခွန်း(၁၅)

“အလှူဒါနပြုရာတွင် အလုံးစုံသော ကောင်းကျိုး အဖြာဖြာရစေနိုင်ရန် စနစ်တကျ ဉာဏ်ယှဉ်၍ လှူဒါန်း နည်းကို သိလိုပါသည်”

ဖြေဆိုခြင်း

ဝေလာမသုတ္တန်မှာ မြတ်စွာဘုရားဟောထားတာ ကို မှတ်ထားဖို့ပါ။ စနစ်တကျ လှူဒါန်းတယ် ဆိုတဲ့ နေရာမှာ ကိုယ်လုပ်ရမယ့်ကိစ္စက အရေးကြီးတာ။ အဲဒီတော့ ဝေလာမသုတ္တန်အရ မြတ်စွာဘုရားက အလှူ ပစ္စည်းဟာ ညံ့တာဖြစ်စေ၊ ကောင်းတာဖြစ်စေ၊ နည်းတာဖြစ်စေ၊ များတာဖြစ်စေ အဓိကမကျဘူးတဲ့။ အဓိကကျတာ ဘာတုန်းဆိုလျှင် လှူပြီဆိုလျှင် 'သက္ကစ္စံ ဒါနံ ဒေတိ' - တလေးတစား လှူဖို့၊ mindfulness ဖြစ်ဖို့လိုတယ်ပေါ့။ အမှတ်တမဲ့ လှူလိုက်တာမျိုး မဖြစ်ရ ဘူး။ စိတ်အားတွေအားလုံး စုစည်းပြီးတော့၊ ခုခေတ် ကလေးတွေ ပြောတယ်မဟုတ်လား။ ကီးသွင်းပြီးတော့ ဆိုတာ။ (ရယ်သံများ) အဲဒီလို ကီးသွင်းဖို့လိုတယ်။ ကိုယ်ရဲ့ ဒါနကောင်းမှုလေးကို စိတ်က အားသွန်စိုက် လုပ်တာ။ အဲဒီလို mindfulness ဖြစ်အောင်လုပ်ပြီး လှူပါတဲ့။ ဒါက 'သက္ကစ္စံဒါနံဒေတိ'။

နောက်တစ်ခုက 'စိတ္တီကတွာ ဒါနံ ဒေတိ' ကိုယ့် စိတ်လေးကို ပြင်ဆင်ပြီးတော့ လှူပါတဲ့။ လှူတဲ့အခါမှာ အမှတ်တမဲ့ မလှူဘဲ သူများလှူလို့ လှူလိုက်တယ်။ 'ရော့ အင့်' အဲလို အလွယ်တကူ ပေးလိုက်တယ်။ ကိုယ့်မှာ ရှိနေလို့။ ပိုနေလို့ ပေးလိုက်တယ်ဆိုပြီး မျိုးစုံရှိတယ် လေ။ စိတ်က သိပ်ပြီးထက်မြက်တာမျိုး မရှိဘူး။ အဲဒီလို မလုပ်ပါနဲ့။ 'စိတ္တီကထွာ' စိတ်ကိုပြုပြင်ပြီး လှူပါတဲ့။ 'သဟတ္ထာ ဒါနံ ဒေတိ' ကိုယ်တိုင်လှူပါတဲ့။ ကိုယ်တိုင် လှူတယ်ဆိုတာ အလေးအနက်ထားတဲ့ သဘောကို ဖော်ပြတာ။ နောက်ပြီးတော့ 'အနပဝိဒ္ဓံ ဒါနံ ဒေတိ' စွန့်ပစ်တဲ့ပစ္စည်းကို လှူတာလို မလုပ်ပါနဲ့တဲ့။ တချို့က မလိုလို့ လှူလိုက်တာ။ ဒါကြောင့်မို့ “မကောင်း ကျောင်းပို့” ဆိုတာ ရှိတယ်လေ။ (ရယ်သံများ) ဆရာတော်ကြီးတစ်ပါး တရားဟောတာ ကြားဖူးတယ်။ လူတစ်ယောက် အနိစ္စရောက်သွားလို့ရှိရင်တဲ့ သူဝတ် တဲ့ အဝတ်တွေတို့၊ သူ့အိပ်သွားတဲ့ ခုတင်တို့ ဘာတို့ ဘုန်းကြီးကျောင်းပို့လိုက်တယ်။ သူဝတ်သွားတဲ့ လက်စွပ် ကို ဘာတို့ကတော့ မပို့ပါဘူးတဲ့။ (ရယ်သံများ)။ အဲဒီလို စွန့်ပစ်တဲ့အနေမျိုးနဲ့ မလှူရဘူးတဲ့။

နောက်တစ်ခုက 'အာဂမနဒိဋ္ဌိကော' ဒါက အင်မတန် အရေးပါတယ်ပေါ့။ ကိုယ်လုပ်တဲ့ အလုပ် တစ်ခုဟာ နည်းနည်းလုပ်လုပ်၊ များများလုပ်လုပ် အကျိုး တရားဟာ ကိုယ့်ဆီရောက်လာမှာဆိုတဲ့ ယုံကြည်ချက် ရှိရမယ်၊ အမြင် ရှိရမယ်၊ အသိဉာဏ် ရှိရမယ်။ အသိဉာဏ်ရှိရှိ လှူရမယ်လို့ ဆိုလိုတယ်။ ဒါဟာ ဝေလာမသုတ္တန်မှာ ဘုရားပေးထားတဲ့ နည်းစနစ် ဖြစ်မယ်။ မြတ်စွာဘုရားက အနာထပိဏ် သူဌေးကို ဆုံးမပြီး ဩဝါဒပေးတဲ့စကား။ ဒီအတိုင်း လှူမယ် ဆိုလျှင်တော့ အလှူဒါနနဲ့ အကျိုးဟာ ပြည့်ပြည့်ဝဝ အကျိုးရပါတယ်။

မေးခွန်း(၁၆)

“ပြုပြီးသော အကုသိုလ်များကို မည်ကဲ့သို့ ပယ်ရ ပါမည်နည်းဘုရား”

ဖြေဆိုခြင်း

ပြုပြီးသော အကုသိုလ်များကို ပယ်တယ်ဆိုတာ isolate လုပ်ပစ်တာ။ နောက်ထပ် ထပ်ပြီးတော့ repeatation မလာအောင်လုပ်တာ။ ရှိပြီးသားကတော့ အမာရွတ်လို ကျန်နေမှာပဲ။ ကုသိုလ်ဖြစ်ဖြစ်၊ အကုသိုလ် ဖြစ်ဖြစ် ဖြစ်လာပြီးလျှင်တော့ remain ဖြစ်သွားမှာ။

Process မှာ remain ဖြစ်သွားမှာ။ ကိုယ်လုပ်ပြီးသား တစ်ခုဟာ မလုပ်ဘူးလို့ ပြောလို့မရဘူးလေ။ သို့သော် သူ့ကို အားနည်းသွားအောင် လုပ်လို့ ရတယ်။ ကံတွေ အကျိုးပေးနိုင်အောင် ကူညီတဲ့ အကြောင်းတရားတွေ ရှိတယ်။ ဘာတွေရှိလဲဆိုလျှင် ကိလေသာ။ အဲဒီ ကိလေသာတွေကို ဖယ်ရှားပစ်လိုက် လို့ရှိရင် ဒီကံဟာ လုံးဝ အကျိုးပေးလို့ မရတော့ဘူး။ ဖယ်ပစ်လိုက်တာ။ အဲဒီတော့ အကုသိုလ်ကို ပယ်တယ် ဆိုတာက ပထမ အားနည်းအောင်လုပ်တယ်။ အဲဒီလို လုပ်နည်းကို ဘုရားက သင်္ခဓမသုတ်မှာ ဟောထားတာ ရှိတယ်။ အကုသိုလ်ကို အကုသိုလ်လို့ မြင်တာက ပထမအဆင့်။ မြင်ပြီးလျှင် ဒါမကောင်းဘူးလို့ သိရမှာက ဒုတိယအဆင့်။ တတိယအဆင့်က နောက်မဖြစ်အောင် စောင့်စည်းတာ။ အဲဒီအတွက် အစားထိုးပြီး ကောင်းတာ တွေချည်းလုပ်တာ စတုတ္ထအဆင့်။ အဲဒီ အဆင့် လေးဆင့်နဲ့ ဖယ်ရှားပစ်မယ်ဆိုလျှင် မကောင်းတဲ့ကံတွေ ကနေ လွတ်သွားတယ်။

နောက်ဆုံးလွတ်ဖို့ အခွင့်အရေးတစ်ခုကတော့ ကံကို အကူအညီပေးနေတဲ့ ကိလေသာတွေ လုံးဝ ကုန်သွားပြီဆိုလျှင် အဲဒီကံကနေ လုံးဝလွတ်မြောက် သွားပြီ။ အဲဒီလို လုံးဝလွတ်မြောက်သွားပြီဆိုတာ ဘဝ တစ်ခုကို ပေးတဲ့ကံကနေ လွတ်မြောက်သွားတာ။ သို့သော် အတိတ်ကလိုက်လာတဲ့ ကံသည် ခန္ဓာကိုယ် ရှိနေသေးသမျှတော့ နှိပ်စက်ဦးမှာပဲလို့ မှတ်ထား ရမယ်။ ဥပမာဖြင့် အရှင်မောဂ္ဂလာန်ကြည့်လေ။ ရဟန္တာ ဖြစ်ပြီးပြီ။ ကိလေသာတွေ ပယ်ပြီးပြီ။ သို့သော် အတိတ်က လိုက်လာတဲ့ကံရဲ့ အပြစ်ဒဏ်ကို ခံရသေး တယ်။ ဒါက အတိတ်ကလုပ်ထားတဲ့ကံ။ အခုပစ္စုပ္ပန်မှာ လုပ်တဲ့ ကံတွေ၊ နောက်ထပ် ဒီကံတွေက အကျိုးပေးဖို့ မရှိတော့ဘူး။ နောက်ထပ်ဘဝတစ်ခုကို သူတို့ မထုတ် လုပ်နိုင်တော့ဘူး။ အဲဒါကိုပြောတာ။ ကံကနေ ထုတ်လုပ်ပြီးသား ဘဝကတော့ ဒုက္ခပေးနေဦးမှာပဲ။ မြတ်စွာဘုရားတောင် ခေါင်းခဲတာတို့၊ ခါးအောင့်တာတို့ ဒုက္ခပေးသေးတာပဲ။

ခန္ဓာကိုယ်ကြီး ရှိနေသေးသမျှတော့ အတိတ်ဘဝ က လုပ်ခဲ့တဲ့ ကံတွေက ဒုက္ခပေးဦးမှာပဲ။ အဲဒါကို တချို့က ယောင်ပြီးတော့ ကိလေသာတွေပယ်ပြီးဖြစ်ပါ လျက်သားနဲ့ ကံက အကျိုးပေးရမလားဆိုပြီး မကျေ မနပ်ဖြစ်တာ ရှိသေးတယ်။ မဟုတ်ဘူး။ ကံရဲ့ အကျိုး ဆက် ဟောဒီခန္ဓာကိုယ်ကြီး ရှိနေသေးသမျှတော့ သူက ဒုက္ခပေးလို့ ရသေးတယ်။ သို့သော် ဒီပုဂ္ဂိုလ်ကို နောက်ထပ် ငရဲကျအောင်တို့ဘာတို့ လုပ်လို့မရတော့ ဘူး။ ပဋိသန္ဓေဆိုတဲ့ အကျိုးကတော့ ပေးလို့မရတော့ ဘူးလို့ ဆိုလိုတယ်။ ပဝတ္ထိ အကျိုးကတော့ အနှောင့် အယှက်ပေးတာတွေ အများကြီးရှိဦးမှာပေါ့။ ဒါကြောင့် မို့ ဒုက္ခတွေအားလုံးငြိမ်းသွားတဲ့ အနုပါဒိသေသ နိဗ္ဗာန် သို့ ရောက်သွားမှသာလျှင် လုံးဝလွတ်သွားတာ။ သဥပါဒိသေသ နိဗ္ဗာန်မှာဆို လာပေးနေဦးမှာပဲ။

နောက်တစ်ခုက မဂ်ဖိုလ်နိဗ္ဗာန် ရပြီးတော့ အမြဲတမ်းနိဗ္ဗာန်ကြီးကို အာရုံပြုနေတယ်လို့ ဒီလို မထင်နဲ့။ မြတ်စွာဘုရား အရဟတ္တဖိုလ်စိတ်နဲ့ အမြဲ နေတယ်လို့ မထင်နဲ့။ ဝိပဿနာရှုပြီး အရဟတ္တဖိုလ် ရောက်မှ အရဟတ္တဖိုလ်ဖြစ်တာ။ ဒီ့ပြင်အချိန်မှာဆို သာမန်စိတ်နဲ့ပဲနေတာ။ မြတ်စွာဘုရားရဲ့ သန္တာန်မှာ ဖြစ်တဲ့စိတ်တိုင်း အသိဉာဏ်ပါတာမဟုတ်ဘူး။ တချို့က နားယောင်တာ ရှိသေးတယ်။ စာပေထဲမှာတောင် ဟသိတုပ္ပါဒ်စိတ်က အဟိတ်စိတ်ဖြစ်တယ်ပေါ့။ မြတ်စွာ ဘုရား ပြုံးတာ ဟသိတုပ္ပါဒ်နဲ့ (ဉာဏ်မရှိတဲ့ စိတ်နဲ့) မပြုံးလောက်ဘူးလို့ ဆိုပြီးတော့ သုံးသပ်ကြတာ ရှိတယ်။ သို့သော် သူတို့မေ့သွားတာ ဘာတုန်းဆိုလျှင် ပဉ္စဒွါရာဝဇ္ဇန်းစိတ်လည်း ဉာဏ်မရှိဘူးလေ။ ဘုရား သန္တာန်မှာ ဖြစ်တာပဲ။ စက္ခုဝိညာဏ်စိတ်၊ သောတ ဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယ ဝိညာဏ်တွေလည်း ဘယ်ဉာဏ်ရှိလို့တုန်း။ သမ္ပဋိစ္ဆိုင်းတို့၊ သန္တီရဏတို့၊ ဝုဋ္ဌောတို့လည်း ဉာဏ်မရှိဘူးလေ။ အဲဒါ တွေတော့ မေ့သွားတယ်။ ဟသိတုပ္ပါဒ်လောက်တင် ပြောတာ။ သို့သော် မြတ်စွာဘုရား ပြုံးတော်မူတယ်ဆိုတဲ့ နေရာမှာ seriouslyပြုံးတာရှိတယ်။ သာမန်ကိစ္စအပေါ် ပြုံးတာရှိတယ်။ သာမန်ကိစ္စဆိုလျှင် ဟသိတုပ္ပါဒ်နဲ့ ပြုံးတယ်။ ကာမအာရုံနဲ့ ပတ်သက်တဲ့ကိစ္စဆိုလျှင် ဟသိတုပ္ပါဒ်နဲ့ ပြုံးတယ်ပေါ့။ အလေးအနက်ကိစ္စ ဆိုလျှင် မဟာကြိယာဉာဏသမ္ပယုတ်နဲ့ ပြုံးတယ်။

တချို့က ဘာကိုထောက်ထားပြီးပြောတုန်းဆိုလျှင် 'သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ ဝစီကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ' မြတ်စွာဘုရား ကြံတွေး သမျှ၊ ပြောဆိုသမျှ၊ ပြုမူသမျှတွေဟာ အားလုံး ဉာဏ် ရှေ့သွားရှိတယ်ဆိုတဲ့ စကားကိုယူပြီး ပြုံးတာလည်း ဉာဏ်ရှေ့သွားရှိတယ်တဲ့။ ဟုတ်တယ်၊ ဉာဏ်ရှေ့သွား ရှိတယ်။ သို့သော် ပြုံးတဲ့အခိုက်မှာ၊ ဒီစိတ်ဖြစ်တဲ့အချိန်မှာ ဆိုင်ရာစိတ်ကလေးသည် ဉာဏ်ရှိချင်မှရှိမယ်။ ဉာဏ် မရှိတဲ့စိတ်တွေ initialization အနေနဲ့ မြတ်စွာဘုရား သန္တာန်မှာ ရှိနေတာပဲလေ။ အဲဒီတော့ ဉာဏ်မရှိတဲ့စိတ် ဘုရားသန္တာန်မှာ မဖြစ်ရဘူးဆိုလို့ရှိရင် ဘုရားမှာ မြင်သိစိတ် ဖြစ်ဖို့တောင် မရှိတော့ဘူးနော်။

မေးခွန်း(၁၇)

“ရိပ်သာဝင်ရောက်ပြီးသူ တော်တော်များများက သောတာပန်၊ သကဒါဂါမ်ဟု အလွန်ကို ပြောဆိုကြပါ သည် ဘုရား။ အရိယပုဂ္ဂိုလ်ဟု မည်သို့သိနိုင်ပါသနည်း ဘုရား”

ဖြေဆိုခြင်း

အဲဒါနဲ့ပတ်သက်ပြီးတော့ တရားဓမ္မ အဆင့် အတန်းဆိုတာ ကိုယ့်ဟာကိုယ် မလိမ်မညာလို့ရှိရင် သိပါတယ်။ အရေးကြီးတာက သူများကိုလိမ်တာထက် ကိုယ့်ဟာကိုယ် လိမ်တာက လူတွေမှာ ပိုများတယ်။ အထင်ရောက်တာပေါ့။ ကိုယ့်ကိုယ်ကို ထင်တာ။ ကိုယ့်မှာမရှိဘဲနဲ့ ရှိတယ်ထင်တာ။ မဟုတ်ဘဲနဲ့ ဟုတ်တယ်ထင်နေတာ။ အဲဒီတော့ သူများပုဂ္ဂိုလ် တစ်ယောက်ကို အရိယာဖြစ်ပြီလား၊ မဖြစ်ဘူးလား ဆိုတာသိဖို့ အလွန်ခက်ပါတယ်။ အဋ္ဌကထာထဲမှာ မှတ်တမ်းတစ်ခုရှိတယ်။ တောထွက် ဦးပဉ္စင်းကြီး တစ်ပါးက ရှေ့ကသွားနေတဲ့ သူ့ရဲ့ ဆရာဘုန်းကြီး (ရဟန္တာကြီး) ကို ဆွမ်းခံသွားရင်းမေးတယ်။ 'အရှင် ဘုရား၊ ရဟန္တာပုဂ္ဂိုလ်ဆိုတာ ဘယ်လိုဟာတုံး' တဲ့။ 'ငါ့ရှင်၊ ရဟန္တာပုဂ္ဂိုလ်ဆိုတာ သူ့နောက်က သပိတ် ပိုက်ပြီး လိုက်နေပေမယ့် ကိုယ့်ရှေ့က ပုဂ္ဂိုလ်ဟာ ရဟန္တာပါလား မသိဘူး၊ အဲဒီလောက်ထိအောင် သိဖို့ ခက်ပါတယ်' လို့ပြောတာ။ ဟိုကိုယ်တော်ကြီးက ဒါကို သဘောမပေါက်သေးဘူး။ ရဟန္တာနဲ့ အတူတူနေပေ မယ့်လို့ ရဟန္တာလို့ သိချင်မှသိတယ်။

အဲဒီတော့ ကိုယ့်ကိုယ်ကို အကဲခတ်လို့တော့ ရပါ တယ်။ ငါ့မှာ လောဘတွေ နည်းသွားသလား၊ လောဘ က ဖြစ်စရာမရှိလျှင်လည်း မဖြစ်ဘူး။ ဒေါသတွေ နည်းသွားပြီလား။ ဆိုပါစို့။ ကိုယ့်ရဲ့ပတ်ဝန်းကျင်က ကောင်းနေလို့ စိတ်မဆိုးတဲ့ပုဂ္ဂိုလ်ကို သဘောကောင်း တယ်လို့ သတ်မှတ်လို့မရဘူး။ သူက အများကောင်းလို့ သူကောင်းနေတာလေ။ မကောင်းတဲ့ကြားထဲမှာလည်း ကောင်းအောင် နေတတ်မှ။ သူများတော်လို့ ကိုယ် ကောင်းနေတဲ့ သူတော်ကောင်းက များတယ်နော်။ ဆိုးလာပြီဆိုလျှင် သည်းမခံနိုင်တော့ဘူး။ အစွယ်တွေ ထွက်လာတာ။ ဘယ်လို လောကဓံနဲ့ကြုံကြုံ စိတ်က တုန်လှုပ်မှု မရှိတော့ဘူးဆိုလျှင် ကိုယ့်ကိုယ်ကို အရည်အချင်း သတ်မှတ်ကြည့်လို့ရတယ်။

အဲဒီလိုကြည့်မှ ငါဟာ သောတာပန်အဆင့်လား၊ သကဒါဂါမ် အဆင့်လားလို့ ကိုယ့်ဘာသာတော့ သိနိုင် ပါတယ်။ သို့သော် မြတ်စွာဘုရားက စံကလေးတွေ ပေးထားတာရှိပါတယ်။ ဓမ္မကြေးမုံဆိုတဲ့ထဲမှာ။ ဓမ္မါဒါသ သုတ်မှာ မြတ်စွာဘုရားက ကိုယ့်ကိုယ်ကို သောတာပန် လို့ ပြောနိုင်ပါတယ်တဲ့။ ဘာတုန်းဆိုလျှင် 'ဗုဒ္ဓေ အဝေစ္စ ပဿဒ' ဘုရားပေါ်မှာ နှစ်နှစ်ကာကာ ကြည်ညိုတယ်။ ရုပ်ပုံကို ကြည်ညိုတာမျိုး မဟုတ်ဘူး။ ဒီရုပ်တုကို ကိုးကွယ်လျှင် လာဘ်ရတယ်ဆိုလို့ ကိုးကွယ်တာမျိုး မဟုတ်ဘူး။ နေ့နံကိုက်တဲ့ဘုရား ကိုးကွယ်တာမျိုး မဟုတ်ဘူး။ ဘုရားရဲ့ ဂုဏ်တော်ကိုသိပြီးတော့ ကိုးကွယ် တာ။ 'ဗုဒ္ဓေ အဝေစ္စ ပဿဒ' အလေးအနက်ထားပြီး ကြည်ညိုမြတ်နိုးတာ။

'ဓမ္မေ အဝေစ္စ ပဿဒ' တရားကို သိတယ်။ ကျင့်လည်း ကျင့်တယ်။ 'သံဃေ အဝေစ္စ ပဿဒ' အရိယာ သံဃာတွေနဲ့ ပတ်သက်ပြီး အလေးအနက် ကြည်ညိုတယ်။ သဒ္ဓါတရားရှိတယ်။ နောက် ငါးပါးသီလကို အသက်ကဲ့သို့မြတ်နိုးတယ်။ အသက်ကဲ့သို့ မြတ်နိုးတယ်ဆိုတာ အသက်ထက် မြတ်နိုးတယ်လို့ပြောတာ။ အသက်ကိုတောင်စွန့်ဝံ့တယ်။ ငါးပါးသီလကို မစွန့်ဘူးလို့ ဆိုလိုတယ်။ အသက်နဲ့ လဲနိုင်တယ်ပေါ့။ အဲဒီလောက် အဆင့်ထိအောင် ဖြစ်သွားပြီဆိုလျှင် ကိုယ့်ကိုယ့်ကို declare လုပ်တော့ တဲ့။ ငါ သောတာပန်လို့ ပြောနိုင်တယ်လို့ ဆိုထားတာ။ အဲဒါနဲ့ စံချိန်ထိုးပါနော်။

မေးခွန်း(၁၈)

“ညောင်ခေါက်ဆိုး သင်္ကန်းသည် ရဟန္တာတို့၏ တံခွန်၊ အဝတ်ဖြူသည် တိတ္ထိတို့၏တံခွန်ဟု ကြားဖူး ပါသည်။ မြတ်စွာဘုရားက ရဟန်းတော်များကို မည်သည့်အရောင် ဝတ်ရမည်ဟု အရောင်သတ်မှတ် ချက် မရှိဘူးဆိုကာ အချို့သောရဟန်းသည် ပိန္နဲခေါက်၊ ညောင်ခေါက်၊ ဖန်ရည်စွန်း စသည့် သင်္ကန်းတို့ကို မဝတ်ဘဲ အပြာရောင် ဝတ်ဆင်ထားပါသည်။ ထိုရဟန်း သည် တပ္ပရာယတာသရဏဂုံ အရာ၌ ပါထိုက်၊ မပါ ထိုက်။ ထိုရဟန်းကို ကိုးကွယ်သည့်အတွက် သရဏဂုံ ရ, မရ၊ ပျက်, မပျက် သိလိုပါသည် ဘုရား”

ဖြေဆိုခြင်း

အဲဒါကတော့ ဝိနည်းကြောင်းနဲ့ပတ်သက်တာပေါ့။ မြတ်စွာဘုရားက ဝိနည်းစည်းကမ်းနဲ့ပတ်သက်ပြီးတော့ သင်္ကန်းအရောင်တွေ သတ်မှတ်ထားတာ ရှိပါတယ်။ ဒါလည်းပဲ အဖွဲ့အစည်းတစ်ခု society တစ်ခုအတွက် ညီညွတ်အောင် သတ်မှတ်ထားတာ။ များသောအားဖြင့် ဘုရားလက်ထက်က အဖြူရောင်တွေ ဝတ်တာကတော့ တိတ္ထိတွေ။ ရှေးတုန်းက ရဟန်းတွေလည်း အဖြူရောင် ဝတ်ဖူးတယ်။ ဝတ်တဲ့အခါ မြတ်စွာဘုရားက အဲဒီတိတ္ထိ တွေနဲ့ အသွင်တူတယ် မဝတ်ကြနဲ့။ ဒီလိုပါ။ ဥပဒေ ဆိုတာ ကိုယ့်အဖွဲ့အစည်းထဲမှာ ဥပဒေဆိုတာ ရှိတာပဲ။ အခု ဓမ္မဗျူဟာမာမက အဖွဲ့မှာလည်း ဥပဒေတွေတော့ ရှိတာပေါ့။ အဲဒီဥပဒေဆိုတာ ညီအောင်လုပ်ပေးထားတဲ့ သဘောပဲ။ ဥပဒေဟာ အမှန်တရားမဟုတ်ဘူး။ ဝိနည်း မှာလည်း အဲဒီလိုဟာလေးတွေရှိတယ်။

အရေးကြီးဆုံးကတော့ ဓမ္မအသိက အရေးကြီးဆုံး ပေါ့။ သို့သော် society ထဲမှာ ကြောင်တောင်တောင် လုပ်လျှင်တော့ ဒါ ရူးနှမ်းခြင်းတစ်မျိုးပဲပေါ့။ အများနဲ့ မတူတာလုပ်လျှင် ရူးတာပဲ။ အဲဒီလို ရူးတာကို ကိုးကွယ် လျှင်တော့ ကိုယ်လည်းပဲ ရူးနှမ်းခြင်းဘက် ရောက်သွား မှာပဲ။ (ရယ်သံများ)

မေးခွန်း(၁၉)

“ပါရာဇိကကျသောရဟန်း ခံရမည့်အကုသိုလ်ကို ကုစား၍ လွတ်မြောက်ရန် နည်းလမ်းနှင့် အပြစ် ကျူးလွန်သော လူမိန်းမ ခံရမည့် အကုသိုလ်ကို ကုစား ၍ လွတ်မြောက်ရန် နည်းလမ်းကို သိလိုပါသည်”

ဖြေဆိုခြင်း

ပါရာဇိကကျတဲ့ ရဟန်းရဲ့ ကုစားနည်းကတော့ လူဝတ်လဲတာတို့၊ ရှင်သာမဏေအဖြစ် ခံယူတာတို့၊ ဒါက 'စာဂေါ ယော ဘိက္ခုဘာဝဿ၊ သာ ပါရာဇိကဒေသနာ' ဆိုတဲ့အတိုင်း ရဟန်းဘဝကို စွန့်လွှတ်ခြင်းပဲ။ သူဟာ ရဟန်းဘဝမှာ remain မလုပ်ရဘူး။ declare လုပ်ပြီး စွန့်လွှတ်လိုက်ရမယ်။ လူဝတ်လဲရမယ်။ သို့မဟုတ် ကိုရင်ဝတ်နဲ့နေရမယ်။ အဲဒီလို ဆိုလို့ရှိရင် ပါရာဇိက အာပတ်အပြစ်က လွတ်တယ်။ ဒါက ကုစား နည်းပေါ့နော်။ အကယ်၍ မကုစားဘဲနဲ့ ဆက်ပြီးနေမယ် ဆိုလျှင် အာပတ်တန်းလန်းနဲ့ သေလို့ရှိရင် သွားရမယ့် လမ်းကြောင်းက ငရဲနဲ့ တိရစ္ဆာန် ဒီနှစ်ခုပဲ ရှိတယ်လို့ မြတ်စွာဘုရားက ဟောထားပါတယ်။

အမျိုးသမီးကတော့ သူ့မှာ ဖျက်လိုဖျက်ဆီး စိတ်ဓာတ် သူ့မှာ ရှိတယ် မရှိဘူးဆိုတဲ့ သူ့ရဲ့စိတ်ဓာတ်ကို ကြည့်ပြီးတော့ ပြောရမယ်။ သူက တမင်သက်သက် ရဟန်းတစ်ပါးကို ဖျက်ဆီးဖို့ဆိုတဲ့ စိတ်မျိုးရှိတယ် ဆိုလျှင်တော့ အကုသိုလ်ရှိတယ်ပေါ့။ အဲဒီလိုမဟုတ်ဘူး ဆိုလျှင်တော့ သူ့မှာ ဒီလိုအပြစ်ကြီးတစ်ခု မရှိဘူးပေါ့။ အိမ်ထောင်ရှိတဲ့ အမျိုးသမီး ဆိုလျှင်တော့ သူ့ရဲ့ အိမ်ထောင်ဖက်မှတစ်ပါး တခြားပုဂ္ဂိုလ်နဲ့ပြစ်မှားလျှင် တော့ ကာမေသုမိစ္ဆာစာရကံ ထိုက်တာပေါ့။ အဲဒီလို အကုသိုလ်တော့ရှိတယ်။ ဒါတွေက ကုစားလို့မရတာ တော့ မဟုတ်ဘူး၊ ကုစားလို့ရတယ်။

မြတ်စွာဘုရားရဲ့ တရားတော်တွေအရ အမှား ပြင်လို့ရတယ်။ သို့သော် ဒူးထောက်ပြီး ခွင့်လွှတ်တော် မူပါ ဆိုရုံလောက်နဲ့တော့ မရဘူး။ ခုနကပြောခဲ့တဲ့ နည်းလမ်းပဲ၊ မဟုတ်တာကို မဟုတ်ဘူးလို့ သိရမယ်။ သိထားပြီးလျှင် ဒါကို အပြစ်လို့မြင်ရမယ်။ အပြစ်လို့ မြင်ပြီးလျှင် နောက်ထပ်မဖြစ်အောင် စောင့်ထိန်းရမယ်။ ကောင်းတာတွေဆက်လုပ်ရမယ်။ ဒီလိုနည်းနဲ့ ကံတရား တွေက လွတ်မြောက်သွားနိုင်ပါတယ်။ သင်္ခဓမသုတ်မှာ မြတ်စွာဘုရားက ဟောတယ်။ ကံတရားတွေကို တွန်းဖယ်ထားတာ၊ isolate လုပ်ပစ်တာပေါ့။ ကံဆိုတာ အခြား condition ရှိမှ အကျိုးပေးလို့ရတာ။ ဆိုပါစို့။ မျိုးစေ့လေးတစ်ခု အပင်မပေါက်စေချင်လျှင် ခြောက် သွေ့တဲ့ ဖန်ပုလင်းထဲမှာထည့်ပြီးတော့ သိမ်းထားလိုက်။ သူ့မှာ အပင်ပေါက်စရာအကြောင်း မရှိတော့ဘူးလေ။ ထုခွဲပစ်လိုက်ရင်၊ မီးဖုတ်ပစ်လိုက်ရင်၊ ဖျက်ဆီးပစ်လိုက် ရင် ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် အပင်ပေါက်ဖို့လမ်း မရှိတော့ ဘူး။ အဲဒါမျိုးလိုပဲ ကံတရားတွေက ကိလေသာတွေနဲ့ မတွေ့ရလို့ရှိလျှင် သူကအကျိုးပေးဖို့မရှိဘူး။ အဲဒီလို အကျိုးမပေးအောင် ကိလေသာတွေကို ဖယ်ရှားပစ်ဖို့ လိုတယ်။

မေးခွန်း (၂၀)

“သင်္ဂြီုဟ်ကိုးပိုင်းတွင် ပကိဏ်းပိုင်း၊ ရုပ်ပိုင်းတို့၌ ဟဒယဝတ္ထုကို ထင်ရှားစွာ မြင်သောကြောင့် တွေ့ပါ သည်။ သို့ရာတွင် အချို့အထက် အဘိဓမ္မာများတို့တွင် မြတ်စွာဘုရားများသည် ဟဒယဝတ္ထုဟု မဟောကြားဘဲ ဝတ္ထုဟုသာ ဟောကြားပါသည်။ ဤသို့ နှစ်မျိုး ဟောကြားသည့် ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများကို သိလိုပါသည်”

ဖြေဆိုခြင်း

ဓမ္မသင်္ဂဏီ ပါဠိတော်မှာ ဟဒယဝတ္ထု ဆိုတဲ့ စကားလုံးနဲ့ မဟောတာတော့ အမှန်ပဲ။ ဘာဖြစ်လို့ မဟောတုန်းလို့ဆိုတော့ အဋ္ဌကထာ ဆရာကြီးတွေ ဖြေရှင်းထားတာကတော့ ရုပ်ကို အစုံလိုက် အစုံလိုက် ဟောလာခဲ့တာ။ အစုံလိုက် အစုံလိုက် ဟောလာတဲ့ အခါမှာ နှစ်ခုစီ နှစ်ခုစီ တွဲပြတာ။ အကယ်၍ ဟဒယဝတ္ထုကို ဟောမယ်ဆိုလျှင် တွဲပြစရာမရှိဘူး၊ စုံမရှိဘူး။ စုံပျက်နေလို့ ဟဒယဝတ္ထုကို ချန်ထားခဲ့တယ်လို့ ပြော တယ်။

ဟဒယဝတ္ထုဆိုတဲ့အသုံးနဲ့ မဟောပေမယ့် မြတ်စွာ ဘုရားက ပဋ္ဌာန်းပါဠိတော်မှာတော့ 'ဝတ္ထု ခန္ဓာနံ၊ ခန္ဓာ ဝတ္ထုဿ' ဆိုပြီး “ဝတ္ထု“ဆိုတဲ့ နာမည်နဲ့ဟောတယ်။ ကျန်တဲ့ ဝတ္ထုတွေတော့ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထုလို့ဟောတယ်။ ဟဒယဝတ္ထု ကျတော့ ဟဒယဆိုတဲ့ စကားလုံး မသုံးဘဲနဲ့ ဝတ္ထုလို့ပဲ သုံးပြီးဟောခဲ့တယ်။ ဒါ ပဋ္ဌာန်းကျမ်းကြီးမှာ။

အဲဒါအပြင် အာယတနခြောက်ပါး ကြည့်လျှင် ဟဒယဝတ္ထု မဟောတာ သေချာတယ်။ စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနလို့ဟောပြီး ဟဒယဝတ္ထုနေရာမှာ မနာယတန ဖြစ်သွားတယ်။ ဟဒယာယတနလို့ မဟောဘူး။ တကယ် က စက္ခာယတနဆိုတာ စက္ခုဝတ္ထုပဲလေ။ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဟဒယလို့ ဒီလိုဟောရမှာ။ ဟဒယ အနေနဲ့မဟောဘဲ အဲဒီမှာ စိတ်ကိုပဲ မနာယတန ဟောတယ်။

ဒီလို အာယတန (၁၂) ပါးမှာ ဟဒယဝတ္ထုကို မဟောတာ သေချာတယ်။ ဓာတ် (၁၈)ပါးထဲမှာလည်း ဟဒယဝတ္ထုကို မဟောတာ သေချာတယ်။

အဲဒီ ဟဒယဝတ္ထု မဟောတာနဲ့ပတ်သက်ပြီး မဟောခြင်းအကြောင်းကိုရှာရင် ဓမ္မသင်္ဂဏီမှာ မဟော တာကတော့ ဝတ္ထုဒုကအနေနဲ့ အစဉ်ပျက်လို့ မဟောဘဲ ထားတယ်ပေါ့။ ဒါက မရှိလို့ မဟောတာ မဟုတ်ဘူး ဆိုတဲ့ဘက်ကနေပြီးတော့ ရှင်းပြတဲ့စကားတစ်ခုပေါ့။

အဲဒီနောက်တစ်ခု ဟဒယဝတ္ထု ရှိသလား၊ မရှိ ဘူးလားဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစား မြတ်စွာ ဘုရားက ဟဒယဝတ္ထုကို မဟောခဲ့သည့် အတွက် ကြောင့် ဟဒယဝတ္ထု၏တည်ရာ location ကို မပြခဲ့ဘူး။ အဋ္ဌကထာဆရာတွေ လက်ထက်ကျတော့ ဟဒယဝတ္ထုရဲ့ တည်ရာ location ကိုပြတယ်။

ဆိုပါစို့။ စက္ခုဝတ္ထုက ဘယ်မှာရှိသလဲ၊ မျက်လွှာ ခုနစ်ထပ်ရဲ့အလယ်မှာ သန်းဦးခေါင်းပမာဏလောက် ရှိတဲ့ မျက်စိအကြည်ဓာတ်ထဲမှာရှိတယ်။ နောက် သောတ၊ ဃာန၊ ဇိဝှါပသာဒတွေလည်း သူ့ဆိုင်ရာ location မှာရှိတယ်။ ကာယပသာဒ ကျတော့ တစ်ကိုယ်လုံးရှိ ကမ္မဇရုပ်တွေ ပျံ့နှံတဲ့နေရာတွေအားလုံး မှာ ရှိတယ်လို့ပြတယ်။ ဒီလို location ကိုပြတယ်။ ဟဒယဝတ္ထုကျတော့ အဋ္ဌကထာ ဆရာတွေက ဘယ်လို location ကို ပြသလဲဆိုတော့ “နှလုံးသား ထဲမှာ တစ်လက်ဆွံ့ပမာဏရှိတဲ့ သွေးထဲမှာရှိတယ်လို့ ဆိုတယ်။ (တစ်လက်ဆွံ့ဆိုတာ လက်ဖဝါးလေးကို ဖြန့်ပြီး နည်းနည်းလေးခုံးလိုက်၊ ခုံးလိုက်တော့ အခုံးခွက် လေး ဖြစ်လာတယ်။ အဲဒီအထဲမှာ ရေလေးထည့်ကြည့်။ အဲဒီလောက် ပမာဏရှိတဲ့ သွေးလေး) နှလုံးသားထဲမှာ ရှိတဲ့သွေးထဲမှာ တည်တယ်။ တချို့ကလည်းဒီလိုပြောကြ တယ်။ ဟဒယဝတ္ထုဆိုတာ pump ပဲတဲ့။ (နှလုံးသား ထဲမှာ သွေးမရှိဘူးလို့ တချို့လည်းပြောချင်တယ်။ အမှန် တော့ နှလုံးသားထဲမှာ အဲဒီလောက်သွေးတော့ ရှိမှာပါ။ အဲဒီတော့ နှလုံးသားက pump အနေနဲ့ သွေးကို ညှစ်ပေးရတယ်။ ညှစ်ပေးပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံး သွေးတွေကို ဖြန့်တဲ့လုပ်ငန်း လုပ်တယ်။ ခုခေတ် Anatomy ကျမ်းအဆိုကို ဒီလိုသိနေကြတာ။ အဲဒီတော့ အဋ္ဌကထာ၊ ဋီကာတွေ အဆိုအရ တစ်လက်ဆွံ့လောက်ရှိတဲ့သွေးထဲမှာ ဟဒယဝတ္ထုရုပ် တည်တယ်။ သွေးကို ဟဒယဝတ္ထုလို့ပြောတာ မဟုတ် ဘူး။ သွေးထဲမှာ တည်ရှိတယ်။ ဒါက အဲဒီ နှလုံးသား ထဲကသွေးမှာ စိတ်တွေ ဖြစ်ပေါ်နိုင်တယ်ပေါ့။ စိတ်တွေ ဖြစ်နိုင်တဲ့ အနေအထား။

ဆိုပါစို့၊ ဂက်စ်မီးခြစ်ဗူးလေးမှာ ဂက်စ်လည်း ရှိတယ်။ အပေါ်ကနေ ဘီးလုံးလေးလည်း ရှိတယ်။ အခြေအနေမပျက်ဘူးဆိုလျှင် မီးဖြစ်ဖို့ အနေအထား လေး ရှိတယ်ပေါ့။ သို့သော် မီးတော့ ရှိသလားဆိုတော့ မရှိဘူး။ အဲဒီလိုပဲ နှလုံးသွေးထဲမှာ စိတ်ရှိနေတဲ့ အနေ အထား မရှိဘူး။ သို့သော် စိတ်ဖြစ်ဖို့ အနေအထား ရှိတယ်ပေါ့။ Posibility ပေါ့။ တခြားနေရာကသွေးမှာ ဒီလိုစိတ်ဖြစ်ဖို့ အနေအထားမရှိဘူး။ နှလုံးသားထဲက သွေးမှာ စိတ်ဖြစ်ဖို့ အနေအထား ရှိတယ်ပေါ့။ အဲဒီလို ဆိုလိုတယ်။ ဒါက ဟဒယဝတ္ထုရဲ့ location ကိုပြတဲ့ ကျမ်းရဲ့ အဆိုပါ။

နောက် မူလဋီကာ ဆိုတာရှိတယ်။ အဋ္ဌသာလိနီ ကို ပထမဆုံးဖွင့်ဆိုတဲ့ ဋီကာကျမ်းဖြစ်တယ်။ ဋီကာ ဆရာကို အရှင်အာနန္ဒာလို့ခေါ်တယ်။ သူက အိန္ဒိယ တောင်ပိုင်းသား။ ဘုရားလက်ထက်က အရှင်အာနန္ဒ မဟုတ်ဘူး။ အဲဒီ အရှင်အာနန္ဒာဆိုတဲ့ ဋီကာဆရာ ကတော့ ဘာပြောတုန်းဆိုလျှင် “ဟဒယဝတ္ထု ဆိုတဲ့ နေရာမှာ ဟဒယက Heart organ ကို မရည်ညွှန်းဘူး။ နှလုံးသားကို မရည်ညွှန်းဘူး။ ဟဒယ ဆိုတာ စိတ်ကို ပြောတာ” တဲ့။

Heart to Heart ဆိုတာ Mind to Mind ကို ပြောတာပဲ။ အဲဒါလိုပဲ ဟဒယဆိုတာ စိတ်ကိုပြောတာ။ ဝတ္ထုဆိုတာ မှီရာ။ စိတ်ရဲ့မှီရာ ဝတ္ထုလို့ ဆိုလိုတယ်။ Mas of Mind ကိုရည်ညွှန်းပြီးတော့ ဟဒယဝတ္ထုကို သုံးတာ။ အဲဒါကြောင့်မို့ location ကို မပြတာ။ ဘုန်းကြီးကလည်း ဟဒယဝတ္ထုရဲ့ location မပြတာကို ခပ်ကြိုက်ကြိုက်။ ဘုရားက location ကို မပြဘဲ ဝတ္ထုလို့ဟောတာပါ။ ချစ်တာ မုန်းတာဟာ နှလုံးသားမှာ ဖြစ်တယ်။ စဉ်းစားတာကျတော့ ခေါင်း မှာ။ ခေါင်းကုတ်တယ်လေ။ အဲဒီတော့ ဟဒယဝတ္ထုရဲ့ တည်ရာကို ဦးနှောက်နဲ့ နှလုံးလို့ ပြောလို့ရတယ်။ တွေးတဲ့လူက ဗိုက်ကုတ်ပြီး ဘယ်တော့မှမတွေးဘူး။ (ရယ်သံများ)။ အလေးအနက် စဉ်းစားပြီဆို ခေါင်းကုတ် ပြီ။ စဉ်းစားတယ်၊ ခေါင်းနဲ့စဉ်းစားတယ်ဆိုတာ သေချာ တယ်။ လူတွေလည်း ပြောနေကြတာပဲ။ “စဉ်းစား လိုက်ရင် ခေါင်းရှုပ်တယ်“လို့။ အဲဒီကျတော့ နှလုံးရှုပ် တယ်လို့ မပြောဘူး။ မုန်းတယ်တို့၊ ကြောက်တယ်တို့၊ လန့်တယ်တို့ကျတော့ နှလုံးမှာလာခုန်တယ်။ အဲဒီတော့ စိတ်ဟာ အခြေအနေအားလျော်စွာဖြစ်နေတယ်။ အဲဒါ ကြောင့် မြတ်စွာဘုရားက ဟဒယဝတ္ထုလို့ မဟောဘဲနဲ့ ဝတ္ထုလို့ပဲဟောတာဖြစ်နိုင်တယ်။ ဟဒယဆိုတဲ့စကားလုံးကို သုံးတဲ့အခါမှာလည်း ဟဒယ ဆိုတာ စိတ်လို့ပဲ အဓိပ္ပာယ်ယူပြီးတော့ ဋီကာဆရာ ဖွင့်သလိုပဲ အဲဒီ အဓိပ္ပာယ်မျိုး ဖြစ်နိုင်တယ်လို့ ဘုန်းကြီး သဘော ကျတယ်ပေါ့။

သို့သော် မြတ်စွာဘုရားက'စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပစ္စတိ စက္ခုဝိညာဏံ' လို့ organ ရယ်၊ object ရယ် နှစ်ခုတွဲထားတယ်။ နှစ်ခုတွဲလိုက်တဲ့အခါမှ စိတ် ဖြစ်တယ် ဆိုတာကိုပြတယ်။ သုတ္တန်တွေမှာလည်း ဒီအတိုင်းပဲ။ နောက်ဆုံး ဟဒယဝတ္ထု နေရာကျတော့ ဟဒယဝတ္ထုကို မပြဘဲနဲ့ 'မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပစ္စတိ မနောဝိညာဏံ' လို့ မန နဲ့ ပြတယ်။ မန ဆိုတာ အဲဒီနေရာမှာ ဘဝင်စိတ်ကိုပြောတာ။ မနောဒွါရဆိုတာ ဘဝင်စိတ်ပဲ။ အဲဒီတော့ ဘဝင်စိတ်လေးက ဘယ်မှာ ဖြစ်တုန်းဆိုလျှင် ခုနပြောတဲ့ ဦးနှောက်နဲ့ နှလုံးသား မှာပေါ့။

သို့သော် ဘဝင်စိတ်ဟာ ဒီထဲမှာအမြဲတမ်း remain ဖြစ်နေတာ မဟုတ်ဘူး။ အကြောင်းရှိတဲ့အခါ သူက ကံရဲ့စွမ်းအားနဲ့သွားနေတာ။ ဘဝင်စိတ်က ကံရဲ့အကျိုး သက်သက်ပဲ။ အဲဒီစိတ်လေးက စိတ်အားလုံးရဲ့ source ပဲ။ ဒါကြောင့်မို့ အိပ်တဲ့အခါမှာ သူကျန်ရစ်တယ်လေ။ (လူတွေကပြောကြတယ်။ ဘဝင်မကျဘူးတဲ့။ ဘဝင်က တစ်ခါတည်း ကျသွားလျှင်လည်း ဒုက္ခရောက်မှာ။ (ရယ်သံများ)။ ဘဝင်မကျမှ ကောင်းမယ်။ ဒါမှ စိတ်က အမြဲတမ်း လန်းနေမယ်။ ဘဝင်စိတ်လေးက အမြဲတမ်း ဖြစ်နေတယ်။ အဲဒါလေးကို psychology သမား တွေက enquantient, quantient တို့ လျှောက်ပြော ကြတာပေါ့။ မျိုးစုံပဲ။ အမှန်ကတော့ ဘဝင်စိတ်လေး ပြတ်သွားလျှင်တော့ သေပြီပဲ။ မရှိတော့ဘူး။ သူက ကံရဲ့ စွမ်းအားနဲ့ ကမ္မဇရုပ်နဲ့ တွဲလာတာ။ ဘာဖြစ်လို့တုံး ဆိုလျှင် လူ့ဘဝမှာ အစဆုံးစိတ်လေးကို သန္ဓေစိတ်လို့ ခေါ်တာလေ။ ဘဝင်စိတ်ဆိုတာ တခြားစိတ်ကို ပြောတာ မဟုတ်ဘူး။ ပထမဆုံးဖြစ်တဲ့ ပဋိသန္ဓေစိတ်ကိုပဲ ဘဝင်လို့နာမည်ပေးလိုက်တာ။ စဖြစ်တုန်းက သူ့ကို ပဋိသန္ဓေစိတ်လို့ခေါ်တယ်။ အဲဒီနောက်ကျတော့ သူ့ကို ဘဝင်လို့ နာမည်ပြောင်းခေါ်လိုက်တယ်။ နောက်ဆုံးနေ့ကျတော့ သူ့ကို စုတိလို့ ခေါ်ပြန်တယ်။ အဲတော့ သူက သုံးမည်ရ။ ဒီစိတ်ကလေးက တစ်ခု တည်းပဲ။ တစ်ဘဝမှာ ပြောင်းလို့မရတာ ဒီစိတ်ပဲ။ ဘယ်တော့မှ ပြောင်းလဲလို့မရဘူး။

ဘဝဆိုတာကို ဒီစိတ်နဲ့ ကန့်သတ်လိုက်တာပဲ။ သူက အကန့်အသတ်လေး လုပ်ပေးလိုက်တာ။ ဒါကြောင့်မို့ ပဋိသန္ဓေစိတ်မှာ ဉာဏ်မပါခဲ့ဘူးဆိုလျှင် တစ်သက်လုံးသွားရော။ သို့သော် သင်လို့ မရဘူးလား ဆိုတော့ သင်လို့ရတယ်။ နောင်ဘဝမှာ အခြေအနေ ကောင်း ရနိုင်တယ်ပေါ့။ အဲဒီအဓိပ္ပာယ်ကို ပြောတာ။

ဒီမေးခွန်းက ဆရာဝန်တစ်ယောက်ရဲ့ မေးခွန်း ဆိုတော့ ရှင်းပြဖို့ရာတွေ အများကြီးပဲ။ ဘုန်းကြီးလည်း တချို့ဟာတွေကို လေ့လာတုန်းပဲ။ Embryology ဆိုတဲ့ စာအုပ်ကနေတစ်ဆင့် Embryology နဲ့ ပတ်သက်တဲ့ မေးခွန်းပေါ့နော်။ မေးထားတာကတော့ ကလလ ရေကြည်သည် မည်သည့်အဆင့် ဖြစ်ပါသနည်းတဲ့။

အဆင့်က PMC နဲ့ develop ဖြစ်လာတဲ့ အကြောင်းအရာကို ပြတာပေါ့။ Embryology ဆိုတာ သန္ဓေတည်လာတဲ့ အချိန်ကနေ စပြီးတော့ သန္ဓေသားက တဖြည်းဖြည်းချင်း တိုးတက်ဖြစ်ပေါ်လာပုံ။ အဲဒီ သန္ဓေတည်မှုနဲ့ပတ်သက်ပြီးတော့ မဟာသီဟ နာဒ သုတ် ဆိုတာရှိတယ်။ မဇ္ဈိမနိကာယ်ထဲမှာ မြတ်စွာဘုရား က ယောနိလေးပါးကို ဟောထားတယ်။ ယောနိဆိုတာ Way of Mirth ဘဝတစ်ခုကို မွေးဖွားလာဖို့ရန် နည်း လေးမျိုးရှိတယ်ပေါ့။ အဲဒီလေးမျိုးထဲမှာ ဥထဲမှာ သန္ဓေ တည်တာရှိတယ်။ မိခင်ရဲ့ သားအိမ်ထဲမှာ သန္ဓေတည် တာရှိတယ်။ ဥထဲ သန္ဓေတည်သူကျတော့ အဏ္ဍဇ လို့ခေါ်တယ်။ သားအိမ်ထဲမှာ သန္ဓေတည်သူကျတော့ ဇလာဗုဇ။ အဲဒီနှစ်ခုကို ပေါင်းပြီးတော့ ဂဗ္ဘသေယျက လို့ သုံးတယ်။ နှစ်ခုစလုံးဟာ ဂဗ္ဘသေယျက။

အားလုံးသိကြတဲ့အတိုင်း လူသားတွေကျတော့ ဇလာဗုဇ ပေါ့။ မိခင်ရဲ့သားအိမ်ထဲမှာ သန္ဓေတည်တာမို့၊ ငှက်တွေ ဘာတွေကတော့ အဏ္ဍဇ ပေါ့။ ပထမ ဥ၊ ဥကနေပြီးတော့ အပြင်ထုတ်လိုက်တယ်။ ဒါကြောင့် ငှက်ကို ဒွိဇလို့ခေါ်တယ်။ နှစ်ခါမွေးရတယ်။ ဥအနေနဲ့ တစ်ခါမွေးလိုက်တယ်။ ဥကနေ တစ်ခါပေါက်တယ်။ နှစ်ခါပေါက်တာမို့ ဒွိဇ လို့ခေါ်တယ်။ ပရိယာယ်ပုဒ် တွေထဲမှာ ဒွိဇ ဆိုတာ ငှက်ကိုပြောတာ။ အဲဒီတော့ ဒါကမွေးဖွားပုံမွေးဖွားနည်း။ နောက်တစ်ခုက သံသေဒဇ ဆိုတာ အညှိလေးတွေ အများအားဖြင့်တော့ ပုပ်စပ်တဲ့ အညှိမဟုတ်ပေမယ့်လို့ moisture ရှိတဲ့နေရာမှာပေါ့။ သန္ဓေတည်လို့ရတဲ့ နေရာမျိုး။ ဥပမာ ကြာပွင့်ထဲမှာ သန္ဓေတည်တာလည်း ရှိတယ်။ အဲဒါမျိုးကျတော့ သံသေဒဇ လို့ ခေါ်တယ်။ အဲဒီနည်းတွေကို အသုံးမပြု ဘဲနဲ့ သက်ရှိထင်ရှားအရွယ်၊ ယောကျ်ားဆိုလျှင် (၂၅)နှစ်လောက်၊ အမျိုးသမီးဆိုလျှင် (၁၆) နှစ်အရွယ် လောက် ဘွားခနဲ အရပ်အမောင်းနဲ့၊ ပကတိ အရွယ် အတိုင်း ပေါ်လာတဲ့ မွေးဖွားနည်းက ဩပပါတိက နဲ့ မွေးဖွားနည်းပဲ။ နတ်တွေ၊ ငရဲသားတွေ၊ တချို့ လူတွေ၊ တချို့ ပြိတ္တာတွေတို့ မွေးတာ အဲဒီနည်းနဲ့ မွေးတယ်လို့ ပြောတာ။ ကမ္ဘာဦး လူသားတွေလည်း အဲဒီနည်းနဲ့ မွေးတယ်ပေါ့။ အမေ အဖေ မရှိဘူး။ အဲဒီထဲမှာ အမေ၊ အဖေထဲမှာ သန္ဓေတည်ဖို့ရာအတွက်က sperm နဲ့ ovum ဒီနှစ်ခု ပေါင်းစပ်မှုကို အခြေပြုပြီးတော့ ပြောတာ။ အဲဒီမှာ သန္ဓေတည်ဖို့ အကြောင်းသုံးမျိုး ဆိုပြီးတော့ 'မာတာစ ဥတုနီ' = အမလောင်းဥတု လာပြီးစဆိုတာ တစ်ခု၊ 'မာတာပိတရော သန္နိပတိတာ' မိဘတွေရဲ့ ဆက်ဆံမှုတစ်ခု၊ နောက်တစ်ခုက 'ဂန္တဗ္ဗော' ဆိုတာက သန္ဓေလောင်းက အဆင်သင့် ရှိနေတာ။ သန္ဓေလောင်းကတော့ အဆင့်သင့်ရှိနေတာပဲ။ ဘာဖြစ် လို့တုန်းဆိုတော့ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ သတ္တဝါ တွေ သေနေတာ။ အဲဒီ သေနေတဲ့ပုဂ္ဂိုလ်ဟာ သန္ဓေယူဖို့ အဆင်သင့်ပဲ။

အဲဒီနေရာမှာလည်းပဲ အယူအဆ တိမ်းမှားသွား တာတွေရှိတယ်။ တိဗက်ဆိုလို့ရှိရင် သေပြီးတဲ့နောက် (၄၉)ရက် သန္ဓေမတည်သေးဘူး။ လျှောက်ပြီးတော့ ရှာဖွေရတုန်း။ ဘယ်သွားရကောင်းမတုန်းနဲ့။ spirit (၄၉) ရက်တဲ့။ ဗမာတွေကတော့ (၇) ရက်၊ တချို့က လည်း (၇) ရက် အိမ်ပေါ်က မဆင်းသေးဘူး ဆိုပြီး တော့။ အဲတော့ ဒါတွေကထားတော့။ ဒါတွေက အယူ အဆတွေပဲ။ မြတ်စွာဘုရားရဲ့ တရားတော်အရကတော့ လူတစ်ယောက် သေတာနဲ့ တစ်ပြိုင်နက် စုတိပြီးလျှင် ပဋိသန္ဓေဆက်လာတာ။ ဘဝတစ်ခုက တောက်လျှောက် တန်းရတာ။ ကြားထဲမှာ အကြားအလပ်ဘဝ မရှိဘူး။ စုတိစိတ်နဲ့ ပဋိသန္ဓေစိတ်ဟာ ဆက်တိုက်ဖြစ်တယ်။ ဘဝတစ်ခု ရသွားတယ်။

အဲဒီထဲမှာ အခုမေးခွန်းနဲ့ ပတ်သက်တာကတော့ မြတ်စွာဘုရားက လူ့ရဲ့ခန္ဓာကိုယ်မှာ ရုပ်ခန္ဓာလေးနဲ့ နာမ်ခန္ဓာလေးဟာ ဘယ်ကစတုံးဆိုလျှင် ကလလ ရေကြည်ကစတယ်။ 'ပထမံ ကလလံ ဟောတိ' လို့ ဆိုတယ်။ ကလလရေကြည်ရဲ့ အတိုင်းအတာတစ်ခု ပြတဲ့အခါကျတော့ tinydot အလွန်သေးငယ်တဲ့ အစက်ကလေး။ အဲဒီသေးငယ်တဲ့ အစက်ကလေးက ဘယ်ထဲမှာရှိတာတုံးဆိုတော့ ခုနက sperm နဲ့ ovum။ sperm နဲ့ ovum သည် fertilize မြေထုသဘောမျိုး။ မြေလွှာသဘောပေါ့။ အဲဒီထဲမှာ ဒီမျိုးစေ့လေး။ အဲဒီ ကလလဆိုတဲ့ ရေကြည်လေးထဲမှာ ရုပ်ပေါင်းသုံးဆယ် နဲ့ ပဋိသန္ဓေစိတ်။ ပဋိသန္ဓေစိတ်လေးက တစ်ခု၊ ထိုပဋိသန္ဓေစိတ်မှာယှဉ်တဲ့ စေတသိက်၊ နောက်ပြီး ထို ပဋိသန္ဓေစိတ်နဲ့ ယှဉ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ဂဗ္ဘသေယျက။ လူသားတစ်ယောက်အနေနဲ့ ပြောမယ် ဆိုလျှင် ကာယ ဘာဝ ဝတ္ထု၊ ရုပ်ပေါင်းသုံးဆယ်။ ရုပ်ပေါင်းသုံးဆယ်ရယ် နာမ်တရားတွေရယ် အဲဒီနှစ်ခု သည် အညမည၊ အချင်းချင်း အပြန်အလှန် ကျေးဇူး ပြုပြီးတော့ ကံကနေပြီး စုံတွဲထုတ်လုပ်လိုက်တာ။ အဲဒါ သန္ဓေအစပဲ။

အဲဒီတော့ ဒီကလလရေကြည်လေးက တဖြည်း ဖြည်း develop ဖြစ်ပြီး ပြောင်းလာတယ်ဆိုလျှင်တော့ ပဋိသန္ဓေရဲ့အစဟာ ဆေးပညာအရ ပြောမယ်ဆိုလျှင် အစပထမမှာပဲ သန္ဓေစိတ်ရှိပြီလို့ ဘုန်းကြီးကတော့ ယူဆတယ်။ ကလလ အဆင့်ဆိုလျှင်ပဲ သန္ဓေစိတ် ပေါ်လာပြီဆိုလျှင် ဒီသန္ဓေကိုတားဖို့ ကြိုးစားတယ်။ သို့မဟုတ် ဖျက်ဖို့ကြိုးစားတယ်ဆိုလျှင် ဒီအချိန်မှာ မိခင် ဖြစ်တဲ့သူတောင် မသိသေးဘူး။ မြတ်စွာဘုရားက လူသားရဲ့ဘဝကို စတင်သတ်မှတ်တဲ့အချိန်ဟာ 'ယံ မာတု ကုစ္ဆိသ္မိံ ပထမံ စိတ္တံ ပထမံ ဝိညာဏံ ပါတုဘူတံ' မိခင်ရဲ့ဝမ်းထဲမှာ ပထမဆုံး သန္ဓေစိတ်လေး၊ ပထမဆုံး ဝိညာဏ်ဖြစ်ပေါ်တဲ့အချိန်ဟာ ဒါ မနုဿဝိဂ္ဂဟ ပဲတဲ့။ လူသားတို့ရဲ့ ဘဝလေးပဲလို့ သတ်မှတ်တယ်။ ပါရာဇိကံ ပါဠိတော်မှာ။ အဲဒီအချိန်ကတည်းက စပြီးတော့ ပါဏာတိပါတာ ကံ ကျူးလွန်လျှင် အပြစ်ရှိတယ်။ ရဟန်း တွေမှာဆို အဲဒီအချိန်ကစပြီး သန္ဓေစိတ်လေး စတည် တဲ့အချိန်ကစပြီး လူသားလို့သတ်မှတ်ရပြီ။

သို့သော် ပါဏာတိပါတာ ကံ ဆိုတဲ့နေရာမှာ ကမ္မပထမြောက်ဖို့ရာကျတော့ အင်္ဂါငါးချက် ရှိသေး တယ်။ သက်ရှိသတ္တဝါလည်း ဖြစ်ရမယ်၊ သက်ရှိသတ္တဝါ မှန်းလည်း သိတဲ့အသိရှိရမယ်၊ သတ်လိုတဲ့စိတ်လည်း ဖြစ်တယ်၊ သတ်ဖို့လည်း ကြိုးစားတယ်၊ သေလည်းသွား တယ်။ ဒီငါးချက်ညီမှ ကမ္မပထ မြောက်တယ်။ သူ့စိတ် ထဲမှာ သက်ရှိသတ္တဝါလို့မယူဆဘူး။ တုတ်ချောင်းကြီး ထင်ပြီး တစ်ခုခုလုပ်မယ် ဆိုလျှင်တော့ ဒါ အင်္ဂါမပြည့်စုံ ဘူးလို့ ပြောရမယ်။ သေမှုဖြစ်ပေမယ့်လို့ ပါဏာတိပါတာ ကံက ထိုက်ချင်မှထိုက်တယ်။ အဲဒီငါးချက်နဲ့ညီဖို့ အရေး ကြီးတယ်။ ညီသွားတယ်ဆိုမှ ကံမြောက်သွားတယ်။ ကံမြောက်တယ်ဆိုတာ ကံလိုင်းထဲကို ဝင်သွားတာ။ ပါဏာတိပါတာ ကံ ကျူးလွန်ရာ ရောက်သွားတယ်။ အဲဒီတော့ ဆရာဝန်တွေအနေနဲ့ မိခင်လောင်းအနေနဲ့ ဒီအချိန်မှာ တစ်ခုခု လုပ်မယ်ဆိုလျှင် သူ့စိတ်ထဲမှာ သက်ရှိ သတ္တဝါလို့ မထင်ဘူးဆိုလျှင်တော့ ဒီအင်္ဂါရပ် မပြည်စုံဘူးလို့ ပြောတာနော်။ အပြစ်မရှိဘူးလို့ မပြော ချင်ဘူး။ အင်္ဂါရပ် မပြည့်စုံဘူး။

ဒီ Abortion နဲ့ ပတ်သက်ပြီးတော့ အမေရိကန် မှာနေတုန်းက ဘုန်းကြီးတို့ကို ခရစ်ယာန်တွေက လာပြီး တော့ စာတွေပို့တာရှိတယ်။ တစ်ချို့နိုင်ငံမှာ Abortion ကို လက်မခံဘူး။ တချို့နိုင်ငံက လက်ခံတယ်။ အဲဒီတော့ ဗုဒ္ဓဘာသာအနေနဲ့ရော Abortion ကို လက်ခံသလား တဲ့။ ဗုဒ္ဓဘာသာအနေနဲ့လည်း ရဟန်းတွေက လူသတ်မှု ကို ကျူးလွန်လျှင် ပါရာဇိက ကျတယ်။ လူသတ်မှုဆိုတဲ့ နေရာမှာ အဲဒီဥပဒေက ဘယ်အချိန်ကစပြီး လူလို့ သတ်မှတ်သလဲ။ တချို့ကျတော့ မွေးဖွားပြီး လူဖြစ်မှ လူလို့သတ်မှတ်တာ ရှိတယ်လေ။ ဝိနည်းစည်းကမ်းအရ ကျတော့ အဲဒါမဟုတ်ဘူး။ ပထမဆုံးသန္ဓေစိတ် ကလလ ရေကြည် အဆင့်တည်းကစပြီး လူလို့သတ်မှတ်တယ်။ အဲဒီအချိန်ကနေစပြီး ကျူးလွန်လျှင် ပါရာဇိက ပဲ။ ဒါက ဗုဒ္ဓရဲ့ ဝိနည်းတရားတော်အရက အဲဒီအထိတောင် သွားတယ်။ လူသားရဲ့အစသည် သန္ဓေစိတ် စပြီးဖြစ်တဲ့ အချိန်တဲ့။ ဒါကတော့ ကလလရေကြည်က အစပဲလို့ ဒီလိုပြောတာပါ။ ဒီမှာ အဆင့်ဆင့် ရုပ်တွေဖြစ်နေတယ် လို့။ ခုခေတ် ဆေးပညာက ဘယ်လိုဆိုတယ်ဆိုတာ ဘုန်းကြီးလည်း အဲဒီစာအုပ် ဖတ်တုန်းပဲရှိသေးတယ်။

မေးခွန်း (၂၁)

ယခုခေတ်တွင် အရေးပေါ် သားဆက်ခြားဆေး သည် Fertilized ovum ကို သားအိမ်တွင်း မဝင် ရောက်နိုင်ရန် ဖျက်ဆီးသောနည်းဖြင့် တစ်နည်းတစ်ဖုံ တားဆီးစေသဖြင့် ထိုဆေးကိုသုံးရန် ပေးမိပါက အကယ်၍ fertilized ဖြစ်ပြီးအဆင့် ဟုတ်မဟုတ် မျက်စိဖြင့် မမြင်နိုင်သောအဆင့်တွင် တားဆီးမိလျှင် ပါဏာတိပါတကံ ထိုက်မထိုက် သိလိုပါသည်။

ဖြေဆိုခြင်း

ခုနက အင်္ဂါရပ်နဲ့ပဲညှိရမယ်။ ခုနကလို အင်္ဂါ ငါးချက်ပြည့်စုံမှ ပါဏာတိပါတကံထိုက်တယ်။ သေမှု ဖြစ်တိုင်း အင်္ဂါငါးချက်မညီလျှင် မထိုက်ဘူး။ ဒီ ကလလ ရေကြည်ဆိုတာ ခုနကတော့ A ကနေ အထိ (၆)ရက်အတွင်းမှာ ကလလရေကြည်အဆင့်လို့ပဲ ထင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလလရေကြည် ကာလ က ခုနစ်ရက်လို့ စာထဲမှာရှိတယ်။ ပထမံ ကလလံ ဟောတိ ဆိုတာ ခုနစ်ရက်တိတိကြာတယ်။ ခုနှစ်ရက် ပြီးလျှင် 'ကလလာ ဟောတိ အဗ္ဗုဒံ'။ အဗ္ဗုဒအဆင့်ကို ပြောင်းသွားတာ။ develop ဖြစ်သွားတယ်။ develop ဖြစ်သွားတယ်ဆိုတည်းက အသက်ရှိနေလို့ပဲပေါ့။

မေးခွန်း (၂၂)

“သံကောင်သည် သံသေဒဇ သတ္တဝါ ဖြစ်ပါ သလား”

ဖြေဆိုခြင်း

သံကောင်ဟာ ဝမ်းထဲက အညှိကို စွဲပြီးတော့ ဖြစ်တယ်ဆိုရင် သံသေဒဇ သတ္တဝါပဲ။ သံသေဒဇရဲ့ သဘာဝက sperm နဲ့ ovum ကို အသုံးမပြုဘူး။ သာမန် အညှိတစ်ခုကို စွဲပြီးတော့ဖြစ်တာ။ အမိ သံကောင်က ဥချပြီးတော့မွေးတာ မဟုတ်လျှင်တော့ သံသေဒဇ ပဲ။ အကယ်၍ ဥချမယ်ဆိုလျှင်တော့ အဏ္ဍဇ ပဲ ဖြစ်မှာပေါ့။

လူသားတွေလည်း သံသေဒဇ နဲ့ ဖြစ်တယ်ဆိုတာ ရှိတယ်။ ပေါက္ခရသာတိ ပုဏ္ဏားကြီးတို့၊ ပဒုမဝတီတို့ ဆိုတာ ကြာထဲမှာ သန္ဓေတည်လာတာ။ သန္ဓေတည်တယ် ဆိုတော့ကာ ငယ်ငယ်လေးကနေ တဖြည်းဖြည်း develop ဖြစ်ရတာ။

သံကောင်ဟာ သံကောင် အဖိုအမနဲ့ ပတ်သက်ပြီး မွေးလျှင်တော့ သံသေဒဇ မဟုတ်ဘူး။ သူ့ဘာသာ အညှိထဲမှာစွဲပြီးဖြစ်တဲ့အကောင်ဆိုလျှင်တော့ သံသေဒဇ လို့ ပြောရမှာပေါ့။

သံသေဒဇ ဆိုသည်မှာ sprem နဲ့ ovum ကို အသုံးမချဘဲနဲ့ မွေးလာတာ။ sprem နဲ့ ovum ပေါင်းစပ်မှုကို အခြေပြုပြီး မွေးလာလျှင်တော့ အဏ္ဍဇ ပေါ့။

သံချခြင်းသည် ပါဏာတိပါတကံ ထိုက်ပါသလား ဆိုရင် သတ္တဝါလို့ ယူဆထားလျှင်၊ သူကလည်း တကယ် သတ္တဝါဖြစ်လျှင်၊ သတ်တယ်ဆိုလျှင်၊ သေလည်း သွား တယ်ဆိုလျှင် ဒါ ပါဏာတိပါတကံ ထိုက်မှာပဲ။ အဓိက ကတော့ အင်္ဂါငါးချက်ပဲ။

ပြီးပြီ

5mzixoejej2jgvln2qnqqtpfaebun71
ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
0
5896
22143
21647
2026-06-15T03:25:03Z
Tejinda
173
22143
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ
| previous = [[ဓမ္မဗျူဟာသင်တန်းသားများ၏ မေးခွန်းများကို ဖြေဆိုခြင်း]]
| previous2 =
| next = [[ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

သာသနာရေးဝန်ကြီးဌာန

သာသနာရေးဦးစီးဌာန၏ ခွင့်ပြုချက် စာအမှတ် ၁၁၉/ဝ၁/(ပုံနှိပ်) သသန-၁၀ အရ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ၊ ပထမအကြိမ်၊ အုပ်ရေ-၁၀၀၀

ထုတ်ဝေသူ

သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင် မှတ်ပုံတင်အမှတ်(ဝ၃၈၄၃/ဝ၂၄၀၅) က ပုံနှိပ်ထုတ်ဝေသည်။

မျက်နှာဖုံးဒီဇိုင်း၊ အတွင်းဖလင်နှင့်ပုံနှိပ် အောင်ဇမ္ဗူပုံနှိပ်တိုက်
အမှတ် ၁၅၂၊ (၂၂)လမ်း၊ လသာမြို့နယ်၊ ရန်ကုန်။

ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တပို့တွဲလဆန်း(၃)ရက်၊ မန္တလေးမြို့၊ အိမ်တော်ရာ ၁၄ ခန်း၊ ရတနာဃရ ဓမ္မဗိမာန်တော်ကြီး အတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်းအနား၌ ဟောကြားအပ်သော “ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ” တရားတော်။

ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ

မဇ္ဈိမနိကာယ်မှာ “ဣန္ဒြိယဘာဝနာသုတ်“ဆိုတာ ရှိတယ်၊ ဣန္ဒြိယဘာဝနာရဲ့ အဓိပ္ပါယ်ကို ရှေးဦးစွာ မှတ်သားကြရအောင်၊ ဣန္ဒြိယ ဆိုတဲ့ စကားလုံးကို မြန်မာလူမျိုးတွေက ဣန္ဒြေလို့ပဲပြောဆိုကြတယ်၊ ဣန္ဒြေ လို့ ပြောလိုက်တဲ့အခါ တချို့တချို့ နေရာတွေမှာ လူတွေနားလည်နေတာနဲ့ လွဲချော်သွားတာတွေရှိတယ်။ မပြည့်စုံတာလည်းရှိတယ်။

အဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်တွေ ဣန္ဒြေ ၂၂-ပါး ဆိုတာ ကြားဖူးကြလိမ့်မယ်၊ ဣန္ဒြိယနဲ့ ပတ်သက်ပြီး ပါဠိစာပေမှာ အသုံးအနှုန်းတွေ တော်တော်များများ ရှိတယ်၊ သူ့နေရာနဲ့သူ အဓိပ္ပါယ်မှတ်ယူဖို့ လိုအပ်တယ်၊ ဆိုပါစို့ - “ဣန္ဒြိယေသု ဂုတ္တဒွါရော” “ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသူ” လို့ ဆိုတဲ့စကားမှာ ဒါက မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဆိုတဲ့ ဒီဣန္ဒြေ ၆-ပါးကို ရည်ညွှန်းတယ်၊ လူတွေရဲ့သန္တာန်မှာရှိတဲ့ မျက်စိရယ် နားရယ် နှာခေါင်းရယ် လျှာရယ် ကိုယ်ရယ် စိတ်ရယ် အဲဒီ ၆-မျိုးကို ဣန္ဒြေလိ့ု ခေါ်တယ်။

ဣန္ဒြိယဆိုတာ “အစိုးရခြင်း၊ အုပ်စိုးခြင်း” လို့ အဓိပ္ပါယ်ရတယ်၊ ဆိုင်ရာဆိုင်ရာ ကိစ္စတွေမှာ အစိုးရ တယ်၊ သူ့ဆောင်ရွက်မှုကိစ္စမှာ သူတို့ဟာ အစိုးရတယ်။ ဆိုပါစို့ - မြင်ခြင်းကိစ္စမှာဆိုရင် မျက်စိက အစိုးရတယ်၊ ကြားခြင်းကိစ္စမှာဆိုရင် နားက အစိုးရတယ်၊ အနံ့ရှူခြင်း ကိစ္စမှာ နှာခေါင်းက အစိုးရတယ်၊ အရသာကို သိခြင်း ကိစ္စမှာ လျှာက အစိုးရတယ်၊ ထိတာကို သိတဲ့ကိစ္စမှာ ခန္ဓာကိုယ်က အစိုးရတယ်၊ အာရုံတွေကို ကြံတွေးတဲ့ ကိစ္စမှာ စိတ်က အစိုးရတယ်၊ ဆိုင်ရာဆိုင်ရာ ဣန္ဒြေ ၆-ပါးဟာ ဆိုင်ရာဆိုင်ရာ ကိစ္စတွေမှာ အစိုးရလို့ ဣန္ဒြိယ = ဣန္ဒြေလို့ ခေါ်တယ်။

နောက်တစ်ခုကတော့ “ဣန္ဒြိယ ပရောပရိယတ္တိ ဉာဏ်” တဲ့၊ မြတ်စွာဘုရားရဲ့ ဉာဏ်တော်တစ်မျိုးကို “ဣန္ဒြေအနုအရင့်ကို သိတော်မူတဲ့ဉာဏ်” လို့ သုံးတယ်၊ အဲဒီဣန္ဒြေကျတော့ ဘာကိုရည်ညွှန်းတာတုန်းဆိုတော့ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဆိုတဲ့ ငါးမျိုးကို ရည်ညွှန်းတာ။

ယုံကြည်မှုဆိုတဲ့ သဒ္ဓါက ယုံကြည်မှုကိစ္စမှာအစိုးရ တယ်၊ အားထုတ်တဲ့ကိစ္စမှာ ဝီရိယက အစိုးရတယ်၊ မှတ်မိတဲ့ကိစ္စမှာ သတိက အစိုးရတယ်၊ တည်ကြည်မှု ကိစ္စမှာ သမာဓိက အစိုးရတယ်၊ သဘာဝတရားကို သိတဲ့ကိစ္စမှာ ပညာက အစိုးရတယ်၊ ဒါ့ကြောင့်မို့ အဲဒီ တရားတွေကို ဣန္ဒြိယလို့ ခေါ်တယ်။

ဣန္ဒြေ၂၂-ပါးမှာ တခြားဣန္ဒြေတွေလည်း ပါသေး တယ်၊ ဝေဒနာဆိုတဲ့ ခံစားချက်တွေကိုလည်း ဣန္ဒြိယ လို့ ခေါ်တာပဲ။

အေး ကောင်းပြီ - အခု ဒီကနေ့ ပြောချင်တဲ့ “ဣန္ဒြိယဘာဝနာ” ဆိုတာ ဘာကို ပြောလိုတာတုန်း လို့ဆိုတော့ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ ဣန္ဒြေ ၆-ပါးနဲ့ ပတ်သက်တယ်။ လူတွေဟာ နေ့စဉ်နဲ့ အမျှ မျက်စိနဲ့ မြင်စရာအာရုံတွေကို မြင်နေကြတယ်၊ ကြည့်ရှုကြတယ်၊ နားနဲ့ အသံတွေကို နားထောင်ကြ တယ်၊ နှာခေါင်းနဲ့ အနံ့တွေကိုရှူရှိုက်ကြတယ်၊ လျှာနဲ့ အရသာကို သိကြတယ်၊ ခန္ဓာကိုယ်နဲ့ အထိ အတွေ့ကို သိကြတယ်၊ စိတ်နဲ့ အာရုံတွေကို ကြံတွေးကြတယ်၊ ဒီကိစ္စတွေဟာ သက်ရှိသတ္တဝါတွေအဖို့ ရိုးရာကိစ္စတွေ ချည်းပဲနော်၊ အဲဒီတော့ ဒီဣန္ဒြေ ၆-ပါးကို ရည်ညွှန်း တယ်။

မြန်မာစာပေမှာ တစ်ခါတစ်ခါသုံးတဲ့ စကားလုံး ရှိသေးတယ် - “မိန်းကလေးတို့ဣန္ဒြေ ရွှေပေးလို့မရ” ဆိုတာ၊ အဲဒါက နေတာ ထိုင်တာ သွားတာ လာတာ ကြည့်ပြီး သူရဲ့လှုပ်ရှားမှု အမူအရာတွေကို ဣန္ဒြေလို့ ပြောတာ၊ အဲဒီတော့ ဒီနေရာမှာ ဣန္ဒြိယဘာဝနာဆိုတာ မျက်စိ နား နှာ လျှာ ကိုယ် စိတ်လို့ ဘုန်းကြီးတို့ တစ်တွေဟာ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ ဒီ sense organ တွေကို အသုံးချပြီး ပြင်ပက အာရုံ တွေနဲ့ အမြဲတမ်း ဆက်သွယ်ပြီးနေကြတယ်၊ ဒါ သတ္တဝါ တွေရဲ့ သဘာဝပဲ။

ဒီတော့ မြတ်စွာဘုရားဟောတဲ့ တရားတွေက ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်နေတဲ့ တရားချည်းပဲ ဟောတာ၊ တရားဆိုတာ ကိုယ်ကိုယ်တိုင် ရှေးဦးစွာ သိရမယ်၊ သိပြီးတော့ လိုက်နာကျင့်သုံးရမယ်၊ ရှောင် ရမယ့်ဟာ ရှောင်ရမယ်၊ ဆောင်ရမယ့်ဟာ ဆောင်ရ မယ်ပေါ့။

ဒီ ဣန္ဒြိယဘာဝနာဆိုတဲ့ သုတ္တန်ဟာ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတာတွေနဲ့ ပတ်သက်တယ်၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ စိတ်အခြေ အနေတွေကို ထိန်းချုပ်ရတယ်၊ ထိန်းချုပ်ပြီးတော့ ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်ပြီး နောက်ဆုံးမှာ ကိလေသာ အာသဝေါတွေ ကုန်သွားတယ်၊ ဣန္ဒြေ တွေနဲ့ ပတ်သက်ပြီး လုံးဝပြီးပြည့်စုံသွားတဲ့ အခြေအနေ တစ်ခုကို ဒီသုတ္တန်မှာဟောထားတာဖြစ်တယ်၊ ဒီသုတ္တန် မှာ အပိုင်း၃-ပိုင်း ခွဲခြားပြီး မြတ်စွာဘုရားက ဟောထား တယ်။

နံပါတ်တစ်က - ဣန္ဒြေနဲ့ ပတ်သက်တဲ့ အကောင်းဆုံးသော ဘာဝနာဆိုတာ ဘာလဲ? ဘာဝနာ ဆိုတာ စိတ်ကိုအာရုံနဲ့ လေ့ကျင့်မွေးမြူမှု၊ လေ့လာ ပွားများ အားထုတ်မှုကို ဘာဝနာလို့ ခေါ်တယ်၊ အဲဒီ ဣန္ဒြေနဲ့ ပတ်သက်တဲ့ အကောင်းဆုံးသော လေ့ကျင့် အားထုတ်မှုဘာဝနာကို ဒီသုတ္တန်မှာ ဟောထားတယ်။

နောက်တစ်ခုက - “သေခပဋိပဒါ“၊ ကျင့်ဆဲဖြစ်တဲ့ သောတာပန် သကဒါဂါမ် အနာဂါမ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဣန္ဒြေနဲ့ ပတ်သက်ပြီးတော့ တရားဓမ္မရဲ့ အသိအမြင် တွေကို အကျဉ်းအားဖြင့် ဖော်ပြထားတယ်။

နောက် တတိယအချက်က ဘာကို ဟောတုန်း ဆိုရင် - “အရိယဘာဝိတိန္ဒြိယ“၊ အလွန်အဆင့်မြင့်တဲ့ ဣန္ဒြေတွေကို ထိန်းချုပ်ပြီးတော့ လေ့ကျင့်ထားပြီး ဖြစ်တဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်အခြေအနေကို ဖော်ပြတယ်၊ အဆင့်အမြင့်ဆုံး ဣန္ဒြေတွေကို လုံးဝ ထိန်းချုပ် လေ့ကျင့်ထားပြီ ဆိုလိ့ုရှိရင် ထိုပုဂ္ဂိုလ်ရဲ့ အာရုံ ၅-ပါး ကာမဂုဏ်တရားတွေကို မြင်တဲ့အခါ(သို့မဟုတ်) မျက်စိ နား နှာ လျှာ ကိုယ် စိတ်တို့နဲ့ အာရုံတွေကို တွေ့ရှိတဲ့ အခါမှာ ဘယ်ပုံဘယ်နည်း စိတ်ကို ပိုင်နိုင်တယ်ဆိုတာ မြတ်စွာဘုရားက ဟောပြထားတယ်ပေါ့။

အဲဒီတော့ သက်ရှိသတ္တဝါတွေ မှန်သမျှ အများ အားဖြင့် မျက်စိ ပါတယ်၊ နား ပါတယ်၊ နှာခေါင်း ပါတယ်၊ လျှာပါတယ်၊ ကိုယ်ကာယတွေ ပါကြတယ်၊ အသိစိတ်တွေ ပါကြတယ်၊ အဲဒါတွေကို မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဆိုတဲ့ ဒီအင်္ဂါရပ်တွေကို အသုံးပြုပြီး တော့ ဘုန်းကြီးတို့တစ်တွေ ပြင်ပအာရုံနဲ့ ဆက်သွယ် ကြတယ်၊ ဒီအတွင်းက organ တွေကို ဒါ internal faculty ၊ internal base လို့ ခေါ်တာတွေပေါ့၊ အတွင်း ခန္ဓာကိုယ်မှာရှိတဲ့ မျက်စိ နား နှာ လျှာ ကိုယ် စိတ်၊ အဲဒါတွေကို ပဋိစ္စသမုပ္ပါဒ်မှာ “သဠာယတနပစ္စယာ ဖေဿာ” “သဠာယတန” ဆိုတဲ့ အမည်နဲ့ဟောတယ်၊ ၆-ပါးသော အာယတနလို့ပြောတာ၊ အတွင်း အဇ္ဈတ္တာယတနပေါ့၊ အဲဒီတော့ စာလိုပြောလိုက်လို့ရှိရင် လူတွေ ဟာ ခန္ဓာနဲ့ ဝေးဝေးသွားတတ်တယ်၊ ဒါ့ကြောင့်မို့ တို့ခန္ဓာကိုယ်ထဲမှာ ရှိတာတွေကို ပြောနေတယ်လိ့ု ခန္ဓာကိုယ်နှင့် apply လုပ်ကြည့်တတ်ဖို့ လိုအပ်တာ ပေါ့နော်။

“တရားရှာ ကိုယ်မှာတွေ့“လို့ ဆိုတဲ့အတိုင်း တရား ဓမ္မ ကျင့်တဲ့အခါ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ရှိတာတွေကို ထိန်းချုပ်ရမယ့်ဟာကို ထိန်းချုပ်တယ်၊ တိုးပွားအောင် လုပ်ရမယ့်ဟာကို တိုးပွားအောင် လုပ်ရတယ်၊ ဖယ်ရှား ရမယ့်ဟာတွေကို ဖယ်ရှားပစ်ရတယ်၊ ဒါဟာ တရား ကျင့်တာပဲပေါ့။

အေး ကောင်းပြီ-မျက်စိ နား နှာ လျှာ ကိုယ် စိတ် လို့ဆိုတဲ့ ဒီအတွင်းအင်္ဂါရပ်တွေ ပါလာသည့်အတွက် ကြောင့် ဘာဖြစ်လဲ? “သဠာယတနပစ္စယာ ဖေဿာ” လို့ဆိုတဲ့အတိုင်း အပြင်ဘက်က အာရုံတွေနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်လာကြတယ်၊ မျက်စိပါသည့် အတွက်ကြောင့် အပြင်ဘက်က မြင်စရာအာရုံတွေကို မကြည့်ကြဘူးလား၊ ကြည့်တယ်၊ အဲဒီတော့ မျက်စိနဲ့ မြင်စရာအာရုံ ဒီနှစ်ခုကို ဆက်သွယ်လိုက်တယ်ပေါ့။

မြင်စရာအာရုံတွေက မျက်စိနဲ့ ဆက်သွယ်လိုက် တဲ့အခါ မြင်သိစိတ်ပေါ်လာတယ်၊ ခံစားမှုတွေပေါ်လာ တယ်၊ “သဠာယတနပစ္စယာ ဖေဿာ” “ဖဿပစ္စယာ ဝေဒနာ” “ဝေဒနာပစ္စယာ တဏှာ“ဟောဒီပုံစံအတိုင်း လာနေတာနော်။

အတွင်းက အင်္ဂါရပ် ၆-မျိုးရှိသည့်အတွက်ကြောင့် မျက်စိရှိလို့ ကြည့်တယ်၊ ကြည့်တော့ ပြင်ပအာရုံတွေ တွေ့တယ်၊ တွေ့တဲ့အခါ အတွေ့အကြုံရတယ်၊ ထို အတွေ့အကြုံက နှစ်သက်စရာဆိုလို့ရှိရင် တဏှာဖြစ် တယ်၊ ဟောဒီသဘောပဲ၊ သတ္တဝါတွေရဲ့ အခြေအနေ အားလုံးလူသားတွေရဲ့ အခြေအနေက ဒီအတိုင်းပဲ။

နားရှိလို့ အပြင်ဘက်က အသံတွေနဲ့ ဆက်သွယ် တယ်၊ ဆက်သွယ်လို့ရသည့်အတွက်ကြောင့် အသံပေါ် မှာ အတွေ့အကြုံရလာတယ်၊ အဲဒီ အတွေ့အကြုံက ကျေနပ်စရာအတွေ့အကြုံဆိုလို့ရှိရင် တွယ်တာမှုဆိုတဲ့ တဏှာ ရောက်လာပြန်ရော၊ အဲဒါကို ပဋိစ္စသမုပ္ပါဒ်မှာ “သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ” လို့ဟောတယ်၊ သက်ရှိသတ္တဝါ တွေဟာ သံသရာထဲမှာ ဒီပုံစံအတိုင်း လည်နေကြ တာပဲ။

ထိ့ုအတူပဲ နှာခေါင်းက အနံ့ရလာတဲ့အခါ အနံ့နဲ့ နှာခေါင်း ဆက်သွယ်မိလာတယ်၊ ဆက်သွယ်မိလာတဲ့ အခါ ကောင်းတဲ့အနံ့ မကောင်းတဲ့အနံ့ဆိုတဲ့ အတွေ့ အကြုံ ခံစားမှုလေးတွေ ပေါ်လာတယ်၊ ကောင်းတဲ့အနံ့ တွေ့ကြုံလာတဲ့အခါကျတော့ တဏှာ ဖြစ်လာတယ်၊ ဟော နောက်ထပ် ခံစားချင်တဲ့စိတ်တွေ ပေါ်လာပြန် တယ်။

ထိ့ုအတူပဲ အရသာနဲ့ ပတ်သက်လာတဲ့အခါ မှာလည်းပဲ လျှာနဲ့ အရသာ ဒီနှစ်ခု ပေါင်းစပ်မိတဲ့ အခါ ပေါင်းစပ်မိတာက “ဖဿ”, အတွေ့အကြုံ ရသွား တာ၊ ခံစားတာက “ဝေဒနာ”၊ ဝေဒနာ ဖြစ်လာတဲ့အခါ ကျတော့ ကောင်းတဲ့ခံစားမှုကို နောက်ထပ် လိုချင် လာတာက “တဏှာ”၊ ဟော ဒီလိုလာတယ်။

ထို့အတူပဲ ခန္ဓာကိုယ် အထိအတွေ့နဲ့ ပတ်သက် လာလို့ရှိရင် ကာယပသာဒလို့ဆိုတဲ့ ခန္ဓာကိုယ် ရှိသည့် အတွက်ကြောင့် ပြင်ပက ထိစရာ တွေ့စရာတွေဥပမာ - ပူအိုက်တဲ့အချိန်မှာ ဆိုလို့ရှိရင် လေပြေ လေညှင်းလေး တိုက်လို့ရှိရင် အင်မတန်မှ အရသာ ရှိတယ်လို့ ယူဆကြတယ်၊ အေးတဲ့အခါမှာ မီးလှုံလိုက် ရရင် မီးရဲ့အပူလေးကို အရသာရှိတယ်လို့ ထင်ကြ တယ်၊ ယားလို့ ကုတ်လိုက်ရရင် သူကအရသာတစ်မျိုးပဲ၊ အထိအတွေ့နဲ့ ပတ်သက်လာတဲ့အခါမှာ အရသာတွေ အမျိုးမျိုးရှိတယ်၊ အေးတဲ့အခါမှာ အပူဟာ ခံလို့ ကောင်းတယ်၊ ပူတဲ့အခါ အအေးဟာ ခံလို့ ကောင်း တယ်ဆိုတဲ့ ဒီ အထိအတွေ့လေးတွေ အတွေ့အကြုံ လေးတွေ ရလာတဲ့အခါကျတော့ ခံစားမှုကို အကြောင်းပြုပြီးတော့ နောက်ထပ်ရချင်တယ်ဆိုတဲ့ တဏှာလေး တွေ ပေါ်လာပြန်တယ်ပေါ့၊

နောက်တစ်ခါ စိတ်ထဲမှာ စိတ်ကူးကြည့်တယ်၊ စိတ်ကူးကြည့်တဲ့အခါ အတိတ်က အကြောင်းအရာပဲ ဖြစ်စေ၊ အနာဂတ် အကြောင်းအရာပဲ ဖြစ်စေ၊ အသလွတ် စိတ်ကူးတာပဲဖြစ်စေ ထိုစိတ်ကူးမှုကို အကြောင်းပြုပြီးတော့ လူတွေမှာ ကျေနပ်မှု မကျေ နပ်မှု ဆိုတာလေးတွေ ပေါ်လာတတ်သေးတယ်။

ဒါကြောင့်မို့ တချို့တလေဆိုလို့ရှိရင် တစ်ယောက် တည်း စိတ်ကူးထဲမှာ ပြုံးနေတဲ့လူ ရှိသလိုပဲ မဲ့နေတဲ့လူ လည်း ရှိတာပဲနော်၊ စိတ်ကူးနဲ့ပဲ ပြုံးနေတဲ့ လူတွေမှာ စိတ်ကူးထဲမှာ ကျေနပ်စရာအတွေးလေးတွေ ဆိုလို့ရှိရင် ဘာလာတုန်း ဆိုလို့ရှိရင် တဏှာ လာပြန်တာပဲ။

အဲဒီတော့ လူတွေရဲ့နေ့စဉ် ဘဝမှာ မျက်စိ နား နှာ လျှာ ကိုယ် စိတ် လို့ဆိုတဲ့ ဒီ sense organ တွေမှာ လာပြီးတော့ ဆက်သွယ်လာတဲ့ အာရုံတွေနဲ့ ပတ်သက် ပြီးတော့ လူတွေဟာ ထိန်းချုပ်နိုင်စွမ်း မရှိဘူးတဲ့၊ ကောင်းတာနဲ့ တွေ့တာရှိသလို မကောင်းတာနဲ့ တွေ့တာလည်း ရှိတယ်၊ ကောင်း မကောင်း နှစ်မျိုးနဲ့ လည်း တွေ့တာရှိမယ်။

ကောင်းတာနဲ့တွေ့လာလို့ရှိရင် စိတ်အခြေအနေ က ဘာဖြစ်သွားတုန်း? နောက်ထပ် လိုချင်တယ်တို့, တွယ်တာတယ်, တပ်မက်တယ်ဆိုတဲ့ စိတ်အခြေအနေ တွေ ပေါ်လာတယ်၊ မကောင်းတာနဲ့ တွေ့တယ်ဆိုရင် နောက်ထပ်မလိုချင်ဘူး၊ ထိုအာရုံမျိုးကို မုန်းတီးတယ်၊ ရွံရှာတယ်ဆိုတဲ့ စိတ်အခြေအနေတွေ ဖြစ်တယ်၊ မတည်ငြိမ်တဲ့ စိတ်အခြေအနေတွေ လူတိုင်း လူတိုင်း မှာ ဖြစ်တယ်၊ ဒါ လူသားတွေရဲ့သဘာဝ၊ နေ့စဉ်ဟာ ဒီအတိုင်း ဖြစ်နေတယ်။

အဲဒီလို ဖြစ်နေသည့်အတွက်ကြောင့် တဏှာ ဖြစ်လာလိ့ုရှိရင် “ဧတံ မမ”- “ဒါလေးက ငါ့အာရုံပဲ” လို့ လူတွေက သိမ်းပိုက်လိုက်ကြတယ်၊ တဏှာမဖြစ်ဘူး ဆိုလိ့ုရှိရင် နှစ်သက်စရာ အာရုံကို မရ,ရအောင် ရှာတယ်၊ မုန်းတီးတဲ့ နှစ်သက်စရာမကောင်းတဲ့အာရုံ ပေါ်လာတယ်လို့ ဆိုလိ့ုရှိရင် မုန်းတီးရွံရှာတဲ့ ဒေါသက တစ်ဖက်ကဖြစ်တယ်၊ နောက်ထပ် ကောင်းတဲ့အာရုံကို ရှာလိုတဲ့ တဏှာက တစ်ဖက်က ဖြစ်လာတယ်ပေါ့၊ ဒါ့ကြောင့်မို့လို့ သက်ရှိသတ္တဝါတွေရဲ့ အနေအထားဟာ ဘယ်မှာပဲ ရောက်ရောက်သွားတုန်း ဆိုလို့ရှိရင် “ဝေဒနာပစ္စယာ တဏှာ“၊ “တဏှာပစ္စယာ ဥပါဒါနံ” ဆိုတဲ့အဆင့် ရောက်မသွားဘူးလား၊ ဘဝမှာ အဲဒီပုံစံနဲ့ပဲ သွားနေတာနော်။

မထိန်းချုပ်နိုင်ဘူးဆိုလိ့ုရှိရင် ဘုန်းကြီးတို့တစ်တွေ ရဲ့သန္တာန်မှာ ဘာတွေက ကြီးစိုးလာတုန်း ဆိုလိ့ုရှိရင် တဏှာလောဘတွေက ကြီးစိုးလာတယ်၊ လိုချင်မှုကို တဏှာလို့ ခေါ်တယ်၊ စွဲစွဲလန်းလန်းကြီး လိုချင်လာတာ ကျတော့ ဥပါဒါန်လိ့ု ခေါ်တယ်၊ အဲဒီ ဥပါဒါန်မှာ အမြင်မှားမှုပါ ထည့်ပြီးတော့ပေါင်းလိုက်ရင် ဥပါဒါန်က လေးမျိုးဖြစ်သွားတယ်နော်။

အဲဒီ ဥပါဒါန်ဖြစ်လာပြီဆိုရင် ဥပါဒါန်ကို အခြေ ခံပြီး ဘာတွေဖြစ်လာတုန်းဆိုရင် “ဥပါဒါနပစ္စယာ ဘဝေါ” ဘဝဆိုတာ ဘာကိုပြောတာလဲဆိုရင် ကံ ကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာငါးပါးနဲ့ ကံတရားတွေကို ဘဝလို့ခေါ်တယ်၊ ဒါကြောင့်မို့ ဘဝမှာနှစ်မျိုးရှိတယ်- ကမ္မဘဝနဲ့ ဥပပတ္တိဘဝတဲ့၊ ဒါအခု ဘုန်းကြီးတို့ တစ်တွေ ဘဝဆိုတာ ရ,ထားတာ၊ ရ,ထားသည့်အတွက် ကြောင့် ကောင်းကံ ဆိုးကံ ကောင်းမှု မကောင်းမှု ဆိုတာတွေကို လုပ်နေကြတယ်၊ ဘဝကို အခြေပြုပြီး တော့ ကောင်းမှု မကောင်းမှု ဖြစ်နေတာ ကမ္မဘဝပဲ၊ အတိတ်ကံကြောင့် ရရှိလာတဲ့ ခန္ဓာငါးပါးက ဥပပတ္တိ ဘဝ၊ ဟော “ဥပါဒါနပစ္စယာ ဘဝေါ” ဆိုတာ ဖြစ်လာ တယ်ပေါ့၊ ဒါက သတ္တဝါတွေရဲ့ နေ့စဉ်အခြေအနေ။

အကယ်၍သာ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ ဟောဒီ ဣန္ဒြေတွေကို မထိန်းချုပ်နိုင်ဘူး၊ ဣန္ဒြေ တွေနဲ့ ပတ်သက်ပြီးတော့ မိမိရဲ့စိတ်ကို လေ့ကျင့် ပွားများအားထုတ်မှု မလုပ်ဘူးဆိုလိ့ုရှိရင် ဒီအခြေအနေ ထဲက ထွက်ပေါက်ရပါ့မလား၊ မရပါဘူး၊ မြင်လိုက်တဲ့ နောက်မှာ ဘွားကနဲ ဝေဒနာဆိုတဲ့ ခံစားမှုရမယ်၊ ရပြီးရင် ကြိုက်မကြိုက် လာလိမ့်မယ်၊ အဲဒီတော့မှ “မကြိုက်ရင် ဒေါသ, ကြိုက်ရင် လောဘ”ဖြစ်လာတယ်၊ လောဘဖြစ်လာရင် ဥပါဒါန်က လိုက်လာပြီ၊ ဥပါဒါန် လိုက်လာလို့ရှိရင် ထိုဥပါဒါန်စွဲမှုကို အခြေပြုပြီးတော့ ကံတွေ တည်ဆောက်လာလို့ ဘဝတစ်ခု ရလာပြန်ပြီ၊ ဘဝတစ်ခု ရလာလို့ရှိရင် မရှောင်လွှဲနိုင်တာကတော့ ဇာတိမွေးဖွားခြင်းပဲ၊ မွေးဖွားမှု ရလာတာနဲ့ တစ်ပြိုင် နက် အိုမင်းရင့်ရော်မှုတို့ သေမှုတို့ဆိုတာ မလာဘူး လား။

လောကကြီး တစ်ခုလုံးဟာ သေချာစဉ်းစား ကြည့်လိုက်လိ့ုရှိရင် ဇာတိနဲ့စပြီး ဇရာနဲ့ မရဏမှာ အဆုံးသတ်နေကြတာ၊ အဲဒါက ရှောင်လို့ရလား ဆိုလိ့ု ရှိရင် ရှောင်လို့မရဘူး၊ ဘဝတိုင်း ဘဝတိုင်းမှာ ဇာတိက စပြီး ဇရာမရဏမှာ အဆုံးသတ်နေကြတာ၊ ဘယ် တော့မှ ရပ်လို့မရဘူးတဲ့။

ဘုရားအလောင်းတွေကျတော့ ဒီကိစ္စတွေကို ပြဿနာလို့မြင်တယ်၊ ဒါ့ကြောင့်မိ့ုလို့ ဘုရားအလောင်းတွေက ဘဝတစ်ခုကို ဆင်ခြင်သုံးသပ်တဲ့ အခါမှာ ဘယ်ကစပြီး ဆင်ခြင်သုံးသပ်တုန်းလို့ဆိုရင် “ကိစ္စံ ဝတာယံ လောကော အာပန္နော” တဲ့၊ “သတ္တဝါတွေ အားလုံး လောကလူသားတွေ (သို့မဟုတ်) သတ္တ လောကကြီး တစ်ခုလုံးမှာ တကယ့်ကို ဒုက္ခ ရောက်နေ တာပါလား” လို့ ဘုရားအလောင်းတွေက ဆင်ခြင် သုံးသပ်တယ်။

တကယ့်ကို ဒုက္ခရောက်နေတာ၊ ပြဿနာတွေ တက်နေတယ်၊ ဘာဒုက္ခ ဖြစ်တာလဲဆိုရင် “ဇာယတိ စေဝဇီယတိစ” လူတွေဟာ မွေးကြရတယ်၊ မွေးပြီးတော့ အိုကြရတယ်၊ အိုပြီးတော့ သေကြပြန်တယ်၊ ရပ်လို့ ရရဲ့လား၊ မရဘူး၊ ရှောင်ပြေးလို့ရော ရမလား၊ မရဘူး တဲ့ ဘုရားလောင်းတွေက အဲ့ဒီလို ဆင်ခြင်သုံးသပ် တယ်။

လောကကြီးက အင်မတန်မှ စိတ်ပျက်စရာ ကောင်းတယ်၊ မွေးပြီးတော့ အိုရမယ်၊ သေရမယ် ဆိုတာ အလွန်စိတ်ပျက်စရာကောင်းတဲ့ အခြေအနေ ဆိုးကြီးပဲလို့ ဒီလို ဆင်ခြင်သုံးသပ်ကြည့်တယ်။

တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ဘဝရဲ့ပြဿနာ problem တွေကို မြင်တယ်လို့ပြောတာ၊ ဘုန်းကြီးတို့ တစ်တွေက အိုတာတို့ နာတာတို့ သေတာတို့ကို ဘဝရဲ့ ပြဿနာလို့ မယူဆကြဘူး၊ ဒါလူ့သဘာဝပဲ၊ လူဖြစ်လာ မှတော့ အိုမှာပဲ နာမှာပဲ သေမှာပဲလို့ ဒီလို ပေါ့ပေါ့ လေးပဲ တွေးကြတယ်၊ ပြဿနာလို့ မယူဆဘူး၊ ဘုရား အလောင်းတွေကျတော့ ပြဿနာလို့ ယူဆတယ်၊ ဟုတ်ကဲ့လား။

အိုတာ နာတာကို ပြဿနာလို့ မထင်ဘူး၊ လူမှုရေး ပြဿနာထဲမှာ အိုခြင်း နာခြင်းကို ဖြေရှင်းဖို့ ပါရဲ့လား၊ လူတွေထဲမှာ ဘာပါသလဲဆိုရင် စီးပွားရေး ပြဿနာ ဖြေရှင်းဖို့ ပါမယ်၊ နိုင်ငံရေး ပြဿနာ ဖြေရှင်းမယ်၊ ဟုတ်ကဲ့လား၊ မိသားစု ပြဿနာ၊ ဒါမျိုးတွေသာ ပြဿနာလို့ ခေါ်တာ၊ အိုတာကို ပြဿနာလို့ ဘယ်သူမှ မမြင်ဘူး၊ သေတာလည်း ပြဿနာလို့ မမြင်ဘူး၊ ဒါ လူ့သဘာဝလို့ပဲ မြင်တယ်။

ဘုန်းကြီးတို့ မလေးရှားမှာ သွားပြီး အဘိဓမ္မာ သင်တန်း ပို့ချတုန်းက ဘုန်းကြီးက ဒီအကြောင်းကို ပြောပြတယ်၊ ဘုရားလောင်းတွေက “ကိစ္စံဝတာယံ လောကော အာပန္နော”- သတ္တလောကကြီး တစ်ခုလုံး ဟာ problem တွေ ဖြစ်နေပါလား၊ အိုခြင်း နာခြင်း တရားတွေဟာ တကယ့် problem ကြီးပဲ၊ လူတွေ အတွက် ဖြေရှင်းလို့မရတဲ့ပြဿနာ၊ နိုင်ငံရေးပြဿနာ ဆိုတာ ဖြေရှင်းလို့ရတယ်၊ စီးပွားရေး ပြဿနာဆိုတာ ဖြေရှင်းလို့ ရတယ်၊ လူမှုရေး ပြဿနာဆိုတာလည်း ဖြေရှင်းလို့ရတယ်၊ အိုခြင်း နာခြင်း သေခြင်း ဆိုတဲ့ ပြဿနာက ဖြေရှင်းလို့ ရရဲ့လား။ (မရပါဘူးဘုရား)

အေး-နိုင်ငံတိုင်း နိုင်ငံတိုင်း လူမျိုးတိုင်း လူမျိုးတိုင်း သတ္တဝါတိုင်း သတ္တဝါတိုင်းဟာ ဒီ problem ရှိတယ်ပေါ့၊ အဲဒီ problem ကို problem လို့မြင်ဖို့ လိုအပ်တယ်လိ့ု ဆိုတော့ အဲဒီမှာ သင်တန်းတက်တဲ့ အမျိုးသမီးတစ်ယောက်က လျှောက်တယ်၊ “ဆရာတော်” တဲ့ “အိုခြင်းတို့ နာခြင်းတို့ သေခြင်းတို့ဆိုတာ problem မဟုတ်ပါဘူး” တဲ့၊ “လူတွေရဲ့ သဘာဝပါ” တဲ့၊ “အေးမင်း အဲဒါကို problemလို့ မမြင်သမျှ မင်းဘယ်တော့မှ ဖြေရှင်းဖို့ ကြိုးစားမှာ မဟုတ်ဘူး“၊ သဘာဝလို့ လက်ခံ ထားရင် ဖြေရှင်းဖို့ ကြိုးစားပါ့မလား။ (မကြိုးစားပါဘူး ဘုရား)

ဘုရားအလောင်းတွေကျတော့ ဒါကို ပြဿနာလို့ မြင်တယ်၊ ပြဿနာလို့မြင်လို့ သူတို့ အဖြေရှာတယ်လေ၊ ဘုန်းကြီးတို့တစ်တွေက ဒါ လူ့သဘာဝလို့ ပြောထား သည့်အတွက်ကြောင့် အဖြေဘယ်တော့မှ မရှာဘူး၊ ဒါကိုပြဿနာထဲမှာ ထည့်ကိုမထားဘူး၊ ဟုတ်ကဲ့လား၊ အဲဒီကတည်းက ပြဿနာလို့ မသိသည့်အတွက်ကြောင့် အဖြေဘယ်တော့မှ မရှာတော့ဘူး၊ အဖြေမရှာရင် အဖြေမတွေ့ဘူး၊ အဖြေမတွေ့ရင် သံသရာက ဘယ်တော့မှ မလွတ်ဘူး။

အဲဒီတော့ ဒီ problem ကို အဖြေရှာမယ်ဆိုရင် ဘာနဲ့အဖြေရှာရမတုန်းဆိုရင် ဘုရားအလောင်းတွေက အဖြေရှာတယ်၊ အိုခြင်း နာခြင်းက ဘာကြောင့်ဖြစ်တာ တုန်းဆိုရင် “ဩော် ဇာတိရှိလို့ ဖြစ်တာပဲ” လို့ အဖြေ တွေ့တယ်။

ဇာတိဆိုတာကျတော့ ဘာကြောင့်ဖြစ်တာတုန်း ဆိုရင် ဘဝရှိလို့ ဖြစ်တာပဲ၊ ဘဝ ဘာကြောင့် ဖြစ်တာလဲ ဆိုရင် ဥပါဒါန်ရှိလို့ ဖြစ်တာပဲ - လို့ ပြဿနာရဲ့ အရင်း အမြစ်တွေကို လိုက်တယ်။

ရောဂါတစ်ခု တွေ့လာပြီဆိုရင် ရောဂသမုဋ္ဌာနလို့ ခေါ်တဲ့ ရောဂါဖြစ်ကြောင်း တရားတွေကို ရှာရတယ်၊ ဘာကြောင့် ရောဂါဖြစ်တုန်း? hypertension လို့ ခေါ်တဲ့ သွေးတိုးရောဂါ ဖြစ်ပြီဆိုရင် ဒီသွေးတိုးရောဂါ ဘာကြောင့်ဖြစ်တာလဲ? အကြောင်းရှာရမယ်၊ အကြောင်းတွေ့တဲ့အခါမှ ဆေးကုလို့ရမယ်၊ အကြောင်း မတွေ့ရင် ဆေးကုလို့မရဘူး၊ ဘယ်ရောဂါပဲဖြစ်ဖြစ် အကြောင်းရှာရမယ်။

ထို့အတူပဲ သဘာဝတရားတွေမှာလည်း အကြောင်းရှာရမယ်၊ အကြောင်းရှာတာဟာ အဖြေကို ရှာတာပဲ၊ ဒါကြောင့်မို့ problem ဆိုတာကို တွေ့ပြီဆိုရင် ဘာရှာရမတုန်းဆိုရင် the cause of problem ၊ ပြဿနာရဲ့အကြောင်းတရားကဘာလဲ? မြတ်စွာဘုရား က သစ္စာလေးပါးမှာ ဒုက္ခလို့ ဟောလိုက်တယ်၊ ဒုက္ခ ဆိုလို့ရှိရင် ဒီဒုက္ခရဲ့ အကြောင်းတရားက the cause of suffering က ဘာလဲဆိုရင် တဏှာ။ ဒါ အကြောင်း ရှာပြတာ၊ ပြဿနာမှာလည်း ဒီအတိုင်းပဲ လေးချက် ရှိပါတယ်၊ ပြဿနာ၊ ပြဿနာ ဖြစ်ခြင်းရဲ့ အကြောင်း တရား၊ ပြဿနာငြိမ်းအေးမှု၊ ငြိမ်းအေးစေတတ်တဲ့ နည်းလမ်း၊ ဒီနည်းပဲ မဟုတ်လား။

သစ္စာကလည်း ဒီလိုပဲလေးမျိုး၊ မြတ်စွာဘုရားက သံသရာက ထွက်ဖို့အတွက် နည်းစနစ်တစ်ခု ပေးထား တာပဲ၊ ပြဿနာရှာတော့လဲ ဒီအတိုင်းပဲ၊ နံပါတ်တစ်problem ကို သိရမယ်၊ သိပြီးရင် ဒီ problem ဘာကြောင့်ဖြစ်တာတုန်းသိရမယ်၊ ဒီproblem ဘယ်လို ငြိမ်းအေးတယ် ဆိုတာလည်း သိရမယ်၊ ငြိမ်အေး စေတတ်တဲ့ နည်းလမ်းကိုလည်း သိရမယ်။

အဲဒီမှာ အကြောင်းတရားတွေကို ရှာလိုက်တဲ့ အခါ ဥပါဒါန်ဆိုတဲ့ အစွဲအလန်းရှိလို့ ဘဝဆိုတာ ဖြစ်လာတာ၊ ဒါဖြင့် ဥပါဒါန် ဘာကြောင့်ဖြစ်တုန်း? တဏှာရှိလိ့ု ဖြစ်တာ၊ တဏှာက ဘာကြောင့်ဖြစ်ရတာ တုန်း? ဆိုရင် ဝေဒနာ(ခံစားမှု)ရှိလို့ဖြစ်တာ၊ ဝေဒနာ ခံစားမှုက ဘာကြောင့်တုန်း? ဆိုရင် ဆက်သွယ်မှု ရှိလာလို့၊ ကြည့်လေ - ဣန္ဒြေနဲ့ လူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ဒီsense organ တွေနဲ့ အာရုံခံစားတတ်တဲ့ ဒီအတွင်း မျက်စိ နား နှာ လျှာ ကိုယ် ဆိုတဲ့ အာရုံတွေကို ယူတတ် တဲ့ သဘာဝတရားတွေနဲ့ ပြင်ပအာရုံတွေနဲ့ ဆက်သွယ် သွားတယ်၊ ဆက်သွယ်မှုကြောင့်ဖြစ်တာ၊ ဒီလိုလိုက်ရှာ တာ၊ အဲဒီတော့ ဘုန်းကြီးတို့ ဣန္ဒြိယဘာဝနာမှာလည်း အဲဒီလို မြတ်စွာဘုရားက ဒီနည်းစနစ်ကိုပဲ ဟောတာပဲ။

အဲဒီတော့ ဘုန်းကြီးတို့တစ်တွေ နေ့စဉ်နှင့်အမျှ မျက်စိရှိလို့ ပြင်ပက မြင်စရာအာရုံတွေနဲ့ ဆက်သွယ်တယ်၊ ဆက်သွယ်လာတဲ့အခါမှာ ဘာတွေဖြစ်လဲ ? ကြိုက် မကြိုက်တွေ ပေါ်လာတယ်၊ ကြိုက် မကြိုက် ပေါ်လာလို့ရှိရင် ကြိုက်တာကျတော့ လောဘဖြစ်တယ်၊ မကြိုက်တာကျတော့ ဒေါသဖြစ်တယ်၊ လောဘဖြစ်ရင် ဥပါဒါန်ဆိုတဲ့ အစွဲအလန်းလေးတွေ ဖြစ်လာတယ်၊ အစွဲအလန်းပေါ်မှာ အခြေခံပြီးတော့ ကံတရားတွေကို ဆောင်ရွက်လာတတ်တယ်၊ ဒီနည်းနဲ့ ဒီပြဿနာကို ဖြေရှင်းလို့မရအောင် တစ်ခါတည်း လုံးထွေးသွားတယ်၊ ဟုတ်ကဲ့လား။

ဘယ်လောက်ထိအောင် အဖြေခက်သွားသလဲလို့ ဆိုတာကို မြတ်စွာဘုရားက ဘာနဲ့ ဥပမာပေးထားတုန်း ဆိုရင် စာပေါက်သိုက်လို အစရှာလို့ ခက်သလိုပဲ စာကလေးတွေလုပ်ထားတဲ့ စာပေါက်သိုက်ဟာ ဟိုအစ နဲ့ ဒီအစနဲ့ လျှောက်ပြီးတော့ အမျိုးစုံအောင် ရက်ထား တာ ဖြစ်သည့်အတွက်ကြောင့် ဘယ်နေရာက စမှန်းကို မသိရလောက်အောင် ရှုပ်ထွေးနေတယ်၊ ဟုတ်ကဲ့လား။

မြန်မာစကားပုံထဲမှာကျတော့ “အမယ်ဘုတ်ရဲ့ သူ့ချည်ခင်” ဖြေရှင်းရခက်တယ်၊ ရှုပ်ထွေးနေတဲ့ ချည်ခင်ကြီးတစ်ခုဟာ ပြန်ပြီးတော့ တစ်စစီဖြစ်အောင် ဖြေရှင်းဖိ့ုဆိုတာ အလွန်တရာ ခဲယဉ်းတယ်ပေါ့၊ အဲဒါ တွေကိုပဲ လူတွေရဲ့ ကြုံတွေ့နေတဲ့ problem မှာ လည်းပဲ ဖြေရှင်းဖို့ အလွန်ခက်ခဲတယ်။

မြတ်စွာဘုရားက ဒီသုတ္တန်မှာ ဖြေရှင်းနည်းတစ်ခု ပေးထားတယ်ပေါ့၊ ဒါ ကမ္မဋ္ဌာန်းအားထုတ်ဖို့ နည်းစနစ် တစ်ခု ပေးထားတာနော်၊ “ဣန္ဒြိယဘာဝနာ” တဲ့၊ မျက်စိ နား နှာ လျှာ ကိုယ် စိတ်လို့ ဆိုတဲ့ ဒီဣန္ဒြေ ၆-ပါးမှာ အာရုံတွေ ထင်လာလို့ ကြိုက်မကြိုက်တွေ ပေါ်လာလို့ ရှိရင် ဘယ်လိုလေ့ကျင့်ယူရမယ်ဆိုတာ မြတ်စွာဘုရား က ဟောထားတယ်။

ကောင်းပြီ - ဒီသုတ္တန် ဖြစ်လာပုံက ဣန္ဒြိယ ဘာဝနာ ဆိုတဲ့ စကားလုံးအရ တခြားဘာသာတွေမှာ လည်းပဲ ရှိတယ်၊ ဣန္ဒြေနဲ့ ပတ်သက်ပြီးတော့ လေ့ကျင့် ပွားများရမယ်ဆိုတဲ့ နည်းစနစ်တွေလည်း တခြား ဘာသာတွေကလည်း ဟောတယ်ပေါ့။

မြတ်စွာဘုရားလက်ထက်က ဗြဟ္မဏ ဆိုတဲ့ ပညာတတ်ပုဂ္ဂိုလ်တွေကလည်း ဒီနည်းစနစ်ကို ဟော တယ်၊ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက ဂဇင်္ဂလ ဆိုတဲ့ အရပ်မှာ သုဝေဠုဆိုတဲ့ တောအုပ်ကြီးထဲမှာ သီတင်း သုံးနေတဲ့အချိန် ပါရာသိဝိယ လို့ခေါ်တဲ့ ပညာရှိ ပုဏ္ဏားကြီးရဲ့တပည့် ဥတ္တရဆိုတဲ့ လူငယ်တစ်ယောက် ဟာ မြတ်စွာဘုရားဆီ ရောက်လာခဲ့ဖူးတယ်။

ရောက်လာတဲ့အခါမှာ မြတ်စွာဘုရားနဲ့ စကား စမြည် ပြောရင်း မြတ်စွာဘုရားက မေးတယ်၊ “မင်း ဆရာကြီးက ဣန္ဒြေနဲ့ ပတ်သက်ပြီးတော့ လေ့ကျင့် ပွားများအားထုတ်တဲ့ နည်းကို ဟောသလား” ဆိုတော့ “ဟောပါတယ်” တဲ့၊ ဒါဖြင့် “မင်းဆရာက ဘယ်လို ဟောတုန်း“ဆိုတော့ သူ့ဆရာဟောပုံကို သူက ဘာ ပြောတုန်းဆိုတော့ “မျက်စိနဲ့ ကြည့်စရာကို မကြည့် ရဘူး၊ နားနဲ့ အသံကို နားမထောင်ရဘူး”။

“အဲဒီလို မျက်စိနဲ့ ကြည့်စရာတွေကို မကြည့်ဘဲ နေရင်၊ နားနဲ့ နားထောင်စရာတွေကို နားမထောင်ဘဲ နေလို့ရှိရင်” တဲ့၊ “ဣန္ဒြိယဘာဝနာဆိုတဲ့ ဣန္ဒြေနဲ့ ပတ်သက်ပြီးတော့ လေ့ကျင့်မှုဟာ ဖြစ်ပေါ်တယ်” လို့ သူက ဒီလိုဟောတာ။

အဲဒီတော့ မြတ်စွာဘုရားက ဘယ်လိုအမိန့်ရှိ သလဲဆိုလို့ရှိရင် “ဟာ ဒီလိုဆိုလို့ရှိရင် မင်းတို့ လေ့ကျင့်မှုက ဘာခက်လဲ၊ မျက်စိကန်းနေတဲ့သူက မကြည့်တော့ဘူး၊ မျက်စိကန်းနေလို့ရှိရင် ဒါ ဣန္ဒြေ တွေကို လေ့ကျင့်ပြီးသား ဖြစ်မှာပေါ့၊ နားကန်းတဲ့ သူကလည်း ဣန္ဒြေလေ့ကျင့်ပြီးသား ဖြစ်မှာပေါ့” တဲ့၊ “ဘာဖြစ်လို့တုန်းဆိုရင် မျက်စိကန်းတဲ့သူက ဘာမှ မမြင်တော့ဘူးလေ၊ နားကန်းတဲ့သူကလည်း ဘာမှ မကြားတော့ဘူး၊ အဲဒီလို မကြည့်ဘဲ မမြင်ဘဲ မကြားဘဲ နေတယ် ဆိုတာဟာ ဣန္ဒြေကို လေ့ကျင့်တယ် ဆိုလို့ ရှိရင် မျက်စိကန်းသူ၊ နားကန်းသူတွေ ဣန္ဒြိယဘာဝနာ ဖြစ်တယ်လို့ အဓိပ္ပါယ် ရောက်နေတာပေါ့” ဆိုတော့ ကျောင်းသားလူငယ်က ဘာမှ ပြန်ပြီးမဖြေရှင်းနိုင်ဘူး။ ဟုတ်တယ်လေ၊ မကြည့်ဘဲနေရမယ် ဆိုလို့ရှိရင် မျက်စိကန်းတဲ့လူက ကြည့်လို့မှမရတာ၊ ကြည့်လို့ ရသေးလား၊ (မရပါဘူးဘုရား)၊ နားကန်းနေရင်လည်း နားထောင်လို့မှ မရတော့တာ၊ အဲဒီ နားထောင်လို့ မရတာ, မျက်စိက ကြည့်လို့မရတာကို ဣန္ဒြိယဘာဝနာ-ဣန္ဒြေကို လေ့ကျင့်တယ်လို့ ဒီလိုပြောမယ်ဆိုရင် နားကန်းသူ မျက်စိကန်းသူတွေဟာ ဣန္ဒြိယဘာဝနာ လေ့ကျင့်ပြီးသား ဖြစ်မနေဘူးလား၊ (ဖြစ်နေပါတယ် ဘုရား)၊ အေး-မြတ်စွာဘုရားရဲ့ နည်းစနစ်က ဒါမျိုး မဟုတ်ဘူးတဲ့၊ မျက်စိကောင်းရက်နဲ့ လေ့ကျင့်ရမယ်၊ နားကောင်းရက်နဲ့ လေ့ကျင့်ယူတဲ့ဟာမှ တကယ့် ဣန္ဒြိယဘာဝနာ။

အဲဒီတော့ မြတ်စွာဘုရားက သူ့ကို အမိန့်ရှိတယ်၊ “မင်းတို့ ‘ဣန္ဒြိယဘာဝနာ’ နည်းစနစ်က တစ်မျိုးပဲ၊ ငါတို့သာသနာမှာရှိတဲ့ ‘ဣန္ဒြိယဘာဝနာ’က နည်းစနစ် တစ်မျိုးပဲ” လို့ဆိုတော့ ရှင်အာနန္ဒက “အရှင်ဘုရား ဒီသာသနာမှာ လေ့ကျင့်ရမယ့် နည်းစနစ် တစ်ခုကို ဟောပါ” တဲ့၊ “တပည့်တော် နာယူမှတ်သားချင်ပါ တယ်” ဆိုတော့ မြတ်စွာဘုရားက ဒီသုတ္တန်ကို ဟောတာ။

မြတ်စွာဘုရား ဟောတဲ့တရားက နားမလည်စရာ ဘာမှအကြောင်း မရှိဘူး၊ ဘုရားက တစ်ခုချင်း ရှင်းဟောတာ၊ လူတိုင်းလူတိုင်းက မျက်စိနဲ့ မြင်စရာ အာရုံကို မြင်ကြတာချည်းပဲနော်၊ မျက်စိထဲမှာ မြင်စရာ အာရုံတစ်ခုကို မြင်လိုက်တယ်၊ ကြည့်လို့ မြင်ပြီ၊ မြင်ပြီ ဆိုတဲ့အခါမှာ အဲဒီ မြင်စရာအာရုံက နှစ်သက်စရာ ကောင်းတဲ့အာရုံ ရှိသလို နှစ်သက်စရာ မကောင်းတာ လည်း ရှိတယ်၊ နှစ်သက်စရာကောင်းတာလည်း မဟုတ် ဘူး, နှစ်သက်စရာ မကောင်းတာလည်း မဟုတ်ဘူး ဆိုတဲ့ အာရုံတွေလည်း ရှိတယ်။

အဲဒီလို အာရုံမျိုးကို တွေ့ကြုံလာတဲ့အခါမှာ ဘာ ဆင်ခြင်စဉ်စားရမလဲ ဘယ်လို လေ့ကျင့်ရမလဲ? ကောင်းပြီ - နှစ်သက်စရာအာရုံကိုပဲ မြင်မြင်, နှစ်သက် စရာမကောင်းတဲ့ အာရုံကိုပဲ မြင်မြင်, ဘယ်လို အာရုံမျိုး ကိုပဲ မြင်မြင်တဲ့၊ စဉ်းစားဆင်ခြင်ရမှာက “အခု ငါမြင်တဲ့ အာရုံဟာ အကြောင်းတရားတစ်ခုကြောင့် ဖြစ်ပေါ် လာတယ်၊ အကြောင်းတရားက ဖန်တီးလိုက်တဲ့အရာ မျှသာ ဖြစ်တယ်၊ အကြောင်းတရားက ဖန်တီးလို့ သိသာထင်ရှားတဲ့ အရာဖြစ်ပြီး အကြောင်းတရားကို စွဲမှီဖြစ်ပေါ်လာတဲ့အရာမျှသာ ဖြစ်တယ်၊ အကြောင်း တရားရှိခိုက်သာ ဖြစ်လာတယ်၊ အကြောင်းတရား မရှိတဲ့အခါ မဖြစ်ဘူး“လို့ - ဒီလို ဆင်ခြင်စဉ်းစားရမယ်။

မြင်လာတဲ့ အာရုံပေါ်မှာ ရှုမြင်သုံးသပ်တဲ့နည်း တစ်နည်းကို မြတ်စွာဘုရားက ဒီသုတ္တန်မှာ ဟောတာ၊ အဲဒီတော့ မြင်လာတဲ့အာရုံတစ်ခုဟာ ဆိုင်ရာ ဆိုင်ရာ အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့အရာကို (သင်္ခါရ) ရှုမြင်တယ်ဆိုတာ ဝိပဿနာဉာဏ်ရှိမှ ရှုမြင်လို့ရတာ၊ ဝိပဿနာဉာဏ်မရှိရင် ရှုလို့ မရနိုင်ဘူး၊ ဟုတ်ကဲ့လား။

မြင်စရာအာရုံသည် အကြောင်းကို စွဲပြီးတော့ ဖြစ်ပေါ်လာတယ်၊ မြင်သိစိတ်လေးဟာလည်း အကြောင်းကိုစွဲပြီး ဖြစ်ပေါ်လာတာ၊ ကဲကြည့်- အခြား သုတ္တန်တွေမှာ မြတ်စွာဘုရား ဘယ်လိုဟောတုန်း၊ “စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ တိဏ္ဏံ သင်္ဂတိ ဖေဿာ” တဲ့၊ မျက်စိနဲ့ အဆင်းအာရုံ နှစ်ခု ဆုံလိုက်တဲ့အခါမှာ မြင်သိစိတ်ကလေး ပေါ်လာတယ်၊ အဲဒီမြင်သိစိတ်ကလေး ပေါ်လာတော့ ဒီသုံးခု ပေါင်းမိ တဲ့အခါမှာ အာရုံနဲ့ ဆက်သွယ်မှု ဖဿ ဆိုတာလေး ပါလာတယ်၊ အဲဒီ ဖဿလေး ပါလာတဲ့အခါ ဝေဒနာ ဆိုတဲ့ အတွေ့အကြုံလေးတစ်ခု ပါလာတယ်၊ ဝေဒနာ ဆိုတဲ့ ခံစားချက် ပါလာတာနဲ့ နောက်က တဏှာဆိုတာ လိုက်လာတတ်တယ်။

အဲဒီမရောက်ခင် ဆိုင်ရာ သဘာဝတရားလေး တွေကိုရှုဖို့ မြတ်စွာဘုရားက ဟောလိုက်တာ၊ “ဝေဒနာပစ္စယာ တဏှာ” ဆိုတဲ့အဆင့်ကို မရောက် စေရဘူး၊ “သဠာယတနပစ္စယာ ဖေဿာ“၊ “ဖဿ ပစ္စယာ ဝေဒနာ” ဆိုတဲ့ ခံစားမှုလေးတွေပေါ်မှာ ရပ်ဆိုင်းသွားအောင် ဒီ ဝိပဿနာရှုနည်းကို မြတ်စွာဘုရားက ဒီနေရာမှာ ဟောတာနော်၊ အဲဒီနေရာမှာ တော့ မြတ်စွာဘုရားက အကျဉ်းချုပ်ပြီး ဟောလိုက် တယ်။

ကြည့် - "မြင်သိစိတ်ဆိုတာ ဘာကြောင့်ဖြစ်လာ တုန်း ဆိုလို့ရှိရင် မျက်စိရယ် မြင်စရာအာရုံရယ် ဒီ ၂-ခု ပေါင်းဆုံလို့ ဖြစ်လာတယ်၊ အဲဒီတော့ နှစ်ခု ပေါင်းဆုံလို့ ဖြစ်လာတဲ့အတွက် သင်္ခတ- ပြုပြင်ထားတဲ့ အရာမျှသာ ဖြစ်တယ်၊ ပဋိစ္စသမုပ္ပါဒ်- အကြောင်းကို စွဲပြီးဖြစ်တယ်၊ ဩဠာရိက - သိသိသာသာ ထင်ထင် ရှားရှား အာရုံတွေ တိုက်ခိုက်မှုကြောင့် ပေါ်လာတာ" လို့ - အကြောင်းနဲ့ အကျိုးကို ဆင်ခြင်စဉ်းစားကြည့် လိုက်လို့ရှိရင် ခုနက ကြိုက် မကြိုက်ဆိုတဲ့ တဏှာတွေ နောက်က လိုက်မလာနိုင်တော့ဘူး။

အဆင့်မြင့်လာတဲ့အခါ ဘယ်လောက်ထိ အောင်မြင်လာလဲဆိုလို့ရှိရင် စက္ခုပသာဒ ဆိုတာလည်း ခိုင်မြဲတဲ့အရာ မဟုတ်ဘူး၊ ရူပါရုံဆိုတဲ့ အရာကလည်း ခိုင်မြဲတဲ့အရာ မဟုတ်ဘူး၊ မခိုင်မြဲတဲ့အရာ ၂-ခုကြောင့်ဖြစ်ပေါ်လာတဲ့ မြင်သိစိတ်လေးဟာ ဘယ်မှာ ခိုင်မြဲတာ ဖြစ်မတုန်း၊ ဒီ ၂-ခုဟာ ကြည့်- မျက်စိဆိုတာလည်း အနိစ္စပဲ၊ ရူပါရုံဆိုတာလည်း အနိစ္စပဲ။ ဒီ အနိစ္စ ၂-ခု ပေါင်းမှ ဖြစ်ပေါ်လာတဲ့ စက္ခုဝိညာဉ် မြင်သိစိတ်ဆိုတာ ဘယ်မှာ နိစ္စ ဖြစ်မလဲတဲ့၊ အနိစ္စက ထုတ်လုပ်လိုက်တဲ့ အရာသည် အနိစ္စပဲဖြစ်မယ်လို့ ဟော ဝိပဿနာဉာဏ်နဲ့ ဒီလို ရှုမြင်သုံးသပ်လိုက်မယ်ဆိုရင် ဒီအာရုံပေါ်မှာ ကြိုက်တယ်ဆိုတာ မလာတော့ဘူး။ အဲဒီလို လေ့ကျင့် ယူတာဟာ တဏှာမဖြစ်အောင် ဟန့်တားတဲ့နည်းစနစ် တစ်ခုပဲပေါ့၊ မြင်စရာအာရုံပေါ်မှာ တဏှာမဖြစ်အောင် မြင်တဲ့အာရုံလေးကို သဘာဝတရားအတိုင်း ရှုမြင် သုံးသပ်နိုင်အောင် လေ့ကျင့်တာ။

ဒါကြောင့်မို့လို့ သတိပဋ္ဌာန် ကျင့်စဉ်တွေမှာ ဆရာတော်ကြီးတွေက နည်းပေးတယ်။ ဘာလဲ မျက်စိနဲ့ မြင်ရင် "မြင်တယ် မြင်တယ်" လောက်ပဲ မှတ်ရတယ် ပေါ့။ မြင်တယ်မြင်တယ် လို့ပဲမှတ်တယ်၊ မြင်တယ် မြင်တယ်လို့ မှတ်တာ ရှေ့ဆက်မသွားအောင်မှတ်တဲ့ နည်းစနစ်ပဲ၊ အဲဒါပဲ၊ သတိက ထားပြီးတော့ မြင်စရာ အာရုံပေါ်မှာ တပ်မက်မှုဆိုတဲ့တဏှာ မလာအောင် ထိန်းချုပ်တာကိုပဲ ဣန္ဒြိယဘာဝနာလို့ ခေါ်တယ်၊ မကြည့်ဘဲနေတာဟာ ဣန္ဒြိယဘာဝနာ မဟုတ်ဘူး၊ မျက်စိဆိုတာ မြင်စရာရှိရင် မြင်လိမ့်မယ်၊ မြင်လာတဲ့ အခါ ဖြစ်ပေါ်လာတဲ့ သဘာဝတရားတွေကို အမှန် အတိုင်းသိအောင် ကြိုးစားခြင်းသာ မှန်ကန်တဲ့ ဣန္ဒြိယဘာဝနာတရားလို့ မြတ်စွာဘုရားက ဒီသုတ္တန်မှာ ဒီလိုဟောတယ်။

အဲဒီမှာ ဆင်ခြင်ဉာဏ် ရင့်လာတဲ့အခါကျတော့ သူက မျက်စိက နှစ်သက်စရာအာရုံလည်း မြင်ရတာပဲ၊ မနှစ်သက်စရာ အာရုံလည်း မြင်ရတာပဲ၊ အဲဒီ နှစ်သက်မှု မနှစ်သက်မှုဆိုတဲ့ ဒီအရာတွေအားလုံးဟာ အကြောင်းကိုစွဲယူပြီးတော့ ဖြစ်လာတာတွေချည်းပဲ၊ ကြည့် ဒီသဘာဝတရားတွေ ဖြစ်ပေါ်လာတဲ့ အာရုံ မျက်စိထဲမှာ ပေါ်လာတဲ့အာရုံတွေကို လျစ်လျူရှုတာ ဟာ အကောင်းဆုံးပဲလို့ဆိုတာ ဝိပဿနာဉာဏ်နဲ့ ရှုနေတာကို ဆိုလိုတာ၊ မြင်တာကို မြင်တယ်, မြင်တယ် လို့ပဲ သတ်မှတ်နေလို့ရှိရင် ဒါ လျစ်လျူရှုထားတာပဲပေါ့၊ အဲဒီလို လျစ်လျူရှုထားရင် နှစ်သက်စရာ အာရုံလေး မြင်လို့ရှိရင် "ဩော် - လှလိုက်တာ" ဆိုတဲ့အတွေး လာသေးသလား၊ မလာတော့ဘူး။ မုန်းစရာ ကောင်း လိုက်တာ ဆိုတာရော လာသေးလား၊ မလာတော့ဘူး၊ မနှစ်သက်စရာအာရုံပြုလို့ မုန်းစရာ ဆိုတာလည်း မလာတော့ဘူး၊ နှစ်သက်စရာဆိုတာလည်း မလာတော့ ဘူး။

ချစ်ခြင်း မုန်းခြင်း နှစ်မျိုးစလုံးကို ဘယ်မှ မလိုက် ဘဲနဲ့ အလယ်အလတ် ရှုပြီးတော့ မြင်မှုကို မြင်မှု လောက်ပဲ ထားနိုင်တာဟာ အင်မတန်မှ ငြိမ်သက်တယ် မွန်မြတ်တယ်လို့ ယောဂီ ပုဂ္ဂိုလ်က ရှုမြင်လာတယ်၊ ဒါဣန္ဒြိယဘာဝနာကျင့်စဉ် တစ်ခုပဲ၊ မြတ်စွာဘုရားက အဲဒီလို ဟောတယ်နော်။

အဲဒီလို ရှုသိလိုက်လို့ ဝိပဿနာဉာဏ် ဖြစ်လာ တာဟာ ဒီမြင်တဲ့အာရုံကို ဘယ်လောက်ထိအောင် လျင်လျင်မြန်မြန် ထိန်းချုပ်နိုင်သလဲ၊ ဒါကို လေ့ကျင့် လာလို့ အဆင့်မြင့်တဲ့ ဝိပဿနာဉာဏ် ရလာပြီး ဖျတ်ကနဲ မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ဖျတ်ကနဲ ထိန်းပြီးသား ဖြစ်သွားတယ်၊ သူက တွယ်တာမှုဆိုတဲ့ တဏှာ မလာတော့ဘူး၊ "လျစ်လျူရှုတယ်" ဆိုတဲ့ "အသိဉာဏ်နဲ့ လျစ်လျူရှုတဲ့ အနေအထားတစ်ခု" ကို ရလာတယ်။

မြတ်စွာဘုရားက ဥပမာလေးတွေ ပေးထားတယ်၊ ဘယ်လောက်ထိအောင် လျင်မြန်သလဲလို့ ဆိုလို့ရှိရင် တဲ့၊ မျက်စေ့ဖွင့်ထားတာလေးကို ပိတ်လိုက်တယ်၊ ပိတ်ထားတာလေးကို ဖွင့်လိုက်တယ်၊ အဲဒီလောက်ကို လျင်လျင်မြန်မြန် အကုန်လုံး ထိန်းချုပ်မိနိုင်ပါတယ်၊ ဆိုလိုတာက - မျက်စိကမြင်ပြီးတော့ တဏှာ မဖြစ် အောင် အခုလို လျစ်လျူရှုနိုင်အောင် မျက်စိဖွင့်လိုက်၊ ဖွင့်ထားတဲ့မျက်စိကို မှိတ်လိုက်တာလိုပဲ လျင်လျင် မြန်မြန် ဝိပဿနာဉာဏ်ဖြစ်အောင် ရင့်သန်အောင် ကြိုးစားပါလို့ ဒီလိုဆိုလိုတာနော်။ အဲဒီလို ကျင့်နိုင်မှ ဣန္ဒြိယဘာဝနာကျင့်စဉ် တစ်ခုဟာ အောင်မြင်မှာ၊ ဒါ မျက်စိနဲ့ပတ်သက်ပြီးတော့ ကျင့်တာ။

သောတိန္ဒြေထိန်းပုံ

နားနဲ့ပတ်သက်ပြီးတော့လည်း ထို့အတူပဲ၊ နားထဲ အသံတစ်ခု ရောက်လာတယ်၊ ကောင်းတဲ့ အသံလည်း ရောက်မယ်၊ မကောင်းတဲ့ အသံလည်း ရောက်မယ်၊ ကောင်းမကောင်းဆိုတာ ကိုယ်ကြိုက်တဲ့ အသံလား၊ ကိုယ်မကြိုက်တဲ့အသံလား၊ တစ်ခုခု လာမှာပဲ၊ ဘယ် အသံမျိုးပဲလာလာ ဒါဟာ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားမျှသာ ဖြစ်တယ်လို့ သဘာဝတရားကို ဆင်ခြင်သုံးသပ်လိုက်ခြင်းဖြင့် အဲဒီ ဖြစ်ပေါ်လာတဲ့ အသံအပေါ်မှာ လျစ်လျူရှုပြီးသား ဖြစ်သွားတယ်။

ကောင်းတဲ့အသံဖြစ်လို့ လောဘဆိုတာ မလာ တော့ဘူး၊ မကောင်းတဲ့အသံ ဖြစ်သည့်အတွက်ကြောင့် ဒေါသဆိုတာလည်း မလာတော့ဘူး။ ကောင်းမကောင်း နှစ်မျိုးဖြစ်နေသည့်နေရာမှာလည်းပဲ တွေဝေမှုဆိုတဲ့ မောဟ မလာတော့ဘူး၊ အသံနဲ့ ပတ်သက်ပြီးတော့ ထိန်းချုပ်ပြီးသား ဖြစ်သွားတယ်။

အဲဒီလို ဝိပဿနာဉာဏ်နဲ့ လျစ်လျူရှုနိုင်သွားပြီ ဆိုလိ့ုရှိရင် ဘယ်လောက်ထိအောင် မြန်သလဲလို့ ဆိုလို့ ရှိရင် လက်ဖျစ်တီးလိုက်တဲ့အခါမှာ လက်ဖျစ် အသံ လေး ပေါ်လာတာဟာ ဘယ်လောက်မှ မကြာဘူး၊ လက်ဖျစ်တီးလိုက်သလိုပဲ ချက်ချင်း ထိန်းချုပ်နိုင် တယ်လို့ ဒီလိုဆိုလိုတာ။

ဃာနိန္ဒြေထိန်းပုံ

ထို့အတူပဲ နှာခေါင်းကလည်း အနံ့လေး ရလာ တာနဲ့ တစ်ပြိုင်နက် မွှေးကြိုင်တဲ့အနံ့ရှိတယ်၊ နှစ်သက် စရာ မကောင်းတဲ့အနံ့ရှိတယ်၊ ဘယ်အနံ့တွေပဲဖြစ်ဖြစ် သဘာဝတရားကို ဆင်ခြင်ပြီးတော့ လျစ်လျူရှုနိုင်တဲ့ ဝိပဿနာဉာဏ်နဲ့ ထိန်းလိုက်မယ်ဆိုလို့ရှိရင် လျင်လျင် မြန်မြန် လျစ်လျူရှုနိုင်တဲ့ ဝိပဿနာဉာဏ်ဟာ ပေါ်လာ တော့ ခုနက နှစ်သက်စရာလား၊ မနှစ်သက်စရာလား ဆိုတဲ့အတွေးဟာ ဝင်လာပါဦးမလား၊ မဝင်တော့ဘူး။

ဇီဝှိန္ဒြေထိန်းပုံ

ထို့အတူပဲ လျှာနဲ့ အရသာလေးတစ်ခု ထိတွေ့ လိုက်တဲ့အခါမှာလည်းပဲ ကောင်းတဲ့ အရသာလား၊ မကောင်းတဲ့ အရသာလားဆိုတာ ဒီလိုအတွေးတွေ လာပြီးတော့ လောဘဖြစ်ဖို့အချိန် မရလိုက်ဘူး၊ ဒေါသ ဖြစ်ဖို့အချိန် မရလိုက်ဘူး၊ ဝိပဿနာဉာဏ်နဲ့ ထိန်းလိုက် တယ်၊ "ဩော် - လျှာနဲ့ အရသာနဲ့ ပေါင်းလို့ ဒီအရသာ ကိုသိတဲ့စိတ် ပေါ်လာတယ်၊ သိတဲ့စိတ် ပေါ်လာသည့် အတွက်ကြောင့် contact ဖြစ်တယ်ဆိုတာ ပေါ်လာ တယ်၊ ဖဿဖြစ်လာတယ်၊ ဖဿဖြစ်လို့ ဝေဒနာဆိုတာ ပေါ်လာတာပဲ" လို့ ဒီသဘာဝတရားတွေကို ရှုဆင်ခြင် ခြင်းဖြင့် ကောင်းတဲ့အရသာ မကောင်းတဲ့အရသာဆိုတဲ့ အတွေးလည်း မလာတော့ဘူးပေါ့၊ ထိန်းချုပ်ပြီးသား ဖြစ်သွားတယ်။

ကာယိန္ဒြေထိန်းပုံ

ထို့အတူပဲ ခန္ဓာကိုယ်မှာ တစ်ခုခုလာထိတဲ့အခါမှာ ကောင်းတဲ့ အထိအတွေ့လား၊ မကောင်းတဲ့ အထိ အတွေ့လားဆိုတာ မစဉ်းစားရလောက်အောင် သဘာဝတရားတစ်ခုကို ဆင်ခြင်စဉ်းစားကြည့်လိုက် တာ၊ ထိလိုက်တာနဲ့တစ်ပြိုင်နက် သဘာဝတရားကို ဆင်ခြင်သုံးသပ်ကြည့်လိုက်တာ၊ ဝိပဿနာဉာဏ်နဲ့ လျစ်လျူရှုထားနိုင်တဲ့ အနေအထားတစ်ခုခုမျိုးမှာ ပေါ်လာနိုင်တယ်၊ လေ့ကျင့်တာ။

မနိန္ဒြေထိန်းပုံ

စိတ်ကူးထဲမှာလည်းပဲ ထို့အတူပဲ၊ စိတ်ကူးထဲမှာ ကောင်းတဲ့စိတ်ကူးပေါ်လာလို့ ဒီစိတ်ကူးလေး ကောင်း လိုက်တာ၊ စိတ်ထဲပေါ်လာတဲ့အာရုံလေးက နှစ်သက် စရာ ဆိုလို့ရှိရင် တွယ်တာမှုဆိုတဲ့ လောဘ မလာ အောင်၊ မနှစ်သက်စရာဆိုတဲ့အာရုံလေး တွေ့တဲ့အခါ မှာ ဒေါသဆိုတာ ဖြစ်မလာအောင် ချက်ချင်း ဖမ်းပြီးတော့ သဘာဝကိုပဲ ရှုမှတ်လိုက်တယ်၊ ရှုလိုက်တဲ့အခါ ကျတော့ ခုနက ဝိပဿနာဉာဏ်နဲ့ ဒီ အာရုံတွေကို လျစ်လျူရှုနိုင်တဲ့ အနေအထားတစ်ခု ရလာတယ်။

ဒါက မြတ်စွာဘုရားက ဣန္ဒြိယဘာဝနာသုတ်မှာ ဒီပုံစံအတိုင်း ဟောလိုက်တာနော်၊ အဲဒီလို မိမိတို့ရဲ့ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ ပေါ်လာသမျှ အာရုံတွေကို သဘာဝကိုသိအောင် စောင့်ကြည့်ပြီး တော့ ရှုမှတ်နေပြီဆိုလို့ရှိရင် ထိုအာရုံတွေအပေါ်မှာ ကောင်းတဲ့နောက်လည်း လိုက်မသွားဘူး၊ မကောင်းတဲ့ နောက်လည်း ဆန့်ကျင်ပြီးတော့ မနေဘူး၊ "အနုရောဓ ဝိရောဓ" လို့ ခေါ်တယ်။

"အနုရောဓ"ဆိုတာ ကောင်းတာကျတော့ လူတွေ က ကျေနပ်တယ်၊ "ဝိရောဓ" မကောင်းတာကျ ဆန့်ကျင်တယ်၊ ဆန့်ကျင်ခြင်း လိုက်လျောခြင်းဆိုတဲ့ နှစ်ခုမရှိဘူးတဲ့၊ အဲဒါ ဘာပြောတာတုန်း၊ ကောင်းရင် လောဘ, မကောင်းလို့ရှိရင် ဒေါသ၊ ဒီနှစ်ခု မဖြစ် အောင် ထိန်းတာပဲ၊ အဲဒီနှစ်ခုမဖြစ်အောင် အာရုံတွေကို ထိန်း လိုက်နိုင်တာဟာ ဣန္ဒြိယဘာဝနာအကျင့်ပဲလို့ မြတ်စွာဘုရားက ဟောတယ်။

ထို့အတူပဲ နောက်ထပ် မြတ်စွာဘုရားက သေခပဋိပဒါ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဒီသုတ္တန်မှာ ဆက်ပြီးတော့ ဟောတယ်၊ သေက္ခ ပုဂ္ဂိုလ်တွေက ဒီကျင့်စဉ်အတိုင်း ဆက်လက်ပြီးတော့ ကျင့်တဲ့အခါမှာ ဘာဖြစ်လာတုန်း ဆိုလို့ရှိရင် မြင်စရာ အာရုံတွေနဲ့ ပတ်သက်လာလို့ရှိရင် သင်္ခါရတရားတွေဟာ ဘယ် အရာမှ ခိုင်မြဲတာ မဟုတ်ဘူး၊ သင်္ခါရတရားတွေဟာ ဖြစ်ပေါ်လာပြီး လုံးဝပျက်သွားတာသာ ဖြစ်တယ်။

မျက်စိထဲမှာ ပေါ်လာတဲ့ အာရုံတွေဟာလည်းပဲ တစ်ခဏအတွင်းမှာပျောက်ကွယ်သွားတယ်။ နားထဲမှာ ကြားလိုက်တဲ့ အသံဆိုတာလည်း တစ်ခဏအတွင်းမှာ ပျောက်ကွယ်သွားတယ်၊ နှာခေါင်းထဲမှာ ပေါ်လာတဲ့ အနံ့လေးဆိုတာလည်း တစ်ခဏအတွင်း ပျောက်ကွယ် သွားတယ်၊ လျှာပေါ်မှာ ပေါ်လာတဲ့ အရသာဆိုတာ လည်း တစ်ခဏအတွင်းမှာ ပျောက်ကွယ်သွားတယ်၊

ဘယ်လောက်ထိအောင် စွမ်းဆောင်မှုတွေ ရှိလာသလဲ ဆိုတာ မြတ်စွာဘုရားက ဆက်ပြီးတော့ ဟောတယ်။ အာရုံဆိုတာ မျက်စိကမြင်ရတဲ့ အာရုံပဲ ဖြစ်စေ၊ နားက ကြားရတဲ့အာရုံပဲ ဖြစ်စေ၊ နှာခေါင်းက အနံ့ရှူ ရတဲ့အာရုံပဲ ဖြစ်စေ၊ လျှာကလျက်ရတဲ့အာရုံပဲ ဖြစ်စေ၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့ အာရုံပဲဖြစ်စေ၊ စိတ်က စိတ်ကူးရတဲ့အာရုံပဲ ဖြစ်စေ၊ ဘယ်အာရုံပဲ ဖြစ်စေ စိတ်ရဲ့အကြိုက်တွေ့လို့ရှိရင် အပ္ပဋိကူလ - ကျေနပ် စရာ၊ စိတ်ရဲ့အကြိုက်မတွေ့ဘူးဆိုလို့ရှိရင် ပဋိကူလ-ကျေနပ်စရာမကောင်းဘူးလို့ ဒီနှစ်မျိုးကို ခွဲပြီးတော့ မှတ်ထားပေါ့၊ အာရုံမှန်သမျှ ကောင်းတာရှိသလို မကောင်းတာရှိတယ်၊ ကောင်း မကောင်းဆိုတာ ကိုယ် ကြိုက်ရင် ကောင်းတယ်၊ မကြိုက်ဘူးဆိုရင် မကောင်း ဘူး။

အဲဒီလို နှစ်မျိုးရှိတဲ့အထဲမှာ ဣန္ဒြေနဲ့ ပတ်သက် ပြီးတော့ လေ့ကျင့်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ တဲ့ - နှစ်သက်စရာမကောင်းတဲ့ အာရုံကို သူက ခန္ဓာကိုယ် လာထိတဲ့ အထိအတွေ့ ဆိုတာလည်း တစ်ခဏအတွင်းမှာ ပျောက်ကွယ်သွားတယ်၊ စိတ် ထဲမှာ စိတ်ကူးလို့ရတဲ့ အာရုံလေးဆိုတာလည်း မကြာခင်လေးမှာ ပျောက်ကွယ်သွားတယ်။

ဒါကြောင့်မို့လို့ နှစ်သက်စရာဆိုတာ တစ်ခုမှ မရှိဘူး၊ သင်္ခါရတရားတွေဟာ ဖြစ်ပြီးတော့ ပျက်နေ သည့်အတွက်ကြောင့် ရွံမုန်းစရာ စိတ်ပျက်စရာတွေ ချည်းပဲလို့ မြင်လာတယ်။

သေက္ခ ပုဂ္ဂိုလ်တွေက မြင်လာတယ်၊ အဲဒီလို ဝိပဿနာဉာဏ်ဟာ တစ်ဆင့်ထက်တစ်ဆင့် တက်လာ တယ် ရင့်ကျက်လာတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးကို မြတ်စွာ ဘုရားက ဒီမှာ ဟောတယ်။

ကဲ အဲဒီလိုဟောလိုက်လို့ ဒီ ဣန္ဒြိယဘာဝနာ ကျင့်စဉ်ကြီးတစ်ခုက အောင်အောင်မြင်မြင် ဖြစ်သွားပြီ ဆိုတဲ့အခါကျတော့ ဘာဖြစ်လဲ၊ အဲဒီလို လေ့ကျင့် ယူလိုက်လို့ အောင်မြင်သွားပြီဆိုတဲ့အချိန်မှာ ဘယ်လို အခြေအနေမျိုးတွေ ဖြစ်လာနိုင်သလဲ၊ ကိုယ့်စိတ်ထဲက နှစ်သက်စရာကောင်းတယ်လို့, ကြိုက်စရာ မကောင်း တဲ့အာရုံကိုလည်းပဲ ကြိုက်စရာကောင်းတယ်လို့ စိတ်ကို ပြောင်းလဲပြီးတော့ ထားလို့ရတယ်။

ဆိုပါစို့ - ပဋိကူလ ဆိုတာ ရွံမုန်းဖွယ်ကောင်းတဲ့ အာရုံတစ်ခုကို သူ့စိတ်ထဲက ရွံမုန်းမှု မဖြစ်အောင် ဘယ်ပုံဘယ်နည်း သူက ပြောင်းလဲပစ်နိုင်တုန်းဆိုလို့ ရှိရင် ကြည့် - မုန်းစရာကောင်းတဲ့ အာရုံတစ်ခုကို တွေ့ပြီ၊ မုန်းစရာကောင်းတဲ့လူတစ်ယောက်ကို တွေ့ပြီ၊ အဲဒီလူကို မမုန်းအောင် ဘာနဲ့လုပ်မလဲဆိုရင် မြတ်စွာ ဘုရားက မေတ္တာဘာဝနာ ပွားလိုက်ပါတဲ့၊ မေတ္တာ ဘာဝနာ ပွားလိုက်လို့ရှိရင် မုန်းစရာဆိုတာ မတွေ့တော့ ဘူး၊ ခင်မင်စရာ မြတ်နိုးစရာဖြစ်သွားတယ်၊ ပြောင်းလဲ ပစ်တာနော်၊ မုန်းစရာကို ခင်မင်စရာအဖြစ် ပြောင်းလဲ ပစ်တယ်၊ ဘာနဲ့ပြောင်းလဲပစ်တုန်း၊(မေတ္တာနဲ့ပြောင်းလဲ ပစ်တာပါဘုရား။)

မေတ္တာဘာဝနာနဲ့ ဒီ မုန်းစရာကောင်းတဲ့ ပုဂ္ဂိုလ် သည်ပင်လျှင် မုန်းစရာ မကောင်းတော့တဲ့ အနေ အထားရောက်အောင် ပြောင်းလဲပစ်လို့ရတယ်။ စိတ်ကို နိုင်သွားပြီလို့ ပြောတာ၊ လေ့ကျင့်လိုက်တာ စိတ်ကို နိုင်သွားတယ်။

နောက်တစ်ခုက ကြည့် - မေတ္တာဘာဝနာ မပွားဘူး ဆိုလို့ရှိရင် ဘာလုပ်ရမလဲဆိုရင် ဓာတ် လေးပါးနဲ့ ခွဲကြည့်လိုက်၊ ဘယ်အရာပဲဖြစ်ဖြစ် ဓာတ် လေးပါးပဲ၊ လူ့ခန္ဓာကိုယ်ကြီးဆိုတာ ဓာတ်လေးပါးနဲ့ တည်ဆောက်ထားတာ၊ ဆိုပါစို့ - လူတစ်ယောက်ဟာ မုန်းစရာကြီးလို့ မြင်လို့ရှိရင် ဘာကိုမုန်းတာလဲ ဆိုလို့ ရှိရင် သူ့ခန္ဓာကိုယ်မှာရှိတဲ့ ပထဝီကို မုန်းတာလား၊ အာပေါကို မုန်းတာလား၊ တေဇောကို မုန်းတာလား၊ ဘယ်ဟာကို မုန်းတာတုန်းလို့ အသေးစိတ် လိုက်ပြီး ကြည့်လိုက်တဲ့အခါ မုန်းစရာဆိုတာ ပျောက်သွားပြန်ပြီ ပေါ့၊ အဲဒီနည်းစနစ်ကလည်း မုန်းတီးမှုရှိတဲ့ အာရုံတစ်ခု အပေါ်မှာ မုန်းတီးမှုကင်းအောင်နေတဲ့ နည်းစနစ် တစ်ခုကို မြတ်စွာဘုရားက ဟောတာဖြစ်တယ်။

ဣန္ဒြေကို ထိန်းချုပ်ပြီးတော့ လေ့ကျင့်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မုန်းစရာကောင်းတဲ့ အာရုံ အပေါ်မှာ မမုန်းဘဲ နေလို့ရသွားပြီတဲ့၊ ဟော စိတ် အခြေအနေတစ်ခုဟာ ဘယ်လောက် သက်သာသွား တုန်း၊ ဘုန်းကြီးတို့တစ်တွေက မုန်းစရာအာရုံနဲ့တွေ့ရင် မမုန်းဘဲ မနေနိုင်ကြဘူးနော်။ စိတ်က ဒေါသဖြစ်စရာနဲ့ တွေ့ရင် ဒေါသက ဖြစ်ကိုလာတာပေါ့၊ ဟောဒီ ဣန္ဒြိယ ဘာဝနာ ကျင့်စဉ်အရ ကျင့်လိုက်လိ့ုရှိရင် အဲဒီလို မဖြစ်တော့ဘူးတဲ့။

နောက်တစ်ခုက မုန်းစရာမကောင်းဘူး, နှစ်သက် စရာ သိပ်ကောင်းတယ်၊ မြတ်နိုးစရာ ကောင်းတယ်၊ အဲဒီ မြတ်နိုးစရာကောင်းတဲ့အရာကို မုန်းစရာအဖြစ် ပြောင်းရမယ်၊ ဘာဖြစ်လိ့ုတုန်းဆိုရင် နှစ်သက်စရာ ပေါ်မှာ သိပ်ပြီးနှစ်သက်လာလို့ရှိရင် ဘာဖြစ်လာတုန်း ဆိုလို့ရှိရင် ရာဂတွေ ဖြစ်လာတယ်၊ အဲဒီ ရာဂ မဖြစ် အောင် စိတ်ကို ဘာနည်းနဲ့ ထိန်းချုပ်မလဲ ဆိုလို့ရှိရင် နှစ်သက်စရာကောင်းတဲ့ အရာကို "အသုဘဘာဝနာ" နှင့် ရှုပါတဲ့။

ဆိုပါစို့ - လူဆိုတဲ့အာရုံနဲ့ ပတ်သက်ပြီးတော့ နတ်သမီးတမျှ ချောမောလှပတဲ့ ဒီအဆင်းအာရုံ တစ်ခု ကို တွယ်တာမှု တဏှာရာဂ မဖြစ်အောင် ဘယ်လို ရှုရမတုန်းဆိုရင် နှစ်သက်စရာမကောင်းတဲ့ မတင့် တယ်တဲ့ အသုဘအနေနှင့် ရှုရမယ်။ ဘယ်လို အသုဘ အနေနှင့် ရှုနိုင်တုန်းလို့ ဆိုလို့ရှိရင် ကိုယ့်ဟာကိုယ် ဆင်ခြင်စဉ်းစားကြည့်ပေါ့၊ လူတွေမှာ ကိုးပေါက်ဒွါရ ရှိတယ်၊ မျက်စိကထွက်တာ နှစ်သက်စရာ ကောင်းရဲ့ လား၊ နားကထွက်တာ နှစ်သက်စရာ ကောင်းရဲ့လား၊ (မကောင်းပါဘူး ဘုရား)၊ နှာခေါင်းက ထွက်တာ မွှေးကြိုင်စရာရှိရဲ့လား၊ (မရှိပါဘူးဘုရား)၊ ဘယ်အရာမှ မရှိဘူး။

လူရဲ့ ပကတိခန္ဓာကိုယ်ဟာ သေချာစဉ်းစား ကြည့်ရင်နော် ကိုယ့်ကိုယ်ကို ဖီးလိမ်းပြီးတော့ ပြင်ပက နံ့သာတွေ ဆွတ်ဖြန်းထားလို့ ခန္ဓာကိုယ်က မွှေးတယ်လို့ ထင်နေကြတာ၊ ခန္ဓာကိုယ်ရဲ့သဘာဝအတိုင်း သိချင် လို့ရှိရင် တစ်ပတ် နှစ်ပတ် တစ်လလောက် ရေမချိုးဘဲ ဒီအတိုင်း နေကြည့်ပေါ့၊ ဘာမှလည်း နံ့သာမလိမ်းဘဲ ဒီအတိုင်းနေကြည့်၊ ကိုယ့်ဟာကိုယ်တောင် အန် ကောင်း အန်လိမ့်မယ်နော်။

ခန္ဓာကိုယ်ကထွက်တာ သဘာဝအားဖြင့်မွှေးကြိုင် တယ်ဆိုတာ တစ်ခုမှ မရှိဘူးတဲ့၊ အဲဒီသဘောတွေကို ဆင်ခြင်စဉ်းစားကြည့်တာကို အသုဘလို့ ပြောတာ၊ ခုခေတ်က အသုဘလို့ဆိုလို့ရင် မသာ အသုဘချတာပဲ ထင်နေတာနော်၊ အဲဒါတွေကို ပြောတာ မဟုတ်ဘူး၊ အသုဘဆိုတာ မတင့်မတယ် ရွံစဖွယ်ဖြစ်နေတဲ့ အနေ အထားတစ်ခုကို ရှုဆင်ခြင်ကြည့်ပါတဲ့၊ အဲဒီလို ရှုဆင်ခြင်ကြည့်မယ်ဆိုရင် နှစ်သက်စရာ အာရုံတစ်ခု သည် နှစ်သက်စရာအာရုံတစ်ခု မဟုတ်တော့ဘူးဆိုတဲ့ အနေအထားမျိုးကို ရောက်သွားတာ၊ ဒါ စိတ်ကို ပြောင်းပစ်တဲ့နည်းစနစ်တွေကို ပြောတာနော်၊ စိတ် အနေအထားတစ်ခုကို ပြောင်းပစ်တာ၊ ရွံစရာကိုလည်း ရွံစရာမဟုတ်ဘူးလို့ ပြောင်းပစ်တာ။

ရှင်မဟာကဿပကိုပဲကြည့် - ရှင်မဟာကဿပ မထေရ်မြတ်က ရဟန္တာဖြစ်သွားပြီဆိုတော့ စိတ်ကို နိုင်သွားပြီ၊ ရှင်မဟာကဿပ ဆွမ်းခံကြွသွားတယ်၊ ဆွမ်းခံကြွတော့ လမ်းဘေးမှာ ထမင်းစားနေတဲ့ နူနာ ရောဂါစွဲနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိတယ်၊ အဲဒီ နားရောက်တော့ ရှင်မဟာကဿပက သူ့ကိုချီးမြှောက် တဲ့အနေနဲ့ ဆွမ်းရပ်တော့ အဲဒီလူကြီးကလည်း သဒ္ဓါ တရားပေါက်တော့ သူစားနေတဲ့ ထမင်းဟင်းထဲက အသန့်ပေါ့လေ, စားလက်စရဲ့ အဦးအဖျားကို ရှင်မဟာကဿပသပိတ်ထဲ သူ့လက်နဲ့ ယက်ထည့် တယ်၊ အဲဒီလို ယက်ထည့်လိုက်တဲ့အခါကျတော့ လက်ချောင်းကလေးတစ်ချောင်းက ပြတ်ပါသွားတယ်၊ သူက နူနာစွဲနေတဲ့ပုဂ္ဂိုလ်က ပြတ်လုပြတ်လုက အများ ကြီးကိုး၊ ရှင်မဟာကဿပသပိတ်ထဲ အဲဒီ လက်ပြတ် ကလေးရောက်သွားတယ်၊ စားနိုင်ပါမလား ဘုန်းကြီးတို့ (မစားနိုင်ပါဘုရား)။

ရှင်မဟာကဿပမထေရ်မြတ်က ကြည့်-ဒီဆွမ်းနဲ့ လက်ပြတ်ကို အတူတူထားနိုင်တယ်၊ နာမည်ပဲ ကွာတာ ပဲလေ၊ ဆွမ်းကလည်း ဓာတ်ကြီးလေးပါးပဲ၊ လက်ပြတ် ကလည်း အနူရဲ့လက်ပြတ်ကြီးလို့ထင်လိုက်ရင် ရွံတယ်၊ အဲဒီလို မဟုတ်ဘူး၊ ဟိုဟာလည်း ဓာတ်ကြီးလေးပါး၊ ဒီဟာလည်း ဓာတ်ကြီးလေးပါးဆိုရင် ရွံစရာ ရှိသေး ရဲ့လား၊ မရှိဘူး။

ဓာတ်ကြီးလေးပါးလို့ နှလုံးသွင်းပြီးတော့ သူ ဘုဉ်းပေးတယ်၊ သို့သော် လက်ပြတ်ကြီးတော့ မစား ပါဘူးနော်၊ လက်ပြတ်ကြီးက ဝက်အူချောင်းကြီးလို ဖြစ်နေတယ်၊ အဲဒါကိုတော့ ဘုဉ်းပေးတာ မဟုတ်ဘူး၊ သို့သော် ရဟန္တာအရှင်မြတ်တွေက စိတ်ကို အဲဒီလို ပြောင်းလဲပစ်နိုင်တယ်လို့ ဆိုလိုတာနော်။

ကောင်းပြီ - အဲဒီမှာ ရွံစရာကောင်းတာကိုလည်း ရွံစရာမကောင်းဘူးလို့ ရှုလို့ရတယ်၊ ရွံစရာ မကောင်းတာကိုလည်း ရွံစရာအဖြစ် ရှုလို့ရတယ်။ ဘယ်လောက် တင့်တယ်တဲ့အာရုံပဲဖြစ်ဖြစ် အသုဘ ဘာဝနာပွားပြီး ဖယ်ရှားလို့ ရတယ်။

နောက်တစ်ခုက မမြဲတဲ့ "အနိစ္စသညာ"ပွားခြင်း ဖြင့်လည်း နှစ်သက်စရာအာရုံတွေကို ဖယ်ရှားပစ်လို့ ရပါတယ်၊ ဒါလည်းပဲ ဣန္ဒြိယဘာဝနာ တစ်မျိုးပဲ။

နောက်တစ်ခုကျတော့ ဒီနည်းစနစ်နဲ့ပဲ ဒါကို ဆက်ပြီးကျင့်သုံးတဲ့အခါမှာ အာရုံက နှစ်သက်စရာရော မနှစ်သက်စရာရော လာတယ်၊ အဲဒီ နှစ်သက်စရာ လည်း မကောင်းဘူး, မနှစ်သက်စရာလည်း မကောင်း ဘူးဆိုတဲ့ ရောလာတဲ့ အာရုံတစ်ခုကို မနှစ်သက်ဘဲ နေချင်တယ်ဆိုလို့ရှိရင် ခုနကလို အသုဘပဲ ပွားရမယ်။

နှစ်သက်စရာအာရုံရော မနှစ်သက်စရာအာရုံ ရော နှစ်ခုစလုံး ရောလာတဲ့အခါမှာ နှစ်သက်စရာ မကောင်းဘူးဆိုတာကို နှစ်သက်စရာကောင်းတယ်လို့ စိတ်ကို ထိန်းချုပ်ထားချင်လို့ရှိရင် မေတ္တာ ဘာဝနာပွားမယ် သို့မဟုတ် ဓာတ်လေးပါးကို ရှုဆင်ခြင်ခြင်းဖြင့် ရွံရှာမှုမဖြစ်အောင် ထိန်းသိမ်း စောင့်ရှောက်မယ်။ နောက်ဆုံး နည်းစနစ်တစ်ခုကျတော့ ဘာတုန်း ဆိုလို့ရှိရင် ရွံစရာလည်းကောင်းတယ်, ရွံစရာလည်း မကောင်းဘူးဆိုတဲ့ နှစ်ခုအပေါ်မှာ ရွံစရာဟုတ်တာ ရော, မဟုတ်တာရော ဒီနှစ်ခုကို စိတ်ထဲကို မထားဘဲနဲ့ လျစ်လျူရှုနိုင်တယ်၊ အဲဒီလျစ်လျူရှုနိုင်တဲ့ အနေအထား ဟာ တကယ့် ရဟန္တာပုဂ္ဂိုလ်တွေရဲ့ အနေအထားပဲ၊ ဒါကို "ဆဠင်္ဂုပေက္ခာ" လို့ ခေါ်တယ်။

ဘုန်းကြီးတို့တစ်တွေလည်း မျက်စိနဲ့ ကောင်းတဲ့ အာရုံလည်း မြင်တာပဲ၊ မကောင်းတဲ့ အာရုံလည်း မြင်တာပဲ၊ နားကလည်း ကောင်းတဲ့ သာယာတဲ့အသံ လည်း ကြားတာပဲ၊ မသာယာတဲ့အသံလည်း ကြား တာပဲ၊ ရဟန္တာပုဂ္ဂိုလ်တွေလည်း ထို့အတူပဲ၊ သို့သော် ဘယ်လိုထူးခြားလဲ? ရဟန္တာ ပုဂ္ဂိုလ်တွေကျတော့ ကောင်းတာ မြင်ရင်လည်း ဝမ်းမသာဘူး၊ မကောင်း တာမြင်လို့လည်း ဝမ်းနည်းခြင်း စိတ်ဆိုးခြင်း မရှိဘူး။ အဲဒီအာရုံအပေါ်မှာ သဘာဝအစစ်အမှန်ကို သိတဲ့ ဝိပဿနာဉာဏ်နဲ့ ထိန်းချုပ်ထားတဲ့ လျစ်လျူရှုနိုင်တဲ့ ဥပေက္ခာပဲ ဖြစ်တယ်၊ မြင်တာဟာ မြင်တာပဲ၊ ဘာမှ သူ့မှာ ထူးမလာဘူး။

ဘာနဲ့ ဥပမာတူတုန်း ဆိုလို့ရှိရင် - ရဟန္တာပုဂ္ဂိုလ် တွေရဲ့ စိတ်ဓာတ်ဟာ ကျောက်တောင်ကြီးလို ဖြစ်သွား တယ်၊ ကျောက်တောင်ကြီးဟာ ဘယ်ဘက်ကပဲ မုန်တိုင်းလာလာ လှုပ်ရှားမှုမရှိဘူး၊ ယိမ်းယိုင်မှုမရှိဘူး၊ အဲဒီလို ကျောက်တောင်ကြီးလို ခိုင်မာပြီးတော့ သွား တယ်၊ စိတ်ဓာတ်ရဲ့အခြေအနေ ဒီလိုလေ့ကျင့်ပြီးတော့ ယူရတယ်၊ ဘယ်အာရုံကြောင့်မှ စိတ်ဟာ လှုပ်ရှား ယိမ်းယိုင်ခြင်းမရှိတော့တဲ့အနေအထား ရောက်သွား ပြီဆိုရင် ဘာဝိတိန္ဒြိယ လေ့ကျင့်ပွားများထားတဲ့ ဣန္ဒြေ တွေ အောင်မြင်သွားပြီ၊ စိတ်အခြေအနေတစ်ခုကို ပိုင်နိုင်သွားပြီလို့ ဒီလိုဆိုရမယ်။

အဲဒီလို ပိုင်နိုင်သွားတဲ့ စိတ်အခြေအနေရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မျက်စိကနေပြီးတော့ ရူပါရုံ ဆိုတဲ့ မုန်တိုင်းတွေ လာဦးမလား၊ ကိစ္စမရှိဘူး။ နားက သဒ္ဒါရုံမုန်တိုင်းတွေလာလည်း လှုပ်ရှားမှု မရှိဘူး၊ နှာခေါင်းက အနံ့ဆိုတဲ့ မုန်တိုင်းတွေ လာဦးမလား၊ လျှာကနေပြီး အရသာမျိုးစုံ ဝင်လာဦးမလား၊ ခန္ဓာကိုယ်က အထိအတွေ့မျိုးစုံ လာထိဦးမလား၊ စိတ်ကူးထဲမှာပေါ်လာတဲ့ အာရုံမျိုးစုံတွေ လာဦးမလား၊ ဘယ်အာရုံပဲလာလာ လှုပ်ရှားခြင်း၊ ယိမ်းယိုင်ခြင်း၊ လောဘဆိုတာလည်း ဖြစ်မလာတော့ဘူး၊ ဒေါသ ဆိုတာလည်း ဖြစ်မလာတော့ဘူး။

စိတ်ဟာ တည်ကြည်တည့်မတ်ပြီး ငြိမ်းချမ်းတဲ့ အေးချမ်းတဲ့, သဘာဝအပေါ်မှာ ရှုမြင်သုံးသပ်တဲ့ စိတ်အခြေအနေတစ်ခုပဲ ကျန်တော့တယ်။ သာမန်လူတွေက ကောင်းတာမြင်လိုက်လို့ရှိရင် လောဘ ဖြစ်လာတယ်၊ မကောင်းတာ မြင်လိုက်လို့ ရှိရင် ဒေါသ ဖြစ်လာတယ်၊ အသံ ကြားလိုက်တဲ့အခါ ကြားလိုက်တဲ့အသံပေါ်မှာ လောဘဖြစ်လိုက် ဒေါသ ဖြစ်လိုက်နဲ့၊ ကိုယ်ကြိုက်တဲ့အနံ့ဆို လောဘ ဖြစ်လိုက်တယ်၊ ကိုယ်မကြိုက်တဲ့ အနံ့ဆို ဒေါသဖြစ်လိုက်တယ် ဆိုတော့ စိတ်အခြေအနေဟာ ယောက်ယက်ခတ် နေတာနော်။

ရဟန္တာတစ်ပါးရဲ့ စိတ်အခြေအနေကျတော့ ငြိမ်သက်အေးချမ်းသွားပြီးတော့ ဘယ်အာရုံလာလာ ဘာမှ ထူးမခြားနားပဲ အဲဒီလို ဖြစ်သွားအောင် လေ့ကျင့်တာဟာ တကယ့်ကို ဣန္ဒြိယ ဘာဝနာအစစ် ဖြစ်ပါတယ်လို့ မြတ်စွာဘုရားက ရှင်းလင်းဟောကြား တာ ဖြစ်တယ်။

ဒါကြောင့်မို့လို့ တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က ဣန္ဒြိယဘာဝနာ လေ့ကျင့်ပုံ နည်းစနစ်ကို ပေးထား သည့်အတွက်ကြောင့် မိမိတို့ တတ်စွမ်းသမျှ နေ့စဉ် မြင်တွေ့နေရတဲ့ အာရုံတွေကို ကောင်းတာ မြင်ရင် လည်း မိမိရဲ့စိတ် လှုပ်ရှားမှုမဖြစ်ရအောင်၊ ဖြစ်လာ လို့ရှိရင်လည်း ကြာရှည်မခံအောင်ပေါ့၊ ဖြစ်လာတဲ့ အပေါ်မှာ လောဘဆိုတာ မဖြစ်ရအောင် ထိန်းချုပ်ရမယ်၊ ဒေါသဆိုတာ မဖြစ်ရအောင် ထိန်းချုပ်ရမယ်၊ အသံကြားလာတဲ့အခါမှာလည်း လောဘ ဒေါသ မဖြစ် ရအောင်၊ အနံ့ရလာတဲ့အခါမှာလည်း လောဘ ဒေါသ မဖြစ်ရအောင်၊ အရသာနဲ့ တွေ့တဲ့အခါမှာလည်း လောဘ ဒေါသ မဖြစ်ရအောင်၊ ခန္ဓာကိုယ်နဲ့ ထိတွေ့တဲ့ အခါမှာလည်း လောဘ ဒေါသ မဖြစ်ရအောင်၊ စိတ်ကူးထဲမှာလည်း တစ်ခါတလေ မတည့်တဲ့သူက ပေါ်လာသေးတာပဲလေ၊ အဲဒီလို ပေါ်လာရင်လည်း ဒေါသဖြစ်တယ်၊ တည့်တဲ့သူ ပေါ်လာတဲ့အခါကျတော့ လောဘက ဖြစ်လာတယ်၊ အဲဒီလို မဖြစ်ရအောင် စိတ်ဓာတ်ငြိမ်သက်မှုရအောင် ဣန္ဒြိယဘာဝနာ ဆိုတဲ့ ဒေသနာတော်အရ လေ့ကျင့်ခန်းယူပြီးတော့ ကျင့်ကြံ ကြိုးကုတ်အားထုတ်ခြင်းဖြင့် မိမိတို့၏တည်ငြိမ်တဲ့ဘဝ တည်ငြိမ်တဲ့စိတ်ထားကို ကိုယ်စီကိုယ်ငှ ရရှိအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

လလလလလ

clivpsl5ig1dyofm78ng1wt62r0chgf
ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်
0
5897
22142
21646
2026-06-15T03:24:52Z
Tejinda
173
22142
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်
| previous = [[ဣန္ဒြိယဘာဝနာ မြတ်ဒေသနာ]]
| previous2 =
| next = [[ယှဉ်ပြိုင်ခြင်း၏ နိဂုံး]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်

သာသနာတော်နှစ် ၂၅၅၂ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၀ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်၊ မန္တလေးမြို့ အိမ်တော်ရာဘုရား ရတနာဃရ ၁၄ ခမ်း၊ ဓမ္မဗိမာန်တော်အတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ကျောင်းလွှတ်ပူဇော် အောင်ပွဲ ဓမ္မ သဘင် အခမ်းအနားဝယ် မန္တလေးမြို့၊ ၈၅ လမ်း၊ ဝါးတန်းရပ်နေ၊ ဦးမျိုးမြင့်(ခ)ဦးမြင့်+ဒေါ်သိန်းသိန်း၊ သမီးမချိုချို(ခ)မညိုရင်၊ မစိုးစိုးမြင့် ကျောင်းဒကာ၊ ကျောင်းအမ မိသားစုတို့၏ အမတဒါနဓမ္မဒါန အဖြစ် ဖြင့် ဟောကြားတော်မူအပ်သော “ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်” တရားဒေသနာတော်။

ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်

” ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်“လို့ ဗုဒ္ဓမြတ်စွာ က အာသီဝိသောပမ သုတ္တန်မှာ ဟောကြားခဲ့တယ်။ အာသီဝိသောပမ သုတ္တန်လာ ဝိပဿနာကျင့်စဉ်ကို ဒီကနေ့ ဘုန်းကြီးတို့က “ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်” လို့ နာမည်ပေးထားခြင်းဖြစ်တယ်။ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် ထိုသုတ္တန်မှာ ပေးထားတဲ့ ပါဠိ စကားလုံးကို မြန်မာလိုပြန်ဆိုပြီး နာမည်ပေးတာပါ။ ဗုဒ္ဓမြတ်စွာက ပါရိမံတီရံခေမံ ဆိုတဲ့စကားလုံးလေးကို သုံးခဲ့တယ်။ ပါရိမံတီရံ- ဟိုဘက်ကမ်းဟာ၊ ခေမံ-ငြိမ်းချမ်းတယ်။ အဲဒီတော့ ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်ဆိုရင် ဒီဘက်ကမ်းက မငြိမ်းချမ်းဘူးဆိုတဲ့ အဓိပ္ပါယ် အလိုလိုပြီးသွားတယ်။ “ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း” ဆိုတာ ဘာကိုရည်ညွှန်းတာတုန်းဆိုရင် “သံသရာနဲ့ နိဗ္ဗာန်” ကို ရည်ညွှန်းတာ။ ဒီဘက်ကမ်း ဆိုတာ သံသရာ၊ ဟိုဘက်ကမ်းဆိုတာနိဗ္ဗာန်။ အဲဒီတော့ နိဗ္ဗာန်က ဘေးကင်းတယ်၊ ငြိမ်းချမ်းတယ်လို့ ဒီလို မြတ်စွာဘုရားက ဟောလိုခြင်းဖြစ်တယ်။

အဲဒီတော့ ဒီသုတ္တန်လေးဟာ ဝိပဿနာကျင့်စဉ် ကို ကျင့်နေကြတဲ့ ရဟန်းတော်တွေကို ဟောကြားတဲ့ သုတ္တန်ဖြစ်တယ်။ ဝိပဿနာကျင့်စဉ် ကျင့်တဲ့နေရာမှာ မမြဲတဲ့သဘောကို ဆင်ခြင်ပြီးတော့ ကျင့်တာရှိသလို ဆင်းရဲတဲ့သဘောတွေကို ဆင်ခြင်စဉ်းစားပြီး ကျင့်နေ တာရှိတယ်။ ကိုယ်မပိုင်တဲ့သဘောတွေကို ဆင်ခြင် စဉ်းစားပြီး ကျင့်နေတာရှိတယ်။ ဒီသုတ္တန်က ဘဝနဲ့ ပတ်သက်ပြီးတော့ ကျေနပ်စရာ မကောင်းဘူးဆိုတဲ့ ဒုက္ခအဓိပ္ပါယ်ကို ပေါ်လွင်အောင် မြတ်စွာဘုရားက ဟောခြင်းဖြစ်တယ်။ သုတ္တန်ရဲ့အမည်က “အာသီဝိသောပမ” သုတ်တဲ့။ အာသီဝိသ ဆိုတာ အဆိပ်ပြင်းတဲ့ မြွေကို ခေါ်တာဖြစ်တယ်။ ဥပမာနဲ့ နှိုင်းခိုင်းပြီးတော့ ဟောတာ။

မြတ်စွာဘုရားက တရားဓမ္မကို နားလည်ဖို့ အတွက် ဥပမာနဲ့ နှိုင်းခိုင်းပြီး ဟောလေ့ရှိတယ်။ ဘာဖြစ်လို့ ဥပမာ အသုံးပြုရသလဲဆိုရင် ဥပမာသည် အနက်အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်တယ်။ အဲဒီတော့ ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ် ဆိုတော့ ဒီဘက်ကမ်းက မငြိမ်းချမ်းဘူး။ ဘာဖြစ်လို့ ဒီဘက်ကမ်း မှာ မငြိမ်းချမ်းရသလဲ။ ဘဝတစ်ခု ရရှိထားသူတိုင်း ကိုယ့်ခန္ဓာကိုယ်ကို အာရုံစိုက်ပြီးကြည့်ကြ။ တို့ ရ,ထား တဲ့ဘဝဟာ ဒီဘက်ကမ်းမှာရှိတယ်။ ဒီဘက်ကမ်းက ငြိမ်းချမ်းရဲ့လား၊ မငြိမ်းချမ်းဘူးလားဆိုတာ အားလုံး ကိုယ့်ကိုယ်ကို ဆင်ခြင်စဉ်းစားပြီး ကြည့်ရမယ်။ အဲဒီလို ဆင်ခြင်စဉ်းစားကြည့်မှ ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ် ဆိုတဲ့အဓိပ္ပါယ် ပိုပေါ်လာမှာ ဖြစ်တယ်။ ကဲ ဒီဘက်ကမ်းက ဘာဖြစ်လို့ မငြိမ်းချမ်းတုန်းဆိုတော့ အန္တရာယ်တွေများလို့ မငြိမ်းချမ်းတာတဲ့။

ဘာအန္တရာယ်တွေရှိတုန်းဆိုတာ မြတ်စွာဘုရားက ဥပမာပေးထားတယ်။ ဒီဘက်ထဲမှာ အန္တရာယ်တွေ ဘယ်လောက်များသလဲဆိုရင် ဘဝဆိုတာ ဓာတ်ကြီးလေးပါးနဲ့ တည်ဆောက်ထားရတယ်။ ဘုန်းကြီးတို့ ဘဝကို အကျဉ်းချုပ် ကြည့်လိုက်။ ပထဝီ အာပေါ တေဇော ဝါယော ဆိုတဲ့ ဓါတ်ကြီးလေးပါး။ စာပေသံနဲ့ ပြောရင် ပထဝီ အာပေါ တေဇော ဝါယော ပေါ့။ ကဲ အရပ်စကားနဲ့ ပြောမယ်ဆိုရင် ခန္ဓာကိုယ်ကြီးကို အကြမ်းဖျင်းခွဲကြည့်လိုက်။ မာတဲ့အရိုးတွေနဲ့ ပျော့တဲ့ အသားတွေ အတုံးအခဲတွေ မပါဘူးလား။ အဲဒါက တစ်ခု။ အရည်ဓါတ်တွေရောမပါဘူးလား။ ဒါက တစ်ခု။ အပူဓါတ်တွေ၊ အအေးဓါတ်တွေဆိုတာ မပါဘူးလား။ နောက်ပြီးတော့ လေဓါတ်တွေရော မပါဘူးလား။ ခန္ဓာကိုယ်ကြီးကို အပုံလိုက် ပုံကြည့်လိုက်မယ် ဆိုလို့ ရှိရင် မာမာအတုံးအခဲက တစ်ပုံ၊ အရည်တွေက တစ်ပုံ၊ အပူဓါတ်တွေက တစ်ပုံ၊ လေက တစ်ပုံ။ ခန္ဓာကိုယ်ကြီး တည်ဆောက်ထားတာ ဒီလေးမျိုးနဲ့ တည်ဆောက် ထားတယ်ဆိုတာ ကိုယ့်ခန္ဓာကို အာရုံစိုက်ပြီးတော့ ကြည့်လိုက်ရင် တွေ့နိုင်မယ်။

မြွေဆိုးကြီး(၄)ကောင်

မြတ်စွာဘုရားက ဒီလို ဓာတ်လေးပါးနဲ့ တည်ဆောက်ထားရတဲ့ ခန္ဓာကိုယ်ကြီး၊ ဒီခန္ဓာကိုယ် ကြီးဟာ အန္တရာယ်တွေ သိပ်ပြီးများလို့ ဒီဘက်ကမ်းဟာ မငြိမ်းချမ်းဘူးတဲ့။ ခန္ဓာနဲ့ တည်ဆောက်ထားရလို့ သက္ကာယလို့ခေါ်တဲ့ သံသရာဒီဘက်ကမ်းဟာ မငြိမ်း ချမ်းဘူး။ ဘာဖြစ်လို့ မငြိမ်းချမ်းသလဲ၊ အန္တရာယ်တွေ များလို့ မငြိမ်းချမ်းတာတဲ့။ ဒါဖြင့် အန္တရာယ်တွေက ဘာတွေရှိတုန်းဆို မြတ်စွာဘုရားက သဘာဝတရား ပေါ်လွင်အောင် မိန့်ကြားထားတာရှိတယ်။ ဒီဘက် ကမ်းမှာ မြွေဆိုးကြီးလေးကောင် ရှိတယ်တဲ့။ ကဲ တရားချစ်ခင် သူတော်စင်ပရိသတ်တို့ မြွေဆိုးကြီးတွေနဲ့ အတူတူနေရဲပါ့မလား။ မြွေဆိုးကြီးလေးကောင်ဆိုတာ အာသီဝိသ အလွန်လျင်မြန်တဲ့အဆိပ်၊ ပြင်းထန်တဲ့ အဆိပ်၊ ဃောရဝိသ အလွန်ကြမ်းတမ်း ပြင်းထန်တဲ့ အဆိပ်တွေရှိတယ်။ အဲဒီ မြွေဆိုးကြီးလေးကောင်က ဒီဘက်ကမ်းမှာရှိတယ်။ မြွေဆိုးကြီးလေးကောင်ရဲ့ရန်မှ လွတ်တဲ့ပုဂ္ဂိုလ် မရှိဘူး။ မြွေဆိုးကြီးလေးကောင်ရဲ့ အန္တရာယ်တွေ ရှိနေတဲ့အတွက် ဒီဘက်ကမ်းဟာ မငြိမ်းချမ်းဘူး။

လူသတ်သမား(၅)ယောက်

မြွေဆိုးကြီး လေးကောင်တင် မကသေးဘူး လူသတ်သမား ငါးယောက်ကလည်း ဒီဘက်ကမ်းမှာ ကြီးစိုးနေတယ်။ လူသတ်သမား ငါးယောက်ရှိတယ်။ လူသတ်သမားငါးယောက်တင်မကဘူး အနီးကပ်နေပြီး ကိုယ့်ရဲ့အတွင်းရန်သူလို့ခေါ်ရတဲ့ ရန်သူတစ်ယောက် ကလည်း ရှိနေတယ်။ ဒီဘက်ကမ်းမှာနေတဲ့ ပုဂ္ဂိုလ်တိုင်း ဟာ လူသတ်သမား ငါးယောက်ရဲ့ ရန်ကိုလည်း ကြောက်နေကြရတယ်။ အတွင်းရန်ကိုလည်း ကြောက် နေကြရတယ်။

ခြောက်အိမ်စုရွာ

နောက် ဒီဘက်ကမ်းမှာ ဘာတွေရှိနေသလဲဆိုရင် ခြောက်အိမ်စုရွာကလေးလည်း ရှိနေတယ်။ အဲဒီရွာထဲ ဝင်ကြည့်ရင် ဘာမှမရှိဘူး။ အဲဒီ ခြောက်အိမ်စု ရွာကလေးမှာ ဓားပြခြောက်ယောက်က အမြဲတမ်း ဝင်ဝင်ပြီး ရှာဖွေတိုက်ခိုက်နေသည့် အတွက်ကြောင့် ဘာမှမရှိတဲ့ ရွာကလေးကိုပဲ ဒုက္ခပေးနေတာ။ ဘုန်းကြီးတို့ တရားချစ်ခင် သူတော်စင်ပရိသတ်တို့ လောကကြီး တစ်ခုလုံးမှာ ကိုယ်နေတဲ့ မြို့ရွာတွေ မငြိမ်းချမ်းဘူးဆိုရင် လူတွေဟာ အိပ်ကောင်းခြင်း မအိပ်ရဘူး၊ စားကောင်းခြင်း မစားရဘူး၊ ကြောက် ကြောက် လန့်လန့် နေကြရတယ်၊ ထိတ်ထိတ်ပြာပြာနဲ့ နေကြရတယ်။ အခုလည်းပဲ သက္ကာယလို့ဆိုတဲ့ ခန္ဓာနဲ့ တည်ဆောက်ထားတဲ့ ဒီဘက်ကမ်းမှာ မြွေဆိုးကြီး လေးကောင်က သောင်းကျန်းနေတယ်၊ ရန်သူ ငါးယောက်ကလည်း အန္တရာယ် ပေးနေတယ်၊ အတွင်းလူ တစ်ယောက်ကလည်း ကိုယ့်ကို ချောင်း မြောင်း လုပ်ကြံဖို့ ရှိနေတယ်။ ခြောက်အိမ်စုရွာမှာ လည်း ဘာမှမရှိဘူး။ လုံခြုံမှု မရှိဘူး။ ဓားပြ ခြောက်ယောက်ကလည်း အဲဒီရွာကို ခဏခဏ ဝင်ရောက် လုယက်နေတယ်။

ဒီဘက်ကမ်းမှာ ငြိမ်းချမ်းတယ်ဆိုတာ ဘာတစ်ခုမှ မရှိဘူး။ မငြိမ်းချမ်းလို့ရှိရင် ငြိမ်းချမ်းတဲ့ဟိုဘက်ကမ်းကို သွားကြမယ် ဆိုပြန်တော့ မြစ်ပင်လယ်ကြီးတစ်ခုက ခြားနေတယ်တဲ့။ အဲဒီ မြစ်ပင်လယ်ကြီးမှာ တံတား ထိုးထားတာလည်း မရှိဘူး။ ဟိုဘက်ကူးဖို့ လှေတို့၊ သင်္ဘောတို့ မရှိဘူး။ အဲဒီလိုအခြေအနေမှာ ငြိမ်းချမ်းတဲ့ ဟိုဘက်ကမ်းကိုကူးဖို့ ဖြစ်နိုင်ပါ့မလား။ သိပ်ကို ခဲယဉ်း တယ်။ အန္တရာယ်များတဲ့ ဒီဘက်ကမ်းကနေပြီး အလွတ် ရုန်းချင်ရင် ဘာလုပ်ရမလဲဆိုတော့ လှေမရှိ၊ တံတား မရှိဘူးဆိုရင် ကိုယ့်ဘာသာ ဖောင်ဖွဲ့ပြီး ကိုယ့်အား ကိုယ်ကိုးနဲ့ ဟိုဘက်ကမ်းကို မကူးရဘူးလား။ ကူးလို့ ဟိုဘက်ကမ်း ရောက်သွားတဲ့ ပုဂ္ဂိုလ်ဆိုရင် လုံးဝ အန္တရာယ်တွေကင်းသွားလို့ ငြိမ်းချမ်းတဲ့နယ်မြေတစ်ခု ရောက်သွားနိုင်တယ်။ မြတ်စွာဘုရားက ဒီလို ဥပမာနှင့် ဒီသုတ္တန်မှာ ဟောထားတာ။ ဥပမာဆိုတာ အနက်အဓိပ္ပါယ် နားလည်ဖို့ဟောတာ။

ကိုယ့် ခန္ဓာကိုယ်ကို ကိုယ်ပြန်ကြည့်လိုက်၊ ဘုန်းကြီးတို့ခန္ဓာကိုယ်ဟာ မဟာဘုတ်လေးပါးဆိုတဲ့ ဓာတ်ကြီးလေးပါးနဲ့ တည်ဆောက်ထားတယ်။ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးပါးနဲ့ တည်ဆောက်ထားတယ်။ ဒီ ဓာတ်ကြီးလေးပါးဟာ တစ်ခုနဲ့တစ်ခု သဘာဝခြင်းကလည်း မတူကြဘူး။ ပထဝီက အတုံးအခဲ သဘောတွေရှိတယ်။ အာပေါက အရည်ပျော်တယ်၊ ဖွဲ့စည်းတဲ့သဘောရှိတယ်။ တေဇော က ပူတဲ့ အေးတဲ့ သဘောရှိတယ်၊ ရင့်ကျက်စေတဲ့ သဘောရှိတယ်။ ဝါယောက တွန်းကန်ပြီးတော့ လှုပ်ရှားစေတဲ့ သဘောရှိတယ်။ ဓာတ်ကြီးလေးပါးဟာ လူ့ခန္ဓာကိုယ်မှာ တစ်ခုနှင့်တစ်ခု မတူဘူး။ မျှမျှတတ ရှိနေရင်၊ အချိုးအစား ညီနေရင် လူတွေက ကျန်းမာ တယ်လို့ ပြောကြတယ်။ မညီဘူးဆိုတာနဲ့ ပထဝီဓါတ် လွန်ကဲလာရင် ဘာဖြစ်လည်းဆိုတော့ ကြုံဖူးကြပါလိမ့် မယ်။ ခန္ဓာကိုယ်ကြီး တောင့်တင်းနေတယ်။ ကျောကြီး ကို တောင့်နေတာပဲ။ ခါးကြီးက တောင့်နေတာပဲ။ မလှုပ်နိုင်ဘူးလို့ ဒီလို မပြောကြဘူးလား။

အဲဒါ ပထဝီဓာတ်လို့ဆိုတဲ့ မြွေဆိုးကြီးရဲ့ အကိုက် ခံရတာလို့ မြတ်စွာဘုရားက ဟောတယ်။ ပထဝီဆိုတဲ့ မြွေဆိုးကြီး ဖောက်ပြန်လာပြီဆိုရင် ခန္ဓာကိုယ်ကြီး တစ်ခုလုံးဟာ တောင့်တင်းပြီးတော့ ဖြစ်သွားတယ်၊ မလှုပ်နိုင် မယှက်နိုင်ဖြစ်တယ်။ အချိုးအစား ညီရင်ညီ၊ မညီရင် ဒုက္ခပေးလိမ့်မယ်။

တစ်ခါ အာပေါဓာတ် လွန်ကဲတဲ့အခါ ဘာဖြစ် သလဲဆိုရင် လူ့ခန္ဓာကိုယ်မှာ ပိန္နဲသီးများ အတွင်းကနေ ပုပ်သွားသလိုပဲ အရည်တွေ ထွက်မလာဘူးလား။ လူ့ ခန္ဓာကိုယ်ဟာလည်း ပြည်တွေဖြစ်ပြီး အတုံးအခဲတွေ လည်း အရည်ပျော်သွားတယ်။ အာပေါဓာတ် ပျက်စီး သွားပြီဆိုရင် ခန္ဓာကိုယ်ကြီးဟာ အရည်ပျော်သွားတယ်။ ဒါက ဒုတိယမြွေဆိုးကြီးရဲ့ အနှိပ်အစက်ခံရတာပဲ။ ပထဝီနဲ့ အာပေါဟာ အချိုးအစား ညီရင်ညီ၊ မညီဘဲ ပထဝီလွန်ကဲလာလျှင် ပထဝီဆိုတဲ့ မြွေဆိုးကြီးရဲ့ အဆိပ် တက်တာပဲ။ အာပေါတွေ လွန်ကဲလာလျှင် အာပေါလို့ခေါ်တဲ့ ဒုတိယမြွေဆိုးကြီးရဲ့ အဆိပ်တွေ တက်လာတယ်။

တေဇောကျတော့ လူတွေမှာ အပူအအေး လွန်ကဲစေတယ်၊ တစ်ခါတရံ ဖျားတဲ့အခါ ခန္ဓာကိုယ် မပူဘူးလား။ ဖျားလို့ရှိရင် ကိုယ်တွေပူနေပါလား။ အဖျားတက်နေပါလားလို့ ပြောကြတယ်။ အဲဒါ တေဇောလို့ခေါ်တဲ့ မြွေဆိုးကြီးရဲ့ အဆိပ်တက်တာ။ အပူက ခန္ဓာကိုယ်ထဲမှာ လေးမျိုးရှိတယ်။ သန္တပ္ပန၊ ဖျားတဲ့အခါ ကိုယ်ပူတဲ့အခါ အဲဒါ သန္တပ္ပန တေဇော။ ခုခေတ်ဆို ဆရာဝန်တွေ တိုင်းတာ (၁၀၁၊ ၁၀၂၊ ၁၀၃၊ ၁၀၄)တဲ့။ အဖျားကြီးတယ်ဆိုပြီး ပြောကြတယ်။ နောက် အပူတစ်မျိုးက ဘာလဲဆိုရင် ဇီရဏ တေဇော။ ဒီ ဇီရဏ တေဇော ဟာ ခန္ဓာကိုယ်ထဲမှာ တငွေ့ငွေ့ လောင်နေတယ်။ ဒါကြောင့်လူတွေဟာ အသက်ကြီးပြီး တဖြည်းဖြည်း အိုလာတာဟာ ဒီအဆိပ်တွေကြောင့်မို့ ဖြစ်တာ။ မျက်စိမှုန်၊ နားလေး၊ ခါးကိုင်း၊ ပါးရေတွန့်လာ၊ ခေါင်းဖြူ၊ ပါးစပ်ထဲက သွားတွေကျွတ်ထွက်လာတယ်။ တဖြည်းဖြည်း အိုလာတာဟာ သူ့ဟာသူ အိုလာတာ မဟုတ်ဘူး။ ဇီရဏ တေဇော လို့ဆိုတဲ့ မြွေဆိုးကြီးရဲ့ အဆိပ်တက်လာတာ။ ဒီမြွေဆိုးကြီးရဲ့ အနှိပ်စက်ကို ခံရတာ။ ရပ်ထားချင်လို့ရပါ့မလား၊ မရဘူး။ လူတွေဟာ တဖြည်းဖြည်း အသက် ကြီးကြီးလာတယ်၊ အိုလာ တယ်။ လူတွင်လားလို့ဆို မဟုတ်ပါဘူး။ ပန်းပွင့်လေး တွေလည်း ပထမတော့ အဖူးအငုံကနေ ပွင့်လာတယ်၊ ကားလာတယ်။ တဖြည်းဖြည်း တစ်ရက် နှစ်ရက် ကြာလာတော့ ရင့်ရော်ပြီး ကြွေကျသွားတယ်။ သစ်သီး တွေလည်း ပထမတော့ နုနုထွဋ်ထွဋ်လေး၊ တဖြည်း ဖြည်း စိမ်းပြီး ရင့်လာတယ်။ နောက်ဆုံးကျတော့ ဝါပြီးကြွေသွားတယ်။ အဲဒါ ဇီရဏ တေဇောပဲ။ လူတွေရဲ့ ခန္ဓာကိုယ်မှာလည်း ဒီအတိုင်းပဲ။ ဒီတေဇောကြောင့် တဖြည်းဖြည်း ရင့်ရင့် အိုအိုပြီးတော့ ပါးရေတွေ တွန့်တာတို့၊ ခါးတွေကိုင်းတာတို့၊ နားတွေ ထိုင်းတာတို့ အကုန်လုံးဖြစ်တယ်။ ဒီမြွေဆိပ် တက်နေတာတဲ့။ တေဇောဆိုတဲ့ မြွေကြီးရဲ့အဆိပ်တွေ တက်တာ။

နောက်တစ်ခုကျတော့ ဝါယော။ လူတွေမှာ ဝါယောက (၆)မျိုးရှိတယ်။ ကိုယ့်ခန္ဓာကိုယ်ကို ပြန်ပြီး တော့ကြည့်။ (၆)မျိုးဆိုတာ ဝမ်းဗိုက်ထဲမှာ တည်တဲ့လေ ရှိတယ်။ တစ်ခါတရံ ဗိုက်ထဲက အသံမကြားရဘူးလား။ ဗိုက်ထဲမှာ တစ်ခါတစ်ခါ ဂွတ်ဂွတ်မြည်တာဟာ အဲဒီ လေပဲ။ နောက် အဲဒီကနေ ကြို့ထိုးတယ်။ လူတွေ ထမင်းစားပြီး လေတက်တာရော မရှိဘူးလား။ ရှိပါ တယ်။ အဲဒါက အပေါ်တက်တဲ့လေ။ နောက် အောက် စုန်တဲ့လေက ရှိသေးတယ်။ အောက်စုန်တဲ့ လေ၊ အပေါ်တက်တဲ့ လေ၊ အူတွေထဲမှာ အစာတွေကို တရွေ့ရွေ့နဲ့ သယ်ဆောင်သွားတဲ့လေက တစ်မျိုး၊ နောက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုယ်အင်္ဂါ အစိတ် အပိုင်းတွေ လှုပ်ရှားလို့ရအောင် လည်ပတ်နေတဲ့ လေက တစ်မျိုး။ လူတွေ ပြောကြတယ်မို့လား။ မသွား နိုင်၊ မထနိုင်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လေဖြတ်သွားလို့။ ဝါယော ဆိုတာလည်း မြွေဆိုးကြီး လိုပဲ ဒုက္ခပေးတယ်။ ၂၄ နာရီလုံးလုံး ရပ်မရအောင် အမြဲတမ်းရှူရှိုက်နေရတဲ့ ထွက်လေ ဝင်လေ အားလုံး ပေါင်းလိုက်တော့ လေ(၆)မျိုးရှိတယ်။ လူ့ရဲ့ ခန္ဓာ ကိုယ်မှာ။ အဲဒီ လေ(၆)မျိုးတို့ဟာ ဝါယောဓာတ်ပဲ။ ဒီလေ(၆)မျိုးလုံးဟာ ဒုက္ခပေးတာချည့်ပဲ။ တစ်နေ့ကျလို့ ရှိရင် ဒီလေ(၆)မျိုးနဲ့ပဲ လူတွေဟာ အဆိပ်တက်ပြီးတော့ ဒုက္ခရောက်သွားကြတာ။

ပထဝီဓာတ်ကို စာပေထဲမှာ ဘယ်လိုခေါ်လည်း ဆိုရင် ကဋ္ဌမုခမြွေ လို့ခေါ်တယ်။ အဲဒီလိုမြွေမျိုးက ကိုက်လိုက်လို့ရှိရင် အဆိပ်ဟာ တစ်ကိုယ်လုံး သံချောင်းကြီးသွင်းထားသလို တောင့်တင်းသွားတယ်။ ကွေးလို့မရဘူး။ ညွှတ်လို့မရတော့ဘူး။ လူတွေရဲ့ သန္တာန်မှာ ပထဝီလွန်ကဲပြီး ပထဝီဓာတ် ပျက်သွားပြီ ဆိုလို့ရှိရင် တစ်ကိုယ်လုံး တောင့်သွားတယ်။

အာပေါဓာတ်ကိုတော့ ပူတိမုခ လို့ခေါ်တဲ့မြွေ။ အာပေါဓာတ် လွန်ကဲရင် ခန္ဓာကိုယ်ဟာ ပုပ်ပွ ရင့်ရော် လာတယ်။ အသီးတစ်လုံး ပုပ်ပွသွားရင် အရည်တွေ ထွက်မလာဘူးလား။ ငှက်ပျောသီး၊ ပိန္နဲသီးတွေ ဘယ် အသီးပဲဖြစ်ဖြစ် ပုပ်ပြီဆိုရင် အရည်ထွက်တာပဲ။ အဲဒီလို ပုပ်သွားပြီဆိုရင် ပူတိမုခ လို့ဆိုတဲ့ မြွေကိုက်ခံရတာ။ အာပေါဓာတ်ပျက်စီးလို့ ဒုက္ခရောက်တာ။တေဇော ဓာတ် ကျတော့ အင်မတန်ပြင်းထန်တဲ့ ပူလောင်တဲ့မြွေ။ အဂ္ဂိမုခ၊ မီးနဲ့အလားတူတဲ့ နှုတ်သီးရှိတဲ့မြွေ။ အဲဒီမြွေ ကိုက်ရင် တစ်ကိုယ်လုံးပူလောင်လှတယ်ပြီး နောက်ဆုံး မှာ ပြာလိုဖြစ်သွားတယ်။ ဖွဲပြာလို ကျသွားတယ်။ တေဇောဓာတ် ပျက်လို့ရှိရင်လည်း လူဟာ ဒုက္ခ ရောက်တတ်တယ်။ ပူလောင်ပြီးနောက် သတ္ထမုခ ဆိုတဲ့ မြွေကိုက်လိုက်လျှင် လူ့ရဲ့သန္တာန်ဟာ အဆစ်တွေ ဘာတွေ အကုန်လုံးပြုတ်ပြီး တစ်ချို့ကျတော့ လေသင်တုံးတို့၊ လေဖြတ်တာတို့ ဖြစ်သွားတယ်။ လေဖြတ်လို့ရှိရင် လမ်းမလျှောက်နိုင်ဘူး၊ ခြေမလှုပ် နိုင်ဘူး၊ စကားမပြောနိုင်ဘူး။ ဒီလိုဖြစ်သွားတယ်။

လူတိုင်းလူတိုင်းဟာ ဟောဒီ မြွေကြီးလေးကောင် ကို ရင်ဝယ်ပိုက်ထားရတာနဲ့ မတူဘူးလား။ ဘဝဆိုတာ ကိုယ့်ခန္ဓာကိုယ်ကြီးက ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဆိုတာတွေနဲ့ ဖွဲ့စည်းထားသည့် အတွက် ကြောင့် တို့ခန္ဓာကိုယ်ကြီးထဲမှာ မြွေကြီးလေးကောင် ရှိနေပါလားလို့ မြတ်စွာဘုရားက (စတုဓာတု ဝဝတ္ထာန) ဓာတ်လေးပါးကို ရှုပြီးတော့ ကမ္မဋ္ဌာန်းပွားဖို့အတွက် မြွေကြီးလေးကောင်နဲ့ တင်စားပြီး ဟောတာ။

မြွေကြီးလေးကောင်က တစ်ခါတစ်ရံ သဘော ကောင်းတယ်။ သဘောကောင်းတယ်ဆိုတာ ဓာတ်ကြီး လေးပါး ညီညွတ်နေရင် ဘာမှမဖြစ်ဘူး။ လူတွေက အန္တရာယ်မရှိဘူးလို့ ထင်လာကြတယ်၊ သူတို့နဲ့ပဲ ပျော်ပျော်ပါးပါး နေနေကြတယ်။ သို့သော် ဒီမြွေ လေးကောင်ဟာ တစ်ကောင်နှင့်တစ်ကောင် အကြိုက် ချင်း မတူညီသည့်အတွက်ကြောင့် တစ်ကောင်ကောင် က စိတ်ဆိုးပြီး ကိုက်လိုက်လို့ရှိရင် သေဖို့ပဲရှိတယ်။ ဒါကြောင့် လူ့လောကလူတွေ သေသေသွားကြတာက မြွေကြီးလေးကောင်ထဲက တစ်ကောင်ကောင်ကိုက်လို့ သေတာချည်းပဲ။ ဒါပေမယ့် လူတွေက မြွေမှန်း မသိကြ ဘူး။ ဘာဖြစ်လို့ မသိလည်းဆိုရင် မဆင်ခြင်လို့ မသိတာ။

အဲဒီတော့ လူ့လောကဟာ အန္တရာယ်ကင်း သလား၊ မကင်းဘူးလားဆိုတာ ဆင်ခြင်ကြည့်တော့ မကင်းဘူး။ ဘယ်လိုပဲ ပြုစုပြုစု ဟောဒီ မြွေကြီး လေးကောင်နဲ့ နေတဲ့သူဟာ တစ်နေ့ အဆိပ်တက် မှာပဲ။ မြွေကြီးလေးကောင်က လွတ်တဲ့ပုဂ္ဂိုလ်ရှိသလား၊ မရှိပါဘူး။ ဒါကြောင့်မို့ ဘုန်းကြီးတို့ ခန္ဓာကိုယ်ထဲမှာ အန္တရာယ်ပေးနေတဲ့ မြွေကြီးလေးကောင်နဲ့ နေရတယ် ဆိုပြီး ပထဝီဓာတ်ရဲ့ သဘောတွေ၊ တေဇောဓာတ်ရဲ့ သဘောတွေ၊ အာပေါဓာတ်ရဲ့ သဘောတွေ၊ ဝါယော ဓာတ်ရဲ့ သဘောတွေကိုဆင်ခြင်ပြီး ဒီ ပထဝီ၊ တေဇော၊ ဝါယော၊ အာပေါ လို့ဆိုတဲ့ မြွေကြီးလေးကောင်မှ လွတ်မြောက်တဲ့ ငြိမ်းချမ်းတဲ့နယ်မြေဟာ ဟိုဘက် ကမ်းလို့ဆိုတဲ့ နိဗ္ဗာန်ပဲ။ နိဗ္ဗာန်မရောက်မခြင်း ဒီဘက် ကမ်းမှာ နေနေရင်တော့ ဘယ်သူမှ လွတ်အောင် မရုန်းနိုင်ဘူးလို့ ပြောတယ်။

နောက်ပြီး ရန်သူငါးယောက်ရှိတယ်၊ ဘုန်းကြီးတို့ တစ်တွေ ဘဝထဲမှာနေတဲ့အခါ မိတ်ဆွေတွေနဲ့နေရတာ မဟုတ်ဘူး။ ရန်သူတွေနဲ့ နေရတာ။ ရန်သူတွေက ဘယ်သူတွေလည်းဆိုရင် ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ၊ ဥပါဒါနက္ခန္ဓာ လို့ခေါ်တဲ့ ခန္ဓာ(၅)ပါးပဲ။ မြတ်စွာဘုရားက ခန္ဓာ (၅)ပါးဟာ ရန်သူတဲ့။ ရန်သူဆိုတာ ကိုယ့်အကျိုးစီးပွား ကို မလိုလားသူကို ရန်သူလို့ ခေါ်တယ်။ ကိုယ် ကောင်းစားတာကို မလိုလားသူကို ရန်သူလို့ခေါ်တယ်။ ရန်သူလို့ခေါ်တာတင် မကဘူး။ မြတ်စွာဘုရားက လူသတ်သမား(၅)ယောက်လို့ နာမည်ပေးထားတယ်။

လောကမှာ ဝေါဟာရအားဖြင့် ပြောကြတယ်။ ဘယ်သူဖြင့် သေသွားပြီ၊ ဘယ်သူဖြင့် ဆုံးသွားပြီတဲ့။ ဘယ်သူကသတ်တာလဲဆိုရင် ခန္ဓာ(၅)ပါးကသတ်တာ။ ဘယ်သူကမှ လာမသတ်ဘူး။ ဒီ ခန္ဓာ (၅)ပါးကိုက သေတတ်တဲ့ သဘောရှိတယ်။ ခန္ဓာ (၅)ပါးဟာ ရန်သူလား မိတ်ဆွေလား စဉ်းစားကြည့်ရအောင်။ ခန္ဓာကိုယ်ကြီးရ,ထားတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့်စိတ်ထဲမှာ ဘာဖြစ်လဲ။ ငယ်ရွယ်တဲ့ ပုဂ္ဂိုလ်တွေဆိုရင် အမြဲတမ်း လှလို့၊ ဝလို့၊ အမြဲတမ်း ကျန်းမာလို့ မနေချင်ဘူးလား။ အဲဒီ ရုပ်ခန္ဓာက ကိုယ်ဖြစ်ချင်တိုင်းဖြစ်ရဲ့လား။ မဖြစ်ပါ ဘူး။ မိတ်ဆွေဆိုတာ ကိုယ့်ရဲ့အလိုကျ လိုက်လျော တယ်။ ရန်သူဆိုတာ ကိုယ်နဲ့ဆန့်ကျင်ဘက် လုပ်တယ်။ ရုပ်တရားဟာ ကိုယ်နဲ့ ဆန့်ကျင်ဘက်လုပ်လား၊ လိုက်လျောလား။ ရုပ်တရားတွေက ဆန့်ကျင်ဘက် လုပ်နေတာ။ မျက်စိမမှုန်ချင်ဘူး၊ မှုန်တာပဲ။ နားမထိုင်းချင်ဘူး ထိုင်းတာပဲ။ ဆံပင်မဖြူချင်ဘူး ဖြူလာမယ်။ ပါးရေ မတွန့်ချင်ဘူး၊ တွန့်လာမယ်။ ကိုယ်ပြောတာ တစ်ခုမှ နားမထောင်ဘူး။ ဆန့်ကျင်ဘက်လုပ်တယ်။

နောက်ဆုံး ဒီခန္ဓာဟာ ထာဝရမမြဲတဲ့အရာ ဖြစ်သောကြောင့် အကြောင်း တစ်ခုခုကြောင့် အကြောင်းမညီညွတ်တော့ဘူးဆိုရင် ဒီခန္ဓာကိုယ်ကြီး ဟာ သူ့ရဲ့သဘာဝ ရပ်စဲလိုက်တယ်။ ဒါ့ကြောင့် လူဟာ သေရတာပဲ မဟုတ်လား။ လူမသေခင်ပဲ မျက်စိ ကွယ်သွားတယ်၊ နားကန်းသွားတယ်၊ လူမသေခင်ကပဲ တစ်ချို့ရုပ်တွေ ပျက်သွားတယ်။ ဒါကြောင့် မြတ်စွာ ဘုရားက ဝဇကံ ရူပံ- ရုပ်တရားဆိုတာ၊ ဝဇက-လူသတ်သမားပဲ။ သူပဲ လူတွေကိုသတ်တာ။ ဒီ့ပြင်လူက သတ်တာမဟုတ်ဘူး။ အတွင်းလူသတ်သမားပဲ။

ထို့အတူ ဝေဒနာ ဆိုတဲ့ ခံစားချက်ကိုကြည့်။ လူတွေက ခံစားချက်နဲ့ပတ်သက်လာလို့ရှိရင် ခံစားချက် က အနည်းဆုံးသုံးမျိုးရှိတယ်။ သုခရယ်၊ ဒုက္ခရယ်၊ အဒုက္ခမသုခရယ်။ သုခဆိုတာ ကိုယ်ချမ်းသာ စိတ်ချမ်းသာ။ ဒုက္ခ ဆိုတာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ။ အဒုက္ခမသုခဆိုတာ ချမ်းသာတာလည်း မဟုတ်ဘူး၊ ဆင်းရဲတာလည်း မဟုတ်ဘူးဆိုတဲ့ ခံစားချက်။ အာရုံ ပေါ်မှာ ဒီလို ခံစားချက်သုံးမျိုးဟာ တခါတခါ လှည့်ပြီး ဖြစ်တယ်။ အဲဒီ ခံစားချက်သုံးမျိုးသည် တည်မြဲနေတာ မဟုတ်ဘူးတဲ့။

ကဲ တရားချစ်ခင် သူတော်စင်ပရိသတ်တို့ စဉ်းစား ကြည့်။ အစဉ်ထာဝရ ဝမ်းနည်းနေတာ မရှိသလို အစဉ် ထာဝရ ဝမ်းသာနေတာရော ရှိရဲ့လား။ ဝမ်းနည်းတာ လည်း တစ်ခဏပဲ၊ ဝမ်းသာတာလည်း တစ်ခဏပဲ။ လောကမှာလူတွေ ဝမ်းနည်းစရာရှိရင် ဝမ်းနည်းပြီး အခု ငို၊ တော်လေးကြာ ရယ်နေကြတာ တွေ့ရပြန် တယ်။ အခု ရယ်၊ တော်လေးကြာ ငိုတာ တွေ့ရပြန် တယ်။ မတွေ့ရဘူးလား။ ဘယ်ဟာမှ မတည်မြဲဘူးတဲ့။ ဝေဒနာဟာလည်း သူ့သက်တမ်းအရ သေသေသွား တာ ဖြစ်သောကြောင့် သူသေရင်လည်း ကျန်တာတွေ သေရတာဖြစ်လို့ သူ့ကို လူသတ်သမား၊ ရန်သူတဲ့။ ကိုယ်က ဝမ်းသာချင်တယ်၊ သူက ဝမ်းနည်းတယ်။ ဝမ်းသာတာကို ဝမ်းနည်းတယ်ဆိုတာ ကိုယ့်အလိုကို လိုက်တာလား၊ ဆန့်ကျင်တာလား။ ဆန့်ကျင်တာပါ။ ဆန့်ကျင်တဲ့အတွက်ကြောင့် သူ့ကို ရန်သူလို့ သတ်မှတ် တာ။

ထို့အတူပဲ သညာ၊ သညာ ဆိုတာ အာရုံတစ်ခုခု ကို တွေ့လိုက်တဲ့အခါမှာ စိတ်ထဲမှာ မှတ်တမ်းတင် လိုက်တာ၊ မှတ်လိုက်တယ်။ ဆိုပါစို့ အဖြူ၊ အဝါ၊ အနီ၊ အစိမ်း အရောင်ကိုကြည့်ပြီးတော့ မှတ်လိုက်တယ်။ နောက်တစ်ခါတွေ့ရင် အရင်တစ်ခါ မှတ်ထားတဲ့ အတိုင်းပဲ ဒါက အဖြူ၊ ဒါက အနီ၊ ဒါက အစိမ်း၊ ဒါက အဝါ မသိဘူးလား။ အဲဒါ သညာ ကြောင့် သိတာ။ လူဆိုရင်လည်း မှတ်လိုက်တယ်လေ။ ပထမ စတွေ့တဲ့ ဒီလူကို အရပ်ရှည်ရှည် (သို့) အရပ်ပုပု။ ပိန်ပိန် (သို့) ဝဝ။ အသားအရောင် ဖြူတယ်၊ ညိုတယ် တစ်ခါတည်း မှတ်လိုက်တာ။ အဲဒီမှတ်ထားတဲ့အတိုင်း နောက်တစ်ခါ ပြန်တွေတော့ မသိဘူးလား။ အဲဒါ သညာရဲ့ သဘော တွေတဲ့။ အဲဒီလို သညာကမှတ်ထားတဲ့ သညာဟာ လည်း တည်မြဲတာ မဟုတ်ဘူးတဲ့။ သူလည်း တစ်ခဏပဲ ဖြစ်ပြီးတော့ တစ်ခဏပဲပျက်သွားတာ ဖြစ်သည့်အတွက် ကြောင့် ရန်သူပဲ။ ကိုယ်မှတ်ချင်တဲ့အတိုင်း မှတ်လို့ မရဘူး။ သညာ ပျောက်သွားတာတွေ အများကြီး ရှိတယ်။ တစ်ခါတစ်ရံ လွဲမှားစွာ ပြောတာတွေရှိတယ်။ ဒါကြောင့် သညာဟာလဲ ကိုယ့်ဆန္ဒအတိုင်းမဖြစ်ဘူး ဆန့်ကျင်တတ်လို့ ရန်သူလို့ ဒီလိုသတ်မှတ်တယ်။

ထို့အတူ သင်္ခါရဆိုတာ အတွေးတွေ၊ အကြံတွေ၊ လိုချင်တာတွေ၊ မုန်းတီးတာတွေ စသည်ဖြင့် လူရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့၊ ကျန်တဲ့ သဘောတရားတွေ ဟာလည်းပဲ တည်မြဲတယ်ဆိုတာ တစ်ခုမှ မရှိဘူး။ ဒီ့ပြင်ဟာ မကြည့်နဲ့ စိတ်ဆိုးတာပဲကြည့်။ စိတ်ဆိုးတယ် ဆိုတာ အမြဲတမ်း ဆိုးတာလား၊ တစ်ခါတစ်ရံ ဆိုးတာ လား။ တစ်ခါတစ်ရံ ဆိုးတာဟာ ကိုယ်မကြိုက်တဲ့ အနိဋ္ဌာရုံနှင့်တွေ့လို့ ကိုယ်မကြိုက်တာဖြစ်ရင် စိတ်ဆိုး တယ်။ ဣဋ္ဌာရုံနဲ့တွေ့ရင် မဆိုးပြန်ဘူး။ ဖြစ်လာပြီးတော့လည်း တည်နေတာ မဟုတ်ဘူး။ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်ဘူး။ ဆိုင်ရာ အာရုံပေါ်မှာ ကြည့်ပြီးဖြစ်တဲ့အတွက် ကြောင့် ကိုယ့်ဆန္ဒပေါ်မှာ မလိုက်လျောလို့ ရန်သူလို့ သတ်မှတ်တယ်။ သူလည်းပဲ သူ့ရဲ့ သက်တမ်း အားလျော်စွာ တစ်ခဏလေးဖြစ်ပြီး တခဏလေး ပျက်သွားတယ်။ သူလည်း လူသတ်သမားတဲ့။

နောက်ဆုံးတော့ ဝိညာဏ်ဆိုတဲ့ အသိစိတ်လေး ကလည်း ဘယ်လောက် လျင်မြန်စွာ အာရုံတွေပေါ်မှာ ပြေးလွှားနေတယ်ဆိုတာ သာမန်နေရင် မသိဘူး။ မျက်စိကမြင်လိုက်ရင် မြင်လိုက်တဲ့အာရုံကို ရောက်သွား တယ်။ နားက အသံကြားရင် ကြားတဲ့အသံကို ရောက် သွားတယ်။ နှာခေါင်းက အနံ့ရရင် အနံ့ရတဲ့ဆီ ရောက် သွားတယ်။ တစ်နေရာတည်းမှာ ရပ်တည်ပြီး မနေဘူး။ စိတ်ကို မြတ်စွာဘုရားက မျောက်နှင့် ဥပမာပေးထား တယ်။ မျောက်ဆိုတဲ့ အကောင်က တောထဲမှာ သစ်ပင် ပေါ် နေလို့ရှိရင် ဒီသစ်ကိုင်း ဆွဲလိုက်၊ ဟိုသစ်ကိုင်း ဆွဲလိုက်၊ ဟိုဘက်ကူးလိုက်၊ ဒီဘက်ကူးလိုက် ငြိမ်နေတဲ့ အခါဆိုတာ မရှိဘူး။ ထို့အတူပဲ အသိစိတ်လေးဟာ မျက်စိနှင့် မြင်တဲ့ အာရုံ၊ နားနှင့်ကြားတဲ့ အာရုံ၊ နှာခေါင်းက နံတဲ့ အာရုံ မျိုးစုံရောက်တယ်။ အိမ်မှာနေရင်းနဲ့ မျက်စိကမြင်ရင် မြင်တဲ့ဘက် စိတ်ကရောက်သွားပြန်ရော။ တစ်နေရာက ဒေါက်ကနဲ အသံကြားရင် ကြားတဲ့ဆီ ရောက်သွား တယ်။ အနံ့ကလေး နံလာရင် ဘာနံ့လည်းလို့ စိတ်က ရောက်သွားပြန်တယ်။ တရားအားထုတ်ပြီး ထွက်လေ၊ ဝင်လေကို မှတ်ပြီးကြည့်လိုက် ဘယ်လောက်ကြာ အောင် မှတ်နိုင်သလဲလို့၊ အကျင့်ရအောင် လုပ်ရတယ်။ အကျင့်မရရင် ဒီအာရုံလေးမှာ တားလို့ကိုမရဘူး၊ ပြေးနေတယ်။ ပြေးနေတဲ့ သဘာဝတရားသည် ကိုယ် ဖြစ်ချင်တာကို မဖြစ်ဘူး။ ဖြစ်စေချင်တိုင်း မဖြစ်သည့် အတွက် ဒီစိတ်ကလေးဟာ မိတ်ဆွေမဟုတ်ဘူး။ ရန်သူဖြစ်နေတယ်တဲ့။

တစ်ခဏလေးအတွင်းမှာ ဖြစ်ပြီး ပျက်သွားတဲ့ အတွက်ကြောင့် သူလည်း လူသတ်သမားပဲ။ လူ့ရဲ့ သန္တာန်မှာ အသိစိတ်လေးဆုံးသွားရင် ကျန်တဲ့ သဘာဝ တရားတွေလည်း အကုန်ပျက်စီးသွားတယ်။ ခန္ဓာငါးပါး ရထားတဲ့ ပုဂ္ဂိုလ်တိုင်းဟာ မသေရဘူးလား။ ဘာဖြစ်လို့ သေရတုန်းဆိုတော့ ဆိုင်ရာ အကြောင်းကြောင့် ဖြစ်လာတာ။ ဆိုင်ရာအကြောင်း ပျက်စီးသွားတာနဲ့ တစ်ပြိုင်နက် သူတို့လည်း ပျက်စီးသွားတာပဲ။ စောင်း ကလေးကို တစ်ချက်တီးလိုက်ရင် အသံမထွက်ဘူး လား။ မတီးဘဲထားလိုက်ရင် အဲဒီအသံဟာ ပျောက် သွားသလား။ တီးတဲ့အချိန်လေး ပေါ်လာတာ။ မတီးလို့ ရပ်လိုက်တာနဲ့ အသံ ပေါ်ထွက်မလာတော့ဘူး။ အကြောင်းရှိတဲ့ အချိန်မှ ပေါ်လာတာ။ အကြောင်း မရှိတဲ့အချိန် မပေါ်ဘူးဆိုတာ ထင်ရှားတယ်။ ဟေတုံ ပဋိစ္စ သမ္ဘူတာ၊ ဟေတုဘင်္ဂါ နိရုဇ္ဈရေ အကြောင်းရှိရင် ပေါ်လာပြီးတော့ အကြောင်း ပျက်သွားတာနဲ့ တစ်ပြိုင်နက် ဒါတွေဟာ ပျောက်သွား တယ်။ မတည်မြဲတဲ့ သဘောလေးကို ပြောတာ။ ဒီဘဝ ဒီဘက်မှာရှိတဲ့ ဘဝသံသရာထဲမှာနေတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့ ရ,ထားတာ ခန္ဓာငါးပါးဖြစ်တယ်။ ခန္ဓာငါးပါးသည် သေတတ်တဲ့ သဘောရှိလို့ မြတ်စွာဘုရားက ခန္ဓာ (၅)ပါးကို သူသတ်သမားလို့ ဟောထားတယ်။ ကိုယ့် အလိုအတိုင်း မဖြစ်လို့ ရန်သူလို့ ဟောထားတာ။ အဲဒီတော့ ခန္ဓာငါးပါး ရ,ထားတဲ့ ပုဂ္ဂိုလ်တိုင်းဟာ ငြိမ်းချမ်းတာ ဟုတ်ရဲ့လား။ တကယ်တော့ လုံးဝ မငြိမ်းချမ်းဘူး။ ဟိုကဖြစ်လိုက် ဒီကဖြစ်လိုက်နဲ့ လူတွေ ဒုက္ခရောက်နေကြတယ်။ ခဏတဖြုတ် ထိုင်နေရင် တရားနာရင်းနဲ့တောင် ဟိုနားက နာလိုက်၊ ဒီနားက နာလိုက်နဲ့ ညောင်းလာတာတွေ တွေ့ရတတ်တယ်။ အမြဲတမ်းဖြစ်နေတာ။ ဒါကြောင့် အန္တရာယ်ကင်းပြီး ငြိမ်းချမ်းတဲ့နေရာ မဟုတ်ဘူး။ ဘဝဆိုတာ ပြဿနာ တွေနဲ့ချည်းပဲ။

နောက်တစ်ခုက အတွင်းရန်သူဆိုတာ ဘယ်သူ့ ပြောတာလဲဆိုတော့ နန္ဒီရာဂ ဆိုတဲ့ တပ်မက်တဲ့တဏှာ။ အဲဒီ တပ်မက်တဲ့ တဏှာကလည်းပဲ လူတကာကို ဒုက္ခ ပေးလို့ အတွင်းကရန်သူလို့ ခေါ်တယ်။ သူနဲ့တွေ့လို လူတိုင်း ဒုက္ခရောက်နေတာ။ အခု ဘုန်းကြီးတို့တစ်တွေ ဘဝတစ်ခုရနေတဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ ဆင်းရဲကအစ ပြဿနာမျိုးစုံ တွေ့ကြုံနေရတာ ဘယ်သူ့ ကြောင့်လဲဆိုရင် နန္ဒီရာဂ ဆိုတဲ့ တဏှာကြောင့်ပဲ။

အဲဒီ လိုချင်တပ်မက်တဲ့တဏှာ ရှိခဲ့သည့်အတွက် ကြောင့် ဘဝတစ်ခုကိုရတယ်။ ဘဝတစ်ခု ရလာလို့ ဒုက္ခမျိုးစုံ တွေ့နေရတယ်ဆိုတော့ နန္ဒီရာဂ လို့ဆိုတဲ့ တဏှာသည် ဒုက္ခပေးတတ်သောကြောင့် ရန်သူတဲ့။ လောကမှာ လူတွေက ပြောကြတယ် “ဒီကောင် တော်တော် ဒုက္ခပေးတယ်၊ တို့ရဲ့ရန်သူပဲ” လို့ ဒီလို သတ်မှတ်ကြတယ်။ ဒုက္ခပေးနေတာကို ရန်သူလို့ သတ်မှတ်မယ်ဆိုရင် ဘဝမှာ ဒုက္ခအပေးဆုံးက ဘယ်သူလဲဆိုတော့ နန္ဒီရာဂ လို့ဆိုတဲ့ အာရုံပေါ်မှာ တွယ်တာပြီး နှစ်သက်တဲ့ သဘာဝတရားပဲ။ ဒီ့ပြင်လူကို လက်ညှိုးမထိုးနဲ့။ တကယ့် ရန်သူအစစ်က ဒါပဲ။ တို့တစ်တွေဟာ တဖြည်းဖြည်း အိုအိုလာရတာ သူ့ကြောင့်ပဲ။ သူလုပ်လိုက်တာတွေဟာ ပြဿနာ ချည်းပဲ။ သူဖန်တီးလိုက်တဲ့အတွက်ကြောင့် တဖြည်း ဖြည်း အိုလာရတယ်၊ နာလာရတယ်၊ နောက်ဆုံး သေသွားပြန်ပြီ၊ သေသွားပြီး လွတ်သွားလား၊ မလွတ် ဘူး။ နောက်ဘဝတစ်ခါ ဆက်ပြန်တယ်။ အိုလိုက်၊ နာလိုက်၊ သေလိုက်နဲ့ ဒီလိုသွားတာ။ ဒါကြောင့် နန္ဒီရာဂ ကို “အတွင်းရန်သူ” လို့ ဒီလိုပြောတာ။

အဲဒီ နန္ဒီရာဂ ဆိုတဲ့ အတွင်းရန်သူကိုလည်း ဝိပဿနာဉာဏ်နဲ့ ရှုမြင်နိုင်အောင် ရှုမြင်ရမယ်။ သူ့ရဲ့ ဒုက္ခပေးပုံကိုလည်း နားလည်ရမယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက ဓမ္မစကြာမှာလည်း ဟောထားတယ်။ 'ယာယံ တဏှာ နန္ဒီရာဂသဟတာ တတြတတြဘိနန္ဒိနီ' ဒုက္ခသမုဒယ၊ ဒုက္ခဖြစ်စေတတ်တဲ့ တရားလို့ ဒီလို ဟောထားခဲ့တာ။ အဲဒီတော့ ဒုက္ခပေးလို့ရှိရင် ရန်သူ ခေါ်မလား မိတ်ဆွေခေါ်မလား၊ ရန်သူပဲခေါ်ရမယ်။ သူပေးလိုက်တာတွေက ကိုယ့်မှာ ဒုက္ခတွေကြီးပဲ။ အဲဒီတော့ ဒီကောင်က တို့ကို သိပ်ဒုက္ခပေးတာပဲလို့ ဆိုပြီးတော့ လူတွေက မုန်းတီးကြတယ်။ အဲဒီလူ ဒုက္ခပေးတာထက် ပိုဒုက္ခပေးနိုင်တာက ကိုယ့်ရဲ့ အတွင်းထဲမှာဖြစ်တဲ့ အာရုံတွေပေါ်တပ်မက်တဲ့ တဏှာ ရာဂ က ပိုဒုက္ခပေးတယ်လို့ ဒီလိုသတ်မှတ်ရမယ်။

အေး၊ နန္ဒီရာဂ ဆိုတဲ့ရန်သူ ရှိနေသည့်အတွက် ကြောင့် ဒီဘက်ကမ်းဟာ မငြိမ်းချမ်းဘူး။ ဘယ်လိုမှ ငြိမ်းချမ်းအောင် တည်ဆောက်လို့ မရဘူး။

ဒါဖြင့် ကောင်းပြီ၊ တစ်ခြား ဘာပြဿနာတွေ ရှိသေးတုန်းဆိုတော့ ခြောက်အိမ်စုရွာဆိုတာ ဒီဘက် ကမ်းမှာ ရှိသေးတယ်။ ဘုန်းကြီးတို့ တစ်တွေဟာ ခြောက်အိမ်စုရွာကလေးမှာနေကြတယ်။ ခြောက်အိမ်စု ရွာ ဆိုတာ တစ်ခြားကိုပြောတာ မဟုတ်ဘူး။ စက္ခု၊ သောတ၊ ဃာန၊ ဇီဝှါ၊ ကာယ၊ မန လို့ဆိုတဲ့ အဇ္ဈတ္တိကာယတန ခြောက်ပါးကို ပြောတာတဲ့။ ဘုန်းကြီးတို့ တစ်တွေမှာ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ရှိတယ်၊ မျက်စိပါတယ်။ မျက်စိပါသည့်အတွက်ကြောင့် မြင်စရာအာရုံတွေကို မြင်ရတယ်။ နားပါသည့်အတွက် ကြောင့် အသံတွေကိုကြားရတယ်။ နှာခေါင်းပါသည့် အတွက်ကြောင့် အနံ့တွေကို ရတယ်။ လျှာပါသည့် အတွက်ကြောင့် အရသာသိရတယ်။ ခန္ဓာကိုယ်ပါသည့် အတွက်ကြောင့် အထိအတွေ့။ စိတ်ပါသည့်အတွက် ကြောင့် စိတ်ကူးစိတ်သန်း အာရုံတွေကို ရယူနိုင်တယ် တဲ့။ အဲဒီ ခြောက်မျိုးက တစ်ခုနဲ့တစ်ခုမတူဘူး။

အဲဒီ အဇ္ဈတ္တိက အာယတန(၆)ပါး ခြောက် အိမ်စုရွာကလေးကို လေ့လာကြည့်လိုက်မယ်၊ အနှစ် သာရ လိုက်ရှာကြည့်လိုက်မယ် ဆိုရင် ဘာမှမရှိဘူး။ မျက်စိထဲမှာ အနှစ်သာရရှာကြည့်စမ်း ဘာမှမရှိဘူး။ ခိုင်မာတာလည်း တစ်ခုမှမရှိဘူး။ မြဲတာလည်း တစ်ခုမှ မရှိဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ စက္ခုကလာပဆိုတာ ရုပ်(၁၀)မျိုးနဲ့ ဖွဲ့ထားတာ။ ဘာနဲ့ဖွဲ့တာတုန်းဆို ခုနက မြွေကြီးလေးကောင်လို့ခေါ်တဲ့ ဓာတ်ကြီးလေးပါး ပါတယ်။ အဆိပ်ပြင်းတဲ့ မြွေကြီးလေးကောင် ပါတယ်။ နောက် အဆင်းဆိုတဲ့ အာရုံ တစ်ခုပါတယ်၊ အနံ့ဆိုတာ ပါတယ်၊ အရသာဆိုတာ ပါတယ်၊ ဩဇာဓာတ်ဆိုတာ ပါတယ်။ အဲဒီ ရှစ်ခုမှာ စောင့်ရှောက်တတ်တဲ့ ဇီဝဓာတ် ဆိုတာ ပါတယ်။ အဲဒီထဲမှာ စက္ခုပသာဒ အရိပ်လာထင် တဲ့ မျက်လုံးအကြည်ကလေးဆိုတာ ပါတယ်။ အဲဒီ မျက်လုံးအကြည်လေးနဲ့ ကျန်တဲ့ ရုပ်ကိုးခုပေါင်းပြီး တော့မှ မျက်လုံးဆိုတာလေးကို သတ်မှတ်ထားတာ။

အဲဒီ စက္ခုပသာဒရုပ်လေးဟာ ကံကြောင့် ဖြစ် တယ်။ သူနဲ့ ယှဉ်တွဲတာလည်း ကံကြောင့် ဖြစ်တာ။ ကံတရားကြောင့် ဖြစ်လာပေမယ့် ဥတုက ထောက်ပံ့ ပေးထားရတယ်၊ အာဟာရက ထောက်ပံ့ပေးထား ရတယ်၊ စိတ်ဓာတ်က ပံ့ပိုးပေးရတယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်း(၄)ပါးက ထောက်ပံ့ ပေးထားလို့ ရပ်တည်နိုင်တာ။ အကြောင်း(၄)ပါး ပြိုကွဲ သွားတာနဲ့ သူလည်းပြိုကွဲသွားမှာပဲ။ အထဲထဲ ဝင်ရှာ ကြည့်လို့ရှိရင် မျက်စိထဲမှာ အနှစ်သာရ ခိုင်မာတယ် ဆိုတာ ဘာတစ်ခုမှမရှိဘူးတဲ့။ ဒါကြောင့်မို့ ခြောက် အိမ်စု ရွာကလေးထဲမှာ ဘာမှမရှိဘူး။ အိမ်တွေက အခေါင်းကြီးပဲလို့ ဒီလိုပြောတာ။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် ဆိုတဲ့ ခြောက်အိမ်စုရွာ ဘုန်းကြီးတို့တစ်တွေမှာ မရှိဘူးလား၊ ရှိနေတယ်။ ဒီ ခြောက်အိမ်စုရွာကို ဝင်ဝင်ပြီးတော့ မကြာခဏ ဒုက္ခပေးနေတဲ့ ဓားပြ (၆)ယောက်က ရှိသေးတယ်။ အဲဒီ ဓားပြ(၆)ယောက်ဆိုတာ ဘာတွေလဲဆိုရင် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌာဗ္ဗာရုံ၊ ဓမ္မာရုံ လို့ဆိုတဲ့ အာရုံ(၆)ပါးပဲ။ မျက်စိကနေပြီး ရူပါရုံက ဝင်မလာဘူး လား။ မျက်စိဖွင့်လိုက်တာနဲ့ မြင်စရာအာရုံကိုမြင်တယ်။ နှစ်သက်စရာအာရုံဆိုရင် လောဘ ဖြစ်လိုက်တယ်။ မနှစ်သက်စရာ အာရုံဆိုရင် ဒေါသ ဖြစ်လိုက်တယ်။ မျက်စိထဲမှာ လောဘ ဖြစ်လိုက်၊ ဒေါသ ဖြစ်လိုက် ဆိုတော့ အသိပညာလို့ဆိုတဲ့ ရတနာတွေကို လုယက် တိုက်ခိုက်တာနဲ့ အဓိပ္ပာယ် မတူဘူးလား။ ခန္ဓာကိုယ် ထဲမှာ ရှိကြတဲ့ မျက်စိ။ မျက်စိကနေ လှတဲ့အာရုံကို မြင်ပြီးတော့ လိုချင်တဲ့ စိတ်တွေဖြစ်ရင် လောဘ ဖြစ်သွားတယ်။ လောဘ ဖြစ်တယ်ဆိုရင် အသိပညာကို ဖျက်စီးပစ်တာပဲ။ တန်ဖိုးရှိတဲ့ ကုသိုလ်တွေ အလု အယက် ခံနေရတာ။ ဘယ်သူက လုတာတုန်းဆိုရင် ရူပါရုံနဲ့တွေ့လို့ ရူပါရုံကိုတပ်မက်တဲ့လောဘက လာလု သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

လူတွေရဲ့ စိတ်ဆိုတာ အာရုံနောက် လိုက်တာ မဟုတ်လား။ အာရုံနောက် လိုက်သည့်အတွက် လှပတဲ့ အာရုံနောက်လိုက်တော့ လောဘ ဖြစ်သွားသည့် အတွက်ကြောင့် ထိုအာရုံရဲ့ သဘာဝကို သိသေးရဲ့ လား။ ထိုအာရုံရဲ့ သဘာဝအမှန်ကို မသိလိုက်တာဟာ ပညာဆုံးရှုံးသွားတာလို့ ခေါ်တယ်။ ထိုအာရုံလေး ပေါ်မှာ စိတ်တည်ကြည်အောင် မလုပ်နိုင်တာ၊ သဘာဝ ကို သိအောင် သတိလေးနဲ့ စူးစိုက်မထားနိုင်တာကို သတိဆုံးရှုံးသွားတယ်လို့ ခေါ်တယ်။ လောဘဖြစ်လိုက် တာနဲ့တစ်ပြိုင်နက် ထိုအာရုံရဲ့ တိုက်ခိုက်မှုကို ခံလိုက် ရပြီ။ ဒေါသဖြစ်တာနဲ့ တစ်ပြိုင်နက် ထိုအာရုံရဲ့ တိုက်ခိုက်မှုကို ခံရပြီ။

အကြမ်းဖျင်း ပြောရလို့ရှိရင် ဘုန်းကြီးတို့တစ်တွေ မျက်လုံးလေးဖွင့်လိုက်တာနဲ့ မြင်စရာအာရုံကို မမြင်ဘူး လား။ မြင်လိုက်တဲ့အခါမှာ နှစ်သက်စရာအာရုံဆိုရင် လိုချင်တဲ့စိတ် မပေါ်ဘူးလား။ အဲဒါ လူဆိုးဓားပြ အတိုက်ခံရတာလို့ ခေါ်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်သန္တာန်မှာ အင်မတန်တန်ဖိုးရှိတဲ့ အချိန်ပိုင်းလေး တွေဟာ လောဘဖြစ်လိုက်တဲ့အချိန်မှာ ကုသိုလ်တွေ လုံးဝပျက်စီးသွားတယ်။ ကုသိုလ်တွေ မဖြစ်နိုင်ဘဲနဲ့ အကုသိုလ်တွေ ဖြစ်သွားတယ်။ ကိုယ်မကြိုက်တဲ့ အနိဋ္ဌာရုံလေးကို ကြည့်ပြီးတော့ ဒေါသဖြစ်မသွား ဘူးလား။ ဖြစ်သွားလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့် သန္တာန်ထဲမှာ ဘာတွေပျက်စီးသွားတုန်းဆို အသိဉာဏ် တွေ ပျက်စီးသွားပြီ၊ သတိတွေ ပျက်စီးသွားပြီ။ တန်ဖိုး ရှိတာတွေ။ အာရုံကို အမှန်အတိုင်း သိရမယ့်အစား လောဘက ဖြစ်သွားတယ်၊ ဒေါသက ဖြစ်သွားတယ် ဆိုတော့ ပစ္စည်းကို လုယုသွားတာနဲ့ မတူဘူးလား။ တူတယ်။ ဒါကြောင့်မို့လို့ ဓားပြ(၆)ယောက်ကလည်း ဒီရွာထဲကို ခဏခဏ ဝင်ပြီးတော့ မွှေနေတယ်လို့ ပြောတာ။ သာယာတဲ့အသံကလေး နားက ဝင်လာတော့ လောဘဖြစ်လိုက်တယ်၊ မကြိုက်ရင် ဒေါသ ဖြစ်လိုက် တယ်။ မွှေးကြိုင်တဲ့ အနံ့ကလေး လောဘဖြစ်လိုက် တယ်။ နံစော်တဲ့အနံ့ကျတော့ ဒေါသဖြစ်လိုက်တယ်။ ကောင်းတဲ့ အရသာဆိုရင် လောဘ ဖြစ်လိုက်တယ်။ မကောင်းတဲ့ အရသာကျတော့ ဒေါသဖြစ်လိုက်တယ်။ လူတွေရဲ့ သန္တာန်မှာကြည့်၊ လောဘဖြစ်လိုက်တိုင်း၊ ဒေါသ ဖြစ်လိုက်တိုင်း သဒ္ဓါတို့၊ ဝီရိယတို့၊ သတိတို့၊ ပညာတို့ ဆုံးရှုံးမသွားဘူးလား။ အဲဒါ ဓားပြဝင်တိုက် တာနဲ့ အတူတူပဲပေါ့။ မသိ မသာဆိုရင် အခုခေတ်က အနုကြမ်းစီးတယ်လို့ ခေါ်တာမဟုတ်လား။ နုလည်းနု၊ ကြမ်းလည်း ကြမ်းတယ်ပေါ့။ ကိုယ့်သန္တာန်မှာ ရှိတာတွေ အကုန် ပါပါပြီးတော့ သွားတယ်။ ဒါကြောင့်မို့ ဒီဘက် ကမ်းက ခြောက်အိမ်စုရွာကလေးမှာ အမြဲတမ်း ဓားပြ (၆)ယောက်ရဲ့ အမွှေခံနေရသည့် အတွက်ကြောင့် ငြိမ်းချမ်းမှု မရှိဘူးတဲ့။ ဒီဘက်ကမ်းမှာ မြွေကြီး (၄)ကောင်ကလည်း ဒုက္ခပေးတယ်။ လူသတ်သမား (၅)ယောက်ကလည်း ဒုက္ခပေးတယ်။ အတွင်းလူ တစ်ယောက်ကလည်း အန္တရာယ်ပြုနေတယ်။ ခြောက် အိမ်စု ရွာကလည်း မလုံခြုံဘူး။ ဓားပြ(၆)ယောက်က အမြဲတမ်း ဒုက္ခပေးနေတယ်။

လူ့ခန္ဓာကိုယ်ကြီးထဲမှာ ငြိမ်းချမ်းပြီး အနှစ်သာရ ရှိတာ ရှာလို့တွေ့ပါဦးမလား၊ မတွေ့ပါဘူး။ လူတွေက ကြိုက်နေကြတဲ့ ဘဝဆိုတာ အဲဒါပါပဲ။ မြတ်စွာဘုရား က ဒုက္ခလက္ခဏာထင်အောင် ဒီသုတ်ကိုဟောတာ။ အဆိုးထဲမှာ အကောင်းတွေ နည်းနည်းလေးရှိပေမယ့် အဆိုးတွေချည်းပဲ မြတ်စွာဘုရားက ရှာပြထားတာ။ လူတွေက အဆိုးကို မတွေးချင်ဘူး။ အကောင်းလေးပဲ တွေးချင်တယ်။ အဆိုးဆို မစဉ်းစားချင်ဘူး၊ မသိချင် ဘူး။ မသိကျိုးကျွံပြုတဲ့ အလေ့အထရှိတယ်။

အဆိုးကို အဆိုးလို့ မြင်ရမယ်။ အကောင်းကို အကောင်းလို့ မြင်ရမယ်။ ဟုတ်ရဲ့လား။ အမှန်အတိုင်း မြင်တာကို “ယထာဘူတ ဒဿန” လို့ခေါ်တယ်။ အမှန်တိုင်း သိတယ်၊ အမှန်အတိုင်း မြင်တယ်။ “ယထာဘူတဉာဏ ဒဿန” ရှိဖို့ သိပ်အရေးကြီးတာပဲ။ အဲဒီလို မမြင်နိုင်တော့ဘူးလိုဆိုလို့ရှိရင် ခုနက အလု အယက် ခံလိုက်ရတယ်လို့ မှတ်ရမယ်။

ဒီဘဝ၊ ဒီခန္ဓာကိုယ်၊ ဒီသံသရာကြီးထဲမှာ အခုလို အခြေအနေဆိုးတွေနဲ့ ကြုံတွေ့နေသည့် အတွက် ကြောင့် ဒီဘက်ကမ်းကတော့ မငြိမ်းချမ်းဘူး။ ဟိုဘက် ကမ်းက ငြိမ်းချမ်းတယ်ဆိုတဲ့ ဟိုဘက်ကမ်းကို တို့သွား ကြမယ်။ ဘယ်လိုလုပ်သွားကြမလဲ။ လှေလည်းမရှိဘူး၊ တက်လည်းမရှိဘူး၊ ရထား၊ တံတားလည်း မရှိဘူး။ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း ကြားထဲမှာ ရေပြင် အကျယ်ကြီး ခြားထားတယ်။

အဲဒီတော့ ရေပြင်ကြီးဆိုတာ ဘယ်သူ့ကိုပြောတာ လဲဆိုရင် ဩဃလေးပါးကို ပြောတာ။ ဩဃ ဆိုတဲ့ အဓိပ္ပါယ်က တောင်ကျရေတွေလို လွှမ်းမိုးနှစ်မြှုပ် တတ်တဲ့ ရေအလျဉ်ကို ဆိုလိုတယ်။ မကြာခင်တုန်းက ဖြစ်တဲ့ မုန်တိုင်းတိုက်ပြီး ရေလုံးကြီးတွေ၊ လှိုင်းလုံးကြီး တွေ တက်လာတာတို့။ ဟိုးလွန်ခဲ့တဲ့ နှစ်တုန်းက ဆူနာမီ ဆိုတာ ကြားဖူးလိုက်ကြလိမ့်မယ်နော်။ ဒီလှိုင်းကြီးတွေ တက်လာတာတို့။ အဲဒီလို အလွန်ပြင်းထန်ပြီး စီးအား ပြင်းတဲ့ အကုန်လုံးလွှမ်းမိုးပြီး သွားနိုင်တဲ့ရေကို ဩဃ လို့ခေါ်တယ်။

အဲဒီ ဩဃ လိုပဲ လူ့ရဲ့စိတ်ကို လွှမ်းမိုးနေတာ လေးမျိုး ရှိတယ်။ ရေပြင်ကြီးလိုပဲ ဟိုဘက်ကို ဖြတ်ကျော်ဖို့ အလွန်ခက်တယ်။ အဲဒီ လေးမျိုးက ဘာတုန်းဆိုရင် နံပါတ်(၁) ကာမောဃ။ လူတွေမှာ နေ့စဉ်နဲ့အမျှ ဘာတွေ စိတ်ဝင်စားတုန်းဆိုတော့ မျက်စိကမြင်ရတဲ့ အဆင်းအာရုံကို စိတ်ဝင်စားတယ်။ ဒါကြောင့်မို့ ကောင်းတာလေး မြင်ချင်တယ်။ ကောင်း တာ ကြည့်ချင်တယ်။ ဟုတ်ကဲ့လား။ အဲဒီအပေါ်မှာ စိတ်တွေပျော်နေကြတယ်။ ဒါကိုဖြတ်ကျော်ဖို့ အတော် ခက်တယ်။ မျက်စိကမြင်လို့ သာယာဖွယ်အာရုံတွေကို မကြည့်ဘဲ မနေနိုင်ဘူးဆိုတာ ဒါ မဖြတ်နိုင်တာကို ပြောတာ။ ဖြတ်ကျော်ဖို့ ခက်တယ်။ မျက်စိကမြင်တာကို မြင်တယ်ဆိုတဲ့ လှိုင်းလုံးကြီးတွေ၊ နားကကြားတဲ့ အသံဆိုတဲ့ လှိုင်းလုံးကြီးတွေ၊ နှာခေါင်းက နံရှူရတဲ့ အနံ့ဆိုတဲ့ လှိုင်းလုံးကြီးတွေ၊ လျှာက ထိတွေ့ရတဲ့ အရသာဆိုတဲ့ လှိုင်းလုံးကြီးတွေ အဲဒီ လှိုင်းလုံးကြီးတွေ ဖြတ်ကျော်ပြီးတော့ ဘယ်သူမှ မသွားနိုင်ဘူး။ ဖယ်ရှား ပစ်ဖို့ရာ ခက်နေတယ်ပေါ့။ ဒီဟာတွေ ပေါ်မှာပဲ တပ်မက်ပြီးတော့ လူတွေက နေကြတယ်။ အဲဒါကို ကာမောဃ (ကာမဩဃ) လို့ခေါ်တယ်။

ဘဝေါဃ ဆိုတာဘာလဲ၊ အခုလို နှစ်သက်စရာ ကာမဂုဏ်အာရုံတွေပေါ်မှာ ကျော်ဖြတ်ပြီး စျာန်တရား ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေက “ကာမဘုံ၊ ကာမဘဝက အောက်တန်းကျတယ်။ ကာမကို ဖြတ်ကျော်ပြီးတော့ စျာန်ချမ်းသာနဲ့နေတဲ့ ဗြဟ္မဘုံကို သွားမယ်” လို့ တရားထူး တရားမြတ် စျာန်တရားတွေ ရသွားကြတယ်။ အဲဒီပုဂ္ဂိုလ်ကိုတော့ ဘယ်သူက လွှမ်းမိုး နေပြန်တုန်းဆိုတော့ ဘဝေါဃ ဆိုတဲ့ တဏှာ တစ်မျိုးက လွှမ်းမိုးပြန်တယ်။ သူတို့ဘဝဟာ အကောင်းဆုံးပဲလို့ ဒီလိုထင်ပြီးတော့ အဲဒီဘဝကို တစ်ခါ မဖြတ်ကျော်နိုင်ပြန်ဘူး။ ဟုတ်ကဲ့လား။ ဒါလည်း လှိုင်းလုံးကြီးတစ်ခုပဲ။

နောက်တစ်ခါ ဒိဋ္ဌောဃ တဲ့။ ဒိဋ္ဌောဃ ဆိုတာ အယူဝါဒ မှားယွင်းမှု။ ဒါကလည်း ကြည့်လေ၊ သူ့အမြင် ကိုယ့်အမြင် လူတွေက စွန့်နိုင်ခဲတယ်။ ဘာသာတရားနဲ့ ပတ်သက်လာလို့ ရှိရင်လည်း ဒီ ဘာသာတရားက မှန်တယ်။ ဟိုဘာသာတရားက မှန်တယ် စသဖြင့် အယူဝါဒရေးရာနှင့် ပတ်သက်လာလို့ ရှိရင်လည်း လူတွေမှာ လှိုင်းလုံးကြီး အဖိခံနေရတယ်။ ဖြတ်ကျော်ဖို့ တော်တော်ခက်တယ်။ အဲဒါကို ဒိဋ္ဌောဃ လို့ခေါ်တယ်။

အဝိဇ္ဇောဃ ဆိုတာလဲ ဘာလုပ်သင့်တယ်၊ ဘာ မလုပ်သင့်ဘူးဆိုတာကို မမြင်နိုင်တာ။ မမြင်နိုင်အောင် အမှောင်ကြီး ကျနေတာ။ အဲဒီလို အမှောင်ကြီး ကျအောင် ဖုံးထားတဲ့ အဝိဇ္ဇောဃ ဆိုတဲ့ လှိုင်းလုံးကြီး။

ဒီလှိုင်းကြီးတွေဟာ ဖြတ်ကျော်ဖို့ အလွန်ခက် တယ်။ ရေပြင်ထဲမှာ ရေစီးသန်တဲ့ ဒီလှိုင်းကြီးတွေလိုပဲ။ ခုပြောခဲ့တဲ့ တဏှာဆိုတဲ့ ဒီလှိုင်းကြီးရယ်၊ အယူဝါဒ မိစ္ဆာဒိဋ္ဌိဆိုတဲ့ ဒီလှိုင်းကြီးရယ်၊ မောဟ အဝိဇ္ဇာလို့ဆိုတဲ့ ဒီလှိုင်းကြီးတွေ အဲဒါကြီးက တကယ့်ရေပြင်ကြီးပဲတဲ့။ သံသရာနဲ့ နိဗ္ဗာန်ကို ခြားကွယ်ထားတာ။ နိဗ္ဗာန်ကူးချင် ရင် ဒါတွေကို မကျော်ဖြတ်နိုင်ဘဲ ဘယ်သူမှ မရဘူး။ တပည့်တော်တို့ ဒီကုသိုလ်ကောင်းမှုပြုပြီးတော့ နိဗ္ဗာန် ချမ်းသာကို ရရပါလို၏လို့ ဆိုရုံနဲ့ မရဘူး။ ဟုတ်ကဲ့လား။ ဒီ ဒီလှိုင်းကြီးတွေကို မဖြတ်ကျော်နိုင်ရင် ငြိမ်းချမ်းတဲ့ ဟိုဘက်ကမ်းကို မရောက်ဘူး။

ဒါကြောင့်မို့ မြတ်စွာဘုရားက ဟိုဘက်ကမ်း ကူးချင်ရင် ဒီ လှိုင်းကြီးတွေကို ဖြတ်ကျော်နိုင်ရမယ်။ တို့ နိဗ္ဗာန်ကို ရချင်တယ်ဆိုရင် အာရုံတွေအပေါ်မှာ အတွယ်အတာ ဖြတ်ဖို့လိုတယ်။ မှန်ကန်တဲ့ အယူအဆ တစ်ရပ်ကိုသာ ယူဆဖို့လိုတယ်။ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးဆိုတာကို သိတဲ့ အသိဉာဏ်ရှိဖို့ လိုတယ်။ အဲဒါမှ မရှိဘူးဆိုလို့ရှိရင် ဟိုဘက်ကမ်းကို မရောက်နိုင်ဘူး။ ဒါပြောတာနော်။

ကောင်းပြီ ဒီရေပြင်ကြီးကို ဖြတ်ကြမယ်။ ဘာနဲ့ ဖြတ်မတုန်း။ လှေ မရှိဘူးတဲ့။ ဖောင် မရှိဘူး။ သင်္ဘော မရှိဘူး။ တံတား မရှိဘူးတဲ့။ မြတ်စွာဘုရားက ကိုယ့် သန္တာန်မှာ မဂ္ဂင်ရှစ်ပါးဆိုတဲ့ အကျင့်တရားကို ထူထောင်ရမယ်။ ပထမ ကိုယ်ကျင့်တရား သုံးမျိုးကို တည်ဆောက်။ သမ္မာဝါစာ။ ပြောမယ် ဆိုလို့ရှိရင် ဘယ်တော့မှ လိမ်မပြောနဲ့၊ တစ်ယောက်နဲ့တစ်ယောက် ကုန်းမတိုက်နဲ့။ နောက်ပြီးတော့ ဆဲရေးတိုင်းထွာတဲ့ စကားမျိုးတွေ မပြောနဲ့။ အကျိုးမရှိတဲ့ စကားတွေကို မပြောနဲ့။ အဲဒီလေးခု လုံလို့ရှိရင် မှန်တာကိုပဲ ပြောတယ်၊ အကျိုးရှိတာကိုပဲ ပြောတယ်၊ ချိုသာတဲ့ စကားကိုပဲ ပြောတယ်၊ တစ်ယောက်နဲ့တစ်ယောက် တည့်အောင် စေ့စပ်ပေးတယ်ဆိုရင် သမ္မာဝါစာ ဖြစ်တယ်။ အဲဒီ ကိုယ်ကျင့်တရားကို အရင်ထူထောင် ရမယ်တဲ့။

ဒါတွေဟာ လွယ်သလား၊ ခက်သလား စဉ်းစားကြည့်နော်။ လောကလူတွေဟာ မှန်ကန်သောစကားတွေပြောတဲ့ သမ္မာဝါစာ နဲ့ပြည့်စုံသလား (သို့မဟုတ်) လိမ်ပြောတတ်သလား၊ ဆဲတတ်သလား၊ ကုန်းတိုက်တတ်သလား၊ အကျိုးမရှိတဲ့ စကားတွေ ပြောသလား စဉ်းစားကြည့်။ လိမ်ပြောတဲ့သူကလည်း များတယ်။ ဆဲတဲ့သူကလည်း များတယ်။ ကုန်းတိုက်တဲ့သူကလည်း များတယ်။ အကျိုးမရှိတဲ့စကားတွေကို ထိုင်ပြောနေတဲ့ ပုဂ္ဂိုလ်တွေ များတယ်ဆိုတော့ ဒီလေးခုကို ရှောင်ပြီးတော့ မှန်တာတွေချည်းပဲ ပြောမယ်။ အကျိုးရှိတာတွေချည်းပဲ ပြောမယ်။ ဆဲရေးတိုင်းထွာတာ မလုပ်ဘူး။ နူးညံ့သိမ်မွေ့တဲ့ စကားကိုပဲပြောမယ်။ ကုန်းမတိုက်ဘူး။ ဒီလုပ်ရပ်တွေဟာ မိမိကိုယ်တိုင်လည်း ချမ်းသာမယ်၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်လည်း ချမ်းသာမယ်။ လိမ်ပြောတဲ့သူတစ်ယောက် ပါလာလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက် မတည့်တာတွေ ဖြစ်မလာဘူးလား။ ဖြစ်လာနိုင်တယ်။ ဆဲရေးတိုင်းထွာတဲ့သူ ပေါ်လာရင် နားထောင်တဲ့သူက စိတ်ချမ်းသာလား၊ စိတ်ဆင်းရဲလား၊ စိတ်ဆင်းရဲတယ်။ ဒီ သမ္မာဝါစာ မဖြစ်ဘူးဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ဟာ မငြိမ်းချမ်းဘူး။ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ပထမ ငြိမ်းချမ်းအောင်မှ မတည်ဆောက်နိုင်ဘူးဆိုလို့ရှိရင် ငြိမ်းချမ်းတဲ့ နယ်မြေဆိုတာ ရောက်နိုင်ပါ့မလား။ မရောက်နိုင်ဘူး။ ဒါကြောင့်မို့ ကိုယ့်ကျင့်သီလမှာ ပထမဆုံး နှုတ်ကို စောင့်စည်းဖို့ဆိုတာ ဒါ အရေးကြီးတယ်။

နောက်ပြီးတဲ့အခါ သမ္မာကမ္မန္တ မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်ပါ။ လုပ်ဆိုတာ သူများအသတ်ကို မသတ်ဘူး။ သူများဥစ္စာ မခိုးဘူး။ သူတစ်ပါး သားမယား မစော်ကားဘူး။ သူများအသက် သတ်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိနေလို့ရှိရင် ငြိမ်းချမ်းသလား၊ မငြိမ်းချမ်းဘူး။ လူတွေ ကြောက်ရွံ့ပြီးတော့နေရတယ်။ သူများဥစ္စာ ခိုးနေတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ရှိနေလို့ရှိရင် လူတွေဟာ စိတ်ချမ်းသာသလား၊ စိတ်ဆင်းရဲလား။ စိတ်ဆင်းရဲရတယ်။ သူတစ်ပါး သားမယား စော်ကားနေတယ်ဆိုရင် စိတ်ဆင်းရဲသလား၊ စိတ်ချမ်းသာမလား။ ဒီလို စိတ်ဆင်းရဲရတဲ့ အလုပ်မျိုးတွေကနေ ရှောင်ပြီးတော့ သူများအသက်ကို မသတ်ဘူး။ မသတ်ရုံတင်မကဘူး မေတ္တာထားတယ်၊ ကရုဏာထားတယ်။ တစ်ဦးတစ်ဦး ကူညီတယ်။ ငြိမ်းချမ်းသွားတယ်။ ကိုယ်လည်း ငြိမ်းချမ်း၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်လည်း ငြိမ်းချမ်းတယ်။

အဒိန္နာဒါန သူများဥစ္စာ မခိုးဘူးဆိုရင် လုံခြုံတယ်။ စိတ်ချရတယ်။ ဘယ်သူမှ သော့ခတ်ပြီး သိမ်းစရာ မလိုဘူး။ သူများဥစ္စာဆိုရင် ဘယ်တော့မှမခိုးဘူး၊ စင်စင်ကြယ်ကြယ်နေကြတယ်။ လောကကြီး မငြိမ်းချမ်းဘူးလား။ အဲဒီ ငြိမ်းချမ်းမှုကို အခြေခံပြီး တည်ဆောက်နိုင်မှ ကျန်တဲ့ အဆင့်မြင့်တဲ့ တရားတွေဆိုတာ ဖြစ်နိုင်တယ်။ မငြိမ်းချမ်းဘဲနဲ့ တထိတ်တလန့်လန့် နေရတဲ့ ပုဂ္ဂိုလ်ရဲ့ ဘဝမှာ ဘယ်လိုလုပ် တရားထူး တရားမြတ် ရနိုင်မတုန်း။ မရနိုင်ဘူးတဲ့။ ဒါကြောင့်မို့ သမ္မာကမ္မန္တ မှန်ကန်တဲ့ လုပ်ရပ်ရှိရမယ်။

သမ္မာအာဇီဝ - လူတွေဟာ နေ့စဉ်နဲ့အမျှ အသက်မွေးဝမ်းကျောင်း လုပ်နေရတယ်။ အသက်မွေးဝမ်းကျောင်း လုပ်တဲ့အခါမှာ သူများအသတ်ကို သတ်ပြီး အသက်မမွေးရဘူး။ သူများဥစ္စာကို ခိုးပြီး အသက်မမွေးရဘူး။ သူတစ်ပါးသားမယား ပြစ်မှားပြီး အသက်မမွေးရဘူး။ အသက်မွေးမှုနဲ့ ပတ်သက်လာရင် မိစ္ဆာအာဇီဝ ဖြစ်တယ်။ သူများပစ္စည်းခိုးတယ်။ မုန်းလို့ ခိုးတယ်။ ဒုစရိုက်ပဲဖြစ်တယ်။ ကိုယ့်အတွက် သုံးချင်လို့ ခိုးတယ်၊ အသက်မွေးမှုကြောင့် ခိုးတာ။ ဒါက မိစ္ဆာအာဇီဝ ဖြစ်တယ်။

သူတစ်ပါး သားမယား ပြစ်မှားတာလည်းပဲ ကိုယ့်စိတ်ဆန္ဒအရ ပြစ်မှားလို့ရှိရင် ဒုစရိုက်ပဲ ဖြစ်တယ်။ တစ်ယောက်ယောက်ကနေ ပိုက်ဆံပေးပြီးတော့ ဘယ်သူ့ကို စော်ကားပါ။ ပြစ်မှားပါ။ ပိုက်ဆံပေးလို့ သွားလုပ်တာဆိုလို့ရှိရင် မိစ္ဆာအာဇီဝ ဖြစ်တယ်။ ထို့အတူပဲ လိမ်တာတို့၊ ဆဲတာတို့၊ ပိုက်ဆံပေးပြီး မင်း ဘယ်သူ့ သွားဆဲလိုက်စမ်းလို့ဆဲရင် မိစ္ဆာအာဇီဝ။ ဟုတ်ကဲ့လား။ ဘယ်သူတွေ နှစ်ယောက်မတည့်အောင် သွားလုပ်စမ်း ပိုက်ဆံပေးခိုင်းလိုက်လို့ ကုန်းတိုက်ရင် မိစ္ဆာအာဇီဝ။ အကျိုးမရှိတဲ့ စကားတွေ ပြောပြီးတော့ အကျိုးမဲ့ဖြစ်စေတယ်၊ မိစ္ဆာအာဇီဝ။ ဝစီဒုစရိုက်လေးပါးနဲ့ ကာယဒုစရိုက် သုံးပါးကို အသက်မွေးမှုအတွက် အသုံးချမယ်ဆိုရင် မိစ္ဆာအာဇီဝ ဖြစ်တယ်လို့ ဒီလို မှတ်ရမယ်။

လူ့လောကကြီးမှာ ဟောဒီ ကိုယ်ကျင့်တရားသုံးခု။ အပြောလည်း မှန်ကန်တဲ့အပြောကိုပြောမယ်။ လုပ်ရပ်ကလည်း မှန်ကန်တယ်။ အသက်မွေးမှုလည်း မှန်ကန်တယ်ဆိုတာနဲ့တင်ပဲ လူ့လောကကြီးက အတော် ငြိမ်းချမ်းမသွားဘူးလား။ မြတ်စွာဘုရား ငြိမ်းချမ်းတဲ့နယ်မြေကို ဟိုဘက်ကမ်းက ငြိမ်းတယ်ဆိုလို့ ဟိုဘက်ကမ်းကို ကူးချင်တယ်ဆိုလို့ရှိရင် ဒီဘက်ကမ်းမှာ တည်ဆောက်ရမှာက ဒီဟာတွေပါတဲ့။ ကိုယ်ကျင့်တရားကို စပြီးတော့လုပ်ပါ။

နောက်တစ်ခု ဆက်ရမှာက ဘာတုန်းဆို သမ္မာဒိဋ္ဌိ အမှန်အတိုင်း မြင်ရမယ်။ သဘာဝကို အရှိကို အရှိအတိုင်း၊ တကယ့်အဖြစ်ကို အဖြစ်အတိုင်း မြင်ရမယ်။ သမ္မာသင်္ကပ္ပ အတွေးမှန်ရမယ်။ သမ္မာဝါယာမ မှန်ကန်သော ကြိုးပမ်းအားထုတ်မှုရှိရမယ်။ သမ္မာသတိ မှန်ကန်သော စိတ်စိုက်မှုရှိရမယ်။ သမ္မာသမာဓိ မှန်ကန်သော စိတ်တည်ငြိမ်မှု ရှိရမယ်ဆိုတဲ့ မဂ္ဂင်ငါးပါးနဲ့ ကမ္မဋ္ဌာန်းအာရုံ တစ်ခုခုပေါ်မှာ ရှုမှတ်ပွားများ။ ပေါင်းလိုက်တဲ့အခါ သီလရယ်၊ သမာဓိရယ်၊ ပညာရယ်၊ မဂ္ဂင်ရှစ်ပါး မဖြစ်ဘူးလား။

တရားအားထုတ်တဲ့အခါမှာ မဂ္ဂင်ငါးပါးက အလုပ်လုပ်တာ။ ခုနက သီလမဂ္ဂင်ဆိုတဲ့ သမ္မာဝါစာ၊ သမ္မကမ္မန္တ၊ သမ္မာအာဇီဝ တို့က ရှေ့ပိုင်းကနေပြီးတော့ ကြိုတင်ပြီး သန့်ရှင်းအောင်လုပ်လိုက်တာ။ သစ်ပင်များ စိုက်တော့မယ်ဆိုလို့ရှိရင် ပေါင်းမြက် အရင်မရှင်းရဘူးလား။ မြေကို အရင်သန့်ပြီးတော့မှ မျိုးစေ့ကို ကျဲသလိုပဲ။ မဂ္ဂင်ရှစ်ပါး ပွားတော့မယ်ဆိုလို့ရှိရင် အဲဒီ သုံးပါးနဲ့ ကိုယ့်ကိုယ်ကို သီလဆောက်တည်ပြီးတော့ သန့်ရှင်းအောင် အရင်လုပ်။ လုပ်ပြီးပြီဆိုတဲ့အခါ သမ္မာဒိဋ္ဌိ ကို တည်ဆောက်ရမယ်။ သမ္မာဒိဋ္ဌိ ဆိုတာ ဘာပြောတာလဲ။ ဆင်းရဲတာကို ဆင်းရဲတယ်လို့ မြင်ရမယ်။ မကောင်းတာကို မကောင်းဘူးလို့ မြင်ရမယ်။ ဒီမကောင်းတာ ဘာကြောင့်ဖြစ်သလဲ အကြောင်းကို မြင်ရမယ်။ မကောင်းတာကို ဘယ်လို ဖယ်ရှားရမယ်ဆိုတာကို သိရမယ်။ မကောင်းတာ ချုပ်ငြိမ်းသွားတာကို သိရမယ်။ စာလိုပြောရင် သစ္စာလေးပါးသိတာကိုပြောတာ။ အမှန်အတိုင်းမြင်ရင် သမ္မာဒိဋ္ဌိ။ အဲဒီလို အမှန်အတိုင်း မြင်ဖို့ ဘယ်သူကနေ အကူအညီပေးတုန်းဆိုရင် မှန်မှန်ကန်ကန် တွေးတောတာက အကူအညီပေးတယ်။ တွေးတောတာက မှားနေလို့ရှိရင် အမှန်အတိုင်း မြင်နိုင်ပါ့မလား။ မမြင်နိုင်ဘူး။ သမ္မာသင်္ကပ္ပ မဖြစ်လို့ရှိရင် သမ္မာဒိဋ္ဌိ ဆိုတာ မဖြစ်နိုင်ဘူး။ သမ္မာဒိဋ္ဌိ နဲ့ သမ္မာသင်္ကပ္ပ ဒီနှစ်ခုကို မြတ်စွာဘုရားက တွဲဟောထားတာ။ သူတို့က အလုပ်လုပ်တဲ့ခါ တွဲလုပ်တာ။

နောက်တစ်ခု သမ္မာဝါယာမ ကြိုးစားမှုလေးမျိုး ရှိတယ်။ ကြိုးစားမှုလေးမျိုးဆိုတာ ဘာလဲ။ နံပါတ်(၁) အကုသိုလ်မဖြစ်အောင် ဆို့ပိတ်ရမယ်။ အကယ်၍ ဖြစ်လာလို့ရှိရင် ချက်ခြင်း ပယ်ရှားပစ်နိုင်ဖို့ ကြိုးစားရမယ်။ အကုသိုလ်နဲ့ပတ်သက်လို့ရှိရင် နံပါတ်(၁)က ဆို့ပိတ်ရမယ်။ နံပါတ်(၂)က ဖယ်ရှားပစ်ရမယ်။ သူတော်စင်ပရိတ်သတ်တို့ ကိုယ့်ကို ခြင်ကိုက်မခံရအောင် ဘာလုပ်ကြတုန်း။ ခြင်ထောင် ထောင်ထားကြတယ် မဟုတ်လား။ ခြင်တွေမဝင်အောင် ဆို့ပိတ်ထားတာပဲ။ ဆို့ပိတ်ဖို့ ကြိုးစားတာ။ မတော်တဆ ခြင်တစ်ကောင်က ခြင်ထောင်ထဲ ရောက်လာရင် ပြန်ပြီး မောင်းထုတ်ကြတယ်၊ ဒီလို မလုပ်ရဘူးလား။ ကိုယ့်အိမ်ကို လုံခြုံမှုရှိအောင်၊ သူခိုးတွေဘာတွေ မဝင်အောင် ဘာလုပ်ကြတုန်း၊ တံခါးမှာ သော့မခတ်ကြဘူးလား။ အတွင်းထဲက မင်းတုန်းထိုးတယ်၊ သော့ခတ်တယ်။ ဒါဘာလုပ်တုန်းဆိုရင် ရန်သူတွေ၊ သူခိုးဓားပြတွေ မဝင်အောင်လို့ ဆို့ပိတ်တာတဲ့။ ဝင်လာလို့ရှိရင်တော့ တယ်လီဖုန်းဆက် ရဲခေါ်ပေါ့၊ မောင်းထုတ်တာ။

အဲဒါလိုပဲ ဆိုပါစို့၊ စိတ်ခဏခဏ ဆိုးတတ်ရင် ပထမ စိတ်မဆိုးအောင် လုပ်မယ်လို့ ကိုယ့်ကိုယ်ကို ဆို့ပိတ်ရမယ်။ စိတ်ဓါတ်စွမ်းအားနဲ့ ဆို့ပိတ်ထားရမယ်။ စိတ်မဆိုးစေရဘူး။ မတော်တဆ သတိလက်လွတ် စိတ်ဆိုးသွားလို့ရှိရင်လည်း ဒီဒေါသကို ဖယ်ထုတ်ပစ်ရမယ်။ ဟုတ်ကဲ့လား။ သမ္မာဝါယာမ ဆိုတာ အဲဒါကို ပြောတာနော်။ တို့လုပ်ရမယ့်အလုပ်က စိတ်မဆိုးသေးလို့ရှိရင် မဆိုးအောင် ကိုယ့်ကိုယ်ကို ထိန်းမယ်။ စိတ်ဆိုးမိသွားလို့ရှိရင် ဖယ်ရှားပစ်ဖို့ရန် ကြိုးစားရမယ်။ ဒါ သမ္မာဝါယာမ လို့ခေါ်တယ်။ ဒါ မကောင်းတဲ့ဘက်က။ ကောင်းတဲ့ဘက်က ဘာတုန်းဆိုရင် ကိုယ့်သန္တာန်မှာ မေတ္တာမတည်ဆောက်ရသေးဘူး၊ ကိုယ့်ရဲ့နှလုံးသားထဲမှာ သတ္တဝါတွေရဲ့ အကျိုးကို လိုလားတဲ့စိတ်ကလေး မရှိသေးဘူးဆိုလို့ရှိရင် ရှိအောင်လုပ်၊ ရှိအောင်ကြိုးစား။ ရှိလာပြီးလို့ရှိရင် တိုးပွါးအောင်လုပ်။ ဒါက ကောင်းတဲ့ဘက်က နှစ်မျိုး။ အားလုံးပေါင်းလိုက်တဲ့အခါ သမ္မပ္ပဇာန် လေးမျိုးလို့ ခေါ်တယ်တဲ့။ ကြိုးစားမှုဟာ လေးဘက်လေးတန်က ကြိုးစားရမယ်။ တစ်မျိုးတည်း ကြိုးစားတာ မဟုတ်ဘူး။ မှန်ကန်သော ကြိုးပမ်းအားထုတ်မှုဆိုတာ အကုသိုလ်နဲ့ ပတ်သက်လာရင် ဆို့ပိတ်ရမယ်။ ဖယ်ရှားပစ်ရမယ်။ ကုသိုလ်နဲ့ပတ်သက်လာရင် တည်ဆောက်ရမယ်။ တိုးပွားအောင် လုပ်ရမယ်နော်။ ဒီလေးမျိုးတဲ့။

သမ္မာသတိ ဆိုတာ အာရုံပေါ်မှာ စိတ်စိုက်ထားဖို့ လိုတယ်။ ဘယ်ပေါ်မှာ စိတ်စိုက်မတုန်း။ ကိုယ့်ရဲ့ ကာယပေါ်မှာ စိတ်စိုက်မလား၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဝမ်းသာမှုဆိုတဲ့ ခံစားချက်ပေါ်မှာ စိတ်စိုက်မလား။ သို့မဟုတ် အသိစိတ်လေးပေါ်မှာ စိတ်စိုက်မလား သို့မဟုတ် ကျန်တဲ့ သဘာဝတရားတွေပေါ်မှာ စိတ်စိုက်မလား။ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ ဆိုတဲ့ သတိပဋ္ဌာန်တရားလေးပါးကို စိတ်စိုက်ဖို့အတွက် မြတ်စွာဘုရားက ဟောထားတာ။ အဲဒါတွေကို အမြဲတမ်း သတိထားရမယ်လို့ ပြောတာ။ အဲဒီလို သတိထားပြီးတဲ့အခါ စိတ်ကလေးကို ငြိမ်အောင်ထိန်း။ မငြိမ်ဘူး လှုပ်နေလို့ရှိရင် ကြည့်၊ ဓာတ်ပုံရိုက်တဲ့ခါ မငြိမ်ဘူး လှုပ်လိုက်ရင် ဝါးသွားမယ်ပေါ့ ဟုတ်ကဲ့လား။ ထို့အတူပဲ သမာဓိစိတ်ငြိမ်အောင်ထားခြင်း။ ဥပမာ ထင်ရှားအောင် ပြောရလို့ရှိရင် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုတဲ့ ဒီငါးခုဟာ ပူးပေါင်းပြီးတော့ အလုပ်လုပ်ကြရတာ။

ဆိုပါစို့၊ မြားပစ်တာတို့၊ သေနတ်ပစ်တာတို့ ပြိုင်ပွဲဝင်တဲ့ ပုဂ္ဂိုလ်တွေလေ၊ ရှေ့မှာ ပစ်မှတ်ဆိုတာရှိတယ်။ ပစ်မှတ်ကို မှန်အောင်ပစ်နိုင်ဖို့အတွက် သူ ဘာလုပ်ရတုန်းဆိုရင် ပထမ သေနတ်ကိုကိုင်ပြီး ကြိုးစားကာ တည့်အောင်ချိန်ရတယ်။ ဟုတ်ရဲ့လား။ တည့်အောင်ချိန်ပြီး ပစ်မှတ်ကလေးကိုပဲ စိတ်ကစိုက်ရတယ်။ စိတ်ကလေးကို တည်ငြိမ်အောင်ထားရတယ်။ ဘယ်လိုပစ်ရင် ကောင်းမလဲဆိုတာ စဉ်းစားရမယ်။ ပြီးတော့ ပစ်လိုက်တယ်။ ပစ်လိုက်တဲ့အခါ ပစ်မှတ်ကို ထိမှန်တယ်။ အဲဒီမှာ ကြိုးစားပြီးချိန်တာက သမ္မာဝါယာမ။ ပစ်မှတ်ကလေးကို သတိထားနေတာက သမ္မာသတိ။ စိတ်ကလေးကို ငြိမ်အောင်ထားတာက သမ္မာသမာဓိ။ ဘယ်နေရာ ပစ်ရမလဲ၊ ဘယ်လိုပစ်ရမလဲလို့ စဉ်းစားတာက သမ္မာသင်္ကပ္ပ။ ပစ်လိုက်လို့ ထိမှန်သွားတာက သမ္မာဒိဋ္ဌိ တဲ့။

မဂ္ဂင်ငါးပါးက အဲဒီလိုအလုပ်လုပ်တာ။ ကမ္မဋ္ဌာန်းအားထုတ်တဲ့အခါမှာ အဲဒီအတိုင်းပဲမှတ်။ ထွက်လေ ဝင်လေ မှတ်တယ်ဆိုရင် ကိုယ့်ဟာကိုယ် ချိန်သားကိုက်ဖို့လိုတယ်။ ထွက်လေ ဝင်လေ ရှုတော့မယ်ဆိုလို့ရှိရင် ထွက်လေ ဝင်လေဆိုတဲ့ အာရုံလေးပေါ်မှာ စိတ်ကလေးကို မရောက်ရောက်အောင် ကြိုးစားပြီး တင်ပေးနေတာ ဒါ သမ္မာဝါယာမ။ လွတ်မသွားအောင် တင်ပေးနေတာ။ ထွက်လေ ဝင်လေလေးပေါ်မှာ အမြဲတမ်းစိတ်စိုက်နေတာက သမ္မာသတိ။ စိတ်ကလေး ငြိမ်သွားအောင် ထွက်လေ ဝင်လေကလွဲပြီး တစ်ခြားကို မသိတော့ဘဲ ငြိမ်သွားအောင်လုပ်တာက သမ္မာသမာဓိ။ ထွက်လေ ဝင်လေလေးရဲ့ သဘာဝကို စဉ်းစားမိတာက သမ္မာသင်္ကပ္ပ တဲ့။ ထွက်လေ ဝင်လေလေးရဲ့ သဘာဝအမှန်ကို သိသွားတာက သမ္မာဒိဋ္ဌိ။ ဘယ်သူပဲဖြစ်ဖြစ် တရားအားထုတ်တဲ့အခါ အဲဒီ ငါးချက်ဟာ ဟန်ချက်ညီညီနဲ့ အာရုံတစ်ခုပေါ်မှာ အလုပ်မလုပ်နိုင်ဘူးဆိုရင် တရားထူး တရားမြတ် မရနိုင်ဘူး။ ဟန်ချက်ညီညီနဲ့ ဒီအာရုံတစ်ခုပေါ်မှာ ရပြီဆိုလို့ရှိရင် တရားထူး တရားမြတ် ရနိုင်သွားပြီ။

အဲဒါကြောင့်မို့ မြတ်စွာဘုရားက ဒီ မဂ္ဂင်ရှစ်ပါးကို “ဖောင်“လို့ဟောတယ်။ ခုနက ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃ ဆိုတဲ့ အင်မတန်မှကြီးတဲ့ ရေပြင်ကြီးတစ်ခုကို ဖြတ်ကျော်ဖို့အတွက် ဟောဒီ မဂ္ဂင်ရှစ်ပါးနဲ့ ဖြတ်ရမယ်။ ပထမ သီလ။ သီလပြီးရင် သမာဓိနဲ့ ပညာ။ အဲဒီ မဂ္ဂင်ရှစ်ပါး အကျင့်တရားဆိုတဲ့ ဖောင်ကိုစီးပြီးတော့ ပြင်းထန်စွာ စီးနေတဲ့ ဩဃလေးဖြာ သံသရာရေပြင်ကြီးကို ဖြတ်ကျော်ပါ။ ဖြတ်ကျော်ဖို့ 'ဖောင်'ဆိုတာ မဂ္ဂင်ရှစ်ပါးကို ပြောတာလို့ ဒီလိုဟောတယ်။ ကြိုးစားအားထုတ်မှုကတော့ ဝီရိယ။ အဲဒီလို ဖြတ်ကျော်လိုက်တဲ့အခါ ဟိုဘက်ကမ်းဆိုတဲ့ နိဗ္ဗာန်ကို ရောက်သွားတယ်ပေါ့။

အာသီဝိသောပမသုတ်

ဒီသုတ္တန်မှာ မြတ်စွာဘုရား ဥပမာ(၁၁)မျိုး ပေးထားတယ်။ (၁) မြွေကြီးလေးကောင်၊ (၂) လူသတ်သမားငါးယောက်၊ (၃) အတွင်းရန်သူ တစ်ယောက်၊ (၄) ခြောက်အိမ်စုရွာ၊ (၅) ဓားပြခြောက်ယောက်၊ (၆) ဒီဘက်ကမ်း၊ (၇) ဟိုဘက်ကမ်း၊ (၈) ရေပြင်ကြီး၊ (၉) ဖြတ်ကူးစရာ ဖောင်၊ (၁၀) ဖြတ်ကူးဖို့ ကြိုးစားတာ၊ (၁၁) ဟိုဘက်ကမ်း ရောက်သွားတာ။ ဥပမာ (၁၁)မျိုးနဲ့ မြတ်စွာဘုရားက ဒီ အာသီဝိသောပမသုတ္တန်ကို ဟောတာဖြစ်ပါတယ်။ ဒီ အာသီဝိသောပမသုတ္တန်ဆိုတာ ဝိပဿနာကျင့်စဉ်ကို ဦးတည်ပြီးဟောတာဖြစ်တဲ့အတွက် တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် မြွေကြီးလေးကောင်လို့ဆိုတဲ့ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောကို အာရုံစိုက်ပြီး တရားပွားလို့ရှိရင်လည်းပဲ ဩဃလေးဖြာ သံသရာကို ကျော်ဖြတ်လို့ ရပါတယ်။

ဒီနေရာမှာ ဖောင်စီးပြီး ဖြစ်ကျော်တယ်ဆိုတာ ဒါ မဂ္ဂင်ရှစ်ပါး ပွားနေတာကို ပြောတာ။ မဂ္ဂင်ရှစ်ပါးနဲ့ ဟိုဘက်ကို ဖြတ်ကူးရမယ်။ ဖြတ်ကူးမှ ဘေးကင်းရန်ကွာ ငြိမ်းချမ်းတဲ့မြေကို ရောက်မယ်။ မဟုတ်ရင် ဒီဘက်မှာ ဘေးရန်တွေနဲ့ နေရတယ်။ အဖန်တလဲလဲ နာကြရမယ်။ အဖန်တလဲလဲ အိုကြရမယ်။ အဖန်တလဲလဲ သေကြရမယ်။ ဒီသံသရာထဲမှာဆိုရင် ပြဿနာတွေက အမျိုးစုံပဲ။ လူ့ဘဝ ရောက်လိုက်၊ နတ်ဘဝရောက်လိုက်၊ တိရစ္ဆာန်ဘဝရောက်လိုက်၊ အပါယ်ဘုံရောက်လိုက်နဲ့ သံသရာထဲမှာ တဝဲလည်လည် ဆုံးစမရှိအောင် အိုလိုက်၊ နာလိုက်၊ သေလိုက်၊ မွေးလိုက်နဲ့ ဒီလိုချည်းပဲ သွားနေမှာပဲ။ အဲဒီဒုက္ခတွေဟာ ဒီနယ်မြေထဲမှာ နေလို့ရှိရင် ဒီအခြေအနေဆိုးက ဘယ်တော့မှ မလွတ်ဘူးလို့ မြတ်စွာဘုရားက ဒီသဘောကို ဟောတာ။

မြွေကြီးလေးကောင်ဆိုတဲ့ အဆိုးတရားတွေကိုလည်း မြင်ဖို့၊ ခန္ဓာငါးပါးဆိုတဲ့ သူသတ်သမားတွေကိုလည်းပဲ မြင်ဖို့၊ အတွင်းနေ လူသတ်သမားဆိုတဲ့ နန္ဒီရာဂ ဒုက္ခပေးပုံကိုလည်းပဲ မြင်ဖို့၊ ခြောက်အိမ်စုရွာလို့ဆိုတဲ့ အနှစ်သာရမဲ့တဲ့ဟာကိုလည်းပဲ မြင်ဖို့၊ ဓားပြခြောက်ယောက်လို့ဆိုတဲ့ အိမ်တွေကို ဝင်ဝင်ပြီး ဖျက်စီးနေတဲ့ ဗာဟိရာယတန(၆)ပါး ဆိုတာကိုလည်းပဲ မြင်တတ်ဖို့။ အဲဒါတွေက ဝိပဿနာရှုဖို့ အာရုံတွေပဲလို့ မြတ်စွာဘုရား ဟောတာ။

ဒီအာရုံတွေကိုရှုပြီးတော့ ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃ ဆိုတဲ့ အင်မတန် ကျယ်ဝန်းတဲ့ မြစ်ပင်လယ်ကြီးကို ဖြတ်ကူးရမယ်။ ဘာနဲ့ဖြတ်ကူးရမတုန်းဆိုရင် မဂ္ဂင်ရှစ်ပါးဆိုတဲ့ လှေဖောင်နဲ့ ဖြတ်ကူးရမယ်တဲ့။ ဖြတ်ကူးတဲ့အခါမှာ ပေါ့ပေါ့တန်တန်နဲ့ ဖြတ်ကူးလို့မရဘူး။ လှေဖောင်ကို လက်ရော၊ ခြေရော တစ်ခါထဲ အားကုန်စိုက် ယက်ပြီးတော့ ဟိုဘက်ကို ရောက်အောင် သွားရသလိုပဲ လုံ့လဝီရိယနဲ့ ကြိုးပမ်းပြီးတော့ ဒီရေပြင်ကြီးကို ဖြတ်ရမယ်တဲ့။ ဖြတ်လိုက်တဲ့အခါ ဟိုဘက်ကမ်းခြေကို ရောက်လိုက်တာနဲ့ တစ်ပြိုင်နက် ကုန်းပေါ်တက်ပြီးတော့ ခြေချမိသွားပြီဆိုလို့ရှိရင် ခုနကပြောတဲ့ အန္တရာယ်တွေ မှန်သမျှ အကုန်လွတ်သွားမယ်။

ဒါကြောင့်မို့ “ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်” ဆိုတာ နိဗ္ဗာန်ချမ်းသာကို ရည်ညွှန်းပြီး မြတ်စွာဘုရား ဟောတာဖြစ်ပါတယ်။ တရားချစ်ခင် သူတော်စင် ပရိတ်သတ်တို့သည် မငြိမ်းချမ်းတဲ့ ဒီဘက်ကမ်းရဲ့ ပြဿနာတွေကို မြင်အောင်ရှုပြီး ငြိမ်းချမ်းတဲ့ ဟိုဘက်ကမ်းကို တက်လှမ်းနိုင်ကြပါစေ။ ကိုယ်စီကိုယ်စီ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

nneh2zwwhu7e0o0ac09kb48vnqtrykg
ယှဉ်ပြိုင်ခြင်း၏ နိဂုံး
0
5898
22141
21645
2026-06-15T03:24:40Z
Tejinda
173
22141
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ယှဉ်ပြိုင်ခြင်း၏ နိဂုံး
| previous = [[ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်]]
| previous2 =
| next = [[ခုခံစွမ်းအား]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ယှဉ်ပြိုင်ခြင်း၏ နိဂုံး

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၇)ရက်၊ ရန်ကုန် တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၃) ရပ်ကွက်၊ အောင်သုခ ပရိယတ္တိစာသင်တိုက်အတွင်း ဆဋ္ဌမအကြိမ်မြောက် ဆင်ယင် ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မပူဇာသဘင် အခမ်းအနားဝယ် မဟာဒုတ် ဆွမ်းလောင်းအသင်းနှင့် (၇)ရက်သားသမီးများ၏ အမတဒါန ဓမ္မဒါန အဖြစ်ဖြင့် ဟောကြားအပ်သော “ယှဉ်ပြိုင်ခြင်း၏ နိဂုံး” တရားဒေသနာတော်။

ယှဉ်ပြိုင်ခြင်း၏ နိဂုံး

လောကမှာ လူတွေဟာ ယှဉ်ပြိုင်နေကြတာ ချည်းပဲ။ အကုန်လုံး တစ်ဦးနဲ့တစ်ဦး ယှဉ်ပြိုင်ကြတယ်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယှဉ်ပြိုင်ကြတယ်။ တစ်ရွာနဲ့ တစ်ရွာ ယှဉ်ပြိုင်ကြတယ်။ ရပ်ကွက်တစ်ခုနဲ့တစ်ခု ယှဉ်ပြိုင်ကြ တယ်။ တစ်မြို့နဲ့တစ်မြို့ ယှဉ်ပြိုင်ကြတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယှဉ်ပြိုင်ကြတယ်။ အဲဒီ ယှဉ်ပြိုင်မှုဟာ ဘယ်တော့မှ နိဂုံးချုပ်မလဲဆိုတာ သိဖို့လိုတယ် မဟုတ် လား။

သံသရာထဲ ရှိနေသမျှကာလပတ်လုံး ယှဉ်ပြိုင်မှု တွေဟာ ရှိနေကြမှာပဲ။ စီးပွားရေးနဲ့ ပတ်သက်တဲ့ ယှဉ်ပြိုင်မှု၊ လူမှုရေးနဲ့ ပတ်သက်တဲ့ ယှဉ်ပြိုင်မှု၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ယှဉ်ပြိုင်မှု၊ ပညာရေးနဲ့ ပက်သတ်တဲ့ ယှဉ်ပြိုင်မှုလို့ လောကမှာ ယှဉ်ပြိုင်မှုတွေ အင်မတန်မှ ခေတ်စားတယ်။ ဒီထဲမှာ ပြောရမယ် ဆိုရင် အထင်ရှားဆုံးက အားကစားသမားတွေရဲ့ ယှဉ်ပြိုင်မှုဖြစ်လို့ လူတိုင်းသိကြတာပေါ့နော်။

လူတွေဟာ နေ့စဉ်နဲ့အမျှ တစ်ဦးနဲ့တစ်ဦး ပြိုင်နေ ကြတယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်။ တခြား မကြည့်နဲ့ ကိုယ့်မိသားစုထဲမှာပဲ တစ်ဦးနဲ့တစ်ဦး ယှဉ်ပြိုင် နေကြတယ်။ အိမ်နီးနားချင်းလည်း ပြိုင်တာပဲ။ သူက ကားစီးနိုင်တယ်၊ ငါက ကားစီးနိုင်တယ်။ သူက တိုက် တည်တယ်၊ ငါက တိုက်တည်တယ်။ မကြိုးစားကြ ဘူးလား၊ ကြိုးစားကြတယ်။ အဲဒီ ယှဉ်ပြိုင်မှုတွေဟာ ဘယ်တော့မှ အဆုံးသတ်မှာလဲလို့ သံသရာအတွင်းမှာ နေလို့ရှိရင် ယှဉ်ပြိုင်ခြင်းရဲ့နိဂုံး ဆိုတာ ရှာတွေ့ဖို့ မလွယ်ဘူးပေါ့။

လောကကြီးဟာ ယှဉ်ပြိုင်မှုနဲ့ သွားနေတာ။ ယှဉ်ပြိုင်မှုဆိုတာ ကောင်းတာရှိသလို မကောင်းတာ တွေလည်း ဖြစ်ပေါ်စေတတ်တယ်။ သို့သော် ဘုန်းကြီး တို့တစ်တွေဟာ အကောင်းဆုံး ယှဉ်ပြိုင်မှုကို ရွေးချယ် နိုင်မှသာလျှင် ယှဉ်ပြိုင်မှုရဲ့ နိဂုံးဆိုတာ ရောက်မှာ ဖြစ်ပါတယ်။ အကယ်၍ ယှဉ်ပြိုင်မှုတွေဟာ မှားယွင်း နေမယ် ဆိုလို့ရှိရင်၊ မှားယွင်းတဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ဆက်လက် ယှဉ်ပြိုင်နေကြမယ်ဆိုရင် ဘာဖြစ်မလဲ ဆိုတာ မြတ်စွာဘုရားက ဒေသနာတော်တစ်ခုမှာ ပေးထားတာရှိတယ်။

ဇယံဝေရံ ပသဝတိ၊ ဒုက္ခံ သေတိ ပရာဇိတော။

ဇယံ အနိုင်ရတဲ့သူက ဝေရံ ပသဝတိ ရန်များ တယ်။ နိုင်သူရန်များ တဲ့။ နိုင်တယ် ဆိုလို့ရှိရင် ငါ အနိုင်ရတယ်ဆိုပြီး အေးတာမဟုတ်ဘူး၊ ရှုံးတဲ့သူက ကျေနပ်ပါ့မလား။ အေး ..ဘာပဲဖြစ်ဖြစ် ပြိုင်လာလို့ ရှိရင် ရှုံးတဲ့သူက မကျေနပ်ဘူး။

မြတ်စွာဘုရားကဟောတာ ဇယံ ဝေရံ ပသဝတိ၊ ဇယံ အောင်နိုင်တဲ့ ပုဂ္ဂိုလ်က ဝေရံ ပသဝတိ ရန်ငြိုးကို ရတယ်။ ရန်သူတွေ ပေါလာတယ်။ မကောင်းတဲ့ဘက်က ယှဉ်ပြိုင်မှုဟာ အလွန်အန္တရာယ် များတယ်ပေါ့။ ဒီထဲမှာ ယှဉ်ပြိုင်မှုမှာ စိတ်ကောင်း မရှိဘူးဆိုရင် ပိုပြီးတော့ဆိုးတယ်။

ဘုန်းကြီးတို့ လွန်ခဲ့တဲ့ (၁၀)နှစ်လောက်က ဒီယှဉ်ပြိုင်မှုနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တစ်ခု ကြားဖူးတယ်။ အမေရိကန်နိုင်ငံမှာ Snow တွေ ကျနေတဲ့အချိန်မှာ စကိတ်စီးပြီးပြိုင်တဲ့ အမျိုးသမီးကို Television ထဲမှာ၊ အားလုံးလည်း မြင်ဖူးကြပါလိမ့်မယ်၊ ရေခဲပြင်ပေါ်မှာ က,တာ။ အဲဒီလို ချန်ပီယံရထားတဲ့ အမျိုးသမီးမှာ နောက်ထပ် သူနဲ့ ယှဉ်ပြိုင်လာတဲ့ အမျိုးသမီးတစ်ဦး ပေါ်လာတယ်။ သူ့ထက်သာတဲ့ အရည်အချင်းတွေ အရိပ်အယောင်တွေ တွေ့လာတဲ့ အခါ ဘာလုပ်သလဲဆိုရင် မှန်ကန်တဲ့နည်းနဲ့ မလုပ်ဘဲနဲ့ မှားယွင်းတဲ့နည်းနဲ့ ဖြေရှင်းတယ်။ လူမိုက်ငှားပြီးတော့ အဲဒီအမျိုးသမီး ခြေထောက်ကို ရိုက်ချိုးခိုင်းတယ်။ ခြေထောက်ကျိုးသွားမှတော့ က,နိုင်ဦးမှာလား။ အဲဒီလို ယှဉ်ပြိုင်မှုတွေမှာ မှားမှားယွင်းယွင်းတွေက လောက ကြီးမှာ အများကြီးရှိတယ်။

အဲဒါကြောင့်မို့လို့ ယှဉ်ပြိုင်တယ်ဆိုတာ ယှဉ်ပြိုင် တိုင်း ကောင်းတာ မဟုတ်ဘူး။ ဘယ်တော့မှ နိဂုံးကို မရောက်နိုင်တဲ့ ယှဉ်ပြိုင်မှုတွေ၊ သံသရာထဲက ယှဉ်ပြိုင်မှုတွေဟာ ကောင်းတဲ့ယှဉ်ပြိုင်မှု တစ်ခုမှ မရှိဘူး။ အဲဒါကြောင့်မို့ မြတ်စွာဘုရားက နိဂုံးဆွဲပြီး တော့ ပြထားတယ်။ ဇယံ ဝေရံ ပသဝတိ၊ ဇယံ အနိုင်ရတဲ့ ပုဂ္ဂိုလ်ဟာ၊ ဝေရံ ပသဝတိ ရန်တွေ များတယ်လို့ ဒီလိုပြောတာနော်။

အေး၊ နိုင်တဲ့သူသာ ရန်များသလားလို့ဆိုတော့ ဒုက္ခံ သေတိ ပရာဇိတော ရှုံးတဲ့သူကလည်း စိတ်ဆင်းရဲတယ်။ ဒါ ဟုတ်တာပဲ။ ရှုံးသွားတဲ့သူက စိတ်အားတွေကျ ညှိုးငယ်နေတာ မဟုတ်လား။ နိုင်တဲ့ သူက ရန်ပွား၊ ရှုံးတဲ့သူက စိတ်ဆင်းရဲ။ ကဲ ဒါဖြင့် ယှဉ်ပြိုင်မှုဟာ ကောင်းတဲ့ရလာဒ် ရှိရဲ့လား။ တကယ် ကျတော့ ကောင်းတဲ့ရလာဒ် မရဘူး ဖြစ်နေတယ်ပေါ့။

ကောင်းတဲ့ရလာဒ် ရနိုင်တဲ့ ယှဉ်ပြိုင်မှုဟာ ဘယ်လို ယှဉ်ပြိုင်မှုလဲ၊ ဒါကိုကြည့်ရမယ်နော်။ ဒီကနေ့ ခေတ် အားကစားလောကမှာ ယှဉ်ပြိုင်နေကြတယ်။ ယှဉ်ပြိုင်မှုကို အကြောင်းပြု ပြီးတော့ ရာဇဝတ်မှုတွေ မဖြစ်ဘူးလား။ ယှဉ်ပြိုင်မှုကို အကြောင်းပြုပြီးတော့ ဘာလုပ်ကြလဲဆိုတော့ ငွေကြေးဓနတွေနဲ့ အလောင်း အစားတွေ လုပ်လာကြတယ်။ အလောင်းအစား လုပ်တယ်ဆိုတာ ပိုက်ဆံရသွားတဲ့သူက ပျော်တာပေါ့။ ကျန်တဲ့သူတစ်ယောက်က စိတ်ဆင်းရဲသွားတယ်၊ ဒုက္ခ ရောက်တယ်။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက မြန်မာပြည်၊ ဧရာဝတီမြစ်ကြောင်းမှာ လှေလောင်းတွေ ယှဉ်ပြိုင်ပွဲ တွေ လုပ်ခဲ့တာရှိတယ်။ လှေပြိုင်ပွဲတို့၊ လှည်းပြိုင်ပွဲတို့ လုပ်ကြတယ်နော်။ အေး .. ယှဉ်ပြိုင်တာတွေကို အကြောင်းပြုပြီးတော့ ဘယ်သူကနိုင်၊ ဘယ်သူကရှုံး၊ သာမန်တင်မထားဘူး။ တောရွာကလူတွေ လောင်း လိုက်ကြတာ၊ လယ်ကွက်ပေါင် လောင်းတဲ့သူ ရှိတယ်၊ အိမ်ပေါင် လောင်းတဲ့သူရှိတယ်။ ရှုံးသွားတဲ့အခါ ကျတော့ အိမ်ပေါ်က ဆင်းပေးရတယ်၊ လုပ်စရာလယ် ရှုံးတယ်။ အဲဒါမျိုးရော မကြားဖူးဘူးလား။ ဒါတကယ် ဖြစ်တာနော်။

ဒီယှဉ်ပြိုင်မှုတွေက အန္တရာယ် မများဘူးလား ဆိုတော့ တကယ့်ကို အန္တရယ်များတယ်။ ကောင်းတဲ့ ရလာဒ်တော့ မဖြစ်ဘူး။ ဟို တဖက်သားကလည်း ကျေကျေနပ်နပ်နဲ့ ပေးလိုက်ရတာမဟုတ်ဘူး။ နိုင်မယ် ထင်လို့ လောင်းတာပဲ၊ ရှုံးသွားတဲ့ အခါကျတော့ ဘယ် ကျေနပ်မလဲ။ ရတဲ့သူကလည်း တကယ်တော့ ဝမ်းသာ စရာ မဖြစ်ဘူးပေါ့။ သူ့မှာ ရန်သူတွေ များလာတယ် ပေါ့။ ရှုံးတဲ့သူက နိုင်တဲ့သူကို ရန်လုပ်လာတယ်။ ဒီလို ယှဉ်ပြိုင်မှုတွေဟာ ဘယ်သူ့ကိုမှ ကောင်းကျိုးပေးတာ မရှိဘူး။ အဲဒီတော့ မှန်ကန်တဲ့ ယှဉ်ပြိုင်မှုမျိုးကို ယှဉ်ပြိုင်ဖို့ လိုအပ်တယ်။ မမှန်ကန်တဲ့ ယှဉ်ပြိုင်မှုမျိုးကို မပြိုင်ဖို့ပဲဖြစ်တယ်။

လောကလူတွေ ယှဉ်ပြိုင်နေတာက မမှန်မကန် ယှဉ်ပြိုင်နေကြတာပဲ များတယ်။ ယှဉ်ပြိုင်သင့်တဲ့ နေရာမှာ မယှဉ်ပြိုင်ဘဲနဲ့ မယှဉ်ပြိုင်သင့်တဲ့ နေရာမှာ ယှဉ်ပြိုင်နေသည့်အတွက်ကြောင့် ပြဿနာတွေ တစ်ခု ပြီးတစ်ခု တက်လာပြီးတော့ ထိုပြဿနာတွေရဲ့ အဖြေကို ရှာမတွေ့ဘဲ မြတ်စွာဘုရား နိဂုံးဆွဲပြသလို နိုင်သူ ရန်ပွား၊ ရှုံးကား စိတ်ဆင်းရဲမှုနဲ့ ကြုံတယ်။ ဒီအကျိုးပဲ ရလိုက်တယ်။

အေး၊ စီးပွားရေးယှဉ်ပြိုင်တယ်၊ လူမှုရေး ယှဉ်ပြိုင် တယ် စသည်ဖြင့် ယှဉ်ပြိုင်မှုမျိုးစုံရှိတယ်။ ဘုန်းကြီးတို့ တစ်တွေ ဘယ်အရာကို ယှဉ်ပြိုင်မှု အကောင်းဆုံးလဲ။ မြတ်စွာဘုရားရဲ့ ပိဋကတ် စာပေတွေမှာ လိုက်ရှာ ကြည့်ရင် ယှဉ်ပြိုင်မှုတွေထဲမှာ ဘယ်ဟာအကောင်းဆုံး လဲ။ ကောင်းတဲ့နိဂုံး ဆွဲနိုင်တဲ့ ယှဉ်ပြိုင်မှုဟာ ဘာလဲ။ မရှိဘူးတော့ မဟုတ်ဘူး၊ ရှိတယ်။

အဲဒီ ယှဉ်ပြိုင်မှုအကြောင်းကို ဘုန်းကြီးတို့ ဒီကနေ့ ပိဋကတ်တော်ထဲကနေထုတ်ပြီးတော့ ဓမ္မလက်ဆောင် အနေနဲ့ ဟောကြားပေးမယ်။ အဲဒီ ယှဉ်ပြိုင်မှုကတော့ တကယ့်ကို ယှဉ်ပြိုင်မှုရဲ့နိဂုံး ဆိုတာဟာ နောက်ဆုံးမှာ ရောက်သွားတယ်။ နောက်ထပ်လည်း ပြိုင်စရာ မရှိ တော့ဘူး။ ရလာဒ်ကလည်း အင်မတန် ကောင်းတယ်။ ငြိမ်းချမ်းမှုနဲ့ အဆုံးသတ်တယ်။

လောကယှဉ်ပြိုင်မှုက ပူလောင်မှုနဲ့ အဆုံးသတ် တယ်။ စိတ်ဆင်းရဲမှုနဲ့အဆုံးသတ်တယ်။ စိတ်ချမ်းသာမှုနဲ့ အဆုံးမသတ်ဘူး။ မှန်ကန်မှုနဲ့ ယှဉ်ပြိုင်တဲ့ ပုဂ္ဂိုလ်တွေ ကျတော့ စိတ်ချမ်းသာမှုနဲ့ အဆုံးသတ်ရတယ်။ နောက်ဆုံးမှာ ယှဉ်ပြိုင်သူ အချင်းချင်းဟာလည်း ကျေနပ်သွားကြတယ်။ တကယ့်ကို ဖက်လှဲတကင်း တစ်ဦးနဲ့တစ်ဦး အမြင်ခြင်းတူပြီးတော့ တကယ့်ကို စိတ်ချမ်းသာမှု ရရှိသွားကြတယ်။ လောကယှဉ်ပြိုင်မှု တွေထဲမှာ ကျန်တဲ့ယှဉ်ပြိုင်မှုတွေအားလုံး ရန်သူအဖြစ် ကျန်နေတာချည်းပဲ။ စိတ်ဆင်းရဲ ကျန်ရစ်တယ်။ ပြဿနာတွေတက် ကျန်ရစ်တယ်။ အခုပြောမယ့် ယှဉ်ပြိုင်မှုကတော့ အဲဒီလို ပြဿနာတွေ မတက်တဲ့ အပြင် နောက်ဆုံးမှာ ယှဉ်ပြိုင်သူအချင်းချင်း ကျေနပ် ပြီးတော့ ယှဉ်ပြိုင်မှုကို အဆုံးသတ်လိုက်ကြတဲ့ အနေ အထားမျိုးကို ရောက်နိုင်တယ်တဲ့။

မြတ်စွာဘုရားက ဘုန်းကြီးတို့ကို ဆုံးမ ဩဝါဒ ပေးထားတဲ့ စကားလေးတစ်ခွန်းရှိတယ်။ ယှဉ်ပြိုင်နိုင်ဖို့ အတွက် တို့တစ်တွေ ကြိုးစားကြရမယ်။ ဘာနဲ့ ပတ်သက်ပြီး ယှဉ်ပြိုင်ရမလဲ။

ဥတ္တရုတ္တရိ ပဏီတ ပဏီတံ ဝါယမမာနာ အနုတ္တရံ ဝိမုတ္တိံ ပဋိလဘိဿာမ သစ္ဆိကရိဿာမ ဧဝံ ဟိ ဝေါ ဘိက္ခဝေ သိက္ခိတဗ္ဗံ လို့ စာပေထဲမှာ ပါတယ်။

မြန်မာလိုကတော့ “ချစ်သားရဟန်းတို့၊ ငါပြောတဲ့ အတိုင်း လိုက်နာကြရမည်။ ယှဉ်ပြိုင်မှုတွေကို လုပ်ကြ ရမယ်။ တစ်ဦးနဲ့တစ်ဦး အဆင့်မြင့်သထက်မြင့်၊ ကောင်းသထက်ကောင်းအောင် ကြိုးပမ်း အားထုတ် ခြင်းဖြင့် နောက်ဆုံး အမြတ်ဆုံး လွတ်မြောက်မှုကို ရရှိသွားအောင် ကြိုးစားကြရမယ်။ ဒါ ယှဉ်ပြိုင်မှုကို ပြောတာ။ အဲဒီတော့မှ ယှဉ်ပြိုင်မှုရဲ့နိဂုံးဆိုတာ တွေ့မယ်။

အဲဒီ နိဂုံးဟာ အေးချမ်းတဲ့နိဂုံးပဲပေါ့။ လောကမှာ ယှဉ်ပြိုင်တဲ့ အနေအထား တစ်ခုဟာ စာပေထဲမှာ မှတ်တမ်းတင်ထားတာရှိတယ်။ တကယ့် အဖြစ်အပျက် ပေါ့။ ခုခေတ်လိုပြောရင် True story ပေါ့။ လုပ်ကြံကာ ပြောထားတဲ့၊ တွေးခေါ်ပြီး ရေးသားထားတဲ့ဟာမျိုး မဟုတ်ဘူး။ တကယ့်အဖြစ်အပျက်တစ်ခု ဖြစ်တယ်။ တကယ့်အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ မြတ်စွာ ဘုရားက ဟောကြားထားခဲ့တယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)က ဟောခဲ့တာ ဆိုတော့ အတိတ်အကြောင်းကို ပြန်ကြည့်ကြမယ်။ မြန်မာပြည်မှာဖြစ်ခဲ့တာ မဟုတ်ဘူး။ မြတ်စွာဘုရား လက်ထက်မှာ ဖြစ်ခဲ့တာဆိုတော့ ဒီကနေ့ “အိန္ဒိယ” လို့ခေါ်တဲ့နိုင်ငံမှာ ဖြစ်ခဲ့တာ။ အဲဒီမှာ “ကောသလ တိုင်း” ဆိုတာရှိတယ်။ အိန္ဒိယနိုင်ငံ ရောက်ဖူးတဲ့ ပုဂ္ဂိုလ်တွေ တွေ့လိမ့်မယ်။ ကောသလတိုင်းဆိုတာ ရှိတယ်။ ဒီနေ့ ကာသိတို့၊ ကောသလ တို့ ဆိုတာ ရှိတယ်။ အိန္ဒိယလူမျိုးတွေ အခေါ်နဲ့ကျတော့ ကာသိကို “ကာရှိ“လို့ ခေါ်တယ်။ အဲဒီမှာ မီးရထားဘူတာရုံကြီး ရှိတယ်။ အဲဒီနားမှာ ကောသလတိုင်းကြီးဆိုတာ ရှိတယ်။

အဲဒီ ကောသလတိုင်းမှာ မြတ်စွာဘုရားက ရဟန်းတော်တွေနဲ့ ခရီးဒေသစာရီကြွတယ်။ လမ်းမှာ တောအုပ်ကြီးတစ်ခု တွေ့တယ်။ အဲဒီ တောအုပ်ကြီးထဲမှာ အင်ကြင်းပင်တွေ အများအပြားရှိတယ်။ အဲဒီ အင်ကြင်းတောကို ရောက်တဲ့အခါ မြတ်စွာဘုရားက လမ်းခရီးမှာ ခဏရပ်နားတဲ့အနေနဲ့ လမ်းကြောင်း ကနေ ဘေးဆင်းပြီးတော့ အဲဒီ အင်ကြင်းတောကြီးကို ကြည့်ပြီး မြတ်စွာဘုရားက ရုတ်တရက် ပြုံးလိုက်တယ်။

ဘုရားဆိုတာက အမြဲတမ်း မျက်နှာက တည်တည် တံ့တံ့နေတာ၊ ပြုံးတယ်ဆိုတော့ ဘုန်းကြီးတို့တစ်တွေ သာမန်လူတွေ ပြုံးတာနဲ့တော့ မတူဘူးပေါ့။ မြတ်စွာ ဘုရားက ရယ်ဖို့ဆိုတာ အဝေးကြီးပဲ။ မြတ်စွာဘုရားက ဘယ်တော့မှ ရယ်တယ်ဆိုတာ မရှိဘူး။ ပြုံးစရာ အကြောင်းရှိရင်တော့ ပြုံးတယ်။ အဲဒီလို ပြုံးတဲ့အခါ သွားဖျားလေးတွေ ပေါ်တယ်။ ဒီလောက်လေးပဲ ပြုံးတယ်။ သွားပေါ်ရုံလေးပဲ ပြုံးတယ်။

ဒီလိုပြုံးလိုက်တာကို ဘယ်သူက သတိထားမိ လည်းဆိုတော့ အနီးအပါးမှာ ခစားလုပ်ကျွေးနေတဲ့ အရှင်အာနန္ဒာ မထေရ်က သတိထားမိလိုက်တယ်။ ဒါဖြင့် စဉ်းစားကောင်း စဉ်းစားလိမ့်မယ်။ မြတ်စွာ ဘုရားက ရှေ့ကကြွရင် ရှင်အာနန္ဒာက နောက်ကကြွ၊ သံဃာတွေက နောက်ကတန်းပြီးတော့ လိုက်တယ်။

ရှေ့ကနေ မြတ်စွာဘုရား ပြုံးတော်မူတာကို ရှင်အာနန္ဒာ တို့ ဘယ်လိုသိကြလဲ။ ဘုန်းကြီးတို့တစ်တွေ နောက်က လိုက်သွားရင် ရှေ့ကပြုံးတာ သိပါ့မလား။ ဘယ်သိမလဲ၊ မသိနိုင်ဘူး။

မြတ်စွာဘုရား ပြုံးတာကို ရှင်အာနန္ဒာက နောက်ကလိုက်ပြီး ဘယ်လိုသိသလဲဆိုတော့ မြတ်စွာ ဘုရား ပြုံးလိုက်တာနဲ့ တစ်ပြိုင်နက် အင်မတန် ဖြူဖွေး တဲ့ စွယ်သွားတော်လေးဆူက အဖြူရောင်လေးတွေ ဝင်းကနဲ လက်ကနဲ ပေါ်လာသည့် အတွက်ကြောင့် ရှင်အာနန္ဒာ မြင်လိုက်တယ်ပေါ့။

သာမန်လူတွေရဲ့ သွားက အဲဒီလိုမှ မဖြူတာ။ မဖြူသည့်အတွက်ကြောင့် အရောင်ထွက်ဖို့ နေနေ သာသာ မည်းညစ်ညစ်တောင် ဖြစ်နေတယ်။ ဘယ်လို လုပ် အရောင်ထွက်မလဲ။ ကွမ်းစားထားတဲ့သွား ကြည့်။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက သွားဖြူချင်လို့ ဆားနဲ့တိုက်၊ မီးသွေးခဲနဲ့တိုက်၊ သွားကတော့ ဝါညစ် ညစ်ပဲ။ ဘယ်တော့မှ မဖြူဘူး။ နောက်တော့ ဒကာကြီး တစ်ယောက်က ပြောတယ်။ “ကိုရင်၊ ကိုရင့်သွား တိုက်မနေနဲ့၊ ဘယ်တော့မှ မဖြူဘူးတဲ့။ သဘာဝကိုက ဒီအရောင် လုပ်ပေးထားတာ” တဲ့။။

အသားကဖြူရင် သွားက ဝါညစ်ညစ်လေးနဲ့မှ လိုက်တာ။ အသားကမည်းရင်တော့ သွားကို ဖြူအောင် လုပ်ပေးတယ်။ ကပ္ပလီရဲ့သွားကို ကြည့်လိုက်၊ ဖွေးဆွတ် နေတယ်။ အသားမည်းတဲ့သူကျတော့ သွားက ဖွေးဆွတ်နေတယ်။ တိုက်စရာတောင် မလိုဘူးနော်။

လွန်ခဲ့တဲ့ (၂၀၀၆)ခုနှစ်လောက်က ဘုန်းကြီးတို့ စစ်ကိုင်းမှာ အဘိဓမ္မာသင်တန်း ဖွင့်တယ်။ အဲဒီ အဘိဓမ္မာသင်တန်းဖွင့်တော့ အာဖရိက ဦးပဉ္ဇင်း တစ်ပါး ပါလာတယ်၊ ကြံကြံဖန်ဖန် သူ့အသားရောင်က အားလုံးသိကြတဲ့အတိုင်း အာဖရိကဆိုတာ အသားက မည်းနေတာ။ သူက ယူဂန်ဒါနိုင်ငံက။ ယူဂန်ဒါနိုင်ငံ ဆိုတာ တစ်ခါတုန်းက “အာမင်” ဆိုတဲ့ စစ်ဗိုလ်ကြီး အုပ်စိုးခဲ့တဲ့ နိုင်ငံတစ်ခုပေါ့။ အဲဒီ ဦးပဉ္ဇင်းရဲ့ အသား ကတော့ မြန်မာလူမျိုးတွေ ခေါင်းပေါ်က ဆံပင် အရောင်အတိုင်းပါပဲ။ သို့သော် သူက သဘောကောင်း တယ်။ စကားပြောရင် ရယ်ပြီးတော့မှ ပြောတယ်။ ရယ်လိုက်တာနဲ့ တစ်ပြိုင်နက် သွားတွေက ဖွေးနေ တာပဲ။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ဒီလို ဖွေးချင်တာ၊ ရကိုမရဘူး။ သူ့ကျတော့ ဖွေးဆွတ်နေတာပဲ။ အဲဒီ ယူဂန်ဒါဦးဇင်းဆိုတော့ ပြောရဦးမယ်။ သူက ချမ်းမြေ့ ရိပ်သာမှာ ရဟန်းခံတယ်။ သူ့ဘွဲ့က “ဗုဒ္ဓရက္ခိတ” တဲ့။ အာဖရိကနိုင်ငံသားက ဘုန်းကြီးဖြစ်တယ်ဆိုတာ အတော်အံဩစရာကောင်းတယ်။ တရားလာအားထုတ် ရင်း ဗုဒ္ဓဘာသာ တရားတော်ကို သဘောကျပြီးတော့ ရဟန်းဝတ်တယ်။ အဲဒီမှာ ဘုန်းကြီးတို့ အဘိဓမ္မာ သင်တန်း တက်တဲ့အချိန်မှာ သူကတစ်ခုမေးတယ်။ သူ ယူဂန်ဒါနိုင်ငံကို ပြန်မယ်တဲ့။ အဲဒီကို ပြန်သွားလို့ရှိရင် အခု မြန်မာပြည်မှာ သံဃာတွေ သင်္ကန်းဝတ်တဲ့ပုံစံက ပုခုံးကြီးတစ်ဖက် ဖော်ထားရတာ ဖြစ်တယ်။ သူတို့ နိုင်ငံမှာ အဲဒီလို ပခုံးကြီးတစ်ဖက်ဖော်ပြီး ဝတ်ထားတဲ့ လူကိုမြင်လို့ရှိရင် “အောက်လမ်းဆရာကြီး” (witch doctor) လို့ ထင်တာ တဲ့။ လူတွေက သိပ်ကြောက်တာ၊ မုန်းတယ်၊ မဟုတ်တဲ့ အတတ်ပညာ တတ်ထားတဲ့ မှော်တွေ၊ ကဝေတွေ အောက်လမ်းဆရာ ဆိုပြီးတော့ လူတွေက မုန်းကြတယ်။ မုန်းလို့ရှိရင် ချောင်းအရိုက် ခံရမှာ ကြောက်ရတယ်။ အဲဒီတော့ တပည့်တော် ဘယ်လိုလုပ်ရမလဲ။ ဆရာတော် အကြံပေးစမ်းပါဦး။

“အေး .. မင်း အိမ်ထဲမှာ လူမမြင်၊ သူမမြင် နေရင်တော့ ဒီလိုနေပေါ့၊ လူမြင်ကွင်း ထွက်မယ် ဆိုရင်တော့ ဒို့ သင်္ကန်းရုံသလို ရုံပြီးမှထွက်။ အဲဒါ ဆိုရင်တော့ မင်းပခုံးတစ်ဖက် မပေါ်တော့ဘူး”။

“ဟာ ဟန်ကျပြီ၊ တပည့်တော် မြို့ထဲ၊ ရွာထဲ သွားရင် သင်္ကန်းရုံပြီးတော့သွားပါ့မယ်“တဲ့။ အဲဒီနောက် သူ ပြန်သွားတယ်။ ပြန်သွားပြီးတော့ ဆောင်းပါးလေး တစ်ပုဒ် ရေးတာကို ဖတ်ရတယ်ပေါ့။

သူ သီဟိုဠ်နိုင်ငံက ဗုဒ္ဓ ရုပ်ပွားတော်တစ်ဆူ ပင့်သွားတယ်။ သီဟိုဠ်မှာ ဗုဒ္ဓရုပ်ပွားတော်ဆိုတာ အဖြူရောင်၊ မြန်မာပြည်က ကျောက်ဆင်းတုလို အရောင်မျိုးပေါ့။ ပလာစတာနဲ့ ပုံသွင်းပြီးတော့ လုပ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ဖြစ်တယ်။ အဲဒီ ဗုဒ္ဓ ရုပ်ပွားတော်တစ်ဆူ ပင့်သွားတယ်။ အဲဒီ ဗုဒ္ဓရုပ်ပွားတော်ကို သူ့မှာပါလာတဲ့ သင်္ကန်းကြီးနဲ့ထုပ်ပြီး အထုပ် ကြီးနဲ့ ယူသွားတာ။ သူတို့နိုင်ငံ ရောက်တဲ့အခါ Custom ကို ဖြတ်ရတယ်။

Custom ဆိုတာ ဘာတွေပါတုန်း စစ်ဆေးတဲ့ လူတွေပေါ့။ အကောက်ခွန်ဌာနက သူ့အထုပ်ကို ဖြေခိုင်းတာပေါ့။ ဖြေခိုင်းတဲ့အခါကျတော့ ဗုဒ္ဓ ရုပ်ပွားတော်ကြီးကိုတွေ့တော့ သူတို့က ဘုရားရုပ်ထု ကို မသိဘူး။ “မင်း ဒီနတ်ရုပ်ကြီးကို ဘာလို့ယူလာ တာလဲ” လို့ မေးသတဲ့။ သူက ရှင်းပြရတယ်၊ “ဒါက နတ်ရုပ်မဟုတ်ပါဘူး၊ ဗုဒ္ဓရုပ်ပွားတော်လို့ ခေါ်တယ်။ ဗုဒ္ဓဘာသာတွေ ကိုးကွယ်တဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော်” ဆိုတော့ ဒါဆို ယူသွား၊ ယူသွားလို့ပြောတယ်။

ဗုဒ္ဓဘာသာကလည်း အဲဒီနိုင်ငံမှာ ရှိတာ မဟုတ် ဘူး။ ဘယ်သူ့ကို အရင်စည်းရုံးရသလဲဆိုရင် သူ့ အမေကို အရင်စပြီး စည်းရုံးရတယ်။ သူတို့အားလုံး ကလည်း တခြားဘာသာဝင်တွေပါ။ သူတစ်ယောက် တည်း ဗုဒ္ဓဘာသာဝင် ဖြစ်လာတာ။ အိမ်ရောက်တဲ့ အခါ ဒီအရုပ်ကြီး တင်လာတော့ ဟိုလူ မျက်စောင်းထိုး၊ ဒီလူ မျက်စောင်းထိုးနဲ့။ သူက ဗုဒ္ဓရုပ်ပွားတော်ကြီးကို သူ့အခန်းထဲမှာ ထားပြီးတော့ ကိုးကွယ်တယ်။

သူ့အမေကတော့ သူ့အပေါ်မှာ သံယောဇဉ် ရှိတာကိုး။ မိဘဆိုတာ သားသမီးအပေါ်မှာတော့ သံယောဇဉ်ရှိတာပေါ့။ အဲဒီတော့ သူ့ဘဝအကြောင်း တွေကို ရှင်းပြ၊ တရားဓမ္မပြပြီး စည်းရုံးတဲ့အခါ ကျတော့ သူ့အမေက တဖြည်းဖြည်း စိတ်ပါလာပြီး တော့ ဗုဒ္ဓဘာသာဘက် ပြောင်းလာတယ်။ သူ့ညီမ တွေ၊ အားလုံးဟာ အမည်းတွေပဲပေါ့။ တဖြည်းဖြည်း စည်းရုံးလိုက်တာ သူ့အိမ်က မိသားစု ဗုဒ္ဓဘာသာဝင် ဖြစ်သွားပြီတဲ့။ လွယ်လွယ်ကူကူနဲ့ ဗုဒ္ဓဘာသာဖြစ်ရတာ မဟုတ်ဘူး။ သူအဲဒီလို စည်းရုံးပြီးတော့ သူ့မိသားစု ကနေ စပြီးတော့ ဗုဒ္ဓဘာသာဝင်ဖြစ်အောင် ကြိုးစား တယ်။

အဲဒီနောက်တော့ ဒီကိုယ်တော်နဲ့ မတွေ့ရသေး ဘူးပေါ့။ ဒီကနေ့အထိ မတွေ့ရသေးဘူး။ သူ့ဘွဲ့က ဗုဒ္ဓရက္ခိတဆိုတော့ ဘုန်းကြီးကလည်း အားပေးလိုက် ပါတယ်။ “မင်းဟာ ဗုဒ္ဓရက္ခိတ ဆိုတော့ You wil be protect by the Buddha မင်းကို ဘုရားက စောင့်ရှောက်မှာပါကွာ၊ မပူပါနဲ့”။

သူ့နိုင်ငံက ဗုဒ္ဓဘာသာမဟုတ်တော့ သူ အန္တရာယ် ကင်းအောင် ဘယ်လို လုပ်ရမလဲ။ “မင်း ဘာမှမလုပ်နဲ့ မေတ္တာသာပို့၊ မေတ္တသုတ်ရလား“၊ “ရတယ်” တဲ့။ “အေး..မေတ္တသုတ်ရွတ်။ မရရင် ဣတိပိတော ရွတ်၊ ဘာမှ မရဘူးဆိုရင် နမောတဿ ရွတ်”။ အဲဒီလို ပြောလိုက်တယ်။ သူ့မိသားစုကိုတော့ သူစည်းရုံးလို့ ရပြီပေါ့။ တဖြည်းဖြည်း ဗုဒ္ဓဘာသာဖြစ်အောင် ကြိုးစား တယ်။

အဲဒီတော့ ဆက်ရအောင်၊ မြတ်စွာဘုရားရဲ့ သွားတော်ကျတော့ စိန်အစစ်လို ဖြူဖွေးတာ။ စိန် ဆိုတာ အင်မတန်ဖြူသည့်အတွက်ကြောင့် အပြင် ဘက်က အလင်းရောင် မဟပ်ဘဲနဲ့ကို လက်လက် လက်လက်နဲ့၊ အလင်းရောင် ဟပ်လိုက်မယ်ဆိုရင် ပိုလက်တာပေါ့။

အဲဒီလို လက်ကနဲ ဝင်းကနဲ အရောင်လေးကို ရှင်အာနန္ဒာမထေရ်မြတ်က မြင်လိုက်တယ်။ အဲဒါကြောင့် မြတ်စွာဘုရား ပြုံးတာကို သိလိုက်တာ ဖြစ်တယ်။ သိတော့ မြတ်စွာဘုရားကို လျှောက်တယ်။ “အရှင်ဘုရားတဲ့၊ ဘုရားရှင်တို့မည်သည် ဘယ်တော့မှ အကြောင်းမဲ့ပြုံးတာ မရှိပါဘူး။ အရှင်ဘုရား ဘာဖြစ်လို့ ပြုံးရသလဲ“ပေါ့။ အရှင်ဘုရား ဒီနေရာကို ကြည့်ပြီး တော့ ပြုံးတာဟာ အကြောင်းတစ်ခု ရှိပါသလားတဲ့။

အဲဒီမှာ မြတ်စွာဘုရားက ဇာတ်ကြောင်းပြန်ပြီး “အာနန္ဒာတဲ့၊ ဟောဒီနေရာကြီးက သမိုင်းဝင်နေရာ ကြီးပေါ့”။

ဘုန်းကြီးတို့တစ်တွေ မေ့လျော့ ပျောက်ကွယ် သွားလို့ပဲ၊ အခု ဒီမြို့က ဘာမြို့လဲ။ ဒဂုံဆိပ်ကမ်းမြို့။ ဒီ ဒဂုံဆိပ်ကမ်းမြို့ဟာ သမိုင်းကြောင်းကို သိမှီလိုက်တဲ့ သူတွေဟာ ဟိုတုန်းက ဘာမြို့တုန်းဆိုတာ ပြောလို့ ရတာပေါ့။ ဒီနောက်ကလည်း ရှင်မွှေးလွန်းနဲ့ မင်းနန္ဒာ တို့ ဇာတ်လမ်းတွေ ရှိတယ်မဟုတ်လား။ သံလျင် ဘက်နဲ့လေ။ အဲဒီတော့ ဒီနေရာမှာ ရှေးဟောင်း သမိုင်း တွေ ရှိမှာပေါ့။ ဟိုးရှေးယခင်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ် အပျက်တွေဟာ ဒီကနေ့လူတွေက သိချင်မှ သိတော့ မှာ။

အဲဒီတော့ ခုနက အင်ကြင်းတောကြီးဟာလည်း တောအုပ်ကြီး ဖြစ်သွားတယ်။ မြတ်စွာဘုရားက ဇာတ်ကြောင်းပြန်ဖော်ပေးတာ။ “အာနန္ဒာ တဲ့၊ တစ်ချိန် တုန်းက ဟောဒီနေရာမှာ မြို့ကြီးရှိခဲ့တယ်”။ (ဒီနေရာ ကလည်း ဥက္ကလာပမင်းကြီးတို့ ဘာတို့ ကြီးစိုးတုန်းက ရှိချင်ရှိမှာပေါ့နော်။ သူ့မတိုင်ခင်ကလည်း ရှိချင်ရှိမှာ ပေါ့။) ကဿပမြတ်စွာဘုရား လက်ထက်က ရှိခဲ့တာပဲ။ ကဿပမြတ်စွာဘုရားဆိုတာ ဒီ ဘဒ္ဒကမ္ဘာမှာ ပွင့်တာ။ ဒါကြောင့်မို့ ကဿပ မြတ်စွာဘုရား လက်ထက်က အကြွင်းအကျန်တွေဟာ ဂေါတမ ဘုရားလက်ထက်မှာ တူးဖော်လို့ရနေတာ။

ဘုရားတစ်ဆူနဲ့ တစ်ဆူကြားမှာ မြေကြီးက တစ်ယူဇနာလောက် မြင့်တက်လာတယ်။ ဒါ ဟုတ်တယ်၊ သဘာဝကျတယ်။ ဘာဖြစ်လို့ မြင့်တာဟာ ဖြစ်နိုင်တာတုန်းဆိုတော့ နေ့စဉ်နဲ့အမျှ သစ်ရွက်တွေ ကြွေတယ်၊ အမှိုက်တွေ ပစ်ကြတယ်။ ဒါတွေက တဖြည်းဖြည်း မောက်မလာဘူးလား။ တိရိစ္ဆာန်အသေ တွေ မြှုပ်တယ်၊ လူသေတွေ မြှုပ်တယ်။ ဒါတွေက ဒီအတိုင်း မြေကြီးထဲ ဝင်သွားတာမှ မဟုတ်ဘဲ၊ ဒါတွေက မြေကြီးကို တိုးစေတာဖြစ်တယ်။ သစ်ရွက် တွေကလည်း မြေကြီးကို တိုးလာစေတယ်၊ လူတွေရဲ့ အလောင်းတွေကလည်း မြေကြီးကို တိုးလာစေတယ်။ သတ္တဝါတွေရဲ့ အရိုးတွေကလည်း မြေကြီးကို တိုးလာ စေတယ်။ သစ်ပင်တွေက လဲပြိုကျပြီးတော့ သစ်ကိုင်း ခြောက်တွေတို့၊ သစ်ပင်တွေတို့ ဒါတွေကလည်း မြေကြီးကို မြင့်တက်လာစေတယ်။ ဒါကြောင့်မို့ ဘုရား တစ်ဆူနဲ့ တစ်ဆူကြား အကွာအခြားကို ပြောချင်တယ် ဆိုလို့ရှိရင် မြေကြီးဟာ တစ်ယူဇနာလောက် မြင့်တက် တယ်လို့ ပြောနိုင်တယ်။

ဒါဖြင့် တစ်ယူဇနာဆိုတာ ခုခေတ်မှာ အသုံး မရှိတော့ဘူး။ အသုံးမရှိတော့ တစ်ယူဇနာကို ခုခေတ်နဲ့ ပြောမယ်ဆိုရင် ရှစ်မိုင်နဲ့ ပြောလို့ရတယ်။ တစ်ချို့ ကလည်း ၁၂ မိုင်နဲ့ပြောတယ်ပေါ့။ ရှစ်မိုင်လောက် ဆိုရင် နီးစပ်မယ်ထင်ပါတယ်။ ဒီကနေ့ခေတ် အိန္ဒိယ အတိုင်းအတာတွေနဲ့ ရှေးကသုံးခဲ့တဲ့ယူဇနာနဲ့ နှိုင်းယှဉ် ပြီးတော့ ကြည့်မယ်ဆိုရင် တစ်ယူဇနာ ရှစ်မိုင်ဟာ ပိုပြီးတော့ဖြစ်ဖို့ရာ များတယ်ပေါ့။

အဲဒီတော့ ဘုရားတစ်ဆူနဲ့တစ်ဆူကြား မြေကြီး ဟာ ရှစ်မိုင်လောက် အထက်ကို မြင့်တက်လာတယ် ဆိုတော့ ရှေးဟောင်း ပစ္စည်းတွေဟာ ဒါကြောင့်မို့ မြေကြီးထဲ ရောက်သွားတယ်ပေါ့။ ပြန်ပြီးတော့ တူးဖော် နေကြရတာ။

ကဿပမြတ်စွာဘုရား လက်ထက်က အလွန် စည်ကားခဲ့တဲ့ မြို့ကြီးတစ်ခုဟာ ဒီကနေ့ အပေါ်မှာ သစ်ပင်တွေ ပေါက်နေလို့ သစ်တောကြီးအဖြစ် ရောက် သွားတယ်။ ကကုသန္ဓ မြတ်စွာဘုရားက လေးသောင်း တမ်းမှာ ပွင့်တယ်။ ကောဏာဂမနမြတ်စွာဘုရားက သုံးသောင်းတန်းမှာပွင့်တယ်၊ ကဿပ မြတ်စွာဘုရား က နှစ်သောင်းတန်းမှာ ပွင့်တယ်။ လူ့ရဲ့ အသက် နှစ်သောင်းရှည်တဲ့အချိန်။

ဒီလိုပြောတာ ဖြစ်ပေမယ့်လို့ ဘုရားတစ်ဆူနဲ့ တစ်ဆူဟာ ဆုတ်ကပ်၊ တက်ကပ် ပြီးမှသာ ပွင့်တယ်။ ဘုရားဆိုတာ ဆုတ်ကပ်မှာပဲ ပွင့်တယ်။ တက်ကပ်မှာ မပွင့်ဘူး။ လူတွေရဲ့ အသက်ဟာ ဆုတ်ချည် တက်ချည် ရှိတယ်။ အခု ဒီကနေ့ဟာ ဆုတ်နေတာ။ အဲဒီတော့ တက်တဲ့အချိန်တုန်းကလည်း တက်လာခဲ့တယ်ပေါ့။ ဆိုပါစို့ ကကုသန္ဓမြတ်စွာဘုရား မတိုင်ခင်က လူတွေရဲ့ သက်တမ်းဟာ အသင်္ချေထိအောင် ရှည်တက်သွားတယ်။ ပြီးတဲ့အခါကျတော့ လူတွေ မကောင်းလို့ တဖြည်းဖြည်း ဆုတ်လာတာ အသင်္ချေ ကနေ တစ်သိန်းတမ်း၊ တစ်သိန်းတမ်းကနေ ရှစ်သောင်းတမ်း တဖြည်းဖြည်း ဆုတ်လာလိုက်တာ လေးသောင်းတမ်း ရောက်တဲ့အခါကျတော့ ကကုသန္ဓ မြတ်စွာဘုရား ပွင့်လာခဲ့တယ်လို့ ဒီလိုပြောတာ။ အဲဒီ ကနေ ဆက်ပြီးဆုတ်သွားလိုက်တာ အခုလို ရာတန်းတို့၊ ခုနစ်ဆယ့်ငါးနှစ်တန်းတို့၊ နောက်ဆို ဆယ်နှစ်တန်း ကနေပြီးတော့ လူတွေဟာ ဒုက္ခ၊ သုက္ခတွေ ရောက်ကြ တယ်။ ရောက်တဲ့အခါ တစ်ခါပြန်ပြီးတော့ သတိ သံဝေဂတွေရပြီး ကောင်းတဲ့အကျင့်တွေကို ကျင့်ကြ တယ်။ လူ့ရဲ့ သက်တမ်းဟာ ပြန်တက်သွားတယ်။ ပြန်တက်သွားပြီး တစ်ခါပြန်ဆုတ်လာတယ်။

ပြန်ဆုတ်လာတဲ့အခါမှ သုံးသောင်းတန်း ရောက်တဲ့အခါ “ကောဏာဂမန” မြတ်စွာဘုရား ပွင့်လာတယ်နော်။ အဲဒီလိုပဲ ဆုတ်သွားပြီးတော့ ပြန်တက်လာတယ်။ ပြန်တက်ပြီးတော့ ပြန်ဆုတ်လာတဲ့ အခါ နှစ် နှစ်သောင်းတန်းရောက်တော့ “ကဿပ” မြတ်စွာဘုရား ပွင့်တယ်။ ကဿပမြတ်စွာဘုရားပွင့်ပြီး တော့ ဆုတ်သွားလိုက်တာ ၁၀နှစ်တန်း ရောက်သွား ပြီးတော့မှ တစ်ခါပြန်တက်သွားတယ်။ အသက်တွေ သိပ်ရှည်ပြီးတော့ ဂေါတမမြတ်စွာဘုရား ပွင့်မယ့် အချိန်၊ ဂေါတမမြတ်စွာဘုရားက ပါရမီမပြည့်သေး တော့၊ တကယ်တော့ တစ်သောင်းတမ်းမှာ ပွင့်သင့်ရဲ့ သားနဲ့ မပွင့်ဘူး။ တစ်သောင်းတမ်းလည်း မပွင့်ဘူး၊ ငါးထောင်တမ်းလည်း မပွင့်ဘူး၊ ဆုတ်ယုတ်လာလိုက် တာ နောက်ဆုံး တစ်ရာတမ်းကျမှ ပွင့်တော့တယ်။

တစ်ရာတမ်း အောက်မှာတော့ ပွင့်လို့မရဘူးတဲ့။ တစ်ရာတမ်းအောက်က လူတွေက ခေါင်းမာတယ်။ တရားဟောလို့ မရတော့ဘူး၊ သတ္တိတွေ ပိုကောင်း တယ်တဲ့၊ မကြောက်ဘူးနော်။ အသက်ကလေး တိုပေ မယ်လို့ ခေါင်းမာတယ်။ ဟို အသက်ရှည်တဲ့ လူတွေက တရားဟောလို့ရတယ်။ အသက်တိုတဲ့ လူတွေက တရားဟောလို့ မရဘူး။ တိုတဲ့ အသက်ကလေးကို လုပြီးပျော်တာ။ ကိုရီးယားကား မကြည့်ရ မနေနိုင်ဘူး။

မြင်ဖူးတယ် မဟုတ်လား။ ကြက်ကလေးတွေ စားသောက်ဆိုင် ပို့မလို့ ခြင်းထဲထည့်ထားတာ၊ တွန်တဲ့ အကောင်က တွန်၊ တစ်ကောင်နဲ့တစ်ကောင် ဆိတ်, မလုပ်ကြဘူးလား၊ လုပ်တယ်။ မလျှော့ဘူးနော်။ အဲဒီ လိုပဲ လူတွေကလည်း မလျော့ဘူး။ အဲဒီတော့ တစ်ရာ အောက်ဆိုရင် တရားဟောလို့ မရမှာစိုးလို့ ဂေါတမ မြတ်စွာဘုရားက တစ်ရာတမ်းမှာ ပွင့်လိုက်တာ။

အဲဒီလို တစ်ရာတမ်းမှာပွင့်တော့ ကဿပ မြတ်စွာ ဘုရားနဲ့ အတိုင်းအတာ ဘယ်လောက်ထိ ကွာသွား တုန်းဆိုတော့ မြေကြီးဟာ တစ်ယူဇနာ မြင့်တက် သွားသည်ထိအောင် ကွာခြားသွားတယ်။ မြို့ပြ အဆောက်အဦးတွေ အားလုံးဟာ မြေကြီးအောက် ရောက်ကုန်တယ်။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက အဲဒီနေရာလေးကို ကြည့်လိုက်တော့ သမိုင်းနဲ့ ပတ်သက်ပြီးတော့ မှတ်သားစရာ သွားတွေ့တယ်။ ထူးဆန်းတဲ့အရာလေးတစ်ခုမြင်တယ်ပေါ့။ ဉာဏ်တော် နဲ့ မြင်ရတာ။ ဒါကြောင့်မို့လို့ ပြုံးတော်မူတော့ ရှင်အာနန္ဒာကမေးလို့ ဖြေတာ။ “အာနန္ဒာတဲ့၊ ကဿပ မြတ်စွာဘုရား လက်ထက်တုန်းက ဒီနေရာမှာ တကယ့် ကို စည်ကားတဲ့ မြို့ကြီးဖြစ်ခဲ့တယ်။ လူဦးရေလည်း ထူထပ်တယ်တဲ့။ အဲဒီမြို့ကြီးမှာ ထူးထူးခြားခြား ယှဉ်ပြိုင်တဲ့ ဒကာတစ်ယောက်ရှိတယ်။ သူ့နာမည်က 'ဂဝေသီ' လို့ ခေါ်တယ်။ သူက စည်းရုံးထားတာ သူရဲ့အဖွဲ့ထဲမှာ လူ ၅၀၀ ပါတယ်”

အဲဒီလူဟာ ဘုရားရဲ့ ဥပါသကာ၊ မြတ်စွာဘုရား ကို ကိုးကွယ်တဲ့လူလို့သာ ဆိုရတယ် သူကလည်း ကိုယ်ကျင့်တရားကောင်းတဲ့သူ မဟုတ်ဘူးတဲ့။ အကျင့် သီလ မပြည့်စုံဘူး။ သူ စည်းရုံးထားတဲ့ အဖွဲ့သား ဥပါသကာ ၅၀၀ ဟာလည်းပဲ ကိုယ်ကျင့်သီလ မပြည့်စုံ ဘူးတဲ့။

အနှစ် နှစ်သောင်းတမ်းက လူတွေကို ပြောတာ နော်။ ခုခေတ်ဆိုရင် ပိုဆိုးတာပေါ့။ ကဿပ မြတ်စွာ ဘုရားပွင့်တာ အနှစ် နှစ်သောင်းတမ်း။ အဲဒီအချိန်မှာ ကိုယ်ကျင့်တရား မပြည့်စုံဘူးတဲ့။ ဒါက မူလ အနေ အထား တစ်ခုပေါ့။

အဲဒီမှာ ဂဝေသီ ဆိုတဲ့ ဥပါသကာက စဉ်းစား တယ်။ သူက ခေါင်းဆောင်လေ။ သူ စဉ်းစားပုံလေးက ကောင်းတယ်။ “ဒီလူတွေ ငါ့ကြောင့် ဗုဒ္ဓဘာသာ ဖြစ်ပြီး တော့ ဘုရားတရားကို ကိုးကွယ်လာတယ်။ ငါက လည်း ကိုယ်ကျင့်သီလ မပြည့်စုံဘူး“၊ ငါးပါးသီလ ချိုးချင်ချိုးလိုက်တာပဲ၊ လိမ်ချင်တဲ့အခါ လိမ်လိုက်တာပဲ၊ အရက်ကလေး တွေ့တဲ့အခါ သောက်လိုက်တာပဲ၊ ခြင်ကလေးတွေ့လည်း ဖတ်ခနဲ ရိုက်လိုက်တာပဲ။ ပါဏာတိပါတ ကလည်း မလုံဘူး။ အရောင်းအဝယ် လူလစ်လို့ရှိရင် ယူလိုက်တာပေါ့။ အဒိန္နာဒါနကလည်း မလုံဘူး။ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သုရာမေရယ ဒါတွေလည်း မလုံဘူး။ ကိုယ်ကျင့်သီလ မရှိ ကြဘူး “သူက စဉ်းစားတယ်၊ ငါလည်းကိုယ်ကျင့် သီလ မလုံဘူးတဲ့၊ ငါ့အဖွဲသားတွေကလည်း တစ်ယောက်မှ ကိုယ်ကျင့်သီလ မလုံဘူးတဲ့။ အဲဒီတော့ သူတို့နဲ့ငါ တူနေတယ်။ ခေါင်းဆောင်ဆိုတာ မတူသင့်ဘူးတဲ့၊ ငါက တစ်ခုခုတော့သာသင့်တယ်”

ကြည့်နော် သူပြိုင်မယ့် ပြိုင်ပုံ ပြိုင်နည်းလေး။ ခုခေတ်တော့ ဘာပြိုင်တုန်းဆိုရင် ခေါင်းဆောင်လုပ်တဲ့သူက ပိုမိုက်ရတယ်နော်။ အမိုက် ပြိုင်ကောင်း ပြိုင်ရလိမ့်မယ်ပေါ့။ သူက အဲဒီလို မပြိုင်ဘူး၊ စဉ်းစားတယ်။ ငါလည်း သီလ မရှိဘူး၊ သူတို့လည်း သီလမရှိဘူး၊ တူနေတယ်။ ငါက အခု သူတို့ထက်သာမှဖြစ်မယ်။ အဲဒီတော့ သူတို့ သီလ မရှိဘူးဆိုရင် ငါ သီလရှိတဲ့သူဖြစ်အောင် လုပ်မယ် ဆိုပြီးတော့ ငါးပါးသီလကို တိတိကျကျ ဆောက်တည် တယ်၊ ပြီးတော့ သီလရှိတဲ့ပုဂ္ဂိုလ်အဖြစ်ကို ကြေငြာ လိုက်တယ်။

သူ့နောက်က လူတွေလည်း ဟာ၊ တို့ရဲ့ ခေါင်းဆောင်ကြီးကတော့ သီလရှိပြီ၊ တို့လည်း သီလ ရှိအောင်လုပ်မယ် ဆိုပြီးတော့ ဝိုင်းပြီးတော့ ယှဉ်ပြိုင် ကြတာပေါ့။ ဒါက သူ သီလရှိတယ်ဆိုရင် တို့လည်း သီလရှိအောင် လုပ်မယ်ဆိုပြီး ယှဉ်ပြိုင်လိုက်ကြတယ်။ ပြန်ပြီးတော့ တူမသွားပြန်ဘူးလား။ အဲဒီလို တူသွားတဲ့ အခါကျတော့ ဂဝေသီက စဉ်းစားပြန်တယ်။ ငါလည်း သီလရှိ၊ သူလည်း သီလရှိ ဆိုတော့ ခေါင်းဆောင် ဆိုတာ သူများထက်တော့ လက်တစ်လုံးလောက်သာမှ ကောင်းမှာပေါ့။ အခု အရည်အချင်း တူနေသေးတယ် မဖြစ်ဘူး။

ကဲ၊ ငါ အိမ်ထောင်နဲ့မနေတော့ဘူး။ အဗြဟ္မစရိယ သိက္ခာပုဒ်ကို ဆောက်တည်လိုက်တယ်။ ကျန်တဲ့တပည့် တွေကလည်း ဟာ တို့ဆရာကြီးတောင် လုပ်နိုင်သေး တာပဲ၊ ဒို့လည်း အဗြဟ္မစရိယ သိက္ခာပုဒ်ကို ဆောက်တည်ကြမယ်၊ အကုန်လုံး အိမ်ထောင်နဲ့ ခွာကြ မယ်ပေါ့။ ဟော လူငါးရာ ကိုယ်ကျင့်သီလကို တိုးမြှင့် ပြီး ဆောက်တည်လိုက်ကြတယ်။

အဲဒါနဲ့ ဂဝေသီက စဉ်းစားပြန်တယ်။ သူတို့ တွေက ငါနဲ့လိုက်ပြိုင်ကြတယ်။ အကုန်လုံး ငါနဲ့ တူနေ ပြန်ပြီ၊ သူတို့ထက်သာအောင် လုပ်ဦးမယ် ဆိုပြီးတော့ ဘာလုပ်တုန်းဆိုရင် သူတို့က ညနေစာ စားတယ်၊ ငါ ဒီကနေ့ကစပြီးတော့ နေ့လွဲညစာ မစားတော့ဘူး၊ တစ်ထပ်ပဲစားတော့မယ်။ ဝိကာလဘောဇန ရှောင်မယ်၊ မစားတော့ဘူး။ တစ်ထပ်ပဲစားမယ်ဆိုပြီး ကျင့်လိုက် တယ်။ ကျန်တဲ့လူတွေကလည်း လိုက်ပြီးတော့ ယှဉ်ပြိုင် ကြတယ်။ သူတောင် ကျင့်နိုင်သေးတာပဲ၊ ငါတို့လည်း ညနေစာ မစားဘူး၊ ထမင်းတစ်နပ် သက်သာတယ်ဆို အများကြီး အကုန်အကျစရိတ် ကာမိသွားတယ်။ အဲဒီယှဉ်ပြိုင်မှုက မဆိုးဘူးနော်။ တစ်နပ်လျော့လိုက် လို့ရှိရင် တော်တော်လေးကို အိမ်စရိတ် ဖူလုံသွားတာပဲ။ အဲဒီလို မနက်တစ်နပ်ပဲစားမယ်၊ ညနေစာ မစား တော့ဘူးဆိုပြီး အကုန်ရှောင်လိုက်တော့ ဟာ ငါနဲ့ သူတို့နဲ့ တူနေပြန်ပြီ၊ မတူစေရဘူး။ ငါက တိုးမြှင့် ဦးမယ်၊ ဒီကောင်တွေ ငါလုပ်တာ မလုပ်နိုင်အောင် တော့ ငါလုပ်မယ်။

ကဿပ မြတ်စွာဘုရားရှင်ထံကို ဂဝေသီက သွားပြီးတော့ တပည့်တော် ဘုန်းကြီးဝတ်မယ် ဘုရား၊ တပည့်တော်ကို ရဟန်းခံပေးပါလို့ တောင်းဆိုတယ်။ ဆံ၊ မုတ်ဆိတ် ပယ်ပြီးတော့ သင်္ကန်းဝတ်လိုက်တယ် ပေါ့။ ဟိုလူတွေ ဒါတော့ လိုက်မလုပ်နိုင်လောက်ဘူးလို့ သူက တွက်ကောင်းတွက်မှာပေါ့နော်။

ကဲ ဘုန်းကြီးဝတ်လိုက်တယ်။ ဘုန်းကြီးဝတ်ပြီး တော့ ကဿပမြတ်စွာဘုရားရှင်ထံမှာ ကမ္မဋ္ဌာန်းယူပြီး တော့ ကြိုးကြိုးစားစားနဲ့ တစ်ပါးတည်း ဆိတ်ငြိမ်ရာ အရပ်မှာ နိဗ္ဗာန်ကို ဦးတည်ပြီး တရားဓမ္မကို ကျင့်ကြံ ကြိုးကုတ် အားထုတ်လိုက်တာ မကြာခင်ပဲ သူက ရဟန္တာကြီး ဖြစ်သွားတယ်။

သူ့ကိုယ်သူ အကုန်လုံးသိပြီ၊ ငါ့ဘဝဟာ အပြီး သတ်သွားပြီ၊ နောက်ဘဝဆိုတာ ငါ့မှာ မရှိတော့ဘူး။ လုပ်စရာလည်း မရှိတော့ဘူး၊ ကျင့်စရာတွေ ငါကျင့်ပြီး ပြီ၊ လုပ်စရာတွေအားလုံး လုပ်ပြီးသွားပြီ၊ ဒါအတွက် နောက်ထပ် လုပ်စရာတွေ ဘာမှမရှိတော့ဘူး။ သူရဲ့ နိဂုံးကို သူက ကျကျနန မြင်လိုက်တယ်။ အဲဒီအချိန်မှာ သူ့ဘက်က ယှဉ်ပြိုင်မှုဟာ ပြီးဆုံးသွားပြီ။

ကျန်တဲ့လူတွေက သူ့ကိုအားကျတယ်။ ဆရာကြီး တောင် ဝတ်နိုင်သေးတာပဲ ဒို့ ဘာလို့ မဝတ်နိုင်ရ မှာလဲ။ အားလုံး ကတုံးတုံးပြီးတော့ ဘုန်းကြီးဝတ်လိုက် ကြတယ်။ အဲဒီလို ဘုန်းကြီးဝတ်လာတဲ့အခါကျတော့ ခုနက ခေါင်းဆောင်ကြီးလုပ်တဲ့ ဂဝေသီက ရဟန်း ဖြစ်သွားတော့ ခါတိုင်းလိုစိတ်မရှိတော့ဘူး။ ဒီကောင် တွေ ငါနဲ့တူအောင် လိုက်ပြီးတော့ သင်္ကန်း ဝတ်နေ တယ်၊ ငါ သူတို့ထက်သာအောင် လုပ်ဦးမှပဲ ဆိုတဲ့စိတ် မရှိတော့ဘူး။ ဘာရှိလဲဆိုတော့ သူက ငါရ,ထားတဲ့

ဝိမုတ္တိသုခ (happiness of freedom) ပေါ့နော်၊

လွတ်မြောက်တဲ့ချမ်းသာ၊ လွတ်လပ်တဲ့ ချမ်းသာမှုဟာ အင်မတန်မှ ချမ်းသာတယ်။ တခြား ချမ်းသာနဲ့ မတူ ဘူး။ အလုပ်တွေနဲ့ ရှုပ်ပွေပြီးတော့ လူတစ်ယောက် ဟာ မလွတ်မလပ်နေရတဲ့ ဘဝကနေ လွတ်လွတ် လပ်လပ် နေလိုက်ရရင် ချမ်းသာတယ်လို့ မပြောကြ ဘူးလား။ (ပြောကြပါတယ် ဘုရား) လွတ်မြောက်တဲ့ ချမ်းသာဆိုတာ တစ်ခါတစ်ရံ ရလိုက်ကြတယ်ပေါ့။

သို့သော် လူတွေကတော့ လုံးဝ ဒီလို လွတ်လွတ် လပ်လပ် မနေချင်ဘူး။ အတွေးလေးနဲ့မှ နေချင်တာ ကိုး။ အဖော်မရှိရင်မနေတတ်ဘူး။ လူတွေက ပြောကြ တယ်။ ငါတစ်ယောက်တည်းနေတာ၊ ဘယ်ဟုတ်မလဲ၊ သူက အတွေးကလေးနဲ့မှ နေတာကိုး။ လူကိုကြည့်ရင် တော့ တစ်ယောက်တည်းပဲ၊ ဒါပေမယ့် သူက အတွေး လေးနဲ့နေတာ၊ အဖော်ကလေးရှိတယ်၊ စိတ်ကူးယဉ်နေ တာလေ။

အဲဒီတော့ အခု ဝိမုတ္တိဆိုတာ စိတ်ကူးယဉ်နေတာ မဟုတ်တော့ဘူး။ လုံးဝလွတ်လပ်သွားပြီ။ အဲဒီ လုံးဝ လွတ်လပ်သွားတဲ့ ချမ်းသာကို ငါရရှိထားသလို သူတို့ တစ်တွေ ရရှိရင်လည်း ကောင်းမှာပဲတဲ့။ ဟော ဒါက ယှဉ်ပြိုင်မှုကို အဆုံးသတ်သွားတာဖြစ်တယ်။ ယှဉ်ပြိုင်မှု ရဲ့ နိဂုံးသို့ ရောက်လာတယ်။

အဲဒီတော့ သူက ကြိုးစားအားထုတ်ဖို့ တိုက်တွန်း တယ်။ သူ့တပည့်တွေကလည်း သင်္ကန်းဝတ်လာပြီးတဲ့ နောက်မှာ သူ့နည်းတူပဲ ကမ္မဋ္ဌာန်းတရားတွေ ကြိုးစား အားထုတ်လိုက်ကြတာ မကြာခင် သူတို့လည်း ကိလေသာ အာသဝေါတွေ ကင်းကွာပြီးတော့ ရဟန္တာ အရှင်တွေ ဖြစ်သွားတယ်။ အားလုံးဟာ လွတ်မြောက်မှု ဆိုတဲ့အပေါ်မှာ တူညီတဲ့နိဂုံးကို ရရှိသွားကြတယ်တဲ့။

ဒါဖြင့် ဒီလို ဝိမုတ္တိလို့ဆိုတဲ့ ချမ်းသာသုခကို ဘယ်ပုံ ဘယ်နည်းနဲ့ ရတာတုန်း။ ရနိုင်တဲ့ နည်းစနစ်က ဘာလဲ လို့ မေးလို့ရှိရင် ဝိမုတ္တိချမ်းသာကို ရဖို့ဆိုတာ ဝိပဿနာ ကျင့်စဉ်တစ်ခုကို ကျင့်ရမယ်။ အဲဒီတော့ ဝိပဿနာ ကျင့်စဉ် ဆိုတာ ဘာတွေနဲ့ ကျင့်တာတုန်း။ ရိပ်သာတွေ၊ ဘာတွေ သွားတယ်ဆိုတာ ကျင့်နည်းသိဖို့အတွက် သွားတာဖြစ်တယ်။ ကျင့်တာကတော့ ကိုယ့်ဟာကိုယ် ကျင့်ရမယ်။ တရားဆိုတာ ကိုယ့်သန္တာန်ထဲမှာရှိတဲ့ ကောင်းတဲ့အရာတွေကို ထူထောင်တာပဲ။ ကိုယ့်စိတ် ထဲမှာ ဘာတွေဖြစ်နေတုန်း။

ဆိုပါစို့ ဘုန်းကြီးတို့တစ်တွေရဲ့စိတ်ဟာ ရွှေရိုင်းနဲ့ အလားတူတယ်။ ရွှေရိုင်းထဲမှာ အညစ်အကြေးတွေ အများကြီးပဲ ရှိတယ်။ တခြားဓာတ်သတ္တုတွေ ရောပြီး တော့ နေသည့်အတွက်ကြောင့် ဒီရွှေလေးဟာ လက်ကောက်တို့၊ ဆွဲကြိုးတို့ စသည်ဖြင့် ဒါမျိုးတွေ လုပ်လို့မရဘူး။ မရတော့ အဲဒီရွှေလေးကို ပန်းတိမ် ဆရာထံအပ်ပြီးတော့ သန့်စင်ရတယ်။ ဘော်တို့၊ ဂျွတ်တို့၊ သဲတို့ ဒါတွေ အားလုံးကို ထုတ်ပစ်နိုင်ရမယ်။ ရွှေချည်းပဲကျန်အောင်လုပ်ယူရမယ်။ အဲဒီလို ရွှေချည်း ပဲ ကျန်ပြီဆိုရင် လက်ကောက်လေးတွေ လုပ်လို့ရတယ်၊ နားတောင်းလေးတွေ လုပ်လို့ရတယ်။ နန်းဆွဲပြီးတော့ ပုံစံအမျိုးမျိုးနဲ့ လူတွေသုံးစွဲတဲ့ အသုံးအဆောင်တွေ အကုန်လုပ်လို့ရသွားပြီ။

အဲဒီလိုပဲ ဘုန်းကြီးတို့တစ်တွေရဲ့ စိတ်တွေဟာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ရောမနေဘူးလား။ (ရောနေပါတယ် ဘုရား) မဟာသတိပဋ္ဌာနသုတ်မှာ စိတ္တာနုပဿနာ ဆိုတာ အဲဒါသိအောင်လို့ ကြည့်ခိုင်း တာ ဖြစ်တယ်။ ဘုန်းကြီးတို့တစ်တွေ မကြည့်ဘဲနေရင် သိပါ့မလား။ မသိနိုင်ဘူး။ မြတ်စွာဘုရား ကြည့်ခိုင်းတာ စိတ္တာနုပဿနာ (Contemplation of consciousness) ကိုယ့်ရဲ့ စိတ်ကလေးကို ကိုယ်တိုင်ကြည့်ခိုင်းတာ၊ သူများကို ကြည့်ခိုင်းတာ မဟုတ်ဘူး။

လူတွေက စိတ်တိုမှန်းတော့ သိသားပဲ။ “ငါ့စိတ်ကို သိတယ်နော်၊ လာမစမ်းနဲ့” လို့ဆိုပြီး ဒေါသကိုတောင် အမွှန်းတင်တတ်သေးတယ်။ “ငါ့မာန လာမထိနဲ့” ဆိုပြီး မာနကို ဂုဏ်ယူလိုက်သေးတယ်။

စိတ္တာနုပဿနာ၊ စိတ်ရဲ့ အခြေအနေတွေကို ဆင်ခြင်သုံးသပ်ခိုင်းတာ။ မြတ်စွာဘုရားက မဟာ သတိပဋ္ဌာနသုတ်မှာ ငါ့စိတ်ကလေးမှာ လောဘတွေ ရှိနေသလား၊ ဒေါသတွေ ရှိနေသလား။ ရှိနေတယ် ဆိုရင် မကြာမကြာ ပေါ်လာတာပေါ့။ မရှိဘူးဆိုရင် ဘယ်လိုမှ မပေါ်ဘူးပေါ့။ လောဘဖြစ်နိုင်တဲ့ အနေ အထားတွေ ရှိသလား၊ ဒေါသဖြစ်နိုင်တဲ့ အနေအထား တွေ ရှိသလား၊ မောဟဖြစ်နိုင်တဲ့ အနေအထားတွေ ရှိသလား စသည်ဖြင့် ဆင်ခြင်ရမယ်။ စိတ်ရဲ့ အညစ် အကြေးတွေဆိုတာ ဘုန်းကြီးတို့ရဲ့သန္တာန်မှာရှိတယ်။

အဘိဓမ္မာကျမ်းဂန်မှာ စိတ်ရဲ့ အညစ်အကြေး ဆိုတာကို အကုသိုလ်စေတသိက် (၁၄)မျိုး ဆိုပြီး ပြထားတာရှိတယ်။ “မောဟ” တဲ့- အမှန်မသိတာ။ “အဟိရိက” တဲ့- မဟုတ်တာလုပ်ရမှာကို မရှက်တာ။ “အနောတ္တပ္ပ” တဲ့- အကုသိုလ် လုပ်ရမှာကို မကြောက် တာ။ “ဥဒ္ဓစ္စ“တဲ့ - စိတ်တွေ လွင့်ပျံ့နေတာ၊ စိတ်တွေ မငြိမ်ဘူး လေလွင့်နေတယ်။ ဒါလည်း အကုသိုလ်ပဲ။

“လောဘ” တဲ့ - လိုချင်တယ်၊ တွယ်တာတယ်၊ တပ်မက်တယ်၊ မခွဲနိုင်မခွာနိုင် ဖြစ်တယ်၊ မက်မော တယ်။ “ဒိဋ္ဌိ” မှားယွင်းတဲ့ အယူအဆ။ “မာန” ထိရင် မခံဘူးဆိုတဲ့ မာနတွေ၊ ငါနဲ့ မတန်ဘူး ဆိုတာလည်း မာနပဲ၊ ငါတို့တော့ နားမလည်ပါဘူး ဆိုတာလည်း မာန ပဲ၊ ငါလုပ်နိုင်တယ် ဆိုတာလည်း မာနပဲ၊ ငါမလုပ် နိုင်ဘူး ဆိုတာလည်း မာနပဲ။ မာန ဆိုတာက သူတောင်းစားတောင် ရှိသေးတယ်။

သူတောင်းစား မာန ကြားဖူးတယ် မဟုတ်လား။ သူတောင်းစား တစ်ယောက် တောင်းစားနေတော့ ပိုက်ဆံချမ်းသာတဲ့ လူတစ်ယောက်ကခေါ်ပြီး “မင်း တောင်းစားမနေနဲ့၊ ငါ့ခြံထဲလာပြီးတော့ ရှင်းပေး၊ ငါတစ်နေ့ ဘယ်လောက်ပေးမယ်” ပြောတော့ ဘာပြန် ပြောတုန်းဆိုတော့ “ကျွန်တော်က သူတောင်းစားဗျ၊ ခင်ဗျားအလုပ် မလုပ်နိုင်ဘူး” တဲ့။ ဟုတ်ကဲ့လား၊ သူတောင်းစားမာနကလည်း ရှိသေးတယ်။ ခင်ဗျား ပေးတဲ့လခ ကျုပ်မယူဘူးတဲ့။ ကျုပ်က သူတောင်းစား၊ အလုပ်လုပ်စားတဲ့လူ မဟုတ်ဘူးတဲ့။ တောင်းစားတဲ့သူ။ ဒီလို မာနဆိုတာ ရှိတယ်။

အဲဒီတော့ မာနဟာ အညစ်အကြေးတစ်ခုပဲတဲ့။ ကိုယ့်အရည်အချင်းပေါ်မှာ ကိုယ်အထင်ရောက်တာ ဟာ စိတ်ရဲ့ အညစ်အကြေး တစ်ခုပဲတဲ့။ နောက်ပြီး တော့ “ဒေါသ” မုန်းတီးတယ်၊ ကြောက်ရွံ့တယ်။ ဒေါသဖြစ်လို့ရှိရင် တစ္ဆေကြောက်တယ်၊ သူရဲကြောက် တယ်။ ဒါလည်း ဒေါသပဲ။ မုန်းတီးတယ်၊ စိတ်ဆိုးတယ် ဒါလည်း ဒေါသပဲ။ “ဣဿာ” သူများ ကြီးပွားရင် မနာလိုဘူး။ “မစ္ဆရိယ” ကိုယ် ကြီးပွားသလို သူများကို မကြီးပွားစေချင်ဘူး။ “ကုက္ကုစ္စ” မှားမှားယွင်းယွင်း လုပ်မိတာတွေအတွက် နောင်တရပြီး စိတ်ပူပန် သောက ရောက်နေတယ်။ ဒါတွေက အကုသိုလ်တွေ ချည်းပဲ။

“ထိနမိဒ္ဓ” ကောင်းတဲ့ဘက်မှာစိတ်မပါဘူး၊ တရား နာရရင် ပျင်းတယ်။ ပွဲကြည့်ရရင် စိတ်အားတွေ တက်ကြွတယ်နော်။ ပွဲ ဆိုလို့ရှိရင် တစ်ရက်၊ နှစ်ရက် ကြိုပြီးတော့ ဖျာခင်းထားတယ်။ ကိုယ့်နေရာ လာတိုး လို့ကတော့ ရန်ဖြစ်ဦးမယ်။ အဲဒီတော့ ထိနမိဒ္ဓ ဆိုတာ ကောင်းတဲ့ဘက်ကိုစိတ်အားတွေပျော့ကျပြီး နောက်ဆုံး အိပ်ချင်လာတယ်။ ဒါလည်း အကုသိုလ်ပဲတဲ့။

နောက်တစ်ခုက “ဝိစိကိစ္ဆာ” တဲ့၊ တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ “ဒီတရားကျင့်လို့ နိဗ္ဗာန်ရတယ် ဆိုတာ ဟုတ်မယ်မထင်ပါဘူး” တို့၊ ဘာတို့ ဖြစ်လာ တယ်ပေါ့။ နောင်ဘဝဖြစ်တယ် ဆိုတာရော ဟုတ်ပါ့ မလားလို့ဆိုပြီး အတွေးတွေ ရောက်လာတယ်ပေါ့။ ဒါတွေအကုန်လုံး စိတ်ရဲ့ အညစ်အကြေးတွေလို့ ခေါ်တယ်။

အဲဒီ စိတ်အညစ်အကြေးတွေရှိနေသမျှ ဘုန်းကြီး တို့တစ်တွေရဲ့ စိတ်ဟာ ခုနက ဝိမုတ္တိ ဆိုတာကို ဘယ်လိုမှ မရနိုင်ဘူး။ ဝိမုတ္တိနဲ့ အလှမ်းဝေးနေမှာပဲ။ ခုနက ရွှေထဲမှာ ဘော်တို့၊ ဂျွတ်တို့ ရောနေတဲ့အခါ မသန့်စင်သေးတဲ့ရွှေဟာ လက်ဝတ်,လက်စား လုပ်လို့ မရသလိုပဲတဲ့။ ဘုန်းကြီးတို့တတွေရဲ့ သန္တာန်မှာရှိတဲ့ စိတ်မှာ ဟောဒီ အညစ်အကြေးတွေကို ထုတ်မပစ်နိုင် ဘူး ဆိုလို့ရှိရင် ခုနက ဂဝေသီတို့ ရသွားတဲ့ ဝိမုတ္တိ အရသာကို မရနိုင်ဘူး။

အဲဒီတော့ “ဝိမုတ္တိသုခ” ရချင်လို့ရှိရင် ဒါတွေကို ထုတ်ပစ်ရမယ်။ အဲဒါကို ဘာနဲ့ထုတ်ရမလဲဆိုရင် ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်နဲ့နာမ်ကို ကြည့်လိုက်ပေါ့။ အိပ်ရာထဲ အိပ်နေတဲ့အချိန်မှာ ပြန်စဉ်းစားကြည့်ပေါ့။ ခြေထောက်တွေ၊ လက်တွေ၊ ခန္ဓာကိုယ်ကြီးတစ်ခု ရှိတယ်။ အိပ်ရာထဲ လှဲအိပ်နေလို့ရှိရင် အောက်က အိပ်ရာကြီးကလည်း ငါ့ပေါ်မှာ လူတစ်ယောက် အိပ်နေ တယ်လို့ သိပါ့မလား။ ဒါဖြင့် အိပ်ရာပေါ် တက်တဲ့အခါ မှာ ဂျွတ်ဂျွတ် ဂျွတ်ဂျွတ်နဲ့ ဘာလို့မြည်နေတာလဲ။ သိလို့မြည်တာလား၊ မသိဘဲနဲ့ မြည်တာလား။ မသိဘဲနဲ့ မြည်တာ။ လူရဲ့ဝိတ်ကြောင့် မြည်သွားတာမဟုတ်လား။ အဲဒီ အိပ်ရာကလည်း ငါ့ပေါ်မှာ လူတစ်ယောက် တက်အိပ်နေတယ်လို့ မသိဘူး။

ဘုန်းကြီးတို့ သန္တာန်မှာရှိတဲ့ ရုပ်ခန္ဓာကိုယ်ကြီး ကလည်း ငါ အိပ်ရာပေါ်မှာ လှဲအိပ်နေတယ်လို့ မသိ ဘူး။ ခေါင်းကလည်း ခေါင်းအုံးနဲ့ ထိနေတယ်လို့ မသိ ဘူး။ သိတာက စိတ်က သိနေတာ။ နာမ်တရားက သိနေတာဖြစ်တယ်။ အဲဒီတော့ ဘုန်းကြီးတို့တစ်တွေရဲ့ သန္တာန်မှာ ရုပ်နဲ့နာမ် ဒီနှစ်မျိုးပဲရှိတယ်။ “မသိတာက ရုပ်၊ သိတာက နာမ်” နှစ်ခုပဲရှိတယ်။ အဲဒီနှစ်ခု ပေါင်း စပ်ပြီးနေတဲ့ သဘောလေးကို သိလာပြီဆိုလို့ရှိရင် ဒါရုပ်နဲ့ နာမ်နဲ့ သိတယ်ခေါ်တယ်။

ခါတိုင်းမှာ “သူ“လို့ပဲသိတယ်၊ “ငါ“လို့ပဲသိတယ်။ “ယောကျ်ား“လို့ သိတယ်၊ “မိန်းမ“လို့ သိတယ်။ အဲဒီ အသိကို ကျော်လွန်ပြီးတဲ့အခါမှာ ဩော် ရုပ်နဲ့နာမ် ဒီနှစ်မျိုးပဲ ရှိတာပါလားလို့ သိလာခြင်းဟာ ခုနက ပြောတဲ့ မသိခြင်းဆိုတဲ့ မောဟကို စတင်ဖယ်ရှား တာပဲပေါ့။ မသိခြင်းဆိုတဲ့ မောဟဆိုတာ သိတာနဲ့ တစ်ပြိုင်နက် ပျောက်မသွားဘူးလား။ အမှောင်ဆိုတာ အလင်းရောက်တာနဲ့ ပျောက်တာပဲလေ။ အကြာကြီး လုပ်ရတာ မဟုတ်ဘူး။ မသိဘူးဆိုသမျှ သိတာလေး ရောက်တာနဲ့ ပျောက်သွားပြီပေါ့။

ခုလို ရုပ်နဲ့နာမ်နှစ်ခု သိလိုက်တာနဲ့ တစ်ပြိုင်နက် တဒင်္ဂအားဖြင့်တော့ မောဟဆိုတဲ့ Impurity စိတ်ရဲ့ အညစ်ကြေးတစ်ခုဟာ နှိမ်ပြီးသား ဖြစ်သွားတယ်။ အဲဒီလိုနှိမ်လိုက်တဲ့အခါ သဘာဝတရားတွေကို သိလာ တယ်။ သိလာတဲ့အခါမှာ မှားယွင်းတဲ့ အယူအဆ ဆိုတာလည်း မလာတော့ဘူး။ မာန်မာန ဆိုတာလည်း မလာတော့ဘူး။ သူ့သဘာဝအတိုင်း သူဖြစ်နေတာ။ တွယ်တာမှုဆိုတဲ့ လောဘကလည်း မလာဘူး။ တွယ်တာမှုဆိုတာ မရှိသည့်အတွက်ကြောင့် ဒီဟာ အတွက် စိတ်ဆိုးတယ် ဆိုတာလည်း မလာတော့ဘူး။ ဟော တဖြည်းဖြည်း စိတ်ထဲမှာရှိတဲ့ အညစ်အကြေး တွေဟာ နားလည်လိုက်တာနဲ့တစ်ပြိုင်နက် လျော့နည်း သွားတယ်ပေါ့။

အဲဒီ နားလည်တာကို ဘာခေါ်သလဲဆိုရင် “သမ္မာဒိဋ္ဌိ” လို့ ခေါ်တယ်၊ မှန်မှန်ကန်ကန် မြင်လိုက် တာ၊ မှန်မှန်ကန်ကန် သိလိုက်တာ။ အမှန်သိလိုက်တာနဲ့ တစ်ပြိုင်နက် ခုနက မှားယွင်းနေတဲ့ အချက်တွေ၊ စိတ်ရဲ့ အညစ်အကြေးတွေဟာ လျော့ကျသွားတယ်။

အဲဒီလို အမြင်မှန်ဖို့အတွက် ဘာလုပ်ရမလဲ။ အမှန်စဉ်းစားတတ်ဖို့ လိုတယ်ပေါ့။ အမှန်မြင်၊ အမှန် စဉ်းစားပြီးတော့ ဘာလုပ်ရမလဲ၊ ကိုယ်ကျင့်တရား ကောင်းအောင် ကြိုးစားရမယ်။

မဂ္ဂင်ရှစ်ပါးမှာ လုပ်ငန်းစဉ်နဲ့ ဖော်ပြထားတာ နံပါတ်(၁) အမှန်မြင်အောင်လုပ်၊ အမှန်မြင်ဖို့အတွက် အမှန်ကြံစည်တွေးတောမှုက အရေးကြီးတယ်ပေါ့။ ဘုန်းကြီးတို့တစ်တွေက မတွေးဘူး။ တွေးတာ ဘာ တွေးတုန်းဆိုတော့ နက်ဖြန်ခါ ဘာဟင်းချက်ရလဲ၊ ဘယ်စျေးသွားပြီး ဘာဝယ်ရမလဲ၊ ဒီဟာပဲတွေးတာ မဟုတ်လား။ လုပ်ငန်းကိစ္စတွေ တွေးမယ်။ တခြား ဟာတွေ တွေးမယ်ပေါ့။ သို့သော် ငါ့သန္တာန်မှာ လောဘ တွေ ရှိနေပါလား၊ ဒေါသတွေ ရှိနေပါလား၊ မောဟတွေ ရှိနေပါလားဆိုတာ တွေးမိရဲ့လား။ မတွေးမိတာ များတယ်၊ ဟုတ်ကဲ့လား။ အဲဒီလို တွေးတာကို meditation လုပ်တယ်လို့ခေါ်တယ်။ တရားအားထုတ် တယ်ဆိုတာ ဒါပြောတာပဲ။ တွေးလိုက်တာနဲ့ တစ်ပြိုင် နက် သူဟာ အမှန်မြင်လာတယ်။ စာလိုပြောရင် သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပပေါ့။

အဲဒီလို မှန်မှန်ကန်ကန် တွေးတတ်လာပြီဆိုရင်၊ မှန်မှန်ကန်ကန် မြင်လာပြီဆိုရင် ဘာလုပ်ရမလဲ။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ စကားပြောတာ တွေ ဆင်ခြင်လာပြီ၊ လိမ်ပြောနေရင် အညစ်အကြေး တွေ တက်လာမှာပေါ့။ မဟုတ်တမ်းတရားတွေ လျှောက်ပြောနေရင် စိတ်ရဲ့အညစ်အကြေးတွေ ပိုတိုး လာမှာပေါ့။ ဒါကြောင့်မို့လို့ အဲဒါတွေ မဖြစ်အောင် နှုတ်ကိုထိန်းလိုက်တာ သမ္မာဝါစာ။ ကိုယ်မှုကို ထိန်းလိုက် တာ သမ္မာကမ္မန္တ၊ အသက်မွေးဝမ်းကျောင်းကို သန့်ရှင်း အောင် လုပ်လိုက်တာဟာ သမ္မာအာဇီဝ ပေါ့။ ကိုယ်ကျင့် တရားဘက်က ကောင်းသွားပြီ။

ကိုယ်ကျင့်တရား ကောင်းတယ်ဆိုတာ ခုနက လောဘကို နှိမ်လိုက်တာ၊ ဒေါသကို နှိမ်လိုက်တာ၊ မောဟကို နှိမ်လိုက်တာ ဖြစ်တယ်။ အဲဒီလို နှိမ်လိုက် ဖို့က ဘာနဲ့နှိမ်ရမလဲဆိုရင် သမ္မာဝါယာမ နဲ့ နှိမ်ရမယ် ပေါ့။

သမ္မာဝါယာမ ဆိုတာ မဖြစ်သေးတဲ့ အကုသိုလ် တွေ မဖြစ်အောင် ကြိုးစားတာ။ ဖြစ်ပြီးသား အကုသိုလ် တွေ ဖယ်ရှားဖို့ ကြိုးစားတာဖြစ်တယ်။ မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်လာအောင် ကြိုးစားတာ။ ဖြစ်ပြီးသား ကုသိုလ်တွေ တိုးပွားလာဖို့ ကြိုးစားတာ။ အဲဒီ ကြိုးစားမှုလေးရပ်ကို သမ္မဝါယာမ လို့ ခေါ်တယ်။ အလုပ်ကြိုးစားတာကို ပြောတာမဟုတ်ဘူးနော်။ အမှန် တရားတွေ့ဖို့ အဲဒီ လေးချက်နဲ့ ကြိုးစားတာကို ပြောတာ။

ဆိုပါစို့၊ ဒေါသ ခဏခဏ ထွက်တတ်လို့ရှိရင် ဒေါသမထွက်အောင် ကြိုးစားရမယ်။ မတော်တဆ ဒေါသဖြစ်သွားလို့ရှိရင်လည်း ဖယ်ရှားဖို့ကြိုးစားရမယ်။ မေတ္တာ မပွားဖူးဘူးဆိုရင် ပွားနိုင်အောင်ကြိုးစားရမယ်။ ပွားဖူးတယ်ဆိုရင် တိုးပွားလာအောင် ကြိုးစားရမယ်။ ဒီလို ဆိုလိုတာဖြစ်တယ်။

သမ္မာဝါယာမ ဆိုတဲ့ ကြိုးစားအားထုတ်မှု မှန်ကန် လာပြီ ဆိုတဲ့အခါ ဘာလုပ်ဖို့လိုလဲဆိုရင် အမြဲတမ်း ကိုယ့်ကိုယ်ကို သတိနဲ့စောင့်ကြည့်ဖို့ လိုအပ်လာတယ်။ အဲဒီလိုမလုပ်ဘဲနဲ့ ကြိုးစားအားထုတ်မှုက ဘယ်တော့မှ အောင်မြင်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ သမ္မာသတိ။

အဲဒီလို သတိထားပြီးတော့ ကြိုးစားအားထုတ် နေတဲ့အချိန်မှာ အရေးကြီးဆုံးက စိတ်ကလေး ငြိမ်ဖို့ ကလည်း လိုအပ်တယ်။ စိတ်ငြိမ်အောင် ကြိုးစားတာ သမ္မာသမာဓိ။ စိတ်ငြိမ်ပြီဆိုရင် မှန်ကန်တဲ့ အတွေး တွေနဲ့ မှန်မှန်ကန်ကန်မြင်မှုဆိုတဲ့ သမ္မာဒိဋ္ဌိ ဟာ ပိုပြီးတော့ ရှင်းရှင်းလင်းလင်းကြီး မြင်လာတဲ့အခါ ခုနက စိတ်ရဲ့အညစ်အကြေးတွေအားလုံးကို ဖယ်ရှား ပစ်နိုင်တဲ့ အနေအထားတစ်ခုကို ရောက်လာတယ်။

စိတ်ရဲ့ အညစ်အကြေးတွေအားလုံး ဖယ်ရှား လိုက်ပြီဆိုရင် စိတ်ကလေးဟာ လွတ်သွားတယ်။ အညစ်အကြေးတွေကနေ လွတ်မြောက်သွားတာကို ပြောတာ။

စဉ်းစားကြည့် ဘုန်းကြီးတို့ ဝတ်ထားတဲ့ အဝတ်အစားတွေဟာ ကြေးစွဲနေတယ်။ အဲဒီ ကြေးစွဲနေတာ တွေဟာ ဆပ်ပြာကောင်းကောင်းနဲ့ ရေကောင်းကောင်း နဲ့ ကြိုးစားပြီးတော့ လျှော်လိုက်မယ်ဆိုရင် ကြေးတွေ ပြောင်မသွားနိုင်ဘူးလား။ အဲဒီသဘောပဲ ဘုန်းကြီးတို့ရဲ့ စိတ်မှာ အညစ်အကြေးတွေ ရှိနေတယ်။ အဲဒီ အညစ် အကြေးတွေကို ခုလို မှန်မှန်ကန်ကန် ဆင်ခြင်စဉ်းစား ခြင်း၊ ကြိုးပမ်းအားထုတ်ခြင်း၊ သတိထားခြင်း၊ စိတ် တည်ငြိမ်အောင် ကြိုးစားခြင်းဖြင့် ဒါတွေကို ဆေးလျှော် ပစ်ဖို့ လိုအပ်တယ်တဲ့။

အဲဒီလို လုပ်လိုက်လို့ရှိရင် စိတ်လေးဟာ ဖြူစင် ဝင်းလက်သွားပြီးတော့ ကိုယ်ထားတဲ့နေရာ ရောက် သွားတာပေါ့။ Freedom ဆိုတာ ဒါကိုပြောတာ။ လွတ်မြောက်သွားတာကို ပြောတာ ဖြစ်တယ်။ အဲဒီလို လွတ်မြောက်သွားပြီ ဆိုကတည်းက လောဘကြောင့် စိတ်ညစ်ရတာ မရှိတော့ဘူး။ ဒေါသကြောင့် စိတ်ညစ် ရတာ မရှိတော့ဘူး။

လောကလူတွေ ဘာနဲ့ စိတ်ညစ်နေကြလဲ။ လောဘကြောင့်လည်းစိတ်ညစ်ရတာပဲ၊ ဒေါသကြောင့် လည်း စိတ်ညစ်ရတာပဲ၊ တွယ်တာမှုကြောင့်လည်း စိတ်ညစ်ရတာပဲ။ စိတ်ညစ်စရာတွေ အများကြီး ဖြစ်လာတယ်။ စိတ်ကလေးမှာ ခုနက စိတ်ညစ်စရာ၊ ညစ်စေတတ်တဲ့ အရာတွေ တစ်ခုမှမရှိဘူးဆိုရင် ဝိမုတ္တိ လွတ်မြောက်ခြင်းလို့ခေါ်တာ၊ လွတ်သွားတာ။ အဲဒီလို လွတ်သွားလို့ရှိရင် သုခ၊ ဘယ်ချမ်းသာနဲ့မှ မတူတဲ့ ချမ်းသာသုခကို ရရှိနိုင်တယ်တဲ့။

ဂဝေသီဆိုတဲ့ ခေါင်းဆောင်လုပ်တဲ့ ဥပါသကာ ကြီးက သင်္ကန်းဝတ်ပြီးတော့ ဟောဒီ ဝိပဿနာတရား အားထုတ်ရင်းက မဂ္ဂင်ရှစ်ပါး အကျင့်တရားကို တိုးမြှင့် ပြီး ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်တာ မဂ်လေးပါး၊ ဖိုလ်လေးပါးရပြီး နောက်ဆုံးမှာ အရဟတ္တဖိုလ် ရောက်သွားတဲ့အခါ သူ့ရဲ့သန္တာန်မှာရှိတဲ့ စိတ်အညစ် အကြေးတွေ အားလုံး ကင်းစင်သွားလို့ ဝိမုတ္တိသုခ ဆိုတာ ခံစားရတယ်။

အဲဒီအချိန်မှာ ယှဉ်ပြိုင်မှုဟာ အဆုံးသတ်သွား တယ်၊ မရှိတော့ဘူး။ သူ ရ,သလို ကျန်တဲ့သူတွေလည်း ရစေချင်တယ်။ ယှဉ်ပြိုင်တုန်းကတော့ ကိုယ်ရတဲ့နေရာ မလာခဲ့နဲ့လို့ ပြောတာ၊ ဟုတ်ကဲ့လား။ ကိုယ်ရ,တာမျိုး သူများမရစေချင်ဘူး။ ဒီအဆင့် ရောက်သွားတဲ့အခါ ကျတော့ “ကျန်တဲ့ပုဂ္ဂိုလ်တွေ ငါ ချမ်းသာခံစားရသလို၊ ငါရတဲ့ ဝိမုတ္တိသုခကို သူတို့လည်း ရပါစေ”။ ဒီစိတ် ကလေး ဖြစ်လာတယ်။ ဒါက ယှဉ်ပြိုင်မှုကို အဆုံးသတ် သွားတာ ဖြစ်တယ်ပေါ့။ အဲဒီလို ယှဉ်ပြိုင်မှုဟာ အင်မတန်မွန်မြတ်တဲ့ ယှဉ်ပြိုင်မှုနဲ့ ယှဉ်ပြိုင်လိုက်ကြ တာ။

တောကြီးဖြစ်နေတဲ့ ဒီနေရာမှာ ကဿပ မြတ်စွာ ဘုရား လက်ထက်တော်က စည်ကားခဲ့တဲ့ မြို့ကြီးက ဒီ ဥပါသကာဒကာ ငါးရာရဲ့ ယှဉ်ပြိုင်မှုက နောက်ဆုံးမှာ ရဟန္တာဖြစ်ပြီး ဝိမုတ္တိသုခ ပန်းတိုင်ကြီးကို လှမ်းကိုင် နိုင်သည်ထိအောင် သူတို့ဟာ ယှဉ်ပြိုင်ကြတယ်။ နောက်ဆုံး ယှဉ်ပြိုင်မှုကို အဆုံးသတ်သွားကြတယ်။ အဲဒီ ယှဉ်ပြိုင်မှုကသာလျှင် “အကောင်းဆုံး ယှဉ်ပြိုင်မှု” ဖြစ်ပါတယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် က အဲဒီသုတ္တန်ရဲ့အဆုံးမှာ “တသ္မာတိဟ ဘိက္ခဝေ ဧဝံ သိက္ခိတဗ္ဗံ” ဒါကြောင့်မို့လို့ ချစ်သား ရဟန်းတို့ ဒီလိုကျင့်ကြရမယ်တဲ့။ “ဥတ္တရုတ္တရိ ပဏီတပဏီတံ ဝါယမမာနာ” ဥတ္တရုတ္တရိ ဆိုတာ သူများထက် သာသထက်သာအောင်၊ ပဏီတပဏီတံ ဆိုတာ ကောင်းသထက်ကောင်းအောင်၊ ဝါယမမာနံ- ကြိုးစား အားထုတ်ခြင်းဖြင့် အနုတ္တရံဝိမုတ္တိသုခံ အကောင်း ဆုံးသော လွတ်မြောက်တဲ့ချမ်းသာကို၊ သစ္ဆိကရိဿာမတို့တစ်တွေ ကိုယ်ပိုင် ရယူနိုင်အောင်၊ မျက်မှောက် ပြုနိုင်အောင် ကြိုးစားကြမယ်လို့ ဒီလိုသာ ယှဉ်ပြိုင် သင့်တယ်၊ ယှဉ်ပြိုင်ရမယ်လို့ မြတ်စွာဘုရားက ဒီ သုတ္တန်မှာ အကောင်းဆုံး ယှဉ်ပြိုင်ခြင်းကို ညွှန်ကြား ဆုံးမပေးတာ ဖြစ်ပါတယ်။

ဒါကြောင့် “ယှဉ်ပြိုင်မှုရဲ့နိဂုံး” ဆိုတာဟာ ရဟန္တာ ဖြစ်မှ နိဂုံးဆွဲနိုင်တာ။ ဒီ့နောက်မှာတော့ ယှဉ်ပြိုင်စရာ မရှိတော့ဘူးတဲ့။ လူတွေရဲ့ ယှဉ်ပြိုင်လိုတဲ့စိတ်ဟာ အရဟတ္တဖိုလ်မှာပဲ အဆုံးသတ်သွားပါပြီတဲ့။

ဒီယှဉ်ပြိုင်မှုက “ဇယံ ဝေရံ ပသဝတိ၊ ဒုက္ခံ သေတိ ပရာဇိတော” ရှုံးတဲ့သူက နိုင်တဲ့သူကို ရန်ပွား ပြီးတော့၊ ရှုံးတဲ့သူက စိတ်ဆင်းရဲတယ် ဆိုတာမျိုး မလာတော့ဘူးနော်။ နှစ်ဦးစလုံးဟာ ကျေနပ်ပြီးတော့ ယှဉ်ပြိုင်မှုတွေကိုအဆုံးသတ်လိုက်ကြတယ်။ ငြိမ်းချမ်းမှု အရသာကို ရရှိသွားကြပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ် အပေါင်းတို့ဟာလည်းပဲ ယှဉ်ပြိုင်မှုရဲ့နိဂုံး ဖြစ်တဲ့ အရဟတ္တဖိုလ်ကို ရောက်ရှိအောင်၊ ဝိမုတ္တိသုခ ရရှိ အောင်၊ တို့တစ်တွေ တစ်ဦးထက်တစ်ဦး သာသထက် သာအောင်၊ မွန်မြတ်သထက် မွန်မြတ်အောင် ကြိုးပမ်း အားထုတ်ခြင်းဖြင့် ဝိမုတ္တိသုခကို အရယူနိုင်ကြပါစေ ကုန်သတည်း။

သာဓု၊ သာဓု၊ သာဓု

9uuirgj19tdpuq0jup3hve689qdelrq
ခုခံစွမ်းအား
0
5899
22140
21644
2026-06-15T03:24:27Z
Tejinda
173
22140
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ခုခံစွမ်းအား
| previous = [[ယှဉ်ပြိုင်ခြင်း၏ နိဂုံး]]
| previous2 =
| next = [[ကျေးဇူးသိခြင်း]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ခုခံစွမ်းအား

(မာရတဇ္ဇနီယသုတ် အနှစ်ချုပ်)

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၉)ရက်။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဗျူးကုန်းတောရ စာသင်တိုက်ကြီးအတွင်းဝယ် ပထမအကြိမ်မြောက် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ရွှေကျင်နိဿယ ဝိနည်းစာတော်ပြန် အထိမ်းအမှတ်နှင့် စပ်လျဉ်း၍ ဟောကြားအပ်သော ခုခံစွမ်းအား တရား ဒေသနာတော်။

ခုခံစွမ်းအားဆိုတာ လူတွေမှာ သဘာဝက ပေးထားတဲ့ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားတွေဆိုတာ ရှိတယ်။ အဲဒီ ခုခံစွမ်းအားတွေ ရှိနေသမျှကာလပတ်လုံး အပြင်ဘက်က ရောဂါဝေဒနာ ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းတွေ၊ မိမိခန္ဓာကိုယ်နဲ့ မတည့်တဲ့အရာတွေကို ခုခံစွမ်းအားက တွန်းလှန် ဖယ်ရှားပစ်သည့်အတွက် ရောဂါဝေဒနာဖြစ်ခြင်းမှ လွတ်မြောက်ကြရတယ်။ ဒါကတော့ လူတိုင်းလူတိုင်းမှာ သဘာဝကပေးထားတဲ့ ခုခံစွမ်းအား။

အဲဒီ ခုခံစွမ်းအားတွေ ကျဆင်းသွားပြီဆိုရင် ရာသီ ဥတုဒဏ်လည်း မခံနိုင်တော့ဘူး၊ ဖြစ်ပေါ်လာတဲ့ မိမိ ခန္ဓာကိုယ်ရဲ့ ဆန့်ကျင်ဘက် အခြေအနေအရပ်ရပ်ကို တွန်းလှန်ဖယ်ရှားခြင်းငှာ မစွမ်းနိုင်သည့်အတွက် လူတွေ မှာ ရောဂါဝေဒနာတွေ ဖြစ်ပေါ်ကြတယ်။ resistant power လို့ခေါ်တဲ့ ဒီ စွမ်းအားတွေ ကျသွားပြီဆိုလို့ရှိရင် ဘဝမှာ လူတွေ အသက်ရှင်ရပ်တည်ဖို့ အလွန်ခက်ခဲ သွားမယ်။ ဒါ သဘာဝ အခြေအနေက ပေးထားတဲ့ ခုခံစွမ်းအားတွေ။

နောက်တစ်ခု လူတွေမှာ ဆန့်ကျင်ဘက်ရန်သူ တွေနဲ့ တွေ့တဲ့အခါ ပြန်လှန်တိုက်ခိုက်ဖို့ ကိုယ့်ဘက် ကနေ ခုခံဖို့ဆိုတဲ့ ကိုယ်ခံပညာ ဆိုတာတွေလည်း သင်ထားကြတယ်ပေါ့။ ရန်သူနဲ့ တွေ့တဲ့အခါမှာ မိမိက မခံရလေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခုခံနိုင်တဲ့ အရည်အချင်းတွေကို လေ့ကျင့်သင်ကြားပြီးတော့ ထားကြတယ်။ ကိုယ်ခံပညာဆိုပြီး သင်ထားကြတာ ရှိတယ်။ အဲဒီလို ကိုယ်ခံပညာတတ်ထားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာလည်းပဲ တစ်ဖက်သားက မိမိကို တိုက်ခိုက်လာမယ်ဆိုရင် ပြန်လည်ခုခံဖို့၊ လွတ်မြောက် အောင် ရုန်းထွက်ဖို့ လုပ်ကြတယ်။ ဒါက သဘာဝက ပေးတာ မဟုတ်ပေမယ့် တစ်ဖက်ရန်သူတွေက တိုက်ခိုက်လာလို့ရှိရင် တွန်းလှန်ဖို့ဆိုတဲ့အနေနဲ့ သင်ယူ ထားကြတဲ့ပညာ။

အဲသည်တော့ ကိုယ်ခံစွမ်းအားဆိုတာရော၊ ကိုယ်ခံ ပညာဆိုတာရော၊ ခုခံစွမ်းအားဆိုတာတွေရော ဒါတွေ က လူ့ဘဝအတွက် လိုအပ်ချက်ဖြစ်တယ်။ သံသရာ အတွက် လိုအပ်ချက် ခုခံစွမ်းအားကို ထည့်သွင်းစဉ်းစား ထားတာ များများမရှိကြဘူး။ လူတွေရဲ့စိတ်မှာ ထိုကဲ့သို့ ခုခံနိုင်တဲ့စွမ်းအားတွေ လေ့ကျင့်ပေးထားမယ်ဆိုရင် လောကဒဏ်မုန်တိုင်းတွေ မည်သို့ပဲတိုက်ခိုက်တိုက်ခိုက်၊ ဘဝခရီးကို လျှောက်လှမ်းတဲ့အခါမှာ မည်သို့ပဲ အဆင်မပြေဖြစ်ဖြစ် စိတ်ဓာတ် ခုခံစွမ်းအားတွေ ရှိနေမယ် ဆိုလို့ရှိရင် အဆင်မပြေမှုအားလုံးကို ကျော်ဖြတ်ပြီးတော့ မိမိလိုလားတဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်၊ အဲဒီအချက်ကိုလည်းပဲ မေ့ထားဖို့မသင့်ဘူးပေါ့။

လောကမှာ လူတွေ အမှတ်တရ ဂရုစိုက်ပြီးတော့ နေကြတာကတော့ ခုခံစွမ်းအားတွေ၊ ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ resistant power လို့ဆိုတဲ့ ခုခံစွမ်းအား တွေ မကျဆင်းဖို့ရယ်၊ ရန်သူက တိုက်ခိုက်လာတဲ့အခါ ကျတော့ တွန်းလှန်နိုင်ဖို့ ကိုယ်ခံပညာဆိုတာရယ်၊ ဒီနှစ်ခု ကိုသာ အာရုံစိုက်ပြီးတော့ နေကြတယ်။ စိတ်ဓာတ်နဲ့ ပတ်သက်လာတဲ့ ခုခံစွမ်းအားမျိုးကျတော့ စိတ်ထဲမှာ မထားကြဘူး။ မထားသည့်အတွက် ဒီကနေ့ခေတ်မှာ ခေတ်နဲ့အညီ ရင်ဘောင်တန်းပြီးတော့ စီးပွားဥစ္စာတွေ အောင်မြင်ကြီးပွားလာတဲ့ ပုဂ္ဂိုလ်တွေအားလုံး၊ ကမ္ဘာမှာ ရှိကြတဲ့ လူသားတွေတစ်ရပ်လုံးကို ခြုံပြီးတော့ပြောရင် ဘာဖြစ်နေကြတုန်းဆို စိတ်ဖိစီးမှုဆိုတဲ့ ရောဂါဝေဒနာ တွေ ဖြစ်နေကြတယ်၊ ကမ္ဘာနဲ့အဝှမ်း စိတ်ဖိစီးမှုဆိုတဲ့ ရောဂါဝေဒနာတွေ ဖြစ်နေကြတယ်။ အင်္ဂလိပ်လိုတော့ stress လို့ခေါ်တယ်။

အဲဒီ stress တွေကို ခုခံနိုင်ဖို့ အမျိုးမျိုး ကြိုးစား နေကြတယ်၊ ဆေးဝါးတွေ သောက်ပြီးတော့ ခုခံကြ တယ်။ အိပ်ဆေးတို့လို ဆေးမျိုး၊ စိတ်စွမ်းအားတွေ တက်ကြွတဲ့ စိတ်ကြွဆေးမျိုးတွေ သောက်ပြီးတော့ စိတ်ဓာတ်ရဲ့ ခုခံအားတွေကို မြှင့်တင်ကြတယ်။ အဲဒီ မြှင့်တင်မှုဟာ ရေရှည်အားဖြင့် မိမိမျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာဘဲ ဆိုးကျိုးတွေနဲ့ရင်ဆိုင်ကြရတယ်။ ဒါကြောင့်မို့ အင်မတန် တိုးတက်တယ်ဆိုတဲ့ နိုင်ငံတွေ မှာ လူတော်တော်များများဟာ စိတ်ဖိစီးမှုဒဏ်တွေကို အလူးအလဲခံနေရလို့ depression ခေါ်တဲ့ စိတ်ကျတဲ့ ရောဂါတွေ ဖြစ်ပေါ်လာကြတယ်။ အဲဒီ စိတ်ဓာတ်ကျ တဲ့ ရောဂါတွေကို ကုသဖို့ဆိုတဲ့ နည်းလမ်းတွေ chemical နဲ့ဖော်စပ်ထားပြီး တကယ့်အဖြစ်ကို မေ့သွား အောင်၊ စိတ်စွမ်းအားတွေ တစ်ခြားဘက် တလွဲပြောင်း သွားအောင်ဆိုတဲ့ နည်းစနစ်တွေကို အသုံးပြုနေကြ တယ်။

အဲဒါတွေ တစ်ခုမှ မမှန်ဘူး၊ မမှန်တဲ့ နည်းလမ်း တွေကို အသုံးချသည့်အတွက် နောက်ဆုံး စိတ်ဖိစီးမှု ဒဏ်ကို မခံနိုင်တဲ့အခါ ရူးသွပ်တဲ့ဘဝ၊ စိတ္တဇရောဂါ သည်ဘဝ ရောက်သွားကြတာလည်းရှိတယ်၊ suicide လုပ်ပြီး ဘဝကို အဆုံးစီရင်သွားကြတဲ့ ပုဂ္ဂိုလ်တွေ လည်းပဲ ကမ္ဘာမှာ နည်းတာမဟုတ်ဘူး။ အဲဒါဘာဖြစ်လို့ ဒီလိုဖြစ်ကြရသလဲ ဆိုလို့ရှိရင် ခုနပြောတဲ့ စိတ်ပိုင်း ဆိုင်ရာ ခုခံစွမ်းအားတွေ ဘယ်လိုတိုးမြှင့်ရမယ်ဆိုတာ သိနားလည်မှု မရှိလို့ဘဲ။

စိတ်ပိုင်းဆိုင်ရာ ခုခံစွမ်းအားတွေ တိုးမြှင့်တဲ့နည်း ကို ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ ပိဋကတ်ထဲမှာ ရှိနေတယ်။ အဲဒီ နည်းစနစ်တွေဟာ အင်မတန်ကောင်းတဲ့ နည်း စနစ်တွေဖြစ်ပါလျက် ဗုဒ္ဓဘာသာဝင်လို့ အမည်ခံနေ ကြတဲ့ ပုဂ္ဂိုလ်တွေတောင်မှပဲ အဲဒီအချက်ကို မေ့လျော့ ထားနေကြတယ်။ ဒါကြောင့်မို့ ဒီကနေ့ ဘုန်းကြီးတို့ တစ်တွေ စိတ်ဓာတ်နှင့် ပတ်သက်ပြီး ခုခံစွမ်းအားတွေ ဘယ်ပုံဘယ်နည်း တိုးမြှင့်ရတယ်၊ ဗုဒ္ဓမြတ်စွာက ဘယ်လို ဟောထားတယ်၊ ပိဋကတ်စာပေထဲမှာ ဘယ်လိုညွှန်ပြ ထားတယ်ဆိုတဲ့ နည်းစနစ်တွေကိုသိရှိပြီး ကိုယ်ကိုယ် တိုင် မိမိရဲ့ စိတ်ဓာတ်ခုခံစွမ်းအားတွေ မြှင့်တင်နိုင်ဖို့ ဒီတရားကို ဟောတာဖြစ်တယ်။

ဒါ သိသင့်သိထိုက်တဲ့ အချက်ပဲ။ လူ့လောကမှာ နေ့စဉ် ရုန်းကန် လှုပ်ရှားနေကြရတဲ့ လူတွေဟာ အကောင်းနဲ့ချည်းတွေ့ရတာ မဟုတ်ဘူး၊ အဆိုးနဲ့လည်း တွေ့တယ်။ လူ့ဘဝဟာ သုခနဲ့ဒုက္ခ ရောထွေးပွေလိမ် နေတဲ့ ဘဝ၊ ပြဿနာတွေ မြောက်များစွာနဲ့ ဖြတ်ကျော် ရတဲ့ဘဝမှာ ရံဖန်ရံခါ စိတ်ဓာတ်ကျဆင်းမှု ဆိုတာတွေ တွေ့လာနိုင်တယ်။ ရောဂါဖြစ်လို့ဖြစ်စေ၊ စီးပွားရေး အဆင်မပြေလို့ဖြစ်စေ၊ လူမှုရေး အဆင်မပြေလို့ဘဲ ဖြစ်စေ အဆင်မပြေမှု တစ်ခုခု ဖြစ်လာတဲ့အခါ ပတ်ဝန်းကျင်အခြေအနေအရ လူတွေရဲ့စိတ်ဓာတ်တွေ ဟာ ကျဆင်းလာတယ်။ ဒီလိုဖြစ်နေတဲ့ အခြေအနေဆိုးတွေကို ဗုဒ္ဓမြတ်စွာရဲ့ နည်းစနစ်နဲ့ ဘယ်လိုဖြေရှင်းမလဲ။ အနောက်တိုင်းကလာတဲ့ နည်းစနစ်တွေရော ကောင်းရဲ့ လား၊ သူတို့သုံးနေတဲ့ psychology နည်းပညာအရ psychotherapy ဆိုတဲ့ စိတ္တဇ စိတ်ရောဂါကု ဆရာဝန် တွေသုံးတဲ့ နည်းစနစ်တွေရော အောင်မြင်နိုင်ရဲ့လားလို့ ဗုဒ္ဓမြတ်စွာရဲ့နည်းစနစ်နဲ့ နှိုင်းယှဉ်ကြည့်ပြီး ဗုဒ္ဓဘာသာ ဝင် သူတော်စင်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ခုခံအားတွေ ရရှိထားအောင် နေ့စဉ်နဲ့အမျှ လေ့ကျင့်ထားကြဖို့ လိုအပ် တယ်။

အမှတ်တမဲ့ မနေရဘူး။ သာမန် ဘဝတစ်ခုမှာ အဆင်ပြေနေတဲ့အချိန် ဘာမှမဖြစ်ဘူး၊ အဆင်မပြေ တာနဲ့တွေ့ပြီ ဆိုလို့ရှိရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာတတ်တယ်။ အဲဒီလိုဖြစ်လာပြီဆိုလို့ရှိရင် ကိုယ် မလိုလားအပ်တဲ့အရာတွေက ကိုယ့်ပေါ်မှာ ဖိစီးလာရင် depression လို့ခေါ်တဲ့ စိတ်ကျရောဂါ ဖြစ်လာတတ် တယ်။ အဲဒါတွေကို ဘာနဲ့ခုခံမလဲ၊ ပတ်ဝန်းကျင် လောကဓံအခြေအနေအရပ်ရပ်ကို ဘာတွေနဲ့ တွန်းလှန်မလဲဆိုတာ ဗုဒ္ဓမြတ်စွာရဲ့ စာပေပိဋကတ်ထဲမှာ အထင် အရှား ရှိတယ်။ အဲဒီ နည်းစနစ်ကောင်းတွေဟာ ဗမာပြည် လာရောက်ပြီးတော့ ကမ္မဋ္ဌာန်းတရား လေ့လာ အားထုတ်သွားတဲ့ပုဂ္ဂိုလ်တွေ၊ တစ်နည်းအားဖြင့် ဗမာ ပြည်က ရသွားတဲ့ နည်းစနစ်အတိုင်း နိုင်ငံရပ်ခြား တိုင်းတပါးမှာ ကမ္မဋ္ဌာန်းပြနေတဲ့ ပုဂ္ဂိုလ်တွေဆီကနေပြီး တော့ ကမ္မဋ္ဌာန်းအားထုတ်နည်း ဒီနည်းစနစ်ကနေ ရရှိသွားတဲ့ စိတ်ဓာတ်ခွန်အား တိုးမြှင့်တဲ့နည်းတွေ ခု အနောက်တိုင်းမှာ ပြန့်သင့်သလောက် ပြန့်လာတယ်။ ဒါဘာဖြစ်လို့ သိရသလဲဆိုရင် အနောက်တိုင်းမှာရှိတဲ့ အချို့ဆေးရုံကြီးတွေမှာ ဒီစနစ်ကို အသုံးပြုနေကြတယ်။ ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြတယ်။ သုံးလာရုံတင် မကဘူး တက္ကသိုလ်ပညာရပ်တစ်ခု အနေနဲ့လည်း ဒီစနစ်တွေကို သင်လာတာတွေရှိတယ်။

ဗုဒ္ဓဘာသာနိုင်ငံတွေကတော့ ဒီနာမည်နဲ့မရှိဘူး။ တရားရိပ်သာတွေ ဖွင့်ထားပြီးတော့ ထိုတရားရိပ်သာ တွေမှာ တရားစခန်းတွေ ဝင်ရောက်ပြီးတော့ ဓမ္မကျင့်စဉ် တွေ ကျင့်ကြတယ်။ သမထအကျင့်ပဲဖြစ်ဖြစ်၊ ဝိပဿနာ အကျင့်ပဲဖြစ်ဖြစ် အဲဒီအကျင့်တွေ ကျင့်ကြံကြိုးကုတ် အားထုတ်နေကြတယ်၊ ဒါ စိတ်ရဲ့ ခုခံစွမ်းအားတွေကို မြှင့်တင်ပေးနေတဲ့ အခြေအနေတွေ။

ဘုန်းကြီးတို့ မနှစ်က ဧပြီလမှာ တောင်ကိုးရီးယား နိုင်ငံက ပင့်လို့ တောင်ကိုးရီးယားနိုင်ငံကို အဘိဓမ္မာ သင်ကြားဖို့ဆိုပြီးတော့ ရောက်သွားဖူးတယ်။ ရောက်သွား တဲ့အခါ တောင်ကိုရီးယားစံတော်ချိန် ည ၇ နာရီခွဲ လောက်ပေါ့၊ ဒီအချိန်သာသာလောက်မှာ အမြဲတမ်း အဘိဓမ္မာသင်တန်း ဖွင့်ပြီးတော့ သင်တန်းပို့ချပြီးတော့ ပေးတယ်။ လာရောက် သင်ကြားတဲ့ အထဲမယ် တက္ကသိုလ် ပါမောက္ခတွေတို့ ကထိကတွေတို့ ဆရာဝန် တွေတို့ လူတန်းစား အသီးသီးက လာရောက်ပြီးတော့ သင်တန်းတက်ကြတယ်။ သူတို့ဆီမှာ သင်တန်းတက် တယ်ဆိုတာ အခမဲ့ လာတက်လို့မရဘူး၊ သင်တန်း တက်ချင်ပါတယ်ဆိုတာ ကြိုတင်ပြီးတော့ ပိုက်ဆံပေးပြီး မှတ်ပုံတင်ထားကြရတယ်၊ အလကား ဘာတစ်ခုမှ မရဘူး။

ဗမာပြည်မှာတော့ ဒီလိုမဟုတ်ဘူးနော်၊ ဗုဒ္ဓမြတ်စွာ ရဲ့ တရားဓမ္မ တရားပွဲတွေ ဘယ်နေရာမှာသွားနာနာ အခမဲ့တရားနာရတယ်၊ အေး သူတို့နိုင်ငံတွေမှာကျတော့ ဒီလိုမရဘူး မြန်မာပြည်က ဗုဒ္ဓဘာသာဝင် သူတော်စင် တွေ အင်မတန် ကံကောင်းတယ်လို့မှတ်။ ကံကောင်း နေတာကို ကံကောင်းမှန်း မသိတဲ့အခါ သိပ်အဖိုးတန် မှန်း မသိဘူးပေါ့။ လွယ်လွယ်ရနေသည့် အတွက်ကြောင့် တန်ဖိုးရှိမှန်း မသိကြဘူး။ အဲဒီ အခြေအနေတော့ ရှိတယ်။ အလွယ်တကူရလို့ရှိရင် တန်ဖိုးရှိတယ်လို့ လူက သိပ်မသိဘူး။ ဟိုနိုင်ငံတွေကျတော့ အလွယ်တကူ မရဘူး၊ မှတ်ပုံတင်မထားတဲ့လူ လာတက်ခွင့်မရှိဘူး။ သူတို့ဆီမှာ မှတ်ပုံတင်တယ် ဆိုကတည်းက ပိုက်ဆံ ပေးရတယ်။ သင်တန်းကြေး ဘယ်လောက်ဆိုတာ ပေးထားရတယ်။

အဲဒီမှာ သင်တန်းပို့ချပြီးတိုင်း ပြီးတိုင်း အားလုံး လာတွေ့မယ်ဆိုလို့ရှိရင် အချိန်တွေ အများကြီးပေးရမှာ ဖြစ်သည့်အတွက်ကြောင့် Organization လုပ်တဲ့ Korea ဘုန်းကြီး ဗုဒ္ဓရက္ခိတ က စီစဉ်ပေးတယ်၊ ဗမာပြည် မှာ သင်္ကန်းဝတ်သွားတဲ့သူ။ အဲဒီ ဘုန်းကြီးကျောင်းမှာ သင်တန်းပို့ချတယ်။ သူက စီစဉ်ပေးတယ်၊ ဆရာတော်နဲ့ တွေ့ဖို့ တစ်နေ့ငါးယောက် အလှည့်ကျနဲ့ စီစဉ်ပေး တယ်။ ကျန်တဲ့သူတွေ လာတွေ့ခွင့်မရဘူး။ သင်တန်း ပြီးတာနဲ့ ကိုယ့်ဘာသာကိုယ်ပြန်။ အနားယူနေတဲ့ အခန်းထဲကို အကြာကြီး တွေ့ခွင့်မပေးဘူး။ အဲဒီမှာ လာတွေ့ပြီဆိုကတည်းက သူတို့ကိုယ်သူတို့ မိတ်ဆက် ကြတယ်၊ တပည့်တော်က ဘယ်သူပါ၊ တပည့်တော်မက ဘယ်သူပါ။ ဘယ်မှာအလုပ်လုပ်ပါတယ် စသည်ဖြင့် ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီးတော့ သူတို့မေးချင်တာလေး နည်းနည်းပါးပါး မေးကြတယ်။

အဲဒီလို လာတွေ့တဲ့ အထဲမယ် တက္ကသိုလ်တစ်ခုက ပါမောက္ခ အမျိုးသမီးလေးယောက်ပါတယ်။ သူတို့ က တက္ကသိုလ်က ဆရာမတွေပါ မိတ်ဆက်ကြတယ်။ ဘုန်းကြီးကမေးတယ်၊ အဲဒီတက္ကသိုလ်မှာ ဘယ် ဘာသာရပ်တွေ ပို့ချသလဲ၊ ဆရာမတစ်ယောက်က လျှောက်တယ်။ သူက M.M.S.R ဆိုတဲ့ subject ကို ပို့ချတယ်တဲ့။ M.M.S.R ဆိုတာ အဓိပ္ပာယ်က ဘာလဲ၊ အရှည်က ဘာလဲဆိုတော့ Mindfulness Mase stress Reduction လို့ သူကပြောတယ်။ Mဆိုတာက Mindfulness, Mဆိုတာက Mased,S ကstress,R က Reduction, Mindfulness Mase Stress Reduction လို့ပြောတယ်။ မြန်မာလိုတော့ သတိကိုအခြေခံပြီးတော့ စိတ်ဖိစီးမှုကို လျှော့ချနည်းတဲ့ ဒီလိုဆိုတယ်။ လောကလူတွေမှာ စိတ်ဖိစီးတယ်ဆိုတာ ဗမာပြည် မှာလည်း ရှိတာပဲနော်။ မိသားစုတစ်စုမှာ ဆိုလို့ရှိရင် အေး စီးပွားရေးက အဆင်မပြေလို့ စိတ်ဖိစီးမှုခံရတယ်၊ သားသမီးတွေက မလိမ္မာလို့ စိတ်ဖိစီးမှုခံရတယ်၊ အလုပ် အကိုင် အဆင်မပြေလို့၊ ကျန်းမာရေးက မကောင်းလို့ စိတ်ဖိစီးမှုခံရတယ်၊ အမျိုးမျိုးရှိတာပဲ။ မိသားစုတိုင်း မိသားစုတိုင်း စိတ်ပျော်ရွှင်ချမ်းမြေ့နေကြတာ မဟုတ် ဘူး။ ဒါ ကိုယ့်ဘဝကိုယ် ပြန်ကြည့်ရင် တွေ့နေမှာပဲ နော်၊ မိသားစုတိုင်းမှာလိုလို Problem လေးတွေရှိမယ်၊ စိတ်ဖိစီးမှုလေးတွေရှိမယ်။

အဲဒီ အဆင်မပြေမှုလေးတွေကြောင့် ပြောကြတာ ပေါ့ “စိတ်ညစ်တယ် မနေချင်ဘူး” လို့၊ တစ်ချို့လည်း ငြီးကြတယ်၊ စိတ်ညစ်ပြီးတော့ “သေချင်တယ်” တဲ့။ သေတယ်ဆိုတဲ့စကားကို တခြားအချိန်မှာ ကြားတောင် မကြားချင်ဘူး ဟုတ်ကဲ့လား။ သို့သော် စိတ်ညစ်ပြီဆိုရင် လူတွေက မပြောကြဘူးလား “သေချင်လိုက်တာ” တကယ်သေရမယ်ဆိုရင်တော့လည်း ထွက်ပြေးမှာပါ။ သေမှာ မဟုတ်ပါဘူးနော်။ တကယ်သေချင်တာလားလို့ မေးရင်တော့လည်း တကယ်တော့မဟုတ်ဘူး၊ စိတ်ညစ် လို့ ငြီးတဲ့စကားပဲဖြစ်မှာ။

တစ်ချို့ တကယ်သေရမဲ့ဟာကျတော့ ကြောက်လို့ တဲ့နော် တံတားပေါ်က ခုန်ချမလို့ တက်သွားပြီးတော့မှအရ ပြောမယ်ဆိုရင် အဲဒီ ရဟန်းတော်ကြီးတွေဟာ တကယ့်ကို တရားအားထုတ်နေတာ။ သို့သော်လည်း သူတို့ဟာ ဘဝကြီးကို ငြီးငွေ့နေလို့ တစ်ဖက်ကတွေးရင် မနေချင်တော့လို့ သေချင်နေကြတဲ့ ပုဂ္ဂိုလ်တွေ။ သေချင် နေကြတယ်။ အဲဒီလို သေချင်နေကြတော့ ဘာလုပ်ကြ မလဲဆိုလို့ရှိရင် သူတို့ကိုယ်သူတို့ ခေါင်းရိတ် သင်တုန်း ဓားနဲ့ ကိုယ့်လည်ပင်း ကိုယ်လှီးသေဖို့ စိတ်ကူးနေကြ ပြီပေါ့။

အဲဒီသတင်းကိုကြားလို့ ရှင်သာရိပုတ္တရာတို့ ရဟန္တာအရှင်မြတ်တွေ သွားရောက်ဖျောင်းဖျကြတယ်၊ ရောဂါအခြေအနေ မေးကြတယ်၊ “မသေပါနဲ့ဦး၊ သေဖို့ မကြိုးစားပါနဲ့၊ ပြုစုမဲ့သူမရှိရင် သူတို့ကိုယ်တိုင် လာပြုစု ပါ့မယ်၊ ဆေးဝါးဓာတ်စာ မလုံလောက်ဘူးဆိုရင်လည်း သူ ရှာဖွေပေးပါ့မယ်၊ သပ္ပါယဖြစ်တဲ့ ဆွမ်းကွမ်းမရှိဘူး ဆိုရင်လည်း သူစီမံပါ့မယ်” လို့ ရှင်သာရိပုတ္တရာ မထေရ်မြတ်က ဖျောင်းဖျပြောဆိုတယ်၊ အားပေးစကား ပြောတယ်။ မိတ်ကောင်းဆွေကောင်းဆိုတာ ဒီလိုပဲပေါ့။ အပေါ်ရောက်တော့ အောက်မကြည့်ရဲလို့ ပြန်ဆင်း လာတဲ့သူက ရှိသေးတယ်၊ ရေထဲ ခုန်ဆင်းပြီးတော့ သေမယ်ကြံတဲ့လူက မွန်းမှာကြောက်လို့ ရေထဲမဆင်းရဲ တာ ရှိသေးတယ်၊ လူတွေက တကယ်သေရတဲ့အခါ ကျတော့ ကြောက်တာ။ ဒါကြောင့်မို့ မြတ်စွာဘုရား ဟောထားတာ “သဗ္ဗေ ဘာယန္တိ မစ္စုနော” အားလုံးဟာ သေရမှာ ကြောက်တာချည်းပဲ၊ မကြောက်တဲ့လူဆိုတာ မရှိဘူး။ ခြုံငုံပြောလိုက်မယ်ဆိုရင် အနာဂါမ် ရဟန္တာက လွဲရင် ကျန်တဲ့ပုဂ္ဂိုလ်အားလုံး သေရမှာ ကြောက်တာ ချည်းပဲ။ စောစောကတော့ သေဝံ့တယ် ဆိုပြီးတော့ သေပေမယ်လို့ တကယ်သေရပြီ ဆိုတဲ့အခါကျတော့ ကြောက်တဲ့လူတွေ အများကြီးပဲ၊ မကြောက်ဘဲနဲ့ မသေ ဘူး။

ဘာကို အထောက်အထားကြည့်လို့ ရတုန်းဆိုရင် ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါကာလတုန်းက ရှင်ဝက္ကလိ တို့ ရှင်အဿဇိ တို့ဆိုတာ သံယုတ်ပါဠိတော် မှာပါတယ်။ ဝက္ကလိသုတ္တန် တို့၊ အဿဇိသုတ္တန် တို့ အဲလို အားပေးစကား ပြောပေမယ့်လို့ သေဖို့ ဆုံးဖြတ် ထားပြီးသား ပုဂ္ဂိုလ်ကတော့ သေဖို့ပဲ စဉ်းစားနေတယ် ပေါ့။

ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန် တို့လည်း အနားက ခွာသွားရော အနားမှာရှိတဲ့ သင်တုန်းဓားနဲ့ လည်ပင်းကို လှီးလိုက်ကြတယ်။ လည်ပင်းလည်း လှီးပြီးရော ဘာဖြစ်လာတုန်းဆိုတော့ ကြောက်စိတ် ဝင်လာတယ်၊ သေရတော့မှာ ဆိုတာလည်းသိရော ကြောက်စိတ်ဝင်လာတယ်။ သို့သော် ဒီပုဂ္ဂိုလ်ကြီးတွေက တကယ့် သူတော်ကောင်းကြီးတွေ။ အဲဒီကျတော့ သူတို့စိတ်ထဲမှာ ကြောက်စိတ်ဝင်လာတာကိုကြည့်ပြီး “ဟာ တို့တရားထူးတရားမြတ် မရသေးဘူး၊ ကြောက် တယ်ဆိုတာ ဒေါသပဲ၊ ဒေါသဆိုတာ အကုသိုလ်စိတ်ပဲ၊ အကုသိုလ်စိတ်နဲ့ သေမယ်ဆိုရင် တို့ ဒုက္ခရောက်လိမ့် မယ်၊ သံသရာထဲမှာ လည်ရလိမ့်ဦးမယ်” ချက်ခြင်း အသိရှိပြီး ရှုမှတ်နေကြ ဝိပဿနာကမ္မဋ္ဌာန်းကို အပြင်း အထန် အာရုံစိုက်ပြီး ရှုမှတ်လိုက်ကြတော့ မသေမီ ကလေးမှာတင်ပဲ ရဟန္တာဖြစ်သွားကြတယ်။

ဒီလိုဖြစ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်၊ အင်မတန် ရင့်ကျက်ပြီးသား ပုဂ္ဂိုလ်တွေမှ ဖြစ်နိုင် တယ်ပေါ့။ သေခြင်းတရားပေါ်မှာ ကြောက်လာပြီ ဆိုတာ သိလိုက်တာနဲ့ တစ်ပြိုင်နက် ကြောက်တယ် ဆိုတာ ဒေါသလို့ သူတို့ သတိထားမိသွားတယ်။ ဒေါသ ရှိနေသရွေ့ တို့ဟာ ပုထုဇဉ်တွေပဲဆိုတာ သတိထားမိ သွားတယ်။ ဒါကြောင့်မို့ သူတို့ရဲ့အမှားကို နောက်ဆုံး အနေနဲ့ အစွမ်းကုန် ပြုပြင်လိုက်ကြတယ်၊ ဝိပဿနာ စွမ်းအားတွေကို တိုးမြှင့်ပေးလိုက်တဲ့အခါမှာ သေခါနီး ဆဲဆဲလေးမှာ တရားထူး တရားမြတ် ရသွားကြတယ်၊ ခဏလေးအတွင်းမှာ ဇီဝိတိန္ဒြေ ချုပ်သွားတယ်။ အဲလို ပုဂ္ဂိုလ်မျိုးကို ဇိီဝိတသမသီသီ ရဟန္တာလို့ ခေါ်တယ်။ ဇီဝိတ ဆိုတာ အသက်၊ သမသီသီ ဆိုတာ ခေါင်းချင်း ယှဉ်လာတာ။ မြင်း(၂)စီး ပြိုင်ပွဲဝင်တယ်ဆိုပါစို့၊ ပြိုင်တဲ့ အခါမှာ ပန်းဝင်လာတဲ့အခါမှာ ခေါင်းချင်းယှဉ် ဝင်လာ တာကို သမသီသီ ခေါင်းချင်းညီနေတယ်လို့ပြောတာ။

အဲဒါလိုပဲ သေခြင်းတရားနဲ့ အရဟတ္တဖိုလ်က ခေါင်းချင်းယှဉ် ဝင်လာတယ်လို့ ဆိုလိုတာပဲ။ အဲဒီလို ရဟန္တာဖြစ်လည်းဖြစ်၊ သေလည်းသေ။ ဇိီဝိတသမသီသီ ရဟန္တာ။ သို့သော် ရဟန္တာဖြစ်တာနဲ့ တစ်ပြိုင်နက် သေတယ်လို့ ပြောလို့ရတယ်။ ဒီစိတ်နှစ်ခုဟာ ပြိုင်ပြီး တော့ မဖြစ်နိုင်ဘူး။ ရဟန္တာဖြစ်တာ စောတယ်၊ သေခြင်း တရားက နောက်ကျတယ်၊ ဒီလိုဖြစ်ရမယ်။ သေတာနဲ့ ရဟန္တာဖြစ်တာ ပြိုင်တူဖြစ်လို့မရဘူး။ သို့သော် ကြည့် လိုက်မယ်ဆိုရင် ခေါင်းချင်းယှဉ် ဝင်လာသလို အချိန် မဆိုင်းဘူးလို့ ဆိုလိုတယ်။ အခု ရဟန္တာဖြစ်၊ အခု သေသွားတယ်ပေါ့။ အဲဒီလို ဇိီဝိတသမသီသီ ရဟန္တာ ပုဂ္ဂိုလ်မျိုးတွေဟာ နောက်ဆုံးပိတ် အချိန်လေးတွေမှာ သေရမှာကြောက်တယ်ဆိုတဲ့ သဘောတရားလေးဟာ ပေါ်လာတယ်ပေါ့။

ဒါကြောင့်မို့ လူတွေမှာ ရောဂါဝေဒနာ ဖြစ်လာ တာနဲ့ တစ်ပြိုင်နက်stress ဆိုတာရှိလာတယ်၊ စိတ်ဖိစီးမှုဒဏ်တွေ ရှိလာတယ်၊ သေရမှာကြောက်တယ်၊ အဲဒီလို စိတ်ဖိစီးမှုဒဏ်တွေကို လျော့ချတဲ့ နည်းစနစ်က ဘာလဲ လို့ဆိုရင် သတိပဋ္ဌာန်ကျင့်စဉ်ကို အခြေခံပြီးတော့ စိတ်ဖိစီးမှုကို လျော့ချတဲ့ နည်းစနစ်ပဲ။ ဒါ ဘယ်ကလာတဲ့ နည်းစနစ်လဲဆိုလို့ရှိရင် ဗုဒ္ဓမြတ်စွာရဲ့ တရားတော် ကလာတဲ့ နည်းစနစ်ပဲ။ Mindfulness Mased stress Reduction တဲ့၊ အဲဒီပညာရပ်ကို မင်းတို့ ဘယ်က သင်ထားတာတုန်းလို့ မေးတဲ့အခါကျတော့ Amarica နိုင်ငံက ပါမောက္ခတစ်ယောက်က လာပြီး ပို့ချတာတဲ့၊ အဲဒီလို Korea တက္ကသိုလ်တွေမှာ ဒီပညာရပ်ကို သင်နေတာဆိုတာကို ကြားခဲ့ရတာပေါ့။

အေး မြန်မာနိုင်ငံမှာလည်းပဲ တရားရိပ်သာတွေ သွားပြီး တရားဓမ္မတွေ ကျင့်ကြံကျိုးကုတ် အားထုတ် နေတယ် ဆိုတာဟာ ဒီအဓိပ္ပာယ်ပဲ၊ စီးပွားရေး မပြေလည်မှုတွေ၊ မိသားစုအတွင်း မပြေလည်မှုတွေ၊ ရောဂါဝေဒနာဖြစ်လို့ စိတ်ဓာတ်ကျနေတာတွေ၊ ဒါတွေ ကို အကြောင်းပြုပြီးတော့ လူတွေမှာ စိတ်ဖိစီးမှုဆိုတဲ့ စိတ်ဓာတ်ကျဆင်းမှု ဆိုတာတွေ လူတွေရဲ့သန္တာန်မှာ ဖြစ်နေတတ်ပါတယ်။ အဲဒီလိုဖြစ်နေလို့ရှိရင် အိပ်ဆေး သောက်ပြီးတော့ ဖြေရှင်းမလား၊ လူငယ်လူရွယ်တွေဆို အရက်သောက်ပြီးတော့ ဖြေရှင်းမလား သို့မဟုတ် စိတ်ကြွဆေးတွေနဲ့ တားမလား၊ အဲဒါတွေနဲ့ သွားလုပ်လို့ ရှိရင် လုံးဝမှားသွားလိမ့်မယ်။

ကမ္ဘာမှာ အဲဒီ စိတ်ဖိစီးမှုဒဏ်တွေကို အိပ်ဆေးတို့ စိတ်ကြွဆေးတွေနဲ့ ဖြေရှင်းနေကြလို့ ဒီစိတ်ကြွဆေးတွေ သောက်ရင်းသောက်ရင်းကနေပြီးတော့ စွဲလမ်းသွား ပြီးတော့ မသောက်ရ မနေနိုင်တဲ့အဆင့်ရောက်ပြီး နောက်ဆုံး အသက်ထိအောင် ဆိုးသွားတဲ့ အနေ အထားထိ ရောက်ကုန်ကြတယ်။ တစ်ခုစီ ဖြေရှင်းရင်းက နေပြီးတော့ တစ်ခုတင် မကတော့ဘူး ပြဿနာတစ်ခု ထပ်တိုးသွားတယ်၊ မမှန်ကန်တဲ့ နည်းတစ်နည်းပေါ့။

ဒကာတစ်ယောက် လျှောက်သလိုပဲ၊ သူက ဆေးလိပ်ပြတ်အောင်လို့ဆိုပြီး ကွမ်းစားတာ၊ ကွမ်းရော၊ ဆေးလိပ်ရော နှစ်ခုစလုံး စွဲသွားတယ်။ ကွမ်းလည်း မစားရ မနေနိုင်၊ ဆေးလိပ်လည်း မသောက်ရ မနေနိုင်။ ဩော် ကွမ်းကိုဆေးလိပ်နဲ့ သွားဖြတ်တယ်၊ ဆေးလိပ်ကို ကွမ်းနဲ့ဖြတ်တယ်၊ မရဘူး။ အဲဒါကြောင့်မိုလို့ မှန်ကန်တဲ့ နည်းလမ်းကို အသုံးပြုပြီးတော့ လူတွေရဲ့စိတ်ဖိစီးမှုကို ဖြေရှင်းရမယ်လို့၊ အဲဒီနည်းဟာ ဘာလဲဆိုရင် ခုန ပြောတဲ့ထဲမှာ အကျုံးဝင်တဲ့၊ သတိတရားကို အခြေခံတဲ့၊ သတိတရားကို အခြေခံပြီးကျင့်တဲ့ နည်းစနစ်နဲ့ စိတ်ဓာတ်ကျဆင်းမှု စိတ်ဖိစီးမှုကို လျှော့ချနိုင်တယ်။ ဒါ ဗုဒ္ဓမြတ်စွာရဲ့နည်းပဲ။

အေး လောကကြီးမှာ အဆင်ပြေနေရင်လည်းပဲ ဒီစိတ်ဓာတ် အခြေအနေတွေက တစ်မျိုးတစ်မည် ပြောင်းတယ်။ ပင်ကိုယ်စိတ်အခြေအနေ ဆိုတာလေးကို ထိန်းဖို့ သိမ်းဖို့လိုတယ်။ နှစ်ခုစလုံးကို ထိန်းသိမ်းဖို့ လိုတယ်၊ လူရဲ့စိတ်ဆိုတာ လျှပ်စစ်မီးလိုပဲ၊ လျှပ်စစ်မီးက တစ်ခါတစ်ခါ မီးအားတွေ မြင့်လာတာရှိတယ်၊ တစ်ခါ တစ်ရံ မီးအားကျသွားတာရှိတယ်။ မီးအားကျသွားရင် ဘာဖြစ်လဲ မီးကောင်းကောင်း မလင်းတော့ဘူး။ မီးအား တွေ မြင့်သွားရင် ဘာဖြစ်လဲ၊ ဖန်ချောင်းတွေ မီးသီးတွေ ကျွမ်းကုန်တယ်၊ transformer တွေ ပေါက်ကွဲကုန်တယ်။ လူ့ရဲ့စိတ်ထဲမှာလည်း တစ်ခါတစ်ရံ စိတ်ဓာတ်ကျသွားလို့ ရှိရင် ပုံမှန်မဖြစ်ဘူး။ စိတ်ဓာတ်က သိပ်တက်သွားလို့ ရှိရင်လည်း ခုနက ပေါက်ကွဲသွားသလိုမျိုးဖြစ်ပြန်တယ်။ အဲဒီနှစ်ခုကို ညှိပြီးတော့ နေဖို့ရန်အတွက် စိတ်ဓာတ် ခွန်အားတွေ ခုခံအားတွေ လေ့ကျင့်ယူရမယ်တဲ့။

ကဲ ဘယ်လိုလေ့ကျင့်မလဲ? ဒီတရားကို ဘယ်သူ ဟောခဲ့တာလဲဆိုရင် ဒီကနေ့ ဘဒ္ဒကမ္ဘာ လို့ခေါ်တဲ့ ဟောဒီကမ္ဘာကြီးမှာ ဘုရားငါးဆူပွင့်တယ်။ ကမ္ဘာထဲမှာ အထူးခြားဆုံး၊ အကောင်းဆုံးကမ္ဘာဖြစ်လို့ “ဘဒ္ဒကမ္ဘာ” လို့ခေါ်တယ်။ ဒီ ဘဒ္ဒကမ္ဘာကြီးဟာ ဘုရားငါးဆူ ပွင့်တယ်။ ပထမဆုံးပွင့်တဲ့ဘုရားက ကကုသန္ဓဘုရား၊ ဒုတိယ ပွင့်တာက ကောဏာဂမနဘုရား၊ တတိယ ပွင့်တာက ကဿပဘုရား၊ စတုတ္ထ ပွင့်ပြီးတော့ ဒီကနေ့ အထိ သာသနာတော် အထင်အရှား ရှိနေတာက ဂေါတမဘုရား၊ နောင်ပွင့်လတ္တံ့က အရိမေတ္တေယျဘုရား။ အဲဒီ ဘုရားငါးဆူ ပွင့်ပြီးတော့မှသာလျှင် ဟောဒီ ကမ္ဘာကြီးဟာ မီးလောင်ပြီးတော့ ဖြစ်စေ၊ ရေမြှုပ်လို့ ဖြစ်စေ၊ လေတိုက်လို့ဖြစ်စေ ပျောက်သွားဦးမှာပဲ။ တစ်နေ့ကျလို့ရှိရင် ဒီကမ္ဘာကြီးဟာ လုံးဝပျောက်သွား ဦးမှာ၊ ပျက်စီးသွားဦးမှာ၊ ကြည့်စရာတစ်ခုမှ မရှိအောင် မြူမှုန်လောက်ထိအောင် မကျန်အောင် အကုန်လုံး လွင့်ပျံပျက်စီးပြီး မီးလောင်ကျွမ်းသွားဦးမှာပဲ။ အဲဒီမှာ ဒီနည်းစနစ်ကို ဘယ်ဘုရား ဟောခဲ့တာ တုန်းဆိုရင် ဘဒ္ဒကမ္ဘာမှာ အဦးဆုံး ပွင့်တော်မူတဲ့ ကကုသန္ဓမြတ်စွာဘုရားက ဟောခဲ့တာ။ မိမိရဲ့တပည့် ရဟန်းတော်တွေကို ပတ်ဝန်းကျင်ရဲ့ အခြေအနေ အလိုက် ခုခံအားတွေ တိုးတက်လာအောင် စိတ်ပိုင်း ဆိုင်ရာ ခုခံအားတွေကို ဘယ်လိုမြှင့်တင်ရမလဲ ဆိုတာ ကို မြတ်စွာဘုရားက ဟောတာပဲ။

ဟောရခြင်းအကြောင်းကတော့ ဒီလိုပါ၊ မြတ်စွာ ဘုရားကို လာလာပြီးတော့ အနှောင့်အယှက်ပေးတဲ့ မာရ်နတ်ဆိုတာရှိတယ်။ အားလုံးသိကြတယ် မာရ်နတ် ဆိုတာရှိတယ်။ အနောက်တိုင်းက တစ်ချို့လူတွေ ကတော့ “မာရ်နတ်ဆိုတာ ကိလေသာ“လို့ ဆိုပြီးတော့ နေရာတကာ ကိလေသာချည်းပဲယူကြတယ်၊ မမှန်ဘူး။ မာရ်နတ်ဆိုတဲ့နေရာမှာ မာရ်ငါးပါးဆိုတာ ရှိတယ်။ တစ်ချို့ကိစ္စတွေမှာ “ကိလေသာ” ကို ခေါ်တာနော်၊ တစ်ချို့ကိစ္စတွေမှာ “ခန္ဓာ“ကိုခေါ်တာ။ ဘာဖြစ်လို့တုန်း ဆိုရင် ခန္ဓာရှိတဲ့လူတွေ သေရတာ။ မာရ ဆိုတာ သတ်တတ်တယ် ဆိုတဲ့အဓိပ္ပာယ်ပဲ။ ခန္ဓာရှိရင် ခန္ဓာက သတ်လို့ လူတွေသေရတယ်ပေါ့။ သေခြင်းတရားကို “မစ္စုမာရ” ကံတရားကို “အဘိသင်္ခါရမာရ” နောက်ဆုံး အဲဒီ သဘာဝတရားတွေက အလွတ်ဖြစ်တဲ့ နတ်ဆိုး၊ နတ်မိုက်ကို “ဒေဝပုတ္တမာရ”။ မာရ်ငါးပါးကို အားလုံး သိကြတဲ့အတိုင်း မာရ်ငါးပါး အောင်တော်မူသော မြတ်စွာဘုရားလို့ စာထဲမှာဆိုတယ်။ ဆိုင်ရာဆိုင်ရာ မာရ တွေကို ယူရမယ်။

မာရ ဆိုတာ ငါးမျိုးရှိတဲ့အထဲမယ် ကကုသန္ဓ မြတ်စွာဘုရား လက်ထက်က ဒုဿီဆိုတဲ့ မာရ်နတ် ကြီးရှိတယ်။ အဲဒီမာရ်နတ်ကြီးက ဘယ်သူလဲဆိုရင် ဂေါတမ မြတ်စွာဘုရား လက်ထက်မှာ တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ ရှင်မောဂ္ဂလာန်လာဖြစ်ခဲ့တယ်။ ဘဒ္ဒကမ္ဘာ မှာ အဦးဆုံးပွင့်တဲ့ ဘုရားလက်ထက်တုန်းက အင်မတန် ဆိုးသွမ်းခဲ့တဲ့ မာရ်နတ်ကြီးဟာ ဂေါတမဘုရား လက်ထက်ကျတော့ ရှင်မောဂ္ဂလာန် လာဖြစ်နေတယ်။ ရှင်မောဂ္ဂလာန်အလောင်း ဒုသီမာရ်နတ်။ အဲဒီ ဒုသီမာရ်နတ်က ဘယ်လောက်ဆိုးသလဲ ဆိုတာကြည့်ကကုသန္ဓ မြတ်စွာဘုရားက သက်တော်လေးသောင်း (၄၀၀၀၀) တမ်းမှာ ပွင့်တာ၊ လူတွေရဲ့ အသက် အဲဒီတုန်းက လေးသောင်းရှည်တယ်။ ဒီကနေ့ လို တိုနန့်နန့်အသက်မျိုး မဟုတ်ဘူး။ အဲဒီ နှစ်ပေါင်း လေးသောင်း အသက်ရှည်တဲ့ခေတ်မှာ ဒုဿီမာရ်နတ် က ဘုရားသီတင်းသုံးတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို ဝင်ပူးပြီး ထိုလူတွေရဲ့စိတ်ကို ပြောင်းအောင်လုပ်တယ်။ လူတွေရဲ့လုပ်ဆောင်ချက် အမျိုးမျိုးပြောင်းအောင် လုပ် တယ်၊ မကောင်းဖြစ်အောင်လုပ်တယ်၊ အဆိုးဖြစ်အောင် လုပ်တယ်။ ပတ်ဝန်းကျင် အခြေအနေအရ လူတွေရဲ့ စိတ်ဆိုတာ ပြောင်းသွားနိုင်တယ်လေ။ တစ်ဖက်သားက ကောင်းလို့ရှိရင် ကိုယ်က ကောင်းပြန်တယ်၊ တစ်ဖက် သားကဆိုးရင် ကိုယ်ကဆိုးပြန်တယ်။ အခုခေတ်လည်း ရှိတာပဲ။

အဲဒီလို ပြောင်းလွဲသွားအောင် သူ ဘာတွေလုပ် တုန်းဆိုရင် ကကုသန္ဓမြတ်စွာဘုရား သီတင်းသုံးတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေ နိုင်ငံသားတွေကို ဝင်ပူး ပြီးတော့ အကျင့်ကောင်း အနေထိုင်ကောင်းတဲ့ ဘုရား တပည့် ရဟန်းတွေကို ဆဲခိုင်းတယ်တဲ့။ ရဟန်းတွေကို ယုတ်ယုတ်မာမာ ပြောကြ ဆဲကြရေးကြ၊ ဘယ်သူကမှ ရဟန်းတွေကို ရိုသေလေးစားမှု မပြုဘူး၊ ရဟန်းသံဃာ တွေကို ဆဲကြတယ်၊ အမျိုးမျိုးနဲ့ ဆဲကြ ရေးကြ ပြောင်လှောင်ကြ၊ ဒီလိုလုပ်တဲ့ အခြေအနေတစ်ခု ကြုံခဲ့ ရတယ်ပေါ့။

ဒါ အနှစ်လေးသောင်းတမ်းက လူတွေနော်။ မာရ်နတ်ကြီးရဲ့ လှည့်စားချက်ကြောင့် ရဟန်းသံဃာ တွေကို ဆဲရေးတိုင်းထွာ အယုတ်တမာတွေ ပြောကြ ဆိုကြနဲ့ အဲဒီလိုအခြေအနေမျိုး ကြုံတဲ့အခါ ရဟန်း တွေရဲ့ စိတ်ဓာတ်ခုခံအား တိုးတက်ဖို့အတွက် မြတ်စွာ ဘုရားက ဘာတရားဟောသလဲ။ “ချစ်သားရဟန်းတို့ ဒီကနေ့ကစပြီး နေ့ရောညရော မေတ္တာဘာဝနာပွားကြ” မေတ္တာပွားခိုင်းတယ်။ “အားလုံးသတ္တဝါတွေအပေါ်မှာ ကျန်းမာကြပါစေ၊ အဆင်ပြေကြပါစေ” ဆိုတဲ့ မေတ္တာ ဘာဝနာ ပွားပါတဲ့။

အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပြီး ကရုဏာ ပွားပါ။ အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပြီး မုဒိတာ ပွားပါတဲ့။ အားလုံး သတ္တဝါတွေ ရံဖန်ရံခါ သူ့ကံအလိုက် ဖြစ်နေကြတာပဲလို့ ကံ,ကံ၏ အကျိုးတရားကို ဆင်ခြင် ပေးပါလို့ မြတ်စွာဘုရားက မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ လို့ဆိုတဲ့ ဗြဟ္မဝိဟာရတရား(၄)ပါး ပွားစေတယ်။တစ်ခြားကမ္မဋ္ဌာန်းကို မပွားစေဘဲနဲ့ အဲဒီကမ္မဋ္ဌာန်းကို ပွားစေတယ်။ ဘာဖြစ်လို့တုန်းလို့ဆိုရင် မေတ္တာကမ္မဋ္ဌာန်းရဲ့ အကျိုးသက်ရောက်မှုဟာ ကျန်တဲ့ပုဂ္ဂိုလ်တွေရဲ့ ဆဲရေး တိုင်းထွာမှုကို ဒီပုဂ္ဂိုလ်ကလည်းပဲ ခံနိုင်တယ်၊ တစ်ဖက် ကလည်းပဲ မေတ္တာထားတဲ့ပုဂ္ဂိုလ်ကို တုန့်ပြန်ပြီးတော့ မေတ္တာထားလာတတ်တယ်ပေါ့။ ရဟန်းတွေရဲ့ စိတ်ဓာတ်ခွန်အားတွေလည်း မြင့်တက်လာတယ်။ တစ်ဖက်သားတွေကလည်း တဖြည်းဖြည်း စိတ်ဓာတ် ပြောင်းလဲပြီးတော့ သွားနိုင်တယ်။

ဒီကနေ့ခေတ်လည်း ကိုယ့်ဟာကို စဉ်းစားကြည့် ပေါ့။ ကိုယ့်ကိုတစ်ဖက်သားက ရန်လုပ်နေပြီလို့ဆိုရင် အဲဒီ ရန်လုပ်နေတဲ့ပုဂ္ဂိုလ်ကို အထူးတလည် ဩဒိသ မေတ္တာSpecial ထားပြီးတော့ အဲဒီပုဂ္ဂိုလ်ကို မေတ္တာပွား၊ မေတ္တာပွားပေးလို့ရှိရင် အဲဒီ ပုဂ္ဂိုလ်ရဲ့စိတ်ဟာ တစ်နေ့ ကျ ပြောင်းလွဲလာမယ်။ ဒါလက်တွေ့ဖြစ်တာကို နိုင်ငံ ရပ်ခြား တိုင်းတစ်ပါး ရောက်ပြီးတော့ အလုပ်လုပ်နေတဲ့ ဒကာမကြီးတစ်ယောက်က ဘုန်ကြီးတို့ကို လျှောက်ဖူး တယ်။

သူ နိုင်ငံခြားသွားတဲ့အခါ နိုင်ငံခြားမှာ အလုပ်လုပ် တဲ့ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ယောက်က သူ့ကို အမြဲတမ်း ရန်လုပ်တယ်။ ငါတော့ မဖြစ်တော့ဘူး၊ ဘယ်လိုမှ သူ့သဘော လိုက်ပြောလို့လည်း မရဘူး၊ ဘယ်လိုမှ သူ့အပေါ်မှာ မကောင်းဘူး၊ မကောင်းတော့ နောက်ဆုံးမှာ ကဲ မေတ္တာပို့ရင် ကောင်းမှာပဲလို့ဆိုပြီး တော့ အဲဒီအမျိုးသမီးကို နေ့စဉ်နှင့်အမျှ မပျက်မကွက် အမြဲတမ်း အထူးမေတ္တာပို့တယ်။ တစ်လလောက်နေတဲ့ အခါကျတော့ “အခင်ဆုံးမိတ်ဆွေ” ဖြစ်သွားတယ်တဲ့ နော်။

ဒါ မေတ္တာစွမ်းအားက ပြောင်းလဲပေးတာ၊ ကိုယ် ကိုယ်တိုင်လည်းပဲ ခုခံစွမ်းအားတွေ တအားတက်လာ တယ်၊ မေတ္တာပို့လိုက်တဲ့ အချိန်ကစပြီးတော့ သူ့အပေါ် မှာ မုန်းတဲ့စိတ်တွေ ပျောက်သွားတယ်။ တစ်ဖက်သား ကလည်းပဲ သူ့အပေါ်မှာ မုန်းတဲ့စိတ်တွေ မရှိဘူးဆိုတာ သိလာတဲ့အခါတော့ ခင်မင်တဲ့စိတ်တွေ ဝင်လာတယ်။ ဩော် ကကုသန္ဓမြတ်စွာဘုရားက မာရ်နတ်ကြီးရဲ့ လှည့်စားမှုကြောင့် လူတွေဟာ အခုလို ရဟန်းတော် တွေကို ဆဲရေးတိုင်းထွာနေတဲ့ အနေအထားမျိုး ကြုံတဲ့ အခါ ရဟန်းတွေ စိတ်ဓာတ်ခွန်အားတွေ ခုခံမှုတွေ တိုးတက်လာအောင် ဘာလုပ်ရမလဲဆိုရင် မေတ္တာ တရားနဲ့ခုခံလို့ပြောတာ၊ ဒါ လက်တွေ့ကျင့်သုံးရမယ့် မေတ္တာတရား။ မေတ္တာတရားနဲ့ ခုခံခြင်းအားဖြင့် မိမိရဲ့စိတ်စွမ်းအားတွေ တက်လာတဲ့အပြင် တစ်ခြား ပုဂ္ဂိုလ်ရဲ့ စိတ်ကိုလည်းပဲ ပြောင်းလွဲသွားစေနိုင်တယ်၊ ပြောင်းလဲသွားသည့်အတွက်ကြောင့် ရန်သူအဖြစ်ကနေ ပြောင်းလွဲပြီး မိတ်ဆွေအဖြစ် ရောက်ရှိသွားနိုင်တယ် ပေါ့။

အဲဒါ မာရ်နတ်ကြီးက စမ်းသပ်ပြီးတော့ ဆဲခိုင်း တာ၊ ဆဲခိုင်းလည်း ရဟန်းတွေက အပြုံးမပျက်ဘူး။ အပြုံးမပျက်တဲ့အခါ သူ နည်းစနစ်တစ်ခု Technique တစ်ခုကိုပြောင်းတယ်။ ငါ ဒီနည်းနဲ့ မအောင်ဘူး၊ နောက်တစ်နည်း လုပ်ကြည့်ဦးမယ်။

ဒီကိုယ်တော်တွေ စိတ်အခြေအနေ ပြောင်းသွား အောင် ငါဘယ်လိုလုပ်ရမလဲ၊ ပြောင်းသွားအောင် လုပ်ရမယ်။ သူ့စိတ်ထဲမှာ ဆဲရင်တော့ ကိုယ်တော်တွေ စိတ်ဆိုးမှာပဲ၊ စိတ်ဆိုးရင်တော့ ပဋိပက္ခတွေဖြစ်လာမှာပဲ၊ ပဋိပက္ခတွေ ဖြစ်လာလို့ရှိရင်တော့ လူမြင်မကောင်း အောင် ဝုန်းဝုန်းဒိုင်းဒိုင်း ပြဿနာတွေ တက်လာမှာပဲလို့ သူ့စိတ်ထဲမှာ အဲဒီလို ထင်ပြီးတော့လုပ်တာ။ သို့သော် မြတ်စွာဘုရားက မေတ္တာဘာဝနာ ပွားခိုင်းထားသည့် အတွက်ကြောင့် ရဟန်းတော်တွေဟာ သူထင်သလို အခြေအနေဆိုးတွေ ဖြစ်မလာဘူးတဲ့။

ဒါနဲ့ သူက Technique တစ်ခု ပြောင်းတယ်။ ဘယ်လိုပြောင်းသွားလည်းဆိုတော့ လူတွေကို ရဟန်း သံဃာတွေကို ရိုသေအောင်၊ ပစ္စည်းလေးပါးတွေ လှူဒါန်းအောင် လုပ်တယ်၊ လုပ်သည့်အတွက်ကြောင့် ဘုရားကျောင်းကန်တွေမှာ စည်ကားလို့ လူတွေက ဘုန်းကြီး၊ ရဟန်းဆို သိပ်ရိုသေကြတယ်၊ လှူကြတယ်၊ တန်းကြတယ်၊ လေးစားကြတယ်၊ မြတ်နိုးကြတယ်၊ ဒီအခြေအနေမျိုးတွေဖြစ်လာတယ်။ ဒါလည်း အန္တရာယ် တစ်ခုပဲနော်။

ကကုသန်မြတ်စွာဘုရားက ဒီအခြေအနေကို ခုခံဖို့ ကမ္မဋ္ဌာန်းလေးရပ် ဟောတယ်။ နံပါတ်(၁) အဲဒီလို ဒကာ၊ ဒကာမတွေ သိပ်ပြီးတော့ ရိုသေလေးစား လှူဒါန်းလာတဲ့အခါမှာ ရဟန်းသံဃာတွေမှာ ဘာဖြစ် လာနိုင်တုန်းဆိုတော့ လောဘတွေ ဖြစ်လာနိုင်တယ်၊ အတွယ်အတာတွေ ဖြစ်လာနိုင်တယ်၊ များလာလို့ရှိရင် သူတို့ရဲ့ မူလအခြေအနေတွေဟာ ယို့ယွင်းပျက်စီးပြီး တော့ သွားနိုင်တယ်ပေါ့၊ ရဟန်းဘဝတွေက လျှောကျ သွားနိုင်တယ်။ အဲဒီလို အခြေအနေဆိုးတွေကို ဖြစ်ပေါ် လာစေပြန်တယ်။ အဲဒါကြောင့်မို့လို့ ကကုသန္ဓမြတ်စွာ ဘုရားက အဲဒီလို အခြေအနေဆိုးတွေ မဖြစ်အောင် ရဟန်းတွေရဲ့စိတ်ဓာတ်နှင့်ပတ်သက်ပြီး ခုခံအားတွေကို ဘာနဲ့တိုးမြှင့်ခိုင်းတုန်းဆိုရင် “ချစ်သားရဟန်းတို့၊ မင်းတို့ ဒီနေ့ကစပြီးတော့ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ အသုဘ ကမ္မဋ္ဌာန်း ကို ပွားကြ” တဲ့။

အသုဘကမ္မဋ္ဌာန်း ပွားတယ်ဆိုတာ ကိုယ့်ခန္ဓာ ကိုယ်ကိုကြည့်၊ သူများခန္ဓာကိုယ်ကိုရောကြည့်၊ ခန္ဓာ ကိုယ်ထဲမှာ (၃၂)မျိုးသော အရာတွေကို တစ်ခုစီ၊ တစ်ခုစီ ခွဲကြည့်လိုက်ရင် နှစ်သက်စရာ၊ သဘောကျ စရာဆိုတာ ဘာတစ်ခုမှ မရှိဘူး။ “ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ” စတဲ့ တစ်ခုစီ၊ တစ်ခုစီရဲ့ ရွံစဖွယ်၊ စက်ဆုပ်ဖွယ်တွေကိုသာ တွေ့ရ တယ်ဆိုတဲ့ သဘောတရားတွေကို ဆင်ခြင်စဉ်းစားဖို့။ နောက်တစ်ခု ဆင်ခြင်စဉ်းစားဖို့ရာ “(၉)ပေါက်ဒွါရ အမာ ဝက” ထွက်သမျှ မွှေးကြိုင်တဲ့အရာ ဘာတစ်ခုမှ မရှိဘူး။

မျက်လုံးကထွက်တဲ့ မျက်ရည်၊ မျက်ချေး ကြည့် မလား၊ နားကထွက်တဲ့ နဖာချေး ကြည့်မလား၊ နှာခေါင်းကထွက်တဲ့ နှပ်ချေး၊ ဘယ်က ထွက်တဲ့ဟာပဲ ဖြစ်ဖြစ်၊ သဘာဝအားဖြင့် မွှေးတာ ကြိုင်တာ၊ သန့်တာ ပြန့်တာ တစ်ခုမှမရှိဘူး။ လူတွေဟာ ကိုယ်ပါးစပ်က ထွက်တဲ့ တံတွေး ဘယ်တော့မှ သိမ်းမထားဘူး၊ ကိုယ့် ဟာကိုယ် ပြန်ကိုင်ရမှာ ရွံတယ်၊ ပါးစပ်ထဲနေရင်သာ မတတ်နိုင်လို့ ဟုတ်ရဲ့လား၊ လူတွေဟာ ကိုယ့်ခန္ဓာ ကိုယ်က ထွက်တာတွေ အားလုံးကို ရွံကြတယ်။ ဒါ သဘာဝပဲ။

သို့သော် ကိုယ်ရွံတာကို ရွံတယ်လို့ လူတွေက သိပ်ပြီးတော့ အသိအမှတ်မပြုဘူး။ ထွက်သွားတာပဲ ရွံစရာလို့ထင်တယ်၊ ကိုယ့်ခန္ဓာကိုယ်ထဲရှိနေရင် ရွံစရာ လို့ မထင်ဘူး။ မထင်သည့်အတွက်ကြောင့် ကြည့်လေ လက်သည်းလေးတွေ ဘာလေးတွေ ညှပ်လိုက်မယ် ဆိုရင် အမယ် လက်သည်း အိမ်ပေါ်တောင် မကျစေနဲ့ လို့ပြောကြတယ်။ ဒါဖြင့် လက်ထဲက လက်သည်း ကျတော့ ဘာဖြစ်လို့အိမ်ပေါ်မှာထားရတုန်း၊ ထားရုံတင် မကဘူး အရောင်လေးတွေ ဆိုးလိုက်ကြသေးတယ်၊ အရောင်တင်မကဘူး ပုံသဏ္ဍာန် ဒီဇိုင်းလေးတွေ အမျိုးမျိုး ဆိုးကြသေးတယ်။

အခုနော် ဆံပင်ဆိုလည်း ကြည့်လေ၊ ဆံပင်ထွေး ဆံပင်ချည်တွေ ထမင်းခွက်ထဲပါလာရင် ရွံလိုက်ကြတာ ထွီထွမ်နဲ့၊ သို့သော် ဒီဆံပင်လေးကို သ,ပြီးတော့ ဟုတ်လား ဖြူလာရင်တောင် အမည်းကလေး ဆိုးလိုက် ကြသေးတယ်၊ မည်းနေရင် လှမလားလို့ အနီရောင်လေး ဆိုးလိုက်ကြသေးတယ်၊ ဒီ့ထက်များ ပိုလှမလားလို့ ရွှေရောင်ဆံပင်လေး ဆိုးကြသေးတယ်။ ခန္ဓာကိုယ်ကြီးနဲ့ ရှိနေတဲ့အချိန်မှာ လှတယ်လို့ထင်ပြီးတော့ အမျိုးစုံ လုပ်နေကြပေမယ့်လို့ ခန္ဓာကိုယ်ကနေ ကျွတ်ထွက် သွားလိုက်တာနဲ့ တစ်ပြိုင်နက် မလှဘူးဆိုတဲ့ သရုပ်ဟာ ပိုပေါ်သွားတယ်ပေါ့နော်။

နှာခေါင်းထဲမှာရှိနေတဲ့ နှပ်ချေးကတော့ ကောင်း နေသယောင်ယောင် ရှိနေတယ်နော်၊ အပြင်ဘက် လည်း ထွက်ရော ဘယ်သူမှလက်မခံဘူး။ အဲဒီတော့ အပြင်ဘက်ထွက်တဲ့ နှပ်ချေးနဲ့ နှာခေါင်းထဲမှာရှိတဲ့ နှပ်ချေး အတူတူပဲ၊ မတူဘူးလား အားလုံးဟာ အတူတူ ပဲ။

အေး အဲဒီလို ခန္ဓာကိုယ်ရဲ့ မတင့်တယ်ရွံစဖွယ် တွေကို မိမိခန္ဓာကိုယ်မှာကြည့်၊ သူတစ်ပါး ခန္ဓာကိုယ် မှာလည်း ကြည့်ပြီးတော့ ပွားများအားထုတ်တဲ့ ဘာဝနာ ကို အသုဘာနုပဿနာ လို့ခေါ်တယ်တဲ့၊ မတင့်တယ် တာကို အထပ်ထပ်ကြည့်ပါလို့ မြတ်စွာဘုရားဟောတာ။ ကိုယ့်ခန္ဓာကိုယ်မှာ မတင့်တယ် ရွံစဖွယ် အခြေအနေ တွေကို အထပ်ထပ်ကြည့်ပြီး ပွားလို့ရှိရင် ခုနက တွယ်တာမှုဆိုတာတွေ မလာအောင်လို့။

ဒါတင်လားလို့ဆို မပြီးသေးဘူး၊ နောက်ထပ် ပွားရ မယ့်တရားတစ်ခုရှိသေးတယ်။ အာဟာရေပဋိကူလသညာ အစားအစာနဲ့ ပတ်သက်လာလို့ရှိရင် စက်ဆုပ် ရွံရှာဖွယ် ဆိုတာကို အမြဲတမ်း နှလုံးသွင်းဖို့ ကကုသန္ဓ မြတ်စွာဘုရားက ညွှန်ပြတယ်၊ စက်ဆုပ်ရွံရှာဖွယ်ကို တွေးပါတဲ့။ ခန္ဓာကိုယ်ထဲမှာ ဒါမျိုးတွေ ရှိနေတယ် ဆိုတာကို သတိထားပါတဲ့။

ဟော၊ နောက်တစ်ခုက သဗ္ဗလောကေ အနဘိရတိသညာ လောကကြီးတစ်ခုလုံးဟာ ပျော်စရာ မကောင်းဘူး၊ နှစ်သက်စရာမကောင်းဘူး၊ ကျေနပ်စရာ မကောင်း ဘူး။ ဘာဖြစ်လို့တုန်းဆိုရင် လောကကြီးဟာ ပြဿနာတွေနဲ့ ပြည့်နေတာပဲ။ ကိုယ့်ဘဝနဲ့ ကိုယ့်ကိုယ် ကိုပဲ ပြန်ကြည့်လိုက်။ လူရယ်လို့ ဖြစ်လာပြီးတဲ့နောက် တစ်နေ့တစ်ခြား အိုလာတာ၊ ဒါအကြီးအကျယ်ပြဿနာ ပဲပေါ့၊ အိုလာပြီးတဲ့နောက်မှာ ရောဂါဖြစ်မယ်၊ ရောဂါ ဖြစ်တယ် သေတယ်၊ ဒီပြဿနာက ဘယ်သူမှ ရှောင်လွဲ လို့ မရဘူး။ ဒါကြောင့်မို့ လောကကြီးကို ခြုံငုံကြည့်မယ် ဆိုရင် ကျေနပ်စရာ တစ်ခုမှမရှိဘူး၊ ပျော်စရာတစ်ခုမှ မရှိဘူးဆိုတဲ့ အနေအထားကို ဆင်ခြင်စဉ်းစားကြည့်ပါ လို့ ဒီလိုဆိုလိုတယ်။

ဟော နောက်တစ်ခုက အနိစ္စသညာ သင်္ခါရတရား တွေရဲ့ မမြဲတဲ့ သဘောကိုလည်း အမြဲတမ်း ဆင်ခြင် စဉ်းစားကြည့်ပါ။ ဟုတ်တာပေါ့၊ သင်္ခါရတရားဆိုတာ အခုဖြစ်လာပြီးတဲ့နောက် အခုပျက်တယ်၊ အကြောင်း ရှိလို့ အကျိုးတရား ဖြစ်ပေါ်နေတယ်၊ အကြောင်း အေး ဒါကြောင့်မို့ ဘုန်းကြီးတို့ နေ့စဉ်နှင့်အမျှ လောကမှာ ကြုံတွေ့နေကြတဲ့အခါ အဆိုးတွေနဲ့ ကိုယ့်ကိုမလိုမုန်းထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ကြုံတဲ့အခါ၊ ပတ်ဝန်းကျင်အဆိုးနဲ့ ကြုံတဲ့အခါ မေတ္တာဘာဝနာ များများပွားဖို့ လိုအပ်တယ်။ အကောင်းတွေနဲ့ချည်း ကြုံတဲ့အခါလည်း သင်္ခါရသဘောတရားတွေရဲ့ မမြဲတဲ့ သဘောတွေ၊ ခန္ဓာကိုယ်ကြီးရဲ့ မတင့်တယ်တဲ့သဘော တွေ၊ သေခြင်းတရားတွေ ဒါတွေကို ဆင်ခြင်စဉ်းစားဖို့ အင်မတန်မှ အရေးကြီးတယ်။ အဲဒီလို ဆင်ခြင် စဉ်းစား ပြီး လေ့ကျင့်ပေးခြင်းသည် ခုခံအားကို မြှင့်တင်ပေးခြင်း ပဲ ဖြစ်ပါတယ်။

ခုခံအားကို ဒီနည်းစနစ်နဲ့ မြှင့်တင်ပေးခြင်းဖြင့် ထိုပုဂ္ဂိုလ်မှာ ဆေးနဲ့ဖြေရှင်းလို့ ဆေးစွဲသွားတာမျိုး ဆိုတာလည်းမဖြစ်ဘူး၊ အခြေအနေတစ်ခု လွဲမှားသွား တာမျိုးဆိုတာလည်း မဖြစ်ဘူး၊ လုပ်မိပြီးတဲ့နောက်မှ လုပ်မိလေခြင်းလို့ နောင်တဖြစ်စရာလည်း တစ်ခုမှ မရှိဘူးတဲ့။ ဒါကြောင့်မို့ ဒီနည်းလမ်းတွေနဲ့ မြတ်စွာ ပျက်သွားတာနဲ့ တစ်ပြိုင်နက် အကျိုးတရားလည်း ချက်ခြင်းပျက်သွားမယ်၊ ဖြစ်ပေါ်လာပြီးတဲ့နောက်မှာ လည်းပဲ လုံးဝချုပ်ငြိမ်းသွားတယ်ဆိုတဲ့ ဒီသဘောတရား တွေဟာ အထင်အရှား ရှိပြီးတော့နေတယ်။ ဒါကြောင့် မို့လို့ ဒါတွေကို ဆင်ခြင်စဉ်းစားပြီးတော့ ကြည့်ပါလို့ ဆိုလိုတယ်။ နောက်ဆုံးမှာ မရဏသညာ သေခြင်း သဘောတရားကို ဆင်ခြင်စဉ်းစားပြီး ကြည့်ရမယ်။

ဒီကမ္မဋ္ဌာန်း(၄)မျိုး ကိုယ့်သန္တာန်မှာ ပွားများ အားထုတ်လိုက်မယ်ဆိုရင် ခုနပြောခဲ့တဲ့ ပစ္စည်း တွယ်တာမှု၊ လူတွယ်တာမှုဆိုတဲ့ တွယ်တာမှုတွေ အားလုံး ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ အဲဒါတွေနဲ့ မငြိ မတွယ်တဲ့ အတွက်ကြောင့် စိတ်ဓာတ်ရဲ့ခွန်အားတွေ တက်ကြွပြီး လောကကြီးမှာ ပျော်စရာလို့ ထင်လာတဲ့ အတွေးတွေ မတွေးမိအောင် မြတ်စွာဘုရားက ဒီ ကမ္မဋ္ဌာန်းတွေကို ရှုခိုင်းတာ။ မတွယ်တာမိအောင် ဆိုပြီးတော့ ရှုခိုင်းတာ။ ဒါလည်းပဲ စိတ်ဓာတ်ရဲ့ ခုခံအား တစ်မျိုးပဲ ဒါတွေနဲ့ခုခံပါလို့ ဒီလိုဟောတာ။

ဘုရားက ခုခံကာကွယ်ဖို့ဆိုပြီး ကကုသန္ဓ မြတ်စွာဘုရား က တပည့်ရဟန်းတွေကို ဟောကြား ဆုံးမခဲ့တာ ဖြစ်ပါ တယ်။ အဲဒီလို ဆုံးမဟောကြားတဲ့အတိုင်း လိုက်နာကြလို့ ဒုဿီမာရ်နတ်ကြီးရဲ့လုပ်ရပ်တွေ တစ်ခုမှ မအောင်မြင် ဘူး။

မအောင်မြင်တော့ ဘာလုပ်သလဲဆိုရင် တစ်နေ့ ကျတော့ ဒုသီမာရ်နတ်ကြီးက မြတ်စွာဘုရားနဲ့ အဂ္ဂသာဝက(၂)ပါး (ရှင်ဝိဓုရ၊ ရှင်သဉ္ဇီဝ) ဘုရား နောက်ကလိုက်ပြီး ဆွမ်းခံကြွတဲ့အချိန် အရပ်ထဲက ကလေးတွေကို ဝင်ပူးပြီးတော့ ဆွမ်းခံကြွလာတဲ့ ရဟန်းတော်တွေကို ခဲနဲ့ပေါက်ခိုင်းတယ်၊ ခဲတစ်လုံးက ရှင်ဝိဓုရခေါင်းကို ထိမှန်လိုက်တာ ခေါင်းကွဲပြီး သွေးတွေ ဖြိုင်ဖြိုင်ကျသွားတယ်။ အဲဒီလို ရှင်ဝိဓုရ ခဲမှန်လို့ ခေါင်းကွဲသွားတဲ့အခါမှာ ကကုသန္ဓ မြတ်စွာဘုရားက ပြန်လှည့်ကြည့်ပြီး ဘာမိန့်လဲဆိုတော့ “ဟေး၊ ဒုသီမာရ်နတ်၊ မင်းရဲ့လုပ်ရပ်တွေဟာ လွန်ကုန် ပြီ” လို့ ဒီတစ်ခွန်းပဲ ပြောလိုက်တာနော်။ မင်းရဲ့လုပ်ရပ် တွေ လွန်ကုန်ပြီ၊ အကုသိုလ်တွေ မင်းမှာ အများကြီး ဖြစ်သွားပြီလို့ ဒီစကားတစ်ခွန်း ပြောလိုက်တာနဲ့ သူ့လုပ်ရပ်ကြောင့် ဒုသီမာရ်နတ်ကြီးဟာ ချက်ချင်း မြေမြိုပြီး အဝီစိငရဲရောက်သွားတယ်။

ဒီစကားတွေကို ဘယ်သူက ပြန်ပြောတာလဲဆိုရင် ရှင်မောဂ္ဂလာန်ကိုယ်တိုင် ပြန်ပြောခဲ့တာ။ သူက ဒုသီမာရ်နတ်ဖြစ်ခဲ့တယ်၊ ဒုသီမာရ်နတ်ဖြစ်ခဲ့တုန်းက ဒီလိုလုပ်ခဲ့တယ်။ ဒီလိုလုပ်လို့ သူ ငရဲခံရတယ်ဆိုတဲ့ အကြောင်းကို အခုလက်ရှိ မာရ်နတ်ကြီးကို ပြန်ပြော ပြတဲ့ မာရတဇ္ဇနိယသုတ်ကို ဘုန်းကြီးတို့က အကျဉ်းချုပ် ဟောကြားတာဖြစ်ပါတယ်။

ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်တို့ သည် မိမိတို့ရဲ့စိတ်ဓာတ်နဲ့ဆိုင်ရာ ခုခံစွမ်းအားတွေ မြင့်တက်လာအောင် ပတ်ဝန်းကျင် အခြေအနေ အရပ်ရပ်ကို ရှုမြင်သုံးသပ်ပြီး ဆန့်ကျင်ဘက်တွေ ပေါ်ထွန်းလာလို့ရှိရင် ဒီကနေ့ခေတ်လို Terrorism ဆိုတဲ့ အကြမ်းဖက်မှုတွေပေါတဲ့ လောကကြီးမှာ မေတ္တာဘာဝနာ များများပွားဖို့ လိုအပ်ပါတယ်တဲ့။

ဒီကနေ့ခေတ် Global Warming တစ်ကမ္ဘာလုံး ပူနွေးလာတယ်ဆိုတာ ပြင်ပက အကြောင်းတွေကြောင့် ချည့် မဟုတ်ဘူး။ လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ အပူတွေကြောင့်လည်း ကမ္ဘာကြီးဟာ ပူနွေး လာတာဖြစ်တယ်။ ဒါကြောင့် အေးချမ်းတဲ့ မေတ္တာ တရားကို ကြိုးစားပွားများ အားထုတ်ကြပါ။

တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် ကကုသန္ဓ မြတ်စွာဘုရား ကိုယ်တော်မြတ် ဟောကြား ဆုံးမတဲ့အတိုင်း ဒီဘာဝနာတရားများကို အချိန်အခါ အားလျော်စွာ အားထုတ်ပြီး မိမိတို့ ဘဝခရီးမှာ စိတ်ဓာတ်ပျက်စီးမှု မရှိအောင်၊ စိတ်ဓာတ်ခွန်အားတွေ တက်လာအောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြ ပါစေကုန်သတည်း။

နနန

4n5pvi3w4kkzcbgwho2epf7vrmu3u3s
ကျေးဇူးသိခြင်း
0
5900
22139
21643
2026-06-15T03:24:07Z
Tejinda
173
22139
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ကျေးဇူးသိခြင်း
| previous = [[ခုခံစွမ်းအား]]
| previous2 =
| next = [[အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ကျေးဇူးသိခြင်း

မှတ်တမ်း

၁၃၇၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကိုင်းတန်းလမ်း၊ အမှတ်(၆၈)၊ ကျေးဇူးရှင်ဖခင်ကြီး ဦးမောင်မောင်အား ရည်စူး၍ မိခင်ကြီး ဒေါ်နန်းတွီအား အမှူးထားလျက် ဦးအောင်ဖေမောင်၏ (၅၀)နှစ်ပြည့် ရွှေရတုမွေးနေ့အမှတ်တရ ကုသိုလ်အဖြစ်ဖြင့် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် မွေးနေ့အလှူတော်မင်္ဂလာ အခမ်းအနား၌ ဟောကြားအပ်သော “ကျေးဇူးသိခြင်း” အကြောင်း တရားဒေသနာတော်။

“ကျေးဇူးသိတယ်” ဆိုတာကို မြတ်စွာဘုရားက သူတော်ကောင်းရဲ့ အမှတ်အသားလက္ခဏာအဖြစ်ဖြင့် သုတ္တန်တစ်ခုမှာ ဟောကြားပြီး မင်္ဂလသုတ္တန်မှာ ကောင်းကျိုးချမ်းသာမင်္ဂလာတွေကို ဖြစ်ပွားစေနိုင်တဲ့ အကြောင်းတရားအဖြစ်ဖြင့် ဟောကြားတော်မူခဲ့တယ်။

ကျေးဇူးဟူသော စကားလုံး ဆင်းသက်လာပုံ

“ကျေးဇူးသိခြင်း” ဆိုတဲ့ စကားလုံးဟာ ပါဠိနဲ့ ဆက်သွယ်နေတဲ့ စကားလုံးတစ်လုံးပဲ။ ကျေးဇူးဆိုတဲ့ စကားလုံးက ပါဠိလို “ကတညူ” မှ “ကျေးဇူး” ဆိုတဲ့ မြန်မာစကား ဖြစ်လာတယ်။ ဘယ်လိုဖြစ်လာသလဲ ဆိုတော့ “ကတ” ကို အိန္ဒိယသားတို့က ရရစ်ထည့်ပြီးတော့ “ကြတ” လို့ ဖတ်တယ်။ အဲဒီ “ကြ” ကို မြန်မာလူမျိုးတွေက “ကြ” လို့ပဲ ဖတ်ကြတယ်။ အဲဒီ “ကြတ” ဆိုတာ တစ်စုံတစ်ယောက်က ကိုယ့်အပေါ်မှာ တစ်ခုခု ကူညီလုပ်ကိုင်ပေးတာ၊ လုပ်ကိုင်ပေးတယ်ဆိုတာ သူ့စေတနာနဲ့သူ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာ။ တစ်ယောက်ယောက်က ကိုယ်နဲ့ ပတ်သက်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်ပေးမှုကို “ကရ်တ“လို့ ခေါ်တယ်။ နောက်က “ညူ” ဆိုတဲ့ စကားလုံးကို အိန္ဒိယမှာ “ဂျညူ“လို့ ဖတ်တယ်။ အိန္ဒိယနိုင်ငံမှာသုံးတဲ့ စကားလုံးက “ဂျညူ“။ အဲဒါနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ “ကြတဂျညူ” လို့ ဒီလိုဆိုတဲ့စကားက “ဂျညူ“ဆိုတဲ့ စကားကို မြန်မာတွေက “ဇူ” လို့ပဲ ဖတ်လိုက်တာပေါ့။ “ဂျညူ” လို့ မဖတ်တော့ဘူး၊ “ဇူ” လို့ပဲ ဖတ်တယ်။ အဲဒီလို ဖတ်ရင်းကနေပြီးတော့ ပါဠိစကားစစ်စစ် “ကတညူ” ဆိုတဲ့ စကားလုံးဟာ မြန်မာစကား “ကျေးဇူး” ဆိုတဲ့ အသံဖက်ကို ပြောင်းလာတယ်လို့ ဒီလိုပြောကြတယ်။

ကျေးဇူးဟူသည်

ဘယ်လိုပဲဖြစ်ဖြစ် “ကျေးဇူး” ဆိုတာ ဘာလဲလို့ ဆိုရင်၊ တစ်စုံတစ်ယောက်က ကိုယ့်အပေါ်မှာ ကူညီစောင့်ရှောက်ဖူးတာ၊ လုပ်ကိုင်ပေးဖူးတာ၊ ကိုယ့်မှာ အကျိုးဖြစ်မယ့် အရာတစ်ခု ဖြစ်ပေါ်စေခဲ့တာကို “ကျေးဇူး“။ သူ့ရဲ့လုပ်ဆောင်မှုကို အသိအမှတ်ပြုခြင်း၊ သိခြင်းကိုပဲ “ကျေးဇူးသိခြင်း” လို့ ပြောတာပဲ။ လူတစ်ယောက်က ကိုယ့်အပေါ်ကို လုပ်ပေးတာကို အသိအမှတ်ပြုတာ၊ အသိအမှတ်ပြုတယ်ဆိုတာ အင်မတန်မှ အရေးကြီးတယ်။

အသိအမှတ်ပြုသူနှင့် မပြုသူ

လောကလူတွေက အသိအမှတ်မပြုတဲ့သူတွေက များတယ်ပေါ့။ အသိအမှတ်မပြုဘူးဆိုကတည်းက မသိတာလည်း ပါတယ်။ မသိဘူးဆိုကတည်းက အကောင်းမမြင်နိုင်ဘူးပေါ့။ သိတယ်ဆိုတာ လိမ္မာယဉ်ကျေးသူတို့ရဲ့ အရည်အချင်းတစ်ခုပဲပေါ့။ သိတာနဲ့ မသိတာ ဒီနှစ်ခုဟာ မသိဘူးဆိုတာဟာ “မောဟ“။ သိတယ်ဆိုတာ “ပညာ“။ ဘာကိုပဲသိသိ သိတယ်ဆိုတဲ့ဟာက တိုးတက်မှုတစ်ခုပဲ၊ တန်ဖိုးရှိတဲ့ အရာတစ်ခု။ အဲဒီတော့ “ကျေးဇူးကိုသိတယ်” ဆိုတဲ့နေရာမှာ ကိုယ့်အပေါ်မှာ တစ်စုံတစ်ဦးက အကျိုးဖြစ်ထွန်းအောင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကိုယ့်အပေါ်မှာ ကူညီစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးကို အသိအမှတ်ပြုတယ်။

သိတယ်ဆိုတာ တကယ်ကို စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ နှလုံးသားထဲမှာရှိတဲ့ သဘာဝတရားတစ်ခု။ ဒါကြောင့်မို့ မြတ်စွာဘုရားက “ကျေးဇူးသိတယ်ဆိုတာ သူတော်ကောင်းတွေရဲ့ အရည်အချင်းတစ်ခုပဲ” တဲ့။ လူတော်လူကောင်းမှ ဒီလို တစ်ဦးတစ်ယောက်ရဲ့ ကျေးဇူးပြုမှုကို အသိအမှတ်ပြုတာ။

အဲဒီလို အသိအမှတ် မပြုဘူး၊ တစ်ချို့တစ်ဝက် အသိအမှတ်ပြုတယ်၊ လုံးဝအသိအမှတ်မပြုဘူးဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ မသိဘူး။ အသိအမှတ်မပြုဘူးဆိုကတည်းက သူက မသိတဲ့ပုဂ္ဂိုလ်ပဲ။ ဘာမှ အသိအမှတ်မပြုတော့ သူက ဘာမှမသိတဲ့ပုဂ္ဂိုလ်။ အဲဒီတော့ သိတဲ့ပုဂ္ဂိုလ်နဲ့ မသိတဲ့ပုဂ္ဂိုလ်ဆိုတာ အင်မတန်မှ ကွာခြားတယ်။ ဘယ်အရာကိုပဲသိသိ သိတဲ့တန်ဖိုးက အင်မတန်မှ ကြီးမားတယ်။

မိတ်ဆွေနှင့် မိတ်ဆွေစိတ်ဓာတ်

လောကလူတွေဟာ အချင်းချင်း အပြန်အလှန် မှီတင်းပြီး အသက်ရှင်ကြရတယ်။ အသက်ရှင်ကြတဲ့အခါ “တစ်ဦးကျေးဇူး တစ်ဦးမှာ” လို့ပြောကြတယ်ပေါ့။ ကျေးဇူးတရားဆိုတာ အသီးသီး လူတိုင်းလူတိုင်းမှာ ရှိနေကြတယ်ပေါ့။ တစ်စုံတစ်ယောက်က စတင်ပြီး ကူညီတယ်၊ စောင့်ရှောက်တယ်၊ တစ်ဖက်သားရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတယ်ဆိုတာ အဲဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဘာဖြစ်တာတုန်းဆိုတာ “မေတ္တာ” ဖြစ်တာ။ သူ့ရဲ့ ရင်ထဲနှလုံးထဲမှာရှိတဲ့ မေတ္တာဟာ တစ်ဖက်သားရဲ့ အကျိုးစီးပွားကို လိုလားတဲ့စိတ်ဓာတ်ကလေးပေါ့။ အမုန်းကင်းစင်ပြီးတော့ တစ်ဖက်သားရဲ့ အကျိုးစီးပွားကို လိုလားတဲ့သဘောထား၊ အဲဒီတစ်ဖက်သားရဲ့ အကျိုးစီးပွားကို လိုလားတဲ့သဘောထားကိုပဲ မိတ်ဆွေရဲ့စိတ်ဓာတ် “မေတ္တာ” လို့ ဒီလိုပြောတာနော်။ မိတ်ဆွေဆိုတာ တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင် ခင်မင်တာ၊ ခင်မင်သူအချင်းချင်းဟာ မိတ်ဆွေ။ အဲဒီ “မိတ်ဆွေရဲ့စိတ်ဓာတ်” ကို “မေတ္တာ” လို့ ခေါ်တာ။

အဲဒီတော့ တစ်ဖက်ကကြည့်မယ်ဆိုရင် မေတ္တာဆိုတာ ဘာတုန်းဆိုရင် မေတ္တာဆိုတာ အဘိဓမ္မာသဘောအရ ဒေါသကိုဖယ်ရှားပစ်နိုင်တဲ့ (သို့မဟုတ်) အမုန်းတရားကို ဖယ်ရှားပစ်နိုင်တဲ့ “အဒေါသ” ဆိုတဲ့ သဘာဝတရားတစ်ခုပဲ။ အဲဒီ “အဒေါသ” ဆိုတာ အမုန်းတရားကင်းစင်တဲ့ သဘာဝတရား၊ မေတ္တာတရား။

ဒီတရား ကိုယ့်ရင်ထဲနှလုံးထဲမှာ ရှိလာပြီဆိုလို့ရှိရင် မည်သူ့ကိုဖြစ်စေ သူက စတင်ပြီးတော့ ကူညီဆောင်ရွက်ပေးတယ်၊ ကျေးဇူးပြုတယ်၊ တစ်ဖက်သားရဲ့ လိုအပ်ချက်ကို ကြည့်ပြီးတော့ ဖြည့်ဆည်းပေးလိုတဲ့ စိတ်ဓာတ်တွေ ပေါ်လာတယ်။

အဲဒီလို စိတ်ဓာတ်ကို အကြောင်းပြုပြီး “ကတ” တစ်ခုခု လုပ်ပေးတယ်ဆိုတာ ဖြစ်လာတာ။ အဲဒီတော့ သာမန်အားဖြင့်ဖြစ်တာ၊ အဲဒီလိုစိတ်ဓာတ်ကို အရင်းခံပြီးတော့ လုပ်ပေးတာဟာ အင်မတန်မှတန်ဖိုးရှိတယ်။

ဟန်ဆောင်ခြင်း

နောက်ပိုင်းကျတော့ အဲဒီလိုစိတ်ဓာတ် မဟုတ်ဘဲနဲ့ တစ်စုံတစ်ခုကို မျှော်လင့်ပြီးတော့ လုပ်ပေးတာရော မရှိဘူးလားဆိုတော့ ရှိတယ်။ အဲဒီအခါကျတော့ သန့်စင်တဲ့အရာ မဟုတ်ဘူး၊ ဟန်ဆောင်တာဖြစ်သွားတယ်။ အဲဒါကျတော့ ကိုယ်ရဲ့ အတွင်းနှလုံးသားကို ဖုံးကွယ်လျှို့ဝှက်ထားပြီး အပြင်ပန်းအနေနဲ့ မေတ္တာရှိသူတို့ရဲ့ ပြုမူဆောင်ရွက်မှုကို လုပ်တယ်၊ ဒါကျတော့ ဟန်ဆောင်တာလို့ ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့။

နှလုံးသားသန့်စင်မှု မရှိသည့်အတွက်ကြောင့်၊ သူ့ရဲ့ပြုမူမှုကြောင့် တစ်ဖက်သားဟာ အကျိုးရှိသွားသော်လည်း အဲဒီ စတင်ပြုလုပ်တဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ထဲနှလုံးသားထဲမှာ သန့်ရှင်းမှုမရှိသည့်အတွက်ကြောင့် သူကတော့ မေတ္တာကင်းလျက် ဟန်ဆောင်ပြုလုပ်ခြင်းလို့ ဒီလိုပဲ အဓိပ္ပာယ်ရတယ်၊ အဲဒီတော့ သူ့အတွက် အကျိုးမရှိဘူး။ သို့သော် ဘယ်လိုပဲလုပ်လုပ် တစ်ဖက်သားအတွက် ကောင်းကျိုးချမ်းသာ ဖြစ်စေတတ်တဲ့ အလုပ်ဆိုရင် တစ်ဖက်သားမှာတော့ အကျိုးရှိသွားတယ်။

အခုဆိုလိုတာက နှစ်ဦးဆိုပါတော့၊ တစ်ဦးက တကယ့်မေတ္တာနဲ့လုပ်တယ်၊ နောက်တစ်ဦးက ဟန်ဆောင်ပြီးတော့လုပ်တယ်။ အဲဒီတော့ ကျန်တဲ့တစ်ဖက်သားက သူလုပ်ပေးတာကို ရတယ်။ အဲဒီလိုရတဲ့အခါမှာ သူ့အနေနဲ့ကတော့ နှစ်ဦးလုံးကိုပဲ ကျေးဇူးတင်ရမယ့်သဘောရှိတယ်ပေါ့။ သူ့ရဲ့လုပ်ရပ်ကြောင့် ကိုယ့်မှာအကျိုးဖြစ်ထွန်းလာတယ်၊ နှစ်ဦးလုံးကို ကျေးဇူးတင်ရမယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ သူ့အနေနဲ့က ဘယ်လိုပဲလုပ်ပေးလုပ်ပေး ရလာတဲ့အကျိုးက သူခံစားရတာကိုး။ ခံစားရတာကို အကြောင်းပြုပြီးတော့ သူ့အနေနဲ့ကတော့ မေတ္တာနဲ့လုပ်ပေးတယ်၊ သို့မဟုတ် တစ်ခြားနည်းနဲ့လုပ်ပေးတယ်လို့ တွက်စရာမလိုဘူး။ ကိုယ့်အပေါ်မှာ ကောင်းကျိုးချမ်းသာရအောင် ဆောင်ရွက်ပေးလို့ရှိရင် ဒါ ကျေးဇူးတင်ထိုက်တယ်လို့ပဲ ဒီလိုပြောရတာပေါ့။

သက်မဲ့လည်း ကျေးဇူးရှိတယ်

မြတ်စွာဘုရားက သက်ရှိသတ္တဝါအချင်းချင်းတောင် မကဘူး၊ သစ်ပင်တစ်ပင်အောက်မှာ အရိပ်ခိုဖူးလို့ရှိရင် အဲဒီသစ်ပင်က ကိုယ့်ကို အေးမြစေတယ်၊ အဲဒီသစ်ပင်က ကိုယ့်ကို အေးမြအောင် လုပ်ပေးတဲ့ ကျေးဇူးတရားကို သိရမယ်လို့ ဒီလိုဟောတယ်။ ဆိုလိုတာကတော့ ကိုယ့်အပေါ်မှာ အကျိုးဖြစ်ထွန်းအောင်လုပ်ရင် သက်ရှိသက်မဲ့ အရာခပ်သိမ်းကို ကျေးဇူးတင်ရတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်။ အသိအမှတ်ပြုတဲ့သဘောကို ပြောတာနော်၊ ကိုယ့်အတွက် အကျိုးဖြစ်ထွန်းလာလို့ရှိရင် အသိအမှတ်ပြုရမယ်။

ဒါ စာပေကျမ်းဂန်တွေထဲမှာ တိုက်ရိုက်ရှိတယ်။ “ယဿ ရုက္ခဿ ဆာယာယ၊
နိသီဒေယျ သယေယျ ဝါ”
သစ်ပင်ရိပ်ကလေးအောက်မှာ ထိုင်နေဖူးတယ်၊ အိပ်နေဖူးတယ်။ အဲဒီသစ်ပင်အရိပ်ကလေးက ကိုယ့်ကို အကျိုးပြုခဲ့ဖူးတယ်ဆိုရင် “န တဿ သာခံ ဘေဉ္ဇယျ” အဲဒီသစ်ပင်ရဲ့ အခက်ကို မချိုးဖဲ့ပစ်ရဘူးတဲ့၊ ဒီလိုပြောတာ။ အဲဒီလို ချိုးဖဲ့ပစ်ရင် ဘာဖြစ်သလဲဆိုရင် မိတ်ဆွေကို ပြစ်မှားရာ ရောက်တယ်တဲ့၊ ဒါလည်း သဘာဝတရားရဲ့ တုန့်ပြန်မှုဆိုတာကို အသိအမှတ်ပြုတာပဲ။

လူနှင့် ပတ်ဝန်းကျင်

ဒီနေ့ခေတ်လူတွေဟာ မစဉ်းစားကြလို့၊ လူနဲ့ပတ်ဝန်းကျင်ဆိုတာရှိတယ်။ လူတွေ အသက်ရှင်သန်နေတာ ဘာကြောင့်လဲ? အပြန်အလှန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် သဘာဝ တောတောင်ရေမြေတွေဟာ လူတွေ အသက်ရှင်ဖို့အတွက် အထောက်အကူအများကြီး ပေးတယ်။ ဘယ်လိုအထောက်အကူပေးတုန်းဆိုတော့ သိပ္ပံဆရာတွေပြောတာတော့ အများကြီးပေါ့၊ ကိုယ့်ဟာကိုယ်ကြည့်ဖို့ရာက ဒီသစ်ပင်တွေက လူတွေ အသက်ရှင်ဖို့အတွက် အင်မတန်တန်ဖိုးရှိတဲ့ အောက်စီဂျင်တွေပေးတယ်လို့၊ နောက် သစ်ပင်တွေကို အမှီပြုပြီးတော့ လူတွေသောက်သုံးဖို့ရေကို ရရှိစေတယ်၊ မိုးကိုရွာချစေပြီး ရေကိုရရှိစေတယ်၊ ဒီသစ်ပင်တွေရှိခြင်းအားဖြင့် ရာသီဥတုကို ထိန်းသိမ်းပြီး အေးမြစေတယ်၊ ဒီကနေ့ခေတ်က ဒါတွေကို ပိုအသိအမှတ်ပြုလာကြပြီ၊ အသိအမှတ်ပြုလာသည့်အတွက်ကြောင့် ဘာတွေလုပ်လာတုန်းဆိုတော့ “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး” ဆိုပြီး လုပ်လာကြတယ်။ ဒါတကယ်ပြောမယ်ဆိုလို့ရှိရင် လူနဲ့ပတ်ဝန်းကျင်ဆိုတာ ဆက်စပ်ပြီးတော့နေတယ်။

အဲဒီလို ဆက်စပ်ပြီးနေလို့ ကြည့်လေ၊ ဘုရားတောင်မှပဲ မွေးဖွားတဲ့အချိန်တုန်းကလည်း သစ်ပင်အောက်မှာ မွေးတယ်၊ တောထွက်ပြီး တရားကျင့်တဲ့အခါမှာလည်း သစ်ပင်အောက်မှာပဲ တရားကျင့်တယ်၊ နောက်တစ်ခါ ဓမ္မစကြာတရားဟောတာလည်း သစ်ပင်အောက်မှာပဲ ဟောတာ၊ နေတဲ့ထိုင်တဲ့အခါမှာလည်း “ဇေတဝန” လို့ခေါ်တဲ့ တောကြီးထဲမှာပဲ နေတာပဲ၊ များသောအားဖြင့် မြတ်စွာဘုရားဟာ သစ်ပင်အောက်မှာနေတယ်။ ဒါကြောင့်မို့ ကမ္မဋ္ဌာန်းတရားအားထုတ်ဖို့ ညွှန်ကြားတဲ့နေရာတိုင်းမှာ “ရုက္ခမူလဂတောဝါ” သစ်ပင်ရင်းရောက်နေတဲ့အခါမှာ ဖြစ်စေဆိုတာ ပါတယ်၊ အဲဒီလို သစ်ပင်ကို တန်ဖိုးထားတဲ့သဘောတွေဟာ အင်မတန်မှ ထင်ရှားတယ်။ နောက်ဆုံးပရိနိဗ္ဗာန်စံတော့လည်း သစ်ပင်အောက်မှာပဲ၊ မြတ်စွာဘုရားရဲ့ဘဝနဲ့ သစ်ပင်၊ သစ်ပင်ရဲ့ အကျိုးပြုမှုဟာ ဆက်စပ်နေတယ်။

တစ်ဖက်ကကြည့်မယ်ဆိုရင် မြတ်စွာဘုရားဟာ “ဒီသဘာဝသစ်ပင်တွေရဲ့တန်ဖိုးကို အင်မတန်မှ အသိအမှတ်ပြုတယ်” လို့ ဒီလိုပြောရမယ်၊ သာသနာ့ဘောင်ဝင်လာတဲ့ ရဟန်းတစ်ပါးကို မြတ်စွာဘုရားက ဘယ်လိုညွှန်တုန်းဆိုတော့ (ဒီနေ့ခေတ်အထိအောင်ပဲ ဒုလ္လဘရဟန်းခံခဲ့တဲ့ပုဂ္ဂိုလ်တွေ ကြားဖူးတယ်) “ရုက္ခမူလသေနာသနံ နိဿာယ ပဗ္ဗဇ္ဇာ” တဲ့၊ “သစ်ပင်ရင်းတည်းဟူသော အကြောင်းကို မှီတင်းနေထိုင်ဖို့ရန် ရဟန်းဘဝကို ငါခွင့်ပြုတာ၊ ဒါကြောင့်မို့ သစ်ပင်အောက်မှာ နေနိုင်အောင်ကြိုးစား” လို့ ဒီလိုဆိုတာ၊ အသက်ထက်ဆုံး နေနိုင်အောင်ကြိုးစားပါလို့၊ ဒါသစ်ပင်ကို တန်ဖိုးထားတဲ့ အဓိပ္ပာယ်မျိုးပေါ့။

ဒီနေ့ခေတ်မှာကျတော့ လူတွေက ဒီကျေးဇူးတရားတွေကိုမေ့လျော့ပြီးတော့ သစ်ပင်တွေကို ခုတ်လှဲပစ်ကြတယ်၊ ကိုယ့်ကို အကျိုးပြုနေသောအရာတွေကို ဖျက်ဆီးပစ်လိုက်ကြတယ်၊ ကိုယ့်ကို အကျိုးပြုနိုင်တဲ့ အရာတွေဟာ ပျောက်ကွယ်သွားပြီး ကိုယ့်ကို အကျိုးမပြုနိုင်တဲ့ အရာတွေ ဖြစ်ပေါ်လာတယ်။ ကိုယ့်ကို အကျိုးမပြုနိုင်တဲ့ အရာတွေဟာ ရှေ့တန်းရောက်လာပြီး လူတွေဟာ ဒုက္ခရောက်လာကြတယ်၊ ဆက်စပ်မှုလေးကို ပြောပြတာနော်။

ဘယ်အရာပဲဖြစ်ဖြစ် ကောင်းကျိုးချမ်းသာဖြစ်ပွားစေတတ်တယ်ဆိုတာတွေကို အားလုံး အသိအမှတ်ပြုကြရတယ်ပေါ့။ မြတ်စွာဘုရားဟောတဲ့ ပစ္စည်းလေးပါး- စားစရာရယ်၊ ဝတ်စရာရယ်၊ နေစရာရယ်၊ မကျန်းမာရင် ဆေးဝါးရယ်၊ ဒီလေးမျိုးကို “ပစ္စယ” လို့ ခေါ်တယ်၊ “ပစ္စယ” ကို မြန်မာတွေက ပစ္စည်းလို့ ဘာသာပြန်ကြတယ်၊ “ပစ္စယ” ရဲ့ အဓိပ္ပာယ်က ဘာတုန်းဆိုလို့ရှိရင် အသက်ရှည်ဖို့အတွက် ထောက်ပံ့ကူညီတဲ့ အရာများလို့ ဒီလိုပြောတယ်။ လူဟာစားစရာမရှိရင်လည်း အသက်ရှည်မှာမဟုတ်ဘူး၊ ဝတ်စရာမရှိဘူးဆိုရင်လည်း အသက်မရှည်နိုင်ဘူး၊ နေစရာမရှိဘူးဆိုလည်း အသက်မရှည်နိုင်ဘူး၊ မကျန်းမာရင် ဆေးဝါးဆိုတာ မရှိရင်လည်း အသက်မရှည်နိုင်ဘူး။

အဲဒီတော့ လူ့ဘဝမှာ အဝတ်ဝတ်တယ်ဆိုတာ အပူဒဏ် အအေးဒဏ်ကာကွယ်ဖို့ ဝတ်တာ၊ ဒါဖြင့် အဝတ်မဝတ်တဲ့ပုဂ္ဂိုလ်တွေ၊ ဝတ်လစ်စလစ်နဲ့နေတဲ့ပုဂ္ဂိုလ်တွေရောဆိုတော့ သူတို့လည်း အေးတဲ့အချိန်မှာ အကာအကွယ်တော့ လုပ်ရတာပဲ၊ မလုပ်ရင် အသက်မရှည်နိုင်ဘူးပဲ။ လူမပြောနဲ့ တိရစ္ဆာန်တောင်မှပဲ သဘာဝက အဝတ်သဖွယ် အကာအကွယ်ပေးထားတာလေ၊ တောင်ပိုင်းနိုင်ငံတွေ အပူပိုင်းဒေသတွေမှာရှိတဲ့ တိရစ္ဆာန်နဲ့ မြောက်ဝင်ရိုးစွန်းက ရေခဲပြင်မှာရှိတဲ့ တိရစ္ဆာန်တွေ တူတာမှ မဟုတ်တာ၊ သဘာဝက ပေးထားတော့ ဟိုက အမွှေးပွကြီးတွေနဲ့ ဖြစ်လာတယ်၊ ဒီဘက်ကျတော့ အမွှေးလုံးတီးတွေ ဖြစ်လာတယ်၊ သဘာဝက လုံခြုံအောင် လုပ်ပေးတဲ့သဘောပဲပေါ့၊ ကံတရားရဲ့ ဖန်တီးပေးမှုပဲ။

လူတွေကျတော့ ကြည့် - အဝတ်ရဲ့ အကူအညီနဲ့ ဆောင်းရာသီဆို နွေးတဲ့အဝတ်၊ နွေရာသီဆို အေးတဲ့အဝတ်ဝတ်ပြီး သဘာဝရဲ့ အန္တရာယ်တွေကို အကာအကွယ်ပြုကြတယ်၊ အသက်ရှည်ဖို့လုပ်ကြတယ်၊ ဘာပဲဖြစ်ဖြစ် ဆိုလိုတာက လူတွေဟာ အထောက်အပံ့ဆိုတဲ့ “ပစ္စယ” ဆိုတာ ရှိမှ အသက်ရှင်နိုင်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက ပကတူပနိဿယ ပစ္စည်းကို ဟောတဲ့အခါမှာ “ဥတုပိ ဘောဇနမ္ပိ သေနာသနမ္ပိ ပုဂ္ဂလောပိ ဥပနိဿပစ္စယေန ပစ္စယော” လို့ ဟောတာ။ ရာသီဥတုကလည်း အားကောင်းတဲ့ အထောက်အပံ့တစ်ခုပဲ၊ အစာအာဟာရကလည်း အားကောင်းတဲ့ အထောက်အပံ့ပဲ၊ အိပ်ယာနေရာကလည်း အားကောင်းတဲ့ အထောက်အပံ့ပဲ၊ ကိုယ်နဲ့ ဆက်နွယ်နေကြတဲ့ ပုဂ္ဂိုလ်တွေကလည်း အားကောင်းတဲ့ အထောက်အပံ့ပဲလို့ မြတ်စွာဘုရားက ဒီလိုဟောတာ။

ကျေးဇူးပြုခြင်း

အဲဒီတော့ ဘုန်းကြီးတို့တစ်တွေ စဉ်းစားကြည့်မယ်ဆိုရင် “တို့ဟာ တစ်ယောက်တည်းနေတာ မဟုတ်ဘူး၊ ပတ်ဝန်းကျင်ရဲ့ကျေးဇူးပြုမှုနဲ့ နေရတယ်“၊ အဲဒါကို ၂၄-ပစ္စည်းမှာ ပစ္စည်းဆိုတာ ကျေးဇူးပြုတာတွေကို ပစ္စည်းလို့ ခေါ်တာပဲ၊ ပစ္စည်းဆိုတဲ့ စကားလုံးက ကျေးဇူးပြုတာလေ၊ ၂၄-ပစ္စည်းဆိုတာ ကျေးဇူးပြုတဲ့ အကြောင်းတရားတွေကို ပြောတာပဲ။ လူတွေသုံးတဲ့ ပစ္စည်းဆိုတာလည်းအားလုံးက အသက်ရှည်ဖို့အတွက် အကြောင်းတရား အထောက်အပံ့ပေးတာကိုခေါ်တာ၊ “ပစ္စယ” ဆိုတာ အကျိုးကို ဖြစ်ထွန်းစေတယ်လို့ ပြောတာ။

ဘာပဲဖြစ်ဖြစ် လူသုံးကုန်ပစ္စည်းတွေကလည်း တစ်နည်းမဟုတ်တစ်နည်း (နောက်ဆုံးမှာ) အသက်ရှည်ဖို့ မဟုတ်ဘူးလား၊ ပျော်ရွှင်ဖို့ဆိုတာလည်းပဲ တစ်ဖက်တစ်လမ်းက တိုက်ရိုက်အကျိုးပြုတာမဟုတ်ပေမယ့်လို့ ဆင့်ပွားပြီး အကျိုးပြုတာတွေ ခုခေတ်တော့ အများကြီးဖြစ်လာပြီပေါ့၊ ပျော်ရွှင်မှုလည်း လိုအပ်တယ်ဆိုတော့ ပျော်ရွှင်မှု entertainment တွေ လုပ်လာကြတယ်ပေါ့၊ အဲဒါကလည်းပဲ တိုက်ရိုက်မဟုတ်တောင် အထောက်အကူဖြစ်တယ်၊ စိတ်ပျော်ရွှင်လာတဲ့အခါကျတော့ လုပ်နိုင်ကိုင်နိုင်ဖြစ်လာတယ်ပေါ့၊ ဒီလိုသဘောတွေပေါ့။

အားလုံးဟာ အဲဒီလို ရပ်တည်နေရတယ်ဆိုတဲ့ သဘာဝကြီးကို စဉ်းစားကြည့်လို့ရှိရင် “ဩော် ငါဟာ ပတ်ဝန်းကျင်ရဲ့ အထောက်အပံ့နဲ့ အသက်ရှင်နေရပါလား” လို့ဆိုပြီး ပတ်ဝန်းကျင်တစ်ခုလုံးအပေါ်မှာ သူဟာ ကျေးဇူးတင်တတ်လာတယ်၊ “ဒါတွေရှိမှ ငါအသက်ရှင်နိုင်ပါလား” လို့ သဘောပေါက်လာတယ်။

မိသားစု

အဲဒီထဲမှာ ပိုပြီးသဘောပေါက်လာဖို့ကတော့ မိသားစုတစ်စုနေကြတယ်ဆိုပါစို့၊ အဲဒီမိသားစုဟာ ဘယ်သူက ပေါက်ဖွားလာတာလဲဆိုတော့ မိဘနှစ်ပါးက ပေါက်ဖွားလာတယ်၊ အဲဒီမှာ အမေရှိတယ်၊ အဖေရှိတယ်။ အဲဒီအမေအဖေကို အကြောင်းပြုပြီး သားရှိတယ်၊ သမီးရှိတယ်၊ ထိုသားသမီးတွေက မောင်နှမဖြစ်လာကြတယ်၊ တစ်ဦးတည်းသော မိဘက မွေးဖွားလာကြတာ၊ အဲဒါနဲ့ပဲ ပထမဆုံးက အမေနဲ့အဖေ၊ နောက်ပြီးတော့ ညီအစ်ကိုမောင်နှမတွေ၊ နောက်တိုးချဲ့လာတော့ တူတူမတွေ မြေးတွေ၊ ဒီလိုဟာမျိုးတွေပါ ဖြစ်လာတယ်၊ မိသားစုကြီး ကြီးထွားလာတယ်။

ကဲ၊ အဲဒီအထဲမယ် ကျေးဇူးတရားကို လိုက်ပြီး ရှာလိုက်ကြ၊ ရှာလိုက်တဲ့အခါ အမေကို “မာတာ“လို့ ခေါ်တယ်၊ ဒီစကားလုံးက အားလုံးမှာ အတူတူပဲဖြစ်တယ်၊ ကမ္ဘာသူကမ္ဘာသားတွေဟာ နဂိုက မိသားစုတစ်စုတည်းက ပေါက်ဖွားလာတယ်ဆိုတာ ဖြစ်နိုင်တယ်၊ ရေမြေ တောတောင်ဒေသအလိုက် လူတွေဟာ အရောင်ပြောင်းသွားကြတာ၊ မတူညီတဲ့ ပတ်ဝန်းကျင်ရဲ့အောက်မှာ ကြီးပြင်းကြရလို့ လူမျိုးတွေ အမျိုးမျိုးအသီးသီး ကွဲပြားသွားကြတာ၊ အဲဒီမှာ ပါဠိဘာသာက “မာတာ” လို့ခေါ်တယ်၊ ဒီနေ့ ကမ္ဘာသုံးလို့ပြောနေတဲ့ အင်္ဂလိပ်စကားကျတော့ mother လို့ဆိုတယ်၊ အင်မတန်မှ နီးစပ်တယ်၊ “မာတာ“နဲ့ mother ဆိုတာ အသံထွက်လေးပဲ ကွာသွားတယ်။

အဲဒီတော့ အင်္ဂလိပ် mother ဆိုတာကို ဘယ်လို definition ပေးတယ်ဆိုတာတော့ မသိဘူး၊ ပါဠိဘာသာ “မာတာ” ကျတော့ “ပုတ္တံ မာနေတီတိ မာတာ” လို့ အဓိပ္ပာယ်ရတယ်၊ သားသမီးအပေါ်မှာ မြတ်မြတ်နိုးနိုးကြင်ကြင်နာနာ စောင့်ရှောက်တဲ့မိခင်လို့ ဒီလိုအဓိပ္ပာယ်ရတယ်။

တစ်ခါ ဖခင်ကျတော့ “ပိတာ” လို့ခေါ်တယ်၊ အင်္ဂလိပ်လိုကျတော့ father ဆိုတော့ အင်မတန်မှ နီးစပ်တယ်ပေါ့၊ အဲဒီတော့ “ပိတာ” ရဲ့ အဓိပ္ပာယ်က ဘာတုန်းဆို “ပုတ္တံ ပါတိ ရက္ခတီတိ ပိတာ” ဖခင်ဆိုတဲ့ပုဂ္ဂိုလ်ဟာ အန္တရာယ်မကျရောက်အောင် ကာကွယ်တဲ့နေရာမှာ သူက အဓိကကာကွယ်ရေးကို တာဝန်ယူတဲ့ပုဂ္ဂိုလ်၊ မိခင်က မြတ်နိုးတဲ့ပုဂ္ဂိုလ်၊ ဖခင်က ကာကွယ်တဲ့ပုဂ္ဂိုလ်။

လူသားတွေ မကြည့်နဲ့၊ တိရစ္ဆာန်တွေ ကြည့်မယ်ဆိုရင် အဲဒီအတိုင်းပဲ၊ တိရစ္ဆာန်အထီးက အန္တရာယ်မရှိအောင် ကာကွယ်ပေးတာ၊ အမက သားသမီးကို ယုယုယယ မွေးမြူပေးတာ၊ တိရစ္ဆာန် family ကို ကြည့်မယ်ဆိုရင် အဲဒီအတိုင်းတွေ့ရတယ်။ အဲဒီတော့ လူသားဖြစ်တဲ့ မိသားစုတွေကျတော့ ဒီ့ထက်အသိဉာဏ်ရှိတော့ ဒီ့ထက်ပိုလွန်တဲ့ အရည်အချင်းတွေတော့ ရှိမှာပေါ့နော်။

ဘာပဲဖြစ်ဖြစ် ကြည့်လိုက်မယ်ဆိုလို့ရှိရင် သားသမီးအပေါ် မိဘနှစ်ပါးက ထားခဲ့တဲ့မေတ္တာ၊ အကျိုးစီးပွားကို လိုလားတဲ့မေတ္တာဟာ အလွန်တရာမှ သန့်စင်ပြီးတော့ မိမိရဲ့သားသမီး အသက်ရှင်ဖို့အတွက် အများကြီးအထောက်အကူပြုတယ်ဆိုတာ ယုံမှားစရာမရှိဘူး။

ခုန ပတ်ဝန်းကျင်က အထောက်အကူပြုလို့ အသက်ရှင်ရသလိုပဲ လူတစ်ယောက်ဟာ အသက်ရှင်ဖို့အတွက် နံပါတ်(၁) အဖေ အမေရဲ့ ကျေးဇူးပြုမှုက ပိုပြီးတော့ အရင်းကျတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက မိဘနှစ်ပါးလုံးကို ပေါင်းပြီးတော့ ဘယ်လိုဟောတုန်းဆိုတော့ “ဗဟူပကာရာ ဘိက္ခဝေ မာတာပိတရော ပုတ္တာနံ” “မိဘနှစ်ပါးဟာ” တဲ့ “သူတို့ရဲ့ သားသမီးအပေါ်မှာ ကျေးဇူးပြုတာ အလွန်များတယ်“တဲ့၊ အသက်ရှင်ဖို့အတွက် အထောက်အကူပြုတာ အင်မတန်မှ များတယ်၊ ဒါ ဘုရားအသိအမှတ်ပြုတဲ့ စကားလုံး။

ဒါဖြင့် မိဘတွေက သားသမီးတွေအပေါ်မှာ အထောက်အကူပြုတယ်ဆိုတာ ဘာတွေတုန်း၊ မိဘတွေက သားသမီးတွေအပေါ်မှာ ကျေးဇူးပြုတာ ဘယ်လိုတုန်းလို့ ဆိုတဲ့အခါမှာ ပြောမယ်ဆိုရင် အများကြီးပဲပေါ့၊ အဲဒီတော့ မြတ်စွာဘုရားက စကားလေးသုံးလုံးတည်းနဲ့ ပြောထားတယ်၊ မိဘရဲ့ကျေးဇူးတရားကို သိတတ်ဖို့ စကားလေး သုံးခွန်းတည်းပဲပြောတယ်။ အဲဒီသုံးခွန်းက ဘာလဲဆိုရင် “အာပါဒကာ” တဲ့၊ “အာပါဒကာ“ဆိုတာ အန္တရာယ်မကျရောက်အောင် ကာကွယ်စောင့်ရှောက်ပေးထားခြင်း။ ဟုတ်တယ်လေ လူ့ဘဝရလာတဲ့အချိန်မှာ ကိုယ့်လက်ကိုယ့်ခြေပါပေမယ့် ဘာမှမလုပ်နိုင်တဲ့ မွေးခါစကလေးလေးဟာ မိဘက မစောင့်ရှောက်ဘဲပစ်ထားလိုက်မယ်ဆိုရင် အသက်ရှင်ပါ့မလား၊ မရှင်နိုင်ဘူး။ အဲဒီတော့ “အာပါဒကာ” စောင့်ရှောက်တယ်။

အဲဒီအချိန်ကနေပြီးတော့ အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်လာရုံမက ဘာလုပ်ပေးတုန်းဆို “ပေါသကာ” ကျွေးမွေးပေးတယ်၊ အဲဒီတော့ မြန်မာနိုင်ငံမှာ မိဘတွေက သားသမီးတွေကို တစ်သက်လုံးတောင် ကျွေးမွေးထားကြတယ်လို့ ကြားဖူးတယ်၊ ကိုယ့်သားသမီးကို ဖအေမအေက ကလေးလေးလိုပဲ အောက်မေ့တယ်တဲ့၊ ဒီက အသက်တွေရလို့ မြေးတွေရနေတာတောင် သားသမီးကို ကလေးလိုပဲအောက်မေ့တယ်၊ ဟုတ်တော့ ဟုတ်တာပဲ၊ ကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့ကလေး ဘယ်လောက်ကြီးကြီး ကြီးတယ်လို့ မထင်ဘူး။

အဲဒီတော့ “အာပါဒကာ” အသက်ရှင်ဖို့အတွက် အစောင့်အရှောက် အကာအကွယ်ပေးခဲ့တယ်၊ “ပေါသကာ” အသက်ရှင်ဖို့အတွက် ကျွေးမွေးခဲ့တယ်၊ အဲဒီနှစ်ခုဟာ အင်မတန်မှ ကြီးမားတဲ့ ကျေးဇူးတရားပဲ၊ ခုနက ပတ်ဝန်းကျင်ထက် လွန်သွားအောင် ကျေးဇူးပြုတာ။

ပတ်ဝန်းကျင်က ကျေးဇူးပြုတာဟာ အသက်ရှူဖို့ အောက်စီဂျင်ရဖို့ အေးမြဖို့ ရာသီဥတုကောင်းဖို့ဆိုတာ ဒါပတ်ဝန်းကျင်က ပေးတာ၊ အဲဒီပတ်ဝန်းကျင်က ပေးတာအပြင် မိဘက ထပ်ပြီးတော့ ပေးတာ၊ “အာပါဒကာ” အန္တရာယ်မကျရောက်အောင် စောင့်ရှောက်တယ်၊ “ပေါသကာ” နို့ချိုတိုက်ကျွေး အစာရေစာပေးပြီးတော့ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။

နောက်ဆုံးတစ်ခုက မြတ်စွာဘုရားက ဘယ်လိုပြောလိုက်တုန်းဆိုတော့ “ဣမဿ လောကဿ ဒေဿတာရော” ဒီလောကကြီးကို ကြည့်ရှုခွင့်ပေးလိုက်တယ်၊ ဆိုလိုတာက လူ့လောကကြီးကို ရောက်လာခွင့်ပေးလိုက်တယ်၊ ဘဝအတွေ့အကြုံတွေ ရသွားအောင် ဘယ်သူက လမ်းဖွင့်ပေးလိုက်တာတုန်းဆိုတော့ အမေအဖေက လမ်းဖွင့်ပေးလိုက်တယ်။

လောကကြီးနဲ့ ဆုံတွေ့ခွင့်ပေးလိုက်တယ်ဆိုတဲ့ စကားဟာ အင်မတန်မှကြီးမားတယ်၊ တံခါးဖွင့်ပေးလိုက်သလိုပဲနော်၊ ဒီလောကကြီးနဲ့ ဆုံတွေ့ပေးလိုက်တယ်ဆိုတော့ ဒီလောကကြီးမှာ ကြုံတွေ့ရတဲ့ ကောင်းတဲ့ဟာမှန်သမျှ မိဘကျေးဇူးပဲ၊ ပညာတတ်ကြီးဖြစ်လာတယ် .. မိဘကျေးဇူးပဲ၊ စီးပွားဥစ္စာတွေတိုးတက်ပြီး ကြီးပွားချမ်းသာလာတယ် .. မိဘကျေးဇူးပဲ၊ ကျန်းမာပျော်ရွှင်တယ် .. မိဘကျေးဇူးပဲ၊ ရာထူးတွေရတယ်၊ အရာရာမှာ အောင်မြင်လာတယ် .. မိဘကျေးဇူးပဲ၊ ဒါမိဘရဲ့ ဆန္ဒထဲမှာ ဒါပဲရှိတယ်ပေါ့၊ အေး အဲဒါကြောင့် “ဣမဿ လောကဿ ဒေဿတာရော” ဆိုတဲ့ အဓိပ္ပာယ်က ဒီလောကကြီးကိုပြတာ ဘယ်သူလဲလို့ ဆိုရင် မိဘပဲ၊ လောကကြီးနဲ့ ဆုံတွေ့ပေးလိုက်တဲ့သဘော။

တစ်ခါတလေ လူတွေက ကျေးဇူးတင်ကြတယ်လေ၊ ကိုယ်သိချင်တဲ့ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးရင် အဲဒီမိတ်ဆက်ပေးတဲ့သူကို ကျေးဇူးတင်တာ၊ ဘယ်သူကမိတ်ဆက်ပေးလို့ အကူအညီတွေရတာ .. ကျေးဇူးတင်တယ်၊ လောကကြီးနဲ့ မိတ်ဆက်ပေးတာ ဘယ်သူတုန်းဆိုတော့ အမေ အဖေပဲ၊ အဲဒီတော့ လောကကြီးတစ်ခုလုံးမှာ အောင်မြင်ကြီးပွားမှု တိုးတက်မှုတွေနဲ့ မိတ်ဆက်ပေးတာ ဘယ်သူတုန်းဆိုတော့ အမေ အဖေပဲ။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက နံပါတ်(၁) ကျေးဇူးတင်ထိုက်တဲ့ပုဂ္ဂိုလ်ဟာ မိဘနှစ်ပါးလို့ ဒီလိုဟောတာ။

အဲဒီတော့ လူတိုင်းလူတိုင်းမှာ မိဘဆိုတာရှိနေတာဖြစ်သောကြောင့် အသီးသီး ကျေးဇူးတင်ရမယ်၊ အသိအမှတ်ပြုရမယ်၊ လောကကြီးတစ်ခုလုံးဟာ ဒီလိုရှိလာတယ်၊ ဒါကျေးဇူးတရားတွေကို ဆင်ခြင်စဉ်းစားကြည့်လိုက်လို့ရှိရင် ကျေးဇူးသိတတ်တဲ့အပိုင်း၊ ကျေးဇူးသိခြင်းဆိုတာ အဲဒါတွေကို အသိအမှတ်ပြုတယ်၊ အဲဒီအသိအမှတ်ပြုတဲ့ သူတော်ကောင်းစိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ် (သို့မဟုတ်) သားသမီးဟာ မိဘကို ကျေးဇူးဆပ်ကြတယ်။

မိဘကို ကျေးဇူးဆပ်တယ်ဆိုတာ ဘာတုန်း၊ ကျေးဇူးဆပ်ပုံဆပ်နည်းတွေက အမျိုးမျိုးရှိတယ်၊ ကိုယ့်ကိုလုပ်ပေးသလို ကိုယ်က ပြန်လုပ်ပေးတယ် ဟုတ်လား၊ “အာပါဒကာ” ကိုယ့်ကိုငယ်ငယ်က စောင့်ရှောက်ထားသလို ကိုယ်က ပြန်စောင့်ရှောက်တယ်၊ ကိုယ့်ကိုငယ်ငယ်တုန်းက ကျွေးမွေးသလို “ပေါသကာ” ပြန်ကျွေးမွေးတယ်၊ ဒီနှစ်ခုတော့ရပြီ။

“ဣမဿ လောကဿ ဒေဿတာရော” ဆိုတာကိုတော့ ဘာမှလုပ်ပေးလို့မရဘူး၊ ဒါကြောင့် မိဘကျေးဇူးဆိုတာ ကုန်အောင်မဆပ်နိုင်ဘူးဆိုတာ အဲဒါကိုပြောတာ၊ နံပါတ်(၁)နဲ့ (၂)တော့ လုပ်လို့ရတယ်၊ နံပါတ်(၃)က လုပ်လို့မရဘူး၊ ဘာဖြစ်လို့တုန်းဆို ကိုယ်နောက်မွေးတာကိုး၊ နောက်မှမွေးတာဖြစ်လို့ အဲဒီကျေးဇူးကို ဘယ်လိုနည်းနဲ့မှ မဆပ်နိုင်ဘူး။ ဒါကြောင့် မိဘကျေးဇူးကို သာမန်ဆပ်လို့မကုန်ဘူးဆိုတာ မြတ်စွာဘုရားက ဒီအချက်ကိုဆိုလိုတာလည်း ဖြစ်နိုင်တယ်။

ဘယ်လောက်ထိအောင် မြတ်စွာဘုရားဟောထားတုန်းဆိုရင် မိဘကိုကျေးဇူးဆပ်တယ်ဆိုတာတဲ့ မိဘကို ပြုစုတယ်၊ ရေမိုးချိုးပေးတယ်၊ အဝတ်အစားလဲပေးတယ်၊ အစာရေစာကျွေးတယ်၊ ညောင်းညာရင် နှိပ်နယ်ပေးတယ်၊ ဝတ်ကြီးဝတ်ငယ် ပြုတယ်ဆိုပါစို့၊ အဲဒီလိုလုပ်တယ်၊ ရှိခိုးတယ်၊ ဝပ်ချတယ်၊ အရိုအသေပေးတယ်၊ ဒီလောက်လေးနဲ့ မိဘကျေးဇူးကျေတယ်လို့ ငါဘုရားဘယ်တော့မှ မဟောဘူးတဲ့၊ ငါမဟောနိုင်ဘူးတဲ့၊ ဒီလောက်တုန့်ပြန်မှုလေးနဲ့ ကျေးဇူးကျေပြီလို့၊ ငါမိဘရဲ့ ကျေးဇူးတွေကို ကျေအောင်ဆပ်ရပြီလို့ ဘယ်တော့မှ မဟောဘူးတဲ့။

ဘယ်လောက်ထိအောင် မြတ်စွာဘုရားက ဟောလိုက်တုန်းဆို “အသက်တစ်ရာရှည်တဲ့ သားသမီးဟာ မိဘကို အနှစ်တစ်ရာ၊ အဖေကို လက်ယာဘက်ပခုံးပေါ်တင်၊ အမေကို လက်ဝဲဘက်ပခုံးပေါ်တင်၊ (ပခုံးပေါ်တင်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာဆိုလိုတာ တာဝန်ယူတာကိုပြောတာပေါ့၊ တကယ်မိဘက ဘယ်လိုပခုံးပေါ်တက်ထိုင်နေလို့ရမလဲနော်၊ သို့သော် စာထဲမှာ အဲဒီလိုပြောတာ၊ မိဘရဲ့တာဝန်ကိုယူတဲ့အဓိပ္ပာယ်ကိုပြောတာ၊ လူဆိုတာ တာဝန်ထမ်းတဲ့အခါ ပခုံးနဲ့ထမ်းတာ၊ ယောက်ျားတွေ ပခုံးနဲ့ထမ်းတာ) ဖခင်ကို လက်ယာပခုံးပေါ်တင်၊ မိခင်ကို လက်ဝဲပခုံးပေါ်မှာထား၊ အနှစ်တစ်ရာအသက်ရှည်လို့ တစ်သက်လုံး ကျွေးမွေးတောင်မှပဲ မိဘတွေက ကိုယ့်အပေါ်မှာ ပြုလုပ်ခဲ့တဲ့ ကျေးဇူးတရားကို အကုန်ဆပ်ပြီလို့ ပြောလို့မရဘူး၊ မပြောနိုင်ဘူး” ဒီစကားက ဒီလိုဆိုလိုတာနော်။

ဘာဖြစ်လို့တုန်းဆို ခုနရှုထောင့်ကကြည့်ရင် (၁)နဲ့ (၂)ပဲ လုပ်ပေးလို့ရတယ်၊ (၃)ကို မပေးနိုင်ဘူး၊ လောကကြီးတစ်ခုလုံးကို introduce လုပ်မပေးနိုင်ဘူး။

ဓမ္မနဲ့ ကျေးဇူးဆပ်

ဒါဖြင့် မိဘတွေကို အင်မတန်ကောင်းတဲ့ ကျေးဇူး ဆပ်တဲ့နည်း မရှိဘူးလားဆိုတော့ ရှိတာပေါ့၊ မြတ်စွာ ဘုရားက မိဘတွေ ဒီဘဝတင်မကဘူး၊ သံသရာ အတွက်ပါ ကောင်းစေနိုင်တာဖြစ်သောကြောင့် “ဓမ္မ” နဲ့ ကျေးဇူးဆပ်တာကျတော့ ကျေတယ်လို့ဟောတာ၊ ဘာဖြစ်လို့တုန်းဆို ကိုယ့်မိဘက “ဓမ္မ” နဲ့ ကျေးဇူးပြုခဲ့ တာ မဟုတ်ဘူးပေါ့နော်၊ လောကကိစ္စတွေနဲ့ ကျေးဇူး ပြုခဲ့တာ၊ အဲဒီတော့ ကိုယ်က “ဓမ္မ” နဲ့ ကျေးဇူးတုန့်ပြန် ဆပ်ရင် “ဓမ္မ” ရှုထောင့်ကနေ ကျေးဇူးဆပ်မယ်ဆိုရင် ကျေတယ်တဲ့။

ဓမ္မဆိုတာ ကိုယ့်မိခင်ဖခင် ကျေးဇူးရှင်တွေဟာ ကိုယ်ကျင့်သီလတွေ လိုအပ်နေသေးတယ်၊ သီလ မရှိ သေးဘူးဆိုရင် သီလရှိတဲ့ပုဂ္ဂိုလ်အဖြစ် ရောက်အောင် ကိုယ်က သွေးဆောင်ပေးတယ်၊ အခြေအနေတွေ ဖန်တီးပေးတယ်။ သဒ္ဓါတရားတွေ မရှိသေးဘူးဆိုရင် သဒ္ဓါရှိအောင်လုပ်ပေးတယ်။ စွန့်ကြဲမှု လှူဒါန်းမှုတွေ အားနည်းနေသေးတယ်ဆိုရင် စွန့်ကြဲမှုတွေ ရှိအောင်။ အသိပညာ အားနည်းနေသေးရင် ဓမ္မနဲ့ ပတ်သက်ပြီး အသိပညာတွေရရှိအောင် လုပ်ပေးဖို့လိုတယ်။ အဲဒီလို သဒ္ဓါတို့ သီလတို့ စာဂတို့ ပညာတို့ ဆိုတဲ့ ကောင်းကျိုး ချမ်းသာကို ဖြစ်ပွားစေတတ်တဲ့ တရားတွေကို ကိုယ့်ရဲ့ မိဘတွေရဲ့ နှလုံးသားထဲမှာ ရောက်အောင် မိမိအနေနဲ့ တစ်နည်းတစ်လမ်း ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် မိဘရဲ့ကျေးဇူးတွေ ကျေပါတယ်လို့ မြတ်စွာဘုရားက ဒီလိုဟောတာ။ ဒါ ဘုရားဟောတဲ့ သုတ္တန်ထဲက ဘုန်းကြီးတို့ ထုတ်နှုတ်ပြီး ပြောတာ။

တစ်ချို့က မကျေနိုင်တာကို အကြောင်းပြုပြီးတော့ ပြောကြတယ်ထင်ပါရဲ့၊ “မြတ်စွာဘုရားတောင် တာဝတိံသာနတ်ပြည်တက်ပြီး မယ်တော်မိနတ်သားကို အဘိဓမ္မာတရား ဟောတယ်၊ မိဘကျေးဇူးဆပ်တယ် ပေါ့၊ အဲဒီလို ကျေးဇူးဆပ်တာတောင်မှပဲ နို့တစ်လုံးဖိုးပဲ ကျေတယ်” လို့ပြောကြတယ်၊ ဒါက စာလာပေလာ စကား မဟုတ်ဘူးနော်။

မြတ်စွာဘုရားဟောတဲ့စကားအရ မြတ်စွာဘုရား ကျေးဇူးဆပ်တာ ကျေတယ်လို့ပြောတယ်၊ ဘာဖြစ်လို့ တုန်းဆိုတော့ မယ်တော်မာယာဟာ ဘုရားအလောင်း လေး မွေးဖွားပြီးတော့ ၇-ရက်မြောက်မှာ ကံကုန်သွား တယ်၊ ကံကုန်သွားတော့ သူ ဘုရားတရားတွေ ကြားနာ ခွင့် မရရှာဘူးပေါ့၊ ဒါကြောင့်မို့ အထူးတလည် ဦးတည် ပြီးတော့ မြတ်စွာဘုရားက အဘိဓမ္မာတရား ဟောတာ။ မယ်တော်ကြီး သောတာပန် ဖြစ်သွားတယ်၊ အရိယာ ဖြစ်သွားတယ်ပေါ့၊ အဲဒါ ကျေးဇူးကျေတယ်လို့ပဲ ပြောရ မယ်။

ကျေတယ်ဆိုတဲ့ စကားလုံးကို ဘယ်လိုသုံးတာ တုန်းဆိုတော့ “ကတံ ဝါ ပဋိကတံ” မိဘက ကိုယ့် အပေါ်မှာလုပ်ပေးခဲ့တာ၊ “ကတ” အဲဒီ “ကတ” ကို “ပဋိကတ” တုန့်ပြန်ပြီးတော့ ပေးဆပ်တယ်ဆိုတာ ကျေးဇူးဆပ်တယ်ဆိုတဲ့ ဒီလိုအဓိပ္ပာယ်ကို ပြောတာ နော်၊ အဲဒီတော့ ကျေးဇူးတရားဟာ အဲဒီလိုနည်းနဲ့ ဆပ်ကြရမှာဖြစ်တယ်။

ဒါဖြင့် အပြန်အလှန်ကြည့်မယ်ဆိုလို့ရှိရင် သား သမီးကရော မိဘအပေါ်မှာ၊ မိဘဆိုတာတော့ သား သမီး အပေါ်မှာ ပထမဆုံး စောင့်ရှောက်တဲ့ပုဂ္ဂိုလ် ဆိုတော့ သူက ကိုယ့်သားသမီးတွေက တုန့်ပြန်လာတာ ကို မမျှော်လင့်ဘဲနဲ့ စောင့်ရှောက်တယ်။ မိဘရဲ့ ဒီ မေတ္တာတရားဟာ အလွန်တရာမှပဲ သန့်စင်တယ်ပေါ့၊ သူကိုယ်တိုင်က စပြီးတော့ လုပ်တယ်။

သားသမီးကျတော့ ကိုယ်ကပြန်ပြီးတော့ ပေးဆပ် တဲ့သဘောပဲဖြစ်တယ်၊ ဘာလုပ်ပေးလုပ်ပေး ကိုယ်က ပြန်ပေးဆပ်ရသူပဲဖြစ်တယ်၊ အဲဒီတော့ မိဘက သား သမီးကို ပြန်ပေးဆပ်ရတယ်ဆိုတာမျိုးမရှိဘူး၊ ဒီဟာက သားသမီးကပဲ ပေးဆပ်တာကိုပြောရမယ်၊ ဘာဖြစ်လို့ တုန်းဆို စလုပ်တဲ့ပုဂ္ဂိုလ်က မိဘသာဖြစ်တယ်၊ သား သမီး မဟုတ်ဘူးလေ၊ တစ်ချို့ကလည်း တွက်ကောင်း တွက်လိမ့်မယ်၊ အသက်ကြီးတော့ မိဘကိုပြုစုတယ်၊ ပြုစုတော့ မိဘကလည်း သားရဲ့ကျေးဇူး သမီးရဲ့ ကျေးဇူးဆိုတာ မရှိဘူးလားဆိုတော့ ရှိတာပေါ့၊ ရှိပေ မယ့် ကျေးဇူးတရားတွေဟာ ဆိုလိုတာက မိဘဆီက ငွေကြေးယူပြီးတော့ သုံးတဲ့အခါမှာ ပြန်ပြီးတော့ ကိုယ်က ပေးဆပ်ခြင်းမျှသာ ဖြစ်တယ်ပေါ့၊ ကိုယ့်ဆီက မိဘက ယူသုံးတာမဟုတ်ဘူး၊ ဒီအဓိပ္ပာယ်မျိုးပေါ့နော်။

အဲဒီတော့ ဘယ်တော့အခါပဲကြည့်ကြည့် ကိုယ် က ပေးဆပ်တဲ့နေရာကပဲရှိတယ်၊ ကိုယ်လုပ်နေသမျှ သည် မိဘရဲ့အကြွေးကို ပြန်ပေးဆပ်နေတဲ့သဘောပဲ ဖြစ်တယ်၊ ကိုယ့်ရဲ့ကျေးဇူး မိဘအပေါ်မှာတင်တယ် ရယ်လို့ မရှိနိုင်ဘူး မရှိဘူး၊ နို့မို့ဆိုရင် သားသမီး ကလည်း ပြောဦးမယ်၊ “အမေအဖေက ကျေးဇူးရှိတာ ဟုတ်တယ်၊ အခု ကိုယ်က ကျေးဇူးပြုတော့ ကိုယ့် ကျေးဇူးတွေလည်းရှိတယ်” လို့ ဒီလိုပြောလို့ မရဘူးနော်၊ ကိုယ်လုပ်ပေးသမျှသည် ကျေးဇူးဆပ်တာပဲရှိတယ်၊ အကြွေးဆပ်နေတာပဲ ဖြစ်တယ်၊ ကိုယ်က စလုပ်တာ မဟုတ်ဘူး၊ တုန့်ပြန်တာပဲရှိတယ်၊ ကိုယ်ကစပြီးလုပ်တာ ဆိုရင်တော့ ကိုယ့်ကျေးဇူးကို ဆပ်တယ်လို့ အဓိပ္ပာယ် ရတယ်ပေါ့။

အေး ကိုယ့်သားသမီးတွေအလှည့် ရောက်တဲ့ အခါကျတော့ ကိုယ်က သူတို့ကို စ,လုပ်ပေးတာ၊ သူတို့ က ကိုယ့်ကိုဘာမှလုပ်မပေးခင် ကိုယ်က သူတို့ကို စပြီး တော့ လုပ်ပေးတာ၊ ကိုယ်က သူတို့ကိုအကြွေးပေးလိုက် တဲ့ သဘောပဲ၊ အဲဒီသားသမီးတွေက ကိုယ့်အပေါ် ပြုစု တယ် ဆိုရင်တော့ သူတို့ရဲ့ကျေးဇူးရယ်လို့ ပြောစရာ မလိုဘူး၊ သူတို့က ပြန်ပြီးပေးဆပ်ခြင်းမျှသာ ဖြစ်တယ်။ ဒါက ကျေးဇူးတုန့်ပြန်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကျေးဇူး ဆပ်ခြင်းဆိုတာနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီးတို့ တစ်တွေ နားလည်ဖို့ပါ။

နောက်တစ်ခုကြည့်မယ်ဆိုရင် မိသားစု ဆိုတဲ့ အခါမှာ အပြန်အလှန် ကျေးဇူးပြုမှုလေးတွေ ရှိတယ် ပေါ့၊ ကျေးဇူးပြုတယ်ဆိုတာ အသက်ရှည်ရပ်တည်ဖို့ အတွက် ဘဝမှာ ရပ်တည်နိုင်ဖို့အတွက် အထောက် အကူဟာ သားသမီးကလည်း မိဘကို ကျေးဇူးပြုတာပဲ၊ မိဘကလည်း သားသမီးကို ကျေးဇူးပြုတာပဲ၊ အိမ်ကြီး တိုက်ကြီးကလည်း နေထိုင်တဲ့သူတွေကို ကျေးဇူးပြု တာပဲ၊ လျှပ်စစ်မီးတွေကလည်း ကျေးဇူးပြုတာပဲ၊ အာဟာရတွေကလည်း ကျေးဇူးပြုတာပဲ၊ အားလုံးဟာ ဥပနိဿယပစ္စည်းနဲ့ သွားနေတာချည်းပဲ။

အကုန်လုံး အားကောင်းတဲ့အထောက်အကူတွေ ပဲ၊ နောက်ဆုံးမှာ အိမ်ပေါ်မှာ အလှထားတဲ့ပန်းကလေး ကအစ အကုန်လုံးဟာ သက်ရှိသတ္တဝါတွေ ရပ်တည် နိုင်ဖို့အတွက် အထောက်အကူပြုနေတာချည်းပဲ၊ ဒါဟာ ကျေးဇူးပြုနေတယ်လို့ပဲ ဒီလိုပြောရမှာ၊ ကားကလည်း လူကိုကျေးဇူးပြုတယ်၊ မညောင်းမညာ လွယ်လွယ်ကူကူ အချိန်တိုတိုနဲ့ ရောက်သွားအောင် ကားကလည်း ကျေးဇူးပြုတယ်၊ ဘယ်ဟာပဲဖြစ်ဖြစ် ကိုယ့်ကို အကျိုး ပြုတာ မှန်သမျှ ကျေးဇူးပြုတယ်လို့ပဲ ခေါ်တယ်နော်။

ကောင်းကျိုးချမ်းသာကို ဖြစ်ပွားစေတတ်တဲ့ အရာ တွေကို လုပ်ပေးတာ မှန်သမျှ ကျေးဇူးပြုတယ်၊ အသိဉာဏ်တွေပေးတာကျေးဇူးပြုတာပဲ၊ အလင်းရောင် တွေပေးတာ ကျေးဇူးပြုတာ၊ အကြံဉာဏ်ပေးတာ ကျေးဇူးပြုတာ။ အားလုံးဟာ ကိုယ့်ပတ်ဝန်းကျင်မှာ သွားလာလှုပ်ရှားနေတဲ့ နောက်ဆုံးမှာ ကုန်ကုန်ပြောရင် လေ သစ်ပင်တွေကတောင်မှပဲ ကိုယ်ကို အေးမြစေ တယ်ဆိုရင် ဒါ သစ်ပင်က ကိုယ့်ကို ကျေးဇူးပြုတာ ပဲလေ။

လမ်းကြီးက ဖြောင့်ဖြူးနေတော့ ကိုယ်သွားရတာ လွယ်လွယ်ကူကူသွားရတယ်၊ ဒီလမ်းကြီးက ကိုယ့်ကို ကျေးဇူးပြုတာပဲ၊ ရန်ကုန်သူ ရန်ကုန်သားတွေဆိုရင် မနက် ရွှေတိဂုံဘုရားကြီး ဖူးလိုက်ရရင် စိတ်ထဲမှာ ကြည်နူးသွားတယ်၊ ဒါ ဘုရားကြီးက ကိုယ့်ကို ကျေးဇူး ပြုလိုက်တာပဲလေ၊ ဒီလိုဆိုလိုတာပေါ့။

ကျေးဇူးပြုမှုဆိုတာ ပတ်ဝန်းကျင် တစ်ခုလုံးဟာ ကိုယ့်အပေါ်မှာ ကျေးဇူးဖြစ်နေတာ၊ အဲဒီတော့ ကျေးဇူး ပြုနေတာတွေကို ကျေးဇူးတင်တတ်လာတဲ့အခါမှာ လူတွေဟာ တစ်ဦးအပေါ်တစ်ဦးမှာ “ငါချည်းပဲ လုပ်ရ တယ်၊ မင်းကတော့ မလုပ်ဘူး” လို့ တစ်ဦးကိုတစ်ဦး ဒီလိုပြောနေစရာအကြောင်း မရှိတော့ဘူး။

မိသားစုဟာ တကယ်ကတော့ အိမ်ထောင်တစ်ခု တည်းမှာနေတဲ့ မိသားစုတွေပဲဖြစ်ဖြစ်၊ တစ်ရပ်ကွက် ထဲမှာနေတဲ့ မိသားစုတွေပဲဖြစ်ဖြစ်၊ တစ်နိုင်ငံထဲမှာ အတူတူနေကြတဲ့ မိသားစုတွေပဲဖြစ်ဖြစ် အပြန်အလှန် အထောက်အကူပြုမှုတွေဟာ ရှိနေကြတာ ဖြစ်သော ကြောင့် တကယ်တော့ မေတ္တာနဲ့ မိတ်ဆွေစိတ်ဓာတ်နဲ့ နွေးနွေးထွေးထွေး နေကြရမှာ ဖြစ်တယ်ပေါ့၊ အဲဒီလို နွေးနွေးထွေးထွေး တစ်ဦးနဲ့ တစ်ဦး မေတ္တာတွေနဲ့ ဒီလိုနေနိုင်မှ။

အဲဒီလို မနေနိုင်ဘူးဆိုလို့ရှိရင် အမုန်းတရားတွေ ပွားပြီးတော့ လောကကြီးဟာ အသက်ရှင်ဖို့အတွက် ခက်ခဲလာမယ်၊ ဒီကနေ့ကမ္ဘာကြီးမှာ လူတွေအချင်းချင်း အမုန်းပွားမှုတွေ များလာတယ်၊ မေတ္တာတရား အားနည်းမှုတွေ၊ ဒီ ခါးသီးတဲ့ မုန်းတီးမှုတွေကြောင့် လောကကြီးဟာ ပျက်စီးတော့မယ့် အနေအထား တစ်ခု ရောက်လာတယ်ပေါ့။

မြတ်စွာဘုရားကိုယ်တိုင်က ဟောခဲ့တယ်။ လူသား တွေ ပျက်စီးတော့မယ့်ဆိုရင် “တိဗ္ဗော အာဃာတော ပစ္စုပဋ္ဌိတော” တဲ့။ တိဗ္ဗော ဆိုတာ သိပ်ပြီးတော့ ပြင်းထန်တဲ့၊ အာဃာတ ဆိုတာ ရန်ငြိုး၊ စိတ်ထဲမှာ နာကြည်းမှုတွေ တအားပြင်းထန်လာတယ်၊ အဲဒီ ပြင်းထန်တာတွေ ရှိလာပြီဆိုရင် ကမ္ဘာလောကကြီးဟာ ပျက်စီးသွားမှာပဲတဲ့၊ ပျက်စီးတဲ့ဘက်ကို ဦးတည်နေ တယ်။

မေတ္တာကမ္ဘာ

ဒီနေ့ခေတ်မှာကြည့် - မေတ္တာ ခမ်းခြာက်လာတဲ့ သဘောတွေ၊ လုတယ်၊ ယက်တယ်၊ တိုက်တယ်၊ ခိုက် တယ်၊ လူတွေသေအောင် ဒုက္ခရောက်အောင်၊ ကိုယ်နဲ့ ဆိုင်သူရော မဆိုင်သူရော၊ အပြစ်ရှိသူရော အပြစ်မဲ့သူ ရော အကုန်လုံးလေ၊ ဒီကနေ့ခေတ်မှာ ရမ်းပြီးတော့ လုပ်တာတွေဖြစ်လာတယ်၊ အငြိုးအတေးတွေနဲ့ ဘယ်သူသေသေ ကိုယ့်အသက်ရှင်ရေးအတွက် ဆိုပြီး တော့ ကိုယ်ကျိုးရှာသမားတွေ၊ ကိုယ်ကျိုးကို ရှေ့တန်း တင်ပြီးတော့ လုပ်လာတာတွေ များလာလို့ရှိရင် ခုန တုန်းက အပြန်အလှန် အကျိုးပြုပြီးတော့ ဘဝရပ်တည် နိုင်တယ်ဆိုတဲ့ မေတ္တာအသိုင်းအဝိုင်းကြီးဟာ ပြိုကျ ပျက်စီးသွားနိုင်တယ်ပေါ့။

ပြောမယ်ဆိုလို့ရှိရင် သက်မဲ့နဲ့သက်ရှိ သတ္တဝါ တွေဟာ မေတ္တာနဲ့ဆက်သွယ်တာ မဟုတ်ပေမယ့် လို့နော် - မေတ္တာပို့တာတော့ သက်ရှိအချင်းချင်းပို့တာ၊ သို့သော် ကြည့်မယ်ဆိုလို့ရှိရင် ကမ္ဘာကြီး တည်ဆောက်တာ မေတ္တာနဲ့ပဲ တည်ဆောက်လို့ရမှာပေါ့၊ အမုန်းတရား တွေ များလာပြီဆိုလို့ရှိရင် ဒီသစ်ပင်တွေရှုတ်တယ် ဆိုပြီးတော့ ခုတ်လှဲပစ်မယ်၊ လောဘကို အကြောင်းပြု ပြီးတော့ လိုချင်မှုတွေများလာပြီး လောကကြီး တစ်ခု လုံးဟာ လောဘကို မထိန်းနိုင်လို့ ပျက်စီးဆုံးရှုံးတာ များတယ်။

ပတ်ဝန်းကျင်မှာ ဒီလို ဖျက်ဆီးပစ်တာမျိုးတွေ ကိုယ့်ကိုယ်ကို ဖျက်ဆီးမှန်းမသိ ဖျက်ဆီးပြီး ကိုယ် ရတယ်လို့ ထင်ပြီးတော့ လူတွေဟာ မိုက်မိုက်မဲမဲနဲ့ လုပ်ကြသည့်အတွက်ကြောင့် ကမ္ဘာလောကကြီးဟာ လူတွေ အသက်ရှင်ဖို့အတွက် တဖြည်းဖြည်းခက်လာ တယ်၊ ကြည့်ပါလား သစ်ပင်မပေါက်တဲ့ဂြိုဟ်မှာဆို သက်ရှိသတ္တဝါတွေ မရှိနိုင်ဘူးလို့ ပြောတာပဲလေ၊ ဒါကြောင့်မို့လို့ ကိုယ်နဲ့ အသီးသီးဟာ အပြန်အလှန် ဆက်သွယ်ပြီးတော့နေကြတယ်။

မိသားစုမှာဆိုလည်း မိခင်ဖခင်နဲ့ သားသမီး မြေး မြစ် တူ တူမ ဆိုတာတွေအားလုံးဟာ မိတ်ဆွေ သင်္ဂဟ တွေ အပါအဝင် အပြန်အလှန်မေတ္တာတွေ ထားပြီး တော့ “တစ်ဦးကျေးဇူး တစ်ဦးမှာ” ဆိုတဲ့အတိုင်း အပြန် အလှန် ကျေးဇူးရှိကြတာ ဖြစ်သောကြောင့် ဘယ် အလုပ်ပဲလုပ်လုပ် အမြဲတမ်း စိတ်ဓာတ်ဟာ မေတ္တာကို အခြေခံတဲ့စိတ်ဓာတ်တွေနဲ့ လက်တွဲညီညာ နေထိုင် သွားကြရမယ်။ ကမ္ဘာကြီးဟာ ကျေးဇူးသိတတ်တဲ့ ကမ္ဘာကြီး ဖြစ်ပြီးတော့ အားလုံး ဘယ်သူ့အပေါ်မှာမှ ကျေးဇူးကန်းခြင်း၊ ကျေးဇူးကို အသိအမှတ် မပြုခြင်း မရှိတော့ဘဲ လူတွေမှာ သူတော်ကောင်းစိတ်ဓာတ်တွေ ကိန်းဝပ်ပြီး နောက်ဆုံးမှာ စိတ်ချမ်းသာမှုကို အခြေပြု ပြီးတော့ စိတ်တည်ငြိမ်မှု ရလာတယ်။

စိတ်တည်ငြိမ်မှုကို အကြောင်းပြုပြီးတော့ “ယထာဘူတ ဉာဏဒဿန” သဘာဝအဖြစ်မှန်တွေကို သိရှိနိုင်တဲ့ အသိဉာဏ်တွေ ရလာတယ် လို့ဆိုတဲ့ ကွင်းဆက်အကျိုးတရားတွေရရှိပြီး နောက်ဆုံး ဘဝဒုက္ခ မှ လွတ်မြောက်နိုင်အောင် ကြိုးစားမှုတွေကို လုပ်လာ နိုင်တဲ့ အရည်အချင်းရှိအောင် ရောက်ရှိလာနိုင်တယ် ဆိုတာ သိရှိနားလည်ပြီးတော့ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ စိတ်တည်ငြိမ်အောင် ကြိုးစားခြင်း၊ ကိုယ့်သန္တာန်မှာ ကောင်းမြတ်တဲ့ ကုသိုလ်တရားတွေ ပွားများအောင် ဆောင်ရွက်ခြင်းဖြင့် သံသရာဝဋ် ဆင်းရဲက လွတ်ကင်းရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ရရှိအောင် ကြိုးစား အားထုတ်နိုင်ကြပါစေကုန် သတည်း။

သာဓု သာဓု သာဓု

g83897dq6c8mong2xjcwv7djljvupej
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
0
5901
22138
21621
2026-06-15T03:23:54Z
Tejinda
173
22138
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
| previous = [[ကျေးဇူးသိခြင်း]]
| previous2 =
| next = [[ရှစ်ယောက် နဲ့ တစ်ယောက်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၆)ရက်၊ ၂၅-၁-၂၀၁၂၊ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ ကေတုမာလာရိပ်သာ မိသားစုတို့၏ ပဉ္စမ အကြိမ်မြောက် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်းအနား၌ ဟောကြားတော်မူသည်။

လောကလူတွေမှာ အရေးကြီးဆုံးက ကောင်းအောင်ပြင်ဖို့ အရေးကြီးဆုံးပဲ။ မြတ်စွာဘုရားသာသနာတော်နဲ့ ကြုံတွေ့တဲ့အချိန်မှာမှ မိမိကိုယ်ကို ကောင်းအောင် မပြင်လိုက်နိုင်ဘူးဆိုရင် နောင် ကောင်းအောင် ပြင်ဖို့ဆိုတာ တော်တော်ခဲယဉ်းသွားလိမ့်မယ်။ လောကမှာ ရုပ်ကိုပြုပြင်ကြတာတော့ ခေတ်ကာလမရွေး၊ ဒေသမရွေး ပြုပြင်နေကြတာပဲ။ လူတွေက မိမိရဲ့ ရုပ်ခန္ဓာကိုယ် မလှ,လှအောင်၊ မဝ,ဝအောင်ဆိုတာ နေ့စဉ်နဲ့အမျှ ပြင်နေကြတာ။ မိမိတို့ကိုယ်တိုင်ပြင်တာ အားမရလို့ ပြုပြင်တဲ့ဌာနတွေ ဗျူတီပါလာတို့ ဘာတို့သွားပြီး ပြင်နေကြတာပဲနော်။

ဒီတော့ လောကမှာ လူတွေဟာ ဘာတွေလုပ်နေသလဲလို့ စဉ်းစားကြည့်ရင် ပြင်နေကြတာပဲ။ အများစုက ဘာတွေပြင်နေတာတုန်းလို့ မေးကြည့်လိုက်ရင် ကိုယ့်ခန္ဓာကိုယ်ကြီးကောင်းအောင် ပြင်နေကြတာပဲ မဟုတ်လား။ Physical Body လို့ခေါ်တဲ့ အပြင်ပန်း ရုပ်ခန္ဓာကိုယ်ကြီး လှဖို့အတွက် လူတိုင်း ကြိုးစားနေကြတယ်၊ သပ်ရပ်သန့်ရှင်းမှုဆိုတဲ့ အနေအထေားထက် ကျော်လွန်ပြီးတော့ လှဖို့ပဖို့ဆိုတဲ့ အဆင့်ထိ ရောက်လာတယ်။

လူဆိုတာ သန့်သန့်ရှင်းရှင်း၊ သန့်သန့်ပြန့်ပြန့် ဒီလိုတော့ နေရမှာပေါ့။ အလှပြင်တာနဲ့ သန့်ရှင်းအောင်နေတာ မတူဘူး။ သန့်ရှင်းအောင်နေတယ်ဆိုတာ ကိုယ့်ခန္ဓာကို အညစ်အကြေးတွေ မကပ်ရုံ၊ သင့်တော်ရုံ သန့်ရှင်းပြီးတော့နေတာ၊ ဒါ အလှပြင်တာမဟုတ်ဘူး။ သန့်ရှင်းအောင်နေတာ။ လူတိုင်းလူတိုင်း ခန္ဓာကိုယ် သန့်ရှင်းအောင်ကတော့ နေသင့်တယ်ပေါ့။

သန့်ရှင်းမှုက ကျန်းမာရေးအတွက်လည်းပဲ အထောက်အကူပြုတယ်၊ အသိဉာဏ်ဖွံ့ဖြိုးဖို့အတွက်လည်းပဲ အထောက်အကူပြုတယ်။ ရုပ်ခန္ဓာကိုယ်ကြီးက ညစ်ပတ်နေမယ်၊ ကိုယ်ဝတ်တဲ့ အဝတ်အစားတွေက ညစ်ပတ်နေမယ်၊ ကိုယ်နေတဲ့အိမ်ဂေဟာက ညစ်ပတ်နေမယ်၊ အစစအရာရာ ညစ်ပတ်နေမယ်၊ စားတဲ့အစာ အာဟာရတွေကလည်း ညစ်ပတ်နေမယ်ဆိုလို့ရှိရင် လူက ရောဂါလည်း ရနိုင်တယ်၊ စိတ်ကြည်လင်မှုကိုလည်း မဖြစ်စေနိုင်ဘူး။ စိတ်စွမ်းအားတွေပါ ကျသွားတတ်တယ်။

ဒါကြောင့်မို့ ပညာရပ် တိုးတက်ဖို့ဆိုတဲ့အထဲမယ် သန့်သန့်ရှင်းရှင်းနေတတ်ဖို့ဟာ အကြောင်းတစ်ခုပဲ။ ကမ္မဋ္ဌာန်းအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ဒါကို သတိထားရမယ်။ ကမ္မဋ္ဌာန်းအားထုတ်ရင် ညစ်တီးညစ်ပတ်တော့ သွားအားမထုတ်လေနဲ့၊ ဘာဖြစ်လို့ ညစ်တီးညစ်ပတ် အားမထုတ်လေနဲ့လို့ ပြောတုန်းဆိုရင် မည်းညစ်နေတဲ့ မီးစာ၊ မည်းညစ်နေတဲ့ဆီတို့မှာ ထွန်းထားတဲ့မီးဟာ မတောက်ပဘူး၊ သန့်သန့်ပြန့်ပြန့်ဆိုရင် ပိုပြီးတော့ တောက်ပတယ်။ လူမှာလည်းပဲ ထို့အတူပဲ၊ ခန္ဓာကိုယ် သန့်ရှင်းရေး အားနည်းနေတယ်၊ သန့်ရှင်းမှုမရှိဘူးဆိုလို့ရှိရင် လူရဲ့စိတ်ဟာ မကြည်လင်လို့ အသိဉာဏ်လည်း မတောက်ပဘူးလို့ ဒီလိုပြောတာ၊ ရုပ်ခန္ဓာကိုယ်နဲ့ နာမ်တရားဆိုတာ ဆက်စပ်နေတာမို့ သန့်ရှင်းမှုတော့ လုပ်ရမယ်။

သန့်ရှင်းမှုထက် ကျော်လွန်ပြီးတော့ အလှပြင်တာမျိုးကျတော့ တစ်ဖက်စွန်း ရောက်သွားပြီ။ မလှ,လှအောင် မရှိတာကို အရှိလုပ်တာပေါ့နော်။ အခုခေတ်မှာ မရှိတာကို အရှိလုပ်တာ တော်တော်များတယ်။ ကိုယ့်မှာ အမေမွေးတုန်းက ဆံပင်ကလေးက အနက်ရောင်ကလေးရှိတာ၊ အဲဒါ ရွှေဝါရောင်ရှိချင်တယ်။

တခြားအညိုရောင်ရှိချင်တယ်၊ ရောင်စုံရှိချင်တယ်ပေါ့လေ။ ဒီလို မရှိတာကိုရှိချင်လို့ ရှိအောင်လုပ်လာတဲ့အခါကျတော့ ပြဿနာကို ဖိတ်ခေါ်သလိုဖြစ်တယ်။ ဆံပင်ကို ဆေးဆိုးတာတွေဟာ အန္တရာယ်ရှိမရှိ ဆရာဝန်တွေကို မေးကြည့်တဲ့အခါကျတော့ အန္တရာယ်ရှိတယ်တဲ့။ ဒီဆေး chemical တွေဆိုတာ ချက်ချင်းတော့ ဒုက္ခမပေးဘူးပေါ့၊ သဘာဝမဟုတ်ဘဲနဲ့ ကျော်လွန်ပြီးတော့ လုပ်ထားတဲ့ဆေးတွေမှာပါတဲ့ chemical နဲ့ ဖြစ်ပေါ်စေတဲ့အရောင်တွေ အဲဒါတွေက လူရဲ့ဆံပင်ကို ဆိုးရင်းကနေပြီး ဦးရေတွေဘာတွေထိအောင် ထိလာတယ်။ ထိတဲ့အခါကျတော့ ဒါတွေဟာ အန္တရာယ်ရှိတယ်လို့ ဒီလိုပြောတာ၊ ဘယ်အရာပဲဖြစ်ဖြစ် အလေးအနက်ထားဆင်ခြင်စဉ်းစားဖို့ရာ လိုအပ်တယ်ပေါ့။

လောကလူတွေ ပြင်ဆင်နေကြတာ ဘာတွေကို ပြင်ဆင်တုန်းဆို ကိုယ့်ခန္ဓာကိုယ်ကိုလှဖို့ပဖို့ ပြင်ကြတယ်။ သို့သော် မပြင်ဘဲနေတာ ဘာလဲလို့ဆိုရင် အကျင့်စရိုက်တွေ မပြင်ဘူး၊ စိတ်နေသဘောထားတွေ မပြင်ဘူးတဲ့။ စိတ်တိုတတ်တဲ့လူက “ငါ စိတ်တိုတတ်တယ်နော်” ဆိုပြီး ဂုဏ်တောင်ယူနေသေးတယ်။ “ငါ့လာမစမ်းနဲ့၊ ငါ့စိတ်ကမရဘူး” လို့ပြောတယ်။ ဒါပေမယ့် ပြင်ဖို့ စိတ်မဝင်စားဘူး၊ လောဘကြီးတဲ့သူကလည်း ပြင်ဖို့ စိတ်မဝင်စားဘူး၊ ဒေါသကြီးတဲ့သူကလည်း ပြင်ဖို့ စိတ်မဝင်စားဘူး၊ မသိမလိမ္မာ မောဟကြီးနေတဲ့သူကလည်း ပြင်ဖို့စိတ်မဝင်စားဘူး။ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်လေ့လာကြည့်ပြီး ကိုယ်ဘာတွေ ဝါသနာပါသည်ဆိုတာ ပြင်ဖို့ စိတ်မဝင်စားဘူး။ တစ်ခါတုန်းက ပြောသံကြားဖူးတယ်၊ အသက်အရွယ်ကြီးတဲ့ အဘိုးကြီးတွေ အဘွားကြီးတွေ မြေးသံယောဇဉ်တော့ ဖြတ်နိုင်ပါတယ်၊ ကိုရီးယားဇာတ်ကားလေးတော့ ကြည့်ပါရစေဦးဆိုတာ - မပြင်နိုင်တာလေးတွေ ရှိတယ်လို့ ဒီလိုဆိုလိုတာပေါ့နော်။ အဲဒီလို ကိုယ့်စိတ်ကို မပြင်နိုင်ကြဘူး။ လူတွေဟာ စိတ်မပြင်နိုင်လို့ သံသရာထဲမှာ တဝဲလည်လည် ဖြစ်နေတာလေ။

မြတ်စွာဘုရား ကိုယ်တိုင်ကိုက ခန္ဓာကိုယ်ကို သန့်ရှင်းအောင်လုပ်ရမယ်လို့ ဟောတဲ့နေရာ အင်မတန်မှနည်းတယ်၊ မရှိသလောက်ပဲ။ “သစိတ္တ ပရိယောဒပနံ” ကိုယ့်စိတ်လေးကို ကိုယ်ဖြူစင်အောင်လုပ်ပါလို့ပဲဟောတယ်၊ စိတ်ဖြူစင်မှုက အဓိကကျတယ်၊ ဒါကြောင့် စိတ်ဖြူစင်မှုကို အရေးပေးပြီးတော့ လုပ်ကြရမှာဖြစ်တယ်။

စိတ်ဖြူစင်အောင်လုပ်တယ် ဆိုတဲ့နေရာမှာ ဘာတွေက မဖြူစင်တာလဲ? ဘယ်အရာတွေ ကိုယ့်စိတ်ထဲရှိနေရင် မဖြူစင်တာလဲ? ဘယ်အရာတွေဖြစ်မှ ဖြူစင်တာလဲ? ဆိုတာလည်း သိဖို့လိုတယ်။ ပြင်ပဗဟိဒ္ဓမှာ ကိုယ့်အဝတ် ညစ်ပေနေလို့ရှိရင် သိတယ်၊ ဒါက အဝတ်ကို ညစ်ပေစေတတ်တယ်။ ဖုန်တွေ, အရောင်မကောင်းတဲ့ အညစ်အကြေးတွေပေါ့။ အဲဒါတွေကို စင်ကြယ်အောင် စင်ကြယ်စေတတ်တဲ့ ဆပ်ပြာတို့ ရေတို့နဲ့ရောပြီးတော့ လျှော်ကြ၊ စင်ကြယ်အောင်လုပ်ကြ၊ ဖြူစင်အောင် ကြိုးစားကြတယ်။ သို့သော် ကိုယ့်စိတ်လေး ညစ်ထေးနေတာကျတော့ စင်ကြယ်အောင်လုပ်ဖို့ အများက သတိမရဘူး၊ လွှတ်ထားကြတယ်။ လူ့သဘာဝလို့လည်း တွက်တယ်။ “လူဆိုတာ လှတာမြင်ရင် သဘောကျမယ်၊ မလှတာမြင်ရင် စိတ်ထဲမှာ မခံချိမခံသာဖြစ်မယ်၊ ဒါ လူ့သဘာဝပဲ” ဆိုပြီးတော့ လွှတ်ထားကြတယ်၊ စိတ်ရဲ့အညစ်အကြေးမှန်း မသိကြဘူး၊ အညစ်အကြေးလို့ အသိအမှတ်မပြုကြဘူး။

အဲဒီလို မသိသေးသမျှ ကာလပတ်လုံး စိတ်ဖြူစင်အောင် စိတ်အလှပြင်ဖို့ဆိုတာကို ဘယ်သူမှ လုပ်မှာမဟုတ်ဘူး။ အခု မြန်မာနိုင်ငံမှာ လူလာဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓဘာသာဝင်မိသားစုက မွေးဖွားလာလို့ မြတ်စွာဘုရား ဟောကြားတဲ့ တရားဓမ္မတွေကို နာယူရလို့ ဘုရားတရားကို သိတတ်လာကြတယ်။ ဒီလို ပုဂ္ဂိုလ်တွေထဲကမှ စိတ်ဖြူစင်ဖို့ မကြိုးစားဘူးဆိုရင် ကျန်တဲ့ပုဂ္ဂိုလ်တွေက ဒီဘက်ကို သတိတောင်မရဘူး၊ အမှတ်တောင် မရဘူး။ မြန်မာနိုင်ငံမှာ လူဦးရေ သန်းပေါင်း ၅၀ ကျော် ၆၀ နီးပါးရှိတဲ့အထဲမယ် စိတ်ဖြူစင်ဖို့ စဉ်းစားတဲ့ပုဂ္ဂိုလ် အလွန်နည်းပါလိမ့်မယ်။ ဘာတွေဟာ စိတ်တွေရဲ့ အညစ်အကြေးတွေလဲ၊

Impurity တွေလဲ၊ အဲဒါတွေကို ဘယ်လိုစင်ကြယ်အောင် လုပ်ရမလဲ? ဆိုတာ သိတဲ့ပုဂ္ဂိုလ်တွေကျတော့ ရာခိုင်နှုန်းပိုနည်းသွားပြီ။ ဒါကြောင့်မို့ မြတ်စွာဘုရား သာသနာတော်နဲ့ တွေ့ကြုံလာတဲ့ အခိုက်ကလေးမှာ စိတ်ရဲ့အညစ်အကြေးဆိုတာ ဘာတွေလဲ၊ စိတ်မဖြူစင်ဘူးဆိုတာ ဘာလဲ၊ စိတ်ကိုမဖြူစင်စေတဲ့ စိတ်ရဲ့အညစ်အကြေးတွေကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲ ဆိုတာတွေ သိရှိနားလည်ဖို့လိုတယ်။ အခုလို တရားပွဲကြီးတွေ ကျင်းပတာ ဒါတွေသိအောင်လုပ်တာနော်။ တကယ်ကတော့ ကိုယ့်ဘဝမှာ မကောင်းတဲ့အရာတွေကို ဖယ်ရှားလို့ ကောင်းတဲ့အရာတွေကို လက်ခံကြိုးစားဖို့၊ ကောင်းအောင်ပြင်တတ်ဖို့အတွက် ပညာယူနေတဲ့ သဘောပဲ။

တရားနာတယ်ဆိုကတည်းက ရည်ရွယ်ချက်က ဘာထားရမလဲဆိုရင် “မြတ်စွာဘုရားဟောတဲ့တရားကို ဓမ္မကထိက ဆရာတော်တွေဆီက တို့နာမယ်၊ နာပြီးရင် သင်ခန်းစာယူသင့်တဲ့ဟာယူမယ်၊ ရှောင်သင့်တာ ရှောင်မယ်၊ ဆောင်သင့်တာ ဆောင်မယ်၊ ဒီတရားတွေအတိုင်း လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားအားထုတ်မယ်” ဆိုတဲ့ ဒီနှလုံးသွင်းရှိရမယ်။ အဲဒီ နှလုံးသွင်းမရှိဘဲနဲ့ အိမ်မှာနေရတာပျင်းလို့ တရားပွဲသွားဦးမယ်ဆိုတာမျိုးကတော့ မဟုတ်သေးဘူးနော်။ အဲဒါကြောင့်မို့ တရားပေါ်မှာ စိတ်ဝင်စားမှုဆိုသည်မှာ နားလည်ဖို့အတွက် စိတ်ဝင်စားတာဖြစ်ရမယ်။ ကိုယ့်ဘဝနဲ့ ပတ်သက်ပြီး ဘဝကို ရှင်းရှင်းလင်းလင်းမြင်ဖို့ရာအတွက် မြတ်စွာဘုရားဟောတဲ့ တရားအဆုံးအမတွေ နာယူကြရမှာဖြစ်တယ်။ အဲဒီလို နာယူပြီး တရားဓမ္မကို လိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်ကျမှ အကျိုးသက်ရောက်မှုဆိုတာ ဖြစ်လာနိုင်မယ်ပေါ့။ အဲဒီလိုမှ မလုပ်ဘူးဆိုရင် အကျိုးသက်ရောက်မှုဆိုတာ မဖြစ်နိုင်ဘူး။

ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်ဖို့ဆိုတာ နေရာဒေသမရွေး၊ အချိန်မရွေး ဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး။ “ကောင်းအောင် ပြင်” ဆိုတဲ့နေရာမှာ “ဘယ်ထိအောင် ကောင်းအောင်ပြင်ရမှာလဲ” ဆိုတော့ “အကောင်းဆုံးဖြစ်အောင်” ကို ပြင်ရမယ်။ အကောင်းဆုံးဖြစ်ပြီဆိုတာ ဘယ်အဆင့်ကျမှ အကောင်းဆုံးလို့ ပြောလို့ရသလဲဆိုရင် ရဟန္တာဖြစ်သွားမှ အကောင်းဆုံးဖြစ်မှာပဲ။ ဒီကြားထဲမှာတော့ အဆိုးက ရှိနေဦးမှာပဲ။ သောတာပန်ဖြစ်သွားရင် တော်တော်ကောင်းသွားပြီလို့ ပြောရမယ်၊ သကဒါဂါမ်ဖြစ်ရင် အတော့်ကို ကောင်းသွားပြီ။ အနာဂါမ်ဖြစ်ရင် ပိုကောင်းသွားပြီ။ ရဟန္တာဖြစ်သွားလို့ရှိရင် အကုန်ကောင်းသွားပြီလို့ ဒီလိုဆိုလိုတယ်ပေါ့။

“အဆိုးတွေ လျော့ကျပြီးတော့ အကောင်းဘက်ကို ရောက်အောင် ကြိုးစားအားထုတ်ရတယ်” တဲ့။ မြတ်စွာဘုရားဟောတဲ့ နည်းလမ်းတွေကလည်းပဲ ဒါတွေကို အဓိကထားပြီးတော့ဟောတာ။ လောကမှာ ဘုရားပွင့်လာတာဟာ ကိုယ့်ကိုကိုယ် ကောင်းအောင်ပြင်တတ်ဖို့ ပွင့်လာတာဖြစ်တယ်။ ဘုရားက ပြင်ပေးတာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ပြင်ရမှာ။ ဘုရားဆီက တရားဓမ္မကို နာယူပြီးတော့ ကိုယ်ကိုယ်တိုင်ပြင်ရမှာ။ အဲဒီလိုပြင်မှ လူ့ရဲ့စိတ်အခြေအနေတွေဟာ ပြောင်းလွဲပြီးတော့ အကောင်းဘက်ကိုရောက်မှာတဲ့၊ နို့မို့ဆိုရင် အကောင်းဘက်ကိုရောက်ဖို့ဆိုတာ တော်တော်ခက်တယ်။ လူ့ရဲ့စိတ်ကိုက “ပါပသ္မိံ ရမတိ မနော” တဲ့။ လူ့စိတ်ဟာ မကောင်းတဲ့ဘက်မှာပဲပျော်တယ်။

ဘာဖြစ်လို့ မကောင်းဘက် ပျော်တုန်းဆိုတော့ အကျင့်ကိုက ဒီအတိုင်းဖြစ်နေတာ။ သံသရာတစ်လျှောက်လုံးမှာလည်း မကောင်းတာကျတော့ သိပ်ပျော်တယ်။ လောကမှာ လူတွေကြည့်လေ၊ ကလေးတွေ လူ့ဘဝရလာတဲ့အခါမှာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အကောင်လေးတွေ လိုက်ပြီးတော့ ညှဉ်းဆဲတယ်၊ သတ်ဖြတ်တယ်။ ဒီအလုပ်လုပ်ရတာ သူတို့ ပျော်နေကြတယ်။ သူများဥစ္စာ ခိုးရတာတို့၊ လစ်ရတာတို့ ဒါလဲ သူတို့ပျော်တာပဲ။

သံသရာတစ်လျှောက် စိတ်ဟာ မကောင်းတဲ့အလုပ်တွေမှန်သမျှ အကုန်ပျော်တယ်။ လုပ်လဲလုပ်နိုင်တယ်။ လုပ်လဲလုပ်တယ်။ ပိုပြီးတော့လဲ စိတ်ဝင်စားတယ်။ ကောင်းတာနဲ့ မကောင်းတာ ယှဉ်ပြိုင်ပြီးတော့ လွန်ဆွဲမယ်ဆိုရင် မကောင်းတဲ့ဘက်ကို စိတ်ကို ပိုဖြစ်တယ်ပေါ့။

ကောင်းတဲ့ဘက်ရောက်အောင် လုပ်တယ်ဆိုတာ ရေဆန်ကိုတက်ရတာနဲ့ အလားသဏ္ဍန်တူတယ်ပေါ့။ ဧရာဝတီမြစ် (သို့မဟုတ်) ရန်ကုန်မြစ်ထဲမှာ အောက်အကြေဘက်ကို ရေစီးနေတဲ့အချိန် ရေဆန်ကို လှေနဲ့ ဆန်တက်မယ်ဆိုရင် အင်မတန်ခဲယဉ်းတယ်။ ရေစုန်မျောရင်ကတော့ ဘာမှလုပ်စရာမလိုဘူး၊ အသာလေး လိုက်သွားရုံပဲ။ သူ့ဘာသူ မျောသွားမှာပဲ။ မကောင်းမှုအကုသိုလ်ဆိုတာ ရေစုန်မျောနေသလိုပဲ၊ အသာလေး မျောလိုက်သွားတာ၊ သိပ်သက်သာတယ်။ အကုသိုလ်က သိပ်သက်သာတယ်။ ကုသိုလ်ဆိုတာကျတော့ အားတင်းပြီးတော့ ကြိုးစားကြရတယ်။ သံသရာမှာ အဲဒီလိုရှိတယ်။

လူတွေက အကုသိုလ်လုပ်ဖို့ရာ လွယ်ပေမယ့် (အကုသိုလ်အကျိုးကျ အင်မတန်မှ ကြောက်စရာကောင်းတော့) အကုသိုလ်က အကျိုးပေးတဲ့ ဒုက္ခကိုတော့ ဘယ်သူမှ မခံချင်ကြဘူး။ ခံချင်တာက ကုသိုလ်က အကျိုးပေးတဲ့ သုခကိုပဲ ခံချင်တယ်။ ဒါပေမယ့် သုခရချင်လို့ ကုသိုလ်လုပ်သလားဆိုတော့ ကုသိုလ်ကျတော့ လုပ်ဖို့ရာ ခက်ပြန်ရော။ အကုသိုလ်လုပ်တာက လွယ်ကူတော့ လုပ်တာပိုများတယ်။ ကုသိုလ်လုပ်တာက နည်းလာတဲ့အခါကျတော့ လိုချင်တဲ့ သုခက မရဘဲနဲ့ မလိုချင်တဲ့ ဒုက္ခတွေနဲ့ပဲ ဒုက္ခရောက်ပြီးတော့ သံသရာထဲမှာ တဝဲလည်လည် ဒီလို ဖြစ်နေကြရတာ။

ဒါကြောင့် မြတ်စွာဘုရား သာသနာတော်နဲ့ကြုံပြီး သိတတ်တဲ့အသိဉာဏ် ရ,ထားတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ ကောင်းအောင်ပြင်ဖို့ မမေ့သင့်ဘူးတဲ့။ ကောင်းအောင်ပြင်ဖို့အတွက် ဘာလုပ်ရမှာတုန်း ဆိုတော့ စဉ်းစားဆင်ခြင်မှု ရှိရမယ်နော်။ “အလေးထား၍ စဉ်းစားဆင်ခြင်ကောင်းအောင်ပြင်” ကောင်းအောင်ပြင်ဖို့အတွက် စဉ်းစားတယ်၊ ဆင်ခြင်တယ်ဆိုတာ အမှတ်တမဲ့ မနေရဘူး။

အမှတ်တမဲ့ မနေရဘူး၊ ဆင်ခြင် စဉ်းစားတယ်ဆိုတာ အခု တရားပွဲလာတာကို “တို့ဘာလို့ တရားနာတာလဲ” လို့ စဉ်းစားရတယ်။ အမှတ်တမဲ့ မနေရဘူး၊ အဖော်ကောင်းလို့ လိုက်လာတာလား၊ ဘာဖြစ်လို့ တရားပွဲလာတာလဲ၊ ကိုယ့်ဘာသာကိုယ် အလေးအနက် ဆင်ခြင်စဉ်းစားဖို့ လိုအပ်တယ်ပေါ့။ ဆင်ခြင်စဉ်းစားလိုက်လို့ရှိရင် အဖြေတော့ တွေ့လာမှာပဲ။ ဒီကနေ့ တရားနာနေကြတဲ့ တရားနာပရိသတ်တွေကို ဒီမေးခွန်းမေးလိုက်မယ်။ “ဘာဖြစ်လို့ တရားပွဲလာတာတုန်း” ဆိုလို့ရှိရင်နော် အဖြေတူတွေ ရှိနိုင်သော်လည်းပဲ မတူညီတဲ့ အတွေးတွေတော့ ရှိမှာသေချာတယ်ပေါ့၊ ခြုံငုံပြောရင်တော့ “နိဗ္ဗာန်ရချင်လို့လာတယ်” လို့သာ ပြောတာ “နိဗ္ဗာန်ဆိုတာသိလား” ဆိုတော့ နိဗ္ဗာန်ဆိုတာ မသိဘူးနော်၊ နိဗ္ဗာန်လို့ လူတကာပြောနေကြပေမယ့် မသိကြဘူး။ “ဒါဖြင့် နိဗ္ဗာန်ရချင်နေတာ ဘာဖြစ်လို့ ရချင်နေတာတုန်း” လို့ စစ်စစ်ပေါက်ပေါက် ထပ်မေးရင် မဖြေနိုင်တဲ့ပုဂ္ဂိုလ်က ရာခိုင်နှုန်းများလိမ့်မယ်။ လေ့လာထားလို့၊ ဆင်ခြင်သုံးသပ်ထားလို့ ဖြေနိုင်တဲ့ ပုဂ္ဂိုလ်လည်း ရှိနိုင်တယ်ပေါ့။

ကောင်းပြီ၊ ဒါကြောင့်မို့လို့ ဘဝဆိုတာ ရလာတဲ့အခါမှာ မဆင်ခြင် မစဉ်းစားဘဲနဲ့ ဘာမှမလုပ်သင့်ဘူးတဲ့။ ဆင်ခြင်စဉ်းစားပြီးတော့ လုပ်သင့်တယ်။ “တို့တရားပွဲလာတာဟာ မြတ်စွာဘုရားဟောတဲ့ တရားဓမ္မတွေကို တစ်လုံးသိသိ၊ နှစ်လုံးသိသိ တရားဟောဓမ္မကထိကတွေဆီက ကြားနာရမယ်၊ ကြားနာရလို့ရှိရင် တို့မှာ အသိဉာဏ်တွေတိုးမယ်၊ အဲဒီတိုးလာတဲ့ အသိဉာဏ်နဲ့ တို့ဘဝခရီးကို မှန်မှန်ကန်ကန် လျှောက်နိုင်အောင် တို့ကြိုးစားမယ်” ဆိုတဲ့ ဒီရည်ရွယ်ချက်နဲ့ တရားနာလာပါ၊ အဲဒီရည်ရွယ်ချက်နဲ့ တရားနာမှ တရားပွဲကရတဲ့ အမြတ်ဆိုတာ ဖြစ်နိုင်မယ်။ အဲဒီလို မလုပ်နိုင်ရင် အချိန်ကုန်ပြီးတော့ တရားပွဲကိုလာ၊ တရားနာပြီးပြန်သွားတော့ ဘာမှမကျန်တဲ့ဟာမျိုး ဖြစ်တတ်တယ်။

ကိုယ့်ဘဝအတွက် သင်ခန်းစာရတာချင်းက တစ်ဦးနဲ့တစ်ဦး မတူဘူး။ သင်ခန်းစာယူတတ်ပုံချင်းလည်း မတူဘူး။ စကားလုံးတစ်လုံးနဲ့ ပတ်သက်ပြီးတော့ အတွေးအမြင်ချင်းလည်း မတူဘူးပေါ့။ ဘုန်းကြီးတို့ ဇေယျသုခလမ်းမှာ မဟာသတိပဋ္ဌာနအနှစ်ချုပ်ဆိုတာ ငါးရက်ဟောတယ်၊ အဲဒီငါးရက်ဟောတဲ့အထဲက စကားလုံးလေးတစ်လုံးက သူ့ဘဝကို ပြောင်းလဲသွားစေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိခဲ့တယ်။ စကားလုံးတစ်လုံးတည်းပဲ။ ဒီ့ပြင်တရားတွေက ပြောင်းမပြောင်းတော့ မသိဘူး၊ ဒါက သူလျှောက်လို့သိတာ။

သူ့ဘဝ ဘယ်လိုပြောင်းသွားလဲ? “ကောင်းတာကို ရချင်ရင်တော့ တစ်ခုခုတော့ လက်လွှတ်ရမယ်၊ တစ်ခုခုကို မလွှတ်ဘဲနဲ့ နောက်တစ်ခုရတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ဟိုဘက်ကမ်းရောက်ချင်ရင် ဒီဘက်ကမ်းက ခွာရမယ်” လို့ အဲဒီလို တရားထဲမှာ ဟိုဘက်ကမ်းရောက်ချင်ရင် ဒီဘက်ကမ်းက ခွာရမယ်၊ သံသရာဝဋ်က လွတ်ချင်တယ်၊ နိဗ္ဗာန်ရောက်ချင်တယ်ဆိုရင်လည်း ဒီဘက်ကမ်းက ခွာရမယ်။ စွန့်လွှတ်ရမယ်၊ မစွန့်လွှတ်ရင် မရဘူးဆိုတာ၊ ဒီတော့ သူ့နားထဲမှာ ဘာစွဲသွားတုန်းဆိုရင် “ဟိုဘက်ကမ်းရောက်ချင်ရင် ဒီဘက်ကမ်းက ခွာရမယ်” ဆိုတာ သဘောပေါက်လို့ “ငါ နိဗ္ဗာန်ရချင်တယ်ဆိုတာ ဒီအတိုင်းထိုင်ဆုတောင်းနေလို့ မဖြစ်ဘူး၊ ဒီဘက်ကမ်းက ခွာမှပဲ” ဆိုပြီးတော့ ဘုန်းကြီးဝတ်သွားတယ်နော်။ အဲဒါ ရန်ကုန်မှာ တကယ်ဖြစ်တာ။

ဆိုလိုတာက ဘာပြောချင်တုန်းဆို စကားလုံးလေးတစ်ခုဟာ တချို့ပုဂ္ဂိုလ်တွေအတွက် တွန်းအားတစ်ခုရတယ်။ တချို့ပုဂ္ဂိုလ်တွေအတွက်တော့ စကားလုံးထောင်သောင်းသန်းချီပေမယ့်လို့ တွန်းအားဘာမှမဖြစ်တာလဲ ရှိနိုင်တယ်။ ဒါကြောင့် ကိုယ့်အတွက်မှာ အသုံးဝင်တဲ့ စကားလုံးလေးတစ်ခု ရှိရမယ်။ အဲဒီလို စကားလုံးလေး တစ်လုံးကနေပြီးတော့ အမှန်ဘက်ကိုဦးတည်ပြီးတော့ ရောက်ရှိသွားအောင် စာပေကျမ်းဂန်ထဲမှာ ဘာပြောတုန်းဆိုရင် လူတွေရဲ့စိတ်ဟာ မကောင်းဘက်ကို သွားတာများတယ်၊ မကောင်းဘက်သွားတဲ့စိတ်ကို ကောင်းတဲ့ဘက်ကို ဆွဲဖို့အတွက်ဟာ တစ်ခါတစ်လေကျတော့ လွယ်လွယ်နဲ့ မလိုက်ဘူးနော်။

ဒီတော့ လွယ်လွယ်နဲ့မလိုက်တဲ့အခါမှာ ဘာလုပ်ရတုန်း? အားလုံးသိကြပါလိမ့်မယ်၊ ဆင်တွေကိုထိန်းတဲ့ လက်နက်ကိရိယာ တစ်ခုကို ချွန်းလို့ခေါ်တယ်။ အင်မတန်မှထက်တယ်။ ဆင်ဦးစီးကြီးကိုင်တဲ့ချွန်းမှာ အကောက်ကလေး လုပ်ထားပြီးတော့ အင်မတန်မှထက်တယ်။ မုန်ယိုနေတဲ့ဆင်တောင် အဲဒီချွန်းနဲ့ထိန်းလို့ရတယ်။ နားရွက်ကြားလေးထဲကို အဲဒီချွန်းနဲ့ စိုက်ထားပြီးတော့ ဆင်ကိုထိန်းထားလိုက်ရင် အင်မတန်နာတော့ ဒီဆင်ကြီးဟာ သူခိုင်းတာ အကုန်လုပ်ရတော့တာပဲ၊ အသံကုန်အော်တော့တာပဲ။ အဲဒီဟာနော်၊ လူနဲ့ဆင်နဲ့ ဆိုလို့ရှိရင် အင်အားချင်းက ဘာမှမဆိုင်ဘူး။ ဆင်ရဲ့အင်အားက အင်မတန်မှကြီးတယ်။ ဒါပေမယ့်လို့ ဘယ်လောက်ဆိုးတဲ့ဆင်ဖြစ်ဖြစ် လူက ခေါင်းပေါ်ရောက်သွားပြီ၊ အဲဒီချွန်း ကိုင်ထားပြီဆိုရင် နားရွက်ကြားထဲမှာ ချွန်းကလေးနဲ့ ဆွဲထားလိုက်လို့ရှိရင် ဒီဆင်ဟာ ကုန်းအော်တော့တာ။ ဘာမှမတတ်နိုင်တော့ဘူး။ နွားကျတော့ နွားဖားကြိုးထိုးတာပေါ့နော်။ နိုင်ပေါက်တွေကနေ ကိုင်ရတာ။ စာပေမှာ ဘာလိုသုံးတုန်းဆို အဲဒီချွန်းကို အင်္ကုသ လို့ခေါ်တာ။

လူ့ရဲ့စိတ်ဟာလည်းပဲ တစ်ခါတစ်ခါ ဆင်ရိုင်းလိုပဲ။ အင်မတန်မှရိုင်းတယ်။ ဆင်မုန်ယိုသလို လူတွေကလည်းပဲ မုန်ယိုတတ်တယ်။ လောဘကလည်း မုန်ယိုတာပဲ၊ ဒေါသကလည်း မုန်ယိုတာပဲ။ လောဘမုန်ယိုလို့ ခိုးမှုတိုက်မှုတွေဖြစ်တယ်၊ ရာဇဝတ်မှုတွေဖြစ်တယ်။ ဒေါသမုန်ယိုလို့ လူသတ်မှုတွေဖြစ်တယ်နော်။ အဲဒီလို လောဘ၊ ဒေါသ မုန်ယိုလာတဲ့အခါမှာ ထိန်းချုပ်ရမယ့်ဟာ စကားလုံးသုံးတဲ့အခါမှာ “အကြောင်းအရာတစ်ခုကို ချွန်းသဖွယ်အသုံးပြု၍” “အင်္ကုသံ ကတွာ” ဆိုတဲ့ စကားလုံးလေးသုံးတယ်။ ချွန်းလိုအတွေးလေးနဲ့ ကိုယ့်စိတ်ကိုနိုင်အောင် အကြောင်းအရာတစ်ခုကို ဆင်ခြင်သုံးသပ်ပြီးတော့ “အဲဒီဆင်ခြင်သုံးသပ်မှုကိုပဲ ဆင်ကိုချုပ်ကိုင်တဲ့ချွန်းလို အသုံးချပြီးတော့ ကိုယ့်ကိုယ်ကိုနိုင်အောင် ကိုင်ထား” လို့ ဒီလိုပြောတာ။

အဲဒီလိုနိုင်အောင် ကိုင်နိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ တရားထူး တရားမြတ်တွေရပြီး သံသရာဝဋ်က လွတ်သွားတာလေ။ အဲဒီလို မကိုင်နိုင်သေးလို့ရှိရင် တရားထူး တရားမြတ်ရဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းသေးတယ်ပေါ့။ ဒီဘဝမရရင် နောက်ဘဝရမယ်ဆိုတာ မျှော်လင့်နိုင်သော်လည်းပဲ သေချာဖို့ အင်မတန်မှခက်တယ်ပေါ့။ မသေချာဖို့ရာပဲများတယ်။ ရာခိုင်နှုန်းက သေချာဖို့ဆိုတာ အင်မတန်ခဲယဉ်းတယ်။

ဘာဖြစ်လို့တုန်းဆိုတော့ ၅၅၀ ဇာတ်လမ်းတွေ ဖတ်ကြည့်လိုက်။ ဘုရားလောင်းကြီးတွေတောင်မှပဲ ငရဲကို အကြိမ်ကြိမ်ကျတယ်။ တိရစ္ဆာန် အကြိမ်ကြိမ်ဖြစ်တယ်။ စိတ်ကိုပိုင်နိုင်ပြီးတော့ ပါရမီဖြည့်ကျင့်တဲ့ ဘုရားအလောင်းကြီးတွေတောင်မှပဲ အပါယ်ဘုံကို ရောက်ရောက်သွားသေးတာပဲ။ အဲဒီတော့ အပါယ်ဘုံရောက်တယ်ဆိုတာ ဘာကြောင့်ရောက်တာတုန်းဆိုတော့ စိတ်မနိုင်လို့ ရောက်တာတွေချည်းပဲ။ စိတ်ထဲမှာ မစင်ကြယ်တဲ့ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ မာန်မာနတွေ၊ ဣဿာ မစ္ဆရိယတွေ အဲဒါတွေကြောင့် အပါယ်ရောက်တာ။ စိတ်ထဲမှာဖြစ်တဲ့ အညစ်အကြေးတွေကို သန့်ရှင်းအောင်မလုပ်နိုင်လို့ အပါယ်ရောက်တာ။ အဲဒါကြောင့် “ကိုယ့်စိတ်ဆင်ရိုင်းကို ပညာတည်းဟူသော ချွန်းဖြင့် အုပ်တယ်” လို့ မြန်မာစာပေတွေမှာ ရေးလေ့ရှိတယ်။ အသိပညာနဲ့ ဆင်ခြင်စဉ်းစားပြီးတော့ ကိုယ့်စိတ်ကို ကောင်းတဲ့ဘက်ကိုရောက်အောင် လမ်းမှန်ပေါ်တင်ပေးရမယ်။ အဲဒါကိုပြောတာနော်။ ကောင်းအောင် ပြင်ရမယ်။ အခုလို သာသနာနဲ့တွေ့တဲ့အချိန်ကလေးမှာ ကောင်းအောင်မပြင်လိုက်နိုင်ဘူးဆိုရင် နောင်ဒီလို အသိဉာဏ်မျိုးရဖို့ဆိုတာ အများကြီး ခဲယဉ်းသွားပြီ။ ရလာလိမ့်မယ်လို့တော့ မထင်လေနဲ့။

လူတွေရဲ့စိတ်ကို ဘာက လွှမ်းမိုးထားလဲဆို ပတ်ဝန်းကျင်က လွှမ်းမိုးထားတယ်နော်။ အခုတော့ ပတ်ဝန်းကျင်ကောင်းမှာ လူလာဖြစ်သည့်အတွက်ကြောင့် ဒီအသိဉာဏ်တွေရတယ်။ ပတ်ဝန်းကျင်ဆိုတာ ဥပနိဿယပစ္စယော ၂၄-ပစ္စည်းတွေမှာ ဥပနိဿယ ဆိုတာ အားကြီးသောအကြောင်းတရားလို့ ပြောတာ၊ အင်မတန်မှ အားကောင်းတဲ့ အကြောင်းတရားကြောင့် ဘုန်းကြီးတို့တစ်တွေဟာ မှန်မှန်ကန်ကန် စဉ်းစားတတ်လာကြတယ်။ အဲဒီစဉ်းစားတတ်လာတာလေးတွေကို ခိုင်မာမှုရှိအောင် ဒီဘဝမှာ မကြိုးစားဘဲနဲ့ အမှတ်တမဲ့ နေလိုက်ကြမယ်ဆိုရင် သူ့ဘာသာသူ ခိုင်မာလာမှာမဟုတ်ဘူး၊ ရင့်သန်လာမှာလဲ မဟုတ်ဘူး။ ဒီအသိလေးတွေဟာ မကြာခင်လေးပဲ ပျောက်သွားနိုင်တယ်။ ကြိုးစားအားထုတ်ရမယ်ဆိုတာကို သတိထားဖို့လိုအပ်တယ်ပေါ့။ ဒါကြောင့်မို့ စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်ဖို့ရာအတွက် စဉ်းစားရမယ်၊ မစဉ်းစားပဲ မနေရဘူး။

“အလေးထား၍ စဉ်းစားဆင်ခြင်” ဆိုတာ ဘာအလေးထားရမလဲ? ကောင်းအောင်ပြင်ဖို့အတွက် ဘုန်းကြီးတို့တစ်တွေဟာ အလေးထားစရာသုံးမျိုး မှတ်ထားရမယ်။ မြတ်စွာဘုရားက ဟောထားတယ်။ အလေးထားဖို့ရာအတွက် (၃)မျိုး၊ ဘာကိုအလေးထားတာတုန်းဆိုတော့ နံပါတ်(၁) ကိုယ်ကိုကိုယ် အလေးထားပြီးတော့ စဉ်းစားဆင်ခြင်ရမယ်။ နံပါတ်(၂)က ကိုယ့်ပတ်ဝန်းကျင် လောကကြီးကို အလေးထားပြီးတော့ ဆင်ခြင်တတ်ရမယ်။ နံပါတ်(၃)က တရားဓမ္မကို အလေးထားပြီးတော့ ဆင်ခြင်သုံးသပ်တတ်ရမယ်။

ကိုယ့်ကိုကိုယ် အလေးထားတယ်ဆိုတာ ဘယ်လိုဟာကို ပြောတာလဲ? မြတ်စွာဘုရားက ဟောတယ်၊ “အတ္တာနံ ယေဝ အဓိပတိံ ကတွာ” ကိုယ့်ကိုကိုယ် အလေးထားပြီးတော့ “အကုသလံ ပဇဟတိ၊ ကုသလံ ဘာဝေတိ” အကုသိုလ်တွေ ဖယ်ရှားဖို့ ကြိုးစားတယ်။ ကုသိုလ်တွေ တိုးတက်လာအောင် ကြိုးစားတယ်တဲ့။ ဒါဟာ ကိုယ့်ကိုကိုယ် အလေးထားတာ။

ကိုယ့်ကိုကိုယ် အလေးထားတယ်ဆိုတာ ဘာလဲ? “ငါဟာ အခု အင်မတန် တန်ဖိုးရှိတဲ့လူ့ဘဝကို ရောက်လာပြီ၊ မျက်စိကောင်း နားကောင်း အသိဉာဏ်ရှိတယ်၊ လူ့ဘဝမှာလည်းပဲ ပြည့်ပြည့်စုံစုံရှိတယ်၊ မြတ်စွာဘုရားသာသနာတော်ကြီးကလည်းထွန်းကားနေတယ်၊ ဘုရားဟောတဲ့ တရားတွေကို တို့သိရှိခွင့်တွေ ရနေတယ်၊ အဲဒီလို လူလည်းဖြစ်တယ်၊ အသိဉာဏ်လည်းရှိတယ်၊ ဘုရားဟောတဲ့ တရားတွေလည်း သိရှိခွင့်တွေ ရနေတယ်၊ ငါ့မှာ ဒီလောက်အခြေအနေတွေ ကောင်းနေတာ စားဝတ်နေရေးတွေလုံးပမ်းပြီး အပျော်အပါးတွေ လိုက်ပြီးတော့ ဘဝတစ်ခုကို အဆုံးသတ်မယ်ဆိုရင် ငါ့အဖို့ ဘာတန်ဖိုးမှ ရလိုက်မှာမဟုတ်ဘူး” ဘာဖြစ်လို့တုန်းဆိုတော့ စားဝတ်နေရေးဟာ တိရစ္ဆာန်လည်း လုံးပမ်းတာပဲလေ။ သူတို့လည်း သူတို့ဘာသူတို့ စားစရာတော့ ရှာကြတာပဲ။ သူတို့အတိုင်းအတာအလိုက် သူ့စားဝတ်နေရေးရှာတာဟာ ဆန်းတဲ့ကိစ္စမဟုတ်ဘူး၊ ဘဝတစ်ခု ရပ်တည်နိုင်ဖို့အတွက် ရှာတာ၊ အပျော်အပါးဆိုတာ လူတွေသာရှိတာ မဟုတ်ဘူး၊ တိရစ္ဆာန်တွေမှာလည်းရှိတာ။ ဒီတော့ “အပျော်အပါးတွေနဲ့၊ စားဝတ်နေရေး လုံးပမ်းမှုဆိုတာတွေနဲ့ ဘဝတစ်ခုကို အဆုံးသတ်လိုက်မယ်ဆိုရင် ငါ့မှာဘာတန်ဖိုးမှ ရလိုက်မှာမဟုတ်ဘူး၊ အင်မတန် တန်ဖိုးရှိတဲ့ လူ့ဘဝကြီးတစ်ခုလုံးဟာ လက်လွတ်ဆုံးရှုံးသွားတော့မှာပဲ”

“အခုလို အသိဉာဏ်ရှိနေတဲ့ဘဝမှာ ကိုယ်ကျင့်သီလကောင်းအောင် ငါကြိုးစားမယ်၊ အနည်းဆုံး ငါးပါးသီလ(လူတွေဆို ငါးပါးသီလ) လုံအောင်ကြိုးစားမယ်၊ ဥပုသ်နေ့တိုင်း ဥပုသ်နေ့တိုင်း ရှစ်ပါးသီလ ဆောက်တည်မယ်၊ နေ့စဉ်နဲ့အမျှ ဒါနကောင်းမှု ငါပြုနိုင်အောင် သတိထားမယ်”

လောကလူတွေက ဒါနကောင်းမှု မလုပ်တာက မရှိလို့မဟုတ်ဘူး၊ များသောအားဖြင့် မေ့လို့ မလှူကြတာ။ မေ့တယ်ဆိုတာ ဘာကြောင့်မေ့တာတုန်းဆို မအားဘူးလေ၊ ဘယ်သူ့ပဲမေးကြည့်လိုက် မေးကြည့်လိုက် အားတဲ့သူ ဘယ်ရှိမှာလဲ၊ မအားဘူး။ အလုပ်ကိစ္စတွေနဲ့ မအားဘူးပဲ။ အဲဒီ မအားတဲ့ကြားထဲကနေပြီးတော့ ကုသိုလ်လုပ်နိုင်တဲ့ပုဂ္ဂိုလ်က လူထူးလူချွန်ပဲ။ အဲဒီ မအားတဲ့ထဲက ဒါနကောင်းမှုဆိုသည်မှာ ကိုယ့်အိမ်မှာ နေ့စဉ် ထမင်းချက်တဲ့ထဲက ဆွမ်းလေးတစ်ဇွန်း သံဃာတွေ လောင်းလဲ ဒါနကောင်းမှုဖြစ်တယ်။ ဆွမ်းကျွေးကြီး ကျွေးမှ မဟုတ်ဘူး။ မြတ်စွာဘုရားကို ဆွမ်းတော်တင်ရင်လည်း ဒါနကောင်းမှုဖြစ်တယ်။ နောက်ဆုံးမှာ သီးသန့်မတင်တောင်မှပဲ ဆရာတော်ကြီးတစ်ပါး လုပ်သလို ကိုယ်စားမယ့်ထမင်းပွဲ ကိုယ်မစားခင် “ဘုရားအား လှူပါ၏” ဆိုပြီး ခေတ္တခဏဆိုင်းပြီးတော့ ဘုရားကို ပူဇော်ထားတယ်။ ပြီးပြီဆိုမှ ကိုယ်စားတယ်ပေါ့။

တချို့က ဆွမ်းတော်စွန့်တာ မစားကောင်းဘူးတို့ ဘာတို့ ပြောတဲ့သူက ရှိသေးတယ်နော်။ ဆွမ်းတော်ပွဲကျတော့ မစားရဘူးလို့ပြောတယ်၊ ဟို ဘိုးတော်ထမင်းကျန်ကျတော့ လုစားတယ်၊ လောကလူတွေက တော်တော်တော့ ထူးဆန်းတယ်နော်။

တစ်ခါတုန်းက ကြားဖူးတယ်၊ ဘုန်းကြီးတွေ ထမင်းကျန်၊ ဘိုးတော်ဘုန်းကြီးတွေထမင်းကျန်စားလို့ရှိရင် ဘာဖြစ်မှာတုန်း၊ သိဒ္ဓိပေါက်မှာလိုလို ဘာလိုလို၊ ဘာမှတော့မပေါက်ဘူး၊ အများကြီးစားရင် ဗိုက်ပေါက်မှာပဲ သေချာတယ်နော်။ သိဒ္ဓိဆိုတာ အဲဒါနဲ့မဆိုင်ဘူး၊ ကိုယ့်ဘာသာကိုယ်ကျင့်မှပေါက်မှာ၊ အကျန်စားရုံနဲ့တော့ မပေါက်ဘူး။ အခုခေတ်ဆိုရင် ရောဂါကူးနိုင်တယ်ပေါ့။ အကျန်ဘာလို့စားရမလဲ၊ မစားနဲ့ပေါ့။ ဘယ်သူ့အကျန်မှ မစားနဲ့၊ တချို့က အကျန်စားရင် ကောင်းတဲ့ဓာတ်တွေ ကူးလိမ့်မယ်လို့ထင်တာ၊ မကူးဘူးနော်၊ ရောဂါတော့ကူးမှာ။ ကောင်းတဲ့ဓာတ်တော့ ကူးချင်မှကူးမှာ။ ကောင်းတဲ့ဓာတ်ဆိုတာ စိတ်ကနေမှ ကူးရတာလေ။

လောကလူတွေဟာ ကိုးကွယ်မှု၊ အတုယူမှုတွေ အလွန်လွဲမှားတယ်။ အဲဒါ ဘာလို့လွဲမှားတာတုန်းဆို အသိဉာဏ်အားနည်းလို့ပဲ။ တစ်ခါတုန်းက ပြောသံကြားတယ်၊ သိဒ္ဓိပေါက်တဲ့ သိဒ္ဓိရှင်တွေ ဘာတွေကို လူတွေက ဝိုင်းကြတယ်လေ။ ဝိုင်းတာ ဘာလို့ဝိုင်းတာတုန်းဆို 'ထီ'ပေါက်ချင်တယ်၊ 'မ'တာခံချင်တယ်၊ ဒါမျိုးတွေပေါ့၊ အခုချက်ချင်းပဲ တကယ်ချမ်းသာမယ့်ပုဂ္ဂိုလ်လို၊ လူတွေဖြစ်နေတာကို ပြောတာပါ။ သူသောက်တဲ့ရေလေးကို သောက်လိုက်ရရင်ပဲ ရောဂါတွေ အကုန်ပျောက်မယ်လို့ထင်တယ်။ အေး၊ ထင်တာပဲရှိတယ်၊ မပျောက်ပါဘူး၊ ဘုန်းကြီးတို့ကတော့ ကနေ့အထိ ဒါတွေတစ်ခုမှမယုံဘူး။

တစ်ခါတုန်းက ကြားဖူးလိုက်သေးတယ်၊ ဘိုးတော်တစ်ယောက်က သူ့လက်ကို ပွတ်လိုက်တဲ့အခါကျတော့ လက်က ဂျီးတွေထွက်လာတယ်၊ အဲဒီဂျီးတွေကို ဖန်ခွက်ထဲ ထည့်ပြီးတော့တိုက်တာ၊ လုသောက်ကြသတဲ့။ ကြားဖူးတယ်၊ မရှိဘူးမထင်နဲ့၊ ရှိတယ်နော်၊ ဒါမျိုးတွေက။

လူတွေက ယုံပြီဆိုရင် အကုန်လုပ်တာ။ လူဆိုတာ တော်တော်လည်း ကြောက်စရာကောင်းတယ်။ အဲဒီဘဝမျိုး မရောက်ဘူးလို့ မထင်နဲ့။ ဒါကြောင့်မို့ အသိဉာဏ်ဆိုတာ ဆည်းပူးရတယ်၊ လေ့လာရတယ်။ ယုံကြည်မှုတွေ သိပ်များပြီးတော့ အသိပညာနည်းပါးပြီဆိုလို့ရှိရင် မယုံသင့်တာတွေပါ ယုံကုန်ရော။ အဲဒီလိုမျိုးတွေ မဖြစ်သင့်ဘူး။ မြတ်စွာဘုရားဟောတဲ့အထဲမှာ ဒါမျိုးတစ်ခုမှ မပါဘူးနော်။ ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်တာ ဒါတွေနဲ့မဆိုင်ဘူး။ ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်ရမယ်။

အဲဒီတော့ လောကကြီးမှာ ကိုယ့်ကိုယ်ကို “ငါလိုပုဂ္ဂိုလ်ဟာ အသိဉာဏ်ရှိပြီး ဘုရားသာသနာတော်နဲ့ တွေ့ကြုံနေရတယ်၊ ငါလိုပုဂ္ဂိုလ်ဟာ တရားဓမ္မကို ဆင်ခြင်စဉ်းစားလိုက်မယ်ဆိုရင် ဒီဘဝမှာပဲ တစ်မဂ်တစ်ဖိုလ် ရရှိနိုင်တယ်။ ဒါကြောင့်မို့ ငါဟာ ကိုယ့်ကိုယ်ကို ပြင်ရမှာပဲ။ ကိုယ့်ကိုယ်ကို အလေးထားရမယ်။ အကယ်၍များ ငါ ဒီဘဝမှာ မပြင်လိုက်ဘူးဆိုလို့ရှိရင် ငါ့ရဲ့ဘဝဟာ ကြီးပွားတိုးတက်ဖို့ မရှိနိုင်ဘူး။ အဲဒါကြောင့်မို့ ကြီးပွားတိုးတက်အောင်၊ ကိုယ့်ကိုယ်ကို မကောင်းတဲ့လမ်း မသွားမိအောင်၊ ကောင်းတဲ့လမ်း လျှောက်မိအောင် ငါပြင်ရမယ်” လို့ ကိုယ့်ကိုယ်ကို အလေးထားရမယ်။ ကိုယ့်ကိုယ်ကို အလေးထားပြီးတော့၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီးတော့ စဉ်းစားရမယ်။

လောကလူတွေဟာ ကိုယ့်ကိုယ်ကို တန်ဖိုးကို သိပ်မထားကြဘူး။ နှိမ့်ချပြီးတော့ တွေးကြတယ်နော်။ ယုံပြီဆိုရင် အကုန်လုံး ပုံအပ်ပြီးတော့ ကိုယ့်ရဲ့အသိဉာဏ်၊ ကိုယ့်ရဲ့စိတ်ဓာတ်ကို တန်ဖိုးမထားတော့ဘူး၊ ဒါမျိုးတွေ ဖြစ်တတ်တယ်။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားကိုယ်တိုင်ကလည်း ဟောထားတာလေ။ “အတ္တာ ဟိ အတ္တနော နာထော” တဲ့။ ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ရာ ဖြစ်တယ်၊ ကိုယ့်ဟာကိုယ် အားကိုးရမယ်၊ “အတ္တနာ ဟိ သုဒန္တေန နာထံ လဗ္ဘတိ ဒုလ္လဘံ” ကိုယ်ကိုယ်တိုင် စိတ်ယဉ်ကျေးအောင်လုပ်မှ အားကိုးရာတရားဆိုတာ အစစ်အမှန်ကို ရနိုင်တယ်၊ တွေ့နိုင်တယ်လို့ ဒီလိုပြောတာ။

ဒါကြောင့်မို့ လောကလူတွေရဲ့ ဒီဘဝခရီးကို ဦးဆောင်ပြီးတော့ ကြီးပွားတိုးတက်နိုင်တဲ့ အရည်အချင်းဟာ အတွင်းမှာပဲရှိတယ်၊ အပြင်မှာ မရှိဘူး။ အပြင်က အကူအညီလေးပဲ ရှိတယ်နော်။ ဒါ ဘယ်လိုစဉ်းစားရမတုန်းဆို စဉ်းစားကြည့်လေ၊ ကလေးလေးတစ်ယောက် စာတတ်အောင်၊ တော်အောင်လို့ ကျောင်းထားတယ်၊ ဆရာကောင်းနဲ့၊ ပိုက်ဆံလည်း အင်မတန် အကုန်အကျကြီးတဲ့ကျောင်းမှာ သွားထားတယ်၊ ဒါပေမယ့် သူ မကြိုးစားဘူးဆိုရင် မရဘူး၊ အပြင်ဘက်က ဘယ်လောက်ကောင်းကောင်း သူကိုယ်တိုင်က မကြိုးစားဘူး၊ သူ့ရဲ့စိတ်ဓာတ်ကို မပြင်ဘူး၊ သူကိုယ်တိုင် မလုပ်ဘူးဆိုရင် ဘာမှမရဘူး။ ဒါက အင်မတန်မှ ထင်ရှားတယ်၊ ဒါကြောင့်မို့ ကိုယ်ကိုယ်ကို အားကိုးရမယ်။

ကိုယ့်ကိုယ်ကိုအားကိုး ဆိုတဲ့နေရာမှာ အပြင်ဘက်က အကြောင်းတရားကိုလည်း ကိုယ်ရအောင်ယူရမယ်။ ဆရာဆိုတာ နည်းလမ်းပြတယ်၊ သင်ကြားပေးတယ်၊ မှတ်ယူပြီးတော့ ကြိုးစားဖို့က ကိုယ့်တာဝန်၊ အဲဒါကြောင့်မို့ ကိုယ်ကိုယ်ကို အလေးထားပြီးတော့၊ ကိုယ့်ကိုယ်ကို ထိပ်တန်းထားပြီးတော့ ပြင်ရမယ်။ ကိုယ့်ကိုယ်ကို ထိပ်တန်းထားပြီးတော့ ဆင်ခြင်စဉ်းစားပြီးတော့ ကောင်းအောင်ပြင်ရမယ်။

နောက်တစ်ခု ရှိသေးတယ်။ ကိုယ်ကိုယ်ကို ဘယ်လိုပြင်မလဲ - “ငါဟာ အခု ဒီဘဝမှာ ကုသိုလ်ကောင်းမှု လုပ်ခွင့်ရတယ်၊ ဒီဘဝမှာ ငါ ကုသိုလ်မလုပ်လိုက်ဘူးဆိုလို့ရှိရင် ငါသေသွားလို့ရှိရင် ငရဲကျသွားနိုင်တယ်၊ တိရစ္ဆာန်ဖြစ်နိုင်တယ်၊ ပြိတ္တာဖြစ်နိုင်တယ်”။ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံ ရောက်သွားလို့ရှိရင် - ကိုယ့်မျက်စိအောက်မှာ ကြည့် - ကြက်ကလေးတွေ၊ ဝက်ကလေးတွေ ဘယ်လိုလုပ် တရားနာနိုင်မတုန်း၊ ဘယ်လိုလုပ် တရားနှလုံးသွင်းနိုင်မတုန်း။ “ဒီဘဝမျိုးဆိုရင် ငါ တရားနာချင်လို့လည်း မရဘူး၊ တရားကျင့်ချင်လို့လည်း မရဘူး။ အခု တရားကျင့်နိုင်တဲ့ဘဝမှာ ငါကျင့်မှပဲ” ဒါ ကိုယ့်ကိုယ်ကို စဉ်းစားတာ။ “ဒီဘဝမှာ မလုပ်ဘူးဆိုလို့ရှိရင် သံသရာမှာ ငါလုပ်ဖို့ အခြေအနေတွေ ရချင်မှရမှာ၊ ဒါကြောင့်မို့ ဒီဘဝပဲ ငါလုပ်မှပဲ” လို့ စိတ်ထဲက ဒီလိုနှလုံးသွင်းပြီးတော့ ကြိုးစားရမယ်။

နောက်တစ်ခုက “ကာမဂုဏ်အာရုံဆိုတာ ဘယ်ဘဝမဆို ခံစားကြရတာ၊ တိရစ္ဆာန်တွေလည်း တိရစ္ဆာန်အတိုင်းအတာအလိုက် ခံစားတာပဲ၊ လူတွေလည်း လူတွေရဲ့ အတိုင်းအတာအလိုက် ခံစားတာပဲ။ အဲဒီခံစားမှုကြီးကိုပဲ အဟုတ်ကြီးထင်ပြီးတော့ ဒါတွေနဲ့ နစ်မြုပ်ပြီးတော့နေမယ်ဆိုရင် ငါ့မှာ ရသင့်ရထိုက်တဲ့ အသိပညာတွေက လက်လွတ်ဆုံးရှုံးလိမ့်မယ်၊ အဲဒီတော့ ဒါတွေကို လက်လွတ်ဆုံးရှုံးခံလို့ မဖြစ်ဘူး” ဟော စဉ်းစားပုံလေးတွေက အမျိုးမျိုးနော်။

ဘုရားအလောင်း သုမေဓာ ဆင်ခြင်စဉ်းစားတာ ကြည့်၊ သုမေဓာဆိုတာ သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး။ ခုခေတ် ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေက ကိုယ့်ဘဝကိုစွန့်တာ မဆန်းဘူး၊ ဘဝမှာ အဆင်ပြေပြီးတော့ တကယ်ထိပ်တန်းကျတဲ့ပုဂ္ဂိုလ်က ဒါတွေကိုစွန့်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ၊ ဘုရားလောင်း သုမေဓာသူဌေးသားလေးဟာ ဘိုးဘွားမိဘတွေ လက်ထက်ကတည်းက စုဆောင်းလာတဲ့ ရတနာသိုက်တွေဟာ နည်းတာမဟုတ်ဘူး။ မိဘတွေ မရှိတော့တဲ့နောက် ဒီရတနာတွေ သူ့လက်ထဲရောက်တော့ သူစဉ်းစားပုံလေးကြည့် ဒီရတနာတွေ ရှာဖွေစုဆောင်းတာ စာရင်းနဲ့ဘာနဲ့ မှတ်ထားတယ်။ “ဒါက ဘယ်အဘိုးလက်ထက်က၊ ဒါက ဘယ်အဘွားလက်ထက်က၊ ဒါက အဘိုးပစ္စည်း၊ ဒါက အဘွားပစ္စည်းဆိုပြီး စာရင်းဇယားတွေနဲ့ ဆွေ ၇-ဆက် မျိုး ၇-ဆက်က ပစ္စည်းတွေ” ဆိုပြီး ပြတယ်။ ဒီတော့ သူက ဆက်ပြီးစဉ်းစားတယ်။ “ပစ္စည်းရှာတဲ့ ပုဂ္ဂိုလ်တွေက အခု မရှိကြတော့ဘူး၊ သူတို့ရှာသွားတဲ့ ပစ္စည်းတွေပဲ ကျန်ရစ်တယ်၊ ဒီပစ္စည်းတွေကို ငါ သုံးမသွားနိုင်ဘူးဆိုရင် ငါလည်းဒီလိုပဲ ထားခဲ့ရမှာပဲ၊ ပစ္စည်းရှာသွားတဲ့ပုဂ္ဂိုလ်တွေ မရှိတော့ဘဲနဲ့ ပစ္စည်းတွေသာ ကျန်ရစ်တယ်။ သူတို့ရှာသွားတဲ့ပစ္စည်း သူတို့သုံးမသွားရဘူး၊ ငါကတော့ ငါပိုင်တဲ့ ပစ္စည်းတွေ အားလုံးသုံးမယ်” လို့ - ဘယ်နည်းနဲ့ ယူသွားလို့ရှိရင် ရနိုင်မလဲလို့ ဆင်ခြင်စဉ်းစားကြည့်တာ။

ဒီလောက်ကတော့ တရားနာ ပရိသတ်တွေ ဆင်ခြင်စဉ်းစားကြည့်ပေါ့။ ကိုယ့်မှာ စိန်တွေ ရွှေတွေ ပိုင်တယ်ဆိုလို့ရှိရင် နောက်ဘဝကို ဒါတွေယူသွားလို့ရမလား၊ မရဘူးလား။ အားလုံးထားပစ်ခဲ့ရတာနော်။ အဲဒီတော့ ထားပစ်ခဲ့ရတာ သေချာသည့်အတွက်ကြောင့် ဒါတွေကို ယူသွားချင်ရင် ဘာလုပ်ရမတုန်းဆို “ဒီကနေ ဖြစ်ပေါ်လာတဲ့ ကုသိုလ်ကောင်းမှုကို ယူသွားလို့ရတယ်၊ ဒီတော့ ပစ္စည်းကို စွန့်လှူပြီးတော့ ရတဲ့ ဒါနကောင်းမှုပဲ ယူသွားမယ်၊ ဆောက်တည်လို့ရတဲ့ သီလကောင်းမှုပဲ ယူသွားမယ်၊ တရားဓမ္မ နှလုံးသွင်းလို့ရတဲ့ ဘာဝနာကောင်းမှုပဲ ယူသွားမယ်” တဲ့။ “ဒီပစ္စည်းတွေက ယူလို့ရတာတွေ မဟုတ်ဘူး၊ အဲဒီတော့ ယူလို့မရတဲ့ ပစ္စည်းတွေကို စောစောကတည်းက စွန့်ပြီးတော့ ကိုယ်စွန့်ခြင်းဖြင့် ရလာတဲ့ ဒါနကောင်းမှုကိုပဲ ငါယူမယ်” လို့ အဲဒီလို စဉ်းစားပြီးတော့ သူပိုင်တဲ့ပစ္စည်းတွေအားလုံး စွန့်ပစ်လိုက်တယ်၊ စွန့်ပြီးတော့ တောကြီးထဲ ထွက်ပြီးတော့ သူ တရားကျင့်တယ်ပေါ့။ အဲဒီကျမှ ဒီပင်္ကရာဘုရားနဲ့ တွေ့တယ်။

စဉ်းစားပုံချင်းက မတူဘူး၊ သာမန်ပုဂ္ဂိုလ်ဆိုရင် ဘယ်လိုစဉ်းစားမတုန်း၊ “ငါ့ဒီပစ္စည်းတွေ တစ်သက်လုံး မကုန်ဘူး၊ ပျော်ချင်ပါးချင်တိုင်း ပျော်ပါးမယ်” “ဒီပစ္စည်းတွေ သုံးဖြုန်းပြီး ဒီဘဝမှာ ဒီလိုနေသွားမယ်” လို့ ဒီလိုပဲစဉ်းစားမှာပေါ့။ သုံးဖြုန်းပျော်ပါးသွားလို့ရှိရင် ကုသိုလ်က မရလိုက်ဘဲနဲ့ ပစ္စည်းတွေသုံးတာတော့ ဒီဘဝမှာ သုံးလို့လည်းရမယ်၊ ဖြုန်းလို့လည်းရမယ်၊ သို့သော် သုံးတယ် ဖြုန်းတယ်ဆိုတဲ့အချိန်မှာ ဘာတွေက တက်လာတုန်းဆို လောဘတွေ တက်လာတယ်၊ ဒေါသတွေ တက်လာတယ်၊ ကာမဂုဏ်အာရုံစိတ်တွေပဲ တိုးတက်လာတယ်။ အဲဒါတွေက လူကို ဆွဲချသွားတာ။ ပစ္စည်းပေါ်မှာ တွယ်တာမှုတွေက လူကို ဆွဲချသွားလိုက်တယ်။ နောက်ဆုံးမှာ နိမ့်ကျတဲ့ဘဝတစ်ခု ရောက်သွားမယ်။ ဒါကြောင့်မို့ “အတ္တာနံ ယေဝ အဓိပတိံ ကတွာ” ကိုယ့်ကိုယ်ကို အလေးထားဆင်ခြင်စဉ်းစားပြီးတဲ့အခါမှာ အကုသိုလ်တွေဖယ်ဖို့ ကြိုးစားရမယ်တဲ့။ ကုသိုလ်တရားတွေ ပွားများအားထုတ်ဖို့ ကြိုးစားရမယ်တဲ့။ ဒါ အလေးအနက် ထားရမယ့် ဆင်ခြင်ရမယ့် တစ်ခု။

နောက်တစ်ခုကျတော့ လောကကို အလေးထားတယ်။ လောကဆိုတာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ပဲ၊ ခုနက ကိုယ့်ကိုယ်ကို အလေးထား ဆိုတဲ့အထဲမယ် လူဟာ ဆင်ခြင်စဉ်းစားပြီးတော့ လောကမှာ လူတွေက အများအားဖြင့် ဘာလုပ်ပေးလေ့ရှိကြတုန်းဆိုတော့ ကုသိုလ်ကောင်းမှုလုပ်တာကျတော့ လူသိတာ ကိစ္စမရှိဘူးလေ၊ လူသိအောင်လည်း လုပ်ကြတယ်၊ ဘုရားဝတ်တက် အမျှဝေတာတောင်မှ ကြေးစည်ကလေး ခေါက်လိုက်သေးတာ၊ အားလုံးကြားအောင်၊ ခိုးတဲ့လူကတော့ ကြေးစည်ထိုးပြီး ခိုးတဲ့သူ မရှိဘူးနော်၊ တိတ်တိတ်လေး ခိုးသွားတာပဲ၊ လူကြားမှာတောင် ကြောက်သေး၊ ကုသိုလ်ကောင်းမှုလုပ်တဲ့လူက ကြော်ငြာပြီးတော့ လုပ်လို့ရတယ်၊ အကုသိုလ်လုပ်တဲ့လူက ကြော်ငြာပြီးတော့ လုပ်လို့ရပါမလား၊ မရဘူးနော်။ ဒီတော့ အကုသိုလ်ဆိုတာကို “ပဋိစ္ဆန္န ကမ္မန္တ” ဖုံးလွှမ်းပြီး လုပ်ရတဲ့အလုပ် လို့ ဒီလိုပြောတာ။

လောကလူတွေက ကုသိုလ် လုပ်ဖို့ထက် အကုသိုလ်လုပ်ဖို့က ပိုလွယ်တယ်။ လွယ်တဲ့အခါကျတော့ ဆိတ်ကွယ်ရာလို့ ထင်ပြီဆိုရင် အကုသိုလ်ဘက်ကို စဉ်းစားတယ်။ အများစုက ဘယ်သူမှမရှိဘူးဆိုလို့ရှိရင် မကောင်းတဲ့ဘက်ကို စဉ်းစားတယ်၊ “ဘယ်သူမှမရှိဘူး၊ ငါ တရားထိုင်မယ်” ဆိုတာ အနည်းစု၊ အင်မတန်မှနည်းတာ၊ ဒီတော့ အများစုက မကောင်းတာလုပ်ဖို့ စဉ်းစားတယ်။ ဘာဖြစ်လို့ မကောင်းတာလုပ်သလဲဆို သူ့စိတ်ထဲမှာ ဆိတ်ကွယ်ရာလို့သတ်မှတ်လိုက်တာ၊ “ငါလုပ်တာ ဘယ်သူမှမသိဘူး၊ ငါလုပ်ချင်တာ လုပ်လို့ရပြီ” လို့ ထင်တာကိုး၊ ထင်ပြီးတော့ အဲဒီလို လုပ်လေ့ရှိတယ်တဲ့။

အဲဒီမှာ ကိုယ့်ကိုယ်ကို စဉ်းစားရမှာက “ဘယ်သူမှ မသိပေမယ့် ငါသိတယ်” လောကမှာ မဟုတ်တာလုပ်ရင် ကျန်တဲ့လူတွေ ဘယ်သူမှမသိဘူးဆိုပေမယ့် ငါသိတယ်နော်၊ ဒီတော့ ငါသိနေရင်ကို သိတဲ့သူရှိနေပြီ၊ ဒါကြောင့်မို့ ကိုယ်သိရင်ပဲ အကုသိုလ်ဟာ မလုပ်သင့်ဘူး။

ဒါကြောင့်မို့ “နတ္ထိလောကေ ရဟော နာမ ပါပကမ္မံ ပကုဗ္ဗတော” “အကုသိုလ်အမှုပြုလုပ်တဲ့ပုဂ္ဂိုလ်မှာ ဆိတ်ကွယ်ရာဆိုတာ မရှိပါဘူး” တဲ့။ ဘာဖြစ်လို့ ဆိတ်ကွယ်ရာဆိုတာ မရှိတာတုန်းဆို “အတ္တာ တေ ပုရိသ ဇာနာတိ” တဲ့။ ကိုယ့်ကိုယ်ကိုပဲ သိနေတာပဲတဲ့၊ ဘယ်လိုလုပ် ဆိတ်ကွယ်မှာလဲတဲ့။ “သစ္စံ ဝါ ယဒိ ဝါ မုသာ” ကိုယ်လုပ်တာ ဟုတ်တယ် မဟုတ်ဘူး ကိုယ်သိတယ်လေ၊ ကိုယ်သိနေကတည်းက ကိုယ့်ကိုယ်ကို ရှက်စရာကြီး ဖြစ်နေပြီပေါ့။ ဒါကြောင့်မို့လို့ ကိုယ်ကိုယ်ကို သိနေတဲ့ မကောင်းမှုကိုလည်း မလုပ်သင့်ဘူးတဲ့။

အကောင်းဆုံးသက်သေက ကိုယ့်ကိုယ်ကိုပဲ ကိုယ်အသိဆုံးပဲ။ ကိုယ်လုပ်တာ ကိုယ်အသိဆုံးပဲ။ ဒီလိုပြောတာ။ နောက်တစ်ခုကျတော့ “လောကံယေဝ အဓိပတိံ ကတွာ” ကိုယ့်ပတ်ဝန်းကျင်ကို ဆင်ခြင်စဉ်းစားတာ။ “လောကကြီးမှာ ငါတစ်ယောက်တည်းနေတာ မဟုတ်ဘူး၊ ငါမဟုတ်တာလုပ်ရင် ငါလုပ်တာတွေ တစ်နေ့ကျတော့ ပေါ်လိမ့်မယ်၊ သို့မဟုတ် လောကကြီးမှာ တန်ခိုးရှင်တွေရှိတယ်၊ အဲဒီတန်ခိုးရှင်တွေက သူများစိတ်ကို သိနိုင်တယ်၊ ဖုံးကွယ်တယ်လို့ထင်ပေမယ့် သူတို့က မြင်နိုင်စွမ်းရှိတယ်၊ သူတို့မြင်သွားလို့ရှိရင် ငါလုပ်တဲ့အလုပ်တွေဟာ ရှက်စရာကြီးပဲ၊ အရှက်ကွဲလိမ့်မယ်။ လောကကို အကြီးအမှူးထားလို့၊ အလေးထားလို့ “ငါမဟုတ်တာလုပ်ရင် ငါ့အမေအရှက်ရလိမ့်မယ်၊ ငါ့အဖေအရှက်ရလိမ့်မယ်၊ ငါ့ရဲ့မိသားစု အရှက်ရလိမ့်မယ်၊ ငါ့ရဲ့ ဆွေမျိုးသားချင်းတွေ ငါ့မိတ်ဆွေတွေ အရှက်ရလိမ့်မယ်” လို့ ဆင်ခြင်စဉ်းစားရမယ်။ ဒါမျိုးတွေက တကယ်ရလည်း ရတာပဲ။ မဟုတ်တာလုပ်လို့ရှိရင် အရှက်ရတယ်၊ အဲဒီတော့ ပတ်ဝန်းကျင်အရှက်ရတဲ့ အလုပ်တွေ ငါမလုပ်သင့်ဘူးလို့ လောကကို၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို အလေးထားပြီးတော့ ဆင်ခြင်သုံးသပ်ပြီး အကုသိုလ်ကို ရှောင်ရမယ်၊ ကုသိုလ်ကိုသာ လုပ်ရမယ်တဲ့၊ အဲဒီလို ဆိုလိုတယ်။

ကိုယ့်စိတ်ကလေးကို ကိုယ်ပြင်ဖို့ရာအတွက် ဒါလေးတွေက စိတ်ဆင်ရိုင်းကို ချွန်းအုပ်ဖို့ရာ ဆင်ခြင်စဉ်းစားရမယ်။ အသိဉာဏ်နဲ့ အဲဒီလို ဆင်ခြင်စဉ်းစားပြီးတော့ အဓိကကတော့ မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကိုဆောင်ဖို့ပဲ။ ကောင်းတာတွေကြီးပဲ လုပ်သွားကြတယ်၊ လောကကို အဓိကထားတယ်၊ ကိုယ့်ပတ်ဝန်းကျင်ကို အဓိကထားတယ်၊ ကိုယ့်ကိုယ်ကို အဓိကထားတယ်။

ရှေးတုန်းက ဒီလို အဓိကထားတာလေးနဲ့ ပတ်သက်ပြီးတော့ ပြောပြဦးမယ်။ လောကဆိုတာ ကိုယ့်ရဲ့ အရာဝတ္ထုတစ်ခုခု ဘာပဲဖြစ်ဖြစ်ပေါ့လေ အဓိကထားတာ၊ ရှေးတုန်းက သာဝတ္ထိပြည်မှာ သိပ်ဆင်းရဲတဲ့ ကလေးလေးတစ်ယောက် ပုဆိုးလေးကလဲ စုတ်ပြတ်နေတဲ့ပုဆိုး၊ ပုဆိုးကလေးကို ဝတ်ထားပြီး ခွက်ကလေးဆွဲပြီးတော့ ခုနစ်နှစ်အရွယ် ကလေးလေးက တောင်းစားတာ၊ ကလေးလေးပဲ ရှိသေးတယ်၊ သူ သူတောင်းစားဘဝ ရောက်နေတယ်၊ အဲဒီလို အဝတ်ကလည်း စုတ်ပြတ်ပြီး ခွက်လေးဆွဲပြီး တောင်းစားနေတဲ့ ကလေးလေးကို ရှင်အာနန္ဒ တွေ့တဲ့အခါကျတော့ သနားတယ်၊ သနားလို့ အရှင်အာနန္ဒက ခေါ်ပြီးတော့ အဲဒီကလေးကို “မင်း သင်္ကန်းမဝတ်ချင်ဘူးလား” လို့ မေးတယ်။ ကလေးလေးက ဘာပြောတုန်းဆိုတော့ လူက စုတ်ပြတ်နေပေမယ့် တစ်ခါတစ်လေ အသိဉာဏ်ရှိတဲ့ ကလေးတွေရှိတယ်။ “တပည့်တော်လို အခြေအနေမဲ့ကို ဘယ်သူက သင်္ကန်းဝတ်ပေးမှာလဲဘုရား၊ ဝတ်ချင်လဲ တပည့်တော်ကို ဘယ်သူမှဝတ်ပေးမှာမဟုတ်ဘူး” ဆိုပြီး ပြန်လျှောက်တယ်။ “အဲဒါဆို မင်း ငါနဲ့လိုက်ခဲ့၊ ဝတ်ချင်တယ်ဆို ငါဝတ်ပေးမယ်” လို့နော်၊ ရှင်အာနန္ဒက ကျောင်းခေါ်သွားတယ်။ ကျောင်းခေါ်သွားပြီးတော့ သူ့ကို သင်္ကန်းဝတ်ပေးလိုက်တယ်။

အဲဒီ သင်္ကန်းဝတ်ပေးတဲ့အခါမှာ သံယောဇဉ်ဆိုတာ ကောင်းမှ သံယောဇဉ်တွယ်တာ မဟုတ်ဘူးနော်။ အဲဒီကလေးက ခုနစ်နှစ်အရွယ်ပဲရှိသေးတယ်၊ သင်္ကန်းကျတော့ ရှင်အာနန္ဒကပေးတာဖြစ်တော့ သင်္ကန်းဝတ်လိုက်တဲ့အခါမှာ သူ့ရဲ့ အဝတ်စုတ်ရယ်၊ ခွက်စုတ်ကလေးရယ်ကို မပစ်နိုင်ဘူး။ မပစ်နိုင်တော့ သစ်ပင်ခွကြားလေးတစ်ခုမှာ သွားတင်ထားတယ်။

အဲဒီလို သွားထားပြီးတော့ ရှင်အာနန္ဒဆီ သင်္ကန်းဝတ်၊ တရားဓမ္မတွေ သင်လို့ အသားအရေတွေ စိုပြေလာတယ်ပေါ့။ စိတ်ချမ်းသာ ကိုယ်ချမ်းသာ၊ စားစရာသောက်စရာကလည်း ဆွမ်းခံပြီး စားရတာဆိုတော့ ခါတိုင်းလို မဝရေစာစားရတာ မဟုတ်ဘူး။ အကောင်းစားလာရတဲ့အခါဆိုတော့ အသားအရေလေး စိုပြေလာတယ်။ လူက အသားအရေလေး စိုပြေပြီး စိတ်ကျန်းမာလာတဲ့အခါကျတော့ အကောင်းဘက်ကို သိပ်မစဉ်းစားဘူး။ လူဆိုတာ ကောင်းတဲ့ဘက်ကို သိပ်မစဉ်းစားချင်ဘူး။ သူ့စိတ်ထဲမှာ ဒီဘုန်းကြီးဝတ်နဲ့ နေရတာ၊ သင်္ကန်းဝတ်နဲ့ နေရတာ မလွတ်လပ်ဘူးလို့ ထင်တယ်။ ဒီတော့ မလွတ်လပ်တော့ သူလူထွက်ချင်စိတ် ပေါက်တယ်။ ဘယ်လောက်ကောင်းတဲ့နေရာ ပို့ပို့ ဒီဘဝမှာ သူဆက်မနေချင်ဘူး။

မနေချင်တော့ သူ့ကိုယ်သူ ဆုံးမတဲ့အနေနဲ့ သူဘယ်သွားတုန်းဆို "ကဲ ငါဒီသင်္ကန်း မဝတ်ချင်ဘူးဆိုရင် ငါဝတ်ရမှာက အစုတ်အပြဲနဲ့ ခွက်နဲ့ပဲ။ ငါပိုင်တဲ့ပစ္စည်းက ဒါပဲရှိတယ်" ဆိုပြီး အဲဒီခွက်ကလေးနဲ့ အဝတ်စုတ်ကလေး သိမ်းထားတဲ့နေရာကို သူသွားလိုက်တယ်။ သူ့အဝတ်စုတ်ကလေးကလဲ ဟိုနေရာကပေါက်၊ ဒီနေရာကပေါက်။ ကိုင်ပြီးတော့ ဆွဲလိုက်မယ်ဆိုလို့ရှိရင် အကုန်လုံး ရိနေတာ၊ ဘယ်နေရာမှ သုံးလို့မရတဲ့အဝတ်နော်။ ဒါလေးက မလုံ့တလုံလေး၊ သူဝတ်နေတာ။ အကုန်လုံး ရိနေတဲ့အဝတ်၊ ခိုင်မာတဲ့နေရာ တစ်နေရာမှမရှိဘူး။

အဲဒီ အဝတ်စုတ်ကလေးရယ်၊ ခွက်စုတ်ကလေးရယ်ကို ကြည့်ပြီးတော့ သူဘာတွေးတုန်းဆို ခုနက မပျော်တဲ့စိတ်ကို သူက ဆုံးမတယ်။ "မင်းက ဒီလိုချမ်းချမ်းသာသာ နေရတဲ့ဘဝကို မနေဘဲနဲ့ ဒီအဝတ်စုတ် ဝတ်ပြီးတော့ ခွက်စုတ်နဲ့လဲ တောင်းချင်သေးတာလား။ ကိုယ်ရထားတဲ့ ဘဝလေးတစ်ခု မင်းတန်ဖိုးရှိအောင် မလုပ်နိုင်ပါလား။ သံသရာဝဋ်ကထွက်ဖို့ မင်းမကြိုးစားဘဲနဲ့ လူထွက်ဖို့ ကြိုးစားနေတယ်၊ မင်း သင့်တော်ပါ့မလား" လို့ အဲဒီအဝတ်စုတ်နဲ့ ခွက်စုတ်ကို ကြည့်ပြီးတော့ သူ့ကိုယ်သူ ဆုံးမတာ။ ဆုံးမတဲ့အခါကျတော့ စိတ်ကလေး ပြန်လည်သွားတယ်။ ဒါနဲ့ ကျောင်းပြန်သွားတယ်။ ဒါက တစ်ခါဖြစ်တာ မဟုတ်ဘူး၊ အကြိမ်ကြိမ်ဖြစ်တာ။ အဲဒီလို ဖြစ်တိုင်းဖြစ်တိုင်း သူအဲဒီကို သွားတာ။ ကြာတော့ "ဒီကိုရင် ဘယ်သွားတာလဲ" ဆိုပြီးတော့ ကိုယ်တော်တွေက သူ့ကို မေးကြတယ်။ "မင်းဘယ်သွားတာတုန်း၊ အဲဒီဘက်ကို သွားသွားပြီးတော့" လို့ မေးကြတယ်။ "အဲဒီ သစ်ပင်နားလေးကို သွားသွားပြီးတော့ နေတာ ဘာသွားလုပ်တာလဲ" ဆို မေးတော့ သူကပြောတယ်၊ "ဆရာ့ဆီ သွားတာပါ၊ အဆုံးအမ သွားခံတာ၊ ဆရာ့ဆီ သွားတာ" တဲ့။ ဆရာဆိုတာ ဒီအဝတ်စုတ်က သူ့ကို ပြန်တရားချတယ်ပေါ့၊ ဒါပြောတာ။ လောကကို အဓိကထားတယ်၊ ဆရာဆိုတာ အဝတ်စုတ်နဲ့ခွက်စုတ်ကို သူပြောတာ။ "မင်းလူ့ဘဝရောက်ရင် ဒါပဲပြန်သုံးရမယ်" ဆိုပြီးတော့ အဲဒါကို သူက "ဆရာ" ဆိုပြီးတော့ ရဟန်းတွေကို ပြောတာ။

အဲဒီလို သွားလိုက်ပြန်လိုက် နေရင်းကနေ နောက် သူ့စိတ်တွေ တည်ငြိမ်မှုရလာတယ်။ ရှင်အာနန္ဒမထေရ်မြတ် နည်းပေးတဲ့အတိုင်း တရားကျင့်လိုက်တော့ နောက်ဆုံးမှာ သူ ရဟန္တာဖြစ်သွားတယ်။ သာသနာတော်မှာ လုံးဝပျော်တဲ့အပျော်၊ ထာဝရပျော်တဲ့အပျော်တစ်ခုကို သူရသွားတယ်။ အဲဒီလိုပျော်တဲ့အခါ အဲဒီဘက်ကို သူဘယ်တော့မှ မသွားတော့ဘူး။ မသွားတော့ ကိုယ်တော်တွေက မေးတယ်၊ "မင်းဆရာ့ဆီ မသွားဘူးလား" လို့ဆိုတော့ "အရှင်ဘုရား၊ ဆရာနဲ့ အဆက်အသွယ်ရှိတုန်းကသာ သွားတာပါ၊ အခုတပည့်တော်မှာ အဆက်အသွယ်ပြတ်သွားပါပြီ" လို့ ဆိုတဲ့အခါကျတော့မှ မြတ်စွာဘုရားကို ရဟန်းတွေက "ဒီကိုယ်တော် တရားထူးရတဲ့ စကားမျိုး ပြောတယ်ပေါ့" ဆိုတော့ မြတ်စွာဘုရားက "ဟုတ်တယ်" တဲ့။ "သူက အရှက်တရားနဲ့ သူ့ကိုယ်သူ ဆုံးမပြီးတော့ အဲဒီ အဝတ်စုတ်နဲ့ ခွက်စုတ်ကို ကြည့်ကြည့်ပြီးတော့ သူ့ကိုယ်သူ တရားချပြီး ကျင့်ကြံကြိုးကုတ် အားထုတ်လို့ အခု တရားထူး တရားမြတ် ရသွားပြီ" လို့ မိန့်ကြားတယ်။

ကြည့်လေ၊ ဘာကိုပဲဖြစ်ဖြစ် "လောကံ ယေဝ အဓိပတိံ ကတွာ" ကိုယ့်ရဲ့ပတ်ဝန်းကျင် ဘာပဲဖြစ်ဖြစ်၊ ကိုယ်သုံးတဲ့ပစ္စည်းနဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ အဲဒါကို အလေးထားပြီးတော့ ဆရာအရာထားလို့ စဉ်းစားဆင်ခြင်ပြီးတော့ ကိုယ့်ကိုယ်ကို ပြင်သွားကြတာ။ ဒါသူတော်စင်တွေဟာ ဒီလိုပဲ လုပ်လေ့ရှိတယ်ပေါ့။

နောက်တစ်ခုကျတော့ "ဓမ္မကို အလေးထားပြီးတော့ ကိုယ့်ကိုယ်ကို ပြင်ရမယ်" တဲ့။ မြတ်စွာဘုရားဟောတဲ့ တရားဓမ္မကို လေ့လာလိုက်စားမယ်ဆိုရင်၊ ကြည့်လိုက်မယ်ဆိုရင် ဘုရားဟောတဲ့ တရားဓမ္မဟာ ကိုယ်ကျင့်သီလအကြောင်း ဟောတာရှိတယ်။ သမာဓိအကြောင်း ဟောတာရှိတယ်၊ ပညာအကြောင်း ဟောတာရှိတယ်။ ကိုယ်ကျင့်သီလဆိုတာ ဘယ်လိုကောင်းကျိုးချမ်းသာတွေ ရစေနိုင်တယ်။ သမာဓိတရားဆိုတာ ဘယ်လိုကောင်းကျိုးချမ်းသာတွေ ရစေနိုင်တယ်။ ပညာတရားဆိုတာ ဘယ်လိုကောင်းကျိုးချမ်းသာတွေ ရစေနိုင်တယ်။ သီလကို ဘယ်လိုဖြည့်ကျင့်ရတယ်။ သမာဓိကို ဘယ်လိုပွားများရတယ်။ ပညာကို ဘယ်လိုထက်အောင် ပြုရတယ်ဆိုတဲ့ မြတ်စွာဘုရားဟောကြားတဲ့ တရားဓမ္မတွေဟာ လုပ်ရင် လုပ်တဲ့အတိုင်း ဖြစ်တယ်ဆိုတဲ့ ဓမ္မရဲ့ ဂုဏ်ရည်ဂုဏ်သွေးတွေကို ဘုရားဟောတာ အမှန်အကန်ပဲ။ တကယ်လုပ်ရင် လုပ်သွားတာတွေ ကိုယ်တိုင်ဖြစ်ကုန်ကြတယ်။

ဒါကြောင့်မို့ တရားဂုဏ်တော် ၆-ပါးဆိုတာ အလေးအနက်ထားပြီးတော့ စဉ်းစားကြည့်- မြတ်စွာဘုရားဟောတာ ကြည့်နော်၊ သီလကို ပြည့်စုံအောင်လုပ်။ သီလကို ပြည့်စုံအောင်လုပ်ပြီးတော့ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ ဉာဏ်စိုက်ပြီးတော့ ရုပ်နာမ်ဓမ္မသင်္ခါရတွေကို ဆင်ခြင်စဉ်းစား။ သတိတွေ ခိုင်မာအောင်၊ သမာဓိတွေ ရင့်သန်လာအောင်၊ ပညာတွေ ထက်မြက်လာအောင် ကြိုးစားအားထုတ်မယ်ဆိုရင် အဲဒီသင်္ခါရတရားတွေရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ဆိုတာ တွေ့မယ်။ အဲဒီနိဗ္ဗာန် တွေ့သွားလို့ရှိရင် ထာဝရငြိမ်းချမ်းတဲ့အငြိမ်းကို ရရှိနိုင်တယ်လို့ မြတ်စွာဘုရားက အဲဒီလို ဟောတယ်။ မြတ်စွာဘုရားဟောတဲ့ ဒီလိုမှန်ကန်တဲ့ ဝိပဿနာကျင့်စဉ်တရားကို ကျင့်လို့ရှိရင် ရရှိလာနိုင်တဲ့ မဂ် ၄-ပါး။ မဂ် ၄-ပါး ရလာတာနဲ့တစ်ပြိုင်နက် အကျိုးအနေနဲ့ ဖြစ်ပေါ်လာမယ့် ဖိုလ် ၄-ပါး၊ ဒီသဘာဝတရားတွေဟာ တကယ်ကျင့်ရင် တကယ်ရတယ်။ တကယ်လုပ် တကယ်ဖြစ်တယ်ဆိုတာ မြတ်စွာဘုရားက ဟောထားတယ်။

အဲဒါကြောင့်မို့ တရားရဲ့ဂုဏ်ရည်တွေ အာမခံချက်ပေးတဲ့အနေနဲ့ မြတ်စွာဘုရား ဟောထားတာရှိတယ်။ "သွာက္ခာတော ဘဂဝတာ ဓမ္မော" မြတ်စွာဘုရားဟောတဲ့ ဓမ္မဟာ အမှန်အတိုင်း ဟောတာဖြစ်တယ်။ လုပ်မဖြစ်တဲ့တရား တစ်ခုမှ မဟောဘူး။ လုပ်ဖြစ်တဲ့တရားတွေချည်းပဲ။ လူတိုင်းလူတိုင်း လုပ်လို့ရတယ်လေ။ သီလဆိုတာ ဆောက်တည်လို့ရတယ်။ သမာဓိကျင့်စဉ် ကျင့်လို့ရတယ်။ ကျင့်ရင် ကိုယ့်အတိုင်းအတာအလျောက် အကျိုးတရားဆိုတာလည်း ရောက်လာမယ်။ ပညာဆိုတာလည်း ကျင့်ကြံလို့ရတယ်။ ရလာလို့ရှိရင် အတိုင်းအတာတစ်ခုအရ မျက်မှောက်ပြုလာနိုင်တယ်။ လုပ်ရင် လုပ်တဲ့အတိုင်း ဖြစ်နိုင်လို့ "သွာက္ခာတော ဘဂဝတာ ဓမ္မော" မှန်မှန်ကန်ကန် ဟောထားတဲ့တရားတဲ့။

အဲဒီ မှန်မှန်ကန်ကန် ဟောထားတဲ့တရားဟာ ဘုရားကလွဲရင် ကျန်တဲ့ပုဂ္ဂိုလ်တွေ မသိဘူးလားလို့ဆိုရင် မဟုတ်ဘူး။ လုပ်တဲ့ပုဂ္ဂိုလ်တိုင်း သိနိုင်တယ်။

"သန္ဒိဋ္ဌိကော" လုပ်သူကိုယ်တိုင် သိနိုင်တယ်၊ ဘယ်လောက် ကျေနပ်စရာကောင်းလဲ။ ကိုယ်လုပ်ရင် ကိုယ်သိတယ်ပေါ့။ ကိုယ်လုပ်ရင် ကိုယ်ရတယ်။ "ငါရတယ်၊ မင်းတို့တော့ ငါပြောတဲ့အတိုင်း ယုံကြ" လို့ ဒီလိုပြောတာ မဟုတ်ဘူး။ "သန္ဒိဋ္ဌိကော" ကိုယ်တိုင်မြင်နိုင်တယ်တဲ့။ ဒီကျင့်စဉ်ကို ကျင့်ရင် ဘယ်သူကျင့်ကျင့် ကျင့်တဲ့ပုဂ္ဂိုလ်တိုင်း ဒီအဆင့်ကို ရောက်မယ်။ "သန္ဒိဋ္ဌိကော"။

အဲဒီလိုရောက်ဖို့ဆိုတာ ဘယ်လောက်ထိအောင် ဘယ်နှစ်နှစ်စောင့်ရမှာတုန်း။ အချိန်ဘယ်လောက်ယူရမှာတုန်းဆိုတော့ ယူစရာမလိုဘူးတဲ့။ "အကာလိကော" နော်။ ခုလုပ် ခုရတယ်။

အဲဒီလို ရသည့်အတွက်ကြောင့် ကိုယ်ရပြီးလို့ရှိရင် ကိုယ့်ရဲ့မိဘတွေမျိုးတွေ၊ ကိုယ့်ရဲ့ချစ်ခင်တဲ့ပုဂ္ဂိုလ်တွေကို "လာစမ်းပါ၊ ကြည့်စမ်းပါ၊ လုပ်ကြည့်စမ်းပါ" လို့ ခေါ်ပြလို့ရတယ်။ တကယ်မရှိတဲ့ဟာဆိုရင် ခေါ်ပြလို့ ဘယ်ရမလဲ။ ကိုယ်ကိုယ်တိုင် တွေ့တဲ့အခါမှာ ခေါ်ပြလို့ရတယ်။ "လုပ်ကြည့်စမ်းပါ၊ မင်းလည်း ဒီအတိုင်းတွေ့မှာပဲ"။ အဲဒါကို "ဧဟိ ပဿိကော"။

"ဩပနေယျိကော" အခုလုပ် အခုအကျိုးရှိတာမို့ တရားဓမ္မဟာ အခုနှလုံးသွင်း အခုစိတ်အေးချမ်းသာယာမှု ရတယ်။ ဘယ်လောက်ပဲ သောကဖြစ်နေနေ၊ မြန်မာလူမျိုးတွေ စဉ်းစားကြတယ်လေ။ သောကဖြစ်ရာ ကြုံတဲ့အခါ "ဩော် ပစ္စည်းသင်္ခါရ လူသင်္ခါရ" ဟော တွေးလိုက်တာနဲ့ပဲ စိတ်က သောကလျော့သွားတယ်။ ဒါသေချာတယ်။ ထွက်ပေါက်ဆိုတာ ရသွားတာ။ အဲဒီလို မစဉ်းစားတတ်တဲ့သူကျတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အဆင့် ရောက်သွားတယ်။ ထွက်ပေါက်မရှိဘူး။ ဟော ဒီလိုစဉ်းစားတာက ထွက်ပေါက်တစ်ခုပဲလေ။ အဲဒီလိုနဲ့ သောကကို ဖြေနိုင်ကြတာပေါ့။ ဒါကြောင့်မို့ "ဩပနေယျိကော" စိတ်ထဲမှာ ချက်ချင်းပို့ထားလိုက်တယ်။

"ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ" အသိပညာရှိတဲ့ပုဂ္ဂိုလ်တွေ ကိုယ်တွေ့ခံစားနိုင်ကြတယ်။ မြတ်စွာဘုရားတရားတော်တွေဟာ တကယ့်ကို လူတိုင်းလူတိုင်း၊ ပုဂ္ဂိုလ်မရွေး၊ ဘာသာမရွေး၊ ကျားမမရွေး အကုန်လုံး လုပ်ရင်လုပ်သလို အကျိုးရှိနိုင်တယ်။ အတိုင်းအတာတစ်ခုအရ အကျိုးရှိနိုင်တယ်။

ဒါကြောင့်မို့ အဲဒီတရားကိုပဲ "ဒါဟာ မှန်ကန်တဲ့တရား၊ မရတာ တို့မလုပ်လို့ မရတာ။ လုပ်ရင် ရကို ရရမယ်" လို့ ဒီတရားပေါ်မှာ အားကိုးယုံကြည်မှု၊ အလေးထားမှု "ဓမ္မံ ယေဝ အဓိပတိံ ကတွာ" ဆိုတာ ဓမ္မပေါ်မှာ လေးစားတာ။ ကိုယ်ကျင့်ရမယ့် တရားပေါ်မှာ အလေးထားတယ်။ "ငါးပါးသီလဆိုတာ သိပ်အရေးကြီးတယ်" လို့ သီလပေါ်မှာ အလေးထားတယ်။ "ဒါနဆိုတာလည်း လုပ်သင့်တယ်" လို့ ဒါနပေါ်မှာ အလေးထားတယ်။ "သမာဓိဆိုတာလည်း တို့စိတ်ငြိမ်အောင် ကြိုးစားရမှာ" လို့ သမာဓိတရားအပေါ်မှာ အလေးထားတယ်။ ဘဝမှာ ဆင်ခြင်စဉ်းစားပြီးတော့ "အသိပညာဆိုတာလည်း အရေးကြီးတယ်" လို့- ဟော အသိပညာပေါ်မှာ အလေးထားတာ။ အဲဒီလို ဓမ္မရဲ့စွမ်းရည်ပေါ်မှာ အလေးထားပြီးတော့ အကုသိုလ်တွေကို ဖယ်ရှားလို့ ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားရမယ်။

အလေးထားပုံ အလေးထားနည်းချင်း မတူဘူး။ ကိုယ့်ကိုယ်ကို အလေးထားလို့ ကြိုးစားတာက တစ်ခု၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို အလေးထားပြီးတော့ ကြိုးစားတာက တစ်ခု၊ ဓမ္မကို အလေးထားပြီးတော့ ကြိုးစားတာက တစ်ခု။ အဲဒီလို အလေးထား တန်ဖိုးထားပြီးတော့ ကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင် မကောင်းတဲ့ဘက်ကို စိတ်တွေမသွားအောင် (မကောင်းတာဆိုတာ အကုသိုလ်မဖြစ်အောင်)၊ ကောင်းတဲ့ဘက်ကို စိတ်တွေသွားအောင် (ကောင်းတာဆိုတာ ကုသိုလ်တွေ မိမိသန္တာန်မှာ ဖြစ်အောင်)၊ ဒီလို ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်တဲ့။ အဲဒါကို မြတ်စွာဘုရားက အဓိပတေယျသုတ်ဆိုတာ ဟောထားတာရှိတယ်။ အဲဒီ အဓိပတေယျသုတ်ကို ခြုံငုံပြီးတော့ ဒီကနေ့ ဟောကြားပေးခြင်းဖြစ်တယ်။

"အလေးထား၍ စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်" မိမိကိုယ်ကိုမိမိ အလေးထား၍၊ မိမိရဲ့ပတ်ဝန်းကျင် လောကကြီးကို အလေးထား၍၊ မြတ်စွာဘုရားဟောကြားတဲ့ အမှန်တရားတွေကို အလေးထား၍ အလေးအနက် ဆင်ခြင်စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်တယ်။ ကောင်းအောင်ပြင်တယ်ဆိုတာ မကောင်းတဲ့စရိုက်တွေ ကောင်းလာအောင်၊ အကုသိုလ်တွေ ဖယ်နိုင်အောင် ကြိုးစားတယ်။ ကုသိုလ်တွေကို တိုးပွားလာအောင် ကြိုးစားတယ်။ အကုသိုလ်မှန်သမျှရှောင်လို့၊ ကုသိုလ်မှန်သမျှ မိမိသန္တာန်မှာ ပြည့်စုံစေအောင်၊ စိတ်ဖြူစင်အောင် ထားနိုင်အောင် ကြိုးစားအားထုတ်ကြတယ်။ အဲဒီလို အားထုတ်ခြင်းသည်သာလျှင် မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်။ ဒီလိုလုပ်မှသာလျှင် "လူ့ဘဝတစ်ခု ရလာရကျိုး၊ ဘုရားသာသနာတော်နဲ့ ကြုံတွေ့ရကျိုး၊ တို့တစ်တွေ လူဖြစ်ရကျိုးနပ်မှာ" လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေသတည်း။

kgf666gvjua9x4jruvvv9fis04h1yml
ရှစ်ယောက် နဲ့ တစ်ယောက်
0
5902
22137
21622
2026-06-15T03:23:41Z
Tejinda
173
22137
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ရှစ်ယောက် နဲ့ တစ်ယောက်
| previous = [[အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်]]
| previous2 =
| next = [[အားပေးစကား]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ရှစ်ယောက် နဲ့ တစ်ယောက်

အမှာစကား

သာသနာတော်နှစ် ၂၅၅၀-ပြည့်နှစ်၊ ကောဇာ သက္ကရာဇ် ၁၃၆၈- ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈-ရက်၊ ရန်ကုန်တိုင်း၊ ဥက္ကံမြို့၊ ဘုရားကြီး ကျောင်းတိုက် အတွင်းဝယ် ဝိနယာဓိက ဝိနည်း စာတော်ပြန် မေးဖြေ ပွဲကြီးနှင့် စပ်လျဉ်း၍ ဆင်ယင် ကျင်းပပြုလုပ်အပ်သော ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် ဟောကြားအပ် သည့် “ရှစ်ယောက်နှင့် တစ်ယောက်” တရား ဒေသနာ တော်။

ဤစာအုပ်သည် ဟောတရားကို အသံမှ စာလုံး အဖြစ် ကူးပြောင်းကာ တည်းဖြတ်ထုတ်ဝေအပ်သော စာအုပ်ဖြစ်သည်။ အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ်၌ လာရှိသော “အက္ခဏသုတ်” ကိုပင် “ရှစ်ယောက်နဲ့ တစ်ယောက်” ဟု အမည်ပေးကာ ဟောထားခြင်း ဖြစ်သည်။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တိုင်း သိရှိကြ သည့် “ဩကာသကန်တော့ချိုး” တွင် ပါဝင်သည့် 'ရပ်ပြစ်ရှစ်ပါး' ဆိုသည်မှာ အဆိုပါ ရှစ်ယောက်ရဲ့ ဖြစ်ရာဘုံဘဝရှစ်မျိုးကို ရည်ညွှန်းသည်။

ဤစာအုပ်ကို ဖတ်ရှုပြီးလျှင် မူရင်း အက္ခဏသုတ် ကိုလည်း ဖတ်ရှုလေ့လာသင့်သည်။ ရရှိထားပြီး မိမိ တို့ရဲ့ ဘဝအခြေအနေကောင်းများကို လက်တွေ့ အသုံးချကာ ဘဝတန်ဖိုးကို အပြည့်အဝ အရယူနိုင်ကြ ပါစေ။

ဓမ္မအသိ ရှိလျက်နေမည်။

အရှင်နန္ဒမာလာဘိဝံသ

ရှစ်ယောက် နဲ့ တစ်ယောက်

ဒီကနေ့ညဟောမယ့် တရားရဲ့ အမည်က ရှစ်ယောက် နဲ့ တစ်ယောက် တဲ့။ “ရှစ်ယောက်နဲ့ တစ်ယောက်“ဆိုတာဘယ်နှစ်ယောက်တုန်း၊ ကိုးယောက် နော်၊ ကိုးယောက်လို့မပြောဘဲနဲ့ ဘာဖြစ်လို့ “ရှစ်ယောက် နဲ့ တစ်ယောက်” လို့ ပြောရသလဲဆိုတာ တရားနာပြီးရင် သဘောပေါက်မှာပါ။ တရားချစ်ခင်သူတော်စင်တို့ဟာ ရှစ်ယောက်ထဲမှာပါသလား၊ သို့မဟုတ် တစ်ယောက် ထဲမှာပါသလား ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ကြရမှာပါ၊

ဒီဒေသနာတော်အရ “ရှစ်ယောက်နဲ့တစ်ယောက်” ဆိုတာ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်က ရှစ်ယောက်ရှိတယ်၊ လောကမှာ ဘဝအခြေအနေ အကျိုးပေးမလှလို့ ကံဆိုးမိုးမှောင်ကျပြီး အခြေအနေ မလှတဲ့ပုဂ္ဂိုလ်က ရှစ်ယောက်၊ ကံကောင်းလို့ အခြေ အနေကောင်းရထားတဲ့ ပုဂ္ဂိုလ်က တစ်ယောက်ထဲပဲ ရှိတယ်။ ဆိုလိုတာက ကိုးယောက်မှာ တစ်ယောက်ပဲ ကံကောင်းတယ်လို့ပြောတာနော်။ အေး ကံမကောင်းတဲ့ လူက ရှစ်ယောက်၊ ကံကောင်းတဲ့လူက တစ်ယောက် ထဲပဲရှိတယ်၊ အဲဒီ တစ်ယောက်ထဲမှာ တရားချစ်ခင် သူတော်စင် ပရိသတ်တို့ ပါတယ် မပါဘူးဆိုတာ ကိုယ့် ဖာသာကိုယ် ကြည့်ရမယ်။

အခွင့်ကောင်းရသူနဲ့ မရသူ

ကံမကောင်းအကြောင်းမလှ အခြေအနေမပေးတဲ့ ပုဂ္ဂိုလ် ရှစ်ယောက်ဆိုတာ ဘယ်သူတွေလဲ၊ သံသရာ ဝဋ်က လွတ်ကင်းဖို့ တရားဓမ္မတွေကို မြတ်စွာဘုရားက ဟောတယ်၊ ထိုဟောထားတဲ့ တရားဓမ္မတွေကိုကျင့်ဖို့ အခွင့်အလမ်းမရရှိတဲ့ ပုဂ္ဂိုလ်တွေကိုပြောတာ။၊ လောက မှာ လူဖြစ်လာသော်လည်း အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တွေက အများကြီးပဲ၊ သံသရာလည်နေကြတဲ့ အထဲမှာ လူတိုင်းလူတိုင်း အခွင့်ကောင်းရရှိနေကြတာ မဟုတ်ဘူး၊ အခွင့်ကောင်းမရတဲ့ ပုဂ္ဂိုလ်တွေ အများ ကြီးပဲ။

အခွင့်အရေးဆိုတာနဲ့ပတ်သက်ပြီးပြောရရင် အခွင့် အရေးဆိုတာ အမျိုးမျိုးရှိတယ်၊ ဆိုပါစို့-တယ်လီဗစ်ရှင်း ကြည့်ချင်တယ်ဆိုရင် အိမ်မှာတယ်လီဗစ်ရှင်းရှိပေမယ့် လျှပ်စစ်မီးမရှိဘူး၊ လျှပ်စစ်မီးကမလာဘူးဆိုရင် ကြည့်လို့ ရမလား၊ မရဘူး၊ မီးလာတဲ့အခါမှ ကြည့်လို့ရတယ်၊ အခွင့်အရေးဆိုတာ အမြဲတမ်း ရှိရဲ့လား၊ မရှိဘူး၊ ဟို လျှပ်စစ်မီးနဲ့ ဝေးကွာတဲ့ တောရွာတွေမှာ လျှပ်စစ်မီး မပြောနဲ့ ကြယ်ကလေးတွေ လ,ကလေးတွေရဲ့ အလင်း ရောင်နဲ့နေကြရတယ်။ ကြယ်ရောင် လရောင်လေးတွေ ကို အားကိုးပြုပြီးတော့ ညအခါမှာ ခရီးသွားကြရတယ်။

ဟို ယခင်တုန်းက ဧရာဝတီတိုင်းက လူတွေဟာ ဒီရေ အတက်အကျကြည့်ပြီးတော့ ချောင်းတွေ မြောင်း တွေမှာ ခရီးသွားကြရတယ်နော်၊ ရေတက်ချိန်ကလေး ကိုကြည့်ပြီး လှေလောင်းတွေနဲ့ ခရီးသွားရတယ်၊ ချောင်းကြို ချောင်းကြားလေးမှာ ရေကျသွားပြီဆိုရင် သွားလို့ရသေးရဲ့လား၊ မရဘူး။ အခွင့်အရေးဆိုတာ အမြဲတမ်းရှိမနေဘူးလို့မှတ်ပါ၊

လူ့ဘဝရနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း အခွင့် ကောင်း အမြဲတမ်း ကြုံတာမဟုတ်ဘူးတဲ့၊ အခွင့်အရေး ကြုံတဲ့ အခိုက်ကလေးမှာ၊ အခွင့်သာခိုက်ကလေးမှာ ရသင့်ရထိုက်တာတွေကို ရအောင်ယူလိုက်မှ အခွင့် အရေး ရနိုင်တယ်။ အခွင့်အရေးဆိုတာ နောက်တစ်ခါ ပြန်လာချင်မှလာတယ်။

အခွင့်ကောင်းကို opportunity လို့ခေါ်တယ်၊ opportunity ဆိုတဲ့ အခွင့်ကောင်းဟာ ရံဖန်ရံခါမှသာ ရောက်လာတတ်တယ်၊ တစ်ခါရောက်လာပြီးရင်လည်း နောက်ထပ်ရောက်ချင်မှ ရောက်လာတယ်၊ ရောက်လာ တဲ့ အချိန်လေးမှာ လုပ်ရင်လုပ်လိုက်၊ မလုပ်လိုက်ဘူး ဆိုရင် သွားရော။ ထို့အတူပဲ သံသရာကြီးထဲမှာလည်း သတ္တဝါရယ်လို့ဖြစ်လာပြီးတော့ အခွင့်ကောင်းလေးတွေ လက်လွတ်ဆုံးရှုံးပြီး ဘယ်လိုမှ အခွင့်မရတဲ့ ပုဂ္ဂိုလ်မျိုး တွေဟာ “ရှစ်ယောက်” တောင် ရှိတယ်။

ကဲ ဆိုပါစို့၊ အခုလို ကြည့်စရာ ရှုစရာတွေ ပေါများ နေတဲ့ အချိန်လေးမှာ မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်တွေဟာ ထို ကြည့်စရာ ရှုစရာလေးတွေကို ကြည့်လို့ရရဲ့လား။ ကြံကြံဖန်ဖန် လူရွှင်တော်တွေက ပြောတာ ရှိသေးတယ်နော်၊ မင်းတုန်းမင်းကြီးတဲ့ ပဉ္စမ သံဂါယနာတင်သွားပေမယ့်လို့ ဖာလူဒါတော့ သောက် မသွားရဘူးလို့ ပြောတယ်။ ဘာဖြစ်လို့တုန်းဆို မင်းတုန်းမင်း လက်ထက်က ဖာလူဒါမှ မရှိတာနော်၊ အဲလို ကြံကြံဖန်ဖန် ပြောတဲ့လူကရှိသေးတယ်။ ကဲ တယ်လီဗစ်ရှင်းရော ကြည့်သွားရရဲ့လား၊ အဲဒီတုန်းကမှ မရှိသေးတာ၊ ဟုတ်ရဲ့လား။

အဲဒီတော့ အခွင့်အရေးဆိုတာ အမြဲတမ်း ရှိနေ တာ မဟုတ်ဘူး၊ သူ့ခေတ်နဲ့သူ့အခါ ဒီလို ပေါ်လာ တာမျိုး ဖြစ်တယ်၊ မျက်စိနှစ်ကွင်း အလင်းမရတဲ့ပုဂ္ဂိုလ် က လောကမှာ ကြည့်စရာ မြင်စရာတွေ ဘယ်လောက် ပေါပေါ သူ့မှာ အခွင့်အရေးက ဘယ်လိုမှ မလာတော့ ဘူး၊ အေး ဒီကနေ့ခေတ်မှာ နားထောင်ချင်စရာ အသံ မျိုးစုံ၊ music တွေကလည်း ပေါမှပေါ၊ ငြိမ့်ညောင်း သာယာတဲ့ သီချင်းတွေကစပြီးတော့ pop music တွေ အထိ၊ ဒီကနေ့မှာ နားကောင်းတဲ့လူတွေ နားထောင်ခွင့် ရသော်လည်း နားလေးနေတဲ့ပုဂ္ဂိုလ်၊ နားမကြားရတဲ့ ပုဂ္ဂိုလ်အဖို့ ထိုသီချင်းသံကို နားထောင်နိုင်ခွင့်ရရဲ့လား၊ မရဘူးနော်။

အခွင့်အရေးဆုံးရှုံးသူများ

ဒီနေရာမှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် က ပုဂ္ဂိုလ်ရှစ်ယောက်ဟာ “သံသရာဝဋ်က ကျွတ်လွတ် ရေးအတွက် မြတ်သောအကျင့်ကျင့်ဖို့ အခွင့်အရေး ဆုံးရှုံးနေကြတယ်” တဲ့၊ တစ်ယောက်သော ပုဂ္ဂိုလ် သာလျှင် အဲဒီအခွင့်အရေးကိုရတယ်။ ကဲ ဘယ်ပုဂ္ဂိုလ် တွေဟာ အခွင့်အရေး ဆုံးရှုံးနေတုန်းဆိုတာ ကြည့်ကြ ရအောင်။

လောကမှာ မြတ်စွာဘုရား ပွင့်တော်မူလာတယ်၊ မှန်ကန်တဲ့ တရားဓမ္မတွေကို ဟောပြောတော်မူတယ်၊ အဲဒီလို ဘုရားပွင့်ပြီး တရားဟောနေတဲ့အချိန်၊ ဒီကနေ့ ကမ္ဘာ ဂေါတမဗုဒ္ဓရဲ့ လက်ထက်တော်အခါနဲ့ ပြောမယ် ဆိုရင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၅၀-ကျော်က ဗုဒ္ဓ မြတ်စွာ ပေါ်ထွန်းခဲ့တယ်။ ပေါ်ထွန်းခဲ့ပြီးတော့ ဣသိပတန မိဂဒါဝုန်တောမှာ ဓမ္မစကြာတရား ဟောခဲ့ တယ်။ အဲဒီ ဓမ္မစကြာတရားကို လူသားအနေနဲ့ နာခွင့် ရလိုက်တာ ဘယ်နှစ်ယောက်ရှိသလဲ၊ ပဉ္စဝဂ္ဂီ ငါးဦးပဲရှိတယ်၊ လူတွေအများကြီးထဲက ဓမ္မစကြာတရား နာခွင့်ရလိုက်တာ လူငါးဦးပဲရှိတယ်၊ နတ်ဗြဟ္မာတွေ ကသာ များတာကိုး၊ လူသားအနေနဲ့ ငါးဦးထဲပဲ နာခွင့် ရခဲ့ကြတယ်။ အဲဒီလို မြတ်စွာဘုရားသခင် ကိုယ်တော် မြတ် လောကမှာပွင့်ပြီး တရားဟောတော်မူတဲ့အခါ သတ္တဝါတိုင်း တရားနာခွင့် ရကြရဲ့လား၊ မရကြဘူး။ တရားနာခွင့်မရဘဲ အခွင့်အရေး လုံးဝဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်သူတွေလဲလို့ဆိုရင် - တစ် ငရဲ ကျနေသူဟာ အခွင့်အရေး လုံးဝဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပဲ။

၁ - ငရဲကျနေသူ

ဘုရားပွင့်ပြီး တရားဟောနေတဲ့ အချိန်ကာလ တွေမှာ ကံမကောင်း အကြောင်းမလှလို့ ငရဲဘုံ ရောက်ပြီး ဒုက္ခခံနေရတဲ့ပုဂ္ဂိုလ်တွေ မရှိဘူးလား။ ဘုရား ပွင့်တဲ့အချိန် ငရဲကျနေတဲ့ ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရား ဟောတဲ့တရားကို နာယူပြီး မြတ်သောအကျင့်ကျင့်ပြီး နိဗ္ဗာန်ရဖို့ဆိုတဲ့ အခွင့်အလမ်းတွေ သူ့မှာရှိရဲ့လား၊ မရှိဘူး။ အဲဒီ ငရဲကျနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ လုံးဝ အခွင့်အရေးဆုံးရှုံးနေသူ ဖြစ်တယ်။

ငရဲဘုံဆိုတာကို ပါဠိလို နိရယ လို့ ခေါ်တယ်။ 'နိရ်' ဆိုတာက မရှိဘူး၊ 'အယ' က ချမ်းသာသုခ၊ ချမ်းသာသုခ တစ်စက်ကလေးမှမရှိတဲ့ ဘုံဘဝကို “နိရယ” လို့ခေါ်တာပါ၊ ငရဲဘုံရောက်နေတဲ့ပုဂ္ဂိုလ်ဟာ သူ့မှာလည်း မျက်စိနှစ်လုံးပါတာပဲ၊ သူ့မျက်စိနှစ်လုံးက မြင်ရတဲ့ အရာမှန်သမျှ ကြောက်မက်ဖွယ်ရာနဲ့ အနိဋ္ဌာရုံ တွေချည်းပဲမြင်တယ်၊ အကောင်းမြင်ရတယ်လို့ မရှိဘူး တဲ့။

ဘုန်းကြီးတို့ လူသားတွေရဲ့မျက်စိက ကောင်းတာ လည်းမြင်ရတယ်၊ မကောင်းတာလည်း မြင်ရတယ်၊ လှတာလည်း မြင်ရတယ်၊ မလှတာလည်း မြင်ရတယ်၊ နှစ်သက်စရာတွေလည်း မြင်ရတယ်၊ မနှစ်သက်စရာ တွေလည်း မြင်ရတယ်၊ ဟို ငရဲဘုံကျတော့ မြင်သမျှ မြင်ကွင်းဟာ အကောင်းတစ်ခုမှ မရှိဘူးတဲ့။ မြင်ရတဲ့ အရာတွေမှန်သမျှ ကြောက်စရာတွေ၊ တုန်လှုပ်စရာ တွေ၊ စိတ်ထိခိုက်စရာတွေ၊ ဆင်းရဲစရာတွေချည်းပဲ မြင်ရတယ်။

နားက ကြားလိုက်ရလို့ရှိရင်လည်း ချိုသာတဲ့အသံ၊ စိတ်ချမ်းသာတဲ့အသံ တစ်သံမှ မကြားရဘူး၊ အင်မတန် မှ ဆင်းရဲစရာကောင်းတဲ့ အသံမျိုးတွေပဲ ကြားရတယ်တဲ့၊ နှာခေါင်းက အနံ့ရလိုက်တာလည်း မွှေးကြိုင်တဲ့ အနံ့ ဆိုတာ ဝေလာဝေး၊ နှာခေါင်းပိတ်ထားရမယ့် အနံ့မျိုး တွေချည်းပဲ သူတို့ရတယ်တဲ့၊ လျှာက လျှက်ရတဲ့ အရသာ လည်း ကောင်းတဲ့အရသာ တစ်ခုမှမရှိဘူး၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့ အရသာလည်း တစ်ခုမှ ချမ်းသာတာ မရှိဘူးတဲ့၊

ဩော် ငရဲဘုံဆိုတာ မျက်စိက မြင်ရတာ၊ နားက ကြားရတာ၊ နှာခေါင်းက နမ်းရှူရတာ၊ လျှာက လျှက် ရတာ၊ ခန္ဓာကိုယ်က ထိရတာ၊ ဘယ်အရာမှ ကျေနပ် စရာ၊ နှစ်သက်စရာမရှိဘူး။ အဲဒီလို ဘုံဘဝမျိုး ရောက် နေတဲ့ပုဂ္ဂိုလ်ဟာ တရားနာနိုင်ပါ့မလား၊ မနာနိုင်ဘူးတဲ့၊ တရားမနာနိုင်ရုံတွင်မကဘူး၊ တရားရဲ့အရသာ ခံစား နိုင်ဖို့ဆိုတာလည်း သူ့မှာ မရှိဘူး။ ဘုရားပွင့်နေတဲ့ အချိန် လေးမှာ မြတ်စွာဘုရား ဟောတဲ့တရား အင်မတန်မှ ကြုံတောင့်ကြုံခဲတဲ့တရားကို နာခွင့်မရသည့်အတွက် ကြောင့် အဲဒီပုဂ္ဂိုလ်ဟာ အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ် တစ်ဦးပါ။

၂ - တိရစ္ဆာန် ဖြစ်နေသူ

ထို့အတူပဲ နောက်တစ်ဦးကြည့်- တိရစ္ဆာန် ဖြစ်နေ သူတဲ့။ ငရဲလောက်တော့ မဆင်းရဲဘူး၊ သို့သော် ဆင်းရဲ တယ်။ ဘုရားပွင့်ပြီးတော့ တရားဟောနေတဲ့အချိန် တိရစ္ဆာန်ဘုံရောက်နေတယ်၊ နွားဖြစ်နေတယ်၊ ခွေးဖြစ် နေတယ်၊ ကြက်ဖြစ်နေတယ်၊ ဝက်ဖြစ်နေတယ်ပေါ့။ တိရစ္ဆာန်ဘုံဆိုတာ ငရဲလောက်တော့ မဆင်းရဲဘူး၊ သို့သော် ဆင်းရဲတယ်။ တိရစ္ဆာန်ဘဝဟာ အင်မတန်မှ ဒုက္ခရောက်တယ်။ လူတွေအနိုင်ကျင့်တာ ခံနေရတာ ဟာ တိရစ္ဆာန်တွေပဲ။ လူတွေက တိရစ္ဆာန်တွေကို အနိုင် ကျင့်ပြီး သတ်ဖြတ်စားသောက်ကြတယ်။

ဘုန်းကြီးတို့ ဒီကနေ့ တရားဟောလာရင်းတောင် မှ ကားလမ်းဘေးက ရွာလေးတွေမှာ ကြက်ကလေးတွေ မွေးထားတာမြင်တော့ စိတ်ထဲမှာ တွေးမိသေးတယ်၊ ဩော် ဒီကြက်ကလေးတွေ အခု ငယ်သေးတယ်၊ ကြီးတဲ့ အချိန်မှာ ဟင်းအိုးထဲရောက်မယ့် အကောင်တွေချည်း ပဲလို့ တွေးမိတယ်။

လမ်းမှာ တွေ့ခဲ့သေးတယ်၊ ကြက်တွေကို ခြေထောက်တွေမှာပူးချည်ထားပြီး မော်တော်ဆိုင်ကယ် နောက်က ဆွဲသွားတာ၊ အရှင်လတ်လတ် ကြက်တွေ နော်၊ ဘယ်သူကမှ သူတို့ကို ကယ်တုန်း။ ဘယ်သူ့မှ မကယ်ဘူး၊ လူတွေ ဘယ်လောက်ရက်စက်တယ်ဆိုတာ ကြည့်၊ သူတို့လည်း သူတို့ဘဝမှာ အင်မတန် ပျော်ရှာ ကြတာ။ ထိုပျော်နေတဲ့ ဘဝကလေးမှာ ကြာကြာမနေကြ ရဘူး။ လူတွေက နှိပ်စက်ညှဉ်းပန်းပြီး သတ်ဖြတ် စားသောက်ကြတယ်။

ကြက်တွေ ဝက်တွေ ခြေထောက်နှစ်ချောင်း ကြိုးနဲ့ ပူးပြီး ချည်ထားရုံမကဘူး၊ ဇောက်ထိုးဆွဲထားသေး တယ်၊ တစ်ချို့များ ကြက်တွေ ခြင်းထဲထည့်ပြီး အရှင် လတ်လတ် ကားပေါ်ကပစ်ချတာတွေတောင် တွေ့ဖူး တယ်။ ဩော် တိရစ္ဆာန်ဘဝဟာ ဘယ်သူမှ ကယ်တင် မယ့်သူမရှိဘူး၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က တိရစ္ဆာန်တွေရဲ့ ဒုက္ခကို “အညမညခါဒိကာ ဒုဗ္ဗလခါဒိကာ” တဲ့။ တိရစ္ဆာန်တွေဆိုတာ ကြီးနိုင် ငယ်ညှင်း အချင်းချင်းသတ်ပြီးတော့ စားနေကြတာတဲ့။

ဖား-ဖားချင်းစား၊ ငါး-ငါးချင်းစား ဆိုတာလို အကောင်ကြီးရင် အကောင်ငယ်ကို စားပစ်တာပဲ။ တိရစ္ဆာန်တွေဟာ အချင်းချင်းစားကြတယ်တဲ့၊ အားရှိတဲ့ အကောင်က အားနည်းတဲ့အကောင်ကို စားပစ်တယ်၊ အတော်ကြောက်စရာကောင်းတဲ့ဘုံ။

တယ်လီဗီးရှင်းမှာ ကြည့်ဖူးကြပါလိမ့်မယ်၊ discovery channel ဆိုတာ အာဖရိက တောရိုင်းမှာ ရှိတဲ့ တိရစ္ဆာန်တွေအကြောင်း ရိုက်ပြထားတာရှိတယ်။ သံဝေဂယူစရာ တစ်ခါတစ်ရံ ကြည့်ရတယ်၊ ဗဟုသုတ တော့ဖြစ်တယ်။ ဘုန်းကြီးတို့ အမေရိက နေတုန်းက discovery channel ကsafari ဆိုတဲ့ အခန်းကို ကြည့် တယ်၊ အာဖရိကတိုက် တောရိုင်းထဲက တိရစ္ဆာန်တွေရဲ့ သဘာဝကို ရိုက်ကူးထားတာ။ အဲဒီ ရိုက်ကူးထားတဲ့ အထဲမှာ အို-သမင်လေးတွေ အစာစားနေကြတာ၊ တော်ကြာ ကျားကလိုက်ဖမ်း၊ ပြေးလိုက်ရှာကြတာ၊ နောက်ဆုံး မိတဲ့အကောင် အစားခံလိုက်ရတာပဲ။ ကျွဲရိုင်းတွေ အုပ်လိုက်ကြီးနေကြ၊ တော်ကြာ ခြင်္သေ့ ကလာ၊ ဝိုင်းလိုက်၊ ပြေးလိုက်ကြတာ အကုန်လုံး၊ ကွဲပြီး တော့ ကျန်ရစ်တဲ့အကောင် သတ်စားခံရတာ၊ ဒီ အကောင်တွေက မောလို့ ရေငတ်လို့ ရေထဲဆင်းတဲ့ အခါကျတော့ ရေထဲမှာ မိကျောင်းတွေက စောင့်နေကြ တယ်၊ ရေလေးသောက်နေတုန်းရှိတယ်၊ အမြီးနဲ့ရိုက်ပြီး ဝိုင်းကိုက်စားကြပြန်ရော၊ သွေးရဲရဲ သံရဲရဲနဲ့၊ အတော် သနားစရာကောင်းတဲ့ ဘဝတွေပဲနော်၊ ဘယ်တော့မှ လည်း လွတ်လမ်းမရှိကြဘူး၊ သူ့ခမျာများ ခြင်္သေ့ ကျား ပါးစပ်ထဲမှာ မျက်လုံးကလေးပြူးလျက် အသက်ပျောက် သွားရှာကြတယ်။ တစ်ခါတုန်းက ကြည့်လိုက်ရတယ်၊ ကျွဲကြီးတစ်ကောင်ကို ခြင်္သေ့တွေက ဝိုင်းကိုက်စားနေ ကြတယ်။ နောက်ကဖဲ့စား၊ ရှေ့ကကျွဲကြီးက အော်တုန်း ပဲရှိသေးတယ်၊ နောက်ပိုင်းကပေါင်တွေ အကုန်ပဲ့ကုန်ပြီ၊ မရှိတော့ဘူး။ တိရစ္ဆာန်ဘဝဆိုတာ အင်မတန်မှ သနား စရာကောင်းတယ်၊

မြတ်စွာဘုရားက တိရစ္ဆာန်လောကဟာ ငရဲပြီးရင် တော့ အဆိုးဆုံးပဲတဲ့၊ အင်မတန်ဆိုးတဲ့ဘဝ၊ လူတွေက ထင်ကောင်းထင်ကြမယ်၊ အိမ်မွေးထားတဲ့ ကြောင် ကလေးတွေ, ခွေးကလေးတွေကို ကြည့်ပြီးတော့ သူတို့မှာ ဘာအလုပ်အကိုင်မှမရှိဘူး၊ ချမ်းချမ်းသာသာ စားနေကြရတယ်။ အနည်းစုကလေးကိုကြည့်ပြီး ထင်ကောင်းထင်မယ်၊ တစ်ချို့မွေးထားတဲ့ ခွေးတွေများ ချမ်းချမ်းသာသာ ကျကျနန နေကြရတယ်။ မွေးတာမှ စပါယ်ရှယ် မွေးထားတာ။ စပါယ်ရှယ်ခွေးစာ ကျွေးရ တယ်၊ ဟိုဟိုဒီဒီ သွားတဲ့အခါလည်း ကားကြီးစီးပြီး သွားရတယ်။ အိပ်တဲ့အခါမှာလည်း လူ့အိပ်ယာမှာလိုပဲ အိပ်ရတယ်။ ဒါ ကံကောင်းတဲ့ တိရစ္ဆာန်တစ်ချို့ပါ၊ ချမ်းသာတဲ့လူက မွေးထားတဲ့ ခွေးတစ်ချို့ကျတော့ ကံကောင်းတာမျိုး ရှိတော့ရှိတယ်။

သို့သော် တိရစ္ဆာန်ဘဝဆိုတာ ဘယ်လိုပဲ တရား ဟောဟော၊ နားလည်နိုင်တဲ့ စွမ်းရည်သတ္တိ သူတို့မှာ ရှိရဲ့လား၊ အသိဉာဏ်က မရှိဘူး။ သူတို့အတွေးထဲမှာ ဘာပဲရှိတုန်းဆိုရင်၊ ဘာစားရမတုန်း၊ ဘယ်နေရာ အိပ်ရ မတုန်း၊ ဒါပဲ၊ စားဖို့အိပ်ဖို့နဲ့ ကာမကိစ္စ ဒါပဲရှိတယ်၊ ဆန့်ကျင်ဖက် အကောင်လာရင် ကိုက်ဖို့၊ ရန်ဖြစ်ဖို့ ဒါလောက်ပဲ သူတို့မှာ စဉ်းစားတာ။ ဒီပြင် ဘာတစ်ခုမှ မရှိဘူး။ ကောင်းတဲ့ကုသိုလ်ဖြစ်ဖို့ဆိုတာ အခွင့်အရေး ရှိရဲ့လား၊ မရှိဘူး၊ ဒါ့ကြောင့်မို့လို့ တိရစ္ဆာန်ဘဝ ရောက် နေတဲ့အချိန်မှာ ဘုရားပွင့် တရားဟောနေသော်လည်း ဒီပုဂ္ဂိုလ်ဟာလည်း အခွင့်အရေး ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပဲတဲ့။

၃ - ပြိတ္တာဖြစ်နေသူ

ဟော - နောက်တစ်ယောက်က ငရဲကျနေတာ လည်း မဟုတ်ဘူး၊ တိရစ္ဆာန်ဖြစ်နေတာလည်း မဟုတ် ဘူး။ ဘယ်ရောက်နေတုန်းဆိုရင် ဆင်းရဲ ဒုက္ခတွေ အမျိုးမျိုးခံနေရတဲ့ ပြိတ္တာဘဝ ရောက်နေတာ။ အဲဒီ ပြိတ္တာဘဝဆိုတာ စားစရာမရှိလို့ မစားရတာများတယ်။ အမြဲတမ်း ဆာလောင်နေတာပဲ၊ ဘယ်တော့မှ ဗိုက်ပြည့် အောင် မစားရဘူး၊ နေစရာကလည်း မရှိဘူး။ ဟိုခြုံပုတ်၊ ဟိုသစ်ပင် ကပ်ပြီးတော့ နေကြရတယ်။ လူတွေက တော့ တစ္ဆေသရဲလို့ ခေါ်မှာပေါ့နော်။ ဟိုသစ်ပင် ဟိုခြုံကြား ဒီလိုကပ်ပြီးတော့ နေရတယ်။ လူတကာ စွန့်ပစ်လိုက်တဲ့ မစင် အညစ်အကြေး နှပ်တံတွေး ဒါတွေကို လိုက်ရှာပြီး စားကြတယ်။ ပြိတ္တာဘဝ အင်မတန်မှ ဆင်းရဲတယ်၊ အမြဲတမ်း ဆာနေတာ။

ကာလကဉ္စိကာဆိုတဲ့ ပြိတ္တာကြီး တစ်ကောင် အကြောင်း အဋ္ဌကထာမှာပါတယ်။ ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါကာလတုန်းက ဂင်္ဂါမြစ်ကမ်းခြေ မှာ တောင်ပြေးလိုက်၊ မြောက်ပြေးလိုက်နဲ့ ကမ်းခြေ တလျှောက်မှာ ပြေးလွှားနေတဲ့ ပြိတ္တာကြီးတစ်ကောင်ကို ဆွမ်းခံကြွတဲ့ကိုယ်တော်တွေက တွေ့သတဲ့၊ တွေ့တဲ့အခါ ကျတော့ အဲဒီပြိတ္တာကြီးကို ဘာဖြစ်လို့ ပြေးလွှားနေတာ လဲ၊ ဘာလိုချင်လို့လဲလို့ မေးတဲ့အခါ ရေသောက်ချင် လို့တဲ့၊ ရေငတ်လွန်းလို့တဲ့။ ရေငတ်တယ်ဆိုတာ သာမန် ငတ်တာ မဟုတ်ဘူး၊ တစ်ကိုယ်လုံး ပူလောင်ပြီးတော့ မသောက်ရ မနေနိုင်လောက်အောင် ဖြစ်နေတာနော်။

အဲဒီတော့ ရဟန်းတွေက ပြောကြသတဲ့၊ “မင်း ဟာ မြစ်ကမ်းခြေမှာ မင်းပြေးနေတာပဲ မဟုတ်လား၊ မြစ်ရေတွေ မမြင်ဘူးလား၊ အဲဒီမှာ သောက်ပါတော့ လား“လို့ဆိုတော့ “အရှင်ဘုရား၊ တပည့်တော် ရေမမြင် ရဘူးဘုရား” တဲ့။ ကဲ ဘယ်လောက် သနားစရာကောင်းလဲ။ တပည့်တော် ရေမမြင်ရဘူးဘုရားတဲ့၊ ရေ သောက်ချင်လွန်းလို့ တပည့်တော် ရေရှာနေတာပါတဲ့၊ ရေသံတွေတော့ ကြားနေတယ်တဲ့၊ ဘယ်နေရာ ကြည့် လိုက် ကြည့်လိုက် သူ့မှာ ရေမဟုတ်တော့ဘူး၊ သူ ရောက်သွားရင် ရေမဟုတ်တော့ဘူး။ အဲဒါနဲ့ ရဟန်း တွေက သနားလို့ “ကဲ ဒီလိုဆိုလို့ရှိရင် မင်း ဒီအနားမှာ ပက်လက်လှန်အိပ်၊ တို့ သပိတ်တွေနဲ့ခပ်ပြီး မင်းပါးစပ်ထဲ ရေလောင်းထည့်ပေးကြမယ်” ဆိုပြီး သပိတ်တွေနဲ့ ဂင်္ဂါ မြစ်ထဲက ရေတွေခပ်ပြီး သူ့ပါးစပ်ထဲ လောင်းထည့် ပေးကြသတဲ့။

အဲဒီလို လောင်းထဲ့ပေးတာ တစ်ပါးတည်း မဟုတ် ဘူး၊ အပါးသုံးဆယ်လောက် လောင်းထည့်လိုက်တာ။ တစ်နာရီလောက်ထိအောင် လောင်းကြတာ။ ရေ သောက်ရပြီလားဆိုတော့ မသောက်ရသေးဘူးတဲ့၊ ရဟန်းတွေက “ကဲ ဒို့လည်း ဆွမ်းခံချိန် နီးပြီတဲ့၊ ဒို့ ရေတွေ လောင်းထဲ့လိုက်တာ မင်း တစ်ကိုယ်လုံးကို ရွှဲရွှဲစိုနေပြီ၊ ရေမသောက်ရသေးဘူးလား” ဆိုတော့ “အရှင် ဘုရားတို့ လောင်းထည့်တဲ့ရေ တပည့်တော် လည်ချောင်းထဲ ရောက်လျက်နဲ့ မရောက်ဘူးပြောရင် တပည့်တော် ဒီဘဝက မလွတ်ပါစေနဲ့ဘုရား” တဲ့။ ရေတစ်စက်မှ လည်ချောင်းထဲ မရောက်ဘူးတဲ့။

ကဲ သူ့ဘဝဟာ ဘယ်လောက်ဆင်းရဲတဲ့ ဘဝ တုန်း၊ အဲဒီဘဝမျိုး ရောက်နေလို့ရှိရင် အခုလို တရား ဓမ္မ နာပြီးတော့ ကျွတ်တန်းဝင်နိုင်ပါ့မလား၊ မဝင်နိုင်ဘူး။ သံသရာလည်နေတဲ့အချိန်မှာ ငရဲလည်း ရောက်သွား နိုင်တာပဲ၊ တိရစ္ဆာန်လည်း ဖြစ်နိုင်တာပဲ၊ ပြိတ္တာဘဝ လည်း ရောက်နိုင်တာပဲ။ အဲဒီလို ရောက်သွားပြီ ဆိုလို့ ရှိရင် ဒီပုဂ္ဂိုလ်ဟာ အခွင့်ကောင်းတွေ လက်လွတ်ဆုံးရှုံး သွားတဲ့ ပုဂ္ဂိုလ်ပဲ။ အင်မတန်မှ ကြောက်စရာကောင်း တယ်။

ရှင်မဟာမောဂ္ဂလာန်နဲ့ ရှင်လက္ခဏတို့ ဂိဇ္ဈကုဋ် တောင်ပေါ်ကျောင်းကနေပြီးတော့ မြို့ထဲ ဆွမ်းခံဖို့ ဆင်းလာကြတယ်။ ဆင်းလာရင်း ရှင်မဟာမောဂ္ဂလာန် က ဒိဗ္ဗစက္ခုနဲ့ ဘာတွေ့တုန်းဆို ဂိဇ္ဈကုဋ်တောင် ကောင်းကင်ယံမှာ အော်ဟစ်ငြီးငြူငိုကြွေးတဲ့ အရိုးစု ပြိတ္တာကြီး တွေ့သတဲ့။ skeleton ပေါ့၊ ကြည့်လိုက်ရင် အရိုးစုချည်းပဲ၊ အဲဒီ အရိုးစုပြိတ္တာကြီးက ကောင်းကင်မှာ သွားနေတာ။ ဠင်းတတွေ၊ စွန်တွေ၊ ကျီးကန်းတွေက သူ့ကို ဝိုင်းဆိတ်နေကြတာတဲ့။ ဒိပြင် လူတွေမှာ ပကတိ မျက်စိနဲ့မမြင်ရဘူး၊ ရှင်မဟာ မောဂ္ဂလာန်က ဒိဗ္ဗစက္ခု နဲ့မြင်တာ၊ အသံကိုလည်း ဒိဗ္ဗသောတနဲ့ကြားလိုက်တာ၊ အဲဒီအကောင်ကြီးဟာ ဒီလိုပဲ အော်ဟစ်ပြီးတော့ ကောင်းကင်ယံမှာ ပြေးလွှားနေရှာတာတဲ့။ ကဲ သူ ဘယ်လိုလုပ် တရားနာနိုင်ပါ့မတုန်း။

သူ့အရိုးလေးတွေက မထိလိုက်နဲ့၊ ထိလိုက်ရင် သိပ်နာတာပဲတဲ့၊ သူဟာ ဟိုဘဝက ဘာဖြစ်ခဲ့တုန်းဆို သူ နွားသတ်သမားဖြစ်ခဲ့တယ်။ နွားတွေသတ်ပြီး အရိုး ကနေ အသားကိုခြစ်မယူဘူးလား၊ ယူတဲ့အခါကျတော့ သူ့မျက်စိထဲမှာ အဲဒီအရိုးပုံကြီးပဲမြင်နေတာ၊ နွားသတ် သမားသေတဲ့အခါ ငရဲကျ၊ ငရဲက ပြန်လွတ်တဲ့အခါ အမဲရိုးတွေပဲ မျက်စိထဲမှာ မြင်နေတယ်၊ သေပြီး ငရဲက လွတ်လာတဲ့အခါ ပြိတ္တာ လာဖြစ်ပြန်တယ်၊ အဆစ် ဒုက္ခခံရတာနော်။

အဲဒီလို ပြိတ္တာဘဝ ရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်လိုလုပ်ပြီးတော့ တရားနာဖို့ တရားကျင့်ဖို့ အခွင့်အလမ်း ရှိနိုင်ပါ့မတုန်း၊ မရှိနိုင်ဘူး တဲ့။ ဒါ့ကြောင့်မို့ ဒီပုဂ္ဂိုလ်ဟာလည်း အခွင့်အရေး ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲတဲ့။

၄ - အရူပနှင့် အသညသတ်

ထို့အတူပဲ မြတ်စွာဘုရားက လောကကြီးမှာ ပွင့်နေပြီး တရားဓမ္မတွေ ဟောနေပြီ၊ ဒီပုဂ္ဂိုလ်က ဘယ် ရောက်နေတုန်းလို့ဆိုတော့ ရုပ်ခန္ဓာကိုယ်ကြီးမပါတဲ့ ဗြဟ္မာ့ဘုံ ရောက်နေတယ်၊ အသိစိတ်ပဲရှိတယ်၊ ရုပ် ခန္ဓာကြီးမရှိဘူး၊ သူက သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး၊ လွန်ခဲ့တဲ့ဘဝတုန်းက သူ စျာန်ရအောင် အားထုတ် ထားတော့ စျာန်ကို ပဉ္စမစျာန် အဆင့်ထိအောင် အဆင့်မြင့် တရားကျင့်ခဲ့တဲ့ ယောဂီပုဂ္ဂိုလ်ကြီး၊ သို့သော် လည်း သူ့အတွေးအခေါ်လေး လွဲချော်သွားတာ ရှိတယ်။

ဘာလွဲချော်သွားတုန်းဆိုတော့ “ ဒီရုပ်ခန္ဓာ ကိုယ်ကြီးရှိလို့ ခေါင်းကိုက်တာ, ဗိုက်နာတာတို့ ဆိုတာတွေ ဖြစ်နေတာ၊ အိပ်ရတာ စားရတာတို့ ဆိုတာလည်း ဟောဒီရုပ်ခန္ဓာကိုယ်ကြီးကြောင့်ပဲ၊ ဒုက္ခမှန်သမျှ ဟောဒီ ရုပ်ခန္ဓာကိုယ်ကြီးရှိနေလို့ ဖြစ်နေတာ၊ စိတ်ကလေး ချည့်ဆို ဘယ်လောက် ကောင်းမတုန်း “ သူ့အတွေးက အဲဒီလိုတွေးတာ၊ အဲဒီလို သွားတွေးပြီးတော့ “နောင် ဘဝ ငါ့မှာ ရုပ်ခန္ဓာကြီး မရပါရစေနဲ့၊ စိတ်ကလေးပဲ ရပါရစေ” လို့ တောင့်တတယ်။ တောင့်တတဲ့အတိုင်း အရူပ ဗြဟ္မာ့ဘုံ သွားပြီးဖြစ်တယ်။ ကမ္ဘာပေါင်းများစွာ ကြာတယ်။ ဒီပုဂ္ဂိုလ်လည်း အဲဒီဘဝမှာ ချမ်းချမ်းသာသာ တော့ နေရပါရဲ့၊ မြတ်စွာဘုရား တရားဟောတာ နာခွင့် ရရဲ့လား၊ မရှိဘူးတဲ့၊ လွဲသွားပြီ။ တရားတော်မှ မနာရလို့ ရှိရင် သံသရာဝဋ်က လွတ်ဖို့ဆိုတာမရှိဘူး။

မြတ်စွာဘုရားအလောင်းတော်ဘဝက တောထွက် ပြီး တရားကျင့်တယ်။ တရားကျင့်တဲ့အခါ ပထမ ဆရာ မျိုးစုံထံ နည်းယူပြီးတော့ကျင့်တာ။ အဲဒီထဲမှာ အာဠာရကာလာမ ဆိုတဲ့ ဆရာကြီးတစ်ဦးလည်းပါတယ်၊ ဥဒကရာမပုတ္တ ဆိုတဲ့ ဆရာကြီးတစ်ဦးလည်း ပါတယ်၊ အာဠာရကာလာမ ဆိုတဲ့ ဆရာကြီးက စျာန်အဆင့် အားဖြင့် ရူပါဝစရစျာန် လေးဆင့်အထိ ပေါက်ရောက် အောင်မြင်တဲ့အပြင် အရူပါဝစရစျာန် မှာ တတိယ အဆင့်အထိ ရောက်ထားတဲ့ပုဂ္ဂိုလ်၊ သူက သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး၊ ခုနစ်ဆင့်ပေါက်ထားတဲ့ ပုဂ္ဂိုလ်ကြီး၊ ဘုရား အလောင်းက သူ့ဆီကသင်ပြီးတော့ တရား အားထုတ် လိုက်တာ သူနဲ့တန်းတူ သူ့အဆင့်ကို ရရှိဖူးတယ်။

တစ်ဖန် ဥဒကရာမပုတ္တ ဆိုတဲ့ ရသေ့ ဆရာကြီး က သူကိုယ်တိုင်ကတော့ စျာန်ရှစ်ဆင့်ထိအောင် မပေါက်သေးဘူး၊ သူလည်း ဘုရားအလောင်းနဲ့ တွေ့တဲ့ အခါက ခုနစ်ဆင့်ပဲရောက်သေးတယ်။ ဒါပေမဲ့လို့ သူက ရှစ်ဆင့်မြောက် နေဝသညာနာသညာယတန ဆိုတဲ့ နောက်ဆုံးအဆင့် ဘယ်လို အားထုတ်ရတယ်ဆိုတဲ့ နည်းစနစ်ကို သူ့ဆရာဆီကရထားလို့ ဘုရားအလောင်း ကို သင်ပေးတယ်။ ဘုရားအလောင်းက အားထုတ် လိုက်တာ သူ့ဆရာကြီး ပေါက်ရောက်တဲ့အဆင့်ထိ အောင် ပေါက်သွားလို့ ဘုရားအလောင်းကို သူက ဆရာ တင်ထားတယ်။ နောက်ပိုင်းမှာ သူလည်းပဲ ရှစ်ဆင့် ထိအောင် ပေါက်ပြီးသွားတယ်။ အဲဒီပုဂ္ဂိုလ်ကြီးနှစ်ဦး ဟာ ဘုရားအလောင်းရဲ့ ဆရာကြီးတွေပဲ။

ဘုရားဖြစ်ပြီးတဲ့အခါ ဓမ္မစကြာတရား ဟောခါနီး ကြည့်လိုက်တော့ အာဠာရ ကာလာမ ဆိုတဲ့ ရသေ့ကြီး က တရားမဟောခင် ခုနစ်ရက်လောက် အလိုမှာ သေသွားပြီတဲ့။ သေသွားပြီး ခုနကပြောတဲ့ ရုပ်မရှိ နာမ် သာရှိတဲ့ အရူပဘုံကို ရောက်နေတယ်။ အကယ်၍ ရုပ်ရောနာမ်ရော ရှိမယ်ဆိုလို့ရှိရင် ဘုရားက လိုက်ပြီး တော့ တရားဟောမှာ။ ဘာဖြစ်လို့တုန်းဆိုရင် သူ့ဆရာ တော်ဖူးတာကိုး၊ ကျေးဇူးဆပ်ချင်တယ်။ တစ်ခါ ဥဒကရာမပုတ္တ ဆရာကြီး ကြည့်လိုက်တဲ့အခါကျတော့ ညဉ့်ဦးယံကပဲ ကွယ်လွန်သွားပြီ။ သူလည်းပဲ အရူပ ဗြဟ္မာ့ဘုံမှာ သွားဖြစ်နေတယ်။

သူတို့နှစ်ယောက်ဟာလည်းပဲ မြတ်စွာဘုရားနဲ့ တေ့လွဲလွဲသွားကြတာ။ တစ်ဦးက တရားဟောမလို့ ခုနစ်ရက်အလို၊ ကျန်တစ်ဦးက တစ်ရက်အလိုလေးမှာ နှစ်ဦးစလုံးသေဆုံးသွားကြပြီ၊ တရားလိုက်ဟောလို့ရတဲ့ ဘဝမျိုး မဟုတ်သည့်အတွက်ကြောင့် ဘယ်လိုမှ သူတို့ ဘုရားနဲ့တွေ့ဖို့ အခွင့်အရေးဟာ မရှိတော့ဘူးတဲ့။ ဘာဖြစ် လို့တုန်း၊ သူတို့ ဘဝသက်တမ်းက အလွန်ရှည်တယ်၊ အရိမေတ္တေယျ ဘုရားပွင့်တောင်မှလည်း သူတို့က ရှိနေကြဦးမှာပဲ၊ မကျွတ်သေးဘူး။ ဒါပေမယ့် သူတို့ တရားနာခွင့်တော့ ရမှာမဟုတ်ဘူး။ ဘာဖြစ်လို့တုန်း၊ နားမှမပါတာကိုး။ ကဲ အဲဒီပုဂ္ဂိုလ်ကြီး နှစ်ဦးကြည့်၊ ဘယ်လောက်ဆုံးရှုံးသွားတုန်း၊ အင်မတန်မှ ဆုံးရှုံး နစ်နာတယ်တဲ့။

ထို့အတူပဲ တစ်ချို့ပုဂ္ဂိုလ်က စျာန်တရားအားထုတ် ရင်း မမှန်ကန်တဲ့ အတွေးကလေး ပေါ်လာတယ်၊ ဘာတွေပေါ်လာတုန်းဆိုရင် စားချင်တာလည်း ဒီစိတ်၊ သွားချင်တာလည်း ဒီစိတ်၊ စိတ်မရှိရင်အေးမှာပဲ၊ ဒီစိတ် က နေရာတကာဆောင်နေတယ်၊ စိတ်က တော်တော် ဆိုးတယ်၊ ဒီစိတ်တွေမပါရင် ကောင်းမှာပဲဆိုပြီးတော့ စိတ်ကို မုန်းတီးပြီးတော့ “နောင်ဘဝ စိတ်မရပါစေနဲ့” လို့ ဆန္ဒပြုတယ်။ စိတ်မပါဖို့ရာ ဆန္ဒပြုပြီး သေဆုံး သွားတဲ့အခါ အဲဒီပုဂ္ဂိုလ်ဟာ အသညသတ္တ ဆိုတဲ့ ဗြဟ္မာကြီး သွားဖြစ်တယ်။ အဲဒီ ဗြဟ္မာကြီးက ဘာနဲ့ တူတုန်းဆိုတော့ ရုပ်တုကြီးတွေလိုပေါ့။

ယခုခေတ် လမ်းလယ်ခေါင်မှာထားတဲ့ ရုပ်တု ကြီးတွေဟာ စကားပြောတတ်ရဲ့လား၊ နေပူတာလည်း ပူမှန်းမသိဘူး၊ ဘာမှမသိဘူး၊ ရုပ်တုကြီးလိုပဲ၊ အဲဒီပုဂ္ဂိုလ်ဟာ ဒီဘဝက ထိုင်လျက်သေသွားလို့ရှိရင် ဟိုမှာ ကမ္ဘာငါးရာ ထိုင်လျက်ဖြစ်တယ်၊ ဒီဘဝက လဲလျောင်းပြီး သေသွားရင် ဟိုဘဝမှာလည်းလဲလျက်ကြီး ကမ္ဘာငါးရာ၊ ဒီလိုနဲ့ ဘုရားအဆူဆူ ပွင့်သော်လည်း တရားနာခွင့် မရတော့ဘူးတဲ့။ ကဲ ဘယ်လောက် အခွင့်အရေး ဆုံးရှုံး တုန်း။

တစ်ချိန်ကျ အဲဒီပုဂ္ဂိုလ်တွေဟာ ပြန်ပြီးတော့ သံသရာလည်ကြဦးမှာ၊ “ဗြဟ္မာ့ပြည်မှာ တဝင်းဝင်း ဝက်စားကျင်းမှာ တရှုတ်ရှုတ်” ဆိုတဲ့အတိုင်း သံသရာ လည်ဦးမှာ။ ဗြဟ္မာဖြစ်တုန်းကတော့ တဝင်းဝင်း နေပေ မဲ့လို့ ဗြဟ္မာ့ပြည်က စုတေစိတ်ကျသွားတဲ့အခါ နောက် ဘဝ တစ်ခုခုမှာ ဝက်ပြန်ဖြစ်တာကို ပြောတာနော်။ ဗြဟ္မာဘုံကစုတေပြီး ချက်ခြင်းတော့ ဝက်မဖြစ်ဘူးပေါ့၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် သူရထားတဲ့ စျာန်ကုသိုလ်ရဲ့ တန်ခိုးနဲ့ အစွမ်းသတ္တိက အင်မတန်မှကြီးတယ်၊ ဘဝ တစ်ခု နှစ်ခုလောက်ခြားပြီးလို့ရှိရင် သူလည်း ဒုဂ္ဂတိဘုံ ရောက်ဦးမှာပဲတဲ့။ ဘာဖြစ်လို့တုန်း သူ့သန္တာန်မှာ ကိလေသာတွေ ရှိနေတုန်းကိုး၊ အေး အဲဒီပုဂ္ဂိုလ်ဟာ လည်းပဲ အခွင့်အရေး ဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်ပဲ။

အသညသတ် ဗြဟ္မာ့ပြည်ရောက်နေတဲ့ ပုဂ္ဂိုလ် တွေနဲ့ အရူပ ဗြဟ္မာ့ပြည်ရောက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘုရားဘယ်လိုပွင့်သော်လည်း တရားနာဖို့ အခွင့်အရေး တွေ ဆုံးရှုံးသွားပြီတဲ့။ ဒါ့ကြောင့်မို့လို့ ဒီပုဂ္ဂိုလ်ဟာလည်း အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ဦးထဲမှာ ပါနေပြန် တယ်။

ကဲ ဘုရားပွင့်ပြီး တရားဟောနေတဲ့အချိန်မှာ ငရဲ ကျနေတဲ့ ပုဂ္ဂိုလ်လည်း အခွင့်အရေး ဆုံးရှုံးတယ်၊ တိရစ္ဆာန်ဖြစ်နေတဲ့ ပုဂ္ဂိုလ်လည်း အခွင့်အရေး ဆုံးရှုံး တယ်၊ ပြိတ္တာဖြစ်နေတဲ့ ပုဂ္ဂိုလ်လည်း အခွင့်အရေး ဆုံးရှုံးတယ်၊ သက်တမ်းရှည်ကြာပြီး ရုပ်သာရှိနေတဲ့ ဗြဟ္မာ၊ နာမ်သာရှိတဲ့ဗြဟ္မာ ဖြစ်နေလို့ရှိရင်လည်း အခွင့် အရေး ဆုံးရှုံးတယ်တဲ့။ ဟော ဒီပုဂ္ဂိုလ် လေးယောက် အခွင့်အရေး ဆုံးရှုံးနေပြီ။

၅ - ပစ္စန္တရစ် လူဖြစ်သူ

ကဲ နောက်တစ်ဦးက ဘယ်သူလဲလို့ဆိုရင် မြတ်စွာ ဘုရားပွင့်လို့ တရားဟောနေတဲ့အချိန် ဘုရားတရားနဲ့ မနီး၊ အလွန်ဝေးလံတဲ့အရပ်၊ သာသနာမထွန်းကားတဲ့ နေရာမှာ လူသွားဖြစ်နေတယ်။ အဲဒီပုဂ္ဂိုလ်မှာရော တရားဟောတာ ကြားနာခွင့် အခြေအနေကောင်း ရပါ့ မလား၊ မရဘူးတဲ့၊ အဲဒီပုဂ္ဂိုလ်ဟာလည်းပဲ အခွင့်အရေး ဆုံးရှုံးတဲ့ ပုဂ္ဂိုလ်ထဲမှာပါတယ်။ လောကမှာ ဝေးလံ ဒေသ တောတောင်ထူထပ်တဲ့အရပ်မှာဖြစ်တဲ့ လူရိုင်း ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အချို့ဒေသတွေမှာရှိတယ်။

ဘုန်းကြီးတို့ သီဟိုဠ်မှာနေတုန်းက သီဟိုဠ်ကျွန်းမှာ “ဝဲဒ” ဆိုတဲ့ လူရိုင်းတွေရှိတယ်။ သီဟိုဠ်ကျွန်းလေးက သေးသေးလေး၊ အရှေ့အနောက် မိုင်-၁၅၀ လောက်၊ တောင်နဲ့မြောက် မိုင်-၂၀၀ လောက်သာရှိတဲ့ ကျွန်း ကလေး။ အဲဒီကျွန်းမှာ မူလကျွန်းနေ လူရိုင်းတွေ ကနေ့ အထိ ရှိနေတုန်းပဲ။ အဲဒီ လူရိုင်းတွေက အဝတ်မဝတ် ဘူး၊ တောထဲမှာပဲ နေကြတယ်။ ငယ်ငယ်လေးထဲက အကောင်ဘလောင်တွေကို ပစ်ခတ် စားသောက်ပြီး နေထိုင်ကြတာ။ သူတို့ကို အိမ်ဆောက်ပေးရင်လည်း အိမ်မှာမနေဘူး၊ တောထဲထွက်ပြေးကြတယ်။ အဝတ် အစားပေးလည်း မဝတ်ဘူးတဲ့၊ Aborigine လို့ခေါ်တဲ့ မူလလူရိုင်းမျိုးတွေဟာ ဒီကနေ့ထိ ရှိနေတုန်းပဲ၊ Aborigine နိုင်ငံမှာလည်း မူလကျွန်းနေ Aborigine ဆိုတဲ့ လူရိုင်းတွေရှိတာပဲ။ တောထဲမှာ တိရစ္ဆာန်တွေနဲ့နေပြီး တိရစ္ဆာန်တွေကို သတ်ဖြတ်ပြီး စားသောက်ပြီးနေတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီပုဂ္ဂိုလ်တွေဟာ ဘုရားတရား ဆိုတာကို ဘယ်လိုမှမသိဘူး၊ တရားဓမ္မနဲ့ ပတ်သက်လို့ ဘာမှစိတ်မဝင်စားဘူး။ သူတို့ စားဖို့ သောက်ဖို့လောက်ပဲ စဉ်းစားတယ်၊ ပျော်ဖို့ပါးဖို့ပဲ စဉ်းစား တယ်။ တောထဲမှာပဲ ဒီလိုနေကြတဲ့ လူသားမျိုးနွယ် တွေတဲ့။ အဲဒီပုဂ္ဂိုလ်တွေဟာလည်း တရားထူးရရှိဖို့ အခွင့်အရေးတွေ ဆုံးရှုံးနေကြတာပဲ မဟုတ်လား။

၆ - မိစ္ဆာဒိဋ္ဌိ ဖြစ်သူ

နောက်တစ်ခု အခွင့်အရေး ဆုံးရှုံးနေသူက မိစ္ဆာ ဒိဋ္ဌိ ဖြစ်နေသူပဲ။ ဘုရားပွင့်တယ်၊ ဘုရားပွင့်တဲ့ ဒေသ မှာပဲ လူဖြစ်တယ်။ ဘုရားက တရားဟောနေတယ်၊ ဆိုပါစို့၊ မြတ်စွာဘုရားက သာဝတ္ထိပြည်မှာ သီတင်း သုံးတယ်။ အဲဒီပုဂ္ဂိုလ်ကလည်း သာဝတ္ထိပြည်မှာပဲ လူဖြစ်တယ်။ သို့သော် ကံ ကံ၏အကျိုးကို မယုံကြည်တဲ့ပုဂ္ဂိုလ်၊ မိစ္ဆာအယူဝါဒရှိနေတဲ့ပုဂ္ဂိုလ် ဖြစ်နေမယ်၊ မက္ခလိဂေါသာလကို ကိုးကွယ်သူ ဖြစ်နေမယ်၊ ပုရာဏ ကဿပကို ကိုးကွယ်သူ ဖြစ်နေမယ်၊ ရဟန်းဂေါတမ ဟောတဲ့တရားတွေ မမှန်ဘူးလို့ ယူဆသူ ဖြစ်နေမယ် ဆိုရင် အဲဒီပုဂ္ဂိုလ်ကရော ဘုရားတရား နာပါ့မလား၊ မနာဘူး။

မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ကံနဲ့ ကံရဲ့ အကျိုးကို ငြင်းပယ်သူတွေ ဖြစ်ကြတယ်။ ဒါနကောင်းမှု လုပ်တာရဲ့ အကျိုးဆိုတာ မရှိဘူးတဲ့။ ဒီလောကမှာ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက် နောင်လောကဆိုတာ မရှိဘူး။ နောင်လောကကပုဂ္ဂိုလ်တွေအတွက် ဒီလောက ဆိုတာ မရှိဘူး၊ ကုသိုလ် အကုသိုလ်ရဲ့ အကျိုးတို့ အပြစ် တို့ဆိုတာ မရှိဘူးလို့ဆိုတဲ့အယူဝါဒ၊ နတ္ထိကဝါဒ၊ ဒီမိစ္ဆာ အယူဝါဒ ယူနေတဲ့ ပုဂ္ဂိုလ်မျိုးတွေ၊ အဲဒီ မိစ္ဆာအယူဝါဒ ရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေဟာ ဘုရားပွင့်လို့ တရားဟောသော် လည်း အကျွတ်တရားရဖို့ အခွင့်အလမ်း ရှိရဲ့လား၊ မရှိဘူး၊ အဲဒီ မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်လည်းပဲ အခွင့် အရေးဆုံးရှုံးတဲ့ ပုဂ္ဂိုလ်ထဲမှာပါတယ်၊

ဒီ မိစ္ဆာအယူဝါဒကို သူတို့စွန့်လွှတ်လိုက်ရင် ဗုဒ္ဓ မြတ်စွာတရားကိုနာမယ်ဆိုလို့ရှိရင် သူတို့မှာ နားထောင် နိုင်ဖို့ နားရှိမယ်၊ အသိဉာဏ်လည်းရှိမယ်ဆိုရင် ရနိုင် မယ်။ သို့သော် ယုံကြည်မှုမရှိသည့်အတွက်ကြောင့် ဗုဒ္ဓ မြတ်စွာရဲ့ တရားဓမ္မကို မနာကြဘူးတဲ့၊ မနာလို့ တရားကို မသိရသည့်အတွက်ကြောင့် သံသရာဝဋ်က ကျွတ်လွတ် ဖို့ဆိုတာ သူတို့ အခွင့်အရေးမရှိဘူး။ ဒါ့ကြောင့်မို့လို့ အဲဒီ မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်ဟာလည်းပဲ အခွင့်အရေး ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်တဲ့။

၇ - အသိဉာဏ်မရှိသူ

ဟော နောက်တစ်ယောက် ရှိသေးတယ်၊ မြတ်စွာဘုရားက တရားဟောသော်လည်းပဲ သူ နားလည်နိုင်စွမ်း မရှိဘူး၊ အသိပညာမရှိဘူး၊ ခုခေတ်လိုပြောရင်တော့ IQ မမြင့်ဘူးလို့ ပြောရမှာပေါ့နော်။ အဲဒီပုဂ္ဂိုလ်ရဲ့ IQ မမြင့်တဲ့ပုဂ္ဂိုလ်က ဘာပြောပြော နားလည်နိုင်တဲ့ စွမ်းရည်သတ္တိမရှိဘူး၊ အသိဉာဏ်တုံးလာတာ၊ မွေးထဲက နလဘိန်းတုံး ဖြစ်လာတယ်။ အဲဒီပုဂ္ဂိုလ်မျိုးဟာလည်း ဘုရားနဲ့ အကြိမ်ကြိမ်တွေ့တွေ့ပြီး တရားနာပေမယ့် တရားထူး တရားမြတ်ရနိုင်တဲ့ အခွင့်အရေး မရှိဘူးတဲ့။

အားလုံးပေါင်းကြည့်၊ ဘယ်နှစ်ဦး ရှိသွားပြီလဲ၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ပွင့်၍ တရားဟောနေတဲ့အချိန်မှာ ငရဲကျနေတဲ့ ပုဂ္ဂိုလ်က တစ်ယောက်၊ တိရစ္ဆာန်ဖြစ်နေတဲ့ပုဂ္ဂိုလ်က တစ်ယောက်၊ ပြိတ္တာဖြစ်နေတဲ့ပုဂ္ဂိုလ်က တစ်ယောက်၊ အသက်ရှည်ပြီး ရုပ်သာရှိတဲ့ဗြဟ္မာ၊ နာမ်သာရှိတဲ့ ဗြဟ္မာဖြစ်နေတဲ့ ပုဂ္ဂိုလ်က တစ်ယောက်၊ လူရိုင်းမျိုးမှာ ဖြစ်ပြီးတော့ သာသနာ မထွန်းကားတဲ့အရပ်မှာဖြစ်နေတဲ့ ပုဂ္ဂိုလ်က တစ်ယောက်၊ ဘုရားပွင့်တဲ့နေရာမှာ ဖြစ်သော်လည်း မိစ္ဆာအယူဝါဒရှိနေတဲ့ ပုဂ္ဂိုလ်က တစ်ယောက်၊ နောက်ပြီး ဘုရားပွင့်တဲ့နေရာမှာ ဖြစ်သော်လည်း အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်က တစ်ယောက်တဲ့။ အားလုံး ဘယ်နှယောက်ရှိသွားပြီလဲ၊ ခုနစ်ယောက်ရှိပြီ။ အေး သံသရာကြီးထဲမှာ လောကမှာ လူရယ်လို့ ဖြစ်လာတဲ့ အခါမှာ လူတိုင်းလူတိုင်းဟာ အခွင့်ကောင်းတွေကို ရနေကြတာ မဟုတ်ဘူးတဲ့။

၈ - ဘုရားမပွင့်တဲ့အခါ ဉာဏ်ရှိသူ

နောက်တစ်ယောက်က လူ့ဘဝမှာ လူဖြစ်တယ်၊ အသိဉာဏ်လည်းရှိတယ်၊ သို့သော် ဘုရားမပွင့်ဘူးတဲ့။ အဲဒီပုဂ္ဂိုလ်လည်း အခွင့်အရေး ဆုံးရှုံးတာပဲ၊ အားလုံး ပေါင်းလိုက်တော့ ဘယ်နှစ်ယောက် ဖြစ်သွားတုန်း၊ ရှစ်ယောက်။ အဲဒီ ရှစ်ယောက်ဟာ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်ရှစ်ယောက်တဲ့။

တစ်ယောက် ဟူသည်

ကဲ တစ်ယောက်ဆိုတာ ဘယ်သူလဲ။ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူတဲ့ အချိန်မှာလည်းဖြစ်တယ်၊ တရားဓမ္မတွေ ထွန်းကားနေတဲ့ အချိန်လည်းဖြစ်တယ်၊ အဲဒီအချိန်မှာ လူလာဖြစ်တယ်၊ အသိဉာဏ်လည်းရှိတယ်၊ ဟော အဲဒီ ပုဂ္ဂိုလ်ကျတော့ မြတ်သောအကျင့်ကျင့်ဖို့ရာ အခွင့် အလမ်းတွေ အများကြီးရသွားပြီ။

မြတ်စွာဘုရားပွင့်လို့ ပထမဆုံး ဒီအခွင့်အရေးကို ရလိုက်သူဟာ အရှင်ကောဏ္ဍညပေါ့။ မြတ်စွာဘုရား ကိုယ်တော်မြတ်က ဓမ္မစကြာတရားဟောတဲ့ အခါမှာ တရားနာခွင့်ရတာ ဟောဒီ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ၊ အဿဇိ ဆိုတဲ့ ငါးဦးနော်။ ဒီငါးဦးဟာ ဘုရားအလောင်းတော် တောထွက်လာတဲ့အချိန်မှာ နောက်ကနေ လိုက်လာကြတဲ့ ပုဂ္ဂိုလ်ငါးဦးနော်၊ သူတို့ က ဗုဒ္ဓဂယာမှာ ဘုရားအလောင်း တရားကျင့်နေတဲ့ အချိန် အနီးအပါးကနေပြီး အားပေးစကားပြောပြီး ဝတ်ကြီး ဝတ်ငယ်ပြုပြီး နေကြတာ။

ဘုရားအလောင်းတော်ဟာ ဒုက္ကရစရိယာ လို့ ခေါ်တဲ့ တပအကျင့်တွေ၊ အစာဖြတ် ရေဖြတ်တဲ့အကျင့် တွေ ကျင့်တယ်။ နောက်တော့ အဲဒီ အကျင့်တွေဟာ အသိဉာဏ်ကို ရစေနိုင်တဲ့ အကျင့်တွေ မဟုတ်ဘူးလို့ စဉ်းစားဆင်ခြင်ပြီး ထိုအကျင့်တွေကို စွန့်ပယ်လိုက် တယ်။ စွန့်ပယ်လိုက်တဲ့ အချိန်ကနေ စပြီးတော့ ကောဏ္ဍည ဦးဆောင်တဲ့ ရသေ့ငါးဦးက အထင်အမြင် လွဲသွားတယ်။ ဩော် ရဟန်းဂေါတမဟာ တရားအကျင့် ကို စွန့်လွှတ်လိုက်ပြီ၊ ဆက်ပြီး တရားမကျင့်တော့ဘူး၊ တရားထူး တရားမြတ်လည်း ရမှာမဟုတ်တော့ဘူးဆိုပြီး ဘုရားအလောင်းအနီးမှာ မနေကြတော့ဘဲ ဂယာကနေ ဗာရာဏသီပြည်ဘက်ကို ထွက်သွားကြတယ်။

အဲဒီလို သူတို့ စွန့်ခွာသွားတဲ့နောက်မှာ ဘုရား အလောင်းတော်ဟာ ခန္ဓာကိုယ်ကိုမျှမျှတတဖြစ်အောင် အစာရေစာများ ပြန်လည်ဘုဉ်းပေး သုံးဆောင်လို့ ခန္ဓာကိုယ် မျှတတဲ့အခါမှာ မဇ္ဈိမပဋိပဒါဆိုတဲ့ အလယ် လမ်းကျင့်စဉ်ကို ကျင့်တယ်၊ အာနာပါနကို အခြေခံတဲ့ ကျင့်စဉ်ကို ကျင့်တာနော်၊ အဲဒီ အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်တဲ့အခါ ပထမစျာန်ရတယ်၊ ဒုတိယစျာန် ရတယ်၊ တတိယစျာန်၊ စတုတ္ထစျာန်၊ ပဉ္စမစျာန်၊ အဲဒီ ကနေ စျာန်အဆင့်ဆင့်တက်သွားပြီး နောက်ဆုံးမှာ အဘိဉာဏ်တွေရလို့ ထို သမထကျင့်စဉ်ကနေပြီးတော့ ဝိပဿနာ လမ်းကြောင်းကို ပြောင်းလိုက်တဲ့အခါမှာ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်ဆိုတဲ့ မဂ်လေးပါး ဖိုလ်လေးပါးအဆင့်ဆင့် တစ်ခုပြီးတစ်ခုရသွားပြီး နောက်ဆုံး အရဟတ္တမဂ် အရဟတ္တဖိုလ် ရပြီးတော့ ဘုရားအဖြစ်ကို ရောက်သွား တယ်။ အဲဒီကမ္မဋ္ဌာန်းနဲ့ပဲ ဘုရားအလောင်းတော်ဟာ ဘုရားအဖြစ်သို့ ရောက်သွားတယ်။

ဘုရားအဖြစ်သို့ ရောက်ပြီးတော့ တရား ဟောရ မယ့်ပုဂ္ဂိုလ်တွေ ကြည့်လိုက်တဲ့အခါ ဘယ်သူ အသိဉာဏ် ရှိသလဲ၊ ငါဟောတဲ့တရား ဘယ်သူ နားလည်နိုင်မလဲ ကြည့်လိုက်တော့ နောက်ဆုံးမှာ ပဉ္စဝဂ္ဂီငါးဦးဟာ ငါ့ကို ပြုစုခဲ့တဲ့ကျေးဇူးတရားတွေရှိတယ်၊ သူတို့ကိုဟောမယ် ဆိုပြီး ဓမ္မစကြာတရားဟောတာနော်၊ အဲဒီပုဂ္ဂိုလ်ငါးဦး ဟာ သူတို့မှာ ကိုယ်ပိုင် အသိဉာဏ်ကလည်းရှိတယ်၊ မြတ်စွာဘုရားကလည်း ပွင့်လာတယ်၊ တရားဓမ္မလည်း ဟောတယ်၊ ဟော အခြေအနေသုံးခုစလုံး သူတို့မှာ ရမသွားဘူးလား၊ အေး ရသွားတာနဲ့ ရှင်ကောဏ္ဍည ကစပြီး သောတာပန်ဖြစ်သွားကြတယ် မဟုတ်လား၊ အဲဒီလိုပုဂ္ဂိုလ်မျိုး တစ်ဦးသည်သာလျှင် အခြေအနေ ကောင်းနဲ့ကြုံတယ်လို့ ပြောတာနော်။

ရှစ်ယောက်နဲ့တစ်ယောက် ထဲက ဟောဒီ တစ်ယောက်ထဲပဲ အခွင့်အရေးရတယ်။ အဲဒီ တစ်ယောက်ထဲမှာပါတဲ့ ပုဂ္ဂိုလ်တွေက ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါကာလတုန်းက ပဉ္စဝဂ္ဂီငါးဦး ကလည်း ဒီတစ်ယောက်ထဲမှာပါတယ်။ ယသ အမှူးရှိတဲ့ သူငယ်ချင်းလေးယောက်ကလည်း ဒီတစ်ယောက်ထဲမှာပါတယ်။ အရှင်မောဂ္ဂလာန်တို့၊ အရှင်သာရိပုတ္တရာ တို့လည်း ဒီထဲမှာပါကြတယ်။ အသီတိမဟာသာဝက ရှစ်ကျိပ်သော တပည့်တွေလည်း ဒီ 'တစ်ယောက်' ဆိုတဲ့ အထဲမှာ အကုန်ပါကြတယ်။ နောက်ဆုံးမှာ မြတ်စွာ ဘုရားဟောတဲ့ တရားဓမ္မနာရလို့ အကျွတ်တရား ရသွားတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း ဘုရားပွင့်လို့ တရား ဟောတဲ့အခါမှာ တရားနာခွင့်ရပြီး မြတ်သောအကျင့်ကို ကျင့်လို့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုသွားကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ ဟောဒီ “တစ်ယောက်” ထဲမှာ ပါကြတယ်။

အခု တရားချစ်ခင် သူတော်စင်ပရိသတ်တို့လည်း လူ့ဘဝရနေကြပြီ၊ ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်မြတ် ကြီး ထွန်းလင်းနေသည့် အတွက်ကြောင့် တရားဓမ္မ ကျင့်ကြံကြိုးကုတ်အားထုတ်ဖို့ နည်းလမ်းတွေ ဒီကနေ့ အထိ ရှိနေတုန်းပဲ။ အဲဒီတော့ ဘုရားလည်း ရှိနေသေး တယ်၊ တရားလည်း ရှိနေသေးတယ်၊ တရားရှိနေရင် ဘုရားရှိလည်း ရှိတာပဲ။ ဘာဖြစ်လို့ တရားရှိနေရင် ဘုရားရှိတယ်လို့ ပြောနိုင်တုန်းဆိုတော့ မြတ်စွာဘုရားက ပရိနိဗ္ဗာန်စံခါနီးမှာ ဟောထားခဲ့တာရှိတယ်။

“ယော ခေါ အာနန္ဒ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ” တဲ့၊ အာနန္ဒ- ညီဘွားအာနန္ဒာ၊ ယော ဓမ္မော-အကြင် ဓမ္မကိုလည်းကောင်း၊ ယော ဝိနယောစ- အကြင်ဝိနယ ကိုလည်းကောင်း၊ မယာ-ငါဘုရားသည်၊ ဒေသိတော-ဟောပြောအပ်ခဲ့လေပြီ၊ ပညတ္တော-ပညတ်အပ်ခဲ့လေပြီ၊ သော ဓမ္မဝိနယော-ထိုငါဟောအပ်တဲ့ဓမ္မ ငါပညတ်ခဲ့တဲ့ ဝိနယသည်၊ မမ-ငါရဲ့၊ အစ္စယေန- ပရိနိဗ္ဗာန် စံလွန် ပြီးတဲ့ အခါကာလမှာ၊ ဝေါ-အသင် ချစ်သားတို့ရဲ့၊ သတ္ထာ- ဆိုဆုံးမတတ်တဲ့ ဆရာသည်၊ ဘဝိဿတိ-ဖြစ်ပေလိမ့်မယ်ဟူ၍၊ ဘဂဝါ - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ-ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။

မြတ်စွာဘုရား ဟောထားတဲ့ တရားဓမ္မတွေ ဒီကနေ့အထိ ထွန်းကားပြီး တည်ရှိနေကြတာဖြစ်သော ကြောင့် ဘုရားပွင့်တဲ့အချိန်လို့ မဆိုနိုင်ဘူးလား၊ အေး ဘုရားကလည်း ပွင့်နေတယ်၊ တရားဓမ္မတွေကိုလည်း ဟောနေတယ်၊ မိမိကိုယ်တိုင်ကလည်း အကောင်း အဆိုး အကြောင်းအကျိုး ခွဲခြားသိနိုင်တဲ့ အသိဉာဏ် လည်း ရှိနေတယ်၊ တရားဓမ္မကို ခံယူနိုင်တဲ့ ဉာဏ် စွမ်းအားလည်း ရှိနေတယ်ဆိုတော့ တရားထူး တရား မြတ် ရနိုင်တဲ့ မြတ်သောအကျင့်ကိုကျင့်ဖို့ အခွင့် အလမ်းတွေ မရှိဘူးလား၊ ရှိတယ်၊ မြတ်သောအကျင့် ကျင့်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိတယ်၊ ပုဂ္ဂိုလ် အဆင့်ကတော့ အမျိုးမျိုးရှိတာပေါ့။

ဘယ်လို အမျိုးမျိုးရှိတုန်းဆိုရင် နံပါတ် ၁-က “ဥဂ္ဃဋိတညူ“တဲ့။ ဒီပုဂ္ဂိုလ်ကတော့ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်မျိုးပေါ့၊ အသိဉာဏ် အထက်မြက်ဆုံး ပုဂ္ဂိုလ်၊ နည်းနည်းလေးပြောလိုက်တာနဲ့ တစ်မဂ်တစ်ဖိုလ် ရသွား နိုင်တယ်၊ ဥပမာ အရှင်သာရိပုတ္တရာမထေရ်မြတ် တို့လို ပေါ့၊ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဆိုလို့ရှိရင် ပထမ တုန်းက တရားဓမ္မရှာရင်း သိစ္စည်းပရိဗိုဇ်ကြီးရဲ့ တပည့် အဖြစ် ခံယူတယ်၊ ပရိဗိုဇ်ဝတ်နေတယ်၊ သူ့ထံက ပညာ တွေ သင်လိုက်တဲ့အခါ ဘာမှမယ်မယ်ရရမရှိဘူး၊ သူတို့ လိုချင်တဲ့တရား မဟုတ်ဘူးဆိုတာ သိလာတယ်၊ ဒါကြောင့်မို့ တရားစစ် တရားမှန်ကို ဟောပြောနိုင်တဲ့ ပုဂ္ဂိုလ်ကို ရှာရင်းရှာရင်းနဲ့ နောက်ဆုံးမှာ ပဉ္စဝဂ္ဂီငါးဦး ထဲက ရှင်အဿဇိမထေရ်မြတ်နဲ့ သွားပြီးတော့တွေ့တာ။

တွေ့တဲ့အခါမှာလည်းပဲ ရာဇဂြိုဟ်ပြည်ထဲမှာ ဆွမ်းခံသွားရင်းကနေ အမှတ်မထင်တွေ့တော့ ပုဂ္ဂိုလ်ရဲ့ အခြေအနေကို ကြည့်လိုက်တာ၊ အကဲခတ်လိုက်တာနဲ့ ဒီပုဂ္ဂိုလ်ကတော့ တရားထူးတရားမြတ် ဖြစ်ရတဲ့ပုဂ္ဂိုလ် ဖြစ်လောက်တယ်ဆိုပြီး ရှင်အဿဇိ နောက်ကနေ လိုက်ပြီး ရှင်အဿဇိ ဆွမ်းဘုဉ်းပေးတဲ့နားမှာ ဝတ်ကြီး ဝတ်ငယ်ပြုလို့ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ မေးတယ် “အရှင်ဘုရားရဲ့ဆရာက ဘယ်သူတုန်း၊ ဘယ်သူ့ကို ဆရာတင်ပြီးတော့ သင်္ကန်းဝတ်တာတုန်း၊ အရှင်ဘုရား ရဲ့ဆရာက ဘာတွေဟောတာတုန်း” ဆိုတဲ့ မေးခွန်း တွေကို မေးလိုက်တာပေါ့နော်။

အဲလိုမေးတဲ့အခါ ရှင်အဿဇိက “သူ သာသနာ့ ဘောင် ဝင်လာတာ မကြာသေးပါဘူးတဲ့၊ ဘုရားရဲ့ဝါဒ အကျယ်တဝင့် သူမပြောနိုင်ပါဘူးတဲ့၊ သူသိသလောက် အကျဉ်းကလေးပြောပါ့မယ်” ဆိုတော့ ရှင်သာရိပုတ္တရာ အလောင်း ဥပတိဿပရိဗိုဇ်က “အရှင်ဘုရားတဲ့၊ တပည့်တော်ကို အတိုလေးပဲ အမိန့်ရှိပါတဲ့၊ အဓိပ္ပာယ် ကပဲ အရေးကြီးပါတယ်၊ စကားလုံးတွေများဖို့မလိုပါဘူး၊ အရှင်ဘုရား အကျယ်မပြောချင်နေပါ၊ အကျဉ်းလေးပဲသာပြောပါ” တဲ့။ ဒီတော့ အရှင်အဿဇိ ပြောလိုက်တာ မှ လေးကြောင်းပဲရှိတဲ့ ဂါထာလေးတစ်ပုဒ်ပါ။

“ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ။

တေသဉ္စ ယော နိရောဓော၊ ဧဝံ ဝါဒီ မဟာသမဏော။”

ယေ ဓမ္မာ- အကြင် အကျိုးတရားတို့သည်၊ ဟေတုပ္ပဘဝါ - အကြောင်းတရားကို အခြေခံ၍ ဖြစ်ပေါ်လာကြပေကုန်၏၊ တေသံ- ထို အကျိုးတရား တို့ရဲ့၊ ဟေတုံ- အကြောင်းစစ် အကြောင်းမှန်ကို၊ တထာဂတော - မြတ်စွာဘုရားသည်၊ အာဟ ဟောတော်မူခဲ့လေပြီ။

ရှင်အဿဇိက ရှင်းပြလိုက်တဲ့စကားဟာ “ဘယ် အရာပဲဖြစ်ဖြစ်၊ အကြောင်းကင်းပြီး မဖြစ်ဘူးတဲ့၊ အကြောင်းတရားကို အခြေခံပြီးတော့မှသာ ဖြစ်တာတဲ့၊ အဲဒီအကြောင်းတရားကို မြတ်စွာဘုရား ဟောပါတယ်” တဲ့၊ အကြောင်းတရားနဲ့ အကျိုးတရား၊ ဒီနှစ်ခုကို ပြောလိုက်တာ။ အဲဒီစကားကို နားထောင်လဲပြီးရော သောတာပန်ဖြစ်သွားတယ်၊ သောတာပန်ဖြစ်တယ်ဆိုတာ သံသယတွေ ကင်းသွားတာ၊ ဝိစိကိစ္ဆာ လုံးဝ မရှိတော့ဘူး၊ မှားယွင်းတဲ့အမြင် လုံးဝမရှိတော့ဘူး၊ အမြင်မှန်ရသွားပြီ၊ အကြောင်းတရားနဲ့ အကျိုးတရား မြင်ဖို့ဆိုတာလည်း လွယ်တာမဟုတ်ဘူး။ ကဲ တရား ချစ်ခင် သူတော်စင်ပရိသတ်တို့ အကြောင်းအကျိုး လေးကို မြင်တတ်အောင်ကြည့်။

လူတိုင်း လူတိုင်းမှာ မျက်စိရှိနေကြတယ်၊ မျက်စိ လေး နှစ်လုံး ဖွင့်လိုက်လို့ရှိရင် မြင်စရာ အာရုံလေးက မျက်စိထဲမှာ ပေါ်မလာဘူးလား၊ ပေါ်လာတယ်၊ ပေါ်လာတဲ့အခါကျတော့ ဥပမာ - ပန်းပွင့်ကလေးကို ကြည့်တယ်ဆိုလို့ရှိရင် ပန်းပွင့်ကလေးနဲ့ မျက်လုံးလေး ဆုံလိုက်တဲ့အခါ ပန်းပွင့်ကလေးကို မြင်တယ်ဆိုတဲ့ အသိစိတ်လေး ပေါ်မလာဘူးလား၊ အဲဒီ မြင်သိစိတ် ကလေး ပေါ်လာတာဟာ ဘာကိုအကြောင်းပြုတုန်း ဆိုတော့ မြတ်စွာဘုရားက “စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ “ တဲ့၊ စက္ခုံ စ - စက္ခုပသာဒ ရုပ်ကိုလည်းကောင်း လောကမှာ မြင်တတ်တဲ့ မျက်စိ ကလေး၊ ရူပေ စ - အဆင်းအာရုံကို လည်းကောင်း၊ ပဋိစ္စ- အကြောင်းပြု၍၊ စက္ခုဝိညာဏံ- မြင်သိစိတ် ကလေးသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်ပေါ်လာရပေတော့၏၊

မြင်သိ စိတ်ကလေး ဖြစ်တယ်ဆိုတာက 'ဟေတုပ္ပဘဝ' အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားလေးတစ်ခုပဲ၊ အဲဒီ မြင်သိစိတ်ကလေး ဖြစ်ဖို့ရာအတွက် ဒီမှာ အကြောင်းနှစ်ခုကို မြတ်စွာ ဘုရား ပြထားတယ်၊ မျက်စိရယ် မြင်စရာအာရုံရယ်။ မျက်စိနဲ့ မြင်စရာအာရုံ ဒီနှစ်ခုကို အကြောင်းပြုပြီး ဟောဒီမြင်သိစိတ်ကလေး ပေါ်လာတာလို့ အကြောင်းနဲ့ အကျိုး ဒီနှစ်ခုကို ဟောတာ။ ကဲ ဒါဖြင့် မျက်စိမှိတ် ထားမယ် ဆိုလို့ရှိရင်ရော မြင်သိစိတ် ပေါ်ပါ့မလား၊ မြင်စရာအာရုံ မရှိဘူးဆိုရင်ရော မြင်သိစိတ်ပေါ်ပါ့ မလား၊ မပေါ်ဘူး၊ မျက်စိလည်းရှိရမယ်၊ မြင်သိစိတ် လည်း ရှိရမယ်၊ မြင်စရာအာရုံနဲ့ မျက်စိဆုံမိတာ ဖြစ်ရ မယ်၊ အနည်းဆုံး အဲဒီ အကြောင်းနှစ်ခု ပေါင်းဆုံတဲ့ အခါမှာ မြင်မှုဖြစ်ပေါ်လာတယ်။

သာမန်အားဖြင့် မြတ်စွာဘုရားက ဒီနှစ်ခုဟာ အဓိကအရေးကြီးလို့ မျက်စိနဲ့ မြင်စရာအာရုံ ဒီနှစ်ခု ကိုသာ အကြောင်းအနေနဲ့ သုတ္တန်တွေမှာ ဟောထား သော်လည်း အခြားအကြောင်းတွေရှိသေးတယ်။ ကဲ ပန်းပွင့်ကလေးတစ်ပွင့် မြင်ဖို့ရာအတွက် မျက်စိရှိတယ်၊ ပန်းပွင့်လေးရှိတယ်၊ သို့သော် မျက်စိနဲ့ ပန်းပွင့်ကြားမှာ အမှောင်ဖုံးနေမယ်ဆိုရင် မြင်ပါ့မလား၊ အဲဒီတော့ အလင်းရောင်လေးရဲ့ အကူအညီ မလိုဘူးလား၊ ဒါ့ကြောင့်မို့လို့ ညမှောင်မိုက်ထဲ ခရီးသွားတဲ့အခါ ကျတော့ ဓာတ်မီးကလေးနဲ့သွားကြရတာလေ၊ ဓာတ်မီး ကလေး ထိုးကြည့်မှမြင်ရတာ၊ အဲဒီတော့ အလင်းရောင် လေးကလည်း အကြောင်းတစ်ခု မဖြစ်ဘူးလား၊ အေး ဒါ့ကြောင့်မို့ မျက်စိလည်း ရှိရမယ်၊ မြင်စရာ အာရုံက လည်း ရှိရမယ်၊ ဟော အလင်းရောင်လေးကလည်း ရှိရမယ်။

နောက်တစ်ခု ဘာလိုတုန်းဆိုရင် သတိထားမိဖို့ လိုသေးတယ်။ “သတိမမူ ဂူမမြင်“တဲ့၊ သတိမူရင် မြူတောင်မြင်တယ်လို့ ဆိုကြတယ်လေ၊ သတိမထားရင် မမြင်တာတွေ အများကြီးပဲ၊ အဲဒါကြောင့် မို့ attention လို့ ခေါ်တဲ့ မနသိကာရလေးကလည်း ရှိရဦးမယ်တဲ့၊ ပေါင်းလိုက်တဲ့အခါ မျက်စိရယ်, အဆင်းအာရုံရယ်, အလင်းရယ်, နှလုံးသွင်းမှုဆိုတဲ့ မနသိကာရရယ်၊ လေးခုဖြစ်သွားတယ်၊ အဲဒီလေးခုသည် အကြောင်းတဲ့၊ မြင်သိ စိတ်ကလေးသည် အကျိုး၊ အကြောင်းကို မှီတည်ပြီး ဒီအကျိုးတရားလေးကဖြစ်တာ။ အဲဒီ မြင်သိစိတ် ကလေးဟာ နဂိုတုန်းက မျက်စိနဲ့ရူပါရုံ မဆုံခင်က ဘယ် နေရာမှာ ရှိနေတုန်း၊ သေသေချာချာ စဉ်းစားကြည့် နော်၊ မျက်စိနဲ့ရူပါရုံ မဆုံခင်က မြင်သိစိတ်လေးဟာ ဘယ်နေရာမှာရှိတုန်းဆိုရင် ဘယ်နေရာမှမရှိဘူး။

ဆိုပါစို့ ဥပမာတစ်ခုပြောရအောင်၊ စောင်းကလေး တစ်ခု၊ ခုခေတ်ဆိုရင်တော့ စောင်းထက်ပိုပြီးတော့ လူတွေအသိများတာ ဂစ်တာလေးတစ်ခု ဆိုပါတော့ နော်၊ ဂစ်တာလေးကို တီးမယ်ဆိုလို့ရှိရင် ဂစ်တာထဲမှာ အသံလေးတွေက ဘယ်နားမှာ ရှိနေတုန်း၊ ကြိုးထဲ မှာလား, အိုးထဲမှာလား, တီးတဲ့လူရဲ့ လက်ထဲမှာလား, ဘယ်မှာရှိတယ်လို့ထင်တုန်း၊ ဘယ်မှာမှ ရှိနေတာ မဟုတ်ဘူးနော်၊ ကြိုးထဲမှာလည်း အသံတွေရှိနေတာ မဟုတ်ဘူး၊ အိုးထဲမှာလည်း အသံတွေရှိနေတာ မဟုတ် ဘူး၊ တီးတဲ့လူရဲ့ လက်ထဲမှာလည်း အသံရှိနေတာ မဟုတ်ဘူး၊ သို့သော် ကြိုးရယ်, အိုးရယ်, တီးတဲ့လူရယ် သုံးခု ပေါင်းလိုက်တဲ့အခါ အသံထွက်မလာဘူးလား၊

အဲဒါလိုပဲ မျက်စိ, အဆင်းအာရုံ, အလင်း, နှလုံး သွင်းမှုလို့ ဆိုတာတွေ ပေါင်းလိုက်တဲ့အခါ မြင်သိစိတ် ကလေး ပေါ်လာတာ၊ နဂိုတုန်းက တစ်နေရာမှာ ရှိနေ တာ မဟုတ်ဘူးတဲ့၊ ထို့အတူပဲ စဉ်းစားကြည့်၊ အလှူ အတန်း လုပ်တဲ့အခါ အိုးစည်တို့ ဒိုးပတ်တို့ တီးကြ တယ်မဟုတ်လား၊ အိုးစည်တို့ ဒိုးပတ်တို့ထဲမှာ အိုးစည် သံတွေ, ဒိုးပတ်သံတွေ ရှိနေသလား၊ မရှိဘူး၊ ဘာကို အကြောင်းပြုတုန်းဆိုရင် အဲဒါ စည်ရယ်, လက်ရယ်, တီးခတ်မှု လုံ့လ စွမ်းအားရယ် ဟောဒီ အကြောင်းသုံးခု ပေါင်းမှ ထွက်လာတာ မဟုတ်ဘူးလား။

အဲဒီထက် ထင်ရှားတဲ့ ဥပမာလေးတစ်ခုကြည့်ဦး၊ ဆေးလိပ်သောက်တတ်တဲ့ လူတွေက အိတ်ထောင့် ထဲမှာ ဘာဆောင်ထားတုန်း၊ မီးခြစ်ဘူးကလေး ဆောင် ထားကြတယ်၊ အဲဒီ မီးခြစ်ဘူးထဲမှာ မီးရှိရဲ့လား၊ မီးရှိရင် အိတ်ထောင့်ထဲ ထဲ့ထားက လောင်သွားမှာပေါ့နော်၊ မီးဆိုတာ လောင်တတ်တဲ့သဘောရှိတယ်၊ သို့သော် မီးလိုချင်ရင် အဲဒီ မီးခြစ်ဘူးထဲက မရဘူးလား၊ ခြစ်ပေး ခြင်းဆိုတဲ့ အကြောင်းတစ်ခု ထပ်ပိုးလိုက်ရင် မီး မရဘူး လား၊ သို့သော်လည်းပဲ lighter လို့ဆိုတဲ့ ဂတ်စ်မီးခြစ်ဘူး ဆိုလို့ရှိရင်တော့ အထဲမှာ gas လည်းရှိရမယ်၊ မီးခြစ် ဖို့ရာအတွက် ဘီးလုံးလေးလည်းရှိရမယ်၊ အမာခံလေး ပွတ်တဲ့နေရာလည်း ရှိရမယ်၊ ဒီအင်္ဂါရပ်တွေ ပြည့်စုံပြီ ဆိုလို့ရှိရင် နောက်ဆုံးမှာ လူကနေပြီးတော့ လက်ညှိုး လေးနဲ့ လက်မလေးနဲ့ဖိပြီး ခြစ်လိုက်ခြင်းဆိုတဲ့ အကြောင်းကလေးတစ်ခု ထည့်လိုက်ရင် မီးကလေးက ဝုန်းကနဲတောက်လာတာ မဟုတ်လား၊ အဲဒီမီးကလေး ဟာ ဒီထဲမှာရှိနေတာ မဟုတ်ဘူးတဲ့၊ အကြောင်းနဲ့ တိုက်ဆိုင်လာလို့ အကြောင်းကြောင့် ပေါ်လာတယ် ဆိုတာကို ရှင်းပြတာပဲ။

“ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ”။ ဒီနေရာမှာ အကြောင်းတရား ကို ဟောလိုက်တာ၊ ယေ ဓမ္မာ- အကြင် အကျိုးတရား တွေဟာ၊ ဒုက္ခသစ္စာဆိုတဲ့ အကျိုးတရားတွေဟာ၊ ဟေတုပ္ပဘဝါ- အကြောင်းကနေ စတင်ပြီး ဖြစ်လာကြ တာ၊ အကြောင်းကိုစွဲပြီးတော့ ဖြစ်ကြတာ၊ အကြောင်း မရှိဘဲနဲ့ လုံးဝမဖြစ်ဘူးတဲ့။ ဘုန်းကြီးတို့သန္တာန်မှာ ဖြစ်နေတဲ့ အရာမှန်သမျှ အကြောင်းပေါ်မှာ စွဲမှီပြီး ဖြစ်နေတာချည်းပဲ၊ အဲဒီ အကြောင်းကို စွဲမှီပြီးတော့ ဖြစ်နေတာ၊ မဖြစ်ခင်က တစ်နေရာရာမှာ ရှိနေတာလဲ မဟုတ်ဘူး၊ ဖြစ်ပြီးတော့ရော တစ်ခါထဲ ပျောက်သွားကြ တာပဲ၊ အဲဒါကို အနိစ္စလို့ ခေါ်တာပဲ။

“အဟုတွာ-ဘယ်နေရာမှာမှ ထင်ရှားရှိနေတာ မဟုတ်ဘဲနဲ့၊ သမ္ဘောတိ- အကြောင်းတွေ ပေါင်းဆုံလို့ ဖြစ်လာရတယ်၊ ခုနက မြင်သိစိတ်လေးဟာ ခန္ဓာကိုယ် ထဲမှာ ဘယ်နေရာမှ ရှိနေတာ မဟုတ်ဘူး၊ သို့သော် မျက်စိရယ်, မြင်စရာအာရုံရယ်, အလင်းရောင်ရယ်, နှလုံးသွင်းမှုရယ်၊ အဲဒီလေးခု ဆုံလိုက်တာနဲ့ တစ်ပြိုင် နက် မြင်သိစိတ်ပေါ်လာတယ်၊ ကြားသိစိတ်၊ နံသိစိတ်၊ လျှက်သိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်တွေအားလုံးလည်း ဒီတိုင်းပဲလို့ မှတ်ရမယ်နော်၊

ဟေတုံ ပဋိစ္စ သမ္ဘူတာ-အကြောင်းရှိတဲ့အခါမှာ ပေါ်လာတယ်၊ ဟေတုဘင်္ဂါ နိရုဇ္ဈရေ - အကြောင်း ချုပ်သွားတာနဲ့ ချုပ်သွားရောတဲ့၊ အနိစ္စဆိုတာ အဲဒါ ပြောတာ၊ အဟုတွာ- ဘယ်နေရာမှာ ရှိနေတာ မဟုတ် ဘဲနဲ့၊ သမ္ဘောတိ- အကြောင်းတွေ တိုက်ဆိုင်ပြီးတဲ့ အခါမှာ ပေါ်လာတယ်၊ ဟုတွာ - အကြောင်းတွေ တိုက်ဆိုင်လို့ ဖြစ်ပေါ်လာပြီးတဲ့ နောက်မှာလည်း၊ ပဋိဝေတိ-ပျောက်ကွယ်၍သွားတယ်၊ မမြဲဘူးတဲ့၊ မြင်သိ စိတ်လေးဟာ အမြဲရှိနေတာဟုတ်ကဲ့လား၊ သူ့ဟာလေး နဲ့သူဖြစ်ပြီး ပျောက်သွားတာ။

စဉ်းစားကြည့်လေ၊ စောင်းကလေးကို လက် ကလေးနဲ့ တီးလိုက်တဲ့အခါ စောင်းသံလေးထွက်လာပြီး ပျောက်မသွားဘူးလား၊ နောက်ထပ်တီးရင် နောက်ထပ် ပေါ်၊ နောက်ထပ်တီး နောက်ထပ်ပေါ်၊ တစ်နာရီတီးရင် တစ်နာရီလုံးလုံး ပေါ်နေမှာ၊ သို့သော် ပေါ်လာတဲ့ အသံ တွေဟာ ရပ်တည်နေတာ ဟုတ်ကဲ့လား၊ ပျောက်သွား တာနော်၊ အဲဒါကိုပြောတာ အနိစ္စ။

မြတ်စွာဘုရားရဲ့တရားတော်ဆိုတာက အင်မတန် မှ လက်တွေ့ကျတယ်၊ မြတ်စွာဘုရားက လူတိုင်းလူတိုင်း သိနိုင်တဲ့ သဘာဝတရားတွေကိုဟောတာ၊ ဒီအချက် တွေ ရှုဆင်ခြင်နေတာကိုပဲ တရားအားထုတ်တယ်လို့ ခေါ်တာနော်၊ မျက်စိကြီးမှိတ်ပြီးတော့ ငုတ်တုတ်ကြီး ထိုင်နေမှ တရားအားထုတ်တာမဟုတ်ဘူး၊ တရားဓမ္မကို ဆင်ခြင်သုံးသပ်နေလို့ရှိရင် ဘယ်လိုအနေအထားမျိုးပဲ နေနေနော် တရားအားထုတ်တာပဲ။ မျက်စိမှိတ်ပြီး ဟိုတွေးဒီတွေး တွေးနေရင်လည်း တရားအားထုတ်တာ မဟုတ်ဘူးနော်။

အေး ဒါ့ကြောင့်မို့ တရားဓမ္မဆိုတာ သဘာဝ အတိုင်း မိမိသန္တာန်မှာ ဖြစ်ပေါ်နေတဲ့ အရာတွေကို ခေါ်တယ်။ အဲဒီ သဘာဝတရားတွေကို ဆင်ခြင်စဉ်းစား ပြီးတော့ ရှုမှတ်နေတာ၊ အဲဒီလို ရှုမှတ်ပြီး သဘာဝ တရားတွေကို သိနေတာသည်ပင်လျှင် တရားအားထုတ် နေတာဖြစ်တယ်၊ တရားသိနေတယ်လို့ ဒီလိုပြောတာ၊ အဲဒီလိုသိနေမယ်ဆိုလို့ရှိရင် ခုနက အသိမျိုးလေး သိနေ ရမယ်။ ဩော် မျက်စိရယ် အဆင်းအာရုံရယ် ဒီနှစ်ခု ဆုံမိလို့ မြင်သိစိတ်ကလေး ပေါ်လာတာပါလားလို့ ဒီအတွေးလေးတွေးနေလို့ရှိရင် ထိုမြင်စရာအာရုံပေါ်မှာ လောဘဆိုတာ ဖြစ်စရာအကြောင်းမရှိတော့ဘူး၊ ဒေါသ ဆိုတာလည်း ဖြစ်စရာအကြောင်း မရှိတော့ဘူး၊

လောဘဖြစ်တယ်ဆိုတာ ဒီမြင်သိစိတ်နဲ့ မြင်ပြီးတဲ့ နောက် ဒီအာရုံပေါ်မှာ မသင့်မတင့် နှလုံးသွင်းသည့် အတွက်ကြောင့် ဖြစ်ရတာ၊ မသင့်မတင့် နှလုံးသွင်း သည့်အတွက်ကြောင့် ဒေါသဖြစ်ရတာ။ မဆင်မခြင် မစဉ်းစားနိုင်သည့် အတွက်ကြောင့် မောဟဖြစ်ရတာလို့ ဆိုတော့ ဒီတရားတွေဟာ သူ့ဆိုင်ရာဆိုင်ရာ အကြောင်း လေးတွေနဲ့ချည်းပဲ ဖြစ်နေကြရတာ၊ အဲဒီလို ရှင်းရှင်း လင်းလင်း သိလာနိုင်တယ်။၊ အဲဒီ အသိဉာဏ်မျိုးကို ရှစ်ယောက်သောပုဂ္ဂိုလ်တွေ မရနိုင်ဘူးတဲ့၊ တစ်ယောက် သော ပုဂ္ဂိုလ်သာလျှင် ဒီအသိဉာဏ်ရဖို့ အခွင့်အရေး ရကြတယ်။

ဒီအသိဉာဏ်ရဖို့ အခွင့်အရေးရတဲ့ ပုဂ္ဂိုလ်တိုင်း ဟာ ဒီအသိဉာဏ်မျိုး ရကြသလားဆိုတော့ မရဘူး၊ ဘာဖြစ်လို့မရလဲ၊ ရအောင်မလုပ်လို့ မရတာ၊ နေ့စဉ်နဲ့ အမျှ နေကြထိုင်ကြတဲ့အခါမှာ အချို့ ပုဂ္ဂိုလ်တွေဟာ တရားဓမ္မဘက်မှာ စိတ်ကူးတောင်မထည့်ဘူး၊ ရောင်း ရေးဝယ်တာ ကိစ္စတွေ၊ သွားရေး လာရေးကိစ္စတွေ၊ လူမှုရေးကိစ္စတွေနဲ့ပဲ အချိန်ကုန်ပြီးတော့နေကြတယ်။ ဘယ်လိုလုပ်ပြီး ဒီတရားကို သိပါ့မလဲ။ မသိဘူး၊ အဲဒီလို ဆိုရင် မိမိကိုယ်တိုင်လည်း ရှစ်ယောက်ထဲ ပါမသွား ပေဘူးလား။ တရားဓမ္မကို မသိရဘူးဆိုရင် ခုနက ရှစ်ယောက်သော ပုဂ္ဂိုလ်တွေဟာ အခွင့်အရေး ဆုံးသလိုပဲ ရနေတဲ့အခိုက်ကလေးမှာ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေကို နှလုံးမသွင်းမိဘူးဆိုလို့ရှိရင်၊ နှလုံးသွင်း ဆင်ခြင်ဖို့စိတ် မရှိဘူးဆိုလို့ရှိရင် မိမိကိုယ်တိုင်လည်း အခွင့်အရေး ရနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်ပါ့မလား၊ မဖြစ်ဘူး၊ ဒါကို သတိကြပ်ကြပ်ထားဖို့ အင်မတန်မှ လိုအပ်တယ်၊ ရှစ်ယောက်သော ပုဂ္ဂိုလ်တွေ အခွင့်အရေး ဆုံးနေကြ တယ်၊ ငါဟာ တစ်ယောက်သော ပုဂ္ဂိုလ်ထဲပါတယ်၊ သို့သော် မလုပ်ဘဲနေရင် ငါလည်းပဲ အခွင့်အရေး ဆုံးရှုံး သွားလိမ့်မယ်၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က “မနုဿတ္တဘာဝေါ ဒုလ္လဘော” တဲ့၊ လူ့ဘဝဆိုတာ ရဖို့အင်မတန်ခက်တယ်၊ ဘာဖြစ်လို့ခက်တုန်းဆို စဉ်းစား ကြည့်ပေါ့။ လူ့ဘဝက ဘာကြောင့် ရနိုင်တာတုန်းဆို ကုသိုလ်ကြောင့်ရတာ၊ ကဲ ကုသိုလ်စိတ်ဖြစ်တဲ့ အချိန် ဟာ များသလား၊ နည်းသလား ကိုယ့်ဟာကိုယ် စဉ်းစား ကြည့်၊ နံနက်မိုးသောက် အလင်းရောက်တဲ့အချိန်က ညအိပ်ယာဝင်တဲ့အချိန်အထိ ကြည့်လိုက်၊ အိပ်ပျော် နေတဲ့ အချိန်တော့ထား၊ ကုသိုလ်စိတ်မရှိဘူး၊ ဘဝင် စိတ်ပဲ ဖြစ်တယ်၊ အိပ်နေတဲ့အချိန်ကို နှုတ်ထားလိုက်၊ ဘဝင်စိတ်တွေ မဖြစ်လို့ ဝီထိစိတ်ဖြစ်နေတဲ့အချိန် နံနက်မိုးသောက် အလင်းရောက်လို့ မျက်စိနှစ်လုံး ဖွင့်လိုက်တဲ့အချိန်ကစပြီးတော့ အိပ်ယာပေါ်မှာလှဲပြီး မျက်စိနှစ်လုံးပိတ်ပြီး အိပ်ပျော်သွားတဲ့ အချိန်ထိကြည့်၊ ကုသိုလ်စိတ် ဘယ်နှစ်ခါဖြစ်လဲ။

ကုသိုလ်စိတ် ဖြစ်တဲ့အချိန်နဲ့ အကုသိုလ်စိတ် ဖြစ်တဲ့အချိန် ဘယ်ဟာကများသလဲ၊ ကုသိုလ်နဲ့မှ လူ့ ဘဝရတယ်ဆိုတော့ ကုသိုလ်စိတ်ဖြစ်ဖို့ရာ အင်မတန် ခဲယဉ်းတော့ လူ့ဘဝ ဖြစ်ဖို့ရာရော မခဲယဉ်းဘူးလား၊ ဒါ့ကြောင့်မို့ ခဲယဉ်းတယ်လို့ပြောတာ။ လူ့ဘဝရဖို့ ခက်တယ်ဆိုပေမယ့် တစ်ချို့က ထင်တယ်၊ ဒီကနေ့ လူဦးရေတွေတိုးနေတယ်၊ သန်းပေါင်း ၅၀၀၀ ကျော် သွားပြီ၊ ကမ္ဘာမှာ လူဦးရေတွေ တိုးနေတယ်၊ အဲဒီတော့ လူ့ဘဝရခဲတယ်လို့ မထင်ကြဘူး။ သို့သော် တိရစ္ဆာန် ဦးရေနဲ့ နှိုင်းယှဉ်ပြီးတော့ ကြည့်မယ်ဆိုရင် လူဦးရေဟာ ဘာမှ ပြောပလောက်တာမရှိဘူး။ ကုသိုလ်ကံနဲ့မှ လူ့ဘဝ ရနိုင်တာဖြစ်သောကြောင့် ကုသိုလ်ဖြစ်ဖို့ အချိန်သည် မည်မျှနည်းသလဲ၊ ကိုယ့်ဟာသာကိုယ် စဉ်းစားကြည့်၊ သူများကို မကြည့်နဲ့။

ကိုယ့်ရဲ့ဘဝကိုပဲကိုယ်ကြည့်၊ ငါ့ရဲ့ဘဝမှာ ကုသိုလ် ဖြစ်တဲ့အချိန်နဲ့ အကုသိုလ်ဖြစ်တဲ့အချိန် ဘယ်ဟာက များသလဲ၊ သို့မဟုတ် ကုသိုလ်လည်း မဖြစ်ဘူး၊ အကုသိုလ်လည်း မဖြစ်ဘူး၊ ဘဝင်စိတ်တွေ ဖြစ်နေတဲ့ အိပ်ပျော်နေအချိန် ဘယ်ဟာက များသလဲ၊ နာရီနဲ့ တွက်ကြည့်လိုက်မယ်ဆိုရင် နိုးနေတဲ့ အချိန်လေးမှာ တောင် ကုသိုလ်စိတ်က များများမဖြစ်ဘူး၊ ဒီလိုဆိုရင် လူ့ဘဝရဖို့ရာ “လူ့ပြည်က အပ်တစ်စင်းထောင်ထား၊ ဗြဟ္မာ့ပြည်က အပ်တစ်စင်းချလိုက်ရင် အပ်ဖျားချင်းသာ ထိကောင်းထိဖို့က လွယ်ကောင်းမယ်၊ လူ့ဘဝရဖို့က ခက်တယ်” ဆိုတာ မမှန်ပေဘူးလား၊ မှန်တယ်၊ ဘာဖြစ် လို့တုန်းဆိုလို့ရှိရင် ကုသိုလ်စိတ်ဖြစ်တဲ့အချိန်က အလွန် နည်းလို့။

အဲဒါကြောင့် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် က

'မနုဿတ္တလာဘံ လဒ္ဓါန၊ သဒ္ဓမ္မေ သုပ္ပဝေဒိတေ။

ယေ ခဏံ နာဓိဂစ္ဆ န္တိ၊ အတိနာမေန္တိ တေ ခဏံ။'လို့ ဟောတော်မူတာ။

“သဒ္ဓမ္မေ သုပ္ပဝေဒိတေ - သူတော်ကောင်းတရား ကို ရှင်တော်ဘုရားဟောကြားနေတဲ့ အခိုက်အခါကာလ မှာ၊ မနုဿတ္တလာဘံ-လူ့ဘဝရရှိခြင်းကို၊ လဒ္ဓါန-ရရှိကြပါကုန်လျက်၊ ယေ- အကြင်ပုဂ္ဂိုလ်တို့သည်၊ ခဏံ-တကယ့် အခွင့်ကောင်းအခါကောင်းကြီးကို၊ နာဓိဂစ္ဆ န္တိ-အခွင့်ကောင်းအခါကောင်းမှန်း မသိကြလေကုန်၊ တေ-ထိုအခွင့်ကောင်း အခါကောင်းကြီးကို အခွင့်ကောင်း အခါကောင်းမှန်း မသိကြတဲ့ ပုဂ္ဂိုလ်တို့သည်၊ ခဏံ-တကယ့်တန်ဖိုးရှိတဲ့ လူ့ဘဝရခိုက်အခါ တန်ဖိုးရှိတဲ့ အခါ သမယကို။ အတိနာမေန္တိ-ကုန်လွန်စေကြသည်ဟူ၍၊ ဘဂဝါ- ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ-ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေ သတည်း။”

အင်မတန်ကောင်းတဲ့ အခွင့်ကောင်းကြီးရဲ့ တန်ဖိုး ကိုမသိလို့ရှိရင် အဲဒီအခွင့်ကောင်းကြီးဆိုတာ ထာဝရ ရှိနေမယ့်အရာ မဟုတ်ဘူးနော်။ အခွင့်ကောင်းကြီး ဆိုတာ မကြာခင်ကုန်တော့မှာ၊ လူတိုင်း လူတိုင်းမှာ အခုလို သာသနာတော်ကြီး ပွင့်လင်းနေခိုက် ကိုယ်က လည်း ကျန်းမာရေးကောင်းတယ်၊ မျက်စိလည်း ကောင်း တယ်၊ အကုန်လုံးကောင်းနေတဲ့ အချိန်လေးမှာ တရား ဓမ္မ အားထုတ်နိုင်တဲ့ အချိန်လေးမှာ တရားအားမထုတ် နိုင်ဘူး၊ ဟိုကိစ္စ ဒီကိစ္စတွေနဲ့ အချိန်ဖြုန်းပြီး နေလိုက် မယ်ဆိုရင် ဒီအခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးသွားနိုင် တယ်။

ဒီအခွင့်အရေးဆိုတာက အမြဲတမ်းရှိနေမှာ မဟုတ် ဘူးတဲ့၊ အဲဒီအခွင့်အရေးတွေ ကုန်သွားတာနဲ့ တစ်ပြိုင် နက် နောက်ထပ်ရချင်မှရမှာ။ အဲဒါကို ပြောတာ၊ အခွင့်ကောင်းကို တန်ဖိုးရှိရှိ အသုံးမချတတ်လို့ရှိရင် ဒီအခွင့်ကောင်းဟာ ကုန်သွားမှာတဲ့၊ ကုန်သွားပြီဆိုမှ လုပ်မယ်ဆိုရင် “မိုးလွန်မှ ထွန်ချ၊ နေဝင်မှ စပါးလှမ်း” ဆိုတာမျိုးလိုဖြစ်ပြီး ထိုပုဂ္ဂိုလ်ရဲ့လုပ်သမျှတွေဟာ ဘာမှ အရာထင်တော့မှာ မဟုတ်တော့ဘူးတဲ့၊ အေး ဒါ့ကြောင့် မို့လို့ ဘုန်းကြီးတို့တစ်တွေဟာ ရှစ်ယောက်ထဲမှာမပါဘူး၊ တစ်ယောက်ထဲမှာပါတယ်။ သို့သော် အခွင့်ကောင်း ရှိနေတဲ့ အချိန်ကလေးမှာ လုပ်သင့်တာလုပ်ရမယ်။ မလုပ်ရင် ရှစ်ယောက်ထဲ ပါသွားလိမ့်မယ်။

“အခွင့်သာခိုက်မူ ရအောင်ယူ၊ ထိုသူပညာရှိ” တဲ့၊ လယ်တီဆရာတော်ကြီးက အမိန့်ရှိတယ်၊ “အခွင့် သာခိုက်မှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေး လိမ့်လေး” တဲ့၊ ဟုတ်ကဲ့လား၊ အခွင့်သာခိုက်ကလေးမှ မလုပ်ဘူးဆိုရင် ကိုယ့်လောက်မိုက်တဲ့လူ မရှိတော့ဘူးလို့ ဒီလိုပြောတာ၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ကလဲ အခွင့်သာနေတဲ့ အချိန်လေးမှာ လုပ်ရမယ်၊ ဘာတွေလုပ်ရမတုန်းဆိုလို့ရှိရင် မြတ်စွာဘုရားဟောတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ဖို့ပဲ။

ဘုရားသာသနာတော်မှာ မဂ္ဂင်ရှစ်ပါး အကျင့် တရားကလွဲလို့ တခြားကျင့်စရာမရှိဘူး၊ မဂ္ဂင်ရှစ်ပါး အကျင့်တရား ဆိုတာကလည်းပဲ လူတိုင်းလူတိုင်း သန္တာန်မှာ အခြေခံအားဖြင့် ရှိနေတဲ့တရားပဲ။ ရှိနေတဲ့ တရားကို အရှိအတိုင်းသိအောင် လေ့ကျင့်ရမှာ။ ကိုယ့် သန္တာန်မှာဘာတွေရှိတုန်းဆိုရင် အာရုံပြုကြည့်၊ ဘုန်းကြီး တို့တတွေမှာ ကာယဆိုတဲ့ ရုပ်ခန္ဓာကိုယ်ကြီး ရှိတယ် နော်၊ အာရုံကိုသိတတ်တဲ့ အသိစိတ်ဆိုတာရှိတယ်၊ ဝေဒနာလို့ဆိုတဲ့ ခံစားချက်တွေရှိတယ်၊ မှတ်သိမှု တွေးကြံမှုဆိုတဲ့ သဘာဝဓမ္မတွေရှိတယ်။

ဩော် ကိုယ့်သန္တာန်မှာရှိတဲ့ ဒီသဘာဝတရား တွေကို သူ့သဘာဝအတိုင်းမြင်အောင် ရှုမှတ်ပွားများ နေတာဟာ မဂ္ဂင်ရှစ်ပါး ကျင့်နေတာပဲ ဖြစ်တယ်။ ဥပမာ ထွက်လေ ဝင်လေလေးကို ရှုနေလို့ရှိရင် ကာယာနုပဿနာပဲ၊ ဝမ်းနည်းတယ်၊ ဝမ်းသာတယ်၊ ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတဲ့ ခံစားချက်လေးကို ရှုနေလို့ရှိရင် ဝေဒနာနုပဿနာ၊ ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘနဲ့ ယှဉ်တွဲလာတဲ့စိတ်၊ ဒေါသနဲ့ ယှဉ်တွဲလာတဲ့ စိတ်၊ မောဟနဲ့ယှဉ်တွဲလာတဲ့စိတ်၊ ဒီစိတ်ကလေးတွေကို ရှုမယ်ဆိုလို့ရှိရင် စိတ္တာနုပဿနာ၊ ကျန်တဲ့ ကြံတွေးမှု၊ ကြံစည်မှုတွေ၊ ရုပ်ခန္ဓာတွေ စသည် ရှုမယ်ဆိုလို့ရှိရင် ဓမ္မာနုပဿနာ၊ အဲဒီလို မိမိသန္တာန်မှာရှိတဲ့ သဘာဝ တရားတွေကို အမှန်မြင်အောင်ကြည့်ဖို့ လိုအပ်တယ် တဲ့။

အဲဒီလို အမှန်မြင်အောင် ကြည့်တာကိုပဲ သမ္မာဒိဋ္ဌိလို့ခေါ်တာ၊ သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင်ဖို့အတွက် ဘာလုပ်ရမလဲ၊ သမ္မာသင်္ကပ္ပ ဆိုတဲ့ မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့လိုတယ်၊ မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့ အတွက် ကြိုးစားဖို့လိုအပ်တယ်၊ ဒါက သမ္မာဝါယာမ၊ ထိုကြိုးစားတဲ့အခါမှာ စိတ်စိုက်ဖို့ လိုအပ်သေးတယ်၊ ဒါက သမ္မာသတိ၊ အာရုံတစ်ခုထဲမှာ စိတ်ကို ငြိမ်အောင် ထားတာက သမ္မာသမာဓိတဲ့၊ ပေါင်းလိုက်တဲ့အခါ ကျတော့ မဂ္ဂင်ငါးပါး၊ ဒီမဂ္ဂင်ငါးပါး အဓိကဖြစ်တယ်၊ “ကာရာပကမဂ္ဂင်” သို့မဟုတ် “ကာရကမဂ္ဂင်” လို့ ခေါ်တယ်၊ တရားဓမ္မ ကျင့်ကြံကြိုးကုတ် အားထုတ်တဲ့ အခါမှာ ဒီမဂ္ဂင်ငါးခုဟာ ဟန်ချက်ညီညီနဲ့ အလုပ်လုပ် သွားပြီ ဆိုလို့ရှိရင် သဘာဝတွေကို အမှန်အတိုင်း သိနိုင်မှာဖြစ်တယ်။

ဆိုပါစို့ ထွက်လေ ဝင်လေလေးကို ရှုမှတ်နေတယ် ဆိုလို့ရှိရင် ထွက်လေဝင်လေလေးကို သူ့သဘာဝလေး အတိုင်း မသိသိအောင်ကြိုးစားတာ သမ္မာဝါယာမ၊ ထို ထွက်လေ ဝင်လေလေးကို အမြဲတမ်း သတိကပ်ထား တာက သမ္မာသတိ၊ ထိုထွက်လေဝင်လေလေးကို အာရုံ တစ်ခုထဲပေါ်မှာ စိတ်ကိုတည်ငြိမ်အောင် ထားတာက သမ္မာသမာဓိ၊ ထွက်လေ ဝင်လေလေးရဲ့ သဘာဝကို စဉ်းစားတွေးခေါ်နေတာက သမ္မာသင်္ကပ္ပတဲ့။

ဟော အဲဒီလို လေးခု ပေါင်းစပ်လိုက်တဲ့အခါ ဘာပေါ်လာတုန်းဆိုရင် သမ္မာဒိဋ္ဌိ၊ ထွက်လေ ဝင်လေ လေးရဲ့ သဘာဝတရားကို အမှန်မြင်လိုက်တာက သမ္မာဒိဋ္ဌိ၊ ထွက်လေ ဝင်လေလေးရဲ့ သဘာဝတရားကို အမှန်မြင်လိုက်တဲ့ သမ္မာဒိဋ္ဌိဆိုတာ ပေါ်လာတယ်၊ အဲဒီလို အမှန်မြင်လိုက်တယ်ဆိုတာ ထွက်လေ ဝင်လေ လေးဟာ သူ့သဘာဝပဲ၊ ထွက်လေဝင်လေပဲ “ငါမဟုတ် ပါလား” ဆိုတာ မြင်လာတယ်၊ ငါမဟုတ်ဘူးဆိုတဲ့ အမြင်ဟာ အမှန်မြင်ပေါ့။ အဲဒီ အမှန်မြင်လိုက်တဲ့အခါ ကျတော့မှ ရုပ်နာမ်ဓမ္မ” သင်္ခါရတွေနဲ့ ပတ်သက်လာပြီး တော့ အမှန်မြင်လာတာနဲ့ တစ်ပြိုင်ထဲ “ငြီးငွေ့မှု” ဆိုတာ ပေါ်လာတယ်၊ ငြီးငွေ့လာတာနဲ့ တစ်ပြိုင်နက်ထဲ “တွယ်တာမှု“ဆိုတာ မရှိတော့ဘူး၊ တွယ်တာမှုမရှိတာနဲ့ တစ်ပြိုင်နက် “လွတ်မြောက်” သွားတာပဲလေ။

အဲဒီလို အဆင့်ဆင့် အကျိုးရှိသွားအောင် မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်က ကာယ၊ စိတ္တ၊ ဝေဒနာ၊ ဓမ္မလို့ ဆိုတဲ့ သတိပဋ္ဌာန် အာရုံလေးပါးအပေါ်မှာ လူတိုင်းလူတိုင်းဟာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် မိမိတို့ အားလပ်တဲ့ အချိန်လေးမှာ အာရုံစိုက်ပြီးတော့ ကြည့်မယ်ဆိုရင် ခုနကပြောတဲ့ အသိဉာဏ်တွေအားလုံး ပေါ်လာကြမှာပါတဲ့၊ အဲဒီလိုပေါ်လာတဲ့အခါမှာ ဝိမုတ္တ လွတ်မြောက်မှုဆိုတာကို ရမှာဖြစ်ပါတယ်။

အဲဒီလိုမှ မကြည့်နိုင်ဘူးဆိုရင် အတွယ်အတာ တွေနဲ့ လူတွေမှာ ဘာတွေဖြစ်မလဲ၊ တွယ်တာမှုရှိရင် သောကတွေလာမယ်၊ သောကတွေဖြစ်ရင် ဒုက္ခတွေ ဖြစ်မယ်၊ ဒေါမနဿတွေ ဖြစ်မယ်နော်၊ သောကတွေနဲ့ လူ့လောကမှာ လူတွေနေကြရတာ၊ အဲဒီသောကတွေ ပရိဒေဝတွေ၊ ငိုကြွေးရတယ်၊ စိတ်ဆင်းရဲရတယ်၊ ကိုယ်ဆင်းရဲရတယ်၊ အဲဒါတွေ လွန်မြောက်ဖို့အတွက် နည်းလမ်းကတော့ တစ်ခုထဲပဲ၊ ဒီနည်းလမ်းဟာ မြတ်စွာ ဘုရား ချမှတ်တော်မူတဲ့ ဒီမဂ္ဂင်ရှစ်ပါး သတိပဋ္ဌာန် အကျင့်တရားပဲတဲ့၊

ဒါ့ကြောင့်မို့လို့ မြတ်စွာဘုရားသခင်ကိုယ်တော် မြတ်က “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ၊ သောက ပရိဒေဝါနံ သမတိက္ကမာယ၊ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ၊ ဉာယဿ အဓိဂမာယ၊ နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ” လို့ ဟောတော်မူတာ ဖြစ်တယ်။

“ဘိက္ခဝေ-ချစ်သား ရဟန်းတို့၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ-သတိပဋ္ဌာန်တရားလေးပါး အကျင့်တရား လို့ဆိုတဲ့၊ အယံ မဂ္ဂေါ-ဤကျင့်စဉ်ဟာ၊ သတ္တာနံ-သတ္တဝါတို့ရဲ့၊ ဝိသုဒ္ဓိယာ-ကိလေသာ အညစ်အကြေး တွေ စင်ကြယ်ဖို့ရာ၊ ဧကာယနော-တစ်ကြောင်းတည်း သော လမ်းပါပဲ။” ကိလေသာ အညစ်အကြေးတွေ ကင်းစင်သွားမှ၊ ကိလေသာ အပူအပင်မရှိမှ စိတ် ငြိမ်းအေးမှုဆိုတာ ရမှာနော်၊ “သောကပရိဒေဝါနံ- စိုးရိမ်ရခြင်း၊ ငိုကြွေးရခြင်းတို့ကို၊ သမတိက္ကမာယ- ကျော်လွှားနိုင်ဖို့ရာ” လူတွေဟာ နေ့စဉ်နဲ့အမျှ နေကြ ထိုင်ကြတဲ့အခါမှာ သောကကို ရင်ဝယ်ပိုက်ပြီးတော့ နေကြရတာ၊ သောကတွေ ကြီးထွားလာတဲ့အခါ ငိုကြရ ပြန်တယ်၊ စိုးရိမ်တယ်ဆိုတာကြည့်လေ၊ ပျက်စီးမှာ စိုးရိမ်တယ်၊ ပျက်စီးသွားပြီးရင်လည်း စိုးရိမ်တယ်၊ ဆုံးရှုံးမှာ စိုးရိမ်တယ်၊ ဆုံးရှုံးပြီးသွားရင်လည်း စိုးရိမ် ရတယ်၊ ငိုကြွေးရတယ်။

“ဒုက္ခဒေါမနဿာနံ- ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲ ခြင်းတို့ရဲ့၊ အတ္ထင်္ဂမာယ- ချုပ်ငြိမ်းစေဖို့ရာ၊ ဉာယဿ အဓိဂမာယ- နိဗ္ဗာန်ကိုရောက်စေတတ်တဲ့ လမ်းကြောင်း ကို သိရှိဖို့ရာ၊ နိဗ္ဗာနဿ-နိဗ္ဗာန်ကို၊ သိစ္ဆိကိရိယာယ-မျက်မှောက်ပြုဖို့ရာ၊ အယံမဂ္ဂေါ-ဒီသတိပဋ္ဌာန်ဆိုတဲ့ ကျင့်စဉ်တရားသည်(ဝါ) မဂ္ဂင်ရှစ်ပါး အကျင့်တရားသည် သာလျှင်၊ ဧကာယနော-တစ်ကြောင်းတည်းသော လမ်း ပါပဲရယ်လို့၊ ဘဂဝါ- ရွှေဘုန်းတော်သခင် ရှင်တော်မြတ် ဘုရားသည်၊ အဝေါစ-ကောင်းစွာမသွေ ဟောကြား တော်မူခဲ့ပါပေသတည်း။”

နိဂုံးစကား

ကံဆိုးသူ ရှစ်ယောက်၊ ကံကောင်းတဲ့ ပုဂ္ဂိုလ် တစ်ယောက်၊ ကံကောင်းတဲ့ပုဂ္ဂိုလ် တစ်ယောက်ထဲမှာ တို့တတွေပါနေတဲ့အချိန်၊ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်သုံးခြင်းဖြင့်သာလျှင် တကယ့်ကံကောင်းတဲ့ပုဂ္ဂိုလ် ဖြစ်နိုင်မှာ ဖြစ်သောကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် ကံကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ခိုက်မှာ မဂ္ဂင် ရှစ်ပါး အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန်သတည်း။

2dxkyfld20a1zvldqr2t1sl0537jmmn
အားပေးစကား
0
5903
22136
21623
2026-06-15T03:23:29Z
Tejinda
173
22136
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = အားပေးစကား
| previous = [[ရှစ်ယောက် နဲ့ တစ်ယောက်]]
| previous2 =
| next = [[အရှင်အာနန္ဒာ ၏ ဝိပဿနာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

အားပေးစကား

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၂ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ တပို့တွဲလပြည့်ကျော်(၈)ရက်၊ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဘုရားကြီးကျောင်းတိုက်အတွင်း၌ ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ရွှေကျင်နိကာယ ဝိနည်း စာတော်ပြန်ပွဲကြီး၏ ညဉ့်ဦးယာမ် ဓမ္မသဘင်အခမ်းအနား၌ ဟောကြားသည်။

လူတွေဟာ တစ်ခါတစ်ရံ စိတ်အားတွေ တက်ကြွပြီးနေတဲ့အခါမျိုးရှိတယ်။ သို့သော် တစ်ခါတစ်ရံ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ စိတ်ဓာတ်တွေ ဆုတ်နစ်သွားတတ်ကြတယ်။ ဒီလို စိတ်ဓာတ်တွေ ကျနေတဲ့အခါမှာ ဝိုင်းဝန်းပြီးတော့ အားပေးစကားပြောကြရတယ်။

စိတ်ဓာတ်အကျဆုံးအချိန်

လူတွေ စိတ်ဓာတ်အကျဆုံးအချိန်ဟာ ဘယ်အချိန်လဲလို့ တရားချစ်ခင်သူတော်စင်ပရိသတ်တို့ သိဖို့ လိုတယ်နော်၊ လူတိုင်းလူတိုင်း နောက်ဆုံးကြုံတွေ့ရမယ့် “တစ်နေ့သောအချိန်” ဆိုတာ ဘယ်အချိန်လဲ? သေခါနီးအချိန်ပေါ့။ လူတိုင်းလူတိုင်း မရှောင်လွှဲနိုင်ဘူး၊ တစ်နေ့ကျတော့ ကြုံတွေ့ရမယ်ဆိုတဲ့ နောက်ဆုံးအချိန်မှာ စိတ်အားအငယ်ဆုံး၊ စိတ်ဓာတ်အကျဆုံး အချိန်လို့ ဆိုလိုတယ်။

ပညာနဲ့ဆင်ခြင်ပြီးမှ လုပ်သင့်ပုံ

အဲဒီအချိန်မှာ ကျန်တဲ့သူတွေက ဘာလုပ်သင့်သလဲ၊ လုပ်သင့်လုပ်ထိုက်တယ်ဆိုတာ ဘာတွေလဲ၊ ခုခေတ်မှာ ဘာတွေလုပ်နေကြလဲ၊ ဒါကို လေ့လာသုံးသပ်ပြီး ကြည့်ဖို့လိုတယ်၊ ကိုယ်လုပ်တဲ့အလုပ်တွေဟာ မှန်ကန်မှု ရှိရဲ့လား၊ ခုခေတ်လူတွေ လုပ်နေကြတာ မှန်ကန်မှုရှိရဲ့လား၊ တကယ် “အားပေးစကား” ပြောတာ ဟုတ်ရဲ့လား၊ အားပေးစကားပြောတာမျိုး မဟုတ်ဘဲ ချောက်တွန်းတာမျိုး ဖြစ်နေသလားလို့ စဉ်းစားဆင်ခြင်သင့်တယ်။ မစဉ်းစားဘဲလုပ်တဲ့ လုပ်ရပ်မှန်သမျှဟာ ကောင်းကျိုးချမ်းသာကို မပေးနိုင်ဘူး၊ အရာရာဟာ ပညာနဲ့ ဆင်ခြင်ပြီးတော့မှ လုပ်သင့်တယ်။

စဉ်းစားဖွယ်

မဟာနာမဆိုတဲ့ သာကီဝင်မင်းဟာ မြတ်စွာဘုရားနဲ့ ညီအစ်ကိုတစ်ဝမ်းကွဲ တော်တယ်၊ ရှင်အနုရုဒ္ဓါ မထေရ်မြတ်နဲ့ ညီအစ်ကိုအရင်းတော်တယ်။ အဲဒီ မဟာနာမသာကီဝင်မင်းကြီးဟာ သုဒ္ဓေါဒနမင်းကြီးတို့ ဘဒ္ဒိယမင်းတို့ မရှိတဲ့နောက်မှာ ကပိလဝတ်ကို အုပ်ချုပ်တဲ့ နောက်ဆုံးမင်းလို့ ပြောရမှာပေါ့။ အဲဒီ မဟာနာမမင်းဟာ သာသနာတော်အဆင့်အတန်းနဲ့ ပြောရမယ်ဆိုရင် သကဒါဂါမ်အဆင့်ဖြစ်တယ်။ သကဒါဂါမ်အဆင့်နဲ့ ကံကုန်သွားတယ်။ ဘဝတစ်သက်တာမှာ သကဒါဂါမ်အဆင့်အနေနဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တယ်။ နောက်ဆုံး ဝိဋဋူပ ကျူးကျော် တိုက်ခိုက်ပြီး သာကီဝင်မင်းတွေ အပြတ်ချေမှုန်းရေးစစ်ပွဲမှာ မဟာနာမ မင်းကြီး အဖမ်းခံရတယ်၊ အဖမ်းခံရတယ်ဆိုသော်လည်း ဝိဋဋူပက သူ့ရဲ့မြေး တော်နေသည့်အတွက်ကြောင့် ကောင်းကောင်းမွန်မွန် ထားတယ်၊ သို့သော်လည်း စာပေထဲမှာ သာဝတ္ထိအပြန်လမ်းခရီးမှာ ဆံထုံးကို ခြေမကြားမှာညှပ်ပြီး ရေအိုင်ထဲမှာ ငုပ်လျှိူးသွားတယ်လို့ ပါတယ်။

ဒီနေရာမှာ စဉ်းစားစရာကောင်းတာက သူက သကဒါဂါမ်လို့လည်းဆိုသေးတယ်၊ ရေထဲမှာ နှစ်မြှုပ်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံတယ် Suicide လုပ်တယ်၊ ဒါမျိုး မဖြစ်နိုင်ဘူးလို့ထင်တယ်၊ သောတာပန်ပုဂ္ဂိုလ်တောင် ကိုယ့်ကိုယ်ကို လုပ်ကြံသတ်ဖြတ်တာမျိုး မလုပ်တော့ဘူး။ ဒီတော့ မဟာနာမမင်းကြီးဟာ သူ့ကိုယ်သူ သေကြောင်းကြံသွားတယ်ဆိုတာ ဟုတ်ချင်မှ ဟုတ်မယ်ပေါ့။

ရေကန်ထဲ ရေဆင်းချိုးရင်း သူ့ရဲ့ သီလအစွမ်းတန်ခိုးတွေကြောင့် သူ့ကိုကြည်ညိုတဲ့, လူသားမဟုတ်တဲ့ ရေကန်စောင့်နတ်တွေ နဂါးတွေက (စာထဲမှာပါတာ နဂါးတွေက နဂါးပြည်ကို) ခေါ်သွားပြီးတော့ နဂါးပြည်မှာ ၁၂-နှစ်ကြာ နေထိုင်တယ်လို့ ပြောတယ်။ အဲဒီလို ခေါ်သွားတာ ဖြစ်လောက်တယ်၊ ရေကန်ထဲမှာ ဆင်းပြီးတော့ ရေချိုးရင်းကနေပြီး ပျောက်ဆုံးသွားတယ်ပေါ့။ အဲဒီ မဟာနာမမင်းကြီးနဲ့ ပတ်သက်တဲ့ သုတ္တန်တွေဟာ စာပေကျမ်းဂန်မှာ တော်တော်များများ ရှိတယ်။

အားပေးစကား အလိုအပ်ဆုံးအချိန်

မြတ်စွာဘုရားက မဟာနာမကို ဘာ အဆုံးအမ ပေးထားသလဲဆိုရင် “အမျိုးသား ဥပါသကာ တစ်ယောက်ဖြစ်စေ၊ အမျိုးသမီး ဥပါသိကာမ တစ်ယောက်ဖြစ်စေ စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တစ်ယောက် နေမကောင်းထိုင်မသာဖြစ်လို့ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အချိန်အခါမျိုးမှာ အားပေးစကား ပြောရမယ်၊ ဆုံးမစကားပြောရမယ်” လို့ပြောတာ။

အဲဒီအချိန်မှာ စိတ်ဓါတ်အကျဆုံး၊ အားအငယ်ဆုံးဖြစ်တတ်သည့်အတွက် အားပေးစကားပြောဖို့လိုတယ်၊ ဒါကို လူတိုင်းလူတိုင်း တစ်နေ့မကြုံ တစ်နေ့တော့ ကြုံတွေ့ကြရမှာပဲ။

လူတိုင်း လူတိုင်း မွေးလာတဲ့ အချိန်ကနေစပြီး တစ်နေ့တစ်နေ့ ဘယ်ကိုသွားနေတာတုန်းဆိုရင် အိုခြင်းဆီ သွားနေတာ။ အိုခြင်းကနေ ဘယ်ကိုသွားနေတာတုန်းဆိုရင် နာခြင်းဆီ သွားနေတာ၊ နာခြင်းကနေ ဘယ်ကိုသွားနေတာတုန်းဆိုရင် သေခြင်းဆီ သွားနေတာ၊ ဒါ ကြောက်စရာစကား မဟုတ်ဘူး၊ တချို့က သေစကားပြောရင် မင်္ဂလာမရှိဘူး နိမိတ်မရှိဘူး၊ ဒီလို ထင်တယ်၊ မသေမှာ ကျနေတာပဲနော်။

ကိုယ်ဘယ်ကိုသွားနေတာတုန်းဆိုတာ သိဖို့မလိုဘူးလား၊ ကိုယ်ဘယ်သွားနေတယ်ဆိုတာ သိရမယ်၊ မသိတာကတော့ ပညာမဲ့လွန်းအားကြီးတာပေါ့။ လူတွေက ပြောကြတယ် “ဘယ်မှ မသွားဘူး, အိမ်မှာ နေတာ”။ သို့သော် အိမ်နေရင်း အသက်က ကြီးကြီးမသွားဘူးလား၊ ကြီးသွားနေတော့ ဘယ်သွားနေသလဲ လို့ ထင်တုန်း၊ အိုတဲ့ဆီ သွားနေတာ၊ အိုတဲ့ဆီကနေပြီးတော့ နာတဲ့ဆီ မရောက်ဘူးလား၊ အေး နာတဲ့ဆီကနေ နောက် ဘယ်ရောက်သွားတုန်း။

ဆရာတော်ကြီးတစ်ပါးက ကမ္မဋ္ဌာန်း နှလုံးသွင်းခိုင်းသလိုပဲ၊ “ခံနိုင်ရင်ခံ မခံနိုင်ရင်သေ” ဆိုတာ၊ ဟုတ်တယ် မဟုတ်လား၊ အိုခြင်းဆင်းရဲ နာခြင်းဆင်းရဲကို ခံနိုင်တဲ့အခြေအနေရှိတဲ့အချိန်မှာ ခံနေပြီးတော့ မခံနိုင်တဲ့ အခြေအနေမှာ သေသွားတာပေါ့။ အဲဒီ သေခြင်းဆင်းရဲနဲ့ လူ့ဘဝဟာ အဆုံးသတ်ကြရတယ်၊ မြတ်စွာဘုရားလည်း ဒီလိုပဲ အဆုံးသတ်တယ်၊ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့လည်း ဒီလိုပဲ အဆုံးသတ်တယ်။

သို့သော် အဆုံးသတ်ကလေးကောင်းအောင် လုပ်ပေးလို့ရတယ်။ လူတွေဟာ အဆုံးသတ်ကောင်းဖို့အတွက်၊ အသေကောင်းဖို့အတွက် အနေကောင်းဖို့ဆိုတာလည်း လိုအပ်တယ်လို့ ပြောကြတယ်နော်။ လူတွေရဲ့စိတ်ဓာတ်ဆိုတာက နောက်ဆုံးအချိန်ရောက်လို့ရှိရင် အားငယ်တတ်တယ်၊ ဒီလို အားငယ်လာလို့ရှိရင် အားပေးစကားပြောရမယ်။

ဆေးရုံတွေမှာ

တချို့ တိုးတက်တဲ့နိုင်ငံကြီးတွေရှိ ဆေးရုံတွေမှာ ဘာသာရေးဆိုင်ရာ အားပေးစကားပြောမယ့် ပုဂ္ဂိုလ်တွေကို ခန့်ထားလေ့ရှိတယ်။ အင်္ဂလန်ဆေးရုံကြီးတွေမှာ ဒီလိုရာထူးခန့်ထားတာရှိတယ်၊ ဗုဒ္ဓဘာသာဝင်တွေအတွက် ဘုန်းကြီးတစ်ပါး၊ ခရစ်ယာန်ဘာသာဝင်တွေအတွက် ခရစ်ယာန်တရားဟောဆရာ၊ အစ္စလာမ်ဘာသာဝင်တွေအတွက် အစ္စလာမ်တရားဟောဆရာ ခန့်ထားတယ်၊ ဒီလို ဆိုင်ရာဆိုင်ရာဘာသာတရားအရ အားပေးစကားပြောဖို့ ခန့်ထားတာ၊ hospital chaplain လို့ခေါ်တဲ့ပုဂ္ဂိုလ်တွေ ခန့်ထားတာရှိတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် လူတိုင်း လူတိုင်း သေခါနီးရောက်တဲ့အခါ စိတ်ဓာတ်တွေ ကျပြီးတော့ မသွားရအောင်၊ သက်သက်သာသာနဲ့ ကိုယ့်ဘာသာတရားကို အာရုံပြုပြီး သေနိုင်အောင်လို့ပေါ့။

ကိုယ့်ကိုယ်ကို လိမ်တာက ပိုဆိုးတယ်

ဒီလိုလုပ်တာကိုလည်း လက်ခံတဲ့လူ ရှိသလို လက်မခံတဲ့လူလည်း ရှိတယ်၊ လက်မခံတဲ့လူက ကိုယ့်ကိုယ်ကို လိမ်တဲ့သူနဲ့ ပတ်ဝန်းကျင်ကို လိမ်တဲ့သူ။ သူများကို လိမ်တာထက် ကိုယ့်ကိုယ်ကို လိမ်တာက ပိုဆိုးတယ်၊ မြန်မာပြည်မှာ လူတော်တော်များများက နေမကောင်းဖြစ်ပြီဆိုရင် နေမကောင်းတဲ့ပုဂ္ဂိုလ်ကို ဘာရောဂါလဲလို့အသိပေးတာနည်းတယ်၊ ဥပမာ-ဆရာဝန်က ရောဂါအမည် တပ်လိုက်ရင် ဒီရောဂါကို လူနာမသိအောင်လို့ ဖုံးထားကြတယ်၊ လိမ်ထားကြတယ်ပေါ့။ လိမ်တာ ကောင်းလား မကောင်းဘူးလား၊ စေတနာကတော့ သူသိရင် စိတ်ဆင်းရဲလိမ့်မယ်ဆိုတဲ့ စေတနာကောင်းပေ့ါ။

လိမ်တယ်ဆိုတာ ဒီ့ပြင်ကိစ္စတွေလည်း လိမ်ကြတာပဲလေ၊ သားသမီးတွေက “အမေမသိစေနဲ့၊ အဖေမသိစေနဲ့” တဲ့၊ အဲဒါမျိုးတွေ မရှိဘူးလား၊ အသက်ကြီးလာပြီဆိုရင် အလိမ်ခံနေရပြီလို့သာ အောက်မေ့၊ ကိုယ့်ကိုယ်ကို လည်လှပြီလို့ မအောက်မေ့နဲ့၊ လူငယ်တွေရဲ့ အလိမ်ကို အမြဲခံနေရတယ်လို့ အောက်မေ့ပေတော့။ ဘာပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက်က တစ်ဦးတစ်ယောက်ကို လိမ်တာ မကောင်းဘူးလို့ ယူဆပေမယ့် ကိုယ့်ကိုယ်ကိုလိမ်တာ ပိုဆိုးတယ်၊ ကိုယ့်ကိုယ်ကိုယ် မလိမ်မိဖို့ အင်မတန်မှအရေးကြီးတယ်။

အမှန်အတိုင်းသိသင့်ပုံ

ဒီကိစ္စမျိုးဆိုတာ အမှန်အတိုင်းသိရမယ်၊ ဆရာဝန်ဆီသွား medical check-up လုပ်ရင် ရောဂါရှိတယ်လို့ ရောဂါအမည်တပ်လိုက်မှာ တစ်ချို့သိပ်ကြောက်တယ်၊ မသိချင်ဘူး၊ မသိချင်ဘူးဆိုတာ ကိုယ့်ကိုယ်ကို လိမ်ထားတာပဲ၊ သိတာ မသိတာနဲ့ ရောဂါဖြစ်တာ မဖြစ်တာ ဆိုင်ရဲ့လား၊ မဆိုင်ပါဘူး၊ မသိတော့ မကြောက်ရဘူးပေါ့လေ၊ မျက်ကန်းတစ္ဆေမကြောက် ဆိုတာမျိုးပဲ။

သိလို့ ရောဂါဆိုတာ ကုစားရင် ကျန်းမာလာဖို့အတွက် အခွင့်အရေး chance တွေ မရနိုင်ဘူးလား၊ ကိုယ့်မှာရောဂါရှိတယ်လို့သိရင် ထိုရောဂါအတွက် ဘယ်ဆေးဝါး ဘယ်ဓာတ်စာနဲ့ကုရမယ်၊ တရားဓမ္မတွေ ကြိုးစားအားထုတ်မယ်လို့ ဒီလိုရော မဖြစ်နိုင်ဘူးလား၊ တကယ်က အဲဒီလို ဖြစ်ရမှာနော်။

စစ်ကိုင်းဘက်မှာ ဆရာဝန်ကြီးတစ်ယောက် ရှိတယ်၊ ဖြစ်တာက အသည်းကင်ဆာ၊ သို့သော် အိမ်သူအိမ်သားတွေက လိမ်ထားတယ်၊ အသည်းခြောက်တယ်လို့ပဲ ပြောတယ်၊ အသည်းခြောက်တယ်ဆိုရင် တော်တော်နဲ့ မသေသေးဘူး၊ အသည်းကင်ဆာဆိုရင် မျှော်လင့်ချက်မရှိဘူး၊ ဒီလိုအသိပေါ့နော်၊ အဲဒီလို လိမ်ထားရင်းက ရောဂါအခြေအနေက ပိုဆိုးလာတယ်၊ နောက်ဆုံးအချိန်ရောက်လာတော့မှ သူ (ကိုယ်တိုင်ကလည်း ဆရာဝန်ဆိုတော့) သိလာတာပေါ့။

အဲဒီကျမှ ဘာပြောတုန်းဆို “ကျုပ်ဗျာ မသေချင်သေးဘူး၊ ဘာမှလည်း မလုပ်ရသေးဘူး“တဲ့၊ စောစောက သိထားမယ်ဆိုရင် ဒီရောဂါက သက်တမ်းဟာ ဘယ်လောက်ပဲ ကျန်တော့မယ်ဆိုရင် ပြင်ဆင်မှု မလုပ်နိုင်ဘူးလား၊ ပြင်ဆင်မှုလုပ်နိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်။

အဲဒီတော့ medical check-up (ဆေးစစ်ခြင်း) လုပ်လို့ diagnosis (ရောဂါတွေ့ရှိချက်)မှာ ရောဂါရှိတယ်ဆိုရင်လည်း ဝမ်းမနည်းနဲ့၊ ရောဂါမရှိဘူးဆိုလို့လည်း မပျော်နဲ့၊ ရောဂါမရှိဘူးဆိုလည်း တစ်နေ့သေမှာပဲ၊ ရောဂါရှိတဲ့သူလည်း တစ်နေ့သေမှာပဲ၊ တစ်ခါတစ်လေ ရောဂါမရှိဘူး ဆိုတဲ့သူကတောင် အရင်သေချင် သေတတ်တယ် မဟုတ်ဘူးလား၊ ဘာပဲဖြစ်ဖြစ် လူ့ဘဝရောက်တယ်ဆိုတာ နောက်ဆုံးတော့ သေခြင်းနဲ့အဆုံးသတ်ရတယ်၊ ဒါကို သိထားသည့်အတွက်ကြောင့် မသေခင် ကိုယ်ဘာတွေလုပ်သင့်သလဲ? မစဉ်းစားသင့်ဘူးလား၊ စဉ်းစားသင့်တယ်၊ ဒီအတိုင်းမနေသင့်ဘူး၊ မှန်မှန်ကန်ကန် ရင်ဆိုင်ရဲရမယ်။

လူဆိုတာ တစ်နေ့သေမှာ၊ ကြီးလည်းသေတာပဲ၊ ငယ်လည်းသေတာပဲ။ မြတ်စွာဘုရားက ဟောထားတယ်လေ “ဒဟရာ စ မဟန္တာ စ ယေ ဗာလာ ယေ စ ပဏ္ဍိတာ။ သဗ္ဗေ မစ္စု ဝသံ ယန္တိ” တဲ့၊ “ဒဟရာ စ” ငယ်ငယ်လည်း သေတာပဲတဲ့၊ “မဟန္တာ စ” အသက်ကြီးမှလည်း သေတာပဲတဲ့၊ “ယေ ဗာလာ ယေ စ ပဏ္ဍိတာ” - မသိနားမလည်တဲ့သူလည်း သေတာပဲတဲ့၊ ပညာတတ်တဲ့သူလည်း သေတာပဲတဲ့၊ မသေတဲ့လူ မရှိဘူး။

ဒါကို သိထားပြီးတဲ့နောက်မှာ ကိုယ်ဘာလုပ်သင့်သလဲ? ကြောက်နေဖို့ မဟုတ်ဘူးနော်၊ ရင်ဆိုင်ရဲဖို့၊ သေခြင်းတရားဟာ ကြောက်ဖို့မဟုတ်ဘူး၊ ရင်ဆိုင်ရဲဖို့ပဲ၊ မှန်မှန်ကန်ကန် ရင်ဆိုင်ရဲရမယ်လို့ ဆိုလိုတာ။

သမ္မတ ကတော်

ဘုန်းကြီးတို့ ဂျာမဏီမှအပြန် လေယာဉ်ပေါ်မှာ Readers' Digest မဂ္ဂဇင်းတစ်စောင် တွေ့တာနဲ့ ဖတ်ကြည့်တယ်။ အရင်တုန်းက အမေရိကန်သမ္မတလုပ်သွားတဲ့ သမ္မတ ကနေဒီရဲ့ဇနီး ဂျက်ကလင်း ကနေဒီရဲ့ နောက်ဆုံးနေ့အကြောင်း ရေးထားတာ။ သူက နယူးယောက်မှာနေတယ်၊ ဂျက်ကလင်းကနေဒီ ဆိုတဲ့ သမ္မတကတော် အသက်(၆၀)လောက်ရှိတဲ့အခါမှာ ရောဂါရတယ်၊ ဆေးရုံတက်ပြီး ဆေးကုတဲ့အခါ ဆရာဝန်တွေက Diagnosis မှာ ကင်ဆာရောဂါလို့ ဖော်ပြလိုက်တယ်။

ကင်ဆာရောဂါဆိုတာ incurable (ကုလို့မရဘူး) ပေါ့။ ကင်ဆာဆဲလ်လေးတွေက ပျံ့နှံ့နေသည့်အတွက် ကုလို့မရတော့ဘူး၊ incurable ကုမရတဲ့ရောဂါ ဖြစ်နေပြီဆိုတာ သူသိတယ်၊ သိတဲ့အခါ သူက ဗုဒ္ဓဘာသာမဟုတ်ပေမယ့် သူ့မှာ စိတ်ဓာတ်မကျရအောင်ထိန်းတဲ့ နည်းလမ်းတော့ရှိမယ်၊ သူ့မှာ အားကိုးရှိမယ်၊ သူက ခရစ်ယာန်ဆိုတော့ ခရစ်ယာန်ဘုရား God အားကိုးမှာပေါ့။ သူ့ရဲ့စိတ်တည်ငြိမ်မှုလေးကို ပြောပြတာပါ။ သူအိမ်ပြန်လာခဲ့တယ်၊ အိမ်ပြန်လာပြီး သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း အဝတ်အစားအသစ်တွေလဲ၊ ဖြီးလိမ်းပေါ့နော်၊ အိပ်ရာခင်းတွေ ကျကျနနပြင်ဆင်၊ သူ့အိမ်ကို သန့်သန့်ရှင်းရှင်းလုပ်၊ သူ့ပစ္စည်းတွေကို ခွဲပေးရမယ့်သူတွေ ခွဲပေး၊ ဒါန လုပ်သင့်တာလုပ်၊ ကျန်တဲ့လုပ်သင့်တာတွေ လုပ်တယ်၊ အဲဒီလိုလုပ်ပြီးတော့ သူကစိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ အိမ်ပြန်ပြီး အေးအေးဆေးဆေး အနားယူတဲ့ သဘောမျိုးနဲ့ နေတယ်၊ သူသေသွားရင် ဘာလုပ်ရမယ်ဆိုတဲ့ဆန္ဒတွေ ဖော်ပြပြီးဒီလိုနေတယ်၊ တစ်ပတ်လောက်နေတော့ အိပ်ရာပေါ်မှာပဲသူဆုံးသွားတယ်၊ ကဲ-သူ့အနေအထားလေးက ဘယ်လောက်ကောင်းသလဲ၊ သေခြင်းတရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်သွားတယ်လို့ ပြောရမယ်။

စိတ်ကောင်းက ကောင်းတဲ့ဘဝ ပို့ပေးလိမ့်မည်

ဒီနေရာမှာ စဉ်းစားဖို့ အရေးကြီးတာက ဂျက်ကလင်း ကနေဒီ အားကိုးတဲ့ God က တကယ် အားကိုးရာရောက်ရဲ့လား၊ ဒီတစ်ချက်ပဲ စဉ်းစားစရာရှိတယ်၊ တစ်ခါတလေ ကိုယ်ကတော့ အားကိုးပေမယ့် အားကိုးရာ ဖြစ်ချင်မှဖြစ်တာ။

လူတွေ ကြည့်လေ-သားကို အားကိုးရမလားဆိုပြီး ဂရုစိုက်တာ၊ အသက်ကြီးတော့ ကိုယ့်ကိုထော်လော်ကန့်လန့်လုပ်တဲ့သား ဖြစ်နေတာ မရှိဘူးလား၊ သမီးကို အားကိုးရမယ်ထင်ပြီး သမီးလေးကို ဂရုစိုက်မွေးထားတယ်၊ အသက်ကြီးတော့ ကိုယ့်ရန်သူဖြစ်နေတာ မရှိဘူးလား၊ ရှိတယ်နော်၊ တကယ်အားကိုးရမယ်လို့ ထင်ပေမယ့်လို့ အားကိုးရာဖြစ်ချင်မှဖြစ်မယ်၊ ဒီလိုတော့ ရှိနိုင်တယ်။

တခြားဘာသာဝင်တွေအနေနဲ့ သူတို့ရဲ့ စာပေကျမ်းဂန်ကို သူတို့ရဲ့ ဘာသာတရားအရ သူတို့ရဲ့ ဘုရားကို အားကိုးရမယ်လို့ သူတို့ယုံကောင်းယုံကြလိမ့်မယ်၊ သို့သော် စိတ်ကောင်း နှလုံးကောင်းထားမယ်၊ ကိုယ်ကျင့်တရား ကောင်းမယ်ဆိုရင် ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကောင်းရာသုဂတိရောက်ဖို့ မခဲယဉ်းဘူး။

ကံကံ၏အကျိုးကိုလက်ခံယုံကြည်ပြီး ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်ဆိုတဲ့ အသိတရား, အများကို ကူညီချင်တဲ့စိတ်၊ အများရဲ့ အကျိုးကို လိုလားတဲ့မေတ္တာစိတ်မျိုးရှိရင် ဘယ်ပုဂ္ဂိုလ်မျိုးမှာပဲရှိရှိ ဘယ်ဘာသာဝင်မှာပဲရှိရှိ ဘာသာနှင့် မဆိုင်ဘဲ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ကို ထို စိတ်ကောင်းနှလုံးကောင်းက ကောင်းတဲ့ဘဝကို ပို့ပေးတာ၊ God က ကယ်တင်တာတော့ မဟုတ်ဘူး။

ဗုဒ္ဓဘာသာဝင်လည်း စိတ်ကောင်းနှလုံးကောင်းရှိမယ်ဆိုရင် ထို စိတ်ကောင်းနှလုံးကောင်းလေးက ကယ်တင်မှာပဲ၊ ဘုရားက ကယ်တင်တာ မဟုတ်ဘူး၊ သို့သော် ဘုရားက ဒီလိုစိတ်ထားရမယ်လို့ သင်ကြားပေးတယ်၊ ဆုံးမဩဝါဒပေးတယ်။

အဲဒီ သမ္မတကတော်ဟာ ကြောက်ကြောက်လန့်လန့်မဖြစ်ဘဲ အေးအေးချမ်းချမ်းနဲ့ သေခြင်းတရားကို ရင်ဆိုင်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး အဲဒီမှာ ရေးသားထားတာကို ဖတ်ရတော့ ဒါလည်းအတုယူစရာပဲလို့ အောက်မေ့မိတယ်။

မြန်မာပြည်အထက်ပိုင်း မော်လိုက်မှာ တရားအားထုတ်နေတဲ့ ဒကာမကြီးတစ်ယောက်လည်း ဒီလို ရောဂါ(ကင်ဆာ)ဖြစ်တယ်၊ သူက သူ့ရောဂါကို ရှုမှတ်ပြီးတော့ ရောဂါဒဏ်ကိုကြိတ်မှိတ်ပြီးခံတယ်၊ တစ်ကိုယ်လုံးလည်း ဖောယောင်ရာက ပေါက်ကွဲပြီး အရည်တွေတောင် ထွက်ပြီးနေတယ်၊ ဒါပေမယ့် သူက သူ့ကိုယ်သူပဲ တရားရှုမှတ်နေတယ်၊ ဆရာဝန်တွေခေါ်ပြီး ဆေးကုပေးတော့ သူ့ဆန္ဒကိုပြောတယ်၊ “သူ့ဖာသာသူ အေးအေးဆေးဆေးနေပါရစေ၊ ဆေးမကုပါနဲ့“လို့ဆိုပြီး တရားရှုမှတ်ရင်းနဲ့ သေခြင်းတရားကို ရင်ဆိုင်သွားတယ်။

ဒီအကြောင်းကို အဲဒီဒကာမကြီးကို ကုပေးတဲ့ ဆရာဝန်တစ်ယောက်က ပြောဖူးတယ်၊ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ မညည်းမညူဘဲနဲ့ ရောဂါဒဏ်ကို ခံပြီးတော့ နောက်ဆုံးနေ့ကို ရင်ဆိုင်သွားတယ်ပေါ့နော်။

အားပေးစကားပြောရမယ်

လူတွေဟာ အနေတတ်ဖို့လိုသလို အသေတတ်ဖို့လည်း လိုသေးတယ်။ ဒါကြောင့် မြတ်စွာဘုရားက ဒီသုတ္တန်မှာ ဘာဟောထားသလဲဆိုတော့“နေမကောင်းထိုင်မသာ ဖြစ်ပြီးတော့ ရောဂါဝေဒနာဖြစ်နေတဲ့ ပညာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ပညာရှိတဲ့ မိတ်ဆွေတစ်ယောက်က အားပေးစကား ပြောသင့်တယ်” လို့ ဟောထားတယ်၊ ဒါ အကျိုးရှိလို့ပြောတာ၊ အားပေးစကား ပြောရမယ်။

တစ်ချို့ကျတော့ ဘုန်းကြီးတွေပင့်ပြီး ပရိတ်ရွတ်တာတောင်မှ “ငါ့ကို သေမှာထင်လို့ ပရိတ်ရွတ်တာလား” ဆိုပြီးတော့ မကြိုက်ဘူး၊ ဒါက ကိုယ့်ကိုယ်ကို လိမ်နေတာ မဟုတ်ဘူးလား၊ အဲဒီလို လိမ်တယ်ဆိုတာ သူများကိုလိမ်တာ မကောင်းသလို မကောင်းဘူးနော်၊ လူတွေက အမျိုးစုံလုပ်လေ့ရှိကြတယ်၊ မြတ်စွာဘုရားကတော့ အားပေးစကား ပြောရမယ်တဲ့။

အားပေးစကား မဟုတ်ဘူး

မြန်မာပြည်မှာတော့ တစ်ချို့က သေငယ်ဇောနဲ့ မျောနေတဲ့သူကို အားပေးစကားမပြောဘဲနဲ့ “ဘဏ်စာအုပ် ဘယ်နားထားခဲ့တုန်း၊ လက်ကောက်တို့၊ စိန်နားကပ်တို့ ဘယ်နားထားတုန်း” လို့ မေးတဲ့သူက မေးတယ်။ အဲဒီလိုမေးရင် သေတဲ့သူ ဖြောင့်ပါ့မလား၊ ဘုန်းကြီးတွေကိုလည်း ပျံလွန်တော်မူခါနီးဆိုရင် “ကျောင်းကို ဘယ်သူ့အပ်ခဲ့မှာတုန်း” ဆိုပြီး မေးတဲ့သူက မေးသေးတယ်။ အဲဒါ အားပေးစကား ဖြစ်ပါ့မလား၊ မဖြစ်ဘူး။ တွန်းလွှတ်တာနဲ့တူနေတယ်၊ အဲဒါမျိုး မဖြစ်သင့်ဘူးတဲ့၊ တကယ်က အားပေးစကားပဲ ပြောရမယ်တဲ့။

နှစ်ဦးနှစ်ဖက် ပညာရှိရမယ်

မြတ်စွာဘုရားက အားပေးစကားပြောဖို့ ဒီသုတ္တန်မှာ သင်ပေးထားတယ်။ အားပေးစကား ပြောရမယ်ဆိုရင် ဘယ်လိုပြောမလဲ၊ ဒီနေရာမှာ သတိထားဖို့ရာက အားပေးစကားပြောတဲ့သူကလည်း ပညာရှိတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်၊ အားပေးစကားအပြောခံရတဲ့ပုဂ္ဂိုလ်ကလည်း ပညာရှိတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်၊ ဆင်ခြင်တုံတရားရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။ လူမိုက်ကိုသွားပြီး အားပေးစကားပြောလို့ မရဘူး၊ လက်ခံချင်မှ လက်ခံမယ်၊ ပြောရင် “ငါမသေသေးဘူး၊ ငါသေမယ်ထင်လို့ လာပြောတာလား” ဆိုပြီး ရန်တောင်တွေ့လွှတ်လိုက်ဦးမယ်။

အဲဒီတော့ အားပေးစကားပြောတဲ့ပုဂ္ဂိုလ်ကလည်း ပညာရှိရမယ်၊ အားပေးစကား အပြောခံရတဲ့ပုဂ္ဂိုလ်ကလည်း ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ ဒါကြောင့် မြတ်စွာဘုရားက “ပညာရှိတဲ့ ဥပါသကာသည် ပညာရှိတဲ့ ဥပါသကာ နေမကောင်းထိုင်မသာဖြစ်နေရင် အားပေးစကား ဆုံးမစကားပြောပါ” လို့ ဟောတာ။ ဒီလို အားပေးစကားပြောလိုက်ရင် အကျိုးရှိတယ်။

နိုင်ငံခြားသားတိုင်းပြည်တွေက ဆေးရုံကြီးတွေမှာ မျှော်လင့်ချက်ကင်းသွားတဲ့လူနာတွေ၊ ဆရာဝန်တွေက ဆေးကုသမှု ဆက်မလုပ်တော့ဘူးဆိုတဲ့ လူနာတွေကို သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေ ဘာသာဝင်တွေက ထိုလူနာတွေကို အားပေးစကားပြောဖို့ ခန့်ထားကြတယ်၊ ကောင်းတဲ့အစီအစဉ်တစ်ခုပေါ့နော်။

မြတ်စွာဘုရားက ဒီသုတ္တန်မှာ ဒီအဓိပ္ပာယ်မျိုး ဟောထားတာပဲ၊ ဒါပေမယ့် အားပေးစကားပြောရမယ်ဆိုရင် ဘယ်လို အားပေးစကားပြောရမတုန်းဆိုတော့ ဒီအချက်(၄)ချက်နဲ့ ပြောရမယ်။

အားပေးစကား(၁)

လူဝတ်ကြောင်တွေကို ဘာပြောရမလဲဆိုရင် ...

(၁) “မင်းမှာ ဘုရားအပေါ်မှာ အသိဉာဏ်နဲ့ နှစ်နှစ်ကာကာ ယုံကြည်တဲ့ သဒ္ဓါတရားတွေ ရှိနေတယ်၊ ဘာမှ ကြောက်စရာမလိုဘူး၊ စိတ်အေးလက်အေး နေနိုင်တယ်”။

ဘယ်ဘဝခရီးပဲဖြစ်ဖြစ် ဘဝဟာအတူတူပဲ၊ ဒီဘဝ သေသွားရင် နောက်ဘဝတစ်ခု ရောက်မှာပဲ၊ အရင်ဘဝကလည်း ဒီလို သေလာတာပဲလေ၊ အခု အသက် (၃၀)ရှိတဲ့လူဟာ ဟိုဘဝက သေလာတာ အနှစ်(၃၀)ရှိပြီပေါ့။ ဒီဘဝမွေးနေ့ဟာ အရင်ဘဝ သေနေ့ပဲ၊ ဟိုဘက်ကလာခဲ့တဲ့ သေတဲ့နှစ်ကို ပြန်တွက်တာနဲ့ အတူတူပဲ၊ ဟိုဘဝကသေပြီးမှ ဒီဘဝဖြစ်တာကိုး။

ဒါကြောင့် ပထမ အားပေးစကားပြောရမှာက “ဗုဒ္ဓေ အဝေစ္စပသာဒေန သမန္နာဂတော“၊ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကိုသိပြီးတော့ နှစ်နှစ်ကာကာ ယုံကြည်တဲ့သဒ္ဓါ ရှိရမယ်၊ “အဲဒီသဒ္ဓါတရား မင်းမှာ ရှိနေရင် ဘာမှကြောက်စရာ မလိုဘူး၊ မကောင်းတဲ့ဘဝ ဘယ်တော့မှ မရောက်ဘူး၊ အဲဒီသဒ္ဓါက ကယ်သွားလိမ့်မယ်၊ ဒါလေးအားကိုး” လို့ ပြောပါတဲ့။

ဗုဒ္ဓေ အဝေစ္စပသာဒ - မြတ်စွာဘုရားကို နှစ်နှစ်ကာကာ ယုံကြည်တယ်ဆိုတာ ဘယ်လိုဟာတုန်းဆိုတော့ လူတွေက ဘုရားကို ကိုးကွယ်တာ အမျိုးမျိုး မရှိဘူးလား? တစ်ချို့က ဘယ်လိုရည်ရွယ်ချက်နဲ့ ဘုရားကိုကိုးကွယ်တုန်းဆိုရင် လာဘ်ကောင်းအောင် ကိုးကွယ်တာ၊ အဲဒါ နှစ်နှစ်ကာကာ ယုံကြည်တာ မဟုတ်ဘူး။ ဒီဘုရား ကိုးကွယ်ရင် ထီပေါက်မယ်၊ ချဲပေါက်မယ်၊ စီးပွားတက်မယ်ဆိုတဲ့အနေနဲ့ ကိုးကွယ်တာမျိုးပေါ့။

နေ့ကိုက် နံကိုက်တွေ ဗေဒင်ဆရာဆီမေးပြီး ဘယ်နေ့သားဆိုရင် ဘာအသားထု ကိုးကွယ်ရမယ်ဆိုတဲ့အတိုင်း အဲဒါမျိုး အထူးမှာပြီး ကိုးကွယ်ကြတယ်။ “ဆင်စီး မြင်းရံ” ဆိုပြီး ဆင်စီးမြင်းရံရုပ်ပွားတော်ကို ကိုးကွယ်တာတို့ပေါ့။ အဲဒါမျိုးက အသိဉာဏ်နဲ့ ကိုးကွယ်တာလို့ ဆိုနိုင်ပါ့မလား၊ မဆိုနိုင်ဘူး။ သို့သော် ဒါမျိုး ကိုးကွယ်တဲ့လူတွေမရှိကြဘူးလား၊ အဲဒါ အဝေစ္စပသာဒ မဟုတ်ဘူး၊ တစ်စုံတစ်ခုကို လိုချင်နေလို့ ဒီဘဝရဲ့ အကျိုးရှိရာ အကျိုးရှိကြောင်း ယုံကြည်တာကို အသိဉာဏ်မဲ့တဲ့သဒ္ဓါ ပညာမဲ့သဒ္ဓါ လို့ခေါ်တာပေါ့နော်။ အဲဒီပညာမဲ့သဒ္ဓါနဲ့ ကိုးကွယ်တာမျိုးဖြစ်တယ်၊ ပညာမဲ့သဒ္ဓါနဲ့ ကိုးကွယ်တာကို အကျိုးမရှိဘူးလို့ ပြောတာမဟုတ်ဘူးနော်၊ ဘုန်းကြီးပြောတာက ထိုက်သင့်သလောက် အကျိုးပေးလေးတော့ ရှိမယ်၊ ဒါပေမယ့် အစွမ်းထက်တဲ့အကျိုးမျိုးတော့ မဖြစ်နိုင်ဘူး။

ပညာပါတဲ့သဒ္ဓါ

ပညာရှိတဲ့သဒ္ဓါနှင့် ကိုးကွယ်ရမယ်ဆိုတာ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေ အာရုံပြုလိုက်၊ အရဟံ ဆိုပြီး နှလုံးသွင်းလိုက်၊ “တို့မှာ လောဘတွေရှိတယ်၊ ဒေါသတွေရှိတယ်၊ မောဟတွေရှိတယ်၊ မြတ်စွာဘုရားရဲ့ စိတ်ထဲမှာ အဲဒီ လောဘ ဒေါသ မောဟ ဆိုတာ လုံးဝ မရှိဘူး၊ ဘုရားရဲ့စိတ်ဟာ ဖြူစင်လိုက်တာ“၊ ဟော အရဟံ ဂုဏ်တော်ကို အာရုံပြုတဲ့ အခါမှာနော်၊ “ကိလေသာအာသဝေါတွေကလုံးဝကင်းနေလို့ မြတ်စွာဘုရားက စိတ်ဆိုးတယ်ဆိုတာ မရှိဘူး၊ လောဘဖြစ်တယ်ဆိုတာ မရှိဘူး၊ မသိဘူးဆိုတာလည်း မရှိဘူး၊ လောဘ ဒေါသ မောဟ ကင်းတဲ့ ဘုရားပဲ။ ဒီလို လောဘ ဒေါသ မောဟတွေ ကင်းနေသည့်အတွက်ကြောင့် တစ်လောကလုံးမှာနေတဲ့ ပုဂ္ဂိုလ်တွေက ဦးညွှတ်ပြီးတော့ ရှိခိုးထိုက်တဲ့ဘုရားပါလား“လို့ အရဟံ ဂုဏ်တော်ကို အောက်မေ့ပြီးရှိခိုးပါ။ ဒီလိုကိုးကွယ်ပါ။

ဘုရားဆိုတာ လက်အုပ်ကလေး တစ်ခါချီလိုက်ရုံနဲ့ လက်အုပ်ချီတဲ့သူ နတ်ပြည်ရောက်သွားနိုင်တယ်။ ဒီ ကုသိုလ်လေးက စွမ်းဆောင်မှု ဘယ်လောက်ကောင်းသလဲဆိုတာ စဉ်းစားကြည့်၊

မဋ္ဌကုဏ္ဍလီ ဝတ္ထု

မဋ္ဌကုဏ္ဍလီ သတို့သားလေးဟာ ဗုဒ္ဓဘာသာဝင် မဟုတ်ဘူး၊ အဖေကလည်း နှမြောလိုက်တာ လွန်ရော၊ ရောဂါဖြစ်တာတောင် ဆေးကုမပေးဘူး၊ ဆေးမြီးတို တွေနဲ့ကုတာ။ နောက်ဆုံး ကုမရလို့ သေခါနီးအချိန် ရောက်တော့ အိမ်ပြင်ထုတ်ထားတယ်၊ ဘုရားက ဆွမ်းခံကြွလာတဲ့အခါ ထတောင်ရှိမခိုးနိုင်တော့ဘူး။

ဒါပေမယ့် ဘုရားကိုဖူးမြင်လိုက်ရတာနဲ့ ချက်ချင်း စိတ်ထဲက ကြည်နူးလာပြီး “ဩော် - ဒီလို ဘုရားမျိုး ငါမလှူဖူးဘူး၊ မဖူးဘူး၊ ရှိမခိုးဖူးဘူး၊ အခု ရှိခိုးရပြီ” ဆိုပြီး စိတ်ထဲကနေ ကြည်နူးပြီးနေတယ်၊ အဲဒီအချိန် ကလေးမှာ သေသွားတာနဲ့ နတ်ပြည်မှာ နတ်သား သွားဖြစ်တယ်၊ သူ့ကို ဒီကုသိုလ်လေးက ကယ်လိုက် တာ။

ကြည့် - ကုသိုလ်ရဲ့စွမ်းဆောင်ချက် ဘယ်လောက် ကောင်းသလဲဆိုတာ စဉ်းစားကြည့်၊ စိတ်ထဲမှာတင် ဖြစ်နေတာနော်၊ လက်အုပ်တောင် မချီနိုင်ဘူးတဲ့၊ ဘုရားကိုအာရုံပြုပြီး စိတ်ထဲကနေ ကြည်နူးလိုက်ရုံတင် လေးနဲ့ နတ်ပြည်ရောက်သွားတယ်။

ဖားနတ်သား ဝတ္ထု

လူမပြောနဲ့၊ ဂဂ္ဂရာရေကန်ကြီးနားက သစ်ပင် အောက်မှာ မြတ်စွာဘုရားက တရားဟောနေတာ။ ဖားလေးတစ်ကောင် ရေကန်ထဲက ခုန်တက်လာပြီး မြက်တောထဲမှာ ဝပ်နေရင်းက ဘုရား တရားဟောတဲ့ အသံကြားတာနဲ့ နားထောင်ပြီး ငြိမ်နေတယ်၊ တိရစ္ဆာန် ဆိုတာ အန္တရာယ်ရှိတဲ့အသံလား အန္တရာယ်မရှိတဲ့ အသံလား-ဒီလောက်တော့သိတယ်။ သို့သော် တရားရဲ့ အဓိပ္ပာယ်ကိုတော့ သူသိတာ မဟုတ်ဘူး။

မြတ်စွာဘုရားရဲ့ ကရုဏာတွေ လွှမ်းခြုံထားတဲ့၊ မေတ္တာတွေလွှမ်းခြုံထားတဲ့ အသံတော်ကို နားထောင် ရင်း သူ့စိတ်ထဲ ကြည်နူးနေတဲ့ အချိန်လေးမှာ ကံ မကောင်း အကြောင်းမလှတော့ အနားရောက်လာတဲ့ နွားကျောင်းသားက တံဖျားနဲ့ ခေါင်းကိုထောက်ပြီး ဖိလိုက်လို့ သူ့ခမျာ သေသွားရတာ၊ ဘုရားကိုအာရုံပြုပြီး ကြည်နူးတဲ့စိတ်ကလေးနဲ့သေလို့ နတ်ပြည်ရောက်သွား တာ၊ ကဲ - ဘယ်လောက် စွမ်းဆောင်မှုကောင်းသလဲ။

ဒါကြောင့် ဗုဒ္ဓေ အဝေစ္စပသာဒ- မြတ်စွာဘုရားကို အသိဉာဏ်နဲ့များ ကြည်ညိုလိုက်မယ်ဆိုရင် ဒီ့ထက် အဆပေါင်းများစွာ အကျိုးရှိတယ်၊ အားကိုးစရာ မကောင်းဘူးလား။

ပိုက်ဆံတွေ ဘယ်လောက် ချမ်းသာချမ်းသာ ထို ပိုက်ဆံက နတ်ပြည်မပို့နိုင်ဘူး၊ ပစ္စည်းဥစ္စာက နတ်ပြည် မပို့နိုင်ဘူး။ ပစ္စည်းဥစ္စာကို အကြောင်းပြုပြီး ဒါန ကောင်းမှုလုပ်မှ၊ သီလဆောက်တည်မှ နတ်ရွာသုဂတိ ဆိုတာ ရောက်တာ။ လောကမှာ ပစ္စည်းဥစ္စာရှိတဲ့သူ ထိုပစ္စည်းဥစ္စာကို အကြောင်းပြုပြီး လူတိုင်း ချမ်းသာ သုခရတယ်လို့ မအောက်မေ့နဲ့၊ ဒီဘဝမှာလည်း ဆင်းရဲ ကြပြီး နောင်ဘဝမှာလည်း ဒုက္ခရောက်ကြတယ်။

ဒါကြောင့် မြတ်စွာဘုရားက “ဟနန္တိ ဘောဂါ ဒုမ္မေဓံ၊ နော စ ပါရဂဝေသိနော” “အသိဉာဏ်မရှိတဲ့ သူကို ပစ္စည်းဥစ္စာက ဖျက်ဆီးတတ်တယ်” တဲ့၊ ပစ္စည်း ဥစ္စာကြောင့် ထိုပုဂ္ဂိုလ်ဟာ ပျက်ဆီးရတယ်၊ ပစ္စည်းဥစ္စာ ကြောင့် ထိုပုဂ္ဂိုလ်ဟာ သေရတယ်၊ ပစ္စည်းဥစ္စာက ဒုက္ခ ပေးလို့ လူတွေမှာ ဒုက္ခအမျိုးစုံဖြစ်တယ်၊ ပစ္စည်းဥစ္စာက ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကို ဖျက်ဆီးနိုင်တယ်။ သို့သော် ပစ္စည်းဥစ္စာကို အသုံးချပြီး နိဗ္ဗာန်တစ်ဖက်ကမ်းကို တက်လှမ်းတဲ့ သူတော်စင်တွေကိုတော့ ပစ္စည်းက အနှောင့်အယှက် မဖြစ်ဘူး။ သူတို့က ပစ္စည်းဥစ္စာကို အကြောင်းပြုပြီးတော့ ကောင်းမှုတွေ ပြုကြတယ်။

ဒီလိုမဟုတ်ရင် ဒီဘဝမှာလည်း ပစ္စည်းကြောင့် အန္တရာယ်ဖြစ်ရတယ်။ ထိုပစ္စည်းကို တပ်မက်ပြီးတော့ သေရသည့်အတွက် နောင်ဘဝမှာလည်း ပြိတ္တာဖြစ်ရ တယ်၊ ငရဲရောက်တယ်၊ ဒုက္ခတွေဖြစ်ကုန်တယ်။ ဒီတော့ ပစ္စည်းဥစ္စာဟာ အားကိုးစရာ ဟုတ်ရဲ့လား၊ မဟုတ်ဘူး။

အသိဉာဏ်နဲ့ ဘုရားကိုးကွယ်ပါ

တကယ်အားကိုးရာဆိုတာ ဘာလဲလို့ ကိုယ့်ကိုယ် ကို ဆန်းစစ်ကြည့်၊ “အဝေစ္စပသာဒ-ဘုရားနဲ့ပတ်သက် ပြီး ဂုဏ်တော်ကို ထိထိရောက်ရောက် ကြည်ညိုနိုင် ရဲ့လား၊ ဘုရားကို ဘုရားဂုဏ်တော်သိပြီး ကြည်ညိုတဲ့ ကြည်ညိုမှုမျိုး ဟုတ်ရဲ့လား၊ ပညာနဲ့သဒ္ဓါလား ပညာမဲ့ သဒ္ဓါလား” ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ရမယ်နော်။ အဝေစ္စပသာဒ ဆိုတာ အသိဉာဏ်ရှိရှိနဲ့ ဘုရား ကိုးကွယ် တာ။

ဘုရားဆိုတဲ့နေရာမှာ ရုပ်ပွားဆင်းတုက ဘုရား ကိုယ်စား အနေနဲ့ရှိတာ။ ဘယ်လို ရုပ်ပွားဆင်းတုမျိုး ကိုးကွယ်ကိုးကွယ်၊ မကိုးကွယ်ကောင်းဘူး ဆိုတာလည်း မရှိဘူး၊ ဘုရားအမှတ်နဲ့ ရှိခိုးဦးချပြီးတော့ ထိုဘုရားမှာ အရဟံ စတဲ့ ဂုဏ်တော်ရှိတယ်၊ ကိုယ့်မှာ မရှိနိုင်တဲ့ အရည်အချင်းတွေရှိတယ်။

သမ္မာသမ္ဗုဒ္ဓ - တရားဓမ္မတွေကို မှန်မှန်ကန်ကန် ကိုယ်ပိုင်ဉာဏ်ဖြင့်သိတယ်ဆိုတဲ့ အရည်အချင်းတွေ ရှိတယ်။ ဝိဇ္ဇာစရဏသမ္ပန္န - အသိပညာ အသိဝိဇ္ဇာ အကျင့်တရားတွေနဲ့ ပြည့်စုံတယ်။ သုဂတ - နိဗ္ဗာန် ထိအောင် ပေါက်ရောက်ပြီးသားလည်း ဖြစ်တယ်၊ ကောင်းမြတ်တဲ့တရားစကားကို ဟောပြောနိုင်တယ်။

လောကဝိဒူ - လောကကြီးအကြောင်း ကောင်း ကောင်း သိတယ် စသည်ဖြင့် ကိုယ်ကြည်ညိုရာ ဗုဒ္ဓရဲ့ ဂုဏ်အရည်အချင်းတွေကိုသိပြီး မြတ်စွာဘုရား အပေါ် မှာ ယုံကြည်တဲ့ ခိုင်မြဲတဲ့ သဒ္ဓါတရား ရှိနေပြီဆိုရင် အဲဒီသဒ္ဓါတရားလေးကြောင့် ဘယ်လိုနည်းနဲ့မှ အပါယ် မကျနိုင်တော့ဘူး။

ဒီ သဒ္ဓါတရားလေးကြောင့် ကောင်းရာသုဂတိ ရောက်မယ်ဆိုရင် သေခါနီးမှ ဘယ်သွားလို့ သွားရမှန်း မသိတဲ့အတွက် စိတ်အားငယ်နေတဲ့ပုဂ္ဂိုလ်အဖို့ လမ်း မဖြောင့်ပေဘူးလား။

ဆိုပါစို့ ... လူတစ်ယောက် ခရီးသွားတဲ့အခါမှာ ကိုယ်သွားမယ့်ခရီးကိုလည်း သိတယ်၊ ဟိုရောက်တဲ့ အခါမှာလည်း ဘယ်မှာနေရမယ် ဆိုတာကိုလည်း ကိုယ်သိတယ်ဆိုရင် အဲဒီလူဟာ ခရီးသွားတဲ့အခါမှာ ပျော်ပျော်ပါးပါး မရှိပေဘူးလား။ ဒီလိုမဟုတ်ဘဲနဲ့ ဆွေမရှိ မျိုးမရှိ ကိုယ်မသိတဲ့နေရာကို သွားရမယ်ဆိုရင် ဘယ်လိုများ နေရပါ့မလဲဆိုပြီး စိတ်ထဲမှာ အားငယ်မှု တွေ မဖြစ်ဘူးလား။

ဒါမျိုးလိုပဲ သံသရာဘဝခရီးတစ်ခုကို သွားတော့ မယ်ဆိုရင် သေခါနီးမှာ အားငယ်တတ်တယ်၊ အားငယ် တာတော့ အမျိုးမျိုးပေါ့၊ လက်ရှိ ကိုယ်ခင်မင်တဲ့ပုဂ္ဂိုလ် တွေကို စွန့်ခွာသွားရမှာ အားငယ်စရာတစ်ခု၊ ကိုယ် မြတ်နိုးတဲ့ ပစ္စည်းဥစ္စာကို စွန့်ထားခဲ့ရမှာလည်း အားငယ် စရာတစ်ခုပေါ့။

ဒီတော့ ကိုယ်ခင်မင်တဲ့ ပုဂ္ဂိုလ်တွေတို့၊ ကိုယ် မြတ်နိုးတဲ့ပစ္စည်းတွေဆိုတာ ကိုယ့်အတွက် အားကိုးရာ ဟုတ်ရဲ့လား၊ မဟုတ်ဘူးနော်။ ကိုယ့်ရဲ့ရင်ထဲ နှလုံးထဲ မှာ ဖြစ်ပေါ်တဲ့၊ ဘုရားပေါ်မှာ နှစ်နှစ်ကာကာကြည်ညို တဲ့ သဒ္ဓါတရား, ပညာနဲ့ကြည်ညိုတဲ့ သဒ္ဓါတရားသည် သာလျှင် ကိုယ့်အတွက် အားကိုးရာအစစ်ဖြစ်တယ်၊ အားကိုးလိုက်ပါတဲ့။

အဲဒါ အားကိုးထားပြီး “မင်းမှာ ဘုရားကို ကြည်ညိုတဲ့ သဒ္ဓါစိတ်တွေ၊ ပညာနဲ့သိတဲ့သဒ္ဓါစိတ်တွေ ရှိနေတယ်၊ ဒါကြောင့် စိတ်အေးလက်အေးနေ, ဘာမှ မပူနဲ့၊ သေသွားရင် ဒီ့ထက်ကောင်းတဲ့ဘဝရောက်မယ်” လို့၊ ဒီလိုအားမပေးထိုက်ဘူးလား၊ တကယ်အားကိုးတဲ့ အတိုင်းရော မဖြစ်ဘူးလားဆို ဖြစ်တယ်။ တကယ် အားကိုးတဲ့အတိုင်း ဖြစ်တယ်။

သံဝေဂ ယူတတ်ပါစေ

ဒီဘဝ ဒီခန္ဓာကိုယ်ကြီးက အသက်အရွယ်ကြီးလာ လို့ ကောင်းတော့တာမှ မဟုတ်တာ၊ လောကလူတွေ ကြည့်လေ၊ အသက်ကြီးလာရင် မကောင်းတဲ့စာရင်း တွေက များလာပြီး ကိုယ့်ဘာသာကိုယ်တွက်ကြည့်။ အဘိုးကြီး အဘွားကြီးတွေ ပြောကြတယ်လေ၊ မျက်စိက မကောင်းဘူးတဲ့၊ မျက်စိမှုန်တယ်။ နားကလည်း မကောင်းဘူးတဲ့။

မကောင်းတာက မျက်စိတစ်ခုတည်း မဟုတ်ဘူး၊ မျက်စိလည်း မကောင်းဘူးတဲ့၊ နားကလည်း မကောင်း ဘူးတဲ့၊ ဒူးလည်း မကောင်းဘူးတဲ့၊ မကောင်းတာတွေ များမလာဘူးလား၊ ဒီ့ထက် ပိုများလာလို့ရှိရင် နှလုံးက မကောင်းဘူးတဲ့၊ ကျောက်ကပ်က မကောင်းဘူးတဲ့၊ အသည်းက မကောင်းဘူးတဲ့၊ ကောင်းတာတွေ တစ်ခု မှကို မရှိတော့ဘူး၊ အကောင်းတွေကုန်သွားရင် ဘာဖြစ် မလဲ၊ သေရတော့တာပေါ့။

ပြီးတော့ မတည့်တဲ့ စာရင်းတွေလည်း များလာ တယ်၊ အသက်ကြီးလာရင် အစဆုံး ဝက်သားမတည့် ဘူးတဲ့၊ ဘာဖြစ်လို့လဲ၊ သွေးတိုးရှိလို့၊ သကြား မတည့် ဘူးတဲ့၊ ဘာဖြစ်လို့တုန်း၊ ဆီးချိုရောဂါရှိလို့၊ မတည့်တာ တွေကော များမလာဘူးလား။ နောက်ဆုံးကျတော့ ဘာနဲ့မှကို မတည့်တော့ဘူးဆိုတဲ့အခါ သုသာန်ရောက် သွားတော့တာပဲ။

သေချာစဉ်းစားကြည့် - မကောင်းတာတွေကလည်း များလာတယ်၊ မတည့်တာတွေကလည်း များလာတယ်၊ ဒါ သံဝေဂဖြစ်စရာ မကောင်းဘူးလား၊ ငယ်ငယ်တုန်းကတော့ မတည့်တာဆိုတာ မရှိဘူး၊ အကုန်စား၊ မကောင်းတာဆိုလည်း မရှိဘူး အကုန် ကောင်းတယ်၊ ဒီတော့ ဒီလိုဖြစ်လာတဲ့ အခြေအနေ မျိုးကို ကိုယ်ကိုယ်တိုင် သိရမှာပေါ့။

တရားဓမ္မနဲ့ တည့်အောင်နေ

ကျန်တာတွေက မကောင်းဘူး၊ ကျန်တာတွေက မတည့်ဘူးဆိုရင် ကိုယ်တည့်ရမှာက ဘာတုန်းဆို တရားဓမ္မနဲ့တော့ တည့်အောင်နေရမယ်။ မျက်စိ မကောင်းချင်နေ၊ ခါးမကောင်းချင်နေ၊ နားမကောင်း ချင်နေ၊ ကျောက်ကပ် မကောင်းချင်နေ၊ နှလုံးမကောင်း ချင်နေ၊ အသည်း မကောင်းချင်နေ၊ ဘာကောင်းရ မတုန်း? စိတ်ကလေးကောင်းနေဖို့ လိုတယ်၊ ဒီ စိတ် ကလေးကောင်းနေအောင် ဘုရားအပေါ်မှာ နှစ်နှစ် ကာကာ ယုံကြည်တဲ့သဒ္ဓါတရားလေး ကောင်းနေဖို့ လိုတယ်။

အဲဒီ သဒ္ဓါတရားလေး ကောင်းနေလို့ရှိရင် ... ကျန်တာတွေက ပစ်ထားခဲ့ရမှာပဲ။ ကောင်းလည်း ပစ် ရတာပဲ၊ မကောင်းလည်း ပစ်ရတာပဲ၊ ခန္ဓာကိုယ်ကြီး ဆိုတာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတဲ့သူလည်း ကောင်းတုန်း ပစ်ခဲ့ရတာပဲ၊ အသက်ကြီးမှ သေသွားတဲ့ သူက မကောင်းလို့ ပစ်ခဲ့တယ်ဆိုပေမယ့် အသက် ငယ်တဲ့သူလည်း ကောင်းတုန်း ပစ်ထားခဲ့ရတာပဲ။

ဒီတော့ ကိုယ်သတိထားရမှာက အကောင်းဆုံး ဖြစ်အောင် လုပ်ဖို့ဆိုတာ ဘာတုန်းဆိုရင် ကိုယ့်ရဲ့ စိတ်ဓာတ်ပဲ၊ မြတ်စွာဘုရားဂုဏ်တော်တွေနဲ့ ထုံမွှမ်းပြီး နေထားတဲ့စိတ်ဟာ ဘယ်တော့မှ အောက်ကို မရောက် စေဘူး။

ထောပတ်အိုးခွဲရင်

မဟာနာမ်မင်းကြီးကို မြတ်စွာဘုရားဟောထားတဲ့ သုတ္တန်တစ်ခုမှာ “မဟာနာမ် မပူနဲ့၊ သီလနဲ့ ထုံမွှမ်းထား တဲ့စိတ်၊ သမာဓိစွမ်းအားတွေနဲ့ ထုံမွှမ်းထားတဲ့စိတ်၊ ပညာစွမ်းအားတွေနဲ့ ထုံမွှမ်းထားတဲ့စိတ်ဟာ ဘယ် တော့မှ အောက်ကိုမကျစေဘူး၊ ဥပမာ - ထောပတ် အိုးကြီးကို ရေထဲမှာ ခွဲလိုက်မယ်ဆိုရင် အိုးကွဲတွေက အောက်ကျသွားတယ်၊ ထောပတ်တွေကတော့ အပေါ် တက်လာမယ်။ ဆီအိုးကြီးကို ခွဲလိုက်မယ်ဆိုရင်လည်း အိုးကွဲတွေက အောက်ကို ရောက်သွားပေမယ့် ဆီ ကတော့ ရေပေါ်တက်လာမှာပဲ”။

ဒီအတိုင်းပဲ ဘုရား ကြည်ညိုစိတ်ကလေးက အပေါ်တက်လာမှာပဲ၊ ဘာမှပူစရာ မရှိဘူး၊ ဒါကြောင့် အားပေးရမယ်။ “လူ့ပြည်က မကောင်းတဲ့ခန္ဓာကိုယ်ကြီး ကို စွန့်ပြီးတော့ နတ်ပြည်ကိုသွား” လို့ အားပေးတယ် ဆိုတာ မြေအိုးကို ခွဲပြီးတော့ ရွှေအိုးကြီးကို ရယူတာ ပဲတဲ့။

စိတ်ထားကောင်းတဲ့ပုဂ္ဂိုလ်ကျတော့ မြေအိုးခွဲပြီး တော့ ရွှေအိုးကြီး ရယူသူလိုပဲတဲ့၊ လူတိုင်း မြေအိုးခွဲပစ် ကြမှာချည်းပဲ၊ ရွှေအိုးတော့ ရချင်ကြမှာပေါ့။ ဒီတော့ လူ့ဘဝကနေ နတ်ဘဝ ရတယ်ဆိုတာ မြေအိုးကွဲကို ပစ်ထားခဲ့ပြီးတော့ ရွှေအိုးကို ရယူတာနဲ့အတူတူပါပဲတဲ့၊ ဒါကြောင့် မိမိနဲ့ ရင်းနှီးတဲ့မိတ်ဆွေသင်္ဂဟတွေ ဆွေမျိုး သားချင်းတွေကို ဒီလိုအားပေးစကားပြောပါတဲ့။

အားပေးစကား(၂)

နောက်တစ်ခုက “ဓမ္မေ အဝေစ္စပသာဒေန သမန္နာဂတော” တဲ့၊ “ဘာမှအားမငယ်နဲ့၊ မင်းမှာ ဓမ္မ အပေါ်မှာယုံကြည်တဲ့ အသိဉာဏ်သက်ဝင်တဲ့ သဒ္ဓါ တရားတွေ ရှိတယ်၊ ဓမ္မကို နှစ်နှစ်ကာကာ ယုံကြည် တယ်“၊ မြတ်စွာဘုရားဟောတဲ့တရားသည် ဘယ် တော့မှ လွဲမှားတာ မရှိဘူး၊ ဒါ ဓမ္မရဲ့ဂုဏ်တစ်ခုပဲ။

သွာက္ခာတော - မြတ်စွာဘုရားဟာ အကျိုးနဲ့ အကြောင်းနဲ့ ဆီလျော်အောင် ဟောထားသည့်အတွက် လွဲလွဲချော်ချော် တစ်ခုမှ မရှိဘူး။ သန္ဒိဋ္ဌိကော - ကိုယ်တိုင်ကျင့် ကိုယ်တိုင်သိနိုင်တဲ့တရား ဖြစ်တယ်။ အကာလိကော - အခုကျင့် အခုရတဲ့တရား ဖြစ်တယ်၊ ဧဟိပဿိကော - ကိုယ့်ရဲ့မိတ်ဆွေသင်္ဂဟတွေကို လာပြီး လုပ်ကြည့်စမ်းပါလို့ ဖိတ်ခေါ်ထိုက်တဲ့ တရားမျိုး ဖြစ်တယ်။ ဩပနေယျိကော - အခုပဲ စိတ်ထဲမှာ နှလုံးသွင်း အခုပဲ စိတ်ချမ်းသာ သွားစေနိုင်တယ်။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ - ပညာရှိတွေဟာ အသီးသီး ကိုယ်ကျင့်လျှင် ကိုယ်ခံစားရတယ်တဲ့။

ဘုရား တရားတော်တွေရဲ့ဂုဏ်ရည်တွေကို ဒီလို နှစ်နှစ်ကာကာသိပြီး ယုံကြည်တဲ့ သဒ္ဓါတရားဟာ စိတ်ဓာတ်လေးကို ဖြူစင်စေတယ်တဲ့။ အဲဒီ ဖြူစင်တဲ့ စိတ်ဓာတ်ကလေးဟာ ခန္ဓာကိုယ်ကြီးက ဘယ်နေရာက မကောင်း ကောင်းကောင်း သူက ကောင်းတဲ့ဘုံကို ယူဆောင်သွားမှာပဲ၊ ဒါကြောင့် အားငယ်စရာ ဘာရှိလဲ၊ ဘာမှမရှိဘူး။

တစ်ချို့ဆိုရင် ဥပမာ - ခရီးသွားတယ်၊ ဟိုမှာ ဆွေမျိုးအရင်းအချာတွေ ရှိတယ်၊ ဒီအိမ်ကို ပိတ်ထားခဲ့ ပြီးတော့ ဟိုကိုသွားတယ်၊ ဟိုမှာလည်း ကိုယ့်ဆွေမျိုး တွေက ကိုယ့်ကို ကြိုနေမယ်လို့ သိလို့ရှိရင် အားငယ်မှု ဖြစ်ရဲ့လား? မဖြစ်ဘူး၊ ထို့အတူပဲ ကုသိုလ်ကောင်းမှု လုပ်တဲ့ ပုဂ္ဂိုလ်ဆိုတာ အားငယ်စရာဘာတစ်ခုမှမရှိဘူး။

မြတ်စွာဘုရားက “ပုညာနိ ပဋိဂ္ဂဏှန္တိ”- “ကုသိုလ် တွေက ကြိုနေကြမှာ” တဲ့။ ဘယ်ဘုံကိုသွားသွား ကိုယ် လုပ်ထားတဲ့ကုသိုလ်တွေ ကိုယ့်ရင်ထဲနှလုံးထဲ စိတ်ဓာတ် ထဲမှာ ဖြူစင်ပြီးတော့နေတဲ့ ကုသိုလ်တွေက ကိုယ့်ကို ကြိုနေကြမှာတဲ့။ အဲဒါကြောင့် ဒီလို အားပေးစကား ပြောရမယ်တဲ့။

“စိန်နားကပ်ကြီး ဘယ်ထားလဲ” လို့တော့ သွား မမေးနဲ့၊ ဒါမျိုးတွေက အခုခေတ်တော့ မေးနေကြတာ ပဲလေ။ ဘုန်းကြီးတွေ ပျံလွန်တော်မူတာတောင် အေးအေးဆေးဆေး ပျံတော်မမူရဘူး၊ “ကျောင်း ဘယ်သူ့အပ်ခဲ့မှာတုန်း” ဆိုတာက လာသေးတာ၊ ဒီတော့ ဘယ်လိုလုပ် ကောင်းရာသုဂတိရောက်နိုင်မှာ တုန်း။ စိတ်တွေကို ညစ်နွမ်းသွားအောင် လှုပ်ခြောက် လိုက်သလို မဖြစ်ပေဘူးလား။

အားပေးစကားပြောရမှာက “ကိုယ့်မှာ အားကိုး စရာတွေ အများကြီးရှိတယ်၊ ဘာမှမပူနဲ့၊ ဓမ္မဟာ တကယ် အားကိုးစရာအစစ် ဖြစ်တယ်”။

အားပေးစကား(၃)

သံဃေ အဝေစ္စပသာဒ၊ ထို့အတူပဲ အရိယာ သံဃာတွေကို ကြည့်လိုက်၊ သုပ္ပဋိပန္နော - ဘုရား ဟောတဲ့အတိုင်း မှန်မှန်ကန်ကန် ကျင့်နေကြတယ်၊ ဥဇုပ္ပဋိပန္န - ဖြောင့်ဖြောင့်မတ်မတ် ကျင့်ကြတယ်၊ ဉာယပ္ပဋိပန္န - လမ်းစဉ်မှန်မှန်ကျင့်တယ်၊ သာမိစိပ္ပဋိပန္န - ဘယ်တော့မှ လွဲလွဲမှားမှား မကျင့်ဘဲနဲ့ သင့်လျော် အောင်ကျင့်တယ်။

အကျင့်မှန်ကန်တွေကို ကျင့်ထားသည့်အတွက် ကြောင့်၊ အာဟုနေယျ - အဝေးကပစ္စည်းတွေ ယူလာ ပြီးတော့ ပူဇော်ထိုက်တယ်၊ ပါဟုနေယျ - ဧည့်သည် တွေအတွက် သီးသန့်ထားတဲ့ ပစ္စည်းဥစ္စာတွေနဲ့ ပူဇော် ထိုက်တယ်၊ ဒက္ခိဏေယျ - နောင်ဘဝအကျိုးရဖို့ ရည်စူးလှူထိုက်တယ်၊ အဉ္ဇလိကရဏီယော - လက်အုပ် ချီထိုက်တယ်၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ - လောကရဲ့ ကုသိုလ်ကောင်းမှုလုပ်စရာ လယ်မြေယာလို ဖြစ်တယ်တဲ့။ ကုသိုလ်ပင် ပျိုးချင်ရင် သံဃာမှာပဲ ပျိုးရတယ်လို့ ပြောတာနော်။

အဲဒီလို အားကိုးစရာ သံဃာပေါ်မှာ နှစ်နှစ် ကာကာ ယုံကြည်တဲ့သဒ္ဓါတရား ဖြစ်နေတဲ့အတွက် ပူစရာ မလိုဘူး၊ နှစ်စဉ်နှစ်တိုင်း ဒီမှာ ဝိနည်းစာပြန်ပွဲ ကြီးတွေ ကျင်းပနေတယ်၊ ဝိနည်းပြန်ဆိုနေကြတဲ့ သံဃာတွေကို လှူမယ်တန်းမယ်၊ လက်အုပ်လေး တစ်ကြိမ် ချီလိုက်မယ်၊ ဖျော်ရည်လေးတစ်ခွက် တိုက်မယ်၊ ရေလေးတစ်ခွက် တိုက်မယ်ဆိုရင် ကုသိုလ်တွေ မရဘူးလား၊ အများကြီးရတယ်နော်။

ဒီလို သံဃာကိုကြည်ညိုတဲ့ သံဃအဝေစ္စပသာဒ ဆိုတဲ့ ပညာနဲ့သဒ္ဓါတရားတွေ၊ ပညာနဲ့အသိရှိရှိယုံကြည် တဲ့ သဒ္ဓါတရားတွေ ကိုယ့်ရင်ထဲ နှလုံးထဲမှာ ရှိနေလို့ ဘာမှမပူနဲ့လို့ အားပေးစကားပြောပါတဲ့။

မရှိသေးရင် ရှိအောင်လုပ်ပေးရမယ်၊ ပိုက်ဆံလို အကြာကြီးစုဆောင်းပြီး လုပ်နေရတာ မဟုတ်ဘူး၊ ကုသိုလ်စိတ်ဆိုတာ အခုဖြစ် အခုရတာ မဟုတ်ဘူး လား၊ အခုနှလုံးသွင်းလိုက်ရင် အခုစိတ်ထဲမှာ ကုသိုလ် ဖြစ်တာပဲလေ။

မဋ္ဌကုဏ္ဍလီဆိုတာ ဘုရားကို မြင်မြင်ချင်းပဲ ကြည်ညိုတဲ့သဒ္ဓါလေး ဖြစ်လိုက်တာပဲလေ၊ ဖြစ်တာနဲ့ပဲ အဲဒီစိတ်လေးက နတ်ပြည်ပို့လိုက်တာ၊ ဖားသတ္တဝါလေး ကလည်း မြတ်စွာဘုရားရဲ့အသံတော် ကြားလိုက်တာနဲ့ ကြည်နူးတာ၊ ကြည်နူးတဲ့စိတ်ကလေးက နတ်ပြည်ကို ပို့လိုက်တာ၊ အဲဒီလို အားကိုးစရာတွေ တကယ်လည်း အားကိုးထိုက်တဲ့အရာတွေ ကိုယ့်သန္တာန်မှာ ရှိနေတယ် ဆိုတာ အားပေးစကားပြောပါတဲ့။

အားပေးစကား(၄)

နောက်တစ်ခု အားပေးစကားက “ဘာမှမပူနဲ့၊ စိတ်ထဲမှာ အားတင်းထား၊ မင်းမှာ ကိုယ်ကျင့်တရား တွေရှိတယ်၊ မင်းဘယ်တော့မှ ငါးပါးသီလ မဖောက် ဖျက်ဘူး၊ လုံခြုံတယ်၊ ဟိုတုန်းက မလုံခြုံလျှင်လည်း အခု ဆောက်တည်လိုက်၊ အခု လုံခြုံသွားပြီ၊ ဟိုတုန်းက မလုံခဲ့ပေမယ့် အခုအိပ်ယာထဲ လဲနေတဲ့အချိန်မှာ ငါးပါး သီလ ဖောက်ဖျက်တာ ရှိသေးလား၊ ကိုယ့်မှာ သေငယ် ဇောနဲ့မျောနေတာ ခြင်လေးတွေ ဘာလေးတွေ သတ် နိုင်ဦးမလား၊ မသတ်လောက်တော့ဘူး၊ ငါးပါးသီလက ပြည့်ပြည့်ဝဝ လုံလုံခြုံခြုံပဲ။

ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သုရာမေရယ ဆိုတဲ့ ဒီကံငါးပါးက လုံခြုံပြီး တော့ သီလဖြူစင်နေတယ်၊ အခုဆောက်တည် အခု ဖြူစင်နေတာ၊ မကောင်းတာတွေ ဘယ်လိုပဲလုပ်ခဲ့ လုပ်ခဲ့ ကောင်းတာတွေလုပ်တဲ့အချိန်ကစပြီး နှလုံးသွင်း လိုက်မယ်ဆိုရင် စိတ်ဟာကြည်နူးဖွယ်ဖြစ်တယ်။

ကိုယ့်သီလလေးကို ကိုယ်အာရုံပြု၊ တစ်ကြိမ် တစ်ခါတုန်းက ငါးပါးသီလကို ချိုးဖောက်ခဲ့ပေမယ့် ဒီအချိန်မှာ မချိုးဖောက်ဘူးလို့ နှလုံးသွင်းလိုက်မယ် ဆိုရင် နှလုံးသွင်းလိုက်တာနဲ့ ချက်ချင်း ကုသိုလ်က ဖြစ်လာတာ။

ရှင်အင်္ဂုလိမာလကြီးကို မြတ်စွာဘုရားက အင်္ဂုလိမာလပရိတ်ကို ဟောတဲ့အခါမှာ “ယတော'ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ” အရိယာဇာတ် ဖြစ်တဲ့ ရဟန်းဘဝရလာတဲ့အချိန်ကစပြီး သေစေလိုတဲ့ စိတ်နဲ့ ဘယ်သတ္တဝါမှ မသတ်ပါဘူးလို့ပြောတာ။

အရင်တုန်းက သတ်လိုက်တာ တကယ့်လူသတ် သမားကြီးပဲ၊ ပြီးခဲ့တာတွေကို ပြန်မတွေးနဲ့၊ ရဟန်း ဖြစ်တဲ့နေ့ကစပြီး ဘယ်သူ့မှ မသတ်တော့ဘူးဆိုတာမျိုး လိုပဲ။ သီလဟာအခုဆောက်တည်ရင် ဆောက်တည်တဲ့ အချိန်ကစပြီး “ငါ ငါးပါးသီလုံတယ်“လို့ စိတ်ထဲမှာ ထား၊ အားတင်း၊ အရိယာတွေ မြတ်မြတ်နိုးနိုး စောင့်ထိန်းတဲ့ ဒီ ငါးပါးသီလ ပြည့်ပြည့်စုံစုံ ကျင့်ကြံ ကြိုးကုတ် အားထုတ်ပါ၊ သီလရှိနေသည့်အတွက် ကြောင့် ဘာမှမပူနဲ့ အားတင်းထား၊ အဲဒီလို အားပေး စကား ပြောရမယ်။

ဒါဆိုရင် နေမကောင်းသူတစ်ယောက် စိတ် ကလေး ကြည်နူးမသွားဘူးလား၊ သူ့မှာ အားကိုးစရာ တွေ ရှိတယ်ပေါ့၊ ဘုရားပေါ်မှာ ကြည်ညိုတဲ့ သဒ္ဓါ တရားရှိတယ်၊ တရားပေါ်မှာ ကြည်ညိုတဲ့သဒ္ဓါတရား ရှိတယ်၊ သံဃာပေါ်မှာ ကြည်ညိုတဲ့သဒ္ဓါတရားရှိတယ်၊ ငါးပါးသီလကို မြတ်မြတ်နိုးနိုး စောင့်ထိန်းထားတာ ရှိတယ်၊ တကယ်အားကိုးစရာတွေ မဟုတ်လား၊ ဒါက အားပေးစကားပြောတာ၊ ဒီလိုအားကိုးစရာတွေ ပြောပြ ပြီး သူ့ကိုဆက်ပြီးတော့ ပြောရမယ့်စကားလေးတွေ ကျန်သေးတယ်။

တွယ်တာမှုကင်းစေရန်

ဆက်ပြီး သူ့ကိုပြော၊ လူတွေဆိုတာ အတွယ် အတာလေးတွေ ရှိတတ်တယ်၊ ဥပမာ - မိဘတွေဆိုရင် သားသမီးအပေါ်မှာ တွယ်တာတယ်၊ အိမ်ထောင်ဦးစီး တွေဆိုရင် သားမယားတွေပေါ်မှာ တွယ်တာမယ်။

ဒီတော့ (၁) မိဘတွေပေါ်မှာ တွယ်တာတဲ့စိတ် ရှိသေးလား မရှိဘူးလား၊ မေး၊ ရှိနေသေးရင် အဲဒီ တွယ်တာတဲ့စိတ် မထားပါနဲ့၊ သတ္တဝါဆိုတာ ကိုယ့် ကံနဲ့ကိုယ်လာတာ၊ တွယ်တာပြီးနေလည်း သေမှာပဲ၊ မတွယ်တာဘဲနေလည်း သေမှာပဲ၊ သေမှာ အတူတူ တော့ တွယ်မနေပါနဲ့လို့ ပြောရမယ်။

ဒါပေမယ့် ခုခေတ် အဲဒီလိုပြောရင် ရန်လုပ်နေ မလား မသိဘူးနော်၊ မိဘပေါ်မှာ တွယ်တာတဲ့စိတ် ရှိလည်း သေမှာပဲ၊ မိဘပေါ်မှာ တွယ်တာတဲ့စိတ် မရှိ လည်း သေမှာပဲ၊ သေမယ့်အတူတူတော့ ဘယ်သူ့ပေါ်မှာမှ မတွယ်တာပါနဲ့လို့ ပြောပါတဲ့။ ဒါ ဆက်ပြီးတော့ ပြောရမယ့် စကားတစ်ခုနော်။

နောက်တစ်ခုက (၂) သားမယားတွေပေါ်မှာ တွယ်တာတဲ့စိတ် ရှိသလားလို့မေး၊ မေးတဲ့အခါ ရှိတယ် ဆိုရင်လည်းပြော၊ တွယ်တာတဲ့စိတ်ရှိလည်း သေမှာပဲ၊ တွယ်တာတဲ့စိတ်မရှိလည်း သေမှာပဲ၊ သေမည့်အတူတူ တော့ ဘယ်သူ့အပေါ်မှ မတွယ်နဲ့၊ အားလုံး လွတ်လွတ် ကျွတ်ကျွတ် စိတ်ကိုလွှတ်လိုက်ပါလို့ပြော။

စိတ်ရဲ့ အတွယ်အတာက တော်တော်ဆိုးတယ်၊ စိတ်တွယ်တာမှုကြောင့် ဒုက္ခရောက်တယ်၊ မြန်မာတွေ ကလည်း ပြောတတ်တယ်လေ၊ ခုနစ်ရက်တိတိ အိမ် ပေါ်ကမဆင်းဘူးလို့ ပြောကြတယ်။ သေသူက မဆင်း ဘူးလို့၊ မကျွတ်ဘူးလို့ ဘာလို့ လျှောက်ပြောကြတာပဲ၊ ဒါ အတွယ်အတာရှိရင်တော့ ဖြစ်တတ်တယ်။

လူတိုင်း မဆင်းတာတော့ မဟုတ်ဘူး၊ မကောင်း တဲ့ အကုသိုလ်တွေ သိပ်များတဲ့သူကျ တစ်ခါတည်း ဆင်းသွားတာပဲ၊ ဒကာကြီးတစ်ယောက် ပြောတာလိုပဲ၊ သူက အမြဲတမ်း မုဆိုးလုပ်ငန်းနဲ့အသက်မွေးတာလေ၊ သူက ဘာပြောတုန်းဆိုရင် သူသေလို့ရှိရင် တွင်းတူးပြီး မမြှုပ်နဲ့၊ မြေကြီးပေါ် ဒီတိုင်း မှောက်ချထားလိုက်၊ သူ့ဘာသူ ယက်ဝင်သွားပါ့မယ်လို့ ပြောတယ်။ သူက အကုသိုလ်တွေလုပ်နေတော့ သူသေရင် အောက်ပဲ သွားမှာပဲလို့ ပြောတဲ့သဘောပဲ။ မိုက်တဲ့သူကလည်း အဲဒီလောက်ထိအောင် မိုက်သွားတာနော်၊ ပြင်ဖို့ မစဉ်းစားဘူး၊ မြေကြီးထဲ ယက်ဝင်သွားမယ်တဲ့။

ဒီတော့ တွယ်တာမှုတွေကို တစ်ခုပြီးတစ်ခု ဖြေရှင်းပြီးတော့ သွားရမယ်။ မိဘပေါ် တွယ်တာ သလား၊ မိဘအပေါ် အတွယ်အတာကို ဖြုတ်ရမယ်။ သားမယားအပေါ် တွယ်တာရင်လည်း တွယ်တာမှု မရှိအောင် ဖြုတ်ရမယ်။

(၃) ပစ္စည်းဥစ္စာတွေ တွယ်တာသလား၊ တွယ်တာ မှုကို ဖြုတ်ရမယ်၊ တစ်ခုချင်း တစ်ခုချင်း ဖြုတ်သွား ရမယ်၊ ဖြုတ်ကို ဖြုတ်ရမယ်၊ တွယ်တာမှုဆိုတာ အလွန် ဆိုးတယ်နော်။

တိဿရဟန်း

တိဿဆိုတဲ့ရဟန်းတစ်ပါးအကြောင်း အားလုံး ကြားဖူးနေကြတာပဲ။ သူ့ညီမက ကောင်းကောင်းမွန်မွန် ချောချောလေးရက်ပြီးတော့ ပေးလိုက်တဲ့သင်္ကန်းလေး မဝတ်ရက်သေးလို့ မနက်ကျတော့မှ ဝတ်မယ်ဆိုပြီး အားတင်းထားတာ ညကျတော့ အစာမကြေတဲ့ရောဂါနဲ့ ပျံလွန်တော်မူတယ်။ ဒီ သင်္ကန်းလေးအပေါ်မှာ တွယ်တာပြီးတော့ သန်းဖြစ်နေတယ်။

တွယ်တာမှုဟာ ဘယ်လောက်ဆိုးတယ်ဆိုတာ ကြည့်၊ သီလရှိတဲ့ ရဟန်းနော်၊ တရားဓမ္မ ကျင့်ကြံ ကြိုးကုတ် အားထုတ်နေတဲ့ရဟန်း၊ သို့သော် သင်္ကန်း လေးပေါ်မှာ သွားပြီး တွယ်တာမိသည့်အတွက် သန်း သွားဖြစ်တယ်။

ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူလို့ရှိရင် အဲဒီ ဘုန်းကြီးပိုင်တဲ့ပစ္စည်းကို မတသန္တက လို့ခေါ်တယ်၊ သေတဲ့ပုဂ္ဂိုလ်ရဲ့ပစ္စည်းသည် သံဃိကဖြစ်တယ်၊ သံဃာ တွေအားလုံး ပိုင်ဆိုင်တယ်၊ သံဃာတွေက တိဿ ရဟန်းတော့ ပျံလွန်တော်မူသွားပြီ၊ သူ့သင်္ကန်းလေး ကျန်ရစ်တယ်၊ အဲဒီသင်္ကန်းကို ဝေဘန္တိက ပြုမယ် ဆိုတော့ အဲဒီသန်းက စိတ်ဆိုးလိုက်တာ၊ “ငါ့သင်္ကန်း ဘာလို့ယူရမှာတုန်း” တဲ့။ ကြည့်- တွယ်တာတာကို အကြောင်းပြုပြီး ဒေါသပါ ဖြစ်လာတာ။

အဲဒါကို မြတ်စွာဘုရားကကြားလို့ “အဲဒီသင်္ကန်းကို မခွဲဝေကြနဲ့ဦး၊ ခုနစ်ရက်ထားလိုက်ဦး“လို့ မိန့်တယ်။ သူက ခုနစ်ရက်ပဲ အသက်ရှည်မှာကို ဘုရားကသိတယ်၊ ခုနစ်ရက်ဆိုတော့ သူ့သင်္ကန်းလေးပေါ်မှာ သူ အေးအေးဆေးဆေး နေရပြီး ခုနစ်ရက်ပြည့်တဲ့အခါ သက်တမ်းစေ့တော့ သေပြီး အေးအေးဆေးဆေး အတွယ်အတာလွတ်တဲ့ တာဝတိံသာနတ်ပြည် ရောက် သွားတယ်၊ သူ့ရဲ့ သီလစွမ်းအားကြောင့် တာဝတိံသာ ရောက်သွားတယ်။

တွယ်တာမှုက သီလထက် အရင်လက်ဦးသွားပြီး သန်းဘဝ ရောက်သွားတာ ကြောက်စရာ အလွန် ကောင်းတယ်၊ ဒါကြောင့် အတွယ်အတာ မထားပါနဲ့လို့ ပြောပေးရမယ်၊ မတွယ်စေနဲ့နော်၊ တွယ်ရင် အိမ်ပေါ် က မဆင်းဘူးဆိုတာ ဟုတ်မယ်။ ပစ္စည်းလည်း မတွယ် စေနဲ့၊ ဘာမှမတွယ်ရဘူး၊ ကိုယ့်ကိုယ်ကိုလည်း မတွယ် အောင် သတိထားရမယ်။ တွယ်တာမှုဆိုတဲ့ နိကန္တိ ဆိုတာ အလွန်ဆိုးတယ်၊ အတွယ်ရှိရင် သောတာပန် ပုဂ္ဂိုလ် ဖြစ်ဦးတော့ ဟိုအထက် မရောက်နိုင်ဘူး၊ တွယ်တယ်ဆိုတာ ဆွဲထားတာပဲလေ၊ ဆွဲထားရင် ဒီနေရာပဲ ပြန်လာမှာပေါ့။

ဗိမ္ဗိသာရမင်း

(၄) ဖြစ်ရာ(ဘဝ) ကိုလည်း မတွယ်ပါနဲ့တဲ့၊ ဗိမ္ဗိသာရမင်းကြီးဆိုတာ လူတွေ ကြားဖူးနေတာပဲ၊ ဗိမ္ဗိသာရမင်းကြီးဟာ ပထမဆုံးအကြိမ် ဘုရားကြွလာတဲ့ အချိန် တွေ့တွေ့ချင်း တရားဓမ္မနာပြီး သောတာပန် ဖြစ်သွားတယ်၊ ဝေဠုဝန်ဥယျာဉ်ကြီးနဲ့ ကျောင်းတော်ကြီး ကို လှူဒါန်းသူဖြစ်တယ်၊ မြတ်စွာဘုရားကို ရာသက်ပန် ကိုးကွယ် ဆည်းကပ်သွားတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ ကံ မကောင်း အကြောင်းမလှလို့ နောက်ဆုံးမှာ ထောင် သွင်း အကျဉ်းချခံပြီး ထောင်အတွင်းမှာ လုပ်ကြံ သတ်ဖြတ် ခံလိုက်ရတယ်။ သောတာပန်ဖြစ်နေသည့် အတွက် လုပ်ကြံသတ်ဖြတ်မှုကြောင့် သူ့မှာသောကတွေ ဒုက္ခတွေဖြစ်ပေမယ့် အပါယ်ကျလောက်အောင် မဖြစ် ဘူး။

သူသေတော့ စာတုမဟာရာဇ် နတ်ပြည်က ဝေသာဝဏ်နတ်မင်းကြီးရဲ့ အခြံအရံ နတ်ဘီလူးကြီး ထဲမှာ သွားဖြစ်တယ်၊ အောက်တန်းကျတယ်ပေါ့။ စာတုမဟာရာဇ်နတ်ဘုံဆိုတာ နတ်ပြည်ခြောက်ထပ်မှာ အောက်ဆုံး နတ်ဘုံ။ အဲဒီနတ်ဘုံတောင်မှ လူတုန်းက လူမင်းဖြစ်ပါလျက်သားနဲ့ နတ်ပြည်မှာကျတော့ နတ်မင်း မဖြစ်ဘဲ နတ်မင်းရဲ့အစေအပါး သွားဖြစ်တယ်လေ။ သူ့နာမည် ဇနဝသဘ လို့ ခေါ်တယ်။ အာဠဝကတို့ ပုဏ္ဏကတို့နဲ့ တစ်တန်းတည်း နတ်ဘီလူးစစ်သူကြီး သွားဖြစ်တယ်။

ဘာဖြစ်လို့ ဒီလိုဖြစ်ရတာတုန်းဆိုရင် အဲဒီဘဝကို သူက တွယ်တာလို့၊ အရင်တုန်းကလည်း အဲဒီဘဝမှာ ခုနစ်ကြိမ်ဖြစ်ခဲ့ဖူးတယ်။ အဲဒီ ဖြစ်ခဲ့ဖူးတဲ့နေရာကို စိတ်ကပြန်ညွှတ်တာ၊ သူက အထက်နတ်ပြည်တွေမှာ ဖြစ်နိုင်လျက်နဲ့ သေခါနီးဖြစ်တဲ့ တွယ်တာမှုကြောင့် အထက်နတ်ပြည်တွေမှာ မဖြစ်ဘဲနဲ့ အောက်နတ်ပြည် မှာပဲ ပြန်ဖြစ်ရတယ်။

လူဆိုတာက အတွယ်အတာရှိတဲ့နေရာ ပြန်ပြန် ပြီးတော့ မွေးတတ်တယ်နော် သတိထား။ ဥက္ကံနေတဲ့ သူကလည်း ကြည့်ရတာ ဥက္ကံပဲ တွယ်မယ်ထင်တယ်၊ တွယ်ရင်တော့ ဒီပဲပြန်ဖြစ်ဖို့ များတာပေါ့၊ အတွယ် အတာ ရှိနေရင် အဲဒီမှာပဲ ပြန်ဖြစ်တတ်တယ်နော်။ အကုသိုလ်ကြီးကြီး မရှိဘူးဆိုရင်, ကုသိုလ်ကလည်း ကြီးကြီးမရှိဘူးဆိုရင် အဲဒီမှာပဲ ပြန်ဖြစ်တတ်တယ်၊ ဒါ အတွယ်အတာရဲ့သဘော။

ဒါကြောင့် အတွယ်အတာကို တစ်ခုချင်း တစ်ခုချင်း ဖြုတ်ပါတဲ့။ မိဘပေါ် တွယ်တာတဲ့စိတ်၊ ငဲ့တဲ့စိတ် မထားပါနဲ့။ သားသမီးတွေပေါ် တွယ်တာ တဲ့စိတ်၊ ငဲ့တဲ့စိတ် မထားပါနဲ့။ ပစ္စည်းဥစ္စာတွေအပေါ် မှာ တွယ်တာတဲ့စိတ်၊ ငဲ့တဲ့စိတ် မထားပါနဲ့။ တဖြည်း ဖြည်းချင်း တစ်စချင်း ဖြုတ်သွားလိုက်။ လူ့ဘုံလူ့ဘဝ လည်း တွယ်တာတဲ့စိတ်၊ ငဲ့တဲ့စိတ် မထားပါနဲ့။ ဒီ့ထက် ကောင်းတဲ့အပေါ်မှာ ရွှေ့လိုက်စမ်းပါ။

တွယ်တာမှု တစ်ခုချင်းဖြုတ်

လူဆိုတာ ပစ္စည်းတွေဝယ်တဲ့အခါ ရွေးတတ်ကြ တယ် မဟုတ်လား၊ ပစ္စည်းသုံးလေးမျိုးတွေ့ရင် ရွေး တယ်။ ဒါလေးကတော့ ကောင်းသားပဲလို့ ပထမ ရွေးလိုက်တယ်၊ နောက် ဟိုဟာလေးမြင်တော့ ဟိုဟာ လေးက ဒါ့ထက်ကောင်းတယ်လို့ ရွေးလိုက်ပြန်ရော။ ဒီလိုပြောင်းပြီးတော့ မယူဘူးလား၊ ပစ္စည်းတွေ ပြောင်းပြောင်းပြီးတော့ ယူသလိုပဲ အခုလည်း စိတ် ကလေးကို ပြောင်းပြောင်းပေးတာပေါ့။

လူ့ဘုံထက် စာတုမဟာရာဇ်နတ်ဘုံက ကောင်း တယ်၊ လူ့ဘုံက အတွယ်အတာတွေကို ဖြုတ်လိုက်ပါ၊ လူပြန်မဖြစ်ချင်စမ်းပါနဲ့၊ နတ်ဖြစ်အောင် ကြိုးစားပါ၊ ဟော- အတွယ်အတာက နတ်ပြည်ဘက် ရောက်သွား ပြီ။ တစ်ခါ နတ်ပြည်မှာလည်း စာတုမဟာရာဇ်နတ် ထက် တာဝတိံသာက ပိုချမ်းသာတယ်၊ တာဝတိံသာ ပေါ်မှာ အတွယ်လေးကို ရွှေ့လိုက်တယ်၊ တာဝတိံသာ ပေါ်တွယ်တဲ့ အတွယ်လေးကို တာဝတိံသာထက် ပိုကောင်းတဲ့နတ်ဘုံ ယာမာနတ်ဘုံ ရှိတယ်လို့ ယာမာ နတ်ဘုံပေါ် တွယ်တာမှုက ပြောင်းမသွားဘူးလား။ ပစ္စည်းတွေ ချထားတဲ့အခါမှာ တစ်ခုထက်တစ်ခု ပိုကောင်းတဲ့အပေါ်မှာ စိတ်က ရောက်သွားသလိုပဲ ယာမာကနေ တုသိတာ၊ တုသိတာကနေ နိမ္မာနရတိ၊ နိမ္မာနရတိကနေ ပရနိမ္မိတဝသဝတ္တိ။

ဟော - နတ်ပြည်ခြောက်ထပ် တစ်ခုချင်း တစ်ခုချင်း ပြောင်းပြောင်းပြီး ကောင်းသည်ထက် ကောင်းတာတွေ ရွေးရွေးသွားလိုက်တာ နောက်ဆုံး ဗြဟ္မာ့ပြည်၊ ဗြဟ္မာ့ပြည်က ပိုကောင်းတာပေါ့၊ ကမ္ဘာ ချီပြီးတော့ အသက်ရှည်တယ်။ ဗြဟ္မာ့ပြည်က ပိုကောင်း တယ်၊ ဗြဟ္မာ့ပြည်ကိုတွယ်တဲ့ စိတ်ကလေး ပေါ်လာတဲ့ အခါကျတော့ သူ့ကိုလည်း ပြန်ဖြုတ်တယ်၊ ဗြဟ္မာ့ဘုံ ဆိုတာလည်း အသက်ရှည်ပေမယ့်လို့ မခိုင်မြဲဘူး၊ တစ်နေ့ကျရင် ပြောင်းလဲသွားဦးမှာပဲ၊ အပြောင်းအလဲ မရှိတာက သက္ကာယနိရောဓ ခန္ဓာကိုယ်ကြီး လုံးဝ ချုပ်ငြိမ်းသွားတဲ့ နိဗ္ဗာန်ပဲ။ အတွယ်အတာတွေ ဖြုတ်ဖြုတ်သွားပြီး နိဗ္ဗာန်ထိအောင် ပို့ပေးလိုက်တယ်။

အတွယ်လွတ်ရင်

အဲဒီပုဂ္ဂိုလ်ဟာ တဒင်္ဂ တစ်ခဏအားဖြင့်တော့ နတ်ပြည်ရော ဗြဟ္မာ့ပြည်တွေရော ပထမ လိုချင်လာ တယ်။ နောက်ဆုံး အဲဒီ လိုချင်မှု တွယ်တာမှုတွေ အားလုံးဖြုတ်ပြီးတော့ ခန္ဓာကိုယ်ကြီး ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို ပို့မပစ်လိုက်ဘူးလား။ ဒီတော့ သူ့စိတ် ကလေးဟာ အတွယ်အတာတွေအားလုံးက လွတ်သွား တယ်၊ အတွယ်အတာလွတ်သွားတဲ့အခါ ရဟန္တာပုဂ္ဂိုလ် ရဲ့ စိတ်ဓာတ်မျိုးလို ဖြစ်သွားပါတယ်လို့ မြတ်စွာ ဘုရားက ဟောတယ်။

အတွယ်အတာတွေ တဖြည်းဖြည်း ဖြုတ်သွား လိုက်တာ နောက်ဆုံး နိဗ္ဗာန်ထိအောင် ရည်မှန်းချက် ရောက်သွားပြီးတော့ နိဗ္ဗာန်ရောက်ရှိသွားတယ်။ အဲဒီ တွယ်တာမှုတွေက လွတ်သွားတဲ့ အခုအခြေအနေမျိုးနဲ့ ရဟန္တာပုဂ္ဂိုလ်ရဲ့ ကိလေသာအာသဝေါတွေက လွတ် သွားတဲ့ အခြေအနေမျိုးနဲ့ သွားမတူဘူးလား၊ တူတယ် နော်။

ရှစ်ပါးသီလဆောက်တည်တဲ့အခါတောင် မြတ်စွာ ဘုရားက “ရဟန္တာပုဂ္ဂိုလ်များသည် သူ့အသက်ကို သတ်ခြင်းမှ ရာသက်ပန် ရှောင်တော်မူကြသည်၊ ငါလည်းပဲ ဒီကနေ့ သူများအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းဆိုတဲ့ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပုဒ်ကို ဆောက်တည်ထားတယ်၊ ဒီကနေ့ ငါလည်း ရဟန္တာလို ကျင့်ရလေပြီ” လို့ ကိုယ့်စိတ်ထဲမှာ နှလုံးသွင်း ဖို့ ဥပေါသထသုတ်မှာ ဟောထားတာရှိတယ်၊ အလွန် ကောင်းတဲ့ စနစ်တွေပဲ။

“အဲဒါလိုပဲ အတွယ်အတာတွေကို တဖြည်းဖြည်း ဖြုတ်သွားလိုက်တာ နောက်ဆုံး နိဗ္ဗာန်ရောက်သွား တယ်။ အဲဒီနိဗ္ဗာန်ရောက်သည်ထိအောင် တွယ်တာမှု တွေက လွတ်ကင်းသွားတဲ့ စိတ်ဓာတ်လေးရဲ့ အနေ အထားမျိုးလေးဟာ ရဟန္တာပုဂ္ဂိုလ်တွေ ကိလေသာ အာသဝေါတွေက လွတ်သွားတဲ့ အခြေအနေမျိုးလေးနဲ့ သွားတူပါတယ်တဲ့။ ဒီလိုထိအောင် အားပေးစကား ပြောပြီးတော့ မိတ်ဆွေသင်္ဂဟတွေကို အချင်းချင်း ကူညီ ပေးပါ” လို့ မြတ်စွာဘုရားက သုတ္တန်မှာ ဟောလိုရင်း ဖြစ်တယ်။

ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ် အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ အင်မတန်အားငယ်နေတဲ့ အချိန်မျိုးမှာ “အားပေး စကား” ပြောရမယ်၊ နောက်ဆုံးနေ့အတွက် အားပေး စကား ပြောသလိုပဲ နေ့စဉ်လည်းပဲ အားပေးစကား ပြောရမှာပဲ၊ နေ့စဉ်နဲ့အမျှလည်း “အိုနေတာ မပူနဲ့၊ နာနေတာလည်း မပူနဲ့၊ သေရမှာလည်း မပူနဲ့၊ ငါ့မှာ ဘာရှိတုန်း၊ ဘုရားကို ယုံကြည်တဲ့သဒ္ဓါတရားရှိတယ်၊ တရားကို ယုံကြည်တဲ့သဒ္ဓါတရား ရှိတယ်၊ ငါးပါးသီလ ငါလုံတယ်” လို့ ကိုယ့်ကိုယ်ကိုရော အားမပေးထိုက် ဘူးလား၊ အားပေးစကား ကိုယ့်ကိုယ်ကိုလည်းပြော၊ သူတစ်ပါးကိုလည်း ပြောမိအောင်ပြော။

အတွယ်အတာတွေကိုလည်း တစ်ခုပြီးတစ်ခု ဖြုတ်နိုင်အောင် ဘယ်ပေါ်မှာ ငါသိပ်တွယ်တာနေ သလဲ၊ ကိုယ့်ဘာသာကိုယ် စဉ်းစား၊ အဘိုးကြီးတွေ အဘွားကြီးတွေဆို မြေးပေါ်တွယ်တာလား၊ မေးကြည့် ပေါ့နော်၊ တွယ်လို့ရှိရင် မတွယ်ဖို့၊ မတွယ်မိအောင် ကိုယ့်ကိုယ်ကို အတွယ်အတာတွေကို တဖြည်းဖြည်း ဖြုတ်ပြီးတော့ နောက်ဆုံး အတွယ်အတာတွေကင်းရာ နိဗ္ဗာန်ချမ်းသာထိအောင် ဦးတည်ပြီးတော့ သွားနိုင် အောင် ကျင့်ကြံကြိုးကုတ်အားထုတ်ကြရမှာ ဖြစ်ပါ တယ်။

ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ် တို့သည် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူအပ်တဲ့ ဒီ မဟာနာမသုတ်ထဲမှာလာတဲ့ “အားပေးစကား” ဆိုတဲ့ တရားကို လိုက်နာကျင့်သုံးပြီး အတွယ်အတာတွေ လုံးဝလွတ်မြောက်ကာ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီ ကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။

နနန

hfgzbfy1qy0af9b9hunxqe0sjykgxnh
အရှင်အာနန္ဒာ ၏ ဝိပဿနာ
0
5904
22135
21624
2026-06-15T03:23:16Z
Tejinda
173
22135
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = အရှင်အာနန္ဒာ ၏ ဝိပဿနာ
| previous = [[အားပေးစကား]]
| previous2 =
| next = [[ဘဝ အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

အရှင်အာနန္ဒာ ၏ ဝိပဿနာ

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ မလွန်ဆန်လှူအသင်းထောက်နှင့် တိပိဋက နိကာယ သာသနာပြု ဥပဋ္ဌာကအဖွဲ့ (၃၃)ကြိမ်မြောက် မလွန် ဆွမ်းဆန်တော်နှင့် တစ်နှစ်တာ လှူဒါန်းမှု အစုစုတို့ ရေစက်ချ ဓမ္မသဘင် အခမ်းအနားဝယ် ဟောကြားအပ်သော “အရှင်အာနန္ဒ ၏ ဝိပဿနာ” တရား ဒေသနာတော်။

အရှင်အာနန္ဒ ၏ ဝိပဿနာ

အရှင်အာနန္ဒ ဆိုတာ ဗုဒ္ဓဘာသာဝင် သူတော်စင် တွေ အားလုံးလောက်နီးနီး သိကြတယ်။ မြတ်စွာ ဘုရားရဲ့ ညီတော်ဝမ်းကွဲ၊ မြတ်စွာဘုရားကို အလုပ် အကျွေးပြုပြီး ဧတဒဂ် ၅ တန်ဖြင့် ချီးကျူးမြှောက်စား ခြင်းခံရတဲ့ ပုဂ္ဂိုလ်ပဲ။ ရှင်အာနန္ဒ ဟာ သာသနာတော် မှာ အလွန်ထင်ရှားတဲ့ ရဟန်းတော်တစ်ပါး ဖြစ်သည့် အတွက် ရှင်အာနန္ဒရဲ့ အကြောင်းကိုတော့ သိပြီးသား ဖြစ်ကြလိမ့်မယ်။ မြတ်စွာဘုရား ပထမဆုံးအကြိမ် ကပိလဝတ်နေပြည်တော်သို့ ကြွရောက်တဲ့အခါမှာ သုဒ္ဓေါဒနမင်းကြီးက မြတ်စွာဘုရားရဲ့ အခြံအရံအဖြစ် သာကီဝင် မင်းသားတွေ ရဟန်းဝတ်ဖို့ တိုက်တွန်း တယ်။ ကပိလဝတ် နေပြည်တော်မှာရှိတဲ့ သာကီဝင် မင်းသားတွေဟာ မြတ်စွာဘုရား နောက်တော်က လိုက်ပါပြီးတော့ ရဟန်းပြုကြတယ်။ အဲဒီထဲမယ် ရှင်အာနန္ဒတို့က အုပ်စုတစ်စုပေါ့။ ရှင်အနုရုဒ္ဓတို့၊ ရှင်ဘဒ္ဒိယတို့၊ ရှင်ကိမိလတို့၊ ရှင်အာနန္ဒ တို့ပါဝင်တဲ့ သာကီဝင်မင်းသား (၆)ယောက်ဟာ မြတ်စွာဘုရား ကပိလဝတ်ကနေပြီး ဝေသာလီပြည် ကြွသွားတဲ့အခါ ဘုရားနောက် လိုက်သွားပြီးတော့ သင်္ကန်းဝတ်ခဲ့ကြ တယ်။

ပြီးတော့ ရှင်အာနန္ဒ ဆိုတာ မြတ်စွာဘုရားရဲ့ ဖွားဘက်တော် စာရင်းကို “အာ ဗော ကာ ယ ဆန် ရွှေ ကဏ်” လို့ အတိုကောက်လုပ်ထားတဲ့ အထဲမယ် အာ ဆိုတာ ရှင်အာနန္ဒကိုပြောတာ၊ ဗော ကတော့ ဗောဓိပင်ပေါ့၊ ကာ က ကာဠုဒါယီ၊ ယ က ယသောဓရာ၊ ဆန် က မြင်းတော်ခံ မောင်ဆန်၊ ရွှေကရွှေအိုးကြီးလေးလုံး၊ ကဏ် က ကဏ္ဍကမြင်း။ မြတ်စွာဘုရား အလောင်းတော် မွေးဖွါးလာတာနဲ့ တစ်ပြိုင်နက် အဲဒီပုဂ္ဂိုလ်များနဲ့ ဗောဓိပင်တို့၊ ရွှေအိုးကြီး တို့ဆိုတာ မြတ်စွာဘုရား မွေးဖွါးလာတဲ့နေ့မှာ စတင် ပေါ်ပေါက်လာလို့ ဖွါးဘက်တော်လို့ ဒီလိုပြောကြ တယ်ပေါ့။ အဲဒီတော့ ရှင်အာနန္ဒ မထေရ်မြတ် ကလည်း မြတ်စွာဘုရားနဲ့ ဖွါးဘက်တော်ဆိုတော့ မြတ်စွာဘုရားနဲ့ သက်တော်ရွယ်တူလို့ မှတ်ရမယ်။

မြတ်စွာဘုရားနဲ့ဖွါးဘက်တော်တွေထဲက လူသား အနေနဲ့ အာနန္ဒ ရှိတယ်၊ ကာဠုဒါယီ ရှိတယ်၊ ယသော ဓရာ ရှိတယ်၊ ဆန္န ဆိုတဲ့မြင်းတော်ခံအမတ် ရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေကို ဗေဒင်ဆရာတွေက ဇာတာဖွဲ့ကြည့် လိုက်မယ်ဆိုရင် တစ်နေ့ထဲ တစ်ချိန်ထဲ ဖွားတာဖြစ်လို့ ဇာတာခွင်တူမနေဘူးလား၊ ဇာတာခွင် တူနေတဲ့ အထဲ မယ် သိဒ္ဓတ္ထမင်းသား တစ်ပါးသာလျှင် ဘုရားဖြစ်ပြီး ကျန်တာတွေ ဘုရားမဖြစ်ဘူးတဲ့။ ဇာတာခွင် တူနေ တယ်ဆိုရင် အကုန်လုံး ဘုရားဖြစ်ရမယ့်ကိန်းပေါ့ နော်။

အဲဒါနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးနှစ်ပါး ဆွေးနွေးတာ ကြားဖူးတယ်။ ဆရာတော်ကြီးတစ်ပါး ကပြောတယ်။ ဘုရားနဲ့ ဖွားဘက်တော် တစ်နေ့ထဲ တစ်ချိန်ထဲဖွါးလို့ ဇာတာခွင်တူတဲ့ ပုဂ္ဂိုလ်တွေထဲက ဘုရားအလောင်းသာလျှင် ဘုရားဖြစ်ပြီး ကျန်တဲ့ ပုဂ္ဂိုလ်တွေက ဘုရားမဖြစ်ဘူးတဲ့။ ဒီထဲမှာ ကဏ္ဍက မြင်းဆိုတဲ့ တိရစ္ဆာန် တစ်ကောင်လည်း ပါသေး တယ်လေ။ အဲဒီတော့ ဇာတာခွင် တူလျက်သားနဲ့ ဘာ့ကြောင့် ဘုရားမဖြစ်တာတုန်း။ ဒါကြောင့် ဗေဒင် ဆိုတာ ယုံစရာမရှိဘူးလို့ ဆရာတော်ကြီး တစ်ပါးက ပြောတယ်။

ကျန်ဆရာတော်ကြီးတစ်ပါးက “ကိုယ်တော်က ပရိတ်ကြီးမရဘဲနဲ့ စွာကျယ် စွာကျယ် ပြောမနေနဲ့” ပြောလိုက်တယ်။ သူ့ကို ပရိတ်ကြီးမရဘူး ပြောလိုက် တော့ အဲဒီဆရာတော်က “ဟာ ကိုယ့်လူပြောပါဦး၊ ပရိတ်ကြီးမရဘူးဆိုတာ ဘယ်လိုတုန်း” ဆိုတော့ ပရိတ်ကြီးထဲပါတယ် မဟုတ်လား။ “ပူရေန္တံ ဗောဓိသမ္ဘာရေ” လို့။ ဘုရားဖြစ်ဖို့ရာအတွက် ပါရမီ တွေကို ဆည်းပူး အားထုတ်ထားတဲ့သူမှ ဘုရား ဖြစ်တော့မပေါ့၊ ဖွါးဖက်တော်ဖြစ်ရုံနဲ့ ဘယ်ဘုရားဖြစ် မတုန်း။ ဒါကြောင့် ကိုယ်တော့်ကို ပရိတ်ကြီးမရဘူးလို့ ပြောတာ။

ဗေဒင်ကိန်းခန်းနဲ့ ကြည့်လိုက်မယ်ဆိုရင် ဇာတာ ခွင် တူနေရင် အကျိုးပေးခြင်း မတူသင့်ဘူးလား၊ တူသင့်ပေမယ့် အဲဒီထဲမှာ ပါရမီဆိုတာ ရှိသေးတယ်။ ဒီနေ့ ဒီရက် မွေးပေမယ့်လို့ ဘုရားဖြစ်ကြောင်း ပါရမီ တရားကောင်းတွေ စုဆောင်းထားတဲ့ ပုဂ္ဂိုလ်မှသာ ဘုရားဖြစ်နိုင်တော့မပေါ့လို့ ဖြေသတဲ့နော်။ အေး၊ ဒါလဲပဲ မှတ်သားစရာ တစ်ခုပေါ့နော်။

ရှင်အာနန္ဒ မြတ်စွာဘုရား နောက်တော်ကနေ လိုက်ပြီး ရဟန်းပြုတယ်ဆိုတဲ့အချိန်မှာ မြတ်စွာ ဘုရားက ၃၇ နှစ်ခန့် အရွယ်မှာပေါ့။ ဘုရားဖြစ်တာက ၃၅ နှစ်အရွယ်မှာ ဘုရားဖြစ်တာ။ ကပိလဝတ်ပြည် ကြွတဲ့အခါကျတော့ ၃၇ နှစ်ဆိုပါစို့။ အဲဒီတော့ အရှင် အာနန္ဒက ၃၇ နှစ် အရွယ်မှာ သင်္ကန်းဝတ်တယ်။ ရှင်ဒေဝဒတ်တို့၊ ရှင်အနုရုဒ္ဓတို့၊ ရှင်ဘဒ္ဒိယတို့နဲ့ အတူတကွ ထွက်လာကြပြီး ဘုရားထံ သင်္ကန်းဝတ် ကြတယ်။ အဲဒီလို သင်္ကန်းဝတ်တဲ့အခါ ရှင်အာနန္ဒ ဟာ ပထမဝါတွင်းမှာပဲ သောတာပန်ဖြစ်သွားတယ်။

ရှင်အာနန္ဒ ဘာကြောင့် သောတာပန်ဖြစ်သွား သလဲ၊ ဘယ်သူ့တရားနာပြီး သောတာပန်ဖြစ်သွား သလဲလို့ ပိဋကတ်စာပေ ရှာဖွေကြည့်ရှုတဲ့အခါ သံယုတ္တနိကာယ်မှာ အာနန္ဒသုတ်ဆိုတာ ရှိတယ်။ အဲဒီ အာနန္ဒသုတ်မှာ ရှင်အာနန္ဒက သူ့အကြောင်း သူပြန် ပြောထားတယ်။ သူဘာဖြစ်လို့ ဘယ်သူ့တရားနာပြီး တော့ သောတာပန်ဖြစ်တယ် ဆိုတဲ့အကြောင်းကို သူ ပြန်ဟောထားတယ်။

ရှင်အာနန္ဒ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော် မှာ သီတင်းသုံးနေတဲ့အချိန် ဓမ္မကထိက အရာမှာ ဧတဒဂ်ရတဲ့ ရှင်ပုဏ္ဏဆိုတာရှိတယ်။ မန္တာဏီပုဏ္ဏေးမ ရဲ့ သားဖြစ်တဲ့ ရှင်ပုဏ္ဏ။ ဟို သုနာပရန္တမှာ သာသနာ ပြုတဲ့ ရှင်ပုဏ္ဏ က တစ်ပါး။ အခု ဒီ မန္တာဏိပုတ္တပုဏ္ဏ ဆိုတာ ဓမ္မကထိကအရာမှာ ဧတဒဂ် ရတယ်။ သူက ကပိလဝတ်မြို့သား။ ဓမ္မစကြာတရားဦး နာပြီးတော့ ပထမဦးဆုံးသောတာပန်ဖြစ်သွားတဲ့ အရှင်ကောဏ္ဍည ရဲ့ တူတော်တယ်။ အင်မတန် ထူးချွန်ထက်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ပါး။ အဲဒီ ရှင်ပုဏ္ဏရဲ့ တရားကို နာပြီးတော့ ရှင်အာနန္ဒ သောတာပန်ဖြစ်တယ်။

ရှင်အာနန္ဒက ရဟန်းတွေကို ပြန်ပြောပြတယ်။ “ငါ့ရှင်တို့၊ အရှင်ပုဏ္ဏဟာ တို့အဖို့ အလွန်ကျေးဇူး ကြီးမားတဲ့ ပုဂ္ဂိုလ်ပဲ၊ ဒို့လို သာသနာ့ဘောင် ဝင်လာ ခါစ ရဟန်းငယ်တွေအတွက် အင်မတန်မှအားကိုးရတဲ့ ပုဂ္ဂိုလ်ပဲ။ တို့တစ်တွေဟာ အရှင်ပုဏ္ဏက တရားကို အသေးစိတ်ရှင်းပြတာနာရလို့ တရားထူး တရားမြတ် ရခဲ့ကြတယ်” လို့ ရှင်းပြပြီး အရှင်ပုဏ္ဏက ဘယ်လို တရားဟောခဲ့တာတုန်းဆိုတာ ဆက်ပြီးရှင်းပြတယ်။

အရှင်ပုဏ္ဏ ဟောခဲ့တဲ့ တရားလေးက “ဥပါဒါယ အာဝုသော အသ္မီတိ ဟောတိ နော အနုပါဒါယ” တဲ့။ ရှင်းရှင်းလေးပဲ၊ “ငါ ဆိုတဲ့ အတွေးဟာ တစ်စုံ တစ်ခုကို မှီပြီးတော့မှ ပေါ်လာတာ၊ အမှီမပြုဘဲ မပေါ်ဘူး” တဲ့။ လောကလူတွေရဲ့ ငါဆိုတဲ့ အတွေး၊ ငါ့ဟာဆိုတဲ့ အတွေးဟာ ဘာကိုစွဲမှီပြီးတော့ တွေးနေ ကြတာတုန်း။

အရှင်ပုဏ္ဏက ရှင်းပြတယ်။ “ငါ့ရှင် အာနန္ဒ၊ ငါဆိုတဲ့ အတွေးဟာ စွဲမှီပြီးတော့ ပေါ်လာတာ၊ မစွဲမှီဘဲ ပေါ်လာတာ မဟုတ်ဘူး။ ဘာကို စွဲမှီပြီး ပေါ်လာတာတုန်းဆိုရင် ဟောဒီ ခန္ဓာငါးပါးကို စွဲမှီပြီး ပေါ်လာတာ။ ရုပ်ကို စွဲမှီပြီးတော့ ငါဆိုတဲ့ အတွေး ပေါ်လာတယ်၊ ခံစားချက်ကို စွဲမှီပြီးတော့ ငါဆိုတဲ့ အတွေး ပေါ်လာတယ်။ စိတ်ထဲက မှတ်သားမှုဆိုတဲ့ အမှတ်သညာကို စွဲမှီပြီးတော့ ငါဆိုတဲ့အတွေး ပေါ်လာတယ်။ အေး ကြံတွေးခြင်း၊ သိခြင်း စတဲ့ စိတ်ရဲ့လှုပ်ရှားမှုဆိုတဲ့ သင်္ခါရတွေကို စွဲမှီပြီးတော့ ငါဆိုတဲ့အတွေးပေါ်လာတာ၊ အသိစိတ်ဆိုတဲ့ ဝိညာဏ် ကို စွဲမှီပြီးတော့ ငါဆိုတဲ့အတွေး ပေါ်လာတာ။ အဲဒီ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် လို့ဆိုတဲ့ ခန္ဓာငါးပါးကို မမှီဘဲနဲ့ ငါဆိုတဲ့အတွေး မပေါ်ဘူး'။ ခန္ဓာငါးပါးဟာ လောကလူတွေ ငါလို့ ထင်မှတ် စရာပဲ။ “ငါ“ဆိုတဲ့အတွေးဟာ မာနအတွေး၊ “ငါ့ဟာ” ဆိုတဲ့ အတွေးဟာ တဏှာအတွေး။ အဲဒီ တဏှာ၊ မာန ဆိုတဲ့ ဒီမှားယွင်းနေတဲ့ အတွေးတွေဟာ မိမိတို့ သန္တာန်မှာရှိတဲ့ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့ကို စွဲမှီပြီးဖြစ်ပေါ်လာတဲ့ အတွေးတွေ။ ဥပမာနဲ့ ရှင်းပြတယ်။ “လူငယ်လူရွယ်တွေဟာ ကိုယ့်ကိုယ်ကိုယ် အလှပြင်တဲ့အနေနဲ့ ကြေးမုံတို့၊ မှန်ပြင်တို့မှာ ကြည့်ကြတယ်။ အဲဒီ ကြေးမုံ၊ မှန်ပြင် ကို ကြည့်ပြီး မိမိရဲ့မျက်နှာရိပ်ကို အပြစ်အနာအဆာ ရှိတယ်၊ မရှိဘူးဆိုတာကို ဆင်ခြင်သုံးသပ်ကြတယ်။ အဲဒီလို ဆင်ခြင်သုံးသပ်ရတဲ့ မျက်နှာပုံရိပ်ကလေး ဟာ မှန်ဆိုတဲ့ မှီရာမရှိဘဲနဲ့ ပေါ်လာပါ့မလား၊ မပေါ် ဘူး။ မှန်ဆိုတဲ့မှီရာကိုမှီပြီး အရိပ်ဆိုတာ ပေါ်လာ တာဖြစ်တယ်။ ထို့အတူ 'ငါ'ဆိုတဲ့ အတွေးဟာလည်းပဲ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်လို့ဆိုတဲ့ မိမိ သန္တာန်မှာရှိတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို မှီပြီးတော့သာ ပေါ်လာရတာပါ” လို့ အရှင်ပုဏ္ဏ က ရှင်းပြတယ်။

ဘုန်းကြီးတို့တတွေ စဉ်းစားကြည့်၊ ကိုယ့်သန္တာန် မှာ ရုပ်ဆိုတာ ဘယ်ဟာလဲဆိုရင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဆိုတာ ရုပ်ပဲ၊ ဟုတ်ကဲ့လား။ မိမိသန္တာန်မှာရှိတဲ့ ရုပ်ခန္ဓာကိုယ်ကြီးမှာ မျက်စိရှိတယ်၊ နားရှိတယ်၊ လျှာ ရှိတယ်၊ ကိုယ်ရှိတယ်၊ ပထဝီဆိုတဲ့ မာမာ၊ ပျော့ပျော့ အတုံးအခဲရှိတယ်။ အာပေါ ဆိုတဲ့ ဖွဲ့စည်းမှုရှိတယ်။ တေဇောဆိုတဲ့ အပူအအေး ရှိတယ်။ ဝါယောဆိုတဲ့ လေ ရှိတယ်။ အဲဒီ မဟာဘုတ်လေးပါး နဲ့ မဟာဘုတ်လေးပါးကို မှီပြီးဖြစ်နေတဲ့၊ သဏ္ဌာန် ပေါ်လွင်နေတဲ့၊ လူရဲ့သန္တာန်မှာရှိနေတဲ့ သဘာဝ ရုပ်တရားတဲ့။

ရုပ်ကိုရှုမြင်ပုံ

အဲဒီ ရုပ်တရားအမှီပြုပြီးတော့ ငါဆိုတဲ့အတွေး တွေ ပေါ်တာဖြစ်သည့်အတွက်ကြောင့် အဲဒီရုပ်တရား ကို ပြန်ပြီးတော့ စစ်ဆေးရမယ်၊ လေ့လာရမယ်၊ ရှုမှတ် ရမယ်။ သူ့သဘာဝအတိုင်းမြင်အောင် ရှုရမယ်။ အဲဒီလိုမြင်တဲ့အခါမှ ငါဆိုတဲ့အတွေး ပျောက်နိုင်မယ် ပေါ့။ ဘယ်လိုဆင်ခြင်သုံးသပ်ခိုင်းတုန်းဆိုတော့ အဲဒီ ငါဆိုတဲ့အတွေးရဲ့ စွဲမှီရာဖြစ်တဲ့ ရုပ်တရားကို သေချာ စေ့ငု ကြည့်လိုက်မယ်ဆိုရင် ငါဆိုတဲ့အတွေးရဲ့ မှီရာ ဖြစ်တဲ့ ရုပ်တရားဟာ အမြဲတမ်း ဒီအတိုင်းရှိနေတဲ့ တရားလား၊ စာလို ပြောမယ်ဆိုရင် နိစ္စလား အနိစ္စ လားပေါ့။ မြဲနေသလား၊ မမြဲဘူးလားလို့ ရှုမှတ်ခိုင်း တယ်။

အေး အရှင်အာနန္ဒတို့ တရားနာနေတဲ့ ပုဂ္ဂိုလ် တွေကို ရှင်ပုဏ္ဏ က မေးတယ်။ “ငါ့ရှင်တို့၊ ဟောဒီ ငါဆိုတဲ့ အတွေးရဲ့ စွဲမှီရာဖြစ်တဲ့ ရုပ်တရားဟာ မြဲသလား၊ မမြဲဘူးလား” “မမြဲပါဘုရား” တဲ့။

မမြဲတာတော့ ထင်ရှားတာပဲ။ မမြဲဘူးဆိုတာ ခပ်ကြဲကြဲကြည့်လိုက်မယ်ဆိုရင်တော့ ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကနဲ့ အခု ၁၀ နှစ်ဟာ မတူတော့တာ သေချာတာပေါ့။ ကိုယ့်ကိုယ်ကို ပြန်ပြီးကြည့်မယ်ဆိုရင် ဘုန်းကြီးတို့တစ်တွေဟာ မိခင်ဝမ်းက မွေးဖွါးလာခါစ ကလေးအရွယ်လေးပဲ ဖြစ်နေမှာပေါ့။ အဲဒီလိုမဖြစ်ဘူး၊ ထာဝရရွေ့လျားနေတဲ့အရာသာ ဖြစ်တယ်၊ ပြောင်းလဲ ပျက်စီးနေတဲ့အရာသာ ဖြစ်တယ်ဆိုတာ ထင်ရှားတာ ပေါ့။ အဲဒါ ခပ်ကြဲကြဲတွေးပြီးကြည့်တာ။

၁၀ နှစ်တစ်ခု၊ ၁၀ နှစ်တစ်ခု ကြည့်လိုက်မယ် ဆိုရင်လည်း ၁၀ နှစ်သားအရွယ်နဲ့ ၂၀ အရွယ်၊ ၂၀ အရွယ်နဲ့ ၃၀၊ ၃၀ နဲ့ ၄၀၊ ၄၀ နဲ့ ၅၀၊ ၅၀ နဲ့ ၆၀၊ ၆၀ ကနေ ၇၀၊ မတူတဲ့အရွယ်တွေ ဖြစ်လာတယ်။ ရုပ်တရားတွေရဲ့ ဒီပြောင်းလဲမှုဟာ သိသိသာသာ ပြောင်းလဲမှု။ အေး၊ မသိမသာ ပြောင်းနေတာကတော့ စက္ကန့်တိုင်း၊ စက္ကန့်တိုင်း မသိမသာ ပြောင်းနေတာ၊ တစ်ခါတည်း ခုန်ကျော်ပြီးတော့ပြောင်းတာ မဟုတ်ဘူး၊ စဉ်ဆက်မပြတ် ပြောင်းနေတာ။ စဉ်ဆက်မပြတ် ပြောင်းနေလို့ ဒီအဆင့်ကို ရောက်လာတာ၊ ဒါကြောင့် ရုပ်တရားတွေရဲ့ ပြောင်းလဲမှုဆိုတာ အခုမှ ဝုန်းဒိုင်း ပြောင်းတာ မဟုတ်ဘူး။ စက္ကန့်မလပ်၊ မိနစ်မလပ် အမြဲတမ်း ရွေ့လျားပြီးတော့ ပြောင်းနေတာ။

ဥပမာ ဘာနဲ့တူတုန်းဆိုရင် မြစ်ထဲကရေတွေ ကြည့်လိုက်၊ ရပ်နေတဲ့အချိန်ဆိုတာ မရှိဘူး၊ အမြဲ စီးနေတယ်၊ နောက်ထပ် တွေ့နေတာက ရေအသစ်၊ ခုနက မြင်လိုက်တဲ့ရေက မရှိတော့ဘူး၊ နောက်ထပ် ထိုင်ကြည့်နေမယ်ဆိုရင် ပထမဦးဆုံးမြင်တဲ့ ရေနဲ့ ဒုတိယ နောက်ထပ် ပြန်ကြည့်တဲ့ရေ တူမှမတူတော့ တာ။ သို့သော်လည်းပဲ ရေရဲ့ပုံသဏ္ဌာန်က တူနေ သည့်အတွက်ကြောင့် ဒီရေပဲလို့ထင်တာ။ အေး၊ မြစ်ကြီးဟာ မနေ့ကလည်း ဒီရေတွေပဲ၊ ဒီနေ့လည်း ဒီရေတွေပဲထင်တာ၊ တကယ်တော့ မနေ့ကရေ ရှိသေး ရဲ့လား။ မနေ့ကရေ မရှိတော့ဘူး၊

ဘုန်းကြီးတို့တတွေရဲ့ ရုပ်ခန္ဓာကိုယ်ကြီးကလည်း မနေ့က ရုပ်ခန္ဓာကိုယ် မရှိတော့ဘူး၊ ဒီနေ့ရှိတာ Copy တွေချည်းပဲ၊ အကုန်လုံး ပုံတူဖြစ် ကျန်ရစ်တာနော်။ အမြဲတမ်း ပြောင်းလဲပြီးတော့နေတာ။ အဲဒါကို အသေးစိတ်ရှုမြင်ဖို့ ရုပ်တရားဟာ နိစ္စလား၊ အနိစ္စ လားဆိုတော့ “အနိစ္စ“ပါ။ အဲဒီလို အနိစ္စဖြစ်တဲ့ ရုပ် တရားဟာ “သုခ” လို့ ခေါ်မလား၊ “ဒုက္ခ” လို့ ခေါ်မလား။ “ဒုက္ခ“ပါ၊ ဒုက္ခကို ဘယ်သူမှမနှစ်သက် ဘူး၊ ကျေနပ်စရာမကောင်းတဲ့၊ ထာဝရပြောင်းနေတဲ့ အရာကြီးသည် ချမ်းသာတဲ့အရာ ဘယ်လို့မှ မဖြစ် နိုင်ဘူး။ ဆင်းရဲတဲ့အရာ၊ ကျေနပ်စရာ မကောင်းတဲ့ အရာသာ ဖြစ်တယ်။ အေး အဲဒီလို ကျေနပ်စရာ မကောင်းဘူး၊ ဆင်းရဲတယ်၊ ဒုက္ခဖြစ်တယ်၊ ထာဝရ ပြောင်းလဲနေတယ်ဆိုတဲ့အရာကြီးကို 'ငါ'လို့ သတ်မှတ် တာ သင့်တော်ပါ့မလား။ ဒီလို သဘာဝ ရုပ်နာမ် တရားတွေနဲ့ ပတ်သက်ပြီးတော့ ဝိပဿနာဉာဏ်နဲ့ ဆင်ခြင်စဉ်းစားဖို့ ရှင်ပုဏ္ဏ က ရှင်အာနန္ဒကို ဒီလို အသေးစိတ် ရှင်းပြတယ်။

အဲဒီလို ရှင်းပြပြီးတဲ့အခါ အဲဒီလို ထာဝရ ပြောင်းလဲနေတဲ့ ရုပ်တရားကြီးဟာ ငါ့ဟာလို့၊ ငါ့ဥစ္စာ လို့၊ ငါ့ရဲ့အတ္တလို့ ဒီလို စိတ်ထဲမှာ မှတ်ယူထားဖို့ မသင့်တဲ့တရား ဖြစ်တယ်။ အဲဒီလို သိလိုက်တာနဲ့၊ မှန်ကန်တဲ့ ဉာဏ်အမြင်နဲ့ ဆင်ခြင်စဉ်းစားလိုက်တာနဲ့ တစ်ပြိုင်နက် ရုပ်တရားပေါ်မှာ ငြီးငွေ့မှုဆိုတာ ဖြစ်ပေါ်လာတယ်။ ငြီးငွေ့တယ်ဆိုတာ သာယာမှုကို ရှာမတွေ့တာကိုခေါ်တာ။ ပျော်စရာတို့၊ နှစ်သက်စရာ တို့၊ ကျေနပ်စရာတို့ဆိုတာ မရှိတော့ဘူးတဲ့။ နိဗ္ဗိန္ဒတိ= ငြီးငွေ့တယ်လို့ ပြောတာ။

ဝေဒနာကို ရှုမြင်ပုံ

ထို့အတူပဲ လူတွေမှာ နာမ်တရားအနေနဲ့ ပြောမယ်ဆိုရင် ခံစားချက်တွေရှိတယ်။ ပျော်ရွှင်တာ လည်း ခံစားတာပဲ၊ ဝမ်းနည်းတာလည်း ခံစားတာပဲ၊ အဲဒီ ပျော်ရွှင်မှုဆိုတာလည်းပဲ ထာဝရပျော်ရွှင်နေတာ မဟုတ်ဘူး၊ ဝမ်းနည်းမှု ဆိုတာလည်းပဲ ထာဝရ ဝမ်းနည်းနေတာ မဟုတ်ဘူး။ အေး ဒါကြောင့်မို့ ဝေဒနာဆိုတဲ့ ခံစားမှုဟာလည်းပဲ မြဲတဲ့အရာမဟုတ် ဘူးတဲ့။ မြဲတဲ့အရာမဟုတ်တဲ့အတွက် မမြဲတဲ့ ဒီခံစားမှု ကို ငါလို့ ရှုမှတ်မယ်၊ ငါ့ဥစ္စာလို့ ရှုမှတ်မယ်ဆိုရင် မသင့်တော်ဘူး။ မြဲတဲ့အရာမဟုတ်လို့ သုခလည်း မဟုတ်ဘူး၊ ဒုက္ခသာဖြစ်တယ်။ အဲဒီမြဲတဲ့အရာ မဟုတ် လို့ အတ္တမဟုတ်ဘူး၊ အနတ္တပဲ။ ဒါကြောင့်မို့ ဝေဒနာနဲ့ ပတ်သက်ပြီးတော့လည်းပဲ အဲဒီ ခံစားချက်တွေဟာ တည်မြဲနေတာ မဟုတ်ဘူး။

အဲဒါကို အရှင်ပုဏ္ဏ က 'ဝေဒနာဟာ နိစ္စလား အနိစ္စလား'လို့ဆိုတော့ 'အနိစ္စပါဘုရား'၊ 'အနိစ္စ ဆိုလို့ ရှိရင် ဒုက္ခလို့ခေါ်မလား၊ သုခလို့ခေါ်မလား' 'ဒုက္ခပဲ ခေါ်ရမှာပါ' တဲ့။ အဲဒီလို ဒုက္ခဖြစ်ပြီး ပြောင်းလဲ တတ်တဲ့ သဘာဝတရားကို 'ငါ၊ ငါ့ဟာ' လို့ ရှုမြင် သုံးသပ်မယ်ဆိုရင် မသင့်တော်ပေဘူး။ ဒါကြောင် မှန်ကန်တဲ့ အသိဉာဏ်နဲ့ ရှုသင့်တယ်။ ခံစားချက် ဝေဒနာဟာ ငါလည်းပဲမဟုတ်ဘူး၊ ငါ့ဥစ္စာလည်း မဟုတ်ဘူးလို့ဆိုတာ မှန်ကန်တဲ့ ဝိပဿနာ ဉာဏ် အမြင်နဲ့ ရှုရမယ်။ အဲဒီလို ရှုမြင်လိုက်တဲ့အခါမှာ ခံစားမှုအပေါ်မှာ သာယာတွယ်တာမှုဆိုတာ မလာ တော့ဘူးတဲ့။

သညာကို ရှုမြင်ပုံ

ထို့အတူပဲ လူတွေမှာ အာရုံတစ်ခုကိုမှတ်ပြီး သိတတ်တဲ့ မှတ်သိ ဆိုတာလေးရှိတယ်။ သညာပေါ့။ အဲဒီ အမှတ်သညာနဲ့ ပတ်သက်လာလို့ ရှိရင်လည်း လူတွေကပြောတယ်။ အေး၊ မှတ်ဉာဏ် ကောင်းလိုက် တာ၊ မှတ်ဉာဏ်မကောင်းဘူး၊ မှတ်မိတယ်၊ မမှတ်မိဘူး နဲ့ ပြောကြတယ်။ မှတ်တယ်ဆိုတဲ့ သညာတရားလေး ဟာ လူတွေရဲ့ သန္တာန်မှာ အခု ဖြစ်ပြီးတော့ အခု ပျက်သွားတဲ့ သဘာဝတရားမျိုးသာ ဖြစ်သည့်အတွက် ကြောင့် နိစ္စလား၊ အနိစ္စလားလို့ဆိုရင် မမြဲတဲ့ အနိစ္စ သာ ဖြစ်တယ်။ အဲဒီ မမြဲတဲ့ အနိစ္စသဘောတရား ဖြစ်တဲ့ သညာဟာ သုခလား ဒုက္ခလားလို့ဆိုတော့ ဒုက္ခပဲ။ မမြဲရင် ဒုက္ခပဲ။ မမြဲတဲ့ ပြောင်းလဲတတ်တဲ့ သဘာဝတရားကို 'ငါ' လို့ပြောလို့ မသင့်တော်ဘူး။ ဒါကြောင့်မို့ 'ငါ'မဟုတ်ဘူး၊ 'ငါ့ဟာ'မဟုတ်ဘူးလို့ဆိုတဲ့ မှန်ကန်တဲ့ အသိဉာဏ်နဲ့ ရှုမှတ်ဆင်ခြင်ရမယ်။ အဲဒီလို ရှုမှတ်ဆင်ခြင်လိုက်တဲ့အခါမှာ သညာ ဆိုတဲ့ မှတ်သိ စိတ်ပေါ်မှာ 'ငါ၊ ငါ့ဟာ' ဆိုတဲ့ အတွေးတွေ မလာလို့ တွယ်တာမှုမရှိတာ့ဘူး။ သာယာဖွယ်ဆိုတာ ရှာမတွေ့ တော့ဘူး၊ ငြီးငွေ့လာတယ်။

သင်္ခါရကို ရှုမြင်ပုံ

ထို့အတူပဲ သင်္ခါရဆိုတာ ကြံတွေးမှုတို့၊ ကြိုးပမ်း အားထုတ်မှုတို့၊ စေ့ဆော်မှုတို့၊ အသိဉာဏ်တို့၊ စိတ်ရဲ့ အခြေအနေတွေ အဲဒီ သင်္ခါရတရားတွေ အပေါ်မှာ လည်းပဲ မိမိရဲ့စိတ်ထဲမှာ ဖြစ်ပေါ်လာတာတွေ ဖြစ်တယ်။ ဖြစ်ပေါ်လာသမျှ အရာတွေဟာလည်းပဲ တစ်ခုမှ မြဲနေတာမရှိသည့်အတွက်ကြောင့် အားလုံး ဟာ အနိစ္စတွေချည်းပဲ။ အဲဒီ အနိစ္စ၊ မမြဲတဲ့အရာ မှန်သမျှဟာ ဒုက္ခပဲ။ ဒုက္ခဖြစ်တဲ့အရာ မှန်သမျှဟာ အတ္တမဟုတ်ဘူး။ ဒါကြောင့်မို့ ငါ, ငါ့ဥစ္စာလို့ မရှုသင့်တဲ့ တရားတွေ။ အဲဒီတော့ မမြဲတဲ့အရာကို ငါ့ဟာ မဟုတ်ဘူး၊ ငါမဟုတ်ဘူးဆိုတဲ့ မှန်ကန်တဲ့ အသိဉာဏ် နဲ့သာ ရှုမှတ်ရမယ်လို့ ဒီလို ရှင်ပုဏ္ဏ က အသေးစိတ် ရှင်းပြတယ်။

ဝိညာဏ်ကို ရှုမြင်ပုံ

အသိစိတ် လို့ဆိုတဲ့ ဝိညာဏ် လေးဟာလဲပဲ စဉ်ဆက်မပြတ် တစ်စိတ်ပြီး တစ်စိတ်၊ တစ်စိတ်ပြီး တစ်စိတ် အင်မတန်မှ လျှင်မြန်တဲ့ နှုန်းထားနဲ့ ပြောင်းရွေ့ပျက်စီးပြီးတော့နေတယ်။ အဲဒီလို လျှင်မြန် တဲ့အဟုန်နဲ့ ဖြစ်ပြီး ပျက်နေတဲ့ အသိစိတ်ကလေး ကိုလည်းပဲ မြဲတာမဟုတ်သည့်အတွက်ကြောင့် အနိစ္စ။ မမြဲသည့်အတွက်ကြောင့် ဒုက္ခ။ ပြောင်းလဲတတ်သည် သဘော ရှိသည့်အတွက်ကြောင့် ငါ့ဟာလို့ မရှုသင့် ဘူးတဲ့။ ဒါကြောင့်မို့ အသိစိတ်ဆိုတဲ့ ဝိညာဏ် ကိုလည်းပဲ ငါမဟုတ်ဘူး၊ ငါ့ဟာမဟုတ်ဘူးဆိုတဲ့ မှန်ကန်တဲ့ အသိဉာဏ်နဲ့ ရှုမြင်ရမယ်လို့ အရှင်ပုဏ္ဏ က ရှင်းပြတယ်။

ရှုမြင်မှု၏အကျိုး

အဲဒီလိုရှုမြင်လိုက်ရင် ဘယ်လိုအကျိုးတွေ ရတုန်း ဆိုတော့ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် လို့ ဆိုတဲ့ ဒီ ခန္ဓာငါးပါးအပေါ်မှာ တဏှာနဲ့ တွယ်တာ သာယာမှုဆိုတာ မလာတော့ဘူး။ ခုနက ပြောခဲ့တဲ့ မှားယွင်းတဲ့ အတွေးတွေ ဝင်မလာနိုင်တော့ဘူး။ ဝင် မလာနိုင်တဲ့အခါ ခန္ဓာအပေါ် ငြီးငွေ့လာတယ်။ ငြီးငွေ့ လာတဲ့အခါ တွယ်တာမှုတွေ ကင်းပြတ်လာတယ်။ တွယ်တာမှု ကင်းပြတ်လာတာနဲ့ တစ်ပြိုင်နက် စိတ် ကလေးဟာ ကိလေသာ အတွယ်အတာတွေ အားလုံး ကနေ လွတ်မြောက်သွားတယ်လို့ ဒီလိုရှင်းပြတာ။

အဲဒီတရားကိုနာရင်း ရှင်အာနန္ဒဟာ သောတာပန် ဖြစ်သွားတယ်။ ၃၇ နှစ်အရွယ်လောက်မှာ သောတာပန် ဖြစ်ပြီးတော့ နောက် အသက် ၅၀ ကျော်တဲ့အရွယ်မှာ မြတ်စွာဘုရားရဲ့ အလုပ်အကျွေး ရာထူးကို ရတယ်။ မြတ်စွာဘုရားရဲ့ အလုပ်အကျွေးဘဝနဲ့ သူဟာ နှစ်ပေါင်း (၂၅)နှစ် မြတ်စွာဘုရားကို အလုပ်အကျွေး ပြုခဲ့တယ်ပေါ့။

အဲဒီလိုအလုပ်အကျွေးပြုတဲ့အချိန်က ရှင်အာနန္ဒ မထေရ်မြတ်ဟာ မြတ်စွာဘုရားဟောသမျှ တရားတွေ ကိုလည်း လေ့လာမှတ်သားတယ်။ မြတ်စွာဘုရားကို ခွင့်တောင်းထားတယ်။ သူမပါတဲ့နေရာမှာ ဟောခဲ့တဲ့ တရားကို သူ့ကို ပြန်ပြီးဟောပေးဖို့။

အေး ရှင်အာနန္ဒ မထေရ်မြတ်ဟာ မြတ်စွာဘုရား ဟောထားတဲ့ ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀)ကို နှုတ်တက် ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဘယ်လောက်ထိအောင် လုံ့လ ဝီရိယ ကောင်းသလဲဆိုရင် မြတ်စွာဘုရားရဲ့ တရားတော်တွေကို နာလည်း နာတယ်၊ မှတ်လည်း မှတ်ထားတယ်၊ နှုတ်ကလည်း ရွတ်ဖတ်သရဇ္ဈာယ် တယ်၊ စိတ်နဲ့လည်း အမြဲမပြတ် နှလုံးသွင်းတယ်၊ အဓိပ္ပာယ်ကိုလည်း ရှင်းရှင်းလင်းလင်းသိအောင် ကြိုးစားတယ်။ ဒါကြောင့် ရှင်အာနန္ဒ မသိတဲ့ တရား ဆိုတာ မရှိသလောက်ပဲ။ စာပေကျမ်းဂန် ပရိယတ် တာဝန်ကို ရှင်အာနန္ဒဟာ စွမ်းစွမ်းတမံ ထမ်းဆောင် ခဲ့တဲ့ ပုဂ္ဂိုလ်မို့ ဗဟုသုတ အရာမှာ ဧတဒဂ်ရာထူးရတဲ့ ပုဂ္ဂိုလ်ပဲ။

သူကိုယ်တိုင်က ပြောထားတယ်။ မြတ်စွာဘုရား ဟောထားတဲ့ ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀) ရှိတယ်။ (၈၂၀၀၀)ကို မြတ်စွာဘုရားထံမှ သင်တယ်တဲ့။ ကျန်တဲ့ ၂၀၀၀ ကို ရှင်သာရိပုတ္တရာ စတဲ့ ရဟန်းတော်တွေ ထံက သင်ယူခဲ့ပါတယ်တဲ့။ အားလုံး သူ နှုတ်တက် ရနေတဲ့ တရားပေါင်းဟာ ၈၄၀၀၀ ရှိပါတယ်လို့ ဒီလို ပြောတာ။

မြတ်စွာဘုရားကို ဝတ်ကြီးဝတ်ငယ်ပြုတဲ့ နေရာမှာ လည်းပဲ လုံ့လဝီရိယ အင်မတန်ကောင်းတယ်။ သာမန် ဘုရားကို ပြုစုတာမဟုတ်ဘူး။ ညအခါမှာ ဆိုလို့ရှိရင် မြတ်စွာဘုရားနဲ့ ဂန္ဓကုဋီကျောင်းတော်ထဲမှာ အတူ မနေဘူး။ သို့သော် ခပ်လှမ်းလှမ်းကျောင်းမှာနေပြီး မြတ်စွာဘုရား သီတင်းသုံးတဲ့ ဂန္ဓကုဋီ ကျောင်းဆောင် ကို တစ်ညလျှင် ကိုးခါလောက် လှည့်ပတ်ပြီး ကြည့် တယ်။ ဘာဖြစ်လို့ ကျောင်းတော်နားသွားပြီး တစ်ည ကိုးခါ လှည့်ကြည့်သလဲဆိုရင် မြတ်စွာဘုရားက အလိုတော်ရှိလို့ အာနန္ဒာ လို့ခေါ်လိုက်ရင် ကြားရ အောင်လို့တဲ့။ မြတ်စွာဘုရားကို အဲဒီလောက် ဂရုစိုက် တဲ့ ပုဂ္ဂိုလ်ပေါ့။

အေး အဲဒီ ရှင်အာနန္ဒ မထေရ်မြတ်ဟာ မြတ်စွာ ဘုရားရဲ့ တာဝန်တွေ၊ ဘုရားကို ပြုစုလုပ်ကျွေးရတဲ့ တာဝန်တွေ၊ တဖန် ဓမ္မတာဝန်လို့ဆိုတဲ့ မြတ်စွာဘုရား ဟောတဲ့ တရားတော်တွေကို ထိန်းသိမ်းစောင့်ရှောက် ရတဲ့တာဝန်တွေ၊ အဲဒီတာဝန်တွေ ဆောင်ရွက်လုပ်ကိုင် နေရသဖြင့် သောတာပန်ဘဝနဲ့ နှစ်ပေါင်း လေးဆယ် ကျော် နေခဲ့တယ်။

တစ်နေ့သောအခါ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး တော့ တရားတောင်းတဲ့ သုတ္တန်လေးတစ်ခုရှိတယ်။ ရှင်အာနန္ဒဟာ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ လျှောက်တယ်။ “အရှင်ဘုရား၊ တပည့်တော်ကို ကမ္မဋ္ဌာန်းတရား အကျဉ်းချုပ် ဟောပေးပါတဲ့။ အဲဒီ ကမ္မဋ္ဌာန်းတရား အကျဉ်းချုပ်ဟောပြီးရင် တပည့်တော် ဟာ တစ်ပါးထဲ လွတ်လွတ်ကင်းကင်း နိဗ္ဗာန်ကို ဦးတည်ချက်ထားပြီး ကြိုးကြိုးစားစား တရားအားထုတ် ပါ့မယ်” လို့ ဘုရားထံ ဝန်ခံပြီးတော့ တရားတောင်း တယ်။

တရားတောင်းတဲ့အခါ မြတ်စွာဘုရားက ရှင်အာနန္ဒ ကိုဟောတဲ့ ဝိပဿနာတရား ရှိတယ်။ တကယ်တော့ ဝိပဿနာတရားဆိုတာ ရှင်းရှင်းလေးပဲ။ “တရားရှာ၊ ကိုယ်မှာတွေ့” ဆိုတဲ့အတိုင်း မိမိတို့သန္တာန် မှာရှိတဲ့ တရားတွေကို ရှုမှတ်ဖို့ပဲ။

အဲဒီမယ် မြတ်စွာဘုရားက မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ ဒွါရ(၆)ပါးနဲ့ဆိုင်တဲ့ တရားတွေကို ရှင်အာနန္ဒအား ဟောပြတယ်။ တစ်ခုချင်း တစ်ခုချင်း ဟောတာ။ ဘုန်းကြီးတို့ အကျဉ်းချုပ် ပြောပါ့မယ်။

စက္ခုဒွါရဆိုင်ရာ ရှုမြင်ပုံ

မျက်စိနှစ်လုံးဖွင့်လိုက်လို့ မြင်စရာအာရုံတွေကို မြင်ပြီ ဆိုပါစို့။ လူတိုင်း လူတိုင်းဟာ မျက်စိဖွင့်ပြီး ကြည့်လိုက်ရင် မြင်စရာ အာရုံတွေကို မြင်ကြတယ်။ အဲဒီလို မြင်စရာအာရုံတွေကို မြင်ပြီးတော့ ဘာတွေ ဆက်သွယ်ဖြစ်သလဲဆိုတာ ကြည့်ရအောင်။ ဒါ ပဋိစ္စသမုပ္ပါဒ်နဲ့ အတူတူပါပဲ။

“မျက်စိနှစ်လုံးဖွင့်ပြီး မြင်စရာ အာရုံတွေကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် မြင်သိစိတ် ပေါ်လာ တယ်။ မြင်သိစိတ်ပေါ်လာလို့ရှိရင် အာရုံနဲ့ ဆက်သွယ် မှု ဆိုတဲ့ ဖဿ ပေါ်လာတယ်။ အဲဒီ ဖဿကို အကြောင်း ပြုပြီးတော့ စိတ်ထဲမှာ ဝမ်းသာမှု၊ ဝမ်းနည်းမှု ဆိုတဲ့ ခံစားမှုတွေ ပါလာတယ်ပေါ့။ ဒါ မိမိကိုယ်မှာ ဖြစ်ပျက် နေတာတွေကို ပြန်ပြီး စဉ်းစားကြည့်၊ မျက်စိက မြင်လိုက်တာနဲ့တစ်ပြိုင်နက် မြင်သိစိတ်၊ ထိုမြင်သိစိတ် ပေါ်လာတာနဲ့ တစ်ပြိုင်နက် အာရုံနဲ့ ဆက်သွယ်မှု၊ အာရုံနဲ့ဆက်သွယ်လိုက်တာနဲ့ တစ်ပြိုင်နက် ဝမ်းသာ တယ်၊ ဝမ်းနည်းတယ်ဆိုတဲ့ ခံစားမှုတွေ၊ ဒါ လူတိုင်း လူတိုင်းမှာ ဒီအတိုင်း လာတယ်ပေါ့။

ကဲ အဲဒီနေရာမှာ ကြည့်လိုက်၊ မျက်စိ ဆိုတာက သဘာဝတစ်ခုပဲ၊ အဲဒီမျက်စိမှာ ထင်ဟပ်ပြီးတော့ ပေါ်လာတဲ့ မြင်လို့ရတဲ့အာရုံ(ရူပါရုံ)ဆိုတာက သဘာဝ တစ်ခု။ “မျက်စိမှာ ရူပါရုံ ထင်ဟပ်လာတဲ့ အခါမှာ ထင်ဟပ်မှု စွမ်းအားကြောင့် ထိုရူပါရုံကိုမြင်ပြီး သိတဲ့ စိတ် ဆိုတဲ့ စက္ခုဝိညာဏ် စိတ်ကလေး ပေါ်လာပြန် တယ်။ အဲဒီ စက္ခုဝိညာဏ်စိတ်ကလေး ပေါ်လာတာနဲ့ တစ်ပြိုင်နက် အာရုံနဲ့စိတ် ထိတွေ့မှုဆိုတဲ့ ဖဿ ဆိုတာ ပေါ်လာတယ်။ အဲဒီ အာရုံနဲ့စိတ် ထိတွေ့မှုဆိုတဲ့ ဖဿ ပေါ်လာတာနဲ့တစ်ပြိုင်နက် ဝမ်းသာတယ်၊ ဝမ်းနည်း တယ် ဆိုတဲ့ ခံစားမှုကလည်း ပေါ်လာတယ်” ပေါ့။ ပဋိစ္စသမုပ္ပါဒ်ကျတော့ ကြည့်လေ။ သဠာယတန ပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ လို့ ဒီလို ဟောထားတာနော်။ သဠာယတန ဆိုတာ ဒီထဲမှာ စက္ခုပသာဒ လို့ဆိုတဲ့ မျက်စိအကြည်ဓာတ်ကလေး၊ အဲဒီမျက်စိ အကြည်ဓာတ်ကလေးရှိလို့ မြင်စရာအာရုံ ကို မြင်တာ၊ အာရုံနဲ့ဆက်သွယ်မိတာ။ ပဋိစ္စသမုပ္ပါဒ်မှာ သဠာယတန ကနေ ဖဿ ကို ချက်ချင်း လှမ်းကူးပြီး တော့ ဟောထားတာ။

အခု ဒီသုတ္တန်မှာ ကြားထဲမှာ နှစ်ခုရှိသေးတယ်။ အဲဒီ စက္ခုပသာဒနဲ့ ဆက်သွယ်မှုရတဲ့ မျက်စိနဲ့ မြင်လို့ ရတဲ့ အဆင်းအာရုံဆိုတာ ရှိသေးတယ်။ အဲဒီမျက်စိနဲ့ မြင်ရတဲ့ အဆင်းအာရုံနဲ့ မျက်စိ ထိတွေ့လိုက်တဲ့ အခါမှာ ပေါ်လာတဲ့ မြင်သိစိတ်ဆိုတာ ရှိသေးတယ်။ အဲဒီမြင်သိစိတ်ဆိုတာ ပေါ်လာမှ ဖဿဆိုတာ ပေါ်လာ တာ၊ အဲဒီ ဖဿ ပေါ်လာတဲ့အခါမှ ဝမ်းသာတယ်၊ ဝမ်းနည်းတယ်ဆိုတဲ့ ခံစားမှုဆိုတာ ပေါ်လာတာ။ အဲဒီတော့ ပေါင်းပြီးကြည့်လိုက်တဲ့အခါ မျက်စေ့ ဆိုတာလေးရယ်၊ မျက်စေ့ထဲမှာ ထင်ဟပ်ပေါ်လာတဲ့ အဆင်းအာရုံလေးရယ်၊ အဲဒီနှစ်ခု ဆုံလိုက်သည့် အတွက်ကြောင့် ပေါ်လာတဲ့ မြင်သိစိတ်ကလေးရယ်၊ ထိုမြင်သိစိတ်ကလေး ပေါ်လာတာနဲ့ တစ်ပြိုင်နက် စိတ်နဲ့အာရုံ ဆက်သွယ်မှုဆိုတဲ့ ဖဿ ရယ်၊ အဲဒီ ဖဿ ပေါ်လာသည့် အတွက်ကြောင့် ခံစားမှုဆိုတဲ့ ဝေဒနာရယ် ပေါ်လာကြတယ်။ ဒါတွေဟာ ဝိပဿနာ အာရုံတွေပဲ။ သတိစွမ်းအား၊ သမာဓိစွမ်းအားတွေ အသုံးချပြီး ကြည့်မယ်ဆိုရင် ဒီပုံစံအတိုင်း ဖြစ်နေ တာနော်။ အမှတ်တမဲ့နေရင်တော့ ဒါတွေသိမှာ မဟုတ် ဘူးပေါ့။

အဲဒီတော့ ကမ္မဋ္ဌာန်းအားထုတ်တယ် ဆိုတဲ့အခါ မှာ မြတ်စွာဘုရားက ရှင်အာနန္ဒကို ရှင်းပြတယ်။ အဲဒီမှာတဲ့ မျက်စေ့ ဆိုတာရှိတယ်၊ အဆင်းအာရုံ ရှိတယ်။ မြင်သိစိတ် ဆိုတာရှိတယ်၊ ပေါ်လာတယ်။ မြင်သိစိတ် ပေါ်လာတာနဲ့ အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿ ပေါ်လာတယ်။ အဲဒီ ဖဿ ပေါ်လာလိုက်တာနဲ့ ခံစားမှုဆိုတဲ့ ဝေဒနာ ပေါ်လာတယ်။ အားလုံး ပေါင်းလိုက်တဲ့အခါ တရား ဘယ်နှစ်မျိုးလဲ၊ ငါးမျိုး။ စက္ခုပသာဒ ဆိုတဲ့ မျက်စေ့ရယ်၊ မြင်စရာ အဆင်း အာရုံရယ်၊ မြင်သိစိတ်ရယ်၊ အာရုံနဲ့ ဆက်သွယ်တဲ့ ဖဿ ရယ်၊ ခံစားတဲ့ဝေဒနာရယ်၊ ဟော ငါးခုရှိတယ်။

ဒီငါးခုစလုံးဟာတဲ့ ခိုင်မြဲနေတဲ့အရာ တစ်ခုမှ မရှိဘူး။ မျက်စေ့ကလည်း ခိုင်မြဲတာ မရှိဘူး။ အဆင်း အာရုံလေးကလည်း ခိုင်မြဲတာ မရှိဘူး။ မြင်သိစိတ် ကလည်း ပေါ်ပြီးတော့ ပျောက်သွားတယ်။ အာရုံနဲ့ ဆက်သွယ်တဲ့ ဖဿ ဆိုတာလဲ ပေါ်ပြီးတော့ ပျောက် သွားတယ်။ ခံစားမှုဆိုတဲ့ ဝေဒနာဟာလဲ ဖြစ်ပြီး ပျောက်သွားတယ်။ ဒါကြောင့်မို့ တစ်ခုမှ မမြဲသည့် အတွက်ကြောင့် အနိစ္စ။

မမြဲဘူးဆိုတဲ့ သဘာဝတရားသည် သုခလား၊ ဒုက္ခ လားလို့ဆိုတော့ ဒုက္ခပဲ။ ဘာဖြစ်လို့တုန်း။ မမြဲမှုက အမြဲတမ်း နှောင့်ယှက်နေလို့ ဒုက္ခတဲ့။ အနှောင့် အယှက်တွေ ရှိနေရင်ဒုက္ခပဲ။ အနှောင့်အယှက်ကင်းမှ သုခ။

အေး အဲဒီလို ဒုက္ခဖြစ်နေတဲ့ အရာတစ်ခုကို ငါလို့၊ ငါ့ဟာလို့၊ ငါ့ရဲ့အတ္တလို့ တွေးထင်စရာ ဘယ်ရှိမလဲ။ ဒုက္ခကို ဘယ်လိုလုပ်ပြီးတော့ ငါ့ဟာလို့ ပြောလို့ရမလဲ။ ငါ့ရဲ့အတ္တလို့ ပြောလို့မရဘူး။

မြင်တဲ့အာရုံနဲ့ ပတ်သက်ပြီးတော့၊ မြင်စရာနဲ့ ပတ်သက်ပြီးတော့ ဟောဒီတရားငါးမျိုးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့မြင်အောင် ကြိုးစားရမယ်လို့ မြတ်စွာဘုရား က ရှင်အာနန္ဒကို ဟောတာ။

အဲဒီတော့ တရားချစ်ခင်သူတော်စင် ပရိသတ် အပေါင်းတို့ ဝိပဿနာတရားကို ကျင့်တဲ့အခါ ရှုမှတ် စရာ အာရုံတွေက ဘာတွေလဲလို့ မေးလို့ရှိရင် ဟော စက္ခုပသာဒလို့ဆိုတဲ့ မျက်စိအကြည်ကလည်း ရှုမှတ် စရာပဲ။ အဲဒီ မျက်စေ့အကြည်မှာပေါ်လာတဲ့ ရူပါရုံ ကလဲ ရှုမှတ်စရာပဲ။ ရူပါရုံနဲ့ စက္ခုပသာဒတို့ ဆုံမိသည့် အတွက်ကြောင့် မြင်တယ်လို့ သိတဲ့စိတ်ကလည်း ရှုမှတ်စရာပဲ။ အဲဒီစိတ် ပေါ်လာတာနဲ့ တစ်ပြိုင်နက် အာရုံနဲ့စိတ်ဆက်သွယ်မှုဆိုတဲ့ ထိခိုက်မှု ဖဿ ကလည်း ရှုမှတ်စရာပဲ။ အဲဒီ ဖဿ ကို အကြောင်းပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ ခံစားမှုဆိုတာကလည်း ရှုမှတ်စရာပဲ။ အဲဒီတော့ ဝိပဿနာဉာဏ်နဲ့ ရှုရမယ်ဆိုတာ ဒီတရား တွေကို ရှုရမှာ။

ပထမ ရှုတော့ ဘယ်လို ရှုမလဲဆိုရင် သဘာဝ လက္ခဏာ အရင်ရှုရတယ်။ အနိစ္စ၊ ဒုက္ခကို အရင် ရှုရတာ မဟုတ်ဘူး။ သဘာဝလက္ခဏာကို ရှုရတာ။ သဘာဝလက္ခဏာ ဆိုတာ စက္ခုပသာဒကို ရှုရင် မျက်စေ့ရဲ့ အကြည်ဓာတ်သဘောကိုမြင်အောင် ရှုရ မယ်။ မျက်စေ့ရဲ့ အကြည်သဘောကို မြင်လာတော့ အဲဒီအကြည်သဘောမှာထင်လာတဲ့ မျက်စေ့နဲ့ မြင်လို့ ရတဲ့ ရူပါရုံရဲ့ သဘောကို ကြည့်ရမယ်၊ မြင်ရမယ်။ အဲဒီမျက်စေ့အကြည်နဲ့ အဆင်းအာရုံနဲ့ ဆုံလိုက်တဲ့ အခါမှာ ပေါ်ပေါ်လာတဲ့ မြင်သိစိတ်ကလေးကို မြင်အောင်ကြည့်ရမယ်။ အဲဒီလို ပေါ်လာပြီးတဲ့နောက်မှာ ဆက်သွယ်မှုဆိုတဲ့ ဖဿ သဘော ထင်ဟပ် ပေါ်လာတယ်။

ဖဿ ဆိုတဲ့နေရာမှာ ရုပ်အချင်းချင်း ထိခိုက်တဲ့ ဖဿ က အင်မတန် သိသာတယ်။ နာမ်ချင်း ထိခိုက်တဲ့ ဖဿ က မသိသာဘူး။ သို့သော် ဖဿ ရဲ့ သဘောဟာ စဉ်းစားကြည့်နော်။ ဘယ်လို ထင်ဟပ်လာတုန်းဆိုရင် ရုပ်ခန္ဓာကိုယ်ကို လာထိတာ မဟုတ်ဘူး။ မထိပေမယ့် လို့ ဖဿ ရဲ့ သဘောဟာ ဘယ်လိုပေါ်လာတုန်းဆိုရင် လူတစ်ယောက် ဇီးဖြူသီး၊ သံပုရာသီး စားနေတာ မြင်မယ်ဆိုရင် ကျန်တဲ့လူတစ်ယောက်မှာ ဘယ်လို ခံစားရလဲ၊ သွားရည်ကျလာတယ်နော်။ အဲဒါ ဘာမှ မထိဘဲနဲ့ ခံစားရတယ်မို့လား။ အေး ဖဿ ရဲ့ သဘော က အဲဒီအတိုင်းပဲ။ ကြောက်တတ်တဲ့ လူတစ်ယောက် က ဟိုး အိမ်ခေါင်မိုးပေါ်တက်ပြီး မတ်တပ်ရပ်နေတဲ့ လူကိုကြည့်ပြီး အောက်ကနေ ဒူးတုန်နေတယ်။ အဲဒါ မျိုးက ဖဿ ရဲ့ ထိခိုက်မှုလို့ခေါ်တယ်။ အေး မြင်သိစိတ် ပေါ်လာပြီးတဲ့နောက်မှာ အဲဒီလို ဆက်သွယ်မှု ဆိုတဲ့ သဘောတရားတွေဟာ ပေါ်လာ တတ်တယ်တဲ့။ ပေါ်လာပြီးတဲ့နောက်မှာ ဝမ်းသာမှု၊ ဝမ်းနည်းမှု ဆိုတဲ့ ခံစားမှုတွေ ပေါ်လာတယ်။ အဲဒီ သဘာဝတရား ကို ရှုမှတ်တာ၊ သဘာဝလက္ခဏာကို ရှေးဦးစွာ အရင် တွေ့အောင်ကြည့်၊ ကြည့်ပြီးတဲ့အခါကျတော့ စက္ခု ပသာဒ ဆိုတာလည်းမမြဲဘူး။ စက္ခုပသာဒမှာ ထင်ဟပ် လာတဲ့ ရူပါရုံ ဆိုတာကလည်း မမြဲဘူး။ မြင်သိ စိတ်ကလည်း အလွန်တိုတောင်းတဲ့ အချိန်လေးမှာ ပျက်သွားတယ်။ ဆက်သွယ်မှုဆိုတဲ့ ဖဿ ကလည်း အလွန်တိုတောင်းတဲ့ အချိန်အတွင်းမှာ ပျက်သွားတယ်။ ခံစားမှု ဆိုတာကလည်း အလွန်တိုတောင်းတဲ့ အချိန် အတွင်းမှာ ပျက်သွားတယ်ဆိုတဲ့ မမြဲတဲ့ အနိစ္စ သဘောတရား။ ပေါ်လာပြီးနောက် လုံးဝပျောက်ကွယ် သွားတယ်ဆိုတဲ့ အနိစ္စ သဘောတရားတွေကို မြင်လာ တာ။ အဲဒါ သာမညလက္ခဏာ (အများဆိုင်တဲ့ လက္ခဏာ) ကို ရှုမြင်တယ်လို့ ဒီလိုပြောတာနော်။ အဲဒီလို မြတ်စွာဘုရားက အမြင်အာရုံနဲ့ ပတ်သက် ပြီးတော့ ဒီတရား(၆)မျိုးကို ရှုမှတ်ဖို့ ရှင်အာနန္ဒ ကို ဟောတယ်။

သောတဒွါရဆိုင်ရာ ရှုမြင်ပုံ

ထို့အတူပဲ အကြားအာရုံနဲ့ ပတ်သက်တာက လည်း(၆)မျိုးပဲ။ အသံက နားထဲမှာ ဝင်လာတယ်။ နားထဲမှာ အသံကို ကြားလိုက်ရတယ်။ ကြားလိုက်ရတဲ့ အခါမှာ ကြားသိစိတ် ပေါ်လာတယ်။ ကြားသိစိတ် ပေါ်လာတော့ အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿ ပေါ်လာတယ်။ ပေါ်လာတာအခါ ခံစားမှုဆိုတဲ့ ဝေဒနာ ပေါ်လာတယ်။ (၅)ခုပဲ။ နားရယ်၊ အသံရယ်၊ ကြားသိစိတ်ရယ်၊ ဖဿရယ်၊ ဝေဒနာရယ် ဟော ဒီအတိုင်းပဲလာတယ်။ လူတိုင်းရဲ့ လူ့သဘာဝဟာ ဒီအတိုင်းပဲလေ။ ဘာလေး ကြားလိုက် ကြားလိုက် ဒီအတိုင်းပဲ။ တရားထိုင်နေရင်း နားက အသံတစ်ခုခု ကြားလိုက်မယ်။ ကြားလိုက်ရင် ဒီပုံစံအတိုင်းလာမှာပဲ။ ဒါ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်။ အာရုံစိုက်ပြီးတော့ကြည့်လေ။ နားထဲမှာ ဘာသံလေးပဲ ကြားလိုက်ကြားလိုက်။ ကြား လိုက်တာနဲ့ တစ်ပြိုင်နက် ကြားသိစိတ်ကလေးဟာ ဘွားကနဲ ပေါ်လာပြီး ပျောက်သွားတာပဲ။ အဲဒါ အာရုံ လေးနဲ့ ဆက်သွယ်မှုဆိုတာလည်း ပေါ်လာတာပဲ။ ခံစားမှု ဆိုတာလည်း ပေါ်လာတာပဲ။ ကြားတဲ့အသံ ဟာ သာယာဖွယ်ဆိုရင် ဝမ်းသာတယ်၊ မသာယာ ဘူးဆိုရင် ဝမ်းနည်းတယ်ဆိုတာ ပေါ်လာတယ်။ ကြား ချင်တဲ့ အသံဆိုရင် စိတ်ထဲမှာ သဘောကျသွားတယ်။ မကြားချင်တဲ့အသံ ဆိုလို့ရှိရင် စိတ်ထဲက သဘော မကျဘူး။ ဒီလိုဖြစ်သွားတယ်။

အဲတော့ အဲဒီ သဘာဝတရားတွေ အားလုံးဟာ မမြဲတဲ့ သဘာဝတရားတွေ။ မမြဲသည့်အတွက်ကြောင့် ဒုက္ခဖြစ်တဲ့ သဘာဝတရားတွေ။ ဒုက္ခဖြစ်သည့်အတွက် ကြောင့် အတ္တမဟုတ်တဲ့ သဘာဝတရားတွေကို 'ငါ၊ ငါ့ဟာ' လို့မရှုရဘူးတဲ့။ 'ငါ၊ ငါ့ဟာ' မဟုတ်ဘူးလို့ ရှုမြင်ရမယ်လို့ ဆိုတာနော်။ ဒါ ရှင်အာနန္ဒကို မြတ်စွာဘုရားကနေပြီးတော့ ဝိပဿနာ ကမ္မဋ္ဌာန်း တရားကို ဟောပေးတာ။

ဃာနဒွါရဆိုင်ရာ ရှုမြင်ပုံ

ထို့အတူပဲ နှာခေါင်းကနေ အနံ့ကလေး ရလိုက်ပြီ။ မီးဖိုချောင်က ဟင်းချက်လို့ပေါ့နော်။ နှာခေါင်းက အနံ့ ကလေးရလိုက်ပြီ၊ ငါးကြော်နံ့ရတာနဲ့ ငရုတ်သီးကြော်နံ့ ရတာနဲ့ မတူလောက်ဘူးနော်။ ဟုတ်လား။ ကြက်သား ကြော်အနံ့ ရတာတို့၊ ချဉ်ပေါင်ဟင်းအနံ့ ရတာတို့။ အဲဒီလို အနံ့တစ်ခု ရလိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် ခုနက စဉ်ဆက်မပြတ် ဖြစ်လာတာ။ အနံ့ရယ်၊ နှာခေါင်း ရယ်၊ နံသိစိတ်ကလေးရယ်။ ဆက်သွယ်မှုဆိုတဲ့ ဖဿ လေးရယ်။ ဆက်သွယ်မှုကို အကြောင်းပြုပြီး ခံစားမှု ဆိုတာလေးရယ်၊ ဩော် ဒီ ငါးမျိုးလာတာပဲ။ အဲဒီ ငါးမျိုး လုံးဟာ တစ်ခုမှမြဲတာမဟုတ်ဘူး၊ အခိုက် အတန့်လေး မှာ ပျက်စီး ပျက်စီးသွားသည့်အတွက်ကြောင့် အနိစ္စပဲ။ အနိစ္စဖြစ်လို့ ဒုက္ခပဲ၊ ဒုက္ခ ဖြစ်သည့်အတွက်ကြောင့် အနတ္တပဲ။ အဲဒီ အနတ္တ ဖြစ်နေတဲ့ အရာတစ်ခုကို မှန်ကန်တဲ့အမြင်နဲ့ ကြည့်မယ်ဆိုရင် ငါလည်း မဟုတ် ဘူး၊ ငါ့ဥစ္စာလည်း မဟုတ်ဘူးလို့ ဒီလိုပဲ ကြည့်ရတော့ မှာပဲ။ သဘာဝအတိုင်း ဖြစ်နေတာ။

ဒါ လောကလူတွေဟာ ဘယ်အချိန်ချိန်ဖြစ်ဖြစ် တွေ့နေတာပဲ။ မျက်စိနှစ်လုံး ဖွင့်လိုက်ရင် ခုနက သဘာဝတရားတွေပေါ်မလာဘူးလား။ နားစွင့်လိုက်လို့ ရှိရင်လဲ ခုနက သဘာဝတရားတွေ ပေါ်လာမှာပဲ။ နှာခေါင်းထဲက အနံ့ရလိုက်လို့ရှိရင်လဲ ခုနက သဘာဝ တရားငါးခု ပေါ်လာတာပဲ။

ဇိဝှါဒွါရဆိုင်ရာ ရှုမြင်ပုံ

အေး ထို့အတူပဲ မနက်စာစားမယ်။ နေ့လည်စာ စားမယ်၊ စားပြီဆိုပါစို့။ စားလို့ရှိရင်လည်း လျှာရယ်၊ အရသာရယ်၊ လျှက်သိစိတ်ရယ်၊ ထိတွေ့မှု ဖဿရယ်၊ ခံစားမှုဝေဒနာရယ် လာတာပဲ။ ဒါလည်းလာတယ်။ အေး၊ အဲဒီလိုလာသမျှ သဘာဝတွေကို သိအောင် ကြိုးစားပြီးတော့ မမြဲတဲ့သဘောတွေကို မြင်လာအောင် ကြည့်ရမယ်။ မမြဲဘူးဆိုတာနဲ့ ဆင်းရဲမှုဆိုတာလည်း သိလာတယ်။ ဆင်းရဲမှုဆိုတာ သိလာတာနဲ့တပြိုင်နက် အတ္တမဟုတ်ဘူးဆိုတာလည်း သိလာတယ်။ မှန်ကန်တဲ့ အမြင်နဲ့ ရှုမှတ်ရမယ်လို့ ဒီလိုဆိုလိုတာ။ ဒီ သဘာဝ တရားတွေဟာ ငါလို့ ပြောစရာလည်း တစ်ခုမှမရှိဘူး၊ ငါ့ဥစ္စာလို့ ပြောစရာလည်း တစ်ခုမှမရှိဘူး။ အခိုက် အတန့် အကြောင်းကြောင့် ပေါ်လာပြီး သူ့ဟာသူ ပျက် သွားတာ။ ဘာကို ငါလို့ ပြောဦးမလဲ။ ပြောလို့မရဘူး ဟုတ်ကဲ့လား။

ကာယဒွါရဆိုင်ရာ ရှုမြင်ပုံ

အေး ထို့အတူပဲ ခန္ဓာကိုယ်နဲ့ တစ်စုံတစ်ခု လာပြီး ထိတယ် ဆိုပါစို့။ ထိတဲ့အခါမှာလည်းပဲ ဒီ သဘာဝ ငါးမျိုး ပေါ်လာတာပဲ။ ကာယပသာဒ ဆိုတာ ရှိတယ်။ ဖောဋ္ဌဗ္ဗာရုံ ဆိုတာ ရှိတယ်။ အပူနဲ့ထိရင် ပူတယ်။ အအေးနဲ့ထိရင် အေးတယ်။ အခုလို အိုက်တဲ့ နွေရာသီ ကြီးဆိုရင် ဟုတ်လား၊ ယပ်တောင်ခပ်လိုက်လို့ရှိရင် လေအေးလေးက ခန္ဓာကိုယ်ကိုလာမထိဘူးလား။ အေး၊ ထိတဲ့ အချိန်လေးမှာကြည့်၊ လေလေးက ဖောဋ္ဌဗ္ဗာရုံ။ ခန္ဓာကိုယ်ကြီးက ကာယပသာဒ။ ဟော ထိလိုက်တဲ့ အခါမှာ ထိသိစိတ်ကလေး၊ ဩော် အေးတယ်ဆိုတာ လေး ထိသိစိတ်ကလေး ပေါ်လာတယ်။ ပေါ်လာပြီးတဲ့ နောက်မှာ လေလေးနဲ့စိတ်နဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿ လေး ပေါ်လာတယ်။ အဲဒီ ဖဿလေး ပေါ်လာတဲ့ အခါ ခံစားမှု ဆိုတာလေး လိုက်လာတယ်။ မီးနား ကပ်လို့ ပူရင်လည်းပဲ ဒီအတိုင်းပဲ။ ရေချိုးတဲ့အခါမှာ လည်း ဒီအတိုင်းပဲ။ ဝိပဿနာရှုလို့ မရဘူးလား။ အေး အိုက်လွန်းလို့ ရေချိုးပြီဆိုရင် ရေအေးအေးလေး ချိုးလိုက်လို့ရှိရင် လူက သဘောမကျဘူးလား။ သဘော ကျသွားတာလဲ အဲဒီသဘောပဲ။ ခန္ဓာကိုယ်ရယ်၊ ဖောဋ္ဌဗ္ဗာရုံရယ်၊ ထိသိစိတ်ကလေးရယ်၊ အဲဒီနောက်မှာ ဖဿရယ်၊ ဝေဒနာရယ်။ ဒါပဲလာတာပဲ။ အဲဒီတော့ ဘယ်နေရာပဲဖြစ်ဖြစ် ဝိပဿနာရှုမှတ်လို့ ရတာချည်းပဲ။ အမှတ်တမဲ့ မနေရဘူးတဲ့။ အပ္ပမာဒ ဆိုတဲ့ သတိ တရားနဲ့ ထာဝရသတိရှိနေမယ်၊ သတိကပ်နေမယ် ဆိုလို့ရှိရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ဝိပဿနာအာရုံ တွေက ပေါ်နေတာတဲ့။ မပေါ်တာက အသိဉာဏ်နဲ့ သတိမပေါ်တာ၊ ဟုတ်ကဲ့လား။ အဲဒီ သတိနဲ့ ဉာဏ် မပေါ်တာကိုပေါ်အောင် ကြိုးစား အားထုတ်နေခြင်း သည်ပင်လျှင် တရားအားထုတ်တယ် လို့ ပြောတာ။ အဲဒီတော့ တရားအားထုတ်တယ်ဆိုတာ ငုတ်တုတ်ကြီး ထိုင်နေမှ တရားအားထုတ်တာ မဟုတ်ဘူး။ ဘယ် နေရာမှာပဲဖြစ်ဖြစ် လမ်းလျှောက်ရင်းလည်း တွေးလို့ ရတယ်။ ဒီသဘာဝတရားတွေ မြင်တိုင်းမြင်တိုင်း ဩော် ဒီအတိုင်းဖြစ်နေပါလားဆိုတဲ့ အမြင်မျိုးကိုမြင်ပြီးတော့ ဒီသဘာဝတရားတွေဟာ တစ်ခုမှ မြဲတာမရှိဘူးလို့ ဒီလိုရှုမှတ်ရမယ်။

မနောဒွါရဆိုင်ရာ ရှုမြင်ပုံ

အေး တစ်ခါတစ်ရံကျတော့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်လို့ဆိုတဲ့ ပသာဒရုပ်တွေ မပါဘူး။ မပါဘဲနဲ့ သက်သက်စိတ်ကနေ တွေးကြံပြီးတော့ ကြည့်တာ လည်းရှိတယ်။ ဆိုပါစို့ မနေ့ကဖြစ်ခဲ့တဲ့ အကြောင်း အရာ၊ နက်ဖြန်ခါဖြစ်မယ့် အကြောင်းအရာတွေကို တွေးကြည့်လို့ မရဘူးလား။ အဲဒီလိုတွေးပြီးတော့ ကြည့် လိုက်တဲ့အခါကျတော့ ဘာဖြစ်တုန်းဆိုတော့ 'မန' နဲ့ 'ဓမ္မ' (စိတ်ဆိုတဲ့အခြေခံတရားနဲ့ စိတ်နဲ့ အာရုံပြုရတဲ့ 'ဓမ္မ' အာရုံ) ဆုံစည်းမှု ဖြစ်လာတယ်။ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံမှတစ်ပါး ကျန်တဲ့အာရုံတွေ အားလုံးကို 'ဓမ္မ' လို့ ခေါ်တာနော်။ စိတ်နဲ့သိရတဲ့ အဲဒီအာရုံတွေဟာ စိတ်ထဲမှာပေါ်လာတယ်။ ဆိုပါစို့။ စိတ်ကူးစိတ်သန်းတွေပေါ်လာတယ်။ အဲဒီမယ် 'မန' လို့ဆိုတဲ့ ဘဝင်စိတ်ရှိတယ်။ အဲဒီ ဘဝင်စိတ်ကို ထိခိုက် ပြီး ပေါ်လာတဲ့ အတွေးအာရုံတွေ ရှိတယ်။ အဲဒီ အတွေးအာရုံတွေကိုသိတဲ့ မနောဝိညာဏ်စိတ် (တွေး သိစိတ်)ဆိုတာ ပေါ်လာတယ်။ အဲဒီ တွေးသိစိတ်နဲ့ တစ်ပါတည်း အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ 'ဖဿ'၊ 'ဝေဒနာ' ဆိုတဲ့ ခံစားမှုတွေ ဖြစ်ပေါ်လာကြတယ်။ လူတွေဟာ တွေးပြီးတော့လည်း ဝမ်းသာတာ ရှိတယ် လေ။ တစ်ချို့က ကောင်းတာလေး တွေးရရင် တစ် ယောက်တည်း ပြုံးနေတာ ရှိသေးတယ်။ မရသေးခင် က ပြုံးနေတာ ဟုတ်ရဲ့လား။ မကောင်းတာတွေတွေးပြီး တော့လည်း မဲ့နေတာတွေ ရှိသေးတယ်လေ။ အေး အဲဒါကျတော့ကြည့်။ 'မနောဝိညာဏ်' ဆိုတဲ့စိတ် ဖြစ်တာတွေပေါ့။

ရှင်အာနန္ဒ မထေရ်မြတ် တရားအားထုတ်ချင်ပါ တယ်ဆိုလို့ မြတ်စွာဘုရားက မျက် စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် လို့ဆိုတဲ့ ဒွါရ (၆)ပါးမှာ ထင်ရှားဖြစ်ပေါ် လာတဲ့ အာရုံ (၆)ပါး။ ထို အာရုံ (၆)ပါးနဲ့ ဆက်သွယ် ပြီး ဖြစ်လာတဲ့ စိတ် (၆)မျိုး၊ ထိုစိတ် (၆)မျိုးနဲ့ အတူ တကွ ပေါ်လာတဲ့ ဖဿ (၆)မျိုး။ ဖဿ (၆)မျိုးနဲ့ အတူ တကွပေါ်လာတဲ့ ဝေဒနာ (၆)မျိုး၊ အဲဒါတွေကို ရှုမှတ် ပွားများပါလို့ မြတ်စွာဘုရားက ဟောတာ။

ဝိပဿနာဉာဏ်ဖြစ်ပုံ

အဲဒီလို ရှုမှတ်ပွားများလိုက်တဲ့အခါမှာ ဒီတရား တွေမှာ 'ငါ' လို့ တွယ်တာစရာလည်း တစ်ခုမှမရှိဘူး။ 'ငါ့ဟာ'လို့ တွယ်တာစရာလည်း တစ်ခုမှမရှိဘူး။ အဲဒီလို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီထဲမှာ စွဲလမ်းစရာ တစ်ခုမှ မရှိသည့်အတွက်ကြောင့် ဒီ သဘာဝတရား တွေအပေါ် စိတ်ပျက်ငြီးငွေ့မှု ဖြစ်လာတယ်တဲ့။ ဝိပဿနာဉာဏ် မြင်လာတဲ့အခါမှာ စိတ်ပျက်ငြီးငွေ့ တယ်ဆိုတာ တွယ်တာစရာ လုံးဝမရှိဘူး။ တွယ်တာ စရာ မရှိသည့်အတွက်ကြောင့် တွယ်တာမှုတွေဟာ ကင်းပြတ်သွားတယ်။ ကင်းပြတ်သွားတာနဲ့ တစ်ပြိုင် နက် ကိလေသာဆိုတဲ့ အညစ်အကြေးတွေက လုံးဝ လွတ်သွားတယ်။ အဲဒီကျတော့ ဒါ လွတ်မြောက်တဲ့စိတ်လို့ ခေါ်တယ်နော်။ တွယ်တာမှုတွေကနေ လုံးဝ လွတ်မြောက်သွားတယ်။

မဂ်ဖိုလ်ရပုံ

အဲဒီလို လွတ်မြောက်သွားတာနဲ့ နောက်ဆုံးမှာ မဂ်အဆင့်အဆင့်၊ ဖိုလ်အဆင့်ဆင့် ရပြီးတော့ ကိလေသာ အာသဝေါတွေ လွတ်မြောက်သွားတယ်။ ဘယ်တော့မှ မတွယ်လာတော့ဘူး။ 'တဏှာ' ဆိုတာ မလာတော့ဘူး။ 'ဒိဋ္ဌိ' ဆိုတာ မလာတော့ဘူး။ 'မာန' ဆိုတာ မလာတော့ဘူး။ ဘယ်ကိလေသာမှ မလာ တော့လို့ရှိရင် စိတ်ဟာ လုံးဝ လွတ်မြောက်သွားတဲ့ ဝိမုတ္တစိတ် ဖြစ်သွားတယ်။

အဲဒီလို လုံးဝလွတ်မြောက်သွားတဲ့ စိတ်ကလေးကို ရလိုက်တာနဲ့တစ်ပြိုင်နက် အဲဒီပုဂ္ဂိုလ်ဟာ သူ့ကိုယ်သူ ရှင်းရှင်းကြီး မြင်လာတယ်တဲ့။ ဘယ်လို မြင်တုန်းဆိုရင် “နောက်ထပ် ငါဖြစ်စရာဆိုတာ ဘာမှမရှိတော့ဘူး။ နောက်ထပ် ငါ မဖြစ်တော့ဘူး။ လုပ်စရာရှိတာတွေ ငါလုပ်ပြီးပြီ။ မြတ်သောအကျင့်ကို ပြည့်ပြည့်ဝဝ ကျင့်ပြီးပြီ။ နောက်ထပ်ကျင့်စရာ ကုန်ပြီ၊ လမ်းဆုံးပြီ”။ ဆိုပါစို့။ ခရီးသွားတဲ့လူတစ်ယောက်ဟာ ခရီးလမ်းဆုံး ရောက်သွားလို့ရှိရင် အေး နောက်ထပ်သွားစရာ မရှိဘူး လို့ သိတယ်မို့လား။ ဩော် ဒါလမ်းဆုံးပြီလို့ သိသလိုပဲ တရားဓမ္မကျင့်တဲ့ ပုဂ္ဂိုလ်ဟာလည်းပဲ ဒါလမ်းဆုံးပြီလို့ ဆိုတာ သိတာပဲ။

လွတ်မြောက်ပြီး ထိုစိတ်ကလေးရဲ့ အဆုံးစွန်ကို ရောက်သွားတဲ့အခါမှာ ဒါလမ်းဆုံးပြီလို့ သူ့ကိုယ်သူ ဆင်ခြင်သိနိုင်တယ်လို့ မြတ်စွာဘုရားက ရှင်အာနန္ဒ အတွက် ဒီ ဝိပဿနာကျင့်စဉ်ကို ဟောလိုက်တယ်။

သို့သော် ရှင်အာနန္ဒ မထေရ်မြတ်ဟာ ဘုရား သက်တော်ထင်ရှားရှိတဲ့အချိန်မှာ တရားထူး တရားမြတ် မရဘူး။ ကျင့်တော့ ကျင့်မယ်ပေါ့။ နောက်ဆုံးမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသွားတယ်။ မြတ်စွာဘုရားရဲ့ ဝေယျာဝစ္စ ကိစ္စတွေ၊ ပရိယတ္တိဓမ္မရဲ့ တာဝန်တွေနဲ့ ရှင်အာနန္ဒမထေရ်မြတ်ဟာ တရားအားထုတ်ခွင့် မရ ဘူး။ မရတော့ ဘုရား ပရိနိဗ္ဗာန်စံခါနီးမှာ ဝမ်းနည်း တယ်။ ဝမ်းနည်းစကား ဘုရားကို လျှောက်တယ်၊ ဘုရားကလည်း ပရိနိဗ္ဗာန်စံတော့မယ်။ ညောင်စောင်း ပေါ်မှာ လဲလျောင်းနေပြီ။ ငါလည်း သောတာပန်ပဲ ရှိသေးတယ်။ ရဟန္တာ မဖြစ်သေးဘူး။ စိတ်ထဲမှာ ဝမ်းနည်းလာတယ်။ ဝမ်းနည်းလာပြီးတော့ ငိုတယ်တဲ့။ (ခုခေတ်တော့ တရားမရလို့ ငိုတဲ့သူ သိပ်မရှိဘူး ထင်ပါရဲ့ ကြည့်ရတာနော်။)

ရှင်အာနန္ဒက အဲဒါ ဝမ်းနည်းပြီးတော့ ငိုတော့ မြတ်စွာဘုရားက “အာနန္ဒာ ဘယ်သွားလဲ” လို့ မေးတယ်။ အဲဒီမှာ ငိုနေတယ်၊ ငိုနေတော့ ခေါ်ပြီး “ဘာဖြစ်လို့တုန်း” မေးတယ်။ “မြတ်စွာဘုရားလည်း ပရိနိဗ္ဗာန် စံတော့မယ်။ သူ့မှာလည်းပဲ တရားထူး တရား မြတ်က မရသေးဘူး။ အဲဒါ တွေးပြီး စိတ်ထဲမှာ ဝမ်းနည်းပါတယ်” ဆိုတော့ မြတ်စွာဘုရားက နှစ်သိမ့် စကား မိန့်ကြားတယ်။ “အာနန္ဒာတဲ့၊ မင်းမှာ ပါရမီတွေ အများကြီး ရှိပါတယ်တဲ့။ တရားအားထုတ်ပါတဲ့။ ကြိုးစားပြီးတော့ တရားအားထုတ်လို့ရှိရင် မင်း မကြာခင်ပဲ ရဟန္တာဖြစ်မှာပါ” လို့။

အဲဒါနဲ့ ရှင်အာနန္ဒ မထေရ်မြတ်ဟာ ဘုရား ပရိနိဗ္ဗာန်စံသွားပြီး သုံးလကြာတဲ့အခါ မြတ်စွာဘုရား ဟောတဲ့ တရားတွေကို စုစုစည်းစည်းနဲ့ တရားတော် တွေ အကုန်လုံး စစ်ဆေးမေးမြန်းမယ့်၊ အားလုံး တိုက်ဆိုင်ညှိနှိုင်းမယ့် ပထမသံဂါယနာတင်ဖို့ အစီ အစဉ် လုပ်ကြတယ်။ ရှင်အာနန္ဒ က သောတာပန်ပဲ ရှိသေးတယ်။ ရွေးချယ်ထားတဲ့ပုဂ္ဂိုလ်တွေက ရဟန္တာ ချည်း (၅၀၀) ရွေးထားတယ်။ အဲဒီ (၅၀၀)ထဲမှာ ရဟန္တာ မဖြစ်သေးတဲ့ ရှင်အာနန္ဒတစ်ပါး ပါနေတယ်။ အဲဒီအချိန်မှာ “ကျန်တဲ့ ပုဂ္ဂိုလ်တွေက ရဟန္တာတွေ၊ ဒိတ်ဒိတ်ကြဲတွေ၊ ငါတစ်ပါးတည်းကနေ သောတာပန် ဆိုရင် မဖြစ်သေးဘူး” ဆိုပြီး ရှင်အာနန္ဒဟာ ညလုံး ပေါက် တရားအားထုတ်တယ်။

ရှင်အာနန္ဒက မနက်ဖြန် သံဂါယနာတင်တော့မယ် ဆို ဒီနေ့လိုည ညလုံးပေါက် တရားအားထုတ်တယ်။ ညသန်းခေါင်ကျော်သည်အထိအောင် စင်္ကြန် သွား လိုက်၊ ထိုင်လိုက်၊ စင်္ကြန်သွားလိုက်၊ ထိုင်လိုက်နဲ့ မြတ်စွာ ဘုရား ပေးထားတဲ့ နည်းလမ်းအတိုင်း ဝိပဿနာ ကျင့်စဉ်ကိုကျင့်တာ တရားထူး တရားမြတ်က မရဘူး ဖြစ်နေတယ်။ သိပ် ရချင်လွန်းအားကြီးရင်လည်း မရ တတ်ဘူးတဲ့။

စာတတ်လို့ စဉ်းစားတတ်

အဲဒီတော့ သူ့ဟာသူ စဉ်းစားတယ်။ သူက မြတ်စွာဘုရားဟောထားတဲ့တရားတွေ အများကြီးသိတဲ့ ပုဂ္ဂိုလ်ဆိုတော့ စဉ်းစားတတ်တာပေါ့။ တစ်ချို့က ပြောတယ်။ စာတတ်လို့ရှိရင် စာခံနေလို့ တရားထူး တရားမြတ် မရဘူးလို့ပြောတယ်။ ရှင်အာနန္ဒလောက် စာတတ်တဲ့ပုဂ္ဂိုလ်ရှိဦးမလား။ မရှိဘူး။ စာတတ်လို့ရှိရင် စဉ်းစားတတ်တယ်ပေါ့။ စာက မခံပါဘူး။ ရှင်အာနန္ဒက စဉ်းစားလိုက်တယ်။ “ငါ ဘာလို့ တရားထူး တရားမြတ် မရတာတုန်း“လို့။ သန်းခေါင်ကျော်သွားပြီ၊ မနက်လင်းဖို့လည်း နီးလာပြီ။ ဩော် ငါ့စိတ်တွေ ပြင်းထန်နေပြီး ဝီရိယတွေ လွန်ကဲနေတယ်၊ သမာဓိက လျော့နည်း နေတယ်။ လူတွေဟာ စိတ်အားတွေ တအား မြင့်နေ လို့ရှိရင်လည်း ချိန်သားမကိုက်ဘူး။ လျှပ်စစ်မီးလိုပဲ။ သိပ်မြင့်သွားလို့ Over ဖြစ်လို့ရှိရင်လည်း ပျက်သွား တတ်တယ်။ ဟုတ်ကဲ့လား။ သိပ်လျှော့နေလို့ ရှိရင် လည်း မလင်းတတ်ဘူးပေါ့။ အဲဒီအတိုင်းပဲ။ စိတ်က ချိန်သားကိုက်မှ၊ အဲဒါကို ရှင်အာနန္ဒက သိတယ်။ ဝီရိယတွေ သိပ်လွန်ကဲနေရင် ဥဒ္ဓစ္စ ဖြစ်တယ်။ သမာဓိ တွေ လျော့နည်းတတ်တယ်။

ရှင်အာနန္ဒ ရဟန္တာဖြစ်ပုံ

အဲဒီတော့ ဝီရိယကို နည်းနည်းလျော့ပေးဦးမှ ဖြစ်မယ်ဆိုပြီး စင်္ကြန်လျှောက် တရားအားထုတ်နေ ရင်းက ခေတ္တခဏ အနားယူမယ်ဆိုပြီး အိပ်ရာ ညောင်စောင်းပေါ်မှာ လှဲဖို့ရာ တင်ပလွှဲလေး ထိုင်လိုက် တယ်။ ထိုင်ပြီးတဲ့အခါ စောင်းပြီး လှဲလိုက်တာ ခြေထောက်ကလည်း ကြမ်းကအကြွ၊ ခေါင်းကလည်း ခေါင်းအုံးပေါ် မရောက်ခင်ကလေး အဲဒီစပ်ကြားလေး မှာ ရဟန္တာ ဖြစ်သွားတယ်တဲ့။

ရှင်အာနန္ဒ ရဟန္တာဖြစ်ပုံက အင်မတန် ထူးဆန်း တယ်နော်။ ခေါင်းကလည်း ခေါင်းအုံးနဲ့ မထိသေးဘူး။ ခြေထောက်ကလည်း ကြမ်းပေါ်က အကြွလေး၊ ကိုယ့် ဟာကိုယ် စမ်းကြည့်ပေါ့။ အိမ်ရောက်တဲ့အခါမှာနော်၊ အိပ်ရာပေါ် ထိုင်ပြီးတဲ့အခါ လှဲအိပ်တဲ့ ပုံသဏ္ဌာန်လေး လုပ်ကြည့်ပေါ့။ အဲဒီစပ်ကြားလေးမှာ ရှင်အာနန္ဒ ရဟန္တာ ဖြစ်သွားတယ်။ အဲဒီအချိန်လေးမှာ သတိ မလွတ်ဘူး၊ ထိုင်လိုက်တဲ့ အချိန်မှာကြည့်၊ ဘာတွေ နှလုံးသွင်းနေမလဲ။ အိပ်ယာနှင့် တင်ပဆုံနှင့် ထိတဲ့ အချိန်မှာ ခုနကအတိုင်းပြောမှာပေါ့။ ကာယပသာဒ ရယ်၊ ဖောဋ္ဌဗ္ဗာရုံရယ်၊ ကာယဝိညာဏ်စိတ်ရယ်၊ ဖဿ ရယ်၊ ဝေဒနာရယ်၊ ဒီ တရား(၅)မျိုး သတိထားမှာ ပေါ့နော်။ အဲဒီလို ရှုမှတ်နေရင်းက ရှင်အာနန္ဒ မထေရ် မြတ်ဟာ ခေါင်းကလည်း ခေါင်းအုံးနဲ့မထိသေးခင်၊ ခြေထောက်ကလည်း ကြမ်းက အကြွလိုက်အချိန်မှာ ရဟန္တာ ဖြစ်သွားတယ်တဲ့။

ဒါ ရှင်အာနန္ဒ ရဟန္တာဖြစ်တော့ သက်တော် (၈၀)ပြည့်ပြီ။ ဘုရားပရိနိဗ္ဗာန်စံလို့ (၃)လ ကျော်တဲ့အခါ ရဟန္တာဖြစ်တယ်။ အေး ရှင်အာနန္ဒ မထေရ်မြတ်ဟာ သက်တော် ၁၂၀ ထိအောင် သက်ရှည်တယ်။ သာသနာတော်ရဲ့အကျိုး၊ မြတ်စွာဘုရား ဟောပြတဲ့ ဓမ္မရဲ့တာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်သွားတဲ့ ရှင်အာနန္ဒ မထေရ်မြတ်ဟာ နောက်ဆုံးအချိန် ကောဋိဂါမ ဆိုတဲ့နေရာမှာ သီတင်းသုံးတယ်။ ရောဟိနီ မြစ်အနီး မြစ်ကမ်းနှစ်ဖက်မှာ ဟိုဘက်က ရွာတစ်ရွာ၊ ဒီဘက်က ရွာတစ်ရွာရှိတယ်။ အဲဒီနှစ်ရွာက ရှင်အာနန္ဒ ကို ဝတ်ကြီး ဝတ်ငယ် ပြုကြတယ်။

အရှင်အာနန္ဒ ပရိနိဗ္ဗာန်ပြုပုံ

နောက်ဆုံး သက်တော် (၁၂၀) ပြည့်တဲ့အခါမှာ ဟိုဘက်ကမ်းက လူတွေကလည်း သူတို့ရွာ သူတို့ဖက်မှာပဲ ပရိနိဗ္ဗာန်စံပါ၊ ဒီဖက်ကမ်းက လူတွေကလည်း ဒီဘက်ကမ်းမှာပဲ ပရိနိဗ္ဗာန်စံပါလို့ဆိုတော့ ရှင်အာနန္ဒ က ဒကာ ဒကာမ တွေက နှစ်ဖက်လုံး ရင်းနှီးတဲ့ သူတွေဖြစ်တော့ ဟိုဘက်လည်း ပရိနိဗ္ဗာန်စံဖို့ခက်၊ ဒီဘက်လည်း ပရိနိဗ္ဗာန်စံဖို့ခက်တော့ မြစ်အလယ်က ကောင်းကင်ယံမှာ ပရိနိဗ္ဗာန်စံတယ်။ ရှင်အာနန္ဒဟာ ရဟန္တာဖြစ်တာလည်း ထူးဆန်းတယ်။ ပရိနိဗ္ဗာန် စံတာလည်း ထူးဆန်းတယ်။ ကောင်းကင်မှာ ပရိနိဗ္ဗာန် စံတာနော်။ ကောင်းကင်မှာ ပရိနိဗ္ဗာန်စံပြီး ကောင်းကင် မှာပဲ ခန္ဓာကိုယ်က မီးတောက်တွေ ထပြီးတောက် တယ်။ ရုပ်ကလာပ် မီးလောင်ကျွမ်းသွားပြီး အရိုးဓာတ် တွေဟာ ဟိုဘက်တစ်ခြမ်း ဒီဘက်တစ်ခြမ်း ကျတယ် တဲ့။ ဟိုဘက်ရွာ တစ်စု၊ ဒီဘက်ရွာ တစ်စု ကျတယ်။ ဒါဟာ ရှင်အာနန္ဒ မထေရ်မြတ်ရဲ့ ဝိပဿနာ တရားနဲ့ သူ့ဘဝအဆုံးသတ်သွားပုံ ဖြစ်တယ်။

နိဂုံးချုပ်

အေး တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် ရှင်အာနန္ဒ မထေရ်မြတ်နဲ့ ရှင်အာနန္ဒမထေရ်မြတ်ရဲ့ ဝိပဿနာတရား နာကြားကြရပြီ။ ရှင်အာနန္ဒ ပွားများ အားထုတ်သွားတဲ့ ဝိပဿနာတရားဆိုတာ တခြား မဟုတ်ဘူး။ ဟောဒီ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးပေါ် ရှုမှတ်ခြင်းပဲဖြစ်တယ်။ မြတ်စွာဘုရား ဟောကြားထားတဲ့အတိုင်း ဒွါရ (၆)ပါး၊ အာရုံ (၆)ပါး၊ ဝိညာဉ် (၆)ပါး၊ ဖဿ (၆)ပါး၊ ဝေဒနာ (၆)ပါးဆိုတဲ့ ဆက်သွယ် ဖြစ်ပေါ်လာတဲ့ ဒီသဘာဝ တရားတွေကို ရှုမှတ်ရင်း ဝိပဿနာဉာဏ် အဆင့်ဆင့် တက်ပြီး ကိလေသာ အာသဝေါတွေ ကုန်ခမ်းတဲ့ ရဟန္တာအဖြစ် ရောက်သွားတယ် ဆိုတာကို သိရှိ ကြည်ညိုကြရပြီ။ မိမိတို့လည်း ဝိပဿနာတရား အားထုတ်လို့ရှိရင် ဒီရှုမှတ်ဖွယ်ရာ အာရုံတွေနဲ့ပဲ တရားအားထုတ်ကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီး ရှင်အာနန္ဒ မထေရ်မြတ်ကဲ့သို့ တရားထူး တရားမြတ်ရအောင် ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန်သတည်း။

သာဓု၊ သာဓု၊ သာဓု

j7c6zhr2cltbn55bfxei82y9dggc4ld
ဘဝ အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း
0
5905
22134
21625
2026-06-15T03:22:58Z
Tejinda
173
22134
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ဘဝ အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း
| previous = [[အရှင်အာနန္ဒာ ၏ ဝိပဿနာ]]
| previous2 =
| next = [[ရသ တဏှာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဘဝ အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း

'''အမှာစာ'''

ဤစာအုပ်ငယ်သည် ၂၀၀၇-ခုနှစ်၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်အတွင်းရှိ မင်္ဂလာစျေးဓမ္မာရုံ၌ “ဘဝ အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း” ခေါင်းစီးဖြင့် ဟောကြားအပ်သော တရားတော်ကို အသံမှ စာအုပ်သို့ ပြောင်းလဲကာ တည်းဖြတ်ရေးသားအပ်သော စာအုပ် ဖြစ်သည်။

ဤတရားသည် ဗုဒ္ဓမြတ်စွာ၏ ဓမ္မုဒ္ဒေသ (၄)ပါး ပင် ဖြစ်သည်။ မဇ္စျိမနိကာယ်မှ ရဋ္ဌပါလသုတ်၌ မူရင်း ကို ဖတ်ရှုလေ့လာနိုင်ပေသည်။ ရဋ္ဌပါလသုတ်၌ ပါရှိ သော ဓမ္မုဒ္ဒေသ ၄-ပါးကို ရှင်းလင်း ဟောကြားထား သည်။

ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မသည် အမှန်အတိုင်း ထုတ်ဖော်ဟောကြားအပ်သည့် “သွာက္ခာတ” ဂုဏ်နှင့် ပြည့်စုံ၏။

မှန်ကန်စွာ ဟောထားသည်ကို ဟောထားသည့် အတိုင်း လက်တွေ့ကျင့်သုံးခြင်းဖြင့် သိနိုင်သောကြောင့် “သန္ဒိဋ္ဌိကော” ဟု ဆို၏။

ကိုယ်တိုင် သိနိုင် မြင်နိုင်သည့်အတိုင်း သိမြင် သည်နှင့် တစ်ပြိုင်နက် ချက်ချင်း အကျိုးခံစားရသဖြင့် “အကာလိကော” ဟု ဆို၏။

“တကယ်လုပ် အဟုတ်ဖြစ်” ခြင်းကြောင့် “လာ လေ လုပ်ကြည့်ပါလား” ဟု ဖိတ်ခေါ်တိုက်တွန်းထိုက် သော တရားမျိုးဖြစ်သည့်အတွက် “ဧဟိပဿိကော” ဟု ဆိုသည်။

တစ်ကြိမ်တစ်ခါသာ လုပ်ရမှာမဟုတ်ဘဲ စွဲမြဲစွာ နှလုံးသားထဲ သိမ်းထား ထည့်ထား ဆောင်ထားရမည့် တရားမျိုး ဖြစ်သည့်အတွက် “ဩပနေယျိကော” ဟု ဆို၏။

စိတ်ထဲ နှလုံးထဲ ရောက်နေပြီဆိုလျှင် ကိုယ်စီ ကိုယ်စီ ဓမ္မရသ, ဝိမုတ္တိရသ ခံစားရမှာ သေချာပေ သည်။ သို့အတွက် “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ဟု ဆို၏။

မြတ်ဗုဒ္ဓ ဒေသနာတော်သည် မှန်ကန်၏၊ တိကျ ၏၊ လေးနက်၏။ မြတ်ဗုဒ္ဓ၏တရားကိုဟောရာ၌ မိမိ၏ အတွေး အယူအဆများက ဒေသနာတော် မူရင်းကို မညစ်ထေးစေရန် အထူးသတိပြု၍ ဟောကြားသင့်ပါ သည်။

ဓမ္မအသိဉာဏ်ဖြင့် တရားကို ကိုယ်တိုင်သိရှိပြီး ဓမ္မရသ, ဝိမုတ္တိရသ ခံစားနိုင်ကြပါစေ။

ဓမ္မအသိ ရှိလျက်နေမည်။

အရှင်နန္ဒမာလာဘိဝံသ

ဘဝအသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လူတိုင်းလူတိုင်း ဘဝတစ်ခုစီ ရရှိထားကြလို့ လူတိုင်းလူတိုင်းမှာ ကိုယ်စီ ဘဝကလေးတွေ ရှိနေကြ တယ်။ သို့သော် ဘဝနဲ့ပတ်သက်ပြီးတော့ တစ်ဦးနှင့် တစ်ဦး အမြင်ချင်း မတူကြပေဘူး။ တချို့က ဘဝကို ပျော်စရာလို့ မြင်ကြတယ်။ တချို့က ဘဝကို ငြီးငွေ့ စရာလို့ မြင်ကြတယ်။

ဘဝမှာ အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေက “အေး၊ တို့ရ,ထားတဲ့ ဘဝဟာ သာတောင့်သာယာရှိတယ်၊ အင်မတန်မှကောင်းတယ်လို့ ဘဝကို အကောင်းမြင်တဲ့ ပုဂ္ဂိုလ်တွေရှိသလို ဘဝမှာ အဆင်မပြေတဲ့ပုဂ္ဂိုလ်တွေ ကျတော့ “အို ... ဘဝကြီးကလည်း ငြီးငွေ့စရာ ကောင်းလိုက်တာ” တဲ့၊ ဒီလိုဘဝကနေ ထွက်ပြေးချင်တဲ့ စိတ်တွေ ပေါ်လာလောက်အောင် ဘဝကို စက်ဆုပ် ရွံမုန်းတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ ဒီလို ဘဝနဲ့ ပတ်သက်ပြီးတော့ အမြင်အမျိုးမျိုး ရှိကြတယ်။

ဘဝကို ကောင်းတယ်, သာယာတယ်, လှပတယ် လို့ မြင်တဲ့ ပုဂ္ဂိုလ်တွေက တစ်မျိုး၊ ဘဝကို အရုပ်ဆိုး အကျည်းတန်တယ်လို့ မြင်တဲ့ပုဂ္ဂိုလ်တွေက တစ်မျိုးတဲ့။ အေး၊ ထိုနှစ်မျိုးစလုံးရဲ့ အမြင်တွေဟာ သေချာ စဉ်းစားကြည့်လို့ရှိရင် ဓမ္မအမြင်နဲ့မြင်တဲ့ အမြင်မျိုး မဟုတ်ဘူး။ ဘဝကို လှတယ်, ပတယ်, သာယာတယ်, ပျော်စရာကောင်းတယ်လို့ဆိုတဲ့ပုဂ္ဂိုလ်တွေက ကုသိုလ် ကောင်းမှု လုပ်တိုင်းလုပ်တိုင်း ဒီ့ထက်ကောင်းတဲ့ဘဝကို မျှော်လင့်တောင့်တပြီးတော့ ကောင်းသထက် ကောင်း တဲ့ ဘဝကို ဆုတောင်းပြီးတောင် ယူကြတယ်နော်။ အင်မတန် တိုတောင်းတဲ့ ဘဝကလေးတောင်မှ တချို့ ပုဂ္ဂိုလ်များက ဘဝဟာ အင်မတန်တိုတယ်၊ ရနိုင်သမျှ ပျော်ပျော်ကလေးနေရမယ်၊ ပျော်ပျော်နေ သေခဲလို့ ဆိုပြီးတော့ ဘဝမှာ အပျော်ရှာပြီးတော့ အကောင်း ဘက်က တွေးနေကြတယ်။

အနောက်တိုင်းကလူတွေ ပြောလေ့ရှိကြတယ်၊ Life is too short. Enjoy yourself. ဘဝကလေးဟာ တိုတိုလေးပဲ၊ ပျော်ပျော်နေပါတဲ့။ ဘုန်းကြီးတို့ အမေရိကမှာနေတုန်းက The Love Boat ဆိုတဲ့ ရုပ်ရှင်ကား ကြည့်ဖူးတယ်။ အဲဒီမှာ အဘိုးကြီး အမယ် ကြီးတွေ ဘာမှ အလုပ်မရှိ အကိုင်မရှိတော့ ပျင်းရိ ငြီးငွေ့ပြီး အပျော်ရှာတဲ့အကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်တယ်။ အဲဒီ ဇာတ်ကားထဲမှာ သင်္ဘောကြီးကို စီးပြီးတော့ စိတ်ပျော်ရွှင်မှုကို ရှာကြ တယ်။ သင်္ဘောကြီးပေါ်မှာ နေတုန်းကတော့ အလွန် ပျော်ကြတယ်။ ပြန်လည်ရောက်လာလို့ သင်္ဘောကနေ ဆင်းကြတဲ့အခါမှာ အဘိုးကြီး အမယ်ကြီးတွေ မျက်ရည် စက်လက်နဲ့ ဝမ်းနည်းပမ်းနည်း ငိုယိုကြတာကို တွေ့ရ တယ်။

လောကကြီးမှာ ပျော်စရာရှာပေမယ့်လို့ ပျော်စရာ ချည်းတွေ့တာ မဟုတ်ဘူး။ အကောင်းထင်ပြီးတော့ ရှာပေမယ့်လို့ အကောင်းချည်းတွေ့တာ မဟုတ်ဘူး။ ဘဝဆိုတာ အကောင်းအဆိုး ရောနေတာ၊ ကောင်းတဲ့ အကွက်ကလေးတွေရှိတယ်။ ဒါကြောင့်မို့လို့ လူတွေဟာ ဘဝကြီးမှာ ပျော်နေကြတာပေါ့။ ဘယ်အရာပဲဖြစ်ဖြစ် အကောင်းရှိသလို အဆိုးလည်းရှိတယ်။

ဘုန်းကြီးတို့ ဗုဒ္ဓစာပေမှာ 'အဿာဒ' နှင့် 'အာဒီနဝ' ခွဲခြား ဖော်ပြလေ့ရှိတယ်။ လောကမှာ ကျေနပ်စရာ၊ ကြိုက်နှစ်သက်စရာ၊ ပျော်ရွှင်စရာ၊ စွဲမက် စရာ attractive ဆိုတာ ရှိတယ်။ အဲဒါကို 'အဿာဒ' enjoymentလို့ ခေါ်တယ်။ ဘဝမှာ ကြိုက်နှစ်သက်စရာ တွေ ရှိတယ်၊ ဘဝကို အကြောင်းပြုပြီးတော့လည်း ပျော်ကြတယ်၊ ချမ်းသာသုခတွေ ရကြတယ်၊ အဆင် ပြေနေတဲ့ ဘဝမှာဆိုလို့ရှိရင် ပျော်လို့ ရွှင်လို့၊ ဒါ ဘဝရဲ သာယာမှုကလေးတွေပေါ့နော်။ ဒါကို အဿာဒ လို့ ခေါ်တယ်။

အဲဒီ သာယာမှုလေးတွေဟာ ထာဝရလား ဆိုတော့ ထာဝရမဟုတ်ဘူး။ ခဏကလေးပဲ၊ မတည်မြဲ ဘူး၊ ယခု ပျော်ရွှင်စရာတွေ့ပေမယ့် တော်ကြာ ပျော်ရွှင် စရာတွေ ကုန်ဆုံးသွားတာရှိတယ်။ အဲဒါက ကျေနပ် စရာ မကောင်းတဲ့အချက်ပဲ။ အာဒီနဝ unsatisfactoriness လို့ ခေါ်တယ်။

လောကမှာ သတ္တဝါတွေ ပျော်ပြီးရင်း ပျော်နေ ကြတာ ဘဝမှာ ပျော်စရာရှိလို့သာ ပျော်နေကြတာ။ မျက်စိက အဆင်းအာရုံလေးကို ကြည့်ပြီးတော့ ပျော်ရွှင်မှုကို ရှာကြတယ်။ နားက သာယာတဲ့ အသံ ကလေးကို နားထောင်ပြီးတော့ ပျော်ရွှင်မှုကို ရှာကြ တယ်။ နှာခေါင်းက မွှေးကြိုင်တဲ့ အနံ့ကလေးကို နမ်းရှူပြီးတော့ ပျော်ရွှင်မှုကို ရှာကြတယ်။ လျှာက ကြိုက်နှစ်သက်တဲ့ အရသာလေးကို ခံစားပြီးတော့ ပျော်ရွှင်မှုကို ရှာကြတယ်။ ခန္ဓာကိုယ်ကြီးကလည်းပဲ သာယာတဲ့ အထိအတွေ့ကလေးတွေကို ထိတွေ့ ပြီးတော့ ပျော်ရွှင်မှုကို ရှာကြတယ်တဲ့။ ဘဝကို အရင်း အနှီးပြုပြီးတော့ ကြိုက်နှစ်သက်စရာတွေ၊ ပျော်ရွှင် စရာတွေ ရကြတယ်။ ဒါကြောင့်မို့လို့ ဘဝကြီးကို ပျော်စရာလို့မြင်တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။

အေး တချို့ကတော့ ဘဝကြီးနဲ့ ပတ်သက်ပြီး အဆင်မပြေကြဘူး၊ နေရေးထိုင်ရေးလည်း အဆင် မပြေဘူး၊ စားရေးသောက်ရေးလည်း အဆင်မပြေဘူး။ ဒုက္ခသုခတွေ ရောနေတဲ့ ဘဝကြီးထဲ ရောက်လာတဲ့ အခါကျတော့ အဲဒီ ဘဝကြီးနဲ့ ပတ်သက်ပြီးတော့ ကျေနပ်နှစ်သိမ့်မှု မရရှိတော့ ဘဝကြီးကနေ ထွက်ပြေး ချင်တဲ့စိတ်တွေ ပေါ်ပေါက်လာကြတယ်။ နောက်ဆုံး မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု suicideလုပ်ပြီးတော့ လက်ရှိဘဝက ထွက်ပြေးသွားတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒီ ပုဂ္ဂိုလ်တွေဟာ ဘဝကို ငြီးငွေ့စရာကြီး၊ စိတ်ပျက် စရာကြီးလို့မြင်တယ်။ အဲဒီ အမြင်နှစ်မျိုး ရှိရာမှာ အကောင်းမြင်တဲ့ ပုဂ္ဂိုလ်တွေကို optimist လို့ ခေါ်တယ်။ အဆိုးမြင်တဲ့ ပုဂ္ဂိုလ်ကျတော့ optimist လို့ ခေါ်တယ်။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က လောကမှာ အကောင်းချည်းလည်း မဟုတ်ဘူး၊ အဆိုးချည်းပဲတော့ လည်း မဟုတ်ဘူး၊ အဿာဒ လို့ဆိုတဲ့ သာယာစရာတွေ နှစ်သက်စရာတွေ ရှိသလို အာဒီနဝ လို့ဆိုတဲ့ အပြစ် တွေလည်း ရှိတယ်။ ဒါကြောင့်မို့လို့ ဒီနှစ်ခုကို ခွဲခွဲ ခြားခြား ကွဲကွဲပြားပြား သိမြင်တာမှ ဓမ္မအမြင်လို့ ပြောပါတယ်။ realism ပေါ့။ ဒါကြောင့်မို့ ဘဝကို အမြင်အမျိုးမျိုးနဲ့ ကြည့်တဲ့အခါမှာ ဘုန်းကြီးတို့ ဒီကနေ့ ဘဝအသွင်ကို ဓမ္မအမြင် နဲ့ ကြည့်ရအောင်။

ဓမ္မအမြင်

ဓမ္မဆိုတာ အမှန်တရားကို ပြောတာ။

The law of natureပေါ့။

ဓမ္မ ဆိုတဲ့ စကားလုံးက အတ္တနော သဘာဝံ ဓာရေတီတိ ဓမ္မော၊ သူ့သဘာဝအတိုင်းသူ ဖြစ်နေ တာကို ဓမ္မ လို့ ဒီလိုပြောတာ။ အဲဒီ ဓမ္မ ကို သိတဲ့ အမြင်ဟာ ဓမ္မအမြင်ပဲ၊ ဓမ္မဉာဏ်ပဲ။ ဓမ္မဉာဏ်နဲ့ အမှန် ကို သိမြင်တဲ့အခါကျမှ ဘဝဆိုတာ ဘယ်လိုဟာလဲ ဆိုတာ သဘောပေါက်လာမှာ ဖြစ်ပါတယ်။

ဘဝရဲ့အသွင်

ဘဝရဲ့အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်ကြတဲ့အခါ လူတိုင်းလူတိုင်းမှာ ကိုယ်စီဘဝလေးတွေရှိနေကြတယ်။ အဲဒီ ရ,ထားတဲ့ ဘဝကလေးတွေဟာ ဘယ်လို အခြေ အနေရှိသလဲဆိုပြီး လူတိုင်းလူတိုင်း ဆန်းစစ်ပြီးတော့ ကြည့်ကြရမယ်။ ကိုယ်ရ,ထားတဲ့ ဘဝကလေးရဲ့ အခြေ အနေ ကိုယ်မသိဘူး ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်လောက် နမော်နမဲ့နိုင်တာ ဘယ်ရှိမလဲ။ အေး ဒါကြောင့် ကိုယ့် ဘဝရဲ့ အခြေအနေကို ကိုယ်ကိုယ်တိုင်သိအောင် လုပ်ရ မယ်။

(၁) တွန်းပို့ခြင်းကို ခံနေကြရ

မြတ်စွာဘုရားက ဘဝရဲ့အသွင်ကို ဓမ္မရဲ့အမြင် ဖြင့် ကြည့်ရှုဖို့ ဆိုပြီးတော့ နည်းလမ်းတွေ ပေးထား တယ်။ “ဥပနီယျတိ လောကော အဓုဝေါ” လောကော-လောကကြီးကို၊ ဥပနီယျတိ- ဇာတိက ဇရာသို့၊ ဇရာက ဗျာဓိသို့၊ ဗျာဓိက မရဏသို့ အမြဲတမ်းတွန်းပို့၍ နေပါ ပေတော့၏။ လောကော-လောကကြီးဟာ၊ အဓုဝေါ- ဘယ်တော့မှ တည်ငြိမ်နေတာ မရှိပေဟူ၍၊ ဘဂဝါ-ရွှေဘုန်းတော်သခင် အရှင်တော်မြတ်ဘုရားသည်၊ အဝေါစ-ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေ သတည်း။

(သာဓု ... သာဓု ... သာဓု ပါဘုရား)

လောကကြီးကို စဉ်းစားပြီးတော့ကြည့်၊ လူ့ဘဝ ဟာ တစ်ခုကနေ တစ်ခုဆီ ဆွဲပို့ တွန်းပို့ခြင်းကို ခံနေ ရတယ်။ တည်ငြိမ်နေတာ မဟုတ်ဘူး။ ရပ်နေတာ မဟုတ်ဘူးတဲ့။

ဘုန်းကြီးတို့ ကိုယ့်ဘဝလေးကိုယ်အာရုံစိုက်ကြည့်၊ မိခင်ဝမ်းက ကျွတ်လာတဲ့အရွယ်နဲ့ အခု အသက် ၇၀, ၈၀ အရွယ် တူသေးရဲ့လား။ မတူတော့ဘူးနော်၊ အဲဒါ တစ်နေ့တည်း ဝုန်းကနဲ ပြောင်းလာတာလား၊ မိနစ်ပိုင်း အလိုက် စက္ကန့်ပိုင်းအလိုက် ပြောင်းလာတာလား။ အဲဒီတော့ ဒီခန္ဓာကိုယ်ကြီးကို တစ်ခုခုက ဆွဲပြီးတော့ တွန်းပို့နေတာ မဟုတ်ဘူးလား။

လောကကြီးဟာ ပို့ဆောင်ခေါ်ငင်ခြင်း ခံနေရ တယ် သို့မဟုတ် တွန်းပို့ခြင်း Push လုပ်တာ ခံနေ ရတယ်။ ကြည့်လေ၊ ငယ်စဉ်တောင်ကျေး ကလေးဘဝ ကနေ တဖြည်းဖြည်း ကြီးကြီးလာတယ်။ ကြီးကြီး လာတာ အကောင်းကြီးတာ မဟုတ်ဘူး၊ ခေါင်းပေါ်က ဆံပင်လေးတွေ ဖြူလာတယ်၊ ပါးစပ်ထဲက သွား ကလေးတွေ တစ်ချောင်းပြီးတစ်ချောင်း ပြုတ်ထွက် လာတယ်၊ မျက်လုံးလေးကလည်း တဖြည်းဖြည်း မှုန်လာတယ်၊ နားက လေးလာတယ်၊ ခါးလေးက ကိုင်းလာတယ်၊ အကောင်းဘက် တွန်းပို့တာမဟုတ်ဘူး၊ အဆိုးဘက် တွန်းပို့နေတာ။ လူ့ရဲ့သဘာဝကိုကြည့်မယ် ဆိုလို့ရှိရင် လူတွေဟာ တဖြည်းဖြည်း ပျိုလာတာလား၊ တဖြည်းဖြည်း အိုလာတာလား၊ အေး နေ့စဉ်နဲ့အမျှ အိုလာကြတယ်။

ဘယ်သူက တွန်းပို့သလဲ၊ ဇာတိ ဆိုတဲ့တရား ရလာတဲ့အချိန်က စပြီးတော့ ဇာတိက တွန်းပို့တာ၊ ဘယ်ကို တွန်းပို့နေတာတုန်း၊ ဇရာဆိုတဲ့ မှတ်တိုင်ကို ရောက်အောင် တွန်းပို့နေတာနော်။ လူတွေတင်လား ဆိုတော့ မဟုတ်ဘူး၊ လောကကြီးတစ်ခုလုံးကိုပါ။ ဥပမာ-ပန်းပွင့်ကလေးတွေကိုကြည့်ပေါ့၊ ပန်းပွင့် ကလေးတွေဟာ အစက အဖူးအငုံလေးတွေ ပေါ်လာ တယ်၊ အဖူးအငုံကလေးက နေပြီးတော့ ရင့်လာတဲ့ အခါကျတော့ ပွင့်လာတယ်၊ ပွင့်လာပြီးရင် ဘာဖြစ်လာ တုန်း၊ နွမ်းလာတယ်၊ နွမ်းပြီးတော့ ဘာဖြစ်လာလဲ၊ ကြွေသွားတယ်၊ ဒီလို ဖူး-ပွင့်-နွမ်း-ကြွေ ဆိုတာ ပန်းရဲ့ သဘာဝဖြစ်စဉ်ပဲ။ ထို့အတူပဲ လူတွေရဲ့ သဘာဝကို ကြည့်လိုက်၊ ဒီအတိုင်းပဲ၊ ဘယ်အရာကိုပဲကြည့်ကြည့် ဒီအတိုင်းကြီး ပဲ။ အဲဒီတော့ အကုန်လုံးဟာ ဆွဲခေါ်တွန်းပို့ခံနေရတာ။ နေ့စဉ်နဲ့အမျှ တို့ရဲ့ဘဝကြီးဟာ တည်ငြိမ်နေတာ မဟုတ်ဘူး၊ ရပ်နေတာ မဟုတ်ဘူး။ တရွေ့ရွေ့နဲ့၊ တဖြည်းဖြည်းနဲ့ အဆိုးဘက်ကို သွားနေတာ။ ခြေ တစ်လှမ်းပြီးတစ်လှမ်း၊ တစ်ရက်ပြီးတစ်ရက် အိုတဲ့ ဘက် ဇရာ ဆိုတဲ့ မှတ်တိုင်ဆီကို တွန်းပို့နေတာ။ ဇရာ မှတ်တိုင်ကို ရောက်တော့လည်း ဇရာက ဒီအတိုင်းနေတာ မဟုတ်ဘူး၊ ဘယ်ကို တွန်းပို့လဲ ဆိုတော့ ဗျာဓိ ဘက်ကို တွန်းပို့လိုက်ပြန်တယ်။ အိုလာပြီ ဆိုလို့ရှိရင် ဘာမှမကောင်းတော့ဘူး၊ ဟုတ်ရဲ့လား၊ မျက်စိကလည်း မကောင်းဘူး၊ နားကလည်း မကောင်း ဘူး၊ ခါးကလည်းမကောင်းဘူး၊ ဩော် ဘယ်ဟာမှ မကောင်းတော့ဘူး၊ ဒါပေမဲ့ ဘဝမှာ ပျော်နေကြတဲ့ ပုဂ္ဂိုလ်တွေကျတော့ ကောင်းတာလေးတွေကိုရွေးပြီး ပြောတတ်ကြသေးတယ်။ ဘုန်းကြီးတို့ဆီ တစ်ခါတုန်းက ဒကာကြီး တစ်ယောက်လာလို့ နှုတ်ဆက်ရင်း မေးလိုက်တယ်၊ ဒကာကြီး နေကောင်းလားလို့၊ တင်ပါ့ဘုရား၊ လူကတော့ နေကောင်းပါတယ်၊ ဒူးကမကောင်းဘူး ဘုရား တဲ့။ လူကတော့နေကောင်းပါတယ်၊ ဒူးကတော့ မကောင်းဘူးဆိုတော့ ဘုန်းကြီးက မေးလိုက်တယ်၊ ဒကာကြီးဒူးက လူထဲမပါဘူးလားလို့။ လူတွေက ကောင်းတာလေးကို ရွေးပြောချင်ကြ သေးတာ။ ဟုတ်ရဲ့လား၊ ဒူးနဲ့လူဟာ တူတူပဲ မဟုတ်ဘူး လား။ အဲဒီတော့ လူကတော့ ကောင်းပါတယ်ဘုရား၊ မျက်စိက မကောင်းဘူး၊ လူကတော့ ကောင်းပါတယ် ဘုရား၊ နားက မကောင်းဘူး၊ မကောင်းတာလေးနဲ့ ကောင်းတာလေးကို ခွဲလိုက်ချင်သေးတာ၊ အမှန် ကတော့ ကောင်းတာဆိုတာ မရှိပါဘူး။ လူ့ရဲ့ခန္ဓာကိုယ်ကြီးက တရွေ့ရွေ့နဲ့ ကောင်းတဲ့ ဘက် သွားနေတာ မဟုတ်ဘူး၊ မကောင်းတဲ့ဘက်ကို သွားနေတာ။ သေသေချာချာ အလေးအနက် စဉ်းစား ကြည့်ပါ။ ကိုယ်ခန္ဓာကို ကိုယ်ပြန်ပြီးတော့ကြည့်ပါ၊ အဲဒီလို အလေးအနက် စဉ်းစားတာကို 'အနုပဿနာ' လို့ခေါ်တယ်၊ Contemplation ပေါ့၊ mindfulness ဆိုတဲ့သတိနဲ့ ကြည့်ရမှာပေါ့။ အားစိုက်ပြီး ကိုယ်ကိုယ် ကို ပြန်ပြီးတော့ ရှုမြင်သုံးသပ်ရမှာ။ Contemplate လုပ်ရမှာ ဖြစ်တယ်။

ကိုယ့်ကိုယ်ကို အဖန်ဖန် အထပ်ထပ်ရှုပြီး ဆင်ခြင် သုံးသပ် ကြည့်လိုက်မယ်ဆိုလို့ရှိရင် တို့ဟာ မိနစ်တိုင်း၊ မိနစ်တိုင်း အိုတဲ့ဘက်ကို ရောက်နေတာပါလား၊ မိနစ်ပိုင်းအတွင်း နာတဲ့ဘက်ကို ရောက်နေတာပါလား၊ တို့ဟာ ဘယ်ကိုသွားနေတာတုန်း၊ လူတိုင်းလူတိုင်းဟာ ရပ်နေတာ မဟုတ်ဘူး၊ ဘယ်သွားနေတုန်းမေးရင် ဘယ်မှမသွားပါဘူး၊ အိမ်မှာနေတာပါလို့ လူတွေက ပြောကြတယ်၊ ဒါပေမယ့်လို့ သွားနေတာ၊ ရပ်နေတာ မဟုတ်ဘူးနော်။

ဘယ်မှမသွားဘူး၊ ကိုယ့်အိမ်မှာပဲ ကိုယ်နေတယ် ပတ္ထယတိ- မျှော်လင့်တောင့်တ၏၊ သုခီ -ချမ်းသာတဲ့ ပုဂ္ဂိုလ်က၊ ဘိယျောပိ ဣစ္ဆတိ-ပို၍ ပို၍ ချမ်းသာချင် ၏။

ဆင်းရဲတဲ့ပုဂ္ဂိုလ်က ဘာတောင့်တလဲ၊ ချမ်းသာကို တောင့်တတယ်။ ကဲဒါဖြင့် ချမ်းသာတဲ့ပုဂ္ဂိုလ်ကတော့ ငါတော်ပြီလို့ လုံလောက်ပြီလို့ ရှိသလား၊ မရှိဘူး။ ချမ်းသာတဲ့ပုဂ္ဂိုလ်ကလည်း ပို၍ ပို၍ ချမ်းသာချင် လာတယ်။ ဆင်းရဲတဲ့သူက ချမ်းသာချင်တယ်။ ချမ်းသာ တဲ့သူက ပိုပြီးတော့ ချမ်းသာချင်တယ်။ ဝေဒနာ ပစ္စယာ တဏှာ အခန်းမှာ ဒီလို ဖွင့်ဆိုထားတာ။ လူ့သဘာဝက ဒီအတိုင်းပဲလေ၊ တပည့်တော်ဘုရား နိဗ္ဗာန်မရောက်မီ စပ်ကြား နောင်ဘဝမှာ မတောင့်မတ မကြောင့်မကျ ရတဲ့ဘဝ၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံတဲ့ဘဝ၊ ပညာ တတ်တဲ့ဘဝမျိုးမှာ ဖြစ်ပါရစေ ဆိုပြီးတော့ တောင်း လိုက်တာက 'ဘဝ'။

ဘာကြောင့်တောင်းလဲ၊ အတွယ်တာလေးကရှိနေ လို့၊ ဘာဖြစ်လို့တွယ်လဲ၊ အမှန် မသိလို့၊ အမှန် ဘာလို့ လို့ ပြောကြပေမယ့်လို့ အိမ်မှာနေရင်း သွားနေတာပဲ၊ လူရဲ့ ခန္ဓာကိုယ်ကြီး ဘဝကြီးဟာ ever changing အမြဲတမ်း ပြောင်းလဲနေတာ။ အမြဲတမ်း သွားနေတာ၊ နောက်ဆုံးရောက်မယ့် မှတ်တိုင်ကြီးက ဘာလဲဆိုလို့ ရှိရင် မရဏ ဆိုတဲ့ မှတ်တိုင်ပဲ။ အဲဒီရောက်သွားလို့ရှိရင် တစ်ဘဝ ပြီးကြပြန်ရော၊ ပြီးသွားတော့ အဆုံးသတ် သလားလို့ဆိုရင် အဆုံးမသတ်သေးဘူး။ ကုသိုလ် ကောင်းမှုလေးလုပ်ပြီး နောင်ဘဝကျတော့ ဒီ့ထက် ကောင်းတဲ့ဘဝ ရောက်ပါ့ရစေပါဘုရား ဆိုတော့ လာပြန်ပေါ့ တစ်ကျော့၊ ဟုတ်ကြရဲ့လား။

ဘဝတဏှာ (ထာဝရ ရှိနေမှုကို တွယ်တာနေတဲ့ တဏှာ) က ရှိနေသမျှ အဲဒီတဏှာက ဆွဲခေါ်သွားတာ။ ဒီ့ထက်ကောင်းတဲ့ ဘဝလေးကို မျှော်ပြန်တယ်၊ လူ့ရဲ့ သဘာဝကို သေချာစဉ်းစားကြည့်၊ ဝိသုဒ္ဓိမဂ် မှာ ရှင်မဟာဗုဒ္ဓဃောသ ရေးထားသလို

“ဒုက္ခီ သုခံ ပတ္ထယတိ၊ သုခီ ဘိယျောပိ ဣစ္ဆတိ” ဒုက္ခီ-ဆင်းရဲနေသောပုဂ္ဂိုလ်က၊ သုခံ - ချမ်းသာကို၊ မသိသလဲဆိုတော့ Contemplation မလုပ်လို့ပေါ့။ သဘာဝကို မစဉ်းစားလို့ မသိတာ၊ ဒါကြောင့်မို့ မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာဆိုရင် အဝိဇ္ဇာ နီဝရဏာနံ၊ တဏှာ သံယောဇနာနံ-သတ္တဝါတွေရဲ့ အခြေအနေမှာ အဝိဇ္ဇာ က အမှန်မမြင်ရအောင် ပိတ်ကာပေးထားတယ်တဲ့။ တဏှာ က နှောင်ကြိုး တည်းထားတယ်တဲ့။ ဆိုလိုတာက အမှန်မသိတော့ ကြိုက်တာပေါ့။

အဲဒီလို အမှန်မသိအောင် (အမှန်မသိဘူးဆိုတာ အမှားသိအောင်) မလှတာကို လှတယ်လို့ထင်အောင်၊ မကောင်းတာကို ကောင်းတယ်လို့ ထင်နေအောင် အဝိဇ္ဇာက ဖန်တီးပေးထားတယ်၊ တဏှာကတွယ်တယ်၊ တဏှာတွယ်ပြီးတော့ ကံတရားတွေလုပ်၊ ထိုကံတရား တွေက ဘဝသစ်တစ်ခုကို ဖန်တီးပေးလိုက်တယ်ပေါ့။ ဒီလိုနဲ့ သံသရာကြီးထဲမှာ လည်နေတာနော်။ အေး ဘဝတစ်ခုရလာပြီဆိုရင် ရလာတဲ့ ဘဝဟာ ထာဝရ တည်ငြိမ်တဲ့ဘဝလားလို့ဆိုတော့ မဟုတ်ဘူးတဲ့။

ဒါဟာ ဘဝရဲ့အသွင်ကိုဓမ္မရဲ့အမြင်နဲ့ ကြည့်လိုက် တာ ဟုတ်ရဲ့လား၊ ဒီလိုမြင်ဖို့လိုတယ်၊ ကိုယ့်ကိုယ်ကို စဉ်းစားကြည့်။ မနက်မိုးသောက် အလင်းရောက်ပြီးတဲ့ အခါ၊ နေဝင်ပြီးနောက် ညချမ်းရောက်လာလို့ အိပ်ရာ ဝင်တော့မယ့်အခါ ဆိုလို့ရှိရင် ငါ့မှာ ညက အိပ်ပျော် နေတုန်းက စိတ်တွေ၊ ရုပ်တွေ၊ မနက်တုန်းကရှိတဲ့ စိတ်တွေ၊ ရုပ်တွေ အခု မရှိတော့ဘူး၊ ဒီကနေ့ရှိတဲ့ စိတ်တွေ၊ ရုပ်တွေ နောက်ရက်ရှိတော့မှာ မဟုတ်တော့ ဘူး၊ ဟုတ်လား၊ ငါဟာ အမြဲတမ်း ရွေ့နေတာပဲ။

ဧရာဝတီမြစ်ရေကြီးဟာ တရွေ့ရွေ့ စီးဆင်း နေသလို ငါ့ရဲ့သန္တာန်မှာရှိတဲ့ စိတ်တွေ၊ ရုပ်တွေ၊ ငါ့ရဲ့ ဘဝကြီးဟာ တဖြည်းဖြည်း ရွေ့နေတာပါလားလို့ ဆင်ခြင်သုံးသပ်ထိုက်တယ်။ ငြိမ်နေတာ၊ ရပ်နေတာ တစ်ခုမှ မရှိဘူး၊ သွားနေတာ၊ မစဉ်းစားလို့ မသိတာ။

အေး ဒီဓမ္မာရုံကြီးပေါ် တက်လာတယ် ဆိုပါစို့၊ တက်လာတဲ့အခါကျတော့ ခြေတစ်လှမ်းပြီးတစ်လှမ်း တက်လာတာမဟုတ်လား၊ ပထမဆုံး ခြေလှမ်းပြီးတော့ ဒုတိယခြေလှမ်း၊ ဒုတိယခြေလှမ်းပြီးတော့ တတိယ ခြေလှမ်း၊ ဟောဒီလို လှမ်းလာတယ်၊ ဒုတိယခြေလှမ်း ရောက်လာတာနဲ့ တစ်ပြိုင်နက် ပထမခြေလှမ်းရှိသေး လား၊ အေး တတိယခြေလှမ်း ရောက်လာနဲ့ ဒုတိယ ခြေလှမ်းရှိသေးလား၊ ဒီအတိုင်းပဲ ရှေ့ကဟာ ပျောက် ပျောက်သွားပြီး နောက်က ရောက်ရောက်လာနေတာ၊ အမြဲတမ်းရှိနေတာ မဟုတ်ဘူးတဲ့။

ရှိတယ် ထင်နေတာတောင် တကယ်အစစ်က မရှိတော့ဘူး၊ ကော်ပီတွေပဲ ကျန်နေတာ၊ ဟုတ်ရဲ့လား။ ကော်ပီတောင်မှ ပုံတူဟုတ်ရဲ့လား၊ အမေမွေးစ ငယ်ငယ်တုန်းက ဓာတ်ပုံကလေးနဲ့ ယခုအသက် ၅၀၊ ၆၀ အရွယ်ဓာတ်ပုံ ယှဉ်ပြီးချိတ်ကြည့်ပါလား၊ အဲဒါ ကော်ပီလို့တောင် ဘယ်သူပြောဦးမလဲ၊ အလွန်ကွဲပြား ခြားနားသွားပြီ။

ဒါ တစ်ရက်တည်းနဲ့ ကွဲပြားသွားတာမဟုတ်ဘူး ဟုတ်ရဲ့လား။ အဲဒါဟာ ဒီကနေ့နဲ့မနက်ဖြန် မတူတာ။ ဒီနာရီနဲ့ အရင်နာရီ မတူတာ၊ အရင်မိနစ်နဲ့ ယခုမိနစ် မတူတော့တာ။ ချက်ချင်းကြီး ပြောင်းသွားတာ မဟုတ် ဘူးတဲ့၊ ဖြစ်စဉ် Process အတိုင်း အဆင့်ဆင့် ပြောင်း သွားတာ။ သို့သော် မတူဘူးဆိုတဲ့ ခြားနားချက် Difference ကိုတော့ မသိဘူး ဟုတ်ရဲ့လား။

ပြောင်းတဲ့အခါမှာ ပြောင်းတဲ့အကြိမ် များလာ လေလေ ကွဲပြားခြားနားမှုတွေက သိသာလာလေလေ။ ပြောင်းတာတွေ ကြာလာလေလေ၊ ခြားနားမှုက သိသာ လာလေ။ နှစ်ပေါင်းများစွာ ဥပမာ ၁၀-နှစ်၊ ၁၅-နှစ် ဆို အရမ်းကွာသွားပြီ။ အဲဒါ ၁၀-နှစ်မှာ တစ်ခါ ပြောင်းတာ မဟုတ်ဘူး၊ စက္ကန့်တိုင်းမှာ ပြောင်းနေတာ။ သဘာဝတရားက အမြဲတွန်းပို့တာ၊ Push လုပ်တာ ခံနေရတယ်။ မယုံ အိပ်ရာပေါ်အိပ်နေပေါ့၊ အိုချိန်တန် အိုသွားမှာပဲ၊ ရပ်နေတာ မဟုတ်ဘူး၊ သွားနေတာ၊ ဒီလို သွားနေတာကြီးကို မသွားအောင် ဘယ်သူကထိန်းထား နိုင်သလဲ။ ဘယ်သူမှ မထိန်းနိုင်ဘူး၊ ထိန်းလို့လည်း မရဘူးတဲ့။ ဘယ်သူကမှလည်း အကာအကွယ် မပေး နိုင်ဘူး၊ ဘဝအသွင်ကို ဓမ္မအမြင်နဲ့ကြည့်ရင် ယခုလိုပဲ မြင်ရမှာပါ။

(၂) အကာအကွယ်မဲ့ ဖြစ်နေခြင်း

ဘဝမှာ အို၊ နာ၊ သေ အခြေအနေဆိုးတွေ ဖြစ်ပေါ်နေတာ၊ ဆွဲခေါ်တွန်းပို့ခြင်း ခံနေရတာကို ဘယ်သူကမှ မကာကွယ်နိုင်ဘူး၊ ကာကွယ်နိုင်တဲ့ နည်းလမ်းလည်း မရှိဘူး။ ဒါကြောင့် မြတ်စွာဘုရားက ယခုလိုဟောခဲ့တာ ဖြစ်တယ်။

“အတာဏော လောကော အနဘိဿရော”။

လောကော-လောကကြီးဟာ၊ အတာဏော- အကာ အကွယ်ကင်းမဲ့လျက် ရှိနေပါတော့၏၊ အနဘိဿရော- အုပ်ချုပ်ထားနိုင်သူ၊ ထိန်းထားနိုင်သူ မရှိပါ။ ဣတိ-ဤသို့၊ ဘဂဝါ--ရွှေဘုန်းတော်သခင် ရှင်တော်မြတ် ဘုရားသည်။ အဝေါစ--ကောင်းစွာမသွေ ဟောကြား တော်မူခဲ့ပါပေသတည်း။

လောကကြီးတစ်ခုလုံး အဆိုးဘက် တွန်းပို့ခံနေ ရတာကို ဘယ်သူ ကာကွယ်နိုင်တုန်း၊ ဘယ်သူမှ မကာ ကွယ်နိုင်ဘူး။ ရွေ့လျားနေတာကိုလည်း ဘယ်သူက ထိန်းလို့မရဘူး၊ ဒီအကြောင်းကို ဓမ္မပဒကျမ်းမှာလည်း ရှင်းရှင်း ဟောထားတာရှိတယ်။

န သန္တိ ပုတ္တာ တာဏာယ၊
န ပိတာ နာပိ ဗန္ဓဝါ။
အန္တကေနာဓိပန္နဿ၊
နတ္ထိ ဉာတီသု တာဏတာ။

“အန္တကေနာဓိပန္နဿ - - တွန်းပို့ရောက်ရှိလာလို့ သေခြင်းကလွှမ်းမိုးခံထားရတဲ့ပုဂ္ဂိုလ်အဖို့။ တာဏာယ စောင့်ရှောက်ကာကွယ်ဖို့ရာ၊ ပုတ္တာ - - သားသမီးတွေ ဆိုတာ၊ န သန္တိ - - မိဘတွေမှာ မရှိပါ”။

သားက အထူးကုဆရာဝန်ကြီးတဲ့၊ အမေ အဖေ တွေက အားကိုးလိုက်ကြတာ၊ အားကိုးရာ ရောက်ရဲ့ လား၊ ဘာ အထူးကုကြီးဖြစ်ဖြစ် သူကိုယ်တိုင်လည်း သွားရတာပဲ မဟုတ်လား။ ဒါပေမယ့် လူတွေက အားမကိုးကြဘူးလား၊ သားက အထူးကု ဆရာဝန်ကြီး တဲ့၊ သမီးက အထူးကု ဆရာဝန်ကြီးတဲ့၊ မိဘတွေက အားကိုးကြတယ်။ အဲဒီလို အားကိုးစရာ ရှိတယ်လို့ ထင်ရတဲ့ မိဘတွေ၊ ဆရာဝန်တွေကိုယ်တိုင် ဘာမှ ကြောက်စရာ မရှိဘူးလို့ ဘုန်းကြီးတို့ ငယ်ငယ်က အောက်မေ့တာ၊ ဘယ်ဟုတ်မလဲ၊ ဘယ်သူမှ အားကိုး စရာမရှိဘူး၊ အကာအကွယ် မရှိဘူးနော်။

” န ပိတာ - - သားသမီးကို ကာကွယ်စောင့်ရှောက် နိုင်တဲ့ မိဘဆိုတာလည်း မရှိကြပါ။ နာပိ ဗန္ဓဝါ ---- အကာအကွယ်ပေးနိုင်တဲ့ ဆွေတွေ မျိုးတွေဆိုတာ လည်း မရှိကြပါ။ ဉာတီသု တာဏတာ - - ဆွေမျိုး သားချင်းတို့မှာ ကာကွယ်နိုင်တဲ့စွမ်းရည်ဆိုတာ၊ နတ္ထိ-ဘယ်တော့မှ မရှိပါချေ။” မရှိဘူးတဲ့။ ဘယ်သူ့ဘယ်သူမှ ကာကွယ်လို့ မရ ဘူးတဲ့၊ ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးဟာ မြတ်စွာ ဘုရား ပရိနိဗ္ဗာန်မစံခင်(မြတ်စွာဘုရားက ကဆုန်လမှာ ပရိနိဗ္ဗာန်စံတယ်) ၇-လခန့်စောတဲ့ တန်ဆောင်မုန်း လဆန်း ၇-ရက်လောက်မှာ သမာပတ်မှထပြီးတော့ “ငါ အသက် ဘယ်လောက်ရှည်ဦးမလဲ” လို့ ကြည့်လိုက်မိ တယ်။ ကြည့်လိုက်တဲ့အခါကျတော့ သူ့အသက် နောက် ၇-ရက်ပဲ ကျန်တော့တယ်ဆိုတာ တွေ့ရတယ်။ ကဲ ဒါဖြင့် ဘယ်နေရာသွား ခေါင်းချမတုန်း စဉ်းစား တယ်။

“မွေးရပ်မြေပြန်ပြီး ငါ့ကို မွေးဖွားခဲ့တဲ့အခန်းမှာ ခေါင်းချမယ်၊ ဒါမှ ငါ့မယ်တော်ကြီးကို တရားဟောပြီး အကျွတ်တရားကို ရစေနိုင်မယ်၊ ငါ့မယ်တော်ကြီးကို နောက်ဆုံးတရားဟောတဲ့အနေနဲ့ သွားမယ်” ဆိုပြီး ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ မြတ်စွာဘုရားကို ကန်တော့ ခွင့်တောင်းပြီး တစ်နေ့ တစ်ယူဇနာ၊ တစ်နေ့ တစ်ယူဇနာ သွားလိုက်တာ ၇-ရက်ပြည့်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ကျတော့ သူဖွားမြင်ခဲ့ရာ ဖြစ်တဲ့ နာလကရွာ ရောက်သွားတာပေါ့။ အဲဒီလို ဝေးကွာလှတဲ့ခရီး လမ်းလျှောက်သွားနိုင်တယ်ဆိုတော့ တော်တော်ကျန်းမာသေးတယ်လို့ ပြောရမှာပဲ။ အဲဒီ နာလကရွာရောက်တော့ သူမွေးဖွားခဲ့တဲ့ အခန်းကို ပြင်ခိုင်းပြီး အိမ်မှာပဲကျိန်းဖို့ စီစဉ်တယ်။ အဲဒီအချိန်ထိအောင် ကျန်းမာနေတုန်းပဲ၊ ညပိုင်း ရောက်တော့ သံဃာတွေကို တရားဓမ္မဟောပြီးတော့ ပြန်လွှတ်လိုက်တယ်။ ညီတော်စုန္ဒတစ်ပါးပဲ အနားမှာ ရှိတယ်။ သံဃာတွေအားလုံး ပြန်ကြွသွားကြပြီ။ ညဉ့်ဦး ယာမ် ရောက်တဲ့အခါကျတော့ ကိုယ်တော်ကြီး ရောဂါ ဖောက်လာတယ်၊ ဝမ်းတွေသွားတယ်၊ ဝမ်းသွားတဲ့အခါ သွေးတွေပါလာတယ်။

ည သန်းခေါင်ကျော်လောက်မှာ ဘယ်သူတွေ လာလဲဆိုရင် စာတုမဟာရာဇ်နတ်မင်းကြီး တွေ လာကြ တယ်။ သိကြားမင်းလည်း လာတယ်၊ ဗြဟ္မာမင်း တွေလည်း လာကြတယ်တဲ့၊ လူမမာ လာမေးကြတာ။ မေးရုံမေးတာနော်၊ သူတို့ ဆေးမကုဘူး။ တချို့က ထင်ကောင်းထင်မယ်၊ သိကြားမင်း ဆင်းကုရင် ပျောက် မယ် လို့။ သိကြား အားကိုးတဲ့ လူစုကလည်း မနည်းဘူး နော်၊ ဟုတ်ရဲ့လား။

ကဲ ရှင်သာရိပုတ္တရာရဲ့ရောဂါ သိကြားကုလို့ ပျောက်မယ်ဆိုရင် ဒီသိကြား အလကား နေပါ့မလား၊ ကုပေးသွားမှာပေါ့။ သိကြားထက်စွမ်းတဲ့ ဗြဟ္မာကြီးတွေ တောင် ဆင်းပြီးတော့ လာကန်တော့သွားသေးတယ်၊ ဘယ်သူမှ မတတ်နိုင်ဘူး၊ လာမေးရုံမေးတာ၊ အရှင် ဘုရား သက်သာရဲ့ လား၊ နေကောင်းရဲ့လား၊ ဒါပဲနော်။ လူ့သဘာဝ ဒီအတိုင်းပဲသွားမှာ။ ဘာမှ မျှော်လင့်ချက် တွေ ထားမနေနဲ့၊ ဟုတ်ရဲ့လား။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ရုပ်ခန္ဓာ ကိုယ်ကြီးနဲ့ ပတ်သက်ပြီး အတိအလင်း ဟောထားတာ “အာတုရော ဟာယံ ကာယော အဏ္ဍဘူတော ပရိယောနဒ္ဓေါ- ခန္ဓာကိုယ်ကြီးဆိုတာ ထာဝရ နာပြီး တော့ နေတာတဲ့၊ ကြက်ဥ ငှက်ဥ ကလေးလိုပဲ” တဲ့။ ပစ်ပေါက်ပြီး ကစားလို့မရဘူး။

စျေးထဲမှာ ကြက်ဥဝယ်ရင် သိပ်သတိထားရတယ် မဟုတ်လား၊ မတော်တဆ လွတ်ကျရင် ကွဲမှာကိုး၊ ခန္ဓာကိုယ်ကြီးလည်း ခလုတ်တိုက်ပြီး လဲမယ်ဆိုရင် အရိုးကျိုးသွားနိုင်တယ် မဟုတ်ဘူးလား၊ ဒါကြောင့် ခန္ဓာကိုယ်ကြီးကို အဏ္ဍဘူတော - - ဥလိုပဲ မခိုင်မာဘူး တဲ့။

ပရိယောနိဒ္ဓေါ--အင်မတန်ပါးလွှာတဲ့ အရေပြား လေးနဲ့ အုပ်ထားတာတဲ့။ ပါးလွှာတဲ့ အရေခွံလေးနဲ့ အုပ်ထားတာဆိုတော့ ကြက်ဥလောက်အောင် မခိုင်မာ ဘူးပေါ့။ ကြက်ဥမှာ အပြင်ကအခွံကို ဖောက်ပြီးတော့ အထဲကအရည်ကို ခြင်က မစုပ်နိုင်ဘူး၊ လူရဲ့သွေး ကျတော့ ခြင်တွေက လာကိုက်ပြီး စုပ်ယူနိုင်တယ်။ လူရဲ့ခန္ဓာကိုယ်က ကြက်ဥလောက်တောင် ခိုင်မာတာ မဟုတ်ဘူးနော်။

အဲဒီလိုမျိုး ခန္ဓာကိုယ်ကြီး ရ,ထားတာ ဖြစ်ပါ လျက်နဲ့ “ဟေ့ နေကောင်းရဲ့လား” မေးတဲ့အခါ “နေကောင်းပါရဲ့ဗျာ၊ ဒေါင်ဒေါင်မြည်ပဲ” လို့ပြောရင် မသိမိုက်မဲလို့ ပြောတာတဲ့။

ယော ဣမံ ကာယံ ပရိဟရန္တော - ဤကဲ့သို့ ထာဝရ နာတတ်တဲ့ ခန္ဓာကိုယ်ကြီးကို ရ,ထားတာ ဖြစ်ပါလျက်၊ မုဟုတ္တံ ပိ အာရောဂျံ - - တစ်ခဏလေးပဲ ဖြစ်ပါစေ ကျန်းမာပါတယ်လို့ ဝန်ခံပြောကြားငြားအံ့၊ (ကျန်းမာတယ်၊ ဘာမှမဖြစ်ဘူး၊ တို့ကတော့ ဒေါင်ဒေါင် မြည်ပဲလို့ပြောရင်)ကိမညတြ ဗာလျာ--မသိမိုက်မဲတာ ကလွဲပြီး ဘာအကြောင်းရှိဦးမှာလဲဟု၊ ဘဂဝါ - - ရွှေ ဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ- ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။

မသိမလိမ္မာလို့ ပြောတာတဲ့၊ သိတဲ့သူက ပြောကို မပြောဘူး၊ ဟုတ်တယ်မဟုတ်လား၊ အေး ဘဝအသွင် ကို ဓမ္မနဲ့ကြည့်ရင် ယခုလိုပဲ မြင်ရမှာပဲ၊ သာယာတဲ့ အမြင်နဲ့ ကြည့်ရင်တော့ တစ်မျိုး မြင်ကောင်း မြင်လိမ့် မယ်၊ ကဲ နောက်တစ်ခု ကြည့်ကြည့်ကြဦးစို့။

(၃) ကိုယ်ပိုင်ဥစ္စာ မရှိ

လောကကြီးမှာ တချို့ပုဂ္ဂိုလ်တွေက အဆင်ပြေတယ်၊ တိုက်နဲ့ကားနဲ့၊ ကားမှ တကယ့် modern မြင့်တဲ့ ကားနော်။ တိုက်ကလည်း အင်မတန်အဆင့်မြင့်တဲ့ လုံးချင်းအိမ်၊ သိန်းတစ်ထောင်လောက်တန်တဲ့ တိုက်ကြီးပေါ့။ ခုဆို မကလောက်ဘူးထင်တယ်၊ သိန်းတစ်သောင်းလောက်တန်တဲ့ တိုက်အိမ်၊ ဒီတော့ ဒီလို ကိုယ်ပိုင်ဥစ္စာလေးတွေရှိကြတယ်။ ဘယ်ကုမ္ပဏီကြီးကို ပိုင်တယ်၊ ကားကြီးက ဘာကားကြီးစီးတာ၊ ဟုတ်ရဲ့လား၊ ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေမှာ စာရင်းတွက်ထားလိုက်မယ်ဆိုရင် ပိုင်ဆိုင်တာတွေ နည်းမှာမဟုတ်ဘူး၊ ဒါ သူပိုင်တာပေါ့။

မြတ်စွာဘုရားက ဒါတွေကို ဓမ္မအမြင်နဲ့ကြည့်ရင် တစ်မျိုးမြင်ရမယ်တဲ့၊ “လောကော--လောကကြီးမှာ၊ အဿကော--ကိုယ်ပိုင်ဥစ္စာဆိုတာ မရှိပါ၊ (ဟော ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုရင် ကိုယ်ပိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့၊) ဘာဖြစ်လို့လဲ၊ သဗ္ဗံ-ရှိသမျှပစ္စည်းဥစ္စာကို၊ ပဟာယ ဂမနီယံ- - ထားပြီးတော့ သွားရမှာဖြစ်တယ်။

ကဲ ပိုင်တယ်ဆို ယူသွားလို့ရလား၊ မရဘူး၊ အားလုံး ထားခဲ့ရတာချည်းပဲ။ မထားခဲ့ဘဲနဲ့ ယူသွားလို့မရဘူး၊ ဘယ်လောက်ပိုင်ပိုင် ဟုတ်လား။ ဘာကြီးတွေပိုင်ပိုင်၊ ပိုင်သမျှဟာတွေ အကုန်ထားခဲ့ရတာပဲ။ နောက်ဆုံးမှာ ကိုယ်ချည်းပဲသွားရတာ၊ ဒီအထဲမှာ မီးသင်္ဂြီုဟ်တဲ့ သူတွေက အကျႋတောင် ကောင်းရင်ချွတ်ယူကြဦးမယ်။ ပြောသံကြားဖူးတာပေါ့။ ရွှေသွားစိုက်ထားလို့ရှိရင် ပါးစပ်ဖြဲပြီးတော့ ရွှေသွားထုတ်ယူကြတယ်။ အဲဒီတော့ ရှိသမျှ ဘာကိုမှ ကိုယ်ယူသွားလို့ မရဘူးတဲ့။ ဟော ကိုယ်ပိုင်ဥစ္စာဆိုတာ ဘာမှမရှိဘူး။

ကဲ စဉ်းစားကြည့်လေ၊ ကြည့်လိုက်ကြရအောင်၊ ဒီနားမှာ ရွှေတိဂုံဘုရားကြီးရှိတယ်။ ရွှေတိဂုံဘုရားကြီးကို စပြီးတော့ တည်သွားတဲ့ တပုဿတို့ ဘလ္လိကတို့ ဆိုတဲ့ ဘုရားဒကာတွေ ရှိသေးလား၊ မရှိတော့ဘူး၊ ရွှေတိဂုံဘုရားကြီးကိုထားပြီး သွားကြပြီလေနော်။ နောက် ရွှေတိဂုံဘုရားကြီးကို စောင့်ရှောက်ပြီးတော့ ရွှေတိဂုံဘုရားကြီးကို ထပ်ဆင့်ပြီးတည်သွားတဲ့ ရှင်စောပု မိဖုရားကြီး ရှိသေးလား၊ မရှိဘူး။ ဘုရားကို ထားခဲ့ရတယ်လေ၊ အကုန်ပြန်ကြည့်။

ဒီနားမှာ တစ်ချိန်တုန်းက ခုတရားပွဲကြီးကျင်းပနေတဲ့ ဓမ္မာရုံကြီးနေရာ (ယခု မင်္ဂလာစျေးဓမ္မာရုံ)ဟာ ဘယ်သူပိုင်ခဲ့တာတုန်း၊ လိုက်ကြည့်လိုက်၊ ပိုင်ရှင်တွေ အများကြီးပဲ၊ ဟုတ်ရဲ့လား၊ အဲဒီပိုင်ရှင်တွေ မရှိတော့ဘူး၊ အကုန်ထားခဲ့ရတာချည်းပဲ၊ တစ်ခုမှ ယူမသွားနိုင်ကြဘူး။

အဲဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက “လောကော-လောကကြီးမှာ၊ အဿကော - ကိုယ်ပိုင်ဥစ္စာဆိုလို့ တစ်ခုမှ မရှိပါ” လို့ ဆင်ခြင်စဉ်းစားရမယ်တဲ့။ ဒါဖြင့် ဒီလိုဆင်ခြင်တွေးတောလိုက်တော့ ဘာဖြစ်တုန်း၊ ပစ္စည်းအပေါ်မှာရှိတဲ့ တဏှာတွေ လျော့ကျမသွားဘူးလား။ ဆင်ခြင်တွေးတောခြင်း comtemplation ဆိုတာ အကျိုးရှိတယ်၊ ဒီလိုစဉ်းစားလိုက်တော့၊ ငါပိုင်တာ တစ်ခုမှမရှိပါလား၊ ဒီပစ္စည်းတွေက တစ်နေ့တော့ ထားခဲ့ရမယ့်ဟာတွေပဲ၊ ဒီလို သိရင် ကောင်းတဲ့အလုပ်ကို မလုပ်ဖြစ်ပေဘူးလား၊ လုပ်ဖြစ်တယ်။ အဲဒီလိုမတွေးမိတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒီပစ္စည်းတွေကို တတွယ်တွယ် တတာတာနဲ့ လောဘတွေ တိုးပွားလာမယ်၊ မစ္ဆရိယတွေ များလာမယ်၊ ပစ္စည်းတွေကို တွယ်တာလွန်းရင် မြတ်စွာဘုရားဟောသလို ရက္ခိုသ်စောင့်တဲ့ ရေကန်ကြီးထဲက ရေတွေလိုပဲတဲ့၊ ဘယ်သူ့အတွက်မှ အသုံးမကျဘဲ နောက်ဆုံး ဒီပစ္စည်းတွေက မင်းဘဏ္ဍာဖြစ်သွားတယ်၊ အေး ဒါကြောင့် ဒီလိုဆင်ခြင်စဉ်းစားပါတဲ့။

“လောကော - - လောကကြီးမှာ၊ အဿကော ကိုယ်ပိုင်ဥစ္စာဆိုတာမရှိပါ၊ သဗ္ဗံ- ရှိသမျှပစ္စည်းဥစ္စာကို၊ ပဟာယ ဂမနီယံ - အကုန်ထားပြီးတော့ သွားရမှာ ဖြစ်တယ်ရယ်လို့၊ ဘဂဝါ - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ - ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။”

(၄) လိုနေတုန်းပဲ

ဘဝနဲ့ပတ်သက်ပြီး ဟောဒီလို ဆင်ခြင်စဉ်းစားကြည့်လိုက်တော့ ဘာမှ တွယ်တာချင်စရာ မရှိဘူး၊ အားလုံးထားပြီးသွားရမယ်။ ကဲ ကောင်းပြီ၊ ထားသွားရမယ်ဆိုတော့ လူတွေရဲ့လိုချင်လောဘဟာ ပြည့်သွားလားဆိုတော့ ပြည့်မသွားဘူး။

” ဦနော လောကော “

လောကော-လောကကြီးဟာ၊ ဦနော - - အမြဲတမ်း လိုလျက်၊ ဟာလျက်သာ ရှိနေပါပေတော့၏။ ကားတစ်စီးရှိရင် နောက်တစ်စီးရှိဦးမှ၊ စျေးဝယ်သွားတဲ့အခါ ဒါလေးနဲ့ အဆင်ပြေတယ်။ ဘုရားသွားကျောင်းတက်စီးဖို့က ဒါလေးနဲ့မှ၊ နောက်တစ်စီးရှိဦးမှ၊ နောက်တစ်စီးဆိုတော့ လုံလောက်ပြီလား၊ ဟော မလုံလောက်သေးဘူး၊ နောက်တစ်စီးတော့ရှိထားဦးမှ၊ ဒါလေးက သားအတွက်၊ ဒါလေးက သမီးအတွက်၊ ဒီပြင် ခိုင်းတဲ့လူတွေအတွက်က တစ်စီး၊ တစ်စီးပြီး တစ်စီးပြီးတယ်ကို မရှိတော့ဘူး။

နေစရာ အိမ်ကရော ပြီးရဲ့လား၊ အိမ်လေးတစ်လုံးရှိရင် မပြီးသေးဘူး၊ နောက်တစ်လုံး ရချင်သေးတာ၊ ဟော ရန်ကုန်မှာ အိမ်တစ်လုံးဆိုရင် နွေရာသီနေဖို့၊ ပြင်ဦးလွင်မြို့မှာ အိမ်တစ်လုံး လိုဦးမှာပဲ၊ ဟို သံတောင်ဘက်မှာ အိမ်တစ်လုံး၊ လိုဦးမှာပဲ၊ ဟော လေညှင်းခံဖို့ ငပလီမှာ တစ်လုံးလိုဦးမှာပဲ၊ ဘယ်တော့မှ မဆုံးဘူး။ ဒါ ရည်ရွယ်ပြီး မြတ်စွာဘုရားက “လောကောလောကကြီးသည်၊ ဦနော - - အမြဲတမ်း လိုလျက် ဟာလျက်သာ ရှိနေပါပေတော့၏” လို့ ဟောတာဖြစ်တယ်။ ဘယ်သူမှ “အေး လုံလောက်ပြီ၊ ငါ မရှာတော့ဘူးလို့” ဆိုတာ မရှိဘူး။ ရှိတောင် အင်မတန်မှ ရှားတယ်။ ရမယ်ဆိုရင် ယူဦးမှာပဲ။ အတိတ္တော ဘယ်အခါမှ တင်းတိမ်ရောင့်ရဲသွားတာ မရှိပါဘူးတဲ့။ တင်းတိမ်မှု contentment ဆိုတာ မရှိဘူး။ ဘယ်ဟာမှ ကျေနပ်ပြီး ရောင့်ရဲသွားတယ်လို့ မရှိဘူး၊ အမြဲတမ်း လိုနေဦးမှာပဲ။ သိန်းတစ်ရာရှိတဲ့ လူကလည်း လိုနေသေးတယ်၊ မလောက်သေးဘူး၊ သိန်းတစ်ထောင်ရှိမှ၊ သိန်းတစ်ထောင်လည်း နည်းသေးတယ်၊ မလောက်သေးဘူး၊ ရှာဦးမှာပဲ။ ကုမ္ပဏီကလည်း တစ်ခုဖွင့်ရင် မရသေးဘူး၊ နောက် ကုမ္ပဏီတစ်ခု ထပ်ဖွင့်ရမယ်။ လေယာဉ်ပျံတောင် တစ်စင်းပြီးရင် နှစ်စင်း၊ နှစ်စင်းပြီးရင် သုံးစင်း ရှိနေရဦးမှာပဲလေ။ အဲဒီလို အမြဲတမ်း လိုနေမှာပဲ၊ ဒါ လူ့ရဲ့ သဘာဝကို ပြောတာ။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက စစ်ကိုင်းတောင်မှာ တရားဟော နာမည်ကြီးတဲ့ ဝိဇ္ဇောဒယဆရာတော်ကြီးဆိုတာရှိတယ်၊ အဲဒီ ဆရာတော်ကြီး ဟောတဲ့ထဲမှာ လူတွေဟာ မတင်းတိမ်နိုင်ဘူး၊ အမြဲတမ်း လိုနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး လောဘရဲ့ အတောမသတ်နိုင်ပုံကို ဆရာတော်ကြီးက ပုံဝတ္ထုလေးတစ်ခုနဲ့ ဟောထားတာရှိတယ်။

တစ်ခါတုန်းက လက်ညှိုးထိုးမလွဲအောင် မြေတွေကို ချမ်းသာလှတဲ့ မြေပိုင်ရှင်သူဌေးကြီးတစ်ဦးက သူ့ရဲ့အလုပ်သမားတစ်ယောက်ကို “ ကဲ မင်း ငါ့ရဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်တယ်၊ မင်းကို ငါပိုင်တဲ့မြေတွေ ခွဲပေးမယ်၊ မင်းကြိုက်သလောက်ယူ၊ ဒီကနေ မင်းပြေး၊ မင်းတော်ချင်တဲ့ နေရာရောက်မှရပ်” လို့ ပြောတယ်၊ ဟုတ်ရဲ့လား၊ အဲဒီလူက သဘောကျတာပေါ့၊ မြေတွေ ဧကပေါင်းများစွာ သူ ရမှာကိုး။

သူဌေးကြီး ပြောထားတဲ့အတိုင်း သူလိုချင်တဲ့မြေရဖို့ ပြေးလိုက်တာ၊ ပြေးရင်း သူနောက်ပြန်လှည့်ကြည့်တယ်၊ နည်းသေးတယ်ထင်လို့ ထပ်ပြေး၊ လှည့်ကြည့်လိုက် နည်းသေးတယ်ဆိုပြီး ပြေးလိုက်၊ ထပ်ပြေးရင်းပြေးရင်းနဲ့ နောက်ဆုံးမှာ အမောဆို့ပြီး လဲကျသွားတယ်။ လဲကျသွားပြီးတော့ အဲဒီနားမှာပဲ သေဆုံးသွားပါလေရော။ သူဌေးကြီးက စိတ်မကောင်းစွာ ခေါင်းလေးတညိတ်ညိတ်နဲ့ ဘာပြောတုန်းဆိုတော့ “ငါကတော့ မင်းလိုချင်သလောက် ပေးမလို့ပါပဲ။ မင်းကတော့ ၆-ပေလောက်နဲ့ပဲ တန်တာကိုး” ဆိုပြီးတော့ ၆-ပေတွင်းလေး တူးပြီးတော့ မြှုပ်လိုက်သတဲ့။ အဲသလို လူ့လောဘဟာ ဘယ်လောက်ပဲရှိရှိ နောက်ဆုံးတော့ ၆-ပေတွင်းထဲပဲ သွားမှာမဟုတ်လား။ မြေကြီးထဲမြုပ်ရင်ပေါ့လေ၊ အခုခေတ်တော့ မီးသင်္ဂြီုဟ်စက်ထဲ ထည့်လိုက်တာမျိုး ဖြစ်နေပြီပေါ့နော်။ ပြောမယ်ဆိုရင်တော့ သေတ္တာရှည်ကြီးထဲ ဝင်သွားရတာပေါ့။ တကယ်စဉ်းစားကြည့်ရင် ခုခေတ်မှာ နေတော့လည်းပဲ သေတ္တာအိမ်ကြီးတွေထဲမှာ နေကြတာ။ အိမ်ပေါ်က ဆင်းတော့လည်း သေတ္တာကြီးနဲ့ပဲ ဆင်းသွားတာ၊ ဟိုရောက်တော့လည်း သေတ္တာကြီးထဲမှာ အိပ်ပြီးတော့ သေတ္တာကြီးနဲ့ပဲ မီးလောင်ခံရတာပဲလေ၊ ဩော် ဘဝဆိုတာ ဒီလိုပါပဲ။

အေး လူတွေမှာ ဆန္ဒပြည့်တယ်ဆိုတာ မရှိဘူးတဲ့။ ဒါကြောင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက“ဦနော လောကော အတိတ္တော တဏှာ ဒါသော၊ လောကော- - လောကကြီးဟာ၊ ဦနော - - အမြဲတမ်း လိုလျက် ဟာလျက်သာရှိပါပေတော့၏။ အတိတ္တောမည်သည့်အခါမှ ကျေနပ်ခြင်း ရောင့်ရဲတင်းတိမ်ခြင်း မရှိပါဘဲ၊ တဏှာ ဒါသော - - တဏှာရဲ့ ကျေးကျွန်သာ ဖြစ်ပါပေတော့၏။ ဣတိ - - ဤသို့၊ ဘဂဝါ - - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ----ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေသတည်း။”

(၅) တဏှာရဲ့ ကျွန်

လူတွေက ကိုယ့်ကိုယ်ကို လွတ်လပ်တယ်လို့ ထင်တာ။ ဒါပေမဲ့ မလွတ်လပ်ဘူး၊ ခိုင်းရာနေ စေရာသွားနေကြရတာ။ ဘယ်သူကခိုင်းတုန်း၊ တဏှာကခိုင်းနေတာ၊ တဏှာစေရာ သွားနေကြရတာ၊ လိုချင်မှု လောဘဆိုတဲ့ တဏှာက ခိုင်းတာကို လုပ်နေကြတာ။ ဒါကြောင့်မို့ လူတွေက ကိုယ့်ကိုယ်ကို လွတ်လပ်တယ် independent လို့ ပြောနေကြပေမယ့် တကယ်တော့ မလွတ်လပ်ဘူး၊ တဏှာက အုပ်စိုးနေတာ၊ ဟုတ်ရဲ့လား၊ တဏှာရဲ့ အုပ်ချုပ်မှုကို ခံနေကြရတာဖြစ်တယ်။ လောကမှာ လူတွေက ပြောကြသေးတယ်နော်၊ အဖော်မရှိဘူး၊ တစ်ယောက်တည်းနေတာတဲ့။ တစ်ယောက်တည်းနေတယ် ထင်ပေမယ့် ဘယ်ဟုတ်မတုန်း၊ တကယ်တော့ အဖော်နဲ့နေတာပဲ။ ဘာအဖော်လဲ၊ တဏှာအဖော်လေ၊ တဏှာက သူ့အဖော်ပဲ၊ အတွေးလေးနဲ့ကျေနပ်လို့ ဆိုတာ တဏှာနဲ့နေတာ။ အေး တဏှာအဖော်နဲ့နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်တော့မှ အဖော်မဲ့မဟုတ်ဘူး။ အဲဒီရှိနေတဲ့ အဖော်က သူ့ကို အုပ်ချုပ်နေတာ။ တဏှာက ခိုင်းထားတာ၊ မင်း တစ်ယောက်တည်းနေဆိုလို့ သူက တစ်ယောက်တည်းနေရတာပါ။

ဒါကြောင့်မို့ မြတ်စွာဘုရားက တဏှာဒါသော၊ “လောကော -- လောကကြီးဟာ၊ တဏှာဒါသောတဏှာရဲ့ကျေးကျွန် ဖြစ်၍နေပါပေတော့၏” လို့ ဟောခဲ့တာဖြစ်တယ်။ တို့တစ်တွေ တဏှာရှိသေးသမျှ ကျွန်အဖြစ်က မလွတ်သေးဘူး။ ဘယ်သူ့ရဲ့ကျွန်လဲ၊ တဏှာရဲ့ကျွန်ပေါ့။ ကျွန်မှ တဏှာကို သိပ်ပြီးရိုသေလေးစားရတာ၊ သူခိုင်းရင် မငြင်းရဲဘူး၊ မငြင်းနိုင်ဘူး၊ တဏှာရဲ့ကျေးကျွန်ဖြစ်နေတာကိုး။ ကဲ ကိုယ့်ရဲ့ဘဝအသွင်ကို ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုရင် ဘဝကြီးဟာ ကောင်းတယ် ဆိုးတယ်လို့ ပြောနေကြတာမဟုတ်ဘူးနော်၊ လောကအမြင်မှာတော့ ဘဝဆိုတာ ပျော်စရာကြီးလို့ ထင်ကြတာ၊ တချို့ကလည်း ဘဝဆိုတာ ငြီးငွေ့စရာကြီးလို့ ပြောတယ်။

အခု ဓမ္မအမြင်နဲ့ ကြည့်လိုက်တော့(၁) ဘဝဆိုတာ မကောင်းတဲ့ဆီ တွန်းပို့တာ ခံနေရတာ၊ အခြေအနေက တည်ငြိမ်နေတာ မဟုတ်ဘူး။(၂) အဲဒီတွန်းပို့ခံနေရတဲ့ မတည်ငြိမ်တဲ့ ဘဝကြီးမှာ ကာကွယ်နိုင်သူ၊ အုပ်ချုပ်နိုင်သူ မရှိဘူး၊ အကာအကွယ်မဲ့နေတယ်။(၃) ဘဝကြီးမှာ ပိုင်ဆိုင်တယ်ဆိုတာ တစ်ခုမှ မရှိဘူး၊ အားလုံးထားခဲ့ရမှာဖြစ်တယ်၊(၄) ဘဝကြီးဟာ အမြဲတမ်း လိုပြီးတော့နေတယ်၊ ဘယ်တော့မှ ရောင့်ရဲတင်းတိမ်တယ်ဆိုတာ မရှိဘူး၊(၅) တို့ဟာ တဏှာရဲ့ကျွန် ဖြစ်နေကြတယ်။ ဟော ဘဝနဲ့ပတ်သက်ပြီး ဒါတွေကို ဒီလိုမြင်မှ ဓမ္မနဲ့မြင်တယ်လို့ ပြောရမှာနော်။

(၆) ဘယ်ဘဝမှ မကောင်း

ဘဝအသွင်ကို ဓမ္မအမြင်နဲ့ ကြည့်လိုက်တဲ့အခါ ရွံစရာအဖြစ် မြင်ရသေးတယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဘဝနဲ့ပတ်သက်ပြီး ယခုလို ရှုမြင်ဟောကြားထားတာရှိတယ်။

မစင် ကျင်ကြီးဟာ အနံ့ဆိုးတယ်၊ အများကြီးမှ နံတာမဟုတ်ဘူး၊ နည်းနည်းလေးလည်း နံတာပဲ။ ထို့အတူပဲ တိုတောင်းတဲ့ အချိန်ပိုင်းလေးမှာ “ရှိနေတဲ့ ဘဝပဲဖြစ်စေ, မရှိတဲ့ဘဝဖြစ်စေ” ဘဝဟူသမျှ ဘယ်ဘဝမှ မကောင်းဘူးတဲ့။

ဘယ်ဘဝကိုမှ မြတ်စွာဘုရား မချီးကျူးဘူး၊ ဘာလို့လဲဆိုတော့ ဘဝဆိုတာ ခုနက အခြေအနေတွေနဲ့ ဖန်တီးထားလို့ပဲ။ ကောင်းတဲ့ အခြေအနေတွေရှိရဲ့လား၊ မရှိဘူး။ ဒီအတိုင်း သဘာဝကို ကြည့်မယ်ဆိုရင် ဘဝကြီးမှာ ကောင်းတဲ့အခြေအနေတွေ တစ်ခုမှ မရှိဘူးတဲ့။ မရှိတဲ့အတွက်ကြောင့် ဘဝဟာ ကျေနပ်စရာ မရှိဘူးတဲ့။

(၇) ဘဝလွတ်မြောက်နိုင်တဲ့ လမ်း

ဒါဖြင့် ဘဝမှ လွတ်မြောက်ချင်တယ်ဆိုရင် လွတ်မြောက်နိုင်တဲ့လမ်း ရှိသလား၊ ရှိတယ်။ အစက ပြောခဲ့တယ်လေ၊ ဘဝမှာ 'အဿာဒ' သာယာစရာ enjoyment ဆိုတာ ရှိတယ်၊ 'အာဒီနဝ' အပြစ် fault ဆိုတာ ရှိတယ်။

နောက်တစ်ခုက ဘာတုန်းဆိုရင် 'နိဿရဏ' ထွက်ပေါက် exit ဆိုတာလည်း ရှိတယ်။ ထွက်ပေါက်ကို ဘယ်မှာ ရှာမလဲ။ အိမ်ထဲ ရောက်နေတဲ့သူဟာ ထွက်ပေါက်ကို အိမ်ထဲမှာ ရှာရမယ်၊ အိမ်ထဲမှာ ထွက်ပေါက်ရှိတယ်၊ ဘဝမှ ထွက်ချင်တယ်ဆိုလို့ရှိရင် ဘဝထဲမှာ ထွက်ပေါက်ကိုရှာရမယ်။ ဘဝနိရောဓ ဆိုတဲ့ ထွက်ပေါက်ကို ဘဝထဲမှာပဲ တွေ့နိုင်တယ်၊ ဟုတ်ရဲ့လား။

ဒါကြောင့်မို့လို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က သစ္စာလေးပါး ဟောထားတာရှိတယ်။ ဟောတုန်းက ဒုက္ခဆိုတဲ့ နာမည်နဲ့ ဟောခဲ့တာ၊ အဲဒါ ပြောင်းပြီးတော့ ဘဝဆိုတာနဲ့ ကြည့်ကြရအောင်။ “ဘဝ၊ ဘဝ-သမုဒယ၊ ဘဝ-နိရောဓ၊ ဘဝ-နိရောဓဂါမိနီပဋိပဒါ” ဒီလို ပြောကြမယ်၊ ဟုတ်ရဲ့လား။ အဲဒီမှာ ဘဝဆိုတာကို ယခု ရ,ထားကြပြီ။ အဲဒီဘဝကို ဘယ်သူ လုပ်တာတုန်းဆိုတော့ ဘဝသမုဒယဆိုတဲ့ တဏှာ လုပ်တာ။ ဒါကြောင့်မို့ မြတ်စွာဘုရားက “ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ” လို့ မိန့်ကြားခဲ့တာဖြစ်တယ်။ ငါ့ရဲ့ဘဝ ခန္ဓာအိမ်ကြီးကို ဆောက်နေသူကိုတွေ့ပြီ၊ တဏှာပဲလို့ ဟောတာ။

တဏှာက ဘယ်သူတွေရဲ့အကူအညီနဲ့ ဆောက်တာတုန်းဆိုတော့ အဝိဇ္ဇာရဲ့ အကူအညီနဲ့ ဆောက်နေတာ။ အဝိဇ္ဇာက အမှန်မမြင်အောင် ဖန်တီးထားတယ်။ တဏှာက တွယ်တာတယ်၊ တွယ်တာသည့်အတွက်ကြောင့် ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် လုပ်တယ်။ ကောင်းတာဆိုးတာတွေလုပ်တော့ ကံတရားတွေ စုမိတယ်။ အဲဒီ ကံတရားတွေက အဝိဇ္ဇာ တဏှာတို့ရဲ့ အကူအညီနဲ့ တွန်းပို့လိုက်တော့ ဟော ဘဝတစ်ခုကို ရကြတယ်။

ဒါကြောင့်မို့လို့ ဘဝအကြောင်းကို ဘဝထဲမှာ ပြန်ရှာကြည့်။ ဒီဘဝဆိုတာကို ဘယ်သူလုပ်နေတာတုန်းဆိုတော့ အဝိဇ္ဇာရယ်၊ တဏှာရယ်၊ ကံရယ်၊ ဒီသုံးခုကလုပ်နေတာ၊ ဟုတ်ရဲ့လား။ အဝိဇ္ဇာက အမှန်မမြင်ဘဲ အမှားမြင်အောင် ဖုံးပေးထားမယ်။ တဏှာက တွယ်တယ်၊ ကံကနေပြီးတော့ တွန်းချလိုက်တယ်၊ ဘဝတစ်ခု ဖန်တီးပေးလိုက်တယ်။ ဒီနည်းနဲ့ ဘဝတွေ အဆက်ဆက်ရပြီးတော့ နေတယ်။ အဲဒါကြောင့်မို့လို့ အဝိဇ္ဇာ, တဏှာ, ကံတို့ဆိုတာ ဘဝထဲမှာရှိတော့ ဘဝထဲပြန်ရှာလိုက်၊ ဘဝ-သမုဒယဆိုတာ အဝိဇ္ဇာ, တဏှာ, ကံတို့ပဲဆိုတာ သိရမယ်။ မြတ်စွာဘုရားက တဏှာကို အဓိကထားပြီး ဘဝ-သမုဒယလို့ ဟောတာနော်။

ဘဝသမုဒယကိုရှာတွေ့ဖို့နဲ့ ဒီဘဝကြီးချုပ်ငြိမ်းဖို့အတွက် ဘာလုပ်ရမလဲဆိုရင် မဂ္ဂင်ရှစ်ပါးကိုပဲ ကျင့်ရမှာဖြစ်တယ်။ မဂ္ဂင်ရှစ်ပါးဆိုတာ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း သမ္မာဒိဋ္ဌိ စတဲ့ စိတ်မှာဖြစ်တဲ့ အင်အားစုတွေကို ပြောတာဖြစ်တယ်။

သမ္မာဒိဋ္ဌိ ဆိုတာ မှန်ကန်စွာမြင်ခြင်း သိခြင်း right understanding ကို ပြောတာ။ “ဘဝကို ဘဝလို့ မြင်တယ်၊ ဘဝကိုဖြစ်စေတတ်တဲ့ တဏှာကို ဘဝသမုဒယလို့ မြင်တယ်။ ဘဝချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ဘဝနိရောဓလို့ မြင်တယ်။ မဂ္ဂင်ရှစ်ပါးကို ဘဝနိရောဓသို့ ပို့ဆောင်ပေးမယ့် ပဋိပဒါလို့ မြင်တယ်။ ဟော ဘဝဆိုတာ မကောင်းဘူးလို့ မြင်တာလည်း သမ္မာဒိဋ္ဌိပဲ၊ ဟုတ်ရဲ့လား။ ဘဝကို ဓမ္မအမြင်နဲ့မြင်တာမှန်သမျှ သမ္မာဒိဋ္ဌိလို့ ခေါ်နိုင်တယ်။

အဲဒီ သမ္မာဒိဋ္ဌိဆိုတဲ့အမြင်ရှိလာရင် “ဘဝကို ဆောက်လုပ်နေတဲ့ လက်သည် ဘယ်မှာလဲ ဆိုတာ သိတယ်။ ဘဝရဲ့အကြောင်းတရားကို တွေ့မယ်” ဘဝချုပ်ငြိမ်းချင်လို့ရှိရင် ဘဝကို တည်ဆောက်နေတဲ့ အကြောင်းတရားကို တွေ့အောင်ရှာပြီး ပယ်ရှားပစ်ရမယ်။ အကြောင်းတရားကိုရှာရင် သမ္မာဒိဋ္ဌိ right understanding နဲ့ပဲ ရှာရတယ်။ ရှာတွေ့အောင် ဘာလိုတုန်းဆိုရင် သမ္မာသင်္ကပ္ပ မှန်ကန်စွာစဉ်းစားမှု right thought ရှိရမယ်။

မှန်မှန်ကန်ကန် စဉ်းစားဖြစ်အောင် ဘာလုပ်ရမတုန်း။ မှန်ကန်စွာကြိုးစားရမယ်၊ မှန်ကန်စွာကြိုးစားမှု သမ္မာဝါယာမ right effort ရှိရမယ်။ မှန်ကန်စွာကြိုးစားလိုက်တဲ့အခါမှာ ဘာလိုတုန်းဆိုလို့ရှိရင် သတိထားဖို့လိုတယ်၊ သမ္မာသတိ right mindfulness လိုအပ်တယ်။ သတိထားပြီးတဲ့အခါမှာ အာရုံတစ်ခုတည်းမှာ စူးစူးစိုက်စိုက် စိတ်ကိုတည်ဆောက်ထားဖို့ လိုအပ်တယ်၊ သမ္မာသမာဓိ right concentration ပေါ့၊ ပေါင်းလိုက်တဲ့အခါ မဂ္ဂင်ငါးပါး၊ ဟောဒီ မဂ္ဂင်ငါးပါးပေါင်းပြီး အလုပ်လုပ်လိုက်လို့ရှိရင် ခုနက အကြောင်းတရားတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

ဘဝက ထွက်မြောက်ဖို့ရာအတွက် ဘာလုပ်ရမတုန်း။ ဥပမာ ပြဿနာတစ်ခု ဖြေရှင်းဖို့ဆိုပါစို့။ မဖြေရှင်းမီ ကြိုတင်သိရှိ နားလည်ထားရမယ့် အချက်တွေက “ပြဿနာ problem၊ ပြဿနာ ဖြစ်ရခြင်း အကြောင်း the cause of problem၊ ပြဿနာ ပြေလည်ခြင်း solution of problem၊ ပြဿနာပြေလည်ရန် နည်းလမ်း the way how to solve the problem “ ဆိုတာတွေပဲဖြစ်တယ်။

အစပထမ ပြဿနာဆိုတာကို မြင်ရမယ်။ မြင်ပြီး ဒီပြဿနာ ဘာကြောင့်ဖြစ်တာတုန်းဆိုတဲ့ အကြောင်းတရားကို မြင်ရမယ်။ မြင်လာပြီးလို့ရှိရင် ဘာလုပ်မတုန်း၊ ပြဿနာရဲ့အဖြေဆိုတာရှိတယ်။ အဖြေက ဘာဆိုတာ မြင်ရမယ်။ ပြီးတော့ ဘယ်နည်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ ပြဿနာဖြေရှင်းနည်းကို မြင်ရမယ်၊ ဟော ရှင်းရှင်းလေးရယ်။ မြတ်စွာဘုရားဟောထားတဲ့ သစ္စာလေးပါးဆိုတာ ယခုလိုဟာမျိုးပဲ။

အေး ဒါကြောင့်မို့ “ဘဝဆိုတာ သိရမယ်၊ ဘဝကို တည်ဆောက်နေတဲ့ အကြောင်းတရားကို သိရမယ်၊ ဘဝချုပ်ငြိမ်းသွားတာကို သိရမယ်၊ ဘဝချုပ်ငြိမ်းကြောင်း နည်းလမ်းကိုသိရမယ်” အဲဒီလိုသိပြီး အလုပ်လုပ်တာဟာ ဒီ မဂ္ဂင်ရှစ်ပါးပဲ။

မှန်မှန်ကန်ကန်မြင်တယ်၊ မှန်မှန်ကန်ကန် စဉ်းစားလို့ မှန်မှန်ကန်ကန် မြင်တာ၊ အဲဒီလို မှန်မှန်ကန်ကန် စဉ်းစားပြီး မှန်မှန်ကန်ကန် သိမြင်ဖို့ မှန်မှန်ကန်ကန် ကြိုးစားရမယ်၊ ကြိုးစားတဲ့အခါ မှန်ကန်တဲ့သတိရှိရမယ်၊ မှန်ကန်တဲ့စူးစိုက်မှု စိတ်တည်ငြိမ်အောင်ထားမှုရှိရမယ်၊ ဟောဒီ မဂ္ဂင်ငါးပါးဟာ ဝိပဿနာရှုတဲ့အခါမှာ စုပေါင်း အလုပ်လုပ်ကြတယ်၊ အလုပ်လုပ်ရင်း ဘဝရဲ့ထွက်ပေါက် exit ဆိုတာကို တွေ့သွားနိုင်တယ်တဲ့။ ဘဝနိရောဓကို တွေ့နိုင်တယ်လို့ပြောတာ။

ဒါကြောင့်မို့လို့ ဘဝထွက်ပေါက်ကို ရှာချင်တဲ့အခါမှာ ဘဝရဲ့အပြစ်၊ ဘဝရဲ့အကြောင်းတရား ဒါတွေသိဖို့လိုပါတယ်။ အဲဒီလိုသိအောင် ကြိုးပမ်းအားထုတ်ခြင်းဟာ ဘဝပြဿနာ အဖြေရှာရန် တစ်ခုတည်းသော နည်းလမ်းပဲတဲ့။ မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ 'ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ၊ သောကပရိဒေဝါနံ သမတိက္ကမာယ၊ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ၊ ဉာယဿ အဓိဂမာယ၊ နိဗ္ဗာနဿ သစ္ဆိကိရိယာယ' လို့ ဟောတော်မူခဲ့တာဖြစ်တယ်။

မဂ္ဂင်ရှစ်ဖြာ ဓမ္မအကျင့်ဟာ “အဆိုးလေးမျိုး” ကို ဖယ်ရှားနိုင်တယ်။ အဆိုးလေးမျိုးဆိုတာ “သောကပရိဒေဝါနံ- စိုးရိမ်ပူဆွေးရခြင်း ငိုကြွေးရခြင်းဆိုတဲ့ စိတ်အညစ်အကြေးတို့ကို၊ သမတိက္ကမာယ-ကျော်လွှားနိုင်ဖို့ရာ၊ အယံ မဂ္ဂေါ - ဟောဒီ မဂ္ဂင်ရှစ်ပါးဟာ၊ ဧကာယနော- တစ်ခုတည်းသောလမ်းပါပဲ“တဲ့။ လူတွေဟာ အတော်များများ သောကနဲ့ နေကြရတယ်။ ပိုက်ဆံချမ်းသာတဲ့သူတွေ မစိုးရိမ်ရဘူးမမှတ်နဲ့၊ ပိုပြီးစိုးရိမ်ရတယ်နော်။ သောကပိုရှိကြတယ်။ သောကမထိန်းနိုင်ရင် ဘာဖြစ်လဲ၊ ပရိဒေဝ ငိုရတယ်၊ လူတွေဟာ သောကဖိစီးမှုတွေ အားကြီးလာရင် မအောင့်နိုင်ကြဘူး၊ ငိုချလိုက်ကြတယ်။

ဘဝမှာရလာတဲ့အဆိုးတရားတွေဟာ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ လူ့ဘဝရလာရင် ကိုယ်ဆင်းရဲမှုဆိုတာနဲ့လည်း ကြုံရတယ်၊ စိတ်ဆင်းရဲမှုဆိုတာနဲ့လည်း ကြုံရတယ်။ အဲဒါတွေ 'ငြိမ်း' သွားဖို့ဆို ဘာလုပ်ရမတုန်း၊ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းဆိုတဲ့ တရားတွေ ချုပ်ငြိမ်းသွားဖို့ရာ၊ အယံ မဂ္ဂေါ - - ဒီလမ်းဟာ၊ ဧကာယနော - - ဟော ဒါဟာ တစ်ခုတည်းသောလမ်းပဲ။ မဂ္ဂင်တရားပဲတဲ့။

မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ သမ္မာသတိ ကိုသာ ဦးတည်ပြီး အမည်တပ်ပြီး ဟောထားတာဖြစ်ပေမယ့် တကယ်တော့ မဂ္ဂင်ရှစ်ပါးပဲနော်။ ဒါက ဘဝမှာ ကြုံတွေ့ရတဲ့ အဆိုးလေးမျိုးကို ဖယ်ရှားပုံပဲ။ မဂ္ဂင်ရှစ်ဖြာ ဓမ္မအကျင့်ဟာ အဆိုးကိုသာ ဖယ်ရှားပစ်တာ မဟုတ်ဘူးတဲ့၊ အခြားတစ်ဖက်ကလည်း ကောင်းကျိုးသုံးမျိုးကို ဖြစ်ပေါ်စေပါတယ်။

“ကောင်းကျိုး သုံးမျိုး” ဆိုတာ ဘာလဲ။(၁) သတ္တာနံ - သတ္တဝါတို့၏၊ ဝိသုဒ္ဓိယာ စင်ကြယ်စေဖို့ရာ နေ့စဉ်နှင့်အမျှ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ အညစ်အကြေးတွေနဲ့ နေနေတာ၊ စင်ကြယ်သွားဖို့ရာအတွက် ကျင့်စဉ်ဟာ ဒီတစ်ခုတည်းပဲ။(၂) ဉာယဿ - နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းကို၊ အဓိဂမာယ - ရရှိဖို့ရာ၊ ဧကာယနောတစ်ခုတည်းသောကျင့်စဉ်လမ်းပဲ။ နိဗ္ဗာန်သွားချင်တယ်ဆိုရင် လမ်းအရင်တွေ့အောင်ရှာနော်၊ လမ်းမတွေ့ဘဲနဲ့၊ နိဗ္ဗာန်ဘယ်နေမှန်း မသိဘဲနဲ့ လျှောက်သွားရင် ရောက်ပါ့မလား။ အေး ရွှေတိဂုံဘုရားကြီး ဘယ်လမ်းက သွားရတယ်ဆိုတာ မသိဘဲသွားလို့ ဘယ်ရောက်မလဲနော်၊ လမ်းအရင်တွေ့ရမှာ မဟုတ်လား။

ဒါကြောင့်မို့ ဉာယဿ - နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းကို၊ အဓိဂမာယ-ရရှိဖို့ရာ၊ ဧကာယနောတစ်ခုတည်းသောလမ်းပဲ။

(၃) နိဗ္ဗာနဿ သစ္ဆိကိရိယာယ - နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ရာလည်းပဲ၊ ဧကာယနော - တစ်ခုတည်းသော ကျင့်စဉ်လမ်းပါပဲရယ်လို့၊ ဘဂဝါ - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။

(သာဓု၊ သာဓု၊ သာဓု ပါဘုရား။)

ယခုလို ဘဝရဲ့ အသွင်အပြင်ကို ဓမ္မအမြင်နဲ့ ကြည့်လိုက်အခါမှာ ဘဝမှာ သာယာစရာတွေ ရှိသလို အပြစ်တွေလည်းရှိတယ်။ ဘဝရဲ့ ထွက်ပေါက် exit ဆိုတာလည်း ရှိတယ်။ အဲဒီထွက်ပေါက်ဆိုတာ ဘဝကို ဖြစ်ပေါ်စေတဲ့၊ ဘဝကိုတွယ်တာတဲ့ တဏှာကို ဖယ်ရှားပစ်တာဖြစ်တယ်။ တဏှာကိုဖယ်ရှားပစ်ဖို့က မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ရမှာပဲဖြစ်တယ်။ ဒီအကျင့်လမ်းကြောင်းအတိုင်း လျှောက်လမ်းမယ်ဆိုရင်တော့ ဘဝနိရောဓ ဆိုတဲ့ ပန်းတိုင်ကို မျက်မှောက်ပြုနိုင်ကြမှာဖြစ်ပါတယ်။

ဤတွင်ပဲ “ဘဝအသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း” ဆိုတဲ့ တရားဒေသနာ ပြီးဆုံးပါပြီ။ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့သည် ဘဝအသွင်ကို ဓမ္မအမြင်ဖြင့် ကြည့်ပြီးလျှင် “ဘဝနိရောဓ” လို့ဆိုတဲ့ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။

(သာဓု၊ သာဓု၊ သာဓုပါ ဘုရား)

oj7gn71x4vmgqy5piqsub0v6iechwma
ရသ တဏှာ
0
5906
22133
21626
2026-06-15T03:22:27Z
Tejinda
173
22133
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ရသ တဏှာ
| previous = [[ဘဝ အသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း]]
| previous2 =
| next = [[အထင်မှား အမြင်မှား]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ရသ တဏှာ

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၃)ရက် နေ့၊ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ ဇော်ဂျီလမ်း၊ အမှတ်(၉)ရပ်ကွက်၌ တတိယအကြိမ်မြောက် ဆင်ယင် ကျင်းပပြုလုပ်အပ်သည့် ဓမ္မပူဇာသဘင် အခမ်းအနား ဝယ် ဟောကြားအပ်သော ရသတဏှာ တရားဒေသနာ တော်။

အစားအစာနဲ့ပတ်သက်ပြီး အရသာကို တွယ်တာ တဲ့ တဏှာကို ရသတဏှာ လို့ခေါ်တယ်။ အားလုံးပဲ သိကြတဲ့အတိုင်း 'တဏှာသမုဒယာ ဒုက္ခသမုဒယော' တဏှာ ဖြစ်ပေါ်လာလို့ ဒုက္ခ ဖြစ်ပေါ်လာရတယ်။ တဏှာဆိုတာ ဘာကိုပြောတာလဲဆိုရင် တွေ့ကြုံခံစား ရတဲ့ အာရုံတစ်ခုအပေါ်မှာ စွဲလန်းတပ်မက်ပြီး နောက် ထပ် ခံစားချင်တယ်၊ တွယ်တာတပ်မက်တယ်ဆိုတဲ့ သဘောကိုပြောတာ ဖြစ်တယ်။

တဿတိ ပရိတဿတီတိတဏှာ အာရုံလေး တစ်ခုတွေ့ထားပြီးရင် ထိုအာရုံအပေါ် တတမ်းတတ ဖြစ်နေတာကို တဏှာ လို့ခေါ်တယ်။ တဏှာဆိုရင် ဘယ်တဏှာမှ မကောင်းဘူး။ ဗုဒ္ဓမြတ်စွာက သစ္စာ (၄)ပါးကို ဟောတဲ့အခါမှာ “ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာ ဘိနန္ဒိနီ” ဆိုပြီးတော့ သရုပ်ဖော်ထားတယ်။ ပေါနောဗ္ဘဝိကာ-ထပ်တလဲလဲ ဘဝတွေကို ဖြစ်ပေါ်စေ တာဟာ ဒီတဏှာပဲ။ ဘဝဆိုတဲ့နေရာမှာ ကောင်းတဲ့ ဘဝရှိသလို မကောင်းတဲ့ဘဝလည်းပဲ ရှိတာပေါ့။ ဘယ် ဘဝဖြစ်ဖြစ် တဏှာအခြေခံပြီး ကံရဲ့ဖန်တီးမှုကြောင့် ရရှိကြတာဖြစ်တယ်။ တဏှာမပါဘဲနဲ့ ကံသက်သက်က ဘဝတစ်ခုကို မထုတ်လုပ်နိုင်ဘူး။ အဲဒီတော့ တဏှာ ဟာ ဘဝတည်ဆောက်ရေးမှာ အဓိကအကြောင်း ဖြစ်လို့ မြတ်စွာဘုရားက ပေါနောဗ္ဘဝိကာ လို့ ဟောထား တာ။

ကံတရားက ဘဝသစ်ကို ဖြစ်စေတာ မှန်သော် လည်းပဲ တဏှာမပါတဲ့ ကံတရားသည် ဘဝသစ်ကို မဖြစ်စေနိုင်ဘူး။ တဏှာဦးဆောင်တဲ့ ကံကသာလျှင် ဘဝသစ်ကို ဖြစ်စေနိုင်တယ်။ ဒါကြောင့်မို့ တဏှာ ကိုပဲ အဓိကထားပြီး “ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ” နန္ဒီဆိုတာ နှစ်သက်တာ၊ ရာဂဆိုတာ စွဲမက်တာ။ စိတ်ကို အရောင်ဆိုးထားတာ၊ ဆိုးထားတဲ့ အရောင်ဟာ အလွန်ခိုင်မြဲတာဖြစ်လို့ လွယ်လွယ်နဲ့ ပျောက်မှာမဟုတ်ဘူး။ ဖြူစင်နေတဲ့ စိတ်ကလေးကိုအရောင်ဆိုးတာ။ ဆိုးထားတဲ့ဒီအရောင် က အတော်နဲ့ချွတ်လို့မရဘူး။ နန္ဒီ - နှစ်သက်စရာအာရုံ တွေ တွေ့တိုင်းတွေ့တိုင်း နှစ်သက်တတ်တယ်။ ဒါကြောင့်မို့ နန္ဒီရာဂသဟဂတာ လို့လည်း ခေါ်တယ်၊ ရာဂ လို့လည်း ခေါ်တယ်ပေါ့။

တတြတတြာဘိနန္ဒိနီ တဲ့။ တတြတတြ ဆိုတာ ထိုထိုအာရုံ။ မျက်စိကမြင်ရတဲ့ အာရုံပဲဖြစ်စေ၊ နားက ကြားရတဲ့ အသံအာရုံပဲဖြစ်စေ၊ နှာခေါင်းက နမ်းရှူရတဲ့ အနံ့အာရုံပဲဖြစ်စေ၊ လျှာက လျှက်ရတဲ့ ရသာအာရုံပဲ ဖြစ်စေ၊ ခန္ဓာကိုယ်က ထိရတဲ့ ဖောဋ္ဌဗ္ဗအာရုံမျိုးပဲ ဖြစ်စေ၊ စိတ်ထဲက ကြံတွေးပြီးတော့သိရတဲ့ အာရုံမျိုးပဲ ဖြစ်စေတဲ့။ တတြတတြ ဘယ်အာရုံမျိုးပဲဖြစ်ဖြစ် အဘိနန္ဒိနီအလွန့်အလွန် နှစ်သက်နေတတ်တယ်တဲ့။ နှစ်သက်စရာအာရုံတွေ့ရင် နှစ်သက်နေတတ်တယ်၊ ဒီလိုပြောတာနော်။

အဲဒီတော့ တဏှာမှန်သမျှဟာ ဘာကိုထုတ်လုပ် တုန်းဆိုတော့ ဒုက္ခကိုထုတ်လုပ်တယ်။ တဏှာကို အာရုံ နဲ့ ခွဲခြားပြီး ကြည့်မယ်ဆိုရင် မျက်စိကမြင်ရတဲ့ အဆင်း အာရုံကို နှစ်သက်လို့ရှိရင် ရူပတဏှာ လို့ခေါ်တယ်။ နားကကြားရတဲ့ အသံလေးပေါ်မှာ နှစ်သက်လို့ရှိရင် သဒ္ဒတဏှာ လို့ခေါ်တယ်။ နှာခေါင်းက နမ်းရှူရတဲ့ အနံ့လေးကို နှစ်သက်တွယ်တာနေလို့ရှိရင် ဂန္ဓတဏှာ လို့ခေါ်တယ်။ လျှာကလျှက်လို့ အရသာကို တွယ်တာ နေလို့ရှိရင် ရသတဏှာ လို့ခေါ်တယ်။ ခန္ဓာကိုယ်က ထိတွေ့တဲ့ နှစ်သက်စရာ အာရုံလေးပေါ်မှာ တွယ်တာ နေလို့ရှိရင် ဖောဋ္ဌဗ္ဗတဏှာ လို့ခေါ်တယ်။ စိတ်ထဲက ကြံတွေးပြီးတော့သိရတဲ့ အာရုံပေါ်မှာ နှစ်သက်နေလို့ ရှိရင် ဓမ္မတဏှာ လို့ခေါ်တယ်။ ဩော် တဏှာ ဘယ်နှစ်မျိုး ဖြစ်သွားလဲ၊ (၆)မျိုးနော်။

ရူပတဏှာ လည်း တဏှာပဲ၊ သဒ္ဒတဏှာ လည်း တဏှာပဲ။ လောကလူတွေဟာ နေ့စဉ်နှင့်အမျှ လှတာ ပ,တာ ကြည့်ဖို့ ကြိုးစားကြတယ်။ နေ့စဉ်နှင့်အမျှ သာယာတဲ့အသံတွေ နားထောင်ဖို့ ကြိုးစားကြတယ်။

နေ့စဉ်နှင့်အမျှ မွှေးကြိုင်တဲ့အနံ့ နမ်းရှူဖို့ ကြိုးစား ကြတယ်။ နေ့စဉ်နှင့်အမျှ အရသာရှိတာလေးကို ခံစားဖို့ ကြိုးစားကြတယ်။ နေ့စဉ်နှင့်အမျှ ခန္ဓာကိုယ်က အထိအတွေ့ခံစားဖို့ ကြိုးစားကြတယ်။ နေ့စဉ်နှင့်အမျှ စိတ်ကူးထဲက သာယာဖွယ်ရာလေးတွေ အပေါ်မှာ သာယာမှုအတွက် ကြိုးစားကြတယ်။ ဒါ့အပြင် ကြိုးစား တာရှိသေးလား၊ မရှိဘူး။ လောကလူသားတွေ လှုပ်ရှား လုပ်ကိုင်နေသမျှ ဒီအာရုံအတွက်လို့ ပြောရမယ်။

ရသတဏှာ

အဲဒီအထဲမယ် ရသတဏှာ ဟာ ကျန်တဲ့တဏှာ တွေထက် ပိုဆိုးတယ်လို့ပြောတယ်။ ရူပတဏှာ က မဆိုးဘူးလား၊ ဆိုးပါတယ်။ သဒ္ဒတဏှာ ရော မဆိုး ဘူးလား၊ ဆိုးတယ်။ သီချင်းတိတ်ခွေတွေ ထုတ်လို့ မလောက်ဘူးနော်။ သာယာတဲ့အသံတွေ အမျိုးမျိုး တီထွင် ဘယ်လိုသာယာတဲ့အသံပဲဖြစ်ဖြစ် ရိုးသွား တယ်၊ အီသွားတယ် မရှိဘူး။ နောက်ထပ် အသစ် အဆန်းပေါ် နားထောင်ချင်ကြတာပဲနော်။ ရိုးသွား လားဆိုရင် မရိုးသွားဘူး။ သို့သော် ရသတဏှာ ဟာ ပိုဆိုးတယ်။ ဗုဒ္ဓမြတ်စွာက “အဲဒီတဏှာ(၆)မျိုးထဲမှာ ရသတဏှာ က ပို၍ဆိုးတယ်” လို့ ဒီလိုဟောတယ်။ တချို့က မျက်စိကမြင်ပြီးတော့ တွယ်တာမှု ရှိချင်မှ ရှိမယ်။ တချို့ကလည်း နားကကြားတဲ့ အသံကို တွယ်တာမှု ရှိချင်မှရှိမယ်။ တွယ်တာမှုမရှိတဲ့အခါ လူတွေက ဘာပြောတုန်း၊ နားငြီးတယ်လို့ပြောတယ် မဟုတ်လား။ သို့သော် ရသတဏှာ ကျတော့ ရှောင်နိုင် တဲ့ပုဂ္ဂိုလ် အလွန်နည်းတယ်။ မျက်စိကွယ်ရာ၊ နားကွယ် ရာမှာ အေးအေးဆေးဆေး နေနိုင်သော်လည်းပဲ မြက်မြက်ကလေးမှ မစားရဘူး၊ ကိုယ်ကြိုက်တာလေးမှ မစားရ ဘူးဆိုရင် လူတွေဟာ မနေနိုင်ကြဘူးတဲ့။ သီရိလင်္ကာ လူမျိုးတွေကလည်းပဲ “ဆန်ပေါလယ်” လို့ ခေါ်တဲ့ ဟင်းကလေးတစ်ခွက်ကို သွားရာလာရာ ယူသွားကြတယ်။ အဲဒီဟင်းကလေးတစ်ခွက်က တခြား မဟုတ်ဘူး။ သီဟိုဠ်ကျွန်းဆိုတော့ အုန်းပင်ပေါတယ်၊ အုန်းသီးကိုခြစ်ပြီး ငရုတ်သီးတို့၊ ဆားတို့နဲ့ရောကာ ခပ်ခြောက်ခြောက်လေးဖြစ်အောင် လှော်ထားတာ၊ သူတို့အခေါ် “ဆန်ပေါလယ်“လို့ခေါ်တယ်။ အဲဒါလေး ကို မုန့်ကလေးနဲ့စားတယ်၊ ထမင်းကလေးနဲ့စားတယ်။ မပါမဖြစ်တဲ့ဟင်းပေါ့။ မြန်မာပြည်မှာ ငါးပိကြော် မပါ မဖြစ်သလိုပဲ၊ အဲဒီနိုင်ငံသူ နိုင်ငံသားတွေဟာလည်း “ဆန်ပေါလယ်” ဆိုတာ မပါမဖြစ်ဘူးတဲ့။ ကိုယ်ကြိုက် တာလေးတော့ ကိုယ်ယူသွားကြတာပဲ၊ ဟုတ်ကဲ့လား။

ငါးပိကြော်နဲ့ ဆန်ပေါလယ်

ဒါကြောင့်မို့ မြန်မာလူမျိုးတွေဟာ နိုင်ငံခြား သွားတော့ ဘာယူသွားကြလဲ၊ ငါးပိကြော်လေးတွေ ယူသွားကြတယ်။ အေး၊ ဗမာလူမျိုးက ငါးပိကြော် ယူသလိုပဲ ဘုန်းကြီးတို့ သီရိလင်္ကာမှာနေတုန်းက အသက်ရှင်ရေး

လူတွေ နေ့စဉ်နှင့်အမျှ သဗ္ဗေသတ္တာ အာဟာရ ဋ္ဌိတိကာ ဆိုတဲ့အတိုင်း အသက်ရှင် ရပ်တည်ရေး အတွက် အာဟာရနဲ့ ကင်းပြီးတော့ မဖြစ်နိုင်ဘူး။ အာဟာရ စားကြရမှသာလျှင် အသက်ရှင် ရပ်တည်နိုင်မှာဖြစ်တယ်။ အာဟာရဟာ လိုအပ်တယ်။ ဘဝ ရပ်တည်ရေးအတွက် လိုအပ်ချက်ဖြစ်တယ်။ မျက်စိကမကြည့်ဘဲနေလည်း အသက်ရှည်တာပဲ။ နားက နားမထောင်ဘဲ နေရင်ရော အသက်မရှည်နိုင် ဘူးလား။ နှာခေါင်းက ဒီအနံ့ကို မရှူဘဲနဲ့နေရင်ရော အသက်ရှည်တာပဲ။ ဟုတ်ကဲ့လား။ မွှေးကြိုင်တဲ့အနံ့ ရှူရမှ အသက်ရှည်တာ မဟုတ်ဘူး။ ခန္ဓာကိုယ်က အထိအတွေ့ကလည်းပဲ အသက်ရှည်ဖို့ မဟုတ်ဘူး။ စိတ်ထဲက အာရုံတွေကို တွေးတောပြီးတော့ ကျေနပ် နေတာဟာလည်းပဲ အသက်ရှည်ဖို့မဟုတ်ဘူး။ သို့သော် နေ့စဉ်နဲ့အမျှ စားသုံးနေကြရတဲ့ အာဟာရတွေ ကျတော့ အသက်ရှင်ဖို့အတွက်မဟုတ်လား။ ဒါကြောင့် မို့လို့ သဗ္ဗေသတ္တာ အာဟာရ ဋ္ဌိတိကာ - သတ္တဝါ မှန်သမျှဟာ အာဟာရကြောင့် ဘဝမှာ ရပ်တည်နိုင် တယ်လို့ ဒီလိုပြောတာ။

အဲဒီနေရာမှာ တခြားအဓိပ္ပာယ်နဲ့ပြောတာ ရှိသေး တယ်။ အာဟာရ ဆိုတဲ့နေရာမှာ အကြောင်းတရား ကြောင့် ရပ်တည်တယ်လို့လည်း ဒီလိုဆိုတယ်။ ယေဘူယျအားဖြင့် ပြောမယ်ဆိုရင် သတ္တဝါမှန်သမျှ အစာစားတဲ့သတ္တဝါက များတယ်ပေါ့။ ဗြဟ္မာ့ပြည်က ဗြဟ္မာတွေကျတော့ အစာမရှိဘူးဆိုပေမယ့် ပီတိဘက္ခ- ပီတိကိုစားတယ်။ ဟုတ်ရဲ့လား။ အကြောင်းဆိုတာ တော့ တစ်ခုခုရှိနေတာချည်းပဲ။

ငရဲကျနေတဲ့ သတ္တဝါတွေ ဘာစားနေကြတယ် ထင်လဲ။ ငရဲမှာတော့ ဘယ်သူကလာပြီး ထမင်း ချက်ကျွေးမှာတုန်း။ ထမင်းချက်ဖို့အချိန်ရော ရပါ့ မလား။ တိရစ္ဆာန်တွေ အစာစားတာတော့ လူတွေ သိတယ်။ အလိုလေး အမလေး ငရဲဒုက္ခခံနေရတဲ့ သတ္တဝါတွေကျတော့ ဘာစားတုန်းဆိုတော့ သူ့ခန္ဓာ ကိုယ်ထဲက ထွက်နေတဲ့ တံတွေးဟာ သူတို့အတွက် အာဟာရဖြစ်နေတယ်တဲ့။ ကိုယ့်တံတွေး ကိုယ်စား နေတယ်လို့ ပြောလို့ရတာပေါ့၊ ဟုတ်ရဲ့လား။ သဗ္ဗေသတ္တာ အာဟာရ ဋ္ဌိတိကာဆိုတာ အာဟာရနဲ့ ကင်းပြီးတော့ မဖြစ်နိုင်ကြဘူးတဲ့။

ဒါကြောင့်မို့ တဏှာထဲမှာ ရသတဏှာ ဟာ အဆိုးဆုံးပဲလို့ ပြောတာ။ ဘာဖြစ်လို့ အဆိုးဆုံးလဲ ဆိုတော့ ပယ်နိုင်ခဲလို့ဆိုးတာ။ အင်မတန်မှ မြင့်မြတ် ဖြူစင်တဲ့ ပုဂ္ဂိုလ်တွေတောင်မှ ရသတဏှာကို မပယ် နိုင်လို့ ဒုက္ခရောက်သွားတဲ့ ဇာတ်လမ်းတွေ မြောက်များ စွာရှိတယ်။ တခြားတဏှာတွေ ပယ်နိုင်သော်လည်းပဲ ရသတဏှာဆိုတဲ့ နှောင်ကြိုးနဲ့ ဖွဲ့မိတဲ့အခါကျတော့ ဒုက္ခရောက်သွားကြတယ်။ အဲဒီလို ရသတဏှာ နဲ့ ပတ်သက်ပြီးတော့ ဒုက္ခမရောက်ရအောင်လို့ မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်က အစာဆိုတာ လူတွေ ရဲ့ ဘဝရပ်တည်ရေးနဲ့လည်း မကင်းနိုင်ဘူး၊ အစာမစား ဘဲလည်း အသက်မရှင်နိုင်ဘူး။ အဲဒီတော့ ရသတဏှာ မဖြစ်အောင် ဘယ်လိုစားမလဲ။ ရသတဏှာ မဖြစ် အောင် ဘယ်ကမ္မဋ္ဌာန်းကို အားထုတ်မလဲ။

ပဋိကူလသညာ

မျက်စိကမြင်စရာအပေါ်မှာ ရူပတဏှာ၊ နားက ကြားပြီး စွဲလန်းတဲ့ သဒ္ဒတဏှာ မဖြစ်အောင် တားဖို့ အတွက် အထူးကမ္မဋ္ဌာန်းဟောထားတာ မရှိပေမယ့်လို့ အာဟာရအတွက် ရသတဏှာ နဲ့ ပတ်သက်တဲ့အခါ ကျတော့ သတ္တဝါတွေဟာ အစာအာဟာရနဲ့ ကင်းပြီး တော့ မနေနိုင်ကြတာ ဖြစ်တဲ့အတွက်ကြောင့် ရသ တဏှာ ကိုပယ်ဖို့ရာ ကမ္မဋ္ဌာန်း(၄၀)ထဲမှာ အာဟာရေ ပဋိကူလသညာ ဆိုတဲ့ ကမ္မဋ္ဌာန်းတစ်ခု ဟောထားတာ ရှိတယ်နော်။ အာဟာရေ- ဆိုတာ နေ့စဉ်စားနေတဲ့ အစားအစာမှာတဲ့ ပဋိကူလသညာရွံစရာလို့ စိတ်ထဲမှာ အမှတ်ထားဖို့ဟောတယ်။ လူတွေက ရွံစရာဆိုရင်တော့ ရွံတတ်ကြတယ်လေ။ ရွံလို့ရှိရင် တဏှာမဖြစ်ဘူးပေါ့။ ရွံစရာကို ရွံစရာလို့ မတွေးလို့ရှိရင် ဘာဖြစ်လာလဲ ဆိုတော့ တွယ်တာလာတယ်၊ ဟုတ်လား။ ဒါကြောင့် မို့လို့ မြတ်စွာဘုရားက အာဟာရေ ပဋိကူလသညာ လို့ ဒီစကားလုံးလေး အသုံးအနှုန်းနဲ့ Special ကမ္မဋ္ဌာန်း လေးတစ်ခု ပေးထားတာ။ ရသတဏှာကို လျော့ချဖို့၊ ရသတဏှာ ကို ဖယ်ရှားဖို့။

ဘုန်းကြီးတို့တစ်တွေဟာ နေ့စဉ်နေ့တိုင်း ဒီ ကမ္မဋ္ဌာန်းလေးကို လက်ကိုင်ထားသင့်တယ်ပေါ့။ မထား ဘူးဆိုရင် ရသတဏှာ မထိန်းနိုင်ဘူး။ မထိန်းနိုင်ရင် ဒီဘဝမှာလည်း ဒုက္ခရောက်နိုင်တယ်၊ နောင်ဘဝမှာ လည်း ဒုက္ခရောက်နိုင်တယ်။ သံသရာထဲမှာလည်း ဒုက္ခ ရောက်နိုင်တယ်ပေါ့။ နေ့စဉ်စားနေတဲ့ အစာအာဟာရ ပေါ်မှာ ပဋိကူလသညာ ရွံစရာပဲ၊ စက်ဆုပ်စရာချည်းပဲ၊ အစာအာဟာရဆိုတာ တွယ်တာစရာ မကောင်းဘူး ဆိုတဲ့ သညာအမှတ်အသားတစ်ခု လုပ်ထားဖို့တဲ့၊ အခိုင်အမာနော်။ ဒါက တိုက်ရိုက် ဖြေရှင်းပေးတဲ့ ကမ္မဋ္ဌာန်းဖြစ်တယ်။ အစာအာဟာရသည် လူတွေ နေ့စဉ်နှင့်အမျှ ဘဝရပ်တည်ရေးအတွက် မကင်းနိုင် သည့်အတွက်ကြောင့် အစာစားတဲ့အခါမှာ နှလုံးသွင်း တရားဆိုတာရှိရမယ်။ လူတိုင်းလူတိုင်း နှလုံးသွင်း တရားလေး ရှိထားရမယ်။

အဖြေထုတ်ကြည့်

တို့တစ်တွေ အစာကို ဘာကြောင့်စားနေသလဲ၊ အစာဟာ ဘာကြောင့် လိုအပ်သလဲလို့ အဖြေ ထုတ်ကြည့်၊ ကိုယ့်ဟာကိုယ်နော်။ ကြိုက်လို့စားတာ လား၊ အရသာခံချင်လို့ စားတာလားဆိုတာတွေထက် မစားလို့ရှိရင် ဘဝမှာရပ်တည်နိုင်ဖို့မရှိဘူး။ ဒါကြောင့် မို့ အသက်ရှင် တည်တံ့ဖို့အတွက် စားတယ်ဆိုတဲ့ အဖြေဟာ မှန်ကန်တဲ့ အဖြေတစ်ခု ဖြစ်တယ်။ ဟုတ် တယ်မလား ဒီအဖြေ၊ ဒီရည်ရွယ်ချက်ထက် ပိုသွားလို့ ရှိရင် ရသတဏှာ ဘက်ကို ဦးတည်သွားတော့တာပါပဲ။ ဒါကြောင့်မို့လို့ အစာစားပြီ ဆိုလို့ရှိရင် မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့စားဖို့ လိုအပ်တယ်။

အစာစားတိုင်း

အစာစားတိုင်း စားတိုင်းမှာ အသိဉာဏ်နဲ့ သတိ ထားပြီးတော့ ဆင်ခြင်သုံးသပ်ရမယ်တဲ့။ မထားရမယ့် ရည်ရွယ်ချက်နဲ့ ထားရမယ့်ရည်ရွယ်ချက် ရှိတယ်။ ရဟန်းတော်တွေမှာဆိုရင် ပစ္စယသန္နိဿိတ သီလ လို့ခေါ်တယ်။ သီလကြီး(၄)ပါးထဲမှာနော်။ ရဟန်း တော်တွေဆိုတာ နေစရာရယ်၊ စားစရာရယ်၊ ဝတ်စရာ ရယ်၊ မကျန်းမာရင် ဆေးဝါးရယ်ဆိုတာတွေ မှီရာ လေးပါး၊ ပစ္စည်း(၄)ပါးရှိဖို့ လိုအပ်တယ်။ လူတွေမှာ လည်းပဲ မှီရာလေးပါး၊ ပစ္စည်း(၄)ပါးပဲ။ ဒိထက် ဘယ်သူမှ မပိုဘူး၊ ဟုတ်ကဲ့လား။ လူ့ဘဝမှာ အသက် ရှင်ဖို့အတွက် ဒီလေးမျိုးပဲ။ စားစရာရှိရမယ်၊ ဝတ်စရာ ရှိရမယ်၊ နေစရာရှိရမယ်၊ မကျန်းမာရင် ဆေးဝါးရှိရ မယ်။ ဟောဒီလေးခုဆိုရင် ပြီးပြည့်စုံနေပြီ။

စားစရာ

အဲဒီမှာ စားစရာနဲ့ပတ်သက်လာလို့ရှိရင် ဘယ်လို ရည်ရွယ်ချက်ထားရမလဲ။ ထားရမယ့် ရည်ရွယ်ချက် တွေကဘာလဲ၊ မထားရမယ့် ရည်ရွယ်ချက်တွေက ဘာလဲ။ လူတိုင်းလူတိုင်း သိရှိပြီးတော့ အစာအာဟာရ စားတဲ့အခါမှာ တွယ်တာတပ်မက်လို့ စားတယ်ဆိုတာ မျိုး မဖြစ်အောင် မြတ်စွာဘုရားကဟောတာဖြစ်တယ်။ အဲဒါကို ပစ္စဝေက္ခဏာလို့လည်းသုံးတယ်။ ပစ္စဝေက္ခဏာ ဆိုတာ အသိဉာဏ်နဲ့ အကြိမ်ကြိမ် ဆင်ခြင်စဉ်းစားတာ။ စားတဲ့အခါမှာ အမှတ်တမဲ့မစားဘူး၊ ဆင်ခြင်သုံးသပ် ပြီးမှ စားတယ်။

မထားရတဲ့ရည်ရွယ်ချက်

ကဲ၊ မထားရမယ့် ရည်ရွယ်ချက်တွေက ဘာတုန်း တဲ့။ မြတ်စွာဘုရားက အစာအာဟာရ စားတော့မယ် ဆိုရင် အသိဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ကြည့်လိုက်ပါ တဲ့။ ငါအခုစားတာဟာ ဘာအတွက် စားတာလဲတဲ့။ နေဝ ဒဝါယ၊ န မဒါယ၊ န မဏ္ဍနာယ၊ န ဝိဘူသနာယ၊ ဒီ ပါဠိလို(၄)ချက်က မထားရမယ့်ရည်ရွယ်ချက် ဖြစ် တယ်။ ဒဝ ဆိုတာ ပျော်ဖို့ပါးဖို့ ကစားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မစားရဘူးတဲ့၊ ဒါတစ်ခုနော်။ မဒဆိုတာ မာန်မာနတွေတက်ဖို့ မစားရဘူး။ မဏ္ဍနအသားအရေစိုပြေပြီးတော့ လှပအောင် ဆိုပြီးတော့ မစားရဘူး။ ဝိဘူသန အသားအရေပြည့်ဖြိုးဖို့ဆိုပြီး တော့ မစားရဘူးတဲ့။ အဓိကအားဖြင့် ရဟန်းတော်တွေ ဒီလိုဆင်ခြင်ဖို့ မြတ်စွာဘုရား သွန်သင်ပေးတယ်။ အဲဒါ တွေက မထားရမယ့် ရည်ရွယ်ချက်တွေပေါ့။ ဘာဖြစ်လို့တုန်းဆိုတော့ စဉ်းစားကြည့်လေ ...။ ပျော်ဖို့ပါးဖို့ကစားဖို့၊ မာန်မာနတက်ကြွဖို့ဆိုတာ ကိုယ့် သန္တာန်မှာ သံယောဇဉ်တွေဖြစ်ဖို့၊ ကိုယ့်သန္တာန်မှာ မာန် ယစ်နေဖို့ ဆိုတာမျိုးတွေအတွက် မစားသင့်ဘူးတဲ့။ ဘာဖြစ်လို့တုန်းဆိုတော့ အကုသိုလ်တွေ တိုးလာလို့ လေ။ ဒီ ရည်ရွယ်ချက်နဲ့ စားလို့ရှိရင် အကုသိုလ်တွေ တိုးလာမယ်၊ ကုသိုလ်ဘက်က လျော့ကျသွားမယ်။ မဏ္ဍန ဝိဘူသနလှပဖို့၊ အသားအရေစိုပြေဖို့ ဆိုတာ နဲ့လည်း မစားရဘူး။ လှပမယ်၊ အသားအရေ စိုပြေ အောင် လုပ်ချင်တယ်၊ လှချင်တယ် ဆိုတာဟာ သူ တစ်ပါးတွေက ကိုယ့်အပေါ်မှာ တပ်မက်လာအောင်၊ တွယ်တာလာအောင်လုပ်တာနဲ့ အတူတူပဲ။ ဒါကြောင့် အဲဒီ ရည်ရွယ်ချက်နဲ့လည်း မစားရဘူးတဲ့။ ဒီလိုဆိုလို တာ။

ထားရမယ့်ရည်ရွယ်ချက်

ဒါဖြင့် ဘယ်လို ရည်ရွယ်ချက်နဲ့ စားရမလဲ။ ဣမဿ ကာယဿ ဌိတိယာ ဟောဒီခန္ဓာကိုယ်ကြီး ဘဝမှာရပ်တည်ဖို့၊ အသက်ရှင်ဖို့ရာအတွက်ပဲ စားရ မယ်တဲ့။ အသက်ရှင်ဖို့စားတယ်ပေါ့။ အစာအာဟာရ မပါလို့ရှိရင် ဘဝမှာ မရပ်တည်နိုင်ဘူး။ ဒါကြောင့်မို့ အသက်ရှင်ဖို့ရာ တို့တတွေစားသုံးကြတယ်။ ယာပန၊ မျှမျှတတ နေလို့ထိုင်လို့ကောင်းအောင် စားမယ်။ ဣရိယာပထ မျှတအောင်စားမယ်။ နောက် အမြင့်မြတ်ဆုံး ရည်ရွယ်ချက်ကဘာတုန်းဆိုတော့ ဗြဟ္မစရိယာ နုဂ္ဂဟာယမြင့်မြတ်တဲ့အကျင့်တွေကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ဖို့ရာဆိုတဲ့ရည်ရွယ်ချက်နဲ့စားမယ်။ လူတွေ ကျတော့ဘာလဲ၊ လူ့လောက အကျိုးပြုနိုင်အောင် စားမယ်၊ မိဘတွေကို ပြုစုလုပ်ကျွေးနိုင်အောင်စားမယ်၊ ကုသိုလ်တရားတွေကို လုပ်နိုင်အောင်စားမယ် ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။ သီလဆောက်တည်နိုင်အောင် စား မယ်၊ ဒါနကောင်းမှုလုပ်နိုင်အောင်၊ ကမ္မဋ္ဌာန်းဘာဝနာ ပွားနိုင်အောင်စားမယ်။ ဝိဟိံသူပရတိ၊ မစားဘူးဆိုလို့ ရှိရင် ပင်ပန်းဆင်းရဲမှုတွေဖြစ်မယ်။ ဒါကြောင့်မို့လို့ ပင်ပန်းဆင်းရဲမှုတွေဖျောက်ဖို့စားမယ်။ ဒါက ထားရ မယ့် ရည်ရွယ်ချက်လေးခုနော်။ ခန္ဓာကိုယ်ကြီးတည်တံ့ ဖို့ စားမယ်၊ ခန္ဓာကိုယ်ကြီး မျှမျှတတနဲ့ ရှည်ကြာဖို့ အတွက်စားမယ်၊ ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်သွား အောင်စားမယ်၊ မြတ်သောအကျင့်တွေ ကျင့်နိုင်အောင် လို့စားမယ်။ ဟော ဒါ ထားရမယ့် ရည်ရွယ်ချက်လေးခု နော်။

အစာစားခြင်းရဲ့အကျိုး

အဲဒီလိုစားပြီးတဲ့အခါကျတော့ ဘာနှလုံးသွင်းသင့် လဲဆိုလို့ရှိရင် စားလို့ရှိရင် ဝေဒနာဟောင်း ပျောက်စေ ရမယ်။ စားတာကို အကြောင်းပြုပြီးတော့ အကျိုး(၂)မျိုး (၃)မျိုးရစေဖို့ စားရမယ်။ ဘာလဲဆိုရင် မစားလို့ရှိရင် မစားခင်ကဖြစ်နေတာ ဝေဒနာ၊ ဝေဒနာအဟောင်းလို့ ခေါ်တယ်။ ဘာဝေဒနာလဲဆိုရင် ဗိုက်ဆာတဲ့ဝေဒနာ ပေါ့။ ဟုတ်ကဲ့လား။ အစာအိမ်ရောဂါရှိရင် မစားဘဲ နေလို့ရပါ့မလား။ အေး အဲဒါကို ဝေဒနာဟောင်း လို့ ခေါ်တယ်။ မစားခြင်းကြောင့်ဖြစ်ပေါ်နေတဲ့ ဆာလောင် တဲ့ ရောဂါဝေဒနာ ဆာခြင်းဟာ ရောဂါတွေထဲမှာ အဆိုးဆုံးရောဂါလို့ပြောတယ်။ တခြားရောဂါက ဆေး တစ်ခါသောက် ပျောက်တယ်။ ဆာတာက နေ့တိုင်း ဖြည့်တင်းပေးနေရတယ်။ ဘယ်တော့မှ မပျောက်ဘူး။ ဒါကြောင့်မို့ ဆာလောင်မှုကြောင့်ဖြစ်တဲ့ ရောဂါဝေဒနာ ဟောင်း ပျောက်ဖို့ စားရမယ်။

နောက်တစ်ခုက ဝေဒနာအသစ် မဖြစ်စေရဘူး တဲ့။ စားလိုက်သည့်အတွက်ကြောင့်ဖြစ်တာ ဝေဒနာ အသစ်ပဲ။ အလွန်အကျွံစားလိုက်လို့ရှိရင် ဘာဖြစ်မလဲ။ အစာမကြေရောဂါဖြစ်မယ်။ ဟုတ်ကဲ့လား။ မတည့်တာ စားရင် ဥပမာသွေးတိုးမယ့်အစာစားလိုက်ရင် သွေးတိုး မယ်။ ဆီးချိုတက်တဲ့ အစာတွေ စားလိုက်ရင် ဆီးချို တက်မယ်။ ဟောတာတွေက စားခြင်းကြောင့် ဖြစ်ပေါ် လာတဲ့ ဝေဒနာအသစ်တွေဖြစ်တယ်။ အဲဒီဝေဒနာ အသစ်ကိုလည်း မဖြစ်စေရဘူးတဲ့။

ခန္ဓာကိုယ်ကြီးဟာ သွားလာလှုပ်ရှားလို့ အဆင် ပြေပြီး သွားလို့ကောင်း၊ နေလို့ကောင်း၊ ထိုင်လို့ကောင်း၊ လှုပ်ရှားလို့ကောင်းတယ်၊ အလုပ်လုပ်နိုင်တယ်။ဒါတင် မကဘူး၊ အစာစားလိုက်သည့်အတွက်ကြောင့် ဆင်းရဲ ဒုက္ခ ရောက်မသွားစေဘဲနဲ့ ချမ်းချမ်းသာသာ နေလို့ ရအောင် စားရမယ်တဲ့။

စားတဲ့အခါမှာ မထားရမယ့် ရည်ရွယ်ချက်က လေးမျိုး၊ ထားရမယ့် ရည်ရွယ်ချက်က လေးမျိုး။ စားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးကျေးဇူးတွေက ငါးမျိုး၊ ဒီလိုပြောတာ။

ဒါတွေဟာ အင်မတန်မှ မှတ်သားစရာကောင်းပြီး မြတ်စွာဘုရား ဟောထားတာဖြစ်တယ်။ ဒါဟာ ရဟန်း သံဃာတွေနဲ့တင် သက်ဆိုင်တာမဟုတ်ဘူး။ ရသ တဏှာ ပယ်ခွာဖို့အတွက် လူတွေလည်းပဲ ဆင်ခြင် စဉ်းစားဖို့ လိုအပ်တယ်ပေါ့။ ရှေးတုန်းက ဒီ စားခြင်းနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာဆိုတာ အခုခေတ်မှာ ပိုများ တယ်။

ရှေးတုန်းကတော့ အစားကြီးတဲ့ ပုဏ္ဏားကြီးတွေ အကြောင်းကို ပြောလေ့ရှိတယ်။ အစားကြီးတယ်၊ အစားကြီးတာ ဘယ်လောက်ထိအောင်ကြီးသလဲဆိုရင် ထမင်းပွဲကနေပြီးတော့ လက်ကို ဆွဲထူလိုက်ရအောင် စားတဲ့လူမျိုးက ရှိသေးတယ်။ ထမင်းပွဲကနေ သူ့ဟာသူ မထနိုင်လောက်အောင်စားတယ်။ ခြင်ကလေးတွေဟာ လူရဲ့သွေးကိုစုပ်တဲ့အခါမှာ ဖောင်းလာပြီး မပျံနိုင် တော့တာကို တွေ့ဖူးတယ်မလား။ ကြမ်းပိုးတွေဟာ လည်း လူရဲ့သွေးကိုစုပ်ပြီးတော့ မသွားနိုင်တော့အောင် ခြေထောက်နဲ့ကိုယ်နဲ့ ကပ်သွားတာရော မတွေ့ဖူးဘူး လား။

အေး၊လူတွေထဲမှာလဲအဲဒီလိုပဲ။ 'အာဟရဟတ္ထက' လို့ခေါ်တယ်။ သိပ်စားလွန်းအားကြီးလို့ နေရာက မထ နိုင်တော့လို့ လက်ကိုဆွဲထူရတဲ့ လူစားမျိုးက တစ်မျိုး ရှိတယ်တဲ့။ နောက် သူ့ထက် ပိုစားတဲ့သူကတော့ ဝတ်ထားတဲ့အဝတ် ကျွတ်သွားလောက်အောင် စားတာ ရှိတယ်။ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် အဝတ်က ဘယ်နေရာမှာ စည်းတာတုန်း။ ခါးမှာ၊ ဗိုက်မှာစည်းတာ ဟုတ်ရဲ့လား၊ နင်းကန်စားတဲ့အခါ ကျတော့ ခါးမှာစည်းထားတဲ့အဝတ်ကို ပြုတ်ထွက်သွား လောက်အောင် စားတဲ့လူမျိုးက တစ်မျိုးရှိတယ်။ အဲဒါ “အလံသာဋက” လို့ခေါ်တယ်။ အဝတ်ကို မကပ်နိုင် အောင် စားတဲ့လူမျိုး။

နောက် တချို့ကျတော့ စားပြီးတဲ့နေရာမှာပဲ ထိုးအိပ်လိုက်ရတယ်။ မထနိုင်တော့ဘူး။ အရက်မူး သမားလိုပဲ၊ စားပြီးတဲ့နေရာမှာပဲ အိပ်လိုက်ရတဲ့လူက တစ်မျိုးရှိတယ်။ နောက်တစ်မျိုးက ဘယ်လောက်ထိ အောင် စားသလဲဆိုတော့ (ဒါကတော့ သူက တင်စား ပြီးပြောတာ ဖြစ်ပါလိမ့်မယ်) သူ့ပါးစပ်ပေါက်ကနေ ပြီးတော့ မျိုစရာနေရာ မရှိတော့လောက်အောင် အစာ အိမ်က ပြည့်ပြီးတော့ သူ့ပါးစပ်ကနေ ကျီးကန်းက နှိုက်စားလို့ရလောက်အောင် စားတယ်တဲ့။ နောက် တစ်ယောက်ကျတော့ဘာတုန်းဆိုရင် ပါးစပ်ကအံထွက် လာအောင် စားတယ်တဲ့။ ငါးယောက်ရှိတယ်နော်။ အဲဒီ လို ပုဂ္ဂိုလ်မျိုးတွေ မဖြစ်စေရဘူးတဲ့။ စားတဲ့အခါမှာ အတိုင်းအတာနဲ့ စားရမယ်တဲ့။ ဒီလိုဆိုလိုတာပေါ့။

အဲဒီတော့ လူတိုင်း လူတိုင်း အစာစားခြင်းနဲ့ မကင်းနိုင်သည့်အတွက်ကြောင့် တဏှာအားလုံးထဲမှာ တော့ ရသတဏှာ ဟာ အဆိုးဆုံးပဲလို့ မြတ်စွာဘုရားက ဟောထားတာ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ လောက လူတွေဟာ ပြဿနာတွေလဲ အမျိုးမျိုးတက်တာပဲ။

ရသတဏှာ နဲ့ ပတ်သက်ပြီးတော့ ဒုက္ခရောက်ရ တဲ့ ဇာတ်လမ်းတွေ ဗုဒ္ဓစာပေမှာ အများကြီးရှိတယ်။ မှတ်တမ်းတွေရှိတယ်။ အဲဒီ မှတ်တမ်းတွေထဲက တစ်ခု ပြောရမယ်ဆိုရင် ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါ ကာလတုန်းက မြတ်စွာဘုရားရှင် ရာဇဂြိုဟ်မှာ သီတင်း သုံးနေတဲ့အချိန် ရာဇဂြိုဟ်ပြည်က ပရိသတ်တွေကို တရား ဟောကြားတော်မူတဲ့အခါမှာ ရာဇဂြိုဟ်က သူဌေးသားတစ်ယောက်က တရား လာနာတယ်။ သူ့နာမည်က တိဿ ပေါ့။ မြတ်စွာဘုရားဟောတဲ့ တရားကို နာရင်း နာရင်း သူသိပ်သဘောကျသွား တယ်။ သဒ္ဓါတရားတွေတက်ပြီး လူ့ဘောင်လူ့လောက ထဲမှာ သူမနေတော့ဘူး။ သာသနာ့ဘောင်ကို ဝင်တော့မယ်လို့ ဆုံးဖြတ်တယ်။ ဆုံးဖြတ်ပြီး ဘုရားထံ သွားလျှောက်တဲ့အခါ မြတ်စွာဘုရားက မိဘတွေရဲ့ ခွင့်ပြုချက်ရပြီလားဆိုတော့ မိဘတွေရဲ့ ခွင့်ပြုချက် မရဘူး။ အိမ်ပြန်ပြီးတော့ မိဘတွေဆီ ခွင့်တောင်း တယ်။ မိဘတွေက အရမ်းချမ်းသာတော့ သားကလေး တစ်ဦးတည်းဖြစ်နေတော့ ခွင့်မပေးဘူး။

ခွင့်မပေးတဲ့အခါ သူဌေးသားကလေးက ဘာလုပ် သလဲဆိုတော့ ထမင်းမစားဘဲ ဆန္ဒပြတယ်။ မြေကြီး ပေါ်လှဲအိပ်တယ်။ နေရာက မထတော့ဘူး။ သင်္ကန်းမှ မဝတ်ရလို့ရှိရင် မနေတော့ဘူးဆိုပြီး မြေကြီးပေါ် လှဲအိပ်၊ ခုနစ်ရက်တိတိ အစာမစားဘဲနေတော့ မိဘတွေက လက်လျှော့လိုက်ရတယ် ဆိုပါစို့။ အဲဒါနဲ့သူ ကျောင်းတော်သွားပြီး သင်္ကန်းဝတ်တယ်။ တကယ့် သဒ္ဓါတရားနဲ့ ဝတ်တာနော်။ သင်္ကန်းဝတ်ပြီးတဲ့အခါ ကျတော့ မြတ်စွာဘုရားက ရာဇဂြိုဟ်ပြည်က သာဝတ္ထိ ပြည် ဇေတဝန်ကျောင်းကိုကြွသွားတယ်။ သူလဲ နောက် က လိုက်သွားရတယ်ပေါ့။ မိဘတွေက လွမ်းဆွတ်ပြီး တော့ ကျန်ခဲ့တယ်။ သားကလေးက တစ်ယောက် တည်းဆိုတော့ အမေလုပ်တဲ့ပုဂ္ဂိုလ်ဟာ ငိုငို ယိုယို ဖြစ်နေတယ်။

ရာဇဂြိုဟ်မြို့မှာ နက္ခတ်ပွဲသဘင် အကြီးအကျယ် မြို့လုံးကျွတ်ဆင်နွှဲတဲ့အခါမှာ အမေလုပ်တဲ့ပုဂ္ဂိုလ်က သူ့သားလေးဝတ်တဲ့ အဝတ်ကလေးတွေကို သေတ္တာ ထဲကထုတ်ပြီးတော့ ရင်မှာပွေ့ပြီး ငိုတယ်တဲ့။ “ဩော် ငါ့သားလေး ခါတိုင်းဆိုရင် ဒီအဝတ်ကလေးဝတ်ပြီး ပွဲလမ်းသဘင်ကိုသွားတယ်။ အခုများ ဂေါတမဘုရား နောက် လိုက်သွားပြီး ဘယ်လိုများ နေရှာပါလိမ့်” မိဘ လုပ်တဲ့ပုဂ္ဂိုလ်က အဲဒီလိုငိုတဲ့အခါ သူတို့အိမ်ကို လာလည်တဲ့ အမျိုးသမီး၊ ရှေးတုန်းက ပြည့်တန်ဆာလို့ခေါ်တယ်၊ အခုခေတ်ကတော့ အခေါ်တစ်မျိုးပေါ့။ “တိုင်းပြည်ရဲ့တန်ဆာ” တိုင်းပြည် စည်ကားအောင် ဆိုပြီး ဘုရင်တွေကတောင် ခန့်ထားရလေ့ရှိတယ်။ (အင်မတန်ရုပ်ချောတဲ့ အမျိုးသမီးတွေ တစ်ခါတစ်ရံ ကံမကောင်း အကြောင်းမလှလို့ ပြည့်တန်ဆာဘဝ ရောက်သွားကြရတယ်။) အဲဒီ အမျိုးသမီးက သူဌေး အိမ်ကို လာလည်ရင်း သူဌေးကတော်ကြီး ငိုနေတာ တွေ့လို့ ဘာဖြစ်လို့ ငိုတာတုန်းလို့မေးတော့ “ဒီလိုပဲ၊ သားကလေး တစ်ယောက်တည်းရှိတာ၊ အခု ဘုန်းကြီး ဝတ်သွားတယ်၊ သားကို လွမ်းဆွတ်ပြီးတော့ အခု ပြန်ခေါ်လို့မရလို့ ငိုကြွေးနေတာလို့” ဆိုတယ်။

သူက ဘာပြောတုန်းဆိုတော့ သူဌေးကတော် ကြီးရဲ့ သားကလေးကို သူရအောင်ပြန်ခေါ်ပေးမယ်။ ပြန်ခေါ်ဖို့အတွက် သူဌေးကတော်ကြီးရဲ့ သားလေးက အိမ်မှာနေတုန်းက သူဘာ ကြိုက်တတ်သလဲလို့ မေး တယ်။ ဘာဘာဆိုရင် သူ့သားလေးက ကြိုက်တယ် လို့ သူဌေးကတော်ကြီးကပြောတယ်။ ကောင်းပြီ၊ အဲဒါ ဆိုရင် သူကြိုက်တတ်တဲ့ အစားအစာလေးကို မှတ်ပြီး တော့ “သူ မရရအောင် သွားပြန်ခေါ်မယ်၊ အကယ်၍ သူ့သားလေးကို ဘုန်းကြီးဘဝကနေ လူထွက်ပြီး အိမ် ပြန်ခေါ်လာနိုင်လို့ရှိရင် ဒီအိမ်မှာရှိတဲ့ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု အခွင့်အရေးတွေကို သူ့ကိုပေးရမယ်” ဆိုလိုတာက သူ့သားနဲ့ အိမ်ထောင်ချပေးရမယ်လို့ ပြောတာပဲ။ အဲဒါကို သူဌေးကတော်ကြီးက သား ကလေးကို လွမ်းဆွတ်တဲ့အတွက် သဘောတူလိုက် တယ်။

သူဌေးသားလေးကို မှတ်မိတဲ့လူတွေကို ခေါ်သွား တယ်။ အဲဒီကိုယ်တော်လေးက သာဝတ္ထိပြည်မှာ ဒကာ၊ ဒကာမတွေအိမ်ကပင့်ရင် ဘယ်တော့မှဆွမ်းစား မလိုက်ဘူး။ ဆွမ်းခံပြီးတော့သာ စားတယ်။ ဆွမ်းစား ပင့်လို့ရှိရင် ဆွမ်းစားမကြွဘူး။ ဒကာ၊ ဒကာမတွေအိမ် ပင့်တဲ့အခါ မကြွဘူး။ ဆွမ်းခံတဲ့အကျင့်၊ ဆွမ်းခံတဲ့ ဓူတင်ကို သူက ဆောက်တည်ပြီးနေတယ်။ အဲဒီ ဆွမ်းခံ စားတဲ့ ပိဏ္ဍပါတိကဓူတင် ဆောက်တည်ပြီးနေတယ်။

အေး၊ အဲဒီ ကိုယ်တော်လေး ဆွမ်းခံတဲ့လမ်းကို စုံစမ်းတယ်။ အဲဒီကိုယ်တော်လေး ဆွမ်းခံကြွတဲ့လမ်းမှာ အိမ်တစ်အိမ်ကို ငှားပြီးတော့ အဲဒီမှာ စတည်းချတယ်။ သူဌေးအိမ်က လူတွေကိုတော့ မမြင်စေဘူး။ သူ့ရဲ့ အခြွေအရံ ပရိသတ်နဲ့သူ ဒီကိုယ်တော်လေး ကြိုက် တတ်တဲ့ အစားအစာတွေကို ချက်ပြုတ်တယ်။

ဆွမ်းခံကြွလာတဲ့အခါ သူကြိုက်တတ်တဲ့ အစာ တွေကို လောင်းတယ်ပေါ့။ လူဆိုတာ ကိုယ်ကြိုက်တတ် တဲ့ အစားလေးကျတော့ စားချင်တာပဲ။ တစ်နေ့တစ်မျိုး လောင်းလိုက်တဲ့အခါမှာ ဒီ အစားအစာလေးရတဲ့ အိမ်ကို နေ့တိုင်း ဆွမ်းခံရပ်တဲ့ အနေအထားမျိုး ရောက်လာတယ်။ အစားအစာကို သဘောကျလာ တယ်။

နောက်ကျတော့ ဒီကိုယ်တော်လေးကို အိမ်ပင့်ပြီး ဆွမ်းကပ်တဲ့အဆင့် ရောက်လာတယ်။ နောက်ဆုံး ကုန်ကုန်ပြောရမယ်ဆိုရင် ကိုယ်ကြိုက်တတ်တဲ့ အစာ လေး ရတဲ့အခါမှာ ဆွမ်းခံစားမယ်ဆိုတဲ့ အကျင့်ကို ဖျက်ပြီး အဲဒီအမျိုးသမီးအိမ်ကကပ်တဲ့ဆွမ်းကို လက်ခံ စားတဲ့အဆင့်ထိ ရောက်သွားတယ်။ နောက်ဆုံး ကုန်ကုန်ပြောကြပါစို့။ လူ့ဘဝ ပြန်ရောက်သွားတယ်။

ဒါက အစာအာဟာရကိုမရှောင်နိုင်လို့ပေါ့။ ရသတဏှာ ကြောင့် ကြိုက်တာလေး စားရတဲ့အခါ ကျေနပ်တယ်။ ကျေနပ်သည့်အတွက်ကြောင့် နောက်ဆုံးမှာ ရသ တဏှာ ကို မပယ်ခွာနိုင်သည့်အတွက်ကြောင့် လူထွက် ပြီး မိဘရပ်ထံ ပြန်ရောက်သွားရှာတယ်။ ဒါက မြတ်စွာ ဘုရားလက်ထက်က တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ် အပျက်ပါ။

အေး ဒီကနေ့ခေတ်မှာလည်း ရှိကြတာပါပဲ။ အစားအစာနဲ့ပတ်သက်လာလို့ရှိရင် ရှောင်နိုင်ခဲကြ တယ်။ ဘုန်းကြီးတို့နဲ့သိတဲ့ ဆရာတော်တစ်ပါးရှိတယ်။ ဆွမ်းဝိုင်းတစ်ဝိုင်းထဲ အတူတူစားတယ်။ အဲဒီနေ့က ဆွမ်းဝိုင်းမှာ ဝက်သားပါတယ်၊ အသားတစ်ထပ်၊ အဆီ တစ်ထပ်၊ အခေါက်တစ်ထပ်၊ သုံးထပ်သားလို့ ခေါ်ကြ တာပေါ့။ ရဲနေအောင်ချက်ထားတယ်။ အဲဒီဆရာတော် က ဝက်သားနဲ့ မတည့်ဘူး။ သူ့မှာ သွေးတိုးရောဂါ ရှိတယ်။ ဆွမ်းဝိုင်းမှာ ဆွမ်းအတူတူစားတဲ့အခါ ဝက်သားမြင်တော့ မနေနိုင်ဘူး၊ တစ်တုံးကော်ထည့်လိုက်တဲ့အခါ ဘုန်းကြီးကလည်း ပြောလိုက်တယ်။ “ဟာ ဆရာတော် ဝက်သားနဲ့မတည့်ဘူး မဟုတ်လား” ဆိုတော့ “တစ်တုံးတည်းပါ ကိုယ်တော်“တဲ့။ အဆီရော အသားရော အခေါက်ရော စားလိုက်တော့ အရသာက တွေ့သွားတယ်။ နောက်တစ်ခါလက်က ဝက်သားခွက် ဆီ ရောက်သွားတယ်။ လှမ်းကြည့်လိုက်တာနဲ့ ဆုံတဲ့ အခါ သူက ဘာပြောတုန်းဆိုတော့ “မထူးပါဘူး ကိုယ်တော်၊ စားမယ့်စား အဝစားမယ်“တဲ့။

တချို့က ပြောသေးတယ်။ “ကြိုက်တာလေး စားပြီးသေမယ်“တဲ့။ ငတ်ပြီးသေတာ မခံနိုင်ဘူး။ အဲဒါ ဘာကို သရုပ်ဖော်နေတာလဲဆိုရင် ရသတဏှာ ကို သရုပ်ဖော်နေတာ။ မတည့်ဘူးဆိုပေမယ့်လို့ မတည့် တာ စားပြီးတော့ ဆေးသောက်မယ်လို့ အတွေးရှိတဲ့ လူတွေကလည်း မြောက်မြားစွာရှိတယ်။ ကိုယ်ကြိုက် တာလေး တည့်တည့်မတည့်တည့် စားမယ်။ စားပြီး ရောဂါဖြစ်ရင် ဆေးသောက်မယ်ပေါ့။ အဲဒီလိုနဲ့ လူတွေ ဟာ အစာအာဟာရကြောင့် ဒုက္ခရောက်တာတွေ အများကြီးပဲ။ လူတွေရဲ့ အသိုင်းအဝိုင်းထဲမှာ ဒီလို ပုံဝတ္ထုတွေဟာ အများကြီးရှိတာပဲ။ ဘယ်သူဖြင့် မတည့်တာစားလို့ ဘာဖြစ်တယ်၊ မတည့်မှန်းသိရဲ့သားနဲ့ ရသတဏှာ ကို မရှောင်နိုင်လို့ စားကြတာတဲ့။

ဆိုပါစို့၊ မြန်မာနိုင်ငံမှာဆိုရင် ဘာတွေလွှမ်းမိုး နေတုန်းဆိုရင် ဟင်းချိုမှုန့်တွေ လွှမ်းမိုးနေတယ်။ ဘုန်းကြီးတို့ ငယ်ငယ်တုန်းကဆိုရင် ဟင်းချိုဖို့အတွက် ဘာလုပ်ရတုန်းဆိုရင် ငါးကလေး ကင်ထားရတယ်။ ငါးကင်ကလေးကို မီးဖိုပေါ်မှာ ဆွဲထားရမယ်။ အဲဒီ ငါးကင်ကလေးကိုဖဲ့ပြီးတော့ ဟင်းချိုအောင် ခတ်ရ တယ်။ ဟင်းခတ်အနေနဲ့ သုံးရတယ်။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက စစ်ကိုင်းတောင် သက်သတ်လွတ်ချောင်မှာနေရတယ်။ သက်သတ်လွတ် ချောင်ဆိုတော့ ငါးကင်တို့၊ ပုစွန်ခြောက်တို့ မရှိဘူးပေါ့။ ဘာနဲ့ဟင်းခတ်လုပ်ရတုန်းဆိုတော့ ပဲကလေးတွေကို အခြောက်လှန်းပြီး ပဲခြမ်းကလေးတွေ လုပ်ထားပြီး တော့ အဲဒီပဲကိုပြုတ်ပြီး ဟင်းချိုလုပ်ပြီးခတ်ရတယ်။ ဒီကနေ့ခေတ်မှာတော့ Chemical တွေနဲ့လုပ်ထားတဲ့ ဟင်းချိုမှုန့်တွေက လွှမ်းမိုးလာတယ်။ ကြက်မှုန့်တို့၊ ဟင်းချိုမှုန့်တို့ အဲဒါတွေ လွှမ်းမိုးလာတယ်။

ဟင်းချိုမှုန့်တွေက ဓာတုဗေဒနည်းနဲ့ လုပ်ထား တာ၊ ခံအောင်လုပ်ထားတာ၊ ဓာတုဗေဒဆေးတွေနဲ့ လုပ်ထားတာ။ အဲဒါတွေ စားတဲ့အခါ ဘာဖြစ်သလဲ ဆိုတော့ အသည်းက ဒါတွေမခြေဖျက်နိုင်ဘူး၊ ကြာလာ တဲ့အခါမှာ အသည်းက အလုပ်မလုပ်နိုင်တော့ဘူး။ ပထမတော့ အသည်းက ကြိုးစားပြီးတော့ ချေဖျက် တယ်။ ခြေဖျက်ရင်း ခြေဖျက်ရင်းနဲ့ များများလာတော့ သူမတတ်နိုင်တော့ဘူး။ မတတ်နိုင်တဲ့အခါကျတော့ အသည်းရောဂါ ဖြစ်လာတယ်။ အစားအစာက ဒုက္ခ ပေးတာပေါ့။

အဲဒီတော့ လောကမှာ လူတွေ ရောဂါရနေတာ ဘာကြောင့်ရနေကြသလဲဆိုတော့ များသောအားဖြင့် အစာကြောင့်ရောဂါရနေကြတာ။ အသည်းကောင်းလို့ အသည်းက အစာကို ချေဖျက်နိုင်သည့်တိုင်အောင် သူ့အတွက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်စေတာပဲ။

တချို့ကလဲ မိုက်မိုက်ကန်းကန်း တွေးသေးတယ်။ တစ်သက်လုံး ဟင်းချိုမှုန့်စားလာတာ ဘာမှမဖြစ်ဘူး၊ ဟုတ်တယ်၊ ဘာမှမဖြစ်ဘူး။ ပြီးတော့လဲ ဘာမှန်းမသိတဲ့ရောဂါနဲ့ သေသွားတယ်။ ဘာမှမဖြစ်ဘူးဆိုတဲ့လူက ဘာမှန်းမသိတဲ့ရောဂါနဲ့ သေတာပဲ။ ဗိုက်ထဲကနာသလို လို၊ ဟိုကနာသလိုလိုနဲ့ သွားရော။ ဒီ Chemical တွေရဲ့သဘောက ခန္ဓာကိုယ်ထဲ ရောက်လာပြီဆိုရင် ပြန်မထွက်တော့ဘူး။ သေလောက်တဲ့ အတိုင်းအတာ မရောက်သေးသရွေ့ မသေသေးဘူးတဲ့။ သေလောက် တဲ့ အတိုင်းအတာရောက်ရင် သေစေတာပဲ။ အဆိပ် ဖြစ်လို့ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေစုမိသွားတဲ့အခါ ရောဂါတစ်မျိုးဖြစ်ပြီး သေတော့တာပါပဲ။

ဒီကနေ့ခေတ်မှာဆိုရင် Chemical တွေ ဘယ် လောက် ကြီးစိုးလာသလဲ။ ဒါဆရာဝန်တွေကိုမေးကြည့် သိနိုင်တာပေါ့။ ကျွတ်ကျွတ်အိတ်နဲ့ကော်ဖီဝယ်သောက် တာတို့၊ ကျွတ်ကျွတ်အိတ်နဲ့ မုန့်ဟင်းခါးဟင်းရည် ဝယ် သောက်တာတို့၊ အဲဒီကျွတ်ကျွတ်အိတ်မှာ Chemical တွေပါတယ်။ လူကမမြင်ဘူး။ အပူနဲ့တွေ့တဲ့အခါ အရည်ထဲကို စိမ့်ပြီးပျော်ဝင်သွားတယ်။ လူမသိ သူမသိ ပေါ့။ အဲဒါတွေကို စားတယ်သောက်တယ်။ ဘာမှမဖြစ် ဘူး။ စားတုန်းတော့ ဘာမှမဖြစ်ဘူးပေါ့။ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါမှာ အဲဒီChemical တွေက စုစုပြီးတော့ နောက်ဆုံးကျတော့ ဒုက္ခပေးတော့တာပါပဲ။ အသည်း တို့၊ ကျောက်ကပ်တို့ကို ဒုက္ခပေးတယ်။

အသည်းတို့၊ ကျောက်ကပ်တို့၊ သည်းခြေတို့ဆိုတာ အစာခြေဖျက်တဲ့နေရာမှာ အရေးပါတဲ့ အင်္ဂါရပ်တွေ ပေါ့။ ဒါကြောင့်မို့ ဒီကနေ့ခေတ်မှာ အသည်းရောဂါ ဆိုတာ အင်မတန်များတယ်။ ဒါတောင် လူတွေက သီချင်းလုပ်ဆိုသေးတယ်။ “အသည်းကွဲတယ်” တဲ့နော်။ အသည်းကွဲသီချင်း နားထောင်လို့တော့ ကောင်းတာ ပေါ့နော်။

တကယ်တော့ အသည်းက အစာခြေဖျက်တဲ့ နေရာမှာ အင်မတန် အရေးကြီးတာဖြစ်လို့ အသည်း ရောဂါတို့၊ ကျောက်ကပ်ရောဂါတို့ ဒီလိုတွေဖြစ်ပြီးတော့ နောက်ဆုံးမှာ အသက်ဆုံးပါးသွားကြတယ်။ မသေသင့် တဲ့အချိန်မှာ သေသွားကြတယ်။ သက်တမ်းစေ့အောင် မနေကြရဘူး။ ဘာကြောင့်လဲလို့မေးရင် ဒီ အာဟာရနဲ့ ပတ်သက်တဲ့ ရသတဏှာ ကြောင့်ပဲ။မျက်မျက်ကလေး စားရမှတဲ့။

တညင်းသီးဆိုရင် ဆရာဝန်တွေကပြောတယ်။ ကျောက်ကပ်နဲ့ လုံးဝမတည့်ဘူးတဲ့။ အဆိပ်ပဲတဲ့။ တညင်းသီးမီးဖုတ်စားရင် ပိုဆိုးတယ်။ တညင်းသီးကို ရေနဲ့ပြုတ်ပြီးတော့ နှစ်ရေသုံးရေ စွန့်ပစ်ပြီးစားရင် နည်းနည်း အဆိပ်လျော့သွားတယ်။ မီးဖုတ်စားရင် အဆိပ်ပြည့်ပြည့်ဝဝပါတယ်။ အေး တချို့ကလည်းပဲ ဒို့ဒီလိုပဲစားနေတာ ဘာမှမဖြစ်ဘူးလို့ ထင်ကြတယ်။ ဟုတ်တယ်။ ရုတ်တရက်တော့ ဘာမှမဖြစ်ဘူး။ လူတိုင်း လဲ ဖြစ်ချင်မှဖြစ်မယ်ပေါ့။ သို့သော် အဆိပ်ဆိုတာက ခန္ဓာကိုယ်မှာ ကောင်းကျိုးမပေးဘူး။ ချက်ချင်းထိခိုက်မှု ရှိတာနဲ့ မရှိတာတော့ ကွာတယ်ပေါ့။ ကိုယ့်ခန္ဓာကိုယ်ရဲ့ စွမ်းအားတွေ၊ လုပ်ဆောင်ချက်တွေက စွမ်းအင်တွေ ပြည့်နေသေးတယ်ဆိုရင်တော့ ခုနက စားတာတွေကို ခြေဖျက်ချနိုင်တဲ့ အနေအထားတစ်ခုဆိုရင်တော့ ဘာမှ မဖြစ်သေးဘူး။ မခြေဖျက်နိုင်တဲ့တစ်နေ့ ရောက်တဲ့ အခါကျတော့ ဒုက္ခရောက်တယ်တဲ့။ ဒါပြောတာ။

အေး ... ရသာရုံနဲ့ ပတ်သက်လာလို့ရှိရင် လောက လူတွေဟာ ရသတဏှာကို မဖယ်ရှားနိုင်ကြဘူး။ ခုနက ရဟန်းတော်ဟာ သာသနာတော်ကို ဘယ်လောက် ကြည်ညိုပြီး ဘယ်လောက်အကျင့်ကောင်းတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်စေ ရသတဏှာ ကို မစွန့်ခွာနိုင်သည့်အတွက် ကြောင့် နောက်ဆုံးမှာ ဒုက္ခရောက်သွားတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက (၅၅၀)ဇာတ်တော် ထဲမှာ သူဟာအခုမှ ဒုက္ခရောက်တာ မဟုတ်ဘူးတဲ့။ အရင်ဘဝတုန်းကလဲ ရသတဏှာ ကြောင့် ဒုက္ခ ရောက်ဖူးတယ် မိန့်ခဲ့တယ်။

ဝါသနာစရိုက်ဆိုး

ဒီဇာတ်လမ်းလေးကို ကြည့်လိုက်မယ်ဆိုရင် ဒီဘဝ အကောင်းကြိုက်ပြီးတော့ မရှောင်နိုင်တဲ့လူတွေဟာ အတိတ်ဘဝတုန်းကလဲ အကောင်းကြိုက်ပြီး မရှောင် နိုင်တဲ့လူတွေပဲ ဖြစ်ရမယ်။ ဒီဘဝရှောင်နိုင်တဲ့လူသည် အတိတ်ဘဝတုန်းကလဲ ရှောင်နိုင်တဲ့လူပဲ ဖြစ်ရမယ်။ ဘာဖြစ်လို့လဲ၊ habitual practice ဆိုတာ၊ ဝါသနာ ဆိုတာကြီး အကျင့်ကြီးပါလာတယ်။ လူတွေဟာ ကိုယ့် ဘဝကိုယ် မပြင်ဘူးဆိုရင် ဒီဝါသနာကြီး၊ အကျင့်ကြီး ဟာ ဘယ်တော့မှ မပျောက်ဘူးတဲ့။ သိလိုက်တဲ့ဘဝမှာ ဒီအကျင့်ကြီးကို ချိုးနှိမ်ပြီးနေရင်နေ၊ ဒီလိုမဟုတ်ဘူး ဆိုရင် ဒီဘဝကအကျင့်သည် နောင်ဘဝထိ ဆက်ပါ သွားမှာပဲ။ ဒီဘဝက မရှောင်နိုင်ဘူးဆိုရင် နောင်ဘဝ လည်း မရှောင်နိုင်ဘူး၊ ဆက်သွားတော့တာပဲ။ ရင့်သထက်ရင့်လာမယ်၊ ဒါကိုပဲ လူတွေက ဝါသနာလို့ ပြောနေကြတယ်။

အေး၊ ဒါကြောင့်မို့ မကောင်းတဲ့ စရိုက်ဆိုးတွေ ကိုယ့်သန္တာန်မှာ ရှိနေပြီဆိုရင် ပယ်ချိုးဖို့ကြိုးစားကြရ မယ်။ မကြိုးစားဘဲဒီအတိုင်းထားလို့ရှိရင် သူက ရှင်သန် ထွားကြိုင်းလာပြီးတော့ ဆိုးသထက်ဆိုးလာဖို့ပဲရှိတော့ တယ်။ ဒီဘဝမှာ လူဆိုးဖြစ်လာတဲ့လူတွေဟာ အတိတ် ဘဝက ဆိုးလာခဲ့တာတွေကို မပြင်ခဲ့လို့ ဆိုးသထက် ဆိုးလာတာမျိုးဖြစ်တယ်။ ဒါကြောင့်မို့လို့ လူကောင်း ဖြစ်အောင် ပြင်ဆင်တတ်ဖို့ အရေးကြီးတယ်ပေါ့။

ကောင်းပြီ၊ မှန်မှန်ကန်ကန် ဆင်ခြင်တွေးတောမှု မရှိဘူးဆိုရင် ရသတဏှာ ကို မချိုးနှိမ်နိုင်ဘူး။ ချိုးနှိမ် နိုင်အောင် ကြိုးစားကြရမှာဖြစ်တယ်။ မချိုးနှိမ်နိုင်ဘူး ဆိုရင် ဒီဘဝမှာလည်း ရောဂါဝေဒနာတွေဖြစ်မယ်၊ နောင်ဘဝမှာလည်းပဲ ရသတဏှာ ကို အကြောင်းပြုပြီး တော့ အကုသိုလ်အမှုတွေကြောင့်မို့လို့ အပါယ်ငရဲမှာ ခံစားကြရတာမျိုးဖြစ်မယ်။ ရသတဏှာ ဆိုတာဟာ လူတွေမှာ မပြောနဲ့တဲ့၊ တိရစ္ဆာန်တွေမှာတောင်မှ ဖြစ်လာရင် ဒုက္ခပေးတယ်ပေါ့။

ဝါတမိဂဇာတ်

အဲဒါနဲ့ပတ်သက်ပြီး မြတ်စွာဘုရားက ငါးရာ့ ငါးဆယ်ဇာတ်ထဲမှာ ဇာတ်ကလေးတစ်ပုဒ် ဟောထား တာရှိတယ်။ ဝါတမိဂ ဇာတ်တဲ့။ ဝါတမိဂ ဆိုတဲ့ သမင်မျိုး ဟာ အင်မတန်မှ လူကိုကြောက်တတ်တဲ့ သမင်မျိုး၊ လူကိုမြင်ရင် (၇)ရက်လောက်အဲဒီနေရာကို ဘယ်တော့ မှ နောက်ထပ်မလာဘူး၊ အကြောက်မပြေဘူးလို့ ပြောတာ။ တစ်ခါမြင်ထားရင် (၇)ရက်အကြောက်မပြေ ဘူး။ ဒါကြောင့်မို့ လူမြင်လိုက်တဲ့နေရာဆိုရင် အဲဒီ သမင်မျိုးက ဘယ်တော့မှမလာဘူး။ ဝါတမိဂ လို့ခေါ် တယ်။ အေး၊ တစ်စုံတစ်ခု ဒုက္ခရောက်ထားတဲ့နေရာ ဆိုရင် တစ်သက်လုံး မလာတော့ဘူး။ သူ့ကို ဒုက္ခ ပေးထားတဲ့ နေရာမျိုးဆိုရင် တစ်သက်လုံးရှောင်တဲ့ သမင်မျိုး ဖြစ်တယ်။ အဲဒီလို လူအင်မတန်ကြောက်တဲ့ သမင်တောင်မှပဲ ရသတဏှာ ရဲ့ ဆွဲဆောင်မှုကြောင့် နောက်ဆုံးမှာ ကျုံးသွင်းပြီးတော့ အဖမ်းခံလိုက်ရတဲ့ အဆင့် ရောက်သွားဖူးတယ်တဲ့။

သမင်ပျံ

ဘုရင်ကြီးတစ်ပါးပိုင်တဲ့ဥယျာဉ်ကြီးထဲမှာ၊ ဥယျာဉ်ကြီးကလည်း အင်မတန်ကျယ်တယ်ပေါ့။ ဥယျာဉ်စောင့်ကြီးရဲ့ နာမည်က သဉ္စယ တဲ့။ ဥယျာဉ်ကို စောင့်ရှောက်ပြီးတော့ ပန်းပင်လေး၊ သစ်ပင်လေး စိုက်ထားရုံတင် မဟုတ်ဘူး၊ သစ်တောအကျယ်ကြီးကို စောင့်ရှောက်ပြီးတော့ ထိန်းသိမ်းရတာဖြစ်တယ်။ အဲဒီမှာ သီးနှံမျိုးစုံ၊ ပန်းပွင့်မျိုးစုံ၊ အပင်မျိုးစုံရှိတယ်။ အင်မတန်ကျယ်ဝန်းတဲ့ ဥယျာဉ်ကြီးပေါ့။

အဲဒီဥယျာဉ်ကြီးထဲကို တစ်နေ့ကျတော့ ခုနက လူကြောက်တဲ့ သမင်ကလေးတစ်ကောင် လာလာပြီး မြက်စားတာကို တွေ့ရတယ်။ လူမြင်လိုက်တာနဲ့ လှစ်ကနဲဆို ပျောက်သွားတယ်။ တစ်နေ့တော့ ဥယျာဉ်မှူးက နန်းတော်ရောက်တဲ့အခါ ဘုရင်ကြီးကမေးတယ်တဲ့။ တို့ဥယျာဉ်ထဲမှာ ထူးထူးဆန်းဆန်း ဘာများမြင်ခဲ့တုန်းဆိုတော့ အရှင်မင်းကြီးတဲ့၊ လူအင်မတန်ကြောက်တဲ့ ဝါတမိဂဆိုတဲ့ သမင်ပျံတစ်ကောင် မြက်လာစားတာ မြင်တယ်၊ ကျွန်တော့်မြင်လိုက်တာနဲ့ တစ်ပြိုင်နက် သူဟာ လှစ်ကနဲဆို ပြေးသွားတယ်ပေါ့။ ပြီးတော့ မြင်ကွင်းကနေ ပျောက်နေတာ အတော်နဲ့မလာဘူး။ (၇)ရက်တိတိ ပျောက်နေပြီးမှ တစ်ခါထပ်လာစားတာ တွေ့တယ်။

ဒါဖြင့် “မောင်မင်း အဲဒီသမင်ကို နန်းတော်ထဲ ရောက်အောင် ခေါ်လို့ရမလား” ပေါ့။ ဖမ်းပြီးတော့ နန်းတော်ထဲရောက်အောင် ခေါ်လို့ရမလားဆိုတော့ “လွယ်ပါတယ် အရှင်မင်းကြီး“တဲ့။ ကျွန်ုပ်ကို ပျားရည် အလုံအလောက်ပေးပါ။ ဒီသမင် နန်းတော်ထဲရောက်အောင် သူဆွဲဆောင်ပေးပါ့မယ်လို့ဆိုတယ်။ အဲဒီသမင်လေး လာလာပြီးမြက်စားတဲ့နေရာကို ဘာလုပ်ထားလဲဆိုရင် ပျားရည်လေး ဆမ်းဆမ်းထားတယ်။ ပျားရည်ဆမ်းထားလိုက်တဲ့မြက် စားတဲ့အခါမှာ ပျားရည်အရသာလေးနဲ့ဆိုတော့ ချိုတာပေါ့လေ။ သမင်က အဲဒီမြက်ကလေး စားရင်းစားရင်းနဲ့ တခြားမြက်ကို သူအရသာ မတွေ့တော့ဘူး။ ရသတဏှာ ဖြစ်သွားတယ်။ ပျားရည်ဆမ်းထားတဲ့ မြက်ကလေးပဲ ရှာရှာပြီးတော့ စားတဲ့အဆင့်ကို ရောက်လာတယ်။

အဲဒီလို တစ်ပတ် ဆယ်ရက် ကျွေးထားပြီးတဲ့အခါမှာ ဥယျာဉ်စောင့်ကြီးက လူရိပ်လူယောင် ပြတယ်။ ပြလိုက်ရင် လှစ်ကနဲဆို ပြေးသွားတယ်။ နောက်တစ်ရက် ပျားရည်လူးထားတော့ လာစားပြန်တယ်။ လူရိပ်လူယောင် ပြလိုက်ရင် ပြန်ထွက်ပြေးပြန်ရော။ သို့သော်လည်း ဒီသမင်လေးဟာ ဒီမြက်ခင်းထဲကနေ မခွာနိုင်တော့ဘူး။ လာလာစားတယ်။ အဲဒီလို လုပ်ရင်းကနေပြီးတော့ လူရိပ်ပြပြနေတော့ နောက်ဆုံး သူ့ကို အန္တရာယ်မပေးမှန်း သိလာတယ်။ နောက်တော့ ဒီသမင်လေးဟာ ဥယျာဉ်မှူးကို မြင်တော့လည်း မပြေးတော့ဘူး။ သူကြိုက်တဲ့ မြက်ကလေးကို လာစားနေတော့တာပဲ။ ဟိုကလည်း ပျားရည်လေး ဆမ်းပေးနေတာကိုး။

နောက်ဆုံး ဘယ်လောက်အဆင့်ထိ ရောက်လာသလဲဆိုတော့ ဥယျာဉ်မှူးရဲ့ လက်ထဲမှာ ပျားရည်လူးထားတဲ့ မြက်ကလေးကို သမင်ကလေးက လာစားတဲ့အထိအောင် ယဉ်သွားတယ်။ ဒီအရသာကို သူကြိုက်သွားပြီ။ ကြိုက်တဲ့အခါကျတော့ အသက်အန္တရာယ်တို့ ဘာတို့၊ အင်မတန်ကြောက်တဲ့စိတ်က ပျောက်သွားပြီ။ ဒါစားရဖို့တစ်ခုပဲ သူတွေးလာတော့တယ်။ ခုနက ဘာနဲ့တူလဲဆိုရင် ဝဝစားပြီး သေမယ်ဆိုတဲ့ ဟာတွေနဲ့ သွားတူတာပေါ့။

အေး၊ ကောင်းပြီ။ ဥယျာဉ်မှူးက နောက်ဆုံး ဘယ်လောက်ထိအောင် လုပ်သလဲဆိုရင် သစ်ခက်ကလေးတွေချ၊ မြက်ကလေးတွေချပြီးတော့ နန်းတော်သွားတဲ့လမ်းကို ဟိုဘက်ဒီဘက် ဖျာကလေးတွေကာ၊ ဥယျာဉ်ကနေပြီး နန်းတော်သွားတဲ့လမ်းအထိကို ဖျာကလေးတွေကာ၊ မြက်ကလေးတွေချပြီး ပျားရည်ကလေးတွေ ဆမ်းထားပြီး ကျွေးကျွေးပြီးခေါ်သွားတာ၊ အဲဒီသမင်လည်း အထဲကိုရောက်သွားရော အနောက်ကနေပြီး တံခါးကို ပိတ်လိုက်တယ်။ သမင်လည်း နန်းတော်ရင်ပြင် ရောက်သွားတယ်။

အဲဒီတော့မှ သမင်ပျံဟာ ကြောက်လိုက်တာ ဟိုပြေးဒီပြေး၊ ထွက်ပေါက်က မရှိတော့ဘူး။ တုန်တုန်ဆတ်ဆတ်ဖြစ်ပြီးတော့ ကြောက်လန့်တကြား ပြေးနေတာ။ ဘုရင်ကြီးကတွေ့တော့ ဘာပြောသလဲဆိုတော့ “အေး၊ တကယ့်လူကြောက်တဲ့ သမင်တောင်မှပဲ ရသတဏှာ မပယ်ခွာနိုင်သည့်အတွက်ကြောင့် လူတွေလက်ထဲ ရောက်လာရပါလား၊ ရသတဏှာဟာ အလွန်ဆိုးဝါးပါလား“လို့ ဘုရင်ကြီးက ပြောတယ်။ ဘုရင်ကြီးက သနားလို့ အဲဒီသမင်လေးကို ပြန်လွှတ်ပေးလိုက်တယ်။

ဇာတ်ပေါင်းခန်း

အဲဒီသမင်လေးဟာ ခုနက ပြည့်တန်ဆာ အမျိုးသမီး ဖြားယောင်းပြီး လူ့ဘဝရောက်အောင် ခေါ်သွားခံရတဲ့ ကိုယ်တော်ကလေး ဖြစ်ခဲ့ဖူးတယ်တဲ့။ ဟော၊ တိရစ္ဆာန်ဘဝတုန်းကလည်း အကောင်းကြိုက်တယ်၊ လူ့ဘဝမှာလည်းပဲ အကောင်းကြိုက်တယ်ပေါ့။ ဥယျာဉ်မှူးကတော့ ရဟန်းဘဝကနေ လူ့ဘဝရောက်အောင် သွေးဆောင်ဖြားယောင်းခဲ့တဲ့ ပြည့်တန်ဆာမဖြစ်ခဲ့တယ်။ ဘဝတစ်ခုမှာ အမျိုးသားပေါ့။ ဘဝတစ်ခုမှာတော့ အမျိုးသမီးပေါ့နော်။ ဗာရာဏသီဘုရင်ကြီးကတော့ မြတ်စွာဘုရားကိုယ်တော်တိုင် ဖြစ်ခဲ့တာ ဆိုတာကို ဒီဇာတ်ကိုပေါင်းခဲ့တယ်။

ဖြေဆေး

စားစရာ၊ သောက်စရာနဲ့ပတ်သက်တဲ့ ရသတဏှာဟာ အင်မတန်မှ ဖြေဖျောက်ခဲတယ်။ အင်မတန်မှ ဖြေဖျောက်နိုင်ခဲသည့်အတွက်ကြောင့် မြတ်စွာဘုရားဟာ ဒီ ရသတဏှာကို ဖယ်ရှားဖို့လို့ ဆိုပြီးတော့ အာဟာရေ ပဋိကူလသညာ ကမ္မဋ္ဌာန်းကို ပေးထားသေးတယ်။

မှန်ကန်စွာ တွေးတောဆင်ခြင်မှု၊ ဆင်ခြင်သုံးသပ်ပြီးမှစားဖို့ ဆုံးမစကားပြောတယ်။ ထားရမယ့် ရည်ရွယ်ချက်၊ မထားရမယ့် ရည်ရွယ်ချက်၊ ရရှိလာမည့် အကျိုးဆက် ဒါတွေကို ဆင်ခြင်ပြီးမှ စားသုံးသည့်အတွက်ကြောင့် ရသတဏှာကို မဖြစ်အောင် ထိန်းသိမ်းနိုင်မယ်။ အဲဒီထက်ပိုပြီး အစွမ်းထက်တဲ့ အာဟာရေ ပဋိကူလသညာကို ဆင်ခြင်စဉ်းစားဖို့ မြတ်စွာဘုရားက ကမ္မဋ္ဌာန်း(၄၀) ထဲမှာ ဒီကမ္မဋ္ဌာန်းကို ပေးထားတယ်။

ဟုတ်တယ်လေ၊ ပဋိကူလသညာ နဲ့ တွေးကြည့်ပေါ့။ ဘုန်းကြီးတို့တစ်တွေ စားတဲ့အခါမှာ ပါးစပ်ပေါက်က စားလိုက်ကြတာ အားလုံးသိတယ်နော်။ စားထားတဲ့ အစာတွေ ပြန်ထွက်တဲ့အခါကျတော့ ကိုးပေါက်ဒွါရက ပြန်ထွက်တယ်။ မျက်စိက မျက်ချေးအဖြစ် ပြန်ထွက်တယ်၊ နားက နားဖာချေးအဖြစ်နဲ့ နော်။ နှာခေါင်းကထွက်ရင် နှာချေးအဖြစ်ထွက်တယ်။ ဩော်၊ ကိုးပေါက်ဒွါရက ပြန်ထွက်တယ်။ တစ်ပေါက်တည်းက စားလိုက်တာ။ ဝင်သွားတုန်းက တစ်ပေါက်တည်းကဝင်တာ၊ ပြန်ထွက်တဲ့အခါကျတော့ ကိုးပေါက်ကနေထွက်တယ်ဆိုတာကို ဆင်ခြင်စဉ်းစားကြည့်ပေါ့။ အာဟာရနဲ့ ပတ်သက်လို့ရှိရင် ဒါဟာ ရွံစရာဆိုတဲ့ အဓိပ္ပာယ်ကို ဆင်ခြင်စဉ်းစားခိုင်းတာပေါ့။

ကဲ၊ နောက်တစ်ခု လူတွေဟာ စားတဲ့အခါကျတော့ ထမင်းဝိုင်းကြီးနဲ့၊ အသိုင်းနဲ့အဝိုင်းနဲ့ စားကြတယ်မဟုတ်လား။ မိသားစုပဲဖြစ်စေ၊ မိတ်ဆွေ သူငယ်ချင်းအသိုင်းအဝိုင်းနဲ့ပဲဖြစ်စေ ပျော်ပါးလို့ သိုင်းသိုင်းဝန်းဝန်း စားကြတယ်မဟုတ်လား။ ကဲ၊ စားထားတဲ့ အစာတွေ နောက်ဆုံးအဆင့် စွန့်တဲ့အခါကျတော့ ဘာဖြစ်လို့ ပုန်းလျှိုးကွယ်လျှိုး တစ်ယောက်တည်းပဲ တံခါးလေး ချက်ချပြီးတော့ လုပ်ကြသလဲ။ စားတဲ့အာဟာရတွေက အကောင်းဖြစ်တာ ဟုတ်ရဲ့လား။ မဟုတ်ဘူး။ အဲဒါလည်း မြတ်စွာဘုရားက ဆင်ခြင်ခိုင်းတာပဲ။ စားတုန်းကတော့ တပျော်တပါး အများနဲ့စားတယ်။ စွန့်တဲ့အခါကျတော့ ပုန်းလျှိုးကွယ်လျှိုး တစ်ယောက်တည်းလေ။ ဟုတ်ကဲ့လား။ ဒီသဘောတွေကို ဆင်ခြင်စဉ်းစားပေးပါတဲ့။

ဟော၊ စားတုန်းကတော့ကြည့် ကောင်းလိုက်တာ၊ ကောင်းလိုက်တာနဲ့စားတယ်။ အဲဒီကောင်းလိုက်တာလို့ စားတဲ့အစာတွေက အချိန်တန်လို့ ထွက်တဲ့အခါကျတော့ နှာခေါင်းပိတ်ပြီး စွန့်ရတယ်တဲ့။ ကိုယ့်အနံ့တောင် ကိုယ်မခံနိုင်ဘူးလေ။ သူများဆိုတာ ဝေလာဝေး။ အေး၊ ဒါက စာထဲမှာပါတာကို မြန်မာလိုပြန်ပြောတာနော်။ စာထဲမှာပါတယ်။ အာဟာရေပဋိကူလသညာ အခန်းမှာ ဝိသုဒ္ဓိမဂ်မှာ ရေးထားတာကိုပြောတာ။ တကယ်လည်း ဒီအတိုင်းပဲလေ။

ကဲ၊ ကောင်းပြီ။ ဘယ်လောက်ကောင်းတဲ့ အစာပဲဖြစ်ဖြစ် အရသာရှိတယ်ဆိုတာ လျှာပေါ်မှာပဲ အရသာရှိတာ။ မျိုချလိုက်တဲ့နောက်မှာ အရသာရှိသေးလား၊ မရှိတော့ဘူး။ သို့သော် လျှာပေါ်မှာရှိနေတဲ့ အချိန်ကလေးဟာ (၂)မိနစ်ထက်ပိုပါ့မလား၊ မပိုဘူး။ မတည့်တာ စားလိုက်လို့ရှိရင် တစ်သက်လုံး ဒုက္ခရောက်သွားရော၊ ဟုတ်ရဲ့လား။

ဆိုပါစို့၊ ဒီ ရသတဏှာကို မပယ်နိုင်လို့ အကုသိုလ်လုပ်လို့ရှိရင် တစ်သံသရာလုံး ဒုက္ခရောက်သွားတော့တာပဲ။ ရောဂါဖြစ်တာဟာ ဒီတစ်ဘဝပဲ ဒုက္ခရောက်မယ်။ အကုသိုလ်အမှု ပြုပြီဆိုရင်တော့ တစ်သံသရာလုံး ဒုက္ခရောက်ရမှာပဲ။ အဲဒီသဘောတွေကို ဆင်ခြင်စဉ်းစားကြည့်ဖို့ လိုအပ်တယ်ပေါ့။

လောကမှာ အစာအာဟာရနဲ့ ပတ်သက်လာတဲ့အခါမှာ လူတွေဟာ အမျိုးမျိုးရှိကြတယ်။ ကိုယ်ကိုယ်တိုင် ကြိုက်တဲ့အစာကိုလည်း သူများကို ကျွေးတတ်ကြတယ်။ ဘာဖြစ်လို့လဲ၊ ကိုယ်က အကောင်းကြိုက်ရင် သူများကိုလည်းကျွေးတဲ့လူရှိတယ်။ နောက်ပြီး ကိုယ်ကတော့ အကောင်းကြိုက်ပြီးတော့ သူများကို အကောင်းမကျွေးတဲ့လူဆိုတာလည်း ရှိတယ်နော်။ အားလုံးကြားဖူးကြလိမ့်မယ်။ “အစားအစာဆိုတာ ကိုယ်ကြိုက်တာ အကောင်းဆုံးပဲ“၊ ဟုတ်ကဲ့လား။

ဒူးရင်းသီးကြိုက်တဲ့သူက ဒူးရင်းသီးကောင်းတယ်ပေါ့။ မကြိုက်တဲ့သူကျတော့ နံတယ်ပေါ့။ ဒီလိုပဲ ကောင်းတာလေးတွေကို ကြိုက်တဲ့အခါ တချို့ကျတော့ ကိုယ်ကကြိုက်တယ်၊ သို့သော် သူများကို ကောင်းတာလေးတွေ စားစေချင်တယ်ဆိုတဲ့လူမျိုးရော မရှိဘူးလား။ ဆိုပါစို့၊ မိဘတွေဆိုလို့ရှိရင်လေ၊ ငယ်စဉ်တောင်ကျေးကလေးဘဝမှာ အမေ၊ အဖေတွေက ကိုယ့်ရဲ့သားငယ် သမီးငယ်လေးတွေကို ကျွေးတယ်မဟုတ်လား။ ကောင်းတာလေးတွေကျွေးပြီး ကိုယ်ကတော့ အရိုးအရင်းလေး စားတယ်လေ။ အဲဒါ မိဘရဲ့စေတနာ ဖြစ်တယ်။

လွဲမှားစွာ

တစ်ခါတရံကျတော့ မိဘရဲ့စေတနာကို လွဲမှားစွာ အဓိပ္ပာယ်ကောက်တဲ့လူက ရှိသေးတယ်နော်။ တကယ်ဖြစ်ပျက်ခဲ့တာတစ်ခု ပြောပြမယ်။ မိဘရဲ့စေတနာကို လွဲမှားစွာ အဓိပ္ပာယ်ဖော်ဆောင်တယ်။ မိသားစုတစ်ခုမှာ အမေလုပ်တဲ့ပုဂ္ဂိုလ်က သားသမီးတွေကို ပုစွန်ထုပ် ချက်ကျွေးတယ်။ မကြာမကြာ ပုစွန်ထုပ်ဟင်းချက်တယ်။ ပုစွန်ထုပ်ဆိုတာ ခေါင်းက ကောင်းတာလား၊ အသားက ကောင်းတာလား။ အသားက ကောင်းတာနော်။ မိဘလုပ်တဲ့လူက သားသမီးတွေကို အကောင်းစားစေချင်လို့ ဘာကျွေးလဲဆိုရင် အသားလေးတွေကို ထွင်ပြီးတော့ကျွေးတယ်။ သူ့ကျတော့ ခေါင်းစားတယ်။

အဲဒီလို ငယ်ငယ်တုန်းကကျွေးခဲ့တာ။ သားသမီးတွေက သူတို့ကြီးလာတဲ့အခါကျတော့ ဘယ်လိုအောက်မေ့တုန်းဆိုရင် တို့အမေက ပုစွန်ခေါင်းကြိုက်တာ၊ ပုစွန်အသား မကြိုက်ဘူးဆိုပြီးတော့ အမေကို ပုစွန်ထုပ်ချက်ကျွေးတဲ့အခါမှာ အသားကို သူတို့စားပြီးတော့ မိဘကို ပုစွန်ခေါင်းတွေချည်း ထည့်ပေးတယ်။ ထည့်ပေးတဲ့အခါမှာ အမေလုပ်တဲ့ပုဂ္ဂိုလ်က ပုစွန်ခေါင်းလေးဝါးရင်းနဲ့ မျက်ရည်တွေ ပေါက်ပေါက်ကျလာတယ်။ “ငါက ငယ်ငယ်တုန်းက နင်တို့စားခဲ့သလို ငါလည်း အသားကြိုက်တာပေါ့ဟယ်၊ ခေါင်းဘယ်ကြိုက်ပါ့မတုန်း“၊ ဟုတ်ကဲ့လား။ စေတနာကို လွဲမှားစွာ အဓိပ္ပာယ်ကောက်ကြလို့လေ။ သားသမီးကလည်း စေတနာနဲ့ကျွေးတာ၊ အမေ ခေါင်းကြိုက်တယ်ထင်ပြီး ခေါင်းကျွေးတယ်၊ မဟုတ်ဘူးလား။

အဖြစ်မှန်

တစ်ခါတုန်းက အဖြစ်အပျက်တစ်ခုလည်း ပြောပြရဦးမယ်။ ဒါက True Story တကယ့်အဖြစ်အပျက်ကလေးပါ။ ဇနီးမောင်နှံနှစ်ယောက် ဟန်းနီးမွန်းထွက်တယ်တဲ့။ ဟန်းနီးမွန်းထွက်တဲ့အခါကျတော့ အိမ်တစ်အိမ်ကို ရောက်တဲ့အခါ အိမ်ရှင်က ဝက်သားကျွေးတယ်၊ ဝက်သားကျွေးတဲ့အခါမှာ ယောက်ျားလုပ်တဲ့လူက သူ့ဇနီးက ဝက်အဆီကြိုက်တယ်ထင်လို့ ထွင်ပြီးတော့ အသားလေးကို သူ့ပန်းကန်ထဲထည့်တယ်၊ သူ့ဇနီးကိုတော့ အဆီလေးနဲ့ အခေါက်လေးနဲ့ ထည့်ပေးလိုက်တယ်။ ထည့်ပေးလိုက်တဲ့အခါမှာ သူများအိမ်မှာ စားရတာဆိုတော့ သူ မကြိုက်ဘူးလို့လည်း မပြောဝံ့ဘူး၊ မပြောရက်ဘူး၊ ထည့်ပေးတာကိုစားတယ်။ အဆီတွေချည်းပဲ ထည့်ကျွေးတယ်၊ ဟိုကနော်။ အသားလေးစားချင်တာပေါ့။ တစ်ခါထည့်ကျွေးလိုက်၊ အင်း၊ မစားလို့ မကောင်းဘူးဆိုပြီးတော့ စားလိုက်ရ။ တစ်ခါထည့်ကျွေးလိုက် စားလိုက်ရနဲ့ ကြာတော့ မျက်ရည်တွေ ပေါက်ပေါက်ကျလာတယ်။ အသားမစားရလို့နော်။ “အဆီတွေရွှဲကတည်းက တည်းတည်းလေးပဲကျန်တော့တယ်“တဲ့။ လင်မယားကွဲလုသွားပြီ။ ကိုယ်မစားချင်တာကို ပေးရမလားဆိုပြီးတော့၊ ဒါလည်းပဲ စေတနာကို လွဲမှားစွာ သရုပ်ဖော်တာပါပဲ။

ကောင်းတာကိုသာ

ဘုန်းကြီးတွေဆိုရင်လည်း သိပ်သတိထားရမယ်။ ဒကာ၊ ဒကာမတွေက စေတနာနဲ့ ဆွမ်းကပ်ကြတယ်။ ဆွမ်းကပ်တဲ့အခါမှာ ဒါ ဆရာတော်ကြိုက်တယ်၊ ဘုန်းကြီးကြိုက်တယ်ဆိုပြီး ဒကာ၊ ဒကာမတွေက မှတ်ထားကြတယ်။ သဒ္ဓါတရား ကောင်းကြတာကိုး။ စေတနာကောင်းလို့ ဆရာတော်တွေ ကြိုက်တတ်တာကို မှတ်ထားကြတယ်။ ဘုန်းကြီးတို့ ငယ်ငယ်တုန်းကတော့ ကျောင်းဒကာ၊ ကျောင်းအမတွေက “ဦးဇင်း ဘာကြိုက်တုန်း” မေးရင် ကောင်းတာပဲ ကြိုက်ထားလိုက်တယ်။ ဒီပုံပြင်တွေ ကြားဖူးထားတော့ ကောင်းတာပဲ ကြိုက်ထားလိုက်တယ်။ ဘာကြိုက်တုန်းဆိုရင် ကြက်သားကြော်ကြိုက်တယ်၊ ဝက်အူချောင်းကြော်ကြိုက်တယ်လို့ ပြောထားလိုက်တယ်။ အဲဒီတော့လာတိုင်း ကြက်သားကြော်တို့၊ ဝက်အူချောင်းတို့ ယူလာတယ်။

လက်ပံခေါင်းကြိုက်မိသူ

အဲဒီလိုမဟုတ်ပဲ ဟို လက်ပံခေါင်းကြိုက်တဲ့ ကိုယ်တော်ရဲ့ဒုက္ခနော်။ လက်ပံခေါင်းချဉ်ရည်ဟင်းနဲ့ ကျောင်းကို ဆွမ်းပို့လိုက်တဲ့အခါ လောကွတ်လုပ်လိုက်တာလေ။ “ကျောင်းအမကြီးအိမ်ကပို့တဲ့ လက်ပံခေါင်းဟင်းကလေးနဲ့ ဆွမ်းစားလို့မြိန်လိုက်တာ“လို့ ပြောလိုက်တာ။ ကလေးတွေက အဟုတ်မှတ်လို့ သွားပြောတယ်။ နေ့တိုင်း လက်ပံခေါင်းချဉ်ရည်ဟင်းချည်းပဲ ချက်ပို့တယ်။ စေတနာနဲ့ စားစေချင်လို့၊ ဘုန်းကြီးကြိုက်တယ်ဆိုလို့ ချက်ပို့တယ်နော်။ ဒီကဘုန်းကြီးက စိတ်ပျက်နေပြီ၊ နေ့တိုင်း လက်ပံခေါင်းရွက်တွေချည်းပဲ စားနေရလို့။ နောက်ဆုံး ရွာမီးလောင်တဲ့အခါ အဲဒီအိမ် မီးထဲပါတယ်။ ဒီနေ့တော့ ဝဋ်ကျွတ်ပြီလို့ ဘုန်းကြီးက အောက်မေ့တယ်။ အတော်ကြာတော့ ဆွမ်းအုပ်ကြီး ရောက်လာတယ်။ လက်ပံခေါင်းချဉ်ရည်ဟင်းနဲ့။ “အရှင်ဘုရား ကြိုက်တတ်လို့လေ၊ တပည့်တော်ရဲ့အိမ်မှာရှိတာတွေ မီးထဲဘာပဲပါသွားသွား တပည့်တော်ဂရုမစိုက်ပါဘူး။ လက်ပံခေါင်းထုပ်ကိုတော့ မရရအောင် ဆွဲချလာရပါတယ်ဘုရား” တဲ့။ ဟော၊ စေတနာကို လွဲမှားစွာ သရုပ်ဖော်ခြင်းပဲ ဖြစ်တယ်နော်။

ဘုန်းကြီးကပြောလိုက်တဲ့ စေတနာကတော့ အေး၊ လက်ပံခေါင်းချက်လည်း ဆွမ်းစားလို့ မြိန်တယ်လို့ ပြောလိုက်တာ။ သဒ္ဓါတရားဖြစ်ပြီးတော့ ဝမ်းသာအောင်လို့ ပြောတာ။ အဲဒီ ဝမ်းသာအောင်ပြောတဲ့ စေတနာကို လွဲမှားစွာ အသုံးချပြီးတော့ လက်ခံခေါင်းဟင်းပဲ ချက်ကျွေးနေတော့တယ်။ ဒါကလည်း တကယ်ဖြစ်ခဲ့တာပဲ။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ကြားဖူးသေးတယ်။ မန္တလေးက ဆရာတော်ကြီးတစ်ပါး ဒီလိုပဲ၊ တစ်ရက်ကျတော့ ချဉ်ရည်ဟင်းလေးတစ်ခွက် ကျောင်းကို ချက်ပြီးတော့ ပို့လာတယ်။ အဲဒီ ချဉ်ရည်ဟင်းလေး ပါလာတော့ ဆရာတော်ကြီးက ဝမ်းသာအောင်လို့ဆိုပြီးတော့ ပြောခိုင်းတာပေါ့လေ။ ဝက်သားက ပိုကောင်းတယ်ဆိုတာ သိပြီးသားလေ။ ချဉ်ရည်ဟင်းပို့တဲ့အိမ် မျက်နှာမငယ်ရအောင်လို့ “အေး၊ ချဉ်ရည်ဟင်းကလေးက ကောင်းလိုက်တာ” လို့ ပြောခိုင်းတယ်။ ဆွမ်းစားလို့ ပိုမြိန်တယ်လို့ ပြောခိုင်းလိုက်တာ။ နောက်ရက် ချဉ်ရည်ဟင်းချည်းပဲ ရောက်ရောက်လာတယ်။ ဝက်သားတို့၊ ကြက်သားတို့ တစ်ခါမှမချက်ဘူး။

အဲဒီတော့ ဆရာတော်ကြီးက ဘာပြောခိုင်းတုန်းဆိုလို့ရှိရင် “မနက်ဖြန်ကျရင် ဒကာမကြီးကို ပြောလိုက်ကွာတဲ့၊ တစ်ခါတရံ ဝက်သားဟင်းကလေးလည်း ကောင်းတယ်“လို့ပြောတဲ့၊ သင်ပေးလိုက်ရသေးတယ်။ အဲဒီမှာ ဒီဆရာတော်ကြီးပြောတဲ့ စေတနာက ဘာတုန်းဆိုရင် အေး၊ ချဉ်ရည်ဟင်းချက်ပို့တာ မျက်နှာငယ်မှာ စိုးလို့ ကောင်းတယ်လို့ ပြောခိုင်းလိုက်တာ။ အဲဒီ စေတနာကို လွဲမှားစွာ သရုပ်ဖော်လိုက်တဲ့အခါကျတော့ ချဉ်ရည်ဟင်းတွေချည်းပဲ နေ့တိုင်းပို့တော့ ဒုက္ခရောက်တာပေါ့။ အဲဒီတော့ ဘုန်းကြီးက “ရွှေချဉ်ပေါင်တုန်းကာမှ မောင်ဘုန်းပြန်ခဲ့မယ်” ဆိုပြီးတော့ ကျောင်းမှာတောင် မနေတော့ဘူးဆိုတာမျိုး ဖြစ်သွားတတ်တယ်။

အေး၊ အဲဒါမျိုးကလည်း သတိထားစရာ အချက်တစ်ခုနော်။ အာဟာရနဲ့ ပတ်သက်လာလို့ရှိရင် လွဲမှားစွာ သရုပ်မဖော်ကြရဘူးနော်။ လွဲမှားစွာ အဓိပ္ပာယ်မကောက်ယူရဘူး၊ မှန်ကန်စွာ အဓိပ္ပာယ်ကောက်ယူဖို့ရာ လိုအပ်တယ်။

အေး ...၊ လူတွေဟာ ရသတဏှာကို မပယ်ရှားနိုင်သည့်အတွက်ကြောင့် အစာအာဟာရကို အခြေခံပြီးတော့ ဒုက္ခရောက်သွားရတာတွေ မြောက်များစွာရှိတယ်။ ဒါကြောင့်မို့ အာဟာရေပဋိကူလသညာဆိုတဲ့ ကမ္မဋ္ဌာန်းတရားကို ဆင်ခြင်နှလုံးသွင်းရမယ်လို့ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းတစ်ခုအနေနဲ့ ဟောထားတာ ဖြစ်တယ်။

နိဂုံးချုပ်

ရဟန်းပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် ဘုန်းကြီးတို့တတွေဟာ ဒီအစာအာဟာရ စားတယ်ဆိုတာ ခန္ဓာကိုယ်တည်တံ့ဖို့စားတာသာ ဖြစ်ရမယ်။ ကောင်းလို့စားတာ မဟုတ်ရဘူး၊ ကြိုက်လို့စားတာ မဟုတ်ရဘူး။ ကောင်းမှစားမယ်၊ ကြိုက်မှစားမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ မထားဘဲနဲ့ အာဟာရေ ပဋိကူလသညာကို နှလုံးထားပြီးတော့ ရသတဏှာကို ဖယ်ရှားနိုင်အောင် ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။ အကယ်၍ ရသတဏှာကို မဖယ်ရှားနိုင်ဘူးဆိုရင် ရသတဏှာကို အကြောင်းပြုပြီး အကုသိုလ်တွေ စုမိလာမယ်ဆိုရင် ဒီဘဝမှာလည်း ဒုက္ခရောက်နိုင်တယ်၊ သံသရာမှာလည်း ဒုက္ခရောက်နိုင်တယ်။ ဒါ့ကြောင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ရသတဏှာကို ဖယ်ရှားပစ်ဖို့ ဟောကြားဆုံးမတော်မူတာ ဖြစ်တယ်။

နေ့စဉ်နှင့်အမျှ စားသောက်နေကြရတဲ့ အာဟာရတွေအပေါ်မှာ မတည့်တာဆို ရှောင်နိုင်ရမယ်။ ခန္ဓာကိုယ်ကို အကျိုးမပြုတဲ့ အစာအာဟာရတွေကို မစားမိအောင် ရှောင်နိုင်ရမယ်။ ဘယ်အစာအာဟာရပေါ်မှ ကြိုက်လို့စားတာမျိုးမဖြစ်စေဘဲ ခန္ဓာကိုယ်နဲ့ သင့်လျော်တဲ့ အစာအာဟာရ စားပြီးတော့ အသက်ရှည်လို့ ကုသိုလ်တွေ များများရအောင် တို့တစ်တွေဟာ ကြိုးစားအားထုတ်ရမှာလို့ ကိုယ်စီကိုယ်ငှ နားလည်သဘောပေါက်ပြီးတော့ ရသတဏှာကို ပယ်ရှားနိုင်ကြပါစေကုန်သတည်း။

ettslg0qli7o6z4v2ytr3tkvcdu3tdt
အထင်မှား အမြင်မှား
0
5907
22132
21627
2026-06-15T03:22:16Z
Tejinda
173
22132
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = အထင်မှား အမြင်မှား
| previous = [[ရသ တဏှာ]]
| previous2 =
| next = [[မှတ်ဉာဏ်ကောင်းအောင် ကျင့်ဆောင်ခြင်း]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

အထင်မှား အမြင်မှား

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁၁)ရက်၊ ၉-၂-၂၀၁၀ နေ့ည ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ ကိုင်းတန်းလမ်း၊ အမှတ် ၆၈၊ မိခင်ကြီးဒေါ်နန်းတွီ(ခ) ဒေါ်ချစ်ချစ်နှင့် သားသမီးမြေးတစ်စုတို့က ကွယ်လွန်သူ ကျေးဇူးရှင်ဖခင်ကြီး ဦးမောင်မောင်(၁၃-၂-၂၀၁၀)တွင် ကျရောက်သော တစ်နှစ်ပြည့်အလှူနှင့် ကွယ်လွန်သူ အမကြီးဒေါ်အေးအေးနှင့် ညီဖြစ်သူ ဦးအောင်သန်း တို့အား ရည်စူး၍ ပြုလုပ်အပ်သည့် ညဉ့်ဦးယံ ဓမ္မ သဘင် အခမ်းအနားဝယ် ဟောကြားအပ်သော “အထင်မှား အမြင်မှား” တရားဒေသနာတော်။

အထင်မှား အမြင်မှား

မိမိတို့အပေါ် ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေ တမလွန် ဘဝ ရောက်သွားပြီဆိုတဲ့အခါ ကျေးဇူးဆပ်တဲ့ အနေနဲ့ ကုသိုလ်ကောင်းမှုပြုလုပ်ပြီး အမျှဝေရတယ်။ အမျှ အတမ်း ပေးဝေတာကို မြတ်စွာဘုရားက ဉာတိဓမ္မ ဆွေမျိုးတွေ လိုက်နာကျင့်သုံးရမယ့် ဝတ္တရား အဖြစ်ဖြင့် ဟောကြားတာဖြစ်လို့ လုပ်သင့် လုပ်ထိုက်တဲ့ကိစ္စကို ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်တယ်၊ လုပ်ရမယ့်ကိစ္စထဲမှာ လည်း အကျိုးရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်။

ဘာကြောင့် အကျိုးရှိတယ်လို့ ပြောရတုန်းဆိုရင်

နံပါတ်(၁) - ကုသိုလ်ကောင်းမှုပြုရင် ပြုတဲ့ပုဂ္ဂိုလ်မှာ အကျိုးဖြစ်ထွန်းစေတယ်၊ ဒါက တစ်ခု။

နံပါတ်(၂) - မိမိရည်စူးတဲ့ပုဂ္ဂိုလ်က အမျှရနိုင်တဲ့ ဘုံဘဝမှာ ရောက်နေရင် ကုသိုလ်ကောင်းမှုရဲ့ အကျိုး ကျေးဇူးကို ခံစားရမယ်၊ ဒါ အကျိုးရှိခြင်းတစ်ခု။

နံပါတ်(၃) - သံဃာတော်အရှင်မြတ်များ, မိမိတို့ ကိုးကွယ်ရာ ဘာသာတရားကို လှူဒါန်းထောက်ပံ့ပြီး ဖြစ်တယ်။ ဒါ အကျိုးရှိခြင်းတစ်ခု။

နံပါတ်(၄) - မိမိတို့ကိုယ်တိုင်လည်း ကုသိုလ် ကောင်းမှုတွေ ဆည်းပူးအားထုတ်ပြီးဖြစ်တယ်။ ဒါ အကျိုးတစ်ခု။

အဲဒီ အကျိုးလေးမျိုးကို ရရှိနိုင်စေတဲ့ ကုသိုလ် ကောင်းမှုဖြစ်လို့ မြတ်စွာဘုရားက အကျိုးရှိတဲ့လုပ်ငန်း လို့ ဟောကြားတာ ဖြစ်တယ်။

အခု ဒါနကောင်းမှုဆိုတဲ့ အကျိုးရှိတဲ့လုပ်ငန်းကို လုပ်ရပြီ၊ လူတိုင်းလူတိုင်းဟာ ဘဝတစ်ခုရလာပြီ ဆိုလို့ ရှိရင် ကုသိုလ်ကောင်းမှု တစ်ခုခုကိုမှ မရလိုက်ဘူး ဆိုရင် ကုသိုလ်ကောင်းမှုကြောင့်ရလာတဲ့ လူ့ဘဝကို အလဟဿ ဖြုန်းတီးပစ်ရာရောက်တယ်။

အကြောင်းမှန်ကို မသိကြပုံ

ကုသိုလ်ကံက အကျိုးပေးလိုက်လို့ တစ်ခဏတာ အချိန်ပိုင်းလေးမှာ လူဖြစ်လာကြတယ်။ များသော အားဖြင့် လူတွေဟာ “တို့- ဘာကြောင့် လူဖြစ်လာရ သလဲ” ဆိုတာကို မစဉ်းစားကြဘူး၊ စဉ်းစားတဲ့အခါမှာ လည်း ဉာဏ်မမီဘူး၊ ဉာဏ်မမီသည့်အတွက် ဘာကြောင့် လူဖြစ်လာရတယ်ဆိုတဲ့ လူဖြစ်ရခြင်းရဲ့ အကြောင်းတရားကို တွေ့အောင်မရှာနိုင်ဘူး၊ မရှာနိုင် သည့်အတွက် အကြောင်းအမျိုးမျိုးကို ထင်ကြေးပေးကြ တယ်။ တကယ့် စစ်မှန်တဲ့ အကြောင်းတရားကို လုပ်ဆောင်ဖို့ရာ မသိဘဲ ဖြစ်ကြရတယ်။

တချို့က ဖန်ဆင်းရှင်ဝါဒကို လက်ခံကြတယ် လူ့ဘဝရလာပုံကို တချို့ကဟောတယ်၊ “လူ့ဘဝ ရတာဟာ ထာဝရဘုရား- ဣဿရ လို့ခေါ်တဲ့ အရှင် သခင်ကြီးက ဖန်ဆင်းလို့၊ သို့မဟုတ် ဗြဟ္မာကြီးက ဖန်ဆင်းလို့၊ သို့မဟုတ် God က ဖန်ဆင်းလို့” ဆိုပြီး တွေးဆကြတယ်။ ဒီအတွေးဟာ ဒီကနေ့ခေတ် ဘာသာတရားတွေပေါ်လာမှ တွေးတဲ့အတွေး မဟုတ်ဘူး၊ လူ့သမိုင်း စ,လာကတည်းက ဒီအတွေး ရှိခဲ့ကြတယ်၊ အင်မတန်မှ ရှေးကျတဲ့အတွေးတစ်ခု ဖြစ်တယ်၊ စာပေ မှာ “ဣဿရ နိမ္မာန” လို့ ခေါ်တယ်။

ဣဿရ ဆိုတာ အရှင်သခင် အစိုးရသူ။ စကြဝဠာ တစ်ကမ္ဘာလုံးကို အုပ်စိုးနိုင်တဲ့ တန်ခိုးရှင်ကြီးတစ်ဦး ရှိတယ်၊ အဲဒီ တန်ခိုးရှင်ကြီးက ဖန်ဆင်းလို့ လူ့ဘဝ ရောက်လာတယ်၊ အဲဒီတန်ခိုးရှင်ကြီးကို ကျေနပ်အောင် တောင်းပန်မယ်, ချီးကျူးမယ်, ပူဇော်မယ် ဆိုတဲ့ အတွေး တွေနဲ့ လူတွေဟာ တန်ခိုးရှင်ကြီးကို ပူဇော်ကြတယ်၊ ဒီလို မှားယွင်းတဲ့အကြောင်းတစ်ခုကို လူ့ဘဝ ရောက် ခြင်းရဲ့ တကယ့်အကြောင်းလို့ ထင်မှတ်ကြတယ်။

တကယ်တော့ တန်ခိုးရှင်က ဖန်ဆင်းလို့ လူဖြစ် လာတာ မဟုတ်ဘူး၊ မဟုတ်တာကိုသွားပြီး တွေးမိတာ လည်း အထင်မှား အမြင်မှား တစ်ခုပေါ့။

တချို့က ကံကြောင့်ပဲလို့ လက်ခံကြတယ် တချို့ကလည်း တန်ခိုးရှင်က ဖန်ဆင်းတာကို လက်မခံဘူး၊ မယုံကြည်ဘူး။ ဖန်ဆင်းနိုင်တဲ့ စွမ်းအား သတ္တိရှိတဲ့ God ရှိတယ် ဆိုတာကို လက်မခံနိုင်သူကို Atheist လို့ခေါ်တယ်၊ God ကို မယုံကြည်တဲ့ Atheist ဆိုတဲ့ သူတွေရဲ့ အယူအဆကျတော့ လူ့လောကမှာ လူဖြစ်လာတာဟာ အတိတ်ဘဝက လုပ်ခဲ့တဲ့ ကံ သက်သက်ကြောင့်ဖြစ်တယ် ဆိုတာပဲ။ ကံတရားကို အလွန်အကျွံ ယုံကြည်ပြီး ကံတရား တစ်မျိုးတည်း ကိုသာ လက်ခံကြတယ်၊ ဒါကို “ပုဗ္ဗေကတ ဟေတုက ဒိဋ္ဌိ” လို့ ခေါ်တယ်၊ “ဘာပဲဖြစ်ဖြစ် ကြိုတင် သတ်မှတ် ထားတဲ့အတိုင်း ဖြစ်လာရတာ” လို့ - အတိတ်ဘဝက လုပ်ခဲ့တဲ့ အကြောင်းတစ်ခုအပေါ်မှာ အားကိုးတစ်ခု ပြုပြီးနေတာ၊ “ဒီဘဝမှာ ဘာမှ ပြောင်းလဲလို့ မရဘူး၊ အတိတ်ဘဝက လုပ်ခဲ့တဲ့ အကြောင်းတရားမှာပဲ မှီတည်ပြီးတော့ ဖြစ်လာရတယ်” လို့ ဒီလို ယုံကြည် ယူဆတဲ့ အသိုင်းအဝိုင်းကလည်း ရှိတယ်၊ အဲဒါလည်း မှန်ကန်မှု မရှိဘူး။

လောက လူတွေဟာ အတိတ်ဘဝက လုပ်ခဲ့တာ သက်သက်ကြောင့် ဖြစ်ရတာ မဟုတ်ဘူး၊ အခြား အကြောင်းတွေလည်း ရှိသေးတယ်လို့ ဆိုလိုတယ်။

တချို့ကလည်း အကြောင်းတရားကိုငြင်းပယ်ကြတယ် နောက်အုပ်စုတစ်ခုကျတော့ “တို့ လူရယ်လို့ ဖြစ်လာပြီးတော့ လူ့ဘဝမှာ တွေ့ကြုံရတဲ့ သုခ ဒုက္ခ အားလုံးဟာ တန်ခိုးရှင်ကြီးက ဖန်ဆင်းပေးတာလည်း မဟုတ်ဘူး၊ တို့လုပ်ခဲ့တဲ့ ကံတွေကြောင့်လည်း မဟုတ် ဘူး၊ တကယ်တော့ ဘာကြောင့်မှ မဟုတ်ဘဲနဲ့ သူ ဖြစ်ချင်လို့ ဖြစ်လာတာပါ” လို့ အကြောင်းတရားတွေကို ငြင်းပယ်တဲ့ အသိုင်းအဝိုင်းကလည်း ရှိတယ်ပေါ့၊ “အဟေတုကဝါဒ” လို့ခေါ်တယ်။

အဲဒီလို အကြောင်းတရားနဲ့ ပတ်သက်လာပြီး တော့ လောကလူတွေဟာ မှန်ကန်တဲ့အကြောင်းကို ရှာမတွေ့ဘဲ မိမိတို့ ထင်ရာမြင်ရာ, ပတ်ဝန်းကျင်က ဟောပြောရာ, ယုံကြည်ယူဆရာ တွေနဲ့ပဲ မိမိတို့ ထင်မြင်ယူဆချက်အတိုင်း စခန်းသွားနေကြတယ်။

ပဋိစ္စသမုပ္ပါဒ်လာ မှန်ကန်သောအကြောင်း

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က မှန်ကန် တဲ့ အကြောင်းတစ်ခုကို ပဋိစ္စသမုပ္ပါဒ်မှာ ရှာပြထား တယ်၊ လိုရင်းသိနားလည်ဖို့က “တို့တွေဟာ မှန်ကန် တဲ့ အကြောင်းတရားကို ရှာတွေ့နိုင်လောက်အောင် အသိဉာဏ် မပြည့်စုံကြဘူး“၊ အဲဒီအသိဉာဏ် မပြည့်စုံ တာကိုပဲ အဝိဇ္ဇာလို့ ခေါ်တယ်၊ အဝိဇ္ဇာဆိုတာ အမှန် မသိတာ၊ အဝိဇ္ဇာကို ignorance လို့ ဘာသာပြန်တယ်။

“လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားပြီးတော့ မသိဘူး“၊ အေး လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားမသိတဲ့အခါ လူတွေမှာ ဘာဖြစ်လာကြတုန်း? မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်လာတဲ့အထင်, လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ ထင်လာတဲ့အထင်၊ အဲဒီလို မှားယွင်းတဲ့ အတွေးအထင်တွေ ပေါ်လာတတ် တယ်၊ ဒီလိုပေါ်လာတာကို အကြောင်းပြုပြီး မလုပ် သင့်တာကိုလုပ်တယ်, လုပ်သင့်တာကိုကျတော့ မလုပ်ဘဲနေတယ်, အကျိုးမဲ့ဆိုတာ ဖြစ်လာတယ်။ အဲဒီလို မလုပ်သင့်တာကို လုပ်ရုံမျှမက, လုပ် သင့်တာကို မလုပ်ဘဲနေရုံမျှမက ဘာဖြစ်လာသေး တုန်းဆို- အမှန်မသိသည့်အတွက်ကြောင့် အကောင်း အဆိုး မခွဲခြားနိုင်ဘူး၊ ဒါကြောင့် မကောင်းတာကို လည်း လုပ်မိတာပဲ၊ ကောင်းတာလည်း လုပ်မိတာပဲ၊ အဲဒီ ကောင်းမကောင်းဆိုတဲ့ ကိုယ့်ရဲ့လုပ်ရပ်တွေဟာ ကိုယ့်ရဲ့သန္တာန်မှာ ကြီးထွားလာတယ်၊ အဲဒါကိုပဲ မြတ်စွာဘုရားက အကြောင်းတစ်ခုအနေနဲ့ ရှာပြတယ်၊ “အမှန်မသိတာ” က နံပါတ်(၁)ပဲတဲ့။

အမှန်မသိသည့်အတွက်ကြောင့် လုပ်သင့်တာ မလုပ်သင့်တာကို မသိဘူး၊ မသိသည့်အတွက်ကြောင့် လုပ်ချင်တာတွေကို လုပ်တဲ့အခါ အကောင်းလည်း လုပ်မိတယ်၊ အဆိုးလည်း လုပ်မိတယ်၊ အကောင်း လုပ်မိတဲ့အခါ ကုသိုလ်, အဆိုး လုပ်မိတဲ့အခါ အကုသိုလ် ဖြစ်တယ်၊ ဒါကို မြတ်စွာဘုရားက သင်္ခါရ လို့ ဟောတယ်။ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဆိုတာ အဲဒါကို ပြောတာ။ ဘဝခရီး လျှောက်လှမ်းနေတဲ့အခါ ဘုန်းကြီးတို့ တစ်တွေ အမှန်မသိခြင်းကြောင့် လုပ်မိလုပ်ရာ လုပ်ကြ တယ်၊ လုပ်မိလုပ်ရာ လုပ်တယ်ဆိုတော့ အကျိုးဆက် က ပေါ်လာတာပဲ။

ဒီဘဝမှာလည်းကြည့်လေ- ကိုယ်တစ်ခုခုလုပ်ရင် အဲဒီလုပ်ရပ်ကြောင့် တစ်ခုခုတော့ ဖြစ်လာတာပဲ၊ ပါးစပ်က တစ်ခုခုပြောလိုက်မယ်၊ စိတ်ထဲက တစ်ခုခု ကြံတွေးမယ်၊ ခန္ဓာကိုယ်နဲ့ ကိုယ်ထိလက်ရောက် တစ်ခုခုလုပ်မယ်၊ ထိုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်ဆိုတာ လာတာချည်းပဲ။ အဲဒီမှာ အမှန်မသိခြင်းကြောင့် လုပ်လိုက်တဲ့အခါ ကုသိုလ်လည်း ဖြစ်သွားတယ်, အကုသိုလ်လည်း ဖြစ်သွားတယ်။

အဲ့ဒါကြောင့် ကုသိုလ်အကျိုးပေးလှည့် ကြုံတဲ့ အခါ ကောင်းတဲ့ဘုံတွေ ရောက်သွားကြတယ်၊ အကုသိုလ်လုပ်ရပ်က အကျိုးပေးလှည့် ကြုံတဲ့အခါကျ တော့ မကောင်းတဲ့ဘုံ ရောက်သွားကြတယ်၊ ဒါကို ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဟောတယ်။ ဝိညာဏံ ဆိုတာ ဘဝတစ်ခုမှာ အစပြုလာတဲ့ ပဋိသန္ဓေ ဝိညာဏ်လေးပဲ။ အဲဒီလို အစပြုလာလို့ ဘဝ တစ်ခု ရလာပြီ, ပဋိသန္ဓေစိတ်ကလေး ပေါ်လာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် နာမ်တွေရုပ်တွေ ပါလာတယ်။ အဲဒီနာမ်တွေရုပ်တွေက အဆင့်ဆင့် ကြီးထွား လာတဲ့အခါ ဘာတွေ ပါဝင်လာတုန်းဆိုတော့ ပြင်ပ အာရုံတွေနဲ့ ဆက်သွယ်ဖို့ sense organs တွေ- ခန္ဓာ ကိုယ်မှာ အာရုံကိုခံယူနိုင်စွမ်းရှိတဲ့ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတာတွေ ပါလာတယ်။

မျက်စိရှိတော့ အပြင်ဘက်က မြင်စရာအာရုံနဲ့ ဆက်သွယ်တယ်၊ နား ရှိတဲ့အတွက်ကြောင့် အပြင် ဘက်က အသံတွေ ကြားရပြန်တယ်၊ နှာခေါင်းရှိသည့် အတွက်ကြောင့် အနံ့မျိုးစုံ နမ်းရှူမိတယ်၊ လျှာပေါ်မှာ ထိတွေ့တဲ့ အရသာမျိုးစုံကို သိလာကြရတယ်၊ ခန္ဓာ ကိုယ် ရှိသည့်အတွက်ကြောင့် အထိအတွေ့တွေတယ်၊ ဆက်သွယ်မှု ဖြစ်လာသည့်အတွက်ကြောင့် ပြင်ပအာရုံတွေပေါ်မှာ ကောင်း, မကောင်း၊ ကြိုက် မကြိုက်ဆိုတဲ့ ခံစားမှုမျိုးတွေ အမျိုးစုံလာတယ်ပေါ့။

အဲဒီလို အမျိုးစုံလာတော့ ဒီတင်ရပ်သွားလား ဆိုတော့ မရပ်သေးဘူး၊ ခံစားမှုပေါ်မှာ ဘာလာတုန်း ဆိုရင် ကောင်းရင် တွယ်တာမှုလာတယ်၊ မကောင်းရင် မုန်းတီးမှုဆိုတာ လာပြန်တယ်ပေါ့၊ အဲဒီ မုန်းတီးမှု နောက်ကွယ်မှာ ဘာလာပြန်တုန်းဆိုတော့ ကောင်းတာ ကို မျှော်လင့်တောင့်တတဲ့ တဏှာ လာပြန်တယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားက အဖြစ်များတာကို ကြည့်ပြီး “ဝေဒနာပစ္စယာ တဏှာ” လို့ပဲ ဟောလိုက် တာ။

လူတွေဟာ ခံစားမှုကြောင့်ဖြစ်လာတဲ့ ပြင်ပက အာရုံတွေအပေါ်မှာ တွယ်တာတဲ့ စိတ်ကလေးကို မဖြုတ်နိုင်ကြတော့ဘူး၊ မဖြုတ်နိုင်တော့ ဘာဖြစ်လာ တုန်း၊ “တဏှာပစ္စယာ ဥပါဒါနံ” ဖြစ်လာတယ်၊ ဥပါဒါန် ဖြစ်လာတော့ ဘာဖြစ်လဲ၊ “ဥပါဒါနပစ္စယာ ဘဝေါ” တွေ့ထိကြတယ်၊ အဲဒီ အာရုံတွေနဲ့ ပတ်သက်ပြီး အကောင်းအဆိုး သိလာကြရတယ်၊ စိတ်ရှိသည့် အတွက်ကြောင့် စိတ်ကူးကြံစည်မှုတွေအမျိုးမျိုး ကြိုက် မကြိုက်တွေ ပေါ်လာကြရတယ်။

တကယ်စဉ်းစားကြည့်ရင် လူ့ဘဝဆိုတာ အဲဒါ ပဲ၊ ဒါကို ပဋိစ္စသမုပ္ပါဒ်မှာ “ဝိညာဏပစ္စယာ နာမ ရူပံ” တဲ့- နာမ်တွေရုပ်တွေ ဖြစ်လာတယ်၊ “နာမရူပ ပစ္စယာ သဠာယတနံ”- မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ အင်္ဂါတွေပါလာတယ်၊ “သဠာယတနပစ္စယာ ဖဿော”- ပြင်ပနဲ့ ဆက်သွယ်လာတယ်၊ ဆက်သွယ်လာတဲ့အခါ ဘာဖြစ်တုန်း၊ အကောင်းအဆိုး ခံစားမှု အတွေ့အကြုံ တွေ ရလာတယ်၊ အတွေ့အကြုံတွေ ရလာတာကို “ဖဿပစ္စယာ ဝေဒနာ” လို့ ဟောတာ။

ဆိုလိုတာကတော့ သန္ဓေစိတ် ပေါ်သည့်အတွက် ကြောင့် ရုပ်နာမ်နှစ်ခု ရတယ်၊ ရုပ်နာမ်နှစ်ခု ရသည့် အတွက်ကြောင့် ဆက်သွယ်ရမယ့် အင်္ဂါတွေ ပါလာ တယ်၊ အင်္ဂါတွေပါလာလို့ ဆက်သွယ်မှုတွေ ဖြစ်လာ ဘဝဆိုတာ ဖြစ်လာတာပေါ့။ အဲဒီဘဝမှာ ကောင်းတာလည်း လုပ်ကြပြန်တယ်၊ ဆိုးတာလည်း လုပ်ကြပြန်တယ်၊ ကောင်းတာတွေ လည်း တွေးတယ်၊ မကောင်းတာတွေလည်း တွေး တယ်၊ ကောင်းတာတွေလည်း ပြောတယ်၊ မကောင်း တာတွေလည်း ပြောတယ်၊ ကောင်း မကောင်း, အပြစ် ရှိတယ် မရှိဘူး ဆိုတာကို မစဉ်းစားနိုင်ဘူး၊ ကိုယ် နှစ်သက်ရာ စွဲလမ်းရာတွေကို ပြောဆိုလုပ်ကိုင်နေကြတဲ့ အတွက် ကမ္မဘဝ ဥပပတ္တိဘဝဆိုတာ ထင်ရှားပေါ်လာ တယ်။

အဲဒီဘဝ ပေါ်လာရင် ဘာလာတုန်းဆိုတော့ ဇာတိဆိုတဲ့ မွေးဖွားမှု လာပြန်တယ်၊ မွေးဖွားမှုလာတဲ့ အခါ နောက်ပိုင်းက ဘာလာတုန်းဆိုတော့ “ဇာတိ ပစ္စယာ ဇရာမရဏံ” - ဇရာ မရဏ ဆိုတဲ့ လူတိုင်း လူတိုင်း ရှောင်ကွင်းသွားလို့မရတဲ့ အခြေအနေဆိုးကြီး နှစ်ရပ် ပေါ်လာမှာပဲ၊ လူတိုင်း လူတိုင်းဟာ ဇာတိဆိုတာ ရပြီးတဲ့နောက်ပိုင်းမှာ တဖြည်းဖြည်း အိုမင်းရင့်ရော်ပြီး လာကြတယ်၊ အိုမင်းရင့်ရော်ပြီး နောက်ပိုင်းမှာ သေဆုံး သွားကြရတယ်၊ ဒါ ဘဝ ဆိုတာကို ပဋိစ္စသမုပ္ပါဒ်နဲ့ ကြည့်ရင် ဒီအတိုင်းပဲ မြင်ရတယ်ပေါ့။

အမှန်မမြင်၍ အမြင်မှားပုံ

အဲဒီလို တွေ့မြင်ရတဲ့ ဘဝကြီးတစ်ခုကို အမှန် အတိုင်း မြင်သလားဆိုတော့ မမြင်ဘူး၊ မမြင်တဲ့အခါ “အထင်မှားအမြင်မှား“တွေ အများကြီး ဖြစ်လာတယ် ပေါ့။ အဲဒီ အထင်မှားအမြင်မှား ဆိုတဲ့ နေရာမယ် အထင်မှားမှု အမြင်မှားမှု ၃-မျိုးရှိတယ်။ ပါဠိလို ပြောရင် နံပါတ်(၁)က “တဏှာမညနာ” တဲ့၊ တဏှာနဲ့ အထင်မှားမှုက တစ်ခု၊ နံပါတ်(၂)က “မာန မညနာ”- ကိုယ့်ရဲ့ အရည်အချင်း ထင်မြင်ယူဆမှု မာနနဲ့ အထင် မှားမှုက တစ်ခု၊ နံပါတ် (၃)က “ဒိဋ္ဌိမညနာ”- အယူ အဆနဲ့ ပတ်သက်ပြီး အထင်မှားမှုက တစ်ခုဆိုပြီးတော့ အထင်မှားမှု- ၃ ခု ရှိတယ်။

ဘဝ ရလာတဲ့အခါမှာ အဲဒီအထင်မှားမှုတွေကို မဖယ်ရှားနိုင်သမျှ ကာလပတ်လုံး လမ်းမှန်ကိုတွေ့ဖို့ မလွယ်ဘူး။

လောကမှာ တစ်ခါတစ်ခါ အထင်မှားပြီး ပြောမိ ရင် ပြဿနာတက်တယ်၊ အထင်မှားပြီးတော့ လုပ်မိရင် လည်း ပြဿနာတက်တယ်ပေါ့၊ လူတွေက ပြောကြ တယ် - “ဟာ အထင်မှားပြီးတော့ အဖမ်းခံရတယ်” တို့၊ “အထင်မှားပြီးတော့ ဘာဖြစ်ခံရတယ်” တို့ - ဒါမျိုး တွေ ရှိတယ်လေ၊ ဒီတော့ အထင်မှားခံရပြီဆိုရင် အင်မတန်မှ နစ်နာတယ်ပေါ့၊ သို့သော် ဒီလိုမျိုး နစ်နာ တယ်ဆိုတာ တစ်ဘဝ အတိုင်းအတာတစ်ခုအထိသာ နစ်နာတာ။

အခုပြောတဲ့ တဏှာနဲ့ အထင်မှားတာတို့, မာန နဲ့ အထင်မှားတာတို့, ဒိဋ္ဌိနဲ့ အထင်မှားတာတို့ကျတော့ သံသရာအထိတောင် နစ်နာသွားတယ်၊ တကယ့် ချမ်းသာသုခကို ပေးစွမ်းနိုင်တဲ့ တရားဓမ္မတွေကို လက်လွတ်ဆုံးရှုံးသွားပြီ၊ အဲဒီ အထင်မှားမှုကျတော့ အင်မတန်မှ ဆုံးရှုံးသွားတတ်တယ်။

ဒီတော့ အထင်မှားတယ်ဆိုတာနဲ့ ပတ်သက်လာ လျှင် ဘာကို အထင်မှားတာလဲ? လို့ ကြည့်မယ်ဆိုရင် သက္ကာယနဲ့ ပတ်သက်ပြီး အထင်မှားမှုပဲ။ အဲဒီ သက္ကာယ ဆိုတာ ဘာကိုပြောသတုန်း ဆိုတော့- သ ဆိုတာ တကယ်ရှိနေတဲ့, ကာယ ဆိုတာ ခန္ဓာငါးပါး၊ တကယ်ရှိနေတဲ့ ခန္ဓာငါးပါးအပေါင်းကို သက္ကာယ လို့ ဆိုတယ်။

ခန္ဓာငါးပါးဆိုတာ - ခန္ဓာကိုယ်မှာ ရုပ်ဆိုတဲ့ body ကြီးရှိတယ်၊ မျက်စိ နား နှာ လျှာ ကိုယ် ဆိုတာ ရှိတယ် ပေါ့၊ အဲဒီအကောင်အထည်ရှိနေတာကို ရူပက္ခန္ဓာ လို့ ပြောတယ်။

အဲဒီ အကောင်အထည်ကိုမှီပြီး ဘာတွေဖြစ်တုန်း ဆိုရင် အကောင်းအဆိုး အတွေ့အကြုံတွေ ဥပမာမျက်စိက မြင်ပြီးတဲ့နောက်မှာ တစ်ခါတွေ့ထားရင် ကောင်းတယ် မကောင်းဘူးဆိုတဲ့ အတွေ့အကြုံ ခံစားမှု လို့ ခေါ်တဲ့ 'ဝေဒနာ'က ဝေဒနာက္ခန္ဓာ၊ အဲဒီ ခံစားမှု ဆိုတဲ့ ဝေဒနာရအောင် စိတ်ရဲ့ မှတ်သားမှုဆိုတဲ့ 'သညာ' က သညာက္ခန္ဓာ။ သညာ ဆိုတာ မှတ်ထားတာပဲလေ၊ ဆားကို မြင်ရင် ငန်တယ်လို့ သိနေတာ၊ ဒါ သညာက မှတ်ထား တာပေါ့၊ ချဉ်တတ်တဲ့ အသီးကို ကြည့်ထားရင် ဒါ ချဉ်တယ်လို့ မှတ်ထားတာ၊ သံပုရာသီးမြင်ရင် ချဉ်တယ် ဆိုတာ မှတ်ထားတယ်၊ မစားရသေးခင်ကတင် ချဉ်နေ တာက အမှတ်သညာကြောင့်၊ တချို့ သံပုရာသီး မြင်တာနဲ့ သွားကျိန်းတယ်နော်၊ ဘာဖြစ်လို့တုန်း ဆိုလို့ ရှိရင် အမှတ်သညာက မှတ်ထားတာကိုး။

နောက် 'သင်္ခါရ' ဆိုတာ ကြံစည်တာ တွေးတော တာ လုပ်ကိုင်ဆောင်ရွက်တာတွေ, စိတ်ရဲ့အခြေအနေ အရပ်ရပ်တွေ၊ သင်္ခါရဆိုတာ ရှိတယ်- သင်္ခါရက္ခန္ဓာ၊ နောက်တစ်ခုကတော့ 'အသိစိတ်' ဆိုတာ ရှိတယ် ဝိညာဏက္ခန္ဓာ။

ဒီတော့ ပေါင်းကြည့်လိုက်လို့ရှိရင် ဘုန်းကြီးတို့ တစ်တွေရဲ့ သန္တာန်မှာရှိတဲ့ သဘာဝတရားဟာ ခန္ဓာ အားဖြင့် ပြောမယ်ဆိုရင် ၅-မျိုးပဲရှိတယ်၊ ရုပ်ခန္ဓာကိုယ် ကြီးရယ်၊ ထိုရုပ်ခန္ဓာကိုယ်ကြီးမှာ မှီပြီးတော့ ဖြစ်နေတဲ့ ခံစားမှုဝေဒနာရယ်၊ အာရုံတွေကို မှတ်သားပေးတဲ့ သညာရယ်၊ အာရုံတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာ သုံးသပ် ဆုံးဖြတ်နေတဲ့ လှုံ့ဆော်နေတဲ့ သင်္ခါရရယ်၊ အာရုံတွေကို သိရှိနေတဲ့ ဝိညာဏ်ရယ်ဆိုတာ အဲဒီ ၅-ခုပဲရှိတယ်၊ ဆိုလိုတာကတော့ အဲဒီ ၅-ခုမှာ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဆိုတာက နာမ်တရား, ခန္ဓာကိုယ်ကြီးက ရုပ်တရား၊ ရုပ်နဲ့နာမ် ဒီနှစ်ခုပဲရှိတယ်၊ အဲဒီ ရုပ်နဲ့နာမ် နှစ်ခုကို သက္ကာယလို့ပြောတာ၊ တကယ် ထင်ရှားရှိတာက အဲဒါပဲ။

သို့သော် ဘုန်းကြီးတို့တစ်တွေက တကယ်ရှိတဲ့ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဆိုတဲ့ ခန္ဓာ ငါးပါးကို သဘာဝတရားအတိုင်း သိသလား? - ဆိုတော့ မသိဘူး၊ ဒါ ဗုဒ္ဓဘာသာတွေက မြတ်စွာဘုရား ဟောထားလို့ ခန္ဓာ ၅-ပါးဆိုတာ ကြားဖူးနားဝ ရှိနေ တာ၊ ရုပ်တရား နာမ်တရား ဆိုတာလည်း ကြားဖူးနားဝ ရှိနေတာ၊ ဘုရားဟောတဲ့တရားကို မနာဖူးတဲ့ပုဂ္ဂိုလ်ကို သွားမေးကြည့်လို့ရှိရင် ဒီအတွေးတွေ ဒီအသိတွေ လုံးဝ မရှိနိုင်ဘူး။

ဒီတော့ သူတို့က ဘာတွေတွေး ဘာတွေသိနေ တုန်း၊ အဲဒီ သက္ကာယဆိုတဲ့ ခန္ဓာ ၅-ပါးနဲ့ ပတ်သက် လာလို့ရှိရင် အထင်မှားမှုတွေ ပေါ်လာတယ်၊ ခန္ဓာ ၅-ပါးဆိုတဲ့အသိ၊ ရုပ်နာမ်ဆိုတဲ့ အသိမျိုး မသိဘဲနဲ့ မှားယွင်းတဲ့ အတွေးလေးတွေ တွေးလာတယ်။

တဏှာ၏ အထင်

ခန္ဓာငါးပါးနဲ့ ပတ်သက်လာတဲ့အခါ တဏှာက ခန္ဓာ ၅-ပါးကို ဘယ်လိုထင်လာလဲဆိုလို့ရှိရင် တင့်တယ် တယ်, လှပတယ်, ချမ်းသာတယ်ဆိုတဲ့ အထင်မှားမှု လေးတစ်ခု ဝင်လာတယ်။

ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်လာရင် လှတယ် တင့်တယ်တယ် ဆိုတဲ့အထင်ဟာ လူတိုင်းမှာရှိတယ်၊ အဲဒီလိုရှိလို့သာ မလှလှအောင် ပြင်ပြီးတော့ နေကြ တယ်၊ အဝတ်အစားတွေ ဆိုရင်လည်း မလှလှအောင် ဝတ်ကြရတယ်နော်၊ တင့်တယ်မှုတွေကို ရှာကြံပြီးတော့ လုပ်ကိုင်နေကြတယ်။

ဥပမာ ဘာနဲ့တူတုန်းဆိုလို့ရှိရင် အားလုံးမြင်ဖူး ကြလိမ့်မယ်၊ ဖယောင်းတိုင်မီးလေး ထွန်းထားတဲ့အခါ ပိုးဖလံလေးတွေဟာ ဖယောင်းတိုင်မီးနားကို ကပ်ပြီးတော့ ပျံလာကြတာ တွေ့ဖူးလိမ့်မယ်၊ သူတို့ဟာ မီးကို ပူတယ်လို့ မသိဘူး၊ အန္တရာယ်ရှိတဲ့အရာလို့ မသိဘူး၊ မီးတောက်လေး မြင်တဲ့အခါကျတော့ “အတော်လှပတဲ့ ဟာလေးပဲ” လို့ အဲဒီမီးလေးကို သဘောကျပြီးတော့ မီးထဲကိုတိုးဝင်လာတယ်၊ တိုးဝင်လာတဲ့အခါ အလောင် ခံရတာပဲ။

ဘုန်းကြီးတို့ တစ်တွေလည်း သေချာ စဉ်းစား ကြည့်လို့ရှိရင် ခန္ဓာ ၅-ပါးကို ပျော်စရာကြီး လှတယ် လို့ ထင်ကြတယ်၊ ထင်ကြသည့်အတွက်ကြောင့် ခန္ဓာ ၅-ပါးကို တဏှာက တွယ်တယ်၊ တွယ်တာထားသည့် အတွက်ကြောင့် ခန္ဓာတစ်ခုပြီး နောက်ခန္ဓာတစ်ခု ရတယ်၊ ဘဝဆက်တိုင်းဆက်တိုင်းမှာ ခန္ဓာတွေချည်းပဲ ရနေတယ်၊ ဘာနဲ့ တူတုန်းဆို ပိုးဖလံလေးဟာ မီးတောက်ထဲကို တိုးဝင်တဲ့အခါ မီးလောင်ပြီး သေရ သလို ဘုန်းကြီးတို့တစ်တွေလည်း ခန္ဓာရတိုင်း သေသေ သွားကြရတာပဲ။

သေဆုံးသွားကြတဲ့ ပုဂ္ဂိုလ်တွေရော၊ သေလတ္တံ့ ပုဂ္ဂိုလ်တွေရော အားလုံးဟာ စဉ်းစားကြည့်ရင် မီးတောက်ထဲကို တိုးဝင်နေတဲ့ ပိုးဖလံလေးတွေနဲ့ အတူ တူပဲ၊ ခန္ဓာကိုယ်နဲ့တွေ့ပြီး ခန္ဓာကိုယ်ကြီးကိုပဲ သဘော ကျပြီးတော့ ဒီခန္ဓာကိုယ်နဲ့ပဲ ပျော်မြူးပြီးတော့ နေကြ တာ၊ ဒါ ဘယ်သူရဲ့မှားယွင်းမှုတုန်းဆိုရင် တဏှာ ဆိုတဲ့ အတွေးရဲ့ မှားယွင်းမှုတဲ့၊ ဘဝတိုင်း သေဆုံးနေကြရ တယ်။

ပိုးဖလံလေးတွေဟာ မီးတောက်ထဲ ဝင်တိုင်း ဝင်တိုင်း သေဆုံးကြရတယ်၊ မဝင်ဘဲလည်း မနေနိုင် ကြဘူး၊ မီးမြင်တာနဲ့ သဘောကျနေတယ်၊ ဟိုး အဝေး ထဲကနေ ပျံလာပြီး မီးထဲကိုတိုးဝင်တယ်၊ ဒီအတိုင်းပဲ ဘုန်းကြီးတို့ တစ်တွေလည်း ခန္ဓာကိုယ်ကို ရယူဖို့ ကြိုးစားနေကြတယ်။

လူတွေဟာ ဒုက္ခရောက်တဲ့အခါသာ ခန္ဓာကိုယ် ကို မရချင်ကြတာ၊ “ခန္ဓာကိုယ် ဘယ်တော့မှ မရတော့ ဘူး” ဆိုလို့ရှိရင် ကြောက်စိတ်တောင် ဝင်လာသေး တယ်၊ နောက်ဆုံးမှာ “အေး နိဗ္ဗာန်ဆိုတာ ရုပ်နာမ် တွေ အကုန်လုံးချုပ်သွားပြီ၊ ဘာမှ မဖြစ်တော့ဘူး” ဆိုရင် လူက ကြောက်သွားတယ်၊ လူတွေမှာ ဖြစ်တာကို ကြိုက်နေတဲ့ ဘဝတဏှာ ဆိုတာရှိတယ်။

လူတိုင်း လူတိုင်းဟာ အကောင်းဖြစ်ချင်တာ ချည်းပဲ၊ မဖြစ်ချင်တဲ့သူမရှိဘူး၊ ဘဝကြီးတစ်ခု ရပ်ဆိုင်း သွားမှာကိုလည်း ကြောက်ကြတယ်၊ ဘဝဆက်နေတာ ကိုပဲ လူတွေက သဘောကျတယ်၊ အဲဒါ ဘယ်သူ့ ကြောင့် ဒီလိုဖြစ်တာတုန်းဆို တဏှာကြောင့်ဖြစ်တာ၊ အဲဒါဟာ တဏှာရဲ့ အထင်မှားမှုပါတဲ့။ တဏှာရဲ့အထင်မှားမှုပျောက်မှ ခန္ဓာကိုယ်ကြီးရဲ့ မတင့်တယ်မှုတွေ, ဆင်းရဲမှုတွေကို ရှုမြင်သုံးသပ် လာပြီးတော့ “ဩော် ရုပ်ဆိုတာ သူ့အကြောင်းတရား ကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်တရား သက်သက်မျှသာ ဖြစ်တယ်၊ ခံစားမှုဟာလည်း ဆိုင်ရာ အကြောင်းတရား ကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားမှုသက်သက်မျှသာ ဖြစ် တယ်၊ သညာဆိုတာလည်း မှတ်သားမှု သက်သက်မျှ သာ ဖြစ်တယ်၊ သင်္ခါရ ဆိုတာကလည်း ပြုလုပ်မှု သက်သက်မျှသာ ဖြစ်တယ်၊ ဝိညာဏ် ဆိုတာလည်း သိမှုသက်သက်မျှသာ ဖြစ်တယ်၊ ဒါတွေဟာ နေတံ မမ - ငါ့ဟာ မဟုတ်ပါလား” လို့ တွေးမိလိမ့်မယ်။ “သူ့သဘာဝအတိုင်း သူဖြစ်နေတာတွေ” လို့ ဒီအတွေးမျိုး မတွေးနိုင်သမျှ ကာလပတ်လုံး တဏှာ မညနာ လို့ခေါ်တဲ့ တွယ်တာမှု အထင်မှားမှုကြီးဟာ မပျောက်ကင်းနိုင်ပါဘူး၊ မပျောက်ကင်းနိုင်လို့ရှိရင် ပိုးဖလံလေးတစ်ကောင်ဟာ မီးတောက်ထဲကို ဝင်ပြီး တော့ ကစားသလို လူတွေလည်း ခန္ဓာကိုယ်ကြီးတွေ ရအောင် ကြိုးစားနေကြဦးမှာပဲ၊ လူ့ခန္ဓာ မလိုချင် တဲ့အခါမှာ နတ်ခန္ဓာဆိုတဲ့ နတ်သားဖြစ်ရင် ကောင်း မှာပဲ, နတ်သမီးဖြစ်ရင် ကောင်းမှာပဲ, ဗြဟ္မာဖြစ်ရင် ကောင်းမှာပဲဆိုတဲ့ အတွေးတွေနဲ့ လာနေဦးမှာပဲ၊ တင့်တယ်လှပတဲ့ ဘဝတွေကို ရအောင် ဆုတောင်း ပြီးတော့ နေကြဦးမှာပဲ။

အဲဒါဟာ ဘယ်သူရဲ့ အထင်မှားမှုလဲဆိုရင် တဏှာရဲ့ အထင်မှားမှုပါတဲ့၊ အဲဒီ တဏှာရဲ့ အထင် မှားမှုပျောက်အောင် ဘုန်းကြီးတို့တစ်တွေ စဉ်းစား ရမှာကတော့ “နေတံ မမ - ရုပ်ဟာ ရုပ်ပဲ၊ နာမ်ဟာ နာမ်ပဲ၊ သူ့အကြောင်းကြောင့် သူဖြစ်နေတာ၊ ငါလို့ ပြောစရာ တစ်ခုမှ မရှိဘူး၊ ထာဝရ ရွေ့လျားနေတဲ့ အရာကြီးသာ ဖြစ်တယ်လို့ ဆိုတဲ့ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ မှန်ကန်တဲ့ အသိဉာဏ်နဲ့ ရှုရမယ်တဲ့၊ အဲဒီလို မရှုနိုင် သမျှ ကာလပတ်လုံး ခန္ဓာငါးပါးနဲ့ ပတ်သက်ပြီးတော့ တဏှာမညနာ လို့ ခေါ်တဲ့ တွယ်တာမှု အထင်မှားမှုကြီး ဟာလည်း ရှိနေဦးမှာပဲ။

မာန၏ အထင်

နောက်တစ်ခု အထင်မှားမှုက မာနမညနာ တဲ့၊ ဘဝတစ်ခု ရလာပြီဆိုရင် လူတွေရဲ့ သက်တမ်းက ဘယ်လောက်ပဲရှိရှိ သေမယ့်ရက်ကို ဘယ်သူမှ မစဉ်းစားနိုင်ကြဘူး၊ သိလည်း မသိကြဘူး၊ ဘဝ ရလာ တာနဲ့ လူတိုင်း လူတိုင်းဟာ နိစ္စထာဝရ မသေတော့ မယ့်ပုံမျိုးပဲ နေကြတယ်၊ မအိုမယ့်ပုံ မသေမယ့်ပုံနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာတွေကိုကြည့်ရင် သေခြင်း တရားကို တွေးပြီးကြောက်နေတယ်ဆိုတာ မရှိဘူး။ ဘုန်းကြီးတို့ တစ်ခါတစ်ခါ မြင်မိတယ် - ကြက် ကလေးတွေ ဖမ်းပြီး ခြင်းတောင်းထဲ ထည့်ထားတယ်၊ အဲဒီ ကြက်ကလေးတွေဟာ ခြင်းတောင်းထဲကနေပြီး တွန်နေကြတယ်၊ တစ်ကောင်နဲ့ တစ်ကောင် ဆိတ်ကြ တယ်၊ ကြည့်လိုက်တဲ့အခါ သူတို့မှာ စိတ်ညစ်နေတဲ့ပုံ မရှိဘူး၊ ပျော်နေကြတဲ့ပုံပဲရှိတယ်၊ ဘာဖြစ်လို့တုန်း ဆိုတော့ သူတို့မှာ “တို့ သေရတော့မှာပဲ” ဆိုတဲ့ အတွေး မရှိလို့ပဲ၊ ဒီခြင်းတောင်းထဲ ရောက်လာတာကို ဘာကြောင့်ရောက်တယ်၊ ငါတို့ မကြာခင် ဘာဖြစ်မယ် ဆိုတဲ့ အသိစိတ်က မရှိဘူး၊ ရလာတဲ့ အချိန်ပိုင်း လေးမှာ ပျော်ဖို့ပဲ စိတ်ထဲမှာ ရှိနေကြတယ်။

အဲဒီလိုပဲ ပုထုဇဉ်သတ္တဝါတွေ ဘဝတစ်ခုရလာရင် ဒီဘဝကြီးဟာ နိစ္စထာဝရလို့ အောက်မေ့လာတယ်၊ စည်းစိမ်ချမ်းသာတွေ ရလာလို့ရှိရင်လည်း ထာဝရ စည်းစိမ်ကြီးလို့ သတ်မှတ်လာကြတယ်၊ လူတွေက ရာထူးဌာနန္တရ ရလာလို့ရှိရင်လည်း ထာဝရကြီးလို့ ဒီလိုထင်ကြတယ်ပေါ့၊ အဲဒီလို အထင်တွေ ရောက်လာ တဲ့အခါကျတော့ ဘာဖြစ်တုန်း ဆိုလို့ရှိရင် မာနဆိုတဲ့ အထင်အမြင်တွေ ဝင်လာတယ်၊ အထင်မှားမှုတွေ ဝင်လာတယ်။

မာနဆိုတဲ့ အထင်မှားမှုတွေကြောင့် ဟောဒီ သက္ကာယကို စည်းစိမ်ချမ်းသာ ခံစားစရာကြီးအဖြစ် လူတွေက ယူဆလာကြတယ်၊ ကိုယ့်ခန္ဓာနဲ့ မောက်မာ လာကြတယ်၊ လှတဲ့လူကလည်း အလှမာန် တက်လာ တယ်၊ ငယ်ရွယ်တဲ့သူကလည်း ယောဗ္ဗနမဒ ဆိုတဲ့ ငယ်ရွယ်မှုမာန်တွေ တက်လာတယ်၊ ပညာတတ်တဲ့ သူကလည်း ပညာမာန်တွေ တက်လာတယ်၊ ရာထူး အာဏာရှိသူကလည်း ရာထူး အာဏာမာန်တွေ တက်လာတယ်။

ဒါ အထင်မှားနေလို့ မာန်တက်နေကြတာ၊ “တို့ ဟာ တစ်ခဏလေးပါလား” ဆိုတာ မစဉ်းစားမိဘူး၊ မစဉ်းစားမိသည့်အတွက် နိစ္စထာဝရလို့ထင်ပြီး မာန် မာနတွေ တက်နေကြတာတဲ့၊ အဲဒီ မာန်မာနတက်တာ ဥပမာ ဘာနဲ့တူတုန်းဆိုရင် မစင်အညစ်အကြေးကို စားတဲ့ သတ္တဝါတစ်ကောင်ဟာ မစင်ပုံကြီးပေါ် ရောက်တဲ့အခါ နိစ္စထာဝရ, တစ်သက်တာ စိတ်ချရတဲ့ အရာတစ်ခုလို့ အထင်မှားပြီးတော့ မာန်မာနတွေ ပွားသလိုပဲတဲ့၊ အဲဒါနဲ့ အလားတူတယ်တဲ့ ဒီလိုဆိုတယ်။

ဒီတော့ ဘုန်းကြီးတို့တစ်တွေလည်း ခန္ဓာငါးပါး ရ,ထားတဲ့အခါ ဒီခန္ဓာငါးပါးကို အကြောင်းပြုပြီးတော့ မာန်မာနတွေ တက်ကြတာပဲ၊ ခုနက ပြောတဲ့ မာန်မာန တွေ - ငယ်ရွယ်တဲ့သူက ငယ်ရွယ်တဲ့မာနတွေ တက် တယ်၊ ယောဗ္ဗနမဒ လို့ ခေါ်တယ်၊ ကျန်းမာတဲ့ သူက လည်း “ငါ ကျန်းမာတယ်၊ ငါ ဘာမှ မဖြစ်ဘူး” ဆိုတဲ့ အာရောဂျမဒ မာန်မာနတွေ တက်တယ်၊ ဒါတွေဟာ တစ်ခါတစ်လေ အလွန် သိမ်မွေ့တယ်၊ မာန်မာန တက်တာကို တက်မှန်းတောင် မသိဘူး၊ တက်မှန်း တောင် မသိရအောင် ဒီတရားတွေက သိမ်မွေ့တယ်။

အသက်ရှင်နေတဲ့ ပုဂ္ဂိုလ်ကလည်း ဇီဝိတမဒ “သူသာ သေတယ်၊ ငါမသေဘူး” ဆိုတဲ့ အတွေးမျိုး ဝင်ကြတယ်၊ ကြည့်လေ - လူတစ်ယောက် မတော် တဆ ဆုံးသွားလို့ရှိရင် ပြောကြတယ်၊ “ဒီလူက အစား မရှောင်ဘူး၊ ဒီလူက ဘာမလုပ်ဘူး” နဲ့၊ ဒီလို အပြစ်အပြောခံ ကျန်ရစ်ခဲ့ကြရတာမျိုးချည်းပဲ၊ သို့သော်လည်း ကိုယ့်ကျတော့ ဒီလို ဖြစ်မယ်လို့ လူတိုင်းဟာ စဉ်းစားခဲတယ်ပေါ့၊ အသက်ရှင်နေတဲ့ ဇီဝိတမဒ ဆိုတာ တွေ တက်လာတယ်။

စီးပွားချမ်းသာရှိတဲ့ပုဂ္ဂိုလ်ကလည်း စီးပွားဥစ္စာကို အကြောင်းပြုပြီး မာန်မာနတွေ တက်လာတယ်၊ ရုပ်ရည် ရူပကာယ ချောမောလှပတဲ့သူကလည်း ရုပ်ရည် ရူပ ကာယ အလှအပအပေါ်မှာ မာန်မာနတွေတက်တယ်၊ ရာထူးအာဏာရှိတဲ့သူကလည်း ရာထူးအာဏာ မာန် မာနတွေ တက်တယ်၊ ဒါတွေဟာ မာနနဲ့ပတ်သက်တဲ့ မာနမညနာ လို့ ခေါ်တဲ့ အထင်မှားမှုတွေချည်းပဲ။

အဲဒီ အထင်မှားမှုတွေကို ဘာနဲ့ ဖျောက်ရမလဲ ဆိုရင် မှန်ကန်တဲ့ အသိဉာဏ်, မှန်ကန်တဲ့ အတွေးနဲ့ ဖျောက်ရမယ်၊ မှန်ကန်တဲ့ အတွေးဆိုတာ “နေသော ဟမသ္မိ - တကယ်ကတော့ ဒါတွေဟာ ငါ မဟုတ်ဘူး” ဒီလို အတွေးလေးရှိဖို့ လိုတယ်တဲ့၊ “ဒါ ငါ မဟုတ်ဘူး၊ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတွေ ညီညွတ်နေတဲ့ အခိုက် ဖြစ်တာ၊ နုပျိုတာလည်း ငါမဟုတ်ဘူး“၊ သူ့ အချိန်က မရင့်ကျက်သေးလို့ နုပျိုတယ်လို့ ထင်တာ၊ တကယ်တော့ တဖြည်းဖြည်း ရင့်ကျက်နေတာနော်။ “အဆင်ပြေနေတဲ့အချိန် အကြောင်း အကျိုး ညီညွတ်လို့ ဖြစ်နေတာ၊ တကယ်ကတော့ ငါ မဟုတ် ဘူး၊ တစ်ခဏတာမျှအတွင်းမှာ ပြောင်းလဲသွားမယ်” ဆိုတဲ့ အတွေးတွေတွေးဖို့ လိုအပ်တယ်တဲ့၊ “နေသောဟ မသ္မိ” - ငါ မဟုတ်ဘူး” ဆိုတဲ့ အတွေးမျိုး မှန်ကန်တဲ့ အမြင်မျိုးရှိမှသာလျှင် အခု မာနမညနာ ဆိုတဲ့ ဒီ အတွေးအထင်ကြီး အထင်မှားမှုကြီး ပျောက်ကင်း နိုင်ပါတယ်တဲ့၊ နို့မို့ဆိုရင် သက္ကာယ အပေါ်မှာ အထင်မှားနေတဲ့ မာနမညနာ ဆိုတာ မပျောက်ကင်း နိုင်ဘူးတဲ့။

ဒိဋ္ဌိ၏ အထင်

နောက်တစ်ခုက ဒိဋ္ဌိမညနာ။ ဒိဋ္ဌိမညနာကျတော့ သူမြင်ပုံက တစ်မျိုး။ ဘာနဲ့ ဥပမာတူတုန်းဆိုလို့ရှိရင် ကိုယ့်ခန္ဓာကိုယ်ကို မှန်ကြည့်လို့ မှန်ထဲမှာပေါ်လာတဲ့ အရိပ်ကို ငါလို့ ထင်မှတ်သလို ဖြစ်နေတယ်။ တကယ်တော့ မှန်ထဲမှာ ပေါ်လာတဲ့အရိပ်ဟာ လှမ်းကိုင်ကြည့်လို့လည်း မရဘူး၊ တကယ်လည်း ရှိတာမဟုတ်ဘူး။ တကယ်မရှိပေမယ့် ရှိတယ်လို့ ထင်နေတယ်ပေါ့။ အဲဒီလို တကယ်မရှိတဲ့အရာကို ရှိတယ်လို့ ထင်တယ်။ သက္ကာယဆိုတဲ့ ခန္ဓာငါးပါးက တကယ်ရှိတယ်။ အဲဒီခန္ဓာငါးပါးနဲ့ ပတ်သက်ပြီး တွေးထင်တဲ့ ထာဝရမြဲတယ်ဆိုတဲ့ အတ္တ၊ ထိုအတ္တရဲ့ ပိုင်ဆိုင်မှုဆိုတဲ့ အတ္တနိယ ရှိတယ်လို့ အဲဒီအတွေးတွေ ဝင်လာလို့ရှိရင် မှန်ရိပ်ထဲကရုပ်ပုံလွှာကို ငါလို့ထင်သလိုထင်နေတာဟာ မှားယွင်းတဲ့ အထင်တစ်ခုပါတဲ့။ ဒါကို ဒိဋ္ဌိမညနာလို့ ခေါ်တယ်။ ဒိဋ္ဌိမညနာ- အတွေးအမြင် မှားယွင်းတာတဲ့။ မှန်ထဲကပုံကို ငါလို့ပဲ ထင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မှန်ဖယ်လိုက်တာနဲ့တစ်ပြိုင်နက် မှန်ရိပ်ထဲက ရုပ်ပုံလွှာဟာ ပျောက်သွားပြီ။ အဲဒီလိုပဲ ဒီကိုယ်ထင်ပြီးတော့ အားကိုးစရာအရာတစ်ခုဟာ ဘာမှ အားကိုးစရာမရှိဘဲနဲ့ မကြာခင်ပဲ သူ့ဟာသူ ပြောင်းလဲပြီး ပျက်စီးတဲ့အရာသာ ဖြစ်တယ်ဆိုတာကို ဘုန်းကြီးတို့တစ်တွေ မမြင်နိုင်ကြဘူးတဲ့။ ဘာဖြစ်လို့တုန်းဆိုရင် ခုနကပြောတဲ့ ဒိဋ္ဌိမညနာ မှားယွင်းတဲ့အထင်မှားမှုတစ်ခုကြောင့် ဖြစ်တာတဲ့။

ကောင်းပြီ၊ အဲဒီအထင်မှားမှုတွေ- တဏှာကြောင့် အထင်မှားမှုတွေ၊ တွယ်တာမှုကို စွဲလန်းပြီးတော့ အထင်မှားမှုတွေ၊ မာနကြောင့် ဖြစ်ပေါ်လာတဲ့ အထင်မှားမှုတွေ၊ မှားယွင်းတဲ့အမြင်ကြောင့် ဖြစ်ပေါ်လာတဲ့ အထင်မှားမှုတွေ၊ သက္ကာယပေါ်မှာ အဲဒီလို အထင်မှားမှုတွေဟာ လွယ်လွယ်ကူကူနဲ့ ဒီသက္ကာယဆိုတဲ့ ခန္ဓာငါးပါးကြီးက လွတ်အောင်၊ ကျွတ်အောင် ကြိုးစားလို့ ဖြစ်သလားလို့ဆိုရင် အင်မတန်မှ ခဲယဉ်းတယ်။ မြတ်စွာဘုရားက ဥပမာပေးထားတာ ခွေးတစ်ကောင်ကို ချည်တိုင်ငုတ်တိုင်တစ်ခုမှာ ကြိုးနဲ့ချည်ထားလို့ရှိရင် အဲဒီခွေးဟာ ရုန်းတယ်။ ဘယ်လိုပဲရုန်းရုန်း သူဟာ ချည်တိုင်ငုတ်နားပဲ လှည့်ပတ်နေရတယ်။ ချည်တိုင်ငုတ်က အဝေးကို မသွားနိုင်ဘူး။ ဘုန်းကြီးတို့တစ်တွေလည်း ဘယ်ဘဝပဲရောက်ရောက် ချည်တိုင်ငုတ်နဲ့ အလားတူတဲ့ ဟောဒီ သက္ကာယက ဝေးပြီးတော့ မသွားနိုင်ဘူး။ ဘယ်ဘဝရောက်သွားသွား ခန္ဓာပဲ ပြန်ရတယ်။

ဥပမာ - လူ့ဘဝကနေ ကုသိုလ်ကောင်းမှုတွေလုပ်တယ်၊ နတ်ဘဝရောက်သွားတယ်၊ ခန္ဓာပဲပြန်ရတယ်။ တရားကျင့်လို့ ဗြဟ္မာဖြစ်သွားတယ်၊ ခန္ဓာပဲပြန်ရပြန်တယ်။ အကုသိုလ်တွေလုပ်လို့ ငရဲကျသွားတယ်၊ တိရစ္ဆာန်ဖြစ်တယ်၊ ပြိတ္တာဖြစ်တယ်၊ ခန္ဓာပဲပြန်ရတယ်။ ခွေးတစ်ကောင်ဟာ ကြိုးနဲ့ချည်ထားလို့ ငုတ်နားမှာပဲ သူဟာ တဝဲလည်လည်ဖြစ်နေသလို ဘုန်းကြီးတို့တစ်တွေဟာလည်း ခန္ဓာငါးပါးနဲ့ပဲ တဝဲလည်လည်ဖြစ်နေကြတယ်၊ အဝေးကို မရောက်နိုင်ကြဘူးလို့ ဒီလို ဂဒ္ဒုလသုတ်မှာ မြတ်စွာဘုရားက ဟောတော်မူတယ်။

အဲဒါကို အဋ္ဌကထာဆရာကြီးက ရှင်းပြတဲ့အခါ ဥပမာပေးထားတာရှိတယ်။ ခန္ဓာငါးပါးမကောင်းဘူးလို့ ထင်လို့ ခန္ဓာငါးပါးက လွတ်ချင်လို့ ရုန်းကန်ကြတယ်။ ဆိုပါစို့ - မြတ်စွာဘုရားပွင့်မှ ခန္ဓာငါးပါးမှ လွတ်ကြောင်း လမ်းစဉ်အမှန်ကို တွေ့တာ။ သက္ကာယဆိုတဲ့ ခန္ဓာငါးပါးက လွတ်ချင်ရင် ဘာလုပ်ရမလဲဆိုတာကို မြတ်စွာဘုရားက လမ်းမှန်ညွှန်ပြတယ်။ အေး၊ တခြားအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း ခန္ဓာငါးပါးရဲ့အပြစ်ကို မြင်သည့်အတွက်ကြောင့် လွတ်မြောက်အောင် ကြိုးစားကြတယ်။ လွတ်မြောက်အောင် ကြိုးစားရင်း ကြိုးစားရင်း သူတို့ဟာ လွတ်မြောက်မှုကို မရနိုင်ဘဲ ခန္ဓာငါးပါးပဲ ပြန်တွေ့နေကြတယ်ပေါ့။

အဲဒါကို ဥပမာပေးထားတဲ့ စကားလေးတစ်ခုရှိတယ်၊ ပုံပြင်ခပ်ဆန်ဆန်ပြောထားတာ။ “မြေကြီးနဲ့ ယုန်ကလေး စကားများကြတယ်တဲ့။ ဘယ်လိုစကားများတုန်းဆိုရင် ယုန်ကလေးက မြေကြီးပေါ် မစင်စွန့်တဲ့အခါ မြေကြီးက ပြောတယ်၊ 'မင်း ငါ့အပေါ်မှာ အညစ်အကြေးတွေစွန့်တာ မကောင်းဘူး'။ ဒီလိုပြောတဲ့အခါ ယုန်ကလေးက စိတ်ဆိုးတယ်၊ 'ကျုပ်ထက်ကြီးတဲ့ အကောင်ကြီးတွေ ဆင်လို သတ္တဝါကြီးတွေ ကျင်ကြီးစွန့်၊ ကျင်ငယ်စွန့်တော့ ခင်ဗျားက မပြောဘူး။ ကျုပ်အပေါ်ကျတော့ ခင်ဗျားအနိုင်ကျင့်တယ်'ပေါ့။ 'ကျုပ်စွန့်တဲ့ မစင်လေးက သေးသေးလေးရယ်၊ အဲဒါတောင် ကျုပ်ကို အနိုင်ကျင့်ပြီး ပြောရမလား။ ကဲ၊ ခင်ဗျားအပေါ် ကျုပ်မနေဘူး'လို့ မြေကြီးနဲ့မတဲ့လို့ ယုန်ကလေးက ခုန်တယ်။ ခုန်ပြီးတော့လည်း မြေကြီးပေါ်ပဲ ပြန်ကျတယ်။ နောက်တစ်ခါခုန်တော့လည်း မြေကြီးပေါ်ပဲ ပြန်ကျတယ်။ ဒီဥပမာလေးက ယုန်တွေသွားတဲ့အခါ ခုန်ခုန်ပြီးသွားတာကို ကြည့်ပြီးပြောတဲ့ ဥပမာပေါ့နော်။ ယုန်ဟာ ဘယ်လိုပဲ ခုန်နေနေ မြေကြီးပေါ်ပဲ ပြန်ရောက်တယ်ပေါ့။

အဲဒီလိုပဲ ဘုန်းကြီးတို့တစ်တွေဟာ ခန္ဓာငါးပါးကို မုန်းတီးရွံရှာလို့ ခန္ဓာငါးပါးက လွတ်မြောက်အောင် ဘယ်လိုပဲ ကြိုးစားကြိုးစား၊ ကြိုးစားလိုက်တိုင်း ခန္ဓာငါးပါးနဲ့ချည်း ပြန်တိုးနေတယ်လို့ ဆိုလိုတာ။ ယုန်ကလေးဟာ ဘယ်လိုပဲ မြေကြီးပေါ်မနေဘူးဆိုပြီးတော့ ခုန်ပေမယ့်လို့ မြေကြီးပေါ်ပဲ ပြန်ကျသလိုပဲတဲ့။ သက္ကာယပေါ်မှာ ဘယ်လောက်ပဲ အပြစ်မြင်မြင် ဟောဒီ တဏှာဆိုတဲ့ အထင်မှားမှု၊ ဒိဋ္ဌိဆိုတဲ့ အထင်မှားမှု၊ မာနဆိုတဲ့ အထင်မှားမှု- ဒီတရားသုံးပါးကို မဖယ်ရှားနိုင်သေးသမျှကာလပတ်လုံး၊ မှန်ကန်တဲ့အမြင် မရသေးသမျှကာလပတ်လုံး ဘုန်းကြီးတို့တစ်တွေဟာ ယုန်ကလေး မြေကြီးပေါ်မှာ ခုန်နေသလိုပဲ၊ ခုန်တိုင်း မြေကြီးပေါ်ပြန်ကျသလိုပဲ ခန္ဓာငါးပါးပဲ ပြန်ရကြမှာ ဖြစ်တယ်တဲ့။ ခန္ဓာငါးပါးကနေ လွတ်သွားအောင် မလုပ်နိုင်ကြဘူးတဲ့။

ဒါဖြင့် လွတ်သွားတဲ့နည်းရော ရှိလားလို့ဆိုတော့ မြတ်စွာဘုရားက ဟောထားတယ်- လွတ်သွားတဲ့နည်းက မဂ္ဂင်ရှစ်ပါးအကျင့်တရားပဲတဲ့။ မဂ္ဂင်ရှစ်ပါးအကျင့်တရားကို ကျင့်တဲ့အခါ အရင်က သက္ကာယကို “ဧတံ မမ - ဒါ ငါ့ဟာ” လို့ ဒီလိုမြင်ကြတယ်။ “ဧသောဟမသ္မိ - ဒါ ငါပဲ” လို့ မြင်တယ်။ “ဧသော မေ အတ္တာ - ဒါ ငါရဲ့အတ္တပဲ” လို့ ဒီလို တဏှာ၊ မာန၊ ဒိဋ္ဌိအမြင်တွေနဲ့ မြင်တယ်။ အဲဒီအမြင်ကနေ ပြောင်းပြန်ပြန်ပြီးတော့ မြင်အောင် ကြိုးစားရမယ်တဲ့။

ယထာဘူတဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ဟောဒီသက္ကာယဟာ “နေတံ မမ - ငါ့ဟာ မဟုတ်ဘူး”၊ “န မေသော အတ္တာ - ငါရဲ့ ခိုင်မာသော အတ္တလည်း မဟုတ်ဘူး”၊ “နေသောဟမသ္မိ - ငါလို့ပြောစရာလည်း တစ်ခုမှ မရှိဘူး” လို့ ဒီလို ယထာဘူတဉာဏ်နဲ့ ရှုမြင်နိုင်ရမယ်။

သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဆိုတဲ့ သီလကို အခြေခံပြီးတော့ ဘုန်းကြီးတို့တစ်တွေဟာ မှန်ကန်တဲ့အမြင်ရှိအောင် မှန်ကန်တဲ့အတွေးတွေ တွေးရမယ်။ မှန်ကန်တဲ့အမြင်ဆိုတာက - သမ္မာဒိဋ္ဌိ၊ မှန်ကန်တဲ့အတွေးဆိုတာက - သမ္မာသင်္ကပ္ပ။ အဲဒီ မှန်ကန်တဲ့အတွေးတွေ တွေးပြီးတော့ မှန်ကန်တဲ့ ကြိုးပမ်းအားထုတ်မှုဆိုတဲ့ သမ္မာဝါယာမ လုပ်တဲ့အခါမှာ မှန်ကန်တဲ့သတိထားမှု - သမ္မာသတိဟာ အရေးကြီးတယ်။ ဒါကြောင့်မို့ သတိထားပြီးနေတဲ့အခါမှာ မှန်မှန်ကန်ကန် မြင်ဖို့ရာအတွက် စိတ်ဓာတ်လေး တည်ငြိမ်အောင်လုပ်ဖို့ အရေးကြီးတယ်၊ သမ္မာသမာဓိလို့ဆိုတယ်။ ပေါင်းလိုက်တဲ့အခါ မဂ္ဂင်ငါးပါးက “သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ”။ အဲဒီမဂ္ဂင်ငါးပါးကို ကာရာပကမဂ္ဂင် သို့မဟုတ် ကာရကမဂ္ဂင်လို့ခေါ်တယ်။ တကယ်အလုပ်လုပ်ပြီး စွမ်းဆောင်နေတာ။ ယထာဘူတဉာဏ်ဆိုတာ အဲဒါကို ပြောတာ။

ဒီမဂ္ဂင်ငါးပါး ပေါင်းစပ်ပြီးတော့ ရှုမြင်သုံးသပ်တဲ့အခါမှာ “နေတံ မမ - ငါ့ဟာ မဟုတ်ဘူး”၊ “နေသောဟမသ္မိ - ငါ မဟုတ်ဘူး”၊ “န မေသော အတ္တာ - ငါရဲ့အတ္တမဟုတ်ဘူး” လို့ မှန်မှန်ကန်ကန်မြင်တယ်။ မြင်တဲ့အခါကျတော့ အထင်မှားမှုဆိုတာတွေ ပျောက်သွားတယ်။

အဲဒီအထင်မှားမှု ပျောက်သွားရင် ဘာဖြစ်လဲဆိုတော့ မြတ်စွာဘုရားက “ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ - ရုပ်ပေါ်မှာ ငြီးငွေ့တယ်၊ တွယ်တာမှုတွေ မရှိတော့ဘူး။ ဝေဒနာယပိ နိဗ္ဗိန္ဒတိ - ခံစားမှုတွေပေါ်မှာလည်း မတွယ်တာတော့ဘူး။ သညာယပိ နိဗ္ဗိန္ဒတိ - သညာပေါ်မှာလည်း တွယ်တာမှုမရှိဘူး။ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ - ကျန်တဲ့ စိတ်နဲ့ပတ်သက်တဲ့ လှုံ့ဆော်မှုတွေအပေါ်မှာလည်းပဲ တွယ်တာမှု မရှိတော့ဘူး။ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ - အသိစိတ်ပေါ်မှာလည်း တွယ်တာမှု မရှိတော့ဘူး”။ အဲဒီလို တွယ်တာမှုမရှိဘူးဆိုတာ ဝိပဿနာဉာဏ်ဖြစ်တာကို ပြောတာ - အနတ္တလက္ခဏသုတ်မှာ မြတ်စွာဘုရားက တိုတိုလေး ဟောထားတာ။

သက္ကာယပေါ်မှာ တွယ်တာမှုတွေ ပျောက်သွားတယ်။ တွယ်တာမှုတွေ ပျောက်သွားတော့ ဘာဖြစ်လဲ၊ “နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ - သက္ကာယပေါ်မှာ ငြီးငွေ့လာတာနဲ့တစ်ပြိုင်နက် ဒီတွယ်တာမှုတွေ ချုပ်ငြိမ်းသွားတယ်”။ တွယ်တာမှုတွေ ချုပ်ငြိမ်းသွားရင် ဘာဖြစ်လဲ၊ “ဝိရာဂါ ဝိမုစ္စတိ - စိတ်ဟာ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ မကောင်းတဲ့အတွေးမှားတွေကနေ လုံးဝလွတ်မြောက်သွားတယ်”တဲ့။

အဲဒီလို လွတ်မြောက်သွားမှသာလျှင် အထင်မှားမှုတွေ ပျောက်ကင်းပြီး ထာဝရအငြိမ်းဓာတ်ကို တွေ့ရှိနိုင်တယ်။ သောကတွေ၊ ပရိဒေဝတွေ၊ ဒုက္ခတွေ၊ ဒေါမနဿတွေအားလုံး ချုပ်ငြိမ်းပြီး အင်မတန် အေးချမ်းတဲ့ ထာဝရငြိမ်းတဲ့ ဥပသမဆိုတဲ့ အငြိမ်းဓာတ်ကို ရရှိနိုင်မှာဖြစ်တယ်ဆိုတာကို အားလုံးယုံကြည်ပြီးတော့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားအတိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။

သာဓု - သာဓု - သာဓု

de4knuio55ixytrw446gh3a7hufoyn3
မှတ်ဉာဏ်ကောင်းအောင် ကျင့်ဆောင်ခြင်း
0
5908
22131
21628
2026-06-15T03:22:04Z
Tejinda
173
22131
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မှတ်ဉာဏ်ကောင်းအောင် ကျင့်ဆောင်ခြင်း
| previous = [[အထင်မှား အမြင်မှား]]
| previous2 =
| next = [[စိတ်၏ထွက်ပေါက်များ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

မှတ်ဉာဏ်ကောင်းအောင် ကျင့်ဆောင်ခြင်း

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်၊ တနင်္ဂနွေနေ့တွင် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် မုံရွာမြို့၊ အောင်မင်္ဂလာရပ်၊ သုတာရာမလမ်း၊ ရုပ်ထုဆရာကြီး ရှုမဝဦးသန်း+ဒေါ်စန်း အမှူးထား၍ အမှတ်(၁၂) အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးခင်မောင်လွင်+ဒေါ်ခင်မမ၊ သား မောင်ဘုန်းကောင်းစံ၊ သမီး မအိမ့်ဖူးခင်၊ အရာရှိ အရာခံ အကြပ်စစ်သည် မိသားစုများ၏ ဓမ္မသဘင် အခမ်းအနားဝယ် ဟောကြားအပ်သော “မှတ်ဉာဏ်ကောင်းအောင် ကျင့်ဆောင်ခြင်း” တရားဒေသနာတော်။

ဗုဒ္ဓမြတ်စွာ ဟောကြားထားခဲ့တဲ့ သုတ္တန်ဒေသနာ တော်တွေထဲမှာ မှတ်ဉာဏ်ကောင်းအောင် ဘယ်လို လုပ်ရမလဲဆိုတာ ဟောထားတာရှိတယ်။ လောကမှာ လောကီနည်းတွေနဲ့ မှတ်ဉာဏ်ကောင်းအောင် ဘယ်လို ကျင့်ရတယ်ဆိုတာလည်း ရှိတယ်ပေါ့။ မြတ်စွာဘုရား ဟောထားတဲ့ မှတ်ဉာဏ်ကောင်းအောင်ကျင့်ဆောင်တဲ့ နည်းစနစ်ကတော့ လုံးဝမှားယွင်းမှုမရှိတဲ့အပြင် အခြေ အမြစ်ကစပြီး ဟောကြားထားတာဖြစ်လို့ ခိုင်မာတဲ့ နည်းစနစ်တစ်ခုဖြစ်တယ်။

လူတိုင်းလူတိုင်းဟာ လူ့ဘဝရောက်လာတဲ့အခါ အကုန်လုံး ပညာသင်ကြားကြရတာချည်းပဲ။ ငယ်စဉ် တောင်ကျေး ကလေးဘဝကစပြီး သင်လာတဲ့ ပညာ တွေ၊ မှတ်သားကြရတဲ့ အချက်အလက်တွေဟာ ရံဖန် ရံခါမှာ လွယ်လွယ်ကူကူနဲ့ မေ့လျော့ပြီးသွားတတ်ကြ တယ်။ “အေး၊ ငါ မှတ်ဉာဏ်မကောင်းဘူး၊ မေ့လိုက် တာ” နဲ့ လူကြီးတွေ ညည်းတာ ကြားဖူးကြလိမ့်မယ်။

အဲဒီလို မှတ်ဉာဏ်မကောင်းတာ ဘာကြောင့် ဖြစ်ရသလဲ။ အကြောင်းရင်းကို စိစစ်ပြီး မြတ်စွာဘုရား က ဟောထားတာရှိတယ်။ ဒါဖြင့် မှတ်ဉာဏ် ကောင်း အောင် ဘယ်လို ကျင့်သုံးနေထိုင်ရသလဲ၊ ဘာလုပ်ရ သလဲဆိုတာ မြတ်စွာဘုရား ဟောထားတာရှိတယ်။

လောကလူတွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မှတ်ဉာဏ် ကောင်းအောင် ကြိုးစားကြတယ်ပေါ့။ လူ့ဘဝရလာပြီ ဆိုရင် လူတွေဟာ ဘာနဲ့စ,ကြရတုန်းဆိုတော့ သင်ကြား မှုနဲ့ စ,ကြရတယ်။ ခုခေတ်ဆိုရင် ကလေးတွေ ငယ်ငယ် လေးကစပြီး ကျောင်းထားကြရတယ်။ အရင်က မူလတန်းကစပြီး ကျောင်းထားကြတယ်။ အခုတော့ မူလတန်းကမစဘူး၊ မူကြိုဆိုပြီးတော့ ပေါ်လာတယ် နော်။ လူ့ဘဝရောက်တာနဲ့တစ်ပြိုင်နက် သင်ယူမှုနဲ့ စတင်လာကြတယ်။

အဲဒီလို သင်တဲ့အခါမှာ မှတ်ဉာဏ်ဟာ အင်မတန် အရေးကြီးတယ်။ မိဘများက သားသမီးတွေကို ဆုံးမ ကြတယ်၊ သင်ပေးကြတယ်လေ။ စာတစ်ခုတည်းကိုသာ သင်တာ မဟုတ်ဘူး၊ ဒီ့ပြင် လိမ္မာရေးခြားရှိမယ့် အချက် တွေကိုလည်း သင်တယ်၊ သင်ပြီးရင် မိဘများက ဘာ ပြောလည်းဆိုရင် “အေး၊ မှတ်ထားနော်၊ စွဲစွဲမြဲမြဲ မှတ်ထား” လို့ ပြောလေ့ရှိကြတယ်။

အဲဒီလို စွဲစွဲမြဲမြဲ မှတ်ထားဖို့ တိုက်တွန်းရတာ ဘာကြောင့်လည်းဆိုရင် မှတ်ဉာဏ်ကောင်းတဲ့ ပုဂ္ဂိုလ် ဟာ လူ့ဘဝမှာ အသက်မွေးဝမ်းကြောင်းနဲ့ ပြည့်စုံပြီး အထက်တန်းရောက်နိုင်လို့ပဲ။ မိဘတိုင်းဟာ မိမိတို့ရဲ့ သားသမီးတွေကို အထက်တန်းရောက်စေချင်ကြတာ ချည်းပဲ၊ အောင်မြင်ကြီးပွားစေချင်ကြတာချည်းပဲ။ အဲဒါ ကြောင့် လူတိုင်းလူတိုင်းမှာ “မှတ်ဉာဏ်ကောင်းအောင် ကျင့်ဆောင်ဖို့” အင်မတန်မှ အရေးကြီးတယ်။

မြတ်စွာဘုရား ဟောကြားတဲ့ တရားဓမ္မတွေဟာ လောကုတ္တရာရေး သက်သက်တင်မဟုတ်ဘူး၊ လောက ကြီးပွားရေးတွေလည်းပါတယ်။ လောကုတ္တရာ ကြီးပွား ရေးဆိုတာ နည်းပါတယ်။ တကယ်စင်စစ် ပြောရမယ် ဆိုရင် ခုခေတ်လူတွေခေါ်နေတဲ့ 'လောကုတ္တရာ'ဆိုတာ လောကီပိုင်းကိုပဲ 'လောကုတ္တရာ' လို့ ခေါ်နေကြတာ။ တကယ် 'လောကုတ္တရာ'လို့ခေါ်တာက မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန် ကိုပဲ 'လောကုတ္တရာ'လို့ ခေါ်လို့ ရတယ်။ ကျန်တာတွေအကုန်လုံး 'လောကိယ'-လောက ထဲကဟာတွေချည်းပဲ။

အဲဒီ လောကကို အကျိုးပြုတဲ့ အရာတွေဟာ အဆင့်ဆင့်ရှိတယ်ပေါ့။ 'လောကိယ' ဆိုတဲ့ စကားလုံး ကို အကြောင်းပြုပြီး 'လောကီ'လို့ မြန်မာစကား ခေါ်ထား တာပေါ့။ လောကီ လို့ဆိုတာ 'လောကကို အကျိုး ဖြစ်ထွန်းစေတဲ့ အချက်အလက်များ (ဝါ) လောကရဲ့ ကြီးပွားတိုးတက်မှု အကြောင်းတရားများ၊ လောကရဲ့ ကြီးပွားတိုးတက်မှုအတွက် ဆောင်ရွက်ချက်များ' လို့ ဒါတွေကို သိမ်းကြုံးပြီးတော့ “လောကီ၊ လောကီ” နဲ့ ပြောကြတာပေါ့။

သို့သော် တစ်ချို့က အဓိပ္ပာယ်တစ်မျိုးပေါက်သွား တယ်။ လောကီတို့ လောကုတ္တရာတို့ဆိုတာ မြန်မာ စကားထဲမှာလည်း သုံးကြတယ်။ အေး၊ လောက ကြီးပွားရေး လုပ်ဆောင်နေတာမှန်သမျှ လောကီတွေ ချည်းပဲ။ အဲဒီ လောကီကိစ္စတွေထဲမှာ မှတ်ဉာဏ် ကောင်းဖို့ဆိုတာ အင်မတန်မှ အရေးကြီးတယ်။ ဒါဖြင့် မှတ်ဉာဏ်မကောင်းတာ ဘာကြောင့် မှတ်ဉာဏ် မကောင်းတာလဲ။

မြတ်စွာဘုရား လက်ထက်တုန်းက ဗေဒကျမ်းတတ် ('ဗေဒ' ဆိုရင် မြန်မာလူမျိုးတွေက လမ်းဘေးမှာ ဆိုင်းဘုတ်ကလေး ထောင်ပြီးတော့ ဗေဒင်ဟောတဲ့ 'ဗေဒင်ဆရာ' ရဲ့ ဟောပြောပညာလို့ ဒီလိုအောက်မေ့ ကြမှာပေါ့။) 'ဗေဒကျမ်း' ဆိုတာ အိန္ဒိယနိုင်ငံမှာရှိတာ၊ ဗေဒကျမ်း သုံးကျမ်းရှိတယ်ပေါ့။ အဲဒီ(၃)ကျမ်းထဲမှာ နံပါတ်တစ်ကျမ်းကို 'ဣရု' ကျမ်းလို့ ခေါ်တယ်။ နံပါတ် (၂)က 'ယဇု'၊ နံပါတ်(၃)က 'သာမ'။ အဲဒီ ဗေဒကျမ်း ကြီးတွေ ထိုခေတ်ကာလတုန်းက Brahman လို့ခေါ်တဲ့ ပုဏ္ဏားတွေက သင်ကြားကြတယ်၊ ပို့ချကြတယ်။ ကျန်တဲ့ ပုဂ္ဂိုလ်တွေက သင်လေ့မရှိကြဘူး။ Brahman လူမျိုး တွေကသာလျှင် ဗေဒကျမ်းကိုသင်တယ်။

ဗေဒကျမ်းသင်ရင်း သူတို့ကျောင်းနေရတဲ့ အချိန် ဟာ (၄၈)နှစ်ကြာတယ်နော်။ ခုခေတ်မှာ ကျောင်းသား ဘဝ (၄၈)နှစ်သာ နေရမယ်ဆိုလို့ရှိရင် ဘာမှလုပ်ကိုင် စားသောက်စရာတောင် ရှိတော့မှာမဟုတ်ဘူး။ သူတို့ ခေတ်က (၄၈)နှစ်ထိအောင် ကျောင်းမှာ သင်ကြား ရတယ်တဲ့။ အေး၊ အဲဒီခေတ်ကတော့ ပညာလို့ သတ်မှတ်တာကတော့ ဗေဒကျမ်းကြီးတွေပဲ။ အဲဒီ ဗေဒ ကျမ်းကြီးတွေ တတ်တဲ့ပုဂ္ဂိုလ်မှ ပညာတတ်လို့သတ်မှတ် တာ။

ကျန်တဲ့ပညာရပ်တွေကော မရှိဘူးလားဆို ရှိပါ တယ်။ ထိုခေတ် ထိုအခါကာလတုန်းက စစ်ရေးစစ်ရာ နဲ့ ပတ်သက်တဲ့ ပညာရပ်တွေလည်း ရှိတာပေါ့။ ရှေးတုန်းက စစ်တပ်ဖွဲ့စည်းပုံနဲ့ ဒီကနေ့ခေတ်စစ်တပ် ဖွဲ့စည်းပုံက အလွန်ကွာခြားသွားပြီ။ ခေတ်နဲ့အညီ ပြောင်းလဲသွားပြီ။ ခေတ်ပြောင်းတာနဲ့ ဒီစနစ်တွေလည်း ပြောင်းပြောင်းပြီးတော့သွားတယ်။

ရှေးတုန်းက စစ်တပ်ဖွဲ့တာ ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေသည်တပ် ဆိုပြီးတော့ အဲဒီလိုဖွဲ့လေ့ ရှိတယ်။ ဆင်တပ်၊ မြင်းတပ်၊ ခြေသည်တပ် ဖွဲ့ပုံလည်း သူတို့မှာ နည်းစနစ်ရှိတယ်။ ဘယ်လောက်ဆိုရင် တပ်ရင်းတစ်ခုခေါ်တယ်၊ ဘယ်လောက်ဆိုရင် တပ်မ ကြီး ခေါ်တယ်ဆိုတဲ့ အခေါ်အဝေါ်တွေ သူတို့မှာ သတ်သတ်မှတ်မှတ် ရှိတယ်ပေါ့နော်။ ရှေးကလည်း စစ်တပ်ရှိတာပဲ။

အဲဒီမယ် အကြီးဆုံးတပ်လို့ ပြောရမှာကတော့ ဆင်တပ်ပါပဲပေါ့။ ဆင်တပ်ပြီးရင် မြင်းတပ်၊ မြင်းတပ် ပြီးရင် ရထားတပ်။ ရထား ဆိုတာကတော့ မြင်းလှည်း ကိုခေါ်တာ။ ဒီကနေ့ ရထား ဆိုတာ မီးရထားကိုခေါ် တာ။ ခေါ်ဝေါ်မှုတွေ ပြောင်းလဲသွားတယ်။ ခြေသည် တပ်ဆိုတာ ကုန်းကြောင်းသွားရတဲ့ စစ်တပ်။

ဆင်တပ်မှာ ဖွဲ့တဲ့အခါ လူဘယ်နှစ်ယောက် ပါရ မယ်၊ မြင်းတပ်ဆိုရင် လူဘယ်နှစ်ယောက် ပါရမယ်၊ ရထားတပ်ဆိုရင် လူဘယ်နှစ်ယောက် ပါရမယ်၊ ခြေသည်စစ်တပ်ဆိုရင် လူဘယ်နှစ်ယောက် ပါရမယ် ဆိုပြီး လူနဲ့ဖွဲ့စည်းထားတဲ့ အတိုင်းအတာတွေအလိုက် ရှိတယ်ပေါ့။ အဲဒီလို စစ်ရေးစစ်ရာနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျွမ်းကျင်ကျင် ရှေးတုန်းကလည်းပဲ သင်ကြားရ တာပဲ။

ဘုန်းကြီးတို့ စာပေထဲမှာ မှတ်တမ်းတင်ထားတာ ရှိတယ်။ ဘဂ္ဂတိုင်းက ဗောဓိမင်းသား ဆိုတာ။ သူက ဆင်စီးသူရဲကောင်း တစ်ဦးပဲ။ ဆင်ကို ဘယ်လိုကိုင်တွယ် ရတယ်၊ ဘယ်လို ထိန်းကွတ်ရတယ်၊ အဲဒါကို သူ အင်မတန်မှ ကျွမ်းကျင်တယ်လို့ပြောတယ်။ စနစ်တကျ သင်ထားတော့ ဆင်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်တယ်။

မြန်မာရာဇဝင်ကိုကြည့်မယ် ဆိုလို့ရှိရင်လည်း ဆင် နဲ့ စစ်တိုက်ကြတာတွေ အများကြီးပဲ။ အင်းဝဒုတိယ မင်းခေါင် ဆိုလို့ရှိရင် မြင်းနဲ့ပတ်သက်လာလို့ရှိရင် အလွန် ကျွမ်းကျင်တယ်လို့ဆိုတယ်။ မြင်းစီးအတတ် ၁၂ မျိုး တတ်တယ်လို့ပြောတယ်။ အဲဒီ အင်းဝဒုတိယမင်းခေါင် ဟာ မြင်းစီးဘယ်လောက်ကျွမ်းကျင်သလဲဆိုရင် အရှိန် အဟုန်နဲ့ပြေးနေတဲ့၊ ကဆုန်ပေါက်ပြီးတော့ပြေးနေတဲ့ မြင်းကို နောက်ကပြေးလိုက်ပြီး တက်စီးနိုင်တယ်တဲ့။ ဒါလည်း သူ့ရဲ့စွမ်းရည်သတ္တိတစ်ခုပဲ။ အဲဒီ ပြေးနေတဲ့ မြင်းပေါ်မှာ မတ်တပ်ရပ်ပြီး စီးပြနိုင်တယ်။ အဲဒီ မြင်း ပြေးနေတုန်းပဲ မြင်းရဲ့ဗိုက်အောက်ကနေပတ်ပြီးတော့ ကျောပေါ်ပြန်တက်တာ သူ့ရဲ့စွမ်းရည်သတ္တိတစ်ခုပဲ။ ရာဇဝင်ဖတ်ကြည့်ရင် သိတာပေါ့နော်။ ဒီလို စွမ်းရည် သတ္တိရှိအောင် လေ့ကျင့်တာ။ သူတို့လည်း သင်ကြား ရတာပဲ၊ မသင်ဘဲနဲ့ ဘယ်သူမှ ပညာမတတ်ဘူးပေါ့။

အဲဒီတော့ ရှေးတုန်းက ပညာရပ်တွေဟာ စွမ်းရည် သတ္တိတွေ ထက်လာအောင် သင်ရတယ်။ အဲဒီလိုပဲ ပညာသင်တယ်ဆိုတဲ့အခါမှာ ဘာက အရေးကြီးနေတာ တုန်းဆိုတော့ မှတ်မိဖို့က အရေးကြီးတယ်၊ မှတ်ဉာဏ် ကောင်းဖို့ အရေးကြီးတယ်။

ဒါဖြင့် မှတ်ဉာဏ်မကောင်းတာ ဘာဖြစ်လို့လဲ။ မှတ်ဉာဏ်ကောင်းတာ ဘာဖြစ်လို့လဲဆိုတာ မြတ်စွာ ဘုရား လက်ထက်တော်အခါကာလတုန်းက “သင်္ဂါရဝ” ဆိုတဲ့ ပုဏ္ဏားကြီးက ဘုရားကို လျှောက်ဖူးတယ်။ “အရှင် ဘုရားတဲ့၊ တပည့်တော်တို့ ဗေဒကျမ်းတွေ ဆရာဆီက နေပြီးတော့ လေ့ကျင့်ပြီးတော့ သင်ကြားကြတယ်၊ မှတ် ထားကြတယ်။ တစ်ခါတစ်ရံ တပည့်တော်တို့ ဘယ်က စရမှန်းမသိအောင် ပျောက်ကုန်တယ်၊ မေ့ကုန်တယ်။ တစ်ခါတလေ မှတ်ဉာဏ်တွေ ကောင်းသလိုရှိတယ်။ တစ်ခါတလေကျတော့လည်း မှတ်ဉာဏ်မကောင်းဘူး။ အဲဒါဘာဖြစ်လို့တုန်း၊ ဉာဏ်ကောင်းတာ၊ မကောင်း တာ ဘာကြောင့်လဲ” လို့ မြတ်စွာဘုရားကို လျှောက်ထား ဖူးတယ်။

ဒီလို မှတ်ဉာဏ်ကောင်းခြင်း၊ မကောင်းခြင်းရဲ့ အကြောင်းရင်းတွေကို သိရှိနားလည်ထားပြီးတော့ ဘာ ကိုပဲ သင်ကြားသင်ကြား၊ လောကုတ္တရာစာပေကိုပဲ သင်ကြားသင်ကြား၊ လောကီပညာကိုပဲ သင်ကြား သင်ကြား၊ ဘယ်ဟာကိုပဲ မှတ်သားမှတ်သား မှတ်ဉာဏ် ကောင်းအောင် ဘယ်လိုလုပ်ရမလဲ၊ မှတ်ဉာဏ်ကောင်း စေတတ်တဲ့ အကြောင်းတရားတွေက ဘာတွေလဲ၊ မှတ်ဉာဏ်မကောင်းတာ ဘာကြောင့်လဲ ဆိုတာကို အကြောင်းအရင်းစိစစ်ပြီး မြတ်စွာဘုရားက ဟောကြား ထားတာရှိတယ်။

မြတ်စွာဘုရား ဟောထားတဲ့အတိုင်း ရှင်းရှင်း လင်းလင်း နားလည်မယ်ဆိုလို့ရှိရင် ဒီအတိုင်းလိုက်နာ ကျင့်သုံးက လောကမှာရရှိနိုင်တဲ့ အကျိုးတရားတွေ ရရှိမှာသေချာတယ်။ အကျိုးတရားရအောင်ကတော့ ကိုယ်ကိုယ်တိုင် ကြိုးစားကြရမှာဖြစ်တယ်။ အဟန့် အတား အနှောင့်အယှက်တွေကိုဖယ်ရှားဖို့ လေ့ကျင့်ပြီး သင်ကြားကြရမှာဖြစ်တယ်။

မြတ်စွာဘုရားက ဒီလို မှတ်ဉာဏ်မကောင်းတာ ဟာ ဘာကြောင့် မှတ်ဉာဏ်မကောင်း ဖြစ်ရတာလဲ ဆိုတာ ကိုယ်သင်ထားပြီးသား ကျမ်းစာတွေ (ဝါ) ကိုယ် မှတ်ထားတဲ့ ပညာရပ်တွေဟာ ဝိုးတိုးဝါးတားဖြစ်ပြီးတော့ စဉ်းစားလိုက်ရင် ဉာဏ်ထဲမှာ ပေါ်မလာဘူးတဲ့။ ဘာဖြစ် လို့ ပေါ်မလာရတာလဲလို့ဆိုတာ မြတ်စွာဘုရားက စိတ် အခြေအနေတွေနဲ့ ရှင်းပြထားတယ်။

အဲဒီတော့ အဓိကကတော့ စိတ်အခြေအနေတွေ ပဲ။ ကိုယ့်စိတ်ရဲ့ အခြေအနေတွေကို မှတ်ဉာဏ်ကောင်း အောင် ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်တယ်ပေါ့။

ကျောင်းသူကျောင်းသားလေးတွေ စာကျက်လို့မရဘူး၊ ကျက်ထားတဲ့စာတွေ မေ့လွယ်တယ်ဆိုတာ ဘာကြောင့် လဲ။ ဘယ်လိုကောင်းအောင် လုပ်ရမလဲ။ မှတ်ဉာဏ် ကောင်းအောင် လုပ်တဲ့နည်းနဲ့ ကိုယ်မှတ်ထားတဲ့အရာ တွေ ကိုယ့်ရဲ့ အသိဉာဏ်ထဲမှာ ရှင်းရှင်းလင်းလင်း ပေါ်လာအောင် ဘယ်လိုလုပ်ရမလဲ?

အရိပ်ထင်တဲ့ရေပြင်

မြတ်စွာဘုရားက ရှင်းရှင်းလေး ဥပမာပေးထား တာရှိတယ်။ ဆိုပါစို့၊ ကိုယ့်မျက်နှာ အရိပ်ကလေးကို ကြည့်ချင်လို့ရှိရင် ဒီကနေ့ခေတ်မှာတော့ လွယ်လွယ် ကူကူ ပြဒါးသုတ်ထားတဲ့ မှန်ကလေးတွေရှိတော့ မှန် ထဲမှာ ကြည့်လိုက်လို့ရှိရင် ကိုယ့်မျက်နှာရိပ်ရဲ့ အခြေ အနေကို ရှင်းရှင်းကြီးမြင်ရတယ်။ အေး၊ မှန်မရှိဘူး ဆိုရင် ဘာနဲ့ကြည့်မလဲ၊ တခြားကြည့်တဲ့နည်းလေးတွေ ရှိသေးတယ်ပေါ့။

ရှေးတုန်းက မှန်မရှိလို့ ရေခွက်ထဲ ရေဇလုံထဲ ရေထည့်ထားတယ်။ (သို့မဟုတ်) ရေအိုင်ဘေးသွားပြီး ရေထဲမှာ အရိပ်ပေါ်လာတာကို ကြည့်တယ်။ ရေထဲမှာ ကိုယ့်ရဲ့မျက်နှာရိပ်ကလေး ပေါ်လာတာကို သွားကြည့် လို့ရတယ်။

အဲဒီရေ ကြည့်လို့ရတဲ့ရေနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီးတို့တစ်တွေ စဉ်းစားကြည့်ရမှာ။ ပကတိ ကြည်လင်ပြီးတော့ လှုပ်ရှားမှုမရှိဘူး၊ ညွှံတွေဘာတွေ မရှိဘူး၊ အပေါ်က မှော်တွေဘာတွေ မရှိဘူး။ ငြိမ်နေတဲ့ ရေပြင်ထဲမှာ၊ ရေစပ်နားမှာ ကိုယ်တိုင်ရပ်ပြီးတော့ ကြည့် လိုက်မယ်ဆိုရင် ရေထဲမှာ ကိုယ့်ရဲ့အရိပ်ဟာ ထင်ထင် ရှားရှားကြီး ပေါ်လာတယ်။ ဒါမှန်တယ်၊ အရိပ်ဟာ ထင်ထင်ရှားရှားပေါ်တယ်။

ဒါဖြင့် ဘာလို့ပေါ်တာလဲလို့ မေးလို့ရှိရင် ရေဟာ ပကတိကြည်လင်နေလို့ပဲ။ ရေဟာ ပကတိ ကြည်နေ တယ်၊ အေးချမ်းနေတယ်၊ ငြိမ်သက်နေတယ်၊ လှုပ်ရှားမှု မရှိဘူး၊ အနည်တွေထိုင်နေတယ်။ ဒါကြောင့် ကြည်နေ တဲ့ ရေထဲမှာ ကိုယ့်ရဲ့အရိပ်ဟာ ပီပီပြင်ပြင်ပေါ်တာပဲ။ အဲဒါကို မြတ်စွာဘုရားက ဥပမာပေးထားတယ်။ ကိုယ့် စိတ်ကလေး ရေလိုပဲ သဘောထားကြည့်လိုက်။ တစ်ခါတစ်ရံကျတော့ ကြည့်လို့မရတဲ့ရေ၊ အရိပ် မထင်နိုင်တဲ့ရေမျိုးတွေက ဘာတွေဖြစ်နေတတ်တုန်း လို့ဆိုရင် ဆိုပါစို့၊ အဲဒီရေဟာ မကြည်မလင်ဖြစ်ပြီးတော့ သို့မဟုတ် ပကတိရေစင်မဟုတ်ဘဲနဲ့ အဲဒီရေထဲမှာ ဆေးအနက်တွေ၊ ဆေးအနီတွေ၊ အဝါတွေ စသည်ဖြင့် အရောင်တွေ ဆိုးလိုက်မယ်ဆိုလို့ရှိရင် အဲဒီရေထဲမှာ လူရဲ့အရိပ်ဟာ ကြည်ကြည်လင်လင်ထင်လာမှာ မဟုတ် ဘူးတဲ့။ ဘာဖြစ်လို့တုန်းဆို အရောင်ဆိုးထားလို့။ ထို့အတူပဲ ဘုန်းကြီးတို့တစ်တွေရဲ့ စိတ်ထဲမှာလည်း အရောင်ဆိုးသွားနိုင်တယ်။ အဲဒီ အရောင်ဆိုးသွားလို့ ရှိရင် သင်ထားတာတွေ မေ့သွားတယ်၊ မပေါ်လာဘူး။ အသိဉာဏ်နဲ့ ဦးနှောက်ထဲမှာ ပေါ်မလာဘူး။ အဲဒါကြောင့်မို့ အရောင်ဆိုးထားတဲ့ရေလို ကိုယ့် စိတ်ဟာလည်းပဲ အရောင်ဆိုးခံထားရပြီ ဆိုရင်တော့ သင်ထားတဲ့စာတွေဟာ ပေါ်လာမှာမဟုတ်ဘူး။ ပညာ ရပ်တွေဟာ လွယ်လွယ်ကူကူနဲ့ မေ့သွားမှာပဲ။ ဉာဏ် ထဲမှာ ပေါ်လာမှာမဟုတ်ဘူးတဲ့။

နောက်တစ်ခုကဘာတုန်း ဆိုလို့ရှိရင် ရေဟာ ပကတိအေးမြပြီးတော့ ငြိမ်နေမှ အရိပ်ထင်နိုင်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ရေနွေးအိုးကျိုထားလို့၊ အောက်က မီးထိုးထားလို့ ရေတွေဟာ ပွက်ပွက်ဆူနေမယ်ဆိုရင် မျက်နှာရိပ်ဟာ ကြည်ကြည်လင်လင် မထင်နိုင်ဘူး။ အဲဒီလို ရေပူပြီးပွက်နေရင်လည်း ဒီအရိပ်ဟာ ပီပီပြင်ပြင် မထင်နိုင်ဘူး။ ဘုန်းကြီးတို့တစ်တွေရဲ့ စိတ်မှာလည်း ဆူပွက်နေတာမျိုးလို ဖြစ်ပြီးနေမယ်ဆိုရင် အသိဉာဏ် တွေ ပျောက်ကွယ်သွားမှာပဲ။ မှတ်ဉာဏ်တွေဟာလည်း ပဲ မကောင်းနိုင်ဘူးတဲ့။

ဟော၊ နောက်တစ်ခုက အဲဒီရေကို မှောင်ထဲမှာ ချထားမယ်၊ အလင်းရောင်မရှိဘူး၊ ရေကတော့ ကြည် တော့ ကြည်ပါရဲ့၊ ငြိမ်လည်းငြိမ်ပါရဲ့။ အဲဒီရေကို အမှောင်ထဲမှာ ချထားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲကရေမှာ မျက်နှာရိပ် ပေါ်မှာမဟုတ်ဘူးတဲ့။ တစ်ခါ တစ်ရံ ဘုန်းကြီးတို့တစ်တွေရဲ့ စိတ်ဟာလည်းပဲ အမှောင် ထဲ ရောက်နေတဲ့ အခြေအနေမျိုးတွေ ဖြစ်တတ်တယ်။ အဲဒီလိုဖြစ်နေလို့ရှိရင်လည်း ကိုယ်သင်ထားတဲ့၊ ကိုယ် မှတ်ထားတဲ့ အရာတွေဟာ ပျောက်ကုန်တတ်တယ်။

ကဲ၊ နောက်အခြေအနေတစ်ခုကိုကြည့်ဦး၊ တစ်ခါ တစ်ရံကျတော့ ရေက ဘယ်လိုပဲ သဘာဝရေပင် ဖြစ်လင့်ကစား ဆေးတို့ဘာတို့လည်း မဆိုးဘူး၊ ကြည် လည်း ကြည်တယ်။ ဒါပေမယ့် ဘာဖြစ်လဲဆိုရင် အဲဒီ ရေဟာ လှုပ်ရှားနေတယ်၊ လေတိုက်လို့ လှုပ်နေတယ်၊ ရေတွေက လှိုင်းဂယက်တွေထနေတယ်။ အဲဒီ လှိုင်း ဂယက်ထနေတဲ့ ရေထဲမှာလည်းပဲ အရိပ်ဟာ ပီပီပြင်ပြင် ထင်မှာမဟုတ်ဘူးတဲ့။ ဒါကြောင့်မို့လို့ ဘုန်းကြီးတို့ တစ်တွေရဲ့စိတ်ဟာလည်းပဲ တစ်ခါတစ်ရံ လှိုင်းဂယက် ထနေတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတတ်တယ်တဲ့။ အဲဒီအခြေအနေမျိုးတွေ ဖြစ်နေလို့ရှိရင် မှတ်ဉာဏ် ကောင်းမှာ မဟုတ်ဘူး။ အသိဉာဏ်ဟာ ပေါ်လာမှာ မဟုတ်ဘူးလို့ ဒီလိုပြောတာ။

နောက်တစ်ခါကျတော့ ရေရဲ့ အခြေအနေတစ်ခု ကို ကြည့်လိုက်မယ် ဆိုလို့ရှိရင် ရေဟာ ဘာတွေဖြစ်နေ သလဲလို့ဆိုရင် မှော်သေးတွေ၊ မှော်ညှင်းတွေ အပေါ်ယံ ကနေပြီးတော့ ရေမျက်နှာပြင်ကို ဖုံးထားတယ်။ အဲဒီလို မှော်သေး မှော်ညှင်းတွေ ရေမျက်နှာပြင်ပေါ်မှာ ရေညှိ တွေ၊ ဒီလို မှော်တွေ ဖုံးထားတယ် ဆိုလို့ရှိရင်လည်းပဲ အဲဒီရေဟာ စဉ်းစားပြီးတော့ကြည့်မယ်ဆိုရင် အဲဒီရေ ပေါ်မှာ အရိပ်ဟာ ပီပီပြင်ပြင် မြင်ရမှာမဟုတ်ဘူးတဲ့။

ကြည့်လိုက်တဲ့အခါကျတော့ ကြည်ကြည်လင်လင် မြင်ဖို့ ဆိုတဲ့ရေဟာ အရောင်ဆိုးထားတဲ့ရေလည်း မဖြစ် သင့်ဘူး။ ဆူပွက်နေတဲ့ ရေမျိုးလည်း မဖြစ်သင့်ဘူး။ အမှောင်ထဲချထားတဲ့ရေမျိုးလည်း မဖြစ်သင့်ဘူး။ ရွှံ့တွေ ညွံတွေဖုံးနေတဲ့၊ မှော်တွေဖုံးနေတဲ့ ရေမျိုးလည်း မဖြစ် ရဘူး။ ပကတိတည်ငြိမ်နေတဲ့ ရေမျိုးသာ ဖြစ်ရမယ်။ အဲဒီဥပမာနဲ့ မြတ်စွာဘုရားက ဘုန်းကြီးတို့တစ်တွေကို နည်းလမ်းပေးခဲ့တာ။

မှတ်ဉာဏ် မကောင်းအောင်၊ ဘာတွေက မှတ်ဉာဏ်ကို အားပျော့သွားအောင် လုပ်သလဲလို့ဆိုတာ သိရမယ်။ ဒါလည်း ကိုယ့်သန္တာန်မှာပဲရှိတယ်။ တခြား က ယူဆောင်ရမှာမဟုတ်ဘူး။ ကိုယ့်ရဲ့စိတ်အခြေအနေ ဟာ ကိုယ့်သန္တာန်မှာရှိသလိုပဲ စိတ်ရဲ့အခြေအနေတွေ ဟာလည်းပဲ ကိုယ့်သန္တာန်မှာပဲ ရှိနေတယ်။ ဒါ လူတိုင်း လူတိုင်း Individual ပေါ့။ လူတိုင်းလူတိုင်း ကိုယ်စီကိုယ်စီ ကိုယ့်ဟာကိုယ် ပြင်ပြီးယူရမယ့် အခြေအနေတွေကို ပြောတာ။

မြတ်စွာဘုရား တရားတော်တွေဟာ အင်မတန်မှ အရင်းအမြစ် အဓိကကျတယ်ပေါ့။ ဒါကြောင့်မို့ တစ်ခါ ပြင်လိုက်လို့ရှိရင် မြတ်စွာဘုရား တရားတော်တွေဟာ အရင်းအမြစ်ကစပြီး ပြင်တာဖြစ်လို့ အင်မတန်မှ စိတ်ချ ရတဲ့ နည်းစနစ်။ အပေါ်ယံကို ဆင်ခြင်သုံးသပ်တာ မဟုတ်ဘဲနဲ့ တကယ့်ကို အခြေခံကနေစပြီး ပြုပြင်ပေးတဲ့ နည်းစနစ်ဖြစ်တယ်။ တစ်ခါ ပြုပြင်ထားလိုက်လို့ရှိရင် အင်မတန်မှ ခိုင်မြဲတဲ့ အနေအထားတစ်ခုရှိတယ်ပေါ့။

စိတ်ကို အရောင်ဆိုးထားခြင်း

ကဲ၊ ကောင်းပြီ။ ဘုန်းကြီးတို့တစ်တွေရဲ့ စိတ်အခြေ အနေကိုကြည့်။ အရောင်ဆိုးထားတဲ့ ရေထဲမှာ မျက်နှာ ရိပ်ဟာ ပီပီပြင်ပြင် မထင်နိုင်ဘူးတဲ့။ အဲဒီတော့ ဘုန်းကြီး တို့တစ်တွေရဲ့ စိတ်ကလည်းပဲ အရောင်ဆိုးထားတဲ့ အခါမျိုး ရှိတတ်တယ်တဲ့။ အဲဒီ အရောင်ဆိုးထားတာ ဆိုတာ ဘာလည်းလို့မေးလိုက်မယ်ဆိုရင် မြတ်စွာဘုရား က “ကာမစ္ဆန္ဒ နီဝရဏ” တဲ့။

ကဲ၊ စဉ်းစားကြည့်။ ကိုယ့်စိတ်ထဲမှာ လိုချင်တဲ့ လောဘတွေ၊ တွယ်တာတဲ့လောဘတွေ၊ ဘာပဲဖြစ်ဖြစ် တစ်ခုခုကို သိပ်လိုချင်လာတယ်။ လိုချင်တဲ့ အပေါ်မှာ ရ,ထားလို့ရှိရင်လည်း တွယ်တာတယ်၊ မက်မောတယ် ဆိုတဲ့ ဒီ လောဘတရားက လွှမ်းမိုးလာပြီး “ကာမစ္ဆန္ဒ” လို့ ပါဠိစာပေမှာခေါ်တယ်။ 'ဆန္ဒ' ဆိုတာ လိုလားတာ၊ 'ကာမ' ဆိုတာ လိုချင်စရာအာရုံ။ လိုချင်စရာအာရုံ တွေကို လိုလားတဲ့ တဏှာလောဘကို 'ကာမစ္ဆန္ဒ' လို့ ခေါ်တယ်။ အဲဒီ ကာမစ္ဆန္ဒ ဟာ ဘာနဲ့ဥပမာတူတုန်း ဆိုရင် စိတ်ကို အရောင်ဆိုးလိုက်တာနဲ့တူတယ်။ စိတ် ကို အရောင်ဆိုးထားပြီဆိုရင် အဲဒီစိတ်ဟာ ဘယ်လို လုပ် ကြည်မတုန်း၊ မကြည်ဘူး။ ရေကို အဝါရောင် ဆိုးလိုက်မယ်၊ အနီရောင်ဆိုးလိုက်မယ်၊ အနက်ရောင် ဆိုးလိုက်မယ်ဆို ပကတိကြည်တဲ့ရေလို မဟုတ်တော့ ဘူး။ အရောင်ဆိုးခံထားရတဲ့ရေမှာ မျက်နှာရိပ်ဟာ ပီပီ ပြင်ပြင် မထင်နိုင်သလိုပဲ ဘုန်းကြီးတို့တစ်တွေရဲ့စိတ်ကို တဏှာရာဂက လွှမ်းမိုးပြီး အရောင်ဆိုးထားမယ်ဆိုရင် မှတ်ဉာဏ်တွေဟာ အားပျော့သွားနိုင်တယ်တဲ့။ အဲဒီ အချိန်မှာ မှတ်ဉာဏ်အားပျော့သွားတယ်။

လောဘစိတ်နဲ့ တစ်စုံတစ်ခုကို တွယ်တာပြီးတော့ လုပ်ချင်နေပြီ ဆိုတဲ့စိတ်မှာ ကိုယ့်ကိုယ်ကို ဆင်ခြင် သုံးသပ်ကြည့်ပေါ့။ အဲဒီလို ကိုယ့်ကိုယ်ကို ဆင်ခြင် သုံးသပ်ကြည့်ရင် သိပ်ကို လိုချင်နေတယ်၊ သိပ်ကို တွယ်တာနေတယ်ဆိုတဲ့ စိတ်မျိုးတွေ ဖြစ်နေပြီဆိုရင် ကိုယ့်စိတ်လေးဟာ အရောင်ဆိုး ခံထားရတယ်။ ဒါကြောင့်မို့ စာကျက်လို့လည်း မရဘူး၊ မှတ်လို့လည်း မရဘူး၊ မှတ်ပြီးသား ကျက်ပြီးသားတွေလည်း ပျောက် ကုန်တယ်။ စိတ်အရောင်ဆိုးခံလိုက်ရပြီ ဆိုရင်တော့ ဒါမျိုးဖြစ်သွားမှာပဲတဲ့။

လိုချင်စရာအာရုံကို လိုချင်မှု ပြင်းထန်လာတာ 'လောဘ' လို့ခေါ်တယ်။ လောကလူတွေက လောဘ ရှိတာဟာ အပြစ်မရှိဘူးလို့ထင်တယ်၊ မဟုတ်ဘူး။ လောဘရှိလို့ရှိရင် အဲဒီလောဘနောက်မှာ ပြဿနာတွေ အများကြီးပါလာတယ်။ လိုချင်နေတဲ့ အချိန်မှာလည်း စိတ်ဟာ တည်ငြိမ်အေးချမ်းမှုမရှိဘူး။ လိုချင်တာကို ရရင်ရ၊ မရဘူးဆိုရင် ဒေါသထွက်တာပဲ။ ဒီတော့ သူ့ရဲ့ နောက်ဆက်တွဲက ဒါပဲလာမှာပဲ။ လိုချင်တာကိုရပြီ ဆိုလို့ရှိရင် ဘာဖြစ်မလဲ၊ ပီတိတွေဖြစ်ပြီး စိတ်မငြိမ် မသက်ဖြစ်မယ်၊ မငြိမ်မသက်ဖြစ်ရုံနဲ့ ဒီလောက်တင် ပြီးသလားဆိုရင် မပြီးဘူး။ ကိုယ်ရလာပြီဆိုရင် အဲဒီ အတွက် ကာကွယ်မှု၊ စောင့်ရှောက်မှုဆိုတာ တစ်ခါ လာပြန်တယ်။ မဆုံးနိုင်ဘူး။ ကိုယ်လိုချင်တာ ရလာလို့ ရှိရင် အဲဒီရလာတဲ့ အရာတစ်ခု ပျက်စီးမသွားအောင်၊ ပျောက်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ရတယ်။ တကြောင့်တကျကျ ဖြစ်နေရတဲ့ဟာက နည်းတာမှ မဟုတ်ဘဲကိုး။ ကဲ၊ လိုချင်တာကို မရဘူးဆိုရင် ဘာဖြစ် ပြန်တုန်း၊ စိတ်ဆိုးပြန်တယ်။ ဟော စိတ်ညစ်ပြန်တယ်။

အဲဒီတော့ လိုချင်မှုဆိုတဲ့ လောဘက သူရရင် ရတာနဲ့ပဲ ကျေနပ်သွားလားလို့ဆို မကျေနပ်ဘူး။ နောက်ဆက်တွဲတွေလာတယ်။ ဒါကြောင့်မို့ မြတ်စွာ ဘုရားက “ကာမစ္ဆန္ဒ နီဝရဏ” ဆိုတာဟာတဲ့ ပညာကို အားပျော့သွားစေပြီး ကြည်လင် အေးမြတဲ့ရေကို အရောင်ဆိုးပေးလိုက်သလိုပဲ စိတ်ကို အရောင်ဆိုးပေး ထားတာတဲ့။

အဲဒီလို စိတ်ကိုအရောင်ဆိုးပေးထားလို့ရှိရင် ဒီ ပုဂ္ဂိုလ်ရဲ့မှတ်ဉာဏ်တွေဟာ အားပျော့သွားမှာပဲ။ စိတ် ထဲမှာ ဒီမှတ်ဉာဏ်တွေ မှတ်ထားတဲ့ အရာတွေဟာ အကုန်လုံးအားပျော့ပြီး ပျက်ပြယ်သွားတယ်။ ဒါဖြင့် ဘာလုပ်ရမလဲ။ မှတ်ဉာဏ်တွေ ကောင်းလာအောင်၊ အားပျော့ပြီးမသွားအောင် အဲဒီ “ကာမစ္ဆန္ဒ” ကို လျော့ချ ရမယ်။ မဟာသတိပဋ္ဌာနသုတ်မှာ “နီဝရဏ ပဗ္ဗ ဓမ္မာနုပဿနာ” အခန်းမှာ မြတ်စွာဘုရား ဟောထား တာရှိရတယ်။ “နီဝရဏ” ဆိုတာ ပါဠိလိုပြောတာ။ စိတ်ရဲ့အဟန့်အတားတွေလို့ ခေါ်တာနော်။ “နီဝရဏ” အင်္ဂလိပ်လို Hinderance လို့ခေါ်တယ်။ Hinder ကုသိုလ်စိတ်တွေ မဖြစ်နိုင်အောင်၊ အသိဉာဏ်တွေ ပေါ်မလာအောင် တားမြစ်ထားတာ။ ဆိုပါစို့၊ ရေမြောင်း တွေ ဘာတွေ ပိတ်ဆို့နေပြီဆိုလို့ရှိရင် ရေမစီးဘူး။ အဲဒါ လိုပဲ ကိုယ့်စိတ်ထဲမှာ ဒီ “ကာမစ္ဆန္ဒ” ဆိုတာ ပေါ်လာ တာ။ အပိတ်ဆို့ကြီးတစ်ခု ပေါ်လာတာ။ ပိတ်ဆို့သွားပြီ ဆိုကတည်းက သူက လမ်းကြောင်းပိတ်သွားပြီနော်။ လမ်းကြောင်းပိတ်သွားတယ်။ Block ဖြစ်သွားတယ် ခေါ်တယ်။ Block ဖြစ်သွားပြီဆိုကတည်းက ကောင်း တာတွေ ဝင်လာဖို့ရာ အကြောင်းမရှိတော့ဘူးပေါ့။ အသိဉာဏ်တွေပါ တုံးသွားတယ်။ ကုသိုလ်စိတ်တွေ ဖြစ်လာဖို့ အကြောင်းမရှိဘူး။ “နီဝရဏ” ဆိုတာ အဲဒါကို ပြောတာ။

အဲဒီတော့ “ကာမစ္ဆန္ဒ” ဆိုတဲ့ “နီဝရဏ” ဖြစ်လာ တာနဲ့ တစ်ပြိုင်နက် စိတ်ဟာ ညစ်နွမ်းသွားတယ်။ စိတ် ညစ်နွမ်းသွားသည့် အတွက်ကြောင့် ခုနက ကျက်မှတ် ထားတဲ့စာတွေ၊ မှတ်သားထားတဲ့ အရာတွေဟာ မှုန်ဝါး ပြီးတော့ ပျောက်ကွယ်သွားတယ်။ ဒါကြောင့်မို့ “မဟာသတိပဋ္ဌာနသုတ် ဓမ္မာနုပဿနာ” အခန်းမှာ မြတ်စွာ ဘုရားက ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ရမယ်တဲ့။ ငါ့ သန္တာန်မှာ “ကာမစ္ဆန္ဒ” ဆိုတဲ့ လိုချင်စရာအာရုံတွေကို လိုချင်တဲ့သဘောတွေ ရှိနေသလား၊ ကြီးထွားနေ သလား။ ဒါ တစ်ချက်စဉ်းစားတဲ့။ မရှိဘူးလား ဆိုတာ လည်း စဉ်းစားတဲ့။ ရှိတယ် မရှိဘူးဆိုတာ သိရမယ်။ ဘာဖြစ်လို့တုန်းဆိုရင် ရှိရင်လျော့ချရမယ်၊ ဖယ်ရှားရ မယ်။ မရှိဘူးဆိုရင် နောက်ထပ်မရှိလာအောင် ကြိုးစား ရမယ်၊ အဟန့်အတားလုပ်ထားရမယ်။ ဒါ အရာခပ်သိမ်း ဟာ ဒီအတိုင်းပဲလေ။ ရှိ မရှိဆိုတာ အမြဲတမ်း checking လုပ်ရတယ်လေ။ မီးဖိုချောင်ထဲတောင်မှ ဆန်ရှိလား၊ ဆီရှိလား ကြည့်ရတာပဲ။ မကြည့်ရင် တစ်ခုခု ဖြစ်တာ ပဲပေါ့။ ကြိုတင်ပြင်ဆင်မှုဆိုတာ ရှိရတယ်။ အဲဒါမျိုးလိုပဲ ကိုယ့်စိတ်ထဲမှာလည်းပဲ ဒီ “နီဝရဏ” တရားရှိသလား၊ မရှိဘူးလား။ “ကာမစ္ဆန္ဒ” ရှိသလား၊ မရှိဘူးလားကြည့်။ အေး ရှိနေတယ်ဆိုရင် ဖယ်ရှားဖို့ကြိုးစားရမယ်။ မရှိဘူး ဆိုလို့ရှိရင် ဖြစ်မလာအောင် ဆို့ပိတ်ထားရမယ်။

ဒါဖြင့် နောက်တစ်ခုက ဘာတုန်းဆိုရင် ဘယ်လို ရှိနေတယ်ဆိုရင် ဘယ်လိုဖယ်ရှားမလဲ။ ရှိနေတယ်ဆိုရင် ဘယ်လိုဖယ်ရှားမလဲ။ နောက်ထပ် ဖြစ်မလာအောင် ဘယ်လိုလုပ်မလဲဆိုတာ ဟောဒီ အချက်လေးချက် “မဟာသတိပဋ္ဌာနသုတ်” မှာ “ဓမ္မာနုပဿနာ“အနေနဲ့ မြတ်စွာဘုရားက ရှုမှတ်ဖို့၊ ကိုယ့်စိတ်ကို လေ့ကျင့် မှတ်သားထားဖို့၊ သိအောင်လုပ်ဖို့ဆိုပြီးတော့ မြတ်စွာ ဘုရားက ဟောထားတယ်။ ဒါကြောင့်မို့လို့ အသိဉာဏ် ကို အားပျော့သွားစေတတ်တဲ့၊ စိတ်ကိုအရောင်ဆိုးတဲ့ သဘောမျိုးဖြစ်တဲ့ ဟောဒီ “ကာမစ္ဆန္ဒ နီဝရဏ” ဟာ ငါ့စိတ်ထဲမှာရှိနေပြီ ဆိုလို့ရှိရင် ဘာကြောင့်ရှိနေရတာ လဲ၊ မရှိတော့ဘူးဆိုရင် ဘာကြောင့်မရှိတော့တာလဲ၊ နောက်ထပ်မရှိအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာတွေ ကို ဘုန်းကြီးတို့တစ်တွေ သိအောင်လုပ်ရမယ်တဲ့။ မသိဘူး ဆိုလို့ရှိရင် ရှိမှန်းလည်းမသိဘူး၊ မရှိမှန်းလည်း မသိဘူး၊ ရှိလာရင်လည်း ဘယ်လိုထွက်ပေါက်ရှာရမှန်း မသိဘူး ဆိုလို့ရှိရင် ကိုယ်ဟာ ဘာမှမသိတဲ့ပုဂ္ဂိုလ် ဖြစ်သည့်အတွက်ကြောင့် “ကာမစ္ဆန္ဒ နီဝရဏ” ရဲ့ လွှမ်းမိုးမှုခံရပြီးတော့ ဒုက္ခတွေဖြစ်နေမှာပဲလို့ ဒီလိုဆိုလို တာနော်။ အဲဒါကြောင့်မို့လို့ ကိုယ့်စိတ်ထဲမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ သိအောင်ကြိုးစားဖို့။

ဒါဖြင့် “ကာမစ္ဆန္ဒ နီဝရဏ” ကိုယ့်သန္တာန်မှာ ရှိနေပြီး လိုချင်မှုတွေ၊ တပ်မက်မှုတွေ၊ တွယ်တာမှုတွေ။ ဆိုပါစို့၊ မျက်စိက နှစ်သက်စရာအာရုံကိုမြင်ရင် နှစ်သက် တယ်။ နားကကြားပြီး အသံလေးပေါ်မှာ သာယာ နှစ်သက်နေတယ်။ နှာခေါင်းက အနံ့၊ လျှာက အရသာ၊ ခန္ဓာကိုယ်က အထိအတွေ့၊ ဒါတွေပေါ်မှာ စွဲမက်ပြီး တမ်းတမ်းတတ ဖြစ်နေပြီ ဆိုလို့ရှိရင် ဒါ “ကာမစ္ဆန္ဒ” တွေ ကိုယ့်ရဲ့စိတ်ကို လွှမ်းမိုးနေတာခေါ်တယ်။ အဲဒီလို လွှမ်းမိုးနေပြီ ဆိုလို့ရှိရင် ဘာနဲ့လျှော့ချရမလဲ။ မြတ်စွာ ဘုရားက လျှော့ချတဲ့ နည်းစနစ်တွေကို ပေးထားတယ်။

“ကာမစ္ဆန္ဒ” ဆိုတဲ့ လောဘကို လျှော့ချဖို့ရာ အတွက်ကတော့ ပစ္စည်းဥစ္စာနဲ့ အရာခပ်သိမ်းအပေါ် မှာ ကိုယ်က ဘာကြောင့်လိုချင်မှု ဖြစ်နေရသလဲလို့ ဆိုလို့ ရှိရင် ကိုယ့်စိတ်ထဲမှာ နှစ်သက်စရာလို့ စဉ်းစားမိလို့ လိုချင်တာပေါ့။ ဒါလေးရှိရင် ကောင်းလိမ့်မယ်။ ဆိုပါစို့ အင်မတန်လှတဲ့၊ ကြည့်ကောင်းတဲ့ ဒါလေးရှိရင် စိတ်မှာ ပျော်မှာပဲလို့ စိတ်ထဲမှာ ဒီလို နှစ်သက်စရာ အခြေ အနေတွေကို ဆင်ခြင်စဉ်းစားသည့်အတွက်ကြောင့် ဒီ “ကာမစ္ဆန္ဒ” ဆိုတာ ဖြစ်လာတာ။

အဲဒီလို ဖြစ်လာရသည့်အတွက်ကြောင့် ကိုယ့်စိတ် လေးကို နည်းနည်းပြောင်းပြီးတော့ ပေးရမယ်။ ဒီ “ကာမစ္ဆန္ဒ” ကို လျှော့ချဖို့ရာတွက်၊ ဆိုပါစို့၊ စိန်နားကပ်လေးတစ်ခု သိပ်လှတယ်၊ သိပ်လိုချင်တယ်။ မရမနေ စိတ်ကဖြစ်နေတယ်ဆိုရင် ဘယ်လိုစဉ်းစားရမလဲဆိုရင် ဩော်၊ ဘယ်အရာမှမမြဲဘူး၊ တစ်နေ့ကျတော့ အားလုံး ထားပစ်ခဲ့ရမှာပဲဆိုတဲ့ အတွေးလေးနဲ့ ကြည့်လိုက်၊ အတွေးလေးနဲ့ စဉ်းစားကြည့်လိုက်။ အဲဒီ အတွေးလေး ဝင်လိုက်တာနဲ့တစ်ပြိုင်နက် ခုနက “ကာမစ္ဆန္ဒ” ဟာ လျှော့ကျသွားမှာပဲ။ Speed ကို Reduce လုပ်လိုက် သလိုပဲ High Speed နဲ့ မောင်းလာတဲ့ကားကို Brake အုပ်သလိုပဲ။ သူ့အဖြေလေးတွေနဲ့သူရှိတယ်။

လူနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားပြီးတော့ နှစ်သက်တွယ်တာနေတယ် ဆိုလို့ရှိရင်လည်း ဩော်၊ မနှစ်သက်စရာ အခြေအနေတွေကို ဆင်ခြင်စဉ်းစား ပြီးတော့ကြည့်လိုက်။ ကိုယ့်ခန္ဓာကို နှစ်သက်နေပြီ ဆိုလို့ ရှိရင်လည်း ကိုယ့်ခန္ဓာကို မနှစ်သက်အောင် စဉ်းစား ပြီးတော့ကြည့်။ ငါ့ခန္ဓာကိုယ်ကြီးဟာ နေ့စဉ်နဲ့အမျှ ရေမိုးချိုး ဖီးလိမ်းနေလို့ ခန္ဓာကိုယ်ဟာ လူကြားထဲဝင်လို့ ဖြစ်နေတာ။ သူ့သဘာဝအတိုင်းများ ပစ်ထားလိုက်မယ် ဆိုလို့ရှိရင် ကိုယ့်ဟာကိုယ်တောင် နှာခေါင်းပိတ်နေရ မယ့် အနေအထားမျိုး ရောက်နေတယ်လို့ အဲဒီလောက် စဉ်းစားပြီးတော့ကြည့်။ ခန္ဓာကိုယ်ထဲမှာ သေချာစဉ်းစား ကြည့်ရင် နှစ်သက်စရာဆိုတာ တစ်ခုမှမရှိဘူးတဲ့။ အပေါ်ယံလေး ဖုံးထားတာလေးကြောင့်မို့လို့ လူတွေ က နှစ်သက် တွယ်တာနေတာ။ အနှစ်သာရပိုင်းကို ကြည့်မယ်ဆိုရင် အလွန်ရွံစရာတွေကြီးပဲလို့ ဒီလိုဆိုလို တာ။

စာထဲပေထဲမှာ ဆိုထားတာရှိတယ်။ ခန္ဓာကိုယ်ကို အတွင်းနဲ့အပြင်များ ပြောင်းပြီးတော့ တပ်ဆင်ကြည့် လိုက်မယ် ဆိုလို့ရှိရင်တဲ့၊ ဝိုင်းအုံပြီး ထိုးဆိတ်စားကြမယ့် ကျီးကန်းတွေ ဘာတွေကို တားဆီးလို့တောင်ရမှာ မဟုတ်ဘူးတဲ့။ အပေါ်ယံက အရေပါးကလေး အုပ်ထား လို့ လှသလိုဖြစ်နေတာ။ အရောင်ဆိုတာလည်း အပေါ် က အရေပါးလေးကို ကြည့်ထားတာ။ အဲဒီ အရေပါး လေးပေါ်မှာ ထပ်ပြီးတော့ မိတ်ကပ်တို့ ဘာတို့နဲ့ ဒီလို လုပ်ထားသည့်အတွက်ကြောင့် နှစ်သက်စရာလို့ စိတ် ထဲမှာ ထင်နေတာ။ သဘာဝအတိုင်းဆိုလို့ရှိရင် နှစ်သက် စရာ တစ်ခုမှမရှိဘူးဆိုတဲ့ သဘောလေးတွေကို ဆင်ခြင် စဉ်းစားခြင်းဖြင့် “ကာမစ္ဆန္ဒ” ကို လျှော့ချနိုင်တယ်လို့ ဒီလိုပြောတာ။ လုံးဝမဖယ်နိုင်သေးတောင် လျှော့ချပစ် လို့ရှိရင် လျှော့ချနိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ပြဿနာ တွေ အများကြီး အေးသွားနိုင်တယ်တဲ့။ ဟော၊ အသိဉာဏ်တွေဟာ ပြန်ပြီးတော့ ပွင့်လင်းလာနိုင်တယ် လို့ မြတ်စွာဘုရားက ဒီလိုဟောတာ။

အဲဒါကြောင့်မို့လို့ အဲဒီနည်းစနစ်တွေဟာ သာမန် အားဖြင့် ပြောမယ်ဆိုရင်တော့ ဒါ ကမ္မဋ္ဌာန်းရှုတယ်လို့ ထင်ကောင်းထင်ကြလိမ့်မယ်။ မဟုတ်ဘူး။ လူ့လောက မှာ ကြည့်လေ၊ “ကာမစ္ဆန္ဒ” ကို မတွန်းလှန်နိုင်လို့ ပြဿနာတွေ ဖြစ်တယ်၊ ရာဇဝတ်မှုတွေ ဖြစ်တယ်၊ လူမှုရေးပြဿနာတွေဖြစ်တယ်။ အဲဒါတွေဟာ အခုလို ဆင်ခြင်သုံးသပ်ပြီးတော့ ထားမယ်ဆိုရင် လောကမှာ ပြဿနာတက်စရာအကြောင်း တစ်ခုမှမရှိတော့ဘူးတဲ့။ လောကမှာလည်း အေးချမ်းတယ်။ နောက်ဆုံးမှာ ဒီ “ကာမစ္ဆန္ဒ” ဆိုတဲ့ စိတ်ကိုအရောင်ဆိုးတဲ့ သဘာဝ တရားကြီးကို ရှင်းပစ်လိုက်တာနဲ့တစ်ပြိုင်နက် စိတ်ရဲ့ အေးချမ်းမှုဟာ အပြည့်အဝရလာမှာပါ။ အခု လောက လူတွေ စိတ်အေးချမ်းမှု မရဘူး။ သောကတွေနဲ့နေကြ ရတယ်ဆိုတာ ဘာကြောင့်နေကြရတာတုန်း ဆိုလို့ရှိရင် “ကာမစ္ဆန္ဒ နီဝရဏ” ရင်ထဲမှာရှိနေလို့ ဖြစ်နေတာ။ လိုချင်တာ၊ တွယ်တာတာကို အကြောင်းပြုပြီးတော့ နောက်က သောကဆိုတာ လာတာတဲ့။ လိုချင်မှု၊ တွယ်တာမှု၊ နှစ်သက်မှု မရှိဘဲနဲ့ သောက လာတယ် ဆိုတာ မရှိဘူးတဲ့နော်။ အတွယ်အတာရှိတဲ့ နေရာမှ သောကဆိုတာဖြစ်တာ။ အတွယ်အတာမရှိတဲ့နေရာမှာ သောကဆိုတာ မဖြစ်ဘူးတဲ့။ ဒါကတော့ အင်မတန်မှ ထင်ရှားတယ်ပေါ့။

အေး၊ ဒါကြောင့်မို့ အသိဉာဏ်တွေ၊ မှတ်ဉာဏ် တွေ ကောင်းလာအောင် ကိုယ်လုပ်ရမယ့်ဟာ ဘာလဲ ဆိုလို့ရှိရင် ကိုယ့်သန္တာန်မှာရှိတဲ့ “ကာမစ္ဆန္ဒ” ကာမဂုဏ် အာရုံတွေအပေါ်မှာ စိတ်ဆန္ဒပြင်းနေတာကို လျှော့ချ ပေးပါတဲ့။ အဲဒါ လျှော့ချပေးနိုင်လို့ရှိရင် မှတ်ဉာဏ်တွေ ပြန်ကောင်းလာနိုင်တယ်တဲ့။ ဒါတစ်ခု။ ကလေးလေး တွေ စာကျက်လို့မရဘူး ဆိုပါစို့။ ဘာဖြစ်လို့တုန်း၊ ပွဲ ကြည့်ချင်တယ်၊ ရုပ်ရှင်ကြည့်ချင်တယ်၊ ရုပ်ရှင်ထဲ စိတ်ဝင်စားနေတယ်။ တစ်ခုခု နှစ်သက်စရာအာရုံ အပေါ်မှာ စိတ်ဟာ မေ့မောနေတယ်။ စာကျက်လို့ ဘယ်ရမလဲ။ ဒါ “ကာမစ္ဆန္ဒ” လွှမ်းမိုးတယ်လို့ ခေါ်တာ ပဲပေါ့။ နာမည်နဲ့ အမျိုးမျိုးတပ်လိုက်မယ်ဆိုရင်တော့ အများကြီးဖြစ်သွားမှာပေါ့။ မြတ်စွာဘုရားက ခြုံပြီးတော့ ဟောတာ။ “ကာမစ္ဆန္ဒ” ဆိုတဲ့ စကားလုံးလေး တစ်လုံး ထဲနဲ့ ခြုံဟောတာနော်။ အားလုံးဟာ လောကမှာ လူတွေ ကြုံနေတဲ့ အနေအထားတစ်ခုကို မြတ်စွာဘုရားရှင် ဟောတာ။

ဒေါသစိတ်ကို ငြိမ်သက်အောင်လုပ်ခြင်း

ကဲ၊ ကောင်းပြီ။ နောက်တစ်ခုကို စဉ်းစားကြည့်။ “ကာမစ္ဆန္ဒ” တော့မရှိဘူး။ နောက် စိတ်မှာ အနှောင့် အယှက်တစ်ခုက ဘာလည်းဆိုလို့ရှိရင် လိုချင်တာရရင် ကျေနပ်နေတယ်။ လိုချင်တာမရဘူးဆိုရင် ဘာဖြစ်လဲ၊ စိတ်ကဗလောင်ဆူလာတယ်။ ကြည့်လေ၊ ကလေးလေး တွေ သူတို့လိုချင်တာ အမေအဖေဆီက တောင်းမရဘူး ဆိုလို့ရှိရင် ဘာဖြစ်လဲ၊ စာလည်းကျက်မှာ မဟုတ်ဘူး နော်။ မပေးဘူးဆိုရင် ဘာဖြစ်တုန်း၊ စိတ်ကောက်တယ် လို့ ခေါ်တာပေါ့။ အဲဒီ စိတ်ကောက်နေတဲ့အချိန်ဆိုရင် ဘာမှလည်း စာကျက်လို့လည်း ရမှာမဟုတ်ဘူး။ မှတ်လို့ လည်း ရမှာမဟုတ်ဘူး။

လူကြီးတွေလည်း စိတ်ဆိုးနေပြီ၊ စိတ်အလိုမကျ ဖြစ်နေပြီ ဆိုလို့ရှိရင် စဉ်းစားဉာဏ်တွေဟာ ပျောက်ကွယ် သွားမှာ။ အဲဒါဟာ ဘာနဲ့ဥပမာတူတုန်းဆိုရင် ရေတွေ ဆူပွက်နေတာနဲ့ တူတယ်တဲ့။ ကိုယ့်ရဲ့ စိတ်အခြေအနေ ဟာ ဒေါသမီးနဲ့ ဆူပွက်ပြီးတော့နေပြီ ဆိုလို့ရှိရင် မှတ်ဉာဏ်တွေဟာ ပျောက်ကွယ်သွားမှာပဲ။ ဒါကြောင့် မို့လို့ သူ့ကို ဆူပွက်နေတဲ့ အနေအထားကြီး “ဗျာပါဒ” ဆိုတဲ့ မုန်းတီးမှု၊ အလိုမကျမှုဆိုတာတွေကို လျှော့ချ ပေးဖို့ လိုအပ်တယ်။

ဘာနဲ့လျှော့ချရမလဲ ဆိုလို့ရှိရင် ကြည့်၊ လူ တစ်ယောက်ယောက်အပေါ်မှာ မုန်းနေပြီ၊ မုန်းတီးတဲ့ စိတ်၊ အလိုမကျတာတွေဖြစ်နေပြီ ဆိုလို့ရှိရင် ကောင်း ကွက်ကိုရှာ၊ မေတ္တာပွားတဲ့။ လူတိုင်းလူတိုင်းဟာ အဆိုး ကြီးပဲ ဘယ်တော့မှမရှိဘူး။ အကောင်းရှိတယ်။ ကောင်း တာလေးကို ကြည့်လိုက်လို့ရှိရင် မကောင်းတာတွေကို မေ့ထား၊ ကောင်းတာလေးတင် ကွက်ပြီးတော့ကြည့်။ ကြည့်လိုက်တာနဲ့တစ်ပြိုင်နက် ခုနတုန်းက ဆူပွက်နေတဲ့ ရေဟာ မီးကိုလျှော့ချလိုက်တဲ့အခါမှာ တဖြည်းဖြည်း ငြိမ်ပြီးတော့ ပွက်နေရာက ငြိမ်ကျသွားသလိုပဲ၊ မီးကို လျှော့လိုက်သလိုပဲ ကိုယ့်ရဲ့ရင်ထဲက အလိုမကျမှုကို ကောင်းတဲ့အာရုံလေးနဲ့ ပြောင်းယူလိုက်တာနဲ့ တစ်ပြိုင် နက် ခုနကစိတ်ဟာ တဖြည်းဖြည်း ငြိမ်ကျသွားတယ်။ “ကောင်းကွက်ကိုရှာ မေတ္တာကိုပွား” “သတ္တာနံ မနာပ ဘာဝဒဿန ပဒဋ္ဌာနာ” မေတ္တာဖြစ်ဖို့ရာအတွက် ကောင်းကွက်ကလေးပဲ ကြည့်ရမယ်။ လူဆိုတာ အဆိုး နဲ့အကောင်း အမြဲတမ်း ရောထွေးပြီးနေတတ်တယ်။ ဒီလူမှာ ကောင်းတာရှိသလို ဆိုးတာလည်းရှိတယ်။ ဆိုးတာတွေကို မကြည့်နဲ့၊ မေ့ထားလိုက်။ ကောင်းတာ လေးပဲ ကြည့်နော်။

အခု ကောင်းတာကို ရှာမတွေ့တော့ဘူးလို့ဆိုတဲ့ အဆိုးချည်းကို စိတ်ထဲမှာ သတ်မှတ်လို့ရှိရင်လည်း ဘာလုပ်ရမလဲ။ သနားတဲ့စိတ် ထားရမယ်။ ဒါပဲပေါ့။ အဲဒီလို ဆူပွက်နေတဲ့စိတ်ကို ဆူပွက်စေတတ်တဲ့ 'ဒေါသ' ဆိုတဲ့ အလိုမကျမှုကို ဘာနဲ့ဖြေရှင်းရမတုန်းဆိုလို့ရှိရင် ကိုယ့်စိတ်ထဲမှာ ငြိမ်ဝပ်သွားစေနိုင်တဲ့ သူ့ရဲ့ အကျိုး စီးပွားကို လိုလားမှုဆိုတဲ့ မေတ္တာတရားနဲ့ပဲ ဖြေရှင်းရ မယ်တဲ့။

အဲဒီ 'ဗျာပါဒ' ဆိုတာလည်း 'နီဝရဏ' တရား တစ်ခုပဲ။ စိတ်ထဲမှာ အလိုမကျဖြစ်နေပြီဆိုရင် ပညာ တွေ အားပျော့သွားတယ်။ အဲဒီ အားပျော့သွားတဲ့ ပညာတွေ၊ မှတ်ဉာဏ်တွေဟာ လေးသွားတတ်တယ်၊ မှတ်ဉာဏ်မကောင်းတာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် မို့ မှတ်ဉာဏ်ကောင်းလာစေရန်အတွက် ဘာကိုလျှော့ချ ရမလဲဆိုရင် အလိုမကျမှုဆိုတဲ့ 'ဗျာပါဒ' ကို လျှော့ချ ရမယ်။ ဘာနဲ့လျှော့ချရမလဲဆိုရင် မေတ္တာနဲ့ လျှော့ချ ရမယ်။ မေတ္တာဆိုတာ အကျိုးစီးပွားကို လိုလားတဲ့ သဘောပဲ။ မေတ္တာထားပြီ ဆိုလို့ရှိရင် ကောင်းကွက်ကို ရှာပြီးတော့ မေတ္တာထားရမယ်။

ရှင်သာရိပုတ္တရာက သုတ္တန်တစ်ခုမှာ ဟောထား တယ်။ ဥပမာလေးနဲ့ နားလည်အောင် ရှင်းပြတယ်။ “လူတစ်ယောက် ခရီးသွားတယ်၊ ရေသိပ်ဆာနေတယ်။ ရေသိပ်ဆာနေတဲ့အချိန်မှာ ရေကန်ကြီးတစ်ကန် သွား တွေ့တယ်။ အဲဒီရေကန်ကြီးမှာလည်း ရေပြင်ကြီးတစ်ခု လုံးကို မှော်တွေက ဖုံးနေတယ်။ ရေကလည်း သောက် ချင်တယ်။ အဲဒီရေကန်ကြီးထဲဆင်းပြီး လှုပ်လိုက်မယ် ဆိုလို့ရှိရင်လည်း အောက်ကလည်း အနည်တွေ တက် လာနိုင်တယ်။ အဲဒီတော့ ဘယ်လိုလုပ်တုန်းဆိုရင် မှော်လေးတွေကို လက်နဲ့အသာယက်ဖယ်ပြီး မှော်တွေ ကင်းသွားတဲ့ ရေလေးကိုမှ အသာလေးသောက်တယ် တဲ့။” အဲဒီလိုသောက်ပြီးတော့ သူ့ရဲ့ဆာလောင်မွတ်သိပ် မှုကို ဖြေဖျောက်တယ်ပေါ့။ အဲဒီလိုပဲ လောကလူတွေ ဟာ “အဆိုးနဲ့အကောင်း၊ အပြစ်နဲ့ဂုဏ်” ဆိုတာ ရောထွေးပြီးတော့နေတယ်။ ဒါကြောင့်မို့ အပြစ်တွေကို အသာလေးဖယ်၊ ကောင်းတာလေး၊ ကောင်းကွက် ကလေးကိုယူပြီး မေတ္တာပွားနိုင်အောင် ကြိုးစားပါလို့ ဒီလိုဥပမာပေးပြီးတော့ ဟောထားတယ်။

ဟုတ်တယ်လေ၊ လောကမှာ အပြစ်ကိုကြည့်နေလို့ ရှိရင် ဘယ်တော့မှ မေတ္တာထားနိုင်မှာ မဟုတ်ဘူး။ အဲဒါ ကြောင့်မို့လို့ အပြစ်ကိုမရှာနဲ့၊ အကောင်းရှာပြီးတော့ မေတ္တာထားနိုင်အောင် ကြိုးစားတဲ့။ အဲဒီလို မေတ္တာ ထားနိုင်အောင်ကြိုးစားမှ ကိုယ့်ရဲ့စိတ်ကလေးဟာ ခုနကဆူပွက်နေတဲ့ရေလို မဖြစ်ဘဲနဲ့ အေးချမ်းငြိမ်သက် လာတဲ့ရေသဘောမျိုး ဖြစ်လာပြီးတော့ စိတ်လေး ငြိမ်လာပြီဆိုလို့ရှိရင် မှတ်ဉာဏ်တွေလည်း တက်လာ မှာပဲတဲ့။ မြတ်စွာဘုရားက ဒီလိုဟောတာနော်။

စိတ်အားလျော့ကျခြင်းနှင့် ပျင်းရိခြင်းကို ဖယ်ရှားခြင်း

ကဲ၊ နောက်တစ်ခု ဘာတုန်းဆိုလို့ရှိရင် စိတ်ဟာ အမှောင်ထဲရောက်နေတယ်။ ရေပြင်ကြီးဟာ အမှောင် ထဲ ရောက်နေတယ်။ ညအခါမှာဆိုလို့ရှိရင် ရေကမ်းစပ် ကို သွားရပ်ပေမယ့်လို့ မှောင်နေသည့်အတွက်ကြောင့် လူရိပ်ဟာ ပေါ်မှာမဟုတ်ဘူး။ အဲဒါမျိုးလို အမှောင်ထဲ ရောက်နေလို့ရှိရင်လည်း မပေါ်နိုင်ဘူးတဲ့။ အမှောင်ထဲ ရောက်နေတယ်ဆိုတာ ဘာလဲလို့ဆိုရင် လူတွေရဲ့စိတ် ထဲမှာ 'ထိန နဲ့ မိဒ္ဓ' ဖြစ်နေတာတဲ့။ 'ထိန' ဆိုတာ စိတ်ရဲ့တွန့်ဆုတ်သွားမှု၊ 'မိဒ္ဓ' ဆိုတာ စေတသိတ်တွေ ရဲ့ အားပျော့ တွန့်ဆုတ်သွားမှု၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင် စိတ်တွေဟာ အလုပ်မလုပ်နိုင်တော့ ဘဲနဲ့ စိတ်တွေဟာ လျှော့ကျသွားတာ။ စိတ်တွေလျှော့ကျ သွားရုံမကဘူး၊ ရုပ်ခန္ဓာကိုယ်ပါ တောင့်တင်းမှုမရှိတော့ ဘဲနဲ့ လျှော့ကျသွားတာ။ ဒီနှစ်ခုကို 'ထိန နဲ့ မိဒ္ဓ' လို့ ခေါ်တယ်။ စိတ်မပါတော့ဘူး၊ စိတ်မဝင်စားတော့ဘူး။ 'ထိန' ဖြစ်တာ။ အဲဒီလို 'ထိန' ဖြစ်လာတာနဲ့တစ်ပြိုင် နက် ဘာဖြစ်လာတုန်းဆို စိတ်မဝင်စားရင် ပျင်းလာပြီး တော့ အိပ်ငိုက်လာတယ်၊ အိပ်ချင်တယ်တို့ ဖြစ်သွား ရော။ အဲဒီလို ဖြစ်သွားမှုကလည်းပဲ ခုနက စိတ်ဟာ အမှောင်ထဲရောက်သွားတဲ့သဘောပဲ။ အဲဒီ အမှောင်ထဲ ရောက်သွားတဲ့စိတ်ဟာ ဘယ်လိုမှ အသိဉာဏ်တွေ ထင်ဟပ်နိုင်မှာ မဟုတ်ဘူးတဲ့။

ဒါကြောင့်မို့ အသိဉာဏ်တွေ ထင်ဟပ်လာနိုင်တာ မဖြစ်သောကြောင့် အမှောင်ထဲရောက်နေတဲ့စိတ်ကို ဆွဲထုတ်ရမယ်။ အလင်းထဲရောက်အောင် ပို့ထားရမယ်၊ အလင်းထဲရောက်အောင် ဘယ်လိုပို့မတုန်းဆိုရင် မအိပ် ချင်အောင် ကြိုးစားတဲ့သဘောပေါ့။ 'ထိန နဲ့ မိဒ္ဓ' ဝင်လာ ရင် စိတ်လန်းဆန်းအောင် ကြိုးစားတဲ့သဘော။ ဒါ မအိပ်ရဘူးလို့ပြောတာ မဟုတ်ဘူးနော်။ ကုသိုလ်ရေး မှာ စိတ်မပါတော့ဘူးဆိုရင် စိတ်ပါလာအောင် ကြိုးစား ပေးရမယ်လို့ ဒီလိုပြောတာနော်။ စိတ်ပါလာအောင် ကြိုးစားရမယ်။ စိတ်ကို လတ်ဆတ်လာအောင် လေ့ကျင့် ပေးရမယ်။ အဲဒီလို လေ့ကျင့်ပေးလာလို့ရှိရင် ဘယ် အလုပ်ပဲလုပ်လုပ် ကမ္မဋ္ဌာန်းထိုင်တာပဲဖြစ်ဖြစ် ကောင်း တဲ့ လုပ်ငန်းတွေလုပ်ရင် စိတ်ဟာ လန်းဆန်းတက်ကြွ ပြီးတော့နေတယ်။

အခုခေတ်တော့ တရားနဲ့မလုပ်ဘဲနဲ့ စိတ်တက်ကြွ တဲ့ ဆေးတွေကို သုံးပြီးတော့ လုပ်တာမျိုးတွေလည်း ရှိကြတယ်ပေါ့။ အဲဒါမျိုး မဟုတ်ဘဲနဲ့ သဘာဝ စိတ် ကလေးကို လန်းဆန်းလာအောင် လေ့ကျင့်ပြီးတော့ ပေးရမယ်တဲ့။ အဲဒီလို လေ့ကျင့်ပေးနိုင်လို့ရှိရင် ခုနက အမှောင်ထဲရောက်နေတဲ့ အနေအထားမျိုး မဖြစ်တော့ ဘဲနဲ့ ကိုယ့်ရဲ့မှတ်ဉာဏ်တွေဟာ အင်မတန်မှ လန်းလန်း ဆန်းဆန်း ဖြစ်လာပြီးတော့ မှတ်ဉာဏ်တွေဟာ ကောင်း လာနိုင်တယ်။

'ထိန မိဒ္ဓ' ကို ပယ်ဖျောက်တယ်ဆိုတာ ဘာနဲ့ ပယ်ဖျောက်မလဲ ဆိုလို့ရှိရင် စိတ်ကို လန်းဆန်းတက်ကြွ လာတဲ့ အာရုံတစ်ခုခုနဲ့၊ ဆိုပါတော့၊ ကြည်နူးစရာ ကောင်းတဲ့ ဘုရားအာရုံနဲ့ဖြစ်စေ၊ တရားအာရုံနဲ့ဖြစ်စေ အာရုံတစ်ခုခုနဲ့ ကိုယ့်ရဲ့ 'ထိန မိဒ္ဓ' စိတ်အားလျော့ကျ မှုတွေကို စိတ်အားတက်လာအောင် လုပ်ဆောင်ပြီး တော့ပေးတဲ့ နည်းစနစ်ကိုပြောတာ။ အဲဒီလို လုပ်ပေး မယ် ဆိုလို့ရှိရင် မှတ်ဉာဏ်တွေဟာ ပြန်ပြီးတော့ ကောင်းလာမှာပဲလို့ ဒီလိုပြောတာ။

စိတ်မငြိမ်ခြင်းကို ထိန်းချုပ်ခြင်း

ဟော၊ နောက်တစ်ခုက ဘာလဲလို့ဆိုရင် 'ဥဒ္ဓစ္စ ကုက္ကုစ္စ' လို့ခေါ်တယ်။ 'ဥဒ္ဓစ္စ' ဆိုတာ စိတ်တွေလွင့်တာ။ လွင့်ပျံ့နေတာ။ စုစည်းလို့မရအောင် စိတ်တွေလေးနေ တာကို 'ဥဒ္ဓစ္စ' လို့ခေါ်တယ်။ 'ကုက္ကုစ္စ' ဆိုတာ တစ်စုံ တစ်ခုအတွက် စိတ်ထဲမှာ နောင်တရနေတာ။ ပူပန် နေတာ။ စိတ်ထဲမှာ ပူပန်မှုဖြစ်နေတယ်။ အဲဒီ 'ဥဒ္ဓစ္စ နဲ့ ကုက္ကုစ္စ' နှစ်ခုဖြစ်နေပြီဆိုလို့ရှိရင် စိတ်ဟာငြိမ်းချမ်းမှု မရှိဘူး။ အဲဒီ ငြိမ်းချမ်းမှုမရှိတဲ့စိတ် ပေါ်လာတာနဲ့ တစ်ပြိုင်နက် မှတ်ဉာဏ်တွေဟာ ပျက်စီးသွားနိုင်တယ် ပေါ့။ အသိဉာဏ်တွေဟာ ပေါ်မလာနိုင်ဘူးတဲ့။ ဒါကြောင့်မို့ စိတ်ငြိမ်သက် ငြိမ်းချမ်းမှုကို ပျက်စီးသွားစေ တတ်တဲ့ ဒီ စိတ်လွင့်ပျံ့နေမှု၊ လုပ်မိတဲ့ကိစ္စတစ်ခုအပေါ် မှာ နောင်တရနေမှု၊ ပူပန်နေမှုဆိုတာတွေ အဲဒါတွေကို ပယ်ဖျောက်ရမယ်တဲ့။

ဘာနဲ့ပယ်ဖျောက်ရလဲဆိုရင် အလွယ်တကူပြောရ မယ် ဆိုလို့ရှိရင်တော့ အဲဒီလို စိတ်ထဲမှာ မငြိမ်မသက် ဖြစ်နေပြီ ဆိုလို့ရှိရင် အေးအေးဆေးဆေးလေး Relex လုပ်တာမျိုးလိုပေါ့။ တစ်နေရာလေးမှာ သူ့ရဲ့စိတ် ကလေးကို အားလုံး ခန္ဓာကိုယ်ကို လျှော့ချထားပြီးတော့ ဘာလုပ်ရမလဲ။ ထွက်လေဝင်လေလေးကိုမှတ်ပြီး စိတ် ကလေးငြိမ်အောင် ကြိုးစားတာပေါ့။ သမာဓိ ကျင့်စဉ် လေးတစ်ခုကို ကျင့်ရမယ်လို့ပြောတာ။ သမာဓိလုပ်ငန်း လေးတစ်ခုကို လုပ်လိုက်လို့ရှိရင် ခုနက အနေအထား တွေကို ကျော်လွှားသွားနိုင်ပါတယ်တဲ့။ ဒါက လေ့ကျင့် ပေးရမှာကိုပြောတာ။ အဲဒီလို လေ့ကျင့်ပေးလိုက်လို့ ရှိရင် စိတ်ကလေးက ပြန်ပြီးတော့ ငြိမ်သက်လာတယ်၊ အေးချမ်းလာတယ် ဆိုလို့ရှိရင် ခုနက မှတ်ဉာဏ်တွေ ဟာ ပြန်ပြီးတော့ကောင်းလာနိုင်တယ်။

အဲဒီတော့ စိတ်တွေမငြိမ်မသက် ဖြစ်နေတာဟာ ဘာနဲ့ဥပမာတူတုန်းဆိုရင် လေတိုက်ခတ်လို့ ရေပြင်ဟာ မငြိမ်မသက်ဖြစ်ပြီးတော့ လှိုင်းဂယက်တွေ ထ,နေတာနဲ့ သွားတူတာပေါ့။ လှုပ်ရှားယောက်ယက်ခတ်နေတဲ့ ရေပြင်မှာ ထင်လာတဲ့အရုပ်ဟာ ဘယ်လိုမှ တည်ငြိမ်တဲ့ အရုပ် မထင်ဘူး။ လှုပ်ရှားယောက်ယက်ခတ်နေပြီ ပီပီ ပြင်ပြင်ထင်မှာ မဟုတ်ဘူးတဲ့။ ဒါကြောင့်မို့လို့ စိတ်ရဲ့ လှုပ်ရှားယောက်ယက်ခတ်နေတဲ့ သဘောမျိုးဖြစ်တဲ့ 'ဥဒ္ဓစ္စ ကုက္ကုစ္စ' တို့ကို ဖယ်ရှားနိုင်အောင် ကြိုးစားရမယ် တဲ့။ အဲဒီလို ကြိုးစားခြင်းဖြင့် ကိုယ့်စိတ်ကလေးဟာ တည်ငြိမ်လာနိုင်တယ်။ တည်ငြိမ်လာတာနဲ့တစ်ပြိုင်နက် မှတ်ဉာဏ်လည်းပဲ ကောင်းလာမယ်လို့ ဒီလို မြတ်စွာ ဘုရားကဟောတာ။

သံသယဖြစ်ခြင်းကို ရှင်းလင်းခြင်း

နောက်တစ်ခုကျတော့ 'ဝိစိကိစ္ဆာ' လို့ခေါ်တယ်။ 'ဝိစိကိစ္ဆာ' ဆိုတာ “ဘာလုပ်ရမလဲ၊ ဘာမလုပ်ရဘူးလဲ” နဲ့ စဉ်းစားဆင်ခြင်လိုက်တဲ့အခါမှာ ဆုံးဖြတ်ချက် မပေး နိုင်ဘူး၊ သံသယတွေဖြစ်နေတာ၊ သို့လော သို့လော သံသယဖြစ်နေတာ။ အဲဒီလို သံသယဖြစ်ပြီးတော့ မဆုံးဖြတ်နိုင်ဘဲနဲ့ တွေဝေနေတဲ့ 'ဝိစိကိစ္ဆာ' သဘောမျိုး ပေါ်လာပြီ ဆိုလို့ရှိရင် အသိဉာဏ်တွေဟာ တုံးသွား တတ်တယ်တဲ့။ မှတ်ဉာဏ်တွေဟာလည်း ပျောက်ကွယ် သွားနိုင်တယ်။

သံသယ ဆိုတဲ့ နေရာမှာလည်းပဲ ဒီနေရာမှာ “ဘုရားဆိုတာရော တကယ်ဟုတ်ကဲ့လား၊ အမှန်တရား ကို ဟောတဲ့အတိုင်း လိုက်နာကျင့်သုံးရင်ရော တကယ် အကျိုးရှိရဲ့လား” ဆိုတဲ့ အတွေးတွေ ဝင်လာပြီးတော့ ကိုယ့်ဟာနဲ့ကိုယ် မဆုံးဖြတ်နိုင်လို့ရှိရင် စိတ်ပင်ပန်း နေတတ်တယ်။ အဲဒီလို စိတ်ပင်ပန်းတာ၊ သံသယတွေ ဖြစ်ပြီးတော့ သို့လောသို့လော တွေးတောပြီးတော့ ဆုံးဖြတ်ချက် မချနိုင်ဘဲနဲ့ ဖြစ်နေတာဟာလည်းပဲ စိတ် ရဲ့ လှုပ်ရှားမှုတစ်ခုပဲတဲ့။

အဲဒါ ဘာနဲ့ဥပမာတူတုန်း ဆိုလို့ရှိရင် စိတ်ဟာ ကြည်လင်ပြီးတော့ ငြိမ်သက်နေမယ့်အစား ရွှံ့တွေ၊ နွံတွေနဲ့ စိတ်ဟာ ညစ်နူးနေတာနဲ့ အလားတူတယ်။ အဲဒီလို စိတ်တွေဟာ ညစ်နူးပြီးတော့ ရွှံ့ညွန်တွေနဲ့ ရောထွေးနေတဲ့ရေပြင်မှာ ရုပ်အသွင်ဟာ မထင်ရှားနိုင် သလိုပဲ 'ဝိစိကိစ္ဆာ' ဆိုတဲ့ ရွှံ့ညွန်တွေ ကိုယ့်ရဲ့စိတ်အစဉ် ထဲမှာ ရောက်နေပြီဆိုရင် လူဟာ ဘယ်အရာကိုမှ ပြတ်ပြတ်သားသား သိနိုင်စွမ်း မရှိတော့ဘူးတဲ့။ ဒါကြောင့်မို့ အဲဒီ 'ဝိစိကိစ္ဆာ' ဆိုတာကို ဖယ်ရှားနိုင်အောင် ကြိုးစားရမယ်။

အဲဒီလို ဖယ်ရှားနိုင်အောင် ဘာလုပ်ရမလဲလို့ မေးလာလို့ရှိရင် တရားနာရတယ်တဲ့။ တရားစာအုပ်တွေ ဖတ်ရမယ်၊ မသိတာတွေကို မေးရတယ်၊ မြန်းရတယ်။ မေးမြန်းခြင်း၊ လေ့လာခြင်း၊ စူးစမ်းခြင်း၊ တရားနာခြင်း၊ တရားနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်း အသိဉာဏ် ပေးတာတွေနဲ့ ပတ်သက်ပြီးတော့၊ ဆိုလိုတာကတော့ လေ့လာရတယ်၊ မေးမြန်းရတယ်၊ စူးစမ်းရတယ်၊ စာ ဆိုတာလည်း ဖတ်ရတယ်။ ဖတ်ရုံတင် မပြီးသေးဘူး၊ ကိုယ်စဉ်းစားထားတဲ့ အချက်တွေ၊ စဉ်းစားမိတဲ့အချက် တွေကို မေးရမယ်၊ မြန်းရမယ်တဲ့။ အဲဒီလိုမှ လူရဲ့ အသိဉာဏ်ဟာ ဖွံ့ဖြိုးလာတယ်။ အသိဉာဏ်ဖွံ့ဖြိုးလာ မှ သို့လောသို့လော တွေးတော ယုံမှားခြင်းဆိုတာ ပျောက်ကင်းသွားနိုင်ပါတယ်တဲ့။

ဒါကြောင့်မို့လို့ သံသယပျောက်ကင်းဖို့ရာအတွက် မေးမြန်းခြင်း၊ လေ့လာခြင်း၊ စူးစမ်းခြင်းဟာ ဒါ မှန်ကန် တဲ့ နည်းစနစ်တစ်ခုပဲ။ အဲဒီ သင်ယူခြင်း၊ မှတ်သားခြင်း၊ လေ့လာခြင်းဖြင့် 'ဝိစိကိစ္ဆာ' ဆိုတဲ့ စိတ်ရဲ့အညစ်အကြေး တစ်ခုကို ဖယ်ရှားပစ်လိုက်နိုင်ပြီဆိုရင် အသိဉာဏ်ဟာ လည်းပဲ ပွင့်လင်းပြီးတော့လာမှာပဲ။ အဲဒီ ပွင့်လင်းလာ တဲ့ အသိဉာဏ်ရှိလာတာနဲ့ တစ်ပြိုင်နက် မှတ်ဉာဏ်တွေ လည်း ကောင်းလာမှာပဲလို့ ဒီလို မြတ်စွာဘုရားက ဟောတာ။

နိဂုံးချုပ်

ဒါကြောင့်မို့လို့ တရားချစ်ခင် သူတော်စင်ပရိသတ် တို့အနေနဲ့ ဒီ 'နီဝရဏငါးပါး' လို့ခေါ်တဲ့ 'ကာမစ္ဆန္ဒ နီဝရဏ' လိုချင်စရာ အာရုံတွေကို လိုချင်တပ်မက်မှု ပြင်းထန်မှု။ လိုချင်တာတွေ မရတဲ့အခါမှာ စိတ်ထဲမှာ ပြင်းပြင်းပျပျ အလိုမကျဖြစ်မှု 'ဗျာပါဒ'။ ကောင်းတဲ့ လုပ်ငန်းတွေမှာ စိတ်ဟာ လန်းဆန်းတက်ကြွမှု မရှိဘဲ နဲ့ စိတ်ဆုတ်နစ်ပြီး လျော့ကျနေမှု 'ထိန မိဒ္ဓ'။ 'ဥဒ္ဓစ္စ ကုက္ကုစ္စ' စိတ်ဟာ ပျံ့လွင့်နေပြီးတော့ စိတ်ငြိမ်းချမ်းမှုကို မရတာ။ 'ဝိစိကိစ္ဆာ' ဘယ်အရာကိုမှ ဆုံးဖြတ်နိုင်စွမ်း မရှိဘဲနဲ့ အရာခပ်သိမ်းအပေါ်မှာ သံသယဖြစ်ပြီးတော့ သို့လောသို့လော တွေးတောပြီး မဆုံးဖြတ်နိုင်တဲ့ စိတ် အားပျော့မှု။ အဲဒီ သဘာဝတရားတွေကို မလျှော့ချနိုင် သေးသမျှ ကာလပတ်လုံး ဘုန်းကြီးတို့တစ်တွေရဲ့ မှတ်ဉာဏ်တွေဟာ ကောင်းလာကြမှာ မဟုတ်ဘူးတဲ့။ အဲဒီ သဘာဝတရားတွေကို ဖယ်ရှားပစ်လိုက်ပြီဆိုရင် မှတ်ဉာဏ်တွေဟာ ကောင်းလာမှာဖြစ်တယ်။

ဒါကြောင့်မို့ 'မှတ်ဉာဏ်ကောင်းအောင် ကျင့်ဆောင် ခြင်း' ဆိုတာ 'နီဝရဏတရားငါးပါး' ကို ဖယ်ရှားပစ်ဖို့ ကြိုးစားရမယ်။ 'ကာမစ္ဆန္ဒ' မတင့်မတယ် လူပေါ်မှာ တွယ်တာမှုဖြစ်လို့ရှိရင် မတင့်တယ်မှုကို ဆင်ခြင်စဉ်းစား ရမယ်။ ပစ္စည်းပေါ်မှာတွယ်တာမှုဖြစ်ရင် အနိစ္စသဘော နဲ့ လျှော့ချရမယ်။ 'ဗျာပါဒ' ဖြစ်ရင် မေတ္တာနဲ့လျှော့ချ ရမယ်။ 'ထိန မိဒ္ဓ' ဖြစ်လို့ရှိရင် စိတ်ကိုလန်းဆန်း တက်ကြွ စေတဲ့ အာရုံနဲ့ ပြောင်းပေးရမယ်။ 'ဥဒ္ဓစ္စ ကုက္ကုစ္စ' ဖြစ်လာ ရင် သမာဓိအာရုံနဲ့ စိတ်ကိုပြောင်းပေးရမယ်။ 'ဝိစိကိစ္ဆာ' ဖြစ်လာရင် ပညာတိုးတက်လာအောင် မေးမြန်းရမယ်၊ သင်ကြားရမယ်တဲ့။

ဒီနည်းစနစ်တွေနဲ့ သွားမယ်ဆိုလို့ရှိရင် ဟောဒီ 'နီဝရဏ' တရားတွေရဲ့ လွှမ်းမိုးမှုကိုမခံရဘဲနဲ့ မှတ်ဉာဏ် တွေဟာ ကောင်းလာကြမှာဖြစ်တယ်။ မှတ်ဉာဏ်တွေ ကောင်းလာလို့ရှိရင် ဒီလောကရဲ့အကျိုး၊ တမလွန် လောကရဲ့အကျိုး၊ မိမိကိုယ်တိုင်ရဲ့အကျိုး၊ မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံရဲ့အကျိုး ဆိုတာလို ကောင်းကျိုးချမ်းသာတွေကို ဆောင်ရွက်နိုင်ကြမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ မြတ်စွာ ဘုရား ဟောကြားတဲ့၊ ဆုံးမတဲ့တရားအတိုင်း လိုက်နာ ကျင့်သုံးနိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

နနန

k7x8am4qs2v1ofpxt7i89j8o43jfaat
စိတ်၏ထွက်ပေါက်များ
0
5909
22130
21629
2026-06-15T03:21:53Z
Tejinda
173
22130
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စိတ်၏ထွက်ပေါက်များ
| previous = [[မှတ်ဉာဏ်ကောင်းအောင် ကျင့်ဆောင်ခြင်း]]
| previous2 =
| next = [[ဘဝဆည်းဆာ ကရုဏာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စိတ်၏ထွက်ပေါက်များ

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ရန်ကုန် တိုင်း၊ လမ်းမတော်မြို့နယ်၊ ကိုင်းတန်းလမ်း၊ ဗုဒ္ဓဝါဠုက စေတီတော်အား ဦးထိပ်ပန်ဆင်လျက် ဒုတိယအကြိမ် မြောက် ကိုင်းတန်းလမ်း မိသားစု သံဃာ့ဒါန ဆွမ်းလောင်းအဖွဲ့၏ အနှိုင်းမဲ့အလှူ ဓမ္မပူဇာတရားပွဲ ၌ ဟောကြားတော်မူအပ်သော “စိတ်၏ထွက်ပေါက်များ” တရားဒေသနာတော်။

စိတ်၏ထွက်ပေါက်များ

ထွက်ပေါက်ဆိုတာကို ပါဠိဘာသာနဲ့ ဖော်ပြတဲ့ အခါ ဗုဒ္ဓမြတ်စွာက 'နိဿရဏ' ဆိုတဲ့ စကားလုံးကို အသုံးပြုထားတယ်။ 'နိဿရဏ' ဆိုတာ ထွက်ပေါက်ပဲ၊ တစ်စုံတစ်ခု အခက်အခဲ အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေတဲ့အခါမှာ လူတွေဟာ ထွက်ပေါက်ရှာလေ့ ရှိကြတယ်။ လှောင်ပိတ်မိနေပြီဆိုရင် ပိုပိုဆိုးလာပြီး ပေါက်ကွဲသွားတတ်တယ်။ လေတောင်မှပဲ လှောင်ပိတ် ထားမယ်ဆိုရင် ပေါက်ထွက်သွားနိုင်တယ်။ ထို့အတူပဲ လူတွေရဲ့စိတ်ကို ထွက်ပေါက်မပေးဘဲနဲ့ စိတ်ဖိစီးမှု တွေကို ချုပ်တည်းထားမယ်ဆိုရင် ပေါက်ကွဲသွားနိုင် တယ်။ ဒါ့ကြောင့်မို့ နှလုံးကွဲတာတို့၊ အသဲကွဲတာတို့ ဖြစ်တာ။

မှန်ကန်တဲ့ ထွက်ပေါက်တစ်ခုရဖို့ အင်မတန်မှ အရေးကြီးတယ်။ မြတ်စွာဘုရားက “စိတ်၏ ထွက်ပေါက်များ” ဆိုတာကို ညွှန်ပြတော်မူထားတယ်။ အင်မတန်မှ မှတ်သားစရာ ကောင်းတယ်၊ လက်တွေ့ လည်းကျတယ်။ ဘုန်းကြီးတို့ရဲ့ နေ့စဉ်ဘဝမှာ စိတ်နဲ့ ပတ်သက်ပြီး အကြပ်အတည်း တစ်စုံတစ်ရာ တွေ့လာ မယ်ဆိုရင် ဟောဒီ ထွက်ပေါက်များကို အသုံးချပြီး ဖြေလျှော့လို့ ရနိုင်တယ်။ နောက်ဆုံးမှာ စိတ်ဟာ လုံးဝ လွတ်မြောက်သွားတဲ့ အခြေအနေတစ်ခုကို ရောက်ရှိ သွားနိုင်တယ်။ လုံးဝလွတ်မြောက်သွားတဲ့ စိတ်ဓာတ် လေးဟာ ဘယ်အခါကာလမှ ပြန်လည်ပြီး အကျဉ်း အကြပ် တွေ့တယ်ဆိုတာ မရှိဘူး၊ ဘယ်အခါကာလမှ ပြန်လည်ပြီး ပိတ်မိတာ၊ ဖိစီးတာ မရှိတော့ဘူး။

စိတ်ရဲ့လှုပ်ရှားမှုများကို emotion လို့ ခေါ်ပြီး စိတ်ဖိစီးမှုကို stress လို့ ခေါ်တယ်။ ဒီကနေ့ခေတ်မှာ လူတွေဟာ ကြီးပွားတိုးတက်အောင် ကြိုးစားအားထုတ် ကြတယ်။ စီးပွားရေးဘက်က တိုးတက်လာအောင်, နိုင်ငံတကာအဆင့်မီအောင်, ဟိုလူ ဒီလူရဲ့အဆင့်တွေ မီအောင် ကြိုးစားအားထုတ်လာကြတဲ့အခါမှာ စိတ် ဖိစီးမှု ဖြစ်လာတတ်တယ်။

လူတွေ ချမ်းသာလွယ်ကူမှုအတွက် အသုံးပြုစရာ တွေ အင်မတန်မှ တိုးတက်ကောင်းမွန်လာတယ်ပေါ့၊ ဟိုနိုင်ငံက ဒီနိုင်ငံ ခရီးသွားဖို့ဆိုလည်း သက်တောင့် သက်သာ အချိန်တိုတိုနဲ့ ရောက်နိုင်တယ်။ ကိုယ့်နိုင်ငံ အတွင်းမှာလည်း တစ်နေရာကနေတစ်နေရာသွားမယ် ဆိုရင် သက်သက်သာသာ အချိန်တိုလေးအတွင်းမှာ ရောက်ရှိသွားနိုင်တယ်။ ဒီလို စီးပွားရေးဘက်, လူတွေရဲ့ အသုံးအဆောင်တွေဘက်က တိုးတက်လာပေမယ့် စိတ်ရဲ့ဖိစီးမှုတွေကတော့ များများလာတယ်။

ဒီလောက် တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ စိတ် ချမ်းသာမှုတွေ ပိုတိုးလာသလား ဆိုလို့ရှိရင် စိတ် ချမ်းသာမှုက ပိုမတိုးဘူး၊ စိတ်ရဲ့ဖိစီးမှုဒဏ်တွေကသာ ပိုတိုးလာတယ်။ အဲဒါ ဘာ့ကြောင့်လဲဆိုတာ အလေး အနက်ထားပြီး လေ့လာကြည့်သင့်တယ်။

ဗုဒ္ဓမြတ်စွာက နည်းလမ်းတွေ ပေးထားတယ်၊ လူတွေရဲ့ “လိုဘ” ဟာ ဘယ်တော့မှ ပြည့်တယ်လို့ မရှိဘူး။ မပြည့်နိုင်တာကြီးကို ဖြည့်နေမယ်ဆိုရင် မဆုံး နိုင်တဲ့ ခရီးလမ်းကြီးကို လျှောက်နေတာဖြစ်လို့ လူတွေ ရဲ့ စိတ်ဓာတ်ဟာ လိုမြဲ လိုနေမှာပဲ။ ဗုဒ္ဓမြတ်စွာက “အတိတ္တော လောကော” တဲ့။ လောကသားတွေဟာ ဘယ်တော့မှ တင်းတိမ်သွားတာ မရှိဘူးတဲ့၊ ဘယ် လောက်ပဲ ဖြည့်ဆည်းပေး ဖြည့်ဆည်းပေး မတင်းတိမ် ဘူး။ ကောင်းသည်ထက်ကောင်းအောင်၊ တိုးတက် သည်ထက် တိုးတက်အောင် ဒီလိုပဲ ကြိုးစားနေကြမှာပဲ၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ထိုကဲ့သို့ ကြိုးစား လာသည်နှင့်အမျှ၊ လူ့အသုံးအဆောင်တွေဘက်က တိုးတက်လာသည်နှင့်အမျှ လူတွေရဲ့ စိတ်ထဲမှာ လည်းပဲ စိတ်ဖိစီးမှုဆိုတဲ့ ဒဏ်ရာဒဏ်ချက်တွေက လည်း တိုးသည်ထက် တိုးလာမယ်။

တစ်ကမ္ဘာလုံးနဲ့ ခြုံကြည့်မယ်ဆိုရင် ဒီအတိုင်းပဲ မြင်ရမယ်။ အေး- ကံကောင်းထောက်မလို့ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားဓမ္မတွေကို နာယူခွင့်ရကြမယ်, တရားကို နှလုံးသွင်းခွင့် ရကြမယ်ဆိုရင် လက်တွေ့ ကျင့်သုံးခွင့်ရကြတဲ့ ပုဂ္ဂိုလ်တွေမှာ ထို စိတ်ဖိစီးမှု ဒဏ်တွေကို အတော်အသင့် လျှော့ချနိုင်ကြလိမ့်မယ်။ လျှော့ချတဲ့နေရာမှာလည်းပဲ အင်မတန်မှ မှန်ကန်တဲ့ နည်းနဲ့ လျှော့ချနိုင်လိမ့်မယ်။

ဒီကနေ့ခေတ် စီးပွားရေးဘက်က တိုးတက်တယ် လို့ဆိုတဲ့ နိုင်ငံအချို့မှာ ဘာတွေများ တိုးတက်နေသလဲ ဆိုလို့ရှိရင်stress လို့ဆိုတဲ့ စိတ်ဖိစီးမှုတွေ တိုးတက် နေတယ်။ stress ဆိုတဲ့ စိတ်ဖိစီးမှုတွေ တိုးတက် လာသည့်အတွက်ကြောင့် ထွက်ပေါက်ရှာတဲ့အနေနဲ့ နည်းလမ်းမျိုးစုံ အသုံးချကြတယ်။ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့နည်းလမ်းကို မတွေ့ရှိသဖြင့် သက်သာ လို သက်သာငြားဆိုပြီးတော့ လောကပညာရှင်တွေက stress ကို လျှော့ချဖို့ရာ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်း လာကြတယ်။

Psychotherapy, Psychiatrist, Psychotherapist တို့နဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ ကြိုးစား လာကြတယ်။ မြန်မာနိုင်ငံမှာထက် အနောက်နိုင်ငံ တွေ, ဥရောပနိုင်ငံတွေမှာ Psychotherapy နဲ့ စိတ် ဖိစီးမှုကို လျှော့ချဖို့ ကြိုးပမ်းတာတွေ ပိုများတယ်။ အေး-မြန်မာနိုင်ငံမှာကတော့ ဗုဒ္ဓမြတ်စွာ ဟောကြားတော် မူခဲ့တဲ့ တရားတော်တွေကို ဖြန့်ဖြူးနေကြလို့ ထိုထို ကမ္မဋ္ဌာန်းရိပ်သာတွေသွားပြီး စိတ်ငြိမ်းချမ်းမှုကို ရယူ ကြတယ်။ ဗုဒ္ဓမြတ်စွာပေးထားတဲ့ မှန်ကန်တဲ့ အတွေး တွေက စိတ်ဖိစီးမှုကို လျှော့ကျသွားစေတယ်။

ကြည့်လေ- မြန်မာလူမျိုးတွေက စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချကြသလဲ။ လူတိုင်းလူတိုင်းလောက်နီးနီး စဉ်းစားကြတယ်။ “သဗ္ဗေ သင်္ခါရာ အနိစ္စာ” - သင်္ခါရ တရားဆိုတာ မြဲတာမှ မဟုတ်ဘဲ၊ လူ့ဆန္ဒဆိုတာ ဘယ် ပြည့်နိုင်ပါ့မလဲနော်” စတဲ့ ဒီအတွေးတွေဟာ ဗုဒ္ဓ မြတ်စွာက ဟောထားလို့ မိမိတို့ရဲ့ ရင်ထဲ နှလုံးထဲမှာ ရှိနေပြီးဖြစ်တယ်။ ဗုဒ္ဓမြတ်စွာရဲ့ တရားတွေဟာ ပုဂံခေတ်ကစပြီး မြန်မာနိုင်ငံကို ရောက်ရှိထွန်းကား လာပြီး မြန်မာလူမျိုးတွေရဲ့သွေးသားထဲမှာ စိမ့်ဝင်နေတဲ့ အဆုံးအမတွေပဲ။ အဲဒီ ဗုဒ္ဓရဲ့အဆုံးအမတွေကို မိဘ ဆွေမျိုးအစဉ်အဆက် ကြားဖူးနားဝ ရှိလာကြတယ်။ “သင်္ခါရဆိုတာ မမြဲဘူး၊ ဘယ်အရာပဲဖြစ်ဖြစ် ကိုယ့် ဆန္ဒအတိုင်း မဖြစ်ဘူး၊ ဒါတွေက အနတ္တ သဘော တရားတွေပဲ” ဆိုတဲ့ အတွေးတွေနဲ့ စိတ်ဖိစီးမှုကို လျှော့ချနေကြတယ်။

အဲဒီလို စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်သည့် အတွက်ကြောင့် အထိုက်အလျှောက် စိတ်ရဲ့ ထွက် ပေါက်တွေကို မြန်မာလူမျိုးတွေ တွေ့ရှိနေကြတယ်။ ဒါ အင်မတန်ကောင်းတဲ့ အခွင့်ကောင်းကြီးတစ်ခုလို့ လူတိုင်းက သတိပြုမိချင်မှ ပြုမိမှာ။

တချို့နိုင်ငံခြားသားတွေ မြန်မာပြည်ကို လာကြ တယ်။ မြန်မာတွေကို အကဲခတ်ကြတယ်။ နိုင်ငံခြားမှာ နေစဉ်တုန်းက အဝေးကနေပြီးတော့ မြန်မာလူမျိုးတွေ အကြောင်းကို တစ်မျိုးမြင်ထားကြတယ်၊ မြန်မာလူမျိုး တွေရဲ့အကြောင်းကို အဝေးသတင်းအရ တစ်မျိုး သိထားကြတယ်။ ဒီရောက်လာတဲ့အခါ မြန်မာလူမျိုး တွေဟာ ပျော်ပျော်ရွှင်ရွှင် မျက်နှာကြည်ကြည်လင်လင် နဲ့ နေထိုင်ကြတယ်၊ ပေါ့ပေါ့ပါးပါးနေထိုင်ကြ၊ သွားလာ စားသောက်ကြတာမြင်တော့ သူတို့စိတ်ထဲမှာ မဝေခွဲ နိုင်ဘူး။

ဘာ့ကြောင့် မြန်မာလူမျိုးတွေရဲ့ မျက်နှာတွေဟာ ရွှင်လန်းနေရသလဲ, ဘာ့ကြောင့် မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်တွေဟာ ကြည်လင်အေးမြနေရသလဲဆိုတာ အကြောင်းရင်းကို မသိရင် ပြောနိုင်မှာမဟုတ်ဘူး၊ တကယ်ကတော့ “ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မ အရိပ် အောက်မှာ မြန်မာလူမျိုးတွေဟာ စိတ်ရဲ့ထွက်ပေါက်ကို အထိုက်အလျှောက် ရရှိနေကြလို့ပဲ”။ သေသေချာချာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။

တချို့နိုင်ငံတွေမှာဆိုရင် စိတ်ရဲ့ဖိစီးမှုဒဏ်တွေကို လျှော့ချမှုဆိုတာ တက္ကသိုလ်ပညာရပ်တစ်ခု အနေနဲ့ တောင်မှပဲ သင်နေကြရတယ်။ အဲဒါကို အင်္ဂလိပ်လို အတိုကောက် MMSR လို့ ခေါ်တယ်။ တက္ကသိုလ်မှာ Psychology နဲ့ ပတ်သက်ပြီး သင်ကြားတဲ့အခါ Modern education မှာ ဒါပါတယ်။ တက္ကသိုလ် ပညာရပ်တစ်ခုအနေနဲ့ ပို့ချတယ်၊ MMSR ဆိုတာ M ဆိုတာ Mindfulness, M ဆိုတာက Mased,S ဆိုတာ Stress,R ဆိုတာက Reduction, Mindfulness Mased stress reduction ဆိုတဲ့ ပညာရပ်ဖြစ်တယ်။ “သတိတရားကို အခြေခံပြီး စိတ်ဖိစီးမှုကို လျှော့ချ ခြင်း” ဆိုတဲ့ အဓိပ္ပါယ်ပဲ။ မြန်မာနိုင်ငံမှာ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ သတိပဋ္ဌာန် ကျင့်စဉ်ဟာmindfulness based ပေါ့။ သတိတရားကို အခြေခံပြီး စိတ်ရဲ့ ဖိစီးမှုဒဏ်တွေကို လျှော့ချတာဖြစ်တယ်။ ဒါ့ကြောင့်မို့ မြန်မာလူမျိုးတွေဟာ စိတ်ဆင်းရဲမှုဒဏ်ကို ကြာရှည် မခံကြရဘူး၊ ထွက်ပေါက်ကလေးတွေ ရှိတယ်ပေါ့။ ဆိုင်ရာဆိုင်ရာ မှန်ကန်တဲ့ ထွက်ပေါက်ကလေးတွေကို မြတ်စွာဘုရား ဟောထားတာရှိတယ်။

အင်မတန်ကြီးမားတဲ့, လူတွေအများအပြား စုရုံး ရောက်ရှိနိုင်တဲ့ အဆောက်အဦးကြီးတစ်ခု၊ ဥပမာ Supermarket တို့လို, လေဆိပ် အဆောက်အဦးကြီး တို့လို၊ ဒီလို ကြီးမားတဲ့ အဆောက်အဦးကြီးတွေမှာ exit ဆိုတာတွေရှိတယ်၊ လေယာဉ်ပျံနဲ့ ခရီးသွားဖူးတဲ့ ပုဂ္ဂိုလ်တိုင်း တွေ့ဖူးကြပါလိမ့်မယ်။ မတော်တဆ အန္တရာယ်ကြုံလာလို့ရှိရင် ထွက်ပေါက် exit ဆိုတာတွေ ပြထားတာ ရှိကြတယ်။

စိတ်ဓာတ်ရေးရာနဲ့ ပတ်သက်လာရင် စိတ်ဖိစီးမှု တွေမှာ “ဆင်ခြင်သုံးသပ်မှု ဖြေဖျောက်နိုင်မှုဆိုတဲ့ ထွက်ပေါက်မရဘူး” ဆိုရင် စိတ်ဖိစီးမှုတွေ များလာ တတ်တယ်။ အဲဒီလို များတဲ့အခါမှာ မှန်ကန်တဲ့ ထွက်ပေါက်ကလေးတွေ လိုအပ်တယ်တဲ့။ အဲဒါကြောင့်မို့ ဒီကနေ့ “စိတ်၏ထွက်ပေါက်များ” လို့ ဆိုတဲ့နေရာမှာ စိတ်၏ထွက်ပေါက်ကို ဘယ်မှာ ရှာရမှာလဲဆို စိတ်ထဲမှာပဲ ပြန်ရှာရမယ်။ အဆောက် အဦးကြီးတစ်ခုမှာ ရောက်နေတဲ့ ပုဂ္ဂိုလ်ဟာ ထို အဆောက်အဦးထဲက ထွက်ချင်ရင် exit ဆိုတာကို အဲဒီ အဆောက်အဦးမှာပဲ ပြန်ရှာရမယ်၊ အဲဒီ ထွက်ပေါက်ကနေ ထွက်ရမယ်။

အဲဒီလိုပဲ စိတ်ဖိစီးမှုကြောင့် စိတ်ထဲမှာ အကျဉ်း အကြပ်တွေ ဖြစ်ပေါ်နေလို့ရှိရင် ဘယ်လိုလုပ်ပြီး ဒီ အကြပ်အတည်းက ရုန်းထွက်မလဲဆိုတာ စိတ်ထဲမှာပဲ ပြန်ရှာရတယ်ပေါ့။ ဒါ့ကြောင့်မို့ စိတ်၏ထွက်ပေါက်များ က ထွက်နိုင်ဖို့ ဘုန်းကြီးတို့တစ်တွေ လေ့ကျင့်ထားကြ ရမှာ ဖြစ်တယ်။

နိဿရဏသုတ်

အဲဒီလို လေ့ကျင့်ထားဖို့ စိတ်၏ထွက်ပေါက် တွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက “နိဿရဏ သုတ်” မှာ ၆-မျိုး ဟောထားတာရှိတယ်။ စိတ်ဖိစီး လာလို့ရှိရင် မှန်ကန်တဲ့နည်းနဲ့ထွက်ပေါက်ရဖို့ မြတ်စွာဘုရားက လမ်းညွှန်ပေးထားတာ။ အဲဒီ လမ်းညွှန်ချက် အတိုင်း လိုက်နာအားထုတ်မယ်ဆိုရင် မည်သူမျှ စိတ်ပေါက်ကွဲမှုဒဏ်တွေကို ခံရမှာ မဟုတ်ပါဘူးတဲ့။ ဖိစီးမှုတွေ ဖြစ်လာရင်လည်း ထွက်ပေါက်ရသွားမှာပါ။ အေး- မြတ်စွာဘုရားရဲ့ တရားဓမ္မတွေကို မနာရလို့ ဒီနည်းစနစ်တွေကို မသိတဲ့ပုဂ္ဂိုလ်တွေ, ဘုရား တရား တော်တွေကို မျက်ကွယ်ပြုနေလို့ ဒီနည်းစနစ်ကို မသိတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်၏ထွက်ပေါက် ဆိုပြီးတော့ မိမိတို့ တွေးမိရာရာ ကြံစည်မိရာရာ ထွက်ပေါက် အမျိုးမျိုးကို မှားယွင်းစွာ ပြုလုပ်မိတတ်ကြတယ်။

ဆိုပါစို့-လောကလူတွေမှာ၊ လူငယ်လူရွယ်အသိုင်း အဝိုင်းထဲမှာ ရံခါရံခါ စိတ်ညစ်စရာဆိုတာ တွေ့လာ တတ်တယ်၊ ရံခါရံခါ စိတ်ထဲမှာအလိုမကျတာ တွေ့လာ တတ်တယ်၊ ရံဖန်ရံခါ မထိန်းသိမ်းနိုင်လောက်အောင် ပေါက်ကွဲမှုမျိုး ဖြစ်လာတတ်တယ်။ အဲဒီလို စိတ်အကျဉ်း အကြပ်တွေ များလာလို့ရှိရင် ထွက်ပေါက်ရှာမရတော့ ဘာလုပ်ကြလဲ? ဒီကနေ့ခေတ် အချို့ပုဂ္ဂိုလ်တွေက စိတ်ဖိစီးမှုတွေကို ထွက်ပေါက်ရှာကြတဲ့အနေနဲ့ မူးယစ် ဆေးဝါးတွေ အသုံးပြုကြတယ်, အရက်သေစာတွေ သောက်စားကြတယ်၊ အဲဒီနည်းနဲ့ ထွက်ပေါက်ရှာကြ တယ်။

ဆိုလိုတာက ပြဿနာဖြစ်လာတယ်၊ ထိုပြဿနာ ကို မေ့ပစ်ဖို့ ကြိုးစားတယ်၊ မေ့ပစ်ဖို့ ကြိုးစားတဲ့အခါမှာ အာရုံတစ်ခုခုနဲ့ လွှဲဖယ်အစားထိုးပြီး တကယ်ဖိစီး နေတာကို ဖယ်ရှားပစ်ဖို့မကြိုးစားဘဲနဲ့ ခေတ္တခဏ မေ့သွားအောင် တခြားနည်းလမ်းတွေနဲ့ ထွက်ပေါက် ရှာကြတယ်။ အဲဒီထွက်ပေါက်က တကယ့်အစစ်အမှန် ထွက်ပေါက် မဟုတ်သည့်အတွက် ပြဿနာထဲမှာပဲ ပြန်လည်ဝဲလည်လာတယ်။ တကယ်ငြိမ်းချမ်းတဲ့ အပြင် ဘက်ကို ရောက်မသွားဘဲ အတွင်းထဲမှာ တဝဲလည် လည်နဲ့ ထွက်ပေါက်ရှာရင်းနဲ့ပဲ ဒုက္ခရောက်သွားကြ တယ်။ အကျဉ်းအကြပ်တွေက ပိုများလာတယ်၊ ပြဿနာတစ်ခုကနေ နှစ်ခုသုံးခု ဖြစ်လာတယ်၊ ဒီကနေ့ ထွက်ပေါက်ကို မှန်မှန်ကန်ကန် မရှာနိုင်ဘူး ဆိုလို့ရှိရင် ဒီလိုပဲ ပြဿနာတက်နေကြမှာပဲ။

လူတစ်ယောက် ကွမ်းစားတတ်တဲ့ အလေ့အကျင့် လုပ်လို့ ကွမ်းစွဲသွားတယ်၊ ကွမ်းစွဲသွားတာကို ဘာနဲ့ ဖြတ်ရမလဲလို့ စဉ်းစားတယ်။ ဒါက ထွက်ပေါက်ရှာတာ ပဲ၊ သူကကွမ်းကို အလွယ်တကူမဖြတ်နိုင်ဘူး၊ မဖြတ် နိုင်သည့်အတွက်ကြောင့် ဘာနဲ့ အစားထိုးတုန်းဆိုရင် ဆေးလိပ်နဲ့အစားထိုးတယ်၊ ကွမ်းဖြတ်ချင်လို့ ဆေးလိပ် နဲ့ အစားထိုးတဲ့အခါ ကွမ်းဖြတ်လို့ မရတဲ့အပြင် နောက်ထပ် ဆေးလိပ်ပါစွဲသွားတယ်၊ ဟော ကွမ်းရော ဆေးလိပ်ရော နှစ်ခုစလုံး စွဲသွားတယ်။

အဲဒါမျိုးလိုပဲ စိတ်၏ထွက်ပေါက်ကို အရက် သေစာတို့၊ မူးယစ်ဆေးဝါးတို့နဲ့ အစားထိုးပြီး ထွက်ပေါက်ရှာမယ်ဆိုရင် ပြဿနာတွေက ပိုပြီးတော့ တက်လာမယ်တဲ့။ ဒါ့ကြောင့်မို့လို့ အဲဒီဖြေရှင်းနည်း တွေက မှန်ကန်တဲ့ ဖြေရှင်းနည်းတွေ မဟုတ်ဘူး။ အဲဒီ ထွက်ပေါက်ဟာ မှန်ကန်တဲ့ထွက်ပေါက် မဟုတ်ဘူး။ မြတ်စွာဘုရားဟောထားတဲ့ ထွက်ပေါက်က အလွန် သိမ်မွေ့ပြီး အလွန်ထိရောက်တဲ့ ထွက်ပေါက်ပဲ။

အမုန်းစိတ်၏ထွက်ပေါက်

အေး-ကောင်းပြီ၊ ဘုန်းကြီးတို့တတွေမှာ ရံဖန်ရံခါ စိတ်ထဲမှာ အလိုမကျမှုဆိုတာဖြစ်တယ်။ ထိုအလိုမကျမှု ဟာ ကြီးထွားလာလို့ရှိရင် ပေါက်ကွဲလာတယ်၊ ဒေါသ ဗျာပါဒ လို့ခေါ်တယ်။ ငြိမ်းချမ်းတဲ့စိတ်ကလေး ပျက်စီး လာတယ်။ ဒေါသဖြစ်လာပြီဆိုရင် လူ့ရဲ့မျက်နှာက လည်း ကြည်လင်ခြင်း မရှိတော့ဘူး, ပြုံးချိုခြင်း မရှိတော့ ဘူး၊ မျက်နှာအနေအထားပါ ပြောင်းလာတယ်။

အဲဒီလို စိတ်ရဲ့အလိုမကျတဲ့ ဗျာပါဒတို့ ဒေါသ တို့ဖြစ်လာလို့ရှိရင် ထိုဒေါသရဲ့ ထွက်ပေါက်ရှာတာ တချို့က ကိုယ်မကျေနပ်တဲ့ဟာကို တခြားဟာနဲ့ အစား ထိုးတယ်၊ သို့မဟုတ် မကျေနပ်တဲ့လူကို တစ်ခုခုနဲ့ အနိုင်ယူလိုက်တယ်၊ အဲဒီ အနိုင်ယူလိုက်တာ ထွက်ပေါက် မဟုတ်ဘူး၊ သို့သော် လူတွေက အဲဒါကိုပဲ ထွက်ပေါက်ထင်ပြီး အဲဒီကနေ ထွက်ကြတယ်။ ထိုအခါ ပြဿနာပဲ ထပ်တက်လာတယ်ပေါ့။ မြတ်စွာဘုရားက စိတ်ထဲမှာ အလိုမကျတဲ့ ဗျာပါဒရဲ့ ထွက်ပေါက်အစစ်က ဘာလဲဆိုတော့ မေတ္တာ ပါတဲ့။ မေတ္တာပွားရမယ်တဲ့၊ မေတ္တာပွားခြင်းဖြင့် ဗျာပါဒရဲ့ ထွက်ပေါက်ကို ရရှိနိုင် တယ်တဲ့၊ ဒါ မှန်ကန်တဲ့ နည်းစနစ်ပဲ။

လောကကြီးမှာ မြတ်စွာဘုရားက ဟောထား တယ်- “ရန်ကိုရန်ချင်း မတုန့်နှင်းနဲ့၊ ရန်ကိုရန်နဲ့ တုန့် ပြန်ရင် ဘယ်တော့မှ မငြိမ်းဘူး“တဲ့ ဥပမာပေးထား တယ်။ မစင်အညစ်အကြေးတွေ ပေနေတဲ့နေရာကို ရေနဲ့သာ ဆေးလို့ရတယ်၊ ထို မစင်အညစ်အကြေးနဲ့ ဆေးကြောလို့ မရဘူးတဲ့၊ ပိုပိုပြီးတော့သာ ညစ်ထေး သွားမယ်။ ရေစင်ရေသန့်နဲ့ ဆေးကြောမှသာလျှင် စင်ကြယ်နိုင်တယ်။ ထို့အတူပဲ စိတ်အလိုမကျတဲ့, စိတ်ထဲမှာ တင်းကျပ်လာတဲ့, စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ဒေါသဗျာပါဒဆိုတဲ့ emotion ကို ဖြေဖျောက်ချင်ရင် တော့ မေတ္တာဆိုတဲ့ ထွက်ပေါက်က သွားရမယ်တဲ့။ မေတ္တာဟာ အလိုမကျဖြစ်နေတဲ့ စိတ်ရဲ့ မှန်ကန်တဲ့ ထွက်ပေါက်တစ်ခုပါတဲ့။

ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ စကားလုံးအတိုင်း ပြောရရင် “နိဿရဏံ ဧတံ ဗျာပါဒဿ ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ” - စိတ်ရဲ့ လွတ်မြောက်မှုလို့ ဆိုတဲ့ မေတ္တာဟာ ဗျာပါဒဆိုတဲ့ စိတ်အလိုမကျမှုရဲ့ ထွက်ပေါက် ဖြစ်ပါတယ်တဲ့။

ဘုန်းကြီးတို့တတွေမှာ ဒေါသ ဆိုတဲ့ စိတ်ထဲမှာ အလိုမကျမှု, တစ်ဦးတစ်ယောက်ကို မုန်းတီးမှုဆိုတာ ကိုယ့်သန္တာန်မှာဖြစ်နေလို့ရှိရင် စိတ်နှလုံးဟာ ပူလောင် နေရတယ်၊ အဲဒီပူလောင်မှုတွေကို မလိုချင်ဘူး, ထာဝရ အေးချမ်းနေတာကို လိုချင်တယ်ဆိုရင် မေတ္တာနဲ့ အစား ထိုးလိုက်ပါတဲ့။ မေတ္တာဟာ တကယ့်ထွက်ပေါက်ပါတဲ့။ မေတ္တာနဲ့ အစားထိုးလိုက်လို့ရှိရင် ဗျာပါဒက နှလုံးသား ထဲမှာ လုံးဝရပ်တည်နိုင်စွမ်း မရှိတော့ဘူးတဲ့။ ဒါကြောင့် မို့ ဒီနည်းစနစ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀-ကျော်က မြတ်စွာဘုရား ဟောထားခဲ့တဲ့ လက်တွေ့ကျင့်သုံးရမယ့် နည်းစနစ်တစ်ခု ဖြစ်ပါတယ်။

မေတ္တာဆိုတဲ့နေရာမှာ မေတ္တာရဲ့ စွမ်းရည်သတ္တိ တွေဟာ အဆင့်ဆင့်ရှိတယ်ဆိုတာကို သတိထားဖို့ လိုတယ်။ အရပ်ထဲမှာပြောနေတဲ့ သာမန်မေတ္တာတစ်ဦးမေတ္တာတစ်ဦးမှာ ဆိုတာက အခြေခံမေတ္တာ လေး အဆင့်ပဲ။ ထိုအခြေခံမေတ္တာလည်း လိုအပ်ပါ တယ်။ ထိုအခြေခံမေတ္တာထက် ပိုပြီးတော့ စွမ်းအား ထက်တဲ့ မေတ္တာဆိုတာက လေ့ကျင့်ယူမှရတယ်၊ မလေ့ကျင့်လို့ရှိရင် အားမကောင်းနိုင်ဘူး။

လူ့ခန္ဓာကိုယ် သန်စွမ်းဖို့အတွက်က physical exercise လုပ်ရတယ်၊ အပြေးသမားတွေ ပြေးရတယ်၊ ဘောလုံးသမားတွေ လေ့ကျင့်ရတယ်၊ ဘယ်ဟာပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းယူရတယ်။ ထို့အတူပဲ မေတ္တာ တွေ စွမ်းအားထက်လာအောင် လေ့ကျင့်ခန်းယူဖို့ လိုတယ်တဲ့။ မေတ္တာကို ပျိုးပြီးတဲ့အခါမှာ ထိုမေတ္တာကို ပိုပြီးတော့ ကိုယ့်သန္တာန်မှာ ခိုင်မာသည်ထက် ခိုင်မာ လာအောင်၊ စွမ်းရည်တွေ ထက်သည်ထက် ထက်လာ အောင် လေ့ကျင့်ပြီးယူဖို့လိုတယ်။

ဒီနေရာမှာ မေတ္တာနဲ့ပတ်သက်ပြီး လေ့ကျင့်နည်း အကျဉ်းလေးကို ပြောရမယ်ဆိုရင် - မေတ္တာ ဆိုတဲ့ သဘောတရားကို လေ့ကျင့်ချင်ပြီဆိုရင် ပထမ လုပ်ရ မှာက ကိုယ့်သန္တာန်မှာ မေတ္တာ ဆိုတဲ့အရာကို တွေ့အောင်ရှာဖို့လိုတယ်။ တဏှာရာဂနဲ့ချစ်တဲ့ အချစ် ကို မေတ္တာလို့ အရပ်ထဲမှာ ခေါ်နေကြပေမယ့် အဲဒါနဲ့ လုံးဝမတူဘူး၊ အဲဒါနဲ့ ရောထွေးသွားတတ်တယ်။

ဆိုလိုတာက “ရာဂနဲ့ မေတ္တာ” ဟာ ဆင်ဆင်တူ တယ်။ တစ်ဦးတစ်ယောက်ကို ချစ်ခင်ပြီ ဆိုလို့ရှိရင် favour ပေးချင်လာတယ်၊ မေတ္တာကလည်း သတ္တဝါ တွေအပေါ်မှာ favour ပေးတဲ့ သဘောရှိတယ်။ အားလုံးအပေါ်မှာ အကျိုးလိုလားတဲ့သဘောရှိတော့ သဘောချင်းက နီးနေတယ်။ နီးနေသည့်အတွက် ကြောင့် မေတ္တာစစ်စစ်ဖြစ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်း တယ်ပေါ့။

ဘာကဝင်ပြီး မေတ္တာအယောင်ဆောင်တတ် သလဲဆိုရင် ရာဂက ဝင်ပြီးတော့ မေတ္တာ အယောင် ဆောင်တတ်တယ်။ လှည့်စားမှု လို့ခေါ်တယ်။ ဒါ ကြောင့်မို့ နေတ္တိအဋ္ဌကထာကျမ်းမှာ လှည့်စားမှုတွေနဲ့ ပတ်သက်ပြီး ရေးထားတာတွေရှိတယ်။ အဲဒါတွေကို စုစည်းပြီးထားတာရှိတယ်။ မြန်မာနိုင်ငံ မင်းတုန်းမင်း လက်ထက် မန္တလေးမြောက်ဘက်မှာ ရွှေကျင်တိုက် ဆိုတာရှိတယ်။ အဲဒီ ရွှေကျင်တိုက်က ရွှေကျင်ဆရာ တော်ကြီးရေးတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ “ဝဉ္ဇနာ ဒီပနီ” “လှည့်စားမှုတွေကို ထင်ရှားပြတဲ့ကျမ်း”။ အဲဒီ “ဝဉ္ဇနာ ဒီပနီ“ မှာ လှည့်စားမှုတွေကို သရုပ်ဖော်ထားတာ။

အစဆုံး ဘာနဲ့သရုပ်ဖော်ထားတုန်းဆိုရင် “ရာဂေါ မေတ္တာယ ဝေဉ္ဇတိ” အဲဒီစကားလုံးလေးပါတယ်၊ “ရာဂေါ မေတ္တာယ ဝေဉ္ဇတိ”-“တဏှာရာဂသည် မေတ္တာ အယောင်ဆောင်ပြီးတော့ လှည့်စားသွားတတ်တယ်” တဲ့။ အဲဒါကြောင့်မို့လို့ တဏှာနဲ့မေတ္တာ ကွဲအောင် အရင်ကြည့်ဖို့လိုတယ်။

မေတ္တာဆိုတာက သူ့အကျိုးကို လိုလားတဲ့ စိတ်ဓာတ်၊ တဏှာဆိုတာက ကိုယ့်အကျိုးကို ဦးစား ပေးတာ၊ မေတ္တာဆိုတာ စွန့်လွှတ်နိုင်တယ်, တွယ် တာမနေဘူး၊ တဏှာဆိုတာက မစွန့်လွှတ်နိုင်ဘူး၊ အင်မတန်မှ ကွဲပြားခြားနားမှုတွေ ရှိတယ်။

တဏှာချစ်နဲ့ မေတ္တာချစ်- တဏှာချစ်က ပူလောင် တယ်၊ မေတ္တာချစ်က အေးမြတယ်၊ မေတ္တာဆိုတာ အတွယ်အတာကင်းတယ်၊ ကောင်းကျိုးချမ်းသာကို လိုလားတဲ့ စိတ်သဘောပဲ။ မေတ္တာဆိုတာ သူ့အတွက်၊ တဏှာဆိုတာ ကိုယ့်အတွက်။

စဉ်းစားကြည့်လေ၊ လူတွေက ဘယ်သူ့ကို ခင်ပါ တယ် ချစ်ပါတယ်နဲ့ ပြောနေကြတာပဲ၊ တကယ်ချစ်တာ ဟုတ်ရဲ့လားလို့ဆိုပြီး ဆန်းစစ်ကြည့်လိုက်တဲ့အခါ ကျတော့ သူ့ကိုချစ်တာမဟုတ်ဘူး၊ သူ့မြင်နေရလို့ရှိရင် ကိုယ် စိတ်ချမ်းသာတယ်။ ထိုစိတ်ချမ်းသာမှုလေးကို ချစ်တာနော်၊ ဒါကို လူတွေမျက်စိလည်သွားကြတယ်။

စဉ်းစားကြည့်- အမေက သားသမီးကိုချစ်တယ်, အဖေက သားသမီးကို ချစ်တယ်၊ ဒီလိုပြောကြတယ်။ ကဲ အမေချစ်တဲ့သားသမီး၊ အဖေချစ်တဲ့ သားသမီး တွေက အမေ့စကား နားမထောင်ဘူး, အဖေ့စကား နားမထောင်ဘူး။ နောက်ဆုံးကျတော့ အမေ အဖေက ချစ်နိုင်ပါဦးမလား။ အမေ အဖေက ဒီသားလေး ဒီသမီးလေးကို ကြည့်ပြီးတော့ သူ့ရဲ့စိတ်ကျေနပ်မှုလေး ရနေတာ၊ အဲဒါကိုချစ်နေတာ။ သူ့ရဲ့စိတ်ကျေနပ်မှုလေး ကို ဖျက်လိုဖျက်ဆီး လုပ်လာပြီဆိုရင် သတင်းစာထဲ ထည့်ပြီး သားသမီးတွေကို အမွေပြတ်ကြော်ငြာတာ တွေ မရှိဘူးလား၊ ရှိတယ်။ ဘာဖြစ်လို့ အမွေပြတ် ကြော်ငြာရတာလဲ ဆိုလို့ရှိရင် သူ့ရဲ့ ပီတိသောမနဿ ဆိုတဲ့ ခံစားချက်ကလေးကို ဖျက်ဆီးပစ်လို့တဲ့၊ အဓိပ္ပါယ် က ဒါပဲ။ ဒီသား ဒီသမီးကို အာရုံပြုပြီးတော့ ပီတိ သောမနဿလေးတွေ မရတော့ဘူး၊ မရသည့်အတွက် ကြောင့် မင်းမနေနဲ့တော့တဲ့ - ဒါပဲ။

အဲဒီတော့ တဏှာချစ်နဲ့ မေတ္တာချစ်က အလွန် ကွာတယ်။ မေတ္တာချစ်ဆိုတာ ဒါမျိုးမဟုတ်ဘူး၊ အကျိုး စီးပွားကို လိုလားတယ်၊ ကောင်းစားစေချင်တယ်၊ ကြီးပွားစေချင်တယ်၊ သို့သော် တွယ်တာမနေဘူး၊ကိုယ့် အတွက် မစဉ်းစားဘူး၊ သူ့အတွက်ပဲ စဉ်းစားတယ်။

ဒီ့ထက်ရှင်းအောင် ပြောရမယ်ဆိုရင် မေတ္တာ ဆိုတာ “မိတ်ဆွေရဲ့ စိတ်ဓာတ်” ကို ခေါ်တာပါ။ ဒီ စကားလုံးလေး ဖြစ်လာတာကိုကကြည့် - “မိတ္တဿ ဧသာ မေတ္တာ”- “မိတ္တဿ မိတ်ဆွေသူငယ်ချင်းရဲ့၊ ဧသာ ဥစ္စာဖြစ်တဲ့ စိတ်သဘောထားပဲ၊ မေတ္တာမိတ်ဆွေသူငယ်ချင်းရဲ့ စိတ်သဘောထား စိတ်နေ စိတ်ထား” အဲဒါဟာ မေတ္တာပဲ။

အေး- စဉ်းစားကြည့်လို့ရှိရင် လူတိုင်း လူတိုင်း မှာ မိတ်ဆွေတွေရှိကြတယ်ပေါ့။ အပေါင်းအသင်း သူငယ်ချင်းတွေ ရှိကြတယ်၊ သူငယ်ချင်းနဲ့ စကားပြော ရရင် ပျော်တယ်၊ သူငယ်ချင်းနဲ့တွေ့ရ ရင် ပျော်တယ်၊ သူငယ်ချင်းနဲ့နေချင်တယ်၊ သူငယ်ချင်းရဲ့ အကျိုးစီးပွားကို လိုလားတယ်။ အဲဒီ စိတ်ဓာတ်မျိုးလေးတွေကို မေတ္တာလို့ ခေါ်တာပဲ။ အဲဒီမေတ္တာသည် ခုနက တဏှာ ရာဂဆိုတဲ့ အချစ်နဲ့ မတူဘူးတဲ့။ မေတ္တာဆိုတဲ့ သဘော တရားဟာ အဒေါသ၊ အမုန်းကင်းစင်တဲ့ သဘော တရား၊ ကောင်းကျိုးချမ်းသာကို လိုလားတဲ့ ကြီးပွား စေချင်တဲ့ သဘောတရား။ မေတ္တာဟာ မိမိရဲ့သန္တာန်မှာ ပင်ကိုယ်က ရှိနေပေမယ့်လို့ လေ့ကျင့်ပေးမှ အစွမ်း ထက်မယ်၊ မလေ့ကျင့်ရင် အစွမ်းမထက်ဘူး။

အဲဒီတော့ မေတ္တာဆိုတဲ့ သဘောတရားကို ဘာနဲ့ လေ့ကျင့်ရမလဲ၊ အာရုံနဲ့ပဲ လေ့ကျင့်ရမယ်။ စိတ်တစ်ခု ကို ထက်မြက်လာအောင် လေ့ကျင့်ချင်ရင် အာရုံနဲ့ လေ့ကျင့်ရမယ်။ ဓားထက်အောင် ဘာနဲ့လုပ်ရလဲ၊ ကျောက်နဲ့ သွေးရတယ်၊ ကျောက်ပေါ်တင်ပြီးသွေးမှ ဓားထက်တယ်။ ထို့အတူပဲ ဒီ မေတ္တာစိတ်ဓာတ်လေး ဟာ ခိုင်မာကြီးထွားလာအောင် ဘာနဲ့လုပ်ရမလဲ၊ အာရုံပေါ်တင်ပြီးတော့ လေ့ကျင့်ရမယ်။

မေတ္တာလေ့ကျင့်ခန်းကို ဝိသုဒ္ဓိမဂ် ကျမ်းကြီးမှာ ရှင်းရှင်းလင်းလင်း ရေးထားတာရှိတယ်။ မေတ္တာကို လေ့ကျင့်ခန်းလုပ်တဲ့ နည်းတစ်ခု။ သာမန်ကုသိုလ်ရရုံ ပို့တဲ့မေတ္တာမျိုး မဟုတ်ဘူး၊ သာမန်ကုသိုလ်ရရုံ ပို့တဲ့ မေတ္တာကတော့ “သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု” ဆိုတာပေါ့။ ဘုရားရှိခိုးရင်းလည်း မေတ္တာပို့တာပဲလေ၊ သတ္တဝါတွေချမ်းသာကြပါစေ၊ အဲဒီဟာမျိုးကိုပြောတာ မဟုတ်ဘူး။

မေတ္တာလေ့ကျင့်ခန်းဝင်ပြီဆိုတာ meditation အလုပ်ကို လုပ်ရမှာကိုပြောတာ။meditation ပုံစံနဲ့ မေတ္တာကို အာရုံနဲ့လေ့ကျင့်ရမယ်။ အာရုံဆိုတာဘာလဲ၊ မိတ်ဆွေ သူငယ်ချင်းစတဲ့ သက်ရှိသတ္တဝါနဲ့ လေ့ကျင့်ရ မယ်။ သေသွားတဲ့သူနဲ့ လေ့ကျင့်လို့ မရဘူး။ ဒီဘဝမှာ ရှိနေတဲ့ ပုဂ္ဂိုလ်နဲ့ လေ့ကျင့်ရမယ်။

ကောင်းပြီ၊ လေ့ကျင့်မယ်ဆိုလို့ရှိရင် ပုဂ္ဂိုလ်ကို ရွေးချယ်ရလိမ့်မယ်၊ နံပါတ်(၁) အသက်ရှင်ဆဲပုဂ္ဂိုလ်၊ သေတဲ့ပုဂ္ဂိုလ်ဆိုပြီး နှစ်ဦးရှိတဲ့အထဲမှာ သေတဲ့ပုဂ္ဂိုလ် ကို မရွေးနဲ့၊ ဘယ်တော့မှ မအောင်မြင်ဘူးတဲ့၊ သေသွား ပြီးတဲ့ပုဂ္ဂိုလ်အပေါ်မှာ မေတ္တာမပို့နဲ့။ မေတ္တာကို လေ့ကျင့်ပြီးတော့ ယူချင်တယ်ဆိုရင် သေတဲ့ပုဂ္ဂိုလ်ကို ဖယ်ထားလိုက်၊ “အသက်ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်” ကို ရွေးပါတဲ့။

အဲဒီလို ရွေးတဲ့အခါမှာလည်းပဲ လူကို ၃-မျိုး လောက် ခွဲလိုက်။ တစ်ဦးက ကိုယ်နဲ့ အင်မတန် ခင်မင် ရင်းနှီးတဲ့ပုဂ္ဂိုလ် ဒါက တစ်ဦး၊ နောက်တစ်ဦးက ခင်လည်းမခင်ဘူး, မုန်းလည်းမမုန်းတဲ့ သာမန်ပုဂ္ဂိုလ်၊ နောက်တစ်ဦးက မုန်းတဲ့ ကိုယ့်ရန်သူလို့ ၃-မျိုးခွဲလိုက်၊ ပုဂ္ဂိုလ် ၃-စား ရှိတယ်။ လူတိုင်း လူတိုင်းဟာ အများ အားဖြင့် ဒီလို ၃-စား ရှိနေမှာပဲ။ ဒါက ယေဘူယျ အားဖြင့်ပြောတဲ့ စကားပေါ့။

အဲဒီထဲမယ် ဘယ်ပုဂ္ဂိုလ်ကို ရွေးရမလဲ၊ မေတ္တာ စပြီးတော့ ပျိုးတော့မယ်ဆိုလို့ရှိရင် ကိုယ်နဲ့ ခင်လည်း မခင်၊ မုန်းလည်းမမုန်းတဲ့ပုဂ္ဂိုလ်ကို သွားရွေးမယ် ဆိုလို့ ရှိရင် မေတ္တာပျိုးဖို့ ခက်လိမ့်မယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ သူ့အပေါ်မှာ ခင်မှမခင်တာကိုး၊ သူ့ကို ပထမ အနေနဲ့ ရွေးလို့မဖြစ်ဘူး။ ရန်သူကိုရွေးမလားဆိုတော့ ရန်သူကိုသွားရွေးရင် ဒေါသ ဖြစ်မှာပဲ။ မေတ္တာပျိုးလို့ မရဘူး၊ ဒါ့ကြောင့်မို့ ရန်သူကိုလည်း မရွေးနဲ့။ အဲဒီတော့ “ပိယပုဂ္ဂလ” ဆိုတာ ကိုယ်ခင်မင် ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို ရွေးလိုက်ပါတဲ့။

မေတ္တာပို့တော့မယ်ဆိုရင် အဲဒါကစမယ်၊ အဲဒီ ပုဂ္ဂိုလ်ကိုရွေး၊ ဒီလို ရွေးတဲ့နေရာမှာလည်းပဲ နောက် တစ်ခု သတိထားစရာက လိင်တူကိုပဲ ရွေးရမယ်တဲ့၊ လိင်ကွဲကို သွားမရွေးရဘူး။ ဆိုလိုတာက မေတ္တာပို့မယ့် ပုဂ္ဂိုလ်သည် အမျိုးသားဆိုရင် အမျိုးသားသူငယ်ချင်း ထဲကရွေး၊ အမျိုးသမီးဆိုရင် အမျိုးသမီးထဲကရွေး။ အမျိုးသားက အမျိုးသမီးကို သွားရွေးမယ်၊ အမျိုး သမီးက အမျိုးသားကို သွားရွေးမယ်၊ လိင်မတူတာကို ရွေးလို့ရှိရင် မေတ္တာဖြစ်မယ့်အစား တဏှာရာဂတွေ ဖြစ်လာတတ်တယ်၊ အန္တရာယ်ရှိတယ်။ ဒါကြောင့်မို့ အဲဒီလို မရွေးရဘူး။

အမျိုးသားဆိုရင် အမျိုးသားထဲက ချစ်ခင်တဲ့ ပုဂ္ဂိုလ်ကိုရွေး၊ အမျိုးသမီးဆိုရင် အမျိုးသမီးထဲက ချစ်ခင်တဲ့ပုဂ္ဂိုလ်ကိုရွေးတဲ့။ အဲဒီလို ရွေးပြီးတော့ စိတ်ဓာတ်ကို လေ့ကျင့်ပေးရမယ်၊ မေတ္တာစိတ်ကို လေ့ကျင့်ပေးရမယ်။ အဲဒီလို လေ့ကျင့်တော့မယ်ဆိုရင် အစပထမ ဘာလုပ်ဖို့လိုလဲ၊ နှိုင်းယှဉ်မှုဟာ အင်မတန် မှ အရေးကြီးတယ်။ မြန်မာလိုပြောရင် ကိုယ်ချင်းစာ တရားဆိုတာရှိတယ်။ ကိုယ်ချင်းစာတရား ထားတတ်ဖို့ အတွက် ကိုယ့်ကိုယ်ကို အရင်ဆုံးစဉ်းစားပြီး မေတ္တာ ပို့လိုက်ဦး၊ ကိုယ့်ကိုယ်ကိုမေတ္တာပို့တာကတော့ ဘာဝနာ အတွက် မဟုတ်ဘူး၊ လွယ်အောင်လို့ ပြင်ဆင်လိုက် တဲ့သဘောပဲ။

ဆိုပါစို့- မေတ္တာပို့တဲ့အခါမှာ “ချမ်းသာပါစေ” လို့ ပြောချင်တာလား သို့မဟုတ် “ကျန်းမာပါစေ” လို့ ပြောချင်တာလား သို့မဟုတ် “အဆင်ပြေပါစေ” လို့ ပြောချင်တာလား တစ်ခုခုကို ကိုယ်ကြိုက်တဲ့ဟာနဲ့ ပြောလို့ရတယ်။ ကျန်းမာပါစေလို့ပြောပြော၊ ချမ်းသာပါစေလို့ ပြောပြော၊ အရာခပ်သိမ်း အဆင်ပြေပါစေလို့ ပြောပြော၊ အောင်မြင်ကြီးပွားပါစေလို့ ပြောပြော ဘာပဲ ပြောပြောပေါ့၊ အဲဒီအတွေးလေးကို ထိုပုဂ္ဂိုလ်အပေါ်မှာ ပျိုးရမယ်တဲ့။

ဆိုပါစို့- ဘုန်းကြီးတို့တစ်တွေ ယောကျ်ားဆိုရင် ယောကျ်ားကလေး သူငယ်ချင်း၊ မိန်းကလေးဆိုရင် မိန်းကလေးသူငယ်ချင်းပေါ့။ ခုခေတ်တွေကfriend တွေက များတယ်ပေါ့၊ girl friend တို့ boy friend တို့၊ ဒါ ကိုယ့်ဟာကိုယ် ယောကျ်ားလေးဆို ယောကျ်ား လေးသူငယ်ချင်းကိုရွေး၊ မိန်းကလေးဆို မိန်းကလေး သူငယ်ချင်းကိုရွေး၊ ရွေးပြီးတဲ့အခါ ကိုယ်တစ်ယောက် တည်းနေတဲ့ အချိန်လေးမှာ ထိုပုဂ္ဂိုလ်ရဲ့မျက်နှာ စိတ် ထဲမှာပေါ်လာအောင် ပုံဖော်လိုက်၊ ပုံဖော်လို့ မရဘူး ဆိုလို့ရှိရင် ဓာတ်ပုံလေးတစ်ခု ကိုယ့်ရှေ့မှာထားပြီးတော့ ပုံဖော်၊ စိတ်ထဲမှာ ပုံဖော်လို့ရရင် စိတ်ထဲမှာ ပုံဖော် လိုက်၊ သူ့ရဲ့ ပြုံးရွှင်နေတဲ့မျက်နှာ, ကြည်နူးနေတဲ့ မျက်နှာလေးကို ကြည့်ပြီးတော့ “အစဉ်ထာဝရ ပြုံးနိုင် ပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ရွှင်လန်းပါစေ” ဆိုပြီး ကိုယ်လိုချင်တဲ့ စကားလုံးလေးတစ်ခုနဲ့ အသုံးချ ပြီးတော့ အဲဒီစိတ်ကလေး ထပ်တလဲလဲ ဖြစ်နေအောင် repeatation လုပ်နေတာလို့ ခေါ်တယ်။ ထပ်ထပ် ထပ်ထပ်ပြီးတော့ ဖြစ်နေတာ၊ တစ်ခါတည်း မဟုတ် ဘူး။

ခုခေတ် သီချင်းဆိုတဲ့အခါ repeatation တွေ ပါတယ် မဟုတ်လား။ ထပ်ကျော့ပြီးတော့ ဆိုနေတာ လေ။ အဲဒီတော့ မေတ္တာထပ်ကျော့နေရတယ်၊ ဘယ် နှစ်ပြန်ထပ်ကျော့ရမတုန်းဆိုရင် တစ်နာရီလုပ်ရင် တစ်နာရီလုံး ထပ်ကျော့နေရမယ်။ အဲဒီလို ဓားများ သွေးတဲ့အခါမှာ ကျောက်နဲ့ပွတ်နေသလိုပဲ၊ ဒီချမ်းသာ ပါစေဆိုတဲ့စိတ်ကလေးနဲ့ ခုနက ပိယပုဂ္ဂိုလ်နဲ့ ပွတ်ပေး နေရမယ်၊ အဲဒါ လေ့ကျင့်နေတာလို့ခေါ်တယ်။

အဲဒီလို ပွတ်ပေးနေလိုက်တဲ့အခါမှာ ဘယ်လို အနေအထားထိအောင် ရောက်လာသလဲလို့ဆိုရင် ဘယ်နေရာသွားသွား ဒီပုဂ္ဂိုလ်ရဲ့မျက်နှာပဲမြင်နေမယ်၊ မျက်စိထဲက ဒီပုဂ္ဂိုလ်မျက်နှာ မထွက်ဘူး၊ အိပ်မယ်အိပ်မပျော်သေးခင်လည်း သူ့မျက်နှာပဲ မြင်နေတယ်၊ တခြားဟာ သိပ်မမြင်ဘူး။ စိတ်က အဲဒီပေါ်မှာပဲ ငြိမ်ကျလာတယ်ပေါ့။ အဲဒီလို ငြိမ်ကျလာတဲ့အပေါ်မှာ မေတ္တာစိတ်ကလေးနဲ့ ထပ်ထပ်ပြီးတော့ ပွတ်ပေးနေလို့ ရှိရင် နောက်ဆုံးမှာ သမာဓိစွမ်းအားတွေ ကောင်းလာ လို့ရှိရင် စျာန်တောင် ရနိုင်တယ်။

မြန်မာတွေက စျာန်ဆိုရင် ကောင်းကင်ပျံတာ ချည်းပဲ အောက်မေ့နေတယ်။ ဒါ ကောင်းကင်ပျံတာကို ပြောတာ မဟုတ်ဘူး။ စျာန်ရတယ်ဆိုတာ အဲဒီ အာရုံ ပေါ်ကို စူးစိုက်ပြီးတော့နေတဲ့ စွမ်းအားသတ္တိလေး ရလာတာကိုပြောတာ။ ပထမ စျာန်ဆိုတဲ့စွမ်းရည်သတ္တိ ကိုယ်လိုချင်တဲ့ အရှိန်လေး ရလာမယ်၊ စျာန်ဆိုတာ ဘာကိုပြောတာလဲ ဆိုလို့ရှိရင် ခုနက သူငယ်ချင်းရဲ့ မျက်နှာပေါ်မှာ စိတ်ကလေး အမြဲရောက်နေအောင် ပို့ပေးနေတဲ့ ဝိတက် လို့ခေါ်တဲ့ သဘောတရား၊Initial application တဲ့။ စိတ်က ထိုမျက်နှာလေးပေါ်မှာ ရစ်ဝဲ နေတယ်၊ စိတ်က ခွာလို့မရလောက်တဲ့ အနေအထား မျိုး ဖြစ်နေတယ်။Sustained application ခေါ်တဲ့ ဝိစာရ (ခုခေတ်ဆိုရင်တော့ fertilizer ကိုလည်း ဝိစာရ လို့ ခေါ်တာရှိသေးတယ်၊ အဲဒါနဲ့ သွားမရောနဲ့နော်။)

မေတ္တာစျာန်

ဝိတက် ဆိုတာ အာရုံပေါ် စိတ်ကလေးကို ပို့တင် ပေးနေတာ။ ဝိစာရ ဆိုတာ အာရုံနဲ့ စိတ်ကလေး ကွာမသွားအောင် လုပ်ဆောင်ပေးနေတဲ့သဘော၊ အဲဒီ အာရုံလေးနဲ့ စိတ်ကျေနပ်နေတာက ပီတိ၊ စိတ်ကျေနပ် နေသလို စိတ်ထဲမှာ ငြိမ်းချမ်းနေတာက သုခ၊ အဲဒီ အာရုံလေးကို စိတ်က ခွာလို့မရတာက ဧကဂ္ဂတာ၊ အဲဒီ ၅-ခုဟာ ဟန်ချက်ညီညီ အလုပ်လုပ်နေပြီ ဆိုလို့ရှိရင် ပထမစျာန်လို့ ခေါ်တယ်။ ပထမစျာန် ရပြီပေါ့။ သူငယ်ချင်းရဲ့ မျက်နှာလေးပေါ်မှာ အာရုံစူးစိုက်ပြီး အလုပ်လုပ်နေပြီ၊ ချမ်းသာပါစေ၊ ရွှင်လန်းပါစေ ကျန်းမာပါစေဆိုတဲ့ စိတ်ဓာတ်ကလေး ပွားပြီးတော့ အလုပ်လုပ်နေပြီ၊ အဲဒီလို အလုပ်လုပ်နေလို့ရှိရင် ခုနက အင်္ဂါရပ်တွေ ပြည့်စုံလာရင် ပထမစျာန်ပဲ။

ဒီထက် စွမ်းအား မြှင့်လိုက်တဲ့အခါကျတော့ တွေးနေစရာ မလိုတော့ဘူး၊ ဝိတက်ဆိုတာ မလိုတော့ ဘဲနဲ့ အာရုံလေးက ခွာလို့မရတာရယ်, စိတ်ထဲက ကျေနပ်တာရယ်, ချမ်းမြေ့နေတာရယ်, တည် ငြိမ် နေတာရယ်- ဒီသဘောလေး ၄-မျိုးနဲ့ ဖွဲ့စည်းလိုက် တာကျတော့ ဒုတိယစျာန်အဆင့်လို့ ခေါ်တယ်။

နောက်တစ်ခါ ဒီထက် သမာဓိစွမ်းအားတွေ မြှင့်လိုက်တဲ့အခါကျတော့ အာရုံနဲ့စိတ် တွယ်ကပ် အောင် လုပ်ပေးစရာမလိုတော့ဘဲ ထိုအာရုံလေးပေါ် မှာ ကျေနပ်နေတာရယ်, နှစ်သက်နေတာရယ်, တည်ငြိမ်နေတာရယ် ဒီအခြေအနေ ၃ ရပ်ကလေးနဲ့ ထိုအာရုံပေါ်မှာ ရပ်တည်နေလို့ရှိရင် တတိယစျာန် လို့ ခေါ်တယ်။

မေတ္တာပွားတဲ့ပုဂ္ဂိုလ်ဟာ အဲဒီလို စျာန် ၃-ဆင့် ထိအောင် ရနိုင်တယ်။ အဲဒီ စျာန် ၃-ဆင့် ရသွားမှ “စေတောဝိမုတ္တိ“လို့ ခေါ်တယ်။ စိတ်လေးဟာ ဗျာပါဒ က လွတ်သွားပြီ၊ အဲဒီအချိန်မှာ စိတ်က ဒေါသက လုံးဝလွတ်နေတဲ့စိတ်တဲ့၊ “စေတောဝိမုတ္တိ” ဆိုတာ ဒီလုံးဝလွတ်မြောက်လာတဲ့ အနေအထားတစ်ခု ရောက် လောက်အောင် လေ့ကျင့်ယူထားတဲ့ မေတ္တာကို ပြောတာ။

သာမန် မေတ္တာကို မေတ္တာလို့ပဲ သုံးတယ်၊ “စေတောဝိမုတ္တိ“ဆိုတဲ့ စကားလုံးလေး ထည့်သုံးလိုက် လို့ရှိရင် ထိုမေတ္တာသည် စျာန်အခြေအနေထိအောင် ရောက်နေတဲ့ မေတ္တာမျိုးလို့ ဒီလို ပြောတာ။

ကဲ-ကောင်းပြီ၊ ပိယပုဂ္ဂလ လို့ ခေါ်တဲ့ ကိုယ်ချစ်ရ တဲ့ ချစ်ခင်တဲ့ပုဂ္ဂိုလ်နဲ့ လေ့ကျင့်လိုက်လို့ အောင်မြင် သွားတဲ့ မေတ္တာလေးကို ဒီအတိုင်းမထားနဲ့ဦး၊ မေတ္တာကို ဖြန့်ကျက်ကြည့်ဦး၊ ထိုမေတ္တာလေးကို transfer လုပ်ရ မယ်၊ ဘယ်သူ့အပေါ် transfer လုပ်မလဲဆိုရင် ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့ ကိုယ်မသိတဲ့ပုဂ္ဂိုလ် အပေါ်မှာ ပြောင်းကြည့်လိုက်တဲ့။ ပြောင်းကြည့်လိုက်လို့ ရှိရင် ဒီမေတ္တာသဘောတရားလေးဟာ လျော့ကျမသွား ဘူး၊ ကိုယ်ချစ်ခင်တဲ့ ပုဂ္ဂိုလ်ပေါ်မှာထားတဲ့ စိတ် အခြေအနေဟာ မုန်းလည်းမမုန်း ချစ်လည်းမချစ်တဲ့ ပုဂ္ဂိုလ်အပေါ်မှာ သွားထားလိုက်လို့ အခြေအနေ ပြောင်းလဲသွားတယ်ဆိုလို့ရှိရင် ဒီမှာ ပြန်လေ့ကျင့်ရ မယ်၊ ပြောင်းလဲမသွားဘူး ဆိုလို့ရှိရင် ဒါ ဒုတိယအဆင့် အနေနဲ့ အဆင်ပြေသွားပြီ။

ကဲ- ပုဂ္ဂိုလ်နှစ်ယောက် ပြောင်းလိုက်ပြီးပြီနော်၊ ပထမ- ပိယပုဂ္ဂလ၊ ဒုတိယ- မဇ္ဈတ္တ အလယ်အလတ် ပုဂ္ဂိုလ်ပေါ်မှာ ပြောင်းကြည့်လို့ အခြေအနေ မပြောင်း ဘူးဆိုရင် နောက်တစ်ယောက်ပေါ်မှာ ပြောင်းကြည့်။ အဲဒီပုဂ္ဂိုလ်က ကိုယ်နဲ့မတည့်တဲ့ မုန်းတီးတဲ့ ကိုယ့်ရဲ့ ရန်သူ၊ ရန်သူဆိုတဲ့ ပုဂ္ဂိုလ်ပေါ်ကို ပြောင်းကြည့်လိုက်၊ ပြောင်းကြည့်လိုက်လို့ ဒေါသဖြစ်လာလို့ရှိရင် မေတ္တာ ဟာ မကြံ့ခိုင်သေးဘူး၊ ပြန်ပြီးတော့ မေတ္တာကိုလေ့ကျင့် ဦး။ ပြန်လေ့ကျင့်ပြီးတဲ့အခါ တစ်ခါပြန် စမ်းသပ်ကြည့် လိုက်၊ အာရုံပြောင်းပြီးတော့ ကိုယ်နဲ့မတည့်တဲ့လူ အပေါ်မှာ မေတ္တာထားကြည့်၊ ထားလို့ရသွားပြီ ဆိုလို့ ရှိရင်တော့ ဒီမေတ္တာဟာ တော်တော်ခိုင်မာသွားပြီလို့ ပြောရမယ်၊ ဒါက စမ်းသပ်တဲ့နည်း။

အဲဒီလိုလုပ်ပြီးတော့ တစ်လောကလုံးမှာရှိတဲ့ သတ္တဝါတွေပေါ်မှာ မေတ္တာထားနိုင်အောင် ကြိုးစား။ နောက်ဆုံးမှာ လူ ၄-ယောက် - နံပါတ်တစ်က မိမိ ကိုယ်တိုင်၊ နံပါတ်နှစ်က ကိုယ်ချစ်ခင်တဲ့ပုဂ္ဂိုလ်၊ နံပါတ် သုံးက ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့ သာမန် ပုဂ္ဂိုလ်၊ နံပါတ်လေးက ရန်သူ၊ ထိုပုဂ္ဂိုလ် ၄-ယောက် သည် အပိုင်းအခြားတွေ။ လူဆိုတာ ကိုယ့်ကိုယ်ကို ပိုချစ်တတ်တယ်၊ အဲဒီ ၄-ယောက်ကို ရန်သူလို့လည်း မမြင်တော့ဘူး၊ ကိုယ့်ကိုယ်လို့လည်း မမြင်တော့ဘူး၊ ကိုယ့်မိတ်ဆွေလို့လည်း မမြင်တော့ဘူး၊ ကိုယ်နဲ့မသိတဲ့ ပုဂ္ဂိုလ်လို့လည်း မမြင်တော့ဘူး၊ ကိုယ့်ရန်သူလို့လည်း မမြင်တော့ဘူး၊ အားလုံး ဒီ ၄-ယောက်စလုံးဟာ တစ်မျိုးတည်း တစ်ခုတည်းလို့ မြင်သွားပြီဆိုရင် ဒီလူရဲ့ မေတ္တာဟာ အစွမ်းအထက်ဆုံးအဆင့် ရောက်သွားပြီ။

အဲဒါကို ဥပမာလေးတစ်ခု ပေးထားတယ်၊ ဒီ ပုဂ္ဂိုလ် ၄-ယောက်ကို - ဆိုပါစို့- ရှေးတုန်းက လူကို သတ်ပြီးတော့ ယဇ်ပူဇော်တဲ့ အလေ့အထရှိတယ်၊ တောထဲမှာနေတဲ့ရဟန်းတွေ ဒီလိုပဲ ယဇ်ပူဇော်တာ ခံလိုက်ရတာမျိုးတွေရှိတယ်။ အဲဒီမှာ လာပြီးတော့ တောင်းမယ်၊ ယဇ်ပူဇော်ဖို့အတွက် တစ်ယောက်လိုက်ခဲ့ ပါပေါ့၊ တစ်ယောက်လိုက်ခဲ့ပါ ဆိုလို့ရှိရင် အတူနေတာ က မိမိကိုယ်တိုင်ရယ်, ကိုယ့်မိတ်ဆွေရယ်, သာမန် ပုဂ္ဂိုလ်တစ်ယောက်ရယ်, ကိုယ့်ရဲ့ရန်သူရယ် ၄-ယောက် ရှိတယ်။ အဲဒီ ၄-ယောက်ထဲက ဘယ်သူ့ပေးမလဲ? ဘုန်းကြီးတို့ စဉ်းစားကြည့်ကြ၊ တစ်ယောက်ယောက် တော့ လိုက်ရမယ်၊ ကိုယ့်စိတ်ထဲက ဘယ်သူ့ပေးမလဲ၊ ဩော် သူတို့ ၃-ယောက်တော့ နေရစ်ပါစေ၊ ငါပဲ အနစ်နာခံလိုက်ပါ့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုအပေါ်မှာ မေတ္တာပျက်ရာရောက်တယ်၊ သူ့မေတ္တာက မဟုတ် သေးဘူး, မမျှတဘူးလို့ ပြောရမယ်။

အဲဒီလို မဟုတ်ဘဲနဲ့ “ငါနဲ့ မတည့်တဲ့ကောင် လိုက်သွား” ဆိုလို့ရှိရင် ရန်သူပေါ်မှာ အမုန်းစိတ် မပျောက်သေးတာပဲ။ အဲဒီ ၄-ယောက်စလုံးကို “တစ်ယောက်မှမပေးနိုင်ဘူး၊ အားလုံးဟာ အတူတူပဲ ဖြစ်နေတယ်၊ ဘယ်သူ့ကိုမှ ရွေးလို့မရတော့ဘူး” ဆိုရင် အဲဒီမေတ္တာဟာ ကန့်သတ်ချက်တွေကို ကျော်ဖြတ် သွားတဲ့ အင်မတန်ခိုင်မာတဲ့ မေတ္တာတရား ဖြစ်သွားပြီ တဲ့- ဒီလိုဆိုတာ။

အဲဒီလို လေ့ကျင့်ပြီးတဲ့အခါမှာ တစ်လောကလုံး မှာရှိတဲ့ သတ္တဝါတွေအပေါ်မှာ မေတ္တာတရားကို ဖြန့်ကျက်ပြီး နေမယ်ဆိုလို့ရှိရင် ဒေါသဆိုတာ လုံးဝ လာလို့ မရတော့ဘူး။ နောက်ဆုံးမှာ ထိုမေတ္တာကို အခြေခံပြီးတဲ့အခါမှာ ဘာလုပ်ရမလဲ၊ ထိုမေတ္တာ စိတ်ဓာတ်မှာပါတဲ့ သဘာဝတရားတွေကို ရှုမှတ် ဆင်ခြင်ပြီး ဝိပဿနာတရား ပွားများအားထုတ်ရတယ်။ မေတ္တာနဲ့ယှဉ်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်အခြေအနေ တွေက နာမ်တရား၊ ထိုမေတ္တာရဲ့တည်ရာ နှလုံးသားက ရုပ်တရား၊ ဟော ရုပ်နဲ့ နာမ်နဲ့ ဒီနှစ်မျိုးရှိတယ်ဆိုတာကို သဘောပေါက်လာလို့ရှိရင် ဒါ ဝိပဿနာလမ်းကြောင်း ထဲ စ,ဝင်လာတာပဲ။ ဒါ သမထကနေ ဝိပဿနာ ပြောင်းတယ်လို့ ခေါ်တယ်။

မေတ္တာစိတ်ဓာတ်ကို ရှုတာဟာ နာမ်တရားကို ရှုတာ၊ ထိုမေတ္တာစိတ်ဓာတ်ရဲ့ တည်ရာမှီရာ နှလုံးသား ရုပ်တရားကို ရှုတာဟာ ရုပ်ကိုရှုတာ၊ ဒီလို ရုပ်နဲ့နာမ်နဲ့ ကွဲသွားပြီ ဆိုလို့ရှိရင် နာမရူပပရိစ္ဆေဒဉာဏ်။

အဲဒီရုပ်နာမ်နှစ်ခု ခွဲခြားသိပြီးတဲ့အခါမှာ ဒီရုပ် ဒီနာမ်တွေဟာ ဘာ့ကြောင့်ဖြစ်တာတုန်းလို့ အကြောင်း တရားကို လေ့လာသုံးသပ်နိုင်တဲ့ အသိဉာဏ်တစ်မျိုး ထပ်ဆင့်ရလာပြီဆိုလို့ရှိရင် ပစ္စယပရိဂ္ဂဟဉာဏ်။

အဲဒီဉာဏ်နှစ်မျိုးကို အခြေခံပြီး ဒီ ရုပ်နာမ်ဓမ္မ သင်္ခါရတွေနဲ့ ဆက်ပြီးတော့ အလုပ်လုပ်တဲ့အခါမှာ မမြဲတဲ့သဘောတွေ တွေ့လာတယ်၊ ဖြစ်ပြီးပျက်သွားတဲ့ သဘောတွေ တွေ့တယ်၊ ဖြစ်ပျက်မှုတွေက အမြဲတမ်း နှိပ်စက်နေတဲ့ ဒုက္ခသဘောတွေ တွေ့လာတယ်၊ မဖြစ် ရအောင်၊ မပျက်ရအောင် ကိုယ့်မှာစွမ်းအင်သတ္တိတွေ မရှိဘူးဆိုတာ သိလာတယ်၊ ကိုယ့်ဆန္ဒအတိုင်းမဖြစ်ဘူး ဆိုတာ သိလာတယ်၊ အနတ္တသဘောတွေ ပေါ်လာ တယ်။

ဒီလို မေတ္တာနဲ့ပတ်သက်ပြီးတော့ ရုပ်တရား နာမ် တရားတွေအပေါ်မှာ အနိစ္စလို့လည်း ရှုနိုင်လာတယ်၊ ဒုက္ခလို့လည်း ရှုနိုင်လာတယ်၊ အနတ္တလို့လည်း ရှုနိုင် လာတယ်၊ ဒီလို ရှုလာနိုင်တာက သမ္မသနဉာဏ် လို့ ခေါ်တယ်။

အဲဒီကနေ ဆက်လက်ပြီး ဖြစ်တာပျက်တာ လေးတွေကိုပဲ အာရုံစိုက်မိလာတဲ့အခါ ဥဒယဗ္ဗယဉာဏ်၊ ထို ဥဒယဗ္ဗယဉာဏ် ရင့်သန်လာတဲ့အခါ ဖြစ်တယ် ဆိုတာကို အာရုံမပြုတော့ဘူး၊ ပျက်နေတာတွေက မြန်လွန်းအားကြီးသည့် အတွက်ကြောင့် အပျက် အပျက် အပျက်ပဲ မြင်နေတာကို ဘင်္ဂဉာဏ် လို့ ခေါ်တယ်တဲ့။

အဲဒီလို ပျက်တာတွေချည်းပဲ မြင်နေသည့် အတွက်ကြောင့် ဉာဏ်ထဲမှာ ဘာပေါ်လာလဲဆိုတော့ ပျက်နေတာဟာ ကြောက်စရာကြီးပါလားလို့ တွေးလာ တယ်၊ အဲဒါ ဘယဉာဏ်လို့ ခေါ်တယ်။

ကြောက်စရာလို့ မြင်လာတဲ့အခါ ဖြစ်ပျက်မှု တွေက နှိပ်စက်လို့ စိတ်ပျက်စရာ၊ ငြီးငွေ့စရာချည်း ပါလားဆိုပြီး အပြစ်တွေကို မြင်လာတယ်၊ ပျက်နေတဲ့ အရာကြီးဟာ တွယ်တာစရာ မကောင်းဘူးလို့ အပြစ် တွေကို မြင်လာတယ်၊ ဒါက အာဒီနဝဉာဏ်။

အပြစ်တွေ မြင်လာတဲ့အခါ မလိုချင်တော့ဘူး၊ ငြီးငွေ့လာတယ်၊ စွန့်လွှတ်ချင်လာတယ်- နိဗ္ဗိဒါဉာဏ်၊ ငြီးငွေ့လာတဲ့အခါ လွတ်ချင်လာတယ်၊ ဒါတွေက လွတ်ချင်လာတယ်၊ မုစ္စိတုကမျတာဉာဏ်၊ လွတ်ဖို့ရာ အတွက် လွတ်ရာလွတ်ကြောင်းကို ပြန်ဆင်ခြင်စဉ်းစား တာ ပဋိသင်္ခါဉာဏ်၊ ပြန်လည်စဉ်းစားရင်းက သင်္ခါရ တရားတွေရဲ့သဘာဝပေါ်မှာ နေသားတကျဖြစ်သွားပြီး စိတ်လှုပ်ရှားမှုတွေ နည်းသွားပြီး တည်ငြိမ်မှုတွေ ရလာ ပြီး အသိဉာဏ်တွေ လွှမ်းမိုးလာပြီဆိုရင် သင်္ခါရုပေက္ခာ ဉာဏ်လို့ ခေါ်တယ်။

အဲဒီ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်သွားပြီ ဆိုလို့ ရှိရင် ဗျာပါဒ ဆိုတဲ့ သဘာဝတရားကို အဆင့်ဆင့် ပယ်ရှားသွားနိုင်တဲ့ သောတာပတ္တိမဂ်၊ သောတာပတ္တိ ဖိုလ်၊ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ် ဆိုတာလည်းပေါ်လိုက်ရော ဒေါသ ဗျာပါဒ ဆိုတာ ဘယ်တော့မှ ပြန်မလာတဲ့လမ်း ရောက်သွားတယ်။ အမုန်းတရားဆိုတာ နှလုံးသားထဲမှာ လက်ကျန်မရှိ တော့ဘူး၊ အနာဂါမ်ဖြစ်သွားပြီဆိုလို့ရှိရင် အမုန်းတရား လက်ကျန်မရှိတော့ဘူးတဲ့။

မေတ္တာပွားလို့ရှိရင် အမုန်းတရားဟာ ပြန်ထလာ နိုင်သေးတယ်။ အခုခေတ် ရောဂါစစ်သလို စစ်ကြည့် လို့ရှိရင် Positive ဖြစ်နေဦးမယ်။ နှလုံးသားထဲမှာ အမုန်းရှိသေးသလားလို့ ဆေးစစ်သလို စစ်ကြည့်ရင် Positive တွေ့လိမ့်မယ်။ အနာဂါမိမဂ် ရသွားတာနဲ့ တစ်ပြိုင်နက် Negative ဖြစ်သွားပြီ၊ လုံးဝမရှိတော့ဘူး၊ အဲဒါကျတော့ ဒေါသဆိုတဲ့ စိတ်ရဲ့လှုပ်ရှားမှု၊ စိတ်ရဲ့ ပူပန်စေတတ်တဲ့ သဘာဝတရားရဲ့ လုံးဝထွက်ပေါက်ပဲ။ မေတ္တာတရားကိုအခြေခံတဲ့ အနာဂါမိမဂ်ဉာဏ်၊ အနာဂါမိဖိုလ်ဉာဏ် ဟာ ဒေါသရဲ့ လုံးဝထွက်ပေါက် ဖြစ်ပါတယ်။ ဒေါသဆိုတာ လာချင်လို့တောင် မလာ တော့ဘူး။ ဒေါသဆိုတဲ့ သဘာဝတရားဟာ မိမိသန္တာန် မှာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ဘူး။ အစဉ် ထာဝရ ငြိမ်းချမ်းတဲ့ အခြေအနေတစ်ခုကို ရရှိသွား နိုင်တယ်။

ဒါ့ကြောင့်မို့ မြတ်စွာဘုရားကဟောတယ်၊ “ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ စိတ်ရဲ့လွတ်မြောက်မှုလို့ဆိုတဲ့ ဒီမေတ္တာတရားဟာ၊ ဗျာပါဒဿ- စိတ်ထဲမှာ အလိုမကျ နေတဲ့ ဒေါသရဲ့၊ နိဿရဏံ ထွက်ပေါက်ပါပဲ“တဲ့၊ ဒီနည်းနဲ့သာလျှင် စစ်မှန်တဲ့ ထွက်ပေါက်ကို ရနိုင် တယ်။ နောက်ဆုံး ဘယ်လိုပဲ စိတ်ဆိုးအောင်လုပ်လုပ် ဘယ်တော့မှ စိတ်ဆိုးတာ မရှိတော့ဘူး။

ဘုန်းကြီးတို့တတွေ စဉ်းစားကြည့်- ဗျာပါဒ ဆိုတဲ့ ဒေါသဟာ လူတိုင်းဖြစ်ဖူးကြတယ်။ ဖြစ်တဲ့အချိန်မှာ ဘယ်လိုခံစားရသလဲ၊ စိတ်တည်ငြိမ်နေမှုတွေ လုံးဝ ပျက်စီးသွားတယ်၊ နှလုံးခုန်မှုတွေ ပြင်းထန်လာတယ်, မျက်နှာတွေ နီရဲလာတယ်, သွေးခုန်မှုတွေ ပြောင်းလဲ လာတယ်၊ နှလုံးကနေ လှုံ့ဆော်လာသည့်အတွက် ကြောင့် နှုတ်က မဟုတ်တဲ့အသံတွေ၊ မဟုတ်တဲ့စကား တွေ ပြောလာတယ်၊ လက်ကလည်းပဲ အန္တရာယ်ပြုမယ့် အပြုအမူမျိုးတွေ ဖြစ်လာတယ်။ ဒါ ဒေါသရဲ့ စွမ်းဆောင်မှု တွေပဲ။

အဲဒီလို ဒေါသဆိုတဲ့ အမုန်းတရားဟာ နှလုံးသား ထဲမှာ လုံးဝမကျန်အောင် ဖြေရှင်းပစ်လိုက်နိုင်တာ ဒါဟာ ထွက်ပေါက်အစစ်ပေါ့။ ဒါကို ဆိုလိုတယ်၊ မြတ်စွာဘုရားက ဟောခဲ့တာ။

ရက်စက်လိုစိတ်၏ ထွက်ပေါက်

ထို့အတူပဲ နောက်ထပ်ထွက်ပေါက်တစ်ခု ရှာရဦး မယ်။ လူတွေမှာ တစ်ခါတစ်ရံကျတော့ ဒေါသတင် မကဘူး၊ ဆိုပါစို့- စိတ်ဆိုးတယ်ဆိုတာ ရိုးရိုး စိတ်ဆိုး ကြတာပဲ၊ ကိုယ်အလိုမကျရင် မိဘက သားသမီးကို စိတ်ဆိုးတယ်၊ သူငယ်ချင်းအချင်းချင်း စိတ်ဆိုးကြတယ်၊ အဲဒီလို စိတ်ဆိုးတယ်ဆိုတဲ့ အထဲမယ် သတ်ချင် ဖြတ်ချင်စိတ်ဆိုတာ ပါရဲ့လား၊ မပါဘူးနော်။ မိဘက သားသမီးကို စိတ်ဆိုးတယ်ဆိုတဲ့ နေရာ မှာ “ဒီကောင်ကို သေအောင်လုပ်မယ်” ဆိုတဲ့စိတ် မပါဘူးနော်၊ အေး အဲဒီစိတ်ဓာတ်မျိုး ပါလာပြီ ဆိုလို့ ရှိရင် သူ့ကို ဘာခေါ်လဲဆိုတော့ “ဝိဟိံသာ” လို့ ခေါ်တယ်။ ဝိဟိံသာ ဆိုတဲ့ ရက်စက်မှု၊ ညှဉ်းပန်း နှိပ်စက်မှု ဆိုတဲ့သဘောတရား စိတ်ထဲမှာ ဖြစ်ပေါ်လာ တတ်တယ်တဲ့။ ဘုန်းကြီးတို့တစ်တွေ ဒေါသကို မထိန်း တဲ့အခါမှာ ညှဉ်းပန်းနှိပ်စက်လိုမှုဆိုတဲ့ ဝိဟိံသာတရား စိတ်ဓာတ်ထဲမှာ ပေါ်လာပြီ၊ အဲဒီလိုပေါ်လာလို့ရှိရင် စိတ်ရဲ့ထွက်ပေါက်က ဘာနဲ့လုပ်ရမလဲ ဆိုလို့ရှိရင် ကရုဏာတရားကို ပွားလိုက်ရမယ်တဲ့။

ကရုဏာဆိုတာ သူများကို ညှဉ်းဆဲလိုမှု၊ ရက်စက် လိုမှုဆိုတဲ့ cruelty ဆိုတာရဲ့ ဆန့်ကျင်ဖက်ဖြစ်တယ်။ ဒါ့ကြောင့် ကရုဏာတရားကိုပွားပြီဆိုရင် လောကမှာ အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေ, သနားစရာကောင်းတဲ့ ပုဂ္ဂိုလ်တွေ- ဆိုပါစို့- ရောဂါဖြစ်လို့ ဒုက္ခ ဝေဒနာ ခံစား နေရတဲ့ပုဂ္ဂိုလ်, စီးပွားရေးအဆင်မပြေလို့ စိတ်ညစ် နေတဲ့ပုဂ္ဂိုလ်, စားစရာသောက်စရာ မရှိလို့ ဒုက္ခရောက် နေတဲ့ပုဂ္ဂိုလ်, နေစရာမရှိလို့ အတိဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်, လောကမှာ အဆင်မပြေလို့ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ သနားစရာပုဂ္ဂိုလ်တွေပဲ။

အဲဒီလို သနားစရာပုဂ္ဂိုလ်ကို ရွေးချယ်ပြီး “ဒုက္ခာ မုစ္စန္တု” - “အခြေအနေဆိုးတွေက လွတ်မြောက်ကြ ပါစေ, မကောင်းတဲ့ အခြေအနေတွေ ဆင်းရဲဒုက္ခက လွတ်မြောက်ကြပါစေ”- ဆိုတဲ့ စိတ်ဓာတ်ကလေးနဲ့ အဲဒီလို ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကို အာရုံပြုပြီး လေ့ကျင့်ယူရမယ်တဲ့။ အဲဒီလိုလေ့ကျင့်လို့ရှိရင် ခုနက မေတ္တာလေ့ကျင့်သလို လေ့ကျင့်၊ လေ့ကျင့်လို့ အောင်မြင်လာပြီဆိုရင် ခုနက ဝိဟိံသာဆိုတဲ့ ညှဉ်းဆဲ လိုမှု ရက်စက်တဲ့ သဘောတရားဟာ သူ့သန္တာန်မှာ လုံးဝမရှိတော့လောက်အောင် လွတ်မြောက်သွားနိုင် ပါတယ်၊ ဒါလည်း ထွက်ပေါက်တစ်ခုပဲ။

မနာလိုစိတ်၏ ထွက်ပေါက်

နောက်တစ်ခုက လောကလူတွေဟာ ကိုယ်နဲ့ ပြိုင်ဘက်ဖြစ်စေ, ကိုယ့်အိမ်နီးနားချင်းဖြစ်စေ, ကိုယ့် အသိထဲကဖြစ်စေ, မသိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ ကြီးပွား တိုးတက်ပြီး ကိုယ့်ထက်သာသွားလို့ရှိရင် ဝမ်းသာ နိုင်ခဲတယ်၊ ဝမ်းမသာကြဘူး။ ဘာ့ကြောင့် ဝမ်းမသာ တာတုန်းဆိုရင် ဣဿာလို့ခေါ်တဲ့ jealousy ကြောင့်ပဲ။ အဲဒီ jealousy ဆိုတဲ့ သဘောတရားဟာ သူတစ်ပါး အောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ပျော်မွေ့မှု မရှိဘူး၊ အဲဒါလည်း စိတ်ရဲ့ emotion တစ်ခုပဲ။ အဲဒီ အရာတွေ ဖြစ်လာပြီဆိုရင် jealousy တွေ ဖြစ်တယ်။ ထို jealousy တွေ လွှမ်းမိုးလာတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဟာ သူများကိုတောင် အန္တရာယ်ပြုတတ်တယ်။

တစ်ခါတုန်းကကြားဖူးကြပါလိမ့်မယ်၊ အမေရိကန် နိုင်ငံမှာ စကိတ်စီးတဲ့အမျိုးသမီးချန်ပီယံတစ်ယောက်၊ ဒီအားကစားမှာ သူကထူးချွန်လို့ သရဖူဆောင်းထားတဲ့ ပုဂ္ဂိုလ်၊ နောက်ထပ် အမျိုးသမီး အားကစားသမား တစ်ယောက် ပေါ်လာတယ်၊ စကိတ်စီးပြိုင်ပွဲမှာ သူနဲ့ ယှဉ်ပြိုင်လိမ့်မယ်, သူ့ရဲ့သရဖူကို လုတော့မယ်, သူ့ နေရာကို ယူတော့မယ်ဆိုတာကို မခံနိုင်ဘူး၊ ဒါ့ကြောင့် လူဆိုးကိုပိုက်ဆံပေးငှားပြီး အဲဒီအမျိုးသမီး ခြေထောက် ကို ရိုက်ချိုးခိုင်းတယ်။ ဒါ လောကမှာ တကယ်ဖြစ်ခဲ့ တာ။ True story တကယ့်အစစ်အမှန်ဖြစ်တယ်။

အဲဒါမျိုးဟာ ဘာ့ကြောင့်ဖြစ်တာတုန်း ဆိုလို့ရှိရင် jealousy ကြောင့်ပေါ့။ အေး အဲဒီလို jealousy ဖြစ်လာ တာဟာ ကောင်းသလားဆိုတော့ မကောင်းဘူး၊ တော်တော်ဆိုးတဲ့ဟာ၊ သူများရဲ့ အောင်မြင်မှုနဲ့ ပတ်သက်ပြီး မခံနိုင်တဲ့သဘော။ အဲဒီ မခံနိုင်တဲ့ emotion လို့ခေါ်တဲ့ စိတ်ရဲ့ဖိစီးမှု ဖြစ်လာလို့ရှိရင် ဘာနဲ့ထွက်ပေါက်ရှာမလဲဆိုရင် မုဒိတာတရား ပွားများ ခြင်းဖြင့် ထွက်ပေါက်ရှာရမယ်တဲ့။

မုဒိတာတရား ပွားများချင်လို့ရှိရင် အောင်မြင် ကြီးပွားနေတဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပြီး “ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု” “ရ,ထားတဲ့ စည်းစိမ် အခြေအနေတွေက၊ အောင်မြင်မှုတွေက ဘယ်တော့မှ ဆုတ်ယုတ် မသွားကြပါစေနဲ့၊ ထာဝရပျော်နိုင်ကြပါစေ၊ ထာဝရရွှင်လန်းနိုင်ကြပါစေ၊ ရရှိထားတဲ့ အခြေအနေ ကောင်းတွေက ဆုတ်ယုတ်ပျက်စီး မသွားကြပါစေနဲ့“၊ အဲဒီစိတ်ဓာတ်လေးကိုလေ့ကျင့်ပေးရမယ်တဲ့၊ လေ့ကျင့် ပေးလို့ရှိရင် ခုနပြောတဲ့ သူများစည်းစိမ်နဲ့ ပတ်သက် ပြီးတော့ အကောင်းမပြောနိုင်တဲ့ “အရတိ” ဆိုတဲ့ မပျော်မွေ့နိုင်တဲ့ မနာလိုစိတ်ရဲ့ ထွက်ပေါက်ကို ရသွားမှာဖြစ်ပါတယ်၊ ဒါ မုဒိတာ ဆိုတဲ့ ထွက်ပေါက်။

ချစ်စိတ် မုန်းစိတ်၏ ထွက်ပေါက်

နောက်တစ်ခုက ဘာလဲလို့ဆိုရင် လူတွေမှာ ချစ်ခြင်းမုန်းခြင်း ဆိုတာ ရှိတယ်။ ချစ်ရင် ချစ်မယ်, မချစ်ရင် မုန်းမယ်။ ချစ်ခြင်း မုန်းခြင်း ဆိုတာ အစွန်း နှစ်ခုပဲ၊ စိတ်ဓာတ်မှာ balance မဖြစ်လို့ အစွန်းနှစ်ဖက် ထွက်နေတဲ့ စိတ်ဓာတ်။ အဲဒီ အစွန်းထွက်နေတဲ့ စိတ်ဓာတ်က လွတ်မြောက်ချင်လို့ရှိရင် ဘာလုပ်ရမလဲ ဆိုတော့ ဥပေက္ခာ ပွားရမယ်တဲ့။

ဥပေက္ခာဆိုတာ ဘယ်လိုပွားရသလဲဆိုရင် “သဗ္ဗေ သတ္တာ ကမ္မဿကာ” - သတ္တဝါဆိုတာ သူ့ကံနဲ့သူ လာတာလို့ ပွားရတယ်။ ချစ်ခြင်းကိုလည်း ရှောင်မယ်, မုန်းခြင်းကိုလည်း ရှောင်မယ်၊ ချစ်ခြင်း မုန်းခြင်း ထို နှစ်မျိုးလုံးမပါဘဲနဲ့ တည်ငြိမ်တဲ့သဘာဝတရားတစ်ခုကို ဥပေက္ခာလို့ ခေါ်တယ်။

ဒီကနေ့ အရပ်ထဲမှာတော့ “ဥပေက္ခာ” ဆိုတာ ကိုယ်နဲ့မတည့်လို့ မခေါ်တဲ့ပုဂ္ဂိုလ်ကို “ဥပေက္ခာပြုတယ်” လို့ ပြောနေကြတယ်။ အဲဒီလို အဓိပ္ပါယ် မဟုတ်ဘူး၊ ဥပေက္ခာက အလွန်မွန်မြတ်တယ်၊ ချစ်ခြင်းမုန်းခြင်း ဆိုတဲ့ အစွန်းနှစ်ဖက် မရှိစေဘဲ တည့်မတ်တည်ငြိမ်တဲ့ သဘောထား၊ ဒါကြောင့်မို့ equanimity လို့ အင်္ဂလိပ်လို ပြန်တယ်။ equanimity ဆိုတာ စိတ်ရဲ့ တည်ငြိမ်မှုပဲ။ အဲဒီတည်ငြိမ်မှုဟာ စိတ်မတည်ငြိမ်တဲ့ emotion ဆိုတဲ့ ရာဂတို့၊ ဒေါသတို့ရဲ့ ထွက်ပေါက်ပဲ။ ဒါကြောင့်မို့ မြတ်စွာဘုရားက ဥပေက္ခာဆိုတဲ့ စေတောဝိမုတ္တိဟာ ရာဂရဲ့ ထွက်ပေါက်ပါလို့ ဟောထားတယ်။ ဒါ့ကြောင့်မို့ အဲဒါကိုလည်းပဲ လေ့ကျင့်ပွားများခြင်းဖြင့် မိမိတို့ရဲ့ မှန်ကန်တဲ့ထွက်ပေါက်တစ်ခုကို ရရှိနိုင်မယ်။

မြဲတယ်လို့ထင်မြင်စိတ်၏ ထွက်ပေါက်

နောက်တစ်ခုကတော့ ဝိပဿနာ ကျင့်စဉ်နဲ့ ပတ်သက်တယ်။ ဘုန်းကြီးတို့တစ်တွေမှာ အရာ ခပ်သိမ်းကို ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်ကိုယ် ကိုပဲဖြစ်စေ, ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကိုပဲဖြစ်စေ နိစ္စ ထာဝရလို့ ထင်နေကြတယ်။ မြဲတယ်ဆိုတဲ့ အတွေးတွေ ရှိနေကြတယ်။ ဝိပဿနာတရားကို ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်ပြီဆိုရင် စက္ကန့်မလပ် ပြောင်းလဲနေတဲ့ သဘောတွေ, ပြောင်းလဲပျက်စီးနေတဲ့ အရာတွေကို တွေ့မြင်လာနိုင်တယ်။ ဒီလိုဖြစ်ရင် မြဲတယ်ဆိုတဲ့ အတွေးတွေကို လျှော့ချသွားနိုင်တယ်ပေါ့။ အဲဒီ မြဲတယ်ဆိုတဲ့ နိစ္စနိမိတ်၊ မြဲတယ်လို့ ယူဆနိုင်တဲ့ အရိပ် အယောင်ဟာ တစ်ခုမှမရှိဘူး။

ရင့်သန် အားကောင်းလာတဲ့ ဝိပဿနာတရား (ဗလဝဝိပဿနာ) ဟာ မြဲတယ်လို့ ထင်မြင်ယူဆနေတဲ့ အတွေးစိတ်ရဲ့ ထွက်ပေါက်တစ်ခုပဲတဲ့။ ဝိပဿနာ တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့် မြဲတယ် ဆိုတဲ့ အရိပ်အယောင်တွေကို ဖယ်ရှားပစ်နိုင်ပြီး မမြဲဘူးဆိုတဲ့ အမှန်အကန်ကို မြင်လာနိုင်ပါတယ်။ ဒါက အလွန်အဆင့်မြင့်တဲ့ ထွက်ပေါက်တစ်ခုပါတဲ့။ အဲဒီထွက်ပေါက် ရထားပြီဆိုရင် သောကဆိုတာ နည်း သွားမယ်၊ တွယ်တာမှုတွေဆိုတာကို လျှော့ချလာနိုင် မယ်။

မာန၏ ထွက်ပေါက်

နောက်ဆုံး ထွက်ပေါက်တစ်ခုက ဘာလဲဆိုလို့ ရှိရင် ငါဆိုတဲ့ မာနရဲ့ ထွက်ပေါက်ပဲ။ လောကမှာ ဒီမာနဆိုတာက ကျန်နေတတ်တယ်။ မာနဆိုတာ ကိုယ့်ရဲ့အရည်အသွေး အရည်အချင်းပေါ်မှာ အခြေ စိုက်ပြီးတော့ ဖြစ်ပေါ်နေတဲ့ သဘောတရားတစ်ခုပဲ။ ဒါကို စာပေက “အသ္မိမာန” လို့ ပြောတယ်။

မာနဆိုတာဟာ သူများထက်သာတယ်လို့ပြောမှ မာန မဟုတ်ဘူး။ လူတွေမှာ ဖြစ်တတ်တယ်လေ၊ ဆိုပါ စို့- အဘိဓမ္မာတရားဟောလို့ရှိရင် ငါ နားမလည်ပါဘူး ကွာ, နားလည်နိုင်မှာ မဟုတ်ပါဘူး, တို့ ဉာဏ်မမီပါဘူး လို့ အဲဒီလိုတွေးတာကလည်း နိမ့်ကျတဲ့မာနပဲတဲ့။ ဒါကတော့ ငါ့အတွက် လွယ်လွယ်လေးပဲလို့ သွားတွေး လို့ ရှိရင်လည်း သူ့အရည်အချင်းပေါ်မှာ တွေးတာ ဖြစ်သည့်အတွက်ကြောင့် မာနပဲ။ အဲဒီလို မာနမျိုး တွေဟာ တရားထူး တရားမြတ်ရဖို့ရာအတွက် အဟန့် အတားတစ်ခု ဖြစ်တယ်။

ဒါ့ကြောင့် အဲဒီ အဟန့်အတားဆိုတဲ့ ကိုယ့်ရဲ့ အရည်အချင်းပေါ်မှာ အားကိုးပြီး ဖြစ်ပေါ်နေတဲ့ မာန အထင်တွေ ပျောက်သွားအောင် ဝိပဿနာကျင့်စဉ် ကျင့်ရတယ်။ နောက်ဆုံးရဟန္တာပုဂ္ဂိုလ်ဘဝ ရောက်သွား လို့ အရဟတ္တမဂ် အရဟတ္တဖိုလ် ရသွားပြီ ဆိုလို့ရှိရင် တော့ ခုနကပြောတဲ့ ကိုယ့်ရဲ့ အရည်အသွေးပေါ်မှာ အထင်ရောက်တဲ့ မာနတရားဟာ လုံးဝ ရှင်းသွားပါ လိမ့်မယ်၊ အဲဒါက မာနတရားရဲ့ ထွက်ပေါက်ပါ။

အဲဒီလို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က “နိဿရဏဓာတုသုတ်” မှာ စိတ်၏ထွက်ပေါက်များ ဆိုပြီး ဟောထားတာရှိတယ်။ ဒီ ထွက်ပေါက်များသည် သာလျှင် တကယ့်စစ်မှန်တဲ့ထွက်ပေါက်များ ဖြစ်သည့် အတွက်ကြောင့် ထိုတရားများဟာ လက်တွေ့ကျင့်သုံး နိုင်မယ်ဆိုရင် ဒီထွက်ပေါက်တွေဟာ ကိုယ်ကိုယ်တိုင် သိရှိနိုင်မယ့် ထွက်ပေါက်မျိုးတွေ ဖြစ်တယ်။

တရားချစ်ခင် သူတော်စင်အပေါင်းတို့သည် ဗုဒ္ဓ မြတ်စွာ ဟောကြားတော်မူခဲ့တဲ့ စိတ်၏ထွက်ပေါက်များ ကို လက်တွေ့ကျကျ အသုံးချပြီးတော့ မိမိတို့စိတ်ရဲ့ အကျဉ်းအကြပ်မှ လွတ်နိုင်ကြတယ်။ ဒေါသဆိုတဲ့ emotion တွေ, ဝိဟိံသာဆိုတဲ့ emotion တွေ, အရတိ ဆိုတဲ့ မပျော်မွေ့နိုင်မှု emotion တွေ, ရာဂ ဆိုတဲ့ တပ်မက်မှု emotion တွေ, သင်္ခါရ တရားတွေနဲ့ ပတ်သက်ပြီးတော့ မြဲတယ်ဆိုတဲ့ အထင်နိမိတ်တွေ, ကိုယ့်ကိုယ်ကိုထင်နေတဲ့ ကိုယ့်အရည်အသွေးပေါ်မှာ အခြေပြုပြီးတော့ထားတဲ့ မာနတွေ၊ အဲဒီ emotion တရားတွေရဲ့ ထွက်ပေါက်တွေဟာ မေတ္တာတို့, ကရုဏာ တို့, မုဒိတာတို့, ဥပေက္ခာတို့, ဝိပဿနာနဲ့ အရဟတ္တ မဂ်ဉာဏ်များသာဖြစ်တယ်လို့ ဗုဒ္ဓမြတ်စွာက ဟောကြား တော်မူခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ် တို့သည် မိမိတို့သန္တာန်မှာ အဆင့်ဆင့် လေ့ကျင့်ယူခြင်း ဖြင့် ရနိုင်တဲ့တရားတွေ ဖြစ်တဲ့အကြောင်း ကိုယ်တိုင် သိရှိနားလည်ပြီး မိမိတို့မှာ စိတ်၏ထွက်ပေါက်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရအောင်ရှာပြီး ထာဝရငြိမ်းတဲ့ အငြိမ်းဓာတ်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြ ပါစေသတည်း။

သာဓု သာဓု သာဓု

owj7pzvno9s8es670fufuwsbmt8rp40
ဘဝဆည်းဆာ ကရုဏာ
0
5910
22129
21630
2026-06-15T03:21:41Z
Tejinda
173
22129
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ဘဝဆည်းဆာ ကရုဏာ
| previous = [[စိတ်၏ထွက်ပေါက်များ]]
| previous2 =
| next = [[ဘဝအရေး စိတ်အေးရလေအောင်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဘဝဆည်းဆာ ကရုဏာ

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ နတ်တော်လဆန်း (၁၁) ရက် နေ့၊ စစ်ကိုင်းမြို့၊ သုခကာရီ (ကျန်းမာရေးနှင့် လူမှု ကူညီရေး) အသင်း ဖွင့်ပွဲအထိမ်းအမှတ် အဖြစ်ဖြင့် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်း အနားဝယ် ဟောကြားအပ်သော “ဘဝဆည်းဆာ ကရုဏာ” တရားဒေသနာတော်။

ဘဝဆည်းဆာနှင့် ကရုဏာ။ ကရုဏာတရား ရဲ့ သဘာဝကို အရင်စဉ်းစားကြည့်ကြရအောင်။ မြန်မာလို ကရုဏာ ကို အကြင်နာတရားလို့ ဘာသာပြန်လို့ ရတယ်။

သို့သော် ကရုဏာ ဆိုတဲ့ ပါဠိစကားလုံးရဲ့ မူရင်း အဓိပ္ပာယ်က ဘာလဲဆိုတော့ “သာဓူနံ ဟဒယကမ္ပနံ ကရောတီတိ ကရုဏာ” လို့ဆိုတဲ့ ဝိဂြိုဟ်အရ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်တွေကို စိတ်နှလုံး တုန်လှုပ်မှုဖြစ်ပေါ်စေတတ်တဲ့ သဘာဝတရားလို့ ဒီလို မှတ်ရမယ်။ လူတစ်ယောက် ဒုက္ခရောက်နေပြီဆိုရင် ထိုပုဂ္ဂိုလ်ကိုကြည့်ပြီး အကြင်နာတရားတွေပွားလို့ ဒုက္ခတရားကို ဘယ်နည်းနဲ့ ကူညီဖြေရှင်းပေးရမလဲလို့ နှလုံးသားရဲ့လှုံ့ဆော်မှု ဖြစ်တယ်။ အဲဒီလို လှုံ့ဆော်မှု ပေးတဲ့ သဘာဝတရားကို ကရုဏာ လို့ခေါ်တယ်။

မေတ္တာ ဆိုတဲ့ သဘာဝတရားနဲ့လည်း ခြားနား တယ်၊ မုဒိတာ ဆိုတဲ့ သဘာဝတရားနဲ့လည်း ခြားနား တယ်။ မေတ္တာ ဆိုတာ လူသူမရွေး အားလုံးရဲ့ အကျိုး စီးပွားကို လိုလားတာဖြစ်တယ်။ ကရုဏာ ဆိုတာ ကတော့ ဒုက္ခိတသတ္တဝါ(သို့) အခက်အခဲ ကြုံနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မြင်ရရင် မြင်သူမှာ ခံစားရတဲ့ နှလုံးသားရဲ့ လှုံ့ဆော်မှု။ စိတ်နှလုံးကို ငြိမ်အောင် ထားလို့မရဘဲ တစ်ဖက်သား ဒုက္ခရောက်နေတာကို မကြည့်နိုင်၊ မရှုနိုင်၊ ကူညီဖြေရှင်းလိုတဲ့ သဘာဝ တရားဟာ ကရုဏာ ဖြစ်တယ်။

မြတ်စွာဘုရားရဲ့ သန္တာန်မှာဖြစ်တဲ့ ကရုဏာ ဟာ သာမန်ပုဂ္ဂိုလ်များရဲ့ ကရုဏာ နဲ့ မနှိုင်းယှဉ်လောက် အောင် အလွန်ကြီးမားသည့် အတွက်ကြောင့် “မဟာ ကရုဏာ” လို့ခေါ်တယ်။ အလွန်ကြီးမားတဲ့ ကရုဏာ တရား ဖြစ်တယ်။

အေး ... သတိပြုဖို့ရာက ကရုဏာ ဆိုတဲ့ အကြင်နာတရားမှာ သောက ဆိုတဲ့ စိတ်ဆင်းရဲမှု မပါဘူး။ သောက ဆိုတဲ့ စိတ်မကောင်းဖြစ်တာတို့၊ စိုးရိမ်ပူပန်မှုတို့ ဆိုတာတွေက ကုသိုလ်တရား မဟုတ် ဘူး၊ အကုသိုလ်တရားသာ ဖြစ်တယ်။

ကရုဏာ တရားဆိုတာက စိုးရိမ်စိတ်တွေကင်းပြီး ဘယ်လို ကူညီဖြေရှင်းပေးရမလဲ ဆိုတဲ့စိတ်၊ တစ်ဖက် သားရဲ့ ဆင်းရဲဒုက္ခတွေကို ကူညီဖြေရှင်းပေးလိုတဲ့စိတ်၊ တစ်ဖက်သားရဲ့ဒုက္ခကို ကြည့်ပြီးတော့ မနေစိမ့်တဲ့ သဘောတရားလို့ မှတ်ရမယ်။

ကရုဏာကင်းမဲ့သူနှင့် ကရုဏာရှိသူ

ကရုဏာ ကင်းမဲ့တဲ့ ပုဂ္ဂိုလ်မှာ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုး ရှိတယ်လေ။ အေး ... ကရုဏာ ရှိတဲ့ ပုဂ္ဂိုလ်မှာတော့ အဲဒီလို စိတ်ထားမျိုး မရှိဘူး။ သူများဒုက္ခကို ကူညီဖြေရှင်း ပေးချင်လို့ နေမထိထိုင်မသာ စိတ်နှလုံးဟာ လှုပ်ရှား လာတယ်။ ဘယ်ပုံဘယ်နည်းနဲ့ ဆင်းရဲဒုက္ခက လွတ်မြောက်အောင် ကူညီဖြေရှင်းပေးရမလဲလို့ စိတ်ထဲ မှာ ဖြစ်ပေါ်နေတယ်။

အဲဒီ ကရုဏာ တရားဟာ ဘယ်တရားရဲ့ ဆန့်ကျင်ဘက်လဲဆိုရင် ညှဉ်းပန်း နှိပ်စက်လိုတဲ့ ရက်စက်တဲ့ “ဝိဟိံသာ” လို့ဆိုတဲ့ တရားရဲ့ ဆန့်ကျင် ဘက်ဖြစ်တယ်။ ကရုဏာ ကင်းမဲ့ပြီ၊ အကြင်နာကင်းမဲ့ပြီ ဆိုလို့ရှိရင် လူတစ်ယောက်ကို ဒုက္ခပေးတယ်။ အဲဒီ ဒုက္ခပေးတဲ့ သဘောကို “ဝိဟိံသာ“(Cruelty) ပေါ့။ မြန်မာလိုတော့ ရက်စက်ကြမ်းကြုတ်မှုလို့ ခေါ်တယ်။ ကရုဏာ တရား ကင်းမဲ့တဲ့ပုဂ္ဂိုလ်ရဲ့ နှလုံးသားဟာ မာကြောကြမ်းကြုတ် ရက်စက်တယ်။ ကရုဏာ ရှိတဲ့ ပုဂ္ဂိုလ်ရဲ့ နှလုံးသားက ပျော့ပြောင်းပြီး ဒုက္ခရောက်သူရဲ့ ဒုက္ခကို ကူညီဖြေရှင်းပေးလိုတယ်။ ရက်စက်မှု ကင်းတယ်ပေါ့။

အဲဒီတော့ ကရုဏာ မှာ ရန်သူ(၂)မျိုးရှိတယ်။ ကရုဏာ ရဲ့ ရန်သူဆိုတာ ကရုဏာ မှာ ဆန့်ကျင် ဘက်တရား(၂)ခုရှိတာကို ပြောတာ။ ဆန့်ကျင်ဘက် တရား(၂)ခုဆိုတာ အနီးကပ် ဆန့်ကျင်ဘက် တရားက (၁)ခု၊ အဝေး ဆန့်ကျင်ဘက်တရားက (၁)ခု၊ ဒီလို (၂)ခုရှိတယ်။

အနီးရန်သူ

အနီးကပ် ဆန့်ကျင်တဲ့ သဘောတရားက ကရုဏာ နဲ့ ဆင်ဆင်တူပြီးတော့ ကရုဏာ ယောင် ဆောင်နိုင်တယ်။ အဲဒီတရားဟာ အနီးကပ် ဆန့်ကျင် တဲ့ သဘာဝတရားဖြစ်တယ်။ အဲဒါကို သိပ်သတိထား ရတယ်။ ဘုန်းကြီးတို့တစ်တွေမှာ အနီးရန်သူနဲ့ အဝေး ရန်သူဆိုရင် အနီးရန်သူကို သိပ်ပြီးသတိထားရတယ်။ အနီးရန်သူက ဒုက္ခ ကောင်းကောင်းပေးနိုင်တယ်။ အဝေးရန်သူက ဒုက္ခပေးနိုင်ပေမယ့် အနီးကပ်ရန်သူလို မဟုတ်ဘူး၊ ဒုက္ခပေးဖို့ အချိန်ယူရမယ်။

အနီးရန်သူဆိုတာ သဘာဝချင်း ဆင်ဆင်တူတဲ့ သောက ဖြစ်တယ်။ ကရုဏာ နဲ့ သောက ဟာ အလွန် နီးစပ်တယ်တဲ့။ ကရုဏာ ဆိုတာဟာ တစ်ဖက်သားကို ကြည့်ပြီး စိတ်ရဲ့ကြင်နာမှုကို ခေါ်တယ်။ သောက ဆိုတာက ဒေါသနဲ့ယှဉ်ပြီး စိုးရိမ်မှု ခံစားချက်တစ်ခု ဖြစ်တယ်။

ကရုဏာ ဆိုတဲ့ ဘောင်ကိုကျော်ပြီး သောက ဖြစ်သွားရင် ကုသိုလ်လိုလိုနဲ့ အကုသိုလ် ဖြစ်သွားရော။ သောက ဆိုတာက ဒေါသနဲ့ယှဉ်တဲ့ ခံစားချက် ဖြစ်တယ်။ “ဒေါမနဿ ဝေဒနာ” လို့ ခေါ်တယ်။ “ဒေါမနဿ ဝေဒနာ” ဆိုတာ စိတ်ရဲ့ အရုပ်ဆိုး အကျည်းတန်တဲ့ ခံစားမှုမျိုးဖြစ်တယ်။ အဲဒီခံစားမှုမျိုးကို သောက လို့ခေါ်တယ်။ ကရုဏာ ဟာ အဲဒီလို သောက မျိုး မဟုတ်ဘူး။ သူတစ်ပါး ဒုက္ခရောက်နေတာကို မနေစိမ့်တာ၊ ငြိမ်ပြီးမနေနိုင်တာ၊ ကူညီ ဖြေရှင်း ပေးချင်တဲ့စိတ်တွေ အဖွားဖွား ဖြစ်ပြီးနေတာမျိုး ဖြစ်တယ်။ သဘာဝချင်း ဆင်ဆင်တူတဲ့ အနီးကပ် ဆန့်ကျင်ဘက်ဖြစ်တဲ့ သောက ကို သတိထားရမယ်။

သောက က ကရုဏာ ယောင်ဆောင်ပြီးတော့ ဝင်လာတတ်တယ်။ အဲဒါဟာ ကရုဏာ အစစ် မဟုတ် ဘူးတဲ့။ အကုသိုလ် ဖြစ်တယ်ပေါ့။ ကရုဏာ စစ်စစ် ဆိုတာ အင်မတန်မှ မွန်မြတ်သန့်စင်တဲ့တရား။

ကရုဏာ တရားကို မိမိသန္တာန်မှာ ဖြစ်ပွားစေ ချင်ရင် ဘယ်လိုဖြစ်ပွားစေရမလဲ။ “ဒုက္ခာ မုစ္စန္တု” အခက်အခဲတွေမှ လွတ်မြောက်ကြပါစေ၊ ဒီလို အကျပ် အတည်းကြီးမှ လွတ်မြောက်ကြပါစေ။ ဒုက္ခတွေမှ လွတ်မြောက်ကြပါစေဆိုတဲ့ ဒီလိုစိတ်ဓာတ်မျိုးတွေ ဖြစ်ပွားစေရမယ်။

သောက ဆိုတာဟာ အဲဒီလိုမဟုတ်ဘူး။ ဖြစ်ရ လေခြင်းဆိုပြီး ဝမ်းနည်းတဲ့သဘောဖြစ်တယ်။ ဒီ(၂)ခု ဟာ ဆင်ဆင်တူသည့်အတွက်ကြောင့် သောက သည် ကရုဏာ ရဲ့ အနီးကပ်ရန်သူလို့ စာပေကျမ်းဂန်တွေ မှာဆိုတယ်။ အဲဒီတော့ အနီးကပ်ရန်သူ၊ အနီးကပ် သဘာဝတရားကို သတိထားပြီး မဖြစ်လာအောင် စောင့်ရှောက်ဖို့ လိုအပ်တယ်။

အဝေးရန်သူ

နောက်တစ်ခုက အဝေးရန်သူ ဖြစ်တယ်။ အဝေး ရန်သူဆိုတာ သိသာမြင်သာလို့ အဝေးရန်သူ လို့ခေါ်တာ။ ကရုဏာ နဲ့ သဘာဝချင်း မတူတဲ့ ရက်စက်မှု 'ဝိဟိံသာ' တရားဖြစ်တယ်။ ကရုဏာ က ကြင်နာတယ်၊ ဝိဟိံသာ က ရက်စက်တယ်။ ရက်စက်မှုနှင့် ကြင်နာမှု ဆိုတာဟာ သဘာဝချင်း တူရဲ့လား၊ မတူဘူးနော်။ သဘာဝချင်း မတူဘဲ ကွဲပြားခြားနားသည့် အတွက် ကြောင့် အဲဒါကို ကရုဏာ ရဲ့ အဝေးရန်သူ (သို့) အဝေးဆန့်ကျင်ဘက်တရားလို့ ပြောရမယ်။

အေး၊ ဒါကြောင့်မို့ ကရုဏာ ပွားပြီဆိုရင် အနီးကပ်ရန်သူကို သတိထားပြီး အဝေးရန်သူဖြစ်တဲ့ ဝိဟိံသာ တရားကို ပျောက်ကွယ်အောင် လုပ်ရမယ်။ ဒါမှ သန့်စင်တဲ့၊ မွန်မြတ်တဲ့၊ သဘာဝတရားဖြစ်တဲ့ ကရုဏာ ဖြစ်လာနိုင်မယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က သတ္တဝါတွေကို ကြည့်လိုက်တဲ့ အခါမှာ သနားကြင်နာတဲ့ ကရုဏာ တရားတွေ မြောက်များစွာဖြစ်တယ်။ အဲဒီ ကရုဏာ ဖြစ်ပုံနဲ့ ပတ်သက်ပြီး တစ်ခုလောက် ပြောရမယ်ဆိုရင် လောက လူသားတွေဟာ ဗျာဓိ လို့ဆိုတဲ့ ရောဂါဝေဒနာတွေ နှိပ်စက်ပြီးနေတယ်။ ဒါ တစ်ဦးတစ်ယောက်ထဲကို ကြည့်လို့မရဘူး။ လူသားတွေအတွက် ကြည့်မယ်ဆိုရင် ဒီကနေ့ခေတ်မှာ လူဦးရေဟာ သန်းပေါင်း (၆၀၀၀) လောက်ရှိမယ်။ အဲဒီ သန်းပေါင်း(၆၀၀၀)လောက် ရှိတဲ့ လူသားတွေထဲမှာ ရောဂါဝေဒနာဖြစ်နေတဲ့ လူသားတွေဟာ အများကြီးရှိတယ်နော်။ အဲဒီလို ဒုက္ခ ရောက်နေတဲ့ ပုဂ္ဂိုလ်တွေကို မြတ်စွာဘုရားကကြည့်ပြီး “ဗျာဓိနာ အဘိဘူတော လောကသန္နိဝါသော” လောက မှာရှိတဲ့ သတ္တဝါတွေဟာ ဗျာဓိ တရားရဲ့ လွှမ်းမိုးမှုကို ခံနေကြရတယ် မြင်ရတဲ့အခါ မြတ်စွာဘုရားရဲ့ သန္တာန် မှာ အကြင်နာတရားတွေ တဖွားဖွား ပေါ်လာတယ်၊ 'မဟာကရုဏာ' တွေ ဖြစ်လာတယ်။

ထို့အတူပဲ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် က ဒိဗ္ဗစက္ခု ဉာဏ်တော်ကြီးနဲ့ ကြည့်လိုက်မယ်ဆိုရင် စက္ကန့်နှင့်အမျှ သတ္တဝါတွေဟာ သေဆုံးနေကြတာကို တွေ့ရတယ်။ အဲဒီလို သေဆုံးနေကြတာကို တွေ့ရတဲ့ အခါ 'မရဏေန အဗ္ဗာဟတော လောကသန္နိဝါသော' အေး ...သေခြင်းတရားဟာ သတ္တဝါတွေကို လွှမ်းမိုး နှိပ်စက်နေပါလားလို့ သတ္တဝါတွေကို အင်မတန်မှ သနားတဲ့ ကရုဏာ ပေါ်လာတယ်။ ဒီသေခြင်းတရားက လွတ်အောင် ဘယ်လိုလုပ်ရမလဲ၊ ရောဂါဝေဒနာတွေက လွတ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ နည်းလမ်း တွေကို စဉ်းစားလှုံ့ဆော်စေတတ်တဲ့ နှလုံးသားထဲမှာ ငြိမ်မနေဘဲနဲ့ ရောဂါဝေဒနာတွေက လွတ်မြောက် အောင်၊ သေခြင်းတရားက လွတ်မြောက်အောင် ဘယ်လိုစွမ်းဆောင်ပေးရမလဲဆိုတဲ့ ရှုမြင်တဲ့ဉာဏ်နဲ့ ယှဉ်တဲ့ 'မဟာကရုဏာတော်' ဟာ ပေါ်လာတယ်။ ဒါ မြတ်စွာဘုရားရဲ့သန္တာန်မှာ ဒီ(၂)ချက်နဲ့ ပတ်သက်ပြီး ကရုဏာ ဖြစ်ပုံပဲ။

ဗြဟ္မဝိဟာရ

သတ္တဝါတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ဖယ်ရှား ချင်တယ်၊ လူတွေမှာ တွေ့နေရတဲ့ ဒုက္ခတွေကို ဖယ်ရှား ပေးချင်တယ်။ ဒါ 'မဟာကရုဏာ' ပါပဲ။ အေး ... ကရုဏာ တရားဟာ အင်မတန်မှ မွန်မြတ်သန့်စင်တဲ့ တရားဖြစ်လို့ ဗြဟ္မဝိဟာရတရား လို့ခေါ်တယ်။ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့နေထိုင်မှု ဖြစ်တယ်။ သတ္တဝါ တွေ အားလုံး၊ အခက်အခဲ ရောက်နေတဲ့ ပုဂ္ဂိုလ်တွေ အခက်အခဲမှ လွတ်မြောက်ကြပါစေ၊ ဒီလိုစိတ်ထား မျိုးဟာ အင်မတန် မွန်မြတ်သန့်စင်တဲ့ တရားဖြစ်လို့ ဗြဟ္မဝိဟာရတရား လို့ခေါ်တာ။

ဗြဟ္မဝိဟာရတရား လို့ ပါဠိလို ခေါ်သော်လည်း မြန်မာလိုပြန်တော့ ဗြဟ္မစိုရ်တရား လို့ ခေါ်ကြတယ်။ အမှန်တကယ်ကတော့ ဗြဟ္မဝိဟာရတရား ပေါ့နော်။ ဗြဟ္မ စရိယ ဆိုတာ မြတ်သောအကျင့်ကို ကျင့်သုံးခြင်းလို့ ဆိုလိုတယ်။ ဗြဟ္မဝိဟာရ ဆိုတာကတော့ မြင့်မြတ်တဲ့ နေထိုင်မှု ဖြစ်တယ်။ ဒါကြောင့်မို့လို့ English လို ပြန်တဲ့အခါမှာ Mobel aboad လို့ ပြန်တာဖြစ်တယ်။ ဒီစိတ်ဓာတ်တွေနဲ့နေလို့ရှိရင် မြင့်မြတ်တယ်။ စိတ်ဓာတ် က မြင့်မြတ်သည့် အတွက်ကြောင့် ပုဂ္ဂိုလ်ဟာလည်း မြင့်မြတ်တဲ့ပုဂ္ဂိုလ် ဖြစ်သွားတယ်။ ဒါကြောင့်မို့ ဗြဟ္မ ဝိဟာရတရား လေးပါး ကို ကျင့်သုံးကြရမယ်။

အပ္ပမညာ

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ လို့ ဆိုတဲ့ ဗြဟ္မဝိဟာရတရားလေးပါး ကို တစ်နည်းအားဖြင့် “အပ္ပမညာ“လို့လည်း ခေါ်သေးတယ်။ အတိုင်းအတာ၊ အကန့်အသတ် မထားရမယ့်တရားလို့ အဓိပ္ပာယ်မှတ်ရ မယ်။ သတ္တဝါတွေနဲ့ ပတ်သက်ပြီး အေး ...ဒီလူ့ကို တော့ သနားတယ်၊ ဟိုလူ့ကိုတော့ မသနားဘူးဆိုပြီး အတိုင်းအတာ အကန့်အသတ်မျိုး မထားရဘူး။ အဲဒီလို အတိုင်းအတာ အကန့်အသတ် ထားလို့ရှိရင် ဒါဟာ “အပ္ပမညာ” မဟုတ်တော့ဘူး။

သတ္တဝါမှန်သမျှအပေါ်မှာ တညီတည်း ထားနိုင် ရမယ်။ အားလုံးအပေါ်မှာ မေတ္တာ ပွားရင်လည်း တညီတည်းထားနိုင်ရမယ်။ ကရုဏာ ပွားရင်လည်း ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်သတ္တဝါတွေ အားလုံးအပေါ် မှာ ထားနိုင်ရမယ်။ မုဒိတာ ထားရင်လည်းပဲ အောင်မြင် ကြီးပွားနေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးအပေါ်မှာ တညီတည်း ထားနိုင်တာမျိုး ဖြစ်ရမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ကိုယ်နဲ့တည့်တဲ့ ပုဂ္ဂိုလ်အပေါ်မှာ တစ်မျိုး၊ မတည့်တဲ့ ပုဂ္ဂိုလ်အပေါ်မှာတစ်မျိုး၊ အဲဒီလိုထားမယ်ဆိုရင် ဒါဟာ ဗြဟ္မဝိဟာရတရား လို့ မခေါ်ဘူး။

အေး... ဒါကြောင့်မို့လို့ ဒီတရားတွေဟာ အကန့်အသတ် မထားဘဲနဲ့ Limitless ပွားများ ရမယ့် တရား ဖြစ်တယ်။ အာရုံကို ကန့်သတ်မထားရဘူး။ အေး...ကောင်းပြီ၊ ဒီ ကရုဏာတရားဟာ လူတိုင်းမှာ ရှိသင့်တဲ့တရား ဖြစ်သော်လည်းပဲ သာမန်ပုဂ္ဂိုလ်တွေမှာ မရှိကြဘူး၊ လူတိုင်းမှာ မရှိကြဘူး။

အဲဒါကြောင့်မို့ ရှိဖို့၊ ဖြစ်ပေါ်လာဖို့ လေ့ကျင့်ယူရ မယ်ပေါ့။ သို့သော်လည်း တချို့ တချို့သော ပုဂ္ဂိုလ်တွေ မှာ နှလုံးသားက သန့်စင်မွန်မြတ်သည့်အတွက်ကြောင့် ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ထိုဒုက္ခအခက် အခဲကနေ လွတ်မြောက်အောင် ကူညီပေးချင်တဲ့ စိတ်မျိုး မွေးရာပါအနေမျိုး ပါရှိတယ်။ ဒါလည်း အကြောင်းမဲ့မဟုတ်ဘူး။ ဘဝါဘဝက လေ့ကျင့်လာခဲ့ လို့သာ ဖြစ်နိုင်တယ်။ တချို့ ပုဂ္ဂိုလ်တွေမှာကျတော့ Crual Heart ရက်စက်တဲ့ နှလုံးသားမျိုး ရှိတယ်ပေါ့။ အဲဒီလို ရက်စက်တဲ့ နှလုံးသားရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ကရုဏာ နဲ့ အလှမ်းဝေးနေတယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးတွေ လောကမှာ အများကြီးပဲရှိတယ်။ အေး...ကောင်းပြီ၊ ဘဝဆည်းဆာ ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုကြရအောင်။

ဘဝဆည်းဆာ

ဆည်းဆာ ဆိုတာ နေဝင်ချိန် ကာလလေးကို ခေါ်တာဖြစ်တယ်။ အရှေ့လောကဓာတ်က ထွက်ပေါ် လာတဲ့ နေမင်းကြီးဟာ အချိန်တန်တဲ့အခါ အတ္ထ တောင်စွန်းသို့ ဝင်ရောက်ပျောက်ကွယ်ရစမြဲ ဖြစ်တယ်။ လူတွေရဲ့ဘဝ (တနည်း)ပုဂ္ဂိုလ်သတ္တဝါ အားလုံးတို့ရဲ့ ဘဝမှာလည်းပဲ ဘဝဆည်းဆာ နေဝင်ချိန် (သို့) နောက်ဆုံးနေ့ ဆိုတာရှိတယ်နော်။ အဲဒီ ဘဝဆည်းဆာ အချိန်ရောက်လာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ နေဝင် တော့မယ့်ဆဲဆဲ မသိတဲ့ ခရီးတစ်ခုကို သွားရမှာမို့လို့ စိုးရိမ်သောက ရောက်နေရတယ်။

နေဝင်သွားပြီဆိုရင် အမှောင်ထုကြီး သန်းတော့ မယ်။ လမ်းခရီးမှာ အန္တရာယ်တွေကလည်း အလွန် များတယ်။ အဲဒီလို အန္တရာယ်များတဲ့ လမ်းခရီးကို လျှောက်လှမ်းတဲ့ အချိန်ဟာ နေဝင်လို့ အလင်းရောင် ကင်းမဲ့တဲ့အချိန်ဖြစ်တယ်။ အခက်အခဲတွေ အများကြီး ကြုံတွေ့ရမယ်။

ထို့အတူပဲ ဘဝဆည်းဆာ ဆိုတဲ့ နေဝင်ချိန်နား ကပ်လာပြီဆိုရင်တော့ လူတွေဟာ ဒုက္ခရောက်ကြ ရတော့တာပါပဲ။ အာဏာရှိတဲ့သူရော၊ အာဏာမဲ့တဲ့ သူပါ၊ ချမ်းသာတဲ့သူရော၊ ဆင်းရဲတဲ့သူပါ အတူတူပဲ။ ဘဝဆည်းဆာ ရောက်လာပြီဆိုရင်တော့ ကယ်မယ့်သူ နဲ့ အလှမ်းဝေးလာပြီ။

“အတာဏော လောကော အနဘိဿရော” တဲ့။ မြတ်စွာဘုရားက လောကကြီးဟာ အကာအကွယ် မဲ့နေတယ်။ ဘဝဆည်းဆာ ရောက်လာတဲ့ ပုဂ္ဂိုလ် တစ်ယောက်ကို ဘယ်သူကမှ ကာကွယ်ပေးလို့ မရပါဘူး။ ဘဝတစ်ခုဟာ အမှောင်ကျတော့မယ်။ သေခြင်း တရားနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတဲ့ အချိန်ဟာ သနား စရာ အကောင်းဆုံး အချိန်ပါပဲ။

သူသူ ကိုယ်ကိုယ် ဘဝဆည်းဆာ ရောက်လာပြီ ဆိုရင်တော့ ဘဝတစ်ခုကို အဆုံးသတ်ရတော့မှာပါပဲ။ အဲဒီ အဆုံးသတ်ရခါနီးအချိန် ရောက်လာပြီဆိုရင် သနားစရာအကောင်းဆုံးအချိန် ရောက်လာပြီ။

သေခြင်းတရားနဲ့ ရင်ဆိုင်ရတယ်ဆိုတဲ့နေရာမှာ လွယ်လွယ်ကူကူနဲ့ သေခြင်းတရားကို ရင်ဆိုင်ရတာ မဟုတ်ဘူး။ ခက်ခက်ခဲခဲနဲ့ သေခြင်းတရားကို ရင်ဆိုင် ရတာဖြစ်တယ်။ လောကမှာ နေမင်းကြီး ဝင်သွားပြီ ဆိုရင် ရှေ့လျှောက်လှမ်းရမယ့်ခရီးဟာ မမြင်ရတော့ သလိုပါပဲ။ ဘဝမှာ ဆည်းဆာချိန် ကို ရောက်လာပြီ။ ဒီနေရာမှာ မသိနိုင်တဲ့အရာတွေဟာ ၅-မျိုးရှိတယ်။

မသိနိုင်တာ ၅-မျိုး

ဘာတွေလဲဆိုရင် ဇီဝိတံ = အသက်ရှင်လျက် ဘယ်လောက်နေရဦးမယ်ဆိုတာ မသိဘူးတဲ့။ လောကကြီးမှာ ဘယ်လောက်ကြာကြာ အသက်ရှင်နေထိုင်ရဦးမလဲဆိုတာကို မသိနိုင်ဘူးတဲ့။ အေး ဘယ်လောက်ပဲ ကျန်းမာပါတယ်ဆိုဆို ရုတ်တရက် Accident ဆိုတာမျိုးနဲ့ ကြုံရလို့လဲ သေဆုံးသွားနိုင်တယ်။ အခု မာမာကြီး၊ တော်တော်ကြာ မရှိတော့ဘူး ဆိုတာမျိုးကိုလည်း ဖြစ်သွားနိုင်တယ်။

ဘုန်းကြီးတို့ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က မေမြို့ တက်သွားကြတယ်။ ဘုန်းကြီးတစ်ပါးနဲ့ပေါ့။ အေး ... အဲဒီဘုန်းကြီးရဲ့ မိတ်ဆွေဒကာ တစ်ယောက်က ရန်ကုန်ကနေပြီး ဖုန်းဆက်တယ်၊ ဖုန်းထဲမှာ စကားပြောကြတယ်ပေါ့။ သိပ်မကြာပါဘူး၊ မေမြို့က ပြန်ဆင်းလာတဲ့အခါမှာ ဖုန်းတစ်Call ဝင်လာတယ်။ ခုနက ဖုန်းဆက်တဲ့ဒကာ ဆုံးလို့တဲ့။ ဟော ... မယုံနိုင်လောက်အောင်ဖြစ်ရတဲ့ အဖြစ်အပျက်မျိုးတွေပေါ့။

ဒါကြောင့်မို့ လူတစ်ယောက်ရဲ့ သက်တမ်းဟာ ဘယ်လောက်နေရမယ်၊ ဘယ်ရွေ့ဘယ်မျှ အသက်ရှင်နေထိုင်ရမယ်ဆိုတာ မသိနိုင်ပါဘူး။

နောက်တစ်ခါ မသိနိုင်တာကဘာလဲဆိုရင် ဗျာဓိ= ဘဝခရီးကို လျှောက်လှမ်းရတဲ့အခါမှာ ဘာရောဂါနဲ့ သေမယ်ဆိုတာကိုလည်း မသိနိုင်ပါဘူး။ အေး ဆီးချိုရောဂါရှိပေမယ့်လို့ သွေးတိုးနဲ့ သေချင်သေမယ်။ သွေးတိုးရောဂါ ရှိပေမယ့်လို့ တခြားရောဂါနဲ့ သေချင်သေမယ်။ လုံးဝမျှော်မှန်းကြည့်လို့ မရနိုင်ဘူး။ ရောဂါဝေဒနာနဲ့ ပတ်သက်လို့ရှိရင်လည်း လုံးဝသေချာပေါက် မပြောနိုင်ဘူး။ တချို့မှာ စွဲနေတဲ့ ရောဂါဝေဒနာက တစ်မျိုး၊ သေတဲ့အခါကျတော့ တခြားရောဂါနဲ့ သေသွားတယ်ပေါ့။ ဒါမျိုးတွေလည်းရှိတယ်။ ဒါကြောင့်မို့ ဗျာဓိ ဆိုတာဟာလည်း ကြိုတင်ပြောလို့မရဘူးတဲ့။ ကြိုတင်ပြောလို့မရတာ တစ်ခုပါပဲ။

နောက်တစ်ခု ကာလော = ကာလဆိုတာ လူတစ်ယောက်ဟာ ဘဝခရီး အဆုံးသတ်မယ့်အချိန်ဟာ ဘယ်အချိန်လဲ? မနက်လား၊ နေ့လည်လား၊ ညလား ပြောလို့မရဘူးတဲ့။ ပြောလို့မရလို့လဲပဲ ကိုယ့်ရှေ့မှာ ဘဝနိဂုံးချုပ်သွားကြတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိကြပါတယ်။ အမှတ်တမဲ့နေရင်တော့မသိဘူးပေါ့။ အမှတ်နဲ့ နေမယ်ဆိုရင်တော့ အကုန်သိနေမှာပါပဲ။ မမျှော်လင့်ဘဲနဲ့ ဖြစ်နေကြတာတွေချည်းပါပဲ။

နောက်တစ်ခု ဒေဟနိက္ခေပနံ = ကိုယ့်ရဲ့ ရုပ်အလောင်းကို ဘယ်နေရာမှာသင်္ဂြီုဟ်မယ်၊ ဘယ်နေရာမှာ မြှုပ်နှံမယ်ဆိုတာကိုလည်း မသိကြဘူးတဲ့။ တချို့ဟာ ကောင်းကင်ယံမှာ အနိစ္စ ရောက်သွားတာလည်း ရှိတယ်။ တချို့ဟာ ပင်လယ်ထဲ ခရီးသွားရင်း အနိစ္စရောက်သွားတာလည်းရှိတယ်။ အမျိုးမျိုး ရှိကြတယ်လေ။ အဲဒီတော့ ကိုယ့်ရဲ့အလောင်းကို ဘယ်နေရာမှာ မြှုပ်နှံမယ်၊ ဘယ်နေရာမှာ သင်္ဂြီုဟ်မလဲ ဆိုတာကိုလည်း မသိနိုင်ပါဘူးတဲ့။

နောက်မသိနိုင်တာတစ်ခုက ဘာလဲဆိုရင် ဂတိ= လူတိုင်း လူတိုင်းဟာ ဘဝလမ်းကြောင်းကြီး ငါးခု ရှိတယ်။ ဂတိငါးပါးလို့ ခေါ်တာပေါ့။ destination ခရီးလမ်းဆုံး ငါးဌာနရှိတယ်။ အဲဒီငါးဌာနကဘာတွေလဲဆိုရင် (၁) နတ်ပြည်။ ကုသိုလ်ကံတွေ အကျိုးပေးလို့ ရောက်သွားနိုင်တဲ့ နတ်ပြည်ပေါ့နော်။ နောက်တစ်ခုက (၂)လူ့ပြည်ပဲ။ အကုသိုလ်ကံတွေ အကျိုးပေးလို့ ရောက်သွားနိုင်တာက (၃)ပြိတ္တာ၊ (၄)တိရစ္ဆာန်၊ (၅) ငရဲ အားလုံး ငါးမျိုးရှိတယ်။

အဲဒီတော့ ပုထုဇဉ်တစ်ယောက်အနေနဲ့ ဘဝနိဂုံး အဆုံးသတ်သွားပြီးတဲ့အခါမှာ ဘယ်ဘဝမှာ ပြန်လည် မွေးဖွားမလဲဆိုတာကို ပြောလို့မရဘူးတဲ့။ သေဆုံးတဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေအပေါ်မှာ မူတည်သွားတယ်တဲ့။ သောတာပန် မဖြစ်သေးသမျှ နိယတဂတိ=ကိုယ်သတ်မှတ်ထားတဲ့ နေရာတစ်ခုကို သွားလို့မရသေးဘူးတဲ့။ ဘုရားအလောင်းကြီးတောင်မှ တိရစ္ဆာန်ဖြစ်တဲ့အခါ ဖြစ်တယ်၊ ငရဲကျတဲ့အခါ ကျသွား တယ်။ ဘာဖြစ်လို့လဲဆိုတော့ သေခါနီးအချိန်မှာ ဘာတွေနဲ့ကြုံပြီး ဘာစိတ်နဲ့ သေမယ်ဆိုတာကို ပြောလို့မရလို့ပေါ့နော်။ ဘဝခရီးကို လျှောက်လှမ်းပြီဆိုရင် လူတိုင်းဟာ ဒီအချက်ကို ကြိုတင်မပြောနိုင်ကြပါဘူးတဲ့။

သုခကာရီအသင်းနှင့် မြတ်စွာဘုရား၏ လူမှုကူညီရေး

အဲဒီတော့ ဘဝဆည်းဆာ ရောက်နေတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းကို ကြည့်လိုက်မယ်ဆိုရင် အဲဒီအချိန်မှာ အလွန်သနားစရာကောင်းပါတယ်။ သေအံ့မူးမူး အချိန် ရောက်နေပြီဆိုရင် ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို ကယ်တင်မပေးနိုင်တော့ဘူး။ မြတ်စွာဘုရားက ဟောထားတယ်။

“န သန္တိ ပုတ္တာ တာဏာယ” လောကမှာ သေခြင်းတရားနဲ့ ရင်ဆိုင်ရပြီဆိုရင် အကာအကွယ်ပေးနိုင်မယ့် သားသမီးဆိုတာ မရှိဘူးတဲ့။ မိဘတွေအဖို့နော်။ သားသမီးတွေအတွက်လည်းပဲ ကယ်တင်ပေးနိုင်တဲ့ မိဘဆိုတာမရှိဘူး။ ဆွေတွေမျိုးတွေထဲမှာလည်း ဒီလို ဘဝဆည်းဆာအချိန် ရောက်နေပြီဆိုရင်တော့ ကယ်တင်ပေးနိုင်တဲ့သူ တစ်ယောက်မှမရှိဘူး၊ ဒီလိုပြောတာ။

“ပဋာစာရီ” နဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား ဒီတရားကို ဟောခဲ့တာဖြစ်တယ်။ အမြဲတမ်း နှလုံးသွင်းရမယ့် တရားလည်း ဖြစ်တယ်ပေါ့။ “န ပိတာ နာပိ ဗန္ဓဝါ” သေခြင်းတရား ရောက်ရှိလာပြီး ဘဝဆည်းဆာအချိန်၊ သေအံ့မူးမူးအချိန် ရောက်လာပြီဆိုရင် ဘယ်သူ့ဘယ်သူမှ အကာအကွယ်မပေးနိုင်ပါဘူးတဲ့။ အဲဒီလို အခြေအနေမျိုးမှာ ကြုံတွေ့နေရတဲ့ ပုဂ္ဂိုလ်မျိုးဟာ တကယ့်ကို ဒုက္ခိတ လို့ခေါ်ရမယ့် အခြေအနေမျိုးပါပဲ။ ဘဝဆည်းဆာ ရောက်နေပြီဆိုရင် အင်မတန်မှ သနားရမယ့်ပုဂ္ဂိုလ် ဖြစ်နေပြီ။ ဒီအချိန်မှာမှ ကရုဏာ မထားနိုင်ဘူးဆိုရင် ကရုဏာ မထားတဲ့ပုဂ္ဂိုလ်ဟာ ရက်စက်တဲ့ပုဂ္ဂိုလ်ပဲ ဖြစ်မှာပေါ့။

ဒီကနေ့ စစ်ကိုင်း မြို့သူမြို့သားတွေ စုပေါင်းပြီး “သုခကာရီအသင်း” ထူထောင်တာ ဖြစ်တယ်။ လူတွေဟာ မကျန်းမမာ ဖြစ်လာပြီဆိုရင် အသက်အန္တရာယ်ဟာ အင်မတန်မှ နီးတယ်ပေါ့။ ဘာကြောင့်နီးသလဲဆိုရင် အချိန်မီ ဆေးရုံရောက်ရင်ရောက်၊ မရောက်ရင် သေနိုင်တဲ့အတွက်ဖြစ်တယ်။ အသက်အန္တရာယ်နှင့် အလွန်နီးတယ်။

အချိန်မီ ရောက်သွားလို့ရှိရင် အသက်ကို ကယ်တင်နိုင်တာမျိုးတွေ ရှိတယ်ပေါ့။ အဲဒီအခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းချင်တယ်ဆိုတာဟာ ကရုဏာ ပါပဲ။ အဲဒီလို အခက်အခဲကြုံနေရတဲ့ ပုဂ္ဂိုလ်တွေ အသက်ကိုလုနေရတဲ့ အချိန်ကလေးမှာ လိုအပ်တဲ့ အကူအညီလေးကို ပေးလိုက်လို့ ထိုပုဂ္ဂိုလ်အသက်ကို ကယ်တင်လိုက်နိုင်ပြီဆိုရင်လည်း အလွန်ဝမ်းသာစရာကောင်းတဲ့ ကျန်းမာမှုအကူအညီတစ်ခုပါပဲ။ ကုသိုလ်ကြီးတစ်ခုပါပဲ။

အေး..ကောင်းပြီ။ ဘဝရလာပြီဆိုရင် လူတိုင်းလူတိုင်းရဲ့ အဆုံးသတ်ဟာ သေခြင်းတရားပဲ။ အဲဒီသေခြင်းတရားနဲ့ အဆုံးသတ်ပြီ၊ ဘဝနိဂုံးချုပ်သွားပြန်ပြီဆိုရင် သေဆုံးသွားတဲ့ပုဂ္ဂိုလ်ကတော့ ဘဝမှာ ဘာမှမသိနိုင်တော့ဘူး။

ဘဝအသစ်တစ်ခုကို အစပြုနေပြီ။ ဘဝတစ်ခု အဆုံးသတ်ခြင်းသည် ဘဝအသစ်တစ်ခုကို နိဒါန်းပျိုးခြင်းပဲ ဖြစ်တယ်။ ဘဝတစ်ခု အစပြုပြီးဖြစ်တဲ့ သူ့အတွက်ကတော့ သနားခြင်းဖြစ်စရာ မရှိတော့ဘူးပေါ့။ သနားခြင်းရဲ့ဟိုဘက် ရောက်သွားပြီ။ ဘာဖြစ်လို့တုန်းဆိုတော့ သနားတယ်ဆိုတာဟာ အသက်ရှိမှ သနားရတာကိုး။ သေသွားပြီးမှတော့ သနားစရာမလိုတော့ဘူး။ အဲဒီအချိန်မှာ ဘယ်သူ့ကို သနားရမှာလဲဆိုရင် လူတွေဆိုတာပတ်ဝန်းကျင်နဲ့ နေကြတာဆိုတော့ မိသားစုရှိတယ်။ ကျန်ရစ်တဲ့ မိသားစုတွေက ထိုအချိန်မှာ သောကဖိစီးပြီး ဒုက္ခရောက်နေကြတယ်။ စိတ်အလွန် ဆင်းရဲနေသည့်အတွက် သူတို့ရဲ့ ဒုက္ခကို ဝိုင်းဝန်းပြီး ကူညီဖြေရှင်းပေးသင့်တယ်။

ကျန်းမာရေး ကူညီစောင့်ရှောက်တယ်ဆိုတာ ဘဝခရီးကို အဆုံးသတ်တော့မယ့်ပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးကို (သို့) ဗျာဓိတရားရဲ့ လွှမ်းမိုးမှုကို ခံနေရလို့ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်ရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးတာ။ ဒါက ကျန်းမာရေးစောင့်ရှောက်တာ ဖြစ်တယ်။

လူမှုကူညီရေး ဆိုတာကျတော့ ခုနတုန်းက မိသားစုထဲက တစ်ဦးတစ်ယောက် ဘဝနိဂုံး ချုပ်သွားပြီ ဆိုတဲ့အခါမှာ ကျန်ရစ်တဲ့သူတွေဟာ ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့ သောကရဲ့ဖိစီးမှုကို ခံကြရလို့ ဘာလုပ်ရမှန်း ဘာကိုင်ရမှန်း မသိရအောင် ဖြစ်နေကြရတယ်။ အဲဒီအချိန်မှာ သနားစရာ အကောင်းဆုံး၊ အကူအညီအလိုအပ်ဆုံးအချိန် ဖြစ်နေပါတယ်။

ထိုသောကကို ပြေရာပြေကြောင်း ကူညီတာတို့၊ ဝိုင်းဝန်းပြီးတော့ ဖြေရှင်းတာတို့ဟာ လိုအပ်တယ်။ ဒီအချိန်မှာ အကြင်နာတရား ထားရမယ့်အချိန် ဖြစ်တယ်ပေါ့။ အဲဒါက ကျန်ရစ်တဲ့ပုဂ္ဂိုလ်တွေအတွက် အကြင်နာတရားထားတာကိုပဲ လူမှုကူညီရေးလို့ ပြောတာဖြစ်တယ်။

အဲဒီလို မွန်မြတ်တဲ့အချိန်မှာ တကယ့်အလိုအပ်ဆုံးအချိန်(၂)ခုအတွက် 'သုခကာရီအသင်းကြီး' ပေါ်လာခဲ့တယ်။ 'သုခ' ဆိုတဲ့ ချမ်းသာအောင်၊ အဆင်ပြေအောင်၊ 'ကာရီ' ဆိုတာက လုပ်ပေးတာဖြစ်တယ်။ စိတ်ချမ်းသာစေရမယ်။ အားလုံးအဆင်ပြေအောင် ဆောင်ရွက်ပေးတာကို “သုခကာရီ” လို့ပြောတာ ဖြစ်တယ်။ အေး ... ကျန်းမာရေးနဲ့ လူမှုရေးဆိုတာ အင်မတန်မှ အရေးပါတဲ့ အရေး(၂)ခုဖြစ်တယ်။ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေကို ကူညီဖြေရှင်းပေးနေတဲ့ ကရုဏာတရားဟာ အင်မတန်မှ မွန်မြတ်သန့်စင်တယ်။

ပူတိဂတ္တတိဿ ကိုယ်တော်၏ ဇာတ်လမ်း

ဒီအလုပ်ကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကိုယ်တိုင် လုပ်ခဲ့တယ်ဆိုတာ ပိဋကတ်စာပေထဲမှာ သက်သေအထောက်အထားနှင့်တကွ ရှိပါတယ်။ အားလုံးလည်း ကြားဖူးကြတဲ့ ဝတ္ထုတစ်ခုပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ တပည့်သာဝက ရဟန်းတော်တွေထဲမှာ တိဿကိုယ်တော်ဆိုတာ ရှိခဲ့ပါတယ်။ အဲဒီကိုယ်တော်ဟာ ကံမကောင်း အကြောင်းမလှတဲ့ တစ်ခုသော ဘဝက အကုသိုလ်တွေ လုပ်ခဲ့သည့် အတွက်ကြောင့် တစ်ကိုယ်လုံး အနာတွေပေါက်နေတယ်။

ပထမပေါက်စက သေးသေးလေး။ နောက်တော့ တဖြည်းဖြည်းကြီးလာပြီး ပေါက်ကွဲကုန်တယ်။ အဲဒီအခါမှာ တစ်ကိုယ်လုံး ပြည်တစိုစို ဖြစ်နေတယ်။ ခန္ဓာကိုယ် တစ်ခုလုံးဟာ ဇာပေါက်လို ဖြစ်သွားတယ်။ အနာတွေဟာ တစ်ကိုယ်လုံးအနှံ့ပေါက်တာ ဖြစ်နိုင်တယ်။ ကြောက်ဖို့အလွန်ကောင်းတယ်။ ကျောက်ပေါက်သလိုမျိုး ပေါက်တာနော်။ ကျောက်က ခပ်သေးသေးရယ်၊ ဒီကိုယ်တော်ပေါက်တဲ့ အနာဟာ အကြီးကြီးပဲ။ တစ်ကိုယ်လုံး ပြည်တစိုစိုနဲ့။ အနာဝက အကြီးကြီးပဲ။

ဒါတင်မကဘူး၊ အဲဒီအနာက ဘယ်အထိရောက်အောင် ကူးစက်ပြန့်ပွားသွားသလဲဆိုရင် အရိုးထိရောက်အောင် ကူးစက်ပျံ့နှံ့သွားပြီး ရိုးတွင်းခြင်ဆီထိအောင် ရောက်သွားတယ်။ အခုခေတ်ဆိုရင်တော့ နာမည်တပ်ကောင်းတပ်လိမ့်မယ်။

အဲဒီကိုယ်တော် ဦးတိဿရဲ့ ရောဂါက အင်မတန်ဆိုးတယ်။ နောက်ဆုံးမှာတော့ အရိုးတွေပါ အက်ကွဲလာပြီးတော့ ကျိုးတဲ့နေရာကကျိုး၊ မလှုပ်နိုင် မယှက်နိုင် ဖြစ်လာတယ်။ ပြုစုတဲ့ ပုဂ္ဂိုလ်တွေကလည်း ကြာတော့ မပြုစုနိုင်တော့ဘူး။ ပြည်တစိုစိုနဲ့ တစ်ကိုယ်လုံး ညစ်ပတ်ပြီး မတတ်နိုင်တော့တဲ့အခါမှာ သူ့ကို ဒီအတိုင်းပဲ ပစ်ထားလိုက်ကြတယ်။ သေမယ့်အချိန်ကိုပဲ စောင့်နေရသလို ဖြစ်နေတယ်။ အဲဒီအချိန် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ကျောင်းတော်ကြီးကနေပြီး လောကတစ်ခွင်ကို ရှုစားလိုက်တဲ့အခါမှာ မိမိရဲ့ အနီးကပ် ဇေတဝန်ကျောင်းတော်ထဲမှာပဲ ဒုက္ခရောက်နေတဲ့ ကိုယ်တော်ကို သွားမြင်တယ်။ မြင်တာနဲ့ ဘုရားကိုယ်တိုင် ကြွသွားတယ်။ ကရုဏာ ဆိုတာဟာ မနေစိမ့်ဘူး။ အဲဒီကိုယ်တော်ရှိနေတဲ့နေရာ အနီးအနားက မီးတင်းကုတ် မီးဖိုချောင်မှာ မြတ်စွာဘုရားက ရေနွေးတည်တယ်။ ဘယ်သူ့ကိုခိုင်းတယ်လို့ မပါဘူး။ ဘုရားက ကိုယ်တိုင် ရေနွေးတည်တဲ့သဘောပဲ။ မြတ်စွာဘုရား ကြွသွားတာကို အားလုံးက ကြည့်နေကြတယ်။

မြတ်စွာဘုရား ရေနွေးတည်ပြီး ဘယ်ကို ကြွသွားသလဲဆိုတာကို ရဟန်းတွေ ကြည့်လိုက်တဲ့အခါမှာ အားလုံးက စွန့်ပစ်ထားကြတဲ့ တညည်းညည်း တညူညူနဲ့ ပြည်ပုပ်တွေနဲ့ ညစ်ပတ်နံစော်နေတဲ့ ကိုယ်တော့်အနား ကြွသွားတာကို မြင်ကြတယ်။ အဲဒီအခါမှာ အားလုံးက သဘောပေါက်သွားပြီး ဝိုင်းလာကြတယ်။

စောစောကတော့ ဘယ်သူမှ အနားမှာမနေဘူး။ မြတ်စွာဘုရားကြွသွားပြီး အဲဒီရဟန်းအိပ်တဲ့ ခုတင်ကို မြတ်စွာဘုရားက မ,တော့မယ်ဆိုမှ ရဟန်းတွေက 'အရှင်ဘုရား မ,မပါနဲ့၊ တပည့်တော်တို့ ဝိုင်းမပါ့မယ်' ဆိုပြီး ဂိလာနပုဂ္ဂိုလ်ကို မီးတင်းကုတ်ဘက်ကို မ,ရွေ့သွားကြတယ်။

ရွှေ့ပြီး ရေနွေးလေးနဲ့ ဖန်ဆေးပေးတယ်။ သူ့တစ်ကိုယ်လုံးမှာ ပြည်တွေနဲ့ ပေနေတဲ့အတွက် ပထမ ဧကသီလေးကို မြတ်စွာဘုရားက ရေနွေးလေးနဲ့ ချွတ်ပြီး လျှော်ခိုင်းတယ်။ လျှော်ပြီးတဲ့အခါမှာ ညှစ်ပြီး လှမ်းထားခိုင်းတယ်။ လှမ်းထားချိန်မှာ သင်းပိုင်ကလေးပတ်ထားပြီး တစ်ကိုယ်လုံးညစ်ပေနေတဲ့ ပြည်ပုပ်တွေ ကင်းစင်သွားအောင် ရေနွေးလေးနဲ့ သုတ်သင်ပေးတယ်။

အဲဒီအချိန်မှာ ခုနကလှမ်းထားတဲ့ ဧကသီ သင်္ကန်းလေးဟာ ခြောက်လာတယ်။ ခြောက်လာတော့ အဲဒီဧကသီသင်္ကန်းလေးကို အပေါ်က လွှမ်းထားပြီး ခုနက သင်းပိုင်ကိုချွတ်ပြီး ဖွပ်လျှော်တယ်။ ပြီးတော့ လှမ်းထားလိုက်တယ်။ တစ်ကိုယ်လုံး ဆေးကြောပြီးတော့ ဟိုသင်္ကန်းကလည်း ခြောက်လာတော့ သင်းပိုင်လေးကို ခါးလေးစည်းပြီး အပေါ်က ဧကသီလေးကို ရုံပေးထားလိုက်တယ်။ တစ်ကိုယ်လုံးလည်း သန့်ရှင်းသွားပြီ၊ ဖန်ဆေးထားတဲ့ အတွက်ကြောင့် ရောဂါဟာလည်း ထိုက်သင့်သလောက် သက်သာသွားပြီ။ ဝဋ်ကျွေးခံနေရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဘုရားကိုယ်တိုင် သွားပြီး ပြုစုပေးတာ။

အဲဒါ ဘယ်လောက် မွန်မြတ်တဲ့အလုပ်လဲဆိုတာ စဉ်းစားကြည့်ပေါ့။ မြတ်စွာဘုရားက ရဟန်းတော်တွေကို မိန့်ကြားတယ်။ “ယော မံ ဥပဋ္ဌဟေယျ သော ဂိလာနံ ဥပဋ္ဌဟေယျ” ငါ့ကို လုပ်ကျွေးချင်တယ်ဆိုရင် ဂိလာနပုဂ္ဂိုလ်ကို လုပ်ကျွေးကြစမ်းပါတဲ့။ “ဂိလာနုပဋ္ဌာနံ ဗုဒ္ဓေန ဝဏ္ဏိတံ” မကျန်းမာတဲ့ ပုဂ္ဂိုလ်ကို ပြုစုစောင့်ရှောက်တဲ့ လုပ်ငန်းကို မြတ်စွာဘုရားက အလွန်လုပ်ထိုက်တဲ့ အလုပ်တစ်ခုအဖြစ် ချီးမွမ်းတော်မူတယ်။ ဘာဖြစ်လို့လဲဆိုရင် ကရုဏာ ကို အခြေခံပြီးတော့ လုပ်ရတာဖြစ်လို့ အလွန်ချီးမွမ်းထိုက်တယ်။ ကရုဏာကိုက အင်မတန်မှ သန့်စင်တယ်။ သန့်စင်တဲ့ ကရုဏာကို အခြေခံထားပြီး လုပ်ရတဲ့အလုပ်ဖြစ်လို့ ဘယ်မှာ မကောင်းဘဲရှိမလဲ။ အင်မတန်မှ မွန်မြတ်တဲ့ အလုပ်တစ်ခုဖြစ်တယ်။

အေး... မြတ်စွာဘုရားက အဲဒီလို ပြုစုစောင့်ရှောက်ခြင်းဖြင့် တစ်ဖက်က ကာယိကဒုက္ခ ဝေဒနာကို သက်သာစေတာ။ မြတ်စွာဘုရား ကိုယ်တော်တိုင် လာရောက်ပြုစုတဲ့အခါ စိတ်အားတွေ တက်လာတာပေါ့။ စိတ်အားတွေတက်ပြီးတော့ စိတ်ကလေး ကြည်နေတဲ့အချိန်မှာ မြတ်စွာဘုရားက တရားဟောပါတယ်။

မြတ်စွာဘုရား ဟောတဲ့တရားက “အစိရံဝတ ယံကာယော” အေး... မင်းခန္ဓာကိုယ်ကြီးဟာ မကြာခင် ဇီဝိန်ချုပ်ပြီး ဒီအလောင်းကောင်ကြီးကို မြေပြင်မှာ မြှုပ်ရတော့မှာ။ အခုခေတ်ဆိုရင်တော့ ကြိုက်ချင်မှကြိုက်မယ်။ မင်းသေတော့မှာဆိုရင် ကြိုက်မှာမဟုတ်ဘူး။ ဒါပေမယ့် သေတာကို သေတော့မှာလို့ဆိုတာ သိရမှာပေါ့။ အဲဒါမှ ကိုယ်သေတော့မယ်ဆိုတာကိုသိမှလည်း လုပ်သင့်တာလုပ်နိုင်မှာဖြစ်တယ်။ အေး ..ဒါကြောင့် မြတ်စွာဘုရားက “အစိရံဝတ ယံကာယော” ဒီခန္ဓာကိုယ်ကြီးဟာ မကြာတော့ဘူး၊ သုဿာန်မြေမှာစွန့်ပစ်ပြီး အဲဒီမှာ လှဲလျောင်းရတော့မယ်။ “ဆုဒ္ဓေါ အပေတဝိညာဏော နိရတ္ထံဝ ကလိင်္ဂရံ” အိမ်မှာ ထားလို့မဖြစ်သည့် အတွက်ကြောင့် စွန့်ပစ်လိုက်တဲ့အခါမှာ ထင်းထုံးထင်းစလို ဘာမှအသုံးမကျတော့ဘူး။ ထင်းတုံး၊ ထင်းခွဲသားကမှ အသုံးကျသေးတယ်။ အိမ်ယူပြီးတော့ ရေနွေးတည်လို့ရမယ်၊ ထမင်းချက်လို့ရဦးမယ်။ လူရဲ့ ခန္ဓာကြီးကတော့ သေသွားပြီဆိုရင် ဘာမှအသုံးမကျတော့တာ ဖြစ်သွားတယ်။ မြတ်စွာဘုရားက ဒီခန္ဓာကြီး အသုံးမကျပုံကို တရားပြလိုက်တာဖြစ်တယ်။ ဒါက စိတ်ကို ကုစားပေးလိုက်တာပါ။

ခန္ဓာကိုယ်ကြီးပေါ်မှာ တွယ်တာနေတဲ့ အတွယ်အတာကို ဖြုတ်ပေးလိုက်တာပါပဲ။ လောကလူတွေဟာ အတွယ်ကို မဖြတ်နိုင်ကြဘူး။ အတွယ်ကို မဖြတ်နိုင်ကြဘဲ တွယ်ကပ်နေကြလို့ ဂတိတွေ လွဲနေကြတာ ဖြစ်တယ်။ အိမ်အနီးအပါးမှာ တစ္ဆေဖြစ်တယ်၊ သရဲဖြစ်တယ် ဆိုတာတွေက တွယ်နေလို့ ဖြစ်ရတာပေါ့။ အခု မြတ်စွာဘုရားက ခန္ဓာကိုယ်ကိုတောင်မှ မတွယ်ဖို့ ပြောတယ်။

မြတ်စွာဘုရားက အေး ... အသက်ဇီဝိန် ကင်းသွားတဲ့အခါ ဟောဒီခန္ဓာကြီးဟာ ဘာမှသုံးလို့မရတော့ဘဲ ပစ်လိုက်ရတော့မှာ။ ခန္ဓာကိုယ်ရဲ့ အပြစ်အနာအဆာကိုပြပြီး ဟောလိုက်လို့ ခန္ဓာရဲ့အပြစ်ကို မြင်ပြီး အဲဒီ တိဿရဟန်းဟာ ပဋိသမ္ဘိဒါဉာဏ်တွေနဲ့ တန်ဆာဆင်ထားပြီး အလွန်အဆင့်မြင့်တဲ့ ရဟန္တာ ဖြစ်သွားတယ်။ သေခါနီးဆဲဆဲမှာ သနားစရာကောင်းတဲ့ အခြေအနေမှ အကောင်းဆုံး အခြေအနေတစ်ခုသို့ရောက်အောင် ဆောင်ရွက်ပေးနိုင်တယ်။ ဒါဟာ ကူညီမှုတစ်ခုပဲ။ မြတ်စွာဘုရား ကိုယ်တော်တိုင် နေဝင်ဆည်းဆာအချိန်မှာထားတဲ့ ကရုဏာတရားပဲ ဖြစ်တယ်။

ဘဝဆည်းဆာအချိန်မှာ အခုလိုကူညီပေးလိုက်တာဟာ အလွန်မွန်မြတ်တယ်။ အကယ်၍များ ဇေတဝန်ကျောင်းက ရဟန်းတွေလိုပဲ ပစ်ထားလိုက်ပြီး ရောဂါသက်သာအောင် ပြုစုခြင်း၊ ပြုလုပ်ခြင်း၊ ဟောပြောခြင်းတွေ တစ်ခုမှ မလုပ်ခဲ့ဘူးဆိုရင် စိတ်ဆင်းရဲပြီး သေသွားရှာမယ်။ ဒါဆိုရင် သံသရာထဲမှ နစ်မွန်းနေဦးမှာပါပဲ။ မြတ်စွာဘုရားက ကူညီသင့်တာကို ကူညီပေးသည့် အတွက်ကြောင့် ကာယိကဒုက္ခ သက်သာသွားတယ်။ စေတသိက ဒုက္ခလည်း သက်သာသွားတယ်ပေါ့။ သက်သာရုံတင် မကဘူး၊ စိတ်ဟာ ဖြူစင်မြင့်မြတ်သွားပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို ရသွားပြီး ကြီးကျယ်မြင့်မြတ်တဲ့ နိဗ္ဗာန်ကို ရောက်သွားရတယ်။

ဒါဟာ မြတ်စွာဘုရားရဲ့ လူမှုကူညီရေးပါပဲ။ ဒါတွေဟာ မြတ်စွာဘုရားကိုယ်တိုင် လုပ်ခဲ့တာ ဖြစ်တယ်။ အဲဒီပုဂ္ဂိုလ် ပျံလွန်တော်မူသွားတဲ့အခါ မြတ်စွာဘုရားက ရဟန်းတွေကို သုဿန်ပို့စေပြီး သင်္ဂြီုဟ်ခိုင်းတယ်။ မြတ်စွာဘုရားက ကျန်းမာရေးကို စောင့်ရှောက်တာ ဒီဝတ္ထုအရ အင်မတန်မှ ထင်ရှားပါတယ်။ ဒီမထေရ်ကို စာပေထဲမှာ “ပူတိဂတ္တတိဿ” လို့သုံးတယ်။ 'ဂတ္တ' ဆိုတာ ခန္ဓာကိုပြောတာ၊ 'ပူတိ' ဆိုတာက ပုပ်နေတာဖြစ်တယ်။ “ပူတိဂတ္တ” ဆိုတော့ ပုပ်နေတဲ့ခန္ဓာကိုယ်ရှိတဲ့ တိဿကိုယ်တော်လို့ ဒီလိုပြောတာဖြစ်တယ်နော်။ အဲဒီလို ရောဂါဝေဒနာ ပြင်းပြနေတဲ့ ပုဂ္ဂိုလ်ကို ကျန်းမာရေးကူညီစောင့်ရှောက်တဲ့သဘော ဖြစ်တယ်။ ဒါ ဘဝဆည်းဆာ အချိန်မှာ ဒီလိုကူညီလိုက်တာ တစ်ခုနော်။

ဗာဟိယဒါရုစီရိယ၏ ဇာတ်လမ်း

အေး ... နောက် သက်သေသာဓကတစ်ခု အနေနဲ့က ကဿပမြတ်စွာဘုရားရှင်လက်ထက်တော် အခါက တောင်ထိပ်ပေါ် တက်ပြီးတော့ သူငယ်ချင်းရဟန်းတော်(၇)ပါး တရားအားထုတ်ကြတယ်။ အဲဒီလို အားထုတ်တဲ့အထဲမယ် တစ်ပါးက ရဟန္တာ ဖြစ်သွားတယ်။ နောက်တစ်ပါးက အနာဂါမ် ဖြစ်သွားတယ်။ ကျန်တဲ့ ရဟန်း(၅)ပါးကတော့ ပုထုဇဉ်အဖြစ်နဲ့ပဲ ပျံလွန်တော်မူသွားကြတယ်။ အဲဒီ(၅)ပါးဟာ ဂေါတမမြတ်စွာဘုရားလက်ထက် ပြန်ပေါ်လာကြတယ်။ တောင်ထိပ်တက်ပြီး အားထုတ်တယ်ဆိုတာ တောင်ဆိုတာဟာ ခုခေတ် ဘယ်တောင်နဲ့တူသလဲဆိုရင် ပုပ္ပါးတောင်ကလပ်နဲ့တူတယ်။ လှေကားထောင်ပြီး တက်ရတာ၊ တောင်ပေါ် ရောက်ပြီးတာနဲ့ တစ်ပြိုင်နက် အဲဒီလှေကားကို တွန်းချလိုက်တာ၊ ပြန်ဆင်းလို့ မရတော့ဘူး။ အသက်စွန့်ပြီးတော့ တရားအားထုတ်ကြတာ။ အဲဒီအထဲက အနာဂါမ်ဖြစ်ပြီး ဗြဟ္မာ့ပြည်ကို ရောက်နေတဲ့သူက လိုက်ပြီးစောင့်ရှောက်ပေးတယ်။ အဲဒီ (၅)ဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဗာဟိယ ဒါရုစီရိယ တဲ့။ ပျဉ်ချပ်တွေကိုစပ်ပြီး အဝတ်ဝတ်တဲ့သူ (သစ်သားစလေးတွေကို တွဲစပ်ပြီး အဲဒီအဝတ်ကိုပဲ ဝတ်တဲ့သူ)။ သူ့အဝတ်ကိုက အဲဒါလေးတွေပဲနော်။ လူတွေက သူ့ကို အထူးအဆန်းဆိုပြီး ဝိုင်းကြည့်ကြတယ်။ လောကမှာလူတွေဟာ သူ့ကိုယ်သူဘာမှမဟုတ်မှန်းသိသော်လည်း ဘေးကလူတွေက ဝိုင်းမြှောက်ရင် သူ့ကိုယ်သူ အဟုတ်ထင်တတ်တယ်။ အဲဒီလိုပဲ ပျဉ်ချပ်တွေဝတ်ထားတဲ့သူ့ကို လူတွေက ရဟန္တာဆိုပြီး ဝိုင်းမြှောက်တဲ့အခါ သူကလည်း သူ့ကိုယ်သူ ရဟန္တာလို့ ထင်သွားတယ်။ တကယ်တော့ တစ်ပြားသားမှ ရဟန္တာဖြစ်စရာ မရှိဘူး။ ခုခေတ်မှာလည်း ဒါမျိုးတွေရှိတယ်နော်။ ဘေးကနေ ဝိုင်းမြှောက်တာနဲ့ အဟုတ်ထင်သွားတယ်။ တကယ်ကတော့ ဘာမှရှိတာ မဟုတ်ဘူး။ ဘေးကလူတွေ ဝိုင်းမြှောက်လိုက်ရင် ဒုက္ခရောက်တတ်တယ်။

အဲဒီလိုပါပဲ၊ ဗာဟိယဒါရုစီရိယ ကလည်း ဝတ်စရာမရှိလို့ သစ်တုံးလေးတွေကို ကောက်ယူတွဲစပ်ပြီး ဝတ်ရတာဖြစ်တယ်။ သူ့ကို ရဟန္တာဆိုပြီး လူတွေက ဝိုင်းပြီး သမုတ်လိုက်တာနဲ့ သူကလည်း သူ့ကိုယ်သူ တကယ့်ရဟန္တာလို့ ထင်နေတယ်။ အဲဒါနဲ့ ခုနက သူငယ်ချင်းဟောင်း ဗြဟ္မာကြီးကလာပြီး သတိပေးတယ်။ ကိုယ့်လူ၊ မင်းဟာ ရဟန္တာလည်းမဟုတ်ဘူး၊ ရဟန္တာဖြစ်နိုင်တဲ့ အကျင့်လည်း မရှိဘူးဆိုတော့ သူက ဒါဆိုရင် ရဟန္တာဘယ်မှာရှိတာတုန်း မေးတယ်။ သူဟာ စိတ်ကောင်းနှလုံးကောင်းတော့ ရှိတယ်။ ဒါနဲ့ ဗြဟ္မာကြီးက အေး၊ ရဟန္တာဆိုတာ ဟို မြောက်အရပ်၊ သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မှာ ဂေါတမမြတ်စွာဘုရားဆိုတာရှိတယ်။ အဲဒီကိုသွား၊ သွားလို့ရှိရင် ရဟန္တာဖြစ်စေနိုင်တဲ့ နည်းလမ်းတွေ မင်းကိုပေးလိမ့်မယ်လို့ ပြောတယ်။

ယူဇနာ(၁၂၀)လောက်ရှိတဲ့ ခရီးကို အားချင်း သွားလိုက်တာ လမ်းမှာ တစ်ညပဲ အိပ်တယ်တဲ့။ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ခရီးကို သူဟာ ကြားတဲ့အချိန်ကနေပြီးတော့ သွားလိုက်တာ မြတ်စွာဘုရားကို တွေ့ချင်လွန်းလို့ လမ်းမှာ တစ်ညပဲအိပ်ပြီးတော့ သွားတာဖြစ်တယ်။

ဟိုရောက်တော့ မနက်ပိုင်း ဆွမ်းခံကြွတဲ့အချိန် ဖြစ်နေတယ်။ အဲဒါနဲ့ ရောက်တဲ့အခါမှာ “ဘုရားဘယ်သွားသလဲ” လို့ မေးတော့ “ဆွမ်းခံကြွသွားတယ်၊ ဘယ်ကလာတာလဲ“လို့ဆိုတော့ “ဟို သုပ္ပါရက(အိန္ဒိယတောင်ပိုင်းပေါ့) သင်္ဘောဆိပ်ကလာတယ်” လို့ဆိုတော့ “အိုး..အဝေးကြီးပေါ့၊ ဘယ်နေ့က ထွက်လာတာလဲ” ဆိုတော့ “မနေ့ကပဲ ထွက်လာခဲ့တာဖြစ်တယ်” “ဒီလောက်အဝေးကြီးခရီးဟာ အမြန်လာလို့ ရောက်နိုင်ဖို့ရာ မရှိဘူး၊ အဲဒါကြောင့် ခဏနားပါဦး၊ မြတ်စွာဘုရား ဆွမ်းခံကြွပြီးရင် ပြန်လာပါလိမ့်မယ်” “ဟာ .. မစောင့်နိုင်ပါဘူး” ဆိုပြီးတော့ ဘုရား ဆွမ်းခံကြွသွားတဲ့ သာဝတ္ထိမြို့ထဲအထိ လိုက်သွားတယ်။

ဟိုရောက်လို့ မြတ်စွာဘုရားလည်းတွေ့ရော သူဟာ ခန္ဓာကိုယ်လေး ကိုင်းညွှတ်ပြီးတော့ ကုန်းကုန်းနဲ့ သွားပြီး ဘုရားရှင်ရဲ့ ခြေဖမိုးလေးကို ရှိခိုးဦးချကာ “တပည့်တော်ကို တရားဟောပါဘုရား၊ တပည့်တော်ကို တရားဟောပါဘုရား” ဆိုပြီး အတင်းပြောတယ်။ မြတ်စွာဘုရားက ပြန်ပြောတယ်။ “အေး၊ ဆွမ်းခံကြွနေတုန်းရှိသေးတယ်၊ ဒီအချိန်ဟာ တရားဟောရမယ့်အချိန် မဟုတ်ဘူး” လို့ ပြောတာကို သူက ဘာပြန်ပြောသလဲဆိုတော့ “အရှင်ဘုရား၊ တပည့်တော်ဟာ ဘယ်တော့သေမလဲဆိုတာကို မသိနိုင်ပါဘူး၊ အရှင်ဘုရားအသက်လည်းမသိနိုင်ဘူး၊ တပည့်တော်အသက်လည်း မသိနိုင်ဘူး၊ ဒါကြောင့် ဟောပါဘုရား၊ တပည့်တော် တရားမနာလိုက်ရဘဲ သေသွားရင် ဘယ်လိုလုပ်မတုန်း” တဲ့။ မြတ်စွာဘုရားက “မဟုတ်ပါဘူး၊ အခု ဆွမ်းခံဝင်နေတုန်း” ဆိုတော့ သူက “မဟုတ်ပါဘူး၊ ဟောပါဘုရား၊ ဟောပါဘုရား” ဆိုပြီး အတင်းဟောခိုင်းတာ။

(၂)ကြိမ်လောက် ငြင်းပယ်ပြီးတဲ့ အခါကျတော့ မြတ်စွာဘုရားက တရားကို အတိုချုပ်ဟောလိုက်တယ်၊ “မင်း မြင်တာကို မြင်တဲ့အဆင့်မှာပဲ ရပ်လိုက်ပါ။ ရှေ့ဆက်ပြီး မစဉ်းစားပါနဲ့။ လူတွေဟာ မြင်တာကို ရှေ့ဆက်စဉ်းစားလိုက်တဲ့အခါမှာ လောဘတွေ၊ ဒေါသတွေ ဖြစ်လာတယ်။ ကြိုက်ရင် လောဘ၊ မကြိုက်ရင် ဒေါသ၊ ကြားတဲ့ အသံကိုလည်း ကြားရုံနဲ့ပဲ ရပ်ထားလိုက်ပါ။ ရှေ့ဆက်ပြီး မစဉ်းစားနဲ့။ နှာခေါင်းက အနံ့ကိုလည်း အနံ့ရတဲ့အပေါ်မှာ ရပ်ထား၊ လျှာကိုလည်းပဲ အရသာခံတဲ့အပေါ်မှာပဲ စဉ်းစား၊ ရှေ့ဆက်ပြီး မစဉ်းစားပါနဲ့လို့ “ဒိဋ္ဌေ ဒိဋ္ဌမတ္တံ” ဆိုတဲ့ ဝိပဿနာကျင့်စဉ်လေးကို ဟောပြလိုက်တာ သူသိပ်ပြီး သဘောကျသွားတယ်။

ဆက်ပြီး တရားနာယူပြီး လက်ခံကျင့်သုံးလိုက်တာ ဉာဏ်ကလည်းထက်၊ အတိတ်ဘဝတုန်းကလည်း တောင်ထိပ်တက်ပြီး တရားဓမ္မကို အားထုတ်ခဲ့တာဆိုတော့ သူ့အတွက် မခက်ခဲဘူး။

အဲဒီမှာတင် ဗာဟိယဒါရုစီရိယကြီးဟာ ရဟန္တာ ဖြစ်သွားတယ်။ တစ်ခဏလေး ဆွမ်းခံကြွတဲ့အချိန် ကလေးမှာပဲ တရားဟောလိုက်တာဖြစ်တယ်။ ရဟန္တာဖြစ်သွားတဲ့အခါမှာ သူ သင်္ကန်းဝတ်ပါရစေ ဆိုပြီး မြတ်စွာဘုရားကို လျှောက်တယ်။ မြတ်စွာဘုရားက အေး...မင်း သင်္ကန်း၊ သပိတ်တွေ ရှိပြီလားဆိုတော့ မရှိသေးပါဘူး၊ အေး၊ မရှိရင်ရှာဦး ဆိုပြီးတော့ မြတ်စွာဘုရားက ဆွမ်းခံထွက်သွားတယ်။

ဒါနဲ့ သူလည်း သင်္ကန်း၊ သပိတ်တွေရှာဖို့ ထွက်အလာမှာ ကံမကောင်း အကြောင်းမလှလို့ အတိတ်က ရန်ညှိုးရှိတဲ့ ဘီလူးတစ်ကောင်က နွားယောင်ဆောင်ပြီး ခွေ့သတ်လိုက်တာ အမှိုက်ပုံထဲ ကားယားကျပြီး ဝမ်းလျားမှောက်လျက် ပရိနိဗ္ဗာန်စံသွားတယ်။

မြတ်စွာဘုရားက ဆွမ်းခံကြွပြီးအပြန် အဲဒီနေရာက ဖြတ်သွားတဲ့အခါ သေဆုံးနေတဲ့ ဗာဟိယကြီးကို တွေ့ရလို့ သူ့ရဲ့အလောင်းကို ရဟန်းတွေကို ကောက်ခိုင်းတယ်။ ညောင်စောင်းပေါ်မှာ တင်ပြီးတော့ (ကြည့်နော်၊ လူမှုကူညီရေးဆိုတာ အဲဒီအတိုင်း ပစ်မထားဘူးတဲ့။) သူ့အလောင်းကို သုဿန်သွားပြီး သင်္ဂြီုဟ်ခိုင်းတယ်။ အရိုးကိုယူကာ ဂူတည်ပေးတယ်ပေါ့နော်။

အဲဒီအခါမှာ ရဟန်းတွေက ဟာ၊ ဒီပုဂ္ဂိုလ် အခုပဲ မြတ်စွာဘုရားနဲ့တွေ့ပြီး အခု ဘာဖြစ်သွားတာလဲ ဆိုတော့ မြတ်စွာဘုရားက မဟုတ်ဘူး၊ သူအခု ရဟန္တာ ဖြစ်သွားပြီ။ အရှင်ဘုရား၊ မြန်လှချည်လား ဆိုတော့ အေး... မြန်တယ်မပြောနဲ့၊ ငါဘုရားပြောတဲ့စကားဟာ တစ်လုံးပေမယ့်လို့ အဲဒီတစ်လုံးဟာ ပေါက်ရောက်သွားတာပါပဲ။ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေမှာနော်၊ စကားလုံးတွေ ထောင်သောင်းမက ပြောနေပေမယ့်လည်း အသိဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်ကတော့ မသိဘူးတဲ့။ တရားထူးရမယ့်ပုဂ္ဂိုလ်က ဂါထာလေးတစ်ပုဒ်နဲ့လည်း တရားထူးရနိုင်တာပဲ ဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး ဉာဏ်ပွင့်တာချင်း မတူဘူးနော်။ ကဲ အဲဒီဝတ္ထုကို ကြည့်လိုက်မယ်ဆိုရင် မြတ်စွာဘုရားက ရဟန်းတော်များကို လူမှုရေးအရ ကူညီတာကိုလည်း တွေ့ရမယ်နော်။ လူမှုရေးကိစ္စတွေကို မမေ့ကြဖို့ လိုပါတယ်။

ယသ သူဌေးသား၏ ဇာတ်လမ်းနှင့် အသုဘသညာ

အေး ... အားလုံးသိကြလိမ့်မယ်။ ယသ သူဌေးသားရဲ့ အတိတ်ဘဝက ကံအကြောင်းကို အားလုံး သိကြမယ်ထင်တယ်။ ယသ ဆိုတာ ဗာရာဏသီပြည်က ဖြစ်တယ်။ ပဉ္စဝဂ္ဂီငါးပါးကို ဓမ္မစကြာတရားဟောပြီးတဲ့နောက်မှာ ခြောက်ပါးမြောက် ရဟန္တာဖြစ်တာက ယသ သတို့သား ဖြစ်တယ်။ အဲဒီ ယသ သတို့သားဟာ ဗာရာဏသီပြည်မှာ အလွန်ချမ်းသာတဲ့ သူဌေးသားတစ်ယောက် ဖြစ်တယ်။

အဲဒီ သူဌေးသားဟာ တစ်ညလုံး ကပြဖျော်ဖြေနေတဲ့ ကပွဲပြုလုပ်ရာ အခန်းထဲမှာ အိပ်ပျော်သွားတာပေါ့။

ညသန်းခေါင်ကျော် နိုးလာတဲ့အခါမှာ သူဌေးသားရဲ့စိတ်ထဲမှာ အိပ်နေသူတွေကြည့်ပြီး သုသာန်ထဲရောက်နေတယ်လို့ ထင်သွားတယ်။ ထင်သွားပြီးတော့ မိုးမလင်းခင်မှာပဲ သုသာန်ဘက်ကို ထွက်ခွာသွားခဲ့တယ်။ မြတ်စွာဘုရားက သုသာန်ဘက်မှာ သီတင်းသုံးနေတယ်။ ဘုရားဆီကို ရောက်သွားတယ်။

လောကကြီးဟာ နှိပ်စက်ခံနေရတယ် ဆိုပြီး အိမ်မှာမပျော်တော့လို့ ထွက်သွားတာနော်။ ဘုရားနဲ့တွေ့တဲ့အခါကျတော့ ဘုရားက အေး ... နှိပ်စက်မခံချင်ရင်၊ ငြိမ်းချမ်းမှုကို လိုလားရင် ထိုင်ပါ၊ ငါနည်းလမ်းပေးမယ် ဆိုပြီးတော့ တရားဟောလိုက်တာ သူလည်းပဲ ရဟန္တာဖြစ်သွားတယ်ပေါ့။

အဲဒီ သူ့ရဲ့ရှေးကောင်းမှုလေးက ဘာလဲဆိုတော့ အခု သုခကာရီအသင်း တို့လိုမျိုး လူမှုကူညီရေးအသင်းတွေ ရှေးကရှိတယ်။ သင်္ဂြီုဟ်စရိတ်မရှိလို့ အခက်အခဲတွေ့နေတဲ့ ပုဂ္ဂိုလ်တွေကို စေတနာ့ဝန်ထမ်း သင်္ဂြီုဟ်ပေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ အဖွဲ့အစည်းဖွဲ့ပြီးတော့ သင်္ဂြီုဟ်ပေးကြတယ်။ အဲဒီလုပ်ငန်းဟာ ကရုဏာကို အခြေခံတဲ့ ကူညီမှုတစ်မျိုးပဲ ဖြစ်တယ်။ ကရုဏာကို အခြေခံတဲ့ ဝေယျာဝစ္စကုသိုလ်တစ်မျိုးပဲ ဖြစ်တယ်။

ဒါပေမယ့် တစ်ခုသိထားရမှာက ယသသတို့သား ရဟန္တာဖြစ်သွားတာက အဲဒီကုသိုလ်ကြောင့်တင် မကဘူး။ တစ်နေ့တော့ အလောင်းတစ်လောင်းကို သူ သင်္ဂြီုဟ်တယ်။ သင်္ဂြီုဟ်ရင်းနဲ့ စိတ်ထဲမှာ ဘာသွားပြီးဖြစ်လဲဆိုတော့ အလောင်းရဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကို ကြည့်ပြီး အေး ... ငါ့ရဲ့ခန္ဓာကိုယ်ကြီးဟာလည်းပဲ မတင့်တယ်ဘူးဆိုတဲ့ အတွေး၊ ငါလည်း တစ်နေ့ကျရင် ဒီလိုဖြစ်ရဦးမှာပဲဆိုတဲ့အတွေးနဲ့ ရှုမြင်သုံးသပ်တဲ့ ဉာဏ်ရည်ဉာဏ်သွေး သူ့သန္တာန်မှာ ဖြစ်လာတယ်။ အသိဉာဏ်လေး ဝင်လာတယ်ပေါ့။ အဲဒီကုသိုလ်ဟာ အဓိကဖြစ်တယ်။

အဲဒီတော့ လူမှုကူညီရေးလုပ်နေတဲ့ အချိန်မှာ သာမန် ဝေယျာဝစ္စ ကုသိုလ်မျှမက အသုဘသညာ ပွားမိဖို့ အရေးကြီးတယ်နော်။ အခုခေတ်မှာ အသုဘလိုက်ပို့ကြတယ်၊ အချင်းချင်း စကားလေးပြော၊ ယပ်တောင်လေးခပ်ပြီးတော့ ပြန်လာကြတာပါပဲ။ ရယ်ရယ်မောမောပဲနော်။ ဩော် .. ဒီလူတော့ ခန္ဓာကိုစွန့်သွားရပြီ၊ ငါ့ခန္ဓာကိုယ်ကြီးဟာလည်း ဒီလိုပဲဖြစ်ရမှာပါလား၊ ငါ့ခန္ဓာကိုယ်နဲ့ သူ့ခန္ဓာကိုယ်နဲ့ အတူတူပါပဲလား။ ဒီလို နှိုင်းယှဉ်ပြီးတော့ သံဝေဂတရား ဖြစ်ပွားတဲ့ပုဂ္ဂိုလ်ဟာ အလွန်နည်းပါးလိမ့်မယ်။ အဲဒီကုသိုလ်မျိုးကိုလည်းပဲ အမှတ်တမဲ့ မနေရဘူးတဲ့။ ယသသတို့သားဟာ အလောင်းကောင်ကြီးကို သင်္ဂြီုဟ်ရင်းကနေပြီးတော့ အသုဘသညာ ပွားခဲ့မိတာကတစ်ခု၊ နောက်တစ်ခုက သေခြင်းတရားကို ဆင်ခြင်စဉ်းစားမိတာကတစ်ခု၊ ဒီ(၂)ခုကြောင့် ရဟန္တာဖြစ်သွားရတယ်။

အဲဒီတော့ လူမှုကူညီရေးအသင်း လုပ်နေတဲ့အချိန်မှာ ဒီ(၂)ခုကို ဘာဝနာတရားအနေနဲ့ ပွားနေရမယ်။ မရဏဿတိ နဲ့ အသုဘသညာ ကို ဘယ်လိုပွားမလဲဆိုတော့ “မရဏဓမ္မောမှိ မရဏံအနတီတော” အေး ... ဒီပုဂ္ဂိုလ်တစ်ယောက်တော့ ဆုံးသွားပြီ၊ ငါလည်းပဲ သေခြင်းတရားကို ကျော်လွှားပြီး မသွားနိုင်ဘူး။ သေခြင်းသဘောဟာ ငါ့မှာလည်း ရှိတယ်၊ တို့လည်း တစ်နေ့ကျရင် သေရဦးမှာပဲဆိုတဲ့ သံဝေဂစိတ်ကလေးဖြစ်ပါစေ။ အဲဒါက ဘာဝနာကုသိုလ်၊ ပါရမီကုသိုလ်တွေဖြစ်ပြီး သံသရာက ကျွတ်ဖို့ရာ အထောက်အကူဖြစ်သွားတယ်။

အဲဒီလိုမဟုတ်ဘဲနဲ့ ဝေယျာဝစ္စကုသိုလ်လောက်ပဲ ယူမယ်ဆိုရင် အဲဒီအတွေးမျိုးမပေါက်ဘဲနဲ့ သာမန်ကုသိုလ်လောက်ပဲ ရမယ်ပေါ့။ အဲဒီအတွေးဟာ အရေးကြီးတယ်။ နာရေးကိစ္စကို ကူညီပြီဆိုကတည်းက “မရဏဓမ္မောမှိ မရဏံအနတီတော” ငါလည်း တစ်နေ့ကျရင် သေရဦးမှာပဲ၊ သေခြင်းတရားကနေ မလွတ်မြောက်နိုင်ဘူး။ ဒါက မရဏနုဿတိဘာဝနာကုသိုလ် ရတယ်။

တစ်ဖန် ရုပ်အလောင်းကိုကြည့်ပြီး ငါ့ရဲ့ခန္ဓာကိုယ်ဟာ သေဆုံးပြီး (၃)ရက်ကျော် (၄)ရက်ရောက်လာတဲ့အခါမှာ ပုပ်ပွခြင်းဆိုတဲ့ ဒီသဘောကို မကျော်လွှားနိုင်ဘူးဆိုတဲ့ အသုဘသညာ ကို ပွားဖြစ်အောင် ပွားရမယ်တဲ့။ အဲဒီလို ပွားလိုက်လို့ရှိရင် မရဏနုဿတိတို့၊ အသုဘသညာတို့ တစ်ကြိမ်တစ်ခါ ရင်ထဲနှလုံးထဲ ရောက်လာပြီဆိုရင် ပါရမီကုသိုလ် ရသွားပြီ။ (ခုခေတ်စကားနဲ့ ပြောရရင် OnLine ပေါ့)။ ကြည့်လေ ယသသတို့သား အလောင်းအလျာဟာ တစ်ဘဝတုန်းက OnLine ဖြစ်သွားတာ။ ဂေါတမမြတ်စွာဘုရားလက်ထက်ရောက်လို့ သူဌေးသားဖြစ်သွားတဲ့အခါ အင်မတန်မှ သာယာတဲ့ ပြသာဒ်ထဲမှာ နေရသော်လည်း သုသာန်ထဲမှာ ရောက်နေတယ်လို့ ခံစားရတာဟာ အဲဒီတုန်းကအတွေးတွေ ပြန်ရောက်လာတာ ဖြစ်တယ်။ တစ်ချိန်တစ်ခါတုန်းက တွေးထားတဲ့ အတွေးတွေ ပြန်ရောက်လာတာနော်။

စူဠပန်မထေရ်၏ ဇာတ်လမ်းနှင့် ကုသိုလ်၏ အရေးပါမှု

အဲဒီလောက်တောင်မှ အင်အားမရှိတဲ့ အတွေးကလေးတစ်ခုက အကျွတ်တရားရသွားစေတဲ့ ပုဂ္ဂိုလ်တစ်ဦးကိုလည်း သတိထားမိကြလိမ့်မယ်။ စူဠပန်လို့ခေါ်တဲ့ ရဟန်းဟာ အတိတ်ဘဝတုန်းက ဘုရင်ဖြစ်ခဲ့ဖူးတယ်။ နေပူကျဲကျဲ ပူလောင်တဲ့အချိန်မှာ တိုင်းခန်းလှည့်လည်ရင်း နဖူးကချွေးကို ပုဝါဖြူနဲ့သုတ်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်က ချေးညှော်တွေဟာ ပုဝါကိုစွဲသွားတယ်။ အဲဒီပုဝါလေး ညစ်ပတ်နေတာကို ကြည့်ပြီးတော့ ဩော်၊ ခန္ဓာကိုအကြောင်းပြုပြီးတော့ ဖြူနေတဲ့ ပုဝါလေး ညစ်ပေသွားရပါလားဆိုတဲ့ ခန္ဓာကိုယ်ရဲ့အပြစ်ကလေးကို မြင်လိုက်တာနော်။ အဲဒီအတွေးလေးဟာ သူ့သန္တာန်မှာ ဖြစ်သွားတယ်။ OnLine ဖြစ်သွားတယ်။

ဂေါတမမြတ်စွာဘုရားလက်ထက် ရောက်တဲ့အခါမှာ အင်မတန်ဉာဏ်ထိုင်းတဲ့ပုဂ္ဂိုလ် ဖြစ်ပေမယ့်လို့ မြတ်စွာဘုရားပေးတဲ့ ဖွေးဆွတ်နေတဲ့ လက်ကိုင်ပုဝါလေးကိုရှူရင်း တရားထူးရသွားတယ်။ အဲဒါ အတိတ်ဘဝနဲ့ ပြန်ပြီးဆက်စပ်ပေးတာ ဖြစ်တယ်။ အဲဒီအတွေးလေး ပြန်ရအောင် လုပ်ပေးတာ။ အဲဒီတုန်းက တွေးထားတဲ့ အတွေးလေးကို အခြေခံပြီးတော့ ဝိပဿနာဉာဏ်တက်ပြီး ရဟန္တာ ဖြစ်သွားတယ်။

အဲဒါကြောင့်မို့ ကုသိုလ်ကံကို အသေးအဖွဲလေးလို့ မအောက်မေ့လေနဲ့။ အဲဒီအတွေးလေးတွေကိုလည်းပဲ အသေးအဖွဲလေးတွေလို့ မအောက်မေ့နဲ့။ ကြုံကြိုက်တဲ့အခါတိုင်းပဲ ဩော်...သေခြင်းတရားဟာ ငါ့မှာလည်းပဲ ရှိနေတယ်၊ ငါလည်း သေခြင်းတရားကို မလွန်နိုင်သေးဘူးဆိုတဲ့ အတွေးလေးဟာ အချိန်တိုင်း တွေးနေရမယ့် အတွေးလေးပဲဖြစ်တယ်။ ရုပ်အလောင်းကောင်ကြည့်ပြီးတော့ အေး ...ဒီရုပ်အလောင်းကောင်ကြီး မတင့်မတယ်၊ ရွံရှာဖွယ်ဖြစ်သလို ငါ့ရဲ့ခန္ဓာကိုယ်ကြီးဟာလည်း ဒီအတိုင်းပဲ၊ ဘာမှမထူးဘူးလို့ အသုဘသညာလေး ပွားရမယ်တဲ့။ အဲဒီ(၂)ခုကို ပွားခြင်းဖြင့် သံသရာဝဋ်က လွတ်ရာလွတ်ကြောင်း တရား(၂)ခုကို ဆည်းပူးအားထုတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

ဒါကြောင့်မို့ လူမှုကူညီရေးအလုပ်လုပ်တဲ့အခါမှာ ဒီကုသိုလ် (၂)ခုကို ရအောင်ယူပါ။ ဒီကုသိုလ်(၂)ခုကို မရဘူးဆိုရင် သာမန်ကုသိုလ်တစ်ခုမျှသာ ဖြစ်သွားလိမ့်မယ်။

ကရုဏာကို အခြေခံပြီးတော့ လုပ်တဲ့ကုသိုလ်တွေ မွန်မြတ်တယ်။ ဆိုပါစို့၊ ကားလှူထားတဲ့ပုဂ္ဂိုလ်ဟာ ကားလှူရင် ယာဉ်အလှူကုသိုလ်တော့ရပြီ၊ သို့သော် ခုနကပြောတဲ့ ကုသိုလ်တွေကိုလည်းပဲ ရအောင်ယူဖို့ လိုအပ်တယ်။

အေး ...ကျန်းမာရေးနှင့် လူမှုကူညီရေးဆိုတဲ့ ဒီအရေး(၂)ရေးဟာ ကရုဏာကို အခြေခံပြီးတော့ လုပ်တဲ့အရေးတွေဖြစ်လို့ ဘဝဆည်းဆာမှာ အင်မတန်မှ အရေးပါတဲ့ ကရုဏာတရား ဖြစ်တယ်။ မြင့်မြတ်တဲ့ နှလုံးသားရှိတဲ့ ပုဂ္ဂိုလ်တိုင်းဟာ ထို ကရုဏာတရားထားလို့ အများရဲ့ဒုက္ခကို ဝိုင်းဝန်းကူညီဖြည့်စွမ်းပေးတယ်ဆိုတာ အင်မတန်မှ မွန်မြတ်လှပါတယ်။

ဒါကြောင့် ဘဝဆည်းဆာ ကရုဏာဆိုတဲ့ ဒီတရားဟာ အလွန်မွန်မြတ်တယ်။

ဘုရားကိုယ်တော်တိုင်သည်ပင်လျှင် ဒီကိစ္စကို ဆောင်ရွက်တယ်။ တို့လည်းပဲ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ကြည်ညိုလေးမြတ်သောအားဖြင့် ဒီအလုပ်မျိုးကို လုပ်ရတယ်လို့ ကိုယ့်ကိုယ်ကို အားပေးပြီး အားတက်သရောဖြစ်ကာ မရဏဿတိဘာဝနာကို ပွားများခြင်း၊ အသုဘဘာဝနာကို ပွားများခြင်း၊ အဆင့်မြင့်တဲ့ ဘာဝနာကို ပွားများခြင်းဖြင့် ဒီထက်အဆင့်မြင့်တဲ့ တရားဓမ္မတွေကိုရအောင် ကြိုးစားအားထုတ်ကြမယ်လို့ ကိုယ်စီကိုယ်စီ စိတ်ထဲမှာ အဓိဋ္ဌာန်ထားပြီး ကရုဏာအခြေခံတဲ့ မြင့်မြတ်တဲ့ လုပ်ငန်းကို ဝိုင်းဝန်းကြိုးပမ်းနိုင်ကြပါစေကုန်သတည်း။

ဒေါက်တာနန္ဒမာလာဘိဝံသ

efygwwtfdyqlf4ewl0d001m8l39ajzj
ဘဝအရေး စိတ်အေးရလေအောင်
0
5911
22128
21631
2026-06-15T03:21:30Z
Tejinda
173
22128
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ဘဝအရေး စိတ်အေးရလေအောင်
| previous = [[ဘဝဆည်းဆာ ကရုဏာ]]
| previous2 =
| next = [[တရားထူးရနိုင်သူ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဘဝအရေး စိတ်အေးရလေအောင်

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၂ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ တပို့တွဲလပြည့်ကျော်(၄)ရက်၊ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မလွှကုန်း ဌေးကြွယ်(က)ရပ်ကွက်၊ သူဌေးလမ်း မိသားစုက (၈)နှစ်မြောက် ဝါတွင်း ဝါပ ဆွမ်းလောင်း အလှူတော်ပွဲနှင့် စပ်လျဉ်း၍ ဆဋ္ဌမအကြိမ်မြောက် ဆင်ယင် ကျင်းပပြုလုပ်အပ်သည့် ဓမ္မပူဇာ ဓမ္မသဘင် အခမ်းအနားဝယ် ဟောကြားအပ်သော “ဘဝအရေး စိတ်အေးရလေအောင်” တရားဒေသနာတော်။

ဘုန်းကြီးတို့ ဒီကနေ့ ဘဝအရေး စိတ်အေးရလေ အောင် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်။ လူတိုင်း လူတိုင်းဟာ ဘဝရ,ထားလို့ ဘဝအရေးမှာ စိတ်အေး ကြရပြီလား? ဘဝအရေး စိတ်အေးဖို့ ဘာတွေလိုအပ် သလဲ? ဗုဒ္ဓမြတ်စွာက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ က ဟောကြားထားတဲ့ တရားဓမ္မတွေရှိတယ်။ ဘဝတစ်ခု ရ,ထားတဲ့ ပုဂ္ဂိုလ်တွေ ဘဝအရေး စိတ်အေးဖို့ ဘာ လုပ်ရမလဲဆိုတာ မှန်ကန်တဲ့နည်းလမ်းကို ချမှတ်ပြီး တော့ ဟောပြောထားတာရှိတယ်။

သို့သော် လောကမှာရှိတဲ့ လူသားတွေကတော့ ဘဝအရေးစိတ်အေးဖို့ဆိုတာ တခြားနည်းနဲ့ပဲ တွေးပြီး တော့ လုပ်ဆောင်ထားလေ့ရှိကြတယ်။ စီးပွားဥစ္စာတွေ ပြည့်စုံတယ်၊ နေစရာထိုင်စရာတွေ အကုန်ပြည့်စုံတယ်၊ လိုလေသေးမရှိအောင် ပြည့်စုံတဲ့ဘဝတစ်ခု ရရှိထားပြီ ဆိုရင် လူတွေကပြောကြတယ်၊ ဘဝအရေးတော့ စိတ် အေးရပြီတဲ့၊ တကယ်ကော စိတ်အေးရတာ ဟုတ်ရဲ့ လား။

မရှိတဲ့လူကလည်း စိတ်မအေးရဘူး၊ ရှိတဲ့လူက လည်း စိတ်မအေးရဘူး။ ဒါဖြင့် စိတ်အေးရတယ် စိတ် မအေးရဘူးဆိုတာ ရှိမရှိနဲ့ သက်ဆိုင်ရဲ့လား၊ မသက် ဆိုင်ဘူး၊ ပိုက်ဆံချမ်းသာတဲ့လူကလည်း စိတ်အေးရတာ မဟုတ်ဘူး၊ ဆင်းရဲတဲ့ပုဂ္ဂိုလ်ကလည်း စိတ်အေးရတာ မဟုတ်ဘူး။

ဘဝသံသရာခရီးကို လျှောက်တဲ့အခါမှာ ဒီဘဝ နောင်ဘဝဆိုတာ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ လူတွေဟာ မိမိတို့ ဒီဘဝမှာရှိနေကြတယ်၊ ဒါကိုတော့ လူတိုင်းလက်ခံကြတယ်။ နောင်ဘဝ ရှိတယ် မရှိဘူး ဆိုတာကိုတော့ လူတိုင်း လက်မခံဘူးပေါ့။ သို့သော် လည်း ဒီ ဘဝအရေးစိတ်အေးရတဲ့ ပုဂ္ဂိုလ်တွေကော ရှိရဲ့လား ဆိုလို့ရှိရင် မရှိနိုင်ဘူးပေါ့။ လုံးဝစိတ်အေးရပြီ လို့ ပြောတဲ့ပုဂ္ဂိုလ်က တကယ်ကော စိတ်အေးရတာ ဟုတ်ရဲ့လား၊ မဟုတ်ဘူး။ သို့သော် လူတွေကတော့ ပြောကြတယ်၊ ဘဝအရေး စိတ်အေးရပြီတဲ့။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ရဲ့ ဟော ပြောချက်က လောကလူသားတွေရဲ့အမြင်နဲ့ တလွဲစီပဲ ဖြစ်တာများတယ်။ ဘဝအရေး စိတ်အေးဖို့ ဆိုတဲ့ အကြောင်းအခြင်းအရာနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက “သံယုတ္တနိကာယ် အာဠဝကသုတ္တန်” မှာ ဟောထားတာရှိတယ်။

အာဠဝက သုတ္တန်

အာဠဝက ဆိုတာ အားလုံးသိကြတဲ့အတိုင်းပဲ၊ ယက္ခလို့ခေါ်တဲ့ အင်မတန်ကြမ်းတမ်းတဲ့ ဘီလူးကြီး တစ်ကောင်။ သို့သော် ဒီကနေ့ အာဠဝကဟာ ထိုကဲ့သို့ ကြမ်းတမ်းတဲ့ပုဂ္ဂိုလ် မဟုတ်တော့ဘူး။ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မကို နာယူပြီးတဲ့အခါမှာ အင်မတန်မှ လိမ္မာ ယဉ်ကျေးတဲ့ သောတာပန်ပုဂ္ဂိုလ် ဖြစ်သွားပြီ။ ပယောဂ ဆရာတွေက အာဠဝကမှော်သွင်းတယ် ဆိုပြီးတော့ ကြမ်းပြနေကြတုန်းပဲ ရှိသေးတယ်။

တကယ်တော့ စာလာပေလာ အာဠဝကဆိုရင် ကြမ်းစရာရှိပါဦးမလား။ သောတာပန် ဖြစ်သွားရင် တော့ အာဠဝကဟာ ကြမ်းတဲ့ပုဂ္ဂိုလ် မဟုတ်တော့ဘူး၊ အင်မတန် လိမ္မာယဉ်ကျေးသွားပြီ၊ သူက ဘာပြောခဲ့ တုန်းဆိုရင်

“သော အဟံ ဝိစရိဿာမိ၊ဂါမာ ဂါမံ ပုရာ ပုရံ၊နမဿမာနော သမ္ဗုဒ္ဓံ၊ဓမ္မဿ စ သုဓမ္မတံ”

“တစ်ရွာကနေ တစ်ရွာ၊ တစ်နယ်ကနေ တစ်နယ်၊ တစ်မြို့ကနေ တစ်မြို့ မြတ်စွာဘုရားနှင့် တရားဓမ္မကို လက်အုပ်ချီမိုး ရှိခိုးပြီး သွားလာပါ့မယ်” လို့ပြောတာ။ ဘယ်လောက်ယဉ်ကျေးလဲဆိုတာ သိသာတယ်။ ဟိုရွာ ဟိုမြို့ ဟိုနယ် ဒီနယ် လျှောက်ပြီးသွားတဲ့အခါမှာ ဘုရား ကိုသာလျှင် ဦးထိပ်ထားပြီးတော့ သူ သွားပါ့မယ်လို့ ပြောတဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီ။ အင်မတန် လိမ္မာ ယဉ်ကျေးသွားပြီ။ သို့သော် တစ်ချိန်တုန်းကတော့ အင်မတန်မှ ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်ဆိုတာ ဟုတ်တယ်။ စိတ်ကြမ်းကိုယ်ကြမ်း၊ အင်မတန်မှ ကြမ်းတမ်းပေမယ့် လို့ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေကို နာလိုက်ရတဲ့အခါ မှာ အလွန့်ကို သိမ်မွေ့ယဉ်ကျေးသွားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားတယ်။

အနှစ်သာရ

အောင်ခြင်းရှစ်ပါးထဲမှာ တွေ့ကြလိမ့်မယ်ပေါ့။ အာဠဝကဘီလူးချွတ်ခန်း ဆိုတာ။ ဒီ အာဠဝကကို မြတ်စွာဘုရားက အနိုင်ရလိုက်တာလေးကိုသာ ပြော ကြတယ်။ ထို အာဠဝက ကမေးလို့ မြတ်စွာဘုရားက ဖြေခဲ့တဲ့ တကယ့်အနှစ်သာရပိုင်းကို အသိနည်းနေကြ သေးတယ်။ ဒီကနေ့ အနှစ်သာရပိုင်းကို ကြည့်ကြရ အောင်။ ထို အနှစ်သာရပိုင်းကသာလျှင် မိမိတို့အဖို့ တန်ဖိုးရှိတယ်လို့ မှတ်ထားရမယ်နော်။

တရားနာတဲ့အခါမှာ ဇာတ်လမ်း ဇာတ်ကွက်က အဓိကမဟုတ်ဘူး၊ တရားဓမ္မမှာလာတဲ့ လိုက်နာကျင့် သုံးစရာ သင်ခန်းစာတွေရဖို့က အရေးမကြီးဘူးလား။ ဘဝခရီးကို လျှောက်လှမ်းတဲ့အခါမှာ ဘယ်အရာတွေ က အရေးကြီးသလဲဆိုတာ လူတိုင်းလူတိုင်း သိသင့် တာပေါ့။ အရေးမကြီးတာတွေကို အရေးကြီးတယ်လို့ ထင်နေမယ်ဆိုရင် နောက်ဆုံးအချိန်ရောက်တဲ့အခါမှာ ဒုက္ခမရောက်ပေဘူးလား။

ဒါ့ကြောင့်မို့ အရေးမကြီးတာကို အရေးကြီးတယ် လို့ မထင်မှားရလေအောင်၊ အရေးကြီးတာကိုလည်း အရေးမကြီးဘူးလို့ မထင်မှားရလေအောင် အရေးကြီး တာကို အရေးကြီးတယ်လို့ သိရမယ်။ အရေးမကြီးတာ ကို အရေးမကြီးဘူးလို့ အမှန်အတိုင်းသိရမယ်။

နာယူရုံဖြင့်မပြီး

ထိုကဲ့သို့ အမှန်အတိုင်းသိဖို့အတွက် တရားဓမ္မ နာယူရတယ်။ တရားက နာရုံသက်သက်နဲ့ အကျိုးရှိမှာ မဟုတ်ဘူး။ ဆေးနဲ့အလားတူတယ်၊ ဆေးဆိုတာက သောက်မှ ရောဂါပျောက်တယ်။ ထို့အတူပဲ မြတ်စွာ ဘုရား တရားတော်ဟာ နာရုံနာထားပြီး လိုက်နာ ကျင့်သုံးမှု မပြုဘူးဆိုရင် အကျိုးတရားကို အပြည့်အဝ ဖြစ်ထွန်းစေမှာမဟုတ်ဘူး။

ဒါကြောင့်မို့ မြတ်စွာဘုရားက လုပ်ငန်းနှစ်ခု အမြဲတမ်းဟောခဲ့တယ်။ နံပါတ်(၁)က ပရိယတ် တဲ့။ သင်ရမယ်တဲ့။ အခုနားထောင်တာဟာ သင်တာပဲ။

နောက်တစ်ခုက ပဋိပတ်တဲ့။ လက်တွေ့ကျင့်သုံးရမယ် တဲ့။ ခေတ်စကားနဲ့ပြောရင် theoretical နဲ့ practical ပေါ့။ theory အနေနဲ့လည်း သိရမယ်။ လက်တွေ့လည်း ကျင့်သုံးနိုင်ရမယ်။ theory သာရှိပြီး လက်တွေ့ကျင့်သုံး လို့မရတဲ့ တရားဆိုလည်း သိပ်တန်ဖိုးရှိမှာမဟုတ်ဘူး။ ဒါကြောင့် အသိဉာဏ်တစ်ခုဟာ လက်တွေ့အသုံးချရ တဲ့ အသိဉာဏ်မျိုးဖြစ်ဖို့လိုတယ်။ ဒါကို apply လုပ်တယ် လို့ ပြောကြတာပေါ့။ လက်တွေ့အသုံးချတဲ့ပညာဟာ အင်မတန်မှ တန်ဖိုးရှိတယ်။

အာဠဝကသုတ္တန်ဖြစ်ပေါ်လာပုံ

အာဠဝကသုတ္တန် ဖြစ်ပေါ်လာပုံဇာတ်ကြောင်းကို တိုတိုလေးပြောရအောင်။ အာဠဝကဇာတ်ကြောင်းက အားလုံးသိနေကြတယ်။ တစ်ခါတုန်းက အာဠဝီပြည် နားမှာ အာဠဝကဘီလူးကြီး နေထိုင်ရာ ဘုံဗိမာန် ရှိတယ်။ အဲဒီဘုံဗိမာန်ကြီးက ဘယ်နားရှိလဲဆိုတော့ အာဠဝီပြည်နဲ့ မလှမ်းမကမ်း တောစပ်ဝမှာ ညောင်ပင် ကြီးတစ်ပင်ရှိတယ်။ အဲဒီ ညောင်ပင်ကြီးအောက်မှာ ရှိတယ်လို့ပြောတယ်။

သူ့ရဲ့ဘုံဗိမာန်က မြင်ရလားဆိုတော့ မမြင်ရဘူး။ လောကမှာ လူတွေပြောကြတယ်။ သစ်ပင်တွေမှာ ရုက္ခစိုးရှိတယ်လို့ ပြောကြတယ်။ ထို ရုက္ခစိုးနေတဲ့ ဗိမာန်ကို မြင်ရလားလို့ဆို မမြင်ရဘူး။ လူတွေကတော့ ရုက္ခစိုးက သစ်ပင်ခွကြားမှာ တက်ထိုင်နေတယ်လို့ ထင်ကောင်းထင်တယ်။ ကိုယ့်ဟာကိုယ် ထိုင်ကြည့်ပါ လား၊ ဘယ်နှစ်ရက် ထိုင်နိုင်မှာတုန်း။ သစ်ပင်ခွကြား မထိုင်နိုင်ဘူး မဟုတ်လား။ တကယ်တော့လည်း ရုက္ခစိုး ဆိုတာ သစ်ပင်မှာနေတာ မဟုတ်ဘူး။ သစ်ပင်နဲ့ ဆက်စပ်ပြီး သူ့ရဲ့ဘုံဗိမာန်ရှိတယ်။

အဲဒီဘုံဗိမာန်က သာခဋ္ဌ ဗိမာန်နဲ့ ရုက္ခဋ္ဌ ဗိမာန် လို့ နှစ်မျိုးရှိတယ်။ သာခဋ္ဌ ဗိမာန်ဆိုတာက သစ်ကိုင်း နဲ့ ဆက်ပြီးတော့ ဘုံဗိမာန်က တည်နေတယ်။ အဲဒီ သစ်ကိုင်းတွေ ခုတ်လိုက်လို့ရှိရင် သူ့ရဲ့အဆောက်အအုံ ပြိုကျသွားတယ်။ ဒါကတစ်ခု။

တချို့ ရုက္ခစိုးတွေရဲ့ ဘုံဗိမာန်ကျတော့ ရုက္ခဋ္ဌ လို့ခေါ်တယ်။ သစ်ပင်ငုတ်တိုကြီးရှိနေလည်း သူ့ဗိမာန် မပျက်ဘူး။ အဲဒါကြောင့်မို့ လူတွေကတော့ နတ်နေကိုင်း ဆိုပြီးတော့ ချန်ချန်ထားကြတယ်လေ။ အဲဒါ နတ်ဗိမာန် မပြိုအောင်လို့ သစ်ခက်ကလေးကို ချန်ပြီးတော့ ခုတ် ကြတယ်။ သာခဋ္ဌ ဗိမာန်မျိုးကိုပြောတာ။ သာခဋ္ဌမှာ 'သာခ' ဆိုတာ သစ်ခက်၊ 'ဋ္ဌ' ဆိုတာ တည်နေတာ။ သစ်ခက်ပေါ်မှာ တည်ရှိနေတဲ့ ဘုံဗိမာန်လို့ပြောတာ။ အဲဒီတော့ သစ်ခက်တွေကုန်အောင် ခုတ်လိုက်လို့ရှိရင် တော့ ဘုံဗိမာန်ကြီး ပြိုကျသွားပြီလို့သာ မှတ်ပေရော့။ အဲဒီမှာ ရုက္ခစိုးက နေစရာမရှိတော့ဘူး။ လူတွေက မြင်ရလားဆိုတော့ မမြင်ရဘူး။

လောကမှာ လူတွေမမြင်နိုင်တဲ့အရာတွေ အများ ကြီးရှိတယ်။ ရှိတော့ရှိတယ် မမြင်ရဘူး။ မျက်စိနဲ့မြင်လို့ ရတာ တစ်ခုတည်းပဲရှိတယ်။ ဘာလဲဆိုတော့ ရူပါရုံ လို့ဆိုတဲ့ အဆင်းတစ်ခုတည်းပဲမြင်ရမယ်။ ဒါဖြင့် ပုံပန်း သဏ္ဍာန်တွေကော မမြင်ရဘူးလားဆိုတော့ သဏ္ဍာန် က စဉ်းစားပြီးယူတာ။ မြင်တာက အဆင်း။ ကျန်တဲ့ ပုံပန်းသဏ္ဍာန်က စိတ်ကူးပြီးပုံဖော်ထားတာ။ ဒါကြောင့် မျက်စိကမြင်ရတယ်ဆိုတဲ့ ရူပါရုံကို အဆင်းလို့ ဒီလို မြန်မာပြန်လေ့ရှိတယ်။

ဘုန်းကြီးတို့ သီဟိုဠ်မှာနေတုန်းက ဒကာကြီး တစ်ယောက်က မေးဘူးတယ်။ မျက်စိနဲ့မြင်ရတာ colour လား? form လား? လို့ သူကမေးတယ်။ စာပေ ကျမ်းဂန်အရ ပြောမယ်ဆိုရင် colour ကိုလည်းမြင်ရ တယ်, form ကိုလည်း မြင်ရတယ်လို့ ပြောရမယ်။ သို့သော် colour ကို မြင်ရတာ အဓိက၊ colour လို့ ပြောပြန်လို့ရှိရင်လည်း colour မဲ့တာတွေ ရှိနေတော့ တစ်မျိုးပြောရပြန်တယ်။ အဲဒါကြောင့် မျက်စိနဲ့မြင်ရတဲ့ ဟာကို visible object လို့ပြန်တယ်။ မျက်စိနှင့်မြင်ရတဲ့ အဆင်းလို့ ဒီလိုပဲ ပြန်ရတယ်။ ဓမ္မသင်္ဂဏီပါဠိတော် မှာတော့ မျက်စိနဲ့မြင်ပြီး သိရတဲ့ ပုံပန်းသဏ္ဍာန်တွေ ကိုပါထည့်ပြီး မြတ်စွာဘုရားက အဆင်းလို့ဟောတာ။

ရူပလို့ခေါ်သောအရာသည် မျက်စိနဲ့ မြင်လို့ရတဲ့ အရာကိုပြောတာ။ သို့သော် မျက်စိနဲ့မြင်ပြီးတော့ စိတ်ကူးလို့ရတဲ့ အရာတွေကိုလည်း ထည့်သွင်းပြော တယ်လို့မှတ်ပါ။ မျက်စိနဲ့မြင်လို့ရတဲ့အရာကို နားနဲ့ ကြားရရဲ့လား၊ မကြားရဘူးနော်။ သူ့ဟာနဲ့သူ တစ်ခုစီ၊ အဲဒီတော့ လူတွေရဲ့မျက်စိနဲ့ မြင်လို့မရတဲ့အရာတွေ ဟာ လောကမှာ မြောက်များစွာရှိတယ်။

နတ်တို့၏ ဘုံဗိမာန်ကို လူတွေက မမြင်ကြရဘူး တဲ့။ အဲဒီ သာခဋ္ဌဗိမာန်ဆိုတာ သစ်ခက်ပေါ်တည်နေ သော ဗိမာန်၊ ထိုသစ်ခက်ကို ကုန်အောင်ခုတ်လိုက် ရင် ထိုရုက္ခစိုး၏ ဘုံဗိမာန် ပျက်စီးသွားပြီး ရုက္ခဋ္ဌဗိမာန် ကတော့ သစ်ပင် သစ်ငုတ် ကျန်နေသေးသမျှ ကာလ ပတ်လုံး သူ့ဗိမာန် မပျက်စီးဘူးတဲ့၊ ဒီလိုပြောတာ။ လူတွေလဲ ဘာထူးတုန်း။ အိမ်ဆောက်ထားတဲ့နေရာ မြေပြိုကျသွားရင် အိမ်တွေ မပျက်စီးဘူးလား၊ အဲဒီ သဘောပါပဲ။ အဲတော့ လူတွေက မြေပြီးပေါ်မှာ အိမ် ဆောက်ပြီးနေတာ။

ရုက္ခစိုးဆိုတာလည်း သစ်ပင်ပေါ်မှာ သူ့ရဲ့ဗိမာန် ပေါ်နေတာ။ သူတို့ကျတော့ ကိုယ်တိုင်လုပ်လို့ရတဲ့ အရာ မဟုတ်ဘူး။ သူတို့ဘဝက ကံပေါ်မှာမှီတည်ပြီး နေရတယ်။ ဒါကြောင့်မို့ နတ်တို့ရဲ့ဘဝကို ကံ၏အကျိုး ကို မှီပြီး အသက်မွေးရတဲ့ ကမ္မဖလူပဇီဝီ၊ လူတွေနဲ့ အသက်မွေးပုံချင်း မတူဘူးတဲ့။ လူတွေကျတော့ ဥဋ္ဌာန ဖလူပဇီဝီ လုံ့လဝီရိယပေါ် မှီတည်ပြီး အသက်မွေးရ တယ်တဲ့။ ကြိုးစားရင် ကြိုးစားသလောက်ရတယ်။ ကံ တော့ ပါတာပေါ့။ ဒါပေမယ့် ကံကို ထိုင်စောင့်ပြီးနေလို့ လူ့ဘဝမှာ မရဘူး။ လုံ့လဝီရိယ ကူရတယ်။ နတ်ဘုံ နတ်ဘဝကျတော့ အဲလိုမဟုတ်ဘူး။ အားလုံးဟာ ကံ ပေးတဲ့အတိုင်း ထင်ရှားနေတယ်။ ကံကုန်ရင်တော့ ဘာမှရှိမှာမဟုတ်ဘူး၊ ဒီလို ဆိုလိုတာနော်။

အဲဒီ အာဠဝကဘီလူးကြီးရဲ့ ညောင်ပင်အောက် က ဗိမာန်ကြီးကို တောထဲသွားလာနေတဲ့ ပုဂ္ဂိုလ်တွေ အဲဒီ ညောင်ပင်ကြီးအောက် ဝင်နားနေကြပေမယ့် မြင်ရတာမဟုတ်ဘူး။ သို့သော် ဗိမာန်ကြီးက ရှိတယ်။

မြတ်စွာဘုရားက တစ်ရက်တော့ အဲဒီ ဗိမာန်ကြီး ထဲမှာ သွားပြီးသီတင်းသုံးတယ်။ အာဠဝကဘီလူးကြီး က အစည်းအဝေးသွားနေတယ်။ သူလည်းပြန်ရောက် ရော ဘုရားကိုမြင်တော့ အလွန်စိတ်ဆိုးတယ်။ သူက ဘုရားကို မကြည်ညိုဘူးလေ။ သူတို့စရိုက်နဲ့ ဘုရား ဟောတဲ့တရားက မကိုက်ဘူး။ မကိုက်သည့်အတွက် ကြောင့် စိတ်အအားဆိုးတယ်။ စိတ်ဆိုးပြီး မြတ်စွာ ဘုရားကို ဒုက္ခအမျိုးမျိုးပေးတယ်ပေါ့။

မြတ်စွာဘုရားကို သူ့ဗိမာန်ထဲက ထွက်ခွာအောင် သူအစွမ်းကုန်လုပ်တယ်၊ မရဘူး။ နောက်ဆုံးကျတော့ သူ ဘာလုပ်တုန်းဆိုရင် “အရှင်ဂေါတမ၊ သူများခွင့်မပြု တဲ့ အဆောက်အအုံထဲ ဘာဖြစ်လို့ဝင်သလဲ၊ အခုပဲ ထွက်သွားလိုက်ပါ” လို့ဆိုတယ်။ အဲတော့ မြတ်စွာဘုရား က “မင်း ထွက်စေချင် ထွက်တာပေါ့” ဆိုပြီး ချက်ချင်း ထပြီး ထွက်သွားလိုက်တယ်တဲ့။ သူက အဲဒီတော့ စဉ်းစားတယ်။ “ဩော် ဒီလိုတော့ လွယ်သားပဲ၊ ငါ တစ်ညလုံးမောင်းထုတ်တာ မရဘူးပေါ့၊ ခု ထွက်သွား လိုက်ပါဆိုတော့ လွယ်လွယ်ကူကူနဲ့ ထွက်သွားသားပဲ၊ တကယ်ပဲ သူ ငါပြောတာ လိုက်နာတာ ဟုတ်မဟုတ် စမ်းကြည့်ဦးမယ်” ဆိုပြီး “ကိုယ်တော် ပြန်ဝင်ခဲ့ဦး” ဆိုတော့ “အေး၊ မင်းဝင်စေချင်ရင်လည်း ဝင်တာပေါ့” လို့ဆိုပြီး ပြန်ဝင်လာခဲ့တယ်။ အဲဒီလိုနဲ့ ထွက်လိုက်ဦး ဆို ထွက်လိုက်၊ ဝင်လိုက်ဦးဆို ဝင်လိုက် သုံးခါလောက် ရှိအောင် သူကခိုင်းတယ်။

ဒါဖြင့် ဒီဘီလူးခိုင်းတာ ဘာဖြစ်လို့ ဘုရားက လိုက်ပြီးတော့ လုပ်နေတာတုန်းဆိုတော့ သူ့ရဲ့ စိတ်ဓာတ်ကို မြတ်စွာဘုရားက ကုစားနေတာ။ အလကားလုပ်တာ မဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာ။ စိတ်ဆိုးနေတဲ့လူတစ်ယောက်ကို ပိုစိတ်ဆိုး အောင်လုပ်ရင် ပိုပြီးစိတ်မဆိုးပေဘူးလား။ အေး၊ သူ ကျေနပ်အောင် လုပ်ပြလိုက်တဲ့အခါမှာ သူကကျေနပ် သွားတယ်။

ကြည့်လေ၊ ကလေးလေးတွေက တစ်ခုခုနဲ့ ခိုက်မိ သွားလို့ ချော့တဲ့အခါမှာ လူကြီးတွေက လုပ်တယ်မဟုတ်လား။ ဥပမာ ကုလားထိုင်နဲ့တိုက်မိလို့ ကလေး လေးက နာသွားလို့ငိုတယ်ဆိုရင် လူကြီးက ကုလားထိုင် ကို “ကဲ တိုက်ဦးဟယ်၊ တိုက်ဦးဟယ်” လို့ ရိုက်လိုက် တဲ့အခါ ကလေးလေးက ကျေနပ်သွားတယ် မဟုတ် လား။ ကလေးမှာ တကယ်နာတာ ပျောက်ပါ့မလား။ မပျောက်ဘူး။ ဘာလုပ်တာတုန်း၊ စိတ်ကိုကုစားတာ။

အခုလဲ အာဠဝက ဘီလူးကြီးရဲ့ ကြမ်းတမ်း ခက်ထန်နေတဲ့စိတ်လေး ပျော့ပြောင်းသွားအောင်လို့ ဘုရားက သူခိုင်းတာတွေလုပ်လိုက်တယ်။ နောက်ဆုံး တတိယအကြိမ်ခိုင်းပြီးတော့ စတုတ္ထအကြိမ်ရောက်တဲ့ အခါကျ ဘီလူးကြီးက အင်း၊ ဒီတစ်ခါထွက်ရင် ငါ့ ခြေထောက်နှစ်ချောင်းကို ကိုင်ပြီးတော့ ပစ်လိုက်မယ်။ သူ့စိတ်ထဲမှာ အဲလို စိတ်ကူးမိတယ်။ အဲလို စိတ်ကူး ပြီးတော့ “ကိုယ်တော် ဗိမာန်ထဲက ထွက်သွားပါ” ဆိုတော့ မြတ်စွာဘုရားက “ငါမထွက်နိုင်ဘူး၊ မင်း လုပ်ချင်တာလုပ်” တဲ့။ ဘာဖြစ်လို့ ဒီလိုပြောတုန်း ဆိုလို့ရှိရင် မြတ်စွာဘုရားကသိတယ်၊ ဒီကောင် မကောင်းတဲ့ အကြံ ကြံထားတာ၊ လိုက်လုပ်လို့ မဖြစ်တော့ဘူး။

ဒီအချိန်မှာ အာဠဝကစိတ်ထဲမှာ ဘာပေါ်လာ တုန်းဆိုတော့ ဒီရဟန်းဂေါတမ သိပ်တန်ခိုးကြီးတယ်၊ စိတ်သဘောထားကျတော့လဲ နူးညံ့သားပဲ၊ ငါ့စိတ် အကြံတွေလဲ သူအကုန်သိတယ်၊ ဒီတစ်ခါ ထွက်ရင် တော့ ငါက ခြေထောက်နှစ်ချောင်းကိုင်ပြီး ပစ်မယ်လို့ စိတ်ကူးနေတယ်။ သူ အဲဒါလဲသိတယ်၊ အဲတော့ ဒီ ပုဂ္ဂိုလ် ငါ့ဆီရောက်လာတာ အလဟဿတော့ မဖြစ် သင့်ဘူး၊ ဓမ္မနဲ့ပတ်သက်တဲ့ မေးခွန်းတွေ၊ ဘဝနဲ့ ပတ်သက်တဲ့မေးခွန်းတွေ မေးဦးမယ်။ သူသိချင်နေ တာလဲရှိတယ်၊ မေးခွန်းပေါင်းက (၁၃)ခုဖြစ်တယ်။

ဒီမေးခွန်းတွေ ဘယ်ကနေရတုန်းဆိုတော့ သူ့ မိဘတွေ အဆက်ဆက်က မေးခွန်းနဲ့အဖြေ သူ့ကို သင်ပေးတာ။ အဲဒီမေးခွန်းနဲ့အဖြေက သူတို့ tradition လို့ ပြောပါတယ်။ ဘိုးဘွားမိဘ လက်ထက် ကတည်းက ဒီမေးခွန်းနဲ့အဖြေကို မှတ်ထားတာ။ သူ့ လက်ထက်ရောက်တဲ့အခါကျတော့ အမေးတွေပဲကျန် ပြီးတော့ အဖြေတွေပျောက်နေတယ်။ ဒီအဖြေတွေ သိချင်တယ်၊ အထိန်းအသိမ်းမတတ်ရင် ဒီလိုပဲပျောက် တယ် မဟုတ်လား။ ငယ်ငယ်တုန်းက အမေ အဖေ တွေက သင်ထားတဲ့စာတွေ ကြီးတော့ တချို့က ပျောက် သွားတတ်တယ်။ အာဠဝက ဘီလူးကြီးကလည်း ဒီ အတိုင်းပဲ။ အမေအဖေတွေက ဘဝအရေးနဲ့ပတ်သက် တဲ့ မေးခွန်းနဲ့အဖြေတွေကို သင်ပေးထားတာ။ သင်ပေး ထားတာတွေ ပျောက်သွားတဲ့အခါကျတော့ သူ့ခေါင်း ထဲမှာ အမေးလေးတွေပဲ ကျန်တော့တယ်။ အဖြေတွေ မရှိတော့ဘူး။

ဒါဖြင့် ဒီမေးခွန်းနဲ့အဖြေတွေက ဘယ်က ရတာ တုန်းဆိုတော့ ဂေါတမမြတ်စွာဘုရားအရင် ပွင့်သွား တဲ့ ကဿပ မြတ်စွာဘုရား ဟောခဲ့တာ။ ကဿပ မြတ်စွာဘုရားဟောခဲ့တဲ့ မေးခွန်းနဲ့အဖြေလေးတွေကို သူ့ဘိုးဘွားမိဘက အစဉ်အဆက် မှတ်သားလာခဲ့ပြီး တော့ သူ့ထိအောင် ရောက်လာတာ။ ဒါပေမယ့် သူ့ လက်ထက်ကျတော့ အဖြေတွေ ပျောက်သွားတယ်။ အဖြေတွေ မေ့ကုန်တယ်။ အဲဒီတော့ သူ့စိတ်ထဲမှာ သိချင်တယ်၊ သိပ်သိချင်လို့ သူ့ဗိမာန်ပေါ်က ကျော်ဖြတ်သွားတဲ့ စျာန်ရ ရသေ့တွေကို သူ့တန်ခိုးနဲ့ သူ့ဗိမာန်ပေါ် ဆင်းလာအောင်လုပ်ပြီး မေးခွန်းတွေ မေးတာပဲ။ မဖြေနိုင်ဘူးဆိုရင် နှိပ်စက်ပြီး လွှတ်လိုက် တယ်။ ဒါ သူလုပ်နေကြ၊ သူလိုချင်တဲ့ မေးခွန်းရဲ့အဖြေ ကို မရဘူးဆိုရင် သူစိတ်ဆိုးတယ်။ မဖြေနိုင်ကောင်း လားဆိုပြီး အဲဒီ ရသေ့တွေကို နှိပ်စက်ပြီး လွှတ်လေ့ ရှိတယ်။

အခု မြတ်စွာဘုရားနဲ့ တွေ့တဲ့အခါလည်း ဒီ မေးခွန်းတွေမေးဖို့ သူစိတ်ကူးရတယ်။ အဲဒီမေးခွန်း တွေက ဘဝအရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေချည်း ပဲ။ အင်မတန် ကြမ်းတမ်းတဲ့ ဘီလူးကြီးတစ်ကောင်က မေးတဲ့မေးခွန်းတွေဟာ ဘဝနှင့်ပတ်သက်ပြီး ဘယ် လောက် တန်ဖိုးရှိသလဲဆိုတာ စဉ်းစားကြည့်။ ဒီ မေးခွန်းနဲ့ အဖြေတွေဟာ လောကလူသားတွေရဲ့ အမြင်နဲ့ ကိုက်ချင်မှကိုက်မယ်။ သို့သော် တကယ် တန်ဖိုးရှိတဲ့ အဖြေတွေတဲ့။

သူ မေးခွန်း မေးချင်တယ်လို့ မြတ်စွာဘုရားကို လျှောက်တယ်။ မြတ်စွာဘုရားက “အေး၊ မေးချင်တယ် ဆို မေးပါ၊ ဘယ်ခါမဆို မေးနိုင်တယ်” လို့ ခွင့်ပြုလိုက် တဲ့အခါ သူ မေးခွန်း(၁)ကိုကို စ,မေးတယ်။

အကောင်းဆုံးဥစ္စာ

နံပါတ်(၁)မေးခွန်းက လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ? ဒီမေးခွန်းကိုမေးတယ်။

လောကမှာ အကောင်းဆုံးဥစ္စာ ဘာလဲလို့မေးရင် လူတွေက ဘာပြောကြမလဲဆိုရင် - စိန်ရွှေရတနာတွေ ရဲ့ တန်ဖိုး သိတဲ့လူဆိုရင် လောကမှာ စိန်က အကောင်း ဆုံးလို့၊ ရွှေက အကောင်းဆုံးလို့ မပြောကြပေဘူးလား၊ ပတ္တမြားက အကောင်းဆုံးလို့ ဒီလိုပဲပြောကြမှာပဲ။ လောကမှာ အကောင်းဆုံးပစ္စည်းဥစ္စာဆိုတာ ဘာလဲ တဲ့။ ဒီမေးခွန်း လူတွေကိုမေးလိုက်မယ်ဆိုရင် အဖြေ အမျိုးမျိုးထွက်မှာ။ တိုက်လိုချင်တဲ့လူက တိုက်ပေါ့၊ ရွှေ လိုချင်တဲ့လူက ရွှေလို့ပြောမှာပဲ။ ကားလိုချင်တဲ့လူက ကားလို့ပြောမှာပဲ။ ဟုတ်ရဲ့လား၊ အဖြေတွေအမျိုးမျိုး မထွက်နိုင်ဘူးလား၊ ထွက်နိုင်တယ်။

အကောင်းဆုံးပစ္စည်းဥစ္စာက ဘာလဲဆိုတဲ့မေးခွန်း ကို မြတ်စွာဘုရား ဖြေလိုက်တာက လောကလူတွေ မတွေးမိတဲ့ အဖြေမျိုးပဲ။

မြတ်စွာဘုရားက “သဒ္ဓါတရားဟာ အကောင်းဆုံး ဥစ္စာ” တဲ့။ ကဲ ကြည့်။ ဒီအဖြေရဲ့ လေးနက်မှုက ဘယ် လောက်ထိအောင် သွားလဲဆိုရင်။

ဆိုပါစို့၊ စိန်ရဲ့တန်ဖိုးကို ကြည့်ရအောင်။ စိန်ဟာ တန်ဖိုးရှိတယ်၊ မှန်တယ်နော်။ အင်မတန်တန်ဖိုးရှိတယ်၊ ရွှေဟာလည်း အင်မတန်တန်ဖိုးရှိတယ်၊ အားလုံးသိကြ တဲ့အတိုင်း ပတ္တမြားတွေလဲ အင်မတန်မှ တန်ဖိုးရှိတယ်၊ အခြား ပစ္စည်းဥစ္စာတွေလဲ တန်ဖိုးရှိတယ်။ သို့သော် လည်း အဲဒီ တန်ဖိုးရှိတဲ့ ရတနာပစ္စည်းတွေဟာ ရန်သူ မျိုး (၅)ပါးနှင့် ပျက်နိုင်သလား? မပျက်နိုင်ဘူးလား?

ဆိုပါစို့၊ စိန်ရှိတဲ့ပုဂ္ဂိုလ်လည်းပဲ စိန်လိုချင်တဲ့ပုဂ္ဂိုလ် နဲ့တွေ့ပြီး ကိုယ့်ဆီက လုယက်ပြီး ယူမသွားဘူးလား။ နောက်ဆုံး ကိုယ်ကနေပြီးတော့ ဘဝတစ်ခုပြောင်းသွား ရင် ကိုယ်ပိုင်တဲ့စိန် မထားခဲ့ရဘူးလား၊ ထားခဲ့ရတယ်။ ဒီပစ္စည်းတွေရဲ့ တန်ဖိုးဟာ အချိန်ကာလပိုင်းနဲ့ပဲ ကြည့် မယ်ဆို အလွန်တိုတောင်းတယ်။ အလွန်လဲ အန္တရာယ် များတယ်။ သူတောင်းစားကို ဓားပြတိုက်ခံရတယ်လို့ မကြားဘူးပေါင်နော်။ ပိုက်ဆံရှိတဲ့လူမှ ဓားပြတိုက်ခံ ရတာ မဟုတ်လား။ ပိုက်ဆံရှိလာပြီဆိုရင် အန္တရာယ် ကို ဖိတ်ခေါ်နေတာပဲ။ ပစ္စည်းဥစ္စာ ချမ်းသာပြီး မကြောက်ရဘူးလား၊ ကြောက်ရတယ်။ ပစ္စည်းဥစ္စာ ရှိတဲ့ ပုဂ္ဂိုလ်ဟာ ထိုပစ္စည်းဥစ္စာအတွက် အင်မတန်မှ ထိတ်လန့်ကြောက်ရွံ့ပြီး နေကြရတယ်၊ ဒါလက်တွေ့ ပဲ။

မရှိတောင်းတ ရှိကြောင့်ကြတဲ့။ ပစ္စည်းဥစ္စာတွေ ကို မရှိတဲ့လူက တောင်းတတယ်၊ ရှိတဲ့လူက ကြောင့် ကြတယ်။ ကြောင့်ကြတယ်ဆိုတာ ပူပန်နေရတာကို ပြောတာ။ မီးခံသေတ္တာကြီးကို သော့လေးတခတ်ခတ် နဲ့၊ ဟိုအပ်လဲ စိတ်မချ၊ ဒီအပ်ရလဲ စိတ်မချနဲ့ ဒီလို ဖြစ်မနေဘူးလား။ အဲတော့ ဒီပစ္စည်းဥစ္စာက လူကို အကျိုးပြုနေတာလား၊ လူကို နှိပ်စက်နေတာလား။ တကယ်က နှိပ်စက်နေတာနော်။ အဲဒီတော့ နှိပ်စက် နေတဲ့ အရာဝတ္ထုတစ်ခုကို အကောင်းဆုံးပစ္စည်းလို့ နာမည်တပ်လို့ ဖြစ်ပါ့မလား၊ မဖြစ်ဘူး။ ဒါကြောင့်မို့ အကောင်းဆုံးပစ္စည်းလို့ မခေါ်နိုင်ဘူး။

ပစ္စည်းဥစ္စာသည် လူကို နှိပ်စက်တတ်တယ်၊ ဖျက်ဆီးတတ်တယ်ဆိုတာ မြတ်စွာဘုရားကိုယ်တော် တိုင် ဟောထားတာရှိတယ်။ ဟနန္တိ ဘောဂါ ဒုမ္မေဓံ၊နော စ ပါရဂဝေသိနော။ပစ္စည်းဥစ္စာကို အကြောင်းပြုပြီး ဒီဘဝမှာ အလု အယက် အတိုက်အခိုက် သတ်ဖြတ်ခံရတဲ့လူတွေ ရှိတယ်၊ ဒီဘဝတင်မကဘူး၊ ပစ္စည်းဥစ္စာကြောင့် နောင် ဘဝမှာ ပြိတ္တာဘဝရောက်သွားတဲ့လူတွေ ရှိတယ်။ ငရဲ ကျသွားတဲ့လူတွေရှိတယ်၊ ပစ္စည်းဥစ္စာက လူကို ဒုက္ခ ပေးသွားတာ။

လောကလူတွေကတော့ထင်တယ်၊ အေး-ရွှေတွေ ငွေတွေ ချမ်းသာလို့ရှိရင် ဒီပစ္စည်းဥစ္စာတွေဟာ ငါ့ အတွက် ချမ်းသာသုခပေးလိမ့်မယ်လို့၊ ဒီလိုမထင်ကြ ဘူးလား။ သို့သော် ချမ်းသာချည်းပေးတာ ဟုတ်ရဲ့လား၊ ဆင်းရဲဒုက္ခကိုပေးတာက ပိုများတယ်နော်။ ချမ်းသာကို ပေးတာက နည်းနည်းလေးရယ်။ စိန်လေးရှိလို့ စိန်လေး ဝတ်ပြီး စိန်နားကပ်လေးပန်ပြီး ခေါင်းလေးယမ်းလိုက် လို့ ဝင်းကနဲ ဝင်းကနဲ ဆိုတာလေးက လူအထင်ကြီး တယ်၊ ဒီအရသာလေးတစ်ခုပဲ ခံလို့ရမယ်။ ကြောက်နေ ရတာကပိုတယ်၊ ဟုတ်ရဲ့လား။ အဲဒါကြောင့်မို့ ပစ္စည်း ဥစ္စာကပေးတဲ့ ချမ်းသာသုခဆိုတာ အင်မတန်နည်းပြီး အင်မတန်တိုတောင်းတယ်တဲ့။ ဒါကြောင့်မို့ အမြတ်ဆုံး ဥစ္စာလို့ ခေါ်နိုင်ပါ့မလား၊ မခေါ်နိုင်ဘူး။

မြတ်စွာဘုရားရဲ့အဖြေဟာ လောကလူသားတွေ ရဲ့ အဖြေနဲ့ မတူဘူး၊ မြတ်စွာဘုရားက “သဒ္ဓိဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ” တဲ့။ လောကမှာ လူတွေအဖို့ အကောင်းဆုံးဥစ္စာဆိုတာ သဒ္ဓါကိုပြောတာတဲ့။

သဒ္ဓါသည် အကောင်းဆုံးဥစ္စာ

ဒါဖြင့်ကောင်းပြီ၊ သဒ္ဓါကို အကောင်းဆုံးဥစ္စာလို့ ဘာဖြစ်လို့ပြောလဲ၊ လောကလူတွေဟာ သဒ္ဓါ တရား မရှိရင် ဒါန ကောင်းမှု လုပ်ပါ့မလား၊ သီလ ရော ဆောက်တည်ပါ့မလား၊ ကမ္မဋ္ဌာန်းဘာဝနာ ရော အားထုတ်ပါ့မလား၊ မထုတ်ဘူး။ သဒ္ဓါလို့ဆိုတဲ့ စိတ်ဝင် စားမှုလေး၊ ယုံကြည်မှုလေးပေါ်မှာ အခြေခံပြီး လူတွေ ဟာ ဒါနကောင်းမှုလုပ်တယ်၊ ဒါနကောင်းမှုလုပ်တဲ့ ပုဂ္ဂိုလ်တွေ ဘဝသံသရာမှာ ချမ်းသာသုခ ရကြတာ ချည်းပဲ။

လောကမှာ သူဌေးကြီးဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေဟာ ကြည့်- ကိုယ့်ဘဝ ကိုယ့်လက်ထက် ကိုယ်ကြိုးစားလို့ စည်းစိမ်ဥစ္စာ ရလာတာ မရှိ မဟုတ်ဘူး၊ ရှိတယ်။ ဒါလည်း ကံပေးမှ ခိုင်မြဲတယ်၊ ဘဝမှာ အလွန်ချမ်းသာ တဲ့ မိသားစုအိမ်ကို ရောက်လာဖို့ဆိုတာ ဘယ်သူက ပို့တာလဲ၊ ကံကပို့တာ၊ သဒ္ဓါတရား ရှိခဲ့သည့်အတွက် ကြောင့် သဒ္ဓါတရားက ပို့လိုက်တာလို့ ပြောလို့ရတယ်၊ ချမ်းသာတဲ့မိသားစုအိမ်မှာ လူလာဖြစ်ဖို့ရန်အတွက် သဒ္ဓါ ရှိခဲ့လို့ ကုသိုလ်ကောင်းမှု လုပ်ခဲ့သည့်အတွက် ကြောင့် သဒ္ဓါတရားက ပို့လိုက်တာ၊ သူ့မှာ ပိုင်ဆိုင်တာ ဘာတုန်းဆိုရင် သဒ္ဓါဆိုတဲ့ ဥစ္စာ ပိုင်ဆိုင်တယ်။

သဒ္ဓါဆိုတဲ့ဥစ္စာ ပိုင်ဆိုင်လို့ရှိရင် ဇောတိကလို သူဌေးကြီးမျိုးလည်း ဖြစ်တာပဲ၊ ဇောတိက ဘာကြောင့် သူဌေးဖြစ်တုန်း? သဒ္ဓါရှိခဲ့လို့၊ ဟိုတုန်းက ဇဋိလသူဌေး လည်း ဘာကြောင့်သူဌေးဖြစ်တုန်း? သဒ္ဓါ ရှိခဲ့လို့။ ဟုတ်ရဲ့လား။ သဒ္ဓါကို အရင်းတည်ထားပြီးတော့ ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ ဇောတိက, ဇဋိလ, ပုဏ္ဏ တို့ သူဌေးတွေဖြစ်လာကြရတာတဲ့။ ပုဏ္ဏသူဌေး ဆိုရင် ကြည့်- လှူတာကနည်းနည်း၊ ရလိုက်တာကအများကြီး၊ ထွန်ထားတဲ့ မြေကြီးခဲတွေ အကုန်ရွှေဖြစ်သွားတယ်၊ ဘယ်သူကပေးတာတုန်း၊ သဒ္ဓါကပေးတာ။ ဒါ့ကြောင့် မို့ သဒ္ဓါကပေးတဲ့ ပစ္စည်းဥစ္စာဆိုရင် ဖျက်ဆီးလို့ မရ ဘူး၊ အလွန်ခိုင်မာတယ်။ သဒ္ဓါ ရှိနေပြီဆိုရင် ဘဝ သံသရာခရီးမှာ အမြဲ ပြည့်စုံလုံလောက်နေနိုင်တယ်။ ဒါကြောင့် သဒ္ဓါဆိုတဲ့ ဥစ္စာပါဖို့ လိုတယ်။ ကျန်တဲ့ဥစ္စာ အဓိကမဟုတ်ဘူး၊ သဒ္ဓါဆိုတဲ့ဥစ္စာကို သူခိုးဓားပြက လုယက်တိုက်ခိုက်လို့ မရဘူးတဲ့။

သံသရာခရီးသွားတဲ့အခါမှာ သဒ္ဓါဆိုတဲ့ ပစ္စည်း ဥစ္စာ ပါသွားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ လူဖြစ်ရင်လည်း အထက်တန်း၊ နတ်ဖြစ်ရင်လည်း အထက်တန်း၊ ဘယ် နေရာပဲဖြစ်ဖြစ် အထက်တန်းကျကျ စည်းစိမ်ဥစ္စာ ပြည့်ပြည့်ဝဝနဲ့ ဖြစ်ရတယ်။ ဒါကြောင့်မို့ သဒ္ဓါဆိုတဲ့ ဥစ္စာရှိရင် ခုနက စိန်ရှိဖို့လည်း မခဲယဉ်းတော့ဘူး၊ ရွှေ ရှိဖို့လည်း မခဲယဉ်းဘူး၊ တိုက်ရှိဖို့လည်း မခဲယဉ်းဘူး၊ ကားရှိဖို့လည်း မခဲယဉ်းဘူး။ အဓိကအကြောင်းကို မြတ်စွာဘုရားက ဖြေတာ။ “သဒ္ဓိဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ” - သဒ္ဓါဆိုတာ တကယ့်အကောင်းဆုံး ပစ္စည်း ဥစ္စာ။

လောကမှာ ရသမျှ ပစ္စည်းဥစ္စာ၊ လူ့သမိုင်းမှာ ချမ်းသာတဲ့လူမှန်သမျှ သဒ္ဓါတရား အရင်းခံတဲ့ ကံက အကျိုးပေးလို့ ရကြတာ၊ ချမ်းသာကြတာချည်းပဲ။ ကံ မကောင်း အကြောင်းမလှပြီဆိုရင် ဘာလုပ်လုပ် ပျက်စီးတတ်တယ်။ ကံရှိတဲ့ပုဂ္ဂိုလ်မှ အောင်မြင်တယ်၊ ဖြစ်ထွန်းတယ်။ လောကမှာကြိုးစားကြပေမယ့် လူတိုင်း ရော စီးပွားဖြစ်ရဲ့လား၊ မဖြစ်ဘူး။ မဖြစ်တာ ဘာကြောင့် လဲဆိုရင် ဒီ အခြေခံကွဲလွဲချက်တွေ ရှိနေလို့ပဲ။ အဲဒီ အခြေခံ ကွဲလွဲချက်ကို ရည်ညွှန်းပြီး မြတ်စွာဘုရားက “သဒ္ဓိဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ” - သဒ္ဓါတရား ဟာ အကောင်းဆုံးသော ဥစ္စာတစ်ခုပါ” တဲ့။

အဲဒီတော့ ဘုန်းကြီးတို့ တရားချစ်ခင် သူတော်စင် ပရိသတ်တို့ ဘဝအရေး စိတ်အေးရန်အတွက် ဘာ ပစ္စည်းစုကြမလဲ၊ သဒ္ဓါဆိုတဲ့ပစ္စည်းကို စုရမယ်။

သဒ္ဓါဟူသည်

ဒါဖြင့် သဒ္ဓါဆိုတာ ဘာလဲ၊ ကုသိုလ်ကောင်းမှု ပြုလုပ်ရန် စိတ်ဝင်စားနေတာ သဒ္ဓါ၊ ယုံကြည်တာ သက်သက် မဟုတ်ဘူး၊ ဘုရား တရား သံဃာကို ယုံကြည်တယ်၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ် တယ်လို့ ယုံကြည်တယ်၊ အဲဒါလက်ခံပြီးတော့ ကုသိုလ် ကောင်းမှုလုပ်ရန် စိတ်ဝင်စားနေတာကို သဒ္ဓါ လို့ ခေါ်တယ်။ သဒ္ဓါ ဆိုတာ စိတ်ဝင်စားတယ်၊ ယုံကြည် တယ်။

သဒ္ဓါတရား မိမိစိတ်ထဲမှာ ဖြစ်လာတာနဲ့ တစ်ပြိုင် နက် ဘာလှူရင်ကောင်းမတုန်းလို့ စိတ်က လှူဖို့တန်းဖို့ ကြံစည်လာတယ်။ သီလဆောက်တည်ဖို့၊ ဥပုသ်စောင့် ဖို့ စိတ်ကူးလာတယ်။ ကမ္မဋ္ဌာန်းအားထုတ်ဖို့ စိတ်ကူး လာတယ်။ အဲဒီစိတ်ကူးလေး ဖြစ်လာရင် ကိုယ့်သန္တာန် မှာ သဒ္ဓါဖြစ်ပြီလို့ မှတ်ပေတော့နော်။ အဲဒီလိုစိတ်ကူး မရသေးရင် သဒ္ဓါတရားမရှိဘူးလို့ ပြောရမယ်။ လှူတာ တစ်ခုတည်းတင် မဟုတ်ဘူးနော်။ ကုသိုလ်ကောင်းမှု မှာ စိတ်ဝင်စားလာတယ်၊ အခုကြည့်လေ၊ တရားပွဲ သွားပြီး တရားနာဦးမှပဲ ဆိုတဲ့ စိတ်ကူးလေးဟာ ဘယ်သူ့ကြောင့် ပေါ်လာတာတုန်း၊ သဒ္ဓါကြောင့် ပေါ်လာတာ။

သဒ္ဓါ ရှိတဲ့ပုဂ္ဂိုလ်ဟာ (၁) တရားနာချင်တယ်၊ (၂) သူတော်သူမြတ်ကို ဆည်းကပ် ဖူးမြင်ချင်တယ်၊ (၃) လှူချင်တန်းချင်တယ်၊ ဒါ သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်ရဲ့ အမှတ်အသားလက္ခဏာ ၃-ချက်ပဲ။ တရားနာချင်တာ လည်း သဒ္ဓါကြောင့်၊ သူတော်သူမြတ်ကို ဆည်းကပ် ဖူးမြင်ချင်တာလည်း သဒ္ဓါကြောင့်၊ လှူချင်တန်းချင်တာ တစ်ခုတည်းကို သဒ္ဓါလို့ခေါ်တာ မဟုတ်ဘူး။

ဒါကြောင့်မို့ တာဝတိံသာနတ်ပြည်က နတ်တွေ ဟာ သေခါနီးဖြစ်တဲ့ သူတို့မိတ်ဆွေနတ်ကို မှာလိုက် ကြတယ်။ မင်း စိတ်ကူးမလွဲနဲ့၊ သုဂတိဘုံကို ရောက် အောင်သွား၊ အကောင်းဆုံးသောအရာကိုရအောင်ယူ၊ အဲဒီ အကောင်းဆုံးသောအရာကို လက်လွှတ်ဆုံးရှုံး မခံနဲ့။ ဒီစကားလေး ၃-ခွန်း မှာလိုက်ကြတယ်။

(၁) 'သုဂတိဘုံသွား' ဆိုတာ လူ့ပြည်သွားလို့ ပြောတာ၊ (၂) 'အကောင်းဆုံးသောအရာကို ရအောင် ယူ' ဆိုတာ သဒ္ဓါတရားကိုပြောတာ၊ (၃) 'အကောင်း ဆုံးသော အရာကို လက်လွှတ်ဆုံးရှုံးမခံနဲ့' ဆိုတာ သဒ္ဓါ တရား မပျက်စေနဲ့လို့ ပြောလိုက်တာ။

ဘာဖြစ်လို့တုန်းဆိုရင် သဒ္ဓါတရားရှိရင် နတ်ပြည် ရောက်ဖို့ရာ လုံလောက်သောကြောင့်ဖြစ်တယ်။ ဟော ဒီ သဒ္ဓါတရားရှိရင် ကုသိုလ်ကောင်းမှုအားလုံးဟာ ဘာမှမခက်တော့ဘူး၊ ဒါကိုပြောတာနော်။

လောကမှာ အောင်မြင်မှု၊ ကြီးပွားမှု၊ စည်းစိမ်ဥစ္စာ တွေရမှုရဲ့ အခြေခံအကျဆုံး အကြောင်းတရားသည် သဒ္ဓါသာ ဖြစ်ပါတယ်တဲ့။ အဲဒါကြောင့် သဒ္ဓါကို အကောင်းဆုံးဥစ္စာလို့ ဟောတာဖြစ်တယ်။ ကျန်တဲ့ ကုသိုလ်တွေက သူ့ကိုအကြောင်းပြုပြီး ရလာတာ ဖြစ်သောကြောင့် သူ့လောက် အဓိကမကျဘူးတဲ့။ အာဠဝကကြီးမေးတဲ့ ဒီမေးခွန်းရဲ့အဖြေဟာ ဘဝ အရေးနဲ့ ပတ်သက်တာ။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်ပရိသတ် တို့၊ “ကိုယ့်ဘဝအရေး စိတ်အေးရအောင်” အကောင်း ဆုံး ပစ္စည်းဥစ္စာဖြစ်တဲ့ သဒ္ဓါတရားကို ပိုင်ဆိုင်အောင် လုပ်ကြရမှာဖြစ်ပါတယ်။ သဒ္ဓါတရား ကိုယ့်သန္တာန်မှာ မပြည့်စုံသေးရင် ဘဝအရေးစိတ်အေးဖို့ ပြည့်စုံအောင် လုပ်ထားရမယ်၊ ဟုတ်ရဲ့လား။

ဘာလုပ်ရင် ချမ်းသာမလဲ?

နောက်မေးခွန်းတစ်ခုကို သူက ဆက်ပြီးတော့ မေးတယ်။ “ကိံသု သုစိဏ္ဏော သုခမာဝဟတိ - ဘာလုပ် ရင် ချမ်းသာမလဲ” တဲ့။ လောကလူတွေက ဘာလုပ်ရင် ချမ်းသာမလဲလို့ မေးကြတဲ့အခါ မင်း အရောင်းအဝယ် လုပ်ပေါ့၊ ဥယျာဉ်စိုက်ပေါ့ကွာ၊ တချို့က နှစ်လုံးထီ ထိုးဖို့တောင် ပြောသေးတယ်၊ ချဲထိုးဖို့လည်းပြောသေး တယ်။ ခုခေတ်အဖြေတွေက ဒီလိုမဟုတ်ဘူးလား။

လောကလူသားတွေရဲ့ အဖြေက အပေါ်ယံလေး ကြည့်ပြီးပြောတာ။ ဘာလုပ်ရင် ချမ်းသာမတုန်း။ လက်ဖက်ရည်ဆိုင်ဖွင့်ကွာ၊ ဘာအရောင်းအဝယ်လုပ် ကွာ၊ ချဲထိုးကွာ၊ ဒီလိုပဲ ပြောကြမှာ မဟုတ်လား။ မြတ်စွာဘုရားကတော့ ဘယ်လိုဖြေတုန်း “ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ - ဓမ္မကို ကျင့်သုံးလို့ရှိရင် ချမ်းသာမယ်” တဲ့။ ဟောကြည့်၊ မြတ်စွာဘုရားရဲ့ အဖြေနဲ့ လောကလူသားတွေရဲ့အတွေးနဲ့ ကိုက်ရဲ့လား၊ မကိုက်ဘူး။

ဓမ္မကို ကျင့်သုံးတယ်ဆိုတော့ ဓမ္မဆိုတာ ဘာလဲ မေးရင် အားလုံးသိပြီးသားဖြစ်လို့ အကျယ်မပြောဘူး၊ ကုသလကမ္မပထတရား ၁၀-ပါးကို ဓမ္မလို့ခေါ်တယ်။ ကာယသုစရိုက် ၃-ပါး၊ ဝစီသုစရိုက် ၄-ပါး၊ မနော သုစရိုက် ၃-ပါး၊ ပေါင်း ၁၀-ပါး။

မနောသုစရိုက်ကစပြီး ပြောရအောင်။ သူများ ပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်ချင်တဲ့ လောဘမျိုး မရှိရဘူး၊ ဒါကို အနဘိဇ္ဈာလို့ခေါ်တယ်။ အဘိဇ္ဈာဆိုတာ သူများ ပစ္စည်းကို မျက်မုန်းကျိုးခြင်းလို့ ရှေးက ဒီလိုပြောတယ်၊ သူများပစ္စည်းကို မျက်မုန်းကျိုးတယ်ဆိုတာ သူများ ပစ္စည်းကြည့်ပြီး ကိုယ့်ပစ္စည်းဖြစ်ချင်တဲ့ လောဘပဲ။ အဲဒီ အဘိဇ္ဈာကို ရှောင်ရမယ်တဲ့။ စိတ်ထဲမှာ မဖြစ်အောင် ထိန်းရမယ်။

ပြီးတော့ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကို ပျက်စီးသွားအောင်၊ ဆုံးရှုံးသွားအောင်၊ ဒီကောင် ပျက်စီးသွားရင် ကောင်းမှာပဲ၊ ဒီကောင် ဒုက္ခ ရောက် သွားရင် ကောင်းမှာပဲဆိုတဲ့ အတွေးမျိုး မတွေးပါနဲ့။ ဒီလူ ကြီးပွားပါစေ၊ ဒီလူ ဆင်းရဲဒုက္ခမှ လွတ်ပါစေဆိုတဲ့ အတွေးမျိုးပဲ တွေးပါတဲ့၊ အဲဒါက အဗျာပါဒ။

လောကလူတွေမှာ စိတ်နေသဘောထားချင်း မတူဘူးမဟုတ်လား။ သူများပစ္စည်း ကိုယ့်ပစ္စည်းဖြစ်ချင် တဲ့ စိတ်နေသဘောထားရှိတယ်၊ လူတစ်ယောက် ဒုက္ခ ရောက်သွားစေချင်တဲ့အတွေးရှိကြတယ်။ အဲဒီ လောဘ နဲ့ ပတ်သက်တဲ့အတွေးတွေ၊ ဒေါသနဲ့ ပတ်သက်တဲ့ အတွေးတွေကို မနောဒုစရိုက်လို့ခေါ်တယ်။

နောက်တစ်ခုက ကံ,ကံရဲ့အကျိုးကို လက်မခံဘဲ ငြင်းပယ်ထားတဲ့ မှားယွင်းတဲ့အမြင် မိစ္ဆာဒိဋ္ဌိ၊ အဲဒါက မနောဒုစရိုက်၊ အဲဒီ မနောဒုစရိုက်က ရှောင်ကြဉ်ပြီး ကံ,ကံရဲ့အကျိုးကို လက်ခံယုံကြည်တဲ့ မှန်ကန်တဲ့အမြင် သမ္မာဒိဋ္ဌိရှိရမယ်တဲ့။ သူများပစ္စည်းကို ကိုယ့်ပစ္စည်း ဖြစ်လိုတယ်ဆိုတဲ့ လောဘနဲ့တွေးတဲ့ အတွေး, လူ တစ်ယောက် ဒုက္ခရောက်စေချင်တဲ့ ဒေါသနဲ့တွေးတဲ့ အတွေး၊ အဲဒီအတွေးတွေ ကင်းရှင်းပြီးတော့ ကံ,ကံရဲ့ အကျိုးကို ယုံကြည်တဲ့, လက်ခံသိမြင်တဲ့ သမ္မာဒိဋ္ဌိတဲ့၊ အဲဒါ ဓမ္မပဲ။ အဲဒီ ဓမ္မကို ကျင့်သုံးရင် ချမ်းသာမယ်တဲ့၊ ဒါ တစ်ခုနော်။

တစ်ဖန် ဝစီသုစရိုက် ၄-ပါးဆိုတာ နှုတ်၏ စည်း ကမ်းချက်တွေဖြစ်တယ်။ လိမ်မပြောဘူး၊ မှန်တာပဲ ပြောတယ်၊ ဂုံးမတိုက်ဘူး၊ တစ်ယောက်နဲ့တစ်ယောက် ညီညွတ်အောင်ပဲလုပ်တယ်၊ ရိုင်းပျတဲ့စကားကိုမပြော ဘူး၊ ချိုသာတဲ့စကားကိုပြောတယ်၊ ယဉ်ယဉ်ကျေးကျေး ပြောတယ်၊ အကျိုးမရှိတဲ့, တန်ဖိုးမရှိတဲ့ စကားတွေကို မပြောဘူး၊ အကျိုးရှိပြီး တန်ဖိုးရှိတဲ့စကားကိုသာ ပြော တယ်။ အဲဒါက ဝစီသုစရိုက် ၄-ပါး၊ အဲဒါ ဓမ္မပဲ။ ဝစီဒုစရိုက် ၄-ပါးက အဓမ္မ၊ ဓမ္မ နဲ့ အဓမ္မကို ကွဲဖို့လိုတယ်၊

ဓမ္မကို ကျင့်သုံးပါလို့ ဒီလိုပြောတယ်။ လောကလူတွေဟာ ကိုယ့်နှုတ်ကလေး ကိုယ် မထိန်းဘူး၊ မထိန်းနိုင်တော့ အမှန်ပြောရမယ့်အစား လိမ်ပြောတယ်။ တစ်ယောက်နဲ့တစ်ယောက် ညီညွတ် အောင် စေ့စပ်ပေးရမယ့်အစား မတည့်အောင် လုပ် တယ်။ ချိုချိုသာသာ ပြောရမယ့်အစား ရိုင်းရိုင်းစိုင်းစိုင်း ပြောတယ်၊ ယဉ်ယဉ်ကျေးကျေး မပြောဘူး။ အကျိုးမဲ့ တဲ့ အတင်းအဖျင်းတွေပြောတယ်။ လူတွေဟာ နှုတ်နဲ့ မကောင်းမှု အဓမ္မတွေကို လေ့ကျင့်နေကြတယ်။ အဲဒီ လို နှုတ်နဲ့ အဓမ္မတွေ ကျင့်သုံးရင် ချမ်းသာသုခဝေးလိမ့် မယ်။ ဒါကြောင့်မို့ ဓမ္မကိုကျင့်သုံးပါလို့ ဒီလိုဟောတာ။

နောက် ကာယသုစရိုက်နဲ့ ကာယဒုစရိုက် ၃-ပါး။

သူ့အသက်သတ်တာ၊ သူများဥစ္စာခိုးတာ၊ သူများဥစ္စာ မတရားတဲ့နည်းနဲ့ ရယူတာ၊ ကာမကိစ္စတွေမှာ ဓမ္မနဲ့ ဆန့်ကျင်ပြီး မှားမှားယွင်းယွင်း ကျင့်သုံးတာတွေဟာ အဓမ္မ။ သူများအသက်သတ်ခြင်းမှ ရှောင်ကြဉ်တယ်၊ သူများဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်တယ်၊ သူတစ်ပါး သား မယား ကျူးလွန်ခြင်းမှ ရှောင်ကြဉ်တယ်၊ ဒါက ဓမ္မ။ ပေါင်းလိုက်တဲ့အခါကျတော့ အဓမ္မ ဆိုတာက အကုသလကမ္မပထ တရား ၁၀-ပါး။ ဓမ္မ ဆိုတာက ကုသလကမ္မပထ တရား ၁၀-ပါး။ လောကမှာ ဒါပဲ အခြေခံအားဖြင့် ကျင့်စရာရှိတယ်။ ကိုယ်လျှောက်နေ တာ ဓမ္မလမ်းကြောင်းပေါ် လျှောက်နေသလား၊ အဓမ္မ လမ်းကြောင်းပေါ် လျှောက်နေသလား၊ ကိုယ်လျှောက် နေတဲ့လမ်းကြောင်းကို ကြည့်လိုက်လို့ရှိရင် သိတယ်။ မြတ်စွာဘုရားကို အာဠဝကကြီးက မေးတယ်။ ဘာကိုကျင့်သုံးရင် ချမ်းသာမလဲတဲ့။ မြတ်စွာဘုရားက ဓမ္မကို ကျင့်သုံးရင် ချမ်းသာနိုင်မယ်။ ဒါ ဘာပြောတာ လဲဆိုတော့ သူများအသက်သတ်ခြင်းမှ ရှောင်ရမယ်၊ သူများဥစ္စာခိုးခြင်းမှ ရှောင်ရမယ်၊ သူတစ်ပါး သား မယား ကျူးလွန်ခြင်းမှ ရှောင်ရမယ်၊ ဒါက ကိုယ်ထိ လက်ရောက် ရှောင်စရာ။

နှုတ်နဲ့ပတ်သက်ပြီး လိမ်ပြောတာ ရှောင်ရမယ်၊ မှန်တာကိုပဲ ပြောရမယ်၊ ဂုံးတိုက်တာ ရှောင်ရမယ်၊ တစ်ယောက်နဲ့တစ်ယောက် ညီညွတ်အောင်ဟောပြော ပေးရမယ်၊ ကြမ်းတမ်းတဲ့စကားပြောတာ ရှောင်ရမယ်၊ ယဉ်ကျေးသိမ်မွေ့စွာ ပြောရမယ်၊ အကျိုးမဲ့စကားတွေ ပြောတာ ရှောင်ရမယ်၊ အကျိုးရှိတာကိုသာ ပြောရမယ်၊ ဒါက ဝစီသုစရိုက်။

သူများပစ္စည်းရလိုမှု လောဘ နဲ့မတွေးနဲ့၊ သူများ ပျက်စီးစေလိုမှု ဒေါသနဲ့ မတွေးနဲ့၊ ကံ,ကံရဲ့ အကျိုးကို ကံဆိုတာရှိတယ်၊ ကံ၏အကျိုးဆိုတာရှိတယ်လို့ လက်ခံ သိမြင်ရမယ်၊ အဲဒီအတိုင်း လိုက်နာကျင့်သုံးရင် အဲဒါ ဓမ္မ practice ပဲ၊ ဒါကိုပြောတာ “ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ - ဓမ္မကို ကျင့်သုံးရင် ချမ်းသာသုခ ရပါ တယ်” တဲ့။

သို့သော် လောကလူတွေ ထင်နေတာက အဓမ္မ ကို ကျင့်သုံးရင် ချမ်းသာတယ်လို့ ထင်နေကြတာ။ အထင်အမြင်က အဲဒီလိုဖြစ်နေတယ်၊ ဟုတ်ကဲ့လား။ ဒါကြောင့်မို့ ကောင်းမယ်ထင်လို့ မကောင်းတာလုပ်ကြ တယ်လေ။ ဟိုနားလိမ်သွားပြန်ပြီ၊ ဒီနား လိမ်သွားပြန် ပြီ၊ ဒါတွေက ဒုက္ခရောက်ဖို့တွေချည်းပဲ။ ဟိုနားဖြင့် သတ်သွားပြန်ပြီ၊ ဒါ ဒုက္ခရောက်မယ့်ကိစ္စချည်းပဲ။ အဲဒါ ကြောင့် ချမ်းသာဖို့အတွက် ဓမ္မကိုကျင့်သုံး၊ ဓမ္မကို ကျင့်သုံးရင် ကိုယ်လည်းချမ်းသာတယ်၊ ပတ်ဝန်းကျင် လည်း ချမ်းသာတယ်။ နှစ်ဦးနှစ်ဝ ချမ်းသာတာ။ ဒါကြောင့် မြတ်စွာဘုရားက ဘာလုပ်ရင် ချမ်းသာမလဲ ဆိုတဲ့ အမေးမှာ ဒီအဖြေကိုယူလိုက်တာ။ တရားချစ်ခင် သူတော်စင် ပရိသတ်တို့ ကုသလကမ္မပထ လို့ဆိုတဲ့ ဒီဓမ္မကို ကျင့်သုံးရင် ချမ်းသာတယ်လို့ ဒီလိုမှတ်ရမယ်။

တခြားနည်းနဲ့ ဓမ္မကို ကြည့်လိုက်မယ်ဆိုရင် ဒါန၊ သီလ၊ ဘာဝနာသည် ဓမ္မ။ ဒါနကိုပြုရင် ဒါနကုသိုလ်၊ သီလကို ဆောက်တည်ရင် သီလကုသိုလ်။ သမထ ကျင့်စဉ်, ဝိပဿနာကျင့်စဉ်ကို ကျင့်ရင် ဘာဝနာ ကုသိုလ်၊ အဲဒီ ကုသလဓမ္မတွေ ကျင့်သုံးရင် မချမ်းသာ ဘူးလား၊ ချမ်းသာတယ်။ ချမ်းသာခြင်း၏အကြောင်းပဲ၊ ဒါကိုဖြေတာ ကိုယ့်ဘဝအရေးမှာ ကိုယ်လျှောက်နေတဲ့ လမ်းကို ဆန်းစစ်ရမယ်နော်။ ဒီမေးခွန်းတွေကို မြတ်စွာ ဘုရားက တစ်ခုစီတစ်ခုစီ ဖြေတာ၊ သူလည်း ကျေနပ် သွားပြီး ဆက်မေးတယ်။

အကောင်းဆုံးအရသာ?

ဘာမေးလဲဆိုတော့ “ကိံသု သာဓုတရံ ရသာနံ - အရသာတွေထဲမှာ အကောင်းဆုံးအရသာကဘာလဲ?”

ကဲ၊ ဒီမေးခွန်းရဲ့အဖြေလေးကို စဉ်းစားကြည့် လိုက်၊ လောကလူတွေကို ဒီအမေး မေးလို့ရှိရင် ဝက်သားကြိုက်တဲ့လူက ဝက်သားလို့ မပြောပေဘူး လား၊ ဒါကြောင့်မို့ ဗမာစကားပုံတောင် အဆိုရှိသေး တယ်၊ အသီးသရက် အသားဝက် တဲ့။ သရက်သီး ကြိုက်တဲ့လူက သရက်သီးကောင်းတယ်လို့ပြောတယ်၊ သရက်သီးဟာ အရသာအရှိဆုံးလို့ ဒီလိုထင်ကြတယ်၊ လောကလူတွေဟာ အရသာရှိတယ်ဆိုတာ ကိုယ် ကြိုက်တာကို အရသာအရှိဆုံးလို့ ထင်ကြတာပဲ။ ပြောကြတာပဲ။ အမျိုးမျိုးဖြေတယ်။ အဲဒီ ကောင်းတယ်ဆိုတဲ့ အရသာတွေဟာ အကုန်လုံး အကန့်အသတ်နဲ့ချည်းပဲ၊ ကဲ၊ ဝက်သားကြိုက်တဲ့လူတွေကို နေ့တိုင်း ဝက်သား ချည်း ချက်ကျွေးလို့ရှိရင် သူစားနိုင်မလား၊ မစားနိုင် ဘူးလား၊ ကိုယ့်ဘာသာကိုယ်ပဲ စဉ်းစားကြည့်၊ ကောင်း တယ်ဆိုတဲ့ အရသာကို ဒါချည်းပဲ နေ့တိုင်းကျွေးမယ်၊ ဒီပုဂ္ဂိုလ်က မစားနိုင်တော့ဘူး။

အဲဒီတော့ မြတ်စွာဘုရားရဲ့အဖြေက လောက လူတွေ မဖြေနိုင်တဲ့အဖြေမျိုး၊ မသိနိုင်တဲ့ အဖြေမျိုးကို ဖြေထားတယ်။ မှန်လည်းလုံးဝမှန်တဲ့ အဖြေမျိုး၊ မြတ်စွာ ဘုရားက “သစ္စံ သာဓုတရံ ရသာနံ - လောကမှာ အကောင်းဆုံး အရသာဟာ သစ္စာပဲ” မှန်တာကို ပြောတဲ့ သစ္စာစကား။

ဘာဖြစ်လို့ ကောင်းတဲ့အရသာလို့ ပြောတာတုန်း၊ လောကလူတွေဟာ မှန်တဲ့စကားကို ပြောနေလို့ရှိရင် နွယ်မြက်သစ်ပင်တောင် ဆေးဘက်ဝင်တယ်ဆိုတယ် မဟုတ်လား။ ဝစီသစ္စာနဲ့ပြောရင် အရာခပ်သိမ်း အောင် မြင်နိုင်တယ်။

ဝစီသစ္စာလို ကောင်းတဲ့အရသာက ဘယ်တော့မှ အီမသွားဘူး။ ဝက်သားစားရင် အီသွားမယ်၊ အချိုတွေ စားရင်လည်း အီသွားမယ်၊ အချဉ်တွေလည်း ကြာရှည် မစားနိုင်ဘူး။ ဒိပြင်အရသာတွေလည်း အတိုင်းအတာ အကန့်အသတ်နဲ့ချည်းပဲ၊ မှန်တဲ့စကားဟာ အကြိမ် တစ်ရာပြောလည်း အရသာမပျက်ဘူး။

ရလာတဲ့အကျိုးဟာလည်း အင်မတန် ကြီးမား တယ်၊ လူသားကိုမဆိုထားဘိ၊ ဘုရားအလောင်း ငုံး ဖြစ်စဉ်က တောမီးလောင်လာတဲ့အခါ မှန်တာကိုပြော လိုက်တယ်။ “သန္တိ ပက္ခာ အပတနာ” - သူ့မှာ အတောင် တော့ ပေါက်ပြီး မပျံနိုင်သေးဘူး” တဲ့။ “သန္တိ ပါဒါ အဝဉ္စနာ” - သူ့မှာ ခြေထောက်တွေတော့ရှိတယ်၊ မသွား နိုင်ဘူး” တဲ့။ “မာတာ ပိတာ စ နိက္ခန္တာ” - အဖေ အမေ တွေကလည်း ထွက်ပြေးကုန်ကြပြီ” တဲ့။ ဟော သူပြော တဲ့စကား ၃-ခွန်းစလုံးမှန်တယ်။ အဲဒီ မှန်တဲ့စကား ကြောင့် တောမီးကြီး သူ့ကိုရှောင်သွားပါစေလို့ သစ္စာ ဆိုတာ။ မီးက သူ့ဆီလုံးဝရောက်မလာဘူး။ ဒါ မှန်တဲ့ စကား၏ အရသာရှိပုံပဲ။ မှန်တဲ့စကားဟာ ဘေးရန် အန္တရာယ်များကိုလည်း ကာကွယ်နိုင်တယ်။

သို့သော် လောကလူတွေဟာ မှန်တဲ့စကားကို အရသာခံပြီး ပြောနိုင်လားဆိုတော့ မပြောနိုင်ဘူး။ မပြောနိုင်လို့ မှန်တာကိုပြောရရင် လင်္ကာမချောဘူးတဲ့၊ ဒါကြောင့်မို့ 'မုသားမပါ လင်္ကာမချော'တဲ့။ မှန်တာပြော ရရင် စကားက တယ်မချောလို့၊ တယ်ပြီးတော့ အဆင် မပြေလို့ နည်းနည်းလေးတော့ အလိမ်အကောက် ကလေး ထည့်လိုက်ချင်တာ၊ လင်္ကာချောအောင် လိမ် တာလေးတော့ ထည့်ချင်သေးသပေါ့။ အဲလောက်ထိ အောင် မှန်တဲ့စကားနဲ့ ဝေးကွာနေတယ်။

မြတ်စွာဘုရားက လောကမှာ အရသာတွေထဲမှာ အကောင်းဆုံးအရသာဆိုတာ ဝစီသစ္စာကို ပြောတာ ပါတဲ့၊ အမှန်ပြောတာဟာ အရသာအရှိဆုံးပဲ၊ ဘယ် တော့မှလည်း အမှန်ပြောရသည့်အတွက် အီ-မသွားဘူး၊ လိမ်တတ်တဲ့ပုဂ္ဂိုလ်တွေကတော့ အမှန်ပြောချင်မှာ မဟုတ်ဘူးနော်။

ဒါဖြင့် တို့တစ်တွေဟာ ဘဝအရေးမှာ အကောင်း ဆုံးသော အရသာကို စားဖို့လိုအပ်နေတယ်။ ဘယ်လို တုန်းဆို မှန်ကန်တဲ့စကားကိုပြောပြီး သစ္စာဆိုမယ် ဆိုရင် ကိုယ်လိုချင်တာတွေလုပ်လို့ရပါတယ်၊ စမ်းကြည့် ပေါ့၊ မဟုတ်တာတော့ မပါစေနဲ့၊ လင်္ကာချောအောင် တော့ သွားမထည့်နဲ့နော်။

ဆိုပါစို့- ဘုရားရှိခိုးရမှာ ပျင်းတဲ့လူက သစ္စာဆိုလို့ ရတယ်။ 'ကျွန်ုပ်သည် နေ့စဉ်နှင့်အမျှ ဘုရားရှိခိုးရမှာ အလွန်ပျင်းပါတယ်၊ ဘယ်တော့မှလည်း ရှိမခိုးပါဘူး၊ ဤမှန်သောစကားကို ဆိုရသောကြောင့်' ဆိုပြီး သစ္စာ ဆိုလို့ရတယ်။ တစ်ခုခု လိုချင်တာကိုပြော၊ စွမ်းအား သတ္တိ ပြည့်လာတဲ့နေ့မှာ အောင်မြင်လာမှာပဲ၊ တစ်ခုခု မဟုတ်တာ လုပ်တာကလည်း မဟုတ်တာလုပ်တာကို သစ္စာဆိုလို့ရတယ်။ သစ္စာဆိုတာ မှန်တာကိုပြောတာ၊ ဒါကြောင့်မို့ သစ္စာဆိုတဲ့ စကားတစ်ခုဟာ အင်မတန်မှ အရသာရှိတဲ့ အရာတစ်ခုဖြစ်တယ်လို့ မြတ်စွာဘုရားက ဒီမှာဖြေတယ်။

အကောင်းဆုံးသော အသက်ရှင်နည်း?

နောက်မေးခွန်းတစ်ခုက “အရှင်ဘုရား၊ လောက လူတွေဟာ ဘဝမှာ နည်းအမျိုးမျိုးနဲ့ အသက်ရှင်နေ ကြတယ်၊ ဘာနဲ့ အသက်ရှင်ရင် အကောင်းဆုံး ဖြစ်မလဲ?”

ဘာနဲ့အသက်ရှင်ရမလဲ၊ လူတွေကတော့ အဖြေ အမျိုးမျိုး ထုတ်ကြမှာပေါ့။ ထမင်းစားပြီး အသက်ရှင် တဲ့လူရှိတယ်၊ အလုပ်အကိုင်အမျိုးမျိုးနဲ့ အသက်ရှင်တဲ့ လူ ရှိတယ်၊ ဝန်ထမ်းအလုပ်မျိုးစုံနဲ့ အသက်ရှင်ကြတာ ရှိတယ်၊ အဲဒီလို အသက်မွေး အသက်ရှင်ဖို့ လုပ်ငန်း တွေ အများကြီးထဲမှာ ဘာနဲ့ အသက်ရှင်တာဟာ အကောင်းဆုံးလဲဆိုတာ မြတ်စွာဘုရားကဖြေတယ်။ “ပညာဇီဝိံ ဇီဝိတ မာဟု သေဋ္ဌံ - အသက်ရှင်ဖို့ အသက် မွေးတဲ့အထဲမှာ အသိပညာနဲ့ အသက်ရှင်တာ အသက် မွေးတာ အကောင်းဆုံးပဲ”။

လောကမှာ အကောင်းအဆိုး အကြောင်းအကျိုး မှ မသိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အသက်ရှင်နေမှုက တန်ဖိုးမရှိပါဘူးတဲ့။ အရာရာ အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုး ခွဲခြားသိပြီးတော့ ထိုအသိပညာနဲ့ အသက်ရှင်တဲ့လူကမှ တကယ် အကောင်းမြတ်ဆုံး အသက်ရှင်ခြင်းပဲ။

ဆိုလိုတာက လူ့ဘဝရလာလို့လူဖြစ်လာရင် ပညာ ရှိပါစေ၊ ပညာဆိုတာ အခုခေတ်ပြောတဲ့ သင်ထားတဲ့ အတတ်ပညာတွေကိုချည်းပြောတာ မဟုတ်ဘူးနော်၊ အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုးကို ခွဲခြား သိတတ်တဲ့ အသိဉာဏ်ကိုပြောတာ။ အဲဒီ အသိဉာဏ် ကိုရဖို့ဆိုရင် ပညာသင်ရတယ်ပေါ့။ သိထားတဲ့ ပညာ ပေါ်မှာ ထပ်ဆင့်ပြီး စဉ်းစားတတ်တဲ့ အသိဉာဏ်မျိုး ဟာ အင်မတန်မှ အရေးကြီးတယ်။

ဒီ့ထက် အဆင့်မြင့်လာလို့ရှိရင်လည်း - ကြည့်၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဟောထား တယ်လေ၊ သင်္ခါရတရားတွေရဲ့ သဘာဝကို မသိဘဲနဲ့ အနှစ်တစ်ရာ အသက်ရှည်ရတာထက် သင်္ခါရတရား တွေကို သိတဲ့အသိဉာဏ်နဲ့ တစ်နေ့တာ အသက်ရှင်ရ တာက ပိုကောင်းတယ်တဲ့။ အနှစ်တစ်ရာ အသက်ရှင် နေပေမယ့်လို့ အသိဉာဏ်ဖြင့် အသက်ရှင်ရသည့် တစ်နေ့တာလောက် တန်ဖိုးမရှိဘူးလို့ ဒီလိုဟောတာ။

အဲဒါကြောင့်မို့ အသိပညာ ဆိုတဲ့နေရာမှာ လောကီပညာပဲဖြစ်စေ၊ လောကုတ္တရာပညာပဲဖြစ်စေ အကောင်းအဆိုး အကြောင်းအကျိုးကို သိပြီးတော့ ကိုယ့်ဘဝလမ်းကြောင်းကို လျှောက်လှမ်းဖို့ကို ကိုယ့် ကိုယ်ကို ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ အသိဉာဏ် အနည်းဆုံး ရှိဖို့ လိုအပ်တယ်တဲ့။ ဒီ့ထက်အဆင့်မြင့်လာလို့ရှိရင် ဝိပဿနာပညာတို့၊ မဂ်ပညာတို့ ဒါတွေရှိရမှာပေါ့။ အဲဒီ အဆင့်မြင့်တဲ့ ဓမ္မပညာတွေအထိအောင် ရှိရမယ်။

အဲတော့ လောကမှာ ပညာမဲ့တို့၏ အသက်ရှင်မှု သည် လုံးဝတန်ဖိုးမရှိဘူးတဲ့၊ ပညာရှိရှိနဲ့ အသက်ရှင်ရ တာကသာ တန်ဖိုးရှိတယ်၊ ပညာရှိပြီဆိုရင် ဘဝအရေး လည်း စိတ်မအေးရဘူးလား။

အခက်အခဲကို ဘာနဲ့ဖြတ်ကျော်ရမလဲ?

နောက်တစ်ခုက လူ့လောက လူရယ်လို့ဖြစ်လာ ပြီး ဘဝတစ်ခု လျှောက်လှမ်းလာပြီ ဆိုတဲ့အခါမှာ အခက်အခဲတွေ ဖြတ်ကျော်ရတာ မရှိဘူးလား၊ အခက် အခဲတွေကို ဖြတ်ကျော်ရမယ်ဆိုရင် ဘာနဲ့ဖြတ်ကျော် မလဲ၊ ဘာရှိဖို့လိုလဲ? အဲဒီမေးခွန်းလေးကို ဆက်မေး တာ။

ဆိုပါစို့၊ ကိုယ်သွားမယ့်လမ်းမှာ တောင်ကျရေတွေ တသွင်သွင်စီးနေတယ်၊ အဲဒီ တောင်ကျရေတွေကို ဩဃလို့ခေါ်တယ်။ ဝဲဩဃကြီး၊ အင်မတန်မှ ပြင်းထန် တဲ့အဟုန်နဲ့ စီးနေတယ်။ အဲဒါကို ဖြတ်ကူးဖို့ဆိုတာ အင်မတန်မှခဲယဉ်းတယ်။ ဒီလို လောကမှာရှိတဲ့ အခက် အခဲတွေကို ဖြတ်ကျော်ဖို့အတွက် ဘာလိုလဲဆိုရင် မြတ်စွာဘုရားက “သဒ္ဓါယ တရတိ ဩဃံ” ယုံကြည် ချက် လိုတယ်တဲ့။ သဒ္ဓါကို ဒီနေရာမှာ ထပ်ဟောတယ်၊ ယုံကြည်ချက် မရှိဘူးဆိုရင် ဘဝမှာ အခက်အခဲပေါင်း မြောက်မြားစွာကို သူဖြတ်ကျော်နိုင်ပါမလား၊ မကျော် နိုင်ဘူး။

ဘဝရဲ့အခက်အခဲ- ဩဃတွေဟာ ဘယ်လောက် ခက်ခဲလည်းဆိုရင် ကာမဂုဏ်အာရုံထဲမှာ စိတ်ဝင်စား နေတဲ့ လောဘ ဆိုတာ အင်မတန်ကြီးမားတဲ့ အရှိန် အဟုန်နဲ့ မိမိသန္တာန်မှာဖြစ်နေတာ၊ ဒါကို စွန့်ပယ်တယ် ဆိုတာ ဖြတ်ကျော်တာပဲ။ သူ့ကိုစွန့်ဖို့ လွယ်လား၊ မလွယ်ဘူး။ ကာမဂုဏ်အာရုံတွေကို စွန့်ပယ်ပြီး တစ်ဖက်ကမ်းကို ရောက်အောင်သွားဖို့ဆိုတာ သိပ် ခဲယဉ်းတယ်၊ ဒါလည်း ဩဃ တစ်ခုပဲ။

ဒီ ကာမဂုဏ်အာရုံတွေကိုတော့ စွန့်ပယ်နိုင်ပြီး ဈာန်တွေရလို့ သမထကျင့်စဉ်တွေအောင်မြင်, သမထ ကျင့်စဉ်တွေနဲ့ ပျော်ပြီးနေတယ်။ အဲဒီ သမထကျင့်စဉ် တွေနဲ့ ရ,ထားတဲ့ ဘဝတစ်ခုကို ကျော်လွှားဖို့ရန်ကျတော့ အခက်အခဲရှိပြန်တယ်။ အဲဒီတော့ ဘာနဲ့ဖြတ်ကျော် မတုန်း၊ သဒ္ဓါနဲ့ပဲ ဖြတ်ကျော်မယ်။ ယုံကြည်ချက်ရှိဖို့ လိုတယ်။

ယုံကြည်ချက် မရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အခက်အခဲတွေကို ကျော်လွှားဖို့ မဖြစ်နိုင်ဘူး။ တရား ကျင့်တဲ့နေရာမှာပဲဖြစ်စေ၊ လောကအရေးမှာပဲဖြစ်စေ အခက်အခဲတွေကို ကျော်လွှားဖို့ဆိုတာ နံပါတ်တစ်က ဘာအရေးကြီးတာလဲ၊ ယုံကြည်ချက်တဲ့။ အခက်အခဲ တွေကို ယုံကြည်ချက်နဲ့ ကျော်ဖြတ်ရမယ်တဲ့။ အာဠဝက မေးတာ၊ ဘဝမှာ အခက်အခဲတွေနဲ့ကြုံလာရင် ဘယ်လို ကျော်ဖြတ်ရမလဲ၊ ယုံကြည်ချက်နဲ့ ကျော်ဖြတ်ရမယ်။ ယုံကြည်ချက်ရှိလာပြီဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အခက်အခဲတွေကို ကျော်လွှားနိုင်တယ်။

ကျယ်ပြောတဲ့ဘဝကြီးကို ဘာနဲ့ဖြတ်ကူးမလဲ?

ဘဝကြီးတစ်ခုကို ဖြတ်ကူးနေရတယ်။ ဘာနဲ့ ဖြတ်ကူးကြမလဲ။

မြတ်စွာဘုရားက “အပ္ပမာဒေန အဏ္ဏဝံ” ကာမ ဂုဏ် အာရုံတွေပေါ်မှာ စိတ်လွှတ်မထားဘဲနဲ့ ကုသိုလ် ကောင်းမှုပေါ်မှာ အမြဲတမ်း သတိရနေတဲ့ အပ္ပမာဒ ဆိုတဲ့ သတိနဲ့ ဖြတ်ကူးရမယ်တဲ့။

ကြည့်လေ၊ အဲဒီလို မကူးနိုင်ဘူးဆိုရင် လူတွေရဲ့ ဘဝဟာ ဘယ်လောက်ကျယ်ပြောတာလဲဆိုရင် မျက်စိ က မြင်ရတဲ့အရာတွေဟာ အများကြီးကျယ်ပြောတယ်၊ နားကကြားရတဲ့ အသံတွေဟာလည်း အများကြီး ကျယ် ပြောတယ်။ ဒါကို ဖြတ်ကူးဖို့ရန် တော်တော်ခက်တယ်၊ ဟုတ်ရဲ့လား။ မျက်စိနဲ့မြင်ပြီးတော့ဖြစ်တဲ့ ပျော်ရွှင်မှု ကြီးကို ဖြတ်ကျော်ဖို့ခက်တယ်။ နားက ကြားပြီးတော့ သာယာတဲ့အသံတွေပေါ်မှာ ပျော်မြူးနေတာကို ဖြတ် ကျော်ဖို့ရာခက်တယ်။ လျှာက အရသာခံနေတာတို့၊ နှာခေါင်းက မွှေးကြိုင်တဲ့အနံ့ပေါ်မှာ ပျော်ရွှင်နေတာတို့၊ ခန္ဓာကိုယ်ကနေ ထိတွေ့တဲ့အရာတွေပေါ်မှာ ပျော်ရွှင်နေတာတို့၊ အာရုံငါးပါး ကာမဂုဏ်တရားတွေ ဟာ ဖြတ်ကျော်သွားဖို့ အင်မတန်ခဲယဉ်းတယ်။ ကျယ် ပြောနေတယ်။ အဲဒါတွေကို ဖြတ်ကျော်ချင်ရင် သတိ ကြီးစွားထားပြီး ဖြတ်ကျော်ရမယ်။

သတိကို တည်ဆောက်တယ်ဆိုတာ ကြည့်လေ၊ သတိပဋ္ဌာန်တရား ပွားတဲ့အခါမှာ လူတွေဟာ ဘယ် လောက် သတိမေ့တတ်သလဲဆိုတာ သတိပဋ္ဌာန်တရား ပွားကြည့်တဲ့အခါမှာ ကိုယ့်နှာခေါင်းက အမြဲ လေလေး ထွက်နေတာကိုပဲ အစဉ်ထာဝရ ထွက်တိုင်း ထွက်တိုင်း သိရဲ့လား၊ မသိဘူးနော်။ မေ့သွားတာချည်းပဲ၊ ကိုယ် ဘာလုပ်နေတယ်ဆိုတာ မေ့နေတယ်။

လူတွေကတော့ ကိုယ့်ကိုယ်ကို သတိရှိတယ်လို့ ထင်နေကြတယ်။ သို့သော် လူတွေလုပ်နေတာနဲ့ တွေး နေတာက တခြားစီ။ ဥပမာ-လူကတော့ ထိုင်နေတယ်၊ စိတ်ကတော့ တခြားရောက်နေတယ်။ လူက အိပ်နေ တယ်၊ စိတ်က တခြားရောက်နေတယ်။ အဲဒါဟာမေ့နေတယ် ခေါ်တယ်နော်။ ဒါပေမယ့် လူတွေက အဲဒါကို မေ့နေတယ်လို့မထင်ဘူး၊ သတိရှိနေတယ်လို့ပဲ ထင်တယ်။

ကိုယ်ထိုင်နေတာ ထိုင်နေတယ်လို့ မသိဘူးလေ၊ အိပ်နေရင်လည်း အိပ်နေတယ်လို့ မထင်ဘူး၊ သွားနေ ရင်လည်း သွားနေတယ်လို့ မထင်ဘူး။ ဘာလို့တုန်းဆို စိတ်က အမြဲတမ်း တစ်နေရာရောက်နေတယ်။

ဘာနဲ့ဥပမာတူတုန်းဆို အိမ်တံခါး ဖွင့်ပစ်ခဲ့ပြီး သွားချင်ရာသွားနေတာနဲ့ မတူဘူးလား။ ကိုယ့်ခန္ဓာ ကိုယ်ထဲ စိတ်မရှိဘူး၊ တခြားရောက်နေတယ်။

အဲဒါကြောင့်မို့ အင်မတန်ကျယ်ပြောတဲ့ ဘဝခရီး ကြီးကို ဖြတ်ကူးတဲ့နေရာမှာ ကိုယ်ဘာလုပ်နေလဲဆိုတဲ့ အပေါ်မှာ ထားနိုင်တဲ့သတိဟာ အင်မတန်မှ အရေး ပါတယ်လို့ဆိုပြီး မြတ်စွာဘုရားက ဒါကိုပြောတာ။

ဒုက္ခကို ဘာနဲ့ဖယ်ရှားမလဲ?

ကဲ နောက်တစ်ခု၊ ဆင်းရဲဒုက္ခတွေကို ကျော်လွှား ဖို့က ဘာအရေးကြီးလဲ? ဘာနဲ့ ဆင်းရဲဒုက္ခတွေကို ကျော်ဖြတ်မလဲတဲ့။

ခုနကတုန်းက အခက်အခဲကို ကျော်ဖြတ်တယ်။ ကျယ်ပြောတဲ့ အရာကြီးကို ဖြတ်ကူးတယ်။ အခုတစ်ခါ ဒုက္ခကို ဘာနဲ့ဖယ်ရှားနိုင်သတုန်းဆိုရင် မြတ်စွာဘုရား က ဝီရိယေန ဒုက္ခမစ္စေတိ- ကြိုးပမ်းအားထုတ်မှု ဝီရိယ ဖြင့် ဆင်းရဲဒုက္ခကို ဖယ်ရှားပစ်နိုင်တယ်။ ဆင်းရဲမှု သံသရာကို ကျော်လွှားချင်ရင် ကြိုးစားကြရမှာပေါ့။ ဒါ ပြောတာပေါ့၊ ဟုတ်ရဲ့လား။ မကြိုးစားဘဲနဲ့ ဆင်းရဲမှု သံသရာကြီးမှ မလွတ်မြောက်နိုင်ဘူး။ ဒါကြောင့်မို့ လွတ်မြောက်ရန်အတွက် ဝီရိယနဲ့ ကြိုးစားအားထုတ် ကြရမယ်။

စိတ်ဖြူစင်အောင် ဘယ်လိုလုပ်ရမလဲ?

ဒါဖြင့် လောကလူတွေရဲ့ စိတ်ဟာ ဖြူစင် သွားအောင် ဘာနဲ့လုပ်ရမတုန်းဆို မြတ်စွာဘုရားက “ပညာယ ပရိသုဇ္ဈတိ- ပညာဖြင့်သာ ဆေးကြောလို့ ရမယ်” လူတွေရဲ့စိတ်ဟာ ပညာဖြင့် ဆေးကြောတယ် ဆိုရင် ကိုယ့်စိတ်ထဲမှာ ကြည်နေတယ်။

နံနက်မိုးသောက် အလင်းရောက်လို့ မျက်စိနှစ်လုံး ပွင့်လာတဲ့ အချိန်ကစပြီး ကိုယ့်စိတ်ကို check လုပ်၊ ဘာတွေတွေးနေလဲ၊ ကိုယ့်စိတ်ထဲမှာ လောဘရှိနေ လား၊ ဒေါသရှိနေလား၊ မောဟရှိနေလား၊ စိတ်ရဲ့ အညစ်အကြေးတွေ ရှိနေလားဆိုတာ ကိုယ်က check လုပ်ရမယ်။ လုပ်တဲ့အခါကျတော့ ဉာဏ်မရှိရင် သိပါ့ မလား၊ မသိဘူးတဲ့။ ကိုယ်ဝတ်တဲ့ အဝတ်မှာတော့ ပေတယ်ဆိုတာ မသိဘူးလား၊ သိတယ်။ စိတ်မှာလည်း ပဲ ညစ်ပေလာရင် သိရမယ်၊ မသိရင် ညစ်ပေမှုကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး။

အဲဒါကြောင့်မို့ စိတ်၏ အညစ်အကြေးကိုသိဖို့ ပညာလိုအပ်တယ်တဲ့။ ပညာနဲ့သာလျှင် စိတ်ရဲ့ အညစ် အကြေးတွေကို ဖယ်ရှားပစ်နိုင်တယ်။ ဒါကြောင့်မို့ သိအောင်ကြိုးစားရမယ်လို့ ဒီလိုပြောတာ။

ကိုယ့်စိတ်လေးဖြူစင်ဖို့ အရပ်စကားပြောရင်တော့ လွယ်တာပေါ့။ စိတ်ကို ဖြူစင်အောင်ထား- ဖြူစင် အောင်ထားဆိုတာ ဘယ်ဟာက ဖြူစင်တာတုန်း၊ ဘယ် ဟာက မည်းတာတုန်းလို့မသိရင် ဘယ်လိုလုပ် ဖြူစင် အောင်ထားမလဲ၊ မသိနိုင်ဘူး၊ ဟုတ်ရဲ့လား။ ဖြူစင်တာ ကို မည်းတယ်ထင်နေတယ်၊ မည်းတာကို ဖြူစင်တယ် ထင်နေတယ်၊ ဘယ်လိုလုပ် ဖြူစင်အောင်လုပ်လို့ရမလဲ နော်။ ပညာရှိမှ ဖြူ မဖြူ သိနိုင်မယ် မဟုတ်လား။ ဒါ့ကြောင့်မို့ မြတ်စွာဘုရားက ဒီမေးခွန်းရဲ့အဖြေမှာ “ပညာနဲ့ ဖြူစင်စေရမယ်” လို့ ဖြေလိုက်တာ။

ပညာကို ဘယ်လိုရအောင်ယူမလဲ?

အဲဒီလိုဖြေလိုက်တော့ နောက်ထပ် အာဠဝက ကြီးက မေးခွန်းတစ်ခုထပ်မေးတယ်။ ပညာနဲ့ ဖြူစင် အောင် လုပ်ရတယ်ဆိုတော့ စိတ်ဓာတ်ကို ဒီလို ဖြူစင် စေတတ်တဲ့ ပညာမျိုးကို ဘယ်လိုလုပ်ပြီး ရအောင်ယူ မလဲ၊ ဒါ မေးခွန်းတစ်ခု။

မြတ်စွာဘုရားက ပညာရတဲ့နည်းကို ဖြေတယ်။ “သုဿုသာ လဘတေ ပညံ” နားလည်ချင်တဲ့စိတ်၊ နားထောင်ချင်တဲ့စိတ်၊ နားထောင်ချင်တဲ့ဆန္ဒရှိရင် ပညာရပါတယ်။

ကြည့်လေ၊ တရားပွဲလာ တရားနာတယ်ဆို ပညာ မရဘူးလား၊ ဒါ နာချင်တဲ့စိတ်ကြောင့်မို့ ဒီပညာက ရတာ။ တရားနာနေတဲ့အချိန်မှာလည်း ကြိုးစားပြီး တော့ မှတ်မှတ်သားသား နာမယ်ဆိုတဲ့ စိတ်ရှိတဲ့သူက မမှတ်မိဘူးလား၊ အေး ဒါကိုပြောတာ။ မြတ်စွာဘုရား က ပညာရချင်တယ်ဆိုရင် တတ်ချင်တဲ့စိတ်က အဓိက၊ တတ်ချင်တဲ့စိတ်ရှိရင် တတ်ပြီ။

ရှေးတုန်းက ဆရာတော်ကြီးတစ်ပါးက ပြောလေ့ ရှိတယ်။ လူငယ်တွေကိုတွေ့ရင် “မင်း စာတတ်ချင် လား” တဲ့၊ “တတ်ချင်ပါတယ်” လို့ပြောတဲ့အခါ “အေး တတ်ချင်ရင် တတ်ပြီကွာ” လို့ပြောတယ်။ ဘာဖြစ်လို့ တုန်းဆိုတော့ တတ်ချင်တဲ့စိတ်ဟာ ပညာရဲ့မုခ်ဦးပဲ။ စာတတ်ဖို့ရန်အတွက် စာတတ်ချင်တဲ့စိတ်ဟာ အဓိက၊ ဒါကြောင့်မို့ ပညာရဖို့အတွက် ပညာရချင်တဲ့, သင်ချင် တဲ့စိတ်ဟာ အဓိကမကျဘူးလား၊ ကျတယ်။ သင်ချင် တဲ့စိတ်ရှိတဲ့ ပုဂ္ဂိုလ်ကမှ ပညာကိုရအောင်သင်တာတဲ့၊ ဒါကို မြတ်စွာဘုရားက “သုဿုသာ လဘတေ ပညံ” လို့ပြောတာ။

ပညာ ဆိုတာလည်း အဆင့်ဆင့်ပဲ။ လောကီ ရှိတယ်၊ လောကုတ္တရာပညာရှိတယ်။ သိချင်တဲ့ ပညာ တစ်ခုထက်တစ်ခု မြင့်လာတယ်။ ဝိပဿနာပညာ ဆိုတာ ဘာလဲ၊ မဂ်ပညာဆိုတာ ဘာလဲ သိချင်လာ တယ်။ သိချင်လာလို့ ကြိုးစားတယ်၊ သင်တယ်၊ ကျင့် တယ်။ ဒါ မြတ်စွာဘုရားက ပညာရခြင်း အကြောင်းကို ဖြေတာ။

ဥစ္စာကို ဘယ်လိုရှာမလဲ?

ဒါဖြင့် လောကီလူတွေဘဝမှာ နေ့စဉ်သုံးဖို့ ပစ္စည်း ဥစ္စာ မရှိရင်လည်း မဖြစ်ဘူးတဲ့။ ဘဝအရေးမှာ နေ့စဉ် သုံးဖို့ စားဖို့အတွက် ပစ္စည်းဥစ္စာက လိုသေးတယ်။ ခုနကပြောတဲ့ ပစ္စည်းဥစ္စာက သဒ္ဓါဆိုတဲ့ ပစ္စည်းဥစ္စာ အခိုင်မာဆုံးကို ရည်ညွှန်းပြီးပြောတာ။ နေ့စဉ်စားဖို့ အတွက် ပိုက်ဆံရော မလိုအပ်ဘူးလား၊ လိုအပ်တယ်။

အဲဒီလို လောကီဓနတွေရဖို့အတွက် ဘာလုပ်ရ မတုန်းဆိုတော့ မြတ်စွာဘုရားက “ပတိရူပ ကာရီ ဓုရ ဝါ၊ ဥဋ္ဌာတာ ဝိန္ဒတေ ဓနံ- ပစ္စည်းဥစ္စာရချင်ရင် ရနိုင် တဲ့ နည်းလမ်းကို ကျင့်သုံးတဲ့။ ကြိုးစားတဲ့ လုံ့လဝီရိယ ရှိရမယ်” တဲ့။ လုံ့လဝီရိယရှိပြီးတော့ တက်တက်ကြွကြွ ကြိုးစားအားထုတ်တဲ့။ အားထုတ်လို့ရှိရင် လောကမှာ ရှိတဲ့ စီးပွားဥစ္စာတွေ တိုးပွားလာနိုင်တယ်၊ ဒါတော့ ဟုတ်တာပဲ။

မြတ်စွာဘုရားပြောတဲ့အထဲမှာ “ပတိရူပ ကာရီ” ဆိုတာ ပါသေးတယ်။ အဲဒါ ဘာကိုရည်ညွှန်းတာလဲ ဆို ပစ္စည်းဥစ္စာ ကြီးပွားခြင်း၊ ရခြင်း၊ တိုးပွားခြင်း အတွက်က ကြိုးစားဆိုတာ ဒါ အဓိကတစ်ခု။ အဲဒီ ကြိုးစားဆိုတဲ့အထဲမှာ ဘာတွေပါတုန်းလို့ဆို သုတ္တန် တစ်ခုမှာ မြတ်စွာဘုရားက နည်းပညာကျွမ်းကျင်မှု၊ လုပ်ငန်းကျွမ်းကျင်မှု ပါရမယ်၊ ဇွဲကောင်းမှုပါရမယ်။ ဟော ၃-ခု၊ ကြိုးစားတိုင်းလည်း ရချင်မှရမယ်လေ။ သာမန်ကြိုးစားပြီး နည်းပညာမပါရင် အောင်မြင်ပါ့ မလား၊ လုပ်ငန်းမကျွမ်းကျင်ရင်ကော အောင်မြင်ပါ့ မလား၊ မအောင်မြင်ဘူး။ အဲဒါကြောင့်မို့ ကြိုးစားဆိုတဲ့ အထဲမှာ လုပ်ငန်းကျွမ်းကျင်မှုရယ်၊ ဇွဲကောင်းမှုရယ်၊ နည်းပညာရယ်၊ ခုခေတ်လိုပြောလို့ရှိရင် technology ဆိုတာ အရေးကြီးတယ်လို့ ပြောတာနော်။ ဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ထဲက ပြောခဲ့ပြီးသား။ စီးပွားရေးပညာနဲ့ ပတ်သက်ပြီး ကြိုးစားအားထုတ်လို့ ရှိရင် ပစ္စည်းဥစ္စာရနိုင်တယ်၊ ဟောဒါ တစ်ခု။

အကျော်အစောရှိရန် ဘယ်လိုလုပ်ရမလဲ?

နောက်တစ်ခု သူကဆက်မေးတယ်၊ လောကမှာ ပစ္စည်းဥစ္စာတော့ ရှိပါပြီ၊ အချို့ကျ အကျော်အစော မဲ့တယ်၊ ဂုဏ်သတင်းမရှိဘူးပေါ့။ လူဆိုတာ ပိုက်ဆံ ရှိရုံနဲ့တင် မပြီးဘူး၊ ဂုဏ်သတင်းကလည်း မကြီးချင်ဘူး လား၊ လူကြားထဲမှာ သူကလည်း နာမည်လေးက ထွက်ချင်သေးတာကိုး၊ လူတိုင်းလူတိုင်းမှာ ပိုက်ဆံလေး ရှိလာရင် နာမည်လေးက ရချင်တယ်။

ဒါဖြင့် နာမည်ရချင်ရင် ဘာလုပ်ရမတုန်းဆို မြတ်စွာဘုရားဖြေတာ “သစ္စေန ကိတ္တိံ ပပ္ပေါတိ” တဲ့။ မှန်ကန်ဖို့လိုတယ်၊ မှန်ကန်ရင် နာမည်ရပါတယ်။ ဟုတ် ရဲ့လား၊ ဘာလုပ်လုပ် အမှန်တရားပေါ်မှာ ရပ်တည်ပြီး လုပ်ဖို့လိုတယ်။ အရပ်ထဲမှာပဲကြည့်လေ၊ ဟောဒီလူက လူမှန်ဆိုပြီး သူ့ မလေးစားကြဘူးလား၊ လေးစားကြ တယ်၊ ဒီလူဟာ ဘယ်တော့မှ မဟုတ်တာ မလုပ်ဘူး၊ မှန်ကန်တယ်၊ သမာဓိရှိတယ်ဆိုပြီး ဂုဏ်သတင်းက ထွက်လာတာပဲ။ အဲဒါကြောင့်မို့ “သစ္စေန ကိတ္တိံ ပပ္ပေါတိ“လူတစ်ယောက်ဟာ သစ္စာရှိတယ်၊ ကတိတည် တယ်၊ မှန်ကန်တယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟာ ကျော်စော လာတာပဲ။

မိတ်ဆွေတွေရချင်ရင် ဘယ်လိုလုပ်ရမလဲ?

ထင်ပေါ်ကျော်ကြားပြီးတော့ အချို့က အပေါင်း အသင်း မိတ်ဆွေ များချင်တယ်၊ လူတွေဟာ ပြောကြ တယ်လေ၊ “တစ်ရွာကို တစ်ကျီဆောက်” ဆိုတာ အဲဒါ ဂိုထောင်တွေ လိုက်ဆောက်ခိုင်းတာ မဟုတ်ဘူး၊ ရွာတိုင်း နေရာတိုင်းမှာ မိတ်ဆွေတွေရှိရမယ် ပြောတာ နော်။ ဒါဖြင့် မိတ်ဆွေတွေရအောင် ဘယ်လိုလုပ်ရမလဲ ဆိုရင် မြတ်စွာဘုရားက ဖြေတယ်၊ “ဒဒံ မိတ္တာနိ ဂန္ထတိ” တဲ့။ မိတ်ဆွေတွေ များများရအောင်ကတော့ ပေးပါတဲ့၊ ပေးတဲ့လူက မိတ်ဆွေများများရတယ်၊ ဟုတ်ရဲ့လား။ ပေးရမယ်၊ နှမြောနေရင် မိတ်ဆွေမရှိဘူး။

ဒါကြောင့်မို့ ဗမာစကားမှာ အခြွေအရံလို့ ပြောကြ တယ်လေ။ အခြွေအရံဆိုတာ ခြွေနိုင်မှ ရံတယ်တဲ့။ မိတ်ဆွေဖွဲ့ပြီး ဟိုဟာလေးတောင်း ဒီဟာလေးတောင်း တောင်းတတ်တယ်၊ သူတို့ ဝါသနာ။ ကိုယ်ကပေးရင် မိတ်ဆွေပေါတယ်၊ အဲဒီမှာ ဩော်-မြတ်စွာဘုရားက အိန္ဒိယတို့, သီဟိုဠ်တို့ကြည့်ပြီး ဒါဟောပုံရတယ်လို့၊ ပေးနိုင်လို့ရှိရင် မိတ်ဆွေ အလွန်ပေါတယ်။

ဟိုးရှေးတုန်းက သီဟိုဠ်ကို ဗမာပြည်က အများ ကြီးလှူခဲ့တယ်၊ အများကြီး ထောက်ပံ့ခဲ့တယ်၊ အဲဒီတုန်း က မြန်မာကို သူတို့က ဗုရုမာလို့ခေါ်တယ်။ ဗုရုမာဆို မသိတဲ့လူမရှိဘူး။ အခုနောက်ပိုင်းကျတော့ မြန်မာပြည် က အဆက်အသွယ်ပြတ်သွားတယ်၊ အဆက်အသွယ် ပြတ်သွားပြီးနောက် ဘယ်သူတွေ အဆက်အသွယ် များတုန်းဆို ထိုင်းတွေက အဆက်အသွယ် များလာ တယ်၊ ထိုင်းတွေက လှူတယ် တန်းတယ်ဆိုတော့ ထိုင်းကိုပဲ သိကြတယ်။ ဗမာကို မသိတော့ဘူး၊ ကြည့် “ဒဒံ မိတ္တာနိ ဂန္ထတိ” ဆိုတာ ဒါကိုပြောတာနော်၊ ပေးနိုင် ကမ်းနိုင်ရင် မိတ်ဆွေတွေရတယ်တဲ့။

နောက်ဆုံးမေးခွန်း

ကဲ ကောင်းပြီဘုရားတဲ့၊ နောက်ဆုံးမေးခွန်းလေး က ဘာလဲဆိုတော့ - နောက်ဘဝအရေးနဲ့ ပတ်သက် ပါတယ်၊ ဒီဘဝတော့ ဒီလောက်ဆို လုံလောက်ပြီ၊ မိတ်ဆွေလည်းပေါပြီ၊ အကျော်အစောတွေလည်းရပြီ၊ ပစ္စည်းဥစ္စာတွေလည်း ချမ်းသာနေပြီ၊ ပညာလည်းရပြီ ဆို မလုံလောက်သေးဘူးလား၊ လုံလောက်သွားပြီ။ ဒါပေမယ့် နောက်ဘဝအရေး စိတ်အေးဖို့ ဘာလိုသေး တုန်းဆိုပြီး မြတ်စွာဘုရားကိုမေးတယ်။ “အရှင်ဘုရား၊ နောင်ဘဝမှာ စိတ်အေးဖို့ ဘာတွေလိုတုန်း၊ ဘယ် တရားတွေကျင့်သုံးမှ နောက်ဘဝအရေး စိတ်အေး မလဲ” မေးတော့ မြတ်စွာဘုရားက “သစ္စံ ဒမ္မော ဓိတိ စာဂေါ” ဆိုပြီး တရား ၄-မျိုးကို ဟောတယ်။

သစ္စံဆိုတဲ့ အမှန်တရားရှိဖို့ လိုတယ်တဲ့။ ဒမ္မော ဆိုတဲ့ အသိပညာရှိဖို့ လိုတယ်တဲ့။ ဓိတိဆိုတဲ့ လုံ့လ ဝီရိယရှိဖို့ လိုတယ်တဲ့။ စာဂေါဆိုတဲ့ စွန့်ကြဲပေးကမ်းမှု ရှိဖို့ လိုတယ်။

ဆိုလိုတာက ဘဝခရီးအတွက် စိတ်အေးရအောင် လိုအပ်တဲ့အချက်တွေကတော့ မှန်ကန်တာကို ပြောဖို့ လိုတယ်၊ ကိုယ့်ဘဝ ကိုယ့်အကြောင်း, အကောင်းအဆိုး အကြောင်းအကျိုးသိတဲ့ ပညာလိုတယ်၊ ကြိုးပမ်း အားထုတ်မှု လုံ့လဝီရိယလိုတယ်၊ စာဂ ဆိုတဲ့ ကိုယ် တစ်ယောက်တည်း မသုံးစွဲဘဲနဲ့ ကိုယ့်ရှိတဲ့ပစ္စည်းကို အများနဲ့ မျှဝေသုံးစွဲတတ်တဲ့ စွန့်ကြဲမှုဆိုတာ လိုတယ် တဲ့။ အဲဒီ ၄-မျိုးနဲ့ ပြည့်စုံရင် နောက်ဘဝအရေး စိတ် အေးရပါတယ်တဲ့။ မြတ်စွာဘုရားက အာဠဝကကြီးကို ဟောတာနော်၊ အားလုံး မေးခွန်းပေါင်း ၁၃-ခုနှင့် အဖြေ ၁၃-ခု။

တရားချစ်ခင် သူတော်စင်ပရိသတ်တို့၊ ဗုဒ္ဓမြတ်စွာ က အာဠဝကသုတ္တန်မှာ ဒီအချက်တွေဟောထားတယ်၊ ဒီမေးခွန်းတွေရဲ့ အဖြေတွေဟာ ကဿပမြတ်စွာဘုရား ဖြေခဲ့တဲ့ အဖြေတွေနဲ့ ဂေါတမမြတ်စွာဘုရားဖြေခဲ့တဲ့ အဖြေတွေဟာ လုံးဝထပ်တူပါပဲ။ ကဿပ မြတ်စွာ ဘုရား ဖြေခဲ့တဲ့အဖြေအတိုင်း ဂေါတမ မြတ်စွာဘုရား သခင် ကိုယ်တော်မြတ်က ထပ်ဆင့်ဖြေတယ်။ ဒီသုတ္တန် ကြီးဟာ ကဿပဘုရားရှင်လက်ထက်က မေးခွန်းတွေ ကို ဖြေထားတဲ့သုတ္တန်၊ ဂေါတမဘုရားရှင်လက်ထက် မှာလည်း ဖြေထားတဲ့ သုတ္တန်ဆိုတော့ ဘုရားနှစ်ဆူ ဟောထားတဲ့သုတ္တန်ဖြစ်တယ်၊ ဒီလိုမှတ်ရမယ်။

ဒီအဖြေတွေဟာ ဘဝအရေး စိတ်အေးဖို့ရန် အတွက် ဘုရားနှစ်ဆူဖြေခဲ့တဲ့အဖြေတွေ၊ အခုပြောခဲ့ တဲ့ အချက်အလက်တွေ မိမိတို့သန္တာန်မှာ မရှိသေးလို့ ရှိရင် ရှိအောင်ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်။ တရားနာပြီးရင် လိုက်နာကြရမှာ ဒီအချက်တွေကို ဗုဒ္ဓ မြတ်စွာ ဟောကြားတော်မူခဲ့တဲ့ အခု အာဠဝကသုတ္တန် မှာ လာတဲ့အတိုင်း မိမိတို့ကိုယ်တိုင် လိုက်နာကျင့်သုံး ကြပြီဆိုရင် လူတိုင်းလူတိုင်းဟာ ဒီဘဝအရေးပဲဖြစ်စေ၊ နောက်ဘဝအရေးပဲဖြစ်စေ ယခုဘဝ နောက်ဘဝဆိုတဲ့ ဘဝအရေးတွေမှာ စိတ်အေးနေရပါပြီ။

အားလုံးသော တရားချစ်ခင် သူတော်စင်ပရိသတ် တို့သည် ဘဝအရေး စိတ်အေးရလေအောင် ဟောဒီ တရားများကို ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင် ကြပါစေကုန်သတည်း။

အာဠဝကအမေးနှင့် ဗုဒ္ဓ၏အဖြေစကား

အို အချင်းအာဠဝက

“ဟိမဝန္တာ၊ နတ်သဘာဝယ်

သင်လာရောက်ပေ၊ ရှိတုံချေမင့်

သင့်နေရာမှန်၊ သင့်ဗိမာန်တွင်

စံသည် ဗုဒ္ဓ၊ ဂေါတမအား

ဦးချကြည်ညို၊ ရိုသေ ခညောင်း

မောင်းမ နတ်မယ်၊ မျာ့အလယ်၌

တင့်တယ်လှဘိ၊ မြင်ခဲ့၏” ဟု

ဆိုသည့်သတင်း၊ ကြားရခြင်းကြောင့်

ခံပြင်းဒေါသ၊ ဟုန်းဟုန်းထလျက်

ကေလာသတောင်၊ ထွဋ်အခေါင်ကို

ပြိုအောင်စွမ်းလောက်၊ ဖနောင့်ပေါက်၍

ဟိန်းဟောက်သံကြီး၊ ပဲ့တင်ဟီးသည်

“ငါတည်း အာဠဝကတဲ့ဟေ့ နော်”။

ဒေါသရှေ့သွား၊ စိတ်ထားမီးပြင်း

တွန်းကန်ခြင်းကြောင့်၊ မယွင်းမဆုတ်

တစ်မုဟုတ်တွင်း၊ ခဏချင်းလျှင်

နေရင်းဗိမာန်၊ အရောက်ပြန်၍

ဉာဏ်မျှမထောက်၊ ညဉ့်လုံးပေါက်မျှ

ခြိမ်းခြောက်မာန်မဲ၊ ရန်ပွဲစစ်ခင်း

ဒေါသပြင်းလျက်၊ နင်းမည် ချေမည်

ချိုးဖဲ့မည်ဟု၊ သူသည်ကြုံးဝါး

မြတ်ဘုရားကို

စော်ကား ရိုင်းပျ၊ အာဏာပြသည်

အာဂ အာဠဝက ပါတကား။

သူ့ပိုင်နက်ဝင်း၊ ဗိမာန်တွင်းသို့

ချဉ်းနင်းဝင်ရန်၊ ခွင့်ပန်စကား

မရငြားဘဲ၊ မားမားတရှိ

နေ၏ တစ်နှုန်း၊ လတစ်ထုံးသို့

စောဘုန်းမြတ်နွယ်၊ ခန့်ခန့်ထယ်(ထည်)လျက်

ထက်ဝယ်ဘွဲ့ခွေ၊ စံနေသောဖြစ်

ဤသနစ်မှာ၊ စင်စစ်သော်ကား

တစ်ပါး အိမ်ထက်၊ သူ့ပိုင်နက်ကို

ဖျက်ဆီး ကျူးကျော်၊ စော်ကားလိုခြင်း

အလျဉ်းမဟုတ်၊ ကြောင်းဖော်ထုတ်လည်း

ဆိုနှုတ် ပြန်လှန်၊ လက်မခံဘဲ

မာန်တဟိန်းဟိန်း၊ မိုးနှယ်ခြိမ်းလျက်

“လူပြိန်းအမျက်၊ အပြင်ထွက်၏”

လက်နက်မျိုးစုံ၊ စွမ်းအားကုန်ဖြင့်

စုပြုံ ပစ်လွှတ်၊ တောင်ထွတ် မြင်းမိုရ်

ယုဂန်ထိုမျှ၊ ပျက်ပြိုစေသော

ဆန္ဒဇောလျှင်၊ ဒေါသလောင်မီး

ယမ်းပုံကြီးသို့

ဝှန်သည်း ထန်ထန် နိုင်လွန်းစွ။

ဘုရားမြတ်စွာ၊ စိန္တေယျာသည်

ပြန်ကာမတင်း၊ သည်းခံခြင်းဖြင့်

ရင်တွင်းမေတ္တာ၊ ဖြန့်မိုးကာလျက်

“အာဠဝက၊ နတ်အန္ဓအား”

ဒေါသဖျောက်ဖြေ၊ အမျက်ပြေ၍

စိတ်ထွေနူးညွတ်၊ ပျောင်းပျော့ဆွတ်အောင်

ချေချွတ်ဆုံးမ၊ ရစေဖို့အရေး

အလျှော့ပေးကာ၊ မနှေးအမြန်

သူ့ဗိမာန်မှ၊ ထွက်ပြန်ဆိုတိုင်း

ဆုတ်မဆိုင်းဘဲ၊ သူခိုင်းသမျှ

လိုက်လျောပြခဲ့၊ ဝင်ပါ့ဆိုပြန်

ဝင်ခဲ့ပြန်၏၊ သုံးတန် သုံးကြိမ်

တိုင်ပြီးချိန်နောက်၊ လေးကြိမ်မြောက်တွင်

နောက်ထပ်တစ်ဖန်၊ ထွက်ခဲ့ပြန်ဟု

အကြံနှင့်ခိုင်း၊ သူ့စိတ်ရိုင်းကို

ဟုတ်တိုင်း ပကတိ၊ မြင်မိလေလတ်

သုံးလူ့နတ်သည်၊ အရပ်အနေ

မရွှေ့ချေဘဲ၊ နေသည့်ခဏ

သောကာလဝယ်၊ သူကမရိုး

ဥပါယ်ဆိုးဖြင့်

တစ်မျိုးကြံပြန် လေတော့၏။

ဘီလူးဧကန်၊ အမှန်မရိုး

အကြံဆိုးကား၊ “ဘေးဘိုးစဉ်ဆက်

ဘလက်ထက်တိုင်၊ ဘယ်ဦးကိုင်မျှ

ဖြေနိုင် မစွမ်း၊ မေးခွန်း ပုစ္ဆာ

ဆယ့်သုံးဖြာကို၊ ခုခါစစ်မေး

ရချေသေးအံ့“၊ ဖြေပေးခြင်းငှာ

မတတ်သာလျှင်၊ ပြင်းစွာယူကျုံး

သူ့နှလုံးကို၊ ချေမှုန်းဖောက်ခွဲ

ခြေကိုဆွဲ၍၊ မြစ်ထဲ ဂင်္ဂါ

စွန့်ပစ်ရာဟု၊ မသမာစိတ်

မာန်အကြိတ်ဖြင့်၊ ဖိနှိပ်၍သာ

မေးလျှောက်ပါသည်

ဆယ်ဖြာသုံးခု ပုစ္ဆာတည်း။

(အာဠဝကမေး)

“အို ... ရှင်ကြီးဂေါတမ၊ ယခုစ၍

ပုစ္ဆအရေး၊ ကျွန်ုပ်မေးပြီ

သင်တွေး၍သာ ဖြေပါလော့”

(မြတ်စွာဘုရားဖြေ)

“အာဝုသော ... အမောင် အာဠဝက

နာမ မည်ထူး၊ ဒကာဘီလူး

ဦးချ၍သာ၊ နာယူပါလော့”။

မေး(၁)

” ကိံ သူဓ ဝိတ္တံ ပူရိသဿ ဧသဋ္ဌံ “။

ယောက်ျားဟူက၊ ဆိုသမျှတွင်

မြတ်လှဥစ္စာ အဘယ်နည်း။

ဖြေ(၁)

” သဒ္ဓါ ဓ ဝိတ္တံ ပုရိသဿ ဧသဋ္ဌံ “။

စည်းစိမ် ဥစ္စာ၊ အရာရာတွင်

သဒ္ဓါတရားလျှင် အမြတ်ဆုံးတည်း။

မေး(၂)

” ကိံ သု သုစိဏ္ဏံ သုခ မာဝဟာတိ “။

ဘယ်သို့ ကျင့်ကြံ၊ တရားမှန်ဖြင့်

နိဗ္ဗာန်သုခ ရမည်နည်း။

ဖြေ(၂)

” ဓမ္မော သုစိဏ္ဏော သုခ မာဝဟာတိ “။

ကုသိုလ်ဆယ်ပါး၊ မြတ်တရားလျှင်

ဆောင်ငြား သုခ ရမည်တည်း။

မေး(၃)

” ကိံ သု ဟဝေ သာဒုတရံ ရသာနံ “။

ရသတကာ၊ ရှိလေရာတွင်

ဘယ်ဟာ အချိုမြိန်ဆုံးနည်း။

ဖြေ(၃)

” သစ္စံ ဟဝေ သာဒုတရံ ရသာနံ “။

မှန်သောစကား၊ သစ္စာအားလျှင်

ချိုပျားရသာ၊ အကောင်းဆုံးပါတည်း။

မေး(၄)

” ကထံ ဇီဝိံ ဇီဝိတ မာဟု သေဋ္ဌံ “။

အဘယ်သို့လျှင်၊ အသက်ရှင်မှ

လူတွင် အမြတ်ဆုံး ဖြစ်သနည်း။

ဖြေ(၄)

” ပညာဇီဝိံ ဇီဝိတ မာဟု သေဋ္ဌံ “။

ပညာဖြင့်ပြီး၊ သက်ရှင်နည်းသည်

မြတ်ကြီး မြတ်ဆုံး ဖြစ်သတည်း။

မေး(၅)

” ကထံ သု တရတိ ဩဃံ “။

ဘဝခရီး၊ ထိုဝဲကြီးကို

ဘယ်နည်း လွန်မြောက်ရပါအံ့။

ဖြေ(၅)

” သဒ္ဓါယ တရတိ ဩဃံ “။

ဩဃ လေးဖြာ၊ ပင်လယ်ပြာကို

သဒ္ဓါတရားဖြင့် လွန်မြောက်၏။

မေး(၆)

” ကထံ သု တရတိ အဏ္ဏဝံ “။

သံသရာခရီး၊ သမုဒ်ကြီးကို

ဘယ်နည်းကူးမြောက်နိုင်ပါအံ့။

ဖြေ(၆)

” အပ္ပမာဒေန အဏ္ဏဝံ “။

ဘဝတဏှာ၊ သမုဒ္ဒရာကို

အပ္ပမာဒ၊ ကုသလဖြင့်

မုချကူးမြောက်နိုင်ရာ၏။

မေး(၇)

” ကထံ သု ဒုက္ခ မစ္စေတိ “။

ဆင်းရဲဒုက္ခ ဟူသမျှကို

ကင်းပဘယ်နည်း လွတ်ပါအံ့။

ဖြေ(၇)

” ဝီရိယေန ဒုက္ခ မစ္စေတိ “။

မပေါ့မဆ၊ ဝီရိယဖြင့်

ဒုက္ခတောင်ကို လွန်မြောက်၏။

မေး(၈)

” ကထံသု ပရိ သုဇ္ဈတိ “။

ကိလေသာမြှေး၊ ညစ်အကြေးကို

ဆေးကြော ဘယ်နည်း စင်ပါအံ့။

ဖြေ(၈)

” ပညာယ ပရိ သုဇ္ဈတိ “။

ကိလေသာမြှေး၊ ညစ်အကြေးကို

ဆေးကြော ပညာ၊ စင်ကြယ်ရာ၏။

မေး(၉)

” ကထံ သု လဘတေပညံ “။

ဘယ်နည်းကောင်းစွာ၊ ရှာကြံပါမှ

ပညာဆိုတာ ရမည်နည်း။

ဖြေ(၉)

” သဒ္ဒဟာနော အရဟတံ ဓမ္မံ နိဗ္ဗာန ပတ္တိယာ သုဿူသံ လဘတေပညံ၊ အပ္ပမတ္တော ဝိစက္ခဏော “။

မမှိတ်မသုံ၊ ယုံကြည်ထက်သန်

နာခံ မှတ်သား၊ မမေ့ငြားဘဲ

လေးစား ဆင်ခြင်၊ ကြောင်းကျိုးထင်မှ

ပညာပြည့်ဝနိုင်ရာ၏။

မေး(၁၀)

” ကထံ သု ဝိန္ဒတေ ဓနံ “။

ဘယ်နည်းကောင်းစွာ၊ ရှာကြံပါမှ

ဥစ္စာဆိုတာ ရမည်နည်း။

ဖြေ(၁၀)

” ပဋိ ရူပ ကာရီ ဓုရဝါ၊ ဥဋ္ဌာတာ ဝိန္ဒတေ ဓနံ “။

ကာလဒေသ၊ ဝီရိယဖြင့်

ထကြွ ကြိုးကုတ်၊ အားထုတ်နိုင်က

ဓနဥစ္စာ၊ ရနိုင်ရာ၏။

မေး(၁၁)

” ကထံ သု ကိတ္တိံ ပပ္ပေါတိ “။

ဂုဏ်ရည်သတင်း၊ ကျော်စောခြင်းကို

မယွင်းဘယ်သို့ ရနိုင်သတည်း။

ဖြေ(၁၁)

” သစ္စေန ကိတ္တိံ ပပ္ပေါတိ “။

ဟုတ်တိုင်းမှန်စွာ၊ သစ္စာစကား

လက်ကိုင်ထားက၊ တရားစောင့်သူ

ဖြောင့်မတ်သူဟု၊ လူပုံအလယ်

တင့်တယ်ဂုဏ်ထူး၊ ကျေးဇူးသတင်း

ကျော်စောခြင်းလျှင်၊ မယွင်းဧကန်ဖြစ်ရာ၏။

မေး(၁၂)

” ကထံ မိတ္တာနိ ဂန္ထတိ “။

ခင်ပွန်း ဆွေကောင်း၊ မိတ်အပေါင်းကို

အကြောင်းဘယ်သို့ ရနိုင်သနည်း။

ဖြေ(၁၂)

” ဒဒံ မိတ္တာနိ ဂန္ထတိ “။

သူလိုတိုင်းကို၊ ဝန်မတိုဘဲ

ကြည်ညိုရွှင်လန်း၊ ပေးကမ်းဖွဲ့ယှက်

ဆောင်ရွက်နိုင်မှ၊မိတ္တဆွေညာ၊ ပြည့်စုံရာ၏။

မေး(၁၃)

” အသ္မာ လောကာ ပရံလောကံ၊ ကထံ ပေစ္စ န သော စတိ “။

ယခုကစ၊ နောင်ဘဝတိုင်

ကြောင့်ကြစိုးရိမ်

ညှိုးမှိန် ပူပန်၊ မရှိရန်အတွက်

ဧကန်တရား အဘယ်နည်း။

ဖြေ(၁၃)

” ယေဿ တေ စတုရော ဓမ္မာ၊ သဒ္ဓဿ ဃရ မေသိနော။ သစ္စံ ဓမ္မော ဓိတိစာဂေါ၊ သဝေ ပစ္စေန သောစတိ။ “။

သဒ္ဓါဓာတ်ခံ၊ လွန်ရင့်သန်သည့်

စိတ္တံယဿ၊ သန္တာန၌

” သစ္စ ပညာ၊ စာဂါ ဝီရိယ “

လေးဝ ဓမ္မာ၊ ပြည့်စုံပါ၍

နောင်ခါ ဘဝ၊ မပူရဘဲ

သောက ကင်းဝေး ရှိရာ၏။

ဂါထာနိဂုံး တရားဆုံးသော်

သုံးလူ့ပရမေ၊ စောမြတ်ဆွေ၏

အဖြေစကား၊ မှတ်သားနာလျှောက်

အဆုံးရောက်ပြီ။

သင့်လောက်ချိန်ခါ၊ ရှေ့ပြုဗ္ဗာမှ

ရောင်ဝါအလင်း၊ အရုဏ်ကျင်းပြီ။

ရင်တွင်းစူးနစ်၊ အဝိဇ္ဇာမြစ်ကို

သစ္စာစကား၊ ဓမ္မဓားဖြင့်

ပိုင်းခြားခုတ်ထွင်၊ သုတ်သင်ပယ်ဖျောက်

အလင်းရောက်ပြီ။

အံ့လောက်အထူး၊ အစွယ်ပြူးသည့်

ဘီလူးနတ်မျိုး၊ မာန်စွယ်ကျိုး၍

ရှိခိုးဦးချ၊ သာဝကသို့

ဗုဒ္ဓခြေရင်း၊ မြတ်နိုးခြင်းဖြင့်

ဝပ်စင်းပူဇော်

ဖူးမြော် မာန်လျှော့၊ သူကန်တော့ပြီ။

ညီညာပေါင်းစု၊ မြတ်ကောင်းမှုကို

သာဓုကြိမ်ကြိမ်၊ နှလုံးအိမ်မှ

ဦးနှိမ်ကြည်ညို၊ သဒ္ဓါပို၍

ခေါ်ဆိုလိုက်ပါ၏ အရှင်ဘုရား။

ကြည်အောင်(ကေတုမတီ)

၁၆-၁၁-၂၀၀၁

(နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်း၊

အမှတ်-၃၂၊ ဒီဇင်ဘာ၊ ၂၀၀၁)

3u7beqktxkv0t5v4bjo6q6w8rlfadly
တရားထူးရနိုင်သူ
0
5912
22127
21632
2026-06-15T03:21:18Z
Tejinda
173
22127
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = တရားထူးရနိုင်သူ
| previous = [[ဘဝအရေး စိတ်အေးရလေအောင်]]
| previous2 =
| next = [[စိတ်၏အညစ်အကြေးများကို ဖယ်ရှားခြင်း]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

တရားထူးရနိုင်သူ

မှတ်တမ်း

သာသာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ နတ်တော်လဆန်း (၁၄)ရက်၊ ရန်ကုန်တိုင်း၊ လသာမြို့နယ်၊ လသာအောက်လမ်း၌ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ မဟာသိပ္ပံ အထူးတရားပွဲအဖြစ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်းအနားဝယ် ဟောကြား အပ်သော “တရားထူး ရနိုင်သူ” တရားဒေသနာတော်။

ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ တရားထူး တရားမြတ်ရဖို့ ဆုပန်လေ့ရှိကြတယ်။ ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါကာလတုန်းက မြတ်စွာဘုရား ဟောကြားတဲ့ တရားဓမ္မကို နာယူရင်း တရားထူး ရသွား ကြတဲ့ ပုဂ္ဂိုလ်တွေ မြောက်မြားစွာရှိတယ်။ ဂါထာလေး တစ်ပုဒ် ကြားနာလိုက်ရတာနဲ့ တရားထူး ရရှိသွားကြတဲ့ ပုဂ္ဂိုလ်တွေရှိသလို ဂါထာတစ်ပုဒ် မဆုံးခင်ဘဲ တရားထူး ရသွားကြတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်ပေါ့။

ထိုပုဂ္ဂိုလ်တွေဟာ ဘယ်လို အခြေအနေကောင်း တွေရှိလို့ တရားထူးရကြသလဲ? ဒီကနေ့ည ဆန်းစစ်ပြီး ကြည့်ကြမယ်။ တို့တစ်တွေမှာရော အဲဒီလို အခြေအနေ ကောင်းတွေ ရှိကြရဲ့လား။ ရှိရင် ဒို့တစ်တွေလည်း တရားထူးတွေ ရနိုင်တယ်လို့ဆိုတာ ယုံမှားသံသယရှိဖို့ မလိုဘူး။

တရားထူးလို့ မြန်မာစာပေမှာ ဆိုထားတဲ့ တရား ဟာ ဘာကိုရည်ညွှန်းတာတုန်းဆိုရင် မဂ်တရား ဖိုလ် တရားကို ရည်ညွှန်းတာ။ ထို မဂ်တရား ဖိုလ်တရား ရသွားလို့ရှိရင် မဂ်ဖိုလ်ရဲ့အာရုံဖြစ်တဲ့ နိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုနိုင်သွားတာ။ အဲဒါကို အဓိကထားပြီး တရားထူးလို့ ခေါ်တာဖြစ်တယ်။

စာပေကျမ်းဂန်နဲ့ ပြောမယ်ဆိုလို့ရှိရင် “သမ္မတ္တနိယာမ” တဲ့။ နိယာမ (၅)မျိုးဆိုတာ ကြားဖူးကြပါ လိမ့်မယ်။ အဲဒီနိယာမ(၅)မျိုးထဲမှာ မပါဘူး။ နိယာမ (၅)မျိုးဆိုတာ “ကမ္မနိယာမ” ကံက အကျိုးပေးနိုင်တဲ့ သတ်မှတ်ထားတဲ့ မြဲတဲ့အရာ တစ်ခု။ “စိတ္တနိယာမ” အမြဲဖြစ်လေ့ရှိတဲ့ စိတ်ရဲ့ဖြစ်စဉ်ကြီးတစ်ခု။ “ဥတုနိယာမ” ပြောင်းလဲပြီးတော့ ဖြစ်ပေါ်နေတဲ့ ဥတုရဲ့ ဖြစ်ပေါ်မှု တစ်ခု။ “ဗီဇနိယာမ” မျိုးစေ့တွေဟာ တစ်ခုနဲ့ တစ်ခု မတူညီဘူး။ ဆိုင်ရာ ဆိုင်ရာ မျိုးစေ့အတိုင်း ဆိုင်ရာ ဆိုင်ရာ အသီးအပွင့်များကို ဖြစ်ပေါ်စေတတ်တယ်။ “ဓမ္မနိယာမ” ဘုရားအလောင်းတွေနဲ့ သက်ဆိုင်တဲ့ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာ သဘောတရား။

သမ္မတ္တနိယာမ

အဲဒီ နိယာမ(၅)မျိုး ထဲမှာမပါတဲ့ “သမ္မတ္တနိယာမ” ဆိုတာ ရှိသေးတယ်။ 'သမ္မတ္တ'ဆိုတာ ထာဝရ မှန်ကန် တယ်။ 'နိယာမ' က ခိုင်မာတယ်၊ ခိုင်မြဲတယ်။ မှန်ကန် ပြီးတော့ ခိုင်မြဲတဲ့ သဘာဝတရားကို “သမ္မတ္တနိယာမ“လို့ ခေါ်တယ်။ အဲဒီ “သမ္မတ္တနိယာမ“ဆိုတာ မဂ်တရားကို ပြောတာပါ။ မဂ်တရားဆိုတာ မဂ္ဂင် (၈)ပါးနဲ့ ဖွဲ့စည်းထားတဲ့ စွမ်းအားသတ္တိထက်မြတ်တဲ့ အရာတစ်ခုပဲ။ လူတိုင်း လူတိုင်းဟာ မိမိတို့ရဲ့စိတ်ကို စွမ်းအားတွေ မြင့်လာအောင် သတ်မှတ်ထားတဲ့ အာရုံတစ်ခုခုပေါ်မှာ မိမိရဲ့စိတ်စွမ်းအားကို လေ့ကျင့်ပေးမယ် ဆိုလို့ရှိရင် “သမ္မတ္တနိယာမ” လို့ဆိုတဲ့ စွမ်းအင်သတ္တိပြည့်ဝတဲ့ စိတ် အခြေအနေတစ်ရပ်ကို မျက်မှောက် ပြုနိုင်ကြပါတယ် တဲ့။

သူတော်စင် ပုဂ္ဂိုလ်တွေဟာ စိတ်ကိုအာရုံနဲ့ လေ့ကျင့်တဲ့အခါမှာ ဆိတ်ငြိမ်ရာနေရာကိုသွားပြီး လေ့ကျင့်ကြတာ ရှိသလို အချို့ပုဂ္ဂိုလ်များကျတော့ ဗုဒ္ဓမြတ်စွာကဖြစ်စေ၊ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန် စတဲ့ ရဟန်းတော်တွေကပဲဖြစ်စေ တရားဓမ္မ ဟောတဲ့ အခါမှာ ထိုတရားရဲ့ အယဉ်ပေါ်မှာ စိတ်ကို လေ့ကျင့် လိုက်ခြင်းအားဖြင့် “သမ္မတ္တနိယာမ” မှန်ကန်တဲ့ သဘော ကို ဆောင်ထားတဲ့ ဖြစ်စဉ်ကြီးတစ်ခု မိမိရဲ့ စိတ်စွမ်းအား ထဲမှာ ဖြစ်ပေါ်လာနိုင်တယ်။ အဲဒါကိုပဲ “တရားထူး” လို့ ခေါ်တာ။

မြန်မာစာပေမှာ ပြောကြတယ်။ တရားနာရင်း တရားထူး ရသွားကြတယ်။ တရားနာရင်း တရားထူး ရသွားကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာကြောင့်ရသလဲ။ ဘယ်လို အခြေအနေကောင်းတွေရှိလို့ ရတာလဲ။ သာမန် အခြေအနေနဲ့တော့ တရားနာရင်း တရားထူး ရတယ်ဆိုတာ မဖြစ်နိုင်ဘူးပေါ့။ သို့သော် လိုအပ်တဲ့ အခြေအနေကောင်းတွေရှိသေးတယ်။ တရားထူးဆိုတာ ကိလေသာ အာသဝေါတွေကို အဆင့်ဆင့် ဖယ်ရှား သုတ်သင်ပစ်နိုင်တဲ့ သို့မဟုတ် စိတ်ရဲ့အညစ်အကြေး တွေကို သန့်စင်ပေးနိုင်တဲ့ စွမ်းအားထက်တဲ့ တရား တစ်မျိုးပဲ။

မဂ္ဂင် (ဂ)ပါးနဲ့ ဖွဲ့စည်းထားတဲ့ မဂ်တရား ပေါ်လာပြီ ဆိုလို့ရှိရင် ပထမအဆင့် လူတွေရဲ့သန္တာန်မှာ မှားယွင်း နေတဲ့ အတွေးတွေ လုံးဝရှင်းသွားတယ်။ မှားယွင်းနေတဲ့ အတွေးတွေကို အခြေခံတဲ့ သံသယတွေလည်း လုံးဝ ရှင်းသွားတယ်။ အဲဒီ အဆင့်ကို သောတာပန် ဖြစ်တယ် လို့ ဒီလိုပြောကြတာပေါ့။ အမြင်မှန်သွားပြီ၊ သံသယ ကင်းသွားပြီ။ သောတာပန်ဆိုတာ အမြင်မှန်မှုနဲ့ သံသယ ကင်းမှုပဲ။

အဲဒီ အမြင်မှန်မှုနဲ့ သံသယကင်းမှု ဖြစ်စေနိုင်တဲ့ သောတာပတ္တိမဂ် လို့ခေါ်တဲ့ “သမ္မတ္တနိယာမ” ထာဝရ မှန်ကန်ပြီး မိမိဖြစ်လာတာနဲ့ တစ်ပြိုင်နက် ဖိုလ်ဆိုတဲ့ အကျိုးတရားကို ထုတ်လုပ်ပေးတဲ့ နေရာမှာ ခိုင်မာတဲ့ မဂ်တရားကို ရရှိနိုင်တာပေါ့။

ထို့အတူပဲ တစ်ဆင့်တက်ပြီး ဝိပဿနာကို အဆင့် မြှင့် ကြိုးပမ်းအားထုတ်လိုက်တဲ့အခါမှာ သံသယကင်းစင် ရုံတင်မကဘူး တွယ်တာစရာ နှစ်သက်စရာ လိုချင်စရာ အာရုံတွေနဲ့ ပတ်သက်ပြီး တွယ်တာမက်မောမှုတွေကို နည်းပါးသွားအောင် ပြုလုပ်နိုင်စွမ်းရှိတယ်။ စိတ်ထဲမှာ အလိုမကျဖြစ်တဲ့ အရာတွေကိုလည်းပဲ လျှော့ချပစ်နိုင် တယ်ဆိုတဲ့ စွမ်းအားသတ္တိရှိတဲ့ ဒုတိယအဆင့်ဖြစ်တဲ့ “သကဒါဂါမိမဂ်” ကိုလည်း တရားထူးလို့ခေါ်တာပဲ။

အေး၊ ဒီထက် ဝိပဿနာကို တိုးမြှင့်ပြီး ကျင့်လိုက် တဲ့အခါ “ကာမရာဂ” လို့ ဆိုတဲ့ မျက်စိကမြင်ပြီး နှစ်သက် စရာ အာရုံပေါ်မှာ နှစ်သက်တွယ်တာမှု၊ နားကကြားပြီး နှစ်သက်စရာ အသံတွေပေါ်မှာ နှစ်သက်တွယ်တာမှု၊ နှာခေါင်းက နမ်းရှူရပြီး နှစ်သက်စရာအနံ့တွေပေါ်မှာ နှစ်သက်တွယ်တာမှု၊ လျှာကအရသာခံပြီး နှစ်သက်စရာ အရသာတွေပေါ်မှာ နှစ်သက်တွယ်တာမှု၊ ခန္ဓာကိုယ်က ထိတွေ့ပြီး နှစ်သက်စရာကောင်းတဲ့ အရာတွေပေါ်မှာ နှစ်သက်တွယ်တာမှုဆိုတဲ့ ကာမရာဂ တဏှာတရားကို လုံးဝဖယ်ရှားလိုက်နိုင်တဲ့ စွမ်းရည်သတ္တိရှိတဲ့ “အနာဂါမိမဂ်”။ အေး၊ စိတ်ထဲမှာ နှစ်သက်စရာ မကောင်းတာနဲ့ ကြုံလို့ရှိရင်လည်းပဲ ဆန့်ကျင်ပြီးတော့ မုန်းတီးရွံရှာ တတ်တဲ့ ဗျာပါဒ ဆိုတဲ့ စိတ်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်စေတတ်တဲ့ ဒေါသတရားတွေကိုလည်း အကြွင်း အကျန်မရှိအောင် ဖယ်ရှားပစ်နိုင်တဲ့ စွမ်းရည်သတ္တိရှိတဲ့ “အနာဂါမိမဂ်” ဆိုတဲ့ တရားထူးကိုလည်း ရရှိနိုင်တယ် ပေါ့။ အနာဂါမိမဂ်ကိုလည်း သမ္မတ္တနိယာမ ထာဝရ မှန်ကန်ရုံမျှမက မိမိဖြစ်လာတဲ့နောက်မှာ အနာဂါမိဖိုလ်ဆိုတဲ့ အကျိုးကို ထုတ်လုပ်တဲ့နေရာမှာ လုံးဝသေချာ တယ်။ ဒါကြောင့်မို့ နိယာမ။

တစ်ဆင့်တက်ပြီး မိမိရဲ့ ဝိပဿနာစွမ်းအားတွေကို မြှင့်လိုက်ပြီလို့ဆိုရင် စိတ်ရဲ့အညစ်အကြေးလို့ခေါ်တဲ့ ကျန်တဲ့အရာတွေ ကာမဂုဏ်အာရုံတွေပေါ်မှာ အတွယ် အတာ ပြတ်သွားသော်လည်း သက်တမ်းရှည်ကြာမှုကို ဖြစ်စေနိုင်တဲ့ သက်တမ်းရှည်ကြာမှုရှိကြတဲ့ ရူပဘဝ အရူပဘဝလို့ခေါ်တဲ့ ဗြဟ္မာဘုံတွေပေါ်မှာ တွယ်တာမှု က မကင်းသေးဘူး။ အဲဒီတွယ်တာမှုတွေကိုလည်း ဟောဒီ အရဟတ္တမဂ် ပေါ်လာတာနဲ့ လုံးဝဖယ်ရှား ပစ်နိုင်တယ်။

ဒါတင်မကဘူး။ မိမိရဲ့အရည်အသွေးနဲ့ ပတ်သက် ပြီး အထင်အမြင်ကြီးနေတဲ့ မာန ဆိုတာကိုလည်း ဖယ်ရှားလိုက်နိုင်တယ်။ အာရုံတစ်ခုပေါ်မှာ စိတ်လေပြီး လွင့်ပျံ့နေတဲ့ ဥဒ္ဓစ္စဆိုတဲ့ တရားတစ်မျိုးကိုလည်း ဖယ်ရှား ပစ်နိုင်တယ်။ နောက်ဆုံးမှာ သစ္စာ(၄)ပါးကို အမှန် မသိအောင် ဖုံးအုပ်ကာကွယ်ထားနိုင်တဲ့ အဝိဇ္ဇာဆိုတဲ့တရားကိုလည်း လုံးဝ ဖယ်ရှားလိုက်နိုင်တယ်။စိတ်ရဲ့ အညစ်အကြေးတွေ အားလုံးဟာ ကုန်သွားအောင်၊ လုံးဝ စိတ်ဟာ ဖြူစင်သွားအောင် ဖြစ်ပေါ်စေနိုင်တဲ့ “အရဟတ္တမဂ်” လို့ခေါ်တဲ့ “သမ္မတ္တနိယာမ” ကိုလည်း တရားထူးလို့ခေါ်တယ်။ အဲဒါဟာ တရားထူးထဲမှာတော့ အဆင့်အမြင့်ဆုံး တရားထူးပေါ့။

“သမ္မတ္တနိယာမ” မှာ သမ္မတ္တ ဆိုတဲ့ စကားလုံးက မှန်ကန်တယ် ထာဝရမှန်ကန်တယ်။ နိယာမ ဆိုတာ မိမိဖြစ်ပေါ်လာပြီးနောက် အကျိုးတရားကို ထုတ်လုပ် တာလည်းပဲ ခိုင်မြဲတယ်။ အဲဒီအနေအထားနဲ့ ခေါ်ထား တဲ့ တရားထူးတွေကို တရားနာရင်းနဲ့ ဘယ်လိုပုဂ္ဂိုလ်တွေ ရနိုင်သလဲ။ ဒို့တတွေကော ရနိုင်သလား။

သမ္မတ္တနိယာမသုတ်

ဗုဒ္ဓမြတ်စွာက အင်္ဂုတ္တရနိကာယ် မှာ သမ္မတ္တနိယာမသုတ် (၆)သုတ် ဟောထားတာရှိတယ်။ အဲဒီ သုတ် (၆)သုတ်က ထုတ်နုတ်ပြီး ဘုန်းကြီးတို့ ဒီကနေ့ မှတ်သား ကြရအောင်။

လူတိုင်း လူတိုင်းအတွက် အခြေခံ အကြောင်း တရားကစပြီး စဉ်းစားကြရအောင်၊ တရားထူးကို ရနိုင်တဲ့ပုဂ္ဂိုလ်မှာ အရေးအကြီးဆုံး အခြေခံအချက်က ဘာလဲ။ “န ဝိပါကာဝရဏတာယ သမန္နာဂတော” တဲ့။ စာပေက ပြောတာ။ “ဝိပါကာဝရဏ” ဆိုတဲ့ ကံရဲ့အကျိုးဆက်ဖြစ်တဲ့ အဆို့အပိတ် ကင်းရမယ်တဲ့။ ဒီလောက်ပြောရုံနဲ့တော့ မရှင်းသေးဘူး။ ဝိပါကာဝရဏ ဆိုတာ ဆို့ပိတ်တတ်တဲ့ အကျိုးတရားတဲ့။ ကိုယ့်သန္တာန် မှာ မရှိစေရဘူး။

ဘုန်းကြီးတို့ဘဝ ဘာနဲ့စလဲလို့ပြောရင် ပဋိသန္ဓေ စိတ်ကလေးနဲ့ စတယ်။ လူသားတွေအနေနဲ့ ပဋိသန္ဓေ စိတ်က (၉)မျိုးရှိတယ်။ နံပါတ် (၁) က အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ ကောင်းမြတ်တဲ့ အခြေအနေ ကောင်းတွေ လုံးဝမပါတဲ့ ပဋိသန္ဓေစိတ်က တစ်ခု။ ကုသိုလ်ရဲ့အကျိုးဖြစ်လို့ ကုသလဝိပါက်လို့တော့ ခေါ်တယ်။ သို့သော် ခိုင်မာစေတတ်တဲ့ ဟေတုသတ္တိ စွမ်းအားတွေနဲ့ပြည့်တဲ့ အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ အခိုင်အမာ တည်ဆောက်နိုင်တဲ့ စွမ်းအားတွေ သူ့မှာမပါလို့ စာပေလိုပြောလို့ရှိရင် “အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်” လို့ခေါ်တယ်။

အဲဒီ စိတ်ကလေးဟာ လူသားတချို့ရဲ့ ဘဝကို စတင်တာ ရှိတယ်ပေါ့။ အဲဒီ “ဥပေက္ခာသန္တီရဏ” ဥပေက္ခာစိတ်ကလေးနဲ့ ဘဝတစ်ခု စ,ထားတဲ့ ပုဂ္ဂိုလ်ရဲ့ အခြေအနေက ဘယ်လိုရှိသလဲဆိုရင် မိခင်ဝမ်းထဲမှာ ကတည်းက မျက်လုံးပါမလာဘူး။ မျက်စိကန်းလာတာ။ နားထိုင်းလာတာ။ ဆွံ့အ လာတာ၊ ဦးနှောက်မပြည့် တာ။ လူရယ်လို့ ဖြစ်လာပေမယ့်လို့ သန္ဓေစိတ်ကို ထုတ်လုပ်တဲ့ ကုသိုလ်ကံရဲ့အားပျော့မှုကြောင့် အားပျော့ နေတဲ့ ကုသိုလ်ကံရဲ့အကျိုးဆက်ဖြစ်လို့ မျက်စိမမြင်တဲ့ ပုဂ္ဂိုလ်ဖြစ်လာတယ်၊ နားမကြားတဲ့ ပုဂ္ဂိုလ်ဖြစ်လာတယ်၊ ဆွံ့အနားမကြား စကားမပြောနိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်လာ တယ်။ တစ်နည်းအားဖြင့် သန္ဓေစိတ်က ညံ့ဖျင်းသည်အတွက်ကြောင့် အကောင်းပြောတာလား၊ အဆိုး ပြောတာလားတောင် ခွဲခြားသိနိုင်စွမ်း မရှိလောက် အောင် ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျတဲ့ ပုဂ္ဂိုလ်မျိုးတဲ့။ ဒီလိုပုဂ္ဂိုလ်မျိုးလည်း လူတွေထဲမှာ တွေ့နိုင်ပါတယ်။

ဒီကနေ့ခေတ်မှာတွေ့နိုင်တယ်။ အေး “အနာတမီ” ကျမ်းကို လေ့လာနေကြတဲ့ ဆရာတွေ၊ သိပ္ပံဆရာတွေ ကတော့ ပြောကြလိမ့်မယ်။ ဘာချို့တဲ့လို့၊ ညာချို့တဲ့လို့ ရုပ်ရဲ့ရှုထောင့်က ပြောမယ်ဆိုလို့ရှိရင် ချို့တဲ့မှုတစ်ခုခု ဖြစ်တယ်။ မိခင်ဝမ်းထဲမှာ ချို့တဲ့မှု ဖြစ်သည့်အတွက် ကြောင့် ထိုပုဂ္ဂိုလ်ဟာ မျက်စိမကောင်းဘူး၊ နား မကောင်းဘူး၊ ဆွံ့အ နားမကြားဖြစ်တယ်။ ရုပ်ပိုင်းက ကြည့်လိုက်မယ်ဆိုလို့ရှိရင် အဲဒီလို ချို့တဲ့မှုကြောင့်လို့ သိပ္ပံဆရာတွေက ပြောလိမ့်မယ်။ မြတ်စွာဘုရားက အဲသလိုချို့တဲ့မှုဟာ ဘာကြောင့်ဖြစ်တယ် ဆိုတာကို ထောက်ပြတယ်။

အဲဒီလို ဘာကြောင့် ချို့တဲ့ရတုန်းဆို ကံတရား ကြောင့် ချို့တဲ့ရတယ်။ အခြေအနေမပေးတာ အဓိကလက်သည်က ကံပဲ။ အေး အဲသလိုနဲ့ ဘဝစ,ထားတဲ့ ပုဂ္ဂိုလ် ဆိုလို့ရှိရင်တော့ အဲဒီဘဝမှာ တရားထူးရဖို့ ဆိုတာကို မမျှော်လင့်နဲ့တော့။ ဒီဘဝသာ မမျှော်လင့် ရတာ။ ဒီဘဝမှာ သူ သညာသိနဲ့ပဲဖြစ်စေ ကြိုးစား အားထုတ်လို့၊ ပညာသိနဲ့ပဲဖြစ်စေ သန္ဓေက အခြေအနေ မပေးပေမယ့်လို့ လေ့လာမယ်၊ တရားဓမ္မကို နာယူမယ် ဆိုရင် ဒီပုဂ္ဂိုလ်ဟာ ဒုတိယဘဝမှာ အဆင့်မြင့်တဲ့ ပုဂ္ဂိုလ် ဖြစ်လာနိုင်တယ်။ ဒီဘဝအတွက်ကတော့ မျှော်လင့်ချက် မရှိဘူး။ ဒီဘဝမှာ ကုသိုလ်ကောင်းမှုတွေလုပ်ပြီး ပါရမီ ကုသိုလ်တွေကို ဆည်းပူးမယ်၊ မိမိ တစ်နိုင်တစ်ပိုင် လုပ်မယ်ဆိုလို့ရှိရင် ဒုတိယဘဝမှာ သူ့မှာ တရားထူး ရနိုင်တဲ့ အခြေအနေတွေရှိပါတယ်။

လူမပြောပါနဲ့ မြတ်စွာဘုရားလက်ထက်တုန်းက ဖားကလေးတစ်ကောင်တောင်မှ အခြေအနေ မြင့်သွား တယ်။ ဖားသတ္တဝါဆိုတာ နိမ့်ကျတယ်။ သူ့ရဲ့သန္ဓေစိတ် ကို ထုတ်လုပ်တာက အကုသိုလ်က ထုတ်လုပ်တာ။ အဲဒီ ဖားသတ္တဝါဟာ မြတ်စွာဘုရား တရားဟောနေတော့ အသံပေါ် အာရုံစိုက်ပြီး ကြည်နူးနေတဲ့ စိတ်ကလေးနဲ့ သေသွားတဲ့အခါ နတ်ပြည်ရောက်တယ်။ ဟော ဒုတိယ ဘဝ နတ်ပြည်ရောက်တဲ့အခါ ကောင်းမြတ်တဲ့ သန္ဓေ စိတ်နဲ့ ဘဝကို စတင်လိုက်သည့်အတွက် “တိဟိတ်ပဋိသန္ဓေ” လို့ခေါ်တယ်။ မြတ်စွာဘုရား တရား နာလိုက်တာနဲ့ ချက်ခြင်းပဲ သောတာပတ္တိမဂ်ဆိုတဲ့ တရားထူးကို သူရသွားတယ်။

အဲဒါကြောင့်မို့ ဒီဘဝမှာ အဟိတ်ပဋိသန္ဓေနဲ့ လူ့ဘဝရလာလို့ အခြေအနေ မပေးရင် စိတ်ဓာတ်ကျဖို့ မဟုတ်ဘူး။ ကုသိုလ်ကောင်းမှု ကြိုးစားလုပ်ရမယ်။ လုပ်လို့ရှိရင် နောင်ဘဝမှာ အခြေအနေကောင်းတစ်ခု ရလာနိုင်ပါတယ်။ အေး၊ ဆိုလိုတာကတော့ အခုပြောတဲ့ “ဝိပါကာဝရဏ” ဆို့ပိတ်ထားတဲ့ သန္ဓေစိတ်ကြီးပေါ့၊ အဲဒီ သန္ဓေစိတ်ကြီးရဲ့ ပိတ်မှုကို ခံထားရတဲ့ ပုဂ္ဂိုလ်ဟာ ဒီဘဝမှာ တရားထူးရဖို့ဆိုတာ မျှော်လင့်ချက်မရှိဘူး။ ဘုရားနဲ့ ဘယ်လိုတွေ့တွေ့၊ တရားတွေဘယ်လိုနာနာ မျှော်လင့်ချက် မရှိဘူး။ သို့သော် ဘုရားနဲ့တွေ့ တရား နာရင် ဒုတိယဘဝမှာ အနီးကပ်မျှော်လင့်ချက်ရှိတယ်။

ဒီဘဝ မျှော်လင့်ချက်မရှိလို့ မလုပ်ဘဲနေရင်တော့ ပိုပိုပြီး ဝေးသွားနိုင်တယ်ပေါ့။ အေး၊ ကောင်းပြီ ဒါ လူသားထဲမှာ အညံ့ဆုံး လူသားတစ်ယောက်ကို ပြောပြ တာ။ တစ်ချို့လူသားတွေကျတော့ သူ့လောက် အခြေ အနေတွေ မဆိုးဘူး။ အခိုင်အမာဖြစ်တဲ့ အလောဘ၊ အဒေါသဆိုတဲ့ အခြေအနေကောင်းတွေ သူ့စိတ်ထဲမှာ သန္ဓေစိတ်ထဲမှာ ပါလာတယ်။ အလောဘ၊ အဒေါသ ဆိုတဲ့ အခြေအနေကောင်း(၂)ခုပါတဲ့ သန္ဓေစိတ်ကို “ဒွိဟိတ်ပဋိသန္ဓေစိတ်” လို့ခေါ်တယ်။ “ဒွိဟိတ်ပဋိသန္ဓေ စိတ်” အဲဒီ အခြေအနေကောင်း (၂)ခုနဲ့ သို့သော် အမောဟ ဆိုတဲ့ ဉာဏ်မပါဘူး။ ဉာဏ်မပါတဲ့ ဒွိဟိတ်နဲ့ ပဋိသန္ဓေနေထားတဲ့ ပုဂ္ဂိုလ်ဟာလည်း သူ့ရဲ့ သန္ဓေစိတ် ရဲ့ ဆို့ပိတ်မှုကြောင့် ဒီဘဝမှာတော့ တရားထူး တရား မြတ်ရဖို့ မျှော်လင့်ချက် မရှိသေးဘူး။ သို့သော် ခုန ပုဂ္ဂိုလ်နဲ့စာရင် သူက အများကြီးတော်တယ်လို့ ပြောရ မယ်။

ဒွိဟိတ်ပဋိသန္ဓေ ကို ဝိပါကာဝရဏ လို့ခေါ်တယ်။ အဟိတ်ပဋိသန္ဓေစိတ်ရယ်၊ ဒွိဟိတ်ပဋိသန္ဓေစိတ်ရယ် လူတွေမှာ ပဋိသန္ဓေနေတာ ဟောဒီ ပဋိသန္ဓေစိတ် (၂)မျိုးနဲ့ လူ့ဘဝသာ အစပြုခဲ့မယ်ဆိုရင် ထိုပုဂ္ဂိုလ်သည် တရားထူးရနိုင်မည့်ပုဂ္ဂိုလ် မဟုတ်ပါဘူးတဲ့။

ဒါဖြင့် တရားထူးရနိုင်မည့် ပုဂ္ဂိုလ်ဆိုတာ ဘယ် ပုဂ္ဂိုလ်လဲ။ အလောဘ၊ အဒေါသ၊ အမောဟလို့ခေါ်တဲ့၊ တိဟိတ်လို့ခေါ်တဲ့ ဟိတ်သုံးမျိုးနဲ့ ယှဉ်တွဲလာတဲ့ သန္ဓေစိတ်လေးမျိုးထဲက တစ်ခုခုနဲ့ ပဋိသန္ဓေနေလာတဲ့ ပုဂ္ဂိုလ်။ စာလိုပြောရင် တိဟိတ်ပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ် ပေါ့။ တိဟိတ်ပဋိသန္ဓေနေတယ်ဆိုတာ ကုသိုလ်ကံက အရှိန်ကောင်းသည့်အတွက်ကြောင့် သူ့ရဲ့အကျိုးစိတ် ထဲမှာ အသိဉာဏ် ပါလာတာ။ ပင်ကိုယ်အသိဉာဏ်က မျိုးစေ့ပါလာသည့်အတွက်ကြောင့် အဲဒီပုဂ္ဂိုလ်မျိုးဟာ ဒီဘဝမှာ အခြေအနေကောင်းလို့ရှိရင် တရားထူးတရားမြတ်ရမယ်။ ပင်ကိုယ်အခြေအနေက ကောင်း တယ်။ အဲဒီပုဂ္ဂိုလ်ကို မြတ်စွာဘုရားက တရားဟော တော့မယ်ဆိုရင် ကြည့်တယ်။ လူတစ်ယောက်ရဲ့ “ဥပနိဿယသမ္ပတ္တိ” တဲ့။ အားကြီးတဲ့ အကြောင်း တရားတွေ သူ့သန္တာန်မှာ ရှိသလားလို့ ကြည့်တဲ့အခါဘာကိုကြည့်တာတုန်း မေးလို့ရှိရင် သူ့ရဲ့ သန္ဓေစိတ်က ဘာလဲ။ အေး တိဟိတ်ပဋိသန္ဓေ ဆိုလို့ရှိရင်တော့ တိဟိတ်ပဋိသန္ဓေ(၄)ခုထဲက တစ်မျိုးမျိုးနဲ့ ဘဝကို စခဲ့ပြီ ဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ်ဟာ တရားထူး တရားမြတ် ရနိုင်တဲ့ အခြေအနေကောင်းရှိတယ်လို့ ပြောရမယ်။ သို့သော် ဒါနဲ့ လုံလောက်ပြီလားဆို မလုံလောက်သေး ဘူးနော်။ ဒါ အခြေခံကိုပြောတာ။

အဲဒီလို တရားထူးရနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်ပေမယ့်လို့ ပစ္စုပ္ပန်မှာ အခြေအနေကောင်းတွေ လိုအပ်သေး တယ်။ ကောင်းမြတ်တဲ့ အခြေအနေတစ်ရပ်ဟာ လည်းပဲ ပျက်စီးသွားတတ်သေးတယ်။ ဒါတွေဟာ သတိထားရမယ့် အချက်တွေပေါ့။ အထောက်အကူ ပြုရမယ့် အခြေအနေတွေ အများကြီး လိုသေးတယ်။ ဘာတွေလိုအပ်သလဲဆိုရင် ယုံကြည်ချက် သဒ္ဓါတရား ရှိဖို့ လိုတယ်။ တိဟိတ်ပဋိသန္ဓေနေထားတဲ့ပုဂ္ဂိုလ် ဖြစ်ပေ မယ့်လို့ ယုံကြည်ချက် သဒ္ဓါတရားမရှိတဲ့ပုဂ္ဂိုလ်၊ သဒ္ဓါ စွမ်းအားတွေ လျော့နည်းပြီး သဒ္ဓါစွမ်းအားရဲ့ စွမ်းဆောင်မှု မပါဘူး ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် သူတော်သူမြတ်ထံသွားမှာ မဟုတ်ဘူး၊ ဆည်းကပ်မှာ မဟုတ်ဘူး။ သူတော်သူမြတ် မဆည်းကပ်လို့ရှိရင် သူတော်ကောင်း တရားကို နာရမှာ မဟုတ်ဘူး။ သူတော်ကောင်းတရားကို မနာရလို့ရှိရင် တရားထူး ရနိုင်မှာ မဟုတ်ဘူး။

ကြည့်နော်၊ ရှင်သာရိပုတ္တရာ မထေရ်မြတ်ဆိုတာ လောကမှာ မြတ်စွာဘုရားက လွဲလို့ရှိရင် သူ့လောက် ပညာရှိတဲ့ပုဂ္ဂိုလ်မရှိဘူး။ ဘယ်လောက်ပဲ ပညာရှိနေနေ အခြေအနေကောင်းတစ်ခု မပေးသေးတဲ့အခါ သဉ္စယ ဆိုတဲ့ ဆရာကြီးထံ တပည့်ခံပြီးတော့ ဘာမှ ရေရေရာရာ မရှိတဲ့ဝါဒကြီးကို လက်ကိုင်ထားတယ်။“အမရာဝိက္ခေပဝါဒ” ဆိုတဲ့ ဝါဒဆိုတာ “ရှောင်တိမ်းဝါဒ“၊ ဘယ်လိုမှ ဖမ်းလို့မမိဘူး။ သူ့ကိုမေးမယ် “ဒါ ကုသိုလ်လား” လို့ မေးရင် “ကုသိုလ်လို့လည်း မဆိုလိုပါဘူး”။ “ဒါဖြင့်ရင် ကုသိုလ်မဟုတ်ဘူးလား” လို့မေးရင် “မဟုတ်ဘူး လို့လည်း မပြောပါဘူး”။ “ဒါဖြင့် တစ်ချို့ဟုတ် တစ်ချို့ မဟုတ်ဘူးလား” “အဲသလိုလည်း မဆိုလိုဘူး”။ ဘယ် အရာကိုမှ ရပ်တည်နိုင်စွမ်းမရှိတဲ့ဝါဒကို လက်ကိုင် ထားတဲ့ ပုဂ္ဂိုလ်။ အဲဒီပုဂ္ဂိုလ်ရဲ့ တပည့်အဖြစ်ခံပြီးတော့ ဥပတိဿပရိဗိုဇ် ဘဝမှာ နေခဲ့ရတယ်။ သို့သော် ပညာ ထက်မြက်သည့်ပုဂ္ဂိုလ် ဖြစ်သည့်အတွက်ကြောင့် ဒီ့ထက် ထူးခြားတဲ့တရားကို သူရှာတယ်။

သူ့မှာ ရှိရမယ်ဆိုတဲ့ ယုံကြည်ချက် သဒ္ဓါစွမ်းအား ရှိတယ်။ ရှိသည့်အတွက်ကြောင့် ပဉ္စဝဂ္ဂီ (၅)ပါးထဲက ရှင်အဿဇိကို မြင်လိုက်ရတာနဲ့ ဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ တရားထူး ရှိကိုရှိရမယ်လို့ သူ့ဉာဏ်စွမ်းနဲ့သိတယ်။ နောက်ကနေ လိုက်သွားပြီးမေးတယ်။ ဘယ်ပုဂ္ဂိုလ်ရဲ့ တရားကို နှစ်သက်သလဲ။ ဘယ်သူ့ကို ရည်စူးပြီးတော့ သာသနာ့ဘောင် ဝင်လာခဲ့သလဲ။ ရဟန်းဖြစ်လာခဲ့သလဲ စတဲ့ မေးခွန်းတွေ မေးတယ်။ မေးပြီးတဲ့အခါကျတော့ အရှင်ဘုရားရဲ့ဆရာဝါဒကို ပြောစမ်းပါ။ အဲဒီမှာ ရှင်အဿဇိက အတိုချုံးပြီး ပြောလိုက်တာ။ သူပြော တာက သစ္စာလေးပါးပဲပြောတာ။ (၄)ပါဒရှိတဲ့ ဂါထာ လေးတစ်ပုဒ် ပြောတာ။

“ယေဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ” ဆိုတဲ့ စကားလေးအဆုံးမှာ တရားထူးရသွားတာ။

လောကမှာ အကြောင်းကြောင့် ဖြစ်တယ်ဆိုတဲ့ သဘာဝတရားတွေရှိတယ်။ အဲဒီ သဘာဝတရားတွေကို လည်းပဲ မြတ်စွာဘုရား ဟောတယ်။ ဒုက္ခသစ္စာကို ဟောတယ်။ အဲဒီ သဘာဝတရားတွေမှာ ဆိုင်ရာ အကြောင်းတွေရှိတယ်။ အဲဒီအကြောင်းတွေကိုလည်း မြတ်စွာဘုရားက ဟောတယ်။ အကြောင်းနဲ့အကျိုးကို ရှင်းပြလိုက်တာနဲ့ တစ်ပြိုင်နက် အမြင်မှန်ရသွားတယ်၊ သံသယကင်းသွားတယ်။ ဟော တရားထူး ချက်ခြင်း ရသွားတယ်။ ဘာဖြစ်လို့လဲဆို ဥပတိဿ က တိဟိတ် ပဋိသန္ဓေနဲ့ ပဋိသန္ဓေနေခဲ့တယ်။ တိဟိတ်ပဋိသန္ဓေ စိတ်နဲ့ လူ့ဘဝကို စခဲ့တယ်၊ လူ့ဘဝ စပြီးတော့ လောက ကြီးမှာ သေဆုံးခြင်းဆိုတာ ရှိလို့ရှိရင် သေခြင်းကင်းရာ တရား ရှိကိုရှိရမယ်လို့ ယုံကြည်ချက် ပြင်းထန်တယ်။ ဒါကြောင့်မို့ သေခြင်းကင်းရာ တရားကို လိုက်ရှာတယ်။ ယုံကြည်ချက်သဒ္ဓါ ရှိတယ်။ ရှိသည့်အတွက်ကြောင့် သူတော်သူမြတ်ကို ဆည်းကပ်တယ်။ ရှင်အဿဇိလို ပုဂ္ဂိုလ်နဲ့ တွေ့လိုက်တော့ ထို ရှင်အဿဇိ ထံကနေပြီး တရားဓမ္မကို နာလိုက်ရတယ်တဲ့။

သဒ္ဓါတရားရှိတယ် ဆိုတဲ့ အခြေအနေကောင်း ရှိတာကနေ ဆက်နွယ်ပြီးတော့ သူတော်ကောင်းတရား ကို ဆည်းကပ်ခြင်း၊ သူတော်သူမြတ်ရဲ့တရားကို နာယူ ခြင်း လို့ဆိုတဲ့ အခြေအနေကောင်းတွေ ထပ်ပြီး ပိုးလိုက် တဲ့အခါကျတော့ တရားထူးရသွားတာပဲ။ သဒ္ဓါတရား ရှိဖို့ လိုအပ်တယ်ဆိုတာ ပြောရမယ်နော်။ ပံ့ပိုးမှု လိုအပ် တယ်။ အကယ်၍သာ ယုံကြည်ချက်မရှိဘူး ဆိုလို့ရှိရင် ရှင်အဿဇိကို သွားတွေ့မှာ မဟုတ်ဘူး။ မတွေ့ရင် ရှင်အဿဇိရှင်းပြတဲ့ သစ္စာတရားကို သိလိုက်မှာ မဟုတ်ဘူး။ မသိလို့ရှိရင် တရားထူးရဖို့ မရှိဘူး။

နောက်တစ်ခုက ဘာလဲလို့ဆိုရင် ပြင်းထန်တဲ့ ဆန္ဒ၊ တရားထူး တရားမြတ်ကို လိုချင်တဲ့ ဆန္ဒရှိဖို့ အင်မတန်မှ အရေးကြီးတယ်။ လောကမှာ လူတွေက ကုသိုလ်ကောင်းမှုလုပ်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို ရ,ရပါလို၏ လို့ ဆန္ဒကို ထုတ်ဖော်ပြီး ဆုတောင်းနေကြတာ ရိုးရာ တစ်ခုလို လုပ်နေတယ်။ တစ်ကယ်လိုချင်တဲ့ ဆန္ဒလားလို့ ကိုယ့်ဆန္ဒဟာ တစ်ကယ်ပြင်းထန်ရဲ့လား၊ မရ ရအောင် ရှာမယ်ဆိုတဲ့ စိတ်နဲ့လားလို့ မေးလိုက်လို့ရှိရင်တော့ သင်္ဂဇာဆရာတော်ကြီးရဲ့ စကားပုံထဲကလို မန္တလေး စျေးတောင်က ငမောင် နိဗ္ဗာန် ရချင်သလိုပဲ ဖြစ်မှာပဲ။ နိဗ္ဗာန်ပို့မလို့ လာခေါ်တဲ့အခါကျတော့ မဖြစ်သေးဘူး၊ အိမ်ပြန်ပြီး တိုင်ပင်တာတို့ ဘာတို့ ဖြစ်ကုန်တယ်။ အိမ်က အမျိုးသမီးက “လိုက်သွား“လို့ ဆိုတဲ့အခါကျတော့ “ဟာ စဉ်းစားဦး၊ နင်တစ်ယောက်ထဲ ဖြစ်ပါ့မလား” “ဖြစ်ပါ တယ်၊ ရှင် ငဲ့မနေပါနဲ့” ဆိုတဲ့အခါ “မင်းမစဉ်းစားလဲ ငါတော့စဉ်းစားရဦးမှာ” ဆုတောင်းတာကတော့ နေ့စဉ် ဆုတောင်းနေတာပဲ။ အဲတော့ ဆန္ဒပြင်းထန်မှု မရှိသေး ဘူးဆိုတာ ထင်ရှားတယ်ပေါ့။ အဲသလို ဆန္ဒပြင်းထန်ပြီ ဆိုလို့ရှိရင်လဲပဲ တရားထူးရဖို့ အထောက်အကူတွေ အများကြီးဖြစ်ပါတယ်။

နောက်တစ်ခုက ဘာလိုအပ်သလဲဆိုရင် တရား နာပြီး အသိပညာမြင့်မားအောင်လုပ်ဖို့ လိုအပ်သေးတယ်။ ဉာဏ်ရည် ဉာဏ်သွေးဆိုတာ သူ့သဘာဝက အခြေ အနေ ပေးထားပေမယ့်လို့ ဓားများလိုပဲ မသွေးဘူးဆိုရင် ထက်ပါ့မလား။ မထက်ပေဘူး။ သွေးပေးရတယ်။ ပင်ကိုယ်က ဓားအသွား ပါလာပေမယ့်လို့ ကျောက်ပေါ် တင်ပြီးတော့ ပွတ်ပေးမှ ဒီဓားသွားဟာ ပိုထက်လာမှာ။ ထို့အတူပဲ လူရဲ့ ဉာဏ်ရည်ဉာဏ်သွေးဆိုတာ ထက်လာ အောင် လုပ်ရမယ်။ ကြည့်လေ ဗုဒ္ဓမြတ်စွာ ဟောကြား တော်မူခဲ့တဲ့ အဘိဓမ္မာတရားကို လေ့လာတဲ့ပုဂ္ဂိုလ်တွေ သိမယ်။ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ မဟာသိပ္ပံကို သွားပြီးတော့ အဘိဓမ္မာသင်တန်းတွေ တက်တယ်။ ပင်ကိုယ် ဉာဏ်ရည်ဉာဏ်သွေးပေါ်မှာ ထပ်ဆင့်ပြီး တော့ ဓားနဲ့ကျောက်နဲ့ထိပြီး သွေးလိုက်သလိုပဲ တရား အသိတွေဟာ ရှင်းသထက် ရှင်းလာမယ်။ ဉာဏ်တွေ ဟာ ထက်သထက် ထက်လာမယ်။ ပင်ကိုယ်က ဉာဏ် ထက်ပေမယ့်လို့ မသင်ဘူးဆိုရင် မတတ်ဘူးပေါ့။ ဘယ် တတ်မလဲ။

အဘိဓမ္မာသင်တန်း မတက်သေးလို့ရှိရင် အဘိ ဓမ္မာ တတ်မှာမဟုတ်ဘူး။ ဒါကတော့ သေချာတယ်။ အခု တရားနာနေတာတွေဟာလည်းပဲ ပညာကို ဆည်းပူးနေတာလို့ပဲ ပြောရမယ်။ စာသင်နေတာနဲ့ တရားနာနေတာဟာ အတူတူပဲ။ သင်ယူနေတာချည့်ပဲ။ စာသင်တာလည်းပဲ နားထောင်ရတာပဲ။ တရားနာတာ လည်းပဲ နားထောင်ရတာပဲ။ ဘာအတွက် လုပ်နေကြ တာတုန်းလို့မေးရင် ဉာဏ်ရည် ဉာဏ်သွေးတွေ ထက်အောင် လုပ်နေကြတာ။

ဒါကြောင့်မို့ အာဠဝကကြီးကို မြတ်စွာဘုရားက ဟောတာ၊ ကြည့်-အာဠဝကဘီလူးက သူ့မိဘတွေက ကဿပဘုရားဆီက သင်ယူပြီးထားတဲ့ မေးခွန်းပုစ္ဆာပဲ။ ကိုယ့်ကိုယ်ကိုလည်း မေးကြည့်ပေါ့။ ဘုရားက သင်ပေး ထားတဲ့ အမေးနဲ့ အဖြေကလေးထဲမှာ “ကထံသု လဘတေ ပညံ” ပညာကို ဘယ်လိုရအောင် လုပ်ရမလဲ။ ပညာကို ဘယ်လိုနည်းနဲ့ ရနိုင်သလဲ။ မြတ်စွာဘုရားက အဖြေပေးတယ်။ “သုဿုသံ လဘတေ ပညံ” သင်ချင် တဲ့စိတ်၊ နားထောင်ချင်တဲ့စိတ်၊ တရားနာချင်တဲ့စိတ်၊ တရားဓမ္မကို လေ့လာ လိုက်စားချင်တဲ့စိတ်၊ သင်ချင်တဲ့ စိတ်ရှိရင် ပညာရပါတယ်တဲ့။ ဟော ဘုရားက အခြေခံ ကို ပြောလိုက်တာ။ တရားပွဲသွားပြီး တရားနာချင်တဲ့ စိတ်က အရေးအကြီးဆုံးပဲ။ အေး၊ တရားပွဲသွားဖို့မှ စိတ်မရှိဘူးဆိုရင် တရားပွဲကရလာတဲ့ အသိဉာဏ် ဘယ်လိုလုပ်ရမလဲ၊ မရနိုင်ဘူးနော်။

ထို့အတူပဲ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ နက်နဲခက်ခဲလှတဲ့ အဘိဓမ္မာတရားတွေကို သိချင်တဲ့စိတ် မရှိဘူး၊ အချိန်မပေးနိုင်ဘူးဆိုပြီး “အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာ မဟာသိပ္ပံ” တို့လို အဘိဓမ္မာသင်တန်းတွေကို မတက်ဘူးဆိုလို့ရှိရင် အဘိဓမ္မာနဲ့ ပတ်သက်တဲ့ပညာ ရပါ့မလား၊ မရနိုင်ဘူးတဲ့။ ဒါကြောင့်မို့ ပညာရအောင် လည်း လုပ်ဖို့လိုသေးတယ်။

သန္ဓေစိတ်ကလေးကတော့ ကောင်းပါတယ်။ တကယ်ကောင်းတဲ့ တိဟိတ်ပဋိသန္ဓေနဲ့နေတယ်။ လူ ဆိုတာ စဉ်းစားကြည့်နော်။ တိဟိတ်ပဋိသန္ဓေနဲ့ နေပြီး တော့ သန္ဓေစိတ်က အခြေအနေ ကောင်းပေမယ့်လို့ စားဝတ်နေရေး၊ အသက်ရှည်ရေးနဲ့ ဟိုအရေး ဒီအရေး တွေနဲ့ အချိန်ကုန်သွားလို့ရှိရင် ရထားတဲ့ အခွင့်အရေး ဟာ ဘာမှအသုံးဝင်မှာ မဟုတ်တော့ဘူး။ တရားထူး တရားမြတ်ရဖို့အတွက် အခြေအနေပေးမှာ မဟုတ်ဘူး။ တိဟိတ်ပဋိသန္ဓေ နေထားပြီးတော့ ခုနက သဒ္ဓါဆိုတဲ့ စွမ်းအားတွေ၊ ဆန္ဒဆိုတဲ့ စွမ်းအားတွေ၊ ပညာဆိုတဲ့ စွမ်းအားတွေ ဒါတွေထက်မှ အခြေအနေကောင်းရှိမှ တရားဓမ္မနာလို့ တရားထူးဆိုတာ ရနိုင်တယ်လို့ မြတ်စွာ ဘုရားက “သမ္မဿနိကာမသုတ်” မှာ ဒီအတိုင်းပဲ ဟောထားတာ။

အခြေအနေကောင်းတွေက အင်မတန်မှ အရေး ကြီးတယ်ပေါ့။ အေး၊ အင်မတန်ကောင်းတဲ့ အခြေအနေ ကောင်းတွေကို မိမိကိုယ်တိုင်ရဲ့ ဒီ မကောင်းတဲ့ မိတ်ဆွေ နဲ့ ပေါင်းမိလို့ဖြစ်စေ၊ မိမိကိုယ်တိုင်ရဲ့စိတ်ထား ယုတ်ညံ့ လို့ဖြစ်စေ၊ ကောင်းမြတ်တဲ့ အခြေအနေတွေ ပျက်စီး ဆုံးရှုံးသွားတာမျိုးလည်း ရှိသေးတယ်။ ဒါ သတိထားရ မယ်။ ဒီလောက်အခြေအနေတွေ ကောင်းထားပေမယ့် လို့ ထိုပုဂ္ဂိုလ်တစ်ယောက်ဟာ ဆို့ပိတ်ထားတဲ့ အရာဝတ္ထု (၂)ခုရှိသေးတယ်။ အင်မတန် ကြောက်စရာ ကောင်း တယ်။

ကမ္မာဝရဏ

ဆို့ပိတ်မှု (၂)ခု၊ အဲဒီဆို့ပိတ်မှု (၂)ခု ဝင်လာလို့ ရှိရင်တော့ ဘယ်လိုပဲ တိဟိတ်ပဋိသန္ဓေ နေခဲ့နေခဲ့၊ တရားဓမ္မတွေ ဘယ်လို ကျင့်ကျင့်၊ တရားဘယ်လိုနာနာ၊ တရားထူး တရားမြတ် ဒီဘဝမှာ မရနိုင်တော့ဘူးတဲ့။ အခြေအနေကောင်းကြီး ပျက်စီးသွားပြီ။ ဒါက ဘယ်သူ ဖျက်ဆီးတာတုန်းဆို ကိုယ်ကိုယ်တိုင် ဖျက်ဆီးလိုက်တာ။ အဲဒါက ဘာလဲလို့ဆို “ကမ္မာဝရဏ” တားဆီးပိတ်ဆို့ တတ်တဲ့ အကုသိုလ်ကံ လုပ်မိသွားလို့ရှိရင် ဒီဘဝမှာ အခြေအနေကောင်းတွေ အကုန်လက်လွတ် ဆုံးရှုံး သွားမယ်။ “ကမ္မာဝရဏ” ဆို့ပိတ်တတ်တဲ့ ကံတရား ဆိုတာ ဘာလဲ။

အမေကို ဒေါသနဲ့ သတ်မိတာ။ အဖေကို ဒေါသနဲ့ သတ်မိတာ။matricide, patricide အမေသတ်ကံ၊ အဖေသတ်ကံ။ “မာတုဃာတကကံ၊ ပိတုဃာတကကံ” ကျူးလွန်တာ။ ဒေါသစိတ်နဲ့ ရဟန္တာပုဂ္ဂိုလ်ကို သတ်ဖြတ် မိတာ။ ပြစ်မှားလိုတဲ့စိတ်နဲ့ မြတ်စွာဘုရားကို သွေးစိမ်း တည်သွားအောင် လုပ်မိတာ။ သံဃာသင်းကွဲအောင် သံဃာတွေ ကွဲပြဲသွားအောင် သံဃာသင်းခွဲတဲ့ ကံကို လုပ်မိတာတဲ့။

“ပဉ္စာနန္တရိယကမ္မ” လို့ခေါ်တယ်။ “အာနန္တရိယကမ္မ” လို့ဆိုတာ သေသည်၏ အခြားမဲ့၌ သေချာပေါက် ဒီကံက အကျိုးပေးမှာ မြေကြီးလက်ခတ် မလွဲဘူး။ အဲဒီ (၅)မျိုးကတော့ သူတို့ကို ဖယ်ရှားပစ်နိုင်တဲ့ ကံဆိုတာ မရှိဘူး။ ဒုတိယဘဝမှာ သူတို့က နေရာယူထားပြီးသား။ ပြန်ပြီးတော့ ပြင်လို့မရတဲ့ ကံမျိုးပဲ။ ဒုတိယဘဝမှာတော့ ဧကန္တ သူ့ရဲ့အကျိုးကိုခံရမှာပဲ။ အဲဒါကို “အာနန္တရိယကံ” လို့ခေါ်တယ်။ သေသည်၏အခြားမဲ့မှာ သေချာပေါက် နော် အာမခံလုပ်ထားတဲ့အတိုင်းပဲ။ သေချာပေါက် မကောင်းတဲ့ဘဝကိုပို့မှာ။ အဲဒီကံမျိုးနဲ့ ပိတ်မှုခံလိုက်ရပြီ ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ ခုနကပြောတဲ့ မိမိရဲ့သန္ဓေကို တိဟိတ်ပဋိသန္ဓေနဲ့ ဘယ်လိုပဲ စခဲ့ စခဲ့ ထိုပုဂ္ဂိုလ်က ဒီဘဝမှာ တရားထူး တရားမြတ်ရဖို့ မရှိတော့ဘူး။

မိမိရဲ့လုပ်ရပ်ကြောင့် အခြေအနေကောင်းတစ်ရပ် ပျက်စီးသွားပြီ။ လူတွေရဲ့ ပကတိအနေအထားတစ်ခုကို ကြည့်ကြည့်ပေါ့။ ကံကပေးလိုက်တဲ့ မျက်စိလေးနှစ်လုံး မတော်တဆ ကံမကောင်း အကြောင်းမလှလို့ ထိခိုက် ပြီးတော့ ဒဏ်ရာရပြီး ဆုံးရှုံးသွားတယ်ဆိုရင် ဒီဘဝမှာ ပြန်ရနိုင်ပါ့မလား။ မရနိုင်ဘူး။ အဲဒါလိုပဲ ဒီပြစ်မှုတွေ ထဲက တစ်ခုခုကျူးလွန်မိပြီ ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ မျှော်လင့်ချက် မရှိတော့ဘူး။ ဒီဘဝမှာ အခြေအနေ ကောင်းတွေအားလုံး ပျက်စီးသွားတဲ့အပြင် နောင်ဘဝ မှာ မကောင်းကျိုးခံရမှာက သေချာပေါက်ဖြစ်သွားပြီ။ အဲဒါကို “ကမ္မာဝရဏ” လို့ ခေါ်တာ။

ကိလေသာဝရဏ

နောက်တစ်ခုက ရှိသေးတယ်။ ဘယ်လောက်ပဲ သန္ဓေစိတ်က အသိဉာဏ်တွေ ဦးစီးပြီးတော့ “ဉာဏသမ္ပယုတ်” တိဟိတ်ပဋိသန္ဓေနေခဲ့တဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် “ကိလေသာဝရဏ” လို့ ခေါ်တယ်။ အညစ်အကြေးတွေ ဆို့ပိတ်ထားတဲ့ ကိလေသာ၊ ဒီနေရာမှာ ကိလေသာ ဆိုတာ တခြားဟာကို ပြောတာမဟုတ်ဘူး။ မှားယွင်းတဲ့ အယူအဆတစ်ရပ်ကိုပြောတာ။ အဲဒီ မှားယွင်းတဲ့ အယူအဆတစ်ရပ်ကို လက်ခံထားလိုက်ပြီ၊ မှားယွင်းတဲ့ အယူအဆ တစ်ရပ်ကလည်း အခိုင်အမာ ဘုရားဟော လို့ မရတော့လောက်အောင် ခိုင်မာသွားတဲ့ မှားယွင်းမှု ပေါ့။

ဆိုပါစို့ ခုနက သိဉ္စယ ပရိဗိုဇ်ကြီးက သူ့ဝါဒသူ မှန်တယ်လို့ပဲ ယူဆတယ်။ ရှင်သာရိပုတ္တရာတို့က ဆရာကြီးကို ကျေးဇူးတင်လို့ ဘုရားဆီကို လိုက်ခဲ့ဖို့ ခေါ်တာ မလိုက်ဘူးလေ။ နောက်ဆုံးမှာ ခေါ်ခြင်းမက ခေါ်တဲ့အခါကျတော့ သူက ဘာပြောတုန်းဆိုရင် “အေး၊ လောကမှာ ပညာရှိနဲ့ လူမိုက် ဘယ်သူကများတုန်း” “လူမိုက်က များပါတယ်” “အေး၊ မင်းတို့ ပညာရှိတွေ သွားကြပေါ့။ လူမိုက်တွေ ငါနဲ့နေရစ်ခဲ့လိမ့်မယ်” တဲ့။ အဲလောက်ထိအောင် ခေါင်းမာတာနော်။

တခြား မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကြည့်ဦးလေ။ ပုရဏကဿပ ကလည်း ကုသိုလ်ဆိုတာ မရှိဘူး၊ ကုသိုလ်ဆိုတာ လုပ်လို့ကို မရဘူး။ အကုသိုလ် ဆိုတာ မရှိဘူး၊ လုပ်လို့ဖြစ်တဲ့အရာ မဟုတ်ဘူး။ “အကြိယဝါဒ” ဆွဲကိုင်ထားတာ။ ဘယ်သူပြောလို့မှ သူ့အယူဝါဒကိုလွှတ်မှာ မဟုတ်ဘူး။ “မာက္ခလိဂေါသာလ” ကြည့်ဦးမလား။ သူကလည်း အေး၊ သတ္တဝါ တွေ စင်ကြယ်ဖို့၊ ဖြူစင်ဖို့ဆိုတာ ဘာအကြောင်းမှ မရှိဘူး။ သူဖြစ်ချင်သလို ဖြစ်နေကြတာ ဆိုတဲ့ “အဟေတုကဝါဒ” ကြီးကို လက်ခံယူတားတာ။

အဇိတကေသကမ္ဗလ ဆိုတဲ့ လူ့ဆံပင်နဲ့ ယက်လုပ် ထားတဲ့ အဝတ်ကြီးကို ထူးထူးခြားခြား ဝတ်ရုံနေတဲ့ အဇိတ ဆိုတဲ့ ဆရာကြီးကလည်း ကံရဲ့အကျိုးတရားတွေ အားလုံးကို ငြင်းပယ်ထားတယ်။ သူတို့ရဲ့ဝါဒကို ဘယ်သူ တစ်ယောက်ကမှလာပြီးတော့ ပြောင်းပစ်လို့ မရဘူး။ စွဲစွဲမြဲမြဲ ဆုတ်ကိုင်ထားတာ။

အဲဒါကို “နိယတ မိစ္ဆာဒိဋ္ဌိ” လို့ခေါ်တယ်။ အခိုင် အမာ ယူစွဲထားတယ်။ အဲဒီ “နိယတ မိစ္ဆာဒိဋ္ဌိ” အယူဝါဒ ခိုင်မာတဲ့ မှားယွင်းတဲ့အမြင်တစ်ခုကို ကိလေသာဝရဏ တဲ့။ စိတ်ရဲ့ အညစ်အကြေးဖြစ်ပြီးတော့ တိုးတက်လမ်း ကို ဆို့ပိတ်ထားတဲ့ အရာလို့ ဒီလိုသတ်မှတ်တယ်။ ဘယ်လောက်ပဲ အသိဉာဏ်တွေရှိရှိ အဲဒီ “နိယတမိစ္ဆာဒိဋ္ဌိ” ဆိုတဲ့ ကိလေသာရဲ့ အဆို့အပိတ်ကို ခံထား ရလို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ ဒီဘဝ တရားထူး တရားမြတ် ရဖို့ဆိုတာ မျှော်လင့်စရာ မရှိတော့ဘူး။ အခြေအနေ မပေးတော့ဘူး။ ဒီလိုပြောတာ။

ဒါ ကိုယ့်ရဲ့လုပ်ရပ်ကြောင့် ဖြစ်သွားတာတွေ၊ ကံက ပေးလိုက်တုန်းကတော့ အကောင်းသား။ တိဟိတ် ပဋိသန္ဓေ အနေနဲ့ ကံက ချပေးလိုက်တာပဲ။ သို့သော် မှားယွင်းတဲ့အယူ ယူလိုက်တာက ကိုယ့်ရဲ့အပြစ်ပဲ။ မှားယွင်းချွတ်ချော်မှုတွေကြောင့် ထိုပုဂ္ဂိုလ်ဟာ အခြေ အနေကောင်းတွေ ပျက်စီးသွားတယ်ဆိုတာ တရားထူး တရားမြတ် ရဖို့ရန်အတွက် ဒီအခြေအနေကောင်း တွေက အင်မတန်မှ အရေးကြီးသေးတယ်။

အားလုံးကို ဆိုပါစို့၊ (၁) တိဟိတ်ပဋိသန္ဓေနေတဲ့ လူသားတစ်ယောက်လည်း ဖြစ်ခဲ့ပြီ၊ (၂) သဒ္ဓါစွမ်းအား တွေလည်း ထက်မြက်တယ်၊ (၃) စိတ်ဆန္ဒတွေကလည်း ပြင်းထန်တယ်၊ (၄) အသိဉာဏ်တွေကိုလည်းပဲ လေ့လာ ဆည်းပူးနေတယ်။ ဒီလိုအခြေအနေရှိရင် တရားထူး တရားမြတ် ရပြီလားလို့ဆို သူ့ရဲ့စိတ်နေသဘောထား ပေါ်မှာမူတည်သေးတယ်နော်။ တရားနာရင်း တရားထူး ရဖို့ဆိုတာ စိတ်သဘောထားဟာ အင်မတန်မှ အရေး ကြီးတယ်။ တရားနာပြီဆိုလို့ရှိရင် စိတ်သဘောထား မှန်ကန်မှု အင်မတန်မှ အရေးကြီးတယ်။

တရားနာပြီဆိုလို့ရှိရင်တဲ့ နံပါတ်တစ် တရားနာချင် တဲ့စိတ်က ပထမ။ တရားနာချင်လို့ တရားပွဲရောက်လာ တဲ့အခါမှာ စိတ်အားကုန်စိုက်ပြီးတော့ တရားနာတာက ဒုတိယ။ စာပေလိုပြောမယ်ဆိုရင် “သုဿူသတိ” တရားနာချင်တယ်။ “သောတံဩဒဟတိ” တရားဓမ္မနဲ့ ပတ်သက်လို့ရှိရင် နားထဲကမလွတ်ရအောင် တစ်လုံး တစ်ပါဒမှမလွတ်ရအောင် စိတ်စိုက်ပြီးတော့ နားထောင် တယ်။ “အညာ စိတ္တံ ဥပဋ္ဌပေတိ” တရားရဲ့သဘောကို နားလည်အောင် သတိစွမ်းအားတွေ ပညာစွမ်းအား တွေ ဝီရိယစွမ်းအားတွေနဲ့ အသုံးချပြီးတော့ အစွမ်းကုန် နားလည်အောင် ကြိုးစားတယ်။

ဒါက အခြေအနေကောင်းအောင် လုပ်ပေးနေတဲ့ သဘောတွေပဲ။ အဲဒီ အခြေအနေကောင်းတွေကို လုပ် မပေးနိုင်ဘူးဆိုရင်လည်း တရားထူးတရားမြတ် မရနိုင် ဘူးတဲ့။ ဒါကြောင့်မို့ တရားနာပြီလို့ဆိုတဲ့ အချိန်မှာ “ဝိက္ခိတ္တစိတ္တော ဓမ္မံ သုဏာတိ” တရားနာတဲ့ပုဂ္ဂိုလ်ဟာ ပျံ့လွင့်တဲ့စိတ်နဲ့ တရားနာတယ်၊ သမာဓိစွမ်းအား မရှိဘူး ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ တရားပေါ်မှာ အာရုံမရောက်နိုင် သည့် အတွက်ကြောင့် တရားထူး တရားမြတ်ကို မရနိုင် ဘူးတဲ့။ ဒီပုဂ္ဂိုလ်ဟာ တရားထူးတရားမြတ် မရနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့်မို့ တရားနာပြီ ဆိုလို့ရှိရင် လည်း တရားပေါ် တရားတည်းဟူသော အာရုံတစ်ခု တည်းပေါ်မှာ စိတ်အစွမ်းကုန်စိုက်ပြီးတော့ နာဖို့လိုအပ် တယ်။

နောက်တစ်ခု လိုအပ်တာ ဘာလဲဆိုရင် ဟောထား တဲ့ တရားအစဉ် ဒေသနာအပေါ် ရှင်းလင်းပြောဆိုချက် အပေါ်မှာ ယောနိသောမနသိကာရ မှန်ကန်တဲ့ အတွေး အမြင်လေး ရှိဖို့လိုသေးတယ်။ မှန်ကန်တဲ့အတွေး ရှိရမယ်။ နောက်တစ်ခု လိုအပ်ချက်က တရားနာပြီဆိုလို့ ရှိရင် ကိုယ်မသိတာကို သိတယ်လို့ တချို့က တရားနာ တယ်၊ ဒါ ငါသိပြီးသားတွေပဲလို့ စိတ်က မသိတာကို သိတယ်လို့ ထင်ပြီးတော့ တရားနာလို့ရှိရင်လည်းပဲ အဲဒီ ပုဂ္ဂိုလ်ဟာ တရားထူးတရားမြတ် မရနိုင်ဘူးတဲ့။ အခြေ အနေတွေက အဲသလိုရှိတယ်။

အခြားလိုအပ်တဲ့ အခြေအနေတွေ ရှိသေးတယ်။ ဒါတွေကတော့ သူတော်စင်တွေနဲ့ သိပ်ပြီးတော့မဆိုင် ဘူး။ တရားနာတဲ့အခါမှာ အရေးကြီးဆုံးက ပင်ကိုယ် အခြေအနေက သာသနာတော်နဲ့လျော်တဲ့ အတွေး အမြင်တွေ ရှိထားဖို့ လိုအပ်တယ်။ သာသနာတော်နဲ့ မလျော်တဲ့ အတွေးမမြင်တွေကို ခံယူထားပြီးတော့ တရားနဲ့ ပတ်သက်လာတဲ့အခါမှာ လက်တွေ့ဆန်ဆန် သုံးသပ်ဆင်ခြင်မှု မပြုဘဲနဲ့ တလွဲကိုအတွေးချော်နေတဲ့ “အယောနိသောမနသိကာရ” မျိုးတွေ ဝင်လာလို့ရှိရင် တော့ ထိုပုဂ္ဂိုလ်ဟာ တရားထူးတရားမြတ် မရနိုင်ပါဘူး တဲ့။

မြတ်စွာဘုရားက သမ္ပတ္တနိယာမသုတ် လို့ ဆိုပြီး တော့ (၃)မျိုး ဟောထားတာ။ အဲဒီ (၃)မျိုးထဲက ကောက်နုတ်ပြီးတော့ အကျဉ်းချုပ် ပြောလိုက်မယ် ဆိုလို့ရှိရင် အရေးအကြီးဆုံးက လူ့ဘဝဟာ တိဟိတ် ပဋိသန္ဓေနဲ့ စခဲ့ဖို့ဟာ အရေးအကြီးဆုံးပဲ။ ဒါနဲ့တင် လုံလောက်ပြီလားဆို မလုံလောက်သေးဘူး။ သဒ္ဓါ စွမ်းအားတွေရှိရမယ်။ ဆန္ဒစွမ်းအားတွေ ပြင်းထန်ရ မယ်။ အသိပညာတွေ တိုးတက်လာအောင် လုပ်ရမယ်။ တရားနာတဲ့အချိန်မှာ ယောနိသောမနသိကာရ မှန်ကန် တဲ့ တွေးတောမှုလေးတွေ ရှိရမယ်။ ဒီအချက်တွေဟာ အင်မတန်မှ အရေးကြီးတယ်။ အဲဒီအချက်တွေအပြင် ခုနက လွဲမှားသွားတဲ့ မလုပ်သင့်၊ မလုပ်ထိုက်တာ တွေကို သွားလုပ်မိတဲ့ အာနန္တရိယကံမျိုး ကျူးလွန်တာ မရှိဖို့ လိုအပ်တယ်။

အဇာတသတ်မင်းဝတ္ထု

အဇာတသတ်မင်းကြီးရဲ့ ဇာတ်လမ်းကို ကြည့် ကြည့်။ အားလုံးသိကြတယ် အဇာတသတ္တု ဆိုတာ ဗိမ္ဗိသာရမင်းကြီးရဲ့ မိဖုရားခေါင်ကြီးကမွေးတဲ့ သား တစ်ပါး။ သူသန္ဓေတည်တဲ့အချိန်မှာ မိဖုရားကြီးမှာ ဘာ ဆန္ဒတွေ ဖြစ်တုန်းဆို ဘုရင်ကြီးရဲ့ လက်ရုံးသွေးကို သောက်ချင်တဲ့ဆန္ဒဖြစ်တယ်။ ကြည့်နော် သန္ဓေတည် ကတည်းကနေ ဘုရင်ကို သတ်ချင်တဲ့စိတ်က ဘယ် လောက်ပေါ်နေလဲ။ သွေးသောက်ချင်တယ်။ သွေးစုပ် ချင်တယ်။ ဘုရင့်ရဲ့သွေးကို စုပ်ချင်တယ်။ သူ့ အဖေရဲ့ သွေးကို စုပ်ချင်တယ်ဆိုတဲ့ စိတ်ဓာတ်ဟာ မိခင်လုပ်တဲ့ ပုဂ္ဂိုလ်မှာ လာပေါ်နေတယ်။

အဲဒီလို လာပေါ်နေတာဟာ သာမန်ဆန္ဒမျိုး မဟုတ်ဘူး။ အဲဒီဆန္ဒက ဖြေဖျောက်လို့မရတဲ့ဆန္ဒဖြစ်တဲ့ အတွက်ကြောင့် လူဟာ တစ်နေ့တစ်ခြား ပိန်လာတယ်။ ထုတ်ပြောဖို့လည်း အင်မတန်ခက်တယ်။ သွေးကို သောက်ချင်တယ်နော်၊ သွေးစုပ်ဘီလူးမ အဖြစ်မျိုး ရောက်ရမှာမျိုးဖြစ်တော့ မပြောရက်ဘူး၊ မပြောဝံဘူး။ သို့သော် အဲဒီ စိတ်ဆန္ဒက လွှမ်းမိုးကြီးစိုးထားသည့် အတွက်ကြောင့် အဲဒီ မိဖုရားကြီးဟာ တစ်နေ့တစ်ခြား မလန်းဘူး။ ပိန်လာတယ်။

ဘုရင်ကြီးက အတင်းအကျပ်မေးတဲ့အခါမှာ သူ့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြောတော့ ဘုရင်ကြီးက လိုက်လျော တယ်။ ရွှေဓားလေးနဲ့ သူ့ရဲ့လက်မောင်းသွေးကို သူ့ ဘာသူ ခွဲပြီးတော့ အဲဒီသွေးလေးကို ရေနဲ့ရောပြီးတော့ တိုက်လိုက်တယ်။ အာသာဆန္ဒ ပြည့်တယ်။

ကြည့်နော် - အဲသလိုအဖြစ် ဇာတ်လမ်းလေးကို ကြည့်တဲ့အခါ ဘုရင့်အနီးမှာ အကြံပေးတဲ့ ပုရောဟိတ် ပုဏ္ဏားတွေက ဘာပြောတုန်း။ “အေး၊ မိဖုရားကြီး မွေးလာတဲ့ကလေးဟာ ဘုရင့်ရဲ့ရန်သူတော်၊ ဘုရင်ကို သတ်မယ့်သူ ဖြစ်လိမ့်မယ်။ မမွေးခင်ကတည်းက ရန်သူ” လက်ရုံးသွေးကို ဖောက်သောက်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ “မမွေးခင်က” ဆိုတာ “အဇာတ“၊ “ရန်သူ” ဆိုတာ “သတ္တု” မမွေးခင်က ရန်သူဖြစ်နေသူလို့ နာမည်ကို “အဇာတသတ္တု” လို့ ခေါ်တာ။

အေး၊ ဗေဒင်ဟောထားတဲ့အတိုင်းပဲ အသက် အရွယ် ရောက်လာတဲ့အခါကျတော့ ဘုရင်ကြီးကို နန်းကချပြီး ထောင်သွင်းအကျဉ်းချတယ်။ နောက်ဆုံး အားလုံးကြားဖူးထားတဲ့ ဇာတ်လမ်းပဲ။ ခြေဖဝါး ဓားနဲ့ခွဲ ဆားသိပ် မီးကင် ဘုရင်ကြီးသေရတာပဲလေ။ အဖေ သတ်တဲ့ကံကို သူကျူးလွန်လိုက်တာ။

အဇာတသတ်ဟာ တကယ်တော့ လူညံ့မဟုတ် ဘူး။ သူ့ရဲ့ဘဝကို ဘာနဲ့စတာတုန်း၊ တိဟိတ်ပဋိသန္ဓေ အလွန်ထက်မြက်တဲ့ အသိဉာဏ်နဲ့ စ,ထားတာ။ ဉာဏ် ထက်တဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ။ သို့သော် “ပိတုဃာတက” ကံကြီးကို ကျူးလွန်လိုက်တာ ပြင်လို့မရတဲ့ အမှားကြီး တစ်ခုပေါ့။ သူ့အဖေသတ်ပြီးကတည်းက အိပ်စက်ဖို့ မှေးလိုက်တာနဲ့ တစ်ပြိုင်နက် သူ့ကိုဝိုင်းပြီးတော့ လှံ တွေနဲ့ ထိုးနေသလို ခံစားရပြီးတော့ လန့်လန့်နိုးလာ တယ်။ အဲဒီ ဘုရင်ကြီးရဲ့ ခံစားချက်က အဲသလိုဖြစ်လာတယ်။ စိတ်ဖိစီးမှုဒဏ်ကို ခံနေရတယ်။ အဖေသတ်ပြီးတဲ့ နောက်မှာ သူက စိတ်တွေ ဂယောင်ခြောက်ခြား ဖြစ်နေ တယ်။ အိပ်လို့မရဘူး။

အဲဒါကြောင့်မို့ သူ အိပ်ရမှာ သိပ်ငြီးငွေ့တယ်။ အမြဲတမ်း သူ့နားမှာ မှူးမတ်အခြံအရံတွေနဲ့ ဒီလိုနေ တာ။ တစ်ခုသော တန်ဆောင်မုန်းလပြည့်နေ့။ လ, ကလည်း အင်မတန်သာတာ။ ကြယ်တွေကလည်းစုံ။ နန်းရင်ပြင် နန်းတော်ရဲ့ လသာဆောင်ကြီးမှာ မှူးမတ် အပေါင်းခြံရံပြီးတော့ အဲဒီမှာ ထိုင်နေတာ။ ဘာလို့ ထိုင်နေတုန်းဆို အိပ်ရမှာ သူကြောက်တယ်။ အိပ်ယာ ဝင်ရမှာ ကြောက်တယ်။

မြတ်စွာဘုရားထံ သွားချင်တယ်။ မသွားရဲဘူး။ ဘာလို့မသွားရဲလဲ၊ ဒေဝဒတ်ကို အားပေးအားမြှောက် လုပ်ပြီးတော့ ဘုရားကိုသတ်ဖို့ လေးသမားတွေ လွှတ် တာလည်း သူပါတယ်။ နာဠာဂီရိဆင်ကြီးကို အရက် တိုက်ပြီးတော့ လွှတ်တာလည်း သူပါနေတယ်။ နောက် က ဗိမ္ဗိသာရမင်းကြီးကတော့ သူကိုယ်တိုင်လုပ်တာ။ အဲတော့ ဘုရားနဲ့ပတ်သက်ပြီး သူက ပြစ်မှားမှုတွေ များနေတယ်။ ရန်သူလုပ်ထားတာဆိုတော့ ဘုရားထံ လည်း မသွားရဲဘူး။ သို့သော်လည်း သွားချင်တယ်။

အဲဒီနေ့ည “ဒီလိုသာယာတဲ့ ညကလေးမှာ သူတော်သူမြတ်တွေဆီ ဆည်းကပ်ရရင် ကောင်းမှာပဲ” လို့ ပြောတဲ့အခါမှာ အမတ်တွေဆိုတာ ဘာသာအမျိုး မျိုး ကိုးကွယ်ကြတာကိုး။ မက္ခလိဂေါသာလ ကိုးကွယ်တဲ့ အမတ်ကလည်း မက္ခလိဂေါသာလဆီသွားလို့ တိုက် တွန်းတယ်။ ပုရဏကဿပ ကိုးကွယ်တဲ့ အမတ်က လည်း ပုရဏကဿပဆီ သွားဆိုလို့။ ဒိဋ္ဌိဆရာကြီး ခြောက်ယောက်တွေကို ကိုးကွယ်တဲ့ အမတ်တွေက ဆိုင်ရာဆိုင်ရာ သူတို့ဆရာဆီသွားဖို့ ဘုရင်ကြီးကို ခေါ်ကြတယ်ပေါ့။ သူက အဲဒါတွေ စိတ်မဝင်စားဘူး။ သူစိတ်ဝင်စားတာက ဇီဝကကြီးက သူ့ရဲ့သရက်ဥယျာဉ် ထဲမှာ ကျောင်းဆောက်ပြီးတော့ ကိုးကွယ်ထားတဲ့ ဂေါတမဘုရားဆီသွားချင်တာ။ ဇီဝကကြီးက တုတ်တုတ် မှ မလှုပ်ဘူး။ သူဘာမှ မပြောဘူး။ မပြောတော့ ဘုရင်ကြီး ကိုယ်တိုင်က “ဟေ့ သူငယ်ချင်း ဇီဝက၊ မင်းဘာဖြစ်လို့ ငြိမ်နေတာလဲ”

ဇီဝကနဲ့ ငယ်ငယ်တုန်းက ကစားဖက်နဲ့တူပါတယ်။ ဘာဖြစ်လို့တုန်းဆို ဇီဝက က သူ့ရဲ့နောင်တော်ဖြစ်တဲ့ “အဘယ” မင်းသားက မွေးစားထားတာကိုး။ မွေးစား ထားတော့ နန်းတော်မှာ ကြီးပြင်းခဲ့တဲ့ ပုဂ္ဂိုလ်ပဲ။ “အဘယ” မင်းသား မွေးစားထားတဲ့ ဇီဝကကြီးကို “ဟေ့ သူငယ်ချင်း၊ မင်းဘာဖြစ်လို့လဲ၊ မင်းမှာ ကိုးကွယ်တဲ့ဆရာ မရှိဘူးလား။ မင်းဘာဖြစ်လို့ ငြိမ်နေတာတုန်း” ဆိုတော့ ဇီဝကကြီးက လျှောက်တယ်။ “အရှင်မင်းတရား၊ ကျွန်ုပ် ရဲ့ သရက်ဥယျာဉ်ထဲမှာ မြတ်စွာဘုရား သံဃာ(၂၅၀)နဲ့ သီတင်းသုံးနေပါတယ်။ အဲဒီကြွပြီး ဆည်းကပ်ပါ” တဲ့။ သွားချင်တာလည်း အဲဒီပဲလေ။ ငိုချင်ရဲ့လက်တို့ ပေါ့။ ချက်ခြင်းပဲ ဇီဝကကြီးကို “ကဲ ဒါဆို မင်းသွားဖို့ ပြင်ဆင်ပေတော့” လို့ဆိုတယ်။

ဆင်မယဉ်သာ(၅၀၀)နဲ့၊ ညကြီးဆိုတော့ တိတ် တိတ် ဆိတ်ဆိတ် သွားချင်တယ်။ မြင်းနဲ့သွားရင် မြင်းခွာသံတွေ ဆူသွားလိမ့်မယ်။ အဲဒါကြောင့်မို့ ဆင်တွေ (၅၀၀)နဲ့ သွားတာ။ ဇီဝကကြီးက ချက်ချင်း ဆင်ထိန်း တွေခေါ်ပြီး ဆင်တွေ (၅၀၀) စီစဉ်ခိုင်းလိုက်တယ်။ ဆင် (၅၀၀)ပေါ်မှာ အမျိုးသမီးတွေကြီးပဲ ဘုရင်ရဲ့ ကိုယ်ရံတော်အဖြစ်တင်ပြီးတော့ ညတွင်းချင်း အဲဒီ ဇီဝကရဲ့ သရက်ဥယျာဉ်ကို ရောက်သွားတယ်။

ရောက်သွားပြီး ဟိုကျတော့ ဘုရားနဲ့တွေ့တဲ့ခါ စကားမပြောဝံ့ဘူး။ ရုတ်တရက် သံဃာတွေက ငြိမ်နေ ကြတယ်။ ဘုရင်ရောက်လာကတည်းက တုတ်တုတ်မှ လှည့်ကြည့်တဲ့သူ မရှိဘူး။ ငြိမ်နေကြတယ်။ အဲသလို ငြိမ်နေတာမြင်တော့ သူဘာသူသွားပြီး စိတ်ထဲပေါ်လာ သလဲဆိုတော့ သူ့မှာ သားတော်လေးတစ်ပါး ထွန်းကားတာရှိတယ်။ “ဥဒယဘဒ္ဒ” တဲ့။ “အေး၊ ငါ့ သားလေး ဥဒယဆဒ္ဒ ဒီသံဃာတွေ ငြိမ်သက်သလို ငြိမ်နေရင်၊ လိမ္မာယဉ်ကျေးရင် ဘယ်လောက်ကောင်း မလဲ” လို့ ရဟန်းတွေ ငြိမ်သက်တာကိုကြည့်ပြီး သားကို သတိရတယ်။

ဒီအချိန်မှာ မြတ်စွာဘုရားက သူ့စိတ်ကိုသိတော့ ဘာပြောလိုက်လဲ။ ဘုရားကစပြီး စကားပြောရတာ နော်။ ဘုရင်ကြီးက မပြောရဲဘူး။ မြတ်စွာဘုရားက “ဒကာတော် မင်းတရားကြီး၊ အချစ်ဆုံးပုဂ္ဂိုလ်ဆီ စိတ် ရောက်နေတာလား” လို့ မေးလိုက်တယ်။ အဲဒီကျတော့မှ သူအံဩသွားတယ်။ “ဩော် ငါက ဒေဝဒတ်ကို အားပေး ပြီးတော့ ဘုရားကိုသတ်ဖို့ ကိစ္စတွေ ငါအစွမ်းကုန် အကူအညီပေးထားခဲ့တယ်။ ဘုရားက ငါ့အပေါ်မှာ ဘယ်လိုမှ အမုန်းမထားပါလား” လို့ စိတ်ထဲမှာ ကြည်နူး ဝမ်းသာသွားပြီးတော့ “အရှင်ဘုရားတဲ့၊ သား ဥဒယဘဒ္ဒ ကို တပည့်တော်အင်မတန်မှချစ်ပါတယ်၊ ဒီသားလေးက ဟောဒီ သံဃာတော်တွေလို ငြိမ်သက်ရင်ကောင်းမှာပါ ဘုရား” လို့ လျှောက်တယ်။ စကားစလေး ရသွားတဲ့ အခါမှာ မြတ်စွာဘုရားကို သူကမေးတယ်။ “အရှင်ဘုရား တဲ့ လောကမှာ အတတ်ပညာရှင်တွေဟာ၊ ဆိုပါစို့-လေး သမားကလည်း ဘုရင့်ထံ အမှုတော်ထမ်းမယ် ဆိုလို့ ရှိရင် လေးပညာကို အကြောင်းပြုပြီးတော့ သူ စားဝတ် နေရေးပြည့်စုံတယ်။ ဆုတွေလာဘ်တွေ ရတယ်။ တခြား ပညာရှင်တွေကလည်းပဲ ထို့အတူပဲ၊ မိမိပညာကို အသုံး ချပြီးတော့ ဒီဘဝမှာပဲ စားဝတ်နေရေး ပြည့်စုံပြီးတော့ ဆုတွေ လာဘ်တွေ ရနိုင်တယ်။ ဒီဘဝတင်ပဲ အကျိုး တွေ ခံစားရမယ်။ အဲဒါလိုပဲ အရှင်ဘုရားတို့လို သင်္ကန်း ဝတ်တာကလည်း ဒီဘဝမှာပဲ ရနိုင်တဲ့အကျိုးရှိသလား။ လက်တွေ့ဘဝမှာ ခံစားရတဲ့ အကျိုးရှိသလား”

မြတ်စွာဘုရားက ရှင်းလင်း ဟောတယ်လေ။ “အရှင်မင်းကြီးရဲ့အခွန်ကို ထမ်းနေတဲ့ အခွန်ဝန်ထမ်း တစ်ယောက်ဟာ စဉ်းစားတယ်တဲ့၊ အဇာတသတ် မင်းကြီးလည်း လူပဲ၊ ငါလဲ လူပဲ။ အေး၊ သူ့ကျတော့ ချမ်းသာလိုက်တာ။ ငါ့ကျတော့ နေပူထဲမှာ အလုပ်လုပ် ရတယ်။ အဲတော့ သူ့ကုသိုလ်ကံတွေရဲ့ အကျိုးကြောင့် ဒီလိုခံစားရတာ၊ ငါလဲပဲ ကုသိုလ်ကောင်းမှုတွေလုပ်မှ ဆိုပြီး လူ့ဘဝ လူ့လောကကြီးကို စွန့်ပြီးတော့ ရဟန်း ဝတ်မယ်။ အဲသလို ရဟန်းဝတ်သွားတဲ့အခါ အသင် မင်းကြီးက အမိန့်ထုတ်မလားတဲ့။ “ငါ့ကို အခွန်တွေ ပေးဆပ်နေတဲ့ ဒီလယ်သမားတစ်ယောက် ဘယ်ရောက် သွားသလဲ” လို့ မေးတော့ “ရဟန်းဝတ်သွားပြီ” ဆိုရင် “အေး၊ ရဟန်းဘဝက ထွက်လာခဲ့၊ အရင်ကလိုပဲ အခွန် ဝန်ထမ်း လုပ်ရမယ်လို့ အရှင်မင်းကြီး ပြောမလား” “မပြောပါဘူး ဘုရား” တဲ့။ “ရဟန်းဖြစ်သွားရင် တပည့်တော်ကိုယ်တိုင်က လိုအပ်တဲ့ အကူအညီတွေ ပေးပြီးတော့ ပစ္စည်း(၄)ပါး ထောက်ပံ့လှူဒါန်းမှာပါ“လို့ ပြောတော့ မြတ်စွာဘုရားက “အဲဒါဆိုရင် ရဟန်းဘဝက လက်တွေ့အကျိုး မရဘူးလား။ ဒီတစ်ခုကြည့်တာနဲ့ပဲ လက်တွေ့အကျိုး မသိနိုင်ဘူးလား” တဲ့။

ဘုရင်ကြီးကို အဲသလိုစပြီး ရှင်းပြပြီး ဒါက သာမန် အကျိုးတရားပါ၊ ရဟန်းပြုသည့် အတွက်ကြောင့် လက်တွေ့ရတဲ့ အကျိုးတရားတွေက စျာန်တရားတွေ မဂ်တရားတွေ ဖိုလ်တရားတွေ ဆိုတဲ့ အဆင့်မြင့်တဲ့ တရားတွေနဲ့ မြတ်စွာဘုရားက ရှင်းလင်းပြီးတော့ ဟောပြောတဲ့သုတ်ကို သာမညဖလသုတ် လို့ခေါ်တယ်။ ရဟန်းဘဝ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဟောကြား တာ။

မြတ်စွာဘုရားရှင်းလင်းဟောကြားတဲ့ သာမညဖလသုတ်ကို ကြားနာရတဲ့အခါမှာ အဇာတသတ် မင်းကြီးဟာ သူလိုချင်တဲ့၊ နှစ်ပေါင်းများစွာက သိချင်နေ တဲ့ အဖြေကို သိရသည့်အတွက်ကြောင့် အလွန် ဝမ်းမြောက်သွားတယ်၊ အလွန်ဝမ်းသာတယ်၊ ကျေနပ် တယ်။ အသိဉာဏ်တွေလည်း တဖွားဖွား ဖြစ်လာတယ်။ သို့သော် တရားထူးရလားလို့ဆိုတော့ မရဘူး။ ဘာဖြစ် လို့ မရလဲ။ အဖေသတ်တဲ့ ကံက တားဆီးထားလို့ မရတာတဲ့။

အဇာတသတ်မင်းကြီး ပြန်သွားတဲ့အခါ မြတ်စွာ ဘုရားက ရဟန်းတွေကို မိန့်တယ်။ ဒီ အဇာတသတ် မင်းကြီးက သူ့ကိုယ်သူ ဖျက်ဆီးလိုက်တာပဲတဲ့။ အကယ် ၍သာ သူ အဖေကိုသတ်တဲ့ ပိတုဃာတကကံကို မကျူး လွန်ခဲ့ဘူး ဆိုလို့ရှိရင် ဒီကနေ့ သူ သောတာပန်ဖြစ်သွား ပြီး ဓမ္မစက္ခု ကို ရရှိသွားမှာဖြစ်တယ်။ ကြည့်လေ အဇာတသတ်မင်းကြီးဟာ အခြေအနေကောင်းတွေ ရှိပေမယ့်လို့ အဲဒီ အခြေအနေကောင်းတွေကို ဆို့ပိတ် ဖျက်ဆီးပစ်လိုက်တဲ့ ကံဆိုးတစ်ခု မလုပ်သင့် မလုပ် ထိုက်တာ၊ ပြင်လို့မရတဲ့ အမှားတစ်ခုကို ပြုလုပ်မိသည့် အတွက်ကြောင့် အခြေအနေကောင်းဟာ ပျက်ဆီး ဆုံးရှုံးသွားရတယ်ပေါ့။

အဲဒါကိုပြောတာ၊ ကမ္မာဝရဏ ဆိုတာ ကိုယ်လုပ် ခဲ့တဲ့ကံဟာ ဆို့ပိတ်ပစ်လိုက်သည့်အတွက်ကြောင့် ဘယ် လိုပဲ တရားနာနာ၊ ဘယ်လိုပဲ တရားအားထုတ်ထုတ် ဒီဘဝမှာတော့ အခြေအနေ မပေးတော့ဘူးလို့နော်။ အဲဒီတော့ ဘုန်းကြီးတို့တစ်တွေမှာ ပြန်ကြည့်ပေါ့၊ တို့မှာ သန္ဓေနေခဲ့တာ ပဋိသန္ဓေက တိဟိတ်ပဋိသန္ဓေနဲ့ နေခဲ့ သလား၊ မနေခဲ့ဘူးလား။ ကိုယ့်ဘာကိုယ် ဆန်းစစ်ကြည့်၊ ဆန်းစစ်ကြည့်လို့ရှိရင် အက္ခဏသုတ်အရ ပြောရမယ် ဆိုလို့ရှိရင် ပြောတဲ့စကားတစ်ခု အကောင်းပြောတာ လား အဆိုးပြောတာလား ကြာရှည်စွာမစဉ်းစားရဘဲနဲ့ လူတစ်ယောက်က ပြောတဲ့အခါမှာ အကောင်းပြောတာ လား၊ အဆိုးပြောတာလားလို့ သိနိုင်စွမ်းရှိတယ် ဆိုလို့ ရှိရင် ဒါ တိဟိတ်ပဋိသန္ဓေပဲ။ တချို့ပုဂ္ဂိုလ်က အဲ သလောက်ကို သိနိုင်စွမ်းမရှိဘူး၊ ဘေးကလူက ပြောပေး ရတယ် “မင်းကို ဒါ မကောင်းတာတွေ ပြောနေတာ” အဲသလိုပြောမှ သူကသိတယ်။ အေး၊ တိဟိတ်ပဋိသန္ဓေ နေတဲ့ ပုဂ္ဂိုလ်ကျတော့ သုဘာသိတ ဒုဗာသိတ အကောင်းပြောတယ်၊ အဆိုးပြောတယ်ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ချက်ချင်းရှင်းရှင်းလင်းလင်း သိမြင်သွားနိုင် တယ်။ အဲလိုသိစွမ်းနိုင်တဲ့ပုဂ္ဂိုလ်ဟာ တိဟိတ်ပဋိသန္ဓေ နေတဲ့ ပုဂ္ဂိုလ်လို့ ဆုံးဖြတ်လို့ရပါတယ်။ သာမန်ကိစ္စလေး ကိုပဲ အတော်စဉ်းစားမှ သိတဲ့ပုဂ္ဂိုလ်ကျရင်တော့ ဒါ ဒွိဟိတ်ပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ်လို့ ပြောရမယ်။ ချက်ချင်း လက်ငင်း စကားပြောလို့ အဓိပ္ပာယ်ကို ရှင်းရှင်း လင်းလင်းကြီး နားလည်သွားတဲ့ပုဂ္ဂိုလ်ဟာ ဒါ တိဟိတ် ပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ်လို့ ပြောရမှာပဲ။

ကောင်းပြီ တိဟိတ်ပဋိသန္ဓေနေခဲ့ရင် ဘုန်းကြီးတို့ တစ်တွေဟာ ဝိပါကာဝရဏ လို့ဆိုတဲ့ သန္ဓေစိတ်ရဲ့ တားဆီးမှုကို မခံရလို့ တရားထူးတရားမြတ် ရနိုင်တယ်။ အေး၊ တရားထူးတရားမြတ် ရဖို့ရန်အတွက် အခြေ အနေဆိုးတွေ မကျူးလွန်မိဖို့ လိုအပ်တယ်။ ပဉ္စာနန္တရိယ ကံ ကင်းရှင်းရမယ်။ နိယတမိစ္ဆာဒိဋ္ဌိ ဆိုတဲ့ အယူမှား လက်ခံထားတာ ကင်းရှင်းရမယ်။ ကောင်းပြီ အဲဒီနှစ်ခု ကင်းရှင်းသွားပြီ ဆိုလို့ရှိရင် ကိုယ့်သန္တာန်မှာ အားဖြည့် ပေးရမှာတွေက ဘာတွေတုန်းဆို သဒ္ဓါစွမ်းအား၊ တရားထူးတရားမြတ်ကို ရလိုတဲ့ ဆန္ဒစွမ်းအား။ အဲဒီ သဒ္ဓါစွမ်းအား၊ ဆန္ဒစွမ်းအားပေါ်မှာ အခြေခံပြီးတော့ တရားဓမ္မကို သိလိုတဲ့ ဉာဏ်စွမ်းအားတွေ၊ တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ သိလာအောင်ကြိုးစားတဲ့ ဉာဏ် စွမ်းအားတွေ ဒါတွေရှိဖို့လိုအပ်တယ်။

အဲဒါတွေနဲ့ပြည့်စုံလာပြီ ဆိုလို့ရှိရင်တော့ တရားထူး တရားမြတ် ရလာနိုင်ပါတယ်။ မြတ်စွာဘုရားက သူတော်ကောင်းတရားကို ကြားနာလို့ သမ္မတ္တနိယာမ ဆိုတဲ့ မဂ်တရားကို ရထိုက်တဲ့ ပုဂ္ဂိုလ်ဟာ အခုလို အခြေအနေကောင်းတွေနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဟောတယ်။

တရားနာရင် ရဖို့အတွက်ကျတော့ ဘာတွေလိုအပ် သလဲ ဆိုလို့ရှိရင် တရားထဲမှာ အာရုံစိုက်နာဖို့ လိုအပ် တယ်။ ပျံလွင့်တဲ့စိတ်နဲ့ တရားမနာပါနဲ့။ တရားထဲမှာ အာရုံစိုက်ပြီးတော့ တည်ငြိမ်နေတဲ့ သမာဓိစိတ်နဲ့ တရားနာပါ။ နာပြီဆိုတဲ့အခါမှာလည်းပဲ တရားပေါ်မှာ မှန်ကန်တဲ့အတွေး ဆိုတဲ့ ယောနိသောမနသိကာရ ရှိရပါမယ်။ အဲသလိုရှိပြီဆိုလို့ရှိရင် ဘုန်းကြီးတို့တစ်တွေ ဟာ တရားနာရင်းလဲတရားထူးရနိုင်ပါတယ်။ သမ္မတ္တနိယာမ အင်္ဂုတ္တရနိကာယ် မှာလာတဲ့ သမ္မတ္တနိယာမ (၆)သုတ် ကနေပြီးတော့ ဘုန်းကြီးတို့ အကျဉ်းချုပ် ကောက်နုတ်ပြီးတော့ ဟောထားတာ ဖြစ်ပါတယ်။

ဒါကြောင်မို့လို့ တရားချစ်ခင် သူတော်စင်ပရိသတ် တို့သည် မိမိတို့ရဲ့ ဘဝအခြေအနေတွေကို မိမိတို့ ကိုယ်တိုင် အသိဆုံးဖြစ်လို့ မိမိတို့ရဲ့ ဘဝအခြေအနေ တွေကို မိမိတို့ကိုယ်တိုင် သုံးသပ်ပြီး သဒ္ဓါစွမ်းအားတွေ မြင့်လာအောင်လုပ်ဖို့၊ ဆန္ဒစွမ်းအားတွေ မြင့်အောင် လုပ်ဖို့၊ ပညာစွမ်းအားတွေ ကြီးထွားလာအောင်လုပ်ဖို့ ဆိုတာ ဒို့တစ်တွေလုပ်ရမယ့် အလုပ်တွေပဲ။ သဒ္ဓါ စွမ်းအားတွေ လျော့နည်းနေတယ်၊ ဆန္ဒစွမ်းအားတွေ လျော့နည်းနေတယ်၊ ပညာစွမ်းအားတွေ မလုံလောက် သေးဘူးဆိုရင် ဒီဘဝမှာ ဒို့ တရားထူးရမှာ မဟုတ်ဘူး။ တရားထူး ရချင်တဲ့ဆန္ဒ၊ တရားထူး ရလောက်အောင် မြင့်မားတဲ့ ပညာ၊ တရားထူး ရလောက်အောင် စွမ်းဆောင်ပေးနိုင်တဲ့ သဒ္ဓါစွမ်းအားတွေ ဒို့ သန္တာန်မှာ ရှိရမှာလို့ ကိုယ်စီ ကိုယ်စီ သတိထားပြီးတော့ မိမိတို့၏ ဘဝအခြေအနေကို မိမိတို့ကိုယ်တိုင် ဆင်ခြင်သုံးသပ်လို့ ဒို့တစ်တွေဟာ တရားထူးရနိုင်သူ ဟုတ်၊ မဟုတ် ကိုယ့် ဘာကိုယ် ဆုံးဖြတ်ပြီးတော့ ဗုဒ္ဓမြတ်စွာ သာသနာတော် နဲ့ ကြုံတွေ့နေရတဲ့ အချိန်မှာ ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်ဆိုတာကို အားလုံးသတိထားပြီး ကြိုးစား အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။

နနန

9t9csztdwtr2ilzo5ycxxb1xirwt2jp
စိတ်၏အညစ်အကြေးများကို ဖယ်ရှားခြင်း
0
5913
22126
21633
2026-06-15T03:21:06Z
Tejinda
173
22126
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စိတ်၏အညစ်အကြေးများကို ဖယ်ရှားခြင်း
| previous = [[တရားထူးရနိုင်သူ]]
| previous2 =
| next = [[မြတ်ဗုဒ္ဓဒေသနာ နှင့် ယနေ့ကမ္ဘာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စိတ်၏အညစ်အကြေးများကို ဖယ်ရှားခြင်း

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တပို့တွဲ လဆန်း (၁၀)ရက်၊ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်၊ မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေရွှေသာလျောင်း ဓမ္မဗိမာန် တော်အတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သော ရတနာလူငယ် ဗုဒ္ဓဒေသနာတော် ပြန့်ပွားရေးအဖွဲ့၏ (၄)နှစ်ပြည့် အထိမ်းအမှတ် တရားတော်များကို ပူဇော်ခြင်း အထူးဓမ္မသဘင်အခမ်းအနား၌ ချမ်းမြသာစည်မြို့နယ်၊ (၆၄)လမ်း၊ ဏ ၁/၉၈ နေ မိခင်ကြီး ဒေါ်သောင်းစိန်အား ရည်စူး၍ ဦးညိုဝင်း+ဒေါ်သန်းတင် သားသမီးမြေးမြစ် တစ်စုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “စိတ်၏အညစ်အကြေးများကို ဖယ်ရှားခြင်း” အကြောင်း တရားဒေသနာတော်။

“စိတ်၏အညစ်အကြေးများကို ဖယ်ရှားခြင်း” ဗုဒ္ဓ မြတ်စွာရဲ့အဆုံးအမ ဒေသနာတော်အရ နိဗ္ဗာန်ရောက် ကြောင်း ကျင့်စဉ်တစ်ခုကို ကျင့်ကြံကြိုးကုတ် အားထုတ် နေတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ သံသရာဝဋ်ဆင်းရဲထဲမှာ ကျင်လည်နေရခိုက် ဆင်းရဲဒုက္ခတွေ နည်းနိုင်သမျှ နည်းအောင် ကျင့်သုံးနေထိုင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် စိတ် ဖြူစင်အောင်လုပ်ဖို့ အင်မတန်မှ အရေးကြီးတယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က စိတ် ညစ်နွမ်းနေလို့ရှိရင် အခြေအနေဆိုးတစ်ခုကို ရင်ဆိုင် ရလိမ့်မယ်။ “စိတ္တေ သံကိလိဋ္ဌေ ဒုဂ္ဂတိ ပါဋိကင်္ခါ”

ဒုဂ္ဂတိဆိုတာ အပါယ်ငရဲ အပါယ်ဆင်းရဲကို ရည်ညွှန်း တဲ့စကားဖြစ်သော်လည်း “ဒုက္ခဿ ဂတိ ဒုဂ္ဂတိ” ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အပါယ်ငရဲကျတာဟာ ဒီထက် ပြင်းထန်တဲ့ ဆင်းရဲဒုက္ခဖြစ်တယ်။ သို့သော် စိတ် ညစ်နွမ်းလို့ရှိရင် အပါယ်ငရဲမကျတောင်မှ ဒုက္ခတွေ ကြုံတွေ့နိုင်တယ်လို့ ပြောတာ။ ဒါကြောင့်မို့ စိတ် ညစ်နွမ်းနေရင် ဒုက္ခကို ဖြစ်ပေါ်စေနိုင်တယ်။ ဒုက္ခ ရောက်နိုင်တယ်။ ဒုက္ခကိုသာ မျှော်လင့်ရတယ်။ သို့သော် လူတွေကမျှော်လင့်နေတာ သုခကို မျှော်လင့် တာ။ မိမိတို့မျှော်လင့်တဲ့သုခ ရမှာမဟုတ်ဘူးတဲ့၊ ဒုက္ခ ကိုပဲ ရမှာတဲ့။

တဖန် “စိတ္တေ ဝိသုဒ္ဓေ သုဂတိ ပါဋိကင်္ခါ” စိတ် စင်ကြယ် သန့်ရှင်းပြီဆိုရင် သုဂတိဘုံ သို့မဟုတ် “သုခဿ ဂတိ” ချမ်းသာသုခ ဖြစ်ပေါ်လာဖို့ရာ အတွက် မျှော်လင့်နိုင်တယ်။ ချမ်းသာသုခ ဖြစ်လာ နိုင်တယ်။ အဲဒီအဓိပ္ပါယ်ကို ခြုံငုံပြီးတော့ ပြောရမယ် ဆိုရင် “စိတ်ညစ်နွမ်းရင် ဒုက္ခရောက်တယ်၊ စိတ် ဖြူစင်ရင် ချမ်းသာသုခ ရနိုင်တယ်” အဲဒီလိုဆိုလိုတာ။ အဲဒီတော့ မြတ်စွာဘုရားရဲ့ တရားတော်ဟာ စိတ်ကို ပြုပြင်ဖို့ဟောတဲ့ တရားတွေချည့်ပဲ။ ဒီကနေ့ လောက သားတွေက အရေးတကြီး အလေးထား ပြင်နေကြတာ ရုပ်ကို ပြင်နေကြတာပဲ ဖြစ်တယ်။ ခေါင်းပေါ်က ဆံပင်လေး လှအောင်ပြင်တယ်၊ မျက်နှာလှအောင် ပြင်တယ်၊ အဝတ်အစားတွေ လှအောင်ပြင်တယ်၊ ကိုယ့်ပတ်ဝန်းကျင်တွေ လှအောင်ပြင်တယ်၊ သို့သော် စိတ်ကို လှအောင်ပြင်ဖို့ သတိမရတဲ့သူက ရာခိုင်နှုန်း များများပဲ။

စိတ်မှမလှရင် ရုပ်လည်းမလှနိုင်ဘူးလို့ စိတ်ကို အဓိကထားဟောတဲ့ ဒေသနာဖြစ်လို့ မြတ်စွာဘုရားရဲ့ ဒေသနာကို အပေါ်ယံလေ့လာတဲ့ ပုဂ္ဂိုလ်အချို့က ဗုဒ္ဓရဲ့ဟောပြောချက်ဟာ သို့မဟုတ် ဗုဒ္ဓဝါဒဟာ Idealism လို့ ပြောကြတယ်။ Idealism ဆိုတာ စိတ်ကိုသာ အရှိတရားအဖြစ် လက်ခံတဲ့ ဝါဒကို ခေါ်တာ။

မြတ်စွာဘုရားက အဲဒီလို မဟောဘူး၊ စိတ်သာ ရှိတယ်လို့ ဟောတာမဟုတ်ဘူး၊ စိတ်ကိုပြင်ဆင်ရမယ် လို့သာ ဟောတာ၊ စိတ်ကိုဖြူစင်အောင်ထားရမယ်လို့ ဟောတာ၊ စိတ်သာအရှိတရား ဒီလိုပြောတာ မဟုတ် ဘူး၊ စိတ်ဟာ အဓိကလို့ ဒီလိုပြောတာလည်း မဟုတ် ဘူး၊ စိတ်ဖြူစင်အောင်လုပ်ရမယ်လို့ပြောတာ၊ အဲဒီ တော့ သူတို့ဖွင့်ဆိုတဲ့ Idealism ဆိုတာနဲ့ တခြားစီ။ ဒါကြောင့်မို့ ဗုဒ္ဓဝါဒဟာ တစ်ချို့ပြောသလို Idealism မဟုတ်ဘူး။

Idealism ရဲ့ ဆန့်ကျင်ဘက်ကတော့ Materialism လို့ခေါ်တယ်၊ ရုပ်ဝါဒပေါ့။ ရုပ်ဝါဒဆိုတာ ရုပ်သာ အရှိတရား၊ စိတ်ဆိုတာက ရုပ်ကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့အရာလို့ ဆိုလိုတယ်။ ဒီိလိုအမြင်ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်းရှိတယ်။ မြတ်စွာဘုရားရဲ့ တရား တော်တွေကို လေ့လာကြည့်မယ်ဆိုလို့ရှိရင် ရုပ်သာ အရှိတရား မဟုတ်ဘူး။ ရုပ်လည်းရှိတယ် နာမ်လည်း ရှိတယ်။ ရုပ်နဲ့နာမ်နှစ်ခု ပေါင်းစပ်လိုက်တဲ့အခါမှာ စွမ်းရည်သတ္တိဆိုတာ ရလာတယ်။

ဝိသုဒ္ဓိမဂ်ကြည့်မယ်ဆိုရင် “ရူပံ နိတ္တေဇံ” ရုပ်ချည်း သက်သက် ဘာမှပါဝါမရှိပါဘူး၊ ရုပ်ချည်းသက်သက် စကားလည်းမပြောနိုင်ဘူး၊ စားလည်း မစားနိုင်ဘူး၊ သွားလည်း မသွားနိုင်ဘူး၊ ဒါကြောင့်မို့ “နိတ္တေဇ” ရုပ်သက်သက်ဟာ ပါဝါမရှိဘူး၊ စွမ်းရည်သတ္တိ မရှိဘူးလို့ ပြောတာ။ နာမ်နဲ့ပေါင်းစပ်မှ နာမ်တရားနဲ့စိတ် ပေါင်းစပ်လိုက်တဲ့အခါမှ ရုပ်ဟာ စကားပြောတယ်၊ စားတယ်၊ သွားတယ် စသည်ဖြင့် လှုပ်ရှားမှုတွေဖြစ်ပေါ် လာတယ်၊ ဒါ ကိုယ့်ဟာကိုယ် ဆင်ခြင်စဉ်းစားကြည့် ပေါ့။

မြတ်စွာဘုရားဟောထားတဲ့ တရားဒေသနာတော် တွေဟာ သန္ဒိဋ္ဌိကော ကိုယ်တိုင် မြင်နိုင်တယ်လို့ ပြောထားတာ။ ကိုယ်မကြည့်ရင်တော့ မမြင်ဘူးပေါ့။ လောကမှာ သတိမမူ ဂူမမြင်ဆိုတာ ရှိတယ်မဟုတ် လား။ ဒါကြောင့်မို့ သတိသမ္ပဇညကို အရင်ထူထောင် ရမယ်၊ သတိရှိရမယ်။ ကိုယ့်ရဲ့အခြေအနေကို ကိုယ့် ဟာကိုယ် ထိုင်ပြီးတော့ လေ့လာကြည့်၊ စိတ်ကိုလေ့လာ တယ်၊ ရုပ်ကိုလေ့လာတယ်။ အဲဒီ လေ့လာတာကိုပဲ ဒီကနေ့ခေတ်မှာ Meditation လို့ခေါ်တာ။ ကမ္မဋ္ဌာန်း အားထုတ်တယ်။

ကမ္မဋ္ဌာန်းအားထုတ်ခြင်းရဲ့ အဓိပ္ပါယ်ဟာ ကိုယ့် ကိုယ်ကိုယ် ပြန်လေ့လာခြင်းပဲ။ ကိုယ့်စိတ်ကို လေ့လာ တယ်၊ ကိုယ့်ရုပ်ကို လေ့လာတယ်၊ စိတ်အခြေအနေ တွေ ဘယ်လိုဖြစ်တယ်၊ ရုပ်အခြေအနေတွေ ဘယ်လို ဖြစ်တယ် သိအောင်လေ့လာတာ။ အဲဒီလို လေ့လာမှ သိတာ၊ မလေ့လာလို့ရှိရင် မသိဘူး၊ ဒါကြောင့်မို့ ဒါတွေက လေ့လာလိုက်မယ်ဆိုလို့ရှိရင် အခြေအနေ တွေကို အကုန်သိလာနိုင်တယ်။

ရုပ်ကိုသာလျှင် “နိတ္တေဇ” ပါဝါမရှိဘူးလို့ ဟောတာမဟုတ်ဘူး၊ မြတ်စွာဘုရားက “နာမမ္ပိ နိတ္တေဇံ” နာမ်တရားမှာလည်းပဲ သူ့ချည်းသက်သက်ဆို ပါဝါမရှိဘူး။ ဟုတ်တယ်လေ နာမ်ချည်းသက်သက် ဘယ်လိုလမ်းလျှောက်မလဲ၊ နာမ်ချည်းသက်သက် လမ်း မလျှောက်နိုင်ဘူး၊ ထမင်းလည်း မစားနိုင်ဘူး၊ စကား လည်း မပြောနိုင်ဘူး၊ ဟော နှစ်ခုပေါင်းလိုက်ပြီ ဆိုလို့ ရှိရင် နာမ်က စကားပြောချင်တော့ ရုပ်ကပြောပေး ရတယ်။ နာမ်က စားချင်တော့ ရုပ်က စားပေးရတယ်၊ နှစ်ခုပေါင်းလိုက်မှ အလုပ်ဖြစ်တယ်လို့ပြောတာ၊ ဝိသုဒ္ဓိ မဂ်မှာ သေချာလေ့လာကြည့်၊ အဲဒီလို ရေးထားတာ၊ မြတ်စွာဘုရားရဲ့ အလိုတော်ကျပဲ။

အဲဒီတော့ မြတ်စွာဘုရားရဲ့ဝါဒကို ရုပ်သာ အရှိ တရားလို့ဆိုတဲ့ Materialism လို့ ပြောလို့မရဘူး၊ နာမ်သာ အရှိတရားလို့ပြောတဲ့ Idealism လို့လည်း ပြောလို့မရဘူး၊ ဒါကြောင့်မို့ ပြောသင့်ပြောထိုက်တာက ဘာလဲလို့ဆိုတော့ Realism လို့ပဲ ပြောလို့ရမယ်။ Realism ဆိုတာ အမှန်ကိုဖော်ပြတဲ့ဝါဒ၊ တကယ့် လက်တွေ့ အရှိကိုသာလျှင်ပြောတယ်၊ အမှန်ကိုသာ လျှင် ပြောတယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက အမှန်သိအောင် ကြိုးစားအားထုတ်ကြ၊ အမှန်မသိသေးသမျှ သံသရာက မလွတ်ဘူး။ အမှန်မသိရင် အမှား သိနေတယ်၊ အမှား သိနေတာကို အဝိဇ္ဇာလို့ခေါ်တာပဲ။ အဲဒီ အဝိဇ္ဇာ ရှိနေလို့ရှိရင် သင်္ခါရလို့ဆိုတဲ့ ဘဝတစ်ခုကို တည် ဆောက်ပြုပြင်နိုင်တဲ့ ကံတရားတွေကို လုပ်တယ်။ အဝိဇ္ဇာဆိုတဲ့ ကိလေသာ၊ သင်္ခါရဆိုတဲ့ ကံ။ ကံနှင့် ကိလေသာ နှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာ ဝိညာဏ လို့ဆိုတဲ့ ဘဝရဲ့အစတစ်ခု ဖြစ်ပေါ်လာတယ်။

ဝိညာဏဆိုတာ ယေဘုယျအားဖြင့် ပြောတဲ့ စကားသာ ဖြစ်တယ်။ သင်္ခါရပစ္စယာ ဝိညာဏံ တွင် မကဘူး၊ အသညသတ် ဗြဟ္မာ့ဘုံမှာကျတော့ “သင်္ခါရ ပစ္စယာ ရူပံ (ဇီဝိတနဝက)” ရုပ်ကိုဖန်ဆင်းပေးတယ်လို့ ဒီလိုပြောတယ်။ ရုပ်သာရှိတဲ့ဘုံကျတော့ “ဝိညာဏံ” မဟုတ်တော့ဘူးပေါ့။ အဲဒီတော့ ဆိုလိုတာက အမှန် မသိလို့ရှိရင် ကံတွေရှိလာလိမ့်မယ်။ ကောင်းကံ ဆိုးကံ ဆိုတာတွေ ရှိလာလိမ့်မယ်။ လာလို့ရှိရင် ဘဝတစ်ခုဟာ ပေါ်လာလိမ့်မယ်။ ဒါဟာ အဓိကအချက်။ အဲတော့ အမှန်သိအောင် လုပ်ရမယ်လို့ဆိုလိုတာ။

ဗုဒ္ဓ ဟောကြားတော်မူခဲ့တဲ့ တရား၊ အမှန် သိအောင် လုပ်ဖို့အတွက် ဘာအရေးကြီးတုန်းလို့ မေးမယ်ဆိုရင် စိတ်ဖြူစင်အောင်လုပ်ဖို့ အရေးကြီး တယ်။ ကဲ ဘုန်းကြီးတို့တစ်တွေ ဆင်ခြင်စဉ်းစား ကြည့်ပေါ့၊ အမှန်သိဖို့ရာအတွက် စိတ်ဖြူစင်စေရမယ် ဆိုတာ စိတ်ဟာ ဘာနဲ့ဥပမာတူတုန်းဆိုတော့ ကိုယ့် အိမ်မှာ အသုံးပြုနေတဲ့ ရေချိုးခန်းထဲက မျက်နှာသစ် ခွက်ရှေ့မှာထားတဲ့ “မှန်” ဆိုတာရှိတယ်၊ ရှေးခေတ် တုန်းကတော့ ကြေးပြားကို ပြောင်ဝင်းနေအောင် ပွတ်လိုက်တာ ကြေးမုံလို့ခေါ်တာ။ ကြေးပြားကို ဝင်းနေအောင် ပွတ်ထားတာ၊ အဲဒါကိုကြည့်ကြတယ်။ အဲတော့ မှန်ပြင်လေးဟာ မှုန်မှုန်ဝါးဝါး မရှိဘဲနဲ့ ကြည်ကြည်လင်လင်ဖြစ်လေလေ ရုပ်ပုံက ပီပီပြင်ပြင် ဖြစ်လေလေပဲ။

ကြေးမုံလေးက ကြည်ကြည်လင်လင်ဖြစ်လေလေ မိမိရဲ့ မျက်နှာရိပ်ဟာ ပီပီပြင်ပြင် မြင်ရလေလေပဲ။ အဲတော့ ကိုယ့်စိတ်အခြေအနေဟာလည်း ဒီလိုပဲ၊ စင်ကြယ်လေလေ မိမိရဲ့သန္တာန်မှာရှိတဲ့ သဘာဝ တရားတွေကို ပီပီပြင်ပြင် မြင်ရလေလေပဲ။ မိမိရဲ့ သန္တာန်မှာရှိတဲ့ သဘာဝတရားတွေကို ပီပီပြင်ပြင် မြင်ချင်လို့ရှိရင် စိတ်ကို ကြည်ကြည်လင်လင်ဖြစ်အောင် လုပ်ပါလို့ ဒီလိုဆိုလိုတာပေါ့။

မြတ်စွာဘုရား ဟောတဲ့တရားက အလွန် လက်တွေ့ကျတဲ့တရား ဖြစ်တယ်၊ လက်တွေ့ကျတဲ့ တရား။ မြတ်စွာဘုရားက ဒီ မဟာအဿပူရသုတ် နဲ့ မဇ္ဈိမနိကာယ်လာတဲ့ သုတ်တွေထဲမှာ ကျင့်စဉ်တစ်ခုနဲ့ ပတ်သက်ပြီးတော့ ရှင်းပြထားတယ်။ ရဟန်းတွေကို ဦးတည်ပေမယ့်လို့ နိဗ္ဗာန်ရောက်အောင် ကျင့်ချင်တဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း အဆင့်ဆင့်ကျင့်သုံးကြရမယ်၊ အဲဒါကိုတော့ မေ့ထားလို့ မဖြစ်ဘူး၊ ကုသိုလ်ကောင်းမှု လုပ်ပြီး “ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု”

လို့ဆိုတာဟာ ဦးတည်ချက် ရည်စူးချက်ကိုပြောတာ။ တကယ်လက်တွေ့လုပ်ရမယ့် ကိစ္စတွေရှိသေးတယ်။ လောကလူတွေမှာ စိတ်ကူးနေရုံနဲ့ ဘာမှတော့ မဖြစ်ဘူး။ စိတ်ကူးတဲ့နောက်မှာ လုပ်ဆောင်ချက်ဆိုတာ ရှိရမယ်။ ကြံရွယ်ချက် ရှိလာပြီဆိုရင် လုပ်ဆောင်ချက် နောက်က လိုက်ရမှာ၊ မလိုက်ဘူးဆိုလို့ရှိရင် ကြံရွယ် ချက်ဟာ အထမြောက်မှာ မဟုတ်ဘူး၊ ဒါ လက်တွေ့ အနေနဲ့ အင်မတန်မှ ထင်ရှားတယ်။

နိဗ္ဗာန်ကိုသွားချင်ပြီ ဆိုလို့ရှိရင် ဘာကို ပြင်ရ မှာလဲဆိုတော့ ကိုယ့်စိတ်လေးကို ပြင်ရမှာ။ စိတ်လေး ကို သန့်ရှင်းအောင်လုပ်ရမှာ၊ စိတ်မှာ အညစ်အကြေး တွေရှိနေတယ်၊ ခုနကြေးမုံပြင်ဟာ မှုန်ဝါးဝါး ဖြစ်နေ လို့ရှိရင် ကိုယ့်မျက်နှာရိပ်ဟာ ပီပီပြင်ပြင်ပေါ်မှာ မဟုတ်ဘူး၊ ပီပီပြင်ပြင် မမြင်ရလို့ရှိရင် မျက်နှာမှာ ဘာရှိတယ်ဆိုတာ သိနိုင်မှာ မဟုတ်ဘူးပေါ့။ စိတ် ကလေး ကြည်လင်လာပြီဆိုရင် အသိဉာဏ်လေးဟာ လည်း တောက်ပြောင်လာမှာပဲ၊ ဒါကြောင့် စိတ်ကြည်လင်အောင် ကြိုးစားတယ်၊ စိတ်ကြည်လင်ဖို့ရာ အတွက် အခြေခံတွေ လုပ်ဖို့လိုအပ်တယ်၊ ဘာတွေ လုပ်ရမလဲ။ (အခြေခံတွေ လုပ်ရမှာ ဘုရား) အဲဒီ အခြေခံတွေ ဆိုတာကို မှတ်ထားဖို့လိုအပ်တယ်။

(၁) စိတ်ကြည်လင်ဖို့ ကြိုးစားမယ်ဆိုရင် ဟိရီ ဩတ္တပ္ပဆိုတဲ့ တရားကို ရှေးဦးစွာ တည်ဆောက်ရမယ်။ ကိုယ့်ရဲ့ စိတ်ထဲနှလုံးထဲမှာ ဖြစ်စေရမယ်။ ဟိရီဆိုတာ မဟုတ်တာလုပ်ရမှာရှက်တယ် အဲဒါကို ပြောတာနော်၊ ရှက်တယ်ဆိုတာ လူတွေမှာ လူကြားထဲစကားပြောရမှာ ရှက်တာတို့၊ ဟိုသွားရမှာ ရှက်တာတို့ ဒါမျိုးတွေ ပြောတာမဟုတ်ဘူး၊ မဟုတ်တာလုပ်ရမှာ ရှက်တယ်၊ မဟုတ်တာပြောရမှာရှက်တယ်၊ အကုသိုလ် ဒုစရိုက် တွေနဲ့ ပတ်သက်ပြီးတော့ ကိုယ့်သန္တာန်မှာ ဖြစ်ပေါ် လာမှာကို ရှက်တယ်၊ ရွံတယ်၊ အကုသိုလ်မှန်သမျှ မုန်းတီးတယ်၊ အဲဒါကို ဟိရီ လို့ ခေါ်တာနော်။ အကုသိုလ်ကို ရှက်ဖို့လိုတယ်။ မရှက်လို့ အကုသိုလ် လုပ်နေတဲ့ပုဂ္ဂိုလ်။ အကုသိုလ်လုပ်ပြီဆိုရင် ဒါ မရှက်လို့ လုပ်တာလို့ပဲပြောရမှာ။

လူတွေက အဲဒါကို မသိကြတော့ လူကြားထဲမှာ ဟိုဟာ ဒီဟာလုပ်ရင် အရှက်မရှိလိုက်တာနဲ့ ပြောကြ တာနော်၊ တကယ်က အရှက်မရှိဘူးဆိုတာ ကာယ ဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက် ကိုယ့်သန္တာန်မှာ ဖြစ်ခွင့်ပေးထားရင် အရှက်မရှိဘူးလို့ပဲ ပြောရမှာပဲ။ အရှက်မရှိဘူးရဲ့ အဓိပ္ပာယ်ကို ပြည့်ပြည့်ဝဝ နားလည် ရမယ်။

အရပ်ထဲမှာ အရှက်မရှိဘူးဆိုတာ မလုံမခြုံ ဝတ်တာကို အရှက်မရှိဘူးလို့ ပြောချင်ပြောမယ်၊ လူကြားထဲမှာ ဟိုလမ်းပေါ်မှာထွက်ပြီးတော့ ရန်ဖြစ်ရဲ တာတို့၊ ရပ်ကွက်ထဲမှာ မြင်မကောင်း ရှုမကောင်း ဖြစ်အောင် ဆဲတာဆိုတာ ကြားမကောင်း ရှုမကောင်း ဖြစ်အောင် ဆဲတာဆိုတာတို့ အဲဒါမျိုးတွေကျတော့ အရှက်မရှိဘူးလို့ပြောကြတာ။

အရှက်မရှိဘူးရဲ့ အဓိပ္ပါယ်က ကိုယ့်သန္တာန်မှာ အကုသိုလ်တွေအဖြစ်ခံနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အရှက် မရှိဘူးလို့ပဲ ပြောရမှာ။ ဘာကိုမရှက်တုန်းဆိုတော့ အကုသိုလ်ကို မရှက်တာလေ၊ အခုဟာ လူတော့ ရှက်ချင်ရှက်မှာပေါ့၊ အကုသိုလ်ကို မရှက်တာ။ အဲတော့ လူရှက်တာက တစ်မျိုး၊ အကုသိုလ်ကို ရှက်တာက တစ်မျိုး၊ အဲဒီနှစ်ခု ကွဲကွဲပြားပြား သိဖို့ရယ်၊ အကုသိုလ် ကို ရှက်ဖို့လိုတယ်။ အေး အကုသိုလ်ကို ရှက်တာ၊ စက်ဆုတ်တာကို ဟိရီ လို့ ခေါ်တယ်။

ဩတ္တပ္ပဆိုတာကျတော့ အကုသိုလ်နဲ့ပတ်သက်ပြီး တော့ လန့်တယ် ကြောက်တယ်။ လန့်တယ် ကြောက် တယ်ဆိုတာ အကုသိုလ်ကို မိမိသန္တာန်မှာ ဖြစ်လာ မှာကို ကြောက်တာ။ အကုသိုလ် မိမိသန္တာန်မှာ ဖြစ်ပေါ်လာလို့ရှိရင် ခံရမယ့်အကျိုးဆက်တွေကိုလည်း ကြောက်တယ်။

စာပေကျမ်းဂန်တွေမှာ ထင်ရှားအောင် ဥပမာ တစ်ခု ပြောထားတယ်။ သံတုံးကြီးတစ်တုံး ဆိုပါစို့၊ တစ်ဖက် မီးဖုတ်ထားလို့ ရဲနေတယ်၊ ဟိုတစ်ဖက်က မစင်အညစ်အကြေးတွေ လူးနေတယ်၊ မစင် အညစ် အကြေးတွေ လူးတဲ့ဘက်ကိုလည်း မကိုင်ဘူး၊ ဘာပြုလို့ တုန်း ရွံလို့။ မီးထိထားလို့ ရဲနေတဲ့ဘက်ကိုလည်း မကိုင်ရဲဘူး၊ ဘာလို့တုန်း၊ ပူမှာကြောက်လို့ လောင်မှာ ကြောက်လို့။ မကိုင်တာချင်းတော့ အတူတူပဲပေါ့။

အဲတော့ အကုသိုလ်နဲ့ ပတ်သက်ပြီးတော့ ရွံလို့ မလုပ်တာရယ်၊ ကြောက်လို့ မလုပ်တာရယ် မလုပ် တာချင်း အတူတူပဲပေါ့၊ ဟုတ်ရဲ့လား (မှန်ပါဘုရား) ရည်ရွယ်ချက်က ရွံလို့မလုပ်တာကတစ်ခု၊ ကြောက်လို့ မလုပ်တာကတစ်ခု၊ အဲဒီနှစ်ခုကို မိမိရဲ့နှလုံးသားထဲမှာ ရှေးဦးစွာ တည်ဆောက်ရမယ်တဲ့။

လောကမှာ ဟိရီ၊ ဩတ္တပ္ပ မရှိဘဲနဲ့ ကိုယ်ကျင့် သီလဟာ မပြည့်စုံနိုင်ဘူး၊ ဒါကြောင့်မို့ သီလတွေရဲ့ အနီးကပ်ဆုံး အကြောင်းတရားဟာ ဟိရီဩတ္တပ္ပပဲ။ “ဟိရီဩတ္တပ္ပ ပဒဋ္ဌာနံ” တဲ့။ ဟိရီဩတ္တပ္ပဟာ သီလရဲ့ အနီးကပ် အကြောင်းတရားလို့ ဆိုတယ်။ အေး၊ အကုသိုလ်ကို လုပ်ရမှာ မရှက်တော့ဘူး၊ အကုသိုလ်ကို မကြောက်တော့ဘူး ဆိုလို့ရှိရင် ဘယ်လိုမှ သီလ မလုံဘူး။

ဟိရီဩတ္တပ္ပဖြစ်လာပြီဆိုရင် သီလလုံလာတယ်၊ သီလရှိလာတယ်၊ ရှိလာတဲ့သီလဟာလည်း ခိုင်မြဲလာ တယ်။ ဒါကြောင့်မို့ ရှေးဦးစွာ ကိုယ့်သန္တာန်မှာ အခြေခံ အားဖြင့် စိတ်ကိုဖြူစင်ဖို့ရာအတွက် ဟိရီဩတ္တပ္ပကို အရင်တည်ဆောက်ပါလို့ပြောတာ။

အဲဒီသုတ္တန်အရ ဟိရီဩတ္တပ္ပမှ အရင် မတည် ဆောက်ပဲနဲ့ တရားတွေ သွားအားထုတ်နေတယ် (ဟို အားမထုတ်ရဘူး မဟုတ်ဘူး၊ အားထုတ်ရပါတယ်၊ ကောင်းတယ်၊ ဟို အခြေခံမပါဘဲနဲ့ သွားလုပ်မယ်ဆို ရင်) ဆိုရင် အရပ်ထဲမှာ ဒုန်ရင်း ဒုန်ရင်းပဲ ဖြစ်နေတတ် တယ်။ ဒုန်ရင်းဖြစ်ရုံမကဘူး ဘာလေးပါလာတုန်း ဆိုတော့ မာနလေး ပါလာတယ်၊ ငါ တရားအားထုတ် တယ် သူက မထုတ်ရဘူးဆိုတဲ့ အထင်လေးတစ်ခု ပါလာတာပဲ။ အဲဒါ အကုသိုလ် ထပ်တိုးလာတာလို့ ခေါ်တယ်။

စိတ်က စင်ကြယ်သွားတာ မဟုတ်ဘူး၊ မာနက ထပ်ဝင်လာတာ။ အဲဒီလို မစဉ်းစားသင့်ဘူးပေါ့နော်။ အဲ မာနတရားကြောင့် အတ္တုက္ကံသန ပရဝမ္ဘန ဖြစ်လာ တယ်။ ဒါ အင်မတန်မှ မကောင်းတဲ့ သဘောထား။ ဒီလို ကိုယ့်ကိုယ်ကိုတော့ အထင်ကြီးတယ်၊ ချီးမွမ်း တယ်၊ သူများကိုတော့ အထင်သေးတယ် ကဲ့ရဲ့ရှုတ်ချ တယ်ဆိုတဲ့ဟာ သူတော်ကောင်းတွေ စက်ဆုတ်တဲ့ အမူအကျင့်တစ်ခုပဲ။ ဒါကြောင့်မို့ အဲဒါမျိုး ကိုယ့်သန္တာန် မှာ မဖြစ်စေရဘူး၊ ကိုယ့်တရားပဲကိုယ် နှလုံးသွင်း လုပ်ရ မယ်။

(၂)က ဘာလုပ်ရမတုန်းဆိုတော့ ကိုယ်နဲ့ပြုလုပ် ရမယ့် အကျင့်တွေ စင်ကြယ်အောင်လုပ်၊ ဒါက ဘာပြောတာတုန်းဆိုတော့ ကာယကံတွေ စင်ကြယ် စေရမယ်လို့ပြောတာ။

ကာယကံက ဘယ်လို စင်ကြယ်စေရတာတုန်း ဆိုရင် သူများအသက်သတ်ခြင်းမှ ရှောင်တယ်၊ ရှောင်ရုံ တင်မကဘူး၊ သတ္တဝါတွေအပေါ်မှာ သနားတယ် ဆိုတာ ကာယကံ စင်ကြယ်တယ်လို့ခေါ်တာ၊ သူများ ဥစ္စာ ခိုးခြင်းမှ ရှောင်ကြဉ်တယ်၊ မတရားတဲ့နည်းနဲ့ ယူခြင်းမှ ရှောင်ကြဉ်တယ်၊ ရှောင်ကြဉ်ရုံတင် မကဘူး သူများပစ္စည်းဆိုလို့ရှိရင် လုံးဝမလိုချင်ဘူး၊ ပေးတာ ကမ်းတာမှတစ်ပါး သူများပစ္စည်းနဲ့ ကင်းအောင်နေ တယ်။ ကာမေသုမိစ္ဆာစာရ မှရှောင်တယ်၊ ရှောင်ရုံတင် မကဘူး စိတ်နဲ့တောင် မပြစ်မှားအောင် ဂရုစိုက်တယ်၊ ဟော ကာယကံမှု စင်ကြယ်တာ။

အဲဒီလို စင်ကြယ်အောင် အရင်လုပ်တဲ့၊ ပြီးတဲ့ အခါ ဘာစင်ကြယ်အောင် လုပ်ရမတုန်းဆိုတော့ ဝစီသမာစာရ - နှုတ်ကပြောတဲ့ ကိစ္စတွေလည်းပဲ စင်ကြယ်အောင်လုပ်၊ လိမ်မပြောဘူး မှန်တာပဲပြော တယ်၊ မတည့်အောင်မပြောဘူး ညီညွတ် စေ့စပ်အောင် သာပြောတယ်၊ ဆဲရေးတိုင်းထွာရိုင်းပြတဲ့ စကားကို မပြောဘူး၊ ယဉ်ယဉ်ကျေးကျေး နားခံသာအောင် ပြောတယ်၊ ကြင်နာတဲ့ စကားများကိုပဲ ပြောတယ်၊ အကျိုးမဲ့ စကားတွေကိုမပြောဘူး အကျိုးရှိတဲ့ တရား စကားလိုဟာမျိုးပြောတယ်၊ ဟော ဒါဟာ နှုတ်နဲ့ ပတ်သက်ပြီး စင်ကြယ်လာပြီလို့ပြောတာ။

နောက်တစ်ခုက စိတ်နဲ့ ပတ်သက်ပြီးတော့ စင်ကြယ်အောင်လုပ်၊ သူများပစ္စည်းကို ကိုယ့်ပစ္စည်း ဖြစ်လိုတဲ့ လောဘနဲ့ ဘယ်တော့မှမတွေးဘူး၊ တစ်ဖက် သားကို ပျက်စီးစေလိုတဲ့၊ ဒီလူပျက်စီးသွားရင် ကောင်း မှာပဲ၊ ဒီလူ ဘာဖြစ်သွားရင်ကောင်းမှာပဲနဲ့ မကောင်း တဲ့ဟာ ဖြစ်သွားအောင် ဒေါသနဲ့တွေးတဲ့ အတွေးမျိုး ကိုယ့်သန္တာန်မှာမဖြစ်စေရဘူး၊ ကံ၏အကျိုးကို ငြင်းပယ် တဲ့ နတ္ထိကဝါဒ၊ အဲဒါနဲ့ ဆက်သွယ်ပြီး ကံကိုငြင်းပယ်တဲ့ ဒီ အကိရိယဝါဒ၊ ကံရော အကျိုးရော နှစ်မျိုးစလုံး ငြင်းပယ်တဲ့ အကိရိယဝါဒဆိုတာမျိုးတွေ အဲဒါတွေကို လက်ခံကျင့်သုံးတဲ့ မိစ္ဆာဒိဋ္ဌိ ကိုယ့်သန္တာန်မှာ မရှိစေရဘူး။ မှန်ကန်တဲ့အမြင်တစ်ခုရှိပြီဆိုရင် စိတ်စင်ကြယ် တယ်လို့ ပြောတာ။

နောက်တစ်ခုကတော့ အသက်မွေးမှု စင်ကြယ် စေရမယ်။ လူ့လောကမှာ လူဖြစ်လာပြီဆိုရင် စားဝတ် နေရေးဆိုတာ ပြည့်စုံအောင်လုပ်ရတယ်၊ ဒါ မှန်တယ်၊ မလုပ်လို့မရဘူး လုပ်မှာပဲ၊ ဘုန်းကြီးတွေရဲ့ စားဝတ် နေရေးက ဘာတုန်း၊ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ဒါဟာ စားဝတ်နေရေး။ လူတွေရဲ့ စားဝတ်နေရေးက ဘာတုန်းဆို စားစရာရယ်၊ ဝတ်စရာရယ်၊ နေစရာရယ်၊ မကျန်းမာရင် ဆေးဝါး ဒါပဲလေ။ ဘုန်းကြီးဖြစ်ဖြစ် လူဖြစ်ဖြစ် ပစ္စည်းလေးပါးပဲ။ သို့သော် အခေါ်အဝေါ် လေးကွဲတယ်။ ထို ပစ္စည်းလေးပါးကို ဖြစ်ပေါ်လာစေပုံ အကြောင်းတရားကွဲတယ်။

လူမှာလည်း စားစရာရှိရမယ်၊ ဝတ်စရာရှိရမယ်၊ နေစရာရှိရမယ်၊ မကျန်းမာရင် ဆေးဝါးရှိရမယ်၊ ဘုန်းကြီးတွေလည်း ဒါပဲ၊ ပစ္စည်းလေးပါး၊ အဲဒါရဖို့ရာ အတွက် မတရားတဲ့နည်းလမ်းနဲ့လုပ်တဲ့လူ၊ မတရားတဲ့ နည်းလမ်းနဲ့ အသုံးပြုပြီးရှာတဲ့ဘုန်းကြီးဟာ ဒါ မိစ္ဆာ အာဇီဝရှိသူလို့ခေါ်တယ်။

ဓမ္မလမ်းကြောင်းအတိုင်း ရှာဖွေတယ်၊ ဓမ္မ လမ်းကြောင်းအတိုင်း ရအောင် ကြိုးစားတယ်ဆိုတာ သမ္မာအာဇီဝ။ အဲဒီလို အသက်မွေးမှုနဲ့ ပတ်သက်ပြီး တော့ စင်ကြယ်ရမယ်၊ ဒါ စိတ်ဖြူစင်အောင်လုပ်ပြီ ဆိုလို့ရှိရင် ဒီအချက်တွေဟာ အရေးကြီးတယ်လို့ ဒီလို ပြောတာ။

နောက်တစ်ခုဘာတုန်း ဆိုလို့ရှိရင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ခေါ်တဲ့ ဣန္ဒြေခြောက်ပါးကို ထိန်းသိမ်းစောင့်ရှောက်ဖို့လိုတယ်။ ဣန္ဒြေထိန်းတယ် ဆိုတာ ကြည့်ချင်တာ မကြည့်ရဘူး၊ နားထောင်ချင်တာ မထောင်ရဘူး၊ ဒီလိုပြောတာ မဟုတ်ဘူး၊ ဣန္ဒြေ ထိန်းတယ် ဆိုတဲ့အဓိပ္ပါယ်က မျက်စိက ကြည့်စရာ ကြည့်ပြီးတော့ လောဘ ဒေါသ မဖြစ်စေနဲ့။

မထိန်းဘူးဆိုရင် မျက်စိက နှစ်သက်စရာ မြင်လာ ရင် လောဘဖြစ်လိုက်တယ်၊ မုန်းတီးစရာ မြင်လို့ရှိရင် ဒေါသဖြစ်လိုက်တယ်၊ အသိဉာဏ် ကင်းမဲ့လို့ရှိရင် မောဟဖြစ်တယ်ဆိုတော့ ဟော လောဘဖြစ်လိုက် ဒေါသဖြစ်လိုက် မောဟဖြစ်လိုက်၊ နားကကြားလိုက်ရင် လည်း လောဘဖြစ်လိုက် ဒေါသဖြစ်လိုက် မောဟ ဖြစ်လိုက်၊ နှာခေါင်းက အနံ့ရ (အရပ်ထဲဆို သာဆိုး သေး၊ ဘယ်အိမ်က ငါးပိကြော်တာတုန်း၊ ငရုပ်သီးကြော် တာက စပြီးတော့နော် အနံ့ရလာလို့ရှိရင်) လောဘ ဒေါသဖြစ်တတ်တယ်လေ၊ ကိုယ်ကြိုက်တဲ့ဟာလေးဆို မွှေးလိုက်တာပေါ့၊ မကြိုက်တာကျတော့ နံလိုက်တာ၊ ဟော - လျှာနဲ့လည်း လောဘဖြစ်တတ်တယ် ဒေါသ ဖြစ်တတ်တယ် မောဟတွေဖြစ်တယ်။

အဘိဇ္ဈာဒေါမနဿ လို့ဆိုတဲ့ ဒီအကုသိုလ်တွေ လာနေတယ်၊ စိတ်ထဲက ကြံတွေးရင်လည်း ဒါမျိုးတွေ လာတတ်တယ်။ ဩော် မျက်စိ၊ နား၊ နှာ၊ ကိုယ်၊ စိတ် လို့ခေါ်တဲ့ ဆိုင်ရာဆိုင်ရာလွှမ်းမိုးပြီးတော့ ကြီးစိုးထားတဲ့ ဣန္ဒြေခြောက်ပါးကို အဲဒီ ဣန္ဒြေခြောက်ပါး တံခါး ခြောက်ပေါက်ကနေပြီးတော့ အကုသိုလ်တွေ မဖြစ် အောင် သတိဆိုတာနဲ့ ဆို့ပိတ်ပြီး အသိပညာနဲ့ ဖယ်ရှား ပစ်နေရင် ဒါ ဣန္ဒြေကို လုံအောင်လုပ်တယ်လို့ ဒီလို ပြောတာနော်။

အဲတော့ ဒီနည်းစနစ်ကို မသိဘူးဆိုရင် ဣန္ဒြေ ဆိုတာ တစ်ချို့က မျက်လွှာကြီးချပြီးတော့ တောင်ကြည့် မြောက်ကြည့် မကြည့်ဘဲ နေတာကို ဣန္ဒြေရှိတယ်လို့ ထင်နေမှာနော်။ သူတွေးချင်ရာတွေးရင် မနိန္ဒြေမလုံဘူး လေ၊ အကုသိုလ်တွေက မျက်စိကတော့ မဝင်ဘူး မှိတ်ထားလို့၊ မျက်စိမှုန်ရင်လည်း ဝင်ချင်မှဝင်မှာပေါ့ နော်၊ နားက မကြားလို့ နားက ဝင်ချင်မှဝင်မှပေါ့၊ နှာခေါင်းက အနံ့မရတဲ့ရောဂါဖြစ်လည်း ဝင်ချင်မှ ဝင်မှာပေါ့၊ အဲတော့ လျှာတို့ ကိုယ်တို့လည်း ထို့အတူပဲ ပေါ့။

အကယ်၍သာ မျက်လွှာကြီးအောက်ချနေတာကို ဣန္ဒြေရတယ်လို့ ယူဆမယ်ဆိုလို့ရှိရင် မျက်မမြင်တွေ ဣန္ဒြေရနေတာပဲ၊ ကြည့်မှကြည့်လို့မမြင်တာ၊ သူတို့၊ ဣန္ဒြေလုံတယ်လို့ ရဦးမလား (မရပါဘုရား) မရဘူး၊ တံခါးခြောက်ပေါက် သူ့ဟာသူ ပိတ်တာပဲရှိတယ်၊ အကုသိုလ်ကတော့ ဝင်လို့မရလို့သာမဝင်မှာ၊ ဝင်တာ က ဘယ်ကဝင်မှာတုန်း၊ ဝင်လို့ရတဲ့နေရာကဝင်မှာပဲ၊ ဟုတ်ကဲ့လား၊ (မှန်ပါဘုရား) ဆိုလိုတာက ဝင်လို့ရမယ့် နေရာတွေ မဝင်အောင်လုပ်တာ ဒါကိုပြောတာ။ “ဣန္ဒြိယဘာဝနာသုတ်” မှာလည်း မြတ်စွာဘုရားက ဒါ တိတိလင်းလင်း ဟောထားတာရှိတယ်။ အဲဒီလို “ဣန္ဒြိယေသု ဂုတ္တဒွါရာ” ဣန္ဒြေထဲကနေပြီး ဣန္ဒြေ တွေမှာ တံခါးလုံခြုံအောင် ထိန်းသိမ်း စောင့်ရှောက်မှု ဆိုတာ လိုအပ်တယ်။

နောက်တစ်ခုက ဘာတုန်းဆိုရင် “ဘောဇနေ မတ္တညုတာ” အစာအာဟာရ စားတဲ့အခါမှာ ဆင်ခြင်တုံ တရားနဲ့စားဖို့ လိုအပ်တယ်၊ ဆိုလိုတာကတော့ ကြိုက်လို့ စားတာလား၊ စားသင့်လို့စားတာလား ဒီနှစ်ခုရှိမယ်။ ဘာအတွက်စားတာလဲ၊ ရည်ရွယ်ချက် မှန်မှန်ကန်ကန် ဖြစ်ဖို့လိုတယ်၊ ကြိုက်လို့စားတာဆိုမမှန်ဘူး ဟုတ်ရဲ့ လား၊ စားသင့်လို့ စားတာ၊ အစာအဟာရ မစားလို့ရှိရင် ခန္ဓာကိုယ်ကြီး တည်တံ့မှာမဟုတ်ဘူး၊ အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး။ အဲတော့ ခန္ဓာကိုယ်ဆိုတာ “သဗ္ဗေသတ္တာ အာဟာရ ဋ္ဌိတိကာ” အာဟာရကြောင့်တည်တယ်၊ စားသင့်တယ်၊ ဘာအတွက် စားသလဲ၊ ခန္ဓာကိုယ် တည်တံ့ဖို့၊ အသက်ရှည်ဖို့၊ အလုပ်လုပ်နိုင်ဖို့ဆိုတဲ့ မှန်ကန်တဲ့ ရည်ရွယ်ချက်တွေကို သိပြီးတော့ စားတာ “မတ္တညူ“လို့ခေါ်တယ်။

စားတဲ့အခါမှာလည်း အတိုင်းအတာလေးနဲ့ စားတယ်၊ အေး ကြိုက်ပြီဆို နင်းကန်စား အစာမကြေ ရောဂါတွေဖြစ်။ အဲဒါလည်း အတိုင်းအတာတစ်ခု မသိဘူးလို့ ပြောတာပဲနော်၊ အဲတော့ အတိုင်းအတာ တစ်ခု သိပြီးတော့ စားရမယ်တဲ့။ ဒါတွေက စိတ် စင်ကြယ်မှု၊ စိတ်ရဲ့ အညစ်အကြေးတွေကို ဖယ်ရှား တော့မယ်ဆိုရင် အခြေခံအားဖြင့် လိုအပ်ချက်တွေလို့ ဒီလိုပြောတာ။

နောက်တစ်ခုကတော့ “ဇာဂရိယာ နုယောဂါ” နိုးနိုးကြားကြား ကြိုးစားရမယ်၊ မေ့မေ့လျော့လျော့ လုပ်ချင်တဲ့အခါလုပ်၊ မလုပ်ချင်တဲ့အခါနေ မဟုတ်ဘဲနဲ့ နိုးနိုးကြားကြားကြိုးစားတာ။ နိုးနိုးကြားကြား ကြိုးစား တယ်ဆိုတာ ကိုယ့်သန္တာန်မှာရှိတဲ့ စိတ်ရဲ့ အညစ် အကြေးကို ဖယ်ရှားပစ်ဖို့ရာ အချိန်ရှိတဲ့အထဲမှာ ကြိုးစားပြီးတော့ အားထုတ်မှု။

ဟော အဲဒီလိုကြိုးစားတဲ့အဆင့်မှာ ဘာတွေလုပ်ရ မလဲ၊ စိတ်ရဲ့အညစ်အကြေးတွေဟာ ဘာတွေ အဖြစ် များသလဲ ဆိုတဲ့နေရာမှာ ဒီနေရာမှာ စိတ်အညစ် အကြေးတွေကို ဖယ်ရှားရမယ် ဆိုတဲ့နေရာမှာ ကိလေသာတွေမှန်သမျှ သို့မဟုတ် အကုသိုလ်မှန်သမျှ တွေ အညစ်အကြေးတွေချည်းပဲ။ သို့သော် ဒီကနေ့ ပြောချင်တဲ့ အညစ်အကြေးက အင်မတန်မှအရေးကြီး တဲ့ အညစ်အကြေး(၅)မျိုးပေါ့။ အဲဒါကို စာပေကျမ်းဂန် မှာ နီဝရဏ လို့ခေါ်တယ်။ နီဝရဏတရား(၅)ပါးလို့ ခေါ်တယ်၊ အဲဒီ အညစ်အကြေးက အင်မတန်မှ အရေးပါတယ်၊ ဘာကြောင့် အရေးပါတာတုန်းဆို စိတ်ပူပန်ဆင်းရဲစေတတ်ပြီးတော့ ပညာဉာဏ်တွေကို အားပျော့သွားစေတယ်။ အကုသိုလ်ဆိုရင်လည်း ပညာ ကို အားပျော့စေတာပဲ၊ အသိဉာဏ်တွေကို မှုန်ဝါး အားပျော့သွားစေနိုင်တယ်။ အားပျော့တယ်ဆိုတာ အသိဉာဏ် မှုန်ဝါးသွားစေတာ။ မှုန်ဝါးသွားတဲ့ အသိဉာဏ်နဲ့ ဘယ်လို မှန်မှန်ကန်ကန်မြင်နိုင်မလဲ၊ မမြင်နိုင်ဘူး၊ သဘာဝကို မမြင်နိုင်ဘူး။ အဲဒါကြောင့် မို့လို့ အသိဉာဏ်ကို မှုန်ဝါးအားပျော့သွားစေနိုင်တဲ့ ဒီစိတ်ရဲ့အညစ်အကြေးတွေကို ဖယ်ရှားပစ်ရမယ်တဲ့။

အဲဒီ စိတ်ရဲ့အညစ်အကြေးတွေဟာ ဘာတွေ လည်းလို့ဆိုရင် နီဝရဏတရား (၅)ပါးပဲပေါ့။ အဲဒါကို မြတ်စွာဘုရားက အသေးစိတ်ဟောထားတာ။ နီဝရဏ တရား(၅)ပါးက ကာမစ္ဆန္ဒဆိုတဲ့ နာမည်နဲ့ နီဝရဏ ဆိုတာရှိတယ်။ ကာမစ္ဆန္ဒ ဆိုတာ ကာမ ဆိုတာ လိုချင် စရာ အာရုံတွေကို ဆန္ဒကလိုချင်တာ၊ လိုချင်စရာအာရုံ တွေကို လိုချင်နေတဲ့ တဏှာလောဘ၊ ကာမစ္ဆန္ဒ၊ ဆိုလို တာက ကာမဂုဏ်အာရုံတွေပေါ်မှာ စိတ်ဝင်စားပြီး ဒီပေါ်မှာ တွယ်တာမှုတွေ များပြားတာ၊ (အဲဒါတွေ များပြားနေရင် တရားပွဲတောင်မလာနိုင်ဘူး၊ ဟုတ်ရဲ့ လား။) သို့သော် ဒီသုတ္တန်မှာတော့ မြတ်စွာဘုရားက ကာမစ္ဆန္ဒဆိုတဲ့ အသုံးကိုမသုံးဘဲနဲ့ ဘာသုံးထားတုန်း ဆိုတော့ အဘိဇ္ဈာဆိုတဲ့ အသုံးကို သုံးထားတယ်။ အဘိဇ္ဈာဆိုတဲ့အသုံးနဲ့ ဟောထားတယ်။ “အဘိဇ္ဈံ လောကေ ပဟာယ” လောကဆိုတာ လောကပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ အဘိဇ္ဈာကို ဖယ်ရှားရမယ်တဲ့၊ ဒါ အညစ်အကြေးတစ်ခုကိုသုတ်သင်တာ။

ဒါဖြင့် လောက ဆိုတာ ဘာကိုပြောတာတုန်း ဆိုတော့ ဥပါဒါနက္ခန္ဓာ (၅)ပါးကိုပြောတာ။ တဏှာဒိဋ္ဌိ တွေက စွဲလန်းနေတဲ့ ခန္ဓာ(၅)ပါး။ တဏှာဒိဋ္ဌိတွေ စွဲလန်းပြီးတော့ တဏှာဒိဋ္ဌိတွေ ဖြစ်ပေါ်နေတဲ့ ခန္ဓာ (၅)ပါး၊ ဖြစ်ပေါ်နိုင်တဲ့ ခန္ဓာ (၅)ပါး။ ဥပါဒါနက္ခန္ဓာ (၅)ပါးလို့ခေါ်တယ်။ တဏှာက 'ငါ့ဟာ'ဆိုတဲ့ အတွေး တွေ တွေးဖြစ်ပေါ်စေတတ်တဲ့ ခန္ဓာ။ 'ငါ'လို့ မှားယွင်းတဲ့ အယူအဆတွေကိုဖြစ်ပေါ်စေတတ်တဲ့ခန္ဓာ၊ တဏှာဒိဋ္ဌိ တွေနဲ့ စွဲလန်းပြီးတော့ သိမ်းပိုက်ထားတဲ့ခန္ဓာမျိုးကို ဥပါဒါနက္ခန္ဓာ လို့ခေါ်တယ်။ ဒါအဓိကကတော့ ကိုယ့် ခန္ဓာပဲနော်။ အာရုံအနေနဲ့သိမ်းပိုက်နိုင်လို့ ဥပါဒါနက္ခန္ဓာ လို့ပြောတာမဟုတ်ဘူး၊ အာရုံအနေနဲ့ကျတော့ ကိုယ့် ခန္ဓာတင်မဟုတ်ဘူး၊ သူများခန္ဓာကို တွယ်တာလည်း ဖြစ်တာပဲလေ၊ နောက်ဆုံးမှာ တွယ်တာမှုက ရဟန္တာ ပုဂ္ဂိုလ်ရဲ့ခန္ဓာတောင် သွား တွယ်တာတာ ရှိသေးတယ် လေ။ (ကြားဖူးကြမှာပေါ့၊ သောရေယျ သူဌေးသားတို့ အင်မတန်ချောမော သပ္ပါယ်လှတဲ့ ရှင်ကစ္စာယနကို ငါ့ဇနီးဖြစ်ရင် ကောင်းမှာပဲလို့ သွားတွေးသေးတာပဲ၊ ဒါ ရဟန္တာရဲ့ ခန္ဓာကိုယ်ကိုသွားပြီးတော့ တွယ်တာတဲ့ သဘောပဲပေါ့) အင်မတန်ချောမောလှပတဲ့ ဥပ္ပဝဏ္ဏထေရီကို သူ့ရဲ့ မောင်နှမဝမ်းကွဲတော်တဲ့ ပုဂ္ဂိုလ်က အမြဲတမ်းတွယ်တာစိတ်နဲ့ အခွင့်အရေးချောင်းနေတာ၊ အဲတော့ ထေရီမ က ရဟန္တာမကြီးပဲလေ၊ အဲတော့ ရဟန္တာမကြီးရဲ့ ခန္ဓာကိုယ်ကိုလည်းပဲ ပုထုဇဉ်ရဲ့ တဏှာ ဒိဋ္ဌိက တွယ်တာပဲ၊ အဲဒီလို အာရုံနဲ့တွယ်တာကို ဆိုလို တာ မဟုတ်ဘူးတဲ့။

ဘုန်းကြီးတို့ ကိုယ့်ခန္ဓာကိုယ်ကျတော့ တဏှာအမြင်နဲ့လည်း ငါ့ဟာလို့မြင်တယ်၊ ဒိဋ္ဌိအမြင်နဲ့လည်း ငါရဲ့အတ္တလို့မြင်တယ်၊ အဲဒီအမြင်တွေနဲ့ သိမ်းပိုက် ထားတဲ့၊ မှတ်ယူထားတဲ့ ခန္ဓာကိုယ်ကို ဥပါဒါနက္ခန္ဓာလို့ ဒီလိုဆိုတာ၊ အာရုံအားဖြင့်မဟုတ်ဘူး၊ ခန္ဓာမှာ remain ဖြစ်နေတာ၊ အနုသယဓာတ် အနေနဲ့ ကိန်းနေတာကို ပြောတာ၊ ဒီခန္ဓာမှာ အဲဒါတွေ ကိန်းနေတာ။

ကိုယ့်ခန္ဓာကိုယ်မှာ လူတွေကြည့်လေ “ဧတံ မမ” ဒါငါ့ဟာပဲတဲ့နော်၊ “ဧတံ မမ” ဆိုတာ အတွယ်လေးနဲ့ ကြည့်တာ၊ “ဧသော မေ အတ္တာ” ငါ့ရဲ့အတ္တပဲ၊ ဟော ဒီလိုတွယ်နေတယ်၊ အဲဒီတွယ်တာမှုတဏှာနဲ့ ဒိဋ္ဌိတွေရဲ့ ပေါက်ဖွားရာ ခန္ဓာကို ဥပါဒါနက္ခန္ဓာလို့ ဒီလို ပြောတာ။

အာရုံပြုတာကတော့ ဘုရားရဲ့ ရုပ်ကိုလည်းပဲ ဘုရားဆိုတာ အင်မတန်မှ မြတ်စွာဘုရားရဲ့ ရူပကာယ တော်ဟာ အင်မတန်မှ ကြည်ညိုစရာကောင်းတာ၊ ရုပ်ကို ကြည်ညိုလို့ရှိရင် ရှင်ဝက္ကလိတို့ကြည့်ပါလား ဘုရားရဲ့ ရုပ်အဆင်းကို ဖူးမြော်နေရလို့ရှိရင် သူ့စိတ် ထဲမှာ မခွဲနိုင် မခွာရက် ချောလိုက်တာ လှလိုက်တာ ဆိုပြီးတော့ ဘုရားကို ကြည့်နေရရင် ကျေနပ်နေတာ။

အဲဒီလိုကျေနပ်နေလို့ မြတ်စွာဘုရားက “ကိံတေ ဝက္က ဣမိတာ ပူရိကာယေန ဒိဋ္ဌေန” ဤခန္ဓာ အကောင်ပုပ်ကြီး ကြည့်နေလို့ မင်းဘာ အကျိုးရှိမှာလဲ “ယော ဓမ္မံ ပဿတိ သော မံ ပဿတိ” ဓမ္မမြင်မှ ငါ့မြင်မှပေါ့။ ဒီလို မြတ်စွာဘုရားက မှန်ကန်တဲ့ လမ်းကြောင်းကို ဖြောင့်ပေးတာ။

အဲတော့ ဘုရားရဲ့ ရုပ်အဆင်းပေါ်မှာလည်း လူတွေက တွယ်တာမှုဆိုတာ ဖြစ်တာပဲ၊ အဲတော့ ရဟန္တာရဲ့ ခန္ဓာကိုယ်တွေက အာရုံအားဖြင့်တော့ ဖြစ်နိုင်တယ်၊ သို့သော် ဘုရားရဲ့သန္တာန်မှာ ဒီ ဥပါဒါန် တွေ၊ ရဟန္တာ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ဥပါဒါန်တွေ မရှိဘူး၊ မရှိတော့ဘူး၊ မရှိတော့ တဏှာ ဥပါဒါန် လွတ်နေတဲ့ ခန္ဓာကိုယ်လို့ ဒီလိုပြောလို့ရတယ်။ အဲဒီ အပေါ်မှာ(remain)ဖြစ်နေတာ မဟုတ်ဘူးလို့။

“အဘိဇ္ဈံ လောကေ ပဟာယ” လောကဆိုတာ ဥပါဒါနက္ခန္ဓာ ဘယ်ခန္ဓာမှာ ကိုယ်တွယ်နေသလဲ ကြည့်လေ၊ ကိလေသာဆိုတာ တွယ်တာတဲ့အပေါ်မှာ ဖြစ်တာ၊ မတွယ်တာဘူးဆိုလို့ရှိရင် ကိလေသာဆိုတာ သူ့ဟာသူ ငြိမ်းနေတာပဲ၊ သူ့ဟာသူငြိမ်းတဲ့သဘော၊ အခုဟာက သူ့ဟာသူငြိမ်းတာမဟုတ်ဘူး၊ ရှိနေတာကို နောက်ထပ်မဖြစ်အောင် ငြိမ်းသတ်ရမယ်လို့ ပြောတာ နော်။ မလောင်သေးတဲ့မီးကို သွားငြိမ်းဖို့ လိုသလား မလိုဘူးလား၊ စဉ်းစားကြည့်ပေါ့။ လောင်မှမလောင်တာ ဘာသွားငြိမ်းမှာလဲ၊ မလောင်သေးတဲ့မီးကို ငြိမ်းစရာမှ မလိုတာ၊ အဲတော့ လောင်မယ့်အရာကိုတော့ ငြိမ်းရ လိမ့်မယ်လေ။

သူ့ဟာသူငြိမ်းသွားတာ မဟုတ်ဘူး၊ သူက လောင် မယ်၊ လောင်မယ့်အခြေအနေရှိရင် မလောင်အောင် လုပ်ရမယ်ပေါ့၊ ဒီလိုဆိုလိုတာပေါ့၊ လောင်မယ့် အခြေ အနေရှိနေတာကို မလောင်အောင်လုပ်ရမယ်၊ အဲဒါ ကိုယ်က သူ့ဟာသူ လောင်စာမရှိလို့ မလောင်တာ ပြောတာမဟုတ်ဘူး၊ လောင်မယ့် အခြေအနေရှိနေလို့ ရှိရင် လောင်မယ့် အခြေအနေတွေကို ဖျက်စီးပစ်နိုင် အောင် ကြိုးစားရမယ်၊ ဒါပြောတာ။

ဒါကြောင့်မို့လို့ ဥပါဒါနက္ခန္ဓာ အပေါ်မှာတဲ့ အဘိဇ္ဈာဆိုတဲ့ (ဒီနေရာမှာ အရပ်ထဲမှာပြောတဲ့ မနောကံအရာမှာပြောတဲ့ အဘိဇ္ဈာကိုပြောတာ မဟုတ် ဘူး၊ သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်ချင်မှုဆိုတဲ့ ဝိသမလောဘ၊ အဲဒါကိုပြောတာမဟုတ်ဘူး) အဘိဇ္ဈာ ဆိုတာ မျက်စိနဲ့ အာရုံတစ်ခုခု မြင်လိုက်လို့ရှိရင် အဲဒီ အာရုံပေါ်မှာ တွေးမနေဘူးလား၊ ကိုယ်ကြိုက်တာလေး ဆိုရင် အမလေး ကောင်းလိုက်တာ လှလိုက်တာ လိုချင် လိုက်တာနဲ့ အဲဒီအပေါ်မှာ တွေးနေတာလေ၊ တွေးရုံ တင် မကဘူး နှုတ်ကပါ ထုတ်ပြီးပြောတာ၊ လှလိုက် တာ လိုချင်လိုက်တာ၊ နောက်ဆုံးတော့ ရအောင် ကြိုးစားတာပဲ။ အဲဒီလို ဖြစ်ပေါ်စေတတ်တဲ့ တဏှာမျိုး ကို ဒီနေရာမှာ အဘိဇ္ဈာ လို့ပြောတာ၊ ကွဲကွဲပြားပြား သိဖို့လိုတယ်။

မဟာသတိပဋ္ဌာနသုတ်မှာလည်း “ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ” လို့ အဘိဇ္ဈာလို့ပဲ ဟောတယ်၊ မြတ်စွာဘုရားက အဲဒီ အဘိဇ္ဈာဟာ ကာမစ္ဆန္ဒကိုပြောတာ ကွဲကွဲပြားပြား သိဖို့လိုတယ်၊ မနောကံထဲမှာပါတဲ့ အဘိဇ္ဈာကိုပြောတာ မဟုတ်ဘူး။ တရားအားထုတ်နေတဲ့အချိန် ဘယ်လိုလုပ် အဘိဇ္ဈာ ဖြစ်မလဲ၊ သူများပစ္စည်း ကိုယ့်ပစ္စည်းနော် အဲဒီ အဘိဇ္ဈာကို ပြောတာမဟုတ်ဘူး၊ အာရုံတစ်ခု မြင်လိုက်ရင် အဲဒီ အာရုံပေါ်မှာ လိုချင်တဲ့အတွေးတွေ၊ လောဘနဲ့တွေးတဲ့ အတွေးတွေကို မဖြစ်စေနဲ့၊ ဒါကို ဖယ်ရှားပစ်၊ ဖယ်ရှားပစ်လိုက်လို့ရှိရင် အာရုံကို မြင်ပေ မယ့်လို့ ဒီအတွေး မလာတော့ဘူး၊ ဖယ်လို့မလာတာ၊ မရှိလို့မလာတာ မဟုတ်ဘူး။

တစ်ခါတစ်ရံ လူက သဘောကောင်းနေတာ ပတ်ဝန်းကျင်က ကောင်းလို့ကောင်းနေတဲ့ သဘော ကောင်းမျိုးကို မဆိုလိုဘူး၊ အဆိုးကြားထဲက အကောင်း ဖြစ်ရမယ်၊ ဒီလို ဆိုလိုတယ်နော်။ အခုဟာလည်း လောဘဆိုတာ ဖြစ်စရာကောင်းလိုက်တဲ့အတိုင်း ကြား ထဲက မဖြစ်အောင်နေမှ လောဘမဖြစ်အောင် ဖယ်ရှား နိုင်မှ ဒါကိုဆိုလိုတယ်။ ဒါကြောင့်မို့ “အဘိဇ္ဈံ လောကေ ပဟာယ” ခန္ဓာလို့ဆိုတဲ့ ဥပါဒါနက္ခန္ဓာလို့ဆိုတဲ့ လောက မှာ တဏှာနဲ့တွေးတဲ့ တဏှာနဲ့တွေးပြီးဖြစ်ပေါ်လာတဲ့ တဏှာလောဘကို နောက်ထပ် မပေါ်ရလေအောင် ဖယ်ရှားပစ်ရမယ်၊ အဲဒီလိုဖယ်ရှားပစ်ခြင်းဖြင့် “ဝိဂတာ ဘိဇ္ဈေန စေတသာ ဝိဟရတိ” အာရုံတွေပေါ်မှာ တွယ်တာမှုကင်းတဲ့စိတ်နဲ့ နေရမယ်၊ ဒါစိတ်ရဲ့ အညစ် အကြေးကို ဖယ်ရှားခြင်းပဲနော်။ တွယ်တာမှု ကင်းတာနဲ့ နေရမယ်။

ဒါဖြင့် ဖယ်ရှားရမယ်ဆိုတော့ ဘယ်လိုလုပ် ဖယ်ရှားမလဲ၊ ဖယ်ရှားတဲ့ နည်းလမ်းရော ရှိရဲ့လား ဆိုတော့ ရှိတယ်၊ ဖယ်ရှားတဲ့နည်းလမ်းကို မြတ်စွာ ဘုရား ဟောထားတယ်၊ ဘာနဲ့ဖယ်ရှားရမလဲ၊ သတ္တဝါ အပေါ်မှာ တွယ်တာမှု လူအပေါ်မှာ တွယ်တာမှုနော် တွယ်တာမှုရှိပြီဆိုရင် အသုဘ ဘာဝနာ ကိုပွားပြီး ဖယ်ရှားရမယ်၊ ဒါ ဖယ်ရှားတဲ့ နည်းစနစ်တစ်ခုပဲ။ ကာမစ္ဆန္ဒဆိုတဲ့ နီဝရဏကို ဖယ်ရှားချင်လို့ရှိရင် ဟုတ်လား၊ အဲဒီလောဘ မဖြစ်အောင် ဆန့်ကျင်ဘက် အာရုံတစ်ခုခုယူရမယ်၊ လှတယ်ထင်ပြီးတော့ ကိုယ့် စိတ်က လောဘဖြစ်ရင် မလှတာကို ရွေးပြီးတော့ ရှာတွေးရမယ်လို့ဆိုလိုတာ၊ လှတယ်လို့တွေးနေလို့ရှိရင် ဒါတွေက လာတော့မှာပေါ့နော်။

ကြည့်ပါလား ဓမ္မပဒမှာ ဟောထားတာရှိတယ် လေ “သုဘာနု ပဿိံ ဝိဟရန္တံ၊ ဣန္ဒြိယေသု အသံဝုတံ” တဲ့။ လှတယ်လို့ ရှုနေမယ်၊ ဣန္ဒြေကို ထိန်းသိမ်း စောင့်ရှောက်မှု မဖြစ်ဘူး ဆိုလို့ရှိရင် အဲဒီပုဂ္ဂိုလ်မှာ ကာမစ္ဆန္ဒ ဆိုတဲ့ လောဘတွေ လွှမ်းမိုးသွားမှာပဲ။ အဲဒါကြောင့်မို့လို့ မလွှမ်းရအောင် “အသုဘာနု ပဿိံ ဝိဟရန္တံ၊ ဣန္ဒြိယေသု သုသံဝုတံ” ဣန္ဒြေကို ထိန်းသိမ်း စောင့်ရှောက်ပြီး မလှပဘူးဆိုတာကို မြင်အောင်ကြည့်ရ မယ်လို့ ဒီလိုပြောတာ။

အေး ဗမာတွေက အသုဘဆိုရင် အနိစ္စရောက်သူ လို့ပဲ အောက်မေ့နေတာ၊ သေမှ အသုဘလို့ ထင်တာ နော်၊ အခုဟာက အသုဘကို သိအောင်လုပ်ဖို့ လိုတာ ပေါ့၊ မသေခင်က အသုဘ ဆိုတာ၊ ဟုတ်တယ်လေ မနက် မိုးလင်းလာလို့ရှိရင် ဘာအရင်လုပ်ရတုန်း (မျက်နှာသစ်ရပါတယ် ဘုရား) မသစ်ဘဲထားလို့ရှိရင် ကိုယ့်ကိုယ်ကိုတောင် သတီမှာ မဟုတ်ဘူးနော်၊ ကိုယ့် သန္တာန်မှာ အညစ်အကြေးတွေ အင်မတန်ထွက်ပြီး တော့ မတင့်တယ်တာတွေကို ဆင်ခြင်စဉ်းစားပေးရ မယ်၊ အဲဒီအသုဘနိမိတ်ဟာလည်းပဲ အဘိဇ္ဈာလောဘ ကို တားနိုင်တာပဲ။ သို့မဟုတ် အသုဘ ဘာဝနာကို ကြိုးစားအားထုတ်တာ အဘိဇ္ဈာကို တားနိုင်တယ်။ ဣန္ဒြေတွေကို ထိန်းသိမ်း စောင့်ရှောက်တယ်၊ အစာ အာဟာရနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုကို သိတယ်၊ ဒီ အဘိဇ္ဈာဆိုတဲ့ ကာမစ္ဆန္ဒလောဘတွေ မပေါ်လာအောင် ဟောပြောပြသပေးမယ့် ကလျာဏ မိတ္တ ဆိုတာ ရှိသင့်တယ်။ နောက်ပြီး အဲဒီ ကာမဂုဏ် အာရုံတွေ ကင်းရာကင်းကြောင်း သင့်လျော်တဲ့ တရား စကားကို နာယူမှတ်သားဖို့ဆိုတာလည်း လိုအပ်တယ်။ အဋ္ဌကထာမှာကျတော့ အဲဒီလို (၆)မျိုးပြတယ်။ ဒါ ကာမစ္ဆန္ဒပယ်ဖို့ရာ တရား(၆)မျိုး ကြိုးစားရမယ်။

စိတ်၏အညစ်အကြေးများကို ဖယ်ရှားခြင်း

(၁) က အသုဘ နိမိတ်ကို မှတ်ယူရမယ်။

(၂) က အသုဘ ဘာဝနာကို ပွားရမယ်။

(၃) က ဣန္ဒြေကို ထိန်းသိန်းစောင့်ရှောက်ရ မယ်။

(၄) က ဘောဇဉ်နှင့် ပတ်သက်၍၊ အစာ အာဟာရနှင့်ပတ်သက်၍ အတိုင်းအတာကို သိရမယ်။

(၅) က မိတ်ကောင်းဆွေကောင်းရှိရမယ်။

(၆) က သင့်လျော်လျောက်ပတ်တဲ့ တရားစကား ကို နာကြားရမယ်လို့ ဆိုတယ်။

အဲဒီ(၆)ခု ကြိုးစားအားထုတ်ခြင်းဖြင့် မိမိရဲ့ စိတ်ထဲမှာဖြစ်တဲ့ အညစ်အကြေးလို့ဆိုတဲ့ ကာမစ္ဆန္ဒ ဒီ နီဝရဏ သို့မဟုတ် အဘိဇ္ဈာဆိုတဲ့ ကာမစ္ဆန္ဒ နီဝရဏက ဖယ်ရှားပစ်နိုင်တယ်၊ စိတ်ရဲ့ အညစ်အကြေးများကို ဖယ်ရှားခြင်းဆိုတာ ဒါနဲ့ဖယ်ရှားရမယ်လို့ ဆိုလိုတာ နော်။

နောက်တစ်ခုက ဘာတုန်းဆိုလို့ရှိရင် ဗျာပါဒ။

လူတွေက ကောင်းတာနဲ့တွေ့ရင် လိုချင်တယ်၊ ကောင်း တာနဲ့တွေ့ရင် လောဘဖြစ်တယ်၊ မကောင်းတာနဲ့ တွေ့ရင် ဘာဖြစ်လဲဆိုရင် ဒေါသဖြစ်တယ်၊ အဲဒီဒေါသ ဆိုတာလည်း စိတ်ရဲ့အညစ်အကြေးတစ်ခုပဲတဲ့၊ အဲဒီ ဒေါသကိုလည်းပဲ ဖယ်ရှားရမယ်။ ကြည်လင်အေးမြတဲ့ စိတ်၊ သတ္တဝါတွေအားလုံးအပေါ်မှာ ခွင့်လွှတ်သည်းခံ ပြီး အကျိုးစီးပွားကို လိုလားတဲ့စိတ်နဲ့ နေနိုင်အောင် ကြိုးစားပါတဲ့။

ဗျာပါဒ ဆိုတဲ့ ဒေါသကို ဖယ်ရှားဖို့ရာအတွက် ဘာတွေ လိုအပ်တုန်းဆိုတော့ မေတ္တာရဲ့ အာရုံနိမိတ်၊ မေတ္တာရဲ့ အာရုံနိမိတ်ဆိုတာ ဘာလဲဆိုရင် မေတ္တာ ထားလို့လွယ်တဲ့၊ ကိုယ်နဲ့ ခင်မင်တဲ့ပုဂ္ဂိုလ်၊ အဲဒီအပေါ် မှာ မေတ္တာပွား၊ ဒီလိုဆိုလိုတာ။ ပိယပုဂ္ဂိုလ်အပေါ်မှာ မေတ္တာပွားရမယ်၊ မေတ္တာ တည်ဆောက်တယ်ဆိုတာ မုန်းတဲ့အပေါ်မှာ သွားတည်ဆောက်လို့မရဘူး။ ဒါကြောင့် ကိုယ်နဲ့ခင်တဲ့ပုဂ္ဂိုလ်၊ ကိုယ်နဲ့ခင်တဲ့ ပုဂ္ဂိုလ်ဆိုလည်း လိင်တူတဲ့ပုဂ္ဂိုလ်ကို ရွေးရမယ်၊ လိင် ကွဲတဲ့ပုဂ္ဂိုလ် သွားရွေးလို့ရှိရင် စိတ်ဟာ ပြောင်းသွား တတ်တယ်။ ဒါကြောင့်မို့လို့ သဘာဂ ဝိသဘာဂ ကို ခွဲခြားသိရမယ်။ သဘာဂ ဆိုတာ ယောက်ျား ယောကျ်ား ချင်း၊ အမျိုးသမီး အမျိုးသမီးချင်း အဲဒီလိုတူရမယ်။ တူတဲ့ပုဂ္ဂိုလ်အပေါ်မှာ မေတ္တာကို တည်ဆောက်ပြီး မေတ္တာဘာဝနာ ပွားများအားထုတ်ရမယ်။ ဝိသဘာဂ ဆိုတာ လိင်မတူသူ။

(၁) က မေတ္တာနိမိတ် အာရုံယူ။

(၂) က မေတ္တာ ဘာဝနာပွား။

(၃) က ဘာတုန်းဆိုရင် ကံသာလျှင် ကိုယ်ပိုင် ရှိတယ် ဆိုတဲ့ သဘောတရားကို ဆင်ခြင်စဉ်းစား၊ ဒါမှ အမုန်းမပွားတာ၊ “ငါမုန်းနေလို့ရောဘာဖြစ်မှာလဲ သူ့ကံ နဲ့သူလာတာ” ဟော ဒီလို တွေးလိုက်လို့ရှိရင် အမုန်း တရားကို လျှော့ချနိုင်မှာပေါ့။ လူဆိုတာ ကိုယ့်ကံနှင့် ကိုယ်လာကြတာဆိုတာကို ဆင်ခြင်စဉ်းစားပေးရမယ်။ နောက်တစ်ခုကဘာတုန်း ဆိုလို့ရှိရင် မေတ္တာရဲ့ သဘောတွေနဲ့ ပတ်သက်ပြီး မေတ္တာရဲ့သဘောတွေကို ဆင်ခြင်စဉ်းစားပေးရမယ်၊ ဒေါသရဲ့ အပြစ်တွေကို ဆင်ခြင်စဉ်းစားပေးရမယ်၊ အဲဒီလို ဆင်ခြင်စဉ်းစား ပေးခြင်းဖြင့်လည်း ဗျာပါဒဆိုတဲ့ စိတ်ရဲ့အညစ်အကြေး ကို ဖယ်ရှားနိုင်ပါတယ်တဲ့။

နောက်တစ်ခုက သင့်လျော်လျောက်ပတ် ကောင်း မြတ်တဲ့ တရားစကားမျိုး ကြားနာရမယ်၊ ဟောဒါ ဗျာပါဒလို့ဆိုတဲ့ သို့မဟုတ် ဒေါသလို့ခေါ်တဲ့ စိတ် အညစ်အကြေးတစ်ခုကို ဖယ်ရှားပစ်ခြင်းပဲ။

ဟောနောက်တစ်ခု စဉ်းစားကြည့် ထိန မိဒ္ဓ၊ ထိန မိဒ္ဓ က ဘယ်လိုနေရာ လာတတ်တုန်းဆိုရင် တရားနာ တဲ့အခါမှာ လာတတ်တယ်၊ တရားအားထုတ်တဲ့အခါမှာ လာတတ်တယ်၊ ဟို ရုပ်ရှင်ကားကောင်းကောင်း ကြည့် ရင် ဘယ်တော့မှ မလာဘူး၊ မိုးချုပ်လည်း မလာဘူး၊ ဘောလုံးပွဲကောင်းကောင်းကြည့်လည်း မလာဘူး၊ အဲဒါ သေချာတယ်။ အဲတော့ ထိနမိဒ္ဓ နဲ့ မတည့်တာကတော့ တရားတို့ ကမ္မဋ္ဌာန်း အားထုတ်တာတို့ပဲ ဖြစ်တယ်။ အဲဒါဆိုလို့ရှိရင် ထိန မိဒ္ဓ လာတတ်တယ်တဲ့။ သူလည်း စိတ်ရဲ့ အညစ်အကြေးတစ်ခုပဲ။

အဲတော့ ဘုန်းကြီးတို့ ဟောထားတဲ့ တရား တစ်ပုဒ်ရှိတယ်။ “ကမ္မဋ္ဌာန်းထိုင်ခြင်းနဲ့ အိပ်ငိုက်ခြင်း” အိပ်ငိုက်ဖျောက်တဲ့နည်းကို အဲဒီထဲမှာ ပြည့်ပြည့်စုံစုံ ဟောထားတာရှိတယ်၊ အခု အဲဒီ ထိန မိဒ္ဓ ဆိုတာကို ဖယ်ရှားပစ်ရမယ်၊ ဖယ်ရှားမပစ်လို့ လူက အိပ်ချင် ထိုင်းမှိုင်း စိတ်ဓာတ်တွေကျနေတယ်ဆိုရင် အသိဉာဏ် လည်း လျော့ကျသွားတာပဲ။ ခုန ကြေးမုံပြင်ကြီးဟာ မှုန်ဝါးသွားသလိုပဲ မျက်နှာပီပီပြင်ပြင် မြင်ရမှာ မဟုတ် ဘူး။ အိပ်ချင်လာပြီဆိုရင် ပီပီပြင်ပြင် မမြင်နိုင်တော့ ဘူးပေါ့နော်။ ဒါကြောင့်မို့လို့ ပီပီပြင်ပြင် မြင်နိုင်ဖို့ရာ အတွက် ထိန မိဒ္ဓ ဖယ်ရှားပစ်ရမယ်။

အဲတော့ ထိန မိဒ္ဓ ဖယ်ရှားတဲ့အခါမှာ ဘာနဲ့ ဖယ်ရှားရမတုန်းဆိုတော့ ထိန မိဒ္ဓ ကင်းအောင် ဘာလုပ်ရမလဲဆိုရင် အလင်းရောင်နဲ့ စိတ်ရဲ့အလင်း ရောင် တည်ဆောက်ရမယ်၊ စိတ်ရဲ့ အလင်းရောင် ဆိုတာ အာလောက ကသိုဏ်းတို့ အလင်းရောင်တို့ ကြည့်ရမယ်။ အမှောင်ထဲမှာနေရင် အိပ်ချင်တယ်၊ ကြောက်တတ်တဲ့လူ ဆိုရင်လည်း ကြောက်တယ်၊ သရဲကြီး လာသလားနဲ့ တွေးပြီးတော့ ကြောက်တတ် တာ။ အဲတော့ အလင်းရောင်လေးရှိရင် လူက အကြောက်ပြေတယ်၊ အဲဒါကြောင့်မို့လို့ စိတ်မှာလည်းပဲ လင်းရှင်းနေအောင် “အာလောကသညာ” ဆိုတာကို ကိုယ့်ရဲ့စိတ်ထဲမှာ တည်ဆောက်ထားရမယ်။

အဲဒီလိုတည်ဆောက်တဲ့အခါမှာသူ့ကို အထောက် အကူပြုဖို့ ဘာလိုတုန်းဆိုရင် သတိနဲ့ သမ္ပဇည နှစ်ခု လိုတယ်။ အမြဲတမ်း သတိထားတတ်လာတယ်၊ ဆင်ခြင် စဉ်းစားနေတယ်၊ ဒါဆိုလို့ရှိရင် ဒီ ထိနမိဒ္ဓဆိုတာ ဖယ်ရှားနိုင်တယ်လို့ ဒီလို ပြောတာနော်၊ ဟိုတွေးဒီတွေး တွေးရင်လည်း မအိပ်ချင်တတ်ဘူး၊ လူတွေက ပြောကြ တယ်၊ ညက အတွေးလွန်သွားလို့ အိပ်လို့မရဘူး။ ဒါက ထိနမိဒ္ဓတွေ ဖြစ်ပေါ်လာပြီ ဆိုလို့ရှိရင် ဖယ်ရှားတဲ့ နည်းစနစ်တွေကို ပေးထားတာကတော့ ဗိုက်တင်းအောင် မစားနဲ့တဲ့၊ (၁) က အေး ဗိုက်တင်း အောင် စားတာ၊ ထိနမိဒ္ဓကို ဖိတ်ခေါ်နေသလို ရှိတယ် နော်၊ အေး၊ ကိုယ့်ဟာကိုယ် ဗိုက်တင်းအောင်စားကြည့်၊ စားကြည့်ရင် လူတွေက ဗိုက်တင်းလာရင် အိပ်ချင် တာလေ၊ ဒါကြောင့်မို့ ဗိုက်တင်းအောင် သိပ်မစားနဲ့၊ အလွန်အကျွံကြီးမစားနဲ့၊ အစာပြေရုံလေးလောက်တင် စားတဲ့။

(၂) က ဘာတုန်းဆိုရင် ဣရိယာပုထ်ကို ပြောင်း ပြောင်းပေးတဲ့၊ ဟုတ်တယ်၊ ထိုင်နေရင်လည်း အိပ်ချင် တယ်၊ လှဲအိပ်နေရင်လည်း အိပ်ချင်တယ်၊ အဲတော့ ထိုင်လိုက် ထလိုက် သွားလိုက်လုပ်ပေးပါတဲ့၊ ဒါကြောင့် မို့လို့ တရားထိုင်တဲ့အခါမှာ ကြည့်လေ၊ ထိုင်ချည်းမနေ ရဘူး၊ နာမည်ကသာ တရားထိုင်တယ်လို့ ပြောတာ လေ၊ ထိုင်ချည်းမနေရဘူး၊ စင်္ကြန်လည်း လျှောက်ရ တယ်၊ ဣရိယာပုထ်ကို ပြောင်းပြောင်းပေးပါတဲ့။ (၃) ကတော့ အလင်းရောင်ကို နှလုံးသွင်းပေး တဲ့။ (၄)ကတော့ အိမ်ထဲမှာ မနေနဲ့၊ အပြင်ထွက်နေ အဆောက်အဦးထဲမှာ မနေနဲ့၊ အပြင်ထွက်နေ၊ အပြင် ထွက်နေရင် အတော်နဲ့ မအိပ်ချင်ဘူးပေါ့။

(၅)နဲ့ (၆)ကတော့ မိတ်ကောင်းဆွေကောင်း ရှိပါစေတဲ့၊ မိတ်ကောင်း ဆွေကောင်းနဲ့ပေါင်းပြီး သပ္ပါယကထာ ထိနမိဒ္ဓကို ဖယ်ရှားဖို့အတွက် သင့်တင့် လျောက်ပတ်တဲ့ တရားစကားများကို နာကြားပါတဲ့၊ အဲဒါမှ ထိနမိဒ္ဓကို ဖယ်ရှားပစ်နိုင်မယ်၊ ဒီလိုဆိုတာ။ ဟော၊ နောက်တစ်ခုက ဘာတုန်းဆိုလို့ရှိရင် ဥဒ္ဒစ္စ ကုက္ကုစ္စ။ ဥဒ္ဓစ္စဆိုတာ အာရုံတစ်ခုတည်းကို စိတ်ကို စုစည်းလို့မရဘူး၊ စိတ်တွေလွင့်ပျံ့နေတယ်၊ ကုက္ကုစ္စ ဆိုတာ တွေးပြီးတော့ စိတ်ထဲမှာ စိတ်မကောင်း ဖြစ်နေ တာ၊ အဲဒီနှစ်ခုလုံးဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကို ဖျက်ဆီး ပစ်တာတွေဖြစ်တယ်၊ စိတ်မငြိမ်းချမ်းဘူး၊ ဒါကြောင့်မို့ စိတ်ငြိမ်းချမ်းဖို့ ကိုယ့်စိတ်ကလေးက မိမိရဲ့သန္တာန်မှာ စိတ်ကလေးငြိမ်းသွားအောင် “ဝူပသန္တ စိတ္တ” စိတ် ကလေး ငြိမ်းနေအောင် လုပ်ရမယ်။

အဲဒီလို ငြိမ်းနေအောင်လုပ်ဖို့အတွက် ဘာတွေ လုပ်ရမတုန်းဆိုလို့ရှိရင်-

(၁) စိတ်ကလေးငြိမ်းချမ်းအောင်တဲ့၊ ဗဟုသုတ ရှာမှီးရမယ်၊ ဟုတ်တယ်၊ စာဖတ်နေရင်လည်း မအိပ် ချင်ဘူး၊ သိချင်တာတွေ ရှာဖွေ စူးစမ်းနေရမယ်၊ ဗဟုသုတရှာတာ။

(၂) က မေးခွန်းလေးတွေမေး၊ စဉ်းစားတဲ့အခါ မေးခွန်းလေးတွေ ထွက်တယ်၊ မေးတတ်တဲ့ အလေ့ အထ ရှိရမယ်။

(၃) က ဘာတုန်းဆိုလို့ရှိရင် ဆုံးမတဲ့ အချက် အလက်တွေ၊ စည်းမျဉ်း စည်းကမ်းနဲ့ ပတ်သက် တာတွေ ကျွမ်းကျင်လိမ္မာအောင် လုပ်ရမယ်။

(၄) က ဘာတုန်းဆိုရင် ကိုယ့်ထက် အသက် အရွယ်ကြီးပြီး လေးစားလောက်တဲ့ ပုဂ္ဂိုလ်တွေကို ဆည်းကပ်ရမယ်။

အသက်ကြီးသူတွေဆိုတာ စကားပြောချင်တာ၊ အသက်ကြီးသူတွေဆီသွား၊ သူပြောတာ နားထောင် နော်၊ အသက်အရွယ်ကြီးလာလို့ရှိရင် စကားပြောဘက် လိုက်ရှာရတယ်လေ၊ သူက ဗဟုသုတတွေ ပြောမကုန် ဆုံးမကုန် ဟုတ်လား၊ အဲဒီလို ပုဂ္ဂိုလ်တွေကို ဆည်းကပ် လို့ရှိရင်တော့ အဲဒါ စိတ်ကလေးငြိမ်းချမ်းမှုတွေ၊ သူ့ ဆီက ဗဟုသုတတွေ ရလာနိုင်တယ်၊ ဒါက ဒီလိုဆိုထား တယ်။

နောက်ပြီးတော့ ကလျာဏမိတ္တရှိရမယ်၊ သင့်တင့် လျောက်ပတ်တဲ့ တရားစကား နာရမယ်လို့ ဒီလိုဆိုတာ။ ဟော၊ နောက်ဆုံး စိတ်ရဲ့အညစ်အကြေး တစ်ခု က ဘာတုန်းဆိုရင် ဝိစိကိစ္ဆာ၊ ဝိစိကိစ္ဆာ ဆိုတာ ဘာကို ပြောတာတုန်း၊ ကုသိုလ်တရားနဲ့ ပတ်သက်ပြီးတော့ သို့လော သို့လော တွေးတာ၊ ကုသိုလ်နဲ့ ပတ်သက် လာတဲ့အခါမှာ သံသယတွေ ဖြစ်တာမျိုးတွေ၊ အဲဒါ ကြောင့်မို့လို့ ဒီ ဝိစိကိစ္ဆာကို ကျော်လွှားနိုင်အောင် ကြိုးစားပြီးတော့ “အကထံကထီ ကုသလေသု ဓမ္မေသု ဝိဟရတိ” ကုသိုလ်တရားတွေနဲ့ ပတ်သက်ပြီး သို့လော သို့လော တွေးတောယုံမှားခြင်းမရှိဘူး၊ ဥပမာအားဖြင့် တရားအားထုတ်တယ်၊ တရားအားထုတ်တဲ့ တရားနဲ့ ပတ်သက်ပြီး သို့လောသို့လော တွေးတောယုံမှားတာ မရှိဘူး၊ သမာဓိနဲ့ ပတ်သက်ပြီး သို့လောသို့လော တွေးတောယုံမှားတာ မရှိဘူး၊ အသိပညာနဲ့ ပတ်သက် လာရင် တွေးတောယုံမှားတာ မရှိဘူး။

အဲဒီလို ယုံမှားမှုဆိုတာ ရှိနေလို့ရှိရင် အလုပ် မဖြစ်ဘူး၊ ယုံမှားတယ်ဆိုတာ ချီတုံချတုံ “ဒွေဓာပထ” လမ်းနှစ်သွယ်ရောက်သွားတာနဲ့ အတူတူ ပဲ၊ “ဒွေဠက ဇာတာ” ဟုတ်သလား၊ မဟုတ်ဘူးလား၊ စိတ်က နှစ်လုံး နှစ်ခွဖြစ်နေတာ၊ အဲဒီလို သံသယဆိုတာ လှုပ်ရှားနေ တယ်၊ ဟိုဘက်လိုလို ဒီဘက်လိုလို ယိမ်းယိုင်နေတယ်၊ အဲဒီ သဘာဝတရားတွေ ကိုယ့်သန္တာန်မှာဖြစ်ရင် ဒါလည်း စိတ်ရဲ့အညစ်အကြေးတစ်ခုပဲတဲ့၊ အဲဒါလည်း ဖယ်ရှားနိုင်အောင် ကြိုးစားရမယ်။

အဲဒါကို ဖယ်ရှားဖို့အတွက် ဘာလုပ်ရမလဲ၊ ဗဟုသုတ ဆည်းပူးရမယ်၊ ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်မှ သံသယဆိုတာ ပယ်ဖျောက်နိုင်တယ်၊ ဗဟုသုတမရှိရင် သံသယမကင်းနိုင်ဘူးတဲ့၊ နောက်တစ်ခါ ခုနက အတိုင်းပဲ၊ ပရိပုစ္ဆကတာ မေးမြန်းတတ်ရမယ်၊ မေးခွန်း တွေမေးတယ်ဆိုတာ သာမန်ပုဂ္ဂိုလ် မမေးတတ်ဘူး၊ “အမေး နွားကျောင်းသား“တဲ့၊ ဘယ်နွားကျောင်းသား က သူ့နွားကျောင်းနေတာ ဘယ်လိုလုပ်ပြီးတော့ မေးတတ်မလဲ၊ အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်းတဲ့ဆိုတာ စကားအနေနဲ့သာပြောတာ၊ နွားကျောင်းသားက မေးတတ်လို့ရှိရင်တော့ ဘယ်နား မှာ မြက်ခင်းရှိသလဲ မေးချင်မေးမှာပေါ့၊ ဘယ်နွားက ဘယ်မြက်ကြိုက်သလဲ မေးချင်မေးမှာပေါ့၊ တရားနဲ့ ပတ်သက်လို့ မေးနိုင်ပါ့မလား (မမေးနိုင်ပါဘုရား)။

အဲတော့ မေးခွန်းထုတ်နိုင်တယ်ဆိုတဲ့ အရည် အချင်းက နည်းတဲ့ အရည်အချင်း မဟုတ်ဘူးပေါ့၊ အဲဒီစကားပုံ ဆိုလိုတာကတော့ သူက မေးတဲ့ပုဂ္ဂိုလ်က လွယ်တယ်၊ ဖြေတာကတော့ ဘုရားလောင်းလိုဟာမျိုးမှ ဖြေနိုင်တယ်လို့ ဒီလိုပြောချင်တာနဲ့ တူပါတယ်။ သို့သော် မေးတာကိုက မလွယ်ဘူးလို့ ပြောရမယ်၊ မေးတတ်ဖို့ကို မလွယ်ဘူး၊ အဆင့်မရှိတဲ့မေးခွန်းတော့ မေးလို့ရတာပေါ့၊ ထမင်းဆိုင် ဘယ်နားရှိတုန်း၊ စားသောက်ဆိုင် ဘယ်နားရှိတုန်း ဒီလိုမေးခွန်းမျိုးတော့ မေးလို့ရမှာပေါ့။ အဲ၊ တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ မေးခွန်းက အဆင့်ရှိတဲ့ မေးခွန်းကိုး။ ဒါကြောင့်မို့ မေးခွန်း မေးတတ်ရမယ်။ စည်းမျဉ်း စည်းကမ်းနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်လိမ္မာမှုရှိရမယ်။ နောက်တစ်ခုက ဘာတုန်းဆိုရင် အရာရာဟာ စိတ်ကိုဆုံးဖြတ်နိုင်ရမယ်၊ ဆုံးဖြတ်တဲ့ အလေ့အကျင့် တစ်ခုပေါ့၊ ဒါ သေချာတယ်ဆိုတဲ့ ဆုံးဖြတ်မှု အလေ့ အကျင့် ရှိရမယ်။

နောက် မိတ်ကောင်း ဆွေကောင်း ရှိရမယ်၊ သင့်လျော်လျောက်ပတ်တဲ့ တရားစကားမျိုးကို နာရ မယ်၊ (၆)မျိုး။ မဟာသတိပဋ္ဌာနသုတ္တ အဋ္ဌကထာမှာ ဒါတွေကို ရှင်းလင်းဖော်ပြထားတယ်။

အဲဒီ စိတ်ရဲ့ အညစ်အကြေးကို ဖယ်ရှားပစ်ဖို့ ဒီနည်းစနစ်တွေကို စာပေကျမ်းဂန်ထဲမှာ အပြည့်အစုံ ပေးထားတယ်၊ ဘာဖြစ်လို့ အဘိဇ္ဈာ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာဆိုတဲ့ ဒီ နီဝရဏတရားတွေကို ဖယ်ရှားပစ်ရမလဲလို့ဆိုရင် နီဝရဏဆိုတာ “စေတသော ဥပက္ကိလေသ” စိတ်ကို ညစ်နွမ်းစေတတ်တယ်၊ စိတ်ကို ပူပန်စေတတ်တယ်၊ စိတ်ကို နှိပ်စက်တတ်တယ်၊ သူတို့ ဖြစ်လာရင် စိတ်မချမ်းသာဘူးနော်၊ စိတ်မချမ်းသာဘူး၊ စိတ်ဆင်းရဲလာတယ်၊ အဲဒါ ဟုတ်မဟုတ် ကိုယ့်ဟာ ကိုယ် စဉ်းစားကြည့်ပေါ့နော်၊ ဒါတွေဖြစ်လို့ စိတ် ချမ်းသာလား၊ စိတ်မချမ်းသာတာလား သို့မဟုတ် စိတ် ညစ်နွမ်းတာလား၊ စိတ်ဖြူစင်တာလား ကိုယ့်ဟာကိုယ် လက်တွေ့ ကျင့်သုံးကြည့်။ ပြီးတော့ “ပညာယ ဒုဗ္ဗလီ ကရဏ” တဲ့၊ ဒါတွေဖြစ်လာလို့ရှိရင် အသိပညာလည်း အားပျော့သွားတယ်၊ မှေးမှိန်သွားတယ်၊ ဒီလို ဆိုလို တယ်၊ ဒါကြောင့်မို့လို့ အဲဒါတွေကို ဖယ်ရှားရမယ်တဲ့။ မြတ်စွာဘုရားက ဥပမာတွေနဲ့ ဟောထားတယ်၊ ကာမစ္ဆန္ဒဆိုတဲ့ ဒီ နီဝရဏဟာ ကြွေးနဲ့တူတယ်၊ လောကမှာ လူတစ်ယောက်ဟာ သူများဆီကကြွေးတွေ ယူထားတဲ့ လူတစ်ယောက် အနေအထားတစ်ခုကို ကြည့်၊ ကြွေးမပေးနိုင်ဘူးဆိုတဲ့ လူတစ်ယောက်ဟာ ကြွေးရှင်တွေ ကျေနပ်လောက်အောင် လုပ်မပေးရဘူး လား (လုပ်ရပါတယ် ဘုရား) အေး၊ ကြွေးရှင်တွေရှေ့ ကျလို့ရှိရင် သူဟာ ဟို ပြားပြားဝပ်နေရတယ်၊ ဟုတ်ရဲ့ လား၊ (မှန်ပါ့ ဘုရား) ကြွေး အတင်းတောင်းမှာ ကြောက်တဲ့အခါကျတော့ ကြွေးရှင်နဲ့တွေ့မှာလည်း ကြောက်တယ်၊ စကားကိုလည်း ပြေပြစ်အောင် ပြောရ တယ်၊ ကြွေးရှိနေလို့ရှိရင်။ သူများကြွေးမတင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒါမျိုးတွေ မလိုတော့ဘူး၊ အဲတော့ ကာမစ္ဆန္ဒဆိုတဲ့ ဒီကာမဂုဏ်အာရုံတွေပေါ်မှာ တွယ်တာ တဲ့လောဘ ရှိနေတဲ့ပုဂ္ဂိုလ်ဟာ အရာရာမှာ အရှုံးပေး နေတာ၊ ဟုတ်တယ် ဒီဟာက လောဘကြီးတဲ့လူက အရှုံးပေးတာ။

ဒါကြောင့်မို့ “လောဘကြီးက စကားချို” တဲ့၊ စကားကို ချိုပြောနေရတာ၊ မချိုချင်ဘဲနဲ့လည်း ချိုနေ ရတာ၊ လောဘကြီးတော့ စကားချိုတာ။ အဲတော့ ကာမစ္ဆန္ဒဆိုတာ ကြွေးနဲ့တူတယ်တဲ့၊ ကြွေးတင်နေတဲ့ လူတစ်ယောက်သည် ဒီကြွေးရှိနေသမျှ ကာလပတ်လုံး စိတ်မအေးရဘူး၊ ကြွေးတွေကို ကျေလည်အောင် ပေးပြီးတော့ လုပ်ငန်းအောင်မြင်လို့ ကြွေးတွေလည်း ကုန်အောင်ဆပ်နိုင်ပြီ၊ သူများကြွေးတွေ မရှိတော့ဘူး ဆိုတော့မှ လက်မထောင်နိုင်တယ်။ ဘုန်းကြီးတို့တစ်တွေ ကာမစ္ဆန္ဒဆိုတဲ့ နီဝရဏ တရားကို စိတ်ထဲကနေ ဖယ်ရှားပစ်လိုက်၊ ဖယ်ရှား ပစ်လိုက်လို့ရှိရင် ကြွေးကင်းသွားတဲ့လူရဲ့ နီဝရဏ တရားကို စိတ်ထဲကနေ ဖယ်ရှားပစ်လိုက်၊ ဖယ်ရှား ပစ်လိုက်လို့ရှိရင် ကြွေးကင်းသွားတဲ့လူရဲ့ ဝမ်းသာမှု မျိုးကို ခံစားရမယ်လို့ ဒီလိုပြောတာနော်၊ ကြွေးကင်းတဲ့ ပုဂ္ဂိုလ်ရဲ့ ဝမ်းသာမှုမျိုးကို အဲဒီကျမှရမယ်၊ အဲဒါ မဟုတ်ရင်မရဘူး၊ ကြွေးတင်နေတဲ့ပုဂ္ဂိုလ်လိုပဲ အရာရာ မှာ အရှုံးပေးနေရတယ်။

နောက်တစ်ခု ဗျာပါဒဆိုတာ ဘာနဲ့တူတုန်းဆိုရင် ရောဂါနဲ့တူတယ်၊ ရောဂါဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဟာလေ ကြည့် ထမင်းလည်း စားလို့မကောင်းဘူး၊ စိတ်ထဲမှာလည်း မပျော်ဘူး၊ ဟော ရောဂါရှိနေပြီ ဆိုလို့ ရှိရင် ဘယ်ဟာမှ အရသာမရှိတော့ဘူး၊ စိတ်ဆိုးနေတဲ့ လူတစ်ယောက်ဟာလည်း အဲဒီအတိုင်းပဲ ဘာမှမထူး ဘူးနော်၊ ဒေါသဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ ကဲ ကလေးလေးတွေ စိတ်ကောက်နေရင် ထမင်းစားရဲ့ လား (မစားပါဘူးဘုရား) မစားဘူးနော် နေမကောင်း နေတဲ့လူရော ထမင်းစားရရဲ့လား (မစားပါဘူးဘုရား) မစားဘူးနော်၊ အဲ ခိုးစားတာကျတော့ လူမှ မသိတာ နော်၊ သို့သော် နေမကောင်းတဲ့ပုဂ္ဂိုလ် ထမင်းမစားချင် သလိုပဲ ဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်လည်း အစာမစားချင် ဘူး ဟုတ်ကဲ့လား၊ (မှန်လှပါဘုရား) စားရင်လည်း မမြိန်ဘူး၊ ဒီလိုဖြစ်တာပေါ့၊ အဲဒါကြောင့်မို့လို့ ဗျာပါဒ ဆိုတာ စိတ်ကို ဖောက်ပြားသွားစေတတ်လို့ ရောဂါနဲ့ တူတယ်။

အေး ရောဂါပျောက်လို့ ကျန်းမာလာတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာ ထမင်းလည်း စားချင်တယ်၊ စားရတဲ့ အခါမှာလည်း အရသာရှိတယ်၊ ဟော ရောဂါ မရှိတဲ့ ပုဂ္ဂိုလ်ဟာ ကျန်းမာရေး ကောင်းလာပြီဆိုရင် ဘာ စားစား အရသာရှိတယ်၊ အရသာရှိတော့ ဝမ်းသာ၊ ရောဂါဖြစ်တုန်းက စိတ်ညစ်ရတယ်၊ ရောဂါလည်း ပျောက်ရော ဟော စားလို့ကောင်း၊ ထမင်းတွေလည်း စားလို့ကောင်းပြီဆိုရင် ပျော်ရသလိုပဲတဲ့ ဗျာပါဒဆိုတဲ့ တရားကို ဖယ်ရှားပစ်နိုင်လို့ရှိရင်လည်း ကျန်းမာတဲ့ ပုဂ္ဂိုလ်ရဲ့ ပျော်ရွှင်မှုမျိုးကို ပျော်ရွှင်ရမှာပါတဲ့၊ ဒါကြောင့် မို့ ဒီ စိတ်အညစ်အကြေးကို ဖယ်ရှားပစ်နိုင်အောင် ကြိုးစားပါ ဒီလိုဆိုတာနော် (မှန်လှပါဘုရား) ဟော နောက်တစ်ခု ထိန မိဒ္ဓဆိုတာ ဘာနဲ့ တူတုန်းဆိုတော့ ထောင်ကြီးနဲ့တူတယ်၊ ထောင်ကျ နေတဲ့ လူတစ်ယောက်ဟာနော် ဘာပွဲလမ်းသဘင်ရှိရှိ သူ ပါဝင်ခွင့်ရရဲ့လား (မရပါဘုရား) အိပ်ချင်နေတဲ့ ပုဂ္ဂိုလ်ဟာ ဇာတ်ကားကောင်းကောင်းလည်း လွတ်သွား တာပဲ။

ငယ်ငယ်တုန်းက ကြားဖူးတယ်၊ ပြောကြတာ၊ ဆရာတော်ကြီးတစ်ပါး တရားဟောရင်း ထည့်ဟော တာ။ ရှေးတုန်းကတော့ ဇာတ်ပွဲတွေပေါတယ် (ခုခေတ် တော့ ဇာတ်ပွဲတွေက သိပ်မခေတ်စားဘူးနဲ့ ထင်ပါရဲ့) လူတွေက ဇာတ်ပွဲတွေ ညလုံးပေါက် ဇာတ်ပွဲကြည့်တာ၊ တစ်ညလုံးဆိုတော့ ပျင်းစရာအကောင်းဆုံးက ဝန်ကြီး တွေ စကားပြောတဲ့အခန်းက အတော်ပျင်းစရာ ကောင်းတယ်၊ ဇာတ်မျောနေတာ၊ မင်းသား မင်းသမီး ထွက်မှ လူက သီချင်းဆိုတာတို့ ဘာတို့ ဒါလောက်ပဲ လူက စိတ်ဝင်စားတာကိုး၊ အဲတော့ ဒါယိကာမကြီး တစ်ယောက်က ဝန်ကြီးတွေ ထွက်နေတဲ့အချိန် သူက အိပ်လည်းအိပ်ချင်၊ မင်းသား ထွက်တဲ့အခါကျတော့ လည်း လွတ်သွားမှာစိုးတော့ သူ့နားက လူတွေကို လက်တို့ပြီးတော့ မှာထားတယ်၊ “အသက်ထွက်ရင် ပြောစမ်းပါ” တဲ့။ (ရယ်သံများ)

အသက်ဆိုတာ ဘယ်သူ့ကို ပြောတာတုန်း ဆိုတော့ တသက်စိန်ကိုပြောတာ၊ ကဲ အသက်ထွက်ရင် ပြောစမ်းပါတဲ့၊ အခုလည်းပဲ အဲဒီလိုဟာမျိုးလည်း ရှိမှာပဲ၊ ဇာတ်ကြည့်တဲ့အခါမှာနော်၊ ဒီ့ပြင်အချိန်တော့ အိပ်မှာပေါ့လေ၊ အဲ အသက်ထွက်ရင် ဘယ်လိုလုပ် ပြောမလဲ၊ ကိုယ်ကြိုက်တာကျတော့ အဲဒီလိုကြည့်ချင် တာ။

အဲ ဆိုလိုတာက ထိနမိဒ္ဓ ဆိုတာတွေ လွှမ်းမိုး နေမယ်ဆိုရင် ဘာမှသိလိုက်မှာ မဟုတ်ဘူးတဲ့၊ လူဟာ အိပ်မောကျနေတဲ့အခါမှာ ကောင်းတာဆိုရင်လည်း မသိလိုက်ဘူး၊ သံသရာကြီးထဲမှာ ဒီလို အိပ်မောကျ နေတဲ့ လူတွေကိုမြင်ဖူးလား၊ အိပ်မောကျတဲ့ အကောင် တစ်ကောင် ကြားဖူးတယ် မဟုတ်လား၊ ဘာတဲ့တုန်း (ကာဠနဂါးပါ ဘုရား) အေး ကာဠနဂါး၊ ကာဠနဂါးက ဘုရားတစ်ဆူပွင့်သွားလိုက် သူကအိပ်ပျော်သွားလိုက်၊ ဘုရားတစ်ဆူပွင့်လိုက်၊ ရွှေခွက်မျှောတဲ့အခါမှ ရွှေခွက် ချင်းတိုက်ရင် နိုးသတဲ့နော်၊ အဲဒီလို အိပ်မောကျနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သစ္စာလေးပါးတရား ဘယ်လို လုပ် နာခွင့်ရမှာလဲ၊ အဲတော့ ထောင်ကျနေတာနဲ့ မတူဘူးလား (တူပါတယ်ဘုရား)။

ဒါကြောင့်မို့လို့ ထိနမိဒ္ဓကို ထောင်နဲ့နှိုင်းယှဉ်ပြီး တော့ မြတ်စွာဘုရား ဟောတာ၊ ထောင်ထဲရောက်နေ တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာတဲ့ ဘယ်လောက်ပျော်စရာ ကောင်းတဲ့ ပွဲသဘင်တွေဖြစ်ဖြစ် သူခံစားခွင့် မရှိဘူး၊ အေး ထောင်က ထွက်လာပြီဆိုလို့ရှိရင် ပျော်စရာတွေ အားလုံး သူ ခံစားရပြီးတော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရ တယ်တဲ့၊ ဟော အဲဒီလို ထိနမိဒ္ဓကို ဖယ်ရှားလိုက်နိုင် မယ်ဆိုရင် ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာတွေ ကြုံလာ မယ်လို့ ပြောတာနော်။

နောက်တစ်ခုက ဘာတုန်းဆိုရင် ဥဒ္ဓစ္စ ကုက္ကုစ္စ၊ အဲဒါဟာ ကျွန်ဘဝနဲ့ တူတယ်၊ စိတ်တွေလေနေတာတို့၊ သံသယတွေ စိတ်တွေလေပြီးတော့ စိတ်ပူပန်နေရတာ ကျွန်ဘဝနဲ့တူတယ်၊ ကျွန်ဘဝဆိုတာ ဘာမှမလွတ်လပ် ဘူး၊ အရှင်သခင်တွေ ခိုင်းတာပဲ လုပ်ရတယ်၊ ကိုယ့် ကိုယ်ကို မပိုင်ဘူး၊ မပိုင်တဲ့ဘဝမှာဆိုရင် ဘာမှ ခံစား နိုင်ခွင့် မရှိဘူးပေါ့၊ သူ့မှာ ခံစားခွင့်မရှိဘူး၊ အဲဒီလိုပဲ ဥဒ္ဓစ္စ ကုက္ကုစ္စတွေ လွှမ်းမိုးတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘာ တရားရဲ့အရသာမှ ခံစားရမှာ မဟုတ်ဘူးလေ။ မလွတ်လပ်တဲ့ဘဝ၊ စိတ်ရဲ့ကျေးကျွန်ဖြစ်ပြီးတော့ ဒီ လွင့်ပျံ့ပြီးတော့နေတဲ့ အာရုံတွေရဲ့ အရသာ ဘာမှ လည်း သူ မခံစားလိုက်ရဘူး၊ စိတ်ရဲ့ပူပန်မှုတွေ ကုက္ကုစ္စ တွေ ဖြစ်နေတဲ့အတွက်ကြောင့် ကျွန်တစ်ယောက်ဟာ လွတ်လွတ်လပ်လပ် ကိုယ့်ဆန္ဒအတိုင်း ဘာမှလုပ်နိုင် ခွင့် မရှိသလိုပဲ ဒီဥဒ္ဓစ္စ ကုက္ကုစ္စတွေ လွှမ်းမိုးနေတဲ့ စိတ်ဟာလည်း ဘာမှ အရသာသိနိုင်မှာ မဟုတ်ဘူးတဲ့၊ အေး၊ ဥဒ္ဓစ္စ ကျွန်ဘဝကလွတ်လာပြီး ကိုယ့်ကိုယ်ကို ပိုင်လာပြီဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ ကိုယ့်ဟာကို ရွေးချယ် လာပြီးတော့ ကောင်းနိုးရာရာလေး သိရှိလာတယ်၊ ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်တဲ့၊ ဥဒ္ဓစ္စ ကုက္ကုစ္စကို ဖယ်ရှားပစ်လိုက်ရင်လည်း အဲဒီလို ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမယ်ပေါ့။

နောက်တစ်ခု ဝိစိကိစ္ဆာကဘာလဲလို့ဆိုရင် ကန္တာရ ခရီးကြီးနဲ့တူတယ်၊ ကန္တာရခရီးကြီးကို ရှေးတုန်းက သွားတဲ့အခါမှာ ဒီတိုင်း လက်ချည်းသွားတာ မဟုတ် ဘူးနော်၊ ရွှေထုပ် ငွေထုပ်ကြီးတွေနဲ့ သွားတော့ ဒီ ကန္တာရခရီးကြီးဆိုတာ အင်မတန်မှ အန္တရာယ်များ တယ်၊ လူဆိုးတွေ သူခိုးတွေ ဓားပြတွေ ရှိနေတယ်၊ အဲဒီထဲ သွားရတယ်ဆိုတာ အင်မတန်မှ အန္တရာယ်ကြီး တာ၊ ကိုယ့်ထဲမှာ ပါလာတဲ့ ရတနာတွေကို အလုခံရမှာ ကြောက်တယ်၊ အလုခံရမှာကြောက်တော့ အဲဒီပုဂ္ဂိုလ် ရဲ့စိတ်ကို စဉ်းစားကြည့်စမ်း၊ အမြဲတမ်း သံသယနဲ့ ဘယ်နားမှာများ တွေ့မတုန်း၊ ဘယ်နားမှာများ တွေ့ မတုန်း ဒီလိုမဖြစ်ပေဘူးလား(ဖြစ်ပါတယ်ဘုရား) အေး ကုသိုလ်ကောင်းမှု လုပ်တိုင်းလုပ်တိုင်း ကုသိုလ် ကောင်းမှုတွေနဲ့ ပတ်သက်လာလို့ရှိရင်လည်း ဝိစိကိစ္ဆာ ရှိနေတဲ့ပုဂ္ဂိုဟ်ဟာ အဲဒီလိုပဲ သံသယတွေနဲ့ သွားနေ တာ ဟို ငြိမ်းချမ်းတဲ့နယ်မြေ (ခုခေတ်လိုဆို အဖြူရောင် နယ်မြေပေါ့နော်) ရောက်ရင် ဘာမှကြောက်စရာ မလို ဘူးဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ စိတ်အေးချမ်းလက်ချမ်း မသွားနိုင်ဘူးလား (သွားနိုင်ပါတယ်ဘုရား)။ အေး ဝိစိကိစ္ဆာ ဖယ်ရှားပစ်လိုက်လို့ရှိရင် ကုသိုလ် ကောင်းမှုထဲမှာ စိတ်ဟာ အေးချမ်းသွားတာပေါ့၊ ဝိစိကိစ္ဆာရှိနေရင် စိတ်ဟာ မအေးချမ်းဘူး၊ သံသယ တွေ လွှမ်းမိုးနေတယ်၊ ဒါကြောင့်မို့လို့ ဝိစိကိစ္ဆာကို ဥစ္စာပစ္စည်းတွေနဲ့ ကန္တာရ ခရီးဆိုးကြီးကို သွားနေရ တာနဲ့ အလားတူတယ်လို့ မြတ်စွာဘုရားက ဒီလို ဟောတာ။

အဲတော့ စိတ်ရဲ့အညစ်အကြေးတွေထဲက ကြွေးနဲ့ တူတဲ့ ကာမစ္ဆန္ဒ၊ ရောဂါနဲ့တူတဲ့ ဗျာပါဒ၊ ထောင်နဲ့တူတဲ့ ထိနမိဒ္ဓ၊ ကျွန်ဘဝနဲ့တူတဲ့ ဥဒ္ဒစ္စ ကုက္ကုစ္စ၊ ကန္တာရ ခရီးကြီးကို သွားရတာနဲ့တူတဲ့ ဝိစိကိစ္ဆာ။ အဲဒီ စိတ်ရဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်အောင် ကြိုးစား အားထုတ်ကြရမှာ ဖြစ်တယ်၊ အဲဒါတွေကို မဖယ်ရှား ဘဲနဲ့ နိဗ္ဗာန်ကိုရတဲ့ပုဂ္ဂိုလ် လောကမှာ တစ်ယောက်မှ မရှိဘူးနော်၊ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဒီလမ်းကနေ သွားတာချည်းပဲ။

ဒါဖြင့် ဝိသာခါ ခုနစ်နှစ်သမီးလေးတင် ဘုရားက တရားဟောတာ သောတာပန်ဖြစ်သွားတယ် ဆိုတာ ရော ဒါတွေ မဖယ်ရှားဘဲနဲ့ ဖြစ်သွားတာလားဆို ဘယ် ဟုတ်မှာလဲ၊ ဒါတွေ ဖယ်ရှားသွားတာ၊ ဒါတွေမဖယ်ရှား ဘဲနဲ့ သစ္စာလေးပါး မမြင်နိုင်ဘူး၊ နိဗ္ဗာန်ဆိုတာလည်း မမြင်နိုင်ဘူး၊ ဟုတ်ကဲ့လား (မှန်လှပါဘုရား) သစ္စာ လေးပါး ဆိုတဲ့ထဲမှာ နိဗ္ဗာန်ပါတယ်လေ (မှန်ပါဘုရား) နိဗ္ဗာန်ပါတယ်၊ နိဗ္ဗာန်ကိုမြင်ဖို့ရာ သစ္စာလေးပါးမြင်မှ၊ အဲဒါကြောင့်မို့လို့ ဒါတွေကို မဖယ်ရှားနိုင်ဘဲနဲ့ ကြည်ကြည်လင်လင် ပီပီပြင်ပြင် မြင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးတဲ့။

ဒါကြောင့်မို့ စိတ်ရဲ့ အညစ်အကြေးတွေကို ဖယ်ရှားရမှာဖြစ်တယ်၊ စိတ်ရဲ့အညစ်အကြေးဖြစ်တဲ့ နီဝရဏတရားတွေ ဦးတည်ပြီးတော့ ဟောကြားတဲ့ စိတ်ရဲ့အညစ်အကြေးများကို ဖယ်ရှားခြင်းဆိုတဲ့ ဒီ တရားကို နာပြီးတဲ့အခါမှာ ဗုဒ္ဓမြတ်စွာဟောကြားတော် မူခဲ့တဲ့အတိုင်း တို့ရဲ့သန္တာန်မှာ ဒီ စိတ်ရဲ့အညစ်အကြေး တွေ ရှိနေသလား၊ ရှိနေလို့ရှိရင် တို့တစ်တွေ ဖယ်ရှားဖို့ ကြိုးစားရမှာဖြစ်တယ်၊ ဖယ်ရှားတဲ့ နည်းစနစ်တွေကို မှတ်သားပြီးတော့ လုံးဝ မဖယ်နိုင်သေးရင်လည်း အားပျော့သွားအောင်၊ တဖြည်းဖြည်းချင်း ပါးသွား အောင် ဒီ အညစ်အကြေးတွေတို့ ဖယ်ရှားရမယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ စိတ်ရဲ့ အညစ် အကြေးများကို ဖယ်ရှားနိုင်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။

သာဓု - သာဓု - သာဓု

fjznhwtpia8ocxx2k2ztdrpveey4b9x
မြတ်ဗုဒ္ဓဒေသနာ နှင့် ယနေ့ကမ္ဘာ
0
5914
22125
21634
2026-06-15T03:20:53Z
Tejinda
173
22125
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မြတ်ဗုဒ္ဓဒေသနာ နှင့် ယနေ့ကမ္ဘာ
| previous = [[စိတ်၏အညစ်အကြေးများကို ဖယ်ရှားခြင်း]]
| previous2 =
| next = [[နှစ်ဦးကာလ ဓမ္မလက်ဆောင်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

မြတ်ဗုဒ္ဓဒေသနာ နှင့် ယနေ့ကမ္ဘာ

ဗုဒ္ဓမြတ်စွာ လူ့လောကမှာ ပေါ်ထွန်းလာခဲ့တာ ဟာ အများသတ္တဝါတွေရဲ့ 'ဟိတသုခ' အလို့ငှာ ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။ 'ဟိတ' ဆိုတာ အခြေ အနေကောင်းတွေကို ခေါ်ပါတယ်။ 'ဟိတ' ဆိုတဲ့ အခြေအနေကောင်းတွေ ရှိမှသာလျှင် 'သုခ' လို့ ခေါ်တဲ့ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှု၊ ဘဝမှာ အဆင်ပြေမှု၊ ဘဝသံသရာက လွတ်မြောက်မှု၊ ဆင်းရဲ ဒုက္ခတွေကို ကျော်လွှားနိုင်မှုဆိုတဲ့ အကျိုးတရားတွေကို ရနိုင်မှာပါ။

'ဟိတ' ဆိုတာ အကြောင်းတရား၊ 'သုခ'ဆိုတာ အကျိုးတရား၊ အကြောင်းတရားနှင့် အကျိုးတရား နှစ်မျိုးစုံ ဖြစ်ပေါ်စေမှသာလျှင် တည်မြဲတဲ့ ချမ်းသာသုခ ဆိုတာ ဖြစ်နိုင်ပါတယ်။ အခြေအနေကောင်းတွေ မရှိ ဘဲနှင့် ချမ်းသာသုခ ရရှိနိုင်တယ်၊ ချမ်းသာသုခ တည်ရှိနိုင်တယ်ဆိုတာ မဖြစ်ပါဘူး။ ဒါကြောင့်မို့ ဗုဒ္ဓ မြတ်စွာ ပွင့်တော်လာတာနှင့် ပတ်သက်ပြီးတော့ 'အထ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ' လို့ ဟောတာပါ။

မြတ်စွာဘုရားဟာ သတ္တဝါတွေရဲ့အကျိုးအတွက်၊ သတ္တဝါတွေရဲ့ အခြေအနေကောင်းတွေ ရရှိဖို့အတွက်၊ သတ္တဝါတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရေးအတွက် ပွင့်လာတယ်။ ပွင့်လာပြီးတော့ ဟောကြားတဲ့ တရား တွေဟာလည်းပဲ အခြေအနေကောင်းတွေကို ဖြစ်ပေါ် စေပြီး 'သုခ' ဆိုတဲ့ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှု တွေကို ဖြစ်ပေါ်စေတာပါ။

ဗုဒ္ဓမြတ်စွာရဲ့ ဒေသနာတော်တွေဟာ လူ့ဘဝ ရရှိ ထားတဲ့ ပုဂ္ဂိုလ်တွေအတွက် အခြေအနေကောင်း တွေကို ဖြစ်ပေါ်စေပြီးမှ ချမ်းသာသုခကို ရရှိစေတဲ့ တရားမျိုး ဖြစ်ပါတယ်။ (၃၈)ဖြာ မင်္ဂလာတရားတော် ဆိုတဲ့နေရာမှာ မင်္ဂလာ ဆိုတာ ကောင်းကျိုးချမ်းသာ တွေနဲ့ အရာရာမှာ အောင်မြင်မှုတွေကို ဆိုတာပါ။ ဘယ် ကိစ္စမှာမဆို အရှုံးမရှိဘဲနဲ့ အရာရာအောင်မြင်နိုင်တာ ကို ပြောတာ။

ဒါကြောင့်မို့ 'မင်္ဂလသုတ်' ထဲမှာ 'သဗ္ဗတ္ထ မပရာ ဇိတာ၊ သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆ န္တိ' အရှုံးမရှိ၊ အရာရာမှာ အောင်မြင်တယ်၊ ချမ်းသာသုခရနိုင်တယ်လို့ ဟောတာ ပါ။ ဒါ မင်္ဂလာရဲ့ အကျိုးသရုပ်ကို ဖော်ပြတာပါ။ ထိုကဲ့သို့ အရာရာအောင်မြင်ဖို့နှင့် အရာရာချမ်းသာဖို့ ဆိုတာ (၃၈)မျိုးသော အခြေအနေကောင်းတွေကို ရရှိ မှသာ ဖြစ်ပါတယ်။

လူမိုက်တွေနဲ့ မပေါင်းခြင်း၊ ပညာရှိနဲ့ပေါင်းခြင်း ဆိုတာ အခြေအနေကောင်းတွေကို ဖန်တီးပေးတာ။ အဲဒီလို လူမိုက်တွေနဲ့မပေါင်းဘဲ ပညာရှိတွေနှင့် ပေါင်းခြင်းလို့ဆိုတဲ့ အခြေအနေကောင်း မရှိဘူး ဆိုလို့ ရှိရင် ချမ်းသာသုခဆိုတဲ့ မင်္ဂလာအကျိုးတရား မရနိုင် ပါဘူး။

မြတ်စွာဘုရားဟောတဲ့ တရားဒေသနာတွေဟာ သံသရာဝဋ်က လွတ်ပြီးတော့ နိဗ္ဗာန်ချမ်းသာကို ရဖို့ဆိုတာချည်း တစ်ခုတည်း မဟုတ်ပါဘူး။ သံသရာထဲ ကျင်လည်နေတဲ့ အချိန်မှာလည်းပဲ အရာရာ အဆင် ပြေပြီး၊ အခြေအနေကောင်းတွေ ရရှိပြီး ချမ်းသာသုခ ရဖို့ တစ်ဘဝကနေ တစ်ဘဝ သံသရာထဲလည်တဲ့ အခါ မှာလည်းပဲ ဆင်းရဲဒုက္ခ နည်းနိုင်သမျှနည်းပြီး ချမ်းချမ်း သာသာရှိဖို့ တရားဓမ္မတွေကို ဟောထားတာ ဖြစ်ပါ တယ်။ ဒါက တစ်ပိုင်းပါ။

နောက်ဆုံး သံသရာဝဋ်ကနေလွတ်ပြီး “အိုခြင်း၊ နာခြင်း၊ သေခြင်း” လို့ဆိုတဲ့ ဒီဆင်းရဲဒုက္ခတွေက လုံးဝ လွတ်မြောက်တဲ့၊ ထာဝရငြိမ်းချမ်းတဲ့ အငြိမ်းဓာတ်ကို ရရှိချင်တယ်ဆိုလဲ မြတ်စွာဘုရားဟောတဲ့ တရားတော် က ထိုနောက်ဆုံးအဆင့်ဖြစ်တဲ့ 'နိဗ္ဗာန်ချမ်းသာ' ကိုလည်း ရောက်ရှိစေတဲ့ နည်းလမ်းတွေကို ဖော်ပြ ထားတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ အများစုက ဗုဒ္ဓမြတ်စွာဟောထားတဲ့ 'ပိဋကတ်သုံးသွယ်၊ နိကာယ်ငါးဖြာ၊ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်' ဆိုတဲ့ ဒီတရားတွေဟာ လောကုတ္တရာတရားတွေ ဖြစ်တယ်၊ ဘုန်းကြီးစာတွေ ဖြစ်တယ်၊ တို့နဲ့မဆိုင်ဘူး ဒီလိုထင်ကြတယ်။ မြတ်စွာ ဘုရားဟောတဲ့ တရားတွေဟာ လောကုတ္တရာကို ဦးတည်တာ မှန်သော်လည်း လောကမှာ နေရေး၊ ထိုင်ရေး၊ စီးပွားရေး၊ လူမှုဆက်ဆံရေး၊ နိုင်ငံရေးဆိုတာ အဆင်တပြေရှိဖို့ နည်းလမ်းအမျိုးမျိုးကို မြတ်စွာဘုရား ဟောထားခဲ့တာပါ။

ဒါကြောင့်မို့ ပိဋကတ်တရားတော်တွေဟာ နိဗ္ဗာန် ရောက်ကြောင်းတရားချည်း မဟုတ်ပါဘူး။ နိဗ္ဗာန် မရောက်ခင်စပ်ကြား သံသရာလည်နေတဲ့အချိန်မှာ စီးပွားဘယ်လိုရှာရမယ်၊ ကိုယ်ကျင့်တရား ကောင်း အောင် ဘယ်လိုလုပ်ရမယ်၊ ဆင်းရဲဒုက္ခတွေ သက်သာ အောင် ဘယ်လိုနေထိုင်ရမယ်၊ အရာရာအောင်မြင် အောင် ဘယ်လိုကျင့်သုံးရမယ်ဆိုတာ အခြေခံကစပြီး တော့ ရှင်းလင်းထားတာ ပိဋကတ်ထဲမှာ မြောက်မြားစွာ ရှိပါတယ်။

မြတ်စွာဘုရားက 'အင်္ဂုတ္တရနိကာယ်' 'အန္ဓသုတ္တန်' မှာ ဟောထားတာက လောကမှာ လူရယ်လို့ ဖြစ်လာ လို့ရှိရင် အသိဉာဏ်မျက်စိ(၂)မျိုး ရှိရမယ်တဲ့။ စီးပွား ရှာတတ်တဲ့ မျက်စိလည်း ရှိရမယ်။ ကိုယ်ကျင့်တရားနှင့် ပတ်သက်ပြီး အကောင်းအဆိုး၊ အကြောင်းအကျိုး ခွဲခြားသိတတ်တဲ့ 'ဓမ္မမျက်စိ' လည်း ရှိရမယ်။ လောက လူသားတွေဟာ မျက်စိနှစ်လုံးရှိမှ ပြည့်စုံသလိုပဲ၊ လူ့ဘဝ ရလာလို့ရှိရင်လည်းပဲ ဒီပညာမျက်စိနှစ်မျိုး ရှိရမယ်။ လူဖြစ်လာရင် စီးပွားရှာတတ်ရမယ်။ ကိုယ်ကျင့်တရားကောင်းအောင် ကျင့်သုံးတတ်ရမယ်။ ဒါမှ ပြည့်စုံတဲ့လူသား(ideal person)လို့ အကောင်းဆုံး လူသားတစ်ယောက်ဖြစ်ဖို့အတွက် မြတ်စွာဘုရား လမ်းညွှန်ထားတာပါ။

စီးပွားရေးမျက်စိဆိုတာ မရသေးတဲ့ စည်းစိမ်ဥစ္စာ တွေရအောင်၊ ရပြီးသား စည်းစိမ်ဥစ္စာတွေကို တိုးပွား အောင်လုပ်တဲ့ နည်းပညာတွေ တတ်ကျွမ်းတာကို ပြောတာ။ ထိုသို့ တတ်ကျွမ်းမှသာလျှင် လောကမှာ မပင်မပန်း ချမ်းချမ်းသာသာနဲ့ နေနိုင်မှာဖြစ်ပါတယ်၊ ကုသိုလ်ကောင်းမှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ဖက်ကလည်း စီးပွားရေးဘက်က တိုးတက်ရုံတင် မဖြစ်ဘူး၊ ကိုယ်ကျင့်တရား ကောင်းဖို့၊ စိတ်ဓာတ်မြင့်မားဖို့ဆိုတဲ့ ဘက်ကလည်း အင်မတန်မှ အရေးကြီးပါတယ်။ စီးပွားတစ်ခုတည်းသာ ရှာတတ်ပြီး ကိုယ်ကျင့်တရား မပါဘူး၊ ကိုယ်ကျင့်တရားနှင့် ပတ်သက်တဲ့အသိ မရှိဘူးဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်မျိုးဟာ မျက်စိတစ်လုံးကွယ်နေတဲ့ ပုဂ္ဂိုလ်နဲ့တူတယ်။

စီးပွားကို ရှာတတ်ပြီးတော့ ကိုယ်ကျင့်တရား ဘက်က အသိဉာဏ်မရှိဘူးဆိုရင် ဒီပုဂ္ဂိုလ်မျိုးဟာ စီးပွားကို ရတဲ့နည်းနဲ့ ရှာတတ်တယ်။ ပိုက်ဆံရ ပြီးရော ဆိုတဲ့ အနေအထားမျိုးကြောင့် ထိုပုဂ္ဂိုလ်ဟာ ကိုယ်ကျင့် တရား ကင်းမဲ့သူ ဖြစ်လာတယ်။ သူရလာတဲ့ စည်းစိမ် ဥစ္စာလည်း ကြာရှည်ခံတဲ့ စည်းစိမ်ဥစ္စာ မဖြစ်ပါဘူး။ တစ်ခဏတာမျှ စီးပွားရေးအောင်မြင်သော်လည်း မကြာခင် ထိုစီးပွားရေးဟာ လက်လွှတ်ဆုံးရှုံးသွားနိုင် ပါတယ်။ ကိုယ်ကျင့်တရားနှင့် ထိန်းမထားလို့ရှိရင် စီးပွားဥစ္စာ တိုးတက်မှုဟာ ထိုပုဂ္ဂိုလ်အတွက် အန္တရာယ် ကြီး ဖြစ်ပါတယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက အသိပညာ(၂)မျိုး ရအောင် လုပ်ရမယ်။ ဒါ အခြေအနေကောင်းတွေပဲ။ မြတ်စွာဘုရားက အခြေအနေကောင်းတွေကို ဟော ပေးတာ။ အေး ... ဒီဘဝမှာ ချမ်းသာသုခတွေရဖို့ ဆိုတဲ့ အကြောင်းတွေနဲ့ ပတ်သက်ပြီး၊ စီးပွားရေးနှင့် ပတ်သက်ပြီး ဒီဘဝမှာ ပြည့်စုံရမည့် အချက်အလက် တွေကို မြတ်စွာဘုရားကဟောတာ။

လူ့လောကဟာ ဒီဘဝ ပြည့်စုံရုံနှင့် မပြီးသေး ဘူး။ လူတွေမှာ ဘဝသံသရာဆိုတာ ရှိနေသည့် အတွက်ကြောင့် ဒီဘဝကောင်းရုံလေးနဲ့ မပြီးသေးဘူး၊ နောင်ဘဝအတွက် အနာဂတ်ရေးဆိုတာကို ထည့်သွင်း စဉ်းစားပြီး ပြင်ဆင်သင့်တယ်။ ဒါကြောင့်မို့လို့ နောင် ဘဝကောင်းဖို့အတွက်ကိုလည်းပဲ ခုနေက ကြိုကြို တင်တင် ပြင်ပြင်ဆင်ဆင်ဆိုတာ ရှိရပါတယ်။

စီးပွားရေးနဲ့ ပတ်သက်တောင်မှပဲ အခုခေတ်မှာ အနာဂတ် မြှော်မှန်းချက်တွေနဲ့ စီမံကိန်းကြီးတွေချပြီး တော့ ဆောင်ရွက်ကြရတာ မဟုတ်လား။ ထို့တူပါပဲ ကိုယ့်ရဲ့ဘဝမှာ ဒီဘဝတစ်ခုတည်း အောင်မြင်လို့ မဖြစ်ပါဘူး။ နောင်ဘဝအတွက်ကိုလည်းပဲ မျှော်လင့်ချက် နှင့် စီမံကိန်းတွေထားဖို့ လိုအပ်ပါသေးတယ်။

ဗုဒ္ဓမြတ်စွာ လက်ထက်တော် ကာလတုန်းက ကောလိယတိုင်း၊ 'ကက္ကရပတ္တ' ဆိုတဲ့မြို့မှာ မြတ်စွာ ဘုရား ရောက်ရှိနေတဲ့ အချိန်ပိုင်းလေးမှာ အဲဒီ 'ကက္ကရပတ္တ' က 'ဒီဃဇာဏု' ဆိုတဲ့ အမျိုးသား ဦးဆောင်ပြီးတော့ ဗုဒ္ဓမြတ်စွာထံ ဝင်ရောက်ချဉ်းကပ် ကြတယ်။ သူတို့က မြတ်စွာဘုရားကို လျှောက်တယ်။ “အရှင်ဘုရား၊ တပည့်တော်တို့ဟာ ဒီဘဝမှာလဲ ချမ်းချမ်းသာသာ၊ ပျော်ပျော်ရွှင်ရွှင် မိသားစုနဲ့ သိုင်းသိုင်းဝိုင်းဝိုင်း နေချင်ပါတယ်။ နောင်ဘဝမှာ လည်း ကောင်းရာဘုံဘဝကို ရောက်ချင်တယ်။ အဲဒီလို ဖြစ်နိုင်တဲ့ အခြေအနေကောင်းတွေများ ရှိပါသလား” တဲ့။

မြတ်စွာဘုရားက 'ရှိတယ်၊ ဒီဘဝအတွက် 'ဟိတ သုခ' အခြေအနေကောင်းတွေနဲ့ ချမ်းသာသုခကို ရစေ နိုင်တဲ့ အချက်လေးမျိုးရှိတယ်။ နောင်ဘဝအတွက် လည်းပဲ အခြေအနေကောင်းတွေ ပေးပြီးတော့ ချမ်းသာသုခကို ရစေနိုင်တဲ့ အကြောင်းတရားလေးမျိုး ရှိတယ်” ဆိုပြီး အင်္ဂုတ္တရနိကာယ် မှာပဲ မြတ်စွာဘုရား ဟောထားတဲ့ သုတ်တစ်သုတ်ကို မှတ်တမ်းတင်ထား တာ ရှိပါတယ်။

အဲဒီသုတ်မှာ မြတ်စွာဘုရားက ဒီဘဝအတွက် 'ဟိတသုခ' အခြေအနေကောင်းနဲ့ ချမ်းသာကို ရစေ တတ်တဲ့ အချက်ကတော့

နံပါတ်(၁) 'ဥဋ္ဌာနသမ္ပဒါ' - ကိုယ်လုပ်တဲ့လုပ်ငန်း နဲ့ ပတ်သက်ပြီးတော့ ကြိုးကြိုးစားစား လုပ်ကိုင်ရမယ်။ အဲဒီ 'ဥဋ္ဌာနသမ္ပဒါ' တက်တက်ကြွကြွ၊ ကြိုးကြိုးစားစား လုပ်တယ်ဆိုတဲ့နေရာမှာ မြတ်စွာဘုရားက ထပ်ပြီး တော့ ရှင်းထားတယ်။ ကြိုးစားတိုင်းရသလားဆိုတော့ ကြိုးစားတိုင်း မရနိုင်ဘူး။ ကြိုးစားတယ်ဆိုတဲ့ အချက် ထဲမှာ ဘာတွေပါတုန်း ဆိုလို့ရှိရင် 'ဒက္ခ' လုပ်ငန်း ကျွမ်းကျင်မှုရှိရမယ်၊ 'အနလသ' ဇွဲကောင်းမှု ရှိရမယ်၊ 'ဥပါယဝီမံသ' နည်းပညာ ရှိရမယ်။

ကြိုးစားမှုရှိရုံ တစ်ခုတည်းနှင့်တော့ မရဘူး။ ကြိုးစားမှုဆိုတဲ့ထဲမှာ အရေးကြီးတဲ့အချက် (၃)ချက် ပါတယ်။ အရေးကြီးတဲ့အချက်(၃)ချက်က လုပ်ငန်း ကျွမ်းကျင်မှု၊ ကြိုးတော့ကြိုးစားတယ် လုပ်ငန်းမကျွမ်း ကျင်ဘူး မအောင်မြင်နိုင်ဘူး။ ကြိုးတော့ကြိုးစားတယ် ဇွဲမကောင်းဘူး မအောင်မြင်ဘူး။ ကြိုးတော့ ကြိုးစား တယ် နည်းပညာ နိမ့်ကျနေတယ်၊ စီမံခန့်ခွဲနိုင်တဲ့ စွမ်းအားတွေ မရှိဘူး၊ မအောင်မြင်နိုင်ဘူးတဲ့။

ဒါ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က မြတ်စွာဘုရားက စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အောင်မြင်ဖို့ နည်းလမ်းတစ်ခုပေးထားတာပါ။ ဒါက မြတ်စွာဘုရားဟောတဲ့ ပိဋကတ်တော်တွေထဲမှာပါတဲ့ တရားပါ။ လုပ်ငန်းကျွမ်းကျင်မှု၊ ဇွဲကောင်းမှု၊ နည်း ပညာ အဲဒီ(၃)ရပ် ပေါင်းစပ်ထားတဲ့ ကြိုးပမ်းအားထုတ် မှုဆိုတာ ရှိရမယ်တဲ့။

နောက်တစ်ချက်က 'အာရက္ခသမ္ပဒါ' - ထိန်းသိမ်း စောင့်ရှောက်မှုရှိရမယ်။ လောကမှာ စီးပွားဥစ္စာတွေနဲ့ ငွေကြေးဓနမြောက်မြားစွာရလာတယ်။ ကုန်ပစ္စည်းတွေ မြောက်မြားစွာ ထုတ်နိုင်တယ်။ သို့သော် မထိန်းသိမ်း ဘူးဆိုရင် အလေအလွင့်တွေများပြီးတော့ စီးပွားဥစ္စာတိုးသင့်သလောက် မတိုးဘူး။ ဒါကြောင့်မို့လို့ ထိန်းသိမ်း ဖို့ နည်းပညာတတ်ရတယ်။

အလုပ်လုပ်ပြီး ရလာတဲ့ပစ္စည်းကို ရေကြောင့် မပျက်စီးအောင်၊ မီးကြောင့် မပျက်စီးအောင်၊ ပစ္စည်းကို ဖျက်ဆီးတတ်တဲ့ ရန်သူမျိုးငါးပါးထဲက တစ်ခုခုနဲ့မှ မပျက်စီးရအောင်၊ အလေအလွင့်မရှိရအောင် သေချာ စောင့်ရှောက်မှုဆိုတဲ့ 'အာရက္ခ သမ္ပဒါ' တရားရှိဖို့ လိုသေးတယ်။ ဒါလဲဒုတိယအချက်အနေနဲ့ အခုလက်ရှိ ဘဝမှာ စီးပွားတိုးတက်ဖို့အတွက် မြတ်စွာဘုရားက ဟောထားတာ။ ဒါလည်း အင်မတန် လိုအပ်တဲ့ အကြောင်းတရားတစ်ခုပါ။

နောက်တစ်ခုကတော့ 'ကလျာဏမိတ္တတာ' မိတ်ကောင်း ဆွေကောင်း ရှိရမယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး အကြံပေးမည့်ပုဂ္ဂိုလ်၊ အကျင့်စာရိတ္တ ကောင်းတဲ့ပုဂ္ဂိုလ်၊ အသိပညာရှိတဲ့ပုဂ္ဂိုလ်၊ စွန့်လွှတ်နိုင်မှု ရှိတဲ့ပုဂ္ဂိုလ်၊ ယုံကြည်မှုရှိတဲ့ပုဂ္ဂိုလ်၊ ကိုယ်ကျင့်တရား ကောင်းတဲ့ပုဂ္ဂိုလ်၊ အဲဒီလို မိတ်ကောင်းဆွေကောင်း တွေလဲပဲ အင်မတန်မှ လိုအပ်ပါတယ်။

ဒီကနေ့ခေတ်ကြည့်၊ စီးပွားဥစ္စာ တိုးတက်နေတဲ့ ပုဂ္ဂိုလ်တွေ ပုဂ္ဂိုလ်တွေတိုင်းဟာ ဒီအခြေအနေကောင်း တွေ ရှိနေတယ်။ ခုနက ကြိုးပမ်းအားထုတ်မှုကြောင့် ပစ္စည်းဥစ္စာတွေ ရလာနိုင်တယ်။ ထိန်းထိန်းသိမ်းသိမ်း တွေ ရှိတတ်လို့ စုမိဆောင်းမိ ရှိလာတယ်။ သို့သော် မိတ်ကောင်းဆွေကောင်း မရှိဘူးဆိုလို့ရှိရင် ထိုပစ္စည်း တွေဟာ သဲထဲမှာ ရေသွန်လိုက်သလိုပဲ အသုံးအဖြုန်း နဲ့ တစ်ခါတည်း ပျက်စီးဆုံးရှုံးပြီးတော့ သွားနိုင်တယ်။ ဒါကြောင့်မို့ မိတ်ကောင်းဆွေကောင်း ရှိဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။

ဟော၊ နောက်ဆုံး စီးပွားရေးနဲ့ ပတ်သက်ပြီး တကယ့်ကို အရေးကြီးတဲ့ အချက်တစ်ခုကတော့ 'သမဇီဝိတာ' ရလာတဲ့ စည်းစိမ်ဥစ္စာ၊ ကိုယ်ထုတ်လုပ်တဲ့ ပစ္စည်း၊ ကိုယ့်ရဲ့ဝင်ငွေထွက်ငွေနဲ့ ပတ်သက်လာလို့ရှိရင် စာရင်းဇယား ခိုင်ခိုင်မာမာထားပြီးတော့ ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း မျှမျှတတဖြစ်နေဖို့ အရေးကြီး တယ်။ 'သမဇီဝိတာ' ဆိုတဲ့ သဘောက ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်းညှိပြီးတော့ သုံးစွဲတဲ့ အခုခေတ် စီးပွားရေးပညာလိုပဲ။ ဝင်ငွေတွေကများပြီးတော့ သုံးငွေ နည်းနေလို့ မဖြစ်ဘူး၊ သုံးငွေတွေက များပြီးတော့ ဝင်ငွေတွေက နည်းနေလို့လည်း မဖြစ်ဘူး။ ထိုနှစ်ခု ဟာ ဝင်ငွေနဲ့ထွက်ငွေ မျှမျှတတ သုံးတတ်ဖို့တဲ့။ ဒါကြောင့်မို့ ဒီကနေ့ခေတ် စီးပွားရေးပညာရပ်တွေဟာ လည်း ဒါ အဓိကထားကြတာ။ ဝင်ငွေထွက်ငွေ ညှိပြီး တော့ ဆောင်ရွက်တာ။ ဒါကြောင့်မို့ ဘတ်ဂျက်စာရင်း တွေ ဘာတွေ ရှင်းတယ်ဆိုတာ ဒီ 'သမဇီဝိတာ' ကို ပြောတာပါ။ ဝင်ငွေက ဘယ်လောက်ရှိနေတယ်၊ ထွက်ငွေက ဘယ်လောက်ရှိတယ်၊ လိုငွေက ဘယ် လောက် ပြနေတယ်၊ ပိုငွေက ဘယ်လောက်ပြနေ တယ်။

မြတ်စွာဘုရားက လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင့် ငါးရာကတည်းက ကြိုးပမ်းအားထုတ်မှု၊ အလေအလွင့် မရှိအောင် ထိန်းသိမ်းမှု၊ မိတ်ကောင်းဆွေကောင်းရှိမှု၊ ဝင်ငွေ ထွက်ငွေ မျှမျှတတသုံးစွဲမှုဆိုတဲ့ ဒီအချက်ကြီး (၄)ချက်ကို ဟောခဲ့တာဖြစ်တယ်။ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်မှ မဟုတ်ဘူး၊ ဒီ စည်းကမ်းအတိုင်း ဆောင်ရွက်ကြမယ်ဆိုလို့ရှိရင် စီးပွားရေးက တိုးတက် လာမှာပဲ။ အများကြီးမတိုးတက်တောင် ပျက်စီးမသွား နိုင်ဘူး။ ဒါ ဒီဘဝမှာ ကောင်းတဲ့ အခြေအနေတွေနဲ့ ကောင်းတဲ့ ချမ်းသာသုခကို ပေးစွမ်းနိုင်တဲ့ အချက် လေးချက်ပဲ။

တမလွန်ဘဝအတွက်ကတော့ ဒီဘဝကလုပ်တဲ့ ဟာတွေပါ။ အဲဒီတမလွန်ဘဝအတွက် ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးကတော့ အခြားမဟုတ်ဘူး။ ဓမ္မနှင့် ပတ်သက်တဲ့ အသိဉာဏ်။ အခုနက ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ သိတဲ့မျက်စိရှိရမယ်။ ကိုယ်ကျင့်တရားနဲ့ ပတ်သက်လာလို့ရှိရင် နံပါတ်(၁) ကိုယ်ကျင့်တရား ကောင်းရမယ်လို့ ဆိုလိုတယ်။

နံပါတ်(၂) ယုံကြည်ချက်ရှိရမယ်။ ယုံကြည်ချက် ဆိုတာ ဘာသာတရားနဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓမြတ်စွာ ရဲ့ မှန်စွာသိတဲ့ အသိဉာဏ်ကို လက်ခံလို့ မြတ်စွာဘုရား သွန်သင်ဆုံးမသမျှကို လေးစားလိုက်နာမှု၊ ယုံကြည်မှု ရှိရမယ်။ ယုံကြည်မှုရှိသလို ကိုယ်ကျင့်တရား ကောင်းရ မယ်။

နံပါတ်(၃) စွန့်လွှတ်နိုင်မှု ရှိရမယ်။ လူဟာ မိမိ ရလာတဲ့ အခွင့်အရေးကို တစ်ယောက်တည်းမသုံးဘဲ၊ ကိုယ်တစ်ယောက်တည်း မခံစားဘဲ မိမိပတ်ဝန်းကျင် နှင့် မျှဝေခံစားတတ်ရမယ်။ ဒါကို 'စာဂသမ္ပဒါ' လို့ ခေါ်တယ်။ ကိုယ်ရလာတဲ့ ဘယ်အခွင့်အရေးကိုမှ ကိုယ်တစ်ယောက်တည်း သိမ်းပိုက်ထားတာမျိုးမရှိဘဲ အားလုံး လောကလူသားတွေနှင့် မျှဝေခံစားတတ်တဲ့ 'စာဂသမ္ပဒါ' မျိုးရှိရမယ်။

နောက်တစ်ခု နံပါတ်(၄)က 'ပညာသမ္ပဒါ'၊ အကြောင်းအကျိုး၊ အကောင်းအဆိုး ခွဲခြားသိတာက အစ လောကမှာရှိတဲ့ သဘာဝတရားတွေဟာ ဘယ် ဟာမှ မမြဲဘူးဆိုတာကို သိရှိနားလည်ထားတဲ့ ပညာ မျိုး ရှိရမယ်။

အကျဉ်းချုပ် ပြောရလို့ရှိရင် 'သဒ္ဓါသမ္ပဒါ' ယုံကြည်မှု ရှိရမယ်။ 'သီလသမ္ပဒါ' ကိုယ်ကျင့်တရားနှင့် ပြည့်စုံရမယ်။ 'စာဂသမ္ပဒါ' မျှဝေခံစားဖို့၊ ကိုယ့်ရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းကို စွန့်လွှတ်ပြီး အများကို မျှဝေခံစား နိုင်ဖို့ စွန့်ကြဲတတ်မှုရှိရမယ်။ 'ပညာသမ္ပဒါ' အသိပညာရှိရမယ်လို့ ဟောသည့်အကြောင်းတရား (၄)ပါးဟာ 'ဟိတ' ကောင်းသောချမ်းသာတွေကို ဖော်ဆောင် ပေးနိုင်တဲ့ အခြေအနေကောင်းတွေလို့ခေါ်တယ်။ အဲဒီ အခြေအနေကောင်း(၄)မျိုး ရှိနေလို့ရှိရင် 'သုခ' လို့ ဆိုတဲ့ အရာရာမှာ အဆင်ပြေမှု၊ ကိုယ်ချမ်းသာမှု၊ စိတ် ချမ်းသာမှု ဆိုတာတွေ ဖြစ်ပေါ်လာမှာပါ။

'ဟိတ' မရှိဘဲ 'သုခ' ဆိုတာကို မရနိုင်ပါဘူး။ 'ဟိတ' မရှိဘဲနဲ့ 'သုခ' ဆိုတာ မတည်မြဲပါဘူး။ ဒါကြောင့်မို့ ဒီစကားလုံးနှစ်ခုကို အမြဲတွဲပြီးတော့ ဗုဒ္ဓ မြတ်စွာရဲ့ တရားတော်တွေထဲမှာ 'ဟိတာယ သုခါယ' လို့ ဖော်ပြထားတယ်။ အခြေအနေကောင်းတွေ ရှိရ မယ်။ အခြေအနေကောင်းတွေရှိမှ ထိုအခြေအနေ ကောင်းတွေကြောင့် ဖြစ်ပေါ်လာမယ့် ချမ်းသာသုခကို ရရှိနိုင်မှာဖြစ်တယ်။

ဒီလို ဗုဒ္ဓမြတ်စွာရဲ့ 'ပိဋကတ်သုံးသွယ် နိကာယ် ငါးဖြာ ဓမ္မက္ခန္ဓာ' ထဲမှာ လူ့ဘဝရရှိလာတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း လိုက်နာကျင့်သုံးရမယ့်အချက် အများ အပြား ဖော်ပြထားတာ တွေ့ရလို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့ ဗုဒ္ဓဟောတဲ့ တရားအတိုင်း လိုက်နာပြီး စီးပွားရေးကို ဆောင်ရွက်ကြမယ် ဆိုလို့ ရှိရင် စီးပွားလည်း တိုးတက်နိုင်ပါတယ်။ လူမှုရေး ဆောင်ရွက်ကြမယ် ဆိုလို့ရှိရင်လည်း လူမှုရေးဘက်က တိုးတက်ကြမယ်။
တော်တော်များများက ဗုဒ္ဓဘာသာဝင် ဖြစ်ပေမယ့်လို့ ဗုဒ္ဓဟောကြားတဲ့တရားနှင့် ပတ်သက် လာလို့ရှိရင် အဆင့်မြင့်တဲ့ဘက်ကို ကြည့်ပြီးတော့ မြတ်စွာဘုရားဟာ 'အနိစ္စ၊ ဒုက္ခ၊ အနတ္တ' စသဖြင့် ဟောတယ်။ သံသရာက ငြီးငွေ့ဖို့ရာဟောတယ်၊ သစ္စာ လေးပါးထဲမှာ ဆိုလို့ရှိရင် 'ဒုက္ခ'၊ 'ဒုက္ခသမုဒယ' ဆင်းရဲ မှုကို ဦးတည်ဟောတယ်ဆိုပြီးတော့ တချို့က အထင် မြင်လွဲတယ်။ pesimism 'အဆိုးမြင်ဝါဒ' လို့ အထင် မြင် လွဲကြတာရှိတယ်။ မဟုတ်ပါဘူး၊ သံသရာဝဋ်က လွတ်မြောက်ဖို့အတွက် တွယ်တာမှုကို ပယ်ဖို့ရာက ဒီနည်းလမ်းပဲ ရှိပါတယ်။

သံသရာထဲမှာ အဆင်တပြေ နေဖို့ရာအတွက် မြတ်စွာဘုရား ဟောထားတဲ့တရားတွေ မြောက်များစွာ ရှိတယ်။ လူမှုရေးနဲ့ ပတ်သက်လာလို့ရှိရင်လည်း မြတ်စွာဘုရားဟောထားတာ 'သိင်္ဂါလောဝါဒသုတ်'မှာ အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံရေး၊ မိသားစု အတွက် ဆက်ဆံရေး၊ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်း ဆက်ဆံရေးဆိုတာတွေ ဟောထားတယ်။

ခုန စီးပွားရေးနဲ့ ပတ်သက်တဲ့ အချက်အလက် တွေဟာ ကြီးပွားတိုးတက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ ကြီးပွား တိုးတက်နေတဲ့ နိုင်ငံတွေ၊ ကြီးပွားတိုးတက်နေတဲ့ ကုမ္ပဏီတွေ မြတ်စွာဘုရားဟောတဲ့တရားကို မသိသော် လည်းပဲ မြတ်စွာဘုရားဟောထားတဲ့ အချက်အလက် တွေနဲ့ ပြည့်စုံတယ်လို့ ပြောနိုင်ပါတယ်။ သူတို့မှာ 'ဥဋ္ဌာနသမ္ပဒါ' ရှိတယ်၊ လုပ်ငန်းကျွမ်းကျင်တယ်၊ နည်း ပညာကောင်းတယ်၊ ကြိုးစားတယ်၊ ဟောဒီ အချက် အလက်တွေဟာ ငြင်းလို့မရတဲ့ အချက်အလက်တွေပဲ။ သူတို့မှာ 'အာရက္ခသမ္ပဒါ' ရှိတယ်။ အလေအလွင့် မရှိအောင် ထိန်းတတ်သိမ်းတတ်တယ်။ မိတ်ကောင်း ဆွေကောင်း ရှိတယ်။ စီးပွားရေးအကြံပေးမယ့် ပုဂ္ဂိုလ် တွေ၊ အကျင့်ကောင်းတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ 'သမဇီဝိတာ' လို့ဆိုတဲ့ ဝင်ငွေထွက်ငွေ မျှတအောင်သုံးတယ်။ ဒီအချက်အလက်တွေနဲ့ ပြည့်စုံလို့ စီးပွားရေး တိုးတက်တာပါ။

ဗုဒ္ဓဟောကြားတဲ့အတိုင်းသာ လိုက်နာဆောင်ရွက် ကြမယ်ဆိုရင် လောကမှာ စီးပွားရေးဘက်ကလည်း တိုးတက်နိုင်ပါတယ်။ လူမှုရေးဘက်ကလည်း ပြဿနာ တွေ နည်းနိုင်သမျှနည်းပြီးတော့ အဆင်တပြေဖြစ်နိုင် ပါတယ်။ ကောင်းတဲ့အခြေအနေတွေ၊ အခြေအနေ ကောင်းတွေ၊ အကြောင်းတရားတွေကို မြတ်စွာဘုရား ဟောထားတယ်။

'အပရိဟာနိယ' တရား မပြတ်စည်းဝေးပါ၊ ညီညီ ညွတ်ညွတ် စည်းဝေးပါ၊ ညီညီညွတ်ညွတ်စည်းဝေးပြီး ဆုံးဖြတ်ပါ၊ ဆုံးဖြတ်ချက်အတိုင်း တစ်ညီထဲ အကောင် အထည်ဖော်ပါ ဆိုတာကို အခြေခံထားတာပါ။

နောက် 'ဓမ္မပဒ' မှာ ကြည့်မယ်ဆိုလို့ရှိရင် မြတ်စွာ ဘုရားက

နဟိ ဝေရေန ဝေရာနိ၊ သမ္ဓန္တီဓ ကုဒါစနံ၊

အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

ငြိမ်းချမ်းတဲ့နည်းဟာ မေတ္တာတရားသာဖြစ်တယ် လို့ ဟောထားတာဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ဟောထား တဲ့အတိုင်း လိုက်နာမယ်ဆိုလို့ရှိရင် ကမ္ဘာကြီးဟာ လည်း ငြိမ်းချမ်းသွားမှာပါ။ စီးပွားရေးတိုးတက်မှုလည်း ဖြစ်နိုင်ပါတယ်၊ ကမ္ဘာကြီး ငြိမ်းချမ်းအောင်လဲ ဗုဒ္ဓ တရားတော်က ဖော်ဆောင်ပေးနိုင်တယ်။ စီးပွားရေး၊ လူမှုရေးအားလုံး အဆင်တပြေဖြစ်ပြီးတော့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးတစ်ခု ဖန်တီးနိုင်ဖို့အတွက် ဗုဒ္ဓမြတ်စွာ ဟောထားတဲ့ တရားဒေသနာတော်တွေ ရှိပါတယ်။

ဘုရားတရားတော်တွေဟာ လောကုတ္တရာတရား တွေပဲ၊ ဒို့နဲ့မဆိုင်ဘူးလို့ ထင်နေကြတယ်။ ဒီလို စီးပွားရေးဘက်မှာ ဘုရားတရားတော်အတိုင်း အသုံးချ ရမယ်ဆိုတာ အင်မတန်မှ အသိနည်းကြပါတယ်။ တချို့က မသိရုံတင်မကဘူး ဒီဗုဒ္ဓဘာသာတရားတော် တွေအတိုင်း လုပ်လို့ရှိရင် စီးပွားရေး မတိုးတက်နိုင်ဘူး လို့တောင် ထင်တာရှိတယ်။

၂၀၀၀ ပြည့်နှစ်က ဘုန်းကြီးတို့ဆီမှာ ကိုရီးယား ဘိက္ခုနီတစ်ဦး အကူအညီတောင်းပြီးတော့ ပါရဂူဘွဲ့ Ph.D Tuesis လာလုပ်သွားတာရှိပါတယ်။ သူနဲ့ စကား စပ်မိလို့ပြောတော့ သူတို့ ကိုရီးယားမှာတဲ့၊ လူတော် တော် များများမှာ ဗုဒ္ဓဘာသာဖြစ်လို့ရှိရင် တိုင်းပြည် မကြီးပွားနိုင်ဘူးလို့ အမြင်ရှိကြတယ်တဲ့။

အဲဒီအမြင်က ဗုဒ္ဓတရားတော်ကို မသိလို့။ သူတို့ က ဘာကိုကြည့်တုန်းလို့ဆိုလို့ရှိရင် 'ပါဏာတိပါတာ ဝေရမဏိ' သူ့အသက်ကို မသတ်ရဘူး၊ သူ့ဥစ္စာ မခိုး ရဘူး စသဖြင့် ငါးပါးသီလမှာ မလုပ်ရဘူး၊ ရှောင်ရမယ် ဆိုတာတွေကိုကြည့်ပြီးတော့ လောကကြီးမှာ ဒါတွေ ရှောင်နေလို့ စီးပွားရေးလုပ်လို့မဖြစ်ဘူးလို့ ဒီလိုယူဆ ကြတာရှိပါတယ်။

အမှန်မှာ စီးပွားရေးဖြစ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ မြတ်စွာဘုရားက မလုပ်ရဘူးလို့ ပြောတဲ့ဟာက 'ဝါရိတ္တ'၊ လုပ်ရမယ်လို့ ပြောတာက 'စာရိတ္တ'၊ 'ဝါရိတ္တသီလ' နှင့် 'စာရိတ္တသီလ' နှစ်မျိုး ရှိတယ်။ မလုပ်ရဘူးလို့ ဆိုတာတွေသာ ရှေ့တန်းတင် ပြီးတော့ လုပ်ရမယ်ဆိုတာတွေကြတော့ မေ့ထားကြ တယ်။

လုပ်သင့်တယ်ဆိုတာကို အခုနဟာကြည့်။ 'ဥဋ္ဌာန သမ္ပဒါ' လုံ့လဝီရိယရှိရမယ်။ 'အာရက္ခသမ္ပဒါ' ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပြည့်စုံရမယ်။ 'ကလျာဏ မိတ္တတာ' မိတ်ကောင်း ဆွေကောင်းတွေရှိအောင် ကြိုးစားရမယ်။ 'သမဇီဝိတာ' ဝင်ငွေထွက်ငွေ မျှတ အောင် သုံးစွဲတတ်ရမယ်ဆိုတဲ့ ဒီအခြေအနေကောင်း တွေ လုပ်ရမယ်ဆိုတာနဲ့ ပတ်သက်လာလို့ရှိရင် မေ့ထား ကြတယ်။

အဲဒါကြောင့် ယနေ့ကမ္ဘာမှာ တစ်ချို့က ဗုဒ္ဓ တရားတော်အပေါ် အထင်အမြင်လွဲနေတာလေးတွေ ရှိတယ်ဆိုတာ သိရတယ်။ ဘုန်းကြီးတို့ မြန်မာနိုင်ငံ မှာလဲ ဗုဒ္ဓဘာသာအများစုက လောကုတ္တရာစာတွေ၊ ဘုန်းကြီးစာတွေ၊ လောကီကိစ္စနှင့်မဆိုင်ဘူးလို့ ဒီလို ယူဆချက်တွေရှိနေတယ်။ တကယ်က အဲဒီလိုမဟုတ် ပါဘူး။

ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေမှာ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက သံသရာထဲမှာ ဘဝတစ်ခု ရလာတဲ့အခါ အခြေအနေကောင်းတွေ ဖြစ်ပေါ်စေပြီးတော့ ချမ်းချမ်းသာသာ လူ့ဘဝတစ်ခု ဖြတ်သန်းနေထိုင်သွားဖို့၊ တစ် ဘဝကနေ နောက်တစ်ဘဝ လည်ပတ်တဲ့အခါမှာလည်း ပဲ၊ သံသရာလည်တဲ့အခါမှာလည်းပဲ ချမ်းချမ်းသာသာ ဒီလိုဖြစ်ဖို့ အခြေအနေကောင်းတွေကို မြတ်စွာဘုရား က ဟောကြားထားတာ ဖြစ်ပါတယ်။ နောက်ဆုံး မည်သည့်ဘာသာတရားမှာမှ မပါတဲ့ လုံးဝဒုက္ခတွေ ချုပ်ငြိမ်းရာ ကိုယ်ကျင့်တရားနဲ့ အသိပညာတစ်ရပ်ကို လည်း မြတ်စွာဘုရားက ဟောထားတယ်။ အဲဒီတရား က ဘာလဲလို့ ဆိုလို့ရှိရင် ဝိပဿနာကျင့်စဉ်တရားပဲ။

တစ်ချို့က လူ့လောကမှာ လူရယ်လို့ ဖြစ်လာတဲ့ အခါ ဘဝအပေါ်မှာ တွယ်တာမှုဆိုတာ ရှိကြတယ်။ မိမိဘဝကို တွယ်တာတယ်။ မိမိဘဝကို တွယ်တာသည့် အတွက်ကြောင့် ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို တွယ်တာ တယ်။ အဲဒီအတွယ်အတာတွေက ဘာကိုဖြစ်စေသလဲ ဆိုရင် (Worry) လို့ဆိုတဲ့ စိုးရိမ်မှုတွေ 'သောက' တွေကို ဖြစ်စေတယ်။ အတွယ်အတာရှိတဲ့ နေရာမှာ စိုးရိမ်မှုဆိုတာ ပေါ်လာတယ်။ အတွယ်မရှိရင် စိုးရိမ်မှု မရှိပါဘူး။ ကိုယ်မပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုအပေါ်မှာ မည်သူ့မှ 'သောက' မဖြစ်ပါဘူး။ ကိုယ်ပိုင်တဲ့ ပစ္စည်း တစ်ခုပေါ်မှာသာ 'သောက' ဖြစ်တယ်။ ကိုယ်နှင့် မသိ တဲ့ လူတစ်ယောက်အပေါ်မှာ 'သောက' မဖြစ်ပါဘူး၊ ကိုယ်နှင့်သိတဲ့ လူတစ်ယောက်အပေါ်မှာသာ 'သောက' ဖြစ်ဖို့ပါ။ 'သောက' လို့ဆိုတဲ့ (Worry) ဟာ တွယ်တာမှု ပေါ်မှာ အခြေခံတယ်။

အဲဒီလို 'သောက' ရှိနေသေးသမျှ မည်သူမှ စိတ်ချမ်းသာမှုဆိုတာ အပြည့်အဝ မရနိုင်ပါဘူး။ စိတ် ချမ်းသာမှု အပြည့်အဝရချင်လို့ရှိရင် 'သောက' လို့ ဆိုတဲ့ တရားကို ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။ အတွယ် အတာကို မဖယ်ရှားဘဲနဲ့ 'သောက' ကို ဖယ်ရှားဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ တွယ်တာမှုကို ဖယ်ရှား မှသာ ဖြစ်ပါတယ်။

ဒါဖြင့် တွယ်တာမှုကို ဖယ်ရှားဖို့အတွက် ဘာလုပ် ရမလဲ ဆိုလို့ရှိရင် သဘာဝတရားတွေကို ရှင်းရှင်း လင်းလင်း၊ ပြတ်ပြတ်သားသားမြင်တဲ့ 'သမ္မာဒဿန' ဆိုတဲ့ 'သမ္မာဒိဋ္ဌိ' Right Understanding ဆိုတဲ့ ထူးခြားတဲ့ အသိဉာဏ်တစ်ခု ရှိရမယ်။ အဲဒီ ထူးခြားတဲ့ အသိဉာဏ်ဟာ ဝိပဿနာဉာဏ် လို့ ခေါ်တာပါ။ မှန်ကန်တဲ့အမြင် ရှိရမယ်။

သဘာဝတရားတွေကို သူ့အတိုင်းမြင်တာ၊ အမှန် တိုင်းမြင်တာ 'သမ္မာဒဿန'၊ မှန်ကန်တဲ့အတိုင်း မြင်ရ မယ်။ ဆိုပါစို့၊ အဘိဓမ္မာသဘာဝတရားတွေက ဒါကို ရှင်းပြတာ၊ ဒါ သံသရာဝဋ်က လွတ်ဖို့အတွက် လမ်းကြောင်းပဲ။ ငါရယ် သူရယ်ဆိုတာ တကယ် ဆန်းစစ်ကြည့်လိုက်ရင် မရှိဘူး။ ရုပ်နှင့်နာမ် နှစ်မျိုး သာရှိတယ်။ အကြမ်းဗျင်းပြောမယ်ဆိုရင် လူမှာ ရုပ် ခန္ဓာကိုယ်ကြီးရှိတယ်၊ စိတ်ရှိတယ်။ အဲဒီနှစ်ခုပေါင်းစပ် ပြီးတော့ လှုပ်ရှားဖြစ်ပေါ်နေတယ်။ body and mind ပေါ့။ အဲဒီနှစ်ခုစလုံးဟာ ဆိုင်ရာဆိုင်ရာအကြောင်းကို အခြေခံပြီး ဖြစ်ရတာ။ body ဆိုတဲ့ နာမ်တရားဟာလဲ တစ်ခုတည်း မဟုတ်ဘူး၊ စုပေါင်းပြီးတော့ ဖြစ်ပေါ် နေတဲ့ အရာတစ်ခုဖြစ်တယ်။

ရုပ်နဲ့နာမ် ဒီနှစ်ခုဟာ အပြန်အလှန် ဆက်သွယ် ပြီးတော့ လူတွေမှာ လှုပ်ရှားမှုဖြစ်လာပြီး ယောက်ျား သဏ္ဍာန်၊ မိန်းမသန္တာန်၊ သတ္တဝါသန္တာန် ဒီလို ထင်မြင်နေရတယ်။ ထင်မြင်နေရသည့်အတွက်ကြောင့် ငါလို့ထင်တယ်၊ သူလို့ထင်တယ်၊ ယောက်ျားလို့ ထင်တယ်၊ မိန်းမလို့ထင်တယ်။ ဟောဒီ အထင်အမြင် တွေဟာ တကယ်ထင်တဲ့အတိုင်း ဟုတ်ရဲ့လား၊ အသိဉာဏ်နှင့် ကြည့်လိုက်လို့ရှိရင် တကယ်ထင်တဲ့ အတိုင်း မဟုတ်ပါဘူး။

ရုပ်တရားဟာ ရုပ်တရားသက်သက် ဖြစ်ပါတယ်။ 'ငါ' လို့ ပြောစရာမရှိပါဘူး။ နာမ်တရားဟာ နာမ်တရား သက်သက်မျှ ဖြစ်ပါတယ်လို့ ငါလို့ ပြောစရာ မရှိပါ ဘူး။ ရုပ်နှင့်နာမ် နှစ်ခုခွဲထားလိုက်မယ် ဆိုလို့ရှိရင် လှုပ်ရှားမှုတို့၊ ပြောဆိုမှုတို့ ဒါတွေဟာ အကုန်လုံး ရပ်သွားမှာဖြစ်ပါတယ်။

အဲဒီလို ရုပ်နှင့်နာမ်ကို ခွဲခြားပြီးတော့ သိမြင်လာ တာဟာ နာမရူပပရိစ္ဆေဒဉာဏ် (Analytical Knowledge of Mind and Matter) လို့ခေါ်တယ်။ အဲဒီ အသိဉာဏ်ကို အဘိဓမ္မာ လေ့လာခြင်းဖြင့် ရနိုင်တယ်။ ထိုမှတဆင့် လက်တွေ့ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်သုံးခြင်းဖြင့် လူဆိုတာ တကယ်က အခေါ်အဝေါ်ပညတ် (Concept) အယူအဆတစ်ရပ်သာ ဖြစ်တယ်။ တကယ်ကတော့ အသေးစိတ် တစ်ခုစီ ခွဲခြားကြည့် လိုက်မယ် ဆိုလို့ရှိရင် လူဆိုတာ မရှိတော့ဘူး၊ ရုပ် တရား၊ နာမ်တရားသက်သက်မျှဖြစ်တယ်လို့ ဟောဒီလို မြင်သွားတာဟာ 'သမ္မာဒဿန' မှန်ကန်တဲ့အမြင်လို့ ခေါ်ပါတယ်။

ဝိသုဒ္ဓိမဂ် မှာ 'နာမရူပါနံ ယာထာဝဒဿနံ ဒိဋ္ဌိဝိသုဒ္ဓိနာမ' နာမ်ရုပ်တွေကို သူ့အရှိအတိုင်းမြင်တာ ဟာ 'ဒိဋ္ဌိဝိသုဒ္ဓိ'၊ မှန်ကန်တဲ့ ဖြူစင်တဲ့အမြင်ကို ခေါ်ပါ တယ်။ အဲဒီ ဖြူစင်တဲ့အမြင်၊ မှန်ကန်တဲ့အမြင်ကို အခြေခံလိုက်လို့ရှိရင် ဒီရုပ်တရား၊ နာမ်တရားတွေဟာ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းတရားတွေကို သိမြင်တဲ့ 'ပစ္စယပရိဂ္ဂဟ' ဉာဏ်တွေ ဖြစ်လာမယ်။ 'နာမရူပ ပရိစ္ဆေဒဉာဏ်' နှင့် 'ပစ္စယပရိဂ္ဂဟဉာဏ်' နှစ်ခု အခြေခံပြီးတော့ ဆက်ပြီးလက်တွေ့ကျင့်သုံးသွားနိုင် မယ်ဆိုရင် မမြဲတဲ့ သဘာဝတွေ၊ အစဉ်ထာဝရ ပြောင်းလဲနေတဲ့ သဘာဝတွေ၊ 'သင်္ခါရတရား' တွေရဲ့ မတည်မြဲတဲ့၊ အားကိုးစရာမရှိတဲ့ အခြေအနေမျိုးတွေကို မြင်လာလို့ရှိရင် ခုနပြောတဲ့ (Attachment) လို့ခေါ်တဲ့ တွယ်တာမှုဟာ လျော့ကျလာမှာ ဖြစ်ပါ တယ်။

တွယ်တာမှုတွေ လျော့ကျလာတာနဲ့ တစ်ပြိုင်နက် worry ဆိုတဲ့ သောကတွေလည်း လျော့ကျလာမှာ ဖြစ်ပါတယ်။ သောကတွေ လျော့ကျတာနဲ့တစ်ပြိုင်နက် စိတ်ချမ်းသာပြီး ငြိမ်းချမ်းတဲ့ သဘာဝလေးဟာ ပြန်ပြီး တော့ ပေါ်လာမှာပါ။

အဲတော့ မြတ်စွာဘုရားကိုယ်တော်မြတ် ဒုတိယ ပိုင်းမှာဟောတဲ့ သံသရာဝဋ်က လွတ်မြောက်ရာလမ်း ဆိုတာ ဝိပဿနာကျင့်စဉ်ဖြင့် 'မဇ္ဈိမပဋိပဒါ' လို့ခေါ်တဲ့ (Right Understanding) နဲ့ မှန်မှန်ကန်ကန် နားလည် ခြင်းပဲ။ ထိုမှန်မှန်ကန်ကန် နားလည်ခြင်းဆိုတဲ့ အခြေ အနေကိုရအောင် မှန်မှန်ကန်ကန် စဉ်းစားတတ်ခြင်း ဆိုတဲ့ 'သမ္မာသင်္ကပ္ပ'(Right thought)၊ 'သမ္မာဝါယာမ' မှန်မှန်ကန်ကန် နည်းလမ်းတကျ စနစ်တကျ ကြိုးပမ်း အားထုတ်ခြင်း (Right efort)၊ 'သမ္မာသတိ' လို့ ခေါ်တဲ့ အာရုံကို မှန်ကန်စွာအမှတ်ရခြင်း (Right Mindfulness) အာရုံတစ်ခုတည်းအပေါ်မှာ မှန်ကန် တဲ့ နည်းလမ်းဖြင့် စူးစိုက်ခြင်း(Right Concentration) ဒီ မဂ္ဂင်ငါးမျိုး ဦးဆောင်ပြီးတော့ လုပ်သွားလို့ရှိရင် မှန်ကန်စွာသိခြင်း (Right Understanding) ဆိုတာ ပေါ်လာမှာ ဖြစ်ပါတယ်။

ထို မှန်ကန်စွာသိခြင်း (Right Understanding) ကသာလျှင် သံသရာထဲမှာ ဖြစ်စေတတ်တဲ့ ကိလေသာ ဆိုတဲ့ အကြောင်းတရားတွေ၊ ကံကို support လုပ်နေတဲ့ ကိလေသာဆိုတဲ့ အကြောင်းတရားတွေ၊ ဒါတွေကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။

'ကိလေသာ' ဆိုတဲ့ အဆိုးတရားတွေ ဖယ်ရှား ပစ်လိုက်ခြင်းဖြင့် ကောင်းကံ ဆိုးကံ ဆိုတာတွေဟာ လည်းပဲ အကျိုးပေးနိုင်တော့မှာ မဟုတ်တော့ပါဘူး။ ထိုကံတွေအားလုံး အကျိုးမပေးနိုင်တော့ဘူးဆိုလို့ရှိရင် နောက်ဆုံး အကြောင်းတရားတွေပြတ်သွားပြီး ဒုက္ခ တွေဟာ အကုန်လုံးချုပ်ငြိမ်းပြီးတော့ ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။ ဒါကိုပဲ ထာဝရငြိမ်းတဲ့ အငြိမ်းဓာတ်နိဗ္ဗာန် လို့ မြတ်စွာဘုရားက ဒုတိယပိုင်းမှာ ဟောတာပါ။

သံသရာထဲမှာနေရင်း ချမ်းသာသုခကို ရနိုင်တဲ့ နည်းလမ်းတွေ၊ နောက်ဆုံးမှာ ထိုချမ်းသာရတယ် ဆိုတောင် 'အိုခြင်း၊ နာခြင်း၊ သေခြင်း' ဆိုတဲ့ ဒုက္ခ တွေက မလွတ်နိုင်ဘူး။ အဲဒီ 'အိုခြင်း၊ နာခြင်း၊ သေခြင်း' ဆိုတဲ့ ဒုက္ခတွေမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ 'မဂ္ဂင် ရှစ်ပါး' အကျင့်တရားကို ကျင့်သုံးမှသာလျှင် လောက မှာရှိတဲ့ ပြဿနာမျိုးစုံ လုံးဝချုပ်ငြိမ်းပြီး လွတ်မြောက် မှာဖြစ်ပါတယ်ဆိုတဲ့ အကြောင်းကို အားလုံးသော ဗုဒ္ဓ ဘာသာဝင် သူတော်စင်တို့သည် မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ အကျိုးပြုနိုင်ပုံ မှတ်သားပြီးတော့ ဗုဒ္ဓ မြတ်စွာ ဟောကြားတော်မူသည့် တရားတော်အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။

cf4kqog8dg03pyfiw0fh4t84ucsdtoo
နှစ်ဦးကာလ ဓမ္မလက်ဆောင်
0
5915
22124
21635
2026-06-15T03:20:42Z
Tejinda
173
22124
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = နှစ်ဦးကာလ ဓမ္မလက်ဆောင်
| previous = [[မြတ်ဗုဒ္ဓဒေသနာ နှင့် ယနေ့ကမ္ဘာ]]
| previous2 =
| next = [[ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

နှစ်ဦးကာလ ဓမ္မလက်ဆောင်

မြန်မာသက္ကရာဇ် ၁၃၆၈ ခုနှစ် ကုန်ဆုံးပြီး ၁၃၆၉ ခုနှစ်သို့ ရောက်ရှိလာရာ နှစ်ဟောင်းကုန်ပြီးစ နှစ်ဦး ကာလ အခါသမယမှာ မြန်မာနိုင်ငံတော်သူ နိုင်ငံသား များနှင့်တကွ ကမ္ဘာသူ၊ ကမ္ဘာသား သတ္တဝါအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါ စေလို့ ရှေးဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

နှစ်ဦးကာလ အခါသမယမှာ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားတော်များထဲက နေ့စဉ် ဘဝမှာ အဆင်ပြေပြေ လိုက်နာကျင့်သုံးပြီး ချမ်းသာ သုခတွေ ရရှိဖို့ရန်အတွက် ဟောကြားထားတဲ့ သုတ္တန် များကို ရွေးချယ်ပြီး ဒီကနေ့ နှစ်ဦးကာလ ဓမ္မလက်ဆောင် တရားကို ဟောကြားမှာဖြစ်ပါတယ်။

လောကရှိ လူသားတွေအားလုံးဟာ နှစ်ဟောင်း ကုန်တိုင်း နှစ်ဟောင်းကုန်တိုင်း နှစ်သစ်ကို ကြိုဆိုကြ ပြီး နှစ်သစ်မင်္ဂလာအခါသမယမှာ ကောင်းကျိုးချမ်းသာ တွေကို မျှော်လင့်တောင်းတကြတာ ဓမ္မတာတစ်ခုလို ဖြစ်နေပါတယ်။

မည်သည့် လူမျိုးပဲဖြစ်ဖြစ် နှစ်ဦးကာလ အခါ သမယမှာ “ကောင်းကျိုးချမ်းသာတွေ ရကြပါစေ၊ ကောင်းကျိုးမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ“တစ်ဦး နဲ့တစ်ဦး တောင်းဆုခြေကြတယ်။ ရောက်ရှိလာမယ့် နှစ်သစ်အခါသမယမှာ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ မိမိတို့ဘဝနေထိုင်ရေးတွေအားလုံး အဆင်တပြေဖြစ်ဖို့ အတွက် မျှော်လင့်ကြီးစွာ ရှိကြပါတယ်။

လူသားတိုင်း အားလုံးရဲ့ တညီတည်းသော၊ တစ်ခုတည်းသော ဆန္ဒကတော့ သုခကာမာ=ချမ်းသာ ချင်ကြတယ်။ ဒုက္ခပဋိကူလ= ဆင်းရဲဒုက္ခကို ရွံ့မုန်းကြ တယ်။ ချမ်းသာချင်ကြသည့် အတွက်ကြောင့် ချမ်းသာ ဖို့ နည်းလမ်းအမျိုးမျိုးကို ရှာကြံပြီးတော့ ချမ်းသာ သုခရရှိရေးအတွက် ကြိုးပမ်းအားထုတ်နေကြတာ ဖြစ်ပါတယ်။

သို့သော်လည်း ချမ်းသာသုခကို ဆိုင်ရာဆိုင်ရာ စစ်မှန်တဲ့ အကြောင်းတရားကသာ ပေးနိုင်တာ ဖြစ်တယ်။ အချို့အချို့သော အကြောင်းတရားများဟာ ချမ်းသာသုခကို မပေးနိုင်ဘူး။ မပေးနိုင်တဲ့ အကြောင်း တရားများကို လက်ခံကျင့်သုံးနေမယ် ဆိုလို့ရှိရင် မိမိတို့ မျှော်မှန်းတဲ့ ချမ်းသာသုခကို မရဘဲနဲ့ ဒုက္ခတွေ ပင်လယ်ဝေကြရမှာ။ သတ္တဝါတွေရဲ့ အခြေအနေတွေ ဒီလိုရှိပါတယ်။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက ချမ်းသာသုခရချင်တဲ့ ပုဂ္ဂိုလ်တွေ တကယ့်စစ်မှန်တဲ့ ချမ်းသာသုခကို ပေးနိုင်တဲ့ အကြောင်းတရားများကို အရင်းကျကျ ထိုထိုသုတ္တန်တွေမှာ ဟောပြောထားတာ ရှိတယ်။

လူသားတို့၏ မျှော်လင့်ချက်လေးရပ်

၁။ ချမ်းသာလိုခြင်း

လူသားတွေရဲ့ မျှော်လင့်ချက်၊ လိုအင်ဆန္ဒ၊ ခြုံငုံ ပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် လူတိုင်းလူတိုင်းဟာ စီးပွားဥစ္စာ တိုးတက်ချင်ကြတယ်၊ ချမ်းသာကြွယ်ဝ ချင်ကြတယ်။ ဒါ လူသားတိုင်း မျှော်လင့်တောင်းတ ကြတဲ့ ဆန္ဒတစ်ခုပဲ။

နှစ်သစ်အခါသမယမှာလည်းပဲ အေး... ပြီးခဲ့တဲ့ နှစ်ထက် ယခုနှစ်မှာ စီးပွားရေးပိုကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိကြတယ်။ အေး... ရှုထောင့် အမျိုးမျိုးကနေ ကြည့်ပြီးတော့ ဗေဒင်ဆရာများ (Fortuneteller) ရဲ့ ဟောပြောချက်မှာ အာရုံစိုက်ပြီး လူတွေက မျှော်လင့်ချက်တွေ ကြီးစွာထားကြတယ်။ လွန်ခဲ့တဲ့နှစ်ထက် ယခု ကူးပြောင်းလာတဲ့နှစ်မှာ စီးပွားရေး ပိုကောင်းမယ်။ ဒီလို မျှော်လင့်ကြတယ်။ အေး... ဗုဒ္ဓမြတ်စွာက စီးပွားချမ်းသာချင်ကြတယ် ဆိုတာ လူတိုင်းလူတိုင်းရဲ့ မျှော်လင့်ချက်တစ်ခုပါတဲ့။ သို့သော် ထိုမျှော်လင့်ချက်အတိုင်း လူတိုင်းရသလားဆိုတော့ မရနိုင်ဘူးတဲ့။ ဘာကြောင့် မရနိုင်တာတုန်း ဆိုတော့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ မလျှောက် နိုင်လို့ပါတဲ့။ ဒါကြောင့် စီးပွားချမ်းသာ တိုးတက်နိုင် တယ်ဆိုတဲ့ မှန်ကန်တဲ့ လမ်းကြောင်းကို လူတိုင်း လူတိုင်း ရှာတွေ့ဖို့ရာ ခက်ပါတယ်။

နောက်ဆန္ဒတစ်ခုက ပစ္စည်းဥစ္စာ ကြွယ်ဝလို့ စီးပွားဥစ္စာတွေ တိုးတက်လာပြီဆိုတဲ့အခါ နောက် လိုအပ်ချက်တစ်ခုက လူတွေ ဘာတွေမျှော်လင့်ကြတုန်း ဆိုတော့ ကျော်ကြားလိုခြင်းပဲ ဖြစ်တယ်။

၂။ ကျော်ကြားလိုခြင်း

လူ့လောကမှာ ဂုဏ်သရေရှိ နာမည်ကျော်ကြား တဲ့ပုဂ္ဂိုလ် ဖြစ်ချင်တယ်။ ဒါလည်း လူတွေရဲ့ စီးပွား ဥစ္စာရှိပြီးတဲ့နောက်မှာ ထပ်တိုးလာတဲ့ မျှော်လင့်ချက် တစ်ခု။ အဲဒီ မျှော်လင့်ချက်ဟာ လူတိုင်း မျှော်လင့်တဲ့ အတိုင်း ဖြစ်လာသလား ဆိုတော့ မဖြစ်နိုင်ဘူး။ အင်မတန် ဖြစ်ခဲတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ စီးပွားဥစ္စာတိုးတက်ဖို့ မျှော်လင့်တယ်။ နာမည် ကျော်ကြားပြီးတော့ ဂုဏ်သတင်းကြီးထွားဖို့ မျှော်လင့် တယ်။

၃။ ကျန်းမာစွာ အသက်ရှည်လိုခြင်း

နောက်တစ်ခု လိုအပ်ချက် ဘာကျန်နေသလဲလို့ ဆိုတော့ စီးပွားဥစ္စာတွေလည်း တိုးတက်တယ်၊ ဂုဏ် သတင်းလည်း ကျော်ကြားတယ်။ လူတွေရဲ့ဆန္ဒ ပြီးသွား ပြီလားဆိုတော့ မပြီးသေးဘူး၊ နောက်ထပ် ဘာ မျှော်လင့်ပြန်လည်းဆိုတော့ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ချင်ကြတယ်။ ဒါ...တတိယ မျှော်လင့်ချက် တစ်ခု။

အေး ... လူ့လောကမှာ စီးပွားရေးလည်း ကောင်းတယ်၊ ဂုဏ်သတင်းလည်းကြီးတယ်၊ ကျန်း လည်း ကျန်းမာတယ်၊ အသက်လည်းရှည်တယ် ဆိုတော့ တစ်ဘဝအတွက်တော့ လိုအပ်ချက်တွေ အားလုံး ပြည့်စုံသွားပြီလို့ ဆိုရမှာပါ။ သို့သော် လူတွေ ရဲ့ မျှော်လင့်ချက်ကတော့ မကုန်သေးဘူး။

၄။ သုဂတိဘုံသို့ ရောက်လိုခြင်း

ဘာမျှော်လင့်ကြပြန်တုန်း ဆိုလို့ရှိရင် မနေရလို့ ဒီဘဝကို စွန့်ခွာသွားတဲ့အခါမှာ ကောင်းရာ သုဂတိ ရောက်ချင်တယ်။ ဒါ ... ဘဝတစ်ခုမှာ နောက်ဆုံး မျှော်လင့်ချက်ပဲ။ လူတိုင်းလူတိုင်းဟာ ဒီမျှော်လင့်ချက် က ရှိကြပါတယ်။ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဒီဘဝက မနေရလို့ ဘဝတစ်ခု ဇာတ်သိမ်းသွားတဲ့အခါ ကောင်းရာ သုဂတိရောက်ဖို့ဆိုတဲ့ မျှော်လင့်ချက်ဟာ

ဒါ နောက်ဆုံးမျှော်လင့်ချက်လို့ ပြောရမှာပဲ။ အေး ... ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေအားလုံး ဟာ ဒီမျှော်လင့်ချက်နဲ့ နှစ်ပေါင်းများစွာ နေထိုင်နေကြ တာဖြစ်တယ်။ ဒါကြောင့်မို့လို့ နှစ်ဟောင်းတစ်ခုကုန်လို့ နှစ်သစ်တစ်ခု ကြုံလာတိုင်း ဒီလိုမျှော်လင့်ချက်တွေကို ကြီးစွာထာကြတယ်။

လူ့လောကမှာ ချမ်းသာဖို့၊ အစစအရာရာ အဆင် ပြေဖို့ ဆိုတဲ့နေရာမှာ ဘယ်လိုဟာတွေက ချမ်းသာတာ တုန်း။ ချမ်းသာသုခဆိုတာ လူတွေက မျှော်လင့်ချက် အတိုင်း ရလာတဲ့အခါမှာ ဘယ်လိုချမ်းသာမျိုးတွေ ရသလဲ။ လူတွေရရှိနိုင်တဲ့ ချမ်းသာကိုလည်း မြတ်စွာ ဘုရားက ဟောကြားထားတာရှိတယ်။

သုခလေးမျိုး

၁။ အတ္ထိသုခ

လူတွေ မျှော်လင့်ချက်အတိုင်း အောင်မြင်လာလို့ ရရှိလာတဲ့ ချမ်းသာက အတ္ထိသုခ ရှိချမ်းသာတဲ့။ ရှိချမ်းသာဆိုတာ ကိုယ့်မှာစီးပွားဥစ္စာတွေ အဆင် ပြေလို့ ပစ္စည်းဥစ္စာတွေရှိတယ်၊ စိန်ရွှေရတနာတွေ ရှိတယ်။ လိုအပ်တာမှန်သမျှ၊ လူ့ဘဝလိုအပ်တာ မှန်သမျှ ကိုယ့်မှာ ပြည့်ပြည့်စုံစုံရှိတယ်။ အဲဒီ ပြည့်ပြည့် စုံစုံ ရှိတာကို အကြောင်းပြုပြီးတော့ သုခသောမနဿ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှုလေးတွေ ရကြတယ်။ ဒါကို မြတ်စွာဘုရားက 'အတ္ထိသုခ' ရှိလို့ရတဲ့ချမ်းသာ မျိုးတဲ့။ ဒါ လူတွေခံစားရတဲ့ ချမ်းသာတစ်ခုပဲ။ အေး... ရှိလို့ရတဲ့ ချမ်းသာက ရှိတုန်းပဲ ချမ်းသာ နိုင်တာ၊ မရှိတော့ဘူးဆိုလို့ရှိရင် ချမ်းသာသုခ ဆုံးရှုံး သွားနိုင်တယ်။ ဒါကြောင့် တည်မြဲတဲ့ အရာတော့ မဟုတ်ဘူး။ ရှိနေတုန်းမှာ ခံစားရတဲ့ သုခမျိုးပဲ။

၂။ ဘောဂသုခ

နောက်ပြီးတော့ လူတွေ အခါအားလျော်စွာရတဲ့ ချမ်းသာသုခတစ်မျိုးက ဘောဂသုခ။ အသုံးပြုရတဲ့ ချမ်းသာ။ အသုံးပြုရလို့ ဖြစ်ပေါ်လာတဲ့ချမ်းသာ။ တိုက် ရှိလို့ တိုက်နဲ့နေရတယ်၊ ကားရှိလို့ ကားစီးရတယ်၊ ပစ္စည်းတွေရှိလို့ ပစ္စည်းဥစ္စာတွေကို အသုံးပြုပြီးတော့ မိမိလိုချင်တာတွေရတယ်။

မိမိလိုအင်ဆန္ဒတွေ ဖြည့်တင်းလို့၊ ပစ္စည်းတွေ သုံးစွဲလို့ စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာမှုလေးတွေ ရတယ်။ အဲဒီ စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာမှုလေးတွေ ဟာ ဘောဂသုခ လို့ ခေါ်တယ်။ ရလာတဲ့ ပစ္စည်းဥစ္စာ ကို သုံးစွဲရခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ချမ်းသာတဲ့။ ဒီချမ်းသာမျိုးကိုလည်း လူတွေ ခံစားကြရတယ်။ ဒါလည်းပဲ သုံးစွဲနေတဲ့အချိန် အင်မတန်တိုတောင်းတဲ့ ချမ်းသာသုခလို့ ခေါ်ရမှာပါ။ သုံးစွဲတဲ့အချိန်မှာသာ ရတာ။ အသုံးမပြုနိုင်ဘူး၊ ကျန်းမာရေးကြောင့်သော် လည်းကောင်း၊ အခြေအနေတစ်မျိုးမျိုးကြောင့်သော် လည်းကောင်း၊ အခြေအနေ မပေးသောကြောင့်သော် လည်းကောင်း မသုံးစွဲရဘူးဆိုရင် ဒီချမ်းသာသုခဟာ လည်း အလွယ်တကူနဲ့ ဆုံးရှုံးသွားတဲ့ ချမ်းသာသုခမျိုး ဖြစ်တယ်။ ဒါကြောင့်မို့ ဒါလည်း ခိုင်မာတဲ့ချမ်းသာမျိုး တော့ မဟုတ်ဘူး။

၃။ အာနဏျသုခ

နောက်တစ်ခု ဘာတုန်းဆိုရင် လူတိုင်းလူတိုင်း ဟာ အဆင်မပြေလို့ဖြစ်စေ၊ စီးပွားရေးတိုးချဲ့လို့ဖြစ်စေ ကြွေးတင်နေတတ်တာတွေ ရှိတယ်။ ကြွေးရှိနေတဲ့ ပုဂ္ဂိုလ်ဟာ ကြွေးအပေါ်မှာ အမြဲတမ်း စိတ်ပူပန်ရ တယ်။ အချို့နိုင်ငံတွေမှာ ဆိုလို့ရှိရင် ကြွေးယူပြီးတော့ အလုပ်လုပ်ကြတာ ဖြစ်သောကြောင့် လူတွေရဲ့စိတ်ထဲ မှာ အမြဲတမ်းဖိစီးနေတယ်။ ကြွေးတွေကို ပုံမှန်ပေးနိုင် ဖို့ရာအတွက် အမြဲတမ်း စိတ်ဖိစီးနေတယ်။ လစဉ်လစဉ် မည်မျှမည်မျှ ဆပ်နေရမယ်ဆိုတဲ့ ကြွေးတွေရှိနေသည့် အတွက်ကြောင့် အလုပ်ကကို အနားမယူနိုင်ဘဲနဲ့ အလုပ်နဲ့လက်နဲ့မပြတ် လစဉ် ဆပ်နိုင်ဖို့ရန်အတွက် ကုန်းရုန်းပြီးတော့ ကြိုးစားနေကြရတယ်။

အေး ... သူများဆီက ကြွေးမရှိတဲ့ ပုဂ္ဂိုလ် ကျတော့ 'အာနဏျသုခ' လို့ခေါ်တဲ့ ကြွေးကင်းတဲ့ ချမ်းသာ။ သူများဆီ ပေးဆပ်စရာကြွေးမရှိဘူး၊ ကြွေး မရှိသည့်အတွက်ကြောင့် နားချင်တဲ့အခါ နားမယ်၊ သွား ချင်တဲ့အခါ သွားမယ်။ ကြွေးမရှိသည့် အတွက်ကြောင့် ခုနလို စိတ်ထဲမှာ ပူလောင်နေတာမျိုး မရှိဘူး။ ကြွေးကင်းတဲ့ ချမ်းသာဟာလည်း လောကမှာ တစ်ခါတရံ လူတွေရနိုင်တဲ့ ချမ်းသာမျိုး ဖြစ်သည့် အတွက်ကြောင့် အာနဏျသုခ တဲ့။ အဲဒီ ကြွေးကင်းတဲ့ ချမ်းသာမျိုးကိုလည်းပဲ လူတွေမျှော်လင့်ချက်ထား တတ်ကြသေးတယ်တဲ့။ သို့သော် ဒီချမ်းသာတွေဟာ တစ်စုံတစ်ခုသော အတိုင်းအတာပေါ်မှာ မှီပြီးတော့ ရလာတဲ့ ချမ်းသာတွေ ဖြစ်သည့်အတွက် သိပ်ပြီး အဆင့်မြင့်တဲ့ ချမ်းသာမျိုးတော့ မဟုတ်ဘူးတဲ့။

၄။ အနဝဇ္ဇသုခ

နောက်ဆုံး တကယ့်ချမ်းသာဆိုတာ ဘယ်လို ချမ်းသာမျိုးတုန်းဆိုရင် အနဝဇ္ဇသုခ= အပြစ်မဲ့ချမ်းသာဟာ အချမ်းသာဆုံးပဲ။ ဆိုပါစို့၊ အတ္ထိသုခ-ရှိချမ်းသာ ဆိုတဲ့ ချမ်းသာရှိပေမယ့် အပြစ်တစ်ခု ကျူးလွန်ထား တယ်ဆိုရင် ရှိတဲ့ချမ်းသာကို လွှမ်းမိုးပြီးတော့ ဆင်းရဲ ကြတာပဲ။ ဘောဂသုခ-စားနိုင်သောက်နိုင်သော်လည်း အပြစ်တစ်ခု ရှိနေပြန်လို့ရှိရင် ဘောဂသုခ ရှိပေမယ့် လူ့ရဲ့စိတ်ကို ချမ်းမြေ့စေနိုင်မှာ မဟုတ်ဘူး။ အပြစ် တစ်ခု ရှိနေလို့ရှိရင် ခုနက ကြွေးကင်းတဲ့ ချမ်းသာဟာ လည်းပဲ ကယ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် လူ့လောက မှာ တန်ဖိုးအရှိဆုံး၊ အခိုင်မာဆုံး ချမ်းသာဆိုတာက တော့ အနဝဇ္ဇသုခ-အပြစ်မဲ့ချမ်းသာပဲ ဖြစ်တယ်။

ကိုယ့်အနေနဲ့ ကာယကံအပြစ်မျိုး၊ ဝစီကံ အပြစ် မျိုး၊ မနောကံ အပြစ်မျိုး ဘယ်ဘက်ကလှည့်ကြည့် ကြည့် ပြစ်မှုတစ်ခု ကျူးလွန်ထားတာ မရှိဘူးဆိုလို့ရှိရင် အဲဒီပုဂ္ဂိုလ်ရရှိတဲ့ အပြစ်ကင်းစင် ပျော်ရွှင်ရတဲ့ ချမ်းသာ ဟာ ခုနကပြောတဲ့ ရှိချမ်းသာတို့၊ စားသုံးရတဲ့ချမ်းသာ တို့၊ ကြွေးကင်းတဲ့ ချမ်းသာတို့ထက် ပိုပြီးတော့ ကောင်းတဲ့ ချမ်းသာတစ်ခုလို့ မြတ်စွာဘုရားက ဟောတယ်။

အေး ... လောကလူသားတွေဟာ မျှော်လင့်ချက် တွေနဲ့ နေကြတယ်။ အခါအားလျော်စွာ ချမ်းသာသုခ တွေရတယ်။ အဲဒီ ချမ်းသာသုခတွေထဲက အပြစ်မဲ့ ချမ်းသာကိုတော့ လူတိုင်းလူတိုင်း ရကြတာမဟုတ်ဘူး။ ရှိချမ်းသာ ခံစားတဲ့လူလည်း အပြစ်မဲ့ချမ်းသာကို ရချင် မှရတယ်။ သုံးဆောင်မှုချမ်းသာဆိုတဲ့ ဘောဂသုခကို ခံစားနေရသော်လည်းပဲ အပြစ်မဲ့ချမ်းသာကို ရချင်မှ ရတယ်။ အာနဏျသုခ လို့ ကြွေးကင်းချမ်းသာ ခံစား နေရသော်လည်းပဲ အနဝဇ္ဇသုခ ဆိုတဲ့ အပြစ်မဲ့ ချမ်းသာမျိုးကို ရချင်မှရတယ်။ အပြစ်မဲ့ချမ်းသာဟာ ဒီချမ်းသာ(၄)မျိုးထဲမှာတော့ အကောင်းဆုံးသော ချမ်းသာမျိုး ဖြစ်ပါတယ်။

အေး ... လူ့လောကမှာ အတိုင်းအတာ တစ်ခု အားဖြင့် လူတွေရဲ့ မျှော်လင့်ချက်တွေ၊ လိုအင်ဆန္ဒတွေ ရှိနေကြမှာပဲ။ နေ့စဉ်အခါသမယမှာ အမျိုးမျိုးအဖုံဖုံ တွေးတောပြီး၊ မျှော်လင့်ပြီးနေကြတယ်။ ဆုအမျိုးမျိုး တောင်းကြတယ်။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ၊ တစ်ဦးနဲ့တစ်ဦးလည်းပဲ မင်္ဂလာဆိုတဲ့ စကားလုံးလေး ကို သုံးကြပြီး မျှော်လင့်ချက်နဲ့ လူ့လောကမှာ နေကြ တယ်။ မင်္ဂလာ ဆိုတဲ့ စကားလုံးမှာ လောကီမင်္ဂလာနဲ့ လောကုတ္တရာမင်္ဂလာလို့ ဒီလို နှစ်မျိုးခွဲပြီးတော့ မှတ်သားဖို့ လိုအပ်တယ်။

လောကက မင်္ဂလာလို့ ယူဆထားတဲ့ အရာတွေ ဟာ အကုန်လုံး တကယ့်မင်္ဂလာအစစ်ဖြစ်ရဲ့လားလို့ ဆိုတော့ မြတ်စွာဘုရားက တကယ့်မင်္ဂလာအစစ် မဖြစ်ဘူးတဲ့။ တကယ့်မင်္ဂလာအစစ်ကို မြတ်စွာဘုရား က မင်္ဂလသုတ္တန် မှာ ၃၈-ဖြာမင်္ဂလာ တရားများကို ဟောထားတာဖြစ်လို့ ဗုဒ္ဓဘာသာဝင် သူတော်စင်များ ကတော့ ၃၈-ဖြာမင်္ဂလာအကြောင်း သိကြတယ်။ ကောင်းကျိုးချမ်းသာကိုရစေနိုင်ဖို့ အခြေအနေကောင်း တွေအကြောင်း တရားကောင်းတွေ မိမိတို့သန္တာန်မှာ တကယ်ဖြစ်မှ တကယ့်မင်္ဂလာဆိုတာ ရရှိနိုင်ပါတယ်။

အေး ... လောကလူတွေကတော့ မျက်စိက နှစ်သက်စရာကောင်းတဲ့ အာရုံတွေ၊ ကြည်နူးစရာ ကောင်းတဲ့ အာရုံတွေ၊ လှပတဲ့ အာရုံလေးတွေ တစ်ခုခု ကိုမြင်လိုက်ရလို့ရှိရင် မင်္ဂလာရှိလိုက်တာလို့ ယုံကြည် ကြတယ်။ နားက သာယာတဲ့အသံကို ကြားတယ်၊ ကောင်းသတင်း ကြားတယ်၊ မင်္ဂလာရှိလိုက်တာလို့ ယူဆကြတယ်။ ထို့အတူပဲ နှာခေါင်းက၊ လျှာက၊ ခန္ဓာကိုယ်က ချမ်းသာတဲ့ အထိအတွေ့လေးတွေ ထိတွေ့ရတဲ့အခါမှာ မင်္ဂလာရှိလိုက်တာလို့ ယူဆကြ တယ်။ အဲဒါတွေကတော့ တကယ့်မင်္ဂလာအစစ်တွေ မဟုတ်ပါဘူး။ အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ သာမန် အကျိုးတရားလေးတွေ၊ ရရှိလာတဲ့ လောကီ မင်္ဂလာလေးတွေမျှသာ ဖြစ်ပါတယ်။ တကယ့် စစ်မှန် ခိုင်မြဲတဲ့မင်္ဂလာ မဟုတ်သေးဘူး။

တကယ့်စစ်မှန်တဲ့ မင်္ဂလာဆိုတာကတော့ ဒီဘဝ မှာ အရာရာအောင်မြင်တယ်။ 'သဗ္ဗတ္ထမပရာဇိတာ' လို့ ဆိုတဲ့အတိုင်း ဘယ်အရာမှ အရှုံးမရှိဘူး။ အရာခပ်သိမ်း ကို အောင်မြင်ပြီး 'သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆ န္တိ' ချမ်းသာ သုခတွေ ရနိုင်တယ်လို့ဆိုတဲ့ တကယ့်စစ်မှန်တဲ့ အကြောင်းတရားတွေကို အခြေခံပြီးတော့ ဖြစ်ပေါ်လာ တဲ့ မင်္ဂလာကမှ တကယ့်မင်္ဂလာအစစ်။

လူတွေယူဆတဲ့ မင်္ဂလာက တကယ့်မင်္ဂလာအစစ် မဟုတ်ဘူး။ သို့သော် လောကလူတွေက မင်္ဂလာနဲ့ ကံတရားလို့ နှစ်မျိုးခွဲပြီးတော့ ပြောတဲ့အခါမှာ မင်္ဂလာ ထက် ကံကိုပိုပြီးယုံဖို့ မြတ်စွာဘုရားကဟောတယ်။

ကံဆိုတာ ကိုယ်လုပ်တာကိုပြောတာ။ ကိုယ့်ရဲ့ လုပ်ရပ်တွေ၊ ကိုယ့်ရဲ့စိတ်ကူးတွေ၊ ကိုယ့်ရဲ့ပြောဆိုမှု တွေ၊ ကိုယ့်ရဲ့ကာယကံမြောက်လုပ်မှုတွေ၊ အဲဒီက ရရှိ လာတဲ့ အကျိုးတရားကို ယုံကြည်တာ။ မင်္ဂလာကို ယုံကြည်ပြီးတော့ ကံကောင်းအောင် မလုပ်ဘူးဆိုလို့ ရှိရင် ဗုဒ္ဓမြတ်စွာကို ကိုးကွယ်တဲ့ပုဂ္ဂိုလ် ဖြစ်သော်လည်း ပဲ ထိုပုဂ္ဂိုလ်ဟာ အဆင့်မြင့်တဲ့ ဗုဒ္ဓဘာသာဝင် မဖြစ် နိုင်ဘူး။ မြတ်စွာဘုရားက မင်္ဂလာထက် ကံကို အလေး အနက်ထားရမယ်လို့ ဟောတော်မူတယ်။

လောကီမင်္ဂလာနဲ့ ပတ်သက်ပြီးတော့ ဟောတယ်။ အဲဒီတော့ လောကလူသား တော်တော်များများ ကတော့ မင်္ဂလာရှိတဲ့အရာလို့ သတ်မှတ်လိုက်တာဟာ မျက်စိထဲမှာမြင်ရလို့ ကြည်နူးစရာလေးတွေ၊ နားထဲက ကြားရလို့ ကြည်နူးစရာလေးတွေ၊ ဒီအရာလေးတွေအပေါ်မှာပဲ သုံးသပ်ပြီးတော့ မင်္ဂလာရှိတယ်လို့ သတ်မှတ်ကြတယ်။ အဲဒီမင်္ဂလာဟာ တကယ့်စစ်မှန်တဲ့ မင်္ဂလာ မဟုတ်ဘူးတဲ့။

တကယ့် မင်္ဂလာအစစ်ဆိုတာ ၃၈-ပါးသော အကြောင်းတရားတွေအတိုင်း လိုက်နာကျင့်သုံးလို့ ရရှိ လာတဲ့ ဘဝလမ်းကြောင်းဖြောင့်တန်းတဲ့ အရာခပ်သိမ်း ကို အောင်မြင်တဲ့ အခြေအနေတစ်ရပ်သည်သာလျှင် ဖြစ်တယ်။ အဲဒီ တကယ့်မင်္ဂလာ ဖြစ်ဖို့ရန်အတွက် ဘုန်းကြီးတို့တစ်တွေ ဘာလုပ်စရာလိုလဲ ဆိုလို့ရှိရင် ၃၈-ဖြာမင်္ဂလာထဲမှာပါတဲ့ အကြောင်းတရားတွေထဲမှာ 'သမ္ပတ္တိစက်' ဆိုတာရှိတယ်။ 'စက္ကသုတ္တန်' မှာလည်း မြတ်စွာဘုရား ဟောထားတာရှိတယ်။

'စက္က' ဆိုတာ အကြောင်းအကျိုး ဆက်သွယ် လည်ပတ်ပြီး ဖြစ်တတ်တဲ့ သဘာဝတရားကိုခေါ်တယ်။ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး ဖြစ်လေ့ရှိတဲ့ သဘာဝ တရား။ အဲဒါကို 'သမ္ပတ္တိစက်'။ အဲဒီ 'သမ္ပတ္တိစက်' လေးချက်ညီအောင် ကျင့်သုံးသွားမယ်ဆိုလို့ရှိရင် လူ တွေရဲ့ မျှော်လင့်ချက်တွေ၊ လူတွေရရှိလာတဲ့ ချမ်းသာ သုခတွေဟာ ထာဝရခိုင်မြဲပြီး မိမိမျှော်လင့်ချက်အတိုင်း အောင်မြင်နိုင်ပါတယ်။

သမ္ပတ္တိစက်လေးချက်

၁။ ပတိရူပဒေသဝါသစက်

'သမ္ပတ္တိစက်'လေးမျိုးဆိုတာ တခြားမဟုတ်ပါဘူး။ နံပါတ်(၁)က 'ပတိရူပဒေသဝါသ' - သင့်တင့် လျောက်ပတ် ကောင်းမြတ်သောအရပ်မှာနေခြင်းကို ဆိုတာပါ။ လူတွေအဖို့ မိမိဘယ်နေရာမှာပဲမွေးမွေး၊ ကိုယ်နဲ့ သင့်တော်တဲ့နေရာကို ရွေးချယ်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ပတိရူပဒေသဝါသ ဆိုတဲ့ နေရာမှာလည်းပဲ အဆင့်ဆင့် မိမိတို့ဆောင်ရွက် လုပ်ကိုင်မယ့်ကိစ္စအားလျော်စွာ ခွဲခြားမှတ်သားဖို့လိုပါ တယ်။ စီးပွားရေးလုပ်ချင်သလား၊ စီးပွားရေးဘက်က တိုးတက်ချင်သလား။ စီးပွားရေးဘက်က တိုးတက်ချင် တယ် ဆိုလို့ရှိရင် စီးပွားရေးကောင်းမယ့်၊ အရောင်း အဝယ်ဖြစ်ထွန်းမယ့် ဒေသမျိုးမှာနေဖို့ လိုပါတယ်။ ဒါ စီးပွားရေးအတွက် မျှော်လင့်ချက်။ စီးပွားရေးအတွက် မျှော်လင့်ချက် ဆိုလို့ရှိရင် 'ကွန်မာရှယ် စီးတီး' (Comercial City) တို့လို အရောင်းအဝယ်ဖြစ်ထွန်းနိုင်မယ့် နေရာမျိုးတို့မှာ နေပြီးတော့ အရောင်းအဝယ်ကိစ္စမျိုး ကို ဆောင်ရွက်ရမယ်။ ဒါမှသာ အရောင်းအဝယ်ကိစ္စ အတွက် အရောင်းအဝယ်ဖြစ်ထွန်းတဲ့ ဒေသသည် ပတိရူပဒေသ။

အေး ... အရောင်းအဝယ်အတွက် မဟုတ်ဘူး။ ကျန်းမာရေးအတွက် ဆိုလို့ရှိရင်တော့ ရာသီဥတု ကောင်းတဲ့နေရာဟာ ကိုယ့်အတွက် ပတိရူပဒေသ ပဲ။ သင့်လျော်တဲ့နေရာ (Proper Location) ကို ရွေးချယ် တတ်ဖို့ မြတ်စွာဘုရားက ဟောတာ။ တရားသေကြီး မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်ဆိုရင် ကျန်းမာရေး ကောင်းတဲ့၊ ရာသီဥတုကောင်းတဲ့၊ ဆရာဝန်တွေရှိတဲ့၊ မကျန်းမမာဖြစ်ရင် ဆေးဝါးကုလို့ရမယ့် နေရာမျိုးကို ရွေးချယ်ပြီးတော့ နေရမယ်။

အေး ... ပညာရေးအတွက်လား။ ပညာရေး တိုးတက်ချင်တယ်ဆိုလို့ရှိရင် ဆရာကောင်း၊တက္ကသိုလ် ကောင်းကောင်း၊ ကောလိပ်ကောင်းကောင်း၊ ကျောင်းကောင်းကောင်း ဒီလိုနေရာမျိုးမှာ ရွေးချယ်ပြီးနေဖို့ လိုပါတယ်။ ဒါမှ ကိုယ့်ရဲ့မျှော်မှန်းချက် အောင်မြင် မယ်လို့ ဒီလိုဆိုတယ်။

အဲသလို မဟုတ်ဘူး၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်အတွက် တရားကျင့်ချင်တယ် ဆိုလို့ရှိရင် တရားဓမ္မ ထွန်းကားပြီးတော့ တရားပြသနိုင်တဲ့ ဆရာ သမားရှိတဲ့ နေရာမျိုးကို ရွေးချယ်ရမယ်။ သူ့နေရာနဲ့ သူ ဒီလိုရွေးချယ်တာ ပတိရူပဒေသ။ တရားသေကြီး မှတ်ထားလို့မရဘူး။ မိမိနဲ့သင့်လျော်မယ့် နေရာတစ်ခု ကို ရွေးချယ်ပြီးနေတာဟာ အရာရာကို အောင်မြင်နိုင် တယ်လို့ ဆိုလိုတယ်။

ဒီနေရာမှာ ဗုဒ္ဓမြတ်စွာ ဟောထားတဲ့ သုတ္တန် ကလေးတစ်ခုရှိတယ်။ ဘီလုံးငှက်ကလေး အကြောင်း ပဲ။ ဘီလုံးငှက်ကလေးဟာ မိမိနေထိုင်ရာမှ အပြင်ဘက် ထွက်ပြီး အစာရှာတဲ့အခါ သိမ်းငှက်ကြီးတစ်ကောင်ရဲ့ ထိုးသုတ်မှုကိုခံရတယ်။ အဲဒီတော့ ဘီလုံးငှက်ကလေး က အော်သတဲ့။ 'ငါကိုက လော်လီတာ၊ ကိုယ့်နေရာ ကိုယ်မနေဘူး၊ သူများနေရာသွားနေလို့ ငါဒီလိုခံရတာ၊ ငါ့နေရာမှာဆိုရင်တော့ ဘယ်လိုချိုးသိမ်းတွေလာလာ ငါမမှုဘူး' လို့ တတွတ်တွတ်နဲ့ သူကပြောနေတာ။ တတွတ်တွတ် ပြောနေတဲ့အခါကျတော့ သူ့ကို ကုတ် သွားတဲ့ ချိုးသိမ်းကြီးက မခံချင်ဘူး။ 'အံမယ် ... မင်းလို ကောင်က ဘယ်မှာနေနေ ငါ့လက်က လွတ်မယ် ထင်သလား၊ မင်းနေရာ ဘယ်မတုန်း' ဆိုတော့ 'ဟာ ကျုပ်နေရာ ထယ်စာခဲထဲမှာ' လို့ဆိုတယ်။ 'ကောင်းပြီ၊ မင်းနေရာသွား၊ မင်းကို ငါလာဖမ်းမယ်' ဆိုပြီးတော့ ဘီလုံးငှက်ကလေးကို လွှတ်လိုက်တာ။ ဘီလုံးငှက် ကလေးဟာ ပြန်သွားတယ်၊ သူနေတဲ့ ထယ်စာခဲပေါ်မှာ တက်နားပြီး သိမ်းငှက်ကြီးကို လှမ်းပြီးစိန်ခေါ်သတဲ့။ 'လာခဲ့ပါ ... လာခဲ့ပါ၊ ဒါ ကျုပ်နေရာ ကျုပ်ရောက်ပြီ၊ ခင်ဗျားကို မမှုဘူး'။ ဟိုကောင်က စိတ်ဆိုးတာပေါ့။ မလောက်လေး မလောက်စားနဲ့ သူ့ကို စိန်ခေါ်ရ မလားလို့ ဆိုပြီးတော့ အတောင်ပံ ရုပ်သိမ်းကာ ထိုးဆင်းလာလိုက်တာ၊ ထိုးဆင်းလာလို့ သူ့နား ရောက် တော့မယ် ဆိုတာလည်း သိလိုက်ရော ဘီလုံးငှက်က သုတ်ကနဲဆိုပြီးတော့ ထယ်စာခဲအောက် ဝင်ဝပ်လိုက် တယ်။ ချိုးသိမ်းကြီးက အရှိန်မထိန်းနိုင်တော့ ရင်ဘတ်နဲ့ ထယ်စာခဲနဲ့ဆောင့်ပြီး ချိုးသိမ်းကြီး သေပွဲဝင်သွားတယ်။ ဟောကြည့်၊ ဘယ်လောက်ပဲ အင်အားနည်းတဲ့ အကောင်ပဲဖြစ်ဖြစ် ကိုယ့်နေရာ ကိုယ်နေလို့ရှိရင်တော့ အင်အားရှိတာပဲ။ ဒါ့ကြောင့် မြတ်စွာဘုရားက ပတိရူပဒေသဝါသ ဆိုတာ ရွေးချယ်ရတယ်လို့ ဟောတော်မူတာ။ ကိုယ်နဲ့လိုက်တဲ့ နေရာမျိုးကို ရွေးချယ်ရတယ်။

လောကလူတွေဟာ အစွဲလေးတစ်ခု ရှိတယ်။ ကိုယ်မွေးတဲ့နေရာတို့၊ ကိုယ်ပျော်တဲ့ နေရာတို့မှာ နေကြ တယ်။ တော်တဲ့နေရာမှာ မနေဘူး။ ပျော်တဲ့နေရာမှာ နေတယ်။ လူတွေက နေရာရွေးတာကို အပျော်နဲ့ ရွေးကြတယ်။ တော်တာနဲ့ မရွေးဘူး။ မြတ်စွာဘုရားက တော်တာနဲ့ရွေးဖို့ ပတိရူပဒေသဝါသ ကို ဟောကြား ခဲ့တယ်။ အဲဒါကြောင့်မို့လို့ နေရာ ဒေသလေးကို ရွေးချယ်နေတတ်မယ် ဆိုလို့ရှိရင် ကိုယ့်အတွက် အောင်မြင်မှုတွေ ရရှိလာနိုင်တယ်။ ဒါကို 'သမ္ပတ္တိစက်' လို့ခေါ်တယ်။ အရာရာမှာ အောင်မြင်နိုင်တယ်။

၂။ သပ္ပုရိသူပနိဿယစက်

သင့်တော်တဲ့နေရာ ရွေးချယ်သည့်အတွက် ကြောင့် ဆက်သွယ်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အရာ တစ်ခုက ဘာလဲဆိုရင် မိမိနဲ့ သင့်တော်သည့်နေရာ ရွေးချယ်သည့်အတွက်ကြောင့် ဥပမာ - စီးပွားရေး အတွက် ရွေးချယ်တယ်ဆိုရင် အဲဒီမှာ စီးပွားလုပ်တတ် တဲ့ စီးပွားရေးပညာရှိတွေရှိတယ်။ သူတို့ဆီက အကြံ ကောင်း ဉာဏ်ကောင်းတွေ ရနိုင်တယ်။ သူတို့နဲ့တွေ့ရ တာ 'သပ္ပုရိသူပနိဿယ' လို့ ပြောနိုင်တာပေါ့။ စီးပွားရေး ဆိုလို့ရှိရင် စီးပွားရေး အကြံပေးမယ့် ပုဂ္ဂိုလ် တွေ။

အေး ... ပညာရေးအတွက် ဆိုလို့ရှိရင်လည်း ပညာရေးအတွက် ဆရာကောင်း သမားကောင်းတွေ၊ အကြံပေးမယ့်ပုဂ္ဂိုလ်တွေ၊ နည်းလမ်းညွှန်ပြမယ့်ပုဂ္ဂိုလ် တွေ တွေ့ရတယ်။ ဒါ 'သပ္ပုရိသူပနိဿယ'ထဲမှာ ပါတာ ပေါ့။

ကျန်းမာရေး ဆိုရင်လည်းပဲ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးအတွက် ပညာပေးမယ့် ပုဂ္ဂိုလ်တွေ၊ အကြံပေးမယ့်ပုဂ္ဂိုလ်တွေနဲ့ တွေ့ရတယ်။ နေရာကောင်းကိုရွေးချယ်သည့်အတွက်ကြောင့် ဆိုင်ရာ ဆိုင်ရာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ကိုယ်တွေ့ရ ဆုံရ တယ်။

နိဗ္ဗာန်ကိုရချင်လို့ တရားကျင့်တယ်။ တရားပြနိုင် တဲ့ ဆရာကောင်းတွေနဲ့တွေ့တော့ ဘယ်လို ကျင့်ရ တယ်၊ ဘယ်လို နှလုံးသွင်းရတယ် စသည်ဖြင့် သူတို့ရဲ့ ဆုံးမလမ်းညွှန်မှုတွေ၊ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ စာပေ ပရိယတ်တွေ ဘယ်လိုလေ့လာရတယ်၊ ဘယ်လိုနာယူ ရတယ် စသည်ဖြင့် မသိတာတွေရှင်းပြလို့ သိခွင့်ရ တယ်။ နေရာကောင်း ရွေးလိုက်သည့်အတွက်ကြောင့် ပုဂ္ဂိုလ်ကောင်းတွေနဲ့ တွေ့ရပြန်တယ်။ အကြောင်း တစ်ခုတည်းနဲ့မဖြစ်ဘူး။ အကြောင်းတစ်ခု အခြေခံပြီး နောက်ထပ် အကြောင်းတစ်ခု ထပ်ပိုလာတယ်။ လည်ပတ်ပြီးတော့ ဖြစ်တဲ့သဘော။ 'ပတိရူပဒေသ' ရွေးသည့်အတွက်ကြောင့် လူတော်လူကောင်းတွေနဲ့ တွေ့ရတာဆိုတဲ့ အကြောင်းတစ်ခု ထပ်ရတယ်။

၃။ ပုဗ္ဗေစကတပုညတာစက်

လူတော်လူကောင်းတွေနဲ့တွေ့တော့ ဘာဖြစ်တုန်း ဆိုရင် လူကောင်းနဲ့ ပေါင်းသည့်အတွက်ကြောင့် စိတ်ကောင်း နှလုံးကောင်း ထားတတ်တယ်။ ကောင်းတဲ့ အလုပ်တွေကို လုပ်တတ်လာတယ်။ 'ပုဗ္ဗေစကတပုညတာ' ဆိုတာမျိုးပေါ့။ အတိတ်ဘဝ ကုသိုလ်ကောင်းမှုတွေ ရှိလာတယ်။ ကုသိုလ်ကောင်းမှု တွေ လုပ်လာတယ်။ ဒီဘဝမှာလည်း လုပ်လာတယ်။ အတိတ်ဘဝက ကုသိုလ်ကောင်းမှုတွေ ရှိတယ်၊ လူကောင်းနဲ့ ပေါင်းသည့်အတွက်ကြောင့် ဆိုပါစို့ တရားပွဲတွေသွားပြီး တရားနာသည့်မိတ်ဆွေနှင့် ပေါင်း သည့်အတွက်ကြောင့် ကိုယ်လည်းတရားနာဖြစ်တယ်။ အလှူအတန်း ဝါသနာပါသည့်ပုဂ္ဂိုလ်နဲ့ ပေါင်းသည့် အတွက်ကြောင့် ကိုယ်လည်း အလှူအတန်းလုပ်ဖြစ် တယ်။ သီလစောင့်ထိန်းတတ်တဲ့ မိတ်ဆွေကောင်းနဲ့ ပေါင်းမိသည့်အတွက်ကြောင့် ကိုယ်လည်း သီလစောင့် ထိန်းဖြစ်တယ်။ ကမ္မဋ္ဌာန်းအားထုတ်တဲ့ မိတ်ဆွေနဲ့ ပေါင်းသည့်အတွက်ကြောင့် ကိုယ်လည်း ကမ္မဋ္ဌာန်း အားထုတ်ဖြစ်တယ်ဆိုရင် ကုသိုလ်တွေ ရတယ်။ 'ပုဗ္ဗေစကတပုညတာ' ဖြစ်တယ်ပေါ့။

၄။ အတ္တသမ္မာပဏိဓိစက်

အဲဒီကနေပြီးတော့ လူတော် လူကောင်းတွေနဲ့ ပေါင်းတယ်၊ ကုသိုလ်ကောင်းမှုတွေ လုပ်ဖြစ်လာတယ်၊ နောက်ဆုံး အဓိကအချက်က ဘာဖြစ်လာတုန်းဆိုရင် 'အတ္တသမ္မာပဏိဓိ' ကိုယ့်ကိုယ်ကို နေတတ်၊ ထိုင်တတ် လာတယ်။ စိတ်ထားတတ်လာတယ်။ တရားဓမ္မနာယူ သဖြင့် ဘယ်လိုစိတ်ထားရမယ်၊ ဘယ်လိုနှလုံးထားရ မယ် ဆိုတာတွေ သဘောပေါက်လာသည့်အတွက် ကြောင့် 'အတ္တသမ္မာ ပဏိဓိ' ဆိုတဲ့ မိမိကိုယ်၊ မိမိစိတ် ကောင်းအောင်ပြုပြင် ပြီးတော့ နေတတ်၊ ထိုင်တတ် ရှိလာတယ်။ အဲဒီ'သမ္ပတ္တိစက်'တွေထဲမှာ 'အတ္တသမ္မာ ပဏိဓိစက်' က အရေးအကြီးဆုံးပါပဲ။ 'အတ္တသမ္မာ ပဏိဓိ' အထိရအောင် ရောက်သွားပြီ ဆိုလို့ရှိရင် ကိုယ်ကျင့်တရား မကောင်းသေးဘူးဆိုရင် ကောင်း အောင် ပြုပြင်တယ်၊ 'အတ္တသမ္မာပဏိဓိ' - ဒါန ကောင်းမှုတွေ မရှိသေးဘူးဆိုရင် ဒါနကောင်းမှုတွေ လုပ်လာတယ်။ ဘာဝနာကောင်းမှုတွေ မရှိသေးဘူး ဆိုရင် ဘာဝနာကောင်းမှုတွေ ကျင့်ကြံကြိုးကုတ် အားထုတ်လာတယ်။ တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ အသိနည်းနေသေးတယ်ဆိုရင် အသိများအောင် ကိုယ့် ကိုယ်ကိုလေ့လာတယ်၊ ဖတ်ရှုတယ်။ 'အတ္တသမ္မာပဏိဓိ' - ကိုယ့်ကိုယ်ကို ပြင်လာတယ်။ ပြင်လာသည့် အတွက် ကြောင့် ကိုယ်ဟာ လူကောင်းတစ်ယောက်ဖြစ်လာ တယ်။ ဟောဒီ 'သမ္ပတ္တိစက်' လေးမျိုးထဲမှာ 'အတ္တသမ္မာပဏိဓိစက်' ဟာ အရေးကြီးဆုံးပဲ။ 'အတ္တသမ္မာပဏိဓိ' ကနေပြီးတော့ ကျန်တဲ့စက်တွေကို ထိန်းသွားလို့ရတယ်။ အကယ်၍ 'အတ္တသမ္မာပဏိဓိ စက်' ပျက်သွားလို့ရှိရင် ကျန်တဲ့ စက်တွေဟာ တစ်ခုမှ အကူအညီမပေးနိုင်တော့ဘူး။ စဉ်းစားပြီးတော့ကြည့် လေ။

ဗုဒ္ဓမြတ်စွာနဲ့ ညီအစ်ကိုဝမ်းကွဲ တော်ပြီးတော့ မြတ်စွာဘုရားကို ဆန့်ကျင်ဖက်လုပ်သွားတဲ့ သာသနာ့ ဘောင်မှာ ဗုဒ္ဓမြတ်စွာရဲ့ တပည့်သာဝကတစ်ပါး အနေနဲ့၊ ရဟန်းတော်တစ်ပါးအနေနဲ့ ဝင်ရောက်လာတဲ့ ရှင် ဒေဝဒတ် အကြောင်းကိုကြည့်။ ရှင်ဒေဝဒတ်ဟာ အတိတ်က ကုသိုလ်ကံရှိခဲ့တယ်။ 'ပုဗ္ဗေစကတပုညတာ' အတိတ်က ကုသိုလ်ကံရှိသည့်အတွက်ကြောင့် ဘုရား နဲ့ အမျိုးတော်ပြီးတဲ့ မင်းသားဘဝ ရောက်လာတယ်။ အသိဉာဏ်ရှိတယ်၊ ဘုရားနဲ့တွေ့လို့ သင်္ကန်းဝတ်၊ သင်္ကန်းဝတ်ပြီး တရားဓမ္မ ကျင့်တဲ့အခါမှာ စျာန် အဘိညာဉ်တွေရတယ်၊ တန်ခိုးဣဒ္ဓိပါဒ်နဲ့ ပြည့်စုံတယ်။ သာမန်ပုဂ္ဂိုလ် မဟုတ်ဘူးနော်။ 'ပုဗ္ဗေစ ကတပုညတာ' ရှိတယ်။

မြတ်စွာဘုရားပွင့်တဲ့ ဒေသမှာလည်းဖြစ်တယ်။ ဘုရားဖွားတော်မူတဲ့ ဘုရားရဲ့ ဇာတိဒေသဖြစ်တဲ့ ကပ္ပိလဝတ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ 'ဒေဝဒဟ' ဆိုတဲ့ နေရာမှာ သူ့မိသားစုနေထိုင်တာဖြစ်တော့ 'ပတိရူပ ဒေသဝါသ' ပဲ။ သင့်လျော်တဲ့အရပ်မှာလည်း သူနေ တယ်။

ရှေးကလည်း ကုသိုလ်ကောင်းမှုရှိတယ်။ သင့် လျော်တဲ့ အရပ်မှာလည်းနေတယ်။ မြတ်စွာဘုရားနဲ့ ရှင်သာရိပုတ္တရာစတဲ့ သူတော်ကောင်းတွေနဲ့လည်း သူ တွေ့တယ်။ တွေ့လို့ တရားကျင့်လို့ စျာန်အဘိညာဏ် ထိအောင် ပေါက်ရောက်အောင်မြင်ခဲ့တယ်။ သို့သော် ကိုယ့်ကိုယ်ကို ပြုပြင်ထိန်းသိမ်းမှုဆိုတာ မရှိဘူး။ စိတ် ကောင်း၊ နှလုံးကောင်း ထားပြီးတော့ တရားဓမ္မ ဆက်လက်ပွားများရမှာကို မပွားများဘဲနဲ့ မြတ်စွာဘုရား ကို အံတုလာတယ်။ ဘုန်းတန်ခိုး ကြီးချင်လာတယ်။ ဖြတ်လမ်းက ဘုရားဖြစ်ချင်လာတယ် ဆိုတာတွေနဲ့ အတွေးအခေါ်တွေမှားပြီးတော့ 'အတ္တသမ္မာပဏိဓိ စက်' ပျက်သွားတာနဲ့ တစ်ပြိုင်နက် ရှင်ဒေဝဒတ်ရဲ့ အခြေအနေတစ်ခုဟာ ရဟန်းဘဝကနေ လောဘ နဲ့ မောဟ လွှမ်းမိုးမှုခံရတဲ့ လောဘ၊ မောဟရဲ့ သားကောင် ဖြစ်သွားရတယ်။

ဟောဒီ 'သမ္ပတ္တိစက်' လေးပါးထဲမှာ တကယ် အရေးအကြီးဆုံးစက်ဟာ 'အတ္တသမ္မာပဏိဓိစက်' ပါ။ 'အတ္တသမ္မာပဏိဓိ' ဆိုတဲ့ ကိုယ့်ကိုယ်ကို၊ ကိုယ့်စိတ်ကို ပြုပြင်ပေးတာ၊ ကိုယ့်ကိုယ်ကို ထိန်းသိမ်းတာဆိုတာ အရေးတကာ့ အရေးကြီးဆုံးထဲမှာ ထိပ်ကနေတဲ့ အကြောင်းတရားတစ်ခုပါ။

ဒါကြောင့် မြတ်စွာဘုရားက လူတွေရဲ့မျှော်လင့် ချက်တွေ၊ လူတွေရရှိချင်တဲ့ ချမ်းသာတွေ၊ အဲဒီချမ်းသာ တွေ၊ မျှော်လင့်ချက်တွေ ရချင်တယ်ဆိုလို့ရှိရင် လူတွေ ရဲ့ သန္တာန်မှာ ဘာပြည့်စုံအောင် လုပ်ရမလဲ။

၁။ သဒ္ဓါသမ္ပဒါ

သဒ္ဓါတရားနဲ့ ပြည့်စုံအောင်လုပ်ရမယ်။ သဒ္ဓါ ဆိုတာ (Confidence)၊ ကိုယ်လုပ်တဲ့ လုပ်ငန်းအပေါ် မှာ စိတ်ဝင်စားတာ၊ ယုံကြည်တာ၊ ကုသိုလ်တရားနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားတာ၊ ယုံကြည်တာ သဒ္ဓါ လို့ခေါ်တယ်။ အဲဒီသဒ္ဓါတရားဟာ အင်မတန်မှအရေး ကြီးတယ်။ သဒ္ဓါတရား ရှိလာပြီဆိုရင် ခုနက မျှော်လင့် ချက်တွေအတိုင်း ဖြစ်လာပါတယ်။ သဒ္ဓါတရား ရှိလာ တဲ့ ပုဂ္ဂိုလ်တစ်ယောက်သည် စိတ်ကြည်နူးတယ်၊ စိတ် ကြည်သည့်အတွက်ကြောင့် ကောင်းတဲ့အလုပ်တွေ စိတ်ဝင်စားလာတယ်။ ဒါနကောင်းမှုတွေလုပ်တယ်။ သီလတွေ ဆောက်တည်တယ်။ ကမ္မဋ္ဌာန်းဘာဝနာတွေ ပွားများအားထုတ်တယ်။ ကောင်းတာတွေ လုပ်သည့် အတွက်ကြောင့် ကောင်းကျိုးချမ်းသာတွေရတယ်။

၂။ သီလသမ္ပဒါ

နောက်တစ်ခု အရေးကြီးတာက ဘာတုန်းဆိုရင် 'သီလသမ္ပဒါ' - ကိုယ်ကျင့်တရားကောင်းဖို့လိုတယ်။ လောကလူတွေမှာ ကိုယ်ကျင့်တရား ပျက်သွားပြီဆိုရင် ကျန်တာတွေ ထိန်းလို့မရတော့ဘူး။ ဒါ 'အတ္တသမ္မာ ပဏိဓိ' ဆိုတဲ့ စက်အတွင်းထဲက အစိတ်အပိုင်းလေး တွေလို့ ပြောလို့ရတယ်။ ကိုယ့်ကိုယ်ကိုကောင်းအောင် ထားဆိုတာ သဒ္ဓါတရား ကိန်းအောင်းထား။ သဒ္ဓါ မရှိ သေးရင် ရှိလာအောင်လုပ်ရမယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်။ မကောင်းတာလုပ်ရင် မကောင်း တာဖြစ်တယ်။ ကံ-ကံ၏အကျိုးကို ယုံကြည်တယ်၊ လက်ခံတယ်ဆိုတဲ့ 'ကမ္မဿကတာ သမ္မာဒိဋ္ဌိ' အခြေခံ တဲ့ သဒ္ဓါတရား။ ဗုဒ္ဓမြတ်စွာဟာ အမှန်တရားကို ဟောကြားနိုင်တယ်။ ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်ကြီးကို လက်ခံယုံကြည်တဲ့ သဒ္ဓါတရား။ အဲဒီသဒ္ဓါတရားတွေ ရှိလာပြီ ဆိုလို့ရှိရင် ကောင်းတဲ့အလုပ်တွေလုပ်ပြီး ကောင်းတဲ့အလုပ်တွေ လုပ်သည့်အတွက်ကြောင့် သဒ္ဓါ ရှိလာတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ သီလဆိုတာလည်း ပြည့်စုံ လာတယ်။

ဒါကြောင့်မို့လို့ သဒ္ဓါနဲ့ပတ်သက်ပြီးတော့ စာပေ ကျမ်းဂန်များမှာ သဒ္ဓါဟာ မျိုးစေ့ကလေးနဲ့ အလား တူတယ်။ ဘယ်လိုတူသလဲလို့ဆိုရင် မျိုးစေ့ကလေးက အလုပ်နှစ်ခုလုပ်တယ်။ သဒ္ဓါကလည်း အလုပ်နှစ်ခုကို လုပ်တယ်။ မျိုးစေ့က ဘယ်လိုအလုပ်နှစ်ခု လုပ်တုန်း လို့ ကြည့်လိုက်မယ်ဆိုရင် မျိုးစေ့လေးတစ်ခုကို စိုက်လိုက်တာနဲ့ တစ်ပြိုင်နက် ထိုမျိုးစေ့လေးက အောက်ကို အမြစ်ကလေးဆင်းလာပြီး အပေါ်ကို အညှောင့်ကလေး တက်လာတယ်။ ဒီလို အလုပ်နှစ်ခု ကို သူတစ်ပြိုင်နက်လုပ်တယ်။

အဲသလိုပဲ၊ သဒ္ဓါတရားရှိလာပြီ ဆိုလို့ရှိရင် ကိုယ် ကျင့်တရား ထိန်းသိမ်းမှုဆိုတဲ့ အမြစ်ကလေးဆင်းသက် လာတယ်။ သမထ၊ ဝိပဿနာကျင့်စဉ်ကို ကျင့်ခြင်းလို့ ဆိုတဲ့ အညွန့်အညှောင့်ကလေးလည်း တက်လာတယ်။ ဒါ သဒ္ဓါတရားရှိမှ ဖြစ်လာတာ။ ဒါကြောင့်မို့လို့ သဒ္ဓါ ကို အခြေခံသည့်အတွက်ကြောင့် သီလဆိုတဲ့ကိုယ်ကျင့် တရားကိုလည်း ထိန်းသိမ်းစောင့်ရှောက်လာတယ်။

၃။ စာဂသမ္ပဒါ

နောက်တစ်ခု လိုအပ်ချက်က ဘာတုန်းဆိုရင် 'စာဂသမ္ပဒါ' လောကမှာ လူတွေဟာ ရရှိလာတဲ့ပစ္စည်း ကို ကိုယ်တစ်ယောက်တည်း မသုံးသင့်ဘူး။ အများနဲ့ ခွဲဝေပြီးတော့ သုံးသင့်တယ်။ ကိုယ်တစ်ယောက်တည်း သာ သုံးလိုတယ်ဆိုတဲ့ မစ္ဆရိယတရား လွှမ်းမိုးနေလို့ ရှိရင် ထိုပုဂ္ဂိုလ်ဟာ (Society) မှာ အကျိုးပြုတဲ့ပုဂ္ဂိုလ် မဖြစ်ဘူး။ အကျိုးပြုတဲ့ပုဂ္ဂိုလ် မဖြစ်သည့်အတွက် ကြောင့် (Society) ကလည်း သူ့ကိုပြန်ပြီး အကျိုးပြုမှာ မဟုတ်ဘူး။ (Society) ထဲမှာ စိတ်ချမ်းမြေ့ပြီးတော့ ပျော်ရွှင်ချမ်းမြေ့မယ့်ပုဂ္ဂိုလ်မျိုး မဖြစ်နိုင်ဘူး။ ဒါကြောင့် မို့လို့ (Society) ထဲမှာ နေလို့ရှိရင် ကိုယ့်မိသားစု အတွင်းမှာပဲဖြစ်စေ အများနဲ့မျှဝေပြီးတော့ သုံးစွဲတတ် ရမယ်၊ စွန့်လွှတ်နိုင်ရမယ်။ ကိုယ့်ရဲ့ အခွင့်အရေးတွေ အတွက် အနစ်နာခံနိုင်ရမယ်။ စာဂသမ္ပဒါ စွန့်နိုင် တယ်။ အရာရာမှာ တွယ်ကပ်ပြီးတော့ မနေဘဲနဲ့ ပေးနိုင်ကမ်းနိုင်တဲ့လက်၊ ဖြူစင်တဲ့လက်၊ ဆေးကြော ပြီးတဲ့လက်၊ စွန့်လွှတ်မှုမှာ စိတ်ဝင်စားတဲ့ သဘာဝ တရားတွေ ရှိရမယ်။ အဲဒါဟာ စာဂသမ္ပဒါ လို့ ခေါ် တယ်။ အဲဒီအချက်နဲ့ ပြည့်စုံဖို့လည်းလိုတယ်။

၄။ ပညာသမ္ပဒါ

နောက်တစ်ခု အရေးကြီးဆုံးကတော့ 'ပညာ သမ္ပဒါ' ပဲ။ အသိအလိမ္မာ ဉာဏ်ပညာရှိဖို့ဆိုတာ အရာ ရာမှာ အရေးပါဆုံးတစ်ခု။ ပညာဆိုတဲ့နေရာမှာ ပညာ ဟာ ဘာလုပ်သင့်သလဲ၊ ဘာမလုပ်သင့်ဘူးလဲ၊ လုပ်သင့် မလုပ်သင့်ကို ခွဲခြားသိတဲ့ ပညာသည် အရေးကြီးပါ တယ်။ ဘာကြောင့်အရေးကြီးလဲဆိုရင် လုပ်သင့်၊ မလုပ် သင့်မှ မသိဘူးဆိုရင် လုပ်သင့်တာကျတော့ မလုပ်ဘူး၊ မလုပ်သင့်တာကျတော့ လုပ်မိတယ်။ အဲဒီလောက် ပြဿနာတက်တာ မရှိဘူး။

လောကမှာ မလုပ်သင့်တာကို လုပ်မိတဲ့အတွက် ကြောင့် အပြစ်ဖြစ်သလို လုပ်သင့်တာကို မလုပ်သည့် အတွက်ကြောင့်လည်း အပြစ်ဖြစ်တယ်။ သို့သော် လောကလူတွေက လူတစ်ယောက်တစ်စုံတစ်ခု ဆင်းရဲ ဒုက္ခရောက်ပြီဆိုရင် အဲဒီလူက ဆင်းရဲဒုက္ခရောက်မှာ ပေါ့၊ မလုပ်သင့်တာတွေ လုပ်တာကိုးလို့ ဒီလိုပြောလေ့ ရှိကြတယ်။ သို့သော်လည်း ဒီလူက လုပ်သင့်တာမှ မလုပ်ဘဲကိုဆိုတဲ့ အပြောမျိုး သိပ်ပြီးတော့မရှိဘူး။ အဲဒီနှစ်ခုဟာ အတူတူပဲလို့ဆိုတယ်။ မလုပ်သင့် တာကို လုပ်တာက အပြစ်ဖြစ်သလို လုပ်သင့်တာကို မလုပ်လို့ရှိရင်လည်း အပြစ်ပဲ။ ဆိုပါစို့- မိနဲ့ဖနဲ့ရှိကြတဲ့ ပုဂ္ဂိုလ်တွေ ကိုယ့်မိဘကို ကိုယ်ပြုစုစောင့်ရှောက်ရမယ်။ ဒါ တာဝန်ဝတ္တရားအနေနဲ့ရှိတယ်။ ဒါလုပ်သင့်တဲ့ကိစ္စ။ လုပ်သင့်တဲ့ကိစ္စကို မလုပ်ဘဲနေပြီဆိုလို့ရှိရင် အနည်း ဆုံး ဒီပုဂ္ဂိုလ်ဟာ အများရဲ့ကဲ့ရဲ့ရှုံ့ချမှုကို ခံရတယ်။ နောင်ဘဝအပြစ်ရောက်တာ အသာထား၊ ဒီဘဝတင်ပဲ ကဲ့ရဲ့ရှုံ့ချမှုကို ခံရတယ်။ မိဘအပေါ်မှာ ကျေးဇူးမသိ တတ်ဘူး၊ မိဘကို ပစ်ထားတယ်ဆိုတဲ့ အပြောအဆို အနည်းဆုံး၊ အပေါ့ဆုံး အပြစ်ကလေးခံရတယ်။ ဒါ လုပ်သင့်တာမလုပ်လို့၊ မလုပ်သင့်တာ လုပ်တာကတော့ အင်မတန်မှ ထင်ရှားပါတယ်။

မလုပ်သင့်တာလုပ်လို့ရှိရင်တော့ နောက်ဆုံးမှာ ဆင်းရဲဒုက္ခရောက်တာတို့၊ ထောင်သွင်းအကျဉ်းချခံရ တာတို့၊ မလုပ်သင့်တာလုပ်လို့ ဒုက္ခရောက်တဲ့ ပုဂ္ဂိုလ် တွေကတော့ အင်မတန်မှများတယ်။ အဲတော့ လုပ်သင့် တာနဲ့ မလုပ်သင့်တာနှစ်ခုကို ရှင်းရှင်းကြီးမြင်နိုင်တာ ကတော့ ပညာတရားပဲတဲ့။ ဒါကြောင့်မို့လို့ 'ပညာ သမ္ပဒါ' အသိပညာဆိုတာ ရှိရမယ်။

ဒီ့ထက်အဆင့်မြင့်လာတဲ့ ပညာကျတော့ သံသရာ ထဲမှာ တို့ဘာကြောင့်လည်နေရသလဲ၊ တို့ဘဝကောင်း အောင် တို့ဘယ်လိုလုပ်ရမလဲ၊ ဘဝခရီးလျှောက်လှမ်း တဲ့အခါ ဘာအရေးကြီးဆုံးလဲဆိုတာသိအောင် အဲဒီ ပညာမျိုးကျတော့ ပိုပြီးတော့ အဆင့်မြင့်တဲ့ပညာလို့ ခေါ်တယ်။

နောက်ဆုံးမှာ အဆင့်မြင့်ဆုံး ပညာကတော့ အခြေခံအားဖြင့်ပြောမယ်ဆိုရင် ဝိပဿနာပညာ။ အဲဒီ ဝိပဿနာပညာ ရလာပြီဆိုလို့ရှိရင်တော့ အရာရာပေါ် မှာ တွယ်တာခြင်း၊ မုန်းတီးခြင်းဆိုတဲ့ နှစ်ခုကို စွန့်လွှတ် နိုင်သွားပြီ။ တွယ်တာမှုရှိနေလို့ရှိရင် လောကလူတွေ ဟာ တွယ်တာမှုရှိတဲ့နေရာမှာ စိုးရိမ်သောကဆိုတာ ဖြစ်လာတယ်။ ဘယ်နေရာတွယ်တာတွယ်တာ စိုးရိမ် သောက၊ အတွယ်အတာရှိတဲ့ နေရာမှာ သောက ဖြစ်လာတယ်။

ဝိပဿနာဉာဏ် (Insight Knowledge) ရှိလာပြီ ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ တွယ်တာမှုတွေကို လျော့ချနိုင် တယ်။ လျော့ချနိုင်သည့်အတွက်ကြောင့် သောကကို လည်း လျော့ချနိုင်တယ်။ အဲတော့ တွယ်တာမှုရှိတဲ့ နေရာမှာ စိုးရိမ်မှုလာတယ်ဆိုတာ (Where there is attachment there is worry, Where there is no attachment there is no worry) 'attachment'ရှိမှ

'worry' လာတယ်ဆိုတာ အင်မတန်မှ ထင်ရှားပါ တယ်။ လူတိုင်းလူတိုင်းဟာ သောက ဘယ်မှာရှိလဲ ဆိုရင် ကိုယ်တွယ်တာတဲ့နေရာမှာရှိတယ်။ ကိုယ် မတွယ်တာတဲ့နေရာမှာ သောကမရှိပါဘူး။ ကမ္ဘာလောကကြီးမှာ နေ့စဉ်နှင့်အမျှ လူတွေ သေဆုံးနေကြတယ်။ မိမိဆွေမျိုးသားချင်း၊ မိမိချစ်ခင် တဲ့သူ မဟုတ်လို့ရှိရင် ဘယ်သူမှမငိုကြပါဘူး။ စိတ်ထဲ မှာလည်း မတုန်လှုပ်ကြပါဘူး။ အေး ကိုယ်တွယ်တာ တဲ့ ပုဂ္ဂိုလ်တစ်ဦးဆိုရင် ရင်ဘတ်စည်တီး ရှိုက်ကြီးတငင် ငိုကြရတယ်။ ဘာဖြစ်လို့တုန်းဆိုရင် အဲဒါ တွယ်တာမှု။ တွယ်တာမှုရှိတဲ့နေရာမှာ သောက လာတယ်ဆိုတာ အင်မတန်မှ ထင်ရှားပါတယ်။

လူတွေကတော့ သောကကင်းဝေး နေနိုင်ရေး ဆိုပြီးတော့ ပိုက်ဆံရှိရင် သောကကင်းလိမ့်မယ်၊ သား သမီးတွေရှိရင် သောကကင်းလိမ့်မယ်၊ အရာရာပြည့်စုံ ရင် သောကကင်းလိမ့်မယ်လို့ထင်တာ။ မဟုတ်ဘူး၊ ပိုက်ဆံရှိလေလေ သောကများလေလေ၊ သားသမီး များလေလေ သောကများလေလေ၊ အလုပ်တွေချဲ့ လေလေ သောကများလေလေပဲ။ ဘာဖြစ်လို့တုန်းဆို အတွယ်အတာတွေ များလာတာကိုး။ အတွယ်အတာ တွေ များလေလေ သောကများလေလေ။ အဲဒီလို သိတာဟာ ပညာလို့ခေါ်တယ်။

သောက ဘယ်ကစသလဲ၊ ချစ်ခင်မှုက စတယ်။ “ပိယတော ဇာယတေ သောကော” မြတ်စွာဘုရားက သောကဆိုတဲ့ တရားဟာ 'ပိယတော ဇာယတေ' ချစ်ခင်မှုက အစပျိုးလာတာပါ။ အေး ဒါကြောင့်မို့လို့ တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ အခုလိုသိ၊ သောက ကင်းပြီးတော့ နေချင်တယ်ဆိုရင် ဘာလုပ်ရမလဲ။ တွယ်တာမှု၊ ချစ်ခင်မှုကို လျော့ရမယ်။ တဏှာကို လျော့ရမယ်။ တဏှာမလျော့ဘဲနဲ့ သောကကို ကင်း အောင်လုပ်လို့ မရပါဘူးတဲ့။ သောကကင်းတဲ့ဘဝမျိုး ကို မနေနိုင်ပါဘူး။

ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေဟာ အကြောင်းနဲ့ အကျိုးကို ဟောတာဖြစ်လို့ လူ့လောကမှာ ကောင်းကျိုး ချမ်းသာရဖို့ မျှော်လင့်ကြတယ်။ ခုနကပြောတဲ့ လူ့ရဲ့ မျှော်လင့်ချက်တွေ။ ထိုမျှော်လင့်ချက်တွေ ပြည့်ဝဖို့ အတွက်က စီးပွားဥစ္စာ တိုးတက်ချင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊ ဂုဏ်သတင်းကျော်ကြားချင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊ ကျန်းမာပြီးတော့ အသက်ရှည်ချင်တယ် ဆိုတဲ့ မျှော်လင့်ချက်၊ ဒီဘဝကုန်ဆုံးလို့ နောက်ဘဝ ရောက်တဲ့အခါမှာလည်း ကောင်းရာသုဂတိကို ရချင် တယ်ဆိုတဲ့ လူ့ရဲ့ မျှော်လင့်ချက်၊ ဒီမျှော်လင့်ချက် လေးမျိုးသည် 'အတ္တသမ္မာပဏိဓိ' လို့ခေါ်တဲ့ သဒ္ဓါ တရားနဲ့ပြည့်စုံမှု၊ ကိုယ်ကျင့်တရားကို အခြေခံမှု၊ 'စာဂသမ္ပဒါ' စာဂနဲ့ ပြည့်စုံမှု။ 'ပညာ သမ္ပဒါ' အသိပညာ ဉာဏ်ပညာနဲ့ ပြည့်စုံမှုဆိုတဲ့ ဒီ အကြောင်းလေးမျိုး ကင်းပြီးတော့ ခုနက မျှော်လင့်ချက်တွေ မအောင်မြင် နိုင်ပါဘူး။

အခုပြောခဲ့တဲ့ သဒ္ဓါတို့၊ သီလတို့၊ စာဂတို့၊ ပညာ တို့ဆိုတဲ့ အရေးပါတဲ့ အခြေအနေကောင်းတွေကို မဖန်တီးနိုင်ဘူးဆိုလို့ရှိရင် နှစ်သစ်ကူးအခါသမယမှာ လူတွေရဲ့ မျှော်လင့်ချက်ဟာ ဖြစ်လာမှာမဟုတ်ပါဘူး။ မျှော်လင့်ချက်တွေဟာ ဖြစ်ပြီးတော့ မလာနိုင်ပါဘူး။ နှစ်သစ်ကူးတိုင်း ကူးတိုင်း လူတွေဟာ မျှော်လင့်ချက် တွေ ကြီးထွားပြီးတော့ လာကြတယ်။ နှစ်ဟောင်း ကထက် လာမယ့်နှစ်က ပိုကောင်းလာလိမ့်မယ်လို့ စိတ် ထဲမှာ မျှော်လင့်လာကြတယ်။ သို့သော် ကိုယ်က အခြေအနေတွေ ပိုကောင်းအောင် လုပ်မလာဘူးဆိုလို့ရှိရင် တော့ ပိုကောင်းလာဖို့ဆိုတာ မဖြစ်နိုင်ဘူး။

နှစ်သစ်အခါသမယမှာ ပိုပြီး ကောင်းလာစေချင် လို့ရှိရင် ပိုပြီး သဒ္ဓါတရားတွေ ကောင်းလာအောင်၊ ပိုပြီး ကိုယ်ကျင့်တရားတွေ လုံခြုံလာအောင်၊ ပိုပြီး စွန့်လွှတ်မှု တွေ ခိုင်မာလာအောင်၊ ပိုပြီး အသိဉာဏ်တွေ ကြွယ်ဝ လာအောင်လုပ်ဖို့လိုပါတယ်။ အဲဒီအကြောင်းတရား တွေ ပြည့်စုံမှသာလျှင် မိမိတို့ရဲ့ မျှော်လင့်ချက်နဲ့ ချမ်းသာသုခတွေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေဆိုတဲ့ ဆုတောင်းတွေ၊ တောင်းဆိုမှုတွေဟာ တစ်လုံးတစ်ဝ ကြီး ဖြစ်လာမှာပါ။

အေး ... နှစ်သစ်ကူးတာ သက်သက်နဲ့တော့ ကောင်းကျိုးချမ်းသာတွေ ရလာမှာ မဟုတ်ဘူးတဲ့။ လောကမှာ အသစ်အသစ်ဆိုတာ ရှည်တဲ့ကာလအပိုင်း ကလေးတစ်ခုကိုကြည့်ပြီးတော့ အဟောင်းကုန်ပြီးရင် အသစ်ကူးတယ်လို့ ဒီလိုပြောကြတာ။

ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုလို့ရှိရင် စက္ကန့်ပိုင်း အတိုင်း အသစ်ကူးနေတာပါ။ အဟောင်းကုန်ပြီးရင် အသစ်ကို ပြောင်းနေတာပါ။ ဒီလကုန်ရင် နောက်လ ရောက်လာတာလည်း လအသစ် ကူးနေတာပါပဲ။ ဒီကနေ့ကုန်လို့ နောက်တစ်ရက် ရောက်လာတာဟာ ရက်အသစ်ကူးနေတာပါ။ ဒီနာရီကုန်လို့ နောက်နာရီ ဆိုတာလည်း အသစ်ကူးနေတာပါ။ နောက်ဆုံး ဒီ စက္ကန့်လေးကုန်သွားလို့ နောက်စက္ကန့်လေး ဆိုတာ လည်း ကူးနေတာပါ။ နေ့စဉ်နဲ့အမျှ အသစ်အသစ်တွေ ချည်းပါပဲ။ အဲသလို အဟောင်းအဟောင်းတွေ ချုပ်သွား ပြီး အသစ်အသစ်တွေ ပေါ်လာနေတယ်ဆိုတာ လောကရဲ့ မမြဲတဲ့၊ ရပ်တည်မနေတဲ့၊ အစဉ်ထာဝရ ရွှေ့ပြောင်းနေတဲ့ သဘာဝတရားကြီးမျှသာဖြစ်ပါတယ်။

တကယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် အသစ်ကို မျှော်တာဟာ တဏှာလောဘရဲ့ သွေးဆောင်မှုတစ်ခု သာ ဖြစ်ပါတယ်။ အသစ်ကိုမျှော်လင့်ခြင်းသည် တဏှာ မကင်းသူတို့ရဲ့ အတွေးတစ်ခုမျှသာဖြစ်ပါတယ်။ နေ့စဉ် နဲ့အမျှကြည့်လေ၊ ဒီကနေ့ နေကြီးထွက်လာပြီးတော့ ဝင်သွားလို့ရှိရင် မနက်ဖြန်ခါ နေအသစ်ပေါ့။ နက်ဖြန် ခါ ထွက်လာတဲ့နေဟာ အသစ်ပဲ။ အဲတော့ ဒီလိုလတွေ၊ နေ့တွေ အသစ်အသစ်ပြောင်းနေတဲ့ အချိန်ကိုတော့ အသစ်လို့မထင်ဘူး။ နည်းနည်းလေး ကြာလာတဲ့အခါ ကျတော့ လပေါင်း ၁၂ လ၊ ရက်ပေါင်း ၃၆၅ ရက် ကြာညောင်းလာတဲ့အခါကျတော့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်လာပြီလို့ လူတွေက သတိထားမိလာ တာပါ။

ဝိပဿနာဉာဏ်နဲ့ ဆက်စပ်သုံးသပ်မယ် ဆိုလို့ ရှိရင် စက္ကန့်ပိုင်းမှာ အသစ်အသစ် ပြောင်းနေတယ်လို့ သိလာနိုင်ပါတယ်။ အဲဒီတော့ အသစ်ပြောင်းတာ တွေကို မျှော်လင့်နေမယ်ဆိုရင် တဏှာ လောဘရဲ့ အမြင်နဲ့ မျှော်လင့်နေတာသာဖြစ်ပါတယ်။ ကောင်းကျိုး တရားတွေ ဖြစ်မလာနိုင်ပါဘူး။ ဘာကြောင့်တုန်း ဆိုလို့ရှိရင် လောကမှာ မိမိတို့ လုပ်ဆောင်နေတာ အကောင်းလည်း လုပ်သလို အဆိုးတွေလည်း လုပ်ဆောင်နေကြတာ ဖြစ်သောကြောင့်၊ အဆိုးတွေ လည်း ပါနေတာ ဖြစ်သောကြောင့် အကောင်းတွေ ချည်း ဖြစ်လာဖို့ဆိုတာ သံသရာထဲမှာ မမျှော်လင့်နိုင် ပါဘူး။

ဒါကြောင့်မို့ နောက်ဆုံး အသစ်ကိုမျှော်တာကို ရုပ်သိမ်းလိုက်တယ်။ တရားအမြင်နဲ့ ကြည့်လိုက်မယ် ဆိုရင် အသစ်ရော အဟောင်းရော အတူတူပါပဲတဲ့။ အသစ်မမျှော်တော့ဘူး။ ဒါကြောင့်မို့ မြတ်စွာဘုရားက တရားဓမ္မ ရပြီးတဲ့အခါ “အယမန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ” “ငါ့ဘဝဟာ ဒါနောက်ဆုံးပဲ၊ နောက်ထပ် မရှိတော့ဘူး” လို့ မိန့်တော်မူပါတယ်။

အသစ်ကို မမျှော်တော့ဘူး ဆိုလို့ရှိရင် ဒါဟာ သံသရာမှာ ဒုက္ခတွေချုပ်ငြိမ်းသွားခြင်းသာဖြစ်ပါတယ်။ အသစ်မျှော်နေသေးသမျှ သံသရာထဲမှာ ဒုက္ခတွေနဲ့ ဆုံကြ၊ ကြုံကြရဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ တဏှာရဲ့ မျှော်လင့်ချက်မျိုး မဖြစ်ဘဲ နဲ့ မိမိတို့ရရှိလာတဲ့ နှစ်သစ်ကာလ အခါသမယမှာ သဒ္ဓါတရားအသစ်တွေ၊ မဖြစ်သေးတဲ့ သဒ္ဓါတရားတွေ ဖြစ်လာအောင်၊ မဖြစ်သေးတဲ့ ကိုယ်ကျင့်တရားတွေ ကြီးထွားလာအောင်၊ မဖြစ်သေးတဲ့ စာဂတရားတွေ များပြားလာအောင်၊ မဖြစ်သေးတဲ့ ပညာတရားတွေ အသစ်ဖြစ်လာအောင် ကြိုးစားခြင်းသည်သာလျှင် တကယ့်အစစ်အမှန် ဖြစ်တယ်ဆိုတာ ယုံကြည်ပြီး အားလုံးသော တရားချစ်ခင် သူတော်စင် ပရိသတ် တို့သည် နှစ်သစ်ကူးပြီးစ နှစ်ဦးကာလ အခါသမယမှာ ဗုဒ္ဓမြတ်စွာဟောကြားတဲ့ တရားဓမ္မကို လိုက်နာကျင့်သုံး နိုင်ကြပါစေလို့ ဓမ္မလက်ဆောင်ပေးတဲ့အနေနဲ့ ဒီတရား ကို ဟောကြားအပ်ပါတယ်။

အားလုံးသော သူတော်စင် အပေါင်းတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ၍ နှစ်သစ်မင်္ဂလာ အခါ သမယမှာ ချမ်းသာသုခရကြောင်း သူတော်ကောင်း တရားကို ပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း။

eodgc7kft307yoy0h8p4p26yaza3mes
ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား
0
5916
22123
21636
2026-06-15T03:20:29Z
Tejinda
173
22123
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား
| previous = [[နှစ်ဦးကာလ ဓမ္မလက်ဆောင်]]
| previous2 =
| next = [[ဖြစ်နိုင်တာ နှင့် မဖြစ်နိုင်တာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ တပို့တွဲလဆန်း(၃)ရက်၊ ၆-၂-၂၀၁၁၊ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ထေရဝါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သော ကွယ်လွန်သူ ဖခင်ကြီး ဦးမောင်မောင် အား ရည်စူး၍ မိခင်ကြီး ဒေါ်နန်းတွီ(ခ)ဒေါ်ချစ်ချစ်နှင့် သားသမီး မြေးမြစ် တစ်စုတို့၏ အမတဒါန ဓမ္မဒါန အဖြစ် ဟောကြား အပ်သော “ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား” တရား ဒေသနာတော်။

ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား

လူ့ဘဝရလာလို့ရှိရင် နံပါတ်(၁) အရေးအကြီး ဆုံးလို့ ပြောရမယ့်အရာက ဘာလဲဆိုလို့ရှိရင် ကုသိုလ် ရအောင် စိတ်ကို ပြုပြင်တတ်ဖို့၊ ဒါဟာ နံပါတ်(၁) အရေးအကြီးဆုံးပဲလို့ ပြောရမယ်၊ စိတ်မထားတတ်လို့ ရှိရင် ကုသိုလ်မဖြစ်ဘူး၊ စိတ်ထားတတ်မှ ကုသိုလ် ဆိုတာ ဖြစ်တယ်။

အကုသိုလ်တွေ ဆိုတာကတော့ သံသရာက အကျင့်ပါနေသည့်အတွက်ကြောင့် လွယ်လွယ်လေးနဲ့ ဖြစ်တယ်၊ လူတွေရဲ့သန္တာန်မှာ မြင်စရာအာရုံလေး တစ်ခုကို မြင်လိုက်ရင် လောဘနဲ့နှစ်သက်တယ်၊ ဒေါသ နဲ့ မုန်းတီးတယ်၊ မောဟနဲ့ အမှန်ကို မသိလိုက်ဘူး၊ ဒီလိုမြင်မှုကို အကြောင်းပြုပြီးတော့ အကုသိုလ်စိတ် တွေပဲ ဖြစ်တယ်။

တစ်ခါ နားကအသံကြားလိုက်တာနဲ့တစ်ပြိုင်နက် သာယာတဲ့အသံဆိုရင် လောဘနဲ့တွေးတယ်၊ မုန်းတီး တဲ့အသံဆိုရင် ဒေါသနဲ့တွေးတယ်၊ သဘာဝတရားကို မဆင်ခြင်နိုင်ဘူးဆိုရင် မောဟနဲ့တွေးတယ်၊ အကုသိုလ် တွေ ဖြစ်ပြန်တာပဲ။

အဲဒီလို မြင်သမျှ ကြားသမျှဆိုတဲ့ အာရုံတွေ အပေါ်မှာ လူတွေရဲ့စိတ်မှာ အကုသိုလ်ဖြစ်တဲ့ အကြိမ် တွေက အလွန်ကိုများတယ်၊ အဲဒီ အကုသိုလ်ဖြစ်တဲ့ အကြိမ်တွေ လျှော့ချနိုင်ဖို့ ဘာလုပ်ရမလဲဆိုရင် မြင်တဲ့ အခါ ငါ့သန္တာန်မှာ မြင်တဲ့အာရုံကို အကြောင်းပြုပြီး ဘယ်စိတ်တွေဖြစ်သလဲ၊ ကြားတဲ့အာရုံကို အကြောင်း ပြုပြီး ဘယ်စိတ်တွေဖြစ်သလဲလို့ ကိုယ့်ကိုယ်ကို ဆင်ခြင် သုံးသပ်မှုဆိုတာက စကြရမှာပဲ၊ အဲဒီလိုဆင်ခြင်သုံးသပ် နိုင်မှုကြောင့် မြင်ခြင်း ကြားခြင်းအပေါ်မှာ သတိထား တတ်လာတယ်၊ သတိတရား လက်လွတ်သွားလို့ရှိရင် ဘာတွေ ဖြစ်တယ်ဆိုတာကို သိနိုင်စွမ်းမရှိဘူး၊ ပထမ ဘာဖြစ်တယ်ဆိုတာကိုသိဖို့ သတိထားရမယ်။

လောကလူတွေဟာ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် သတိ မထားရင် မသိလိုက်ကြဘူးပေါ့နော်၊ ဒါကြောင့် မြန်မာ စကားရှိတယ် “သတိမမူ ဂူမမြင်“တဲ့၊ သတိမမူဘူးဆိုရင် ကိုယ့်မျက်စိအောက်ရောက်နေတာပဲဖြစ်စေ မြင်ချင်မှ မြင်တာ၊ အသံပေါ်လာတာဖြစ်စေ ကြားချင်မှ ကြားလိုက်တယ်။ ဒါ့ကြောင့် သတိမူမိဖို့ အရေးကြီး တယ်။

သတိတရားနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက အလေးထား ဟောတယ်၊ မဂ္ဂင်ရှစ်ပါးမှာလည်း “သတိ” ပါတယ်၊ ဗောဇ္ဈင်- ၇ ပါးမှာလည်း သတိတရားကို အလေးအနက်ထားပြီး ဟောထားတယ်။ ဒါ့ကြောင့် ပထမဆုံး ကိုယ့်ကိုယ်ကို မနက်လင်းလာလို့ မျက်စိ ဖွင့်ကြည့်တဲ့အချိန်ကစပြီး မြင်တဲ့အာရုံ၊ ကြားတဲ့အာရုံ အပေါ်မှာ ဘယ်လို စိတ်အခြေအနေတွေ ဖြစ်သလဲ ဆိုတာကို သတိထားမိဖို့ လိုအပ်တယ်ပေါ့။

မြင်မှု ကြားမှု မလာခင်မှာ လာနိုင်တာတစ်ခု ရှိတယ်၊ တွေးမှုဆိုတာပဲ။ တွေးတောမှု ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ဆင်ခြင်စဉ်းစားထိုက်တယ်။ အိပ်ရာက နိုးထလာတာနဲ့ “ငါ ဘာတွေတွေးမိတာလဲ” လို့ စဉ်းစားဆင်ခြင်ပြီး လောဘနဲ့တွေးတဲ့ အတွေးလား၊ ဒေါသနဲ့တွေးတဲ့ အတွေးလား၊ အကောင်း အဆိုး အကြောင်းအကျိုးကို ခွဲခြားသိနိုင်စွမ်းမရှိတဲ့ မောဟနဲ့ တွေးတဲ့ အတွေးလားဆိုတာ သတိမူဖို့ အရေးကြီးတာ ပေါ့။ အဲဒီလို သတိမူတဲ့အလုပ်ကိုပဲ meditation လို့ပြောတာပါ၊ ဒါက ပိုပြီးအရေးကြီးတယ်ပေါ့၊ အေး ကမ္မဋ္ဌာန်း ဆိုတာ မထိုင်ရဘူး မဟုတ်ဘူး၊ ထိုင်ရတယ်ပေါ့။ သို့သော် ကမ္မဋ္ဌာန်းအလုပ်ဆိုတာ မနောကံ ဘာဝနာဖြစ်လို့ စိတ်နဲ့မှတ်ဖို့လိုတယ်။

ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ ဝစီကံ မဟုတ် ဘူး၊ ပါးစပ်ကပြောရတဲ့အလုပ် မဟုတ်ဘူး၊ ခန္ဓာကိုယ် အင်နဲ့အား အသုံးချပြီး လုပ်ရတဲ့အလုပ် မဟုတ်ဘူး၊ စိတ်နဲ့လုပ်ရမယ့်အလုပ်ဖြစ်တယ်၊ ခန္ဓာကိုယ်ရဲ့ အနေ အထား ဘယ်လိုပဲနေနေ စိတ်က ဆင်ခြင်စဉ်းစားဖို့ လိုတယ်ပေါ့။ အိပ်ရင်းလည်း ဆင်ခြင်စဉ်းစားနိုင်တယ်၊ လမ်းလျှောက်ရင်းလည်း ဆင်ခြင်စဉ်းစားနိုင်တယ်၊ သက်သာသလို ထိုင်ပြီးတော့လည်း ဆင်ခြင်စဉ်းစားလို့ ရတယ်။ အဲဒီ ဆင်ခြင်စဉ်းစားမှုဆိုတဲ့ မနောကံဟာ ဘာဝနာလုပ်ငန်းမှာ အဓိကကျတယ်။

အချို့က ကမ္မဋ္ဌာန်းထိုင်တယ် ဆိုတဲ့အခါမှာ posture အတိုင်း မထိုင်နိုင်ကြဘူး။ အဲဒီလိုအကြာကြီး ထိုင်ရင် ဒုက္ခဖြစ်တယ်ဆိုပြီး ကမ္မဋ္ဌာန်းထိုင်ရမှာ ကြောက်နေကြတယ်။ ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတာ သမထအလုပ်ကိုလုပ်တဲ့ ကျန်းမာတဲ့ပုဂ္ဂိုလ်တွေ၊ ခန္ဓာ ကိုယ်ကြံ့ခိုင်တဲ့ ပုဂ္ဂိုလ်တွေသာ မြတ်စွာဘုရား ညွှန်ကြားထားတဲ့အတိုင်း တင်ပလ္လင်ခွေထိုင်၊ ခါးကို မတ်မတ်ထား၊ အာရုံအပေါ် စိတ်ကို စူးစိုက်ပြီးထား ဆိုတာ အာနပါနကျင့်စဉ်တစ်ခုနဲ့ပတ်သက်ပြီး မြတ်စွာ ဘုရားက posture ကို ဟောတာ၊ ကမ္မဋ္ဌာန်းထိုင်တယ် လို့ ပြောပေမယ့်လို့ ကမ္မဋ္ဌာန်းဆိုသည်မှာ မနောကံ အရာ စိတ်အလုပ်သာ ဖြစ်တယ်။ physical posture ဘယ်လိုပဲနေနေ လူ့ရဲ့ position ဘယ်လိုပဲထားထား အရေးအကြီးဆုံးကတော့ စိတ်ပိုင်းဆိုင်ရာမှာ သတိ တရားရှိဖို့၊ ဆင်ခြင်ဉာဏ်ဖြစ်ပေါ်ဖို့ အဓိကထားရမယ်။

အဲဒီတော့ မထိုင်နိုင်လို့လည်း စိတ်ပူစရာမလိုဘူး၊ စိတ်ပူစရာကောင်းတာကတော့ ဟိုတွေးဒီတွေး တွေးပြီး တော့ အချိန်ဖြုန်းနေတာ၊ စိတ်ထဲမှာ ပူနေတာတွေ၊ သောကတွေဖြစ်နေတာ၊ အဲဒါကမှ စိတ်ပူစရာ ကောင်း တာ။ နောင်ရေး တွေးပြီးတော့ စိတ်လေးနေတယ်၊ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ်မှာ မကျေမနပ် ဖြစ်နေတယ်၊ ဟိုလူ့အပေါ် စိတ်တိုင်းမကျ၊ ဒီလူ့ အပေါ် စိတ်တိုင်းမကျ၊ အဲဒီလို ကိုယ့်ရဲ့ကျန်းမာရေး အတွက် သောကဖြစ်၊ ပတ်ဝန်းကျင်အတွက် သောက ဖြစ်၊ အဲဒါကမှ စိတ်မအေးဖြစ်စရာ ကောင်းတယ်။

တကယ်ပြောမယ်ဆိုလို့ရှိရင် မကျန်းမာလည်း စိတ်ပူစရာ မလိုဘူး၊ ဘာဖြစ်လို့ စိတ်ပူစရာမရှိတုန်း ဆိုတော့ ဘယ်အရာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ကြီး ရ,ထားတဲ့ ပုဂ္ဂိုလ်တိုင်းဟာ မကျန်းမာမှုဆိုတာ တစ်နေ့လာမှာ၊ လာတဲ့အချိန်မှာ အဲဒီနောက်ကို စိတ်လိုက်မသွားဖို့က အရေးကြီးတယ်ပေါ့။

မြတ်စွာဘုရားက ဝေဒနာသုတ္တန် တစ်ခုမှာ ဟောထားတာရှိတယ်။ physical body မှာ pain ရလို့ ခန္ဓာကိုယ်ကြီး နာကျင်ကိုက်ခဲတာကို အကြောင်းပြုပြီး တော့ စိတ်ကပါလိုက်ပြီး နာလို့ရှိရင် အဲဒါ ဒုက္ခနှစ်မျိုး ခံရတာပဲတဲ့၊ မြားတံနှစ်ချက် အစူးခံရတာနဲ့တူတယ်၊ ခန္ဓာကိုယ်မှာ pain ရတာ ဒုက္ခဖြစ်တာက ဘုရား တောင်မှ မလွတ်ဘူး၊ လူတိုင်း လူတိုင်းမှာ ဖြစ်နိုင်တဲ့ အရာတစ်ခုပဲ၊ ရှောင်လို့ မရတဲ့ အရာပဲ။ ဆေးဝါးဓာတ်စာ စားလို့ရှိရင် ပျောက်ကင်းနိုင်တယ်။ ခုခေတ်မှာ တော့ ဆေးဝါးတွေက အင်မတန်မှ ကောင်းတယ်၊ ရှေးတုန်းကတော့ ခန္ဓာကိုယ်ရဲ့နာကျင်မှုကို တားဆီးဖို့ ဆိုတာ အင်မတန်မှခဲယဉ်းတယ်၊ ခုခေတ်တော့ pain killer တွေ pain killer တွေ ရှိနေသည့်အတွက် ကြောင့် လူ့ခန္ဓာကိုယ်ရဲ့ နာကျင်မှုတွေဆိုတာ သက်သာမှုတွေ အများကြီးရကြတယ်၊ အရေးကြီးဆုံး က ခန္ဓာကိုယ်ရဲ့နာကျင်မှုက ဒီလောက်ကြီး အရေးကြီး တာ မဟုတ်ဘူး၊ အရေးကြီးတာကတော့ စိတ်နာတာက ပိုအရေးကြီးတယ်၊ ဒီလိုပြောတာ။

အဲဒါကြောင့် မြတ်စွာဘုရားက စိတ်နဲ့ပတ်သက် လာတဲ့အခါ ဖြူစင်အောင်လုပ်ဖို့ဆိုပြီး “ဇာဂရိယာနုယောဂ” ဆိုတဲ့ ကမ္မဋ္ဌာန်းကျင့်စဉ်တစ်ခုနဲ့ နိုးနိုး ကြားကြား အားထုတ်ဖို့ ဟောထားတာရှိတယ်။ နေ့ အခါမှာ လမ်းလျှောက်လိုက် ထိုင်လိုက်၊ ဘယ်လို ထိုင်ရမယ်၊ ဘယ်လို လမ်းလျှောက်ရမယ်ဆိုတာတောင် ဟောမထားပါဘူး၊ မြတ်စွာဘုရားက ဒီနေရာမှာတော့ သာမန်ပဲ ဟောထားတာ၊ နေ့အချိန်မှာ လမ်းလျှောက် ရင်း ထိုင်ရင်းနဲ့ ကုသိုလ်မဖြစ်အောင် ဆို့ပိတ်တတ်တဲ့ နီဝရဏတရားတွေကို သုတ်သင်ရမယ်၊ စင်ကြယ်စေ ရမယ်လို့ဆိုတာ၊ ခုနပြောတဲ့ လောဘနဲ့ပတ်သက်တဲ့ အတွေးတွေ - ဒါတွေ မပေါ်အောင် ထိန်းချုပ် စောင့်ရှောက်တာကိုပြောတာ။

ညမှာလည်းပဲ အိပ်မပျော်သေးတဲ့ အချိန်တွေမှာ ဒီလိုပဲလုပ်ရမယ်၊ မနက်စောစောမှာလည်း ဒီလိုပဲ လုပ်ရမယ်၊ အဲဒါ ကမ္မဋ္ဌာန်းတရား အားထုတ်တာနဲ့ ပတ်သက်လာလို့ အချိန်များများ ကမ္မဋ္ဌာန်းအားထုတ်တဲ့ ပုဂ္ဂိုလ်တွေကို မြတ်စွာဘုရားက နေ့အခါမှာ နီဝရဏလို့ ခေါ်တဲ့ လောဘနဲ့တွေးတဲ့ အတွေးတွေ၊ ဒေါသနဲ့ တွေးတဲ့ အတွေးတွေ၊ ထိနမိဒ္ဓဆိုတဲ့ အိပ်ချင်ထိုင်းမှိုင်းမှု တွေ၊ ဥဒ္ဓစ္စ ကုက္ကုစ္စ ခေါ်တဲ့ စိတ်ပျံ့လွင့်မှုတွေ၊ စိတ် ပူပန်မှုတွေ။ ဝိစိကိစ္ဆာ ခေါ်တဲ့ ဟိုတွေးဒီတွေး တွေးပြီး စိတ်သောကဖြစ်ပွားနေမှုတွေ၊ စိတ်ရဲ့ အညစ်အကြေး တွေကို မဖြစ်ပေါ်လာအောင် ကောင်းမြတ်တဲ့ အာရုံ တစ်ခုအပေါ်မှာ သတိနဲ့ ဆင်ခြင်တုံတရားနဲ့ နေသွား တာဟာ ကမ္မဋ္ဌာန်းအားထုတ်တယ်လို့ ခေါ်တာပဲ။

“ဇာဂရိယာနုယောဂ” လမ်းစဉ်အတိုင်း ညမှာ လည်း ပထမယာမ်မှာ (ပထမယာမ်ဆိုတာ ည ဆယ် နာရီလောက် ရှိအောင်ပေါ့။) လုပ်ရမယ်၊ မဇ္ဈိမယာမ် အလယ်ယာမ်လောက်ကျတော့ ခေတ္တခဏ အပန်းဖြေ အိပ်စက်ပြီးတော့ ညသန်းခေါင်ယာမ် ကျော်ပြီးတော့ နာရီပြန်နှစ်ချက်လောက် လူဟာ အမောအပန်းပြေပြီး တော့ တရေးနိုးလာတတ်တယ်ပေါ့၊ အဲဒီအချိန်မှာ တရားဆက်အားထုတ်ပါ။

မနက်စောစော အချိန်ဟာလည်း လူသံတွေ တိတ်ဆိတ်ပြီး အားလုံးအိပ်မောကျနေတဲ့အချိန် မိမိ အတွက် စိတ်လုပ်ငန်းလုပ်ဖို့ အကောင်းဆုံးအချိန် ဖြစ်တယ်၊ အနှောင့်အယှက်တွေကင်းတဲ့ အချိန်တစ်ခု ဖြစ်တယ်၊ ဒါကြောင့် မြတ်စွာဘုရားက မစ္ဆိမယာမ်မှာ စောစောအိပ်ယာကထပြီးတော့ မိမိသန္တာန်မှာဖြစ်တဲ့ အာရုံတစ်ခုခုကို ဆင်ခြင်သုံးသပ်ပြီးတော့ စိတ်ထဲမှာ အကုသိုလ်မဖြစ်အောင် လုပ်ဆောင်ရမယ်။

ဒါ လူ့ဘဝရလာတဲ့ ပုဂ္ဂိုလ်တိုင်း၊ ကိုယ့်ရဲ့ အကျိုး စီးပွားကို လိုလားပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တိုင်း၊ ကိုယ့် ကိုယ်ကို ချစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တိုင်း မလွဲမသွေ လုပ်ကြ ရမယ့် လုပ်ငန်းတစ်ခုဖြစ်တယ်။ ဘာဖြစ်လို့တုန်းဆိုရင် စိတ်ရဲ့ အညစ်အကြေးတွေကို မသန့်ရှင်းနိုင်လို့ စိတ်ထဲမှာ ပူပန်မှုတွေ သောကတွေ အကုသိုလ် အညစ် အကြေးတွေ လွှမ်းမိုးလာပြီဆိုရင် ကိုယ့်ရဲ့အနာဂတ် အခြေအနေဟာ ကောင်းစရာအကြောင်း မရှိလို့ပဲ။

လောဘ ဒေါသ မောဟ စတဲ့ ကိလေသာတွေရဲ့ လွှမ်းမိုးမှုကြောင့် ဘယ်လိုပဲ အကောင်းမျှော်မျှော် အကောင်းဖြစ်လာမှာ မဟုတ်ဘူးတဲ့၊ အဲဒီ အဆိုးတရား တွေရဲ့အကျိုးက အကောင်းဖြစ်မလာသည့် အတွက် ကြောင့် ဘဝမှာ နိမ့်ကျပြီး နောက်ဆုံးမှာ ဆင်းရဲဒုက္ခနဲ့ ကြုံကြရတယ်။

အခု လူ့ဘဝရောက်လာတယ်ဆိုတာ ကုသိုလ်ကံ ကောင်းတဲ့အလှည့်လေးတစ်ကွက်ကြုံလို့ ခေတ္တခဏ လာရောက်ပြီး အပန်းဖြေသလိုဟာမျိုးဖြစ်တယ်၊ အဲဒီ အပန်းဖြေရတဲ့ အချိန်လေးမှာ ကုသိုလ်ကောင်းမှုရဲ့ အရှိန်အဝါလေးကို ဆက်ပြီး မထိန်းနိုင်ဘူးဆိုလို့ရှိရင် လူတွေအားလုံး ဘယ်ကိုပြန်ကြရတုန်းဆိုရင် (စာပေ ကျမ်းဂန်ထဲမှာ ဆိုထားသလို) လူတွေအားလုံးဟာ ကာမဂုဏ်အာရုံစိတ်တွေနဲ့ မေ့မြောပြီးတော့ ပျော်စရာ ကိုသာ ကြံတွေးပြီး အပျော်အပါးထဲမှာသာ စိတ် စိုက်ပြီး နေကြတဲ့အတွက်ကြောင့် အပါယ်ဘုံကိုပဲပြန်ကြ ရတယ်၊ “ပမတ္တဿ စ နာမ စတ္တာရော အပါယာ သကဂေဟသဒိသာ” အပါယ်လေးဘုံဟာ ကိုယ့်အိမ် လိုပဲတဲ့၊ သူတို့အဖို့ ကိုယ့်အိမ်ဟာ အပါယ်လေးဘုံပဲတဲ့။ အပါယ်လေးဘုံသွားပြီး ဒုက္ခခံကြရတယ်။

ဆိုပါစို့ - နေ့စဉ်နှင့်အမျှ ခန္ဓာကိုယ်ရော စိတ်ရော နှစ်ပြီး အလုပ်လုပ်နေကြရတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်ခါ တစ်ရံကျတော့ ပင်လယ်ကမ်းခြေမှာ သွားပြီးတော့ အပန်းဖြေရသလိုပေါ့။ စိတ်လွတ်လပ်မှုလေးကို ယူပြီး တော့ အပန်းဖြေရသလို လူ့ပြည်နတ်ပြည် ရောက်လာ တဲ့အခါ အပန်းဖြေတဲ့ အချိန်ပိုင်းလေးလိုဖြစ်တယ်။

ကိုယ်ရော စိတ်ရောနှစ်ပြီး မောပန်းနေအောင် လုပ်ရတယ်ဆိုတာ အပါယ်လေးဘုံ ကျနေတဲ့အချိန် မောပန်းနေအောင် သတ္တဝါတွေဟာ နားချိန်မရှိအောင် ဆင်းရဲဒုက္ခတွေ တရစပ် ခံစားပြီးတော့ နေကြရတယ်။ ငရဲဆိုတာတော့ ကိုယ်မမြင်ရလို့ လက်တွေ့ကြည့်လို့ မရနိုင်ဘူးပေါ့။ ဘုရားဟောတာကိုသာ ယုံပြီးတော့ လက်ခံကြရတယ်ပေါ့၊ သို့သော် ကိုယ်မြင်ရတဲ့ အစိတ် အပိုင်းလေးတွေကိုပဲ ကြည့်ဦး၊ အပါယ်လေးဘုံမှာ အပါအဝင်ဖြစ်တဲ့ တိရစ္ဆာန်ဆိုတာ လူတိုင်းမြင်နေကြရ တယ်။

သူတို့ရဲ့ဘဝကို စဉ်းစားကြည့်လိုက် - သူ့ခမျာ များနော် အမြဲတမ်း နေစရာအတွက် စားစရာအတွက် လုံးပမ်းနေကြရတယ်၊ အလွန်ကံကောင်းလို့ လူတွေက မွေးထားတဲ့ တိရစ္ဆာန်အချို့လောက်သာ စားစရာ နေစရာ အလွယ်ရတာ၊ သူတို့တောင်မှပဲ စကားပြောနိုင် တာမဟုတ်ဘူး၊ ကောင်းတဲ့အလုပ်တွေ လုပ်နိုင်တာ မဟုတ်ဘူး၊ သူတို့မှာ “အားရင်အိပ်မယ်၊ ဆာရင်စားမယ် ပျော်ပါးမယ်” ဒါပဲ ရှိတယ်ပေါ့၊ ဒီစိတ်ကလွဲလို့ တခြား စိတ်ဖြစ်စရာ အကြောင်းမရှိဘူး၊ သူတို့မတည့်တဲ့ အကောင်လာရင် ရန်ဖြစ်မယ် ဒေါသဖြစ်မယ် ဆိုတာ တွေနဲ့ လွှမ်းမိုးပြီးတော့ နေရတာ။

လူတွေရဲ့ဟင်းလျာအဖြစ် အသုံးခံရတဲ့ ကြက်တို့ ဝက်တို့ဆိုတဲ့ ဒီသတ္တဝါတွေရဲ့ဒုက္ခကတော့ အင်မတန်မှ ကြီးတယ်၊ လူတွေရဲ့ခိုင်းစေမှုကို ခံရတဲ့ ကျွဲ၊ နွားဆိုတဲ့ သတ္တဝါတွေရဲ့ ဒုက္ခဟာ အင်မတန်မှ ကြီးတယ်၊ လူရဲ့ ဆန္ဒအတိုင်း အကုန်လိုက်လုပ်ပေးရတယ်။

ကိုယ့်ကိုယ်ကိုပဲ စဉ်းစားကြည့်ဦး၊ သားသမီးရှိတဲ့ ပုဂ္ဂိုလ်က သားသမီးရဲ့ဆန္ဒကို အကုန်မလိုက်နိုင်ဘူး၊ ကိုယ့်ပတ်ဝန်းကျင်ရဲ့ဆန္ဒ အကုန်မလုပ်နိုင်ဘူး၊ မိသားစု ရဲ့ဆန္ဒ အကုန်မလိုက်နိုင်ဘူး၊ ဒါတောင် ကိုယ့်ဆန္ဒ ရှိသေးတယ်၊ ကိုယ့်ဆန္ဒအတိုင်း ဖြစ်နိုင်သေးတယ်။ လူတွေရဲ့ အခိုင်းအစေခံထားရတဲ့ ကျွဲ နွား တိရစ္ဆာန် တွေဆိုတာ သူတို့ဆန္ဒ လုံးဝမရှိဘူး၊ လူ့ရဲ့ဆန္ဒအတိုင်းပဲ လုပ်နေကြရတယ်၊ နေမကောင်းလည်း ဖျားနေလည်း လုပ်ရမှာပဲ၊ တစ်ခုခု နာကျင်ကိုက်ခဲနေလည်း လုပ်ရ မှာပဲ။

တွေးကြည့်လိုက်မယ်ဆိုရင် တို့တစ်တွေဟာလည်း အဲဒီဘဝမျိုးမှာ အများဆုံးဖြစ်ခဲ့ရတယ်လို့ မြတ်စွာ ဘုရားက ဟောတယ်၊ ဒါ့ကြောင့် တို့ လူ့ဘဝ ရောက် နေတဲ့ အချိန်လေးမှာ ပျော်သလို နေသွားကြမယ်၊ ကိုယ့်စိတ်ထဲမှာဖြစ်တဲ့ လောဘ ဒေါသ မောဟ ဆိုတာ တွေကို မဖယ်ရှားနိုင်ကြဘူးဆိုလို့ရှိရင် တို့ ရောက်သွား မယ့်ဘဝဟာ တွေးကြည့်လို့တောင်မှ မဝံ့စရာ ကောင်း တဲ့ ဘဝမျိုး ဖြစ်နိုင်တယ်။

ဒါတွေ ကြိုတင်စဉ်းစားပြီး ကြိုတင်သိရမယ်၊ နောက်ကျမှသိတယ်ဆိုရင်တော့ အပိုပဲ၊ ပေတဝတ္ထု ပါဠိတော်မှာ လူ့ဘဝတုန်းက ပျော်သလိုနေပြီး ငရဲ ကျသွားတယ်၊ ပြိတ္တာဘုံရောက်သွားတယ်၊ အဲဒီပုဂ္ဂိုလ်တွေဟာ ဘာကို တမ်းတကြတုန်းဆိုလို့ရှိရင် “တို့ မသိမိုက်မဲလို့ လူ့ဘဝတုန်းက ကုသိုလ်လုပ်ခွင့်တွေ ကြုံလျက်သားနဲ့ မလုပ်ခဲ့ကြဘူး၊ ပျော်သလိုနေခဲ့ကြ တယ်၊ ဒီတစ်ခါ လူပြန်ဖြစ်ရင်တော့ ကုသိုလ်ကောင်းမှု တွေ လုပ်မယ်” လို့ နောင်တစကား ပြောကြတာတွေ ရှိတယ်၊ နောင်တ နောင်မှရတဲ့အတွက် နောက်ကျသွား တယ်၊ နောက်ကျသွားရင် ဘာမှလုပ်လို့မရတော့တဲ့ အနေအထားမျိုး ဖြစ်သွားတယ်။

ဒါကြောင့်မို့ လူ့ဘဝရနေတဲ့ အခိုက်မှာ အရေး အကြီးဆုံးက ကုသိုလ်ရဖို့ပဲ၊ တွေးမိတိုင်း လောဘနဲ့ မတွေးမိဖို့၊ ဒေါသနဲ့မတွေးမိဖို့၊ မျက်စိကမြင်တဲ့အာရုံ၊ နားကကြားတဲ့ အသံအာရုံတွေနဲ့ ဆုံတဲ့အခါမှာလည်းပဲ လောဘမဖြစ်အောင် ဒေါသမဖြစ်အောင် မောဟမဖြစ် အောင်လို့ သတိဆောင်ပြီးတော့ သမ္ပဇညတရား ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး နေထိုင်ရတယ်၊ ဒါကိုလည်း ကမ္မဋ္ဌာန်းတရား အားထုတ်တယ်လို့ ဒီလို ပြောလို့ရတယ်ပေါ့။

အရေးအကြီးဆုံးက ကိုယ့်စိတ်လေးထဲမှာ အကုသိုလ်တရားတွေ မဖြစ်အောင်၊ ဖြစ်လာလို့ရှိရင် ဖယ်ရှားသုတ်သင်ဖို့ အရေးကြီးတယ်။ မဖြစ်အောင် ထိန်းတယ်ဆိုတာတောင် အကုသိုလ်က ဖြစ်တတ်သေး တယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ အကျင့်ကြီးပါနေလို့၊ လူ့စိတ်က ခေါက်ရိုးကျိုးနေတာ၊ အဲဒီခေါက်ရိုးကျိုးနေ တာကို ဘာနဲ့အကာအကွယ်လုပ်ရမလဲဆိုရင် ခုနက ပြောတဲ့ သတိနဲ့ကာကွယ်ရမယ်၊ သတိထားနေရမယ်။

သတိထားနေလို့ရှိရင် လျော့ပါးသွားမယ်၊ သတိ ထားနေရင် ဆင်ခြင်တုံတရားဆိုတာ လာမယ်၊ အဲဒီ ဆင်ခြင်တုံတရားကို ဒီနေရာမှာ “ယောနိသောမနသိကာရ” သင့်တင့်စွာ နှလုံးသွင်းနိုင်မှု၊ စိတ်ထား တတ်မှုလို့ ဆိုတယ်။

မြန်မာစကားမှာ ပြောကြတယ်၊ “စိတ်ထားတတ် ရင် မြတ်တယ်” လို့၊ စိတ်ထားတတ်ဖို့ပါ၊ ဘယ်အရာပဲ ဖြစ်ဖြစ် စိတ်မထားတတ်ရင် (သို့မဟုတ်) ယောနိသော မနသိကာရ မရှိဘူးဆိုရင် ကုသိုလ်မရနိုင်ဘူး၊ ကုသိုလ် အားလုံးရဲ့ ဖြစ်ပေါ်လာရာ မုခ်ဦးလို့ ပြောရမှာက “ယောနိသောမနသိကာရ“ပဲ၊ “ယေကေစိ ကုသလာဓမ္မာ သဗ္ဗေ တေ ယောနိသောမနသိကာရ မူလကာ” တဲ့၊ အဓိပ္ပာယ်က “ဖြစ်ပေါ်လာတဲ့ ကုသိုလ်မှန်သမျှဟာ ယောနိသော မနသိကာရပေါ်မှာ အခြေခံတယ်” လို့ ပြောတာ၊ ယောနိသော မနသိကာရကြောင့် ဖြစ်တာ တဲ့။

“ယောနိသောမနသိကာရ” ဆိုတာ ဘယ်လိုအာရုံ ပဲလာလာ wise attention ဆင်ခြင်ဉာဏ်နဲ့ နှလုံးသွင်း တတ်တာ၊ အဲဒီတော့ ပိုပြီးနားလည်အောင်လို့ ပြောရ ရင် ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတာကို ယောနိသော မနသိကာရလို့ ပြောနိုင်တယ်။ ကုသိုလ်ဖြစ်အောင်က ဘယ်လို နှလုံးသွင်းရမှာတုန်း၊ မျက်စိက မြင်စရာ အာရုံလေးတစ်ခုဟာ လောဘဖြစ်စရာဆိုရင် ကိုယ့်မှာ ဆင်ခြင်တုံတရားရှိရမယ်၊ သူများပိုင်တဲ့ပစ္စည်း ဆိုလို့ ရှိရင် “ဒါ သူများပိုင်တဲ့ ပစ္စည်းနဲ့ပတ်သက်ပြီး ငါ လောဘဖြစ်လို့ မကောင်းဘူး၊ ငါ့မှာ လောဘမဖြစ်စေရ ဘူး” လို့ ဒီအတွေးမျိုး တွေးလိုက်တာနဲ့ ဒါ ယောနိသော မနသိကာရ လို့ခေါ်တာ။

မုန်းစရာလူတစ်ယောက်ကို တွေ့လိုက်ရင်လည်း “အေး ငါမုန်းလို့ သူ့မှာ ဘာမှဖြစ်မှာ မဟုတ်ဘူး၊ ငါ့မှာသာ ငါ့ရဲ့နှလုံးသားဟာ ညစ်နွမ်းသွားမယ်၊ ငါ့မှာပဲ အကုသိုလ်ဖြစ်တယ်၊ မုန်းနေခြင်းဟာ အကျိုးမရှိဘူး” လို့ နှလုံးသွင်းလိုက်လို့ရှိရင်လည်း ဒါ ယောနိသော မနသိကာရ ပဲ။

ဆိုလိုတာက ယောနိသောမနသိကာရ ဆိုတာ ကုသိုလ်ဖြစ်ဖို့ ဦးလှည့်ပေးတာဖြစ်တယ်၊ ဥပမာ-လူတစ် ယောက်ရဲ့ အကျိုးစီးပွားကို လိုလားတဲ့ မေတ္တာကို တည်ဆောက်ပြီ ဆိုလို့ရှိရင် လူတိုင်း လူတိုင်းမှာ အဆိုးနဲ့ အကောင်းဆိုတာ နှစ်မျိုးတွဲပြီးနေတယ်၊ ကောင်းတဲ့အကွက်လည်းရှိတယ်၊ ဆိုးတဲ့အကွက်လည်း ရှိတယ်၊ အဲဒီတော့ မေတ္တာပွားချင်လို့ရှိရင် သူ့ရဲ့ ဆိုးတာတွေကို မကြည့်နဲ့၊ ဆိုးတဲ့ အပိုင်းတွေကို ဖယ်ထားလိုက်၊ ကောင်းတဲ့ အကွက်လေးကိုသာ ကြည့်ပြီးတော့ မေတ္တာပွားရမယ်၊ ကိုယ့်သန္တာန်မှာ မေတ္တာဖြစ်ဖို့က အဓိကကိုး။

“ဒီလူဟာ ငါ့အပေါ် ဘယ်လောက်ဆိုးတာ” အဲဒီ အတွေးက ပင့်ပေးလိုက်တဲ့အခါ ဒေါသတွေဟာ ပိုမြင့် လာတယ်၊ အဲဒီအဆိုးတွေသာ တွေးလို့ရှိရင် မီးတောက် လေးကို လေဖြူးဖြူး တိုက်လာသလိုပဲ ပိုပြီးတော့ အရှိန်မြင့်လာတယ်။ ဘယ်ဟာပဲဖြစ်ဖြစ် “ မီးလောင်ရာ လေပင့်” ဆိုသလို လောဘဖြစ်လို့ တွေးလိုက်ရင် ပိုပြီးလောဘဖြစ်တယ်၊ ဒေါသဖြစ်တဲ့ အာရုံကိုလည်း တွေးလိုက်ရင် ဒေါသက ပိုပြီး အရှိန်မြင့်လာတယ်၊ အဲဒီတော့ အဲဒါတွေကို မတွေးဘဲနဲ့ တစ်ဖက်ကလှည့်ပြီး တော့ တွေးရတယ်၊ အဆိုးတွေထဲက အကောင်းကို ရှာပေါ့၊ အဆိုးတွေထဲက အကောင်းကို ရှာပြီးတော့ မေတ္တာပွားရတယ်လို့ ဒီလိုဆိုတာ။

အဲဒီတော့ လောဘဖြစ်မှုနဲ့ ပတ်သက်ရင် ပစ္စည်း တစ်ခုအပေါ်မှာ လောဘဖြစ်လာရင်၊ လူတစ်ယောက် အပေါ်မှာ လောဘဖြစ်လာရင် တွယ်တာမှုတွေ ဖြစ်လာတယ်၊ မိဘနဲ့သားသမီး ဆိုပါစို့၊ မိဘက ဒီသားသမီးကို သိပ်ချစ်တယ်၊ သံယောဇဉ်တွေ သိပ်ဖြစ် လာတယ်၊ သူ့အပေါ်မှာ ဖြစ်လာတဲ့ သံယောဇဉ် မလျှော့ချနိုင်ဘူးဆိုရင် ဘယ်လိုတွေးရမတုန်းဆိုတော့ “အေး- ငါ့အိမ်ရောက်လာတာ ငါခေါ်ထားတာ မဟုတ် ဘူး၊ သူ့ကံနဲ့သူ လာတာ၊ ပြန်ချင်တော့လည်း သူ့ဟာသူပြန်မှာ၊ ငါက အရင်တုန်းက သူ့ကိုသိတာ မဟုတ်ဘူး၊ ခုမှ သိတာ၊ ငါလည်း တစ်နေ့ သေရမှာ၊ သူလည်း တစ်နေ့သေရမှာ” ဆိုတဲ့ အတွေးမျိုး တွေးလိုက်လို့ရှိရင် အလိုလိုလျှော့ကျသွားတယ်။

လက်တွေ့တွေးကြည့်- ဒီအတိုင်းပဲ တွယ်တာမှု တွေ သံယောဇဉ်တွေ လျှော့ချနိုင်လာမယ်၊ “အေး ဒီတွယ်တာမှု သံယောဇဉ်ဟာ ငါ့မှာလည်း အကျိုးမဖြစ် ဘူး၊ သူ့မှာလည်း အကျိုးမဖြစ်ဘူး၊ သူ့မှာ ဘာလိုအပ် လဲ၊ လိုအပ်တာ ငါဖြည့်ဆည်းပေးမယ်“၊ ဒါ မေတ္တာ ဘက်က ကြည့်တာ၊ “သူ လိုအပ်တာ ငါ ဖြည့်ဆည်း ပေးမယ်၊ သူ့ကောင်းကျိုးကို ငါဆောင်ရွက်ပေးမယ်၊ သက်သက်သံယောဇဉ်ဖြစ်နေလို့ ငါ့အတွက်မှာ ဘာမှ ကောင်းကျိုးရမှာ မဟုတ်ဘူး” လို့ အဲဒီလို မှန်ကန်စွာ တွေးတောခြင်းဖြင့် သံယောဇဉ်တရားကို လျှော့ချ ပေးလို့ရတယ်။

ပစ္စည်းဥစ္စာ အပေါ်မှာလည်း သံယောဇဉ် ဖြစ်တတ်တယ်၊ လက်ဝတ်ရတနာတို့ အဝတ်အထည်တို့ တချို့ဆို မဝတ်ရက် မစားရက် ဒီလိုဖြစ်တတ်တာတွေ ရှိတတ်တယ်ပေါ့၊ ကိုယ် သိပ်စုံမက်တဲ့ ပစ္စည်းဆိုရင် ကိုယ်တိုင်တောင် မသုံးရက်ဘူး၊ သူများကိုင်ကြည့်ဖို့ ဆိုတာ နေနေသာသာ၊ အဲဒါမျိုးတောင်ဖြစ်တတ်တယ်၊ အဲဒီလို ဖြစ်လာလို့ရှိရင် စိတ်ထဲက ခုန ယောနိသော မနသိကာရနဲ့ ဘယ်လိုနှလုံးသွင်းရမလဲဆိုရင် အနိစ္စ သဘောကို ဆင်ခြင်စဉ်းစား ကြည့်ရမယ်၊ “အေး ဒီပစ္စည်းလေးဟာ ငါမသုံးလည်း တစ်နေ့ပျက်စီးသွားမှာ ပဲ၊ ငါကသော်လည်း ပစ္စည်းကိုစွန့်တာ ဖြစ်မယ်၊ ပစ္စည်း ကလည်း ငါ့ကိုစွန့်သွားနိုင်တယ်“၊ ဟုတ်တယ်လေ မကြာခင်ကတင်ပဲ ကြည့်ပါလား၊ နေပြည်တော်သွားတဲ့ လမ်းပေါ်မှာ အင်မတန်ချမ်းသာတဲ့ မိသားစုလို့ကြားရ တယ်၊ တစ်ယောက်မှ မကျန်အောင် ကား accident နဲ့ ဆုံးသွားကြတယ်၊ အဲဒီတော့ ဘဝမှာ မရည်ရွယ်ဘဲနဲ့ ဖြစ်တတ်တယ်၊ ဖြစ်သွားတဲ့အခါမှာကြည့် - ပစ္စည်း ဥစ္စာတွေကို ကိုယ်က စွန့်သွားရတာ။

တစ်ခါတစ်ရံကျတော့ ကိုယ်က အသက်ထင်ရှား ရှိပေမယ့် ပစ္စည်းတွေက ကိုယ့်ကို စွန့်သွားတယ်၊ မနှစ်တုန်းက မင်္ဂလာစျေးကြီး မီးလောင်သွားတယ်၊ ပစ္စည်းတွေ အများကြီးပါသွားကြတာပဲ၊ အဲဒါ ပစ္စည်းက ကိုယ့်ကို စွန့်တတ်တယ်၊ ကိုယ်ကလည်းပဲ ပစ္စည်းကို စွန့်တတ်တယ်၊ ဒီနှစ်မျိုး ကြုံရတာဖြစ်တတ်တယ်။

မကြုံရတောင်မှ ဒီပစ္စည်းနဲ့ ကိုယ်နဲ့ တွဲလို့ရတဲ့ အတိုင်းအတာတစ်ခုဟာ အချိန်ပိုင်းလေးပဲ၊ အချိန်ပိုင်း လေးဆိုတာ ဆင်ခြင်စဉ်းစားကြည့်။ အသက်-၆၀ ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဒီပစ္စည်းကို ငါ သုံးမယ် ဆိုလို့ရှိရင် တွက်ကြည့်လိုက်ရင် နောက်ထပ် အနှစ် ၄၀ ထက် ပိုမသုံးနိုင်ဘူး၊ ဒီ့ထက်ပိုပြီး ငါနဲ့အတူတူ ဒီပစ္စည်းက ရှိမှာမဟုတ်ဘူးဆိုတာ စဉ်းစား။ ကိုယ့်မှာ ရှိနေတဲ့အချိန် ပစ္စည်းဆိုတာ အသုံးချဖို့ဖြစ်တယ်၊ သုံးရ မယ်၊ ဒီလိုစိတ်ထားမျိုးထားလို့ရှိရင် ပစ္စည်းအပေါ်မှာ နှမျောတွန့်တိုမှုဆိုတာ ပျောက်ကွယ်သွားနိုင်တယ်၊

ဘယ်အရာပဲဖြစ်ဖြစ် ဆင်ခြင်တုံတရားဟာ အင်မတန်ပဲ အရေးကြီးတယ်၊ အဲဒါကို “ပဋိသင်္ခါနဗလ” လို့ခေါ်တယ်၊ ဆင်ခြင်မှုစွမ်းအားဟာ သိပ်အရေးကြီး တာ၊ လောကမှာ ဆင်ခြင်မှုစွမ်းအားဖြင့် အကုသိုလ် တော်တော်များများကို ဖယ်ရှားနိုင်တယ်။ မြတ်စွာ ဘုရားက “ပဋိသင်္ခါနဗလ” တဲ့၊ ဆင်ခြင်မှုစွမ်းအားကို အသုံးချပြီးတော့ မိမိရဲ့သန္တာန်မှာ အကုသိုလ်တွေ မဖြစ်ရအောင်၊ အကုသိုလ်တွေ ဖယ်ရှားနိုင်အောင် ကြိုးစားအားထုတ်ရမယ်လို့ဟောတာ။

အဲဒီတော့ ကိုယ့်ဘဝကို တန်ဖိုးထားတဲ့ ပုဂ္ဂိုလ် တိုင်း၊ ကိုယ့်ကိုယ်ကို ဘဝမှာ အဆင့်မြင့်သထက် မြင့်ချင်တဲ့ပုဂ္ဂိုလ်တိုင်း ကြိုးစားကြရမယ်၊ လူတိုင်း လူတိုင်း ကိုယ့်ဘဝ တန်ဖိုးထားကြတာပဲ၊ ဒီဘဝထက် နောက်ဘဝ မြှင့်တင်သွားဖို့ စိတ်ရှိကြတာချည်းပဲ၊ ကောင်းသထက်ကောင်းတာရဖို့ စိတ်ဆန္ဒရှိကြတာ ချည်းပဲ၊ စိတ်ဆန္ဒရှိကြတာချင်း အတူတူပဲ၊ သို့သော် အကြောင်းတရားကို အမှန်မသိသည့်အတွက်ကြောင့် မကြီးပွားကြတာဖြစ်တယ်။

ကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းက ဘာလဲ ? အဲဒီကြီးပွားတိုးတက်ခြင်းရဲ့ အကြောင်းတရားတွေကို မသိသည့်အတွက်ကြောင့် မှားမှားယွင်းယွင်းတွေလုပ်ပြီး “ကြီးပွားချင်လျက် ဆုတ်ယုတ်သွားရတယ်၊ မြင့်တက် ချင်လျက် နိမ့်ကျသွားကြတယ်“၊ “ကောင်းကျိုးချမ်းသာ တွေ ရချင်လျက်နဲ့ ဆင်းရဲဒုက္ခနဲ့ တွေ့ကြုံသွားကြရ တယ်”။

ဘုရားပွင့်တဲ့အခါမှာသာ အကြောင်းတရားတွေ ကို မှန်မှန်ကန်ကန်သိခွင့်ရတယ်ပေါ့၊ တရားဓမ္မတွေကို နာလိုက်ရတဲ့အခါ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားပြီးတော့ သိလာတယ်၊ ဘယ်လို တွေးရမယ်၊ ဘယ်လို စဉ်းစားရမယ်၊ အကုသိုလ်ကို ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ ဒီနည်းစနစ်တွေကို သိလာတယ်၊ ဒီနည်းစနစ်တွေအတိုင်း လိုက်နာ ကျင့်သုံးခြင်းဖြင့် ကိုယ့်ဘဝမှာ တန်ဖိုးရှိတဲ့ဘဝတစ်ခုဖြစ်လာနိုင်တာပေါ့။

တရားဆိုတာ လက်တွေ့ကျင့်သုံးရမှာ၊ လက်တွေ့ ကျင့်သုံးတယ်ဆိုတာ စိတ်မှာဖြစ်ပေါ်အောင် လုပ်ခြင်း ဖြစ်တယ်၊ ဘာဝနာလုပ်ငန်းတစ်ခုဟာ စိတ်အလုပ် ဖြစ်သည့်အတွက် ပိုပြီးတော့ လက်တွေ့ကျဖို့ လိုအပ် တယ်ပေါ့၊ ကိစ္စကြုံတိုင်း ကြုံတိုင်း နှလုံးသွင်းတတ် ရမယ်၊ နှလုံးသွင်းဆင်ခြင်မှု လိုအပ်တယ်။

မြတ်စွာဘုရားက “ဘဝအရေးနဲ့ ပတ်သက်ပြီး ထာဝရတွေး” ဆိုတာ meditation တစ်ခုပဲပေါ့၊ အဲဒီ meditation ဟာလည်း လူတိုင်း လူတိုင်း လုပ်သင့်တာ တစ်ခုပဲ၊ ကိုယ့်ဟာကိုယ် နေတဲ့အခါမှာ မကြာခဏ စဉ်းစားပေးရမယ့်အရာက ဘာလဲဆိုတော့ “တို့ဘဝ တို့ရ,ထားတဲ့ ခန္ဓာဆိုတာ အိုခြင်းသဘော ရှိတယ်၊ နာခြင်း သဘောရှိတယ်၊ သေခြင်းသဘော ရှိတယ်၊ အိုခြင်း နာခြင်း သေခြင်းဆိုတာတွေကို မလွန်မြောက် သေးဘူး၊ ဘယ်တော့မှ ကျော်လွှားလို့ရမှာ မဟုတ်ဘူး” ဆိုတာ တွေးပေးရမယ်။

အဲဒီလို တွေးတောခြင်းဖြင့် ဘာဖြစ်လာသလဲ ဆိုတော့ ခုနက သံယောဇဉ်တွေ လျှော့ချလာနိုင်တယ်၊ အချိန်ဖြုန်းတာတွေ လျှော့ချနိုင်တယ်၊ အချိန်ရဲ့တန်ဖိုး ကို ပိုသိလာတယ်၊ “အိုခြင်း နာခြင်း သေခြင်းဆိုတာ တွေ မရောက်ခင် ငါတစ်စုံတစ်ခုလုပ်ရမယ်၊ မလုပ်ရင် ငါ့ဘဝမှာ ဘာမှ ရလိုက်မှာ မဟုတ်ဘူး” ဆိုတဲ့ သတိ စွမ်းအားတွေ တက်လာတယ်၊ ပညာစွမ်းအားတွေ တက်လာတယ်၊ ဒါအကျိုးပဲ။

ဒီလိုဆင်ခြင်လိုက်လို့ စိတ်ပူပန်မှုတွေ လျော့ကျ သွားပြီးတော့ သတိစွမ်းအား ဉာဏ်စွမ်းအားတွေ ရလာ တာဟာ အင်မတန်မှကြီးမားတဲ့ အကျိုးတစ်ခုပဲ၊ ဒီလို စိတ်လေး ဖြစ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်၊ ဒါကြောင့် ဒီလိုစိတ်ဖြစ်လာအောင် သတိဆောင်ကြ ရမှာ ဖြစ်တယ်။ နောက်တစ်ခု ဆင်ခြင်စဉ်းစားရမှာက ဘာတုန်း ဆိုရင် “အေး လောကမှာ မြင်မြင်သမျှ သတ္တဝါတွေဟာ ငါပဲဖြစ်ဖြစ် သူပဲဖြစ်ဖြစ် ကိုယ်လုပ်သမျှဟာ ကိုယ်နဲ့သာ သက်ဆိုင်တယ်၊ “ကမ္မဒါယာဒ” တို့လုပ်ခဲ့တဲ့ လုပ်ရပ် တွေကို တို့နောက်ဆုံး အမွေခံရမှာ“၊ ဒါကိုလည်း ဆင်ခြင်စဉ်းစားပေးရမယ်တဲ့၊ “ကောင်းတာလုပ်ရင် လည်း ကောင်းတဲ့အမွေ၊ မကောင်းတာလုပ်ရင်လည်း မကောင်းတဲ့အမွေ ငါပဲရမှာပဲ” လို့။

ဒီလိုဆင်ခြင်စဉ်းစားပေးခြင်းဖြင့် ဘာဖြစ်သလဲ ဆိုရင် မကောင်းတာ မလုပ်ဖြစ်ဘူး၊ မကောင်းတဲ့အမွေ ဆိုတာ ဘယ်သူမှ မခံချင်ဘူးလေ၊ ကောင်းတဲ့အမွေသာ ခံချင်တာ၊ ဒါကြောင့် မကောင်းတာကို သတိထားပြီး ရှောင်ကြဉ်လာတယ်၊ ကောင်းတာတွေကို ကြိုးစားပြီး လုပ်ဖြစ်လာတယ်၊ ဒါဟာ ကြီးမားတဲ့ အမြတ်ကြီး တစ်ခုပဲ။

နောက်တစ်ခု ဆင်ခြင်သင့်တာက မိသားစုနဲ့ပဲ နေနေ၊ မိတ်ဆွေသင်္ဂဟတွေနဲ့ပဲနေနေ ပစ္စည်းဥစ္စာတွေ ပိုင်ဆိုင်တာပဲဖြစ်ဖြစ် “ငါမြတ်နိုးတဲ့ ပုဂ္ဂိုလ်တွေ၊ ငါ မြတ်နိုးတဲ့ပစ္စည်းဥစ္စာတွေ တစ်နေ့ကျလို့ရှိရင် ငါနဲ့ ကွဲသွားမှာပဲ၊ ခွဲခွာရမှာပဲ” လို့ ဒီသဘောကို ဆင်ခြင် စဉ်းစားပေးရတယ်တဲ့။

အဲဒီလို ဆင်ခြင်စဉ်းစားပေးခြင်းအားဖြင့် ဘာကို လျှော့ချနိုင်တာတုန်းဆိုရင် တွယ်တာမှုတွေကို လျှော့ချ ပေးတယ်၊ တွယ်တာမှုကို လျှော့ချပေးလိုက်နိုင်တာနဲ့ တစ်ပြိုင်တည်း သောကဆိုတာ လျော့ကျသွားတယ်။ တွယ်တာမှုကို မလျှော့ဘဲနဲ့ သောကကို လျော့ကျသွား အောင် လုပ်လို့မရဘူး၊ လူတွေက များသောအားဖြင့် တွယ်တာမှုကို မလျှော့ဘဲနဲ့ သောကလျှော့ဖို့ ကြိုးစား နေကြတယ်၊ တွယ်တာမှုကြောင့် သောကဖြစ်တယ်လို့ သိပ်မသိဘူး။

သားသမီးအပေါ် တွယ်တာတာတို့၊ ပစ္စည်းဥစ္စာ အပေါ် တွယ်တာတာတို့၊ မိတ်ဆွေသင်္ဂဟအပေါ် တွယ်တာတာ၊ တွယ်တာမှုမှန်သမျှ သောကကိုဖြစ်စေ တတ်တယ်၊ အဲဒီ တွယ်တာမှုတွေကို လျှော့ချပြီး တွယ်တာမှုကို ဘာနဲ့အစားထိုးရမတုန်းဆို မေတ္တာနဲ့ အစားထိုးရမယ်၊ မေတ္တာဆိုတာ တွယ်တာတာ မဟုတ် ဘူး၊ မေတ္တာက အကျိုးစီးပွားကို လိုလားတာ၊ မိတ်ဆွေ တွေ အပေါ်မှာထားတဲ့ စိတ်ဓာတ်မျိုး ထားတယ်၊ အင်မတန်မှ သန့်ရှင်းတယ်။

လောကမှာ မိသားစုမှာလည်းပဲ သံယောဇဉ်နဲ့ မနေဘဲနဲ့ မေတ္တာနဲ့နေလို့ရတယ်၊ မေတ္တာနဲ့ နေတာက ပိုပြီးတော့ အဆင်ပြေတယ်၊ သူ့ကောင်းကျိုးကို လိုလားတယ်၊ ပတ်ဝန်းကျင်ကောင်းအောင် အာရုံစိုက် တယ်။ သံယောဇဉ်ဆိုတာက သူ့ကို မြင်နေရမှ၊ မမြင် ရလို့ရှိရင် ကိုယ့်စိတ်ထဲမှာပူတယ်၊ ကိုယ့်မျက်စိအောက် က ပျောက်နေလို့ရှိရင် ပူနေတယ်၊ တစ်စုံတစ်ခုများ ဖြစ်သလားလို့တွေးတယ်၊ ဒီလိုသောကတွေကို ဝေစေ တတ်တယ်၊ ဒါကြောင့် အဲဒီ သောကဆိုတာတွေကို လျှော့ချချင်လို့ရှိရင် ပစ္စည်းအပေါ် တွယ်တာတာပဲ ဖြစ်ဖြစ်၊ လူအပေါ် တွယ်တာတာပဲဖြစ်ဖြစ် အဲဒီ တွယ်တာမှုကို လျှော့ချနိုင်ရမယ်။

အဲဒီလို လျှော့ချဖို့ရန်အတွက် အမှန်အကန် စဉ်းစားတတ်ဖို့လိုတယ်၊ အဲဒီလိုအမှန်အကန် စဉ်းစား ခြင်းဟာ “ပဋိသင်္ခါနဗလ” ဆင်ခြင်မှုစွမ်းအားလို့ ခေါ်တယ်၊ အရေးအကြီးဆုံးက အဲဒီ အမှန်အတိုင်း ဆင်ခြင်စဉ်းစားနေတာ meditation (သို့မဟုတ်) contemplation ပဲဖြစ်တယ်။

ကမ္မဌာန်းတရား အားထုတ်တယ် ဆိုတဲ့နေရာမှာ အဲဒါပိုပြီးတော့ အဓိကကျတာ၊ များသောအားဖြင့် contemplation လုပ်တာကိုပဲ ကမ္မဋ္ဌာန်းထိုင်တယ်လို့ပဲ အများကပြောကြတယ်၊ (၁၀)ရက်စခန်း ဝင်လိုက်တယ်၊ concentration ပဲ၊ အာရုံတစ်ခုအပေါ်မှာ စိတ်ကို တည်ငြိမ်အောင်ကြိုးစားတယ်၊ တစ်ခါတစ်ရံကျတော့ (၁၀)ရက်သာ ပြည့်သွားတယ် concentration ဟုတ်တိ ပတ်တိ မရခဲ့ဘူး၊ ပြန်ထွက်လာတယ်၊ အသိဉာဏ် ပါမလာဘူး၊ ဒုန်ရင်းအတိုင်းပဲ ပြန်ဖြစ်သွားတယ်၊ တိုးတက်မှု မရှိဘူး။

အဲဒါကြောင့်မို့လို့ concentration ဆိုတာ မလုပ် ရဘူး မဟုတ်ဘူး၊ လုပ်ရတယ် contemplation လုပ်ရင်း ပါလာတဲ့ concentration ဟာလည်း အင်မတန် တန်ဖိုး ရှိပါတယ်၊ contemplation ဆိုတာ အခုပြောတဲ့ ဆင်ခြင်မှု စွမ်းအားတွေပဲ၊ မှန်မှန်ကန်ကန် ဆင်ခြင် တတ်ရမယ်၊ မှန်မှန်ကန်ကန် တွေးတောတတ်ရမယ်။ အဲဒီ မှန်မှန်ကန်ကန် ဆင်ခြင်ခြင်း၊ မှန်မှန်ကန်ကန် တွေးတောခြင်းဟာ အင်မတန်မှ တန်ဖိုးကြီးတယ်တဲ့၊ အဲဒီတန်ဖိုးကြီးတဲ့ဟာကို ပညာလို့ခေါ်တာပေါ့၊ အဲဒါ ကိုပဲ “အနုပဿနာ” လို့လည်းခေါ်တယ်၊ အနုပဿနာ ဆိုတာ သင့်လျော်အောင် ဆင်ခြင်စဉ်းစား ရှုမြင် သုံးသပ်ခြင်း (သို့မဟုတ်) အဖန်ဖန်အထပ်ထပ် ရှုမြင် သုံးသပ်ခြင်းလို့ ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့။ မြတ်စွာဘုရားကတော့ အားလုံး ခြုံမိငုံမိအောင် သတိပဋ္ဌာန်တရားမှာ “ကာယာနုပဿနာ၊ ဝေဒနာ နုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ” လို့ “အနုပဿနာ” အာရုံလေးမျိုးပေးထားတယ်၊ ဒီလေးမျိုး ကလွဲပြီး မလုပ်ရဘူးလို့ ပြောတာတော့မဟုတ်ဘူး၊ ဒီ ၄-နည်းထဲမှာ တစ်နည်းမဟုတ်တစ်နည်း အကျုံးဝင် တယ်လို့ ပြောတာ။

ခုနပြောနေတဲ့ ကိုယ့်ရဲ့သဘာဝတွေကို ဆင်ခြင် စဉ်းစားတယ်ဆိုတာ အများအားဖြင့် “ဓမ္မာနုပဿနာ” ထဲမှာ အကုန်အကျုံးဝင်တယ်၊ အဲဒါကြောင့် အဖန်ဖန် အထပ်ထပ်ဆင်ခြင်သုံးသပ်ခြင်းဆိုတဲ့ contemplation ဟာ ဘဝမှာ အင်မတန် တန်ဖိုးရှိတယ်၊ ပင်ပန်းတဲ့အရာ လည်း မဟုတ်ဘူး၊ ခုန concentration လုပ်ဖို့ရာ အတွက်၊ ကမ္မဋ္ဌာန်းကို ကြာရှည်ထိုင်ဖို့ရာအတွက် အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်တွေလည်း မထိုင်နိုင်ဘူး၊ အသက်အရွယ် မကြီးသော်လည်းပဲ ခန္ဓာကိုယ်ကြံ့ခိုင်မှု မရှိတဲ့ပုဂ္ဂိုလ်တွေလည်း မထိုင်နိုင်ကြဘူး။

မထိုင်နိုင်တဲ့အခါ meditation ရဲ့ သဘောကို မသိသည့်အတွက်ကြောင့် meditation လုပ်ရမှာ ကြောက်လန့်နေသလို ဖြစ်နေတယ်၊ အဲဒီတော့ ကြောက်လန့်စရာမရှိဘူး၊ meditation ဆိုတာ စိတ် အလုပ်ပဲ၊ မနောကံ လို့ခေါ်တယ်၊ ဘာဝနာဟာ မနောကံသက်သက်ပဲဖြစ်တယ်။

ဒါကြောင့် စိတ်ထဲက နှလုံးသွင်းပြီး စိတ်ထဲမှာ အကုသိုလ်မဖြစ်အောင် စိတ်နဲ့ စိတ်ကို ပြန်ရှင်းပစ် တာပဲ၊ အဲဒီတော့ ကိုယ်မွေးရမယ့်စိတ်က တစ်ခု၊ သဘာဝအားဖြင့်ဖြစ်နေတဲ့ စိတ်ကတစ်ခုလို့ - ဒီလိုနှစ်ခု ခွဲပြီးတော့ မှတ်ကြည့်ရအောင်။

မြင်လိုက်လို့ရှိရင် မြင်တာကို သိလိုက်တဲ့စိတ်က ဒါ ပကတိစိတ်လို့ပြောရင် ပြောလို့ရတယ်၊ အဲဒီမြင်လိုက် တဲ့စိတ်ရဲ့ ဒီအာရုံပေါ်မှာ ဖြစ်ပျက်သွားတဲ့ သဘော တွေကို နောက်က သတိထားတဲ့ meditation စိတ်က လိုက်ပြီးတော့ သိသွားတယ်၊ အဲဒီ meditation စိတ်ဟာ ဘယ်သူနဲ့ တွဲလာတုန်းဆိုတော့ သတိတို့ သမ္ပဇညတို့ ဝီရိယတို့ ဒီစွမ်းအားတွေနဲ့ တွဲလာတယ်။

သူ့ဟာသူ ဖြစ်တဲ့စိတ်က သတိမပါဘူး၊ သူ့ဟာသူ automatic ကို သွားတာ၊ သူကမြင်လိုက်ရင် မြင်မှန်း သိလိုက်တယ်၊ အသံကြားလိုက်ရင် ကြားတာကို သိတယ်၊ အနံ့ရရင်လည်း နံမှန်းသိတယ်၊ အရသာ ပေါ်ရင်လည်း ပေါ်မှန်းသိတယ်၊ ထိတွေ့ရင်လည်း ထိမှန်းသိလိုက်တယ်။

ဒါတွေက စိတ်ရဲ့ သဘာဝရဲ့ တုန့်ပြန်မှုအနေနဲ့ သွားနေတာ၊ အဲဒါ ပကတိစိတ်ဆိုပါစို့၊ အဲဒီ ပကတိ စိတ်မှာ နောက်ထပ် ဆက်ပြီးတော့ တွေးလိုက်တာ တွေက လိုချင်တဲ့လောဘနဲ့ တွေးတယ်၊ မုန်းတီးတဲ့ ဒေါသနဲ့တွေးတယ် ဆိုတော့ အကုသိုလ်တွေချည်းပဲ ဆက်လာနေတယ်။ အဲဒီနေရာမှာ မုန်းတီးတဲ့စိတ် မဝင်အောင်၊ လိုချင်တဲ့စိတ် မဝင်အောင် ဆိုတဲ့ “သတိသမ္ပဇည” စွမ်းအားနဲ့ ပြန်ထိန်းလိုက်တာ၊ ပြန်ထိန်းလိုက်သည့်အတွက်ကြောင့် သူ့အတွေးမှာ လောဘမပါတော့ဘူး၊ ဒေါသမပါဘူး၊ မောဟမပါဘူး။

သတိပညာနဲ့တွေးတဲ့ ဒီအတွေးလေးတွေ ပါလာ သည့်အတွက်ကြောင့် ဆင်ခြင်တုံတရားတွေပြည့်လာ တယ်။ နောက်ဆုံးမှာ သတိစွမ်းအားတွေ၊ ပညာ စွမ်းအားတွေ မြင့်တက်လာပြီဆိုရင် လောဘနဲ့တွေးတဲ့ အတွေး ဘယ်တော့မှ ပေါ်မလာတော့ဘူး၊ ဒေါသနဲ့ တွေးတဲ့အတွေးလည်း ဘယ်တော့မှ ပေါ်မလာတော့ ဘူး၊ မှန်မှန်ကန်ကန် သဘာဝအတိုင်းသိမြင်တဲ့ အတွေး မျှသာ ပေါ်လာတယ်ဆိုတဲ့ အဆင့်ကို ရောက်သွား တယ်။

အဲဒီအဆင့်ကို ရောက်အောင် ကိုယ့်စိတ်ကို ကြိုးစားပြီး ပြင်တာ၊ ဒါ meditation လုပ်ငန်းပဲပေါ့၊ အဲဒီလို လုပ်ရင်းလုပ်ရင်းနဲ့ နောက်ဆုံးမှာ ကိုယ် ကြည့်တဲ့ အာရုံတစ်ခု၊ ကိုယ့်စိတ်ထဲပေါ်လာတဲ့ အာရုံ တစ်ခုနဲ့ ပတ်သက်ပြီး ဒီအာရုံတွေပေါ်မှာ နှစ်သက် ကျေနပ်မှုဆိုတာ ဘာမှမရှိတော့ဘူး၊ ဖြစ်ပြီးတော့ ပျက်သွားတဲ့သဘောတွေပဲတွေ့ပြီး ဒီသင်္ခါရ အာရုံ တွေအပေါ်မှာ ငြီးငွေ့စရာတွေ၊ စိတ်ပျက်စရာတွေ၊ အမြဲတမ်း ဖြစ်လိုက်ပျက်လိုက်ဆိုတဲ့ သဘာဝတွေ မြင်ရတော့ ဒီသင်္ခါရတွေအပေါ်မှာ ငြီးငွေ့လာတယ်၊ လွတ်မြောက်ချင်တယ်ဆိုတဲ့ သဘောတွေ ပေါ်လာတယ်။ နောက်ဆုံးကျတော့ ပြန်လည် ဆင်ခြင်သုံးသပ် လာတယ်၊ သုံးသပ်ပြီး ဒီသဘာဝတရားတွေနဲ့ စိတ်ဟာ နေသားတကျ ဖြစ်လာတယ်၊ မုန်းတီးမှုဆိုတာ မရှိ တော့ဘူး၊ ချစ်ခင်မှုတွယ်တာမှုဆိုတာ မရှိတော့ဘူး၊ ကိုယ်နဲ့မဆိုင်တဲ့ အရာတစ်ခုကို ထိုင်ကြည့်နေတဲ့ အနေအထားမျိုး ဖြစ်လာတယ်။ နောက်ဆုံးမှာ အဲဒီ ဖြစ်ပျက်မှုတွေ သင်္ခါရတရားတွေ လုံးဝဆုံးသွားတဲ့ အဆင့်တစ်ခုကို ရောက်သွားတယ်ပေါ့။

အဲဒီအာရုံလေးတစ်ခုဟာ ဆုံးသွားတဲ့အဆင့်လေး တစ်ခု ရောက်လိုက်တာနဲ့ တစ်ပြိုင်နက် သံသရာက ပါလတဲ့ လောဘတွေ ဒေါသတွေ မောဟတွေဟာ အကုန်လုံး burn down အလောင်ခံလိုက်ရတာ၊ အဲဒီ နေရာလေးကို ရောက်သွားတဲ့အခါကျရင် မာန်မာန တွေလည်း ပျောက်သွားတယ်၊ လောဘတွေလည်း ပျောက်သွားတယ်၊ ဒေါသတွေလည်း ပျောက်သွား တယ်၊ အဲဒါကိုပဲ သင်္ခါရတွေရဲ့ ချုပ်ဆုံးသွားရာ နိဗ္ဗာန် လို့ ပြောတာ။

အဲဒီ နိဗ္ဗာန်ကို အာရုံပြုပြီး အဲဒီအဆင့်ကို ရောက်သွားတဲ့ စိတ်ကလေးက နိဗ္ဗာန်နဲ့ ထိတွေ့ လိုက်တာနဲ့ တစ်ပြိုင်နက် သံသရာက ပါလာတဲ့ အနုသယဓာတ်ပါမကျန် ကိလေသာမှန်သမျှ အကုန် လုံး မဂ်လေးပါး ဖိုလ်လေးပါးဖြင့် ငြှိမ်းသတ်ဖယ်ရှား ပစ်နိုင်တယ်။

အဲဒီတော့ နိဗ္ဗာန်သွားရမည့်လမ်းက ဒီတစ်ခု တည်းပါပဲ၊ ဝိပဿနာဉာဏ်နဲ့ ရှုမြင်သုံးသပ်ခြင်းဖြင့် ဝိပဿနာဉာဏ် ရင့်သန်လာတဲ့အခါမှာ နောက်ဆုံး သင်္ခါရတွေ ချုပ်ဆုံးသွားတဲ့အဆုံးကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် ကိလေသာတွေ အကြွင်းအကျန်မရှိ အောင် ဖယ်ရှားနိုင်တယ်။

မဂ်လေးကြိမ်လေးခါ ဖြစ်ပြီးရင် နောက်ဆုံးမှာ ကိလေသာဆိုတာ အားလုံး ကုန်သွားတယ်၊ နိဗ္ဗာန်ကို အာရုံပြုနိုင်တယ် ဆိုတဲ့အဆင့်ကို ရောက်သွားတယ်။ ခန္ဓာကြီးရှိနေလို့ ဒုက္ခကြုံနေသေးသော်လည်း နောက် ထပ် ဒီလိုဒုက္ခကြုံရမည့်ခန္ဓာမျိုး ရစရာအကြောင်း မရှိတော့ဘူး။

ခန္ဓာမရှိရင် ခန္ဓာနဲ့စပ်ပြီး ဖြစ်ပေါ်လာမည့်ဒုက္ခ၊ ဒီခန္ဓာရမှ စပြီးဖြစ်ပေါ်လာတဲ့ ကိလေသာဆိုတဲ့ စိတ်ရဲ့ အညစ်အကြေးတွေကို ဖျက်ဆီးပစ်လိုက်နိုင်တာနဲ့ တစ်ပြိုင်နက် “ကမ္မဝဋ်” ဆိုတဲ့ မိမိသန္တာန်မှာ onLine ဖြစ်နေတဲ့ ကံတွေဟာ အလိုအလျှောက် ဘဝတစ်ခုကို ထုတ်လုပ်နိုင်စွမ်းမရှိတော့ဘဲနဲ့ ဒီကံတွေရဲ့ စွမ်းအား ဟာ လျော့ကျသွားတယ်။ နောက်ဆုံး ကိလေသာ ကုန်သွားသည့်အတွက်ကြောင့် အကြောင်းကံတွေ လည်း ကုန်သွားတယ်။

ရရှိထားတဲ့ ဝိပါက် ကမ္မဇရုပ်ခန္ဓာကိုယ်ကြီး ကလည်း အချိန်တန်တဲ့အခါ နောက်ဆုံးပိတ် ချုပ်ငြိမ်း သွားတယ်၊ နောက်ထပ်ဆက်စရာ မရှိတော့ဘူး၊ ဒုက္ခဟူသမျှ ဘာမှမရှိတော့ဘူး၊ အမည်နာမခေါ်စရာ ဘာမှ မရှိဘူး၊ မလိုချင်တဲ့ မမြဲတဲ့အရာ အားလုံးဟာ ချုပ်ဆုံး သွားပြီးတော့ အငြိမ်းဓာတ်ဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက် ပြုရတယ်၊ မြတ်စွာဘုရား ဟောကြားတဲ့ တကယ့် ကျင့်စဉ်ဟာ ဒီအတိုင်းပဲဖြစ်တယ်။ စိတ်ဖြူစင်မှုကို အကြောင်းပြုပြီးမှ ဒါတွေဟာ လုပ်လို့ရတယ်ဆိုတာပဲ။

ဒါကြောင့်မို့ contemplation (နှလုံးသွင်းဆင်ခြင်မှု) ဟာ အသက်အရွယ်မရွေး ဘယ်ပုဂ္ဂိုလ်ပဲဖြစ်စေ၊ ကျန်းမာသူပဲဖြစ်စေ၊ မကျန်းမာသူပဲဖြစ်စေ စိတ်အလုပ် သက်သက်ဖြစ်တာဖြစ်သောကြောင့် မိမိစိတ်ကလေးမှာ အကုသိုလ်တွေ မဖြစ်ရအောင်၊ အကုသိုလ်တွေနဲ့ ဆိုင်ရာတွေ မတွေးတောအောင် ကောင်းတဲ့အာရုံနဲ့ အစားထိုးတာ ဖြစ်တယ်။ ပြီးတော့ တွေးတောဆင်ခြင် တာဟာ meditation လုပ်တာပဲ၊ ယခုလို meditation ရဲ့သဘောကို သိရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ အကုသိုလ်မဖြစ်အောင် သတိဆောင်၍ ကျင့်ကြံ ကြိုးကုတ် အားထုတ်နိုင်ကြပါစေသတည်း။

42cf6o1nty3dt4we48q68yoirma3y7k
ဖြစ်နိုင်တာ နှင့် မဖြစ်နိုင်တာ
0
5917
22122
21637
2026-06-15T03:20:16Z
Tejinda
173
22122
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ဖြစ်နိုင်တာ နှင့် မဖြစ်နိုင်တာ
| previous = [[ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား]]
| previous2 =
| next = [[မေးခွန်းများကို ဖြေဆိုခြင်း]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဖြစ်နိုင်တာ နှင့် မဖြစ်နိုင်တာ

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၉)ရက်နေ့ ရန်ကုန်တိုင်း၊ ကြို့ကုန်းအရှေ့ တရားပွဲ ဖြစ်မြောက်ရေး အကျိုးဆောင်အဖွဲ့၏ ဒုတိယအကြိမ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မပူဇာအခမ်းအနား ဝယ် ကြို့ကုန်းအရှေ့၊ ၅-လမ်း(မြောက်) နှစ်ဖက်သော မိဘများအား အမှူးထား၍ 'ဦးအောင်ခိုင်ဇော် + ဒေါ်သင်းသင်းအောင်' မိသားစုတို့၏ အမတဒါန ဓမ္မဒါန အဖြစ် ဟောကြားအပ်သော “ဖြစ်နိုင်တာ နှင့် မဖြစ်နိုင်တာ” တရားဒေသနာတော်။

ဖြစ်နိုင်တာ နှင့် မဖြစ်နိုင်တာ

“ဖြစ်နိုင်တာနှင့် မဖြစ်နိုင်တာ” … ဘာတွေဟာ ဖြစ်နိုင်ပြီးတော့ ဘာတွေက မဖြစ်နိုင်တာလဲ။ ဗုဒ္ဓမြတ်စွာ ရဲ့ တထာဂတဗလ လို့ခေါ်တဲ့ ဘုရားရှင်ကိုယ်တော်မြတ် များသာရနိုင်တဲ့ အသိဉာဏ်စွမ်းပကားထဲမှာ 'ဌာနာဌာန ဉာဏ်' ဆိုတာရှိတယ်။ 'ဌာန' ဆိုတာ ဖြစ်နိုင်စရာ အကြောင်းရှိတယ်၊ 'အဌာန' ဆိုတာ ဖြစ်နိုင်စရာ အကြောင်းမရှိဘူး၊ ဒီလို အဓိပ္ပါယ်ရှိတယ်။ အဲဒီ ဌာန အဌာန ဆိုတဲ့ စကားကို ယူပြီးတော့ ဘုန်းကြီးတို့ ဒီကနေ့ည ဖြစ်နိုင်တာနှင့် မဖြစ်နိုင်တာ ခွဲခြားပြီး ဗုဒ္ဓမြတ်စွာရဲ့ အကြောင်းဟုတ်တယ်၊ အကြောင်း မဟုတ်ဘူး ဆိုတာနဲ့ ပတ်သက်ပြီးတော့ ထူးထူးခြားခြား သိမြင်တော်မူတဲ့ ဉာဏ်ကြီးကို ပူဇော်တဲ့အနေနဲ့ ဟောကြားပါ့မယ်။

လောကမှာ လူတွေကလည်း ပြောကြတာပဲ၊ 'ဒါက ဖြစ်နိုင်တယ် ဒါက မဖြစ်နိုင်ဘူး'။ သို့သော် လူတွေပြောတဲ့ 'ဖြစ်နိုင်တယ်' ဆိုတာက 'ဖြစ်ချင်မှ ဖြစ်တာ'၊ 'မဖြစ်နိုင်ဘူး' ဆိုတာကလည်း 'ဖြစ်ချင် ဖြစ်တယ်'။ မြတ်စွာဘုရား ဟောထားတဲ့ 'ဖြစ်နိုင်တယ်' ဆိုတာက 'တကယ်ကိုဖြစ်တယ်'၊ 'မဖြစ်နိုင်ဘူး' ဆိုတာ ကျတော့လည်း 'တကယ့်ကို မဖြစ်ဘူး' တဲ့၊ ဘာဖြစ်လို့ လဲ? မြတ်စွာဘုရားက အရင်းအမြစ်ကစပြီး မှန်ကန်တဲ့ အကြောင်းတရားတွေကို သိရှိထားတာမို့ ဖြစ်တယ်။ သာမန်ပုဂ္ဂိုလ်တွေကတော့ မိမိအထင်နဲ့ ပြောကြတာ ဖြစ်တယ်။

“ဖြစ်နိုင်တယ် - မဖြစ်နိုင်ဘူး” … ကမ္ဘာမှာလည်းပဲ ဒီစကားလုံးလေး ၂-လုံးကို လူတွေက အသုံးပြုကြတယ်၊ possible နဲ့ impossible, possible ဆိုတာ ဖြစ်နိုင် တာ၊ impossible ဆိုတာ မဖြစ်နိုင်တာ။ လောကမှာ လူတွေက အမျိုးမျိုးပြောကြတယ်၊ “ဒါတော့ မဖြစ်နိုင်ပါ ဘူးကွာ၊ ဒါတော့ ဖြစ်နိုင်တယ်ဟေ့“၊ ကိုယ့်အထင် အမြင်နဲ့ ဒီလို ပြောကြတာ။ ဗုဒ္ဓမြတ်စွာလို အတိအကျ ဉာဏ်တော်ကြီးနဲ့ ကိုယ်တိုင်သိမြင်ပြီး ပြောတာမျိုး မဟုတ်သည့်အတွက်ကြောင့် ရာခိုင်နှုန်းပြည့် မမှန်နိုင် ဘူးပေါ့။ ရာခိုင်နှုန်းပြည့် မှန်ကန်ဖို့ မဖြစ်နိုင်သည့် အတွက်ကြောင့် ဖြစ်နိုင်တယ်ဆိုတာကလည်း ဖြစ်ချင်မှ ဖြစ်မယ်၊ မဖြစ်နိုင်ဘူး ဆိုတာကလည်း ဖြစ်ချင်ဖြစ် သွားတာ ရှိတယ်ပေါ့။

ဗုဒ္ဓမြတ်စွာရဲ့ ဒေသနာတွေထဲမှာ ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ ဒီနှစ်မျိုးကို ခွဲခြားပြီးတော့ ဟောထားတာ ရှိတယ်။ အချက်ပေါင်း ၂၈-ချက် ရှိတယ်။ ဒါကတော့ ဖြစ်နိုင်တယ်၊ ဒါကတော့ မဖြစ်နိုင်ဘူးနဲ့ တိတိကျကျ ဟောထားတာ။

ဒီတော့ ဘုန်းကြီးတို့တတွေဟာ ဗုဒ္ဓမြတ်စွာ ဟောထားတဲ့ “ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ“ကို ကွဲကွဲ ပြားပြား သိသွားနိုင်ကြတယ်ပေါ့။ အဲဒီလို သိလို့ရှိရင် ဘာလုပ်ရမလဲ?

“မဖြစ်နိုင်တဲ့အရာကို မဖြစ်နိုင်ဘူးလို့ မှတ်သားပြီး ဖြစ်နိုင်တဲ့အရာကို ဖြစ်နိုင်တယ်လို့မှတ်သားပြီး လုပ်သင့် တဲ့ အလုပ်ကို လုပ်ဖို့ပဲ။”

မှန်ကန်တဲ့အမြင် ရှိလာလို့ရှိရင် ထိုအမြင်မှန်ကို အခြေခံပြီးတော့ လုပ်တဲ့အလုပ်ဟာ မှားယွင်းမှုမရှိဘူး၊ မှန်ကန်တယ်၊ လောကီကိစ္စပဲဖြစ်ဖြစ်၊ လောကုတ္တရာ ကိစ္စပဲဖြစ်ဖြစ် မည်သည့်ကိစ္စမှာပဲဖြစ်ဖြစ် ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို ကွဲကွဲပြားပြားသိဖို့ လိုတယ်။ လုပ်နိုင် တာနဲ့ မလုပ်နိုင်တာ၊ လုပ်သင့်တာနဲ့ မလုပ်သင့်တာ၊ ဒါတွေကို ကွဲကွဲပြားပြားသိဖို့လိုတယ်။ ကွဲကွဲပြားပြား သိပြီး လုပ်သင့်တာဆိုရင် လုပ်ရမယ်၊ မလုပ်သင့်တာ ဆိုရင် မလုပ်ရဘူး။

အဲဒီလိုမဟုတ်ရင် ဘာဖြစ်လဲ။ လုပ်သင့်တာ ကျတော့ မလုပ်ဘူး၊ မလုပ်သင့်တာကျတော့ လုပ်မယ် ဆိုရင် အကျိုးဆုတ်ယုတ်မယ်။ ဖြစ်နိုင်တာနဲ့ မဖြစ်နိုင် တာကို ခွဲခြားပြီးတော့ မသိဘူးဆိုရင် မဖြစ်နိုင်တာကို ဖြစ်နိုင်မယ် ထင်ပြီးတော့ ပြောနေမယ်၊ လုပ်နေမယ်။ ဖြစ်နိုင်တာကျတော့ မဖြစ်နိုင်ဘူးထင်ပြီးတော့ ဘေးဖယ် ထားမယ်ဆိုရင် လွဲမှားမှုတွေ အများကြီး ဖြစ်လာနိုင်တာ ပေါ့။

ဘဝမှာ လမ်းမှန်ရဖို့ဆိုတာ အသိဉာဏ်က အင်မတန်မှ အရေးကြီးတယ်။ အခုလို တရားပွဲကြီးတွေ ကျင်းပပြီးတော့ တရားနာကြတာဟာ ဘာအတွက်လဲ လို့ မေးရင် အသိဉာဏ်အတွက်ပဲ။ တကယ် အရေးကြီး တာက အသိဉာဏ်ပဲ။ မြတ်စွာဘုရား ကိုယ်တိုင်က ဖြေထားတာရှိတယ်။ “သုဿုသာ လဘတေ ပညံ”- “ကြားနာချင်တဲ့စိတ်ရှိပြီဆိုရင် ပညာရပါတယ်” တဲ့။

တရားနာတာကို အခြေခံပြီးတော့ မသိတာတွေ သိလာတယ်၊ သိပြီးသားတွေ ရှင်းသွားတယ်။ တရား နာတာဟာ တရားကိုသင်ယူတာ ဖြစ်သည့်အတွက် တစ်နာရီနာရင် တစ်နာရီ သင်လိုက်တာပဲ။ အဲဒီ သင်လိုက်လို့ သိသွားတဲ့ အသိတရားတွေဟာ ပျောက် သွားမှာ မဟုတ်ဘူးတဲ့၊ အကြောင်းအရာ စကားလုံး တော့ မေ့ချင်မေ့သွားမယ်၊ သို့သော် အသိပညာဆိုတာ က ပျောက်မသွားဘူး။

ကြားဖူးနားဝရှိနေသည့်အတွက်ကြောင့် ပြန်လည် ဆင်ခြင်သုံးသပ်တဲ့အခါမှာ ထိုကြားဖူးတဲ့ အချက် အလက်တွေကို အခြေခံပြီးတော့ အမှားအမှန်တွေကို ဝေဖန်ခွဲခြမ်း သိစွမ်းနိုင်တဲ့ ပညာမျိုး သူ့သန္တာန်မှာ ရှိသွားတယ်။ ဒီလို နာယူမှု၊ သင်ကြားမှုမရှိဘဲနဲ့ အသိ ပညာ ရတယ်ဆိုတာ မဖြစ်နိုင်ဘူး။

ပညာရရန် နည်းလမ်းသုံးသွယ်

ပညာရဖို့နဲ့ပတ်သက်ပြီးတော့ နည်းလမ်းသုံးသွယ် လို့ ပြောလို့ရတယ်။ အဲဒီနည်းလမ်းသုံးသွယ်ကိုပဲ ပညာ သုံးမျိုးလို့လည်း ပြောတယ်။ အားလုံး ကြားဖူးကြလိမ့် မယ်၊ သုတမယပညာ (သို့မဟုတ်) သုတမယဉာဏ်, စိန္တာမယပညာ (သို့မဟုတ်) စိန္တာမယဉာဏ်, ဘာဝနာမယပညာ (သို့မဟုတ်) ဘာဝနာမယဉာဏ်၊ ဒါ ပညာနှင့် ပညာရဖို့ နည်းလမ်းသုံးသွယ်ပဲ။

သုတမယပညာ

သုတမယ-ဆိုတာ ကြားနာခြင်းကြောင့် ဖြစ်ပေါ် လာတဲ့ ပညာကို သုတမယပညာလို့ ခေါ်တယ်။ နားက ကြားနာလိုက်ရလို့, နားထောင်လိုက်ရလို့, သင်ယူလိုက် ရလို့ ရလိုက်တဲ့ ပညာမှန်သမျှ သုတမယ- ကြားနာ ခြင်းက ထုတ်လုပ်ပေးတဲ့ ပညာမျိုးတဲ့။

တရားပွဲကြီးတွေ ကျင်းပပြီးတော့ တရားနာကြ တယ်။ ထိုတရားပွဲက ရလိုက်တဲ့ အသိပညာတွေဟာ သုတမယပညာတွေပဲ၊ ဘယ်နေ့မှာ ဘယ်ဆရာတော်က ဘာဟောသွားတယ်၊ ကြားလိုက်ရတယ်၊ ဟောသွားတဲ့ အချက်အလက်တွေက မိမိတို့ ဘဝတစ်သက်တာ အတွက် မှတ်သားစရာတွေဖြစ်တယ်။ မိမိတို့ကိုယ်တိုင် အခွင့်မရလို့ မကြည့်နိုင်တဲ့ ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ ပိဋကတ်သုံးသွယ်, နိကာယ်ငါးရပ်, ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် သင့်လျော်ရာရာ ဘုရားဟော ထားတဲ့ တရားထဲက ထုတ်နှုတ်ပြီးတော့ ဟောပြော ထားတာ ဖြစ်တယ်။

အဲဒီ ဟောပြောတဲ့အထဲက မိမိကကြားလိုက် ရလို့၊ သင်ယူလိုက်ရလို့ သိလိုက်ရတဲ့ ပညာရပ်ကို သုတမယပညာ လို့ ခေါ်တယ်။ ကြားနာခြင်းက ထုတ်လုပ်ပေးတဲ့ပညာ။ ဒါကြောင့် တရားနာခြင်းသည် ပညာရခြင်း၏ အကြောင်းတရားနံပါတ်(၁) နည်းလမ်း တစ်ခုပဲ။

နံပါတ်(၂)က စိန္တာမယပညာ၊ စိန္တာမယဆိုတာ ကြားနာမှုကို အခြေမခံဘဲ အတွေးအခေါ်သက်သက် ဖြင့် ဖြစ်ပေါ်လာသောပညာကို စိန္တာမယပညာ လို့ ခေါ်တယ်၊ ကြားနာမှုကို အခြေခံပြီးမှတွေးရင် စိန္တာမယ မခေါ်ဘူး။ သူများဆီက သင်ယူထားတဲ့ အချက်ပေါ်မှာ အခြေမခံဘဲနဲ့ ကြံစည်မှုသက်သက်ပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ပညာမျိုးကိုသာ စိန္တာမယပညာ လို့ ခေါ်တယ်။

အဲဒီ စိန္တာမယပညာ က သာမန်ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ မဖြစ်နိုင်ဘူး။ နောက်ဆုံး ဉာဏ်ပညာ အထက်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ရှင်သာရိပုတ္တရာမထေရ်မြတ် ရဲ့ သန္တာန်မှာတောင် စိန္တာမယပညာ မဖြစ်ဘူး။ ဘာဖြစ် လို့လဲ၊ ရှင်သာရိပုတ္တရာတောင် တရားနဲ့ ပတ်သက် လာရင် ကြားနာမှု, သင်ယူမှုဆိုတာကို အခြေခံရသေး တယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းပြီး ကြံစည်နိုင်စွမ်း မရှိဘူး။ ရှင်သာရိပုတ္တရာလို ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ် မှာတောင် မရနိုင်ဘူး။

ဒါဖြင့် စိန္တာမယပညာဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးမှ ရသလဲလို့ မေးလို့ရှိရင် ဘုရားအလောင်းတို့, ပစ္စေက ဗုဒ္ဓါအလောင်းတို့မှရတယ်။ ဘုရားအလောင်း, ပစ္စေက ဗုဒ္ဓါအလောင်းတွေကျတော့ ဆရာမရှိဘူး၊ သူတို့ ကိုယ်တိုင် တွေးတောဆင်ခြင်ပြီး အသိဉာဏ်တွေ ဖြစ်ပေါ်လာတာ။ ဘဝါဘဝက လေ့လာခဲ့တဲ့ စွမ်းအား တွေ ပြည့်လာသည့်အတွက် မှန်မှန်ကန်ကန် တွေးနိုင် တယ်၊ မှန်မှန်ကန်ကန် တွေးလိုက်တဲ့အတိုင်း မှန်မှန် ကန်ကန်သိမှုဆိုတာ ဖြစ်လာတယ်။

ပစ္စေကဗုဒ္ဓါဆိုတာ ဘယ်သူကမှ တရားဟော ရတာ မဟုတ်ဘူး။ သူကိုယ်တိုင် သဘာဝတရားတွေကို ဆင်ခြင်စဉ်းစားပြီး သူ့သန္တာန်မှာရှိတဲ့ ကိလေသာ တွေကို ဖယ်ရှားလို့ ဘုရားအဖြစ်ကို ရောက်သွားတာ။

ထို့အတူပဲ သမ္မာသမ္ဗုဒ္ဓ ဘုရားအလောင်းက လည်းပဲ ကိုယ်ပိုင်ဉာဏ်နဲ့ ရှာဖွေသိရှိတာ။ ဘုရား အလောင်းတော်ဟာ ၂၉-နှစ်မှာ တောထွက်လာခဲ့ တယ်။ အင်မတန် ငယ်သေးတယ်၊ သူတောထွက်လာ တဲ့အခါ ဆရာတွေဆီနည်းမခံဘူးလားဆိုတော့ ခံတယ်၊ အဲဒီနည်းယူတာ အကုန်လုံး သမထကျင့်စဉ်တွေချည်းပဲ၊ သူလိုချင်တာက အမတ - သေခြင်းကင်းရာနိဗ္ဗာန်ဆိုတဲ့ အမတ ဓာတ်ကို လိုချင်တယ်။ သန္တိဝရပဒ- တကယ့် အငြိမ်းဓာတ်ကြီးကို သူရှာတယ်။ သူ့ဟာသူ စဉ်းစား တယ်၊ သေခြင်းတရားရှိရင် မသေတဲ့ တရားလည်း ရှိရမှာပဲ၊ ဒုက္ခရှိရင် သုခဆိုတာလည်းရှိရမှာှပဲ။ အပူ ရှိရင် အအေးဆိုတာရှိရမှာပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ လောကမှာ ဆန့်ကျင်ဘက်တရားတွေက အစုံလိုက် နေကြတာပဲ။ တစ်ခုရှိရင် တစ်ခုရှိမှာပဲ။ အဲဒီလို ဆင်ခြင် စဉ်းစားပြီး အမှန်တရားကိုရှာတယ်။

အဲဒီလို ရှာတဲ့အခါမှာ ထိုခေတ်က ထင်ရှား ကျော်ကြားတဲ့ ဆရာကြီးတွေဆီသွားပြီး သင်ယူတယ်, လေ့လာတယ်။ သူတို့ဆီက သင်လိုက်လို့ရတဲ့ ပညာရပ် သည် သူလိုချင်တဲ့ “အမတ သန္တိဝရ” ဆိုတဲ့ အငြိမ်း ဓာတ်ကို ပေးနိုင်တဲ့ပညာ မဟုတ်ဘူး။ သမထ ကျင့်စဉ် သာဖြစ်တယ်။ ထိုးဖောက်ပြီးတော့ ဟိုဘက်ကိုမရောက် ဘူး။ သမထကျင့်စဉ်ကို ကျင့်လို့က ဗြဟ္မာ့ပြည်ပဲ လမ်းဆုံးတယ်။ ရှေ့ဆက်လို့မရဘူး၊ ဗြဟ္မာ့ပြည်ဆိုတာ ကမ္ဘာပေါင်း မြောက်မြားစွာ သက်တမ်းရှည်ကြာပြီး သက်တမ်းစေ့တဲ့ တစ်နေ့ သံသရာထဲ ပြန်လည်ဦး မှာပဲ။

ဘုရားအလောင်းက သံသရာကို အဆုံးသတ်ချင် တယ်။ သံသရာရဲ့အဆုံးကို တွေ့ချင်တယ်။ အဲဒီနည်းလမ်းကို ဘယ်သူပေးနိုင်မလဲလို့ လိုက်ရှာတာ ဘယ်သူမှ မပေးနိုင်ဘူး။ ဆရာ့ဆရာကြီးတွေ နည်းပေး တဲ့အတိုင်း ဘုရားအလောင်းဟာ ၆-နှစ်ပတ်လုံး ဒုက္ကရ စရိယာအကျင့်ကို ကျင့်လိုက်တာ ခန္ဓာကိုယ် ပိန်ချုံးပြီး တော့ အရိုးပေါ်အရေတင် မသေမရှင်ဘဝမျိုး ရောက် သွားတယ်။ လမ်းဆုံးအောင် သူလိုက်ကြည့်တယ်။ မြန်မာတွေကပြောတယ် မဟုတ်လား၊ “လမ်းဆုံးရင် ရွာတွေ့လိမ့်မယ်“လို့နော်။ လမ်းဆုံးပေမယ့် ရွာတွေ့ ချင်မှ တွေ့တာ။ သူတို့ပြောတဲ့အတိုင်း လမ်းကို ဆုံးအောင် လိုက်တာလည်း မတွေ့ဘူး၊ မတွေ့တဲ့အခါ သူ့ဟာသူ စဉ်းစားတယ်။

”သိယာ အညော မဂ္ဂေါ ဗောဓာယ- 'ဗောဓာယ' ထူးခြားတဲ့ အသိဉာဏ်ကြီးအတွက်၊ 'အညော မဂ္ဂေါ'- တခြားနည်းလမ်းသည်၊ 'သိယာ'- ဖြစ်ကောင်းဖြစ်လိမ့် မယ်”။ သူတွေးပုံက “ငါလျှောက်လာတဲ့ လမ်းကတော့ ဆုံးနေပြီ၊ ဒီလမ်း မဟုတ်နိုင်ဘူး၊ တခြားလမ်း ပြောင်း လျှောက်ဦးမှပဲ၊ ဒီလမ်း မဟုတ်ရင် ဟိုလမ်းက သွားရမှာပေါ့၊ တခြားလမ်း ဖြစ်လောက်တယ်” ဆိုတဲ့ အတွေး ဝင်လာတယ်။ ဝင်လာတဲ့အခါ ကိုယ်ပိုင်လမ်းကြောင်း တီထွင်ပြီး လျှောက်ကြည့်တယ်။

ကိုယ်ပိုင်လမ်းကြောင်းဆိုတာ ဘာလဲ? ငယ်စဉ် ဘဝတုန်းက မိမိရဲ့နှာခေါင်းမှာ ရှူသွင်းရှူထုတ်နေတဲ့ လေကလေးကို အာရုံပြုပြီး လေ့ကျင့်ခဲ့ဖူးတာကို သွားသတိရတယ်။ စိတ်ကလေး ငြိမ်သွားတာကို သွားတွေ့တယ်။ အေး-အဲဒါဟာ တကယ့်လမ်းကြောင်း ဖြစ်လောက်တယ်။ အသိဉာဏ် ဖြစ်ပေါ်မယ့် လမ်းကြောင်းက အဲဒီလမ်းကြောင်း ဖြစ်လောက်တယ် ဆိုပြီး ခန္ဓာကိုယ်မျှမျှတတဖြစ်ပြီး အင်အားရှိလာအောင် ဘုရားအလောင်းတော်ဟာ အစာအာဟာရများစားပြီး သူကိုယ်တိုင် ရှာဖွေတွေ့ရှိတဲ့လမ်းကြောင်းကို လျှောက် ကြည့်တယ်တဲ့။

“တရားရှာ ကိုယ်မှာတွေ့” ဆိုတဲ့အတိုင်း တရား ဆိုတာ အပြင်သွားရှာရတာ မဟုတ်ဘူး။ မိမိ နှာခေါင်း ပေါက်လေးက ၂၄-နာရီ ရှူထုတ်နေတဲ့လေ၊ ရှူသွင်း နေတဲ့ လေလေး၊ အဲဒီ ရှူသွင်းရှူထုတ် လုပ်နေတဲ့ လေလေးပေါ်မှာ အာရုံစိုက်ထားတယ်။ အဲဒီလို အာရုံ စိုက်ထားလိုက်တဲ့အခါ သမာဓိစွမ်းအားတွေ ရပြီးတော့ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်, အဘိညာဉ်တွေရတယ်။

ဘုရားအလောင်းဟာ ကိုယ့်လမ်းစဉ်နဲ့ကိုယ် သွား လိုက်တာ ပထမယာမ်မှာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်- အတိတ် ဘဝတွေကိုကြည့်ရင် မြင်နိုင်စွမ်းရှိတဲ့ အဘိညာဉ်ကို ရသွားတယ်။ ဒုတိယယာမ် ရောက်တဲ့ အခါ ဒိဗ္ဗစက္ခုဉာဏ် ဝေးတဲ့နေရာ, ခြားကွယ်တဲ့နေရာ, သေးငယ်တဲ့ နေရာတွေကို လှမ်းပြီးကြည့်နိုင်တဲ့ အဘိညာဉ်ကိုရတယ်။ မိုးသောက်ယာမ် ရောက်တဲ့အခါ ကျတော့ မိမိသန္တာန်မှာ သံသရာက ညစ်ထေးလာတဲ့ ကိလေသာအပူတွေ အညစ်အကြေးတွေကို ဖယ်ရှား ပစ်နိုင်တဲ့ အာသဝက္ခယဉာဏ် ရတယ်။

ဝိပဿနာ လမ်းကြောင်းကို ပြောင်းလိုက်တာနဲ့ တစ်ပြိုင်နက် မိုးသောက်ယာမ်မှာ အာသဝက္ခယဉာဏ် ဆိုတာ ရတယ်။ အဲဒီ အာသဝက္ခယဉာဏ် ရလိုက် တာနဲ့ ဘုရားအဖြစ်သို့ ရောက်တာပဲ။ အဲဒါ ကိုယ်ပိုင် လမ်းကြောင်း ပြောင်းလျှောက်တာပေါ့။ အဲဒီလို ကိုယ်ပိုင်လမ်းကြောင်း ပြောင်းလျှောက်လိုက်တဲ့အခါ ကိုယ်လိုချင်တဲ့ လမ်းဆုံးကို တွေ့သွားတယ်တဲ့။ ဒါကြောင့်မို့ စိန္တာမယ ဆိုတာ ဘုရားအလောင်း တွေမှာပဲရှိတယ်။

ဘာဝနာမယ ဆိုတာကျတော့ ကိုယ့်သန္တာန်မှာ အကြိမ်ကြိမ် အထပ်ထပ်ဖြစ်အောင် ကြိုးစားခြင်းက ထုတ်လုပ်ပေးတဲ့ ပညာမျိုး။ အာရုံပေါ် စိတ်ကလေး လေ့ကျင့်ပေးပြီး- ဆိုပါစို့- ခုန ထွက်လေဝင်လေ အာရုံ လေးပေါ်မှာ စိတ်နဲ့အာရုံ ထပ်တလဲလဲတွေ့နေအောင် လေ့ကျင့်ပေးတာ။ ၅-မိနစ်က ၁၀-မိနစ်၊ ၁၀-မိနစ်က နာရီဝက်၊ ၁-နာရီ၊ ၂-နာရီ၊ ၃-နာရီ ဆိုတာ စဉ်ဆက် မပြတ် ထွက်လေဝင်လေလို့ဆိုတဲ့ အာရုံလေးပေါ်မှာ စိတ်ကလေးကို ကပ်ထားပြီးတော့ အာရုံနဲ့ စဉ်ဆက် မပြတ် လေ့ကျင့်ပေးနေတာကို ဘာဝနာလို့ ခေါ်တယ်။

အဲဒီလို မိမိသန္တာန်မှာ စိတ်ကိုလေ့ကျင့်ပေးလို့ တိုးတက် ဖြစ်ပေါ်လာတဲ့ ဘာဝနာက ထုတ်လုပ်ပေးလိုက်တဲ့ အသိပညာကို ဘာဝနာမယပညာလို့ ပြောရတယ်။

အရင်တုန်းက မမြဲတာတွေ, ပြောင်းလဲနေတာ တွေ မသိဘူး၊ မမြင်ဘူး။ စိတ်ကလေးနဲ့အာရုံ ကပ်ပြီး တော့ လေ့ကျင့်ပေးလိုက်တဲ့အခါကျတော့ စက္ကန့်မလပ် ဖြစ်ပြီးပျက်နေတာပါလား ဆိုတာကို သိလာတယ်။ ဝိပဿနာဉာဏ်ရင့်ရင် ရင့်သလောက်ပဲ။

နောက်ဆုံးမှာ ဖြစ်တယ်ဆိုတာတောင် မမြင်ဘူး၊ ပျက်တာတွေချည်းပဲ မြင်နေတယ်။ အဲဒီလို ဝိပဿနာ ဉာဏ် ရင့်သန်သွားလို့ရှိရင် လောကကြီးမှာ ဖြစ်နေ တယ်ဆိုတာတောင် မရှိလောက်အောင် အပျက်တွေ က မြန်လွန်းအားကြီးနေတယ်ဆိုတာ မြင်လာတယ်။ အဲဒီလိုအမြင်မျိုးကို ဘာဝနာမယလို့ ခေါ်တယ်။

အဲဒီကနေ တဆင့်တက်တဲ့အခါ ကိလေသာတွေ ကို ဖယ်ရှားနိုင်တဲ့ မဂ်ဉာဏ်, ထိုကိလေသာတွေရဲ့ အပူတွေကို ထပ်မံငြိမ်းသတ်ပေးနိုင်တဲ့ ဖိုလ်ဉာဏ်တို့ကို ရပြီး စိတ်ဟာ ကိလေသာတွေက လုံးဝလွတ်သွားပြီး

ဝိမုတ္တိ- လွတ်မြောက်မှု ဆိုတာကို ရရှိသွားတယ်။ လွတ်မြောက်တယ်ဆိုတာ ဘယ်တော့မှ ပြန် မဆက်စပ်တော့ဘူး၊ မလွတ်သေးရင် ပြန်ဆက်စပ်မိနေ တယ်။ လွတ်သွားပြီဆိုတာ လုံးဝစပ်ဆက်လို့ မရတော့ ဘူး။ အဲဒီလို မဂ်, ဖိုလ်, နိဗ္ဗာန်ထိအောင် ရသွားတဲ့ ဉာဏ်ကို ဘာဝနာမယဉာဏ်၊ ဘာဝနာမယပညာ လို့ ခေါ်တယ်။

ဘုန်းကြီးတို့တတွေရဲ့ သန္တာန်မှာ ဖြစ်နိုင်တာက ဘာဖြစ်နိုင်လဲ၊ တရားနာခြင်းဖြင့် သုတမယဉာဏ် ရတယ်။ ကြားနာထားတဲ့ အခြေခံလေးပေါ်မှာ အမှီ ပြုပြီးတော့ စိတ်ကို အာရုံနဲ့ လေ့ကျင့်ပေးလို့ရှိရင် ဘာဝနာမယပညာ ဆိုတာရနိုင်တယ်။ သုတမယ က ဘာဝနာမယ ကိုသွားမယ်။ သုတမယနဲ့တင် ရပ်နေ တယ် ဆိုရင်တော့ အသိလေးလောက်ပဲ။ လောက ကြောင်းအနေနဲ့ ပြောမယ်ဆိုရင် theory ပေါ့။ နည်းလမ်းပိုင်းလောက်လေးသာ ရတယ်၊ လက်တွေ့ သုံးပြီး မကြည့်ဘူး။ practical မလုပ်ဘူး ဆိုလို့ရှိရင် ဘာဝနာမယ မရနိုင်ဘူးတဲ့။ အဲဒီပညာနှစ်ရပ် ပေါင်းစပ် ပြီး ဘာဝနာမယပညာ ဖြစ်မှ ကိုယ်လိုချင်တဲ့ လမ်း ကြောင်းပေါ်ရောက်ပြီး ထူးထူးခြားခြား တရားထူး တရားမြတ်ဆိုတာ ရနိုင်တာ။

ဘုရားအလောင်းတော်များမှာတော့ သုတမယ မလိုဘူး၊ စိန္တာမယနဲ့ သွားတယ်။ ကိုယ်ပိုင်ဉာဏ်ဖြင့် တွေးတောဆင်ခြင်ပြီး လေ့ကျင့်တယ်။ သူတို့လည်း လေ့ကျင့်ရတဲ့ ဘာဝနာမယ ဆိုတာ ရှိရတယ်။ မရှိရင် ဘုရားမဖြစ်ဘူး၊ ပစ္စေကဗုဒ္ဓါ မဖြစ်ဘူး၊ စိန္တာမယလေးနဲ့ တင် ရပ်နေလို့မရဘူး၊ ဘာဝနာမယ တိုင်အောင် သွားရမယ်။ အဲဒါကြောင့်မို့ သုတမယပညာကို အဆင့် မြှင့်တဲ့အခါ ဘာဝနာမယပညာ ဖြစ်ရမယ်။ စိန္တာမယ ပညာကို အဆင့်မြှင့်လိုက်တဲ့အခါ ဘာဝနာမယပညာ ဖြစ်ရမယ်၊ ဒါ ပညာရဖို့ရန်အတွက် နည်းလမ်းသုံးသွယ် တဲ့။

အခုလို တရားပွဲကျင်းပပြီး တရားနာတယ်ဆိုတာ သုတမယဉာဏ် ရဖို့ ဆည်းပူးအားထုတ်နေကြတာ၊ ဒီနည်းနဲ့ မိမိတို့ဘဝမှာ အင်မတန်မှ တန်ဖိုးရှိတဲ့ အသိ ပညာတွေကို ရရှိနိုင်တယ်။

နောက် တခြားနည်းနဲ့ရနိုင်တာက မှန်မှန်ကန်ကန် ရေးသားဖော်ပြထားတဲ့ စာအုပ်တွေကို ဖတ်တယ်၊ မိမိမသိလို့ မရှင်းလင်းတဲ့ အချက်တွေကို သိတဲ့ပုဂ္ဂိုလ် တွေကို မေးမြန်းတယ်၊ ဆွေးနွေးတယ်။ အဲဒါတွေ လည်းပဲ အသိဉာဏ်တိုးတက်ရရှိခြင်းရဲ့ အကြောင်း တရားတွေပဲ။ အဲဒီနည်းတွေ မပါဘဲနဲ့ အသိဉာဏ် ရတယ်ဆိုတာ လောကမှာမရှိဘူး။

အသိဉာဏ်ရဖို့ အသိဉာဏ်ရခြင်းအကြောင်းကို လုပ်ရမယ်၊ ဘယ်အရာပဲဖြစ်ဖြစ် လောကီကိစ္စပဲဖြစ်ဖြစ် အရာခပ်သိမ်းဟာ ဆိုင်ရာဆိုင်ရာ အကြောင်းတရား တွေ ရှိကြတာချည်းပဲ။ အဲဒီ ဆိုင်ရာဆိုင်ရာ အကြောင်း တရားတွေကို မလုပ်ဘူးဆိုရင် ဘာမှဖြစ်လာမှာ မဟုတ် ဘူး။

ဒါကြောင့် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးနဲ့ ကြုံနေတဲ့အခိုက်လေးမှာ သုတမယဉာဏ် ရအောင်လည်း လုပ်ရမယ်။ ထို သုတမယဉာဏ်ကို အခြေခံပြီး ဘာဝနာမယ ဆိုတဲ့ လက်တွေ့ကျင့်သုံးမှုကိုလည်း လုပ်ရမယ်တဲ့။ အဲဒီ ၂-ခုနဲ့မှ မိမိတို့ရဲ့ဘဝဟာ တန်ဖိုး ရှိတဲ့ဘဝဖြစ်မှာလို့ ပရိသတ်အားလုံး ဒီအသိလေး ရှိထားရမယ်။

ကောင်းပြီ- မြတ်စွာဘုရား ဟောထားတဲ့အတိုင်း သုတမယဉာဏ် ရအောင် ဘုန်းကြီးတို့ ပြောဖို့ရာက “ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ” - ဘာတွေက ဖြစ်နိုင် ပြီးတော့ ဘာတွေက မဖြစ်နိုင်တာတုန်း။ ဒီတရားတွေ ကို ဘယ်မှာ မှတ်တမ်းတင်ထားလဲ။ နိကာယ် ၅-ရပ် ထဲမှာ အင်္ဂုတ္တရနိကာယ် ဆိုတာရှိတယ်။ အဲဒီ အင်္ဂုတ္တရ နိကာယ်မှာ အချက်တစ်ခုစီ တစ်ခုစီကို စုပေါင်းပြီး ထားတဲ့ ဧကနိပါတ် ဆိုတာရှိတယ်။ အဲဒီ ဧကနိပါတ်မှာ “ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ” တွေကိုစုပြီး မှတ်တမ်း တင်ထားတယ်။ အဲဒီ အင်္ဂုတ္တရနိကာယ်က ထုတ်နှုတ်ပြီး ဘုန်းကြီးတို့ဟောပါ့မယ်။

နောက်တစ်ခုက အဲဒီ အချက်အလက်တွေကိုပဲ အဘိဓမ္မာ ၇-ကျမ်းမှာ အပါအဝင်ဖြစ်တဲ့ ဝိဘင်းကျမ်း မှာ (ပါဠိလို ဝိဘင်္ဂ) လည်း မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တယ် ဆိုတဲ့ အချက်အလက်တွေပြထားတယ်။ အဲဒါတွေကို ပေါင်းစပ်ပြီးတော့ “ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ” ကို ဒီကနေ့ည ကြားနာကြရမှာပါ။

စကြဝဠာတစ်ခုမှာ ဘုရားတစ်ဆူသာ ပွင့််နိုင်တယ်

ကဲ- စပြီးပြောရမယ် ဆိုလို့ရှိရင် စကြဝဠာ universe တစ်ခုမှာ ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာက စရ မယ်။ စကြဝဠာဆိုတဲ့ စကားလုံးက ပါဠိစာပေထဲမှာ တော်တော်လေးနောက်ကျပြီးမှဝင်လာတယ်။ စောစော ပိုင်းကတော့ “လောကဓာတု” ဆိုတဲ့ စကားလုံးကို အသုံးပြုတယ်။ မြတ်စွာဘုရားကိုယ်တိုင် သုံးခဲ့တဲ့ စကားလုံးက လောကဓာတု၊ ဒီကနေ့ခေတ် ခေတ်ပညာ လို့ ခေါ်နေတဲ့ ပညာရပ်ကို တစ်ချိန်တုန်းက မြန်မာ နိုင်ငံမှာ “လောကဓာတ်ပညာ” လို့ ခေါ်ခဲ့ဖူးတယ်။ လောကဓာတုဆိုတဲ့ စကားလုံးဟာ ဒီ universe ဆိုတဲ့ စကြဝဠာကို ပြောတာပဲ။

အဲဒီစကြဝဠာတွေထဲမှာ ဘုရားပွင့်တဲ့ စကြဝဠာ ရှိတယ်။ အဲဒီဘုရားပွင့်တဲ့ စကြဝဠာမှာ ဘုရားနှစ်ဆူ တစ်ပြိုင်နက် ပွင့်နိုင်သလား၊ မပွင့်နိုင်ဘူးလား။ “လောကဓာတ်တစ်ခုတည်းမှာ ဘုရားနှစ်ဆူ ပွင့်တယ် ဆိုတာ မဖြစ်နိုင်ဘူးတဲ့။ ဖြစ်နိုင်တာက ဘာတုန်း၊ လောကဓာတ် တစ်ခုတည်းမှာ သို့မဟုတ် စကြဝဠာ တစ်ခုတည်းမှာ ဘုရားတစ်ဆူသာ ပွင့်နိုင်တယ်”။ ဘုရား နှစ်ဆူ စကြဝဠာတစ်ခုတည်းမှာ ပြိုင်ပြီးတော့ မပွင့်နိုင် ဘူးတဲ့၊ ဒါ တစ်ခုမှတ်ရမယ်။

ဒါမှတ်တော့ ဘာအကျိုးရှိလဲ၊ ဩော် လောကမှာ ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာ အင်မတန် ထူးခြားတယ်၊ စကြဝဠာကြီးတစ်ခုလုံးမှာတစ်ဦးတည်းသာ ပေါ်ပေါက် နိုင်တယ်။

စကြဝဠာကြီး တစ်ခုမှာ လူမျိုးတစ်မျိုးအနေနဲ့ ပြောတာမဟုတ်ဘူး၊ သတ္တဝါတစ်မျိုးတည်းကို ပြော တာလည်း မဟုတ်ဘူး၊ လူသားတွေကို ပြောတာလည်း မဟုတ်ဘူး၊ သက်ရှိသတ္တဝါတွေအားလုံးခြုံငုံပြီး တစ်ဦး တည်းပဲဖြစ်နိုင်တယ်၊ တစ်ဦးတည်းပဲရှိတယ်။ စကြဝဠာ တစ်ခုမှာ ဘုရားက တစ်ဆူပဲ ပွင့်နိုင်တယ်၊ ဒါ ဖြစ်နိုင် တယ်၊ ပြိုင်တူနှစ်ဆူပွင့်တယ်ဆိုတာ မဖြစ်နိုင်ဘူး၊ နှစ်ဆူ မဖြစ်နိုင်ဘူးဆိုတော့ သုံးဆူ, လေးဆူဆို သာပြီး မဖြစ် နိုင်သေးတယ်။

စကြဝဠာတစ်ခုမှာ စကြဝတေးမင်း တစ်ဦးသာ ပေါ်နိုင်တယ်

နောက်တစ်ခု မှတ်စရာက လောကမှာ သတ္တဝါ တွေကို အမှန်တရားဟောပြောတဲ့ ဗုဒ္ဓဆိုတဲ့ ထူးခြားတဲ့ အစ္ဆရိယ အံ့ဖွယ်လူသားဟာ တစ်ဦးတည်း ဖြစ်သလိုပဲ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကနေပြီးတော့ လူသား တွေအားလုံးကို ကောင်းတဲ့ဘက်ကို ဦးဆောင်သွားတဲ့ လူ့ခေါင်းဆောင် စကြဝတေးမင်း ဆိုတာဟာလည်း စကြဝဠာတစ်ခုမှာ တစ်ဦးပဲ ဖြစ်နိုင်တယ်တဲ့။ နှစ်ဦး မဖြစ်နိုင်ဘူး။ “စကြဝဠာတစ်ခုမှာ စကြဝတေးမင်း နှစ်ဦးပြိုင်တူပေါ်တယ်ဆိုတာ မဖြစ်နိုင်ဘူး၊ စကြဝတေး မင်း တစ်ဦးတည်းပေါ်တာသာ ဖြစ်နိုင်တယ်”။

ဘာဖြစ်လို့ စကြဝတေးမင်းကို ဒီလိုတန်ဖိုးထားရ သလဲဆိုရင် ထိုစကြဝတေးမင်းပေါ်တဲ့ အချိန်ဟာ လောကမှာရှိတဲ့ လူသားတွေအတွက် ရွှေခေတ်လို့ ဆိုရလောက်အောင် အကောင်းဆုံးအခြေအနေကို ရရှိ တယ်။ ဒါဘယ်သူက ဦးဆောင်တာလဲ၊ စကြဝတေးမင်း က ဦးဆောင်တာ။ စကြဝတေးမင်းက လူတွေကို မှန်ကန်တဲ့လမ်းကြောင်းပေါ် တင်ပေးတယ်၊ သို့သော် သူတင်ပေးတဲ့ လမ်းကြောင်းက နိဗ္ဗာန်လမ်းကြောင်း တော့ မဟုတ်ဘူး၊ နတ်ပြည်လမ်းကြောင်းပဲ ဖြစ်တယ်။ သူက နိဗ္ဗာန်လမ်းကြောင်းပေါ်ကို တင်မပေးနိုင်ဘူး။

စကြဝတေးမင်း တင်ပေးလိုက်တဲ့လမ်းက နတ် ပြည် သွားတဲ့လမ်း၊ ဗုဒ္ဓမြတ်စွာ တင်ပေးတဲ့လမ်းက နတ်ပြည်လမ်းတင်မကဘူး, နိဗ္ဗာန် သွားတဲ့လမ်းပါ တင်ပေးတယ်။ ဒီလို ထူးခြားတယ်၊ ဒါကြောင့်မို့ လူတိုင်း လူတိုင်းဟာ အပါယ်ငရဲမကျဘဲနဲ့ နတ်ပြည် ရောက် အောင် ပို့ဆောင်နိုင်တယ် ဆိုတာလည်း နည်းတဲ့ စွမ်းရည်သတ္တိ မဟုတ်ဘူး၊ လမ်းကြောင်းအမှန်ပေါ်မှာ တင်ပေးတာ။

ဒီကနေ့ခေတ်မှာ ဘုရားဆိုတဲ့ ပုဂ္ဂိုလ်တိုင်းဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ် တင်မပေးနိုင်တာ အများ ကြီးပဲ။ လမ်းမှားအောင် ဦးဆောင်ထားတာတွေ အများ ကြီးပဲ။ လူတွေမှာ ရှိကြတယ် - ဘာသာအမျိုးမျိုး၊ ဟိုကလည်း ဘုရား, ဒီကလည်း ဘုရား၊ အဲဒီ ဘုရား ဆိုတဲ့ပုဂ္ဂိုလ်တွေ ညွှန်ကြားထားတဲ့အတိုင်း လိုက်နာလို့ ရှိရင် နောက်ဆုံးမှာ နိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်ဖို့ နေနေသာသာ နတ်ပြည်လမ်းကြောင်းပေါ် ရောက်ဖို့ တောင် ခက်ခဲတယ်။

ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါတုန်းက လူ တကာက ကိုးကွယ်ပြီး ရိုသေလေးစားရတဲ့ အာဇီဝက ဂိုဏ်းကြီးဆိုတာ ရှိတယ်။ အဲဒီ အာဇီဝကအကျင့်ကို စွမ်းစွမ်းတမံ ကျင့်သွားတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ မြတ်စွာ ဘုရားကို ပရိဗိုဇ်တစ်ယောက်က မေးတယ်၊ “အရှင် ဘုရား၊ ဘဝမှ လွတ်မြောက်သွားတဲ့ အာဇီဝကမျိုးကို အရှင်ဘုရားတွေ့ဖူးလား“လို့မေးတယ်။ “ငါ့ ဉာဏ်တော် ကြီးနဲ့ ၉၁-ကမ္ဘာထိအောင် အာဇီဝက တစ်ဦးတစ်လေ များ နတ်ပြည်ရောက်တာ ရှိသလား, လွတ်မြောက် သွားတာ ရှိသလားလို့ ငါ လေ့လာကြည့်ဖူးတယ်၊ လေ့လာကြည့်တဲ့အခါ ဘဝမှ လွတ်မြောက်သွားတဲ့ အာဇီဝကဆိုတာ တစ်ယောက်မှမရှိဘူး“တဲ့။ “ဘဝမှ မလွတ်မြောက်တောင်မှ နတ်ပြည်ရောက်တဲ့ အာဇီဝက ဘယ်လောက်ရှိသလဲလို့ ရှာကြည့်တာ ၉၁-ကမ္ဘာထဲမှာ တစ်ယောက်ပဲရှိတယ်။ ကျန်တဲ့သူတွေ အကုန်လုံး အောက်လျှိုးကုန်ကြတာချည်းပဲ” တဲ့။ ကဲ၊ ဘယ်လောက် နစ်နာလဲ၊ လမ်းကြောင်းမှားရင် မနစ်နာပေဘူးလား၊ နစ်နာတယ်။

စကြဝတေးမင်းကြီးကတော့ လူတွေကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် တင်ပေးနိုင်တယ်၊ ဘယ်လိုတင်ပေး တာလဲ။ သူတင်ပေးတာက ရှင်းရှင်းလေးပဲ

(၁) ပါဏော န ဟန္တဗ္ဗော
- သူများအသက် မသတ်နဲ့။

(၂) အဒိန္နံ နာဒါတဗ္ဗံ
- သူတစ်ပါးဥစ္စာ မတရားမယူနဲ့။

(၃) ကာမေသုမိစ္ဆာ န စရိတဗ္ဗာ
- ကာမဂုဏ်အာရုံနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့အကျင့်တွေ မကျင့်ကြနဲ့၊

(၄) မုသာ န ဘဏိတဗ္ဗာ
- လိမ်မပြောကြနဲ့။

(၅) မဇ္ဇပါနံ န ပါတဗ္ဗံ
- မူးယစ်ဆေးဝါး သေရည်သေရက် မသောက်ကြနဲ့ ... ဒီ ၅-ခုပဲ ဟောတာ။

အဲဒါ လုံလို့ရှိရင် လူတွေအဖို့ နတ်ပြည်လမ်းကြောင်းကြီး ပွင့်နေမှာပဲ။ အများကြီးလုပ်စရာ မလိုဘူး။ စကြဝတေးမင်း လက်ထက်မှာ ဒီလမ်းကြောင်းကို ဖော်ထုတ်ပေးတယ်။ တိုင်းသူပြည်သား အားလုံးဟာ ဒီလမ်းကြောင်းပေါ် လျှောက်လှမ်းပြီးတော့ နတ်ပြည် ရောက်ကုန်ကြတယ်။

ဒါကြောင့် universe တစ်ခုမှာ စကြဝတေးမင်း ဆိုတာ နှစ်ဦးမပေါ်ဘူးတဲ့၊ တစ်ဦးပဲပေါ်တယ်။ နှစ်ဦး ဆိုတာ မဖြစ်နိုင်ဘူးတဲ့။ တစ်ဦးပဲဖြစ်နိုင်တယ်၊ ဒါလည်း ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ တစ်ခုပေါ့။

လူတို့၏ အမူအကျင့်များနှင့် ပတ်သက်၍ ဖြစ်နိုင်တာ နှင့် မဖြစ်နိုင်တာ

နောက်တစ်ခု ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာကဘာလဲ၊ လောကလူတွေမှာ လူတွေရဲ့စရိုက်ဆိုတာ ရှိတယ်။ စရိုက်ဆိုတာ သူတို့ရဲ့အမူအကျင့်တွေကိုပြောတာ၊ အမူအကျင့်ဟာ ကောင်းတဲ့ အမူအကျင့်ရှိတယ်, ဆိုးတဲ့ အမူအကျင့် ရှိတယ်။ ကောင်းတဲ့ အမူအကျင့်ကို သုစရိုက်လို့ ခေါ်တယ်၊ မကောင်းတဲ့အမူအကျင့်, ဆိုးတဲ့ အမူအကျင့်ကို ဒုစရိုက်လို့ခေါ်တယ်ပေါ့။ ပါဠိစာပေက သုစရိတ, ဒုစ္စရိတ- ကောင်းစွာ ကျင့်အပ်တဲ့အကျင့်, မကောင်းသဖြင့် ကျင့်အပ်တဲ့အကျင့်၊ မှန်မှန်ကန်ကန် ကျင့်တဲ့အကျင့်, မှားမှားယွင်းယွင်း ကျင့်တဲ့အကျင့်လို့ ဆိုတယ်။ သုစရိုက်, ဒုစရိုက်ဆိုပြီး ဒီလို ခွဲထားတယ်။

ထို သုစရိုက်, ဒုစရိုက် ခွဲခြားတဲ့အခါ စိတ်ထဲက ကြံတွေးတဲ့ သုစရိုက်ရှိတယ်, စိတ်ထဲက ကြံတွေးတဲ့ ဒုစရိုက်ရှိတယ်။ နှုတ်ကပြောတဲ့သုစရိုက်ရှိတယ်, နှုတ်က ပြောတဲ့ ဒုစရိုက်ရှိတယ်။ ကိုယ်ထိလက်ရောက်လုပ်တဲ့ သုစရိုက်ရှိတယ်, ကိုယ်ထိလက်ရောက်လုပ်တဲ့ ဒုစရိုက် ရှိတယ်။ လူတွေမှာ 'စိတ်ကတွေးတယ်, နှုတ်က ပြောတယ်, ကိုယ်ထိလက်ရောက်လုပ်တယ်' ဆိုတဲ့ အလုပ်နဲ့ ပတ်သက်ပြီးတော့ အဲဒီလို သုံးမျိုးခွဲပြီးတော့ အကောင်းအဆိုးကို ခွဲကြည့်ပါ။ အဲဒီလို အကောင်းအဆိုးကို ခွဲကြည့်ပြီး ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို ဆင်ခြင်စဉ်းစားရမှာ။

ဆိုပါစို့- မနောဒုစရိုက်တဲ့၊ ဘယ်ဟာတွေကို မနောဒုစရိုက် ခေါ်တာတုန်းဆိုရင် အဘိဇ္ဈာ သူများ ပစ္စည်းကို ကိုယ့်ပစ္စည်း ဖြစ်ဖို့အတွက် ကြံတွေးတဲ့ လောဘ၊ ဒါ စိတ်ထဲမှာ ဖြစ်တာနော်။ “ဒီလူ ဒုက္ခ ရောက်သွားပါစေ၊ အကျိုးမဲ့ဖြစ်သွားပါစေ” လို့ အမုန်း တရားကို ရင်ထဲမှာပွားပြီးတော့ လူတစ်ယောက်ရဲ့ ပျက်စီးရာ ပျက်စီးကြောင်းကို ဒေါသနဲ့ကြံတွေးတာက ဗျာပါဒ၊ ကံ ကံ၏အကျိုးတရားတွေကို ငြင်းပယ်တာက မိစ္ဆာဒိဋ္ဌိ၊ ကံကိုလက်မခံဘူး, တမလွန်ဘဝဆိုတာ လက်မခံဘူး, ကုသိုလ်ကံ အကုသိုလ်ကံရဲ့ အကျိုးဆိုတာကို လက်မခံဘူး၊ ငြင်းပယ်တဲ့ မိစ္ဆာဒိဋ္ဌိ။ အဲဒီ ၃-မျိုးကို မနောဒုစရိုက်လို့ခေါ်တယ်။ စိတ်နဲ့ပြုလုပ်တဲ့, အကျင့်ဆိုးတဲ့၊ အဲဒီ စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ အကျင့်ဆိုးကို မြတ်စွာဘုရားက အဲဒီ အကျင့်ဆိုးရဲ့ လိုချင်စရာ၊ နှစ်သက်စရာ၊ မြတ်နိုးစရာကောင်းတဲ့ အကျိုးတရား ဆိုတာ မဖြစ်နိုင်ဘူးတဲ့။

ဆိုလိုတာက “ဒုစရိုက်တရားက ကောင်းကျိုး ထုတ်လုပ်တယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တာက ဒုစရိုက်တရားက ဆိုးကျိုးကိုသာ ထုတ်လုပ်တယ်၊ အဲဒါက ဖြစ်နိုင်တာ”။

လူတစ်ယောက် ဒုစရိုက်တွေလုပ်ပြီးတော့ ကြီးပွားတိုးတက်နေတာ ဒုစရိုက်ကြောင့် ကြီးပွားတိုးတက်တယ်လို့ လူတွေက ထင်ကောင်းထင်လိမ့်မယ်။ ဒါ ဒုစရိုက်ကြောင့် ကြီးပွားနေတာ မဟုတ်ဘူး။ အတိတ်ဘဝက သူလုပ်ခဲ့တဲ့ ကုသိုလ်ကံက အကျိုးပေးနေတာ။ ကုသိုလ် ကံရဲ့အကျိုးကို ခံစားရတာ။ လုံ့လဝီရိယရဲ့ အကျိုးကို ခံစားရတာ။ ဒုစရိုက်က ဘယ်တော့မှ ကောင်းကျိုးချမ်းသာ မပေးနိုင်ဘူး။ အဲဒါကြောင့်မို့ ဒုစရိုက်ရဲ့ ဆိုးကျိုးဆိုတာပဲ ဖြစ်နိုင်တယ်၊ ဒုစရိုက်ရဲ့ ကောင်းကျိုးဆိုတာ မဖြစ်နိုင်ဘူးတဲ့။

“ဖြစ်နိုင်တယ် - မဖြစ်နိုင်ဘူး” ဆိုတာ လုံးဝ သေချာပေါက် ပြောတဲ့စကား။ “ဖြစ်ချင် ဖြစ်မယ်မဖြစ်ချင် မဖြစ်ဘူး” လို့ပြောတာမဟုတ်ဘူး၊ ဖြစ်နိုင်တာ နဲ့ မဖြစ်နိုင်ဘူးလို့ပြောတာ။ မဖြစ်နိုင်ဘူး ဆိုတာက impossible၊ ဖြစ်နိုင်တယ် ဆိုတာက possible ။ ကောင်းပြီ၊ စိတ်နဲ့ ပတ်သက်ပြီးတော့ အကျင့် ကောင်းဆိုတာ ဘာလဲ။ သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်အောင် ဘယ်တော့မှ လောဘနဲ့မကြံတွေးဘူး၊ ဒီလို ကြံတွေးမှုမှ ရှောင်တယ်- အနဘိဇ္ဈာ။ အမုန်းတရားကို အခြေခံပြီးတော့ သူတစ်ပါး ပျက်လိုပျက်စီး 'ဒီလူ ဒုက္ခ ရောက်ပါစေ' ဆိုတဲ့ အတွေးမျိုး ဘယ်တော့မှ မတွေးဘူး၊ 'ကောင်းကျိုးချမ်းသာတွေ ဖြစ်ပါစေ'ဆိုတဲ့ အတွေးမျိုးပဲတွေးတယ်- အဗျာပါဒ။ ကံ ကံ၏ အကျိုးကို ယုံကြည်တယ်၊ လက်ခံတယ်- သမ္မာဒိဋ္ဌိ၊ အဲဒီသုံးမျိုးကို မနောသုစရိုက်လို့ ခေါ်တယ်။ စိတ်ထဲမှာဖြစ်တဲ့ အကျင့် ကောင်း သုံးမျိုးလို့ ခေါ်တယ်။

အဲဒီ စိတ်ထဲမှာဖြစ်တဲ့ အကျင့်ကောင်း သုံးမျိုးဟာ ဆိုးကျိုးပေးတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ကောင်းကျိုး ပေးတယ်ဆိုတာသာ ဖြစ်နိုင်တယ်။ သူတို့ရဲ့ ဆိုးကျိုးဟာ မဖြစ်နိုင်ဘူး၊ သူတို့ရဲ့ ကောင်းကျိုးသာ ဖြစ်နိုင်တယ်။ ဒါလည်း ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ။

ထို့အတူပဲ နှုတ်နဲ့ပတ်သက်ပြီးတော့ အကျင့်ဆိုး, နှုတ်နဲ့ ပတ်သက်ပြီးတော့ အကျင့်ကောင်း၊ နှုတ်နဲ့ ပတ်သက်တဲ့ အကျင့်ဆိုးဆိုတာ-လိမ်ပြောတယ်, တစ်ဦးနဲ့တစ်ဦး မတည့်အောင် ကုန်းတိုက်တယ်, ဆဲတယ်, အကျိုးမရှိတဲ့စကားတွေကိုပြောတယ်၊ အဲဒါကို ဝစီဒုစရိုက်လို့ခေါ်တာပဲ။ အဲဒီ “ဝစီဒုစရိုက်က ကောင်းကျိုးချမ်းသာပေးတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ မကောင်းကျိုး ပေးတယ် ဆိုတာသာ ဖြစ်နိုင်တယ်”။ ဆိုလိုတာက ဝစီဒုစရိုက်ရဲ့အကျိုးဟာ အဆိုးပဲ ဖြစ်ရမယ်၊ အကောင်း ဘယ်တော့မှ မလာဘူးလို့ ဒီလိုပြောတာ။

နှုတ်နဲ့ ပတ်သက်တဲ့ အကျင့်ကောင်းကတော့ လိမ်မပြောဘူး၊ မှန်တာပဲပြောတယ်။ ကုန်းမတိုက်ဘူး၊ ညီညွတ်အောင်စေ့စပ်ပေးတယ်။ မဆဲဘူး၊ ယဉ်ကျေးတဲ့ စကားနဲ့ပြောတယ်။ အကျိုးမရှိတဲ့စကားတွေ မပြောဘူး၊ အကျိုးရှိတဲ့စကားတွေပြောတယ်။ ဒါ နှုတ်နဲ့ပတ်သက်တဲ့ အကျင့်ကောင်း။ အဲဒီ “နှုတ်နဲ့ပတ်သက်တဲ့ အကျင့်ကောင်းရဲ့ မကောင်းကျိုးဆိုတာ မဖြစ်နိုင်ဘူးတဲ့၊ နှုတ်နဲ့ပတ်သက်တဲ့ အကျင့်ကောင်းရဲ့ အကျိုးဟာ ကောင်းကျိုးသာ ဖြစ်နိုင်တယ်” တဲ့။ ဒါလည်း ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာကို မြတ်စွာဘုရား ဟောထားတာ။

နောက်တစ်ခုက ကိုယ်ထိလက်ရောက်လုပ်တဲ့ အကျင့်ကောင်းနဲ့အကျင့်ဆိုး။ အကျင့်ဆိုးဆိုတာဘာလဲ၊ သတ္တဝါတွေရဲ့အသက်ကို ကိုယ်ထိလက်ရောက် သတ်တယ်၊ သူများပစ္စည်းကို မတရားသဖြင့် ကိုယ်ထိလက်ရောက်ယူတယ်၊ သူတစ်ပါးသားမယား မကျူးလွန်ရမယ့် ပုဂ္ဂိုလ်တွေနဲ့ ကျူးလွန်တယ်၊ ကာမဂုဏ်နဲ့ ပတ်သက်ပြီးတော့ ဖောက်ပြန်တယ်၊ ဒါကို အကျင့်ဆိုးလို့ ပြောတယ်။

အဲဒီနေရာမှာ ကာမေသုမိစ္ဆာစာရ လို့ လူတွေ ပြောလေ့ရှိကြတယ်။ အမျိုးသားတွေမှာ မိစ္ဆာစာရ ဖြစ်ဖို့အတွက် အမျိုးသမီး ၂၀ ရှိတယ်။ အမျိုးသမီး ၂၀ ကို ကျမ်းဂန်တွေက ဘယ်လိုပြောလဲ? အမျိုးအစား ခွဲကြည့်ရအောင်။ ဝိသုဒ္ဓါရုံဆရာတော်ကြီးက အကျဉ်း ချုပ် လင်္ကာကလေး လုပ်ထားတယ်။ “မာ, ပိ၊ မာပိ၊ ဘနဲ့ဘာ၊ ညာ, ဂေါ, ဓံ, သ, သာ” တဲ့။ အမျိုးသမီး ၁၀-ယောက်။ မာ ဆိုတာ မာတုရက္ခိတာ-အမေရဲ့ အုပ်ထိန်းမှု အောက်မှာရှိတဲ့ အမျိုးသမီး။ ပိ ဆိုတာ ပိတုရက္ခိတာ-အဖေရဲ့စောင့်ရှောက်မှုအောက်မှာရှိတဲ့ အမျိုးသမီး။ အဲဒါတွေနဲ့ကျူးလွန်လို့ရှိရင် ကာမေသုမိစ္ဆာစာရ ဖြစ်တယ်။ မာပိ-မာတာပိတုရက္ခိတာ အမေ အဖေ နှစ်ယောက်စလုံးက ထိန်းသိမ်းစောင့်ရှောက် တယ်၊ မိဘအစုံရှိတဲ့ အမျိုးသမီး၊ တစ်ခါတစ်လေ ကျတော့ အမေသာရှိတယ် အဖေမရှိဘူး၊ အဖေသာ ရှိတယ် အမေမရှိဘူး။ ဘနဲ့ဘာ - ဘဂိနိရက္ခိတာ၊ ဘာတုရက္ခိတာ အကိုတွေ မောင်တွေရဲ့ ထိန်းသိမ်း စောင့်ရှောက်ခံရတာ၊ အစ်မ, ညီမတွေရဲ့ ထိန်းသိမ်း စောင့်ရှောက်မှု အောက်မှာရှိတာ။ ညာ- ညာတိရက္ခိတာ အမေ အဖေ ညီအကို မောင်နှမတွေ မရှိဘူး ဆိုရင် ဆွေမျိုးတွေက ထိန်းသိမ်းစောင့်ရှောက်တဲ့ အမျိုး သမီး။ ဂေါ-ဂေါတ္တရက္ခိတာဆွေတွေ မျိုးတွေ မရှိဘူး ဆိုရင် အနွယ်တူတွေကစောင့်ရှောက်တာ၊ မြန်မာပြည် မှာ အနွယ်တူဆိုတာ သိပ်မရှိဘူး၊ တခြားလူမျိုးတွေ မှာတော့ surname လို့ခေါ်တဲ့ အမည်တွေရှိတယ်။ မျိုးရိုးပေါ့။ မျိုးရိုးကနေပြီး အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက်တာ။ ဓံ-ဓမ္မရက္ခိတာ တရားကျင့်ဖော် တွေက ထိန်းသိမ်းစောင့်ရှောက်တဲ့ အမျိုးသမီး။

နောက်ဆယ်ယောက်က လက်ထပ်ထားတဲ့ အမျိုး သမီးတွေကို ပြောတာ။ လင်ရှိမယားကို ပြောတာ။ နောက်ပြီးတော့ ဒီအမျိုးသမီးနဲ့ မကျူးလွန်ရဘူးလို့ ဥပဒေဒဏ် ချမှတ်ပြီးတော့ထားတဲ့ အမျိုးသမီး။ အဲဒါ မျိုးတွေနဲ့ ဖောက်ပြန်လို့ရှိရင် ကာမေသုမိစ္ဆာစာရကံ ထိုက်တယ်။

ဓ, ဆန်, ဘော, ပ၊ ဩ, ဩ, ဓ၊ ကမ္မ, ဒါ, မုဟာ ဒီအမျိုးသမီးတွေက အကြောင်းတစ်ခုခုနဲ့ အိမ်ထောင်ပြုထားတဲ့ အမျိုးသမီးတွေ။ အဲဒီအမျိုးသမီး တွေက ၁၀-ယောက်။ မိဘစသည်တို့ရဲ့ စောင့်ရှောက်မှု အောက်မှာရှိတဲ့ အမျိုးသမီးတွေက ၁၀-ယောက်။ ပေါင်းလိုက်တဲ့အခါ အမျိုးသမီး-၂၀။ အဲဒီ ၂၀-နဲ့ ဖောက်ပြန်တဲ့ယောက်ျားသည် ကာမေသုမိစ္ဆာစာရမှု ကျူးလွန်တာပဲ။ ဒီလိုပြောတာ၊ အသေးစိတ်တော့ မပြောတော့ဘူး။

အဲဒီလို ကာယဒုစရိုက်-ဒီကာယကံနဲ့ ပတ်သက် တဲ့အကျင့်ဆိုး မိမိသန္တာန်မှာရှိပြီဆိုလို့ရှိရင် ထိုအကျင့် ဆိုးရဲ့ ကောင်းကျိုးချမ်းသာဆိုတာ မဖြစ်နိုင်ဘူးတဲ့။ ထိုအကျင့်ဆိုးရဲ့ ဆိုးကျိုးသာ ဖြစ်နိုင်တယ်တဲ့။ ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ။

ဒါဖြင့် ကာယကံနဲ့ပတ်သက်တဲ့ ကောင်းတဲ့အကျင့် ကာယသုစရိုက်ဆိုတာ ဘာလဲဆိုလို့ရှိရင် ပါဏာတိပါတက ရှောင်တယ်၊ အဒိန္နာဒါနက ရှောင်တယ်၊ ကာမေသုမိစ္ဆာစာရက ရှောင်တယ်။ အဲဒီလို ရှောင်ကြဉ်မှုက ကောင်းကျိုး ချမ်းသာကို ဖြစ်ပေါ်စေနိုင်တယ်၊ မကောင်းကျိုး ပေးတယ်ဆိုတာ မဖြစ်နိုင်ဘူးတဲ့။

မြတ်စွာဘုရားက ဒုစရိုက် ၁၀-ပါးနဲ့ ပတ်သက်ပြီးတော့ 'ကောင်းကျိုး ဆိုးကျိုးဆိုတာ ဓမ္မနိယာမ လောကနိယာမ သဘာဝအတိုင်း သတ်မှတ်ထားချက် အတိုင်းပဲရှိတယ်'၊ 'ပြောင်းလွဲ ဖောက်ပြန်ပြီးတော့ ဒုစရိုက်က ကောင်းကျိုးကို ထုတ်လုပ်တယ်၊ သုစရိုက်က ဆိုးကျိုးကို ထုတ်လုပ်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး'၊ 'သုစရိုက်က ကောင်းကျိုးချမ်းသာ ပေးတယ်ဆိုတာ ဖြစ်နိုင်တယ်၊ ဒုစရိုက်က ကောင်းကျိုးချမ်းသာ ပေးတယ်ဆိုတာ မဖြစ်နိုင်ဘူး'၊ 'ဒုစရိုက်က ဆိုးကျိုး ပေးတယ်ဆိုတာ ဖြစ်နိုင်တယ်၊ သုစရိုက်က ဆိုးကျိုး ပေးတယ်ဆိုတာ မဖြစ်နိုင်ဘူး' တဲ့။ မြတ်စွာဘုရားက ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ ဒီလိုဟောတယ်။ ဒုစရိုက်တည်းဟူသော အကြောင်းကြောင့် အပါယ်ငရဲ ကျတာသာ ဖြစ်နိုင်ပြီးတော့ သုစရိုက်တည်းဟူသော အကြောင်းကြောင့် ကောင်းရာသုဂတိ ရောက်တာသာ ဖြစ်နိုင်တယ်လို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို ဒီလိုဟောပြောတယ်။

ပုဂ္ဂိုလ်နှင့်ပတ်သက်၍ ဖြစ်နိုင်တာနှင့် မဖြစ်နိုင်တာ

နောက်တစ်ခုက အခုပြောခဲ့တဲ့ သုစရိုက်, ဒုစရိုက် လုပ်တဲ့ပုဂ္ဂိုလ်၊ ခုနပြောတာက သုစရိုက်ဆိုတဲ့ ကောင်းတဲ့ အကျင့်, ဒုစရိုက်ဆိုတဲ့ မကောင်းတဲ့အကျင့်ကို ဓမ္မဓိဋ္ဌာန်အနေနဲ့ ပြောတာ။ ပုဂ္ဂလဓိဋ္ဌာန်နဲ့ ကြည့် လိုက်မယ်ဆိုလို့ရှိရင် ဒုစရိုက်မှုတွေကို ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ထိုဒုစရိုက်ကို အကြောင်းပြုပြီးတော့ ကောင်းရာသုဂတိကို ရောက်တယ်ဆိုတာ မဖြစ်နိုင်ဘူးတဲ့။ သုစရိုက်ကို အကြောင်းပြုပြီးတော့ အပါယ်ငရဲကျတယ် ဆိုတာလည်း မဖြစ်နိုင်ဘူးတဲ့။

သောတာပန်ပုဂ္ဂိုလ်နှင့် ပတ်သက်၍ ဖြစ်နိုင်တာနှင့် မဖြစ်နိုင်တာ

နောက်တစ်ခုက မြတ်စွာဘုရားက ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ ဒီနှစ်ခုကို ဘာနဲ့ဆက်စပ်ပြီး ဟောသေးသလဲလို့ဆိုရင် သောတာပန်ပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး ဟောသေးတယ်။ သောတာပန်ပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီးတော့ ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို ဘုန်းကြီးတို့တတွေ မှတ်သားရမှာ ဖြစ်တယ်။

ဒိဋ္ဌိသမ္ပန္န လို့ ခေါ်တဲ့ မှန်ကန်တဲ့အမြင်တစ်ခုကို ရရှိထားတဲ့ သောတာပန်ပုဂ္ဂိုလ်တစ်ယောက်ဟာ သင်္ခါရတရားကို 'နိစ္စ' လို့ ဘယ်တော့မှ မရှုမှတ်တော့ဘူး၊ သင်္ခါရတရားမှန်သမျှ 'နိစ္စ'လို့ ဘယ်တော့မှ မမြင်ဘူး၊ အဲဒီတော့ ဒိဋ္ဌိသမ္ပန္နပုဂ္ဂိုလ်အနေနဲ့ သောတာပန်ပုဂ္ဂိုလ်အနေနဲ့ သင်္ခါရတရားကို 'အနိစ္စ' လို့ ရှုတာသာ ဖြစ်နိုင်တယ်, သင်္ခါရတရားကို 'နိစ္စ' လို့ ရှုတယ်ဆိုတာ မဖြစ်နိုင်ဘူး။ သောတာပန်ပုဂ္ဂိုလ်ဟာ သင်္ခါရတရားမှန်သမျှ 'အနိစ္စ' လို့ပဲမြင်တယ်၊ 'နိစ္စ' လို့ မြင်တယ်ဆိုတာ မဖြစ်နိုင်ဘူးတဲ့။ ပုထုဇဉ်ပုဂ္ဂိုလ်တစ်ယောက်က သင်္ခါရတရားကို 'မြဲတယ်' လို့မြင်တာ ဖြစ်နိုင်တယ်တဲ့၊ ဒါတစ်ခု။

သောတာပန်ပုဂ္ဂိုလ်အနေနဲ့ သင်္ခါရတရားကို 'သုခ' လို့ မြင်တာဟာ မဖြစ်နိုင်ဘူးတဲ့၊ 'ဒုက္ခ' လို့ မြင်တာသာ ဖြစ်နိုင်တယ်။ ပုထုဇဉ်ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ကတော့ သင်္ခါရတရားကို 'သုခ' လို့ မြင်တာ ဖြစ်နိုင်တယ်တဲ့။ ဒါလည်း ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာတစ်ခု။

နောက်တစ်ခါ သောတာပန်ပုဂ္ဂိုလ် တစ်ယောက် အနေနဲ့ သဘာဝတရားတွေကို 'အတ္တ' လို့ မြင်တာဟာ မဖြစ်နိုင်ဘူး၊ ပုထုဇဉ်တစ်ယောက်အနေနဲ့ သဘာဝတရားတွေကို 'အတ္တ' လို့ ယူဆတာ၊ တွေးခေါ်တာ ဖြစ်နိုင်တယ်တဲ့၊ ဒါကတစ်ခု။

ဒါတွေကို သိလိုက်လို့ရှိရင် သောတာပန်ပုဂ္ဂိုလ်ဟာ ဘယ်လောက်ထိအောင် အသိဉာဏ်ဘက်က ခိုင်မာသွားတယ်ဆိုတာ ဘုန်းကြီးတို့ ထင်ထင်ရှားရှား သိနိုင်သွားတာပေါ့။ ပုထုဇဉ်ပုဂ္ဂိုလ်တွေက အသိဉာဏ်နဲ့ ပတ်သက်ပြီးတော့ ခိုင်မာမှု မရှိကြဘူးတဲ့။

နောက်တစ်ခုက သောတာပန်ပုဂ္ဂိုလ်တစ်ယောက်က အမိကိုသတ်တယ် ဆိုတဲ့ မာတုဃာတကကံ ကျူးလွန်တာ မဖြစ်နိုင်ဘူးတဲ့၊ ပုထုဇဉ် တစ်ယောက် ကသာ မာတုဃာတက အမိကို သတ်တယ်ဆိုတဲ့ကံ ကျူးလွန်တာ ဖြစ်နိုင်တယ်တဲ့။

တစ်ဖန် သောတာပန်ပုဂ္ဂိုလ်တစ်ယောက်က အဖ ကိုသတ်တဲ့ ပိတုဃာတကကံ ကျူးလွန်တာ မဖြစ်နိုင်ဘူးတဲ့၊ ပုထုဇဉ်တစ်ယောက်ကသာ အဖကိုသတ်တဲ့ ပိတုဃာတကကံ ကျူးလွန်တယ်ဆိုတာ ဖြစ်နိုင်တယ်တဲ့။

နောက်တစ်ဖန် သောတာပန်ဖြစ်ပြီးသား ပုဂ္ဂိုလ်တစ်ယောက်က ရဟန္တာပုဂ္ဂိုလ်ကို သတ်တယ်ဆိုတဲ့ အရဟန္တဃာတကကံ ကျူးလွန်တာ မဖြစ်နိုင်ဘူးတဲ့၊ ပုထုဇဉ်တစ်ယောက်ကသာ အရဟန္တဃာတကကံ - ရဟန္တာကိုသတ်တယ်ဆိုတဲ့ကံ ကျူးလွန်တာ ဖြစ်နိုင်တယ်တဲ့။

သောတာပန်ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပြစ်မှားလိုတဲ့စိတ်နဲ့ မြတ်စွာဘုရားကို သွေးစိမ်းတည်အောင် လုပ်တယ်, ဘုရားကို ထိခိုက်ဒဏ်ရာရအောင်လုပ်တယ် ဆိုတာ မဖြစ်နိုင်ဘူးတဲ့၊ ပုထုဇဉ်တစ်ယောက် အနေနဲ့ ကတော့ ဖြစ်နိုင်တယ်တဲ့။

တစ်ဖန် သောတာပန်ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ သံဃာသင်းခွဲတယ်ဆိုတာ မဖြစ်နိုင်ဘူးတဲ့၊ ပုထုဇဉ် တစ်ယောက်အနေနဲ့က သံဃာသင်းခွဲမှုဆိုတာ ဖြစ်နိုင်တယ်တဲ့။ ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာလေးတွေကို မြတ်စွာဘုရားက ရှင်းပြီးတော့ ဒီလိုဟောထားတယ်။

နောက်တစ်ဖန် သောတာပန်ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘဝသံသရာမှာ ၈-ဘဝမြောက်အထိ နေတယ် ဆိုတာ မဖြစ်နိုင်ဘူးတဲ့၊ သောတာပန်ဟာ ၇-ဘဝ ဆိုတာ အလွန်ဆုံးပဲတဲ့၊ ၈-ခုမြောက်ဘဝ ဘယ်တော့မှ သန္ဓေမတည်တော့ဘူး။ ပရိတ်ကြီးထဲမှာလည်း ပါတယ် မဟုတ်လား၊ “န တေ ဘဝံ အဋ္ဌမ မာဒိယန္တိ” တဲ့။ ရတနသုတ်မှာ ပါတယ်။ သောတာပန် ပုဂ္ဂိုလ် တစ်ယောက်ဟာ သံသရာထဲမှာဘယ်လောက်ပဲ ပမာဒ တရားရဲ့ လွှမ်းမိုးမှုကို ခံနေရပါစေ, သံသရာထဲမှာ ၈-ခုမြောက်ဘဝမှာ သန္ဓေတည်တယ်ဆိုတာ မရှိဘူးတဲ့။ ဒါ့ကြောင့် သောတာပန်ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ ၈-ခု မြောက်ဘဝကို ရယူတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး၊ ပုထုဇဉ်တစ်ယောက်အနေနဲ့ ၈-ခုမြောက် ဘဝ ဆိုတာ ဖြစ်နိုင်တယ်လို့ ဒီလို ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာတွေကို မြတ်စွာဘုရား ဟောကြားထားတာ ဖြစ်ပါ တယ်။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ် အပေါင်းတို့သည် သံသရာမှာ အလွန့်အလွန် အရေးပါလှတဲ့ ဝိပဿနာဉာဏ်နဲ့ ပတ်သက်ပြီးတော့ သင်္ခါရတရားတွေကို အနိစ္စ, သင်္ခါရတရားတွေကို ဒုက္ခ, သဘာဝတရားမှန်သမျှ အနတ္တ လို့ အခိုင်အမာ ရှုနိုင်တာဟာ သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားမှ အခိုင်အမာ ဖြစ်တယ်၊ သောတာပန် မဖြစ်သေးသမျှ “တို့ ဒီဘဝမှာ သင်္ခါရတရားမှန်သမျှ မမြဲဘူး” လို့ သိနေပေမယ့်လို့ တခြားဘဝ ရောက်သွားတဲ့အခါ ဒီအသိဟာ ခိုင်မြဲမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ဒီဘဝမှာပဲ ခိုင်မြဲအောင်လုပ်ဖို့ လိုအပ်တယ်” လို့ ဒီလို အသိတရားဝင်ရမယ်။

သောတာပန် မဖြစ်သေးလို့ရှိရင် ကျွတ်တန်းဝင်လောက်တဲ့ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တောင်မှပဲ အင်မတန်မှ ကြီးလေးတဲ့ ပြစ်မှုကြီးတွေကို ကျူးလွန်မိ တတ်သေးတယ်။ အင်မတန်ကြီးလေးတဲ့ပြစ်မှုဆိုတာ အာနန္တရိယကံ သေသည်၏အခြားမဲ့မှာ လုံးဝ အကျိုး ပေးမယ့်ကံ၊ မြန်မာစာမှာ 'ပဉ္စာနန္တရိယ' လို့ ပြောတယ်၊ 'ပဉ္စ' ဆိုတာ ၅-မျိုး၊ 'အာနန္တရိယ' ဆိုတာ သေသည်၏ အခြားမဲ့မှာ အကျိုးကို ထုတ်လုပ်မယ့် ကံ။ အဲဒါတွေက ဘာတုန်းဆိုတော့ မာတုဃာတက- အမိကိုသတ်ခြင်း၊ ပိတုဃာတက- အဖကိုသတ်ခြင်း၊ အရဟန္တဃာတက- ရဟန္တာကိုသတ်ခြင်း၊ လောဟိတုပ္ပါဒက- မြတ်စွာဘုရားကို ဒဏ်ရာရစေ၍ သွေးစိမ်း တည်အောင်လုပ်ခြင်း၊ သံဃဘေဒက- သံဃာသင်းခွဲခြင်းလို့ ဆိုတဲ့ ဒီကံ ၅-မျိုးဟာ အကုသိုလ်ကံတွေထဲမှာ အပြစ်အကြီးဆုံးကံတွေလို့ ဒီလို သတ်မှတ်ထားတယ်ပေါ့။ ဒီထဲမှာ တစ်ခုထပ်ထည့်လိုက်လို့ရှိရင် နိယတမိစ္ဆာဒိဋ္ဌိ ကံကလည်း အပြစ်ကြီးတဲ့ ကံတစ်မျိုးပဲ။

သောတာပန်ဖြစ်သွားလို့ရှိရင် ဒီလောက် ကြီးလေး တဲ့ ပြစ်မှုကြီးကို မကျူးလွန်တော့ဘူးတဲ့။ ပုထုဇဉ် ဖြစ်နေသေးလို့ရှိရင် ဒီဘဝမှာ သူတော်ကောင်း ဖြစ်ပေမယ့်လည်း နောင်ဘဝကျရင်တော့ ပတ်ဝန်းကျင်ကို မကျော်လွှားနိုင်သည့်အတွက်ကြောင့် ဒီ အာနန္တရိယကံ ကြီးလေးတဲ့ ကံကြီးတွေကို ကျူးလွန်မိကောင်း ကျူးလွန်နိုင်လိမ့်ဦးမယ်တဲ့။ ပုထုဇဉ်ဘဝဆိုတာ အင်မတန်မှ အပြစ်ကြီးတယ်။

အဇာတသတ်မင်း

ကြည့်လေ- ဗိမ္မိသာရမင်းကြီးရဲ့ သားတော် အဇာတသတ်မင်း၊ အဇာတသတ်မင်းဟာ တိဟိတ်ပဋိသန္ဓေနေလာတာ။ အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်။ သို့သော် ပါပမိတ္တလို့ခေါ်တဲ့ မကောင်းတဲ့ မိတ်ဆွေ- ဒေဝဒတ်တို့လို မကောင်းတဲ့ အတွေးတွေ တွေးပြီး, မကောင်းတဲ့အပြောတွေပြော, မကောင်းတဲ့အလုပ်ကို လုပ်တတ်တဲ့ပုဂ္ဂိုလ်ကို ဆရာတင်မိတဲ့အခါ ဘာဖြစ်သွားတုန်း၊ ပိတုဃာတကကံ- အဖသတ်တဲ့ ကြီးလေးတဲ့ ပြစ်မှုကြီးတစ်ခုကို ကျူးလွန်မိတယ်။ ကျူးလွန်မိသည့်အတွက်ကြောင့် သန္ဓေက ဉာဏ်ပါလာလို့ တိဟိတ်ပုဂ္ဂိုလ် ဖြစ်လင့်ကစား တရားထူးကိုရနိုင်တဲ့ အခြေအနေကောင်းက ပျက်စီးသွားတယ်။ ဘယ်သူက ဖျက်ဆီးပစ်လိုက်သလဲဆိုရင် သူကျူးလွန်လိုက်တဲ့ ကံက ဖျက်ဆီးပစ်လိုက်တယ်။ ရဟန်းဘဝရဲ့ လက်တွေ့ အကျိုးကို ဖော်ပြတဲ့ သာမညဖလသုတ်ကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှင်းလင်း ဟောကြားတဲ့အခါ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး အသိဉာဏ်တွေ ပွင့်လင်းသွားပေမယ့်လို့ သောတာပန်အဖြစ် ရောက်မသွားဘူး။

မြတ်စွာဘုရားကိုယ်တိုင်က အဇာတသတ်မင်းကြီး ထိုနေ့ညက တရားနာပြီး တရားပွဲက ထပြန်သွားတာနဲ့တစ်ပြိုင်နက် ရဟန်းတွေကို အမိန့်ရှိတာက “ဒီမင်းဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီးလိုက်တာပဲ၊ အကယ်၍သာ သူ့အဖေကိုသတ်ခြင်းလို့ဆိုတဲ့ ပိတုဃာတကကံကို မကျူးလွန်ခဲ့ဘူးဆိုရင် ဒီကနေ့ည သူသောတာပန် ဖြစ်ရမှာ” တဲ့။

ဒါကြောင့် တရားနာပေမယ့်လို့ တရားထူး တရားမြတ် မရနိုင်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဟောဒီ အာနန္တရိယကံ ၅ -မျိုးကို ကျူးလွန်ထားပြီဆိုလို့ရှိရင် တရားထူး တရား မြတ် မရနိုင်တော့ဘူး။ အခြေအနေကောင်းတစ်ခုဟာ ကိုယ့်ရဲ့လုပ်ရပ်ကြောင့် ပျက်စီးသွားတယ်။ မွေးရာပါ မဟုတ်ဘူး၊ မှားယွင်းချွတ်ချော်မှုကြောင့် ပျက်စီးသွားတယ်။

ဒါကြောင့် သောတာပန်မဖြစ်သေးလို့ရှိရင် ကိုယ့် ကိုယ်ကို အထင်ကြီးလို့မရဘူး။ ဒီဘဝ သူတော်ကောင်း၊ နောက်ဘဝကျတော့ သူယုတ်မာ ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုမှပြောလို့မရဘူး၊ ဘုရား အလောင်းတော်ကြီးတွေတောင်မှပဲ မှားယွင်းမှုတွေ အများကြီးရှိတယ်။

ဇောတိပါလပုဏ္ဏား

ကဿပမြတ်စွာဘုရား လက်ထက်မှာ ဂေါတမဘုရားအလောင်းဟာ ဇောတိပါလ ဆိုတဲ့ ပုဏ္ဏား ဖြစ်တယ်။ မြန်မာပြည်က ပုဏ္ဏားလို့ခေါ်တာ၊ တကယ်က ဗြာဟ္မဏ။ အဲဒီဗြာဟ္မဏတွေဟာ ပညာတတ်တွေဆိုတော့ သူတို့ကိုယ်သူတို့ သိပ်အထင်ကြီးတယ်၊ မာနကြီးတယ်၊ ဘယ်သူ့ကိုမှ ဦးညွတ်ခြင်း၊ လေးစားခြင်း မရှိဘူး။

သို့သော် သူ့မှာ အင်မတန်ရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်။ အဲဒီလူက အိုးလုပ်ငန်း လုပ်စားတယ်၊ ဃဋိကာရဆိုတဲ့ အိုးထိန်းသည်ကြီး။ အဲဒီ ဃဋိကာရဆိုတဲ့ အိုးထိန်းသည်ဟာ မြတ်စွာဘုရားနဲ့ အလွန့်ကိုရင်းနှီးတဲ့ မိတ်ဆွေကြီး။ ကဿပ မြတ်စွာဘုရားနဲ့ ဘယ်လောက် ရင်းနှီးသလဲဆိုရင် အဲဒီ ဃဋိကာရ အိုးထိန်းသည်ကြီးက သူ့အိမ်မှာ ထမင်း ဟင်းတွေ ချက်ထားတယ်၊ ချက်ပြီး သူဘာလုပ်တုန်း ဆိုရင် ပုစွန်လုံးတွင်းတွေက ကျစ်စာမြေကြီးတွေကို လိုက်ရှာစုဆောင်းပြီး အိုးဖုတ်တယ်၊ အဲဒီအိုးတွေကို အသင့်ချထားတယ်။ လိုချင်တဲ့လူက လာယူ, ဆန် ကလေး၊ ပဲကလေး ပေးသွားတယ်။ အဲဒီရတဲ့ ဆန်လေး ပဲလေးတွေနဲ့ မျက်စိနှစ်ကွင်းအလင်းမရတဲ့ မိဘနှစ်ပါး ကို ပြုစုနေတာ၊ သူကိုယ်တိုင်က အနာဂါမ်ကြီးတဲ့။

တစ်နေ့ကျတော့ ကဿပမြတ်စွာဘုရားက အိမ် ကြွလာတယ်။ ဃဋိကာရ အိုးထိန်းသည်ကြီးက မြေသွားရှာနေတဲ့အချိန်၊ မြေသွားတူးနေတဲ့အချိန်၊ အိမ်မှာ မျက်မမြင် အဖေနဲ့အမေ ဒီနှစ်ယောက်ပဲရှိတယ်။ ဘုရားက ရောက်လာပြီးတော့ သူ့ကို ခေါ်တယ်၊ “ဟေ့ဒီအိမ်က ဘဂ္ဂဝ ဆိုတာ ဘယ်သွားလဲ” တဲ့။ 'ဘဂ္ဂဝ' ဆိုတာ အနွယ်နာမည်နဲ့ခေါ်တာ။ “ဘဂ္ဂဝ ဘယ်သွားတုန်း” ဆိုတော့ မိအိုဖအိုတွေက “အရှင်ဘုရားဒကာ မရှိဘူးဘုရား၊ မြေသွားယူနေတယ်။ အရှင်ဘုရား အတွက် ဆွမ်းတွေဟင်းတွေ ထားခဲ့တယ်၊ အရှင်ဘုရား ဘာသာ ယူသွားပါ” လို့ ဆိုတယ်။ ကဿပဘုရားက အိမ်ပေါ်တက်ပြီးတော့ အိုးခွက်တွေ လှန်လှောပြီး သပိတ်ထဲထည့်ပြီး ရှိတာတွေအကုန် ဘုဉ်းပေးသွားသတဲ့။

ဃဋိကာရ အိုးထိန်းသည်ကြီး ပြန်လာတဲ့အခါ ကြည့်လိုက်တော့ ထမင်းတွေ ဟင်းတွေ မရှိတော့ဘူး၊ “ဘယ်သူ စားသွားတုန်း” ဆိုတော့ “မင်းရဲ့သူငယ်ချင်း ကဿပဘုရား ကြွလာပြီးတော့ ဘုဉ်းပေးသွားလေရဲ့” ဆိုတော့ ဃဋိကာရကြီးက ဝမ်းသာလိုက်တာတဲ့၊ ဝမ်းသာကြည်နူးပြီးတော့ ၇-ရက်တိတိ ထမင်းမစားဘူး၊ အမေ အဖေလည်းပဲ ၇-ရက်တိတိ ထမင်းမစားဘဲနဲ့ ဝမ်းသာနေတာ၊ ဒီလိုအဖြစ်အပျက်မျိုးတွေ တွေ့ကြုံလောက်အောင် အင်မတန်မှ ရင်းနှီးတဲ့ပုဂ္ဂိုလ်ပေါ့။ ဃဋိကာရဟာ ဇောတိပါလဆိုတဲ့ ဘုရားအလောင်းရဲ့ သူငယ်ချင်းပဲ။ ဇောတိပါလက ဘုရားအလောင်း ဖြစ်ပေမယ့်လို့ ကဿပဘုရားကို အထင်ကြီးခြင်း, ကြည်ညိုလေးစားခြင်း မရှိဘူး။

တစ်နေ့ကျတော့ ဃဋိကာရက ဇောတိပါလကို ခေါ်တယ်၊ “သူငယ်ချင်း - ဘုရားကျောင်းတော်က ဒီနားတင်ပဲ သွားရအောင်” ဆိုတော့ ဘာပြောတုန်း ဆိုတော့ “ဒီ ခေါင်းတုံးယုတ်တွေဆီ ဘာလို့သွားမှာတုန်း” တဲ့။ သူပြောတဲ့စကားလုံးက “မုဏ္ဍက” တဲ့။ မုဏ္ဍက ဆိုတာ မြန်မာလိုပြန်ရင် ခေါင်းတုံးယုတ်ပဲ။ “ဘာလို့သွားမှာတုန်း, မသွားချင်ဘူး” လို့ ငြင်းပယ်တယ်။

ဒါနဲ့ ဃဋိကာရက “ဘုရားကျောင်း မသွားချင်ရင် တို့ ရေချိုးသွားရအောင်” ဆိုတော့ လိုက်သွားတယ်။ ရေချိုးပြီးတော့ ထပ်ပြီးတော့ ခေါ်ပြန်တယ်။ “သူငယ်ချင်း-ဘုရားကျောင်းသွားရအောင်၊ ဒီနားလေးပဲ နီးနီးလေး” ဆိုတော့လည်း ခေါ်လို့မရဘူး။ မရတဲ့အခါကျတော့ ပုဆိုးစဆွဲပြီးတော့ခေါ်တယ်၊ ခေါ်တဲ့အခါကျတော့ ရုန်းပြီးတော့ မလိုက်ဘူးပဲ ငြင်းတယ်။ ဃဋိကာရအိုးထိန်းသည်က အင်မတန်မှ ခွန်အားဗလ ကောင်းတယ်၊ မလိုက်လိုက်အောင် ခေါ်တော့မယ်လို့ သူကဆုံးဖြတ်ပြီး အဲဒီ ဇောတိပါလရဲ့သျှောင်ကို ဆွဲကိုင်တယ်၊ “သူငယ်ချင်း၊ ဘုရားကျောင်းက ဒီနား နီးနီးလေးရယ် သွားရအောင်” လို့ ထပ်ခေါ်တယ်၊ ဆံပင်ဆွဲခေါ်တော့မယ့်ပုံပေါ့၊ ဆံပင်ကိုကိုင်တာ။

ဘုရားအလောင်းဆိုတာ စိတ်ကောင်းတော့ အင်မတန်ရှိတယ်။ “ဃဋိကာရလို အောက်တန်းကျတဲ့ လူက ငါ့ရဲ့ မွန်မြတ်တဲ့ဆံပင်ကို ကိုင်တယ်ဆိုတာ ဒီ ကဿပ ဘုရားနဲ့တွေ့ဖို့ အလွန် အရေးကြီးလို့ ဖြစ်ကောင်းဖြစ်လိမ့်မယ်“၊ “သူငယ်ချင်း၊ ငါ့ဆံပင် မကိုင်နဲ့၊ လွှတ်လိုက်၊ ငါ ဘုရားကျောင်း လိုက်ခဲ့မယ်” တဲ့၊ ဒါ စိတ်ကောင်းရှိလို့ပေါ့၊ မရှိလို့ရှိရင် အဲဒီနားတင် ရန်ဖြစ်မှာပေါ့။

ဒါနဲ့ ကဿပမြတ်စွာဘုရားထံ လိုက်သွားတယ်၊ ဟိုလည်းရောက်ရော ကဿပဘုရားက တရားဟောတယ်၊ တရားနာလည်းပြီးရော တရားပွဲက ထ,လာပြီး ကျောင်းတော်က ဆင်းလာတဲ့အခါ ဇောတိပါလ လုလင်က ဃဋိကာရကို ပြောတယ်၊ “သူငယ်ချင်း၊ မင်း ဒီတရားတွေ နာနေပြီးတော့ ဘာလို့ ဘုန်းကြီး မဝတ်တာလဲ” ဆိုတော့ ဃဋိကာရအိုးထိန်းသည်ကပြောတယ်၊ “မင်းမြင်တဲ့အတိုင်းပဲ၊ ငါ့မှာက မိဘနှစ်ပါးကို ပြုစုနေရတာ၊ ဘယ်မှာ သင်္ကန်းဝတ်လို့ရမှာလဲ” ဆိုတော့ ဇောတိပါလက “ဒီလိုတရားမျိုး နာရမှတော့ ငါ လူ့ ဘဝမှာ မနေတော့ဘူး၊ သင်္ကန်းဝတ်တော့မယ်” ဆိုပြီး ချက်ချင်းသင်္ကန်းဝတ်သွားတယ်။

ဘုရားအလောင်းတွေက အယူဝါဒတစ်ခု လက်ခံပြီဆိုရင် ချက်ချင်းလက်ခံတယ်။ ဒါ့ကြောင့် ကဿပဘုရားထံမှာသင်္ကန်းဝတ်သွားတယ်တဲ့။ ပြောချင်တာက ဘာတုန်းဆိုတော့ ဘုရားအလောင်းပင် ဖြစ်စေကာမူ ဘုရားနဲ့တွေ့ပေမယ့်လို့ ကြည်ညိုချင်မှ ကြည်ညိုတာ၊ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာတုန်းဆိုတော့ ဗြာဟ္မဏဆိုတဲ့ အသိုင်းအဝိုင်းမှာ လူဖြစ်သည့်အတွက်ကြောင့် သူတို့ ကိုယ်သူတို့ အလွန်မာနကြီးပြီး ဘုရားကို ကြည်ညို လေးစားမှု သဒ္ဓါစိတ် ပျောက်သွားတယ်။

ဒါကြောင့် ဘုန်းကြီးတို့တစ်တွေဟာ သောတာပန် မဖြစ်သေးသမျှ ကာလပတ်လုံး ကိုယ့်ကိုယ်ကို အထင်ကြီးစရာအကြောင်း မရှိဘူးတဲ့။ နောင် ဘဝတစ်ခုရောက်သွားတဲ့အခါ ပတ်ဝန်းကျင်ကို မလွန်ဆန်နိုင်သည့်အတွက်ကြောင့် ဒီဘဝ ဗုဒ္ဓဘာသာ ဖြစ်ပေမယ့် နောင်ဘဝမှာ ဗုဒ္ဓဘာသာဖြစ်ချင်မှဖြစ်မယ်။ ဒါကြောင့် ကိုယ့်ရဲ့အသိဉာဏ်ကို ခိုင်မာအောင် ကြိုးစားသင့်တယ်။

“ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ” ဆိုတဲ့ ဒီတရားကို နာပြီးတော့ “တို့တတွေဟာ ဒိဋ္ဌိသမ္ပန္နမှန်ကန်တဲ့ အမြင်ရှိတဲ့ သောတာပန် ပုဂ္ဂိုလ်မျိုးဖြစ်အောင် လုပ်ထားမှ သင်္ခါရတရားတွေ အပေါ်မှာ 'အနိစ္စအမြင်' ဟာ ခိုင်မာမှာ ဖြစ်တယ်။ 'ဒုက္ခ ဆိုတဲ့အမြင်' ဟာ ခိုင်မာမှာ ဖြစ်တယ်။ သဘာဝတရား မှန်သမျှ 'အနတ္တဆိုတဲ့ အမြင်' ဟာလည်း ခိုင်မာမှာဖြစ်တယ်။

သောတာပတ္တိမဂ် သောတာပတ္တိဖိုလ် ဆိုတဲ့ ဒီအသိဉာဏ်မျိုးကို မရသေးသမျှ တို့တတွေဟာ အင်မတန်ကြီးလေးတဲ့ ပြစ်မှုကြီးတွေကိုလည်း ကျူးလွန်မိကောင်း ကျူးလွန်မိကြလိမ့်မယ်။ ပုထုဇဉ်ဘဝဟာ အလွန်တရာ အပြစ်ကြီးလှပါလား” လို့ ကိုယ်စီ ကိုယ်စီ သဘောကျပြီးတော့ ပုထုဇဉ်ဘဝကို လွန်မြောက်ပြီး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် စတဲ့ ထူးခြားတဲ့ အရိယာပုဂ္ဂိုလ်ဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

eyz6uqxrxnpqgbwcug5sfdhbwh0ml4p
မေးခွန်းများကို ဖြေဆိုခြင်း
0
5918
22121
21638
2026-06-15T03:20:04Z
Tejinda
173
22121
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မေးခွန်းများကို ဖြေဆိုခြင်း
| previous = [[ဖြစ်နိုင်တာ နှင့် မဖြစ်နိုင်တာ]]
| previous2 =
| next = [[အနတ္တလက္ခဏသုတ် အနှစ်ချုပ်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

မေးခွန်းများကို ဖြေဆိုခြင်း

လူဦးရေ ဘာကြောင့်တိုး

အမေး (၁) ကိုတင်မောင်လတ် (Tinmaunglatt.latt@gmail.com)

ဆရာတော်ဘုရား၊

တပည့်တော် ရိုသေစွာလျှောက်ထားအပ်ပါသည်။

လိုတိုရှင်းလျှောက်ထားရပါလျှင်- လူအဖြစ် ဘဝ ရရန် ခက်ခဲသည့် အကြောင်း မှတ်သားရပါသည်။ သို့ရာတွင် လူများ ယခုအခါ တိုးပွားသထက် တိုးလာပါသည်။ ဇနီးမောင်နှံ ၂ ဦး ရှိလျှင် (ယခု သားဆက်ခြား စီမံကိန်း မရှိလျှင်) ၂ ဆ မက တိုးနိုင်ပါသည်။ ဖယောင်းတိုင် ၁ တိုင်မှ များစွာ ထွန်းညှိနိုင်ပါသည်။ တဖန် တွေ့ရှိချက်များအရ စင်္ကြာဝဠာသည် ဆင့်ကဲဖြစ်စဉ်များအရ ပြောင်းလဲခဲ့ပြီး လူသည်လည်း ထိုဆင့်ကဲဖြစ်စဉ်အရ ပြောင်းလဲလာရခြင်း ရလာဒ်ဟု သိနားလည်ပါသည်။ စင်္ကြာဝဠာသည်လည်း တချိန်တွင် ချုပ်ငြိမ်းမည်ပင်ဖြစ်သည်။ ထိုအခါ အားလုံး zero sum ဖြစ်ပါမည်။ အခြားအခြားသော ဘဝများဆိုသည့် meaning ကို နားမလည်တော့ပါဘုရား။ တပည့်တော် Buddism ပါဘုရား။ ရတနာသုံးပါးကို ယုံကြည်ပါသည်။

(၁) တင်မောင်လတ်၏မေးခွန်းကိုဖြေဆိုခြင်း

လူဘဝရခဲသည်မှာ မှန်ပါသည်။ ယနေ့ခေတ် လူဦးရေတိုးသည်ဟု ဆိုသော်လည်း တိရစ္ဆာန်တစ်မျိုး၏ တိုးပွားနှုန်းနှင့် အရေအတွက်ကို မမှီပါ။ တိရစ္ဆာန်အားလုံး၏ တိုးပွားနှုန်းနှင့် ဆိုပါက အဘယ်ပြောဖွယ်ရာရှိအံ့နည်း။ ယခုခေတ်လို (Family Plan) ချမှတ်ဆောင်ရွက်နေခြင်းသည်ပင် လူ့အဖြစ်ရခဲမှုသည် ပို၍ပေါ်လွင်နေပါသည်။ စင်္ကြာဝဠာမှာ ပြောင်းလဲဖြစ်စဉ်ရှိသော်လည်း သတ္တဝါတို့ အနိမ့်အမြင့် ပြောင်းလဲမှုမှာ ကံနဲ့သာ သက်ဆိုင်သည်ဟု မြတ်စွာဘုရားကဟောပါသည်။ ဒါဝင်၏သီအိုရီက ယုတ္တိမရှိပါ။

ငါးပါးသီလ မမြဲလျှင် ငရဲရောက်မလား

အမေး(၂) မနန်းကြူကြူလွင် (virtueloyalty@gmail.com)

အရှင်ဘုရား၊

ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည်အရှင်ဘုရား။

တပည့်တော်သည် နိုင်ငံခြားသားခရစ်ယာန်တစ်ယောက်နှင့် ဘာသာရေးအကြောင်း ပြောဖူးပါသည်။ ထိုသူက ငါးပါးသီလမမြဲလျှင် ငရဲသို့ကျိန်းသေ ရောက်ရမည်ဟု မြတ်စွာဘုရားက ဟောထားသည်ကို ကြားဖူးကြောင်းပြောပါသည်။ မိမိက သီလကို တစ်သက်လုံး စောင့်ထိန်းလာသော်လည်း ၁ ကြိမ် ၁ ခါ ဥပမာအားဖြင့် မုသာဝါဒါကို ကျူးလွန်လိုက်မိသည်ရှိသော် ငရဲသို့ ရောက်ရမည်ကိုသိကြောင်း...ထိုသူက နိဗ္ဗာန်ကို တောင်တစ်လုံးနှင့် ဥပမာတင်စားပြပါသည်။ တပည့်တော်တို့သည် နိဗ္ဗာန်ရောက်အောင် ကြိုးစားသောအခါ ထိုတောင်ကို ဖြတ်ရသည်နှင့်တူသည်။ သို့သော် တောင်ကို ဖြတ်မည် ကြိုးစားလိုက်..ငါးပါးသီလကို တစ်သက်လုံး လုံအောင် စောင့်ထိန်းလာပါလျက်..တောင်ကျော်ခါနီးမှ မတော်တဆ တစ်ပါးသော သီလကို ဖောက်ဖျက်မိခဲ့သည်ရှိသော်..တဖန်ငရဲကျလိုက်နှင့် အဘယ်သို့ တောင်ကို ဖျက်ရမည်နည်းဟု မေးပါသည်။ တပည့်တော်မသည် ပါရမီဖြည့်ဆည်းပြီး ကောင်းမွန်စွာ သီလစောင့်ထိန်း..ဝိပဿနာကို ကြိုးစားပွားများအားထုတ်ပြီး သောတာပန် တည်လျှင် ထိုတောင်ကို ကျော်ဖြတ်နိုင်မည်ဟုသာ သိပါသည်။ သို့သော် ထိုသူက အကျပ်ရိုက်အောင်မေးသောအခါ.." သောတာပန်မရောက်ခင် တစ်ကြိမ်တစ်ခါလောက် သီလတစ်ပါးပါးကို ချိုးဖောက်မိလျှင် ငရဲရောက်ရမည်.သီလတစ်ခါပျက်ပြီဆိုကတည်းက ငရဲသို့ကျိန်းသေရောက်မည်ဟု မြတ်စွာဘုရား ဟောထားသည်." ထိုကဲ့သို့ ချိုးဖောက်မိသော အပြစ်အစား ခရစ်တော်ဘုရားသခင်က အပြစ်ကျေပေးနိုင်သည်။ ငရဲမှလွတ်အောင် ကယ်ပေးနိုင်သည်"ကိုသာ မရရအောင် ဆွဲပြောပါသည်။..အရှင်မြတ်ဘုရား...ထိုသူ၏ မေးခွန်းများကို တပည့်တော်မ မဖြေတတ်ပါ အရှင်ဘုရား။။ (တကယ်တော့ အင်္ဂလိပ်စကားကို ဘာသာရေးနှင့် ပတ်သတ်ပြီး မကျွမ်းကျင်ပါက မဆွေးနွေးသင့်ကြောင်း တပည့်တော်မ ပြီးမှ သိပါသည်။) အင်္ဂလိပ်လိုဆိုတော့ ဖြေဖို့ ပိုခက်ပါသည် အရှင်ဘုရား။ တပည့်တော်မသည် သီလနှင့် ပတ်သတ်ပြီး ငရဲသို့ကျရောက်ပုံ.မရောက်ပုံကို သိချင်ပါသည်။ သီလနှင့်ပတ်သတ်သော မှတ်သားသိမြင်စရာ စာအုပ် (သို့) တရားတော်ကို နာကြားရလိုပါ၏။ ဘာသာပြန်ထားသည်ကို ရနိုင်ပါကလည်း အလွန်အကျိုးထူးပါ၏ အရှင်ဘုရား။ တပည့်တော်မ၏ စာရှည်သွားသည်ကို လည်းတောင်းပန်အပ်ပါသည်။ ထိုကဲ့သို့ ဖော်ပြမှသာ မြင်သာသောကြောင့်ပါ အရှင်ဘုရား။ ကျေးဇူးကြီးမြတ်လှသော အရှင်ဘုရားအား ရိုသေစွာ ရှိခိုးကန်တော့ပါ၏။

(၂) နန်းကြူကြူလွင်၏မေးခွန်းကိုဖြေဆိုခြင်း

ငါးပါးသီလမမြဲလျှင် ငရဲသို့ကျိန်းသေရောက်ရမည်ဟု မြတ်စွာဘုရားမဟောပါ။ ငါးပါးသီလနှင့် ပတ်သက်သော အကုသိုလ်စေတနာသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၌ ဖြစ်စေနိုင်သည်ဟုသာ ဟောပါသည်။

ဖြစ်ရမည်နှင့် ဖြစ်စေနိုင်သည်မတူပါ။ တစ်ခြားအကြောင်းများကို ထည့်တွက်ရပါမည်။ မြတ်ဗုဒ္ဓ၏ မဟာကမ္မဝိဘင်္ဂသုတ်ကို လေ့လာကြည့်ရမည်။ ကုသိုလ်ကံနှင့် အကုသိုလ်ကံ နှစ်မျိုးတွင် ကုသိုလ်ကံက စွမ်းအား ပိုကြီးသည်။

တစ်ကြိမ်တစ်ခါ သီလချိုးမိရုံနှင့် တစ်ခြားအကြောင်းများကို ထည့်သွင်းမစဉ်းစားပဲ ငရဲကျသည်ဟု ယူဆသည်မှာ လုံးဝမမှန်၊ စဉ်းစားကြည့်ရန်...
ရာဇဝတ်မှုကျူးလွန်သူနှစ်ဦးတွင် တစ်ဦးက ငွေကြေး ဓနပြည့်စုံသည်။ အမှီကောင်းရှိသည်။ တစ်ဦးကမရှိ၊ မရှိသူသာထောင်ကျ၍ ငွေကြေးဓနတတ်နိုင်သူ အမှီကောင်းရှိသူမှာ ပေါ့ပေါ့ပါးပါးနှင့် လွတ်ငြိမ်းခွင့်ရနေသည်။ လက်တွေ့သာဓက ပေါများလှ၏။ ခရစ်တော်က အပြစ်ကိုချေပေးနိုင်သည်၊ ငရဲကလွတ်အောင်ကယ်တင်နိုင်သည်ဟုဆိုခြင်းမှာ အပြောမျှသာ ဖြစ်ပါသည်။ လက်တွေ့သာဓကမရှိ၊ ဖြစ်နိုင်စရာလည်းမရှိ၊ ခရစ်တော်နှင့် ပတ်သက်၍ မေးစရာ၊ ပြောစရာများစွာရှိသော်လည်း

ယုံကြည်သူတို့ စိတ်မထိခိုက်စေရန် မပြောတော့ပါ။ မြတ်ဗုဒ္ဓ၏ ဥပမာစကားတွင် ထောပတ်အိုးကို ရေထဲနစ်၍ ခွဲလိုက်လျှင် ထောပတ်သည် မည်သည့်အခါမှ မြုပ်မသွား၊ အပေါ်တက်လာ၏။ အိုးကွဲများသာမြုပ်သွား၏။

ထို့အတူ ကုသိုလ်စိတ်သည် ထောပတ်နှင့်အလားသဏ္ဌာန်တူ၍ ဘယ်သောအခါမှ အောက်မမြုပ်၊ ဗုဒ္ဓ၏ တရားတော်သည်၏ သဘာဝကိုသာဟောသည်။ ကယ်တင်ရှင်ဆိုသည်မှာ လုံးဝမရှိနိုင်၊ တကယ့် ကယ်တင်ရှင် အစစ်မှာ မိမိကိုယ်တိုင်ကျင့်သုံးသော

ကုသိုလ်ကံသာဖြစ်သည်။

မြင့်မိုရ်တောင်

အမေး(၃) တပည့်တော်စိုးမင်းနိုင် (soeminnaing@gmail.com)

အရှင်ဘုရား၊

မြင့်မိုရ်တောင် ဘယ်မှာ ရှိလဲ ဘုရား...တစ်ယူဇနာက ဘယ်လောက် ရှိလဲ၊ ကမ္ဘာကနေ နေဆီအကွာအဝေး လဆီအကွာအဝေးက တစ်ခါက တပည့်တော်တွက်ကြည့်တာ မကိုက်ဘူး ဘုရား! ဘုရားကိုတော့ ယုံတယ် ဘုရား မှတ်တမ်းတွေကများ လွဲလို့လား ဘုရား. Mm နှင့် mm လို ဘုရား...

(၃) ကိုစိုးမင်းနိုင်၏မေးခွန်းကိုဖြေဆိုခြင်း

မြင့်မိုရ်တောင်ဘယ်နားရှိလဲဆိုတာကို...ကိုယ်တိုင်သိချင်နေတာကြာပြီ၊ တကယ်တော့ လူသားတွေ ကိုယ်တိုင် မြင့်မိုရ်တောင်၏ပတ်ဝန်းကျင်တွင် နေထိုင်လျက်ရှိသည်ဟု သတိပြုသင့်သည်။ စာပေကျမ်းဂန်၌ မြင့်မိုရ်တောင်ထိပ်၌ တာဝတိံသာနတ်ပြည်ရှိသည်။ အောက်ခြေ၌ အသူရာပြည်ရှိသည်။ အလယ်တွင် ကျွန်းကြီးလေးကျွန်းပါဝင်သော လူ့ဘုံရှိသည်။ ကမ္ဘာလုံးကြီးကိုကြည့် မြောက်ဝင်ရိုးစွန်းထိပ်သည် မြင့်မိုရ်တောင်ထိပ်၊ တောင်ဝင်ရိုးစွန်းအခြေသည် အသူရာနတ်ပြည်၊ အလယ်မှာ လေးကျွန်းဖြင့် ဖွဲ့စည်းထားသော လူ့ဘုံရှိသည်။ ဤသို့ပင် ထင်မြင်ယူဆပါသည်။ ယူဇနာဆိုသည်မှာ (Measurement) တစ်ခုသာဖြစ်သည်။ အတိုင်းအတာဆိုသည်မှာ ကွာခြားနိုင်သည်။ အနေအထားဆိုသည်မှာ ပြောင်းလဲနိုင်သည်။ ပဲခူးမြို့တည်ရာမြေသည် ရှေးယခင်က ရေအောက်တွင်ရှိပြီး ဟင်္သာငှက် (၁)ကောင်နားယုံသာ ကုန်းပေါ်သည်ဟုဆိုသည်။ အဲ့ဒါကို ယခုလူတွေ ယုံနိုင်ပါ့မလား၊ တကယ်တော့ ပြောင်းလဲမှုနိယာမ၏ ဖြစ်စဉ်မျှသာဖြစ်သည်။ မနေ့က အခြေအနေနှင့် ယနေ့ မတူဘူးဆိုတာ ထင်ရှား၏။ ပြောင်းလဲမှု၏ သဘာဝအတိုင်း မှတ်ရမည်သာ ဖြစ်သည်။ ငြင်းဆိုဖွယ်မရှိ။

အနတ္တသဘော

အမေး (၄) မောင်နောက်တိုး၏ မေးခွန်းကိုဖြေဆိုခြင်း

ရိုသေလေးစားစွာ လျှောက်ထားမေးမြန်းအပ်ပါတယ်ဘုရား။

အနတ္တသဘောအရ လူဟာ ကိုယ့်ကိုယ်ကို အစိုးမရဘူးဆိုရင် ကုသိုလ်ကိုပြုရန် အကုသိုလ်ကိုမပြုရန် လုံ့လဥဿဟကို ဘယ်လိုဖြစ်နိုင်ပါတော့မလဲ။ တပည့်တော်အနေနဲ့ လူဟာ မိမိကိုယ်ကို အများအားဖြင့် အစိုးမရသော်လည်း အနည်းငယ် တစ်စိတ်တစ်ပိုင်းအားဖြင့်တော့ အစိုးရနေတယ်လို့ ထင်မြင်နေမိပါတယ်ဘုရား။ မိမိကိုယ်မိမိ မအိုမနာမသေအောင် အာဏာမထားနိုင်သော်လည်း

ကြွရန်လှမ်းရန်ချရန် လက်မြှောက်လက်ချရန် စသည်တို့မှာတော့ အာဏာထားနိုင်တယ်လို့ ထင်နေမိပါတယ်ဘုရား။ တပည့်တော်ရဲ့ သံသယကို သနားသဖြင့် ပယ်ဖျောက်ပေးပါရန် လျှောက်ထားတောင်းပန်အပ်ပါတယ်ဘုရား။

(၄) မောင်နောက်တိုး၏မေးခွန်းကိုဖြေဆိုခြင်း

အနတ္တဆိုတာ ကိုယ်လုပ်ချင်တာလုပ်လို့မရဘူးလို့ ပြောတာမဟုတ်ဘူး၊ ဖြစ်ပျက်မှုနှင့် အစဉ်ပြောင်းနေတဲ့သဘောကိုပြောတာ၊ အနတ္တလက္ခဏသုတ်ကို ဖတ်ကြည့်၊ လူတွေ အပေါ်ယံကိစ္စ ပြောင်းလွဲ လုပ်ကိုင်နိုင်သော်လည်း အို၊နာ၊သေ သဘောကို မချုပ်ကိုင်နိုင်ပါဘူး၊ ဒါအနတ္တပေါ့၊ အကြောင်းတရား ညီညွတ်ခြင်းကြောင့် ဖြစ်နေသည်ကို ကိုယ့်ရဲ့ဆန္ဒအရ ဖြစ်ပေါ်သည်ဟု ထင်တာပါ၊ အကြောင်းတစ်ခုခု ချို့ယွင်းပျက်စီးသွားတာနဲ့ တပြိုင်နက် ဘာမှလုပ်မရဘူးဆိုတာ ထင်ရှားတယ်၊ လေဖြတ်ခံထားရသူကိုပဲကြည့်ပေါ့၊ တကယ်တော့ ကိုယ်ဖြစ်ချင်တိုင်းဖြစ်နေတယ်ဆိုတာ ဆိုင်ရာအကြောင်းတွေရှိလို့ဖြစ်တာပါ၊ အရက်အကျန်အကြွင်းလေးကို သောက်ပြီး မူးယစ်နေတဲ့ နောက်ချေးပိုးထိုးတစ်ကောင်ဟာ နွားချေးပုံအစိုပေါ်တက်လိုက်တဲ့အခါမှာ ငါ့ကိုယ်ရဲ့အလေးချိန်ကြောင့် နွားချေးပုံကြီးအိသွားတယ်လို့ အထင်ရောက်ဘူးတယ်၊ မူးမူးရူးရူးနဲ့ သူ့ကိုယ်သူ အထင်ကြီးပြီး အနားက ဖြတ်သွားတဲ့ တောဆင်ရိုင်းကို စိန်ခေါ်လိုက်တယ်၊ ဆင်ကြီးက နွားချေးပိုးကောင်ရဲ့ စိန်ခေါ်မှုကို သူ့အပေါ် မစင်စွန့်ချခြင်းဖြင့် ဖြေရှင်းပေးလိုက်တယ်။(ငါးရာ့ငါးဆယ်ဇာတ်နိပါတ်ကိုကြည့်)၊ ဂူထပါဏဇာတ် (ဇာတ်နံပါတ်-၂၂၇)။

ဓာတ်တဆယ့်ရှစ်ပါး

အမေး(၅) usunanda (ashinsunanda30@gmail.com)

ဆရာတော်ဘုရား ဦးတင်လျက်ပါဘုရား။

ဘုရားတပည့်တော်သည် ပညာသင်ဆဲ ရဟန်းငယ်တပါးပါဘုရား ဘုရားတပည့်သိချင်သောအရာသည် ဓာတ်တဆယ့်ရှစ်ပါးရဲ့ သဘောသဘာဝကို ပါဠိ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရှင်းပြပေးတော်မူစေချင်ပါသည်ဘုရား..ဆရာတော်ဘုရား မအားလပ်၍ အချိန်မပေးနိုင်ပါကလဲ ဘုရားတပည့်တော်အား ပါဠိ အင်္ဂလိပ် နှစ်ဘာသာနှင့် ဖတ်ရှုလေ့လာသင့်သော ကျမ်းစာအုပ်များအား လမ်းညွန်ပေးသနားမူပါရန် ဘုရားတပည့်တော် ရိုသေလေးမြတ်စွာ လျောက်ထားတောင်းပန်ပါသည်ဘုရား...ဆရာဘုရားကြီး ကျန်းမာလျက် သာသနာပြုနိုင်ပါစေ။။ ဦးတင်လျက်ပါဘုရား

(၅) usunanda ၏မေးခွန်းကိုဖြေဆိုခြင်း

ဝိသုဒ္ဓိမဂ်အဋ္ဌကထာကို အင်္ဂလိပ်လိုပြန်ထားသော The Path of Purification စာအုပ်နှင့် The Path of Purity စာအုပ်များမှ Chapter -15 မှာပါရှိတဲ့ ဓာတုဝိတ္ထာရကထာကို ဖတ်ကြည့်ပါ၊ ပါဠိကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာ

ဒုတိယတွဲ စာမျက်နှာ-၁၁၅ မှာကြည့်ပါ၊ အင်္ဂလိပ်ဘာသာပြန်ကို ဖော်ပြပါစာအုပ်နှစ်အုပ်မှယူပါ၊ ဓာတ်(၁၈)ပါး ၏ သဘာဝကိုသိနိုင်ပါသည်။ ကြိုးစားပါအရှင်။

ပါဠိဘာသာကို ဘယ်လိုလေ့လာ

အမေး(၆) ကိုထက် (hlataw.thar49@gmail.com)

အရှင်ဘုရား၊

တပည့်တော် ပါဠိ (Pāli) ဘာသာကို လေ့လာချင်ပါတယ်ဘုရား

ဘယ်ကဘယ်လိုစလေ့လာရမလဲ ဘယ်သင်တန်းတွေတက်ရမလဲ ဘယ်စာအုပ်တွေလေ့လာရမလဲဆိုတာ မိန့်တော်မူပါဘုရား သင်တန်းမတက်ဘဲကော လေ့လာလို့ရလားဘုရား

ဘုန်းဘုန်းတို့စာမေးပွဲ အငယ်တန်းတို့ ဘာတို့ ဝင်ဖြေလိုကောရလားဘုရား ဖြေကြားပေးတော်မူပါဘုရား။

ဆရာတော်ဘုရား သာသနာ့ အကျိုး ဆထက်တပိုး ထမ်းဆောင်နိုင်ပါစေ ဘုရား...

(၆) ကိုထက်၏မေးခွန်းကိုဖြေဆိုခြင်း

ပါဠိဘာသာသင်တန်းက များများစားစား ရှိမယ်မထင်ဘူး၊ မဟာဂန္ဓာရုံအရှင် ဇနကာဘိဝံသ၏ ပါဠိသိက္ခာစာအုပ်က စပြီးလေ့လာကြည်ပါ။ သင်တန်းမတက်ဘဲ လေ့လာ့လို့ရပေမဲ့ အခက်အခဲတွေ့ကြုံနိုင်တယ်၊ အနီးကပ်သင်ပေးမဲ့ ဆရာရှိရင် ပိုကောင်းမယ်၊ ပထမပြန်စာမေးပွဲကနေ ဓမ္မာစရိယ အထိသင်နိုင်ပါတယ်၊ ကြိုးစားကြည့်ပါ။

the right concentration

အမေး(၇) River Mountain (khaing.jasmin@gmail.com)

Bhante, I pay homage to you, and may I know the right concentration of the Noble Eightfold Path, as exactly as possible, which Our Buddha really means.

And one knows and sees the hardness, hotness, flowing, etc. of the whole body without knowing and seeing the hardness, hotness, flowing, etc. of the smallest particle. Thus, can one say that he/she knows and sees the ultimate materiality?

paying homage to you,

(၇) River Mountain ၏မေးခွန်းကိုဖြေဆိုခြင်း

Yes, the Buddha explains the Right Concentration in the Eightfold Noble Path as the concentrations in the 4 Thoketa Stages, in a lot of Sultas. But it should be understood as the concentration as the highest level. For those who don't follow the Samatha technique how to attain such a concentration?

By removing the name of concept just the nature of material quality is the ultimate reality.

မေတ္တာပွားနည်း

အမေး(၈) ညီညီ (nyinyilay2008@gmail.com)

ဆရာတော်ဘုရား ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား

မေတ္တာရှေးထား၍ တပည့်တော်ကို မေတ္တာပွားနည်း စနစ်အမှန်ကို လမ်းညွှန်ပေးပါရန် လျှောက်ထားအပ်ပါသည်ဘုရား..

(၈) ညီညီ၏မေးခွန်းကိုဖြေဆိုခြင်း

မေတ္တာပွားနည်းစနစ်အမှန်ကို ဝိသုဒ္ဓိမဂ်မြန်မာပြန်တွင် ကြည့်နိုင်ပါသည်။

ရဟန္တာအာပတ်သင့်သေးသလား

အမေး(၉) Zaw Naing Aung (1biotechnique@gmail.com)

ရိုသေလေးစားရပါသော အရှင်ဘုရား ရဟန္တာ အရှင်မြတ်တို့မှာ အာပတ်သင့် တတ်ပါသေးသလား ဘုရား

(၉) Zaw Naing Aung ၏မေးခွန်းကိုဖြေဆိုခြင်း

အကုသိုလ်စိတ်ကြောင့် သင့်တာမဟုတ်သော်လည်း ဗုဒ္ဓပညတ်ချက်ကို ချိုးဖောက်ခြင်းကြောင့်

သင့်နိုင်သော ပဏ္ဏတ္တိဝဇ္ဇသိက္ခာပုဒ်များကို ချိုးဖောက်မိလျှင် ရဟန္တာပင်ဖြစ်စေ အာပတ်သင့်နိုင်သည်။

မည်သို့ အလှူပြုရမလဲ

အမေး(၁၀) မောင်သူရ (thura.civil8@gmail.com)

အရှင်သူမြတ်ဘုရား၊

ဘုရားတပည့်တော် ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား

အလှူဒါနပြုကြရာတွင် မည်သို့ပြုသည်ဖြစ်ပါမှ လက်ရှိဘဝတွင်ပါ မျက်မှောက် လက်ငင်း ခံစားရခြင်းသည်

ဖြစ်ပါမည်လဲ အရှင်ဘုရား။ များသောအားဖြင့် တပည့်တော်တို့သိမှတ်ရသည်မှာ နောက်နောက်

ဘဝများမှသာလျှင် ခံစားရသည်ဟုသာ ကြားနာမိပါသည်။ အမြတ်ဆုံးဖြစ်သော ရတနာသုံးပါးကို ယုံကြည် ကိုးကွယ်ဆည်းကပ်ကြသော ဥပါသကာတို့တွင် ပို၍ပင် အကျိုးပေးသင့်သည်မဟုတ်ပါလားဘုရား။ မေတ္တာရှေ့ထား ဖြေကြားတော်မူပါဘုရား။

(၁၀) မောင်သူရ၏မေးခွန်းကိုဖြေဆိုခြင်း

မည်သည့်ကောင်းမှုပဲဖြစ်စေ လက်ရှိဘဝ၌ အကျိုးပေးနိုင်တဲ့စေတနာပါရှိသလို နောက်ဘဝများတွင်မှ အကျိုးပေးမည့်

စေတနာများလည်းပါရှိသည်။ အလှူဒါနပြုကြရာတွင် စေတနာမှန်ကန်ဖို့လိုပါသည်။ မလှူမီ၊ လှူဆဲ၊ လှူပြီးနောက်

ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါမည်။ ကွဲပြားခြားနားမှုမရှိစေရပါ။ အလှူခံပုဂ္ဂိုလ်အလိုက် အကျိုးပေးမှုသည်

ကွာခြားတတ်သည်။

ကိုယ်ကျိုးအတွက် မငဲ့ကွက်သော ပါရမီဒါနမျိုးက ပို၍ အကျိုးဖြစ်ထွန်းစေပါသည်။

တရားမဟောခင်သီလပေးသလားစသည်

အမေး(၁၁) Nyi Lwin Myint (nyilwinmyint@gmail.com)

မြတ်စွာဘုရားသည် တရားမဟောခင် သီလ ပေးလေ့ရှိပါသလား..

မြတ်စွာဘုရားကို လှူဒါန်းသောကျောင်းအလှူများတွင် ရေစက်ချပါသလား..

သာသနာနှစ် 5000 ဆိုသည်မှာ ဘုရားဟောတွင်ပါပါသလား.

မိမိအသက် 40 ရှိပါပြီ စာအုပ်များတွင် မတွေ့သောကြောင့် အငြင်းပွားဖွယ်များဖြစ်နေရပါသည်။ ဖြေကြားပေးတော်မူပါဘုရား

(၁၁) Nyi Lwin Myint ၏မေးခွန်းကိုဖြေဆိုခြင်း

မြတ်စွာဘုရား တရားမဟောမီ သီလပေးသည်ဟု မှတ်တမ်းမရှိပါ၊ ကျောင်းအလှူများတွင် အနုမောဒနာ တရားဟောသည်ဟုသာပါသည်။ ရေစက်ချသည်ဟုမပါ၊ ဝေဿန္တရာမင်းကြီး ဆင်ဖြူတော်လှူစဉ်က

ရွှေကရားကို ကိုင်၍ ဆင်နှာမောင်းကို ပုဏ္ဏားတို့၏ လက်ထဲကိုထည့်ပြီး ရေစင်သွန်းချလျက်လှူသည်။ ရေတစက်စက်ချ၍ လှူချင်းမဟုတ်။ သာသနာနှစ်(၅၀၀၀)ဆိုသည်မှာ အဋ္ဌကထာဆရာများ၏ မှတ်တမ်း၌သာရှိသည်။

သို့သော် ဘိက္ခူနီသာသနာ ခွင့်ပြုခဲ့စဉ် အမျိုးသမီးများ ဘိက္ခူနီဝတ်ခွင့်မပေးပါက သာသနာနှစ် (၁၀၀၀)တည်နိုင်၏။ ခွင့်ပေးလိုက်သဖြင့် နှစ်(၅၀၀)သာ တည်နိုင်သည်ဟု မိန့်ဆိုသောစကား ဝိနယ ဘိက္ခူနီခန္ဓကနှင့် အင်္ဂုတ္တရ

ဂေါတမီသုတ်တို့တွင်ပါရှိသည်။ ထိုအခြေအနေကို ဂရုဓံ (၈)ပါးဖြင့် ကြိုတင်တားဆီးခဲ့၍ သာသနာ အနှစ်(၁၀၀၀)တည်သည်ဟုဆိုကြသည်။ အနှစ်(၁၀၀၀)ဆိုသည်မှာ အရည်အချင်း ပြည့်ဝတဲ့ အနှစ်(၁၀၀၀)ဆိုလိုသည်၊ တဖြည်းဖြည်းယုတ်လျော့လာသော အနှစ်(၄၀၀၀)ထည့်ပေါင်းလျင် အနှစ်(၅၀၀၀)ဟု မှတ်သားနိုင်သည်။ သာသနာတည်ခြင်း၊ မတည်ခြင်းမှာ သာသနာတော်ကို ကြည်ညို ကိုးကွယ်သူတို့နှင့်သာ

သက်ဆိုင်သည်၊ မျက်မြင်ပင် ဘုရားပွင့်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှာ ပြည့်စုံတဲ့ သာသနာ ရှိသေးရဲ့လား။

ဘွဲ့အရှေ့က ဘာလို့ ဦးတပ်ခေါ်

အမေး(၁၂) စောမဉ္ဇူ (flowerroyal2010@gmail.com)

အရှင်ဘုရားတို့ဘွဲ့နာမည်ရှေ့မှာ တချို့ကို အရှင်လို့၊ တချို့ကို ဦးလို့တပ်ခေါ်တာ ဘာနဲ့ဆိုင်ပါသလဲဘုရား။ ဘွဲ့နဲ့ဆိုင်တာပါလား၊ ဝါနဲ့ဆိုင်ပါသလားဘုရား။ ဒါမှမဟုတ် နာမည်ခေါ်ကောင်းအောင်လို့လားဘုရား။

တပည့်တော်မ သိချင်လို့ ဖြေကြားပေးပါအရှင်ဘုရား။

(၁၂) စောမဉ္ဇူ ၏မေးခွန်းကိုဖြေဆိုခြင်း

ဘုန်းတော်ကြီးများ၏ ဘွဲ့ရှေ့၌ အရှင်လို့ ဦးလို့တပ်တာ ဘွဲ့နဲ့မဆိုင်၊ ဝါနဲ့လည်းမဆိုင်၊ ပုဂ္ဂိုလ်၏ ဆန္ဒ နှင့်သာဆိုင်သည်။

လူတွေလည်း ဦး ကိုအသုံးပြုကြသည်။ ဥပမာ-ဦးဖိုးကျား။ လူနှင့်မတူအောင်ရေးလျှင် အရှင်ဟုသာရေးရသည်။ ပုဂံခေတ်ကျောက်စာများ၌

အရှင်အစား သခင်ဟုသုံးခဲ့သည်။ နောက်ပိုင်းတွင် ခင်ကြီး ဟုလည်း သုံးသည်။ ရှေးခေတ်စာပေများ၌ ရှင်ကိုသုံး၍ ရှင်သာရိပုတ္တရာဟု ဖော်ပြသည်။

ယနေ့ခေတ်တွင်မူ ကိုရင်များ ဘွဲ့၏ရှေ့မှာ ရှင်၊ ရဟန်းများ၏ ဘွဲ့ရှေ့မှာ အရှင်ဟု ရေးကြသည်။

စိတ်ညစ်စရာကြုံရင် ဘယ်လိုဆင်ခြင်

အမေး (၁၃) ဒေါက်တာရဲဝင်း (dr.yewin.82ygn@gmail.com)

အရှင်ဘုရား ......... တပည့်တော် သိချင်တာလေး မေးခွင့်ပြုပါ ဘုရား။

ဘဝမှာ စိတ်ညစ်စရာတွေ ဆက်တိုက်ကြုံရရင် ဘယ်လို နှလုံးသွင်းပြီး ဆင်ခြင်ရမလဲ သိချင်ပါတယ် အရှင်ဘုရား။

(၁၃) ဒေါက်တာရဲဝင်း၏မေးခွန်းကိုဖြေဆိုခြင်း

စိတ်ညစ်စရာကြုံရရင် ဆက်မတွေးဘဲ မေ့ပစ်လိုက်၊ စိတ်ချမ်းသာစရာကိုသာရှာတွေးပါ...ဒါကတစ်ခု။ စိတ်ညစ်စရာ စိတ်ချမ်းသာစရာဆိုတာ လောကသဘာဝ လောကဓံမျှသာဖြစ်သည်။ အကောင်းအဆိုး မည်သည့်အရာမျှ မမြဲဟု နှလုံးသွင်းပါ...ဒါကတစ်ခု။

လောကဓံမှန်သမျှ ကြံ့ကြံ့ခံနိုင်ရန် သမထကျင့်စဉ်၊ ဝိပဿနာ ကျင့်စဉ်ကိုကျင့်ရမည်။ သတိသမ္ပဇည လေ့ကျင့်နည်းကို မဟာသတိပဋ္ဌနသုတ်မှာ လာတဲ့အတိုင်း လေ့ကျင့်ပါ။ အကျိုးရှိပါလိမ့်မည်။

လူသားတွေရဲ့ အစ

အမေး(၁၄) ဆန်းလင်းထွန်း (sannlynnhtun@gmail.com)

တပည့်တော်တို့ ဗုဒ္ဓဘာသာမှာ လူသားတွေရဲ့အစကို မြတ်စွာဘုရားက ဟောခဲ့ပါသလားဘုရား.

ခရစ်ယာန်ဘာသာတွေဆိုရင် သူတို့ ဘုရားသခင်က ဖန်တီးတယ်လို့ ဆိုပါတယ်ဘုရား..

(၁၄) ဆန်းလင်းထွန်း၏မေးခွန်းကိုဖြေဆိုခြင်း

ကမ္ဘာတစ်ခုရဲ့ လူသားတို့၏အစကို အဂ္ဂညသုတ်မှာ မြတ်စွာဘုရားဟောခဲ့ပါသည်။ ဒီဃနိကာယ်ပါထိက ဝဂ္ဂပါဠိတော်(မြန်မာပြန်)ကို ဖတ်ကြည့်ပါ။

သေခြင်းတရားကို ရင်ဆိုင်ရဲအောင်

အမေး(၁၅) Kaung Nyunt (wakeup.myanmar2013@gmail.com)

အရှင်ဘုရား. . တပည့်တော် တခါတလေမှာ သေခြင်းတရားကိုတွေးမိပြီး ကြောက်လန့်မိပါတယ် ဘုရား။

သေခြင်းတရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲအောင် မည်သို့ နေထိုင်လိုက်နာကျင့်သုံးရမည်ကို လမ်းညွှန်ဆုံးမပေးပါ ဘုရား။

(၁၅) Kaung Nyunt ၏မေးခွန်းကိုဖြေဆိုခြင်း

သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲအောင် အဘယသုတ္တန်ကို မြတ်စွာဘုရားဟောခဲ့ပါသည်။

(၁) ကာမအာရုံတို့၌ တွယ်တာမှုကင်းအောင်ကြိုးစားခြင်း၊

(၂) မိမိကိုယ်ကာယ၌ တွယ်တာမှုကင်းအောင်ကြိုးစားခြင်း။

(၃) အကုသိုလ်ကိုမလုပ်ဘဲ ကုသိုလ်ကိုကြိုးစားခြင်း။

အဆိုပါ အရည်အချင်းရှိပုဂ္ဂိုလ်မျိုးသည် သေခြင်းတရားကို ရဲဝံ့စွာ ရင်ဆိုင်နိုင်သည်။ အင်္ဂုတ္တရ်နိကာယ် စတုက္ကနိပါတ် (အဘယသုတ်- ပါဠိစာမျက်နှာ-၄၉၃)။

အဇာတသတ်ကို ဘာကြောင့်မဆုံးမလဲ

အမေး(၁၆) နတ္တိ (nutthti@gmail.com)

တပည့်တော် ရိုသေစွာ မေးမြန်းလျှောက်ထားအပ်ပါသည် အရှင်ဘုရား။

အဇာတသတ်ဟာ မမွေးခင်ကတည်းက ဖခင်ကိုသတ်မည့်သားမှန်းသိပါလျက်နဲ့ ဖခင်ဘုရင်ကြီးဟာ ဒီလိုကြီးလေးတဲ့ကံကြီးကို မကျူးလွန်အောင် ဘယ်အတွက်ကြောင့် သွန်သင်ဆုံးမခဲ့ခြင်း မပြုတာပါလဲဘုရား။ သူကိုယ်တိုင်ကတော့ ဘုရားရှင်ကို ကြည်ညိုတဲ့ သူတော်ကောင်းဖြစ်ပါလျက်နှင့် အဇာတသတ်မင်းသားကို ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူဖြစ်အောင် လမ်းမပြခဲ့တာပါလဲ ဆိုတာသိချင်ပါတယ် ဘုရား။

(၁၆) နတ္တိ၏မေးခွန်းကိုဖြေဆိုခြင်း

အဇာတသတ်ကို သူ့အဖေက မဆုံးမတာမဟုတ်၊ ဆုံးမခဲ့တယ်။ ဗုဒ္ဓဘာသာဖြစ်အောင် လမ်းမပြခဲ့တာ မဟုတ်ဘူး၊ လမ်းပြခဲ့တယ်။ ဒါပေမဲ့ ကျားကို ယဉ်ပါးအောင် ဆုံးမနိုင်သော်လည်း သတ်သတ်လွတ်စားအောင် လုပ်လို့မရသလို ဖြစ်ပါတယ်။

ဖတ်ပြီးမှ ဖြေပါမယ်

အမေး(၁၇) May Zin Mg (mayzin.ice@gmail.com)

ရိုသေစွာ လျှောက်ထားပါတယ် ဘုန်းဘုန်း.

တပည့်တော်ဟာ ဗုဒ္ဒဘာသာဝင်ပါ. ဒါပေမယ့် ဘာသာတရားရဲ့ နက်ရှိုင်းမှုကို သေချာမသိသေးပါဘူး. အပေါ်ယံအသိထက် နည်းနည်းလောက်သာတယ်လို့ပဲ ပြောဝံ့ပါတယ်.

တစ်နေ့က ဘာသာမဲ့ မိတ်ဆွေတွေရယ်၊ တပည့်တော်ရယ်၊ ကျွန်တော်ထက် ဘာသာရေးကို လေ့လာသိရှိထားတဲ့ နောက်မိတ်ဆွေ တစ်ဦးရယ် ပြောဖြစ်ကြပါတယ်.

အဲလို ပြောဖြစ်ရင်းနဲ့ တပည့်တော်စိတ်ထဲမှာ ဝေဝေဝါးဝါးတွေ ဖြစ်လာပါတယ်. တပည့်တော် အဲဒီ ပြောဖြစ်တဲ့ စကားတွေကို ဘုန်းဘုန်းဆီ ပို့လိုပါတယ်.

ဒီထဲမှာ ကူးထည့်ရင် မဆန့်လောက်ဘူးထင်လို့ပါ. ဘုန်းဘုန်း ဖတ်ကြည့်ပြီး အကြံဉာဏ်ဖြစ်ဖြစ်၊ သုံးသပ်ချက်ဖြစ်ဖြစ် ပေးနိုင်မလား ဆိုတာ သိလိုပါတယ် ဘုရား.

(၁၇) May Zin Mg ၏ မေးခွန်းကိုဖြေဆိုခြင်း

ဖတ်ကြည့်ပြီးမှ ပြောပါမယ်။

မြင့်မိုရ်တောင်

အမေး(၁၈) အရှင်သစ္စဉာဏ (usaccanyana@gmail.com)

မြင့်မိုရ်တောင်နှင့်ပတ်သက်၍

ဆရာတော်ဘုရား၏ သီးခြား ကိုယ်ပိုင်အမြင်နှင့် ရှင်းလင်းချက်များကို သိလိုပါသည်အရှင်မြတ်ဘုရား။

ဆရာတော်ဘုရား ကျန်းမာပါစေဘုရား

(၁၈) အရှင်သစ္စဉာဏံ၏ မေးခွန်းကိုဖြေဆိုခြင်း

မြင့်မိုရ်တောင်ဆိုတာ ဒီကမ္ဘာမြေကြီးပေါ်မှာသာ ရှိတာဖြစ်လို့ ကမ္ဘာလုံးကြီး၏ ထိပ်ဖျားဝင်ရိုးစွန်းဟာ မြင့်မိုရ်တောင်ဖြစ်နိုင်တယ်လို့ ယူဆတယ်။ သုတ္တနိပါတ် နာလကသုတ်အဋ္ဌကထာမှာ မြင့်မိုရ်တောင်ထိပ်မှာ တာဝတိံသာနတ်ပြည်ရှိတယ်၊ အောက်ခြေမှာ အသူရာပြည်ရှိတယ်၊ မြင့်မိုရ်တောင်၏ အလယ်ပတ်ဝန်းကျင်မှာ ကျွန်းကြီးလေးကျွန်းဖြင့် ဖွဲ့စည်းထားသော လူဘုံရှိသည်ဟု ဆိုတာကို သဘောကျသည်။

မေးခွန်းမဟုတ်

အမေး(၁၉) စောမြငယ်သွေး (secondarysmoker@gmail.com)

ခြေတော်အစုံကိုဦးခိုက်၍ လျှောက်ထားအပ်ပါသည် အရှင်ဘုရား၊ တပည့်တော်တို့ သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်ပါသော ဗုဒ္ဓဘာသာအယောင်ဆောင်၍

သာသနာ့အရေခြုံကာ မော်တော်ကားဂိတ်၊ မီးရထားဘူတာ၊ ဆေးရုံရှေ့တို့၌ လမ်းစရိတ်ပြတ်၍၊ နေမကောင်း၍ အစရှိသည်ဖြင့် အကြောင်းပြကာ ကိုယ်ကျိုးစီးပွားရှာလျက်ရှိသော မသမာသူများအား မွန်မြတ်သန့်စင်သည့် ဘာသာတရားအား ညစ်နွမ်းစေရန် ဆောင်ရွက်နေသူများဟု ယူဆမိပါ၍ ဖယ်ရှားရှင်းလင်းသင့်ပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။

(၁၉) စောမြငယ်သွေး၏မေးခွန်းကိုဖြေဆိုခြင်း

မေးခွန်းမဟုတ်၍ ဖြေရန်မလိုပါ။

ဘာသာရေးအသိ ဘယ်လိုပေးမလဲ

အမေး(၂၀) tharkinwethwe (tharkinwethwe.mgy@gmail.com)

မျိုးဆက်သစ် လူငယ်တွေ တိုးတက်ဖို့ကို ဘာသာရေးနဲ့ ဘယ်လိုပုံဖော်ရင်ကောင်းမလဲ ဘုရား။ အခုလောလောဆယ် တပည့်တော်ဟာ ပညာဒါနပေးရင်း ဘာသာရေးအသိတွေပေးနေသူပါဘုရား။ ဒါကြောင့်မို့ ကျေးဇူးပြုပြီး ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ အကြံဉာဏ်ပေးတော်မူပါဘုရား။

(၂၀) tharkinwethwe ၏မေးခွန်းကိုဖြေဆိုခြင်း

ကိုယ်တတ်နိုင်သည့်အတိုင်းအတာဖြင့် ပညာဒါနပေးရင်း ဘာသာရေးအသိဉာဏ်ပေးတာကို ဆက်လုပ်ပါ။

You must do your best. အားလုံးကောင်းဖို့ မျှော်လင့်ချက် မထားပါနဲ့။

ဘုရားရဲ့ သားတော်

အမေး(၂၁) Zin Min Lwin (zinminlwin7@gmail.com)

Ashin pa yar, may i know what happened to the son of ashin gautama payar? since there is no clear explanation on him?

Thank you

(၂၁) Zin Min Lwin၏မေးခွန်းကိုဖြေဆိုခြင်း

ဂေါတမဘုရား၏ သားတော်ဆိုတာ ရှင်ရာဟုလာဟု ဆိုတာလား။ (၇)နှစ်အရွယ်မှာ ကိုရင်ဝတ်တယ်၊ အသက်(၂၀)မှာ ရဟန်းဖြစ်တယ်။ ရဟန်းဖြစ်ပြီးနောက် စူဠရာဟုလောဝါဒသုတ်ကို နာယူ၍ ရဟန္တာဖြစ်တယ်။ မိထွေးတော် ဂေါတမီပရိနိဗ္ဗာန်စံပြီးနောက် ရှင်သာရိပုတ္တရာတို့ ပရိနိဗ္ဗာန်မစံမီ တာဝတိံသာနတ်ပြည်ကို သွားရောက်၍ ပရိနိဗ္ဗာန်စံသည် ဤမျှသာ မှတ်တမ်းသိရသည်။ ရာဟုလာနှင့် ပတ်သက်သော သုတ္တန် များစွာရှိသည်။ ဘုန်းကြီးဟောထားတဲ့ ရှင်ရာဟုလာ၏ ဘဝနှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမတရားကို နာကြည့်ပါ။ စာအုပ်လည်း ဒီနှစ်မကုန်မီ ထွက်မည်။

မေးခွန်းသုံးခု

အမေး(၂၂) တကာဇော်လင်း/ရန်ကုန် (uzawlin52@gmail.com)

ဘုန်းဘုန်းကြီး..ဦးတင်ပါတယ်..ဘုရား...

၁.မြတ်စွာဘုရား..သဗ္ဗညုတဉာဏ်တော် ရပြီး၊ တစ်ခုသော သတ္တာဟ မှာ စင်္ကြံလျှောက်တာသည်၊ ဖိုလ်ဝင်စားပြီး၊ လျှောက်တာ..လား?

၂.ဗိမ္မသာရမင်းကြီး၊ အကျဉ်းစံစဉ် လမ်းလျှောက်ပြီး၊ ကိုယ်ရောင်ကိုယ်ဝါ ထွက်တာ၊ ဖိုလ်ဝင်စားခိုက်မှာပါလား..ဘုရား ?

၃.ဖိုလ်ဝင်စားစဉ်..နိဗ္ဗာန်သာ အာရုံဖြစ်သဖြင့်၊ လမ်းလျှောက်လျက်..ဝင်စားနိုင်ပါသလား..ဘုရား..။ ရိုသေစွာ..လျှောက်ထားပါသည်..ဘုန်းဘုန်းကြီး..ဘုရား..။

(၂၂) တကာ ဇော်လင်း/ရန်ကုန်၏မေးခွန်းကိုဖြေဆိုခြင်း

(၁) ဖိုလ်ဝင်စားလျက် စင်္ကြလျှောက်သည်မဟုတ်။

(၂) ဗိမ္မသာရမင်းကြီးအကျဉ်းစံစဉ် သောတာပတ္တိဖိုလ်ဝင်စားပြီးမှ ဖိုလ်မှထပြီးလျှင် ဖိုလ်ချမ်းသာ အရှိန်ဖြင့် လမ်းလျှောက်သည်။ ခန္ဓာကိုယ် ပို၍ တင့်တယ်သည်ဟု ဆိုသည်။ ကိုယ်ရောင်ကိုယ်ဝါထွက်သည်ဟု မဆို။

(၃) အပ္ပနာဇောသည် ဣရိယာပုတ်ကို ထိန်းနိုင်သည်ဆိုသဖြင့် လျောင်း၊ ထိုင်၊ ရပ်၊ သွား၊ ဣရိယာပုတ် လေးပါးလုံးမှာပင် ဖိုလ်ဝင်စားနိုင်သည်ဟု မှတ်သင့်သည်။

သင်္ကန်းအရောင်

အမေး(၂၃) ငြိမ်းချမ်းမြင့် (nyeinchanmyint.npt@gmail.com)

အရှင်ဘုရား

သင်္ကန်းနှင့်ပတ်သက်ပြီး မြတ်စွာဘုရား ပညတ်ထားတာ ရှိပါသလားဘုရား။ တရုတ်ဘုန်းကြီး ဂျပန်ဘုန်းကြီး မြန်မာဘုန်းကြီး သင်္ကန်းအရောင် ပုံစံ မတူလို့ပါဘုရား။

ပွင့်တော်မူပြီးသော မြတ်စွာဘုရားတွေရဲ့ သင်္ကန်း တူပါသလား ဘုရား။

(၂၃) ငြိမ်းချမ်းမြင့်၏မေးခွန်းကိုဖြေဆိုခြင်း

သင်္ကန်းအရောင်၊ အတိုင်းအတာ၊ ချုပ်လုပ်ပုံ အလုံးစုံ ဘုရားပညတ်ချက်ရှိသည်။ မြန်မာဘုန်းကြီးသင်္ကန်းအရောင်မှာ ဝိနည်းကျမ်းအဆိုအမိန့်နှင့် အနီးကပ်ဆုံးဖြစ်သည်။ တရုတ်ဘုန်းကြီး၊ ဂျပန်ဘုန်းကြီးများ၏ သင်္ကန်းများသည် နောက်ပိုင်းမှ တီထွင်ထားသော သင်္ကန်းများဖြစ်သည်။

သင်္ကန်းဝတ်စုံသည် အလွန်ရှေးကျသော ဝတ်စုံဖြစ်သည်မှာ ထင်ရှားသိသာ၏။

ပွင့်တော်မူပြီးသော ဘုရားအဆူဆူမှာ ခေတ်မတူခြင်း၊ အရပ်အမောင်း အနိမ့်အမြင့် မတူခြင်းကြောင့် တူနိုင်စရာမရှိ၊ ခေတ်ပြောင်းလျှင် အသွင်ပြောင်းဖြစ်မည်။

နတ်ဗြဟ္မာ

အမေး(၂၄) ငြိမ်းချမ်းမြင့် (nyeinchanmyint.npt@gmail.com)

အရှင်ဘုရား

၁။ဗုဒ္ဓဘာသာ မဟုတ်သော နတ်ဗြဟ္မာများ ရှိပါသလား ဘုရား။ နတ်ဗြဟ္မာတွေမှာ အယူကွဲပြားမှုတွေရှိပါသလား ဘုရား။ အားလုံး ဗုဒ္ဓဘာသာအယူရှိပါသလားဘုရား။

၂။ဗုဒ္ဓဘာသာ မယူမိဘဲ နတ်ဗြဟ္မာ ဖြစ်ကြောင်းတရား ဘုရားတရားတော်နှင့်အညီ နေထိုင်သော ဘာသာခြားများရော နိဗ္ဗာန်ရောက်နိုင် နတ်ဗြဟ္မာများရော ဖြစ်နိုင်ပါသလား ဘုရား။

(၂၄)ငြိမ်းချမ်းမြင့်၏မေးခွန်းကိုဖြေဆိုခြင်း

ဗုဒ္ဓဘာသာမဟုတ်သော နတ်ဗြဟ္မာများစွာရှိသည်။ အယူကွဲပြားမှုများလည်းရှိသည်။ ဗုဒ္ဓဘာသာ နတ်ဗြဟ္မာဖြစ်နိုင်သော အကျင့်ရှိနိုင်သည်။ မဂ္ဂင်တရားရှစ်ပါးအကျင့်ရှိမှသာ နိဗ္ဗာန်ရောက်နိုင်သည်။ ၎င်းအကျင့်မရှိလျှင် မည်သူမျှ နိဗ္ဗာန်မရောက်။

ဆံတော်ရှစ်ဆူ

အမေး(၂၅) မောင်စိုးမိုးထွန်း (evil.smh@gmail.com)

အရှင်ဘုရား...... တပည့်တော် ကို တစ်ခုလောက်လျှောက်ထားခွင့်ပြုပါအရှင်ဘုရား.....

ဆံတော်ရှစ်ဆူထဲမှ ဆံတော်. အံတော်. ရေစစ်တော်. ရေသနုတ်တော်. တောင်ဝှေးတော် စတဲ့ ၅ဆူပဲသိပါတယ်အရှင်ဘုရား....

ကျန် ၃ဆူ နဲ့ ဆံတော်တစ်ဆူခြင်းစီရဲ့ အကြောင်းများကို တပည့်တော်အား ဟောပြောပြသပေးပါရန် ရိုသေဦးခိုက်လျှောက်ထားအပ်ပါသည် အရှင်ဘုရား....

(၂၅) မောင်စိုးမိုးထွန်း၏မေးခွန်းကိုဖြေဆိုခြင်း

ရွှေတိဂုံဘုရားသမိုင်းနှင့် အခြားဘုရားသမိုင်းများကို ဖတ်ပါ။

လောင်းကစား

အမေး(၂၆) ငြိမ်းချမ်းမြင့် (nyeinchanmyint.npt@gmail.com)

အရှင်ဘုရား လောင်းကစားနှင့်ပတ်သက်ပြီး မြတ်စွာဘုရား တရားတော်တွေထဲမှာ တားမြစ်ထားချက်တွေရှိပါသလားဘုရား။

ရှိရင် အရှင်ဘုရား တရားတော်တွေထဲမှာဖြစ်ဖြစ် ထည့်သွင်းဟောကြားညွှန်ပြပေးတော်မူပါဘုရား။

ငါးပါးသီလတို့ နီးစပ်ရာတွေထဲမှာ မတွေ့မိလို့ပါဘုရား။

(၂၆) ငြိမ်းချမ်းမြင့်၏မေးခွန်းကိုဖြေဆိုခြင်း

သိင်္ဂါလောဝါဒသုတ်မှာ စီးပွားဥစ္စာပျက်စီးခြင်း (၆)မျိုးတွင် လောင်းကစားခြင်းနည်း အပါအဝင်ဖြစ်သည်။

ငါးပါးသီလတွင် မထည့်သွင်းသော်လည်း ပျက်စီးကြောင်းအဖြစ် ဟောကြားထား၍ ရှောင်ရမည်သာဖြစ်သည်။

ရဟန်း ၉ ဘဝ

အမေး(၂၇) သောတုဇန ရဟန်း (aungbohein.80@gmail.com)

တပည့်တော်တို့ ဂေါတမဘုရားရှင် ပါရမီဖြည့်စဉ် ရဟန်းဘဝ ၉ ဘဝသာ ရခဲ့သည်ဟု နာယူမှတ်သားဖူးပါသည်ဘုရား။

မည်သည့်ကျမ်းတွင် ပါရှိသည်ကို သိလိုပါသည် အရှင်ဘုရား။

(၂၇) သောတုဇန ရဟန်း၏မေးခွန်းကိုဖြေဆိုခြင်း

ဂေါတမဘုရားရှင် ပါရမီဖြည့်စဉ် ဘုရားနှစ်ဆယ့်လေးဆူနှင့် ကြုံတွေ့၍ ဗျာဒိတ်ခံခဲ့သည်။ ထိုတွင် ဘုရားကိုးဆူထံ၌သာ ရဟန်းအဖြစ်ခံယူခဲ့သည်ကို အဋ္ဌသာလိနိအဋ္ဌကထာနိဒါန်းလာ ဗျာဒိတ်ခံခန်းမှာ ရှာဖွေဖတ်ရှုမှတ်သားပါ။

(၁) ကောဏ္ဍည ဘုရားလက်ထက် ဝိဇိတာဝီအမည်ရှိ စင်္ကြာဝတေးမင်းဖြစ်စဉ် ရဟန်းပြုသည်။

(၂) မင်္ဂလ ဘုရားလက်ထက် သုရုစိပုဏ္ဏားဖြစ်စဉ် ရဟန်းပြုသည်။

(၃) သုမေဓာ ဘုရားလက်ထက် ဥတ္တရမည်သော ပုဏ္ဏားလုလင်ဖြစ်စဉ် ရဟန်းပြုသည်။

(၄) သုဇာတ ဘုရားလက်ထက် စင်္ကြာဝတေးမင်းဖြစ်စဉ် ရဟန်းပြုသည်။

(၅) ဝေဿဘူ ဘုရားလက်ထက် သုဒဿနမည်သောမင်းဖြစ်စဉ် ရဟန်းပြုသည်။

(၆) ဖုဿ ဘုရားလက်ထက် ဝိဇိတာဝီမင်းဖြစ်စဉ် ရဟန်းပြုသည်။

(၇) ကကုသန် ဘုရားလက်ထက် ခေမမည်သောမင်းဖြစ်စဉ် ရဟန်းပြုသည်။

(၈) ကောဏာဂမန ဘုရားလက်ထက် ပဗ္ဗတမည်သောမင်းဖြစ်စဉ် ရဟန်းပြုသည်။

(၉) ကဿပ ဘုရားလက်ထက် ဇောတိပါလလုလင်ဖြစ်စဉ် ရဟန်းပြုသည်။

ဝေဿန္တရာဇာတ်တော်

အမေး(၂၈) Zaw Naing Aung (1biotechnique@gmail.com)

ဂါထာတစ်ထောင်ဆင်ယင်သော ဝေဿန္တရာဇာတ်တော်ဟာ ပိဋကတော်ရဲ့ ဘယ်အပိုင်းမှာ ပါပါသလဲ ဘုရား။

တပည့်တော်တော့ ခုဒ္ဒကနိကာယ် စရိယာပိဋကမှာတော့ ဇာတ်တော်တွေကို အကျဉ်းဆုံးပုံစံနဲ့ ပါဠိတော် မြန်မာပြန်ကိုသာ လေ့လာရပါတယ်ဘုရား။

http://www.pitakataw.com/2010/02/blog-post_3112.html?m=1

(၂၈) Zaw Naing Aung၏မေးခွန်းကိုဖြေဆိုခြင်း

ဝေဿန္တရာဇာတ်သည် ခုဒ္ဒကနိကာယ် ဇာတကပါဠိ ဒုတိယတွဲ၌ အပြည့်အစုံပါရှိသည်။

ပရိတ်ကြီး ဆယ့်တစ်သုတ်

အမေး(၃၀) အောင်ကျော်ထွန်း (aktun31@gmail.com)

အရှင်ဘုရား တပည့်တော်ရိုသေစွာလျှောက်ထားပါသည်ဘုရား။ တပည့်တော်စိတ်ထဲ တမျိုးဖြစ်နေတာလေးတစ်ခုကို မေးမြန်းလိုက်တာပါဘုရား။

တပည့်တော်တို့တတွေ ပရိတ်ကြီး ၁၁ သုတ်ပါအဝင် အခြားသော တရားတော်များကို ရွတ်ဖတ်ခြင်းဖြင့်ပင် အကျိုးကျေးဇူးရှိတယ်လို့ ယုံကြည်မှုရှိကြပါတယ်ဘုရား။

တပည့်တော် အထင်မှာ ဒါဟာ တန္တရဝါဒ သဘောသက်ရောက်နေတယ်လို့ထင်ပါတယ်ဘုရား။

မေတ္တာသုတ်ဆိုတာ ကျင့်ကြံရမယ့်တရား၊ မင်္ဂလသုတ်ဆိုတာလဲ ကျင့်ကြံရမယ့်တရားတွေလို့ယုံကြည်ပါတယ်ဘုရား။ ရွတ်ဖတ်နေယုံနဲ့ ပြီးမယ့်အရာတွေမဟုတ်လို့ ယုံကြည့်ပါတယ်ဘုရား။ ထိုအတူ တရားဦး ဒေသနာ၊ ပဋ္ဌာန်းဒေသနာတော်၊ အနတ္တလဏ္ခာသုတ်များဟာလဲ သေချာနားလည်သဘောပေါက် (realization thru wisdom) ဖြစ်ဖို့လိုတဲ့ ကြည်ညိုဖွယ်ရာ တရားတော်မြတ်များဖြစ်ပါတယ်ဘုရား။

သို့သော် လူတော်တော်များများမှာ နားမလည်တဲ့ပါဠိတွေကိုရွတ်ဖတ်နေယုံနဲ့ အကျိုးခံစားရမယ်ထင်နေကြပါတယ်ဘုရား။ မင်္ဂလသုတ်ကို ပါဠိလိုနားမလည်ပဲရွတ်ပြီး နေထိုင်မှုဘဝမှာ တရားတော်နဲ့မညီတာတွေပြုသူတွေမှာ အကျိုးကျေးဇူးဆိုတာရနိုင်မရနိုင် အရှင်ဘုရားထံ ရိုသေစွာ လျှောက်ထားမေးမြန်းလို်က်ရပါတယ်ဘုရား။

မေတ္တာရှေ့ထားပြီး ဖြေကြားပေးပါရန်တောင်းပန်အပ်ပါတယ်ဘုရား။

အမေး(၃၀) အောင်ကျော်ထွန်း၏မေးခွန်းကိုဖြေဆိုခြင်း

အဓိပ္ပါယ်မသိပဲ ရွတ်ဖတ်ရုံသက်သက်၊ ဘုရား၊ တရားတော်အမှတ်ဖြင့် ကြည်ညို၍ ရွတ်လျှင် ကုသိုလ်တော့ ရနိုင်သည်။

တကယ်တော့ ပရိတ်တရားတော်များဆိုတာ မေတ္တာနှင့် သစ္စာ အဓိက အေခြခံ ဟောကြားထားတာဖြစ်တယ်။ တကယ်နားလည်ပြီးရွတ်မှ ပို၍အကျိူးရှိနိုင်မယ်။

မေတ္တာ၊ သစ္စာမပါတဲ့ နတ်တွေကိုသာ ချီးမွမ်းခန်းဖွင့်တဲ့ တန္တရဝါဒနှင့် မတူ၊ ဓမ္မစင်္ကြာ၊ အနတ္တလက္ခဏသုတ်၊ ပဋ္ဌာန်းတရားတော်များကို အဓိပ္ပာယ်နားလည်အောင် လေ့လာပြီး ရွတ်ဆိုနှလုံးသွင်းမှသာ ပြီးပြည့်စုံသော အကိုျးတရားရနိုင်မှာဖြစ်တယ်။ မင်္ဂလသုတ်အလွတ်ရသော်လည်း လိုက်နာကျင့်သုံးမှုမပြုလျှင် ဆေးရှိလျက်မသောက်၍ ရောဂါမပျောက်တာ နှင့်တူသည်။ ဗုဒ္ဓ၏ တရားတော်များမှာ ကြားနာမှတ်ထား ဆင်ခြင်စဉ်းစားပြီးနောက် ဓမ္မနု ဓမ္မအကျင့်ကို ကျင့်ရမည်။ သို့မှသာ ပြည့်စုံသော အကျိုးတရားရရှိနိုင်မည်။

မိဘလုပ်ကျွေးလျက်

အမေး(၃၁) Kyaw Kyaw(kyawkyaw.rocker01@gmail.com)

ဘုန်းဘုန်း တပည့်တော် ယခုဘဝမှာ မိဘကိုလုပ်ကျွေးနေတဲ့သူပါဘုရား။ ဒါပေမဲ့ အမြဲတမ်းအဆင်ပြေတယ်မရှိပါဘူး။ ဒါပေမဲ့ တပည့်တော်တို့အိမ်နားကလူတယောက်ကြတော့ မိဘကိုလည်း နားမလည် လုပ်လည်းမကျွေးဘူး အရက်ပဲ လည်သောက်နေတာ ဒါပေမဲ့အခုချမ်းသာသွားပီ နောက်ပြီး တပည့်တော်လည်းအလုပ်ကိုကြိုးစားပြီး လုပ်နေတာပ ဲဒါပေမဲ့ဘာမှမဖြစ်လာဘူး အဲဒါဘာ့ကြောင်ဆိုတာ ရှင်းပြသွန်သင်ပေးတော်မူပါဘုရား။

(၃၁) kyawkyaw ၏မေးခွန်းကိုဖြေဆိုခြင်း

မိဘကို လုပ်ကျွေးနေတာ အလွန်ကောင်းတဲ့ အလုပ်ပါ။ မြတ်စွာဘုရား ချီးမွမ်းတဲ့ မင်္ဂလာကုသိုလ် ဖြစ်တယ်။ အဆင်ပြေတာ၊ မပြေတာက တစ်ခြားအကြောင်းနဲ့ သက်ဆိုင်ပါတယ်။ မိဘကို မလုပ်ကျွေးသူကို အားမကျပါနဲ့။ အရက်သောက်တာ ချမ်းသာတာကို အားမကျပါနဲ့။

အဆင်ေပြမှု၊ မပြေမှု၊ ချမ်းသာမှု၊ ဆင်းရဲမှု တွေဆိုတာ ထာဝရမဟုတ်၊ တစ်ခဏသာဖြစ်တယ်။

စနေ တနင်္ဂနွေ

အမေး(၃၂) အရှင်ဇာဂရ (ashinjagara23@gmail.com)

တပည့်တော်များ ယဉ်ကျေးမှုသင်တန်းပို့ချစဉ် ကလေးမလေးတစ်ယောက်က ဘုန်းဘုန်း စနေ တနင်္ဂနွေစတဲ့နေ့ရက်တွေက ဘုရားမပွင့်ခင် ဟိုအရင်ကတည်းကရှိတာလားဘုရားလို့ အမေးခံရဘူးပါတယ်ဘုရား တပည့်တော်လဲ မသိလို့ဖြေကြားပေးတော်မူပါဘုရား ...

(၃၂) အရှင်ဇာဂရ၏မေးခွန်းကိုဖြေဆိုခြင်း

စနေ၊ တနင်္ဂနွေဆိုတာတွေက ဗေဒင်ကျမ်းတွေရဲ့အဆိုဖြစ်တော့ ဘုရားမပွင့်ခင်ရှေးယခင်ထဲကရှိတာ ဖြစ်တယ်။ ဒါတွေက နက္ခတ်နဲ့ပတ်သက်တဲ့ အခေါ်တွေမျှသာ ဖြစ်တယ်။

ဘဝကို မည်ကဲ့သို့ကုန်စေသင့်သလဲ

အမေး(၃၃) hla moe myint (bloodseeker609@gmail.com

လူ့ဘဝကိုအဓိပ္ပါယ်ရှိစွာ(သို့)အကျိုးရှိစွာ မည်ကဲ့သို့နေထိုင်ကုန်ဆုံးသင့်ပါသလဲဘုရား။

(၃၃) hla moe myint ၏မေးခွန်းကိုဖြေဆိုခြင်း

လူ့ဘဝဆိုတာ ကုသိုလ်ကောင်းမှုကြောင့် ရတာဖြစ်တယ်။ လူ့ဘဝရခိုက် ကုသိုလ်များများလုပ်နိုင်မှ အကျိုးရှိမယ်။

ဘုန်းဘုန်းဟောတဲ့ “လူဖြစ်ကျိုးနပ်ပါစေ” တရားကို နာကြည့်လိုက်ပါ။

အနန္တငါးပါး

အမေး(၃၄) ကိုထွန်း (2009hector@gmail.com)

ဘုရားက ရတနာ ( ၃ ) ပါးဘဲ ဟောခဲ့တယ်ဟုထင်ပါတယ်.... ခုကျတော့ အနန္တော အနန္တငါးပါးဆိုပြီး ဖြစ်နေတယ်...ဘယ်အချိန်ကစပြီး အနန္တော၊ အနန္တငါးပါးပေါ်လာတာလဲ...သိချင်လို.ပါအရှင်ဘုရား

(၃၄) ကိုထွန်း၏မေးခွန်းကိုဖြေဆိုခြင်း

အနန္တငါးပါး၊ ခင်ပွန်းကြီးဆယ်ပါးဆိုတာ ကျေးဇူးတင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ မပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ် တွေကို ပညာရှိများကစာရင်းလုပ်ပြတာ ဖြစ်နိုင်တယ်၊ ဘုရားဟောမဟုတ်ပါ။

ဝင်လေ ထွက်လေနှင့် ရဟန္တာ

အမေး(၃၅) မောင်သူရိန်ဇော် (jame.cop37@gmail.com)

အရှင်ဘုရား ရဟန္တာ ဖြစ်သွားရင် ဝင်လေထွက်လေ မှတ်ပြီးအိပ်ခြင်းဖြင့် အိပ်သည်ဟု ကြားဖူးပါသည်ဘုရား...မည်သို့ဖြစ်ပါသနည်း.. မြတ်စွာဘုရားလည်း အိပ်မက်မက်ပါသည်ဟု လေ့လာဖူးပါသည်... ဝင်လေထွက်လေ နှင့် ကျိန်းပြီးအဘယ်ကြောင့် အိမ်မက်မက်ပါသနည်းဘုရား...

(၃၅) မောင်သူရိန်ဇော်၏မေးခွန်းကိုဖြေဆိုခြင်း

ရဟန္တာဖြစ်ရင် ဝင်လေ၊ထွက်လေ မှတ်အိပ်သည်ဟု စာထဲမှာမရှိပါ။ အမှန်က ရဟန္တာ ပုဂ္ဂိုလ်တို့၏ ကျိန်းစက်ခြင်းသည် ထိန၊ မိဒ္ဒကြောင့်မဟုတ်ပဲ ရုပ်ခန္ဓာ၏ ပင်ပန်းမှုကြောင့်သာဟု ဆိုသည်။ ကုက္ကိုပင် စသော အချို့သစ်ပင်များလည်း အသိစိတ်မရှိသော်လည်း
နေဝင်ရင်အိပ်ကြသည်။ ဘုရား၊ ရဟန္တာများ အိမ်မက်မမက် ပါ။ ဝိပ္ပလ္လာသ ကင်းပြီးဖြစ်သောကြောင့် မမက်ခြင်းဖြစ်သည်။ ဝိပ္ပလ္လာသ မကင်းသေးတ ပုထုဇဉ်များနှင့် သောတာပန်၊ သဒါဂါမ်၊ အနာဂါမ်တို့သာမက်ကြသည်။

အဝေးသင်

အမေး(၃၆) အရှင်ဣန္ဒာစရိယ စေတီလှချောင်ဆရာတော် စစ်ကိုင်း၊ (ashinpower@gmail.com)

ဆရာတော် အဘိဓမ္မာသိပ္ဗံကို အဝေးသင် တက်လို့ရသည်ဟုကြားသိရပါသည်။ တပည့်တော်တက်လိုပါသည်။ ညွှန်ကြားတော်မူပါ။

(၃၆) အရှင်ဣန္ဒာစရိယ၏မေးခွန်းကိုဖြေဆိုခြင်း

အဝေးသင်တက်လို့ရသည်။ ရန်ကုန်ကမ္ဘာအေး အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာတက္ကသိုလ်နှင့် တိုက်ရိုက် ဆက်သွယ်လိုက်ပါ။

တရားအလုပ်ဆိုတာ

အမေး(၃၇) ကိုကျော်သန်း (kokyawthan.maymyo@gmail.com)

အရှင်ဘုရား မေးလျှောက်ချင်ပါတယ် ခွင်ပြုပေးပါဘုရား အမှားပါလျှင်လည်း ခွင့်လွှတ်ပါ စာလုံးပေါင်းမှားခြင်းသည်းခံပေးပါဘုရား။ တပည့်တော်မြင်ဘူးသောအရာ အကြွင်းမရှိ အမှန်တိုင်းသာသိရှိလိုပါတယ် တပည့်တော် တစ်ညမှာဝိပဿနာလုပ်ပါတယ် ခန္ဓာ အလွန်အကျွံ ဖောက်ပြန်တာတွေ့ရပါတယ် ဖွဲငွေ့ကိုမီးလောင်သလို ပျင်းရိငြီးငွေ့စွာ မြင်နေရပါတယ် ဝေဒနာတက်လာလေလေ မုန်းလာလေပါပဲ။ ကြာကြာမုန်းလာတော့ ဆင်းရဲတာနောင်တစ်ဖန် မလိုချင်သည့်အချိန် ရုပ်ပျောက်ပြီး ငြိမ်းအေးနေတာ တစ်ခဏတွေ့လိုက်ရပါသည် တိကျစွာဖြေကြားပေးပါရန် နောက်ထပ်လည်းမေးပါအုံးမယ်ဘုရား ဒါလေးကို အရင်ဖြေပေးစေလု်ိပါတယ်ဘုရား..

(၃၇) ကိုကျော်သန်း၏ မေးခွန်းကိုဖြေဆိုခြင်း

တရားဆိုတာ ကိုယ့်ဟာကိုယ်အသိဆုံးဖြစ်ပါတယ်။ သူများကပြောရင် အထင်မျှသာဖြစ်ပါလိမ့်မယ်။

ခန္ဓာငါးပါး၊ သက္ကာယဒိဋ္ဌိ

အမေး(၃၈) ဦးလွင်ဦး (theikddi@gmail.com)

(a)ခန္ဓာငါးပါးကိုအကျဉ်းရှင်းပြပေးတော်မှုပါဘုရား...

(b)သက္ကာယဒိဋ္ဌိကိုအကျဉ်းရှင်းပြပေးတော်မှုပါဘုရား...

(၃၈)ဦးလွင်ဦး၏မေးခွန်းကိုဖြေဆိုခြင်း

(A) ခန္ဓာငါးပါးဆိုသည်မှာ-

(၁) ရူပကခန္ဓာ - ဆန့်ကျင်ဖက် အကြောင်းနှင့်ဆုံလျှင် ထင်ရှားစွာပြောင်းလဲတတ်ပြီး အတုံးအခဲပုံသဏ္ဌာန်ကို အခြေပြုတဲ့ရုပ်အစု။

(၂) ဝေဒနာက္ခန္ဓာ - စိတ်၌ဖြစ်ပေါ်သော ခံစားမှုအစု။

(၃) သညာက္ခန္ဓာ - စိတ်၌ဖြစ်ပေါ်တတ်သည့် အာရုံကိုမှတ်သားခြင်း၊ အမှတ်အသားအတိုင်းပြန်၍သိခြင်း သဘောအစု။

(၄) သင်္ခါရက္ခန္ဓာ - ကြံစည်ခြင်း၊ စိတ်ကူးခြင်း၊ လိုချင်ခြင်း၊ မုန်းတီးခြင်းစတဲ့ လှုပ်ရှားမှုများဖြင့် ဖန်တီးမှု အမျိုးမျိုးကို ပြုလုပ်စေတတ်သည့် သဘောအစု။

(၅) ဝိညာဏက္ခန္ဓာ - ဝတ္ထု၊ ဒွါရတို့၌ ထင်ဟပ်လာသော အာရုံကို ရယူမှု၊ သိတတ်မှုစိတ်အစု။

(B) သက္ကာယဒိဋ္ဌိဆိုသည်မှာ တကယ်ရှိတဲ့ခန္ဓာငါးပါးကို တကယ်မရှိတဲ့အတ္တနှင့်ပုံဖော်တွေးထင်ပြီးမှားယွင်းတဲ့ အမြင်ကိုခေါ်သည်။

ပကိဏ်ပိုင်း

အမေး(၃၉) နန်းခင်ခင်ဦး (nang.khinkhinoo66@gmail.com)

ဆရာတော်ဘုရား...နေကောင်းကျန်းမာပါလားဘုရား...တပည့်တော် မန္တလေးကပါဘုရား။ အဘိဓမ္မာထဲက ပကိဏ်းပိုင်းနဲ့ပတ်သက်ပြီး အကျဉ်းချုပ်လေးကို သိချင်ပါတယ်ဘုရား။

(၃၉) နန်းခင်ခင်ဦး၏မေးခွန်းကိုဖြေဆိုခြင်း

ပကိဏ်းပိုင်းမှာ စိတ်(၈၉)ကို ဝေဒနာ၊ ဟေတု၊ ဒွါရ၊ အာရုံ၊ ဝတ္ထုများဖြင့် ပိုင်းခြားဝေဖန်ပြသည်။ စိတ်ကို ဝေဖန်သဖြင့် စေတသိတ်လည်းပါဝင်သည်ဟု မှတ်ရမည်။

ပဉ္စုပါဒါနက္ခန္ဓာ

အမေး(၄၀) အောင်မျိုး (orthoaungmyo@gmail.com)

ပဉ္စုပါဒါနက္ခန္ဓာ အကြောင်းသိလိုပါသည်။

(၄၀) အောင်မျိုး၏မေးခွန်းကိုဖြေဆိုခြင်း

ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာ (၂)မျိူး ခွဲခြားမှတ်ရမည်။ ရုပ်၊ နာမ် တရားအားလုံးသည် ခန္ဓာငါးပါး၌ စာရင်းဝင် ၏။ တဏှာ၊ ဒိဋ္ဌိ စွဲလန်းမှုတွေ ဖြစ်လျှက်ရှိသော ရုပ်တရားများ၊ လောကုတ္တရာ စိတ်၊ စေတသိတ်မှ တစ်ပါးသော နာမ်တရားများသည် ဥပါဒါနက္ခန္ဓာတွင်ပါသည်။

စကြာဝဠာ

အမေး(၄၁) စိုင်းအောင်လှမင်းနိုင် (saiaung5@gmail.com)

ဦးစွာပထမ အရှင်ဘုရားကို ဦးတိုက်ကန်တော့ပါ၏အရှင်ဘုရား၊ တပည့်တော် သိချင်တာလေး ရှိပါတယ်၊ စကြာဝဠာကြီးမှာ တပည့်တော်တို့လို လူသားတွေနေထိုင်တဲ့ ကမ္ဘာကြီးက တစ်လုံးပဲရှိတာလား ဘုရား၊ နောက်ပြီး မြောက်ကျွန်းဆိုတာကကော ဘယ်လိုမျိုးလဲဘုရား၊ မြတ်စွာ ဘုရားက စကြာဝဠာ တိုက်တစ်သောင်းလို့ ဟောတော်မူခဲ့ပါတယ်၊ အဲဒီအထဲမှာ တပည့်တော်တို့လို ကမ္ဘာမျိုးက တစ်လုံးပဲ ရှိတာလားဘုရား၊ တပည့်တော်က လူငယ်ပါဘုရား၊ သိလိုတာလေးကို ဖြေပေးတော်မူပါ။

(၄၁) စိုင်းအောင်လှမင်းနိုင်၏မေးခွန်းကိုဖြေဆိုခြင်း

စကြာဝဠာနှင့် ပတ်သတ်၍ အင်္ဂုတ္တရ်နိကာယ်မှာ စူဠနိကာသုတ်ဆိုတာပါရှိသည်။ မြတ်စွာဘုရားက စက္ကဝါဠ(စကြာဝဠာ) ဆိုတဲ့စကားလုံးကို မသုံးဘူး။ လောကဓာတုဆိုတဲ့ အသုံးနဲ့ ဟောတယ်။ လနှင့်နေ အရောင်လင်းရာ ဧရိယာကြီး တစ်ခုကို လောကဓာတုတစ်ခုဟုခေါ်သည်။ (စကြာဝဠာ တစ်ခုဟုလည်းခေါ်နိုင်သည်။) စကြာဝဠာတစ်ခုမှာ နေတစ်စင်း၊ လတစ်စင်း၊ မြင့်မိုရ်တောင် တစ်တောင်၊ ကျွန်းကြီး လေးကျွန်း၊ သမုဒ္ဒရာလေးစင်း၊နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာပြည်တို့ပါရှိသည်။ အဲ့ဒီလို အမျိုးအစား တစ်ထောင် အရေအတွက်ကို စူဠနိကာ လောကဓာတ် တစ်ခုဟု သတ်မှတ်သည်။

ဒီသုတ်ကိုထောက်ရှုလျှင် စကြာဝဠာတစ်ခုတိုင်းမှာ ကမ္ဘာဂြိုလ်တစ်လုံးရှိသည်ဟုမှတ်ရမည်။ကမ္ဘာ့ဝင်ရိုးစွန်းကြီး၏ အရှေ့ဘက်ကအရှေ့ကျွန်း၊ တောင်ဘက်က တောင်ကျွန်း၊ အနောက်ဘက်က အနောက်ကျွန်း၊ မြောက်ဘက်က မြောက်ကျွန်းဟု ခေါ်သည်။ စကြာဝဠာ အနန္တရှိသည်ဟု မှတ်ရမည်။စကြာဝဠာတိုက်တစ်သောင်းဆိုတာ ဓမ္မစကြာတရားအဆုံး တပြိုင်နက်တုန်ခါသွားသော စကြာဝဠာ အရေအတွက်ကိုပြောတာဖြစ်သည်။ မြတ်စွာဘုရား၏ ပရိတ်တရားတော်ကို စကြာဝဠာ ကုဋေ တစ်သိန်းရှိ နတ်ဗြဟ္မာတွေက လက်ခံယုံကြည်ကြသည်။

သုဒ္ဓါဝါသ၅-ဘုံ

အမေး(၄၂) ဦးထွန်းထွန်းအေး (utuntunaye@gmail.com)

အရှင်ဘုရား ရူပဗြဟ္မာဘုံတွင် ပါဝင်သော သုဒ္ဓါဝါသ၅-ဘုံရှိ ဗြဟ္မာတို့သည် ရုပ်ချည်း သက်သက်(ဝါ) ရုပ်နာမ်၂-ပါးလုံး ရှိပါသလား၊ ထိုအရိယာဗြဟ္မာတို့၏ ထူးခြားမှုများရှိပါက ဖြေကြားပေး တော်မူပါဘုရား။ တပည့်တော်၏ မေးခွန်းတွင် အမှားပါက ခွင့်လွှတ်တော်မူပါဘုရား။

(၄၂) ဦးထွန်းထွန်းအေး၏မေးခွန်းကိုဖြေဆိုခြင်း

သုဒ္ဓါဝါသ ငါးဘုံရှိ ဗြဟ္မာတို့မှာ ရုပ်၊နာမ်(၂)ပါးလုံး ရှိကြသည်။ အနာဂါမ်ဖြစ်ပြီးမှသာ သုဒ္ဓါဝါသဘုံ၌ ဖြစ်နိုင်သည်။ ထို သုဒ္ဓဝါသဘုံသည် အနာဂါမ်နှင့် ရဟန္တာများသာ ရှိသော ဘုံဖြစ်သည်။ အရိယာဖြစ်ပြီးသော ဗြဟ္မာမှန်သမျှ ရဟန္တာ မဖြစ်သေးလျှင် အထက်ထက်ဘုံများ၌သာဖြစ်သည်။အောက်ဘုံများ၌ မည်သည့်အခါမျှ ပြန်၍မဖြစ်။

ကောသလမင်းကြီး မိဖုရား

အမေး(၄၃) မောင်လမင်းထွန်း (r.lay2020@gmail.com)

ဆရာတော်ဘုရား စာကိုတစ်ခါမှ မပို့ဘူးသည့်အတွက်ကြောင့် အမှားပါလျှင် ခွင့်လွှတ် စေချင်ပါသည်ဘုရား၊ တပည့်တော်သိလိုသည့် အကြောင်းအရာမှာ ကောသလမင်းကြီးရဲ့ မိဖုရားကြီး အမည်ကလည်း မလ္လိကာ၊ သူ့ရဲ့သူငယ်ချင်း မဟာဗန္ဓလစစ်သူကြီးရဲ့ မိဖုရားကြီးအမည်ကလည်း မလ္လိကာဖြစ်နေသည့် အတွက်ကြောင့်တစ်ယောက်တည်းလား တစ်ဦးစီလား သိလိုပါသည်ဘုရား။ စာက စရိုက်စဖြစ်သည့် အတွက်ကြောင့် ပြင်ဆင်ပြီး ဖတ်စေလိုပါသည်ဘုရား။

(၄၃)မောင်လမင်းထွန်း၏မေးခွန်းကိုဖြေဆိုခြင်း

ကောသလမင်းကြီး မိဖုရားက ပန်းဥယျာဉ် စိုက်ပျိုးသူ၏ သမီးဖြစ်သည်။ အမည်မှာ မလ္လိကာ။ ဗန္ဓလစစ်သူကြီးကတော်က မလ္လလူမျိုးဖြစ်၍ မလ္လတိုင်းမှ ရောက်လာသည်။ ဗန္ဓလ စစ်သူကြီးကလည်း မလ္လလူမျိုးဖြစ်သည်။ ဗန္ဓလစစ်သူကြီးကတော် မလ္လမင်းသမီးမှာ မဟာလတာ တန်ဆာ ဝတ်ဆင်နိုင်သူ ဖြစ်သည်။ သို့ဖြစ်၍ အမည်တူသော်လည်း လူချင်းမတူပါ။

ရဲဘော်မသေ သေသော်ငရဲမလား

အမေး (၄၄) မောင်အောင်ကျော်သာ (kgyi18@gmail.com)

အရှင်ဘုရား ရိုသေစွာ လျှောက်ထားအပ်ပါသည်၊ “ရဲဘော်မသေ သေသော်ငရဲမလား” ဆောင်ပုဒ်အတိုင်း စစ်သားများသေပြီးနောက် ငရဲကျမကျ သိလိုပါတယ် အရှင်ဘုရား။

(၄၄)မောင်အောင်ကျော်သာ၏မေးခွန်းကိုဖြေဆိုခြင်း

“ရဲဘော်မသေ သေသော်ငရဲမလား” ဆိုသည်မှာ စိတ်ဓာတ်စစ်ဆင်မှုနှင့် သူရသတ္တိကို ချီးမွမ်းမှုသာ ဖြစ်သည်။ စစ်သားများ သေပြီးနောက် ငရဲကျမကျ အတိအကျ ပြောလို့မရ။ ထိုပုဂ္ဂိုလ်ရဲ့ ကံနဲ့သာ သက်ဆိုင်သည်။

လဗိမာန်ကို ရောက်နိုင်သလား

အမေး (၄၅) မောင်စံသူ (thitsarayeyeat@gmail.com)

လကို မရောက်နိုင်ပုံ ဥပမာပြုပြီး ဟောထားတဲ့ တရားတော်တွေ နာယူဖူးပါတယ်ဘုရား၊ ယခုခေတ်မှာ လကို ဂြိုဟ်တုတွေ ဒုံးပျံတွေနဲ့ သွားနိုင်ကြတယ်လို့ ဆိုပါတယ်ဘုရား၊ ဒီလို ကွဲလွဲချက်ကို ဘာသာခြား ပုဂ္ဂိုလ်တစ်ဦးဦးက ထောက်ပြမေးမြန်းလာရင် ဘယ်လိုအဖြေ ပေးသင့်ပါသလဲဘုရား။

(၄၅) မောင်စံသူ၏မေးခွန်းကိုဖြေဆိုခြင်း

ဗုဒ္ဓကျမ်းစာအရ “လ“ဆိုသည်မှာ လနတ်သား၏ ဗိမာန်တစ်ခုမျှသာဖြစ်သည်။ မရောက်နိုင်ဟု ယတိကျပြော၍မရ။ ငါးရာငါးဆယ်ဇာတ်တော်မှာ လူသားကိုယ်တိုင် နတ်ပြည် ရောက်ကြောင်း ဖော်ပြသော ဇာတ်များရှိသည်။ မဃလုလင်၏ဇနီး သုဇာတာဘဝမှ ဖြစ်လာသည့် ဗျိုင်းမသည်ပင် တာဝတိံသာနတ်ပြည်သို့ ပင်ရောက်ဖူးသည်။ ထို့ပြင် ဣဒ္ဓိဝိဓအဘိညာဉ်အခန်းမှာ အရှိန်အဝါကြီးမားတဲ့ 'လ'တွေ'နေ'တွေကိုပင် လက်နဲ့ထိကိုင်နိုင်င်တယ်လို့ဆိုတာဖြစ်လို့ ရုပ်ဝတ္ထု တစ်ခုမျှသာဖြစ်တဲ့ 'လ'အပေါ်( ပိဋကတ်စာပေအရ) ရောက်နိုင်တယ်ဟုပင် ယူဆနိုင်တယ်။ မရောက်နိုင် ဟု ယူဆသူများမှာမူ သာမန်ပုဂ္ဂိုလ်တွေ မရောက်နိုင်ခြင်းမျှကိုသာ ရည်ညွန်းပြောဆိုခြင်းသာ ဖြစ်ပါလိမ့်မည်။

ဘယဟူသည်

အမေး(၄၆) ဝတ်မှုံစု (ရန်ကုန်) (wutmhunsu@gmail.com)

ဆရာတော်ဘုရား၊ ရိုသေစွာ မေးမြန်းလျှောက်ထားအပ်ပါသည်ဘုရား၊ ပါဠိစကားလုံး 'ဘယ'ကို ၁။ ဘေး၊ ၂။ အကြောက်တရားဆိုပြီး ဖွင့်ထားတာ တွေ့ရပါတယ်ဘုရား၊ ၂-မျိုးလုံး သင့်လျော်ပါသလားဆိုတာ ကရုဏာရှေ့ထား ဖြေကြားပေးတော်မူပါဘုရား။

(၄၆)ဝတ်မှုံစု၏မေးခွန်းကိုဖြေဆိုခြင်း

ပါဠိစကားလုံး ဘယကို ဘေးဟုလည်ကောင်း၊ အကြောက်တရားဟုလည်ကောင်း ဆိုကြရာ (၂)မျိုးလုံး သင့်လျော်တယ်။ ပါဠိစာပေ၌ ဘယဆိုတာ (၄)မျိုးရှိကြောင်း ဖွင့်ဆိုထားတယ်။

(၁) စိတ္တုတြာသဘယ - ကြောက်လန့်တဲ့စိတ်

(၂) ဉာဏဘယ - ကြောက်စရာလို့မြင်တဲ့အသိဉာဏ်

(၃) အာရမ္မဏဘယ - ကြောက်စရာအာရုံ

(၄) ဩတ္တပ္ပဘယ - မကောင်းမှုအကုသိုလ်ကိုကြောက်ရွ့မှု

(သာမညဖလသုတ်ဖွင့်အဋ္ဌကထာ)

မနုဿတ္တဘာဝေါ ဒုလ္လဘော

အမေး(၄၇) + (၄၈) ariathitsarthdhammaron (ariathitsardhammaron@gmail.com)

“မနုဿတ္တဘာဝေါ ဒုလ္လဘော” လူ့ဘဝဟူသည် ရခဲ၏ဟူသော ပါဠိတော်အား “မန ဥတ္တရ သတ္တ ဘဝ ဒုလ္လဘ” ၇-မျိုးသောဘဝမှ လွတ်မြောက်နေသော မနောအဖြစ်ဟူသည် ရခဲ၏ဟု ဘာသာပြန်မည် ဆိုက ရနိုင်ပါသလားအရှင်ဘုရား။

(၄၇)+(၄၈) ariathitsarthdhammaron ၏မေးခွန်းကိုဖြေဆိုခြင်း

“မနုဿတ္တဘာဝေါ ဒုလ္လဘော” ဟူသောပါဠိကို လူ့အဖြစ်ရခဲသည်ဟုသာ ဘာသာပြန်မှ အဓိပ္ပါယ် အမှန်ထွက်သည်။ မေးခွန်းရှင်းပြဆိုသော ဘာသာပြန်ဆိုချက်က မည်သည့်ကျမ်းဂန်မှာမှ မဆို၊ လက်ရှိပါဠိကို ပုံဖျက်၍ ကိုယ်လိုရာ ဆွဲတွေးခြင်းမျှသာ ဖြစ်သည်။ ထိုသို့ ဘာသာပြန်လျှင်မမှန်။

မပြစ်မှားထိုက်သော အမျိုးသမီး၂၀

အမေး(၄၉) ကိုကောင်းမြတ် (pang.peaceful@gmail.com)

ဆရာတော်ဘုရား တပည့်တော် လက်ဆယ်ဖြာမိုး ခြေစုံဦးခိုက် ကန်တော့ပါ၏၊ တပည့်တော် မပြစ်မှားထိုက်သော အမျိုးသမီး၂၀-ရှိသည်ဟု ဆရာတော်ဘုရား ဟောကြားသော တရားတွင် နာရသော်လည်း ပြည့်စုံစွာ ဟောကြားခြင်းမရှိသဖြင့် ယခုခေတ်ကာလတွင် အထူးသိသင့် ပါသည်ဘုရား၊ တပည့်တော်တို့ နိုင်ငံသည်လည်း ဗိုလ်ချုပ်မိန့်ကြားခဲ့သော နိုင်ငံသို့ ရောက်ရှိ သလောက် ဖြစ်နေပါသည်ဘုရား၊ မြန်မာ အမျိုးကောင်းသားသမီးများနှင့် ရှေးဆိုရိုးစကားအရ ရိုးသားဖြူစင်လှသော တောသူများမှာ ကိုယ်ကျင့်တရားများ ပျက်စီးယိုယွင်းနေပါပြီဘုရား၊ ယခုခေတ်လူများအားလည်း အသိတရားကင်းမဲ့စွာ ခန္ဓာအား အရင်းအနှီးပြုလုပ်ကိုင်ခြင်း ကောင်းမွန် သော အသက်မွေးဝမ်းကြောင်းဟု ထင်မြင်ယူဆ နေကြပါသည်ဘုရား၊ ထို့အတွက် ယခုခေတ်လူငယ် များနှင့် အသိပညာနည်းပါး၍ ဘဝပျက်နေကြသော သူများအား ကယ်တင်ပေးသနားတော်မူပါဘုရား၊ တပည့်တော်၏ စာအရေးအသားများ အမှားအယွင်းများ ရှိလျှင် ခွင့်လွှတ်တော်မူပါဘုရား။

(၄၉) ကိုကောင်းမြတ်၏မေးခွန်းကိုဖြေဆိုခြင်း

အကျဉ်းချုပ်ဖြေမယ်၊ အမျိုးသမီး(၂၀)နှင့် (sex) ရှိလျှင် ယောကျာ်းမှာ ကာမေသု မိစ္ဆာစာရဖြစ်တယ်၊ အမျိုးသမီး(၂၀)တွင် သာရက္ခ၊ သပရိဒဏ္ဍ အမိုျးသမီး(၂)ဦးနှင့် ဓနက္ကိတာစသော အိမ်ထောင်ရှင် အမျိုးသမီး(၁၀)ဦး ပေါင်း(၁၂)ဦးတို့မှာ မိမိတို့၏အမျိုးသားမှတပါး တစ်ခြား ယောကျာ်းနှင့် (sex)ကိစ္စရှိလျှင် ကာမေသုမိစ္ဆာစာရဖြစ်သည်။ အမျိုးသမီး(၂၀)ကို “မာ ပိ မာပိ၊ ဘနှင့်ဘာ၊ ဉာ ဂေါ ဓမ် သ သာ၊ ဓ ဆန် ဘော ပ၊ ဩ ဩဒ၊ ကမ္မ ဓ မုဟာ”ဟု အကျဉ်းချုပ်မှတ်။

(၁) မာတုရက္ခိတာ (မိခင်စောင့်ရှောက်အပ်သောအမိုျးသမီး)

(၂) ပိတုရက္ခိတာ (ဖခင်စောင့်ရှောက်အပ်သောအမိုျးသမီး)

(၃) မာတာပိတုရက္ခိတာ (မိခင်၊ဖခင်စောင့်ရှောက်အပ်သောအမိုျးသမီး)

(၄) ဘာတုရက္ခိတာ (မောင်စောင့်ရှောက်အပ်သောအမိုျးသမီး)

(၅) ဘဂိနိရက္ခိတာ (အမစောင့်ရှောက်အပ်သောအမိုျးသမီး)

(၆) ဉာတိရက္ခိတာ (ဆွေမိုျးစောင့်ရှောက်အပ်သောအမိုျးသမီး)

(၇) ဂေါတ္တရရက္ခိတာ (အနွယ်တူစောင့်ရှောက်အပ်သောအမိုျးသမီး)

(၈) ဓမ္မရက္ခိတာ (တရာကျင့်ဖော်စောင့်ရှောက်အပ်သော အမိုျးသမီး)

(၉) သာရက္ခာ (စေ့စပ်ထားသူအမျိုးသမီး)

(၁၀) သပရိဒဏ္ဍာ (သွားလာရင်း ပြစ်ဒဏ်ချမှတ်မည်ဟု ကြေငြာထားသောအမျိုးသမီး)

(၁၁) ဓနက္ကီတာ (ဓနဖြင့်ဝယ်ယူအပ်သောအမိုျးသမီး)

(၁၂) ဆန္ဒဝါသိနိ (နှစ်ဦးသဘောတူနေထိုင်သူ)

(၁၃) ဘောဂဝါသိနိ (အသုံးအဆောင်ပေးထားသူဇနီး)

(၁၄) ပဋဝါသိနိ (အဝတ်အစားပေး၍ပေါင်းသင်း နေနေသောဇနီး)

(၁၅) ဩဒပတ္တကိနိ (လက်ထပ်ထားသူဇနီး)

(၁၆) ဩဘဋစုမ္ဗဋာ (အလုပ်အနားပေး၍ပေါင်းသင်းသောဇနီး)

(၁၇) ဒါသီစ (ကျွန်မဇနီး)

(၁၈) ကမ္မကာရီစဘရိယာစ (အလုပ်သမဇနီး)

(၁၉) ဓဇာပဋာ (ပြန်ပေးဆွဲဇနီး)

(၂၀) မုဟုတ္တိကာ (ခဏပေါင်းဇနီး)

သီလရှိသူ မရှိသူ

အမေး(၅၀) မောင်လှိုင်သိန်းထွန်း (mglingtha5050@gmail.com)

အရှင်ဘုရား လူ့လောကမှာ တစ်ချို့သောလူတွေဟာ ဒီဘဝမှာ သီလတရား မရှိကြပါဘူးဘုရား၊ သို့ပေမယ့် အဲဒီလူတွေဟာ အသက်ရှည်ကြပါတယ်၊ တစ်ချို့လူတွေဟာ ဒီဘဝမှာ သီလတရားနှင့် ပြည့်စုံကြပါတယ်ဘုရား၊ သို့ပေမယ့် တစ်ချို့ပုဂ္ဂိုလ်တွေဟာ အသက်တိုကြပါတယ် ဘုရား၊ အသက်ရှည်ခြင်း၏ အကြောင်းတရားဟာ သီလတရားဆိုတာ၊ အသက်တိုခြင်း၏ အကြောင်း တရားဟာ သီလမရှိလို့ဆိုတာ တပည့်တော် လက်ခံပါတယ်ဘုရား၊ ဒါပေမယ့် အတိတ်ဘဝ တုန်းက သီလတရားကင်းမဲ့တဲ့ သူဟာ ယခုဘဝမှာ သီလနှင့် ပြည့်စုံပြီး အသက်တိုတဲ့သူ ဖြစ်ပါတယ် ဘုရား၊ အတိတ်ဘဝတုန်းက သီလနှင့်ပြည့်စုံတဲ့သူဟာ ယခုဘဝမှာ သီလမဲ့ပြီး အသက်ရှည်တဲ့သူ ဖြစ်နေ ပါတယ်ဘုရား၊ တပည့်တော် သိလိုရင်းက အတိတ်က သီလရှိတဲ့သူဟာ ဘာကြောင့် ဒီဘဝမှာ သီလ မဲ့တဲ့သူ ဖြစ်နေပါသလဲဘုရား၊ ထို့အတူ သီလမဲ့တဲ့သူဟာလည်း ဒီဘဝမှာ သီလတရားနှင့် ပြည့်စုံ နေပါသလဲဘုရား၊ သီလနှင့်ပြည့်စုံတဲ့သူ ဖြစ်ရခြင်းအကြောင်း သီလမဲ့ ဖြစ်ရခြင်း အကြောင်းကို ရှင်းပြပေးတော်မူပါဘုရား၊ ဆရာတော်ဘုရား ကျန်းမာစွာ သာသနာပြုနိုင်ပါစေ အရှင်ဘုရား။

(၅၀) လှိုင်သိန်းထွန်း၏မေးခွန်းကိုဖြေဆိုခြင်း

သံသရာမှာ ဘဝပြောင်းရင် ပတ်ဝန်းကျင်ပြောင်းသည်။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဖြစ်တတ်သည်။ ပတ်ဝန်းကျင်ကောင်းသို့ ရောက်ရှိခိုက် သီလနှင့်ပြည့်စုံနိုင်သည်။ မကောင်းတဲ့ ပတ်ဝန်းကျင် ရောက်ရှိလျှင် သီလမရှိသူဖြစ်နိုင်သည်။ ဒါကြောင့် မြတ်စွာဘုရားက ပတိရူပဒေသဝါသ၊ သပ္ပုရိသူပနိဿယ တို့ကို အလေးအနက်ထားဟောခြင်းဖြစ်သည်။ ဗာလနှင့်မပေါင်းဖို့၊ ပဏ္ဍိတနှင့် ပေါင်းဖို့ဆိုတာဟာ အလွန် အရေးကြီးသည်။ ဒီဘဝ သီလရှိရုံနဲ့ နောက်ဘဝ သီလရှိမယ်လို့ မမျှော်လင့်နဲ့၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု ခံရနိုင်သည်။

ဇာတကအဋ္ဌကထာ

အမေး(၅၁) မောင်ဇော်နိုင်အောင် (1biotechnique@gmail.com)

အရှင်ဘုရား ဇာတကအဋ္ဌကထာများမှာ တချို့ က မူရင်းပါဠိတော်နဲ့ ကွဲလွဲမှု များရှိနေသည်ဟု ဆိုကြသဖြင့် မူရင်းပါဠိတော်က ဇာတက ကျမ်းညွှန်း တချို့လောက် ညွှန်ပြပေးပါရန် တောင်းပန်အပ်ပါသည်။

အရှင်ဘုရား မဟာစည်ဆရာတော် ဘာသာပြန်ထားတဲ့ ဝိသုဒ္ဓိမဂ် ဒုတိယတွဲ စာမျက်နှာ ၁၁၃ လောကဝိဓူဂုဏ်တော် အဖွင့်နောက်ဆုံးမှာ လေးကျွန်းတမြင်းမိုရ်အယူဟာ ဘုရားဟောမူရင်းပါဠိတော် မှာမပါဝင်ဘဲ ရှေးဆရာတော်တို့ အယူသာဖြစ်ကြောင်းပြထားပါတယ်။ ဒါအမှန်ဆို များသောအားဖြင့် နေယူဇနာ၅၀-အဝန်း လအဝန်း၄၉၊ယုဂန္ဓိုရ်တောင် သီတာရ-တန် စသည်ဟောပြောရေးသား ချက်များကလည်း ဗုဒ္ဓဝါဒ နဲ့ မပတ်သက်ဘူးလား ဘုရား။

မကောင်းမှုမှအပပြုပြီးသူ ရဟန္တာ အရှင်သူမြတ်များက အာပတ်သင့်တတ်ပါသေးသလား ဘုရား သိရသလောက် ကုဋေကိုးထောင်ကျော်တယ်ဆိုတော့ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်နဲ့ ဘယ်လိုဆက်စပ်ယူရမလည်းဘုရား။

ဗောဇ္ဖုင် ၇-ပါး မှာပါတဲ့ ပီတိပဿဒ္ဓိ တို့နဲ့ ဝိပဿနာ ညဏ်စဉ် မှာတော့ ဘင်္ဂညာဏ် ဘယညာဏ် တို့နဲ့ ဘယ်လို ဆက်စပ်ရပြီး အဖြေထုတ်ရမှာ လည်း ဘုရား။ သိလို၍မေးမြန်းရခြင်းသာဖြစ်ပါတယ် ဘုရား။ မကောင်းသော ရည်ရွယ်ချက်မရှိပါ ဘုရား ကျေးဇူးပြု၍ ပြန်လည် ဖြေကြားတော် မူပါ ဘုရား။

(၅၁) ဇော်နိုင်အောင်၏မေးခွန်းကိုဖြေဆိုခြင်း

(၁) ငါးရာငါးဆယ် ဇာတကပါဠိနှင့် ဇာတကအဋ္ဌကထာများကို စေ့စပ်သေချာစွာ ဖတ်ရှုပြီးမှ ပါဠိအဋ္ဌကထာနှစ်ခု ကွဲလွဲမှု ရှိမရှိ သိနိုင်မည်။ ပါဠိမူကွဲများက နေရာတကာမှာပင် ရှိသည်။ ပင်းယခေတ် ရှင်မဟာ အရိယဝံသဆရာတော် ရေးသားခဲ့တဲ့ ဇာတ်ဝိသောဓနကျမ်းကို ဖတ်ကြည့်ရင် သိနိုင်သည်။

(၂) လေးကျွန်းတစ်မြင့်မိုရ်အယူအဆသည် ဘုရားဟော မူရင်းပါဠိတော်၌ပင် ပါရှိသည် ဟု ဆိုနိုင်သည်။ အင်္ဂုတ္တရ တိကနိပါတ စူဠနိကာသုတ်ကိုကြည့်ပါ။

(၃) နေ/လ ပမာဏ ယုဂန္ဓိုရ်တောင်၊ သီတာခုနှစ်တန်စသော အချက်များဟာ ဩကာသ လောက အကြောင်းဖြစ်၍ (Geography) နှင့် ဆိုင်သည်။ ဘုရားပွင့်မှ ပေါ်တာ မဟုတ်၍ ဗုဒ္ဓဝါဒနှင့် ပတ်သက်ခြင်းမရှိ။

(၄) ရဟန္တာပုဂ္ဂိုလ်မှာလည်း အာပတ်သင့်နိုင်တာ ရှိသည်။ ပဏ္ဏတ္တိဝဇ္ဇ (ဘုရားပညတ် ထားတဲ့ အပြစ်)သိက္ခာပုဒ်များနှင့် ပတ်သက်၍ ရဟန္တာပင်ဖြစ်စေ အာပတ်သင့်တတ်သည်။

(၅) ကုဋေကိုးထောင်ကျော်သီလနှင့် ဓမ္မခန္ဓာပေါင်းရှစ်သောင်းလေးထောင်တို့သည် တစိတ် တဒေသအားဖြင့် စပ်ဆက်မှုရှိသည်။ သို့သော် ကုဋေကိုးထောင်ကျော်က ဝိနယပိဋကတ်လာ သိက္ခာပုဒ်များနှင့်သာ သက်ဆိုင်သည်။

(၆) ဘင်္ဂဉာဏ်၊ ဘယဉာဏ်၊ နိဗ္ဗိဒါဉာဏ်ဖြစ်ခိုက်မှာ ပီတိ၊ပဿဒ္ဓိ သမ္ဗောဇ္ဈင်နှင့် ပတ်သက်ခြင်းမရှိ၊ ဝိပဿနာဉာဏ်ရှေ့ပိုင်းမှာ ပီတိ၊ပဿဒ္ဓိဖြစ်နိုင်သည်။ သင်္ခါရုပေက္ခာဉာဏ်နှင့် သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြီးနောက် မျက်မှောက်ပြုရသည့် မဂ်ဉာဏ်ဖိုလ်ဉာဏ် ဖြစ်သော အခါမှာလည်း ပီတိ၊ပဿဒ္ဓိ ဖြစ်နိုင်သည်။ အထူးအားဖြင့် ပီတိရှိသမျှ သုခရှိမည်။ သို့သော် သုခရှိတိုင်း ပီတိမရှိနိုင်၊ ပဿဒ္ဓိက ပို၍ကျယ်ပြန့်သည်။

အစွဲကိုဘယ်လိုဖျောက်ရမလဲ

အမေး(၅၂) မောင်ဉာဏ်လင်းထွန်း (loveboy.db@gmail.com)

အစွဲကိုဘယ်လိုဖျောက်ရမလဲဘုရား။

(၅၂) ဉာဏ်လင်းထွန်း၏မေးခွန်းကိုဖြေဆိုခြင်း

အစွဲကိုဘယ်လိုဖျောက်ရမလဲမေးရာ၌ မည်သည့်အစွဲကို ဆိုလိုသနည်း။ ဥပါဒါန်အစွဲကို ဆိုလိုသလား၊ ဥပါဒါန်အစွဲဟာ နှစ်မျိုးရှိတယ်။ ဥပါဒါန်အစွဲဟာ တဏှာစွဲ၊ ဒိဋ္ဌိစွဲဟု နှစ်မျိုးရှိတယ်။ တဏှာစွဲကို ဖျောက်ချင်ရင် စွဲလန်းစရာအာရုံကို နှစ်လုံးမသွင်းပဲ နေရမည်။ သက်ရှိကိုစွဲလျှင် အသုဘ သညာဖြင့် ဖျောက်၊ သက်မဲ့အပေါ် စွဲလျှင် အနိစ္စသညာ အကြိမ်ကြိမ်ပွား၍ဖျောက်၊ ဒိဋ္ဌိစွွဲဖြစ်လျှင် တရားနာ၊ အမှန်သိအောင် ကြိုးစား၊ ယောနိသော မနသိကာရဖြင့် စဉ်းစား၊ နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်တို့ကို ရင့်သန်အောင် ဖြစ်ပွားစေပြီး ဖျောက်ပါ။

ရဟန်းသံဃာတွေ ပညာရေးစနစ်

အမေး(၅၃) အရှင်ဣန္ဒောဘာသလင်္ကာရ(မစိုးရိမ်ကျောင်းတိုက်) (myomyan@gmail.com)

ဆရာတော်ဘုရား တပည့်တော်လျှောက်ချင်တာက တပည့်တော်တို့ ရဟန်းသံဃာတွေ ပညာရေးစနစ်ဟာ ခေတ်မှီပါသလားဘုရား၊ လူတွေက ဘုန်းကြီးတွေဆိုရင် သိပ်အရာမသွင်းချင် တော့ဘူးဘုရား၊ အလှူတို့ အသုဘတို့လောက် အားကိုးတယ်ဘုရား၊ အဲဒါ ဆရာတော်အမြင်လေး မိန့်တော်မူပါဘုရား။

(၅၃) အရှင်ဣန္ဒောဘာသလင်္ကာရ(မစိုးရိမ်ကျောင်းတိုက်) ၏မေးခွန်းကိုဖြေဆိုခြင်း

ရဟန်းသံဃာတွေရဲ့ ပညာရေးစနစ်ဟာ ခေတ်ဟောင်းစနစ်ဟောင်းနှင့် သွားနေ၍ ခေတ်မမှီဟု ဆိုရမည်။ သို့သော် မြတ်ဗုဒ္ဓ၏အဆုံးအမ ပိဋကတ်ပညာများသည် ခေတ်ပေါ်ပညာတွေ ထက် အများကြီး သာလွန်နေသည်။ ပိဋကတ်ပညာကို လက်တွေ့ကျင့်သုံးနိုင်တဲ့ နည်းစနစ်ကို ပြောင်းလဲ ၍ အနှစ်ချုပ် သင်ကြား သင့်သည်။ မြတ်ဗုဒ္ဓ၏ ဒေသနာများသည် နှစ်ဟောင်းကြာညောင်းပြီဖြစ်သော်လည်း ခေတ်လူတွေ လိုက်မမှီ နိုင်လောက်အောင် ရှေ့ကရောက်နေသည်။ ဥပမာ-စကြာဝဠာ အယူအဆ(Cosmology)၊ လူသားတို့ရဲ့ သန္ဓေစတင်ပုံ (Embryoloty)စသည်တို့မှာ ခေတ်အမြင်ထက် ရှေ့ကပြေးနေသည်။ ဒုက္ခနိရောဓနှင့် ဒုက္ခနိရောဓ ဂါမိနီပဋိပဒါ အစစ်အမှန်ကို ဗုဒ္ဓ၏အဆုံးအမ၌သာ တွေ့နိုင်သည်။

ဘုန်းကြီးတွေကို အလှူအသုဘတို့မှတပါး လူတွေကအရာမသွင်းချင်ဘူးဆိုတာ ဘုန်းကြီးလို မနေခြင်း၊ ဘုန်းကြီးအကျင့်သိက္ခာ ယို့ယွင်းခြင်း၊ ပိဋကတ်ပညာ အားကိုးလောက်အောင် မတတ်မြောက် ခြင်း၊ ဟောပြောပြသ မပေးနိုင်ခြင်းကြောင့် ဖြစ်ရသည်ဟု ယုံကြည်သည်။

စိတ်ငြိမ်းချမ်းမှုရချင်လျှင်

အမေး(၅၄) ဥမ္မာ (ohn.myat@gmail.com)

ဆရာတော်ဘုရား တပည့်တော် ငြိမ်းချမ်း ချင်ပါတယ်ဘုရား စိတ်ဖိစီးမှုတွေလဲ နည်းချင်ပါတယ်ဘုရား တပည့်တော်ကို လမ်းညွှန်ဆုံးမတော်မူပါဘုရား

(၅၄) ဥမ္မာ၏မေးခွန်းကိုဖြေဆိုခြင်း

စိတ်ဖိစီးမှုနည်းချင်လျှင် စိတ်ငြိမ်းချမ်းမှုရချင်လျှင် “သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း“လို့ဆိုတဲ့ မဟာသတိပဋ္ဌာနသုတ်လာ သတိသမ္ပဇညအကျင့်ကို လက်တွေ့ကျင့်သုံးပါ။

မနောအကြည်

အမေး(၅၅) ထက်ထက် (ohn.myat@gmail.com)

မနောအကြည်ကို ဓမ္မာရုံနှင့်တိုက်တော့ မနောဝိညာဏ်ပေါ်ပါသည်။ (စိတ်ဖြစ်သွားတာ ကို ဆိုလိုတာပါလားဘုရား) မနောအကြည်က ဘယ်နေရာမှာ ရှိပါသလဲဘုရား၊ ဓမ္မာရုံကတော့ ဘဝင် စိတ်ကို ပြောတာပါလားဘုရား၊ ရိုသေစွာ လျှောက်ထားပါသည်ဘုရား။

(၅၅) ထက်ထက်၏မေးခွန်းကိုဖြေဆိုခြင်း

မနောအကြည်ကို ဓမ္မာရုံနှင့်တိုက်တော့ မနောဝိညာဏ်ပေါ်ပါသည်။ ဒီစကားမှာ ဆန်းစစ်စရာ ရှိပါတယ်။ မျက်စိအကြည်၊ နားအကြည်ဟုပြောလျှင် မှန်သည်၊ မနောအကြည်ဟု ပသာဒအသုံးနဲ့ ရောသဖြင့် မှန်ကန်မှုမရှိပါ။ မနောဒွါရ(စိတ်တံခါး)ဟုသာ ပြောနိုင်သည်။ မြတ်စွာ ဘုရားက မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏံဟုဟောသည်။ မနဆိုတာ ဘဝင်စိတ်ကို ခေါ်သည်။ အဘိဓမ္မာ၌ မနောဒွါရဟုသုံးသည်။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ မနောဒွါရံ ပန ဘဝဂ္ံန္တိ ဝုစ္စတိဟု ဆိုသည်။ ဋီကာကျော်ကျမ်းက မနောဒွါရဆိုတာ ဘဝင်စိတ်အားလုံးနှင့် မဆိုင်၊ အာဝဇ္ဇန်းစိတ်၏ ရှေ့က ဘဝင်ကိုသာ မနောဒွါရဟု ဆိုသည်။ လယ်တီဆရာတော်ကြီးကမူ ဘဝင်စိတ်အားလုံးကိုပင် မနောဒွါရဟု ယူလိုသည်။ ဘဝင်စိတ်ဆိုတာ ဟဒယဝတ္ထုကို မှီ၍ဖြစ်သည်။ ဓမ္မာရုံဆိုတာ ပသာဒရုပ်၊ သုခုမရုပ်၊ စိတ်၊ စေတသိက်၊ နိဗ္ဗာန် ပညတ် ဤ(၆)မျိုးကိုခေါ်သည်။ စိတ်ဆိုတဲ့ထဲမှာ ဘဝင်စိတ်လည်း ပါနိုင်သည်။

မှတ်ချက်။။ ပဘဿရမိဒံ စိတ္တံဆိုတဲ့စကား ရည်ညွှန်းပြီး ပြောချင်လျှင် မနောအကြည်ဟု မသုံးဘဲ “အဖြူထည်စိတ်”ဟုသုံးလျှင် ပသာဒအကြည်နဲ့ ရောထွေးစရာမရှိပါ။

ဓမ္မစာပေရံပုံငွေ

အမေး(၅၆) မောင်မြင့် (dram.dental@gmail.com)

ဆရာတော်ဘုရား၊

တပည့်တော် မောင်အောင်မြင့် ဖြစ်ပါသည်ဘုရား။

မုံရွာမှာနေထိုင်ပါသည်ဘုရား။

EMG ကျေးဇူးဖြင့် ဆရာတော်၏ Website ကိုတွေ့မြင်ရပါသဖြင့် အတိုင်းမသိ ဝမ်းမြောက် ကြည်နူးခြင်းဖြစ်ရပါသည်ဘုရား။

Internet မှတစ်ဆင့် သာသနာပြန့်ပွားရေးကိုဆောင်ရွက်တော်မူသကဲ့သို့

စာအုပ်များကိုလည်း အများသူငါ ဝယ်ယူ လေ့လာနိုင်ကြစေရန်အတွက် ထာဝရရံပုံငွေပဒေသာပင်စိုက်ထူကာ အရည်အသွေးကောင်းပြီး အဖိုးနှုန်းချိုသာစွာ ဖြန့်ချိနိုင်ဖို့အရေးကိုလည်း လုံ့လစိုက်ပေးတော်မူပါရန် ရိုသေလေးစားစွာလျှောက်ထားအပ်ပါသည်ဘုရား။

(၅၆) မောင်မြင့်၏မေးခွန်းကိုဖြေဆိုခြင်း

ဓမ္မစာပေရံပုံငွေသီးသန့် စိုက်ထူသားပြီးဖြစ်သည်။ အဖိုးနှုန်းချိုမချိုမူရင်းဖြန့်တဲ့စျေးနဲ့ ဆိုင်တွေမှရောင်းစျေးကို ယှည်ကြည့်ပါ၊ သို့သော်စာအုပ်ဖြန့်ချိရေးမှာ ဘုန်းကြီးနှင့် မပတ်သက်ပါ၊ ဓမ္မစာပေအဖွဲ့နှင့်သာ ပတ်သက်သည်။

ဘယ်လိုတရားကျင့်ရမလဲ

အမေး (၅၇) ဇော်မင်းနိုင် အမရပူရ ဆင်စွယ်ပွတ်ရပ်ကွက် (၀၉-၄၀၂၇၂၉၄၈၉)

ဆရာတော်ကို ကြည်ညိုလေးစားမိပါသည်။ ဆရာတော်၏ တရားစစ်ခြင်းကို ခံယူချင်ပါသည်ဘုရား။ ပြီးတော့ ဘယ်လိုဆက်ကျင့်ရမည်ကို အမိန့်ရှိစေချင်ပါတယ်ဘုရား။ အီးမေးလိပ်စာမရှိပါဘုရား။ ဝိပဿနာကို အားထုတ်နေပါသည်ဘုရား။

(၅၇) ဇော်မင်းနိုင်(အမရပူရ) ၏မေးခွန်းကိုဖြေဆိုခြင်း

ဝိပဿနာဉာဏ်အတွက် တရားအားထုတ်လိုလျှင် အားမထုတ်မီ ဝိပဿနာရှုရမည်။ ရုပ်အကြောင်း၊ နာမ်အကြောင်း ဆရာကောင်းထံမှ သင်ယူမှတ်သားရမည်။ ဤသို့သင်ယူခြင်းကို ပညာဘူမိ အဆင့်ဟုမှတ်ရမည်။ ထို့နောက် သီလဆောက်တည်ပြီး သမာဓိထူထောင်ရမည်။ သီလနှင့်သမာဓိကို ပညာမူလဟုခေါ်သည်။ ပြီးလျှင် ပညာသရီရကို လေ့ကျင့်ရမည်။ ပညာသရီရ (ပညာကိုယ်ထည်) ဆိုသည်မှာ နာမရူပပရိစ္ဆေဒဉာဏ်မှ သင်္ခါရုပေက္ခာ ဉာဏ်အထိ ဝိပဿနာဉာဏ်အဆင့်ဆင့်ကိုခေါ်သည်။

မြင့်သောနေရာ မြတ်သောနေရာ

အမေး (၅၈) စိုးထက် (thinkingman2011@gmail.com)

ဥပုသ်စောင့်ရာတွင် မြင့်သောနေရာ မြတ်သောနေရာတွင်နေခြင်းမှ ရှောင်ကြဉ်ပါ၏ဟူသော အချက်ကို နားမလည်ဖြစ်ရပါသည်။ ဘယ်လိုနေထိုင်ရင်ပျက်ပြီး ဘယ်လိုနေထိုင်ရင် ဥပုသ်ရပါသလဲ ဘုရား။ အလုပ်လုပ် ရင်းကော ရှစ်ပါးသီလ ထိန်းနိုင်ပါသလားဘုရား။

(၅၈) စိုးထက်၏မေးခွန်းကိုဖြေဆိုခြင်း

မြင့်သောနေရာ ဆိုသည်မှာ နှစ်တောင်ထွာထက်မြင့်သောနေရာကို ဆိုလိုသည်။ မြတ်သော နေရာဆို သည်မှာ သူဌေး၊သူကြွယ်၊ မင်းစိုးရာဇာတွေအသုံးပြုသော ခမ်းနားသောအိပ်ယာ နေရာမျိုးကိုဆိုလိုသည်။ ပါဋိ ဘာသာ ဥစ္စာသယနကို မြင့်သောနေရာ၊မဟာသယနကို မြတ်သောနေရာဟု မြန်မာပြန်ကြသည်။ ဆိုလိုသည်မှာ ဥပုသ်စောင့်သုံးသော ပုဂ္ဂိုလ်အဖို့ သာမန်နေရာမျိုး၌သာ နေသင့်သည်။ သူဌေး၊ သူကြွယ်၊ မင်းစိုး ရာဇာတွေ နေထိုင်လေ့ရှိကြသည့် ခမ်းနားကြီးကျယ်သောအိပ်ယာ နေရာမျိုးကို ရှောင်ကြဉ်ရသည်။ ရှောင်ကြဉ်ပါမည် ဆိုပြီးလျှက် မရှောင်ရင် ဥပုသ်ပျက်သည်။ သဒ္ဒါဆန္ဒ ပြင်းပြလျှင် အလုပ်လုပ်ရင်း ရှစ်ပါးသီလ ထိန်းနိုင်ပါသည်။

အရူပဘုံသို့

အမေး(၅၉) မိုးသု (မန္တလေး) (khaymarnanda.1990@gmail.com)

ဆရာတော်ဘုရား ကိုယ်စိတ်နှစ်ပါး ကြည်လင်ချမ်းမြေ့စွာဖြင့် သာသနာ့ဝန်ကို ထမ်းရွက်နိုင်ပါစေဟု ဦးစွာပဏာမ မေတ္တာပို့သအပ်ပါသည်ဘုရား။

ဘုရားရှင်သည် အရှင်မဟာမောဂ္ဂလန်မထေရ်နှင့်အတူ အရူပဘုံသို့ကြွရာ ချစ်သား ချစ်သားမောဂ္ဂလန် အရူပ ဗြဟ္မာကြီးတွေ နင်းမိမှာမို့ ငါဘုရားခြေချတဲ့နေရာမှာ ခြေချဟုဆိုတဲ့ အကြောင်းအရာကို ယုံမှားသံသယ များစွာ ဖြစ်မိပါသဖြင့် လက်လှမ်းမှီရာ ပါဠိတော် အဋ္ဌကထာဋီကာတို့၌ ရှာဖွေသော်လည်း မတွေ့ရှိရပါဘုရား။ သီတင်းသုံးဖော် သာမဏေကျော် အဘိဝံသဘွဲ့ရများကို လျှောက်ထားမေးမြန်းရာမှာ ၄င်းတို့ကလည်း မတွေ့ဘူး ဟုပြောကြပါသည်ဘုရား။ ဘုရားတပည့်တော်သိလိုသည်မှာ ဒီစကားဟာ အရပ်စကားလား၊ ကျမ်းဂန်လာ စကားလားဆိုတာ ခွဲခြားသိမှတ်လိုပါသဖြင့် မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါဟု ခြေတော်ဦးခိုက် ရိုသေစွာဖြင့် လျှောက်ထားအပ်ပါသည်ဘုရား။

(၅၉) မိုးသု (မန္တလေး) ၏မေးခွန်းကိုဖြေဆိုခြင်း

မြတ်စွာဘုရားသည် ရှင်မောဂ္ဂလန်နှင့်အတူ အရူပဘုံသို့ကြွသည် စသော စကားမှာ ကျမ်းဂန်လာစကား မဟုတ်၊ အကျိုးမရှိသောနေရာ မြတ်စွာဘုရားကြွလေ့မရှိ၊ ရုပ်တရားကင်းမဲ့သဖြင့် မျက်စိ၊ နား မပါသည့် အရူပ ဗြဟ္မာများနှင့် တွေ့ဆုံစရာအကြောင်းလည်းမရှိ၍ ယုတ္တိကင်းမဲ့သော စကားသာဖြစ်သည်။

နိဝရဏဆိုသည်မှာ

အမေး (၆၀) မင်းမင်းအေး (minminaye999@gmail.com)

နိဝရဏ၏ အဓိပ္ပာယ်အားသိလိုပါသည်။

(၆၀) မင်းမင်းအေး၏မေးခွန်းကိုဖြေဆိုခြင်း

နိဝရဏဆိုသည်မှာ စိတ်တွင် ကုသိုလ်မဖြစ်အောင် ဆို့ပိတ်တတ်သောတရားဟု အဓိပ္ပာယ်ရသည်။ နိဝရဏတရားများ ဖြစ်နေလျှင် ကုသိုလ်စိတ်မဖြစ်နိုင်။ ကုသိုလ်စိတ်ကို ဆို့ပိတ်တတ်သောကြောင့် နိဝရဏဟု ခေါ်သဖြင့် အင်္ဂလိပ်လို handersent ဟုဘာသာပြန်သည်။

ရည်စူးအသား

အမေး (၆၁) ဦးကြည်ဇင်

ဝိနည်းတော်နဲ့ညီ/မညီ၊ ရဟန်းသံဃာတော်များသည် ဘုရားရှင်အား ရည်စူး၍ အာရုံဆွမ်း (သို့) နေ့ဆွမ်း အတွက် ကိုယ်တိုင် ဆွမ်းချက်(ပေါင်းအိုးဖြင့် ထမင်းချက်ခြင်း)ခွင့်ရှိပါသလား။

(၆၁) ဦးကြည်ဇင် ၏မေးခွန်းကိုဖြေဆိုခြင်း

အစားအစာ ကိုယ်တိုင်ချက်ခြင်းကို သာမံပက္ကဟုခေါ်သည်။ အခြေအနေ အချိန်အခါကိုကြည့်၍ မြတ်စွာ ဘုရားက ကိုယ်တိုင်မချက်ရဟု ပညတ်သည်။ ရံခါ ကိုယ်တိုင်ချက်နိုင်သည်ဟုခွင့်ပြုသည်။ ဆွမ်းခံစား၍ရနိုင် သောနေရာတွင် ကိုယ်တိုင်မချက်ရ။ ယုံကြည်စိတ်ချရသော ကပ္ပိယရှိလျှင် ကိုယ်တိုင်မချက်ရ။ ဆွမ်း၊ ဆန် မရ သည့် နေရာဒေသမျိုးမှာ ကပ္ပိယမရှိလျှင် ကိုယ်တိုင်ချက်ခွင့်ရှိသည်။ အခြေအနေအရဟု မှတ်သားသင့်သည်။ ဘုရားရှင်အား ရည်စူး၍ ကိုယ်တိုင်ဆွမ်းချက်ကပ်လျှင် ဆွမ်းခံရသောနေရာ ကပ္ပိယ ရရှိသောနေရာဖြစ်ပါလျှင် ဘုရားပညတ်ချက်ကို ချိုးဖောက်ရာရောက်သည်။ ဘုရားရှင်အား ရည်စူးတာ ကုသိုလ်ဖြစ်သော်လည်း တဖက်က ဘုရားစကားကို နားမထောင်ရာ ရောက်သည်။ ဆွမ်းခံ၍ရသော ဆွမ်းကို ဘုရားအားလှူဒါန်းသင့်သည်။

အောင်မြင်တဲ့ဘဝ

အမေး (၆၂) Mg Aye Win (captain.ayewin@gmail.com)

What kind of daily activities we should do to have a successful and wealthy life?

(၆၂) Mg Aye Win ၏မေးခွန်းကိုဖြေဆိုခြင်း

To live in a successful and wealthy life you must have economics, effort and morality.

လိင်တူ

အမေး (၆၃) Lin Lin (tinlinhtay@googlemail.com)

Deeply respect to Saya Daw.

I was thinking about this too much whether I should ask this or not. If mankind/human being fall in love with same sex , is that sinful ? If it is sinful , why is that ? How does it apply in Buddha way ? And is that can be cured ?And in which way it can be cured ? Please explain to me Dear and respected Saya Daw.

(၆၃) Lin Lin ၏မေးခွန်းကိုဖြေဆိုခြင်း

Desire for all types of sexual relation is evil (Akusala). But it is not abnormal. The desire for homosexuality and lesbianism is evil (Akusala) and as well as abnormal. The Buddha describe such a sexual relation as wrong practice (miccha-dhanma). It leads to the destruction of human world.

It is evil , because it is ultra passion . It can be cured by practising meditation on loathsome object.

စိတ်ကို အဓိကထိန်းချုပ်တာ

အမေး (၆၄) မောင်ကျော်သူအောင် (ygn.sayarkyaw@gmail.com)

ဆရာတော်ဘုရား တပည့်တော်မေးချင်တာလေးကို လျှောက်ထားပါရစေဘုရား။ တပည့်တော်တို့ လူတွေမှာ စိတ်ကို အဓိကထိန်းချုပ်ထားတာဟာ အနောက်တိုင်းပညာရှင်တွေပြောတော့ ဦးနှောက်က အဓိကလို့ ပြောပါတယ်ဘုရား။

တပည့်တော်တို့ဘုရားကကျတော့ ဟဒယနှလုံးလို့ သိပါတယ်ဘုရား။ တပည့်တော် သိထားတာကတော့ ဟဒယဆိုတာ မြတ်စွာဘုရားက တစ်ကိုယ်လုံးမှာရှိတယ်လို့ သိရပါတယ်ဘုရား။ အဲဒီလိုမျိုး နှစ်ခုဟာ တပည့်တော်ကို ဝိစိကိစ္ဆာဖြစ်ပါတယ်ဘုရား။ တပည့်တော်ကို သနားသောအားဖြင့် နားလည်အောင်ရှင်းပြပါဘုရား။

(၆၄) မောင်ကျော်သူအောင်၏မေးခွန်းကိုဖြေဆိုခြင်း

“စိတ်ကိုအဓိကထိန်းချုပ်တာဟာ အနောက်တိုင်းပညာရှင်တွေပြောတော့ ဦးနှောက်ကအဓိကလို့ပြောပါတယ်”စတဲ့မေးခွန်းမှာ စိတ်ဖြစ်မှုကို မေးခြင်းဟုထင်သည်။ သို့မဟုတ်လျှင် စိတ်ကို အဓိကထိန်းချုပ်တာဟာ “သတိ”လို့သာဟုဖြေရမည်။

စိတ်၏မှီရာနှင့် ပတ်သက်၍ ဦးနှောက်နှင့် နှလုံးသားကို ကွဲပြားစွာ သိလိုသည်ဟု ထင်သည်။ ဗုဒ္ဓအဘိဓမ္မာ ဓမ္မင်္သဏီကျမ်း၌ “ဟဒယဝတ္ထုရုပ်”အကြောင်းမပါပါ။ သို့သော် ပဌာန်းကျမ်း၌မူ “ယံရူပံ”(အကြင်ရုပ်)ဟု၎င်း၊ ဝတ္ထုခန္ဓာနံ-၌ “ဝတ္ထု (မှီရာရုပ်)” ဟု၎င်း ညွန်းဆိုထားသည်။ ဝိသုဒ္ဓိမဂ်မဂ်အဋ္ဌကထာ နောက်ပေါ်ကျမ်းများ၌မူ “ဟဒယဝတ္ထုရုပ်”ကို တိုက်ရိုက်ဖော်ပြကြ၏။

ဟဒယဝတ္ထုရုပ်သည် လူ့ခန္ဓာတွင် မည်သည့်နေရာမှာရှိသနည်း? နှလုံးသားအတွင်း တစ်လက်ဖက်ခန့်ရှိ သွေး၌ တည်ရှိသည်ဟုဆို၏။ နှလုံးသားကို ဟဒယဝတ္ထုရုပ်ခေါ်သည်မဟုတ်၊ နှလုံးသည် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု ဖြစ်စေသည့် အင်္ဂါရပ်ဖြစ်၏။

စိတ်ဖြစ်မှုအတွက် အကြောင်းများစွာရှိသည့်အနက် ဦးနှောက်အဓိကလား၊ နှလုံးအဓိကလားဟု စဉ်းစားကြ၏။ ဦးနှောက်၊ နှလုံး ၂ ခုလုံးကောင်းမှ ဟန်ချက်ညီညီ အလုပ်လုပ်မှ စိတ်ပီပြင်စွာဖြစ်မည်။

မြတ်ဗုဒ္ဓအလို ဦးနှောက်ဟုလည်းမပြော၊ နှလုံးဟုလည်းမပြော၊ ဓာတ်၏မှီရာရုပ် (ဝတ္ထု) ဟုသာပြောသဖြင့် ၂ခုလုံးကို ရည်ညွှန်းသည်ဟုဆိုနိုင်၏။ ဘုန်းကြီးတို့ဟောထားသည့် “အဘိဓမ္မာ မြတ်ဒေသနာ”မှ ဟဒယဝတ္ထုအကြောင်းကိုဖတ်ပါ။

သွေးလှူခြင်းရဲ့ အကျိုးကျေးဇူး

အမေး (၆၅) သက်ဝေဇော် (thetwz81@gmail.com)

သွေးလှူခြင်းရဲ့ အကျိုးကျေးဇူးလေးသိပါရစေဘုရား။

(၆၅) သက်ဝေဇော် ၏မေးခွန်းကိုဖြေဆိုခြင်း

ဟဒယဝတ္ထုရုပ်သည် နှလုံးသွေး၌တည်၏။ ဟဒယဝတ္ထုရုပ်ကို မှီ၍ အရေးကြီးသောစိတ်များ (မနောဓာတ်၊ မနောဝိညာဏဓာတ်) ဖြစ်ကြရ၏။ သွေးသည် ရုပ်နာမ်တွေ အသက်ရှင်ဖို့ အရေးကြီးသော အရာဖြစ်၏။ သွေးလှူခြင်းသည် အသက်ကိုပေးလှူခြင်းဖြစ်၍ ကြီးမားသော အာယုဒါန (ဇီဝိတဒါန) ဖြစ်၏။ Reaction အရ ဖြစ်လေရာရာဘဝမှာ ကျန်းမာခြင်း၊ အသက်ရှည်ခြင်း အကျိုးကို ရနိုင်သည်ဟု မှတ်သင့်၏။

အာကာသဓာတ်

အမေး (၆၆) ဦးဝင်းမြတ် (wynnmyat12@gmail.com)

အရှင်ဘုရား

တပည့်တော်သည် တိုင်းရင်းဆေးဆရာဖြစ်ပါသည်ဘုရား။ ဓာတ်လေးပါးတို့ကို ဆက်စပ်မှုတွင် အာကာသဓာတ် အရေးပါပုံကို သိလိုပါသည်ဘုရား။ လူခန္ဓာကိုယ်တွင် ဓာတ်လေးပါး ဖောက်ပြန်ခြင်းသည် စာအရ သဘောတရားမျှ ဖြစ်ပါသလား ? နူးညံ့သိမ်မွေ့သော ဓာတ်လေးပါးဖြစ်ခြင်း ထင်ပါသောကြောင့် western medicine အရ ခန္ဓာဖောက်ပြန်ခြင်းကို ဒေသနာအရ သမုဒ်ဌာန်းလေးပါးနှင့် ဓာတ်လေးပါးကြားတွင် အာကာသဓာတ်က အရင်ဖောက်ပြန်ပြီးမှ အခြားဓာတ်လေးပါး ပျက်စီးတတ်ပါသလားကို ခြေတော်ဦးခိုက် လျှောက်ထားအပ်ပါသည်ဘုရား။

(၆၆) ဦးဝင်းမြတ် ၏မေးခွန်းကိုဖြေဆိုခြင်း

အာယုဗ္ဗေဒနှင့် ဗိန္ဓောဆေးကျမ်းများကို မလေ့လာဘူး၍ ဆေးပညာအရ အာကာသဓာတ်အကြောင်း မသိပါ။ ဗုဒ္ဓအဘိဓမ္မာအရ အာကာသဓာတ်ဆိုသည်မှာ ရုပ်ကလာပ် ၂ခုကို အပိုင်းအခြားပြုသော အရာကို (ပရိစ္ဆေဒရုပ်)ခေါ်သည်။ ရုပ်ကလာပ်များနှင့် ဆက်စပ်နေသောကြောင့်သာ “ရုပ်”ဟုခေါ်ခြင်းဖြစ်၏။ ရုပ်အစစ်မဟုတ်။ ဓမ္မသင်္ဂဏီပါဠိ ရူပကဏ္ဍ၌ “အာကာသဓာတ်ရုပ်ဆိုသည်မှာ မဟာဘုတ် ၄ ပါးတို့နှင့် ထိစပ်မှုမရှိခြင်း သဘာဝပင်ဖြစ်သည်”ဟုဆိုသည်။ သို့ဖြစ်၍ အာကာသဓာတ်သည် ရုပ်ကလာပ်တို့၏ အပိုင်းအခြားမျှသာဖြစ်၏။ သည်ထက်ပို၍ အရေးမပါ။ ဓာတ်လေးပါးဖောက်ပြန်သည်ဆိုခြင်းမှာ သဘာဝချင်းမတူသည့် ဓာတ်၄ပါးတို့၏ အချိုးအစားမညီဘဲ လွန်ကဲခြင်း၊ ယုတ်လျော့ခြင်းကို ဆိုလိုသည်။ ခန္ဓာကိုယ်၌ ပထဝီဓာတ်ပျက်လျှင် ကဋ္ဌမုခမြွေအကိုက်ခံရသူလို တကိုယ်လုံးတောင့်တင်းနေတတ်သည်။ အာပေါဓာတ်ပျက်လျှင် ပူတိမုခမြွေ အကိုက်ခံရသူလို တကိုယ်လုံးပုတ်၏။ တေဇောဓာတ်ပျက်လျှင် အဂ္ဂိမုခမြွေအကိုက်ခံရသူလို တကိုယ်လုံးပူလောင်၏။ ဝါယောဓာတ်ပျက်လျှင် သတ္တမုခမြွေ အကိုက်ခံရသူလို တကိုယ်လုံး အရုပ်ကြိုးပြတ်ဖြစ်၏ဟု အဋ္ဌသာလိနီမှာဆိုသည်။ အချုပ်မှာ အာကာသဓာတ်ဖောက်ပြန်ပြီးမှ ဓာတ်၄ပါးဖောက်ပြန်သည်မဟုတ်၊ ဓာတ် ၄ ပါးကသာ မူရင်းဖြစ်သည်ဟု မှတ်သင့်၏။

57jb7umd5e4670klplx91kiou4tbub8
အနတ္တလက္ခဏသုတ် အနှစ်ချုပ်
0
5919
22120
21639
2026-06-15T03:19:51Z
Tejinda
173
22120
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = အနတ္တလက္ခဏသုတ် အနှစ်ချုပ်
| previous = [[မေးခွန်းများကို ဖြေဆိုခြင်း]]
| previous2 =
| next = [[အဘိဓမ္မာ မြတ်ဒေသနာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

အနတ္တလက္ခဏသုတ် အနှစ်ချုပ်

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ဒုတိယဝါဆိုလဆန်း(၃)ရက်၊ ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ ဇမ္ဗူ့သီရိဗိမာန်တော်အတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနား၌ အနန္တငါးပါး ဦးထိပ်ထားလျက် မိဘဘိုးဘွားများနှင့်

ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု(ကိုကျော်သင်း ဆေးဆိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာစျေး)၏ အမတဒါန၊ ဓမ္မဒါန အဖြစ်ဟောကြားအပ်သော "အနတ္တလက္ခဏသုတ် အနှစ်ချုပ် တရားဒေသနာတော်"

ဝန္ဒနာပဏာမ အာသီသဘုရားရှိခိုး

ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ၊

ကာလံ ကရောန္တော အတိဒုက္ကရာနိ။

ခေဒံ ဂတော လောကဟိတာယ နာထော၊

နမော မဟာကာရုဏိကသာ တဿ။

ယောနာထော - ဝေနေယျများစွာ သတ္တဝါ၏၊ ချမ်းသာစီးပွား၊ လိုလားတောင့်တ၊ ဂုဏ်ပေါင်းခသဖြင့်၊
နာထမည်ငြား၊ အကြင် ရှင်တော်မြတ်ဘုရားသည်၊

ကပ္ပကောဋီဟိပိ - ကုဋေကမ္ဘာ၊ အရေအတွက် သင်္ချာတို့ဖြင့်သော်လည်း၊
အပ္ပမေယျ - ရေတွက်တိုင်းတာ၊ ဖော်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊
ကာလံ - လေးအသင်္ချေ၊ သိန်းနေကမ္ဘာ၊ ရှည်ကြာသော ကာလပတ်လုံး၊
လောကဟိတာယ - သတ္တလောက၏ အကျိုးစီးပွားအလို့ငှာ၊
အတိဒုက္ကရာနိ - ဥစ္စာအသက်၊ ခြေ လက် အင်္ဂါ၊ မေတ္တာကြီးမား၊ သမီးသားနှင့်၊ သက်ထားဇနီး၊ စွန့်ခြင်းကြီးဟု၊ ကြက်သီးထဖွယ် ငါးသွယ်အစု၊ အလွန်ခဲယဉ်းသောအမှုတို့ကို၊
ကရောန္တော - ဘုရား ဖြစ်ရန်၊ ရည်သန်ကြိုးကုတ်၊ အားထုတ်တော်မူရသည်ဖြစ်၍၊
ခေဒံ - လက် ခြေ မျက်လုံး၊ အသက်ဆုံးလျက်၊ နှလုံးစိတ်ဝမ်း၊ ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊
ဂတော - ဘဝတန်တန်၊ ကြိမ်ဖန်များစွာ၊ ရောက်တော်မူခဲ့ရရှာလေပြီ၊
မဟာကရုဏိကဿ - သတ္တဝါများ၊ ရင်ဝယ်သားကဲ့သို့၊ သနားချစ်ခင်၊ မဟာကရုဏာရှင်ဖြစ်တော်မူသော၊
တဿ နာထဿ - ဝေနေယျများစွာ၊ သတ္တဝါ၏၊ ချမ်းသာစီးပွား၊ လိုလားတောင့်တ၊ ဂုဏ်ပေါင်းခသဖြင့်၊
နာထမည်ငြား၊ ထိုရှင်တော်မြတ်ဘုရားအား၊
နမော - ရိုသေပျောင်းပျော့၊ မာန်ကိုလျှော့၍၊ ကန်တော့ရိုကျိုး၊ ရှိခိုးခြင်းသည်၊
အတ္ထု - ဘဝတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။

သာဓု သာဓု သာဓု

ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ဟာ "သစ္စဒေသနာ" ဓမ္မစကြာတရား ဟောကြားပြီးတဲ့နောက်မှာ ဗာရာဏသီမြို့အနီး ဘေးမဲ့ပေးထားတဲ့ ဣသိပတန တောမှာ ပဉ္စဝဂ္ဂီ တို့နှင့် အတူတကွ ဆက်လက်သီတင်းသုံးတော်မူတယ်။

သစ္စဒေသနာကို ဝါဆိုလပြည့်နေ့မှာ ဟောကြားပြီး ဝါဆိုလပြည့်ကျော်(၁)ရက်နေ့မှာ ထို "သစ္စဒေသနာ"ကိုပဲ ဆက်လက် ရှင်းလင်းဟောကြားခြင်းဖြင့် သစ္စာလေးပါးတရားကို ပဉ္စဝဂ္ဂီငါးပါးထဲမှာပါတဲ့ ဒုတိယ ရဟန်းတော် "ရှင်ဝပ္ပ" သောတာပန် ဖြစ်သွားတယ်။ ဆက်ပြီး မြတ်စွာဘုရားက နည်းလမ်းညွှန်ပြ ဆုံးမဟောကြားတဲ့အခါမှာ လပြည့်ကျော်(၂)ရက်နေ့မှာ "ရှင်ဘဒ္ဒိယ"၊ လပြည့်ကျော်(၃)ရက်နေ့မှာ "ရှင်မဟာနာမ" လပြည့်ကျော်(၄)ရက်နေ့မှာ "ရှင်အဿ ဇိ"တို့အသီးသီး သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်ကိုရပြီး သောတာပန် ဖြစ်သွားကြတယ်။

သူတို့ရဲ့ သဒ္ဓါတရားတွေ ခိုင်မာသွားပြီ။ သစ္စာလေးပါးနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိသွားကြပြီ။ သံသယဆိုတာ လုံးဝမရှိကြတော့ဘူး။ မှားယွင်းတဲ့ အယူအဆဆိုတာလည်း လုံးဝ မရှိကြတော့ဘူး။ အမြင်မှန်ပြီးတော့ သံသယကင်းသွားကြပြီလို့ ဒီလို ပြောတာဖြစ်တယ်။ အမြင်မှန်ပြီး သံသယကင်းသွားကြတဲ့ ပဉ္စဝဂ္ဂီငါးဦးကို သူတို့သန္တာန်မှာ ကျန်နေသေးတဲ့ ကိလေသာတွေကုန်အောင် မြတ်စွာဘုရားက ဝါဆိုလပြည့်ကျော် (၅)ရက်နေ့မှာ ဟောဒီ "အနတ္တလက္ခဏသုတ်"ကို ဆက်ပြီးဟောကြားတာ ဖြစ်ပါတယ်။

အနတ္တလက္ခဏသုတ်ကို ဟောတာဟာ ခန္ဓာငါးပါးနဲ့ ပတ်သက်ပြီး အတ္တယူစွဲမှု "အတ္တဒိဋ္ဌိ" ပဉ္စဝဂ္ဂီတွေမှာ ရှိနေသေးလို့လားလို့ တချို့က ဒီလိုမေးခွန်းထုတ်ကြတယ်။ ပဉ္စဝဂ္ဂီတွေဟာ "သက္ကာယဒိဋ္ဌိ" လို့ဆိုတဲ့ အတ္တဒိဋ္ဌိ ကင်းသွားပြီ၊ သောတာပန်ဖြစ်ပြီ။

အတ္တဒိဋ္ဌိ ကင်းကွာသွားတဲ့ပုဂ္ဂိုလ်တွေကို အနတ္တလက္ခဏသုတ် ထပ်ဟောဖို့လိုသေးလားလို့ မေးစရာဖြစ်လာတယ်။
ဒီမေးခွန်းနဲ့ ပတ်သက်ပြီး မဟာစည် ဆရာတော်ဘုရားကြီး ဟောကြားဖြေရှင်းထားတာကတော့ "ဒိဋ္ဌိ" ကိုတော့ အကြွင်းမဲ့ ပယ်လိုက်တာမှန်တယ်၊
သို့သော် "အသ္မိမာန" လို့ဆိုတဲ့ မာနတရား ကျန်နေသေးတယ်။ အဲဒီ မာနတရား ပျောက်ကင်းစိမ့်သောငှာ အနတ္တလက္ခဏသုတ်ကို ဆက်ဟောတယ်" လို့ ဒီလို ဖြေထားတယ်နော်။

နောက်တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် "အနတ္တလက္ခဏ" လို့ ပြောပေမယ့်လို့ အနတ္တအကြောင်းတစ်ခုတည်းကို ဟောတာမဟုတ်ဘူး။ မြတ်စွာဘုရားက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဝိပဿ နာဉာဏ်ကို တိုးမြှင့်ပေးတဲ့အနေနဲ့ ဟောကြားပေးတာဖြစ်တယ်။ ဝိပဿ နာဉာဏ် မပါဘဲနဲ့ ဘယ်မဂ် ဘယ်ဖိုလ်မှ မရနိုင်ပါဘူး။ သောတာပတ္တိမဂ် သောတာပတ္တိဖိုလ် ရတုန်းကလည်း ဝိပဿ နာဉာဏ်နဲ့ပဲ ရသွားတယ်။ အဲဒီ ဝိပဿ နာဉာဏ်ရဲ့ အတိုင်းအတာသည် သကဒါဂါမိမဂ် အနာဂါမိမဂ်ဖိုလ်ကို ရစေနိုင်တဲ့ ဝိပဿ နာဉာဏ်ရဲ့ အတိုင်းအတာလောက် အဆင့်မမြင့်သေးဘူးလို့ ဒီလိုပြောတာ ဖြစ်တယ်။

ဉာဏ်ဆိုတာက အဆင့်ဆင့်ပဲလေ။ ပိုပြီးရင့်ကျက်လာတယ်၊ ပိုပြီးရှင်းရှင်းလာတယ်ပေါ့။ အဲဒါကြောင့်မို့ "အနတ္တလက္ခဏသုတ်" လို့ ဆိုပေမယ့်လို့ ဝိပဿ နာကျင့်စဉ်တစ်ခုကို မြတ်စွာဘုရားက ထပ်ရှင်းပြီး ဟောတဲ့သဘောပဲ။

ဝိပဿ နာဆိုတာ "လက္ခဏာရမ္မဏိကဝိပဿ နာ"။

ဝိပဿ နာရဲ့ အာရုံသည် "အနိစ္စ၊ ဒုက္ခ၊ အနတ္တ" လို့ဆိုတဲ့ လက္ခဏာ(၃)ပါးပဲ ဖြစ်တယ်။ လက္ခဏာ(၃)ပါးမှာ

အနိစ္စဆိုတာ ဘယ်သူရဲ့ လက္ခဏာလဲဆိုရင် ရုပ် နာမ် ခန္ဓာတို့ရဲ့ လက္ခဏာပဲဖြစ်တယ်။
ဒုက္ခဆိုတာဟာလည်း ရုပ် နာမ် ခန္ဓာတို့ရဲ့ လက္ခဏာပဲ။
အနတ္တ ဆိုတာဟာလည်း ရုပ် နာမ် ခန္ဓာတို့ရဲ့ လက္ခဏာပဲ ဖြစ်တယ်။ လက္ခဏာရှုထောင့်ကနေပြီး သာဘာဝတရားကို ရှုမြင်သုံးသပ်ကြရတယ်။
အဲဒီတော့ သဘာဝတရားကို ရှုတယ်ဆိုတာ လက္ခဏာရှုထောင့်ကနေ ရှုတာပေါ့။

ဒီနေရာမှာ လက္ခဏာ (၂)မျိုးရှိတယ်ဆိုတာ မှတ်ရမယ်။

နံပါတ်တစ်က "သာဘာဝလက္ခဏာ" လို့ခေါ်တယ်။
တရားဓမ္မတွေမှာ အသီးသီး ကိုယ်ပိုင်လက္ခဏာလေးတွေ ရှိတယ်။ Individual characteristic လို့ ခေါ်တယ်။

ဥပမာ မာတဲ့သဘော၊ ပျော့တဲ့သဘောဟာ ပထဝီဓာတ်ရဲ့ ကိုယ်ပိုင်အမှတ်အသား ဖြစ်တယ်။ အာပေါတို့ တေဇောတို့ ဝါယောတို့နဲ့ မတူဘူး။
အာပေါက ယိုစီးတယ်၊ ဖွဲ့စည်းတယ်ဆိုတဲ့ အမှတ်အသား လက္ခဏာရှိတယ်။
တေဇောက ပူမှု အေးမှု ရင့်ကျက်စေမှုဆိုတဲ့ သာဘာဝလက္ခဏာ ရှိတယ်။

အဲဒီလို ကိုယ်ပိုင်အမှတ်အသားလက္ခဏာလေးတွေကို "သာဘာဝလက္ခဏာ" လို့ ခေါ်တာဖြစ်တယ်၊ တရားကိုတွေ့တယ်ဆိုတာ ဒီ သာဘာဝလက္ခဏာကိုတွေ့တာ။

ဝိပဿ နာဉာဏ် ဖြစ်လာပြီဆိုတဲ့အခါ အဲဒီ သာဘာဝလက္ခဏာကိုကျော်ပြီး တစ်ဆင့်တက်ပြီး ဘာမြင်တုံးဆိုရင် "သာမညလက္ခဏာ" ကို မြင်တယ်။
သာမညလက္ခဏာ Universal characteristic လို့ခေါ်တယ်။
အများဆိုင်ဖြစ်တယ်။

ဆိုပါစို့၊
အနိစ္စဆိုတာ
ပထဝီနဲ့လည်း ဆိုင်တယ်၊ တေဇောနဲ့လည်း ဆိုင်တယ်၊ အာပေါနဲ့လည်း ဆိုင်တယ်၊ ဝါယောနဲ့လည်း ဆိုင်တယ်၊
ကျန်တဲ့ နာမ်တရားတွေနဲ့လည်း ဆိုင်တယ်။
ဒုက္ခဆိုတာလည်းပဲ သာဘာဝတရားအားလုံးနဲ့ ဆိုင်တယ်။
အနတ္တ ဆိုတာလည်းပဲ သာဘာဝတရား အားလုံးနဲ့ ဆိုင်တယ်။

အဲဒါကြောင့်မို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟာ သာမညလက္ခဏာ။ အားလုံးဆိုင်တဲ့ အမှတ်အသားလို့ ဒီလိုပြောလိုတာပေါ့။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ခေါ်တဲ့ ဒီ သာမညလက္ခဏာကို ရှုမြင်ပြီဆိုတဲ့အခါကျမှ ဝိပဿ နာဉာဏ်ဟာ သာဘာဝလက္ခဏာကနေ သာမညလက္ခဏာကို တက်ရောက်ပြီလို့ ပြောတာဖြစ်တယ်။

ဝိသုဒ္ဓိမဂ်မှာ ဘယ်လိုပြထားလဲဆိုရင် ပထမမှာ ဝိပဿ နာလုပ်ငန်းကို စပြီး အားထုတ်တဲ့အခါမှာ "ပစ္စတ္တလက္ခဏာ" အသီးသီးသော ကိုယ်ပိုင်လက္ခဏာတွေကို ရှုမြင်ရတယ်။ အဲဒါက ရုပ်ကိုတွေ့တာ၊ နာမ်ကိုတွေ့တာ။ ရုပ်နာမ်ကို တွေ့တဲ့အချိန်မှာ မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ အစိုးမပိုင်တဲ့ အနတ္တသဘောတွေကို မတွေ့သေးဘူး။

ပထမ စစချင်းတွေ့တာက "ပစ္စတ္တလက္ခဏာ"။
အသီးသီး ကိုယ်ပိုင် သာဘာဝလက္ခဏာကိုသာ တွေ့တာ ဖြစ်တယ်။ ပြီးတဲ့အခါမှ သာမညလက္ခဏာဘက်ကို ကူးပြောင်းသွားတာလို့ ဒီလိုပြောတာပေါ့။ ပြောင်းသွားတယ်ဆိုတာ အသိဉာဏ် ရောက်သွားတာ။

သာဘာဝလက္ခဏာကို ကျော်ဖြတ်ပြီး သာမညလက္ခဏာထိအောင် အသိဉာဏ် ရောက်ရှိသွားတယ်။ အဲဒီကျတော့မှ ယောဂီဟာ ဝိပဿ နာလမ်းကြောင်းပေါ် ပြည့်ပြည့်ဝဝ ရောက်ရှိသွားတယ်လို့ ဒီလိုဆိုလိုတာ ဖြစ်တယ်။

ဉာဏ်စဉ်နဲ့ပြောမယ်ဆိုရင် နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ် ဆိုတဲ့ ဒီဉာဏ်နှစ်ခုအဆင့်မှာ သာဘာဝလက္ခဏာကိုသာ သိတယ်၊ သာမညလက္ခဏာကို မသိသေးဘူး။
ရုပ်နဲ့နာမ်ကို သာဘာဝရှုထောင့်ကပဲ မြင်သေးတယ်၊ အနိစ္စ ဒုက္ခ အနတ္တ မမြင်သေးဘူး။ သာဘာဝရှုထောင့်က ရုပ်၊ နာမ်၊ ဓမ္မတွေရဲ့ အကြောင်းကိုပဲ သိသေးတယ်။
မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ အစိုးမပိုင်တဲ့သဘောတွေကို မမြင်သေးဘူး။

သမ္မသနဉာဏ် ရောက်တဲ့အခါကျမှ မမြဲတဲ့သဘောကို သုံးသပ်မိလာတယ်။ ဆင်းရဲတဲ့သဘောကို သုံးသပ်မိလာတယ်။ အစိုးမပိုင်တဲ့သဘောကို သုံးသပ်မိလာတယ်။
သမ္မသနဉာဏ်က ထပ်တလဲလဲ သုံးသပ်ပေးလိုက်တဲ့အခါ ဥဒယဗ္ဗယဉာဏ်ကိုရတယ်။ အဲဒီအခါမှာ ပိုပြီးတော့ ပြတ်ပြတ်သားသား အဖြစ်အပျက် မြင်လာတယ်။

ဉာဏ်စဉ်က အဲဒီလို တက်သွားတာ။ အဖြစ်အပျက် မြင်လာတယ်၊ အဲဒါကြောင့် "လက္ခဏာရမ္မဏိက ဝိပဿ နာ" ခေါ် သာဘာဝတရားတွေကို အမှတ်အသား လက္ခဏာရှုထောင့်ကမြင်တဲ့ အသိဉာဏ်တစ်မျိုးကို ဝိပဿ နာလို့ ခေါ်တာပေါ့။

အဲဒီမှာ သောတာပန်ဖြစ်စေတဲ့ ဝိပဿ နာကို ကျင့်ကြံအားထုတ်လို့ ပထမအဆင့်အနေနဲ့ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်ကို ဆိုက်ရောက်တယ်။ အဲဒီလို ဆိုက်ရောက်တဲ့အခါ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ် ကိုတက်ဖို့ ဘာလုပ်ရတုံးဆိုရင် ဒီ ဝိပဿ နာလမ်းကြောင်းပေါ်ကိုပဲ ပြန်လျှောက်ရတယ်။ ဒီ ဝိပဿ နာက သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်ကို ရစေတတ်တဲ့ ဝိပဿ နာထက် ပိုအဆင့်မြင့်တယ်။ ဆိုလိုတာက ပိုပြီး ရှင်းလင်းပြတ်သားစွာ မြင်တယ်ပေါ့။

သကဒါဂါမ်မိမဂ်၊ သကဒါဂါမ်မိဖိုလ်ကို ရပြီးတဲ့အခါ ဝိပဿ နာမြှင့်ရင် အနာဂါမ်မိမဂ်၊ အနာဂါမ်မိဖိုလ်ကို ရောက်တယ်။
အေး၊ အနာဂါမ် ဖြစ်ပြီးတဲ့အခါ အနာဂါမ်ပုဂ္ဂိုလ်ရဲ့ ဝိပဿ နာကို ဆက်ပြီးမြှင့်ရတယ်။ အဲဒီလို မြှင့်လိုက်တော့မှ အဲဒီ ဝိပဿ နာရဲ့ အရှိန်အဟုန်နဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ရပြီး ကိလေသာတွေအားလုံး ကုန်သွားတာ ဖြစ်တယ်။

အဲဒီတော့ ပဉ္စဝဂ္ဂီတွေဟာ သောတာပန်အဆင့်ပဲ ရှိသေးတယ်။
ဒါကြောင့်မို့ သကဒါဂါမ်အဆင့်၊ အနာဂါမ်အဆင့်၊ ရဟန္တာအဆင့် ရောက်ဖို့ရန်အတွက် ဘာလုပ်ရမလဲဆိုရင် ဒီ ဝိပဿ နာအလုပ်ပဲ ဆက်ပြီးအားထုတ်ရမယ်ပေါ့။ ဝိပဿ နာ ဆိုတာဟာ လက္ခဏာကိုသိမြင်တဲ့ အသိဉာဏ်တစ်မျိုးပဲ။ ဒီ လက္ခဏာတွေ ပိုပြီး ရှင်းလင်းပြတ်သားစွာ မြင်လာအောင် မြတ်စွာဘုရားက "အနတ္တလက္ခဏသုတ်" ကို ထပ်ဟောတာဖြစ်တယ်။

အဲဒီတော့ သာမညလက္ခဏာဆိုတာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ (၃)မျိုးပဲ ရှိတာကိုး။ ဒီ(၃)မျိုးပဲ ထပ်ပြီး ရှင်းလင်းဟောကြားတယ်လို့ ပြောရမယ်။ အဲဒီလို ရှင်းလင်းဟောတဲ့အခါမှာ ခေါင်းစဉ်ကို "အနတ္တလက္ခဏာ" လို့ ဘာဖြစ်လို့ တပ်သလဲဆိုရင် မြတ်စွာဘုရားက ဒီတရားတော်ကို စပြီးဟောတဲ့အခါ

ရူပံ ဘိက္ခဝေ အနတ္တာ ဆိုတာကနေစတယ်။ ဘာဖြစ်လို့ ဒီစကားလုံးကနေ စသလဲဆိုရင် အနိစ္စ ဒုက္ခတို့ဆိုတာက ဘုရားမပွင့်လည်း ရှင်းရှင်းလင်းလင်း သိသာတယ်ပေါ့။ သို့သော်လည်း အဆင့်မြင့်တဲ့ အနိစ္စ မြင်တာတော့ မဟုတ်လောက်ဘူးပေါ့နော်။ မမြဲတဲ့ သဘောလေးတွေကို သာမန်အားဖြင့် ကြည့်မယ်ဆိုရင် ကိုယ့်မျက်စိအောက်မှာပဲ မမြဲဘူး ဆိုတာလေးတွေကို စဉ်းစားလို့ ရလာတယ်ပေါ့။ နောက်ပြီးတော့ အဆင်မပြေဘူး ဆင်းရဲတယ်ဆိုတဲ့ သဘောလေးတွေကိုလည်း စဉ်းစားလို့ရတယ်။

သို့သော် အနတ္တဆိုတဲ့ ဒီအဆင့်ကိုရောက်ဖို့ရန် အလွန်ခဲယဉ်းတယ်။ ဒါကြောင့်မို့ "အနတ္တလက္ခဏာ"ဆိုတာ ဘုရားပွင့်မှ သိခွင့်ရတယ်။

မြတ်စွာဘုရား မပွင့်ခင်တုန်းက ဘာသာရေး လောကကြီးတစ်ခုလုံးဟာ အတ္တဆိုတဲ့ အစွဲကြီးပေါ်မှာ ရပ်တည်နေကြတယ်။
အတ္တဆိုတဲ့ အယူအဆကြီးတစ်ခုကို ယူဆထားပြီးတော့ ဟောဒီ အတ္တနဲ့ပဲ သံသရာကို ရှင်းပြတယ်။ ကံကိုလည်း ရှင်းပြတယ်။

တချို့က "သံသရာတို့ ကံတို့ အယူအဆတွေဟာ ဟိန္ဒူဝါဒ မှာလည်းပါတယ်။ ဗုဒ္ဓတရားတွေဟာ အဲဒီကနေ ကူးထားတယ်၊ ယူထားတယ်" လို့ ဒီလို ပြောကြတယ်။
အနှစ်သာရချင်း မတူဘူးဆိုတာကို မစဉ်းစားမိကြဘူးပေါ့။

ဟိန္ဒူဝါဒ တို့ ဗြဟ္မဏဝါဒ တို့က အတ္တပေါ်မှာမှီပြီးတော့ ကံနဲ့သံသရာကို ရှင်းပြတာ။
ဗုဒ္ဓက အတ္တ ဆိုတာ မရှိဘူးဆိုတာကို အတိအကျပြောတာ။ အတ္တ မရှိဘဲနဲ့၊ အတ္တပေါ်မှာ အခြေမပြုဘဲနဲ့ ကံတို့ သံသရာတို့ ရှင်းပြတာဆိုတော့ လုံးဝမတူဘူး။ ကံဆိုတဲ့ စကားလုံးလေး တူတာနဲ့၊ သံသရာဆိုတဲ့ စကားလုံးလေး တူတာနဲ့ တူတယ်လို့ ဒီလိုမအောက်မေ့နဲ့။ အခြေပြုတာချင်းက အလွန်ကို ကွဲလွဲတယ်။

အတ္တဆိုတာ မရှိဘူးလို့ တိတိပပငြင်းပြီးတော့ အဖြေထုတ်တာဟာ မြတ်စွာဘုရားတစ်ပါးပဲ ရှိတယ်။ ဒါကြောင့်မို့ အနတ္တဆိုတာ အရေးကြီးလို့ ဒီနေရာမှာ ခေါင်းစဉ်တပ်ပြီး ဟောထားတာ ဖြစ်တယ်။

အနတ္တတရား ဟောလိုက်သဖြင့် တခြားဘာသာတွေနဲ့ လုံးဝဆန့်ကျင်သွားတယ်။ အယူအဆရေးရာမှာ တခြားဘာသာတွေနဲ့ လုံးဝမတူဘူးဆိုတာကို ဒီ အနတ္တ ဆိုတဲ့ စကားလုံးကနေ ထုတ်ဖော်ပြောတာ ဖြစ်တယ်။ ဒါ မြတ်စွာဘုရားရဲ့ တရားတော်က အနတ္တလို့ ထင်ထင်ရှားရှား ဟောကြားထားတာ ဖြစ်ပေမယ့်လို့ လောကလူတွေ၊ ဘာသာတရားတွေအားလုံးက အတ္တ ဆိုတဲ့ အယူအစွဲကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားကြတယ်။

ဒါကြောင့် တော်တော်များများက အနတ္တ ဆိုတာကို လက်မခံကြဘူး။

အနောက်တိုင်းက ဗုဒ္ဓကျမ်းစာနဲ့ ပတ်သက်ပြီး စာအုပ်တွေ မြောက်မြားစွာရေးတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ အတ္တ အယူအဆကို မြဲမြဲစွဲထားတယ်။ သူက ဘာပြောတုံးဆိုတော့ "အနတ္တလက္ခဏသုတ် ဆိုတာ ဘုရားဟောတာမဟုတ်ဘူး၊ ရဟန်းတွေက တီထွင်ထားတာ" လို့ ဆိုတယ်။

သူ့ရဲ့ ထင်မြင်ယူဆချက်ကို ရေးတယ်။ သူက ဘာအထောက်အထားပြလဲဆိုရင်
အတ္တာ ဟိ အတ္တနော နာထော ဆိုတဲ့စကားကို အထောက်အထားအဖြစ် ပြတယ်။
မြတ်စွာဘုရား ဟောတာတဲ့။

ကဲ "အတ္တာ ဟိ အတ္တနော နာထော" ကျတော့ ဘုရားဟောတာလို့ သူဘာလို့ပြောနိုင်တာတုံး။ အခုပြောတဲ့ "အနတ္တလက္ခဏသုတ်" ကျတော့ ဘုရားဟောတာမဟုတ်ဘူးလို့ သူ ဘာအထောက်အထားနဲ့ ပြောမှာတုံး။

အားလုံးဟာ ၂၅၀၀ ကျော်တုန်းက စကားတွေချည်းပဲ။ အဲဒီတော့ ကိုယ်ထင်ရာကိုယ်ရေးတဲ့ သဘောပဲ။

အနတ္တလက္ခဏသုတ် ကို မယုံရင် "အတ္တာ ဟိ အတ္တနော နာထော" ကိုလည်း မယုံနဲ့လေ။ ဘာဖြစ်လို့တုံးဆိုတော့ လွန်ခဲ့တဲ့ ၂၅၀၀ တုန်းက ဟောခဲ့တဲ့ တရားချည်းပဲ ဖြစ်နေလို့ပါပဲ။

အဲဒီတော့ ကိုယ့်အကြိုက်လေးနဲ့တွေ့ရင် ဘုရားဟော။ ကိုယ့်အကြိုက်နဲ့မတွေ့ဘူး ဆိုရင်တော့ ဘုရားဟောတာ မဟုတ်ဘူးဆိုတဲ့ ဒီစကားဟာ လုံးဝအဓိပ္ပာယ်ကင်းမဲ့တယ်။ ဒီအချက်တွေဟာ အလွန်သတိထားရမယ့် အချက်တွေ ဖြစ်တယ်။ ဗုဒ္ဓဝါဒ Buddhism လို့ နာမည်တပ်ပြီးတော့ မိမိရဲ့ အယူအဆတွေ ထည့်ပြီးရေးနေတာဟာ အလွန်အန္တရာယ်များတယ်။

Buddhism လို့ ရေးမယ့်အစား Myism လို့ရေးတာ ပိုကောင်းမယ်။ ဘာဖြစ်လို့တုံးဆိုတော့ ကိုယ့်ဝါဒ ကိုယ်ပြောလေ။ ရှင်းရှင်းနော်။ ကိုယ့်ဝါဒကို ဘုရားဟောလို့ ဆိုင်းဘုတ်တပ်တာတော့ မကောင်းဘူးပေါ့။

အတ္တာ ဟိ အတ္တနော နာထော ဆိုတဲ့ မြတ်စွာဘုရား ဟောလိုတဲ့ အဓိပ္ပာယ်မှန်က မိမိသည်သာလျှင် မိမိရဲ့ ကိုးကွယ်ရာလို့ ဆိုလိုတယ်။
ဒီ သမုတိသစ္စာ ရှုထောင့်ကနေပြီးတော့ ပြောတဲ့စကားကို ပရမတ္ထရှုထောင့်ကနေကြည့်ပြီး
သူက ဟိန္ဒူဝါဒနဲ့ ရောပစ်လိုက်တယ်။

"အတ္တာ =Universal soul အတ္တနော = Individual Soul ရဲ့၊ နာထော = ကိုးကွယ်ရာဘုရားကြီးပဲ လို့ ဒီလိုဘာသာပြန်လိုက်တယ်။"

ဟိန္ဒူဝါဒ မှာ အတ္တ က (၂)မျိုးရှိတာကိုး။
ပရမတ္တမ ဆိုတာတစ်ခု၊
အတ္တမ ဆိုတာတစ်ခု။

ပရမတ္တမ ဆိုတာ ဘာကိုပြောတာလဲဆိုရင် ထာဝရဘုရားကြီးကို ပြောတာဖြစ်တယ်။ အဲဒီ ထာဝရဘုရားကြီး ဆိုတဲ့ Soul လို့ ပြောတာကျတော့ Soul ကို Capital Letter နဲ့ရေးရတယ်။ ဒါကြောင့်မို့ God ကို ဘယ်တော့မဆို Capital Letter နဲ့ပဲ ရေးတယ်။ ကြီးမြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့နော်။ အဲဒီ Universal soul ဆိုတဲ့ စကားလုံးကိုလည်း သူက Capital Letter နဲ့ရေးတယ်။ အဲဒါဟာ ပရမတ္တမ ဖန်ဆင်းရှင်ကြီးကို ရည်ညွှန်းတာ ဖြစ်တယ်။ အဲဒီ ပရမတ္တမ က ဖန်ဆင်းလိုက်တဲ့အခါမှာ လူတွေ နတ်တွေ အားလုံးသတ္တဝါတွေရဲ့ သန္တာန်မှာရှိတဲ့ အတ္တလေးဟာ ပေါ်လာတယ်။ ဒါ Individual Soul လို့ခေါ်တယ်။

အသီးသီး အသီးသီး အတ္တကလေးတွေ ရှိကြတယ်။ အဲဒီမှာ "အတ္တ ဆိုတဲ့ ဖန်ဆင်းရှင် Soul ကြီးဟာ အတ္တ လို့ခေါ်တဲ့ Individual Soul ရဲ့
နာထော- ကိုးကွယ်ရာ အရှင်သခင်ကြီးပဲ" လို့ ဒီလို အဓိပ္ပာယ် ဖွင့်ဆိုထားတယ်။

အလွန် ပုံပျက်ပန်းပျက်ဖြစ်အောင် မြတ်စွာဘုရားဟောတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ဖျက်ဆီးပစ်တာ။ ဒါတွေလည်း သတိထားဖို့တော့ ကောင်းတာပေါ့နော်။
ဘယ်သူတွေမှားမှား ကိုယ်မမှားဖို့တော့ အရေးကြီးတာပေါ့။

ကောင်းပြီ၊ "အနတ္တလက္ခဏသုတ်" နဲ့ ပတ်သက်ပြီး သူတို့က ဘုန်းကြီးတွေ တီထွင်ထားတဲ့သုတ်ပါလို့ ပြောတယ်။ မြတ်စွာဘုရားက အတ္တဝါဒ ပါတဲ့၊ အနတ္တဝါဒ မဟုတ်ပါဘူးလို့ ဒီလို ပြောကြတယ်။ အဲဒီစာအုပ်တွေ ဖတ်မိလို့ရှိရင် သတိထားမိဖို့ ပြောတာ။ မဖတ်ရင်တော့ ကိစ္စမရှိဘူး။ ဖတ်လို့ရှိရင် ခေါင်းထဲမှာ အမှိုက်တွေ ရောက်လာတတ်တယ်။ ကိုယ့်ခေါင်းကြီးကို အမှိုက်ပုံကြီးဖြစ်အောင် မလုပ်သင့်ဘူးပေါ့နော်။

အနတ္တလက္ခဏသုတ်မှာ မြတ်စွာဘုရားက အနတ္တရဲ့ အဓိပ္ပာယ်ကို ရှင်းတဲ့အခါမှာ တစ်ခါတစ်ရံ အနိစ္စ ရှုထောင့်က ရှင်းတယ်။
တစ်ခါတစ်ရံ ဒုက္ခ ရှုထောင့်ကနေ ရှင်းတယ်။
ဘာကြောင့်လဲဆိုတော့ အဲဒီခေတ်ကလူတွေရဲ့ ခေါင်းထဲမှာ "အတ္တ" ဆိုတာ စွဲနေတာကိုး။ အတ္တ မဟုတ်ဘူး၊ အနတ္တ ဆိုပြီးတော့ Negative နဲ့ အတ္တ ကို ငြင်းပယ်တဲ့အခါမှာ ဘယ်ရှုထောင့်ကနေ မြတ်စွာဘုရားက ငြင်းပယ်သလဲဆိုရင် အနိစ္စရှုထောင့်၊ ဒုက္ခရှုထောင့်ကနေ ငြင်းပယ်တယ်။

အဲဒီမှာကြည့်၊ မြတ်စွာဘုရားက ပဉ္စဝဂ္ဂီတွေကို အတ္တ မဟုတ်ဘူးဆိုတာ ရှင်းပြတယ်။ ဘယ်လိုရှင်းပြတုံးဆိုတော့ ခန္ဓာငါးပါးနဲ့ ပတ်သက်ပြီး
ရူပံ ဘိက္ခဝေ အနတ္တာ ဆိုတဲ့ စကားလုံးလေးနဲ့စတယ်။
ရဟန်းတို့၊ ရုပ်တရားဟာ အတ္တ မဟုတ်ဘူး၊ အနတ္တ ဖြစ်တယ်
အိန္ဒိယနိုင်ငံမှာ ထွန်းကားနေတဲ့ အတွေးအခေါ် အတ္တ မဟုတ်ဘူး။

ဒါဖြင့် အတ္တဆိုတာ ဘာကိုပြောတာတုံး။ အတ္တနဲ့ ပတ်သက်ပြီး အလွန်ကျယ်တယ်။ အမျိုးမျိုးတွေးခေါ်ပြီး ပြောကြတယ်။ အဲဒီတော့ သိသာတာတွေကို ပြောမယ်ဆိုရင်
အတ္တ ဆိုတာ ခန္ဓာကိုယ်ကို ကြီးစိုးတဲ့အရာ၊ ခန္ဓာကိုယ်ကို အုပ်စိုးနေတဲ့အရာ ဖြစ်တယ်။ ခန္ဓာကိုယ်ကို ဘယ်သူက အုပ်စိုးနေလဲဆိုရင် အတ္တ က အုပ်စိုးနေတယ်။ စိတ်က အုပ်စိုးနေတယ်ဆိုရင် စိတ်က အတ္တပဲ။ ရုပ်က အုပ်စိုးနေတယ်ဆိုရင် ရုပ်က အတ္တပဲ။ အဲဒါဟာ "သာမီ" လို့ခေါ်တယ်။ "သာမီ" ဆိုတာ ခန္ဓာကိုယ်မှာ ပိုင်ရှင်ရှိတယ်ပေါ့။

အဲဒီ ပိုင်ရှင်ဟာ မြန်မာလူမျိုးတွေပြောတဲ့စကားလို လူသေသွားတဲ့အခါ လိပ်ပြာ၊ ဝိညာဉ်ကောင်ဟာ ထွက်သွားတယ်။ ပြီးတော့ နောက်ဘဝ ကူးသွားတယ်။ ဘဝကူးသွားတယ် ဆိုတဲ့စကားဟာ အပြောသက်သက် မဟုတ်ဘဲနဲ့ တကယ့်ကို ခန္ဓာကိုယ်ထဲက အသက်ကလေးဟာ ထွက်သွားပြီး နောက်ဘဝ ဝင်စားတယ်လို့ပြောရင် ဒါ အတ္တဒိဋ္ဌိ ပဲဖြစ်တယ်။
စကားအနေနဲ့တော့ ပြောလို့ရတယ်။ မြတ်စွာဘုရားလည်း စကားအနေနဲ့တော့ သုံးတာပဲ။ သမုတိသစ္စာ ပိုင်းက ပြောလို့ရတယ်နော်။

တိဘက် ဗုဒ္ဓဘာသာဝင်တွေက လူတစ်ယောက် သေသွားလို့ရှိရင် အဲဒီ Soul သို့မဟုတ် Spirit အသက်၊ ဝိညာဉ်ကောင်၊ လိပ်ပြာက ဘဝကူးဖို့ရာအတွက် (၄၉)ရက် အချိန်စောင့်နေရသေးတယ်။ နောက်ဘဝအတွက် သွားဖို့ရာ အဆင်သင့်မဖြစ်သေးလို့နော်။
ဗမာတွေကျတော့ အိမ်ပေါ်က (၇)ရက်မဆင်းဘူး ဆိုတာကလည်း ဒါလည်းပဲ waiting လုပ်တဲ့သဘောပဲ။
ကလေးအမေ သေသွားလို့ရှိရင် လိပ်ပြာခွဲတာတို့ ဘာတို့ လုပ်ကြသေးတယ်။ ဘယ်က လိပ်ပြာမှန်းလည်း မသိဘူးနော်။ အဲဒီ အယူအစွဲလေးတွေက ရှေးကတည်းက ရှိနေတာ။

ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်အရဆိုရင် ခုသေ ခုဘဝသစ်တစ်ခုကို ရောက်သွားတာ။
အေး၊ အိမ်ပေါ်မှာ ချောက်ချောက် ချက်ချက် လုပ်နေတယ်၊ အယောင်ပြနေတယ်ဆိုရင် ပြိတ္တာဖြစ်နေတာပေါ့။
အဲဒါလည်း ဘဝတစ်ခုပဲပေါ့။ လူတွေကတော့ ဘာပြောတုံးဆိုရင် မကျွတ်သေးဘူးတဲ့။ ကိုယ်ကလည်း ကျွတ်တာမှတ်လို့။ ကိုယ်လည်းပဲ မကျွတ်သေးဘူးနော်။ အမှန်ကတော့ အဲဒီလို ဖြစ်တာဟာ ဘဝတစ်ခုကို ရောက်သွားတာပဲ။ ဘဝတစ်ခု အဆုံးသတ်တာနဲ့ နောက်ဘဝတစ်ခုကို စောင့်စရာ မလိုဘူး၊ ချက်ချင်းရောက်သွားတာ။

ဒီနေရာမှာ အတ္တ ဆိုတာကို သူတို့က ဘာပြောတုံးဆိုရင် ခန္ဓာကိုယ်မှာ ပိုင်ရှင်ရှိတယ်။ ပိုင်ရှင်ဆိုတာ အိမ်မှာ ရှိသလို ခန္ဓာကိုယ်ကိုလည်း ပိုင်တဲ့သူ ရှိတယ်။ အဲဒီ ပိုင်တဲ့သူက ဒီခန္ဓာကိုယ်ကြီးဟောင်းရင် ပစ်သွားပြီးတော့ နောက်ခန္ဓာကိုယ် အသစ်ရှိရာကို ရောက်သွားတယ်။ သူတို့တွေးတဲ့ အတွေးတွေပေါ့။
အဲဒါကို "သာမီ" လို့ခေါ်တယ်။

နောက် "နိဝါသီ" ခန္ဓာကိုယ်ထဲမှာ အမြဲနေတယ်၊ အိပ်နေလည်း ရှိတာပဲ၊ ဘယ်အချိန်မဆို သူအမြဲရှိနေတယ်။ ခန္ဓာကိုယ်ရဲ့ အိမ်ရှင်၊ အမြဲနေထိုင်သူအဖြစ် အတ္တ ကို ရည်ညွှန်းပြီး ပြောကြတယ်။

နောက်တစ်ခု ဘာပြောတုံးဆိုရင် အတ္တက လုပ်စရာတွေကို လုပ်တယ်။ ထမင်းစားတာ ဘယ်သူကစားလဲ၊ အဲဒီ အတ္တက စားတယ်၊ တီဗွီကြည့်တာ ဘယ်သူကကြည့်တာလဲဆိုရင် အတ္တကကြည့်တာနော်။ ဟိုဟာဒီဟာ ပြောတာတွေ၊ လုပ်ငန်း ကိုင်ခန်း လုပ်တာတွေ ဘယ်သူကလုပ်တာလဲ၊ ဟောဒီ အတ္တက လုပ်တာ။ သူက အားလုံးလုပ်နေတာပေါ့။ အတ္တက မျက်စိကို အသုံးချတယ်၊ နားကို အသုံးချတယ်၊ နှာခေါင်းကို အသုံးချတယ်၊ လျှာကို အသုံးချတယ်။ လုပ်တာမှန်သမျှ အတ္တကတဲ့။ အဲဒီ အတ္တကို "ကာရက" လို့ခေါ်တယ်။

တစ်နည်းအားဖြင့် အတ္တကို ပြုလုပ်သူ "ကာရက"။ အကျိုးကို ခံစားသူ "ဝေဒက" လို့ခေါ်တယ်။ ခံစားသူ၊ ပြုလုပ်သူ ဆိုတာ တကယ်ရောရှိရဲ့လားလို့ဆိုရင် "ကမ္မဿ ကာရကော နတ္ထိ" ကံကို လုပ်တဲ့ပုဂ္ဂိုလ် မရှိဘူး။ အကြောင်းတရား ဖြစ်ပေါ်တာကိုပဲ လုပ်တယ်လို့ ပြောတာဖြစ်တယ်။

ဝိပါကဿ စ ဝေဒကော
အကျိုးကို ခံစားသူ (ခံစားတဲ့ အတ္တဆိုတာ)လည်း မရှိဘူး။ အကျိုးတရား ဖြစ်ပေါ်မှုသာဖြစ်တယ်။

သုဒ္ဓဓမ္မာ ပဝတ္တန္တိ၊ ဧဝေတံ သမ္မဒဿ နံ
သဘောတရားသက်သက် ဖြစ်နေခြင်းမျှသာ ဖြစ်တယ်လို့မြင်မှ တကယ့် "သမ္မဒဿ န"
မှန်ကန်တဲ့အမြင်လို့ ဒီလိုပြောတာနော်။

အဲဒါကြောင့်မို့ "ကာရက" ဆိုတဲ့ ပြုလုပ်လည်း မရှိဘူး။
"ဝေဒက" ဆိုတဲ့ ခံစားသူလည်း မရှိဘူး။
အဓိဋ္ဌာယက စီမံဆောင်ရွက်သူဆိုတဲ့ ပုဂ္ဂိုလ်လည်း မရှိဘူးတဲ့။

တကယ်တော့ ရုပ်နဲ့နာမ်နှစ်ခု ပေါင်းစပ်မိလို့ Energy ဖြစ်လာတာ။ ဖြစ်လာပြီး စကားပြောတယ်၊ ပြုလုပ်တယ်။ အဲဒါ ဘယ်လောက်ထင်ရှားသလဲဆိုရင် Robot ဆိုတဲ့ စက်ရုပ်ကလေးကို ကြည့်ပေါ့။ Robot ဆိုတဲ့ စက်ရုပ်ထဲမှာ Battery ထည့်ထားပြီး လိုအပ်တဲ့ အချက်အလက်လေးတွေ အကုန်ပြည့်စုံအောင်ထည့်ရင် အဲဒီ စက်ရုပ်က စကားပြောတယ်၊ နှုတ်ဆက်တယ်။ ဒီလိုကိုး။ ဘုန်းကြီးတို့ အမေရိကန်ရောက်တုန်းက ကယ်လီဖိုးနီးယား ပြည်နယ်က ဆိုင်တစ်ဆိုင်ထဲကို ဝင်သွားလိုက်တဲ့အခါ အဲဒီဆိုင်ဝမှာ လူကြီးတစ်ယောက် ရပ်နေတယ်။ ဘုန်းကြီးတို့ အနားနားရောက်တော့ welcome လို့ နှုတ်ဆက်တယ်။ နောက် သေသေချာချာ ကြည့်လိုက်တော့ စက်ရုပ်ကြီးကပြောတာ ဖြစ်နေတယ်။

ဒါဖြင့် စက်ရုပ်ကပြောရင် စက်ရုပ်ထဲမှာ ဘာရှိသလဲ ဖျက်ကြည့်လိုက်။ ဘာမှမရှိဘူး။ ဘာဖြစ်လို့ စကားပြောသလဲဆိုရင် စီမံဖန်တီးထားတာတွေ ပေါင်းစပ်လိုက်လို့ Energy ဖြစ်လာတာ။

ကြည့်၊ နာရီလေးကလည်း စကားပြောတာပဲ။ အခုခေတ်ဆိုရင် Talking clock ဆိုတာတွေ ရှိတယ်။ အချိန်ကျရင် စကားပြောတယ်။ အဲဒီသဘောပဲ၊ ဘုန်းကြီးတို့သန္တာန်မှာ ရုပ်နဲ့နာမ် ပေါင်းစပ်လိုက်တဲ့အခါ စကားလည်းပြောတယ်၊ စားလည်းစားတယ်၊ သွားလည်းသွားတယ်၊ လုပ်လည်းလုပ်တယ်။

အဲဒါကြောင့်မို့ သတ္တဝါလို့ မှတ်ထင်တဲ့အထင် ဖြစ်နေတာ။ တကယ်ကတော့ ရုပ်နဲ့နာမ် ပေါင်းစပ်မိလို့ ဖြစ်နေတာသာဖြစ်တယ်။
နာရီလေးက လှည့်ပတ်သွားနေပြီး အချိန်ကျတဲ့အခါ အချိန်ကို ပြောတယ်။ "ဘယ်နှစ်နာရီရှိပြီ" လို့။ ဒီနာရီထဲက ဘယ်အကောင်က ပြောနေတာလဲလို့ဆိုပြီး ဖျက်ကြည့်ရင် တွေ့မလားအကောင်၊ ဘယ်တွေ့မလဲနော်။

အေး၊ အဲဒါလိုပဲ၊ ဘုန်းကြီးတို့သန္တာန်မှာ တကယ်စူးစိုက်ကြည့်လိုက်မယ်ဆိုရင် အကောင်ဆိုတာ တွေ့မှာမဟုတ်ဘူးတဲ့။ အတ္တဆိုတာ တွေ့မှာမဟုတ်ဘူး။ စီမံဖန်ဆင်းတဲ့ပုဂ္ဂိုလ်ဆိုတာ တွေ့မှာမဟုတ်ဘူး။ အားလုံး အချိုးကျ ပေါင်းစပ်လိုက်တဲ့အခါမှာ Energy ဖြစ်လာပြီး စကားပြောတာတွေ၊ လှုပ်ရှားတာတွေ ဖြစ်ပေါ်လာတာသာ ဖြစ်တယ်။ အဲဒီလို မြင်ဖို့လိုတယ်လို့ ပြောတာနော်။

အဲဒီတော့ ဘုန်းကြီးတို့တစ်တွေရဲ့ ခန္ဓာကိုယ်မှာ ဘယ်လိုပဲ စကားပြောပြော၊ ဘယ်လိုပဲ ရယ်ရယ်၊ ဘယ်လိုပဲ ငိုငို၊ ဘယ်တွေပဲ လုပ်နေနေ စကားပြောသူဆိုတာ မရှိဘူး၊ ရယ်သူဆိုတာ မရှိဘူး၊ ငိုသူဆိုတာ မရှိဘူး၊ အလုပ်လုပ်သူဆိုတာ မရှိဘူး။

အတ္တဆိုတာဟာ မရှိတဲ့အတွက် "သုည" လို့ ပြောတာဖြစ်တယ်။
တကယ်တော့ ရုပ်နဲ့နာမ်နှစ်ရပ် ပေါင်းစပ်ပြီး ဖြစ်နေခြင်းမျှသာ ဖြစ်တယ်။
ခန္ဓာကိုယ်ကို ဖျက်ပြီးရှာကြည့်မယ်ဆိုရင် ဘာမှတွေ့မှာမဟုတ်ဘူးတဲ့။

စက်ရုပ်ကိုဖျက်ရှာသလို၊ Talking Clock ကိုဖျက်ရှာသလို ဘာမှတွေ့မှာ မဟုတ်ဘူးတဲ့။ သဘာဝတွေပဲ တွေ့လိမ့်မယ်။ စကားပြောသူကို ရှာတွေ့မှာ မဟုတ်ဘူးတဲ့။

အဲဒါကြောင့် "သုည" ဆိုတဲ့ အဓိပ္ပာယ်နဲ့ အနတ္တ ကို နားလည်ရတယ်။

အေး၊ ကောင်းပြီ၊ အနတ္တလက္ခဏသုတ်မှာ မြတ်စွာဘုရားက အနတ္တကို ဘယ်ရှုထောင့်က ဟောသလဲဆိုရင် ဒုက္ခ ရှုထောင့်က ဟောတယ်။

ရူပံ ဘိက္ခဝေ အနတ္တာ- ရဟန်းတို့၊ ရုပ်ဟာ အနတ္တ၊ အတ္တ မဟုတ်ဘူး တဲ့။

စဉ်းစားဖို့ နည်း ပေးလိုက်တယ်။

ရူပဉ္စဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ

ရုပ်ဟာ အတ္တ လို့ဆိုရင်တဲ့

နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ- ဒီရုပ်ဟာ ဖျားတာ နာတာ ထိခိုက်တာ နစ်နာတာ ဘယ်တော့မှမရှိရဘူး တဲ့။

ဒီနေရာမှာ "အာဗာဓာယ" ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး တောင်မြို့ ဆရာတော်ဘုရားကြီးက "ဖျားနာခြင်း"။ ရှေးဆရာတော်ဘုရားကြီးတွေက "နာကျင်ခြင်း" လို့ ဘာသာပြန်ကြတယ်။ မဟာစည်ဆရာတော်ဘုရားကြီးက "အာဗာဓာယ" ရဲ့ အဲဒီ အဓိပ္ပာယ်တွေကို သူ့စိတ်ထဲမှာ မှန်တယ်လို့မထင်ဘူး။ "အာဗာဓာယ"ကို "နှိပ်စက်ခြင်းငှာ" လို့ မဟာစည်ဆရာတော်ဘုရားကြီးက ပြန်ဆိုတယ်။

အဲဒီတော့ "အာဗာဓာယ" ဆိုတာ ဖျားနာတာလား၊ ထိခိုက်နစ်နာတာလား သို့မဟုတ် နှိပ်စက်တာလား ဆိုတာ ရွေးရလိမ့်မယ်။

အာဗာဓ ဆိုတာ အနာရောဂါဆိုတဲ့ အဓိပ္ပာယ်ပဲနော်။

ရုပ်ဟာ နာကျင်တတ်တယ်၊ ဖျားနာတတ်တယ်။ ဒါဟာ အဓိပ္ပာယ် တစ်ခု။

ရုပ်ဟာ နှိပ်စက်တတ်တယ်ဆိုတာ အဓိပ္ပာယ် တစ်ခု။

အဲဒီတော့ အဓိပ္ပာယ်(၂)ခုလုံး မမှားဘူးလို့ပြောရမယ်။

သို့သော် "အာဗာဓ" ဆိုတဲ့ စကားလုံးဟာ "တော ၄၀" ထဲမှာလည်းပါတယ်။ (တော ၄၀ ဆိုလို့ ဘာတောညာတောတွေ သွားအောက်မေ့မနေနဲ့) ဝိပဿ နာဉာဏ်နဲ့ ပတ်သက်ပြီး "အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော" ဆိုတဲ့ "တော ၄၀" ကို ပြောတာနော်။

အဲဒီမှာ "အာဗာဓတော" ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုတဲ့အခါ ဘယ်လိုဖွင့်တုံး ဆိုတာကြည့်။

လောကလူတွေမှာ "အာဗာဓာ" ဆိုတဲ့ ရောဂါဖြစ်နေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် မပိုင်တော့ဘူး။ ကိုယ်သွားချင်ရာ သွားလို့မရဘူး၊ နေမကောင်းဖြစ်ပြီဆိုရင် ကိုယ်သွားချင်ရာ သွားလို့မရဘူး။ နာကျင်ကိုက်ခဲထိခိုက်ဒဏ်ရာ ရှိနေပြီဆိုရင် ကိုယ်သွားချင်ရာ သွားလို့မရတော့ဘူး။ အဲဒီအဓိပ္ပာယ်ကိုယူပြီးတော့ "အသေရိဘာဝဇနကတာယ" လို့ အကြောင်းပြ ဖွင့်တယ်။ အဓိပ္ပာယ်ကတော့ အသေရိ ဆိုတာ ကိုယ်လုပ်ချင်ရာ လုပ်လို့မရဘူး၊ ကိုယ်လုပ်ချင်ရာ မလုပ်နိုင်ခြင်းကို ဖြစ်စေတတ်တာကို "အာဗာဓ" လို့ခေါ်တာ။

ရောဂါ ဆိုတဲ့ အဓိပ္ပာယ်ပဲ။

နောက်တစ်ခုက ဘာတုံးဆိုရင် "အာဗာဓပဒဋ္ဌာနတာယ" နာကျင်ခြင်း ထိခိုက်ခြင်းရဲ့ အဓိက အကြောင်း ဖြစ်လို့ပါပဲတဲ့။ ရုပ်ရှိနေရင် နာမှာပဲ၊ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ ရှိနေရင် နာမှာပဲ။ အဲဒီတော့ "အာဗာဓ" ဆိုတဲ့ အဓိပ္ပာယ်က ဒုက္ခလို့ ပြောတာဖြစ်တယ်။ ဒုက္ခကို ရည်ညွှန်းတာ။

အဲဒီတော့ မဟာစည်ဆရာတော်ဘုရားကြီး ပြောသလို နှိပ်စက်တယ်ဆိုတာလည်း ဒုက္ခပဲ၊ နာကျင်တယ်ဆိုတာလည်း ဒုက္ခပဲ။ ဒါပေမယ့် မဟာစည်ဆရာတော်ဘုရားကြီးက နာကျင်တယ်ဆိုတဲ့အဓိပ္ပာယ်ကို မမှန်ဘူးလို့ တိတိလင်းလင်း ဆိုထားတယ်။

ဘုန်းကြီးတို့သဘောပြောရရင် "အာဗာဓတော" ဟာ "တော ၄၀" ထဲမှာပါသည့်အတိုင်း နာကျင်တယ်ပြောလည်း မှန်တယ်။ ထိခိုက်နစ်နာတယ်၊ နှိပ်စက်တယ် ပြောရင်လည်း မှန်တယ်လို့ ပြောချင်ပါတယ်။

မဟာစည်ဆရာတော်ဘုရားကြီး ကိုယ်တိုင် ဘာသာပြန်ထားတဲ့ ဝိသုဒ္ဓိမဂ်ဘာသာပြန်မှာ "အာဗာဓတော" ကို နာကျင်ခြင်း၊ ရောဂါဝေဒနာဖြစ်ခြင်းလို့ ပြန်ထားတယ်။ အဲဒီ စကားလုံးပဲ။

အနတ္တ ကို ဒုက္ခ ရှုထောင့်ကနေပြီး ဟောတာဆိုတော့ ရုပ်ဟာ "အာဗာဓ" နာတယ်။ ရုပ်ဟာ ပင်ကိုက မစွမ်းနိုင်ဘူး၊ စွမ်းရည်သတ္တိမရှိဘူး။ နာကျင်တယ်၊ ဖျားနာနေတာနဲ့ အလားတူတယ်။ ဟောဒီအဓိပ္ပာယ်နဲ့ ယူမယ်ဆိုရင် အဓိပ္ပာယ်ပြန်ဆိုချက် နှစ်ခုလုံးကို မှားတယ်လို့ပြောလို့ မရဘူးနော်။

အဲဒီတော့ နာကျင်တယ် လို့ပဲပြန်ပြန်၊ ဖျားနာတယ်လို့ပဲပြန်ပြန်၊ နှိပ်စက်တယ်လို့ပဲပြန်ပြန် "အာဗာဓ"ဆိုတာဟာ ဒုက္ခရဲ့ သဘောကို ပြတယ်လို့ပဲမှတ်ရမယ်။

ဝိသုဒ္ဓိမဂ်လာ "တော ၄၀" ကိုကြည့်။ အဲဒီအထဲမှာ "အာဗာဓတော" ဆိုတဲ့ အဓိပ္ပာယ် ရတယ်။

အေး၊ ကောင်းပြီ၊ "အာဗာဓာယ" ကို ရှေးဆရာတော်ကြီးတွေ ပြန်ဆိုတဲ့အတိုင်း "နာကျင်ခြင်းငှာ"၊ ရုပ်ဟာ အကယ်၍ အတ္တဆိုရင် မနာရဘူး။ ဘာဖြစ်လို့တုံးဆိုရင် အတ္တ ဆိုတဲ့ သဘာဝတရားက ပိုင်စိုးတာကိုး။ သူကိုယ်တိုင် စီမံခန့်ခွဲတာ၊ ပိုင်စိုးတာ ဖြစ်သည့်အတွက်ကြောင့် နာကျင်မှုဆိုတာ မဖြစ်စေရဘူး။ ရုပ်ဟာ သူ့ကိုယ်သူ စိုးပိုင်ဖို့နေနေသာသာ သူ့ဟာသူပဲ နာနေရတာဆိုတော့ ဘယ်လိုလုပ် စိုးပိုင်မှာလဲ၊ မစိုးပိုင်ဘူး။ ခန္ဓာငါးပါးဟာ သူ့ဟာသူ နာနေတာ။ ကိုယ်နာတာတောင် ကိုယ်ပျောက်အောင် မကုနိုင်တာ၊ ဘယ်လိုလုပ်ပြီး သူများကို ကုပေးနိုင်မှာတုံး။

ဒါကြောင့် "အာဗာဓ" ဆိုတဲ့ အဓိပ္ပာယ်ဟာ နာကျင်တာပဲဖြစ်ဖြစ်၊ နှိပ်စက်တာပဲဖြစ်ဖြစ် အဓိပ္ပာယ်အားဖြင့်တော့ ဆီလျော်ပါတယ်လို့ပဲ မှတ်ရမယ်။ ရုပ်ဟာ နာကျင်တတ်တယ်၊ နှိပ်စက်တတ်တယ်။ ဒါကြောင့် အကယ်၍ အတ္တ လို့ဆိုရင် ဒီရုပ်ဟာ မနာရဘူး၊ မနှိပ်စက်ရဘူး၊ မဖျားနာရဘူး။

ဒါတင်မကသေးဘူးတဲ့။

လဗ္ဘေထ စ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသိ

ရုပ်တရားဟာ ဒီလိုဖြစ်၊ ဒီလိုမဖြစ်နဲ့လို့ ထိန်းချုပ်နိုင်စွမ်း ရှိရမယ်တဲ့။ နာရင် မနာရဘူးပေါ့၊ ဖျားရင် မဖျားရဘူး၊ မပျက်စီးရဘူး၊ ဒုက္ခမရောက်ရဘူး၊ ငါ့ရုပ်ကလေးဟာ သန်သန်မာမာပဲ။ ဒီလို ထိန်းချုပ်လို့ရမလား၊ မရနိုင်ပါဘူး။

ရုပ်တရားဟာ ပျက်စီးမယ်၊ ဖျားနာမယ်၊ ဒုက္ခဖြစ်စရာကြုံရင်ကြုံမယ်။ ဒီလိုဖြစ်တာဟာ ဒုက္ခရှုထောင့်ပဲလေ။

ရုပ်ဟာ နာတတ်တယ်၊ ကျင်တတ်တယ်၊ နာတတ် ကျင်တတ်ရုံတင်မကဘူး၊ မနာအောင်၊ မကျင်အောင် လုပ်လို့မရဘူး။

ဒီလို ပြောတာနော်။

အဲဒါ ဒုက္ခရှုထောင့်ကနေ အနတ္တ ကို ပြောတာဖြစ်တယ်။

ရူပံ ဘိက္ခဝေ အနတ္တာ ရုပ်ဟာ အနတ္တ တဲ့။ ဒါကြောင့်မို့ ရုပ်ဟာနာတယ်၊ နှိပ်စက်တယ်။ ရုပ်ကလေးကို ကိုယ့်ဆန္ဒအတိုင်းဖြစ်အောင် လုပ်လို့လည်းမရဘူး။ ပြုပြင်ပြောင်းလဲလို့လည်း မရဘူး။

ဒါကြောင့်မို့ အနတ္တ ဖြစ်တယ်။

ဒါ ဒုက္ခ ရှုထောင့်ကနေ မြတ်စွာဘုရား ဟောတဲ့ အနတ္တပဲ။

ဝေဒနာ အနတ္တဖြစ်ပုံ

ထို့အတူပဲ ဝေဒနာကိုလည်း ရုပ်အတိုင်းပဲ ဟောတယ်။

ဝေဒနာ အနတ္တာ ဝေဒနာဆိုတာ အားလုံးသိကြတဲ့အတိုင်း စိတ်ရဲ့ခံစားမှုတစ်မျိုးပဲ ဖြစ်တယ်။ စိတ်ထဲမှာ ဖြစ်ပေါ်လာတယ်။ ပျော်ရွှင်ခြင်းဟာလည်း ခံစားတာပဲ၊ ဝမ်းနည်းတာလည်း ခံစားတာပဲ၊ ချမ်းသာတာလည်း ခံစားတာပဲ၊ ဆင်းရဲတာလည်း ခံစားတာပဲ။ ချမ်းသာမှုလည်းမဟုတ်ဘူး၊ ဆင်းရဲမှုလည်းမဟုတ်ဘူးဆိုတာဟာ ခံစားတာပဲ။ အဲဒီခံစားမှု ဝေဒနာတွေဟာလည်းပဲ အတ္တ မဟုတ်ပါဘူးတဲ့။ ဘာဖြစ်လို့တုံးဆိုရင် ဝေဒနာဟာ ဒီအတိုင်း တည်မြဲနေတာမှ မဟုတ်ဘဲကို။ ဝေဒနာဟာလည်း ထိခိုက်နစ်နာ ပျက်စီးတတ်တဲ့ သဘာဝတရားကြီးပဲ။ အဲဒီဝေဒနာဟာလည်း ထိန်းချုပ်လို့ရလားဆိုတော့ မရဘူး။ ကိုယ်ဖြစ်ချင်တဲ့အတိုင်း မဖြစ်ဘူး။

ဒါကြောင့် အနတ္တ။

သညာ အနတ္တဖြစ်ပုံ

သညာ ဆိုတာကိုလည်း ကြည့်ဦး။

သညာ အနတ္တာ လူတွေရဲ့စိတ်ထဲမှာ အာရုံတစ်ခုကို မြင်လိုက်တာနဲ့တစ်ပြိုင်နက် အာရုံကို မှတ်သားပြီးသား ဖြစ်နေတယ်။ မှတ်မိလွယ်လို့ရှိရင် အမှတ်သညာကောင်းလိုက်တာလို့ ပြောကြတယ်။

အာရုံတစ်ခုကို မြင်လိုက်တာနဲ့တစ်ပြိုင်နက် မှတ်လိုက်တယ်။ အဲဒီ မှတ်မှု သညာဟာလည်းပဲ အတ္တ မဟုတ်ဘူး။ ဘာဖြစ်လို့တုံးဆိုရင် အဲဒီ သညာလေးဟာ ဒီအတိုင်းနေတာ မဟုတ်ဘူး။ သူဟာလည်း "အာဗာဓ" ဒုက္ခရောက်နေတယ်။ နှိပ်စက်ခံနေရတယ်။ ဘာကြောင့် နှိပ်စက်ခံရလဲဆိုရင် ဖြစ်ပြီးလာလို့ရှိရင် သူဟာ မြဲနေတာ မဟုတ်ဘူး၊ ပျက်သွားတာ။ ဒါကြောင့် အနှိပ်စက်ခံရတာလို့ ဆိုတာပေါ့။ အဲဒီ သညာကိုပဲ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်အောင် လုပ်လို့ မရဘူးတဲ့။ သူ့ဟာသူလည်း စွမ်းဆောင်နိုင်မှု မရှိဘူးတဲ့။ ဒါကြောင့် သညာ ဟာ အနတ္တ ဖြစ်တယ်။

သင်္ခါရ အနတ္တဖြစ်ပုံ

သင်္ခါရ ဆိုတဲ့ သဘာဝတရားတွေကို ကြည့်လိုက်ဦး။

သင်္ခါရ အနတ္တာ တွေးတာ ကြံတာတို့၊ စေ့ဆော်တာတို့ ဒီသဘာဝတရားတွေ၊ စေတသိက်တွေ အားလုံးဟာ အနတ္တပဲ ဖြစ်တယ်။ ဘာဖြစ်လို့တုံးဆိုတော့ သူတို့လည်း မြဲနေတာ မဟုတ်ဘူး၊ ဖြစ်မှုပျက်မှုတွေက နှိပ်စက်နေကြတာပဲ။ သူတို့လည်း နှိပ်စက်နေကြရတာပါပဲ။ အကယ်၍ အတ္တ ဆိုရင် အနှိပ်စက်မခံရဘူးပေါ့။ အေး၊ အနှိပ်စက် မခံရဘူးဆိုမှ အတ္တ။ ခုတော့ အနှိပ်စက်ခံနေရတဲ့ အတွက်ကြောင့် အနတ္တ ဖြစ်တယ်။ သူတို့ကိုယ်တိုင်လည်း ဖြစ်ချင်တိုင်းမဖြစ်ကြဘူး။

ဒါကြောင့် သင်္ခါရ ဟာလည်း အနတ္တ။

ဝိညာဏ အနတ္တဖြစ်ပုံ

အသိစိတ် ဆိုတဲ့ ဝိညာဉ်လေးလည်း ကြည့်ဦး။

ဝိညာဏံ အနတ္တာ ဝိညာဏဟာလည်းပဲ အနှိပ်စက်ခံနေရတာပဲ။ ဘာက နှိပ်စက်တာလဲဆိုတော့ ဖြစ်ပြီးပျက်တာက နှိပ်စက်နေတာပဲ ဖြစ်တယ်။ သူကိုယ်တိုင်က အနှိပ်စက်ခံနေရတယ်။ "အာဗာဓ" ပဲ။ အဲဒီလို အနှိပ်စက်ခံနေရရုံတင် မကဘူး၊ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဒီဝိညာဏ်လေးဟာ ဖြစ်ခွင့်မရှိဘူး။

ဒါကြောင့် အနတ္တ။

မြတ်စွာဘုရားက ပဉ္စဝဂ္ဂီရဟန်းတွေကို အထက်မဂ်တွေရဲ့ ဝိပဿ နာကို ရှင်းရှင်းလင်းလင်း သိအောင်လို့ ဒုက္ခရှုထောင့်ကနေ အနတ္တကို ရှင်းပြနေတာ ဖြစ်တယ်။

အဲဒီလို မြတ်စွာဘုရားက အနတ္တကို ဦးတည်ပြီးတော့ ရှင်းပြနေပေမယ့်လို့

ဝိပဿ ဆိုတာ

အနိစ္စလည်း မြင်ရမယ်၊

ဒုက္ခလည်း မြင်ရမယ်၊

အနတ္တလည်း မြင်ရမယ်။

(၃)မျိုးလုံးမြင်မှပြည့်စုံမယ်နော်။

ဒါကြောင့်မို့ မေးခွန်းတွေထုတ်တယ်။ မေးခွန်းထုတ်တာကို ဖြေတယ်ဆိုတာ သင်ထားတဲ့အတိုင်းဖြေတာ မဟုတ်ဘူး။ သူတို့ အလေးအနက် စဉ်းစားပြီးတော့မှ တကယ်သဘောကျလို့ ဖြေတဲ့အဖြေ ဖြစ်တယ်နော်။

မြတ်စွာဘုရားက

တံ ကိံ မညထ ဘိက္ခဝေ

ကဲ၊ ငါမေးမယ်၊ ဘယ်လို ယူဆကြသလဲ၊ ဘယ်လို ပြောကြမလဲ။

ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ

ရုပ်တရားဟာ နိစ္စလား အနိစ္စလားဆိုတော့ သူတို့စဉ်းစားတယ်။ အလေးအနက် စဉ်းစားပြီးမှ ဖြေတဲ့အဖြေက "အနိစ္စပါဘုရား" တဲ့။

ကျက်ထားလို့ ဖြေတဲ့အဖြေမျိုး မဟုတ်စေရဘူး။ ရုပ်တရားတွေမမြဲတာကို သူတို့ကိုယ်တိုင် ဝိပဿ နာဉာဏ်နဲ့ရှုပြီး ဖြေတာ။ အဲဒါကြောင့် သူတို့စိတ်ထဲမှာ မြဲတဲ့ရုပ်ဆိုတာ ဘယ်မှာမှ ရှာမတွေ့ဘူး။ မဖြစ်ခင်ကလည်း ရှိနေတာ မဟုတ်ဘူး၊ ဖြစ်ပြီးတဲ့နောက်မှာလည်း တစ်နေရာမှာ စုဝေးတည်ရှိနေတာ မဟုတ်ဘူး။ နဂိုကရှိနေတာ မဟုတ်ဘဲ အကြောင်းတရားတွေကြောင့် ဖြစ်လာတာ။ ဘယ်နေရာမှာမှ ရှိနေတာ မရှိဘူး။

ဆိုပါစို့၊ စောင်းသံဟာ စောင်းအိုး၊ စောင်းကြိုးထဲမှာ နဂိုက ရှိနေတာ မဟုတ်ဘူး။ လက်နဲ့ စောင်းအိုးမှာ တပ်ဆင်ထားတဲ့ စောင်းကြိုးလေးကို တီးလိုက်တော့မှ ဒီအသံလေးဟာ ထွက်ပေါ်တာဖြစ်တယ်။ ပြီးတော့ စောင်းသံလေးဟာ စောင်းထဲပြန်ဝင်သွားတာ မဟုတ်ဘူး။ သို့မဟုတ် တစ်နေရာမှာ သွားစုပြီး တည်နေကြတာလည်း မဟုတ်ဘူး။ နဂိုကရှိနေတာ မဟုတ်ဘဲ အကြောင်းတိုက်ဆိုင်လို့ ဖြစ်လာတယ်။ အကြောင်းတိုက်ဆိုင်လို့ ဖြစ်လာပြီးတဲ့နောက်မှာလည်း လုံးဝ ပျောက်ကွယ်သွားတယ်။

အနိစ္စဆိုတာ အဲဒါကိုပြောတာနော်။

စာပေကျမ်းဂန်မှာတော့ ဖြစ်လာပြီးတဲ့နောက်မှာ မရှိတော့တာဟာ "အနိစ္စ"၊

မြန်မာလိုတော့ မမြဲဘူး၊ မမြဲဘူးနဲ့ ပြောကြတယ်။

ကဲ၊ ကောင်းပြီ၊ "နိစ္စလား အနိစ္စလား" ဆိုတော့ ရုပ်တရားတွေကို ကြည့်လိုက်တဲ့အခါ ပဉ္စဝဂ္ဂီတွေက ဖြစ်ပြီးရင် ပျက်သွားကြတာပဲဆိုတာ သူတို့ သဘောကျပြီးဖြစ်လို့ "အနိစ္စပါဘုရား" လို့ ဖြေကြတယ်။

မြတ်စွာဘုရားက ဆက်မေးတယ်။ "အဲဒီ မမြဲတဲ့ ရုပ်ဟာ သုခလား၊ ဒုက္ခလား" "ဒုက္ခပါဘုရား" လို့ ဖြေတယ်။

ထာဝရမြဲနေရင် ဒါဟာ ကျေနပ်စရာချည်းပဲပေါ့။ မမြဲတော့ ကျေနပ်စရာ မကောင်းလို့ ဒုက္ခ။ ဘာကြောင့် ဒုက္ခလို့ပြောရသလဲဆိုရင် ဖြစ်မှုပျက်မှုက ကပ်ပြီးတော့ အနှောင့်အယှက်ပေးနေလို့ ဒုက္ခ လို့ ပြောရတာ။ အနှောင့်အယှက် ပေးနေတာချည်းပဲလေ။

ဒါကြောင့်မို့ ဥဒယဗ္ဗယပ္ပဋိပိဠနဋ္ဌေနဒုက္ခံ လို့ အဓိပ္ပာယ် ဖွင့်ဆိုထားတာ။ ဖြစ်မှုပျက်မှုက အမြဲတမ်း အနှောင့်အယှက်ပေးတာကို ခံနေရလို့ "ဒုက္ခ" လို့ ဒီလိုပြောတာနော်။ ဒီဒုက္ခဟာ ဘယ်ကလာတဲ့ဒုက္ခလဲဆိုရင် အနိစ္စ ရှုထောင့်ကလာတဲ့ ဒုက္ခ။ မမြဲလို့ ဒုက္ခ။ ဒုက္ခလက္ခဏာကို ထင်ရှားစေတယ်။ အနိစ္စကိုသိရင် ဒုက္ခကိုသိတယ်ပေါ့။

ဒါကြောင့်မို့ စာပေကျမ်းဂန်တွေမှာ ဆိုထားတယ်။

အနိစ္စကိုမြင်ရင် ဒုက္ခကိုမြင်တယ်၊ အနတ္တလည်း မြင်တယ် ကွင်းဆက်ကို ပြထားတာနော်။

နောက်တစ်ခါ မြတ်စွာဘုရားက မေးပြန်တယ်။

ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံနုတံ သမနုပဿိ တုံ။ ဧတံ မမ၊ ဧသောဟ မသ္မိ၊ ဧသောမေ အတ္တာ တိ။

အဲဒီလို မမြဲဘူး ဆင်းရဲတယ်၊ ပြောင်းလဲတဲ့သဘောရှိတဲ့ ရုပ်တရားကို ငါ့ဟာလို့ရှုလို့ သင့်တော်ပါ့မလား၊ ငါလို့ရောရှုလို့ သင့်တော်ပါ့မလား၊ မသင့်တော်ပါဘူး။

ငါ့ရဲ့အတ္တလို့ရှုလို့ သင့်တော်ပါ့မလား၊ မသင့်တော်ပါဘူးလို့ ဒီလို ဖြေထားတယ်။

ဒါကလည်း အနိစ္စရှုထောင့်ကနေ အနတ္တလက္ခဏာကို ဖော်ကျူးပေးတာ။ ခုနက ဒုက္ခရှုထောင့်ကနေပြီးတော့ အနတ္တကို မြတ်စွာဘုရားက ဖော်ကျူးပေးတာဖြစ်တယ်။ အခုစကားကျတော့ အနိစ္စရှုထောင့်ကနေပြီး အနတ္တကို ရှင်းလင်းထင်ရှားစေတာဖြစ်တယ်။

ရှင်းတာကတော့ အနတ္တ ပဲပေါ့။

အဲဒီမှာ

ဧတံ မမ ဆိုတာ

တဏှာရဲ့အတွေး၊

ဧသောဟ မသ္မိ ဆိုတာ မာနရဲ့အတွေး၊

ဧသောမေ အတ္တာ ဆိုတာ ဒိဋ္ဌိရဲ့အတွေး ဖြစ်တယ်။ အဲဒီ အတွေးသုံးပါး "ပပဉ္စတရားသုံးမျိုး"ရဲ့ အမြင်ကို ဒီနေရာမှာ ဒီလိုရှင်းပြတာနော်။

ရုပ်တရားနဲ့ ပတ်သက်ပြီးတော့ အဲဒီလို ဟောသလိုပဲ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့နဲ့ ပတ်သက်ပြီးတော့လည်းပဲ မြတ်စွာဘုရားက တစ်ခုစီ တစ်ခုစီ မေးတယ်။ မေးလိုက်တဲ့အခါမှာ သူတို့သဘောကျတဲ့အတိုင်း ပဉ္စဝဂ္ဂီတွေက ဖြေကြတယ်။

အနိစ္စပါဘုရား

အနိစ္စဆိုရင် ဒုက္ခလား၊ သုခလား "ဒုက္ခပါဘုရား"

အဲဒီလို မမြဲဆင်းရဲတတ်တဲ့၊ ပြောင်းလဲတတ်တဲ့ တရားကို "ငါ့ဟာ၊ ငါ၊ ငါ့ရဲ့အတ္တ" ပဲလို့ရှုရင် သင့်တော်ပါ့မလား၊ "မသင့်တော်ပါဘုရား" လို့ ဖြေကြတယ်။

အဲဒီ မေးဖြေနေကြတာကိုက သူတို့ရဲ့ ဝိပဿ နာဉာဏ်ကို ရင့်သန်စေတာ။ ဒါကို မြတ်စွာဘုရားက အလေးအနက်ထားပြီး မေးစစ်နေတာ ဖြစ်တယ်။ ဒါ ဝိပဿ နာကျင့်စဉ်တစ်ခုကို ကျင့်နေတာလို့ပဲ မှတ်ယူရမယ်။ အဆင့်မြင့်တဲ့ ဝိပဿ နာတစ်ခုကို ရှင်းသထက်ရှင်းအောင် မြတ်စွာဘုရားက အဲဒီလိုဟောထားတာ။

မြတ်စွာဘုရားက ကောင်းပြီတဲ့၊

ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် ခန္ဓာငါးပါးနဲ့ပတ်သက်ပြီး ရုပ်တရားတွေဟာ ဘယ်တုန်းက ရုပ်တရားပဲ ဖြစ်ဖြစ်၊ (၁) အတိတ်က ရုပ်တရားပဲ ဖြစ်ဖြစ်၊

(၂) အခု ပစ္စုပ္ပန် ရှိနေတဲ့ ရုပ်တရားပဲ ဖြစ်ဖြစ်၊

(၃) အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် ရုပ်တရားပဲ ဖြစ်ဖြစ်၊

(၄) ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်လာမယ့် ရုပ်တရားပဲ ဖြစ်ဖြစ်၊

(၅) သူများသန္တာန်မှာ ဖြစ်ပေါ်လာမယ့် ရုပ်တရားပဲ ဖြစ်ဖြစ်၊

(၆) ကြမ်းတမ်းတဲ့ရုပ်တရား၊ သိသာထင်ရှားတဲ့ ရုပ်တရားပဲ ဖြစ်ဖြစ်၊

(၇) သိမ်မွေ့တဲ့၊ မသိသာ မထင်ရှားတဲ့ ရုပ်တရားပဲ ဖြစ်ဖြစ်၊

(၈) အောက်တန်းကျတဲ့ ရုပ်တရားပဲ ဖြစ်ဖြစ်၊

(၉) အထက်တန်းကျတဲ့ ရုပ်တရားပဲ ဖြစ်ဖြစ်၊

(၁၀) ဝေးတဲ့နေရာမှာရှိတဲ့ ရုပ်တရားပဲ ဖြစ်ဖြစ်၊

(၁၁) နီးတဲ့နေရာမှာရှိတဲ့ ရုပ်တရားပဲ ဖြစ်ဖြစ်၊

ရုပ်ဆိုတာ ဘယ်ရုပ်ပဲဖြစ်ဖြစ်

နေတံ မမ နေသောဟမသ္မိ န မေ သော အတ္တာ

ငါ့ဟာ မဟုတ်ဘူး၊

ငါလည်း မဟုတ်ဘူး၊

ငါ့ရဲ့အတ္တလည်း မဟုတ်ဘူးလို့

ယထာဘူတံ သမ္မပညာယဒဋ္ဌဗ္ဗံ။

ဝိပဿ နာဉာဏ်နဲ့ ရှုမြင်ပါ။ မြတ်စွာဘုရားက guide line ပေးနေတာပေါ့။ ဒီအတိုင်းမြင်အောင်ကြည့်လို့ ပြောတာ။ မှန်ကန်တဲ့ ဉာဏ်အမြင်နဲ့ ရှုရမယ်။

ထို့အတူပဲ ဝေဒနာဟာလည်း အတိတ်ကဝေဒနာပဲဖြစ်ဖြစ် အခုပစ္စုပ္ပန်ကို သိလိုက်တာနဲ့ နည်းယူပြီး အတိတ်ကဟာပဲ ဖြစ်ဖြစ်၊

အနာဂတ်လာမယ့်ဟာပဲ ဖြစ်ဖြစ်၊ ကိုယ့်သန္တာန်ကဟာပဲဖြစ်ဖြစ်၊ သူများသန္တာန်က ဟာပဲဖြစ်ဖြစ် အတူတူပဲ။

အဲဒါတွေအားလုံးကို "ငါ့ဟာ၊ ငါပဲ၊ ငါ့ရဲ့အတ္တ" လို့ မမြင်ဘဲ

"ငါ့ဟာ မဟုတ်ဘူး၊ ငါ မဟုတ်ဘူး၊ ငါ့ရဲ့အတ္တ မဟုတ်ဘူး လို့ မှန်ကန်တဲ့အမြင်နဲ့ ရှုမြင်ရမယ်။"

အဲဒီလို ရှင်းရင်း ရှင်းရင်းနဲ့ သူတို့ဟာ ရုပ်အကြောင်းကို သေသေချာချာ အသေးစိတ် သဘောကျအောင် တရားနာတယ်။

ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့ကိုလည်း သဘောကျအောင် အဲဒီလို တရားနာတယ်။

ကောင်းပြီ၊

ငါ့ဟာလည်း မဟုတ်ဘူး၊

ငါလည်း မဟုတ်ဘူး၊

ငါ့ရဲ့အတ္တလည်း မဟုတ်ဘူးလို့

မှန်မှန်ကန်ကန် မြင်လာပြီဆိုလို့ရှိရင် အဲဒီလို မှန်မှန်ကန်ကန် မြင်လာခြင်းရဲ့ အကျိုးကျေးဇူးက ဘာလဲဆိုတာကို မြတ်စွာဘုရားက ဆက်ဟောထားတယ်။

ဧဝံပဿံ ဘိက္ခဝေ သုတဝါ အရိယ သာဝကော

သုတဝါ ဆိုတာ ဘုရားဆီကတရားကို ကြားထားတဲ့ ပုဂ္ဂိုလ်ကို ပြောတာနော်။ ဘယ်သာဝကပဲဖြစ်ဖြစ် မကြားဖူးဘဲနဲ့ ဘယ်အရာကိုမှ ကိုယ်ပိုင်ဉာဏ်နဲ့ မသိနိုင်ဘူး။

ရှင်သာရိပုတ္တရာလို ဉာဏ်ကြီးတဲ့ ပုဂ္ဂိုလ်တောင်မှပဲ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းသိနိုင်တာ မဟုတ်ဘူး။

ဒါကြောင့်မို့ "သုတဝါ" ရှေးဦးစွာ တရားကို နာယူမှတ်သားရမယ်၊ သင်ယူရမယ်။

သုတဝါ အရိယ သာဝကော

ကြားဖူးနားဝရှိပြီး သင်ယူထားတဲ့ အရိယာတပည့်ဟာ

(ဓမ္မစကြာတုန်းက မြတ်စွာဘုရားက "အနနုဿု တေသု ဓမ္မေသု" သူများဆီက သင်ထားတာ မဟုတ်ဘူးနော်။ ကြားလည်း မကြားဖူးဘူးနော်။ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းသိတာကို ပြောတာ ဖြစ်တယ်။)

အခုကျတော့ မြတ်စွာဘုရားဟောလို့ ကြားဖူးနားဝရှိထားတဲ့ ပုဂ္ဂိုလ်ဟာ ဘာဖြစ်တုံးဆိုတော့

ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ

ရုပ်တရားတွေ ဖြစ်ပျက်နေတဲ့ သဘောတွေကို ကောင်းကောင်းမြင်လာတဲ့အခါ ရုပ်တရားအပေါ်မှာ ငြီးငွေ့လာတယ်။ ငြီးငွေ့တယ်ဆိုတာ သာယာမှုကို ရှာမတွေ့တော့တာ။ မသာယာတော့ဘူး။ မလိုချင်တော့ဘူး။ လိုချင်နေလို့ ခက်တာကိုး။ တွယ်တာမှုတွေ မရှိတော့ဘူး။ သာယာမှု ကျေနပ်မှုတွေဟာ ရုပ်တရားပေါ်မှာ မရတော့ဘူး။ ခါတိုင်းက ရုပ်ကလေးနဲ့ပျော်ပြီး ရုပ်ကလေးနဲ့ ကျေနပ်နေတာကိုး။ အခုတော့ ပျော်ရွှင်မှု ကျေနပ်မှု မရတော့ဘူး။ အဲဒါကို ငြီးငွေ့တယ်လို့ ပြောတာနော်။

(အဲဒီလိုမဟုတ်ဘဲနဲ့ "ငြီးဝေ့" ဆိုတာ ရှိသေးတယ်။ ပါးစပ်ကတော့ "ငြီး" နေတာပဲ၊ ဒါပေမယ့် "ဝေ့" နေတယ်။ ဒီနားပဲ၊ ဒီရုပ်ကလေးထဲပဲ၊ လှည့်ပြီးတော့ ဝေ့နေတာ။ အဲဒါကျတော့ ငြီးငွေ့တာ မဟုတ်ဘူးတဲ့။ ငြီးပြီးတော့ ဝေ့နေတာ ဖြစ်တယ်။ ငြီးတယ်ဟေ့၊ ဒုက္ခ ဒုက္ခနဲ့ ငြီးပြီးတော့ ဒီနားပဲ ဝေ့လည်ကြောင်ပတ် လုပ်နေတာ)

ငြီးငွေ့တယ်ဆိုတာ ကျေနပ်စရာ၊ သာယာစရာ ရှာမတွေ့တော့ဘူးဆိုတာ ပြောတာပေါ့။ ကျေနပ်စရာ မရှိတော့ဘူးဆိုရင် ပစ်လိုက်ချင်တာပေါ့။ ဘယ်နေရာမှ ကျေနပ်စရာ ရှာမတွေ့ဘူးဆိုရင် ပစ်တော့မှာပေါ့။

နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ ငြီးငွေ့လာသည့်အတွက်ကြောင့် အဲဒီ ရုပ်တရားပေါ်မှာ၊ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တွေပေါ်မှာ မတွယ်တော့ဘူး။ အတိုချုပ်က ဝိပဿ နာဉာဏ် အဆင့်မြင့်ဆုံး ရောက်သွားတာကို ပြောတာ။ ဝိပဿ နာဉာဏ် အားလုံးကို ရည်ညွှန်းပြီးတော့ "နိဗ္ဗိန္ဒတိ" သင်္ခါရတွေအပေါ်မှာ လုံးဝငြီးငွေ့သွားပြီ၊ သာယာမှုတွေ ရှာမတွေ့တော့ဘူး၊ သင်္ခါရကင်းသွားတဲ့၊ သင်္ခါရမရှိတော့တဲ့နေရာ၊ သင်္ခါရတွေ ချုပ်ငြိမ်းသွားတဲ့နေရာသာလျှင် နှစ်သက်စရာကောင်းတယ်ဆိုတာကို တွေ့တယ်ပေါ့နော်။

အဲဒီတော့ "နိဗ္ဗိန္ဒံ" သာယာမှုကို မတွေ့တဲ့အခါ "ဝိရဇ္ဇတိ" မတွယ်တာတော့ဘူး။ တပ်မက်စိတ်တွေ မရှိတော့ဘူး။ အဲဒါက မဂ်စိတ်ပေါ်တာကိုပြောတာ။

နိဗ္ဗိန္ဒတိ က ဝိပဿ နာဉာဏ် ရင့်သန်တာကိုပြောတာ။

ဝိရဇ္ဇတိ ဆိုတာ မဂ်အဆင့်ကို ပြောတာ။

ဝိရာဂါ ဝိမုစ္စတိ တပ်မက်စိတ်တွေ ကင်းသွားတဲ့အခါကျတော့ လွတ်မြောက်သွားတယ်။ ဖိုလ်စိတ်ဖြစ်တာကိုပြောတာ။ ဆိုလိုတာက ဝိပဿ နာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရသွားပြီတဲ့။

နိဗ္ဗိန္ဒတိ ဝိပဿ နာဉာဏ်၊

ဝိရဇ္ဇတိ မဂ်၊

ဝိမုစ္စတိ ဖိုလ်၊ ဒီဟာကိုပြောတာနော်။

ဝိမုတ္တသ္မိံ ဝိမုတ္တမီတိ ဉာဏံ အဟောသိ

ကိုယ်လွတ်တာကို လွတ်တယ်လို့သိတဲ့ဉာဏ် ဖြစ်သွားတယ်။

လောကလူတွေက အလုပ်ကလေးတစ်ခု ပြီးသွားတဲ့အခါမှာ Freedom ဖြစ်သွားပြီလို့ ပြောကြတယ်။ ဘယ်ဟုတ်မလဲ၊ ကြိုးတန်းလန်းနဲ့ပဲ။ သားတွေ သမီးတွေနဲ့ လွတ်လပ်သွားပြီလို့ ပြောကြတယ်လေ။ သားကလည်း စာမေးပွဲပြီးသွားလို့ ရာထူးတွေရပြီး သူ့ဟာသူနေတယ်၊ သမီးကလည်း ဒီလိုပဲ။ အကုန် လွတ်လပ်သွားပြီ၊ ဘယ်ဟုတ်မလဲ၊ တော်ကြာကျတော့ မြေးကရောက်လာရော၊ မလွတ်လပ်ဘူးဆိုတာ ထင်ရှားတယ်ပေါ့နော်။ စိတ်ရဲ့လွတ်လပ်မှု ကိလေသာတွေ အညစ်အကြေးတွေက ကိုယ့်သန္တာန်မှာရှိနေသေးသမျှ ဘယ်တော့မှ လွတ်လပ်တယ်လို့ ပြောလို့မရဘူး။

ဝိမုတ္တိ ဆိုတဲ့ လွတ်လပ်မှုဟာ စိတ်ထဲက အတွယ်အတာတွေ အားလုံး လွတ်သွားတာမှ လွတ်လပ်တယ်လို့ခေါ်တာ။

ပြင်ပကအလုပ်ကိစ္စတွေပြီးသွားတာကို လွတ်လပ်တယ်လို့ခေါ်တာ မဟုတ်ဘူး။

အေး၊ ကောင်းပြီ၊ အဲဒီလိုဖြစ်ပြီးတဲ့အခါမှာ ဘာတွေကို သိလာတုံးဆိုတော့

နောက်ဘဝ ငါမွေးစရာ မရှိတော့ဘူး၊

ငါ့ရဲ့ဇာတိတရားဟာ ကုန်သွားပြီ။

ဝုသိတံ ဗြဟ္မစရိယံ မြတ်သောအကျင့်ကိုလည်း ပြည့်ပြည့်စုံစုံ ကျင့်ပြီးသွားပြီ။

ကတံ ကရဏီယံ

လုပ်စရာတွေကိုလည်း ငါလုပ်ပြီးသွားပြီ။

ရဟန္တာဖြစ်ပြီးတော့မှ အလုပ်ဟာပြီးတာ။

ပုထုဇဉ်တွေဟာ ဘယ်တော့မှ အလုပ်မပြီးဘူးလို့ ဆိုလိုတယ်။

သောတာပန်တွေလည်း အလုပ် မပြီးသေးဘူး။

သကဒါဂါမ်တွေ၊ အနာဂါမ်တွေလည်း အလုပ် မပြီးသေးဘူး။

ရဟန္တာကျတော့မှ အလုပ်ပြီးတာ။

ဒါကြောင့် ကာလော ဃသတိ ဘူတာနိ ဆိုတဲ့ ဂါထာလေးမှာ အချိန်ကလူတွေကို စားပစ်နေတယ်။ သတ္တဝါတွေကို စားရင်း သူကိုယ်သူလည်း စားနေတယ်။ အချိန်က ကုန်သွားတာကိုး။

အဲ၊ ရဟန္တာတွေကျတော့ အချိန်ကို စားပစ်လိုက်တာ။ သူ့မှာ အချိန်တွေပိုသွားပြီ။

လူတွေကျတော့ အချိန်ပိုတယ်လို့ မရှိဘူး။ ဘာဖြစ်လို့တုံးဆိုတော့ လုပ်စရာ တန်းလန်းနဲ့မို့။

ဒါပေမယ့် လူတွေကထင်တယ်၊ ငါ့မှာ အချိန်တွေ ပိုနေပြီ၊ လုပ်စရာတွေ မရှိတော့ဘူး၊ ငါ့မှာအားနေတယ်၊ လွတ်လပ်နေတယ်လို့ ဒီလိုထင်တယ်။

မဟုတ်ဘူး၊ ရဟန္တာကမှ အချိန်တွေပိုတာ။

ပုထုဇဉ်တွေဟာ လုပ်စရာတန်းလန်းနဲ့ နေရတာ၊ မလုပ်သေးတာပဲဖြစ်တယ်။ ပျင်းတဲ့သူဆို အမြဲတမ်း အချိန်တွေပိုနေတာပဲ။ အဲဒီတော့ ရဟန္တာပုဂ္ဂိုလ်ကျမှ အချိန်တွေကို အနိုင်ယူလိုက်တာပဲ။ သူ့မှာ လုပ်စရာတွေ အကုန်ပြီးသွားပြီ။ "ဘာမှလုပ်စရာ မရှိတော့ဘူး" လို့ ဒီလိုသိမြင်လာတယ်။

မြတ်စွာဘုရားက အနတ္တလက္ခဏသုတ် မှာ ဝိပဿ နာ ကျင့်စဉ်အနေနဲ့ ဒီလိုရှင်းပြလိုက်တဲ့အခါ၊ ဟောလိုက်တဲ့အခါမှာ ပဉ္စဝဂ္ဂီတွေရဲ့စိတ်ဟာ တဏှာအစွဲအလမ်းတွေ သူတို့ရဲ့သန္တာန်မှာ (ဒိဋ္ဌိကတော့ ကျွတ်ခဲ့ပြီးသားပေါ့နော်) လုံးဝကင်းသွားပြီ။ အာသဝေါတရားတွေက စိတ်ကို လွှမ်းမိုးမထားနိုင်တော့ဘဲနဲ့ စိတ်ဟာ လုံးဝစင်ကြယ်တဲ့အဆင့်ကို ရောက်သွားတယ်၊ လုံးဝ လွတ်လပ်သွားတယ်။

အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသု

ဆိုလိုတာက ရဟန္တာဖြစ်သွားကြပြီ၊ အဲဒီအခါကျတော့မှနော်။

အနတ္တလက္ခဏသုတ် ကို နာရင်း ဝိပဿ နာ ကျင့်စဉ်ကို တိုးမြှင့်ပြီး ကျင့်လိုက်ကြတာ ပဉ္စဝဂ္ဂီငါးဦးစလုံး တစ်ပြိုင်နက် ရဟန္တာဖြစ်သွားကြတယ်။

သောတာပန် ဖြစ်တုန်းကတော့ တစ်ရက်စီ တစ်ရက်စီ ဖြစ်ကြတယ်။ ရဟန္တာဖြစ်တဲ့အခါကျတော့ တစ်ရက်တည်း၊ တစ်ချိန်တည်း ဖြစ်သွားတယ်။ အထက်ဝိပဿ နာမှာ သွားပြီးတော့ တူကြတာ။ ရှင်သာရိပုတ္တနဲ့ ရှင်မောဂ္ဂလာန်တို့မှာ ရှင်သာရိပုတ္တက ရှင်အဿ ဇိရဲ့ တရားကိုနာရလို့ သောတာပန်ဖြစ်တယ်။ ရှင်သာရိပုတ္တ ကနေတစ်ဆင့် ဟောပြောလို့ ရှင်မောဂ္ဂလာန်က သောတာပန် ဖြစ်သွားတယ်။ တစ်ချိန်စီ သောတာပန်ဖြစ်ကြတယ်။ ဟော၊ နောက်ထပ် ဝိပဿ နာ ကျင့်စဉ်တွေကို ကျင့်ကြတဲ့အခါ ရှင်မောဂ္ဂလာန်က (၇)ရက်နဲ့ ရဟန္တာဖြစ်သွားတယ်။ ရှင်သာရိပုတ္တ ကျတော့ (၁၅)ရက် ကြာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အသေးစိတ်လိုက်နေလို့။

အနုပဒ ဓမ္မ ဝိပဿ နာ ရှင်သာရိပုတ္တရဲ့ ဝိပဿ နာက အသေးစိတ်ရှုတယ်။ ဉာဏ်ကြီးတော့ ချဲ့ကားကြည့်တဲ့အခါ အချိန်ပိုကြာတယ်လို့ ဒီလိုဆိုလိုတာပေါ့နော်။ ရဟန္တာတော့ ဖြစ်ကြတယ်၊ တစ်ချိန်စီ ဖြစ်ကြတာပေါ့။

အဲဒီတော့ ပဉ္စဝဂ္ဂီငါးပါးက တစ်ရက်စီ တစ်ရက်စီ သောတာပန်ဖြစ်လာပေမယ့် အနတ္တလက္ခဏသုတ်ကို နာယူရတဲ့အချိန်မှာ သကဒါဂါမ်ဖြစ်တယ်၊ အနာဂါမ်ဖြစ်တယ်။ နောက်ဆုံးမှာ ရဟန္တာဖြစ်သွားကြတယ်။ အေး၊ ဒါက အနတ္တလက္ခဏသုတ်ကို အနှစ်ချုပ်ကို ဟောကြားခြင်းဖြစ်ပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်ကောင်း ပရိသတ် အပေါင်းတို့သည် ဝိပဿ နာ ကျင့်စဉ်တစ်ခုကို ကျင့်ကြံကြိုးကုတ် ကြိုးစားအားထုတ်ခြင်းဖြင့် ခန္ဓာငါးပါးအပေါ်မှာ

နိဗ္ဗိန္ဒတိ ဆိုတဲ့ ဝိပဿ နာဉာဏ် ရင့်သန်လာမယ်ဆိုရင်

နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ မဂ်ဉာဏ်ကို ရကြမှာ ဖြစ်တယ်။

အဲဒီ မဂ်ဉာဏ်ကိုရပြီးရင် "ဝိရာဂါ ဝိမုစ္စတိ" ဆိုတဲ့ ဖိုလ်ဉာဏ်ကို ရကြမှာဖြစ်တယ်။

အဲဒီဖိုလ်ဉာဏ်ကို ရတဲ့အခါကျတော့ လွတ်လပ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် သိလာလိမ့်မယ်။

အဲဒီလို သိလာပြီးတဲ့အခါ ဘဝဆိုတာကို ဇာတိကအစ အဆုံးသတ်ပြီး လုပ်စရာရှိတာတွေ အကုန်လုပ်ပြီးပြီ၊ စိတ်လေးဟာ ကိလေသာအာသဝေါတွေကနေ လွတ်ကင်းသွားတဲ့ပုဂ္ဂိုလ်အဖြစ် ရယူနိုင်ကြရအောင် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ ကုန်သတည်း။

သာဓု သာဓု သာဓု

မေတ္တာပို့

သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာကြပါစေ

(သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာကြပါစေ)

မေတ္တာရေချမ်း သွန်းကာဖျန်း ငြိမ်းချမ်းကြပါစေ

(မေတ္တာရေချမ်း သွန်းကာဖျန်း ငြိမ်းချမ်းကြပါစေ)

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ

(သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ)

"ဓမ္မောသဓံ ပိဝိတွာန၊ ဝိသာ သဗ္ဗေ သမူဟတာ။ အဇရာမရံ သီတိဘာဝံ၊ နိဗ္ဗာနံ ယန္တု သာဓဝေါ။

ဓမ္မောသဓံ - လောဘ, ဒေါသ, မောဟဆိပ်တောက်၊ ကင်းပျောက်ကြည်အေး တရားဆေးကို၊ ပိဝိတွာန - ဝမ်းသာရွှင်ပျ၊ သောက်ကြရ, နာကြရကုန်သောကြောင့်၊ ဝိသာသဗ္ဗေ - ပူဆာ ညစ်နောက် ကိလေသာ အဆိပ်အတောက် ဟူသမျှတို့သည်၊ သမူဟတာ - ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့၊ ကင်းစင်လွင့်ပျောက်၊ ဘေးမရောက်အောင် ပယ်ဖျောက်အပ်ကုန်သည်၊ ဟောန္တု - စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း။ အဇရာမရံ - အိုခြင်းလည်းကွာ၊ နာခြင်းလည်းကင်း၊ သေခြင်းလည်း ရှင်းထသော၊ သီတိဘာဝံ - ကိလေသာဟူ အပူခပ်သိမ်း၊ ကင်းငြိမ်းရာ အစစ်ဖြစ်ပေထသော၊ နိဗ္ဗာနံ - နိဗ္ဗာန်ဟုခေါ် အေးမြို့တော်သို့၊ သာဓဝေါ - တရားချစ်ခင် စိတ်ကောင်းဝင်ငြား၊ သူတော်စင် အများတို့သည်၊ ယန္တု - ပါရမီအဆင့်ဆင့် မြင့်ထက်မြင့်၍၊ မလင့်ပုံသေ၊ ဆိုက်ရောက်တော်မူကြပါစေကုန်သတည်း။

သာဓု…သာဓု…သာဓု

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ၏ ထေရုပ္ပတ္တိအကျဉ်း

(၁၃၀၁) ခုနှစ်၊ တပေါင်းလပြည့်၊ (1940) ခုနှစ်၊ မတ်လ၊ (၂၂)ရက် စနေနေ့တွင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ ခမည်းတော် ဦးစံလှ+မယ်တော် ဒေါ်ခင်တို့မှ ဖွားမြင်သည်။

(၁၃၀၅) ခုနှစ်၊ (1944) အသက်(၅) နှစ်သားအရွယ် စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မူကျောင်း၊ ဆရာတော် ဦးကေလာသ (ဦးလေးဘုန်းကြီး) ထံတွင် မြန်မာစာနှင့် ဗုဒ္ဓစာပေများကို စတင် သင်ကြားခံ့သည်။

(၁၃၁၀) ခုနှစ်၊ (1949) ဝါဆိုလဆန်း (၁၁)ရက်၊ အသက် (၁၀) နှစ်အရွယ်တွင် စစ်ကိုင်းတောင်ရိုး၊ ဝိပဿနာဂန္ဓာရုံကျောင်း၌ အဘိဓဇမဟာရဋ္ဌဂုရု၊ နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေပြုခဲ့သည်။

(၁၃၁၄) ခုနှစ်၊ (1953) အသက် (၁၃) နှစ်တွင် အဘိဓမ္မာစာမေးပွဲသုံးဆင့် စတင် အောင်မြင်ခဲ့သည်။

(၁၃၁၇) ခုနှစ်၊ (1956) အသက် (၁၆) နှစ်တွင် အစိုးရ ဓမ္မာစရိယတန်းကို ဂုဏ်ထူးကျမ်း (၂) ကျမ်းနှင့်အတူ အောင်မြင်၍ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ ရရှိခဲ့သည်။

(၁၃၁၉) ခုနှစ်၊ (1957) သာသနာလင်္ကာရသာမဏေကျော်ဘွဲ့ကို ရရှိခဲ့သည်။

(၁၃၂၀) ခုနှစ်၊ (1958) စစ်ကိုင်းမြို့ မဟာသုဗောဓာရုံတိုက်ကို နောင်တော်များနှင့်အတူ တည်ထောင်ကာ ပဓာနစာချ၊ တိုက်ကြပ်အဖြစ် အဆင့်ဆင့် တာဝန်များ ထမ်းဆောင်ခဲ့သည်။

(၁၃၂၁) ခုနှစ်၊ (1960) ပြည့်နှစ်တွင် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ ရောက်ရှိခဲ့သည်။

နောင်တော်ရင်းဖြစ်သော ဘဒ္ဒန္တနာရဒထံ၌ သဒ္ဒါ၊ သင်္ဂဟ၊ ပိဋက အခြေခံများ၊ ပထမပြန်စာမေးပွဲဆိုင်ရာ ကျမ်းစာများ သင်ယူခဲ့ပြီး၊ ဇယမေဒနီဝါဆိုကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဃိယ (ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု)ထံ ဓမ္မာစရိယတန်းဆိုင်ရာ ကျမ်းစာများကို သင်ယူခဲ့သည်။

စစ်ကိုင်းမြို့ မဟာသုဗောဓာရံတိုက်၌ နောင်တော်များဖြစ်ကြသည့် နာယက၊ တိုက်အုပ်၊ တိုက်ကြပ်ဆရာတော်များထံ၌ သကျသီဟ၊ စေတိယင်္ဂဏတန်းဆိုင်ရာကျမ်းစာများကို သင်ယူခဲ့သည်။

ရန်ကုန်မြို့ ဇမ္ဗူဒီပကျောင်းဆောင်၌ တိပိဋကပါဠိ+မြန်မာ အဘိဓာန်ကျမ်းပြု အဖြစ် ဆောင်ရွက်နေစဉ် ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသထံတွင် အင်္ဂလိပ်ဘာသာကို စတင် သင်ယူခဲ့သည်။

(၁၃၂၄) ခုနှစ်၊ (1963) ရန်ကုန်စေတိယင်္ဂဏဘွဲ့ကို ရရှိခဲ့သည်။

(၁၃၂၅) ခုနှစ်၊ (1964) သာသနဓဇဓမ္မာစရိယဝိနယပါဠိပါရဂူဘွဲ့ကို ရရှိခဲ့သည်။

(၁၃၂၅) ခုနှစ်၊ (1964) မန္တလေးသကျသီဟအဘိဝံသဘွဲ့ကို ရရှိခဲ့သည်။

(၁၃၃၂) ခုနှစ်၊ (1973) မှ စတင်၍ ကျမ်းစာများ ရေးသားပြုစုခဲ့ရာ အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ကျမ်းစာများကို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

(၁၃၃၉) ခုနှစ်၊ (1980) ပထမအကြိမ် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အတွက် စစ်ကိုင်းမြို့နယ် သံဃနာယကအဖွဲ့ (ရွှေကျင်) အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ဓမ္မာစရိယစာမေးပွဲ အကျိုးတော်ဆောင် အဖြစ်လည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် (ရွှေကျင်) အဖြစ်လည်းကောင်း၊ ပထမပြန်စာမေးပွဲပြဋ္ဌာန်းကျမ်းစာပြင်ဆင်ရေးအဖွဲ့အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ နိကာယ်စာမေးပွဲ စည်းမျဉ်းစည်းကမ်းရေးဆွဲရေးအဖွဲ့ဝင်၊ နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ် (၁/၉၈)၏ ဝိနည်းဓိုရ် ပထမပြန်စာမေးပွဲကျင်းပရေးအဖွဲ့ (စစ်ကိုင်း)၏ ပုစ္ဆကအဖွဲ့ဥက္ကဋ္ဌ အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

(၁၃၄၇) ခုနှစ်၊ (1986) အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်နှင့် အရုဏချယ်ပရာဒေ့ရှ်မှ ရဟန်း၊ သာမဏေ၊ ကျောင်းသားငယ်များအား မြန်မာစာနှင့် အဘိဓမ္မာတို့ကို ပို့ချပေးခဲ့သည်။

(၁၃၄၈) ခုနှစ်၊ (1987) သီရိလင်္ကာနိုင်ငံ၊ ဘော်ရဲလာမြို့ Y. M. B. A အသင်းတိုက်၌ အဘိဓမ္မာကို အင်္ဂလိပ်ဘာသာဖြင့် ပို့ချပေးခဲ့သည်။

(၁၃၅၀) ခုနှစ်၊ (1989) သီရိလင်္ကာနိုင်ငံ University of Kelaniya မှ M. A (Buddhist Studies) ဘွဲ့ကို ရရှိခဲ့သည်။

(၁၃၅၅) ခုနှစ်၊ (1994) အမေရိကန်ပြည်ထောင်စု၊ မေရီလင်းပြည်နယ်၊ ဆိလ်ဗားစပရင်းမြို့၊ မင်္ဂလာရာမကျောင်း၌ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာဘာသာရပ်ကို ပို့ချပေးခဲ့သည်။

(၁၃၅၇) ခုနှစ်၊ (1996) နိုင်ငံတော်မှ "အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ" ဘွဲ့ကို ဆက်ကပ်ခဲ့သည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ်အဖြစ် ဆောင်ရွက်ကာ Department of Language Studies ၌ English Diploma Class နှင့် B.A တန်းများ၌ ဘာသာရပ်များကိုလည်းကောင်း၊ အမေရိက၊ ကိုးရီးယား၊ မက္ကဆီကို၊ ဂျာမဏီ၊ ပြင်သစ် စသော နိုင်ငံများမှ ကျောင်းသား/ကျောင်းသူများအား ပါဠိဘာသာ၊ အဘိဓမ္မာဘာသာရပ်များကိုလည်းကောင်း သင်ကြားပို့ချပေးခဲ့သည်။

(၁၃၅၈) ခုနှစ်၊ (1997) အမေရိကန်ပြည်ထောင်စု၊ ဘော်လတီမိုးမြို့၊ ကေလာသဝိဟာရကျောင်း၌ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာသင်တန်း ပို့ချ ပေးခဲ့သည်။

(၁၃၆၀) ခုနှစ်၊ (1999) ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ဩဝါဒစရိယဧည့်ပါမောက္ခချုပ် အဖြစ် ပြည်တွင်းပြည်ပကျောင်းသားများအား စာပေ ပို့ချပေးခဲ့သည်။

(၁၃၆၁) ခုနှစ်၊ (2000) နိုင်ငံတော်မှ "အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့ကို ဆက်ကပ်ခဲ့သည်။

(၁၃၆၄) ခုနှစ်၊ (2003) အိန္ဒိယနိုင်ငံ၊ မဂဓတက္ကသိုလ်မှ Ph. D ဒေါက်တာဘွဲ့ ကို ရရှိခဲ့သည်။

ထိုနှစ်မှ စတင်၍ ဂျာမဏီ၊ နယ်သာလန်၊ ဩစတြီးယား၊ အင်္ဂလန်၊ စင်္ကာပူ၊ မလေးရှား၊ ကိုးရီးယားနိုင်ငံများသို့ နှစ်စဉ်မပျက် ကြွရောက်၍ အဆိုပါ နို်င်ငံသားများအား အဘိဓမ္မာသင်တန်းများ သင်ကြား ပို့ချပေးလျက်ရှိသည်။

(၁၃၆၇) ခုနှစ်၊ (2005) ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။

ယခုအခါ ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသသည် စစ်ကို်င်းမြို့ မဟာသုဗောဓာရုံစာသင်တိုက် ပဓာနနာယကဆရာတော်တာဝန်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ်တာဝန်များကို ထမ်းဆောင်ရင်း Diploma သင်တန်းများနှင့် B.A ပ၊ ဒု၊ တတိယနှစ်များ၌ စာပေပို့ချပေးတော်မူခြင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ ပါမောက္ခချုပ်၊ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ရင်း တက္ကသိုလ်စာပေ ပို့ချပေးတော်မူခြင်း၊ လူအများအကျိုးအတွက် တရားဓမ္မများကို ဟောပြောခြင်းဖြင့် သာသနာပြုလျက်ရှိသည်။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဆုံးမဩဝါဒအမှာစကားများ

အတိတ်ကိုတွေး မဆွေးလေနဲ့။

အတိတ်ဆိုတာ ပြန်မလာဘူး။

အနာဂတ် မှန်းဆ မလွမ်းတနဲ့။

အနာဂတ်ဆိုတာ မသေချာဘူး။

ပစ္စုပ္ပန်မှာ လုပ်သင့်ရာဝယ် ပညာ လုံ့လ အသုံးချလျက် ဘဝတန်ဖိုး အားမာန်ကိုး၍ မြတ်နိုးကြည်ဖြူ အရယူလော့။

သူတော်ကောင်းတွေဟာ ပစ္စည်းဥစ္စာလည်း ကုန်ချင်ကုန်ပါစေ၊

ကိုယ်အင်္ဂါတွေလည်း ပျက်စီးချင် ပျက်စီးပါစေ၊

အသက်ပါ သေချင် သေပါစေ၊

တရားကိုတော့ အပျက်မခံဘူး၊

ကိုယ်ကျင့်တရားကိုတော့ စွန့်လွှတ်မှာ မဟုတ်ဘူး။

ကိုယ်က မိတ်ကောင်းဆွေကောင်း ရှာတယ်ဆိုရင် ကိုယ် ကိုယ်တိုင်ကကော တစ်ဖက်သားရဲ့ မိတ်ကောင်းဆွေကောင်းဖြစ်အောင် မလုပ်သင့်ဘူးလား.?

လုပ်သင့်တယ်နော်။

အေး..ဒီအပိုင်းကို မမေ့ကြနဲ့။

ကိုယ်ကတော့ မိတ်ကောင်းဆွေကောင်းနဲ့ ပေါင်းချင်တယ်၊ ကိုယ်ပေါင်းတဲ့ပုဂ္ဂိုလ်ရဲ့ မိမိကိုယ်တိုင်ကလည်း ကိုယ်ပေါင်းတဲ့ပုဂ္ဂိုလ်ရဲ့ မိတ်ကောင်းဆွေကောင်းဖြစ်ရမယ်။

အတွယ်ရှိသမျှ စိတ်သောက မုချရှိလိမ့်မည်။

တွယ်တာကင်းမှ စိတ်သောက လုံးဝကင်းနိုင်မည်။

သောကမလွမ်း စိတ်ငြိမ်းချမ်း တက်လှမ်းနိဗ္ဗာပြည်။

အရာရာဟာ ကိုယ့်ပေါ်မှာ မူတည်နေတယ်။

ကိုယ့်အပေါ်မှာ မူတည်နေသဖြင့် မိမိတို့ ဘဝကို အလှဆင်ဖို့ တာဝန်အရှိဆုံးဟာ ဘယ်သူလဲ မေးမယ်ဆိုရင် မိမိကိုယ်တိုင်သာလျှင် ဖြစ်ပါတယ်။

လောကဓံ မုန်တိုင်းတွေနဲ့ ကြုံတွေ့ရတဲ့အခါတိုင်း "ဪ...ဘယ်အရာမှ မမြဲပါလား။ ထာဝရ မဟုတ်ဘူး။ တစ်ခဏသာ ဖြစ်တယ်လို့" မှတ်ယူရမယ်။

အကောင်းလောကဓံကြောင့်လည်း လောဘမဖြစ်အောင်၊ အဆိုးလောကဓံကြောင့်လည်း ဒေါသမဖြစ်အောင် ဆင်ခြင်ရမယ်။

မျက်စိရှိမှ မြင်နိုင်တယ်။

ဉာဏ်ရှိမှ သိနိုင်တယ်။

မျက်စိက မြင်ရုံ မြင်နိုင်တယ်၊ မသိဘူး။

ဉာဏ်က မြင်လည်း မြင်၊ သိလည်း သိတယ်။

အရေးမကြီးတာကို အရေးကြီးတယ်လို့ မထင်မှားရလေအောင်၊ အရေးကြီးတာကိုလည်း အရေးမကြီးဘူးလို့ မထင်မှားရလေအောင်၊ အရေးကြီးတာကို အရေးကြီးတယ်လို့ သိရမယ်။

အရေးမကြီးတာကိုလည်း အရေးမကြီးဘူးလို့ သိရမယ်။

ထိုကဲ့သို့ အမှန်အတိုင်း သိဖို့အတွက် "တရားဓမ္မ" နာယူရတယ်။

မေတ္တာ နှင့် သစ္စာ

မိတ်ဆွေရဲ့ နှလုံးသားမှ

ပေါက်ဖွားလာတဲ့ စိတ်ထားမျိုးကို "မေတ္တာ"

ပကတိသရုပ်ကို မဖုံးအုပ်ဘဲ

အရှိအတိုင်း ဖော်ထုတ်ပြောတာ "သစ္စာ"

မေတ္တာနှင့် သစ္စာဟာ

အလွန် အစွမ်းထက်တဲ့ မန္တာန် ဖြစ်တယ်။

အန္တရယ်ကင်း ပရိတ်တရားတော်တွေဟာ အများအားဖြင့် မေတ္တာနဲ့ သစ္စာစွမ်းအားကို အသုံးပြထားတာ ဖြစ်တယ်။

မုချ လှမည်မှတ်

ကိုယ့်ကျိုး-သူ့ကျိုး၊

တိုင်းပြည်ကျိုးနှင့်

အမျိုးဘာသာ

သာသနာအကျိုး

ပွားတိုးစေမှု

လုပ်ကျွေးပြုမှ

ဒို့ဘဝ

မုချ လှ-မည်မှတ်။

ဖူး ပွင့် နွမ်း ကြွေ ပန်းအနေသို့၊

ငါးထွေ ခန္ဓာ၊

ဖြစ်လာ စကြုံ၊

ဖူးသည့်ပုံတည့်၊

ပွင့် ပုံ ကြီးထွား၊

အိုမင်းသွားရာ၊

နွမ်း ပမာနှင့်

သေခါ "ကြွေ"ကျ၊

နှိုင်းယှဉ်ကြ၊

ဘဝ ဆိုတာ "ပန်း" ပမာ။

စိတ် ဖြူစင်အောင်ထား၊

အများကောင်းအောင် ကြိုးစား၊

ဝန်တိုကင်းလျှင် စိတ်ဖြူ၊

ဒေါသကင်းလျှင် စိတ်ဖြူ၊

ဝန်တိုကင်းလို မုဒိတာပွား၊

လောဘကင်းလို အလောဘကိုပွား၊

ဒေါသကင်းလို မေတ္တာကိုပွား။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph. D)

pja3ecosxg8fpuk6hkahpmnh40x1hdi
အဘိဓမ္မာ မြတ်ဒေသနာ
0
5920
22119
21640
2026-06-15T03:19:37Z
Tejinda
173
22119
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = အဘိဓမ္မာ မြတ်ဒေသနာ
| previous = [[အနတ္တလက္ခဏသုတ် အနှစ်ချုပ်]]
| previous2 =
| next = [[အဘိဓမ္မာ မြတ်ဒေသနာ-ဒု]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

အဘိဓမ္မာ မြတ်ဒေသနာ

ကျမ်းဦးပဏာမ

ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏ မဟာကရုဏာတော်ကို အာရုံပြုကာ သီကျူးဖွဲ့ဆိုအပ်သော ဝန္ဒာနာပဏာမ အာသီသဂါထာကို ရွတ်ဆို ပူဇော်ခြင်းဖြင့် တရားပွဲကို စတင်ကြရအောင်။

ယော ကပ္ပကောဋိဟိပိ အပ္ပမေယျံ၊

ကာလံ ကရောန္တော အတိဒုက္ကရာနိ။

ခေဒံ ဂတော လောကဟိတာယ နာထော၊

နမော မဟာကာရုဏိကဿ တဿ။

ယော နာထော - ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား အကြင်ရှင်တော်မြတ်ဘုရားသည်၊

ကပ္ပိကောဋီဟိပိ - ကုဋေကမ္ဘာ အရေအတွက်သချာင်္တို့ဖြင့်သော်လည်း။

အပ္ပမေယျံ - ရေတွက်တိုင်းတာ ဖေါ်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊

ကာလံ - လေးအသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊

လောကဟိတာယ - သတ္တလောက၏ အကျိုးစီးပွားအလို့ငှာ၊

အတိဒုက္ကရာနိ - ဥစ္စာအသက် ခြေ,လက်အင်္ဂါ မေတ္တာကြီးမား သမီးသားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ် ငါးသွယ်အစု အခွန်ခဲယဉ်းသော အမှုတို့ကို၊

ကရောန္တော - ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်တော်မူရသည် ဖြစ်၍၊

ခေဒံ - လက်ခြေမျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ ပင်ပန်းခြင်းသို့

ဂတော - ဘဝအတန်တန် ကြိမ်ဖန်များစွာ ရောက်တော်မူခဲ့ရ ရှာလေပြီ၊

မဟာကာရုဏိကဿ - သတ္တဝါများ ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် မဟာကရုဏာရှင် ဖြစ်တော်မူသော၊

တဿ နာထဿ - ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား ထိုရှင်တော်မြတ်ဘုရားအား၊

နမော - ရိုသေပျောင်းပျော့ မာန်ကိုလျှော့၍ ကန်တော့ရိုကျိုး ရှိခိုးခြင်းသည်၊

အတ္တု ဘဝတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း.....။

“သာဓု - သာဓု - သာဓု”

ကျမ်းဦးနိဒါန်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

“အဘိဓမ္မာ မြတ်ဒေသနာ” ခေါင်းစီးကစပြီး ဘုန်းကြီးတို့ အဘိဓမ္မာဒေသနာတော်ကို လိုရင်း အနှစ်ချုပ် ထုတ်ပြီး ၁၀-ညတိုင်တိုင် ဟောပါမယ်၊ ဟောလို့ပြီးဆုံးသွားရင် အဘိဓမ္မာ တရားတော်ရဲ့ အနှစ်ချုပ်ဖြစ်တဲ့ စိတ်အကြောင်း၊ စေတသိက်အကြောင်း၊ ရုပ်အကြောင်း၊ မိမိတို့သန္တာန် မိမိတို့ရဲ့ ဘဝမှာ ဖြစ်ပေါ်နေတဲ့ သဘာဝတရားတွေရဲ့ အကြောင်းကို အခြေခံအားဖြင့် သိရှိသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒီကနေ့ ဘုန်းကြီးတို့ “အဘိဓမ္မာ မြတ်ဒေသနာ” ဆိုတဲ့ ခေါင်းစီးနဲ့ ဟောပြီး နက်ဖြန်ခါကျတော့ ဆိုင်ရာ ဆိုင်ရာ ခေါင်းစီး အသေးလေးတွေ ပေးပြီးတော့ ဟောသွားပါ့မယ်။

အဘိဓမ္မတ္ထသင်္ဂဟကျမ်း

ဒီကနေ့ မြန်မာနိုင်ငံမှာ အဘိဓမ္မာလေ့လာနေတဲ့ ပုဂ္ဂိုလ် တိုင်း အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို သင်ယူကြရတယ်၊ အများက သင်္ဂြိုလ်ကျမ်းလို့ ခေါ်ကြတယ်၊ သင်္ဂြိုလ်ဆိုတာ ပါဋိဘာသာ သင်္ဂဟကို မြန်မာလိုခေါ်တာဖြစ်တယ်၊ သင်္ဂဟဆိုတာ အကျဉ်းချုပ်လို့ အဓိပ္ပယ်ရတယ်၊ ဒီပြင်နေရာမှာ သင်္ဂြိုလ်တယ် ဆိုတာ ‘ကူညီထောက်ပံတယ်’ လို့ အဓိပ္ပာယ်ရတယ်၊ ဒီနေရာမှာ သင်္ဂြိုလ်ဆိုတာကတော့ ‘အကျဉ်းချုပ်’ လို့ အဓိပ္ပာယ်ရတယ်၊ အဘိဓမ္မာကျမ်းက အလွန် ကျယ်ဝန်းလို့ ထို အဘိဓမ္မာကျမ်းလာ အနှစ်တွေကိုထုတ်ပြီး အကျဉ်းချုံးထားတဲ့ ကျမ်းကို အဘိဓမ္မတ္ထသင်္ဂဟကျမ်း လို့ ခေါ်တယ်။

ပထမပြန်စာမေးပွဲမှာ ပြဋ္ဌာန်းထားတာဖြစ်လို့ မြန်မာနိုင်ငံမှာ ရှိကြတဲ့ ရဟန်းသာမဏေတွေ မဖြစ်မနေရ ဖြေကြရတဲ့ ကျမ်းဖြစ်တယ်၊ ၈-ရာစု, ၉-ရာစု လောက်က သီရိလင်္ကာနိုင်ငံမှာ အရှင်အနုရုဒ္ဓါ ဆိုတဲ့ မထေရ်တစ်ပါး ပြုစုခဲ့တဲ့ ဒီ အဘိဓမ္မတ္ထသင်္ဂဟကျမ်း ဟာ အဘိဓမ္မာကို လေ့လာသူတိုင်းအတွက် အင်မတန်မှ လွယ်ကူတယ်၊ အနှစ်သာရကို ချုပ်ပြီးတော့ ပြထားတဲ့ကျမ်းဖြစ်လို့ အင်မတန် တန်ဘိုးရှိတဲ့ ကျမ်းတစ်စောင် ဖြစ်တယ်၊ ထိုကျမ်းမှာ အပိုင်း ၉- ပိုင်းရှိတယ်၊ အဲဒီအပိုင်း ၉- ပိုင်းထဲမှ -

(၁) စိတ်ပိုင်း၊

(၂) စေတသိက်ပိုင်း၊

(၃) ပကိဏ်းပိုင်းဆိုတဲ့ အပိုင်း ၃-ပိုင်းကို ‘ပထမအဆင့်’ လို့ ဒီလိုသက်မှတ်ပြီးတော့ စာမေးပွဲ ကျင်းပကြတယ်၊ နောက်ပြီး -

(၄) ဝီထိပိုင်း၊

(၅) ဝီထိမုတ်ပိုင်း၊

(၆) ရုပ်ပိုင်း ဆိုတဲ့ အလယ် ၃-ပိုင်းကိုတော့ ‘ဒုတိယအဆင့်’ ဆိုပြီးတော့ အဘိဓမ္မာစာမေးပွဲမှာ ကျင်းပတယ်၊နောက်ဆုံးပိုင်းကတော့ -

(၇) သမုစ္စည်းပိုင်း၊

(၈) ပစ္စည်းပိုင်း၊

(၉) ကမ္မဋ္ဌာန်းပိုင်း လို့ ဆိုပြီး ဒီ ၃-ပိုင်းကို စာမေးပွဲကျင်းပတာတော့ ‘တတိယအဆင့်’ လို့ ဆိုပြီးတော့ အားလုံး (၉)ပိုင်း ခွဲခြားထားတယ်။

ဘုန်းကြီးတို့ ဒီမှာတော့ ရုပ်ပိုင်းက စပြီးတော့ ဟောမှာ ဖြစ်ပါတယ်၊ ရုပ်ပိုင်းပြီးလို့ရှိရင် စိတ်ပိုင်း၊ စေတသိက်ပိုင်း၊ ဒီအပိုင်းသုံးပိုင်းကို (၁၀)ညတာ ခွဲဟောပါ့မယ်၊ “အဘိဓမ္မာမြတ်ဒေသနာ” တရားထဲမှ သဘာဝတရားတွေကို သိရှိနားလည်သွားအောင် ခွဲခြားပြီး ဟောပြောသွားပါမယ်၊ ဒီအပိုင်း ၃-ပိုင်း ကျေသွားလို့ ရှိရင် ကျန်တဲ့အပိုင်းတွေကို ဆက်လက် လေ့လာဖို့ အခြေခံရသွားမှာပါ။

အေး-- “အဘိဓမ္မာမြတ်ဒေသနာ” ဆိုတာ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေထဲမှာ အထူးခြားဆုံးနဲ့ အလေးနက်ဆုံး ဒေသနာလို့ ပြောရမယ်၊ မြတ်စွာဘုရား တရားတော်ကို ခွဲခြမ်းစိတ်ဖြာပြီးတော့ ကြည့်ရင် မြတ်စွာဘုရား စကားတော်ဟာ ‘ဓမ္မ’ နဲ့ ‘ဝိနယ’ လို့ နှစ်မျိုးရှိတယ်၊ ဓမ္မလို့ဆိုတာက သဘာဝတရားတွေကို ပြောတာ၊ သဘာဝ တရားတွေကို ရည်ညွှန်းပြီးတော့ ဟောပြောတာ ဓမ္မ။

ဝိနယဆိုတာ သံဃာတွေ သံဃာအဖွဲ့အစည်းမှာ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို သတ်မှတ်ထားတာကို ခေါ်တယ်၊ မြတ်စွာဘုရား တရားတော်ကို အနှစ်ချုပ်ပြီးတော့ ပြောမယ်ဆိုရင် ‘ဓမ္မ’ နဲ့ ‘ဝိနယ’ ဒီနှစ်ခုရှိပါတယ်။

အဲဒီ ‘ဓမ္မ’ ဆိုတဲ့ အထဲမှာ ဘာတွေပါတုန်းဆိုရင် သုတ္တန်တရားတော်နဲ့ အဘိဓမ္မာတရားတော်တွေ ပါတယ်။ ဓမ္မမှာ အဘိ ဆိုတဲ့ စကားလုံး မပါရင် သက်သက် ဓမ္မဆိုတာ သုတ္တန်တရားတွေကို ရည်ညွှန်းတယ်၊ အဘိဓမ္မဆိုတာ ထူးခြားလေးနက်တဲ့ အဘိဓမ္မာ ဒေသနာတော်ကို ရည်ညွှန်းပါတယ်။

ပိဋကတ် ၃-ပုံ

ဒါကြောင့် ‘ဓမ္မ’ ကို သုတ္တန္တဓမ္မနဲ့ အဘိဓမ္မရယ်လို့ နှစ်မျိုးခွဲလိုက်ပြီး ဘုရားရှင် ဟောတော်မူခဲ့တဲ့ ‘ဓမ္မ’ နဲ့ ‘ဝိနယ’ ကို ဝိနယရယ်, သုတ္တန္တရယ်, အဘိဓမ္မာရယ်လို့ ၃-မျိုး ခွဲလိုက်တဲ့ အခါကျတော့ ဒါကို ပိဋကတ် ၃-ပုံလို့ ခေါ်ကြတယ်။

‘ပိဋက’ ဆိုတဲ့ စကားလုံးကို အများသိနေကြတာတော့ ‘ခြင်းတောင်း’ ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ အင်္ဂလိပ်လို ပြန်ဆိုတဲ့အခါ Basket လို့ ပြန်ကြတယ်၊ အဲဒီတော့ ပိဋကတ် သုံးပုံကို Three Basket လို့ ပြန်လေ့ရှိတယ်၊ သို့သော် ‘ပိဋက’ ဆိုတာ ခြင်းတောင်း လို့သာ အဓိပ္ပာယ်ရတာ မဟုတ်ဘူး၊ ‘သင်ယူရမယ့်ကျမ်းစာ’ ကိုလည်း ပိဋကသဒ္ဒါက ဟောတယ်၊ ဒါကြောင့်မို့ တခြားနည်းနဲ့လည်း အင်္ဂလိပ်လို ဘာသာပြန်ဖို့သင့်တယ်ပေါ့၊ ပိဋကဆိုတာ သင်ယူရမယ့်ကျမ်းစာ (Text to be learned) လို့ အဓိပ္ပာယ် ရတယ်။

အဲဒီ သင်ယူရမယ့် ကျမ်းစာ သုံးမျိုးသုံးစား ခွဲထားတယ်၊ သံဃာအဖွဲ့အစည်း လိုက်နာရန် စည်းမျဉ်း စည်းကမ်းတွေ အနေနဲ့ ဟောထားတာက ‘ဝိနယ’၊ သဘာဝတရားတွေကို လောကဝေါဟာရတွေနဲ့ တင်ပြီးတော့ လုပ်သင့်, မလုပ်သင့်၊ ဘယ်အရာကို လုပ်သင့်တယ်၊ ဘယ်အရာဟာ မလုပ်သင့်ဘူး စသည်ဖြင့် လုပ်သင့်, မလုပ်သင့် နည်းဥပဒေတွေ ပေးပြီးတော့ ဟောတာက “သုတ္တန္တ”။

‘အဘိဓမ္မာ’ ကျတော့ လုပ်သင့်, မလုပ်သင့် ဆိုတာကို မပြောတော့ဘူး၊ သဘာဝတရားတွေဟာ ဆိုင်ရာ အကြောင်းတရားတွေမှီပြီးတော့ ဘယ်ပုံဘယ်နည်း ဖြစ်ပေါ်နေတယ် ဆိုတာကိုသာ ဟောတယ်၊ သဘာဝတရားသက်သက် ရှင်းလင်း ဟောပြောတာက အဘိဓမ္မာ၊ အဘိဓမ္မာကို ပုဂ္ဂိုလ်နဲ့ ဆက်စပ်ပြီးတော့ မဟောဘူး၊ သဘာဝတရားသက်သက်ကို ဟောတယ်။

ဓမ္မ ၂-မျိုးအထူး

သုတ္တန်ဆိုတာ ပုဂ္ဂိုလ်နဲ့ ဆက်စပ်ပြီးတော့ ဟောတယ်၊ အဘိဓမ္မာကျတော့ သဘာဝတရားသက်သက်ကို ဟောတယ်လို့ သဘာဝတရားနဲ့ ပုဂ္ဂိုလ်ကို ခွဲထားလိုက်တယ်၊ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် သုတ္တန်ဆိုတာ ဝေါဟာရ ဒေသနာ၊ လူ့လောကမှာ လူတွေ နေ့စဉ် သုံးစွဲနေတဲ့ စကားလုံးတွေကို အသုံးပြုတယ်၊ ဒါကလုပ်သင့်တယ်၊ ဒါက မလုပ်သင့်ဘူး၊ ဒါက ရှောင်ရမယ်၊ ဒါက ဆောင်ရမယ် စသည်ဖြင့် ဆောင်ရန်၊ ရှောင်ရန်၊ လုပ်သင့် မလုပ်သင့် ခွဲခြားပြီးတော့ ဟောပြောသွားတာ၊ ဒါက သုတ္တန်တရားတဲ့။

‘အဘိဓမ္မာ’ တရားကျတော့ သတ္တဝါဆိုတဲ့ အသုံးအနှုံးတွေ ဖယ်ရှားပြီးတော့ လူ့လောက နေ့စဉ် ပြောနေတဲ့ စကားလုံးတွေကို ကျော်လွှားလို့ အတွင်းအနှစ်သာရ ပရမတ္ထ ထိအောင်၊ တကယ့် အနှစ်သာရ ပရမတ္ထထိအောင်၊ တကယ့် အနှစ်သာရပိုင်းကို ထိရောက်အောင် ဟောတာဖြစ်တယ်၊ အမှန်တရားကို ထိတွေ့ပြီးတော့ သတ္တဝါဆိုတဲ့ ဝေါဟာရ ရှောင်ရှားပြီး ဟောထားတဲ့အတွက် ပရမတ္ထဒေသနာလို့ ခေါ်တယ်။

နောက်တစ်ခါ သုတ္တန်တရားကလည်း သတ္တဝါတွေကို ဆုံးမတာပဲ၊ အဘိဓမ္မာကလည်း ဆုံးမတာပဲ၊ ဒါပေမယ့် ဆုံးမပုံချင်းမတူကြဘူး၊ သုတ္တန်တရားက သတ္တဝါကို ဆုံးမတဲ့အခါကျတော့ ဘယ်ပုံဘယ်နည်း ဆုံးမတုန်းဆိုတော့ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ လိုက်နာရမယ့် ကျင့်ဝတ်၊ ရှောင်ကြဉ်ရမယ့်အရာ၊ သတ္တဝါတွေရဲ့ စရိုက်ကိုကြည့်ပြီး ဒီပုဂ္ဂိုလ်ကျတော့ ဟိုလိုပြောမှ ဖြစ်မယ်လို့ ပုဂ္ဂိုလ်အလိုက် ဆုံးမတာမျိုး ဖြစ်တယ်။

ဆိုပါစို့၊ ‘ဝက္ကလ္လိ လို ပုဂ္ဂိုလ်မျိုးကိုကြည့်၊ ဝက္ကလိ ဆိုတာ မြတ်စွာဘုရားရဲ့ ရုပ်အဆင်းပေါ်မှာ တန်းတန်းစွဲဖြစ်နေတဲ့ ပုဂ္ဂိုလ်၊ ဘုရားက အလွန်တရာ သပ္ပါယ်နေသည့် အတွက်ကြောင့် မြတ်စွာဘုရားရဲ့ ရုပ်အဆင်းကို ဖူးနေတာသည်ပင်လျှင် သူ့အတွက်မှာ တန်ဘိုး ရှိလှပြီဆိုပြီး မြတ်စွာဘုရားရဲ့ သပ္ပါယ်လှတဲ့ ရုပ်အဆင်းပေါ်မှာ စွဲမက်ပြီးတော့ နေတယ်။

ဒီ ဝက္ကလိလို ပုဂ္ဂိုလ်များကျတော့ မြတ်စွာဘုရားက -----

“ကိံ တေ ဝက္ကလိ၊ ဣမိနာ ပုတိကာယေန ဒိဋ္ဌေန - ဟောဒီ အပုပ်အစပ်တွေ ရှိနေတဲ့ ခန္ဓာကြီးကို ကြည့်လို့ ဘာအကျိုးရှိမှာလဲ ဝက္ကလိ” လို့ ဟောတော်မူခဲ့တယ်။

‘ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ - ဓမ္မမြင်မှ ငါ့ကို မြင်မှာ၊ ငါ့ကို ကြည့်နေလို့ အပိုပဲလို့ မိန့်တော်မူတယ်၊

အဲဒီလို သတ္တဝါတွေရဲ့ စရိုက်ကို ကြည့်ပြီးတော့ ဟောတာ၊ ဒီပုဂ္ဂိုလ်က ဒီတရားနဲ့ တန်တယ်၊ ဟိုပုဂ္ဂိုလ်ကကျတော့ ဟိုတရားနဲ့တန်တယ် ဆိုပြီးတော့ အခြေခံ အလိုက် မြတ်စွာဘုရားက ဟောသွားတာ၊ အဲဒါကို ယထာနုလောမသာသနာ လို့ခေါ်တယ်၊ သူ့တန်ရာ တန်ရာ သင့်တော်ရာ သင့်တော်ရာ ရွေးချယ်ပြီး ဟောပြောတဲ့ တရားမျိုးဟာ သုတ္တန်တရားပဲ။

အဘိဓမ္မကျတော့ အဲဒီလို မဟုတ်ဘူး၊ သဘာဝတရားရှိတာကို အရှိအတိုင်း ဟောလိုက်တယ်၊ သဘာဝတရား အရှိကို အရှိအတိုင်း ဟောပြီးတော့ ဆုံးမတဲ့ တရားမျိုး ဖြစ်တာကြောင့် ယထာဓမ္မ သာသနာ - ဓမ္မအတိုင်း ဆုံးမတဲ့ အဆုံးအမလို့ ဒီလိုခေါ်တယ်၊ အဲတော့ တစ်ခုနဲ့ တစ်ခု မတူကြဘူးပေါ့၊ အဘိဓမ္မာဒေသနာဆိုတာ အင်မတန်မှ ထူးခြားတယ်လို့ ပြောရမယ်။

တရားဦးအစ သုတ္တန်က

ဗုဒ္ဓမြတ်စွာက ပထမဆုံး ဟောတဲ့တရားက အားလုံးသိကြတဲ့အတိုင်း ‘ဓမ္မစက္ကပဝတ္တနသုတ္တန်’ ဖြစ်တယ်၊

ဓမ္မစကြာ တရားနဲ့ ဟောပြောတဲ့လုပ်ငန်း စတယ်၊ ဒေသနာဉာဏ်တော်ကြီးကို စတင် အသုံးချပြီး ဟောပြောတာ ‘ဓမ္မစကြာ’ ပဲ၊

သို့သော် အဲဒီ ဓမ္မစကြာတရားကို ဘုရားဖြစ်စက ကြိုတင်ပြီးတော့ နှလုံးသွင်း ဆင်ခြင်ခဲ့သလား ဆိုရင် နှလုံးသွင်း ဆင်ခြင်တယ်လို့ မှတ်တမ်းမရှိဘူး၊ ဘယ်သုတ္တန်တရားပဲဖြစ်ဖြစ် မြတ်စွာဘုရားက ကြိုတင် ဆင်ခြင် စဉ်းစားပြီး ဟောတာမဟုတ်ဘဲ ဒီလိုပုဂ္ဂိုလ်နဲ့ တွေ့ရင် ဒီလိုတရားမျိုးကို ဟောလိုက်တယ်၊ ဟိုလို ပုဂ္ဂိုလ်နဲ့ တွေ့ရင် ဟိုလို တရားမျိုးကို ဟောလိုက်တယ်၊ ပုဂ္ဂိုလ်တွေရဲ့ အလိုအဇ္ဈသယ ကြည့်ပြီး ဟောသွားတာ။

ဘုရားဖြစ်အောင် ကျင့်ကြံတော်မူပုံ

မြတ်စွာဘုရားအလောင်းဟာ ဗုဒ္ဓဂယာ မဟာဗောဒိပင်အောက်မှာ သောတ္ထိယ မြက်ထမ်းသမားက လှူသွားတဲ့ မြက်၈-ဆုပ်ကို အလှူခံပြီးတော့ ဖြန့်ခင်းလိုက်တယ်၊ နွေရာသီဆိုတော့ မြက်ခင်းပေါ် ထိုင်ရတာ အေးတာပေါ့နော်၊ ဗုဒ္ဓဂယာဆိုတာ ခုချိန်ဆို တော်တော်ပူတဲ့နေရာပေါ့၊ အဲဒီခေတ်တုန်းကတော့ ဒီလောက်ပူချင်မှ ပူမယ်ပေါ့၊ သို့သော် မြက်ခင်းပေါ် ထိုင်ရင်အေးတယ်ဆိုတာ အားလုံးသိကြမှာပါ။

သောတ္ထိယဆိုတဲ့ မြက်ထမ်းသမားက ဘုရားအလောင်းတော်ကို တွေ့တဲ့အခါကျတော့ သိပ်ပြီး သဒ္ဓါတရားတွေဖြစ်ပြီးတော့ မြက် ၈-ဆုပ် လှူလိုက်တယ်၊ လှူလိုက်တဲ့အခါကျတော့ အဲဒီ မြက်ထုံးလေးကို ဘုရားအလောင်းတော်ဟာ လက်ခံပြီးတော့ သူထိုင်မယ့်နေရာမှာ ဖြန့်ခင်းလိုက်တယ်၊ ဖြန့်ခင်းပြီးတော့ အဲဒီမြက်ခင်းလေး ပေါ်မှာ ထိုင်ရင်း

“ဒီကနေ့ တရားထူး တရားမြတ် မရမခြင်း ဒီနေရာက ငါမထတော့ဘူး” လို့ အဓိဋ္ဌာန်လိုက်တယ်၊ အဲဒီအဓိဋ္ဌာန်ကို ပျက်အောင်လို့ ဆိုပြီးတော့ မာရ်နတ်ကြီးက လာနှောင့်ယှက်တာပေါ့၊ ဒါကို ပလ္လင်လုတယ်လို့ ပြောကြတယ်၊ ပလ္လင်လုတယ်ဆိုတာ အဓိဋ္ဌာန်ပျက်ပြီး ဒီနေရာကနေ ထသွားအောင် လုပ်တာကို ပြောတာနော်။

သို့သော် တချို့ စာတွေမှာ ရေးတယ်ပေါ့၊ ဒီမြက် ၈-ဆုပ်ဖြန့်လိုက်တာနဲ့ တစ်ပြိုင်နက် တန်ဖိုးရှိတဲ့ ရတနာပလ္လင်ကြီးပေါ်လာလို့ မာရ်နတ်က လာလုတယ်၊ ဒါတွေက တင်စားပြီးရေးတာဖြစ်နိုင်တယ်၊ တကယ်တော့ ဘုရားအလောင်းတော်ဟာ မြက်ခင်းပေါ်မှာ ထိုင်ပြီး အဓိဋ္ဌာန်ထားတာကို ပျက်အောင်၊ ဒီနေရာကနေ ထသွားအောင်လို့ ဆိုပြီးတော့ လာလုပ်တဲ့သဘောပဲနော်။

မာရ်နတ်ကတော့ ပလ္လင်လုမယ် မထင်ပါဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ သူ့မှာ ပလ္လင်တွေ ပြည့်နေတာပဲ၊ သူက နတ်ပြည် ၆-ထပ်မှာ အမြင့်ဆုံး ပရနိမ္မိတဝသဝတ္တီ ဆိုတဲ့ နတ်ပြည်ကပဲ၊ နတ်မင်းကြီးကို ပုန်ကန်နေတဲ့ နတ်သူပုန်ပေါ့၊ ပရနိမ္မိတဝသဝတ္တီ နတ်ပြည်ဆိုတာ သိကြားမင်းတို့ထက် အထက်အများကြီးကျတာပေါ့၊ နတ်ပြည် ၆-ထပ် ထိပ်ဆုံးမှာနေတဲ့ သူပဲ၊ ဘုရားကို သက်သက် နှောင့်ယှက်တာ၊ ကောင်းတာလုပ်ရင် မကြိုက်တဲ့ နတ်မျိုးပေါ့။

ဒါကြောင့်မို့ ဘုရားအလောင်းတော်ဟာ ဒီကနေ့ တရားထူး တရားမြတ် မရမချင်း ဒီနေရာက မထဘူးလို့ အဓိဋ္ဌာန်လိုက်တဲ့ အချိန်မှာ မထရင် ထအောင်လုပ်မယ်ဆိုတဲ့ အနေနဲ့ လာနှောင့်ယှက်တဲ့ သဘောပေါ့နော်၊ ဒါကိုပဲ ပလ္လင်လုတယ်လို့ ရေးလိုက်တာနဲ့ တူပါတယ်၊ အဲဒီတော့ ဘုရားအလောင်းတော်ဟာ အဲဒီ အဓိဋ္ဌာန်ကို မဖျက်ဘူး၊ မာရ်နတ်ကြီး လာနှောင့်ယှက်ပေမယ့် နောက်ဆုံးမှာ အဓိဋ္ဌာန် အောင်သွားတယ်၊

သမထကျင့်စဉ် ကျင့်ပုံ

ဘုရားဖြစ်တာ ဘာကမ္မဋ္ဌာန်းနဲ့ ဘုရားဖြစ်သလဲဆိုရင် အာနာပါနကမ္မဋ္ဌာန်းနဲ့ ဘုရားဖြစ်တာ၊

ထွက်လေဝင်လေကို ရှုမှတ်တယ်၊ ပထမ သမထကျင့်စဉ်နဲ့ သွားတယ်၊

ညကို သုံးပိုင်းပိုင်းလိုက်တဲ့အခါ ပထမယာမ်မှာ စျာဉ်တွေ အဆင့်ဆင့်တက်သွားပြီး

ပထမစျာန် ရတယ်၊ ဒုတိယစျာန် ရတယ်၊ တတိယစျာန် ရတယ်၊ စတုတ္ထစျာဉ် ရတယ်၊

စတုတ္ထစျာဉ် ရပြီးတော့ ပုဗ္ဗေနိဝါသနုဿတိ အဘိညာဉ်ကို ရတယ်၊

ဒီအဘိညာဉ်က အတိတ်ဘဝကို ပြန်ပြီးတော့ ကြည့်နိုင်တဲ့အစွမ်းရှိတဲ့ ပညာမျိုးဖြစ်တယ်။

‘မဇ္ဈိမယာမ်’ လို့ခေါ်တဲ့ သန်းခေါင်ယာမ် ရောက်တဲ့အခါ ခြားကွယ်နေတဲ့ နေရာတွေ၊ ဝေးလံတဲ့ နေရာတွေမှာ ရှိတဲ့ သာမန်ပုဂ္ဂိုလ်တွေ မမြင်နိုင်တဲ့ အရာတွေကို မြင်နိုင်စွမ်းတဲ့ ထူးခြားတဲ့ မျက်စိတစ်မျိုး အမြင်တစ်မျိုးကို ရရှိလာတယ်၊

ဒိဗ္ဗစက္ခုဉာဏ် လို့ခေါ်တယ်၊ ဒီအချိန်မှာ ဘုရားမဖြစ်သေးဘူး၊ သမထကျင့်စဉ်အရ အစွမ်းသတ္တိတွေ ထက်တာပဲ ရှိသေးတယ်။

ဝိပဿနာကျင့်စဉ်ကူးပုံ

နောက်ဆုံး ‘ပစ္ဆိမယာမ်’ ရောက်တဲ့အခါကျတော့မှ အာသဝက္ခယအဘိဉာဏ် ဆိုတာကို ရတယ်၊

ဒီကျတော့ သမထကျင့်စဉ်နဲ့ သွားတာမဟုတ်တော့ဘူး၊ ဝိပဿနာကျင့်စဉ်ဘက် ကူးသွားပြီ၊

နောက်ဆုံးယာမ်မှာ အာနာပါန စတုတ္ထစျာန်ကနေ ထပြီး ထိုအာနာပါန စတုတ္ထစျာန်မှာရှိတဲ့ သဘာဝတရားတွေကို

မမြဲတဲ့သဘော ဆင်ခြင်တယ်၊ ဆင်းရဲတဲ့သဘောကို ဆင်ခြင်တယ်၊ အစိုးမရတဲ့ သဘောကို ဆင်ခြင်မိတယ်၊

အနိစ္စ, ဒုက္ခ, အနတ္တဆိုတဲ့ လက္ခဏာသုံးရပ်တင်ပြီးတော့ ဆင်ခြင်တဲ့ ဝိပဿနာဉာဏ်တွေ အဆင့်ဆင့်ဖြစ်လာတယ်၊ အဆင့်ဆင့်ဖြစ်ပြီးတော့ အရုဏ်မတက်ခင် အချိန်လေးအတွင်းမှာပဲ ဝိပဿနာဉာဏ် အဆင့်ဆင့်ကနေပြီး ပထမ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်ရတယ်၊ သောတာပန်ဖြစ်တယ်ပေါ့၊ သောတာပန်ဖြစ်ပြီနောက် ဆက်တိုက်ပဲ သကဒါဂါမ်၊ အနာဂါမ်ဖြစ်ပြီး ဝိပဿနာဉာဏ်ကို အဆင့်ဆင့် မြှင့်တင်လိုက်လိုက်တဲ့အခါ နောက်ဆုံး အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ဆိုတဲ့ ဉာဏ်ကိုရတယ်၊ ရပြီး အရုဏ်လည်းတက်ရော သဗ္ဗညုတဉာဏ်တော်ကြီးကိုပါ တွဲဖက် ပါလာပြီးတော့ ဘုရားအဖြစ်သို့ရောက်သွားတယ်။

ဝိဇ္ဇာဉာဏ် ၃-ပါး

ဒီနေရာမှာ “ပု-ဒိ-အာ ဝိဇ္ဇာဉာဏ်သုံးပါး” ကို သိရမယ်၊ ‘ပု’ ဆိုတာ ပုဗ္ဗေနိဝါသနုဿတိဉာဏ်၊ ‘ဒိ’ ဆိုတာ ဒိဗ္ဗစက္ခုဉာဏ်၊ ‘အာ’ ဆိုတာ အာသဝက္ခယဉာဏ်၊ ကိလေသာအာသဝတွေ ကုန်သွားတယ်၊

အချို့က ဘုရားဆိုတာ သောတာပန် မဖြစ်ဘဲနဲ့ ဘုရားတန်းဖြစ်တယ်လို့ ထင်နေကြတယ်၊ အဲဒီလို ကျော်လို့ မရဘူးနော်၊ သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်၊ အဲဒီ အခိုက် အတန့်ကို သောတာပန် ခေါ်တာ၊ ပြီးရင် သကဒါဂါမိမဂ်, သကဒါဂါမိဖိုလ်၊ ဝိပဿနာရှုနည်းနဲ့ပဲ တက်သွားရတာ၊ ပြီးတဲ့အခါ အနာဂါမိမဂ်, အနာဂါမိဖိုလ်၊ နောက်ဆုံးကျတော့မှ အရဟတ္တမဂ်, အရဟတ္တဖိုလ်ရောက်တယ်။

ဘုန်းကြီးတို့ ဇူလိုင်လတုန်းက စင်္ကာပူသွားပြီး အဘိဓမ္မာသင်တန်း ပို့ချပေးတယ်၊ အဲဒီမှာ ဒကာတစ်ယောက်က internet ကနေ ထုတ်ပြီးတော့ ဆောင်းပါးတစ်ပုဒ်ကို ဘုန်းကြီးဆီ ပို့ပြီး မေးခွန်း မေးထားတယ်၊ ဆောင်းပါးရေးတဲ့ ကိုယ်တော်ကတော့ မလေးရှားက ဘုန်းကြီးတစ်ပါး၊ အဲဒီဘုန်းကြီးက internet မှာ တင်ထားတယ်၊ ဘာတွေ ရေးထားလဲဆိုတော့ သောတာပန်မဖြစ်ဘဲနဲ့ သကဒါဂါမ် ဖြစ်တာလည်း ရှိတယ်၊ သကဒါဂါမ် မဖြစ်ဘဲနဲ့ အနာဂါမ်ဖြစ်တာလည်း ရှိတယ်၊ အနာဂါမ်မဖြစ်ဘဲနဲ့ ရဟန္တာကျော်ပြီးတော့ ဖြစ်တာလည်း ရှိတယ် ဆိုပြီးတော့ သုတ္တန်ပါဠိတွေ ကိုးကားထားလေရဲ့။

သုတ္တန်ပါဠိတော်တွေမှာ ‘ဥဂ္ဂသုတ်’ ဆိုတာ ရှိတယ်၊ အဲဒီသုတ်မှာ ဥဂ္ဂသူကြွယ်က သူ အနာဂါမ်ပါလို့ ပြောတာ၊ အဲဒါကို မလေးရှားဘုန်းကြီးက အဓိပ္ပာယ် ဘယ်လိုကောက်တုန်း ဆိုရင် ဒီ ဥဂ္ဂသုတ္တန်ကို ထောက်လို့ရှိရင် ဒီ ဥဂ္ဂဆိုတဲ့ ဒကာကြီးဟာ သောတာပန်လည်း မဖြစ်ဘူး၊ သကဒါဂါမ်လည်း မဖြစ်ဘူး၊ အနာဂါမ် တန်းဖြစ်တယ်လို့ သူက အဲဒီလို ယူဆတယ်၊ ဒီလို အယူအဆ မှားယွင်းတာတွေက ရှိတက်တယ်။

မြတ်စွာဘုရားတောင်မှပဲ စတုမဂ္ဂပဋိပါဋိယာ မဂ် ၄-ပါး အစဉ်နဲ့ တက်ရတယ်၊ ဘုရားတောင် ဘုရားတန်းဖြစ်တာ မဟုတ်ဘူး၊ မဂ် ၄-ပါးဆိုတာ ကျော်လို့ မရဘူး၊ ဒါကြောင့်မို့ ‘အံ့ဖွယ်ရှစ်ဖြာ သာသနာ’ ဆိုတဲ့အထဲမှာ ‘န အာယတကေနေဝ အညာ ပဋိဝေဓာ’ တဲ့၊ စစချင်း အရဟတ္တဖိုလ်ကို ဆိုတာ မဖြစ်နိုင်ဘူးတဲ့၊ အနုပုဗ္ဗပဋိပဒါ အစဉ်အတိုင်း ကျင့်ရမယ်၊ အနုပုဗ္ဗသိက္ခာ အစဉ်အတိုင်း သင်ယူရမယ်၊ အစဉ်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ပြီးတော့မှ နောက်ဆုံး အရဟတ္တဖိုလ် ဆိုတာ ရောက်တာပါ။

ဘယ်အရာပဲဖြစ်ဖြစ် အခု လောကီပညာတွေရော မူလတန်းကပဲ စတာပဲ မဟုတ်လား၊ မူလတန်း အရည်အချင်း မရှိဘဲ အလယ်တန်းတက်လို့ ဘယ်ရမလဲ၊ အလယ်တန်း အရည်အချင်း မရှိဘဲနဲ့ အထက်တန်း မရောက်ဘူး၊ ဒါ အရည်အချင်းကို ပြောတာ၊ စာမေးပွဲ အောင်တာ, မအောင်တာ ပြောတာ မဟုတ်ဘူး၊ စာမေးပွဲဆိုတာတော့ တခြားနည်းနဲ့ အအောင်ပေးလို့ ရတာပဲ။

ဒီတော့ အခု သောတာပန်ဖြစ်တယ်၊ သကဒါဂါမ်ဖြစ်တယ် ဆိုတာ certificate ပေးတာ မဟုတ်ဘူး၊ အရည်အချင်းကို ပြောတာ၊ အဲဒီတော့ သောတာပန် အရည်အချင်း မရှိဘဲ သကဒါဂါမ် မဖြစ်ရဘူး၊ သကဒါဂါမ် မဖြစ်ဘဲ အနာဂါမ် တက်လို့ မရဘူး၊ အနာဂါမ် အရည်အချင်း မရှိဘဲ ရဟန္တာမဖြစ်နိုင်ဘူးတဲ့၊ ဒါက ဖားများလို ခုန်သွားလို့ မရဘူး။

ဒါလည်း သတိပြုစရာပဲ၊ နောင်ကျလို့ ရှိရင် စာပေမစုံလင် မနှံ့စပ်တဲ့ ပုဂ္ဂိုလ်တွေက အလွယ်တကူနဲ့ သောတာပန်ဖြစ်တာတို့၊ သကဒါဂါမ်ဖြစ်တာတို့၊ အနာဂါမ်ဖြစ်တာတို့ ဒါမျိုးတွေ ပေါ်လာနိုင်တယ်၊ လောကမှာ လူတွေကလည်း အလွယ်ကြိုက်တဲ့ လူတွေဆိုတော့ ခုန်လို့ ကျော်လို့ရရင်တော့ မိုးထိအောင်တောင် ခုန်ချင် ခုန်ဦးမှာပဲနော်။

ဘုရားဖြစ်တဲ့နေ့

မြတ်စွာဘုရားတောင်မှပဲ အာနာပါနစျာန်ကို ပထမ သမထကျင့်စဉ်နဲ့ အောင်မြင်အောင်လုပ်ပြီး ဒုတိယ ဝိပဿနာကူး၊ ကူးပြီးတော့ ညဦးယာမ် ဟိုဘက်ကျော်တဲ့ အခါမှာ မိုးသောက်ယာမ် ရောက်ခါနီးကျတော့မှ မြတ်စွာဘုရားဟာ ဝိပဿနာဉာဏ် အဆင့်ဆင့်နဲ့ သောတာပတ္တိမဂ်, သောတာ ပတ္တိဖိုလ်၊ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ်၊ အနာဂါမိဖိုလ်လို့ဆိုတဲ့ မဂ်ဖိုလ်အဆင့်ဆင့် တက်ပြီး နောက်ဆုံးမှာ အရဟတ္တမဂ်, အရဟတ္တဖိုလ်ဆိုတာကို ရတယ်၊ အရုဏ် တက်လိုက်တာနဲ့ တပြိုင်နက် ဘုရားအဖြစ်သို့ ရောက်သွားတယ်၊

အဲဒီတော့ မြတ်စွာဘုရား ဘုရားဖြစ်တာဟာ လောကီနည်းနဲ့ ပြောမယ်ဆိုရင် လပြည့်ကျော် ၁-ရက်နေ့မှ ဘုရားဖြစ်တယ်လို့ ပြောရမယ်၊ ဘာဖြစ်လို့တုန်းဆို ကဆုန်လပြည့် သန်းခေါင်မှာ ၂၄-နာရီ ပြည့်သွားပြီ၊ သန်းခေါင်ကျော်လို့ ရှိရင် လပြည့်ကျော်ဖြစ်သွားပြီ။ အရုဏ်တက်တာနဲ့ တပြိုင်နက် ဘုရားဖြစ်တယ်လို့ ဆိုတော့ လပြည့်နေ့ ကုန်ဆုံးပြီး လပြည့်ကျော် ၁-ရက်အကူးကို ရောက်သွားတယ်လို့ ဒီလိုပြောတာပေါ့၊ အဲဒီတော့ ကဆုန်လပြည့်နေ့မှာ ဘုရားဖြစ်တယ်ဆိုတာ ကဆုန်ပြည့်နေ့ ညမှာတရားကို အောင်အောင် မြင်မြင် ကျင့်ပြီးတော့ လပြည့်ကျော် ၁-ရက် အရုဏ်တက် မိုးမလင်းခင်အကူးမှာ ဘုရားဖြစ်တယ်လို့ ဒီလိုမှတ်ရမယ်။

လောကုတ္တရာနည်း၊ ဗုဒ္ဓရဲ့ ဝိနည်းကျမ်းအလို ဆိုရင် အရုဏ်တက်မှ တစ်ရက်ခေါ်တယ်၊ အရုဏ်ဆိုတာ “အာရုဏောကိဉ္စိ ရတ္တောထ” နံနက် မိုးသောက်ချိန်မှာ နေမထွက်ခင် ရှေ့ပြေးအနီရောင်နုလေးကို ‘အရုဏ်’ လို့ ခေါ်တယ်၊ ဗမာတွေကတော့ လွယ်လွယ်ကူကူ အာရုံ၊ အာရုံနဲ့ ခေါ်ကြတာ၊ လူတွေခေါ်နေတဲ့ အာရုံဆိုတာက စိတ်ရဲ့ ပျော်မွေ့ရာလို့ ဒီလို အဓိပ္ပါယ် ရတယ်၊ ဘုန်းကြီးတွေ မနက်ဘုဉ်းပေးနေတဲ့ အရုဏ်ဆွမ်း ဆိုတာက ‘အရုဏ’၊ ‘ဏ’ ကြီးနဲ့ သတ်ပြီး ရေးတာ၊ အရုဏ်ဆိုတာ ခုနက နီထွေးနေတဲ့ အရောင်လေးပေါ်လာတဲ့ အချိန်ကာလကို ဖော်ပြတယ်၊ အဲဒီတော့ အဓိပ္ပါယ် မတူဘူး၊ အာရုံဆွမ်း မဟုတ်ဘူး၊ အရုဏ်ဆွမ်း၊ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံဆိုတာ စိတ်ရဲ့ ပျော်မွေ့ရာ အာရုံ၊ ဒီလို အဓိပ္ပါယ်ခြင်း ကွာခြားပါတယ်။

အာရမ္မဏ ဆိုတဲ့ စကားလုံးကို ကြည့်ပြီး အာရုံလို့ ပြန်တယ်၊ အရုဏဆိုတဲ့ စကားလုံးကိုကြည့်ပြီး အရုဏ်လို့ ပြန်တယ်၊ သို့သော် အလွယ်ခေါ်လိုက်တဲ့အခါ အာရုံဆွမ်း, နေ့ဆွမ်းနဲ့ ဖြစ်သွားတယ်နော်၊ အဲဒီတော့ အဓိပ္ပါယ်ချင်း မတူဘူးလို့ မှတ်ထား။

ပလ္လင်္ကသတ္တာဟ

မြတ်စွာဘုရားဟာ အခုလို တရားထူး တရားမြတ် ရခဲ့ပါတယ်၊ ဒီ တရားရဖို့ဆိုတာ ကမ္ဘာပေါင်း မြောက်များစွာ လေ့ကျင့်ပြီးတော့ ယူခဲ့ရတယ်၊ ဘဝပေါင်း မြောက်များစွာ စတေးပြီးတော့ ဖြည့်ကျင့်လာခဲ့ရတယ်။

ဒီ အရည်အချင်းတွေ ဒီကနေ့ ပြည့်ပြည့်ဝဝ ရပြီလို့ ဆိုတယ်၊ ဝမ်းသာအားရ ထိုပလ္လင်မှာပဲ ဆက်ပြီးတော့ ဘုရားက အကြိမ်ကြိမ် မိမိရဲ့ သန္တာန်မှာ အရဟတ္တဖိုလ် စိတ်တွေ ဖြစ်လာအောင် လုပ်တယ်၊ ဘယ်လို လုပ်တုန်းဆို အရဟတ္တဖိုလ် ဖလသမာပတ် ဝင်စားဖို့ ဝိပဿနာ စပြီးတော့ လုပ်ရတယ်။

မိမိသန္တာန်မှာ ရှိတဲ့ သဘာဝတရားတွေကို ဝိပဿနာရှုလိုက်တဲ့အခါ ဝိပဿနာဉာဏ် အဆင့်ဆင့် တက်သွားပြီး ဖလသမာပတ်အထိ ရောက်ရှိသွားတယ်၊ ဘယ်အခါမှာပဲ ဖလသမာပတ် ဝင်စားဝင်စား၊ ဝိပဿနာလမ်းကြောင်းက သွားရတယ်၊ တခြားလမ်းကြောင်း မရှိဘူး၊ ဝိပဿနာ ရှုလိုက်တဲ့အခါ ထို ဝိပဿနာဉာဏ်စဉ်တွေ တက်သွားပြီး သင်္ခါရုပေက္ခာဉာဏ်ရဲ့ ဟိုဘက်အနုလောမဉာဏ် ရောက်တဲ့အခါကျလို့ ရှိရင် နိဗ္ဗာန်ကို အာရုံပြုပြီး ဖလသမာပတ်ဆိုတာ ပေါ်လာတယ်၊ စိတ်ကလည်း အလွန် သိမ်မွေ့တယ်၊ အာရုံကလည်း အလွန် သိမ်မွေ့တယ်။

အဲဒီလို မြတ်စွာဘုရားဟာ ဘုရားဖြစ်ပြီး ၇-ရက်တိုင်တိုင် အဲဒီ မြတ်ခင်းလေးပေါ်မှာပဲ ဆက်ထိုင်ပြီး ဖလသမာပတ်ချမ်းသာ ခံစားပြီးတော့နေတယ်၊ အဲဒါကို ပလ္လင်္ကသတ္တာဟ လို့ ခေါ်တယ်၊ ဗောဓိသတ္တာဟ လို့လည်း ခေါ်တယ်၊ ၇-ရက် ၇-လီ အဲဒီ နေရာမှာ မထမပြောင်းဘဲနဲ့ သမာပတ်ဝင်စားပြီး ဆက်ပြီတော့ နေတယ်ပေါ့။

အနိမိသသတ္တာဟ

၇-ရက်ပြည့်တဲ့အခါကျတော့ ဘာတွေးမိလဲလို့ ဆိုရင် -

“ဩော် - ဒီနေရာလေးဟာ ငါ့အတွက် အလွန် ကျေးဇူးများတာပဲ၊

ငါ့သန္တာန်မှာရှိတဲ့ ကိလေသာ အာသဝေါတွေ ကုန်ပြီးတော့ အသိဉာဏ်ထူးကို ရတဲ့နေရာလေးပဲ” ဆိုပြီးတော့

နေရာလေးကို တန်ဘိုးထားတဲ့အနေနဲ့ မြတ်စွာဘုရားဟာ ပလ္လင်တော်ကနေ ခပ်လှမ်းလှမ်း ခွါပြီး ထိုနေရာလေးကို စိုက်ပြီးတော့ ကြည့်နေတာ ၇-ရက်။

သဘောက လူတွေမှာ အမှတ်တရဆိုတာ ရှိတက်တယ်နော်၊ ခုခေတ်တောင် တို့ငယ်ငယ်တုန်းက နေခဲ့တဲ့နေရာလေး၊ တို့ငယ်ငယ်တုန်းက ကစားခဲ့တဲ့ နေရာလေးဆို အမှတ်တရလေး လုပ်ကြတယ် မဟုတ်လား၊ လူတွေက တို့မွေးခဲ့တဲ့ နေရာဆိုပြီး အမှတ်တရ ထားကြတယ်။

မြတ်စွာဘုရားရှင်အဖို့ ဗောဓိဉာဏ်ရတဲ့ နေရာလေးဟာ သိပ်ပြီး အမှတ်တရ ထားထိုက်တာပေါ့၊ ဘာဖြစ်လို့တုန်းဆို ဒီနေရာမှာ ကိလေသာ အာသဝေါတွေ ကုန်ခန်းအောင် လုပ်နိုင်ခဲ့တယ်၊ ဒီနေရာလေးမှာ သူ့ရဲ့ ရည်ရွယ်ချက်တွေ အထမြောက်အောင် လုပ်နိုင်ခဲ့တယ်ဆိုတော့ အလွန် အမှတ်တရထားရမယ့် နေရာလေးဖြစ်လို့ ၇-ရက်တိတိ ဘုရားရှင်ဟာ မမှိတ်သော မျက်လုံးနဲ့ စိုက်ပြီးတော့ ကြည့်ပြီးနေခဲ့တယ်၊ ‘အနိမိသသတ္တာဟ’ အနိမိသကုန်းတော်လို့ ခုခေတ်ခေါ်ကြတယ်၊ ကျေးဇူးတင်တဲ့ အနေနဲ့ကြည့်တဲ့သဘောမျိုး၊ ဝမ်းသာအားရ ကြည့်တဲ့ အကြည့်မျိုး၊ ဒါကို နတ်တွေက တလွဲထင်ကြတယ်၊ ဒီနေရာလေးကို စွဲမက်လို့ တခြားကို မခွါနိုင်လို့ ဒီနားနေတယ် အထင်လွဲကြတယ်၊ ဒီလို မဟုတ်ဘူးနော်။

ကျေးဇူးတင်ထိုက်တယ်ဆိုတာ ရှိတယ်၊ ကျေးဇူးတရား သတိတဲ့ပုဂ္ဂိုလ်ဟာ ကြံဖန်ပြီး ကျေးဇူးတင်တယ်၊ ကျေးဇူးတင်ရမယ် ဆိုတဲ့ အထဲမှာ ပါတယ်လေ။

ယဿ ရုက္ခဿ ဆာယာသ၊

နိသီဒေယျ သယေယျ ဝါ၊

န တဿ သာခံ ဘေဉ္ဇယျ၊

မိတ္တဒုဗ္ဘော ဟိ ပါပကော။

မိတ်ဆွေကို ပြစ်မှားတာ, ကျေးဇူးကန်းတာ မကောင်းဘူးတဲ့၊ လူကို မပြောနဲ့၊ အင်မတန်မှ ပင်ပန်းနွမ်းနယ်ပြီးတော့ ပူလွန်းလို့ သစ်ပင်ရိပ်ကလေးမှာ အရိပ်ခိုပြီးလို့ ရှိရင် အဲဒီသစ်ပင်ကို မချိုးဖဲ့ရဘူး၊ ချိုးဖဲ့ဖို့ မတော်ဘူးတဲ့၊ ဒီလိုပြောတယ်နော်။

ကျေးဇူးဆိုတာ သိတက်ရတယ်လို့ပြောတာ၊ လူကို မပြောနဲ့၊ သစ်ပင်တောင် အရိပ်ခိုဖူးလို့ ရှိရင် ထိုသစ်ပင်ရဲ့ အကိုင်းအခက်ကို မချိုးကောင်းဘူးတဲ့၊ ဘာဖြစ်လို့တုန်းဆိုရင် မိတ်ဆွေကို ပြစ်မှားတယ်ဆိုတာ အလွန်ဆိုးပါတယ်တဲ့။ မြတ်စွာဘုရားလည်း ဒီနေရာလေးကို တန်ဖိုးထားတဲ့အနေနဲ့ ၇-ရက်တိတိ ကြည့်တယ်၊ မမှိတ်မသုန်သော မျက်လုံးနဲ့ ကြည့်တယ်၊

စင်္ကမသတ္တာဟ

ပြီးတဲ့အခါကျတော့ ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်အောင်လို့ဆိုပြီးတော့ တရားဓမ္မ နှလုံးသွင်းရင်း ၇-ရက်တိုင်တိုင် စင်္ကြံလျှောက်တယ်၊ “စင်္ကမသတ္တာဟ” လို့ခေါ်ကြတယ်၊ ဗုဒ္ဓဂယာ ဘုရားဖူးသွားတဲ့ ပုဂ္ဂိုလ်တွေ ဒီအမှတ်အသားတွေ တွေ့ကြမှာပေါ့။ အဲဒီလို အားလုံးပေါင်းလိုက်တော့ ဘုရားဖြစ်တာ ၂၁-ရက် ရှိသွားပြီ၊ ၂၁-ရက် ကုန်သွားပြီ။

ရတနဃရ သတ္တာဟ

စင်္ကြံလျှောက်ပြီးတော့ ၂၂-ရက်ကနေ စပြီးတော့ ၂၈-ရက် ထိအောင် ဘာလုပ်သလဲ လို့ဆိုရင် ဗောဓိပင်ရဲ့ အနောက်မြောက်ဘက်မှာ ဟောဒီ အဘိဓမ္မာတရားကို ဆင်ခြင်ပြီး နေခဲ့တယ်၊ ဒီပြင်တရားတွေ သုတ္တန်တရားတွေ ဓမ္မစကြာ အနတ္တလက္ခဏ စတဲ့သုတ်တော်တွေ ဆင်ခြင်တယ်လို့ မှတ်တမ်းမရှိဘူး၊ ဟောဒီ အဘိဓမ္မာ ၇-ကျမ်းကို မြတ်စွာဘုရားရှင်ဟာ အလေးအနက် နှလုံးသွင်း ဆင်ခြင်တယ်တဲ့။

အဘိဓမ္မာရဲ့ သဘာဝတရားတွေကို ဆင်ခြင် စဉ်းစားပြီးတော့ အဘိဓမ္မကို အမျိုးမျိုး ခွဲခြမ်းစိတ်ဖြာကြည့်တယ်၊ ခုခေတ်နဲ့ဆိုရင် analyze လုပ်တယ်ပေါ့၊ ခွဲခြမ်းစိတ်ဖြာ classify လုပ်တယ်၊ နည်းအမျိုးမျိုးနဲ့ သဘာဝတရားတွေကို အစုလိုက် အစုလိုက် ခွဲခြမ်းစိတ်ဖြာ လေ့လာ ဆင်ခြင်ပြီး သုံးသပ်နေတာ ၇-ရက်ကြတယ်၊ အဲဒါကို ‘ရတနဃရ သတ္တာဟ’ လို့ ခေါ်တယ်။

ရတန ဆိုတာ အဘိဓမ္မာ ၇-ကျမ်းကို ရည်စူးပြီး ခေါ်တယ်၊ အလွန် နှစ်သက်စရာကောင်းတဲ့ ရတနာနဲ့ အလားတူတဲ့ ‘အဘိဓမ္မာ တရားတော်တွေကို ဆင်ခြင်တဲ့ စံကျောင်း’ လို့ အဓိပ္ပာယ်ရတယ်၊ နတ်တွေက ဖန်ဆင်းပေးထားတဲ့ ‘ဃရ’ စံကျောင်းကလေးထဲမှာ ဘုရားရှင်ကိုယ်တော်မြတ်ဟာ ၇-ရက် တိတိ အဘိဓမ္မာတရားကို ဆင်ခြင်ခဲ့တယ်တဲ့။

အဘိဓမ္မာ ၇-ကျမ်း ဆင်ခြင်ပုံ

အဲဒီလို ဆင်ခြင်တာ အဘိဓမ္မာ ၇-ကျမ်းလို့ ဆိုတော့ ပထမဆုံးကျမ်းကို ‘ဓမ္မသင်္ဂဏီ’ လို့ ခေါ်တယ်။ ဓမ္မ ဆိုတာ သဘာဝတရားတွေကို သင်္ဂဏီ ဆိုတာ အစုလိုက် အစုလိုက် စုပြီးတော့ ဖော်ပြတဲ့ကျမ်း။ စိတ်အကြောင်းက တစ်စု၊ ရုပ်အကြောင်းက တစ်စု၊ နှစ်စု မာတိကာ၊ သုံးစု မာတိကာတွေကို အကျယ်ချဲ့ပြီးတော့ ရှင်းလင်းပြတာက တစ်စု၊ အဲဒါတွေကို အဓိပ္ပာယ် ဖွင့်ဆိုပြတာက တစ်စုဆိုပြီးတော့ ၄-စုကို ၄-ကဏ္ဍခွဲပြီးတော့ ဓမ္မသင်္ဂဏီကျမ်းကို မြတ်စွာဘုရားက ဆင်ခြင်တော်မူခဲ့တယ်။

အဓိက ဓမ္မသင်္ဂဏီကျမ်းမှာ ဟောတော်မူခဲ့တာ ရုပ်နဲ့စိတ်ပဲ။ စိတ်လို့ဆိုတဲ့ အထဲမှာ စေတသိတ်လည်း ပါတယ်လို့ မှတ်ရမယ်။ စိတ်နဲ့ ရုပ်နဲ့ အဓိကထားပြီး ဆင်ခြင်သုံးသပ်တော်မူတယ်။

ပြီးတဲ့အခါကျတော့ ဝိဘင်္ဂလို့ခေါ်တဲ့ ‘ဝိဘင်းကျမ်း’။ ဝိဘင်းကျမ်းမှာ အပိုင်း ၁၈- ပိုင်းရှိတယ်။ ခန္ဓာပိုင်း၊ အာယတနပိုင်း၊ ဓာတ်ပိုင်းစတဲ့ အပိုင်း ၁၈-ပိုင်းကို သုတ္တန်နည်း၊ အဘိဓမ္မာနည်း နည်းမျိုးစုံ မြတ်စွာဘုရား ဆင်ခြင်သုံးသပ်တယ်။

သဘာဝတရားတွေ ဆင်ခြင် စဉ်းစားတဲ့အခါမှာ သဘာဝတရားတွေနဲ့ ဆက်စပ်ပြီး ဖြစ်နေတဲ့ ပညတ်သဘောတွေကို ဆင်ခြင်စဉ်းစားတယ်။ ပညတ် ၆-မျိုး ခွဲလိုက်တယ်။ ခန္ဓပညတ်၊ အာယတနပညတ် စသည်ဖြင့် ပညတ်တွေ ခွဲပြီး နောက်ဆုံးမှာ ပုဂ္ဂလပညတ်တဲ့။ တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ ဆက်စပ်လာတဲ့ ပုဂ္ဂိုလ်တွေ အသေးစိတ်ခွဲပြီး ရှင်းလင်း ဖော်ပြတဲ့ တရားကို ‘ပုဂ္ဂလပညတ်ကျမ်း’ လို့ ခေါ်တယ်။ ဓမ္မသင်္ဂဏီ ကျမ်းရယ်၊ ဝိဘင်းကျမ်းရယ်၊ ဓာတုကထာကျမ်းရယ်၊ ပုဂ္ဂလပညတ်ကျမ်းရယ် ဆိုပြီး အဘိဓမ္မာ ၄-ကျမ်း။

နောက်ပြီးတဲ့အခါကျ ‘ကထာဝတ္ထုကျမ်း’ ကို ဆင်ခြင်တယ်။ ကထာဝတ္ထုဆိုတာ ပြောစရာ ဆိုစရာတွေ၊ ဆွေးနွေးမေးမြန်းကြတာတွေ၊ အယူဝါဒ ကွဲပြားကြတာတွေ အငြင်းအခုံ ဖြစ်စရာ points တွေပေါ့။ ကထာဝတ္ထုကျမ်းကြီးကို အင်္ဂလိပ်ဘာသာပြန်တဲ့သူက မြန်မာပြည်က ယဇ်မျိုးမင်းကြီး ဦးရွှေစံအောင်။ ဘာသာပြန်တဲ့ကျမ်းကို “The Points of Controversy” ခေါ်တယ်။ အငြင်းပွားစရာ အချက်အလက်တွေကို စုပြီးတော့ အဲဒီ အယူဝါဒ အငြင်းပွားမှုတွေရဲ့ သဘာဝအမှန်ကို ဆုံးဖြတ်ပေးနိုင်တဲ့ ကျမ်းမျိုးကို ကထာဝတ္ထုကျမ်းလို့ ခေါ်တယ်။

ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာအောင် လေ့ကျင့်တဲ့ သဘောအနေနဲ့ သဘာဝတရားတွေရဲ့ စကားလုံးတွေ၊ ဝေါဟာရတွေ၊ ထိုသဘာဝတရားတွေနဲ့ ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ ထိုသဘာဝတရားတွေရဲ့ သဘာဝအခြေအနေတွေကို မေးခွန်းမျိုးစုံ ထုတ်ပြီးတော့ မေးလိုက် ဖြေလိုက်၊ အမေးအဖြေ အစုံလိုက် အစုံလိုက် ဟောတဲ့ တရားကိုတော့ ‘ယမကကျမ်း’ လို့ ခေါ်တယ်။ ယမကဆိုတာ အစုံ။ အတိအကျ သတ်မှတ်ထားပြီး သေချာတဲ့ အရာကို သန္နိဋ္ဌာန် လို့ ခေါ်ပြီးတော့၊ ဟုတ်သလား မဟုတ်ဘူးလားလို့ မေးမြန်းစရာဖြစ်တဲ့ အရာကျတော့ သံသယ လို့ ခေါ်တယ်။ အဲဒီလို သန္နိဋ္ဌာန်နဲ့ သံသယ အစုံ၊ အမေးနဲ့ အဖြေ အစုံ၊ ဒီလို အစုံလိုက် ဟောသွားတဲ့ကျမ်းက ယမိုက်ကျမ်းတဲ့။

ဒီကျမ်းက ၁၀-ကျမ်းရှိတယ်။ မူလဆိုတဲ့ သဘာဝတရားတွေရဲ့ အရင်းမြစ်နဲ့ ပတ်သက်တာက ၁-ကျမ်း၊ ခန္ဓာလို့ဆိုတဲ့ ခန္ဓာငါးပါးနဲ့ ပတ်သက်တာက ၁-ကျမ်း၊ အာယတနဆိုတာတွေနဲ့ ပတ်သက်တာက ၁-ကျမ်း စသည်ဖြင့် ယမကလို့ခေါ်တဲ့ ယမိုက်ကျမ်းဟာ ၁၀-ကျမ်း ရှိတယ်။ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်အောင် ဆိုပြီးတော့ တစ်ခုချင်း တစ်ခုချင်း အသေးစိတ် မေးခွန်းပုစ္ဆာပေါင်း မြောက်များစွာနဲ့ အဖြေလွှာတွေကို ထုတ်ပြတဲ့ကျမ်းကို ‘ယမိုက်ကျမ်း’ လို့ ခေါ်တယ်။

မြတ်စွာဘုရားဟာ ဘုရားဖြစ်ပြီး ၂၂-ရက် နေ့ကစပြီးတော့ အဲဒီ ရက်တစ်ပတ်လုံး အဘိဓမ္မာသဘာဝတရားတွေကို ဆင်ခြင်တယ်။ ဒီရက်ပတ်ဟာ ဆင်ခြင် တွေးတောနေတဲ့ ရက်သတ္တပတ်တဲ့။ ဓမ္မသင်္ဂဏီကျမ်းကို ဆင်ခြင်တယ်။ လွယ်လွယ်ကူကူနဲ့ ဆင်ခြင်လို့ ရတယ်။ ဝိဘင်းကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ်ကျမ်း၊ ကထာဝတ္ထုကျမ်း၊ ယမိုက်ကျမ်းကို ဆင်ခြင်တယ်။ မြတ်စွာဘုရား ဉာဏ်တော်နဲ့ ဆိုရင် ဒါလေးတွေက အလွယ်ကလေး။ အလွယ်လေးတွေဆိုတော့ အခက်အခဲ မရှိဘူး။ သိပ်ပြီး ပီတိ မဖြစ်လှဘူး။ မြတ်စွာဘုရားအဖို့ လွယ်လွန်းနေတယ်တဲ့။

ဒီမှာ နောက်ဆုံးဖြစ်တဲ့ သိပ်ပြီးကျယ်ဝန်းတဲ့ ‘ပဋ္ဌာန်းကျမ်းကြီး’ ကို ဆင်ခြင်လိုက်တဲ့ အခါကျတော့မှ အသိဉာဏ်နဲ့ တွေးတောစရာ အာရုံတွေဟာ အံဝင်ခွင်ကျ ဖြစ်သွားတယ်။ ပဋ္ဌာန်းကျမ်းကြီးက အလွန်ကျယ်ဝန်းတယ်။ အဋ္ဌကထာ ဆရာကြီးက ဥပမာ ပေးထားတယ်၊ အင်မတန် ကြီးမားတဲ့ ဝေလငါးကြီးတွေဟာ ပင်လယ်ထဲမှာသာလျှင် လူးလွန့် လှုပ်ရှားပြီးတော့ ကစားနိုင်ကြတယ်တဲ့။ ကျဉ်းမြောင်းတဲ့ မြစ်ချောင်း အင်းအိုင်တွေ ထဲမှာဆို သူတို့ ခန္ဓာကိုယ်ကြီးနဲ့ဆို မဆန့်ဘူးတဲ့။

မြတ်စွာဘုရား ဉာဏ်တော်ကြီးဟာလည်း ပဋ္ဌာန်းကျမ်းကြီးထဲ ကျမှ စိတ်တိုင်းကျ အားပါးတရ လူးလွန့်ပြီး ကွန့်မြူးဆင်ခြင် တွေးတောလို့ ရတယ်။ ကျန်တဲ့ ကျမ်းတွေက နည်းနည်းကျဉ်းနေတယ်ပေါ့။

ရောင်ခြည်တော်တွေ

ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင်တဲ့အခါကျတော့ စိတ်က ပိုပြီးတော့ ပျော်လာတယ်၊ သိစရာတွေကလည်း အများကြီး၊ လူများလိုပေါ့၊ တစ်ခါတလေ ကျဉ်းကျဉ်းကျပ်ကျပ် နေရာကနေပြီးတော့ လွင်ပြင်ကြီး ရောက်သွားတဲ့အခါ စိတ်တွေက လွတ်လပ်သွား သလိုပဲ မြတ်စွာဘုရားရဲ့ အသိဉာဏ်ဟာလည်း ပဋ္ဌာန်းကျမ်းကြီး ရောက်တဲ့အခါကျတော့ တကယ့် လွင်ပြင်ကြီးထဲ ရောက်သွား သလိုပဲ စိတ်ထဲမှာ လူးလွန့် ကျက်စားလို့ အလွန် ကောင်းသွားတယ်၊ အဲဒီလို ကောင်းတော့ စိတ်တော်ဟာ ပိုပျော်ပြီးတော့ ပီတိတွေဖြစ်လာတယ်၊ အဲဒီ ပီတိတွေရဲ့ စွမ်းအားကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ သွေးတွေဟာ ကြည်လင်လာတယ်၊ သွေးတွေက အရောင်ပြောင်းလာပြီး ခန္ဓာကိုယ်ကနေပြီး အရောင်တွေ တဖိတ်ဖိတ် တောက်လာတယ်။

ဒါကြောင့်မို့ ပဋ္ဌာန်းကျမ်းကြီး ဆင်ခြင်တဲ့အခါမှ ရောင်ခြည်တော်တွေ လွှတ်တယ်ဆိုတာ အဲဒါကို ပြောတာနော်၊ သူ့ဟာသူ လွှတ်တာမဟုတ်ဘူး၊ ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင်လိုက်တဲ့အခါ ကျတော့မှ သိပ်ပြီးတော့ ကျေနပ်အားရတဲ့ ပီတိဖြစ်တယ်၊ ထို ပီတိကြောင့် ခန္ဓာကိုယ်က သွေးတွေဟာ စင်ကြယ်လာတယ်အခါ အရောင်က တဖိတ်ဖိတ် တောက်ပြောင်လာသလို၊ ကျောက်ရိုင်းတုံးလေး တစ်တုံးကို သွေးပြီးတော့ အရောင်တင်လိုက် တဲ့အခါကျတော့ တလက်လက် ဖြစ်လာသလိုပဲ ဉာဏ်တော်နဲ့ သွေးပြီးတော့ ကြည့်လိုက်တဲ့ အခါမှာ တစ်ကိုယ်လုံးဟာ အရောင်အဝါတွေ တလက်လက်နဲ့ ဖိတ်ဖိတ် တောက်လာတယ်။

ရောင်ခြည်တော်တွေ လွှတ်တယ်၊ အဲဒီ သတ္တာဟဟာ အင်မတန် ထူးခြားတဲ့ သတ္တာဟတစ်ခုဖြစ်လို့ “ရတနဃရသတ္တာဟ” တဲ့၊ ၇-ရက်တိတိ အဘိဓမ္မာတရားတွေကို ဆင်ခြင်လိုက်တာ နောက်ဆုံး ပဋ္ဌာန်းကျမ်းကြီးကို ရောက်တဲ့အခါ ခန္ဓာ ကိုယ်ကနေ ရောင်ခြည်တော်တွေ ထွက်လာသည်အထိ ဖြစ်လာခဲ့တယ်၊ ဒါ အဘိဓမ္မာဒေသနာရဲ့ ထူးခြားချက်တစ်ခုပဲ၊ မဟောခင်ကတည်းက အဘိဓမ္မာရဲ့ သဘာဝတရားတွေကို မြတ်စွာဘုရားက ကြိုတင် ဆင်ခြင် စဉ်းစားထားပြီးသား ဖြစ်တယ်။

အဘိဓမ္မာ နတ်ပြည်မှာ ဟောရခြင်း

သို့သော် ဒီလောက် လေးနက်တဲ့ သဘာဝတရားတွေကို ရှင်းပြပြီး ခေါင်းစီးတစ်ခုတည်းနဲ့ အင်မတန် ရှည်လျားတဲ့ ဒေသနာတော်ကြီးကို ဟောဖို့ဆိုတာ လူ့ပြည်မှာ မဖြစ်နို်င်ဘူး၊ လူသားတွေဟာ တစ်နေကုန် ထိုင်ဖို့ဆို တော်တော်ခက်မယ်၊ ၃-လတိတိ ထိုင်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး၊ ၁-နာရီ, ၂-နာရီလောက် ထိုင်လိုက်ရင်ပဲ ညောင်းကုန်ပြီလေ။

အဘိဓမ္မာ ခေါင်းစည်းအောက်မှာ အင်မတန် ရှည်လျားတဲ့ တရားကြီး၊ ပဋ္ဌာန်းထိအောင် ဟောရမှာဆိုလို့ရှိရင် အချိန်အားဖြင့် ၃-လလောက် အချိန်ယူရမယ်တဲ့၊ အဲဒီ ၃-လလောက် အချိန်ယူရမယ့်တရား၊ မြတ်စွာဘုရားက ၇-ရက်နဲ့ ဆင်ခြင် စဉ်းစားထားတဲ့ တရားဟာ အတိုင်းအတာ မရှိလောက်အောင် အလွန်ကျယ်ဝန်းတယ်၊ ဒီတရားတွေကို လူ့ပြည်မှာ ဟောလို့မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့တုန်း၊ လူတွေက ကြာရှည်စွာ ထိုင်ပြီးတော့ တရားဆုံးအောင် မနာနိုင်ဘူးတဲ့၊ ဘုရားက တရားဟောနေ ၁-နာရီ, ၂-နာရီ, ၄,၅ နာရီလောက်ဆို ထပြေးကုန်ကြမှာ၊ ရှိမှာ မဟုတ်တော့ဘူး၊ မထိုင်နိုင်ဘူးလေ၊ အဲဒါကြောင့်မို့ အဘိဓမ္မာတရားကို လူ့ပြည်မှာ မဟောဘူး။

တန်ခိုးပြာဋိဟာ

ပထမဆုံး ဓမ္မစကြာတရားဟောတယ်၊ နောက် အနတ္တလက္ခဏသုတ္တန် ဟောတယ်၊ ၇-ဝါမြောက်တဲ့ အခါကျတော့ အဘိဓမ္မာတရားဟောဖို့ အချိန်ကျလာတယ်၊ ဝါဆိုဦးကာလမှာ ရေ,မီးအစုံ တန်ခိုးပြာဋိဟာကို ပြတယ်၊ ရေ,မီးအစုံ တန်ခိုးပြာဋိဟာ လို့ဆိုတာ အားလုံးကြားဖူးကြပါလိမ့်မယ်၊ ထူးမခြားနား သီချင်းကြီးကြားဖူးကြမှာပေါ့၊ လူတွေကန်တော့ ပြောကြတယ်၊ မင်းပြောနေတာ ထူးမခြားနားပါကွာတဲ့၊ တကယ်က ထူးမခြားနားဆိုတာ ထူးတယ်၊ ဒါပေမယ့် တစ်ခုနဲ့တစ်ခု အချိန်ချင်း မကွားခြားဘူးလို့ ဒီလို အဓိပ္ပါယ်ရတယ်။

ရေ,မီးအစုံ တန်ခိုးပြပုံ

ရေးနဲ့မီးဆိုတာ အင်မတန် ဆန့်ကျင်တဲ့ အရာနှစ်ခု မဟုတ်လား၊ ရေနဲ့မီးကို တန်ခိုးပြာဋိဟာ ပြတယ်ဆိုတာ အကျဉ်းချုပ်ပြောလို့ရှိရင်တော့ လက်ယာဘက် မျက်လုံးတော်က ရေတွေ ပန်းထွက်နေတဲ့အချိန်မှာ လက်ဝဲဘက် မျက်လုံးတော်က မီးတွေ ပန်းထွက်နေတယ်၊ အံ့ဩဖွယ် လုပ်ပြရတာ၊ ရေဖြစ်ဖို့ရာအတွက် အာပေါကသိုဏ်း ဝင်စားရတယ်၊ ဒါက moment ချင်း မတူဘူး၊ အချိန်ကာလချင်း ခြားနားတယ်၊ သို့သော် သိပ်လျင်မြန်သည့်အတွက်ကြောင့် တစ်ပြိုင်နက်လို့ ကြည့်တဲ့ပုဂ္ဂိုလ်တွေက ထင်ရတယ်တဲ့၊ အဲဒါ အလွန် အလွန် ထူးခြားပြီးတော့ အချိန်ကာလ မခြားနားသကဲ့သို့ တစ်စပ်တည်း မြင်ရတာကို “ထူးမခြားနား” လို့ ဆိုတာ။

အလွန် ထူးဆန်းတယ်၊ အချိန်ကာလ အကွဲအပြားကို မမြင်ရဘူး၊ အင်မတန် ထူးဆန်းလို့ မြတ်စွာဘုရားရဲ့ လက်ယာမျက်လုံးက နေပြီးတော့ ရေတွေ ပန်းထွက်နေတယ်၊ လက်ဝဲဘက်မျက်လုံးက မီးတွေ ပန်းထွက်နေတယ်၊ ကြည့်တဲ့ ပုဂ္ဂိုလ်က မျက်တောင်လေး တစ်ချက်ခတ်လိုက်တာနဲ့ ရေမီးက တစ်ခါ ညာနဲ့ဘယ် ပြောင်းသွားပြန်တယ်၊ လက်ယာဘတ် နှာခေါင်းတွင်းက နေပြီးတော့ ရေတွေပန်းထွက်နေတယ်၊ လက်ဝဲဘက်က မီးတွေပန်းထွက်နေတယ်၊ မျက်တောင်လေး ခတ်လိုက်တာနဲ့ ရေနဲ့မီးက ဘယ်,ညာ ပြောင်းသွားပြန်ရော၊ အဲဒီလောက် ထူးဆန်းတဲ့ တန်ခိုး ပြာဋိဟာတွေကို ပြတာ၊ ‘ယမကပြာဋိဟာ’ ဆိုတာ ရေ,မီးအစုံ တန်ခိုးပြာဋိဟာ ကို ဆိုလိုတယ်။

အဲဒီလို ရေ မီး အစုံ အစုံ အင်မတန် ထူးဆန်း အံ့ဩဖွယ်ကောင်းတဲ့ တန်ခိုးပြာဋိဟာတွေကို ဝါဆိုလပြည့်နေ့မှာ ပြပြီးတော့ မြတ်စွာဘုရားက အဘိဓမ္မာ တရားဟောဖို့ တာဝတိံသာ ကြွသားတယ်။

အဘိဓမ္မာတရား ဟောတော်မူပုံ

တာဝတိံသာ ရောက်တဲ့အခါကျတော့ သိကြားမင်းကြီးထိုင်တဲ့ ပင်လယ်ကသစ်ပင် အောက်မှာ ခင်းထားတဲ့ ပဏ္ဍုကမ္ဗလာ ကျောက်နေရာမှာ ထိုင်တော်မူတယ်။ အဲဒီ ကျောက်နေရာကြီးက ကျောက်တော့ကျောက်ပဲ၊ ဒါပေမယ့် ကျောက်ပျော့ကြီး၊ အဲဒီအပေါ် ထိုင်လိုက်လို့ရှိရင် အိသွားတယ်၊ ထူးထူးဆန်းဆန်း ကျောက်ပျော့၊ ဘယ်မှာရှိလဲလို့ပြောရင် အဲဒီမှာ ရှိတယ်လို့ ပြောရမယ်၊ ဆိုဖာကြီးလိုပဲ၊ သိကြားမင်းကြီး အဲဒီပေါ် ထိုင်လိုက်လို့ရှိရင် ချက်လောက် ထိအောင် မြုပ်သွားတယ်တဲ့။

အဲဒီလို မြတ်စွာဘုရားက ပဏ္ဍုကမ္ဗလာ ကျောက်ဖျာပေါ်မှာ သီတင်းသုံး ထိုင်နေစဉ် နတ်တွေ ဗြဟ္မာတွေ ရောက်လာကြတဲ့အခါမှာ ဘုရားဖြစ်ပြီး ၂၂-ရက် နေ့ကနေပြီး ရက်သတ္တပတ် ဆင်ခြင်ထားတဲ့ အဘိဓမ္မာတရားတွေကို ခေါင်းစီးတစ်ခုတည်း အောက်မှာထားပြီး အဘိဓမ္မာ ၇-ကျမ်းကို ဟောတယ်တဲ့၊ တစ်ဝါတွင်းလုံး ဒီ အဘိဓမ္မာတရားချည်းပဲ ဟောတယ်။

မယ်တော် ကျေးဇူးဆပ်

အဲဒီလို မြတ်စွာဘုရားက ပဏ္ဍုကမ္ဗလာ ကျောက်ဖျာပေါ်မှာ သီတင်းသုံး ထိုင်နေပြီး နတ်တွေ ဗြဟ္မာတွေ ရောက်လာကြတဲ့ အခါမှာ ဘုရားဖြစ်ပြီး ၂၂-ရက် နေ့ကစပြီး ရက်သတ္တပတ် ဆင်ခြင်ထားတဲ့ ဘိဓမ္မာတရားတွေကို ခေါင်းစည်းတစ်ခုထဲ အောက်မှာထားပြီး အဘိဓမ္မာ ၇-ကျမ်းကို ဟောတယ်တဲ့၊

‘ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ’ ဆိုပြီးတော့ ၃-စု မာတိကာပေးတယ်၊ ‘ဟေတူ ဓမ္မာ၊ န ဟေတူ ဓမ္မာ’ စသည်ဖြင့် ၂-စု မာတိကာလေးတွေ ခေါင်းစဉ်လေးတွေ ပေးပြီးတော့ မြတ်စွာဘုရားက ဟောသွားလိုက်တာ တစ်ဝါတွင်းလုံး ဒီ အဘိဓမ္မာတရားချည်းပဲ ဟောတယ်။

အဲဒီလို အဘိဓမ္မာတရား ဟောကြားရာ တာဝတိံသာ နတ်ပြည် တရားနာပရိတ်သတ်ထဲမှာ အလွန်ထူးခြားတဲ့ ပုဂ္ဂိုလ် တစ်ဦး ပါလာတယ်၊ ဘယ်သူတုန်းဆိုရင် တုသိတာနတ်ပြည်မှာ နတ်မင်းအဖြစ်ဖြင့် ဖြစ်နေတဲ့ လူ့ဘဝတုန်းက ဘုရားလောင်းရဲ့ မယ်တော် နတ်သားပဲ၊ သန္တုဿိတ နတ်သားဘဝနဲ့ ဘုရားတရားပွဲမှာ လာရောက်ပြီး လက်ယာဘက်မှာ ထိုင်ပြီးတော့ နာယူနေတယ်၊ အဲဒီ မယ်တော်ကြီးကို ဦးတည်ပြီးတော့ မြတ်စွာဘုရားက အဘိဓမ္မာတရားကို ဟောတာ၊ မယ်တော်ကို ကျေးဇူးဆပ်တယ်လို့ ပြောကြတာပေါ့။

ကျေးဇူးဆပ်တယ်လို့ ပြောတဲ့အထဲမှာ ဘာတွေ အပိုထည့်ပြောတုန်း ဆိုရင် “အမိကျေးဇူးဟာ ဆပ်မကုန်နိုင်ဘူး၊ အဲဒါ ဘုရားသော်မှ အဘိဓမ္မာတရား ဟောတာတောင် နို့တစ်လုံးဖိုးသာ ကျေသေးတို့ ဘာတို့နော်” တစ်လုံးက ဘယ်လောက်တန်လို့ တစ်လုံးဖိုးတို့, နှစ်လုံးဖိုးတို့ ပြောလို့ရတုံး၊ တစ်လုံးဖိုးပဲ ကျေသေးတယ်၊ နောက်တစ်လုံးဖိုး ကျန်သေးတယ်လို့ အဓိပ္ပါယ်မျိုး ပြောကြတယ်။

ဒါတွေက စာထဲမပါတဲ့ စကားတွေပါ၊ စာထဲ မပါပေမယ့် တချို့ဟာက ယုတ္တိရှိတယ်။ အခုဟာက ယုတ္တိမရှိဘူး၊ ဘာဖြစ်လို့ တုန်းဆို တန်ဖိုးဖြတ်ထားမှသာ ပြောလို့ ရတော့မပေါ့၊ အဘိဓမ္မာ တရားဟောရင် တစ်လုံးဖိုးပဲ ကျေသေးတယ်၊ နောက်တစ်လုံးဖိုးကို ကျေဖို့ရန်အတွက် ထပ်ဟောရမယ့် ပုံစံမျိုး ဖြစ်နေတယ်။

မယ်တော်ကြီးကို ဦးတည်ပြီး တစ်သောင်းသော စကြဝဠာက ရောက်ရှိလာတဲ့ နတ်ဗြဟ္မာအပေါင်းရဲ့ အလယ်မှာ ရှင်တော်မြတ်ဘုရားဟာ ဒီ အဘိဓမ္မာမြတ်ဒေသနာကို တာဝတိံသာနတ်ပြည်မှာ ဟောကြားခဲ့တာ၊ လူ့ပြည်က အရေအတွက်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် ၃-လတိတိ၊ ရက်ပေါင်း ၉၀-ကြတာတယ်လို့ ပြောရမယ်၊ ရက်ပေါင်း ၉၀-ကြမှ ဟောဒီ အဘိဓမ္မာတရားဟာ ပြီးဆုံးသွားတယ်။

နတ်တို့ရဲ့ အချိန်နဲ့ ပြောမယ်ဆိုရင် မိနစ်ပိုင်းလောက်ပဲ ရှိပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ လူ့ပြည်က အနှစ် ၁၀၀-သည် တာဝတိံသာနတ်ပြည်မှာ ၁-ရက်ပဲ ရှိပါသေးတယ်၊ နေ့တာ ညတာ ဟိုက ပိုပြီးတော့ ရှည်တယ်၊ လူ့ပြည်က တိုတယ်၊ လူ့ပြည် အနှစ် ၁၀၀-မှ တာဝတိံသာနတ်ပြည် ၁-ရက်ဆိုတော့ မိနစ်ပိုင်းလောက်ပဲ ကြာတယ်ပေါ့၊ ၃-လဆိုတာ ဘာမှ မရှိဘူးပေါ့၊ တရားပွဲက ဘာမှ မကြာလိုက်ဘူးပေါ့၊ ခဏလေး ပြီးသွားတယ်။

မြတ်စွာဘုရားက တာဝတိံသာနတ်ပြည်ကို ကြွသွားတဲ့ အခါကျတော့ ဘုရားက လူသားဆိုတော့ ခပ်သေးသေးနေမှာပေါ့၊ လူ့အတောင်နဲ့ ပြောရင် ၁၈-တောင်ပေါ့၊ ၁၈-တောင်ဆိုတာ ဘယ်လောက်မှ မရှိဘူးပေါ့၊ ၁၈-တောင်ကို တစ်ချို့က ၁၈-မိုက်လို့ ပြောကြတယ်၊ ဘုရား ၁၈-တောင်ဆိုရင် ထိုခေတ်လူတွေကလည်း အားလုံး ၁၈-တောင် တညီတည်း ဖြစ်ကြရမှာပေါ့၊ လျော့ရင် နည်းနည်းပဲပေါ့၊ နို့မို့ဆိုရင် ဘုရားတစ်ဆူထဲကသာ ၁၈-တောင်ဖြစ်ပြီးတော့ ကျန်တဲ့သူတွေက ပုပုလေးတွေဆို ဘယ်လိုလုပ်ပြီးတော့ ဆွမ်းလောင်းတာတို့၊ ဘုရားဖူးသွားတာတို့ ဖြစ်နိုင်ပါ့မတုံး၊ မဖြစ်နိုင်ဘူး၊ သူ့ခေတ်သူ့လူတွေရဲ့ အရပ်အမောင်း ဒီလိုပဲ တစ်ညီတည်း ဖြစ်ရမှာပေါ့။

ဒီတော့ နတ်ပြည်ရောက်သွားတဲ့အခါ နတ်တွေက ကြီးတယ်၊ သူတို့ ခန္ဓာကိုယ်က အကြီးကြီးတွေ၊ အဲဒီတော့ မြတ်စွာဘုရားက ပကတိကိုယ်နဲ့ သီတင်းသုံးမယ်ဆိုရင် နတ်တွေကလည်း သူတို့ လူသားတွေရဲ့ပုံစံပဲ ဖန်ဆင်းပြီး ထိုင်နေရမှာပဲ၊ နတ်က ဖန်ဆင်းလို့ရတာပဲ၊ လူ့ပြည်လာတဲ့အခါမှာ အပ်ဖျားလေးချလောက်တဲ့ နေရာလေးမှာတောင် နတ်က ၁၀-ယောက်၊ အယောက် ၂၀၊ ဒီလို စုထိုင်နေကြတာတဲ့၊ နေရာ မရဘူး ဆိုရင် အဲဒီလို သူတို့ ထိုင်ရတယ်၊ အပ်ဖျားလေး ထောက်လောက်တဲ့ နေရာလေးဆို သေးသေးလေး၊ အဲဒီလောက် သေးသေးလေးကို နတ်တွေက ၁၀-ယောက်, ၁၅-ယောက် စုထိုင်နိုင်အောင် သူတို့ ဖန်တီးလို့ ရတယ်။

သို့သော် စာထဲအတိုင်း ပြောမယ်ဆိုရင် မြတ်စွာဘုရားက ပါလာတဲ့ နှစ်ထပ်သင်္ကန်းကြီးကို ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီးပေါ်မှာ လွှမ်းလိုက်တဲ့အခါ နှစ်ထပ်သင်္ကန်းကြီး ပဏ္ဍုကမ္ဗလာ ကျောက်ဖျာကြီးတစ်ခုလုံး ဖုံးသွားတယ်တဲ့၊ ကိုယ်တော်မြတ် ကလည်း ထိုင်လိုက်တဲ့အခါ တင်ပလ္လင်ခွေကြီး တစ်ခုလုံးဟာ အဲဒီကျောက်ဖျာကြီး တစ်ခုလုံး ပြည့်သွားတယ်ဆိုတော့ ဘုရားကိုယ်တော်ကြီးဟာ ပြောင်းသွားတယ်ပေါ့၊ ခန္ဓာကိုယ်တော်ကြီး က နေပြီးတော့ နတ်တွေရဲ့ အတိုင်းအတာလို ရုပ်ပွားတော်ကြီး အကြီးကြီး ဖြစ်သွားတယ်လို့ ဒီလိုပြောရမှာ။

လူ့ပြည်ပြန်ကြွလေ့ရှိ

မြတ်စွာဘုရားက တရားဟောရင်း နေ့စဉ် နေ့စဉ် ဆွမ်းဘုဉ်းပေးတဲ့ အချိန်ကို လူ့ပြည် ကြွလာလေ့ရှိတယ်၊ သို့သော် သာဝတ္ထိတို့ ရာဇဂြိုလ်တို့ဆိုတဲ့ ဒေသကို မကြွဘဲနဲ့ ဘယ်သူမှ မသိတဲ့ မြောက်ကျွန်းဘက်ကို ကြွတယ်၊ မြောက်ကျွန်း ကြွပြီးတော့ ဆွမ်းခံတယ်၊ ဆွမ်းခံပြီးတဲ့အခါ ဟိမဝန္တာတောင် စန္ဒကူးတောထဲက စန္ဒကူးပင်အောက် အနောတက်ရေအိုင် အနီးအနားမှာ ဆွမ်းဘုဉ်းပေးတယ်၊ အဲဒီလို မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးတဲ့အခါ ဘယ်သူက ဝတ်ကြီးဝတ်ငယ် ပြုတုန်းဆို ရှင်သာရိပုတ္တရာ တစ်ပါးတည်းပဲ အဲဒီကို ကြွာလာပြီး ဘုရား ဆွမ်းဘုန်းပေးတဲ့အခါမှာ ဝတ်ကြီးဝတ်ငယ် ပြုတယ်တဲ့။

အဋ္ဌကထာထဲမှာတော့ ဘယ်လို ရေးထားသလဲဆိုတော့ လူ့ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း စားချိန်ကျရင် စားရမယ်၊ နားချိန်ကျရင် နားရမယ်ပေါ့၊ ဒါကြောင့်မို့ မြတ်စွာဘုရားလည်း ရုပ်သဘာဝအတိုင်းပေါ့၊ ဒါကြောင့်မို့ မြတ်စွာဘုရားလည်း ရုပ်သဘာဝအတိုင်းပေါ့၊ ဆွမ်းဘုဉ်းပေးဖို့ အချိန်ကျတဲ့အခါ လူ့ပြည်ကြွ ဘုဉ်းပေးတယ်၊ အနားယူရမယ့် အချိန် အနားယူတယ်၊ ပြီးတော့မှ တရားဆက်ဟောတယ်။

ဘုရားရှင် လူ့ပြည်ကြွတဲ့အခါ နိမ္မိတရုပ် ဖန်ဆင်းပြီးတော့ ထားခဲ့တယ်တဲ့၊ အဲဒီ နိမ္မိတ ရုပ်ပွားတော်ကနေ ဆက်ပြီးတော့ တရားဟောနေရစ်တယ်လို့ ပြောတယ်၊ ဘုရားအစစ်က ဘယ်ကနေ ဘယ်လောက်ထိ ဟောမယ်ဆိုတာကို သတ်မှတ်ပေး ထားတဲ့ အတိုင်း နိမ္မိတရုပ်ကနေ ဆက်ပြီးတော့ ဟောသွားတယ်၊ ခုခေတ်လိုဆိုရင် TV ဖွင့်ထားခဲ့တဲ့ သဘောပေါ့။

လူ့ပြည်မှာ ဟောခဲ့

မြတ်စွာဘုရား ဘာဖြစ်လို့ လူ့ပြည်ကြွတာတုန်းဆိုတော့ ရှင်သာရိပုတ္တရာနဲ့ နေ့တိုင်း တွေ့ပြီးတော့ နတ်ပြည်မှာ ဟောခဲ့တဲ့ တရားကို ရှင်သာရိပုတ္တရာကို အကျဉ်းချုပ် ပြန်ပြီး နေ့တိုင်းဟောခဲ့တာ၊ ဘုန်းကြီး တစ်ခုတွေးမိတာကတော့ အဲဒါဟာ အဓိကဖြစ်လောက်တယ်၊ လူ့ပြည်က လူတွေတန်ရုံ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဟောခဲ့တယ်၊ ရှင်သာရိပုတ္တရာက အမျိုးကောင်းသား တပည့်ရဟန်း ၅၀၀-ကို ထပ်ဆင့် သင်ပေးတယ်၊ အဲဒီ ရဟန်းတွေဟာ ကဿပမြတ်စွာဘုရားရှင်ရဲ့ လက်ထက်တော်တုန်းက လင်းနို့တွေ ဖြစ်ခဲ့တယ်။

လင်းနို့ကနေ လူ့ဘဝရောက်လာတယ်ပေါ့၊ လင်းနို့သား ၅၀၀- ဘဝတုန်းက အဘိဓမ္မာဆောင် ရဟန်းတွေက သူတို့နေတဲ့ လိုဏ်ဂူထဲမှာ ရွတ်ဖတ် သရဇ္ဈာယ်ကြတယ်၊ ဒီအခါ လင်းနို့တွေက အဘိဓမ္မာတရားသံကို နားထောင်ရင်း သူတို့ နားထဲမှာ ကျက်မိနေကြတယ်၊

ဒီလို မြတ်စွာဘုရားရှင်ဟာ ၃-လတိတိ ရက်ပေါင်း ၉၀-နေ့စဉ် လူ့ပြည်ကို ကြွပြီးတော့ ရှင်သာရိပုတ္တရာကို အဘိဓမ္မာတရား အကျဉ်းချုပ်ပြီး ဟောခဲ့တာ၊ ရှင်သာရိပုတ္တရာဆိုတာက အင်မတန်မှ ဉာဏ်ထက်မြက်တဲ့ ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့် မြတ်စွာဘုရားက အရိပ်အမြွက် အကျဉ်းချုပ်ကို ဟောပြလိုက်တာနဲ့ အကုန်လုံး ရသွားတယ်။

အခု ဒီကနေ့ လူ့ပြည်မှာ ရောက်နေတဲ့ အဘိဓမ္မတရားသည် တာဝတိံသာနတ်ပြည်မှာ ဟောတဲ့ အလွန် ကျယ်ဝန်းလှတဲ့ အဘိဓမ္မာတရား မဟုတ်ဘူး၊ ရှင်သာရိပုတ္တရာမထေရ်မြတ်ကို နေ့စဉ် နေ့စဉ် သင်ပေးခဲ့ပြီး ရှင်သာရိပုတ္တရာက သူ့ဉာဏ်နဲ့ ဘုရားဟောတဲ့ အဘိဓမ္မာကို အကျဉ်းချုပ်ပြီး လင်းနို့တစ်ဖြစ်လဲ ရဟန်းတော်တွေကို သင်ပေးခဲ့တဲ့ အဘိဓမ္မာလို့ နားလည်ရပါတယ်။

အဋ္ဌကထာမှာ ဘယ်လို မှတ်တမ်းတင်ထားတုန်းဆို တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရားက အဘိဓမ္မာ ၇-ကျမ်းဟောလို့ နိဂုံးချုပ်တဲ့နေ့မှာပဲ လူ့ပြည်က ရဟန်း ၅၀၀-လည်းပဲ အဘိဓမ္မာ ၇-ကျမ်းဆောင် ပုဂ္ဂိုလ်တွေ ဖြစ်သွားတယ်တဲ့၊ တစ်ပြိုင်နက် ပြီးတယ်၊ လူ့ပြည်က ရှင်သာရိပုတ္တရာရဲ့ ဘိဓမ္မာသင်တန်း၊ နတ်ပြည်က မြတ်စွာဘုရားရဲ့ အဘိဓမ္မာဒေသနာတော်ဟာ တစ်ပြိုင်နက် ပြီးဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် “အဘိဓမ္မေ ဝါစနာမဂ္ဂေါ နာမ သာရိပုတ္တထေရပ္ပဘဝေါ - ဒီကနေ့ခေတ် လူ့ပြည်ရောက်နေတဲ့ အဘိဓမ္မာမြတ်ဒေသနာသည် ရှင်သာရိပုတ္တရာက စ,တာပါ” လို့ မှတ်တမ်းတင်ထားတယ်၊ ရှင်သာရိပုတ္တရာ မထေရ်မြတ် စီစဉ်ပို့ချတဲ့ အဘိဓမ္မာဒေသနာ သင်ရိုးသည် ဒီကနေ့ ထေရဝါဒ မြန်မာနိုင်ငံမှာ အဘိဓမ္မာ ၇-ကျမ်းအဖြစ် သတ်မှတ်ပြီး စာအုပ်ရိုက်နှိပ်ထားတာနော်၊ ဓမ္မသင်္ဂဏီက တစ်အုပ်ရှိတယ်၊ ဝိဘင်းက တစ်အုပ်ရှိတယ်၊ စာမျက်နှာ ၄၀၀- ပတ်ဝန်းကျင်ရှိတယ်၊ ဓာတုကထာနဲ့ ပုဂ္ဂလပညတ် နှစ်အုပ်တွဲ စာမျက်နှာ ၂၀၀-ဝန်းကျင်ရှိတယ်၊ စာမျက်နှာ ၄၀၀-ပတ်ဝန်းကျင်ရှိတယ်၊ ဓာတုကထာနဲ့ ပုဂ္ဂလပညတ် နှစ်အုပ်တွဲ စာမျက်နှာ ၂၀၀- ဓာတုကထာနဲ့ ပုဂ္ဂလပညတ် နှစ်အုပ်တွဲ စာမျက်နှာ ၅၀၀- ဝန်းကျင်ရှိတယ်၊ ကထာဝတ္ထုကျမ်းက စာမျက်နှာ ၅၀၀-ဝန်းကျင်ရှိတယ်၊ ယမိုက်ကျမ်းကျတော့ ၃-တွဲ၊ ပဋ္ဌာန်းကျမ်းက ၅-တွဲ ရှိတယ်တဲ့၊ ဒါတောင် ပဋ္ဌာန်းမှာ အကျဉ်းချုံးပြီးတော့ ရိုက်ထားတာပါ။

ဒီတော့ ဒီကနေ့ သင်္ဂါယနာ ၆-တန် မှတ်တမ်းတင်ထားတဲ့ အတိုင်း အဘိဓမ္မာကိုပဲ ရွတ်ဖတ်မယ်ဆိုရင် ပဋ္ဌာန်း တစ်ကျမ်းတည်းတောင်မှ အနည်းဆုံး ၄-ရက်လောက် အသံမစဲ ရွတ်မှကုန်တယ်၊ ဒီလောက်များပြားတယ်၊ တာဝတိံသာနတ်ပြည်မှာ ဘုရားဟောတဲ့ အဘိဓမ္မာတရားဆိုရင် ဒီထက် ကျယ်ဝန်း များပြားမှာပေါ့၊ ဒီကနေ့ လူ့ပြည်မှာ သင်္ဂါယနာတင်ထားတာက ရှင်သာရိပုတ္တရာ ပို့ချပေးတဲ့ သင်ရိုးအတိုင်း တင်ထားတာမို့ မကျဉ်းမကျယ် ရှိတာပါ။ ဒါကို “အဘိဓမ္မာမြတ်ဒေသနာ” လို့ ခေါ်ပါတယ်။

အဘိဓမ္မာသင်ယူရခြင်း အကျိုးကျေးဇူး

အဲဒီ အဘိဓမ္မာမြတ်ဒေသနာကို သင်ယူခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲ၊ အဘိဓမ္မာကို သင်ယူခြင်းဟာ အဘိဓမ္မာက သဘာဝတရားတွေကို အသေးစိတ် ခွဲခြား လေ့လာတာ ဖြစ်တာကြောင့် အသိဉာဏ်ကို ဖြစ်ပွားစေတယ်၊ ဉာဏ်ရည် ဉာဏ်သွေးတွေ ထက်မြတ်လာစေတယ်၊ အဲဒီ ထက်မြတ်တဲ့ ဉာဏ်ရည် ဉာဏ်သွေးတွေကို အမှီပြုပြီး နောက်ဆုံးကျတော့ ‘ပဋိသမ္ဘိဒါဉာဏ်’ လို့ ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ analytical knowledge ကို ရနိုင်တယ်လို့ ဒီလို ဆိုပါတယ်၊ ဒါ အဘိဓမ္မာ သင်ယူခြင်းရဲ့ အကျိုးကျေးဇူးကို ပြောတာနော်။

အဘိဓမ္မာကို လေ့လာတဲ့ ပုဂ္ဂိုလ်တွေဟာ အသေးစိတ်ကြည့်တက် မြင်တက်တယ်၊ ဘာကိုပဲ ကြည့်ကြည့်၊ analyze လုပ်တက်တယ်လို့ ဆိုလိုတာ၊ ပဋိသမ္ဘိဒါဉာဏ်ဆိုတာ အရာရာကို ခွဲခြမ်းစိတ်ဖြာပြီးတော့ မြင်တယ်၊ ခွဲခြမ်းစိတ်ဖြာပြီးတော့ မြင်တဲ့ အခါ ဘာအကျိုးထူးတုန်းလို့ ဆိုလို့ ရှိရင် ‘ဃန’ ဆိုတဲ့ အထင်နဲ့ အမှတ်မှားပြီးတော့ နေတဲ့ တွေဝေမှုကို ဖယ်ရှားပစ်နိုင်တယ်။

ဃန ၄-မျိုး

ဃန ဆိုတာ ၄-မျိုး ရှိတယ်၊ ဃနဆိုတာ ပေါင်းစပ်ထားသည့် အတွက်ကြောင့် တစ်ခုတည်းလို့ ထင်နေကြတဲ့အရာ၊ သိပ်သည်းပြီးတော့ တစ်လုံးတစ်ခဲတည်း ဖြစ်နေသည့်အတွက်ကြောင့် တစ်ခုတည်းလို့ ထင်နေတဲ့အရာကို ‘ဃန’ လို့ ခေါ်တယ်။

နံပါတ် (၁) ‘ကိစ္စဃန’၊

အရာဝတ္ထုတွေဟာ ပေါင်းစုပြီးတော့ သူတို့လုပ်တဲ့ အလုပ်တစ်မျိုးတည်းကို လုပ်နေသည့်အတွက်ကြောင့် လူတွေက တစ်ခုလို့ သတ်မှတ်နေကြတယ်၊ တစ်ခုလို့ ထင်နေကြတယ်၊ တကယ်တော့ တစ်ခုမကဘူးလို့ ဆိုလိုတယ်၊ ဥပမာဆိုပါစို့၊ ‘စိတ်’ လို့ ပြောလိုက်ရင် တစ်ခုတည်းလို့ ထင်နေကြတယ်၊ မဟုတ်ဘူးတဲ့၊ အဘိဓမ္မာက ခွဲခြမ်းစိတ်ဖြာလိုက်တဲ့ အခါကျတော့ စိတ်လို့ ပြောတဲ့အရာမှာ အနည်းဆုံး ၈-ခု စုပေါင်းပါနေတယ်၊ ခွဲခြမ်းစိတ်ဖြာပြီး ကြည့်လိုက်ရင် ၈-ခု ပေါင်းထားတာ တွေ့ရမယ်။

ရုပ်လို့ ပြောလိုက်ရင်လည်း ၈-ခုပေါင်းထားတာ၊ မြူမှုန် ကလေးကို ကြည့်လိုက် ထိုမြူမှုန်ကလေးဟာ ၈-ခုပေါင်းတယ်၊ ဟောဒီလို ခွဲခြမ်းစိတ်ဖြာမှုလေးတွေကို တွေ့လာတယ်၊ အဲဒီလို မဟုတ်လို့ ရှိရင် သူက တစ်ခုတည်းပဲ မြင်နေတယ်ပေါ့၊ အဘိဓမ္မာ သင်လိုက်သောအားဖြင့် ဒီ ‘ကိစ္စဃန’ ဆိုတဲ့ ဆောင်ရွက်မှုတွေ တူညီနေသည့်အတွက်ကြောင့် တစ်ခုတည်းလို့ ထင်နေတဲ့အထင်ကို ဖြိုဖျက်ပစ်နိုင်ပါတယ်လို့ ပြောတာ။

နောက် နံပါတ်(၂)က ‘သမူဟဃန’၊

ပေါင်းထားလို့ ရှိရင်လည်း တစ်ခုတည်းလို့ ထင်တယ်၊ ဥပမာ - အဆောက်အအုံကြီးမှာ ဆိုလို့ရှိရင် ဘာတွေ ပေါင်းထားတာတုံး၊ သဲတွေတို့ အုတ်တွေတို့ ကျောက်တွေတို့ အိမ်ဆောက်ပစ္စည်းတွေ အကုန်ပေါင်းထားတဲ့အခါကျတော့ ဟော အိမ်ဆိုရင် တစ်ခုတည်း ဒီလိုထင်တယ်၊ မဟုတ်ပါဘူး၊

အများကြီး ပေါင်းစပ်ထားတာနော်၊ အဲဒီလို ပေါင်းစပ်ထားတာကို မမြင်ဘဲနဲ့ တစ်ခုတည်းလို့ မြင်နေတယ်၊ ဒါ ‘သမူဟဃန’ လို့ခေါ်တယ်၊ ဒါ ဥပမာတင်စားပြီးတော့ ပြောတာနော်။

နောက် နံပါတ် (၃)က ‘သန္တတိဃန’၊

ဖြစ်စဉ်ကြီးတစ်ခု ဆိုလို့ရှိရင်လည်းပဲ ဒီဖြစ်စဉ်ကြီးက ဥပမာ- ပူနေတဲ့ဖြစ်စဉ်ကြီးဆိုလည်း တစ်ခါတည်း တိုက်ရိုက်ကြီး ပူနေတယ်လို့ ဒီလိုထင်တယ်၊ မဟုတ်ဘူး၊ ပူတာကလည်းပဲ အပိုင်းလိုက် အပိုင်းလိုက်၊ အပြတ် အပြတ်၊ သူ့ moment နဲ့သူ၊ သူ့အချိန်ပိုင်းလေးနဲ့သူ ပူနေတာ၊ ပူလိုက် ပျောက်လိုက်၊ ပူလိုက် ပျောက်လိုက် ဖြစ်နေတာကို မမြင်နိုင်ဘူး၊ ဘာဖြစ်လို့တုန်းဆို ဒီပူတဲ့ ဖြစ်စဉ်ကြီး တစ်ခုက မရပ်ဘူး၊ ပုရွက်ဆိတ်တွေ တန်းပြီး သွားနေလို့ရှိရင် အရောင် အတူတူပဲဆို တစ်ခုတည်းလို့ ထင်တယ်၊ ဟော ကြိုးတန်းကြီးလိုဟာမျိုး ထင်ရတက်တယ်၊ အဲဒီလို ဖြစ်စဉ်ကြီးတစ်ခုကို တစ်ခုတည်းလို့ ထင်နေတာ၊ ဒါ ‘သန္တတိဃန’ လို့ ခေါ်တယ်။

နောက်ဆုံး နံပါတ် (၄)က ‘အာရမ္မဏဃန’

၊ သဘာဝတရားတွေဟာ အာရုံတစ်ခုတည်းပေါ်မှာ စူးစိုက်ပြီးတော့ နေကြတယ်၊ ဆိုပါစို့၊ မျက်လုံးကနေပြီး အဆင်းအာရုံကို မြင်လို့ရှိရင် အဆင်းအာရုံကို အားလုံး စူးစိုက်ပြီးနေသည့်အတွက်ကြောင့် သူတို့ အာရုံဟာ တစ်ခုတည်း ဖြစ်နေတယ်၊ တစ်ခုတည်း ဖြစ်နေတဲ့ အတွက်ကြောင့် တစ်စိတ်လို့ ဒီလိုထင်နေကြတယ်တဲ့၊ တကယ်တော့ မဟုတ်ဘူး၊ စုပေါင်းပြီးတော့ အလုပ် လုပ်နေကြတာ၊ အဲဒါကို ‘အာရမ္မဏဃန’ လို့ ခေါ်တယ်။

ဒီ ဃနတွေ ရှိနေလို့ရှိရင် ဘာဖြစ်တုန်းဆိုရင် ဃနကို မခွါနိုင်လို့ ရှိရင် ထာဝရမြဲတယ်ဆိုတဲ့ အတွေတွေ ဝင်လာတက်တယ်၊ အတ္တဆိုတဲ့ အတွေးတွေ၊ ထာဝရမြဲတယ်ဆိုတဲ့ အရာ ရှိတယ်ဆိုတဲ့ အတွေးတွေ ဝင်လာတယ်၊ ကြည့်လေ၊ လူတွေမှာ သူရယ် ငါရယ် ဆိုပြီးတော့ ဒီ ရုပ်နဲ့နာမ်ကို ခွဲခြမ်းပြီး မသိနိုင်သည့်အတွက်ကြောင့် နာမည့်မှည့်ထားသည့်အတိုင်း ဒါက ဘယ်သူ၊ ဒါက ဘယ်ဝါနဲ့ဆိုပြီးတော့ အသေးစိတ် မမြင်နိုင်ကြန်တော့ဘူး၊ အသေးစိတ် မမြင်နိုင်တော့ဘူး၊ လူတစ်ဦးလို့ပဲ မြင်လိုက်တော့တာပဲ၊ ငါလို့ပဲ မြင်လိုက်တယ်၊ သူလို့ပဲ မြင်လိုက်တယ်၊ အဲဒီလို သဘာဝတရားတွေကို ခွဲခြမ်းစိတ်ဖြာပြီး မမြင်နိုင်ဘူး။

ဃနသညာ တစ်ခုတည်းဆိုတဲ့ အထင်အမြင် ဝင်လာပြီဆိုလို့ရှိရင် အတ္တဆိုတဲ့ အယူအဆ အမှားကြီးကို ဖယ်ရှားပစ်လို့ မရဘူးတဲ့၊ အနတ္တ မြင်ဖို့ရာအတွက် ဃန ကို ဖယ်ရှားပစ်ရမယ့်၊ အဘိဓမ္မာကိုသင်ယူခြင်းအားဖြင့် ဟောဒီ ဃနကို ဆိုတဲ့ အတွေးမှားကို ဖယ်ရှားပစ်နိုင်ပါတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ အဘိဓမ္မာဆိုတာ အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီးတော့ ဟောတဲ့ ဒေသနာ ဖြစ်သည့်အတွက်ကြောင့်ဖြစ်တယ်။

ဒါကြောင့် အဋ္ဌကထာဆရာက ရှင်းထားတာ ပဘေဒတောဒေသနာ ခွဲခြမ်းစိတ်ဖြာပြီး တော့ ဟောထားတဲ့ ဒီ အဘိဓမ္မာမြတ်ဒေသနာဟာ ဃနဝိနိဗော႓ဂ လုံးခဲနေတဲ့ အရာကြီး တစ်ခုကို ဖြိုခွဲပြီးတော့ ပစ်နိုင်ပါတယ်တဲ့၊ တစ်ခုစီ တစ်ခုစီ ထိုးဖောက်ပြီးတော့ ခွဲခြမ်းစိတ်ဖြာတဲ့ အသိဉာဏ်တစ်ခုကို ရရှိစေနိုင်တယ်၊ ဟောဒါ အဘိဓမ္မာသင်ခြင်းရဲ့ အကျိုးတစ်ခုပဲနော်၊

အနတ္တဆိုတဲ့ အမြင်

အဘိဓမ္မာကို သင်ခြင်းအားဖြင့် အတ္တမရှိဘူး၊ အနတ္တဆိုတဲ့ အမြင်ဟာ ရှင်းလင်း ပြတ်သားစွာ မြင်လာမှာ ဖြစ်ပါတယ်၊ အနတ္တဆိုတဲ့အမြင် မြင်သေးသမျှ ကာလပတ်လုံး အတ္တဆိုတဲ့ အယူအဆ မပျောက်သေးသမျှ ကာလပတ်လုံး သံသယတွေလည်း မပျောက်ဘူး၊ သံသယနဲ့ ဒီအယူမှား ရှိနေသေးသမျှ ကာလပတ်လုံး အပါယ်တံခါးဟာ ပွင့်လျက်ပဲ ရှိနေမယ်။

အပါယ်တံခါးဆိုတာ ‘ဒိဋ္ဌိ’ နဲ့ ‘ဝိစိကိစ္ဆာ’ ဆိုတဲ့ တရားနှစ်ခုကို ဖယ်ရှားပစ်နိုင်မှ ပိတ်တာနော်၊ ဒီ နှစ်ခုကို မိမိတို့ သန္တာန်ကနေ မဖယ်ရှားနိုင်သေးသမျှ ကာလပတ်လုံး အပါယ်သွားဖို့ အကုသိုလ်တွေက အဆင်သင့် ဖြစ်နေသေးတယ်၊ အပါယ်ကို ပို့နိုင်တဲ့ အကုသိုလ်တွေ မိမိသန္တာန်မှာ ဖြစ်နို်င်တယ်။

ဒိဋ္ဌိ-ဝိစိကိစ္ဆာဆိုတာ အမြင်မှားတာနဲ့ သံသယဖြစ်တာ၊ ဒီနှစ်ခုကို ဖယ်ရှားပစ်လိုက်လို့ရှိရင် ဖြစ်လာတဲ့ လောဘဟာ အပါယ်ပို့လောက်အောင် မပြင်းထန်တော့ ဘူး၊ ဖြစ်လာတဲ့ ဒေါသ ဟာလည်း အပါယ်ပို့လောက်အောင် energy မရှိတော့ဘူး၊ ဒီလိုဆိုလို တာနော်၊ သောတာပန် ဖြစ်သွားလို့ လောဘတော့ မကုန်သေးဘူး၊ သို့သော် ဖြစ်လာတဲ့ လောဘက အပါယ်ချလောက်အောင် မပြင်းထန်တော့ဘူးလို့ ပြောတာ level တွေ, degreeတွေ လျော့ကျသွားပြီလို့ ပြောတာ။

သောတာပန်ရဲ့ လောဘသည် ပုထုဇဉ်ရဲ့လောဘနဲ့ မတူဘူး၊ သောတာပန်ရဲ့ လောဘသည် အပါယ်ပို့နိုင်လောက်အောင် energy မရှိတော့ဘူး၊ ပုထုဇဉ်ရဲ့ လောဘက အပါယ်ထိအောင် ပို့နိုင်သေးတဲ့ စွမ်းအားတွေ ရှိနေသေးတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာဆိုတဲ့ အမြင်မှားမှုနဲ့ သံသယရှိနေလို့ပဲ ဖြစ်တယ်။

သဘာဝတွေကို ကောင်းကောင်းမြင်သွားပြီ၊ သံသယတွေ ကင်းသွားပြီ၊ သံသယကင်းသွားလို့ သဘာဝမြင်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာဖြစ်တဲ့ လောဘ,ဒေါသဆိုတဲ့ အကုသိုလ်တရားတွေဟာ အပါယ်ကို ပို့လောက်တဲ့ စွမ်းအားတွေ မရှိကြန်တော့ဘူး၊ ဒါကြောင့် အပါယ်တံခါး ပိတ်တယ်လို့ ပြောတာ၊ ဒီလို မဟုတ်ဘဲနဲ့ လောဘက ကြီးမြဲကြီး၊ ဒေါသက ကြီးမြဲကြီး၊ မောဟက ကြီးမြဲကြီးနေမယ်ဆိုလို့ ရှိရင် အပါယ်တံခါကန်တော့ ပွင့်လျက်ပဲ ရှိဦးမှာပဲ၊ အချိန်မရွေး အကြောင်းတိုက်ဆိုင်လာလို့ရှိရင် အပါယ်ကို ကျသွားနိုင်သေးတာပဲနော်။

နိဂုံးစကား

ဒါကြောင့် ‘အဘိဓမ္မာ မြတ်ဒေသနာ’ ကို သင်ယူကြရမယ်၊ သင်ယူ ကြားနာရတယ် ဆိုတာ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိစေနိုင်လို့ ဖြစ်တယ်၊ မိမိရဲ့ သန္တာန်မှာ အစိုင်အခဲအနေနဲ့ မြင်နေ တဲ့ အယူအဆ အမှားတွေကို ဖယ်ရှားပစ်ပြီးတော့ အတ္တ ဆိုတဲ့ အတွေးတွေ၊ လွဲမှားနေတဲ့ အမြင်တွေကိုလည်း ဖယ်ရှား ပစ်နိုင်တယ်၊ အတ္တဆိုတာ ခန္ဓာကိုယ်ထဲမှာ မရှိဘူး၊ ခန္ဓာကိုယ် အပြင်မှာလည်း မရှိဘူး၊ ဘယ်မှာမှ မရှိဘူး၊ အနတ္တလို့ ဆိုတာကို အတ္တ မဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်းနဲ့ သံသယ ကင်းပြီးတော့ မှန်ကန်တဲ့ အမြင်တစ်ခုကို ရရှိနိုင်ပါတယ်။

ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် အဘိဓမ္မာမြတ်ဒေသနာကို သင်ယူ နာကြားခင်းဖြင့် အမြင်မှန်ကို ရရှိခြင်း၊ သံသယတွေ ကင်းပျောက်ခြင်းဖြင့် နိဗ္ဗာန်တံခါးဝသို့ ကိုယ်စီကိုယ်ငှ ရောက်ရှိနိုင်ကြပါစေကုန်သတည်း။

“သာဓု - သာဓု - သာဓု”

အခန်း (၁)

သမ္မုတိသစ္စာ နှင့် ပရမတ္ထသစ္စာ

သမ္မုတိသစ္စာ

အဘိဓမ္မာမှာ သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာလို့ သစ္စာ ၂-မျိုး ရှိတယ်၊ လူတကာ အသိအမှတ်ပြုတာကို သမ္မုတိ လို့ ခေါ်တယ်၊ လောက လူသားတွေ အများစုက အသိအမှတ်ပြုထားတဲ့အရာ (general consensus) ဟာ မှန်ကန်တယ်၊ ဒါကြောင့် သစ္စာလို့ ခေါ်တယ်၊ ဘာဖြစ်လို့ မှန်ကန်တုံးဆိုရင် အများ သဘောတူထားတာ ဖြစ်လို့ မှန်ကန်တယ်လို့ပဲ ပြောရမယ်၊ သဘာဝအားဖြင့် မှန်ကန်လို့ မှန်ကန်တယ်လို့ ပြောတာ မဟုတ်ဘူး၊ အများလက်ခံလို့ မှန်တယ်လို့ ပြောရတဲ့ အမှန်၊ အဲဒါကို ‘သမ္မုတိသစ္စာ’ လို့ ခေါ်တယ်။

လောကမှာ နေ့စဉ် ခေါ်ဝေါ်ပြောဆိုနေကြတဲ့ စကားလုံးတွေ ရှိတယ်၊ အမည်ပေးထားတာတွေ များစွာရှိတယ်၊ လူတွေ နေတဲ့ အဆောက်အအုံကို “အိမ်” လို့ အမည်ပေးပြီး၊ ရဟန်း,သံဃာတွေ သီတင်းသုံးတဲ့ အဆောက်အအုံကျတော့ “ကျောင်း” လို့ အမည်ပေးထားတယ်၊ အများက ဒီအတိုင်းပဲ လက်ခံထားကြတယ်၊ အများက အသိအမှတ်ပြုထားလို့ မှန်တယ်၊ လူတွေနေတဲ့အိမ်ကို ကျောင်းလို့ ခေါ်လို့ မရဘူး၊ ဘုန်းကြီးတွေ နေတဲ့အဆောက်အအုံကို အိမ်လို့ ခေါ်လို့ မရဘူး၊ အဲဒီလို ခေါ်ရင်မှားတယ်လို့ ပြောကြမှာပဲ။

သမ္မုတိသစ္စာဆိုတာ ပညတ်

လူသားတွေမှာလည်း ဒါက အမျိုးသား၊ ဒါက အမျိုးသမီး၊ ဘာသာစကားအားလျော်စွာ မြန်မာလူမျိုးတွေကလည်း မြန်မာလူမျိုးတွေရဲ့ ဝေါဟာရနဲ့ အသိအမှတ် ပြုထားတယ်၊ တခြား ဘာသာစကားတွေကလည်း သူ့ဆိုင်ရာ ဆိုင်ရာ အသိအမှတ်ပြုထားကြတယ်၊ အားလုံး အသိအမှတ် ပြုထားလို့ ပြောဆိုနေတဲ့ နေ့စဉ် သုံးစွဲနေတဲ့ စကားလုံးတွေဟာ ပညတ်တွေ၊ သမ္မုတိသစ္စာတွေ။

မိမိအပေါ်မှာ ကျေးဇူးရှိပြီး ငယ်စဉ်တောင်ကျေး ကလေးဘဝ မမွေးခင်ကာလ ကတည်းက ၉-လလွယ် ၁၀-လကျမှဖွား၊ ပြုစုစောင့်ရှောက်ထားတဲ့ အမျိုးသမီးကို ‘အမေ’ လို့ခေါ်တယ်၊ ဒါအားလုံးက လက်ခံထားတဲ့ အချက်တွေပဲ။

လိုက်ပြီး ကြည့်မယ်ဆိုလို့ရှိရင် နေ့စဉ် လူတွေ ဘာတွေနဲ့ နေတုန်းဆိုရင် ဒီပညတ်တွေနဲ့ပဲ နေရတယ်၊ ပညတ်မရှိလို့ ရှိရင် တစ်ဦးနဲ့ တစ်ဦး ဆက်သွယ် ပြောကြား ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ လောကလူတွေ အသုံးပြုပြီး ခေါ်ဝေါ်နေတဲ့ အမည်ပညတ်အားလုံးဟာ သမ္မုတိသစ္စာတွေပါပဲ၊ မှန်နေတယ်၊ ခေါ်တဲ့အတိုင်း ဟုတ်တယ်လို့ လက်ခံကြရတယ်၊ ဘာဖြစ်လို့တုံး၊ အများလက်ခံထားလို့ပါပဲ၊ ဒါကို general consensus လို့ခေါ်တယ်၊ အများက သဘောတူ လက်ခံထားတဲ့ အရာကို ‘ပညတ်’ လို့ ပြောတယ်။

အဲဒီ ပညတ်ဆိုတဲ့ သမ္မုတိသစ္စာကိုလည်းပဲ အဘိဓမ္မာ ၇-ကျမ်းမှာ မြတ်စွာဘုရား ထည့်သွင်းပြီးတော့ ဟောထားတယ်၊ ဘာဖြစ်လို့ ဟောတုန်းဆိုရင် ပညတ်မပါဘဲနဲ့ စကားလုံးကို မဖြစ်ဘူးလေ၊ ဘယ်လိုမှ ပြောလို့ မရဘူး၊ အမည်နာမ စကားလုံး ဝေါဟာရတွေ မှန်သမျှဟာ ပညတ်တွေပဲ၊ အမည်ပညတ် တင်ပြီး ဟောမှ သဘာဝတရားကို ဆိုက်ထိပြီး သိရှိနိုင်တယ်၊ အဲဒီ အမည် ပညတ်တွေဟာလည်း တချို့က ပြောတဲ့အတိုင်း ဟုတ်တယ်၊ တချို့ ပြောတဲ့အတိုင်း မဟုတ်ဘူး၊ တကယ်ရှိတာကို ခေါ်တာရှိသလို တကယ်မရှိတာကိုလည်း ခေါ်တာတွေ ရှိသေးတယ်၊ ဘာပဲခေါ်ခေါ် အများက အသိအမှတ် ပြုထားလို့ ရှိရင် မှန်တယ်လို့ သတ်မှတ်ရတယ်နော်၊ ဒါကြောင့်မို့ -

“သင်္ကေတ ဝစနံ သစ္စံ, လောကသမ္မုတိ ကာရဏံ”၊ “သင်္ကေတ ဝစနံ - လူတွေ သင်္ကေတလုပ်ထားတဲ့၊ အမှတ်ပြုထားတဲ့ စကားလုံးမှန်သမျှဟာ၊ သစ္စံ - မှန်တယ် တဲ့၊ လောကသမ္မုတိ ကာရဏံ - လောကလူတွေအားလုံးက နေပြီတော့ အသိအမှတ် ပြုထားလို့တဲ့၊”

အဲဒီတော့ လူတွေ အသိအမှတ်ပြုထားလို့ မှန်တယ်ဆိုတာ တကယ့်အမှန်တော့ ဟုတ်နိုင်ပါ့မလား၊ အားလုံးက နေပြီးတော့ အသိအမှတ် ပြုထားလို့ မှန်တဲ့ အမှန်လို့၊ ဒီလို ပြောရမယ်။

ဗုဒ္ဓမြတ်စွာက အဘိဓမ္မာတရားကို ဟောတဲ့အခါ တရားဘယ်နှစ်မျိုး ထည့်သွင်း ဟောသလဲ၊ (သို့မဟုတ်) အဘိဓမ္မာမှာ ဟောတဲ့ ဓမ္မ ဘယ်နှစ်မျိုး ရှိသလဲလို့ အကျဉ်းအားဖြင့် ပြောမယ် ဆိုရင် ပညတ်နဲ့ ပရမတ် လို့ ပြောရမယ်၊ ပညတ် ဆိုတဲ့ စကားလုံး က ပါဠိလို ပညတ္တိဆိုတဲ့ စကားက လာတယ်၊ ပရမတ်ဆိုတာ ပရမတ္ထ ဆိုတဲ့ ပါဠိစကားလုံးက လာတယ်၊

မြန်မာလို မပြန်ဘဲနဲ့ ပညတ္တိကို ပညတ်လို့ မြန်မာတွေက ခေါ်လိုက်တယ်၊ ပရမတ္ထကိုလည်း ပရမတ်လို့ ခေါ်လိုက်တယ်၊ ပါဠိစကားကိုပဲ မြန်မာဝေါဟာရ အဖြစ် အသုံးပြုလိုက်တာလို့ ဒီလိုပြောတယ်၊ အဲဒီတော့ အဘိဓမ္မာ -ကျမ်းမှာ ဟောတဲ့တရားက ဘာတွေတုန်း၊ အကျဉ်းချုပ်ပြောစမ်းပါဆိုရင် ပညတ်နဲ့ ပရမတ်ကို အဘိဓမ္မာမှာ ဟောတယ်လို့ ဒီလိုပြောရမယ်၊ အဘိဓမ္မတ္ထလို့ ခေါ်တဲ့ အဘိဓမ္မာ ၇-ကျမ်းမှာ ဟောထားတဲ့ အဓိကတရားက ၂-မျိုး ရှိတယ်၊ ဘာတွေလဲဆိုရင် ‘ပညတ်’ နဲ့ ‘ပရမတ်’ တဲ့။

အဲဒီတော့ ပညတ်ဆိုတဲ့ အကြောင်းကိုပြောရရင် သမ္မုတိသစ္စာလို့ သတ်မှတ်ရတဲ့ ပညတ်၊ အဲဒီ ပညတ်ဟာ အခြေခံအားဖြင့် ၂-မျိုး ရှိပြန်တယ်၊ သဒ္ဒပညတ် နဲ့ အတ္ထပညတ်လို့ အခြေခံအားဖြင့် ၂-မျိုး အရင်မှတ်ရမယ်။

သဒ္ဒပညတ်

သဒ္ဒပညတ်ဆိုတာ လူတွေပြောတဲ့ စကားသံတွေကို သင်္ကေတလုပ်ထားတာ၊ သဒ္ဒပညတ် လို့ ခေါ်တယ်၊ အသံတွေကို စာလုံးနဲ့ မှတ်တမ်းတင်ထားတယ်ပေါ့၊ အသံဆိုတာ မြင်ရရဲ့လား၊ မမြင်ရဘူး၊ သို့သော် စာလုံးနဲ့ မှတ်တမ်း တင်လိုက်ရင် ဒီအသံမျိုး ထပ်မရနိုင်ဘူးလား၊ ရနိုင်တယ် မြန်မာလူမျိုးတွေက ကကြီး၊ ခခွေးနဲ့ ဗျည်း-၃၃လုံး အသံတွေ ဖလှယ်ပြီးတော့ မှတ်တမ်းတင်ထားကြတာ၊ အဲဒီ စကားလုံးအသံကို ဘယ်သူ ရွတ်ရွတ်၊ ဒီအသံပဲထွက်တယ်၊ စကားလုံးတွေ, ဝေါဟာရတွေနဲ့ အသံကို မှတ်တမ်းတင်ထားတယ်လို့ ခေါ်တာ၊ အဲဒါတွေကို သဒ္ဒပညတ်လို့ ခေါ်တယ်။

အင်္ဂလိပ်လူမျိုးတွေအတွက်လည်း အင်္ဂလိပ်ဝေါဟာရတွေ အင်္ဂလိပ် စကားလုံးတွေဟာ ပညတ်ပါပဲ၊ ဒါတွေဟာ အမှန်တရားတွေ မဟုတ်ဘူးနော်၊ စာလုံးလေးတွေကို အမှတ်သင်္ကေတ ပြုပြီးရေးထားတာ၊ ဒါကြောင့် ပုံစံအမျိုးမျိုးနဲ့ ရေးတယ်လေ။

မြန်မာတွေရေးတဲ့ ‘က’ နဲ့ အင်္ဂလိပ်တွေ ရေးတဲ့ ‘က’ တူရဲ့လား၊ မြန်မာရေးတာတစ်မျိုး၊ အင်္ဂလိပ်တွေ ရေးတာတစ်မျိုး၊ သို့သော် ဖတ်လိုက်ပြီ ဆိုရင်တော့ အသံတူ မထွက်ဘူးလား၊ ထွက်တယ်၊ ဥပမာ- ကိုကိုဆိုတဲ့ စကားလုံးကို ကြည့်ပေါ့၊ မြန်မာလို ရေးလို့ ရှိရင် “ကကြီး တချောင်းငင်၊ လုံးကြီးတင်နဲ့” ရေးမယ်၊ အင်္ဂလိပ်လို ရေးလို့ရှိရင် ‘Ko’ နဲ့ရေးမယ်၊ ‘Ko’ နဲ့ရေးရေး၊ ကကြီးတစ်ချောင်းငင် လုံးကြီးတင်နဲ့ ရေးရေး၊ ဖတ်ရင် ‘ကိုကို’ ဆိုတဲ့ အသံပဲထွက်မှာပဲ၊ ဒါကြောင့် အသံကို မှတ်တမ်းတင်ထားတာ သဒ္ဒပညတ်လို့ ခေါ်တယ်။

အဲဒီ သဒ္ဒပညတ်ကို ဘာကြောင့် ပညတ်လို့ ခေါ်သလဲ၊ ပညတ္တိဆိုတဲ့ စကားလုံးက သိစေတယ်ဆိုတဲ့ အဓိပ္ပါယ်ရတယ်၊ သိစေတယ်၊ သိစေတက်သောကြောင့် ပညတ်လို့ ခေါ်တယ်၊ ဘာကို သိစေတာတုန်းလို့ ဆိုလို့ရှိရင် ဥပမာ- ခုနကပြောတဲ့ ‘ကိုကို’ ဆိုတဲ့ စကားလုံးတစ်ခုကို ကြည့်လိုက်လို့ ရှိရင် အဲဒီ ‘ကိုကို’ ဆိုတဲ့ အမည်ရှိတဲ့ ပုဂ္ဂိုလ်ကို ဒီစကားလုံးက ဖော်မပြဘူးလား၊ ဖော်ပြတယ်။

နောက်တစ်ခါ ‘စားပွဲ’ လို့ဆိုပါစို့၊ စားပွဲလို့ဆိုတဲ့ အသံကို ကြည့်လိုက်ရင် အဲဒီအသံက ဘာကို ဖော်ပြတုန်းဆိုတော့ လူတွေ အသုံးပြုနေတဲ့ စာရေးစားပွဲပဲ ဖြစ်စေ၊ ထမင်းစားပွဲပဲဖြစ်စေ အဲဒီစားပွဲဆိုတဲ့ ပုံသဏ္ဌာန်ကို ဖော်ပြမနေဘူးလား၊ အရာဝတ္ထု (substance) ကို ဖော်ပြနေတယ်၊ ဒါကြောင့် ပညတ်လို့ ခေါ်တာ။

“ပညာပေတီတိ ပညတ္တိ”၊ ပညာပေတီတိ - အကောင်အထည်ကို ဖော်ပြပြီးတော့ သိစေတက်သောကြောင့်၊ ပညတ္တိ-ပညတ်မည်၏တဲ့၊ သဒ္ဒပညတ်ဆိုတာ အထည်ဝတ္ထုဒြပ်ကို သိစေတယ်၊ ကြည့်လေ၊ လူတွေလည်း နာမည် အသီးသီးတွေ မှည့်ပြီး တော့ထားကြရတယ်၊ ကိုယ့်နာမည်ခေါ်ရင် သိတယ်၊ နာမည် ပြောလိုက်လို့ ရှိရင် သိသွားတယ်၊ ဘာကို သတိတာတုန်းဆိုရင် လူ၊ ပုဂ္ဂိုလ်၊ ဒြပ်ကြီးတွေကို မသိရဘူးလား။

အိမ်လို့ ပြောလိုက်တာနဲ့ လူတွေနေတဲ့ အဆောက်အအုံ ဆိုတာ မြင်ရတယ်၊ ကျောင်းလို့ ပြောလိုက်တာနဲ့ ဘုန်းကြီးတွေ နေတဲ့ အဆောက်အအုံ၊ ပန်းလို့ ဆိုလိုက်တာနဲ့ အရောင်အမျိုးစုံရှိပြီး သစ်ပင်က ပွင့်တဲ့အရာဆိုတာ မြင်ရတယ်၊ ဒီဝေါဟာရလေးတွေ၊ စကားလုံးလေးတွေက ဆိုင်ရာ ဆိုင်ရာ ဒြပ်ကို ဖော်ပြနေကြတယ်၊ သိအောင် လုပ်ကြတယ်၊ ဒါကြောင့် ပညတ္တိ-ပညတ်လို့ ခေါ်တယ်၊ ဒါက ‘သဒ္ဒပညတ်’၊ လူတွေရဲ့ အသံကို မှတ်တမ်းတင်ထားတဲ့ သဒ္ဒပညတ်တဲ့။

အတ္ထပညတ်

နောက်တစ်ခုက အတ္ထပညတ်လို့ ခေါ်တယ်၊ အတ္ထပညတ်ဆိုတာ အထည်ကိုယ်, ဒြပ်ရှိတဲ့ အရာကို ဆိုလိုတယ်၊ သူကလည်း ပညတ်ပဲ၊ ခုနက ‘စားပွဲဆိုတဲ့ စကားလုံး’ နဲ့ အဲဒီ စကားလုံးက ဖော်ပြနေတဲ့ အရာဝတ္ထုဆိုတဲ့ လူတွေ မြန်နေရတဲ့ ခြေထောက် ၄-ချောင်း(သို့) ခြေထောက် ၃-ချောင်း ပုံပန်းသဏ္ဌာန်ရှိတဲ့ စားပွဲဆိုပြီး ၂-ခုရှိတယ်နော်၊ စားပွဲဆိုတဲ့ စကားလုံးကို ‘အတ္ထပညတ်’ လို့ခေါ်တယ်၊ အဲဒီ အတ္ထပညတ်ကို ဘာကြောင့် ပညတ်လို့ ခေါ်တုန်းဆိုရင် “ပညာပီယတီတိ ပညတ္ထိ” တဲ့။

ပညာပီယတီတိ-စကားလုံးဖြင့် ဖော်ပြခံရပြီး သိအပ်သောကြောင့်၊ ပညတ္ထိ-ပညတ်မည်၏၊ လူကို သိရတဲ့အခါလည်း စကားလုံးနဲ့ပဲ သိရတာ၊ တစ်ယောက်နဲ့ တစ်ယောက်ပြောလည်း စကားလုံးနဲ့ပဲ သိရတာပဲ၊ စကားလုံးနဲ့ ဖေါ်ပြခံရသောကြောင့် “အတ္ထပညတ်” တဲ့၊ ဒါကို အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ဖော်ပြထားတယ်နော်။

“ပညာပေတီတိ ပညတ္ထိ” သိအောင် လုပ်ပေးသောကြောင့်လည်း ပညတ်၊ ဒါက စကားလုံးတွေ ဝေါဟာရတွေ အမည်နာမတွေ၊ ဒါတွေကို သဒ္ဒပညတ်လို့ ခေါ်တယ်၊ ထိုစကားလုံးတွေ အမည်နာမတွေ ဝေါဟာရတွေကနေ ဖော်ပြတဲ့ အရာဝတ္ထုကြန်တော့ အတ္ထပညတ်တဲ့၊ ဘာဖြစ်လို့ အတ္ထပညတ်လို့ ခေါ်တုန်းဆိုရင် အမည်တွေ ဝေါဟာရတွေ စကားလုံးတွေဖြင့် သိအပ်သောကြောင့်, သိရသောကြောင့် ပညတ်မည်၏တဲ့။

အဲဒီတော့ ပညတ်ဆိုတာ သဒ္ဒပညတ်နဲ့ အတ္ထပညတ် ဒီလို ပညတ် ၂-မျိုးရှိတယ်၊ အဲဒီ ပညတ် ၂-မျိုးရှိတယ်၊ အဲဒီ ပညတ် ၂-မျိုးကို တစ်ခါထပ်ပြီး ခွဲလိုက်တယ်၊ တကယ် ထင်ရှားရှိတာရော မရှိတာရော ခေါ်ဝေါ်ပြောဆိုလို့ ရကြပြန်တယ်၊ တကယ်မရှိတာကိုရော ခေါ်လို့မရဘူးလား၊ ရတယ်နော်၊ မရှိတာ တစ်ခုပြောပြမယ်။

မရှိပညတ်

လောကမှာ မရှိဘူးလို့ သတ်မှတ်ထားတာ၊ “ယုန်မှာ ချို မရှိဘူး” လို့ ပြောကြတယ်၊ ခု မော်ဒန်ယုန်ကျတော့ မပြောတက်ဘူး၊ ချို ပေါက်ချင်ပေါက်နေမှာနော်၊ အဲဒီတော့ ယုန်ချိုဆိုတဲ့ စကားလုံးကိုကြည့်ရင် ယုန်မှာ ချိုမရှိသော်လည်း စကားလုံး အနေနဲ့တော့ ယုန်ချိုလို့ ပြောလို့ မရဘူးလား၊ ရတယ်၊

သို့သော် ယုန်ချိုလို့ ပြောတဲ့အတိုင်း တကယ် ချိုကို ရှာတွေ့နိုင်ပါ့မလား၊ မတွေ့နိုင်ဘူး၊ အဲဒီလို မရှိတာဟာ ပင်ကိုယ်က မရှိတာ၊ သဘာဝအားဖြင့် မရှိတာ ဖြစ်နိုင်တယ်၊ အဲဒီလို မရှိတာကို အစွဲပြုပြီးတော့ ‘မရှိတဲ့ ပညတ်’ တကယ် မရှိတာကို အရှိလုပ်ပြီး လူတွေက ပြောလေ့ရှိတဲ့ ပညတ်ကို အဝိဇ္ဇာမာန ပညတ်လို့ ခေါ်တယ်။

ရှိပညတ်

တချို့ကျတော့ သဘာဝအားဖြင့် တကယ်ကို ရှိတယ်၊ ဥပမာ- အာရုံကို သိတက်တဲ့သဘောကို စိတ်လို့ခေါ်တယ်၊ လူတိုင်း လူတိုင်းမှာ စိတ်ရှိတယ်၊ မတွေ့နိုင်ဘူးလား၊ တွေ့နိုင်တယ်၊ စိတ်ဆိုတဲ့ အာရုံကို

သိတက်တဲ့သဘော၊ လူတိုင်း လူတိုင်းမှာ မရှိဘူးလား၊ အဲဒီအရှိကို အစွဲပြုပြီးတော့ ခေါ်ဝေါ်ပညတ်တဲ့ စိတ်ဆိုတဲ့ ဝေါဟာရလေးကျတော့ ဝိဇ္ဇာမာနပညတ် လို့ ခေါ်တယ်။

နောက် ဥပမာ ‘နိဗ္ဗာန်’၊ နိဗ္ဗာန်ဆိုတာလည်း ဘုရား အဆူဆူဟာ နိဗ္ဗာန်ကို ဝင်စံတော်မူကြတယ်၊ ရဟန္တာပုဂ္ဂိုလ် တွေလည်း ကိလေသာအာသဝေါ ကုန်သွားတဲ့အခါ နိဗ္ဗာန်ကို ဝင်စံတော်မူကြတယ်၊ လူတိုင်း လူတိုင်းဟာလည်း ဒီကောင်းမှုကြောင့် နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုရပါလို၏လို့ ဆိုပြီး နိဗ္ဗာန်ကို ဦးတည်ဆုတောင်းနေကြတယ်၊

အဲဒီ နိဗ္ဗာန်ဟာ တကယ် ရှိသလားလို့ ဆိုတော့ အငြိမ်းဓာတ်အနေနဲ့သာ တကယ်ရှိတာ ဖြစ်သောကြောင့် နိဗ္ဗာန်ဆိုတဲ့ စကားလုံးသည် ဝိဇ္ဇာမာနပညတ်၊ ပညတ်တော့ ပညတ်ပဲ၊ သူက အရှိကို ခေါ်ထားတဲ့ ပညတ်လို့ ဒီလို ပြောတယ်၊ အဲဒါကို ဝိဇ္ဇာမာန ပညတ်။

လူတိုတာ ဥပမာ အသားဖြူတဲ့ လူကိုလည်း ‘မောင်နက်’ လို့ ခေါ်ချင်ခေါ်မယ်၊ ‘မောင်ညို’ လို့ ခေါ်ချင်ခေါ်မယ်၊ အသားမည်းတဲ့ လူကိုလည်း ‘မောင်ဖြူ’ လို့ ခေါ်ချင်ခေါ်မယ်၊ ကိုက်ရဲ့လား၊ မကိုက်တာတွေလည်း အများကြီးပဲ၊ ခေါ်ချင်ရာ တစ်ခုခုကို စွဲပြီးတော့ ခေါ်လိုက်တာ၊ ‘မချော’ လို့ ဆိုပေမယ့် ချောချင်မှ ချောမှာနော်၊ ‘မရုပ်ဆိုး’ ဆိုတာက ချောချင်လည်း ချောနေမှာပဲ၊

မဟုတ်တာကို စွဲပြီးတော့ လူ့လောကမှာ ခေါ်ချင်သလို ခေါ်ကြတဲ့ အဲဒီလို အခေါ်အဝေါ်တွေ အားလုံးဟာလည်းပဲ ပညတ်တွေချည်းပဲလို့ ဒီလိုပြောတ၊ ဒါတွေဟာ မမှန်ဘူးလားဆိုတော့ သမ္မုတိသစ္စာအနေနဲ့တော့ မှန်တယ်၊ ဘာကြောင့် မှန်တာတုန်း၊ အားလုံးက သဘောတူထားလို့ မှန်တာတဲ့။

မြန်မာစကားထဲမှာ ရှိတယ် မဟုတ်လား၊ “လူညီရင် ဤကို ကျွဲဖတ်” ဆိုတာ လူညီလို့ မှန်နေကြတဲ့ အမှန်တွေလို့ ပြောတာ၊ အဲဒါဟာ သမ္မုတိသစ္စာတွေချည်းပဲ၊ ပညတ်တွေချည်းပဲ၊ မမှန်တာကို စွဲပြောတာလည်း ရှိတယ်၊ မှန်တာကို စွဲပြောတာလည်း ရှိတယ်၊ ဟုတ်တာကို စွဲပြောတာ ရှိတယ်၊ မဟုတ်တာကို စွဲပြောတာ ရှိတယ်၊ တကယ်ရှိတာကို စွဲပြောတာ ရှိတယ်၊ တကယ်မရှိတာကို စွဲပြောတာ ရှိတယ်၊ ဘာပဲ ပြောပြော လူတွေက အသိအမှတ် ပြုလိုက်လို့ ရှိရင် ဒါ သမ္မုတိသစ္စာ ဖြစ်သွားရော၊

ဒီလို ပညတ်က သမ္မုတိသစ္စာ ဖြစ်တယ်၊ အဲဒီ သမ္မုတိသစ္စာဟာ ထဝရ မှန်နေတာ မဟုတ်သည့်အတွက်ကြောင့် ပြောင်းလို့ရတယ်၊ ကြည့်လေ- သတင်စာထဲနာမည်ပြောင်းတာ တွေ မတွေ့ဘူးလား၊ သမ္မုတိသစ္စာဆိုတာ ပြောင်းလို့ရတယ်တဲ့၊ ဘာဖြစ်လို့လဲဆိုတော့ just label ဖြစ်လို့ပဲ၊ အမည်ခေါ်စရာလေး တစ်ခုခု သတ်မှတ်ပေးလိုက်တာပဲ၊ ဒါကြောင့် အခေါ်အဝေါ် မှန်သမျှတွေဟာ ပညတ်တွေလို့ ဒီလို မှတ်ရမယ်။

ပညတ်ရဲ့သဘာဝ

ဒါဖြင့် ဒီပညတ်ကလည်း အလွန်အရေးကြီးတယ်၊ လောက သတ်မှတ်ထားတဲအတိုင်း အားလုံးလေးစားကြရမယ်၊ လိုက်နာကြရမယ်၊ အများသတ်မှတ်ထားတဲ့အတိုင်း ခေါ်ထားတဲ့ အတိုင်း အားလုံးလေးစားကြရတယ်၊ ဒါ ပညတ်ရဲ့ သဘာဝ၊

အဝတ်အစားတွေပဲကြည့်၊ ဒါက ပုဆိုးလို့ သတ်မှတ်ထားလို့ ရှိရင် အမျိုးသမီးတွေ ဝတ်ရဲ့လား၊ သင်္ကန်းလို့ သတ်မှတ်ထားတဲ့ အဝတ်ကို လူတွေ ဝတ်ရဲ့လား၊ မဝတ်ဘူး၊ တကယ်တော့ အဝတ်ဟာ အဝတ်ပဲ၊ သို့သော်လည်း သမ္မုတိသစ္စာအားဖြင့် အများက ဒီလို သတ်မှတ်ထားသည့် အတွက်ကြောင့် မှန်နေတယ်။

ဒီ သမ္မုတိစ္စာရဲ့ သဘောကို နားမလည်သည့်အတွက် တချို့ နိုင်ငံခြားသားတွေက မေးကြတာ ရှိတယ်၊ “ဟေ့ ရွှေတိဂုံ ဘုရားကြီးက အုတ်ပုံကြီးပဲ၊ မြန်မာပြည်ကလူတွေ အုတ်ပုံကြီး ရှိခိုးနေကြတာလား” လို့ မေးတယ်၊ ဒါ သမ္မုတိသစ္စာ နားမလည်လို့ ပြောတာနော်၊ ရွှေတိဂုံဘုရားဟာ အုတ်ပုံမှ မဟုတ်တော့ပဲ၊ ဘုရားဖြစ်နေပြီလေ၊ အားလုံးက အုတ်လို့ ဘယ်သူပြောသေးလဲ၊ သမ္မုတိသစ္စာဆိုတာ အားလုံးက အတည်ပြုပြီး သတ်မှတ်လိုက်တာနဲ့ တစ်ပြိုင်နက် သူက အတည်ဖြစ်သွားတာ၊

သူတို့လည်း ရှိတာပဲလေ၊ ရုပ်ပုံကြီးတွေ ကိုးကွယ်တာ၊ သို့သော် အုတ်ရှိခိုးတယ်လို့ သူတို့က အပေါ်ယံ ပြောချင်တာ၊ ဒါ အုတ်လား ဆိုတော့ ဘယ်အုတ် ဟုတ်မလဲ၊ ဟို အုတ်ပုံနဲ့ ရွှေတိဂုံဘုရားက ဘယ်တူတော့မလဲ၊ ဘုရားလို့ သတ်မှတ်လိုက် ကတည်းက ဘယ်တူတော့မလဲ။

ဥပမာ- မန္တလေးကျောက်ဆစ်တန်း သွားကြည့်၊ ကျောက်တုံးကြီးတွေ ထုကြတယ်၊

ဆင်ရုပ်ထုတာလည်း ရှိတယ်၊ ခြင်္သေ့ရုပ်ထုတာလည်း ရှိတယ်၊ ဘုရားရုပ်တုတော် ထုတာလည်း ရှိတယ်၊ ဘုရားရုပ်တုတော် ထုလိုက်တာနဲ့ တပြိုင်နက် ရိုသေလေးစားဖို့ တာဝန်ရှိသွားပြီ၊ ‘ဘုရား’ လို့ ‘ဘုရားဆင်းတု’ လို့ ခေါ်ကြတယ်၊

ဘယ်သူကမှ ခြင်္သေ့ရုပ်တို့၊ ဆင်ရုပ်တို့ မခေါ်ဘူး၊ ရုပ်ပုံလေးပေါ်လာတာနဲ့၊ တပြိုင်နက် ဒါ ဘုရားပဲ၊ မရိုမသေ မလေးစားလုပ်ရင် အပြစ်ရှိတယ်၊ ဘုရားထုတဲ့ လူတွေကန်တော့ ထင်ကြတယ်၊ အနေကဇာ မတင်သေးရင် ဘုရား မဖြစ်သေးဘူးလို့၊ မဆိုင်ဘူး၊ ဘုရားလို့ သတ်မှတ်လိုက်တာနဲ့ တပြိုင်နက် အများက အသိအမှတ်ပြုထားသည့်အတွက်ကြောင့် ဒါ ဘုရားပဲ။

သမ္မုတိသစ္စာကိုလေးစားကြ

တစ်ခုခု သတ်မှတ်ပြီးတော့ ပစ္စည်းတစ်ခုခု ထုတ်လိုက်တယ်၊ တစ်ခုခုသတ်မှတ်ပြီး ပစ္စည်းကို ထုတ်လိုက်တယ် ဆိုပါစို့၊ ကြွေထည်ပစ္စည်းတွေ လုပ်တဲ့နေရာမှာ ထမင်းထည့်ဖို့ ချိုင့်ရယ်၊ နောက်ဖေးသုံးဖို့ အုံးရယ် နှစ်ခုစလုံး အသစ်တွေချည်းပဲ၊ တစ်ခုကိုတော့ နောက်ဖေး အိုးလို့ ခေါ်လိုက်တယ်၊ တစ်ခုက ထမင်းချိုင့်လို့ ခေါ်တယ်၊ အဲဒီနှစ်ခု အပြောင်းအလဲ လုပ်လို့ မရဘူးလား၊ မရဘူး။

အမည်ပညတ် တင်လိုက်တာနဲ့ တပြိုင်နက် နောက်ဖေးအိုး အဖြစ် အသုံးပြုမယ့်ဟာကို အစာအဟာရထည့်လို့ မဖြစ်တော့ဘူး၊ ဘယ်သူမှလည်း မထည့်ဘူး၊ ပင်ကိုယ်စိတ်ရှိတဲ့ ပုဂ္ဂိုလ် ဘယ်သူမှ မသုံးဘူး၊ မသိတဲ့ ပုဂ္ဂိုလ်ကျတော့ သုံးကောင်း သုံးမိလိမ့်မယ်၊ သူဟာနဲ့သူ သတ်မှတ်ထားလိုက်တာ။

ဖြစ်တဲ့အချိန် ကနေစပြီးတော့ ဒီအရာဝတ္ထုဟာ အတည် ဖြစ်သွားတာပဲ၊ ထို့အတူပဲ အုတ်တွေကို ဆင့်ဆင့်ပြီးတော့ စေတီ တည်လိုက်တာနဲ့ စေတီလို့ အားလုံးက အသိအမှတ် ပြုပြီးပြီလေ၊ ပြုပြီးသွားတာနဲ့ မရိုမသေလုပ်ရင် အပြစ် ဖြစ်တော့တာပဲ။

ဒါကြောင့် သမ္မုတိသစ္စာဆိုတာ အင်မတန်မှ ကြီးမားတယ်နော်၊ လောကလူတွေဟာ သမ္မုတိသစ္စာနဲ့ပဲ အားလုံး နေ,နေကြရတယ်၊ သမ္မုတိသစ္စာကို ရိုသေလေးစားပြီး သမ္မုတိသစ္စာအတိုင်း သတ်မှတ်ပြီးတော့ နေကြရတယ်၊ သမ္မုတိသစ္စာကို ဖောက်ဖျက်မယ် ဆိုလို့ ရှိရင် ဒီပုဂ္ဂိုလ်ဟာ စိတ်မမှန်တဲ့ ပုဂ္ဂိုလ်ဖြစ်သွားလိမ့်မယ်၊ မြတ်စွာဘုရားကိုယ်တိုင် သမ္မုတိသစ္စာကို အခြေခံထားပြီးတော့ ဟောတဲ့ သုတ္တန်တရားတွေ ရှိတယ်၊

မင်္ဂလသုတ္တန်မှာ ကြည့်၊ “အသေဝနာ စ ဗာလနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ” လူမိုက်တွေ မပေါင်းနဲ့တဲ့၊ ပညာရှိတဲ့ ပုဂ္ဂိုလ်တွေ ပေါင်းလို့ ဆိုတော့ လူမိုက်ရယ်၊ ပညာရှိရယ်လို့ ဒါ သမ္မုတိသစ္စာပိုင်းက ခွဲပြောလိုက်တာလေ၊ အဲဒီလိုမှ မခွဲလို့ရှိရင် လူမိုက်မှာလည်း ရုပ်နဲ့နာမ်ပဲ ရှိတာပဲ၊ ပညာရှိမှာလည်း ရုပ်နဲ့နာမ်ပဲ ရှိတာပဲလို့၊ ဒီလို သွားပြောလို့ ရမလား၊ မရဘူး၊ လူမိုက်နဲ့ ပညာရှိ မတူတဲ့အချက်တွေ အများကြီး ရှိတယ်၊ သို့သော် လူ အတူတူပဲလို့ ဆိုပြီးတော့ လုပ်လို့ မရဘူးနော်။

သူ့နေရာနဲ့ သူမှန်တယ်

ပရမတ်နဲ့ ပညတ် အငြင်းအခုန်တွေ အရင်တုန်းက မြန်မာ ပြည်မှာ တော်တော်လေး ဖြစ်ခဲ့ဖူးတယ်၊ သူ့နေရာနဲ့သူ မှန်တယ်လို့ ဒီလို မှတ်ရမယ်၊ ငြင်းစရာ မလိုဘူးနော်၊ သမ္မုတိသစ္စာအတိုင်း လိုက်နာရမယ်၊ သမ္မုတိသစ္စာအတိုင်း မလိုက်နာလို့ရှိရင် ထိုပုဂ္ဂိုလ်သည် စိတ်မမှန်တဲ့ ပုဂ္ဂိုလ်ဖြစ်သွားမယ်၊ အဲဒီတော့ သမ္မုတိသစ္စာကို အသုံးပြုပြီးတော့ ဗုဒ္ဓမြတ်စွာက လူတွေရဲ့ ကျင့်ဝတ်တွေကို ချမှတ်တော်မူခဲ့တယ်၊ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးဆိုတာ။

ကြည့်လေ လူတွေမှာ အဆင့်ဆင့် မင်းက အဖေ၊ မင်းက သား၊ သမီး၊ မင်းက အမေဆိုပြီး လူတွေမှာ Hierarchy (အနိမ့် အမြင့် အဆင့်ခွဲသည့် စနစ်) အဆင့်ဆင့် ခွဲထားခဲ့တယ်၊ သားသမီး လုပ်တဲ့ ပုဂ္ဂိုလ်က အမေ, အဖေဆိုပြီးတော့ လေးစားရမယ်၊ ဆောင်ရွက် ရမယ့် ဝတ္တရားတွေ ဆောင်ရွက်ပေးရမယ်၊ စော်ကားလို့ မရဘူး၊

အမေကလည်း အမျိုးသမီးပဲ၊ အဖေကလည်း အမျိုးသားပဲ၊ ဒီပြင် လူတွေကလည်း အမျိုးသားပဲ၊ ဒီပြင်လူတေကွလည်း အမျိုးသမီးတွေပဲလို့ ဒီလိုပြောလို့ ရပါ့မလား၊ မရဘူး၊ သူ့အဖို့မှာ လေးစားရမယ့် အမေ, အဖေဆိုတာ ဖြစ်သွားတယ်၊ ညီအစ်ကို မောင်နှမဆိုလည်း ညီအစ်ကို မောင်နှမလို့ ဒီလို သတ်မှတ်ထားတဲ့ သမ္မုတိသစ္စအတိုင်း အမှန်အကန်ပဲ ဖြစ်တယ်၊ လူချင်း အတူတူ ပါပဲလို့ လုပ်လို့ မရဘူး။

ဒီလိုပါပဲ၊ သောက်ရေအိုးထဲက ရေနဲ့ အိမ်သာထဲက ရေ၊ တူတူထားလို့ ရလား၊ ရေချင်း တူတူပါပဲ၊ သို့သော်လည်း နေရာတို့, အသုံးတို့ကျတော့ ကွာသွားတယ်၊ ကွာသွားသည့် အတွက်ကြောင့် လူတွေရဲ့စိတ်ထဲမှာလည်း ခွဲခြားမှု ဖြစ်သွားတယ်၊ ဒါကြောင့်မို့ သမ္မုတိသစ္စာကို ဖောက်ဖျက်တဲ့ ပုဂ္ဂိုလ်ဟာ လောကမှာ ရူးသွပ်တဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်မယ်တဲ့နော်။

မြတ်စွာဘုရားက သမ္မုတိသစ္စာကို အသုံးပြုပြီးတော့ ရှောင်ရမယ့် တရားတွေ၊ ဆောင်ရမယ့် တရားတွေ၊ သိင်္ဂါလောဝါဒသုတ်မှာ မိဘကျင့်ဝတ်တွေ၊ သားသမီးကျင့်ဝတ်တွေ၊ အလုပ်ရှင်ရဲ့ ကျင့်ဝတ်တွေ၊ အလုပ်သမားတွေရဲ့ ကျင့်ဝတ်တွေ ဆိုပြီးတော့ စည်းကမ်းတွေ အမျိုးမျိုး ဟောခဲ့တယ်၊ လောကကြီးပွားရေးတွေ, သံသရာ ကြီးပွားရေးတွေကို ဟောခဲ့တယ်၊ သမ္မုတိသစ္စာပိုင်းက ဟောတာပါတဲ့၊

ဒါကြောင့်မို့ သမ္မုတိသစ္စာဟာ လောကကြီးတစ်ခုလုံးကို စည်းကမ်းကလနားရှိရှိနဲ့ ကြီးပွားတိုးတက်အောင် စွမ်းဆောင်နိုင်တာ ဖြစ်သောကြောင့် သမ္မုတိသစ္စာဟာ ပယ်ရမယ့် အရာမဟုတ်ဘူး၊ သူ့နေရာနဲ့သူ လေးစား လိုက်နာရမယ်လို့၊ ဒီလိုပြောတာနော်။

ပညတ်ရဲ့ သဘောလက္ခဏာ

အဲဒီတော့ ပညတ်တွေ မှန်သမျှဟာ သမ္မုတိသစ္စလို့ဆိုတော့ ပညတ်ရဲ့ အသွင်အပြင် သဏ္ဌာန်လေးကို ကြည့်ရအောင်၊ ဘာကြောင့် ပညတ်လို့ ခေါ်ရသလဲ၊ ဘယ်လို သဘာဝတရားကို ပညတ်လို့ ခေါ်သလဲဆိုတာကို ကြည့်ရမယ်၊ ခုနက ပြောခဲ့ပြီ၊ လူတွေ နေ့စဉ်သုံးနေတဲ့ စကားလုံးတွေ၊ မှည့်ခေါ်ထားတဲ့ အမည်နာမတွေ ထိုအမည်နာမတွေက ဖော်ပြတဲ့ အရာဝတ္ထုတွေ၊ အားလုံးဟာ ပညတ်ချည်းပဲလို့ ဒီလို ပြောခဲ့ပြီ။

ဒါဖြင့် ပညတ်ရဲ့ သဘောလက္ခဏာက ဘယ်ပုံ ဘယ်သဏ္ဌာန် ရှိသလဲလို့ ဆိုရင် ပညတ်ဆိုသည်မှာ “ယသ္မိံ ဘိန္နေ ဉာဏေနဝါ ဝိဘေဒိတေ န တံ သမညာ” ဘယ်လိုပဲ general consensus အများက အသိအမှတ် ပြုထားပေမယ့်လို့ ပညတ်ဆိုတာဟာ ပုံပန်းသဏ္ဌာန် ပျက်သွားလို့ရှိရင် အမည်ပြောင်းသွားတက်တယ်၊ ဒါ ပညတ်ရဲ့သဘောပါပဲ၊ ပညတ်ဆိုတာ သဏ္ဌာန်ပျက်သွားလို့ရှိရင် အမည် ပြောင်းသွားတက်တယ်။

ယေဘုယျအားဖြင့် ပြောရအောင်၊ ဘုန်းကြီးတို့တစ်တွေ၊ ဝတ်နေတဲ့ အဝတ်ဟာ ဝါဂွမ်းကနေ ရတဲ့ချည်က ဖြစ်လာတာ၊ ပထမဆုံးက အပင်မှာ သီးပွင့်နေတဲ့အရာ ဝါဂွမ်းလို့ ဒီလို မပြောကြဘူးလား၊ ဝါပင်ကနေ ပွင့်ပြီးတော့ သီးလာတဲ့ ဒီအရာဝတ္ထုလေးကို လူတိုင်းက ‘ဝါဂွမ်း’၊ အင်္ဂလိပ်လို cotton လို့ ခေါ်တယ်၊ အဲဒီ ဝါဂွမ်းကို ချည်အဖြစ် သဏ္ဌာန်ပြောင်း လိုက်မယ်၊ ဝါဂွမ်းလို့ ခေါ်သေးလား၊ ဘယ်သူမှ မခေါ်ဘူး၊ ဝါဂွမ်းသည် ချည်ဖြစ်သွားပြီ၊ လူတိုင်းလူတိုင်းဟာ ‘ချည်’ ပဲလို့ ခေါ်ကြတယ်၊ အဲဒါ ပညတ်ရဲ့ သဘောပဲ၊ သဏ္ဌာန်ပြောင်းသွားတိုင်း အမည်ပြောင်းသွားရတယ်။

တစ်ခါ ချည်ကို ရက်ကန်းစက်ပေါ်တင်ပြီး ယက်လိုက်တယ်၊ အတိုင်ချည် အဖောက်ချည်နဲ့ ယက်လိုက်တယ်၊ အဲဒါကို ‘အထည်’ တဲ့ ဖြစ်သွားပြန်ပြီ၊ နာမည် ပြောင်းသွားပြန်ပြီ၊ ချည်ဘဝကနေ အထည်ဘဝရောက်သွားပြန်ရော၊

အဲဒီအထည်ကို တစ်ခါ ပုံစံအမျိုးမျိုးနဲ့ လူတွေဝတ်တဲ့ ဝတ်စုံချုပ်လိုက်တဲ့ အခါကျတော့ နာမည် အမျိုးမျိုး ပြောင်းသွားပြီ၊ ဒါက ‘တီရှပ်’ တဲ့၊ ဒါက ‘ပုဆိုး’ ‘အိကျႌ’ ဆိုပြီး အမျိုးစုံ ခေါ်ကြပြန်ပြီ၊ ဘုန်းကြီးတွေ ဝတ်တာကျတော့ ‘သင်္ကန်း’ တဲ့၊ အမျိုးစုံ ဖြစ်မသွားဘူးလား၊ အဲဒီလို ပုံပန်းသဏ္ဌာန်တွေ ပြောင်းလိုက်တာနဲ့ အမည် ပြောင်းပြောင်းသွားတဲ့ အရာတွေကို ပညတ်လို့ ခေါ်တာပါ။

ထို့အတူပဲ ကြည့်လေ၊ အသားနဲ့ လုပ်ထားတဲ့ စားပွဲကို ပြောရအောင် ပထမတုန်းက ‘သစ်ပင်’ တုန်းက စားပွဲလို့ မခေါ်ပါဘူး၊ ကျွန်းဆိုရင် ကျွန်းပင်ကြီးပဲလို့ ခေါ်မယ်၊ တခြား အပင်တွေဆိုရင် တခြားသူ့နာမည်နဲ့ ခေါ်မယ်၊ ပထမဆုံးက သစ်ပင်လို့ခေါ်တာ၊ လှဲလိုက်တဲ့အခါ ခွဲစိပ်လိုက်တဲ့အခါကျတော့ ‘သစ်သား’ လို့ ဖြစ်သွားပြန်ရော၊ သစ်ပင်လို့ ဘယ်သူမှ မခေါ်ဘူး၊ သစ်သားဖြစ်သွားတယ်၊ အဲဒီသစ်သားကိုမှ တစ်ခါ ပရိဘောဂဆရာက ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ စပ်လိုက်မယ်၊ အသုံးအဆောင် ကြည့်ပြီး တော့ စပ်လိုက်မယ်ဆိုရင် ဒါကိုတော့ ‘စားပွဲ’ ခေါ်တယ်၊ ဒါကိုတော့ ‘ကုလားထိုင်’ ခေါ်တယ်နဲ့ လူတွေ အသုံးအဆောင် အမျိုးမျိုး ဖြစ်မသွားဘူးလား၊ ပညတ်ဆိုတာ ရပ်မနေဘူးနော်၊ ပုံသဏ္ဌာန်ပြောင်းတာနဲ့ လိုက်ပြောင်းဦးမှာပဲ။

ခုန အဝတ်အထည်လေးကို မဝတ်တော့ဘူး၊ လက်နှီးစုတ်လုပ်မယ်၊ ခြေသုတ်ပုဆိုးလုပ်မယ်ဆိုရင် အဝတ်လို့ ခေါ်သေးလား၊ မခေါ်တော့ပြန်ဘူး၊ အသုံးလိုက်ပြီးတော့ နာမည်ပြောင်းသွားပြန်ရော၊ အိမ်မှာပိုနေတယ်။ ဒီအတိုင်းကြီး အသုံးမကျဘူးဆို ပြီးတော့ မီးဖိုထည့်လိုက်တဲ့ အခါကန်တော့ ပြာဖြစ်သွားတယ်၊ အဲဒီကျတော့ အဝတ်အထည် ခေါ်သေးလား၊ ပြာလို့ ဖြစ်သွားပြန်ရော၊ အဲဒီလို တစ်ခုပြီး တစ်ခုပြောင်း လဲပြီးနေတာ မတည်မြဲဘဲနဲ့ ပုံသဏ္ဌာန်ပြောင်းသွားတာနဲ့ အမည် ပြောင်းပြောင်းသွားတာ မှန်သမျှဟာလည်း ပညတ်တဲ့၊ ဒါ စာပေကျမ်းဂန်မှာ ဆိုတာကို ချဲ့ပြီးတော့ ပြောတာ။

သဏ္ဌာန်ပျက်ရင် အမည်ပြောင်းတဲ့သဘော

“ယသ္မိံ ဘိန္နေ န တံ သမညာ” ယသ္မိ- အကြင် ပစ္စည်းဝတ္ထုဟာ၊ ဘိန္နေ- ပုံသဏ္ဌာန်ပျက် သွားမယ်ဆိုရင်၊ န တံ သမညာ - အဲဒီအမည် မဟုတ်တော့ဘူးတဲ့၊ မြေအိုးဆိုတာကိုပဲကြည့်၊ ပထမဆုံးက ရွှံစေး၊ ထိုရွှံစေးကို ပုံသဏ္ဌာန် လုပ်လိုက်တဲ့ အခါကျတော့ မြေအိုးလို့ ခေါ်တာ၊ တစ်ခါ ထိုမြေအိုး ကွဲသွားတဲ့အခါကျတော့ အိုးကွဲလို့ ခေါ်ပြန်ရော၊ အမှုန့် ထောင်းလိုက်တဲ့ အခါကျတော့ မြေမှုန့် ပြန်မဖြစ်သွားဘူးလား၊ သဏ္ဌာန်ပြောင်းတိုင်း အမည်နာမတွေ လိုက်ပြောင်းနေတာ၊ အဲဒါ ပညတ်ရဲ့ သဘောပဲ။

ပညတ်ဆိုတာ နောက်တစ်ခုက ဉာဏေနဝါ ဝိဘေဒိတေ- အသိဉာဏ်နဲ့ ခွဲစိပ်ပြီးတော့ ကြည့်လိုက်မယ်ဆိုလို့ ရှိရင်လည်း အမည် ပျောက်သွားတယ်တဲ့၊ အသိဉာဏ်နဲ့ ခွဲစိပ် ပြီးတော့ ကြည့်ရမယ်၊ ခွဲစိပ်ကြည့်လိုက်တာနဲ့ အမည် ပျောက်သွားရင်လည်း ပညတ်ပဲတဲ့၊ အခု တရားပွဲ လာကြတယ်၊ ဘာနဲ့ လာတုန်းမေးရင် ကားနဲ့လာတယ်၊

ကားလို့ ပြောတဲ့အရာတစ်ခုကို ရှာကြည့်ရအောင်၊ တစ်ခုစီ တစ်ခုစီ မေးခွန်းတွေ ထုတ်လိုက်မယ်၊ ကားမှာ အစိပ်အပိုင်းတွေ မြောက်များစွာ ရှိတယ်၊ အပေါ်ယံ ကြည့်လို့ရှိရင် ကားရဲ့ဘော်ဒီ ရှိတယ်၊ အောက်ပိုင်းမှာ ဘီးရှိတယ်၊ အင်ဂျင်ရှိတယ်၊ တံခါးတွေ ပါတယ်၊ အစိတ်အပိုင်းတွေ အကုန်လုံး တစ်ခုစီ တစ်ခုစီ ပြောမယ်ဆိုရင် ကားဆိုတဲ့နာမည် ရှိသေးရဲ့လား၊ ဘီးကို ကားခေါ်တာလားလို့ဆို ဘီးပဲ၊ ကား မဟုတ်ဘူး၊ ကားလို့ ခေါ်စရာ ရှာမတွေ့တော့ဘူး၊ တစ်စစီ ဖြုတ်ပြီးတော့ ကြည့်လိုက်လို့ ရှိရင် အသိဉာဏ်နဲ့ ခွဲကြည့်လိုက်မယ်ဆိုရင် ဘယ်မလဲ ကား၊ ဒါက ဘီး၊ ဒါက ဘော်ဒီ၊ ဒါက အင်ဂျင်၊ ဒါက တခြား သူ့ဆိုင်ရာ ဆိုင်ရာ စက်ကိရိယာတွေ၊ ဘယ်မလဲ ကား ဆိုတာ၊ ပြောလိုက်ရင် ကားလို့ ခေါ်စရာ ရှိသေးရဲ့လား၊ မရှိဘူး။

ဒီအတိုင်းပဲ လူတွေက ပြောကြတယ်၊ သစ်ပင်ကြီး လဲသွားတယ်၊ ဘယ်ဟာကို သစ်ပင်လို့ ပြောတာလဲ၊ သစ်ပင်လို့ မေးရင် တစ်ခုစီ တစ်ခုစီ ခွဲပြီးတော့ ပြောရတာပေါ့နော်၊ အမြစ်ကို သစ်ပင်ခေါ်တာလားဆို မဟုတ်ဘူး၊ အမြစ်က အမြစ်၊ သစ်ပင်ဆိုတာ ဒါလားလို့ ကိုင်ပြောမယ်ဆိုရင် အမြစ်ကိုပြောရင် အမြစ်လို့ပဲ ပြောရမယ်၊ ပင်စည်ကိုပြောရင် ပင်စည်ပဲ၊ အကိုင်းအခက်ကိုပြောရင် အကိုင်းအခက်ပဲ၊ အရွက်ကိုပြောရင် အရွက်ပဲ၊ အပွင့်ကို ပြောရင် အပွင့်၊ အသီးကိုပြောရင် အသီး၊ သူ့နာမည်တွေနဲ့ သူ ရှိနေကတည်းက သစ်ပင်လို့ ခေါ်စရာဟာ ပျောက်သွားပြန်တယ်၊

အဲဒါ ပညတ်ရဲ့ သဘောပဲ၊ ပညတ်ဆိုတာ တစ်ခု တစ်ခုကို စွဲပြီးတော့ လူတွေက ဝေါဟာရ တင်ပြီးတော့ အများ အသိအမှတ်ပြု ခေါ်ထားတာ၊ တကယ် လိုက်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ဘာခေါ်တာတုန်းလို့ သေချာ မေးလိုက်လို့ရှိရင် ရှိကို မရှိတော့ဘူး။

လူ့ခန္ဓာကိုယ်လည်း ဒီအတိုင်းပဲ၊ လူလို့ ခေါ်တာ ဘယ်ဟာကို ခေါ်တာလဲ၊ ခေါင်းကို လူခေါ်တာလား၊ ခေါင်းက ခေါင်းပဲ၊ လက်ကို ခေါ်တာလားဆို လက်ချည်းလည်း လူမခေါ်ဘူးလေ၊ ခြေထောက်ကို ခေါ်တာလာဆိုရင် ခြေထောက်ချည်းလည်း လူမခေါ်ဘူး၊ အဲဒီတော့ ဒီအင်္ဂါရပ်တွေ အကုန်လုံး အစိတ်အပိုင်းတွေ အကုန်လုံး ပေါင်းထားမှ လူဆိုတဲ့ ဝေါဟာရတစ်ခု ဖြစ်လာတာပေါ့၊

အဲဒါကို ‘ဉာဏေနဝါ ဝိဘေဒိတေ’ - အသိဉာဏ်နဲ့ ခွဲစိပ်ကြည့်လို့ ရှိရင်လည်း ‘န တံ သမညာ’ အဲဒီအမည် မဟုတ်တော့ဘဲနဲ့ အမညပျောက်သွားရင် ပညတ်တဲ့၊ ဒါ သမ္မုတိသစ္စာလို့ခေါ်တဲ့ ပညတ်ရဲ့ သဘာဝလက္ခဏာပဲ။

ပညတ်ဆိုသည်မှာ ပုံသဏ္ဌာန်ပျောက်သွား, ပြောင်းသွားလို့ရှိရင် အမည်ပြောင်းသွား တယ်၊ ပုံသဏ္ဌာန်ပြောင်းတာနဲ့ အမည်ပြောင်းတာတွေဟာ ပညတ်ပဲ၊ အသိဉာဏ်နဲ့ ခွဲစိပ်ပြီးတော့ ကြည့်လိုက်တဲ့အခါကျတော့ အမည်ပျောက်သွားရင်လည်း ပညတ်ပဲ။

မိလိန္ဒမင်းကြီးနဲ့ ရှင်နာဂသိန်တို့ မေးဖြေတဲ့ အခန်းမှာလည်းပါတယ်၊ မိလိန္ဒမင်းကြီးက ရထားနဲ့လာတယ်၊ ဘယ်ဟာ ရထားခေါ်တာတုန်း မေးရင် ရထားခေါ်စရာ မရှိဘူး ပျောက်သွားတယ်လေ၊ အဲဒီ သဘောပဲ ပညတ်ဆိုတာဟာ ပုံသဏ္ဌာန်ပြောင်းရင် အမည်ပြောင်းတယ်၊ အသိဉာဏ်နဲ့ ခွဲစိပ်ကြည့်လိုက်လို့ရှိရင် ပျောက်သွားတယ်၊ အဲဒါဟာ ပညတ်ပဲတဲ့။

ပညတ်ကို ဘာအတွက် သုံးနေကြလဲ

အဲဒီပညတ်ကို ဘာအတွက် အသုံးပြုတာတုန်းဆိုရင် လောကလူတွေ စည်းကမ်းတကျ နေတက်ဖို့၊ စည်းမျဉ်းဥပဒေအတိုင်း နေတက်ဖို့၊ ညီညီညွတ်ညွတ် နေတက်ဖို့၊ လောကမှာ ကြီးပွားတိုးတက်ဖို့ဆိုတာ ဟောဒီပညတ်နဲ့ သွားရတယ်၊ အမေ,အဖေဆိုရင် လေးစားရမယ်၊ ပြုစုရမယ်၊ ရဟန်းသံဃာဆိုရင် ရိုသေရတယ်၊

အမျိုးစုံပဲ အဆင့်လိုက် အဆင့်လိုက် လူတွေ အသိအမှတ် ပြုထားတဲ့အတိုင်း လေးစား လိုက်နာကြရတာ၊ နို့မို့ဆိုရင် ပညတ်တွေ ဖြုတ်လိုက်မယ်၊ သမ္မုတိသစ္စာတွေကို ဖြုတ်လိုက်မယ်ဆိုရင် လူချင်းလည်း တူတူပဲ ဆိုလို့ရှိရင် အကုန်ရောထွေးမသွားဘူးလား၊ ရောထွေးသွားမှာပဲ၊ ဒါကြောင့် သမ္မုတိသစ္စာရဲ့ လောကကြီးကို ထိန်းသိမ်းထားနိုင်တဲ့ စွမ်းအားဟာ အံ့မခန်းပါပဲ။

လောကကြီးဟာ ကြီးပွား တိုးတက်နေတာ သမ္မုတိသစ္စာပေါ်မှာ ကြီးပွား တိုးတက်နေကြရတာ၊ ဒါက အစိုးရ၊ ဒါက နိုင်ငံခေါင်းဆောင်၊ ဒီလိုခေါ်တာ ဒါ သမ္မုတိသစ္စာ၊ သတ်မှတ်ထားတဲ့အတိုင်း လေးစားရတယ်၊ မလေးစားလျှင် ဒုက္ခရောက်မယ်၊ သူ့ဟာနဲ့သူ သတ်မှတ်ထားတဲ့အတိုင်း လိုက်နာကြရတာ၊ ဒါ သမ္မုတိသစ္စာလို့ ခေါ်တယ်၊ မြတ်စွာဘုရားကိုယ်တော်တိုင်ပဲ မင်္ဂလာသုတ်ကို ဟောတယ်၊ သိင်္ဂါလောဝါရသုတ်ကို ဟောတယ်၊ လူ့ကျင့်ဝတ်တွေ ဟောတယ်၊ ဒါ သမ္မုတိသစ္စာပိုင်းကနေ ဟောတာတဲ့။

ပရမတ္ထသစ္စာ

နောက်တစ်ခု ပရမတ္ထသစ္စာကို သွားရအောင်၊ ပရမတ္ထသစ္စာဆိုတာကျတော့ သမ္မုတိသစ္စာနဲ့ မတူတော့ဘူး၊ သမ္မုတိသစ္စာက သဏ္ဌာန်ပြောင်းလိုက်ရင် အမည်ပြောင်းသွားတယ်၊ analyze လုပ်လိုက်ရင် ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်လို့ရှိရင် ပျောက်သွားတယ်၊

ပရမတ္ထကျတော့ အဲဒါမျိုး မဟုတ်တော့ဘူး၊ ဘယ်လိုပဲ ခွဲခွဲ ပျောက်မသွားဘူး၊ သူက ရှိနေတယ်၊ သဘာဝအနေနဲ့ ရှိနေတယ်၊ ဘယ်နေရာပဲ ရောက်ရောက် ပုံသဏ္ဌာန်တွေ ဘယ်လောက်ပြောင်းပြောင်း ပြောင်းမသွားဘူး။

ဆိုပါစို့- ခုနက ဝါဂွမ်းဆိုတာလေးမှာ နူးညံ့တဲ့သဘော၊ ခက်မာတဲ့သဘော ဒီသဘောလေးတွေရှိတယ်၊ ကိုင်ကြည့်လို့ရှိရင် ပူတဲ့အခါ ပူမယ်၊ အေးတဲ့အခါ အေးမယ်၊ တွန်းကန်တဲ့သဘောလေး ရှိတယ်၊ ခက်မာတဲ့သဘော၊ ပျော့အိတဲ့သဘော၊ အဲဒီသဘောလေးဟာ ပရမတ္ထအနေနဲ့ ပြောမယ်ဆိုရင် ပထဝီလို့ဆိုတဲ့ ရုပ်ရဲ့ အရည်အသွေးလေးတစ်ခုပဲ၊ material quality လို့ ခေါ်တယ်၊ အဲဒီ ရုပ်ရဲ့ အရည်အသွေးလေးဟာ ဝါဂွမ်းဆိုတုန်းကလည်း ရှိတာပဲ၊

ချည်ဖြစ်သွားတော့လည်း ရှိနေတာပဲ၊ အထည်ဖြစ်သွားတဲ့အခါကျတော့လည်း ဒါလေးက ရှိနေတာပဲ၊ အတွင်းအနှစ်သာရ အနေနဲ့ကန်တော့ ရှိနေတာပဲ၊ နာမည်တွေ အမျိုးမျိုး ပြောင်းသွားတယ်၊ ဝါဂွမ်းကနေ ချည်၊ ချည်ကနေ အထည်၊ အထည်ကနေပြီးတော့ အဝတ်၊ ဘယ်လိုပဲ ပြောင်းသွားသွား သူ့သဘာဝ အနှစ်သာရလေးကန်တော့ ကျန်နေတယ်၊ အဲဒါလေးကို ‘ပရမတ္ထ’ လို့ ခေါ်တာ။

ပရမတ္ထဆိုတာ ပုံသဏ္ဌာန်ပြောင်းပေမယ့် လိုက်ပြီးပြောင်းမသွားဘူး၊ ပုံသဏ္ဌာန်ပျက်သွားပေမယ့် လိုက်ပြီးတော့ ပျက်မသွားဘူးတဲ့၊ တည်ရှိမြဲ တည်ရှိနေတာ၊ အဲဒါဟာ ပရမတ္ထပဲ၊ ပရမတ္ထဆိုတာ ပရမ-အမြင့်ဆုံး၊ အတ္ထ- သိရမယ့်အနှစ်သာရ၊ အမြင့်ဆုံးသော သဘာဝ၊ အမြင့်ဆုံး အနှစ်သာရ (တစ်နည်းအားဖြင့်) မပြောင်းလွဲတဲ့ အနှစ်သာရ၊ မပြောင်းလွဲတဲ့ သဘော၊
တစ်နည်းအားဖြင့်ဆိုရင်တော့ ပရမ-ဆိုတာ အင်မတန်ထူးခြားတဲ့ အသိဉာဏ်ဖြင့် သိရတဲ့၊ အတ္ထ- ဆိုတာ သဘာဝတရားလို့ ဒီလိုလည်း ဖွင့်ဆိုကြတယ်၊ ဘာပဲဖြစ်ဖြစ် မပြောင်းလွဲတဲ့ အနှစ်သဘောကို ပရမတ္ထလို့ ခေါ်တယ်။

အဲဒီတော့ ပညတ်ဆိုတာ အပေါ်ယံ အခွံအအုပ်မျှသာဖြစ်တယ်၊ ပြောင်းလွဲနေတယ်၊ ပရမတ်ဆိုတာ အတွင်းအနှစ် quality လို့ ဒီလို ပြောလို့ရတယ်၊ အဲဒီ ပရမတ္ထဆိုတာ လုံးဝမှန်ကန်သွားတယ်၊ ဘယ်နေရာရောက်ရောက်၊ ဘယ်သူ့သန္တာန်ဖြစ်ဖြစ်၊ ဘယ်နေရာပြောင်းပြောင်း၊ သူက မပြောင်းဘူး၊ အတွင်းအနှစ်သာ အနေနဲ့ ထာဝရ တည်ရှိနေတယ်၊ အဲဒီတော့ မပြောင်းဘူးဆိုတဲ့ နေရာမှာ မပျက်စီးဘူးလို့ ပြောတာ မဟုတ်ဘူး၊ ဘယ်နေရာပဲ ရှိရှိ ဒီသဘာဝတရားဟာ ရှိနေတယ်လို့ ပြောတာ ပစ္စည်းဝတ္ထုတစ်ခုခု ဘယ်လိုပဲ ပုံသဏ္ဌာန်ပြောင်းသွားသွား ရှိတယ်။

ဆိုပါစို့၊ စားပွဲလုပ်တဲ့ ကျွန်းသားတွေ ကျွန်းပင်ကြီးကနေ လာတယ်၊ ကျွန်းပင်ကြီးမှာလည်း ခုနက မာတဲ့သဘော၊ ပျော့တဲ့သဘောရှိတယ်၊ နောက် သစ်သားအဖြစ် ခွဲစိပ်လိုက်တဲ့အခါလည်း မာတဲ့သဘော၊ ပျော့တဲ့သဘောဟာလည်း ရှိမြဲပဲ၊ စားပွဲဖြစ်သွားတော့ရော၊ မာတဲ့သဘော၊ ပျော့တဲ့သဘော ရှိနေတုန်းပဲ၊

ဆိုလိုတာ ပထဝီဆိုတဲ့ ဒီရုပ်ရဲ့ material quality ကန်တော့ ရှိနေတုန်းပဲလို့ ဒီလိုပြောတယ်၊ ခုနက ကျွန်းကနေ သစ်သား၊ သစ်သားကနေ စားပွဲ၊ ဒီလို အမည်တွေ ပြောင်းသွားပေမယ့်လို့ အတွင်းအနှစ်ဖြစ်တဲ့ မာသဘော၊ ပျော့သဘောကတော့ တည်မြဲတည်နေတယ်လို့ ဒီလို ဆိုလိုတယ်၊ အဲဒါ ပရမတ်လို့ ပြောတာ၊ လုံးဝပြောင်းလွဲမှု မရှိဘူး၊ ပညတ်နဲ့ ဆန့်ကျင်ဘက် သဘောတရား။

သဘာဝအားဖြင့် မှန်ကန်လို့ ပရမတ္ထခေါ်

ဒီပရမတ္ထဟာ မှန်ကန်တယ်တဲ့၊ ဘာဖြစ်လို့ မှန်ကန်တာတုန်းဆိုလို့ရှိရင် သဘာဝအားဖြင့် မှန်ကန်လို့တဲ့၊ ခုနက ပညတ်တုန်းကန်တော့ အများအသိအမှတ်ပြုလို့ မှန်တာ၊ ပရမတ္ထဆိုတာကန်တော့ အများက အသိအမှတ်ပြုချင်ပြု မပြုချင်နေ၊ သူ့ဘာသူ မှန်နေတာပဲ။

မီးဆိုတာ ပူတဲ့သဘောရှိတယ်၊ လွန်ခဲ့တဲ့ ၂၅၀၀-က မီးက မပူဘူး၊ အေးတယ်၊ ခုမှ ပူလာတာ၊ ဒီလို ပြောင်းလွဲတာ ရှိရဲ့လား၊ မရှိဘူး၊ မြန်မာပြည်က မီးသာ ပူတယ်၊ တခြားနိုင်ငံ မီးက မပူဘူးလို့ရော ရှိရဲ့လား၊ မရှိဘူး။ မီးရဲ့သဘာဝသည် ပူတဲ့ သဘောပဲ၊ ပူတယ် လောင်တယ်ဆိုတဲ့ သဘောဟာ ဘယ်မှာပဲ ရှိရှိ၊ မီးဟာ ပြောင်းလွဲခြင်းသဘော မရှိဘူး၊ ပရမတ်ဆိုတာ အဲဒါမျိုးကို ပြောတာ၊ အင်္ဂလိပ်လိုပြောတဲ့အခါကျတော့ Ultimate reality လို့ ပြောတယ်၊ တကယ့် နောက်ဆုံးအဆင့် absolute reality လုံးဝ မှန်ကန်တဲ့ နောက်ဆုံးအမှန်သဘာဝတရားလို့ ဒီလိုပြောတယ်။

ပရမတ္ထသစ္စာကိုသိမှ သံသရာမှ လွတ်နိုင်

ပရမတ္ထပိုင်းက ကြည့်မယ်ဆိုလို့ရှိရင် ခုန သမ္မုတိသစ္စာတွေဟာ အမှားဖြစ်သွားတယ်၊ အမေဆိုတာ ဘယ်မှာလဲ၊ အဖေဆိုတာ ဘယ်မှာလဲ၊ ယောကျ်ားဆိုတာ ဘယ်မှာလဲ၊ အမျိုးသမီးဆိုတာ ဘယ်မှာလဲ၊ ဘယ်ဟာကို အဝတ်ခေါ်တာလဲလို့ ပရမတ္ထရှုထောင့်ကနေ ကြည့်လိုက်လို့ရှိရင် သမ္မုတိသစ္စာက ပြောတာတွေက အမှားတွေချည်းပဲ၊ အကုန်လုံး၊ မမှန်တော့ဘူး၊ ဉာဏ်နဲ့ ခွဲကြည့်လိုက်ရင် အကုန်ပျောက်သွားပြီ၊ ဟုတ်ရဲ့လား၊ အသိဉာဏ်နဲ့ ရှာကြည့်လိုက်တာနဲ့ လုံးဝ မရှိတော့ဘူး။

များပြောနေတဲ့ လူဆိုတာ ဘယ်ဟာကို ပြောတာတုန်းဆိုတော့ လူလို့ ပြောစရာ ဘာမှ မရှိတော့ဘူး၊ ပျောက်သွားရော၊ အဲဒီတော့ အကုန်လုံး အမှားတွေ ဖြစ်နေတယ်၊ ဘာဖြစ်လို့တုန်း ဆိုလို့ရှိရင် ရုပ်နဲ့နာမ် ဒီနှစ်မျိုးပဲ ရှိတာကိုး၊ ရုပ်နာမ်ကလွဲလို့ လူလို့ခေါ်စရာ တစ်ခုမှ မရှိဘူးနော်၊ သူခေါ်ထားတဲ့အတိုင်း တစ်ခုမှ မဟုတ်ဘူး၊ ဒါကြောင့်မို့ ပရမတ္ထသစ္စာ ရှုထောင့်က ကြည့်လိုက်ရင် သမ္မုတိသစ္စာဟာ အလွဲအမှား ဖြစ်သွားပြန်တယ်။

အဲဒီတော့ မေးစရာ ကြောင်းရှိတယ်၊ ဘာဖြစ်လို့ ပရမတ္ထသစ္စာကို သိအောင် လုပ်ရတာလဲ၊ သမ္မုတိသစ္စာ ရှုထောင့်ကသာ ကြည့်နေမယ်ဆိုလို့ရှိရင် တွယ်တာမှုကို ဘယ်တော့မှ မဖယ်ရှားနိုင်ဘူး၊ အတွယ်အတာဆိုတဲ့ တဏှာလောဘကို မဖယ်ရှားနိုင်သမျှ ကာလပတ်လုံး ထိုပုဂ္ဂိုလ်တွေ သံသရာဝဋ်က မလွတ်နိုင်ဘူးတဲ့။

အမေဆိုတဲ့ အမြင်နဲ့ တွယ်တာမယ်၊ အဖေဆိုတဲ့အမြင်နဲ့ တွယ်တာမယ်၊ ဒါက အမျိုးသားပဲ၊ အမျိုးသမီးပဲဆိုတာနဲ့ တွယ်တာမယ်၊ တွယ်တာစရာအာရုံတွေကို အစစ်အမှန် ထင်ပြီးတော့ တွယ်တာနေလိမ့်မယ်၊ မျက်စိလည် လှမ်းမှားနေကြတာ၊ သညာက မှတ်ထားတဲ့အတိုင်း တွယ်တာနေဦးမှာပဲ၊

ဒါကြောင့် ပရမတ္ထသစ္စာဆိုတဲ့ ရှုထောင့်က မကြည့်နိုင်သမျှ ကာလပတ်လုံး သမ္မုတိသစ္စာကို မကျော်လွှားနိုင်သမျှ ကာလပတ်လုံး တွယ်တာမှု လိုချင်မှုဆိုတဲ့ တဏှာ,လောဘကို မပယ်နိုင်ဘူးတဲ့၊ မပယ်နိုင်လို့ရှိရင် မုန်းတီးမှုတို့ ရွံရှာမှုတို့ဆိုတဲ့ ဒေါသတွေလည်း လာမှာပဲ၊ တွယ်တာမှုကို အကြောင်းပြုပြီး ဒေါသဖြစ်မှုဆိုတာ ပေါ်လာတာပဲ၊ အဲဒီတော့ လောကလူတွေဟာ အားလုံး အမြင်မှားပြီးတော့ ဒုက္ခတွေ ရောက်နေကြတာဟာ ပရမတ္ထသစ္စာရှုထောင့်က မကြည့်နိုင်လို့ပဲနော်။

သဘာဝသစ္စာ နဲ့ အရိယသစ္စာ

ပရမတ္ထကို တစ်ခါထပ်ပြီးတော့ လယ်တီဆရာတော်ဘုရားကြီးက ခွဲပြသေးတယ်၊ ပရမတ္ထသစ္စာကိုပဲ သဘာဝသစ္စာနဲ့ အရိယသစ္စာဆိုပြီး ခွဲလိုက်တယ်၊ သဘာဝသစ္စာဆိုတာ အကြောင်းတစ်ခုကို အခြေပြုပြီးတော့ မှန်တယ်လို့ ပြောရတာ၊ လုံးဝအမှန်မဟုတ်သေးဘူး၊ အရိယသစ္စာကျတော့မှ လုံးဝအမှန်ပဲ၊ ဒီလို လယ်တီဆရာတော်ဘုရားကြီးက ခွဲတယ်။

ဒါဖြင့် သဘာဝသစ္စာဆိုတာက သဘာဝတရားတွေရဲ့ အရှိ၊ သဘာဝတရားတွေမှာ ရှိနေတဲ့ နေအထားကို ကြည့်ပြီး သဘာဝသစ္စာလို့ ဆိုတာ၊ ဆိုပါစို့၊ ဖဿဆိုတာ ထိတွေ့တဲ့ သဘောရှိတယ်၊ ဝေဒနာဆိုတာ ခံစားတဲ့သဘောရှိတယ်၊ သညာဆိုတာ မှတ်တဲ့သဘော ရှိတယ်၊ သဘာဝအားဖြင့် ဒီလိုရှိတယ်၊ သဘာဝသစ္စာ မှန်နေတယ်၊ သူ့သဘောကို ကြည့်မယ်ဆိုရင် မှန်တယ်၊ ပြောတဲ့အတိုင်း ဟုတ်တယ်၊ အဲဒီသသဘာဝသစ္စာတောင်မှပဲ အရိယသစ္စာ ရှုထောင့်ကကြည့်ရင် မှားသွားနေတယ်တဲ့။

သဘာဝသစ္စာအနေနဲ့ မြတ်စွာဘုရားက ဝေဒနာကို ခွဲပြီးတော့ ဟောတယ်၊ ဒါက သုခဝေဒနာ- ချမ်းသာမှုကို ခံစားတယ်၊ ဒါက ဒုက္ခဝေဒနာ- ဆင်းရဲမှုကို ခံစားတယ်၊ ဒါက ဒုက္ခမသုခဝေဒနာ- ဆင်းရဲတာလည်း မဟုတ်ဘူး၊ ချမ်းသာတာလည်း မဟုတ်ဘူး၊ စပ်ကြားမှာ ခံစားမှုဆိုပြီး ဝေဒနာ ၃-မျိုး ခွဲလိုက်သေးတယ်၊ သဘာဝရှုထောင့်က ကြည့်လိုက်လို့ရှိရင် ချမ်းသာတယ်၊ ဟုတ်သလိုလို ရှိတယ်၊ ဆင်းရဲတယ်၊ ဟုတ်သလိုလိုရှိမယ်၊ ဒါ သဘာဝသစ္စာရှုထောင့်ကနေ ကြည့်ရင် ချမ်းသာတယ်လို့လည်း ပြောလို့ရတယ်၊ ဆင်းရဲတယ်လို့လည်း ပြောလို့ရတယ်၊ ချမ်းသာ-ဆင်းရဲ နှစ်ခုစပ်ကြားက ခံစားချက်လို့လည်း ပြောလို့ရတယ်။

အရိယသစ္စာ

အရိယသစ္စာရှုထောင့်က ကြည့်လို့ရှိရင် “သဗ္ဗေ သင်္ခါရာ ဒုက္ခ” - အားလုံးဟာ ပျက်စီးခြင်းမှာ အဆုံးသတ်မှာ ဖြစ်သောကြောင့် ဒုက္ခလို့ ဟောတယ်၊ အဲဒါကျတော့ တကယ့်အမှန်ဖြစ်သွားပြီ၊ အရိယသစ္စာဟာ လုံးဝ အမှန်တရားပဲတဲ့။

သဘာဝသစ္စာတောင်မှ အရိယသစ္စာရှုထောင့်ကနေ ကြည့်လိုက်ရင် မှားနေသေးတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ချမ်းသာ ဘယ်မှာလဲလို့ မေးလို့ရတယ်၊ ဘာဖြစ်လို့တုံး၊ အခု ချမ်းသာတယ် ထင်တဲ့အရာသည် ချက်ချင်းပဲ ချမ်းသာလို့ ထင်လိုက်တာနဲ့ တစ်ပြိုင်နက် ပျက်စီးသွားပြီ၊ “ဘယ်မှာလဲ ချမ်းသာ” လို့ မေးစရာဖြစ်သွားတယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားက ဒုက္ခလို့ ဟောလိုက်တာကန်တော့ အရိယသစ္စာရှုထောင့်က ဟောတာ၊ သစ္စာ ၄-ပါးမှာ ဒုက္ခသစ္စာလို့ ဟောထားတာ၊ ဒုက္ခသစ္စာဆိုတဲ့အထဲမှာ စျာန်ချမ်းသာတွေ ပါနေတယ်ဆိုတာ သတိထားနော်။

မြတ်စွာဘုရားက သစ္စာ ၄-ပါးကို ဟောတဲ့အခါမှာ ဒုက္ခသစ္စာလို့ ဟောထားတာ၊ သားတွေ သမီးတွေနဲ့ ပျော်နေတာလည်း ဒုက္ခသစ္စာ၊ ဟုတ်ရဲ့လား၊ လူတွေကန်တော့ ဒါကို ဒုက္ခလို့ မမြင်ဘူးလေ၊ စီးပွားဥစ္စာတွေ တိုးတက်လို့ ပျော်နေတာ၊ ဒါလည်း ဒုက္ခသစ္စာပဲ၊ ဘာဖြစ်လို့ဆိုရင် မတည်မြဲလို့၊ မမြဲတဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အားလုံးဟာ ဒုက္ခပဲ၊ အရိယသစ္စာရှုထောင့်က ကြည့်လို့ရှိရင် သဘာဝသစ္စာအနေနဲ့ ဟောထားတာသည်ပင်လျှင် မှားသွားတယ်။

လယ်တီဆရာတော်ကြီးက ဒီလိုရှင်းပြတယ်၊ ကုသိုလ်,အကုသိုလ်တဲ့ ၂-မျိုး ခွဲထားတယ်၊ ‘ကုသိုလ်’ ဆိုတာ အနဝဇ္ဇ- အပြစ်ကင်းတယ်၊ သုခဝိပါက-ချမ်းသာဆိုတဲ့အကျိုးကိုပေးတယ်၊ ဒါ သာဘဝသစ္စာရှုထောင့်က ပြောတာ၊ ကုသိုလ်က ကောင်းကျိုးချမ်းသာတွေ ပေးတယ်တဲ့၊ အပြစ်ကင်းတယ်တဲ့၊ ဒါကို အရိယသစ္စာရှုထောင့်က ကြည့်လိုက်လို့ရှိရင် ဘယ်မှာလဲ၊ အပြစ်ကင်းတာ၊ ဘယ်မှာလဲ ကောင်းကျိုးချမ်းသာ။

ဆိုပါစို့၊ ကုသိုလ်လုပ်ပြီးတော့ နတ်ဖြစ်တယ်၊ လူဖြစ်တယ်၊ အဲဒီနတ်ဟာ ဘာဖြစ်လဲ၊ အဲဒီလူဟာ ဘာဖြစ်လဲ၊ တစ်နေ့တခြား အိုလာတယ်၊ နောက်ဆုံးကျတော့ နာတယ်၊ သေတယ်၊ ဟုတ်ရဲ့လား၊ ချမ်းသာဆိုတာ ဘယ်မှာလဲလို့ မေးစရာရှိလာတယ်၊ အဲဒီတော့ ကုသိုလ်ရဲ့ အကျိုးဟာလည်း ဒုက္ခနဲ့ပဲ အဆုံးသတ်နေတာဆိုတော့ “အနဝဇ္ဇ သုခဝိပါက လက္ခဏ - အပြစ်ကင်းပြီးတော့ ချမ်းသာတယ်” လို့ ပြောတာ ဟုတ်ပါ့မလား။

အရိယသစ္စာရှုထောင့်က ပြောမယ်ဆိုရင် ကုသိုလ်ဆိုတဲ့ အနဝဇ္ဇ သုခဝိပါက ဆိုတဲ့ သဘာဝတရား၊ အပြစ်ကင်းတယ် ဆိုတဲ့ သဘောတရားလည်း မှားနေတယ်၊ အပြစ်ရှိတယ်၊ ဘာအပြစ်တွေတုန်း၊ ဒီကုသိုလ်တွေ လုပ်လို့ရှိရင် ဒီကုသိုလ်က အဖန်တလဲလဲ အိုခြင်း၊ အဖန်တလဲလဲ နာခြင်းဆိုတဲ့ အကျိုးတွေကို ထုတ်လုပ်နေတယ်၊ သူ အထုတ်လုပ်တဲ့ အကျိုးတွေက ဒါတွေ ပါနေတယ်၊ ဆိုပါစို့- အဆိပ်တွေ ပါနေတယ်ပေါ့၊ အဆိပ်တွေ ပါနေသည့်အတွက်ကြောင့် အပြစ်ကင်း စင်းလုံးချောလို့ ပြောလို့ မရဘူးတဲ့။

ပရမတ္ထသစ္စာကို ဟောရခြင်းအကြောင်း

အဲဒီတော့ အရိယသစ္စာရှုထောင့်က ကြည့်လိုက်မယ်ဆိုလို့ရှိရင် ကုသိုလ်လည်း ဒုက္ခပဲ၊ ဒုက္ခထဲ ပါသွားတာပဲ။ ဒါကြောင့် မြတ်စွာဘုရားက “သဗ္ဗေသင်္ခါရာ ဒုက္ခာ” - အားလုံးဟာ “ဒုက္ခ” လို့ပဲ ဟောတယ်၊ အရိယသစ္စာရှုထောင့်က ကြည့်လိုက်ရင် အမှားကြီး ဖြစ်သွားတယ်၊ ဒါကြောင့် တကယ့်အစစ်အမှန်ကို ရချင်ရင်တော့ ပရမတ္ထသစ္စာထဲက အရိယသစ္စာကျမှသာ လုံးဝအမှန်ဆိုတာ ရှာတွေ့မှာဖြစ်ပါတယ်။

သမ္မုတိသစ္စာကို အမှန်လို့ပြောတာ အများက သဘောတူထားလို့ ပြောတာ၊ ပရမတ္ထသစ္စာ ရှုထောင့်ကနေ ကြည့်လိုက်လို့ရှိရင် မှားနေသေးတယ်၊ နောက်ဆုံး အရိယသစ္စာ ရှုထောင့်ကနေ ကြည့်လို့ရှိရင် အားလုံး မှားနေသေးတယ်၊ အရိယသစ္စာဆိုတာ တကယ့် အရိယာသူတွေမြတ်တွေ သိတဲ့ သဘာဝတရားကို ပြောတာတဲ့၊ အရိယာသူတော်စင် ဖြစ်ပြီးတော့ အရိယာဉာဏ်မျိုး ရတဲ့အခါကျတော့ တကယ့်အမှန်ဆိုတာ တွေ့နိုင်ပါတယ်။

ဒါကြောင့် မြတ်စွာဘုရားက ပရမတ္ထသစ္စာကို ဟောတယ် ဆိုတာဟာ လူတွေရဲ့ အတွယ်အတာတွေကို ဖယ်ရှားနိုင်ဖို့ အတွက် ဟောတာ၊ လူတွေ အတွယ်အတာကို ဖယ်ရှားနိုင်ဖို့အတွက် ပရမတ္ထသစ္စာ မြင်အောင် ကြည့်ပါ။ ပရမတ္ထသစ္စာမြင်မှ အရိယသစ္စာ မြင်အောင် ကြည့်ပါ၊ ပရမတ္ထသစ္စာမြင်မှ အရိယသစ္စာဆိုက်ထိမှ တကယ့်အမှန်ဆိုတာ တွေ့နိုင်ပါလိမ့်မယ်၊ အဲဒီလို မဟုတ်လို့ရှိရင် အမှားကိုပဲ လူတွေက လက်ခံပြီး အမှန်လို့ သတ်မှတ်ပြီးတော့ နေကြမှာပါတဲ့။

ပရမတ္ထသစ္စာတရား လေးပါး

မြတ်စွာဘုရားက အဘိဓမ္မာ ရ-ကျမ်းမှာ ဟောဒီသစ္စာ ၂-မျိုး၊ ပညတ်နဲ့ ပရမတ်ဆိုတာကို ဟောထားပါတယ်။ အဲဒီဟောထားတဲ့အထဲက ပရမတ်ဆိုတဲ့ အမှန်တရားဟာ ၄-မျိုးပဲ ရှိတယ်။ တကယ့် သဘာဝ အမှန်တရားဟာ ၄-မျိုး၊ “စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဆိုတဲ့ ပရမတ်တရား ၄-ပါး” တဲ့၊

အဲဒီတော့ ကိုယ့်ရဲ့သန္တာန်မှာ ဒီတရားတွေကို တွေ့အောင်ရှာဖို့ လိုတယ်၊ နောက်ရက်တွေကျတော့ ရုပ်ကနေ စပြီး တစ်ခုချင်း တစ်ခုချင်း ခန္ဓာကိုယ်ထဲမှာ ရှာတွေ့နိုင်အောင် အလွယ်ဆုံးလည်း ဖြစ်အောင် ဘုန်းကြီးတို့ ကြိုးစားပြီးတော့ ရှင်းပြပါ့မယ်၊ တချို့ ဝေါဟာရတွေက ပါဠိ ဝေါဟာရတွေပါ၊ သို့သော် ပါဠိ ဝေါဟာရတွေ ပါပေမယ့်လို့ အခက်အခဲမရှိအောင် သဘာဝဆိုက်ထိပြီးတော့ သိရှိနိုင်အောင် ဟောပြပါ့မယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက သန္ဒိဋ္ဌေိကော- ဘုရားဟောတဲ့ တရားတွေကို ကိုယ်တိုင် သိနိုင်တာချည်းပါပဲ၊ သူပြော ကိုယ်ပြော ယုံရမယ့်တရား မဟုတ်ဘူး၊ သန္ဒိဋ္ဌိကော- ကိုယ်တိုင်မြင်နိုင်တဲ့တရားလို့ မြတ်စွာဘုရားက ဟောတာ၊ ဒါကြောင့်မို့လို့ ပရမတ္ထဆိုတာ စာအုပ်ထဲမှာ ရှိတာမဟုတ်ဘူး၊ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ရှိပါတယ်၊ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ရှိတာကို တွေ့အောင်ရှာနိုင်ဖို့ ဆက်ပြီးတော့ လေ့လာကြရမှာ ဖြစ်ပါတယ်။

ပရမတ္ထတရားဆိုတာ စိတ်, စေတသိတ်, ရုပ်, နိဗ္ဗာန်တဲ့၊ စိတ်, စေတသိက်ဆိုတာ ဒီကနေ့ ဘုန်းကြီးတို့တစ်တွေ သုံးနေတဲ့ ပြောနေကြတဲ့ စိတ်တိုတယ်တို့၊ စိတ်ဆိုးတယ်တို့၊ စိတ်ကြည်တယ်တို့၊ စိတ်မကြည်ဘူးတို့ ပြောနေတဲ့ အရာတွေက ဒါ စိတ်, စေတသိက် ၂-ခုကို ရည်ညွှန်းနေတာပါ၊ အဲဒီတော့ လူတိုင်း လူတိုင်းဟာ စိတ်အကြောင်းကို ပြောနေကြတာ ဖြစ်ပေမယ့် စိတ်ရဲ့အကြောင်းကို မသိကြပါဘူး။

စိတ်ရဲ့အကြောင်းကို အသေးစိတ် လေ့လာကြည့်မယ်ဆိုရင် စိတ်ဟာ အမျိုးမျိုးဆိုတာကို ပေါ်လာပါလိမ့်မယ်၊ အဘိဓမ္မာ ၇-ကျမ်းမှာ စိတ်ကို ၈၉-မျိုး ခွဲထားတယ်၊ စိတ် ၈၉-မျိုးကို စျာန်စိတ်တွေနဲ့ မြှောက်ပွားလိုက်တဲ့အခါ စိတ်အကျယ်-၁၂၁၊ ဖြစ်သွားတယ်။

ပါဠိလို “ဧကူန နဝုတိ”၊ ဧကူန နဝုတိဆိုတာ ဧက + ဦန + နဝုတိ၊ ဧကဆိုတာ-၁၊ ဦန က- ယုတ်လျော့နေတဲ့၊ နဝုတိ က - ၉၀၊ ပါဠိဂဏန်းမှာ ၈၉-ဆိုတာ မရှိဘူး၊ ၈၉-ကို ပြောချင်လို့ရှိရင် ဘယ်လို ပြောလဲဆိုရင် တစ်ခုယုတ် ၉၀-လို့ ပြောတယ်၊ တစ်ခုယုတ် တစ်ခုလျော့နေတဲ့ ၉၀-လို့ ပြောတာနော်၊ ဘာသာပြန်တဲ့အခါမှာ ဧကူန နဝုတိကို ပါဠိနောက်လိုက်ပြီးတော့ စိတ်တစ်ခုယုတ် ၉၀-လို့ ဒီလိုဖြစ်သွားတက်ကြတယ်၊

စိတ်ဆိုတာ တစ်ခုတည်းပဲ၊ ရုပ်က ၉၀-တောင် ရှိတယ်လို့ ဘာသာပြန်ကြည့်ပြီး လွဲမှားစွာ တွေးတက်ကြတယ်၊ တကယ်တော့ မဟုတ်ဘူး၊ တစ်ခု ယုတ်လျော့နေတဲ့ -၉၀၊ ဒီလို ပြောတာ၊ အဲဒီ စိတ် ၈၉-ဆိုတာကို အသေးစိတ် လေ့လာကြရမယ်။

နောက်ပြီတော့ စေတသိက်က ၅၂-မျိုးရှိတယ်၊ ဒါတွေဟာ သဘာဝတရား၊ သဘာဝလက္ခဏာ ရှိတယ်၊ ဆိုင်ရာ ဆိုင်ရာ သဘာဝတွေ ရှိသည့်အတွက်ကြောင့် စိတ်ကို မှီပြီးဖြစ်နေတဲ့ သဘာဝတရားတွေကို စေတသိက်လို့ ခေါ်တယ်၊ ‘စေတသိက’ ဆိုတာ စိတ်ကို မှီပြီးတော့ ဖြစ်နေတာ၊ စိတ်နဲ့ အတူတူဖြစ်နေတဲ့ သဘာဝတရားတွေကို စေတသိက်လို့ ခေါ်တယ်၊ စေတသိက်ဆိုတာ စိတ်ကို မှီပြီးတော့ ဖြစ်နေတာ စိတ်နဲ့ အတူတူဖြစ်နေတဲ့ သဘာဝတရားတွေတဲ့နော်။

နောက်တစ်ခါ ရုပ်ဆိုတာ ရူပဆိုတဲ့ စကားလုံးကို ‘ရုပ်’ လို့ ပြောတာ၊ မြန်မာစကားလို ဖြစ်နေပါပြီ၊ လူရဲ့မျက်စိနဲ့ မြင်ရတာတို့၊ ထိတွေ့လို့ ရတာတို့၊ အကောင်အထည် ရှိနေတဲ့အရာရော, မရှိတာရောပေါ့၊ အာရုံကို မသိတက်တဲ့ သဘာဝတရားတွေ အားလုံး ပေါင်းစုပြီးတော့ ရုပ်လို့ ခေါ်တာ၊ ဖောက်ပြန်တက်တဲ့ သဘာဝတရားမို့ ရုပ်လို့ ခေါ်တယ်၊ အဲဒီရုပ်ကို ၂၈-မျိုးခွဲပြီးပြတယ်၊ ဒီ ၂၈-မျိုးကိုလည်း ခန္ဓာကိုယ်ထဲမှာ တွေ့အောင် ရှာရမယ်။

နိဗ္ဗာန်ဆိုတာကန်တော့ ဟောဒီ စိတ်တွေ၊ စေတသိက်တွေ၊ ရုပ်တွေဟာ အကြောင်းတရား မရှိတော့သည့်အတွက်ကြောင့် အကြောင်းတရား ချုပ်သွားလို့ လုံးဝမပေါ်တော့ဘူး၊ မဖြစ်တော့ဘူး ဆိုလို့ရှိရင် ဒါ နိဗ္ဗာန်ရောက်ပြီပေါ့၊

အကြောင်းတရားတွေကို အမှီပြုပြီးတော့ စိတ်တွေ, စေတသိက်တွေ, ရုပ်တွေဖြစ်နေဦးမယ် ဆိုလို့ရှိရင် နိဗ္ဗာန်ဆိုတာ မရောက်နိုင်သေးဘူး၊ ဒါကြောင့်မို့ အကြောင်းတွေ အကုန်ချုပ်ငြိမ်းသွားလို့ ရုပ်တွေနာမ်တွေ အကုန် ငြိမ်းသွားလို့ရှိရင် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းသွားတဲ့ နိဗ္ဗာန်ဆိုတာကို သိနိုင်မယ်။

အဲဒါကြောင့်မို့ စိတ်ရယ်၊ စေတသိက်ရယ်၊ ရုပ်ရယ်၊ နိဗ္ဗာန်ရယ်၊ ဒါက ပရမတ္ထတရား ၄-ပါး၊ အဲဒီ ပရမတ္ထတရားလေးပါးကို အသေးစိတ် တစ်ခုစီ တစ်ခုစီ မိမိတို့ ခန္ဓာကိုယ်ထဲမှာ ရှာတွေ့နိုင်ဖို့ရန်အတွက် ဆက်လက်ပြီးတော့ နောက်နေ့ကျမှ ဟောကြားမှာ ဖြစ်ပါတယ်။

ဒီကနေ့တော့ သမ္မုတိသစ္စာနဲ့ ပရမတ္ထသစ္စာ ဒီ ၂-မျိုးကို ခွဲခြားပြီးတော့ ဟောကြားတာ ဖြစ်ပါတယ်၊ အားလုံးသော တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် သမ္မုတိသစ္စာဆိုတာ အများညီလို့ မှန်နေတဲ့ အမှန်သာဖြစ်တယ်၊ ပရမတ္ထသစ္စာရှုထောင့်က ကြည့်လိုက်လို့ရှိရင် သမ္မုတိသစ္စာတွေဟာ မှားသွားပြန်တယ်တဲ့၊ သစ္စာလို့ မခေါ်နိုင်တော့ဘူးတဲ့နော်၊

ပရမတ္ထသစ္စာဟာလည်းပဲ သဘာဝသစ္စာ၊ အရိယသစ္စာလို့ ၂-မျိုး ခွဲလိုက်တဲ့အခါကျတော့ သဘာဝသစ္စာတွေက မှန်ကန်နေသော်လည်းပဲ အရိယသစ္စာ ရှုထောင့်ကနေ ကြည့်လိုက်မယ်ဆိုရင် မှားသွားနိုင်သေးတယ်တဲ့၊ လုံးဝ အမှန်ဆိုတာ အရိယသစ္စာသာ ရှိတယ်ဆိုတာ အားလုံး ကိုယ်စီ ကိုယ်စီ သဘောကျပြီး အမှန်တရားကို တွေ့ရှိအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

“သာဓု - သာဓု - သာဓု”

အခန်း(၂)

ရုပ်တရားကို လေ့လာသုံးသပ်ခြင်း

အပိုင်း(၁)

လောကလူသားတွေအနေနဲ့ပဲ ပြောကြရအောင်၊ လူတွေဟာ ရုပ်နဲ့နာမ် နှစ်မျိုးဖြင့် ဖွဲ့စည်းထားတာ၊ ရုပ်ဆိုတာ body ပေါ့၊ နာမ်ဆိုတာ mind၊ mind နဲ့ body ဒီနှစ်ခုပဲ ရှိတယ်၊ လူလို့ ပြောတဲ့အရာဟာ ဒီနှစ်မျိုးနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်၊ ပထမ ဒီနှစ်မျိုးရဲ့ ခြားနားချက်ကို အရင်သိအောင် လုပ်ရမယ်။

နာမ်တရားဆိုတာ

နာမ်ဆိုတာက အာရုံကို သိတက်တဲ့ သဘောတရားကို နာမ်လို့ခေါ်တယ်၊ ပါဠိစာပေ "နာမ" ဆိုတဲ့ စားလုံးကို ဘာသာ မပြန်တော့ဘဲ နာမ်လို့ ရေးလိုက်တာ၊ စားလုံးမူရင်းက "နာမ"၊ "နာမ" ဆိုတာ ညွတ်ကိုငင်းခြင်းလို့ အဓိပ္ပာယ်ရတယ်၊ ဘယ်ဘက်ကိုညွတ်ကိုင်းနေတာလဲလို့ ဆိုတော့ အာရုံရှိတဲ့ဘက်ကို ညွတ်ကိုင်းနေတာ။

နေကြာပန်းကလေးဟာ နေရှိတဲ့ဘက်ကို မျက်နှာမူပြီးတော့ နေလေ့ရှိသကဲ့သို့ လူတွေရဲ့ အသိစိတ်လို့ ပြောကြတဲ့ သဘာဝတရားဟာ အမြဲတမ်း အာရုံရှိရာကို ညွတ်နေတယ်။

ညွတ်တယ်ဆိုတာ အာရုံကို ရယူနေတယ်လို့ ပြောတာ၊ တိတ်တိတ်ဆိတ်ဆိတ် တစ်ယောက်တည်းနေတ့အခါ တစ်နေရာက ‘ဒေါက်ခနဲ’ လို့ အသံမကြားလိုက်နဲ့ အဲဒီနေရာ စိတ်ရောက်မသွားဘူးလား၊ ဒါ ညွတ်သွားတယ်လို့ ခေါ်တာပဲ၊ အာရုံရှိတဲ့ဘက်ကို စိတ်ကလေးက ရောက်ရောက်ပြီးတော့ သွားနေတာ၊ အမြဲတမ်း အာရုံရှိတဲ့ဘက်ကို စိတ်က ဦးလှည့်သွားတာ။

"နာမတီတိ နာမံ" နာမတိ- အာရုံရှိရာသို့ ကိုင်းညွတ်နေတက်၏။ ဣတိ- ထို့ကြောင့်၊ နာမံ- နာမမည်၏။ နာမ်တရားဆိုတာ အာရုံရှိရာကို ညွတ်ညွတ်သွားတဲ့သဘော၊ မျက်စိက မြင်လိုက်ရင်လည်း မြင်တဲ့အာရုံဘက်ကို စိတ်က ရောက်သွတယ်၊ နားက ကြားလိုက်ရင် လည်း စိတ်က ကြားတဲ့ဘက်ကို ရောက်ရောက်သွားတယ်၊ နှာခေါင်းထဲက အနံ့လေးတစ်ခု ရလိုက်ရင်လည်း ရတဲ့အာရုံဘက် စိတ်က ရောက်သွားတယ်၊

ထို့အတူပဲ၊ လျှာထဲမှာ အရသာ တစခုခု ပေါ်လာလို့ရှိရင်လည်း ထိုအရသာဘက် စိတ်က ရောက်ဩွးတယ်၊ ခန္ဓာကိုယ်က တစ်ခုခု ထိမိရင်လည်း ထိုအထိအတွေ့အာရုံပေါ်မှာ စိတ်က ရောက်သွားတယ်၊ ဘယ်ဟာမှ မထင်ရှားတဲ့အခါမှာ အာရုံရှိရာကို စိတ်ရောက်နေတာကို “စိတ်ကူးတယ်” လို့ ပြောကြတယ်၊ “တွေးနေတယ်” လို့လည်း ပြောကြတယ်၊ အဲဒီ တွေးနေတာ၊ ကြံနေတာ၊ အာရုံရှိရာသို့သာ ညွတ်နေတာ အားလုံးဟာ “နာမ” နာမ်တရားလို့ ခေါ်တာ၊ အဲဒီ နမ်တရားဆိုတာ ရုပ်တရားနဲ့ သဘာဝချင်း မတူပေမယ့်လို့ ယှဉ်တွဲပြီးတော့ အချင်းချင်း အပြန်အလှန် အကျိုးပြုပြီး နေကြတယ်။

ရုပ်တရား

ရုပ်တရားဆိုတာကန်တော့ အာရုံရှိတဲ့ဆီကို ညွတ်သွားတဲ့ သဘောမရှိဘူး၊ အာရုံကိုလည်း မသိဘူး၊ အာရုံကို သိတာက နာမ်တရား၊ အာရုံကို ရယူမှု မပြုတက်တာဟာ ရုပ်တရားလို့ ခေါ်တယ်၊ အဲဒါက သဘာဝအနေနဲ့ ကြည်ပြောတာ၊ အာရုံကို သိတာက နညမ်တရား၊ အာရုံကို မသိတာက ရုပ်တရားလို့ ခေါ်တယ်။

ဆိုပါစို့၊ တစ်နေရာရာမှာ ထိုင်နေတဲ့အခါ စိတ်ကလေးကသာ ထိုင်နေတယ်လို့ သိတာ၊ ခန္ဓာကိုယ်ကြီးက ငါ ထိုင်နေတာပါလားလို့ မသိဘူး၊ အိပ်ရာပေါ် လဲလျောင်းနေလို့ ရှိရင်လည်း အိပ်ရာက ငါ့ပေါ်မှာ လူတစ်ယောက် လဲလျောင်းနေတယ်လို့ မသိသလို လူရဲ့ ရုပ်ခန္ဓာကိုယ်ကြီးကလည်း ငါသည် အိပ်ရာပေါ်မှာ လဲလျောင်းနေတယ်လို့ မသိဘူး၊ သိတာက နာမ်တရားက သိနေတာ၊ မျက်လုံးကလည်း ငါမြင်တယ်လို့ မသိဘူး၊

နားကလည်း ငါ ကြားတယ်လို့ မသိဘူး၊ သိတာက နာမ်တရားက သိနေတာ၊ အဲဒီတော့ ရုပ်တရားဆိုတာ အာရုံကို မရယူတက်ဘူး၊ အာရုံကို မပြုနိုင်ဘူး၊ ဒါကြောင့် အာရုံကို မသိတက်ဘူးလို့ ဆိုတာဟာ ရုပ်တရားလို့ သဘာဝအားဖြင့် ရှေးဦးစွာ ဒီလိုခွဲခြား သိထားရမယ်။

အဲဒီတော့ လူတွေရဲ့ ခန္ဓာကိုယ်ဟာ ရုပ်,နာမ် နှစ်ရပ်ပေါစ်စပ်ထားတယ်၊ အာရုံကို မသိတက်တဲ့ ရုပ်တရားနဲ့ အာရုံကို ရယူတက်တဲ့ နာမ်တရား ဒီနှစ်ရပ်ကို ပေါင်းစပ်ပြီးတော့ လူလို့ အမည် ပညတ်တင်ထားကြတာ၊ သမ္မုတိသစ္စာအနေနဲ့ ဒီ နှစ်ခုပေါင်းစပ်နေတာကို ကြည့်ပြီး လူလို့ သတ်မှတ်တာ။

အဲဒီထဲမှာ ဒီကနေ့ ရုပ်တရားတွေ အကြောင်းကို လေ့လာကြည့်ရအောင်၊ အာရုံတွေကို မသိတက်ပါဘူးလို့ဆိုတဲ့ ရုပ်တရား၊ လူရဲ့ ရုပ်ခန္ဓာကိုယ်ကြီးဆိုတာ ပြောလို့ အင်မတန် လွယ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြင်နေရတယ်၊ အတုံးအခဲ ပုံသဏ္ဌာန်ရှိနေတယ်၊ တချို့ရုပ်က ကိုင်ကြည့်လို့ ရတယ်၊ တချို့ရုပ်က မြင်လို့ရတယ်၊ တချို့ ရုပ်က နားထောင်လို့ ရတယ်၊ တချို့ရုပ်က အရသာခံကြည့်လို့ ရတယ်၊ တချို့က အနံ့ ရှူကြည့်လို့ ရတယ်၊ အဲဒီတော့ ရုပ်ဆိုတာက နာမ်လို အသိမခက်ဘဲနဲ့ ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား သိလွယ်တဲ့ အရာဖြစ်တယ်။

အဲဒီတော့ ဒီသိလွယ်တဲ့ အရာတွေဟာ ရုပ်ခန္ဓာလို့ ဆိုတဲ့ လူရဲ့ ခန္ဓာကြီးထဲမှာ ရုပ်ပေါင်း ဘယ်လောက် စုဝေးနေသလဲ၊ ဖွဲ့စည်းထားသလဲဆိုတာ တစ်ခုချင်း တစ်ခုချင်း လေ့လာပြီးတော့ ကြည့်ရအောင်၊ အဲဒီလို လေ့လာတော့မယ်ဆိုရင် “ရုပ်” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှေးဦးစွာ မှတ်သားရမယ်။

“ရုပ်” ဆိုတဲ့စားလုံးဟာ “ရူပ” ဆိုတဲ့ ပါဠိက လာတာ၊ ရူပလို့ ဆိုတဲ့နေရာမှာ အဓိပ္ပါယ် နှစ်မျိုးရှိတယ်လို့ မှတ်ရမယ်၊ ရုပ်အားလုံးကို ရည်ညွှန်းတဲ့အခါလည်း ရူပလို့ သုံးတယ်၊ တစ်ခါ တစ်ရံ မျက်စိက မြင်ရတဲ့ အဆင်းအာရုံကိုလည်း ရူပလို့ သုံးတယ်၊ ဒီနှစ်မျိုးဟာ မတူဘူးလို့ ခွဲခြားမှတ်ထားဖို့ လိုတယ်၊ နာမ်တရားတွေလို အာရုံကို မသိတက်တဲ့ သဘောတရားကိုလည်း ရူပလို့ခေါ်တယ်၊ မျက်စိဖြင့် မြင်ရတဲ့ အဆင်းကိုလည်း ရူပလို့ ခေါ်တယ်။

ဘာကြောင့် ရူပလို့ ခေါ်ရသလဲလို့ အဓိပ္ပါယ်ကို ဆင်ခြင်စဉ်းစားကြည့်၊ သံယုတ္တနိကာယ် “ခဇ္ဇနီယသုတ္တန်” မှာ ရူပရဲ့ အဓိပ္ပါယ်ကို မြတ်စွာဘုရားက ကိုယ်တော်တိုင် ဖွင့်ဆိုပေးထားတယ်။

ရုပ်ခေါ်ရခြင်းအကြောင်း

'ကိဉ္စ ဝုစ္စတိ ရူပံ’ချစ်သားရဟန်းတို့၊ ဘာကြောင့် ရုပ်လို့ခေါ်တာတုန်းတဲ့၊ ဘာကြောင့် ရူပလို့ ခေါ်ရတာတုန်း၊ ဒီစကားလုံးကို ဘာကြောင့် ဒီသဘာဝတရားတွေကို ဖေါ်ပြဖို့အတွက် ရူပဆိုတဲ့ စကားလုံး ဘာကြောင့် သုံးရတာတုန်းလို့ဆိုတာ မြတ်စွာဘုရားက ဒီမေးခွန်းလေနဲ့ မေးပြီးတော့ သူ့ဘာသာသူ ဖြေတယ်။

“ရုပ္ပတီတိ ခေါ ဘိက္ခဝေ တသ္မာ ရူပန္တိ ဝုစ္စတိ”ရုပ္ပတိ- ပြောင်းလွဲတက်၏၊ ဣတိ- ထို့ကြောင့်၊ ရူပံ- ရုပ်မည်၏၊ ချစ်သားရဟန်းတို့- ရုပ်ဆိုတာ ပြောင်းလွဲတက်တဲ့သဘော ရှိတယ်တဲ့၊ ဒါကြောင့်မို့ ရုပ်လို့ ခေါ်တာ၊ ဖောက်ပြန်တယ်ဆိုတဲ့ အသုံးနဲ့ သုံးတာ ရှိတယ်၊ ရုပ်ဆိုတာ ဖောက်ပြန်တယ်ဆိုတဲ့ စားလုံး သုံးလိုက်လို့ရှိရင် တစ်ခြားနေရာမှာ တစ်မျိုး သုံးနေတာ ရှိတယ်၊ အကျင့်စာရိတ္တ ဖောက်ပြန်တယ်တို့၊ ကိုယ်ကျင့်တရားဖောက်ပြန်တယ်တို့၊ ဖောက်ပြန်တယ်ဆိုတာက အမျိုးမျိုး ဖြစ်နေတာမို့ အဲဒီစကားလုံးကို ဘုန်းကြီးက မသုံးတော့ဘူး၊ ရုပ်ဆိုတာ ပြောင်းလွဲတက်တယ်၊ ပျက်စီးတက်တယ်၊ ထင်ထင် ရှားရှား ပြောင်းလွဲ ပျက်စီးတက်တဲ့ သဘာဝတရားကို ရုပ် လို့ ခေါ်တယ်လို့ မြတ်စွာဘုရားက ဒီလို ဟောတာ။

ရုပ်၏ ပြောင်းလွဲပျက်စီးရခြင်း အကြောင်း

‘ကေန ရုပ္ပတိ’ - ဘာကြောင့် ပြောင်းလဲတာတုန်းတဲ့၊ သူ့ဘာသာသူ အလိုအလျောက် ပြောင်းတာလားလို့ဆိုတော့ မဟုတ်ဘူးတဲ့၊ အကြောင်းတရားတွေကြောင်း ပြောင်းတာ။

‘သီတေနပိ ရုပ္ပတိ’ - အအေးကြောင့်လည်း ပြောင်းသွားတယ်၊ ကိုယ့်ရဲ့ ခန္ဓာကိုယ် ရုပ်ကလေးတွေပဲ ကြည့်၊ ဒီပြင်ဟာတွေ မကြည့်နဲ့၊ အေးလို့ရှိရင်လည်း တစ်မျိုးဖြစ်သွားတယ်၊ အအေးထဲနေရင် တစ်မျိုး ဖြစ်သွားတယ်၊ ရာသီဥတု အလွန်အေးတဲ့ အရပ်ဒေသကလူတွေနဲ့ ပူတဲ့ အရပ်ဒေသက လူတွေနဲ့ အသားအရေချင်း တူရဲ့လား၊ မတူဘူး၊ အေးတယ်ဆိုတာ အလွန်အကျွံ အေးတာကို ဆိုလိုတယ်၊ ရုပ်ဆိုတာ ရာသီဥတု အေးခြင်းကြောင့်ပဲ ဒီ ရုပ်တရားက ပြောင်းလွဲ ပျက်စီးသွားတယ်။

ဆိုပါစို့၊ ရေက နဂိုတုန်းက အရည်ပျော်ဝင်နေတာ၊ အရည်ပျော်ဝင်နေတဲ့ ရေကို ရေခဲသေတ္တာထဲ ထည့်၊ ရေခဲနိုင်တဲ့ အခန်းထဲ ထည့်ထားလိုက်လို့ရှိရင် ဒီရေဟာ အရည်ကနေ အခဲအဖြစ် ပြောင်းမသွားဘူးလား၊ ပြောင်းသွားတယ်၊ အဲဒါမျိုးကို ဆိုလိုတယ်နော်၊ အသွင်သဏ္ဌာန် ပြောင်းသွားတယ်၊ ဒါကို ‘သီတေနပိ ရုပ္ပတိ’ လို့ ပြောရတာပေါ့၊ အအေးကြောင့်လည်း ပြောင်းသွားတယ်။

တချို့ သိပ်အေးတဲ့ အရပ်တွေမှာနေတဲ့ ပုဂ္ဂိုလ်တွေဟာ ခန္ဓာကိုယ်မှာ အကာအကွယ်တွေ လုပ်ရတယ်၊ အကာအကွယ် မလုပ်လို့ ရှိရင် နှာခေါင်းဖျားလေးတွေ နားရွက်ဖျားလေးတွေ မည်းလာတယ်၊ အအေးလောင်တယ်လို့ ခေါ်တယ်၊ အပူလောင်သလို အအေးလည်း လောင်တာပဲ၊ Frostbite လို့ အင်္ဂလိပ်လို ခေါ်တယ်၊ Forst ဆိုတာ ရေခဲလောင်အောင် အေးတဲ့ အအေးလို့ ပြောတာ၊ အဲဒီအအေးရဲ့ ကိုက်တဲ့ဒဏ်ကို ခံရသည့် အတွက်ကြောင့် နှခေါင်းဖျားလေးတွေ မည်းသွားတယ်။

ဧဝရက်တောင်တက်တဲ့ ပုဂ္ဂိုလ်တွေ ဒါမျိုးတွေ ကြုံတက်တယ်၊ နားရွက်ဖျားလေးတွေ သွေးမရောက်တဲ့အခါကျတော့ ဒါလေးတွေ မည်းပြီး ပုပ်သွားတက်တယ်၊ အကာအကွယ် မလုပ်လို့ရှိရင် သွေးမသွားနိုင်သည့် အတွက်ကြောင့် ခြေဖျားလက်ဖျားလေး တွေဟာ မည်းပြီး ပုပ်သွားတက်တယ်၊ ဒါဘယ်သူ့ကြောင့် ပြောင်းလွဲသွားတာတုန်းဆိုတော့ အအေးကြောင့် ပြောင်းလွဲသွားတာ၊ အလွန်အေးတဲ့ထဲ ထည့်ထားလို့ရှိရင် ရေခဲသေတ္တာထဲ ထည့်ထားလိုက်လို့ရှိရင် ဟင်းရွက်တွေလညး တဖြည်းဖြည်းကျတော့ နွမ်းသွားတာပဲ၊ ကြာရှည်ခံတယ်လို့ ဆိုပေမယ့် လွန်ကဲလာရင်တော နွမ်းသွားတာပဲ။

ဒါကြောင့်မို့ ‘သီတေနပိ ရုပ္ပတိ’ အအေးကြောင့်လည်း ဒီရုပ်ကြီ်းဟာ ပြောင်းလွဲသွားနိုင်တယ်၊ ပျက်စီးသွားနိုင်တယ်၊ ဒါကြောင့်မို့ ရုပ်လို့ခေါ်တယ်၊ ဒါကို အင်္ဂလိပ်လို ပြန်တဲ့ အခါကျတော့ changes လို့လည်းပြန်တယ်၊ perish လို့လည်း ပြန်တယ်၊ changes ဆိုတာ ပျက်စီးသွားတာ၊ လူ့ခန္ဓာကိုယ်ဟာ အအေးနဲ့ တွေ့ရင်လည်း ပြောင်းလဲ ပျက်စီးသွားနိုင်တယ်၊ လွန်ကဲတဲ့ ဆန့်ကျင်ဘက် အအေးနဲ့တွေ့ရင် ပြောင်လွဲပြီးတော့ ပျက်စီးသွားနိုင်တယ်၊ ရေက အခဲအဖြစ် ရောက်သွးတယ်၊ ပြောင်းလဲသွားတယ်၊ ပြောင်းလွဲသွားတာလည်း ရုပ်ပဲ၊ ပျက်စီးသွားတာလည်း ရုပ်ပဲ၊ ဒီလို ဆိုလိုတယ်။

“ဥဏှေနပိ ရုပ္ပတိ” အပူနဲ့တွေ့ရင်လည်း ပြောင်းလွဲသွားနိုင်တယ်၊ ပျက်စီးသွားနိုင်တယ်၊ လူရဲ့ ခန္ဓာကိုယ်လည်း ဒီအတိုင်းပဲ၊ မီးလောင်လိုက်လို့ အပူတွေ့သွားပြီ၊ သိပ်ပူတဲ့အပူနဲ့ တွေ့လိုက်လို့ရှိရင် လူရဲ့ ခန္ဓာကိုယ်ဟာ ဘယ်ခံနိုင်မလဲ၊ မီးလောင်ခံရရင် မီလောင်တဲ့နေရာဆို မည်းသွားမှာပေါ့၊ အရေတွေ ကွားသွားမှာပေါ့၊ ပြောင်လွဲသွားတယ်၊ ပျက်စီးသွားတယ်၊ အပူကြောင့်လည်း ပြောင်လွဲ ပျက်စီးတယ်၊ ခုနရေကို အပူပေးလိုက်တဲ့ အခါကျ အငွေ့ဖြစ်သွားတယ်၊ ပြောင်းသွားတယ်၊ အရည်ကနေ အငွေ့ဖြစ်သွားတယ်၊ ဒါဘာကြောင့် ပြောင်းတာလဲဆိုတော့ ဆန့်ကျင်ဘက် အပူကြောင့် ပြောင်းတာ၊ ထို့အတူပါပဲ။

‘ဇိဃစ္ဆာယ ပိ ရုပ္ပတိ ’ဆာရင်လည်း ပြောင်းသွားတယ်၊ ‘ပိပါသာယ ပိ ရုပ္ပတိ’ ရေငတ်ရင်လည်းပဲ ပြောင်းလွဲ ပျက်စီးတယ်၊ ရုပ်တရားတွေကို လူသားသတ္တဝါတွေနဲ့ ရည်ညွှန်းပြီးတော့ မြတ်စွာဘုရားက ဟောတော်မူထားတယ်၊ ထမင်း ဆာတာလည်း အလွန်ဆာရင် ပြောင်းလဲသွားတက်တာပဲ၊ ရေ သိပ်ဆာတယ် ရေမသောက်ရဘူး ဆိုရင်လည်း ပြောင်းလွဲသွားတာပဲ၊ ပျက်စီးသွားနိုင်တယ်၊ ရေငတ်ရင်လည်း သေတာပဲ၊ အစာ ငတ်ရင်လည်း သေတာပဲ၊ ရုပ်တရားတွေဟာ ပြောင်းလွဲနိုင်တယ်၊ မခံနိုင်ဘူး။

ခြင်ကိုက်လို့ရှိရင်လည်း ပြောင်းတယ်၊ ခြင်ကိုလို့ ရှိရင်လည်း အရေပြားပေါ်မှာ အဖုကလေးတွေ ဖြစ်လာတယ်၊ ပြောင်းလွဲနေတယ်နော်၊ တချို့ကန်တော့ spot အပြောက်လေးတွေ အနီစက်လေးတွေ ပေါ်လာတယ်၊ ဒါပြောင်းလွဲမှုပဲ၊ ပတိ အသားအရေကနေ ပြောင်းလွဲပြီးတော့သွားတာ၊ မှတ်တို့ ခြင်တို့ ဒီအကောင်တွေ ကိုက်တယ်၊ ဟော ခန္ဓာကိုယ်ရဲ့ အနေအထား ရုပ်သဘာဝတရားတွေဟာ ပြောင်းလွဲပြီးတော့ ပျက်စီးတက်တယ်တဲ့၊ မြတ်စွာဘုရားက လွယ်လွယ်လေး သိအောင် ရုပ်ဆိုတာ ဆန့်ကျင်ဘက်နဲ့ တွေ့ရင် ပြောင်းပြောင်းသွားတဲ့ သဘောတရားတွေကို ပြောတာပါတဲ့။

သဘာဝကိုက ပြောင်းသွားတဲ့ အနေအထားရှိတယ်လို့ “ခဇ္ဇနီယ” သုတ္တန်မှာ မြတ်စွာဘုရားက ရူပရဲ့ အဓိပ္ပါယ်ကို ဒီလိုဖွင့်ဆိုတားတယ်၊ အဲဒီတော့ ပြောင်းလွဲတက်တဲ့သဘော ဆန့်ကျင်ဘက် အကြောင်းတရားနဲ့ ဆုံဆည်းတဲ့အခါ ပြောင်းလွဲတက်တဲ့ သဘော, ပျက်စီတက်တက်တဲ့ သဘောကို ရုပ်လို့ ခေါ်ပါတယ်လို့ ဒါ ပထမ မှတ်ထားရမှာနော်။

ကောင်းပြီ၊ ဒီလို ပြောင်းလွဲပျက်စီးတက်တဲ့ သဘာဝတရား ထိုပြောင်းလွဲပျက်စီး တက်တဲ့ သဘာဝတရားသည် အာရုံကို ရယူနိုင်စွမ်း မရှိဘူး၊ ဆန့်ကျင်ဘက် တွေ့ရင် ပြောင်း သွားတယ်၊ ပျက်စီးသွားတယ်၊ ရေကို အပူပေးလိုက်ရင် အခိုးအေငွ့ ဖြစ်သွားတယ်၊ အခိုးအငွေ့ကို တစ်ခါ အအေးနဲ့ ပြန်ပြီးတော့ စုစည်းလိုက်ပြန်ရင် အရည်ပျော်သွားပြန်တယ်၊ အဲဒီ အရည်ကိုမှ တစ်ခါ ပိုပြီးတော့ အေးအောင် လုပ်လိုက်လို့ရှီရင် အခဲဖြစ်သွားပြန်တယ်၊ အပူ,အအေးဆိုတဲ့ ဒီဆန့်ကျင်ဘက် အကြောင်း တရားတွေကြောင့် ပုံသဏ္ဌာန်တွေ အမျိုးမျိုး ပြောင်းပြီးတော့ နေတာဟာ ရုပ်တရား။

လူ့ရဲ့ခန္ဓာကိုယ်မှာ ရှိတဲ့ရုပ်တွေလည်း ဒီလိုပဲ၊ ဆန့်ကျင်ဘက် အပူတွေ တွေ့မယ်၊ ဆန့်ကျင်ဘက် အအေးတွေ လွန်ကဲတာတွေနဲ့ တွေ့မယ်ဆိုရင် ပြောင်းလဲသွားနိုင်တယ်လို့ ဒီလိုမှတ်ရမယ်နော်၊ အပြင်ဘက် ဗဟိဒ္ဓမှာလည်း ထို့အတူပဲ၊ ဒီလို ပြောင်းလွဲနေတာ၊ ရုပ်ဆိုတဲ့ သဘာဝတရားသည် သတ္တဝါတွေရဲ့ သန္တာန်မှာသာ ရှိတာမဟုတ်ဘူး၊ အပြင် ဩကာသ လောကကြီးမှာလည်း ရှိတယ်လို့ မှတ်ရမယ်။

ပထဝီရုပ်

ပန်းပွင့်ကလေးတွေ ကြည့်၊ ပန်းအပွင့်ကလေးဟာ ရုပ်သက်သက်နဲ့ ဖွဲ့စည်းထားတာ၊ ပန်းပွင့်ကလေး တစ်ပွင့်မှာ ရုပ်ပေါင်းဘယ်လောက် ရှိသလဲဆိုတော့ ပန်းပွင့်ကလေးမှာ မာတဲ့ ပျော့တဲ့ သဘောလေးနဲ့ ဖွဲ့စည်းထားပြီး သူရဲ့သဏ္ဌာန်လေး ပေါ်နေတာဟာ အမာခံရုပ်ပဲနော်၊ အဲဒီ အမာခံသဘောလေးပေါ်မှာ ဘာတွေ ရှိနေသလဲဆိုရင် စုစည်းထားတဲ့သဘောရှိတယ်၊ ပန်းပွင့်ကလေးဟာ အမှုန့်ကြိတ်လိုက်မယ်ဆိုရင် အမှုန့်ကလေတွေ မဖြစ်ဘူးလား၊ ဒီ ပန်းပွင့်ကလေးတွေရဲ့ ဒီလို ပန်းပွင့်သဏ္ဌာန်လေး ဖြစ်နေအောင် စုစည်းထားနိုင်အောင် အခြေခံ အမာခံသဘောလေးကို ‘ပထဝီရုပ်’ လို့ခေါ်တယ်။

အာပေါရုပ်

အဲဒီလို အမှုန့်ကလေးတွေကို စုပြီးတော့ ဟောဒီလို သဏ္ဌာန်လေးဖြစ်နေအောင် အာပေါကနေ စုစည်းပေးထားတာ၊ စုစည်းပေးထားတဲ့ သဘောကိုတော့ ‘အာပေါရုပ်’ လို့ သိရမယ်၊ မုန့် ဖုတ်ချင်တယ်ဆိုရင် ဂျုံမှုန့်တွေကို အခဲဖြစ်အောင် ဘာနဲ့လုပ်၊ ရေနဲ့လုပ်၊ ရေနဲ့ ထည့်ပြီး နယ်လိုက်ရင် အခဲဖြစ်သွားတယ် မဟုတ်လား၊ ဒီလို အမှုန့်လေးတွေကို ဘယ်သူက စုစည်းလိုက်တာတုန်းဆိုရင် ရေက စုစည်းလိုက်တာ၊ ဒီအိုင်းပဲ၊ ဒီပန်စပွင့်ကလေးကို ဒီလိုသဏ္ဌာန်လေး ဖြစ်နေအောင် ဘယ်သူက စုစည်းထားတာတုန်းဆိုရင် အာပေါဆိုတဲ့ ရေဓာတ်က စုစည်းလိုက်တာ။

တေဇောရုပ်

အဲဒီ သဏ္ဌာန်လေးဖြစ်နေတဲ့ ပန်းပွင့်ကလေးဟာ ဒီအတိုင်းတည်ပြီး တော့ ကြာကြာ မနေဘူး၊ အပူ,အအေး ဆိုတာလေးတွေနဲ့ တွဲနေရသည့်အတွက်ကြောင့် သူဟာ လန်းဆန်းလာ တယ်၊ အအေးနဲ့ တွေ့ရင် လန်းဆန်းလာတယ်၊ တဖြည်းဖြည်း ရင့်လာပြီး အပူနဲ့ တွေ့တဲ့အခါ ရင့်ရော်ပြီးတော့ နွမ်းပြီး ကြွေသွားတယ်၊ အဲဒါက ဘယ်သူကနေ စွမ်းဆောင်နေတာတုန်း ဆိုတော့ တေဇောရုပ်ကနေ စွမ်းဆောင်နေတယ်လို့ ပြောတယ်။

ဝါယောရုပ်

ထိုပန်းပွင့်ကလေးဟာ တစ်နေရာတည်း အခုလို စုနေအောင် ဘယ်သူက တွန်းအားပေးနေတုံး၊ ဘယ်သူက ထောက်ပံ့ထားတာတုန်းဆိုရင် ဝါယောဆိုတာက ထောက်ပံ့ပေး ထားတယ်၊ လှုပ်ရှားလို့ရနေအောင် ထောက်ပံ့ပေးထားတယ်၊ တကယ် ကြည့်လိုက်တော့ ဒီ ရုပ်သဘော ၄-ပါး (ဓာတ်ကြီး ၄-ပါး)ပဲ ပန်းပွင့်ကလေးမှာ စုစည်းထားတာ။

မုန့်တုံးလေ တစ်တုံးကိုပဲ ကြည့်၊ မုန့်တုံးလေ တစ်တုံးဟာ အတုံးလေး ဖြစ်နေတာ၊ ထိုအတုံးလေးမှာ ဘာတွေရှိတုန်း၊ ဒီလို အတုံးလေးဖြစ်နေအောင် ပထဝီဆိုတဲ့ ဂျုံမှုန့်လေး တွေကို ဘယ်သူက စုထားတုန်းဆိုရင် အာပေါက စုထားတယ်၊ ထိုအတုံးလေး မာနေအောင် တေဇောက လုပ်ပေးတယ်၊ တဖြည်းဖြည်း မာလာတယ်၊ ဒီလို မာပြီးတော့ ဘောပတ်ဝန်းကျင်နဲ့ မဆက်ဆံအောင် တွန်းပြီးတော့ ပေးထားတာ ဝါယောက ပေးထားတယ်၊ အဓိကက မုန့်တုံးဆိုတဲ့ ရုပ်ထဲမှာ ကြီးကျယ် ထင်ရှားနေတဲ့ ရုပ်ကြီး(မဟာဘုတ်ရုပ်ကြီး) ၄-ပါး ပါဝင်နေတယ်။

မဟာဘုတ်ရုပ် ၄-ပါး (အခြေခံမှီရာရုပ်)

ဒါကြောင့်မို့ ရုပ်အကြောင်းကို လေ့လာမယ်ဆိုရင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က “အေး-ရုပ်ဆိုတာ ဘယ်ဟာတွေတုံးလို့မေးတော့ မဟာဘုတ် ၄-ပါး၊ တစ်နည်းအားဖြင့်ခေါ်ရင် ဓာတ်ကြီး ၄-ပါးရယ်၊ အဲဒီ မဟာဘုတ် ၄-ပါးကို မှီပြီးတော့ ရပ်တည်နေတဲ့ ရုပ်တွေကို ‘ဥပါဒါရုပ်’ လို့ခေါ်တယ်၊ အဲဒီတော့ အကျဉ်းအားဖြင့် မဟာဘုတ်ရုပ်နဲ့ ဥပါဒါရုပ်လို့ နှစ်ခုမှတ်ရမယ်။

မဟာဘုတ် (၄)ပါးရယ်၊ ဥပါဒရုပ်က (၂၄)ပါးရယ် အားလုံးပေါင်းလိုက်လို့ ရှိရင် (၂၈)ပါး ရှိတယ်၊ တစ်ခုစီ တစ်ခုစီ ဆင်ခြင်စဉ်းစားပြီးတော့ ကြည့်ရမယ်၊ မဟာဘုတ် လေးပါးဆိုတာ အားလုံးသိကြတဲ့အတိုင်း ပထဝီ, အာပေါ, တေဇော, ဝါယော၊ ဒါက ပါဠိလိုပြောတဲ့ အပည်ပညတ်တွေ၊ မြေ ရေ လေ မီး ဓာတ်ကြီးလေးဖြာတဲ့၊ ပထဝီဆိုတာ မြေ၊ အာပေါဆိုတာ ရေ၊ တေဇော ဆိုတာ မီ၊ ဝါယော ဆိုတာ လေ၊ မြေ ရေ လေ မီး ဓာတ်ကြီးလေးဖြာ၊ ဓာတ်ကြီးလေးပါးရဲ့ အမည်နဲ့ ဒါတွေကို နာမည်ပေးထားတာ၊ ဓာတ်ကြီး ၄-ပါးဟာ တစ်ခုရှိရင် ကျန်တဲ့သုံးခုရှိတယ်၊ သူတို့ဟာ အမြဲ တွဲနေတယ်၊ အမြဲ တွဲနေပေမယ့်လို့ quantity ချင်း အတိုင်းအတာ ပမာဏချင်းတော့ မတူဘူး၊ ဟုတ်ရဲ့လား၊

ဒီလေးခုသည် ခွဲလို့မရအောင် စုတွဲပြီးတော့ နေကြတယ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် သက်ရှိသတ္တဝါရဲ့ သန္တာန်မှာပဲ ဖြစ်ဖြစ်၊ သက်မဲ့ အရာဝတ္ထုတွေမှာပဲ ဖြစ်ဖြစ်၊ အဲဒီလေးခု ခွဲမရအောင် စုပြီးတော့ တည်နေတယ်၊ ရေထဲမှာလည်း ဟောဒီ လေးခုရှိတယ်၊ မီးထဲမှာလည်း ဟောဒီ လေးခုရှိတယ်၊ အခြေခံအားဖြင့် ပြောရင် ဒီလေးခုဟာ ဘယ်နေရာမှ ခွဲပြီးတော့ မနေဘူး၊

ခုနက ပန်းပွင့်ကလေးကို ကြည့်လေ၊ ပန်းပွင့်ကလေးမှာ ပုံသဏ္ဌာန် အမာခံအနေနဲ့ တည်ရှိနေတာ ပထဝီ၊ မြေလို့ဆိုပြီး တင်စားပြီး ခေါ်တဲ့အရာနော်၊ လောကမှာ မြေကြီးပေါ်မျာ သစ်ပင်တွေ, တောတောင်တွေ, အိမ်တွေ, အရာဝတ္ထုတွေ တည်နေတယ် မဟုတ်လား မြေကြီးမရှိရင် ရပ်တည်လို့ ရရဲ့လား၊ အားလုံးဟာ မြေကြီးပေါ်မှာ တည်နေကြတာ၊ ထို့အတူပဲ ရုပ်အားလုံးဟာ ပထဝီပေါ်မှာပဲ တည်နေတယ်၊ အဲဒါကြောင့်မို့ မြေလို့ပြောတာ၊ ရုပ်အားလုံးဟာ ပထဝီဆိုတဲ့ မြေဓာတ်ပေါ်မှာ မြေကြီးပေါ်မှာ တည်နေကြတယ်၊ မြေကြီးကို ပထဝီခေါ်တာ မဟုတ်ဘူး၊ သဘောကန်တော့ တည်ရာဆိုတဲ့ သဘာဝတရားလို့ အဓိပ္ပာယ် ပြောမှနော်။

ဒီတော့ ပန်းပွင့်လေးမှာ ဘာတွေ တည်နေတုန်း ကြည့်လိုက်တော့ ဟောဒီလို စုစုစည်းစည်း သဏ္ဌာန်လေး ပေါ်နေတာ ဒါ ပထဝီပဲ၊ အဲဒီလို သဏ္ဌာန်လေး ပေါ်နေအောင် ဘယ်သူက စုစည်းထားတာတုန်းဆိုရင် အာပေါက စုစည်းပေးထားတာ၊ ရေဓာတ်က စုစည်းပေးထားတာ၊ ရေဓာတ် မရှိဘူးဆိုရင် တစ်ခုနဲ့တစ်ခု ဖရိုဖရဲ ကွဲထွက်သွားမှာပဲ၊

မုန့်မှုန့်ကလေးတွေဟာ ရေခန်းခြောက်သွားရင် အမှုန့်ကလေးတွေ ပြန်ဖြစ်သွားတယ်၊ ရေကနေ ဆွဲပြီး စုပေးထားတဲ့အခါကျတော့ အလုံးအခဲလေးဖြစ်နေတယ်၊ ပထဝီဆိုတဲ့ အမာခံကို အာပေါကနေပြီးတော့ စုစည်းပေးထားတယ်။

အဲဒီ စုစည်းထားတဲ့ အရာလေးဟာ ပူမှု အေးမှုလေးတွေကနေ ရင့်ကျက်အောင် လုပ်ပေးနေတယ်၊ ဟော မာသွားတယ် ပျော့သွားတယ်၊ သူက ဖန်တီးပေးနေတာ၊ တေဇောကနေ ဖန်တီးပေးနေတာ။

တကယ်ဆိုရင် ဟောဒီ ပန်းပွင့်သဏ္ဌာန်လေး ဖြစ်နေတာ၊ ဓာတ်ကြီးလေးပါးဟာ ဆိုင်ရာဆိုင်ရာ သူ့ရဲ့ စွမ်းဆောင်မှုနဲ့ စုပေးထားလို့ ဒီပုံစံလေး ဖြစ်နေတာ၊ ဒါကြောင့် ဓာတ်ကြီးလေးပါးကို အခြေခံရုပ်လို့ ခေါ်တယ်။

အဆင်းရုပ် (ဝဏ္ဏ)

အဲဒီ အခြေခံရုပ်မှာ မျက်စိက မြင်လို့ရတဲ့ အဆင်းဆိုတာ ရှိတယ်၊ ဒါကြောင့်မို့ ပန်းပွင့်ကို လူတွေ ကြည့်လို့ရတယ်ပေါ့၊ ဒီ ဓာတ်ကြီးလေးပါးကို မြင်ရတာ မဟုတ်ဘူး၊ အဲဒီ ဓာတ်ကြီးလေးပါးကို မှီနေတဲ့ အဆင်းဆိုတဲ့ ရုပ်တစ်မျိုး ရှိနေတယ်၊ ဒီဓာတ်ကြီးလေးပါးရဲ့ ပုံပန်းသဏ္ဌာန်ကို မြင်နေရတယ်၊ ပုံ သဏ္ဌာန်နဲ့ ဒီအဆင်းအရောင်ကို မျက်စိနဲ့ ကြည့်လို့ရတယ်၊ အဲဒီမျက်စိနဲ့ ကြည့်လို့ရတာတွေက ခုန ဓာတ်ကြီးလေးပါး မဟုတ်ဘူး၊ ဓာတ်ကြီးလေးပါးကို မှီနေတဲ့ သဘာဝ တရားတစ်ခု၊ ဘာ သဘာဝတုံးလို့ ဆိုရင် ‘မြင်လို့ရတဲ့ သဘာဝ’ ကို ပြောတာပါ။

အသံကျတော့ မြင်လို့ရရဲ့လား၊ အသံနဲ့ ကွဲပြား ခြားနားတယ်၊ မျက်စိနဲ့ မြင်လို့ရတယ်ဆိုတာ သဘာဝတစ်ခု၊ မျက်စိနဲ့ ကြည့်လို့ရတယ်ဆိုတာ သဘာဝတစ်ခု၊ အရာခပ်သိမ်းကို မျက်စိနဲ့ ကြည့်လို့ ရရဲ့လား၊ အေး ဒါကြောင့် မျက်စိနဲ့ မြင်ရတယ် ဆိုတာက ခုနက ပထဝီ အာပေါ တေဇော ဝါယောတို့ကို မြင်ရတာ မဟုတ်ဘူး၊ မျက်စိက မြင်ရတာ အဆင်းအာရုံကိုမြင်တာ၊ အဲဒါက “ဝဏ္ဏ” လို့ ခေါ်တဲ့ ရုပ်တစ်မျိုး၊ ဒီရုပ်ကလေး ဘယ်ပေါ်မှာ မှီနေတုန်းဆိုရင် ခုနက ဓာတ်ကြီးလေးပါးပေါ် မှီနေတာ၊ ဒီဓာတ်ကြီးလေးပါး ဖယ်လိုက်ရင် သူ ရပ်တည်လို့ မရတော့ဘူး၊ ဒါကြောင့်မို့ ‘ဥပါဒါရုပ်’ လို့ ခေါ်ရတယ်။

အနံ့ရုပ် (ဂန္ဓ)

ကဲ နောက်တစ်ခု၊ အဲဒီ အစုလေးပေါ်မှာ နမ်းရှူလို့ရတာ ဘာတုံးဆိုရင် အနံ့တဲ့၊ ဘယ်အရာပဲ ဖြစ်ဖြစ် သူ့ဆိုင်ရာ အနံ့လေးတွေ ရှိကြတယ်၊ ပန်းမှာလည်း ပန်းရဲ့အနံ့လေး ရှိတယ်၊ အဲဒီ အနံ့လေးကရော ဓာတ်ကြီးလေးပါး ဟုတ်ရဲ့လား၊ မဟုတ်ဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် နှာခေါင်းနဲ့ နမ်းရှူလို့ရတဲ့အရာ သက်သက်သာ ဖြစ်တယ်၊ ဓာတ်ကြီးလေးပါးက နှာခေါင်းနဲ့ နမ်းရှူလို့ မရဘူး၊ ဒါကြောင့်မို့ အနံ့ဆိုတာ ရုပ်တစ်မျိုး၊ ဒါကလည်း မဟာဘုတ်လေးပါးကို မှီပြီးဖြစ်တဲ့ ဥပါဒါရုပ်ပါပဲ။

ရသရုပ်(ရသ)

နောက်တစ်ခုကြည့်ဦးမယ်၊ ဘာတွေ့သေးတုန်းဆိုရင် ‘ရသ’ အရသာ၊ လျှာနဲ့ လျက်ကြည့်လို့ရှိရင် အရသာတစ်မျိုး တွေ့လိမ့်မယ်၊ အဲဒီ ဓာတ်ကြီးလေးပါးပေါ်မှာ တည်ပြီးတော့ လျှာနဲ့ ခံယူလို့ရတဲ့ ဇိဝှာဝိညာဏ်လို့ ခေါ်တဲ့ လျှာအသိစိတ်နဲ့သာ သိနိုင်တဲ့အရာမျိုး ဖြစ်သောကြောင့် သူကလည်း ရုပ်တစ်ခုပဲ။

ဩဇာရုပ် (ဩဇ)

အရာခပ်သိမ်းမှာ အကျိုးတစ်ခုကို ထုတ်လုပ်နိုင်တဲ့ စွမ်းဆောင်ချက် သတ္တိလေးတွေ ရှိတယ်၊ ထင်ရှားတာနဲ့ မထင်ရှားတာ ဒါပဲ ကွာတယ်နော်၊ ဗဟိဒ္ဓဝတ္ထုမှာ စွမ်းရည်သတ္တိလေးတွေ ရှိကြတယ်၊ အဲဒီ စွမ်းရည်သတ္တိလေးတွေကို ‘ဩဇ’ လို့ ခေါ်တယ်၊ Nutirtive Essence အနှစ်သာရ၊ ကြည့်လေ၊ လူတွေ အဲဒါ စားပြီးတော့ အသက်ရှင်နေကြတာပဲ၊ ကန်စွန်းရွက် စားပြီးတော့ အသက်ရှင်ရတယ်၊

စံစားပြီးတော့ အသက်ရှင်ရတယ်၊ ဂျုံ စားပြီးတော့ အသက်ရှင်ရတယ်၊ အဲဒီ ဂျုံထဲမှာပါတဲ့ ဩဇဓာတ်၊ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ဩဇဓာတ် Vitamin လို့ခေါ်ခေါ် ဘာခေါ်ခေါ် ပါဠိလိုက “ဩဇ”၊ အဲဒီ ဩဇဆိုတာလည်း နေရာတကာရှိတယ်၊ ရုပ်တိုင်းမှာ ရှိတယ်၊ ဓာတ်ကြီးလေးပါးကို မှီတည်ပြီးတော့နေရတယ်၊ ဒါကြောင့် သူကလည်း ဥပါဒါရုပ်ပဲ။

ဩဇဆိုသည်မှာ တစ်စုံတစ်ခုကို ဖြစ်ပွားစေနိုင်တယ်၊ တချို့ အရွက်ကို သွားမစားနဲ့၊ ဝမ်းသွားတယ်၊ သူ့ရဲ့ စွမ်းရည်သတ္တိပဲ၊ သူက effect ဖြစ်တယ်၊ ဟုတ်ရဲ့လား၊ ‘စူလာနဖာ’ သောက်ရင် ဘာဖြစ်တယ် ညာဖြစ်တယ်၊ စူလာနဖာ သောက်ပြီးတော့ လူတွေ အမျိုးမျိုး ဖြစ်ကြတာတွေရှိတယ် မဟုတ်လား၊ အခုတစ်ခါ ‘ဗိစပ်’ ဆိုတာ လာပြန်တယ်၊ ဒီအရွက်တွေမှာ သဘာဝ သတ္တိကလေးတွေ ရှိတယ်ဆိုတ သေချာတယ်လေ။

အဆိပ်မှာလည်း အဆိပ်ရဲ့သတ္တိရှိတယ်၊ အဲဒီ သတ္တိက အကျိုးတစ်ခုခု ထုတ်လုပ်နိုင်တယ်၊ ဒါကို ဩဇလို့ ပြေတာ၊ အကျိုးတစ်ခုကို ထုတ်လုပ်နိုင်တယ်၊ ဒီဩဇက လူကို အကျိုးပြုတာလည်း ဖြစ်နိုင်တယ်၊ အပြစ်အနာအဆာ ရောဂါဖြစ်စေ တက်တာလည်း ဖြစ်နိုင်တယ်၊ ဘယ်ဟာပဲဖြစ်ဖြစ် ဩဇဆိုတဲ့ ဓာတ်ဟာ လူကို အကျိုးပြုတာလည်း ရှိသလို အကျိုးမပြုတာလည်း ရှိတာပေါ့၊ effect အကျိုးတစ်ခုခုကို ထုတ်လုပ်တာ မှန်သမျှက ဩဇ၊ သူ ဖြစ်ပေါ်လာပြီးတဲ့ နောက်မှာဆိုရင် သူက အကျိုး တစ်ခုခုဖြစ်စေတယ်တဲ့၊ ဒါကြောင့်မို့ ဩဇလို့ ခေါ်တာတဲ့။

အဋ္ဌကလာပ်ရုပ် ၈-ပါး

အေး ပေါင်းလိုက်တော့ ဓာတ်ကြီးလေးပါးဆိုတဲ့ မဟာဘုတ်ရုပ် ၄-ခုရယ်, ဓာတ်ကြီး လေးပါးကို မှီတွယ်နေတဲ့ အခုပြောခဲ့တဲ့ ဥပါဒါရုပ် ၄-ခုရယ် ဒီ ၈-ခုဟာ ဘယ်တော့မှ ခွဲလို့ မရဘူးတဲ့၊ ခွဲလိုက်ရင် ရုပ်ကို မဟုတ်တော့ဘူး၊ တစ်ခုစီ ခွဲထားလိုက်လို့ ရှိရင် ရုပ်လို့ မခေါ်နိုင်တော့ဘူး၊ ပြိုကွဲသွားပြီ၊ သဘာဝက ပျောက်သွားပြီ။

အခုခေတ် သိပ္ပံဆရာတွေ ပြောတယ်မဟုတ်လား၊ ရေကို H2O လို့ သင်္ကေတနဲ့ ပြောတယ်၊ ဟိုက်ဒရိုဂျင်အက်တမ် နှစ်ခုနဲ့ အောက်ဆီဂျင်အက်တမ် တစ်ခု-သုံးခုပေါင်းထားတာကို water (ရေ)လို့ ခေါ်တာ မဟုတ်လား၊ သဘာဝတွေ ပေါင်းစပ်ထားတာ ကို ပြောတာ။

ဗုဒ္ဓအဘိဓမ္မာမှာတော့ ရေဟာ ရုပ် ၈-ခုအပေါင်း အက်တမ်သုံးခုတင် မကဘူး၊ ၈-ခု ပေါင်းထားတာ၊ ဒါကြောင့်မို့ ဗုဒ္ဓအဘိဓမ္မာတရားက ပိုပြီးတော့ နက်နဲတယ်လို့ ပြောတာ၊ ဘုန်းကြီးတို့ တစ်နေ့တုန်းက ဘုန်းကြီးတို့ဆီ စာသင်နေတဲ့ ပြင်သစ်ဒကာကြီး တစ်ယောက်က ဘာသာပြန်တာလေး တစ်ခုနနဲ့ စပ်ပြီး ပြောတယ်။

အဘိဓမ္မာကို “Philosophy” လို့ ပြန်ထား တာကို ကြည့်ပြီး ဘာပြောတာတုန်းဆိုရင် Philosophy တို့ psychology တို့ဆိုတာက အပေါ်ယံလေးပဲတဲ့၊ ဗုဒ္ဓအဘိဓမ္မာက ဒီထက်နက်နဲတယ်တဲ့၊ Philosophy လို့ မပြန်ထိုက်ဘူးတဲ့၊ ဆိုက်ကိုလော်ဂျီဆိုတာ ဘာမှ လေးနက်တာ မဟုတ်ဘူး၊ ဖီလိုဆော်ဖီကလည်း ဒီလောက်မလေးနက်ဘူးတဲ့၊ ဗုဒ္ဓအဘိဓမ္မာက အဲဒီထက် နက်နဲတယ်တဲ့။

ကြည့်၊ ဗုဒ္ဓအဘိဓမ္မာက သူတို့ မတွေ့သေးတာတွေကို ဖေါ်ပြတယ်၊ မြတ်စွာဘုရားက နှစ်ပေါင်း ၂၅၀၀-ကျော် ကတည်းက ဟောဒီရုပ်တရားတွေကို အသေးစိတ် ဟောနေပြီနော်၊ အသေးဆုံး ရုပ်ကလေး မြူမှုန်ကလေးပဲဖြစ်ဖြစ်၊ ဆိုပါစို့၊ နေ့စဉ် စားတဲ့ထဲမှာ ပါတဲ့ ပဲစေ့လေး သို့မဟုတ် ထမင်းလုံးကလေးကို ကြည့်ရအောင်၊

အဲဒီထမင်းလုံးလေးဟာ ဒီလိုသဏ္ဌာန်လေး ဖြစ်နေတာက ဘယ်သူ့အပေါ်မှာတည်ပြီး စုစည်းရတာတုန်းဆိုရင် ပထဝီပေါ်မှာ တည်ပြီး စုစည်းရတာ၊ အားလုံး တည်နေရာကန်တော့ ပထဝီပဲ၊ အဲဒီမြေဓာတ်ကို အာပေါက စုစည်းပေးထားလို့ ထမင်းလုံး ကလေး ဖြစ်နေတာ၊ ဒီထမင်းလုံးလေးမှာ အပူအအေး ရှိနေသည့် အတွက်ကြောင့် မာလာမယ်၊ တဖြည်းဖြည်း ခြောက်သွားမယ်၊ ဒီလို ဖြစ်နေတယ်၊ ဒီ ထမင်းလုံးလေးကို ပုံသဏ္ဌာန် မပျက်အောင် ဝါယောက တွန်းကန် ပေးထားတာ ဖြစ်မယ်၊ ထမင်းစေ့လေးမှာတင် ဓာတ်ကြီး လေးပါးက ရှိနေတယ်။

ပြီးတော့ အဲဒီ ထမင်းစေ့လေးမှာ အရောင်တို့ သဏ္ဌာန်တို့ မရှိဘူးလား၊ အဲဒီအရောင်နဲ့ သဏ္ဌာန်က မျက်စိနဲ့ မြင်ရတာ ဖြစ်သောကြောင့် ရုပ်တစ်ခု၊ တစ်ခါ အနံ့မရှိဘူးလား၊ အဲဒီအနံ့လေး က ရုပ်တစ်ခု၊ အရသာရော မရှိဘူးလား၊ အဲဒီအရသာလေးက ရုပ်တစ်ခု၊ ထို ထမင်းစေ့လေးကို စားခြင်းဖြင့် လူ့ရဲ့သန္တာန်မှာ တစ်စုံတစ်ခု အကျိုးဖြစ်စေတာရော မရှိဘူးလား၊ အဲဒါလေးက ရုပ်တစ်ခုတဲ့၊ ဟော ပေါင်းလိုက်တော့ ရုပ် ၈-ခုဖြစ်သွားတယ်၊ ထမင်းစေ့လေး တစ်စေ့ထဲမှာပဲနော်၊ ထမင်းစားရင်း ဆင်ခြင်ပြီးတော့ ကြည့်ပေါ့။

ဩော် ဒီအတုံးအခဲလေးက ပထဝီပဲ၊ အဲဒီ ပထဝီဟာ အာပေါကြောင့် ဒီလို စုစည်းနေတာ၊ တေဇောကြောင့် တဖြည်းဖြည်း မာမာလာပြီး တောင့်သွားတာ၊ ဒီထဲက ဝါယောကြောင့် တစ်လုံးစီ တစ်ခြမ်းစီ ဖြစ်မသွားဘဲနဲ့ ဒီလို ပုံသဏ္ဌာန်လေးက ခိုင်မြဲနေတာ၊ ဒီပေါ်မှာ အဆင်းအရောင်လေးလည်း ရှိတယ်၊

အနံ့လေးလည်း ရှိတယ်၊ အရာသာလေးလည်း ရှိတယ်၊ လူ့ရဲ့ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ သဘာဝဓာတ်ကလေးလည်း ရှိတယ်လို့ ဟောဒီလို စဉ်းစားကြည့်လို့ရှိရင် အဋ္ဌကလာပ်ရုပ် ရှစ်ခု မတွေ့ပေးဘူးလား၊ အဋ္ဌ ဆိုတာ ရှစ်၊ ကလာပ်ဆိုတာ အစု၊ ဗုဒ္ဓအဘိဓမ္မာအရ ရုပ်သည် တစ်ခုတည်း မနေဘူး၊ ရုပ်ဟာ အမြဲတမ်း အစုလိုက် နေတယ်၊ ဓာတ်ကြီလေးပါးပေါ်မှာ မှီတည်ပြီးတော့ ဖြစ်နေတယ်။

အဝိနိဗ္ဘောဂရုပ် ၈-ပါး

ဓာတ်ကြီးလေးပါးမှာ အဓိက အမာခံက ပထဝီ၊ အမာခံဖြစ်လာအောင် စုစည်းပေးထားတာက အာပေါ၊ ခြောက်သွေ့စေတယ်၊ ရင့်ကျက်လာစေတယ်ဆိုတာက တေဇော၊ ထိုစုစည်းမှု ပြိုကွဲမသွားအောင် ထိန်းပေးထားတာက ဝါယော။ မျက်စိနဲ့ မြင်ရတာလေးက ရူပ (အဆင်း)၊ နှာခေါင်းနဲ့ အနံ့ရတာလေးက ဂန္ဓ (အနံ့)၊ လျှာနဲ့ အရသာခံလို့ရတာက ရသ (အရသာ)၊ အကျိုးပြုတာက ဩဇ (အဆီအနှစ်)။

အဲဒီ ရုပ် ၈-ခုဟာ အဝိနိဗ္ဘောဂရုပ် ၈-ခု ဖြစ်တယ်။ အဝိနိဗ္ဘောဂ ဆိုတာ ခွဲလို့မရဘူး။ တစ်ခုနဲ့တစ်ခု ခွဲလိုက်လို့ရှိရင် ရုပ်အရည်အချင်း မရှိတော့ဘူး။ ခုနက H2O ကို ခွဲလိုက်လို့ရှိရင် ရေဆိုတာ မရှိတော့ဘူး။ ထို့အတူပဲ အဲဒီ ၈-ခုဟာ indivisible (ခွဲခြမ်းလို့မရတဲ့) ရုပ် ၈-မျိုးလို့ ဒီလို ပြောတယ်။

လူ့ရဲ့ခန္ဓာကိုယ်မှာလည်းပဲ ဒီအတိုင်းပဲ ကြည့်။ လူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ခေါင်းဆိုတဲ့ ပုံသဏ္ဌာန်ကြီး ဖြစ်နေတယ်။ လက်ကလည်း ရှည်ရှည် ပုံပန်းသဏ္ဌာန် ဖြစ်နေတယ်၊ ခြေထောက်ကလည်း ပုံပန်းသဏ္ဌာန် ဖြစ်နေတယ်။ အဲဒီလို ပုံပန်းသဏ္ဌာန်တွေ ဖြစ်နေတာ မှန်သမျှ အမာခံက ပထဝီပဲ။ ဒီလို ပုံပန်းသဏ္ဌာန်ကြီး ပေါ်နေအောင် ဘယ်သူက စုပေးထားတာတုန်းဆိုရင် အာပေါက စုပေးထားတာ။

ဒီပုံပန်းသဏ္ဌာန်ကြီးဟာ တဖြည်းဖြည်း ဒီလို အမာခံကြီး ဖြစ်သွားအောင် ဘယ်သူက လုပ်ပေးနေတာတုန်းဆိုတော့ တေဇောက လုပ်ပေးတာ။ တဖြည်းဖြည်း ရင့်ကျက်နေတယ်။ ပုံပန်းသဏ္ဌာန်ကြီး ပြိုကွဲမသွားအောင် ဘယ်သူက ထိန်းပေးနေတာတုန်း၊ ဝါယောက ထိန်းပေးနေတာတဲ့။ နောက် အဲဒီအပေါ်မှာ အဆင်းဆိုတာ ရှိတယ်၊ အနံ့ဆိုတာ ရှိတယ်၊ အရသာဆိုတာ ရှိတယ်၊ အကျိုးပြုတယ်ဆိုတာ ရှိတယ်၊ ကြည့်လိုက်မယ်ဆိုရင် လူ့ခန္ဓာကိုယ်မှာလည်း အဲဒီ ရုပ် ၈-ခုကို တွေ့နိုင်တယ်။ ဒီထက် ပိုပြီးတော့ ရှာရင် ဒီထက်ပိုပြီးတော့ တွေ့ဦးမယ်။

ပါဠိလို ပြောမယ်ဆိုရင် “ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ရူပ၊ ဂန္ဓ၊ ရသ၊ ဩဇ”။ မြန်မာလို ပြောမယ်ဆိုရင် “မြေ၊ ရေ၊ လေ၊ မီး၊ အဆင်း၊ အနံ့၊ အရသာ၊ ဩဇ” လို့ ပြောရမယ်။ မြန်မာပြန်ရတာ ရှည်တော့ ပါဠိလို သုံးလိုက်ကြတာပေါ့။ ကိုယ်တိုင်ရှာလို့ တွေ့ပြီပဲ၊ စကားလုံး အဓိက မဟုတ်ဘူး။ စကားလုံးဆိုတာ ထွင်ပြီးတော့ သုံးသွားတာ။ ကိုယ်နားလည်သွားလို့ရှိရင် စကားလုံးဟာ စကားလုံးပဲလေ။ လူတောင်မှ နာမည်တွေ အခုခေတ် အရှည်ကြီး မှည့်ကြတာ မဟုတ်လား၊ ဆုံးအောင်တောင် မခေါ်နိုင်ဘူး။ လူနာမည်တွေတောင် အရှည်ကြီး မှတ်နိုင်သေးတာပဲ၊ ပါဠိစာလုံးလေး သုံးလေးလုံးတော့ မှတ်လို့ ရကြရမှာပေါ့။

ရုပ်ကို ဖြစ်စေတတ်တဲ့ အကြောင်းတရား ၄-ပါး

အဲဒီတော့ ဒီ ရှစ်ခုဟာ အကြောင်းမရှိဘဲနဲ့တော့ သူတို့ မဖြစ်ဘူး။ အဲဒီ ရုပ်တရားတွေရဲ့ အကြောင်းဟာ လေးမျိုးရှိတယ်။ ရုပ်ကို လေ့လာတဲ့အခါမှာ အကြောင်းတရားကိုလည်း ဆက်ပြီးတော့ လေ့လာကြရမယ်။

ရုပ်ကို ဖြစ်စေတတ်တဲ့ အကြောင်းတရား လေးခုထဲမှာ ‘ကံ’ ဆိုတာ တစ်ခုပါတယ်၊ ‘စိတ်’ ဆိုတာ တစ်ခုပါတယ်၊ လူရဲ့စိတ်ကလည်း ရုပ်ကို ဖြစ်စေတတ်တယ်၊ နောက်တစ်ခုက ‘ဥတု’၊ ဥတုဆိုတာ တခြားကို ခေါ်တာ မဟုတ်ဘူး၊ တေဇောဓာတ်ကိုပဲ ခေါ်တာ။ ဥတု ဥတုနဲ့ ပြောနေတာ၊ ဟယ် ဥတုကလည်း မကောင်းဘူးတဲ့ ပြောကြတယ်၊ ဘာကို ပြောတာတုန်း၊ ပူတာ၊ အေးတာကိုပဲ ပြောနေတာ မဟုတ်လား။ ပူရင်လည်း ဥတု မကောင်းဘူး၊ အေးရင်လည်း ဥတုမကောင်းဘူး ပြောကြတယ်၊ မပူမအေးလေးမှ ကောင်းတယ်လို့ ပြောကြတယ်။ ရာသီဥတုမကောင်းဘူး။ အဲဒါပဲ၊ temperature ဆိုတဲ့ တေဇောဓာတ်ကိုပြောတာ။ နောက် ‘အာဟာရ’၊ နေ့စဉ်စားသုံးတဲ့ အာဟာရထဲက ဩဇာ၊ အဲဒီအာဟာရကြောင့်လည်း ရုပ်တွေ ဖြစ်တယ်တဲ့။

အဲဒီ ရုပ် ၈-မျိုးဟာ “ကံ၊ စိတ်၊ ဥတု၊ အာဟာရ” ဆိုတဲ့ အကြောင်းတရား ၄-ပါးကြောင့် ဖြစ်တယ်၊ အဲဒီ ရုပ် ၈-မျိုးဟာ သက်ရှိသတ္တဝါတွေမှာ ကံကြောင့် ဖြစ်နိုင်တယ်၊ စိတ်ကြောင့် ဖြစ်နိုင်တယ်၊ အာဟာရကြောင့် ဖြစ်နိုင်တယ်။ သက်မဲ့တွေကျတော့ ဥတုကြောင့်ပဲ ဖြစ်တယ်။ ကြည့်၊ သစ်ပင်တွေ ရှင်သန်ထွားကျိုင်းနေတာတို့၊ ညှိုးခြောက်သွားတာတို့ဆိုတာ ဥတုကြောင့် ဖြစ်တာနော်။

အဲဒီ သစ်ပင်လို့ခေါ်တဲ့ အရာကိုလည်း ကြည့်လိုက်မယ်ဆိုရင် ဟောဒီ ရုပ် ၈-ခုနဲ့ ဖွဲ့စည်းထားတာပဲ။ ပုံပန်းသဏ္ဌာန်ကျတော့ အမျိုးမျိုး ဖြစ်နေတယ်။ ဒီရုပ် ၈-ခုကိုပဲ အမြစ်ပုံသဏ္ဌာန်ကျတော့ လူတွေက ‘အမြစ်’ လို့ ခေါ်လိုက်တယ်၊ ဟော လုံးလုံးပင်စည်ကြီးကျတော့ လူတွေက ‘ပင်စည်’ လို့ ခေါ်လိုက်ပြန်တယ်။ ပင်စည်ရဲ့ ပုံသဏ္ဌာန်က ခုနက အမြစ်နဲ့ မတူပြန်ဘူး၊ တစ်ခါ အကိုင်းကျတော့လည်း ပင်စည်နဲ့ မတူပြန်ဘူး၊ အမြစ်နဲ့ မတူပြန်ဘူး။ လူတွေက အဲဒါကို နာမည်တစ်မျိုး ပေးလိုက်ပြန်တယ်။

တစ်ခါ အရွက်ကလေးတွေကျတော့ ခုနက ပင်စည်နဲ့ မတူပြန်ဘူး၊ လူတွေက ‘အရွက်’ လို့ နာမည်တစ်မျိုး ပေးလိုက်တယ်။ အပွင့်ကျတော့လည်း အရွက်နဲ့ မတူပြန်ဘူး၊ မတူပြန်သည့်အတွက်ကြောင့် လူတွေက နာမည်တစ်မျိုး ပေးလိုက်တယ်၊ ‘အပွင့်’ လို့။ တစ်ခါ အပွင့်က ဖြစ်ပေါ်လာတဲ့ဟာကျတော့ ‘အသီး’ ဆိုပြီးတော့ နာမည်တစ်မျိုး ပေးလိုက်တယ်။

ကဲ သစ်ပင်တစ်ပင် ကြည့်လိုက်မယ်ဆိုလို့ရှိရင် အမြစ်ရှိတယ်၊ ပင်စည်ရှိတယ်၊ အကိုင်းရှိတယ်၊ အရွက်ရှိတယ်၊ အပွင့်ရှိတယ်၊ အသီးရှိတယ်။ သစ်ပင်တွေမှာ အဲဒါတွေ အားလုံးဟာ ဟောဒီ ရုပ် ၈-ခုနဲ့ ဖွဲ့စည်းထားတာတွေချည်းပဲ။ သဏ္ဌာန်အမျိုးမျိုးနဲ့ ပေါ်နေတာ။

မဟာဘူတ

အဲဒီလို သဏ္ဌာန်အမျိုးမျိုးတွေ ပေါ်နေတာဟာ ဘယ်အရာကို မှီပြီး ပေါ်နေတာတုန်းဆိုလို့ရှိရင် ဓာတ်ကြီးလေးပါးကို မှီပြီး ပေါ်နေတာတဲ့။ ဒါကြောင့်မို့ ဓာတ်ကြီးလေးပါးကို မဟာဘူတလို့ ခေါ်တာ။ အင်္ဂလိပ်လို ပြန်လို့ရှိရင် great appearance (ပုံပန်းသဏ္ဌာန် အကြီးကြီးတွေ ပေါ်လွင်လာတာ) ကို မဟာဘူတလို့ ခေါ်တယ်။

နောက်တစ်ခုက မဟာအဘူတ- အံ့ဩစရာ သဏ္ဌာန်တွေ အမျိုးမျိုး ပြတယ်လို့ ဒီလို အဓိပ္ပာယ်ရတယ်။ ကြည့်လေ၊ တောင်ကြီးတွေဆိုလည်း ဓာတ်ကြီးလေးပါးပဲ။ တောင်ကြီးတွေတို့၊ သစ်ပင်ကြီးတွေတို့ အင်မတန် ကြီးတာတွေ အကုန်လုံးဟာ ဟောဒီ မဟာဘူတပဲ။ မဟာဘူတပေါ်မှ အဆင်း၊ အနံ့၊ အရသာ ဥပါဒါရုပ်တွေက မှီပြီးတော့ နေကြရတာ၊ ကြီးတာက မဟာဘူတက ကြီးတာ။ ဒါကြောင့်မို့ မဟာဘုတ်လို့ ခေါ်တာ။ မဟာဘူတဆိုတဲ့ စကားလုံးကို ကြည့်ပြီးတော့ ခေါ်တာ။ “မဟာ” ဆိုတာ အလွန်ကြီးပြီးတော့ “ဘူတ” ဆိုတာ ပေါ်လွင်ထင်ရှားနေတဲ့ အရာတွေလို့ ဒီလိုပြောတာနော်။ တောင်ကြီးတွေရဲ့ သဏ္ဌာန်တွေရဲ့ သဏ္ဌာန် အင်မတန်ကြီးတယ်၊ မြေပြင်ကြီး၊ ရေပြင်ကြီး၊ မီးပုံကြီးဆိုတာ အင်မတန်ကြီးတဲ့ ပုံပန်းသဏ္ဌာန်တွေ အနေနဲ့ ပေါ်လာတာ။ ဒါကြောင့်မို့ ‘မဟာဘူတ’ (great appearance) ပေါ့။

အဲဒါကိုပဲ ‘ဓာတု’ (element) လို့လည်း ခေါ်သေးတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဓာတုဆိုတဲ့ သဘာဝတရားက သတ္တဝါ မဟုတ်ဘူးတဲ့။ သူ့သဘောသူ ဆောင်နေတဲ့ အရာတဲ့။ ဓာတုဆိုတဲ့ စကားလုံးက သတ္တဝါဆိုတာကို reject လုပ်ထားတာ၊ သတ္တဝါဆိုတာ မဟုတ်ဘူးတဲ့၊ ဇီဝလို့ ပြောတဲ့အရာ မဟုတ်ဘူးတဲ့။ ဓာတုဆိုတာ သတ္တလည်း မဟုတ်ဘူး၊ ဇီဝလည်း မဟုတ်ဘူး၊ သူ့သဘောသူ ဆောင်နေတဲ့ သဘာဝတရား သက်သက်မျှသာလို့ ပြောတာနော်။

မြတ်စွာဘုရားက ‘နိဿတ္တ နိဇ္ဇီဝ’ သတ္တဝါ မဟုတ်ဘူးတဲ့၊ ဇီဝဆိုတာ ခေါ်စရာမဟုတ်ဘူး။ ဒီ ‘ဇီဝ’ တို့ ‘သတ္တ’ တို့ဆိုတာကို အိန္ဒိယ ဖလော်ဆော်ဖီမှာ ထဝရ (မြဲနေတဲ့အရာတွေ) လို့ ယူဆထားကြတယ်။ ဗမာတွေမှာလည်း ဒီလို မြဲတယ်ဆိုတဲ့ အယူအဆတစ်ခု ရှိတာပဲ။ ဘာတုန်းဆိုရင် လူသေရင် လိပ်ပြာက ထွက်သွားတယ် မဟုတ်လား၊ လိပ်ပြာဆိုတာ ရှိသေးတယ်၊ Butterfly ဆိုတဲ့ လိပ်ပြာ။ အဲဒီ လိပ်ပြာကောင်က ထွက်ပြီးတော့ နောက်ဘဝ ဝင်စားတယ်လို့ ပြောကြတယ်။ တကယ်တော့ သေပြီးတော့ ထွက်သွားတယ်ဆိုတာလည်း တစ်ခုမှ မရှိဘူး။ ဝင်စားတယ်ဆိုတာလည်း တစ်ခုမှ မရှိဘူး၊ အကြောင်းကြောင့် အကျိုးပေါ်တာပဲ ရှိတယ်။

ဗုဒ္ဓဘာသာအယူအဆ

အဘိဓမ္မာတရားတော်အရ ရှေ့ကတစ်ခုပြီးတစ်ခု ပျောက်သွားတာနဲ့ နောက်က အသစ်သစ် ပေါ်နေတာပဲ ရှိတယ်လေ။ အခု ဘုန်းကြီး တရားဟောတဲ့ အသံတွေပဲကြည့်၊ ရှေ့က အသံတွေဟာ တစ်ခုပြီးတစ်ခု ပျောက်နေတာ၊ နောက်က အသံတွေ ဆက်ပေါ်နေတာလေး။

အဲဒါလိုပဲ၊ ဘဝကူးတယ်ဆိုတာ ဒီအတိုင်းပဲ။ ဘာမှ မထူးဘူး၊ ဖြစ်စဉ်ကြီးတစ်ခုပဲ။ ရှေ့ကပျောက်၊ နောက်ကပေါ်၊ ရှေ့ကပျောက်၊ နောက်ကပေါ်၊ ဟောဒီ process ကြီးနဲ့ သွားနေတာ။ အဲဒီတော့ ဒီထဲမှာ မြဲပါတယ်ဆိုတဲ့အရာ ဘယ်ရှိတော့မတုံး။

က၊ ခ၊ ဂ၊ ဃ ရွတ်ကြည့်လိုက်ပေါ့။ အသံတွေက ရွတ်လိုက်တဲ့အခါ က၊ ခ၊ ဂ ဆိုတဲ့ အသံတွေကို နားထောင်ကြည့်၊ ‘က’ ဆိုတဲ့အသံ ပျောက်သွားရင် ‘ခ’ ဆိုတဲ့ အသံပေါ်လာတယ်။ အဲဒီမှာ စဉ်းစားကြည့်၊ ‘က’ ကနေ ‘ခ’ ဖြစ်သွားတာလား၊ ‘ခ’ ကနေ ‘ဂ’ ဖြစ်သွားတာလားလို့ မေးရင် မဟုတ်ဘူး။ ‘က’ က ပေါ်ပြီးပျောက်သွားပြီးမှ ‘ခ’ ဆိုတာ ပေါ်လာပြန်တာ၊ ‘ဂ’ ဆိုတာလည်း ‘ခ’ က ဖြစ်လာတာ မဟုတ်ဘူး၊ သူက ပေါ်လာတာ။

အဲဒီလိုပဲ လူတစ်ယောက် ဒီဘဝက သေဆုံးသွားပြီဆိုလို့ရှိရင် အကြောင်းကြောင့် နောင်ဘဝမှာ ထပ်ပေါ်တာကို ပြောတာ။ ဒီကနေပြီးတော့ လိပ်ပြာတို့၊ ဝိညာဉ်တို့ကနေ ထွက်သွားပြီး ဟိုကို ဝင်စားတာ မဟုတ်ဘူးတဲ့။

သို့သော် line ကလေးကတော့ ရှိတာပေါ့။ နို့မို့ဆို အလွဲလွဲ အမှားမှား ဖြစ်ကုန်တာပေါ့။ သူ့လိုင်းနဲ့သူ သွားနေတာပဲနော်။ ဖြစ်ပျက်နေတဲ့ line လေးအတိုင်းပဲ သွားနေတာဆိုတော့ ဒီဘဝက ဘာလုပ်လုပ် နောင်ဘဝအတွက် responsible (တာဝန်ရှိတဲ့) ပုဂ္ဂိုလ်ဖြစ်ရမယ်။ ဘာဖြစ်လို့လည်းဆိုရင် လိုင်းကြောင်းက တစ်ခုတည်းနဲ့ သွားနေတာမို့ ပေါ်ပြီးပျောက်သွားပေမယ့် နောက်ထပ် ပေါ်လာမယ့်အရာကို ရှေ့ကပျောက်သွားတဲ့ သဘာဝတရားက နောက်ထပ် ပေါ်လာဖို့ရန်အတွက် energy (စွမ်းအင်) တွေကို ပေးထားခဲ့တာ။ အဲဒီ စွမ်းအင်တွေက နောက်အလုံးထဲမှာ ပြည့်ပြည့်သွားလို့ နောက်ပေါ်တာက ရှေ့ပေါ်တာထက် စွမ်းအင်တွေ ပိုလာတတ်ကြတာ။

ပညာသင်တာပဲ ကြည့်လေ။ မူလတန်းပညာ သင်ထားတဲ့ဟာက အလယ်တန်းပညာ သင်ဖို့ရာအတွက် စွမ်းအင်တွေ ကျန်ရစ်တယ်။ ဟုတ်လား။ တစ်ခါ အလယ်တန်းပညာကနေ အထက်တန်းပညာ၊ အထက်တန်းပညာကနေ တက္ကသိုလ်ပညာ။ အကယ်၍သာ energy မရှိဘူးဆိုလို့ရှိရင် လုံးဝပျောက်သွားမယ်။ မူလတန်းက သင်ထားတာက ဘယ်လိုလုပ်ပြီး အလယ်တန်းကို အကျိုးပြုမလဲ။ အခုဟာက အကျိုးပြုနေတယ်လေ။ မူလတန်း မသင်ဘဲနဲ့ အလယ်တန်း တက်လို့မရဘူးလေ။ နားမလည်နိုင်ဘူးလေ။ ဒါတွေက ပျောက်သွားတာတော့ ဟုတ်တယ်၊ ဒါပေမယ့် လုံးဝပျောက်သွားတာ မဟုတ်ဘူး၊ energy လေးတွေ ပေးထားခဲ့တယ်နော်။

ဒါကြောင့်မို့ ဘုရားအလောင်းတော် သုမေဓာဘဝက ပါရမီဖြည့်တာ ဂေါတမဘုရားဘဝကျတော့ perfect (ပြီးပြည့်စုံ) ဖြစ်တာပေါ့။ နို့မို့ဆိုရင် ဘယ် perfect ဖြစ်မလဲ။ ကိုယ့် line ကလေးနဲ့ ကိုယ်ကတော့ ရှိရတယ်။ သို့သော် အဲဒီ line ထဲမှာ မြဲနေတဲ့ အရာ ရှိလားဆိုတော့ မရှိဘူး။ အကြောင်းအကျိုး ဆက်ပြီး သဘာဝတရားဟာ တစ်ခုဖြစ် တစ်ခုပျက်၊ တစ်ခုဖြစ် တစ်ခုပျက်နဲ့ သံသရာထဲမှာ အဲဒီပုံစံနဲ့ပဲ သွားနေတယ်။ အကြောင်းတရားကို မှီဖြစ်ပြီးတော့ သွားနေကြတာ။

လူ့ခန္ဓာ၌ မဟာဘုတ်တည်ပုံ

ကဲ ကောင်းပြီ၊ မဟာဘူတကို လူရဲ့ခန္ဓာကိုယ်ထဲမှာ နည်းနည်းလောက် ရှာကြည့်ရအောင်။ လူ့ရဲ့ခန္ဓာကိုယ်ထဲမှာ အရိုးဆိုတာ ရှိတယ်၊ အဲဒီ အရိုးပေါ်မှာ အသားစိုင်တွေ ရှိတယ်နော်။ ဒါ Skelton (အရိုးစု) ကြီးတွေ ဘာတွေ ကြည့်လိုက်မယ်ဆိုရင် လူ့ရဲ့ခန္ဓာကိုယ်ထဲမှာ မြင်လို့ရတာတွေလေ။ အစိုင်အခဲတွေ အားလုံးဟာ ဒီရုပ်တရားတွေ အားလုံးရဲ့ တည်ရာဖြစ်လို့ ပထဝီလို့ပဲ ခေါ်တယ်နော်။ တည်ရာ ပုံပန်းသဏ္ဌာန်ကတော့ အမျိုးမျိုးပဲ သူက ဖန်တီးနေတာ။ အာပေါကနေ စုစည်းပေးထားတယ်၊ ဒီလို အတုံးအခဲတွေဟာ အာပေါကနေ စုစည်းပေးထားတယ်။ တေဇောက ရင့်ကျက်လာစေတယ်၊ ဝါယောက ပြိုလဲမသွားအောင် ထိန်းပေးနေတယ်။ ဓာတ်ကြီးလေးပါးလုံး ခန္ဓာကိုယ်ထဲမှာ ရှိတယ်။

ဓာတ်ကြီးလေးပါး ခန္ဓာကိုယ်ထဲမှာ ကြည့်၊ မာမာပျော့ပျော့ အတုံးအခဲ မှန်သမျှကို ဒါ ပထဝီလို့ ခေါ်တယ်။ အဲဒီ ပထဝီထဲမှာ အာပေါဆိုတာ ရှိတယ်။ အာပေါသဘောမှာ ယိုစီးတဲ့သဘော၊ ဖွဲ့စည်းထားတဲ့သဘော နှစ်ခုရှိတယ်တဲ့။ ပထဝီမှာလည်းပဲ ခက်မာတဲ့သဘော၊ ပျော့တဲ့သဘော နှစ်ခုရှိတယ်။ ခက်မာတယ်ဆိုတာ အတုံးအခဲလေး ဖြစ်တာကို ပြောတာပါ။ ကျန်တဲ့ ရုပ်တရားတွေ အားလုံးရဲ့ မှီရာဟာ ပထဝီ။ သူက အခြေခံမှီရာရုပ်။ လောကမှာ ပကတိမြေကြီးသည် တောတောင် ရေမြေ အိမ်ဂေဟာ အပေါင်းတို့ရဲ့ မှီရာဖြစ်သလိုပဲ ဒီ အတုံးအခဲလေးပေါ်မှာ ရုပ်အားလုံးဟာ မှီနေကြတယ်။

ပတိဋ္ဌာနရသာ - ရုပ်တွေ မှန်သမျှဟာ ပထဝီပေါ်မှာ တည်နေကြတာမို့ ပထဝီက တောင့်ခံထားတယ်လို့ ဒီလို ပြောတယ်။ မုန့်တုံးကလေးပဲ ကြည့်ဦး၊ ဒီလိုအတုံးလေး ဖြစ်နေတဲ့ထဲမှာ ဒီအတုံးပေါ်မှာ စုစည်းထားတဲ့ အာပေါဆိုတဲ့ သဘောလည်း ရှိတယ်၊ ပြိုကွဲမသွားအောင် ထိန်းထားတဲ့ ဝါယောဆိုတာလည်း ဒီပေါ်မှာ ရှိနေတယ်။ ဒါကြောင့်မို့ ပထဝီဆိုတဲ့ မြေဓာတ်ရဲ့ သဘာဝသည် အတုံးအခဲ။

ခန္ဓာကိုယ်ထဲမှာ အတုံးအခဲဖြစ်နေတဲ့ သဏ္ဌာန်မှန်သမျှဟာ ပထဝီဓာတ်ရှိနေတဲ့ အရာတွေတဲ့။ နောက် ခန္ဓာကိုယ်ထဲမှာ အရည်သဘောတွေ မရှိဘူးလား၊ ခန္ဓာကိုယ်မှာ အရည်တွေ အများကြီးရှိတယ်။ မျက်လုံးက ထွက်တာတော့ မျက်ရည်တဲ့၊ ပါးစပ်က ထွက်တာ တံတွေးတဲ့။ ဒီလို လူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အရည်ဓာတ်တွေ၊ အရည်ထဲမှာ အာပေါသာ ရှိတာလား၊ ကျန်တာ မရှိဘူးလားဆိုရင် ရှိတယ်။ quantity (ပါဝင်တဲ့ ပမာဏ) ကွာသွားတာ။ အရိုးကျတော့ ပထဝီဓာတ်က များတယ်၊ ကျန်တာတွေက လျော့နည်းသွားတယ်။ ခုနက အရည်တွေကျတော့ အာပေါဓာတ်က များပြီးတော့ ကျန်တာတွေက လျော့နည်းတယ်၊ ဒီလို နားလည်ရမယ်နော်။

အတုံးအခဲဖြစ်နေရင် ပထဝီကများပြီး ကျန်တာတွေက လျော့နည်းတယ်။ သူတို့က အချိုးအစားချင်း ညီချင်မှ ညီတယ်။ အတုံးအခဲကြီး ဖြစ်နေရင် ပထဝီက များတယ်၊ အရည်ပျော်နေလို့ရှိရင် အာပေါက များတယ်။ ဥပမာ မီးဆိုတဲ့အထဲမှာ လူတွေက မီးဆိုရင် အပူတစ်မျိုးတည်းပဲ ထင်တယ်၊ မဟုတ်ဘူး။ မီးထဲမှာ တေဇောက လွန်ကဲနေတယ်၊ အဲဒီထဲမှာ ပထဝီလည်း ရှိတယ်၊ အာပေါလည်း ရှိတယ်။ ဒီမီးထဲမှာ မီးညွန့်သဏ္ဌာန်လေး ဖြစ်နေအောင် အာပေါက စုစည်းတာ။ မီးထဲမှာ အာပေါ ရှိတယ်ဆိုလို့ရှိရင် ယုံနိုင်စရာတောင် မရှိဘူး။ စုစည်းတဲ့သဘောကို ပြောတာ။ မီးထဲမှာ စုစည်းထားတဲ့ သဘောလေး ရှိတယ်၊ စုစည်းထားတဲ့ သဘောလေးကို ပြိုလဲမသွားအောင် ထိန်းထားတဲ့ ဝါယောလည်း ရှိတယ်။

အဲဒီတော့ ဘယ်အရာမှာပဲဖြစ်ဖြစ် ဓာတ်ကြီးလေးပါးရှိတယ်၊ ရေထဲမှာလည်း ရှိတယ်၊ မီးထဲမှာလည်း ရှိတယ်၊ လေထဲမှာလည်း ထို့အတူပဲပေါ့။ လေတိုက်လို့ရှိရင် လူကို လာထိတာ ကြည့်လေ၊ သိတယ် မဟုတ်လား။ အဲဒီမှာ ထိတဲ့အခါမှာ ပြင်းပြင်းထန်ထန် ထိရင် ဒါ ပထဝီရဲ့ သဘောကြောင့် ဖြစ်တာလေ။ လေထဲမှာလည်း ဝါယောက ပြင်းထန်တယ်၊ ဝါယောက လွန်ကဲတယ်၊ ကျန်တာတွေက လျော့နည်းတယ်။ အချိုးအစား quantity ကျတော့ ကွာခြားတယ်။

လူ့ခန္ဓာကိုယ်ထဲကို ကြည့်လိုက်၊ လူ့ခန္ဓာကိုယ်ထဲမှာ အတုံးအခဲ သဘာဝတွေ မှန်သမျှ ပထဝီဆိုတဲ့ အမာခံရုပ်ကို အဓိကထားပြီးတော့ ပြောတာ။ ပထဝီလို့ဆိုပေမယ့် အထဲမှာ ရုပ် ၈-ခုလို့ မှတ်ရမယ်၊ ဘယ်နေရာပဲဖြစ်ဖြစ် ရုပ် ၈-ခု ရှိတယ်နော်။ အားလုံးဟာ ရုပ် ၈-ခုနဲ့ ဖွဲ့တယ်၊ သို့သော် ပထဝီသည် လွန်ကဲနေတယ်။ အဲဒီမှာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရည်သဘောတွေကျတော့ ရုပ် ၈-ခုနဲ့ပဲ၊ ဒါပေမယ့် အာပေါ လွန်ကဲနေတယ်။

တေဇော ၄-မျိုး

နောက် တေဇောတဲ့၊ လူရဲ့ခန္ဓာကိုယ်ထဲမှာ ရှိတယ်။ နေမကောင်းတဲ့ အခါကျတော့ လူ့ရဲ့ခန္ဓာကိုယ်က ပူမလာဘူးလား၊ temperature ဆိုတာ thermometer နဲ့ တိုင်းလိုက်တဲ့အခါ ရှိရမယ့် အပူထက် ပိုပြီးတော့ ပူလာတယ်။ အဲဒီ အပူမျိုးကို သန္တပ္ပန တေဇော လို့ ခေါ်တယ်။ အဲဒီတေဇောက ဘာကြောင့်ဖြစ်တာတုန်းဆိုရင် မတည့်တာ စားရင်လည်း ဖြစ်တယ်၊ မတည့်တဲ့ ဥတုနဲ့ တွေ့ရင်လည်း ဖြစ်တယ်၊ အခုခေတ်ဆိုရင် ဗိုင်းရပ်စ်ပိုးကြောင့်လည်း ဖြစ်တယ်ပေါ့၊ လူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဒီလိုအပူတစ်မျိုးလည်း ရှိတယ်။

နောက် အပူတစ်မျိုး ရှိသေးတယ်၊ ဇိရဏတေဇောတဲ့။ လူဟာ ကလေးဘဝတုန်းက အသားအရေနဲ့ နည်းနည်း အရွယ်ရလာတဲ့ အသားအရေ တူသေးလား၊ တဖြည်းဖြည်း ကြမ်းကြမ်းလာတယ်၊ ရင့်ရင့်လာတယ်။ မွေးစကလေးလေးရဲ့ အသားလေးက နုဖတ်ဖတ်လေး၊ တဖြည်းဖြည်း ကြမ်းလာတာ ဘယ်အရာကနေ ကြမ်းအောင် လုပ်နေတာတုန်းဆိုရင် တေဇောဓာတ်က လုပ်တာ။ အဲဒီ တေဇောက ပထမရင့်အောင် လုပ်တယ်၊ နောက်ကျလို့ရှိရင် ရင့်ရာကနေ အရင့်လွန်လာတော့ မှည့်လာတယ်။ လူတွေမှာ ခေါင်းပေါ်က ဆံပင်လေးတွေ ဖြူလာတယ်၊ သွားတွေ ကျိုးကုန်တယ်၊ ပါးရေတွေ တွန့်ကုန်တယ်၊ တေဇောက လုပ်နေတာ၊ တေဇောကနေ လောင်နေတာ၊ အမြဲတမ်း လောင်နေလို့ လူရဲ့ခန္ဓာကိုယ်သည် ရင့်ရော်ပြီးတော့ အိုမင်းလာတယ်၊ အဲဒါ ဇိရဏတေဇော။

နောက် တေဇောတစ်ခုက ဘာတုန်းဆိုလို့ရှိရင် စားလိုက်တဲ့ အစာအာဟာရတွေဟာ ဝမ်းထဲမှာ ကြေညက်တယ်။ ချက်ထားသလို ကြေသွားတာ၊ လုံးဝကို ခွဲခြားလို့မရအောင်၊ စားတုန်းတော့ အမျိုးစုံ စားတာပဲလေ။ နောက်ကျတော့ ကြေညက်သွားတဲ့အခါကျတော့ ခွဲလို့မရတော့ဘူး၊ တစ်ခုတည်း ဖြစ်သွားတယ်။ အဲဒီလို ဖြစ်သွားအောင် ဘယ်အပူကနေ လုပ်တာတုန်းဆိုရင် ပါစကတေဇောက လုပ်တာ။ အဲဒီ ပါစကတေဇော ကံကြောင့် ဖြစ်တာ၊ တခြားအကြောင်းကြောင့် မဖြစ်ဘူး။ ကျန်တာတွေကတော့ ကံ၊ စိတ်၊ ဥတု၊ အဟာရကြောင့် ဖြစ်နိုင်တယ်။

ကဲ နောက် တေဇောတစ်ခုက ‘ဍယှနတေဇော’၊ လူရဲ့ခန္ဓာကိုယ်မှာ ပူလှချည်ရဲ့၊ လောင်လှချည်ရဲ့ဆိုပြီး အပူတွေ လွန်ကဲလာတဲ့အခါ အနာတွေ ပေါက်ထွက်တာတို့ ဒီလိုတွေ ဖြစ်တတ်တယ်လေ။ လူ့ခန္ဓာကိုယ်မှာ ကြည့်လိုက်ရင် တေဇောဟာ ၄-မျိုး ရှိတယ်။ သန္တပ္ပနတေဇော (ဖျားလို့ ပူလောင်တဲ့ တေဇော) က တစ်ခု၊ ဇိရဏတေဇော (ဖြည်းဖြည်း ရင့်လာအောင် ဖြစ်လာတတ်တဲ့ တေဇော) ကတစ်ခု၊ ပါစကတေဇော (အစာအာဟာရတွေ ကြေညက်သွားအောင် digest ဖြစ်အောင် ကြေညက်စေတတ်တဲ့ တေဇော) ကတစ်ခု၊ နောက် ခန္ဓာကိုယ်ကို လောင်စေတတ်တဲ့ ဍယှနတေဇောက တစ်ခု။ အားလုံးပေါင်းလိုက်တော့ ဒီ ၄-ခုဟာ တေဇောလွန်ကဲနေတဲ့ ရုပ် ၈-ခုပဲ။

ဝါယောရုပ် ၆-မျိုး

နောက်တစ်ခုက ခန္ဓာကိုယ်ထဲမှာ ဝါယောဆိုတာ ရှိသေးတယ်။ အလွယ်တကူ ကြည့်မယ်ဆိုရင် ၂၄-နာရီပတ်လုံး လူတွေဟာ အသက်ရှူနေကြတာ ရှိတယ် မဟုတ်လား။ အသက်ရှူနေတဲ့ ဒီလေက စိတ်ကြောင့် ဖြစ်တာတဲ့၊ အကြောင်းတရားက စိတ်ပဲ၊ တခြား အကြောင်းတရားကြောင့် ဖြစ်တာမဟုတ်ဘူး။ ထွက်လေ ဝင်လေ ရပ်သွားလို့ရှိရင် စိတ်အားနည်းသွားတာလို့ ပြောရမယ်။ ထွက်လေ ဝင်လေ ထုတ်လုပ်နိုင်အောင် စိတ်အားသတ္တိ မရှိဘူးဆိုရင် ရပ်သွားမယ်။ အဲဒီတော့ စတုတ္ထဈာန်အဆင့်ထိရောက်သွားတာနဲ့ သမာဓိ သိပ်ကောင်းသွားရင် ထွက်လေ ဝင်လေတွေ ရပ်သွားတတ်တယ်။ ဒါကြောင့်မို့ ထွက်သက် ဝင်သက်ဟာ စိတ်ကြောင့်ဖြစ်တဲ့ ဝါယော။

ခန္ဓာကိုယ်မှာ အထက်သို့ဆန်တဲ့လေက တစ်မျိုးရှိတယ်၊ ဝမ်းဗိုက်ထဲမှာ ရှိတဲ့လေက တစ်မျိုး၊ အူတွေထဲမှာ ရှိနေတဲ့လေက တစ်မျိုး၊ ခန္ဓာကိုယ်ထဲမှာ လှည့်လည်သွားနေတဲ့လေက တစ်မျိုး၊ သွေးတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ လည်ပတ်နေတာ၊ နှလုံးရဲ့ညှစ်အားနဲ့ ဝါယောဓာတ်ရဲ့ စွမ်းအားနဲ့ ဒီခန္ဓာကိုယ်တစ်ခုလုံး သွေးတွေ လည်ပတ်နေတာ။ ပေါင်းလိုက်တော့ လေ(၆)မျိုးလို့ ဆိုလို့ရတယ်နော်။

(၁)အထက်သို့ ဆန်တက်တဲ့လေ၊ (၂) အောက်ကိုစုန်တဲ့လေ၊ (၃) ဝမ်း၌တည်သောလေ၊ (၄) အူ၌တည်သောလေ၊ (၅) အင်္ဂါကြီးငယ်သက်ရောက်တဲ့လေ၊ (၆) အဿာသ ပဿာသ (ထွက်သက်ဝင်သက်လေ)၊ လေ (၆)မျိုး၊ ဟောဒီ လေ(၆)မျိုးဟာလည်း ခန္ဓာကိုယ်ထဲမှာရှိတော့ ဒါ ဝါယောဓာတ် လွန်ကဲနေတဲ့ ရုပ် ၈-ခုလို့ မှတ်ရမယ်။

ကဲ ခန္ဓာကိုယ်ကြီးမှာ လိုက်ပြီး ရှာကြည့်လိုက်လို့ရှိရင် ဒီ သဘာဝတရားကလွဲတာ ရှိသေးရဲ့လား၊ မရှိတော့ဘူး။ ဒီ သဘာဝသစ္စာဆိုတဲ့ ဓာတ်ကြီး ၄-ခု၊ ဓာတ်ကြီး ၄-ခုကို မှီပြီးတော့ ဖြစ်နေတဲ့ ရုပ် ၄-ခု၊ အားလုံး ရုပ်ပေါင်းလိုက်တဲ့အခါ ရုပ် ၈-ခု၊ ဒီကနေ့ ရုပ် ၈-ခုကို လေ့လာရပြီ။

နောက် ဒီထက်ထူးခြားတဲ့ ရုပ်ကလေးတွေ ရှိသေးတယ်၊ အဲဒီရုပ်တွေကို နောက်ရက်ကျတော့ ဆက်ပြီး ဟောကြရအောင်၊ ဒီကနေ့တော့ ဟောဒီ ရုပ် ၈-ခုကို မှတ်ထားကြပေတော့၊ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ပြောင်းလွဲသွားတတ်တဲ့ သဘော၊ ပျက်စီးသွားတတ်တဲ့ သဘောရှိတဲ့ ရုပ်တရားဟာ အမာခံအားဖြင့် ရှိနေတယ်။ ထိုရုပ်တရားသည် ကံကြောင့်လည်း ဖြစ်တယ်၊ စိတ်ကြောင့်လည်း ဖြစ်တယ်၊ ဥတု၊ အာဟာရလို့ဆိုတဲ့ ရုပ်တွေကြောင့်လည်း ဖြစ်ကြတယ်။

အကြောင်းတရားတွေ ရှိနေသည့်အတွက်ကြောင့် ဒီလို အကျိုးတရားတွေ ပေါ်နေတာ၊ အကြောင်းတရားတွေ ချုပ်သွားတာနဲ့ တစ်ပြိုင်နက် ရုပ်တရားတွေ ရပ်တည်နိုင်ခြင်း မရှိဘူးဆိုတာကို မိမိတို့ရဲ့ ရုပ်ခန္ဓာကိုယ်ကြီးကို အာရုံပြုပြီး သတိသံဝေဂတရား ပွားများနိုင်ကြပါစေကုန်သတည်း။

“သာဓု - သာဓု - သာဓု”

ရုပ်တရားကို လေ့လာသုံးသပ်ခြင်း

အပိုင်း(၂)

ရုပ်အားလုံး၏အခြေခံရုပ် ၈-ခု

လူ့လောကကြီး ကြည့်လိုက်ရင် အားလုံး ပုံပန်းသဏ္ဌာန်တွေနဲ့ မြင်နေရ၊ တွေ့ကြုံနေရတာတွေဟာ လူတွေရဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်လို့ဆိုတဲ့ အင်္ဂါရပ်တွေနဲ့ ထိတွေ့ပြီး သိရှိနေရတာတွေဟာ ရုပ်တရားတွေပါ။ လူရဲ့ခန္ဓာကိုယ်ကြီးကို ဘာတွေနဲ့ တည်ဆောက်ထားသလဲလို့ “စာတုမဟာဘူတိကော အယံကာယော” တဲ့။ အယံ ကာယော - ဤ လူတွေရဲ့ ခန္ဓာကိုယ်ကြီးကို၊ စာတုမဟာဘူတိကော- မဟာဘူတဆိုတဲ့ ဓာတ်ကြီးလေးပါးနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်။

ဘယ်နေရာပဲဖြစ်ဖြစ် မဟာဘူတဆိုတာတွေရဲ့ အစုအဝေးကြီးပဲ။ မဟာဘူတတွေနဲ့ တည်ဆောက်ထားတာ။ မဟာဘူတဆိုတာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ထင်ရှားပေါ်လွင်နေတာတွေ။ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အင်္ဂါရပ်တွေကိုပဲ ကြည့်၊ ခေါင်းက ပုံစံတစ်မျိုး၊ ခေါင်းမှာလည်းပဲ နားရွက်က ပုံစံတစ်မျိုး၊ နှာခေါင်းက ပုံစံတစ်မျိုး၊ ပုံစံအမျိုးမျိုး၊ လက်က တစ်မျိုး၊ ဝမ်းဗိုက်က တစ်မျိုး၊ ခြေထောက်က တစ်မျိုး၊ ပုံစံမတူတဲ့ဟာတွေ ခန္ဓာကိုယ်ကြီးတစ်ခုထဲမှာ ရှိတယ်။

ခန္ဓာကိုယ်ကြီးအတွင်းမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ကြည့်ဦးမယ်ဆိုရင် အသည်းက ပုံစံတစ်မျိုး၊ အဆုတ်က ပုံစံတစ်မျိုး၊ နှလုံးက ပုံစံတစ်မျိုး၊ အရိုးတွေ၊ အကြောတွေ၊ အသားတွေက ပုံစံတစ်မျိုး၊ ဒါတွေဟာ ဘာတွေနဲ့ တည်ဆောက်ထားတာတုန်းဆိုရင် မဟာဘုတ်လေးပါးနဲ့ပဲ။

ဒီလို အတုံးအခဲကြီး ဖြစ်နေရတဲ့ ရုပ်တရားတွေရဲ့ တည်ရာ မှီရာက ဘယ်သူတုန်းဆိုရင် ပထဝီပဲ။ ပထဝီပေါ် စုပြီးတည်နေတာ။ ပထဝီဆိုတာ ရုပ်အားလုံးရဲ့ တည်ရာဖြစ်တယ်၊ ခက်မာတဲ့ အတုံးအခဲဖြစ်တယ်။

အတုံးအခဲဆိုတဲ့ တည်ရာပထဝီပေါ်မှာ အခြေပြုပြီးတော့ အာပေါက ပြိုလဲမသွားအောင် စုစည်းပေးတယ်၊ တေဇောက ရင့်ကျက်လာစေတယ်၊ မာလာစေတယ်၊ အတုံးအခဲ ခိုင်မြဲစေတယ်၊ ဝါယောကနေပြီး တွန်းကန်ပေးထားတယ်၊ ဒီလိုနဲ့ ပုံစံလေးတွေ ပေါ်လာအောင် မဟာဘုတ်လေးပါးနဲ့ တည်ဆောက်ထားတာ။

အဲဒီ မဟာဘုတ်လေးပါးမှာ မျက်စိနဲ့မြင်ရတဲ့ အဆင်း (ဝဏ္ဏ) ဆိုတာ ပါရှိနေပြန်တယ်၊ နှာခေါင်းနဲ့ အနံ့ရှူလို့ရတဲ့၊ ရှူရှိုက်လို့ရတဲ့ အနံ့ (ဂန္ဓ) ဆိုတဲ့ ရုပ်သဘော တည်ရှိနေပြန်တယ်၊ လျှာနဲ့လျက်လို့ သိရတဲ့ အရသာ (ရသ) ဆိုတဲ့ ရုပ်သဘောလေးက တည်ရှိနေပြန်တယ်၊ အကျိုးတစ်ခုခုကို ထပ်ဆင့် ထုတ်လုပ်နိုင်တဲ့ ဩဇဆိုတဲ့ အဆီအနှစ်သဘောလေး တည်ရှိပြန်တယ်။ ဘယ်နေရာကြည့်ကြည့် လူရဲ့ခန္ဓာကိုယ်ပေါ်မှာ အခြေခံအားဖြင့် ဟောဒီ ရုပ် (၈) ခု စုတွဲပြီးနေတယ်။

အခုခေတ် ခန္ဓာဗေဒ Anatomy ကျမ်းမှာဆိုတဲ့အတိုင်း လူ့ရဲ့ခန္ဓာကိုယ်မှာ ဆဲလ်လေးတွေ မြောက်များစွာရှိတယ်။ ရုပ်ဟာ အင်မတန်သေးငယ်တဲ့ အမှုံလေးတွေအဖြစ် စုပြီးနေတယ်။ သို့သော် ကြည့်လိုက်လို့ရှိရင် ပုံပန်းသဏ္ဌာန်ကြီးနဲ့ မြင်နေရတယ်။ အင်မတန် အင်အားကောင်းတဲ့ မှန်ပြောင်းကြီးနဲ့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် လူရဲ့ခန္ဓာကိုယ်ဟာ ဇာခြင်ထောင်လို၊ အပေါက်အပေါက်တွေနဲ့၊ တစ်ခုစီတစ်ခုစီ ဖြစ်နေတာမျိုး မြင်ရလိမ့်မယ်။

ကြည့်လေ၊ ဘုန်းကြီးတို့ ဝတ်ထားတဲ့အဝတ်၊ ဒီအတိုင်းကြည့်လိုက်မယ်ဆိုရင် အဝတ်ပုံသဏ္ဌာန်အတိုင်း မြင်နေရမယ်၊ သေသေချာချာ လေ့လာကြည့်လိုက်မယ်ဆိုလို့ရှိရင် ချည်ချောင်းလေးတွေ မမြင်ရဘူးလား၊ ချည်ချောင်းလေးတွေ ပေါင်းထားတာ၊ ဘေးကနေ ရုတ်တရက် ကြည့်လိုက်မယ်ဆိုရင် ချည်ချောင်းကလေးတွေ ပေါင်းထားတာလို့ မသိရဘူးနော်၊ တချို့က သာမန်မျက်စိနဲ့ ထိုးဖောက်ပြီးတော့ မမြင်ရအောင် ပိတ်ပိတ်သဲသဲကို ဖြစ်နေတာ၊ သို့သော် အများကြီးကို စုထားတာလို့ ဒီလိုမှတ်ရမယ်။

ပေါင်မုန့်လေး ဖုတ်ထားတာ ကြည့်လိုက်မယ်ဆိုရင် တစ်တုံးတည်း တစ်ခဲတည်းလို့ ထင်ရလိမ့်မယ်၊ သို့သော် မဟုတ်ဘူး။ ဂျုံမှုန့်လေးတွေကို ရေက စုစည်းပေးထားလို့ အတုံးအခဲလေး ဖြစ်နေတာနော်။ လူ့ခန္ဓာကိုယ်မှာလည်း ထို့အတူပဲ၊ အမှုံလေးတွေကို စုစည်းထားလို့ သဏ္ဌာန်ပေါ်နေတာ၊ အဲဒီမှာ အဓိကက ဘယ်သူတုန်းဆို မဟာဘုတ်လေးပါးပဲ။

ဒါကြောင့် မြတ်စွာဘုရားက ရုပ်အကြောင်းကို ရှင်းပြတိုင်း သုတ္တန်တွေထဲမှာ ရုပ်ဆိုတာ ဘာလဲ၊ မဟာဘုတ်လေးပါးရယ်၊ မဟာဘုတ်လေးပါးကို မှီပြီးဖြစ်နေတဲ့ ရုပ်တွေရယ် ဒါပဲ ရှိတယ်တဲ့၊ “စတ္တာရော စ မဟာဘူတာ- မဟာဘုတ် လေးပါးရယ်၊ စတုန္နံ စ မဟာဘူတာနံ ဥပါဒါယ ရူပံ- မဟာဘုတ်လေးပါးကို မှီတွယ်ပြီး ဖြစ်နေသော ရုပ်ရယ်” ဒါပဲ ရှိတယ်လို့ မြတ်စွာဘုရားဟောတော်မူတယ်။

သို့သော် လူတွေရဲ့သဏ္ဌာန်မှာတော့ ခေါင်းတို့၊ လက်တို့၊ ခြေတို့ စသည်ဖြင့် ခေါ်နေကြသလို၊ ပြင်ပဗဟိဒ္ဓမှာဆိုရင် ဒါက သစ်ပင်၊ ဒါက ကျောက်ခဲ၊ ဒါက အိမ် စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့ လူတွေ ထင်မြင်ယူဆချက်အတိုင်း အမည်နာမ ပညတ်တွေ တင်ပြီး ခေါ်နေကြတာ၊ ဘယ်အရာပဲဖြစ်ဖြစ် ဟောဒီ ရုပ်(၈)ခုရဲ့ အစုအဝေးကြီးမျှသာ ဖြစ်တယ်လို့ မှတ်ရမယ်နော်။

သို့သော် သက်ရှိသတ္တဝါတွေကျတော့ ဒီထက်ပိုလာတဲ့ ရုပ်တွေ ရှိသေးတယ်။ အခြေခံရုပ်ကတော့ ဒီ (၈) ခုပဲ၊ ဒီ (၈) ခုနဲ့ဆို ပုံသဏ္ဌာန် ပေါ်နေပြီ။ အဲဒီ (၈) ခုက ကံကြောင့် ဖြစ်တာလည်း ရှိတယ်၊ စိတ်ကြောင့် ဖြစ်တာလည်း ရှိတယ်၊ ဥတုကြောင့် ဖြစ်တာလည်း ရှိတယ်၊ အာဟာရကြောင့် ဖြစ်တာလည်း ရှိတယ်။

ဇီဝိတရုပ်

သက်ရှိသတ္တဝါတွေမှာ ဘာပိုလာတုန်းဆိုတော့ ဇီဝိတရုပ်ဆိုတဲ့ ‘အသက်ရုပ်’။ မိမိနဲ့ အတူတကွ ဖြစ်ဖက်ရုပ်တွေကို ဆက်လက်ရှင်သန်နေအောင် ထိန်းထားပေးနိုင်တဲ့ ဇီဝိတဆိုတဲ့ ရုပ်၊ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေကိုသာ ထိန်းတာ။ ဥတုကြောင့် ဖြစ်တဲ့ရုပ်၊ အာဟာရကြောင့် ဖြစ်တဲ့ရုပ်တွေ၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေကို သူက ထိန်းပေးတာ မဟုတ်ဘူး၊ အတိုးအတာ အလိုက် တည်ရှိနေအောင်၊ အဆက်ဆက် ဖြစ်နေအောင် သူကနေ စွမ်းဆောင်ပေးတာ။

စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ဆိုတာ ဖြစ်ဆဲစိတ် ဖြစ်တိုင်း အပ်ထပ်ဖြစ်တာ၊ ဥတုကြောင့် ဖြစ်တဲ့ ရုပ်ဆိုတာ ဥတုကြောင့် အထပ်ထပ်ဖြစ်နေတာ၊ အာဟာရကြောင့် ဖြစ်တဲ့ ရုပ်ဆိုတာ အာဟာရစားတိုင်းစားတိုင်း အထပ်ထပ် ဖြစ်နေတာ။

ကံကြောင့်ဖြစ်တဲ့ ရုပ်ဆိုတာကျတော့ အဲဒီလို မဟုတ်ဘူး၊ အတိတ်ဘဝက ကံကြောင့်ဖြစ်တာ။ ခုချိန်မှာ ထင်ရှားရှိနေတဲ့ ကံကြောင့်မဟုတ်ဘူး။ အဲဒီ အတိတ်ကံကြောင့် ဖြစ်တဲ့ ရုပ်တွေကို ဇီဝိတရုပ်က ထိန်းသိမ်းစောင့်ရှောက်ပေးနေတာ။ ဇီဝိတရုပ်ကိုယ်တိုင်ကလည်း သူ့သက်တမ်းလေးနဲ့သူ နေရတာ။

အတိတ်ကံတွေကြောင့် ဖြစ်တဲ့ရုပ်တွေ ထပ်တလဲလဲ ဖြစ်နေအောင် ဇီဝိတရုပ်ဆိုတဲ့ အထိန်းဓာတ်ကလေးက ထိန်းပေးထားတယ်၊ ဒီလို မှတ်ရမယ်။ ကမ္မဇရုပ် ရှိနေသေးသမျှ ကာလပတ်လုံး ကျန်တဲ့ ဥတုရုပ်တို့၊ အာဟာရရုပ်တို့၊ စိတ္တဇရုပ်တို့ဆိုတာ ဒီ ဇီဝိတရုပ် အထောက်အပံ့ အကူအညီနဲ့ လူရဲ့ခန္ဓာကိုယ်မှာ ဆက်လက်ပြီး ပေါ်နေကြတယ်တဲ့။

ကဲ ရုပ်(၈) ခုပေါ်မှာ ဇီဝိတထည့်ရင် ၉-ခု ဖြစ်သွားပြီ။ ကံကြောင့်ဖြစ်တဲ့ ရုပ်ဆိုတာ အခြေခံအားဖြင့် ၉-မျိုး ရှိတယ်လို့ ဒီလို မှတ်ရမယ်။ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေကို အခြေပြုပြီး စုစည်းထားတာ အနည်းဆုံး ၉-ခု စုစည်းရမယ်။ ဥတုကြောင့် ဖြစ်တာကျတော့ (၈) ခုပဲ စုစည်းထားတယ်၊ ပထမ အခြေခံရုပ်က (၈) ခုပဲ ရှိတယ်။ စိတ်ကြောင့်ဖြစ်တာလည်း (၈) ခုပဲ၊ အာဟာရကြောင့်ဖြစ်တာလည်း (၈) ခုပဲ၊ (၈) ခုနဲ့ အခြေပြုပြီး စုစည်းထားတာ၊ ဒါပထမ အသေးဆုံး အခြေပြုတဲ့ ရုပ်ကလေးပါ့။ အင်္ဂလိပ်လို molecule (မော်လီကျူး) လေးတစ်ခုကို (၈) ခုနဲ့ စုစည်းတာ၊ ကမ္မဇရုပ်ကျတော့ အသေးဆုံးလေးကို (၉) ခုနဲ့ စုထားတယ်၊ ခုခေတ် စကားနဲ့ ပြောရင် (8 in 1), (9 in 1), လို့ ဒီလိုပြောပေါ့နော်၊ ရှစ်ခုရဲ့ အစုအဝေး၊ ကိုးခုရဲ့ အစုအဝေးလို့၊ လူတွေကျတော့ ကံရှိတာကြောင့်မို့ ဇီဝိတဆိုတဲ့ ရုပ်ကလေးတစ်ခု ထပ်ပိုလာတယ်။

ဘာဝရုပ် ၂-ပါး

နောက်တစ်ခု ဘာတွေ ပိုလာတုန်းဆိုရင် လူ့လောက လူရယ်လို့ ဖြစ်လာရင် အမျိုးသား၊ အမျိုးသမီး နှစ်မျိုးကွဲလာတယ်။ အမျိုးသားနဲ့ အမျိုးသမီး မတူညီတဲ့အချက်တွေ ရှိတယ်၊ အသံအားဖြင့်လည်း မတူညီဘူး၊ ရုပ်ပုံပန်းသဏ္ဌာန်၊ သွားတာ၊ လာတာ၊ လှုပ်ရှားတာအားဖြင့်လည်း မတူညီကြဘူး၊ ခန္ဓာကိုယ်တည်ဆောက်မှုတွေလည်း မတူဘူး။ ဒီလို ကွဲပြားနေအောင် ဘယ်သူက လွှမ်းမိုးကြီးစိုးထားတာတုန်းဆိုတော့ အဲဒီမှာ ရုပ်တစ်မျိုး ရှိတယ်တဲ့။

အဲဒီရုပ်ကို အမျိုးသမီးတွေမှာ အခြေပြုတဲ့ရုပ်က ဣတ္ထိဘာဝရုပ်လို့ ခေါ်တယ်။ အင်္ဂလိပ်လိုကျတော့ source of female။ အမျိုးသားတွေကျတော့ ဘာက အခြေပြုထားတုန်းဆို ပုမ္ဘာဝရုပ် (source of male) တဲ့၊ ဒီ အခြေခံတာလေးတွေ ရှိတယ်။

အဲဒီတော့ ခုနက ဇီဝိတဆိုတဲ့ အသက်က ဘယ်နားမှာ ရှိတာတုန်းလို့ မေးလို့ရှိရင် အချို့ကလေးတွေ ပြောကြတဲ့အတိုင်း ဗိုက်ထဲမှာ ရှိတယ်လို့ ပြောကြမှာပဲ၊ ဒီလို မဟုတ်ဘူး၊ ဇီဝိတရုပ်ဆိုတာ တစ်ကိုယ်လုံးမှာ ပျံ့နေတာ၊ တစ်ကိုယ်လုံးမှာ စိမ့်ဝင်ပျံ့နှံ့နေတာ၊ အသက်ရုပ်က ရုပ်အားလုံးမှာ စိမ့်ဝင် ပျံ့နှံ့နေတာ။

ထို့အတူပဲ၊ ဣတ္ထိဘာဝရုပ်တို့၊ ပုမ္ဘာဝရုပ်တို့၊ ဖိုရုပ်၊ မရုပ်ပေါ့၊ အခြေခံ ဖိုရုပ်၊ မရုပ်တွေ ဘယ်မှာရှိတုန်းလို့ဆို တစ်ကိုယ်လုံးမှာ ရှိတယ်၊ ဒါကြောင့်မို့ တစ်ကိုယ်လုံးမှာရှိလို့ အမျိုးသမီးရဲ့ပုံပန်းသဏ္ဌာန်၊ အမျိုးသားရဲ့ပုံပန်းသဏ္ဌာန်တွေ ကွဲပြားနေတာ။

ခုခေတ် Anatomy ဆရာတွေကတော့ ပြောမှာပေါ့၊ ဟိုမုန်းဓာတ်ကြောင့်လို့၊ ဒါ အခေါ်ကွဲသွားတာပဲ ဖြစ်မယ်နော်၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝကို ဟော်မုန်းလို့ ခေါ်ချင်ခေါ်ပေါ့၊ သို့မဟုတ် ဟော်မုန်းဆိုတာက ဘယ်ကလာတာတုန်းဆို ကံကနေ ဖန်တီးပေးလိုက်တာပဲ၊ အခြေခံကတော့ အကြောင်းကံပဲ၊ အဲဒီလို ဣတ္ထိဘာဝရုပ်၊ ပုမ္ဘာဝရုပ် ထည့်လိုက်မယ်ဆိုလို့ရှိရင် ခုနက ကံကြောင့်ဖြစ်တဲ့ ယူနစ်ကိုးခုထဲ ဣတ္ထိဘာဝ၊ ပုမ္ဘာဝ တစ်ခုခု ထည့်လိုက်ရင် (၁၁) ခု ဖြစ်သွားမယ်။

ကိုယ်ခန္ဓာ၌ ရုပ်အစုလိုက်နေပုံ

အဲဒီတော့ အုပ်စုလိုက် အုပ်စုလိုက်နေတာ ဣတ္ထိဘာဝရုပ် ထည့်လိုက်တဲ့အခါ ရုပ် ၁၀-ခုက တစ်ခု၊ ပုမ္ဘာဝနဲ့ ခုနက ကိုးခုနဲ့ တစ်ခုဆိုတော့ အဲဒါကိုပဲ ရုပ် ၁၀-ခုကို တစ်ခု၊ ရုပ် ၁၀-ခုကို တစ်စုလို့ ဒီလို ဖွဲ့စည်းပြီးတော့ တည်နေတာကို ပြောတာနော်၊ ယူနစ် ဖွဲ့စည်းထားတာ၊ တစ်ခုတည်း မတည်နေဘူး၊ အစုလိုက် အစုလိုက် တည်နေကြတယ်၊ ဒါကို ‘ရူပကလာပ’ လို့ ခေါ်တယ်။

ပေါင်မုန့်ကို တစ်ခုစီ တစ်ခုစီ ဖဲ့ကြည့်လိုက်မယ်ဆိုရင် ပေါင်မုန့်ဟာ အစုလိုက် စုနေတာပဲ၊ စုနေလို့ ပေါင်မုန့် လုံးကြီးလို့ ထင်နေတာ၊ ထို့အတူပဲ၊ အဝတ်ကို ကြည့်ရင်လည်း ချည်ချောင်းလေးတွေ စုနေတာ မဟုတ်လား၊ အဲဒီအတိုင်းပဲ ခန္ဓာကိုယ်ထဲမှာ ကြည့်ရင်လည်း ကမ္မဇရုပ်တွေဟာ အစုလိုက် အစုလိုက် နေတာ၊ စိတ္တဇရုပ်တွေလည်း အစုလိုက်၊ ဥတုဇရုပ်တွေလည်း အစုလိုက်၊ အဲဒီလို တစ်ခုစီ တစ်ခုစီ ယူနစ်တွေ စုပြီးတော့ ထားလို့ ပုံသဏ္ဌာန်ကြီး ပေါ်နေတာတဲ့။

ဟဒယဝတ္ထုရုပ်

နောက်တစ်ခု ဘာရှိသေးတုန်း၊ ဟဒယဝတ္ထုရုပ် ရှိသေးတယ်၊ စိတ်တွေရဲ့ မှီရာရုပ်ကို ဝတ္ထုရုပ်လို့ မြတ်စွာဘုရားက ပဋ္ဌာန်းမှာ ဟောတာ၊ အရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာဆရာ လက်ထက်ရောက်တော့ ဟဒယဆိုတဲ့ စကားလုံးလေးလည့်ပြီးတော့ ဟဒယဝတ္ထုရုပ်လို့ ရေးတာ၊ ဓမ္မသင်္ဂဏီပါဠိတော်မှာ ဟဒယဝတ္ထုရုပ်ကို ဖော်ပြထားခြင်း မရှိပါဘူး၊ သို့သော် ပဋ္ဌာန်းပါဠိတော်ကျတော့ “ခန္ဓာ ဝတ္ထုဿ ဝတ္ထု ခန္ဓာနံ” ဝတ္ထုဆိုတဲ့ နာမည်နဲ့ ဟောထားတာရှိတယ်၊ တစ်ခါ ရူပဆိုတဲ့ သာမည နာမည်နဲ့လည်းပဲ ပဋ္ဌာန်းပါဠိတော်မှာ ဝတ္ထုရုပ်ကို ရည်ညွှန်းပြီး ဟောကြားတယ်၊ “ယံ ရူပံ နိဿယ မနော ဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေနပစ္စယော” ဆိုပြီး ယံ ရူပံ - အကြင်ရုပ်လို့ ဒီလိုပဲ ဟောထားတယ်၊ အဲဒီတော့ ပဋ္ဌာန်းပါဠိတော်မှာ “ရူပ” လို့ ရုပ်သာမန်အနေနဲ့လည်း ဟောတယ်။

ဝတ္ထုကို စိတ်ရဲ့ တည်ရာလို့ ဟောတယ်၊ ဒီလို ဟောထားတာကို ရှင်မဟာဗုဒ္ဓဃောသက ဘာကြောင့် ဟဒယဆိုတဲ့ စကားလုံး ထည့်လိုက်ရတာလဲဆိုတာ လေ့လာကြည့်သင့်တယ်၊ ဟဒယ ဆိုတဲ့ စကားလုံးက နှလုံးသားကို ရည်ညွှန်းတယ်၊ အင်္ဂလိပ်လိုတော့ (Heart) ဆိုတဲ့ စကားလုံးပေါ့နော်၊ ဟဒယဆိုတာ နှလုံးသားကို ပြောတယ်၊ နောက်တစ်ခုက စိတ်ကို ပြောတယ်၊ အင်္ဂလိပ်လို (Heart to Heart) ဆိုတာ စိတ်ချင်းသိတာကို ပြောတာ၊ Heart လို့ ပြောလိုက်လို့ရှိရင် နှလုံးသားကိုသာ ရည်ညွှန်းတာ မဟုတ်ဘူး တစ်ခါတစ်ရံ စိတ်ကိုလည်း ရည်ညွှန်းတယ်။

ဗမာစကားမှာလည်း ပြောတယ် မဟုတ်လား၊ ဒီလူဟာ စိတ်နှလုံးကောင်းတယ်၊ စိတ်နှလုံး ချမ်းမြေ့တယ် စသည်ဖြင့် စိတ်နှင့် တွဲပြီးတော့ ပြောလေ့ရှိကြတယ်၊ စိတ်ကို ရည်ညွှန်းပြီး ပြောဆိုလေ့ ရှိတယ်။

ရှင်မဟာဗုဒ္ဓဃောသက ဟဒယဆိုတဲ့ စကားလုံးကို သုံးပြီး ဒီရုပ်ဟာ ဘယ်နေရာမှာ ရှိတုန်းလို့ မေးတဲ့အခါ စာပေလာအတိုင်း ပြောရမယ်ဆိုရင် နှလုံးထဲက သွေးမှာရှိတယ်၊ ဒီကနေ့ ခေတ်မှာ ဒီနှလုံးသားရဲ့ function လုပ်ဆောင်ချက် အကြောင်းကို လူတွေ သိကြတယ်။

နှလုံးသားဟာ (၂၄)နာရီ ခုန်နေတာ မဟုတ်လားနော်၊ E.C.G ရိုက်ကြည့်ပြီး နှလုံးခုန်တာ မှန်သလား၊ မမှန်ဘူးလား လို့နော်၊ နားကျပ်နဲ့ တိုင်းကြည့်လို့ ရတယ်၊ ကျန်းမာရေး အတွက် ဒီ နှလုံးက အင်မတန် အရးကြီးတယ်၊ ၂၄-နာရီ အနားမယူဘဲနဲ့ ခုန်နေတာ၊ နှာခေါင်းက အသက်ရှူနေတာရယ် နှလုံးက ခုန်နေတာရယ် ဘယ်တော့မှ နားရတယ် မရှိဘူး၊ လူ အိပ်နေလည်း ခုန်နေတာပဲနော်။

အဲဒါ ဘာအလုပ် လုပ်နေတာတုန်းဆိုတော့ ခန္ဓာကိုယ်ထဲမှာ သွေးလည်ပတ်မှုအတွက် သူက pump သဘောမျိုးနဲ့ ညှစ်ထုတ်ပေးနေတယ်လို့ ဒီလို ဆိုကြတယ်၊ ဒါဖြင့် ဟဒယရုပ်ဟာ ဘယ်မှာ ရှိတာတုန်းဆိုရင် အဘိဓမ္မာ ကျန်းဂန်တွေမှာ ဘယ်လိုပြောတုန်းဆိုရင် နှလုံးသွေးထဲမှာ ရှိတယ်။ အဲဒီ သွေးဟာ လည်ပတ်နေတာ ဖြစ်ပေမယ်လို့ နှလုံးသားထဲ ရောက်နေတဲ့ သွေးကိုသာ ဆိုလိုတယ်။ ဘယ်လောက်ရှိလဲလို့ ဆိုရင် လက်ဖဝါးလေးကို အထက်လှန် နည်းနည်းလေး တွန့်ပြီး ခုံးထားလိုက်၊ အဲလို ခုံးထားတဲ့အထဲကို ရေထည့်လိုက်ရင် ရေရဲ့ ပမာဏတစ်ခုကို ရလိမ့်မယ်၊ အဲဒီ ပမာဏကို ဗမာဝေါဟာရနဲ့ ‘တစ်လက်ဖက်’ ‘တစ်လက်ဆွံ့’ လို့ ခေါ်တယ်၊ အဲဒီအတိုင်းအတာ ပမာဏခန့်ရှိတဲ့ သွေးထဲမှာ ဟဒယဝတ္ထုရုပ် ရှိတယ်လို့ ပြောတာ။

ဟဒယဝတ္ထုရုပ်ဆိုတာ သွေးကို ပြောတာလည်း မဟုတ်ဘူး၊ နှလုံးသားကို ပြောတာလည်း မဟုတ်ဘူး၊ အဲဒီ ဟဒယ ဝတ္ထုရုပ်သည် စိတ်အချို့ရဲ့ မှီရာအဖြစ် ဆောင်ရွက်တယ်၊ မျက်စိကမြင်တဲ့ အဆင်းအာရုံဟာ စက္ခုဒွါရဆိုတဲ့ မျက်စိပေါက်တင်မကဘူး၊ အဲဒီ ဟဒယရုပ်ပေါ်မှာ တည်နေတဲ့ ဘဝင်စိတ် ဆိုတဲ့ မနောဒွါရအထိ ရောက်တယ်လို့ ဆိုတယ်နော်။

အဲဒီ နှလုံးသားမှာ မှီပြီး စိတ်ဖြစ်တယ်ဆိုတော့ ခုခေတ်အနေနဲ့ အချို့ စဉ်းစားကြတယ်ပေါ့လေ၊ နှလုံးသားက သိတာမဟုတ်ဘူး၊ ဦးနှောက်က သိတာ၊ အချို့ ဦးနှောက်ကိုပဲ ဉာဏ်လို့သတ်မှတ်တယ်၊ သိတာကိုလည်း ဦးနှောက်ကလို့ ဒီလို ယူဆကြတယ်၊ အဲဒီတော့ အဲဒီအဆိုနဲ့ ဆိုရင် ဟဒယ ဝတ္ထုရုပ်ဆိုတာ ဟုတ်ပါ့မလားလို့ ယုံးမှားကြတယ်။

သို့သော် နှလုံးသားမှာ စိတ်ဖြစ်တယ် မဖြစ်ဘူးဆိုတာလေးကို သာမန်တွေးကြည့်တဲ့ အတွေးနဲ့ ကြည့်မယ်ဆိုရင် မျက်စိနဲ့ ကြောက်စရာအာရုံကို မြင်ရင် ရင်ထဲမှာ ‘ဒိတ်ခနဲ’ မဖြစ်ဘူးလား၊ မကောင်းတဲ့သတင်း ကြားလိုက်ရင်လည်း ရင်ထဲမှာ ‘ဒိတ်ခနဲ’ မဖြစ်ဘူးလား၊ နားက ကြားလိုက်ရင်လည်း ရင်ထဲမှာ ‘ဒိတ်ခနဲ’ ဖြစ်သွားတာပဲ၊ ဝမ်းသာစရာသတင်း ကြားလိုက်ရင်လည်း ဘယ်က အရင်ခုန်လည်း ဆိုရင် နှလုံးက အရင်ခုန်တယ်နော်၊ ဒီလို ထင်ရှားတဲ့အချက်ကို ကြည့်ပြီး ရှင်မဟာဗုဒ္ဓဃောသက ဟဒယဝတ္ထုလို့ ဒီလိုသုံးခဲ့တာလည်း ဖြစ်နိုင်တယ်။

နောက်တစ်နည်းက ဟဒယဆိုတာ စိတ်ကို ရည်ညွှန်းတာ၊ ဝတ္ထုဆိုတာ တည်ရာမှီရာ၊ စိတ်ရဲ့မှီရာရုပ်လို့ ဆိုလိုတယ်၊ အဲဒီတော့ စိတ်ရဲ့မှီရာဆိုတာ နှလုံးသားနဲ့ ဦးနှောက် တစ်ခုခု။ ဟဒယနေရာပဲ ဖြစ်ဖြစ် စိတ်ပေါ်တဲ့နေရာ။ မြတ်စွာဘုရားကန်တော့ ဘယ်နေရာရယ်လို့ မဟောခဲ့ဘူး၊ ဟဒယဝတ္ထုကို ခုနက နှလုံးသားထဲမှာ ရှိတဲ့သွေး တစ်လက်ဆွံ့လောက်ရှိတဲ့ သွေးထဲမှာ တည်နေတယ်လို့ ဆိုတဲ့ အဋ္ဌကထာစကားအပြင် တစ်နည်း စဉ်းစား ကြည့်နိုင်သေးတယ်။

ဟဒယဆိုတာ စိတ်ကို ဟောတယ်ဆိုလို့ရှိရင် ဟဒယဝတ္ထုဆိုတာ စိတ်ရဲ့တည်ရာရုပ် ဖြစ်တယ်၊ နှလုံးသားလည်း ဖြစ်ချင် ဖြစ်မယ်၊ ဦးနှောက်လည်း ဖြစ်ချင်ဖြစ်မယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ချစ်တယ် မုန်းတယ်ဆိုရင် နှလုံးသားမှာ ဖြစ်တာ၊ တစ်စုံ တစ်ခု ခက်ခက်ခဲခဲ ကြံစည်တွေးတောတယ်ဆိုရင် ခေါင်းကိုကုတ်လား၊ ဗိုက် ကုတ်လား၊ ခေါင်းကုတ်တာ၊ တွေးပြီဆိုရင်တော့ ခေါင်းကိုအသုံးချတာ ဖြစ်လို့ ဦးနှောက်မှာ ဖြစ်တယ်၊ ဟုတ်ရဲ့လား။

အစစ အရာရာ လူတွေက တွေးပြီးနေတယ်ဆိုရင် တစ်ခါတည်း မျက်မှောင်လေးကြုတ် ခေါင်းလေးကုတ်ပြီး စဉ်းစားတာ၊ ဘယ်လိုလုပ်ရ ကောင်းမတုန်းပေါ့၊ အဲဒီတော့ အကြံဉာဏ်တွေက ဘယ်က ထွက်နေတာတုံး၊ ခေါင်းကထွက်တာ၊ အဲဒီလိုပြောရင်တော့ ဟဒယဝတ္ထု၊ ဟဒယဆိုတာ စိတ်၊ ဝတ္ထုဆိုတာ တည်ရာ၊ မြတ်စွာဘုရားက ဒါကြောင့်များ ဒီရုပ်ကို ဝတ္ထုလို့ သာမန်ဟောခဲ့တာပဲလားလို့ တွေးတောစရာ ရှိတယ်။

ရှင်မဟာဗုဒ္ဓဃောသက ဟဒယဝတ္ထုလို့ ‘ဟဒယ’ ထည့်လိုက်တာလည်း မမှားဘူးလို့ ပြောရမယ်၊ စိတ်ရဲ့တည်ရာလို့ အဓိပ္ပါယ် ရနိုင်တယ်၊ ဟဒယဆိုတာ စိတ်၊ ဝတ္ထုဆိုတာ တည်ရာ၊ နှလုံးသားကို ရည်ညွှန်းတာ မဟုတ်ဘူး၊ လူတွေမှာ စိတ်အဖြစ်များတာက နှလုံးသားနဲ့ ဦးနှောက်မှာ၊ ချစ်တာ မုန်းတာကျတော့ နှလုံးသား၊ တွေးတော ကြံစည်တာကျတော့ ဦးနှောက်မှာ၊ ဟောဒီလို နှစ်ခု စပ်ကြားမှာ ဖြစ်နေကြတယ်လို့ ဒီလိုပြောရမယ်။

ဝမ်းသာရင် ဝမ်းနည်းရင် ခေါင်းကိုင်တာလား၊ ဗိုက်ကိုင်တာလား၊ ရင်ဘတ်ကို ကိုင်တာနော်၊ နှလုံးကို ဖိတယ်လေ၊ ဝမ်းသာရင် အဲဒီနေရာကို သွားဖိတယ်၊ စိတ်ညစ်ရင်တော့ ခေါင်းကို ကုတ်တယ်နော်၊ ဟဒယဝတ္ထုရုပ်ဆိုတာ စိတ်ဖြစ်ပေါ်တဲ့ နေရာမှာ တည်ရှိတယ်လို့ ပြောမယ်ဆိုလို့ရှိရင် ဗုဒ္ဓမြတ်စွာရဲ့ အလိုတော် ကျနိုင်လောက်စရာ ရှိတယ်နော်၊ ဘာဖြစ်လို့တုန်း ဆိုရင် မြတ်စွာဘုရားက ယံ ရူပံ နိဿယ- အကြင်ရုပ်ကို အမှီပြုပြီး မနောဓာတ်တို့, မနောဝိညာဏဓာတ်တို့ဆိုတဲ့ အသိစိတ်တွေ ပေါ်တယ်တဲ့၊ အဲဒီရုပ်ဟာ” လို့ ဒီလိုသာမန်ပဲ ဟောခဲ့တယ်၊ ဘယ်နေရာမှာ ရှိတယ်လို့ မဟောခဲ့ဘူးနော်၊ မဟောခဲ့သည့်အတွက်ကြောင့် စိတ်ဖြစ်နိုင်တဲ့ နေရာမှာ ဒီရုပ်ရှိတယ်လို့ ဒီလို ပြောနိုင်တယ်။

ဟဒယဝတ္ထုရုပ်ဟာ နှလုံးသားထဲက သွေးထဲမှာ ဆိုတဲ့ အဆိုအရ ဘာပြဿနာ ဖြစ်နိုင်တုန်းဆိုရင် လူတွေရဲ့ ဒီနှလုံးကို ပြောင်းလဲပြီး တပ်ဆင်တာတို့၊ နှလုံးစက် တပ်တာကို့၊ နှလုံးကို ခွဲစိပ်ကုသတာတို့ ဒီ (Heart transplant) လုပ်တာတွေတို့ကျတော့ တွေးတောစရာတွေ ဖြစ်လာပြန်တယ်၊ သို့သော်လည်း ခုနက သွေးထဲမှာ တည်တာဆိုတော့ နှလုံးတုထဲမှာရှိတဲ့ သွေးဟာလည်း အဓိကကန်တော့ သွေးပဲနော်၊ သွေးထဲမှာ ဟဒယဝတ္ထုရုပ် ရှိတယ် ဆိုတော့ သွေးရှိသမျှ စိတ်လည်း ဖြစ်နေဦးမယ်နော်၊ သွေးမရှိရင်တော့ မရတော့ဘူးပေါ့။

ဒါကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ် အများသိသာတဲ့ စကားလုံးနဲ့ ပြောရင် ချစ်တာ,မုန်းတာက နှလုံးသား၊ တွေးတာ,ကြံတာက ဦးနှောက်၊ အဲဒီနှစ်ခုကြားမှာ စိတ်ဖြစ်တယ်လို့ ပြောရင် ဒီကနေ့ခေတ် အားလုံး လက်ခံနိုင်တဲ့ အနေအထား ရှိနိုင်တယ်ပေါ့။

မြတ်စွာဘုရားက “ဟဒယဝတ္ထု” အမည်နဲ့ ဟောထားခဲ့တယ် ဆိုရင်တော့ ဘာမှ စဉ်းစားစရာ မလိုဘူး၊ မြတ်စွာဘုရားက ဟဒယဝတ္ထုရုပ်လို့ တိုက်ရိုက် မဟောခဲ့ဘူး၊ ပဋ္ဌာန်းမှာ ‘ဝတ္ထု’ လို့သာ ဟောခဲ့တယ်၊ ‘ယံ ရူပံ’ လို့သာ ဟောခဲ့တယ်၊ သို့သော် မနောဓာတ် မနောဝိညာဏဓာတ်ခေါ်တဲ့ စိတ်ရဲ့ မှီရာ ရုပ်ဆိုတာ လိုအပ်နေတယ်။

ဟဒယဝတ္ထုရုပ် ဆိုတာလည်း စိ်တ်အချို့ရဲ့ မှီရာအနေနဲ့ လူရဲ့သန္တာန်မှာ ရှိနေတယ်၊ ဒါကလည်း ဘယ်အရာက ဖန်တီးပေးတာတုန်းဆို ကံက ဖန်တီးပေးထာ၊ ဟဒယဝတ္ထုလည်း အနည်းဆုံး ရုပ် ၁၀-ခု အပေါင်းနဲ့ တည်ရှိတယ်၊ unity of ten ပေါ့၊ ၁၀-ခု ရှိရမယ်၊ ဇီဝိတရုပ် အပါအဝင်ဖြစ်တဲ့ ၉-ခုကို အခြေခံပြီး ဟဒယဝတ္ထုရုပ် တစ်ခု၊ အားလုံး စုပြီးနေတယ်၊ ကံကြောင့် ဖြစ်တဲ့ ရုပ်တွေဟာ ၁၀-ခု၊ ၁၀-ခု စုပြီးနေတယ်လို့ ဒီလို မှတ်ရမယ်၊ ပေါင်းလိုက်တော့ ခုနက ပြောတဲ့ အဓိက အခြေခံရုပ်တရားတွေရဲ့ အစုအဝေးဖြစ်တဲ့ (၈)ခု၊ ဇီဝိတ ထပ်ထည့်လိုက်တော့ (၉)ခု၊ အမျိုးသားတွေမှာ ပုမ္ဘာဝ၊ အမျိုးသမီးတွေမှာ ဣတ္ထိဘာဝ၊ နောက် ဟဒယထည့် (၁၀)ခုစီ ဖြစ်သွားတယ်။

ပသာဒရုပ် ၅-ပါး

နောက်ပြီး သက်ရှိသတ္တဝါတွေမှာ ထူးခြားတဲ့ ရုပ်ကလေးတွေ ပါလာပြန်တယ်၊ ကံကြောင့် ပါလာတာ၊ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေက ဘာလဲဆိုရင် စက္ခုပသာဒရုပ်တဲ့၊ ပသာဒ ဆိုတာ ကြည်တယ်ဆိုတဲ့ အဓိပ္ပါယ် ရတယ်၊ မျက်လုံးကလေးရဲ့ အကြည်ဓာတ်နဲ့ ဒီ ခန္ဓာကိုယ်ရဲ့ အကြည်ဓာတ်နဲ့ မတူဘူး၊ ဟုတ်လား၊ ကြည်တယ်ဆိုတာ အာရုံကို ဖမ်းယူနိုင်တဲ့ စွမ်းရည်သတ္တိကို ပြောတာ၊ အပြင်ဘက်က အဆင်းအာရုံတွေကို ဖမ်းယူနိုင်တဲ့ မှန်လေးလို ကြည်နေတာ၊ မျက်လုံးကိုလည်း အဲဒီလို အကြည်လို့ပဲ ခေါ်တယ်၊ သို့သော် အင်္ဂလိပ်လို ပြန်တဲ့အခါကျတော့ sensitive လို့ ပြန်တယ်၊ sensitive eye၊ ပါဠိလိုတော့ စက္ခုပသာဒရုပ်တဲ့၊ ပသာဒရုပ်ဟာ လူတွေမှာ (၅) ခုရှိတယ်၊ ‘ပသာဒရုပ်’ ဆိုသည်မှာ ပြင်ပက အာရုံတွေကို ဖမ်းယူနိုင်တဲ့ စွမ်းရည်သတ္တိရှိတဲ့ ကံက ပေးထားတဲ့ ရုပ်ငါးမျိုးလို့ ဒီလို ပြောတာ၊ အကြမ်းဖျင်း ပြောမယ်ဆိုလို့ရှိရင် မျက်စိရယ်၊ နားရယ်၊ နှာခေါင်းရယ်၊ လျှာရယ်၊ ကိုယ်ရယ်၊ ဟုတ်ရဲ့လား။

အဆင်းအာရုံကို မျက်စိက ဖမ်းယူတယ်၊ အသံအာရုံကို နားက ဖမ်းယူတယ်၊ အနံ့အာရုံကို နှာခေါင်းက ဖမ်းယူတယ်၊ ရသာရုံကို လျှာက ဖမ်းယူတယ်၊ ခန္ဓာကိုယ်မှာ ထိတဲ့ အာရုံတွေကို ဘယ်နေရာထိထိ ကာယပသာဒက ဖမ်းယူတယ်လို့ ဆိုတယ်၊ ဒါ ပသာဒရုပ် ငါးခုပဲ။

စဉ်းစားကြည်ပါ၊ လူတွေမှာ ပြင်ပနဲ့ ဆက်သွယ်စရာ အဲဒီရုပ်ငါးခုသာ မပါလို့ရှိရင် ဘယ်လိုနေပါ့ မလဲ၊ အဆက် အသွယ်တွေ ပြတ်မနေဘူးလား၊ ပြင်ပကဟာလည်း ဘာမှ မမြင်ရဘူး၊ အသံကလည်း ဘာမှ ကြားရမှာ မဟုတ်ဘူး၊ အနံ့လည်း ဘာမှ မရဘူး၊ အရသာလည်း သိမှာ မဟုတ်ဘူး၊ ထိလည်း သိမှာ မဟုတ်ဘူး၊ ဘာနဲ့ တူတုန်းဆို ရုပ်တုကြီးနဲ့ တူမနေဘူးလား၊ အဲဒါတွေ မပါရင် ရုပ်တုကြီးနဲ့ တူနေမှာပဲ။

ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက ‘နာမရူပပစ္စယာသဠာယတနံ’ ဆိုတာ ဒါပြောတာ၊ ဆက်သွယ်စရာ အင်္ဂါရပ်တွေ လူတွေပေါ်မှာ ပေါ်လာတယ်၊ အဲဒါတွေက ပသာဒရုပ်ငါးခု၊ ဒီ ပသာဒရုပ်(၅)ခုသည် ကံကြောင့်သာ ဖြစ်တယ်လို့ စက္ခုပသာဒ၊ သေတာပသာဒ၊ ဃာနပသာဒ၊ ဇိဝှာပသာဒ၊ ကာယပသာဒလို့ အကြည် ရုပ်ငါးမျိုး၊ အကြည်ဆိုတာ မှန်လိုကြည်နေလို့ အကြည်လို့ ပြောတာမဟုတ်ဘူး၊ အာရုံကို ရယူနိုင်တဲ့ စွမ်းရည်သတ္တိရှိတာ၊ တယ်လီဗေးရှင်း ကြည့်ချင်ရင် ဘာတပ်ထားကြတုန်း၊ အန်တဲနာတွေ စလောင်းတွေက ဖမ်းပေးတာပဲလေ၊ ဒီပြင် တုတ်ချောင်း ထောင်လားလို့ မရဘူးနော်၊

သူ့ဟာနဲ့သူမှ ဖမ်းလို့ရတာ၊ ထို့အတူပဲ မျက်စိကမှ အဆင်းအာရုံကို မြင်တာ၊ နားကမှ အသံအာရုံကို ကြားတာ၊ သူ့ဟာနဲ့သူ လူ့ခန္ဓာကိုယ်မှာလည်းပဲ ပြင်ပနဲ့ အာရုံတွေနဲ့ ဆက်သွယ်ဖို့, ဖမ်းယူဖို့ အင်္ဂါရပ်တွေ ပေါ်နေတယ်၊ အဲဒီအင်္ဂါတွေကို ရုပ်တရားလို့ ခေါ်တယ်။

အဲဒီတော့ ရုပ်တရားတွေကို ပြန်တွက်ကြည့်လိုက်ရင် အားလုံး အခြေခံက (၈)ရုပ်၊ ဇိဝိတထ်ည့်ရင် (၉)ခု၊ ဣတ္ထိဘာဝ, ပုမ္ဘာဝ ထည့်လိုက် (၁၁)ခု၊ နောက်တစ်ခါ ဟဒယထည့်လိုက် (၁၂)ခု၊ နောက်ပြီးတော့ စက္စုပသာဒ၊ သောတပသာဒ၊ ဃာနပသာဒ၊ ဇိဝှာပသာဒ၊ ကာယပသာဒ ထည့်လိုက်လို့ ရှိရင် (၁၇)ခု ရှိသွားပြီ၊ ဒါ ရုပ်အစစ်(၁၇)ခု။

အခြေခံရုပ် ၈-ခုတွင် သဒ္ဒရုပ်မပါဝင်ရခြင်း

ဒီထဲမှာ ‘သဒ္ဒ’ ဆိုတဲ့ရုပ်ကလေးတစ်ခု အကြောင်း မပြောရသေးဘူး၊ ဒီသဒ္ဒဆိုတဲ့ ရုပ်ကလေးက စိတ်ကြောင့် ဥတုကြောင့်သာ ဖြစ်တာ၊ ကံကြောင့် မဖြစ်ဘူး၊ ဒါကြောင့်မို့ အဋ္ဌကလာပ်ရုပ် ၈-ခုထဲမှာ သူက မပါဘူး၊ ဘာလို့လဲဆိုတော့ စိတ်တို့ ဥတုတို့ဆိုတာက ပစ္စုပ္ပန် အကြောင်းတရား၊ ကံက အတိတ်အကြောင်းတရား၊ စိတ်ဆိုတာ ခုလောလောဆယ် ရှိနေတဲ့ စိတ်ကိုပြောတာ၊ ဥတုဆိုတာလည်း အခုကြုံတွေ့နေတဲ့ ဥတုကို ပြောတာ၊ ဒါတွေက ပစ္စုပ္ပန်အကြောင်းတရားတွေ ဖြစ်သောကြောင့် အဋ္ဌကလာပ်ရုပ် ၈-ခုထဲမှာ သဒ္ဒရုပ်ကို မထည့်ဘူး။

ဘုန်းကြီးတို့ ဂျာမနီနိုင်ငံသွားပြီး အဘိဓမ္မာတရားပို့ချတဲ့အခါ သင်တန်းလာတက်တဲ့ ဂျာမန်တစ်ယောက်က ဒီအသံအကြောင်းကို မေးတယ်၊ ဒီ ရုပ်(၈)-ခုထဲမှာ ဘာဖြစ်လို့ အသံ မပါတာတုန်းတဲ့၊ အဆင်းတို့, အနံ့တို့, အရသာတို့တော့ ပါတယ်ပေါ့၊ ဘာဖြစ်လို့ အသံမပါတာလဲတဲ့၊ အသံလည်း ဖြစ်နိုင်တယ် မဟုတ်လားတဲ့။

ဘုန်းကြီးက ခုနက ဥပမာနဲ့ ပြောပြတယ်၊ မင်းတို့ဆီမှာ ဂစ်တာရှိတယ် မဟုတ်လား၊ ဂစ်တာထဲမှာ အသံ ရှိလို့လား၊ မရှိဘူးတဲ့၊ မရှိရင် ဒီအသံက နဂိုက ဖွဲ့စည်းထားတာ မဟုတ်ဘူး၊

ဆိုင်ရာအကြောင်းကြောင့် ဖြစ်တယ်လို့၊ သူက ဘာနဲ့သွားပြီး ရောထွေးနေတုန်းဆိုရင် အသံကို ရီကော်ဒါနဲ့ မှတ်တမ်းတင်ထားလို့ရတာ, ခုခေတ်ပြောတဲ့ Mp3 တို့ Mp4 နဲ့ အသံကို ဖမ်းထားလို့ ရတာနဲ့ ရောထွေးနေတာ၊ အသံဖမ်းလို့ ရနေတာဟုတ်တယ်၊ အသံ ဖြစ်လာပြီးတဲ့နောက်မှ ဖမ်းလို့ ဖမ်းထားလို့ ရတာလေ၊ မဖြစ်သေးတဲ့အသံကု ဘယ်နား ရှိနေတယ်လို့ မဆိုနိုင်ဘူး၊ ဘယ်နေရာမှာ အသံရှိနေတယ်ဆိုတာ ရှာကြည့်လေ။

မီးခြစ်ဘူး ဥပမာပဲ ကြည့်ဦးပေါ့၊ မီးရှိနေရဲ့လား၊ မီးခြစ်ဘူးထဲမှာ မရှိဘူး၊ အကြောင်းဆုံမှသာ ဖြစ်လာတာ၊ အသံဆိုတာလည်း ထို့အတူပဲ၊ ဘယ်နေရာမှာမှ ရှိနေတာ မဟုတ်ဘူး၊ သို့သော် ဆိုင်ရာ အကြောင်းတရားတွေ ပေါင်းဆုံမိရင် ပေါ်လာတဲ့ သဘောပဲ ရှိတယ်။

ဒါကြောင့် ဒီသဒ္ဒရုပ်ဟာ ခုနက အဆင်းတို့ ဘာတို့နဲ့ မတူဘူး၊ သူက ရှိနေတဲ့အရာမဟုတ်ဘူး၊ ဖြစ်လာတဲ့အရာပဲ ဖြစ်တယ်၊ အဋ္ဌကလာပ်ရုပ် (၈)ခုက ရှိနေတဲ့ အရာတွေ၊ ရုပ်ဝတ္ထုတိုင်းမှာ remain ဖြစ်နေတယ်၊ တည်ရှိနေကြတယ်၊ အသံက ဒီလို မဟုတ်ဘူး၊ ဆိုင်ရာအကြောင်းနဲ့ ပေါင်းလိုက်တဲ့ အခါမှာ ပေါ်လာတဲ့ ရုပ်၊ နောက်ပိုင်းတော့ သူ သဘောပေါက်သွားပုံရတယ်၊ ဘာမေးခွန်းမှ မမေးတော့ဘူး။

မြန်မာလူမျိုးတွေ ရင်းနှီးနေတဲ့ စောင်းကို ကြည့်ပေါ့၊ စောင်းထဲမှာ အသံတွေရှိရဲ့လား၊ မရှိဘူးနော်၊ စောင်းအိုးရယ် စောင်းကြိုးရယ် တီးတဲ့လက်ရယ် ပေါင်းလိုက်မှ အသံဖြစ်လာတာလေ၊ ပစ္စုပ္ပန်အကြောင်းကြောင့် အသံထွက်လာတာ၊ အဲဒါကြောင့်မို့ အသံ(သဒ္ဒရုပ်) ဆိုတာ “သဒ္ဒေါ စိတ္တောတုဇော” ဆိုတဲ့အတိုင်း စိတ် ဥတုဆိုတဲ့ ပစ္စုပ္ပန်အကြောင်းတရားကို စွဲပြီး ဖြစ်ပေါ်လာတာ ဖြစ်သောကြောင့် အခြေခံ အဋ္ဌကလာပ်ရုပ်တွေထဲမှာ ထည့်မထားဘူး၊ ဒါကြောင့် ဒီသဒ္ဒရုပ် ထည့်လိုက်ရင် ရုပ်ပေါင်း ၁၈-ခု ဖြစ်လာတယ်၊ အဲဒီ ရုပ် ၁၈-ခုကို နိပ္ဖန္နရုပ် လို့ ခေါ်တယ်၊ ဘာကြောင့်တုံးဆို ဆိုင်ရာ အကြောင်းတရားတွေက ထုတ်လုပ်တဲ့ ရုပ်ဖြစ်လို့ပါ။

အဲဒီ နိပ္ဖန္နရုပ်ဆိုတဲ့ ရုပ်ကသာလျှင် သဘာဝရုပ်၊ တကယ့်ရုပ်အစစ် ဖြစ်တယ်၊ ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်ရင် အဲဒီ (၁၈)ခုထဲက တစ်ခုခုကို ရှုပြီး အားထုတ်ရတယ်၊ ရုပ် (၁၈)ခုဟာ ဝိပဿနာရဲ့ အာရုံ ဖြစ်တယ်၊ ရုပ် (၂၈)ခုလို့ ကြားဖူးပါတယ်၊ ဘယ်နှယ့်ကြောင့် (၁၈)ခုကသာ ရုပ်အစစ် ဖြစ်ရတုန်းဆို ကျန်တာတွေက ဆင့်ပွားထားတဲ့ ရုပ်တွေ၊ ဝိပဿနာဉာဏ်နဲ့ ရှုမြင် သုံးသပ်ဖို့ မလိုဘူး။

အနိပ္ဖန္နရုပ် ၁၀-ပါး

အခုပြောမယ့် ရုပ် ၁၀-ခုက မိမိတို့ရဲ့ ပင်ကိုယ်သဘောရှိတဲ့ သဘာဝရုပ် မဟုတ်ဘူး၊ အသဘာဝရုပ်၊ ရုပ်အစစ်ကနေ ဆင့်ပွား ထားတဲ့ ရုပ်တွေသာဖြစ်တယ်။ ဝိပဿနာဉာဏ်နဲ့ ရှုမြင်သုံးသပ်လို့ မရတဲ့ ရုပ်တွေပါပဲ၊ ဒီရုပ်တွေကို အနိပ္ဖန္နရုပ် လို့လည်း ခေါ်ကြတယ်၊ အဲဒီရုပ်တွေကို ဆက်ပြီး လေ့လာကြည့်ကြရအောင်။

အာကာသဓာတ်

ကလာပ်စည်းတွေ တစ်ခုနဲ့ တစ်ခု အကြားမှာ အပိုင်းအခြားရှိတယ်နော်၊ ပဲစေ့ကလေးတွေ ဖန်ဘူးထဲမှာ ထည့်ထားလိုက်တယ်၊ တစ်စေ့နဲ့ တစ်စေ့ ဘယ်လိုပဲ ထိနေနေ၊ အဲဒီအစေ့ နှစ်ခုဟာ ပူးကပ်ပြီး တစ်ခုတည်း ဖြစ်မသွားတာကို ထောက်လို့ရှိရင် သူတို့ နှစ်ခုကြားမှာ လူ့မျက်စိနဲ့ မမြင်နိုင်တဲ့ space လေးတွေ၊ အကြားတွေ ရှိနေတယ်ဆိုတာ မသိသာဘူးလား၊ လူတွေ ဝတ်နေတဲ့ အဝတ်ကိုလည်း ကြည့်လေ၊ ချည်ချောင်းလေးတွေက သူ့ဟာနဲ့သူ တစ်ကန့်စီ တစ်ကန့်စီ နေတာ၊ အဲဒီလို တစ်ကန့်စီ နေနိုင်တာကိုက ချည်ကြောင်းလေးတွေ ကြားထဲမှာ အကြားလေးတွေ ရှိတယ်ဆိုတာ ပြောတာ၊ အဲဒါကို ‘အာကာသဓာတ်’ လို့ ခေါ်တယ်နော်။

ပရိစ္ဆေဒရုပ်

ဟောဒီ ရုပ်ကလာပ် တစ်ခုနဲ့ တစ်ခုကြား group တစ်ခုနဲ့ group တစ်ခု ကြားပေါ့လေ၊ ရုပ်အစုကလေးတွေ အစုကလေးတွေ ကမ္မဇရုပ် ဆိုရင် (၁၀)ခု အစုနော်၊ စိတ္တဇရုပ် ဆိုရင် အခြေခံ (၈)ခုအစု၊ ဥတုဇရုပ်ဆိုရင်လည်း အခြေခံ(၈)ခု အစု၊ အာဟာရဇရုပ်ဆိုလို့ရှိရင် အခြေခံ (၈)ခုအစု၊ ကမ္မဇရုပ်မှာ အခြေခံ (၉)ခုအစုနဲ့ (၁၀)ခု အစုတဲ့၊ အဲဒီ ရုပ်တစ်စုနဲ့ တစ်စုကြားထဲမှာ ဒီကြားလေးတွေ ရှိတယ်၊ ဒီကြားခံလေးတွေကို အာကာသဓာတ်လို့ ခေါ်တယ်တဲ့၊ အဲဒီ အာကာသဓာတ်ကို ‘ပရိစ္ဆေဒရုပ်’ လို့ ခေါ်တယ်တဲ့၊ ‘ပိုင်းခြားတဲ့ရုပ်’၊ အဲဒါက တစ်ခု။

ဝိညတ်ရုပ် ၂-ပါး

နောက်ပြီးတော့ လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်တဲ့အခါ ကျန်တဲ့လူ တစ်ယောက်ကို သိနိုင်အောင် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေ activity အမူအရာတွေ မရှိဘူးလား၊ လူတစ်ယောက်ကို လာစေချင်ရင် လက်ပြတာတို့၊ sign language လက်ညှိုးလေး ထောင်ပြီး ပါးစပ်ပိတ်ပြရင် စကားမပြောဘို့

တိုးတိုးလို့ ပြောတာတို့၊ အဲဒီလို sign language တွေကို ‘ကာယဝိညတ်’ လို့ ခေါ်တာနော်၊ အဲဒါလည်း ရုပ်နဲ့ ပတ်သက်တဲ့အတွက်ရုပ်လို့ သတ်မှတ်တာ၊ တကယ်တော့ ရုပ်သီးသန့်မဟုတ်ဘူး။

ခုနက(၁၈)ခုကိုပဲ စွဲပြီး ကာယဝိညတ်ကို ရုပ်တစ်ခုလို့ ခေါ်လိုက်တာ၊ ကလာပ်စည်းတစ်ခု တစ်ခုကြားက ကြားခံလေးကို ရုပ်တစ်ခုလို့ ခေါ်သလို ရုပ်ရဲ့ လှုပ်ရှားမှု အမုအရာကိုလည်း ရုပ်လို့ ခေါ်လိုက်တာ၊ လူရဲ့ပုံပန်းသဏ္ဌာန် အမျိုးမျိုး လုပ်ပြတာတွေ မှန်သမျှ sign language တွေ မှန်သမျှ ဒါ ကာယဝိညတ်၊ တစ်ဖက်သားကို သူ့ရဲ့ လိုအင်ဆန္ဒကို သိစေတဲ့ရုပ်တဲ့၊ ဝိညတ္တိ-သိစေတာ၊ တစ်ဖက်သားကို ကိုယ့်ရဲ့ဆန္ဒကို ဖောက်ထုတ်တာ၊ ဒါက ကာယဝိညတ်။

နောက်တစ်ခုက ပါးစပ်က အသံထွက်ပြီး ပြောတာကျတော့ ‘ဝစီဝိညတ်’ တဲ့၊ သဒ္ဒရုပ်နဲ့ အမြဲ တွဲနေရတယ်၊ အသံမပါရင် ဘယ်လိုလုပ် သိမလဲနော်၊ အသံမထွက်တဲ့ သူဆိုရင် ပါးစပ်လေးပဲ လှုပ်တယ်၊ ဟိုတစ်ယောက်က နားမလည်းဘူးနော်၊ ဘာပြောတုန်းလို့ မေးရတယ်လေ၊ အသံလေးနဲ့ တွဲလိုက်မှ ဝစီဝိညတ်ရုပ်က ထင်ရှားရှိတယ်တဲ့။

အဲဒီ ဝစီဝိညတ်ဆိုတဲ့ စကားပြောသံကိုလည်း စကားပြောတဲ့ ရုပ်ကိုလည်းပဲ ရုပ်လို့ ဒီလို သတ်မှတ်လိုက်တယ်၊ အမှန်က အသံရဲ့ အမူအရာနဲ့ လူတွေ သိတဲ့ စကားလုံးကို ဖော်ထုတ်ပေးတာကို ပြောတာပဲ၊ တကယ်က ရုပ်သီးသန့် မဟုတ်ဘူး၊ သို့သော် ရုပ်နဲ့ ဆက်စပ်ပြီးနေတဲ့အရာ ဖြစ်သောကြောင့် ဝစီဝိညတ်ကိုလည်း ရုပ်လို့ သတ်မှတ်လိုက်တယ်၊ ဘယ်နှစ်ခု ရှိပြီလဲ၊ ပရိစ္ဆေဒရုပ်ရယ်, ဝိညတ်ရုပ် ၂-ခုရယ် ၃-ခု ရှိပြီနော်။

ဝိကာရရုပ်

တစ်ခါတစ်ရံ ရာသီဥတုလေးက ကောင်း၊ စားစရာ သောက်စရာလေးက ကောင်းတဲ့အခါကျတော့ ခန္ဓာကိုယ်က ပေါ့ပါးမနေဘူးလား၊ အဲဒါကို ‘လဟုတာရုပ်’ လို့ သတ်မှတ်တယ်၊ တစ်ခါတစ်ရံ လူရဲ့ခန္ဓာကိုယ်က tension တွေ မရှိဘူးလား၊ အကြောအခြင်တွေ ပျော့ပြီး နေလို့ ထိုင်လို့ ကောင်းတယ်၊ ‘မုဒုတာရုပ်’၊ တစ်ခါတစ်ခါ လုပ်လို့ကိုင်လို့ မောပန်းခံနိုင်တယ် ‘ကမ္မညတာရုပ်’။

တစ်ခါတစ်ခါကျတော့ အမောမခံနိုင်ဘူး၊ လမ်းလေးလျှောက်တာနဲ့ မောနေတယ်၊ ရုပ်ဆိုတာ ရာသီဥတုတို့၊ စိ်တ်အခြေအနေတို့၊ တစ်ခါတစ်ခါ ရာသီဥတုတော့ ကောင်းတယ်၊ အာဟာရတွေလည်း ကောင်းတယ်၊ စိတ်ညစ်နေတဲ့ အခါတွေမှာ စိတ်အခြေအနေအရ ခန္ဓာကိုယ် လေးလံသွားတာ ရှိတယိ၊ စိတ်အခြေအနေအရ ခန္ဓာကိုယ် ပေါ့ပါးတာလည်း ရှိတယ်၊ အဲဒါတွေကိုလည်းပဲ ရုပ်ရဲ့အခြေအနေတွေ ဖြစ်သောကြောင့် ရုပ်ရဲ့ပြောင်းလွဲနေတဲ့ သဘာဝတွေ ဖြစ်သောကြောင့် သူတို့ကိုလည်း ရုပ်လို့ သတ်မှတ်လိုက်တယ်၊

ရုပ်လို့ပဲ ခေါ်လိုက်တယ်၊ ဒီလဟုတာရုပ် အစရှိတဲ့ ရုပ်၃-ခုကို ‘လဟုတာဒိရုပ်’ လို့ ခေါ်ကြတယ်၊ တစ်နည်းအားဖြင့်လည်း နိပ္ဖန္နရုပ် ၁၈-ခုရဲ့ အမူအရာထူးဖြစ်လို့ ဝိကာရရုပ်လို့လည်း ခေါ်ရတယ်။

တကယ်ကန်တော့ ဝိကာရရုပ်ဆိုတာ သီးခြားရှိသလား ဆိုတော့ မရှိဘူး၊ နိပ္ဖန္နရုပ် ၁၈-ခုရဲ့ ပေါ့ပါးသွားတာ၊ နိပ္ဖန္နရုပ် ၁၈-ခုရဲ့ နူးညံ့သွားတာ၊ နိပ္ဖန္နရုပ် ၁၈-ခုရဲ့ လုပ်နိုင်စွမ်းရှိသွားတာကို ပြောတာတဲ့၊ အဲဒီ ပရိစ္ဆေဒရုပ်၊ ဝိကာရရုပ် ၃-ပါး နဲ့ ဝိညတ် ၂-ပါး၊ ထည့်လိုက်တော့ ဘယ်နှစ်ခု ဖြစ်သွားတုန်း (၆)ခု ဖြစ်သွားပြီ။

လက္ခဏာရုပ် ၄-ပါး

ဒီထဲမှာ ဒီရုပ်တွေရဲ အမှတ်လက္ခဏာ(၄)မျိုး ထပ်ထည့်လိုက်တယ်၊ ဘာတုံးဆိုရင် ရုပ်တွေဟာ စတင်လာတဲ့အချိန်ရှိတယ်၊ ‘ဥပစယ’ တဲ့၊ ဆက်လက်ပြီးတော့ ဖြစ်ပေါ်နေတဲ့အချိန်ရှိတယ် ‘သန္တတိ’ တဲ့၊ အိုမင်းရင့်ရော်တဲ့ အချိန်ပိုင်း, ရင့်လာတဲ့ အချိန်ပိုင်းရှိတယ် ‘ဇရတာ’ တဲ့၊ ပျက်သွားတဲ့ အချိန်ပိုင်းလည်း ရှိတယ် ‘အနိစ္စတာ’ တဲ့၊ စိတ်ကျတော့ ဥပါဒ်၊ ဌီ၊ ဘင် သုံးမျိုးထဲပဲ၊ ရုပ်ကျတော့ ဖြစ်တာ နည်းနည်းလေး အချိန်ယူမို့ စပြီးဖြစ်တာကို “ဥပစယ”၊ ဆက်လက်ပြီး ဖြစ်တာကို “သန္တတိ” တဲ့၊ ရင့်ရော်သွားတာကို “ဇရာတာ”၊ ပျက်စီးသွားတာကို “အနိစ္စတာ”၊ အဲဒါက ရုပ်ရဲ့ အမှတ်လက္ခဏာ (၄)မျိုးပဲ။

ဒါက တကယ်တော့ ရုပ်မဟုတ်ဘူး၊ ရုပ်ရဲ့ အခြေအနေကို ဖော်ပြတာ ရုပ်ရဲ့လက္ခဏာတွေကို ပြောတာ၊ အဲဒီ ရုပ်ရဲ့လက္ခဏာကိုလည်း ရုပ်နဲ့ တွဲနေလို့ ရုပ်ထဲ ထည့်လိုက်တယ်ပေါ့။ ရေယူခဲ့စမ်းပါ ဆိုလို့ရှိရင် ရေချည်းယူလို့ ရမလား၊ ခွက်ပါ ယူသွားရတယ်၊ ဟိုလူ ခေါ်ခဲ့စမ်းဆိုရင် အကျႌပုဆိုးတွေ မပါဘူးလား၊ ပါတယ်လေ၊ ခေါ်တာက လူခေါ်တာ အကျႌတွေ, လုံချည်တွေ ခေါ်တာမဟုတ်ဘူးနော်။

ခုနက ၆-ခုနဲ့ ဒီရုပ် ၄-ခု ပေါင်းလိုက်တော့ ၁၀-ခု ဖြစ်သွားပြီ၊ ဒီ ၁၀-ခုက ရုပ်လို့ ပြောလိုက်တာနဲ့ သူတို့လည်း ပါလာသည့်အတွက်ကြောင့် သူတို့ကို ရုပ်လို့ သတ်မှတ်တယ်၊ ရုပ်ပေါင်း(၂၈)ခု ဖြစ်သွားပြီးနော်။

ကမ္မဇဧကန်ရုပ်

ဒီ (၂၈)ခုထဲမှာ ကံကြောင့်သာ ဖြစ်တဲ့ရုပ်က (၉)ခုရှိတယ်၊ ကံသက်သက်ကြောင့် ဖြစ်တဲ့ရုပ်တွေက ဘယ်ရုပ်တွေလဲလို့ မေးရင် ခုနက ပြောခဲ့တဲ့ ပသာဒရုပ် ၅-ခုဆိုတာ ကံကြောင့်သာ ဖြစ်တဲ့ရုပ်ပဲ၊ ဥတုကြောင့် ပသာဒရုပ် မရနိုင်ဘူး၊ အာဟာရရုပ်ကြောင့် ပသာဒရုပ် မရနိုင်ဘူး၊ စိတ်ကြောင့် ပသာဒရုပ် မရနိုင်ဘူး၊ ရနိုင်လို့ရှိရင် အကောင်းလေးတွေ စားနေမယ်၊ ရာသီဥတုကောင်းမယ်ဆိုရင် ပသာဒရုပ်တွေ တစ်ခုပြီးတစ်ခု ထပ်ပေါ်နေမှာပေါ့နော်၊ အဲဒီတော့ ပသာဒရုပ် ၅-ခုဆိုတာ ကံသက်သက်ကြောင့်ဖြစ်တယ်၊ ဒါကြောင့်မို့ ပျက်စီးသွားရင် အစားထိုးလို့ မရဘူးနော်။

မျက်စိ ကုလို့ရတယ်ဆိုတာ သဘာဝ မပျက်စီးသေးလို့သာ ကုလို့ရတာ၊ အကယ်၍ (artificial) မျက်လုံးကို လူတွေလုပ်လို့ ရလာပြီ ဆိုရင်တော့ ဒါ ကံကြောင့်ချည်း မဟုတ်ဘူးလို့ ပြောနိုင်တယ်ပေါ့၊ ဒါကြောင့် ကံသက်သက်ကြောင့် ဖြစ်တယ်လို့ပဲ အဘိဓမ္မာကျန်းဂန်တွေမှာ ဆိုတယ်။

နောက်တစ်ခုက ကမ္မဇရုပ်ကို ထိန်းသိမ်း စောင့်ရှောက်မှုပေးတဲ့ ‘ဇီဝိတရုပ်’ ဟာလည်း

ကံကြောင့်ပဲ ဖြစ်တယ်၊ ဒီပြင် အကြောင်းကြောင့် မဖြစ်ဘူး၊ ပသာဒရုပ်(၅)ခုရယ် ဇီဝိတရုပ် (၁)ခုရယ်၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝ၊ စိတ်ရဲ့တည်ရာ ဟဒယရုပ်၊ အဲဒီရုပ်တွေက ကံသက်သက်ကြောင့် ဖြစ်တယ်တဲ့၊ တခြား အကြောင်းကြောင့် မဖြစ်ဘူးတဲ့၊ ပေါင်းလိုက်တဲ့ အခါကျတော့ ရုပ်(၉)ခုနော်၊ ဒီ ရုပ်(၉)ခုကို ကံကြောင့်သာဖြစ်လို့ “ဧကန် ကမ္မဇရုပ်” လို့ ပြောတာ။

အသံ သဒ္ဒရုပ်ကန်တော့ စိတ်နဲ့ဥတု နှစ်မျိုးကြောင့် ဖြစ်တယ်၊ ပေါ့ပါးတာတို့ နူးညံ့တာတို့ ဒီအလုပ်အကိုင် လုပ်လို့ရတာလို့ ဆိုတဲ့ ဒါတွေက စိတ်ကြောင့်လည်းဖြစ်တယ်၊ ဥတုကြောင့်လည်း ဖြစ်တယ်၊ အာဟာရကြောင့်လည်း ဖြစ်တယ်၊ ကာယဝိညတ်က sign language ဆိုတော့ စိတ်ကြောင့်ပဲ ဖြစ်တယ်၊ ဝစီဝိညတ်ကလည်း စိတ်ကြောင့်ပဲ ဖြစ်တယ်နော်၊ ဥတုသက်သက်ကြောင့် ဖြစ်တဲ့ရုပ်နဲ့ အဟာရသက်သက်ကြောင့် ဖြစ်တဲ့ရုပ်ရယ်လို့ မရှိဘူး။

ဒါကြောင့် -

စိတ်သက်သက်ကြောင့် ဖြစ်တဲ့ရုပ်က ကာယဝိညတ်နဲ့ ဝစီညတ်၊

စိ်တ်ဥတုကြောင့် ဖြစ်တဲ့ရုပ်က သဒ္ဒ(အသံရုပ်)

စိတ်၊ ဥတု၊ အာဟာရ အကြောင်း(၃)မျိုးကြောင့်ဖြစ်တဲ့ ရုပ်က လဟုတာ၊ မုဒုတာ၊ ကမ္မညတာ(၃)ခု၊

အကြောင်း (၄)မျိုးလုံးကြောင့် ဖြစ်တဲ့ရုပ်ကျတော့ အဝိနိဗ္ဘောဂရုပ် ၈-ခုနဲ့ ပရိစ္ဆေဒရုပ်ဆိုတဲ့ ရုပ် ၉-ခု၊

ကံသက်သက်ကြောင့် ဖြစ်တဲ့ရုပ်ကန်တော့ ပသာဒရုပ် (၅)ခု၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝ၊ ဟဒယ၊ ဇိဝိတ အဲဒီ (၉)ခု၊ ဒီလိုမှတ်ရမယ်၊ ရုပ်တရားတွေ ဒီလိုဖြစ်လာကြတာ၊ ဒါက ရုပ်ဖြစ်ကြောင်းပဲ၊ ရုပ်တရားတွေဟာ ဒီလို ကံ စိတ် ဥတု အာဟာရ အကြောင်းကြောင့် ဖြစ်လာတာ။

ရုပ်တရားစဖြစ်ချိန် (ပဋိသန္ဓေ)

ရုပ်တရားတွေဟာ ဘယ်အချိန်ကစ ဖြစ်လာသလဲဆိုတာ နည်းနည်း ကြည့်ရအောင်၊ လူသားတစ်ယောက်အနေနဲ့ ပြောမယ်၊ လူသားတစ်ယောက်ရဲ့ သန္ဓေဘဝကစနေစပြီး ပြောကြမယ် ဆိုလို့ရှိရင် ကာလရေကြည်က စတယ်၊ အင်မတန် သေးငယ်တဲ့ အစက် အပေါက်ကလေးမှာ ရုပ်နဲ့နာမ် ဒီနှစ်ခု စထင်လာတယ်၊ ပဋိသန္ဓေစိတ် စေတသိက်နဲ့ ကံကြောင့်ဖြစ်တဲ့ ရုပ်(၃)ခုတို့ အခြေပြုလာကြတယ်။

သက်ရှိသတ္တဝါတွေမှာ မွေးဖွားပုံ (၄)နည်းရှိတယ်၊ အကျဉ်းချုပ်ကလေးတော့ ပြောမယ်နော်။

ပဋိသန္ဓေ ၄-မျိုး

သတ္တဝါတစ်ဦး မွေးဖါားလာပုံ (၄)န်း ရှီတယ်တဲ့၊ ဘွားကနဲ ခန္ဓာကိုယ် ထင်ထင်ရှားရှား ပေါ်လာတဲ့ မွေးဖွားနည်းလည်းရှိတယ်၊ အဲဒါ ဘယ်သူတွေ မွေးဖါားတာတုန်းဆိုရင် နတ်တွေ ဗြဟ္မာတွေ ကမ္ဘာဦးလူသားတွေ နောက်ပြီး ငရဲသားတွေပဲ၊ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ ဘွားခနဲ ပေါ်လာတာ၊ အဲဒါကို ‘ဥပပါတ် ပဋိသန္ဓေ’ လို့ ခေါ်တယ်။

နောက်အချို့ သတ္တဝါတွေကျတော့ moisture လို့ခေါ်တဲ့ အညှိတို့ အစိုဓာတ်တို့ကို စွဲပြီးတော့ ဖြစ်တယ်၊ ပဒုမဒေဝီက ကြာပန်းထဲမှာ ဖြစ်တယ်ဆိုတာ ကြားဖူးတယ် မဟုတ်လား၊ မြန်မာရာဇဝင်ထဲ ဝေဠုဝတီကလည်း ဝါးပင်မှာ ဖြစ်တယ်လို့ ဆိုတာပေါ့နော်၊ ပေါက္ခရသာတိပုဏ္ဏားကြီးလည်းပဲ ပဒုမ္မာ ကြားပန်းထဲမှာ ပဋိသန္ဓေတည်တယ်လို့ ပြောတာပဲ၊ အဲဒီလို အညှိကိုစွဲပြီး မွေးတာကျတော့ ‘သံသေဒဇ ပဋိသန္ဓေ’ လို့ ခေါ်တယ်။

မိခင်ရဲ့ သားအိမ်ထဲမှာ ဖြစ်ပြီး မွေးတာကို ပါဠိလို ‘ဇလာဗုဇ ပဋိသန္ဓေ’ လို့ ခေါ်တယ်၊ ဇလာဗု - ဆိုတာ မိခင်ရဲ့ သားအိမ်၊ အဲဒီ သားအိမ်ထဲမှာ သန္ဓေတည်ပြီးတော့ ဖြစ်တာကို ဇလာဗုဇ၊ ကြက်တွေ ငှက်တွေက ဥထဲမှာ သန္ဓေတည်လို့ ‘အဏ္ဍဇပဋိသန္ဓေ’၊ ဒီလို ပဋိသန္ဓေ လေးမျိုးရှိတယ်၊

သတ္တဝါတွေရဲ့ မွေးပုံ လေးမျိုးရှိတယ်၊ လူတွေလည်း အဲဒီ လေးမျိုးလုံးနဲ့ မွေးနိုင်တယ်လို့ ပြောတယ်၊ လူတွေမှာ ဥကမွေးတဲ့လူ ရှိသတဲ့၊ ရာဇဝင်ထဲမှာ ရှိတယ်၊ ပါဠိစာပေထဲမှာလည်း ဥကမွေးတဲ့သူ ရှိတယ်၊ နဂါးဥထဲက လူမွေးတာမျိုးပေါ့၊ ကဲထားပါတော့။

ကလလရေကြည်

ဒီကနေ့ခေတ် မိခင်ရဲ့ဝမ်းထဲ သန္ဓေတည်စမှာ ဘယ်ရုပ်တွေက စပေါ်တုန်းလို့ဆိုရင် လူရဲ့ခန္ဓာကိုယ် (body) ဆိုတာ အရင် ရှိရမယ် မဟုတ်လား၊ ဒါကြေင့်မို့ ကာယပသာဒလို့ဆိုတဲ့ sensitive body နဲ့ အခြေခံကမ္မဇရုပ် (၉)ခုနဲ့ ပေါင်းလိုက်တဲ့အခါ(၁၀)ခု၊ အဲဒီ (၁၀)ခုအပေါင်း ရုပ်ကလေး စပေါ်လာတယ်၊ ပြီးတော့ ဟဒယဝတ္ထုအခြေခံတဲ့ရုပ် (၁၀)ခု၊ နောက်ပြီးတော့ အမျိုးသား အမျိုးသမီးဖြစ်ဖို့ အခြေခံ ဘာဝရုပ်ကလည်း သန္ဓေတည်ကတည်းက ပါလာတာ၊ ဣတ္ထိဘာဝရုပ် အခြေခံတဲ့ (၁၀)ခုရယ်၊ သို့မဟုတ် ပုမ္ဘာဝရုပ် အခြေခံတဲ့ (၁၀)ခုရယ် ပေါင်းလိုက်လို့ရှိရင် အမျိုးသမီးမှာ အစရုပ် (၃၀)၊ အမျိုးသားမှာ အစရုပ် (၃၀)။

အဲဒီ ရုပ်အရေအတွက် (၃၀)၊ group အားဖြင့် ပြောမယ်ဆိုရင် (၃)ခု အစု၊ အဲဒီ (၃)ခုအစုလေးဟာ အပြန်အလှန် မှီပြီးတော့ လူ့ဘဝမှာ စတင်ပြီး ပေါ်လာတဲ့ ရုပ်တရား၊ အဲဒီတော့ ကမ္မဇရုပ်ဟာ ပဋိသန္ဓေစိတ်ကလေးရဲ့ ဥပါဒ်က စတယ် လို့ ပြောကြတယ်နော်။

ကမ္မဇရုပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့ခန္ဓာကိုယ်ဟာ ဘယ်ပုံပြောင်းလဲ လာသလဲ ဆိုတာ မြတ်စွာဘုရားက သံယုတ္တနိကာယ် ယက္ခသံယုတ်ပါဠိတော် ဣန္ဒသုတ်မှာ ဟောထားတာ ရှိတယ်။

ဘုန်းကြီးတို့ ၂၀၀၃-ခုနှစ် ဂျာမနီ ဘာလင်မြို့မှာ အဘိဓမ္မာသင်တန်း ပို့ချတုန်းက ဂျာမကြီးတစ်ယောက်က မေးတယ်၊ (embryology)နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီးက အဲဒီသုတ္တန်အရ မိခင်ရဲ့ ဝမ်းထဲက လူ့သန္ဓေအစ ဖြစ်လာပုံကို ရှင်းပြတော့ “အရှင်ဘုရား၊ ၂၅၀၀-က ဒီလိုဟာတွေ တက်ယ်ရှိလား” တဲ့၊ ဘုရားဟောတဲ့အထဲမှာ ရှိတယ်လို့ ပြောတော့ သူ အံ့ဩနေတယ်။

အဲဒီမှာ မြတ်စွာဘုရားက လူဆိုတာ တခြားကနေ ဖြစ်လာတာ မဟုတ်ဘူး၊ ဟောဒီလို သန္ဓေတည်ပြီး ဖြစ်လာတယ် ဆိုတာကို ဟောတာ၊ ‘ပထမံ ကလံလံ ဟောတိ’ ပထမဆုံးမှာ ကလလဆိုတဲ့ ရေကြည်ပေါက်ကလေးက စတယ်တဲ့၊ အဲဒါက တစ်ပတ်တိတိ ကြတယ်၊ ကလလရေကြည်လေးက တစ်ပတ်ကြာတဲ့အခါကျတော့ အနေအထားပြောင်းသွားတယ်၊ ဘယ်အရာမှ မတည်မြဲဘူး ဆိုတာကိုတော့ မှတ်ထား၊ ဘယ်အရာမှ ရပ်နေတာမရှိဘူး၊ ထဝရ ပြောင်းနေတာ၊ အဲဒီ ကာလလဆိုတဲ့ ရေကြည်လေးက နောက်တစ်ပတ် ရောက်တဲ့အခါကျတော့ ‘ကလလာဟောတိ အဗ္ဗုဒံ’ တဲ့ ရေကြည်ကနေ အမြှုပ် ဖြစ်လာတယ်၊ တတိယပတ်ကျတော့ ‘အဗ္ဗုဒါ ဇာယတေ ပေသိ’ ဆိုတဲ့အတိုင်း သားတစ်ကလေး ဖြစ်လာတယ်။

ပဋိစ္စသမုပ္ပါဒ်မှာ “သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏ ပစ္စယာ နမရူပံ” ဆိုတာ အဲဒီ ကလလအဆင့်ကစတဲ့ ရုပ်နာမ်ကိုဟောတာ၊ လူ့ဘဝမှာ အဲဒီလို ဖြစ်လာတာ (၄)ပတ်ကြာတော့ အနေအထား ပြောင်းလာတယ်၊ ဘာဖြစ်လာတုံးဆိုရင် “ပေသိနိဗ္ဗတ္တတေ ဃနော” အတုံးအခဲလေး ဖြစ်လာတယ်၊ (၅)ပတ်ကြာတော့ အဲဒီ အတုံးအခဲလေးမှာ အဖုလေး ငါးခု ပေါ်လာတယ်၊ အဖုတစ်ခုက ခေါင်း၊ ကျန်တဲ့ အဖုနှစ်ခုက လက်နှစ်ဖက်၊ နောက် အဖုနှစ်ခုက ခြေထောက်၊ အဖုလေး ငါးခု ထွက်လာတယ်တဲ့ (embryology) စာအုပ်မှာ ကြည့်ရင်လည်း အဲဒီ ပုံစံပဲနော်၊ အဲဒီတော့ လူ့ခန္ဓာကိုယ်ဖြစ်လာပုံကို မြတ်စွာဘုရားက ဟောထားတာနော်။

“ပထမံ ကလလံ ဟောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ၊

အဗ္ဗုဒါ ဇာယတေ ပေသိ၊ ပေသိ နိဗ္ဗတ္တတီ ဃနော၊

ဃနာ ပသာခါ ဇာယန္တိ” ခက်မငါးဖြာ ထွက်လာတယ်၊ ပြီးတော့မှ ‘ကေသာလောမာ နခါ ပိ စ’ ဆိုတာ ဆံပင်မွေးညင်း စတာတွေ ပေါက်လာတယ်၊ ကြားထဲမှာတော့ အသေးစိတ် မပြောတော့ဘူး။

လူ့ခန္ဓာ တည်လို့ စလာတဲ့ ခန္ဓာကိုယ်မှာ ရုပ်တွေဟာ ဒီလိုနဲ့ တိုးပွားလာတယ်ဆိုတာကို ဟောတာနော်၊ ပထမဆုံး သန္ဓေတည်စ အစပျိုးတဲ့ အချိန်ပိုင်းက ရက်သတ္တ (၅)ပတ်လောက် အထိတောင် ဒီလို အစပျိုးနေတာ၊ ရက်သတ္တ(၆)ပတ် သို့မဟုတ် (၈)ပတ်ရဲ့နောက်တော့ ဖီးတပ်စ် ဆိုတဲ့ သန္ဓေသားပုံသဏ္ဌာန်ပေါ်လာတယ်၊ သတ္တဝါလေး ပီပီသသ ဖြစ်လာတယ်၊ အဲဒီက ရက်သတ္တပတ် (၁၁)ပတ်မြောက်တဲ့အခါကျတော့ မျက်လုံးတွေ ဘာတွေ အကုန်လုံး ပေါ်လာပြီနော်၊ ဆံပင်တွေက (၄၂)ပတ် မြောက်မှာ ပေါက်တယ်။

ဒါက စာပေကျန်းဂန်အရ၊ embryology နဲ့ ပြန်ညှိကြည့်ရင် ဒါတွေဟာ မကွဲပြားလှဘူး၊ လူရဲ့ ခန္ဓာကိုယ်မှာ ရုပ်တရားတွေဟာ ဒီလို စပေါ်တာ၊ ကဲ ဘုန်းကြီးတို့ တစ်တွေ ကိုယ့်ခန္ဓာကိုယ်ကို ပြန်ပြီး ကြည့်မယ်ဆိုရင် တို့ဘဝက ဒီလို စလာတာပါလား၊ ရုပ်တရားတွေ အဲလို စလာတဲ့အထဲမှာ ကံကြောင့် ဖြစ်တဲ့ရုပ်တွေက စဖြစ်တဲ့အချိန်မှစပြီး မရပ်မနား ဖြစ်နေတာတဲ့၊ နာရီလက်တံလေး သွားနေသလိုပဲ၊ ကမ္မဇရုပ်တွေက ကံရဲ့အရှိန်နဲ့ မသေမချင်း မပျက်မချင်း ဆက်လက်ပြီး သွားနေမှာပဲနော်။

ကမ္မဇရုပ်

ဒါ လူရဲ့ ခန္ဓာကိုယ်အစ၊ ရုပ်နာမ်တရားတွေက ဘာတွေ တုံးဆိုရင် ခုနပြောတဲ့ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဝတ္ထုဒသကကလာပ် အဲဒီ ရုပ် ၃၀-ရယ်နဲ့ အတူဖြစ်လာတဲ့ စိတ် စေတသိတ် နာမ်တရားတွေကို ပြောတာ၊ ကမ္မဇရုပ်ဖြစ်ပုံ စိတ်နဲ့ယှဉ်ပြီးပြောမယ်ဆိုရင် စိတ်ရဲ့ဥပါဒ်ခဏမှာလည်း ကမ္မဇရုပ်တွေ ဖြစ်တယ်၊ ဌီခဏမှာလည်း ဖြစ်တယ်၊ ဘင်ခဏမှာလည်း ဖြစ်တယ်၊ စိတ်ကလေးရဲ့ three moments ခဏလေးသုံးခု တိုင်းမှာပဲ ကမ္မဇရုပ်တွေဟာ တစ်ဆက်ပြီး တစ်ဆက် ဖြစ်နေတာ။

နောက်ဆုံး သေခါနီး သေတော့မယ်ဆိုတဲ့စိတ် ပေါ်ခါနီးမှာ အဲဒီ မပေါ်ခင် ပြန်ရေတွက်ရင် (၁၇)ချက်မြောက်ဖြစ်တဲ့ စိတ်ရဲ့ ဌီခဏက စပြီး မဖြစ်တော့ဘူး၊ အဲဒီအခါကျတော့ အသစ်မလာတော့ဘူး၊ ကမ္မဇရုပ်က အဲဒီမှာ အသစ်မဖြစ်တော့ဘူး၊ ဥပါဒ်ခဏမှာ ဖြစ်သေးတယ်၊ ဒါကြောင့် အတိတ်က ပြုခဲ့တဲ့ ကံကြောင့် ဖြစ်တဲ့ ကမ္မဇရုပ်တွေဟာ ကံကြောင့်ဖြစ်နေတဲ့ တစ်ဘဝရဲ့ အစ ပဋိသန္ဓေစိတ်နဲ့အတူ စဖြစ်ခဲ့သလို၊ တစ်ဘဝရဲ့ အဆုံးစိတ် စုတိစိတ်နဲ့လည်း ပြိုင်ပြီးချုပ်တယ်ဆိုတာ သိထားရမယ်၊ အဲဒါ ရုပ်နာမ်တရားတွေထဲမှာ အသိစိတ် နာမ်တရားတွေနဲ့ ကမ္မဇရုပ်တွေ အမြဲတမ်း၊ ယှဉ်တွဲ သွားနေပုံနော်။

အဲဒီလို ပဋိသန္ဓေစိတ်က စ,လိုက်တာ ဘယ်အထိလဲဆို နောက်ဆုံး စုတိစိတ်ထိအောင် ဖြစ်တော့လည်း အတူတူ ဖြစ်တယ်၊ ပျက်တော့လည်း အတူတူပျက်တယ်၊ ဒီ နာမ်နဲ့ ကမ္မဇရုပ်၊ ရုပ်နဲ့ နာမ်တရားဟာ ပြိုင်တူချုပ်တယ်၊ တစ်ခုနဲ့တစ်ခုဟာ ဘယ်သူကမှ အရင်ကျတယ်လို့ မရှိဘူး၊ ဘယ်သူက နောက်ကျတယ်လို့ မရှိဘူး၊ တစ်ဘဝမှာ ဒါ ကန့်သတ်ချက်ပဲ၊ ဒီလို အတူတူ သွားနေပေမယ့် “ဝိပ္ပယုတ္တပစ္စယော” တဲ့၊ သဘာဝချင်း မတူလို့ မရောဘူး။

သို့သော် ကမ္မဇရုပ်နဲ့ နာမ်ဟာ side by side ယှဉ်တွဲလျက် ကံစွမ်းအားနဲ့ ဖြစ်နေတာ၊ အရှိန်မကုန်သေးသမျှ သွားနေတာ၊ နောက်ဆုံး စုတိစိတ်ထိအောင် သွားနေတယ်၊ ဒီလို ကမ္မဇရုပ်ဟာ ပဋိသန္ဓေရဲ့ ဥပါဒ်ခဏမှ စပြီးတော့ စိတ်ရဲ့ ခဏတိုင်း ခဏတိုင်း ဖြစ်တာ၊ နောက်ဆုံး စုတိစိတ်ကျခါနီးအထိ၊ စုတိစိတ်ကနေ ပြန်ရေလို့ (၁၇)ချက်မြောက် စိတ်ရဲ့ ဥပါဒ်ထိအောင် ဖြစ်ကြတယ်တဲ့၊ ဖြစ်ပြီးသား ကမ္မဇရုပ်က စိတ်ခဏ (၁၇)ချက် အသက်ရှည်မယ်၊ ဟုတ်တယ်နော်၊ ဒါကမ္မဇရုပ်တွေ ဖြစ်ချုပ်ကြပုံပဲ။

စိတ္တဇရုပ်

စိတ္တဇရုပ်ကျတော့ ဘယ်ကနေ စဖြစ်လာတုန်းဆိုရင် ပဋိသန္ဓေနောက်မှာ ပေါ်လာတဲ့စိတ်ကို ပထမဘဝင်စိတ်လို့ ခေါ်တယ်၊ အဲဒီ ပထမဘဝင်စိတ်ကလေးက စပြီး စိတ္တဇရုပ်တွေ ဖြစ်တယ်၊ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း စိတ်က ဥပါဒ်ခဏတိုင်းမှာ ရုပ်ကို ထုတ်လုပ်လိုက်တယ်၊ စိတ်ဟာ ဖြစ်လျှင်ဖြစ်ချင်း ရုပ်ကို ထုတ်လုပ်တာ၊ ဖြစ်နိုင်ပါ့မလားဆိုတော့ ဖြစ်တာပေါ့။ ကြည့်၊ ဖယောင်းတိုင်မီးလေး ထွန်းလိုက်လို့ရင် မီးတောက်ကလေး လင်းတာနဲ့ အလင်းရောင်ကို တစ်ခါတည်း မွေးထုတ်လိုက်တာပဲ မဟုတ်လား၊ ဒါတစ်ခါတည်း ထုတ်လိုက်တာပဲလေ၊ မီးတောက်ကလေး ပေါ်လာတာနဲ့ အလင်းက တစ်ခါတည်း ပါလာတာပဲ။

အဲဒီလိုပဲ စိတ်ကလေးပေါ်လာတာနဲ့ တပြိုင်နက် စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်က ဖြစ်လာတာပဲ၊ စိတ်ရဲ့ ဥပါဒ်တိုင်း ဥပါဒ်တိုင်း စိတ္တဇရုပ်တွေက ဖြစ်နေတယ်၊ သူက ဘယ်အထိ ထုတ်လုပ်သွားတုန်းဆို နောက်ဆုံးစိတ်အထိ စိတ္တဇရုပ်တွေ ထုတ်လုပ်တယ်၊ ဒါကြောင့် စုတိစိတ် ချုပ်ပြီးတဲ့နောက်တောင်မှပဲ စိတ္တဇရုပ်က အနည်းငယ် လှုပ်ရှားပြီး ကျန်နေတယ်၊ ပြီးမှ ချုပ်သွားတယ်တဲ့။

အာဟာရဇရုပ်

နောက်တစ်ခု၊ လူတွေစားတဲ့ အစာအာဟာရက ဖြစ်စေတဲ့ အာဟာရဇရုပ်က ဘယ်က စဖြစ်တာတုန်းဆို ခုနက သန္ဓေသား ကလေးဟာ အကောင်အထည် ပေါ်လာပြီဆိုရင် သူ့တံတွေးသူ မြိုတဲ့အချိန်ကစ (သို့) မိခင်နဲ့ ချက်ကြိုး တွယ်ထားတော့ မိခင်စားတဲ့ အစာအာဟာရသည် ချက်ကြိုးကနေ အဲဒီ သန္ဓေသား ကလေးဆီ ရောက်တဲ့အချိန်က စတယ်၊ ဒါကြောင့် သန္ဓေရှိတဲ့ မိခင်တွေဟာ ရေခဲမုန့်တွေစားရင် အထဲက ကလေး ချမ်းနေမယ်၊ မသက်သာ ဘူးနော်၊ ရေခဲမုန့်ကြိုက်တဲ့ မိခင်ရဲ့ကလေးက ချမ်းလွန်းလို့ တုန်နေမှာ၊ ငရုတ်သီးကြိုက်ရင်လည်း ဟိုလူမှာ စပ်လွန်းလို့ လူးလူးလွန့်လွန့် ဖြစ်နေမယ်။

ဒါကြောင့် သန္ဓေသားရှိတဲ့ မိခင်တွေဟာ သိပ်ပူလွန်းတဲ့ အစာလည်း ရှောင်ရတယ်၊ သိပ်အေးလွန်းတဲ့ အစာလည်း ရှောင်ရတယ်လို့ ပြောတာ၊ အထဲမှ သန္ဓေသား သွားထိခိုက်တယ်။

ယဉ္စဿ ဘုဥ္ဖတီ မာတာ၊ အန္နံ ပါနဉ္စ ဘောဇနံ။

တေန သော တတ္ထ ယာပေတိ၊ မာတုကုစ္ဆိဂတော နရော။

အမိဝမ်းထဲက ကလေးဟာ ချက်ကြိုးကနေ ဆက်သွယ်ပြီး အမေစားတဲ့ အစာတွနဲ့ မျှတရတယ်တဲ့၊ ဒါက အာဟာရဇ ရုပ်တွေ အဲဒီလို စ,ဖြစ်တယ်လို့ ပြောတယ်။

ဥတုဇရုပ်

ဥတုဇရုပ်ကျတော့ ဘယ်ကလာတုန်းဆိုရင် ဥတုဆိုတာ ကမ္မဇဥတုကို ပြောတယ်၊ ကမ္မဇရုပ်ဆိုတာ ခုနက ပဋိသေန္ဓေ စိတ်ကလေးနဲ့အတူ ကာယဒသကကလာပ်၊ ဝတ္ထုဒသကကလာပ်၊ ဘာဝဒသကကလာပ်ထဲမှာ တေဇောဓာတ်ပါတယ်၊ အဲဒီ တေဇောဓာတ်ဟာ ဥတုပဲ၊ အဲဒီ ဥတုဟာ ပဋိသန္ဓေစိတ်ရဲ့ ဌီခဏရောက်တဲ့အခါကျတော့ သူက ရုပ်အသစ်တွေကို စတင်ပြီး ထုတ်လုပ်ပြီ၊ ဌီခဏရောက်တိုင်း သူက ဥတုဇရုပ် အသစ်ကို ထုတ်လုပ်သွားတယ်။

ဒီလို ရုပ်နဲ့နာမ်ဆိုတာ တစ်ဘဝလုံး ဆက်ပြီးတော့ ဖြစ်နေတာ အာဟာရဇ ရုပ်တွေဟာ စုတိစိတ်ကျတာနဲ့ အနည်းငယ်လောက်ပဲ ဆက်ပြီး ရှင်သန်နိုင်တယ်၊ ဥတုဇရုပ်ကျတော့ အဲဒီလို မဟုတ်ဘူးတဲ့၊ သေလို့ သုသာန်ရောက်ပြီးတဲ့နောက် သဂြိုလ်ပြီးတဲ့ အထိ ပြာအထိတောင် ဥတုဇရုပ်က ရှိနေတယ်၊ ဒါကြောင့်မို့ ဗမာတွေ ရှေးတုန်းက ရေးကြတယ်၊ “ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်ကို” တဲ့ စာသံပေသံနဲ့ ရေးတာ၊ ခန္ဓာကိုယ်ထဲမှာ ကျန်ရစ်တာ ဥတုဇရုပ်တွေပဲ ကျန်ရစ်တာ၊ ကမ္မဇရုပ်တွေ ချုပ်သွားကုန်ပြီ၊ စိတ္တဇရုပ်တွေ ချုပ်သွားကုန်ပြီ၊ အာဟာရဇရုပ်တွေ ချုပ်သွားကုန်ပြီ၊ ကျန်ရစ်တာ ဥတုဇရုပ်ကြီး ကျန်ရစ်တယ်၊ အဲဒီ ဥတုဇရုပ်ကို သွားပြီးပို့ရတာ။

ဒါကြောင့် ရုပ်ကို လေ့လာ သုံးသပ်ခြင်းပါပဲ။ ရုပ်တွေ ဘယ်လို စတင် ဖြစ်ပြီး နောက်ဆုံး ဘယ်လို ချုပ်သွားကြတယ် ဆိုတာ မျက်မြင်ကိုယ်တွေ့ သိရှိ လေ့လာနိုင်ပါတယ်၊ ဒါ ဗုဒ္ဓမြတ်စွာရဲ့ အဘိဓမ္မာမှာ ရုပ်တရားနဲ့ ပတ်သက်ပြီး ဟောထားချက် ဒီထက်ပိုပြီးတော့ အသေးစိတ် လေ့လာချင်ရင် ဝိသုဒ္ဓိမာဂ်ကျမ်းတို့၊ အဘိဓမ္မာတ္ထသင်္ဂဟာကျမ်းတို့၊ ဋီကာကျော်ကျမ်းတို့ကို ဖတ်ရှုလေ့လာရမှာ ဖြစ်ပါတယ်။

ဒီကနေ့တော့ ရုပ်နဲ့ ပတ်သက်လို့ သိစရာလေးတွေ အတော်များများ စုံအောင် ဟောခဲ့တာ ဖြစ်ပါတယ်၊ ဒါကြောင့်မို့ ဒီရုပ်ခန္ဓာကိုယ်ကြီးရဲ့ သဘာဝတရားတွေကို အသေးစိတ် လေ့လာခြင်းဖြင့် ဘာအကျိုးရှိတုန်းဆို “သတ္တသညံ ဥဂါ္ဃဋေတိ” သတ္တဝါ ဆိုတဲ့ အတွေးကို ဖျောက်နိုင်ပါတယ်တဲ့။

သဘာဝတရားတွေဟာ သူ့ဟာသူ ဖြစ်နေတယ် ဆိုတဲ့အမြင်ကို မြင်လိုက်တာနဲ့ သတ္တဝါဆိုတာ မဟုတ်ဘူးဆိုတာကို ထင်ရှားစေတယ်၊ ဒါကြောင့် သတ္တဝါဆိုပြီး မှားနေတဲ့ သတ္တသညာ စိတ်ထဲမှာ စွဲနေတဲ့ အမှတ်သညာကြီး ပျောက်သွားအောင် ဗုဒ္ဓရဲ့ အဘိဓမ္မာအရ ရုပ်တရားတွေကို ဆင်ခြင်ခြင်းဖြင့် အမှန်တရားကို တွေ့ရှိနိုင်ကြပါစေကုန်သတည်း။

သာဓု - သာဓု - သာဓု

အခန်း (၃)

နာမ်တရားကို လေ့လာသုံးသပ်ခြင်း

လူဆိုတာ ရုပ်နာမ်နှစ်ရပ် ပေါင်းစပ်ထားတဲ့အရာ ဖြစ်တာမို့ ရုပ်ရဲ့ အကြောင်းကို လေ့လာ သုံးသပ်ပြီးတဲ့နောကမှာ နာမ်လို့ခေါ်တဲ့ သဘာဝတရားကို လေ့လာသုံးသပ်ဖို့ လိုအပ်ပါတယ်။

နာမ်အဓိပ္ပါယ်

“နာမ်” ဆိုတဲ့ စကားလုံးဟာ ပါဠိ “နာမ” ဆိုတဲ့ေျဝါဟာရကို မြန်မာမှု ပြုထားတာဖြစ်တယ်၊ “အာရုံရှိရာသို့ ညွတ်ကိုင်းခြင်း” လို့ အဓိပ္ပါယ်ရှိတယ်၊ အာရုံဘက်သို့ ဦးလှည့်ပြီး နောတက်တယ်၊ ဒါကြောင့်မို့ ဒီသဘာဝတရားကို နာမ-ဆိုတဲ့ အမည် ပညတ် တင်ပြီးတော့ ခေါ်ထားတာ။

နာမ- “နာမ်” လို့ဆိုတဲ့ ဒီစကားလုံးကို အင်္ဂလိပ်လို ‘mind’လို့ပြန်ရင် သာမာန်အားဖြင့် ခြုံငုံမိမယ်လို့ ဆိုနိုင်ပါတယ်၊ ရုပ်ခန္ဓာကိုယ်ကြီးကို ‘body’ လို့ ပြန်ပြီးတော့ အသိစိတ်ကို ‘mind’ လို့ ပြန်မယ်ဆိုလို့ရှိရင် ဒီကနေ့ ခေတ်မှာ အသုံးပြုနေတဲ့ ‘Mind, body’ ဆိုတာ ခြုံငုံမိပြီတော့ သွားမယ်၊ သို့သော် Mind လို့ ဆိုတဲ့အရာကို ဗုဒ္ဓမြတ်စွာက စိတ်ရယ်, စေတသိတ်ရယ်လို့ (၂)မျိုး ခွဲပြီး ဟောထားတယ်။

စိတ္တအဓိပ္ပါယ်

စိတ်ဆိုတာ ပါဠိစကား ‘စိတ္တ’ ဆိုတဲ့ စကားလုံးက ‘တ’ ဝမ်းကပူ တစ်လုံးကို ဖျောက်ပြီးတော့ ‘စိတ်’ လို့ မြန်မာလူမျိးတွေက အသုံးပြုကြတယ်၊ ဘာသာမပြန်ဘဲနဲ့ ‘စိတ္တ-စိတ်’ လို့ ပါဠိ စကားလုံး ကိုပဲ မြန်မာမှု ပြုပြီးတော့ သုံးလာခဲ့တာ၊ ရှေးယခင် ကတည်းက ရှေးမြန်မာလူကြီးတွေ အဘိဓမ္မာကို သင်ကြားတဲ့ အခါ စိတ္တ- စိတလို့ပဲ လွယ်လွယ်ကူကူ တစ်လုံးတည်းနဲ့ မှတ်လို့လါယ်အောင် သုံးခဲ့ကြတယ်။

ဒီကနေ့ခေတ် မြန်မာလူမျိုးတိုင်းဟာ စိတ်ဆိုတာကို သိနေကြပြီး မြန်မာစကားလုံး လိုဖြစ်နေပြီ၊ သို့သော် စိတ်ဆိုတာ ပါဠိဝေါဟာရက လာသည့်အတွက် ပါဠိအဓိပ္ပါယ် ဖွင့်ဆိုချက်နဲ့ပဲ မှတ်သားကြရမှာ ဖြစ်ပါတယ်။

ပါဠိအဓိပ္ပါယ် ဖွင့်ဆိုတာက ‘စိတ္တ’ ဆိုတဲ့ မူရင်းစကားလုံးကို “အာရမ္မဏံ စိန္တေတီတိ စိတ္တံ” အာရမ္မဏံ - အာရုံကို၊ စိန္တေတိ - ကြံစည်တက် သိတက်၏၊ ဣတိ တသ္မာ-ထို့ကြောင့်၊ စိတ္တံ- စိတ္တမည်၏၊ အာရုံကို သိတက် ကြံစည်တက်သောကြောင့် စိတ်၊ ဆိုလိုတာက အာရုံကို ရယူတက်တဲ့သဘောလေးကို ပြောတာ၊ ဒီတော့ စိတ်အကြောင်းကို သိချင်လို့ရှိရင် အာရုံဆိုတာ ဘာလဲဆိုတာကို သိဖို့ လိုလာတယ်။

ဒါကို မပြောခင် နာမ်အကြောင်းလေးတွေကို နည်းနည်းပြောမယ်၊ နညမ်သည် စိတ်ရယ် စေတသိတ်ရယ် (၂)ခု ပေါင်းထားတာဖြစ်တယ်၊ စိတ်ဆိုတာ အာရုံကို သိတက်တဲ့သဘော၊ အာရုံကို ရယူတက်တဲ့သဘောကို စိတ်လို့ခေါ်တယ်။

စေတသိကအဓိပ္ပါယ်

ဒါဖြင့် စေတသိက်ဆိုတာကျတော့ ဘာကို ခေါ်တာတုံး လို့ဆိုတော့ “စေတသိ ဘဝံ စေတသိကံ” စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့အရာကို ‘စေတသိက်’လို့ ခေါ်တယ်၊ စိတ်မပါဘဲနဲ့ စေတသိက်ဆိုတာ ဖြစ်လို့မရဘူး၊ ဒါကြောင့်မို့ ‘စေတသိ ဘဝံ စေတသိကံ’ စိတ်နဲ့ စပ်ပြီးမှာ ဖြစ်လို့ရတဲ့ သဘာဝတရားတွေ၊ အဲဒီ စိတ်,စေတသိက်(၂)ရပ် ပေါင်းစပ်ပြီးတော့ ‘နာမ်’ ဆိုတဲ့ ဝေါဟာရကို သုံးတယ်။

အဘိဓမ္မာမှာ စိတ်ကို ၈၉-မျိုး ခွဲခြားထားတယ်၊ အဲဒီ တော့ ဒီလောက်များတဲ့စိတ်တွေ ငါဘယ်လိုလုပ် မှတ်ရပါ့မလဲ လို့ မတွေးပါနဲ့နာ်၊ စိတ်တွေကို မြတ်စွာဘုရားက အဘိဓမ္မမှာ ခွဲခြားပြထားတာ အခြေအနေတစ်ခုကို ကြည့်ပြီးတော့ အမျိုးအစားပေါင်း ၈၉-မျိုးလို့ ဒီလို ခွဲထားတယ်။

အဲဒီ စိတ်နဲ့ စေတသိက် အသေးစိတ်တွေကို ဘုန်းကြီးတို့ ခန္ဓာကိုယ်ထဲမှာ လေ့လာကြရမှာ ဖြစ်ပါတယ်၊ အခုလို စိတ်၊ စေသသိက်(၂)ခုကို ပေါင်းပြီးတော့ ဒီကနေ့ နာမ်အကြောင်းကို လေ့လာတာဖြစ်တော့၊ နာမ်တရားတွေဟာ ဘယ်လိုဖြစ်လာကြတယ်၊ ဘယ်လိုပေါ်လာကြတယ်၊ ဘာကြောင့် ဖြစ်ပေါ်လာကြသလဲ ဆိုတာကို လေ့လာသိရှိဖို့ လိုအပ်တယ်။

ရုပ်အကြောင်းကို မနေ့က လေ့လာခဲ့ပြီးပြီ၊ လူ့ဘဝ ကာလလရေကြည် ကတည်းက စပြီးတော့ ရုပ်အပေါင်း ဘယ်လောက်နဲ့ ဖွဲ့စည်ထားတယ်၊ လူသား ပီပီပြင်ပြင် ဖြစ်လာလို့ ဒီကနေ့ မိမိရရှိထားတဲ့ ခန္ဓာကိုယ်မှာ ဘာတွေနဲ့ ဖွဲ့စည်းထားသလဲဆိုတာ မနေ့က အသေးစိတ် ပြောထားပြီးပြီ၊ ရုပ်အကြောင်း ကို ကြားပြီကြပြီ။

ဒီကနေ့ နာမ်ဆိုတာကို ခြုံငုံပြီးတော့ ပြောမယ်၊ နောက် လာမယ့် ရက်တွေကျရင် စိတ်အကြောင်းတို့ စေတသိတ်အကြောင်းတို့ကို ပြောမယ်၊ အဲဒါတွေက ပိုပြီးတော့ အရေးကြီးတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ လူတွေဟာ နေ့စဉ် လှုပ်ရှားသွားလာ ဆောင်ရွက်နေကြတဲ့အခါမှာ ဟောဒီ စိတ်စေတသိက်တွေရဲ့ ဖြစ်ပေါ်လာတဲ့ စွမ်းအားအတိုင်း လူတွေဟာ လှုပ်ရှား သွားလာနေကြတာဖြစ်လို့ သိဖို့ အရေးကြီးတယ်။

အပြစ်ကင်းတဲ့ သဘောလား၊ အပြစ်မကင်းတဲ့ သဘောလား၊ ကိုယ့်စိတ်ထဲမှာ ဖြစ်တာ ဒီအတိုင်းပဲ၊ ကောင်းတာ ဖြစ်သလို မကောင်းတာလည်း ဖြစ်တယ်ဆိုတာတွေကို အသေးစိတ် လေ့လာဖို့လိုတယ်၊ ဒါဖြင့် မကောင်းတာတွေ ဖြစ်လာရင် ဘယ်လို တားဆီးရမလဲ၊ ကောင်းတာတွေ ဖြစ်လာရင် ထပ်ဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာ ဒါတွေဟာ သိပ် သိထိုက်တယ်။

ဒီ သဘာဝတရားတွေ အားလုံးကို အဘိဓမ္မာ (၇)ကျမ်းမျာ ဘုရားရှင် ဟောထားတယ်။ သို့သော် စာအုပ်ထဲက အရာကို တွေးပြီး ကြည့်ရမှာ မဟုတ်ဘူး၊ ကိုယ့်သန္တာန်မှာ ရှိတာတွေကို သိရမှာ၊ ရှိနေတာနဲ့ ရှိနိုင်တာ ဒီနှစ်မျိုးတော့ ရှိတာပေါ့၊ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အရာထက် ရှိနိုင်တာတွေကို မြတ်စွာဘုရားက ခွဲပြီးတော့ ဟောကြားထားတယ်။

ဒီနာမ်တရားတွေကို လေ့လာကြည့်လိုက်ရင် ဆိုလို့ရှိရင် ခန္ဓာကိုယ်ဟာ ရုပ်နာမ်(၂)ရပ် ပေါင်းစပ်ထားတဲ့ အရာသာ ဖြစ်တယ်၊ ခန္ဓာငါးပါးနဲ့ ပြောမယ်ဆိုရင် ရူပက္ခန္ဓာ တဲ့၊ ရုပ်ခန္ဓာတွေ ဒီအကြောင်းကို (၂)ရက်တိတိ အကျဉ်းချုံးပြီးတော့ ဟောခဲ့တယ်နော်။

နာမက္ခန္ဓာ ၄-ပါး

အခု နာမ်အကြောင်းကို ပြောချင်လို့ရှိရင် ခန္ဓာနဲ့ ပြောရမယ်၊ ခန္ဓာနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ ဒီ ခန္ဓာလေးမျိုး အကြောင်းကို ဟောရမှာပဲ၊ အဲဒီ ခန္ဓာ(၄)မျိုးကို ပေါင်းစပ်ပြီး အကျဉ်းချုပ် ခေါ်လိုက်ရင် နာမ်လို့ ခေါ်ရတယ်။

အဲဒီတော့ ခံစားတာလည်း နာမ်ပဲ၊ မှတ်သားတာလည်း နာမ်ပဲ၊ စိတ်ထဲမှာဖြစ်နေတဲ့ စိတ်ရဲ့ခံစားမှုတွေ၊ စိတ်ထဲက မှတ်သားမှုတွေ၊ စိတ်ထဲက လှုံဆော်မှုတွေ၊ စိတ်ထဲက သိရှိနေမှုတွေ အားလုံးကို ခန္ဓာနဲ့ ပြောမယ်ဆိုရင် ဒီ(၄)မျိုးကို နာမ်လို့ ပြောရမယ်။

ဒါဖြင့် ရုပ်ခန္ဓာကိုယ်ကြီး ရှိနေတာကိုတော့ လူတိုင်း သိနေကြပြီ၊ မိခင်ရဲ့ ဝမ်းတွင်းမှာ ကလလရေကြည်က စလာတဲ့ ဒီရုပ်တရားတွေဟာ ကိုယ့်သန္တာန်မှာ ဒီနေ့အထိ ဆက်လက် ဖြစ်ပေါ်နေတယ်ဆိုတာ အားလုံး သိနိုင်ကြတယ်၊ တွေ့နိုင်ကြမြင်နိုင်ကြတယ်။

နာမ်ဖြစ်ပေါ်ပုံ

ဒီကနေ့ လေ့လာရမှာ နာမ်လို့ပြောတဲ့ စိတ်နဲ့ စေတသိက် ၂-ခု၊ ဒီနှစ်ခုကလည်းပဲ ခွဲလို့ မရအောင် တွဲနေတဲ့အရာနှစ်ခုပဲ၊ ဆိုင်ရာ ဆိုင်ရာ စိတ်တွေ ပေါ်တိုင်း ပေါ်တိုင်း ဆိုင်ရာဆိုင်ရာ စေသိတ်တွေနဲ့ group လိုက်၊ အစုလိုက် ဖြစ်နေတာ၊ တစ်ခု တည်း ဘယ်တော့မှ မဖြစ်ဘူးနော်။

လူတွေက စိတ်ဆိုးတယ်လို့ ပြောရင် စိတ်တစ်ခုတည်းလို့ ထင်တယ်၊ စိတ်တစ်ခုတည်း မဟုတ်ဘူး၊ စိတ်ဆိုတယ် ဆိုတဲ့ အထဲမှာ သဘာဝတရားပေါင်း(၂၂)မျိုး ရှိနိုင်တယ်၊ စိတ်တစ်ခု တည်းနဲ့ စိတ်မဆိုးတက်ဘူး၊ အဲဒီ သဘာဝတရား (၂၂)မျိုးထဲက တစ်ခုကို ခေါင်းတပ်ပြီးတော့ စိတ်ဆိုးတယ်လို့ ပြောတယ်၊ အဲဒီ ကိုယ့်သန္တာန်မှာ သဘာဝတရားတွေကို သိရှိ နားလည်နိုင်အောင်၊ ဘယ်ပုံဖြစ်ပြီး၊ ဘယ်ပုံ အလုပ်လုပ် နေကြသလဲ သိရမယ်၊ စုပေါင်းပြီး အလုပ်လုပ်တယ်ဆိုတာ အလွန်ထင်ရှားတယ်။

စိတ်လို့ ပြောရင်လည်း စေတသိက် ပါတယ်ဆိုတာကို နားလည်ထားရမယ်၊ စိတ်စေတသိက် ခွဲခြားပြီး ပြောတဲ့အခါမှသာ စိတ်နဲ့စေတသိက် တစ်ခြားစီလို့ ဒီလိုမှတ်ရမယ်၊ လူတွေပြောနေတဲ့ “ငါ စိတ်ဆိုးတယ်၊ စိတ်မကောင်းဘူး၊ စိတ်ညစ်တယ်” လို့ပြောတာ စေတသိက်တွေနဲ့ ပြေနေကြတာ။ ဒါကြောင့် စိတ်လိုပြောလိုက်ရင် စေတသိက်လည်းပါတယ်၊ တစ်ခါတစ်ခါ နာမ်လို့ပြောရင်လည်း စိတ်စေတသိက် နှစ်ခုပေါင်း ပြောတာ၊ စိတ်လို့ပြောရင်လည်း စိတ်စေတသိက် နှစ်ခုပေါင်းကို ပြောတယ်လို့ ဒီလိုမှတ်ရလိမ့်မယ်။

လမ်းလျှောက်တာကိုပဲ ကြည့်၊ သဘာဝချင်း မတူတဲ့အရာတွေ နှစ်ခုပေါင်းပြီး အလုပ် လုပ်နေတယ်ဆိုတာကို အကြမ်းဖျင်း အားဖြင့် ပြောလို့ရှိရင် သိနိုင်တယ်၊ လမ်းလျှောက်တယ် ဆိုတဲ့ အခါမှာ တစ်လှမ်းပြီး တစ်လှမ်း လျှောက်တာ ခြေထောက်က လျှောက်တာ မဟုတ်လား၊ ခြေထောက်တွေပဲ ရှိမယ်၊ မျက်စိတို့ ဘာတို့မပါဘူး၊ စိတ်တို့ ဘာတို့ မပါဘူးဆိုရင် ခြေထောက်ချည်းပဲ လျှောက်နိုင်ပါ့မလား၊ စိတ်က ကြံတွေ ပေးရတယ်၊ မျက်စိက လမ်းကို ကြည့်ပေးတယ်၊ အကြမ်းဖျင်း ပြောတာနော်၊ စိတ်က ကြံတွေးပြီးတော့ သိနေတယ်၊ လျှောက်မယ့်လမ်းကို အရင်မျက်စိက ကြည့်ပေးတယ်၊ ခြေထောက်က လျှောက်တယ်၊ ခြေထောက်က ငါ လျှောက်နေတာ ပါလားလို့ မသိဘူး၊ မျက်စိကလည်း ငါလမ်းကို ကြည့်နေတာပါလားလို့ မသိဘူး၊ သိတာ က စိတ်ကလေးပဲ။

ဒါ ပေါင်းစပ်ပြီး အလုပ် လုပ်နေတယ်ဆိုတဲ့ သဘောတရားကို ပြောတာ၊ စိတ်ချည်း ရှိနေယုံနဲ့လည်း လမ်းလျှောက်လို့ မရဘူး၊ မျက်စိချည်း ရှိနရုံနဲလည်း လမ်းလျှောက်လို့ မရဘူး၊ မျက်စိရဲ့ တာဝန်က ကြည့်ပေးရတဲ့ တာဝန်၊ ခြေထောက်ရဲ့ တာဝန်က တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်ပေးရတဲ့ တာဝန်၊ ဒါဖြင့် ကျန်တဲ့ ခန္ဓာကိုယ်တွေက ဘာမှ မလုပ်ဘူးလား ဆိုတော့ သူတို့က balance ဖြစ်အောင် ထိန်းပေးနေတာပေါ့၊ သူတို့ မပါဘဲနဲ့ ခြေထောက်ချည်းပဲ ရှိလို့မှ မဖြစ်တာကိုး၊

အဲဒီတော့လက် ကလေးတွေက စပြီး ရှေ့ကို ရွေ့အောင်လို့ ဆိုပြီးတော့ လွှဲယမ်းပေးနေရတာ၊ ဒီခန္ဓာကိုယ်မှာ ရှိတဲ့ အစိတ်အပိုင်းတွေဟာ စုပေါင်းပြီးတော့ အလုပ်လုပ်နေကြတာ၊ မျက်စိက ကြည့်ရုံ ကြည့်နိုင်တာ၊ လမ်းလျှောက်နိုင်ဘူး၊ ခြေထောက်ကလည်း လမ်းပဲ လျှောက်နိုင်တာ မကြည့်နိုင်ဘူး၊ နှစ်ခုပေါင်းစပ်လိုက်တဲ့ အခါမှာ လမ်းလျှောက်မှုဆိုတာ ပေါ်လာတာ မဟုတ်လား။

တို့တစ်တွေရဲ့ ခန္ဓာကိုယ်ကြီးဟာ ရုပ်နဲနာမ် သဘာဝနှစ်ရပ် ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတယ်ဆိုတဲ့ သဘောတရားကို သိဖို့လိုတာပေါ့၊ နာမ်ဆိုတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ၊ ခန္ဓာကိုယ်ထဲမှာ ရှိနေတာလား၊ နှလုံးသားထဲမှာ အမြဲတမ်း ရှိနေတာလား၊ သို့မဟုတ် ဦးနှောက်ထဲမှာ ရှိနေတာလားလို့ မေးစရာရှိတယ်၊ ဒီကနေ့ ပညရှင်လို့ ခေါ်ကြတဲ့ အချို့ ပါမောက္ခကြီးတွေက ဦးနှောက်ကိုပဲ စိတ်လို့ ခေါ်ကြတာတောင် ရှိတယ်။

စိတ်နဲ့ ဦးနှောက်

ဘုန်းကြီးတို့ ပြီးခဲ့တဲ့ မေလက ဂျာမနီနိုင်ငံနားက Austria ဆိုတဲ့နိုင်ငံ ရောက်ခဲ့တယ်၊ အဲဒီနိုင်ငံမှာ ဗီယင်နာ တက္ကသိုလ်ဆိုတာ ရှိတယ်၊ မြန်မာပြည် မင်းတုန်းမင်းခေတ် လောက်က တည်ထားတဲ့ တက္ကသိုလ်ကြီးပေါ့၊ အင်မတန် ရှေးကျတယ်၊ နာမည်လည်း အတော်ကြီးတယ်၊ အဲဒီ တက္ကသိုလ်က ထူးချွန်တဲ့ ပါမောက္ခကြီး ၉-ယောက်၊ နိုဘယ်(လ်)ဆု ရထား တာရှိတယ်၊ အင်မတန် ထူးခြားတဲ့ ပါမောက္ခကြီးတွေ၊ ပညာရှင်ကြီးတွေ အဲဒီ တက္ကသိုလ်ကြီးက မွေးထုတ်ပေးတယ်၊ တက္ကသိုလ် အဆောက်အအုံကြီးကလည်း အင်မတန် ကြီးတယ်။

အဲဒီ တက္ကသိုလ်ကြီးက လွန်ခဲ့တဲ့ ၂-နှစ်လောက်ကတည်းက ဘုန်းကြီးတို့ကို ဖိတ်တယ်၊ ဘုန်းကြီးတို့လည်း အချိန်မပေးနိုင်တာနဲ့ ဒီနှစ်တော့ မေလ (၂၀)ရက်နဲ့ (၂၁)ရက်မှာ စိတ်အကြောင်း ဟောပြောဖို့ ဖိတ်တာနဲ့ အဲဒီသွားပြီး စိတ်အကြောင်း ဟောပြောတယ်၊ လူကန်တော့ သိပ်မများပါဘူး၊ လူ (၂၀)လေက်ပဲ ရှိပါတယ်၊

လာတက်တဲ့ လူတွေက ပါမောက္ခ ကြီးတွေ၊ အဲဒီတက္ကသိုလ်မှာ ဆရာလုပ်နေတဲ့ ပုဂ္ဂိုလ်တွေ များတယ်၊ ဘာသာကတွေ ခရစ်ယာန်တွေပဲ များပါတယ်၊ အဲဒီမှာ ဘုန်းကြီးက မေးခွန်းတစ်ခုကို မေးတယ်၊ စိတ်အကြောင်း ဟောပြီးတော့ စိတ်ဆိုတာ ဘယ်နေရာမှာ ရှိသလဲလို့၊ identify လုပ်နိုင်သလားလို့ မေးလိုက်တော့ အဲဒီထဲက Psychology ပါမောက္ခတစ်ယောက်ပါလာတယ်၊

သူက ဦးနှောက်ထဲမှာ ရှိတယ်လို့ ဖြေတယ်၊ ဦးနှောက်ထဲမှာ ရှိတယ်လို့ ဖြေလိုက်တော့၊ ဘုန်းကြီးက စိတ်ဟာ တကယ်ပဲ ဦးနှောက်ထဲမှာ ရှိနေသလား၊ မရှိဘူးလား ဆိုတာ သိဖို့ ဥပမာလေးတစ်ခု ပြောရအောင်ပေါ့။

ဂီတာထဲမှာ အသံဆိုတာ ရှိနေသလား မေးတော့ မရှိဘူးလို့ ဖြေကြတယ်၊ အေး -အဲလိုပဲ မရှိသလို ဦးနှောက်ထဲမှာလည်း စိတ်ရှိနေတာ မဟုတ်ဘူးလို့၊ သူတို့က ဦးနှောက်ထဲကိုပဲ စိတ်လို့ ယူဆတာ၊ ဦးနှောက်ရဲ့ လှုပ်ရှားမှုတွေကို စိတ်လို့ ယူဆတာဆိုတာကို နောက်တော့ သိလာရတယ်။

စိတ်ဆိုတာ အကြောင်းရှိမှ ဖြစ်တာ

နောက်ပိုင်းကျတော့ ဗုဒ္ဓအဘိဓမ္မာအရ စိတ်ဆိုတာဟာ ရှိနေတာ မဟုတ်ဘူး၊ မီးခြစ်ဘူးထဲမှာ မီးရှိမနေဘူး၊ သို့သော် အကြောင်းဆုံတဲ့အခါ မီးလေး ပေါ်လာသလိုပဲ၊ ဂီတာထဲမှာ အသံတွေ ရှိနေတာ မဟုတ်ဘူး၊ တီးခတ်လိုက်တယ် ဆိုတဲ့ အကြောင်းဆုံတဲ့အခါ အသံလေး ပေါ်လာတာလို့၊ အဲဒီ ဥပမာလေးတွေနဲ့ ရှင်းပြီး ပြောတဲ့အခါကျတော့ နောက်ပိုင်းမှာတော့ အဲဒီ Psychology ပါမောက္ခကြီး သူတို့ Psychology အယူအဆနဲ့ ဗုဒ္ဓအယူအဆ မတူညီဘူး ဆိုတာလေးကို သူ သဘောပေါက်သွားတယ်၊ ဘုန်းကြီးက သူ့ကို အထူးအားဖြင့် ဝမ်းပန်းတသာ နှုတ်ဆက်ပြီးတော့ ပြောတယ်၊ သူကလည်း ဝမ်းပန်းတသာ ဖြစ်သွားတယ်။

ပထမတော့ ဒီလိုအသိုင်းအဝိုင်းမှာ မေးလိုက်တော့ သူအံ့အားသင့်သွားတယ်၊ ကြောင်သွားတယ်ပေါ့၊ အသံ မရှိဘူးဆိုရင် ဦးနှောက်ထဲမှာလည်း စိတ်မရှိဘူးဆိုတဲ့အဖြေ ဖြစ်သွားတာကိုး၊ တကယ်တော့ မရှိဘူး၊ ဒါပေမယ့် လူတွေက ထင်နေတယ်၊ စိတ်ဟာ အမြဲတမ်း ကိုယ်ထဲမှာရှိနေတယ်၊ ဦးနှောက်ထဲမှာ ရှိနေတယ်၊ သို့မဟုတ် နှလံးသားထဲမှာရှိ နေတယ်လို့ ထင်နေကြတယ်။

နာမ်တရား ဖြစ်ပေါ်ပုံ

သို့သော် ဗုဒ္ဓရဲ့ အဘိဓမ္မာအရ စိတ်ဆိုတာ ရှိနေတဲ့ အရာ မဟုတ်ဘူး၊ ဖြစ်လာတဲ့ အရာသာဖြစ်တယ်လို့ ဒီလိုပြောရတယ်၊ “အသိစိတ်ဆိုတဲ့ နာမ်တရားလေးဟာ ဒီ ရုပ်ထဲမှာ ရှိနေတာလား” လို့ ဆိုရင် ရှိနေတာ မဟုတ်ဘူးလို့ သိရမယ်၊ ဒါဖြင့် နာမ်တရားဟာ ဘယ်ပုံဘယ်နည်းနဲ့ ဒီလူတွေရဲ့ သန္တာန်မှာ ဖြစ်လာတာတုန်းလို့မေးရင် မြတ်စွာဘုရားက နာမ်တရားတွေ ဖြစ်ပေါ်ဖို့ ဆိုင်ရာ ဆိုင်ရာ အကြောင်းတွေ ရှိတယ်လို့ ဟောထားတယ်။

ဒါကြောင့် နာမ်တရား ဖြစ်ပေါ်ပုံ လေ့လာကြည့်ရအောင်၊ သူက ရှိနေတဲ့အရာ မဟုတ်ဘူး၊ ဖြစ်လာတဲ့အရာသာ ဖြစ်တယ်၊ ဝိသုဒ္မိမဂ်မှာ စည်ကိုတီးလိုက်တဲ့အခါ သံထွက်သလာသလိုပဲ၊ စည်ဆိုတဲ့ ရုပ်တရားနဲ့ လက်ဆိုတဲ့ ရုပ်တရားချင်း ထိတွေ့မှုကို အကြောင်းပြုပြီးတော့ နာမ်ဆိုတာ ပေါ်လာတာပါတဲ့။

နာမ်ဆိုတာ ပေးလာတဲ့တရား ဖြစ်လာတဲ့တရား၊ ရှိနေတဲ့ တရား မဟုတ်ဘူးလို့ ဒီလိုပြောတာ၊ ရှိနေတယ်ဆိုတာ အထဲထဲမှာ သိုလှောင်ထားတာမျိုး၊ ဘယ်လိုနည်းနဲ့ ရှိရှိ၊ ရှိနေတာ မဟုတ်ဘူး၊ ‘substance’ အနေနဲ့ မရှိဘူးလို့ ပြောတာ။

သို့သော် နာမ်ဖြစ်ဖို့ အနေအထား potentiality possibility တော့ ရှိတာပေါ့၊ အသံဖြစ်စေနိုင်တဲ့ အနေအထားရှိမှ အသံထွက်တယ်၊ အသံထွက်နိုင်တဲ့ အနေအထားမရှိရင် အသံ မထွက်နိုင်ဘူး၊ လက်နဲ့စည်နဲ့ တီးခတ်မှဆိုတဲ့ အကြောင်းတရားတွေ ပေါင်းဆုံလိုက်တဲ့ အခါမှ စည်သံလေး ပေါ်ထွက်လာတယ်။

စောင်းသံဥပမာ

စောင်းတီးရင်လည်း ထို့အတူပဲ၊ လက်နဲ့ စောင်းကြိုးနဲ့ ထိတာဟာ အကြောင်းတရား၊ အကြောင်းတရား မဟုတ်ဘူးဆိုရင် စောင်းထဲမှာ အသံသွင်းထားရမယ်၊ ဥပမာ- ကက်ဆက်နဲ့ အသံသွင်းထားတာမျိုးဆိုရင် တစ်သံတည်းပဲ တစ်မျိုးတည်ပဲ ထွက်မှာ ဖြစ်တယ်၊ ပထမလုပ်ထားတဲ့ အသံအတိုင်းပဲ၊ နောက်ထပ် အသံစုံအောင် တီးလို့ရမှာ မဟုတ်ဘူး၊

အဲဒီလို မဟုတ်ဘဲ ကြိုက်သလို အသံတွေ မျိုးစုံရအောင် တီးနေကြတာလေ၊ ဒီသီချင်းသွားလေး တီးရင် ဒီအသံထွက်တယ်၊ ဟိုသီချင်းသွားလေး အလိုက် တီးရင် ဟိုအသံ ထွက်တယ်၊ အကယ်၍ သံတွေကို inatall လုပ်ထားတယ်ဆိုရင် ရှိနေတဲ့ အသံပဲ ထွက်မှာဖြစ်တယ်၊ အမျိုးစုံ ထွက်ဖို့ မဖြစ်နိုင်ဘူး။

မီးခြစ်ထဲက မီးဥပမာ

ဒီလိုပဲ ဂက်(စ်)မီးခြစ်မှာလည်း မီးခြစ်ထဲမှာ ဂက်(စ်)ရှိဖို့ လိုတယ်၊ ဘီးလေးနဲ့ အောက်မှကျောက်နဲ့ ဖိပွတ်လို့ရှိရင် မီးထွက်နိုင်တဲ့ အခြေအနေမျိုး ရှိရမယ်၊ ဒီလို ကိရိယာ စုံစုံလင်လင်ရှိနေခြင်းကို potentiality possibility ဖြစ်နိုင်တဲ့ အနေအထားလို့ ပြောတာ၊ အဲဒီလိဖြစ်နိုင်တဲ့ အနေအထားမှာ နောက်ထပ် အကြောင်းတစ်ခု ပေါင်းစပ်ပေးလိုက်တယ်၊ ဖိပြီးတော့ ပွတ်ခြစ်ခြင်းဆိုတဲ့ အကြောင်းတခု၊ ဖိပြီး ခြစfလိုက်တာနဲ့ တစ်ပြိုင်နက် မီးလေးပွင့်လာတယ်။

မျိုးစေ့သတ္တိဥပမာ

အဲဒီတော့ လူရဲ့ သန္တာန်မှာ စိတ်တွေ ဘာကြော့် ဖြစ်နေတုန်းဆိုရင် ပင်ကိုယ်ကနေ စိတ်ဖြစ်နိုင်တဲ့ အကြောင်းတရား တွေရှိတယ်၊ ဥပမာ-မျိုးစေ့လေးကို ကြည့်ရောအင်။

မျိုးစေ့လေးထဲမှာ အပင်ပေါက်နိုင်တဲ့ သတ္တိတွေ ရှိမနေဘူးလား၊ သို့သော် အပင် ရှိနေသလား၊ မရှိဘူး၊ မရှိဘူးဆိုတာ သေချာတယ်၊ မယုံရင် ခွဲကြည့်လေ၊ ဘယ် မျိုးစေ့ထဲမှာ မှ အပင်တို့ အမြစ်တို့ အရွက်တို့ အသီးတို့ဆိုတာ ရှိနေတာမှ မဟုတ်တာ၊ သို့သော် ကျောက်တုံးထဲမှာတော့ potentiality မရှိဘူး၊ ‘condition’ မစုံဘူး၊ အကြောင်းတရား မစုံဘူး၊ အပင်ပေါက်နိုင်တဲ့ energy စွမ်းရည်သတ္တိ အခြေအနေကို က မရှိဘူး၊ မျိုးစေ့ လေးကန်တော့ ကျောက်တုံးနဲ့ မတူဘူး၊ ခုနက အမြစ်ထွက်နိုင်တဲ့ အခြေအနေတွေ၊ အသီးထွက်နိုင်တဲ့ အခြေအနေတွေ၊ အပွင့် ဖြစ်နိုင်တဲ့ အခြေအနေတွေ စွမ်းရည်တွေ သူ့ထဲမှာ ရှိနေတယ်၊ ကျောက်တုံးထဲမှာတော့ မရှိဘူး။

အဲဒါမျိုးလိုပဲ၊ လူရဲ့ခန္ဓာကိုယ် တည်ဆောက်ထားတဲ့ ရုပ်တွေ၊ အဲဒီရုပ်တွေဟာ အကောင်းတစ်ခုခုနဲ့ ပေါင်းစပ်လိုက်လို့ ရှိရင် နာမ်တရားဖြစ်ပေါ်လာဖို့ အခြေအနေတွေ ရှိနေတယ်လို့ ပြောလို့ ရမယ်ပေါ့၊ သို့သော် နာမ်တရားတွေ အထဲထဲမှာ သိုမှီး ထားပြီးတော့ ရှိနေတာ မဟုတ်ဘူးဆိုတာကို သဘောပေါက်ရမယ်။

ကိုယ်တိုင် သိမြင်နိုင်

ဗုဒ္ဓရဲ့ တရားတော်တွေကို သန္ဒိဋ္ဌိကော ကိုယ်တိုင်မြင်လို့ ရတယ်၊ ဒါ ယုံရမယ်လို့ မြတ်စွာဘုရားဟောတာ မဟုတ်ဘူး၊ ဗုဒ္ဓတရားတေ်မှာ သဒ္ဓါ ဆိုတာ မလိုအပ်ဘူးလား၊ လိုအပ်တယ်၊ ဘာအတွက် လိုအပ်တာလဲဆိုလို့ရှိရင် သဒ္ဓါ ဆိုတဲ့ ယုံကြည်ချက် ရှိမှ ဗုဒ္ဓမြတ်စွာနဲ့ တွေ့မယ်၊ တွေ့တဲ့အခါကျတော့ သဒ္ဓါဆိုတဲ့ ယုံကြည်ချက်က ဒီလောက် အဆုံးအဖြတ်မပေးဘူး၊

ပညာ ဆိုတာက အဆုံးအဖြတ် ပေးသွားတယ်၊ understanding ဆိုတဲ့ အမှန်သိသွားဖို့က ပိုအရေးကြီးတယ်၊ သဒ္ဓါ ဆုံမိအောင် ဖန်တီးပေးတဲ့ အကြောင်းတရားလောက်ပဲ ဖြစ်တယ်၊ ဒီယုံကြည်မှုကို အခြေခံတယ်၊ ယုံကြည်မှုက ဆုံးဖြတ်တာလား မေးရင် ယုံကြည်မှုက ဆုံးဖြတ်တာ မဟုတ်ဘူး၊ ဆုံးဖဖြတ်နိုင်တာက ပညာပဲ၊ သူ့ဟာနဲ့ သူနော်။

ဒါကြောင့်မို့ ဗုဒ္ဓရဲ့ တရားတော်က အမှန်သိဖို့ပဲ အဓိကထားတယ်၊ ယုံဖို့ အဓိကထားတာ မဟုတ်ဘူး၊ ယုံဖို့က ဒီနေရာရောက်အောင် ပို့ဆောင်ပေးတာမျှသာ ဖြစ်တယ်၊ အမှန်သိဖို့ ဆိုတာ ပညာနဲ့သာ သွားရတယ်။

စိတ်၏မှီရာ ဝတ္ထုရုပ် ၆-ပါး

မြတ်စွာဘုရားက သုတ္တန်တရားတွေမှာ ဘယ်လို ဟောထားတုန်း၊ အသိစိတ်ကကော ဘယ်လိုပေါ်လာသလဲ၊ အသိစိတ်ပေါ်ဖို့ရာ အကြောင်းတရားတွေ အခြေအနေတွေက ဘာတွေတုံးလို့ မေးရင် စိတ်ဟာ ဘယ်ကနေ ဖြစ်လာတာလဲ၊ ဘာကို အမှီပြုပြီးတော့ ဒီစိတ်ကလေး ဖြစ်ရတာလဲဆိုတာ သိရအောင် ဝတ္ထုရုပ် ၆-ပါးဆိုတာ အရင် လေ့လာရမယ်၊ မနေ့တုန်းက ဝတ္ထုရုပ်လို့ ဘုန်းကြီး မပြောခဲ့ဘူးနော်၊ အဲဒီ ရုပ်တရားထဲကပဲ ပြန်ပြီးတော့ ပြောမယ်။

စက္ခုပသာဒ-မျက်စိအကြည်ကလေးက ဒါစိတ် ဖြစ်ပေါ်ဖို့ အတွက် base လေးတစ်ခုပဲ၊ မျက်စိပသာဒရုပ် မကောင်းတော့ဘူးလို့ဆိုရင်လည်း မြင်ပြီးသိတဲ့စိတ် မဖြစ်နိုင်ဘူး၊ ဒါကြောင့် မျက်စိအကြည်လေးဟာ မြင်သိစိတ် ဖြစ်ဖို့အတွက် အခြေခံလေး တစ်ခုလို့ ပြောတာ၊ စက္ခုဝတ္ထုရုပ်လို့ ခေါ်တယ်။

သောတပသာဒ-နားအကြည်လေးကလည်းပဲ အသံကို သိတဲ့စိတ်ဖြစ်ဖို့ အခြေခံလေးတစ်ခုပဲ၊ အကယ်၍ နားကန်းသွားမယ်၊ ဒီပသာဒရုပ် မရှိဘူးဆိုလို့ရှိရင် နားအကြည်ရုပ်ကလေးဟာ ကြားပြီးတော့ သိစိတ်ဖြစ်ဖို့ရာ အခြေခံတစ်ခု၊ သောတဝတ္ထုရုပ်။

နှာခေါင်းပေါက်ရှိတဲ့ ဃာနပသဒရုပ် ကလေးဟာ အနံ့ကို သိတဲ့စိတ်ဖြစ်ပေါ်ဖို့ အခြေခံတစ်ခု၊ ဃနဝတ္ထုရုပ်။

ဇိဝှာပသာဒ ဆိုတဲ့ လျှာအကြည်ရုပ်ကလေးဟာ အရသာ သိတဲ့စိတ် ပေါ်ဖို့အတွက် အခြေခံတစ်ခု၊ ဇိဝှါဝတ္ထုရုပ်။

ခန္ဓာကိုမှာ အနှံ့တည်ရှိနေတဲ့ senstivite လို့ ပြောချင်ပြောပေါ့၊ ဘယ်နေရာပဲဖြစ်ဖြစ် ထိရင်သိတဲ့ နေရာလေးပဲ၊ အဲဒီ ကာယပသာဒရုပ်တွေဟာ ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့နေတာ ဖြစ်သောကြောင့် ဘယ်နေရာ ထိလိုက် ထိလိုက် အသိစိတ် ကလေးတွေ မပေါ်ဘူးလား၊ ထုံသွားတဲ့အခါမှာရော အသိစိတ်ပေါ်သေးလား၊ မပေါ်တော့ဘူးလား၊ ပသာဒရုပ် ပျက်သွားရင် ဘယ်လို ထိထိ မသိတော့ဘူး၊ ဆံပင်မှာ အဖျားကလေးကို ကိုက်ရင် မသိဘူး၊ အရင်းကိုကိုင်မှ သိတယ်၊ အဖျားကလေးကို ကိုက်ရင် မသိဘူး၊ အရင်းကိုင်မှသိတယ်၊ အဖျားကလေးကျတော့ ကယပသာဒ မရှိတဲ့ နေရာမို့ သူက အသိစိတ် မပေါ်နိုင်တော့ဘူး၊ အဲဒါကြောင့်မို့ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပျံ့နှံ့ပြီးတော့ နေတာဟာ ဘယ်နေရာကို ကြည့်လိုက် ကြည့်လိုက် ဘယ်နေရာလေးကို လက်ကလေးနဲ့ တို့လိုက် တို့လိုက် ထိတယ်ဆိုတာ သိလာတယ်၊ အဲဒီ အသိစိတ်ကလေးတွေ ပေါ်ဖို့ရာအတွက် ဒီ ကာယပသာဒဟာ အခြေခံရုပ် တစ်ခုပဲ၊ ကာယဝတ္ထုရုပ်။

စိတ်ဖြစ်လာပုံ

စိတ်ကလေးတွေ ပေါ်လာတာကို ကြည်၊ မြင်သိစိတ် တဲ့၊ မြင်သိစိတ်လို့ ပြောတာ၊ ဒါနာမ်တရားကို ပြောတာ၊ စတ်ရော စေတသိတ်ရော နှစ်ခုလုံးပါတယ်၊ ကြားသိစိတ်တဲ့၊ နံသိစိတ်တဲ့၊ လျက်သိစိတ်၊ ထိသိစိတ်တဲ့၊ ဟောဒိစိတ်ကလေးတွေဟာ ထဝရ ရှိနေတာ မဟုတ်ဘူး၊ ဒါကြောင့်မို့ စိတ်ရဲ့ အခြေခံတွေဟာ

စက္ခုပသာဒ- မျက်စိအကြည်ရုပ်၊ သောတပသာဒ-နား အကြည်ရုပ်၊ ဃာနပသာဒ-နှာခေါင်းအကြည်ရုပ်၊ ဇိဝှာပသာဒ-လျှာအကြည်ရုပ်၊ ကာယပသာဒ-ကိုယ် အကြည်ရုပ်ဆိုတဲ့ ဟောဒိ (၅)ခုဟာ စိတ်ရဲ့တည်ရာမှီရာ၊ စိတ်ရဲ့ အခြေခံရုပ်တွေလို့ ပြောတာ။

ခုနက စောင်ကြိုးတို့၊ စောင်းအိုးတို့ဟာ အသံဖြစ်ပေါ်ဖို့ အတွက် အခြေခံ မဟုတ်ဘူးလား၊ အေး- ကြိုးမရှိတဲ့နေရာ သွားတီးမယ်ဆိုရင် မြည်ပါ့မလား၊ မမြည်ဘူး၊ စောင်းကြိုးတို့ စောင်းအိုးတို့ ဒီပြင်ကြိုး သွားတီးရင်လည်း မြင်ချင်မှ မြည်မှာ၊ သူ့ဘာသာသူ အခြေခံထားရတာ၊ အေး -အဲဒီလိုပဲတဲ့၊ အသံထွက်ဖို့ရာအတွက် အခြေခံကောင်းရှိသလို စိတ်ဖြစ်ဖို့ရာအတွက် ဟောဒီ အခြေခံဝတ္ထုရုပ် (၅)မျိုး ရှိတယ်။

နောက်တစ်ခုက ဘာလဲဆိုလို့ရှိရင် အတွေးစိတ်တွေကျတော့ မျက်စိနဲ့လည်း မဆိုင်ဘူး၊ နားနဲ့လည်း မဆိုင်ဘူး၊ နှာခေါင်းနဲ့လည်း မဆိုင်ဘူး၊ လျှာနဲ့လည်း မဆိုင်ဘူး၊ ခန္ဓာကိုယ် ထိတာနဲ့လည်း မဆိုင်ဘူး၊ စိတ်ကနေ တွေးပြီး သိတာမျိုးကော မဖြစ်နိုင်ဘူးလား၊ လူတွေက တွေးပြီး စိတ်ရှုပ်လာပြီဆိုရင် ဘယ်ကုတ်တာလဲ၊ ခေါင်းကုတ်တာ၊

အဲဒါကို ဟဒယဝတ္ထုလို့ စိတ်ရဲ့ အခြေခံရုပ်၊ ကျန်တဲ့စိတ်တွေရဲ့ အခြေခံ ရုပ်လို့၊ အတွေးစိတ်တွေရဲ့ အခြေခံရုပ်လို့ ဒီလိုပဲ အလွယ်မှတ်လိုက်တာပေါ့။ ဟဒယဝတ္ထုလို့ ခေါ်တယ်၊ ဦးနှောက်ပဲဖြစ်ဖြစ်, နှလုံးသားပဲ ဖြစ်ဖြစ် လူတွေက အသစ်အဆန်း ဖြစ်တဲ့အခါကျတော့ ဘာဖြစ်သလဲ၊ ခေါင်းရှုပ်တာလား၊ ရင်ခုန်တာလား၊ အသစ်အဆန်းတွေ့ရင် ရင်ခုန်မှာပါ၊ ခေါင်းမကုတ်ပါဘူးနော်၊ အဲဒီတော့ အသစ်အဆန်းတွေ့ပြီး ကျန်တဲ့ စိတ်ကလေးဟာ ရင်ခုန်တဲ့စိတ်ကလေး နှလုံးသားပေါ့၊ စိတ်ဖြစ်တဲ့ အခြေခံလေးဟာ နှလုံးသားလို့ ပြောရမှာပေါ့၊ အဲဒီ (၂)ခုကို ခြုံငုံပြီးတော့ မြတ်စွာဘုရားက ဝတ္ထုရုပ်လို့ ဒီလို ဟောခဲ့တယ်တဲ့။

အားလုံးပေါင်းလိုက်တဲ့အခါကျတော့ ဘယ်နှစ်ခု ရှိသွားလဲ၊ ၆-ခု ဖြစ်သွးတယ်၊ စက္ခု၊ သောတ၊ ဃန၊ ဇိဝှာ၊ ကယ၊ ဟဒယဆိုတဲ့ စိတ်ဖြစ်တဲ့ နေရာတွေ၊ ဒါတွေ မရှိဘဲနဲ့ စိတ်မဖြစ်နိုင်ဘူး၊ ကျောက်တုံးမှာ စက္ခုလည်း မရှိဘူး၊ သောတလည်း မရှိဘူး၊ ဃနလည်း မရှိဘူး၊ ဇိဝှာလည်း မရှိဘူးဆိုတော့ ကျောက်တုံးထဲမှာ ဘယ်စိတ်ဖြစ်နိုင်မလဲ။ ခုန မီးခြစ်ဘူးလေးကို ကြည့်၊ ခြစ်ရတယ်ဆိုတဲ့ အထဲမှာ ဖြစ်လို်က်ရင် မီးထွက်တယ် ဆိုတာ မီးခြစ်ဘူးထဲမှာ ဂက်(စ်) ရှိတယ်လေ။

အဲဒီလို အခြေအနေ ကောင်းတွေကို ပြောတာ potentiality possibility ဆိုတာတွေ ရှိနေလို့ရှိရင် နောက်ထပ် အကြောင်းတစ်ခု ပေါင်းစပ်လိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ဟာ ဘွားကနဲ ပေါ်လာတဲ့၊ ပေါ်လာတဲ့ စိတ်ဟာ အဖြစ်တရား၊ အရှိတရား မဟုတ်ဘူး၊ ‘ရှိ’ဆိုတာက သိုလှောင်ထားတဲ့ တရားကို ပြောတာ၊ နဂိုက ရှိနေတဲ့အရာ မဟုတ်ဘူး၊ ဒါကြောင့် စိတ်ရဲ့ မှီရာ ဝတ္ထုရုပ် ၆-မျိုးလို့ ခေါ်တာ။

ဝတ္ထုရုပ်ဆိုတာ ‘base’ ပဲ၊ ‘mental base base of mind’ စိတ်ရဲ့ အခြေခံရုပ်၊ ခုနက မီးဖြစ်ပေါ်ဖို့ရ အခြေခံအကြောင်းတရား၊ အသံပေါ်ဖို့ရာ အခြေခံတွေ ဆိုသလိုပဲ စိတ်ဖြစ်ပေါ်ဖို့ အခြေခံ မှီရာတွေ ဒီ(၆) ခု ရှိရတယ်တဲ့၊ ဥပမာ- စည်တို့စောင်းတို့ကို ကြည့်၊ ကြိုးနဲ့အိုးနဲ့ ဒီအတိုင်းထားရင်း တီးတဲ့သူလည်း မရှိဘူး ဆိုရင်ကော မြည်ပါ့မလား၊ စည်တော့ ရှိတယ် ဘယ်သူက မှ လာပြီး လက်နဲ့လည်း မတီးဘူး၊ တုတ်နဲ့လည်း မခေါက်ဘူး ဆိုရင် မမြည်ဘူး။

ဝတ္ထုနဲ့အာရုံ ဆုံမိမှ

အဲဒီလိုမျိုးပဲ မျက်စိတော့ ရှိတယ်၊ အပြင်က တုတ်နဲ့ အလားသဏ္ဍာန်တူတဲ့ လက်နဲ့ အာလးသဏ္ဍာန်တူတဲ့ အာရုံက လာမတိုက်ဘူးဆိုရင် မြင်သိစိတ် မဖြစ်ဘူး၊ ခုနက စည်ကို လက်နှင့်မတီးရင် အသံ မထွက်သလိုဘဲ၊ မျက်စိကို ရူပါရုံက လာပြီးတော့ မတိုင်ဘူးဆိုရင် မြင်သိစိတ် ပေါ်နိုင်ပါ့မလား၊ မပေါ်နိုင်ပါဘူး၊ အဲဒီ သဘောလေးတွေ စဉ်းစားကြည့်၊ မြင်သိစိတ်ဆိုတာ ရှိနေတာ မဟုတ်ဘူး၊ ရူပါရုံက လာတိုက်မှ ဖြစ်လာတာ၊

အဲဒီတော့ ရူပါရုံဆိုတဲ့ အဆင်းကလေးဟာ ဘာနဲ့ ဥပမာ တူလဲ ဆိုတော့ စည်တီးတယ် ဆိုပါစို့၊ စည်ကို လက်နဲ့တီးရင် ရူပါရုံက လက်နဲ့တူတယ်၊ စည်မျက်နှာပြင်က စက္ခုသာဒရုပ်နဲ့ တူတယ်၊ ဒီလို ပြောရမှာပေါ့၊ အဲဒီတော့ ရူပါရုံနဲ့ စက္ခုပသာဒ နှစ်ခုဆုံလိုက်တဲ့ဟာက ထိခိုက်လိုက်တာ တီးလိုက်တာလို့ ခေါ်တယ်။

တစ်ခုခုနဲ့ ဝင်တိုက်လိုက်ရင် “ဒိုင်းခနဲ” မမြည်ဘူးလား၊ သဘာဝတွေရဲ့ စွမ်းအား ပြင်းထန်တယ်နော်၊ ထိုက်ခိုက်မှုက လျှပ်စစ်ကြိုးလေး နှစ်ခု တိုက်လိုက်တဲ့အခါ မီးတွေ မထွက်ဘူးလား၊ အဲဒါမျိုးလိုပဲ၊ ဒါတိုက်ခိုက်မှုလို့ ခေါ်တယ်၊ မျက်စိနဲ့ အဆင်းအာရုံ ဒီ(၂)ခု ဆုံလိုက်တာဟာလည်း တိုက် လိုက်တာပဲ၊ “ဒိုင်းကနဲ” အသံထွက်သွားသလိုပဲ အသိစိတ်ကလေး ဘွားခနဲ ပေါ်လာတာ ဒီသဘောကိုပြောတာ။

အာရုံ(၆)ပါး

ဒီနေရာမှာ အာရုံ(၆)ပါးဆိုတာ မှတ်ရမယ်၊ ခုနက စိတ်ရဲ့ အခြေခံ ‘base’ တွေက ဝတ္ထုရုပ်(၆)ခု၊ အဲဒီ ဝတ္ထုရုပ်(၆)ခု၊ အဲဒီ ဝတ္ထုရုပ်(၆)ခုဟာ အခြေခံ၊ အဲဒီအခြေခံကို လာပြီးတိုက်မယ့် အကြောင်းတရားကို ‘အာရုံ’ လို့ခေါ်တယ်၊ စိတ်ရဲ့ ပျော်မွေ့ဖွယ်ရာဖြစ်လို့ အာရုံလို့ ခေါ်တာ၊ ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် စိတ်က ဘယ်ကို သွားတာလဲဆိုတော့ အဲဒီ အာရုံဆီရောက်သွားတာနော်။

အဲဒီအာရုံကို စာပေလိုပြောရင် (၁) ရူပါရုံ၊ ဗမာလူမျိုးတေဆွဟာ ဗုဒ္ဓရဲ့ အဘိဓမ္မာဝေါဟာရတွေနဲ့ ရင်းနှီးပြီးသားပါ၊ ရူပါရုံဆိုတာ မျက်စိက မြင်ရတဲ့အဆင်းကို ခေါ်တယ်၊ ရူပဆိုတာ အဆင်း၊ အာရမ္မဏဆိုတာ စိတ်ရဲ့ ပျော်မွေ့ရာ၊ ဒီ(၂)ခု ပေါင်းစပ်ပြီးတော့ အာရမ္မဏ ဆိုတဲ့ စကားလုံးကို အာရုံလို့ ပြန်လိုက်တော့ ရူပါရုံ။

(၂) သဒ္ဒါရုံ တဲ့၊ အသံသည်ပင်လျှင်စိတ်ရဲ့ပျော်မွေ့ရာ ဖြစ်လို့ သဒ္ဒါရုံ၊ စိတ်ရဲ့ပျော်မွေ့ရာဆိုလို့ ဟိုလို ဒီလို မတွေးလိုက်နဲ့ဦးနော်၊ ဆူညံတဲ့အသံနဲ့ စိတ်က မပျော်ဘူး၊ ဟုတ်ရဲလား၊ ဂီတသံနဲ့တော့ ပျော်တာပေါ့၊ အဲဒီလို ပျော်တာမျိုးကို ပြေတာ မဟုတ်ဘူး၊ ဒီစိတ်ဟာ အာရုံနဲ့ ကင်းပြီးမဖြစ်တော့ အာရုံ ပေါ်လာတာနဲ့ တစ်ပြိုင်နက် စိတ်က အာရုံဆီ ရောက်သွားတာကို ပြောတာ၊ တောက ကလေးတွေ ဗေထိ ဗေထိဆိုရင် ရောက်လာကြတယ်၊ သီချင်းသံကြားရင် ပြေးလာကြတယ်၊ အဲဒါမျိုးလိုပေါ့၊ စိတ်ကလည်းပဲ အာရုံရှိရာကို ရောက်ရောက်သွားတာကို ဒီလို ဆိုတယ်နော်။

ကဲ - နော်တစ်ခုက (၃) ဂန္ဓာရုံ - အနံ့သည်ပင်လျှင် စိတ်ရဲ့ ပျော်မွေ့ဖွယ်ရာ ဖြစ်လို့ ဂန္ဓာရုံ။

နောက် (၄) ရသာရုံ - လျှာနဲ့သိရတဲ့ အရသာ၊ ချိုတယ်၊ ချဉ်တယ်၊ ငန်တယ်၊ စပ်တယ်၊ ခါးတယ်ဆိုတဲ့ အရသာဟာလည်း စိတ်ရဲ့ ပျော်မွေ့ဖွယ်ရာဖြစ်သောကြောင့် ရသာရုံ။

(၅) ဖောဋ္ဌဗ္ဗာရုံ - ဖောဋ္ဌဗ္ဗဆိုတာ ခန္ဓာကိုနဲ့ ထိတွေ့ရလို့ အာရုံမျိုးကို ပြောတာ၊ ရူပါရုံဆိုတာ ခုနက

ရုပ်(၈)ခုထဲပါတဲ့ အဆင်းကလေး၊ သဒ္ဒါရုံဆိုတာ အကြောင်းကြောင့် ပေါ်လာတဲ့အသံကလေး၊ ဂန္ဓာရုံဆိုတာ ရုပ်(၈)ခု အစုထဲမှာ ပါနေတဲ့ အရသာကလေး၊ ဖောဋ္ဌဗ္ဗာဆိုတာ ဘယ်တရားကို ပြောတာတုန်းဆိုရင် ပထဝီရယ်၊ တေဇောရယ်၊ ဝါယောရယ် အဲဒီ (၃)ခုကို ပြောတာနော်။

ကြည့်လေ၊ တစ်ခုခုကို စမ်းကြည့်လိုက်မယ်ဆိုရင် ဥပမာ ထမင်းချက်တဲ့အခါ လက်ကလေးနဲ့ စမ်းကြည့်၊ ယခုခေတ်တော့ Rice Cooker တွေ ဘာတွေနဲ့ချက်တော့ စမ်းချင်မှ စမ်းကြမှာ၊ ရှေးတုန်းကန်တော့ ထမင်း ကျက်,မကျက်ကို ယောက်မလေးနဲ့ ကော်ပြီးစမ်းရတယ်၊ စမ်းပြီးတော့ မှ ငှဲ့ပစ်ရတာ။

ရှေးတုန်းက အမျိုးသမီးတွေဆိုတာ တော်တော်များများက မိုးဖိုချောင်ထဲမှာ ထမင်းချက်ရတာ၊ ထမင်းချက်ရတဲ့အခါကျတော့ ဘာလုပ်ကြရတုန်းဆို ထမင်းချက်တဲ့အခါ ထမင်းနပ်, မနပ်ကို လက်ကလေး နှစ်ချောင်းနဲ့ စမ်းကြည့်ရတဲ့အလေ့အထ ရှိခဲ့တယ်။

တစ်ခါတုန်းက ဘိက္ခုနီမတစ်ယောက် တောထဲမှာ တရားနဲ့ နေတ့အခါ မာရ်နတ်က “ဒီလောက် လေးနက်တဲ့တရားကို နင်လို လက်နှစ်ချောင်း ပညာလေးနဲ့ သိနိုင်ပါ့လား” လို့ ပြောတာ။ ဒီလို လက်နှစ်ချောင်း ပညာလေးနဲ့ မသိနိုင်ဘူးလို့ မာရ်နတ်ကြီးက နှိမ်ပြောတာ။ “န တံ ဒွင်္ဂုလပညာယ” တဲ့၊

လက်နှစ်ချောင်း ပညာဆိုတာ ထမင်းချက်တဲ့အခါ လက်နှစ်ချောင်းလေးနဲ့ စမ်းပြီးတော့မှ သိတဲ့အသိကလေးနဲ့ ဒီလို ထူးခြား နက်နဲတဲ့ တရားတွေကို သိနိုင်ပါ့မလားလို့ မာရ်နတ်ကြီးက နှိမ်ပြီးပြောတဲ့ စကားပဲ၊ အဲဒီတော့ ဘိက္ခုနီကလည်း ဘယ်ခံမလဲ၊ “အင်မတန်ထူးခြားတဲ့ တရားတွေကို ငါသိပြီးပြီ” လို့ ပြောလိုက်တယ်၊ ဘိက္ခုနီသံယုတ် ထဲမှာ ဒီအကြောင်းလေးတွေ ပါတယ်၊ စိတ်ဝင်စားစရာ အလွန်ကောင်းတယ်။

အဲဒီမှာ ပြောချင်တဲ့အရာက ဘာလဲဆိုတော့ ထမင်းစေ့လေး နပ်,မနပ် စမ်းတဲ့အခါ ပျော့သလား မာသလား စမ်းတာ မဟုတ်လား၊ ပျော့သလား မာသလား စမ်းလို့ရှိရင် ပထဝီကို တွေ့တာပဲ၊ ပထဝီရဲ့သဘောကို စမ်းတာပဲ၊ အဲဒီလို မဟုတ်ဘဲနဲ့ ပူသလား၊ အေးသလား စမ်းတဲ့အခါကျတော့ အပူအအေးကို တွေ့တာပေါ့၊ တွန်းကန်နေတဲ့သဘောကို အာရုံပြုတဲ့အခါကျတော့ ဝါယောကို တွေ့တာပေါ့၊ ဘောလုံးလေးကို စမ်းတဲ့အခါမှာ တွန်းကန်တဲ့ သဘောလေးတွေ့ရင် ဝါယောကို တွေ့တာပေါ့။

အဲဒီတော့ ဖောဋ္ဌဗ္ဗာရုံလို့ဆိုတာဟာ ပထဝီရယ်၊ တေဇောရယ်၊ ဝါယောရယ် ဒါကိုပဲခေါ်တာ၊ ဒါပေမယ့် (၃)မျိုးလုံးကို တစ်ခါတည်း သိနိုင်သလားဆိုတော့ မသိဘူး၊ ကိုယ်သိချင်တဲ့ အာရုံတစ်ခုပဲ အာရုံပြုတယ်၊ ဒါကြောင့်မို့ ပျော့သလား မာသလားဆိုရင် ပျော့တာ မာတာပဲ သိမယ်၊ ပူသလား အေးသလား ဆိုရင် ပူတာ အေးတာပဲ သိမယ်၊ တင်းသလား လျော့သလား လို့ ကြည့်မယ်ဆိုရင် ခုနက ဝါယောပဲ သိမယ်၊ အဲဒါကြောင့်မို့ ဖောဋ္ဌဗ္ဗာရုံဆိုတာ တခြားဟာကို ခေါ်တာ မဟုတ်ဘူး၊ ပထဝီ၊ တေဇော၊ ဝါယော၊ ဒီ မဟာဘုတ် (၃)ပါးတို့ကိုသာ ခေါ်တာ။

အာပေါဆိုတာကန်တော့ ဖောဋ္ဌဗ္ဗာရုံ မဟုတ်သည့်အတွက်ကြောင့် ထိတွေ့ပြီး စမ်းသပ်လို့ မရဘူး၊ ဒါဖြင့် တပည့်တော်တို့ နေ့စဉ် ရေကိုင်နေကြတာဘုရား၊ ရေကိုင်နေတာပဲ ထိလို့ တွေ့လို့ မရဘူးလားလို့ တွေးမိကောင်း တွေးမိကြလိမ့်မယ်နော်၊ အေး ရေထိတဲ့အခါကျတော့ ဘာသတိပြုမိတုန်း ရေ အေး သလား ရေပူသလား၊ အေးတယ် ပူတယ်ဆိုတာ အာပေါ ဟုတ်ရဲ့လား၊ မဟုတ်ဘူး၊ တေဇောကိုပဲ တွေ့နေတာ၊ ရေတွေ့တာ မဟုတ်ဘူး။

ဒါဖြင့် ရေကို ဗြန်းကနဲ ချလိုက်တဲ့အခါကျတော့ ရေရဲ့ တုန့်ပြန်မှုနဲ့ ပျော့တဲ့သဘော၊ မာတဲ့သဘော မတွေ့ဘူးလား၊ အဲဒါဆို ပထဝီကို တွေ့တာပဲ၊ အာပေါကို တွေ့တာ မဟုတ်ဘူးတဲ့၊ နောက် ရေရဲ့ လှုပ်ရှား တွန်းကန်မှုတွေကို တွေ့တဲ့အခါ ဝါယောကို တွေ့တာ၊ အာပေါကိုတွေ့တာ မဟုတ်ဘူးတဲ့၊ ရေဆိုတာဟာ လက်နဲ့စမ်းလို့ရတဲ့ အရာမဟုတ်ဘူး၊ ဒီလက်နဲ့ စမ်းလို့ရနေတဲ့အရာက ခုန ပထဝီကိုပဲ စမ်းလို့ရမယ်၊ တေဇောကိုပဲ စမ်းလို့ ရမယ်၊ ဝါယောကိုပဲ စမ်းလို့ရမယ်။

အဲဒီတော့ အာပေါဆိုတာက အရည်ပျော်နေတဲ့ သဘောပဲ၊ အဲဒါကို စိတ်နဲ့ပဲ သိလို့ရမယ်လို့ ပြောတယ်၊ ဒါကြောင့်မို့ ဒီအာပေါဆိုတာ ဖောဋ္ဌဗ္ဗရုံထဲမှာ မပါဘူးလို့ ပြောတာ၊ ရေ သောက်တဲ့အခါ ရေအေးအေးလေး သောက်ချင်တယ်တို့ ရေ ပူပူလေး သောက်ချင်တယ်တို့ ဆိုတာဟာ တေဇောကိုပဲ လုပ်နေတာ၊ အရည်ဖြစ်နေတဲ့သဘော အာပေါကို ထိလို့ တွေ့လို့ မရဘူး။

ကောင်းပြီ၊ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဒါတွေဟာ ရုပ်တရားတွေချည်းပဲ မဟုတ်လား၊ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံမှတစ်ပါး အားလုံးစိတ်နှင့် သိလို့ ရတဲ့ အာရုံတွေမှန်သမျှ နိဗ္ဗာန်နဲ့ အမည်ပညတ်တွေ အပါအဝင်၊ စိတ်တွေ၊ စေတသိက်တွေ အပါဝင်ပေါ့၊ စိတ်ကိုလည်း စိတ်နဲ့ သိရတယ်၊ စေတသိက်ကိုလည်း စိတ်နဲ့ သိလို့ရတယ်၊ နာမ်တရားတွေကိုလည်း တခြားနာမ်တရားနဲ့ သိလို့ရတယ်၊ အဲဒီလို သိလို့ရတဲ့ အာရုံဖြစ်တာတွေ အကုန်ပေါင်းပြီးတော့ ဓမ္မာရုံ လို့ ခေါ်တာ။

ဒါဖြင့် ဒီ ကံမြင့်ဓမ္မာရုံကျတော့ ဘာကြောင့် ခေါ်တာလဲ၊ ဒါကန်တော့ တရားဓမ္မကို အာရုံယူတဲ့နေရာဖြစ်လို့ ဓမ္မာရုံလို့ ခေါ်တာ၊ အာရုံ(၆)ပါးထဲမှာ ပါတဲ့ ဓမ္မာရုံဆိုတာက စိတ်နဲ့ သိလို့ရတဲ့ တခြားအာရုံတွေလို့ ပြောတာ။

စိတ်နဲ့သိလို့ရတာ၊ ရူပါရုံဆိုတာ မြင်သိစိတ်နဲ့ပဲ သိလို့ရတယ်၊ သဒ္ဒါရုံဆိုတာ ကြားသိစိတ်နဲ့ပဲ သိလို့ရတယ်၊ ကြားသိစိတ် အခြေခံပြီး သိတယ်ပေါ့နော်၊ ကြားသိစိတ်က အဓိက သိတယ်၊ ထို့အတူပဲ ဂန္ဓာရုံကို နံသိစိတ်နဲ့၊ ရသာရုံကို လျက်သိစိတ်နဲ့၊ ဖောဋ္ဌဗ္ဗာရုံကို ထိသိစိတ်နဲ့ အဲဒါတွေ အခြေခံပြီးတော့ ကျန်တဲ့အာရုံတွေကျတော့ ဓမ္မာရုံ။

တခြားစိတ်နဲ့ သိလို့ရတဲ့ အာရုံတွေ၊ အတွေးတွေမှာ ပေါ်လာတဲ့အာရုံတွေ မှန်သမျှကို အကုန် ဓမ္မာရုံလို့ ဒီလို ခေါ်တာ၊ ရုပ်အားလုံးထဲမှာ ခုနက ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗဆိုတာက လွဲရင် ကျန်တဲ့ရုပ်တွေ အကုန်လုံး ဓမ္မာရုံထဲ ပါသွားတယ်၊ စိတ်တွေအားလုံး ဒီထဲမှာ ပါသွားတယ်၊ စေတသိက်တွေအားလုံး ဒီထဲမှာ ပါသွားတယ်၊ ပညတ်တွေအားလုံး ဒီထဲမှာ ပါသွားတယ်၊ နောက်ဆုံး နိဗ္ဗာန်ထိအောင် ဒီထဲမှာ ပါသွားတယ်၊ ဒီလို မှတ်ရမယ်။

အဲဒီတော့ အာရုံ(၆)ပါးနဲ့ ဝတ္ထုရုပ် (၆)ပါး၊ အဲဒီ နှစ်ခုက အင်မတန်မှ အရေးကြီးတယ်တဲ့၊ စိတ်ဖြစ်တာကို ရှင်းပြောဖို့ရန် အတွက် အဲဒီ(၆)မျိုးစီကို သိထားဖို့ လိုအပ်တယ်နော်၊ ဒီ (၆)ခုကို သိထား မှတ်ထားရမယ်။

ဒွါရ ၆-ပါး

နောက်တစ်ခု ဘာသိဖို့လိုလဲ ဆိုလို့ရှိရင် ‘ဒွါရ’ လို့ခေါ်တဲ့ တံခါးပေါက်ပေါ့၊ အာရုံတွေဝင်တာ သို့မဟုတ် အသိစိတ်တွေ ဝင်တာ၊ အာရုံဆက်သွယ်လို့ရတဲ့ တံခါးပေါက်တွေပဲ၊ ဒီတံခါးပေါက်ကလည်း (၆)ခုရှိတယ်၊ ဒွါရ(၆)ခုလို့ ခေါ်တယ်၊ အဲဒီဒွါရ(၆)ခုမှာ ဒွါရ (၅)ခုဟာ ခုနက ‘base’ ဝတ္ထုရုပ်မှာ ပါတဲ့ ပသာဒရုပ် ၅-ခုနဲ့ အတူတူပဲ။

- စက္ခုပသာဒရုပ်ကို စက္ခုဒွါရ လို့ ခေါ်တယ်။

- သောတပသာဒရုပ် ကို သောတဒွါရ လို့ ခေါ်တယ်။

- ဃာနပသာရုပ်ကို ဃာနဒွါရ လို့ ခေါ်တယ်။

- ဇိဝှာပသာဒရုပ်ကို ဇိဝှါဒွါရ လို့ ခေါ်တယ်။

- ကာယပသာဒရုပ်ကို ကာယဒွါရ လို့ ခေါ်တယ်။

မနောဒွါရဆိုတာ

နောက်ပြီးတော့ မနောဒွါရလို့ဆိုတဲ့ mind door ကျတော့ ဘဝင်စိတ်ကို ခေါ်တာတဲ့၊ အဲဒီ ဘဝင်စိတ်ဆိုတာက ကံကနေဖန်တီးပြီးတော့ ကံရဲ့အကျိုးဆက်အနေနဲ့ ခန္ဓာကိုယ်ထဲမှာ potentiality အနေအထားမျိုး၊ တခြားစိတ်တွေ ပေါ်ဖို့ရာအတွက် အခြေခံစိတ်သဘောမျိုးပေါ့နော်၊ အဲဒီ ဘဝင်စိတ်က ရှိတယ်၊ ရှိတယ်ဆိုတာ ရှိနေတာ မဟုတ်ဘူး၊ သူလည်း သူ့အာရုံနဲ့သူ ဖြစ်နေတာ၊ မိခင်ရဲ့ ဝမ်းထဲမှာ ပထမဆုံးသန္ဓေတည်တဲ့ စိတ်ကလေးကိုပင် ဘဝင်စိတ်လို့ ပြောင်းခေါ်တာ၊

ပထမဆုံးဖြစ်တဲ့စိတ်ကိုတော့ ပဋိသန္ဓေစိတ် လို့ခေါ်လိုက်ပြီး ဒီပဋိသန္ဓေစိတ်နောက် ထပ်ပေါ်လာတဲ့ စိတ်ကလေးကျတော့ ဘဝင်စိတ် လို့ ခေါ်တယ်၊ နောက်ဆုံး သေခါနီးမှာ ဖြစ်တဲ့စိတ်ကိုကျတော့ စုတိစိတ် လို့ခေါ်တယ်၊ဒါကြောင့်မို့ ပဋိသန္ဓေစိတ်ရယ်၊ ဘဝင်စိတ်ရယ်၊ စုတိစိတ်ရယ်ဆိုတာ တစ်သက်တာမှာ လုံးဝ တူတယ်လို့ မှတ်ထားရမယ်။

ဒီ စိတ်တစ်မျိုးတည်းပဲလို့ ဆိုတယ်၊ ပြောင်းတာ မဟုတ်ဘူး၊ ဒါပေမယ့် ထာဝရ ရှိနေတာလားဆိုရင် တော့ မရှိဘူး၊ သူလည်းပေါ်နေတဲ့ဟာတွေပဲ၊ သူက ပေါ်တာတော့ အဓိက ကံတည်းဟူသော အကြောင်းတရားပေါ်မှာ အခြေပြုပြီး ပေါ်တာ၊ ကျန်တာတွေကန်တော့ ကံကို အခြေပြုပြီး ပေါ်တာ မဟုတ်ဘူး၊ potentiality အကြောင်းပေါ်မှာ ဖြစ်နိုင်တဲ့ အနေအထား ပေါ်မှာ ပစ္စုပ္ပန် အကြောင်းတရားတွေကနေ ပေါင်းဆုံလိုက်တဲ့ အခါကျတော့မှာ ပေါ်လာတာ။

ဘဝင်စိတ်

ဘဝင်စိတ်ဆိုတာ ပစ္စုပ္ပါန် အကြောင်းတရားနဲ့ ဘာမှမဆိုင်ဘူး၊ သူ့ဘာသာသူ အတိတ်က ကံတရားရဲ့ စွမ်းအားနဲ့ သူက ပေါ်နေတာ၊ ဒါကြောင့်မို့ ဘဝင်စိတ်သည် မျက်စိက မြင်တဲ့အာရုံကို အာရုံမပြုဘူး၊ နားကကြားတဲ့ အသံကို အာရုံမပြုဘူး၊ မသိဘူး၊ အာရုံမပြုဘူးလို့ပဲ ပြောရမယ်နော်၊ စိတ်ဆိုတာ သိတာ၊ ဘဝင်စိတ်ကလေးသည် မျက်စိကမြင်တဲ့ အဆင်းကို မသိဘူး၊ နားကကြားတဲ့ အသံကို မသိဘူး၊ နှာခေါင်းက နံတဲ့အနံ့ကို မသိဘူး၊လျှာကလျက်ကတဲ့ အရာသာကို မသိဘူး၊ ခန္ဓာကိုယ်က ထိရင်လည်း သူက မသိဘူး၊ အတွေး စိတ်တွေထဲမှာလည်း သူ့အတွေး အာရုံတွေ အကြောင်းလည်း သူ မသိဘူး၊ အိပ်နေရင် ဘဝင်စိတ်က ရှိနေတာပဲ၊ ဘဝင်စိတ်က ဖြစ်နေတာပဲ၊ သူက ဘာနဲ့ ဖြစ်နေတာလဲဆိုရင် ကံရဲ့စွမ်းအင်နဲ့ ဖြစ်နေတာ၊ ကံရဲ့ စွမ်းအားက တွန်းပြီး လွှတ်လိုက်တာ။

ဥပမာ ဒုန်းပျံတစ်ခုကို အရှိန်နဲ့ ပစ်လွှတ်လိုက်တဲ့အခါကျတော့ ဒီအရှိန် မကုန်မချင်း၊ ဒုန်းပျံကြီးက သွားနေတာပဲ မဟုတ်လား၊ နောက်ထပ် ထပ်ပစ်ဖို့ လိုသေးလား၊ မလိုဘူး၊ အရှိန်ကုန်သွားတဲ့အချိန်မှာ ကျသွားမယ်၊ ပစ်လွှတ်လိုက်တဲ့ စွမ်းအား energy နဲ့ သွားနေတယ်၊ အရှိန်ကုန်တဲ့ အချိန်ကျမှ ကျသွားမယ်။

ထို့အတူ ဘဝင်စိတ်ကလေးဟာ ပဋိသန္ဓေစိတ်ကလေး ကစပြီးတော့ စွမ်းအားနဲ့ တွန်းလွှတ်လိုက်တဲ့ ကံရဲ့အရှိန်နဲ့သွားနေတာ၊ ကံရဲ့ အရှိန်ကုန်တော့ နောက်ဆုံးမှာ စုတိဆိုပြီး သေသွားရင် တစ်ဘဝပြီးသွားတာပါ၊ အဲဒီတော့ မွေးတဲ့စိတ်ရယ်၊ သေတဲ့စိတ်ရယ်၊ ကြားထဲက အိပ်နေတဲ့ ဘဝင်စိတ်ရယ် အတူတူပဲ၊ ကံရဲ့စွမ်းအားနဲ့ သွားနေတာ။

စိတ်ဖြစ်ပုံ

ကဲ စိ်တ်ဖြစ်ပုံကို ပြောရအောင်၊ အခုပြောခဲ့တဲ့ ဝတ္ထုရုပ် (၆)ပါးကို မှတ်ထားရမယ်၊ အာရုံ(၆)ပါးဆိုတာကို မှတ်ထားရမယ်၊ တံခါး(၆)ပေါက်ဆိုတာ မှတ်ထားရမယ်၊ အဲဒီ တံခါး(၆)ပါးနဲ့ အခြေခံ ဒီဝတ္ထုရုပ်(၆)မျိုးဆိုတာ တူတယ်၊ ရှေ့(၅)ခုက လုံးဝတူတယ်၊ နောက်ဆုံးတစ်ခုက ခုနက ‘ဟဒယ’ ဆိုတာနဲ့ Mind door မနောဒွါရဆိုတာကျတော့ ကွဲပြားခြားနားမှု ရှိတယ်၊ ထိုမနောဒွါရဆိုတာက နာမ်တရား၊ ဟဒယဝတ္ထု ဆိုတာက ရုပ်တရား၊ အဲဒီနေရာလေးမှာ နာမ်တရားပါလာတယ်၊ အဲဒါလည်း သိပ်ပြီးတော့ သတိချပ်စရာကောင်းတဲ့ အချက်တစ်ခုပဲ၊ နာမ်တရားပေါ်ဖို့ရာအတွက် နာမ်နာမ်ချင်း အခြေပြုတယ်ဆိုတဲ့ သဘောပေါ်လွင်နေတယ်၊ ဟုတ်ရဲ့လား။

မြင်သိစိတ်ဖြစ်ပုံ

သုတ္တန်ပါဠိတော်တွေမှာ မြတ်စွာဘုရားက မြင်သိစိတ်ကလေး ပေါ်လာပုံကို ဟောတယ်။

“စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ”

ဘိက္ခဝေ- ချစ်သားရဟန်းတို့၊ စက္ခုံစ - မျက်စိကိုလည်းကောင်း၊ ရူပေစ- အဆင်းအာရုံကိုလည်းကောင်း၊ ပဋိစ္စ-စွဲမှီ၍၊ စက္ခုဝိညာဏံ- စက္ခုဝိညာဏ်လို့ဆိုတဲ့ မြင်သိစိတ်ကလေးသည်၊ ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၍ လာရပါပေတော့၏- လို့ သုတ္တန်ပါဠိတော်မှာ ဟောတာ၊ ဒါ လက်တွေ့နဲ့ စဉ်းစားကြည်ပေါ့လေ၊ မြင်သိစိတ်ကလေးဟာ မျက်စိမရှိဘဲနဲ့ ပေါ်နိုင်ပါ့မလား၊ မပေါ်နိုင်ဘူး၊ မျက်စိနဲ့ ရူပါရုံ(၂)ခု ဆုံမိတဲ့အခါမျာ မြင်သိစိတ်ကလေး ပေါ်လာတယ်၊ မြင်လို့ ငါ ဘယ်သူ့မြင်လိုက်တယ်၊ သစ်ပင်မြင်တယ်၊ မီးရောင်မြင်တယ် စသည်ဖြင့် မြင်မှုတွေကို အမျိုးမျိုး နာမည်တပ်ပြီး ပြောကြတာ။

ဒါကြောင့်မို့ စက္ခုပသာဒဆိုတဲ့ စက္ခုဝတ္ထုဆိုတာရယ်၊ ရုပ်ဝတ္ထုဆိုတာရယ် ဒီ(၂)ခု ဆုံလိုက်တဲ့ အချိန်ကလေးမှာ မြင်သိစိတ်ကလေး ပေါ်တဲ့သဘော၊ ခုနက စည်လေးကို လက်နဲ့ တီးလိုက်တဲ့အခါမှာ အသံလေးပေါ်လာတဲ့သဘော၊ စောင်းကလေးကို လက်ညှိုးကလေးတင်ပြီး လက်ချောင်းကလေးတွေနဲ့ တီးခတ်လိုက်တဲ့အခါမှာ တိုက်ခိုက်လိုက်တဲ့ စွမ်းအားကြောင့် ဟောဒီအသိစိတ်ကလေး ဖြစ်ပြီးပေါ်လာတာ၊ နမ်တရားတွေ ပေါ်လာတာ ဒီအတိုင်းပဲ။

အကြောင်းဆုံလို့ဖြစ်

ဒီနေရာမှာ စဉ်းစားကြည့်ပေါ့၊ ဒီမြင်သိစိတ်ကလေးဟာ မျက်လုံးထဲက ထွက်လာတာလား၊ မဟုတ်ဘူး၊ စောင်းသံဟာ စောင်းထဲက ထွက်လာတာလား၊ ပြောလို့ မရဘူး၊ စောင်းထဲမှာ ရှိမှ ထွက်လို့ရမှာ၊ စောင်းထဲမှာ ရှိနှင့်မနေဘဲ ပေါ်လာတာဟာ အကြောင်းကြောင့်ပဲလို့ ပြောလို့ရမယ်၊ အဲဒီတော့ မြင်သိစိတ်ကလေးဟာ မျက်လုံးထဲက ထွက်လာတာလည်း မဟုတ်ဘူး၊ မျက်စိနဲ့ မြင်ရတဲ့ အဆင်းအာရုံထဲကနေ ပေါ်လာတာလည်း မဟုတ်ဘူး။

ဒါဖြင့် ဘာကြောင့် ပေါ်လာတာလဲ၊ “ဟေတုံ ပဋိစ္စ သမ္ဘူတာ” အကြောင်းတရားကြောင့် ပေါ်လာတာ၊ အကြောင်းတရားက ဘာဆုံးဆိုရင် စက္ခုပသာဒရုပ် ဆိုတဲ့ ဝတ္ထုရုပ် ကလေးရယ်၊ ရူပါရုံဆိုတဲ့ အာရုံကလေးရယ် အဲဒီ(၂)ခုဆုံဆည်း သွားတဲ့ အချိန်မှာ တိုက်ခိုက်မှုရဲ့စွမ်းအားတွေ ပေါ်လာတာ၊ ရုပ်(၂)ခု ဆုံလိုက်တာဟာ တိုက်ခိုက်လိုက်တာပဲ၊ လျှပ်စစ်မီးကြိုးနှစ်ခု ခတ်လိုက်သလိုပဲ၊ ဒီလို တိုက်ိုက်လိုက်တဲ့ အခါမှာ အလင်းရောင် လက်ခနဲ ပေါ်လာသလို ဒီအသိစိတ် ကလေးလည်း ပေါ်လာတယ်လို့ မြတ်စွာဘုရားက ဒီလိုဟောတာ။

အဲဒီအထဲမှာကိုပဲ အဓိကဖြစ်တဲ့ စက္ခုပသာဒရုပ်နဲ့ ရူပါရုံ ဒီနှစ်ခုကိုပဲ မြတ်စွာဘုရားက ဟောထားတယ်၊ အခြား အကူအညီ အကြောင်းတားတွေကလည်း လိုအပ်သေးတယ်၊ ဘာတုံးဆိုရင် အလင်းရောင်ကလေး လိုသေးတယ်၊ ဟော - အလင်းရောင်မရှိလို့ မှောင်နေရင်လည်း မြင်နိုင်ဘူး၊ ဒါကြောင့်မို့ မျက်စိလည်း ရှိတယ်၊ အဆင်းရုံလည်း ရှိတယ်၊ မြင်ဖို့ရာအတွက် ဒီနှစ်ခုကြားမှာ အလင်းလိုတယ်လို့ ပြောတယ်။

နောက်တစ်ခုကန်တော့ နှလုံးသွင်းဆိုတာ လိုသေတယ်၊ အသိစိတ် နှလုံးသွင်း ဆင်ခြင်မှုလည်း လိုသေးတယ်၊ ပေါင်းလိုက်တဲ့အခါမှာ အကြောင်း(၄)မျိုး မဖြစ်ဘူးလား၊ အဲဒီ အကြောင်း(၄)မျိုးကြောင့်လည်း မြင်သိစိတ်ဆိုတဲ့ ဒီနာမ်တရားလေးတွေ ပေါ်လာတာပါတဲ့၊ နဂိုက ဒီထဲမှာ ရှိနေတာ မဟုတ်ပါဘူး၊ ဘယ်နေရာမှ ရှိနေတာ မဟုတ်ပါဘူး၊ ပေါ်လာပြီးတဲ့ နောက်မှာလည်း သူ့ရဲ့ အချိန်ပိုင်း အတိုင်းအတာလေး အတွင်းမှာ ပျက်စီးသွားတယ်၊ အဲဒါကို မြတ်စွာဘုရားက ‘အနိစ္စ’ လို့ ဟောတယ်။

အနိစ္စအဓိပ္ပါယ်

“အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တိ”

အနိစ္စရဲ့ အဓိပ္ပါယ်ကို အနုပဒသုတ္တန်မှာ ဒီလို ရှင်းတယ်၊ အဟုတွာ - ဘယ်နေရာမှ ရှိနေတာမဟုတ်ဘဲနဲ့၊ သမ္ဘောန္တိ - အကြောင်းဆုံတဲ့အခါမှာ ပေါ်လာကြတယ်၊ ဟုတွာ - အကြောင်း ဆုံလို့ ဖြစ်ပေါ်ပြီးတဲ့နောက်မှာ၊ ပဋိဝေန္တိ - ပျောက်ကွယ်ပြီးတော့ သွားကြတယ်၊ အဲဒါကို အနိစ္စလို့ ဆိုတယ်။

အဲဒီမှာ နာမ်တရားတွေဟာ ဒီပုံဒီနည်း ဖြစ်လာတာ၊

“ဟေတုံ ပဋိစ္စ သမ္ဘူတာ၊ ဟေတုဘင်္ဂါ နိရုဇ္ဈရေ”

အကြောင်းတရားတွေ ပျက်စီးသွားရင် သူတို့လည်း ပျက်စီးသွားတယ်၊ အလုံးဟာ အကြောင်းတရားပေါ်မှာ မှီတည်ပြီး ပျက်သွားတယ်၊ မှီတည်ပြီး ဖြစ်လာရတယ်၊ အကြောင်းတရားတွေ ပျက်ရင်လည်း သူတို့လည်း ပျောက်သွားတယ်။

အသိစိတ်ကလေးဟာ မျက်လုံးထဲက ထွက်လာတာလည်း မဟုတ်ဘူး၊ မြင်စရာ ရူပါရုံက ထွက်လာတာလည်း မဟုတ်ဘူး၊ သူတို့ နှစ်ခုကြားကလည်း ထွက်လာတာ မဟုတ်ဘူးတဲ့၊ အကြောင်းတရားတွေကြောင့် ဖြစ်တာ၊ ဥပမာ- စည်သံလေးလိုပါပဲတဲ့၊ စည်ထဲက ထွက်လာတာလည်း မဟုတ်ဘူး၊ လက်က ထွက်လာတည်လည်း မဟုတ်ဘူး၊ တီးခတ်တဲ့ တုတ်တံက ထွက်လာတာလည်း မဟုတ်ဘူး၊ ဒီ နှစ်ခုကြားမှာ သူအောင်းနေတာလည်း မဟုတ်ဘူးတဲ့၊ တီးခတ်ခြင်းကို အကြောင်းပြုပြီး အစွဲပြုပြီး အသံလေး ပေါ်လာတာ၊ ဖြစ်ပြီးတဲ့နောက် ပျောက်သွားတယ်၊ ဒါ နာမ်တရားရဲ့ သဘောပဲ၊ နာမ်ဆိုတာ အဲဒီအတိုင်းပဲ။

ကြားသိစိတ်ဖြစ်ပုံ

ထို့အတူပဲ “သောတဉ္စ ပဋိစ္စ သဒ္ဒေ စ၊ ဥပ္ပဇ္ဇတိ သောတဝိညာဏံ” ကြားသိစိတ်ကလေးဟာလည်း ဒီအတိုင်းပဲတဲ့၊ သောတပသာဒရုပ်လို့ဆိုတဲ့ အခြေခံဝတ္ထုရုပ်ရယ်၊ ပသာဒရုပ်ဆိုတဲ့ အသံရုပ်ရယ်၊ အဲဒီ (၂)ခု ထိခိုက်တဲ့အခါကျတော့ ထိခိုက်တာလည်း အလွန်မြည်တယ်နော်၊ ကောင်းကင်မှာ အပူနဲ့ အအေးတို့ တိုက်ခိုက်ပြီးတော့ အသံကြီးတွေဟာ အောက်ကတီးတဲ့ အသံထက်တောင်ပြင်ထန်သေးတယ်၊ မိုးကြိုးများပစ်လိုက်ရင် ပိုဆိုးသေးတယ်။

အဲဒီတော့ နားထဲမှာ အသံနဲ့ ခုနက သေတာပသာဒနဲ့ တိုက်လိုက်တဲ့အခါ အသံသိတဲ့စိတ်ကလေး ပေါ်လာတာ၊ ဒါလည်း နားထဲက ထွက်လာတာ မဟုတ်ဘူးတဲ့၊ သိတဲ့စိတ်ကလေးဟာ အကြောင်းကြောင့် ပေါ်လာတယ်။

ပိုရှင်းအောင် မီးခြစ်ဘူးကလေးကိုပဲ စဉ်းစား၊ ဂက်(စ်) မီးခြစ်ဘူးလေးကို ကြည့်လေ၊ မီး ရှိနေလို့ရှိရင် ပူမှာပေါ့၊ လောင်မှာပေါ့၊ မီးမရှိဘူးဆိုတာ သေချာတယ်လေ၊ မရှိဘူးဆိုတာ လက်တွေ့ ပြလို့ရတယ်၊ အိမ်ထောင်ထဲ ထည့်သွား၊ အကယ်၍ မီးရှိတယ်ဆိုရင် ဘယ်ခံနိုင်မလဲ၊ လောင်သွားမှာပေါ့၊ မရှိဘူးဆိုတာ သေချာတယ်၊ သို့သော် အကြောင်းတစ်ခုထပ်ပြီးတော့ ထည့်လိုက်တယ်၊ ဒါက လူက ဖိခြစ်လိုက်တယ်၊ ဟော မီးလောင်တယ်၊ အဲဒီသဘောပဲ မှတ်ထားကြ။

နံသိ လျက်သိ ထိသိစိတ်ဖြစ်ပုံ

ထို့အတူပဲ၊ နံသိစိတ်ကလည်းပဲ နှာခေါင်းနဲ့အနံ ဆုံမိတဲ့အခါမှာ ပေါ်လာတယ်၊ လျက်သိစိတ်ကပိုပြီး သိသာတာပေါ့၊ ဒါကြောင့်မို့ ဟင်းချက်ပြီးတဲ့အခါ မြည်းရတယ် မဟုတ်လား၊ မမြည်ရင် ချိုတယ် ငန်တယ် မသိဘူး၊ တစ်ခါတစ်လေ သရက်သီးမှည့်ကလေး ခွဲထားတဲ့အခါကျတော့ မျက်စိက ကြည့်တော့ ချိုတယ်လို့ သညာက ထင်မှတ်ထားတာ၊ သွားစားတော့ အမလေး ချဉ်လိုက်တာ မပြောနဲ့တော့၊ တကယ် အဆုံးအဖြတ် ပေးနိုင် တာကန်တော့ လျှာပေါ်ရောက်မှ သိသွားတာ မဟုတ်လား။

ချိုတယ်ထင်လို့ စားတာ၊ ချဉ်တာ တွေ့ချင်တွေ့မယ်၊ ချဉ်တယ်ထင်တာ၊ ချိုတာ တွေ့ကောင်းတွေ့မယ်၊ ပေါ့တယ်လို့ ထင်တာ ငန်ချင်လည်း ငန်နေလိမ့်မယ်၊ အားလုံးဟာ လျှာကျမှ သိတာချည်းပဲ မဟုတ်လား၊ ဒါကြောင့် မြတ်စွာဘုရားက -

“ဇိဝဉ္စ ပဋိစ္စ ရသေ စ ဥပ္ပဇ္ဇတိ၊ ဇိဝှာဝိညာဏံ”

ဇိဝှာပသာဒရယ် ရသာရုံရယ် ပေါင်းစပ်လို့ အရာသိတဲ့ အသိစိတ်ကလေး ပေါ်လာတာပါတဲ့၊ ထို့အတူပဲ၊ ကာယပသာဒနဲ့ ဖောဋ္ဌဗ္ဗရုံ ဆုံမိသွားတဲ့အခါကျတော့ ထိသိစိတ်ကလေး ပေါ်တာပါတဲ့။

အတွေးစိတ်ဖြစ်ပုံ

နောက်တစ်ခါ အတွေးအာရုံတွေ ကျန်တဲ့အာရုံတွေကျတော့ ဘဝင်စိတ်ကလေးကို သွားတိုက်တာ၊ အဲဒါကျတော့ ကြည့်ရမှာကန်တော့ နာမ်-နာမ်ချင်း တိုက်တာလည်း ပါတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ အာရုံက နာမ်ဆိုလို့ရှိရင် ဘဝင်စိတ်ကလေးကလည်း နာမ်ပဲ၊ နာမ်-နာမ်ချင်းတိုက်ပြီးတော့ အသိစိတ်ကလေးပေါ်တယ်၊ အဲဒါကန်တော့ မနောဝိညာဏံ ဆိုတဲ့ အစွမ်းထက်တဲ့စိတ်တွေ ပေါ်လာတယ်၊ ဘဝင်စိတ်ကလေးနဲ့ ဓမ္မာရုံနဲ့ ဒီနှစ်ခုပေါင်းစပ်ပြီး တိုက်ခိုက်မိလိုက်တဲ့ အချကျတော့ တခြားအသိစိတ်တွေ ပေါ်လာတယ်၊ ကုသိုလ်စိတ်တွေ ပေါ်မယ်၊ အကုသိုလ်စိတ်တွေပေါ်မယ်၊ အစွမ်းထက်တဲ့စိတ်တွေ အဲဒီမှာ အတွေးစိတ်တွေ ပေါ်တယ်၊ အဲဒီတော့ -

ဘဝင်စိတ်နဲ့ ဓမ္မာရုံ

“မနဉ္စ ပဋိစ္စ ဓမ္မေ စ” ဒီနေရာမှာ “ဟဒယဉ္စ ပဋိစ္စ ဓမ္မေ စ” လို့ ဘုရားက မဟောတာ စဉ်းစားကြည့်ပေါ့၊ ကျန်တဲ့ စက္ခု၊ သောတ၊ ဃန၊ ဇိဝှါ၊ ကာယ၊ base တွေက ရုပ်တရား တွေဖြစ်လျက်သားနဲ့ ဒီ(၆)ခုမြောက် ရောက်တဲ့အခါကျတော့ - “မနဉ္စ ပဋိစ္စ ဓမ္မေ စ” လို့ ဟောပြီး “ဟဒယဉ္စ ပဋိစ္စ” လို့ မဟောဘူး၊ ဟဒယဝတ္ထုသက်သက်နဲ့ မပေါ်နိုင်ဘူးတဲ့၊ အဲဒီတော့ အခြေခံ ဘဝင်စိတ်နဲ့၊ ဘဝင်စိတ်ကနေ ဖြတ်သန်းရတာ ဖြစ်တယ်လို့ ဟောတာ၊ ဘဝင်စိတ်က ဒီနေရာမှာ Mind door ပဲ၊ အဲဒီက ဖြတ်သန်းရတာဖြစ်လို့ ဘဝင်စိတ်ကလေးနဲ့ ဓမ္မာရုံနဲ့ ပေါင်းစပ် တွဲမိလိုက်တဲ့အခါကျတော့ မနေဝိညာဏ် စိတ်ဆိုတဲ့ အစွမ်းထက်တဲ့ စိတ်တွေပေါ်လာတယ်လို့ ဒီလို ဟောတယ်။

စိတ် ၆-မျိုး

ကဲ - ခုကြည့်လိုက်မယ်ဆိုရင် အကြမ်းနည်းအားဖြင့် စိတ်(၆)မျိုးကို ပြောလိုက်ပြီးပြီ၊ မြင်သိစိတ်တဲ့၊ စာလိုပြောရင် “စက္ခုဆိုတာ မျက်စိကို ပြောတာ၊ ဝိညာဏ်-သိတာကို ပြောတာ၊ မျက်စိမှာပေါ်လာတဲ့ အသိစိတ်၊ “စက္ခုဝိညာဏ်စိတ်”၊ မျက်စိကို မှီပြီးပေါ် လာတဲ့ အသိစိတ်လို့ ဒီလိုပြောတာ၊ “သေတဝိညာဏ်စိတ် နားကို မှီပြီးပေါ်လာတဲ့ အသိစိတ်၊ “ဃနဝိညာဏ်စိတ်” နှာခေါင်းကို မှီပြီး ပေါ်လာတဲ့ အသိစိတ်၊ “ကာယဝိညာဏ်စိတ်” ကာယကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့အသိစိတ်၊ “မနောဝိညာဏ်စိတ်” မနကို မှီပြီး ဖြစ်ပေါ်လာတဲ့ အသိစိတ်၊ ဘဝင်မနကို မှီပြီး ဖြစ်ပေါ်လာတဲ့အသိစိတ် အားလုံး ပေါင်းလိုက်တဲ့အခါ စိတ်(၆)မျိုး မရဘူးလား၊ အဲဒီ (၆)မျိုးဟာ စေတသိက်တွေနဲ့ ပေါင်းပြီးတော့ နာမ်တရားတွေ ဘယ်လို ဖြစ်ပေါ်လာတယ် ဆိုတာကို ဟောနေတာပါ။

နိဂုံးစကား

ဒီကနေ့ နာမ်အကြောင်း ကို လေ့လာလိုက်တာ နောက်ထပ်ဆက်ပြီး လေ့လာဖို့ အများကြီးလိုသေးတယ်၊ တစ်ခုချင်း တစ်ခုချင်း သဘောပေါက်ထားရမှာက နာမ်တရားဆိုတာ ရှိနေနှင့်တဲ့ တရားမဟုတ်ဘူး၊ ရုပ်တရားတွေကို မှီပြီး အကြေင်းတိုက်ဆိုင်မှ ဖြစပေါ်လာတဲ့ တရားမျှသာ ဖြစ်တယ် ဆိုတာပါပဲ။

ကဲ-နာမ်တရားတွေ ပေါ်လာပုံကို သိရှိရပြီ၊ နောက်ရက်တွေမှာ စိတ်ရဲ့ အကြောင်းတရားတွေကို သီးသန့်ဟောမယ်၊ ပြီးတဲ့အခါ စိတ်ရဲ့ စွမ်းအားတွေ သီးသန့်ဟောမယ်၊ စိတ်ရဲ့ အကြေးတွေဟာ ဘာတွေလဲဆိုတာ ဟောမယ်၊ စိတ်ကို အစွမ်းထက်စေတဲ့ စွမ်းအားတွေဟာ ဘာတွေလဲဆိုတာ သီးသန့်ဟောမယ်၊ စိတ်အကြောင်းကို သေသေချာချာ လေ့လာပြီးတဲ့ နောက်တစ်ခါ စိတ်နဲ့ရုပ် ပေါင်းစပ်ပြီး ဘယ်လို လှုပ်ရှားကြသလဲ၊ စိတ်တွေဟာ ဘယ်ပုံဘယ်နည်းနဲ့ ဖြစ်စဉ်ထဲမှာ ရှိတယ်ဆိုတာလေးကို အဆုံးသတ် အနေနဲ့ ဟောပြီးတော့ နိဗ္ဗာန်ကို ဘယ်လိုရောက်တယ်ဆိုတာ ဟောမယ်။

ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိတ်သတ်အပေါင်းတို့သည် ဒီကနေ့ နာမ်တရားကို လေ့လာသုံးသပ်ခြင်း ဆိုတဲ့ အပိုင်းမှာ နာမ်တရားလို့ ခေါ်တဲ့ စိတ်,စေတသိက်တွေဟာ ရုပ်ကို အမှီပြုပြီးတော့ ခုလို ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတွေနဲ့ တိုက်ဆိုင်တဲ့အခါမှသာ ပေါ်ပေါက်လာကြတယ်၊ အဲဒီ သဘာဝတရားတွေကို ဗုဒ္ဓမြတ်စွာ ဟောတဲ့အတိုင်း သိရှိကြသဖြင့် ကိုယ့်ခန္ဓာကိုယ်မှာ ထာဝရ မြဲနေတဲ့အရာ “ငါ” လို့ ထင်နေတဲ့အရာဆိုတာ ဘာတစ်ခုမှ မရှိပါလား၊ တကယ်တော့ သူ့အကြောင်းနဲ့သူ ဖြစ်ပြီး၊ သူ့ဟာသူပေါ်ပြီး ပျောက်နေတဲ့ အရာသာ ဖြစ်တယ်။

အဲဒီတရားတွေဟာ “ငါ” လည်း မဟုတ်ဘူး၊ ငါ့ဟာလည်း မဟုတ်ဘူးဆိုတဲ့ အသိဉာဏ်ကလေး ဝင်လာတာဟာ “သမ္မာဒိဋ္ဌိ”၊ မှန်ကန်သော အမြင်ပလို့ အားလုံး ကိုယ်စီကိုယ်စီ သဘောပေါက်ပြီးတော့ အားလုံး သမ္မာဒိဋ္ဌိဉာဏ် ရင့်သန်စေရန် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန် သတည်း။

“သာဓု - သာဓု - သာဓု”

အခန်း(၄)

စိတ်ကိုလေ့လာသုံးသပ်ခြင်း

ရုပ်အကြောင်းကို လေ့လာခဲ့ကြပြီးနောက်မှာ စိတ်နှင့် စေတသိက်ကို ဖွဲ့စည်းထားတဲ့ နာမ်အကြောင်းကိုလည်း လေ့လာခဲ့ကြပြီးပြီ၊ နာမ်တရားတွေထဲက စိတ်ကို သီးသန့်ထုတ်နှုတ်ပြီး လေ့လာကြည့်ရအောင်၊ စိတ်အကြောင်းကို ပြောရမယ်ဆိုလို့ရှိရင် စေတသိက်ကလည်းပဲ ပါလာတယ်၊ ထို စေတသိက်အကြောင်းကို နောက်ရက်များမှာ သီးသန့်ပြောမှာ ဖြစ်ပါတယ်၊ ဒီကနေ့ စိတ်ကလေးကိုပဲ သီးသန့် လေ့လာသုံးသပ် ကြည့်ကြရအောင်။

ဒီကနေ့ပြောမယ့် စိတ်ဆိုတဲ့ထဲမှာ စေတသိက်တွေ မပါသေးဘူးလို့ မှတ်ရမယ်၊ လူတွေ ပြောနေကြတဲ့ စိတ်ဆိုတဲ့ အထဲမှတော့ စိတ်ရော၊ စေတသိက်ရော နှစ်မျိုးလုံးပါတယ်၊ “စိတ်မချမ်းသာဘူး” လို့ ပြောတဲ့စကား စိတ်သက်သက်က ချမ်းသာတယ် မချမ်းသာဘူးဆိုတာ မရှိဘူး၊ စေတသိက်နဲ့ တွဲမှ စိတ်ချမ်းသာတယ် စိတ်မချမ်းသာဘူးလို့ ပြောလို့ရတာ၊ စိတ်ပျော်တယ်၊ စိတ်မပျော်ဘူး၊ ပျော်တဲ့စိတ်၊ မပျော်တဲ့စိတ်ဆိုတဲ့ အဲဒီ စကားဟာလည်း စိတ်သက်သက်ရဲ့ သဘာဝကပျော်တာလည်း မရှိဘူး၊ မပျော်တာလည်း မရှိဘူး၊ စေတသိက်နဲ့ တွဲတဲ့အခါကျမှ ပျော်တယ်၊ မပျော်ဘူးဆိုတာ ဖြစ်တယ် လို့ ဒီလိုမှတ်ရမယ်။

စိတ်ကရှေ့ဆောင်

ဒီကနေ့ စိတ်တစ်ခုတည်း အကြောင်းကို ပြောရအောင်၊ စိတ်ဆိုတဲ့ သဘာဝတရားလေးဟာ နာမ်ထဲမှာတော့ သူက မူလပဓာန အဓိကကျတယ်၊ စေတသိက်တွေရဲ့ ဦးဆောင်ဦးရွက် ဖြစ်တယ်၊ ဒါကြောင့် သုတ္တန်ပါဠိတော်တွေနဲ့ ဓမ္မပဒဂါထာမှာ “မနော ပုဗ္ဗင်္ဂမာ” ခံစားမှု မှတ်သားမှု စေ့ဆော်မှုဆိုတဲ့ သဘာဝ တရားတွေကို စိတ်ဟာ ရှေ့ဆောင်နေပါတယ်လို့ ဗုဒ္ဓမြတ်စွာက ဒီလိုဟောတယ်၊ စိတ်က ရှေ့ဆောင်နေတယ်ဆိုတာ စိတ်ဖြစ်မှ စေတသိက်တွေ ဖြစ်နို်င်တာ၊ စိတ်နဲ့စေတသိက် အတူတူပဲ ဖြစ်ကြတယ်၊ အတူကွ ချုပ်ကြတယ်၊ အာရုံတစ်ခုတည်းကိုပဲ အာရုံပြုကြတယ်၊ မှီရာဝတ္ထုကလည်း တစ်ခုတည်းပဲတဲ့။

ဆိုလိုတာက စိတ်နဲ့ စေတသိက်ဟာ တစ်ခုအနေနဲ့ ဖွဲ့စည်းထားတယ်၊ ဆိုပါစို့-ရုပ်ဆိုတာဟာလည်း တစ်ခုတည်းမှာ ရုပ်ရှစ်ခုအပေါင်း၊ ကိုးခုအပေါင်း၊ ဆယ်ခုအပေါင်းဆိုသလိုပဲ စိတ်မှာလည်း အနည်းဆုံး ရှစ်ခုပေါင်းထားတယ်၊ စေတသိက် ခုနှစ်ခုနဲ့ စိတ်တစ်ခု၊ ဖြစ်စဉ်မှာ အဲဒီလို သွားမယ်။

ယနေ့ စိတ်အကြောင်းကို ပြောမယ်၊ စိတ်ကို ခွဲခြမ်းစိတ်ဖြာ လိုက်တဲ့အခါ အဘိဓမ္မာတရားတော်အရ စိတ်ဟာ ၈၉-မျိုး ရှိတယ်၊ ၈၉-မျိုးဆိုတာ ရှိနိုင်တာကိုပြောတာ၊ လူတွေရဲ့ နေ့စဉ် ဘဝမှာ ရှိနေတာကို ပြောတာမဟုတ်ဘူး၊ ဘုန်းကြီးတို့ နေ့စဉ်ဘဝမှာ ဆိုရင် စိတ် ၈၉-မျိုးလုံး မဖြစ်ဘူး၊ လူတိုင်းမှာလည်း စိတ်၈၉-မျိုး မဖြစ်ဘူး၊ ၈၉-ဆိုတာ မွေးရာပါ မဟုတ်ဘူး၊ အဲဒီ ၈၉-ကို စိတ်တစ်ခုယုတ် (၉၀)လို့ခေါ်တယ်၊ တစ်ခုလျော့နေတဲ့(၉၀)၊ စျာန်တရားတွေနဲ့ မြှောက်ပွားလိုက်တဲ့အခါကျတော့ လောကုတ္တရာ စိတ်ဟာ အကျယ်ဖြစ်တာမို့ (၁၂၁)၊ အဘိဓမ္မာသင်ဘူးသူတိုင်း ရှေးဦးစွာ “စိတ်အကျဉ်း ၈၉-၊ စိတ်အကျယ်-၁၂၁” ဆိုတာ ကြားဖူးနားဝ ရှိနေကြပြီးသားပါ။

အစဉ် ၂-မျိုး

သို့သော် ဒီကနေ့ စိတ်အကြောင်း ရှင်းပြတဲ့အခါ အဘိဓမ္မတ္ထသင်္ဂဟကျမ်းလာ စိတ်ပိုင်းမှာ ပြဆိုထားတဲ့အစဉ်နဲ့ မဟုတ်ဘဲ လူတွေရဲ့ သန္တာန်မှာ ဖြစ်တဲ့ဖြစ်စဉ်နဲ့ ပြောပါတယ်၊ ကျမ်းစာထဲမှာ ကန်တော့ မှတ်တမ်းတင်ထားတဲ့အနေနဲ့ စုံစုံစေ့စေ့ ရေးသားထားတယ်၊ ကျမ်းစာထဲမှာ ပြထားတဲ့အစဉ်နဲ့ လူတွေ သန္တာန်မှာ ဖြစ်တဲ့အစဉ်က တစ်မျိုးစီ၊ ကျမ်းစာထဲကလာတဲ့ အစဉ်ကို ဟောပြောတဲ့အစဉ် “ဒေသနာက္ကမ” လို့ခေါ်တယ်၊ ဖြစ်စဉ် မဟုတ်ဘူး။

အစဉ်ဆိုတာ နှစ်မျိုးရှိတယ်၊ ဒေသနာက္ကမ ဟောပြောတဲ့အစဉ်နဲ့ ဥပ္ပတ္တိက္ကမ ဖြစ်စဉ်၊ ကျမ်းစာထဲမှာ ဖော်ပြထားတာက ဟောပြောတဲ့ အစဉ်အနေနဲ့သာ ဖော်ပြတာ၊ လူတွေရဲ့ သန္တာန်မှာ ဖြစ်ပေါ်တဲ့ ဖြစ်စဉ်နဲ့ ဖော်ပြတာ မဟုတ်ဘူး၊ အဲဒါကြောင့်မို့- လူတွေရဲ့ သန္တာန်မှာ စိတ်ဆိုတာ ဘယ်တုန်းကစပြီး ဖြစ်သလဲ။ ဒီဘဝမှာ အစဆုံးစိတ်က ဘယ်စိတ်လဲ၊ ဘယ်စိတ်မှာ အဆုံးသတ်မလဲ၊ အဲဒီစိတ်ရဲ့ အမျိုးအစားက ဘာတွေလဲ၊ လူတွေမှာ အခြေခံစိတ် ဘယ်နှစ်ခု ရှိသလဲ၊ ဖြစ်ပေါ်လာတဲ့ စိတ်တွေ ဘယ်နှစ်ခု ရှိသလဲ ဆိုတာကို ဆိုင်ရာဆိုင်ရာ အကြောင်းလေးတွေကို ကြည့်ပြီး စိတ္တာနုပဿနာ သဘောမျိုး ကိုယ့်စိတ် ကလေးကို ကိုယ်သိသွားအောင် ဒီကနေ့ဟောမှာ ဖြစ်ပါတယ်။

စိတ်အစဉ်ပြတ်တဲ့အခါ

ဒါ မပြောခင် တစ်ခုမှတ်ထားဖို့က ဘဝသံသရာမှာ စိတ်အစဉ်ဟာ ပြတ်တောက်သွားတယ်ဆိုတာ မရှိသလောက် ရှားတယ်၊ မရှိဘူးလို့ ပြောနိုင်တယ်၊ အကြာကြီး ပြတ်တောက်သွားတဲ့အခါ လုံးဝမရှိဘူးလားလို့ ပြောလို့ရှိရင် ပုဂ္ဂိုလ်နှစ်ဦးမှာတော့ ရှိနိုင်တယ်၊ စိတ်အစဉ် ပြတ်တောက်သွားတဲ့ ပုဂ္ဂိုလ်တွေက သာမန်ပုဂ္ဂိုလ်အနေနဲ့ ပြေမယ်ဆိုရင် စျာန်တရားကို အားထုတ်ပြီးတော့ စိတ်ကို မုန်းတီးပြီး(မုန်းတီးတယ်ဆိုတာ ဒေါသနဲ့ မုန်းတာ မဟုတ်ဘူး၊ စိတ်ကို မလိုချင်တာ၊ စိတ်ရဲ့ အပြစ်တွေကို မြင်တာ) မလိုချင်တဲ့ စျာန်ရတဲ့ ပုဂ္ဂိုလ်က တစ်ဦး။

ဆိုပါစို့၊ စျာန်တရား အားထုတ်ပြီးတော့ သူက စတုတ္ထစျာန်ထိအောင် ရောက်သွားတယ်၊ အဲဒီ ရောက်သွားတဲ့ ပုဂ္ဂိုလ်ဟာ ( ပဉ္စကနည်းနဲ့ဆိုရင် ပဉ္စမစျာန်၊ စျာန်လေးမျိုးနဲ့ ဆိုရင် စတုတ္ထစျာန်၊) စတုတ္ထစျာန် သို့မဟုတ် ပဉ္စမစျာန်ရသွားတဲ့ ပုဂ္ဂိုလ်က ဘယ်လိုတွေးလဲဆိုရင် စားချင်တာလည်း ဒီစိတ်ပဲ၊ အိပ်ချင်တာလည်း ဒီစိတ်ပဲ၊ စိတ်ကအိပ်ချင်လို့ လိုက်အိပ်နေရတယ်၊ စိတ်က စားချင်လို့ လိုက်စားနေရတယ်၊ စိတ်မရှိရင် သိပ်ကောင်းမှာပဲလို့ အတွေးဝင်သွားတယ်၊ သူ့ရဲ့ သမာဓိစွမ်းအားက အလွန်ကောင်းတယ်၊ သူ့ကုသိုလ်ကံက အလွန်ထက်တယ်၊ ဒီတော့ သူ့ရဲ့ စိတ်ဆန္ဒဟာ ပြည့်ဝတယ်နော်။ လိုတရတယ်ဆိုတာ အဲဒီမှာနော်၊ ဒီမှာ တကယ်ကို စိတ်ဖြစ်မလာရင် ကောင်းမှာပဲလို့ သူ ဆန္ဒပြုတယ်။

ဒီလိုစိတ်ရှိနေတဲ့ ဘဝကနေ သေးဆုံးသွားတဲ့အခါ အသညသတ္တခေါ်တဲ့ စိတ်မဲ့ သတ္တဝါ ဗြဟ္မာကြီးသွားဖြစ်တယ်၊ ဒီဘဝက ထိုင်လျက်သေရင် ဟိုဘဝမှာ ထိုင်လျက်၊ ဒီဘဝမှာ အိပ်လျက်သေရင် ဟိုဘဝမှာ အိပ်လျက် ရုပ်တုကြီးလိုပဲ၊ ဘယ်လောက်ကြာသလဲ၊ ကမ္ဘာငါးရာ ကြာတယ်။ အသညသတ်ဘုံမှာ အဲဒီလို ဗြဟ္မမျိုး ဖြစ်နေရင်တော့ စိတ်ဟာ ပြတ်တောက်သွးတယ်လို့ ပြောရမယ်။

ပြတ်တောက်သွား တယ်ဆိုတာ ယာယီ ရပ်ဆိုင်းသွားတယ်လို့ ပြောရမယ်၊ ဘာဖြစ်လို့ ပြတ်တောက် သွားသလဲဆိုရင် (condition) စိတ်ဖြစ်စရာ အကြောင်းတရားတွေ ခေတ္တရပ်ဆိုင်းပစ်လိုက်လို့ပဲ၊ stop လုပ် ပစ်လိုက်တယ်တဲ့၊ ဒီအခါ စိတ်ကလေးရပ်သွားတယ်၊ ရုပ်တွေချည်းပဲ သွားဖြစ်တယ်၊ စိတ်ဖြစ်စရာ အကြောင်းမရှိတော့ စိတ်က ရပ်တယ်၊ ဒါပေမယ့် ဒီလို stop လုပ်တာ ထာဝရလားဆိုတော့ မဟုတ်ဘူး၊ အတိုင်းအတာတစ်ခုနဲ့ လုပ်တာ၊ ကမ္ဘာငါးရာ ပြည့်လို့ သက်တမ်းကုန်တာနဲ့ တစ်ပြိုင်တည်း ပြန်ပေါ်လာတာ၊ ဘာဖြစ်လိ့ ပြန်ပေါ်တာလဲ၊ အကြောင်းတရားက (condition) ပြန်ပေါ်လာလို့ ပြန်ပေါ်လာတာ၊ အဲဒီဘုံမှာ ရောက်နေတဲ့ ပုဂ္ဂိုလ်တွေောတ့ စိတ်အစဉ် ခေတ္တပြတ်တောက် သွားတယ်လို့တော့ ပြောလို့ရတယ်။

စိတ်မဲ့ဘဝ

ဒါကြောင့်မို့ ပုဗ္ဗေနိဝါသနုဿတိအဘိညာဉ် ဝင်စားတဲ့ ပုဂ္ဂိုလ်ဟာ ငါ ဘယ်ဝက လာတာပါလိမ့်ဆိုပြီး အတိတ်ဘဝတွေကို ပြန်ပြီးတော့ ကြည့်တယ်၊ trace လုပ်ကြည့်တယ်၊ အတိတ်က ဘဝတွေကို နောက်ကြောင်းပြန်ကြည့်လိုကတဲ့အခါ ဘဝပေါင်း မြောက်မြားစွာထဲမှာ ကွက်လပ်ကြီးဖြစ်သွားတဲ့ ဘဝတစ်ခု သွားတွေ့တယ်၊ စိတ်လုံးဝ ရှာမတွေ့တော့တဲ့အခါ ဗုဒ္ဓရဲ့ အဆုံးအမ မရတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘယ်လိုတွေးမိလဲ ဆိုတော့ ငါက အဲဒီကျမှ သတ္တဝါရယ်လို့ဖြစ်တာ၊ ဟိုဘက်တုန်းက ငါက မရှိသေဘူး၊ ဒါ ငါ့ရဲ့ သံသရာအစပဲလို့ဆိုတဲ့ အယူဝါဒတစ်ခု ပေါ်သွားတယ်၊ ဘာဖြစ်လို့လဲဆိုရင် သူ့ကိုယ်သူ မဆုံးဖြတ်နိုင်ဘူး၊ ဒီကွက်လပ်ကြီးကို မြင်လိုက်တဲ့အခါ ငါ ဟိုဘဝတုန်းက မရှိခဲ့ဘူး၊ နောက်မှ ငါဖြစ်တာ၊ တစ်ခုခုက ဖန်ဆင်းလို့ ငါဖြစ်လာတာပဲလို့ အတွေးတွေဝင်တယ်။

ဗုဒ္ဓမြတ်စွာ သာသနာတော်မှာ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေကန်တော့ “ဩော် အသညသတ်ဘုံ ငါရောက်သွားတာပဲ ဖြစ်မယ်” လို့ ဒီလို တွက်နိုင်မယ်၊ အဲဒီလို တွက်ပြီး ဟိုဘက်ကို ဆက်စဉ်းစားလိုက်တော့ တစ်ခါ ဘဝကို ပြန်တွေ့တယ်၊ အဲဒါကို အသညသတ်ဘုံမှာ ရောက်နေတယ်လို့ ဗုဒ္ဓသာသနာမှာ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဆုံးဖြတ်နိုင်မယ်၊ အခြားဘာသာမှာရှိတဲ့ ပုဂ္ဂိုလ်တွေကန်တော့ ဒါ မဆုံးဖြတ်နိုင်ဘူး၊ မိစ္ဆာအယူဝါဒ တစ်ခုကို ယူမိသွားတက်တယ်။

နိရောဓသမာပတ် ဝင်စားသူ

နောက်ပုဂ္ဂိုလ်တစ်ဦးက ဘယ်သူလဲဆိုရင် နိရောဓသမာပတ် ဝင်စားနိုင်တဲ့ အနာဂါမ်နဲ့ ရဟန္တာ၊ စိတ်ကို ခေတ္တခဏ ရပ်ဆိုင်းတဲ့ နိရောသမာပတ်ကို ဝင်စားလိုက်တဲ့အခါ (၇)ရက် လောက်စိတ်အစဉ်လေးဟာ ပြတ်တောက်သွားတယ်၊ သို့သော် (၇)ရက်ထက် ကျော်ပြီးတော့ ဝင်စားလေ့မရှိဘူး၊ ဘာဖြစ်လို့ဝင်စားလေ့ မရှိသလဲဆိုရင် လူတွေပြောလေ့ရှိကြတယ် မဟုတ်လား၊ ထမင်းအသက် (၇)ရက် ဆိုတာလေ၊ သေတာ,မသေတာ အသာထား ထမင်းက ထိန်းနိုင်တဲ့ ရက်က (၇)ရက်ပဲ ရှိတယ်ပေါ့၊ (၇)ရက်ကျော်လို့ သေချင်မှတော့ သေမှာပေါ့လေ၊ သေတာကို ပြောတာမဟုတ်ဘူး၊ ခန္ဓာကိုယ်ကို ထိန်းသိမ်း စောင့်ရှောက်ထားနိုင်တဲ့ အစာအဟာရရဲ့ စွမ်းရည်သတ္တိ ကုန်သွားပြီလို့ ဆိုတယ်၊ ရှေ့ကို ဒီအာဟာရက ဆက်မထိန်းနိုင်တော့ဘူးလို့ ဆိုလိုတယ်၊ အဲဒီ ဆက်မထိန်းနိုင်တာကို ဆက်တိုးသွားရင် ကိုယ့်ကိုယ်ကို ညှဉ်းဆဲရာ ရောက်တယ်။

ဒါကြောင့်မို့ နိရောသမာပတ် ဝင်စားတဲ့အခါ (၇)ရက်ပဲ ဝင်စားလေ့ရှိတယ်၊ (၇)ရက်ထက် ပိုပြီးတော့ ဝင်စားလေ့ မရှိကြဘူး၊ စိတ်ကို ခေတ္တခဏ ဖြတ်တောက်ထားလိုက်တာ၊ စိတ်ပိုင်းဆိုင်ရာတွေ အားလုံးကို ဖြတ်တောက်ထားလိုက်တာ၊ အဲဒီ အချိန်မှာ စိတ်တွေ၊ စေတသိတ်တွေ မပေါ်လာတော့ဘူး၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တရားတွေလည်း ရပ်ဆိုင်းသွားတယ်၊ ဘာပဲကျန်သလဲ ဆိုတော့ အတိတ်ဘဝ ကံရဲ့စွမ်းအားတွေ၊ ကမ္မဇရုပ်တွေတော့ လည်ပတ်နေသေးတယ်၊ ဥတုရဲ့စွမ်းအားနဲ့ ဥတုဇ ရုပ်တွေလည်း လည်ပတ်နေသေးတယ်၊ မဝင်စားခင်က စားထားတဲ့ အစာအဟာရရဲ့ စွမ်းအားကြောင့် အာဟာရဇရုပ်တွေတော့ ဖြစ်နေသေးတယ်၊ ဒီလို စိတ်ပြတ်တောက်ပုံ ပြတ်တောက်နည်း နှစ်ခုလို့ ပြောလို့ရတယ်၊ ဒီပြင်အချိန်မှာတော့ စိတ်ဟာ ပြတ်တောက်သွားတာ မရှိဘူး။

အနမတဂ္ဂ

သံသရာထဲမှ ရှေ့စိတ်ချုပ်ရင် နောက်စိတ်ဖြစ်တယ်၊ ဒီအတိုင်း သွားနေတာ၊ ဘဝသံသရာဟာ ဘယ်က စ,ခဲ့တယ်လို့ ပြေလို့ မရအောင် အလွန်ရှည်ကြာတယ်၊ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က ‘အနမတဂ္ဂေါ ယံ ဘိက္ခဝေ သံသရော’ တဲ့၊ ဖြစ်လိုက် အိုလိုက် နာလိုက် သေလိုက်ဆိုတဲ့ ဒီ ဖြစ်စဉ် ကြီးတစ်ခုလုံးဟာ အနမတဂ္ဂ လို့ ဟောတယ်။ အနု+ အမတ+ အဂ္ဂ၊ ဒီစကားလုံး သုံးလုံးကို ပေါင်းထားတာ အနု-အသိဉာဏ်ဖြင့် နောက်ကြောင်း ပြန်လိုက်တဲ့အခါ၊ အမတ-မသိနို်င်တဲ့၊ အဂ္ဂ-အစ၊ ဘယ်က စခဲ့တာလဲလို့ တွေးကြည့်ရင် ဘယ်တော့မှ အစကို မသိနိုင်ဘူးလို့ ပြောတာ။

နောက်တစ်နည်း “န+ အမတ+ အဂ္ဂ” အစကို မသိနိုင်ဘူး၊ မြတ်စွာဘုရား ဟောထားတဲ့ အနမတဂ္ဂဆိုတာ သံသရာ၏ အစဟာ မသိနိုင်ဘူး၊ ဘယ်လောက် ရှည်သလဲလို့ မေးရင် အလွန်ရှည်တယ်၊ အသိဉာဏ်နဲ့ နောက်ကြောင်းပြန်ပြီး လှည့်လိုက်လို့ရှိရင် အမတ-မသိနိုင်တဲ့၊ အဂ္ဂ-အစရှိတယ်၊ ဒါကို အနမတဂ္ဂလို့ခေါ်တာ။

မသိနိုင်ဘူးဆိုတာနဲ့ မရှိဘူးဆိုတာမတူဘူး၊ ဒါကိုလည်း သတိထား၊ မသိနိုင်ဘူး ပြောတာလား၊ မရှိဘူး ပြောတာလား၊ မသိနိုင်ဘူး ပြောတာ၊ ဒါတွေကို နောက်ကြောင်းပြန်ရှာ

နေရင် မဆုံးနိုင်တော့ဘူး ဆိုတာမျိုးလိုပဲ၊ ဘာဖြစ်လို့ မသိနိုင်သလဲ ဆိုရင် ရှည်ချင်တိုင်းရှည်လို့ မသိနိုင်တာ၊ အဲဒီ မသိနိုင်တဲ့စိတ် အစဉ်ကြီးဟာ တစ်ခုဖြစ်ပြီး တစ်ခုပျက်နဲ့ ဆုံးကို မဆုံးနိုင်တော့ဘူး၊ လူသားတွေအနေနဲ့ ပြောမယ်ဆိုရင် အရင်ဘဝရဲ့ နောက်ဆုံး စိတ်သည် စုတိစိတ်၊ ဒီလိုမှတ်ရမယ်၊ က ဒီဘဝမှာ ဘယ်စိတ်က စလဲ။

ပဋိသန္ဓေစိတ်

ပဋိသန္ဓေစိတ်က စတယ်၊ လူသားတွေအတွက် ပဋိသန္ဓေစိတ်က ဘာစိတလည်းဆိုတော့ အကျိုးစိတ် ဝိပါတ်စိတ်ဖြစ်တယ်၊ “ဝိ” ဆိုတာ မတူထားခြားတဲ့ သဘာဝလက္ခဏာချင်းကွဲပြာခြားနားတဲ့ ကုသိုလ်,အကုသိုလ်ရဲ့၊ ပါက-အကျိုးတရား၊ အဲဒါကို ဘာသာမပြန်ဘဲ ‘ဝိပါက်စိတ်’ လို့ ပြောလိုက်တယ်။

လူတွေရဲ့ သန္တာန်မှာ အကျိုးတရားဖြစ်တဲ့ ဝိပါစိတ်တွေ ရှိတယ်၊ အကျိုးဆိုတာ ဘယ်သူ့ရဲ အကျိုးလည်းဆိုတော့ အတိတ်ဘဝက ကံတစ်ခုရဲ့ အကျိုး၊ ကံပေါင်း မြောက်မြားစွာ ရှိတဲ့အထဲက ကံတစ်ခုခုရဲ့ အကျိုး၊ အဲဒီအကျိုးအနေနဲ့ ဒီဘဝမှာ ပထမဆုံး ပေါ်လာတဲ့ စိတ်ကလေးကို ပဋိသန္ဓေစိတ်လို့ ခေါ်တယ်။

လူ့ပဋိသန္ဓေစိတ် ၂-မျိုး

လူ့သားတွေရဲ့ ပဋိသန္ဓေစိတ်ကို အကျဉ်းအားဖြင့် နှစ်မျိုး ပြောရအောင်၊ အသိဉာဏ်ပါတဲ့ ပဋိသန္ဓေစိတ်နဲ့ အသိဉာဏ် မပါတဲ့ ပဋိသန္ဓေစိတ်။ စာပေလိုပြောရင် ‘ဉာဏသမ၌ယတ် ပဋိသန္ဓေစိတ်’၊ ‘ဉာဏဝိပ္ပယုတ် ပဋိသန္ဓေစိတ်’။

‘ဉာဏသမ္ပယုတ်’ ဆိုတာ အသိဉာဏ်ပါတဲ့ ပဋိသန္ဓေစိတ်၊ ‘ဉာဏဝိပ္ပယုတ်’ ဆိုတာ အသိဉာဏ်မပါတဲ့ ပဋိသန္ဓေစိတ်၊ အဲဒါကို အဘိဓမ္မာလေ့လာသူအနေနဲ့ ပြောမယ်ဆိုရင် မဟာဝိပါက်စိတ်(၈)ခုမှာ အသိဉာဏ်ပါတဲ့ ဝိပါစိတ်က (၄)ခု၊ အသိဉာဏ်မပါတဲ့ ဝိပါတ်စိတ်က (၄)ခု ပေါင်း(၈)ခု ဖြစ်တယ်၊ သာမန်လူသား တစ်ယေက်ဟာ အကြမ်းဖျင်းအားဖြင့် မဟာဝိပါတ်စိတ်(၈)ခု ထဲက တစ်ခုခုနဲ့ ပဋိသန္ဓေ နေတယ်လို့ ပြောရမယ်၊ လူစဉ်မမီတဲ့ လူတစ်ယောက်ရဲ ဝိပါက်စိတ်ကို ပြောပါဆိုရင် “ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်” လို့ ခေါ်တယ်။

စကားလုံးတွေက အဘိဓမ္မာ စကားလုံးတွေ၊ ကြားဖူးနားဝ မရှိတဲ့သူတွေမှာ ပါဠိဘာသာနဲ့ ဝေးနေရင်တော့ နည်းနည်းလေး အခက်အခဲရှိချင်ရှိမယ်၊ သို့သော် နာမည်လေးတော့ မှတ်ထားပေါ့၊ ဥပေက္ခာသန္တီရဏ ကုသလဝိပါက်စိတ် လို့ခေါ်တယ်၊ ကုသလဝိပါတ်စိတ်ဆိုတာ ကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ ဥပေက္ခာ သန္တီရဏစိတ်ဖြစ်တယ်၊ အဲဒါ ဘယ်လိုပုဂ္ဂိုလ်တွေမှာ ဖြစ်သလဲဆိုရင် လူ့ဘဝမှာ လူစဉ်မမီဘဲ ဖြစ်လာတယ်၊ သန္ဓေကပဲ မျက်စိ မပါတဲ့ ပုဂ္ဂိုလ်၊ ဆွံ့,အ,နားမကြား ဖြစ်လာတဲ့ ပုဂ္ဂိုလ်မျိုးတွေမှာ ဖြစ်တယ်ပေါ့။

တစ်ခါတစ်ရံ အမိဝမ်းထဲမှာ မျက်စိပါပြီးမှ ပျက်သွားတဲ့ ပုဂ္ဂိုလ်မျိုးလည်း ရှိသေးတယ်၊ နားကြားပြီးမှ တစ်ခုခုကြောင့် ပိုးကြောင့်ပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် နားပျစ်စီးသွားတဲ့ ပုဂ္ဂိုလ်မျိုး ရှိသေးတယ်၊ အဲဒါမျိုးကျတော့ ဒီ ပဋိသန္ဓေမျိုး မဟုတ်ဘူး၊ ခုန နားဖြစ်နိုင်လောက်အောင် မျက်စိ ပါလောက်အောင် ကုသိုလ်ကံက အားမကောင်းသည့် အတွက် ကုသိုလ်ကလည်း ခပ်ညံ့ညံ့၊ ဥပမာ ပဲပင်ကသီးတဲ့ ပဲစေ့လေးတွေဆိုပါတော့၊၊ အောင်တဲ့ အစေ့ရှိသလို မအောင်တဲ့ပဲစေ့လည်း ရှိပါတယ်၊ မျိုးစေ့တွေ လိုက်ကြည့်ရင် မအောင်လို့ရှိရင် ရှုံ့တုံ့တုံ့လေး ဖြစ်နေတယ်နော်၊ သို့မဟုတ် ပိုးကျနေတဲ့ ပဲစေ့လေးလည်း ဖြစ်နိုင်တယ်။

ကုသိုလ်ကံစွမ်းအား မကောင်းဘူးဆိုရင် ရလာတဲ့ အကျိုး ဝိပါက်စိတ်က အောင်အောင်မြင်မြင် မဖြစ်ဘူး၊ မအောင်မြင်နိုင်ဘူး၊ မအောင်မြင်လျှင် ပီပီပြင်ပြင် ဖြစ်မလာဘူး၊ အောင်မြင်မှ ပီပြင်မယ်၊ လူချင်းတူပေမယ့်လို့ အသိဉာဏ်ပါတဲ့ သန္ဓေစိတ်က(၄)ခု၊ အသိဉာဏ်မပါတဲ့စိတ်က ဥပေက္ခာသန္တီရဏ ထည့်လိုက်ရင်(၅)ခု အားလုံး (၉)ခု ရှိတယ်လို့ မှတ်ထားပါ၊ သာမန် လူသားအနေနဲ့ ပြောမယ်ဆိုရင် မဟာဝိပါတ်စိတ် (၈)ခု အနေနဲ့ ပြောကြတာပေါ့၊ အသိဉာဏ်ပါတဲ့လူ၊ အသိဉာဏ်ပါတဲ့သူ၊ အသိဉာဏ်ပါတဲ့ထဲကမှ နံပါတ်(၁)လား၊ (၂)လား၊ (၃)လား (၄)လား ကွဲပြားသေးတယ်၊ စိတ်ရဲ့ စွမ်းအားတွေ တစ်ဦးနဲ့တစ်ဦး မတူကြဘူး။

မဟာဝိပါတ်စိတ် ၈-ခု

ပထမ သဘောပေါက်အောင် မဟာဝိပါတ်စိတ် (၈)ခု ဆိုတာကို ပြောကြည့်ရအောင်၊ မဟာဝိပါတ်(၈)ခုကို ဘယ်ပုံဘယ်နည်းနဲ့ ခွဲတာလည်းဆိုတာ အကြမ်းဖျင်း ရှင်းအောင် ပြောရမယ်ဆိုရင် အသိဉာဏ် ပါ,မပါ ဒီနှစ်ခုကို အရင် မှတ်ရမယ်၊ အဲဒီနှစ်ခုမှာ ခံစားချက်နဲ့ ထပ်ခွဲလိုက်၊ အသိဉာဏ် ပါတဲ့စိတ်မှာလည်း ဝမ်းသာတဲ့ခံစားချက်၊ ဝမ်းသာမှု မပီပြင်တဲ့ခံစားချက် ရှိတယ်၊ အသိဉာဏ် မပါတဲ့စိတ်မှာလည်း ဝမ်းသာတဲ့ခံစားချက်၊ ဝမ်းသာမှု မပီပြင်တဲ့ခံစားချက် ဆိုတာ ရှိတယ်၊ အသိဉာဏ်ပါ, မပါ၊ ဒီနှစ်ခုကို ဝမ်းသာမှု ထင်ရှား မထင်ရှား ဒီနှစ်ခုနဲ့ ထပ်ပြီးခွဲခြားလို့ ရတယ်။

စာလိုပြောရင် အသိဉာဏ်ပါတဲ့စိတ်ကို ဉာဏသမ္ပယုတ်စိတ်၊ အသိဉာဏ်မပါတဲ့စိတ်ကို ဉာဏဝိပ္ပယုတ်စိတ် လို့ခေါ်တယ်၊ သောမနဿ၊ ဥပေက္ခာ ဒီနှစ်ခုကို မြှောက်၊ (၂)ကို (၂)နဲ့ မြှောက်ရင် (၄)ရမယ်၊ တစ်ခါ ထပ်မှတ်လိုက်၊ ပင်ကိုယ်က စိတ်စွမ်းအား ထက်မြတ်မှု ရှိတာနဲ့ မရှိတာ၊ စိတ်စွမ်းအား ထက်မြတ်မှု ရှိတာကို အသင်္ခါရိကစိတ်၊ မရှိတာကို သသင်္ခါရိကစိတ်၊ဒီစိတ်နှစ်ခုနဲ့ ထပ်မြှောက်လိုက်မယ်၊ အဲဒါကို ‘မဟာ ဝိပါက်စိတ်(၈)ခု’ လို့ ခေါ်တယ်၊ အလွယ်နည်းနဲ့ မှတ်ထားဖို့ အခြေခံ အကြမ်းဖျင်း ခွဲခြားတာဖြစ်တယ်။

ဘုရားလောင်းတို့ရဲ့ ပဋိသန္ဓေစိတ်

စိတ်မှန်ရင် ခံစားချက်ရှိတာချည်းပဲ၊ ခံစားချက်ထင်ရှားတဲ့စိတ်၊ ခံစားချက် မထင်ရှားတဲ့စိတ် နှစ်ခုရှိတယ်၊ အခြေခံအားဖြင့် မြှောက်ပွားထားတာ ဘာဖြစ်လို့လဲဆိုတော့ စိတ်စွမ်းအားချင်း တစ်ခုနဲ့ တစ်ခု မတူဘူးလေ၊ နံပါတ်(၁) မဟာဝိပါတ်စိတ်က ခံစားမှုက ဝမ်းသာတယ်၊ အသိဉာဉ်ရှိတယ်၊ သိတ်ထက်မြက်တယ်၊ မြတ်စွာဘုရားအလောင်း ပဋိသန္ဓေနေတာ အဲဒီ နံပါတ်(၁)စိတ်နဲ့နတာ၊ ဘုရားရဲ့ ပဋိသန္ဓေစိတ်က ဝမ်းသာတယ်၊ အသိဉာဏ်ရှိတယ်၊ ထက်မြက်တယ်၊ တိုက်တွန်း နှိုးဆော်နေရတာမဟုတ်ဘူး၊ ပင်ကိုယ် ထက်မြက်တယ်။

အသိဉာဏ် ပါ,မပါ

ဒုတိယ နံပါတ်(၂)က မထက်မြက်ဘူး၊ ကျန်တဲ့ လူသား တွေက ကျန်တဲ့စိတ်နဲ့ ပဋိသန္ဓေနေကြတယ်၊ တစ်ဦးနဲ့တစ်ဦး မတူကြဘူး၊ ပထမစိတ်နဲ့ နေချင်နေတယ်၊ ဒုတိယ၊ တတိယ၊ စတုတ္ထစိတ်နဲ့ နေချင်တယ်၊ သူ လုပ်ခဲ့တဲ့ကံစွမ်းအားရဲ့ အရှိန်ကြောင့် ဒီ သန္ဓေစိတ်ပေါ်ရတယ်လို့ ဒီလို မှတ်ရမယ်၊ ကိုယ်အကျိုးပေးတဲ့ကံက စွမ်အားကြီးပြီဆိုရင် ပထမ၊ စွမ်အား နည်းနည်းလျော့ရင် ဒုတိယ၊ တတိယနဲ့ စတုတ္ထက အသိဉာဏ် ကင်းမဲ့တယ်၊ ဒါ သောမနဿ ဆိုတဲ့ ဝမ်းသာတဲ့ ခံစားမှုပါတဲ့ မဟာဝိပါတ်စိတ် မှာနော်။

ဝမ်းသာမှု မထင်ရှားတဲ့ ဥပေက္ခာမှာလည်း ပထမ(၂)ခုက အသိဉာဏ် ပါတယ်၊ ဒုတိယ(၂)ခုက အသိဉာဏ် မပါဘူး၊ အသိဉာဏ် ပါ,မပါဟာ အဓိက အဆုံးအဖြတ်ဖြစ်တာမို့ ဘုန်းကြီးက အသိဉာဏ်ကို ဦးတည်ပြီးပြောတာ၊ အသိဉာဏ်ပါတဲ့ မဟာဝိပါက် ဉာဏသမ၌ယုတ်(၄)ပါးနဲ့ ပဋိသန္ဓေနေတဲ့လူနဲ့ အသိဉာဏ် မပါတဲ့ မဟာဝိပါက် ဉာဏဝိပ္ပယုတ်(၄)ပါးနဲ့ ပဋိသန္ဓေနေတဲ့ လူဆိုပြီး ရှိပါတယ်၊ ဘာထူးခြားသွားလဲဆိုတော့ အသိဉာဏ်ပါတဲ့ ဝိပါတ်စိတ်(၄)ပါးနဲ့ နေတဲ့သူက တရားထူး တရားမြတ်ကို ကျင့်ကြံကြိုးကုတ်အားထုတ်ရင် ဒီဘဝမှာပင် ရနိုင်တယ်၊ သူ့ရဲ့ ပင်ကို် စွမ်းရည်သတ္တိတွေ သူ့သန္ဓေစိတ်မှာ အပြည့်ပါနေတယ်၊ သို့သော် မလုပ်ရင်တော့ ဘာမှ မရဘူး။

ဆိုပါစို့၊ မျိုးစေ့ကလေးက အင်မတန် ကောင်းတယ်၊ မြေနဲ့ ရေနဲ့ ချမစိုက်ရင် မပေါက်နိုင်ဘူး၊ မျိုးစေ့လေးက အောင်တယ်၊ မြေမကောင်း ရေမကောင်းရင် အပင်မအောင်ဘူး၊ မျိုးစေ့လည်း ကောင်းနေတယ်၊ နောက်ထပ် အထောက်အပံ့ အကြောင်းတွေလည်း ကောင်းရင် သိပ်ကြီးထွားတဲ့ အပင်ကြီး ဖြစ်မယ်။

တိဟိတ်နှင့် ဒွိဟိတ်

အသိဉာဏ်ပါတဲ့ ပဋိသန္ဓေစိတ်(၄)ပါးနဲ့ ပဋိသန္ဓေနေတဲ့ သူကို ‘တိဟိတ်ပုဂ္ဂိုလ်’ လို့ ခေါ်တယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ဉာဏ်ပါလို့၊ အလောဘ၊ အဒေါသ၊ အမောဟ ဒီ ၃-မျိုးကို ဟိတ်လို့ ခေါ်တယ်၊ အသိဉာဏ်မပါတဲ့ ပဋိသန္ဓေစိတ်(၄)ပါးနဲ့ နေတဲ့သူကို ‘ဒွိဟိတ်ပုဂ္ဂိုလ်’ လို့ခေါ်တယ်၊ ဒွိ ဆိုတာ နှစ်၊ အဲဒီ ဒွိဟေတုက, ဒွိဟိတ်ပုဂ္ဂိုလ်ဟာ ဒီဘဝ ဘယ်လောက် ကျင့်ကျင့် တရားထူးတရားမြတ် မရနိုင်ဘူး၊ ကျင့်သည့်အတွက်တော့ နောက်ဘဝအတွက် အထောက်အကူတွေ အများကြီးပဲ ရနိုင်ပါတယ် ဒီဘဝမှာ အောင်မြင်နိုင်လောက်အောင် စွမ်းရည် သတ္တိတွေ မပြည့်ဘူးလို့ ပြောတာ၊ တချို့က ထင်တယ်၊ ငါတို့ ကန်တော့ ဒွိဟိတ်ပဲ၊ ဘာမှ အကျိုးမထူးပါဘူးဆိုရင် နောက်ဘဝ အတွက် ပိုဆိုးသွားမယ်၊ လုပ်နေလို့ရှိရင် စွမ်းရည်သတ္တိတွေ တက်လာမှာပေါ့၊ ဝီရိယအကျိုးနဲ့ စွမ်းရည်သတ္တိတွေ တက်ပြီး နောက်ဘဝမှာ အဆင့်မြင်တဲ့ဆီ ရောက်သွားတာပဲ၊ မလုပ်ဘူး ဆိုရင် ဒီအဆင့်က တက်မှာ မဟုတ်ဘူး။

ဒါကြောင့်မို့ မြတ်စွာဘုရားလက်ထက်က ရဟန္တာတို့ အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန်တို့ ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေဟာ ဉာဏ်ပါတဲ့ ပဋိသန္ဓေစိတ်နဲ့ နေသွားတဲ့ ပုဂ္ဂိုလ်တွေချည်းပဲ၊ အဲဒီ ပုဂ္ဂိုလ်တွေကျတော့ တရားနာ တရားအားထုတ်ပြီဆိုရင် လုပ်ရင် လုပ်သလောက် ဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုရင် အခြေခံကောင်းတာကိုး၊ လုပ်ရင် လုပ်သလောက် အောင်မြင်မှုရတယ်၊ စျာန်တရားတွေ ရနိုင်တယ်၊ မဂ်တရားတွေ ရနိုင်တယ်၊ အခြေခံဖြစ်တဲ့ ဉာဏ်ပါတဲ့ စိတ်နဲ့ ဉာဏ်မပါတဲ့စိတ်ဆိုတာ အတိတ်ကံကနေ ပေးအပ်လိုက်တာ။

သင်္ခါရပစ္စယာ ဝိညာဏံ

ပဋိစ္စသမုပ္ပါဒ်မှာ သင်္ခါရပစ္စယာ ဝိညာဏံလို့ ဟောတယ်၊ အကြောင်းတရား သင်္ခါရကြောင့် ဝိပါတ်စိတ် ပေါ်လာတယ်၊ ဘုန်းကြီးတို့ မွေးရာပါဆိုတာ အဲဒီ ပဋိသန္ဓေစိတ်ကလေးကို ပြောတာ၊ လူတစ်ယောက်မှာ ပဋိသန္ဓေစိတ်က တစ်ခုတည်းသာ ဖြစ်တယ်၊ အဲဒီ တစ်ခုတည်းကိုပဲ ဘုန်းကြီးတို့တစ်တွေ အကောင်းဆုံး ဖြစ်တဲ့ ပထမ မဟာဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေရင် ဒီ တစ်သက်လုံး ဘဝင်စိတ်ဟာလည်း ဒီစိတ်ပဲဖြစ်တယ်၊ နောက်ဆုံး သေတော့လည်း ဒီစိတ်နဲ့ သေတယ်၊ ဆိုပါစို့ ဘုန်းကြီးတို့ ဘဝအစမှာ “သေမနဿသဟဂုတ်၊ ဉာဏသမ၌ယုတ် အသင်္ခါရိက မဟာဝိပါက်” ဆိုတဲ့ စိတ်ကလေး ပေါ်လာတယ်။

ပဋိသန္ဓေ, ဘဝင်, စုတိ တစ်ဘဝမှာတူ

အဲဒီ စိတ်ကလေးကို ပဋိသန္ဓေအခိုက်မှာ သူ့ရဲ့ ဆောင်ရွက်ချက်ကို ကြည့်ပြီး “ပဋိသန္ဓေ” လို့ နာမည် တပ်လိုက်တာ၊ ပဋိသန္ဓေစိတ်ကလေး ဖြစ်ပြီး ပျက်သွားတယ်၊ ထိုပျက်သွားတဲ့ စိတ်နေရာမှာ စိတ်တစ်ခုအားထိုးတယ်၊ ထိုစိတ်ကို “ဘဝင်စိတ်” လို့ ခေါ်တယ်၊ နောက်ထပ် ပေါ်လာတဲ့စိတ်တွေဟာ မသေမချင်း ဘဝင်စိတ်တွေချည်းပဲ။ နောက်ဆုံးဖြစ်မယ့် စိတ်ကလေး ဒီဘဝမှာ နောက်ဆုံးပေါ်တဲ့ စိတ်ကန်တော့ “စုတိစိတ်” လို့ ခေါ်တယ်၊ မွေးတော့လည်း ဒီစိတ်၊ သေတော့လည်း ဒီစိတ်၊ ကြားထဲမှာ အိပ်နေတော့လည်း ဒီစိတ်ပဲ၊ တစ်မျိုးတည်းပဲ မှတ်ရမယ်။

ဘဝင်စိတ်ရဲ့ အာရုံ

ဝီထိစိတ်တွေ မဖြစ်တဲ့အခါလည်း ဒီဘဝင်စိတ်ပဲ၊ ဒီစိတ်ကလေးက ပစ္စုပ္ပန်ဘဝရဲ့ အခြေအနေကို ဘာမှ မသိဘူး၊ မျက်စိက မြင်တာလည်း သူမသိဘူး၊ နားကကြားတာလည်း သူ မသိဘူး၊ နှာခေါင်းနဲ့လည်း သူ မဆက်သွယ်ဘူး၊ လျှာနဲ့လည်း သူ မဆက်သွယ်ဘူး၊ ခန္ဓာကိုယ်လာထိတဲ့ ဖောဋ္ဌဗ္ဗာရုံနဲ့လည်း မဆက်သွယ်ဘူး၊ စိတ်ကူးစိတ်သန်းနဲ့လည်း မဆက်သွယ်ဘူး၊ ဘဝင်စိတ်ကလေးတွေဟာ တစ်ခုဖြစ်ပြီရင် တစ်ခုပျက်သွားလိုက်၊ တစ်ခုဖြစ်ပြီးရင် နောက်တစ်ခုပေါ်လာလိုက် ပျက်သွားလိုက် ဖြစ်ပျက်အစဉ်ကြီးနဲ့ သွားနေတာ၊ နောက်ဆုံး စုတိအထိအောင် မရပ်မနားသွားနေမှာ ဖြစ်တယ်။

ဘယ်သူ့စွမ်းအားနဲ့ သွားနေတာလဲဆိုရင် ကံရဲ့စွမ်းအားနဲ့ သွားနေတာ၊ မျက်စိနဲ့ကြည့်တဲ့ အာရုံရဲ့စွမ်းအား မပါဘူး၊ နားက ကြားတဲ့ အသံစွမ်အားလည်း မပါဘူး၊ ဒီ ပစ္စုပ္ပန်အာရုံတွေရဲ့ စွမ်းအားတွေ မပါဘူး၊ ဒါဖြင့် ဘယ်အာရုံကို သိနေသလဲဆိုတော့ အတိတ်ဘဝက “ကံ ကမ္မနိမိတ်၊ ဂတိနိမိတ်”၊ အာရုံတစ်ခုခုကို သိနေတယ်။

လူတွေ မသေခင်လေးမှာ အိပ်မက် မက်သလို အာရုံတွေ ထင်လာတယ်တယ်၊ သေခါနီးမှာ စောနေတဲ့ဇောကို ‘မရဏသန္နဇော’ လို့ ခေါ်တယ်၊ အဲဒီသေခါနီးဖြစ်တဲ့ စိတ်ထဲမှာ အာရုံတစ်ခုပေါ်လာတယ်၊ ဘယ်သူ့ကြောင့် ပေါ်လဲဆိုရင် ကံရဲ့ စွမ်းအားကြောင့် ပေါ်တယ်၊ လူ့ပြည်မှာ ဖြစ်မယ်ဆိုရင် ဒီအိမ်မှာ မွေးမယ်ဆိုရင် မသေခင်လေး သေငယ်ဇောနဲ့ မျောနေတဲ့ အချိန်လေးမှာ အိမ်က ဝင်းနဲ့၊ ခြံနဲ့၊ ဥယျာဉ်နဲ့ အလွန်သာယာတဲ့ အဲဒီ အိမ်ထဲ ရောက်သွားပြီး အိမ်ပေါ် တက်သွားတယ်လို့ အိပ်မက် မက်သလို စိတ်ထဲမှာ မြင်ပြီးတော့ သေသွားရင် သူ အဲဒီအိမ်မှာ ဖြစ်မှာပေါ့။

မီးပုံထဲဆင်းသွားတာ အိပ်မက်လို မြင်ရင် အဲဒါ ငရဲထဲရောက်သွားပြီ မှတ်ပေတော့၊ တောထဲ တိရစ္ဆာန်တွေ ကြားထဲ ရောက်ပြီလို့ အိပ်မက်လို မြင်ရင်တော့ အဲဒီအကောင်တွေထဲ ဖြစ်ပြီ၊ ဒီလို ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်၊ ဒီအာရုံနိမိတ် (၃)ခုထဲက တစ်ခုခုနဲ့ သေခါနီးထင်တဲ့ အာရုံတွေကြောင့် ကံရဲ့ စွမ်းအားနဲ့ ဘဝင်စိတ်တွေက သွားနေကြတယ်၊ သေသည်အထိပဲ၊ အပြောင်းအလဲ မရှိဘူး၊ ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ်ကို ကံကပေးလိုက်တဲ့ အတိုင်းပဲ၊ လုံးဝ ပြောင်းလို့ မရဘူး၊ ဒါကိုပဲ တစ်ဘဝတာလို့ ခေါ်တယ်။

“ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ” စိတ်ကလေးဟာ ဖြူစင်နေတယ်၊ ဘယ်အညစ်အကြေးနဲ့မှ မရောဘူး၊ ဒါ ဘဝင်စိတ်ကို ပြောတာ၊ မူလရှိတဲ့ အာရုံလေးနဲ့ပဲ နေတယ်လို့ ဘုရားရှင်က ဟောထားတယ်၊ ဘဝင်စိတ်ကို ပြောနေတာ၊ လူတွေ ပြောတဲ့ ဘဝင်ကျတယ် မကျဘူးဆိုတာ ကြိုက်တယ် မကြိုက်ဘူးကို ပြောတာ၊ (စိတ်တိုင်း ကျတယ်၊ စိတ်တိုင်း မကျဘူးကို ပြောနေတာပါ)၊ ဘဝင်ဆိုတာ အိပ်ပျော်နေတဲ့အချိန်မှာ ဖြစ်တဲ့စိတ်တွေရယ်၊ နောက် ဝီထိစိတ် မဖြစ်မီနဲ့ ဖြစ်ပြီးနောက်မှာ ဖြစ်တဲ့စိတ်တွေပဲ၊ ဒီစိတ်ကလေး တစ်ခုတည်းကိုပဲ ‘ပဋိသန္ဓေစိတ်’ လို့ ခေါ်တယ်၊ ‘ဘဝင်စိတ်’ လို့လည်း ခေါ်တယ်၊ ‘စုတိ စိတ်’ လို့လည်း ခေါ်တယ်။

ပဋိသန္ဓေလို့ ဘာကြောင့် ခေါ်သလဲဆိုတော့ အတိတ်ဘဝနဲ့ ပစ္စပ္ပုန်ဘဝကို ဆက်ပေးလို့ ဘဝဟောင်းနဲ့ ဘဝသစ်ကို ဆက်ပေးတာ Relinking-Consciousness ပဋိ ဆိုတာ တစ်ဖန်၊ သန္ဓိ ဆိုတာ ဆက်စပ်လိုက်တာ၊ ဘဝဟောင်းနဲ့ ဘဝသစ်ကို စပ်ပေးတာ၊ သို့မဟုတ် ပြတ်ထွက်သွားမှာပေါ့၊ သူဝင်လာလို့ ဆက်မိသွားတာလို့ ပြောတာ။

‘ဘဝင်္ဂ’ ဆိုတာ အသက်ရှင်နေဖို့ရာ အကြောင်းဖြစ်သော စိတ်၊ ဒါလေးရှိနေလို့ အသက်ရှင်နေတာ၊ ဘဝင်စိတ် ကုန်သွားရင် အသက်ရှင်တော့မှာ မဟုတ်ဘူး၊ ဒါလေးပြတ်သွားရင် အသက်ရှိမှာ မဟုတ်တော့ဘူး၊ ဘဝတာ တစ်ခုလုံးဟာ အပြီးသတ်သွးလို့ ‘စုတိ’ လို့ ခေါ်လိုက်တာ။ အသက်(၈၀)နေရရင် အနှစ်(၈၀)လုံး ဖြစ်-တည်-ပျက်နဲ့ သွားနေမှာ။

ဝီထိမုတ်စိတ်

ဘဝင်စိတ်ကလေးကိုပဲ ‘မနောဒွါရ’ mine door လို့ခေါ်သေးတယ်။ ဒီအခြေခံစိတ်(ဘဝင်စိတ်)မရှိဘဲနဲ့ လှုပ်ရှားတဲ့စိတ်(ဝီထိစိတ်) တွေ မပေါ်နိုင်ဘူး၊ ဒီစိတ်ကလေးကလည်း မြဲတာ မဟုတ်ဘူး၊ သူ့အာရုံနဲ့ သူသွားတာ၊ ဒီ အကျိုးစိတ်(ဝိပါတ်စိတ်)ကို အခြေခံစိတ် သို့မဟတ် ဘဝင်စိတ်၊ အဲဒါကိုပဲ အဘိဓမ္မတ္ထ သင်္ဂဟမှာ ဝီထိမုတ်စိတ် though free; process free လို့ ခေါ်တယ်၊ မျက်မှောက်ဘဝ အာရုံတွေနဲ့ လက်တွေ့ဘဝ အာရုံတွေ ဖြစ်နေတဲ့ ဖြစ်စဉ်ထဲမှ မပါဘူး၊ လွတ်နေတဲ့စိတ်၊ ဝီထိမုတ်စိတ် အဲဒီစိတ်ကလေးဟာ ဖြစ်နေတယ်လို့ ပြောတာ၊ သူ့အကြောင်းလေးနဲ့သူ ဖြစ်ပြီးတော သွားမှာပဲ။

ပဋိသန္ဓေအခါနဲ့ ပဝတ္တိအခါ ဝီထိစိတ်

နောက်တစ်ခုက ကံတရားကြောင့် အကျိုးပေါ်တဲ့ စိတ်ကလေးတွေ ရှိသေးတယ်၊ ကံတရားက စိတ်ကို ထုတ်လုပ်တဲ့အခါ နှစ်နေရာမှ ထုတ်လုပ်တယ်၊ ပဋိသန္ဓေမှာ တစ်ခါ, ပဝတ္တိမှာတစ်ခါ ထုတ်လုပ်တာ်၊ ပဋိသန္ဓေအခါမှာ ထုတ်ရင် တစ်ခုပဲ ထုတ်တယ်၊ ပဝတ္တိအခါကျတော့ တစ်ခုထက်ပိုပြီး ထုတ်တယ်၊ ပဝတ္တိဆိုတာ ပဋိသန္ဓေစိတ်ပေါ်ပြီးနောက် စုတိစိတ်မပေါ်ခင် အချိန်ကာလကို ‘ပဝတ္တိ’ ဟု ခေါ်တယ်၊ သူ့ကျတော့ ပြင်ပအကူအညီတွေနဲ့ ကံတရားက ထုတ်လုပ်တယ်၊ ဒီ စိတ်တွေဖြစ်လာဖို့က မျက်မှောက် ဘဝ အာရုံအသစ်တွေရဲ့ အကူအညီကြောင့် ဖြစ်တယ်။

ဝိညာဏစိတ် ၁၀-မျိုး

စက္ခုဝိညာဏ်စိတ်-မြင်သိစိတ်၊ သောတဝိညာဏ်စိတ်-ကြားသိစိတ်၊ ဃနဝိညာဏ်စိတ်-နံသိစိတ်၊ ဇိဝှာဝိညာဏ်စိတ်-လျက်သိစိတ်၊ ကာယဝိညာဏ်စိတ်-ထိသိစိတ်ဆိုတာတွေထဲမှာ ကုသိုလ်ရဲ့ အကျိုးကတစ်ခု၊ အကုသိုလ်ရဲ့အကျိုးက တစ်ခု၊ စက္ခုဝိညာဏ်စိတ်(၂)ခုလို့ ပြောတာ၊ တချို့က မျက်စိနှစ်လုံးရှိလို့ စက္ခုဝိညာဏ်ဒွေးလို့ ပြောတယ်၊ မဟတ်ဘူး၊ နားကလည်း နှစ်ခုရှိလို့၊ နှာခေါင်းကလည်း နှစ်ပေါက်ရှိလို့၊ လျှာကလည်း နှစ်ခွရှိလို့၊ အဲဒါ မြွေမှ မဟုတ်တာ၊ ကာယကလည်း အဲဒါ မနုဿီဟမှ ရှိတာ၊ အဲဒီတော့ အဲဒါကို ပြောတာမဟုတ်ဘူး၊ ကုသိုလ်ရဲ့အကျိုး အကုသိုလရဲ့ အကျိုးဆိုပြီး အကျိုးနှစ်မျိုးကို ကြည့်ပြီး နှစ်ခုစီ၊ နှစ်ခုစီလို့ ပြောတာ။

ကံက အကျိုးတရားကို ပဝတ္တိအခါ ထုတ်နိုင်တာ၊ မျက်စိမြင်သိစိတ်(၂)မျိုး နားက ကြားသိစိတ်၊ နှာခေါင်းက နံသိစိတ်၊ လျှာက ရသာသိစိတ်၊ ကိုယ်က ထိသိစိတ်၊ အကုသိုလ်ကံက တစ်ခု ထုတ်တယ်၊ ကုသိုလ်ကံက တစ်ခုထုတ်တယ်၊ အားလုံး ဝိပါက်စိတ်(၁၀)ခု ဖြစ်သွားတယ်။

သမ္ပဋိစ္ဆိုန်းစိတ်

နောက်တစ်ခု၊ ဘာတွေ ထုတ်သေးတုန်းဆိုရင် သမ္ပဋိစ္ဆိုန်းစိတ် reception နှစ်ခုကိုလည်း ထုတ်သေးတယ်၊ ဒါလည်း ကုသိုလ်ရဲ့ အကျိုး အကုသိုလ်ရဲ့ အကျိုးဆိုပြီး နှစ်ခုဖြစ်တာ။ မြင်သိပြီးအတဲ့အခါ အာရုံကို လက်ခံတဲ့စိတ်၊ ကြားသိပြီးအတဲ့အခါ အာရုံကို လက်ခံတဲ့စိတ်၊ နံသိ၊ လျက်သိ၊ ထိသိပြီးတဲ့အခါ အာရုံကို လက်ခံတဲ့စိတ် reception ပေါ့၊ ဟိုတယ်သွားရင် လက်ခံတဲ့နေရာရှိတယ်၊ အလှူခံဌာနမှာ လက်ခံတဲ့ နေရာရှိတယ်၊ စိတ်ထဲမှာလည်း လက်ခံတဲ့နေရာ ရှိတယ်၊ သမ္ပဋိစ္ဆန ဆိုတာ လက်ခံတာ အာရုံဝင်လာရင် လက်ခံတဲ့နေရာ ရှိရမှာပေါ့၊ မြင်သိစိတ်ဖြစ်ပြီးရင် ထိုစိတ်နောက်က သူက ဖြစ်ကို ဖြစ်ရတယ်၊ ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ် ဖြစ်ပြီးရင် ထိုစိတ်နောက်က သူ ဖြစ်ကို ဖြစ်ရတယ်၊ သူကလည်း ကံက ထုတ်ထားတဲ့စိတ်။

သန္တီရဏစိတ်

လက်ခံပြီးရင် စုံးစမ်းတဲ့ စိတ်ကလေး သန္တီရဏစိတ်က လာရတယ်၊ ဘာပဲဖြစ်ဖြစ် ကိုယ်လက်ခံပြီးရင် ပိုက်ဆံတောင်မှ လက်ခံပြီးရင် ရေတွက်ရတယ် မဟုတ်လား၊ အာရုံတစ်ခု ရလာပြီးရင် လက်ခံပြီး စုံစမ်းရတယ်၊ သဘာဝကလည်း အာရုံကို လက်ခံပြီးတဲ့နောက် စုံစမ်းဖို့ ဆက်ပေါ်ရသေးတယ်၊ ဒီစိတ်ဟာလည်း ကံရဲ့ အကျိုးစိတ်ပဲ။

အကုသိုလ်အကျိုးနဲ့ ကုသိုလ်အကျိုး

ခြုံပြောရင် အကုသိုလ်အကျိုးက (၇)ခုရှိတယ်၊ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ လျက်သိစိတ်၊ ထိသိစိတ်၊ လက်ခံတဲ့စိတ်၊ စုံစမ်းတဲ့စိတ်၊ အကုသိုလ်က ထုတ်လွှတ်လိုက်တာကျတော့ (၈)ခု ရှိတယ်၊ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ လျက်သိစိတ်၊ ထိသိစိတ်၊ လက်ခံတဲ့စိတ်ကတစ်ခု၊ စုံစမ်းတဲ့စိတ်က (၂)ခု ဖြစ်သွားတယ်၊ ဘာဖြစ်လို့ နှစ်ခုဖြစ်သလဲဆိုတော့ စုံစမ်းတဲ့အခါ ဝမ်းသာတဲ့ စုံစမ်းစိတ်နဲ့ ဝမ်းသာမှု လျော့နည်းတဲ့ ဥပေက္ခာနှင့်ယှဉ်တဲ့ စုံစမ်းစိတ်ကြောင့် နှစ်ခုဖြစ်သွားတယ်၊ အဲဒါမှာ မဟာဝိပါက်စိတ် ထပ်ထည့်ရင် ကုသိုလ်ရဲ့ အကျိုးက (၁၆)ခု ဖြစ်သွားတယ်။

အကုသိုလ်ကံက ထုတ်လုပ်တာ(၇)ခု၊ ကုသိုလ်ကံက ထုတ်လုပ်တာ (၁၆)ခု၊ ပေါင်းတော့ (၂၃)ခု၊ အဲဒါကို ကမဝိပါတ်(၂၃)ခုလို့ ပြောတာ၊ ကာမာဝစရကုသိုလ်ကံက ထုတ်လုပ်တာ သက်သက်ဖြစ်တယ်၊ ဒီထဲမှာ စျာန်တွေ ဘာတွေနဲ့ မဆိုင်ဘူးနော်၊ စျာန်တွေက ကျင့်မှ ရတဲ့စိတ်တွေ၊ ဒီထဲမှာ မပါဘူး၊ ဘုန်းကြီးတို့ဘဝမှာ ဖြစ်နိုင်တာ (၂၃)ခုပဲ ဖြစ်နိုင်တယ်၊ မျက်စိတို့ နားတို့ မွေးရာပါ ပါသလိုပဲ ဟောဒီ စိတ်ကလည်း မွေးရာပါ ဖြစ်တဲ့စိတ်(၂၃)ခု ရှိတယ်၊ ဘဝင်စိတ်က ပေါက်ဖွားနိုင်တဲ့ စိတ်တွေ ရှိသေးတယ်။

သို့သော်မျက်စိက ပစ္စုပ္ပန်အကြောင်းမပါဘဲ ပေါ်တာ၊ သူ့ချည်းသက်သက် စိတ်ကို ပေါ်အောင် လုပ်နိုင်တာ မဟုတ်ဘူး၊ စောင်းသံမြည်အောင် စောင်းကြိုးနဲ့ စောင်းအိုး ညှိထားရမယ်၊ စောင်းအိုးနဲ့ စောင်းကြိုး ညှိထားရင် လက်ကလေးနဲ့ တီးလိုက်တာနဲ့ အသံ သာသာယာယာ ထွက်လာမှာပဲ၊ အဲဒါလိုပဲ၊ ရူပါရုံနဲ့ စက္ခုပသာဒ၊ ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် မြင်သိစိတ်စသည် ပေါ်တယ်၊ ပေါင်းဆုံမိတဲ့ အကြောင်းကြောင့် ပေါ်တယ်၊ အသံနဲ့နား ဆုံရင်တော့ သေတာဝိညာဏ်စိတ်၊ နောက်က လက်ခံစိတ်၊ စုံစမ်းစိတ်ပေါ်တယ်၊ ဆိုင်ရာ ဆိုင်ရာ အကြောင်းတွေကြောင့် အဲဒီလို ဆက်လာတာ၊ ဒါကို ‘စိတ္တနိယာမ’ လို့ခေါ်တယ်။

နိယာမဆိုတာ ဖြ်စဉ်ကြီးတစ်ခုလို့ ပြောတာ၊ the law of nature ဘာဖြစ်လို့ နွေပြီးတဲ့အခါ မိုးရောက်၊ မိုးပြီးတဲ့အခါ ဆောင်း ရောက်ရတာလဲ၊ ဖြစ်စဉ်ကြီးပဲ မဟုတ်လား၊ ဘာဖြစ်လို့ မိုးရာသီကန်တော့ သစ်ပင်တွေ လန်းဆန်းပြီးတော့ အရွက်တွေ ဘာတွေ ဖားပြီ အပင်ကြီးက ထွားလာတာတုံး၊ ဆောင်းကျတော့ ဘာလို့ အပင်ကြီးက ခြောက်သွားတာတုံး၊ ဒါ ဥတုနိယာမပဲ၊ ဒီအတိုင်းပဲ၊ ဒီဟာလည်း the law of mind စိတ္တနိယာမပဲ၊ ဒီစိတ်ဖြစ်ရင် ဒီအတိုင်းဖြစ်ကို ဖြစ်ရမယ်။

ဘုန်းကြီးတို့ သန္တာန်မှာ ဝိပါက်စိတ်(၂၃)ခု ဖြစ်လာရင် ပစ္စုပ္ပန် အကြောင်းတွေကို ငဲ့ပြီးတော့ ဖြစ်ကြရတယ်၊ ခုနပြောတဲ့ သန္ဓေစိတ်ကလေးကန်တော့ ပစ္စုပ္ပန် အကြောင်းနဲ့ ဘာမှ မဆိုင်ဘူး၊ ပဋိသန္ဓေအခါမှာ ဖြစ်တဲ့ဟာက သူ့ဘာသာသူ ကံအစွမ်းနဲ့ ဖြစ်နေမှာပဲ၊ ဒီသန္ဓေစိတ်ကလေးနဲ့ အခုဝိပါက်စိတ်မျိုးကို “အခြေခံစိတ်နဲ့ ဖြစ်ပေါ်စိတ်” လို့ ခွဲနိုင်တယ်။

အာဝဇ္ဇန်းစိတ် ၂-ခု

နောက်တစ်ခုက ကုသိုလ်ကံကပေးတာလည်း မဟုတ်ဘူ၊ အကုသိုလ်ကံက ပေးတာလည်း မဟုတ်ဘူး၊ ကံရဲ့အကျိုး မဟုတ်ဘဲ ပေါ်လာတဲ့စိတ်နှစ်ခု ရှိသေးတယ်၊ ဘာကြောင့် ဒီစိတ်နှစ်ခု ပေါ်လာလဲဆိုရင် ဝတ္ထုနဲ့အာရုံ တိုက်လိုက်တဲ့ စွမ်းအားကြောင့် ပေါ်လာတယ်၊ ဝတ္ထုနဲ့အာရုံဆိုတာ မျက်စိနဲ့ အဆင်းအာရုံတိုက်တာ နားနဲ့ သဒ္ဒါရုံ၊ နှာခေါင်းနဲ့ ဂန္ဓာရုံ၊ လျှာနဲ့ရသာရုံ၊ ကိုယ်နဲ့ ဖောဋ္ဌဗ္ဗာရုံ တိုက်တာ၊ အဲဒီလိုတိုက်ပြီး ပေါ်လာတဲ့စိတ်ကို အာဝဇ္ဇန်းလို့ ခေါ်တယ်၊ သူက ဘဝင်စိတ်တွေကို ရပ်အောင် လုပ်ပြီး အာရုံအသစ်သို့ ဦးလှည့်အောင် လုပ်တာ၊ ဒါကြောင့်မို့ စာပေကျန်းဂန်ထဲမှာ “ဘဝင်္ဂံ အာဝေဋေတိ” ဘဝင်စိတ် တွေကို အလှည့်အပြောင်း ဖြစ်အောင်လုပ်တက်လို့ဆိုတာ။

ခုန ပင်ကိုယ်အခြေခံ ဘဝင်စိတ်က ကံအစွမ်းနဲ့ ကံ,ကမ္မနိမိတ်, ဂတိနိမိတ် အာရုံတစ်ခုခုကို အာရုံပြုပြီး သူ့အရှိန်နဲ့သူ သွားနေတာ။ ဒီ အာဝဇ္ဇန်းစိတ် ပေါ်လိုက်တာနဲ့ ဘဝင်စိတ်ဟာ ပြတ်တောက်သွားတယ်၊ စိတ်ဆိုတာ နှစ်ခုပြိုင် မဖြစ်ဘူး၊ တစ်ခုချင်သာ ဖြစ်တယ်၊ ဘဝင်စိတ်အစဉ်ကို အာဝဇ္ဇန်းက ဖြတ်တောက်လိုက်တာ၊ အာရုံအသစ် ပေါ်လိုက်တာနဲ့ တပြိုင်နက် အဲဒီ အာရုံအသစ်က စက္ခုပသာဒရုပ်တွေကို လာတိုက်ခိုက် လို်က်တာ၊ ပိတ်ထားတဲ့ တံခါးကို လာပြီးခေါက်တာနဲ့ တူတယ်။

အိမ်ထဲမှာ တံခါးပိတ်နေတုန်း အပြင်ကတံခါးကို (ဒေါက်ဒေါက်)နဲ့ ခေါက်လိုက်ရင် အတွေးတွေ ပြတ်မကုန်ဘူးလား၊ အိမ်ထဲမှာ နေနေတုန်း တံခါးကို လာခေါက်ရင် အတွေးတွေ ရပ်သွားတာ၊ တံခါးသွားဖွင့်ရတယ်၊ တံခါးသွားဖွင့်တာ အာဝဇ္ဇန်းနဲ့ တူတယ်၊ ဖွင့်ပေးလိုက်တဲ့အခါကျတော့ တံခါးခေါက်သူကို မြင်တာက စက္ခုဝိညဏ်စိတ် ဖြစ်တာနဲ့တူတယ်၊ လာပါ လာပါလို့ ခေါ်လိုက်တာက သမ္ပဋိစ္ဆိုင်းက လက်ခံလိုက်တာနဲ့ တူတယ်၊ ဘာကိစ္စ လာတုန်းလို့မေးတာက သန္တီရဏ နဲ့တူတယ်၊ သူပြောတဲ့အတိုင်း သဘောပေါက်သွားပြီး ကိစ္စရှိလို့ လာတာလို့ သိလိုက်တာ၊ ဆုံးဖြတ်ချက်ချလိုက်တာက ဝုဋ္ဌော၊ ကော်ဖီလေး ဘာလေး အတူသောက်တာ ဇော၊ ပြီးတော့ နှုတ်ဆက်ပြီး ပြန်သွားတာ တဒါရုံပေါ့၊ ပြန်သွားပြီးနောက် တံခါးပိတ်လိုက်တာက ဘဝင်ပြန်ကျသွားတယ်၊ ဒါဖြစ်စဉ်ပဲ၊ ဒါ့ပြင် ကိစ္စတွေလည်း ဒီအတိုင်း သွားနေတာ။

အဘိဓမ္မာဆိုတာ လူတွရဲ့ အကြောင်းကို ရှင်းပြနေတာ၊ ဒီလို ရှင်းရှင်းလင်းလင်း နားလည်ရမှာ၊ ဘုရား တရားတော်တွေက တကယ့်လက်တွေ့ အရှိကို ဟောနေတာနော်၊ စကားလုံးတွေက ကိုယ်နဲ့မရင်းနှီးလို့ တခြားအကြောင်းတွေ ပြောနေတယ် ထင်တာ၊ ဒီလို မဟုတ်ဘူးနော်၊ ဒီလို ဖြစ်စဉ်တွေထဲက နေ့စဉ် တွေ့နေတာ တွေကို ပြောနေတာ။

အာဝဇ္ဇန်းစိတ်သည် ကြောင်ကျိုးလွတ်စိတ် ဖြစ်ပုံ

အာဝဇ္ဇန်း ဆိုတဲ့ စိတ်ဟာ နှစ်ခုရှိတယ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ဆိုတာ ဒွါရ(၅)ခုမှာ တိုက်ခိုက်လာတဲ့ အာရုံကို ဦးလှည့်ပေးတဲ့စိတ်ကို ပဉ္စဒွါရာဝဇ္ဇန်း လို့ ခေါ်တယ်။

မျက်စိနဲ့လည်း မဆိုင်၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်နဲ့လည်း မဆိုင်ဘဲ သက်သက်ပေါ်နေတဲ့ အာရုံကို ဦးလှည့်ပေးတာကို ‘မနောဒွါရာဝဇ္ဇန်း’ လို့ ခေါ်တယ်၊ မနေ့ကအဆင်း ဒီနေ့ မြင်လို့ မရဘူး၊ မနေ့က အသံ ဒီနေ့ ကြားလို့ရသေးလား၊ မရဘူး၊ တွေးလို့တော့ ရတယ်၊ အဲဒါ မနောဒွါရာဝဇ္ဇန်းက တွေးတာ၊ သူက တံခါးဖွင့်ပေးတာ၊ ဟိုနှစ်က အာရုံကိုလည်း တံခါးဖွင့်ပေးတယ်၊ စိတ်ကူးထဲမှာ ဝင်လာရင် သူက တံခါးဖွင့်ပေးလိုက်တယ်။

အဲဒီ အာဝဇ္ဇန်း နှစ်ခုသည် ‘နေဝ ကုသလာ၊ နာကုသလာ’ - ကုသိုလ်လည်း မဟုတ် အကုသိုလ်လည်း မဟုတ်ဘူး၊ ‘န စ ကမ္မဝိပါကာ’ - ကံရဲ့ အကျိုးတရားလည်း မဟုတ်ဘူး၊ ကြိယာသက်သက် function အလုပ်တစ်ခုကို လုပ်တာ၊ ဘယ်သူ့ရဲ့ စွမ်းအားနဲ့ လုပ်တာလဲဆိုရင် အာရုံနဲ့ဝတ္ထု ဆုံးဆည်းမှု စွမ်းအားနဲ့ လုပ်တာလို့ ပြောရမယ်၊ ဒါကြောင့် အာဝဇ္ဇန်းစိတ် ၂-ခုသည် ကြောင်းကျိုးလွတ်တဲ့စိတ် ကြိယာစိတ်သာ ဖြစ်တယ်။

လူ့ဘဝ မွေးရာပါစိတ် (၄၅)ခု

ခုန (၂၃)ခု၊ ယခု ဒီနှစ်ခု ထည့်လိုက်တော့ (၂၅)ခု ဖြစ်သွားတယ်၊ ဒါဘုန်းကြီးတို့တစ်တွေ မွေးရာပါ စိတ်တွေနော်။ အလွယ်တကူ မှတ်ရမယ်၊ အကုသိုလ်စိတ်ကလေး (၁၂)ခု ထည့်လိုက် ဘယ်လောက်ဖြစ်သွားလဲ၊ (၃၇)ခု ဖြစ်သွားတယ်။ တစ်ခါတစ်ရံ စိတ်ကောင်း နှလုံးကောင်းလေး မွေးတဲ့အခါကျတော့ မဟာကုသိုလ်စိတ် (၈)ခု ဖြစ်သွားတယ်။ ဒါနကောင်းမှုပြုတဲ့အခါ၊ သီလ ဆောက်တည်တဲ့အခါ၊ တရားနာတဲ့အခါဖြစ်တဲ့ ကုသိုလ်စိတ်တွေပါ။ အဲဒီ(၈)ခု ထည့်လိုက်ရင် (၄၅)ခု ဖြစ်သွားတယ်။ မွေးရာပါလာတဲ့ စိတ်ဟာ ဒီ(၄၅)ခုသော စိတ်နဲ့ပဲတဲ့။

(၄၅)ထဲမှာ အဖြစ်များတာက ကုသိုလ်(၁၂)နဲ့ (၂၅)ခုသော စိတ်တွေပဲ အဖြစ်များတယ်။ မဟာကုသိုလ်စိတ်(၈)ခုက တစ်ခါ တစ်ရံမှသာ ဖြစ်တာ။ ကျန်တဲ့စိတ်တွေက အမြဲတမ်းလိုလို ဖြစ်နေတာ။ လူ့သန္တာန်မှာ (၄၅)ပဲ ရှိတာ၊ စိတ်(၈၉)ခုလုံး ရှိတာ မဟုတ်ဘူး။

စျာန်,မဂ်,ဖိုလ်စိတ်များသည် မွေရာပါစိတ်များ မဟုတ်ကြ

သမထကျင့်စဉ်အရ စျာန်တရားတွေ အားထုတ်လိုက်ကြပြီ ဆိုရင်တော့ ပထမစျာန် ရနိုင်မယ်၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်၊ ပဉ္စမစျာန် ရမယ်။ အဲဒီအခါ ရူပါဝစရ ကုသိုလ်စိတ်တွေ ဖြစ်ပြန်ရော။ အဲဒါက ရနေတဲ့အခိုက်မှာ ဖြစ်ပေါ်တာ။ ဒီစျာန်စိတ်တွေ ဖြစ်လာတာက ပညာသင်လို့ တက်လာတဲ့ သဘောမျိုး၊ ကြိုးစားလို့ ရလာတာနော်။ မွေးရာပါ မဟုတ်ဘူး။ ဒီလိုရနိုင်တာလည်း ဉာဏ်ပါတဲ့ သန္ဓေစိတ်နဲ့မှ ရနိုင်တာ၊ ဉာဏ်မပါရင် အဆင့်မမှီဘူး၊ ဉာဏ်မပါတဲ့စိတ်နဲ့ မရနိုင်ဘူး။

ဝိပဿနာတရား အားထုတ်လို့ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်ရတယ်၊ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ်၊ အနာဂါမိဖိုလ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရတယ် ဆိုတာ တရားအားထုတ်လို့ ရတာ၊ မွေးရာပါထဲမှာ မပါဘူး။ သို့သော် လုပ်ယူလို့ရတယ် လို့ ပြောတာ။

မိဘလက်ထက်က တစ်ပြားမှ မရှိဘူး၊ သူ့လက်ထက် ကိုယ်တိုင် ကြိုးစားအားထုတ်လို့ ချမ်းသာလာတဲ့ လူများလိုပေါ့။ လူချမ်းသာ ဖြစ်သွားတာ၊ သူ ကြိုးစားလိုက်လို့ မိဘလက်ထက်က ကုန်းကောက်စရာ မရှိရာကနေ လူချမ်းသာ ဖြစ်သွားတဲ့ လူတွေ မရှိဘူးလား။ အခြေခံကောင်း အသိဉာဏ်ကောင်းတဲ့ လူတစ်ယောက်ဟာ ကြိုးစားလိုက်တဲ့အခါ ရလာတယ်။

ယခုလည်းပဲ ဉာဏ်နဲ့ယှဉ်တဲ့ သန္ဓေစိတ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ စျာန်တရား အားထုတ်ရင် စျာန်စိတ်တွေ ရတယ်။ ရူပါဝစရကုသိုလ် ရမယ်၊ အရူပါဝစရကုသိုလ် ရမယ်၊ ရတဲ့အတိုင်း သူ့မှာ စိတ်တွေ တိုးလာတယ်။ ဝိပဿနာတရား အားထုတ်ရင် မဟာကုသိုလ်စိတ်တွေချည်းပဲ။ ဝိပဿနာဆိုတာ မဟာကုသိုလ်စိတ် ဉာဏသမ္ပယုတ် အားလုံးကိုပဲ ခေါ်တယ်။

နောက်ဆုံး ဝိပဿနာအဆင့်မြင့်သွားလို့ မဂ်စိတ် ပေါ်လာပြီဆိုရင် မဂ်စိတ်က ထုတ်လွှတ်တဲ့ ဖိုလ်စိတ် ပေါ်လာပြီဆိုရင်တော့ ကြိုးစားလို့ရလာတဲ့ အကျိုးအမြတ်သာ ဖြစ်တယ်။ အဲဒီ စိတ်တွေက လူတိုင်းမှာ ရတာမဟုတ်ဘူး။ နေ့စဉ်ဘဝမှာလည်း ရှိနေတာ မဟုတ်ဘူး။ ပထမစျာန်စိတ်ဆိုတာ အိပ်နေတုန်း ရှိနေတာမဟုတ်ဘူး။ သောတာပန်ဖြစ်လို့ သောတာပတ္တိဖိုလ်စိတ် ဆိုတာ အိပ်နေတုန်း ရှိနေတာ မဟုတ်ဘူး။ ပြောရင်တော့ ပေါ်စိတ်တွေပေါ့။ ကမ္မဋ္ဌာန်း အားထုတ်မှ ပေါ်လာတဲ့တရားတွေပါ။ တရားထိုက်တဲ့ အခိုက်လေးမှာ ပေါ်လာတယ်။

ကြိယာစိတ်

မြတ်စွာဘုရား သမာပတ်ဝင်စားတဲ့ အခိုက်ကလေးမှာ စျာန်ဝင်စားရင် စျာန်စိတ်ဖြစ်တယ်၊ ဖိုလ်ဝင်စားရင် ဖိုလ်စိတ်ဖြစ်တယ်၊ သာမန်နေတဲ့အခါမှာ မဖြစ်ဘူး။ သာမန်အခါမှာ သာမန် စိတ်နဲ့ပဲ နေတယ်။ စျာန်ဝင်စားတဲ့အခါ စျာန်စိတ် ဖြစ်တယ်။ အဲဒီစျာန်စိတ်ဟာ ကြိယာစိတ် သက်သက်ဖြစ်တယ်။ ကြိယာစိတ်တွေက ပုထုဇဉ်နဲ့ မဆိုင်ဘူး။ သာမန်ပုဂ္ဂိုလ်တွေရဲ့ စိတ်ဖြစ်ရင် မဟာကုသိုလ်၊ မဟာကုသိုလ်စိတ်ကိုပဲ ကိလေသာ ကုန်ခန်းသွားတဲ့ ပုဂ္ဂိုလ်တွေမှာဖြစ်ရင် ‘မဟာ ကြိယာစိတ်’ လို့ ခေါ်လိုက်တာ။

ထို့အတူပဲ၊ စျာန်ရသွားတဲ့ ရဟန္တာပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်တဲ့ ရူပဝစရကုသိုလ်စိတ်ကိုပဲ ရူပဝစရကြိယာစိတ်လို့ ခေါ်လိုက်တာ။ ပုထုဇဉ်သေက္ခဆိုရင် အရူပစျာန်ရသွားက ‘အရူပါသစရကုသိုလ်’၊ ရဟန္တာသန္တာန်မှာဖြစ်ရင် ‘အရူပကြိယာစိတ်’၊ မဟဂ္ဂုတ်ကုသိုလ်ဖြစ်လျှင် ‘မဟဂ္ဂုတ်ကြိယာစိတ်’ လို့ ခေါ်လိုက်တာပဲ။

အာဝဇ္ဇန်းဒွေးမှလွဲရင် ကျန်တဲ့ ကြိယာစိတ်ဟာ ရဟန္တာသန္တာန်မှာ ဖြစ်တာကို ခေါ်တာ။ ရဟန္တာမှာ ကိလေသာ မရှိတော့လို့ ကုသိုလ်လို့ မခေါ်တော့ဘူး။ ကုသိုလ်နဲ့ အကုသိုလ်ဆိုတာ အမြဲတိုက်ခိုက်နေတာ။ ရဟန္တာကျတော့ တိုက်ခိုက်စရာ မလိုတော့လို့ ကုသိုလ်ဆိုတဲ့ နာမည်မပေးတော့ဘဲ ကြိယာဆိုတဲ့ နာမည်ပေးတာ။ ကြိယာဆိုတာ ဆောင်ရွက်ရုံသက်သက်ပဲ၊ အလုပ် ဖြစ်ရုံလေးပဲ ရှိတယ်၊ ဘာမှ ကံအရာ မမြောက်တော့ဘူး။

ကိလေသာရှိမှ ကံဖြစ်ပုံ

ကံဆိုသည်မှာ ကိလေသာရှိတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်တာ။ ကိလေသာ မရှိတော့ရင် ကံအရာ မမြောက်တော့ဘူး။ ကောင်းတာလုပ်လည်း ကုသိုလ်ကံက မဖြစ်တော့ဘူး။ မကောင်းတာကိုတော့ မလုပ်ကြတော့ဘူးပေါ့။

ကုသိုလ် အကုသိုလ်တို့ရဲ့ အကြောင်းတရား

ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ်က ဘာကြောင့်ဖြစ်သလဲ၊ အတိတ်ဘဝက ကံကြောင့်ဖြစ်တာ မဟုတ်ဘူး။ ဘာက ကုသိုလ်ဖြစ်အောင် လုပ်သလဲ၊ ဘာက အကုသိုလ်ဖြစ်အောင် လုပ်သလဲ ဆိုရင် အာဝဇ္ဇန်းနဲ့ ဝုဋ္ဌောစိတ်တွေက မှန်မှန်ကန်ကန် နှလုံးသွင်းခြင်းဆိုတဲ့ ယောနိသော မနသိကာရဖြစ်ခြင်း ကုသိုလ်ဖြစ်သွားတယ်။ အယောနိသော မနသိကာရ မသင့်မတင့် နှလုံးသွင်းရင် အကုသိုလ်ဖြစ်ရော။ သူတို့ဟာ အဓိကပဲ။ “ယေ ကေစိ ကုသလာဓမ္မာ သဗ္ဗေ တေ ယောနိသောမနသိကာရ မူလကာ’၊ ကုသိုလ်တရားမှန်သမျှတွေဟာ မှန်မှန်ကန်ကန် နှလုံးသွင်းခြင်းလို့ ခေါ်တဲ့ ယောနိသေ မနသိကာရသာလျှင် အကြောင်းရှိကြပါတယ်။ ယောနိသော မနသိကာရနော်။ မျက်စိက မြင်တဲ့ အာရုံပေါ်မှာ အသင့်အတင့် နှလုံးသွင်းရင်၊ အကုသိုလ် မဖြစ်အောင် နှလုံးသွင်းတာကို ယောနိသော မနသိကာရလို့ ပြောတာ။ နားက ကြားတဲ့အသံ၊ နှာခေါင်းက နံတဲ့အပေါ် ဒီလို နှလုံးသွင်း မှန်လို့ရှိရင် ကုသိုလ်စိတ် ဖြစ်တယ်၊ ကုသိုလ်ဇော စောတယ်။ ကုသိုလ်နဲ့ အကုသိုလ်ကို ဇောလို့မှတ်။

စိတ်တို့၏ ဖြစ်စဉ်

ပထမဆုံး မွေးရာပါ စဖြစ်တာက ဝိပါတ်စိတ်တွေ ဖြစ်တယ်။ ဝိပါတ်စိတ်ကလည်း နှစ်မျိုး၊ အခြေခံစိတ်နဲ့ နောက်မှ ပေါ်တဲ့ ဝိပါတ်စိတ်က တစ်မျိုး၊ ပြီးတော့ အာဝဇ္ဇန်းစိတ် နှစ်ခု ဖြစ်တယ်။ အာရုံနဲ့ဝတ္ထု တိုက်ခိုက်မှုကြောင့် ဖြစ်လာတယ်။ အာဝဇ္ဇန်းကို အကြောင်းပြုပြီး ကုသိုလ်ပေါ်တယ်၊ အကုသိုလ်ပေါ်တယ်။

လူ့ဘဝမှာ ပထမအခြေခံက ပဋိသန္ဓေစိတ်ပဲ ကံတရားက ပေးလိုက်တာ။ ပဋိသန္ဓေစိတ်ကို ပေါ်လိုက်တာ၊ ပေးလိုက်တဲ့ အခါကျတော့ ပဋိသန္ဓေစိတ် ပေါ်လာတယ်။ ပေါ်လာတဲ့အခါ ပဋိသန္ဓေစိတ်နောက် ပဝတ္တိအခါမှာ ကံကဆက်ပြီး ထုတ်လုပ်တဲ့ ဘဝင်စိတ် ပေါ်တယ်။ ပဝတ္တိအခါမှာ ဆက်ပြီး ထုတ်လုပ်တဲ့အခါ ပစ္စုပ္ပန်အကြောင်းတရားတွေနဲ့ ပေါင်းပြီးမှ ထုတ်လုပ်ပေးတာ။

စက္ခုဝိညာဏ်စိတ်ဆိုတာ သူ့ဟာသူ အမြဲပေါ်တာ မဟုတ်ဘူး။ မျက်စိနဲ့ ရူပါရုံ ဆုံလိုက်မှပေါ်တာ။ ပစ္စုပ္ပန်အကြောင်းလို့ ခေါ်တယ်။ ယခုလောလောဆယ် အကြောင်းကြောင့် ဖြစ်တာ။ အာရုံကို ဆင်ခြင်တဲ့ အာဝဇ္ဇန်းဆိုတဲ့ စိတ်ပေါ်လို့ တိုက်ခိုက်မှုကြောင့် သူ ပေါ်လာတာ။ ပေါ်လာတဲ့အာရုံကို ယောနိသော၊ အယောနိသောဆိုတဲ့ သူ့ ဆင်ခြင်ပေးမှုပေါ်မှာ ကုသိုလ်ဇော၊ အကုသိုလ်ဇော ဒီလို ဖြစ်သွားတယ်။ ဒါ စိတ်ရဲ့သဘာဝ၊ စိတ်ဆိုသည်မှာ အာရုံကို သိတက်သော သဘောတစ်မျိုးတည်းသာ ရှိတယ်။

ဒါဖြင့် စိတ်(၈၉) အကျယ်(၁၂၁)ခွဲတာ၊ ဝိပါတ်(၂၃)လို့ ဘာကြောင့် ခွဲတာလဲဆိုရင် အခြေအနေတွေကြောင့်ခွဲတာ။ ဖြစ်ပေါ်လာတဲ့နေရာ မတူ၊ အကြောင်းတရား မတူ၊ ဖြစ်ချိန် မတူလို့ ခွဲသွားတယ်။ စက္ခုဝိညာဏ်စိတ်ဖြစ်ပြီးမှ သမ္ပဋိစ္ဆိုန်းဆိုတာ ဖြစ်ရမယ်၊ သမ္ပဋိစ္ဆိုန်း ဖြစ်ပြီးမှ သန္တီရဏ ဖြစ်ရတယ်။ အဆင့်ဆင့် ဒီလိုဖြစ်ပုံချင်း မတူတဲ့အတွက်ကြောင့် အမျိုးအမည် ကွဲပြားခြားနားသွားတယ်။ စိတ်မှန်သမျှ အာရုံကို သိခြင်းသဘောမှ လွဲပြီး တခြားဘာမှ မရှိဘူး။ ကောင်းဆိုးဝေဖန်တာ မဖြစ်ဘူး။ သိရုံပဲ သိတယ်။ စေတသိက်တွေနဲ့ ပေါင်းတဲ့အခါ စိတ်စွမ်းအား တွေက ဒီထက် တိုးတက်လာပါတယ်။

ဒီကနေ့ စိတ်ရဲ့အခြေခံ သဘောတရားများကို ရှင်းလင်း ဟောကြားပြီးလို့ စိတ်ကို လေ့လာသုံးသပ်ခြင်း အကြောင်းတရားကို နိဂုံးချုပ်ပါပြီ။ နောက်ထပ် ဆက်လေ့လာကြပါ။ စိတ် အကြောင်းကို သိပြီးတဲ့အခါ တို့ရဲ့ နှလုံးသားထဲ ဦးနှောက်ထဲမှာ စိတ်ဆိုတာ ရှိပြီးနေတာ မဟုတ်ဘူး။ ဆိုင်ရာဆိုင်ရာ အကြောင်းရှိမှ ဖြစ်တာ။ လောကမှာ သတ္တဝါလို့ ခေါ်စရာ တစ်ခုမှ မရှိဘူး။ သူ့ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားက ထုတ်လုပ်တဲ့ အကျိုးဆိုကာမျှသာ ရှိတာကို ကိုယ်စီကိုယ်စီ သဘောကျပြီး တရားထူး တရားမြတ်များရရှိကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေကုန် သတည်း။

“သာဓု - သာဓု - သာဓု”

အခန်း(၅)

စိတ်ကို အမှီပြု အင်အားစုများ

စေတသိက်တရား

စိတ်ကို အမှီပြုအင်အားစုများ ဆိုတာ စေတသိက်များပဲ ဖြစ်ပါတယ်။ စေတသိက်ဆိုတာ စေတသိက-စိတ်ကို မှီပြီးနေတဲ့ သဘောတရားလို့ အဓိပ္ပါယ်ရတယ်။ စိတ်ကို အမှီပြုဖြစ်တယ် ဆိုတာ စိတ်နှင့်စပ်ပြီး ဖြစ်နေတာ။ စိတ်မဖြစ်ရင် သူတို့ ဖြစ်လို့ မရဘူး။ စိတ်နဲ့အတူတကွ ဖြစ်လို့ စိတ်ကို မှီပြီးတော့ ဖြစ်ရတာ ဖြစ်သောကြောင့် စေတသိက၊ ထိုစေတသိကကိုပဲ စေတသိက်လို့ မြန်မာမှု ပြုထားတာ။ အဲဒီတော့ ဒီ စေတသိကဆိုတဲ့ စကားလုံးမှာ စေတ-ဆိုတဲ့ စကားလုံးနဲ့ စိတ္တ-ဆိုတဲ့ စကားလုံး နှစ်ခုဟာ အဓိပ္ပါယ် တူတယ်လို့ မှတ်ရမယ်။

စိတ်ကို ရည်ညွှန်းတဲ့ စကားလုံးတွေထဲမှာ “စေတ” ဆိုတာလည်း စိတ်ကို ရည်ညွှန်းတယ်၊ “စိတ္တ” ဆိုတာလည်း စိတ်ကိုရည်ညွှန်းတယ်၊ မန လို့ ဆိုတာလည်း စိတ်ကို ရည်ညွှန်းတယ်၊ ဝိညာဏ လို့ ဆိုတာလည်း စိတ်ကိုပဲ ရည်ညွှန်းတယ်။ အားလုံး စိတ်ရဲ့ ဝေါဟာရတွေပေါ့။ စေတသိက- စိတ်ကို အမှီပြုပြီး ဖြစ်လာတဲ့ တရားတွေ၊ အဲဒီ တရားတွေဟာ ၅၂-မျိုး ရှိတယ်။ ဒီကနေ့ စိတ်ကို အမှီပြုပြီးတော့ စိတ်ရဲ့ အင်အားစုများဖြစ်တဲ့ စေတသိက် ၁၃-မျိုး ရှိတယ်။ အဲဒီ ၁၃-မျိုးကို အညသမာန လို့ အမည်ပေးထားတယ်။ တခြားတစ်ပါး မိမိမှီရာ တရားတွေနဲ့ အလားတူတယ်လို့ အဓိပ္ပါယ်ရတယ်။ အဲဒီစေတသိက် ၁၃-မျိုးကို “အညသမာန်းစေတသိက်” လို့ ဒီလိုပဲ မှတ်ကြမယ်။

အညသမာန်းစေတသိက်

အည-ဆိုတာ အခြားတစ်ပါး၊ သမာန-ဆိုတာ တူတာ။ ဆိုလိုတာက ကောင်းနဲ့တွဲရင် အကောင်းဖြစ်တယ်၊ အဆိုးနဲ့တွဲရင် အဆိုးဖြစ်တယ်။ ဘယ်အရာနဲ့ပဲတွဲတွဲ အကောင်းအဆိုး ဒီနှစ်မျိုးစလုံး လိုက်လျောညီထွေဖြစ်တဲ့ စေတသိက်တွေလို့ ပြောတာနော်။ အဲဒီ အညသမာနဆိုတဲ့ ဒီစေတသိက် ၁၃-မျိုးထဲမှာ ထပ်ပြီတော့ ခွဲလိုက်တယ်။

သဗ္ဗစိတ္တသာဓာရ စေတသိက်က (၇)ခု၊ သဗ္ဗစိတ္တ- စိတ်အားလုံးနဲ့၊ သာဓာရဏ- ဆက်ဆံတဲ့ စေတသိက်တဲ့။ ပကိဏ္ဏက စေတသိက်က (၆)ခုတဲ့၊ ပကိဏ္ဏ- တချို့စိတ်နဲ့ တွဲတယ်၊ တချို့စိတ်နဲ့ မတွဲဘူး၊ ပုံမှန်မရှိတဲ့ စေတသိက်။ စိတ်နှင့်ယှဉ်မှု အစုပြုတဲ့အခါမှာ လွယ်ကူမှုရှိအောင် ဒီလို ခွဲခြားချက်ကလေးတွေနဲ့ သတ်မှတ်ထားတာနော်။

၈-မျိုးပါတဲ့ တစ်ခု

စိတ်ဖြစ်တိုင်း စိတ်ဖြစ်တိုင်း စေတသိက် ၇-ခုက ပါတယ်။ စေတသိက်မပါဘဲနဲ့ စိတ်ချည်းမဖြစ်ဘူး။ ဒါကြောင့်မို့ စေတသိက်တွေဟာ စိတ်ရဲ့ အင်အားစုတွေပဲ။ စိတ်ဆိုသည်မှာ အာရုံကို သိတက်တဲ့ သဘောလေး တစ်ခုတည်းသာ ရှိတယ်။ အဲဒီ အာရုံကို သိတက်တဲ့သဘောကို မှီပြီးတော့ ဖြစ်တဲ့ စေတသိက်က ၇-ခု၊ စိတ်က ၁-ခု၊ စေတသိက်က ၇-ခု၊ စုပေါင်းလိုက်တဲ့အခါ ၈-ခု၊ အဲဒီ ၈-ခုသည် ခွဲလို့ မရတဲ့ ၈-ခု။ ခုခေတ်ဆိုလို့ရှိရင် 8 in 1 ပေါ့၊ ၈-ခုကိုမှ တစ်ခုဖွဲ့ထားတာလို့ ပြောတာ။

ရုပ်အကြောင်း ပြောတုန်းကလည်း အတူတူပဲ။ ရုပ်ရဲ့ အင်အားစုတွေက ၈-ခု၊ ရှစ်ခုနဲ့ ဖွဲ့စည်းထားတာ၊ တစ်မျိုးတည်း မဟုတ်ဘူး။ ဘာဖြစ်လို့ ရှစ်ခုလို့ ပြောရတာတုန်းဆိုရင် သူတို့ရဲ့ သဘာဝလက္ခဏာတွေက တစ်ခုနဲ့ တစ်ခု မတူညီကြဘူး။ ဒါကြောင့်မို့ ၈-မျိုး, ၈-ခု ဒီလို တွက်တာနော်။ လက္ခဏာ Characteristic ချင်း မတူဘူး။ Function ချင်းလည်း မတူဘူး။ မတူတဲ့ သဘာဝတွေ ပေါင်းစပ်ပြီး ထားတာ။ တူတာချည်းပဲ ဆိုရင် အလုပ်ဖြစ်ချင်မှ ဖြစ်မှာ။ မတူတာတွေ ပေါင်းထားတယ် ဆိုတာ ဘုန်းကြီးတို့ ခန္ဓာကိုယ်ထဲမှာပဲ ကြည့်၊ မျက်စိတဲ့၊ နားတဲ့၊ နှာခေါင်းတဲ့၊ လျှာတဲ့၊ ကိုယ်တဲ့၊ တူရဲ့လား၊ မတူဘူး။

ဆောင်ရွက်မှုချင်း မတူ

မျက်စိရဲ့ Function က မျက်စိရဲ့ ဆောင်ရွက်မှုက အဆင်းအာရုံကို မြင်တာ။ သို့သော် အသံမကြားနိုင်ဘူး၊ အနံ့လည်း မရှူနိုင်ဘူး၊ အရသာလည်း မသိဘူး။ ဟုတ်ရဲ့လား၊ အရသာ မသိလို့၊ တစ်ခါတရံ ချိုတယ်ထင်ပြီး သောက်လိုက် ချဉ်တာတွေနဲ့ တွေ့နေတယ်။ မျက်စိက ကြည့်ရုံနဲ့တော့ မသိဘူး။ သို့သော် စိတ်က မှတ်သားထားသည့် အတွက်ကြောင့် ဒါမျိုးဆိုရင် အချိုပဲ၊ ဒါမျိုးဆိုရင် အချဉ်လို့ ဆိုတာတော့ နည်းနည်းပါးပါး ခန့်မှန်းလို့ ရတယ်ပေါ့။ အဲဒီ ခန့်မှန်းချက်က တစ်ခါတရံ လွဲသွားတက်သေးတယ်နော်။

တကယ် အရသာကို လျှာနဲ့မှ သိတာလို့ ဒီလို မှတ်ရတယ်။ ခန္ဓာကိုယ်မှာလည်း ကြည့်၊ မတူတဲ့ သဘာဝတွေ ပေါင်းစုထားတာနော်။ ထို့အတူပဲ ရုပ်ခန္ဓာက မတူတာတွေ စုထားသလို စိတ်မှာလည်း မတူတာတွေ စုထားတယ်။ စိတ်လို့ တစ်လုံးတည်း ပြောနေတာ။ အနည်းဆုံး ၈-ခု စုထားတယ်၊ ဒီထက် ပိုများဖို့ပဲ ရှိတယ်။ ၈-ခုအောက် လျှော့တာမရှိဘူး။ ၈-ခု စုထားမှ သူက အလုပ်ဖြစ်တယ်။ တစ်ခုနဲ့ တစ်ခု သွင်ပြင် လက္ခဏာနဲ့ ဆောင်ရွက်ပုံချင်း မတူကြတာကိုး။

ကားပဲ ကြည့်ပါဦး၊ ပစ္စည်းတွေ အများကြီး စုထားတာ မဟုတ်လား။ အကြမ်းဖျင်းပြောရင် ကားဘော်ဒီ ရှိရတယ်၊ ဘီးရှိရတယ်၊ အင်ဂျင် ရှိရတယ်၊ ဓာတ်ဆီ ရှိရတယ်၊ မောင်းဖို့ဆိုရင် ဒရိုင်ဘာ ရှိရတယ်။ အကုန်လုံးပေါင်းမှ ကားက သွားလို့ရတာနော်။ တစ်ခုခု ပျက်နေတယ်ဆိုလို့ရှိရင် သွားလို့ မရဘူး။ နောက်ဆုံးမှာ ဝါယာကြိုးလေး တစ်ချောင်း ပြုတ်နေတယ် ဆိုရင်တောင် ကားစက်နှိုးလို့ရမှာ မဟုတ်ဘူး။ ဒါတွေ အကုန်ပေါင်းလိုက်မှ အလုပ်ဖြစ်တာ။ တစ်ခုနဲ့တစ်ခု တူလားလို့ ဆိုတော့ မတူကြဘူး။ မတူတာတွေ ပေါင်းထားတာ။

ထို့အတူပဲ စိတ်မှာလည်း မတူတာတွေ ပေါင်းထားတဲ့ ၈-ခုဆိုတာ သိအောင် ကြိုးစားရမယ်။ အဲဒီ စိတ်တိုင်းမှာ ပါဝင်နေတာ ၇-ခု၊ တချို့စိတ်တွေမှာ ပါပြီး၊ တချို့စိတ်တွေမှာ မပါတာက ၆-ခု ပေါင်းလိုက်တော့ ၁၃-ခု။ အဲဒီ ၁၃-ခုကို အကောင်းလို့လည်း ပြောလို့မရဘူး။ အဆိုးလို့လည်း ပြောလို့ မရဘူး။ သဘာဝစိတ်ရဲ့ အင်အားစုတွေပဲ။ အဆိုးလို့လည်း ပြောလို့ မရဘူး၊ သဘာဝစိတ်ရဲ့ အင်အားစုတွေပဲ။ သူတို့နဲ့ ယှဉ်တွဲနေတဲ့ စိတ်ကို စိတ်ကောင်းလို့လည်း ပြောလို့ မရဘူး၊ စိတ်ယုတ်လို့လည်း ပြောလို့မရဘူး။

ပေါင်းစုံမှ အလုပ်ဖြစ်

သို့သော် သူတို့မပါလို့ရှိရင် စိတ်ဆိုတာ အာရုံသိမှုက လွဲလို့ တခြား ဘာကိုမှ ဆောင်ရွက်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ စိတ်ရဲ့ လုပ်ဆောင်ချက်တွေဟာ ဟောဒီ စေတသိက်တွေနဲ့ တွဲဖက်တော့မှ ဆောင်ရွက်လို့ ရတယ်။

ဘုန်းကြီးတို့ရဲ့ ရုပ်ခန္ဓာကိုယ်ကြီး ကြည့်၊ ခြေထောက်ပါရတယ်၊ လက် ပါရတယ်၊ ခေါင်း ပါရတယ်၊ အကုန်လုံးပေါင်းစပ်မှ သွားတာတို့, စားတာတို့ ဖြစ်တာ မဟုတ်လား။ ကိုယ့်ဘာသာကိုယ် အသေးစိတ် စဉ်းစားကြည့်၊ ပါးစပ်တစ်ခုတည်း ရှိလို စားလို့မရဘူးနော်။ လက်က ယူပေးရတယ်၊ လက်က ယူပေးတာ ပါးစပ်က ဖွင့်မပေးဘူးဆို မရပြန်ဘူး၊ ပါးစပ်က အနီးရောက်မှ ဖွင့်ပေးရတယ်၊

ပါးစပ်ထဲထည့်လိုက်လို့ သွားက ဝါးမပေးပြန်ဘူးဆိုတော့လည်း မရပြန်ဘူး။ ဝါးတော့ဝါးတယ်၊ လျှာက နေပြီးတော့ လှည့်မပေးဘူးဆိုတော့လည်း မရပြန်ဘူး။ သဘာဝတွေက အကုန်လုံး စုပေါင်းပြီး စက်ရုံကြိးလိုပဲ တစ်ခုပြီးတစ်ခု၊ တစ်ခုပြီးတစ်ခု ဆက်စပ်လုပ်နေတဲ့ သဘာဝတွေ၊ ကိုယ့်ခန္ဓာကိုယ်တွင်ပဲ ကြည့်လိုက်ပေါ့။

ခွဲခြမ်းစိတ်ဖြာသိခြင်း အကျိုး

ဒါဖြင့် ဒါတွေကို သိတော့ ဘာအကျိုး ရှိသလဲဆိုတော့ “ငါ” လို့ တစ်သံသရားလုံး ထင်လာတဲ့ အထင်ကြီးဟာ “ဩော် - ငါ မဟုတ်ပါလား၊ သူ့ဟာသူ လုပ်နေကြတာပါလား၊ သူ့ အကြောင်းနဲ့သူ, သူ့ကိစ္စသူ လုပ်နေကြတာပါလား” ဆိုတဲ့ ဒီလို မှန်ကန်တဲ့ အမြင်တစ်မျိုး ရလာနိုင်တယ်။ ဒါဟာ အကျိုးပဲ။ တစ်သံသရာလုံး ငါလို့ ထင်လာတဲ့ အစွဲကြီးဟာ ပျောက်သွားနိုင်တယ်။ တစ်သံသရာလုံး ငါ့ဥစ္စာလို့ ထင်လာတာလည်း “ဩော်- ငါ့ဥစ္စာ မဟုတ်ဘူး၊ သူ့အကြောင်းနဲ့သူ၊ သူတို့ ဆိုင်ရာ ဆိုင်ရာ ကိစ္စတွေ သူ့ဟာသူ လုပ်နေကြတာ၊ ငါလုပ်ခိုင်းတာလည်း မဟုတ်ဘူး၊ သူ့ဟာသူ လုပ်နေကြတာ” ဆိုတဲ့သဘောလေး ပေါ်မလာဘူးလား။ မှန်ကန်တဲ့ အမြင်ရဖို့အတွက် အခုလို Analize ခွဲခြမ်းစိတ်ဖြာတဲ့ အသိဉာဏ် ရဖို့ရာအတွက် အဘိဓမ္မာကို လေ့လာကြရတာ။

မလေ့လာလို့ အဘိဓမ္မာသဘောကို မသိလို့ရှိရင် ဝိပဿနာဉာဏ် ထပ်ဆင့်ဖြစ်ဖို့ မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြည့်လေ၊ ဝိပဿနာဉာဏ် ဖြစ်ဖို့ရာအတွက် “နာမရူပပရိစ္ဆေဒဉာဏ်” ဆိုတဲ့ ရုပ်နဲ့နာမ် နှစ်ခု ခွဲခြားသိဖို့ဆိုတာ အရင်လာရတယ်။ ပြီးတော့ ဒီ ရုပ်နဲ့နာမ် ဘာကြောင့် ဖြစ်တယ်ဆိုတဲ့ “ပစ္စယပရိဂ္ဂဟဉာဏ်” နဲ့ အမှန် သိဖို့လိုတယ်။ အဲဒီ နောက်မှ ဝိပဿနာဉာဏ်တွေက လာတာ။ အဲဒီတော့ ဝိပဿနာဉာဏ်ကို လမ်းခင်းပေးဖို့ရာအတွက် ဒီအဘိဓမ္မာဉာဏ်ဆိုတာ ရှိကို ရှိရမယ်နော်။ ဒီတော့မှ လမ်းကြောင်းဟာ ရှင်းသွားပြီးတေ့ အမြင်တွေ မှန်လာမယ်။ သံသရာက စွဲနိုင်တဲ့ အစွဲတွေကို ဖြုတ်နိုင်မယ်လို့ ဒီလို သဘောကျရမယ်။

စိတ်ဦးဆောင်ပြီး ဖြစ်လာတဲ့ ဒီသဘာဝ ၈-ခုဟာ ဘယ်လောက်ထိအောင် တွဲတုန်းဆိုရင် သူက တစ်ခုတည်းလို့ ထင်ရအောင် တွဲတယ်။ တစ်ခုတည်းလို့ ထင်ရအောင် တွဲတယ် ဆိုတာ ဘယ်လိုထိအောင် တစ်ပါးတည်းလို့ ထင်ရသလဲဆိုရင် ပေါ်လာတဲ့ နေရာကလည်း တစ်နေရာတည်းက ပေါ်လာတာ၊ Base လို့ ခေါ်တယ်၊ မှီရာဝတ္ထုတစ်ခုတည်း ပေါ်လာတာ။

ဥပမာ- မျက်စိက ပေးလာရင် မျက်စိဆိုတဲ့ မှီရာတစ်ခုတည်းမှာ ဒီ ၈-ခုက ပေါ်တယ်။ အသံကို ကြားပြီးတော့ နားက ပေါ်တယ်ဆိုရင်လည်း ဒီ ၈-ခုစလုံးဟာ တစ်ခုက မျက်စိက ပေါ်ပြီး တစ်ခုက နားမှ ပေါ်တာ၊ ဒီလို မဟုတ်ဘူး။ နားကပေါ်တဲ့ အုပ်စုဆိုရင် နားကပဲ ပေါ်တယ်၊ နှာခေါင်းက ပေါ်လာတယ် ဆိုရင် နှာခေါင်းကချည်းပဲ ပေါ်တယ်။ လျှာကို မှီပြီး ပေါ်လာတယ်ဆိုရင်လည်း လျှာကပဲပေါ်တယ်။ ခန္ဓာကိုယ် ကာယပသာဒကို မှီပြီး ပေါ်လာတယ် ဆိုရင်လည်း ခန္ဓာကိုယ်ကပဲ ပေါ်တယ်။ မှီရာ ဝတ္ထုရုပ်ချင်း တူတယ်တဲ့။

ဒါတင်ပဲလားဆိုတော့ မဟုတ်ဘူး။ သူတို့ ရရှိထားတဲ့ အာရုံကလည်း အတူတူပဲတဲ့။ မှီရာတူသလို အာရုံလည်း တူရမယ်။ ဒီလို တူညီနေတဲ့ ဒီသဘာဝ ၈-ခုဟာ ဖြစ်တော့လည်း တစ်ပြိုင်နက် ဖြစ်လာတယ်၊ ပျက်တော့လည်း တစ်ပြိုင်နက် ပျက်သွားတယ် ဆိုတော့ တစ်ခုတည်းကို ဖြစ်မနေပေဘူးလား။ သို့သော် သူတို့ရဲ့ ဆောင်ရွက်ချက်တွေက တစ်ခုတည်း မဟုတ်ဘူးတဲ့။

ကားကြီး လမ်းပေါ်မှာ ပြေးနေတာ ဓာတ်ဆီကလည်း ဓာတ်ဆီအလုပ် လုပ်တယ်၊ အင်ဂျင်ကလည်း အင်ဂျင်အလုပ် လုပ်တယ်၊ ဒရိုင်ဘာကလည်း ဒရိုင်ဘာအလုပ် လုပ်ရတယ်၊ ဘီးကလည်း ဘီးအလုပ်လုပ်ရတယ်၊ သူ့ဆိုင်ရာ ဆိုင်ရာ အလုပ်တွေ လုပ်နေတာ။ သို့သော် ကားလမ်းပေါ်မှာ ပြေးနေတယ် ဆိုတဲ့ တစ်ခုပဲ ဖြစ်တာ။

လူတွေ လမ်းလျှောက်တဲ့ နေရာမှာလည်းပဲ မျက်စိက လမ်းကို ကြည့်ပေးရတယ်၊ ခြေထောက်က လျှောက်ပေးရတယ်၊ ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက balance ဖြစ်အောင် ညှိပေးရတယ်။ ဟောကြည့် စုပေါင်းပြီးတော့ သူ့အလုပ်သူ လုပ်သွားကြတာ။ အဲဒီလို သဘာဝချင်း မတူတဲ့အရာတွေ ပေါင်းစပ်ပြီးတော့ သူ့အလုပ်သူ လုပ်နေတာတွေ ကိုယ့်သန္တာန်မှာ ရှိနေတယ်။

သဗ္ဗစိတ္တသာဓာရဏ

အဲဒီတော့ စိတ်ဖြစ်တိုင်း ဖြစ်တဲ့ စေတသိက် ၇-ခု ဆိုတာ ပါဠိလို ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိန္ဒြိယ, မနသိကာရ ဆိုတဲ့ သဗ္ဗစိတ္တသာဓာရဏ ၇-ခုကို ခေါ်တယ်၊ စိတ်အားလုံးနဲ့ ဆက်ဆံတဲ့ စေတသိက်။

(၁) ဖဿတဲ့။ ဖဿက စဖြစ်လို့ ဖဿကို နံပါတ် ၁-လို့ပြောတာဟုတ်ဘူး။ ဒါက ဟောတဲ့ပြောတဲ့ အစဉ်နဲ့ ပြောတာနော်။ သူတို့ အားလုံးက စိတ်ဖြစ်တာနဲ့ တစ်ပြိုင်တည်း ဖြစ်ကြတာ။ ဖဿဆိုတာ အာရုံနဲ့ ထိတွေ့မှု၊ ဒီလို အဓိပ္ပါယ် ရတယ်။ စိတ်နဲ့ အာရုံနဲ့ ထိတွေ့သွားတဲ့ သဘောဟာ ဖဿ။

(၂) ဝေဒနာ - ခံစားမှု။

(၃) သညာ - အမှတ်အသား ပြုပြီးတော့ သိမှု။

(၄) စေတနာ - လှုံ့ဆော်စည်းရုံးမှု၊ ဖြစ်ဖက် သဘာဝတရားတွေကို လှုံ့ဆော်ပြီးတော့ စုစည်းပေးတဲ့သဘော။

(၅) ဧကဂ္ဂတာ - အာရုံတစ်ခုတည်းပေါ်မှာ စုကျနေအောင် ဦးတည်ချက်တစ်ခုတည်း ထားပေးမှု။

(၆) ဇီဝိတိန္ဒြိယ - စောင့်ရှောက်တဲ့နေရာမှာ ပိုင်စိုးတဲ့ အသက်လို့ခေါ်တဲ့ သဘာဝတရားတစ်ခု။ သူရဲ့ ဆောင်ရွက်မှုကန်တော့ ဒီသဘာဝတရားတွေ ထပ်ထပ်ပြီးတော့ ဖြစ်နေအောင်။ ဖြစ်နေတဲ့ အချိန်ပိုင်းတွေ၊ သူကနေ အကာအကွယ် တော်တော်ပေးတယ်။ ပြောမယ်ဆိုရင် Preserve လုပ်ပေးတယ်နော်။ ဆိုင်ရာသက်တမ်းလေးအတွင်း ပျက်စီးမသွားအောင် သူက Preserve လုပ်ပေးထားတာ၊ ထိန်းပေးတယ်လို့ ပြောတယ်။

နောက်နံပါတ် (၇) မနသိကာရ ဆိုတာ နှလုံးသွင်းတယ်လို့ ပြောတယ်။ အာရုံရှိတဲ့ဘက်ကို စိတ်ကို ဦးလှည့်ပေးတာ။ စိတ်နဲ့ အာရုံတွဲသွားအောင် အာရုံဘက် စိတ်ကို ဦးလှည့်ပေးတဲ့သဘော။ ကဲ တစ်ခုနဲ့တစ်ခု ဆောင်ရွက်မှုချင်း တူကြရဲ့လား။

ဆောင်ရွက်မှုကိစ္စများ

ဖဿက အာရုံနဲ့စိတ်ကို ဆုံစည်းပေးတာ။ ဝေဒနာက အာရုံနဲ့ သဘာဝကို အတွေ့အကြုံ ရသွားတာ၊ ခံစားတာ။ သညာက အမှတ်အသား လုပ်ပြီး သိလိုက်တာ။ စေတနာက လှုံ့ဆော်ပြီး စည်းရုံးတာ။ အားလုံး အတူတူ ဆောင်ရွက်ရအောင် သူ့ကိစ္စသူ ဆောင်ရွက်အောင် စေတနာက လှုံ့ဆော်တယ်၊ စည်းရုံးတယ်။ ဧကဂ္ဂတာဆိုတာ အာရုံတစ်ခုတည်းပေါ်မှာ ကျသွားအောင် ပေါင်းပေးတယ်။ ဇီဝိတိန္ဒြေဆိုတာ ဖြစ်လာတဲ့ သဘာဝတရားတွေ ထိန်းသိမ်း စောင့်ရှောက်ပြီးတော့ ပေးတယ်၊ မနသိကာရဆိုတာ စိတ်ကို အာရုံဘက်ကို လှည့်ပေးတယ်၊ နှလုံးသွင်းတယ်လို့ ပြောတယ်။

အဲဒီ သဘာဝတရားတွေ စိတ်ရယ်၊ ဟောဒီ သဘာဝစေတသိက် ၇-မျိုးရယ်ဟာ ခွဲလို့မရအောင် တစ်ခုတည်း အနေနဲ့ ယှဉ်တွဲပြီးတော့ ဖြစ်နေကြတယ်တဲ့။ Unity of mind လို့ ပြောတယ်။ လူရဲ့ ရုပ်ခန္ဓာကိုယ်မှာ အင်မတန် သေးငယ်တဲ့ cell လေးတစ်ခုမှာ တောင်မှပဲ ရုပ် ၈-ခု၊ ၉-ခု၊ ၁၀-ခု ပေါင်းနေတာနော်။ အခု စိတ်ကလည်း အတူတူပဲ။ သာမန်စိတ်ကလေး အင်အား အနည်းဆုံး စိတ်လေးတစ်ခုမှာ စိတ်တစ်ခုနဲ့ စေတသိက် ၇-ခု၊ ဟောဒီ ၈-ခု ပေါင်းနေတာပဲ။

ဒီနေရာမှာ ဘယ်လို နားလည်ရမလဲဆိုရင် စဉ်းစားကြည့်ပါ၊ စိတ်နဲ့ အာရုံနဲ့ တွေ့ဖို့ရာအတွက် တွေ့ဆုံပေးတဲ့ သဘာဝမပါရင် စိတ်က အာရုံနဲ့တွေ့ဆုံတာ သူမလုပ်နိုင်ဘူး။ ခံစားတာ သူမလုပ်နိုင်ဘူး၊ မှတ်တမ်းတင်တာ သူမလုပ်နိုင်ဘူး၊ လှုံ့ဆော်တာ စည်းရုံးတာ သူ့အလုပ် မဟုတ်ဘူး။ အာရုံတစ်ခုတည်းပေါ်မှာ စုနေအောင်လုပ်တာ၊ သူ့အလုပ် မဟုတ်ဘူး။ စောင့်ရှောင့် ထိန်းသိမ်းပေးတာလည်း သူ့အလုပ် မဟုတ်ဘူး။ အာရုံရှိရာကို ဦးလှည့်ပေးတာလည်း သူ့အလုပ် မဟုတ်ဘူး။

သူလုပ်တာက အာရုံကို သိလိုက်တဲ့သဘောလေးပဲ။ ဒါပဲ သူလုပ်နိုင်တာ။ ဒီသဘာဝတရားလေးတွေဟာ သူ့ဟာသူ စုစည်းပေးတာ။ စိတ်ကလေးကို အာရုံနဲ့ တွေ့ဖို့ရာအတွက် ဖဿဆိုတဲ့ အာရုံနဲ့ ဆုံတွေ့ပေးတဲ့ သဘာဝလေးတစ်ခု ရှိကို ရှိရတယ်။ သူမရှိရင် အာရုံနဲ့ မဆုံတွေ့နိုင်ဘူးပေါ့။ အာရုံနဲ့ ဆုံတွေ့သွားတဲ့အခါမှာ အာရုံရဲ့ သဘောကို ခံစားလိုက်တာ၊ အတွေ့အကြုံတစ်ခု ရလိုက်တာ။ လူတွေက ပြောတယ်၊ အတွေ့အကြုံလို့ ပြောကြတယ်။ ခံစားတယ်ဆိုတာ ဒီအာရုံလေး တွေ့တဲ့အခါ စိတ်ထဲမှာ ပျော်သွားတယ်၊ စိတ်ညစ်သွားတယ်၊ အဲဒါ ခံစားတာ၊ အတွေ့အကြုံ ရသွားတာ။ အဲဒီတော့ တစ်ခုချင်း ပြောရအောင်။

ဖဿဖြစ်ပုံ

(၁) ဖဿဆိုတဲ့ သဘာဝတရားဟာ မြတ်စွာဘုရား ကိုယ်တိုင်က စိတ်ပေါ်လာမှ ပေါ်တယ်ဆိုတာ ဟောတော်မူထားတယ်။

စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖေဿာ။

စက္ခုံစ- စက္ခုပသာဒရုပ်ကိုလည်းကောင်း၊ (စက္ခုပသာဒရုပ်ဆိုတာက ကံက ဖန်တီးပေးထားတယ်၊ ကံကြောင့် ဖြစ်လာတဲ့ ရုပ်တစ်ခု၊)

ရူပေ စ- စက္ခုပသာဒရုပ်ပေါ်မှာ ထင်လာတဲ့အဆင်း ရူပါရုံတို့ကိုလည်းကောင်း၊

ပဋိစ္စ- အစွဲပြု၍၊

စက္ခုဝိညာဏံ- မြင်သိစိတ်ကလေးသည် (ဝါ) စက္ခုပသာဒရုပ်ပေါ်မှာ အမှီပြုပြီးတော့ ပေါ်လာတဲ့ စိတ်ကလေးသည်၊

ဥပ္ပဇ္ဇတိ- ဖြစ်ပေါ်လာရ၏။

စိတ်ကလေး ဖြစ်ပုံကို ဟောဒီ ပါဠိတော်က ဟောထားတာ၊ ဒါ ကိုယ်တိုင် နားလည်လို့ ရတာပဲ၊ ကိုယ့်မှာ မျက်စိရှိတယ်၊ မျက်စိရှိတော့ ပြင်ပက မြင်စရာအာရုံက မျက်စိမှာ လာတိုက်တယ်၊ တိုက်လိုက်တဲ့အတွက်ကြောင့် မြင်သိစိတ်ကလေး ပေါ်လာတယ်၊ မျက်စိဖွင့်ထားလို့၊ မျက်စိကို အာရုံလာထိမှ မြင်သိစိတ်ကလေး ပေါ်တယ်ဆိုတာ လေ့လာကြည့်၊ ကိုယ့်ဟာကိုယ် မျက်လုံးလေး ဖွင့်လိုက်တာ၊ ကြည့်လိုက်တာနဲ့၊ ကိုယ့်ရှေ့မှာ မြစ်စရာတွေ မဟုတ်ဘူး၊ ဟိုဟာလေး မြင်လိုက်၊ ဒါလေး မြင်လိုက်၊ သိပ်မြန်လွန်းအားကြီးတော့ တစ်ခါတည်း အကုန်မြင်တယ် ထင်နတာနော်။

စိတ်ဆိုတာ အလွန်မြန်တယ်၊ အာရုံအမျိုးအမျိုးကို အကုန်ဖမ်းယူနိုင်တယ်၊ ပန်းပွင့်လေး ကြည့်လိုက်၊ ပန်းပွင့်လေးမှာ အဖြူတွေလည်းပါတယ်၊ အနီတွေလည်း ပါတယ်၊ ရောင်စုံဆိုပါတော့၊ စိတ်က ထင်လိုက်တာ၊ ဒီရောင်စုံ အကုန်လုံး တစ်ခါတည်း မြင်တယ် လို့ ထင်လိုက်တာ၊ တကယ်တော့ မဟုတ်ဘူး အာရုံပြုတဲ့ ဆီမှာ အသွားမြန်တာ၊ တစ်ခါတည်း မြင်လိုက်တာ မဟုတ်ဘူး၊ ဒီလောက် မြန်တာရော ဖြစ်နိုင်ပါ့မလားဆိုတော့ ဖြစ်နို်င်တာပေါ့။

ဘောလုံးကလေးတွေ လက်ထဲမှာ ဟိုဘက် ၁၀-လုံး၊ ဒီဘက် ၁၀-လုံးနဲ့ ဘောလုံးလေးကို မြှောက်ပြီး ဖမ်းတဲ့လူ မြင်ဖူးတယ်မဟုတ်လား၊ တစ်လုံးမှ လွတ်မကျအောင် ဖမ်းနိုင်တာ၊ ဒါ ကျင့်ထားတဲ့ လက်ရဲ့ စွမ်းရည်သတ္တိပဲလေ၊ ဒီ မျက်စိဆိုတာ ကံကပေးတဲ့ စွမ်းအားသတ္တိတွေ၊ သူက အပြည့်ရှိနေတာ၊ စိတ်ကလည်း ကံကပေးတဲ့ စွမ်းအားသတ္တိတွေ ရှိနေတာဆိုတော့ ကြည့်လေ၊ အကုန်လုံးကို သူ ဖမ်းမိတယ်၊ မလွတ်တမ်းဖမ်းထားတာ၊ အကုန်လုံး ဖမ်းမိနိုင်တယ်၊ စက္ခုပသာဒရယ် မြင်စရာ အာရုံလေးရယ် ဒီ နှစ်ခုပေါင်းလိုက်လို့ မြင်သိစိတ်(သို့) စက္ခုပသာဒကို မှီပြီးတော့ ဖြစ်လာတဲ့ စိတ်ကလေး ပေါ်လာရတယ်တဲ့။

တိဏ္ဏံ သင်္ဂတိ ဖေဿာ - ဒီ သုံးခု ပေါင်းစပ်သွားတဲ့အခါ ဘာပေါ်လာတုံးဆိုတော့ ဖဿပေါ်လာတာကို ပြောတာ၊ စက္ခုဝိညာဏ်စိတ်ဆိုတဲ့ မြင်သိစိတ်ကလေး ပေါ်လာတာနဲ့ တစ်ပြိုင်နက် ထိုအာရုံနဲ့ ဒီစိတ်ကလေး တွေ့သွားအောင် ဘာလုပ်ပေးလိုက်လဲ ဆိုတော့ ဖဿက လုပ်ပေးတာတဲ့၊

တိဏ္ဏံ - စက္ခုပသာ၊ ရူပါရုံ၊ စက္ခုဝိညာဏ်စိတ်ဆိုတဲ့ ဒီ သုံးမျိုးတို့ရဲ့၊

သင်္ဂတိ- ပေါငးဆုံမှုကြောင့်၊

ဖေဿာ- ဖဿဆိုတာ ပေါ်လာရတယ်၊ စက္ခုဝိညာဏ်စိတ်က အရင်ပေါ်ပြီးတော့ ဖဿက နောက်မှ ပေါ်လာလားဆိုတော့ မဟုတ်ဘူး၊ တစ်ခါတည်း ပေါ်တာ။

ဘယ်မှ ပေါ်တုန်းဆိုတော့ စက္ခုပသာဒရုပ်မှ ပေါ်လာတာ၊ ရူပါရုံမှာ ပေါ်တာ မဟုတ်ဘူး၊ စက္ခုပသာရုပ်ကို မှီပြီးတော့ ဖြစ်လာကြတာ၊ စက္ခုဝိညာဏ်စိတ်က အဲဒီလိုဖြစ်တော့ စက္ခုဝိညာဏ်စိတ်ကို မှီပြီးတော့ ဖဿလေးက ပေါ်လာတာ၊ အဲလို ဖဿဆိုတာ အာရုံလေးနဲ့ စက္ခုဝိညာဏ်စိတ်ကလေးနဲ့ ရူပါရုံ ကလေးနဲ့ ဆုံမိသွားအောင် သူက ဆက်သွယ်ပေးတဲ့သဘောပဲ၊ Comuniation လုပ်ပေးလိုက်တာ၊ အာရုံနဲ့စိတ် ဆက်သွယ်မှု ရသွားတာ၊ Intouch ပေါ့၊ အခုလို ပြောရင် ရူပါရုံနဲ့ စက္ခုပသာဒ ထင်ဟပ်လာတဲ့အခါ စိတ်နဲ့ အာရုံနဲ့ တွေ့သွားအောင် သူကလုပ်ပေးလိုက်တာ။

ဝေဒနာဖြစ်ပုံ

စိတ်နဲ့ အာရုံနဲ့ တွေ့သွားပြီ၊ ပန်းဆိုရင်လည်း ပန်းဆိုတဲ့ အဆင်းလေးပေါ်မှာ စိတ်ရောက်သွားပြီ၊ ပန်းဆိုတာလေးဆီ ရောက်သွားတော့ ဒီပန်းလေးက မွှေးတယ်၊ မမွှေးဘူး၊ လှတယ်၊ မလှဘူးဆိုတဲ့ အတွေးလေးတွေ နောက်က ဆက်လာတယ်၊ အဲဒီ အတွေးလေးတွေ ဆက်လာတာက အရင်တုန်း အတွေ့အကြုံရှိလို့၊ မရှိဘဲနဲ့ မဆက်နိုင်ဘူး၊ အဲဒီ လှတဲ့ပန်းဆိုရင် ဝမ်းသာတဲ့ ခံစားမှုလေး မလာဘူးလား၊ အဲဒီ ခံစားမှုလေးပေါ်လာတာကိုပဲ ဝေဒနာလို့ပြောတာ၊ အတူတူ ဖြစ်လာပေမယ့်လို့ ဒီစိတ်နဲ့ အာရုံနဲ့ ဆုံစည်းမှုဆိုတဲ့ ဖဿမရှိဘဲ ဒီ ဝေဒနာက လာလို့ မရဘူး။

ဒါကြောင့် ရှေ့နောက် သဘောမျိုးနဲ့ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ် ဟောထားတာ “ဖဿပစ္စယာ ဝေဒနာ” လို့၊ ဒါပေမယ့် ဖဿပေါ်ပြီးမှ ဝေဒနာပေါ်တာ မဟုတ်ဘူး၊ ဖဿပေါ်တဲ့ အတိုင်းအတာလောက် ဝေဒနာက ပေါ်လာတာ၊ ဒီလို ပြောတာနော်၊ ဖဿပေါ်တာက အင်အားပျော့နေရင် ဝေဒနာလည်း အင်းအားပျော့တယ်၊ ဖဿပေါ်မှု အင်အားကောင်းတယ်ဆိုရင် ခံစားမှုကလည်း အင်အားကောင်းတယ်၊ ဒါကို ဆိုတာနော်၊ ပေါ်တာကျတော့ သူတို့ အတူတူ ပေါ်တာပဲ၊ တစ်ပြိုင်နက် ပေါ်တာပဲ၊ ဖဿရဲ့ အာရုံနဲ့စိတ်ကို ဆုံဆည်းပေးမှုက စွမ်းအားထက်လေလေ ဝေဒနာခံစားမှုက စွမ်းအားထက်လေလေတဲ့။

ဒါကြောင့် “တိဏ္ဏံ သင်္ဂတိ ဖေဿာ - ဖဿပစ္စယာ ဝေဒနာ”လို့ ဟောတာ၊ ဝေဒနာလေး ပေါ်လာတယ်။

ကိုယ့်စိတ်ကို ကိုယ်အကဲခတ်ကြည့်၊ ဟောဒါ ဝိပဿနာပဲ၊ စိတ္တနုပဿနာ၊ ဓမ္မာနုပဿနာဆိုတာ အဲဒါကို ပြောနော်၊ ကိုယ့်ကိုယ်ကို စောင့်ကြည့်တာ၊ တယ်လီဗွီးရှင်းကို စောင့်စောင့် ကြည့်ကြတယ် မဟုတ်လား၊ ကိုယ့်စိတ်လေးကိုယ် စောင့်ကြည့်ပေါ့ ဘယ်လို ဖြစ်နေသလဲဆိုတာ ထိုင်ပြီးတော့ ကြည့်နေ၊ ကိုယ့်စိတ်ကိုယ် မျစ်လံးလေးမှိတ်ပြီးတော့ စောင့်ကြည့်တဲ့အခါမှာ သတိကြီးစွာရှိရမယ်၊ စိတ်တည်ငြိမ်မှု ရှိရမယ်၊ ထိုင်တော့ ကြည့်တယ်။ ဟိုတွေးဒီတွေးဆို အများကြီး လွတ်ကုန်မှာပဲ၊ တယ်လိီပွီးရှင်း ကြည့်တုန်းတောင်မှ ဟိုတွေးဒီတွေး, ဟိုလှည့်စကားပြော ဒီလှည့်စကားပြောဆို ဇာတ်လမ်းတွေ လွတ်ကုန်မှာ၊ အဲဒါမျိုး မဖြစ်အောင် သမာဓိစွမ်းအားတို့ သတိစွမ်းအားတို့နဲ့ စောင့်ကြည့် လိုက်လို့ရှိရင် ဒီသဘာဝတရားတွေကို မြင်လာမယ်၊ တကယ်ဖြစ်နေတဲ့ ဖြစ်စဉ် တစ်ခု မြတ်စွာဘုရားက ဟောတာ။

ဖဿဆိုတာ စိတ်ကို အာရုံနဲ့ ဆုံစည်းပေးတဲ့သဘော၊ ဝေဒနာဆိုတာ စိတ်နဲ့အာရုံ ဆုံစည်းလိုက်လို့ရှိရင် ခံစားမှုလေးပေါ်လာတာ၊ ဝေဒနာရဲ့ စွမ်းအားကြောင့် စိတ်ကလေးဟာ ခံစားမှု အတွေ့အကြုံရသွားတယ်၊ ဩော် ဒီပန်းမျိုးဆို မွှေးတယ်၊ ဟိုပန်းမျိုးဆို မမွှေးဘူး၊ ဒီပန်းလေးက လှတယ်၊ ဟိုပန်းက မလှဘူးဆိုတဲ့ ဒီပျော်မှု၊ မပျော်မှုဆိုတဲ့ ခံစားချက်လေးတွေကို ပြောတာ။

မြန်မာပြည်မှာတော့ လူတွေက ဝေဒနာဆိုလို့ရှိရင် ရောဂါလို့ အောက်မေ့နေကြတယ်၊

ရောဂေါကို ပြောတာ မဟုတ်ဘူး၊ ဒီ ဝေဒနာက feeling လို့ အင်္ဂလိပ်လိုပြန်တယ်၊ အမှန်တော့ experience လို့ ဒီလို ပြန်ဖို့ကောင်းတယ်၊ အတွေ့အကြုံလေး ရသွားတာ၊ အတွေ့အကြုံက ဘာတုန်းဆိုရင် ဝမ်းသာတယ်ဆိုတာလည်း အတွေ့အကြုံပဲ၊ ဝမ်းနည်းတယ်ဆိုတာလည်း အတွေ့အကြုံတစ်ခုပဲလေ၊ ဝမ်းနည်းဖူးလို့ရှိရင် ဝမ်းနည်းတဲ့အတွေ့အကြုံ ခံစားချက်လေး စိတ်ထဲမှာ မပေါ်ဘူးလား၊ ဝမ်းသာတဲ့ အတွေ့အကြုံနဲ့ တူရဲ့လား၊ မတူဘူး၊ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်၊ ဝမ်းနည်းတဲ့အခါ စိတ်ဖြစ်တာ၊ ဘယ်လိုဖြစ်သလဲ၊ ဝမ်းသာတဲ့အခါ စိတ် ဘယ်လိုဖြစ်သလဲ၊ ဝမ်းနည်းတာလည်း မဟုတ်ဘူး၊ ဝမ်းသာတာလည်း မဟုတ်ဘူး၊ စပ်ကြားဆိုရင် စိတ်အခြေအနေ ဘယ်လိုရှိလဲ၊ ဝေဒနာဆိုတာ ဖြစ်နေတာနော်။

ရိပ်သာထဲမှာ ပြောတဲ့ ဝေဒနာကျော်တယ်၊ ဝေဒနာကျော်တယ်ဆိုတာ ဒုက္ခဝေဒနာကျော်တာကို ပြောတာနော်၊ ဝေဒနာကိုလုံးဝ ကျော်လို့မရဘူး၊ စိတ်ရှိရင် ဝေဒနာရှိနေမှာပဲ၊ အဲဒါလည်း သတိထားဦး၊ ဝေဒနာကျော်လို့ ဝေဒနာချုပ်သွားပြီ၊ ဝေဒနာမရှိတော့ဘူးလို့ ဒီလို ထင်နေကြတယ်၊ စိတ်ရှိနေသမျှ ဝေဒနာကတော့ ရှိနေမှာပဲ၊ ဒုက္ခဝေဒနာ ကျော်သွားတယ်၊ ကမ္မဋ္ဌာန်းထိုင်ရတာ ခြေထောက်နာတာတို့၊ ကျောထဲ အောင့်တာတို့ အဲဒီဒုက္ခဝေဒနာကို လွန်မြောက်သွားပြီ၊ နာတာ ကိုက်တာ ခဲတာတွေ အောင့်တာတွေ မရှိတော့ဘူးဆိုတာကို ဝေဒနာကျော်သွားတယ်လို့ ပြောနေကြတာ။

အဲဒီ ဝေဒနာဆိုတာ စာလိုပြောတော့ အာရုံ၏အရသာကို ခံစားတယ်လို့ ပြောတာ၊ အာရုံ၏ အရသာကို ခံစားတယ်ဆိုတာ ကောင်းတာဆိုရင် သူက ကောင်းတဲ့အတွေ့အကြုံလေး ရသွားတယ်၊ မကောင်းဘူးဆိုရင် မကောင်းတဲ့ အတွေ့အကြုံလေး ရသွားတယ်၊ ဝေဒနာမှာ ခံစားတဲ့သဘောလေးပဲ ရှိတယ်။

သညာဖြစ်ပုံ

ဟော နောက်တစ်ခုက သညာတဲ့၊ သူက မှတ်တမ်းတင်တယ်၊ အာရုံနဲ့စိတ် တွေ့လိုက်တဲ့ အခါမှာ ပထမဦးဆုံးတွေ့တာကို သူက မှတ်တမ်းတင်ပြီးတော့ သူသိလိုက်တယ်၊ မှတ်တမ်းတင်တယ်၊ ကြည့်လေ၊ ဘောလ်ပင်လေးနဲ့ စာအုပ်ထဲမှာ ရေးထားတာ၊ မှတ်တမ်းတင်တာပဲလေ၊ ဘာအတွက်တုန်းဆိုရင် နောက်တစ်ခါပြတ်ဖတ်ဖို့အတွက် မေ့နေလို့ရှိရင် ဒါလေး ပြန်ဖတ်ကြည့် ပေါ်မလာဘူးလား။

သညာရဲ့ သဘောကလည်း သူ့ဘာသာသူ မှတ်တယ်၊ ဒါ noting system လို့ ခေါ်တယ်၊ စိတ်ရဲ့ Note လုပ်တဲ့ မှတ်တမ်းတင်တက်တဲ့ သဘာဝ၊ သူ့ဟာသူ ရှိပြီးသား၊ Recording System လို့ ပြောလို့ ရတာပေါ့၊ စိတ်မှာလည်းပဲ အာရုံတစ်ခု တွေ့လိုက်တာနဲ့ သူက မှတ်တမ်းတင်လိုက်တယ်၊ အဲဒါ သညာပဲ၊ အဲဒီ မှတ်တမ်းတင်တာ မမြဲလို့ သူ့ကို အထောက်အကူဖြစ်ဖို့ရာအတွက် ဘောလ်ပင်လေးနဲ့ စာရွက်ပေါ် ရေးနေရတာ၊ သူက ပျောက်လွယ်တယ်ကိုး၊ တစ်ခါတစ်ခါ ကျတော့ မေ့သွားတက်တယ်၊ ပျောက်တက်တယ်၊ ဒါကြောင့်မို့လို့ လက်သမားတွေ သစ်သားတွေ ဖြတ်တဲ့အခါကျ မှတ်ထားကြတယ်လေ၊ ဒါက အထက်က, ဒါက အောက်က၊ ဒါက ဒါနဲ့ဒါ ဆက်ရမယ် ဆိုတာ မှတ်ထားရတယ်။

မှတ်ထားတာတွေကလည်း တစ်ခါတစ်ခါ လွဲလွဲမှားမှား မှတ်ထားတက်တာ ရှိသေးတယ်၊ ဒါကြောင့်မို့ လူမြင်တဲ့အခါ မှားနှုတ်ဆက်တာတွေ မကြုံဖူးဘူးလား၊ အင်း ပုံပန်းသဏ္ဌာန်တူရင် ဒါပဲလို့ ထင်တာ၊ သူက မှတ်ထားတဲ့အတိုင်းပဲ၊ သူက သိတာ၊ သူက ဘာမှပိုပြီး ထိုးထွင်းသိနိုင်တဲ့အစွမ်း မရှိဘူး၊ သညာက မှတ်တမ်းတင်လိုက်တဲ့အတိုင်း နောက်တစ်ခါ ဒီလိုဟာမျိုးတွေ့ရင် ဒါပဲ ထင်လိုက်တာ၊ ဒါကြောင့်မို့ ဒီသညာကို တစ်ခါတစ်ခါကျတော့ ဝိပ္ပလ္လာသလို့ ခေါ်တယ်။

သညာဝိပ္ပလ္လာသ

သညာဝိပ္ပလ္လာသ - သညာရဲ့ လွဲမှားမှုတွေ အများကြီးရှိတယ်၊ အဲဒီ လွဲများမှုမဖြစ်အောင် မြတ်စွာဘုရားက အသုဘသညာတို့၊ အနိစ္စသညာတို့၊ ဒုက္ခသညာတို့ဆိုတာ စိတ်ထဲမှာ စွဲနေအောင် လုပ်ခိုင်းထားတာ။ မမြဲဘူးဆိုတာ စွဲနေအောင် လေ့ကျင့်ထား၊ မလှဘူးဆိုတာ စွဲနေအောင် လေ့ကျင့်ထား။

ရွံစရာတွေ တွေးပြီးတော့ ဟုတ်ရဲ့လား၊ အနတ္တ ကိုယ်မပိုင်ဘူး ဆိုတာတွေ စွဲနေအောင် လုပ်ထားဆိုတဲ့ သညာတွေကို မြတ်စွာဘုရားက ဟောတာ၊ ဒါက ဘာဖြစ်လို့တုန်းဆိုရင် ဒီသညာက သူက မှတ်တာ၊ မှတ်တဲ့အတိုင်းပဲ သိတက်တယ်။

အဲဒါကြောင့်မို့ တောစပ်မှာ စိုက်ပျိုးတဲ့ လယ်ကွင်းတွေမှာဆိုရင် သမင်တွေ ကောက်စပါးပင်တွေကို ညဆို လာလာစားတယ်၊ ဒီကောင်တွေ မလာရဲအောင် လယ်သမားတွေက ဘာလုပ်ထားတုန်းဆိုရင် စာခြောက်ရုပ် (scare crow) လုပ်ထားတယ်၊ လုပ်ပြီးတော့ လူဝတ်တဲ့ အဝတ်အစားတွေ ဝတ်ပေးထားတယ်၊ ဟိုကောင်တွေကတော့ ဒါမြင်ရင် “ဟာ လူရှိတယ် ဟ” ဆိုပြီး ထွက်ပြေးကြတာ၊ စာခြောက်ရု် ဆိုတာကလည်း အဲဒီဟာပဲနော်၊ စာက အဟုတ်ထင်ပြီးတော့ ထွက်ပြေးတယ်လေ၊

ကျီးခြောက်တဲ့အခါလည်း ထို့အတူပဲ၊ မြားလေးပုံသဏ္ဌာန် လုပ်ထားရင် ကျီးကလန့်တယ်။ အနားအနားကို မလာရဲဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ သူက မှတ်ထားတာကိုး၊ ဒါလန့်စရာလို့ သူက မှတ်ထားတာ၊ အန္တရယ်ရှိတယ်လို့ သူက မှတ်ထားသည့်အတွက်ကြောင့် မလာရဲဘူး ကြောက်နေတယ်။

လူတွေမှာရော ဒီလို အမှတ်မှားတာ ရှိလားဆိုတော့ သညာနဲ့ ပတ်သက်ပြီးတော့ သညာဝိပ္ပလ္လာသတွေ အများကြီးပဲ၊ လူတွေမှာ သညာဝိပ္ပလ္လာသဖြစ်လို့ လောဘဖြစ်တယ်၊ ဒုက္ခကို သုခလို့ ထင်တယ်နော်၊ ဆင်းရဲတာကို ချမ်းသာတယ်လို့ ထင်တယ်၊ မမြဲတာကို မြဲတယ်လို့ ထင်တယ်၊ ကိုယ်မပိုင်တာကြီးကို ပိုင်တယ်လို့ ထင်တယ်၊ မလှတာကို လှတာလို့ ထင်တယ်ဆိုတဲ့ ထင်မှတ်မှားမှုတွေ ဝိပ္ပလ္လာသ Hallucination လို့ ခေါ်တယ်။

အရက် မူးပြီဆိုရင် အရက်ကြောင်တယ်ဆိုတာ ကြားဖူးတယ်မဟုတ်လား၊ လူမြင်တာနဲ့ အရက်သမားက သူ့ရန်လုပ်တယ် ထင်ချင်ထင်နေတာ၊ စိတ်ထဲမှာ ပေါ်တိုင်း သညာကလည်း မှတ်ထားပြီးတော့ ထင်ချင်ရာတွေ ထင်ပြီတော့ နေတက်တယ်။

အကောင်းအဆိုးဟာ အထင်နဲ့သာ

အရှေးတုန်းက ကုန်သည်တစ်စု ဝေးလံတဲ့ အရပ်ဒေသသွားပြီ ကုန်ရောင်းကုန်ဝယ်လုပ်တယ်။ တောရွာလေးတစ်ရွာ ရောက်တော့ အဲဒီမှာ အလှူကလေး ပေးနေတယ်။ လျှပ်စစ်မီးတွေ ဘာတွေလည်း ရှိတာမဟုတ်ဘူး၊ မီးမှိတ်တုတ်လေး ထွန်းပြီးတော့ ထမင်းတွေ ကျွေးနေတယ်၊ ကုန်သည်တွေ ရောက်သွားတော့ “ဟာ ဧည့်သည်တွေ ရောက်ပြီ၊ လာ လာ” ဆိုပြီးတော့ စေတနာကောင်းကောင်းနဲ့ ထမင်းတွေ ကျွေးလို့၊ အလင်းရောင်မှုံပျပျထဲမှာ စားကြတာ၊ ဘာဟင်းမှန်းလည်း မသိဘူး၊

ဟင်းချို ချိုလွန်းလို့ သောက်ကြတာ၊ သူတို့စိတ်ထဲက ခေါက်ဆွဲ ဟင်းချိုလို့ ထင်ပြီးတော့ သောက်ကြတာ၊ ချိုလိုက်တာ၊ ခေါက်ဆွဲ ဟင်းချို ဘယ်လိုများ ချက်ထားပါလိမ့်၊ ကုသိုလ်ရှင်တွေလည်း အားရပါးရနဲ့ ခင်ဗျားတို့ ဒီဟင်း ကြိုက်ရင် ယူသွား၊ မနက်ကျတော့ စား၊ နွှေးထားရတယ်ဆိုတော့ စားပြီး ထည့်ယူသွားကြတယ်၊ မနက်မိုးလင်းလို့ “မနေ့ညက ဟင်းချိုဟင်း နွှေးပြီးတော့ စားရအောင်” ဆိုပြီး ကြည့်လိုက်တော့ တီကောင်ဟင်းချို ဖြစ်နေတယ်။

သူတို့ညက မှတ်ထားတာ ခေါက်ဆွဲဟင်းချို၊ တီကောင်ဆိုရင် သူတို့ ညကတည်းက မသောက်ဘူး၊ အမှတ်က ခေါက်ဆွဲဆိုတဲ့ အမှတ်နဲ့ ညက သောက်လိုက်တာ၊ အဲဒီကျတော့မှ ညတုန်းက ကောင်းတာ ကောင်းတာနဲ့၊ မနက်ကျတော့ ထိုးထိုးပြီး အန်ကြတယ်တဲ့၊ ဘာဖြစ်လို့ ဒီလို ဆန့်ကျင်ဘက် ဖြစ်ကြတာလဲ၊ ရွံစရာဆိုတာလည်း သညာပဲ၊ ရွံစရာ မဟုတ်ဘူးဆိုတာလည်း သညာပဲ၊ သညာက မှတ်တမ်းတင်ထားတဲ့အတိုင်း လူတွေမှာ ဖြစ်နေတာ ဒါ စိတ်ထဲမှာပေါ်တာ။

သညာကို ပြောင်းထားခြင်း

ရှင်မဟာကဿပ မထေရ်ကြီးဟာ အင်မတန် ဆင်းရဲတဲ့ အတိဒုက္ခရောက်တဲ့ လူတွေကို ချီးမြှောက်လေ့ရှိတယ်၊ နိရောဓသမာပတ် ဝင်းစားရာကထ၊ မနက် ဆွမ်းခံသွား၊ ဘယ်သူ့ကို ချီးမြှောက်ရမလဲ၊ သူ ချီးမြှောက်လိုက်လို့ရှိရင်လည်း အဲဒီ လူဟာ နေ့ချင် ညချင်း ကြီးပွားသွားတာ၊ အဲဒီလို ချီးမြှောက်ရမယ့်သူ ဘယ်သူ ရှိသလဲဆိုပြီး စဉ်းစားတဲ့အခါ အနာကြီးရောဂါသည် တစ်ယောက်က လမ်းဘေးမှာ အိမ်တစ်အိမ်က ပေးတဲ့ ထမင်းကျန် ဟင်းကျန်တွေ ထိုင်စားနေတာ တွေ့ရတယ်၊

ရှင်မဟာကဿပကြီးက “ဩော် - ဆင်းရဲရှာတယ်၊ သူများပေးက ပေးတာ သူထိုင်စား၊ တစ်ကိုယ်လုံး ရောဂါတွေ စွဲနေတယ်၊ သူ့ပဲ ငါချီးမြှောက်တော့မယ်၊” ရှင်မဟာကဿပဟာ လူ့ဘဝတုန်းက သူဌေးကြီးနော်၊ သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး၊ ကျိကျိတက် ချမ်းသာတဲ့ သူဌေးကြီး၊ သူ့ဇနီးကလည်း အင်မတန် ချမ်းသာတာ၊ နှစ်ယောက်စလုံး လူချမ်းသာချည်းပဲ၊ နှစ်ယောက်ပေါင်းလိုက်တဲ့အခါ ချမ်းသာတာ အတိုင်းအတာ မဲ့သွားလောက်အောင် ချမ်းသာတယ်ပေါ့၊

သို့သော် ဒါတွေအားလုံး စွန့်ပြီးတော့ သင်္ကန်းဝတ်လာတာ၊ ဝတ်လာတဲ့အခါမှာ သူဌေးအိမ် ဆွမ်းခံမသွားဘူး၊ လမ်းဘေးက အရေပြားရောဂါသည် ထမင်းစားနေတဲ့ ဆီးသွားပြီး ဆွမ်းရပ်တယ်။

ဟိုလူကလည်း သဒ္ဓါတရား ပေါက်တယ်ပေါ့၊ သူ စားနေတဲ့ ခွက်ထဲက ထမင်းတွေ သပိတ်ထဲ ယက်ထည့်ပြီး လှူလိုက်တယ်၊ လှူလိုက်တဲ့အခါကျတော့ သူ့လက်တစ်ချောင်းက ပြတ်ပြီး ရှင်မဟာကဿပ သပိတ်ထဲ ပါသွားတယ်၊ ရှင်မဟာကဿပ မထေရ်ကြီးက အဲဒီ လက်ချောင်းလေး အသာလေး ဖယ်ထားပြီး ဆွမ်းဘုဉ်းပေးသတဲ့နော်၊

ကဲ ဒါမျိုး စားနိုင်ကြပါ့မလား၊ ရှင်မဟာကဿပက သညာကို နိုင်တာကိုး၊ သူ့အနေနဲ့ က ထမင်းနဲ့ ဒီလက်အပြတ်နဲ့က အတူတူပဲလေ၊ ဘာမှ မထူးဘူး၊ အဋ္ဌကလာပ်ရုပ် ၈-ခု၊ နာမည်ပေးထားလိုပသာ ကွဲနေတာ၊ သညာကြောင့် ကွဲနေတာ၊ “ဟာ ဒါက ရွံစရာ လက်ပြတ်ကြီး” လို့ သူက ရွံစရာလို့ မှတ်ထားတာကိုက အဲဒီ အမှတ်ကို ဖျောက်ပစ်လိုက်တာ၊ ရွံစရာ မဟုတ်ဘူးလို့ သညာ အသစ်နဲ့ အစားထိုးပြီး မစားဘူးပေါ့။

အဲဒီမှာကြည့်၊ သညာရဲ့သဘောဟာ လူတွေအပေါ်မှာ ဘယ်လောက်နှိပ်စက်သလဲဆိုတာ စဉ်းစားကြည့်ထား၊ ဒါကြောင့်မို့လို့ သညာဝိပ္ပလ္လာသဆိုတာ ရှိတယ်။ ဒါက စိတ်ထဲမှာ ပါနေတဲ့ သဘာဝတရား တစ်ခုပဲနော်၊ သညာက မှတ်တမ်း တင်ထားတယ်၊ ဒါပေမယ့် စိတ်က သိရတယ်၊

သညာက မှတ်တမ်း မတင်ဘူးဆို နောက်တစ်ခါ သိဖို့မရှိဘူး၊ ဖဿကလည်း မှတ်တမ်း မတင်နိုင်ဘူး၊ ဝေဒနာကလည်း မှတ်တမ်းမတင်နိုင်ဘူး၊ မှတ်တမ်းတင်နိုင်တာက သညာ၊ သူ့အလုပ် သူလုပ်ကြတာနော်၊ ဖဿတို့ ဝေဒနာတို့ သညာတို့ဆိုတာက သူ့သဘာဝနဲ့ သူပဲ၊ တိုးတက်အောင်လည်း လုပ်စရာမလိုဘူး၊ ဖယ်ထားဖို့လည်း မလိုဘူး၊ စိတ်ထဲမှာ သူ့သဘာဝနဲ့သူ ရှိနေကြတယ်။

စေတနာဖြစ်ပုံ

စေတနာဆိုတာကတော့ စေတနာက လှုံ့ဆော်တယ်၊ စည်းရုံးတယ်၊ သဘာဝတရားတွေဟာ သူ့ ဆိုင်ရာ ဆိုင်ရာကိစ္စတွေကို ဆောင်ရွက်လာအောင် သူက တွန်းအားပေးတယ်၊ ဒါကြောင့်မို့ အင်္ဂလိပ်လို volition လို့ ပြန်တာက သိပ်မမှန်ချင်ဘူး၊ stimulation လို့ motivation လို့ ဒီလို ပြန်သင့်တယ်၊ Motivate လုပ်တာ သူက လှုံ့ဆော်ပေးတယ်၊ Good Organizer ပေါ့၊ စည်းရုံးရေးသမား၊ သူက စုစည်းပေးတာ၊ စုစည်ပေးပြီးတော့ သူရဲ့ တွန်းအားကြောင့် အလုပ်တွေ ပိုလုပ်ကြတယ်ပေါ့ နော်၊

ဆိုင်ရာကိစ္စတွေ သူ့အလုပ် သူလုပ်တယ်၊ ဖဿကလည်း စိတ်နဲ့ အာရုံနဲ့တွေ့အောင် ဆက်သွယ်ပေးတယ်၊ ဝေဒနာက Experience ဖြစ်တယ်၊ သညာက မှတ်တမ်းတင်ပြီး သိတယ်၊ ဟောဒီ အလုပ်တွေ ပီပီပြင်ပြင် လုပ်လာအောင် စေတနာက စည်ရုံးတယ်၊ လှုံ့ဆော်တယ်။

ဒါကြောင့်မို့ အဲဒီ စေတနာရဲ့ စည်းရုံး လှုံ့ဆောင်မှုဟာ ကုသိုလ်, အကုသိုလ်နဲ့ တွဲလာပြီဆိုရင် ကံလို့ ခေါ်လိုက်တာနော်၊ ကုသိုလ်, အကုသိုလ်နဲ့ ယှဉ်တဲ့စေတနာကို ကံလို့ခေါ်တာ၊ သာမန်စိတ်တွေမှာဖြစ်တဲ့ စေတနာကို ပဋ္ဌာန်းပစ္စည်းထဲမှာတော့ ကံလို့ ဟောပါတယ်၊ ဒါပေမယ့် သဟဇာတကမ္မ၊ ဟိုလို အကျိုးပေးတဲ့ ကံမျိုး မဟုတ်ဘူးနော်၊ စေတနာမှန်သမျှ ပဋ္ဌာန်းပစ္စည်းမှာ “ကမ္မပစ္စယော” လို့ ဟောတယ်။

စေတနာဆိုတာကို မြန်မာလူမျိုးတွေက “ငါက စေတနာနဲ့ ပြောတာပါ” ဆိုပြီး အကောင်းဘက်ကပဲ အသုံးများတယ်၊ စေတနာဆိုတိုင်း အကောင်းမထင်နဲ့နော်၊ လောဘနဲ့ တွဲလာရင် မကောင်းမဟုတ်တော့ဘူး၊ ဒေါသနဲ့ တွဲလာရင် အကောင်းမဟုတ်တော့ဘူး၊ မောဟနဲ့ တွဲလာရင် မကောင်းမဟုတ်တော့ဘူး၊ အလောဘနဲ့ တွဲလာမှ အကောင်း၊ အဒေါသနဲ့ တွဲလာမှ အကောင်း၊ ကောင်းတာတွေနဲ့တွဲမှ အကောင်းဖြစ်တယ်၊ သူ့ချည်းပဲ အကောင်းအဆိုး ပြောလို့ မရဘူးတဲ့၊ ဟုတ်လား၊

မြန်မာတွေက စေတနာဆိုရင် အကောင်းပဲထင်ကြတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် တရားဟောတဲ့အခါကျ “ဩော် - စေတနာ ထက်သန်စွာ လှူဒါန်းကြသည်” ဆိုတော့ စေတနာ ထက်သန်တယ်ဆိုတာ ကြည့်ပြီး အကောင်းလို့ ထင်ကြတယ်။

အဲဒီတော့ စေတနာဆိုတာ အကောင်းအဆိုး နှစ်မျိုး ရှိတယ်လို့မှတ်၊ ကုသိုလ်နဲ့ တွဲရင် ကုသိုလ်စေတနာ၊ အကုသိုလ်နဲ့ တွဲရင် အကုသိုလ်စေတနာ၊ အဲဒီ ကုသိုလ် အကုသိုလ် စေတနာကိုလည်းပဲ မြတ်စွာဘုရားက ကံလို့ ဟောတယ်၊ ဒီလိုမှတ်၊

သူက စွမ်းအားတွေ ပြည့်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက စွမ်းအင်တွေ စုလိုက်တာကိုး၊ သဘာဝတရားတွေရဲ့ စွမ်းအင်တွေကို အကုန်လုံး စုလိုက်တဲ့အခါ သူက အင်အားတစ်ရပ် ထူထောင်ပြီးသား ဖြစ်သွားလို့၊ ကံအဖြစ် ရောက်သွားပြီး အကျိုးတစ်ခု ထုတ်လုပ်ပေးနိုင်တယ်တဲ့။

ဒါကြောင့်မို့ ဒီစေတနာကို မြတ်စွာဘုရားက “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝါဒမိ” လို့ ဟောတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ လူတွေက စိတ်ထဲက တွေးမယ်ဆိုလည်း သူ့ရဲ့ တွန်းအားကြောင့် တွေးဖြစ်သွားတာ၊ ပါးစပ်က ပြောမယ်ဆိုလည်း သူက တွန်းအားပေးလို့ ပြောဖြစ်သွားတာ၊ ကာယကံကြောင့် လုပ်မယ်ဆိုလည်း သူက တွန်းပေးလို့ ကာယကံမြောက် လုပ်ဖြစ်သွားတာနော်၊ စွမ်းအားတွေ အကုန်လုံး စုသွားလို့ ကံလို့ ပြောတာ၊

ဟောဒီ စေတနာဆိုတာလေးကလည်း စိတ်အားလုံးထဲမှာ ပါနေတယ်လို့ ဒီလို မှတ်ထား၊ သူ့ကို စေတနာလေးကို ဘာမှ ပြောင်းလွဲလုပ်ပေးစရာ မလိုဘူး၊ သူက သဘာဝတရားတစ်ခုပဲ၊ တိုးပွားလာအောင် ကမ္မဋ္ဌာန်းကျင့်သလို ကျင့်စရာ မလိုဘူးပေါ့၊ သို့သော် ကုသိုလ်နဲ့ တွဲလာလို့ရှိရင် ကောင်းတဲ့စေတနာဖြစ်တယ်၊ အကုသိုလ်နဲ့ တွဲရင် မကောင်းတဲ့ စေတနာဖြစ်တယ်ပေါ့။

ဧကဂ္ဂတာ ဖြစ်ပုံ

ဧကဂ္ဂတာဆိုတာ “ဧက ဆိုတာ တစ်၊ အဂ္ဂ ဆိုတာ ဒီနေရာမှာ အာရုံကို ရည်ညွန်းတဲ့ ဦးတည်ချက်တစ်ခု၊ တာ ဆိုတာ သဘာဝပဲ၊” အာရုံတစ်ခုတည်းကို ဦးတည်ထားတယ်။ ဒါ သမာဓိကို ပြောတာနော်၊ ဦးတည်ချက်တစ်ခုတည်း ရောက်လာအောင် စုစည်းပေးတာ၊

ဖဿရဲ့ ဦးတည်ချက်ကလည်း ဒီတစ်ခုပဲ ဖြစ်ရမယ်၊ ဝေဒနာရဲ့ ဦးတည်ချက်ကလည်း ဒီတစ်ခုပဲ ဖြစ်ရမယ်၊ စိတ်ရဲ့ ဦးတည်ချက်ကလည်း ဒါပဲ ဖြစ်ရမယ်၊ စေတနာရဲ့ ဦးတည်ချက်ကလည်း ဒါပဲ ဖြစ်ရမယ်လို့ ဦးတည်ချက်တွေ အကုန်လုံး စုပေးတယ်၊ အာရုံတစ်ခုတည်းကို အားလုံး စုစည်းပေးလိုက်တာ၊ ဧကဂ္ဂတာ၊ ဒါက သမာဓိတရားရဲ့ Source အခြေခံရားပဲ။

အဲဒီ ဧကဂ္ဂတာကို စနစ်တကျ လေ့ကျင့်ပြီးတော့ ပေးရင် ဒီ ဧကဂ္ဂတာက စွမ်းအား ထက်မြက်လာပြီဆိုရင် စျာန်ရဲ့အင်္ဂါဖြစ်လာတယ်၊ ဒါကြောင့်မို့ ပထမစျာန်မှာ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ (သမာဓိ)ကို ပြောတာနော်၊ သဘာဝတရားတွေကို စုစည်းပေးလိုက်တဲ့အခါ မဂ္ဂင် ရှစ်ပါးထဲမှာ သမ္မာသမာဓိလို့ ခေါ်ကြတယ်၊ ဗောဇ္ဈင်ခုနှစ်ပါး ထဲမှာလည်း သမာဓိဗောဇ္ဈင်လို့ ခေါ်တယ်။

ဒီ ဧကဂ္ဂတာကတော့ သူ့အတိုင်း မထားရဘူး၊ လေ့ကျင့်ပေးရတယ်၊ ပြုစု ပျိုးထောင်ပေးရမယ်၊ စွမ်းအားတွေ တက်လောအောင် လုပ်ပေးရမယ်၊ ပင်ကိုယ်သဘာဝကတော့ ဒီလောက်ကြီး စွမ်းအားတွေ မထက်ဘူး၊ သူလုပ်နို်င်တဲ့ စွမ်းအားက ဒီလောက်ပဲ၊ လူလေးတစ်ယောက် မွေးလာတယ်၊ မွေးလာတာနဲ့ သူ ပညာတက်ပါ့မလား၊ မတက်ဘူး၊ ကျောင်းပို့ပြီး လေ့ကျင့်ရတယ် မဟုတ်လား၊ သင်ရတယ်၊ လေ့ကျင့်ရတယ်၊ လေ့ကျင့်မှ သူ့ စွမ်းအင်သတ္တိတွေ တက်လာတာ။

ဟောဒီ ဧကဂ္ဂတာလေးကိုလည်း လေ့ကျင့် ပေးလိုက်မယ်ဆိုရင် သမာဓိဆိုတဲ့ အဆင့်ရောက်သွားမယ်၊ ဒီလို လေ့ကျင့်ပေးရမယ်၊ ဘာနဲ့ လေ့ကျင့်ပေးရမလဲ၊ အာရုံနဲ့ လေ့ကျင့်ပေးရမယ်၊ ကမ္မဋ္ဌာန်းအာရုံနဲ့ လေ့ကျင့်ပေးရမယ်၊ သမထအာရုံနဲ့ လေ့ကျင့်ပေးရမယ်၊ ဝိပဿနာအာရုံနဲ့ လေ့ကျင့်ပေးရမယ်၊ ဒါ ဧကဂ္ဂတာ။

ဇီဝိတိန္ဒြေ ဖြစ်ပုံ

ဇီဝိတိန္ဒြေဆိုတာက သူနဲ့အတူတူ ဖြစ်ဖက် နာမ်တရားကို ထိန်းသိမ်း စောင့်ရှောက်ပေးတဲ့ တာဝန်ပဲ၊ သူ ဆောင်ရွက်တယ်၊ သူ့ကို ဘာမှ လုပ်ပေးစရာမလိုဘူး၊ သဘာဝအနေနဲ့ ပါနေတာပဲ ရှိတယ်။

မနသိကာရဖြစ်ပုံ

မနသိကာရဆိုတာ ဘာတုံးဆိုရင် သူကလည်း အရေးပါတဲ့တရား တစ်ခုပဲ၊ ဖဿက အာရုံနဲ့စိတ် တွေ့ပေးဖို့ရာအတွက် အာရုံဘက်ကို ဦးလှည့်ပေးဖို့ မလိုဘူးလား၊ နို့မဟုတ်ရင် အာရုံနဲ့ စိတ်တွေ့တဲ့အခါ လွဲချော်သွားနိုင်သေးတယ်လေ၊

ဒါကြောင့်မို့ သူက အာရုံနဲ့စိတ်ကို တစ်ခါတည်း တန်းတန်းမတ်မတ်ဖြစ်အောင် ဦးလှည့်ပေးတယ်၊ မြားများလို့ ပစ်တဲ့အခါမှ target ကို ချိန်ရတယ် မဟုတ်လား၊ ပစ်လိုတဲ့ ပစ်မှတ်ကို စိတ်လှည့်အောင် လုပ်ပေးလိုက်တဲ့၊ မနသိကာရဆိုတာ အင်္ဂလိပ်လိုတော့ attention လို့ ပြောတာပေါ့။

ဒီ attention က သိပ်ပြီး အရေးကြီးတာပဲ၊ attention မပါရင် ဘာမှ မဖြစ်ဘူး၊ Attention ဟာ အရေးပါလွန်းလို့ ကြည့်ပါလား၊ လေယျဉ်ပျံစီးတဲ့အခါ မကြားဘူးလား၊ “May I have your attention,please?” လေယာဉ်မယ်တွေက ကြေညာတယ်လေ၊ အဲဒီမှာ ကျေးဇူးပြု၍ နားထောင်ပါဆိုတာ အဲဒီ Attention ကို ပြောတာနော်၊ အာရုံဘက်ကို လှည့်ပြီးတော့နေတဲ့ သဘာဝတရား၊ အဲဒါရှိမှ စိတ်တွေဟာ အားလုံး ဆောင်ရွက်မှုတွေ လုပ်နိုင်တယ်။

စိတ်နဲ့ စေတသိက် ပေါင်းစပ်ဆောင်ရွက်ပုံ

စိတ်ရဲ့စွမ်းအားတွေနဲ့ စိတ်မှာ မှီပြီးတော့ ဖြစ်နေတဲ့ စွမ်းအားတွေ၊ စေတသိက်ဆိုတာ စိတ်ရဲ့ စွမ်းအားတွေပဲ၊ စိတ်မှာ ရှိနေတဲ့ စိတ်ရဲ့စွမ်းအားတွေ၊ ဒါတွေမပါရင် စိတ်ဟာ အလုပ်မဖြစ်ဘူး၊ စိတ်နဲ့ စေတသိက်ဟာ ဒီလို ပေါင်းစပ်ပြီးတော့ ဆောင်ရွက်တယ်ဆိုတာ သဘောပေါက်ရမယ်နော်။

စက္ခုဝိညာဏ်စိတ်နှင့် စေတသိက်

ဆိုပါစို့၊ မျက်စိက မြင်ပြီးတော့ သိလိုက်တဲ့ စိတ်ကလေးကိုကြည့်၊ စက္ခုဝိညာဏ်စိတ်ကလေး ဖြစ်လို့ရှိရင် ဟောဒီ ၇-ခု ပါရတယ်၊ ဖဿရယ်၊ ဝေဒနာရယ်၊ သညာရယ်၊ စေတနာရယ်၊ ဧကဂ္ဂတာရယ်၊ ဇီဝိတိန္ဒြေရယ်၊ မနသိကာရရယ် အဲဒီ ၇-ခုရယ်၊ စက္ခုဝိညာဏ်စိတ်ကလေးရယ် ပေါင်းလိုက်တော့ ၈-ခု တစ်စု ဖွဲ့လိုက်တာကို “မြင်သိစိတ်” လို့ပြောတာ၊ ဟောဒီ ၇-ခု မပါဘဲနဲ့ မြင်သိစိတ် မပေါ်ဘူးနော်။

ဒါပေမယ့် ဒီမြင်သိစိတ်မှာပါတဲ့ စေတနာဆိုတာလေးက ကံအရာ မမြောက်ဘူး၊ ကမ္မပစ္စယောလို့ ဟောပေမယ့်လို့ ကံ အရာမဟုတ်ဘူး၊ Organize လုပ်တာပဲရှိတယ်၊ သူက အကျိုးထုတ်လုပ်နိုင်တဲ့ ကံသဘော မဟုတ်ဘူးလို့ နားလည်ရမယ်။

ကျန်တာတွေကလည်း ဒီလို သဘောပေါက်ရမယ်၊ စိတ်ကို မှီတည်ပြီးတော့ ဖြစ်ပေါ်လာတဲ့ စေတသိက်တွေရဲ့ စွမ်းအင်တွေ မတူဘူးလို့ပဲ မှတ်ရမယ်၊ စွမ်းအင်ချင်းမတူဘူး၊ စိတ်အင်အားနည်းတဲ့ စိတ်ပေါ်မှာမှီတဲ့ စေတသိက်တွေရဲ့ စွမ်းအင်ဟာ ဒီလောက် မရှိဘူးလို့ သိထားရမယ်။

အာဝဇ္ဇန်းစိတ်နှင့် စေတသိက်

မြင်သိစိတ်ရဲ့ ရှေ့နားလေးမှာ ကြည့်လိုက်မယ်ဆိုရင် အာဝဇ္ဇန်းဆိုတဲ့ စိတ်လေး မပါဘူးလား၊ ခုနက အာရုံနဲ့ စိတ်အာရုံနဲ့ ဝတ္ထု၊ နှစ်ခု ဆုံဆည်းလိုက်တဲ့အခါမှာ ဘာပါလိမ့်လို့ စဉ်းစားပြီးတော့ ဘဝင်စိတ်ကို အလှည့်အပြောင်း လုပ်လိုကတဲ့ စိတ်ကလေးက အာဝဇ္ဇန်းစိတ်တဲ့၊ ဆင်ခြင်တဲ့ စိတ်ကလေး၊ အာဝဇ္ဇန်းစိတ်က မျက်စိက မြင်တဲ့အာရုံကို ဆင်ခြင်တာ ရှိမယ်၊ နားက ကြားတာ၊ နှာခေါင်းက အနံ့ရတာ၊ လျှာက လျက်တာ၊ ခန္ဓာကိုယ်က ထိတယ်ဆိုတဲ့ ဒီ ၅-ဒွါရ၊ ဒွါရ ငါးပေါက်မှာ ထင်လာတဲ့ အာရုံကို နှလုံးသွင်း ဆင်ခြင်တာကို ပဉ္စဒွါရာဝဇ္ဇန်းစိတ် လို့ခေါ်တယ်၊

အဲဒီ ဆင်ခြင်မှုဆိုတဲ့ စိတ်ကလေး မပါဘဲနဲ့ စက္ခုဝိညာဏ်စိတ် မဖြစ်ဘူး၊ ခုန စက္ခုဝိညာဏ်စိတ်နဲ့ စေတသိက် ၇-ခု၊ ဒါကို အဘိဓမ္မာ လေ့လာတဲ့အခါ စက္ခုဝိညာဏ်စိတ်မှာ စေတသိက် ၇-ခု ယှဉ်တယ်လို့ ပြောနေကြတာ၊ တကယ်တော့ စက္ခုဝိညာဏ်စိတ်ဖြစ်ရင် ဒီ ၇-ခု ပါနေတယ်လို့ ပြောတာ။

ပန်းလေးတစ်ပွင့်မှာ ဘာတွေ ပါနေကြလဲ၊ ကဲ စဉ်းစားကြည့်ပေါ့၊ ပန်းပွင့်လေးတစ်ပွင့်မှာ အရောင်မပါဘူးလား၊ အနံ့မပါဘူးလား၊ အရသာရော၊ ဩဇာရော၊ မာမာပျော့ပျော့ဆိုတဲ့ အားလုံးကို ထမ်းဆောင်ထားတဲ့ အခြေခံရော မပါဘူးလား၊ ပါတယ်၊

ဒီပန်းကလေးကို တစ်ခါတည်း ရင့်လာအောင် နွမ်းလာအောင် လုပ်တာဆိုတာရော မပါဘူးလား၊ ပန်းပွင့်လေး ဖြစ်အောင် စုစည်းထားတဲ့ သဘောရော မပါဘူးလား၊ ပါတယ်၊ ဒီပန်းလေး ဟာ ပြိုကွဲမသွားအောင် ပုံသဏ္ဌာန်လေး ပျက်မသွားအောင် တွန်းအားပေးထားတဲ့ သဘောရော မပါဘူးလား၊ အဲဒါ ကြည့်လိုက်တော့ အဲဒါလေးတွေ အကုန်လုံး၊ ဒီ ရုပ် ၈-ခု ပေါင်းထားလို့ ပန်းပွင့်ဆိုတာ ဖြစ်နေတာနော်။

အဲဒါမျိုးလိုပဲ၊ စက္ခုဝိညာဏ်စိတ်ထဲမှာလည်း ဟောဒီလို စေတသိက် ခုနှစ်ခုနဲ့ အားလု့းပေါင်းလိုက်တဲ့အခါ စိတ်က တစ်ခု၊ စေတသိက်က ခုနှစ်ခု၊ စုထားတာ၊ စုထားမှ အလုပ်ဖြစ်တယ်၊ မြင်သိစိတ်ဆိုတာ မြင်ပြီး သိတာ၊ ဒီခုနှစ်ခုရဲ့ စွမ်းအားကြောင့် သူသိလိုက်ရတာ၊ စိတ် တစ်ခုတည်းဆို မရဘူးနော်၊ ဒါကြောင့်မို့လို့ စိတ်ကို အမှီပြု စွမ်းအားစုများလို့ ပြောတာ၊ စိတ်ကို မှီတဲ့စွမ်းအားတွေ။

ပကိဏ္ဏကစေတသိက် ၆-ခု

စိတ်တွေဟာ တစ်ခုနဲ့တစ်ခု မတူတက်ဘူး၊ ခုနက အာဝဇ္ဇန်းဆိုတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကျတော့ စက္ခုဝိညာဏ်ထက် စေတသိက် ပိုတယ်၊ ပဉ္စဒွါရာဝဇ္ဇန်းအစရှိတဲ့ စိတ်တွေမှာ စေတသိက်တွေ ပိုလာတယ်၊ ပကိဏ္ဏကစေတသိက်တွေ ပါလာတယ်၊ ပကိဏ္ဏကစေတသိက်က ၆-မျိုးရှိတယ်၊ ဝိတက္က၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ။

ဝိတက္က

အချို့ စိတ်တွေမှာ တစ်ခါတစ်ရံမှ ပါတဲ့ ပကိဏ္ဏက စေတသိက် ၆-ခုထဲက ဝိတက္က တဲ့၊ ဝိတက္ကဆိုတာ မြန်မာတွေက ဝိတက် ဝိတက်နဲ့ ခေါ်တဲ့အရာ၊ အင်္ဂလိပ်လို ပြန်တော့ Thouht စိတ်ကူးတယ်၊ ကြံစည်တယ်တဲ့၊ စိတ်ကူးတယ်၊ ကြံစည်တယ်ဆိုတာ ဘာလုပ်တာတုံးလို့ မေးရင် ဘယ်လိုပြောမလဲ၊ ဘယ်လို ထပ်ရှင်းမတုံး။

“စိတ်ကူးတယ်” ဆိုတာ စိတ်ကလေးက အာရုံပေါ်မှာ ကူးသွားအောင် လုပ်ပေးနေတာကို ပြောတာ၊ စိတ်ကလေးကို အာရုံပေါ်မှာ တင်ပေးနေတာကို ပြောတာ၊ ဒါကြောင့်မို့ ဝိတက် ကို အာရောဟဏလက္ခဏာစိတ်ကို အာရုံပေါ်မှာ ပို့တင်ပေးတာ၊ စိတ်ကို အာရုံပေါ်ရောက်အောင် တွန်းတင်တာ၊ အဲဒါကို ‘ဝိတက်’ လို့ ခေါ်တယ်။

အဲဒါကို လူတွေက ဘာပြောသလဲဆိုရင် တွေးတယ်တို့၊ ကြံတယ်တို့၊ ကြံစည်တယ်တို့၊ စိတ်ကူးတယ်တို့၊ မြန်မာစကားတွေက စိတ်က အာရုံပေါ်ရောက်သွားအောင် ကူးသွားတယ်ပေ့ါ၊ စိတ်ကူးတယ်၊ ကြံစည်တယ်၊ စုစည်းနေအောင် လုပ်ပေးနေတာ။

အဲဒီတော့ ဝိတက္ကဆိုတဲ့ သဘောက အာရုံပေါ် စိတ်ကို တင်ပေးတဲ့သဘောလို့ မှတ်ရမယ်၊ ဒါကြောင့်မို့လို့ အင်္ဂလိပ်လို့ ပြန်တဲ့အခါကျတော့ Initial Application လို့ ပြန်တယ်၊ Application ဆိုတာ Apply လုပ်ပေးနေတာကို ပြောတာနော်၊ အာရုံပေါ်စိတ်ကလေး ရောက်သွားအောင် သူက ပို့ပေးတာ၊ အဲဒါ ဝိတက်၊ အရပ်ခေါ် ဆိုလို့ရှိရင် တွေးတယ်၊ ကြံတယ်ပေါ့။

ခုနက စက္ခုဝိညာဏ်စိတ်ကလေးက တွေးချိန် မရလိုက်ဘူး၊ သူက မတွေးဘူး၊ သူ့မှာ အတွေးမပါဘူး၊ ဟုတ်ရဲ့လား၊ သူ့မှာပါတဲ့ သဘောက အာရုံနဲ့ စိတ်နဲ့ တွေ့တယ်ဆိုတဲ့ ဖဿပါတယ်၊ Experience ဆိုတဲ့ ဝေဒနာပါတယ်၊ မှတ်တမ်းတင်တဲ့ သညာလေး ပါတယ်နော်၊ တွန်းအားပေးတဲ့ စုစည်းပေးတဲ့ စေတနာဆိုတာလေး ပါတယ်၊ နောက် ဧကဂ္ဂဆိုတာ အာရုံတစ်ခုတည်းပေါ်မှာ ရူပါရုံ တစ်ခုတည်းပေါ်မှာ စုသွားအောင် လုပ်တာလေး ပါတယ်၊ ထိန်းသိမ်းစောင့်ရှောက်တဲ့ ဇိဝိတိန္ဒြေဆိုတာလေး ပါတယ်၊ အာရုံဘက်ကို ဦးလှည့်ပေးတဲ့ မနသိကာရလေးပါတယ်။

ဒီလိုပဲ စိတ်တိုင်းမှာ အတွေးမပါဘူး၊ ဝိတက်ဆိုတာ စိတ်ကူးတယ်၊ တွေးတယ်၊ ကြံစည်တယ်၊ ဒီ ဝိတက်ကလေးက ကောင်းတဲ့ အတွေးရှိသလို၊ မကောင်းတဲ့အတွေးတွေ ရှိသေးတယ်၊ သူ့ချည်းကန်တော့ အတွေးဟာ အတွေးပဲ။

မှားတဲ့အတွေး ၃-မျိုး

အဲဒီအတွေးထဲမှာ ဘာတွေ ဝင်လာတုန်းဆိုတော့ လောဘနဲ့ တွေးတဲ့ အတွေးတွေ ဝင်လာတက်တယ်၊ လောဘနဲ့, လိုချင်တယ်ဆိုတဲ့ စိတ်နဲ့တွေးတယ်၊ အာရုံခံစားချင်တဲ့ စိတ်နဲ့ တွေးရင် ဒါ ‘ကာမဝိတက်’ လို့ ခေါ်တယ်နော်၊ ကာမဝိတက်ဆိုတာ လောဘနဲ့ တွေးတဲ့ အတွေးကို ပြောတာနော်၊ အဲဒီလောဘနဲ့ တွေးတဲ့ အတွေးဟာ အသိဉာဏ် ရဖို့ရာအတွက် ဘယ်လိုမှ မဖြစ်နို်င်ဘူး၊ အဲဒီအတွေးတွေဟာ မှားတယ်၊ ဘာဖြစ်လို့ မှားတာတုန်း ဆိုတော့ အသိဉာဏ်ရဖို့ မဖြစ်လို့ပါပဲ။

နောက်တစ်ခု ဗျာပါဒဝိတက်တဲ့၊ ဒေါသနဲ့တွေးတဲ့ အတွေး၊ ဒီအတွေးလည်း မှားတယ်၊ ဝိတက်ချည်းပဲ သက်သက်ကန်တော့ အတွေးသက်သက်ပဲ၊ ဒေါသနဲ့ တွဲလိုက်လို့ မှားသွားတယ်၊ ဒေါသနဲ့ တွေးရင် မှားသွားတယ်။

နောက် ဝိဟိံသာဝိတက် တဲ့၊ သူတစ်ပါးကို သတ်ဖို့ ဖြတ်ဖို့ ညှဉ်းဆဲဖို့ဆိုတဲ့ ပြင်းထန်တဲ့ ဒေါသနဲ့ တွေးတဲ့အတွေး၊ အဲဒီ လောဘနဲ့တွေးတဲ့ အတွေးက တစ်မျိုး၊ ဒေါသနဲ့တွေးတဲ့အတွေးက နှစ်မျိုး၊ အဲဒီ အတွေးသုံးမျိုးလုံးဟာ မှားယွင်းတယ်၊ မှားယွင်းတဲ့ အတွေးတွေပဲ ဖြစ်တယ်။

မှန်ကန်တဲ့ အတွေး

အဲဒါကြောင့်မို့ ဒီအတွေး သုံးမျိုးကို မှန်ကန်တဲ့အတွေးဖြစ်ဖို့ရာ ဘယ်လိုလုပ်ရတုံးဆိုရင် နေက္ခမ္မဝိတက် ကာမဂုဏ် အာရုံတွေ၊ အပျော်အပါးတွေ မလိုက်စားချင်တဲ့အတွေး၊ ‘ငါ ရိပ်သာသွားပြီး တရားထိုင်ဦးမှပဲ’ ဆိုတဲ့ အတွေး၊ ‘ကုသိုလ် ကောင်းမှုလေး လုပ်ဦးမှပဲ၊ တရားနာသွားဦးမှပဲ’ ဆိုတဲ့ အတွေးလေးတွေ ဟုတ်ရဲ့လား၊ ‘တရားပွဲသွားပြီး တရားနာဦးမှပဲ’ ဆိုတဲ့ အတွေးလေး၊ ဟောဒီအတွေးလေးတွေကျတော့ နေက္ခမ္မဝိတက်တဲ့၊ ခုနက ခံစားလိုတဲ့ စိတ်ကနေ ထွက်ခွါလိုက်တာ၊ ခံစားလိုတဲ့ လောဘအတွေးကနေ ထွက်ခွါလိုက်လို့ ဒါ မှန်တဲ့ အတွေးတစ်ခုလို့ ပြောတာနော်။

ကိုရီးယားကား မကြည့်ဘဲနဲ့ တရားပွဲလာတယ်ဆိုတာ ဒါမှန်ကန်တဲ့ အတွေးရှိလို့ပေါ့နော်၊ ဇာတ်ကားလေး လွတ်သွားမှာ စိုးလို့ဆိုတဲ့ အတွေးကျတော့ ဒါ မှန်ကန်တဲ့ အတွေး မဖြစ်ပြန်ဘူးနော်။

နောက်တစ်ခါ ဒေါသနဲ့ မတွေးဘဲ မေတ္တာနဲ့ တွေးတဲ့အတွေးဟာ ဒါ မှန်ကန်တဲ့ အတွေးလို့ ပြောတယ်၊ မေတ္တာနဲ့ တွေးတယ်၊ “သတ္တဝါတွေ ချမ်းသာကြပါစေ၊ အကျိုးစီးပွားတွေ ဖြစ်ထွန်းကြပါစေ” ဆိုတာ ဒီအတွေးဟာ မှန်ကန်တယ်၊ အဲဒါကို အဗျာပါဒဝိတက်လို့ ခေါ်တယ်။

အဝိဟိံသာ ဝိတက် ဆိုတာ ဘယ်သူ့မှ မညှဉ်းဆဲဘူး၊ အားလုံးအပေါ်မှာ အကြင်နာတရားထားတာ၊ ကရုဏာနဲ့ တွေးတဲ့ အတွေး၊ အဲဒီ အတွေးကလည်း မှန်ကန်တဲ့ အတွေးဆိုတော့ ဝိတက်နဲ့ ပတ်သက်ပြီးတော့ မှားတဲ့အတွေးက သုံးခု၊ မှန်တဲ့ အတွေးက သုံးခု။

မှားတဲ့အတွေးကို မှန်တဲ့အတွေးနဲ့ ဖျောက်ပစ်ရမယ်၊ အစားထိုးရမယ်၊ ဒါက အလုပ်ပဲ၊ အဲဒီတော့ ဒီ ဝိတက်ဆိုတဲ့ သဘောလေးဟာ သူ့ဟာသူနေရင် အမှားအမှန် မရှိဘူး၊ ခုနက လောဘ,ဒေါသ ဝင်လာရင် အမှားဖြစ်သွားတယ်၊ အလောဘ အဒေါသ ဝင်လာရင် အမှန်ဖြစ်တယ်။ သူ့ဟာသူနေရင် သဘာဝပဲ ဟုတ်ရဲ့လား။

ဝိတက်ရဲ့ စွမ်းအား

အဲဒီ အတွေးလေးကို မှန်ကန်တဲ့ဘက် အသုံးချမယ် ဆိုရင် စျာန်အင်္ဂါတစ်ခု ဖြစ်တယ်၊ စျာန်အာရုံပေါ် စိတ်ကို ပို့တင်ပေးနေရင် သူက ပထမစျာန်ဆိုတဲ့ ဒီ စျာန်အာရုံတစ်ခု ကို ရယူဖို့အတွက် အရေးကြီးတဲ့ အင်္ဂါတစ်ရပ် ဖြစ်လာတယ်၊ စျာန်အင်္ဂါ ငါးပါးလို့ အဘိဓမ္မာမှာ ဆိုထားတာ ရှိတယ်မဟုတ်လား၊ “ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ” ဒီငါးပါးကို စုစည်းထားတာကို စျာန်လို့ ခေါ်တယ်၊

ဒီအတွေးလေးက ဘယ်သူ့ကို လောင်မြိုက်လိုက်နိုင်သလဲ၊ ဘယ်သူ့ကို ဖယ်ရှားပစ်နိုင်လဲ ဆိုတော့ ထိန,မိဒ္ဓ ကို ဖယ်ရှားပစ်တာ၊ သူ့ရဲ့ စွမ်းအားနဲ့ ထိန,မိဒ္ဓကို ဖယ်ပစ်လိုက်တာ၊ ထိနဆိုတာ စိတ်မဝင်စားတော့တာ၊ မိဒ္ဓ ဆိုတာ အိပ်ချင်တာ၊ စိတ်က ဆုတ်နစ်လာတယ်၊ ကမ္မဋ္ဌာန်းထိုင်ရင် ပိုပြီးတော့ သိသာတယ်၊ ကမ္မဋ္ဌာန်းထိုင်တော့ ပျင်းလာတယ်၊ ညောင်းလာတယ်၊ တော်ချင်လာတယ်၊ အဲဒါ ထိန ဝင်လာတာပဲပေါ့၊ အိပ်ချင်လာတယ်၊ မိဒ္ဓ ဝင်လာတယ်၊ အဲဒီ ထိနမိဒ္ဓဟာ အသိဉာဏ်ကို အားနည်းစေတက်တယ်၊ ဒါကြောင့်မို့ ထိန,မိဒ္ဓကို ဝိတက်နဲ့ ဖယ်ရှားပစ်ရတယ်။

ဝိတက်ကို လျှော့ချနည်း

လူတွေက ပြောကြတယ်၊ ညက အတွေးတွေများလို့ အိပ်မပျော်ဘူး။ အတွေး လွန်သွားရင်လည်း အိပ်ပျော်မှု ထိန-မိဒ္ဓ မလာဘဲ ရှိတက်တယ်၊ သူရှိနေရင် ဟိုက မလာနိုင်ဘူးနော်၊ ဆန့်ကျင်ဘက်ကိုး၊ ဒါကြောင့်မို့ အတွေးတွေ သိပ်များနေရင် အာနာပါန ပွားပြီးတော့ လျှော့ပစ်ရသေးတယ်၊ ဝိတက်ကို လျှော့ချတဲ့နည်းက အာရုံတစ်ခုတည်းပေါ်မှာ စူးစိုက်ပြီး နေရတယ်၊ အဲဒီ ဝိတက်ကို စနစ်တကျ တိုးပွားလာအောင် လေ့ကျင့်ပြီးတော့ သမထ ကျင့်စဉ်တစ်ခုနဲ့ ယူနိုင်တယ်ဆိုရင် စျာန်အင်္ဂါ ဖြစ်လာတယ်တဲ့။

ဝိစာရ

ဝိစာရဆိုတာ ဘာလဲ၊ ဝိတက်က ကြံစည်တာ၊ စိတ်ကူးတာ၊ ဝိစာရဆိုတဲ့ သဘောက သုံးသပ်တယ်လို့ အဓိပ္ပါယ်ရတယ်၊ သုံးသပ်တယ်ဆိုတဲ့ အဓိပ္ပါယ်က မထင်ရှားပြန်ဘူး၊ ဝိစာရက ဘာလုပ်တာတုံးဆိုတော့ ဝိတက်က စိတ်ကို အာရုံပေါ်တင်ပေးတာ၊ တင်ပေးထားပေးတဲ့အတိုင်း စိတ်နဲ့အာရုံ ကွာမသွားအောင် ဝိစာရက ထိန်းပေးတာလို့ ပြောတယ်၊ တင်တော့ တင်လိုက်တယ်။ သို့သော် စိတ်က အာရုံနဲ့ ကွာထွက် သွားတက်တယ်၊ အဲဒီလို ကွာမသွားအောင် စိတ်ကို အာရုံနဲ့ ယှဉ်တွဲပြီးတော့ သူက ရစ်ဝဲပေးနေတာ၊ အဲဒါ ဝိစာရပဲ၊ သူကလည်း ဝိတက်လိုပဲ အသုံးဝင်တဲ့ အရာတစ်ခု ဖြစ်တယ်ပေါ့။

ဝိတက်နှင့် ဝိစာရအထူး

ဝိတက်ကျတော့ စနစ်တကျ လေ့လာလိုက်လို့ရှိရင် စျာန်အင်္ဂါလည်းဖြစ်တယ်၊ သမ္မာသင်္ကပ္ပဆိုတဲ့ မဂ္ဂင်လည်းဖြစ်တယ်၊ မဂ္ဂင်(၈)ပါးထဲမှာ နိဗ္ဗာန်ရောက်ဖို့ရာအတွက် ဝိပဿနာကျင့်စဉ်ကို ကျင့်တဲ့အခါမှာ သမ္မာသင်္ကပ္ပဖြစ်တယ်၊ ဝိစာရဆိုတာကျတော့ တစ်ခါတစ်ခရံ ဝိတက်နဲ့ အလားသန္တာန်တူတယ်၊ ဝိစာရဆိုတာကျတော့ တစ်ခါတစ်ရံ ဝိတက်နဲ့ အလားသန္တာန် တူတယ်၊ သူတို့နှစ်ခုက ပူတွဲပြီး အလုပ် လုပ်တာမျိုး ရှိတယ်၊

ဝိတက်က ပထမအဆင့်၊ ဝိစာရက ဒုတိယအဆင့်၊ သူတို့နှစ်ခု ပူးတွဲပြီးတော့ အလုပ် လုပ်လေ့ရှိတယ်၊ သို့သော် သဘာဝချင်း မတူဘူး၊ ဝိတက်က စိတ်ကို အာရုံပေါ်တင်ပေးတယ်၊ ဝိစာရက အာရုံနဲ့စိတ် ကွဲမသွားအောင် ထိန်းပေးထားတယ်၊ အဲဒီ ဝိစာရကလည်း စနစ်တကျ လေ့လာလိုက်လို့ရှိရင် စျာန်အင်္ဂါ ဖြစ်တယ်၊ သမထကျင့်စဉ်ဖြစ်ရင် သူက ရှင်သန်လာမယ်၊ တိုးတက်လာမယ်ဆိုရင် စျာန်အင်္ဂါထဲမှာပါတယ်။

ပီတိ

ပီတိဆိုတာကန်တော့ အထူးပြောစရာ မလိုဘူး၊ ပီတိဖြစ်ရင် စိတ်က အာရုံပေါ်မှာ ကျေနပ် နှစ်ခြိုက်နေတာ၊ ပီတိကလည်း အမျိုးမျိုးရှိတယ်၊ လောဘနဲ့ဖြစ်တဲ့ ပီတိရှိတယ်၊ ဓမ္မနဲ့ဖြစ်တဲ့ ပီတိရှိတယ်၊ အဲဒီတော့ လောဘနဲ့ဖြစ်တဲ့ ပီတိကျတော့ သိပ်ပြီး တန်ဖိုးမရှိဘူး၊ လောဘနဲ့ဖြစ်တဲ့ ပီတိကျတော့ သိပ်ပြီး တန်ဖိုးမရှိဘူး၊ လောဘက လွှမ်းသွားတယ်၊ ဓမ္မနဲ့ ပတ်သက်တဲ့ ပီတိလည်း ရှိတယ်၊ ဥပမာ - တရားနာရလို့၊ အသိဉာဏ်တွေ တိုးလာတယ်၊ ပီတိဖြစ်တယ်၊ နားမလည်တာ နားလည်ရတယ်ဆိုတော့ ပီတိဖြစ်တယ်၊ အဲဒီ ပီတိကန်တော့ အသိဉာဏ်ကို အားပေးတဲ့ပီတိမို့ တန်ဖိုးရှိတဲ့ပီတိဖြစ်တယ်။

ပီတိရဲ့ စွမ်းဆောင်မှု

အဲဒီပီတိကလည်း စျာန်အင်္ဂါထဲမှာ ပါတယ်၊ စနစ်တကျ လေ့ကျင့်လိုက်လို့ ပီတိက ထက်သန်လာလို့ရှိရင် စျာန်ရဲ့ စွမ်အားတစ်ခုဖြစ်လာနိုင်တယ်၊ ဗောဇ္ဈင်ခေါ်တဲ့ အသိဉာဏ်ကို ရရှိစေနိုင်တဲ့ အကြောင်းတရား ၇-မျိုးထဲမှာလည်းပဲ ပီတိသမ္ဗောဇ္ဈင်ဆိုတာ ပါတယ်၊ ဒီပီတိကလည်း အသိဉာဏ်ကို ဖြစ်စေနိုင်တယ်၊ ဒါကြောင့် ပီတိကလည်း လိုအပ်တယ်၊ ပီတိဟာ စျန်အင်္ဂါဖြစ်တယ်၊ ဗောဇ္ဈင် ၇-ပါးထဲမှာ ပါတယ်၊ အသိဉာဏ်ကို ဖြစ်ပွားစေတယ်၊ သို့သော် မဂ္ဂင် ၈-ပါးမှာတော့ မပါဘူးလို့ မှတ်ရမယ်။

ဒီ ပီတိကိုလည်း စနစ်တကျ လေ့ကျင့်ပြီး ကောင်းတဲ့နေရာမှာ ရှိသင့်တယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ပီတိမရှိရင် စိတ်မဝင်စားဘူးလေ၊ စိတ်မဝင်စားတေ့ စိတ်က အားတက်သရော မရှိဘဲနဲ့ ဆုတ်နစ်မှုတွေ ဖြစ်လာတယ်၊ ပီတိလေးနဲ့ ဆွတ်ဖျန်းပေးလိုက်တဲ့အခါကန်တော့ စိတ်ကလေး ရွှင်လန်းလာတယ်၊ သစ်ပင်လေများလိုပဲ ရေကလေး ဖျန်းတဲ့အခါ လန်းမလာဘူးလား၊ အေး စိတ်ကလေးကလည်း ပီတိလေးနဲ့ တွဲလိုက်တဲ့ အခါမှာ သူဟာ စွမ်းဆောင်မှုတွေ ပိုလာတယ်၊

ဒါကြောင့် ပီတိလေးနဲ့ ဆွတ်ဖျန်းပေးရတယ်တဲ့၊ သို့သော် လွန်သွားလို့ရှိရင်လည်း မဖြစ်ဘူး၊ ပီတိတွေ လန်ကဲလို့ မရဘူး၊ လွန်ကဲရင် လွဲချော်ကုန်ရော၊ ပီတီတွေလွန်ရင် ဘာပြောတုန်း၊ အရပ်ထဲမှာ ဝမ်းသာလုံးဆို့တယ် ဆိုတာ၊ သေတောင် သေတက်သေးတယ် နော်၊ အဲဒီတော့ သူကလည်း သူ့အတိုင်းအတာလေးနဲ့ သူမှ၊ လွန်သွားရင် ဒုက္ခ ရောက်သေးတယ်နော်။

အဓိမောက္ခ

နောက်တစ်ခုက အဓိမောက္ခ၊ စိတ်ရဲ့ ဆုံးဖြတ်နိုင်တဲ့ သဘော၊ ဆုံးဖြတ်တယ်ဆိုတာ အရုံပေါ်မှာ သို့လော သို့လော ဖြစ်မနေဘဲနဲ့ အာရုံနဲ့ စိတ်ဟာ အံဝင်ခွင်ကျ စွပ်ဝင်သွားတဲ့သဘောကိုပြောတာ၊ အဓိမောက္ခက အာရုံနဲ့စိတ် တည့်သွားတဲ့ သဘော၊ ဝိတက်က တင်ထားတဲ့အာရုံပေါ်မှာ စိတ်က စွပ်ဝင်သွားတယ်၊ အဲဒါကိုပဲ ဆုံးဖြတ်တယ်လို့ ပြောတာ။ စိတ်ကလေးက အရုံမှာ တည့်သွားတယ်၊ စွပ်ဝင်သွားတယ်၊ အဓိမောက္ခကလည်း သူ့သဘောပဲ သူဆောင်တယ်၊ သူ့ကို တိုးတက်အောင် လုပ်ဖို့ မလိုဘူး။

ဝီရိယ

ဝီရိယဆိုတာ ကြိုးပမ်းအားထုတ်မှု၊ အဲဒီ ကြိုးပမ်းအားထုတ်မှုကန်တော့ ကောင်းတဲ့ ကြိုးပမ်းအားထုတ်မှု၊ မကောင်တဲ့ကြိုးပမ်းအားထုတ်မှု လို့ နှစ်ခု ရှိပြန်တယ်၊ လောဘကြောင့် ကြိုးပမ်းတာရှိတယ်၊ ဒေါသကြောင့် ကြိုးပမ်းတာရှိတယ်၊ အမုန်းကို အခြေခံပြီးတော့ ကြိုးပမ်းတယ်၊ လိုချင်တာကို အခြေခံပြီးတော့ ကြိုးပမ်းတယ်၊ မှားယွင်းတဲ့ ကြိုးပမ်းချက်တွေပေါ့။

မှန်ကန်တဲ့ ကြိုးပမ်းချက်ဆိုတာ ဘာတုံးဆိုတော့ အကုသိုလ်တွေ မဝင်ရအောင် ဆို့ပိတ်မှု၊ ဆို့ပိတ်ဖို့ ကြိုးပမ်းရမယ်၊ ကိုယ့်သန္တာန်ထဲမှာ စိတ်ယုတ်တွေ မကောင်းတာတွေ မဖြစ်နိုင်အောင် ဆို့ပိတ်တဲ့ ကြိုးပမ်းမှုက နံပါတ်(၁)၊ ဆို့ပိတ်လို့ မရဘူး၊ အကုသိုလ်စိတ် ဝင်လာတယ်ဆိုရင် တွန်းထုတ်ဖို့ရာ ကြိုးပမ်းရမယ်၊ နံပါတ်(၁)က- ဆို့ပိတ်တယ်၊ နံပါတ်(၂)က- တွန်းထုတ်တယ်၊ ဝင်လာရင် တွန်းထုတ်ရမယ်၊

ဥပမာ- ဒေါသထွက်လာလို့ရှိရင် ထုတ်ပစ်ရမယ်၊ ဒါပြောတာနော်၊ မဖြစ်သေးတဲ့ ဒေါသကို မဖြစ်အောင် ကြိုတင်ပြီး တားဆီးရမယ်၊ မီးဘေးရှောင် မလောင်ခင်တား ဆိုတယ်မဟုတ်လား၊ မတော်တဆ လောင်သွားရင်လည်း မြန်မြန်ငြိမ်းပေါ့၊ ဒါပြောတာ၊ ဒါ လုပ်ရမယ့် ကြိုးပမ်းအားထုတ်မှု နှစ်ခုပဲ။

ကောင်းတာနဲ့ ပတ်သက်လာတဲ့အခါကျတော့ (၃)ကောင်းတဲ့စိတ်တွေ မဖြစ်ဘူးဆိုရင် ဖြစ်အောင် ကြိုးစား၊ (၄) ဖြစ်လာပြီဆိုရင် တိုးပွားအောင် ကြိုးစား၊ ပိုက်ဆံ မရသေးရင် ရအောင်ရှာ၊ ရလာရင် များအောင် လုပ်တာပေါ့၊ ဒီလိုပဲ တရားနဲ့ ပတ်သက်ရင် မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်လာအောင် လုပ်ရမယ်၊ ဖြစ်လာတဲ့ ကုသိုလ်တွေ တိုးပွားအောင် ဖြစ်လာအောင် လုပ်ရမယ်။

ကိုယ့်မှာ သမာဓိ မရှိသေးရင် ထူထောင်၊ ရှိလာပြီဆိုရင် သမာဓိ ရင့်သန်အောင် ကြိုးစား၊ ဒါကို ဆိုလိုတာ၊ အဲဒီလို ကြိုးပမ်းမှုကို သမ္မာဝါယာမ လို့ခေါ်တယ်၊ မှန်ကန်တဲ့ ကြိုးပမ်းအားထုတ်မှု၊ ဒီဝီရိယက မှန်ကန်တဲ့ ကြိုးပမ်း အားထုတ်မှုနဲ့ ကျတော့ သမ္မာဝါယမဖြစ်ပြီးတော့ မဂ္ဂင်ရှစ်ပါးထဲမှာလည်း ပါတယ်၊ ဒါကြောင့်မို့ စနစ်တကျ သူ့ကို လေ့ကျင့်ပေးရမယ်တဲ့၊ ဝီရိယဆိုတာ လိုအပ်တယ်လို့ ပြောတာနော်၊ ဝိတက္က၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ-တဲ့၊ ငါးခုရှိသွားပြီ။

ဆန္ဒ

ဆန္ဒဆိုတာ ပြုလုပ်ချင်တဲ့သဘော၊ တဏှာကျတော့ ပြုလုပ်ချင်ရုံမကန်တော့ဘူး၊ တွယ်တာတယ်ဆိုတဲ့ သဘောပါတယ်၊ ဆန္ဒက ပြုလုပ်ချင်ရုံ သက်သက်ပဲ၊ ဥပမာ- ဥပုသ်စောင့် သွားချင်တယ်၊ ဥပုသ်စောင့် သွားချင်တယ်ဆိုတာနဲ့ ရုပ်ရှင် သွားကြည့်ချင်တယ်ဆိုတာနဲ့ ဒီ “ချင်” နှစ်ခုတူလား၊ မတူဘူး။

အလှူ လှူချင်တယ်ဆိုတာနဲ့ ပိုက်ဆံရချင်တယ်ဆိုတဲ့ ဒီ “ချင်” နှစ်ခုရော တူလား၊ အလှူ လှူချင်တယ်ဆိုတာကျတော့ ဆန္ဒလို့ ပြောတာ၊ ဒါကြောင့်မို့ ဆန္ဒရဲ့သဘောနဲ့ လောဘရဲ့ သဘောက ခပ်ဆင်ဆင်ပဲ၊ ဆင်ပေမယ့်လို့ ဆန္ဒဆိုတာ ပြုလုပ်ချင်ရုံ သက်သက်ပဲ၊ လောဘကျတော့ ပြုလုပ်ချင်ရုံ ကဘူး၊ တွယ်တာတဲ့ သဘောလေးပါတယ်၊ တွယ်တာတယ်၊ ကပ်ငြိတယ် ဒီသဘောလေး ရှိတယ်၊ ဆန္ဒနဲ့လောဘ ဒီလို ထူးခြားမှု ရှိတယ်။

ဆန္ဒဆိုတဲ့တရား စွမ်းအား ထက်လာပြီဆိုရင် ဆန္ဒာဓိပတိ တဲ့၊ အဓိပတိ တပ်လာပြီ၊ ဆန္ဒက ပြင်းထန်လာပြီ ဆိုလို့ရှိရင် သူက အောင်မြင်မှုကို သရဖူဆောင်းနိုင်တဲ့ ဆန္ဒိဒ္ဓိပါဒ်၊ ဒါကြောင့်မို့ သူ့ရဲ့ စွမ်းဆောင်မှုတွေဟာ ကြီးထွားလာလို့ရှိရင် ဘောကိုလည်း ဖယ်ရှားနိုင်တယ်၊ ဒေါသကိုလည်း ဖယ်ရှားနိုင်တယ်။

စိတ်ဆန္ဒက ကုသိုလ်လုပ်ချင်တဲ့ စိတ်ဆန္ဒရှိနေတဲ့အတွက်ကြောင့် သိန်းလေးဆယ်၊ ငါးဆယ်လည်း လှူပစ်လိုက်တာပဲ၊ ဆန္ဒဖြစ်တာကြည့်၊ လောဘကို မနိုင်လိုက်ဘူးလား၊ နိုင်တယ်၊ လုပ်ချင်တဲ့ဆန္ဒကို ‘ဆန္ဒဝတော ကိံ နာမ ကမ္မံ န သိဇ္ဈတိ’၊ ဆန္ဒရှိရင် ဘယ်အရာမဆို ပြီးတယ်တဲ့၊ ဒါကြောင့်မို့ ဆန္ဒကို ဣဒ္ဓိပါဒ်လို့ ခေါ်တယ်၊ ကြီးပွားတိုးတက်ခြင်းရဲ့ အကြောင်းတရား၊ အဓိပတိ စွမ်းဆောင်မှု ကြီးကဲမှု သဘာဝတရားလို့ ဒီလို မြတ်စွာဘုရားက ဟောတယ်။

အဲဒီ စေတသိက် ခြောက်ခုကန်တော့ တချို့စိတ်တွေမှာပါတယ်၊ တချို့စိတ်တွေမှာ မပါဘူး၊ ပါတောင်မှလည်း စိတ်ချင်းမတူဘူး၊ တချို့စိတ်တွေမှာ အင်အား သိပ်မရှိဘူး၊ တချို့စိတ်ကျ အင်အား ပိုကောင်းတယ်။

ဒါက စိတ်ကိုအမှီပြုပြီးတော့ ဖြစ်တဲ့ အင်အားစု စေတသိက်တွေပဲ၊ စိတ်ကိုမှီငြား စိတ်စွမ်းအားများပါပဲ၊ စိတ်ကို မှီငြား စိတ်စွမ်းအားများ ဆိုတာ ဟောဒီ အညသမာန်း ၁၃-ပါးကို ပြောတာပါ၊ ဒီ သဘာဝတရားတွေဟာ စိတ်ကိုမှီပြီးတော့ ဖြစ်ကြတဲ့ သဘာဝတရားဖြစ်လို့ သူတို့ဟာ သူတို့သဘော သူတို့ဆောင်နေကြတာတွေ ဖြစ်တယ်။ ငါဆိုတာလည်း မဟုတ်ဘူး၊ ငါ့ဥစ္စာဆိုတာလည်း မဟုတ်ဘူး၊ ဆိုင်ရာ ဆိုင်ရာ အကြောင်းကြောင့် ဖြစ်နေတဲ့ သဘာဝတရားတွေပါလားလို့ ကိုယ်စီကိုယ်စီ အမြင်မှန်ရပြီးတော့ အသိဉာဏ်တွေ ကြီးထွားနိုင်ကြပါစေကုန်တသည်း။

“သာဓု - သာဓု - သာဓု”

အခန်း (၆)

စိတ်၏ အညစ်အကြေးများ

ဗုဒ္ဓမြတ်စွာက အင်္ဂုတ္တရ နိကာယ်မှာ “ပဘဿရ မိဒံ ဘိက္ခဝေ စိတ္တံ” စိတ်ကလေးဟာ ဖြူစင် ဝင်းလက်နေတယ်လို့ ဟောတော်မူတယ်၊ တင်စားပြီးသုံးတဲ့ အသုံးနော်၊ လူတွေလည်း ပြောကြတယ် မဟုတ်လား၊ အသံဆိုတာ မြင်ရတာလား၊ ကြားရတာလား၊ ကြားရတာနော်၊ ဒါပေမယ့် မပြောကြဘူးလား၊ အသံနက်ကြီးနဲ့တဲ့၊ အသံပြာကြီးနဲ့တဲ့၊ အသံဝါကြီးနဲ့တဲ့၊ ဘယ်လိုလုပ်ပြီး အပြာတွေ အဝါတွေ မြင်ကြလဲ၊ ပြောတယ် မဟုတ်လား၊ အေး ဒီမှာလည်းပဲ မြတ်စွာဘုရားက “ပဘဿရ မိဒံ ဘိက္ခဝေ စိတ္တံ” စိတ်ကလေးဟာ ဖြူစင်ပြီး ဝင်းလက်နေတာ၊ ပဘဿရ ဆိုတာ ပဘာ- အရောင်အဝါတွေ၊ သရ-ထွက်နေတယ်လို့ ဒီလိုပြောတာ၊ ဖြူစင်တယ်၊ စင်ကြယ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ပြတာပါနော်။

“ပဘဿရ မိဒံ ဘိက္ခဝေ စိတ္တံ၊ တဉ္စ ခေါ အာဂန္တု ကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ”။

အခုလို ပါဠိတွေ နည်းနည်းပါးပါး ရွက်ရတာ တခြားမဟုတ်ဘူး၊ မြတ်စွာဘုရား ဟောခဲ့တယ်ဆိုတာ သက်သေပြဖို့ အတွက်နော်၊ ဘုရားက ဒီလို ဟောခဲ့တာ။

ဣဒံ စိတ္တံ - ဤစိတ်သည်၊ ပဘဿရံ- ပြိုးပြိုးပြက်ပြက် အရောင်တလက်လက်နဲ့ စင်ကြယ်၍ နေပါပေတော့၏။ တဉ္စ- ထို စင်ကြယ်နေတဲ့ စိတ်ကလေးဟာ၊ အာဂန္တုကေဟိ- အခိုက်အတန့် ပေါ်လာတဲ့၊(အာဂန္တုဆိုတာ ဧည့်သည်၊ ရောက်ရောက်လာတက်တယ်ပေါ့၊ ဧည့်သည်ဆိုတာ လာလာလည်တက်လို့ ဧည့်သည်ခေါ်တာပေါ့)၊ အာဂန္တုကေဟိ- ဧည့်သည် ဖြစ်ကုန်သော၊ ဥပက္ကိလေသေဟိ- အညစ်အကြေးတို့သည်၊ ဥပက္ကိလိဋ္ဌံ- ညစ်နွမ်းစေအပ်လေတော့၏။

ပင်ကိုယ်စိတ်ကလေးက ဖြူစင်ဝင်းလက်နေတာတဲ့၊ ခေတ္တခဏ ရောက်ရောက်လာတက်တဲ့ ဧည့်သည်တွေကြောင့်, ညစ်နွမ်းစရာတွေကြောင့် ညစ်နွမ်းသွားရတယ်လို့ ဒီလိုပြောတယ်၊ အဲဒီတော့ စိတ်ကလေးက ထာဝရ ညစ်နွမ်းနေတာ မဟုတ်ဘူး၊ အခိုက်အတန့် စိတ်ရဲ့အညစ်အကြေးတွေ ဝင်လာတဲ့အခါကျတော့ စိတ်က ညစ်နွမ်းရတယ်၊ ဒါက စိတ်နဲ့ အညစ်အကြေးကို ခွဲထုတ်လို့ရအောင်, ခွဲထုတ်လို့ ရနိုင်တယ်ဆိုတာကို မြတ်စွာဘုရားက လမ်းညွှန်ပြတာနော်။

ဖြူစင်နေတဲ့ အဝတ်ကလေးတစ်ခု ညစ်နွမ်းလာတယ်ဆိုတော့ အဝတ်က တခြား၊ ညစ်နွမ်းနေတဲ့ အညစ်အကြေးက တခြား၊ ဒီလို မဟုတ်လား၊ အဲဒီ အညစ်အကြေးတွေကို လျှော်ဖွတ်လိုက်တဲ့ အခါ အဝတ်ပါ ပျောက်သွားသလား၊ (သို့မဟုတ်) အညစ်အကြေးလေးတွေသာ ပျောက်သွားတာလား၊ အညစ်အကြေးတွေသာ ပျောက်သွားတာ၊ အဲဒီလိုမျိုးပဲ စိတ် ပျောက်မသွားဘူး၊ စိတ်ထဲမှာ ပေါ်လာတဲ့ အညစ်အကြေးတွေသာ ပျောက်တာ။

ဒါဖြင့် စိတ်ရဲ့ အညစ်အကြေးတွေဆိုတာ ဘာတွေလဲ၊ အဘိဓမ္မာကျမ်းမှာ မြတ်စွာဘုရားက စိတ်ရဲ့ အညစ်ကြေးအနေနဲ့ အကုသိုလ်စေတသိက် ၁၄-မျိုး ဟောထားတယ်၊ ကိလေသာနဲ့ ပြောမယ်ဆိုရင်တော့ ၁၀-မျိုးပဲ ရှိတယ်၊ ဒီက ၄-မျိုးပိုတယ်ပေါ့၊ အဲဒီ ၁၄-မျိုးထဲက ကိလေသာလို့ နာမည်ပေးထားတာက ၁၀-မျိုးပေါ့၊

ကိလေသာလို့ နာမည်ပေးပေမယ့်လို့ အကုသိုလ် စေတိက်ဆိုတာ စိတ်ရဲ့ အညစ်ကြေးတွေ ချည်းပဲ၊ အဲဒီ စိတ်ရဲ့ အညစ်အကြေးတွေကြောင့် စိတ်ဟာ ညစ်နွမ်းနေရတယ်။ အဝတ်တွေ ညစ်နွမ်းရင် လူတွေက ဆပ်ပြာနဲ့ ရေနဲ့ လျှော်ကြတယ်၊ စိတ်တွေ ညစ်နွမ်းရင်လည်း လျှော်တဲ့ နည်းလမ်းတော့ ရှိရမှာပေါ့၊ အဝတ်ညစ်နွမ်းရင်တော့ လျှော်ကြသလို ကိုယ့်စိတ်လေး ညစ်နွမ်းရင်လည်း လျှော်ဖွပ်ဖို့ မမေ့ကြ လေနဲ့။

ဖြူစင်သန့်ရှင်းတဲ့ စိတ်ကလေးဖြစ်လာအောင် ခေတ္တခဏရောက်လာတဲ့ အညစ်အကြေးဆိုတာတွေကို လျှော်ဖွပ်ပစ်ရမှာပဲ၊ အဝတ်လျှော်တဲ့အခါ တစ်ချို့ အညစ်အကြေးမျိုးတွေက တစ်ခါ၊ နှစ်ခါ လျှော်ရုံနဲ့ ဖွပ်ရုံနဲ့ မရဘူး၊ တော်တော် စွဲနေတာနော်၊ တော်တော်စွဲတဲ့ အညစ်အကြေးလည်း ရှိတယ်၊ သာမန် တစ်ခါ, နှစ်ခါ လျှော်ရုံနဲ့ ပျောက်သွားတဲ့ အညစ်အကြေးလည်း ရှိတယ်၊ ဒီလိုပဲ စိတ်ရဲ့ အညစ်အကြေးမှာလည်းပဲ တချို့ အညစ်အကြေးတွေက စွဲထင်နေတယ်၊ ခုမှ ညစ်တာ မဟုတ်ဘူး၊ သံသရာက ညစ်လာတာဆိုတော့ လုံး စွဲထင်နေတာ၊ တစ်ခါ, နှစ်ခါ လျှော်ရုံလေးနဲ့ မရဘူး။

စိတ်အညစ်အကြေး လျှော်နည်း

လျှော်တယ်ဆိုတာ တခြားနည်းနဲ့ လျှော်ရမှာတော့ မဟုတ်ဘူး၊ သမထကျင့်စဉ် ကျင့်ပြီးတော့ လျှော်တယ်၊ ဝိပဿနာကျင့်စဉ် ကျင့်ပြီးတော့ လျှော်တယ်၊ စိတ်ကောင်း နှလုံးကောင်း နှလုံးသွင်း မှန်မှန်လေး ထားပြီးတော့ လျှော်တယ်၊ ဒါ လျှော်ဖွပ်နည်းပဲ၊ လျှော်ဖွပ်တဲ့နည်း အမျိုးမျိုးနဲ့ ကြိုးစားကြရမှာ၊ ကြိုးစား အားထုတ်တယ်ဆိုတာ အညစ်အကြေးတွေ မစွဲသေးရင် မစွဲအောင် သတိထား၊

ဆိုပါစို့၊ အဝတ်ကလေး ဝတ်တဲ့အခါ အညစ်အကြေးတွေ ထိမှာစိုးလို့ မထိအောင် ရိုရိုသေသေ ဝတ်ကြတယ် မဟုတ်လား၊ အဝတ်ကို ရိုရိုသေသေ ဝတ်ကြသလို ကိုယ့်စိတ်ကလေးလည်း အညစ်အကြေးတွေ ကပ်မလာအောင် ရိုရိုသေသေ ထားရမယ်၊ အဲဒီလို ကြိုးစားတာကို သမ္မာဝါယာမ။

အဲဒါကို ‘သံဝရ’ လို့လည်း ခေါ်တယ်၊ ဆို့ပိတ်ထားတယ်၊ အညစ်အကြေး မရောက်စေရဘူး၊ ဖြူစင်နေတဲ့ ကိုယ့်အဝတ်ကလေးထဲမှာ အညစ်အကြေးတွေလာ မစွဲအောင်လို့ ဂရုစိုက်ပြီးတော့ သံဝရ- ဆို့ပိတ်မှုလို့ ပြောတာ၊ အဲဒီလို ဆို့ပိတ်လို့ မတော်တဆ အညစ်အကြေးတစ်ခု ရလာပြီ၊ ရောက်လာပြီ ဆိုလို့ရှိရင် လျှော်ဖွပ်ပစ်၊ ဒါ ကြိုးစား အားထုတ်မှုပဲ။

စိတ်လည်းဒီအတိုင်းပဲ။

(၁) မပေအောင် အညစ်အကြေး မကပ်အောင်ထိန်းသိမ်း၊

(၂) ကပ်လာပြီဆိုလို့ရှိရင် ထိုအညစ်အကြေးကို လျှော်ပစ်၊

(၃) နောက်ထပ် အညစ်အကြေး မလူးအောင် အညစ်အကြေး မလူးလို့ သန့်ပြန့်နေတဲ့

အနေအထား ရောက်အောင် ကြိုးစားအားထုတ်၊

(၄) ထို သန့်ပြန့်မှု တိုးတက်ပြီး သန့်ပြန့်လာအောင် ကြိုးစားတဲ့။

ဒါအညစ်အကြေးကို ဖွပ်လျှော်တဲ့နည်း၊ လုပ်ပုံလုပ်နည်းပေါ့။ စိတ်အညစ်အကြေးကို ဖွပ်လျှော်တဲ့အခါ ကောင်းတဲ့အာရုံ တစ်ခုခု ယူပြီးတော့ စိတ်အခြအနေ ပြောင်းပစ်တာ၊ လျှော်ပစ်တာ။ ဘုရားဂုဏ်ကို အာရုံပြုပြီးတော့လည်း လျှော်ပစ်လို့ရတယ်၊ တရားဂုဏ်တော်ကို အာရုံပြုပြီးတော့လည်း လျှော်ပစ်လို့ရတယ်၊

ဝိသာခုပေါသထသုတ်မှာ မြတ်စွာဘုရားက အဲဒီ နည်းလမ်းတွေပေးထားတာ ရှိတယ်နော်၊ တရားဂုဏ်, သံဃာဂုဏ် အာရုံပြုပြီးတော့လည်း စိတ်အညစ်အကြေးတွေ လျှော်လို့ရတယ်၊ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို အာရုံပြုပြီးတော့လည်း နှလုံးသွင်း ဆင်ခြင်ပြီးတော့လည်း စိတ်အညစ်အကြေးကို လျှော်လို့ရတယ်။

ဆိုလိုတာက ကမ္မဋ္ဌာန်းအာရုံတွေထဲက ဘယ်အာရုံနဲ့ပဲ ဖြစ်ဖြစ် အဲဒီ အာရုံနဲ့ စိတ်ရဲ့ အညစ်အကြေးတွေကို လျှော်လို့ ဖွပ်လို့ရတယ်၊ စင်ကြယ်သွားအောင် လုပ်ရတယ်၊ စိတ်အညစ်အကြေးဆိုတာ ဘာတွေတုန်းဆိုတော့ အဘိဓမ္မတ္ထ အင်္ဂဟ မှာ စိတ်မှာ လာစွဲကပ်နေတဲ့ အနေအထားတွေကို ကြည့်ပြီး စီစဉ်ထားတာ ရှိတယ်၊ သို့သော်လည်း ဒီနေရာမှာ ပြောချင်တာကန်တော့ အဲဒီ အညစ်အကြေးတွေထဲမှာ အမြစ်ကဲ့သို့ ခိုင်မာတဲ့ အညစ်အကြေး ၃-မျိုး ရှိတယ်၊ အဲဒါက လောဘ, ဒေါသ, မောဟ ဆိုတဲ့ အကုသိုလ်စေတသိက် အားလုံးရဲ့ အမြစ်ပဲ ဖြစ်တယ်။

လောဘ

လောဘ ဆိုတာ ဘာကို ခေါ်တာတုန်းလို့ ဆိုရင် ‘လောဘ’ ဆိုတာ အာရုံကို လိုချင်တဲ့သဘော၊ အာရုံကို ဆုပ်ကိုင်ထားတဲ့သဘော၊ မရသေးရင် ရချင်တယ်၊ ရပြီးရင် ဆုပ်ကိုင်ထားတယ်၊ ဒါ လောဘသဘောပဲ။

အာရုံဆိုတာ မျက်စိက မြင်ရတဲ့အဆင်း၊ နားက ကြားရတဲ့အသံ၊ နှာခေါင်းက ရှူရှိုက်ရတဲ့ အနံ့၊ လျှာက ခံယူရတဲ့ အရသာ၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့ အထိအတွေ့၊ စိတ်ကူးကြံစည်လို့ ရတဲ့ အကြံအစည်၊ ဒီအာရုံတွေထဲက နှစ်သက်စရာတွေ အာရုံတွေဆိုရင် လောဘက ရချင်တယ်၊ ဒါသူ့သဘောပဲ၊ ရပြီးရင် ဆုတ်ကိုင်ထားချင်တယ်၊ မလွှတ်ချင်ဘူး။

အဲဒါကြောင့် လောဘဆိုတာ အာရုံနဲ့ စိတ်ကလေးကို Super Glue လို ကပ်ပေးထားတယ်၊ သူက စိတ်ကလေးကို အာရုံနဲ့ ခွါလို့မရအောင် ကပ်လိုက်တယ်၊ ဒါကြောင့်မို့ လူတွေဟာ လိုချင်တဲ့ အရာလေးကို အမြဲတမ်း သတိရနေတယ်၊ မခွဲနိုင် မခွါရက်ဆိုတာ ဖြစ်နေတယ်၊ ဘယ်သူက ကပ်ထားလဲ၊ လောဘက ကပ်ထားတယ်၊ အဲဒီ လောဘကိုပဲ ‘တဏှာ’ လို့လည်းခေါ်တယ်၊ ‘ရာဂ’ လို့လည်း ခေါ်တယ်၊ ရှုထောင့် အမျိုးမျိုးနဲ့ သဘာဝတရားကို နာမည် ပေးထားတာပါ။

လောဘဆိုတာ လိုချင်တယ်ဆိုတဲ့ သဘာဝ ရှုထောင့်က သူ့ကို လောဘလို့ နာမည်ပေးလိုက်တယ်။

ရာဂတဏှာ

ရာဂ ဆိုတာကျတော့ စိတ်ကို အရောင်ဆိုးတယ်လို့ ဒီလို အဓိပ္ပာယ်ဖွင့်တယ်၊ စိတ်ထဲမှာ စွဲလမ်းပြီးတော့ အရောင်ဆိုးတာ၊ စိတ်မှာ လောဘအရောင် ဆိုးထားရင် ချွတ်လို့ တော်တော်နဲ့ မရတော့ဘူး၊ စွဲနေတဲ့ အရောင်လို ရာဂဆိုတာ စွဲနေတယ်၊ စွဲလမ်းသွားတယ်။

တဏှာ ဆိုတာကန်တော့ တတမ်းတတ ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်၊ အဲဒီ အခြေအနေတွေ အားလုံး ရှိနေတယ်၊ ဒါလောဘရဲ့ Aspect တွေပေါ့၊ လောဘရဲ့ သဘာဝကို တရားရှုထောင့် အမျိုးမျိုးကနေ မြတ်စွာဘုရားက အမည်ပေးပြီး ဟောလိုက်တာ။

စိတ်ကို အရောင်ဆိုးခြင်း

ဟောဒီ လောဘဆိုတဲ့ စိတ်ထဲမှာ ပေါ်လာတဲ့ တရားတဲ့၊ စိတ်မဟုတ်ဘူးနော်၊ လူတွေကန်တော့ ပြောတယ်၊ ငါ့စိတ်က လိုချင်တယ်၊ စိတ်ကလို့သာ ဦးတည်ပြီး ပြောလိုက်တာ၊ အမှန်ကန်တော့ လောဘဆိုတာ စိတ်ထဲမှာဖြစ်တဲ့အရာသာ ဖြစ်တယ်၊ စိတ်မဟုတ်ဘူး၊ ပင်ကိုယ်စိတ်ကလေးဟာ ဘာနဲ့ ဥပမာတူတုံးဆိုရင် ဖြူစင်နေတဲ့ အဝတ်ကလေးလိုပဲ၊

ဖြူစင်နေတဲ့ အဝတ်ကလေးသည် အဝါရောင် ဆိုးလိုက်လည်း ဝါသွားတယ်၊ အနီရောင် ဆိုးလိုက်ရင်ရော နီသွားတယ်၊ အညိုရောင် ဆိုးလိုက်ရင်ရော ညိုသွားတယ်၊ အရောင်အမျိုးမျိုး ဆိုးလို့ရနေသလို ထို့အတူပဲ၊ လောဘဝင်လာလို့ရှိရင် အဝါရောင် ဖြစ်သွားတယ်၊ ဒေါသဝင်လာလို့ရှိရင် အနီရောင်ဖြစ်သွားပြန်တယ်၊ ဆေးဆိုးသလို ဒါတွေက စိတ်ကို အရောင်ဆိုးနေတာ၊ စိတ်ကို ညစ်နွမ်းစေတဲ့ ဖြူစင်တဲ့ သဘာဝတရားကို ပျက်စီးစေတဲ့ သဘာဝတရားတွေလို့ ဒီလိုပြောတာနော်။

မျောက်ဖမ်းတဲ့ ကော်စေးနဲ့တူပုံ

လောဘဟာ အာရုံနဲ့ စိတ်ကို ကပ်ပေးထားတယ်၊ တွယ်ပေးထားတယ်၊ ကော်များလိုပဲ စိတ်ဟာ အာရုံနဲ့ တွယ်ကပ်နေအောင် မခွဲနိုင် မခွါရက်ဆိုတာ ဖြစ်နေအောင် အာရုံနဲ့စိတ်ကို မခွါနိုင်အောင် တွယ်ကပ်ပေးထားတဲ့သဘော၊ စာပေကျမ်းဂန်များမှာ ဘာနဲ့ ဥပမာပေးထားတာတုန်းဆိုတော့ - “မက္ကဋာလေပ” တဲ့၊ မက္ကဋ - ဆိုတာ မျောက်၊ အာလေပ- ဆိုတာ ကော်စေးကိုပြောတာ၊ မက္ကဋာလေပ- မျောက်ဖမ်းတဲ့ ကော်စေးလို့၊ ခုခေတ် Super Glue လိုပေါ့၊ မျောက်နှဲစေးလို့ ခေါ်တယ်။

မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ ဥပမာ ပေးထားတယ်၊ မျောက်ဖမ်းတဲ့ ကော်စေး၊ ဟိုးရှေးတုန်းက ဟိမဝန္တာတောင်ခြေမှာ နေကြတဲ့ မုဆိုးတွေက တော်တန်းကြီးကို ဖြတ်ပြီးတော့ တစ်ပင်က တစ်ပင် ကူးနေတဲ့ မျောက်တွေကို ဖမ်းတဲ့အခါမှာ လေးနဲ့ ပစ်ပြီးတော့ မဖမ်းဘူး၊ ထောင်ချောက်နဲ့ မဖမ်းဘူး၊ ကော်စေးကိုအသုံးပြုပြီးတော့ ဖမ်းတယ်၊ အဲဒီကော်စေးလေးကို Lime လို့ ခေါ်တယ်၊

အင်္ဂလိပ်လိုက စာကလေးတွေ ငှက်သေးသေးလေးတွေကို ဖမ်းတဲ့ ကော်စေးကို bird lime လို့ခေါ်တယ်၊ အခုဟာကျတော့ monkey lime ပေါ့၊ လူဖမ်းရင်တော့ human lime လို့ ခေါ်ရမယ်ထင်တယ်၊ super glue လိုဟာမျိုး ကပ်တယ်၊ စေးကပ်တဲ့အရာ ကော်ပါပဲ၊ ကော်လို့ပဲ ပြောလိုက်တာပေါ့၊ ကော်ဆိုပေမယ့် သာမန်ကော်မဟုတ်ဘူး၊ ရုန်းထွက်လို့ မရအောင် ကပ်တဲ့ကော်မျိုး၊ မျောက်တွေ သွားတဲ့နေရာကို လေ့လာပြီးတဲ့အခါ မျောက်အုပ်ကြီး ဒီနေရာက ဖြတ်တယ်ဆိုရင် အဲဒိနေရာက သစ်ကိုင်းတွေမှာ အဲဒီ ကော်စေးတွေ လိုက်သုတ်ထားတယ်၊

မျောက်အုပ်ထဲမှာလည်း လိမ္မာပါးနပ်တဲ့ မျောက်တွေရှိသလို ပြောင်ချော်ချော် မျောက် Naughty Monkey တွေလည်းရှိကြတယ်၊ မျောက်ဆိုတာ အလွန် စူးစမ်းတက်တယ်၊ ဘာဖြစ်ဖြစ် သူက သိချင်တယ်၊ မျောက်က အငြိမ်မနေဘူး၊ လိမ္မာတဲ့ မျောက်တွေကန်တော့ ကော်စေးတွေ ပြင်တဲ့အခါကျတော့ ‘ဟ- ဒါက ငါတို့ မမြင်ဖူးဘူး၊ အရင်က မရှိဘူး၊ ဒါ အန္တရာယ်ရှိတယ်’ ဆိုပြီးတော့ ဝေးဝေးက ရှောင်တယ်၊ အဲဒီလမ်း မသွားဘူး။

ဟို နေရာတကာ စပ်စပ် စပ်စပ်နဲ့ သိချင်တဲ့ မျောက်ကျတော့ ဘာတွေတုန်းဆို စူးစမ်း လေ့လာချင်တယ်၊ သွားပြီးတော့ အစေးကို လက်နဲ့ သွားကိုင်တယ်၊ ရုန်းမရဘူး၊ ရုန်းမရလို့ ဘာလုပ်တုန်းဆိုရင် ခြေထောက်တစ်ဖက်နဲ့ တွန်းကန်ပြန်တယ်၊ တွန်းကန်တော့ မကွာဘူး၊ အဲဒီ ခြေထောက်တစ်ချောင်းနဲ့ တွန်းလိုက်ပြန်တော့ ၄-ဖက်လုံး ကပ်သွားတယ်၊ နှုတ်သီးပဲ ကျန်တော့တယ်၊

ကဲနောက်ဆုံး မရတော့ နှုတ်သီးနဲ့ ထိုးပြီးတော့ ရုန်းတယ်၊ နှုတ်သီးပါ ကပ်သွားတယ်၊ ပေဉ္စာဍ္ဍတော - ငါးဋ္ဌာနလုံး သူ အချုပ်ခံလိုက်ရတယ်၊ ခြေနှစ်ဖက်၊ လက်နှစ်ဖက်၊ နှုတ်သီး၊ အားလုံး ကော်စေးနဲ့ ကပ်နေပြီး ရုန်းမသွားနိုင်တော့ဘူး၊ အဲဒီ မျောက်ကို ချောင်းနေတဲ့ မုဆိုးက အသာလေး လာပြီးတော့ ဖမ်းယူသွားတယ်။ အဲဒီလို မြတ်စွာဘုရားက မက္ကဋာလေပသုတ်မှာ ဟောထားတာ ရှိတယ်။

လောဘဆိုတဲ့ သဘာဝ တရားဟာ စိတ်ရဲ့ အညစ်အကြေးတစ်ခုပါတဲ့၊ သူ့ကို ဖယ်ရှားဖို့ ကြိုးစားရမယ်၊ မဖယ်ရှားနိုင်ဘူး ဆိုရင် အာရုံနဲ့ စိတ်နဲ့ ကပ်ပြီး ဒုက္ခရောက်ဖို့ပဲ၊ ဒုက္ခသမုဒယ - ဒုက္ခဖြစ်စေတဲ့ အကြောင်းတရားပဲ။

အပြစ်နည်းပေမယ့်

လောဘနဲ့ ပတ်သက်ပြီး မြတ်စွာဘုရား ထိုထို ဒေသနာတွေမှာ ဟောထားတာ အများကြီးပဲ ရှိတယ်၊ လောဘဟာ ဒုက္ခအပေးဆုံးပဲလို့ ဒီလို ဟောတယ်၊ အင်္ဂုတ္ထိုရ်မှာတော့ မြတ်စွာဘုရားက လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ဒီ အကုသိုလ်ရဲ့ အမြစ် ၃-ခုဟာ တစ်ခုနဲ့တစ်ခု ထူးခြားမှု ရှိတယ်တဲ့၊ လောဘက မျောက်နှဲစေးလို ကပ်ပေမယ့်လို့ အစေးဆိုတာ ရေလေးနဲ့ ဆွတ်ခွါရင် မရဘူးလား၊

ရေထိရင် ပြုတ်ထွက်သွားမှာ၊ ရေနဲ့ဆို ကပ်လို့ မရတော့ဘူးနော်၊ ဒီလောဘကလည်းပဲ ဘယ်လောက်ပဲ ကပ်ကပ်၊ ဘယ်လောက်ပဲ စွဲစွဲ၊ သူကလည်း ခွါတဲ့နည်းနဲ့ ခွါလိုက်ရင် ခွါလို့ရတယ်၊ ဒါကြောင့်မို့ လောဘကို ခွါလို့တော့ ရတယ်၊ လွယ်လွယ်ကူကူနဲ့ ခွါလို့ရတဲ့ဟာမျိုးတော့ မဟုတ်ဘူး။

အဲဒါကြောင့်မို့ လောဘရှိနေလို့ လူတွေ ဒုက္ခရောက်နေတယ် ဆိုပေမယ့် ဟောဒီ လောဘလေးနဲ့ပဲ နတ်ပြည်ရောက်မသွားနိုင်ဘူးလား၊ ဗြဟ္မာ့ပြည်ရော ရောက်မသွားနိုင်ဘူးလား၊ လောဘတန်းလန်းလေးနဲ့ ရောက်တယ် ပြောတာနော်၊ လောဘကြောင့် ရောက်တာ ပြောတာမဟုတ်ဘူး၊ ကော်လေး တန်းလန်းနဲ့ လူ့ပြည်လည်း သွားလို့ရတယ်၊ နတ်ပြည်လည်း သွားလို့ရတယ်၊ ငရဲဆိုတာတော့ မပြောနဲ့တော့၊

ဟောဒီ လောဘဆိုတဲ့ ကော်တန်းလန်းလေးနဲ့ပဲ နိဗ္ဗာန်ကလွဲရင် ရောက်တယ်၊ သူ့ကြောင့် ရောက်တာတော့ မဟုတ်ဘူးနော်၊ ရှိနေတုန်း ရောက်တယ်ပြောတာ၊ အကုသိုလ်ကြောင့် နတ်ပြည်ရောက်တယ်လို့ ထင်နေမယ်၊ သူ့ကြောင့်တော့ မရောက်ဘူး၊ သို့သော် သူရှိနေပေမယ့်လို့ ရောက်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက လောဘဟာ အပ္ပသာဝဇ္ဇော- အပြစ်ဒီလောက်ကြီး မရှိဘူး၊ သားနဲ့ သမီးနဲ့ မိသားစုနဲ့ နေပြီးတော့ ကုသိုလ်ကောင်းမှု လုပ်ပြီးတော့ ဘဝတစ်ခုကနေ တစ်ခု ဝိသာခါတို့လိုပေါ့၊ ကောင်းတဲ့ဘဝ ရောက်သွားတာ တွေကော မရှိဘူးလား၊ လောဘတန်းလန်းနဲ့ ကောင်းတဲ့ဘဝရောက်နေကြတယ်၊ အပ္ပသာဝဇ္ဇော - အပြစ်တော့ သိပ်မကြီးဘူးတဲ့၊

သို့သော်လည်း ဒန္ဓဝိရာဂီ တဲ့၊ ပျောက်အောင်လုပ်ဖို့ ကျတော့ တော်တော်ခက်တယ်တဲ့၊ စွဲနေတဲ့ အရာဖြစ်လို့ ချွတ်ဖို့ နည်းနည်းခက်တယ်လို့ ပြောတယ်၊ အဲဒီ လောဘဟာ အပ္ပသာဝဇ္ဇ- အပြစ်နည်းတယ်လို့ ဆိုတာ၊ မိသားစုဘဝ, ဒီ အိမ်ထောင်သည်ဘဝနဲ့ပဲ နတ်ပြည်ရောက်အောင် ကုသိုလ်ကောင်းမှု လုပ်လို့ရတယ်၊ ဒီဟာကို ပြောတာနော်၊ ကောင်းတဲ့ဘဝတွေ ရောက်နိုင်တယ်လို့ ဆိုလိုတယ်။

လောဘဆိုတာ ငရဲကို ကျစေတက်တဲ့ အပါယဂမနီယ လောဘရှိသလို လောဘတိုင်းဟာ အပါယ်ကို ချတာ မဟုတ်ဘူး၊ သူ့ရဲ့ စွမ်းဆောင်ချက်တွေက အမျိုးမျိုးရှိတယ်၊ လောဘပေမယ့် လောဘချင်း မတူဘူးနော်၊ တချို့ လောဘက အပါယ်ကို ကျစေတယ်၊ တချို့လောဘက အပါယ်ကိုတော့ မပို့ဘူး၊ သို့သော် အနည်းငယ်တော့ ဒုက္ခပေးတာပေါ့၊ လောဘရှိရင် တွယ်တာတက်တယ်၊ တွယ်တာရင် စိုးရိမ်ရတယ်၊ သောကဖြစ်ရတယ်၊ ဒီ ပစ္စုပ္ပန်ဘဝမှာ ဒါလေးကန်တော့ ရှိတယ်။

ဟေတုသတ္တိ

အဲဒီ လောဘကို မြတ်စွာဘုရားက ပဋ္ဌာန်းမှာ ဟေတုပစ္စယောလို့ ဟောတယ်၊ လောဘဟာ အကုသိုလ်တွေရဲ့ အမြစ်တစ်ခုပဲ၊ လောဘလေး ပေးလာလို့ရှိရင် အဲဒီစိတ်ကူးဟာ ဒီလောဘလေးနဲ့ တွဲနေတဲ့ စိတ်ကူးပဲ ကူးတယ်၊ တခြား စိတ်ကူး မကူးဘူး၊ ပြောလို့ရှိရင်လည်း လောဘကို အခြေပြုတဲ့ စကားမျိုးကိုပဲ ပြောမယ်၊ လုပ်ရင်လည်း လောဘကို အခြေပြုတဲ့ အလုပ်မျိုးကို လုပ်တယ်၊ ဒါကိုပဲ အမြစ်ရှိနေတဲ့ သစ်ပင်သည် အကိုင်းအခက်တွေလည်း ထွက်မယ်၊ အပွင့်တွေလည်း ပွင့်မယ်၊ အသီးတွေလည်းသီးမယ်။

ဟေတုပစ္စယော ဆိုတာ အမြစ်ဟာ အပွင့်တွေ, အသီးတွေ, အကိုင်းအခက်တွေ, ဝေဆာအောင် ထန်းထားတာ၊ ရှင်သန်နေအောင် ထိန်းထားနိုင်တယ်၊ လောဘကလည်း ထို့အတူပဲ၊ လောဘနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေ၊ ကြံစည်မှုတွေ၊ လုပ်ကိုင်မှုတွေကို ထန်းထားတယ်၊ လောဘ ပျောက်သွားတာနဲ့ တပြိုင်နက် အဲဒီ အခြေအနေတွေလည်း အကုန် ပျောက်သွားတယ်လို့ ပြောတာ။

လောဘမူလစိတ် ၈-မျိုးဖြစ်ပုံ

ဒီ လောဘလေးဟာ စိတ် ၈-မျိုးမှာ ယှဉ်တယ်၊ လောဘအခြေခံတဲ့စိတ်က ၈-ခု ရှိတယ်၊ သို့သော် အခြေအနေလေးတွေက တစ်ခါတစ်ခါ မတူတက်တာရှိလို့ ၈-မျိုး ခွဲလိုက်တာ၊ လောဘနဲ့ ယှဉ်တဲ့ စိတ်ကို ၈-မျိုးခွဲတာ စိတ်ပိုင်းတုန်းက မပြောခဲ့ဘူး၊ အခု သိသာရုံလေး ပြောမယ်။

တစ်ခါတစ်ရံ လောဘဖြစ်တာဟာ အယူအဆ မှားတာလေးကို အခြေခံပြီး ဖြစ်တာရှိတယ်၊ အယူအဆ မှားတာကို အခြေမခံဘဲနဲ့ ဖြစ်တာရှိတယ်၊ စာလိုပြောရင် ‘ဒိဋ္ဌိဂတသမ္ပယုတ် နဲ့ ဒိဋ္ဌိဂတဝိပ္ပယုတ်’ ပေါ့၊ အမှားကို အခြေခံတာနဲ့ အမှားကို အခြေခံတာ မဟုတ်ဘူးဆိုတဲ့ ၂-မျိုး ခွဲလိုက်မယ်။

အဲဒီ ၂-မျိုးမှာ ခံစားချက် ၂-မျိုးနဲ့ ထပ်ပြီးတော့ ပြောရင် လောဘဖြစ်တဲ့အခါ တစ်ခါတလေ ဝမ်းမြောက်ဝမ်းသာ ဖြစ်တယ်၊ ဥပမာ- လိုချင်စရာ အာရုံလေးက အသစ်အဆန်းလေး ဖြစ်လို့ရှိရင် ဝမ်းမြောက်ဝမ်းသာ လိုချင်တယ်၊ ရလာရင်လည်း သိပ်ဝမ်းသာတယ်၊ အဲဒါ ‘သောမနဿဝေဒနာ’ လို့ခေါ်တယ်၊ အဲဒီလို မဟုတ်ဘဲ တွေ့နေအခါကျတော့, ရိုးနေပြီဆိုတဲ့ အခါကျတော့ ဝမ်းသာသေးလား၊ မသာတော့ဘူး၊ သိပ်မသာဘူး၊ ဝမ်းနည်းတဲ့ အဆင့်လည်း မဟုတ်ဘူး၊ သိပ်မသာတော့ဘူးဆိုတော့ ဝမ်းသာမှုလျော့ကျသွားတာ၊ အဲဒါကို ‘ဥပေက္ခာဝေဒနာ’ လို့ခေါ်တယ်၊

ဝမ်းသာနေတာက သောမနဿဝေဒနာ၊ ဝမ်းသာမှု လျော့ကျသွားတာက ဥက္ခောဝေဒနာဆိုတဲ့ ခံစားချက် အတွေ့အကြုံ ၂-ခုနဲ့ မြှောက်လိုက်၊ ခုနက ၂-ခုကို ၂-ခုနဲ့ မြှောက်တဲ့အခါကျတော့ လောဘမူလစိတ် ၄-ခု ဖြစ်သွားတယ်။

တစ်ခါတစ်ရံကျတော့ လိုချင်စိတ်သည် တိုက်တွန်း မနေရအောင် ထက်မြက်တယ်၊ တစ်ခါတစ်ရံကျတော့ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်တယ်၊ အဲလို ထက်မြက်တာရယ်၊ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်တာရယ် ၂-ခုနဲ့ ခုနက ၄-ခုကို မြှောက်လိုက်လို့ရှိရင် (လောဘမူလစိတ်) လောဘအခြေခံတဲ့စိတ် ၈-ခုကို ရတယ်၊ အခြေခံအားဖြင့် ဒီလို ၈-မျိုး ကွဲလာနိုင်တယ်လို့ ပြောတာနော်။

ဒီ ၈-မျိုးတင် မကဘူး၊ မြင်တဲ့အာရုံမှာ ၈-မျိုး၊ ကြားတဲ့အသံပေါ်မှာလည်း ဒီလို ၈-မျိုး ဖြစ်နိုင်တယ်၊ နံတဲ့ အနံ့ပေါ်မှာ၊ ရှူရတဲ့ အနံ့ပေါ်မှာ ၈-မျိုး ဖြစ်နိုင်တယ်ဆိုတော့ အာရုံ ၆-ပါးနဲ့ မြှောက်လိုက်မယ်ဆိုရင် လောဘမူစိတ်တွေ အများကြီးဖြစ်သွားမယ်၊

မိမိသန္တာန်မှာ ဖြစ်တဲ့ လောဘ၊ သူတပါးသန္တာန် မှာဖြစ်တဲ့ လောဘ၊ အဲဒီလို စိတ်တွေခွဲလိုက်ရင် အများကြီး၊ မနေ့တုန်းက လောဘ၊ ဒီကနေ့ လောဘ၊ မနက်ဖြန် လောဘလို့ ခွဲလို့ ရသေးတယ်၊ အဲလို မြှောက်ပွားလိုက်မယ်ရှိရင် လောဘမူစိတ်တွေ မြောက်မြားစွာ ဖြစ်နိုင်တယ်။

ဒေါသ

နောက်တစ်ခုက ‘ဒေါသ’ တဲ့၊ ဒေါသဆိုတဲ့ စကားလုံးဟာ နားယဉ်နေတဲ့, အားလုံးနဲ့ ရင်းနှီးနေတဲ့ စကားလုံးပဲ၊ ဒေါသဆိုတာ ငြိမ်းချမ်းနေတဲ့, ရွှင်ပျနေတဲ့ စိတ်အခြေအနေတစ်ခုကို ဖျက်ဆီးပစ်ခြင်းလို့ အဓိပ္ပါယ်ရတယ်၊ ဒုဿတိ-ဖျက်ဆီးတက်တယ်၊ စိတ်ဆိုးပြီး ဆိုလို့ရှိရင် ရုပ်ရော စိတ်ရော ပုံပျက်သွားတာပဲ၊ စိတ်ပျက်တာတော့ အကုန် မြင်ချင်မှ မြင်ရမှာ၊ လူတွေက ပြောတယ်၊ စိတ်ပျက်လိုက်တာ၊ စိတ်ပျက်လိုက်တာနဲ့ ပြောတယ်၊ ရုပ်ပျက်တာကန်တော့ သိသာတယ်၊ စိတ်ဆိုးနေတဲ့မျက်နှာကြီးကို မှန်ထဲ ကြည့်လိုက်မယ်ဆိုရင် ကိုယ့်ဘာသာ ကိုယ်တောင် လန့်ကောင်းလန့်မယ်၊ ရုပ်ပျက်တာတော့ သေချာတယ်နော်။ ဒါကြောင့်မို့ ဖျက်ဆီးတက်လို့ ‘ဒေါသ’ လို့ ခေါ်တာ၊ ပင်ကိုယ် အခြေအနေလေးတွေ ပျက်စီးသွားတယ်၊ ဘယ်သူက ဖျက်ဆီး၊ ဒေါသက ဖျက်ဆီးတယ်။

ဒေါသမီး

ဒေါသက သူဖြစ်နေတဲ့ နေရာကို လောင်ကျွမ်း ပျက်စီးစေတယ်၊ ဘာနဲ့ ဥပမာတူတုန်းဆို တောမီးနဲ့ တူတယ်တဲ့၊ ကြည့်လေ သစ်ပင်တွေပေါ် စွဲတဲ့မီးသည် ဘယ်သူ့ကို ဖျက်ဆီးတာတုံး၊ တောတွေကိုပဲ ဖျက်ဆီးတာပဲ မဟုတ်လား၊ ထင်းလောင်တဲ့မီးသည် ထင်းကို ဖျက်ဆီးပစ်တယ်၊ စိတ်ကိုမှီပြီး ဖြစ်တဲ့ ဒေါသသည် စိတ်ကို ဖျက်ဆီးပစ်လိုက်တာပဲ၊ ဒါကြောင့် ဒေါသကို ဒါဝဂ္ဂိဝိယ- တော်မီးလိုပဲတဲ့၊ ဒီလိုခေါ်တာ။

မြွေဟောက်လို

ဒေါသဆိုတာ ကြမ်းတမ်းတဲ့ သဘောရှိတယ်၊ ဒါကြောင့်မို့ မြွေဟောက်ကို တုတ်နဲ့ ရိုက်လိုက်တယ်ဆို ရှူးခနဲ ခေါင်းကြီးထောင်မလာဘူးလား။ အဲဒီလိုမျိုးပဲတဲ့၊ ဒေါသက အဲဒီလို စိတ်ထဲမှာ ပြင်းထန်တဲ့, ကြမ်းတမ်းတဲ့ သဘာဝတွေ ပေါ်လွင် ထင်ရှား လာစေတက်တယ်။

အပြစ်ကြီးပေမယ့်

အဲဒီ ဒေါသဟာ အပြစ်ကြီးတယ်တဲ့၊ မဟာသာဝဇ္ဇော- အပြစ်ကြီးတယ်၊ သို့သော် ခိပ္ပဝိရာဂီ- ပြေလွယ်တယ်လို့ မြတ်စွာဘုရားက ဟောတော်မူတယ်၊ ခုန လောဘက ပြေခဲတယ်၊ အပြစ်နည်းတယ်၊ ဒေါသလောက် အပြစ်မကြီးဘူး၊ ဒေါသကျတော့ အပြစ်ကြီးတယ်၊ ရာဇဝတ်မှု ကျူးလွန်တာပဲဖြစ်ဖြစ် သတ်မှု၊ ဖြတ်မှု၊ ဒုစရိုက်မှု ကျူးလွန်တာပဲဖြစ်ဖြစ် ကျူးလွန်လို့ ဒေါသအလျောက် ကျူးလွန်လိုက်ရင် နောက်ဆုံး အပါယ်ငရဲထိအောင် ကျသွားတယ်၊ ဒေါသက ပိုပြီး ကြမ်းတယ်၊ ကြမ်းတမ်းသည့် အတွက်ကြောင့် သူ့ရဲ့ဒဏ်က ပိုပြင်းထန်တယ်လို့ ပြောတာ။

ဒေါသရဲ့ အပြစ်

ဒီ ဒေါသက ပြေတော့ ပြေလွယ်တယ်၊ ဒါပေမယ့် ဒီ ဒေါသကြောင့် ကျူးလွန်မိတာတွေထဲမှာ အမေသတ်မိတာ ရှိတယ်၊ အဖေသတ်မိတာတွေရှိတယ်၊ ဟော ဒေါသအလျောက် အနန္တရိယကံတွေကို ကျူးလွန်မိတာတွေ ရှိတယ်၊ ကိုယ့်ကိုယ်ကိုလည်း ဖျက်ဆီး တက်တယ်၊ ဒေါသက ကိုယ့်ကိုယ်ကို သတ်သေတဲ့ suicide လုပ်တယ်ဆိုတာ ဒေါသကြောင့်ပဲ၊ လောကကြီးကို မကျေမနပ်ဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကို မုန်းတီးပြီး ကိုယ့်ကိုယ်ကို သတ်သေတာတွေ ကမ္ဘာမှာ တော်တော်များတာပဲ၊ ခုလည်း ရှိတာပဲ၊ အဲဒါ ဒေါသကြောင့် ဖြစ်တာနော်။

တစ်ယောက်နဲ့ တစ်ယောက် မတည့်လို့ ရန်ဖြစ်တာ၊ လောကဘကြီးမှာ ကြည့်လေ၊ မတည့်လို့ ရန်ဖြစ်ကြ၊ ရိုက်ကြ၊ နှက်ကြ၊ နေ့စဉ်နှင့်အမျှ ရှိနေတာ၊ ဒါ ဒေါသရဲ့အပြစ်တွေချည်းပဲပေါ့၊ ဒေါသေ ရှိနေသေးသမျှ မုန်းတီးတဲ့ အတွေးတွေ၊ မုန်းတီးတဲ့ အပြောတွေ၊ မုန်းတီးတဲ့ ပြုမူချက်တွေဟာ ရှိနေဦးမှာပဲ၊ ဒေါသပျောက်သွားတာနဲ့ တပြိုင်နက် အဲဒါတွေ အကုန်လုံး မရှိတော့ဘူး၊ ဒါ ဟေတုပစ္စယော ရှုထောင့်က ပြောတာနော်။

ဒေါသမူစိတ် ၂-မျိုး ဖြစ်ပုံ

ဒေါသက စိတ်နဲ့ယှဉ်တဲ့အခါ ဒေါသမူစိတ် ၂-ခု၊ သူရဲ့ ခံစားချက်က ဝမ်းနည်းမှုပဲ၊ အမြဲတမ်း စိတ်ထဲ မကျေမနပ်ဖြစ်မှု ဆိုတဲ့ ခံစားချက်တစ်ခုပဲရှိတယ်၊ သူကျတော့ ဘာနဲ့ခွဲလဲဆိုရင် စိတ်ဆိုးတာဟာ ဝုန်းဒိုင်းနဲ့ဆိုးတာ ရှိသလိုပဲ၊ တဖြည်းဖြည်းနဲ့ တွေးပြီးတော့ ဆိုးတာလည်းရှိတယ်၊ စိတ်ဆိုးတာလည်း နှစ်မျိုးရှိတယ်၊ ခံစားချက်ကန်တော့ အတူတူပဲ၊ တစ်ခါတစ်လေကျတော့ တစိမ့်စိမ့် တွေးရင်းကနေ ဒေါသက ပေါက်ကွဲလာတာ အစပထမကန်တော့ သူ့ဆဲသွားတာ ဒေါသဖြစ်ရမှန်းမသိဘူး၊ နောက်ကျတော့ မှ ဒီကောင် ငါ့ဆဲတာ ထင်ပါရဲ့၊ ငါ့ဆဲတာ ထင်ပါရဲ့ ဆိုပြီးတော့ တွေးရင်းတွေးရင်းနဲ့ ပေါက်ကွဲတာ၊

ဟောဒီလို သူက အခြေအနေ နှစ်ခုရှိတယ်၊ ‘အင်္သါရိက’ ပေါ့၊ တဖြည်းဖြည်းတွေးပြီးတော့ ပေါက်ကွဲလာရင်တော့ ‘သသင်္ခါရိက’လို့ ဒီလို ခွဲတယ်၊ အဲဒါကြောင့်မို့ ဒေါသမူစိတ်ဆိုတာ နှစ်မျိုးပဲ ရှိတယ်။

မောဟ

နောက်တစ်ခုက မောဟ၊ မောဟ ဆိုတာ မြန်မာလို တွေဝေတယ်လို့ ဘာသာပြန်တယ်၊ တွေဝေနေတယ်လို့ဆိုရင် ဘာမှ မသိဘူးလို့ ထင်ကောင်း ထင်လိမ့်မယ် မဟုတ်ဘူး၊ သူက တလွဲသိနေတယ်၊ အာရုံရဲ့ အစစ်အမှန်သဘောကို ဖုံးကွယ်ထားပြီး အမှားကို သိနေတယ်၊ ဖုံးကွယ်ထားတယ်ဆိုတာ ဒီမောဟကြောင့် အမှန်မမြင်ဘူးလို့ ပြောတာနော်၊ မောဟက အာရုံရဲ့ အစစ်အမှန်သဘောကို မသိဘဲနဲ့ တလွဲ သိနေတယ်တဲ့၊

အဲဒါ မောဟရဲ့ စွမ်းရည်သတ္တိပဲ၊ အဲဒီ မောဟဟာ သူက အာရုံရဲ့ သဘောကို ဖုံးတယ်လို့ ဆိုပေမယ့် တစ်ဖက်က တလွဲထင်တဲ့ နေရာမှာ သူက အစွမ်းသတ္တိရှိတယ်၊ သူ့ကို ‘အဝိဇ္ဇာ’ လို့ ခေါ်တယ်၊ ဉာဏ်ရဲ့ ဆန့်ကျင်ဘက်၊ အဝိဇ္ဇာလို့ ခေါ်တာ ပဋိစ္စပမုပ္ပါဒ်ထဲမှာ ဒီ မောဟပဲ၊ ဉာဏ်ပညာရဲ့ ဆန့်ကျင်ဘက်။

အကုသိုလ်ဖြစ်တိုင်း

ဒီ မောဟကန်တော့ အကုသိုလ်ဖြစ်တိုင်း ပါတယ်၊ သူက ယဉ်ယဉ်လေးရယ်၊ သိပ်ပြီးတော့ ရှေ့တန်း ထွက်မလာဘူး၊ ဘာလို့လဲဆိုတော့ သူက အမှန်ကို အမှားထင်နေ တာလေးပဲ၊ သူကရှိတယ်၊ လုပ်သွားတာတော့ လောဘတို့၊ ဒေါသတို့က များတယ်၊ လောဘလို့ သိကြတယ်၊ ဒေါသလို့ သိကြတယ်၊ မောဟကျတော့ ဘယ်လို ဖြစ်တာတုန်းဆို လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားမသိဘူး၊ မသိတော့ ဘာဖြစ်၊ မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်တယ်၊ လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ ထင်တယ်၊ အဲဒီတော့မှားမှားယွင်းယွင်းတွေ အကုန် ဖြစ်ရော၊ ဒါ မောဟကြောင့် ဖြစ်တာ။

ဒီမောဟကြောင့် မှားမှားယွင်းယွင်း ချွတ်ချွတ်ချော်ချော်တွေ ဖြစ်သည့် အတွက်ကြောင့် မလုပ်သင့်တာ လုပ်မိတယ်၊ ဒါကြောင့် အကျိုးစီးပွားတွေ ဆုံးရှုံးသွားတယ်၊ နစ်နာတယ်ဆိုတာ မောဟကြောင့် ဖြစ်တာ၊ အဲဒီ မောဟကည်း သူ ဖြစ်နေသေးသမျှ ဘယတော့မှ ရေရာတဲ့အတွေး မရှိဘူး၊ မဟုတ်တဲ့ အတွေးတွေးတယ်၊ ပြောရင်လည်းပဲ ကိုးရိုးကားယား၊ လုပ်ရင်လည်းပဲ ကိုးရိုးကားယား၊ ဟောဒါ မောဟရဲ့ စွမ်းရည်သတ္တိကြောင့်ပဲနော်။

ဟောဒီ မောဟကန်တော့ အကုသိုလ်ဖြစ်တိုင်း သူ ပါတယ်တဲ့၊ ဒါကြောင့်မို့ အကုသိုလ်စိတ် ၁၂-ခုလုံးနဲ့ ယှဉ်တယ်၊ အကုသိုလ်စိတ် ၁၂-ခုဆိုတာ လေဘာကို အခြေပြုပြီးတော့ ဖြစ်တာက ၈-ခု၊ ဒေါသကို အခြေခံပြီးတော့ ဖြစ်တာက ၂-ခု၊ မောဟ သက်သက်ကို အခြေခံပြုတာ ၂-ခု အားလုံးပေါင်းတော့ အကုသိုလ်စိတ် ၁၂-ခု ဆိုပြီးတော့ ခွဲတယ်။

လောဘ ဒေါသ မောဟတို့ရဲ့ ဖြေဆေး

အဲဒီ လောဘတို့၊ ဒေါသတို့၊ မောဟတို့ ဆိုတာတွေဟာ စိတ်ရဲ့ အညစ်အကြေး တွေပါ၊ ဒါတွေကို ဖယ်ရှားပစ်လို့ ရပါတယ်။ လောဘကို အကြမ်းဖျင်းအားဖြင့် ဘာနဲ့ ဖယ်ရှားတုန်းဆိုလို့ရှိရင် ‘အလောဘ’ ဆိုတာနဲ့ ဖယ်ရှားတယ်၊ ဒါတိုက်ရိုက် ဖယ်ရှားတဲ့ နည်းပေါ့၊ ဒေါသကို ‘အဒေါသ’ ဆိုတဲ့ မေတ္တာနဲ့ ဖယ်ရှားပစ်ရတယ်၊ မောဟကို ‘အမောဟ’ လို့ဆိုတဲ့ အသိဉာဏ်နဲ့ ဖယ်ရှားပစ်ရမယ်၊ ဖြေဆေးတွေ သူ့ဘာသာသူ ရှိတယ်။

အဝတ်မည်းသွားလို့ရှိရင် ဘာဆပ်ပြာနဲ့ ချွတ်ရမယ်ဆိုတာ သူ့ဟာနဲ့သူ ရှိတယ်ပဲလေ၊ ဘာနဲ့ ချွတ်ရင် ကျွတ်တယ်ဆိုတာ ရှိတာပဲ၊ အဲဒါမျိုးလိုပဲ၊ စိတ်ရဲ့ အညစ်ကြေးတွေကလည်းပဲ ခုနက လောဘဖြစ်နေလို့ရှိရင် ‘အလောဘ’ ကိုယ့်ရဲ့ရင်ထဲ နှလုံးသားထဲမှာ ထူထောင်ပေးရမယ်၊ ဒေါသဖြစ်လာရင် ‘အဒေါသ’ ထူထောင်ပေးရမယ်၊ ဖြစ်အောင်လည်း လုပ်ရမယ်၊ မောဟဖြစ်ရင် ‘အမောဟ’ ကို ထူထောင်ပေးပြီး ဖယ်ရှားပစ်ရမယ်၊ ဒါ ဖြူအောင် လုပ်တဲ့နည်းပဲ။

အဟိရိက

နောက်တစ်ခုက ဘာလဲဆိုရင် အကုသိုလ် ဖြစ်တိုင်းပါတဲ့ ‘အဟိရိက’ ဆိုတာ ရှိတယ်၊ အဟိရိကကန်တော့ မြန်မာလို ပြောရင် အရှက်မဲ့တဲ့သဘော၊ အရှက်မဲ့တဲ့သဘော ဆိုတာ မကောင်းတဲ့ အလုပ်ကို လုပ်ရမှာ မရှက်ဘူး၊ မကောင်းတဲ့ အလုပ်ကို မရွံရှာဘူး၊ ဒုစရိုက်အလုပ်တွေ၊ အကုသိုလ်အလုပ်တွေ မရှက်တဲ့သူက ဘာမဆို လုပ်ဝံ့တော့တာပဲ။

ဒီနေရာမှာ မရှက်ဘူးဆိုတာက လူလယ်ခေါင်မှာ ထပြီးတော့ ဆဲရဲတယ်၊ အဲဒါမျိုး၊ အကုသိုလ်အလုပ်နဲ့ ပတ်သက်လာလို့ရှိရင် မရှက်တာကို ပြောတာ၊ လူသတ်ရမှာ မရှက်ဘူး၊ တိရစ္ဆာန်တွေ သတ်ရမှာ မရှက်ဘူး၊ သူများပစ္စည်း ခိုးရမှာ မရှက်ဘူး၊ မကောင်းတဲ့ အကုသိုလ်အလုပ်တွေ မရှက်ဘူးလို့ ပြောတာ၊ အဲဒါကလည်း ဟောဒီ အဟိရိကကြောင့်ပဲ၊ မျက်နှာပြောင်တိုက်ပြီး အကုသိုလ်အမှုပြုလုပ်တာ၊ အကုသိုလ် လုပ်တိုင်း ဒီအညစ်အကြေးက ပါတယ်။

အနောတ္တပ္ပ

နောက်တစ်ခုက အနောတ္တပ္ပ မလန့်ဘူး၊ မကြောက်ဘူး၊ အကုသိုလ်ကို မလန့်ဘူး၊ ဒုစရိုက်တွေကို မလန့်ဘူး၊ မကြောက်ဘူး၊ အကုသိုလ် ဒုစရိုက်တွေက ဖြစ်ပေါ်လာမယ့် အကျိုးတရားတွေကို မလန့်ဘူး၊ မကြောက်ဘူး၊ မကြောက်လို့ လုပ်တယ်၊ လုပ်တော့ ခံရတယ်ပေါ့၊ ဒါပါပဲ၊ ဟုတ်ရဲ့လား။

အဟိရိက၊ အနောတ္တပ္ပ ဆိုတဲ့ ဒီ သဘာဝတရား ၂-ခု ဟာလည်း စိတ်အညစ်အကြေးပါပဲတဲ့၊ ဘာဖြစ်လို့တုန်းဆို သူတို့ဖြစ်လာလို့ရှိရင် အကုသိုလ်ကို ဖိတ်ခေါ်နေတာနဲ့ အတူတူပဲ၊ ကျန်တဲ့ လောဘတွေ၊ ဒေါသတွေ ဖိတ်ခေါ်လာတာနဲ့ အတူတူပဲ၊ ဒါကြောင့်မို့ အဟိရိက, အနောတ္တပ္ပ ဆိုတာ လူရဲ့ သန္တာန်မှာ အညစ်အကြေး တစ်ခုပဲလို့ ပြောတယ်။

ဥဒ္ဓစ္စ

နောက်တစ်ခုကတော့ “ဥဒ္ဓစ္စ” လို့ခေါ်တယ်၊ ဥဒ္ဓစ္စဆိုတာ စိတ်ကလေးက မငြိမ်သက်၊ မငြိမ်းချမ်းဘူးဆိုတာ တစ်ခါတစ်ခါ လူတွေ ပြောကြတယ်၊ စိတ်ဟာ စုစည်းလို့ မရဘူး၊ လေနေတယ်၊ ဘာလုပ်ရမှန်းလည်း မသိဘူး၊ ဘာကိုင်ရမှန်းလည်း မသိဘူး၊ စိတ်တွေ လေနေတယ်လို့ ပြောကြတယ်၊ “ငါ့ စိတ်တွေ လေနေလိုက်တာ စုစည်းလို့ မရဘူး၊ ငြိမ်းချမ်းမှုတွေ ပျက်ပြားနေတယ်”၊ ဒါ ဥဒ္ဓစ္စ လို့ခေါ်တယ်။

အဲဒီ ဥဒ္ဓစ္စကလည်း အကုသိုလ်စိတ် ဖြစ်တိုင်းဖြစ်တိုင်း ပါတယ်၊ လောဘ ဖြစ်နေရင်လည်း စိတ်လေတာပဲ၊ ဒေါသ ဖြစ်နေရင်လည်း စိတ်လေတာပဲ၊ သို့သော် သူက မောဟနဲ့ ယှဉ်တွဲရလို့ရှိရင် ပိုပြီးစိတ်လေမှုက ထင်ရှားလာတယ်။ ဒါကြောင့်မို့ “ဥဒ္ဓစ္စ သဟဂုတ်စိတ်” ဆိုပြီး သီးသန့် မောဟမူ စိတ်ထဲမှာ ပါတယ်၊ ဥဒ္ဓစ္စ နဲ့ ယှဉ်တွဲတဲ့စိတ်၊ တကယ်တော့ ဥဒ္ဓစ္စဟာ အကုသိုလ်စိတ်အားလုံးမှာ ယှဉ်တယ်၊ သို့သော် သူ့ရဲ့ စွမ်းဆောင်မှုဟာ နောက်ဆုံးစိတ်မှာ ပိုပြီးတော့ အင်အားကောင်းနေတယ်၊ ဒါကြောင့်မို့ ဥဒ္ဓစ္စသဟဂုတ်စိတ်လို့ ခေါ်လိုက်တာနော်၊ နေရာတိုင်း အားကောင်းတာ မဟုတ်ဘူး။

စာဖတ်တဲ့အခါမှာ ဘယ်အရာကို အသုံးပြုရတုန်း၊ နားလား၊ မျက်စိလား၊ မျက်စိကို အသုံးချရတာ၊ သူက အင်အားကောင်းတာ၊ တရားနာတဲ့အခါ မျက်စိလား၊ နားလား၊ နားက အင်းအားကောင်းတာပေါ့၊ ဥဒ္ဓစ္စကလည်း ထို့အတူပဲ၊ မောဟနဲ့ တွဲတဲ့အခါ ဥဒ္ဓစ္စက အင်အားကောင်းတယ်၊ ဒိပြင်နေရာမှာ သူ ရှိနေပေမယ့်လို့ အင်အားမကောင်းဘူးတဲ့။

ပေါင်းလိုက်တော့ ‘မောဟရယ်၊ အဟိရိကရယ်၊ အနောတ္တပ္ပရယ်၊ ဥဒ္ဓစ္စရယ်’ ဆိုတဲ့ ဒီစိတ်အညစ်အကြေး ၄-ခုဟာ အကုသိုလ်စိတ် ဖြစ်တိုင်း ဖြစ်တိုင်း ပါနေကြတယ်၊ ပါဝင် ပတ်သက်မှုတွေ ရှိနေတယ်၊ ခွဲထုတ်လို့ မရတဲ့ သဘာဝတရားတွေတဲ့။

ဒိဋ္ဌိ

နောက် လောဘမူစိတ် ဖြစ်တဲ့အခါမှာ လောဘသန့်သန့် ဖြစ်တာရှိတယ်၊ တစ်ခါတစ်ရံ လောဘနဲ့ ယှဉ်တွဲပြီး ဘာပေါ်လာတက်သေးတုန်းဆို မှားယွင်းတဲ့ အယူအဆတစ်ရပ် ပေါ်လာတက်သေးတယ်၊ အဲဒါကို ‘ဒိဋ္ဌိ’ လို့ ခေါ်တယ်၊ ခုခေတ်ကတော့ Philosophy ခေါ်မှာပေါ့၊ မှားယွင်းတဲ့ အယူအဆတွေ အားလုံးဟာ လောဘနဲ့ ယှဉ်တွဲပြီး ဖြစ်လာကြတာ၊ မောဟနဲ့ သာ ယှဉ်တွဲတာ မဟုတ်ဘူးနော်၊ လောဘနဲ့ ယှဉ်တွဲလာတာ။ ဘာဖြစ်လို့ ဒီ ဒိဋ္ဌိဆိုတဲ့ အတွေးအခေါ်တွေဟာ လောဘနဲ့ ယှဉ်တွဲရတာတုန်းဆို နည်းနည်း စဉ်းစားကြည့်။ အမှန်မသိလို့ အယူမှားတာလို့ ပြောကောင်း ပြောကြလိမ့်မယ်၊ သို့သော် အယူမှားမှု မှန်သမျှသည် လောဘကို အခြေခံတယ်၊ ဘာကြောင့် အခြေခံတုန်းဆို လူတွေက ကိုယ့်ကိုယ်ကို ချစ်တာကိုး၊ ကိုယ့်ကိုယ်ကို ချစ်တဲ့အခါကျတော့ ကိုယ့်ရဲ့ အန္တရာယ်ကင်းမှု ထာဝရ ရှန်သန်မှုကို ရှာလာကြတယ်၊ selfish ဖြစ်လာတာပေါ့နော်၊ အဲဒီ ကိုယ်ကိုယ်ကို လုံခြုံ စိတ်ချရဖို့ဆိုတဲ့ လောဘအတွေးက အယူမှားမှုကို ပေါ်ပေါက် စေတက်တယ်။

ဆိုလိုတာက အတ္တဒိဋ္ဌိ- ထာဝရ တည်မြဲတဲ့ အရာရှိတယ်၊ ဒီ အတ္တပေါ်မှာ အခြေခံပြီးတော့ တွေးတယ်၊ အဲဒီ အတွေးကနေ စပြီးတော့ မိစ္ဆာအယူဝါဒတွေ ပေါ်လာတာပဲ၊ ကိုယ့်ရဲ့ အရေး စဉ်းစားရင်းက ဒီ မှားယွင်းတဲ့ အတွေးတွေ အမြင်တွေ ပေါ်လာတယ်၊ ဒါကြောင့် အယူဝါဒ မှားယွင်းမှုတွေဟာ လောဘနဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်လာတယ်လို့ ဒီလို ပြောတာနော်။

မာန

နောက်တစ်ခုက ကိုယ့်ရဲ့ အရည်အချင်း ကြည့်ပြီးတော့ လူတွေဟာ ကိုယ့်ရဲ့ အရည်အချင်းကို ထုတ်ဖေါ်ပြီး မာန်တက်တာတွေ ဖြစ်တက်တယ်၊ အဲဒါကို ‘မာန’ လို့ ခေါ်တယ်။ ကိုယ့်အရည်အချင်းက ကောင်းသည် ဖြစ်စေ၊ နိမ့်ကျသည် ဖြစ်စေ မာနဆိုတာ တက်လာတာ၊ ကိုယ့်ရဲ့အရည်အသွေးပေါ်မှာ အထင်အမြင်လေးတွေ ဖြစ်လာတာကို မာနလို့ ခေါ်တယ်၊ ငါ လုပ်နိုင်တယ်၊ ငါ သွားနိုင်တယ်၊ ငါ စားနိုင်တယ်၊ ဒီ နိုင်တယ်ဆိုတာ မာနလို့ခေါ်တယ်၊ မလုပ်နိုင်ဘူးလို့ ပြောရင်လည်း မာနပဲ၊ မလုပ်နိုင်တာလည်း အရည်အချင်းလေ၊ လုပ်နိုင်တာကလည်း အရည်အချင်းပဲ၊ မလုပ်နိုင်တာက ညံ့တဲ့အရည်အချင်းပေါ့။

သူတောင်းစားမာန

မာနဆိုတာ သူတောင်းစားတောင် ရှိသတဲ့၊ ကြားဖူးလား၊ တောင်းစားနေတဲ့ လူတစ်ယောက်ကို သူဋ္ဌေးတစ်ယောက်က မင်းတောင်းစားမနေနဲ့၊ ငါ့ခြံထဲလာ အမှိုက်ရှင်း၊ ငါ တစ်နေ့ ဘယ်လောက်ပေးမယ်၊ သူတောင်းစားက ဘာပြောတုန်း၊ “ကျုပ်က သူတောင်းစားဗျ၊ ခင်ဗျားအလုပ် မလုပ်နိုင်ဘူး” တဲ့၊ ခြံရှင်းတဲ့ အလုပ် မလုပ်နိုင်ဘူးတဲ့၊ ဒါမျိုး၊ အဲဒါလည်း သူတောင်းစားမာန ခေါ်တာပဲ၊ မာနဆိုတာ အမျိုးမျိုး၊ ကိုယ့်ကိုယ်ကို အထင်ရောက်တာ၊ ကိုယ့်အရည်အသွေး ကိုယ်အထင်ရောက်တာဟာ မာနပဲ။

အကောင်းအဆိုး

အဲဒီမာနဟာလည်း ကိုယ့်ကိုကို ချစ်ခင်မှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုပေါ်မှာ အခြေခံပြီးတော့ ဖြစ်လာတာမို့လို့ လောဘနဲ့ ယှဉ်တွဲတယ်လို့ ပြောရတယ်၊ ဒီ မာနဖြစ်ပေါ်လာပုံနဲ့ ပတ်သက်လို့ ပြောရရင် ဒီမာနက ကောင်းတဲ့မာန ရှိတယ်၊ ကောင်းတဲ့ မာနဆိုတာ အကောင်းဘက်ကို ဦးတည်သွားတဲ့ မာနကို ပြောတာ၊ မာနကတော့ မကောင်းဘူးပေါ့၊ သို့သော် အကောင်းဘက်ကို ဦးတည်သွားစေတဲ့ မာန၊ အဆိုးဘက်ကို ဦးတည်သွားစေတဲ့ မာနလို့ ဒီလို နှစ်မျိုးရှိနိုင်တယ်။

အကောင်းဘက်ကို ဦးတည်စေတဲ့မာန

ဒီပင်္ကရာ မြတ်စွာဘုရားနဲ့ တွေ့တဲ့အခါ သုမေဓာရသေ့က ဘာပြောလဲ၊“ကိံ မေ ဧကေန တိဏ္ဏေန၊ ပုရိသေန ထာမ ဒဿိနာ - ငါလို စွမ်းရည်သတ္တိရှိတဲ့ လူတစ်ယောက်က ကိုယ်လွတ် ရုန်းသွားလို့ ဘယ်တော်မလဲ”၊ သူ့ကိုယ်သူ သူ့ရဲ့ စွမ်းရည်သတ္တိကို အထင်ကြီးတဲ့ မာနရှိတယ်၊ ငါလိုလူက တစ်ယောက်တည်း ကိုယ်လွတ်ရုန်းလို့ ဘယ်တော်မလဲ၊ “သဗ္ဗညုတံ ပါပုဏိတွာ၊ သံသာရေတွာ သဒေဝကံ - ဘုရားအဖြစ် ရောက်အောင်လုပ်ပြီး သတ္တဝါတွေ ကယ်တင်မယ်” တဲ့။

အကယ်၍ ဒီပင်္ကရာ မြတ်စွာဘုရားထံမှ တရားနာပြီး တရားကျင့်လိုက်ရင် သူဟာ ရဟန္တာ ဖြစ်နိုင်တယ်၊ ရဟန္တာဖြစ်နိုင်တဲ့ အရည်အချင်းမျိုးက သူ့မှာ ရှိပြီးသား။ ဘာလို့တုန်းဆို စျာန်အဘိညာဉ်တွေ ရထားတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ၊ သို့သော် သူက သူရဲ့စွမ်းရည်သတ္တိကို သူ ယုံကြည်တယ်လေ၊ အားကိုးယုံကြည်တဲ့ မာန်မာနကလေးက ဂေါတမ မြတ်စွာဘုရားဖြစ်အောင် ပို့ဆောင်ပေးလိုက်တာ။ အကောင်းဘက်ကို ဦးဆောင်တဲ့ မာနလို့ ခေါ်တယ်၊ အဲဒီလို အကောင်းဘက်ကို ဦးဆောင်တဲ့ မာနမျိုးကတော့ ရှိသင့်တယ်လို့ ပြောတာ၊ ရှိသင့်တယ်ဆိုတာ သူ့ကြောင့် ကောင်းကျိုးချမ်းသာ ရနိုင်တယ်လို့ ပြောတာနော်၊ အကုသိုလ်တော့ အကုသိုလ်ပဲပေါ့။

မထားသင့်တဲ့ မာန

ဒီ မာနက အမျိုးမျိုးရှိတယ်၊ မထားရမယ့် မာနမျိုး ကတော့ “ဘယ်ဟာတုန်းဆိုရင် ငါ အတက်ဆုံးပဲ၊ ဘယ်ကောင်မှ ဂရုစိုက်စရာ မလိုဘူး” ဆိုတဲ့ မာနမျိုး၊ “ငါ့လောက် တော်တဲ့သူ မရှိဘူး၊ ဘယ်သူ့မှ ဂရုမစိုက်ဘူး I don’t care” ဆိုတဲ့ မကောင်းတဲ့ မာနမျိုးပေါ့၊ အကျိုးကို ပျက်ပြားစေတယ်လေ၊ လူတကာကို အမုန်းပွါးစေတဲ့ မာနမျိုး မထားရဘူးတဲ့၊ ကိုယ့်ထက်ကြီးတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ မာန မထားရဘူး၊ ဒီလို ဆိုလိုတယ်နော်၊ ခုနက ကောင်းကျိုးချမ်းသာ ဘက်ကို ဦးတည်သွားတဲ့ မာနမျိုးတော့ ထားရမယ်လို့ ဒီလို ဆိုလိုတယ်။

မာနခံလျှင် တရားမရ

သို့သော် ဘယ်မာနပဲဖြစ်ဖြစ် ကိုယ့်တကယ်ရှိတဲ့ အရည်အချင်းကို အရည်အချင်း ရှိတယ်ဆိုတဲ့ အတွေးသည်ပင်လျှင် အင်မတန် ထူးခြားတဲ့ တရားဓမ္မတစ်ခုကို မျက်မှောက်ပြုဖို့ရန် အတွက် အန္တရာယ်ပြုတယ်တဲ့။

ရှင်အနုရုဒ္ဓါမထေရ်မြတ်ဟာ သင်္ကန်းဝတ်ပြီး ပထမဝါတွင်းမှာပဲ သမထကျင့်စဉ် အောင်မြင်လို့ စျာန်အဘိညာဉ်တွေ ရတယ်၊ ဒိဗ္ဗစက္ခုမှာ ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်၊ သူ့စိတ်ထဲမှာ ထင်တယ်၊ ဒိဗ္ဗစက္ခုနဲ့ စကြဝဠာတစ်ထောင်ကို သူ ကြည့်နိုင်တယ်၊ သူ ရဟန္တာဖြစ်ဖို့ အလွယ်ကလေးလို့ အောက်မေ့တယ်၊ ဝိပဿနာပြောင်းပြီး အားထုတ်တယ်၊ လုံးဝ ရဟန္တာမဖြစ်ဘူး၊ ဘာဖြစ်လို့တုန်း၊ သူ့မှာ ဘာအတွေး ရှိတုန်းဆိုရင် “စကြဝဠာ တစ်ထောင်ကို ကြည့်နိုင်တဲ့ စွမ်းရည်သတ္တိ ငါ့မှာ ရှိတယ်” ဆိုတဲ့ အတွေးလေး ရှိတယ်။ ဒါလေးက မာနတဲ့၊ အဲဒီ မာနခံနေလို့ သူ ရဟန္တာမဖြစ်ဘူး။

ရှင်သာရိပုတ္တရာကို သွားပြီး လျှောက်တယ်၊ ‘အရှင်ဘုရား တပည့်တော် ဒိဗ္ဗစက္ခုနဲ့ ဒီစကြဝဠာတစ်ထောင်ကို တစ်ပြိုင်တည်း ကြည့်နိုင်တယ်၊ တရားလည်း အားထုတ်တယ်၊ သမာဓိတွေလည်း ကောင်းတယ်၊ ဒါပေမယ့် ဘာဖြစ်လို့ ကိလေသာ အာသဝေါ မကုန်မှန်း မသိဘူး’ ပေါ့။

ရှင်သာရိပုတ္တရာက ထောက်ပြတယ်၊ ‘ငါ့ရှင် - စကြဝဠာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်ဆိုတဲ့ အတွေးဟာ ငါ့ရှင်မှာ မာနဖြစ်နေတာ၊ အဲဒီအတွေးကို ဖျောက်လိုက်ပါ၊ မစဉ်းစားပါနဲ့’ တဲ့၊ ‘ငါ တရားတွေ အားထုတ်နေတယ်၊ သမာဓိတွေလည်း ကောင်းတယ်’ ဆိုတဲ့အတွေးဟာ ဥဒ္ဓစ္စဖြစ်တာ၊ စိတ် မငြိမ်မသက် ဖြစ်နေတာ၊ ဘာဖြစ်လို့များ ရဟန္တာမဖြစ်တာပါလဲ လို့ ဆိုတဲ့ ဒီအတွေးဟာ ကုက္ကုစ္စဖြစ်နေတာ၊ အကုသိုလ် တွေချည်း ဖြစ်နေတာ၊ စဉ်းစားကြည့်။

ဒီ စကြဝဠာတစ်ထောင်ကို သူ ကြည့်နိုင်လို့ ကြည့်နိုင်တယ် ပြောတာများ ဘာအပြစ်ရှိတုန်း၊ ပြောကြမှာပေါ့၊ ဟုတ်တယ် မဟုတ်လား၊ သို့သော်လည်း စဉ်းစားကြည့်စရာက အင်မတန်သေးငယ်တဲ့ မြူမှုံကလေးတစ်ခုဟာ လက်ဖဝါးထဲမှာ ထည့်ပွတ်လို့ ရှိရင် ဘာမှ မဖြစ်ဘူး၊ ဟုတ်လား၊ သို့သော် အဲဒီ မြူမှုံလေးကို မျက်လုံးထဲ ထည့်ကြည့်ပါလား၊ မျက်လုံး ဘယ့်နှယ့်နေမလဲ၊ မခံနိုင်ဘူး၊ အမှုံသေးသေးလေးပဲ ဖြစ်စေ မျက်လုံးထဲ ရောက်သွားရင် ခိုးလိုးခုလုနဲ့ မျက်ရည်တွေ ထွက်စေမှာပဲ။ အဲဒီလိုပဲ ဒီလို သေးတယ်လို့ ထင်ရတဲ့ မာနလေးက ရဟန္တာဖြစ်ဖို့အတွက် စလုံးစခု ဖြစ်စေတယ်။

ဒါကို ရှင်သာရိပုတ္တရာက မြင်တယ်၊ ရှင်အနုရုဒ္ဓါက စဉ်းစားလို့ မရဘူး၊ ရှင်သာရိပုတ္တရာက ထောက်ပြတယ်၊ ဒီ စိတ်ရဲ့အညစ်အကြေးတွေက စိတ်ထဲမှာ ဝင်နေတယ်၊ အဲဒါလေးတွေကို လျော်ပစ်လိုက်ပါလို့ ပြောတာနော်၊ ဖြူစင်အောင် လုပ်ပစ်လိုက်ပါ၊ ဘာဖြစ်လို့လဲဆို ဒီမာနလေးဟာလည်း စိတ်ရဲ့ အညစ်အကြေးလေးပဲ၊ ညစ်တယ်ဆိုလို့ရှိရင် မကြည်ဘူး၊ မကြည်ရင် မမြင်ရဘူးပေါ့၊ မှန်များလိုပေါ့၊ နည်းနည်းလေး အစက်အပြောက်တွေ ရှိနေရင် မြင်ကွင်းမှာ လာရှုပ်နေမှာပေါ့၊ ဒါကြောင့်မို့ ဒီမာနဆိုတာဟာလည်း တရားထူး၊ တရားမြတ် ရဖို့ရအတွက် အနှောင့်အယှက်ဖြစ်တဲ့ အရာတစ်ခု၊ စိတ်ရဲ့ အညစ်အကြေးတစ်ခုပါပဲ။

ဒိဋ္ဌိနဲ့မာန အတူမဖြစ်

လောဘရယ်, ဒိဋ္ဌိရယ်, မာနရယ်ဟာ လောဘမူစိတ်မှာ ယှဉ်ပြီးတော့ ဖြစ်ကြတယ်တဲ့၊ အယူမှားတဲ့ ဒိဋ္ဌိနဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ မာနတို့ဟာ တူတူယှဉ်တွဲပြီး မဖြစ်ကြဘူး၊ ဘာ့ကြောင့် ယှဉ်တွဲပြီး မဖြစ်တာတုန်းဆိုလို့ရှိရင် အာရုံချင်း မတူလို့တဲ့၊ အတူတွဲတယ် ဆိုတဲ့နေရာမှာ အခြေခံ ဝတ္ထုချင်း မတူလို့တဲ့၊ အတူတွဲတယ် ဆိုတဲ့နေရာမှာ “အခြေခံဝတ္ထုချင်းတူရမယ်၊ အာရုံချင်းတူရမယ်၊ တပြိုင်နက် ဖြစ်ရမယ်၊ တပြိုင်နက် ဖြစ်ရမယ်၊ တပြိုင်နက် ချုပ်ရမယ်၊” ဒါမှ ယှဉ်တယ်၊ associoation ဆိုတာ ဒါမှ တစ်ခုတည်းလို့ ဖြစ်ရမယ်၊ သို့သော် မာနနဲ့ဒိဋ္ဌိက သူ့ရဲ့ အယူအဆ philosophy ကို အာရုံပြုတယ်ဆိုတော့ သူတို့ နှစ်ခုမှာ အာရုံချင်း မတူကြဘူး။

စာပေထဲမှာတော့ စွမ်းရည်သတ္တိချင်း ပြိုင်နေလို့ဆိုတဲ့ အကြောင်းကို ပြတယ်၊ ခြင်္သေ့နှစ်ကောင်ဟာ လိုဏ်ဂူထဲမှာ အတူမအောင်းသလိုပဲလို့ ဥပမာပေးတယ်၊ သို့သော် အဲဒီ အကြောင်းပြထက် အာရုံချင်း မတူလို့ဆိုတဲ့ အကြောင်းက ပိုပြီးတော့ သဘာဝကျတယ်။ ခြင်္သေ့ဆိုတာ အုပ်လိုက်နေတက်တာ ဆိုတော့ တစ်ခါတလေကျ သူတို့တည့်ရင် ခြင်္သေ့အထီးကြီးတွေ နှစ်ကောင်က လိုဏ်ဂူထဲမှာ အတူအောင်းတယ်၊ တစ်ခါက TV ထဲမှာ ခြင်္သေ့အုပ်ထဲ ခြင်္သေ့အထီး နှစ်ကောင်ရှိတာ တွေ့ရတယ်၊ TV ကြည့်ကြည့်ပေါ့။

ဒါကြောင့်မို့ အာရုံချင်း မတူလို့ ဆိုတာက ပိုပြီးတော့ အဓိကကျတယ်၊ မာနက ‘သူ့ရဲ့ အရည်အသွေးကို အာရုံပြုတယ်’၊ ဒိဋ္ဌိက ‘သူရဲ့ အမြင်ကို အာရုံပြုတယ်’၊ ဒါကြောင့်မို့ အာရုံချင်း မတူလို့ သူတို့ အတူတူမယှဉ်သာဘူး၊ သို့သော် လောဘနဲ့ ကျတော့ နှစ်ခုလုံး ယှဉ်တွဲကြတယ်။

ဣဿာ

နောက်တစ်ခုက ဒေါသနဲ့ ယှဉ်တွဲပြီး ဖြစ်လာတဲ့ စိတ်ရဲ့ အညစ်အကြေးတွေက ဘာတွေတုန်းဆိုတော့ ပထမ ‘ဣဿာ’ တဲ့၊ ဣဿာဆိုတာ သူတစ်ပါးကို ဂုဏ်မပြုနိုင်တာ၊ အကောင်းမပြောနိုင်တာ၊ ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး၊ congratulations မလုပ်နိုင်ဘူးပေါ့လေ။

လူတစ်ယောက် အောင်မြင်လာပြီး စည်းစိမ်ချမ်းသာ ရလာတာကို အခြားတစ်ယောက်က မကျေနပ်နိုင်ဘူး၊ မပျော်နိုင်ဘူး၊ လူတစ်ယောက် ကြီးပွားသွားရင် မကြည့်နိုင်ဘူး၊ မရှု့စိမ့်ဘူး၊ မနာလို မရှုစိမ့်ဖြစ်တယ်လို့ ပြောတယ်၊ Jealousy ပေါ့၊ ဒါကလည်း ဒေသနဲ့ ယှဉ်တွဲပြီး ဖြစ်တာမို့ ဒေါသမူစိတ်မှာ ယှဉ်တယ်၊ စိတ်ဆိုးတာ မဟုတ်ဘူး၊ သို့သော် စိတ်ယုတ်တာ စိတ်ပုတ်တာ ဖြစ်တယ်၊ လူတစ်ယောက် အောင်မြင်နေလို့ရှိရင် မနာလိုဖြစ်တယ်၊ အကောင်းမပြောနိုင်ဘူး၊ ဒါ ဣဿာပဲ။

မစ္ဆရိယ

နောက်တစ်ခု ‘မစ္ဆရိယ’ ဆိုတာ ကိုယ့် အရည်အသွေးမျိုး သူများကို မရစေချင်တာ၊ ကိုယ့်အခြေအနေမျိုး သူများ မရစေချင်တာ၊ ကိုယ်နဲ့ လာယှဉ်ပြိုင်မယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်၊ ဒါ မစ္ဆရိယ ခေါ်တယ်။

မစ္ဆရိယဆိုတာလည်း အတူတူပဲ၊ ဒေါသနဲ့ ယှဉ်တွဲတယ်၊ အရပ်ထဲမှာတော့ မစ္ဆရိယဆိုတာ နှမြောတာ၊ ‘နှမြောအိုးမို့ ဘာမှ အလှူဘူး၊ မတန်းဘူး၊ မပေးဘူး၊ မကမ်းဘူး’ လို့ ပြောကြတယ်။ မစ္ဆရိယက နှမြောတာချည်းပဲ မဟုတ်ဘူး၊ မစ္ဆရိယဆိုတာ ကိုယ်ကြီးပွားသလို သူများ မကြီးပွားစေချင်ဘူး၊ ကိုယ်အောင်မြင်သလို သူများ မအောင်မြင်စေချင်ဘူး၊ အဲဒါမျိုးကို မစ္ဆရိယလို့ ပြောတာ။

မစ္ဆရိယ ၅-မျိုး

မစ္ဆရိယ ၅-မျိုးရှိတယ်။ (၁) အာဝါသမစ္ဆရိယ တဲ့၊ ကိုယ့်နေတဲ့ နေရာမှာ သူများလာနေရင် မကြိုက်တာ၊ ဟုတ်လား၊ ကိုယ့်အဆောက်အဦထဲ သူများလာရင် အကြိုက်တာ ‘အာဝါသမစ္ဆရိယနော်’။ ‘အာဝါသမစ္ဆရိယ’ ဆိုတာ အိမ်မှာတင် မစ္ဆရိယ ဖြစ်တာမဟုတ်ဘူး၊ မီးရထားနဲ့ သွားတာတောင် ပေါင်ကားထိုင်သေးတယ်၊ အနားနားမှာ ဒိပြင်လူ လာထိုင်မှာ စိုးလို့၊ အထုပ်လေး တင်ထားမယ်၊ မထိုင်စေချင်ဘူး၊ နေရာ မပေးချင်ဘူး၊ အဲဒါမျိုး ပြောတာ အာဝါသမစ္ဆရိယ ဆိုတာ။

(၂) ‘ကုလမစ္ဆရိယ’ ကိုယ်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့ရင် မကြိုက်တာ၊ ကုလမစ္ဆရိယ၊ ဘုန်းကြီးတွေကျတော့ ကိုယ့်ဒကာ, ဒကာမများကို သူများ ဒကာ, ဒကာမဖြစ်မှာ မကြိုက်တာ ကုလမစ္ဆရိယပဲ၊ ကိုယ့်မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာ မကြိုက်ဘူး၊ ကုလမစ္ဆရိယ။

(၃) ‘လာဘမစ္ဆရိယ’၊ ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘမစ္ဆရိယ။

(၄) ‘ဝဏ္ဏမစ္ဆရိယ’ ဆိုတာ ကျော်ကြားမှုနဲ့ သတ်သက်လာလို့ ရှိရင် ကိုယ်ပဲကျော်ကြားချင်တယ်၊ သူများ မကျော်ကြားစေချင်ဘူး။

(၅) ‘ဓမ္မမစ္ဆရိယ’ဆိုတာ ကိုယ်သိတဲ့တရားကို သူများ မပေးချင်ဘူး၊ ကိုယ်သိတဲ့ ဗဟုသုတတွေ သူများကို မဖြန့်ဝေချင်ဘူး၊ သူတစ်ယောက်ထဲပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ် ပေါ့လေ၊ တစ်လောကလုံးရဲ့ ဂုရုကြီး၊ သူပဲ သိတယ်၊ ကျန်တဲ့လူတွေ မသိရဘူး၊ အဲဒါမျိုး လုပ်ချင်တာ၊ အဲဒါ ဓမ္မမစ္ဆရိယ လို့ခေါ်တယ်။

‘အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ’ ဆိုပြီးတော့ မစ္ဆရိယငါးမျိုး ရှိတယ်၊ မစ္ဆရိယဆိုတာ ကိုယ်ရထားတဲ့ အနေအထားမျိုး သူများကို မရစေချင်တာ အဲဒါကို ပြောတာနော်၊ ဒါလည်းပဲ မရစေချင်ဘူး ဆိုတော့ သူက ဒေါသနဲ့ ယှဉ်တယ်။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ရန်ကုန်ရောက်ရင် ရွှေတိဂုံဘုရားဖူးပြီး တိရစ္ဆာန်ရုံကို သွားကြည့်တာပေါ့၊ တိရစ္ဆာန်ရုံ သွားတဲ့အခါမှာ အထူးအားဖြင့် ဘာကြည့် ချင်တုန်းဆိုတော့ ညနေဘဘက် ကျားတွေ ခြင်္သေ့တွေ အစာကျွေးတာကို ကြည့်ချင်တယ်၊ ပိုစိတ်ဝင်စားတယ်၊ အဲဒီမှာ ဘာအကဲခတ်မိလဲဆို ကျားတွေ ခြင်္သေ့တွေက အစာဝဝစားရတာ မဟုတ်ဘူး၊

သူတို့ခမျာ ပိန်ပြီး ဆာလောင်နေတာလေ၊ ညနေ အစာကျွေးမယ့်သူ လာလို့ရှိရင် သူတို့ ယောက်ယက်ခတ်နေပြီ၊ အစာကျွေးမယ့်လူက အမဲသားတစ်ပေါင်လောက် တစ်တုံးလောက် အထဲကို ပစ်ထည့်လိုက်ပြီဆိုရင် အဲဒီ ကျားတွေ ခြင်္သေ့တွေက ပါးစပ်နဲ့ အစာကို ကိုက်ပြီး ဟိုလိုက်ရန်လုပ် ဒီလိုက်ရန်လုပ်နဲ့၊ ဆာနေတာ စားလိုက်ပါလား၊ အေးအေးဆေးဆေး မစားဘူး။ ဘာကြောင့် အဲဒီလို ဖြစ်တာတုန်းဆိုရင် မစ္ဆရိယကြောင့်၊ သူရထားတဲ့ အစာကို လာမထိနဲ့ပေါ့၊ အဲဒီအဓိပ္ပါယ်မျိုး ရှိတယ်။

ကြောင်လေးတွေ ကြွက်ခုတ်ပြီးရင် ပါးစပ်ထဲမှာ အစာရောက်သွားရင် မာန်ဖီတော့တာပဲ မဟုတ်လား၊ အဲဒီတော့ မစ္ဆရိယက ဒေါသနဲ့ ယှဉ်တယ်ဆိုတာ သိပ်ထင်ရှားတယ်၊ ခွေးကလေး နှစ်ကောင်၊ ကစားနေတဲ့ ကြားထဲမှာ အမဲရိုးလေး ပစ်ချကြည့်၊ ကိုက်ကြပြီ၊ ဒါကြောင့်မို့ မစ္ဆရိယဟာ ဒေါသနဲ့ ယှဉ်တယ်လို့ ပြောတာ၊ မစ္ဆရိယ ပေါ်လာရင် ဒေါသ ဝင်လာတာပဲ၊ ဣဿာ ပေါ်လာရင်လည်း ဒေါသပဲ။

သို့သော် အဲဒီ မစ္ဆရိယနဲ့ ဣဿာဟာ တစ်ပြိုင်တည်း ဖြစ်သလားဆို မဖြစ်ဘူး၊ ဘာဖြစ်လို့တုန်း၊ အာရုံချင်း မတူဘူး၊ စိတ်ရဲ့ ဦးတည်ချက်တွေဟာ မတူကြဘူးတဲ့၊ ဣဿာဆိုတာ သူများ အောင်မြင်မှုပေါ် ဦးတည်တယ်၊ မစ္ဆရိယ ဆိုတာ ကိုယ့်အောင်မြင်မှုပေါ် ဦးတည်တယ်၊ မတူကြဘူး။

ကုက္ကုစ္စ

နောက်တစ်ခုက ‘ကုက္ကုစ္စ’ ဆိုတာ ကောင်းတာတွေ မလုပ်မိလို့ နောင်တပူပန်တယ်၊ မကောင်းတာတွေ လုပ်မိလို့ စိတ်ပူပန်သောက ရောက်ရတယ်၊ လုပ်မိတာ မလုပ်မိတာနဲ့ ကိုယ်လုပ်တဲ့ လုပ်ငန်း မအောင်မြင်တာလို့ ၃-မျိုး ရှိတယ်နော်။

(၁) လုပ်မိတဲ့ မကောင်းမှု အတွက်လည်း ပူပန်စိတ်ဖြစ်တယ်၊

(၂) မလုပ်မိတဲ့ ကောင်းမှုကိုလည်း ပူပန်စိတ် ဖြစ်တယ်၊

(၃) ကိုယ်လုပ်ရဲ့သားနဲ့ မအောင်မြင်တဲ့ အပေါ်မှာလည်း ပူပန်စိတ် ဖြစ်တယ်လို့ ဟောဒီလို ကုက္ကုစ္စက သုံးမျိုး ရှိတယ်။

ပူပန်တယ် ဆိုကတည်းက သူက ဒေါသနဲ့ ယှဉ်တွဲလာတာ၊ ဝမ်းနည်းတဲ့ စိတ်နဲ့ တွဲလာတယ်၊ ဝမ်းနည်းတဲ့ ခံစားချက်နဲ့ တွဲလာတယ်၊ ဒါကြောင့် ဒေါသမူစိတ်မှာ ယှဉ်တယ်တဲ့၊ သို့သော် ဣဿာရယ်, မစ္ဆရိယရယ်, ကုက္ကုစ္စရယ် ဒီသုံးခုဟာ တစ်ခုနဲ့ တစ်ခု အာရုံပြုတာချင်း မတူကြသည့်အတွက်ကြောင့် တစ်ပြိုင်နက် ယှဉ်လို့မရဘူး၊ တစ်ပြိုင်နက် မဖြစ်ကြဘူးတဲ့။

ထိနနဲ့ မိဒ္ဓ

နောက်တစ်ခုက ဘာတုန်းဆိုရင် ထိနနဲ့ မိဒ္ဓ၊ ‘ထိန’ ဆိုတာ စိတ္တဿ အကမ္မညတာ - စိတ်ရဲ့ စွမ်းဆောင်နိုင်မှု လျော့ကျသွားတာကို ထိနလို့ ခေါ်တယ်၊ ဥပမာ- တရားအားထုတ်နေမယ်၊ တရားအားထုတ်နေရင်းက ပျင်းစိတ် ဝင်လာတယ်၊ ဆက်ပြီးတော့ မလုပ်ချင်ဘူး၊ အဲဒါ ထိန။

‘မိဒ္ဓ’ ဆိုတာ ကာယဿ အကမ္မညတာ - စေတသိက်အစု ရဲ့ စွမ်းဆောင်နိုင်မှု လျော့ကျသွားတာ၊ ကာယကို စေတသိက်အစုလို့ စာပေကျန်းဂန်မှာ ဆိုတယ်၊ သို့သော် မိဒ္ဓလွှမ်းမိုးလာပြီဆိုရင် ခေါင်းလေးတဆက်ဆက် ဖြစ်လာပြီ၊ ကာယဿ အကမ္မညတာမှာ ကာယအရ ဝေဒနာ, သညာ, သင်္ခါရ လို့ဆိုတဲ့ စေတသိက် အစုလို့ ဓမ္မသင်္ဂဏီပါဠိတော်မှာ ဟောပါတယ်၊ သို့သော် ခေါင်းတဆက်ဆက် ဖြစ်လာတာကလည်း မိဒ္ဓရဲ့ စွမ်းဆောင်မှုကြောင့်ပဲ၊ မိဒ္ဓဝင်လာရင် ငိုက်လာတယ်ပေါ့၊ ငိုက်လာရုံတင် မကဘူး၊ လူကြားထဲမှာ ဟန်မလုပ်နိုင်တော့ဘူး။

ထိနမိဒ္ဓက တရာအားထုတ်တဲ့ အချိန်မှာ ပိုဝင်လာတက်တယ်၊ သူ့ကိုလည်း စိတ်ရဲ့ အညစ်အကြေးတဲ့၊ ဘာဖြစ်လို့တုန်း ဆိုတော့ အသိဉာဏ် တောက်ပြောင်မှု မဖြစ်စေနိုင်လို့ပဲ၊ ထိနမိဒ္ဓဟာ စိတ်ကို လွှမ်းမိုးထားတဲ့ အညစ်အကြေး တစ်ခုပဲ။

ဝိစိကိစ္ဆာ

နောက်ဆုံး တစ်ခုကတော့ ‘ဝိစိကိစ္ဆာ’ လို့ ခေါ်တယ်၊ ဝိစိကိစ္ဆာဆိုတာ ယုံမှားသံသယဖြစ်ခြင်း၊ သံသယ ဖြစ်တယ်ဆိုတဲ့ နေရာမှာ အကန့်အသတ် ရှိတယ်၊ ဘုရားနဲ့၊ ပတ်သက်ပြီး သံသယဖြစ်တယ်၊ တရားနဲ့ ပတ်သက်ပြီး သံသယဖြစ်တယ်၊ “နှစ်ပေါင်း ၂၅၀၀- ဂေါတမဘုရားပွင့်တယ်ဆိုတာ ဟုတ်ရဲ့လား၊ ဒီတရားတွေ ဟောထားခဲ့တယ် ဘုရားဟောတယ် ဆိုတာရော ဘယ်သူ သိလဲ၊ ဟုတ်ရဲ့လား၊” သံသယတွေ ဖြစ်လာတယ် စသည်ဖြင့် ဒွိဟဖြစ်လာတယ်၊ ဒီသံသယ ဒွိဟတွေဟာ အကောင်းဘက်ကို ဦးဆောင်မသွားဘူးတဲ့၊ အဆိုးဘက်ကို ရောက်သွားစေနိုင်တယ်ပေါ့၊ ဒါကြောင့်မို့ ဝိစိကိစ္ဆာကလည်း စိတ်ရဲ့အညစ်အကြေးတစ်ခုပဲတဲ့၊ ဟုတ်သလား, မဟုတ်သလား တွေးနေတာနဲ့ သူက ဘာအကျိုးမှ မရလိုက်ဘူး။

ဝိစိကိစ္ဆာ ရှိသင့်တဲ့ နေရာတော့ ရှိနိုင်တယ်၊ ဘယ်လို နေရာတုန်းဆိုရင် ဒါ မှန်လား၊ မမှန်လား၊ ဆင်ခြင်စဉ်းစားတဲ့ ဝိစိကိစ္ဆာ၊ ‘ပတိရူပက’ လို့ လယ်တီဆရာတော်ဘုရားကြီးက သုံးတယ်၊ ဝိစိကိစ္ဆာအတုတဲ့။

အရပ်ထဲမှာ ပြောတယ်၊ တစ်ခါတလေ ဝိစိကိစ္ဆာများတယ်ဆိုတာ အတွေးတွေ များတနေတာကို ပြောတာ၊ ဝိစိကိစ္ဆာဆိုတာ သံသယတွေ ရှိနေတာ၊ မဝေခွဲနိုင်တာ၊ ဟုတ်သလား, မဟုတ်ဘူးလား၊ ငါ တရားအားထုတ်နေတာ မှန်ရဲ့လား၊ မမှန်ဘူးလား ဆိုတဲ့ အတွေးတွေ ဝင်ပြီးတော့ မဆုံးဖြတ်နိုင်ဘဲနဲ့ တွေဝေနေတဲ့သဘောတွေ ဖြစ်နေတာကို ပြောတာနော်။

စိတ်အညစ်အကြေး ၁၄-မျိုး

ပေါင်းလိုက်တဲ့အခါကျတော့ စိတ်ရဲ့ အညစ်အကြေးဟာ ၁၄-မျိုးတဲ့၊ ဒါ စိတ်ရဲ့ အညစ်အကြေးတွေ၊ ပြန်ပြီးတော့ ခြုံပြောရမယ်ဆိုရင် မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စအမှန်မသိတာရယ်၊ မရှက်တာရယ်၊ မကြောက်တာရယ်၊ ပျံ့လွင့်တာရယ် အဲဒီသဘောတွေက အကုသိုလ်စိတ် ဖြစ်တိုင်းအကုန်ပါတယ်၊ အကုသိုလ်စိတ် ၁၂-ခုလုံးနဲ့ ယှဉ်တွဲကြတယ်။

လောဘ, ဒိဋ္ဌိ, မာနလိုချင်တာရယ်, အမြင်မှားတာရယ်, ကိုယ့်အရည်အသွေး ပေါ်မှာ မာန်တက်တာရယ်၊ အဲဒီ သုံးခုက လောဘမူစိတ်မှာ ဖြစ်တယ်။

ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စစိတ်ဆိုးတာရယ်, မနာလိုတာရယ်, ဝန်တိုတာရယ်, နောင်တာပူပန်တာရယ်၊ အဲဒီ သဘော ၄-ခုကတော့ ဒေါသနဲ့ ယှဉ်တွဲပြီး ဖြစ်တက်တဲ့ သဘောတရားတွေပါတဲ့။

ထိန မိဒ္ဓဆိုတာကတော့ ပင်ကိုယ်အားဖြင့် မထက်သန်ဘဲ နုံ့နှေးတဲ့ လောဘနဲ့လည်း ယှဉ်တွဲတက်တယ်၊ ဒေါသနဲ့လည်း ယှဉ်တွဲတက်တယ်။

ဝိစိကိစ္ဆာ ဆိုတာကျတော့ မောဟနဲ့ပဲ ယှဉ်တွဲတယ်၊ အားလုံး ဒီ သဘာဝတွေဟာ စိတ်ကို ညစ်ပေစေတက်လို့ စိတ်ရဲ့ အညစ်အကြေးတွေသာ ဖြစ်ပါတယ်၊ ထိုစိတ်ရဲ့ အညစ်အကြေးတွေ ပျောက်အောင် မြတ်စွာဘုရားက ပေးထားတဲ့ နည်းလမ်းအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ကြမယ်ဆိုရင် ဒီစိတ်ရဲ့ အညစ်အကြေးတွေဟာ လျှော်ဖွပ်ပစ်လို့ရတဲ့ အရာတွေချည်းပါပဲတဲ့။ လျှော်ဖွပ်ပစ်လိုက်ရင် ဖြူစင်တဲ့စိတ်ကို ရလာပါလိမ့်မယ်တဲ့။

ဒါကြောင့်မို့ ဒီကနေ့ စိတ်ရဲ့ အညစ်အကြေးတွေကို အကျဉ်းချုပ်ပြီးတော့ သိသာအောင် ပြောပြီးပြီ၊ နက်ဖြန်ခါကျတော့ ဒီ အညစ်အကြေးတွေကို ဘာနဲ့ လျှော်မဆိုတာ ရှင်းပြမယ်၊ အဲဒီ လျှော်ရမယ့် အရည်အသွေးလေးတွေ စိတ်ထဲမှာ ရှိတယ်၊ အဲဒါတွေကို ထူထောင်ပြီး လျှော်ရမှာ ဖြစ်တယ်တဲ့။

ဒီကနေ့ ဗုဒ္ဓမြတ်စွာရဲ့ အဘိဓမ္မာဒေသနာမှာပါတဲ့ စိတ်ရဲ့ အညစ်အကြေးများ ဖြစ်တဲ့ အကုသိုလ်စေတသိက် ၁၄-ခုကို လေ့လာသိရှိကြိလို့ “မိမိရဲ့သန္တာန်မှာ ဒီလို အညစ်အကြေးတွေ မဖြစ်ရလေအောင် သတိထားပြီးတော့ ရှောင်ကြဉ်ကြဖို့၊ ဖြစ်ပေါ်လာပြီ ဆိုလည်း သန့်ရှင်း စင်ကြယ်သွားအောင် လုပ်ရန် မမေ့ဖို့” အရေးကြီးတယ်နော်။

မြတ်စွာဘုရားက ထိုထိုသုတ္တန်တွေမှာလည်း “အကုသိုလ်တွေကို မိမိစိတ်မှာ မဖြစ်စေနဲ့၊ စိတ်ကို မညစ်နွမ်းစေနဲ့” လို့ ဒီလို ဟောခဲ့တာ ဖြစ်ပါတယ်၊ ရေကြောင့်ဖြစ်တဲ့ ရွှံနွံကို ရေနဲ့ပဲ ပြန်ဆေးရသလို စိတ်မှာဖြစ်တဲ့ အညစ်အကြေးတွေကို လည်း စိတ်နဲ့ပဲ ပြန်ပြီးကြောလို့ ရပါတယ်တဲ့၊ ဆေးကြောလို့ ရနိုင်တဲ့ သဘာဝတရားများကို လေ့လာခြင်းဖြင့် အညစ်အကြေးများကို ကိုယ်စီကိုယ်စီ ဆေးကြောနိုင် ကြပါစေကုန်သတည်း။

“သာဓု - သာဓု - သာဓု”

အခန်း (၇)

စိတ်ဖြူစင်မှု အင်အားစုများ
အပိုင်း(၁)

စိတ်မှာ အညစ်အကြေးတွေ ရောက်နေလို့ရှိရင် ဟောဒီအင်အားစုတွေက စိတ်ကို ဖြူစင်စေနိုင်တယ်။ စိတ်ဖြူစင်စေတဲ့ အကြောင်းတရားများကို မိမိသန္တာန်မှာ ထူထောင်ပေးခြင်းဖြင့် စိတ်ရဲ့ အညစ်အကြေးတွေ ကင်းစင်သွားနိုင်ပါတယ်။ ဒီအင်အားစုတွေဟာလည်း ယှဉ်ဘက်စိတ်တွေရဲ့ အခြေအနေအလိုက် စွမ်းရည်သတ္တိဟာ အဆင့်ဆင့်ရှိတယ်လို့ သဘောပေါက်ထားရမယ်။

ဆိုပါစို့၊ ဖြူစင်စေတဲ့ အင်အားစုတွေထဲမှာ အလောဘဆိုတဲ့ သဘာဝတရားက လောဘကို ပယ်ဖျောက်နိုင်တယ်ဆိုတဲ့ နေရာမှာ အဘိဓမ္မာသင်တဲ့ ပုဂ္ဂိုလ်တွေ သဘောပေါက်ဖို့ရာက ထိုအလောဘသည် ဘယ်စိတ်မှာ ယှဉ်တဲ့ အလောဘလဲဆိုတာကို ကြည့်ရမယ်။

(၁) မဟာကုသိုလ်စိတ်နှင့် ယှဉ်ပြီး ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘာဝနာကောင်းမှုလုပ်တဲ့ အလောဘက လောဘကို ပယ်နိုင်တာ တဒင်္ဂပဲ ပယ်နိုင်တယ်၊ စွမ်းရည်သတ္တိ ဒီလောက်မပြည့်စုံဘူး။

(၂) ဈာန်တရားတွေနဲ့ ယှဉ်တွဲလာပြီဆိုလို့ရှိရင် အဲဒီ အလောဘက လောဘကို တော်တော်ဝေးဝေး ဖယ်ရှားထားနိုင်တယ်၊ လုံးဝနီးနီးလောက် ဖျောက်ထားနိုင်တယ်၊ သူက စွမ်းရည်သတ္တိပိုထက်လာတယ်။

(၃) မဂ်ဆိုတဲ့ လောကုတ္တရာစိတ်နဲ့ ယှဉ်တဲ့ အလောဘကျတော့ လောဘကို အကြွင်းအကျန်မရှိအောင် ဖယ်ရှားပစ်နိုင်တယ်လို့ ဒီလိုမှတ်ရမယ်။ မဂ်စိတ်နှင့်ယှဉ်တဲ့ နေရာမှာလည်းပဲ လောဘရဲ့သဘောကို အဆင့်ဆင့် ပယ်သွားနိုင်တယ်။

သောတာပတ္တိမဂ်နဲ့ ယှဉ်တဲ့ အလောဘက အပါယ်ဘုံကို ကျစေနိုင်တဲ့ လောဘမျိုးကို ဖယ်ရှားနိုင်တယ်။ သို့သော် အပါယ်ဘုံမကျရောက်နိုင်တဲ့ လောဘမျိုးကိုတော့ မဖယ်ရှားနိုင်သေးဘူး။ ဒါကြောင့်မို့ သောတာပန်ဖြစ်တဲ့ ဝိသာခါတို့ ၇-နှစ်သမီးက သောတာပန် ဖြစ်လာပေမယ့် ၁၆-နှစ်သမီးကျတော့ အိမ်ထောင်ပြုသေးတာပဲနော်။ အဲဒီ လောဘမျိုးကို မပယ်နိုင်သေးဘူးလို့ မှတ်ရတယ်။ အပါယ်ကျစေနိုင်တဲ့ လောဘကိုတော့ သူဖယ်ရှားပစ်နိုင်တယ်။

သကဒါဂါမိမဂ်နဲ့ ယှဉ်တဲ့ အလောဘကျတော့ ကာမအာရုံတွေကို နှစ်သက်တဲ့ အကြမ်းစားလောဘကို အားနည်းသွားအောင် ဖယ်ရှားပစ်တယ်။ အနာဂါမိမဂ်နဲ့ ယှဉ်တဲ့ အလောဘကတော့ ကာမအာရုံလို့ဆိုတဲ့ မျက်စိ၊ နား၊ နှာ၊ ကိုယ်မှာထင်လာတဲ့ အာရုံတွေကို တွယ်တာနေတဲ့ လောဘမျိုးကို အကြွင်းမဲ့ ဖယ်ရှားပစ်လိုက်တယ်။ သို့သော် ဈာန်နဲ့ပတ်သက်ပြီး တွယ်တာတဲ့ လောဘ၊ ဗြဟ္မာဘုံပေါ်မှာ တွယ်တာတဲ့ လောဘမျိုးကိုတော့ မဖယ်ရှားနိုင်သေးဘူး။

အရဟတ္တမဂ်နဲ့ ယှဉ်တဲ့ အလောဘမျိုးကျတော့ လောဘမှန်သမျှကို အကြွင်းအကျန်မရှိ လုံးဝပြောင်စင်အောင် ဖယ်ရှားပစ်နိုင်တယ်၊ ဒီလို သဘောပေါက်ထားရမယ်။

သောဘဏစေတသိက်

ဒီကနေ့ “စိတ်ဖြူစင်မှု အင်အားစုများ” လို့ ဆိုတဲ့ သောဘဏစေတသိက်တွေအကြောင်းကို ဟောမယ်။ သောဘဏဆိုတာ တင့်တယ်တယ်။ အင်္ဂလိပ်လို Beautiful mental state လို့ ဘာသာပြန်တယ်။ တင့်တယ်တယ်၊ ကောင်းမြတ်တယ်ဆိုတာက ကောင်းတဲ့ အရည်အသွေးတွေရှိလို့ ကောင်းတာ၊ ကိုယ်ကြိုက်လို့ ကောင်းတာလို့ ပြောတာမဟုတ်ဘူး။ တင့်တယ်ကောင်းမြတ်တဲ့ အရည်အသွေးတွေဟာ ကောင်းကျိုးချမ်းသာတွေကို ဖြစ်ပေါ်စေတတ်လို့ ကောင်းတယ်လို့ ပြောတာနော်။

အကျိုးပေးတဲ့အခါ လှလှပပ အကျိုးပေးတတ်သောကြောင့် ကောင်းတယ်၊ တင့်တယ်တယ်လို့ ပြောတာ။ စိတ်ကို သူတို့က ဖြူစင်စေတတ်လို့ စိတ်ဖြူစင်မှု အင်အားစုများ ဖြစ်တယ်။ အကုသိုလ်တရားတွေကို ဖယ်ရှားဖို့ရာ ရှေ့တန်းကနေ တိုက်ပွဲဝင်နေတဲ့ သဘာဝတရားတွေလို့ မှတ်ရမယ်။ သဘာဝတရားဟာ သဘာဝချင်းပဲ တိုက်ဖျက်တယ်။ ဟုတ်ရဲ့လား။ မီးနဲ့ရေဆိုပါတော့၊ မီးငြှိမ်းချင်ရင် ရေကို အသုံးပြုရတယ်ပေါ့။ ခုခေတ်တော့ အခြားနည်းတွေလည်း ရှိတာပေါ့နော်။ အဓိကကတော့ မီးငြှိမ်းချင်ရင် ရေနဲ့ပဲ မဟုတ်လား။ ရေနဲ့မီးဆိုတာက ဆန့်ကျင်ဘက်ဖြစ်တယ်။ အဲဒီတော့ သူ့ဟာနဲ့သူ ဖယ်ရှားပစ်ဖို့ရာ အကြောင်းတရားတွေ အကုန်လုံးရှိတယ်။

စိတ်ထဲမှာလည်း သဘာဝသည် အခြားသဘာဝကို တွန်းလှန်တာပဲ။ ကိုယ်က တွန်းလှန်တတ်တဲ့သဘာဝကို ထူထောင်ဖို့လိုတယ်။ သူ့ဟာသူ အချင်းချင်း တွန်းလှန်သွားတာနော်။

သဒ္ဓါ

ကောင်းပြီ၊ အဲဒီစိတ်ကို ဖြူစင်စေတတ်တဲ့ အင်အားစုတွေကို ကျမ်းစာမှာလာတဲ့ အစီအစဉ်အတိုင်း ပြောရရင် နံပါတ်တစ်က “သဒ္ဓါ” တဲ့။ သဒ္ဓါဆိုတာက ယုံကြည်တာ၊ ယုံတယ်၊ စိတ်ကြည်တယ်၊ ရဲရင့်တယ်၊ ဆုံးဖြတ်နိုင်တယ်၊ ကုသိုလ်ကောင်းမှုဘက်မှာ စိတ်ဝင်စားတယ်ဆိုတဲ့ သဘောတွေအားလုံးကို သဒ္ဓါလို့ခေါ်တယ်။ ယုံတာတစ်ခုတည်းသာ သဒ္ဓါမဟုတ်ဘူး။

ဒါကြောင့်မို့ ဗမာစကားမှာ ‘ယုံ-ကြည်’ လို့ တွဲထားတာ။ သဒ္ဓါဖြစ်လို့ရှိရင် ‘ယုံ’ တယ်၊ စိတ်’ကြည်’တယ်၊ စိတ်သန့်ရှင်းတယ်၊ ကြည်လင်တယ်၊ အေးမြတယ်၊ ကုသိုလ်ကောင်းမှုလုပ်ဖို့ ရဲရင့်တယ်၊ ဖျတ်လတ်တယ်၊ စိတ်ဝင်စားတယ်၊ ဒါတွေအားလုံးဟာ သဒ္ဓါရဲ့ သွင်ပြင်လက္ခဏာတွေလို့ ပြောတာနော်။

ယုံကြည်ဆိုတော့ ယုံကြည်မှုနဲ့ ပတ်သက်လာလို့ရှိရင် အကန့်အသတ်တစ်ခုတော့ ထားရတယ်။ ဘယ်ကိုယုံတာလဲ။ ဟိုလူပြော ဒီလူပြော ယုံသမျှတွေကို သဒ္ဓါလို့ ခေါ်တာလား။ မဟုတ်ဘူး။ ယုံတယ်ဆိုတာနဲ့ ပတ်သက်လာလို့ရှိရင် ဟိုဟာယုံ ဒီဟာယုံ၊ လာလိမ်သွားရင်လည်း ယုံသွားတယ် မဟုတ်လား။ အဲဒါမျိုးက ပညာမဲ့တဲ့သဘောတွေပဲ ဖြစ်တယ်။

ယုံတယ်ဆိုတာ ဘာကိုယုံတာလဲဆိုလို့ရှိရင် ကံ၊ ကံ၏အကျိုးကို ယုံတယ်။ ကံ၊ ကံ၏အကျိုးကို ယုံတယ်ဆိုရာမှာ ဘာလုပ်လုပ် ကိုယ်ပဲ တာဝန်ယူတာ၊ ကိုယ်လုပ်တာ ကိုယ်ရတယ်လို့ လက်ခံတာနော်။ အင်္ဂလိပ်လိုပြောရင် responsible ပေါ့။ ကိုယ့်တာဝန်ကိုယ်ယူရတယ်၊ ကိုယ်လုပ်ရင် ကိုယ်နဲ့ပဲဆိုင်တယ်လို့ လက်ခံတာ။ တချို့က အဲဒီလို လက်မခံဘူးလေ။

အဲဒီတော့ ကိုယ်လုပ်ရင် ကိုယ်နဲ့ဆိုင်ရမှာပေါ့။ သူများအပေါ် သွားမပြောနဲ့နော်။ ကိုယ်လုပ်တာ ကိုယ်ပဲ။ အဲဒီလို ကိုယ်လုပ်တာ ကိုယ်နဲ့ဆိုင်တယ်လို့ လက်ခံတာ၊ ဒါ ကံ၊ ကံ၏အကျိုးကို လက်ခံတာပဲ။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ကံ၊ ကံ၏အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားအပေါ် အခြေခံပြီးဖြစ်တဲ့ သမ္မာဒိဋ္ဌိဉာဏ်လို့ ဆိုရတယ်။ အဲဒီတော့ ကံ၊ ကံ၏အကျိုးကို ယုံကြည်မှု လက်ခံမှုသည် အခြေခံ သဒ္ဓါတရားလို့ ဒီလိုပြောရမယ်။

လက်ခံနေရုံလေးနဲ့တော့ အလုပ်မဖြစ်သေးဘူးနော်။ လက်ခံပြီးတဲ့အခါ ရှေ့ဆက်လုပ်ဖို့လိုတယ်။ ဒါကြောင့်မို့ သဒ္ဓါဆိုတာ ဗုဒ္ဓဘာသာမှာ အစကလေးပဲ။ တခြားဘာသာတွေမှာတော့ သိပ်အရေးပါတယ်။ ဗုဒ္ဓဘာသာမှာ ယုံကြည်မှုသည် တကယ့်ကို အစလေးပဲ ရှိသေးတယ်။ ယုံကြည်မှုနောက်မှာ ပညာမလိုက်နိုင်သေးဘူးဆိုရင် ယုံကြည်မှုသည် blind faith လို့ခေါ်တဲ့ မျက်ကန်းယုံကြည်မှုမျိုး ဖြစ်သွားနိုင်တယ်။

အင်္ဂလိပ်လို ပြန်ရင် သဒ္ဓါကို confidence လို့ ပြန်တယ်။ confidence ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တာမျိုး၊ ကိုယ့်အားကိုယ်ကိုးတာမျိုး။ အဲဒါတင်မကဘူး၊ တကယ့်ကတော့ faith ယုံကြည်တာမျိုး အားလုံးကို သဒ္ဓါခေါ်နိုင်တယ်။ ကောင်းပြီ၊ ယုံတယ်ဆိုတာ နံပါတ် (၁) ကံ၊ ကံ၏အကျိုးကို ‘အခြေခံအားဖြင့် လက်ခံမှု’။

နံပါတ် (၂) ကျတော့ အဲဒီထက် အဆင့်မြင့်သွားတယ်။ ဘာကို လက်ခံတာတုန်းဆိုတော့ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ်တော်ကြီးကို ယုံတယ်။ ဒါ ဗုဒ္ဓရဲ့ အရည်အချင်းကို ယုံကြည်တာ။ ဗုဒ္ဓရဲ့ အရည်အချင်းတွေထဲမှာ ဉာဏ်ဟာ အဓိကမကျဘူးလား။

အေး၊ ဉာဏ်မရှိလို့ရှိရင် မှားမှားယွင်းယွင်းတွေ ဟောမှာပေါ့။ အသိပညာမလုံလောက်တဲ့ ပုဂ္ဂိုလ်က ဟောမယ်ဆိုရင် မှားမှားယွင်းယွင်းတွေ ဖြစ်ကုန်မှာပေါ့နော်။ မှားမှားယွင်းယွင်းတွေ လိုက်နာမိမယ်ဆိုရင် ထင်တဲ့အတိုင်း ဖြစ်မလား။ လမ်းစဉ်တစ်ခုက မှားနေပြီဆိုရင် ဘယ်လိုမှ အကောင်အထည်ဖော်လို့ ရမှာမဟုတ်ဘူး။

အကောင်အထည်ဖော်ရင် ကိုယ်ထင်တဲ့အတိုင်း တစ်ခုမှ ဖြစ်လာမှာမဟုတ်တော့ဘူးနော်။ ဒါကြောင့်မို့ မှန်ကန်မှုဆိုတာ အသိဉာဏ်ပြည့်ပြည့်စုံစုံရှိမှ ဖြစ်တာ။ ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတာ သေသေချာချာသိတဲ့ အသိဉာဏ်မျိုးနဲ့ ဟောမှ မှန်တာ။

ဒါကြောင့်မို့ မြတ်စွာဘုရားက အာမခံတယ်၊ “သယံအဘိညာ သစ္ဆိကတွာ ပဝေဒေမိ” ကိုယ်ဟောတဲ့ တရားတွေက ကိုယ်တိုင်သိပြီးမှ ဟောတာတဲ့။ tradition အနေနဲ့ စာထဲမှာပါလို့ ပြောတာမျိုးမဟုတ်ဘူး။ ဆရာ့ဆရာကြီးတွေ ပြောခဲ့တဲ့စကားကို မှတ်ထားပြီးပြောတာမျိုး မဟုတ်ဘူးတဲ့။

သမိုင်းထဲမှာပါလို့ ပြောတာမျိုး မဟုတ်ဘူး။ ဘယ်ဖီလိုဆော်ဖာဆရာကြီးက ဘယ်လိုပြောတယ်ဆိုတာမျိုးကို ထပ်ဆင့်တင်ပြတာမျိုး မဟုတ်ဘူးတဲ့။ သယံ အဘိညာ - ကံ၊ ကံ၏အကျိုးရှိတယ်ဆိုတာ ကိုယ်တိုင်သိတာ။ ကိုယ်တိုင်သိရုံတင်မကဘူး၊ သစ္ဆိကတွာ - တကယ့်ကို မျက်မှောက်ပြုပြီးဖြစ်တယ်၊ သိတာလည်း ကိုယ်ကိုယ်တိုင် သိတယ်၊ ကိုယ်တွေ့လည်း ကြုံတယ်။

အဲဒီလို အဆင့်မြင့်သဒ္ဓါကျတော့ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ်တော်ကြီးကို ယုံကြည်တာ။ ဒါကြောင့်မို့ စာပေကျမ်းဂန်တွေမှာ မြတ်စွာဘုရားက “သဒ္ဒဟတိ တထာဂတဿ ဗောဓိံ” တထာဂတဿ - မြတ်စွာဘုရားရဲ့၊ ဗောဓိံ - အသိဉာဏ်ကို၊ သဒ္ဒဟတိ - ယုံကြည်တယ်၊ လက်ခံတယ်။ အဲဒါ သဒ္ဓါအစစ်နော်။ အဆင့်မြင့်သွားပြီ။

ဘုရားရဲ့ အသိဉာဏ်ကို လက်ခံတယ်လို့ ဆိုလိုက်တာနဲ့ပဲ ဘုရားဟောတဲ့တရားကိုလည်း လက်ခံတယ်၊ ဘုရားဟောတဲ့တရားအတိုင်း လိုက်နာကျင့်ကြံလို့ အောင်မြင်ပေါက်ရောက်နေတဲ့ အရိယာသံဃာတွေကိုလည်း လက်ခံတယ်ဆိုတဲ့ အဓိပ္ပါယ်မပြီးပေဘူးလား။ အဲဒါကို “အဆင့်မြင့်သဒ္ဓါ” လို့ ခေါ်တယ်နော်။

အာကာရဝတီ သဒ္ဓါ

အဲဒီအဆင့်မြင့်သဒ္ဓါဟာ မဂ်နဲ့ယှဉ်တွဲပြီးလာတဲ့ အခါကျတော့ လုံးဝခိုင်မြဲတယ်။ ဒါကြောင့်မို့ အဲဒီသဒ္ဓါမျိုးကို အာကာရဝတီ သဒ္ဓါ။ အာကာရဝတီ သဒ္ဓါဆိုတာက ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းလုံလုံလောက်လောက်ရှိတဲ့ သဒ္ဓါလို့ ပြောတာ။ အရင်းမဲ့ယုံတဲ့ သဒ္ဓါမဟုတ်ဘူးတဲ့။

ဒဿနမူလိကာ သဒ္ဓါ

နောက်တစ်ခုက ဒဿနမူလိကာ သဒ္ဓါ၊ ကိုယ်တိုင်သိမြင်မှုကို အခြေခံတဲ့ သဒ္ဓါ။ ဘယ်သူပြောလို့မှ လက်ခံစရာအကြောင်းမရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်သိတာကိုး။ ကိုယ်တိုင်မသိရင်တော့ သူများပြောတာ လက်ခံရဦးမှာပဲ။

ဥပမာဆိုပါတော့ ရန်ကုန်မြို့နေတဲ့ ပုဂ္ဂိုလ်ဟာ ရွှေတိဂုံဘုရားရောက်တာ အခေါက်ခေါက်ရှိနေပြီ။ ဘုရားရောက်ဖူးတော့ ရွှေတိဂုံဆိုတာ ဘယ်လိုလဲဆိုတာ သိတယ်။ ဘယ်နားမှာလဲဆိုတာလည်း သိတယ်။ ဟိုးနယ်မှာနေတဲ့ ပုဂ္ဂိုလ်တွေကျတော့ ရွှေတိဂုံဘုရား ကြားတော့ ကြားဖူးတယ်၊ ဘယ်နားမှန်းမသိဘူး၊ ပုံထဲတော့ မြင်ဖူးတယ်။ တစ်ယောက်နဲ့တစ်ယောက် တူရဲ့လား။ ဒီလူက ကိုယ်တိုင်သိပြီး လက်ခံတာ။ ဟိုလူက အကြားနဲ့ လက်ခံတာ။ ဒဿနမူလိကာဆိုတာ အမြင်ကို အခြေခံပြီးတော့ လက်ခံတာ။ မြင်ပြီဆိုလို့ရှိရင် ဘယ်သူကမှ ပြောင်းလဲပစ်လို့မရဘူး။

တစ်ခါတုန်းက မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို မေးတယ်။ “သာရိပုတ္တရာ-တဲ့၊ အတွေးမပါတဲ့ ကြံစည်မှု၊ သုံးသပ်မှုမပါတဲ့ သမာဓိမျိုးရှိတယ်ဆိုတာ ယုံကြည်သလား” လို့ မေးတော့ ရှင်သာရိပုတ္တရာက “အရှင်ဘုရား၊ တပည့်တော် မယုံပါဘူး၊ ကိုယ်ကိုယ်တိုင် သိတာပါ၊ သူများပြောလို့ ယုံတာမဟုတ်ပါဘူး” တဲ့။ ဒါ တပည့်တော်ကိုယ်တိုင်ကို ခဏခဏ အကြိမ်ကြိမ်ဝင်စားလို့ ဒီသမာဓိမျိုး ရခဲ့ပါတယ်လို့ ပြောတာနော်။ ဒါကြောင့်မို့ ဓမ္မပဒမှာ ရှင်သာရိပုတ္တရာကို ‘အဿဒ္ဓေါ’ တဲ့၊ သူတစ်ပါးစကားနဲ့ ယုံတဲ့ပုဂ္ဂိုလ် မဟုတ်ဘူးလို့ ပြောတာ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်သိတာကိုး။ ကိုယ်တိုင်သိတဲ့ပုဂ္ဂိုလ်က သူများစကား ယုံစရာမလိုဘူး။

ဒါကြောင့်မို့ သဒ္ဓါဟာ ဒီလို အဆင့်နှစ်ဆင့် ရှိတယ်လို့ မှတ်ထားရမယ်။ တစ်ခုနဲ့တစ်ခု မတူဘူး။ တစ်ယောက်နဲ့တစ်ယောက် သဒ္ဓါချင်း မတူဘူး။ အသိဉာဏ်ပါတဲ့ သဒ္ဓါ၊ အသိဉာဏ်မပါတဲ့ သဒ္ဓါ၊ ဒီလိုလည်း ခွဲရဦးမယ်နော်။

ပညာမဲ့ သဒ္ဓါ

အသိဉာဏ်မပါတဲ့ “ပညာမဲ့ သဒ္ဓါ” ကျတော့ တလွဲရောက်သွားတတ်တယ်။ ပညာနဲ့တွဲတဲ့ သဒ္ဓါကမှ တန်ဖိုးရှိတယ်။ ဒါကြောင့်မို့ ‘သဒ္ဓါကို ပညာစောင့်မှ လမ်းဖြောင့်မယ်’ တဲ့။ ပညာနဲ့ ထိန်းမပေးလို့ရှိရင် သဒ္ဓါက လမ်းချော်သွားနိုင်သေးတယ်။ ဒါက ‘ယုံတဲ့အပိုင်း’။

စိတ်ကြည်မှု

ကြည်တဲ့အပိုင်းက သဒ္ဓါဖြစ်လာလို့ရှိရင် ကာမဂုဏ်အာရုံ ခံစားချင်တဲ့စိတ်တွေ၊ မုန်းတီးတဲ့စိတ်တွေ၊ ထိုင်းမှိုင်းတဲ့စိတ်တွေ၊ တွေဝေလွင့်ပျံ့တဲ့စိတ်တွေ၊ ဒါတွေ အကုန်လုံးကင်းပြီး စိတ်ဟာ အညစ်အကြေးကင်းပြီးတော့ ကြည်နေတယ်။

စိတ်ကြည်နေပြီဆိုရင် တရားပွဲသွား တရားနာဦးမှဆိုတဲ့စိတ်လည်း ပေါ်တယ်နော်။ စိတ်မကြည်တဲ့လူ ဒီစိတ်ပေါ်မှာ မဟုတ်ဘူးနော်။ အိမ်ဦးဘုရားခန်းလေး ရှင်းပြီးတော့ ပန်းလေးတွေ လဲအုံးမှပဲ၊ ကမ္မဋ္ဌာန်းထိုင်အုံးမှပဲဆိုတဲ့ စိတ်ကူးဟာ စိတ်ကြည်နေတဲ့အခါမှ ဖြစ်တယ်ဆိုတာ သတိထားရမယ်။

အဲဒီလို မိမိသန္တာန်မှာ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်ပြီး စိတ်ကြည်နေတာဟာလည်း သဒ္ဓါလို့ အဲဒီလို မှတ်ရမယ်။ စိတ်ကလေး ကြည်ရုံတင်မကူး၊ တစ်ခါတလေ စိတ်ကလေးက စွမ်းအားတွေ ပြည့်လာတယ်။ တစ်စုံတစ်ခု လုပ်မယ်ဆိုရင် ရွတ်ရွတ်ချွံချွံ လုပ်တယ်။ ဘယ်အရာပဲဖြစ်ဖြစ် ဆုံးဖြတ်ပြီးလို့ရှိရင် သဒ္ဓါဆိုတဲ့ စွမ်းအားလေးတွေ ရလာပြီဆိုလို့ရှိရင် ဟော လှူမှု၊ တန်းမှုမှာလည်း နောက်မတွန့်တော့ဘူး။ သဒ္ဓါစွမ်းအားပြင်းလာလို့ရှိရင် ကုသိုလ်ကောင်းမှုလုပ်ဖို့ရာလည်း နောက်မတွန့်ဘူး။ ဒါ သဒ္ဓါရဲ့ စွမ်းအားပဲ။ သဘာဝတစ်ခုမှာ စွမ်းအားတွေ ရှိတတ်တယ်။

အေး ဒါကြောင့်မို့ ဗုဒ္ဓတရားတော်အရ သောတာပန်ဖြစ်သွားပြီ ဆိုလို့ရှိရင် ဒီသဒ္ဓါဟာ perfect ဖြစ်သွားတယ်။ ဘာလို့တုန်းဆိုတော့ သောတာပန်ပုဂ္ဂိုလ်သည် အမြင်မှားခြင်းဆိုတဲ့ ဒိဋ္ဌိနဲ့ သံသယဖြစ်ခြင်းဆိုတဲ့ ဝိစိကိစ္ဆာ လုံးဝရှင်းသွားပြီ မဟုတ်လား။ အဲဒီတော့ သံသယဖြစ်တာနဲ့ မှားမှားယွင်းယွင်းမြင်တာ မရှိဘူးဆိုရင် သူ့ရဲ့ဆုံးဖြတ်ချက်ဟာ တည်ငြိမ်သွားပြီပေါ့။ ဒါကြောင့်မို့ သူ့ရဲ့သဒ္ဓါဟာ ခိုင်မြဲတဲ့ သဒ္ဓါလို့ ဆိုတယ်။

ကျန်တဲ့ ပုထုဇဉ်တွေရဲ့ သဒ္ဓါဟာ မခိုင်မြဲသေးဘူး၊ ပြောင်းလဲမှုတွေ များစွာဖြစ်နိုင်သေးတယ်။ သဒ္ဓါကို ထိန်းမယ့် ပညာကလည်း အားနည်းနေသေးတဲ့အတွက် ဟိုလူပြောရင် ဟုတ်နိုးနိုး၊ ဒီလူပြောရင် ဟုတ်နိုးနိုး၊ ဟိုဘာသာကဟောရင် ဟုတ်သလိုလို၊ ဒီဘာသာကဟောရင် ဟုတ်သလိုလို ဒါမျိုးတွေ ဖြစ်တယ်။

ခိုင်မာတဲ့ သဒ္ဓါ

အေး ဒါကြောင့်မို့ ဒီသဒ္ဓါကို ခိုင်မာအောင် လုပ်ဖို့လိုတယ်။ သဒ္ဓါဟာ ခိုင်မာပြီဆိုရင် သူနဲ့ပတ်သက်တတ်လာတဲ့ စိတ်ထဲက အညစ်အကြေးတွေကို တွန်းထုတ်နိုင်ပါတယ်။ အများကြီး တွန်းထုတ်နိုင်တယ်။ ကာမစ္ဆန္ဒဆိုတဲ့ လောဘတွေ၊ ဗျာပါဒလို့ဆိုတဲ့ အလိုမကျတဲ့ ဒေါသတွေ၊ ဥဒ္ဓစ္စ ကုက္ကုစ္စဆိုတဲ့ စိတ်လွင့်တာ၊ စိတ်ငြိမ်းချမ်းမှုမရှိတာ၊ စိတ်ပူပန်နေတာတွေ၊ ထိနမိဒ္ဓလို့ ခေါ်တဲ့ စိတ်အားတွေ လျော့ကျသွားတာတွေ၊ လျော့ရဲထိုင်းမှိုင်းသွားတာတွေ၊ ဝိစိကိစ္ဆာလို့ ခေါ်တဲ့ သံသယတွေ ဝင်နေတာတွေ၊ အဲဒါတွေကို သဒ္ဓါက ပယ်ရှားပစ်နိုင်တယ်၊ သဒ္ဓါရဲ့ စွမ်းရည်နော်။

နောက် စိတ်ကို ပူပန်စေတတ်တဲ့ ကိလေသာတွေကိုလည်း ဟောဒီသဒ္ဓါက ဖယ်ရှားပစ်နိုင်တယ်။ သဒ္ဓါတရားရှိလာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ လမ်းမှန်ကို ရောက်မယ်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကို သဟမ္ပတိဗြဟ္မာကြီးက နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါလို့ တောင်းပန်တဲ့အခါ ဘုရားက ငါနိဗ္ဗာန်တံခါးဖွင့်မယ်၊ ဒါပေမယ့် ‘ပမုဉ္စနု္တ သဒ္ဓံ’ ငါ့အပေါ်မှာ ယုံကြည်ချက်တော့ထားကြလို့ ဒီလို ဟောခဲ့တာ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် မယုံကြည်ရင် နားထောင်မှာမှ မဟုတ်ဘဲကိုး။ ဒါကြောင့်မို့ နားထောင်ဖို့အတွက် ယုံကြည်မှုက အရေးပါတယ်။ ဒီသဒ္ဓါဟာ ကောင်းတဲ့စိတ်တွေနဲ့ ယှဉ်တွဲပြီးဖြစ်တာမို့ အင်မတန်မှ တန်ဖိုးရှိတယ်။

ကြည်တာနဲ့ပတ်သက်ပြီးတော့ စကြဝတေးမင်းကြီးရဲ့ ပတ္တမြားရတနာထည့်လိုက်ရင် အနယ်တွေထိုင်ပြီး ရေကြည်သွားနိုင်တယ်။ ထို့အတူပဲ လူရဲ့စိတ်ဟာ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အနည်တွေ ရှိနေသော်လည်း ဟောဒီသဒ္ဓါဆိုတဲ့ သဘောတရားတစ်ခု စိတ်ထဲဝင်လာတာနဲ့ တပြိုင်နက် အနည်တွေ အနယ်ထိုင်ပြီး ကြည်သွားတယ်လို့ ပြောတာနော်။

စိတ်ကြည်သွားပြီဆိုရင် ဘာလုပ်တုန်း၊ ဒါနကောင်းမှုလုပ်တယ်၊ သီလဆောက်တည်တယ်၊ ဥပုသ်စောင့်တယ်။ ဟော စိတ်ကြည်ရင် ကုသိုလ်လုပ်ဖို့အတွက် စိတ်အားတွေ တက်လာတယ်။ ဒါ သဒ္ဓါရဲ့ စွမ်းဆောင်ချက်တွေပဲ။ ကိုယ့်သန္တာန်မှာ သဒ္ဓါဖြစ်လာပြီဆိုလို့ရှိရင် ဒီအခြေအနေတွေ ပေါ်လာပြီလို့ ဒီလိုမှတ်နော်။

သဒ္ဓါရှိသူရဲ့ စိတ်ထား

အေး ကောင်းပြီ၊ သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်ရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေရှိလဲလို့ဆိုတော့ သဒ္ဓါတရားစွမ်းအားထက်လာတဲ့ ပုဂ္ဂိုလ် (အင်္ဂုတ္ထိုရ်ပါဠိတော်မှာ မြတ်စွာဘုရားဟောထားတယ်၊) “ဒဿနကာမော သီလဝတံ” သီလရှိတဲ့ ပုဂ္ဂိုလ်တွေကို ဖူးချင်တယ်၊ တွေ့ချင်တယ်။ ကိုယ်ကျင့်တရားကောင်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆုံစည်းချင်တယ်။ သဒ္ဓါရှိတဲ့ပုဂ္ဂိုလ်က ဘယ်ပုဂ္ဂိုလ်ဖြင့် အကျင့်ကောင်းတယ်၊ ဘယ်ဆရာတော်ကြီးဖြင့် အကျင့်ကောင်းတယ်၊ သီလရှိလို့ ကြည်ညိုစရာကောင်းတယ်၊ အကျင့်အနေအထိုင်ကောင်းတယ်ဆိုတာမျိုး သွားဖူးတွေ့ချင်တယ်။ လူပုဂ္ဂိုလ်တွေထဲကလည်း ကိုယ်ကျင့်တရားကောင်းတဲ့သူဆိုရင် တွေ့ချင်တယ်နော်။ အရပ်ထဲမှာ ဒီလူကတော့ သိပ်တော်တာပဲ၊ အနေအထိုင်ကောင်းတယ်၊ အသောက်အစားကင်းတယ်၊ ကိုယ်ကျင့်တရားအင်မတန်ကောင်းတယ်၊ လိမ်တာညာတာမရှိဘူး၊ အပျော်အပါးမရှိဘူးဆို တော်လိုက်တာ၊ တွေ့ချင်တယ်ဆိုတာ၊ သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထားတစ်ခုပါပဲ။

“သဒ္ဓမ္မံ သောတု မိစ္ဆတိ” သူတော်ကောင်းတရားဆိုရင် နာချင်တယ်။ ဘယ်နေရာဖြစ်ဖြစ် တရားပွဲရှိတယ်ဆိုရင် သွားနာချင်တယ်။ တကယ့်ကို အစစ်အမှန်တရားဓမ္မတွေကို သူက နားယူချင်တဲ့စိတ်ဖြစ်တယ်။

“ဝိနယေ မစ္ဆေရမလံ” နှမြောဝန်တိုခြင်းဆိုတာ လုံးဝသူ့ဆီမှာ မရှိဘူး။ စိတ်က ပေးဖို့ကမ်းဖို့ပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာအတွင်း ပေးဖို့ကမ်းဖို့အသင့်ဖြစ်နေတယ်။ တချို့က ရှိလည်း ပေးချင်မှ ပေးတာလေ။ မရှိလို့မပေးတာက တခြားလေ။ မစ္ဆရိယဆိုတာ နေရာတကာရှိတာ၊ မီးဖိုချောင်ထဲမှာ ပိုဖြစ်တတ်တယ်။ မီးဖိုချောင်ထဲမှာဆိုရင် ဟင်းကောင်းလေးချက်ရင် ဘေးမှာထားပြီးတော့ ဒါငါ့အတွက်ဆို သူများကို မပေးချင်တာမျိုးလည်း ဖြစ်တတ်တယ်။ အဲဒီတော့ မစ္ဆရိယဆိုတာက လွယ်လွယ်လေးနဲ့ ဖြစ်တာနော်။ မစ္ဆရိယဆိုတဲ့ အညစ်အကြေးကင်းတဲ့သူမှ သူဖို့ ငါ့ဖို့ဆိုတာ မရှိဘူး၊ အတူတူပဲ ခွဲဝေခြင်း မရှိဘူး။ ဒါကတော့ ဘယ်သူ့အတွက်၊ ဒါကဘယ်သူ့အတွက်၊ ဒီလို မထားဘူး။ အကုန်လုံးပဲ ညီတူညီမျှ၊ ဒီလိုဟာမျိုးရှိတယ်၊ ခွဲခြမ်းခွဲခြမ်းမရှိဘူး။ ခွဲခြမ်းခွဲခြမ်းလုပ်လာရင်တော့ အဲဒါ မစ္ဆရိယရှိနေပြီနော်၊ ဒီလိုမှတ်ရမယ်။

လူတစ်ယောက်ရဲ့ ဂုဏ်ကျေးဇူးကို ပြောပြီဆိုရင်လည်းကြည့်၊ မစ္ဆရိယဝင်လာပြီဆိုရင် အကောင်းမပြောနိုင်ဘူး။ ဟိုလူတစ်ယောက်က တော်လိုက်တာလို့ ပြောလို့ရှိရင် ‘ဟုတ်ပါတယ်၊ ဒါပေမယ့်’ ဆိုပြီး အပြစ်ပြောတတ်တယ်။ အဲဒါ မစ္ဆရိယအခြေခံပြီး ပြောတာလို့ မှတ်ပေတော့နော်။ ‘ဒါပေမယ့်’ တက်လာတာနဲ့ တပြိုင်နက် စိတ်အညစ်အကြေးတစ်ခုတော့ လာပြီနော်။ အဲဒီလို ဖြစ်တတ်တယ်တဲ့။

နောက် အရှင်အာနန္ဒာတို့ကျတော့ ဘယ်လောက်တောင် ပြောတုန်းဆိုရင် ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာတောင် ဝေယျာဝစ္စလုပ်ကြတဲ့အခါ၊ မစ္ဆရိယရှိလာပြီဆိုရင် သူက ကိုယ့်ကိုယ်ကိုယ် ညှာလာတာ၊ ကိုယ့်ကိုယ်ကိုယ် ညှာပြီးတော့ နည်းနည်းသက်သာတဲ့အလုပ်ကို ရွေးလုပ်လာတယ်။ အဲဒါ ကိုယ့်ရဲ့ချမ်းသာမှုမှာ မစ္ဆရိယဖြစ်တယ်လို့ ခေါ်တာ၊ ကာယမစ္ဆေရ ဂရုနော - ကိုယ့်ကိုယ်ကိုယ် ညှာလိုက်တာ။ ကိုယ့်ကိုယ်ကိုယ် ညှာလိုက်တော့ လုပ်ရမယ့်၊ လုပ်နိုင်တဲ့အလုပ်ကို မလုပ်တော့ဘူး။ တရားအားထုတ်လို့ရှိရင် သိပ်ပင်ပင်ပန်းပန်းအားမထုတ်နဲ့ ကျန်းမာရေးထိခိုက်လိမ့်မယ်ဆိုပြီး ညှာလိုက်တာ၊ အဲဒါလည်း မစ္ဆရိယသဘောပဲတဲ့။

ဘာသာခြားတို့ရဲ့ ယုံကြည်မှု

အေး ကောင်းပြီ၊ အဲဒီအညစ်အကြေးတွေအားလုံးကို သဒ္ဓါစွမ်းအားကြီးမားလာပြီဆိုလို့ရှိရင် ဖယ်ရှားပစ်နိုင်တယ်လို့ ဟောထားတယ်နော်။ စိတ်အညစ်အကြေးတွေ လုံးဝပျောက်ကွယ်သွားနိုင်တယ်။

သဒ္ဓါက ဆုံးဖြတ်ချက်ဟာ ရဲရင့်စေတယ်။ ဒါနဲ့ ပတ်သက်ပြီး အဋ္ဌကထာက ဆွေးနွေးထားတာလေး တစ်ပုဒ်ရှိတယ်၊ ယုံကြည်တယ်ဆိုတာနဲ့၊ ယုံတယ်ဆိုတာနဲ့ ပတ်သက်လာတယ်၊ ‘ဘာသာခြားတွေကော သူတို့ဘုရား သူတို့မယုံဘူးလား’ လို့ မေးစရာရှိတယ်၊ ‘အဲဒါကို သဒ္ဓါလို့ ခေါ်နိုင်မလား’ တဲ့။ ရှင်မဟာဗုဒ္ဓဃောသကတော့ ဒီသဒ္ဓါဆိုတဲ့စကားလုံးမှာ ဗုဒ္ဓဘာသာမှာ သုံးတာ အကောင်းဘက်ပဲ သုံးတယ်၊ အဆိုးဘက် မသုံးဘူး။ ဒါကြောင့်မို့ စိတ်ဖြူစင်မှု အင်အားစုများလို့ ပြောထားတာနော်။ မှားမှားယွင်းယွင်းယုံကြည်တာမျိုးကို သဒ္ဓါလို့ မခေါ်ဘူးတဲ့။ ဒါကြောင့်မို့ မမှန်ကန်တဲ့အရာကို မှန်ကန်တယ်လို့ ထင်တယ်။

ဆိုပါစို့၊ ကိုယ့်ကို တန်ခိုးရှင်က မဖန်ဆင်းဘဲနဲ့ ဖန်ဆင်းတယ်လို့ ထင်တာ အမှန်လား၊ အမှားလား။ အဲဒီအမှားမျိုးကို လက်ခံတာကျတော့ ဒါ သဒ္ဓါလို့ မခေါ်ဘူးတဲ့။ ဒါက သက်သက် စဉ်းစားဉာဏ်ကင်းမဲ့တာပဲလို့ ဒီလိုပြောတယ်။ သဒ္ဓါဆိုတာ အဲဒီဟာမျိုး မဟုတ်ဘူးတဲ့ ယုံကြည်ထိုက်တဲ့နေရာမှာ ယုံကြည်တာမျိုး သဒ္ဓါလို့ သုံးရတယ်။ ဒါက အဋ္ဌကထာဆရာရဲ့ ဆွေးနွေးချက်နော်။

နောက်တစ်မျိုး စဉ်းစားကြည့်မယ်ဆိုရင် ယုံကြည်တာတွေဟာ ပညာနဲ့ယုံကြည်တာရှိတယ်၊ ပညာမဲ့ယုံကြည်တာရှိတယ်။ အဲဒီတော့ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ သဒ္ဓါဆိုတာ ပညာနဲ့ အထိန်းပါတဲ့ အသိဉာဏ်နဲ့ ယုံကြည်တဲ့ သဒ္ဓါလို့ ဒီလိုယူမယ်ဆိုရင် သဒ္ဓါ “ယုံတာတွေဟာ သဒ္ဓါတော့ သဒ္ဓါပဲ၊ သို့သော် ပညာမဲ့သွားရင် လမ်းချော်သွားနိုင်တယ်” လို့ ဒီလိုမှတ်ရမယ်နော်။

သတိ

နောက်တစ်ခုက သတိတဲ့၊ လူတိုင်းလူတိုင်း ပြောနေတာ ‘သတိထား’ လို့၊ သတိဆိုတာ လူတွေရဲ့ စိတ်ထဲမှာ ဖြစ်တာ၊ အဘိဓမ္မာတရားတော်အရ သတိဆိုတာ သောဘဏလို့ခေါ်ထားတဲ့ အခါကျတော့ ကောင်းတာတွေကို အမှတ်ရတာကိုမှ ‘သတိ’ လို့ ပြောရမယ်၊ အရပ်ထဲမှာ ပြောနေကြတဲ့ သတိတွေဟာ တစ်ချို့က ဒီသတိ မဟုတ်ဘူးလို့ ပြောရမယ်။

ခိုးဝှက်မယ့် သူကလည်းပဲ သူလည်း သတိရှိနေတာပဲလေ၊ ဘယ်အချိန် ဘယ်နား ဘာထားတယ်ဆိုတာ သူ သတိထားရတာပဲ၊ သူလည်း သတိရှိတာပဲ၊ အဲဒီ သတိမျိုး သုတ္တန်မှာတော့ မိစ္ဆာသတိ လို့ ခေါ်တယ်၊ မိစ္ဆာသတိဆိုတာ ဒီသတိစေတသိက်ကို ပြောတာ မဟုတ်ပါဘူး၊ ဒီသတိက အကောင်းဘက်မှာသာ သုံးတဲ့ စကားလုံးပါလို့ မှတ်ရမယ်နော်။

လူ့ဝေါဟာရအရ အသုံးအနှုန်း define လုပ်ထားတယ်၊ ကန့်သတ်ချက်ရှိရမယ်၊ ဘယ်ဘာသာ စကားပဲဖြစ်ဖြစ် ဒါ အတူတူပဲ၊ ပါဠိမှ မဟုတ်ဘူး၊ မြန်မာစကားမှာလည်း အကန့်အသတ်ရှိတာပဲလေ၊ သေချာ စဉ်းစားကြည့်ရင် မြန်မာစကားမှာလည်းပဲ ပြောတဲ့အတိုင်း အကုန်ယူရတာမှ မဟုတ်ဘဲ၊ ဒီနေရာ ဒါသုံးတယ်ဆိုတာ မှတ်ထားရမယ်၊ ဒိပြင်နေရာ သုံးလို့ ဖြစ်နိုင်တာမှ မဟုတ်ဘဲနော်၊ ဒီမှာလည်း သတိဆိုတာ အကောင်းဘက်ပဲ ယူတယ်။

သတိထားမှုနှင့် မှတ်မိမှု

သတိဟာ ၂-မျိုးလို့ မှတ်ရမယ်၊ သူ့ရဲ့ အသွင်အပြင် လက္ခဏာဆောင်ရွက်မှု ၂-မျိုးရှိတယ်၊ တစ်ခုက ဘာတုံး ဆိုရင် အာရုံပေါ် စိတ်စိုက်နေမှု၊ နောက်တစ်ခုက အမှတ်ရမှု၊ မှတ်မိမှု။

‘ဟို လွန်ခဲ့တဲ့ အကြောင်းအရာတွေကို မှတ်မိတယ်’၊ အဲဒါ သတိရဲ့ စွမ်းဆောင်ချက် တစ်ခုပဲ၊ ‘အခု လောလောဆယ် ဘာလုပ်နေတယ်ဆိုတာ သတိထားနေတယ်’၊ ဟော သတိထားနေတယ်ဆိုတာ တစ်ခု၊ အမှတ်ရနေတယ်ဆိုတာ တစ်ခု၊ အဲဒီ ၂-ခုစလုံးဟာ သတိနဲ့ဆိုင်တဲ့ အရာတွေချည်းပဲ လို့ မှတ်ရမယ်။

ဒါကြောင့်မို့ အင်္ဂလိပ်လို ပြန်တဲ့အခါကျတော့ mind ful lness လို့ပြန်တယ်၊ mind ful lness ဆိုတာ အခုလောလောဆယ် လုပ်နေတဲ့ ကိစ္စနဲ့သာ ဆိုင်တာ၊ မနှစ်က ကိစ္စမှတ်မိတာ၊ mind ful ness မဟုတ်ဘူး၊ အဲဒါကျတော့ မှတ်မိတာ၊ rememberance လို့ ဖြစ်ရမယ်ပေါ့၊ စာပေမှာ သတိကို ဒီလို ၂-မျိုးခွဲထားတာကို သတိထားဖို့ လိုတယ်၊ သတိဆိုတာ ယခုလုပ်နေတဲ့ ကိစ္စတွေအပေါ် စိတ်စိုက်နေတာ၊ သတိထားနေတာ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပြောခဲ့တာတွေ၊ လုပ်ခဲ့တာတွေကို အမှတ်ရတာတဲ့၊ ဟော နှစ်ခု ဟောထားတယ်။

ဒါကြောင့်မို့ သတိဆိုတာ တချို့က ငယ်ငယ်လေးထဲက မှတ်မိတယ်၊ ကိုယ်ဟာကိုယ် ပြန်ပြီးတော့ အဖြေထုတ်ကြည့် လူ့ဘဝ ရောက်လာတဲ့အခါကစပြီး ကိုယ့်ဘဝကိုယ် အောက်မေ့ကြည့်၊ ဘယ်အရွယ်ကဟာကို မှတ်မိသလဲ၊ ဘယ်အရွယ်က စပြီးတော့ ကိုယ်အသိတရား ဝင်လာသလဲ၊ မှတ်မိတဲ့စိတ် ဝင်လာသလဲဆိုတာ သတိထားမိလား။

ဘုန်းကြီးတော့ မှတ်မှတ်ရရ ၅-နှစ်အရွယ်လောက်မှ မှတ်မိတယ်၊ အရှေ့ပိုင်းကဟာတွေ တယ် မမှတ်မိတော့ဘူး၊ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်နေတဲ့အခါ ကျွဲညီနောင်ဆိုတဲ့ လေယျဉ်ပျံကြီး နှစ်စင်းဟာ ‘ဒက် ဒက် ဒက် ဒက်’ နဲ့ လျှောက်ပြီးတော့ စက်သေနတ်တွေနဲ့ ရမ်းတာ မှတ်မိတယ်၊ အဲဒီအချိန် ပြန်တွက်မယ်ဆိုရင်တော့ ၄-နှစ်၊ ၅-နှစ်သားပဲ ရှိသေးတယ်နော်၊ တောထဲမှာ ပုန်းရတာတွေ မှတ်မိတယ်၊ ဒါက မှတ်မိတာလေးတွေ ပြန်ပြီးတော့ ပြောတာနော်။

အဋ္ဌာကထာထဲမှာ မှတ်တမ်းတင်ထားတဲ့ ဆရာတော်ကြီး တစ်ပါးကန်တော့ ‘သူက ဖွားပြီးတဲ့နောက်မှာ ၉-ရက်သား အရွယ်မှာ သူ့မိခင်က ကုန်ပြီး နမ်းလိုက်တဲ့အခါ ဆံထုံးနဲ့ ပန်းကုံးကြီး သူ့ရင်ဘက်ပေါ် ပြုတ်ကျတာ မှတ်မိတယ်’ တဲ့၊ အဲဒီလောက်က စပြီးတော့ သူ မှတ်မိတယ်တဲ့။

ကဲ ကိုယ့်ဘာသာကိုယ် ကိုယ့်ဘဝ ဘယ်အချိန်က မှတ်မိလဲဆိုတာလေးတွေကို ရှာကြည့်လိုက်မယ်ဆိုရင် တစ်ယောက်နှင့်တစ်ယောက် တူကြမယ် မထင်ဘူးနော်၊ အဲဒီတော့ သတိစွမ်းအားချင်းဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။

သတိနှင့် သညာ

အဲဒီသတိက သညာနဲ့ တွဲထားတာ၊ “ထိရသညပဒဋ္ဌာနာ” ခိုင်မြဲတဲ့သညာက သတိကို စွမ်းအားထက်စေတယ်၊ ဒါကြောင့် သညာနဲ့တွဲရတယ်၊ သတိဆိုတာ ကောင်းတဲ့ဘက်မှာ အသုံးပြုရတယ်၊ သတိဆိုတာ အရေးပါတဲ့အရာ ဖြစ်သည့်အတွက်ကြောင့် မဂ္ဂင် ၈-ပါး ထဲမှာလည်း သတိပါတယ်၊ ဗောဇ္ဈင် ၇-ပါးထဲမှာလည်း သတိပါတယ်၊ သတိဆိုတာ အမြဲတမ်း လိုအပ်တယ်တဲ့၊ သတိမလိုအပ်တဲ့ အခါရယ်လို့ မရှိဘူး၊ ပညာဖြစ်ဖို့ ဆိုတာ သတိမပါရင် လုံးဝမဖြစ်နိုင်ဘူး။

သို့သော် သတိရဲ့စွမ်းဆောင်ချက်သည် အာရုံပေါ်မှာ စိတ်စိုက်ထားရုံမျှသာ ဖြစ်တယ်၊ သတိက သိနိုင်စွမ်းတော့ မရှိဘူး၊ သိတာက ပညာပဲ၊ ပူးပေါင်းပြီး အလုပ် လုပ်တဲ့ သဘောပေါ့၊ မျက်စိက ကြည့်ပေးတယ်၊ ခြေထောက်က လမ်းလျှောက်တယ် ဆိုတာလိုပဲ၊ စာအုပ်တစ်အုပ် ဖတ်တော့မယ်ဆိုရင် လက်က စာအုပ်ကို ဖွင့်ပေးတယ်၊ မျက်စိက စာအုပ်မှ မဖွင့်နိုင်ဘဲ၊ သူက ကြည့်ရုံ ကြည့်နိုင်တာ၊ မျက်စိနဲ့ လက်နဲ့ ပေါင်းပြီးတော့ စာအုပ်ဖတ်လို့ ရတာပေါ့၊ အဲဒီသဘောပဲ။

သတိနှင့် ပညာ

သတိနဲ့ပညာ ပေါင်းပြီးတော့ သတိက မှတ်ချက်ကလေး တွေ ပေးတာကို ပညာက သိရတာ၊ သတိက မှတ်မပေးလို့ ရှိရင် ပညာက မသိနိုင်ဘူး၊ ဒီလိုပဲ ပူးပေါင်း ဆောင်ရွက်မှုသဘောလေး၊ သတိဟာ အရေးပါတဲ့ သဘာဝတရားတစ်ခု ဖြစ်တယ်၊ သူက တိုးတက် ကြီးထွားလာအောင် လုပ်လို့ရတယ်၊ သူ တိုးတက် ကြီးထွားလာလေလေ အကုသိုလ်တရားတွေ နည်းလေလေပေါ့၊ သူ့ကို တိုးတက်ကြီးထွားအောင် လုပ်တဲ့နည်းတွေ မြတ်စွာဘုရားက မဟာသတိပဋ္ဌာန်သုတ် ဟောထားတယ်လေ၊ ကာယ ဆိုတဲ့ အာရုံပေါ်မှာ၊ ဝေဒါနာဆိုတဲ့ အတွေ့အကြုံပေါ်မှာ၊ စိတ္တလို့ဆိုတဲ့ စိတ်သဘော တွေပေါ်မှာ၊ ဓမ္မလို့ဆိုတဲ့ ကျန်တဲ့ အနေအထားတွေပေါ်မှာ သတိကို မွေးမြူ လေ့ကျင့်ပေးရမယ်၊ သတိကို တည်ဆောက်ပြီးတော့ ပေးရမယ်။

‘စားရင် စားတယ်လို့ မှတ်၊ သွားရင် သွားတယ်လို့မှတ်’ ဆိုတာ သတိကို မွေးမြူနေတာ၊ လေ့ကျင့်ပေးနေတာ၊ အလကား မှတ်ခိုင်းတာ မဟုတ်ဘူးနော်၊ ဘုန်းကြီးတို့တစ်တွေ ဘယ်လောက်ထd သတိ ကင်းနေသလဲဆိုတာ စဉ်းစားကြည့်၊ တစ်ယောက်တည်း ကိုယ့်ဘာသာကိုယ် ထိုင်နေလို့ရှိရင် စိတ်က ငါ ထိုင်နေတာပါလားလို့ မသိဘူး၊ တခြား တွေးနေတာပဲလေ၊ စိတ်က ဟိုးအတိတ်ရောက်ချင် ရောက်နေတယ်၊ နောက်တစ်ရက် အတွက် ရောက်ချင်ရောက်နေမယ်၊ ကိုယ့်ကိုယ်ကို ဘာလုပ်နေတယ်ဆိုတာ စိတ်စိုက်မိတာ အင်မတန် ရှားတယ်။

ဒါကြောင့်မို့ ရိပ်သာတွေမှာ သတိပဋ္ဌာန်ကျင့်စဉ်ကို ပြတဲ့ အခါမှာ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေ အားလုံးကို မှတ်မိအောင် ကြိုးစားပါ၊ ‘မှတ်ပါ မှတ်ပါ’ ဆိုတာ သတိ မွေးမြူတာပဲ၊ လုံလောက်တဲ့ သတိတစ်ခု ရလာလို့ရှိရင် သတိ အခြေခံနဲ့ နောက်က ပညာဉာဏ် လိုက်လာတယ်နော်၊ ဒါကြောင့်မို့ သတိဟာ အင်မတန် အရေးပါတဲ့ စိတ်ဖြူစင်မှုအတွက် အရေးပါတဲ့ အင်အားစုထဲမှာ အရေးပါဆုံး အရာတစ်ခုလို့ မှတ်ရမယ်၊ ဘုရားက “သတိံစ ခွါဟံ သဗ္ဗတ္ထိကံ ဝဒါမိ” သဗ္ဗတ္ထိက - အချိန်မရွေး လိုအပ်တာတော့ သတိပဲ၊ ခုန သဒ္ဓါဆိုတာ အချိန်မရွေး လိုအပ်တာ မဟုတ်ဘူး၊ သတိက အချိန်မရွေး လိုအပ်တယ်။

ဟိရီ ဩတ္တပ္ပ

နောက်တစ်ခုက ဟိရီ ဩတ္တပ္ပ၊ ‘ဟိရီ’ ဆိုတာ ရှက်တာ၊ စက်ဆုပ်တာ၊ ‘ဩတ္တပ္ပ’ ဆိုတာ ကြောက်လန့်တာ၊ ရှက်တယ် စက်ဆုပ်တယ် ဆိုတာ ဘာကို ပြောတာတုန်းဆိုရင် မဟုတ်တာ လုပ်ရမှာကို ရှက်တယ်၊ လိမ်ပြောရမှာကို ရှက်တယ်၊ မကောင်းတာ လုပ်ရမှာကို ရှက်တယ်၊ လူ ရှိရှိ, မရှိရှိ ရှက်တဲ့လူက ရှက်တာပဲ၊ ဟိရီ ဆိုတာ ကိုယ့်ကိုယ်ကို ရှက်တာ၊ ကိုယ့်သိက္ခာကို လုံအောင် ထိန်းတယ်၊ မဟုတ်တာ လုပ်ရမှာ သိပ်ရှက်တယ်၊ မတော်တဆ လိမ်မိပြီးရင် ‘ဩော်- ငါ လိမ်ထားတာပါလား’ လို့ ရှက်လို့ မဆုံးဘူး၊ ဟိရီ မရှိတဲ့ပုဂ္ဂိုလ်ကန်တော့ ရှက်ကို မရှက်ဘူးလေ၊ မျက်နှာပြောင် တိုက်တယ်၊ အဲဒါကျတော့ အဟိရီက လို့ ခေါ်တယ်။

ဒါကြောင့် ဟိရီဆိုတာ ရှက်တာ၊ ရှယ်တယ်ဆိုတာ ကိုယ့်ကိုယ်ရဲ့ ဂုဏ်သိက္ခာကို ထိန်းတာလို့ ပြောတာနော်၊ ငါလို လူက မဟုတ်တာ မလုပ်ဘူးဆိုပြီး ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ထိန်းတယ်၊ ကိုယ့်အရည်သွေးကို ကိုယ် အားကိုးတယ်။

ဩတ္တပ္ပ ဆိုတာ မကောင်းတာလုပ်ဖို့ ဟာအတွက် လန့်တယ်၊ ကြောက်တယ်၊ သူ့ကျတော့ ဘာကို တွေးပြီး စိတ်ထိန်းတာတုန်းဆိုတော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က သိမှာ သူကြောက်တယ်၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ရှေ့မှာ မျက်နှာမပြရဲမှာ ကြောက်တယ်၊ “ငါ ဒါတွေ လုပ်လို့ရှိရင် ငါ့အမေ ထိခိုက်မယ်၊ အဖေကို ထိခိုက်တယ်၊ ငါ့အမျိုး တွေ ထိခိုက်မယ်၊ ငါ့အမျိုးတွေ ထိခိုက်မယ်” လို့တွေးတယ်၊ သူက ဒီလို စဉ်းစားတာ။

ဟိရီ ကန်တော့ ဒီလို မဟုတ်ဘူး၊ “အို ငါ့အရည်အချင်းတွေ ထိခိုက်လိမ့်မယ်၊ငါလို လူတော်လူကောင်းတစ်ယောက် ဖြစ်ရဲ့သားနဲ့ အကုသိုလ်တွေလုပ်ရင် ငါ့ဂုဏ်ကို ထိခိုက်လိမ့်မယ်” လို့ တွေးတယ်၊ ဩတ္တပ္ပကန်တော့ “ငါ့ပတ်ဝန်းကျင် ထိခိုက်လိမ့်မယ်” အတွေးချင်းကွာတယ်၊ အကုသိုလ်က ရှောင်တာချင်းကျတော့ အတူတူပဲ။ ဟိရီနဲ့ ဩတ္တပ္ပ သိပ်အရေးကြီးတယ်။

လောကပါလတရား

မြတ်စွာဘုရားက လောကပါလတရား လို့ ဒီတရား ၂-ပါးကို ဟောတယ်၊ ဟိရီဩတ္တပ္ပက လူ့လောကကြီးကို ထိန်းသိမ်းစောင့်ရှောက် ပေးထားတာတဲ့၊ လူ့လောကမှာ ဟိရီ, ဩတ္တပ္ပ မရှိတော့ဘူးဆိုရင် လူ့လောကကြီးဟာ တိရစ္ဆာန်လောကကြီးနဲ့ ရောထွေးသွားမယ်တဲ့၊ လူတွေက တိရစ္ဆာန်ထက် အဆင့်အတန်း မြင့်နေတာ ဟိရီ ဩတ္တပ္ပကြောင့်လို့ ပြောတာ၊

လူတွေဟာ နေရာတိုင်းမှာ အဆင့်မြင်တယ်ချည်း မထင်နဲ့နော်၊ ငါးနဲ့ ရေပြိုင်ကူးရင် ဘယ်သူ ရှုံးမယ်ထင်တုန်း၊ လူတွေ ရှုံးတယ်၊ ငှက်နဲ့ကောင်းကင်ပျံ ပြိုင်မယ်ဆိုရင် လူ နိုင်ပါ့မလား၊ လူတွေ အများကြီးရှုံးတယ်၊ ဆင်တွေနဲ့ ပြိုင်ပြီးတော့ အားစမ်းကြမယ်ဆိုရင် ဘယ်သူရှုံးမလဲ၊ လူပဲ ရှုံးမှာပဲ၊ ဆင်လောက်လည်း အားမကောင်းဘူးနော်၊ တိရစ္ဆာန်တွေလောက်လည်း အပြေးမသန်ဘူး၊ ငါးတွေလောက်လည်း ရေမကူးနိုင်ဘူး၊ ဘယ်သူပြိုင်ကူးနိုင်မလဲ၊ လူချင်းသာ ပြိုင်လို့ ရတာ။

အခြား စွမ်းရည်သတ္တိတွေ ကြည့်လိုက်မယ် ဆိုလို့ရှိရင် လူရဲ့ အမြင်ကလည်း လင်းယုန်ငှက်ရဲ့ မျက်လုံးလောက် မစူးရှဘူး၊ လင်းယုန်ဆိုတာ ဟိုအမြင့်ကြီးက ကြည့်လို့ရှိရင် မြက်ကလေးတွေကြား မှာ မြွေသွားနေတာတို့ ကြွက်ကလေးတွေ သွားနေတာတို့ မြင်ရတယ်၊ သူ့မျက်လုံးက လူ့မျက်လုံးထက် သာတယ်၊ အဲဒီတော့ ဒီပြင် အတိုင်းအတာတွေအရဆိုရင် သူက ပိုသာတယ်၊ အနံ့ခံဆိုရင် လူရဲ့နှာခေါင်းက ပုရွက်ဆိတ် နှာခေါင်းလောက်တောင် အဆင်မပြေဘူးနော်၊ သူတို့ အကုန်သိတယ်၊ ဘာပဲ ထားထားရောက်လာပြီ။ အဲဒီတော့ စွမ်းရည် သတ္တိချင်း ပြိုင်ကြမယ်ဟေ့ သာမန်သတ္တိ ပြိုင်မယ်ဆိုရင် လူက တိရစ္ဆာန်တွေကို ရှုံးနေတာ အများကြီးပဲ၊ စဉ်းစားကြည့်။

အဲဒီတော့ လူက သူတို့ထက် သာတာတစ်ခုက ဘာတုံးဆိုလို့ရှိရင် အသိဉာဏ်ပဲ၊ အသိဉာဏ် ရှိသည့်အတွက်ကြောင့် တိရစ္ဆာန်တွေ အားလုံးအပေါ်မှာ လွှမ်းတက်သွာတယ်၊ လောကီလိုပြောရင်တော့ brain ပေါ့၊ ဥဏှောက်သာတာ၊ အဲဒီထက် နောက်တစ်ခု တော်တာက အဲဒီ ဟိရီ,ဩတ္တပ္ပ၊ ဟိရီ,ဩတ္တပ္ပရှိသည့် အတွက်ကြောင့် လူဟာ ဂုဏ်သိက္ခာ အပြည့်ရှိတယ်၊ ဟိရီ,ဩတ္တပ္ပ မရှိရင် ဂုဏ်သိက္ခာမဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်သွားမယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက ‘လောကပါလ္လ လူ့လောကကြီးကို ထိန်းသိမ်း စောင့်ရှောက်နေတဲ့ တရားတဲ့၊ နောက်ပြီးတော့ ‘သုက္ကမ္မ’ - လူတွေရဲ့ ဖြူစင်တဲ့ ကောင်းကျိုးချမ်းသာတွေ ရနေဖို့ အတွက်ဖြူစင်စေတဲ့ တရားလို့လည်း ဟောတယ်၊ နောက်တစ်ခုက ‘ဒေဝဓမ္မ’ တရားလို့လည်း ဟောတယ်။

ဒေဝဓမ္မ

ဒေဝဓမ္မဆိုတာ နတ်တွေက တန်ဖိုးထားတဲ့ တရား၊ နတ်လို့ဆိုတဲ့နေရာမှာ ဒေဝ ၃-မျိုးရှိတယ်၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ မင်းမျိုးတွေကို သမ္မုတိဒေဝ၊ သူတို့လည်း ဟိရီ, ဩတ္တပ္ပတရားရှိတယ်၊ တိုင်းပြည်အုပ်ချုပ်တဲ့သူက ဟိရီ,ဩတ္တပ္ပမရှိလို့ မရဘူးနော်၊ နောက်တစ်ခါ ဥပပတ္တိဒေဝတဲ့၊ တကယ့်ကို နတ်ဘဝရောက်သွားတဲ့ နတ်တွေကလည်း ဒီ ဟိရီ, ဩတ္တပ္ပ ရှိတယ်၊ နောက် ဝိသုဒ္ဓိဒေဝ ဆိုတဲ့ ရဟန္တာပုဂ္ဂိုလ်တွေ။ စင်ကြယ်သွားတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီပုဂ္ဂိုလ်တွေကလည်း ဟိရီ, ဩတ္တပ္ပကို တန်ဖိုးထားတာပဲ။

ဒေဝဓမ္မဇာတ်

ငါ့ရာငါးဆယ်ဇာတ်ထဲမှာ ဒေဝဓမ္မဇာတ်ဆိုတာ ရှိတယ်၊ ဟိရီ, ဩတ္တပ္ပကို ‘ဒေဝဓမ္မ’ - နတ်တို့ တန်ဖိုးထားတဲ့တရားလို့ ဒီလိုနာမည်ပေးတယ်၊ အဲဒီ ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားစရာကောင်းတယ်၊ ဘုရားအလောင်းက အဲဒီတုန်းက မဟိသာသကုမာရ လို့ခေါ်တယ်၊ သူ့ရဲ့ ညီငယ် ၂-ယောက်မှာ တစ်ယောက်က စန္ဒကုမာရ, တစ်ယောက်က သူရိယကုမာရဆိုပြီး ညီအစ်ကို ၃-ယောက်၊ အကြောင်းတစ်ခုကြောင့် တောထဲ ရောက်သွားကြတယ်၊

တောထဲရောက်တဲ့ အခါကျတော့ မောမော ပန်းပန်းနဲ့ ရေသောက်ချင်တာ တောထဲ အိုင်တွေမှာ ရေရှာခိုင်းတာပေါ့၊ အငယ်ဆုံး သူရိယကုမာရကို လွှတ်လိုက်တယ်၊ “ကဲ သွား၊ မင်းလည်းရေသောက်၊ တို့အတွက်လည်း ရေခပ်ခဲ့” ဆိုပြီးတော့ ရေသွားရှာခိုင်းတာ။

တောထဲဆိုတာက အလွန် အန္တရာယ်များတာ၊ ရေကန်ကြီးတခု တွေ့တယ်၊ အိုရေတွေက ကြည်စိမ်းနေတာပဲ၊ သူရိယကုမာရဆိုတာ လူကလည်း ခပ်ငယ်ငယ်၊ ဆင်ခြင်ဉာဏ်ကလည်း သိပ်မရှိဘူး၊ ရေမြင်လိုက်တာနဲ့ မောမောပန်းပန်း အိုက်တာနဲ့ ရေကန်ထဲကို ဆင်းဖို့ကြိုးစားတာ၊

ရေကန်ထဲလည်း ဆင်းလိုက်ရော လက်မည်းကြီးနဲ့ ဖမ်းဆွဲထားလိုက်တာ၊ ဘီလူးလက်ထဲ ရောက်သွားတာ၊ အဲဒီရေကန်ကြီးက ရက္ခသ စောင့်ရှောက်တဲ့ ရေကန်ကြီး ဖြစ်တယ်၊ ဗမာတွေက ရက္ခိုသ်လို့ခေါ်တယ်၊ ရက္ခိုသ်ရဲ့ အဓိပ္ပါယ်က ရိက္ခတွာ အသတိ စောင့်ပြီး စားတာ၊ ဒီနေရှာမှာ ဘီလူးက စောင့်နေတာ၊ စောင့်နေပြီး ဒီထဲဝင်လာရင်တော့ ဖမ်းစားတာ၊ ပင့်ကူလိုပဲ ဘီလူးက အဲဒီမင်းသားလေးကို ဖမ်းထားလိုက်ရော၊ သူ့ရေကန်ထဲ ဆင်းတဲ့လူကို သူက ဖမ်းခွင့်ရှိတယ်။

ဖမ်းပြီးတော့ သူစားနိုင်ခွင့်က ဘာတုန်းဆိုရင် သူ့မေးခွန်းကို ဖြေရမယ်၊ သူက ဘာမေးတုန်းဆိုတော့ “မင်း ဒေဝဓမ္မဆိုတာ သိလား” ဆိုတဲ့ မေးခွန်းကို မေးတာ၊ ဒေဝဓမ္မဆိုတာ ဘာလဲ၊ နတ်တွေ တန်ဖိုးထားတဲ့ တရားဆိုတာ ဘာလဲလို့ မေးတာ၊ မေးတော့ ဘာမှ မသိဘူး၊ ကြောက်ကြောက်လန့်လန့်နဲ့ ဖြေတာပေါ့၊ ဒေဝဓမ္မ ဆိုတာ “နေ,လ ခေါ်တာပါ” လို့ဆိုတော့ “ဟာ ဒီကောင်မသိဘူး၊ ဖြီးတယ်” ဆိုပြီတော့ လှောင့်ချိုင့်ထဲ ထည့်ထားလိုက်တယ်။

အဲဒီလိုနဲ့ သူရိယကုမာရ ပြန်ရောက်မလာတဲ့အခါ တစ်စုံတစ်ခုဖြစ်နေပြီလား မသိဘူး၊ မင်း ညီငယ်နောက် လိုက်သွား ဆိုတော့ စန္ဒကုမာရ လိုက်လာပြန်ရော၊ လိုက်လာတော့ သူကလည်း မောမောပန်းပန်းနဲ့ ရေဆာလှပြီ၊ သူကလည်းပဲ ဆင်ခြင်ဉာဏ် သိပ်မရှိဘူး၊ ရေ အရင်ချိုးလိုက်ဦးမယ် ဆိုပြီးတော့ ရေချိုးဖို့ ရေကန်ထဲ အဆင်းမှာ ခုနက လက်မည်းကြီးနဲ့ ဖမ်းထားလိုက်ပြန်ရော၊

သူ့ကို ဖမ်ထားပြီး ခုနက မေးခွန်းမေးတာပဲ “မင်း ဒေဝဓမ္မဆိုတာ သိလား” ဆိုတော့ “ဒေဝဓမ္မဆိုတာ အရပ်လေးမျက်နှာကို ပြောတာပါ” လို့ ရမ်းဖြေတာ၊ ညီငယ် နှစ်ယောက်စလုံးဟာ အဖြေ မမှန်ဘူး၊ မမှန်တော့ ဖမ်းထားတာ ခံလိုက်ကြရတယ်။

အဲဒီကျတော့ ဘုရားအလောင်း ကိုယ်တိုင် လိုက်လာတယ်၊ ဘုရားအလောင်းဆိုတာ စဉ်းစားဉာဏ် အလွန်ရှိတာနော်၊ စဉ်းစားတဲ့ အလေ့အထဆိုတာ လုပ်ပေးရတယ်၊ ဉာဏ်ရည် ဉာဏ်သွေး ဆိုတာ စဉ်းစားမှထက်တာ၊ ဓားဆိုတာ သူ့ဟာသူ ထက်တာလား၊ သွေးလို့ထက်တာလား၊ အေး ဉာဏ်ကလည်း သွေးပေးရင် ထက်တယ်နော်၊ မသွေးဘဲနဲ့ ပျင်းနေရင် ဘယ်တော့မှ မထက်တော့ဘူး၊ အဲဒီဉာဏ်ကို ဘုရားအလောင်းက သွေးနေလို့ ထက်တာ။

ဘုရားအလောင်းတွေဆိုတာ အမြဲတမ်း စဉ်းစားဉာဏ်ရှိတယ်၊ လိုက်လာပြီး ရေကန်မြင်တဲ့အခါ စဉ်းစားတယ်၊ ငါ့ညီ ၂-ယောက်လည်း ဒီလမ်းက သွားတာပဲ၊ လှည့်ပြီး အကဲခတ်တယ်၊ ခြေရာကို ဂရုစိုက်ကြည့်တယ်၊ ဘယ်ခြေရာပဲဖြစ်ဖြစ် ဒီကန်ဘက်ကိုသွားတဲ့ ခြေရာက အဆင်းခြေရာပဲ ရှိတယ်၊ အတက်ခြေရာ မရှိဘူးဆိုတာ သူ သတိထားမယ်တယ်။

ကြည့်၊ ဒါ စဉ်းစားဉာဏ်လို့ ခေါ်တယ်နော်၊ အရာခပ်သိမ်းမှာ စဉ်းစားတက်တယ်၊ တွေးခေါ်တက်တယ်၊ ကြည့်စမ်း၊ ခြေရာတွေ အကုန်လုံး အဆင်းခြေရာချည့်ပဲ၊ ပြန်တက်တဲ့ ခြေရာမရှိဘူး၊ ဧကန်တော့ ဒါဘီလူးစောင့်တဲ့ ရေကန်ဖြစ်မယ်၊ ဆင်းရင်တော့ လူဆင်းဆင်း၊ နွားဆင်းဆင်း ဘာကောင် ဆင်းဆင်း၊ အစားခံရမှာပဲ၊ ဘီလူးက သူ့ရေကန်ထဲ ဆင်းသမျှအကုန် ဖမ်းတာနော်။

အဲဒီတော့ ငါ့ညီငယ် ၂-ယောက်လည်း ဒီကောင်ဖမ်းတာဖြစ်မယ်ပေါ့၊ စဉ်းစားတယ်၊ မဆင်းဘူး၊ လှည့်ပတ်ပြီး ကြည့်တယ်၊ အကဲခတ်တယ်၊ ဒါပေမယ့် လက်ထဲမှာတော့ ဓားကိုမြဲမြဲ ဆုပ်ထားတယ်၊ အဲဒီလိုကြည့်ပြီး မဆင်းတော့ ဘီလူးက ဘာမှလုပ်လို့ မရဘူး၊ လုပ်မရတော့ သူက လာပြီးတော့ စည်းရုံးတာ၊ နောက်ကနေ ခြေသံပေးတယ်၊ လှည့်ကြည့်တော့ လူတစ်ယောက် အသွင်ဆောင်တယ်၊

ဟာ ခင်ဗျား ခရီးသွားနဲ့တူတယ်၊ ချွေးတွေ သံတွေနဲ့ပါလား၊ ဒီမယ်ဗျာ ရေကန်ကြီးက ရေတွေ အေးစိမ့်လို့ပဲ ချိုးပါလား၊ သူက ဆွဲဆောင်တယ်၊ သိပ်အေးတာပဲ၊ ရေကလည်း ရေချိုဗျ၊ ချိုးပါလား သောက်ပါလား ဆိုတော့ ဘုရားလောင်းက ပြောတဲ့အကောင်ကို ကြည့်တယ်၊ ဘီလူး ဆိုတဲ့ကောင်က နဖူးမောက်သတဲ့၊ နှာရောင်က နည်းနည်းကောက်သတဲ့၊ ဖနောင့်ကြည့်တော့ တိုတိုလေးတဲ့၊ အဲဒါကို အကဲခတ်တာ။

လူမြင်ရင်လည်း အကဲခတ်မိပါစေနော်၊ ဒီလူရဲ့ အင်္ဂါလက္ခဏာကို အကဲခတ်တယ်၊ ဒီကောင်တော့ ဒီရေကန်စောင့်တဲ့ ဘီလူး ဖြစ်လောက်တယ်ဆိုပြီး ဓားကိုဆွဲထုတ်ပြီး “မင်း ဒီထဲစောင့်တဲ့ ဘီလူးမဟုတ်လား” လို့ မေးတော့ ဟိုက မလိမ်ရဲဘူး၊ “ဟုတ်ပါတယ်”၊ “ငါ့ညီနှစ်ယောက် မင်း ဖမ်းထားတာ မဟုတ်လား” လို့ ဆိုတော့ “ဟုတ်ပါတယ်”၊ “ဒါဖြင့် ဆင်းတဲ့လူတိုင်းမင်းစားနိုင်သလား”လို့ ဆိုတော့ “မဟုတ်ဘူးတဲ့၊ သူ့ကို ဝေဿဝဏ်နတ်မင်းကြီးက အပိုင်စား ပေးထားတာ၊ ဆင်းတဲ့လူတိုင်းကိုတော့ မစားရဘူး၊

ဒေဝဒမ္မတရားကို မသိတဲ့သူကိုမှ စားခွင့်ပေးထားတာ”၊ “ဒါဖြင့် မင်းက ဒေဝဓမ္မဆိုတဲ့ တရားအဖြေကို သိချင်တယ်ပေါ့” လို့ဆိုတော့ သိချင်တယ်၊ မင်း ငါ ဟောပေးမယ်ပေါ့၊ ငါ ဟောမယ်၊ ငါအဖြေသိတယ်လို့ ပြောတော့ ကောင်းပြီ၊ အဲဒါကို သိပ်သိချင်တော့ ဟောမယ်ဆိုရင် ဟောပါဆိုတော့ “ဒီအတိုင်းတော့ မဟောနိုင်ဘူး၊ ငါ့မှာ ချွေးတွေနဲ့ ငါအရင် ရေချိုးရဦးမယ်”၊

ဘုရားလောင်းကလည်း အကျပ်ကိုင်တယ်၊ သူ ရေချိုးဖို့က အရေးကြီးတယ်လေ၊ ငါ ရေလည်း ဆာလှပြီ၊ အခု မဟောနိုင်သေးဘူး၊ ရေလည်း ချိုးချင်သေးတယ်ပေါ့၊ ဒီပုံနဲ့ ငါ မဟောနိုင်ဘူးဆိုတော့ ဟိုကရေတွေ ဘာတွေ လုပ်ပေးရတာပေါ့၊ တရားပလ္လင်တွေ ဘာတွေ ဆင်ပေးပြီးတော့မှ အဲဒီမှာ ဘုရားလောင်းက တရားဟောတယ်။

“ဟိရီ ဩတ္တပ္ပသမ္ပန္နာ၊ သုက္ကဓမ္မသမာဟိတာ။

သန္တော သပ္ပုရိသာ လောကေ၊ ဒေဝဓမ္မာတိ ဝုစ္စရေ။”

ဟိရီနဲ့ ဩတ္တပ္ပဆိုတာ ဒေဝဓမ္မပဲ၊ တခြားဟာကို ပြောတာ မဟုတ်ဘူး၊ သန္တော သပ္ပုရိသာ လောကေ၊ ဒေဝဓမ္မာတိ ဝုစ္စရေ ပညာရှိ သူတော်ကောင်တွေက ပြောကြတယ်၊ ဟောဒီ ဟိရီနဲ့ ဩတ္တပ္ပကို ဒေဝဓမ္မလို့ ခေါ်တာ၊ တခြားဟာ ခေါ်တာမဟုတ်ဘူးလို့ ဟောလိုက်တယ်။ အဲဒီမှာ ဘီလူးဟာ အဖြေမှန်ရပြီဆိုပြီးတော့ ဝမ်းသာသွားတယ်၊ တရားနာရတော့ သူ ဝမ်းသာတာပေါ့၊ ဝမ်းသာတော့ ဓမ္မပူဇာအနေနဲ့ ညီနှစ်ယောက်ထဲ တစ်ယောက်ပေးမယ်၊ လွှတ်ပေးမယ်၊ နှစ်ယောက်လုံးတော့ မပေးနိုင်ဘူး၊ ဘီလူးကလည်း စျေးဆစ်သေးတယ်နော်။

ဓမ္မပူဇာအနေနဲ့ ညီနှစ်ယောက်ထဲက တစ်ယောက်ကို ပေးမယ်၊ ဘယ်သူ့ကို ယူမတုန်းဆိုတော့ ဘုရားအလောင်းက စဉ်းစားတယ်၊ ဘုရားအလောင်းဆိုတာ ဘာလုပ်လုပ် မစဉ်းစားဘဲ ဘာမှ မလုပ်ဘူး၊ အဲဒီတော့ ညီနှစ်ယောက်ထဲက တစ်ယောက်က အရင်း၊ စန္ဒကုမာရက အမေတူ, အဖေတူ၊ သူရိယကုမာရ ဆိုတာ အဖေသာ တူတာ၊ အမေကွဲတယ်၊ အဖေတူ အမေကွဲ၊ ဒါကြောင့် သူက ဘယ်သူ့ ရွေးမလဲဆိုတော့ အဖေတူ အမေကွဲဖြစ်တဲ့ သူရိယကုမာရလေးကို ရွေးလိုက်တယ်။

“အငယ် ကောင်လေးကိုပေး၊ ဓမ္မပူဇာ အနေနဲ့” ဆိုတော့ ဘီလူးကြီက “ဟား ဟား ဟားဟား” နဲ့ ရယ်ပြီး “ခင်ဗျား ဒေဝဓမ္မတော့ သိတယ်၊ ဒါပေမယ့် ခင်ဗျား မလိုက်နာဘူး၊ လောကကျင့်ဝတ်ကို ခင်ဗျား မလိုက်နာဘူး” တဲ့။ အဲဒီခေတ်က လောကကျင့်ဝတ်က ဘာတုံးဆိုရင် အကြီးကို ဦးစားပေးရတယ်၊ အငယ်ကို ဦးစားမပေးရဘူး၊ “ယေ ဝဎုာ မပစာယန္တိ၊ နရာဓမ္မဿ ကောဝိဒါ။” အကြီးကို ဦးစားပေးပါတဲ့၊ ထုံးတမ်းစဉ်လာရှိတယ်၊ အကြီးနဲ့ အငယ်မှာ ခင်ဗျားက အငယ်ကို ဦစားပေးတယ် ဆိုတော့ ခင်ဗျားက လောကကျင့်ထုံးကို မလိုက်နာဘူတဲ့၊ ဒေဝဓမ္မတော့ သိပါတယ်၊ ခင်ဗျား ဒီဘက်တော့ လိုတယ်ပေါ့။

အဲဒီကျတော့မှ ဘုရားအလောင်းက “ငါ သိတယ်၊ ငါ မလိုက်နာတာ မဟုတ်ဘူး၊ ငါတို့ တောထဲထွက်လာရတာ သူ့ကြောင့်မို့ ထွက်လာရတာ၊ သူ ပြဿနာကောင်၊ ဘာဖြစ်လို့တုန်းဆိုတော့ သူ့အမေက သူ့ကို ဘုရင်မြှောက်ဖို့ အတင်းပြောလို့ တို့အဖေကနေ မင်းတို့ တောထဲ ရှောင်နေကြဦးဆိုလို့ တို့တတွေ ထွက်လာခဲ့တာ၊ ဒီကောင်က ပြဿနာကောင်ဖြစ်လို့ တောထဲမှာ ဘီလူး စားသွားတယ်လို့ ငါတို့ပြောရင် ဘယ်သူကမှ ယုံမှာ မဟုတ်ဘူး၊ ဒီကောင်ကို ဖျောက်ခဲ့တာလို့ပဲ ထင်ကြမှာ၊

ဘာဖြစ်လို့တုန်းဆိုတော့ အဖေတူ အမေကွဲ ကောင်းလေးတွေ ခေါ်သွားပြီး သတ်ပစ်ခဲ့ကြပြီးတော့ ဘီလူးစားတယ်လို့ လိမ်ပြောတယ်လို့ ငါတို့ အဲဒီလို အစွပ်အစွဲခံရမှာ၊ ဒီပြဿာကို ဘယ်လိုမှ ဖြေရှင်းလို့ရမှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့ ငါ ဒေဝဓမ္မကို သိတယ်၊ ငါ မလိုက်နာလို့ မဟုတ်ဘူး၊ ဒီလို ပြဿနာရှိလို့ ငါ အငယ်ကောင်ကို ရွေးတာ” လို့ ဖြေတော့ ဘီလူးကြီးက သဘောကျပြီး ဒါဆိုရင် ဓမ္မပူဇာအနေနဲ့ နှစ်ယောက်လုံးပဲ ပေးပါတယ်ဆိုပြီး လွှတ်လိုက်တယ်။

ဟိရီ ဩတ္တပ္ပ သဘော

ဒါကြောင့် ဟိရီဆိုတာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ကြည့်ပြီးတော့ ကိုယ့်ရဲ့ အရွယ်ကို ကြည့်တယ်၊ ဟိရီဖြစ်ဖို့ အကြောင်းတွေကို စဉ်းစားရမယ်၊ ကိုယ့်ကိုယ်ကို စဉ်းစားပြီးတော့ ဟိရီဖြစ်နေတယ်၊ ဘယ်လို ဟိရီဖြစ်သလဲဆိုတော့ အော် ငါ့အရွယ်နဲ့ ဒါ မလုပ်ထိုက်ဘူး၊ ဟောဒါ စဉ်းစားတာ၊ ငါ့လို ဗဟုသုတ ရှိတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဒါမလုပ်သင့်ဘူး၊ ငါ့လို အမျိုးကောင်းသား အမျိုးကောင်းသမီး ဖြစ်လျက်နဲ့ အဲဒီလို မလုပ်ထုက်ဘူး၊ ငါ့လို စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်က ဒါ မလုပ်ထိုက်ဘူး ဆိုပြီးတော့ ကိုယ့်ရဲ့ အရည်အသွေး တစ်မျိုးမျိုးကို အာရုံပြုပြီး ဟိရီကို တိုးပွားစေရမယ်တဲ့၊ မကောင်းတာ မလုပ်ဖို့ ရှောင်ကြဉ်တဲ့ သဘောတရားတစ်ခုပဲ။

ဩတ္တပ္ပကျတော့ အဲဒီလို မဟုတ်ဘူး၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို စဉ်းစားတာ၊ ဒါကြောင့်မို့ ဟိရီက ‘အဇ္ဈတ္တသမုဋ္ဌာန’ ကိုယ့်ကိုယ်ကို လေးစားပြီး ဟိရိဩတ္တပ္ပကျတော့ ‘ဗဟိဒ္ဓသမုဋ္ဌာန’ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ကြည့်ပြီတော့ ဩတ္တပ္ပဖြစ်ရတယ်၊ နှစ်ခုလုံးကန်တော့ မကောင်းမှု မလုပ်တာချင်း အတူတူပဲ၊ သို့သော် စဉ်းစားပုံချင်း ကွာတယ်ပေါ့။

မစင်လူးနေတဲ့ သံပူတုံး

ကျမ်းဂန်တွေမှာ ဥပမာပေးထားတာရှိတယ်၊ သံတုံးကြီး တစ်ဖက်ကို ရဲနေအောင် မီးဖုတ်ထားတယ်၊ တစ်ဖက်ကတော့ မစင်အညစ်အကြေး လူးနေတယ်၊ အဲဒီ နှစ်ခုမှာ ဟိုဖက်က မီရဲရဲ ဖြစ်နေတယ်၊ ကိုင်ရင် လောင်မယ်၊ အခြားတစ်ဖက်ကို ကိုင်ရင် မစင်လူးမယ်၊ လောင်မယ်နဲ့ မစင်လူးမယ်ပေါ့၊ ဘယ်ဟာ ကိုင်မတုန်း၊ မစင်လူးမှာ ကြောက်တော့ ဟိုဖက်ကိုလည်း မကိုင်ဘူး၊ လောင်မှာ ကြောက်တော့ ဒီဖက်ကိုလည်း မကိုင်ဘူး၊ မကိုင်ဘဲနဲ့ ရှောင်ကြဉ်တာ၊

အဲဒီတော့ ဟိရီဆိုတာ မစင်လူးမှာ ကြောက်တာနဲ့ အတူတူပဲ၊ ဩတ္တပ္ပဆိုတာ လောင်မှာ ကြောက်တာနဲ့ အတူတူပဲ။ နောက်ဆုံးမှာ မကောင်းမှုအလုပ်ကို မလုပ်ဖြစ်တာ အဓိကပဲလို့ ဆိုတယ်၊ ဒါကြောင့်မို့ ဒီ ဟိရီ, ဩတ္တပ္ပ တရားနှစ်ခုဟာ ကိုယ့်သန္တာန်မှာ မရှိသေးရင် ရှိအောင်လုပ်ရမယ်။

ဟိရီ, ဩတ္တပ္ပ မရှိတော့ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ အရှက်မဲ့တဲ့ ပုဂ္ဂိုလ်ဘဝရောက်ပြီး အဟိရိက၊ အနောတ္တပ္ပတွေ လွှမ်းမိုးခံရတယ်၊ I don’t care ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုပြီး အရပ်ထဲလုပ်ချင်ရာ လုပ်တာတို့၊ ပြောချင်ရာ ပြောတာတို့၊ ဖြစ်ကုန်တတ်တယ်၊ ဒါကြောင့်မို့ ဟိရီ, ဩတ္တပ္ပဆိုတာ လူတော် လူကောင်းဖြစ်ဖို့ အတွက် ရေးကြီးတယ်လို့ ဒီလို ပြောတယ်။

အဲဒီတရားနှစ်ခုသည် စိတ်ကို ဖြူစင်စေတတ်တဲ့ တရားနှစ်ခုဖြစ်တယ်၊ အဟိရိက အနေတ္တပ္ပတဲ့ တရားနှစ်ခုကို ဖယ်ရှားပစ်နိုင်တဲ့ သဘောရှိတယ်၊ ဒါကြောင့်မို့ စိတ်ဖြူစင်မှုရဲ့ အင်အားစုထဲမှာလည်းပဲ ရှေ့တန်းကရှိတဲ့ တရားနှစ်ခုလို့ ပြောရမယ်။

အလောဘ

နောက်တစ်ခုက အလောဘ၊ အလောဘဆိုတာ လောဘရဲ့ ဆန့်ကျင်ဘက်တရား၊ လောဘ မရှိရုံသက်သက်ကို အလောဘခေါ်တာ မဟုတ်ဘူး၊ လောဘကို ဖယ်ရှားနိုင်တဲ့ စွမ်းရည်သတ္တိ ရှိလို့ လောဘရဲ့ ဆန့်ကျင်ဘက်တရားကို ခေါ်တာ၊ အလောဘဟာ လောဘကို ဖယ်ရှားပစ်နိုင်တဲ့ စွမ်းအားရှိတဲ့ သဘာဝတရားတစ်ခု ဖြစ်တယ်၊ အလောဘဟာ လောဘကို ပယ်ဖျက်ပြီး ဒါန ကောင်းမှုကို ပြုတတ်တယ်၊ ဒါကြောင့်မို့ “အလောဘော ဒါနဟေတု”
အလောဘဆိုတဲ့ သဘာဝတရားသည် လှူဒါန်းမှုကို ဖြစ်စေတတ်တယ်လို့ ဆိုတာဖြစ်တယ်။

စေးကပ်နေတဲ့ ကော်သဘောမျိုးဖြစ်တဲ့ စိတ်ကို အာရုံမှာ ကပ်စေတတ်တဲ့ လောဘကို လျော့ပါးစေပြီး ကော်နဲ့ အလားတူတဲ့ လောဘကို ဖယ်ရှားပစ်လိုက်ရင် လောဘကြောင့် ဖြစ်တတ်တဲ့ အကုသိုလ်တွေ မဖြစ်တော့ဘူး၊ ဒါကြောင့်မို့ လောဘမှာ လှူကြတယ် တန်းကြတယ်ဆိုတာ အလောဘဆိုတဲ့ စွမ်းအားကြောင့် လှူနိုင်တန်းနိုင်တာ၊ အလောဘမရှိရင် မလှူနိုင်ဘူး။

အဒေါသ

အဒေါသဆိုတာကတော့ ဒေါသကို ဖယ်ရှားပစ်နိုင်တဲ့ စွမ်းအားတစ်ခုပဲ၊ ဒေါသဆိုတာ စိတ်ထဲ အလိုမကျတာတွေ မကျေနပ်တာ, မုန်းတာ အကုန်လုံး ဒေါသ၊ ဒါတင် မကဘူး ကြောက်တာလည်း ဒေါသပဲ၊ တစ္ဆေကြောက်တာပဲ ဖြစ်ဖြစ်၊ သရဲ ကြောက်တာပဲ ဖြစ်ဖြစ်၊ ကြောက်တာဟာ ဒေါသပဲ၊ အကုသိုလ်ကြောက်တာနဲ့တော့ မဆိုင်ဘူးနော်၊

ခုနက ဩတ္တပ္ပ၊ ကြောက်တာမျိုးက ဒီမလုပ်သင့်ဘူး ဆိုတဲ့အနေနဲ့ ကြောက်တာနော်၊ တစ္ဆေကြောက်၊ သရဲကြောက်ဆိုတာ စိတ်ထဲမှာ ထိတ်လန့်တဲ့သဘော။ အဲဒီ ကြောက်တာတွေ မှန်သမျှဟာ အကုန်လုံး ဒေါသလို့ ခေါ်တယ်၊ ကြောက်တာရယ်, မုန်းတာရယ်, အလိုမကျတာရယ်, စိတ်ဆိုးတာရယ် ဒါတွေအကုန်လုံး ဒေါသ၊ ဒါတွေကို ဖယ်ရှားပစ်နိုင်တာက အဒေါသ။

မေတ္တာ

အဲဒီ အဒေါသကို စနစ်တကျတိုးပွားအောင် လေ့ကျင့်မယ်ဆိုရင် မေတ္တာဆိုတာ ဖြစ်လာတယ်၊ မေတ္တာဆိုတာ ဒေါသကို ဖယ်ရှားနိုင်တဲ့ စွမ်းအား၊ ဒေါကို ဖယ်ရှားပစ်ဖို့ရန် အတွက် လူရဲ့သန္တာန်မှာ မေတ္တာကို ထူထောင်ရမယ်၊ မေတ္တာဆိုတာ အကျိုးလိုလားတဲ့သဘော၊ ဒေါသဆိုတာ အကျိုးစီးပွားကို ဖျက်ဆီးပစ်လိုတဲ့သဘော၊

ဒါကြောင့် ဒေါသနဲ့ မေတ္တာဟာ ဆန့်ကျင်ဘက်ဖြစ်တယ်၊ သူတစ်ပါးရဲ့ အကျိုးစီးပွားကို ဖျက်လိုဖျက်ဆီး လုပ်ချင်တာက ဒေါသ၊ သူတစ်ပါးကို အကျိုးရှိစေချင်တာက မေတ္တာ၊ သဘာဝချင်း မတူဘူး၊ မတူသည့် အတွက်ကြောင့် မေတ္တာဆိုတဲ့ အဒေါသသဘာဝတရားကို မိမိသန္တာန်မှာ ပျိုးထောင်ပြီး ရင်ထဲ နှလုံးသားထဲမှာ ရှိတဲ့ အမုန်းတရားတွေကို ဖယ်ရှားရမယ်၊ ဒေါကို ဖယ်ရှားချင်ရင် မေတ္တာကို ပွားရမယ်၊ ဒါကြောင့် သုတ္တန်တွေမှာလည်း မြတ်စွာဘုရားက ‘မေတ္တာ ဘာဝေတဗ္ဗာ ဒေါသဿ ပဟာနာယ’
ဒေါသဿ ပဟာနာယ - ဒေါသကို ဖယ်ရှားပစ်နိုင်ဖို့ရာ
မေတ္တာ ဘာဝေတဗ္ဗာ - မေတ္တာပွားပါတဲ့။

မေတ္တာပွားဆိုတော့ သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု မနက်အစောကြီး ထရွတ်နေတာကို ပြောတာ မဟုတ်ဘူး၊ မေတ္တာဆိုတာ မနောကံအလုပ်၊ မေတ္တာ အစစ်အမှန်သည် မနောကံ၊ စိတ်ထဲက အာရုံစိုက်ပြီး တကယ့် ချမ်းသာစေချင်တဲ့ စိတ်ဖြစ်ဖို့ လိုတယ်နော်၊ သဗ္ဗေသတ္တာ - သတ္တဝါအားလုံးပေါ်မှာ မေတ္တာကို ပို့ပေမယ့်လို့ တချို့က သဗ္ဗေသတ္တာဆိုတာမှာ ခြွင်းချက် ထားကြသေးတယ်၊ ခြင်တို့ ကြမ်းပိုးတို့ မပါဘူးလို့ ဆိုကြသေးတယ်၊ အဲဒီလိုလည်း မလုပ်ကြနဲ့နော်၊

သဗ္ဗေသတ္တာ - ခြင်ရော ကြမ်းပိုးရော အပါအဝင်ပေါ့၊ အားလုံး အပေါ်မှာ မေတ္တာထားနိုင်တာကမှ အမုန်းတရား ကင်းစင်တဲ့ မေတ္တာတရား ဖြစ်တယ်၊ မေတ္တာဆိုတာ မနောကံပဲ၊ ဘာဝနာပဲ၊ ၉-ပါးသီလ ဆောက်တည်တဲ့ အခါမှာ သီလကတော့ ၈-ပါးပါပဲ၊ မေတ္တာဘာဝနာ ပွားပြီးတော့ နေလို့ ၉-ပါး ဖြစ်တာ။

အဲဒီတော့ မေတ္တာတရားဟာ တည်ဆောက်ရမယ်၊ သတ္တဝါတွေ အားလုံးကို ချမ်းသာစေချင်တယ်ဆိုတဲ့ စိတ်ကလေး ကိုယ့်သန္တာန်မှာ အထပ်ထပ် ဖြစ်နေအောင် လုပ်မယ်၊ တစ်နာရီ ဖြစ်ရင် နှစ်နာရီဖြစ်အောင် သုံးနာရီဖြစ်အောင်ပွားတာကို ပြောတာ၊ သတ္တဝါတွေ ချမ်းသာကြပါစေ၊ ဒါကိုပဲ ပွားနေတာ၊ သူ့ဟာသူ ချမ်းသာတာ မချမ်းသာတာ ကိုယ်နဲ့မဆိုင်ဘူး၊ ကိုယ့်စိတ်က သူတို့ကို ချမ်းသာစေချင်တဲ့ စိတ်ကလေး မွေးပေးဖို့ပဲ၊ အဲဒီလို မွေးရင် အမုန်းစိတ်တွေ ပျောက်သွားမှာပဲ၊ မုန်းတဲ့စိတ်ဟာ မပေါ်နိုင်တော့ဘူး၊ ဒါကြောင့် အဒေါသဆိုတဲ့ စိတ်ဖြူစင်စေတဲ့ သဘာဝအင်အားတရားကို ထူထောင်ပေးရမယ်။

အလောဘရှိရင် လှူမှု ဒါန်းမှု လုပ်သလို၊ အဒေါသရှိရင် ဘာဖြစ်တုန်း၊ ‘အဒေါသော - အဒေါသ မေတ္တာသည်၊ သီလဟေတု - သီလ၏ အကြောင်းဖြစ်တယ်’ တဲ့၊ အဒေါသ ရှိလာလို့ ရှိရင် ကိုယ်ကျင့်တရားတွေ ကောင်းလာတယ်၊ ဒေါသရှိရင် ကိုယ်ကျင့်တရားတွေပါ ပျက်စီးတယ်၊ လူက စိတ်ဆိုးလာရင် စိတ်တိုလာရင် လုပ်ချင်ရာ လုပ်တတ်တယ်၊ ဒါကြောင့်မို့ ‘အဒေါသော သီလဟေတု’ စိတ်ကလေးက မေတ္တာထားတတ် လာပြီ၊ အမုန်းတရားတွေ ကင်းလာပြီဆိုရင် ကိုယ်ကျင့်တရားတွေလည်း ပြည့်စုံလာတတ်တယ်၊ ဒါပြောတာ။

တတြမဇ္ဈတ္တတာ

တတြမဇ္ဈတ္တတာ ဆိုတာကိုတော့ သိပ်ပြီးတော့ သိကြမယ် မထင်ဘူး၊ တတြမဇ္ဈတ္တတာ ဆိုတာ ကုသိုလ်ကောင်းမှု လုပ်နေတဲ့ အခါမှာ စိတ်အခြေအနေတွေဟာ သူ့တာဝန်သူ ညီညီ မျှမျှထမ်းဆောင်နေတယ်၊ အကုန်လုံး တညီတည်း harmony ဖြစ်နေတာကို ပြောတာနော်၊ ဒါကလည်း တတြမဇ္ဈတ္တတာဆိုတဲ့ ဒီစေတသိက်ရဲ့ စွမ်းအားပဲ၊ အားလုံး အလယ်အလတ်ပုံစံ ဖြစ်သွားအောင် ဘယ်တစ်ခုကမှ အစွန်းမထွက်အောင် ထိန်းပေးတာ၊

ဒီသဘာဝတရားတွေဟာ တစ်ခုကနေတစ်ခု အစွန်းထွက်နေလို့ ရှိရင် လွန်ကဲနေတာမျိုး ဖြစ်တတ်တယ်။ အဲဒီလို လွန်ကဲမှု မဖြစ်အောင် အားလုံး တညီတည်း ဆောင်ရွက်နေအောင် တတြမဇ္ဈတ္တတာဆိုတာက ထိန်းတယ်။

အဲဒီ တတြမဇ္ဈတ္တတာဆိုတာ စနစ်တကျ ပွားလိုက်တဲ့အခါကျတော့ ဗြဟ္မဝိဟာရတရားထဲမှာ ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရ တရားဖြစ်လာတယ်၊ အဲဒီ ဥပေက္ခာကို တတြမဇ္ဈတ္တတာလို့ ခေါ်တာ၊ ဥပေက္ခာသဟဂုဏ်ဆိုတာ ခံစားချက် ဝေဒနာကို ခေါ်တာ၊ ဒါနဲ့ မဆိုင်ဘူးနော်၊ ဗြဟ္မာဝိဟာရတရား လေးပါးထဲမှာ ပါတဲ့ ဥပေက္ခာဆိုတာ အလွန်မွန်မြတ်တယ်၊ ဥပေက္ခာက လူတွေပေါ်မှာ လျစ်လျူရှုတာ မဟုတ်ဘူး၊

သူတို့လုပ်တဲ့ စော်ကားမှု၊ ချီးမွမ်းမှုတွေကို လျစ်လျူရှုနိုင်တာ၊ သူက သိပ်အဆင့်မြင့်တယ်၊ ဥပမာ လူတစ်ယောက် ကိုယ့်ဆဲလည်း သူ ကူညီစရာရှိ ကူညီလိုက်၊ ကိုယ့်ချီးမွမ်းနေလို့လည်း ပို မကူဘူး၊ လုပ်သင့်လို့ လုပ်တယ်၊ ကိုယ့်အပေါ်မှာ စော်ကားမှု ဦးစားပေးမှု ဆိုတာတွေကို မကြည့်ဘူး၊ လုပ်သင့်ရင် လုပ်ပေးလိုက်တယ်၊ ညီတူညီမျှ လုပ်ပေးနိုင်တဲ့ စိတ်ဓာတ်၊ တည်ငြိမ်တဲ့ စိတ်ဓာတ်ကို ပြောတာ၊ အဲဒါ ဥပေက္ခာဆိုတာ အလွန်မွန်မြတ်တဲ့ တရားနော်။

မြတ်စွာဘုရားက သားတော် ရာဟုလာမို့ ပိုချစ်တာ မရှိဘူး၊ ဒေဝဒတ်ကြီးက ဆိုးလွန်းလို့ အမျိုးမျိုး သေကြောင်းကြံလို့ ပိုမုန်းတာမျိုး မရှိဘူး၊ သူတို့နှစ်ယောက် အတူတူ ထားနိုင်တယ်။ အဲဒီလို အတူတူ ထားနိုင်တယ်ဆိုတဲ့ ဥပေက္ခာ၊ တချို့က ဥပေက္ခာပြုလိုက်တယ် ပြောရင် မခေါ်မပြောနေတာကို ဥပေက္ခာလို့ ထင်တယ်၊ အဲဒါ “ဦးပစ်ခါ” နော်၊ ဒီ ဥပေက္ခာက မခေါ်မပြောနေတာမျိုး မဟုတ်ဘူး၊ ကိုယ့်စိတ်ထဲမှာ အချစ်အမုန်းကင်းပြီး လုပ်သင့်တာ လုပ်တာကို ဆိုလိုတာ။

ဘုရားအလောင်း မျောက်ဘဝမှာ ဖြစ်နေတုန်းက လူကြီးတစ်ယောက်ဟာ ချောက်ကြီးထဲ ကျတယ်၊ ပြန်တက်နိုင်ဘူး။ အင်မတန် အားခွန်ဗလကောင်းတဲ့ မျောက်ကြီးက လူကြီးချောက်ထဲကျနေတာ မြင်တော့ သနားတယ်။ နွယ်ကြိုးယူပြီး ချောက်ထဲ ခုန်ဆင်းလိုက်တယ်၊ ခုန်ဆင်းလိုက်ပြီးတော့ ချောက်ထဲ ကျနေတဲ့ လူကို ကျောပိုးပြီးတော့ အဲဒီချောက်ထဲကနေ ခုန်တက်တာ၊ အတော့်ကို မောသွားတယ်။

အတော် မောသွားတဲ့အခါ ခဏ အပန်းဖြေဖို့ ချောက်ထဲ ထမ်းတင်လာတဲ့ လူကြီးပေါင်ပေါ်မှာ ခဏ အိပ်ပါရစေဆိုပြီး အိပ်တယ်၊ သူကလည်း ယုံကြည်ချက်ရှိတယ်၊ ငါ ကယ်ထားတဲ့ သူက ငါ့ကို ဘာမှလုပ်မယ် မထင်ဘူး၊ ပေါင်ပေါ် ခဏ အိပ်နေတုန်း ဟိုလူက စိတ်ကူး စိတ်ကူးရတယ်၊ “အိမ်ပြန်သွားရင် ငါ ဘာမှပါဘူး၊ ဒီမျောက်ရဲ့ ခေါင်းကို ကျောက်ခဲနဲ့ ထုပြီးတော့ အိမ်ကို မျောက်အသား ယူသွားရရင် ကောင်းမယ်၊ ဟိုကျ ရောင်းလို့ ရမယ်” မျောက်သားနဲ့ အိမ်ပြန် မျက်နှာလုပ်ချင်သေးတာ၊ အဲဒါနဲ့ အိပ်ပျော်နေတဲ့ အချိန်မှာ ကျောက်တုံးနဲ့ မျောက်ကြီးခေါင်းကို ထုတော့တာပဲ၊ ခေါင်းထုတော့ မျောက်ကြီးက လန့်ပြီးတော့ သစ်ပင်ပေါ်တက်ပြေးတာပေါ့၊ ခေါင်းပေါက်သွားပြီ သွေးသံ ရဲရဲ ဖြစ်သွားတယ်။

သို့သော် ဒီလူဟာ လမ်းပျောက်နေတယ်၊ လူတွေရဲ့ သွားတဲ့လမ်းကိုပြန်ရောက်မှာ မဟုတ်ဘူး၊ အဲဒီလူ လုပ်တဲ့ စော်ကားချက်ကို မျောက်ကြီးက အသာ မေ့ထားလိုက်တယ်၊ မေ့ထားလိုက်ပြီး “မင်းကို ငါ လမ်းဆုံးအောင် လိုက်ပြမယ်၊ ငါ့ ကူညီမှုက မပြီးသေးဘူး၊ ငါ ခဏ အမောဖြေနေတုန်း မင်း ငါ့ကို သတ်ဖို့ ကြံတာကိုး”၊ ဥပေက္ခာ မထားနိုင်ဘူး ဆိုလို့ရှိရင် အဲဒီကတည်းက လစ်သွားပြီ မရှိတော့ဘူး၊ ဒီလူရဲ့ လုပ်ရပ်ကို ဥပေက္ခာထားလိုက်ပြီး လမ်းဆုံးထိအောင် ကူညီတယ်။

ဒါပေမယ့် အဲဒီလူ အနားတော့ ကပ်လို့ မဖြစ်တော့ဘူး၊ သူက အန္တရာယ်ပေးတဲ့ သူ၊ “ငါက သစ်ပင်တစ်ပင်ကနေ တစ်ပင်ကူးသွားမယ်၊ ငါ့သွေးစက်ကျတဲ့နောက်က လိုက်ခဲ့၊” တောကြီးဆိုတာ အပြင်ထွက်ဖို့ အလွန်ခက်တာ၊ နေမမြင်၊ လမမြင် ဖြစ်နေတယ်၊ အဲဒီလို သွေးစက်ပြ လမ်းကြောင်းရှာပေးပြီး ဟိုးတောရဲ့ အထွက်ထိအောင် လိုက်ပို့ပေးလိုက်တယ်၊

ဥပေက္ခာဆိုတာ အဲဒါမျိုးပြောတာနော်၊ အလွန် မွန်မြတ်တယ်၊ ချစ်လို့လည်း ပိုမလုပ်ဘူး၊ မုန်းလို့လည်း ပစ်မထားဘူး၊ အဲဒါ ဥပေက္ခာတရားလို့ ပြောတာ၊ ဘာလို့တုန်းဆိုလို့ရှိရင် “သဗ္ဗေသတ္တာ ကမ္မဿကာ” ဆိုတဲ့ အတွေး၊ လူဆိုတာ ကိုယ့်ကံနဲ့ကိုယ် သွားကြမှာပဲ၊ မုန်းနေလို့လည်း အပိုပဲ၊ ချစ်နေလို့လည်း အပိုပဲ၊ စိတ်တည်ငြိမ်မှုကို ထိန်းထားနိုင်တာ ဥပေက္ခာ၊ အဲဒါ တတြမဇ္ဈတ္တတာ လို့ ခေါ်ပါတယ်။

စိတ်ဖြူစင်မှု အင်အားစုများကိ ို နက်ဖြန်ကျတော့မှ ဆက်ပြီး ဟောပါ့မယ်၊ ဒီနေ့ အရေးကြီးတာတွေကို ပြောလို့ပြီးပြီ၊ ဒါကြောင့်မို့ ဖြူစင်တဲ့ သဘာဝတရားတွေကို မိမိတို့ သန္တာန်မှာ မရှိသေးရင် ရှိအောင် ကြိုးစားကြဖို့၊ ရှိပြီးရင်လည်း တိုးတက်လာအောင် စနစ်တကျ ကျင့်ကြံအားထုတ်ဖို့ စိတ်ဖြူစင်စေတဲ့ အင်အားစုတွေ မိမိရဲ့သန္တာန်မှာ ရောက်ရှိလာတဲ့ အခါကျတော့ စိတ်ရဲ့ အညစ်အကြေးတွေ နည်းသထက် နည်းသွားပြီး ထိုအညစ်အကြေးတွေကို အကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့် ဆင်းရဲဒုက္ခတွေကလည်း သက်သာ၊ နောက်ဆုံး ထိုဆင်းရဲဒုက္ခတွေရဲ့ လွတ်မြောက်ရာ နိဗ္ဗာန်တည်းဟူသော လမ်းကြောင်းကြီးကို တွေ့ပြီး ထာဝရချမ်းသာတဲ့ အငြိမ်းဓာတ်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။

“သာဓု - သာဓု - သာဓု”

စိတ်ဖြူစင်မှု အင်အားစုများ

အပိုင်း(၂)

စိတ်စင်ကြယ်မှု အင်အားစုများဖြစ်တဲ့ စေတသိတ်တွေ အကြောင်း အပိုင်း(၁)ကို ဟောပြောပြီးပြီ၊ ဒီကနေ့ အပိုင်း(၂) ဆက်ဟောပေးပါမယ်။

စေတသိတ်ပေါင်း အားလုံး ၅၂-မျိုး ရှိတယ်၊ ကောင်းမြတ်တဲ့ အရည်အသွေးရှိပြီး စိတ်ရဲ့ အညစ်အကြေးတွေကို စင်ကြယ်စေနိုင်တဲ့ ဒီသဘာဝ စွမ်းအားတွေဟာ မိမိတို့ရဲ့ သန္တာန်မှာ မဖြစ်သေးရင် ဖြစ်အောင်၊ ဖြစ်ပြီးလို့ရှိရင် ခိုင်မာကြီးထွားလာအောင် လုပ်ဖို့ သမ္မာဝါယာမ လို့ ခေါ်တဲ့ မှန်ကန်သော ကြိုးစားမှုဖြင့် ကြိုးစားကြရမှာပါ။

သူ့အလိုအတိုင်းကို ဘာမှဖြစ်လာတာ မရှိပါဘူး၊ အကျိုးလိုချင်ရင် အကြောင်းကို တည်ဆောက်ရမယ်၊ ဒါသဘာဝပါပဲ၊ ဒါကြောင့်မို့ မနေ့က ပြောခဲ့တယ်၊ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, အလောဘ, အဒေါသ, တတြမဇ္ဈတ္တတာ ဆိုတဲ့ ဒီ သဘာဝတရားတွေရဲ့ စွမ်းဆောင်မှုတွေကို ဟောပြပေးခဲ့ပြီ၊ ဒီကနေ့ အစုံလိုက် အစုံလိုက် အမည်ပေးထားတဲ့ သဘာဝတရား ၆-မျိုးရဲ့ စွမ်းရည် သတ္တိတွေကို ရှင်းပြပါ့မယ်။

ကာယပဿဒ္ဓိ၊ စိတ္တာပဿဒ္ဓိ

ကာယပဿဒ္ဓိ, စိတ္တာပဿဒ္ဓိ တဲ့၊ ပဿဒ္ဓိ ဆိုတာ ငြိမ်းချမ်းမှု၊ ကာယပဿဒ္ဓိ - စေတသိက်အစုရဲ့ ငြိမ်းချမ်းမှု၊ စိတ္တပဿဒ္ဓိ - စိတ်ရဲ့ ငြိမ်းချမ်းမှုတဲ့၊ စိတ်နဲ့ စေတသိက်ဟာ ဆောင်ရွက်ပုံချင်း၊ ကိစ္စချင်း၊ သွင်ပြင် လက္ခဏာချင်း မတူလို့ ခွဲပြောလို့ ရပေမယ့် စိတ်နဲ့ စေတသိက်ဟာ အမြဲတမ်း ယှဉ်တွဲနေကြတာ ဖြစ်တယ်။

ကာယပဿဒ္ဓိ, စိတ္တာပဿဒ္ဓိ လို့ ဆိုတဲ့ နေရာမှာ ကျမ်းဂန်များ က ကာယဆိုတာ အစုဆိုတဲ့ အဓိပ္ပာယ်နဲ့ စေတသိက်အစုကို ယူတယ်၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ကာယအရ ရုပ်ခန္ဓာကိုယ်ကို ယူမယ်ဆိုရင်လည်း ဖြစ်နိုင်တယ်လို့ နောက်ပိုင်းဖွင့်ဆိုချက် ရှိပါတယ်။

အဲဒီတော့ ပဿဒ္ဓိဆိုတာကို ပြောရအောင်၊ ပဿဒ္ဓိဆိုတာ ငြိမ်းအေးမှု၊ ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးနေမှု၊ ဘယ်လို နေရာမျိုးမှာ ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးမှု ဖြစ်သလဲ၊ ချမ်းသာသုခ ရလာတဲ့ အခါမှာ ကိုယ်ရော စိတ်ရော ငြိမ်းချမ်းတယ်ဆိုတာ လူတွေ ခံစားရတယ်၊ “ပါမောဇ္ဇ၊ ပီတိ၊ ပဿဒ္ဓိ” ဒီလို လာတယ်၊ ကောင်းမြတ်တဲ့ အာရုံတစ်ခုပေါ်မှာ ကျေနပ်လို့ ဝမ်းသာလို့၊ ဝမ်းသာမှု အနုစားလေးကို “ပါမောဇ္ဇ” လို့ ခေါ်တာ၊ ထို ဝမ်းသာမှုက စိတ်ထဲ နှလုံးထဲမှာ တသိမ့်သိမ့် ဖြစ်နေလို့ ရှိရင် ပီတိ လို့ ခေါ်တယ်၊ အဲဒီ ပီတိဖြစ်လာတဲ့အခါ ကိုယ်,စိတ် ငြိမ်းချမ်းမှုဆိုတဲ့ အရသာလေး ပေါ်လာတာက ‘ပဿဒ္ဓိ’။

ပဿဒ္ဓိ သမ္ဗောဇ္ဈင်

အဲဒီ ပဿဒ္ဓိဆိုတဲ့ သဘာဝတရားလေးက ဗောဇ္ဈင် ၇-ပါးထဲမှာ ပဿဒ္ဓိ သမ္ဗောဇ္ဈင်။ အမှန်တရားကို သိရှိဖို့ အသိဉာဏ်ကို စွမ်းဆောင်ပေးနိုင်တဲ့ တရားတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်တယ်။

‘ဗောဇ္ဈင်္ဂ’ ဆိုတဲ့ အဓိပ္ပါယ်က ဗောဓိ+အင်္ဂ - ဗောဓိဆိုတာ ထူးခြားတဲ့ အသိကို ‘ဗောဓိ’ လို့ ခေါ်တယ်၊ ထို ထူးခြားတဲ့ အသိဉာဏ်ဆိုတာ ဘာကို ပြောတာလဲဆိုရင် အမှန်တရားကို သိတာ၊ ဒုက္ခဆိုတာ သိတယ်၊ ဒုက္ခရဲ့ အကြောင်းဆိုတာ သိတယ်၊ ဒုက္ခချုပ်ငြိမ်းရာကို သိတယ်၊ ဒုက္ခချုပ်ငြိမ်းရာ လမ်းစဉ်ကို သိတယ်ဆိုတဲ့ သစ္စာ ၄-ချက် အမှန်တရားကိုသိတာ ဗောဓိ၊ အဲဒီ ဗောဓိကို အထောက်အကူပြုတဲ့ အင်္ဂါရပ်၊ ဒါကို (ဗောဓိ+အင်္ဂ) ဗောဇ္ဈင်လို့ ခေါ်တယ်။

ဗောဇ္ဈင်ကို လူတွေက ဘယ်နေရာမှာ သတိရလဲ ဆိုတော့ နေမကောင်း ထိုင်မသာဖြစ်တဲ့အခါ ဗောဇ္ဈင်သုတ်လေး ရွတ်ရင် ကျန်းမာတယ်လို့ ယူဆပြီးတော့ ကျန်းမာချင်လို့ ဗောဇ္ဈင်သုတ်ကလေးကို သတိရကြတယ်၊ ရှင်မဟာကဿပ မကျန်းမမာဖြစ် နေတဲ့အခါမှာ မြတ်စွာဘုရားက ဗောဇ္ဈင်တရား ဟောလိုက်တဲ့အခါ ရှင်မဟာကဿပ ကျန်းမာသွားတယ်၊ နောက် ဒီရောဂါမျိုး ထပ်ဖြစ်တော့ဘူးတဲ့။

ပရိတ်ကြီး ၁၁-သုတ်ထဲမှာလည်း ဗောဇ္ဈင်သုတ်ဆိုတာ ပါတယ်၊ အဲဒီ ဗောဇ္ဈင်သုတ်ကတော့ မူရင်း မဟုတ်ဘူး၊ နောက်မှ အဓိပ္ပါယ် ခြုံပြီးတော့ ဂါထာတွေနဲ့ နောက်ဆရာတွေ ရေးထားတာလို့ ပြောတယ်၊ မူရင်းက သံယုတ္တနိကာယ်မှာ ရှိတယ်၊ “သတ္တိမေ ကဿပ ဗောဇ္ဈင်္ဂါ မယာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟု လီကတာ သံဝတ္တန္တ အဘိညာယ၊ သမ္ဗောဓာယ၊ နိဗ္ဗာနာယ၊ သံဝတ္တန္တိ” ဆိုပြီးတော့ မြတ်စွာဘုရား ဟောထားတာ ရှိတယ်။

နောက်တစ်ခါ ရှင်မောဂ္ဂလာန် နာမကျန်း ဖြစ်နေတဲ့အခါ မြတ်စွာဘုရားက ဗောဇ္ဈင် ၇-ပါး ဟောပေးလိုက်တော့ ကျန်းမာသွားတယ်တဲ့၊ တစ်ခါတုန်းက မြတ်စွာဘုရားသခင် ကိုယ်တော်တိုင် မကျန်းမမာ ဖြစ်တဲ့အခါ စုန္ဒမထေရ်ကို အနီအနားမှာ ဗောဇ္ဈင်သုတ်ကို ရွတ်ခိုင်းပြီးတော့ မြတ်စွာဘုရားက နာယူလိုက်တယ်၊ မြတ်စွာဘုရားလည်း ကျန်းမာသွားတယ်၊

‘တိဏ္ဏန္နမ္ပိ မဟေသိနံ၊ မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာနုပ္ပတ္တိဓမ္မတံ’ တိဏ္ဏန္နမ္ပိ မဟေသိနံ - ထူးမြတ်တဲ့ ပုဂ္ဂိုလ် ၃-ဦး၊ (ရှင်မဟာ ကဿပ၊ ရှင်မောဂ္ဂလာန်၊ မြတ်စွာဘုရား)၊ အဲဒီပုဂ္ဂိုလ် ၃-ပါးရဲ့ သန္တာန်မှာ စွဲကပ်လာတဲ့ရောဂါ ကိလေသာတွေကို မဂ်က ပယ်လိုက်သလိုပဲ၊ ဗောဇ္ဈင်တရားတော် နာရင်းကနေ ပျောက်ကင်းသွားတယ်။ နောက်ထပ် ပြန်မဖြစ်တော့ဘူး၊ အဲဒါကို အာရုံပြု သစ္စာဆိုပြီးတော့ မကျန်းမာတဲ့အခါ ဗောဇ္ဈင်သုတ်ကလေး ချီးမြှင့်ပါလို့ ပြောကြတယ်။

ဒီဗောဇ္ဈင်ဆိုတဲ့ထဲမှာ အခု ပဿဒ္ဓိဆိုတာ ရုပ်,နာမ်သဘာဝတရားလေးတွေကို ရှုကြည့်ပြီး ငြိမ်းချမ်းမှုဆိုတဲ့ ပဿဒ္ဓိကို ကိုယ့်သန္တာန်မှာ ဖြစ်အောင်လုပ်ဖို့ ပိုအရေးကြီးတယ်၊ ငြိမ်းချမ်းမှုဆိုတာ ကိုယ့်သန္တာန်မှာမဖြစ်ဘဲ တရားနာရုံလေး နာရင်းကတော့ ဆေးပုလင်းထဲ ထည့်ထားတဲ့ ဆေးလိုပဲ ဖြစ်မှာပဲ၊ ကြားနာပြီးကြည်နူးမှုလေးတွေ ရှိရင်တော့ အတော်အသင့်ရောဂါ ပျောက်နိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါက စိတ်ကို စိတ်နဲ့ ကုတဲ့ သဘောပေါ့၊ စိတ်စွမ်းအားတွေကနေ တွန်းပေး လိုက်တဲ့အခါ ခန္ဓာကိုယ်ကြီး မမာမကျန်း ဖြစ်နေရာက ကျန်းမာရေး ကောင်းသွားတာ ဖြစ်နိုင်တယ်။

မကျန်းမာတဲ့ ရုပ်တွေကို ကျန်းမာတဲ့ စိတ္တဇရုပ်တွေနဲ့ အစားထိုးလိုက်တာ၊ သွေးမကောင်းရင် သွေးလဲပြီးတော့ ကုသလိုပေါ့၊ ဗောဇ္ဈင်သုတ် နာကြားရလို့ ကြည်နူးတဲ့စိတ်တွေ ဖြစ်လာမယ် ဆိုရင်တော့လည်း ကျန်းမာရေး ကောင်းလာမှာပဲ၊ ကောင်းနိုင်ပါတယ်၊ သစ္စာဆိုလို့ရှိရင်လည်း ကောင်းနိုင်ပါတယ်၊ သို့သော် လူတိုင်းမှာ မြတ်စွာဘုရားတို့ ရှင်မဟာကဿပတို့လို စိတ်ဓာတ်မျိုး မရနိုင်တော့ အဲဒီ မထေရ်မြတ်ကြီးတွေ ကျန်းမာသွားသလိုမျိုး ကျန်းမာဖို့တော့ ခက်ကောင်းခက်လိမ့် ထင်တယ်။

ပဿဒ္ဓိမ္ဗောဇ္ဈင်ဆိုတာ ကိုယ်ရော စိတ်ရော ငြိမ်းချမ်းသွားတာ၊ ကိုယ်ရော စိတ်ရော စိတ်ရော ငြိမ်းချမ်းတာ ဘာကြောင့်ဖြစ်တာလဲဆိုတော့ ဖြစ်ပေါ်လာတဲ့ ပဿဒ္ဓိတရားလေးက ကိုယ်စိတ် မငြိမ်းချမ်းအောင် လုပ်တဲ့ ကိလေသာတွေကို ဖယ်ရှားပစ်လိုက်နိုင်လို့ ငြိမ်းချမ်းသွားတာ ဖြစ်တယ်။

ဆန့်ကျင်ဖက်တရား

ဘယ်တရားတွေဟာ ငြိမ်းချမ်းမှုရဲ့ ဆန့်ကျင်ဖက် တရားတွေလဲ ဆိုရင် ဥဒ္ဓစ္စ, ကုက္ကစ္စ ဆိုတဲ့ စိတ်အညစ်အကြေးတွေပဲ ဖြစ်တယ်။ ဥဒ္ဓစ္စဆိုတာက စိတ်လေနေတယ်၊ ဘာလုပ်ရမှန်းမသိဘူး၊ စိတ်စုစည်းလို့ မရဘူး၊ လေနေတဲ့စိတ်ကလေးဟာ ဘယ်လိုမှ မငြိမ်းချမ်းနိုင်ဘူး၊ လူတွေ တစ်ခါတစ်ခါ သတိထားမိတယ်၊ “ဩော် - ငါ့စိတ်တွေ လေလိုက်တာ ဘာမှန်း မသိဘူး၊ စုစည်းလို့လည်း မရဘူး”၊ ဒီလိုလည်း မနေချင်၊ ဒီကိုလည်း မသွားချင်၊ ဟိုကိုလည်းမသွားချင်၊ စိတ်တွေလေနေတာ၊

အဲဒါ ဥဒ္ဓစ္စ၊ အဲဒီ ဥဒ္ဓစ္စဆိုတဲ့ စိတ်လေနေတာကို သမာဓိစွမ်းအားနဲ့ နှိမ်နင်းပြီး ဖျက်လိုက်တဲ့အခါ ပဿဒ္ဓိ ဆိုတဲ့ ငြိမ်းချမ်းမှုက ပေါ်လာနိုင်တယ်၊ ဒါကြောင့် ပဿဒ္ဓိ က စိတ်လေနေတဲ့ ဥဒ္ဓစ္စကို ဖယ်ရှားနိုင်တဲ့ စွမ်းရည်သတ္တိ ရှိပါတယ်။

နောက်တစ်ခုက ကုက္ကစ္စ၊ တစ်စုံတစ်ခုနဲ့ ပတ်သက်ပြီးတော့ လူတွေဟာ စိတ်ထဲမှာ ပူပန်မှုလေးတွေ ရှိတတ်တယ်၊ ပထမပူပန်မှု က တစ်ခုခု အမှားလုပ်မိရင် ထိုအမှားအတွက် ပူပန်မှုလေးတွေ ရှိတတ်တယ်၊ ဒုတိယပူပန်မှုက လုပ်သင့်တာလေးတစ်ခု မလုပ်ဘဲ နေမိရင်လည်း ထို မလုပ်မိတာလေးအတွက် ပူပန်တတ်တယ်။

‘စိတ်’ ဆိုတာ တော်တော် ဆန်းကြယ်တယ်၊ ဥပမာ- လူတစ်ယောက်ကို တစ်ခုခု ပြောလိုက်ရမှာ၊ တစ်ခုခု ပေးလိုက်ရမှာ မပြောမိ မပေးမိရင်လည်း ‘င့ါနှယ်နော် မေ့တတ်လိုက်တာ ဖြစ်မှ ဖြစ်ရလေ ပူပန်နေပြန်ရော၊ လုပ်မိပြန်တော့လဲ၊ ‘ငါ မှားလိုက်တာ လုပ်မိသွားပြီ၊ ပြောမိသွားပြီ’၊ ဘယ်လိုလုပ်ရမှန်း မသိဘူးနဲ့ စိတ်တွေ ပူပန်နေတာ ကုက္ကစ္စပဲ။

ရှင်အနုရုဒ္ဓါကို အရှင်သာရိပုတ္တရာက ထောက်ပြတယ်၊ ရှင်အနုရုဒ္ဓါက “ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ စကြဝဋ္ဌာတစ်ထောင်ကို ကြည့်နိုင်တယ်၊ သမာဓိလည်း ကောင်းတယ်၊ တရားလည်း အားထုတ်တယ်၊ ဒါပေမယ့် ဘာဖြစ်လို့ ကိလေသာတွေ မကုန်မှန်း မသိဘူး၊ ဘာဖြစ်လို့ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို မဆိုက်ရောက်မှန်း မသိဘူး” ဆိုတော့ ရှင်သာရိပုတ္တရာက ထောက်ပြတယ် “ငါ စကြဝဋ္ဌာတစ်ထောင်ကို ကြည့်နိုင်တယ် ဆိုတာ မာနစွဲ ဖြစ်နေတာ၊ ငါ့မှာ သမာဓိ စွမ်းအားတွေ ကောင်းတယ်” လို့ တွေးနေတာ ဥဒ္ဓစ္စ ဖြစ်နေတာ၊ စိတ်လေနေတာ၊ “ဒီလို လုပ်ရဲ့သားနဲ့ ဘာဖြစ်လို့ မအောင်မြင်ရတာလဲဆိုတာက စိတ်ထဲမှာ ကုက္ကစ္စ ဖြစ်နေတာ”တဲ့၊ ရှင်သာရိပုတ္တရာက ထောက်ပြတာ။

အဲဒီ ကုက္ကုစ္စဖြစ်ပုံက အဘိဓမ္မာကျမ်းဂန်တွေထဲမှာ လုံးဝ မပါဘူး၊ အဘိဓမ္မာကျမ်းတွေမှာ ဖွင့်တာက ကတာ ကတာ နုသောစနံ မလုပ်မိတဲ့ ကုသိုလ်၊ လုပ်မိတဲ့ အကုသိုလ်အတွက် နောက်တရ ပူပန်တာကို ကုက္ကုစ္စလို့ ပြောတယ်၊ အခု လုပ်ရဲ့သားနဲ့ တစ်ခုခု မအောင်မြင်တဲ့အခါဖြစ်တဲ့ ကုက္ကုစ္စ မပါသေးဘူး၊ ဒါကို တတိယပူပန်မှုတစ်ခုအဖြစ် ထပ်ဖြည့်ရမယ်၊ ဒါလည်း အကုသိုလ်ပဲလို့ ပြောရမယ်၊

အဲဒါ ဘယ်ကျမ်းမှာ တွေ့ရလဲ ဆိုတော့ “ခုဒ္ဒကနိကာယယ် စုဠာနိဒ္ဒေသတို့ မဟာနိဒ္ဒေဆိုတဲ့ ပါဠိတော်က ပါဠိတော်တွေကို ဖွင့်ဆိုတဲ့ကျမ်းတွေထဲမှာ ပါတယ်၊ ရိပ်သာဝင်တာ အကြိမ် ၂၀-လောက် ရှိပြီ၊ သမာဓိလေးတောင် မရဘူး၊ ဝိပဿနာဉာဏ်လည်း မတက်ဘူး၊ ဉာဏ်စဉ်လည်း မနာရဘူး” ဆိုပြီးတော့ စိတ်ထဲမှာ ဖြစ်နေတာ၊ ဒါကုက္ကုစ္စလို့ပဲ ပြောရမယ်၊ လုပ်လျက်သားနဲ့ မအောင်မြင်တာ၊ အဲဒီလို ဖြစ်နေတဲ့ ကုက္ကုစ္စမျိုးကိုလည်း ပဿဒ္ဓိ ဖယ်ရှားပေးပါတယ်။

ပဿဒ္ဓိတရား ဖြစ်လာပြီဆိုရင် စိတ် မငြိမ်သက်တာတို့၊ မငြိမ်းချမ်းတာတို့ လုံးဝ မဖြစ်တော့ဘူး၊ ဖြစ်နေသေးရင် ဒါ ပဿဒ္ဓိ မဖြစ်သေးလို့ပဲ၊ ဒီလို မှတ်ရမယ်၊ ဒါကြောင့် ဗောဇ္ဈင် ၇-ပါးထဲမှာ ပဿဒ္ဓိ စိတ်ငြိမ်းချမ်းတာဟာ အသိဉာဏ် တိုးတက်ခြင်းရဲ့အကြောင်းပဲ။

အဓိပ္ပါယ်တစ်မျိုး

နောက်အဓိပ္ပာယ် တစ်ခုပြောမယ်ဆိုရင် ပဿဒ္ဓိဆိုတဲ့ ငြိမ်းချမ်းမှုလေးဟာ တစ်ခါတစ်ရံ စိတ်ကစတင်တာ ရှိတယ်၊ တစ်ခါတစ်ရံ ရုပ်ခန္ဓာကြီးက စတင်လာတာ ရှိတယ်၊ ဒီလို ပြောလို့ရတယ်၊ ရုပ်က စတယ်ဆိုတာ တစ်ခါတစ်ရံကျတော့ တစ်ယောက်ထဲ တိတ်ဆိတ် ငြိမ်သက်နေတဲ့ သစ်ပင်ရိပ်အောင် ကွပ်ပျစ်လေးနဲ့ ထိုင်နေတုန်း လေလေးက တဟူးဟူးတိုက်တဲ့အခါ ခန္ဓာကိုယ် အနေနဲ့ ငြိမ်းချမ်းတော့ စိတ်ထဲမှာ “ကောင်းလိုက်တာ” လို့ ဖြစ်တာ၊ ခန္ဓာကိုယ် အနေအထား ငြိမ်းချမ်းတော့ စိတ်ကလေးကပါ ငြိမ်းချမ်းမှု ဖြစ်တာ၊ အဲဒါကျတော့ ‘ကာယပဿဒ္ဓိ’ လို့ ပြောလို့ ရတယ်ပေါ့၊ ဒါတစ်နည်းပြောတာနော်။

နောက်တစ်နည်း ပြောတော့ ကိုယ်အနေအထားကတော့ ငြိမ်းချမ်းမှု မရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကြည့်လိုက်မယ်ဆိုလို့ ရှိရင်တော့ နေရာထိုင်ခင်းကလည်း ကောင်းတာ မဟုတ်ဘူး၊ မြတ်စွာဘုရား ဗောဓိပင်အောက်မှာ မြက်ကလေး ခင်းထိုင်တာ၊ ဆိုဖာကြီးနဲ့ ကျောင်းထဲ ထိုင်တာလောက် ကောင်းပါ့မလား၊ ဘယ်ကောင်းမလဲ၊ သို့သော်လည်း မြတ်စွာဘုရားက စိတ်ဓာတ်က ငြိမ်းချမ်းနေတဲ့အတွက်ကြောင့် ခန္ဓာကိုယ်လည်း ငြိမ်းချမ်းသွားတာပဲ၊ စိတ်ပျော်လို့ရှိရင် ဘယ်လိုနေရာပဲဖြစ်ဖြစ် ပျော်စရာကြီးလို ဖြစ်နတယ်၊ အဲဒါကို စိတ္တပဿဒ္ဓိ လို့ ပြောတယ်။

ခန္ဓာကိုယ်ကို အကြောင်းပြုပြီး ငြိမ်းချမ်းမှု ဖြစ်လာရင် ကာယပဿဒ္ဓိ၊ စိတ်နှင့် ပတ်သက်ပြီး ငြိမ်းချမ်းမှုဖြစ်ရင် စိတ္တပဿဒ္ဓိလို့ ပြောတယ်၊ “ရူပကာယဿာပိ” လို့ ဋီကာကျော် ကျမ်းမှာ အဲဒီလို ရေးထားတယ်၊ ဒါလည်း သဘာဝကျတယ်၊ ကာယကို စေတသိက်အပေါင်းလို့ ကျမ်းဂန်များမှာ ဆိုသော်လည်း “ရူပကာယဿာပိ” လို့ ဋီကာကျော်ကျမ်းမှာ ပြောထားတယ်လေးကလည်း လက်တွေ့နဲ့ ကိုက်စရာအကြောင်း ရှိပါတယ်။

ဒီ ပဿဒ္ဓိဆိုတဲ့ သဘာဝတရားလေးသည် အသိဉာဏ် ဖြစ်ပေါ်တိုးတက်ဖို့ရာအတွက် အကြောင်းတစ်မျိုး စွမ်းအားတစ်ခု ဖြစ်တယ်လို့ မှတ်ရမယ်၊ ဥဒ္ဓစ္စ, ကုက္ကုစ္စ ဆိုတဲ့ စိတ်ကို ညစ်နွမ်းစေတတ်တဲ့ စိတ်အညစ်ကြေးတွေကိုလည်း ဖယ်ရှားပစ်နိုင်ပါတယ်၊ ကာယပဿဒ္ဓိနဲ့ စိတ္တပဿဒ္ဓိကို စေတသိက်တွေရဲ့ ငြိမ်းအေးမှု၊ စိတ်တွေရဲ့ ငြိမ်းအေးမှုလို့ လက်တွေ့မှာ ဒီလို ခွဲလို့ရတာ မဟုတ်ဘူး၊ ခွဲလို့ မရပေမယ့် ခွဲပြောလို့ ဖြစ်တယ်။

လူတစ်ယောက်ရဲ့ စွမ်းရည်သတ္တိလို့ ဆိုတဲ့ အခါကျတော့ လူနဲ့ စွမ်းရည်ကို ခွဲလို့ မရဘူး၊ ဒါပေမယ့် လူတွေက ခွဲပြောကြတယ်၊ ဒါတင် မကဘူး၊ ခွဲပြောတဲ့ နေရာတွေ အများကြီး၊ “လူကတော့ ကောင်းပါတယ်၊ ဒူးက မကောင်းဘူး” ဆိုတာမျိုး၊ လူလို့ ပြောတဲ့ထဲ ဒူးကပါပြီးသားပဲလေ၊ တစ်ခါတစ်ရံ လူတွေကခွဲပြောလေ့ ရှိကြတယ်၊ အဲဒီလိုပဲ ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိ လို့ ခွဲပြောလိုက်တာပေါ့၊ အဲဒီတော့ ဒီနှစ်ခုဟာ အတူပေါင်းစပ်နေကြတယ်၊ ခွဲမရတဲ့ အတွဲလို့ ပြောရမယ်၊ (ခွဲမရတဲ့ အတွဲဆိုတာ ဘာကို ပြောတာလဲဆိုတော့ ‘စွယ်တော်ရွက်’ လို နှစ်ခုပေါင်းမှ တစ်ရွက် မဟုတ်လား၊ အဲဒါမျိုးကို ပြောတာ။

ကာယလဟုတာ၊ စိတ္တလဟုတာ

နောက်တစ်ခုက “ကာယလဟုတာ၊ စိတ္တလဟုတာ”၊ ကိုယ်ရဲ့ ပေါ့းပါးမှု၊ စိတ်ရဲ့ပေါ့ပါးမှု၊ တစ်နည်းအားဖြင့် စေတသိက်တွေရဲ့ ပေါ့ပါးမှု နဲ့ စိတ်ရဲ့ ပေါ့ပါးမှု၊ ပေါ့ပါးမှုရှိတယ်ဆိုတာ လေးလံမှုလည်း ရှိလို့ပေါ့၊ အဲဒီ လေးလံမှုက ဘာတွေလဲဆိုတော့ “ထိန - မိဒ္ဓ”၊ ဒါတွေ ဖြစ်လာလို့ရှိရင် စိတ်က လေးလံလာတယ်၊ စိတ် ဆုတ်နစ်လာပြီဆိုရင် တရားအားထုတ်ဖို့ စိတ်မပါဘူး၊ ကုသိုလ်လုပ်ဖို့ စိတ်မပါဘူး၊ အဲဒီ စိတ်လေးလံစေတက်တဲ့ သဘာဝ တရားတွေ စိတ်အညစ်အကြေးတွေကို ကာယလဟုတာ စိတ္တလဟုတာဆိုတဲ့ သဘာဝတရား စွမ်းအား ထက်လာရင် ဖယ်ရှားပစ်နိုင်တယ်။

အညစ်အကြေးတွေကို ဖယ်ရှားတဲ့နေရာမှာ ဒီ ဘသာဝတရားတွေကလည်း စိတ်အညစ်ကြေးတွေကို ဆေးကြောနိုင်တဲ့ စွမ်းရည်သတ္တိတွေ ရှိတယ်၊ ဒါ ပိုက်ဆံနဲ့ ဝယ်ရတာမဟုတ်ဘူး၊ ဒီ သဘာဝတရားက ကိုယ့်သန္တာန်မှာ ဖြစ်အောင် လုပ်ယူရတယ်။ ဘာနဲ့ဖြစ်အောင် လုပ်ရမလဲဆိုရင် ခုနက ဓမ္မာရုံပေါ် စိတ်စိုက်ပြီး ဒီသဘာဝတရားတွေ ဖြစ်လာအောင် ကိလေသာတွေ မဖြစ်အောင် ဖယ်ရှား၊ စိတ်စွမ်းအားတွေ ဒီဘက်က တိုးမြင့်လာအေင်လုပ်ပေး၊ ကျင့်စဉ်ကန်တော့ သမထကျင့်စဉ်နဲ့ ဝိပဿနာကျင့်စဉ်ပဲ ဖြစ်တယ်။

ကာယမုဒုတာ၊ စိတ္တမုဒုတာ

နောက်တစ်ခုက “ကာယမုဒုတာ၊ စိတ္တမုဒုတာ”၊ စေတသိက်ရဲ့ နူးညံ့ပျော့ပျောင်းမှု၊ စိတ်ရဲ့ နူးညံ့ပျော့ပျောင်းမှု၊ နူးညံ့ပျော့ပျောင်းတယ်ဆိုတာ ခက်ထန်မှု ကင်းတာ၊ အဲဒီတော့ စိတ်က ဘယ်လိုအချိန် ခက်ထန်သလဲဆိုရင် ဒေါသထွက်တဲ့စိတ် မခက်ထန်ဘူးလား၊ စိတ်ဆိုးနေတဲ့အချိန် ခက်ထန်နေမှာပဲ၊ နောက် မာနဖြစ်နေတဲ့သူရဲ့ စိတ်ရော ခက်ထန်တာပဲ၊ စာထဲမှာ ဘယ်လိုပြောထားလဲ ဆိုရင် ‘သံချောင်းကြီး မြိုထားတဲ့မြွေလိုပဲ’ တဲ့၊ ခွေလို့မရတော့ဘူး၊

အဲဒီမာနရှိတဲ့ သူက ရင်ကော့ပြီးသွားတာ၊ လူကြီးသူမတွေရှေ့လည်း ကုန်းလို့မရတော့ဘူး၊ မာနရှိရင် ကုန်းလို့ မရတော့ဘူး၊ ကော့ထားတာ၊ အဲဒီလို မာန်မာန ရှိလာပြီဆိုရင် လူ့စိတ်ဟာ ပျော့ပျောင်းတာမျိုး မဖြစ်တော့ဘူး၊ လိုသလို လုပ်လို့ မရဘူး၊ ထောင်ထောင်နဲ့ ဖြစ်နေပြီ၊ မာနဆိုတဲ့ ကိလေသာ စိတ်အညစ်အကြေးကို ကာယမုဒုတာ စိတ္တမုဒုတာနဲ့ ဖယ်ရှားပစ်ပါ။

ဒီ မုဒုတာကို ကိုယ့်သန္တာန်မှာ ထူထောင်ရမယ်၊ စိတ်ဓာတ်နူးညံ့တယ် ပျော့ပျောင်းတယ်၊ သူ့ဆိုင်ရာဆိုင်ရာ ဆန့်ကျင်ဘက် သဘာဝတရားတွေကို ဖယ်ရှားပစ်တယ်၊ ဒါ special ကို ပြောတာပေါ့၊ ဆေးဆိုတာဟာ တစ်ခါတစ်ရံမှာ သီးသန့် ထုတ်လုပ်တာရှိတယ်၊ ဥပမာ သွေးတိုးရောဂါအတွက်ဆေး၊ ဆီးချိုရောဂါအတွက်ဆေး၊ general ကျတော့ ကိုယ်ခဲတာ အားလုံး သုံးလို့ရတာမျိုး၊ special ကျတော့ မဟုတ်တော့ဘူး၊ ဒီ ရောဂါအတွက် သီးသန့်ထုတ်တာ။

အဲဒီလိုပဲ ဒီ သဘာဝတရားလေးတွေက ဆိုင်ရာဆိုင်ရာ ကိလေသာတွေ စိတ်အညစ်ကြေးတွေကို ဖယ်ရှားပစ်ဖို့ သီးသန့်လေးတွေ၊ ဒါတွေကို ကြိုးစားပြီးတော့ ထူထောင်ပေးရမယ်၊ ကုသိုလ်စိတ်တွေ ဖြစ်လာတဲ့အခါမှာ ဟောဒီ သဘာဝတရားလေးတွေ ကိုယ့်သန္တာန်မှာ ဖြစ်လာနိုင်တယ်။

ကာယပါဂုညတာ၊ စိတ္တပါဂုညတာ

ပြီးတော့ “ကာယပါဂုညတာ၊ စိတ္တပါဂုညတာ”၊ စိတ်ရဲ့ လေ့လာနိုင်စွမ်းမှု၊ ကျန်းမာတယ်ဆိုတဲ့ အဓိပ္ပါယ်၊ စိတ်နေမကောင်းတာ မရှိဘူး၊ စေတသိက် နေမကောင်းတာ မရှိဘူး၊ လူနေမကောင်းရင် ဆေးသောက်လို့ ရတယ်၊ စိတ်နေမကောင်းတာ ကျတော့ တစ်မျိုး၊ အဲဒီ စိတ် နေမကောင်းမှု ကင်းသွားရင် ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ ဒီ သဘာဝတရားဟာ စိတ်နေမကောင်းတာကို ဖယ်ရှားပစ်နိုင်တယ်။

ဘာတွေကြောင့် စိတ်က နေမကောင်းတာလဲ ဆိုရင် ကိလေသာတွေ ဖြစ်လာလို့ စိတ်က နေမကောင်းဘူး၊ လောဘလွှမ်းနေတဲ့အခါ ဒေါသလွှမ်းနေတဲ့အခါ စိတ်နေမကောင်းဘူး ပြောရမယ်၊ အမှန်တရားကို မသိလို့ တွေဝေနေတဲ့အခါ စိတ်နေမကောင်းဘူး လို့ ပြောရမယ်၊ အဲဒီလို နေမကောင်းတာမျိ်ုးကို ပါဂုညတာက ဖယ်ရှားနိုင်တယ်၊ စိတ်ဟာ ကျန်းမာသွားတယ်၊ စိတ် ကျန်းမာဖို့ဆိုတာ အရေးကြီးတယ်။

ဒါကြောင့် မြတ်စွာဘုရားက ကိုယ်မကျန်းမာတာက သိပ်အရေးမပါပါဘူး၊ စိတ်ကျန်းမာဖို့က အရေးကြီးပါတယ်လို့ နကုလပိတာ ဒကာကြီးကို ဟောထားတာရှိတယ်၊ “ခန္ဓာကိုယ်ဆိုတာ နာတာ ကျင်တာ ကိုက်တာ ခဲတာ ထုံးစံပါပဲတဲ့၊ စိတ်မနာစေနဲ့ပေါ့တဲ့၊ ခန္ဓာကိုယ် နာချင်နာပါစေ၊ စိတ်ကျန်းမာအောင် နေပါ” တဲ့၊ ခန္ဓာကိုယ်ဆိုတာ ဘာမှ မတက်နိုင်ဘူး၊ ရုပ်ခန္ဓာကြီးကန်တော့ မကျန်းမမာဖြစ်လာရင် သာမန်ဆေးဝါးနဲ့ ကုရုံပဲ၊ ဘယ်လို ပဲ ကုကု၊ သူက ပျောက်ချင်မှ ပျောက်မယ်၊ သူ့ဘာဝပဲ။ ဘာမှ မတက်နိုင်ဘူး။

အဲဒီတော့ စိတ်မကျန်းမာဖြစ်ရင် “စိတ်မကျန်းမာမှု မဖြစ်စေရဘူး” ဆိုပြီး ကျင့်ရမယ်တဲ့၊ ဒါလည်း မှတ်စရာတစ်ခုပါပဲ၊ စိတ်ကျန်းမာဖို့အတွက်က ဘာလုပ်ရမလဲ၊ ကာယပါဂုညတာ စိတ္တပါဂုညတာ ဒီသဘာဝတရားတွေ စွမ်းအားဖြစ်စေဖို့၊ ကုသိုလ် စိတ်တွေနဲ့ ယှဉ်ပြီး ဖြစ်နေအောင် ကြိုးစားဖို့ပဲ၊ စိတ်ကျန်းမာလာမယ်။

ကာယကမ္မညတာ၊ စိတ္တကမ္မညတာ

“ကာယကမ္မညတာ၊ စိတ္တကမ္မညတာ” ကမ္မညာတာဆိုတာ စွမ်းဆောင်နိုင်မှု ရှိတာ၊ စိတ်ကလည်း စွမ်းဆောင်နိုင်မှု ရှိတယ်၊ ကိုယ်ကလည်း စွမ်းဆောင်နိုင်မှု ရှိတယ်၊ လုပ်နိုင်ကိုင်နိုင် စွမ်းရည်ရှိတယ်လို့ ပြောတာ၊ ဒါပေမယ့် ကိလေသာစိတ် အညစ်အကြေးတွေ ပေါ်လာပြီဆိုရင် စိတ်မှာ စွမ်းဆောင်မှုတွေ အားနည်းသွားတယ်၊ စွမ်းဆောင်နိုင်မှု မရှိဘူး။

ဥပမာ - ဒေါသဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်မှာ ကုသိုလ်စိတ်ဖြစ်ဖို့ သမာဓိဖြစ်ဖို့ ဘယ်လောက် ခက်သွားမလဲ၊ စိတ်စွမ်းအားတွေ လျော့ကျသွားတယ်၊ မကောင်းမှုဘက် စိတ်တွေ တိုးတက်လာတယ်၊ သမာဓိရအောင် အသိဉာဏ်ပေါ်အောင် မလုပ်နိုင်တော့ဘူး၊ စိတ်ငြိမ်းချမ်းအောင်လည်း မလုပ်နိုင်ဘူး၊ စိတ်စွမ်းဆောင်နိုင်မှုတွေ အားနည်းသွားစေတက်တဲ့ ကိလေသာတွေကို ဖယ်ရှားပစ်နိုင်ဖို့ ကာယကမ္မညတာ၊ စိတ္တကမ္မညတာဆိုတာ အရေးကြီးတယ်၊ သဘာဝတရားတွေ ကုသိုလ်စိတ်တွေ မိမိရဲ့ သန္တာန်မှာ ဖြစ်နေပြီဆိုရင် စွမ်းအားတွေ အားလုံးပေါ်နေမှာပဲ။

ကာယုဇုကတာ၊ စိတ္တဇုကတာ

နောက်တစ်ခုက “ကာယုဇုကတာ၊ စိတ္တဇုကတာ”၊ ကာယုဇုကတာ၊ စိတ္တဇုကတာက စိတ် စေတသိက်တွေရဲ့ ဖြောင့်မက်မှု၊ စိတ်ရဲ့ဖြောင့်မတ်မှု၊ ဖြောင့်မတ်မှု ရှိရတယ်၊ ဖြောင့်မတ်တယ်ဆိုတာ ရိုးသားတာပဲ၊ မရိုးသားဘူးဆိုတာ ဘာပြောတာလဲ။

မရိုးသားတဲ့စိတ်နဲ့ ရိုးသားတဲ့စိတ်၊ ဘာကို ရည်ညွှန်းတာလဲ၊ မရိုးသားဘူးဆိုတာ ‘မာယာ သာဋ္ဌေယျ’၊ မာယာဆိုရင် လူတွေက မျက်လှည့်လို့ထင်တယ်၊ မာယာများတယ်လို့ ပြောကြတယ်၊ မာယာ သာဋ္ဌေယျဆိုတာ အဓိပ္ပါယ် သေသျောချာသိဖို့ လိုတယ်၊ မာယာဆိုတာ ကိုယ့်ရှိတဲ့ အပြစ်ကို မရှိယောင် ဆောင်တာ၊ ကိုယ့်အပြစ်ကို ဖုံးကွယ်ချင်တာ၊ ဖုံးကွယ်ဖို့ ကြိုးစားတာ၊ အပြစ်တစ်ခုရှိလျက်နှင့် လူမသိအောင် ဖုံးထားတာ၊ ဒါမရိုးသားတာလို့ ခေါ်တယ်၊ ကိုယ်မဟုတ်တာ လုပ်ထားတာကို သူတစ်ပါး မသိစေချင်လို့ ဖုံးထားတာ မာယာ၊ ဒီ မာယာကလည်း စိတ်အညစ်အကြေးပါပဲ၊ လုပ်တယ်၊ မသိအောင် ဖုံးတယ်၊ ကွယ်ရာကျတော့ လုပ်တယ်၊ သူများသိမှာ စိုးတယ်။

မြတ်စွာဘုရား ဂုဏ်တော်မှာ ကြည့်ပါ၊ ‘အရဟံ’ ဆိုတာ ဆိတ်ကွယ်ရာအရပ်၌ ပင် မကောင်းမှုကို မလုပ်တာ၊ ဘုရားမှာ ဖုံးကွယ်စရာ ဘာမှမရှိဘူး၊ လူတွေကသာ ဖုံးနေတာ၊ လူသိအောင် ဖုံးလို့ရတာ တစ်ခုမှ မရှိဘူး၊ အင်္ဂုတ္တရနိကာယ်မှာ မြတ်စွာဘုရား ဟောထားတာ၊ နတ္ထိ လောကေ ရဟော နာမ၊ ပါပကမ္မံ ပကုဗ္ဗတော - လောကမှာ ဆိတ်ကွယ်ရာဆိုတာ မရှိဘူး၊ ဘာဖြစ်လို့ မရှိလဲဆိုတော့ အတ္တာ တေ ပုရိသ ဇာနာတိ - ‘မင်း ကိုယ်တိုင် သိနေတာပဲ’ တဲ့၊ တခြားလူ သိတာ,မသိတာထား၊ ကိုယ်သိတယ်၊ ကိုယ်သိနေတယ် ဆိုကတည်းက ရှက်စရာ ဖြစ်မနေဘူးလား၊

ဒါပေမယ့် ကိုယ့်ကိုယ်ကိုတော့ မရှက်ကြဘူး၊ သူများ မသိရင် ပြီးရော၊ ကိုယ့်ကိုယ်ကို သိနေတာကို အလေးမထားတာ။ အဲဒါ မာယာရှိနေပြီ၊ မာယာရဲ့ သဘောက ကိုယ်သိရင် သိပါစေ၊ သူများမသိရင် ပြီးတော့၊ လူမြင်ကောင်းအောင် လုပ်တဲ့ ပုဂ္ဂိုလ်ဆိုတကတည်းက ဘယ်ရိုသားမှု ရှိပါတော့မလဲ၊ ကိုယ့်ကိုယ်ကို ပြန်ရှက်ရမယ်၊ သဘာဝတရားတွေမှာ သူ့ဟာသူ ရှိတယ်၊ ဒါကြောင့် ကာယုဇုကတာ စိတ္တုဇုကတာဆိုတာ တကယ်ရိုးသားတာ၊ ကိုယ့်ကိုယ်ကိုလည်း မလိမ်၊ သူများကိုလည်းမလိမ်တာ။

နောက်တစ်ခုက ‘သာဋ္ဌေယျ’ ဆိုတာက မာယာနဲ့ မတူဘူး၊ သာဋ္ဌေယျက ကိုယ့်မှာ မရှိတဲ့ဂုဏ်ကို ထုတ်ကြွားချင်တဲ့လူ၊ ရိပ်သာမှာ တကယ် တရားအားထုတ်တာ မဟုတ်ဘဲ၊ ‘ငါ တရားဘယ်နှစ်ခါ ဝင်ပြီးပြီ’ လို့ ပြောတဲ့ပုဂ္ဂိုလ်တို့၊ ပိုက်ဆံ မရှိဘဲနဲ့ ပိုက်ဆံ ချမ်းသာတဲ့ပုံစံ၊ လေလုံးထွားပြောတဲ့ လူမျိုး၊ သမာဓိတရား မရှိဘဲနဲ့ သူ တရားထိုင်လိုက်တာ တစ်နာရီလုံးလုံး စိတ်ကို ငြိမ်နေတာပဲ လို့ ပြောတဲ့ ပုဂ္ဂိုလ်မျိုးတို့၊ အဲဒါမျိုး ကို်ယ့်မရှိတာကို အရှိလုပ်ရင် သာဋ္ဌေယျလို့ ခေါ်တယ်။

ဘုန်းကြီးတွေဆိုလည်း ဓမ္မာစရိယ မအောင်ဘဲ အောင်တယ်၊ ဘွဲ့မရဘဲ ရတယ် ပြောတာမျိုး၊ စာမတက်ဘဲ တက်တယ်လို့ ပြောတာမျိုး၊ ဒါဆို သာဋ္ဌေယျ၊ ဘုန်းကြီးဖြစ်စေ လူဖြစ်စေ မရှိတဲ့ဂုဏ် ထုတ်ပြောတဲ့ ပုဂ္ဂိုလ်ကို သာဋ္ဌေယျလို့ ခေါ်တယ်။

အဲဒီ မာယာသာဋ္ဌေယျ ရှိနေရင် လူဟာ ရိုးသားဖြေင့်မတ်မှု မရှိတော့ဘူး၊ ကောက်ကျစ်နေတယ်၊ ဒါကြောင့် ကာယုဇုကတာ စိတ္တဇုကတာ၊ ဒီ သဘာဝတရားနှစ်ခု မိမိတို့ ရင်ထဲနှလုံးထဲ ကိန်းလာပြီဆိုရင် ကိုယ့်ကိုယ်တိုင်လည်း မလိမ်တော့ဘူး၊ မရှိတာလည်း အရှိလုပ်ပြီး မပြောဘူး၊ ရှိနေတဲ့ အပြစ်ကို လည်း ဖုံးမနေတော့ဘူး၊ ကိုယ်လုပ်ရင် လုပ်တယ်လို့ ဖွင့်ဟ ပြောကြားလေ့ ရှိတယ်။

မြတ်စွာဘုရားက အပြစ်တစ်ခု ကျူးလွန်ထားပြီ ဆိုရင် ပထမအဆင့် ဖွင့်ပြောရမယ်၊ ဖွင့်ပြောတာ ဘာဖြစ်လို့လဲဆိုရင် မြုံထားရင် တအုံးနွေးနွေး ဖြစ်တက်လို့ပါပဲ၊ confession လုပ်တယ်၊ ဖွင့်ပြောလိုက်ရင် စိတ်ထဲမှာ နှလုံးထဲမှာ အေးချမ်းသွားတယ်၊ ဖွင့်ပြောရုံနှင့် ပြီးသွားလားဆိုတော့ မပြီးသေးပါဘူး။

အမှန်အတိုင်း ဖွင့်ဟဝန်ခံတာက ပထမအဆင့် ပြီးပြီဆိုလို့ရှိရင် “ဒါမျိုးနောက် မဖြစ်စေရပါဘူး” ဆိုတာက ဒုတိယအဆင့်၊ ပြီးတဲ့အခါကျတော့ ဒါမျိုးမဖြစ်စေရုံတင် မကဘူး၊ “ကောင်းတဲ့ အလုပ်တွေကိုပဲ လုပ်ပါတော့မယ်” ဆိုတာက တတိယအဆင့်၊ အဲဒါဆိုရင် စောစောက မကောင်းမှု အကုသိုလ်ကနေ လွတ်နိုင်တယ် လို့ ဒီလို ဟောခဲ့တယ်၊ “သင်္ခဓမသုတ်” ကိုကြည့်။

သံယုတ္တနိကာယ်က သင်္ခဓမသုတ်ဆိုတာ ရှိတယ်၊ အကုသိုလ်တွေကနေ လွတ်အောင်ရှောင်တဲ့နည်းကို ဟောထားတယ်၊ ငါ လုပ်ထားတဲ့ အကုသိုလ်ကို မကောင်းဘူးလို့ ပထမ မြင်ရမယ်၊ မြင်ပြီးရင် ဖွင့်ဟဝန်ခံရမယ်၊ ဘုန်းကြီးတွေက ဒေသနာကြားတယ်ဆိုတာ “မေ့ပြီး အပြစ်တစ်ခု ကျူးလွန်မိပါတယ်၊

အဲဒီ ကျူးလွန်ကြောင်းကို ဖွင့်ပြောပါတယ်” လို့ ပြောတဲ့အခါ နားထောင်ပေးတဲ့သူက “ကိုယ်တော့အပြစ် ကိုယ်တော် မြင်ရဲ့လား” လို့ ဆိုရင် “မြင်ပါတယ်” လို့ ပြန်ပြောရမယ်၊“မြင်ရင်နောက်ထပ် ရှောင်မလား” လို့ ထပ်မေးရင် “ရှောင်ပါ့မယ်” လို့ ဖြေရတယ်၊ ဒါပဲ ဘုန်းကြီးတွေ ဒေသနာကြားတာ၊ သင်္ကန်းဝတ်ဖူးတဲ့သူတွေ သိတယ်၊ ပါဠိလိုဆိုနေလို့ အဓိပ္ပါယ်က ဒါပဲ။

လူချင်းလည်း အဲဒီလို လုပ်လို့ရတာပဲ၊ ဒါကို ဒေသနာကြားတယ်လို့ ခေါ်တယ်၊ ဒေသနာကြားတယ်ဆိုတာ ကိုယ့်အပြစ်ကို ကိုယ်ထုတ်ပြီးတော့ နောင် ဒါမျိုး မဖြစ်စေရပါဘူးလို့ ပဋိညာဉ်ပေးတာ၊ အင်မတန် စနစ်ကျတယ်၊ မြတ်စွာဘုရားက မကောင်းတဲ့ အကုသိုလ်ရဲ့ လွတ်မြောက်တဲ့နည်းကို ပြောတာ၊ အပြစ်မဖြစ်ဘူးလို့ ပြောတာ မဟုတ်ဘူး၊ အပြစ်ဖြစ်ပြီးသားက ဖြစ်သွားပြီး၊ ဖြစ်ပြီးသားကို မဖြစ်ဘူးလို့ ပြောလို့မရဘူး၊ လုပ်ပြီး သားတော့ လုပ်ပြီးသားပဲ၊ လုပ်ပြီးသားအပြစ်ကို ဖျက်သိမ်းတာ မဟုတ်ဘူး၊ နောက်ထပ် မဖြစ်ဖို့ရာ စောင့်စည်းတာ။

အကုသိုလ်ဆိုတာ နှစ်မျိုးရှိတယ်၊ နှစ်မျိုးက ဘာလဲ ဆိုရင် (၁) လုပ်လို့ဖြစ်တဲ့ အကုသိုလ်။ (၂) တွေးပြီးတော့ နောင်တရ ပူပန်နေတဲ့ အကုသိုလ်တဲ့၊ အခုကြည့်ရင် ပထမ လုပ်တုန်းက အကုသိုလ်ရသွားပြီ၊ အဲဒီအတွက် စိတ်ပူနေတာက နောက်ထပ် အကုသိုလ်၊ ပါဠိလို အာရမ္ဘဇ၊ အာရမ္ဘဇဆိုတာက လုပ်လို့ဖြစ်လာတာ၊ လုပ်လို့ဖြစ်လာတာ၊ ပြင်လို့ မရဘူး၊ လုပ်ပြီးသွားပြီလေ၊ နောက်ဟာက ဝိပ္ပဋိသာရဇ- စိတ်နှလုံး မသာမယာဖြစ်တာ၊ စိတ်ဆင်းရဲနေတာကြောင့် ဖြစ်တဲ့အကုသိုလ်၊ ကိုယ်လုပ်မိတဲ့အပေါ်မှာ လူတွေက မှားပြီလို့ သိတဲ့အခါ စိတ်ဆင်းရဲနေ တက်တယ်လေ၊ လုပ်မိလို့ ဖြစ်တဲ့ အကုသိုလ်က တစ်ခု၊ စိတ် ဆင်းရဲနေတဲ့ အကုသိုလ်ကတစ်ခု။

ဒေသနာကြားတယ်၊ confession လုပ်တယ်ဆိုတာ စိတ်ဆင်းရဲနေတဲ့ အကုသိုလ်ကို ထပ်မဖြစ်ဖို့ တားလိုက်တာ၊ လုပ်တုန်းက တစ်ခါပဲ လုပ်ရင် တစ်ခါပဲ ဖြစ်တယ်၊ စိတ်ဆင်းရဲတာ ကျတော့ တစ်ခါမကဘူး၊ repeatation ထပ်ခါထပ်ခါ တွေးမိတိုင်း ဖြစ်နေမှာပဲ၊ တွေးမိတိုင်း အကုသိုလ်က တိုးနေမှာပဲ၊ တစ်ခါ တွေးမိရင် အကုသိုလ်လည်း အကြိမ်တစ်ရာ ဖြစ်နေမယ်၊ အဲဒါကို မြတ်စွာဘုရားက တားပေးတာ၊ အကုသိုလ်ကို တားတဲ့နည်းစနစ်၊ ဘယ်သူပဲဖြစ်ဖြစ် အကုသိုလ်က ရှောင်ချင်ရင်၊ “လုပ်ထားတာ မှားပါတယ်၊ မှားတာကို သိပါတယ်” လို့ ဝန်ခံရမယ်၊ “နောင် ဒါမျိုးမလုပ်ပါဘူး” လို့ ဝန်ခံချက်ပေးရမယ်။

ကောင်းတာတွေနဲ့ မကောင်းတာတွေကို တွန်းဖယ်ထားတဲ့ အတွက်ကြောင့် ပျောက်သွားတာတော့ မဟုတ်ဘူး၊ သူက ဖွင့်ပြောလိုက်တဲ့အတွက်ကြောင့် ရင်ထဲ ပေါ့သွားတယ်၊ အဲဒါ အကျိုးကျေးဇူးပဲ၊ ဒီဖြစ်ပြီးတဲ့ ပြဿနာတစ်ခု ငြိမ်းသွားသလို ရှိတယ်၊ ရှေ့တင်တော့ မလုပ်တော့ပါဘူး ပြောပြီး ကွယ်ရာကျတော့ ပြန်လုပ်ရင်တော့ မဟုတ်သေးဘူး၊ ထပ်မှားဦးမှာပဲ။

မာယာတို့, သာဋ္ဌေယျတို့ဆိုတာ မရိုးသားတဲ့ သဘောတရားတွေ ဖြစ်သည်အတွက်ကြောင့် အဲဒီ မရိုးသားတဲ့ သဘာဝတရားတွေကို ဖယ်ရှားပစ်နိုင်တဲ့ တရားကို ကာယုဇုကတာ စိတ္တုဇုကတာလို့ ခေါ်တယ်၊ အဲဒီ သဘာဝတရားတွေ ဖြစ်လာရင် စောစောက မာယာ သာဋ္ဌေယျဆိုတဲ့ စိတ်အညစ်အကြေးတွေ ပျောက်ကင်း သွားနိုင်တယ်၊ အဲဒါကို ခိုင်မာအောင် တည်ဆောက်ဖို့ လိုတယ်၊ ကောင်းတဲ့စိတ် မဟာကုသိုလ်စိတ်တွေ ဖြစ်တိုင်း ဖြစ်တိုင်း ဒီ သဘာဝတရားတွေ ပါတယ်၊ သို့သော် စွမ်းရည်သတ္တိထက်တာ မထက်တာတော့ ရှိတယ်။

ကရုဏာ

နောက်ထပ် ပြောစရာရှိတာက အားလုံးသိကြတဲ့အတိုင်း ဗြဟ္မဝိဟာရ ၄-ပါးထဲက “ကရုဏာ၊ မုဒိတာ”၊ ‘မုဒုတာ’ လို့ တစ်ချောင်းငင်နဲ့ ရေးရင် ပျော့ပျောင်းတာ၊ ဒါက လုံးကြီးတင်နဲ့ ရေးတဲ့ ‘မုဒိတာ’၊ ကရုဏာနဲ့ မုဒိတာ၊ ကရုဏာ ကို ဂယ်နဲ့ ရေးတာ မဟုတ်ဘူး၊ ကကြီးနဲ့ ‘ကရုဏာ’၊ မြန်မာလို ပြန်ရင် ကြင်နာသနားခြင်းဆိုတဲ့ အဓိပ္ပါယ်ရတယ်။

ကြင်နာသနားတယ်ဆိုတာ ရက်စက် ကြမ်းကြုတ်မှုရဲ့ ဆန့်ကျင်ဘက်၊ လောကမှာ သနားကြင်နာမှု ကင်းမဲ့ပြီး တိရစ္ဆာန်ကိုပဲဖြစ်ဖြစ် လူအချင်းချင်းပဲဖြစ်ဖြစ် ရက်စက် ကြမ်းကြုတ်ရင် ကောင်းတာမှ မဟုတ်တာ၊ ကြင်နာသနားတဲ့စိတ်ဟာ မွန်မြတ်တယ်၊ ရက်စက်ကြမ်းကြုတ်တာဟာ မွန်မြတ်တဲ့စိတ် မဟုတ်ဘူး၊ ကရုဏာက ရက်စက်ကြမ်းကြုတ်တဲ့ ဒေါသကို ဖယ်ရှားပစ်တာ ဖြစ်သောကြောင့် ဝိဟိံသတရားမျိုးကို ဖယ်ရှားပစ်နိုင်တယ်၊ စိတ်ထဲမှာ ရက်စက်တဲ့ သဘာဝ စိတ်အညစ်အကြေးကို ကရုဏာက ဖယ်ရှားပစ်နိုင်တာ။

ကရုဏာဟာ ဘာနဲ့ သဘာဝချင်း နီးစပ်လဲဆိုရင် ဝမ်းနည်းတာနဲ့ နီးစပ်တယ်၊ အဲဒီတော့ သနားတာကို ဝမ်းနည်းတဲ့ အဆင့်မရောက်စေရဘူး၊ စိုးရိမ်သောက ဝမ်းနည်းသွားရင် ကရုဏာမဟုတ်တော့ဘူး၊ ကရုဏာဆိုတာ ငြိမ်းအေးရမယ်၊ ငြိမ်းအေးတယ် ဆိုတာ အကုသိုလ်စိတ် မဟုတ်ဘူး၊ ဝမ်းနည်းသွားရင် အကုသိုလ်စိတ်ဖြစ်တယ်၊ သနားတယ်ဆိုတာ ဒုက္ခ ရောက်နေတဲ့သူကို “ဒီ ဒုက္ခကနေ ငါ ဘယ်လို ကယ်တင်ရမလဲ၊ ဒီ ဒုက္ခတွေ သူ့မှာ မဖြစ်ပါစေနဲ့ ငြိမ်းအေးပါစေ” ဆိုတဲ့ မွန်မြတ်တဲ့ စိတ်ထားကို ပြောတာ၊ “အမယ်လေး သနားလိုက်တာ” ဆိုပြီး မျက်ရည်ကျရင် ကရုဏာအဆင့်ကို လွန်သွားပြီ။

ကရုဏာရဲ့ အနီးစပ်ဆုံး ရန်သူဟာ ဘာလဲဆိုရင် ဒေါမနဿ (felling sad) ဝမ်းနည်းမှု၊ သောကဟာ ကရုဏာရဲ့ အနီးကပ်ဆုံးရန်သူပဲ၊ အနောက်တိုင်းသားတွေက တိရစ္ဆာန်ကို တအားချစ်တယ်၊ တအားချစ်ောတ့ တိရစ္ဆာန်ကို နှိပ်စက်ရင် သူတို့ စိတ်ထဲမှာ ကရုဏာတင် မက ဒေါသပါ ဖြစ်လာတာ၊ ဒါကို ကရုဏာဒေါသောလို့ ပြောကြတယ်လေ၊ ကရုဏာရဲ့ နောက်မှာ သောက မပါစေရဘူး၊ သောကပါရင် အကုသိုလ်ဖြစ်သွားပြီ၊ ကရုဏာဆိုတာ ဆင်းရဲဒုက္ခက လွတ်စေချင်တဲ့စိတ်ပဲ၊ မွန်မြတ်တယ်၊ ဆင်းရဲဒုက္ခက လွတ်စေချင်တယ်၊ ဆင်းရဲ့ဒုက္ခက လွတ်အောင် ကူညီတယ်၊ နှုတ်နဲ့ ကူညီတယ်၊ ပစ္စည်းနဲ့ ကူညီတယ်၊ လက်တွေ့ ကူညီတယ်၊ ဒါဟာ ကရုဏာရဲ့ အခြေခံသဘောတရား စွမ်းအားပဲ။

မုဒိတာ

‘မုဒိတာ’ ဝမ်းသာတယ်ဆိုတာက လူတစ်ယောက်ကကြီးပွား တိုးတက်လာပြီ ဆိုရင် စိတ်ထဲက ဝမ်းသာနိုင်ရမယ်၊ တရားဘက်ကပဲ တိုးတက် တိုးတက်၊ စီးပွားဘက်က တိုးတက် တိုးတက် ပြည့်ပြည့်စုံစုံ မြင်လိုက်ရရင် ချမ်းချမ်းသာသာ တိုက်နဲ့ အိမ်နဲ့ မြင်လိုက်ရရင် ကိုယ့်စိတ်ထဲမှ ဝမ်းသာတာဟာ မုဒိတာ ဖြစ်တာ။

မုဒိတာ မဖြစ်အောင် ဘယ်စိတ်အညစ်က တားလဲဆိုရင် ‘ဣဿာ’ က တားတယ်၊ ဣဿာ ဆိုတဲ့ အဆိုးတရားကို မုဒိတာက ဖယ်ရှားပစ်နိုင်တယ်၊ ဣဿာ ဆိုတဲ့ စိတ်အညစ်အကြေးကို မုဒိတာ က ဖြူစင်အောင် လုပ်ပေးနိုင်တယ်၊ ဣဿာရှိနေသမျှ မုဒိတာ မဖြစ်ဘူး၊ မုဒိတာ ရှိရင်လည်း ဣဿာမဖြစ်ဘူး၊ ဒါကြောင့် သူများ ချမ်းသာတာကို ဝမ်းသာနိုင်ဖို့ အင်မတန် အရေးကြီးပါတယ်၊ ဝမ်းမသာနိုင်ဘူးဆိုရင် ဣဿာဖြစ်နေလို့ပဲ အောက်မေ့ပါ၊ ကိုယ်နဲ့ ယှဉ်ပြိုင်ဘက် တစ်ယောက်က နိုင်သွားရင် congratulation တော့ လုပ်နိုင်ရမှာပေါ့၊ စိတ်ထဲက လှိုက်လှိုက်လှဲလှဲ congratulation လုပ်နိုင်မှ၊ မုဒိတာ ဆိုတာ စိတ်ပါလက်ပါ ဝမ်းသာတာ၊ ပြိုင်ဘက်ရဲ့ အောင်နိုင်မှုကို ကျေကျေနပ်နပ် အသိအမှန်ပြုနိုင်ရမယ်၊ အဲဒီလို အသိအမှတ်မပြုနိုင်ရင် မာနလို ဝန်တိုစိတ်ဆိုတဲ့ ဣဿာ ဖြစ်နေလို့ပဲ။

တစ်ခါတုန်းက စကိတ်စီးတဲ့ အမျိုးသမီး နှစ်ယောက်၊ တစ်ယောက်က ချန်ပီယံ၊ နောက်တစ်ယောက် ပြိုင်ဘက်၊ သူ့ထက်သာမယ့် အနေအထားရှိတော့ လူဆိုးငှားပြီးတော့ ခြေထောက်ကျိုးအောင် ရိုက်ခိုင်းတာ ကမ္ဘာမှာ ဖြစ်ခဲ့ဖူးတယ်၊ အဲဒါ ဣဿာကြောင့် ဖြစ်တာ၊ ကိုယ့်လာပြိုင်တဲ့သူကို မလိုချင်ဘူး၊ ဖယ်ရှားပစ်တာ၊ ဣဿာကြောင့် ပြဿနာအများကြီး တက်တတ်တယ်၊ ဒါကြောင့် မုဒိတာ ပွားပါလို့။

မြင့်မြတ်သော နေထိုင်ခြင်း

Society လို့ခေါ်တဲ့ လူ့ အသိုင်းအဝိုင်းထဲမှာ နေတဲ့အခါ အားလုံးအပေါ် အကျိုးလိုလားတဲ့ စိတ်ကို မွေးရမယ်၊ မေတ္တာပေါ့၊ အားလုံး ကောင်းစားစေချင်တယ်။ ဘယ်သူ့အပေါ်မှ မမုန်းဘူး၊ အားလုံးရဲ့ အကျိုးစီးပွားကို လိုလားတဲ့ မေတ္တာရှိရမယ်၊ အဲဒီလို မေတ္တာထားတဲ့ အထဲမှာ တချို့က ကိုယ့်ထက် နိမ့်ကျသွားတယ်၊ သို့မဟုတ် ဆင်းရဲ့ဒုက္ခ ရောက်သွားတယ်ပေါ့၊ အဲဒီပုဂ္ဂိုလ်ကို ကြင်နာသနားရမယ်၊ ဖေးမရမယ်၊ အပြစ်တစ်စုံတရာ ဖြစ်နေရင် ကိုယ်တက်နိုင်သလောက် ဖေးမရမယ်၊ အပြစ်တစ်စုံတရာ ဖြစ်နေရင် ကိုယ်တက်နိုင်သလောက် ဖေးမရမယ်၊ ကူညီမယ်၊

အဲဒါ ကရုဏာ၊ တိုးတက် ကြီးပွားသွားတဲ့ သူကိုတော့ အပြစ် မပြောဘူး၊ ဝမ်းသာတယ်၊ မုဒိတာ။ ဘယ်လောက်ကောင်းတဲ့ ကိုယ်ကျင့်တရားတွေလဲ၊ ကိုယ့်စိတ်မှာ ချမ်းသာစရာကြိးပဲ။ အလွန်မွန်မြတ်တာ၊ ဒါကြောင့်မို့ ဗြဟ္မဝိဟာရလို့ ခေါ်တာ၊ မြတ့်မြတ်သော နေထိုင်ခြင်းလို့ ပြောတယ်၊ ဒီတရားတွေနဲ့ နေထိုင်ရင် မြတ့်မြတ်တယ်လို့ ပြောတယ်။မနေ့က အပိုင်း(၁)မှာ ဥပေက္ခာအကြောင်း ဟောခဲ့ပြီးပြီ။

အပ္ပမညာ

အခုဟာက အပ္ပမညာစေတသိတ်လို့ ခေါ်တဲ့ ကရုဏာနဲ့ မုဒိတာကို ရွေးထုတ်တာ၊ ‘အပ္ပမညာ’ ဆိုတာ အတိုင်းအတာ အကန့်အသတ် မရှိတဲ့ အာရုံပေါ်မှာ အခြေခံတာ၊ လောကမှာ ရှိတဲ့သတ္တဝါတွေဟာ အကန့်အသတ် မရှိဘူး၊ အများကြီးပဲ၊ လူသား တွေအပေါ်သာ ထားရမယ်၊ တိရစ္ဆာန်တွေအပေါ် မထားရဘူး၊ ဒီလို မရှိဘူး၊ မြန်မာလူမျိုးတွေ အပေါ်မှာသာ ထားရမယ်၊ ဒိပြင် လူမျိုးတွေအပေါ် မထားရဘူး၊ ဒီလိုလည်း မရှိဘူး၊ လူတွေ အပေါ်ထားရမယ်၊ နတ်တွေအပေါ်ထားစရာမလိုဘူးလို့လည်း မရှိဘူး၊ အဲဒီတော့ အကန့်အသတ် ဘောက်ခတ်ထားတာ မရှိတာ အပ္ပမညာလို့ ခေါ်တယ်။

သတ္တဝါအားလုံးအပေါ် တညီတည်း ကောင်းကျိုးချမ်းသာ လိုလားတာ မေတ္တာ၊ တညီတည်း ဆင်းရဲဒုက္ခမှ ကင်းစေချင်တာ ကရုဏာ၊ အားလုံးကြီးပွားနေတာ ဝမ်းသာနိုင်တာ မုဒိတာ၊ စည်းစိမ်ဥစ္စာတွေ ဘယ်သူမှ မဆုတ်ယုတ်ကြပါစေနဲ့၊ ရထားတဲ့ အခြေအနေကောင်းတွေ ပျက်ပြား မသွားပါစေနဲ့ဆိုတာ မုဒိတာ၊ များသောအားဖြင့် မေတ္တာတော့ ပို့ကြတာပေါ့၊ ကရုဏာ ပို့ချင်ရင် ဘယ်လို ပိုရမလဲဆိုတော့ “ဒုက္ခမုစ္စန္တု- ဆင်းရဲဒုက္ခက လွတ်ကြပါစေ၊ ဘယ်သူမှ ဒုက္ခမရောက်ကြပါစေနဲ့၊ ဘယ်သူမှ အခြေမဲ့ အနေမဲ့ မဖြစ်ကြပါစေနဲ့”၊ ဒါ ကရုဏာပို့တာ။

မုဒိတာပို့ချင်ရင် “ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု” ရထားတဲ့ အခြေအနေကောင်းတွေ ဆုတ်ယုတ်မသွားပါစေနဲ့၊ အားလုံး လက်ရှိအခြေအနေကနေ တိုးတက်ပါစေ၊ ဒီထက်ယုတ်လျော့မသွားပါစေနဲ့၊ ဒီလို ဝမ်းသာပြီး ပို့ရတာ။

ဥပေက္ခာကျတော့ “သဗ္ဗေသတ္တာ ကမ္မဿကာ- သူ့ထိုက်နဲ့ သူ့ကံနဲ့ သွားတာ၊ ငါ သနားနေလို့လည်း ဘာမှ မဖြစ်လာဘူး၊ လုပ်စရာရှိတာ လုပ်ပေးပြီးပြီ”၊ ဥပေက္ခာဆိုတာ ချစ်ခြင်းမုန်းခြင်းဆိုတဲ့ ဘက်လိုက်မှု မရှိတဲ့သဘော။ ကရုဏာက ဆင်းရဲတဲ့အပေါ် ဘက်လိုက်တာ ရှိတယ်၊ မုဒိတာကလည်း ချမ်းသာတဲ့ ပုဂ္ဂိုလ်အပေါ် မြှောက်ပင့်ပေးတဲ့ ဘက်လိုက်မှုရှိတယ်၊ မေတ္တာကလည်း ကောင်းကျိုးချမ်းသာ ဖြစ်စေချင်တော့ စိတ်ရဲ့ လှုပ်ရှားမှုလေးတွေ ဖြစ်စေတယ်၊ ဥပေက္ခာ ကန်တော့ အဲဒီလို မဟုတ်ဘူး၊ အားလုံးအပေါ် တန်းတူညီမျှ ကံပေါ်မှာ အခြေတည်နေတယ်၊ လုပ်စရာရှိတာ လုပ်ပေးတယ်၊ ဥပေက္ခာဟာ စိတ်ထဲမှာ အငြိမ်သက်ဆုံး၊ အငြိမ်းချမ်းဆုံး၊ အမြင့်မြတ်ဆုံး၊ ဥပေက္ခာထားဖို့က လွယ်တာမဟုတ်ဘူး၊ ဗြဟ္မဝိဟာရ ၄-ပါးမှာ တတြမဇ္ဈတ္တတာ ဆိုတာ ဥပေက္ခာ၊ အဒေါသ ဆိုတာ မေတ္တာ၊ အဘိဓမ္မတ္ထသင်္ဂဟ မှာ ကရုဏာ, မုဒိတာဆိုပြီး အပ္ပမညာ (၂)ပါးကိုသာ ပြာထားတယ်။

မေတ္တာနဲ့ ဥပေက္ခာ

မေတ္တာဆိုတာ အဒေါသဆိုပေမယ့် အဒေါသတိုင်းမေတ္တာမဟုတ်ဘူး၊ သတ္တဝါတွေရဲ့ ကောင်းကျိုးချမ်းသာ လိုလားတဲ့ သွင်ပြင် ပါလာတော့မှ သူဟာ မေတ္တာဖြစ်တာပါ၊ စိတ်မဆိုးရုံ သက်သက်မဟုတ်ပဲ အမုန်းကင်းဝေးတဲ့အပြင် အကျိုးလိုလားတာပါ ပါရတယ်။ တတြမဇ္ဈတ္တဟာလည်း ထို့အတူပဲ၊ သဘာဝတရားတွေ စွမ်းဆောင်မှုတွေ တညီတည်းဖြစ်နေရုံနဲ့ ဥပေက္ခာမဟုတ်သေးဘူး၊ သူ့ကို တိုးတက်အောင် လုပ်လိုက်တော့အချစ်အမုန်း ငြိမ်းသွားပြီးတော့ တည်ငြိမ်မှု ရရှိလိုက်တာ၊ အဲဒါမှ ဥပေက္ခာ ခေါ်တယ်။

တပြိုက်နက် မဖြစ်

ကရုဏာနဲ့ မုဒိတာက စိတ်တစ်ခုနဲ့ ယှဉ်လို့ရှိရင် တပြိုင်တည်း မဖြစ်နိုင်ဘူး၊ ဟုတ်တာပေါ့၊ သနားတာနဲ့ ဝမ်းသာတာ တွဲလို့ရပါ့မလား၊ လူတစ်ယောက်ကို သနားလည်း သနား၊ ဝမ်းလည်း ဝမ်းသာ မဖြစ်နိုင်ဘူး၊ ဒီလူ ဆင်းရဲဒုက္ခရောက်တာ ဝမ်းသာလိုက်တာလို့ ပြောလို့ မရဘူး၊ သနားလို့ပဲ ရမယ်၊ ကရုဏာပဲ ဖြစ်လို့ရတယ်၊ ဆင်းရဲဒုက္ခ လွတ်ပြီး ကြီးပွားသွားရင် ဝမ်းသာတဲ့ မုဒိတာ ဖြစ်တာပေါ့၊ သူတို့နှစ်ခုသည် အာရုံချင်း မတူတဲ့အတွက် တပြိုင်တည်း မဖြစ်နိုင်ဘူး၊ ကရုဏာဖြစ်တဲ့ အခိုက်မှာ မုဒိတာ မဖြစ်နိုင်ဘူး၊ မုဒိတာဖြစ်တဲ့ အခိုက်မှာ ကရုဏာ မဖြစ်နိုင်ဘူး၊ သဘာဝချင်း အာရုံချင်း မတူဘူး၊ ဒါကြောင့် Associate လုပ်လို့ မရဘူး။

ဝိရတီစေတသိတ် (၃)ပါး

နောက်တစ်ခုက ဘာလဲဆိုရင် ဝိရတီစေတသိတ် ၃-ခု၊ ဝိရတီဆိုတာ ရှောင်ကြဉ်တာ၊ မဂ္ဂင် ၈-ပါးထဲမှာပါတဲ့ သမ္မာဝါစာ၊ သမ္မာကမ္မန္တု သမ္မာအာဇီဝဆိုပြီး ရှောင်ကြဉ်မှု ၃-မျိုး၊ သမ္မာဝါစာ ဆိုတာ နှုတ်ကနေ ထိန်းသိမ်းပြီး ဝစီဒုစရုက်ကို ရှောင်ကြဉ်တာ၊ ဝစီသုစရိုက်ကို ဖော်ဆောင်တာ၊ ရှောင်ကြဉ်တာ အစလေးပဲ ရှိသေးတယ်၊ ဖော်ဆောင်တာလည်း ပါရဦးမယ်၊ ဖော်ဆောင်တာကို မေ့နေရင် ရှောင်ကြဉ်တာ သက်သက်ကန်တော့ အိမ်နေရင်လည်း ရှောင်တာပဲလေ၊ အိပ်နေရင် မလိမ်ဘူး၊ လိမ်လည်မှု မုသာဝါဒ မဖြစ်ဘူး၊ သူများကိုလည်း ကုန်းမတိုက်ဘူး၊ မဆဲဘူး၊ အတင်းမပြောဘူး၊ ဒါေျွှွကို ရှောင်ရုံတင်မက ဆောင်ရမယ့်တရားလည်း ရှိသေးတယ်။

သမ္မာဝါစာ

ဒါကြောင့် သမ္မာဝါစာ ဆိုတာ မှန်ကန်သော စကားကို ဆိုရမယ်၊ မှန်ကန်သော စကားကို ဆိုတာဟာ မမှန်ကန်သော စကားဆိုခြင်းမှ ရှောင်တယ်၊ မိစ္ဆာဝါစာကို ရှောင်တယ်၊ ဒါဖြင့် မိစ္ဆာဝါစာ ဘယ်နှစ်မျိုး ရှိလဲဆိုရင် လိမ်ပြောတာ၊ အမှန်ကို အမှားလုပ် ပြောတာ၊ မရှိတာ အရှိလုပ်ပြောတာ၊ လိမ်တယ်ဆိုတာ အမှန်ကို ပြောင်းပြန်ပြောတာ၊ လိမ်တယ်ဆိုရာမှာ အပြစ်ကြီးတာနဲ့ အပြစ်မကြီးတာ နှစ်ခုရှိတယ်၊ တစ်ခါတစ်ရံ တချို့က ကြောက်လို့ လိမ်ပြောတာ၊ အဲဒါက သိပ်အပြစ် မကြီးဘူး၊ ရယ်စရာအနေနဲ့ ပြောတာ၊ အပြစ် သိပ်မရှိဘူး၊ လေလုံးထွားပြီး လိမ်ပြောတာ၊ အဲဒါတွေ သိပ်အပြစ်မကြီးဘူး။

ဘယ်လိမ်မှုက အပြစ်ကြီးလဲဆိုတော့ တရားရုံးမှာ မဟုတ်တဲ့သက်သေထွက်တာ၊ သူတစ်ပါး ဒုက္ခရောက်အောင် လုပ်ရင် အပြစ်ကြီးတယ်၊ သူတစ်ပါးအကျိုး ပျက်စီးသွားအောင် လုပ်ရင် အပြစ်ကြီးတယ်၊ သူတစ်ပါးအကျိုး ပျက်စီးသွားအောင် လုပ်ရင် ဒီ လိမ်လည်မှုက အပြစ်ကြီးတယ်၊ စေတိယမင်းကြီး မြေမြိုတယ် ဆိုတာ သူတစ်ပါးအကျိုး ပျက်စီးသွားအောင် လုပ်လို့၊ အဲဒီခေတ်ကလည်း အင်မတန် သန့်ရှင်းတဲ့ခေတ်ဆိုတော့ မြေမြိုတာပေါ့၊ ခုခေတ်မြေက အနားယူသွားပြီ၊ မမြိုတော့ဘူး၊ မြိုလည်း ဆန့်မှာ မဟုတ်တော့ဘူး။

အဲဒီတော့ မုသာဝါဒဆိုတာ အလွန် ဆိုးတယ်လို့ မြတ်စွာဘုရား ဟောထားတာ ရှိတယ်။

“ဧကံ ဓမ္မံ အတီတဿ၊

မုသာဝါဒိဿ ဇန္တုနော။

ဝိတိဏ္ဏပရလောကဿ၊

နတ္တိ ပါပံ အကာရိယံ”။

ဝစီသစ္စာကို ဖယ်ရှားပြီးတော့ လိမ်တက်တဲ့ ပုဂ္ဂိုလ်ဟာ မဟုတ်တာ အကုန်ပြောတက်တယ်၊ မကောင်းမှုမှန်သမျှ အကုန်လုပ်တယ်၊ သူ မလုပ်တဲ့အကုသိုလ် မရှိဘူး၊ သူက လိမ်တက်ရင် ပြီးရောလေ၊ ဖုံးကွယ်လိုက်တာ၊ အဲဒါကြောင့် သမ္မာဝါစာဆိုတာ မလိမ်ဘူး၊ မလိမ်ရုံတင်ပြီးလားဆိုတော့ မပြီးသေးဘူး၊ မှန်တာပြောဖို့ လိုသေးတယ်၊ မှန်တာကို ပြောရမယ်။

နောက် ဖရုသဝါစာ- နှုတ်ကြမ်းတမ်းတာတို့ ဆဲရေးတာတို့၊ လူတစ်ဖက်သား နားမချမ်းသာအောင်ပြောတာတို့ကို ဖရုသဝါစာ လို့ ခေါ်တယ်၊ လူတစ်ယောက်ရဲ့ စိတ်ထဲမှာ ဒေါသထွက်လာအောင် ပြောတဲ့စကားမျိုးတွေဟာ ဖရုသဝါစာပဲ၊ အဲဒီ ဖရူသဝါစာ ကို ရှောင်ရမယ်တဲ့၊ အဲဒီအစား ကြင်နာတဲ့ စကာလေးတွေ ပြောရမယ်၊ ချွဲပြောတဲ့စကားမျိုး မဟုတ်ဘူး၊ ကြင်နာတဲ့ စကား ချိုသာတဲ့စကားပြောရမယ်။

လူဆိုတာ ချိူသာတဲ့စကားကို သူလည်းကြိုက်၊ ကိုယ်လည်း ကြိုက်ပဲလေ၊ အရပ်ထဲမှာ ဆို “ဟဲ့ သေနာကောင်ကြီး” ဒီလိုခေါ်ကြရင် ဘယ်ကြိုက်မလဲ၊ အဲဒါမျိုးမဟုတ်ဘဲ ကြင်ကြာင် နာနာပြောတာမျိုး ဖြစ်ရမယ်၊ မြတ်စွာဘုရားက “ယာသာဝါစာ နေလာ ကဏ္ဏသုခါ” ကြားလိုက်ရင် နားထဲမှာ ချမ်းသာသွားတာ၊ စိတ်ထဲ နှလုံးထဲ ကြည်နူးသွားတာ၊ အဲဒါမျိုး ပြောရမယ်၊ အဲဒီထဲမှာ မှန်ကန်တာတွေပြောရင် အဲဒီသဘောမျိုး ရပါတယ်၊ ချွဲချွဲပျစ်ပျစ် ပြောရမယ်လို့ ပြောတာ မဟုတ်ဘူး။

နောက်တစ်ခုက ပိသုဏဝါစာ၊ ပိယ-သုည-ကရဏစကားလုံးကို တစ်လုံးစီ ယူထားတာ၊ ပိယ- ချစ်ခင်မှု၊ သုည-ဆိတ်သုဉ်းသွားအောင်၊ ကရုဏ-ပြုခြင်းလို့ အဓိပ္ပါယ်ရတယ်၊ သူငယ်ချင်းနှစ်ယောက် အမြဲ ချစ်ခင်နေတာ၊ သူတို့နှစ်ယောက် ချစ်ခင်မှု ပျက်ပြားသွားအောင် ကြားမှာ ပြောဆိုတာ၊ ဒါကို ကုန်းတိုက်တယ်လို့ ပြောတယ်၊ လူနှစ်ယောက် တည့်နေတာကို ဟို တစ်မျိုး ဒီတစ်မျိုးပြောတာ ကုန်းတိုက်တာ၊ အဲဒီ ပိသုဏဝါစာကလည်း အင်မတန်ဆိုးပါတယ်။

“သမဂ္ဂကရဏိံ ဝါစံ ဘာသိတာ- ညီညွတ်ရေးစကားပြောရမယ်၊ ကွဲပြားအောင် မလုပ်ရဘူး၊ ဒါကြောင့် လူနှစ်ယောက် မတည့်အောင် မလုပ်ရဘူး၊ တည့်အောင် ဝိုင်းပြောပေးရမယ်၊ လူနှစ်ယောက် ကွဲပြဲနေတာတောင် ညှိနှိုင်းပြီး ညီညွတ်အောင် ပြောပေးရမယ်၊တစ်ယောက်နဲ့ တစ်ယောက် မတည့်အောင် မခွဲကောင်းဘူး၊ ခွဲရင် ပိသုဏဝါစာ၊ ပိသုဏဝါစာမှ ရှောင်ရမယ်၊ ကုန်းတိုက်စကား မပြောရုံတင်မကူဘး၊ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေကြဘူး၊ မတည့်ကြဘူးဆိုရင်တောင် ဖြန်ဖြေပေးရမယ်လို့ ဒီလို ဆိုတာ။

သမ္ဖပ္ပလာပ ဆိုတာ အကျိုးမရှိ၊ မဟုတ်တမ်းတရားတွေ ပြောတာ၊ မဟုတ်တဲ့ အကြောင်းအရာတွေ ပြောပီး အချိန်တွေဖြုန်း၊ အဲဒါမျိုး မလုပ်ရဘူး၊ သမ္ဖပ္ပလာပ မဖြစ်အောင် မှန်ကုန်တဲ့စကား ပြောရမယ်၊ အကျိုးမရှိတာ မပြောရဘူး၊ ပညာနဲ့ ပြောရမယ်၊ စီးပွားတိုးတက်ရာ တိုးတက်ကြောင်း ပြောရမယ်၊ အများ အကျိုးပြုစကား ပြောရမယ်၊ အကျိုးမပြုတဲ့ စကား မပြောရဘူး၊ အဲဒီလို တစ်ဖက်ကရှောင်ပြီး တစ်ဖက်က ဆောင်တာမျိုးကိုမှ သမ္မာဝါစာလို့ ခေါ်တယ်၊ ဝစီဒုစရိုက်ကို ရှောင်ပြီး ဝစီသုစရိုက်ကို ဆောင်ရမယ်။

သမ္မာကမ္မန္တ ဆိုတာ လုပ်ရပ်နဲ့ ပတ်သက်တာ၊ မှန်ကန်တဲ့ လုပ်ရပ်ဆိုတာ မှားယွင်းတဲ့ လုပ်ရပ်ကို ရှောင်ခြင်းဖြစ်တယ်၊ မှားယွင်းတဲ့ လုပ်ရပ်ဆိုတာ အားလုံးသိ တဲ့အတိုင်းပဲ၊ သူများအသက်သတ်တာ မှားယွင်းတဲ့လုပ်ရပ်၊ သူများဥစ္စာခိုးတာ မှားယွင်းတဲ့ လုပ်ရပ်၊ အဲဒီ မှားယွင်းတဲ့ လုပ်ရပ်ကနေ ရှောင်ရှားရင် သမ္မာကမ္မန္တ ဖြစ်သွားပြီ။

သမ္မာအာဇီဝ ဆိုတာ ဝစီဒုစရိုက် ၄-ခု၊ ကာယဒုစရိုက် ၃-ခု၊ အားလုံးပေါင်းလိုက်ောတ့ ၇-ခု၊ အဲဒီ ၇-ခုနဲပ စွားပွားမရှာရဘူးတဲ့၊ ကောင်းတဲ့နည်းနဲ့ စီးပွားရှာရင် သမ္မအာဇီဝ၊ ဆိုပစို့၊ သူများအသက်သတ်ပြီး စီးပွားရှာရင် မိစ္ဆာအာဇီဝ၊ ကိုယ့်စီးပွားအတွက် သတ်ရင် မိစ္ဆာအာဇီဝ ဖြစ်တယ်၊ ပိုက်ဆံမရှိလို့ ကိုယ့်စီးပွားအတွက် ခိုးရင် မိစ္ဆာအာဇီဝ၊ ဒီပြင်နည်းနဲ့ ခိုးတာက ဒုစရိုက်။

ကာမဂုဏ်ကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ယောက်က ပိုက်ဆံပေးပြိး သူများ သားမယားကို ဖျက်ဆီးခိုင်းတယ်၊ အသက်မွေးဝမ်းကျောင်းအဖြစ် ပိုက်ဆံယူပြီး လုပ်ရင် မိစ္ဆာအာဇီဝ၊ ကိုယ့်ဘာသာ ကိုယ့်ဝါသနာပါလို့ လုပ်ရင် ဒုစရိုက်၊ အဲဒီလို ခွဲရမယ်။

စကားပြောတာနဲ့ ပတ်သက်ပြီး ကိုယ့်ဟာကိုယ် လိမ်တဲ့သူက ရိုးရိုးလိမ်တာ၊ ဘာရည်ရွယ်ချက်မှ မရှိဘူး၊ ဒါဆို ဝစီဒုစရိုက်ဖြစ်တယ်၊ ပိုက်ဆံရလို့ လိမ်တာဆိုရင် မိစ္ဆာအာဇီဝဖြစ်တယ်၊ လူနှစ်ယောက် တည့်နေတာ မကြည့်ချင်ူဘး၊ သွားကုန်းတိုက်ရော့ ငွေတစ်သိန်းပေးမယ်ဆိုလို့ လုပ်ရင် မိစ္ဆာအာဇီဝ၊ ရိုးရိုးပြောဆိုမိတာက ဝစီဒုစရိုက်၊ မိမိစီးပွားအတွက် အသုံးချပြောဆိုတာက မိစ္ဆာအာဇီဝ၊ ပေါင်းလိုက်တဲ့အခါ ဒုစရိုက် ၇-ပါးကို အသက်မွေးမှုအတွက် အသုံးချလို့ရှိရင် မိစ္ဆာအာဇီဝဖြစ်ယတ်၊ အသုံးမချဘဲ ရှောင်ကြဉ်ရင် သမ္မာအာဇီဝ ဖြစ်တယ်။

ဝိရတီစေတသိတ် ၃-ခု ကလည်း အသီးသီး ဒုစရိုက်ကို အာရုံပြုပြီးတော့ ရှောင်ကြဉ်တာ ဖြစ်သောကြောင့် အာရုံက တစ်ခုစီ မတူဘူး၊ မတူသည့်အတွက်ကြောင့် မဟာကုသိုလ်စိတ်မှာ ယှဉ်တွဲတဲ့အခါ တစ်ခုစီ တစ်ခုစီမှ ဖြစ်လို့ရတယ်၊ ၃-ခုလုံး ပြိုင်တူဖြစ်လို့ မရဘူး၊ သို့သော် လောကုတ္တရာ မဂ်စိတ်မှာပါတဲ့အခါ မကောင်းတာတွေ အားလုံးကို တပြိုက်နက် ဖယ်ရှားပစ်တာ ဖြစ်သောကြောင့် မဂ်စိတ်မှာတော့ ၃-ခုလုံး တပြိုင်နက် ဖြစ်တယ်။

ပညိန္ဒြေ

ဘာကျန်သေးလဲဆိုတော့ ပညိန္ဒြေဆိုတာ ကျန်သေးတယ်၊ အဲဒါ အမောဟ၊ (ဒီ စဉ်နဲ့ ဘာလို့ ပြတာလဲဆိုတော့ စိတ်နဲ့ ယှဉ်တွဲပြီး ပြတဲ့အခါ လွယ်အောင်လို့ ဖြစ်တယ်) အသိဉာဏ်၊ မတွေဝေခြင်း၊ ဝိဇ္ဇာဆိုတာကို အမောဟလို့ ခေါ်တယ်၊ မောဟရဲ့ ဆန့်ကျင်ဘက်၊ မသိခြင်းတရားကို ဖယ်ရှားပစ်နိုင်တယ်၊ အဲဒီ အမောဟကို ပဲ မဂ္ဂင် ၈-ပါးမှာ ‘သမ္မာဒိဋ္ဌိ’ လို့ ခေါ်တယ်၊ ဗောဇ္ဈင် ၇-ပါးမှာတော့ ‘ဓမ္မဝိစယ သမ္ဗောဇ္ဈင်’ လို့ခေါ်တယ်၊ ပညာနဲ့ ပတ်သက်တဲ့ နာမည်တွေချည်းပဲ၊ နောက် ဝိပဿနာ ကျင့်ရာမှာလည်း ဝိပဿနာဆိုတာလည်း ဒီ အမောဟပဲ၊ အမောရဲ့ စွမ်းရည်သတ္တိလည်း မတူဘူး။

နိဂုံး

ဒါကြောင့် ပေါင်းလိုက်လို့ရှိရင် စိတ်ဖြူင်မှု အင်အားစုများဟာ ၂၅-မျိုး ရှိတယ်၊ စိတ်ရဲ့ အညစ်အကြေးက ၁၄-ခုပဲ ရှိတယ်၊ ဘာမှ ကြောက်စရာမရှိဘူး၊ အင်အားသာနေတာ အရှုံးပေးလို့တေ့ မရဘူး၊ သို့သော် စိတ်အညစ်ကြေးက လူတွေရဲ့ စိတ်ကို လွှမ်းနေတယ်၊ ဒီ ၂၅-ခုက ၁၄-ခုကို မလွှမ်းမိုးနို်င်ဘူး ဖြစ်နေတယ်၊ အဲဒါ လွှမ်းနိုင်အောင် ကြိုးစားဖို့ လိုတယ်လို့ ဆိုတယ်၊ final ကျတော့ အခု ပြောခဲ့တဲ့ စိတ်ဖြူစင်မှု အင်းအားစုတွေဟာ နောက်ဆုံးတိုက်ပွဲရောက်တော့ မစင်ကြယ်တာတွေ အားလုံးကို လုံးဝ ဖယ်ရှားပစ်နိုင်တယ်၊ အကယ်၍ ဖယ်ရှားမပစ်နိုင်ဘူးဆိုရသ် သတ္တဝါတွေ ဘယ်လိုလုပ်ပြီး သံသရာက လွတ်နိုင်တော့မလဲ။

ဘုရား, ရဟန္တာတို့ကျတော့ လုံးဝ ဖယ်ရှားပစ်လိုက်ပြီ၊ ဒီ ၁၄-မျိုးလုံးကို ၂၅မျိုးနဲ့ လုံးဝ ဖယ်ရှားပစ်လိုက်ပြီ၊ ၂၅-မျိုးကလည်း အဆင့် အဆင့်ဆင့် ဖယ်ရှား ပစ်လိုက်တယ်၊ ကာမာဝစရကုသိုလ်မှာရှိတဲ့ ဒီတရား၊ မဟဂ္ဂုတ်ကုသိုလ်မှာရှိတဲ့ ဈာန်နဲ့ ယှဉ်တွဲလာတဲ့ ဒီတရား၊ အစွမ်းအထက်ဆုံးကန်တော့ မဂ်နဲ့ ယှဉ်တွဲလာတဲ့ ဟောဒီ စွမ်းအားတွေက ပိုပြီးတော့ ထက်မြက်တယ်၊ စွမ်းဆောင်မှုတွေ ပိုပြီး ထက်မြက်တဲ့ အတွက်ကြောင့် စိတ်ရဲ့ အညစ်အကြေး မှန်သမျှကို လုံးဝ ဖယ်ရှားပစ်နိုင်ပါတယ်။ ဒါကြောင့် လုံးဝ ဖယ်ရှားနိုင်ဖို့ရာ အတွက် ကျင့်စဉ်ကန်တော့ သမထကျင့်စဉ်နဲ့ ဝိပဿနာကျင့်စဉ်ပဲ၊ သမာဓိတရား ထူထောင်ပြီးတော့ မိမိသန္တာန်မှာ အသိဉာဏ်က စွမ်းဆောင်မှုတွေ ပေးပြီးတော့ အားလုံးသော စိတ်အညစ်ကြေးတွေကို ဆေးကြောနိုင်ပါတယ်။

အဘိဓမ္မရဲ့ အခြေခံသဘော တရားလေးတွေကို ဟောခဲ့တာ ဖြစ်ပေမယ့် ဒါ အပြည့်အစုံ မဟုတ်သေးဘူး၊ ၁၀-ရက်အတွင်းဟောခဲ့တဲ့အထဲမှာ ရုပ်အကြောင်း ပါတယ်၊ စိတ်အကြောင်းပါတယ်၊ စေတသိတ်အကြောင်း ပါတယ်၊ အဘိဓမ္မတ္ထသင်္ဂဟနဲ့ ပြောမယ်ဆိုရင် ၃-ပိုင်းပဲ ကုန်သေးတယ်၊ နောက်ထပ် ၆-ပိုင်း ကျန်သေးတယ်၊ ရုပ်ပိုင်းရယ်, စိတ်ပိုင်းရယ်, စေတသိတ်ပိုင်းရယ် ဒါလည်းပဲ apply လုပ်ပြီးတော့ ဒီသဘာဝတရားတွေ ပေါ်လွင်ရုံလောက်ပဲ ပြောနိုင်တာ ဖြစ်ပါတယ်။

ဒီထက် အသေးစိတ်ကို ဆက်ပြီးတော့ လေ့လာဖို့ လိုအပ်ပါတယ်၊ ဆက်ပြီးတော့ လေ့လာတဲ့အခါ မိမိရဲ့သဘာဝတရားဖြစ်စဉ်တွေကို သိရှိလာတဲ့အတွက် ငါ, ငါ့ဥစ္စာဆိုတဲ့ အစွဲတွေ၊ သတ္တဝါဆိုတဲ့ အစွဲတွေ၊ စိတ်ထဲမှာ ညစ်ထေးနေတဲ့ သဘာဝတရားတွေ အားလုံးကို ဖယ်ရှားပစ်နိုင်တယ်၊ လုံးဝကို ဖယ်ရှားပစ်နိုင်မှ အသိဉာဏ်ဟာ ပွင့်လင်းလာပြီး နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြမှာဖြစ်လို့ ဒီ အသိဉာဏ်တွေ ရအောင် ကြိုစား အားထုတ်နိုင်ကြပါစေကုန်သတည်း။။

“သာဓု - သာဓု - သာဓု”

ဓမ္မောသဓံ ပိဝိတွာန၊

ဝိသာ သဗ္ဗေ သမူဟတာ။

အဇရာမရံ သီတိဘာဝံ၊

နိဗ္ဗာနံ ယန္တု သာဓဝေါ။

ဓမ္မောသဓံ - လောဘ, ဒေါသ, မောဟဆိပ်တောက် ကင်းပျောက်ကြည်အေး တရားဆေးကို၊

ပိဝိတွာန - ဝမ်းသာရွှင်ပြ သောက်ကြရ နာကြရကုန်သောကြောင့်၊

ဝိသာသဗ္ဗေ - ပူဆာ ညစ်နောက် ကိလေသာ အဆိပ်အတောက် ဟူမျှတို့သည်၊

သမူဟတာ- ပိန်းကြာဖက်တွက် ရေမတင်သကဲ့သို့ ကင်းစင်လွင့်ပျောက် ဘေးမရောက်အောင် ပယ်ဖျောက်အပ်ကုန်သည်၊

ဟောန္တု - စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း၊

အဇရာမရံ - အိုခြင်းလည်းကွာ နာခြင်းလည်းကင်း သေခြင်းလည်း ရှင်းထသော၊

သီတိဘာဝံ - ကိလေသာဟူ အပူခပ်သိမ်း ကင်းငြိမ်းရာ အစစ် ဖြစ်ပေထသော၊

နိဗ္ဗာနံ - နိဗ္ဗာန်ဟုခေါ် အေးမြို့တော်သို့၊

သာဓဝေါ - တရားချင်ခင် စိတ်ကောင်းဝင်ငြား သူတော်စင် အများတို့သည်၊

ယန္တု - ပါရမီအဆင့်ဆင့် မြင့်ထက်မြင့်၍ မလင့်ပုံသေ ဆိုက်ရောက်တော် မူကြပါစေကုန်သတည်း။

“သာဓု - သာဓု - သာဓု”

e17wcc9ymq9wmivgm5rt18ys9y0gqx6
အဘိဓမ္မာ မြတ်ဒေသနာ-ဒု
0
5921
22118
21641
2026-06-15T03:19:20Z
Tejinda
173
22118
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = အဘိဓမ္မာ မြတ်ဒေသနာ-ဒု
| previous = [[အဘိဓမ္မာ မြတ်ဒေသနာ]]
| previous2 =
| next = [[ပဋ္ဌာန်းမြတ်ဒေသနာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

အဘိဓမ္မာမြတ်ဒေသနာ (ဒုတိယတွဲ)

အရှင်နန္ဒမာလာဘိဝံသ (Ph.D)

မာတိကာ

အခန်း (၁) စိတ်ဖြစ်ပုံကိုလေ့လာခြင်း၊

အခန်း (၂) စိတ်ဖြစ်ပုံကိုလေ့လာခြင်း - ၂

အခန်း (၃) စိတ် အာရုံများနှင့် ဆောင်ရွက်မှု ကိစ္စများ

အခန်း (၄) စိတ်ဖြစ်စဉ်ကို လေ့လာခြင်း - ၁

အခန်း (၅) စိတ်ဖြစ်စဉ်ကို လေ့လာခြင်း - ၂

အခန်း (၆) စိတ်ကို အာရုံနှင့် လေ့ကျင့်ခြင်း၊

အခန်း (၇) သတ္တဝါတို့၏ ၃၁-ဘုံ အကြောင်း၊

အခန်း (၈) ဘဝနိဂုံး သေဆုံးခြင်း၊

အခန်း (၉) ဘဝသစ်၌ ပြန်လည် မွေးဖွားခြင်း၊

အခန်း (၁၀) နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်း၊

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ခုနှစ်၊ တပေါင်း လပြည့်ကျော် ၁၁-ရက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ ကံမြင့်ကျောင်းတိုက် တွင် ဆင်ယင်ကျင်းပ ပြုလုပ်သည့် ညဉ့်ဦးယံ ဓမ္မသဘင်ဝယ် ဟောကြားအပ်သည့် “အဘိဓမ္မာ မြတ်ဒေသနာ အပိုင်း (၂)” နှင့် စပ်လျဉ်းသည့် “စိတ်ဖြစ်ပုံကို လေ့လာခြင်း” အကြောင်း တရားဒေသနာတော် ဖြစ်ပါသည်။

“အခန်း - ၁”

စိတ်ဖြစ်ပုံကို လေ့လာခြင်း

ဒီကနေ့ည ပကိဏ်းပိုင်းမှာ လာရှိတဲ့ အကြောင်းအရာ၊ ဝီထိပိုင်းမှာ လာရှိတဲ့ အကြောင်းအရာနဲ့ ဝီထိမုတ်ပိုင်းမှာ လာရှိတဲ့ အကြောင်းအရာ အဲဒီအပိုင်း ၃-ပိုင်းမှာ လာရှိတဲ့ အကြောင်းအရာများကို တစ်ခုနှင့်တစ်ခု ဆက်စပ်ပြီး သိသာရုံ မြင်သာရုံ သိလွယ် မြင်လွယ်အောင် ဟောကြားပြသမှာ ဖြစ်ပါတယ်။

အခုဟောတဲ့ အဘိဓမ္မာ မြတ်ဒေသနာဆိုတာ မိတ်ဆက် introduction အနေနဲ့ ဟောထားတာ၊ ရှေ့မှာ လေ့လာစရာတွေ အများကြီး ရှိသေးတယ် ဆိုတာ စိတ်ထဲမှာ မှတ်ထားပါ။ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူတဲ့ တရားဓမ္မတွေက အလွန်ကျယ်ဝန်း တယ်၊ အထူးသဖြင့် အဘိဓမ္မာကျမ်းကြီးက အလွန်ကျယ်ဝန်းတယ်။

“စိတ်အကြောင်းကို လေ့လာခြင်း” ဆိုတဲ့ စိတ်ပိုင်းမှာ စိတ်အကျဉ်း - ၈၉ သို့မဟုတ် အကျယ် - ၁၂၁ ဘယ်လိုဖြစ်တယ် ဆိုတာကို အပိုင်း-၁ မှာ ဟောထားပြီးပြီ၊ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း ယှဉ်တွဲဖြစ်ပေါ် လာတဲ့ စေတသိက် အမျိုးအစား ၅၂-မျိုးနဲ့ စိတ် စေတသိက် ယှဉ်တွဲပုံကို ပြတာက စေတသိက် ပိုင်းလို့ ဆိုတယ်။

တစ်ဖန် “ရုပ်အကြောင်းကို လေ့လာသုံးသပ်ခြင်း” ဟောပြော တာကို ရုပ်ပိုင်းလို့ ဆိုတယ်၊ သိသာ မြင်သာအောင်လို့ မြတ်စွာဘုရားရဲ့ ခန္ဓဒေသနာကို နမူနာယူပြီးတော့ ဘုန်းကြီးတို့ ရုပ်ပိုင်းကနေ စ,ပြီး ဟောခဲ့တယ်၊ မြတ်စွာဘုရားက ခန္ဓာငါးပါးကို ဟောတဲ့ အခါမှာ ရူပက္ခန္ဓာကို စ,ဟောပါတယ်။ သို့သော် အဘိဓမ္မတ္ထ သင်္ဂဟကျမ်း ကျတော့ စိတ်ပိုင်းကနေ စ,ပြတယ်၊ ဘာကြောင့် စိတ်ပိုင်းက စ,တာတုန်းဆို ဓမ္မသင်္ဂဏီပါဠိတော်မှာ “စိတ္တပ္ပါဒ ကဏ္ဍ” မှ စ,လို့ စိတ်ပိုင်းက စ,တာ၊ ခန္ဓာငါးပါး ရှုထောင့်က ပြောမယ်ဆိုရင် ရုပ်ပိုင်းပြီးတော့ စေတသိက်, စေတသိက်ပြီးမှ စိတ် - ဒီလိုဟောတာ၊ ပိုပြီးတော့ သိသာ မြင်သာအောင်လို့ ဆိုပြီးတော့ ရုပ်အကြောင်းကို လည်း ဟောပြောပြီးပြီ၊ စိတ်အကြောင်း, စေတသိက် အကြောင်းကိုလည်း ဟောပြော ပြီးပြီ။

ဒီကနေ့ အဘိဓမ္မာ မြတ်ဒေသနာ အပိုင်း ၂-မှာ စိတ်ဖြစ်ပုံကို လေ့လာသုံးသပ်ခြင်း ကို ဟောပြောမှာ ဖြစ်တယ်၊ စိတ် ၈၉ ကို သိရုံနဲ့ မပြီးသေးဘူး၊ စိတ်ဟာ ကိုယ့်ခန္ဓာ ကိုယ်ထဲမှာ၊ ကိုယ့်သန္တန်မှာ ရှိနေတာလား? ရှိနေရင် ဘယ်နေရာမှာ ရှိနေတာလဲ ဆိုတာ applied လုပ်ပြီးတော့ ကြည့်တတ်ဖို့ပေါ့၊ ဒါကြောင့်မို့ စိတ် ရှိနေတယ်, မရှိဘူး ဆိုတာကို ထင်ရှားအောင် ထိုထိုသုတ္တန် ပါဠိတော်တို့ ဝိသုဒ္ဓိမဂ်တို့ အဘိဓမ္မတ္ထသင်္ဂဟ ကျမ်း တို့ကို အခြေပြုပြီး ဆင်ခြင်သုံးသပ်ကြည့်ရင် စိတ်က ဘယ်လိုဖြစ်လာတယ် ဆိုတာ သိရှိနားလည်နိုင်ပါတယ်၊ ဒါကြောင့်မို့ ဒီကနေ့ည စိတ်ဖြစ်ပုံကို လေ့လာ သုံးသပ်ပြပါ့မယ်။

စိတ်လို့ပြောရင် စေတသိက်လည်း ပါတယ်

လူတိုင်းက စိတ်အကြောင်းတော့ ပြောနေကြတာပဲ၊ စိတ်လို့ပြောလို့ရှိရင် စေတသိက် လည်းပါတယ်လို့ မှတ်ထားကြပါ၊ ဆိုင်ရာဆိုင်ရာ စေတသိက်တွေပါတယ်ပေါ့၊ ဥပမာ- စက္ခုဝိညာဏ် စိတ်အကြောင်းကို ပြောပြီဆိုရင် သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု အပါအဝင် အားလုံး ၈-ခုကို ပြောတယ်လို့ မှတ်ရမယ်။

လောဘမူစိတ်လို့ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် လောဘမူစိတ် ၈-ခုထဲက တစ်ခုနဲ့ ဆိုင်ရာ ဆိုင်ရာ ယှဉ်တွဲပြီးတော့ လာတဲ့ စေတသိက်တွေကို ရည်ညွှန်းပြီး ပြောတယ်လို့ ဒီလိုပဲမှတ်ရမယ်။ မြတ်စွာဘုရားကလည်း စိတ်ကိုပဲ ရည်ညွှန်းပြီး ဟောလေ့ရှိပါတယ်။ ဒါကြောင့် စိတ်လို့ ဆိုလိုက်တာနဲ့ စိတ်, စေတသိက် နှစ်ခုလို့ အဘိဓမ္မာသင်တဲ့ ပုဂ္ဂိုလ်တွေက နားလည်ထားရမယ်။

အရပ်ထဲမှာ ပြောနေတာလည်း စိတ်လို့ပဲ ပြောနေကြတာပဲ၊ စေတသိက်အကြောင်း ဘယ်သူမှ မပြောကြဘူး၊ အဘိဓမ္မာသင်တဲ့ သူတွေသာပြောတာ၊ “ငါ့စိတ်က ဘယ်လို နေတယ်, သူ့စိတ်က ဘယ်လိုနေတယ်၊ စိတ်ကောင်းတယ်, စိတ်မကောင်းဘူး၊ စိတ်ဆိုးတယ်, စိတ်မဆိုးဘူး” စသည်ဖြင့် စိတ်အကြောင်း ပြောကြတာ၊ စိတ်ဆိုတာ စေတသိက်တွေနဲ့ ယှဉ်တွဲပြီးဖြစ်တယ်၊ အဲဒီတော့ စိတ်လို့ပြောလိုက်ရင် စေတသိက်ပါ ပါတယ်ဆိုတာကို နားလည်ရမယ်။

အရှိတရားနှင့် အဖြစ်တရား

အစပထမ စဉ်းစားကြည့်ဖို့ရာက စိတ်ဟာ အရှိတရားလား, အဖြစ်တရားလား? ဒါကို အရင် ကြည့်ရမယ်၊ အရှိတရား ဆိုတာ သူ့ဟာသူ ရှိတာ၊ အဖြစ်တရားဆိုတာ အကြောင်းတရားပေါ်လာမှ ဖြစ်တာ။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က “အတ္ထိ ဘိက္ခဝေ အ,ဇာတံ” “ဖြစ်ခြင်း သဘော မရှိတဲ့ တရားဟာ ရှိတယ်”၊ ဘာလဲ ဆို - နိဗ္ဗာန်၊ ဒါကြောင့်မို့ နိဗ္ဗာန်ကို အရှိတရားလို့ပြောရင် ရတယ်၊ နိဗ္ဗာန်ကို ဘယ်အကြောင်းက ထုတ်လုပ်တယ်လို့ အကြောင်းတရားရှာပြီး ပြောစရာ မလိုဘူး၊ နိဗ္ဗာန်ကို ထုတ်လုပ်တဲ့ အကြောင်းရယ်လို့ မရှိဘူး၊ သို့သော် နိဗ္ဗာန်ကို ရောက်စေတက်တဲ့ အကြောင်းတော့ ရှိတယ်၊ ဒါနကောင်းမှု လုပ်တယ်၊ သီလ ဆောက်တည်တယ်၊ ကမ္မဋ္ဌာန်း ဘာဝနာပွားများ အားထုတ်တယ်၊ ဒါတွေက နိဗ္ဗာန်ကို ရောက်စေတဲ့ အကြောင်းတရားတွေပဲ၊ သို့သော် အဲဒီ အကြောင်း တရားတွေက နိဗ္ဗာန်ကို ဖန်တီးတဲ့ အကြောင်းတရားတွေ မဟုတ်ဘူး၊ ဒါကြောင့်မို့ နိဗ္ဗာန်သည် အရှိတရား, ထာဝရရှိနေတဲ့ အရှိတရားပဲ၊ အဲဒါကြောင့်မို့ ‘အ,ဇာတ’ အဖြစ်တရား မဟုတ်ဘူး၊ အရှိတရားလို့ ပြောတာ။

ဘာကြောင့်လဲဆိုတော့ မီးငြိမ်းနေတာကိုပဲ ကြည့်ပေါ့၊ ငြိမ်းအေးမှုဆိုတာ မီးမရှိမှုကို ပြောတာ၊ မီးမရှိတဲ့ နေရာတိုင်းကို ငြိမ်းအေးတယ်လို့ ပြောလို့ရလား၊ မီးတောက်ပြီး တဲ့နေရာမှာ အဲဒီ မီးတောက်လေး ငြိမ်းသွားမှ အငြိမ်းကိုပြောလို့ရတာ၊ သို့သော် ငြိမ်းတယ်ဆိုတာ မရှိဘူးလားဆိုတော့ ရှိတယ်၊ အမြဲတမ်းရှိတဲ့ အရာတစ်ခု၊ ငြိမ်းအေးတယ် ဆိုတဲ့ သဘာဝက အမြဲတမ်းရှိတယ်။ သူ့ကို ဘာနဲ့သတ်မှတ်ပြီး ပြောရလဲဆိုရင် တစ်စုံတစ်ခုကို ရည်ညွှန်းပြီး ပြောရတယ်၊ မီးတောက်၏ ငြိမ်းမှုဆိုတဲ့ အငြိမ်းဟာ ဒီနေရာမှာ မီးတောက် ငြိမ်းသွားတာကို ပြောတာ၊ ကိလေသာတို့၏ငြိမ်းမှု ဆိုတာ ကိလေသာ ချုပ်ငြိမ်းသွားမှုကို ပြောတာ၊ သင်္ခါရတို့၏ ငြိမ်းမှုဆိုတာ သင်္ခါရတွေ ငြိမ်းသွားတာကို ပြောတာ။

မရှိဘူးဆိုတာ စဉ်းစားကြည့် - မရှိဘူးဆိုတာ နဂိုကတည်းက မရှိတာ၊ ဆိုပါစို့ - ‘ယုန်မှာ ချိုမရှိဘူး, လိပ်မှာ အမွေးမရှိဘူး’ ဆိုတာ လောကမှာ မရှိဘူးလို့ သတ်မှတ်ထားတဲ့အရာဟာ မရှိကို မရှိလို့ မရှိတရားလို့ပြောတာ၊ နိဗ္ဗာန်ဟာ အဖြစ်တရားမဟုတ်, အရှိတရား၊ နိဗ္ဗာန်ဟာ ထာဝရ ရှိနေတဲ့တရား, မရှိတရား မဟုတ်၊ သို့သော် ထာဝရ ရှိနေတဲ့ အရှိတရားကို အဖြစ်တရားနဲ့ သတ်မှတ်ပြီး တော့ ပြောကြရတယ်၊ ဥပမာ - ‘ဒုက္ခ’ ဆိုတာ ဖြစ်ပေါ်လာတဲ့ တရား, ထို ဒုက္ခတရားရဲ့ ချုပ်ငြိမ်းမှုကို ဒုက္ခနိရောဓ - နိဗ္ဗာန်လို့ ဒီလိုပြောတာ၊ အဖြစ်တရားနဲ့ သတ်မှတ်ပြီး တော့ အငြိမ်းဓာတ်ကို ဖော်ပြရတယ်၊ နို့မို့ဆို နားမလည်နိုင်ဘူး၊ နိဗ္ဗာန်ဆိုတာ သိမ်မွေ့တယ်၊ သိဖို့ခက်တယ်၊ ဒါကြောင့် နိဗ္ဗာန်အကြောင်းပြောပြီး ငြင်းခုံစရာ မလိုဘူး။

တချို့က နိဗ္ဗာန်အကြောင်းကိုပြောပြီး ငြင်းခုံကြတယ်၊ ငြင်းခုံစရာ မလိုပါဘူး၊ ကိုယ်မှ မရောက်ဘူးဘဲနဲ့ ဘာဖြစ်လို့ ငြင်းနေမလဲ၊ မြတ်စွာဘုရားက ဓမ္မစကြာမှာ ဟောထား တာပဲ - နိဗ္ဗာန်ဆိုတာ ဒုက္ခနိရောဓ၊ ဒုက္ခဆိုတာ ဘာလဲ? ရုပ်တွေ နာမ်တွေကို ပြောတာ၊ ဒီတော့ ရှင်းနေတာပဲ - ဒုက္ခချုပ်ငြိမ်းသွားတာ နိဗ္ဗာန်၊ ဘာဖြစ်လို့ ချုပ်ငြိမ်းသွား တာတုန်း၊ အကြောင်းပြတ်သွားလို့ ချုပ်ငြိမ်းသွားတာ။

ဆိုပါစို့ - ဖယောင်းတိုင်လေး တစ်တိုင် ထွန်းထားတယ် - ဖယောင်းဆီလည်း ကုန်သွားတယ်၊ မီးစာလေးလည်း ကုန်သွားတယ်၊ မီးတောက်ကလေး ရှိသေးလား၊ သေချာကြည့် - အဲဒီမီးတောက် လေးဟာ ဘယ်သူ့အပေါ်မှာ မှီနေသလဲ ဆိုရင် ဖယောင်းဆီနဲ့ မီးစာပေါ်မှာ မှီနေတယ်၊ အဲဒီ ဖယောင်းဆီလေး ကုန်သွားပြီ, မီးစာလည်း မရှိတော့ဘူး ဆိုရင် အဲဒီဖယောင်းတိုင်မီးဟာ ရပ်တည် နိုင်သေးလား၊ ဒါ ဘာပြောသလဲဆိုရင် မီးတောက်လေးကို ထောက်ပံ့ထားတဲ့ အကြောင်းတရား နှစ်ခုရှိတယ်၊ (လူမသိတဲ့ အကြောင်းတရားတစ်ခု ရှိသေးတယ်၊ လေပေါ့)၊ မီးစာလည်း ရှိရတယ်, ဖယောင်းဆီလည်း ရှိရတယ်၊ အဲဒီ ဖယောင်းတိုင် မီးလေးကို လေလုံထဲမှာ ထည့်လိုက်မယ်, အပေါ်က တစ်ခုခုနဲ့ အုပ်လိုက်မယ်ဆိုရင် ငြိမ်းသွားမှာပဲလေ၊ အဲဒီ သဘောကို အသာထားလိုက်ဦး … အကြောင်းတွေ ရှိတယ်ဆိုတာ မှတ်ထား၊ အကြောင်းတွေ ရှိနေသမျှ ကာလပတ်လုံး အဲဒီ မီးတောက်လေးဟာ ဆက်ပြီးရှိနေမှာပဲ၊ အကြောင်းမရှိတော့လို့ ချုပ်သွားပြီ ပျက်သွားပြီဆိုရင် မီးတောက်လေးဟာ နောင် ဘယ်အခါမှ ပြန်မလာတဲ့ချုပ်ငြိမ်းမှုဘက်ကို ရောက်မှာ ၊ အဲဒါလိုပဲ ဒုက္ခဆိုတာ မီးတောက်လေးနဲ့ တူတယ်။

မီးတောက်လေးနဲ့တူတဲ့ ဒုက္ခ ဆိုတာ ဘယ်သူ့ကို ရည်ညွှန်းတာလဲ? ဒီစကားလုံးက အရပ်ထဲမှာပြောတဲ့ စားစရာမရှိလည်း ဒုက္ခ, နေမကောင်းလည်း ဒုက္ခ၊ အဲဒီ ဒုက္ခကို ပြောတာမဟုတ်ဘူး။ ဒု - ဆိုတာ အားမကိုးလောက်ဘူး၊ ပြီးတော့ ကျေနပ်စရာ မကောင်းလို့ စက်ဆုပ် ရွံရှာဖွယ် ကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်၊ ခ - ဆိုတာ ကိုယ်ထင် တဲ့အတိုင်း ဘာမှ မဟုတ်ဘူး၊ အဲဒီ အဓိပ္ပါယ် နှစ်ခုနဲ့ ရည်ညွှန်းပြီးတော့ ပြောတာ၊ ဒု - ဆိုတာ ကုစ္ဆိတ၊ ဝိသုဒ္ဓိမဂ်မှာ ဒီအတိုင်းပဲ ဖွင့်ဆိုထားတယ်၊ ကုစ္ဆိတ - ဆိုတာ ကျေနပ်စရာ မကောင်ဘူး, ရွံရှာစရာကောင်းတယ်၊ ခ - ဆိုတာ ထင်တဲ့အတိုင်း ဘာမှ ရှိတဲ့ အရာမဟုတ်ဘူး၊ အဲဒီနှစ်ခု ပေါင်းစပ်ထားတာ။

ဒုက္ခ ဆိုတဲ့ စကားလုံးလေးက ဘယ်သူ့ကို ရည်ညွှန်းတာလဲ ဆိုရင် ဘုန်းကြီးတို့ရဲ့ သန္တာန်မှာ ဖြစ်နေတဲ့ ရုပ်နဲ့ နာမ် ဒီနှစ်ခုကို ရည်ညွှန်းထားတာ။ အဲဒီရုပ်နဲ့ နာမ် နှစ်ခု သည် မီးတောက်လေးနဲ့ သလားသဏ္ဌာန် တူတယ်။ အဲဒီ မီးတောက်လေးကို ဖယောင်းတိုင်ဆီနဲ့ မီးစာက နေပြီးတော့ အားပေးနေသလို ဒီဒုက္ခလေးက ဘယ် အပေါ်မှာ တည်နေတုန်းဆိုရင် ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတွေ အပေါ် တည်နေတယ်။ အဲဒီ အကြောင်းတရားတွေ ကုန်ဆုံးသွားတာနဲ့ တစ်ပြိုင်နက် မီးတောက်လေးဟာ ရည်တည်ခွင့် မရှိတော့ဘူး၊ ပြောမယ်ဆိုရင် နိဗ္ဗာန်ရဲ့ သဘောဟာ အဲဒါမျိုးကို ပြောတာ။

ဘဝကို တွယ်တာတဲ့ ပုဂ္ဂိုလ်တွေကတော့ ကြံဖန်ပြီးတော့ နိဗ္ဗာန်ဟာ ပျော်စရာ ကောင်းတဲ့ ဒေသလို့ ဘဝတဏှာနဲ့ တွေးကြ ပြောကြတယ်၊ ဘဝတဏှာဆိုတာ ဘဝ ဆက်လက် ဖြစ်ပေါ်နေတာကို ကျေနပ်နေတာ၊ လူတွေဟာ ဘယ်လောက်ပဲ ဒုက္ခ ရောက်နေနေ ဘဝကို တွယ်တာတဲ့ တဏှာက ဆက်လက်ရှိနေကြတာပဲ, ဖြစ်ချင်နေ ကြတာပဲ၊ နိဗ္ဗာန်ကျရင် ဘာမှ မဖြစ်တော့ဘူးဆိုရင် ကြောက်သွားကြမှာပဲ၊ ဘာဖြစ် လို့လဲဆို ဖြစ်ချင်နေလို့၊ ဖြစ်ရတာကို ဒုက္ခလို့မြင်ပြီ, မကောင်ဘူးလို့ မြင်ပြီဆိုရင် ဖြစ်ချင်ပါဦးမလား၊ မဖြစ်ချင်တော့ဘူး၊ သင်္ခါရ ဆိုတဲ့ ဒုက္ခလို့ခေါ်တဲ့ ရုပ်တွေ နာမ်တွေ လုံးဝချုပ်ငြိမ်းသွားတာကို နိဗ္ဗာန်လို့ခေါ်တယ်။

အဲဒီ နိဗ္ဗာန်ဟာ အရှိတရားလို့ ဒီလိုပြောတယ်၊ ဘာဖြစ်လို့လဲဆို ချုပ်ငြိမ်းမှုဆိုတဲ့ သဘာဝလေး ရှိနေတယ်၊ ဒါကို ပြောတာနော်၊ ချုပ်ငြိမ်းမှုဆိုတဲ့ သဘာဝကလေးက လောကမှာ ရှိမြဲ ရှိနေတယ်၊ အမြဲထာဝရ ရှိနေတယ်၊ ခုနက လုပ်လိုက်လို့ ဖြစ်သွားတဲ့ အရာ မဟုတ်ဘူး၊ တစ်စုံတစ်ခု လုပ်ပေးလိုက်လို့ ဖြစ်သွားတဲ့ အရာတစ်ခု မဟုတ်ဘူး၊ ချုပ်ငြိမ်းမှုဆိုတာ ထာဝရ ရှိနေတဲ့ အရာတစ်ခု၊ အဲဒါ နိဗ္ဗာန်သဘောကို တွေးတော ဆင်ခြင်ပြီးတော့ ကြည့်ဖို့။

ရုပ်နဲ့ နာမ်က အဖြစ်တရား

ကောင်းပြီ - နိဗ္ဗာန်ဟာ အရှိတရား၊ အခုပြောတဲ့ စိတ်, စေတသက်, ရုပ် ဆိုတဲ့ နာမ်က အဖြစ်တရားလို့ ဒီလိုပြောတယ်၊ ဘာဖြစ်လို့ အဖြစ်တရားလို့ ဒီလို ပြောတယ်၊ ဘာဖြစ်လို့ အဖြစ်တရားလို့ ပြောသလဲဆို၊ ကြည့် - ခုနက ဖယောင်းတိုင်မီးလေးကို ဘယ်သူက မွေးဖွားပေးလိုက်လဲ ဆိုရင် အကြမ်းဖျဉ်း ပြောမယ်ဆိုရင် မီးခြစ်ဘူးကနေ မွေးဖွားပေးလိုက်တာ၊ မီးခြစ်ဘူးလေး သို့မဟုတ် ဂက်စ်မီးခြစ်ကို ခြစ်လိုက်ရင် မီးတောက်လေး မဖြစ်ဘူးလား၊ အဲဒီ မီးတောက်လေးကို ဖယောင်းတိုင်မှာ ရှိတဲ့ မီးစာလေးကို ကူးပေးလိုက်တာ၊ ဂက်စ်မီးခြစ်မှာ ရှိနေတုန်းက မီးတောက်လေးဟာ ဂက်စ် ဆိုတာရယ်,ဘီးလုံးလေးရဲ့ သံရယ်, အဲဒီ ဘီးလုံးကို ဖိပွတ်မှုကြောင့် အပူဓာတ် ဖြစ်တာရယ်, လူတစ်ယောက်ရဲ့ ဖိအားရယ် အဲဒီ အကြောင်းသုံးခု ပေါင်းဆုံမှုကြောင့် မီးတောက်လေး ပေါ်လာတယ်၊ အဲဒီ မီးတောက်လေးကို ဘယ်ဟာတွေက ဆက်ပြီးတော့ ထောက်ပံ့ကူညီနေသလဲ ဆိုရင် ဖယာင်းတိုင်မှာရှိတဲ့မီးစာနဲ့ ဖယောင်းဆီက ဆက်ပြီးတော့ ကူညီနေတယ်၊ အကြောင်းတွေက ထောက်ပံ့နေတာ မဟုတ်လား။

အဲဒီလိုပဲ - လူ့ရဲ့ခန္ဓာကိုယ် ရုပ်နာမ်တရားမှာလည်း ဆိုင်ရာ ဆိုင်ရာ ဖြစ်စေတတ်တဲ့ အကြောင်းရှိသလို ထောက်ပံ့ပေးတတ်တဲ့ အကြောင်းလည်း ရှိတယ်၊ အကြောင်း ဆိုတာ အမျိုးမျိုးရှိတယ်၊ ‘ဇနက’ ဆိုတာ ဖြစ်စေတဲအကြောင်း၊ အဲဒါကို producing cause လို့ခေါ်တယ်၊ ဖြစ်စေတတ်တဲ့အကြောင်း ထုတ်လုပ်တဲ့အကြောင်း။

ဖယောင်းတိုင်တို့ မီးစာတို့က မီးတောက်လေးကို မွေးဖွားပေးတာ ဟုတ်ရဲ့လား၊ မဟုတ်ဘူးနော်၊ ဆက်လက် ရှင်သန်နေအောင် ထောက်ပံ့ပေးထားတာသာ ဖြစ်သောကြောင့် သူတို့ကို ကျတော့ supporting cause ‘ဥပတ္ထမ္ဘက’ လို့ခေါ်တယ်၊ ထောက်ပံ့ထားတဲ့အကြောင်း၊ လေကလေးကို ပြောမယ်ဆိုရင် အောက်ဆီဂျင်ပေါ့၊ အဲ့လေက supporting cause၊ ထုတ်လုပ်ထားတဲ့ အရာကို supporting cause က ထိန်းပေးထားတာ၊ အဲဒီ cause တွေ မရှိတော့ဘူး ဆိုတာနဲ့ တစ်ပြိုင်နက် ဒီမီးတောက်လေးရဲ့ ရှင်သန်မှုဟာ ရပ်ဆိုင်းသွားတယ်၊ လူ့ဘဝ လူ့ခန္ဓာလည်း ဒီအတိုင်းပဲ၊ producing cause ရှိတယ်, supporting cause ရှိတယ်၊ အဲဒီ cause နှစ်ခုရှိတဲ့ အချိန်လေးမှာပဲ ရှိနေတာ။

မြတ်စွာဘုရားက ‘သဗ္ဗေ သင်္ခါရာ’ ဆိုတာ ဒါကို ရည်ညွှန်းတာ၊ ‘သံ’ ဆိုတာ အကြောင်းတရားတွေက စုပေါင်းပြီးတော့ ‘ခါရ’ က လုပ်ဆောင်ဖန်တီး ထားတာ လို့ ပြောတာ၊ ကြည့်လေ - တစ်ခုတည်း မဟုတ်ဘူး၊ အကြောင်းတွေက စုပေါင်းပြီး လုပ်ဆောင်ထားတာ၊ united conditions (united cause) သူတို့ရဲ့စွမ်းအားတွေကို တစ်ညီတည်း အသုံးပြုပြီး ဖန်တီး ထားလိုက်လို့ ရပ်တည်နိုင်တာ၊ အဲဒါကြောင့် ပဋိဋ္ဌာန်းမှာ ၂၄-ပစ္စည်း ဆိုတာကို ဘုရားဟောထားတာ။ တစ်ခုနဲ့ တစ်ခု ဆက်သွယ်ပြီး ဒီလို ရပ်တည်နေတာ၊ ဒါ သင်္ခါရပဲ။

အဲဒီတော့ သေချာစဉ်းစားကြည်မယ်ဆိုရင် ဘယ်လောက် ကြောက်စရာ ကောင်းသလဲဆိုတာ သိနိုင်တယ်၊ အကြောင်းပေါ်မှာ မှီတည်နေတဲ့ အရာတစ်ခုဟာ ပျက်စီးဖို့ဟာ သိပ်သေချာနေတယ်၊ အကြောင်းကို အားကိုးနေရတယ်၊ အကြောင်း ပျက်သွားတာနဲ့ တစ်ပြိုင်နက် ပါသွားပြီ၊ မီးစာကုန်သွားမယ်, ဆီကုန်သွားမယ်ဆိုရင် မီးတောက်လေး ရပ်တည်နိုင်ပါ့မလား၊ မရပ်တည် နိုင်တော့ဘူး၊ အကြောင်းတွေ ကုန်သွားတာနဲ့ ပျက်စီးသွားတာပဲ။ အဲဒီသဘောကို ဆင်ခြင် စဉ်းစားကြည်ရင်း ကိုယ့်ရဲ့ ဘဝကို ဆင်ခြင်လို့ ရတာပေါ့၊ ကြည့်လေ - လူတွေဟာ နေ့စဉ်နဲ့အမျှ ရုပ်ခန္ဓာကိုယ်ကြီးအတွက် ဘာတွေ လုပ်နေကြတုန်း၊ မျှတတဲ့ ဥတုမှာ နေကြရတယ်၊ အာဟာရနဲ့ ဖြည့်တင်းပေးနေကြရတယ်၊ အခြေခံ အကြောင်းတရားကတော့ ကံပေါ့၊ ကံကနေ ထုတ်လုပ် ပေးလိုက်တဲ့ ဘဝတစ်ခုဟာ ဥတုတွေ, အာဟာရတွေ, စိတ်တွေ - ဒါတွေက ထောက်ပံ့ကူညီ ပေးတာလို့ ခုလို ရပ်တည်နေကြရတာ၊ အဲဒီ အကြောင်းတရားတွေကို ကြည့်လိုက်ရင် သူတို့ကလည်း မြဲသလားဆိုရင် မမြဲဘူး၊ သူတို့မှ မမြဲဘဲနဲ့ သူတို့ ထောက်ပံ့ ပေးထားတဲ့ အရာက ဘယ်လိုလုပ် မြဲလို့ ရမလဲ။

မြတ်စွာဘုရားက သံယုတ်ပါဠိတော်မှာ ရှင်းရှင်းလေး ဟောထားတယ် - “အနိစ္စသမ္ဘူတံ” “မမြဲတဲ့ အကြောင်းတရားက ထုတ်လုပ်လိုက်တဲ့ အကျိုးတရား ဟာ” “ကုတော နိစ္စံ ဘဝိဿတိ” “ဘယ်လိုလုပ် မြဲနိုင်မှာတုန်း” တဲ့၊ အရပ်ပြောနည်း ပြောထားတာနော်၊ “အနိစ္စသမ္ဘူတံ ကုတော နိစ္စံ ဘဝိဿတိ” “မမြဲတဲ့ အရာက ထုတ်လုပ်ထားတဲ့ အရာလေးတစ်ခုဟာ ဘယ်လိုလုပ် မြဲမှာလဲ” တဲ့ - မမြဲတဲ့ သဘောကို ဆင်ခြင်စဉ်းစားလို့ ရတယ်။

အဲဒီတော့ မမြဲတဲ့အရာက ထုတ်လုပ်ထားတယ်ဆိုတော့ ဘုန်းကြီးတို့ စိတ်အကြောင်း ကို ကြည့်ရအောင်- အများအားဖြင့် ထင်နေကြတယ် - စိတ် ဘယ်မှာရှိလဲဆိုရင် ဗိုက်ထဲမှာရှိတယ်၊ နှလုံးသားထဲမှာ ရှိတယ်၊ ဦးနှောက်ထဲမှာရှိတယ်၊ ဒီလို ပြောနေ ကြတယ်၊ စိတ်က ပြတ်သွားတာလည်း မဟုတ်တော့ အိပ်နေတဲ့ အချိန်မှာ “ဘဝင်စိတ်” ရှိတယ်၊ နိုးတဲ့အခါ မျက်စိကမြင်ရင် မြင်သိစိတ်တွေ ဖြစ်တယ်၊ “ဝီထိစိတ်” တွေ ဖြစ်တယ်၊ နားက ကြားရင် ကြားသိစိတ်တွေ ဖြစ်တယ်၊ ဒီလို လူတွေရဲ့ စိတ်ဟာ အမြဲတမ်း ဖြစ်နေတာ ဆိုတော့ စိတ်ဟာ အမြဲတမ်း ရှိနေတယ်လို့ ဒီလို ထင်ယောင်ထင်မှား ဖြစ်လာတယ်၊ illusion လို့ ခေါ်တယ်။

တကယ်တော့ စိတ်ဟာ ထာဝရရှိနေတဲ့ အရှိတရား မဟုတ်ဘူးတဲ့၊ အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အဖြစ်တရားမျှသာ ဖြစ်တယ်၊ ဒါကြောင့်မို့ စိတ်ကို ‘ဇာတ’ ဖြစ်ပေါ်လာတဲ့ တရား၊ ဖြစ်လာတဲ့ တရားဆိုကတည်းက ဆိုင်ရာ အကြောင်းတရားက ထုတ်လုပ်လိုက်လို့ ဖြစ်ပေါ်လာတာ၊ ဖြစ်လာပြီး တော့လည်း ပျက်စီးသွားရတယ်၊ နောက်အကြောင်းတရားတစ်ခုက ထပ်ပြီးတော့ ထုတ်လုပ်တယ်၊ မပြတ်ထုတ်လုပ် နေတဲ့အတွက် ရပ်တန့်ပြီး မနေဘူး၊ ဆက်ဆက်ပြီး ဖြစ်နေတယ်၊ တစ်ခါထုတ် တစ်ခါ ဖြစ်တယ်၊ နောက်တစ်ခါထုတ် နောက်တစ်ခါ ဖြစ်တယ်။

ယခုလို စိတ်ဟာ သူ့ဆိုင်ရာဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်တာ၊ စိတ်ဟာ ဘယ်မှာရှိသလဲဆို ဦးနှောက်ထဲမှာ ရှိတယ်လို့ ပြောလို့ရမလား၊ condition တစ်ခုအနေနဲ့တော့ ပြောလို့ရတာပေါ့၊ နှလုံးသားထဲမှာ ရှိတယ်လို့ ပြောလို့ရမလား၊ အဘိဓမ္မာသင်ထားတဲ့ ပုဂ္ဂိုလ်တွေက ဟဒယဝတ္ထုကိုမှိပြီး ဖြစ်တယ်ဆိုတော့ ဟဒယ ဝတ္ထုထဲမှာ စိတ်ရှိနေ သယောင်ယောင် ဒီလိုထင်ကြတယ်။

တချို့ကျတော့ စိတ်ဟာ ရုပ်ရဲ့ အကျိုးဆက်လို့ ဒီလို ယူဆတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ အနောက်တိုင်းက ပုဂ္ဂိုလ်တွေက စိတ်ဆိုတာ ဦးနှောက်ကို ခေါ်တာလို့ ယူဆကြတယ်၊ ဦးနှောက်နဲ့ စိတ်က တခြားစီ၊ ဆိုပါစို့ - ဂက်စ်မီးခြစ်လေးထဲမှာ အမာအမာချင်း ပွတ်လို့ရအောင် ဘီးလေးပါတယ်၊ ဂက်စ်ပါတယ်၊ လူတစ်ဦး တစ်ယောက်ရဲ့ အားစိုက်မှု ဖိခြစ်မှုလေး ပါတယ်၊ အဲဒီ အကြောင်းတွေ ဆုံလိုက်တဲ့ အခါမှ မီးတောက်ကလေး ဆိုတာ ပေါ်လာတာ၊ အဲဒီလိုပဲ လူ့ရဲ့သန္တာန်မှာ ကံတရားက ဖန်တီးပေးထားတဲ့ possibility ဖြစ်နိုင်ခြေ လေးတွေတော့ ရှိတယ်၊ သေချာ တွေးကြည့် ဂက်စ်မီးခြစ် ထဲမှာ မီးရှိသလားဆိုရင် ဘယ်လိုဖြေမလဲ။

ဘုန်းကြီးတို့ မနှစ်တုန်းက မေလမှာ ဂျာမနီနားက ဩစတြီးယားနိုင်ငံ၊ မြို့တော် ဗီယင်နာ ရောက်ခဲ့တယ်၊ ဗီယင်နာ တက္ကသိုလ်ကြီးက အကြီးကြီး၊ ဗီယင်နာ တက္ကသိုလ် ပါမောက္ခ တစ်ယောက်က ဖိတ်ပြီး ‘စိတ်အကြောင်း ဟောပေးပါ’ ဆိုလို့ နှစ်ရက် သွားဟောတယ်၊ ပြီးတော့ မေးခွန်းတွေမေးတယ်၊ အဲဒီမှာ Psychology ပါမောက္ခ တစ်ယောက်ကို စိတ်နဲ့ ပတ်သက်ပြီး ဘုန်းကြီးက မေးလိုက်တယ် - “စိတ်ဟာ လူရဲ့သန္တာန်မှာ ရှိနေသလား ဘယ်မှာရှိသလဲ” – “ဦးနှောက်မှာ ရှိတယ်” လို့ ဖြေတယ်၊ သူတို့က ဦးနှောက်ကိုပဲ စိတ်လို့ယူတာရှိတယ်၊ အဲဒီလိုဖြေတော့ ဘုန်းကြီးမေးလိုက်တယ်၊ “အဲလိုဆိုရင် ဂီတာထဲမှာ အသံရှိနေသလား၊ paino ထဲမှာ အသံ ရှိနေသလား” ဆို “မရှိဘူး” “ဒါဖြင့် အဲဒီအသံဟာ ဘယ်ကရောက်လာ သလဲ” ဆိုရင် တီးခတ်တဲ့ ပုဂ္ဂိုလ်နဲ့ ခုနက ဆိုင်ရာ ဆိုင်ရာ အကြောင်းတွေ ဆုံလို့ပေါ့၊ ဂက်စ်မီးခြစ်ထဲမှာ မီးရှိနေသလား? မရှိဘူး၊ အဲဒီလို မရှိတာမျိုး၊ လူရဲ့ ဦးနှောက်ထဲမှာ စိတ်ရှိနေတာ မဟုတ်ဘူး, နှလုံးသားထဲမှာ စိတ်ရှိနေတာ မဟုတ်ဘူး၊ ဆိုင်ရာဆိုင်ရာ အကြောင်းတရား တွေကြောင့်သာ ဖြစ်ပေါ်လာတယ်လို့ ဗုဒ္ဓဘာသာ တရားတွေအရ ဒီလိုနားလည် ရပါတယ်လို့ ထပ်ပြီးတော့ ရှင်းပြရတယ်။

သူတို့ စဉ်းစားသွားတယ်၊ သူတို့ တစ်သက်လုံး ဦးနှောက်ကိုပဲ စိတ်လို့ ခေါ်လာတာ၊ အမြင်အာရုံက မျက်စိကနေ ဝင်လာတယ်၊ အဆင့်ဆင့် သတင်းပို့ပြီး လှုပ်ရှားသွားတာ စိတ် ဖြစ်ပေါ်လာတယ်ပဲလို့ ယူဆကြတယ်။ အတွေးအခေါ် ပြောင်းဖို့ဟာ ရုတ်တရက် အင်မတန်မှ ခက်ခဲတယ်။

ဗုဒ္ဓတရားတော်အရ ဒီ အာရုံကြောတွေ ဘာတွေ ဆိုတာ possibility စိတ် ဖြစ်ပေါ်စေနိုင်တဲ့ နေရာဋ္ဌာနမျိုးသာ ဖြစ်တယ်၊ စိတ်မဟုတ်ဘူး၊ ရုပ်တရားမျှသာ ဖြစ်တယ်၊ စိတ်ဆိုတာဟာ ရုပ်တရားကို အမှီပြုပြီးဖြစ်တဲ့ သဘာဝတရား တစ်ခုပဲ၊ ရုပ်ကိုလည်း စိတ်ခေါ်တာမဟုတ်လား၊ တချို့က ရုပ်ကို စိတ်လို့ ယူဆကြတယ်၊ စိတ်ဆိုတာ မရှိဘူး။ ရုပ်ရဲ့ လှုပ်ရှားမှုသာ ဖြစ်တယ်လို့ ဒီလိုဆိုတဲ့ ပုဂ္ဂိုလ်က ဆိုတယ်။

အေး - ထားတော့၊ ဘုန်းကြီးတို့ အဘိဓမ္မာ ကျမ်းအရ စိတ်ဆိုတာဟာ အရှိတရား မဟုတ်ဘူး၊ အဖြစ်တရားလို့ ပြောလို့ရတယ်၊ အရှိတရားဆိုတာ နိဗ္ဗာန်၊ အဖြစ်တရားဆိုတာ အကြောင်းကို ငဲ့နေရတယ်၊ အကြောင်းဆုံစည်းမှ ဖြစ်တယ်။ ဒါကြောင့်မို့ စိတ်ဟာ အဖြစ်တရား၊ အဖြစ်တရားဖြစ်လို့ မြတ်စွာဘုရားက ဓမ္မသင်္ဂဏီ ပါဠိတော်မှာ “ဥပ္ပန္နံ ဟောတိ” ဆိုပြီး အကြောင်းတရားတွေနဲ အကျိုးတရားတွေ ဒီလို ဟောတာ၊ “ဥပ္ပဇ္ဇတိ” နဲ့ ဟောတာ၊ “ဖြစ်တယ်” လို့ပဲ ဟောထားတာ၊ “ရှိတယ်” လို့ မဟောဘူး။

စိတ်ဖြစ်ပုံ အကျဉ်း

စိတ်ဟာ ဘယ်လိုဖြစ်ပေါ်လာသလဲ ဆိုတာကို လေ့လာကြည့်ဖို့အတွက် လိုအပ်တဲ့ အခြေခံ အချက်ကလေးတွေကို ပထမ ကြည့်ရမယ်၊ ရုပ်ကို အမှီပြုပြီး စိတ်က ဖြစ်ပေါ်လာတယ်၊ နေရာတိုင်း မှာတော့ စိတ်ကို မဖြစ်စေနိုင်ဘူးပေါ့၊ ဖြစ်ပေါ်စေနိုင်တဲ့ ရုပ်တွေကို ကြည့်ရမယ်ဆိုရင် - စိတ်ဆိုတာ ဝတ္ထုနဲ့အာရုံ ဆုံလို့ဖြစ်တာ။

ရှင်းအောင် ပြောရမယ်ဆိုလို့ရှိရင် လက်နဲ့စည်နဲ့ ထိမိသွားလို့ရှိရင် အသံ မထွက် လာဘူးလား၊ လက်နဲ့ စောင်းကြိုးနဲ့ ထိမိသွားလို့ ရှိရင် အသံ ထွက်မလာဘူးလား၊ ဆုံစည်းမှုဆိုတာ တီးခတ်တာကို ပြောတာ၊ ဆုံစည်းမှုသည် အသံထွက်ပေါ်လာခြင်းရဲ့ အကြောင်းဖြစ်သလိုပဲ လူ့ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်တရားတွေနဲ့ သို့မဟုတ် နာမ်တရားနဲ့ ပြင်ပဗဟိဒ္ဓိက အာရုံတွေနဲ့ ဆုံစည်းမှုဟာ စိတ်ဖြစ်ပေါ်ဖို့ အကြောင်းတစ်ခု ဖြစ်တယ်၊ စာလိုပြောရရင် ဝတ္ထုနဲ့, အာရုံ၊ ဝတ္ထုဆိုတာ စိတ်ရဲ့ ဖြစ်ရာတည်ရာ၊ စိတ်ရဲ့ တည်ရာ မှီရာလို့ ဒီလိုပြောရမယ်။

ဥပမာ - စောင်းသံဆိုပါတော့ စောင်းသံက ဘာကိုမှီနေလဲ ဆိုရင် စောင်းကြိုးနဲ့ စောင်းအိုးကို မှီနေတာ၊ စောင်းကြိုးနဲ့ စောင်းအိုးသည် စောင်းသံရဲ့ မှီရာဖြစ်တယ်၊ လူရဲ့ လက်က စောင်းသံရဲ့ မှီရာ ဟုတ်ရဲ့လား၊ လက်ကထွက်တဲ့အသံ မဟုတ်ဘူးနော်၊ စောင်းကြိုးနဲ့ စောင်းအိုးကနေ ထွက်လာတဲ့အသံ၊ ဒါကြောင့်မို့ ဒီအသံလေးဟာ စောင်းကြိုး, စောင်းအိုးကို မှီတယ်၊ လက်ကို မှီတာ မဟုတ်ဘူး၊ ထို့အတူပဲ မျက်စိ နှစ်လုံးဖွင့်ပြီး ကြည့်လိုက်ရင် အမြင်အာရုံလေးသည် မျက်စိလာပြီးတော့ ထိလိုက် တယ်။ အာရုံနဲ့ဝတ္ထု ထိခိုက်တာ၊ ဒီထိခိုက်မှုလေးဟာ သာမန်ပုဂ္ဂိုလ်တွေ ကြားနိုင်လောက်တဲ့ အနေအထား မရှိဘူး၊ သို့သော် သူ့ရဲ့ စွမ်းအားက စိတ်တစ်ခုကို ဖြစ်ပေါ်စေနိုင် လောက်အောင် ပြင်းထန်တယ်၊ မျက်စိနဲ့ အဆင်းအာရုံနဲ့ ဆုံလိုက်တာဟာ ထိလိုက်တာပဲ။

လူတွေကတော့ ထိလိုက်တယ်လို့ မသိလိုက်ဘူးပေါ့၊ ဥပမာ - အသံက နားကို ထိလိုက်တယ်၊ အနံ့က နှာခေါင်းကို ထိလိုက်တယ်၊ အရသာက လျှာကို ထိလိုက်တယ်၊ ဖောဋ္ဌဗ္ဗာရုံက ခန္ဓာကိုယ်ကို ထိလိုက်တယ်၊ ဒါကတော့ ထိမှန်း သိသာတယ်၊ အဆင်း ရူပါရုံလေးက မျက်စိကို လာထိတာကျတော့ သိပ်မသိသာဘူး၊ သို့သော် ထိခိုက်မှုစွမ်းအားဟာ ဘယ်လောက်ပြင်းလဲဆိုရင် ထိခိုက်မှုလေးက စိတ်တစ်ခုကို မွေးဖွားစေနိုင်တယ်။

ဒါကြောင့် မြတ်စွာဘုရားက သုတ္တန်ပါဠိတော်တွေမှာ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” စက္ခုပသာဒရုပ်နဲ့ အဆင်းအာရုံ ဒီနှစ်ခုကိုမှီပြီး စက္ခုဝိညာဏ်စိတ် ဖြစ်ရတယ် လို့ ဒီလိုဟောတာ၊ ဒီတော့ စက္ခုဝိညာဏ်စိတ် ဖြစ်ရတယ် လို့ ဒီလို ဟောတာ၊ ဒီတော့ စက္ခုဝိညာဏ်လို့ခေါ်တဲ့ မြင်သိစိတ်လေးသည် မျက်စိထဲမှာလည်း ရှိနေတာ မဟုတ်ဘူး၊ ထို စက္ခုပသာဒရုပ် မျက်စိကို လာထိတဲ့ ရူပါရုံထဲမှာလည်း ရှိနေတာ မဟုတ်ဘူး၊ သူတို့နှစ်ခုကြားမှာ ရှိနေတာလည်း မဟုတ်ဘူး၊ ဘယ်မှာမှ ရှိနေတာ မဟုတ်ဘူး၊ ဒါကြောင့်မို့ အရှိတရား မဟုတ်ဘူးလို့ ပြောတာ။

ဒီထက်ပိုရှင်းအောင် စဉ်းစားကြည့်ပေါ့၊ စောင်းကြိုးလေးကို လက်နဲ့တီးခတ်လို့ စောင်းသံလေး ထွက်လာတယ်၊ အဲဒီ စောင်းသံလေးဟာ စောင်းကြိုးထဲမှာ ရှိနေ သလားလို့ စဉ်းစားကြည့်ပေါ့၊ ထူးမခြားနား သီချင်းနဲ့ ကိုက်အောင်တီးရင် ထူးမခြားနား သီချင်းသံ ထွက်တယ်၊ ဒိပြင် သီချင်းတီးရင် ဒိပြင် သီချင်းသံ ထွက်တယ်၊ ဟုတ်ရဲ့လား၊ ရှိနေတာမဟုတ်ဘူး၊ ဒီတော့ စောင်းကြိုးလေးနဲ့ လက်လေး ထိခိုက်မှုသည် အကြောင်းတစ်ခု ဖြစ်လာတယ်၊ စောင်းအိုးထဲ၊ စောင်းကြိုးထဲမှာလည်း ဒီအသံရှိနေတာ မဟုတ်ဘူး၊ တီးခတ်နေတဲ့ လက်ထဲမှာလည်း ဒီအသံ ရှိနေတာ မဟုတ်ဘူး၊ လက်နဲ့ကြိုး ကြားထဲ မှာလည်း ရှိနေတာမဟုတ်ဘူး၊ ဘယ်မှာမှ မရှိဘူးဆိုတာ သေချာတယ်၊ သို့သော် ဘယ်က ရောက်လာတုန်းလို့ မေးရင် အကြောင်းကြောင့် ဖြစ်လာတာ။

အဲဒါကို ဝိသုဒ္ဓိမဂ်မှာ ရှင်းရှင်းလေး ရေးထားတာရှိတယ်။ “န စက္ခုတော ဇာယရေ ဖဿ ပဉ္စမာ” “ဖဿလျှင် ငါးခုမြောက် ရှိတဲ့ နာမ်တရားတွေဟာ မျက်လုံးထဲက ထွက်လာတာလည်း မဟုတ်ဘူး”၊ “န ရူပတော” “မြင်စရာ ရူပါရုံက ထွက်လာတာ လည်း မဟုတ်ဘူး”၊ “နော စ ဥဘိန္န မန္တရာ” “အဲဒီနှစ်ခုကြားက ထွက်လာတာလည်း မဟုတ်ဘူး”၊ “ဟေတုံ စ ပဋိစ္စ ပ္ပဘဝန္တိ သင်္ခတာ” “သင်္ခတ တရားတွေဆိုတာ အကြောင်းကနေ စလာတာ” တဲ့၊ အကြောင်းကြောင့် ဖြစ်တယ်လို့ ပြောတာ။

နားလည်အောင်လို့ ဥပမာလေးပါ ရေးထားတယ် - “ယထာပိ သဒ္ဒေါ ပဟဋာယ ကာရိယာ” စည်တီးလိုက်လို့ ဖြစ်ပေါ်လာတဲ့ အသံလေးလိုပဲ ကဲ နားမလည်စရာ အကြောင်းကို မရှိဘူး။ ဒါကြောင့်မို့ စိတ်ဆိုတာ အဖြစ်တရားလို့ပြောတာ၊ အကြောင်း တရားတွေ ပေါင်းဆုံလို့ ဖြစ်တဲ့တရား၊ အကြောင်းတရားတွေ ဆုံမှ ဖြစ်တယ်ဆိုတော့ အကြောင်းတရားတွေ မဆုံရင် မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ် မရဘူးလား။

ပဋိစ္စသမုပ္ပါဒ်ကို မြတ်စွာဘုရားဟောတဲ့အခါ “ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ” ‘ဒါဖြစ်လို့ ဟိုဟာဖြစ်တာ’၊ “အကြောင်းဖြစ်လို့ အကျိုးဆိုတာဖြစ်တာ”၊ “ဣမသ္မိံ သတိ ဣဒံ ဟောတိ” “ဒါရှိနေရင် ဟိုဟာရှိမှာပဲ”၊ ရည်ညွှန်းချက်လေးနဲ့ ဟောတာ၊ ဘုရားက စကားလုံး တိုတိုလေးနဲ့ ရှင်းပြတာ၊ ဒါရှိလို့ ဟိုဟာရှိနေတာ ဒါဖြစ်လို့ ဟိုဟာ ဖြစ်နေတာ၊ ဟိုဟာ မရှိရင် ဒီဟာလည်း မရှိတော့ဘူး၊ ဟိုဟာငြိမ်းရင် ဒီဟာလည်း ငြိမ်းသွားမှာပဲတဲ့၊ ပဋိစ္စသမုပ္ပါဒ်ကို ဟောဒီ စာပိုဒ် ၄-ကြောင်းနဲ့ မြတ်စွာဘုရားက ဟောထားတာ။

အဲဒီတော့ သဘာဝတရားတွေက အလွန် ရှင်းရှင်းလင်းလင်း ရှိသော်လည်းပဲ လူတွေရဲ့ အသိဉာဏ်က သဘာဝတရားကို ထိုးထွင်းပြီး မြင်ဖို့ တော်တော်ခက်တယ်၊ ‘ဒုဒ္ဒသတ္တာ’ မြင်နိုင်ခဲတယ်၊ မြင်နိုင်ခဲသည့် အတွက် ‘ဂမ္ဘီရ’ - နက်တယ်လို့ ပြောတာ၊ သာမန်အတွေး၊ သာမန်အသိဉာဏ်နဲ့ မသိနိုင်ဘူးတဲ့။

ဒါကြောင့်မို့ စိတ်ဆိုတဲ့တရားက အဖြစ်တရားပဲ, အရှိတရား မဟုတ်ဘူး၊ ဒါဖြင့် ဘယ်ပုံ ဖြစ်သလဲလို့ မေးလို့ရှိရင် အာရုံနဲ့ ဝတ္ထု ဆုံစည်း ထိခိုက်လို့ ဖြစ်ပေါ်လာတာ၊ ဒါ အဖြေအကျဉ်းလေးပေါ့နော်၊ အာရုံနဲ့ ဝတ္ထု ဆုံမိလို့ ဖြစ်တာတဲ့။

စိတ်ရဲ့မှီရာ ဝတ္ထုရုပ် ၆-မျိုး

ဒီနေရာမှာ “ဝတ္ထု” ဆိုတာ စိတ်ရဲ့တည်ရာမှီရာ ရုပ်သဘာဝ တရားတွေကို ခေါ်ပါတယ်၊ ခုနတုန်းက စောင်းသံလေးဟာ ဘယ်က လာတုန်းဆို စောင်းကြိုး, စောင်းအိုးက လာတာဆိုတော့ စောင်းအိုး စောင်းကြိုးသည် စောင်းသံရဲ့ တည်ရာ ဖြစ်တယ်၊ စည်သည် စည်သံရဲ့ တည်ရာဖြစ်တယ်။

ဒီလိုပဲ စိတ်ရဲ့တည်ရာ ဝတ္ထုရုပ်ဟာ ၆-မျိုး ရှိတယ်၊ ကိုယ့်ခန္ဓာကိုယ်ကို ကြည့်လိုက်ရင် မှတ်ဖို့ လွယ်ပါတယ်၊ အရပ်ခေါ်နဲ့ပဲ ပြောလိုက်ပေါ့၊ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်နဲ့ “ဟဒယဝတ္ထု”, ဆိုပြီး ဝတ္ထုရုပ် ၆-ပါးလို့ ခေါ်တယ်။ စက္ခုဝတ္ထု, သောတ ဝတ္ထု, ဃာနဝတ္ထု, ဇိဝှါဝတ္ထု, ကာယဝတ္ထု, ဟဒယဝတ္ထု - ဒါ စိတ်ရဲ့ မှီရာတည်ရာ ဝတ္ထုရုပ် ၆-ပါးလို့ ခေါ်တယ်၊ ရုပ်ကိုမှီပြီး စိတ်ဖြစ်တယ် ဆိုတဲ့သဘောကို ပြောတာ။

စိတ်နဲ့ရုပ်ဟာ အပြန်အလှန် အကျိုးပြုလျက် ရှိတယ်၊ သို့သော် ရုပ်ကို မမှီဘဲနဲ့ ဖြစ်နိုင်တဲ့ စိတ်တွေလည်း ရှိသေးတယ်၊ လူ့ပြည်မှာတော့ မရှိဘူး၊ ရုပ်မဲ့ဘုံ စိတ်ချည်း သက်သက်ဖြစ်တဲ့ဘုံ၊ အရူပ ၄-ဘုံမှာ ဆိုရင် မှီရာဝတ္ထုရုပ် မရှိဘဲ ဖြစ်တယ်။

ဒါကြောင့် စေတသိက်ပိုင်း အစနားမှာ “သမ္ပယုတ္တ” - ယှဉ်တယ် ဆိုတာ ရှုထောင့် ၄-ခုကနေ ပြောထားတာ၊ ယှဉ်တယ် ဆိုတဲ့ ရှုထောင့် ၄-ခုက -

(၁) ဖြစ်ရာဋ္ဌာန ဆိုတဲ့ မှီရာဝတ္ထုရုပ်လည်း တူရမယ်၊

(၂) အာရုံလည်း တူရမယ်၊

(၃) တစ်ပြိုင်နက် ဖြစ်ရမယ်၊

(၄) တစ်ပြိုင်နက် ချုပ်ရမယ်၊

ဟောဒီ ၄-ခု တူမှ တစ်ခုတည်းလို့ ပြောရမယ်၊ တစ်ခုက တစ်နေရာကပေါ်တယ်, အာရုံကလည်း တစ်နေရာဆီကို သွားနေတယ်ဆိုရင် မဟုတ်ဘူး၊ တစ်ခုတည်းလို့ ပြောလို့မရဘူး။

တစ်ခုတည်း ဆိုပေမယ့် တကယ်တော့ တစ်ခုတည်း မဟုတ်ဘူး၊ associated ဖြစ်သည့် အတွက်ကြောင့် တစ်ခုတည်းလို့ ထင်နေရတာ၊ တစ်ခုတည်းလို့ ထင်အောင် စုစည်းထားတာ “ဃန” (အစုအခဲ) လို့ ခေါ်တယ်။ တကယ်တော့ တစ်ခုတည်း မဟုတ်ဘူး။

ဆိုပါစို့ - စက္ခုဝိညာဏ်စိတ် ဖြစ်လာရင် သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု ဆိုတာ အတူဖြစ်တယ်၊ စက္ခုဝိညာဏ်နဲ့ သဗ္ဗစိတ္တသာဓရဏ စေတသိက် ၇-ခုတို့ဟာ မှီရာ ဝတ္ထုရုပ်လည်း တူတယ်၊ အာရုံလည်း တူတယ်၊ ဖြစ်တဲ့အချိန်ပိုင်းလည်း တူတယ်၊ ပျက်တဲ့အချိန်ပိုင်းလည်း တူတယ် ဆိုတော့ as one တစ်ခုတည်းလို ဖြစ်နေတာ၊ ကွဲပြားခြားနားမှု မရှိဘူး၊ လူတွေရဲ့ စိတ်ထဲမှာ တစ်ခုတည်းလို့ပဲ မြင်တော့တာ၊ တကယ်တော့ တစ်ခုတည်း မဟုတ်ဘူး၊ ၈-ခု၊ စိတ်ကလေးက ၁, စေတသိက်က ၇၊ ပေါင်း ၈-ခု၊ unity of eight ရှစ်ခုကို တစ်ခု ဖွဲ့စည်းထားတာ၊ ခုနက ပြောသလို ဖြစ်လာတဲ့နေရာမှာ ရှစ်ခုကိုတစ်ခု ဖွဲ့စည်းထားတာ၊ ခုနက ပြောသလို ဖြစ်လာတဲ့ နေရာကလည်း အတူတူပဲ၊ ပျော်မွေ့တဲ့ နေရာကလည်း အတူတူပဲ၊ ဖြစ်တဲ့အချိန်ပိုင်း ကလည်း အတူတူပဲ၊ ပျက်တဲ့အချိန်ပိုင်းကလည်း အတူတူပဲ။ တစ်ခုကဲ့သို့ ဖြစ်သွား တာ၊ အဲဒါကို association ခေါ်တယ်၊ သမ္ပယုတ္တပစ္စယော ဆိုတာ အဲဒီပုံစံနဲ့ နေတာကိုပြောတာ။

စိတ်အကြောင်းကို လေ့လာတော့မယ် ဆိုရင် ဝတ္ထုရုပ် ၆-ပါး ကို သိရမယ်၊ အဲဒီ ဝတ္ထုရုပ်ကို ခန္ဓာကိုယ်ထဲမှာ ရှာကြည့်လိုက်မယ် ဆိုရင် -

စက္ခုပသာဒရုပ်လို့ ခေါ်တဲ့ စက္ခုဝတ္ထု၊

သောတပသာဒ ရုပ်လို့ခေါ်တဲ့ သောတဝတ္ထု၊

ဃာနပသာဒရုပ်လို့ခေါ်တဲ့ ဃနဝတ္ထု၊

ဇိဝှါပသာဒရုပ်လို့ ခေါ်တဲ့ ဇိဝှါဝတ္ထု၊

ကာယပသာဒရုပ်လို့ ခေါ်တဲ့ ကာယဝတ္ထု၊

ကျန်တဲ့စိတ်တွေရဲ့ မှီရာ ဟဒယဝတ္ထု

လို့ ဝတ္ထုရုပ် ၆-ပါး ရှိတယ်၊

အဲဒီ ဝတ္ထုရုပ် ၆-ပါးမှာ အာရုံတွေ လာပြီးပေါ်လာတာဟာ စိတ်ဖြစ်ခြင်းရဲ့ အကြောင်းပဲ။

အဲဒါကို ဗုံ ၆-လုံးလို သဘောထား ကြည့်မယ်ဆိုရင် ဗုံ ၆-လုံးကို တုတ်လေး ၆-ချောင်းနဲ့ တီးရင် အသံထွက်လာတယ် သူ့ဟာသူ ဒီအတိုင်း ထားလို့ရှိရင် အသံ ထွက်ပါ့မလား၊ မထွက်ဘူး၊ အခု သာသာတီးရင် အသံတိုးတိုး ထွက်မယ်, ပြင်းပြင်း တီးရင် အသံကျယ်ကျယ် ထွက်မယ်၊ ဗုံနဲ့တုတ်နဲ့ ထိမှပဲ အသံထွက်တယ်၊ စိတ်ဆိုတာ ဒီလိုပဲ၊ အာရုံနဲ့ဝတ္ထုဆုံဆည်းသည့်အတွက်ကြောင့် စိတ်ကလေး ဖြစ်လာရတယ်။

ဥပမာ - လျှပ်စစ်မီး စလင်းဖို့ generator တစ်ခု မောင်းထားမယ် ဆိုရင် generator က လည်ပတ် နေတဲ့ နှုန်းတွေနဲ့ ထိနေလို့ မီးလေး လင်းနေတာ မဟုတ်လား၊ အဲဒီ ထိမှု ရပ်တာနဲ့ တစ်ပြိုင်နက် အမှောင်ဖြစ်သွားမှာ၊ အဲဒီလို အဆက်မပြတ် ထုတ်လုပ်နေလို့ လူတွေရဲ့ စိတ်ဟာမှာ တစ်ခုတည်းလို တည်မြဲနေတဲ့ အရာကြီးကို အမြဲရှိနေတဲ့ တရားလို့ ထင်ရတာ၊ စိတ်ကို လည်ပတ်နေတဲ့ နှုန်းနဲ့ ထုတ်နေရတာ မဟုတ်လား၊ ရပ်နေတာ မဟုတ်ဘူး၊ ပြေးနေတာ၊ ထုတ်နေတဲ့ အကြောင်းတရားက ပြေးနေသလို၊ အကျိုးတရား ကလည်း ပြေးလိုက်နေတာ၊ ပေါ်နေတာ။

အဲဒီမှာ ဝတ္ထုရုပ် ၆-ပါးမှာ -

စက္ခုဝတ္ထုဆိုတာ စက္ခုပသာဒရုပ်၊

သောတဝတ္ထုဆိုတာ သောတပသာဒရုပ်၊

ဃာတဝတ္ထုဆိုတာ ဃာနပသာဒရုပ်၊

ဇိဝှါဝတ္ထုဆိုတာ ဇိဝှါပသာဒရုပ်၊

ခန္ဓာကိုယ်မှာ ဘယ်အရာထိထိ သိတဲ့နေရာမှာ ကာယပသာဒရုပ်၊

ကျန်တဲ့စိတ်ရဲ့ တည်ရာဟာ ဟဒယဝတ္ထုရုပ်။

ဟဒယဝတ္ထုရုပ် အကြောင်းကို ဘုန်းကြီးတို့ အဘိဓမ္မာ မြတ်ဒေသနာ အပိုင်း ၁ ရုပ်အကြောင်းကို လေ့လာသုံးသပ်ခြင်း အပိုင်းမှာ ပြောပြီးဖြစ်တယ်၊ ဟဒယဝတ္ထု ဆိုတာ အခြားစိတ်တွေက မှီပြီး ဖြစ်နေတဲ့နေရာ၊ ဝမ်းသာ ဝမ်းနည်းတယ်ဆိုတာ နှလုံးသားမှာ ထင်ရှားတယ်၊ စဉ်းစားတွေးခေါ်တယ် ဆိုရင် ဦးနှောက်မှာ ထင်ရှား တယ်၊ အကြောင်းအကျိုးအနေနဲ့ တစ်နေရာ ဆက်စပ်ပြီး ဖြစ်တယ်လို့ မှတ်ရမယ်။

မြတ်စွာဘုရား ကိုယ်တိုင်ကလည်း နှလုံးသားကို ရည်ညွှန်းပြီး ပြောခဲ့တာ မဟုတ်ဘူး၊ တချို့ အဘိဓမ္မာ ဆရာတွေကလည်း ဟဒယဝတ္ထုဆိုတာ heart organ ကိုပြောတာ မဟုတ်ဘူး၊ စိတ်ရဲ့ မှီရာဝတ္ထုလို့ ဆိုလိုတာလို့ ရေးကြတယ်၊ သို့သော် အဘိဓမ္မာ ကျမ်းဂန် တော်တော်များများဟာ ဟဒယဝတ္ထုသည် နှလုံးသားထဲမှာရှိတယ်၊ နှလုံးသားထဲမှာရှိတဲ့ လည်ပတ်နေတဲ့ သွေးထဲမှာ ရှိတယ်လို ပြောတဲ့ သဘောပဲ၊ နှလုံးသားထဲ သွေးရောက်တဲ့အချိန်မှာ စိတ်ရဲ့ တည်ရာမှီရာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်။

အဲဒီတော့ ထား၊ အဲဒီဝတ္ထုရုပ် ၆-ပါးကို မှီပြီး၊ စိတ်လေးတွေပေါ်တယ်၊ စည်ကို အမှီပြုပြီး စည်သံ ပေါ်တယ်။ စောင်းအိုးနဲ့ စောင်းကြိုးကို အမှီပြုပြီး စောင်းသံ ပေါ်တယ်၊ မီးခြစ်ဘူးကို အမှီပြုပြီး မီးတောက်ပေါ်လာတယ်၊ အဲဒီသဘောပဲ။

သို့သော် ဟောဒီ ဝတ္ထုရုပ် ၆-ပါးရှိရုံနဲ့ စိတ်ဟာ ပေါ်ပြီလား ဆိုတော့ မပေါ်သေးဘူး၊ စည်ရှိနေရုံနဲ့ အသံထွက်ပြီလား၊ မထွက်သေးဘူး၊ စည်တီးတဲ့ တုတ်ကလေး လာရဦးမယ်၊ စည်တီးတဲ့ တုတ်ဆိုတာ အခု ဒီမှာကျတော့ အာရုံ ၆-ပါးလို့ ပြောမယ်။

အာရုံ ၆ ပါး

အာရုံဆိုတဲ့ စကားက ပါဠိသက် ဝေါဟာရပေါ့၊ ပါဠိက ‘အာရမ္မဏ’၊ ‘အာ’ ဆိုတာ လာရောက်ပြီး, ‘ရမ္မဏ’ ပျော်မွေ့တယ် ဆိုတဲ့ အဓိပ္ပါယ်၊ ပျော်မွေ့နေကြတယ်၊ အာရုံရှိရာကို သွားပြီး ပျော်မွေ့နေတယ် သို့သော်လည်း ဒါက တင်စားပြီးပြောတဲ့ စကားလုံးမျိုးတွေ (metaphorical term လို့ခေါ်တယ်)၊ အရပ်ထဲမှာလည်း ဒီလိုပဲ ပြောတာပဲ၊ တကယ်တော့ စိတ်က အာရုံဘက်ကို ထွက်သွားပြီး ပျော်မွေ့ နေတာ မဟုတ်ဘူး၊ စိတ်က အာရုံကို တွေးနေတာဟာ ပျော်နေတာပဲ၊ ကောင်းတဲ့ အာရုံပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့အာရုံပဲ ဖြစ်ဖြစ် အာရုံဆီ စိတ်ရောက်နေတာကို ပြောတာ။

ဆိုပါစို့ - လူတစ်ယောက်ဟာ တစ်ခုခုကို မြင်ပြီးရင် စိတ်က အဲဒီမြင်ထားတဲ့ အာရုံဆီ ရောက်မနေ ဘူးလား၊ အသံလေးတစ်သံ ကြားလိုက်လို့ရှိရင် ကြားလိုက်တဲ့ အသံပေါ် အတွေးတွေ ရောက်မနေ ဘူးလား၊ အဲဒါကို “အာဂန္တာ ရမတိ ဇတ္ထာတိ အာရမ္မဏံ” စိတ်ကလေး လာရောက်ပြီး ပျော်မွေ့စရာ၊ လာရောက်ပြီး ကျက်စားစရာ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဖွင့်ဆိုတာ။

တကယ် စိတ်က ထွက်သွားပြီး အာရုံဆီ သွားနေတာတော့ မဟုတ်ဘူးပေါ့၊ သို့သော် စိတ်နဲ့ အာရုံက တွေ့မနေဘူးလား၊ မျက်စိနဲ့ အဆင်း အာရုံလေး ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ကလေးက ပေါ်လာတယ်၊ အဲဒီစိတ်ကလေး ဘယ်သူနဲ့ အလုပ်လုပ်နေလဲဆို မျက်စိနဲ့ အလုပ်လုပ်နေတာ မဟုတ်ဘူး၊ မျက်စိပေါ်မှာ ထင်လာတဲ့ အာရုံနဲ့ အလုပ်လုပ်တာ၊ အဲဒါကြောင့် သူ့ကို “အာဂန္တာ ရမတိ ဇတ္ထ” လို့ပြောတာ၊ အာရုံပေါ်မှာ သွားပျော်တာ၊ မျက်စိပေါ်မှာ ပျော်တာ မဟုတ်ဘူး။

နားက အသံလေး ကြားလို့ရှိရင်လည်း အသံပေါ်မှာ သွားပျော်တာလား? နားပေါ်မှာ သွားပျော် တာလား? အသံပေါ်မှာ သွားပျော်တာ၊ နှာခေါင်းက အနံ့လေး ရလို့ရှိရင်လည်း နှာခေါင်းပေါ်မှာ သွားပျော်တာလား? အနံ့ပေါ်မှာ သွားပျော်တာ၊ အာရုံပေါ်မှာ သွားပျော်နေတယ် ဆိုတာ မထင်ရှားဘူးလား၊ လျှာက အရသာနဲ့ တွေ့ထိလို့ရှိရင် အရသာပေါ်မှာ စိတ်ကလေးက သွားတယ်-ခါးရင် ခါးတယ်, ချိုရင် ချိုတယ် စသည်ဖြင့် အရသာပေါ်မှာ သွားပျော်တာ၊ လူကို လာထိလို့ရှိရင် အေးရင် အေးတယ်, ပူရင် ပူတယ်, အတွေ့အထိကောင်းရင် ကောင်းတယ်, မကောင်းရင် မကောင်းဘူး, နုရင် နုတယ်၊ အာရုံပေါ်မှာပဲ သွားပျော်တာ၊ စိတ်ကူးလိုက်ပြီ ဆိုရင်လည်း အဲဒါတွေကို အခြေခံပြီးတော့ ကူးထားတဲ့ စိတ်ကူးတွေပဲ၊ စိတ်ဟာ စိတ်ထဲမှာ ပေါ်လာတဲ့ အာရုံတွေမှာပဲ သွားပျော်နေတာ မဟုတ်လား။

ဒါကြောင့် အာရမ္မဏဆိုတဲ့ စကားလုံးဟာ ‘အာ’ လာရောက်ပြီး, ‘ရမ္မဏ’ ပျော်မွေ့စရာ၊ ဘယ်သူတွေ လာပြီး ပျော်နေတာတုန်းဆို စိတ်တွေလာပြီး ပျော်နေတာ၊ ‘အာရမ္မဏ’ ‘အာရုံ’ ဆိုတာ စိတ်ရဲ့ ပျော်မွေ့ရာလို့ အဓိပ္ပါယ်ရတယ်။

နောက်တစ်ခုက ‘အာလမ္ဗဏ’ ဆိုတဲ့ စကားလုံးနဲ့ ရေးတာလည်း ရှိသေးတယ်၊ အဲဒါကျတော့ ‘ရ’ မဟုတ်ဘူး ‘လ’ နဲ့၊ အသုံးတော့ နည်းပါတယ်၊ ‘အာလမ္ဗဏ’ - ဆိုတာ ဆွဲကိုင်စရာ၊ အာရမ္မဏ ပစ္စယော ကိုဖွင့်တဲ့အခါကျတော့ စိတ်ကလေးက သူ့ဟာသူ မဖြစ်နိုင်ဘူး၊ အာရုံလေးတစ်ခုနဲ့ တွေ့တဲ့အခါ အာရုံလေးကို မှီပြီးတော့ စိတ်အတွေးတွေ ပေါ်တာ ဖြစ်သောကြောင့် အားမရှိတဲ့လူသည် ကြိုးတန်းလေး ကိုင်ပြီး လမ်းလျှောက်ရသလို စိတ်ကလေးဟာ လည်းပဲ အဲဒီအာရုံပေါ်မှာ မှီပြီးတော့ လမ်းလျှောက်တယ် လို့ဆိုတဲ့ အဓိပ္ပါယ်နဲ့ “အာလမ္ဗဏ” လို့ သုံးတယ်၊ ဘာပဲဖြစ်ဖြစ် စိတ်ကလေးရဲ့ ဆွဲကိုင်မှီတွယ်ရာလို့ အဓိပ္ပါယ် ပြောလို့ရတယ်။

ကိုယ့်စိတ်ကလေးကို ဆင်ခြင် သုံးသပ်ကြည့်ပေါ့၊ စိတ်ကလေးက ပေါ်လာလို့ရှိရင် မျက်စိကမြင်ရင် အဆင်းအာရုံပေါ်မှာ သွားပြီး ပျော်နေတာလား? အဲဒီအပေါ်မှာ စိတ်ကလေးက မှီနေတာလား? နားက အသံကြားရင် ကြားတဲ့အသံပေါ်မှာ ပျော်နေတာလား?၊ သေချာစဉ်းစား ကြည့်လိုက်လို့ရှိရင် သဘာဝတရားဟာ မြင်သာ ထင်သာရှိတယ်။ အဲဒီလို စဉ်းစားတာကို contemplation (အနုပဿနာ) လို့ ခေါ်တယ်၊ အသိဉာဏ်နဲ့ ဆင်ခြင်စဉ်းစားတာ။ လက်တွေ့နဲ့ ဆင်ခြင်စဉ်းစား လိုက်လို့ရှိရင် ထင်ထင်ရှားရှား သိလာမယ်နော်၊ ဒါကို applied လုပ်တယ် ခေါ်တာပေါ့။

ဝတ္ထုနဲ့ အာရုံဆုံခြင်း

ဝတ္ထုနဲ့ အာရုံ ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ကလေးတွေ ပေါ်လာတယ်။ ဒါက အဓိက အကြောင်းတစ်ခုကို ပြောတာ။ ဒိပြင် အကြောင်းတွေလည်း ရှိသေးတယ်၊ အာရုံနဲ့ ဝတ္ထု ဆုံစည်းခြင်းသည် ဒါ common condition, common cause (အားလုံးနဲ့ ဆိုင်တဲ့ အကြောင်းအရာတစ်ခု)။

အဲဒီတော့ ဘယ်စိတ်တွေ ဘယ်လို ပေါ်လာတာလဲ ဆိုတာကြည့်၊ ဥပမာ - မျက်စိနဲ့မြင်စရာ အာရုံလေးနဲ့ ဆုံလိုက်ပြီ ဆိုလို့ရှိရင် ပဉ္စဒွါရာဝဇ္ဇန်း ကစပြီး မြင်သိစိတ်တွေ ဖြစ်သွားတယ်၊ အမြင်အာရုံပေါ်မှာ ဖြစ်တဲ့စိတ်ကို စက္ခုဝိညာဏ် စိတ်လို့ ပြောတာ၊ သို့သော် အမြင်အာရုံပေါ်မှာ အလုပ်လုပ်တဲ့စိတ်က စက္ခုဝိညာဏ် စိတ် တစ်ခုတည်း မဟုတ်ဘူး၊ စက္ခုဝိညာဏ ဝီထိစိတ်တွေ အားလုံးဟာ အမြင် အာရုံပေါ်မှာ အလုပ်လုပ်တယ်၊ နားလည်အောင် ပြောရမယ် ဆိုရင် မျက်စိကို အမြင်အာရုံလေး လာဆုံလိုက်တာနဲ့ တစ်ပြိုင်နက် ထိုပေါ်လာတဲ့ အာရုံလေးကို တံခါးဖွင့်ပေးတဲ့စိတ်က ပဉ္စဒွါရာဇ္ဇန်းစိတ် (attention လုပ်လိုက်တာ)၊ Attention လုပ်ပြီးရင် ပျောက်သွားပြီ၊ သူ့တာဝန် ပြီးသွားပြီ။

စိတ်တွေက အံ့သြစရာတော့ ကောင်းတယ်၊ စိတ်တစ်ခုနဲ့ တစ်ခု ပျက်သွားတာ မသိလိုက်ဘူး၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဆိုတာ မျက်စိကို အဆင်းအာရုံလေး လာပြီး ထိလိုက်တာနဲ့ တစ်ပြိုင်နက် ဖျတ်ကနဲဆို တံခါးဖွင့်ပေးလိုက်တာ၊ attention လုပ်လိုက်တာ၊ အဲဒီလို ဖွင့်ပေးလိုက်မှ စက္ခုဝိညာဏ်စိတ်က မြင်လိုက်တာ၊ မြင်ပြီး စက္ခုဝိညာဏ်စိတ်က ပျက်သွားတယ်၊ နောက် သမ္ပဋိစ္ဆိုင်းစိတ် ကနေ အာရုံ လက်ခံလိုက်တယ်၊ ခံယူလိုက်တယ်၊ ခံယူပြီး ပျက်သွားတယ်၊ နောက် သန္တီရဏစိတ်က စုံစမ်းလိုက်တယ်၊ စုံစမ်းပြီး ပျက်သွားတယ်၊ ဝုဋ္ဌောစိတ် က အာရုံကို ပိုင်းခြား ဆုံးဖြတ်လိုက်တယ်၊ ဆုံးဖြတ်ပြီးတာနဲ့ ပျက်သွားတယ်။

အဲဒီ အာရုံရဲ့ အရသာပေါ်မှာ တွေးပြီး သိနိုင်တာက ဇောစိတ် ဖြစ်တယ်၊ “ဇော” တောင်မှ ပထမအကြိမ်ဖြစ်တဲ့ ဇောတော့ မဟုတ်သေးဘူး၊ မနောဒါရမှာ ဆက်တိုက် လိုက်လာတဲ့ ဝီထိစိတ် တွေနဲ့မှ သိတာ၊ ပဉ္စဒွါရဝီထိကတော့ initialize လုပ်တာပဲ ရှိတယ်၊ ဘယ်လို နားလည်ရတုန်းဆို လျှပ်စစ်မီးမရှိတဲ့ နေရာတွေမှာ အင်ဂျင်စက် နှိုးရတယ် မဟုတ်လား၊ အင်ဂျင်စက် နှိုးလိုက်တဲ့အခါ generator လေးဟာ တစ်ပတ်ပြီးတစ်ပတ် အပတ်ပေါင်းများစွာ လည်ပြီးမှ မီးပွင့်လာတာ။

အဲဒါလိုပဲ စိတ်လေး တစ်လုံးနှစ်လုံး ဖြစ်ရုံနဲ့ အာရုံကို မသိနိုင်ဘူး၊ repeatedly အကြိမ်ကြိမ် ဖြစ်တော့မှ သိတာ။ အဲဒါကြောင့် စိတ်တွေက အများကြီး ဖြစ်ရတာ၊ သိပ်လည်း မြန်တယ်၊ တစ်ခုတည်း လို့ ထင်ရလောက်အောင်ကို မြန်တယ်။ ကလေးငယ်တွေ မီးစကို ကိုင်ပြီး မြန်မြန်ရမ်းတဲ့အခါ ဘေးက ကြည့်တဲ့လူက မီးဝိုင်းကြီးလို့ ထင်ရတယ်၊ တကယ်တော့ မီးဝိုင်းကြီး မဟုတ်ဘူး၊ အချို့နေရာတွေမှာ လျှပ်စစ်မီးကို စက်ဘီးသဏ္ဍာန်မျိုး ဆင်ထားတာ ရှိတယ်၊ သွားနေတယ်လို့ ထင်ရတယ်၊ မဟုတ်ဘူး၊ တစ်ခုပြီးတစ်ခု တောက်နေတော့ လည်နေတယ်လို့ ထင်ရတယ်၊ တကယ်တော့ လည်နေတာ မဟုတ်ဘူး။ အဲဒါမျိုးလို illusion ဖြစ်သွားလောက်အောင် လျင်မြန်တဲ့ နှုန်းရှိတယ်။

ဒီတော့ …

တံခါးဖွင့်ပေးတဲ့ attention စိတ် ပြီးသွားရင် မြင်တဲ့စိတ်၊
မြင်တဲ့စိတ်ပြီးရင် လက်ခံတဲ့စိတ်၊
လက်ခံတဲ့စိတ်ပြီးရင် စူးစမ်းတဲ့စိတ်၊
စူးစမ်းတဲ့စိတ်ပြီးရင် သတ်မှတ်တဲ့စိတ်၊
သတ်မှတ်တဲ့စိတ် ပြီးသွားတာနဲ့ တစ်ပြိုင်နက် အာရုံကို ခံစားတဲ့ ဇောစိတ်ဖြစ်တယ်၊
ဇောစိတ်တွေက ၇- ကြိမ်လောက် repeatedly ထပ်ဖြစ်ပြီးတဲ့ နောက်မှာ “တဒါရုံ” လို့ခေါ်တဲ့ အာရုံကို စမြုံ့ပြန်တဲ့ စိတ်မျိုးပေါ့၊

အဲဒါကို ဆက်ခံတဲ့ စိတ်မျိုးပေါ့ (retentive - အင်္ဂလိပ်လို)၊ အချို့ကတော့ registration လို့ ပြန်တယ်၊ ဒီမှာတော့ retentive ဆိုတဲ့ အဓိပ္ပါယ်က ပိုပြီးနီးစပ်တယ်၊ ဇောရဲ့ အရှိန်နဲ့ လိုက်သွားတဲ့ အကျိုးစိတ်ပဲ၊ အမှန်တော့ ဘဝင်စိတ်ကိုပဲ ပြောတာ၊ “ပိဋ္ဌိဘဝင်္ဂ” ခေါ်တယ်၊ အဲဒီလို စိတ်တွေ ဖြစ်သွားလို့ရှိရင် ခုနက အာရုံရဲ့သက်တမ်း က ကုန်သွားပြီ။ မျက်စိနဲ့ဆုံတဲ့ ရူပါရုံသက်တမ်းက ကုန်ပြီ။

ဥပမာ-မျက်စိနဲ့ ဆုံလိုက်တဲ့ ရူပါရုံလေးဟာ သူ့ရဲ့သက်တမ်း ရှိတယ်၊ မဆုံမီက ရူပါရုံရဲ့ သက်တမ်းကို ပြောတာ မဟုတ်ဘူး၊ မျက်စိနဲ့ လာဆုံတဲ့ ရူပါရုံ ပန်းပွင့်လေးရဲ့ သက်တမ်းဟာ ဘယ်လောက်ရှိတုန်း၊ စိတ် ၁၇-ချက်နဲ့ ညီမျှတဲ့ သက်တမ်းရှိတယ်၊ စိတ် ၁၇-ချက် ပြည့်ရင် သူရဲ့ သက်တမ်းကုန်ပြီ၊ ပန်းအိုးထဲမှာ ရှိတဲ့ ပန်းကိုပြောတာ မဟုတ်ဘူးနော်၊ နောက်ထပ် ထပ်ကြည့်, နောက်ထပ် ထပ်မြင်တာ၊ တစ်ခါမြင်တဲ့ ရူပါရုံရဲ့ သက်တမ်းက အဲဒီလောက်ပဲရှိတယ်၊ တစ်နာရီ စိုက်ကြည့်လည်း သူရဲ့ သက်တမ်းဟာ ဒီလိုပဲသွားနေမှာပဲ၊ သူရဲ့ သက်တမ်းက ၁၇-ချက်၊ ခဏငယ်နဲ့ ဖြစ် တည် ပျက်နဲ့ ပြောမယ်ဆိုရင် ၅၁-ချက်။

အဲဒီလို သက်တမ်း ကုန်တာနဲ့ နောက်ထပ်မြင်တာ နောက်ထပ်မှတ်, နောက်ထပ် မြင်တာ နောက်ထပ် မှတ်၊ ဒီလို အာရုံနဲ့ ဝတ္ထု ဆုံစည်းတာကို အကြောင်းပြုပြီး စိတ်ဆိုတာ ဖြစ်ပေးလာရတာတဲ့။ ထာဝရရှိနေတဲ့ အရာ မဟုတ်ဘူး၊ ဆိုပါစို့ - မျက်စိပိတ်ထားရင် မြင်သိစိတ် ဖြစ်ရဲ့လား၊ နားက အသံမကြားရင် ကြားသိစိတ် ဖြစ်ရဲ့လား၊ မဖြစ်ဘူး၊ ဖြစ်တယ်ဆိုရင် နားထဲမှာပဲ အမြဲကြားနေမှာပေါ့၊ ရှိနေတယ် ဆိုရင် ဒီအသိစိတ်လေးဟာ အမြဲတမ်း သိနေမှာပေါ့၊ အဲဒီလို သိနေတာမှ မရှိဘဲ၊ နှာခေါင်းက အနံ့မရဘဲ နံသိစိတ်ဆိုတာ ဖြစ်ပါ့မလား၊ မဖြစ်ဘူး။

ကောင်းပြီ၊ မျက်စိနဲ့ ရူပါရုံ ဆုံလိုက်လို့ မြင်သိစိတ်လေး ဖြစ်လာတယ်ဆိုတာ အဲဒီ မြင်သိစိတ်လေးဟာ ဘယ်နေရာက ဖြစ်လာသလဲဆိုရင် မျက်လုံးက ဖြစ်တာ၊ အရပ် ပြောပြောရင် မျက်လုံးထဲက ဖြစ်တာ၊ စက္ခုဝတ္ထုကို မှီပြီးဖြစ်တယ်လို့ ပြောတာနော်၊ ရူပါရုံက ဖြစ်လာလားဆို မဟုတ်ဘူး၊ အဆင်းအာရုံနဲ့ ဝတ္ထု ဆုံလိုက်တဲ့အခါမှာ မြင်သိစိတ်လေး ပေါ်လာတယ်၊ အဲဒီ မြင်သိစိတ်လေးသည် ဘယ်နေရာက ပေါ်လာ တုန်းဆို ဟောဒီ စက္ခုဝတ္ထုက ပေါ်လာတယ်လို့ ပြောတာ၊ စက္ခုဝတ္ထုကို မှီပြီးဖြစ်တာ၊ ဘာကြောင့် အဲဒီလို ပြောလဲဆို မျက်စိကန်းနေရင် မြင်သိစိတ် မလာတော့ဘူး၊ အမှီမရှိရင် မဖြစ်ဘူးလို့ ပြောတာ။

ကြားသိစိတ်လေးကလည်း သောတပသာဒကို မှီပြီးဖြစ်တယ်၊
နံသိစိတ်လေးကလည်း ဃာနပသာဒကို မှီပြီးဖြစ်တယ်၊
လျက်သိစိတ်လေးကလည်း ဇိဝှါပသာဒကို မှီပြီးဖြစ်တယ်၊
ထိသိစိတ်ကလည်း ကာယပသာဒကို မှီပြီးဖြစ်တယ်။
ကျန်တဲ့စိတ်တွေက ဘာကိုမှီပြီး ဖြစ်တုန်းဆို ဟဒယဝတ္ထုကို မှီပြီးဖြစ်တယ်၊
ဘာဖြစ်လို့တုန်းဆို သူတို့က မျက်စိမြင်တာနဲ့လည်း မဆိုင်ဘူး၊ နားနဲ့ ကြားတာနဲ့ လည်း မဆိုင်ဘူး၊ ဆက်ပြီးတော့ တွေးတဲ့အတွေးတွေ၊ မြင်သိစိတ်ဖြစ်တာဟာ မျက်စိကပဲ ဖြစ်နိုင်တာ၊

‘စက္ခုဝိညာဏ်စိတ်သည် စက္ခုဝတ္ထုကို မှီ၏’ လို့ ဒီလို အဘိဓမ္မာ သင်တဲ့လူတွေ သင်ရတာ၊ applied လုပ်ရတာ၊ ဝတ္ထုရုပ် ၆-ပါးမှာ -

‘စက္ခုဝိညာဏ်စိတ်သည် စက္ခုဝတ္ထုကို မှီ၏၊
သောတဝိညာဏ်စိတ်သည် သောတဝတ္ထုကို မှီ၏၊
ဃာနာဝိညာဏ်စိတ်သည် ဃာနဝတ္ထုကိုမှီ၏၊
ဇိဝှါဝိညာဏ်စိတ်သည် ဇိဝှါဝတ္ထုကို မှီ၏၊
ကာယဝိညာဏ်စိတ်သည် ကာယဝတ္ထုကို မှီ၏’၊

လို့ ဒီလိုပြောတာ။

ဖြစ်ပေါ်တဲ့နေရာကို ရည်ညွှန်းတာနော်၊ စည်သံလေး ဘယ်က ဖြစ်တုန်းဆို စည်က ဖြစ်တာ၊ စောင်းသံလေး ဘယ်က ဖြစ်တုန်းဆို စောင်းကြိုး စောင်းအိုးက ဖြစ်တာ၊ လက်ကလာတာ မဟုတ်ဘူး၊ တုတ်ကလာတာ မဟုတ်ဘူးလို့ ဒီလိုဆိုလိုတာ၊ ပန်းပွင့်လေးကို မြင်လို့ မြင်သိစိတ်လေးဆိုရင် ပန်းပွင့်က ဖြစ်လာတာ မဟုတ်ဘူး၊ အဲဒီတော့ ခုနကပြောတာနဲ့ ရောမသွားနဲ့၊ ခုနက ပြောတာ ဒီစိတ်ကလေးဟာ မျက်စိထဲမှာ ရှိနေတာ မဟုတ်ဘူး၊ သို့သော် ဖြစ်တဲ့အခါကျတော့ မျက်စိကို မှီပြီး ဖြစ်တာ၊ ဒီလိုပြောတာ။

ဆိုပါတော့ - စည်သံသည် စည်ထဲမှာ ရှိတာ မဟုတ်ဘူး၊ သို့သော် တုတ်နဲ့ရိုက်လိုက်၊ တီးလိုက်တဲ့ အခါမှာ အသံထွက်လာတယ်၊ အဲဒီအသံသည် စည်ကို မှီပြီးတော့ ဖြစ်တာ၊ စည်မပါဘဲ အဲဒီအသံ ဖြစ်ပါ့မလား၊ မဖြစ်ဘူး၊ သို့သော် စည်ထဲမှာ ရှိနေတာလား ဆိုတော့ မရှိဘူး၊ ဒီလိုပြောရမယ်။

စက္ခုဝိညာဏ်စိတ်သည် စက္ခုပသာဒရုပ်မှာ ရှိနေတာလား ဆိုရင် မရှိဘူး၊ ရူပါရုံနဲ့ ဆုံမိတဲ့အခါမှသာ ပေါ်လာတာ၊ ပြီးရင် ပျက်သွားတာ၊ သောတဝိညာဏ်စိတ်ဟာလည်း အသံနဲ့ နား ဆုံလိုက်တဲ့အခါ ဘွားကနဲ့ ပေါ်လာတာ၊ ပြီးရင် ပျက်သွားတာ၊ ဃာနဝိညာဏ်ဟာလည်း ထို့အတူပဲ နှာခေါင်းနဲ့ အနံ့၊ ဇိဝှါဝိညာဏ်စိတ်ကလည်း အရသာနဲ့ လျှာ၊ ကာယဝိညာဏ်စိတ်ကလည်း ဖောဋ္ဌဗ္ဗာရုံနဲ့ ကိုယ် ဆုံလိုက်တဲ့အခါ ပေါ်လာတာ။

သို့သော် ဒီနေရာမှာ သတိထားရမှာက မှီဖြစ်ရာကိုသာ ဝတ္ထုရုပ် ၆-ပါးလို့ ပြောတာ၊ ဆုံစည်းတာ ကိုတော့ ဟဒယဝတ္ထုနဲ့ ဓမ္မာရုံ ဆုံတယ်လို့ မပြောဘူး၊ ‘မနဉ္စ ဓမ္မဉ္စ ပဋိစ္စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ’ ဟောတဲ့အတိုင်း မနနဲ့ ဆုံတယ်လို့ ပြောရမယ်၊ ဟဒယနဲ့ ဆုံတယ်လို့ မပြောဘူး၊ ဒါကို သတိထားရမယ်။

အာယတန ၆-ပါး ရေတွက်တဲ့အခါ internal, external အတွင်း အာယတန ၆-ခု, အပြင် အာယတန ၆-ခု၊ အဲဒီ အတွင်း အာယတ ၆-ခုလို့ ပြောတဲ့အခါမှာ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မန၊ ဒီမှာ ဟဒယ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲလို့ မေးရင် နှလုံးသားသက်သက်က စိတ်ကို ဖြစ်စေနိုင်တဲ့ အနေအထား မရှိဘူး၊ အားလုံးဟာ ဘဝင်စိတ်ဆိုတဲ့ အခြေခံစိတ် မရှိရင် စိတ်ဆိုတာ မပေါ်နိုင်ဘူး ဆိုတဲ့ အဓိပ္ပါယ်ကို ထင်ရှားစေတယ်၊ ဒါကြောင့်မို့ အဋ္ဌသာလိနီ အဋ္ဌကထာမှာ “အာရုံတစ်ခုဟာ တံခါး နှစ်ပေါက်စီမှာ အမြဲတမ်း ထင်တယ်လို့ဆိုတာ”။

ဆိုပါစို့ - ဝတ္ထုရုပ် ၆-ပါး ရှိသလို ဒွါရလည်း ၆-ပါး ရှိတယ်၊ တံခါး ၆-ခု ရှိတယ်၊ အဲဒီတံခါးဟာ စိတ်ရဲ့ တံခါးလို့ ပြောလို့ရပေမယ့် ပိုပြီး သဘာဝ ကျတာတော့ အာရုံရဲ့တံခါးလို့ ပြောရမယ်၊ အာရုံဝင်တဲ့ တံခါး ၆-ခု ရှိတယ်၊ ဆိုပါစို့ -

ရူပါရုံဝင်လာတဲ့ တံခါးပေါက်က စက္ခုပသာဒ၊
အသံရဲ့ ဝင်ရာတံခါးပေါက်က သောတ၊
အနံ့ဝင်ရာတံခါးပေါက်က ဃာန၊
အရသာရဲ့ ဝင်ရာ တံခါးပေါက်က ဇိဝှါ၊
ဇောဋ္ဌဗ္ဗာရုံရဲ့ ဝင်ပေါက်က ကာယ၊
ကျန်တဲ့ အာရုံဝင်ရာ တံခါးပေါက်က ဘဝင်စိတ်၊

ဘဝင်စိတ်ကို ‘မန’ လို့သုံးတယ်၊ ဒါကြောင့်မို့ ကျမ်းစာတွေမှာ မနောဒါရ (mind door - စိတ်တံခါး) ဆိုတာ ဘဝင်စိတ်ကို ပြောတာပါတဲ့။

ဒီတော့ စိတ်ဖြစ်လာဖို့ လိုအပ်တဲ့ အခြေအနေတွေကို ပြောရမယ်ဆိုရင် ဝတ္ထုရုပ် ၆-မျိုးကို လေ့လာရမယ်၊ အာရုံ ၆-မျိုးကို လေ့လာရမယ်၊ ပြီးတော့ ဒွါရ ၆-မျိုးကို လေ့လာရမယ်၊ အဲဒီ ဝတ္ထုရယ် အာရုံရယ် ဒွါရကနေပြီး ဆက်သွယ်မိသွားပြီ ဆိုရင် ခုနက စိတ်ကလေးတွေ ပေါ်လာတာ။

ဆိုပါစို့ - ရူပါရုံဆိုတဲ့ အာရုံသည် eye door ကနေ ဝင်လာပြီး စက္ခုဝတ္ထုကို လာထိခိုက်တယ်၊ အဲဒီအချိန်မှာ စက္ခုဝိညာဏ်စိတ် ပေါ်လာတာ၊ ထိုရူပါရုံနဲ့ အလုပ်လုပ်တဲ့ စိတ်တွေလည်း ပေါ်တယ်ပေါ့၊ ထို့အတူပဲ အသံက ear door ကနေ ဝင်လာပြီး သောတပသာဒကို လာထိခိုက်တယ်၊ ထိခိုက်တဲ့အခါ သောတဝိညာဏ်စိတ် ပေါ်လာတယ်၊ အဲဒီအတိုင်း အနံ့က ဃာနပသာဒကို လာထိခိုက်လို့ ဃာနဝိညာဏ်စိတ် ဖြစ်ပေါ်လာတယ်၊ အရသာက ဇိဝှါပသာဒကို လာထိခိုက်လို့ ဇိဝှါဝိညာဏ်စိတ် ဖြစ်ပေါ်လာတယ်၊ ဖောဋ္ဌဗ္ဗာရုံက ကာယပသာဒကို လာထိခိုက်လို့ ကာယဝိညာဏ်စိတ် ဖြစ်ပေါ် လာတယ်။

နောက် ဟဒယဝတ္ထုနဲ့ ပတ်သက်တာကျတော့ မျက်စိနဲ့ မြင်တာလည်း မဟုတ်ဘူး၊ နားက ကြားတာလည်း မဟုတ်ဘူး၊ နှာခေါင်းက အနံ့ရတာလည်း မဟုတ်ဘူး၊ စိတ်သက်သက်နဲ့ တွေးပြီးတော့ယူတာ၊ ရှိတာလည်း ဖြစ်တယ်, မရှိတာလည်း ဖြစ်တယ်၊ တွေးယူတာဆိုတော့ အရှိချည်းပဲ မဟုတ်ဘူး၊ မရှိတာလည်း တွေးတောတာပဲလေ၊ မနက်ဖြန်မရှိဘူး၊ မနက်ဖြန်အကြောင်း တွေးလို့ မရဘူးလား၊ မနက်ဖြန် အကြောင်းကို မရှိသေးပေမယ့် မနက်ဖြန် ဘယ်သူလာမယ်ဆို တွေးပြီးလုပ်လို့ရတာပဲ၊ သို့သော် လာချင်မှ လာမှာပေါ့၊ မနက်ဖန် အကြောင်းလည်း တွေး, ဟိုနောက်နှစ် အကြောင်းလည်း တွေးလို့ရတာပဲလေ၊ အဲဒီလို တွေးတောတွေကျတော့ mind door ကနေ ဝင်လာတာ၊ mind door က ဝင်ပြီး စိတ်ဖြစ်တာကတော့ ခုန ဟဒယ ကနေ ဖြစ်တာ၊ ဟဒယကို မှီပြီးတော့ စိတ်ကဖြစ်တယ်။

အဲဒါကြောင့်မို့လို့ ဒွါရ ၆-ပါးမှာ မနောဒွါရ ပါတယ်၊ ဝတ္ထုရုပ်ကျတော့ မနောဒွါရ မပါဘူး၊ အာရုံ ၆-ပါး, ဝတ္ထုရုပ် ၆-ပါး၊ အဲဒါတွေ ပေါင်းဆုံလိုက်တဲ့အခါ စိတ်ကလေး ဖြစ်လာတာပါလို့ - အဲဒါ စိတ်ဖြစ်ပေါ်လာပုံပဲ၊ အကျဉ်းအားဖြင့် စိတ်ဖြစ်ပေါ်လာပုံကို သိသာမြင်သာအောင် ပြောပြတာ။

ဒီတော့ ဘဝင်စိတ်ဆိုတဲ့ အခြေခံစိတ်ကလေး မရှိဘဲနဲ့ ကျန်တဲ့စိတ်တွေ မဖြစ်ဘူး၊ အဋ္ဌသာလိနီ အဋ္ဌကထာမှာ အာရုံတွေဟာ ဆိုပါစို့ - မျက်စိက မြင်ရတဲ့ အဆင်းအာရုံသည် တံခါးနှစ်ခုမှာ တစ်ပြိုင်နက်တည်း ထင်လာတယ်၊ နှစ်ခုဆိုတာ eye door ကိုလည်း ရောက်လာတယ်၊ mind door ကိုလည်း ရောက်လာတယ်၊ ဘဝင်လှုပ်တယ် ဆိုတာ အဲဒါကြောင့် ပြောတာ၊ အာရုံတစ်ခုဟာ ဒွါရ နှစ်ခုကနေ ဝင်လာတယ်၊ ဝင်ပေါက်မရှိဘဲနဲ့ ဘယ်လိုလုပ်မှ ဝင်လို့မရဘူး ဟုတ်ရဲ့လား၊ ဝင်ပေါက်ဆိုတာ ရှိတယ်၊ လူ့ခန္ဓာကိုယ်မှာလည်း ထို့အတူပဲ၊ အာရုံက ဝင်ပေါက်တွေက ဝင်လာတဲ့အခါ အာရုံဝင်လာသည့်အတွက်ကြောင့် အပြင်ဘက်နဲ့ အတွင်းဘက် ဆက်သွယ်ရမယ်၊ ဆိုပါတော့ - အိမ်အပြင်ဘက်ကလူ အိမ်ထဲရောက်ချင်ရင် တံခါးကို အသုံးမပြုရဘူးလား၊ ပြုရတယ်၊ တံခါးပေါက်ကပဲ ဝင်ရမယ်၊ အဲဒီလိုပဲ အာရုံဆိုတဲ့ အပြင်ကအရာ အိမ်ထဲကို ဝင်လာတယ်ဆိုရင် ဒီတံခါးကပဲ ဝင်ရမှာပဲ၊ မျက်စိက မြင်လိုက်တဲ့ အဆင်းအာရုံလေး တစ်ခုသည် eye door မှာလည်း ပေါ်လာတယ်၊ mind door မှာလည်း ပေါ်လာတယ်၊ မျက်စိကိုလည်း ထိရမယ်၊ ဘဝင်စိတ်ကိုလည်း ထိရမယ်၊ အဲဒီ နှစ်ခုရှိမှ၊ တစ်ပြိုင်နက် ဖြစ်လာလို့ ဘဝင်စိတ်ဟာ ပြတ်သွားတယ် ဆိုတာ အဲဒါကြောင့် ပြတ်သွားတာတဲ့။

ဘုန်းကြီးတို့ မနှစ်ကတုန်းက မလေးရှားမှာ အဘိဓမ္မာသင်တန်း ပို့ချတုန်းက သင်တန်းသားထဲ Bulgaria ဘုန်းကြီးတစ်ပါး ပါတယ်။ ထူးထူးခြားခြားပဲ၊ Bulgaria ဆိုတာ ကြားဖူးကြလိမ့်မယ်၊ Romania တို့၊ Bulgaria တို့ဆိုတာ အရင်တုန်းက ကွန်မြူနစ် နိုင်ငံတွေပေါ့၊ သူ့စကားက တော်တော် နားထောင်ရ ခက်တယ်၊ အသံက ကုလားသံနဲ့တူတယ်၊ သူက ခေတ်သိပ္ပံနည်းအရ ဒီအာရုံကနေပြီး မြင်သိစိတ် ဖြစ်လာပုံအထိ ဆက်သွယ်ပုံကို ကွန်ပြူတာနဲ့ပြတာ၊ လူ့ရဲ့ မျက်စိမှာ ရှေ့က မြင်စရာ အာရုံလေး ဝင်လာနဲ့ တစ်ပြိုက်နက် မျက်လုံးထဲလေးတင် မဟုတ်ဘူး, သူက အာရုံကြောကနေ သွားပြီး ဦးနှောက် နောက်ဘက်ထဲထိ ရောက်အောင်သွားတယ်၊ နောက်စေ့နားမှာ အကွက်တစ်ကွက် ရှိတယ်၊ အဲဒီ အကွက်ထိအောင် အလင်းတန်းလေးက သွားတယ်၊ အဲဒီရောက်မှ မြင်တာတဲ့၊ ဒီကြားထဲမှာ block ဖြစ်နေရင် မမြင်ရဘူး၊ သြော် mind door ဆိုတာ အဲဒါများ ဖြစ်နေမလားလို့ ဘုန်းကြီးတို့ စဉ်းစားကြည့်တယ်၊ ဒီကြားထဲ ပိတ်နေလို့ရှိရင် မြင်တယ်ဆိုတာ မဖြစ်နိုင်ဘူး၊ မျက်စိ ကတော့ အကောင်းကြီး၊ သို့သော် သွားတဲ့ အာရုံကြောလေးက တစ်နေရာရာမှာ ဥပမာ - နားထင်လောက် ပိတ်နေတယ်ဆိုရင် အဲဒီလူဟာ မြင်တယ်လို့ မပြောဘူး၊ မျက်စိကတော့ အကောင်း, ဒါပေမဲ့ မမြင်ဘူး၊ မျက်စိကနေ ဝင်လာတဲ့ အလင်းတန်းလေးဟာ လူရဲ့နောက်စေ့နားမှာ ခေါင်းနောက်ပိုင်း သွားပြတယ်၊ အဲဒီကျ မှ မြင်တယ်ဆိုတာ ဖြစ်တယ်။ ဒါ သိပ္ပံနည်းက ပြောတာ။

ဒီတော့ သိပ္ပံနည်းနဲ့ မြတ်စွာဘုရား ဟောထားတာတွေ အင်မတန်မှ ကိုက်ညီတယ်။ သူတို့ဟာက ရုပ်ကိုတော့ ရှာလို့ တွေ့နိုင်တယ်ပေါ့၊ နာမ်တရားကိုတော့ မြတ်စွာဘုရား လို ဘယ်လိုလုပ် ရှာလို့တွေ့မလဲ၊ ရုပ်တောင်မှ သူတို့ရှာတွေ့ရင် အတုံးအခဲပဲ တွေ့မယ်၊ အသေးစိတ်ကို တွေ့ဖို့ မလွယ်ဘူးပေါ့၊ ရုပ်တောင်မှ အကုန်တွေ့ဖို့ မလွယ်ဘူး။

မြတ်စွာဘုရားကျတော့ analyze လုပ်တဲ့နေရာမှာ အကြွင်းအကျန် မရှိအောင် analyze လုပ်နိုင်တာ၊ အဲဒီလို စွမ်းရည် သတ္တိချင်းတော့ မတူဘူးပေါ့၊ နာမ်ဆိုတာ ကျတော့ သူတို့ Psychology ဆိုတာ တကယ့် Psychology မှ မဟုတ်တာ။

ဘုန်းကြီးတို့ဆီ လာလာပြီးတော့ မသိတာလေးတွေ မေးနေတဲ့, ယခု ရန်ကုန်မှာနေတဲ့ ပြင်သစ်လူမျိုး မစ္စတာဖလောရင့်ဆိုတာ တစ်ခါတုန်းက လျှောက်တယ်၊ အဘိဓမ္မာကို Psychology လို့ ပြန်တာ သူက သဘောမကျဘူး၊ ဘာလု့ိလဲဆိုတော့ Psychology ဆိုတာ ဘာမှ မပါဘူးတဲ့၊ Psychology ဆိုတာ ဘာမှ မဟုတ်ဘူး၊ ဒီအဘိဓမ္မာက အလွန်လေးနက်တာ Psychology မဟုတ်ဘူးတဲ့၊ သူက အဲဒီလို ပြောသွားတယ်။

နယ်သာလန်နိုင်ငံမှာ သင်တန်းသွားပို့ချတုန်းက မစ္စတာဟင့်ခ် ဆိုတဲ့ ပါမောက္ခ တစ်ယောက် သင်တန်း လာတက်တယ်၊ သူ့အဖေက Psychologist ၊ Psychology ပါမောက္ခကြီး၊ သူငယ်ငယ်တုန်းက သူ့အဖေက ပြောဖူးတယ်၊ “စာမျက်နှာ တစ်ထောင်လောက်ရှိတဲ့ Psychology နဲ့ ပတ်သက်တဲ့ စာအုပ်ကြီးမှာ Psychology အကြောင်းရေးထားပေမယ့် ဣဿာ ဆိုတဲ့ jealousy အကြောင်း ရေးထားတာ မတွေ့ရဘူး” တဲ့။

ဒီတော့ ဗုဒ္ဓမြတ်စွာ ဟောကြားတာက အလွန်ပြီးပြည့်စုံတယ်၊ လူ့ရဲ့သဘာဝ အရေးကြီး တာတွေ၊ လူ့ခန္ဓာကိုယ်ထဲက ဖြေရှင်းပစ်ရမယ့် purify လုပ်ပစ်ရမယ့် သန့်ရှင်းပစ် ရမယ့် စိတ်ရဲ့ အညစ်အကြေး တွေကို မချန်ခြွင်းအောင် ဟောထားတာ။ အဲဒီ ညစ်နွမ်းနေတဲ့ စိတ်ရဲ့ အင်အားစု တွေကိုလည်း ဖယ်ရှားပစ်ဖို့အတွက် ဖြူစင်စေနိုင်တဲ့ စွမ်းအားတွေကိုလည်း မြတ်စွာဘုရားက ထည့်ပြီး ပြည့်ပြည့်စုံစုံ ဟောထားတာ။

ဒါကြောင့် စိတ်ဖြစ်ပုံနှင့် စပ်၍ စိတ်ဟာ ဘယ်လိုဘယ်ပုံ ဖြစ်လာသလဲ၊ စိတ်ဟာ အရှိတရားလား အဖြစ်တရားလားလို့ ဆိုရင် အဖြစ်တရားပါ, အကြောင်းတရား ကြောင့် ဖြစ်တာပါ၊ ဘာ့ကြောင့် ဖြစ်တာတုန်းဆိုတော့ အခုပြောခဲ့တယ် - ဝတ္ထုနဲ့အာရုံ ဆုံစည်းမိလို့ ဖြစ်တယ်၊ ဝတ္ထုနဲ့အာရုံက ဘယ်လိုလုပ် ဆုံမိလဲဆိုရင် door ကနေ ဝင်လာတာ, တံခါးခြောက်ပေါက်ကနေ ဝင်လာတာ၊ ဆိုင်ရာ ဆိုင်ရာ တံခါးပေါက် ကနေ ဝင်လာပြီး ဆုံစည်းပြီး စိတ်ဖြစ်ပေါ်တာဆိုတာ ဘုန်းကြီးတို့ ဒီနေ့ အကြမ်းဖျဉ်း အားဖြင့် ဟောပြော ပြသခြင်း ဖြစ်ပါတယ်။

အဲဒီမှာ အသေးစိတ် သိဖို့ကတော့ ဆိုင်ရာဆိုင်ရာ အဘိဓမ္မာကျမ်းတွေ လေ့လာဖို့ လိုပါတယ်၊ ဆိုပါစို့ - ရူပါရုံကို အာရုံပြုတဲ့ စိတ်က ဘယ်လောက်ရှိသလဲ, သဒ္ဒါရုံကို အာရုံပြုတဲ့စိတ်က ဘယ်လောက်ရှိသလဲ စသည်ဖြင့်၊ အာရုံ ၆-ပါးဆိုတာ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗရုံ၊ ကျန်အာရုံ အားလုံးသည် ဓမ္မာရုံလို့ ခေါ်တယ်၊ ဓမ္မာရုံဆိုတာ ကျန်တဲ့အာရုံတွေကို အကုန်လုံးပေါင်းပြီး ဓမ္မဆိုတဲ့ စကားလုံးကို ဆိုလိုက်တာ။

“ဓမ္မ” ဆိုတဲ့ စကားလုံးကို ဘာလို့ သုံးသလဲဆို ‘သတ္တဝါ မဟုတ်ဘူး’ ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ၊ လူတွေထင်နေတဲ့ “ဇီဝ” ဆိုတာ မဟုတ်ဘူး၊ “သတ္တ” ဆိုတာ မဟုတ်ဘူး၊ တကယ့် nature, the law of nature ဓမ္မဆိုတဲ့ စကားလုံးကို အဲဒီ အဓိပ္ပါယ်နဲ့သုံးတာ၊ မြတ်စွာဘုရားက လောကမှာ ရှိတဲ့ သတ္တဝါတွေဟာ ကိုယ့်ကိုယ်ကို သတ္တသညာ မပျောက်ဘူးတဲ့၊ illusion ဖြစ်နေကြတယ်၊ တကယ် သတ္တဝါလို့ ထင်နေကြတယ်၊ အဲဒါတွေ ပျောက်စေရန်အတွက် မြတ်စွာဘုရားက “ဓမ္မ” ဆိုတဲ့ စကားလုံးကို သုံးတယ်၊ “ဓာတု” ဆိုတဲ့ စကားလုံးကို သုံးတယ်၊ ဓာတု ဆိုတာ တကယ့်ကို သူ့သဘာဝအတိုင်း သူဆောင်တဲ့အရာ၊ ထင်နေတဲ့ သတ္တဝါဆိုတာ မဟုတ်ဘူး၊ အသက် ဆိုတာ မဟုတ်ဘူး၊ ခိုင်မြဲတဲ့အရာဆိုတာ မရှိဘူး ဆိုတာကို ထင်ရှား ပေါ်လွင်စေလိုလို့ သုံးတယ်။

ခုနက ဓမ္မာရုံလို့ ပြောတဲ့ အာရုံတွေဟာလည်း သဘာဝအာရုံတွေ အားလုံး၊ စိတ်နဲ့သိလို့ရတဲ့ အာရုံတွေ အားလုံး၊ ရှိတာရော မရှိတာရော အကုန်လုံးကို ဓမ္မာရုံလို့ ခေါ်တယ်။

မျက်စိနဲ့ မြင်ရတာက ရူပါရုံ၊
နားနဲ့ ကြားရတာက သဒ္ဒါရုံ၊
နှာခေါင်းနဲ့ နံတာက ဂန္ဓာရုံ၊
လျှာနဲ့ လျက်သိတာက ရသာရုံ၊
ခန္ဓာကိုယ်နဲ့ ထိပြီးတော့ သိတာက ဖောဋ္ဌဗ္ဗာရုံ၊
ကျန်အာရုံတွေ မှန်သမျှဟာ အခုပြောခဲ့တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်တို့နဲ့ ဆက်သွယ်မှုမပြုဘဲနဲ့ စိတ်နဲ့ သိရတယ်၊ အဲဒါတွေ အားလုံးကို ဓမ္မာရုံလို့ ခေါ်တာ၊

အာရုံ ၆-ပါး ဝတ္ထုရုပ် ၆-ပါး ဒွါရ ၆-ပါး ဆုံမိခြင်းကြောင့် စိတ်ဖြစ်တယ်။ အကြောင်း တရားကို အမှီပြုပြီး စိတ်ဖြစ်တယ်ဆိုတာကို အကျဉ်းချုပ် perspective view အနေနဲ့ ဘုန်းကြီးတို့ ဟောကြားတာ ဖြစ်ပါတယ်။

ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် စိတ်ဆိုတဲ့ သဘာဝတရားဟာ အဖြစ်တရားသာ ဖြစ်တယ်၊ ဆိုင်ရာ ဆိုင်ရာ အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်သည် ဆိုင်ရ ဆိုင်ရာ အကြောင်းတရားတွေက မမြဲသလို ဖြစ်ပေါ်လာတဲ့ စိတ်လေးဟာလည်း မမြဲဘူးလို့ဆိုတဲ့ ဓမ္မအသိဉာဏ်ကို ကိုယ်စီ ကိုယ်စီ ရရှိအောင် ကြိုးစားနိုင်ကြပါစေသတည်း။

အခန်း - ၂

စိတ်ဖြစ်ပုံကို လေ့လာခြင်း (၂)

မနေ့က စိတ်ဆိုတာ အဖြစ်တရား၊ ဘာဖြစ်လို့ အဖြစ်တရားလို့ ခေါ်တုန်းဆိုရင် အကြောင်းတရား တွေကို မှီပြီး အကြောင်းတရားတွေ ဆုံစည်းမှ ဖြစ်လာတာ ဖြစ်သောကြောင့် အဖြစ်တရားလို့ ပြောခဲ့တယ်။ ဖြစ်ပြီးလို့ရှိရင်လည်း စိတ်ဟာ ချက်ချင်း ချုပ်ပျက်ပြီး သွားလေ့ရှိတယ်၊ စိတ်က အဖြစ်တရားဆိုတော့ အကြောင်းတရားတွေ ဆက်လက် ရှိနေသေးသမျှ ဒီစိတ်ဟာလည်း ဆက်လက် ဖြစ်နေမှာပဲ၊ သံသရာထဲမှာ စဉ်ဆက်မပြတ် အကြောင်းတရားတွေ ရှိနေသည့်အတွက် စိတ်ဟာလည်း ဆက်လက် ဖြစ်ပေါ်နေမှာပဲ။ ဘဝသံသရာမှာ အကြောင်းတရား ရပ်သွားတာနဲ့ တစ်ပြိုက်နက် စိတ်ဖြစ်မှုဟာလည်း ရပ်တန့်သွားမှာဖြစ်တယ်။

အဲဒီအကြောင်းအရာတွေ ရပ်သွားတာနဲ့ စိတ်ဖြစ်မှု ရပ်သွားတယ်ဆိုတာ ဥပမာအားဖြင့် အနာဂါမ် ရဟန္တာ ဖြစ်ပြီး ဈာန်လည်း ရလို့၊ စိတ်ဖြစ်စဉ်ကြီး ခေတ္တခဏ ရပ်နားတဲ့အနေနဲ့ နိရောဓ သမာပတ် ဝင်စားလိုက်မယ်ဆိုရင် ၇-ရက် ဝင်စားရင် ၇-ရက် စိတ်ဖြစ်မှု ရပ်သွားတယ်။ ဘာ့ကြောင့် ရပ်တန့် သွားလဲဆိုရင် အကြောင်းတရားတွေ မရှိတော့လို့ ရပ်တန့်သွားတာ။ သို့သော် အစဉ်ထာဝရ ရပ်တန့်တာ မဟုတ်ဘူး၊ ခေတ္တခဏ ဘာဝနာစွမ်းအားနဲ့ ရပ်တန့်သွားတယ်လို့ ပြောတာ။

ဘဝတစ်ခုအနေနဲ့လည်း ရပ်တန့်ထားတာ ရှိတယ်၊ ဘယ်ဘဝမျိုးလဲဆိုရင် အသညသတ္တ (စိတ်မဲ့ သတ္တဝါ၊ သညာမဲ့ သတ္တဝါ၊ သညာကို ခေါင်းစီးတပ်ပြီးတော့ ပြောတာ၊ သညာမှ မရှိရင် စိတ်လည်း မရှိဘူး, ဝေဒနာလည်း မရှိဘူး, ဖဿလည်း မရှိဘူး၊ ဘာမှမရှိဘူးလို့ ဆိုလိုတယ်) သညာမဲ့သတ္တဝါ၊ အသိမဲ့သတ္တဝါ၊ အဲဒီသတ္တဝါ ဖြစ်နေတဲ့ အချိန်ဆိုလည်း စိတ်အစဉ်ဟာ ခေတ္တခဏ ရပ်တန့်သွားတယ် လို့ ပြောရမယ်၊ ဘာကြောင့် ရပ်တန့်သွားတုန်း ဆိုရင် အကြောင်းတွေကို ရပ်လိုက်လို့ အကျိုး ပြတ်သွားတဲ့ သဘောပဲ။

သံသရာထဲမှာ အကြောင်းတွေက ဆက်လက် ဖြစ်နေသေးသမျှ ကာလပတ်လုံး စိတ်ဟာ ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ဘူး, ဖြစ်နေမှာပဲ၊ ဒါကြောင့်မို့ စိတ်အစဉ်မှာ ဖြစ်နေတဲ့ ကံရားတွေဟာ ဘဝသံသရာမှာ On Line ဖြစ်နေတာ၊ “ကံကြမ္မာဘေး ပြေးလို့မလွတ်” ဆိုတဲ့အတိုင်း လူတွေရဲ့ စိတ်အစဉ်မှာ ကံဟာ စုမိဆောင်းမိ ဖြစ်သွားပြီး ထိုကံရဲ့ အကျိုးကို ခံစားကြရတယ်၊ လူတစ်ယောက်ရဲ့ စိတ်ဖြစ်စဉ်ထဲမှာ ကံက တည်ရှိတယ်၊ ဒါကြောင့်မို့ အခြားပုဂ္ဂိုလ်ကို လွဲမှားပြီး အကျိုးပေးစရှာ မရှိဘူး၊ ကိုယ်လုပ်ရင် ကိုယ့်သန္တာန်မှာပဲ ရှိတယ်။

ဒီတော့ မနေ့က “စိတ်ဖြစ်ပုံကိုလေ့လာခြင်း” ဆိုတဲ့နေရာမှာ မှီရာဝတ္ထုနဲ့ အာရုံ ဆုံစည်းမိသွားတဲ့ အခါမှာ စိတ်ဖြစ်တယ်၊ ဘယ်လိုကြောင့် ဆုံစည်းမိသွားသလဲ ဆိုရင် စိတ်နဲ့ အာရုံတို့ ဆုံစည်းဖို့ရာအတွက် တံခါးပေါက်လေးတွေ ရှိနေတယ်၊ စာပေကျမ်းဂန် အနေနဲ့ ပြောမယ်ဆိုရင် ဝတ္ထု အာရုံ ဒွါရတို့ ပေါင်းဆုံမိခြင်းကြောင့် စိတ်ဖြစ်တယ် လို့ စိတ်ဖြစ်ပုံကို ဒီလိုပြောတာ၊ ဒီကနေ့ အသေးစိတ် ပြောရအောင်။

အဲဒီအာရုံနဲ့ စိတ်နဲ့ ဆုံဖို့အတွက် အခုခေတ်လို ဆိုရင် ဆက်သွယ်ရေး လမ်းကြောင်း ရှိရတယ်။ ဗုဒ္ဓမြတ်စွာရဲ့ အဘိဓမ္မာ တရားတော်အရ ဆိုရင် ဒွါရ တံခါးလို့ ခေါ်တယ်၊ တံခါးဆိုတာ အတွင်းလူနဲ့ အပြင်လူ ဆက်သွယ်ဖို့ ဂိတ်တံခါးကို သုံးရတာပဲ၊ အတွင်းက ရှိတဲ့လူနဲ့ အပြင်ကလူနဲ့ ဆက်သွယ်ချင်ရင် အဲဒီတံခါးကပဲ ဝင်ရတာပဲလေ။ အဲဒါကိုပဲ အပြင်ကလာတဲ့ အာရုံနဲ့ အတွင်းစိတ်တို့ ဆက်သွယ်မိအောင် လူတွေရဲ့ သန္တာန်မှာ တံခါးခြောက်ပေါက် ရှိတယ်။ အဲဒီ တံခါးခြောက်ပေါက် ဆိုတာ တင်စားပြီးတော့ ပြောတာ၊ တကယ့် ပကတိ တံခါးကို ဘာအတွက် အသုံးချတုန်းလို့ စဉ်းစားကြည့်၊ ပကတိ တံခါးဆိုတာ လူနှစ်ယောက်အသုံးချတာ။ ဒွါရဆိုတဲ့ စကားလုံးလေး တီထွင်ထားပုံကိုက “ဒွေဇနာ အရန္တိ ဂစ္ဆန္တိ ဧတ္ထ” “နှစ်ယောက်သောသူတွေ သွားလာရာ၊ အသုံးပြုရာ” လို့ ပြောတာ။ နှစ်ယောက်သောသူ ဆိုတာ ဝင်တဲ့သူနဲ့ ထွက်တဲ့သူပေါ့။ တံခါးဆိုတာကို အသုံးပြုတာ ဝင်တဲ့သူနဲ့ ထွက်တဲ့သူကလွဲပြီး ဒိပြင်လူ အသုံးပြုတာ ရှိသေးလား၊ (မရှိပါဘူးဘုရား)၊ အဲဒီတော့ တံခါးဆိုတာ နှစ်ယောက်သုံးတာပဲ၊ ဝင်တဲ့လူကလည်း ဒီတံခါးကပဲ ဝင်တယ်၊ ထွက်တော့လည်း ဒီတံခါးကပဲ ထွက်တယ်၊ ဒါကြောင့်မို့ “ဒွါရ” ဆိုတဲ့ စကားလုံးက “ဒွိ+အရ” ဆိုတဲ့ စာလုံးနှစ်လုံးကို ပေါင်းလိုက်တာ၊ ‘ဒွိ’ ဆိုတာ နှစ်ယောက် လို့ အဓိပ္ပါယ်ရတယ်၊ ‘အရ’ ဆိုတာ ‘အသုံးပြုရာ, သွားရာ လာရာ, ထွက်ဝင်ရာ’ လို့ ဒီလို အဓိပ္ပါယ်နဲ့ ဒွါရဆိုတဲ့ စကားလုံးလေးကို သုံးတာ။

နောက်တစ်နည်းအားဖြင့် ဒွါရဆိုတာ ဖွင့်ဖို့ ပိတ်ဖို့၊ အဓိက ကတော့ ပိတ်ဖို့က အဓိကပဲ၊ ဖွင့်ထားတာက သဘာဝက သူ့ဟာသူ ဖွင့်ထားပြီးသား၊ တကယ်တော့ တံခါးက ပိတ်ဖို့တပ်ကြတာပဲ၊ ဖွင့်ဖို့ တပ်တာမဟုတ်ဘူး၊ ဖွင့်ဖို့ဆိုတာ နဂိုကတည်းက ပွင့်ပြီးသားပဲ မဟုတ်လား၊ အဲဒီ ပွင့်နေတဲ့ဟာကို တံခါးတပ်လိုက်လို့ရှိရင် ပိတ်လို့ရသွားတာပဲ အဓိကက၊ ဒါ့ကြောင့် ‘ဒွရ သံဝရနေ’ လို့ ပါဠိကျမ်းဂန် တွေထဲမှာ ဆိုထားတယ်၊ ‘ဒွရ’ ဆိုတဲ့ စကားလုံးဟာ ပိတ်ဆို့ခြင်း ဆိုတဲ့ အနက်ကို ဟောတယ်၊ ဒီတော့ တံခါးဆိုတာ ပိတ်ဖို့ဆိုတော့ အပြင်နဲ့အတွင်း ဆက်သွယ်လို့ မရအောင် ပိတ်လို့ရတဲ့ အရာမျိုးကို တံခါးလို့ ဒီလိုခေါ်ပြန်တာပေါ့၊ ကောင်းပြီ - တံခါးဆိုတာ တင်စားပြီးတော့ သုံးထားတာ။

တံခါးဆိုတာ အာရုံရဲ့ ဝင်ရာထွက်ရာ၊ အာရုံရဲ့ ဝင်လာရာ ဝင်ပေါက်ကြီး၊ အာရုံက ဝင်လာတဲ့ အခါကျမှ စိတ်ဖြစ်ပေါ်လာမှု ဆိုတာ ဖြစ်လာတာ။ သို့သော်လည်းပဲ တစ်ဖက်က ကြည့်မယ်ဆိုရင် အာရုံကဝင်လာသလို စိတ်က အာရုံဆီ ရောက်သွားလို့ရှိရင် စိတ်ကလည်း ဒီတံခါးကပဲ ထွက်တယ်လို့ ပြောလို့မရဘူးလား၊ ရတယ်နော်။ ဒါ့ကြောင့်မို့ လယ်တီဆရာတော်ကြီးက (‘အာရမ္မဏိက’ ဆိုတာ အာရုံပြုတတ်တဲ့ စိတ်တရားတွေ၊ ‘အာရမ္မဏ’ ဆိုတာ စိတ်ရဲ့ ပျော်မွေ့ဖွယ်ရာ အာရုံတွေ)၊ အာရမ္မဏိက ဆိုတဲ့ စိတ်တရားတွေနဲ့ အာရမ္မဏဆိုတဲ့ အာရုံ ဒီတရားနှစ်ခုရဲ့ ဝင်ရာ ထွက်ရာ ဖြစ်သောကြောင့် ‘တံခါး - ဒွါရ’ လို့ ပရမတ္ထ ဒီပနီကျမ်းမှာ ဖွင့်ဆိုထားတယ်။

အဘိဓမ္မတ္ထဝိဘာဝနီ ဆိုတဲ့ ဋီကာကျော် ကျမ်းမှာတော့ အဲဒီ အဓိပ္ပါယ်မျိုး မဟုတ်ဘဲနဲ့ အာဝဇ္ဇန်း စသော စိတ်တို့ရဲ့ ဖြစ်ရာအဝ ဖြစ်သောကြောင့် တံခါးလို့ ဆိုတယ်။ လယ်တီဆရာတော်ကြီးက မကြိုက်ဘူး၊ ဒီအဓိပ္ပါယ်က မဟုတ်ဘူးတဲ့၊ ဘာဖြစ်လို့လဲဆိုရင် စိတ်ချည်းဖြစ်တာ မဟုတ်ဘူး၊ အာရုံကလည်းပဲ ဒီတံခါးက ဝင်တာပဲတဲ့၊ အဲဒီတော့ လယ်တီဆရာတော်ကြီးရဲ့ အဓိပ္ပါယ်က ပိုပြီးတော့ practical ကျတာပေါ့၊ လက်တွေ့ပိုကျတယ်။

အဘိဓမ္မတ္ထ သင်္ဂဟကျမ်းကို ဖွင့်ဆိုတဲ့ကျမ်းဟာ မူလက ၃-ကျမ်းရှိတယ်၊ စာပေ လောကမှာ သင်္ဂြိုဟ်ဋီကာ ၃-ကျမ်းထဲမှာ ပထမကျမ်းက အဘိဓမ္မတ္ထသင်္ဂဟဝဏ္ဏနာ - အဘိဓမ္မာကျမ်းကို ဖွင့်ဆိုတဲ့ ဋီကာဟောင်း၊ ထို့နောက် အကျဉ်းအားဖြင့် ဖွင့်ဆိုတဲ့ သင်္ခေပဋီကာ၊ အဲဒီ သင်္ခေပဋီကာဆိုတာ မြန်မာပြည်က ဆပ္ပဒ လို့ခေါ်တဲ့ သဒ္ဓမ္မဇောတိပါလ မထေရ်ရေးတာ၊ ပုဂံခေတ်က ရေးခဲ့တဲ့ကျမ်း၊ အဲဒီနောက် ဒီကနေ့ ခေတ် စာပေလောကမှာ ဘုန်းကြီးပညာရေး၊ ပရိယတ္တိ ပညာရေးမှာ နာမည်ကြီးပြီး သုံးနေတဲ့ကျမ်းကတော့ “အဘိဓမ္မတ္ထဝိဘာဝနီကျမ်း” ပဲ၊ အဲဒါကို နာမည် ကျော်ကြား သည့် အတွက်ကြောင့် ပင်းယခေတ်က ဋီကာကျော်လို့ သိကြတယ်၊ စစ်ကိုင်းတောင်မှ ရေငုံဆရာတော်ကြီး ဆီ စာလာသင်တဲ့ အရှင်အရိယဝံသ က ဋီကာကျော်ဆိုတဲ့ အဘိဓမ္မတ္ထဝိဘာဝနီကျမ်းရဲ့ အဖွင့်ကို မဏိသာရမဉ္ဇူသာ ဆိုတဲ့ အမည်နဲ့ ရေးတယ်၊ အဲဒီကနေ စပြီးတော့ ဋီကာကျော် ဆိုတဲ့နာမည် ထွက်ပေါ်လာတာ။ ဒီကနေ့ ထိအောင် ဋီကာကျော်လို့ စာသင်သားလောကမှာ အသိများတယ်။

အဲဒီ ဋီကာကျော်ကျမ်းရဲ့ ဖွင့်ဆိုချက်အချို့ကို တကယ်စာတတ်တဲ့ မြန်မာပြည်က ဆရာတော်ကြီး တွေက မကြိုက်ကြဘူး။ အဲဒီထဲမှာ တချို့က မကြိုက်တာကို မကြိုက်ဘူးလို့ပဲ ပြောတယ်။ လယ်တီဆရာတော်ကြီးကတော့ “ပရမတ္ထ ဒီပနီ” ဆိုတဲ့ သူ့ကျမ်းထဲမှာ မကြိုက်တဲ့အချက်ပေါင်း ၁၄၀-ကျော် ထုတ်နှုတ်ပြီးတော့ မသင့်ဘူး, မကောင်းဘူး ဆိုတဲ့ စကားလုံးတွေ အသုံးပြုပြီး “န ယုတ္တံ၊ န သုန္ဒရံ” “ဒါ မသင့်ဘူး၊ ဒါ မကောင်ဘူး” “ဒီအဖွင့် မကောင်းဘူး” လို့ ပယ်ချက်ခဲ့တာတွေ ရှိခဲ့တယ်။

သို့သော် လယ်တီဆရာတော်ကြီးနဲ့ သဘောမတူတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ မြန်မာပြည်မှာ ဋီကာကျော်ဘက်က ပြန်ပြီး ချေပကြတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ သို့သော် တချို့ကိစ္စတွေမှာ ဋီကာကျော်ဆရာထက် လယ်တီဆရာတော်ကြီးရဲ့ အဓိပ္ပါယ် ဖွင့်ဆိုမှုတွေက ပိုပြီး လက်တွေ့ကျတယ် လို့ ပြောရမှာပဲ။ တစ်ချို့ ပညာရှင်တွေက လယ်တီဆရာတော်ကြီးရဲ့ ဖွင့်ဆိုချက်တွေက ပိုပြီး အဓိပ္ပါယ်ရှိတယ်လို့ ဆိုတယ်။

ဋီကာကျော်ဆိုတဲ့ အဘိဓမ္မတ္ထဝိဘာဝနီကျမ်းကတော့ သီဟိုဠ်က ရေးတဲ့ကျမ်း။ အဖွင့် အဆို ပါဠိစကားလုံး လှပချောမွတ်တယ်၊ သို့သော် အဓိပ္ပါယ် အယူအဆတွေက တချို့နေရာတွေမှာ မှန်ကန်မှု မရှိဘူး။ အခု ဒွါရနဲ့ ပတ်သက်ပြီးတော့ သူက ဘယ်လိုဖွင့်တုန်းဆိုတော့ “အာဝဇ္ဇန်း စသော စိတ်တို့ရဲ့ ဖြစ်ရာအဝ ဖြစ်သောကြောင့် ဒွါရ” လို့ ဆိုတယ်။ အဲဒီအဓိပ္ပါယ်ကို လယ်တီဆရာတော်ကြီး က လက်မခံဘူး၊ ဘာဖြစ်လို့လဲဆိုရင် စိတ်တွေချည်း ဖြစ်တာ မဟုတ်ဘူးတဲ့၊ အာရုံလည်း ဖြစ်တယ်။

လက်တွေ့ ကြည့်လိုက်မယ်ဆိုရင် မြင်စရာ အဆင်းအာရုံလေးက ဘယ်တံခါးက ဝင်လာတာလဲ၊ မျက်စိတံခါးပေါက်က ဝင်လာတာ - စက္ခုဒွါရ၊ စက္ခုဒွါရဆိုတာ စက္ခုပသာဒရုပ်လေးကို ခေါ်တာ၊ မျက်စိထဲမှာ ရှိတဲ့ အကြည်ဓာတ်လေးကို ခေါ်တာ၊ မျက်လုံးကြီးတစ်ခုလုံးကို ခေါ်တာမဟုတ်ဘူး၊ မျက်လုံးကြီးထဲမှာ ရှိတဲ့ အကြည်ဓာတ် လေးကို ခေါ်တာ၊ အပြင်ဘက်က ရုပ်ပုံလေး လာထင်တဲ့ အကြည်ဓာတ်လေးကို ခေါ်တာ၊ အဲဒီအကြည်ဓာတ်နဲ့ ဆက်သွယ်ပြီး လှုပ်ရှားသွားတဲ့ အရာတွေလည်း အပါအဝင်ပေါ့။ အဲဒီ အကြည်ဓာတ်လေးထဲမှာ ရုပ်ပုံလွှာထင်ပြီးတော့ ထိုရုပ်ပုံလွှာဟာ ဘယ်ထိအောင် ရောက်သွားလဲဆိုရင် မနောဒွါရလို့ခေါ်တဲ့ ဘဝင်စိတ် ထိအောင် ရောက်သွားတယ်။

ဒါကြောင့်မို့ အာရုံတစ်ခုဟာ မျက်စိက မြင်စရာ အာရုံလေး တစ်ခုကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် မျက်လုံးထဲမှာ လာထင်သလို ဘဝင်စိတ်ဆိုတဲ့ မနောဒွါရမှာလည်း လာပြီးတော့ ထင်တယ်တဲ့။ တစ်ပြိုင်နက်ထင်တာ၊ အဋ္ဌသာလိနီ အဋ္ဌကထာ ဆရာကြီးက ဘယ်လိုရှင်းပြသလဲ ဆိုရင် ငှက်လေး တစ်ကောင် သစ်ပင်ပေါ် နားလိုက် လို့ရှိရင် ငှက်ရဲ့ခြေထောက် သစ်ကိုင်းပေါ် ထိမိတာနဲ့ ငှက်အရိပ်က မြေကြီးပေါ်ထိတာ တစ်ပြိုင်နက် ဖြစ်တယ်၊ ဆိုလိုတာက မျက်စိထဲ လာပြီးတော့ ပေါ်လာတဲ့ အပြင် ဘက်က မြင်စရာ အာရုံလေးသည် (စက္ခုပသာဒမှာ လာထင်လာတဲ့ အာရုံလေးသည်) ဘဝင်စိတ်ဆိုတဲ့ မနောဒွါရကိုလည်း လာထင်တယ်တဲ့၊ အဲဒီလိုထင်လာလို့ ဘဝင် လှုပ်တယ် ဆိုတာဖြစ်တာ၊ ဘဝင်လှုပ်ပြီးတော့ ဘဝင်ပြတ်သွားတာ၊ မျက်စိမှတင်ဆိုရင် ဘဝင်နဲ့ တခြားစီ ဖြစ်နေတယ်။

နားက အသံကြားရင်လည်း အသံသည် သောတပသာဒ လို့ဆိုတဲ့ နားမှာ လာပြီးတော့ ထိခိုက်ရုံတင်မကဘူး, ဘဝင်စိတ်လို့ ဆိုတဲ့ စိတ်တံခါးကိုလည်း လာပြီးတော့ ထိခိုက်တယ်၊ ဒါကြောင့်မို့ “ဒွီသု ဒွီသု ဒွါရေသု ဥပ္ပဇ္ဇတိ” - တံခါးနှစ်ပေါက် နှစ်ပေါက်မှာ တစ်ပြိုင်နက် ရောက်တယ် လို့ပြောတာ၊ စိတ်ရဲ့ တံခါးဝတွေ ဆိုတာကို ကိုယ့်သန္တာန်မှာ ရှာပြီးတော့ ကြည်ကြရအောင်။

စက္ခုဒွါရ - အဲဒီ စက္ခုဒွါရဆိုတဲ့ စက္ခုပသာဒရုပ်ကို တံခါးလို့ သုံးတယ်၊ စိတ်ဖြစ်ပေါ်ရာ ဋ္ဌာန ဖြစ်သောကြောင့် ဝတ္ထုလို့လည်း ခေါ်တယ်၊ အတူတူပဲလို့ မှတ်ထားပါ။ ဘာဖြစ်လို့ တူရဲ့သားနဲ့ နှစ်မျိုး ခွဲပြောတုန်းဆိုရင် ဆောင်ရွက်ပုံ ဆောင်ရွက်နည်း မတူဘူး၊ မတူညီတဲ့ aspect ရှိတယ်ပေါ့။ ဘယ်လို မတူညီတာလဲဆိုတော့ တံခါးလို့ ခေါ်တဲ့အခါမှာ ဘာကို ရည်ညွှန်းပြီးတော့ ခေါ်တာလဲဆိုရင် “အာရုံရဲ့ ဝင်ရောက်ရာ” ဆိုတဲ့အနေနဲ့ခေါ်တာ၊ ဝတ္ထုလို့ခေါ်တဲ့ အခါကျတော့ ဖြစ်ပေါ်လာတဲ့ “စိတ်ကလေးရဲ့ တည်ရာမှီရာ” ဆိုတဲ့ အနေနဲ့ ခေါ်တာ၊ ရှုထောင့်ခြင်းမတူဘူးပေါ့၊ သို့သော်လည်း တစ်ခုတည်းကို ခေါ်တယ်လို့ မှတ်ထားပါ၊ စက္ခုဒွါရ ဆိုတာရယ်, စက္ခုဝတ္ထု ဆိုတာရယ် အတူတူပဲ၊ အရပ်စကားနဲ့ ပြောလို့ရှိရင် စက္ခုဒွါရ, စက္ခုဝတ္ထု - ဒီနှစ်ခုစလုံးဟာ မျက်လုံး မျက်စိအကြည်ဓာတ်ကို ခေါ်တယ်လို့ ဒီလိုပဲ မှတ်ပါ၊ အဲဒီနှစ်ခုက တူညီတယ်၊ မတူညီတဲ့ ဆောက်ရွက်မှုကိုကြည့်ပြီး ဒွါရလို့လည်း ခေါ်တယ်၊ ဝတ္ထုလို့လည်း ခေါ်တယ်။

လူတွေတောင်မှ တချို့ နာမည် ၂-မျိုး၊ ၃-မျိုး မှည့်တယ်မဟုတ်လား၊ အလုပ်အကိုင် ကြည့်ပြီး တော့လည်း ခေါ်ကြတယ်လေ။ ရုံးမှာတော့ မန်နေဂျာ၊ အိမ်ရောက်တော ထမင်းချက်ပေါ့၊ ဒီလိုလည်း ရှိတာပဲ၊ ဘာဖြစ်လို့တုန်းဆို ရုံးမှာကျတော့ မန်နေဂျာ လုပ်တာကိုး၊ အိမ်ကျတော့ မန်နေဂျာလုပ်လို့ မရဘူး၊ ထမင်းချက်ရတယ်၊ အဲဒီလို အလုပ်အကိုင်ကိုကြည့်ပြီးတော့လည်း ဒီလို ခေါ်ရတာပဲ၊ ဒါကိုပြောတာ aspect ဆိုတာ၊ မတူဘူးပေါ့။

နောက် ဒွါရတစ်ခုက သောတဒွါရ - နားတံခါးပေါ့၊ နားတံခါး ဆိုတာ အသံကိုဖမ်းယူနိုင်စွမ်းရှိတဲ့ နားထဲက အကြည်ဓာတ်လေး၊ သောတပသာဒရုပ် တည်ရာ အသံကြားနိုင်စွမ်းရှိတဲ့ နေရာ၊ အသံအာရုံ ထင်ပေါ်လာတဲ့ နေရာ၊ အဲဒါကို သောတပသာဒလို့ ခေါ်တယ်။ အဲဒါကို ဒွါရလို့လည်း ခေါ်တယ်၊ စိတ်ရဲ့ဖြစ်ရာ ဖြစ်သောကြောင့် မှီရာဝတ္ထုလို့လည်း ခေါ်တယ်၊ ဒါက အတူတူပဲ။

နောက်တစ်ခုက ဃာနဒွါရ၊ ဃာနကျတော့ ‘ဃ’ ကြီးနဲ့ ရေးရတယ်၊ ‘ဃာန’ ဆိုတာ နှာခေါင်း၊ အဲဒီ နှာခေါင်းဆိုတာလည်း အနံ့ကို ရယူနိုင်တဲ့ ဃာနပသာဒ နှာခေါင်းအကြည်ရုပ်လေး ရှိတယ်။ အဲဒီ အကြည်ရုပ်လေးကို ရည်ညွှန်းပြီးတော့ ပြောတာ၊ နှာခေါင်းကြီး တစ်ခုလုံးကို ပြောတာ မဟုတ်ဘူး၊ ပုံပန်းသဏ္ဍာန်ကြီး တစ်ခုလုံးကိုတော့ မပြောဘူး၊ သို့သော် အရပ်ပြော အနေနဲ့ ပေါင်းပြီးတော့ ပြောလို့တော့ ရတာပေါ့နော် - နှာခေါင်း၊ အဲဒါက အနံ့အာရုံရဲ့ ဝင်ရောက်ရာ တံခါးဖြစ်သောကြောင့် ဃာနဒွါရတဲ့၊ အဲဒီဃာနဒွါရ သည်ပင်လျှင် နံသိစိတ်ရဲ့ ဖြစ်တည်ရာ ဖြစ်သောကြောင့်လည်း ဝတ္ထုလို့ ခေါ်တယ်၊ ဒွါရနဲ့ ဝတ္ထု ဒီနှစ်ခုက အတူတူပဲ၊ အဲဒီတော့ စက္ခုဒွါရ - စက္ခုဝတ္ထု၊ သောတဒွါရ - သောတဝတ္ထု၊ ဃာနဒွါရ-ဃာနဝတ္ထု အတူတူပဲလို့ ဒီလိုမှတ်ရမယ်။

နောက်တစ်ခုက ဇိဝှါဒွါရ၊ မျက်စိတို့ နားတို့ နှာခေါင်းတို့ ကိုတော့ အပေါက်ဆိုတော့ တံခါးလို့ ပြောရတာ လွယ်တယ်ပေါ့။ လျှာကျတော့ အပေါက် မပါတော့ ပြောရခက်ပြန်တယ်၊ လျှာမှာ အပေါက်ပါတာ မဟုတ်ဘူး။ သို့သော် ဇိဝှါဒွါရ - လျှာတံခါး၊ လျှာတံခါးဆိုတာ ရသာရုံရဲ့ ဝင်ရောက်ရာ ဖြစ်လို့ လျှာတံခါးလို့ ခေါ်တာ၊ အဲဒါက လျှာရဲ့ အလယ်ခေါင်မှာ ရှိပြီးတော့ ချို ချဉ် ငန် စပ် အရသာကို ရယူနိုင်တဲ့, အရသာရဲ့ ထင်ရှားဖြစ်ပေါ် လာနိုင်တဲ့ ဇိဝှါပသာဒ ရုပ်လေးကို ခေါ်တယ်၊ အဲဒီ ဇိဝှါပသာဒရုပ်လေးကို အမှီပြုပြီးတော့ ဇိဝှါဝိညာဏ်စိတ်ဖြစ်လို့ ဝတ္ထုလို့လည်း ခေါ်တယ်၊ ရသာရုံရဲ့ ဝင်ရောက်ရာ ဖြစ်သောကြောင့် ဇိဝှါဒွါရ လို့လည်း ခေါ်တယ်၊ ဒီနှစ်ခုလည်း အတူတူပဲပေါ့။

နောက်တစ်ခုက ကာယဒွါရ၊ ကာယဒွါရဆိုတာ ကာယပသာဒ - ကိုယ်အကြည်ရုပ်၊ ကိုယ်အကြည်ရုပ် ကိုလည်းပဲ ကာယဒွါရ - ကိုယ်တံခါးလို့ခေါ်တယ်၊ ဘာဖြစ်လို့ တံခါးလို့ ခေါ်တုန်းဆိုရင် ဖောဋ္ဌဗ္ဗာရုံတဲ့ (ဖောဋ္ဌဗ္ဗဆိုတာ ဘာကို ပြောတာလည်း ဆိုရင် ပျော့တယ် မာတယ် ဆိုတဲ့ အထိအတွေ့၊ ပူတယ် အေးတယ် ဆိုတဲ့ အထိအတွေ့၊ တွန်းကန်တယ် လှုပ်ရှားတယ် ဆိုတဲ့ အထိအတွေ့ ၃-မျိုးရှိတယ်၊ စာလိုပြောရရင်တော့ ပထဝီ တေဇော ဝါယော၊ အဲဒီ အထိအတွေ့တွေကို ကာယပသာဒက ဖမ်းယူတယ်) အဲဒီ အထိအတွေ့တွေ အပြင်က အာရုံတွေ ဝင်လာရာ ဖြစ်သောကြောင့် သူ့ကိုလည်း တံခါးလို့ ခေါ်တယ်၊ စိတ်ဖြစ်ပေါ်ရာ နေရာ ဖြစ်သောကြောင့် ဝတ္ထုလို့လည်း ခေါ်တယ်။

စက္ခုဒွါရ - စက္ခုဝတ္ထု၊
သောတဒွါရ - သောတဝတ္ထု၊
ဃနဒွါရ - ဃနဝတ္ထု၊
ဇိဝှါဒွါရ - ဇိဝှာဝတ္ထု၊
ကာယဒွါရ - ကာယဝတ္ထု၊
အတူတူပဲ၊ ပသာဒရုပ် ၅-ပါးကို ခေါ်တယ်လို့ ဒီလို မှတ်ရမယ်။ တစ်ခုတည်းကနေပြီးတော့ ကိစ္စ ၂-ခု ကို ဆောင်ရွက်တယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောတာ၊ ကိစ္စနှစ်ခုကို ဆောင်ရွက်သည့် အတွက်ကြောင့် ဆောင်ရွက်ပုံ ဆောင်ရွက်နည်းအရ နာမည် ၂-မျိုး ပေးထားတယ်။

နောက်တစ်ခုက ဟဒယဝတ္ထု၊ ဟဒယဝတ္ထု ဆိုတာကျတော့ စိတ်ရဲ့မှီရာ ဝတ္ထုရုပ်သာ ဖြစ်ပြီးတော့ တံခါးတော့ မဟုတ်ဘူး၊ အဲဒီတော့ စိတ်တံခါးကျတော ဘယ်အရာကို ပြောတာတုန်းဆိုရင် ဘဝင်စိတ်ကို ပြောတာ။ ဒါကျတော့ မတူဘူးလို့ မှတ်ထား၊ စိတ်က ဟဒယဝတ္ထုကို မှီပြီးတော့ ဖြစ်တယ်၊ အဲဒီ ဟဒယဝတ္ထုကို မှီပြီးတော့ ဖြစ်တဲ့စိတ်သို့ အာရုံဝင်လာတာ ဘယ်ကနေ ဝင်လာတုန်းဆိုရင် ဘဝင်စိတ်ကနေ ဝင်လာတာဖြစ်သောကြောင့် ဘဝင်စိတ်ကို mind door စိတ်တံခါးလို့ ဒီလိုခေါ်တယ်။

အဲဒီနေရာမှာ ဘဝင်စိတ်ဆိုတာ ဘယ် ဘဝင်စိတ်လဲလို့ မေးစရာရှိလာတယ်။ ဝီထိစဉ်ကို ကြည့်လိုက်လို့ ရှိရင် အာရုံနဲ့ဆုံလို့ ပေါ်လာတဲ့စိတ်တွေ မဖြစ်မီ လူတွေရဲ့သန္တာန်မှာ အမြဲတမ်းဖြစ်နေတဲ့, ကံရဲ့အဟုန်နဲ့ သွားနေတဲ့ ဘဝင်စိတ်အစဉ် ဖြစ်တယ်။ လှုပ်ရှားမှု ကင်းတဲ့ passive mind process ဘဝင်စိတ်အစဉ်၊ အာရုံအသစ်နဲ့ ဆက်သွယ်မှုမရှိတဲ့ စိတ်မျိုးပဲ။

သာမန်အားဖြင့် နာမည်တစ်မျိုး ပြောမယ်ဆိုရင် ဘဝင်စိတ်ဆိုသည်မှာ အိပ်ပျော်နေတဲ့ အချိန်မှာ ဖြစ်နေတဲ့ စိတ်အစဉ်မျိုးကို ပြောတာ၊ အိပ်ပျော်နေလို့ရှိရင် မျက်စိကလည်း ဆက်သွယ်တာ မရှိဘူး၊ နားကလည်း ဆက်သွယ်တာ မရှိဘူး၊ နှာခေါင်းကလည်း ဆက်သွယ်တာ မရှိဘူး၊ လျှာကလည်း ဆက်သွယ်တာ မရှိဘူး၊ ခန္ဓာကိုယ်ကလည်း ဆက်သွယ်တာ မရှိဘူး၊ စိတ်ကူးစိတ်သန်းတွေနဲ့လည်း ဆက်သွယ်တာ မရှိဘူး။

သို့သော် အဲဒီအချိန်မှာ စိတ်မရှိဘူးလားဆိုတော့ ရှိတယ်၊ အဲဒီလို အိပ်ပျော်နေတဲ့ အချိန်မျိုးဖြစ်တဲ့ ဘဝင်စိတ်မျိုး ဆိုတာဟာ စဉ်ဆက်မပြတ် ဝီထိစိတ် မဖြစ်မခြင်း ဖြစ်ပြီးတော့ နေတယ်လို့ ဒီလို မှတ်ရမယ်၊ သူက ဘယ်သူ့စွမ်းအားနဲ့ သွားနေတာတုန်း၊ ဘယ်သူ့စွမ်းအားနဲ့ ဒီဖြစ်စဉ်ကြီးတစ်ခု ပေါ်နေတာတုန်း ဆိုရင် ကံစွမ်းအားနဲ့ ပေါ်နေတာ။

အဲဒါကို သဘောပေါက်အောင် ပြောရမယ်ဆိုရင် အတိတ်ဘဝက ကံတစ်ခုက ဘဝတစ်ခုကို ဖန်တီး လိုက်တယ်၊ ဖန်တီးလိုက်လို့ ပထမဆုံးရလာတဲ့စိတ်က ပဋိသန္ဓေ ဝိညာဏ်စိတ်၊ ပဋိစ္စသမုပ္ပါဒ်မှာ “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဟောထားတဲ့ ဝိညာဏ်စိတ်ပဲ၊ လူသားတွေဆိုရင် မဟာဝိပါက် စိတ် ၈-ခု ထဲက တစ်ခုပေါ့။

လူစဉ်မမီတဲ့ ပုဂ္ဂိုလ်တွေ ဆိုရင်တော့ ကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ်နဲ့ ဖြစ်တယ်။ လူစဉ် မမီဘူးဆိုတာ အမိဝမ်းထဲက ကန်းလာတဲ့ ပုဂ္ဂိုလ်တွေ, နားထိုင်းလာတဲ့ ပုဂ္ဂိုလ်တွေ, စကား မပြောတတ်တဲ့ ပုဂ္ဂိုလ်တွေ၊ နောက်မှ လူစဉ်မမီ ဖြစ်တာကို ပြောတာမဟုတ်ဘူး အစကတည်းက ကံမရှိလို့ ပါမလာတဲ့ ပုဂ္ဂိုလ်မျိုးကို ပြောတာ။ အဲဒီ ပုဂ္ဂိုလ်မျိုးဟာ လူ့ဘဝ ရသော်လည်း သူ့ရဲ့ ကံစွမ်းအားက ဖန်တီးတဲ့နေရာမှာ ညံ့ဖျင်းသည့် အတွက်ကြောင့် လှလှပပ ပြည့်ပြည့်ဝဝ မဖန်ဆင်း နိုင်ဘူးတဲ့၊ imperfect ဖြစ်တာပေါ့။ perfect မဖြစ်လာဘူးပေါ့၊ အဲဒီ အဟိတ် ပဋိသန္ဓေစိတ်အပါအဝင် လူသားတွေ ရနိုင်တဲ့ ပဋိသန္ဓေစိတ် ၉-မျိုးရှိတယ်။

အဲဒီ ပဋိသန္ဓေစိတ် ၉-မျိုးထဲက တစ်ခုခုနဲ့ လူ့ဘဝ စ,ခဲ့ကြတာချည်းပဲ။ အခု တရားနာနေကြတဲ့ ပရိသတ်တွေ အားလုံးလည်းပဲ မဟာဝိပါက်စိတ် ၈-ခုထဲက တစ်ခုခုနဲ့ စ,ခဲ့ကြတာပဲ၊ သန္ဓေစိတ်ချင်း တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူး၊ အဲဒီ မဟာဝိပါက်စိတ်နဲ့ စတင်လာတဲ့ ပဋိသန္ဓေစိတ်ကို ဘယ်သူက ထုတ်လွှတ် လိုက်တာတုန်း ဆိုရင် ကံတရားက ထုတ်လွှတ်လိုက်တာ။ အင်မတန် သိမ်မွေ့တယ်၊ အဲဒီ ပဋိသန္ဓေစိတ်လေးရဲ့ သက်တမ်းလေးက အင်မတန်မှ တိုတောင်းတယ်၊ ဖြစ် တည် ပျက် ဆိုတဲ့ ခဏလေးမျှသာ တည်တယ်။ သိပ်ကို တိုတောင်းတယ်၊ နှိုင်းယှဉ်လို့ မရလောက်အောင် တိုတောင်းတယ်ပေါ့။

နားလည်ရုံ နောက်တစ်မျိုး ပြောမယ်ဆိုရင် ၃-စက္ကန့်လောက် ဆိုပါစို့၊ ၃-စက္ကန့်ဆိုတာ အရှည်ကြီးနော်၊ တစ်စက္ကန့်တင်ပဲ စိတ်ဟာ ကုဋေတစ်သိန်းလောက် ဖြစ်နိုင်တယ်။ သို့သော် နားလည်အောင် ပြောရမယ်ဆိုရင် ၃-စက္ကန့်လို့ ဆိုပါစို့။ သူ့ရဲ့ သက်တမ်း လေးဟာ ၃-စက္ကန့်ပဲ ရှိတယ်၊ ဖြစ်တဲ့ စက္ကန့်လေးရယ်, ခဏလေး တည်တံ့တဲ့ စက္ကန့်လေးရယ်, ပျက်သွားတဲ့ စက္ကန့်လေးရယ် ဒီ ၃-ခုပဲ ရှိတယ်၊ ဖြစ် တည် ပျက် ဆိုတဲ့ အပိုင်းလေး ၃-ပိုင်းပဲ ရှိတယ်၊ သူပြီးသွားရင် နောက်ထပ် ကံရဲ့ စွမ်းအားနဲ့ ဒီစိတ်မျိုးတွေဟာ မသေမချင်းဖြစ်တာ။

အဲဒီ ပဋိသန္ဓေစိတ်နောက်မှာ အလားတူစိတ်တွေ ထပ်ဖြစ်နေတယ်၊ ဒီစိတ်ကလေး ကတော့ ဖြစ်ပြီးရင် နောက်ထပ် မပေါ်လာတော့ဘူး၊ သို့သော် အလားတူတွေ နောက်က ဆက်တိုက်လာတာ၊ အဲဒီ အလားတူတွေ လာနေတဲ့ စိတ်တွေမှန်သမျှကို ဘဝင်စိတ် လို့ခေါ်လိုက်တာပဲ။ အဲဒီတော့ ပဋိသန္ဓေ စိတ်ကိုပဲ နောက်ပိုင်းမှာ “ဘဝင်စိတ်” လို့ခေါ်တယ်လို့ မှတ်ထားပါ။ နောက်ဆုံး ဘဝနိဂုံးချုပ်ပြီ ဆိုတဲ့အခါ အသက်ဇီဝိန် ချုပ်သွားချိန် နောက်ဆုံး စိတ်လေးကို “စုတိစိတ်” လို့ ခေါ်တယ်။ ဒါ့ကြောင့် တစ်ဘဝရဲ့ အကန့်အသတ်ဟာ ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ် - ဒါ တစ်ဘဝလုံးရဲ့ အကန့် အသတ်လေး တစ်ခုပဲ၊ လူတွေရဲ့ lifespan ဆိုတာ အဲဒီ ဟာပဲ။

အဲဒီ လူတွေရဲ့ သက်တမ်းကို ဘယ်သူက သတ်မှတ်ပေးထားတုန်း ဆိုရင် ကံပဲ၊ ကံအရှိန်နဲ့ သွားနေတာ။ ဥပမာ အားဖြင့် တုတ်တစ်ချောင်းကို လေးနဲ့ ပစ်တင် လိုက်တယ် ဆိုပါစို့။ ပစ်တင် လိုက်တဲ့အခါ အားရှိသလောက်သွားပြီး အားကုန်သွား တာနဲ့ ကျသွားတာပဲ။ ခဲတစ်လုံးကို ပစ်လိုက်လို့ ရှိရင် ပစ်အားရှိသလောက် ခဲဟာ မြောက်တက်သွားမယ်၊ ပြီးရင် ပြန်ကျလာမယ်။

အဲဒီလိုပဲ ဒီစိတ်တွေဟာ ကံက ထုတ်လွှတ်လိုက်တာ၊ တချို့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ နှစ်ပေါင်း ၈၀-လောက် ကြာပေမယ့် တချို့ပုဂ္ဂိုလ်မှာ ၆၀-လောက်ပဲ ကြာမယ်။ တချို့ ပုဂ္ဂိုလ်ကျတော့ ၅၀-လောက်ပဲ ကြာမှာပေါ့၊ ကံအရှိန်ချင်း မတူဘူး၊ ထောက်ပံ့ပေး တာချင်း မတူသည့် အတွက်ကြောင့် ဒီဘဝင်စိတ် လေးရဲ့ ဖြစ်ပေါ်တဲ့ အချိန်ပိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီဘူးပေါ့။ ကံစွမ်းအားနဲ့ သွားနေတာ၊ အဲဒီ ကံစွမ်းအား ကုန်သွားပြီဆိုရင် နောက်ဆုံး ဖြစ်တာက စုတိစိတ်ပဲ၊ (အဲဒီ ဘဝင်စိတ် လေးဆိုတာ အခြားအာရုံတစ်ခု ဝင်မလာလို့ရှိရင် ကိုယ့်သန္တာန်မှာ ဖြစ်နေတယ်လို့ ဒီလို မှတ်ရမယ်နော်။)

အဲဒါတွေကို နိုင်ငံခြားသားတွေကို အဘိဓမ္မာ သင်ပေးတဲ့အခါ နားလည်အောင်လို့ ဘဝင်စိတ်အစဉ်ကို blue line လို့ နာမည် ပေးထားတယ်။ mental process မှာ blue line, အပြာလိုင်းလေး တစ်ခု ဆွဲပြထားတယ်၊ အပြာလိုင်းလေးက အပြာဆိုတာ ငြိမ်သက်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့၊ ငြိမ်နေတာ၊ လှုပ်ရှားမှုမရှိတဲ့ အပြာလိုင်းလေး၊ လူ့ရဲ့စိတ်မှာ သူက အမြဲတမ်း ရှိနေတယ်၊ ပြင်ပအာရုံတစ်ခုခုနဲ့ ဆက်သွယ်လာတဲ့ အခါကျတော့ ပြင်ပအာရုံရဲ့ ထိခိုက်မှု စွမ်းအားကြောင့် ဘဝင်စိတ်က ပြတ်တောက် သွားတယ်၊ ပြတ်တောက်သွားပြီး ပြင်ပက အာရုံတွေနဲ့ အလုပ်လုပ်တဲ့ ဝီထိစိတ် ပေါ်လာတယ်။ အဲဒါကျတော့ red line ပေါ့၊ အနီလိုင်း၊ တစ်ခါ အနီလိုင်းက ပြန်ကျသွားရင် blue line ပြန်ရောက်သွားတယ်။

ပုံဆွဲပြီး သရုပ်ဖော် ကြည့်လိုက်မယ်ဆိုရင် အနီလိုင်း ပေါ်လာလိုက်၊ အပြာလိုင်း ပေါ်လာလိုက်နဲ့ လူ့တစ်ဘဝသက်တမ်းကို တွေ့မြင်ရမှာပဲ။ နှလုံးခုန်နှုန်းကို ရိုက်ပြတဲ့ ECG လို စက်မျိုးတွေနဲ့ဆိုရင် မြင်ရမှာပေါ့။ လူရဲ့ သွားလာလှုပ်ရှားနေမှုဟာ အဲဒီအတိုင်းပဲ ဖြစ်နေမှာပဲ။

အဲဒီတော့ ဝီထိစိတ်တွေ ပေါ်လာတယ်ဆိုရင် အနီလိုင်းပေါ့၊ ဘဝင်စိတ်တွေချည်း ဆိုရင် အပြာလိုင်းပဲ၊ ဘဝင်ကျတယ် ဘဝင်ကျတယ် ဆိုတာ အဲဒီ အပြာလိုင်းထဲ ပြန်ရောက်သွားတာကို ပြောတာ၊ ပြီးရင် အနီလိုင်း ပြန်တက်လာလိုက်၊ အပြာလိုင်းထဲ ကျသွားလိုက်နဲ့၊ ECG ရိုက်တာတွေ တွေ့ဖူးကြ ပါလိမ့်မယ်၊ အပေါ်တက်လိုက် အောက်ကျလိုက်နဲ့ အတွန့်လေးတွေလေ၊ ဆရာဝန်တွေမှ ဖတ်တတ် တာပေါ့၊ စိတ်ဆိုတာ မြင်ရတဲ့အရာ ပုံပန်းသဏ္ဍာန်မရှိတဲ့အတွက် ဥပမာနဲ့ ပြောရတာ။

အာရုံအသစ်တစ်ခု ဝင်လာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် မနောဒွါရ လို့ဆိုတဲ့ mind door ကိုပါ ဖွင့်ပေးလိုက်တယ်။ mind door ဆိုတာ ဘယ်အရာ ခေါ်တာတုန်းဆိုရင် ဘဝင်စိတ်ကိုခေါ်တာ၊ အဲဒီ ဘဝင်စိတ် အခြေခံမရှိဘဲနဲ့ တခြားစိတ်တွေ ဖြစ်လာဖို့ရာ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုရင် source မရှိဘဲ ဘာမှဖြစ်မလာဘူးလေ။

ဆိုပါစို့ - မျိုးစေ့လေး တစ်ခုထဲမှာ အပင်ပေါက်နိုင်တဲ့ စွမ်းရည်သတ္တိက အစေ့တစ်ခု လုံးမှာ ရှိတာလား၊ သို့မဟုတ် သူ့ရဲ့ ခေါင်းပိုင်းလေးလို့ ခေါ်ရမယ့် အပိုင်းလေးမှာပဲ ရှိသလား။ ပဲစေ့လေးတွေ ကြည့်ကြည့်ပေါ့၊ ပဲစေ့ကိုကြည့်လိုက်ရင် ရှေ့ပိုင်းနောက်ပိုင်း ရှိတယ်မဟုတ်လား၊ အညှောင့် ထွက်တာတို့ အမြစ်ဆင်းတာတို့က ဘယ်က ဆင်းတာတုန်း၊ ရှေ့ပိုင်းကနော်၊ အဲဒီရှေ့ပိုင်းလေးကို ဖြတ်ပစ်လိုက်လို့ရှိရင် ဒီအစေ့က အပင်ပေါက်နိုင်ပါဦးမလား၊ မပေါက်နိုင်တော့ဘူး။

အဲဒါမျိုးလိုပဲ ဘဝင်ဆိုတာ ကံကနေ ဖန်တီးထားတဲ့ စိတ်အစဉ်လေး တစ်ခုပဲ၊ အညှောင့်ထွက်နိုင်တယ်၊ possibility ပေါ့၊ စိတ်ကို ဖြစ်ပေါ်စေနိုင်တယ်၊ စိတ်ဖြစ်ပေါ်လာအောင် အခြေခံ အကြောင်းအနေနဲ့ ဖြစ်ပေါ်ထားတာ၊ သူက ကံကြောင့် ဖြစ်တာ၊ ကံကြောင့်ဖြစ်တဲ့ ရုပ်ရယ်, ကံကြောင့်ဖြစ်တဲ့ စိတ်ရယ် - အဓိကက ဒီနှစ်ခု၊ အဲဒီနှစ်ခုဟာ လူရဲ့ သန္တာန်မှာ အမြဲတမ်း ယှဉ်ပြိုင်သွားနေတာ၊ ကျန်တဲ့ စိတ်တွေ ကျတော့ ပစ္စုပ္ပန်အာရုံတွေကြောင့် ဖြစ်တာ၊ ကံကြောင့်ချည်း မဟုတ်တော့ဘူး။

ပုံမှန်အားဖြင့် ဘဝတစ်ခုကို ကြည့်မယ်ဆိုရင် ဘဝင်စိတ်ကလေး (ပဋိသန္ဓေ ဘဝင် စုတိလို့ ခေါ်တဲ့အထဲမှာ မွေးဖွားပြီးတဲ့နောက် မသေခင် စပ်ကြားမှာ ဖြစ်တဲ့ ဘဝင်စိတ်တွေ) ဟာ ကံရဲ့ အရှိန်အဟုန်နဲ့ သွားနေတာ၊ အဲဒီ ဘဝင်စိတ် သွားနေသလိုပဲ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေကလည်း ဖြစ်ပျက် အစဉ်နဲ့ သွားနေတာ။

ဆိုပါစို့ - စက္ခုပသာဒရုပ် ဆိုတာ စ,ပေါ်လာတဲ့ အချိန်ကနေ စ,ပြီး ကံက စိတ်ရဲ့ ခဏတိုင်း ခဏတိုင်းမှာ ထုတ်လွှတ်တယ်၊ ခဏတိုင်း ဆိုတာ စိတ်မှာ ခဏ သုံးခုရှိတယ်။ စိတ်တစ်ခုမှာ ခဏ ၃-ခု ရှိတယ်၊ ဥပါဒ် ရှိတယ်, ဌီရှိတယ်, ဘင် ရှိတယ်၊ ဖြစ်-တည်-ပျက် ၃-ခု ရှိတယ်၊ အဲဒီ ၃-ခုထဲမှာပဲ ဖြစ် ဆိုတဲ့ ခဏမှာလည်းပဲ ကံတရားက အသစ်ထုတ်တယ်၊ ဌီ ဆိုတဲ့ အချိန်ပိုင်းလေး မှာလည်းပဲ အသစ်ထုတ်တယ်၊ ဆိုလိုတာကတော့ တရစပ် အသစ်ထုတ်နေတယ် လို့ပြောတာ၊ စက္ခုပသာဒ ရုပ်လေးဟာ စ, မွေးဖွားပြီးတဲ့ အချိန်ကစပြီး ကံက အသစ်တွေ အမြဲတမ်း ဆက်ထုတ်နေတာ၊ မထုတ်တော့ဘူး၊ ရပ်သွးပြီဆိုရင် ဒါပျက်စီးဖို့ပဲ ရှိတယ်၊ အခုခေတ် medical science အရလည်း ပြောကြတယ်၊ cell လေးတွေဟာ ပျက်စီးသွားပြီး နောက်ထပ် cell လေးတွေဟာ ထပ်ပေါ်နေတယ် ဆိုတဲ့သဘောပေါ့၊ ဒါ နာမည်ပဲ ပြောင်းခေါ်ထားတာပေါ့၊ ဒီထက် အသေးစိပ် လေ့လာရင် ဒီထက် ပိုသိနိုင်မှာပေါ့နော်။

ဗုဒ္ဓဟောထားတဲ့ အဘိဓမ္မာကို ကြည့်မယ်ဆိုရင် ကမ္မဇရုပ်လို့ ခေါ်တဲ့ (ဥပမာ - စက္ခုပသာဒ ဆိုတဲ့ မျက်စိအကြည်) ရုပ်ကို ကံတရားက ဆက်ပြီးတော့ ထုတ်နေတယ်၊ အကြောင်းတခုခုကြောင့် မပျက်စီးမချင်း ကံက အသစ်တွေ ထုတ်ပေးနေတာ၊ အကြောင်း တစ်ခုခုကြောင့် ပျက်စီးသွားရင်တော့ ဆက်မထုတ်နိုင်တော့ဘူး၊ အဲဒီ ကံသည် ကမ္မဇရုပ်တွေကို စိတ်ရဲ့ခဏတိုင်း ခဏတိုင်းမှာ ထုတ်သလို ဘဝင်စိတ် ကလည်း ကံရဲ့ အရှိန်နဲ့ run နေတာ၊ ပြေးနေတာပဲ၊ ဖြစ်ပြီး ပျက်နေတာနော်၊ ပေါ်လိုက် ပျောက်လိုက်နဲ့၊ အဲဒီ ပုံစံနဲ့ သွားနေတာ၊ အသစ်အသစ် တွေချည်းပဲ လာတာ၊ အဟောင်း အဟောင်း တွေက အကုန်ပျက်စီးသွားတာ။

အဲဒါကြောင့် အနိစ္စဆိုတဲ့ သဘောတရားဟာ အလွန်ထင်ရှားတယ်၊ တရားဓမ္မနဲ့ ကြည့်မယ်ဆိုရင် အနိစ္စဆိုတဲ့ သဘောတရားဟာ ဘယ်အရာမှ ရပ်နေတာ မဟုတ်ဘူး၊ အားလုံးဟာ ပြေးနေတာ၊ ဖြစ်တာတွေက အကုန် အသစ်တွေချည်းပဲ။ အဲဒီ ဘဝင်စိတ်တွေဟာလည်း ဆက်ပြီးဖြစ်နေတယ်။ အဲဒီ ဘဝင်စိတ်တွေကိုပဲ မနောဒွါရ mind door လို့ခေါ်တယ်။ ဘာဖြစ်လို့လဲ ဆိုရင် အဲဒီ ဘဝင်စိတ် ဖြစ်မနေဘူးဆိုရင် တခြားစိတ် ဝင်လာဖို့ရာ တံခါးပေါက် မရှိဘူးလို့ ပြောရမယ်၊ ဘဝင်စိတ်မှ မရှိရင် တံခါး မရှိတော့ဘူးပေါ့။

ဒါကြောင့်မို့ အဆင်းအာရုံက မျက်စိမှာ လာထိတဲ့အခါ စက္ခုပသာဒမှာ ထိသလို မနောဒွါရမှာလည်း လာဆက်သွယ်တယ်။ အဲဒီကျတော့မှ စက္ခုဝိညာဏ်စိတ် ပေါ်တာ၊ မျက်စိမှာ လာထိရုံလေးနဲ့ မပေါ်ဘူး၊ နှစ်နေရာ နှစ်နေရာ - ဒါ့ကြောင့်မို့ အဋ္ဌသာလိနီက “ဒွီသု ဒွီသု ဒွါရေသု” - တံခါးနှစ်ခုတဲ့၊

စက္ခုဒွါရ - မနောဒွါရ၊
သောတဒွါရ - မနောဒွါရ၊
ဃာနဒွါရ - မနောဒွါရ၊
ဇိဝှာဒွါရ - မနောဒွါရ၊
ကာယဒွါရ - မနောဒွါရ၊
အဲဒီလို နှစ်ခု နှစ်ခု တစ်ပြိုင်နက်တည်း ထိတယ်၊ တစ်ပြိုင်နက် ပေါ်လာတယ်၊ အာရုံတွေက အဲဒီ တံခါးနှစ်ပေါက်ကနေ တစ်ပြိုင်နက် ဝင်လာတယ်။ မနောဒွါရစိတ် တံခါးပေါက်ဆိုတာ ဘယ်သူ့ကို ပြောတာတုန်း ဆိုရင် ဘဝင်စိတ်ကို ပြောတာ၊ ကံအရှိန်နဲ့ ပြေးနေတဲ့ ဖြစ်ပြီး ပျက်နေတဲ့ ဘဝင်စိတ် အစဉ်ကို ပြောတာ။

ဒီမှာတင် “ဘဝင်” လို့ ဘာလို့ ခေါ်တာတုန်းဆိုရင် “ဘဝဿ အင်္ဂဘာဝေန ဘဝင်္ဂ သင်္ခါတံ” ဆိုတဲ့အတိုင်း ‘ဘဝင်’ ဆိုတာ ‘ဘဝ ဆက်လက် ဖြစ်ပေါ်နေမှုရဲ့ အကြောင်းတရား’ လို့ ပြောတာ၊ ဘဝရှင်သန်နေတာ အဲဒီ ဘဝင်စိတ်တွေ ရှိလို့ ရှင်သန်နေတာနော်။ လူတွေက “ငါ ဘဝင်မကျဘူး” လို့ ပြောတတ်ကြတယ်။ “ဘဝင်ပူလေး ထုတ်ပေးပါဦး” လို့ အနှိပ်ဆရာတွေက ပြောလေ့ရှိတယ်၊ အဲဒီ ဘဝင်တွေနဲ့လည်း သွားမရောနဲ့နော်၊ ဘာဖြစ်လို့လဲ ဆိုရင် အရပ်က ဒီစကားလုံးတွေ ယူသုံးထားတာ၊ အလွဲလွဲ အမှားမှားတွေ လျှောက်တွေးမိမှာစိုးလို့ ပြောတာ။

အခု ဘဝင်ဆိုတာ “ဘဝင်္ဂ” ဆိုတဲ့ စကားလုံးကလာတဲ့ ဘဝင်၊ အဲဒီ ဘဝင်ဆိုတာ ကံရဲ့စွမ်းအားနဲ့ အရှိန်မပျက်သွားနေတဲ့ စိတ်အစဉ်ကို ပြောတာ၊ အဲဒီ ဘဝင်စိတ်ဆိုတာ ဘယ်သူ့ကို ခေါ်တာတုန်း ဆိုရင် ပဋိသန္ဓေစိတ်ကိုပဲ ခေါ်တာ၊ နောက်ဆုံး သေတော့လည်း ဒီဘဝင်စိတ်ကို စုတိစိတ်အဖြစ် ပြောင်းခေါ်တယ်၊ အဲဒီတော့ နံပါတ် တစ်ကို ပဋိသန္ဓေခေါ်ပြီး နောက်ဆုံးနံပါတ်ကို စုတိလို့ ခေါ်တယ်၊ အလယ်ဟာကို ဘဝင်လို့ခေါ်တယ်၊ တစ်မျိုးတည်းပဲလို့ မှတ်ပါ။

မနော ဒွါရ အရ

“မနောဒွါရံ ပန ဘဝင်္ဂံန္တိ ပဝုစ္စတိ” ဘဝင်စိတ်ကို မနောဒွါရလို့ ခေါ်တယ် လို့ အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းက ဆိုတယ်။ ဘဝင်စိတ်တွေ အများကြီးထဲက ဘယ်ဘဝင် စိတ်တုန်း ဆိုတော့ ခုနက ဋီကာကျော် ကျမ်းက ဘယ်လိုပြောတုန်း ဆိုရင် အာဝဇ္ဇန်းရဲ့ ရှေ့ကဖြစ်တဲ့ ဘဝင်လို့ ဆိုတယ်။ ဝီထိချကြည့် လိုက်ရင် အတီတ ဘဝင်, ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ ပြီးတော့ ပဉ္စဒွါရာဝဇ္ဇန်း၊
အဲလိုလာတော့ ပဉ္စဒွါရာဇ္ဇန်းရဲ့ ရှေ့မှာရှိတဲ့ ဘဝင်ဆိုတာ ဘဝင်္ဂုပစ္ဆေဒ ဖြစ်တယ်။ ပြတ်တဲ့ဘဝင်ကို သူက mind door လို့ ဒီလို ပြောချင်တာ။ ဘာဖြစ်လို့လဲဆိုရင် မနအရ အာဝဇ္ဇန်းစသော စိတ်တွေ ယူပြီးတော့ အဲဒီစိတ်ရဲ့ ဝင်ရာဖြစ်သောကြောင့် မနောဒွါရ (စိတ်တံခါး, စိတ်ရဲ့ဂိတ်ဝ) လို့ ဒီလိုဖွင့်တာ။

အဲဒါကို လယ်တီဆရာတော်ကြီးက သဘောမတူဘူး၊ ဘဝင်မှန်ရင် ဘယ်ဘဝင်ပဲ ဖြစ်ဖြစ် မနောဒွါရလို့ ခေါ်တယ်။ လယ်တီ ဆရာတော်ကြီးက ဘာပြောတုန်းဆိုရင် စက္ခုဒွါရဆိုတာ မျက်စိမှာ ရူပါရုံ လာထင်မှ စက္ခုဒွါရ မဟုတ်ဘူးတဲ့၊ ဘယ်အခါ ဖြစ်ဖြစ် စက္ခုဒွါရပဲ၊ ဥပမာ - ကိုယ့်အိမ်မှာ တံခါးတွေ ရှိတယ် ၊ အဲဒီတံခါးက ဘယ်တော့မှမဖွင့်ဘူး၊ သော့ခတ်ပြီးတော့ ပိတ်ထားတယ် သို့မဟုတ် မင်းတုန်း အသေထိုးတယ်ဆိုရင် တံခါးလို့ ခေါ်မခေါ် စဉ်းစားကြည့်၊ ပိတ်ထားလည်း တံခါးလို့ ခေါ်တာပဲ မဟုတ်လား၊ တံခါးက တံခါးပဲလေ၊ ဖွင့်ထားမှ တံခါးမဟုတ်ဘူး၊ အဲဒီ အတိုင်းပဲ ဘဝင်စိတ်မှန်မျှ mind door လို့ ဒီလိုဆိုတယ်။

အဲဒီတော့ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရ - ဒွါရ ၆-ပါး၊ အဲဒီ ဒွါရ ၆-ပါး ကနေပြီး အာရုံတွေဟာ ဝင်ရောက်လာကြတယ်။ ဝင်ရောက်လာ တယ်ဆိုတာ metaphorical အရ ပြောတာနော်။ အပြင်ဘက်က မြင်စရာအာရုံသည် မျက်စိတံခါးက ဝင်လာတာ၊ အသံက နားက ဝင်လာတာ၊ အနံ့က နှာခေါင်းက ဝင်လာတာ၊ အရသာက လျှာက ဝင်လာတာ၊ အတွေ့အထိက ကိုယ်က ဝင်လာတာတဲ့၊ ကျန်တဲ့ အာရုံတွေ ရှိတာရော, မရှိတာရော၊ အတိတ်ရော ပစ္စုပ္ပန်ရော အနာဂတ်ရော၊ ကာလ ၃-ပါးထဲ မဝင်တဲ့ အာရုံတွေရော အားလုံးတွေဟာ စိတ်တံခါးက ဝင်တာ၊ အဲဒီကျတော့ ‘mind door = စိတ်တံခါး’ တစ်ခုတည်းပဲ ရှိတယ်။

အဲဒါကြောင့်မို့ မနောဒွါရဆိုတဲ့ စကားလုံးကို လယ်တီဆရာတော်ကြီးကတော့ “ဘဝင်စိတ်သည် သာလျှင် တံခါး” လို့ အဓိပ္ပါယ်ပြန်တယ်၊ “မနော ဧဝ ဒွါရံ မနောဒွါရံ” ၊ ဘဝင်စိတ်ကိုပဲ တံခါးလို့ ခေါ်တာပါ။ ဘာဖြစ်လို့လဲဆိုရင် အဘိဓမ္မတ္ထ- သင်္ဂဟကျမ်းမှာ “စက္ခုမေဝ စက္ခုဒွါရံ = စက္ခုပသာဒ ရုပ်သည်သာလျှင် တံခါးပါ” လို့ ဒီလိုပြောတာ၊ နှစ်ခု မကွဲဘူး ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ၊ အဲဒါကြောင့် ဒီမှာလည်းပဲ “မနော ဧဝ ဒွါရံ မနောဒွါရံ = ဘဝင်စိတ်သည်ပင် တံခါးပဲ”၊ ဘာကြောင့် တံခါးလဲ ဆိုရင် ခုနက အာရုံတွေ ဝင်ရောက်လာရာ ဖြစ်သောကြောင့်ပဲ။

အဲဒီတော့ ဒွါရ အဓိပ္ပါယ်ကို အဓိက ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ အာရုံတွေ ဝင်ရောက်ပြီးတော့ ဆက်သွယ်မှုပြုရာ ဖြစ်သောကြောင့် တံခါးလို့ ဒီအဓိပ္ပါယ်က ပိုပြီးတော့ လက်တွေ့ ကျတယ်။ သို့သော် metaphorical အရ ပြောစရာ စကားတစ်ခု အနေနဲ့ တင်စားပြီးတော့ ပြောတာမျိုးဆိုရင် စိတ်ရဲ့ ထွက်ရာ ဆိုတာလည်း ယူလို့ရတယ်ပေါ့။ ဘာဖြစ်လို့လဲ ဆိုရင် မျက်စိလေးက ရူပါရုံကိုမြင်တယ်၊ မြင်တဲ့ ရူပါရုံပေါ်မှာ စိတ်ကလေးက အလုပ်လုပ်တယ် ဆိုတော့ စိတ်ကလေးက အာရုံဆီ ထွက်သွားတယ်လို့ ဒီလို ပြောလို့ရတာပေါ့၊ တင်စားပြီး ပြောတာနော်။ တကယ်စိတ်က အပြင်ထွက်သွားတာ မရှိဘူးနော်၊ တံခါးဆိုတော့ စိတ်က အပြင် ခဏခဏ ထွက်တယ် လို့ ထင်နေဦးမယ်၊ စိတ်ဆိုတာ ဖြစ်တဲ့နေရာမှာ ပေါ်တာသာ ဖြစ်တယ်။

ဒီနေရာမှာ အာရုံပြုတဲ့ စိတ်ကလေးရယ်, အာရုံရယ်၊ အာရုံတွေ ဝင်ရောက်ပြီးတော့ စိတ်နဲ့ ဆက်သွယ်ရာ ဖြစ်သောကြောင့် တံခါးရယ်၊ စိတ်ဖြစ်ဖို့ အကြောင်းတွေပဲ ဖြစ်တယ်။ အဲဒီ တံခါးမရှိဘဲနဲ့ တံခါးပိတ်ထားမယ်, ဆိုပါတော့ - မျက်စိ ပိတ်ထားမယ် ဆိုရင် အပြင်ဘက်က ရူပါရုံက အတွင်းနဲ့ လာဆက်သွယ်လို့ မရဘူး၊ နားတံခါး ပိတ်ထားလို့ရှိရင် အသံက ဝင်ရောက် ဆက်သွယ်လို့ မရဘူး၊ လျှာတံခါး ပိတ်ထား လို့ရှိရင် အရသာက ဝင်ရောက်ဆက်သွယ်လို့ မရဘူး၊ ကိုယ်တံခါး ပိတ်ထားလို့ ရှိရင် အထိအတွေ့က ဝင်ရောက် ဆက်သွယ်လို့ မရဘူး၊ စိတ်တံခါး ပိတ်ထားလို့ရှိရင် ပြင်ပ အာရုံတွေ မသိနိုင်ဘူး - ဒီလို ဆိုလိုတယ်နော်။

ဒီတံခါးတွေဟာ အာရုံတွေ စိတ်နဲ့ဆက်သွယ်ရန် ဝင်ရောက်ဖို့ အခုခေတ်လို ပြောမယ်ဆိုရင် communication system မှာ အရေးပါတဲ့ နေရာမှာရှိတယ်။ တံခါးဟာ ဝင်တဲ့ ထွက်တဲ့သူတွေ အတွက် အသုံးဝင်သလိုပဲ အခုပြောခဲ့တဲ့ ဒွါရ ခြောက်ပါးဟာ အာရုံနဲ့စိတ် ဆုံစည်းဖို့ကိစ္စမှာ အရေးပါတယ်။

မျက်စိတံခါးမှာ ဖြစ်နိုင်တဲ့ စိတ်ပေါင်း ဘယ်လောက်ရှိသလဲ၊ နားတံခါးမှာ ဖြစ်နိုင်တဲ့ စိတ်ပေါင်း ဘယ်လောက် ရှိသလဲ၊ အဲဒီနေရာမှာ စက္ခုဒွါရိကစိတ်လို့ စာပေမှာ သုံးတယ်၊ စက္ခုဒွါရိကစိတ် ဆိုတာ စက္ခုဒွါရမှာ ဖြစ်တယ်လို့ ဒီလို ပြောလေ့ရှိကြ သော်လည်း အဲဒီ အဓိပ္ပါယ်က ဘာကိုဆိုလိုတာလဲလို့ စဉ်းစားကြည့်ဖို့ လိုတယ်။

စက္ခုဒွါရိကစိတ်ကို ၄၆-မျိုး ပြထားတယ်၊ ဆိုပါစို့ - ဖြစ်စဉ်လေး နည်းနည်း ပြောရအောင်၊ အပြင်ဘက်က အဆင်းအာရုံ တစ်ခုဟာ မျက်စိတံခါးကနေပြီး ဝင်ပြီး ဆက်သွယ်လာရင် အဲဒီအဆင်း အာရုံနဲ့ အလုပ်လုပ်တဲ့ စိတ်ပေါင်းဟာ ၄၆-ပါး ရှိတယ်။ အဲဒီ အဆင်းအာရုံ ဝင်လာတာနဲ့ တံခါးဖွင့်ပေးတဲ့ စိတ်က ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊ အဲဒီစိတ်တစ်ခုရပြီ၊ အဲဒီ အဆင်းအာရုံကို မြင်တဲ့ကိစ္စ ဆောင်ရွက်တဲ့စိတ်က စက္ခုဝိညာဏ်စိတ်၊ စက္ခုဝိညာဏ်စိတ်က စက္ခုဝိညာဏ်ဒွေးလို့ ၂-ခု ရှိတယ်၊ ကုသိုလ်ရဲ့ အကျိုး, အကုသိုလ်ရဲ့ အကျိုး လို့ ၂-မျိုး ရှိတယ်၊ မြင်ပြီးတဲ့အခါမှာ လက်ခံတယ်ဆိုတဲ့ သမ္ပဋိစ္ဆိုင်းစိတ်က ၂-ခု ရှိတယ်၊ နောက် လက်ခံပြီးတော့ စုံစမ်းတယ်ဆိုတဲ့ သန္တီရဏစိတ်က ၃-ခု ရှိတယ်၊ နောက် လက်ခံပြီးတော့ ဆုံးဖြတ်တဲ့စိတ်က မနောဒွါရာဝဇ္ဇန်းစိတ်ပဲ၊ သူ့ကို ဒီနေရာမှာ ဝုဋ္ဌော လို့ ခေါ်လိုက်တာ၊ တကယ်ကတော့ သူက အင်အားကောင်းတဲ့ နှလုံးသွင်းတဲ့ စိတ်တစ်ခုပဲ -မနောဒွါရာဝဇ္ဇန်း စိတ်က ဇောရဲ့ ရှေ့က သူအမြဲတမ်း နေရတယ်။ အဲဒီစိတ်ကို ဒီမှာ ဝုဋ္ဌောလို့ ခေါ်လိုက်တယ်၊ အဲဒါက မနောဒွါရာဝဇ္ဇန်းစိတ် ဝုဋ္ဌောတစ်ခုပေါ့။

နောက်တစ်ခုပြီး ဇောစိတ်တွေ၊ အဲဒီ ဇောစိတ်ဆိုတာက သရုပ်တွေ ပြောရမှာဆိုတော့ အဘိဓမ္မာ မသင်ဖူးတဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ဒီသရုပ်တွေက မှတ်ဖို့ရာ ခက်ခဲမှုရှိတယ်။ အဲဒီတော့ ကာမာဝစရ စိတ်နဲ့ ပတ်သက်တဲ့ ဇောက ၂၉-ခုရှိတယ်၊ အခုဟာက ရူပါရုံကို ကြည့်ပြီးတော့ ဖြစ်တဲ့ဟာက ၂၉-ခု ထဲက တစ်ခုခုပေါ့၊ ၂၉-ခု ဆိုတာ အကြမ်းပြောမယ် ဆိုရင် အကုသိုလ်က ၁၂-ခု၊ အကုသိုလ် ၁၂-ခု လုံးဟာ ဇောပဲ၊ နောက် အဟိတ်စိတ် ထဲက ဟသိတုပ္ပါဒ်စိတ် ၁-ခု၊ နောက် မဟာကုသိုလ်စိတ် ၈-ခု၊ နောက်လူတွေနဲ့တော့ မဆိုင်ဘူး, ရဟန္တာ ပုဂ္ဂိုလ်တွေနဲ့သာ ဆိုင်တာ မဟာကြိယာစိတ် ၈-ခု၊ ပေါင်းလိုက်တဲ့ အခါကျတော့ ၂၉-ပါး၊ အဲဒီ ၂၉-ပါးသော ဇောစိတ်တွေဟာလည်းပဲ ဟောဒီစက္ခုဒွါရနဲ့ ပတ်သက်ပြီတော့ စက္ခုဒွါရကစိတ်လို့ ဒီလိုခေါ်တဲ့ အထဲမှာ ပါတယ်။

နောက်ပြီးတော့ တဒါရုံ၊ တဒါရုံက ၁၁-ခု ရှိတယ်၊ မဟာဝိပါတ်စိတ် ၈-ခုနဲ့ သန္တီရဏ ၃-ခု၊ သန္တီရဏက ယူပြီးသားဖြစ်လို့ ထပ်နေမှာစိုးလို့ သူကိုရှောင်လိုက်၊ ရှောင်လိုက်တဲ့ အခါကျတော့ မဟာဝိပါတ်စိတ် ၈-ခု တဒါရုံအနေနဲ့ ရှိတယ်၊ အဲဒါတွေကို ပေါင်းလိုက် တဲ့အခါကျတော့ ၄၆-ပါး၊ သင်္ဂြိုဟ်သရုပ်က အဲဒီလို ပြောတာနော်၊ ဒီတော့ သဘာဝ လေးကိုသိပြီး သရုပ်တွေကတော့ စာနဲ့မှတ်မှပဲ ရတယ်။

အဲဒီစိတ်တွေဟာ ‘စက္ခုဒွါရိကစိတ် = စက္ခုဒွါရ၌ ဖြစ်သောစိတ်’ လို့ဆိုတယ်။ သို့သော် စက္ခုဒွါရ၌ ဖြစ်တယ်ဆိုပေမယ့် စက္ခုဝတ္ထုကို မှီတယ်လို့ ဒီလိုပြောတာ မဟုတ်ဘူးနော်၊ ဆိုလိုတဲ့ အဓိပ္ပါယ်က စက္ခုဒွါရ၌ ဖြစ်တယ်ဆိုတာ စက္ခုဒွါရ မျက်စိတံခါးကနေ ဝင်ရောက် ဆက်သွယ်တဲ့ အာရုံနဲ့ အလုပ်လုပ်တဲ့ စိတ်တွေလို့ ဒီလို အဓိပ္ပါယ်ရတယ်။ အဲဒီ အဓိပ္ပါယ်က ပိုပြီးတော့ ရှင်းလင်းမှုရှိတယ်။ ဒီဒွါရမှာ ဖြစ်တယ်ဆိုရင် မျက်လုံးပေါ်မှာ ဖြစ်တယ်လို့ ထင်နေလိမ့်မယ်၊ မျက်လုံးနဲ့ဖြစ်တာ မဟုတ်ဘူး၊ ဒီစိတ်တွေအားလုံးဟာ အာရုံနဲ့ဆက်သွယ်တာ၊ ဆက်သွယ်လို့ သူတို့ ပေါ်လာတာ၊ ပေါ်လာပြီးတော့ အာရုံနဲ့ အလုပ်လုပ်ကြတာ၊ လူရဲ့စိတ်ဟာ အာရုံ တစ်ခုဖြစ်ရင် ထိုအာရုံနဲ့ အလုပ်လုပ်တာပဲလေ၊ မျက်စိက တစ်ခုခုမြင်လိုက်ရင် အဲဒီ မြင်တဲ့အာရုံနဲ့ အလုပ်,လုပ်တယ်၊ နားက အသံလေးတစ်ခုကြားရင် အဲဒီ အသံအာရုံနဲ့ အလုပ်လုပ်တာ မဟုတ်လား၊ (အဖြေ မတွေ့မချင်း လိုက်နေတာလေ၊ ဘာသံပါလိမ့် ဘာသံပါလိမ့်နဲ့ သွားနေမှာပဲ၊ မကျေနပ်မချင်း၊ အနံ့ဆိုလည်း ဘာအနံ့ပါလိမ့်နဲ့ လိုက်နေမှာပဲ၊ အာရုံနဲ့ အလုပ် လုပ်နေတယ်လို့ပြောတာ) ပြီးသွားလို့ရှိရင် နောက် အာရုံတစ်ခု ပြောင်းသွားပြန်ရော။

ဒါကြောင့်မို့ သုတ္တန်ထဲမှာ မြတ်စွာဘုရားကဟောထားတယ်- စိတ်က မျောက်နဲ့ တူတယ်တဲ့၊ မျောက်က ဒီသစ်ကိုင်း ဆွဲလိုက် ဒီသစ်ကိုင်း လွှတ်လိုက်၊ ဟိုသစ်ကိုင်း ဆွဲလိုက်, ဟိုသစ်ကိုင်း လွှတ်လိုက်၊ နောက်ထပ် သစ်ကိုင်းတစ်ခု ဆွဲလိုက်နဲ့ ငြိမ်တယ် ကို မရှိဘူး၊ သစ်ကိုင်းတစ်ခုကနေ သစ်ကိုင်းတစ်ခု ကူးနေတယ်၊ စိတ်ကလည်း အဲဒီအတိုင်းပဲ၊ အမြင်အာရုံကနေ အကြားအာရုံရောက်သွားလိုက်၊ အကြား အာရုံကနေ အနံ့အာရုံ ရောက်သွားလိုက်နဲ့၊ သို့သော် လျင်မြန်စွာ သွားနေသည့် အတွက်ကြောင့် လူတွေကတော့ တစ်ပြိုင်နက် ဖြစ်နေတယ်လို့ ထင်နေကြတာ။

တယ်လီဗွီးရှင်းကြည့်ရင်း မျက်စိကလည်း ကြည့်တယ်၊ နားကလည်း နားထောင် တယ်၊ ပါးစပ်ကလည်း ပဲလှော် ဝါးနေတယ်၊ ဒီထဲမှာ စကားက ပြောလိုက်သေးတယ်၊ တစ်ပြိုင်နက်လို ဖြစ်နေတာ၊ တစ်ခုမှ မလွတ်အောင် အင်မတန်မှ မြန်တယ်၊ တစ်ခုမှ မလွတ်လိုက်ဘူးလို့ ထင်တယ်၊ ဇာတ်လမ်း လွတ်သွားတယ်လို့ မရှိဘူးလေ၊ မျက်စိကလည်း ကြည့်နေတယ်၊ ပဲလှော်ကလည်း ဝါးရင်း, စကား ကလည်း ပြောရင်း, အသံလည်း နားထောင်တယ်၊ သို့သော် လွတ်မသွားဘူး၊ အကုန်သိလိုက်တယ်၊ ဘာဖြစ်လို့လဲဆိုရင် စိတ်က အလွန်မြန်လို့ အာရုံတွေကိုဖမ်းယူနိုင်တာ၊ ဖမ်းယူတာ အင်မတန်မှ မြန်တယ်၊ သိတဲ့စိတ်က အင်မတန်မှ မြန်လို့ အဲဒီလိုဖြစ်တာ။

ဥပမာအားဖြင့် ဘောလုံးကစားတဲ့လူလိုပေါ့၊ လက်ထဲမှာ ဘောလုံးလေး ၁၀-လုံး၊ ဟိုဘက် ၅-လုံး၊ ဒီဘက် ၅-လုံး မြှောက်ပြီးတော့ ဖမ်းတာ၊ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်က တစ်လုံးမှ အောက်မကျအောင် ဖမ်းနိုင်တယ်၊ မကျွမ်းကျင်တဲ့ပုဂ္ဂိုလ်က ၁-လုံးထဲ တောင်မှ ခဏခဏ ပြုတ်ကျနေမှာပဲ၊ စိတ်ကလည်းပဲ အတူတူပဲ၊ အာရုံတွေကို အကုန်လုံးဖမ်းပြီး တစ်ပြိုက်နက်လို ဖြစ်နေတာ၊ သို့သော် တစ်ခုပြီးမှ တစ်ခုဖြစ်တယ် လို့ မှတ်ရမယ်။

မြင်နေတဲ့အချိန်မှာ မကြားလိုက်ဘူး၊ ကြားနေတဲ့အချိန်မှာ မမြင်လိုက်ဘူး၊ တစ်ခုစီ။ သို့သော် အဲဒီ အပိုင်းအခြားလေးကို မသိလိုက်ဘူး၊ ဘယ်လို မသိလိုက်တာလဲ ဆိုရင် လူတွေဟာ ကိုယ့်ဟာကိုယ် မသိလိုက်တာတွေ အများကြီးရှိတယ်၊ လူတွေဟာ မျက်တောင်လေးတွေ ခတ်နေကြတယ်၊ မျက်တောင် ခတ်လိုက်တဲ့ အချိန်အတွင်းမှာ မမြင်ရဘူး၊ ဘယ်သူပဲဖြစ်ဖြစ် သေချာ စဉ်းစားကြည့်၊ မျက်တောင် ခတ်လိုက်တဲ့ အချိန်မှာ မှောင်သွားတာပဲ၊ မျက်တောင် ခတ်လိုက်တာဟာ မျက်စိပိတ်လိုက် တာပဲလေ၊ သို့သော် စိုက်ကြည့်နေရင်းနဲ့ မျက်တောင်ခတ်နေ ပေမယ့်လို့ မြင်ကွင်း ပျောက် သွားတယ်လို့ ရှိမှမရှိဘဲ။ မြင်ကွင်း မှောင်သွားတာကို မသိလိုက်ဘူ၊ ဘာဖြစ်လို့ မသိလဲဆိုရင် မြန်လွန်း အားကြီးလို့ မသိတာ၊ မျက်တောင်ခတ်တဲ့အချိန်မှာ မျက်စိက ပိတ်သွားပြီ၊ ပိတ်သွားတာနဲ့ မမြင်ရဘူး။ သို့သော် အလွန်တိုတောင်းသည့် အချိန်လေး ဖြစ်သွားသည့်အတွက် မြင်ကွင်းပျောက်တာ မဖြစ်ဘူး၊ နို့မို့ဆိုရင် ကိုယ့်မျက်လုံးဖြဲထားဖို့ပဲရှိတယ်၊ မြင်ကွင်းတွေ လွတ်သွားမှာစိုးလို့။

အဲဒီမှာ စက္ခုဒွါရိကစိတ် စက္ခုဒွါရမှာ ဖြစ်တဲ့စိတ် ဆိုတာဟာ မျက်စိတံခါးက ဝင်လာတဲ့ အာရုံတွေကို ဖမ်းယူနိုင်တဲ့စိတ်၊ သိနိုင်တဲ့စိတ်လို့ ဒီလို ဆိုလိုတယ်နော်။ စက္ခုဒွါရ၌ ဖြစ်တယ်ဆိုတာ အဲဒီ စိတ်တွေ ထဲမှာ လိုက်ကြည့်မယ်ဆိုရင် မျက်စိက မြင်လာတဲ့ အာရုံတစ်ခုတည်းနဲ့ ဆိုင်တဲ့ စိတ်က စက္ခုဝိညာဏ်စိတ် ၁-ခုတည်းပဲ ရှိတယ်၊ ကျန်တဲ့စိတ်တွေက ဒိပြင်မှာလည်း ပါတယ်လို့ ဒီလို မှတ်ရမယ်၊ စက္ခုဒွါရ တစ်မျိုးတည်းမှာဖြစ်တဲ့ စိတ်ဆိုရင် စက္ခုဝိညာဏ်ဒွေး ဒီနှစ်ခုပဲ ရှိတယ်၊ ကျန်တာ တွေက ဒိပြင်တံခါးက ဝင်လာတဲ့ အာရုံတွေကိုလည်း ဖမ်းယူနိုင်တဲ့စိတ်တွေ ဖြစ်နေတယ်။

အဲဒါကိုပဲ သင်္ဂြိုဟ်မှာခွဲထားတာ - ‘ဧကဒွါရိကစိတ္တာနိ’ - ‘တစ်ဒွါရ၌သာ ဖြစ်တဲ့ စိတ်’ ဆိုပြီးတော့၊

စက္ခုဝိညာဏ်ဒွေးက စက္ခုဒွါရ၌သာ ဖြစ်တယ်၊

သောတဝိညာဏ်ဒွေးက သောတဒွါရ၌သာ ဖြစ်တယ်၊

ဃာနဝိညာဏ်ဒွေးက ဃာနဒွါရ၌သာဖြစ်တယ်၊

ဇိဝှါဝိညာဏ်ဒွေးက ဇိဝှါဒွါရ၌သာဖြစ်တယ်၊

ကာယဝိညာဏ်ဒွေးက ကာယဒွါရ၌သာ ဖြစ်တယ်၊

သူ့ဆိုင်ရာ ဒွါရတစ်ခုစီမှာသာ ဖြစ်တယ်၊ ကျန်တဲ့ဒွါရ တွေမှာ မဖြစ်နိုင်ဘူးလို့ဆိုတာ။

တချို့ စိတ်တွေက mind door လို့ ခေါ်တဲ့ မနောဒွါရ တစ်မျိုးတည်းမှာ ဖြစ်တဲ့ စိတ်တွေ ရှိတယ်၊ စက္ခုဒွါရမှာ မဖြစ်ဘူး၊ သောတဒွါရမှာ မဖြစ်ဘူး၊ ဃာနဒွါရမှာ မဖြစ်ဘူး၊ ဇိဝှါဒွါရမှာ မဖြစ်ဘူး၊ ကာယဒွါရမှာ မဖြစ်ဘူး၊ ဥပမာအားဖြင့် မဂ်စိတ် ဖိုလ်စိတ်တွေတို့ ဈာန်စိတ်တွေတို့ဆို မဖြစ်ဘူး။ စိတ်တံခါး မနောဒွါရ တစ်ခုတည်း မှာသာ ဖြစ်တယ်၊ နောက် ပဉ္စဒွါရာဝဇ္ဇန်းတို့ သမ္ပဋိစ္ဆိုင်းတို့ကျတော့ စက္ခုဒွါရ သောတဒွါရ ဃာနာဒွါရ ကာယဒွါရ ဆိုတဲ့ ၅-မျိုး ကနေပြီးတော့ ဆက်သွယ်လာတဲ့ အဲဒီ တံခါးဝတွေက ဆက်သွယ်လာတဲ့ အာရုံကို သိနိုင်တယ်လို့ပြောတာနော်၊ ဒီဒွါရမှာ ဖြစ်တယ်ဆိုတာ ဒီဒွါရက ဝင်လာတဲ့ အာရုံကို သိနိုင်စွမ်းရှိတယ်ပေါ့။

ဒီတော့ စိတ်တိုင်း စိတ်တိုင်းဟာ ဒွါရတိုင်းမှ ဝင်လာတဲ့ အာရုံကို မသိနိုင်ဘူး၊ ဆိုပါစို့ - ကြားတဲ့အသံကို စက္ခုဝိညာဏ်စိတ်က သိနိုင်စွမ်း မရှိဘူး၊ အဲဒီအချိန်မှာ သူမဖြစ်ဘူး၊ ကိုယ့်သန္တာန်မှာ စိတ်တွေက တစ်ခါတည်း ဖြစ်နေတယ်လို့ ဒီလို မအောက်မေ့ နေနဲ့နော်၊ အကြောင်းတိုက်ဆိုင်တဲ့ အခါမှာ ဖြစ်လာတယ်လို့ မှတ်ရမယ်။ ဒါက ဒွါရနဲ့ ပတ်သက်ပြီးတော့ မှတ်စရာလေးတွေပေါ့။

အဲဒီမှာ ဒွါရဝိမုတ်စိတ် ၆-ဒွါရမှ လွတ်သောစိတ်ဆိုတာ ရှိတယ်၊ ဥပမာ - တစ်ဒွါရ၌သာ ဖြစ်သောစိတ်, နှစ်ဒွါရမှာ ဖြစ်သောစိတ်, ၅- ဒွါရမှာ ဖြစ်သောစိတ်, ၆- ဒွါရမှာ ဖြစ်သောစိတ်၊ သင်္ဂြိုဟ်မှာ အဘိဓမ္မာသင်တဲ့ ပုဂ္ဂိုလ်တွေ အဲဒီလိုခွဲတယ်၊ ရံခါ ၆- ဒွါရမှာ ဖြစ်တယ်၊ ရံခါ ၆-ဒွါရမှ လွတ်တယ်၊ ဒွါရဝိမုတ်စိတ် အမြဲတမ်း ဒွါရက လွတ်နေတဲ့ စိတ်ဆိုပြီးတော့ ဒီလို ခွဲတယ်နော်။ အဲဒါတွေက သရုပ်အနေနဲ့ ထပ်ပြီးတော့ခွဲတာ၊ applied method မှာ ဒါတွေကို နားလည်သင့်တယ်။ အဲဒီမှာ နားလည်ရမှာက ဒွါရဝိမုတ်စိတ်၊ ဘာဖြစ်လို့ ဒွါရက လွတ်သလဲဆိုရင် ဒီတံခါးတွေ ကနေ ဆက်သွယ် လာတဲ့ အာရုံနဲ့ အလုပ်မလုပ်လို့ ပြောတာ၊ ဒါကို ဒွါရဝိမုတ်စိတ်လို့ ပြောတာနော်။

အဲဒါ ဘာစိတ်တွေလဲဆိုရင် အမြဲတမ်း ဒွါရကနေ လွတ်နေတဲ့ စိတ်က မဟဂ္ဂုတ် ဝိပါက်စိတ် ၉-ခုကို ပြောတာ၊ ရူပါဝစရဝိပါက် စိတ် ၅-ခု, အရူပါဝစရဝိပါက်စိတ် ၄-ခု အားလုံးပေါင်းလိုက်ရင် ၉-ခု၊ အဲဒီ ၉-ခု ကလူတွေနဲ့ မဆိုင်ဘူးနော်၊ စာအနေနဲ့သာ သင်တာ၊ လူ့ဘဝနဲ့ ဘာမှမဆိုင်ဘူး၊ အဲဒါ ဗြဟ္မာတွေရဲ့ သန္တာန်မှာ ဖြစ်တဲ့စိတ်၊ အဲဒီ ဝိပါက်စိတ်တွေဆိုတာ သူတို့က ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စ ဆိုတဲ့ လုပ်ငန်းကိုသာ လုပ်သည်အတွက်ကြောင့် ပြင်ပက ဝင်လာတဲ့ အာရုံနဲ့ ဆက်သွယ်မှု ဘယ်တော့မှ မလုပ်ဘူး၊ မလုပ်သည့် အတွက်ကြောင့် သူတို့က တံခါးက ဝင်လာတဲ့ အာရုံနဲ့ ဆက်သွယ်မှု မရှိလို့ door free လို့ခေါ်တယ်၊ တံခါးက လွတ်နေတယ် ဆိုတဲ့စိတ်တွေ၊ အမှန်ကတော့ သူတို့ကိုယ်တိုင် ကိုက တံခါးပဲလေ။

နောက် မဟာဝိပါတ်စိတ် ၈-ခုကျတော့ ရံခါ ၆-ဒွါရမှာဖြစ်ပြီး ရံခါ ၆-ဒွါရက လွတ်တယ်။ ဆောင်ရွက်တဲ့ ကိစ္စတွေမှာ သူ ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စ ဆောင်ရွက်တဲ့အချိန်မှာဆိုရင် တံခါးကနေ ဆက်သွယ်လာတဲ့ အာရုံနဲ့ ဆက်သွယ်ပြီး အလုပ်မလုပ်ဘူး၊ ဆိုလိုတာက ပဋိသန္ဓေစိတ်တို့, ဘဝင်စိတ်တို့, စုတိစိတ်တို့ ဆိုသည်မှာ ဒီတံခါးက ဆက်သွယ်လာတဲ့ အာရုံတွေနဲ့ အလုပ်မလုပ် စိတ်တွေလို့ ပြောရမယ်။ ဒါကြောင့်မို့ သူတို့ကို ဒွါရဝိမုတ်စိတ်လို့ ခေါ်တာနော်။

ဒွါရဝိမုတ်စိတ်ဆိုတာ ဒွါရက လွတ်တယ်လို့ သာမန် အဓိပ္ပါယ် ပြောရပေမယ့်လို့ ဘယ်လို ဆိုလိုတာ တုန်းဆိုရင် ဒီတံခါးကနေ ဝင်လာတဲ့ အာရုံတွေနဲ့ အလုပ် မလုပ်ဘူးလို့ ဒီလို ဆိုလိုတယ်။ ဆက်သွယ်မှု မလုပ်ဘူးလို့ပြောတာ။ ဒါကြောင့်မို့လို့ အိပ်နေတဲ့ အချိန်မှာ ဘဝင်စိတ် ဖြစ်နေလို့ရှိရင် ဟောဒီ တံခါးတွေကနေ ဆက်သွယ် လာတဲ့ အာရုံနဲ့ အလုပ်မလုပ်ဘူး၊ ဘဝင်စိတ်တွေဟာ အာရုံအသစ်နဲ့ အလုပ်မလုပ်ဘူး၊ သူက ဒါဖြင့် ဘယ်သူနဲ့ အလုပ်လုပ်တာတုန်း ဆိုရင် ကံရဲ့ အရှိန်နဲ့၊ ကံက ပေးထားတဲ့၊ ကံကြောင့်ထင်လာတဲ့ ကံ ကမ္မနိမိတ် ဂတိနိမိတ်ဆိုတဲ့ အတိတ်ဘဝက ရယူထားတဲ့ အာရုံနဲ့ပဲ အလုပ်လုပ်တယ်။ အဲဒါနဲ့ပဲ သူက သွားနေတယ်၊ ခု ပစ္စုပ္ပန် မျက်စိကမြင်တဲ့ အဆင်းအာရုံ၊ နားကကြားတဲ့ အသံအာရုံ၊ နှာခေါင်းကနံတဲ့ အနံ့အာရုံ၊ လျှာကရတဲ့ အရသာအာရုံ၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့ အထိအတွေ့ အာရုံတွေနဲ့ သူက လုံးဝ အဆက်အသွယ် မရှိဘူး၊ အဲဒါတွေနဲ့ ဆက်သွယ်လိုက်ရင်လည်း သူပြတ်ထွက်သွား တယ်၊ ဒါကြောင့် သူတို့ကို ဒွါရဝိမုတ်စိတ်လို့ ပြောတာ၊ (တော်ကြာ ဒွါရထဲ မပါလို့ ဒွါရဝိမုတ်စိတ်လို့ ထင်နေမယ်။ အဲဒီ အဓိပ္ပါယ်မျိုးပြောတာ မဟုတ်ဘူး၊) တံခါးကနေ ဆက်သွယ်လာတဲ့အာရုံနဲ့ အလုပ်မလုပ်တဲ့ စိတ်တွေကို ဒွါရဝိမုတ်စိတ်လို့ ခေါ်တယ်။ တံခါးကနေ ဝင်လာတဲ့ အာရုံနဲ့ ဆက်သွယ်ပြီး ဖြစ်တဲ့စိတ်မှ ဒွါရ ၆-ပါးမှာ ဖြစ်တယ်, ဒွါရ ၅-ပါးမှာ ဖြစ်တယ်, ဒွါရ ၁-ပါးမှာ ဖြစ်တယ်လို့ ဒီလိုပြောတာ၊ ဒါက ဒွါရနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ။

နောက်တစ်ခါ ဝတ္ထုရုပ်၊ ဝတ္ထုရုပ်ဆိုတာက စိတ်ရဲ့မှီရာ စိတ်ရဲ့ဖြစ်ရာ ဌာနတွေ၊ မနေ့က ပြောသလို စည်သံသည် စည်က ဖြစ်တာ, စည်တီးတဲ့တုတ်က ဖြစ်တာမဟုတ်ဘူး၊ စောင်းသံသည် စောင်းကြိုးနဲ့ စောင်းအိုးကနေ ဖြစ်တာ, စောင်းတီးတဲ့ လက်က ဖြစ်တာ မဟုတ်ဘူး၊ အဲဒီလိုပဲ ဝတ္ထုရုပ်ကို မှီပြီးတော့ဖြစ်တဲ့ စိတ်လေးတွေ။

စိတ်အစဉ်နဲ့ ပြောမယ်ဆိုရင် အာရုံတစ်ခု ဆက်သွယ်လာတဲ့ အခါမှာ ပထမဆုံး ပေါ်လာတာ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ပဲ၊ တံခါးဖွင့်ပေးတဲ့စိတ်၊ အဲဒီ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဘယ်သူ့ကို မှီသလဲ ဆိုတော့ ဟဒယဝတ္ထုရုပ်ကို မှီတယ်၊ အဲဒီ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်သွားတဲ့အခါ သူ့နောက်မှာ ဆက်ပေါ်လာတဲ့ စိတ်က စက္ခုဝိညာဏ်စိတ်၊ အဲဒီ စက္ခုဝိညာဏ်စိတ်က ဘယ်သူ့ကို မှီဖြစ်သလဲဆိုတော့ စက္ခုဝတ္ထုကို မှီဖြစ်တယ်။

နောက်ဆက်လာတဲ့ -

သမ္ပဋိစ္ဆိုင်းစိတ်ကျတော့ ဘယ်သူ့ကို မှီသလဲ ဆိုတော့ ဟဒယဝတ္ထု ကို မှီတယ်၊

နောက် သန္တီရဏစိတ်ကလည်း ဟဒယဝတ္ထုကိုမှီတယ်၊

ဝုဋ္ဌောစိတ်ကလည်း ဟဒယဝတ္ထုကို မှီတယ်၊

ဇောစိတ်တွေကလည်း ဟဒယဝတ္ထုကိုပဲ မှီတယ်၊

တဒါရုံကလည်း ဟဒယဝတ္ထုကိုပဲ မှီတယ်။

အဲဒီ စိတ်ဖြစ်စဉ်ထဲမှာ စက္ခုဝတ္ထုကို မှီဖြစ်တဲ့စိတ်ကလေးဟာ စက္ခုဝိညာဏ်စိတ် တစ်ခုတည်းပဲရှိတယ်၊ အဲဒီတော့ စက္ခုဝိညာဏ်စိတ်လေး တစ်ခုပဲ စက္ခုဝတ္ထုကို မှီပြီးတော့ ဖြစ်လာတယ်။ ကျန်စိတ်တွေက ဟဒယဝတ္ထုကို မှီပြီးတော့ ဖြစ်တယ်။ ဒီနေရာမှာ ဝတ္ထုနှစ်ခုက ဆက်သွယ်နေတယ် ဆိုတာ ထင်ရှားတယ်နော်။ အာရုံ တစ်ခုမှာ ဖြစ်လာတဲ့ အခါ ဆက်သွယ်မှု ရှိနေတယ်ဆိုတာ ထင်ရှားတယ်။

ထို့အတူပဲ …

သောတဝိညာဏ်စိတ် ၂-ခုက သောတဝတ္ထုကို မှီပြီး ဖြစ်တယ်၊

ဃာနဝိညာဏ်စိတ် ၂-ခုက ဃာနဝတ္ထုကို မှီပြီးဖြစ်တယ်၊

ဇိဝှါဝိညာဏ်စိတ် ၂-ခုက ဇိဝှါဝတ္ထုကို မှီပြီးဖြစ်တယ်၊

ကာယဝိညာဏ်စိတ် ၂-ခုက ကာယဝတ္ထုကို မှီပြီဖြစ်တယ်၊

ကျန်တဲ့ စိတ်တွေ အားလုံးက ဟဒယဝတ္ထုကို မှီပြီးဖြစ်တယ်၊

ဘုံဘဝနဲ့တွက်လိုက်မယ်ဆိုရင် အရူပဘုံမှာဖြစ်တဲ့ အရူပဝိပါတ်စိတ် ၄-ခုက ဘယ်ဝတ္ထုရုပ်ကိုမှ မမှီဘူး၊ ဘာဖြစ်လို့လဲဆိုရင် သူ့မှာ မှီစရာ ရုပ်မရှိဘူး၊ ဝတ္ထုရုပ်ကို မမှီဘဲနဲ့ ဖြစ်တယ်လို့ ဒီလို နားလည်ရမှာပေါ့။ သရုပ်အနေနဲ့ နားလည်အောင် အဘိဓမ္မတ္ထ သင်္ဂဟကျမ်းကို ဆက်လက်လေ့လာ မှတ်သားမှ ပိုပြီး ရှင်းမယ်၊ အခုဟာက နားလည်ရုံ apply လုပ်ပြီးတော့ ပြတာ။

မနက်ဖြန်ကျရင် အရေးကြီးတဲ့ အာရုံပိုင်းကို ဆက်ပြီးတော့ ပြောမယ်၊ စိတ်နဲ့ အာရုံ၊ ဒီအပိုင်းက ပိုပြီးတော့ အရေးကြီးတယ်၊ အခု ဒီကနေ့ ဝတ္ထုရုပ်ဆိုတာ စက္ခုဝတ္ထု လေးကို မှီပြီးတော့ စက္ခုဝိညာဏ်စိတ် ဖြစ်တယ်ဆိုတာ - စက္ခုဝတ္ထုလေးက စက္ခုဝိညာဏ်စိတ်ကို ပဋိသန္ဓေနဲ့ပြောမယ်ဆိုရင် ပုရေဇာတပစ္စယောဆိုတဲ့ သတ္တိနဲ့ ကျေးဇူးပြုတာ၊ နိဿယပစ္စယောဆိုတဲ့ သတ္တိနဲ့ ကျေးဇူးပြုတာ၊ သူ့ စွမ်းရည်သတ္တိ လေးတွေရှိတယ်၊ ဒီစိတ်ဟာ အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ဘူး၊ သူ့ရဲ့ အထောက် အပံ့ အကြောင်းတရားတွေ ရှိတယ်၊ ပုရေဇာတပစ္စယော၊ နိဿယပစ္စယော၊ အတ္ထိပစ္စယော၊ အဝိဂတ ပစ္စယော၊ အဲဒီသတ္တိတွေနဲ့ ကျေးဇူးပြုတာ။

ကြိုတင်ပြီးတော့ ဖြစ်နေတဲ့ စက္ခုပသာဒ ဝတ္ထုရုပ်လေးကို မှီပြီးတော့ စက္ခုဝိညာဏ် စိတ်လေးက ပေါ်ရတာ၊ သူနဲ့ ပြိုင်တူဖြစ်တာ မဟုတ်ဘူး၊ စက္ခုဝတ္ထုလေးက ကြိုတင် ပြီးတော့ ဖြစ်တာ၊ ကြိုတင် ဖြစ်လာတဲ့ စက္ခုဝတ္ထုလေးကို မှီပြီးတော့ စက္ခုဝိညာဏ် စိတ်က ဖြစ်ရတယ်၊ နောက် ပဉ္စဒွါရာဝဇ္ဇန်း စိတ်က ဟဒယဝတ္ထု ရုပ်ကို မှီပြီးတော့ ဖြစ်တယ်ဆိုတာလည်းပဲ သူနဲ့ ပြိုင်တူဖြစ်တဲ့ ဟဒယဝတ္ထုကို မှီတာ မဟုတ်ဘူး၊ ခုနက သဘောပေါက်ဖို့ရာက စက္ခုဝတ္ထု, သောတဝတ္ထု, ဃာနဝတ္ထု, ဇိဝှါဝတ္ထု, ကာယဝတ္ထုတွေကိုလည်း ကံက ထုတ်လွှတ်ပေး နေတာလို့ မှတ်ပါ။ စက္ကန့်မလပ် အသစ်တွေ ဖြစ်နေတာ၊ အဲဒီ အသက်ဖြစ်နေတဲ့ မြောက်များစွာသော ဝတ္ထုရုပ်တွေ ထဲမှာ ပြိုင်တူဖြစ်တာ တွေလည်း ရှိတယ်, ကြိုတင်ဖြစ်တာတွေလည်း ရှိတယ်, နောက်ကျပြီး ဖြစ်တာတွေလည်း ရှိတယ်၊ အဲဒီ ထဲမှာမှ ကြိုတင်ဖြစ်တာကိုသာ မှီတာဖြစ်သောကြောင့် ပုရေဇာတပစ္စယော၊ မှီရာအနေနဲ့ပဲ ကျေးဇူးပြုလို့ နိဿယ ပစ္စယော၊ ရှိနေတုန်း ကျေးဇူးပြုလို့ အတ္ထိပစ္စယော၊ မကင်းကွာခင် ကျေးဇူးပြုလို့ အဝိဂတ ပစ္စယောတဲ့၊ ဒီသတ္တိတွေနဲ့ ဘုရားဟောထားတာ။

မျက်စိမှာ လာပြီး ပေါ်လာတဲ့ အဆင်းအာရုံလေးကျတော့ အာရမ္မဏပစ္စယော၊ အဲဒီ အာရမ္မဏ ပစ္စယော ကလည်းပဲ သူစတင် မွေးဖွားတဲ့အချိန် ချက်ချင်းကြီး ဒီစိတ်ထဲမှာ ပေါ်လာတာ မဟုတ်ဘူး၊ စက္ခုဝိညာဏ်စိတ်က ရူပါရုံကို မြင်တယ်ဆိုတာ ချက်ချင်းကြီးမြင်တာ မဟုတ်ဘူး၊ ရူပါရုံလေးက ဘယ်အချိန်က မွေးဖွားလိုက်တာ တုန်း ဆိုတော့ မျက်စိ - စက္ခုပသာဒနနဲ့ ရူပါရုံလေး ဆုံလိုက်တဲ့ အချိန်ဟာ အတီတဘဝင်ဖြစ်တဲ့ အချိန်လေးနဲ့ သွားကိုက်နေတယ်၊ အတီတဘဝင်စိတ်လေး ဥပါဒ်တဲ့ အချိန်နဲ့ သွားကိုက်နေတယ်ဆိုတော့ စက္ခုဝိညာဏ်စိတ်က မဖြစ်နိုင်သေးဘူး အဲဒီအချိန်မှာ၊ အာရုံလေးနဲ့ မျက်စိနဲ့ ဆုံလိုက်တဲ့အချိန်မှာ အာရုံလေး မွေးဖွားပြီလို့ ဒီလိုမှတ်ရမယ်နော်၊ ရူပါရုံလေး မွေးဖွားလိုက်ပြီ၊ မွေးဖွားလိုက်ပြီးရင် အတီတဘဝင် စိတ်တစ်ခု လွန်သွားမယ်၊ ဘဝင်္ဂစလန စိတ်တစ်ခု လွန်သွားမယ်၊ နောက် ဘဝင်္ဂုပစ္ဆေဒ တစ်ခုလွန်သွားမယ်၊ ပြီးပြီဆိုတဲ့ အခါကျမှ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်တယ်၊ ဖြစ်ပြီး တော့မှ စက္ခုဝိညာဏ်စိတ်က အဲဒါကို အာရုံပြုရတာ ဖြစ်သောကြောင့် သူမဖြစ်နှင့်ခင် က ကြိုတင်ဖြစ်နေတာ ဖြစ်သောကြောင့် အဲဒီ အာရမ္မဏပစ္စယော ဟာလည်းပဲ ပုရေဇာတ အာရမ္မဏပစ္စည်း ဖြစ်တယ်၊ ကြိုတင်ပြီးတော့ ဖြစ်နေတဲ့ အာရုံကို အာရုံပြုရတာ၊ ပြီးတော့ အဲဒီ အဆင်းအာရုံလေး ရှိနေတုန်း ကျေးဇူးပြုတာ ဖြစ်သော ကြောင့် အတ္ထိပစ္စယော၊ မပျောက်ကွယ်ခင်ကျေးဇူး ပြုတာဖြစ်သောကြောင့် အဝိဂတ ပစ္စယောတဲ့၊ ပဋ္ဌာန်းပစ္စည်းအနေနဲ့ ဒီလိုဆက်သွားနေတာနော်။

ဒီတော့ အကြောင်းအကျိုး ဆက်သွယ်မှုဆိုတာ အလွန်ပင် ဆန်းကြယ်တယ်၊ ဒါတွေက တကယ် ကြည့်မယ်ဆိုရင် လူတွေရဲ့ ဘဝနဲ့လည်း ဆက်စပ်နေတယ်၊ လူတွေရဲ့ဘဝနဲ့ ဆက်စပ်နေသော်လည်း အလွန် သိဖို့ခက်တယ်၊ အလွန်သိဖို့ခက်တယ် ဆိုတာ လူနဲ့ နီးပြီးတော့ လူက ဘာလို့မသိလဲ?

ရှေးတုန်းက ဆရာတော်ကြီးတစ်ပါးတဲ့။ ရေကန်နားမှာ တံမြတ်စည်း လှည်းနေတယ်၊ အမတ်ကြီး တစ်ယောက်က ဆရာတော်ကြီးနား ရောက်လာတယ်၊ ရောက်လာပြီးတော့ “အရှင်ဘုရား- ဒီရေကန် ဘယ်နှစ်ပေ နက်တုန်း” မေးတယ်၊ ဆရာတော်ကြီးက “ငါမသိဘူး” တဲ့၊ အဲဒီတော့ “အရှင်ဘုရားနဲ့ နီးလို့ သိလိမ့်မယ် လို့ ထင်လို့ တပည့်တော်က မေးတာပါ” ဆိုတော့ “ နီးတိုင်း သိရရင် မင်းမှာ နှုတ်ခမ်းမွှေး ဘယ်နှစ်ပင်ရှိတုန်း” တဲ့။

လူတွေမှာက အဲဒီလို မဟုတ်ဘူးလား၊ နီးပေမယ့်လို့ သိချင်မှ သိတာ၊ ဒီတရားတွေက လူတွေရဲ့ သန္တာန်မှာ ဖြစ်တယ်ဆိုတော့ အလွန်နီးတဲ့ တရားတွေပဲ။ သို့သော် သိလား ဆိုတော့ မသိဘူး ဘာလို့ မသိလဲဆိုတော့ အလွန်နက်နဲတယ်၊ ကိုယ်နဲ့နီးပြီးတော့ မသိတာတွေ အများကြီးပဲ၊ ဒါကြောင့်မို့ သိအောင် ကြိုးစားကြရမယ်လို့ ဒီလိုပြောတာ။

အဲဒီတော့ စိတ်ဖြစ်ပုံနဲ့ ပတ်သက်ပြီးောတ့ အဓိကက အာရုံ ၆-ပါးရယ်၊ (အာရုံ ၆-ပါး နက်ဖန်ခါကျတော့ ထပ်ပြောမယ်၊) အခု ဒွါရ ၆-ပါးနဲ့ ဝတ္ထုရုပ် ၆-ပါး အကျဉ်းအားဖြင့် ထပ်ပြီးတော့ ပြောတယ်၊ အာရုံနဲ့ စိတ်နဲ့ ဘယ်လိုအလုပ်လုပ်တယ်၊ စိတ်ရဲ့ လုပ်ဆောင် ချက်တွေဟာ ဘာတွေရှိသလဲ ဆိုတဲ့ သဘောကို အာရမ္မဏသင်္ဂဟနဲ့ ကိစ္စသင်္ဂဟ နှစ်ခုတွဲဖက်ပြီးတော့ ပြောမယ်၊ သရုပ်တွေကိုတော့ သိပ်မပြောပါဘူး၊ မပြောဘူးဆိုတာ သရုပ်က စာအုပ်ကို ဖတ်လို့ရတယ်လေ၊ အဓိပ္ပါယ်က စာအုပ်ဖတ်ရင် နားလည်ချင်မှ နားလည်မှာပေါ့၊ ဒါကြောင့်မို့လို့ apply လုပ်တဲ့နည်း, အဓိပ္ပါယ်နားလည်ဖို့ အဓိက ထားပြီးတော့ ဟောတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် ဗုဒ္ဓမြတ်စွာ ဟောကြားတော် မူခဲ့တဲ့ စိတ်တရားဟာ မိမိတို့ရဲ့ သန္တာန်မှာ ဖြစ်သော်လည်း အလွန်သိဖို့ ခက်သည့် အတွက်ကြောင့် အလွန်လေးနက်တဲ့ တရားဖြစ်တယ်၊ ကိုယ်နဲ့နီးလျက်နဲ့ မသိတဲ့ တရား တွေကို သိရှိအောင် ကျင့်ကြံ ကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

အခန်း - ၃

စိတ်၏ အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ

ဘုန်းကြီးတို့ စိတ်ဖြစ်ပုံကို လေ့လာခဲ့ကြပြီ၊ စိတ်ဆိုတာ အဖြစ်တရား၊ အာရုံနဲ့ ဝတ္ထုတို့ ပေါင်းဆုံ မှုကြောင့် စိတ်တွေ ဖြစ်ပေါ်လာတယ်၊ အဲဒီလို ဖြစ်ပေါ်လာပြီးနောက် စိတ်တွေဟာ ဘာနဲ့ စခန်း သွားနေသလဲဆိုရင် အာရုံနဲ့ စခန်းသွားနေတယ်။ ဒီလို အာရုံနဲ့ စခန်းသွားတဲ့နေရာမှာ စိတ်တစ်မျိုးစီ တစ်မျိုးစီမှာ ဆောင်ရွက်တဲ့ ကိစ္စတွေ လည်း ကွဲပြားခြားနားမှုတွေ ရှိတယ်။ အဲဒီ အကြောင်းကို ဒီကနေ့ လေ့လာရမယ် “စိတ်ရဲ့အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ” တဲ့။

စိတ်လို့ ဆိုလိုက်ရင် အဘိဓမ္မာ သင်ထားတဲ့ ပုဂ္ဂိုလ်တွေက စိတ် ၈၉-မျိုး, အကျယ် ၁၂၁၊ စေတသိက် - ၅၂ ဆိုတာ သဘောပေါက်ပြီးသား ဖြစ်သွားပြီ။ ဒီနေရာမှာ စိတ် -၈၉ စေတသိက်- ၅၂ … အားလုံးကို ရည်ညွှန်းပြီးတော့ စိတ်ရဲ့အာရုံများလို့ ပြောတာ၊ အာရုံနဲ့ ဝတ္ထု ပေါင်းဆုံလိုက်သည့် အတွက်ကြောင့် လူတွေရဲ့သန္တာန်မှာ မှီရာဝတ္ထု ရုပ်ကနေပြီးတော့ စိတ်တွေဖြစ်ပေါ် လာကြတယ်။ အဲဒီ ဖြစ်ပေါ်လာတဲ့ စိတ်တွေဟာ ဘာနဲ့ အလုပ်လုပ်ကြသလဲ၊ ဘာနဲ့ ဆက်သွယ်နေကြသလဲဆိုတာကို သိဖို့ အင်မတန် အရေးကြီးတယ်။

စိတ်ဟာ အာရုံမရှိဘဲနဲ့ ဖြစ်ပေါ်လာရိုး ထုံးစံမရှိဘူး၊ စိတ်မှန်သမျှ ဆိုင်ရာအာရုံ ရှိနေကြတာချည်းပဲ၊ အာရုံမရှိတဲ့ စိတ်ရယ်လို့ မရှိဘူး၊ ဘယ်စိတ်ပဲဖြစ်ဖြစ် ဆိုင်ရာ အာရုံလေး တစ်ခု ရှိနေတယ်၊ အဲဒီစိတ်ရဲ့ အာရုံကို လောကရဲ့ အမည်နာမ တွေနဲ့ ပြောရင် ဆုံးနိုင်မှာ မဟုတ်လို့ မြတ်စွာဘုရားက အမည်နာမ ၆-မျိုးနဲ့ အာရုံ ၆-ပါးလို့ ဒီလို ဟောထားတာ။ အဘိဓမ္မာ သဘောအရ အမည်ပညတ် တင်လိုက်တဲ့အခါ အာရုံက ၆-ပါးပဲရှိတယ်။ စာလိုပြောရင် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံပေါ့ - အာရုံ ၆-မျိုး၊ အာရုံဆိုတဲ့ သဘောကို ရှင်းလင်းပြောခဲ့ပြီ၊ စိတ်ရဲ့ ပျော်မွေ့ဖွယ်ရာ၊ အဲဒီစိတ်ရဲ့ အာရုံ ပျော်မွေ့ရာက ၆-မျိုး။

ရူပါရုံဆိုတာ ဘယ်ဟာကို ခေါ်တာတုန်း ဆိုရင် “မျက်စိနဲ့ မြင်လို့ရတာ ရူပါရုံ”၊ မြန်မာလိုတော့ အဆင်းအာရုံလို့ ပြောရမယ်၊ မျက်စိနဲ့မှ မြင်လို့ရတယ်၊ မျက်စိမှာ ထင်ဟပ် ပေါ်လွင်နိုင်တယ်၊ တခြားနေရာမှာ ထင်ဟပ်ပေါ်လွင်နိုင်ခြင်း မရှိဘူး၊ အဲဒီ အာရုံမျိုးကို ရူပါရုံလို့ ဒီလိုသတ်မှတ်တယ်။ ရူပါရုံဆိုတာ ရုပ် ၂၈-ခုထဲက တစ်ခု တည်းသော ရုပ်ကလေးပဲ၊ ရုပ် ၂၈-ပါးလုံးကို မြင်ရတာမဟုတ်ဘူး၊ ရုပ်တစ်ခုတည်းပဲ မြင်ရတာ၊ ရူပလို့ခေါ်တဲ့ အဆင်းရုပ်ကလေး တစ်ခုပဲမြင်ရတယ်၊ အင်္ဂလိပ်လို ပြန်တဲ့အခါကျတော့ visible object လို့ အဲဒီလိုပြန်တယ်၊ form လို့လည်း ပြန်ကြတယ်၊ colour လို့လည်း ပြန်ကြတယ်။ ခြုံကြည့်လိုက်မယ်ဆိုရင် “ရူပ” ဆိုတာ မျက်စိဖြင့် မြင်လို့ရတဲ့ ရုပ်၊ မျက်စိမှာ ထင်လာလို့ရှိရင် စိတ်ကို ဖြစ်ပွားစေ နိုင်တဲ့ မြင်လို့ရတဲ့ရုပ်။

တချို့ ပုဂ္ဂိုလ်တွေက ရူပါရုံဆိုတာ အတွေးထဲမှာသာ ရှိတယ်၊ မျက်စိက မြင်တာတွေက အစစ် မဟုတ်ဘူး, အတွေးထဲမှာသာ ရှိတယ်လို့ ယူဆပြီး “ရူပါရုံဆိုတာ မရှိဘူး၊ စိတ်ရဲ့ ကြံစည်ချက် ဖန်တီးချက်များသာ ဖြစ်တယ်” လို့ ဒီလိုပြောကြတယ်။ မြတ်စွာဘုရားက ရူပါရုံဆိုတာ ရှိတယ်လို့ ဟောထားတယ်။

နယ်သာလန်နိုင်ငံမှာ ဘုန်းကြီးတို့ အဘိဓမ္မာ ပို့ချတော့ Psychology ယူထားတဲ့ Dr တစ်ဦး အဘိဓမ္မာ လာတက်ဖူးတယ်၊ လာတက်တဲ့အခါ စာသင်ဖော် စာသင်ဖက် အချင်းချင်း ဘာပြောတုန်းဆိုတော့ “ရူပါရုံဆိုတာ စိတ်ရဲ့ ထင်မြင်ချက်မျှသာ ဖြစ်တယ်၊ စိတ်က ဖန်တီးယူတာ၊ ဥပမာ- ပန်းလို့ ယူလိုက်လို့ ရှိရင် ဒါ စိတ်က ဖန်တီးယူတာပေါ့၊ တကယ်မဟုတ်ဘူး၊ စိတ်ရှိလို့သာ ဒါတွေ ရှိနေတယ်၊ ရူပါရုံဆိုတာ မရှိဘူး” သူ့အမြင်ကို ပြောတော့ ဘေးကလူတွေက ရှင်းပြပေမယ့် သူလက်မခံဘူး၊ လက်မခံတဲ့ အတွက်ကြောင့် “ဆရာတော် ဒါကို ရှင်းပြပါဦး” လို့ တောင်းဆို ကြတယ်။ “မဟုတ်ဘူး၊ စိတ်ကူးတယ် ဆိုတာ နောက်မှ ကူးတာ၊ မျက်စိက မြင်လို့ ရတဲ့အရာဆိုတာ ရှိတယ်၊ Can be seen ဒီလို ရှင်းပြခဲ့တယ်။ ရူပါရုံမရှိဘူး ဆိုတာပေါ့၊ မြင်လို့ရတဲ့အရာ၊ The object can be seen. မြင်လို့ရတဲ့ အရာဆိုတာရှိတယ်။ ဘာကြောင့်ရှိတယ်လို့ ပြောလို့ရှိရင် Can be heard ဆိုတာနဲ့ တခြားစီဖြစ်လို့ပဲ။ နားကကြားလို့ရတယ်ဆိုတာနဲ့ မျက်စိက မြင်လို့ရတယ်ဆိုတာနဲ့ တူသလား၊ မတူဘူးလား၊ မတူဘူး၊ နားနဲ့မှ ကြားလို့ရတဲ့ Can be heard ကြားလို့တယ်ဆိုတဲ့ အသံရုပ် ရှိသလိုပဲ, Can be seen မျက်လုံးနဲ့သာ မြင်လို့ရတဲ့ရုပ် ရှိတာပေါ့” လို့။ “မြင်တဲ့စိတ်ကို စက္ခုဝိညာဏ်လို့ ခေါ်တယ်” ဆိုတော့မှ သူက တွေးပြီး စဉ်းစား သွားတယ်။

ဘယ်အယူအဆတွေက သူ့ကို လွှမ်းမိုးနေသလဲဆိုရင် “ယောဂါစာရ system” အယူအဆတွေ လွှမ်းမိုးနေတာ၊ ယောဂါစာရ school ဆိုတာ မဟာယာန အသိုင်းအဝိုင်းမှာ ရှိတယ်၊ အဲဒီ အယူအဆက ဘာတုန်းဆိုတော့ “ဝိညတ္တိ မတြတာ” အယူအဆ စိတ်သာ အရှိတရား၊ ကျန်တာ တွေက စိတ်က ဖန်တီးထားတာ၊ စိတ်တစ်ခုတည်းကိုပဲ လက်ခံတယ်၊ ရုပ်တွေက စိတ်ရဲ့ဖန်တီးချက် တွေ ဆိုပြီးတော့ လက်မခံဘူး၊ အဲဒီယောဂါစာရကျမ်းအရ ဝိညတ္တိမတြာ ဝိညာဏ်မျှသာရှိတယ်၊ အသိစိတ်မျှသာ ရှိတယ်၊ ကျန်တဲ့ အရာတွေက စိတ်ရဲ့ဖန်တီးချက်မျှသာ ဖြစ်တယ် ဒီလိုယူဆတဲ့ စာတွေကို သူက ဖတ်ထားပြီး အဲဒါနဲ့ ထေရဝါဒ အဘိဓမ္မာ သွားရောတယ်။ မျက်စိက မြင်ရတယ် ဆိုတာ တကယ်ရှိတာ မဟုတ်ဘူး၊ အဲဒီလိုပြောတယ်၊ ပြောတော့ အများရဲ့ အယူအဆနဲ့ မတူမညီ ဖြစ်တယ်။

မြတ်စွာဘုရားဟောတဲ့ တရားတော်မှာ ရူပါရုံဆိုတာ ရုပ် ၂၈-ပါး ထဲမှာ ပါဝင်တဲ့ ရုပ်ကလေးတစ်ခုပဲ။ ရူပဆိုတဲ့ အဆင်းရုပ်ကလေး တစ်ခုကိုပြောတာ၊ ကျန်တဲ့ရုပ်တွေ ကို မျက်စိနဲ့မြင်လို့ရတာ မဟုတ်ဘူး၊ သူ့ကို ရှင်းပြတဲ့အခါကျတော့ ဒီရုပ်ဟာ The material quality can be heard - can be heard ကနေပြီးတော့ ဆန့်ကျင်ဘက် မတူညီတဲ့ The material quality can be seen ကြည့်လို့ရတဲ့ ရုပ်ဆိုတာ ရှိကိုရှိတယ်၊ အသံကိုတော့ သူ မငြင်းရဲဘူးလေ၊ ဘာဖြစ်လို့တုန်းဆိုတော့ အသံရှိတယ် ဆိုတာ ထင်ရှားနေတော့ ငြင်းလို့မရဘူး၊ အနံ့ရှိတယ် ဆိုတာလည်း ငြင်းလို့မရဘူး၊ မျက်စိက မြင်တဲ့ရုပ်တော့ သူကငြင်းတယ်၊ အဲဒီလို ပြောလိုက်တဲ့ အခါကျတော့မှ သူက ဆက်မပြောတော့ဘူး၊ ရပ်သွားတယ်၊ သဘောကျလား မကျလားတော့ မပြောဘူး။

သတိထားရမယ့်
အချက်တစ်ခု

စာမျိုးစုံဖတ်တဲ့ ပုဂ္ဂိုလ်ဟာ တစ်ခါတစ်ရံကျတော့ အန္တရာယ် ရှိတယ်၊ အန္တရာယ်ဆိုတာ အတွေးမျိုးစုံနဲ့ ရေးထားတဲ့ စာတွေပေါ့။ ဘာသာတရားကို လေ့လာတယ် ဆိုတဲ့နေရာမှာ မှန်ကန်တဲ့ တင်ပြချက် တွေကို လေ့လာရင် အကြောင်းမဟုတ်ဘူး။ မမှန်မကန် ဟောပြောချက်တွေကို လေ့လာမိလို့ မိမိက စာလည်း မစုံသေးဘူး, အတွေးအခေါ် ရင့်သန်မှုလည်း မရှိသေးဘူးဆိုရင် လွဲမှားသွားနိုင်သေးတယ်။ ဒါလည်း သတိထားရမယ့် အချက်တစ်ခုပဲ၊ စာမစုံသေးရင် အရှိကို မှတ်ထားဖို့ လိုသေးတယ်၊ တကယ့် မူရင်းကျမ်းက ဘယ်လိုဆိုတယ် ဆိုတာ မှတ်သားထား ရမယ်။ သဘောမကျသေးရင် သဘော ကျအောင် ကြံစည်ရမယ်၊ ဒီလိုမှ မဟုတ်ရင် မှန်ကန်တဲ့ လမ်းကြောင်းက လွဲထွက်သွားနိုင်တယ်။ အဲဒီတော့ ရူပဆိုတဲ့ “စက္ခုဝိညေယျာ” မျက်စိဖြင့် မြင်ပြီးတော့ သိရတဲ့ရုပ် ဆိုတာကို ရှိတယ်ပေါ့။

ဘုန်းကြီးတို့တတွေလည်း အကယ်၍ မျက်စိပျက်သွားပြီ ဆိုလို့ရှိရင် ကိုယ့်ရဲ့မျက်စိနဲ့ မြင်ပြီးတော့ ကြည့်လို့ရတဲ့ ရုပ်မျိုး ကိုယ့်မျက်စိမှာ လာပြီး ထင်ဟပ်တာ မရှိသည့် အတွက်ကြောင့် ကိုယ့်မှာ စက္ခုဝိညာဏ်စိတ် ဖြစ်ဖို့ အခွင့်အလမ်း မရှိတော့ဘူးပေါ့။ ဒါကြောင့် ရူပဆိုတဲ့ အဆင်းရုပ်ကလေးဟာ မျက်စိနဲ့ မြင်ရတဲ့ အဆင်းရုပ်ကလေးတဲ့၊ “သနိဒဿန - မြင်အပ်တဲ့ သဘောနဲ့တကွ ဖြစ်တဲ့ရုပ်” လို့ အဘိဓမ္မာမှာ ဒီလိုဆို ထားတယ်၊ အဲဒီမျက်စိနဲ့ မြင်ရတဲ့ အဆင်းအာရုံ ကလေးကို ရူပါရုံလို့ ခေါ်တယ်။

နောက်တစ်ခုက သဒ္ဒါရုံ - အသံရုပ်ကလေး၊ ရူပါရုံဆိုတဲ့ အဆင်းရုပ်သည် နေရာတကာမှာ ရှိတယ်၊ ရုပ်အားလုံးမှာ ဖွဲ့စည်းပါဝင်နေတယ်၊ ရုပ်ပိုင်းလေ့လာတဲ့ အခါတုန်းက ရုပ်ဟာ unity of eight ပဲ၊ အနည်းဆုံး ရုပ်ရဲ့ unit ဟာ ၈-ခုနဲ့ ဖွဲ့စည်းထားတာ။ စာပေက အဋ္ဌကလာပ်ရုပ် ၈-ခုလို့ ဒီလို ပြောတာနော်၊ အဲဒီအထဲမှာ ရူပဆိုတဲ့ အဆင်းရုပ်ကလေး ပါတယ်ပေါ့။ နည်းနည်း မှတ်မိအောင် ပြန်ပြောရမယ် ဆိုရင် မဟာဘုတ် ၄-ပါး ရှိတယ်၊ မျက်စိနဲ့ မြင်လို့ ရတာလေးက ရူပ၊ နှာခေါင်းနဲ့ သိလို့ ရတာလေးက ဂန္ဓ၊ လျှာနဲ့သိလို့ ရတာလေးက ရသ၊ နောက်ပြီးတော့ အဆီသြဇာလို့၊ အဲဒါတွေ ပေါင်းလိုက်တဲ့အခါ အဝိနိဗ္ဘောဂရုပ် ၈-ခု ဖြစ်တယ်။ indivisible ခွဲလို့ မရဘူးလို့ ဆိုလိုတယ်၊ ရုပ်ဆိုတာ အနည်းဆုံး ဒီ ၈-ခု ပေါင်းနေတာ။

ဘာဖြစ်လို့ ၈-ခုလို့ ပြောတာတုန်းဆိုတော့ function တွေ မတူဘူးပေါ့၊ အဲဒီ သဘောလေးကို ကြည့်ပေါ့။ အနံ့နဲ့အရသာ တူမှ မတူတာ၊ အနံ့က ဘာတုန်းဆိုရင် ဃာနဝိညာဏ်စိတ်ဖြင့်သာ သိရတယ်၊ ဃာနပသာဒဖြင့်သာ ရယူနိုင်တယ်။ အရသာ ကျတော့ နှာခေါင်းနဲ့သိလို့ ရသေးလား၊ လျှာနဲ့ထိ၍ ဇိဝှါဝိညာဏ်စိတ်နဲ့မှ သိနိုင်တယ်၊ သဏ္ဌာန်ချင်းက ကွာသွားတယ်လေ၊ အဲဒီလို သူ့ရဲ့ ပုံပန်းသဏ္ဌာန်ချင်း မတူညီတဲ့ အချက်ကလေးတွေကို ကြည့်ပြီး ကိစ္စလေးတွေ သဘာဝလေးတွေ လက္ခဏာလေးတွေ (characteristic) က တစ်ခုစီ တစ်ခုစီမို့ ရုပ်၈-ခုလို့ ပြောတာ။ မတူညီတဲ့ သဘာဝလေးတွေကို ကြည့်ပြီးတော့ ပြောတာ။

အဲဒီရုပ် ၈-ခုထဲမှာ ဒီရူပဆိုတဲ့ အဆင်းရုပ်က ပါနေတယ်၊ သို့သော် သဒ္ဒဆိုတဲ့ အသံရုပ်က မပါဘူး၊ အဋ္ဌကလာပ် ရုပ်၈-ခုထဲမှာ အသံရုပ် မပါဘူး၊ ဒါဖြင့် သဒ္ဒဆိုတဲ့ အသံရုပ်က ဘယ်မှာရောက်နေ တာတုန်း ဆိုတော့ သဒ္ဒဆိုတဲ့ အသံရုပ်က ပစ္စုပ္ပန်အကြောင်းကို ငဲ့ပြီးတော့မှ ဖြစ်ပေါ်လာတဲ့ရုပ် ဖြစ်တယ်၊ ဖွ့ဲစည်းထားလို့ရတဲ့ ရုပ်မျိုး မဟုတ်ဘူး။

ဒါနဲ့ပတ်သက်ပြီးတော့ Germany နိုင်ငံ မြို့နားက World House ဆိုတဲ့ နေရာမှာ အဘိဓမ္မာသင်တန်း ၂-ကြိမ် ပို့ချဖူးတယ်၊ အဲဒီလို ပို့ချတုန်းက အဘိဓမ္မာသင်တန်း လာတက်တဲ့ ဂျာမန် တစ်ယောက်က ဒီအဋ္ဌကလာပ်ရုပ် ၈-ခုထဲကို ဘာလို့ သဒ္ဒ မပါတာတုန်း ဆိုပြီးတော့ argument လုပ်ဖူးတယ်။ သဒ္ဒရုပ် ပါသင့်တယ်တဲ့။ သူက ဘာနဲ့သွားရောတုန်း ဆိုတော့ cassette တို့ ဘာတို့ အသံဖမ်းပြီးတော့၊ အသံတွေ ရှိနေတယ်ပေါ့။ အဲဒါကြောင့် မို့လို့ ရုပ်တွေ ဖွဲ့စည်းတဲ့အထဲမှာ အသံရုပ်လည်း ရှိရမယ်လို့ သူက ယူဆတယ်။

အဲဒါကို ဘုန်းကြီးတို့က ဥပမာနဲ့ ရှင်းပြရတယ်၊ စောင်းဥပမာနဲ့ ရှင်းပြတယ်, စည် ဥပမာနဲ့ ရှင်းပြတယ်, piano တို့ ဒါတွေနဲ့ ရှင်းပြတော့ ‘မင်း piano ထဲမှာ အသံရှိနေသလား’ ဆိုတော့ သူစဉ်းစားလာတယ်၊ တီးခတ်တဲ့ အခါကျမှ အသံပေါ် လာတာ၊ ဒီထဲမှာ အသံကို stored လုပ်ထားတာ မရှိဘူး။ အဲဒီတော့ လူရဲ့ တီးခတ်မှုကြောင့် ဖြစ်လာတယ်၊ မီးခြစ်ထဲမှာ မီးမရှိဘူး၊ possibility အနေနဲ့သာ ရှိနေတာ၊ အကြောင်းဆုံစည်းတဲ့အခါ ကျမှ ပေါ်လာတာ။ အသံဟာလည်းပဲ ထို့အတူပဲ။ မီးခြစ်ဘူးက ခြစ်လိုက်လို့ မီးတောက်ကလေး ပေါ်လာသလိုပဲ အသံကလည်း စိတ်ဆိုတဲ့ အကြောင်း, ဥတုဆိုတဲ့အကြောင်း တစ်ခုခုနဲ့ ရိုက်ခတ် လိုက်မှ ပေါ်လာတာပါလို့ ရှင်းပြရတယ်။ နောက်ပိုင်းမှာ သူသဘောကျသွားတယ်၊ စာပေဆိုင်ရာ မေးခွန်းတွေပဲ မေးတော့တယ်၊ ခုနက cassette တို့ radio တို့ဆိုတဲ့ အသံတွေက ဖမ်းထားပြီးတော့ ပြန်လွှင့်တဲ့ အသံတွေ၊ ဒါတွေက secondary တွေပဲ။ primary မဟုတ်ဘူး၊ ဖြစ်ပြီးတော့မှ ထိန်းထားတဲ့ အသံတွေ ဖြစ်တယ်၊ မူလက ရှိနေတဲ့ အသံ မဟုတ်ဘူး၊ ခုနက အဆင်းတို့ ဘာတို့ဆိုတာ မူလက ရှိနေတာ။

အဲဒီတော့ အသံဆိုတာ အဘိဓမ္မာမှာ “သဒ္ဒေါ စိတ္တော တုဇော” “စိတ် ဥတု ၂-မျိုးကြောင့် ဖြစ်တယ်ဆိုတော့ စိတ်ကြောင့်” ဖြစ်တဲ့ အသံရှိတယ် - စိတ္တဇသဒ္ဒ၊ ဥတုကြောင့်ဖြစ်တဲ့ အသံရှိတယ် - ဥတုဇသဒ္ဒ၊ အဲဒီလို စိတ် ဥတု ဆိုတဲ့ ပစ္စုပ္ပန် အကြောင်းတရားတွေကို အမှီပြုပြီးတော့ အသံဆိုတာ ထွက်ပေါ်လာတာပဲ၊ ဘယ် နေရာကို ကြည့်လိုက် ကြည့်လိုက် အသံထွက်နိုင်တဲ့နေရာဆိုရင် သူ့အင်အား အလိုက် ဖြစ်တာပဲ၊ သံချောင်း တစ်ချောင်းနဲ့ တစ်ချောင်း တီးလည်း အသံထွက်တာပဲ၊ သံချောင်းနဲ့ နံရံတစ်ခု ခေါက်လည်း အသံထွက်တာပဲ၊ အဲဒီလို အသံဆိုတာ တစ်ခုနဲ့ တစ်ခု ရိုက်ခတ်လို့ ပေါ်လာတဲ့အရာမျိုး ဖြစ်တယ်လို့ဆိုတော့ သဘောပေါက် သွားတယ်။ အဲဒီလို ထွက်လာပြီးတော့မှ ထိန်းလို့ရတယ်ပေါ့၊ ထွက်လာပြီးတော့ ထိန်းထားလို့ရှိရင် ဥတုဇသဒ္ဒ လို့ ခေါ်တယ်။

အေး ကောင်းပြီ - သဒ္ဒဆိုတဲ့ ရုပ်ဟာ to be heard ကြားလို့ရတယ်၊ can be heard နားထောင်လို့ရတယ်၊ နားနဲ့ပဲ ဆက်သွယ်ပြီးတော့ သောတဝိညာဏ်စိတ်နဲ့ပဲ သိနိုင် တယ်၊ ကျန်တဲ့ စိတ်နဲ့ သိလို့မရဘူး၊ ခုနက မြင်လို့ရတာနဲ့ တခြားစီ ဖြစ်သွားပြီပေါ့။

နောက်အာရုံတစ်ခုက ဃာနပသာဒ လို့ဆိုတဲ့ နှာခေါင်းကို အသုံးချပြီး သိရတဲ့ အာရုံမျိုး၊ အဲဒါကို ဂန္ဓာရုံ - အနံ့အာရုံပေါ့၊ အဲဒီ အနံ့အာရုံက ဃာနပသာဒနဲ့ ဆက်သွယ် ပြီးတော့မှ ဃာနဝိညာဏ်စိတ်နဲ့ပဲ သိနိုင်တယ်၊ ဂန္ဓာရုံက စက္ခုဝိညာဏ်စိတ်နဲ့ သိရတဲ့ အဆင်း အာရုံနဲ့လည်း မတူဘူး၊ မတူဘူး ဆိုတာကိုလည်း ကိုယ့်ဟာကို လက်တွေ့ ကြည့်လို့ ရတာပဲ။ နေ့စဉ်နဲ့အမျှ ကြုံတွေ့ နေတာပဲ၊ အနံ့ရတယ် ဆိုရင် နှာခေါင်းနဲ့ပဲ သိရတာ။ မျက်လုံးနဲ့ကြည့်လို့ ရတာမှ မဟုတ်တာ၊ နှာခေါင်းနဲ့ ရှူကြည့်မှ အနံ့ဆိုတာ သိတာလေ။

ထို့အတူပဲ ရသာရုံတဲ့၊ လျှာနဲ့ ထိတွေ့ပြီးတော့မှ ဇိဝှါဝိညာဏ်စိတ်နဲ့သာ သိလို့ရတဲ့ အာရုံမျိုး၊ ဒါလည်း ခုနဟာတွေနဲ့ မတူဘူး၊ ထူးခြားတယ်၊ ရသာရုံဆိုတာ ဥပမာ-မျက်စိနဲ့ မှတ်ထားတဲ့ သညာနဲ့တော့ ကြည့်လို့ရတာပေါ့၊ ဆားမြင်လိုက်ရင် ငန်မှာပဲ ဆိုတာ၊ ဒါက အတွေ့အကြုံနဲ့ သိတာ၊ သံပုရာသီးမြင်ရင် ချဉ်မှာပဲ လို့ဆိုပြီး အတွေ့အကြုံနဲ့ သိနေတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ချဉ်တဲ့ သံပုရာသီးတွေချည်း တွေ့တာကိုး၊ ငြုပ်သီးမြင်တာနဲ့ စပ်နေပြီ၊ ဇီးဖြူသီး မြင်တာနဲ့ သွားရေကျကုန်ပြီ၊ ဘာဖြစ်လို့တုန်း ဆိုတော့ အတွေ့အကြုံနဲ့ ပြောနေတာ၊ အဲဒါတွေက အတွေ့အကြုံနဲ့ တွေးကြည့်ပြီး ဖြစ်တဲ့ဟာတွေနော်၊ ဒါကြောင့်မို့ ရသာရုံဆိုတာ တစ်ခါမှ မစားဖူးတဲ့ အစာအာဟာရဆိုရင်, တစ်ခါမှ မမြင်ဖူးတဲ့ အသီးဆိုရင် ဒါလေးက ကောင်းတယ် မြည်းကြည့်ပါလားဆို မြည်းကြည့်မှ သိတာ မဟုတ်လား၊ မျက်စိနဲ့ ကြည့်ရုံနဲ့ အရသာကို မသိနိုင်ဘူးတဲ့၊ ဒါလည်း အင်မတန် ထင်ရှားတဲ့ အချက်ပဲ။

နောက် ဖောဋ္ဌဗ္ဗာရုံ၊ ဖောဋ္ဌဗ္ဗာရုံဆိုတာ ခန္ဓာကိုယ်ကို လာထိပြီးတော့မှ သိရတဲ့ဟာတွေ၊ ဖောဋ္ဌဗ္ဗာရုံ ဆိုတာ ပထဝီ ဆိုတဲ့ ခက်မာမှု နူးညံံ့မှု, မာတယ် ပျော့တယ်ဆိုတဲ့ သဘော၊ ကြမ်းတမ်းတယ် နူးညံ့တယ်ဆိုတဲ့ သဘော၊ တစ်စုံတစ်ခုကို စမ်းကြည့်လို့ ပျော့သလား မာသလား သိချင်လို့ရှိရင် လူရဲ့ intention အတိုင်းပဲ ပျော့တယ် မာတယ်ကို သိတယ်ပေါ့။ ဒါ ပထဝီကို စမ်းမိတယ်လို့ ပြောတယ် - အဲဒါ ဖောဋ္ဌဗ္ဗာရုံပဲ၊ ကိုယ်နဲ့ပဲ စမ်းသပ်ကြည့်ရတာ၊ မျက်စိကနေ ကြည့်လို့မရဘူး၊ တစ်ခါတလေ ပန်းကလေးက လှ တယ်ဆိုရင် “သြော် ဒီပန်းကလေးက ပျော့ပျော့လေးလား ပန်းအစစ်လား ပလတ်စတစ် ပန်းကြီးလား” ဆိုတာ ကိုင်ကြည့်ရသေးတာ၊ ကိုင်ကြည့်ရင် လက်ရဲ့ အကူအညီနဲ့ သိသွားတယ်၊

ဒါကတော့ အစစ်၊ ဒါကတော့ ပိုးစလေးပဲ လို့ ပြောလို့ရတာပေါ့၊ အဲဒီတော့ တစ်ခါ တလေ မျက်စိက ဆုံးဖြတ်လို့မရဘူး၊ ကာယပသာဒနဲ့ သိရမယ့် ကိစ္စကျတော့ ခန္ဓာကိုယ်နဲ့ ထိကြည့်မှပဲ သိတော့မယ်၊ အဲဒီတော့ အပျော့လား အမာလား သိချင်လို့ ရှိရင်တော့ ပထဝီ ဆိုတဲ့ သဘောကို တွေ့လိမ့်မယ်။ တစ်ဖန် ပူသလား အေးသလားကို သိချင်တယ်ဆိုရင် တေဇောဆိုတာ တွေ့ရလိမ့်မယ်။ လှုပ်ရှားမှု တွန်းကန်မှု ရှိသလား ဆိုတာကို သိချင်လို့ရှိရင် ဝါယောရဲ့ သဘောကို သိရတယ် လို့ဆိုတော့ ပထဝီရယ် တေဇောရယ် ဝါယောရယ် ဟောဒီ ၃-မျိုးဟာ ကာယပသာဒနဲ့ ဆက်သွယ် ထိပြီးတော့မှ ကာယဝိညာဏ်စိတ်နဲ့ သိရတဲ့အရာတွေ ဖြစ်တယ်၊ ဒါလည်း အာရုံ တစ်ခုပဲ။

နေ့စဉ်နဲ့အမျှ လူတွေဟာ ဒီအာရုံတွေနောက် လိုက်နေကြတာ၊ လူတွေရဲ့စိတ်ဟာ ဘယ်အာရုံနဲ့ ပျော်နေတုန်း ဆိုတော့ အမြင်အာရုံနဲ့ ပျော်တယ်၊ အသံအာရုံတွေနဲ့ ပျော်တယ်၊ အသံဆို အမျိုးစုံ လုပ်ပြီး ပျော်တယ်လေ။ ရိုးရိုးတန်းတန်း အသံမှာ မပျော်ရတဲ့အခါကျတော့ Hip Hop ဆိုတဲ့ အသံနဲ့ ပျော်တယ်၊ လူ့စိတ်ဟာ တော်တော် ဆန်းတယ်၊ “ဂျိမ်းဂျိမ်း” ဆိုတာမှ နားထောင်ချင်တယ်၊ အဲဒီလို လူရဲ့စိတ်ဟာ မျက်စိနဲ့မြင်ရတဲ့ အာရုံနဲ့ ပျော်တယ်၊ အမျိုးမျိုးကြည့်တယ်၊ အမျိုးမျိုး ဖန်တီးယူတယ်၊ ကြည့်လေ - ဒီဇိုင်းတွေ ထုတ်လို့ကို မလောက်ဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ ဒီအဆင် ကလေးက လှတယ်၊ ဒီအကွက်ကလေးက လှတယ်၊ ဒီ ဒီဇိုင်းကလေးက လှတယ်နဲ့ ဆိုပြီးတော့ ဒီဇိုင်းလှတာကို လိုက်ရှာပြီးတော့ မျက်စိက ကြိုက်တဲ့အရောင် လိုက်ရှာ နေတာ၊ အရောင်ဆို အမျိုးမျိုး စပ်ပြီးတော့၊ ဒီအရောင်က အနီရဲကြီး, မကြိုက်ဘူး၊ အနီလေးနဲ့ ဘာလေးနဲ့ စပ်ထားမှ၊ စပ်တဲ့ အရောင်တွေ လိုက်ရှာ၊ ဆုံးကို မဆုံးနိုင်ဘူး၊ ဒီအာရုံတွေပေါ်မှာ လိုက်စားနေပုံကိုကြည့်၊ အသံဆိုရင်လည်း အမျိုးမျိုး၊ ရိုးရိုးအသံ ဆိုရင် နားမထောင်ချင်ဘူး၊ ခုန “ဂျောင်းဂျောင်း ဂျိမ်းဂျိမ်း” အသံဆိုရင် တစ်ကိုယ် လုံးတောင် လှုပ်လာလိမ့်ဦးမယ်၊ ခေါင်းကလေးတွေငြိမ့်၊ ခေါင်းငြိမ့်ရုံတင် မကဘူး၊ တစ်ကိုယ်လုံးတောင် ရမ်းထွက်လာတယ်။

ထို့အတူပဲ ရသာရုံနဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုးသော အစားတွေ တီထွင်ကြတယ်၊ ဟို ဟိုတယ်က တစ်မျိုး၊ ဒီ ဟိုတယ်က တစ်မျိုး၊ ဒီစားသောက်ဆိုင်က တစ်မျိုး၊ ဟို စားသောက်ဆိုင်က တစ်မျိုး၊ အိမ်က ထမင်းဟင်းနဲ့ မလုံလောက်လို့ ကြေးအိုးတို့ ဘာတို့ ဒါတွေကလည်း တစ်မျိုး၊ အဲဒီလို ရသာရုံ နောက်လိုက်ရ၊ ရသာစုံ အမျိုးမျိုးကို ခံစားတာ၊ လူ့ရဲ့စိတ်တွေ ဆန်းပြားပုံကို ပြောပါတယ်၊ အာရုံတွေနဲ့ သွားလာပုံကိုကြည့်၊ ဖောဋ္ဌဗ္ဗာရုံ ဆိုလို့ရှိရင်လည်း ဝတ်ထားတဲ့အဝတ်ရဲ့ နူးညံ့မှု အေးမှု အထိအတွေ့ ကောင်းမှု၊ နေရာထိုင်ခင်းတွေ ဆိုလို့ရှိရင်လည်း settee တို့ အိပ်ရာတို့ ဆိုဖာတို့ ကောင်းတာ မကောင်းတာ၊ ဒါတွေကို ကြည့်ပြီး လူတွေက ခန္ဓာကိုယ်နဲ့ ထိတွေ့ အာရုံခံစားမှု ဆိုတာတွေနဲ့ အချိန်ကုန်နေတယ်ဆိုတာ စဉ်းစားကြည့် လိုက်စမ်းပါ။

တစ်ကမ္ဘာလုံးဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗရုံ နောက် လိုက်နေတယ်ဆိုတာ မထင်ရှားဘူးလား။ အမျိုးအမည်တွေ ဘယ်လောက်ပြောပြော ဒီ ၅-မျိုးပဲ မဟုတ်လား၊ ဒီ ၅-မျိုးပဲ ရှိတာပဲ။ နာမည်တွေ ဘယ်လိုပေးထားထား မဆုံးနိုင်အောင်၊ Super Market ထဲဝင်လိုက်လို့ နာမည်တွေ ဘယ်လိုပေးနေ ပေးနေ ချုံ့ကြည့်လိုက်လို့ရှိရင် ဟောဒီအာရုံ ၅-ပါးပဲ။

နောက်ထပ်အာရုံတွေ ကျန်သေးလား လို့ဆိုရင် ကျန်သေးတယ်၊ ဓမ္မာရုံ တဲ့၊ ကျန်တာ တွေကို ဓမ္မာရုံ ဆိုပြီးတော့ မြတ်စွာဘုရားက စုပြီး သဘာဝအာရုံ အနေနဲ့ ဟောထား တာ။ ဘာဖြစ်လို့တုန်းဆိုရင် မျက်စိနဲ့လည်း မြင်လို့ မရဘူး၊ နားနဲ့လည်း နားထောင်ပြီး တော့ ကြည့်လို့ မရဘူး၊ နှာခေါင်းနဲ့လည်း နမ်းရှူကြည့်လို့ မရဘူး လျှာနဲ့လည်း လျှက်ကြည့်လို့ မရဘူး၊ ခန္ဓာကိုယ်နဲ့လည်း ထိပြီးတော့ ကြည့်လို့ မရဘူး၊ ဒီလို အာရုံမျိုးတွေကလည်း ရှိသေးတယ်၊ ဒီအာရုံတွေကို အားလုံး ဓမ္မာရုံဆိုပြီးတော့ အကုန် ထည့်ထားတယ်၊ ပေါင်းလိုက်တော့ အာရုံ ၆-ပါး ပေါ့။

ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ အာရုံ ၅-ပါး ကတော့ များသောအားဖြင့် လောဘ ဒေါသ မောဟ ဖြစ်စရာ အာရုံတွေချည်းပဲ များပါတယ်။ ကာမဂုဏ်အာရုံ လို့ခေါ်တယ်၊ ကာမဂုဏ် အာရုံတွေပဲ များတယ်၊ ဓမ္မာရုံဆိုတဲ့ အထဲမှာတော့ အင်မတန် လေးနက်တဲ့ သဘာဝတရားတွေ ပါနေတယ်။

ဥပမာ - နိဗ္ဗာန်ဆိုတာ ဒီဓမ္မာရုံထဲမှာ ပါတယ်၊ စိတ်နဲ့ သိရတယ်၊ နိဗ္ဗာန်ဆိုတာ မျက်စိနဲ့ မြင်လို့ မရဘူး၊ နားနဲ့ နားထောင်ကြည့်လို့ မရဘူး၊ နှာခေါင်းနဲ့ နမ်းရှူကြည့်လို့ မရဘူး၊ လျှာနဲ့ လျှက်ကြည့်လို့ မရဘူး၊ ခန္ဓာကိုယ်နဲ့ ထိကြည့်ချင်လို့ မရဘူး၊ အင်မတန် သိမ်မွေ့တဲ့စိတ် အင်မတန် အဆင့်မြင့်တဲ့ အသိဉာဏ် ဦးစီးတဲ့ စိတ်နဲ့သာ သိနိုင်တယ်၊ အဲဒီအာရုံတွေ အားလုံးကို ဓမ္မာရုံလို့ ခေါ်တယ်။

စာပေအရ ပြောမယ်ဆိုရင် ဓမ္မာရုံကို ၆-အုပ်စု ခွဲပြီး ပြောထားတယ်၊ ဒါ မှတ်လို့ လွယ်အောင် ပြောတာပါ၊ ပသာဒရုပ် ၅-ခု၊ သုခုမရုပ် ၁၆-ခု၊ ပသာဒရုပ် ၅-ခုဆိုတာ အာရုံတွေ လာထိရာ ဖြစ်တဲ့ မျက်စိအကြည်၊ နားအကြည်၊ နှာအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်ဆိုတဲ့ အကြည်နဲ့ ပတ်သက်တဲ့ ရုပ်တွေ၊ သူခုမရုပ်ဆိုတဲ့ သိမ်မွေ့ပြီး တွေ့ထိစမ်းသပ်လို့ မရတဲ့ သိဖို့ခက်ခဲ့တဲ့ရုပ် ၁၆-ခု ရယ်၊ အဲဒါတွေဟာ ဓမ္မာရုံပဲ။

နောက်တစ်ခု - စိတ်အားလုံးဟာ ဓမ္မာရုံထဲမှာ ပါတယ်၊ စိတ်ကလည်း စိတ်ရဲ့အာရုံ ဖြစ်တယ် ဆိုတာကို သတိထားပါ၊ ရှေ့စိတ်ကို နောက်စိတ်က သိနိုင်တယ်၊ ဟို မဖြစ်ပေါ်သေးတဲ့ စိတ်တွေ ဖြစ်ပြီးသားစိတ်တွေ, သူတစ်ပါးစိတ်တွေ - စိတ်ကိုလည်း စိတ်က ပြန်ပြီး အာရုံပြုတယ်၊ စိတ်အားလုံး ဟာလည်း ဓမ္မာရုံထဲမှာ ပါတယ် ဆိုတာကို မှတ်ထားပါ။ စေတသိက် တွေကိုလည်း စိတ်က အာရုံပြုလို့ ရတယ်၊ အဲဒါကြောင့် စေတသိက်ဟာလည်း ဓမ္မာရုံထဲမှာ ပါတယ်၊ နိဗ္ဗာန်ခန္ဓာ ၅-ပါး ချုပ်ငြိမ်းလို့ ဒုက္ခဇာတ် သိမ်းသွားတဲ့ အငြိမ်းဓာတ် နိဗ္ဗာန်ကလည်း စိတ်နဲ့ သိနိုင်တာဖြစ်လို့ စိတ်ရဲ့ အာရုံပဲ။ အာရုံ ၆-ပါးထဲက ဓမ္မာရုံထဲမှာ ထည့်ထားတယ်။ နောက်ဆုံး လောကီလူတွေ အများအသိအမှတ်ပြုပြီး ခေါ်ဝေါ်ထားတဲ့ ပညတ်အမျိုးမျိုးပေါ့၊ အဲဒီပညတ် အမျိုးမျိုး ဟာလည်း အာရုံ ၆-ပါးထဲ ဓမ္မာရုံထဲမှာ ပါတယ်၊ ဒါ စိတ်ရဲ့ အာရုံတွေ ဆိုတာပဲ၊ ဒီစိတ်ရဲ့ အာရုံ ၆-ပါးကို ပဋ္ဌာန်း ၂၄-ပစ္စည်းမှာ “အာရမ္မဏပစ္စယော” လို့ ဟော တာပါ၊ အဲဒီ အာရုံ မပါဘဲနဲ့ ဘယ်တော့မှ စိတ်မဖြစ်ဘူး၊ စိတ်ရှိနေရင် အာရုံရှိတယ် ဆိုတာ မှတ်သားထားရမယ်။

နောက်ဆုံး အိပ်နေတဲ့ အချိန်မှာတောင် စိတ်ရှိတယ်၊ စိတ်ရှိတဲ့ အတွက်ကြောင့် အဲဒီ အိပ်နေတဲ့ စိတ်မှာလည်း အာရုံရှိတယ်လို့ သိရတယ်။ တစ်ချို့က unconsciousness ဆိုပြီးတော့ ပြောကြတယ်။ ဒါ ဗုဒ္ဓဘာသာအသုံးတော့ မဟုတ်ဘူး၊ unconsciousness - မသိစိတ် ဆိုပြီးတော့ ပြောကြသေးတယ်၊ အဲဒါ တခြား အဓိပ္ပါယ်နဲ့ ပြောကြတာ၊ အဘိဓမ္မာနဲ့ သက်ဆိုင်တဲ့ ဝေါဟာရတော့ မဟုတ်ဘူး၊ မသိစိတ်ဆိုတဲ့ စကားလုံးက၊ မသိစိတ်ဆိုတာ တစ်ခါတစ်ရံ ကျတော့ လူက အသိရှိရှိ သတိရှိရှိ လုပ်တာ မဟုတ်ဘဲနဲ့ မသိစိတ်က လုပ်နေတယ်လို့ ဒီလို လူတွေက ပြောလေ့ရှိတယ်။

စိတ်ဆိုတဲ့နေရာမှာ မသိစိတ်ဆိုတာ မရှိဘူး၊ စိတ်မှန်ရင် သိတာချည်းပဲ၊ အာရုံကို သိတာချည်းပဲ၊ အာရုံကို သိတတ်တဲ့ သဘောကို စိတ်လို့ခေါ်တာ၊ အာရုံမရှိဘဲ စိတ်မဖြစ်ဘူး၊ စိတ်ရှိလျက်နဲ့ အာရုံ မသိဘူးဆိုတဲ့ အာရုံမဲ့စိတ် ဆိုတာ ဘယ်မှာမှ မရှိဘူး၊ အာရုံနဲ့ စိတ်သာရှိတယ်၊ စိတ်ဟာ အမှီမရှိဘဲ ဖြစ်ကောင်းဖြစ်မယ်၊ အာရုံမရှိဘဲနဲ့ ဘယ်တော့မှမဖြစ်ဘူး။

အဘိဓမ္မာသမိုင်းမှာ “အာရုံမဲ့စိတ်” ရှိတယ်ဆိုတဲ့ အယူအဆတစ်ရပ် ပေါ်ခဲ့ဖူးတယ်။ အဲဒါကို တားမြစ် လို၍ ‘အာရမ္မဏံ စိန္တေတီတိ’ စိတ္တံလို့ ဆိုတာ။ ‘အာရမ္မဏ ဝိဇာနန လက္ခဏာ’ အရ စိတ်မှန်ရင် အာရုံကိုသိတဲ့ လက္ခဏာ ရှိတယ်လို့ ပြောတဲ့ နေရာမှာ အာရုံကိုသိတယ်လို့ ပြောလိုက်သဖြင့် အာရုံ မရှိဘဲနဲ့ စိတ်ဖြစ်နိုင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ အယူအဆကို တားမြစ်တယ်လို့ ဋီကာကျော်ကျမ်းမှာ ဆိုထား တာရှိတယ်။

ဒါကြောင့်မို့ အာရုံမဲ့စိတ်ဆိုတာ ဘယ်တော့မှမရှိဘူး၊ အာရုံနဲ့ စိတ်သာ ရှိတယ်။ ကိုယ့်စိတ်ကလေးက တစ်ခါတစ်ရံကျတော့ ကမ္မဋ္ဌာန်းထိုင်နေတဲ့ ပုဂ္ဂိုလ်တွေ ကြုံရင်ကြုံတတ်တယ်၊ ထွက်လေ ဝင်လေ မှတ်ပြီးတော့ ကမ္မဋ္ဌာန်းထိုင်၊ သမာဓိ ကလေး ရလာတဲ့ အခါကျတော့ ထွက်လေဝင်လေက ရပ်သွားသလို ကိုယ့်ရဲ့သမာဓိ စွမ်းအားတွေ ဝီရိယစွမ်းအားတွေက နည်းသည့် အတွက်ကြောင့် ထွက်လေ ဝင်လေ လေးက ပျောက်သွားတော့ စိတ်လေးက သူလုပ်ကိုင်နေကျ အာရုံလေး မရှိတော့ဘဲ အာရုံမဲ့စိတ်လို့ တချို့က ထင်ကြတယ်။ မဟုတ်ဘူး၊ အဲဒီ မရှိတာကိုပဲ သိနေတာဟာ စိတ်ရဲ့ အာရုံပဲ။

ထွက်လေ ဝင်လေလေး ရပ်နေတာကို သိနေတာကိုက သူ့ရဲ့ အာရုံတစ်ခုပဲ၊ အဲဒီတော့ “အာရုံမဲ့စိတ်” ဆိုတာ မရှိဘူး၊ အာရုံနဲ့ ကင်းပြီးတော့ ဖြစ်တဲ့စိတ်လည်း လုံးဝ မရှိဘူး။ ဒါကြောင့် စိတ်ဟာ ဟောဒီ အာရုံ ၆-မျိုးထဲက တစ်မျိုးမျိုးနဲ့ မကင်းမကွာ ဖြစ်လို့ “အာရမ္မဏပစ္စယော” လို့ မြတ်စွာဘုရားက ဒီလိုဟောထားတာ ဖြစ်တယ်။

ကောင်းပြီ၊ စိတ်ဟာ အာရုံတွေနဲ့ ဖြစ်ပေမယ့် စိတ်တိုင်း စိတ်တိုင်းဟာ အာရုံ အားလုံးကို ရယူနိုင်စွမ်း မရှိပါဘူး၊ သူလက်လှမ်း မှီသလောက်ပဲ သူ ယူလို့ရတယ်၊ လူတွေရဲ့ ပကတိ မျက်စိလိုပဲ၊ မျက်စိ ရှိပေမယ်လို့ မျက်စိရှိတိုင်း အကုန်လုံး မြင်နိုင်စွမ်း ရှိတာ မဟုတ်ဘူး၊ တစ်ဦးနဲ့ တစ်ဦးလည်း မြင်နိုင်စွမ်းချင်း မတူဘူးပေါ့၊ သူ့အတိုင်းအတာ နယ်ပယ် အတွင်းမှာသာ မျက်စိက အမြင်အာရုံ တစ်ခုကို ယူနိုင်တယ်၊ နားကလည်း သူ့အတိုင်းအတာ နယ်ပယ်တစ်ခု အတွင်းမှာသာ ဖမ်းယူ နိုင်စွမ်းရှိတယ်၊ နှာခေါင်းကလည်း အတိုင်းအတာ အတွင်းမှာရှိတဲ့ အနံ့ကိုသာ ဖမ်းယူနိုင်စွမ်း ရှိတယ်၊ အဲဒီတော့ လူတွေ လက်လှမ်းမမှီတဲ့ အာရုံတွေ ဆိုတာလည်း ရှိတယ်၊ စိတ်တွေမှာလည်း လက်လှမ်းမမှီတဲ့ အာရုံမပြုနိုင်တဲ့ အာရုံတွေ ရှိနေတယ်။

အဲဒါ ဘာနဲ့ နားလည်ရမလဲ ဆိုလို့ရှိရင် မျက်စိနဲ့မြင်တဲ့ အမြင်အာရုံတစ်ခုဟာ စက္ခုဒွါရဆိုတဲ့ မျက်စိတံခါးက ဝင်လာပြီးတော ဝတ္ထုရုပ်ကို ထိခိုက်လာတယ်၊ ဆက်သွယ် လာတယ်ပေါ့၊ မျက်စိနဲ့မြင်လို့ရတဲ့ အမြင်အာရုံတစ်ခုသည် မျက်စိတံခါးက ဝင်လာပြီး မှီရာဝတ္ထုရုပ် ဖြစ်တဲ့ စက္ခုပသာဒရုပ်မှာ ထင်ဟပ်လာတယ်။ အဲဒီလို ထင်ဟပ်လာတဲ့ အခါကျတော့ စက္ခုဝိညာဏ်စိတ် ဖြစ်တယ်ပေါ့လေ၊ ဒါ အဓိက စိတ်တစ်ခုထဲကို ပြောတာ အဲဒီ မျက်စိတံခါးက နေပြီးတော့ ဝင်လာတဲ့ မြင်စရာ အာရုံဟာ စက္ခုပသာဒလို့ ဆိုတဲ့ မျက်လုံးပေါ်မှာ ထင်ရှားပေါ်လာတဲ့ အခါမှာ ဖြစ်တဲ့ စိတ်အစဉ်လေးကို အကြမ်းဖျဉ်း ပြောပြထားတယ်။

အာရုံအသစ်ကလေးဟာ မိမိရဲ့ မျက်လုံးမှာ ထင်ဟပ်လာတာနဲ့ တစ်ပြိုင်နက် အဲဒီ အာရုံအသစ်ကို ဖွင့်ပေးတဲ့ စိတ်ကလေးက ဘယ်သူလဲ၊ တံခါးဖွင့်ပေးလိုက်တဲ့ စိတ်က “ပဉ္စဒွါရာဝဇ္ဇန်းစိတ်” လို့ ခေါ်တယ်။

အဲဒီ စိတ်ကလေးက တံခါးဖွင့်ပေးလိုက်တဲ့ အခါကျတော့မှ …
စက္ခုဝိညာဏ်စိတ် က အဲဒီအဆင်း အာရုံလေးကို မြင်တယ်ဆိုတာ ဖြစ်လာတယ်၊
မြင်တယ်ဆိုတဲ့ အဆင်းအာရုံမှာ သမ္ပဋိစ္ဆိုင်း ဆိုတဲ့ စိတ်က လက်ခံလိုက်တယ်၊
သန္တီရဏစိတ်က စူးစမ်းလိုက်တယ်၊
ဝုဋ္ဌောဆိုတဲ့စိတ်က ခွဲခြား သတ်မှတ်လိုက်တယ်၊
ပြီးတဲ့အခါကျတော့ ဇော ဆိုတဲ့ စိတ်ကျတော့ ထိုအာရုံရဲ့ အရသာတွေကို အရှိန်အဟုန် ကောင်းကောင်းနဲ့ ခံစားတယ်၊
တဒါရုံဆိုတာ အဲဒီ အာရုံကို ဆက်ပြီးတော့ စမြုံ့ပြန်တယ်။

စက္ခုဒွါရမှာ ဖြစ်နိုင်တဲ့ စက္ခုဒွါရိကစိတ်ပေါင်း ၄၆-ခု, ဒီမျက်လုံးတံခါးက ဝင်လာတဲ့ အဆင်းရူပါရုံနဲ့ ဆက်သွယ်ပြီးတော့ အလုပ်လုပ်တဲ့စိတ်တွေဟာ သရုပ်အားဖြင့် ရေတွက်ကြည့်မယ်ဆိုရင် ၄၆-ခု ရှိတယ်၊ အဲဒီ ၄၆-ခုသော စိတ်တို့ဟာ ပစ္စုပ္ပန်ရူပါရုံလို့ ဆိုတဲ့ ဟောဒီ ရူပါရုံကို မြင်နိုင်စွမ်း ရှိကြတယ်၊ သိကြတယ်။ ပစ္စုပ္ပန်ရူပါရုံနဲ့ ဆက်စပ်ပြီးတော့ သိတယ် မြင်တယ်လို့ ဒီလို ပြောရမယ်၊ စာပေအရ ပြောမယ်ဆိုရင် ရူပါရုံကို အာရုံပြုတယ်လို့ ပြောမယ်၊ အာရုံပြုတယ် ဆိုတာ ဒီအာရုံကြောင့် ဖြစ်ကြတယ် လို့ ဆိုလိုတယ်၊ ဒီအာရုံနဲ့ ဆက်သွယ်ပြီးတော့ အလုပ်လုပ်ကြတယ်လို့ ဒီလိုဆိုလိုတယ်။

ကောင်းပြီ၊ ဒီနေရာမှာ တစ်ဆက်တည်း နားလည်ဖို့က စိတ်တွေမှာ ဆောင်ရွက်တဲ့ကိစ္စ ၁၄-မျိုးရှိတယ်။ စိတ်ဟာ တစ်ခုနဲ့ တစ်ခု ဆောင်ရွက်မှုချင်း မတူကြဘူး၊ မတူကြသည့် အတွက်ကြောင့် သူ့ဆိုင်ရာ ဆိုင်ရာကိစ္စတွေကို ဆောင်ရွက်ကြတယ်၊ အဲဒီ ၁၄-မျိုး ထဲက အခုပြောခဲ့တဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကလေးကို စ,ကြည့်ရအောင်။

ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဟာ သူက ကိစ္စနဲ့ နာမည်ပေးထားတာ၊ သူဆောင်ရွက်တဲ့ ကိစ္စက အာဝဇ္ဇန်းကိစ္စ၊ ပါဠိလို အာဝဇ္ဇန၊ အာဝဇ္ဇန ဆိုတာ ဆင်ခြင်တာ၊ အာရုံဘက်ကို ဦးလှည့်ပေးတာ၊ အာရုံတံခါးကို ဖွင့်ပေးတာ၊ အဲဒါ သူ့ရဲ့ဆောင်ရွက်မှု ကိစ္စလေးပဲ၊ သူလုပ်နိုင်တာ ဒါလေးပဲ၊ ဒါပြင် ဘာမှ သူမလုပ်နိုင်ဘူးနော်။

မျက်လုံးတံခါးကနေ အဆင်းအာရုံလေးက ဆက်သွယ်ပြီး စက္ခုပသာရုပ်မှာ လာထင်ပြီ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီအာရုံကို စတင်ပြီး ရယူတာ ဘယ်သူတုန်းဆိုရင် ပဉ္စဒွါရာဝဇ္ဇန်းပဲ၊ အဲဒီ ပဉ္စဒွါရာဝဇ္ဇန်းရဲ့ ဆောင်ရွက်မှုကိစ္စက “အာဝဇ္ဇန်းကိစ္စ” ဆင်ခြင်ပေးခြင်း ကိစ္စ၊ သို့မဟုတ် ဦးလှည့်ပေးခြင်းကိစ္စ faced to the object - objest ဘက်ကို မျက်နှာလှည့်လိုက်တာ၊ ဘာဖြစ်လို့လဲဆိုရင် object က အရင်ရောက်လာတဲ့ အခုမှ အသစ်ဝင်လာတာ၊ အသစ်ဝင်လာတဲ့ ဘက်ကို ဦးလှည့်ပေးလိုက်တယ်၊ ဝင်လာတဲ့ object ကို အစဆုံး ဦးလှည့်ပြီးတော့ ပေးလိုက်တယ်၊ ဦးလှည့်ပေးလိုက်သည့် အတွက်ကြောင့် ဟောဒီအာရုံနဲ့ ဆက်သွယ်ပြီး တော့ စိတ်တွေဟာ တသီတတန်းကြီး အလုပ် လုပ်ကြတော့မယ်လို့ ပြောတာနော်၊ သူက တံခါးဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် ဟောဒီ အာရုံဟာ စိတ်နဲ့ ဆက်သွယ်မိ သွားတယ်၊ ပထမဆုံး ဘယ်စိတ်နဲ့ တွေ့သလဲ ဆိုတော့ စက္ခုဝိညာဏ်စိတ်နဲ့ တွေ့ သွားတယ်။

ဒါဖြင့် စက္ခုဝိညာဏ်စိတ် ဆောင်ရွက်တဲ့ကိစ္စက ဘာတုန်းဆိုတော့ မြင်ခြင်းကိစ္စ၊ “ဒဿနကိစ္စ” လို့ ပြောတာ၊ မြင်တယ် ဆိုတဲ့ သဘောလေး တစ်ခုပဲ ရှိတယ်၊ အဲဒိ မြင်ခြင်းကိစ္စကို စက္ခုဝိညာဏ်စိတ်က ဆောင်ရွက်ပြီးလျှင် သူချုပ်သွားရော။

ခုနက ပဉ္စဒွါရာဝဇ္ဇန်းစိတ် ကလည်း တံခါးဖွင့်ပေးလိုက်တယ်၊ ဆင်ခြင်ပေးလိုက်တယ်၊ အာရုံလေး ဘက်ကို ဦးလှည့်ပေးလိုက်တယ်၊ အာရုံကို တံခါး ဖွင့်ပေးလိုက်တယ်၊ ဒါ သူ့တာဝန်ပြီးတာနဲ့ သူက ချုပ်သွားပြီ၊ သူ့အလုပ်က ဒါပဲ၊ ဒီထက်ပိုပြီး သူ ဘာမှ ပိုမလုပ်နိုင်ဘူး။ တစ်ခုစီ တစ်ခုစီ၊ ဒီသဘောကို စဉ်းစားကြည့်ရင်၊ ခု ထမင်းစားတဲ့အခါမှာ ဇွန်းခက်ရင်းနဲ့ စားတာမဟုတ်လား၊ ဇွန်းခက်ရင်းနဲ့ စားတဲ့လူတွေဟာ ဇွန်းက ဘာလုပ်ပေးတာလဲ၊ ထမင်းသယ်ပေးတယ်, ဟင်း သယ်ပေးတယ်၊ ကော်ပြီးတော့ ထမင်းဟင်းကို သယ်လာပေးတာပဲ ရှိတယ်၊ ယူပေးတာတောင် လက်က ယူရတာ၊ ဝါးတာ သူနဲ့ ဆိုင်ရဲ့လား၊ မြိုချတာရော သူနဲ့ဆိုင်ရဲ့လား၊ မဆိုင်ဘူး၊ သူ့အလုပ် သူလုပ်တာ၊ သူ့အလုပ်ပြီးရင် ပြီးရော၊ ဟုတ်ကဲ့လား၊ အဲဒီအတိုင်းပဲ မျက်စိတံခါးကနေ ဝင်လာပြီး ပသာဒရုပ်မှာ ထင်ဟပ်လာတဲ့ ရူပါရုံလေးကို ရှေးဦးစွာ ဆင်ခြင်နှလုံးသွင်း ပေးလိုက်တာ သို့မဟုတ် တံခါး ဖွင့်ပေးလိုက်တာက သို့မဟုတ် အာရုံဘက်ကို ဦးလှည့်ပေးလိုက်တာက ပဉ္စဒွါရာဝဇ္ဇန်း ဆိုတာ ဦးလှည့်ပေးတာ၊ စိတ်အစဉ်တစ်ခုကို အပြောင်းအလဲ လုပ်ပေးလိုက်တယ်၊ သူက အာရုံအသစ်ဘက်ကို ဦးလှည့်ပေးလိုက်တယ်၊ စိတ်ကို အဲဒီဘက်ကို လှည့်ပေးလိုက်တာ၊ အဲဒီတော့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က လှည့်ပေးပြီးတာနဲ့ တစ်ပြိုင်နက် သူ့ကိစ္စပြီးလို့ သူက ချုပ်သွားတယ်။

သူချုပ်လိုက်တာနဲ့ တစ်ပြိုင်နက် သူ့နောက်ကနေ ပေါ်လာလိုက်တာက စက္ခု ဝိညာဏ်စိတ်၊ ဒါဘယ်သူ့ကြောင့် ပေါ်လာတာတုန်း၊ ဘယ်သူက ပေါ်ခိုင်းတာတုန်းလို့ ဆိုလို့ရှိရင် “စိတ္တနိယာမ” လို့ ခေါ်တယ်၊ order of mind (mental order) လို့ ခေါ်တယ်၊ စိတ္တနိယာမအရ ဒီအတိုင်းလာနေတာပဲ။

သဘာဝတရားရဲ့ စွမ်းအားလို့ ပြောရမယ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကလေးက သူချုပ် သွားတာဟာ ချုပ်ရုံ ချုပ်သွားတာ မဟုတ်ဘူး၊ စက္ခုဝိညာဏ်စိတ်ဖြစ်ဖို့ရာ chance ပေးခဲ့တာ၊ သူပေးခဲ့တဲ့ chance စွမ်းအားကြောင့် စက္ခုဝိညာဏ်စိတ်ကလေးက ဟောဒီ အာရုံကို ဆက်ပြီးတော့ မြင်ခြင်းကိစ္စ ဆောင်ရွက်တယ်။ ပြီးတော့ ဒီ စက္ခုဝိညာဏ် စိတ်ကလေးက ချုပ်သွားတာပဲ၊ သူကနေပြီး မြင်ရုံ မြင်သွားတာ၊ ဘာမှ သိတာ မဟုတ်ဘူး၊ သူက မြင်ပြီးချုပ်သွားတော့ သူ့ကိစ္စပြီးတော့ ဘယ်သူ ဆက်လာတုန်း ဆိုတော့ ဒီအာရုံလေးက အလုပ်လုပ်လို့ မပြီးသေးဘူးလေ၊ အခုမှ တံခါးဖွင့်ပေး ရတာနဲ့၊ သူ့ကို မြင်ရုံလေးပဲမြင်တယ်၊ အဲဒီစိတ်ကလေးကို လက်ခံပြီးတော့ တွေးရဦးမှာ၊ ဒါကြောင့်မို့လို့ လက်ခံပေးတဲ့စိတ်ကို သမ္ပဋိစ္ဆိုင်းစိတ်လို့ ခေါ်တယ်။

သမ္ပဋိစ္ဆိုင်းစိတ်ရဲ့ ကိစ္စက လက်ခံခြင်းကိစ္စ၊ ဒါကို သမ္ပဋိစ္ဆိုင်းကိစ္စလို့ မြန်မာလို ဘာသာ မပြန်တော့ဘဲနဲ့ သမ္ပဋိစ္ဆိုင်းကိစ္စလို့ ဒီလိုပဲ ရေးနေတာပဲ၊ အဘိဓမ္မာဝေါဟာရမှာ သမ္ပဋိစ္ဆန - လက်ခံဆိုတဲ့ စကားလုံးပဲ၊ အမှန်က မြန်မာစကား လက်ခံ ဆိုတာ ပိုလွယ်တယ်၊ လက်ခံခြင်းကိစ္စ၊ အဲဒီတော့ သမ္ပဋိစ္ဆိုင်းစိတ်က လက်ခံဆောင်ရွက်တာနဲ့ တစ်ပြိုင်နက် သူလည်း ချုပ်သွားတယ်၊

သူချုပ်သွားတာနဲ့ တစ်ပြိုင်နက် automatic ပဲ နောက်က အကြားအလပ် မရှိအောင် တစ်ခုပြီးတစ်ခု ဆက်ပေါ်နေတယ်။ ဘယ်သူပေါ်လာလဲဆိုရင် သန္တီရဏတဲ့၊ လက်ခံထားတဲ့ အာရုံလေးကို စူးစမ်း ဆင်ခြင်မှု ဆိုတဲ့ သန္တီရဏစိတ်ကလေးဟာ ဖြစ်သွားတယ်၊ သူကလည်း စူးစမ်းပြီးတာနဲ့ သူ့ရဲ့ကိစ္စက သန္တီရဏ စူးစမ်းခြင်း စုံစမ်းခြင်းဆိုတာနဲ့ investigation အဲဒီ စူးစမ်းမှုကိစ္စလေး ပြီးသွားတာနဲ့ တစ်ပြိုင်နက် သူကလည်း ချုပ်သွားရော၊ ချုပ်သွားပြီးတဲ့အခါ ဘယ်သူပေါ်လာတုန်း ဆိုပြန်တော့ ဝုဋ္ဌောဆိုတဲ့ စိတ်ကလေး ပေါ်လာတယ်။

ဝေါဋ္ဌပန - ဝေါဋ္ဌပန ဆိုတာ အာရုံကို သတ်မှတ်ချက်ကလေး တစ်ခုပေးသွားတယ်။ အဲဒီအာရုံရဲ့ သဘောသဘာဝလို့ သတ်မှတ်ချက်ကလေး ပေးသွားတယ်၊ အဲဒီ သတ်မှတ်ချက်ကလေး ပေးသွားလို့ သူ့ကိစ္စလေး ပြီးသွားလို့ရှိရင် သူက ချုပ်သွား ပြန်ရော။

ချုပ်သွားတဲ့အခါကျတော့မှ ဘယ်စိတ်တွေ ပေါ်လာတုန်း ဆိုတော့ ဇော ဆိုတဲ့စိတ် ပေါ်လာတယ်။ ပါဠိစကားလုံးက ဇဝန၊ ဇဝနကို မြန်မာပြုထားတော့ ဇော၊ ဘာဖြစ်လို့ ဇော ခေါ်တာတုန်းလို့ ဆိုတော့ ဇဝနဆိုတာ မြန်မာပြန်မယ်ဆိုရင်တော့ လျင်မြန်တယ် ဆိုတဲ့ အဓိပ္ပါယ်လေး ပြန်လို့ရတယ်၊ အရှိန်အဟုန် ဆိုတဲ့ အဓိပ္ပါယ်နဲ့လည်း ပြန်လို့ရတယ်။ အဲဒီနေရာမှာ အဓိပ္ပါယ်ဖွင့်ဆိုတဲ့ အခါမှာ ဇောကိစ္စ၊ ကိစ္စက ဇောကိစ္စ။

ဇောကိစ္စကို ဆောင်ရွက်တဲ့ စိတ်ပေါင်းက ၅၅-ခု ရှိတယ်၊ ကုသိုလ်တွေ မှန်သမျှ ဇောကိစ္စ ဆောင်ရွက်တယ်၊ အကုသိုလ်တွေ မှန်သမျှမှာ ဇောကိစ္စ ဆောင်ရွက်တယ်၊ နောက်ပြီးတော့ ရဟန္တာ သန္တာန်မှာ ဖြစ်ပေါ်တဲ့ ကြိယာ လို့ခေါ်တဲ့ ကုသိုလ်တဖြစ်လဲ ကြိယာစိတ်တွေက ဇောကိစ္စ ဆောင်ရွက်ကြတယ်။ ဖိုလ်စိတ် တွေကလည်း ဇောကိစ္စကို ဆောင်ရွက်ကြတယ်။ ကျန်တဲ့ ဝိပါက်စိတ်တို့ဆိုတာ ဇောကိစ္စကို မဆောင်ရွက်နိုင်ကြဘူး။ ကြိယာစိတ်တွေထဲ ကလည်း ခုနက အာရုံဘက်ကို ဦးလှည့် ပေးတဲ့စိတ်, အာရုံကို ဆင်ခြင်ပေးတဲ့ အာဝဇ္ဇန်းစိတ်တွေကလည်း ဇောကိစ္စကို မဆောင်ရွက်နိုင်ကြဘူး။

ဒါဖြင့် ဇောဆိုတာ ဘာကို ပြောတာတုန်း? ဋီကာကျော်ကျမ်းက ဘယ်လိုအဓိပ္ပါယ် ရှင်းပြတုန်းဆိုရင် ဇောကိစ္စ ဆိုတာ အာရုံပေါ်မှာ ဖြစ်ပေါ်လာတဲ့ အာရုံကို တစ်ကြိမ် ဖြစ်စေ အကြိမ်များစွာ ဖြစ်စေ၊ အရှိန်အဟုန်နဲ့ လျင်မြန်တဲ့ အနေအထားအားဖြင့် ဖြစ်တဲ့သဘောကို ဇောကိစ္စလို့ ဒီလိုရေးတယ်။

လယ်တီဆရာတော်ကြီးက လျင်မြန်တဲ့ အဓိပ္ပါယ် ဆိုတာကို သဘောမကျဘူး၊ သဘောမကျလို့ သူ့ရဲ့ ပရမတ္ထ ဒီပနီထဲမှာ လျင်မြန်တယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူး၊ “ဇဝန - ဇောဆိုတာ အရှိန်အဟုန်” လို့ အဓိပ္ပါယ်၊ အရှိန်ကောင်းတယ်ပေါ့၊ ကျန်တဲ့ စိတ်တွေနဲ့ မတူဘူး၊ အရှိန်ရှိတယ်၊ ဆိုပါစို့ - မိုးကြိုးများလိုပဲ အရှိန်အဝါ ပြင်းထန် တယ်ပေါ့၊ ဇောစိတ်ဟာ အရှိန်အဟုန် ရှိတယ်၊ တစ်ကြိမ်ပဲဖြစ်ဖြစ်၊ နှစ်ကြိမ်ပဲ ဖြစ်ဖြစ်၊ ဖြစ်တဲ့အကြိမ်က အဓိက မဟုတ်ဘူး၊ နှေးတာ မြန်တာလည်း အဓိက မဟုတ်ဘူး၊ စိတ်ဆိုတာ အနှေးအမြန် အတူတူပဲ၊ ဇောစိတ်က ပိုမြန်တယ်လို့ ဒီလိုဆိုတာ မဟုတ်ဘူး၊ အာရုံနဲ့ ပတ်သက်ပြီးတော့ အရှိန်အဟုန် ကောင်းတဲ့စိတ်လို့ - ဒီလို ဆိုတယ်၊ “အရှိန်အဟုန်ကောင်းတဲ့ကိစ္စကို ဆောင်ရွက်လို့ - ဇောကိစ္စ”။

ကြည့်လေ … အာရုံနဲ့တွေ့လိုက်လို့ ခုနက မျက်စိက မြင်တဲ့အာရုံက ကိုယ်နှစ်ခြိုက်တဲ့ အာရုံဆိုလို့ရှိရင် အရှိန်အဟုန်ကောင်းကောင်းနဲ့ တွယ်တာတယ်, တပ်မက်တယ်, လိုချင်တယ် ဆိုတာ ဖြစ်လာတယ်၊ အဲဒါကျတော့ လောဘဇော စောပြီပေါ့၊ ကိုယ် မလိုချင်တဲ့ အာရုံဆိုရင် ဒေါသဇောဆိုတဲ့ မုန်းတီးတယ်, ရွံရှာတယ်ဆိုတဲ့ စိတ်ဓာတ် တွေ ဖြစ်ပေါ်တာပေါ့၊ ဒီလိုဖြစ်လာတယ်။

ကောင်းတဲ့စိတ်တွေကို ကုသိုလ်ဇောတွေခေါ်တယ်၊ အာရုံကို အမှီပြုပြီးတော့ ကုသိုလ်ဇောတွေ စောလာတယ်၊ ဥပမာ- ပန်းကလေး တစ်ပွင့် မြင်လိုက်တာနဲ့ အဲဒီ ပန်းကလေးဆိုတဲ့ အာရုံပေါ်မှာ ကြည့်ပြီးတော့ တချို့ပုဂ္ဂိုလ်ကျတော့ “ပန်းကလေးက လှလိုက်တာ၊ ခေါင်းပေါ် ပန်လိုက်ဦးမယ်” သို့မဟုတ် “စားပွဲပေါ် အလှထား လိုက်ဦးမယ်” ဆိုတဲ့ အတွေးတွေ ဖြစ်လို့ရှိရင် ခံစားဖို့ တွေးတာ ဖြစ်သောကြောင့် လောဘဇော စောတာပေါ့၊ တချို့ကျတော့ အဲဒီလို မဟုတ်ဘူး၊ “ပန်းကလေးက လှလိုက်တာ၊ ဘုရားတင်ဦးမှပဲ” လို့ စဉ်းစားလိုက်လို့ရှိရင် ကုသိုလ်ဇော စောပြန်ရော၊ ကုသိုလ်စိတ်လေး ဝင်လာတာ၊ အဲဒါ အရှိန်အဟုန်နဲ့ဖြစ်တဲ့ စိတ်ကလေး- အဲဒီစိတ်က energy ရှိတယ်၊ ဒါ့ကြောင့်မို့ ဇောစိတ်ဟာ အာရုံနဲ့ ပတ်သက်ပြီးတော့ တပ်မက်တာလည်း သူတို့ပဲ၊ မုန်းတီးလာတာလည်း သူတို့ပဲ၊ တပ်မက်မှု ကင်းတာ လည်း သူတို့ပဲ၊ မုန်းတီးမှု ကင်းတာလည်း သူတို့ပဲ။

ဒီဇောစိတ်တွေက ကုသိုလ် အကုသိုလ် သဘာဝ အားလျော်စွာ အခြားအကြောင်း တွေကို အမှီပြု ပြီးတော့ ဇောစိတ်တွေ စောကြတယ်။ ဒီ ဇောစိတ်တွေနဲ့ ယှဉ်ပြီးတော့ လာတဲ့ စေတနာတွေက ကံအရာ မြောက်သွားကြတယ်၊ ကျန်တဲ့ စေတနာတွေကို “ကမ္မပစ္စယော” လို့ ဟောပေမယ့်လို့ ကုသိုလ် အကုသိုလ် ဇောစိတ်တွေနဲ့ ယှဉ်တွဲလာ တဲ့ စေတနာကသာလျှင် အရှိန်အဟုန်ရှိတယ်၊ အရှိန်အဟုန် ဆိုတာ အကျိုးကို ထုတ်လုပ်တဲ့ စွမ်းရည်သတ္တိတွေ ရှိတယ်ပေါ့၊ အရှိန်ရှိတယ်၊ အဟုန်ရှိတယ်၊ ဇဝန ဆိုတာ အရှိအဟုန်ဆိုတဲ့ အဓိပ္ပါယ်ကို ယူရမယ်ပေါ့။ အရှိန်အဟုန် ရှိသည့် အတွက် ကြောင့် ဘဝတစ်ခုကို တည်ဆောက် နိုင်လောက်အောင် စွမ်းရည်သတ္တိတွေ ထက်တဲ့ စေတနာ စွမ်းအားတွေ ဇောစိတ်တွေနဲ့ အတူတူဖြစ်တယ်။

အဲဒီဇောစိတ်တွေ ဖြစ်ပြီးတဲ့နောက်မှာ အရှိန်အဟုန် ရှိတဲ့ စိတ်ရဲ့ နောက်ကနေ လိုက်ပြီးတော့ အရှိန်အဟုန်ရှိတဲ့ စိတ်ရဲ့ အာရုံကို ဆက်ခံပြီးတော့ ရယူတဲ့စိတ်ကိုတော့ တဒါရုံစိတ် လို့ ခေါ်တယ်။ တဒါရမ္မဏ တ + အာရမ္မဏ ‘တ’ ဆိုတာ ဇောစိတ်ရဲ့ ‘အာရမ္မဏ’ အာရုံကို ယူတဲ့စိတ်လို့ - ဒီလို အဓိပ္ပါယ်ရတယ်။ ဇောရဲ့ အာရုံကို ဆက်ခံတဲ့စိတ်လို့ ဒီလိုပြောတာ၊ သူ ယူနေကျ အာရုံကို မယူဘဲနဲ့ ဇောရဲ့ အာရုံကို နောက်က လိုက်ပြီးယူတာ၊ လူတွေက တစ်ခုခု စားပြီးလို့ရှိရင် အရသာ မခံဘူးလား၊ မျိုချပြီးတဲ့နောက် အရသာ မခံနေပေဘူးလား၊ အဲဒါမျိုးလိုပဲ တဒါရုံ ဆိုတာ အရှိန်အဟုန် နောက်ကနေ လိုက်သွားတဲ့စိတ်ကိုပြောတာ။

စာပေမှာတော့ ဥပမာပေးထားတယ်၊ အရှိန်နဲ့ ဆန်တက်သွားတဲ့ မော်တော်ဘုတ် ရဲ့နောက်ကို ရေထဲမှာ မျောနေတဲ့ ဗေဒါပင်လို ဟာလေးမျိုးတွေက ရေစီးနောက် မလိုက်ဘဲနဲ့ အဲဒီ မော်တော်ဘုတ်နောက် အရှိန်လေးနဲ့ လိုက်ပါသွားတာမျိုး မရှိ ဘူးလား၊ အရှိန်ပြင်းလို့ ပါသွားတဲ့ သဘောမျိုးလေးပါပဲ၊ အဲဒါကို တဒါရမ္မဏ လို့ ခေါ်တာပဲ၊ ‘တ’ ဆိုတာ ဇောရဲ့ အာရုံကိုပဲ, ‘အာရမ္မဏ’ က အာရုံပြုတယ်လို့ ပြောတာ။

အဲဒီစိတ်က မဟာဝိပါက်စိတ် ၈-ခုနဲ့ သန္တီရဏ ၃-ခု၊ ပေါင်းလိုက်တဲ့အခါ ၁၁-ခု။ ဒီ အဆင်းအာရုံလေးနဲ့ စပ်ပြီးတော့ ဖြစ်ပေါ်လာတဲ့စိတ်တွေဟာ ဒါ အာရုံလေး တစ်ခုတည်းပေါ်မှာ စိတ်တွေ အများကြီး အလုပ်လုပ်နေတယ် ဆိုတာကို ပြောတာ၊ ဒါနဲ့တင် ပြီးပြီလား ဆိုတော့ မပြီးသေးဘူး၊ ဒီစိတ်နဲ့တင် မပြီးသေးဘူး၊ ဒါမျိုးတွေ နောက်ထပ်, ထပ်ပြီးတော့ ဖြစ်ဦးမယ်၊ ဒီအာရုံလေးနဲ့ ပတ်သက်ပြီးတော့ မနောဒွါရမှာ ထပ်ပြီးတော့ လာဦးမယ်၊ ဘာတွေ လာမှာတုန်း ဆိုရင် မနောဒွါရမှာ ထပ်ပြီးတော့ လာဦးမယ်၊ ဘာတွေ လာမှာတုန်းဆိုရင် မနောဒွါရာဝဇ္ဇန်း၊ ဒီအာရုံဘက်ကို ထပ်မံပြီး လှည့်ပေးဦးမယ်။

မနောဒွါရာဝဇ္ဇန်း စိတ်ကလေး တစ်ခါ ပေါ်လာပြန်တယ်၊ ပေါ်လာပြီးရင် ဇောစိတ်တွေ ပေါ်လာဦးမယ်၊ တဒါရုံတွေ ပေါ်လာမယ်၊ နောက်တစ်ခါထပ်ပြီးတော့ ဦးလှည့် ပေးဦးမယ်၊ ဇောစိတ်တွေ ပေါ်မယ်၊ တဒါရုံတွေ ပေါ်မယ်၊ နောက်တစ်ခါ ထပ်ဦးလှည့် ပေးပြန်ဦးမယ်၊ လေးခါလောက် လှည့်လိုက်တဲ့အခါ ကျမှ “သြော် - ဒါ ပန်းပဲ” ဆိုတာ သိတာ၊ သို့သော် စိတ်ဆိုတာ အလွန်လျင်မြန်သည့် အတွက်ကြောင့် ခုမြင်ရင် အခုသိတယ်လို့ ထင်ကြတာ။

ကောင်းပြီ အဲဒီထဲမယ် - အဆင်းအာရုံ ဆိုတဲ့ အာရုံလေးတစ်ခုကို အကြောင်း ပြုပြီးတော့ စိတ်တွေဟာ ဘယ်လောက်ဖြစ်သွားရလဲ - စဉ်းစားကြည့်၊ ထိုစိတ်တွေနဲ့ ဆက်သွယ်ပြီးတော့ အလုပ်လုပ်တဲ့ စိတ်တွေဟာ
(နံပတ် ၁) ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊ သူ့ရဲ့ကိစ္စကဘာလဲ၊ အာဝဇ္ဇန်းကိစ္စ - ဆင်ခြင်ပေးခြင်း၊ အာရုံကို ဆင်ခြင်ပေးခြင်း၊ အာရုံဘက်ကို ဦးလှည့်ပေးခြင်း ဆိုတဲ့ကိစ္စ၊
(နံပါတ် ၂) စက္ခုဝိညာဏ်စိတ်က မြင်ခြင်းကိစ္စ၊ စာပေလို ဒဿနကိစ္စ၊ အမြင်ကိစ္စ၊
(နံပါတ် ၃) သမ္ပဋိစ္ဆိုင်းက လက်ခံတာ၊ လက်ခံတဲ့ကိစ္စ၊
(နံပါတ် ၄) သန္တီရဏ က စုံစမ်းတာ ဖြစ်သောကြောင့် စုံစမ်းခြင်းကိစ္စ၊
(နံပါတ် ၅) ဝုဋ္ဌပနက ခွဲခြားသတ်မှတ်တာ ဖြစ်သောကြောင့် ခွဲခြားသတ်မှတ်ခြင်းကိစ္စ၊
(နံပါတ် ၆) ဇဝနက အရှိန်အဟုန်ဖြင့် အာရုံနှင့်ဆက်ပြီး အလုပ်လုပ်သောကြောင့် အရှိန်အဟုန်ကိစ္စ၊
(နံပါတ် ၇) တဒါရမ္မဏက ထိုဇောရဲ့ အာရုံကို ဆက်ခံမှုဆိုတဲ့ တဒါရုံကိစ္စ။

ဟော … ကိစ္စပေါင်း ဘယ်လောက်ရှိသွားပြီလဲ၊ ဒါတွေက စိတ်ရဲ့ ကိစ္စတွေပဲ၊
၁။ အာဝဇ္ဇန်းကိစ္စ - ဆင်ခြင်တဲ့ကိစ္စ၊
၂။ မြင်ခြင်းကိစ္စ၊
၃။ လက်ခံခြင်းကိစ္စ၊
၄။ စုံစမ်းခြင်းကိစ္စ၊
၅။ ခွဲခြားသတ်မှတ်ခြင်းကိစ္စ၊
၆။ အရှိန်အဟုန်ဖြစ်ပေါ်ခြင်းကိစ္စ၊
၇။ အာရုံကို ဆက်ခံခြင်းကိစ္စ
ပေါင်း ၇-ခု ဖြစ်တယ်။

အဲဒီအထဲမှာ အသံအာရုံ ဆိုလို့ရှိရင် ကြားခြင်းဆိုတဲ့ သောတဝိညာဏ်စိတ် လာမယ်၊ ကြားခြင်းကိစ္စ ဖြစ်မယ်၊ အနံ့ဆိုလို့ရှိရင် နမ်းရှူခြင်းကိစ္စ၊ အရသာ ဆိုလို့ရှိရင် လျက်ခြင်းကိစ္စ၊ ဖောဋ္ဌဗ္ဗာရုံ ဆိုလို့ရှိရင် ထိခြင်းကိစ္စ၊ ဒီကိစ္စတွေ လာလိမ့်မယ်၊
အဲဒီတော့ ခုနထဲမယ် -
၁။ ကြားခြင်းကိစ္စ - သာဝနကိစ္စ၊
၂။ နမ်းရှူခြင်းကိစ္စ - ဃာယနကိစ္စ၊
၃။ လျက်ခြင်းကိစ္စ - သာယနကိစ္စ၊
၄။ ထိတွေ့ခြင်းကိစ္စ - ဖုသနကိစ္စ၊
ခုနကထဲကို ဒီ ၄-ခု ထည့်လိုက်လို့ရှိရင် ခုနက ၇-ခု၊ အခု ၁၁-ခု ဖြစ်သွားပြီ၊ ဒါ စိတ်ရဲ့ function တွေကို ပြောတာနော်။

ကိစ္စ ၁၄-ခုကို စာအတိုင်း ရေးပြနေရင် မမှတ်မိမှာစိုးလို့ အခု ဒါ သူ့ရဲ့ဆောင်ရွက် ချက်တွေကို အာရုံနဲ့ ကြည့်လိုက်လို့ ရှိရင် ဒီစိတ်သဘာဝတွေ ပေါ်လာတယ် မဟုတ်လား။

ကဲ၊ ကိစ္စ ၁၁-ခု ရှိသွားပြီ၊ ၁၁-ခုထဲမှာ ဘာကျန်နေတုန်းဆိုရင် လူ့ဘဝစလာတဲ့ အချိန်မှာ ဟိုဘဝက ဘဝတစ်ခု အပြီးသတ်သွားလို့ လူတစ်ယောက်ဟာ သေသွား လိုက်တာနဲ့ တစ်ပြိုင်နက် အတိတ်ကံက ချက်ချင်း အခွင့်အရေးရပြီးတော့ အကျိုး တစ်ခုကို ထုတ်လုပ်လိုက်တယ်၊ ဘဝတစ်ခုကို ဆက်စပ်ပြီးတော့ ထုတ်လုပ်လိုက်တယ် အဲဒီလို ဆက်စပ်တဲ့ကိစ္စကို ဘာခေါ်တုန်း ဆိုရင် ပဋိသန္ဓိကိစ္စ တဲ့၊ ဘဝတစ်ခုနဲ့တစ်ခု ပြတ်မသွားအောင် ဆက်ပေးခြင်းကိစ္စ၊ ဟိုဘဝက သေလို့ စုတိဆိုတဲ့ စိတ်လေး ချုပ်လိုက်တာနဲ့ တစ်ပြိုင်နက် စုတိဆိုတဲ့ စိတ်ကလေး မကျမချင်း ကံအသစ်က အခွင့်အရေး မရသေးဘူး၊ စုတိ ဆိုတာလေးလည်း ပြီးရော သူ့ရဲ့ကိစ္စတွေလည်း ပြီးရော။

နောက်က ကံအသစ်က ဝင်လာပြီး ချက်ချင်း ပဋိသန္ဓေ ထုတ်လုပ်လိုက်တယ်၊ အဲဒီ စုတိနဲ့ ပဋိသန္ဓေကြားမှာ ပြတ်မသွားအောင်၊ ဘဝတစ်ခုနဲ့တစ်ခု ပြတ်မသွားအောင် ပြန်ပြီးတော့ ဆက်စပ်ပေးတဲ့ အတွက်ကြောင့် ‘ပဋိ’ဆိုတာ ပြန်၍၊ ‘သန္ဓိ’ ဆိုတာ စပ်တာတဲ့၊ ဒါကြောင့်မို့လို့ အင်္ဂလိပ်လို့ ပြန်တဲ့အခါကျတော့ Relinking consciousness – Relinking function- ပြန်ဆက်စပ်တဲ့ကိစ္စ၊ ဒါ ပဋိသန္ဓေကိစ္စ၊ အဲဒီကိစ္စတစ်ခု ထည့်လိုက်မယ်ဆိုရင် ၁၂-ခု ဖြစ်မသွား ဘူးလား။

တစ်ခါ အဲဒီပဋိသန္ဓေကိစ္စပြီးတဲ့ အခါကျတော့ နောက်ပိုင်းမှာ ဘဝတစ်ခုဟာ စဉ်ဆက် မပြတ်အောင် ဆက်သွယ်ပြီးတော့ ပေးနေတဲ့ စိတ်တွေက ဘဝင်စိတ်လို့ခေါ်တယ်၊ ဘဝင်္ဂ - ဘဝ+အင်္ဂ - ဆက်လက် ဖြစ်ပေါ်နေမှုကို ဆောင်ရွက်နေသောကြောင့် သူတို့ကို ဘဝင်္ဂကိစ္စ လို့ ခေါ်တယ်။

နောက်ဆုံးမှာ ကံတစ်ခုရဲ့ အကျိုးတစ်ခုကို လုံးဝရပ်ဆိုင်း ပစ်လိုက်ပြီး ဘဝတစ်ခုကို အဆုံးသတ် လိုက်တဲ့ စိတ်ကျတော့ စုတိတဲ့၊ အဲဒါကျတော့ စဝနကိစ္စ၊ ရွေ့လျောခြင်း ကိစ္စ၊ ပေါင်းလိုက်တဲ့ အခါကျတော့ ကိစ္စ ၁၄-ခုတဲ့။

အဲဒီကိစ္စတွေကို ဘယ်သူက ဆောင်ရွက်တာတုန်း ဆိုတော့ ဆိုင်ရာဆိုင်ရာ စိတ်တွေက ဆောင်ရွက်တာ။ လူတွေရဲ့ သန္တာန်မှာ ဖြစ်နေတဲ့ စိတ်တွေဟာ အလကား နေကြတာ မဟုတ်ပါဘူး၊ ဒို့ တတွေသာ မအားဘဲနဲ့ ထမင်းချက်ရတယ်၊ အဝတ်လျှော်ရတယ်၊ ကိုယ့်ကိစ္စတွေ ရှိနေတယ်လို့ ထင်တာ၊ စိတ်ကလည်း လုပ်နေရတာပဲ၊ သူ့ကိစ္စသူ လုပ်နေရတာချည်းပဲ၊ အကုန်လုံး၊ ရပ်နားနေ ရတယ် မရှိဘူး၊ ဆိုင်ရာ ဆိုင်ရာ function တွေကို ဆောင်ရွက်နေရတာ၊ အကုန်လုံး ဘယ်အရာပဲ ဖြစ်ဖြစ် သူ့ function တွေ သူ ရှိနေတာချည်းပဲ။

မော်တော်ကားလေး တစ်စီး ကြည့်လိုက်ဦးမလား၊ ထိုမော်တော်ကား မှာလည်း function တွေ မရှိဘူးလား၊ ရှိတာပဲ၊
Petrol ကလည်း petrol function - လုပ်ရတာပဲ၊
Engine ကလည်း engine function - လုပ်ရတာပဲ၊
Battery ကလည်း battery ရဲ့ function - အလုပ်လုပ်ရတာပဲ၊
Wheel ကလည်း wheel ရဲ့ function ပဲ၊
Body ကလည်း Body function ပဲ၊
Driver ကလည်း driving လုပ်ရတာတဲ့ function ပဲ၊
Function တွေ အကုန်ပေါင်းလိုက်တဲ့ အခါကျမှ အကျိုးတစ်ခု ဖြစ်တာလေ။

အခုလည်း စိတ်တွေအားလုံးဟာ ပေါင်းပြီးတော့ အလုပ်လုပ်တာ မပေါ်လွင်ဘူးလား၊ အဲဒီတော့ အနိစ္စ သဘောရော မထင်ရှားဘူးလား။ မြင်လိုက်တဲ့ အာရုံလေး တစ်ခု အတွက် လုပ်လိုက်ကြရတာ မနည်းဘူး၊ ဘာနဲ့ ဥပမာ တူတုန်းဆိုတော့ ပုရွက်ဆိတ်တွေ စုပြီး ထမင်းလုံးလေး ချီသွားသလိုပဲ၊ ပုရွက်ဆိတ်တွေကမှ အကောင်တွေ အများကြီး မြင်ရဦးမယ်၊ စိတ်တွေက တစ်ခုပြီးတစ်ခု။ တစ်ခုပြီး တစ်ခု ဖျတ်, ဖျတ်နဲ့ ကိုယ့်ကိစ္စကိုယ် လုပ်သွားလိုက်ကြတာ ကြည့် - ရပ်နားရသလား ဆိုတော့ ဘယ်တော့မှ ရပ်နားမသွားတယ် မရှိဘူး။

ပဋိသန္ဓေစိတ်က စလိုက်တဲ့ စိတ်အစဉ်ဟာ ဘယ်ကျမှ ရပ်သွားသလဲဆိုရင် စုတိ၊ အဲဒီကျတော့ ရပ်သလားဆိုရင် မရပ်ပြန်ဘူး၊ နောက်တစ်ခါ ပဋိသန္ဓေ လာဦးမှာ၊ အဲဒီတော့ စိတ်အစဉ်ဟာ ဘယ်တော့မှ ရပ်တန့်သွားတာ မရှိဘူး၊ ဝင်လာတဲ့ အာရုံ တွေပေါ်မှာ စိတ်တွေဟာ အလုပ် လုပ်နေကြရတယ်။

မျက်စိကမြင်ရင် အမြင်အာရုံပေါ်မှာ အလုပ်လုပ်တယ်၊ နားက ကြားလို့ရှိရင် ကြားတဲ့ အာရုံပေါ်မှာ အလုပ်လုပ်တယ်၊ နှာခေါင်းက နံတယ်ဆိုရင် နံတဲ့အာရုံပေါ်မှာ အလုပ် လုပ်ကြရတယ်၊ လျှာနဲ့ အရသာထိတွေ့တဲ့အခါ အရသာဆိုတဲ့ အာရုံပေါ်မှာ အလုပ် လုပ်ကြရတယ်၊ ခန္ဓာကိုယ်နဲ့ ထိတွေ့တဲ့အခါမှာ အထိအတွေ့ဆိုတဲ့ အာရုံပေါ်မှာ အလုပ်လုပ်ကြရတယ်၊ မျက်စိ, နား, နှာ, လျှာ, ကိုယ်မှာ အာရုံတစ်ခု အသစ် ဝင်လာတာ မရှိဘဲနဲ့ စိတ်အတွေး လေးတွေနဲ့ အလုပ်လုပ်နေ ကြတာလည်း မရှိ ဘူးလား ရှိတယ်၊ အဲဒီစိတ်အတွေးလေးဟာ အားတယ် နားတယ် မရှိဘဲနဲ့ စိတ်တွေ ဟာ ဆိုင်ရာ ဆိုင်ရာ ဒွါရတွေက အာရုံတွေနဲ့ ဆက်စပ်မပြတ် ဖြစ်ပြီးတော့နေတာ။

မြတ်စွာဘုရားက ထိုအာရုံတွေက စိတ်ကို လွှမ်းမိုးနေတာကို အကြောင်းပြုပြီးတော့ “အာရမ္မဏ ပစ္စယော” လို့ ဒီလိုဟောတာ၊ အချင်းချင်း ဆက်သွယ်ပြီးတော့ တစ်ခုပြီး တစ်ခု သွားနေတာကို ကြည့်ပြီးတော့ “အနန္တရပစ္စယော, သမနန္တရပစ္စယော, နတ္တိပစ္စယော, ဝိဂတပစ္စယော” လို့ ဟောတာ၊ ရှေ့စိတ်ကလေးတွေ ချုပ်ပြီးမှ နောက်စိတ်ကလေးတွေ ပေါ်နိုင်တာဖြစ်လို့ “ဥပနိဿယပစ္စယော” လို့ ဟောတာ၊ အားကြီးတဲ့ “အနန္တရူပ-နိဿယ ပစ္စည်း” တဲ့၊ အဲဒီထဲမှာပဲ ဇောစိတ်ကလေးတွေက တစ်ခုပြီး တစ်ခုသွားတာ ဖြစ်သောကြောင့် “အာသေဝန” အရှိန်အဟုန် ရှိတယ် ဆိုပြီးတော ဟောတာ။ အဲဒီထဲမှာပဲ ကုသိုလ် အကုသိုလ်တွေနဲ့ ယှဉ်လာတဲ့ စေတနာ ကျတော့ “ကမ္မပစ္စယော, နာနာက္ခဏိကကမ္မပစ္စယော” ဒီလို ပဋ္ဌာန်းထဲမှာ ဟောထား တယ်။ မြတ်စွာဘုရား ဟောတာတွေက အားလုံးကို အနှစ်ချုပ်ကြည့်တော့ အခု ပြောခဲ့တာတွေပဲ၊ အကုန်လုံး တစ်ခုနဲ့တစ်ခု ဆက်သွယ် ဖြစ်ပေါ်နေပုံတွေကို ပြောတာ။

အဲဒီတော့ အာရုံလေးတစ်ခု ဖြစ်ပေါ်တာနဲ့ပဲ စိတ်ပေါင်းများစွာဟာ အလုပ်လုပ်ကြ ရတယ်။ အလုပ်လုပ်ပြီးရင်လည်း ချုပ်ပျောက် သွားကြတယ်။ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှုရှိရဲ့လားဆို မရှိဘူး၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်လေးက စက္ခုဝိညာဏ်ဘက် တွန်းပို့ခဲ့တာ၊ တစ်ခုနဲ့တစ်ခု တွေ့ရဲ့လား၊ လူလို စဉ်းစားပြီးတော့ ကြည့်ပေါ့၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်နဲ့ စက္ခုဝိညာဏ်စိတ်က တွေ့ကြတာ မဟုတ်ဘူး၊ ပဉ္စဒွါရာဝဇ္ဇန်း စိတ်ချုပ်သွားမှ စက္ခုဝိညာဏ်စိတ် ပေါ်တာ, မြင်သိစိတ်ကလေး ပေါ်တာ၊ မြင်သိစိတ် ကလေးချုပ်မှ လက်ခံတဲ့စိတ် သမ္ပဋိစ္ဆိုင်းစိတ်ပေါ်တာ၊ လက်ခံတဲ့ စိတ်ကလေးချုပ်မှ စုံစမ်းတဲ့စိတ် သန္တီရဏစိတ် ပေါ်တာ၊ စိတ်တွေဟာ တစ်ခုပြီးမှ တစ်ခုပေါ်တာ။

တကယ်စဉ်းစားကြည့်မယ်ဆိုရင် တို့တတွေဟာ ရှင်သန်နေတယ်လို့ ပြောနေတာဟာ စဉ်ဆက်မပြတ် ထပ်ဖြစ်နေတာကို ပြောနေတာပဲ၊ မသေတာကို ပြောတာ မဟုတ်ဘူး။ “လူတွေဟာ အသက်ရှင်နေတာ စိတ်ကလေး တစ်ခုနဲ့ပဲ အသက်ရှင်နေတာ”၊ လူတိုင်း လူတိုင်း ရပ်တည်နေတာဟာ စိတ်ကလေး တစ်ခုနဲ့ ရပ်တည်နေတာ။

ဘာနဲ့ ဥပမာတူတုန်း ဆိုရင် ကတ္တရာလမ်းပေါ်မှာ ကားမောင်းသွားလို့ ရှိရင် ဘီးအားလုံးဟာ ကတ္တရာလမ်းနဲ့ ထိနေတာ မဟုတ်ဘူး၊ လက်တစ်ဝါးလောက်ရှိတဲ့ ဘီးကလေးသာလျှင် ကတ္တရာ လမ်းနဲ့ ထိနေတာ။ ကျန်တာတွေ ထိတာမဟုတ်ဘူး - ဟုတ်ကဲ့လား၊ လည်ပတ်နေတာ၊ အဲဒါမျိုးလိုပဲ- လူရဲ့ စိတ်တွေဟာ စိတ်ကလေး တစ်ခုတည်းနဲ့ပဲ အသက်ရှင်ကြတယ်၊ အဲဒါကြောင့်မို့ “ဧကစိတ္တသမာယုတာ - စိတ်ကလေးတစ်ခုထဲ အခိုက်အတန့်လေးတွေမှာ လူတွေက အသက် ရှင်နေကြတာ” အဲဒါကိုပဲ အသက်ရှင်တယ်လို့ ပြောနေကြတာ၊ ထပ်ပြီးတော့ ဖြစ်နေလို့ရှိရင် အသက်ရှင်နေကြတာ၊ လူတွေမပြောနဲ့ - ကမ္ဘာပေါင်း မြောက်မြားစွာ အသက်ရှင် နေတယ်ဆိုတဲ့ ဗြဟ္မာတွေလည်း ဒီနည်းပဲ။

အဲဒီတော့ လောကကြီးဟာ အကြောင်းတရားတွေက ဘယ်လောက် ပံ့ပိုးပေးထားရလဲ ဆိုတာ စဉ်းစားကြည့်၊ အကြောင်းတရားတွေက ပံ့ပိုးပေးထားရလို့ မြတ်စွာဘုရားက “သင်္ခတ - အကြောင်းတရား တွေက စုပြီးတော့ လုပ်ထားတဲ့အရာတွေ” တဲ့၊ အကြောင်းတရားတွေ ရှိနေသမျှတော့ ဆက်လက်ပြီးတော့ သွားနေဦးမှာပဲ။

အကြောင်းတရားတွေ မရှိတော့ဘူး ဆိုလို့ရှိရင် ပြိုလဲသွားမှာပဲ၊ “ဘဝသံသရာကြီးဟာ တကယ် စဉ်းစားကြည့်မယ်ဆိုရင် ရွံမုန်းပြီးတော့ ငြီးငွေ့စရာ၊ အဲဒီလို မြင်တဲ့ အရိယာပုဂ္ဂိုလ်တွေဟာ ဘဝကြီးကို မလိုချင်တော့ဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် ထာဝရရွေ့လျားနေတဲ့ အရာချည်းဖြစ်လို့ပဲ”။ ဘယ်အရာကိုမှ ‘ငါ’ လို့ ပြောလို့ မရဘူး၊ ခုနက ရူပါရုံဆိုတဲ့ အဆင်းကလေး မျက်စိတံခါးကနေ လာထင်ဟပ်လို့ မြင်လိုက်တဲ့အခါ ..
တံခါးဖွင့်ပေးတဲ့ စိတ်ကလေးကို ‘ငါ’ လို့ ပြောမှာလား၊
မြင်တဲ့ စက္ခုဝိညာဏ် စိတ်ကလေးကို ‘ငါ’ လို့ ပြောမှာလား၊
လက်ခံတဲ့ သမ္ပဋိစ္ဆိုင်း စိတ်လေးကို ‘ငါ’ လို့ ပြောမှာလား၊
‘ငါ’ လို့ ပြောစရာ တစ်ခုမှ မရှိဘူး၊ သူ့ဟာသူ ဖြစ်ပြီး ပျက်သွားကြပြီလေ၊ ကိုယ်ပိုင်လိုက်တာရော တစ်ခု ရှိရဲ့လား၊ မရှိဘူး၊ သူ့ဟာသူ သွားနေတာ၊ အဲဒီ သွားနေတဲ့ ဟာလေးကို လူတွေက ပိုင်ဆိုင် ချင်နေကြတာ။

ဘာနဲ့ အလားသဏ္ဌာန် တူတုန်းဆိုရင် … တောက အင်းထဲ တောဘဲတွေ လာ ကျက်စားနေတုန်း ‘ငါ့ဘဲတွေ’ လို့ ထင်သလိုပဲ အချိန်တန်တော့ ဘဲတွေက တောထဲ အကုန်ပြန်သွားကြမှာပဲ။ အကုန်လုံး ‘ငါ့ဟာ’ လို့ ပြောစရာ တစ်ခုမှ မရှိဘူး။ ဒါကြောင့် “သင်္ခါရေ ပရတော ပဿ’ သင်္ခါရတရားတွေဟာ ပရ - ကိုယ်နဲ့မဆိုင်တဲ့ ဟာတွေချည်းပဲ၊ အကုန်လုံး သူ့ဟာသူ ဖြစ်နေကြတာ ငါနဲ့မဆိုင်ဘူး, ငါ့ဟာလည်း မဟုတ်ဘူး၊ “သင်္ခါရေ ပရတော ပဿ” သင်္ခါရတရားတွေကို အဲဒီလို ငါမဟုတ်ဘူး ဆိုတဲ့ အတွေး လေးတွေ အထိ မြင်လာအောင် ရှုကြည့်ရမယ်။

ဒါဟာ အဘိဓမ္မာ သင်ရတဲ့ အကျိုးတရား၊ အနိစ္စ သဘောတရားလည်း ပိုပြီးတော့ ထင်ရှားလာတယ်, ဒုက္ခသဘောတရားလည်း ပိုပြီးတော့ ထင်ရှားလာတယ်, အနတ္တ ကိုယ်မပိုင်ဘူး ဆိုတာလည်း ပိုပြီး ထင်ရှားလာတယ်။ သာမန်အားဖြင့် ထပ်တလဲလဲ ဖြစ်နေတာကိုကြည့်ပြီး လူတွေက ကိုယ်ပိုင်နေတာ လို့ ထင်နေတာ၊ ကိုယ်လို့ပြောစရာ တစ်ခုမှမရှိဘူး၊ ငါလို့ ပြောစရာ အချိန်ပိုင်းကလေးမို့ ဒီဟာကို ငါလို့ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် မရှိဘူး, နောက်တစ်ခု ပြောင်းနေပြီလေ၊ စိတ်အစဉ်ကလည်း အဲဒီလောက် မြန်တယ်၊ ရုပ်တွေကလည်း ပြောင်းလဲပြီးတော့ ဖြစ်ပျက်နေတာ ဖြစ်တယ်၊ ဒါကြောင့်မိုလို့ ‘ငါ’ ဆိုတဲ့ အယူအစွဲတွေ ‘ငါ့ဟာ’ ဆိုတဲ့ အယူ အစွဲတွေ၊ အဲဒီ အယူအစွဲတွေကို ချေဖျက်နိုင်အောင် ဗုဒ္ဓမြတ်စွာက ဒီသဘာဝ သဘော တရားကို အသေးစိတ် ခွဲခြားပြီးတော့ အဘိဓမ္မာ သဘာဝအနေနဲ့ ဟောကြားတာ ဖြစ်ပါတယ်။

ဒီကနေ့ည အဘိဓမ္မာမြတ်ဒေသနာ အပိုင်း (၂) မှာ “စိတ်၏ အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ” ဆိုတာကို perspecitive view အနေနဲ့ apply လုပ်တတ် အောင် ဘုန်းကြီးတို့ ဟောပြီးပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ လေ့လာရမှာ ကတော့ ဘယ်စိတ်က ဘယ်အရာကို အာရုံပြုတယ်ဆိုတာ သင်္ဂြိုဟ်ကျမ်းထဲမှာ လာတဲ့အတိုင်း ဆက်လက် လေ့လာဖို့ပါ၊ အဲဒါကို ဆက်လက် လေ့လာရမယ်၊ ပြီးတော့ ဘယ်စိတ်က ဘယ်ကိစ္စကို ဆောင်ရွက်တယ် ဆိုတာလည်း ဆက်လက် လေ့လာရမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် မိမိသန္တာန်မှာ ဖြစ်ပေါ်လျက်ရှိသော စိတ်ရဲ့အာရုံများ, ထိုအာရုံများနဲ့ ဆက်သွယ်ပြီးတော့ စိတ်ရဲ့ လုပ်ဆောင်ချက်များကို သိရှိနားလည် သဘောပေါက်ကြပြီးလျှင် သင်္ခါရသဘာဝ တရားတွေပေါ်မှာ ငြီးငွေ့တဲ့စိတ်တွေ ပေါ်လာပြီး နိဗ္ဗာန် ချမ်းသာ၏ ကောင်းမြတ်တဲ့ သဘောတွေကို တွေ့ရှိလာအောင် ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန် သတည်း။

အခန်း - ၄

စိတ်ဖြစ်စဉ်ကို လေ့လာခြင်း (၁)

“စိတ်ဖြစ်စဉ်ကို လေ့လာခြင်း” ရှေ့အပိုင်းမှာ စိတ်ဖြစ်ပုံကို လေ့လာခဲ့ကြပြီးပြီ။ ဒွါရကနေပြီး အာရုံဝတ္ထု ဆုံစည်းမှုကို အကြောင်းပြုပြီး စိတ်တွေ ဖြစ်လာကြတယ်၊ ဖြစ်လာတဲ့ အခါကျတော့ စိတ်တွေဟာ ဘယ်ပုံဘယ်နည်း ဖြစ်ကြသလဲ၊ စိတ်ဖြစ်စဉ်ကို ပါဠိလို ဝီထိလို့ ခေါ်တယ် - စိတ္တဝီထိ၊ ဝီထိ ကို လမ်း လို့လည်း အဓိပ္ပါယ် ဖွင့်ဆို ကြတယ်။ ဝီထိဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်က လမ်းလို့ အဓိပ္ပါယ်ရတယ်။ အဲဒီလို လမ်းဆိုတဲ့ အဓိပ္ပါယ်နဲ့ ဖော်ဆောင် ကြည့်ကြတယ်။ ရှေးဆရာတွေက ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုကြလသဲဆိုတော့ “ရွာစဉ်အတိုင်း လမ်းမကြီးဟာ သွားသလိုပဲတဲ့ - စိတ်အစဉ်ဟာလည်း ခုန်ကျော်ခြင်း မရှိဘဲ သွားနေတယ်” လို့ ဒီလို အဓိပ္ပါယ် ဖွင့်ကြတယ်။

သို့သော်လည်း အဲဒီအဓိပ္ပါယ်ကို တချို့ ဆရာတော်ကြီးများက မနှစ်သက်ကြဘူး။ ဝီထိဆိုတဲ့ စကားလုံး က အစဉ် ဆိုတဲ့ အဓိပ္ပါယ်ကိုလည်း ဟောတယ်၊ ဖြစ်စဉ်တစ်ခု၊ အစဉ်အတန်းတစ်ခု၊ တစ်ခုပြီးတစ်ခု၊ အင်္ဂလိပ်လို serial ပေါ့။ တစ်ခုပြီးတစ်ခု ဖြစ်တာ၊ အဲဒါကိုပဲ process လို့လည်း ပြန်ကြတယ်။ စိတ္တဝီထိ Mental process စိတ်ဖြစ်စဉ်ပေါ့။

စိတ်ဖြစ်စဉ် ဆိုတာ စိတ်တစ်ခုပြီးတစ်ခု ဖြစ်သွားတာ၊ ဖြစ်သွားတဲ့ စိတ်တွေဟာလည်း တစ်ခုနှင့်တစ်ခု အားလုံးဟာ တူညီကြတာ မဟုတ်ဘူး၊ ဘယ်လို မတူညီလဲဆိုရင် အားလုံးဟာ ဆောင်ရွက်ပုံ ကိစ္စချင်း မတူညီဘူး၊ ဆောင်ရွက်ပုံ ကိစ္စချင်းတူတဲ့ ဇောစိတ်လို စိတ်မျိုးတောင်မှပဲ စွမ်းအားချင်း ကွာခြား ကြတယ်။ ဒါ့ကြောင့် ဝီထိဆိုတာ ဆောင်ရွက်ပုံ ကိစ္စချင်းလည်း မတူဘူး, စွမ်းအားချင်းလည်း မတူတဲ့ စိတ်တို့ရဲ့ ဖြစ်စဉ်တစ်ခုပဲ။

ဘုန်းကြီးတို့ စိတ်ဖြစ်စဉ်ဆိုတဲ့ ဝီထိအကြောင်းကို ရေးတဲ့အခါမှာ လူ့ဘဝရဲ့ စိတ်ဖြစ်စဉ်တင် မကဘူး၊ ဟိုး ဗြဟ္မာ့ပြည်က ဖြစ်စဉ်ပါ မှတ်ရတယ်။ လူ့ပြည်နဲ့ နတ်ပြည် ၆-ထပ်ကတော့ သိပ်မကွာဘူး၊ မကွာသည့်အတွက်ကြောင့် ကာမာဝစရ ဘုံတွေမှာ ဖြစ်တဲ့ စိတ်အစဉ်က တူတယ်။ ဗြဟ္မာကျတော့ ကွာခြားမှု ရှိသွားတယ်။ ရူပါဝစရစိတ် အရူပါဝစရစိတ်တို့ရဲ့ ဖြစ်စဉ်, ထို့နောက်မှာ ဝိပဿနာကျင့်စဉ် ကျင့်ပြီးတော့ မဂ် ဖိုလ် ဆိုတဲ့ လောကုတ္တရာ စိတ်ဖြစ်စဉ် - ဒါတွေကျတော့ ကွာခြားမှု ရှိသွားပြီ၊ အဲဒီတော့ ရိုးရာဖြစ်စဉ်တစ်ခု အနေနဲ့ ပြောမယ်ဆိုလျှင် လူတွေရဲ့ ဘဝနဲ့ ပြောကြရတယ်။

လူတွေရဲ့ စိတ်မှာ အကြမ်းဖျဉ်းအားဖြင့် ဖြစ်စဉ်နှစ်ခု ရှိတယ်လို့ ဒီလိုမှတ်ရမယ်၊ ဝီထိမုတ်စိတ်တို့ရဲ့ ဖြစ်စဉ်နဲ့ ဝီထိစိတ်တို့ရဲ့ဖြစ်စဉ် ပေါ့။ ဝီထိစိတ်နဲ့ ဝီထိမုတ်စိတ် ဆိုပြီးတော့ ကွဲပြားခြားနား ထားတာ ရှိသေးတယ်၊ အဘိဓမ္မာ သင်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ ဝီထိစိတ်ဆိုရင် ၈၀-လို့ နားလည်ထားရမယ်၊ ဝီထိမုတ်စိတ် ဆိုရင် တော့ ၁၉-ပါးလို့ ဒီလို နားလည်ထားရမယ်။ အဲဒီ ဝီထိမုတ်စိတ် ၁၉-မျိုးထဲမှာ အမြဲတမ်း လွတ်နေတဲ့ စိတ်ကတော့ ၉-ခု။

လူ့ဘဝအနေနဲ့ ပြောကြမယ်ဆိုရင် လူတွေရဲ့ ပဋိသန္ဓေစိတ် ၉-ခု ရှိတယ်။ အဲဒီ ၉-ခုသောစိတ်တွေကို ဝီထိမုတ်စိတ်လို့ ခေါ်တယ်။ အဲဒီ ၉-ခုက ဘာတွေလဲ ဆိုရင် ကုသလဝိပါက် - (အဘိဓမ္မာမှာ ဝေါဟာရ တွေဟာ ဘာသာမပြန်ဘဲနဲ့ ပါဠိနောက် လိုက်ပြီးတော့ ရေးထားတာဆိုတော့ ကုသလဝိပါက် ဆိုတာ - ကုသိုလ်ရဲ့ အကျိုး တရားလို့ပြောတာ) ကုသလဝိပါက် ဥပက္ခော သန္တီရဏစိတ်၊ သန္တီရဏစိတ်ဆိုတာ အာရုံကိုစူးစမ်းတဲ့စိတ် အဲဒီအာရုံကို စူးစမ်းတဲ့စိတ်ဟာ ခံစားချက် နှစ်မျိုးရှိတယ်။ တစ်ခါ တစ်ရံ ဝမ်းမြောက်ဝမ်းသာ ခံစားချက်လို့ဆိုတဲ့ သောမနဿ ရှိတယ်၊ တစ်ခါတစ်ရံမှာ ခံစားမှု မထင်ရှားတဲ့ ဥပေက္ခာဆိုတာ ရှိတယ်။ ဒါကြောင့်မို့ ဥပေက္ခာသန္တီရဏ လို့ ဒီလိုပြောတာ၊ (သောမနဿသန္တီရဏ မဟုတ်ဘူး။) ဥပေက္ခာ ဆိုတာ ခံစားမှုကို ရည်ညွှန်းပြီးတော့ ပြောတာ။ သန္တီရဏစိတ်သည် indifferent feeling ပေါ့၊ ဝမ်းသာတာလည်း မဟုတ်၊ ဝမ်းနည်းတာလည်း မဟုတ်ဘူး၊ အဲဒီနှစ်ခု ကြားမှာ indifferent feeling။ အဲဒီ သန္တီရဏစိတ်ဟာ ထူးခြားမှုမရှိတဲ့ သန္တီရဏကို ဥပေက္ခာသန္တီရဏ လို့ ခေါ်တယ်။

အဲဒီ ဥပေက္ခာသန္တီရဏ ကလည်း ကုသိုလ်ရဲ့ အကျိုးနဲ့ အကုသိုလ်ရဲ့ အကျိုးလို့ နှစ်မျိုးရှိပြန်တယ်။ ဒါကြောင့် စကားကို အပြည့်အစုံပြောလိုက်တဲ့ အခါကျတော့ ကုသလဝိပါက် ဥပေက္ခာသန္တီရဏ လို့ ပြောရတယ်။ လူတွေရဲ့ သန္တာန်မှာ ပဋိသန္ဓေစိတ် အနေနဲ့ ဖြစ်နိုင်တာ ကုသလဝိပါက် ဥပေက္ခာ သန္တီရဏ - ကုသိုလ်၏ အကျိုးဆက် ဖြစ်တဲ့, မထင်ရှားတဲ့ ခံစားမှုနဲ့ယှဉ်တဲ့ စူးစမ်းတဲ့စိတ်လို့ ဒီလိုပြောတယ်။ ဒီနေရာမှာ သူ့ကို စူးစမ်းတဲ့စိတ်လို့ နာမည်ပေးထား ပေမယ့်လို့ သူဆောင်ရွက်တဲ့ကိစ္စ သန္တီရဏကိစ္စ ဆောင်ရွက်တာ မဟုတ်ဘူး၊ ဝီထိမုတ်ဖြစ်တဲ့အခါ ပဋိသန္ဓေ ကိစ္စကို ဆောင်ရွက်တယ်၊ ဘဝင်ကိစ္စကိုလည်း ဆောင်ရွက်တယ်၊ စုတိကိစ္စကိုလည်း ဆောင်ရွက်တယ်၊ နောက် တခြား ဝီထိ ကိစ္စနဲ့ တွဲလာတဲ့အခါကျတော့ သန္တီရဏကိစ္စနဲ့ တဒါရုံ ကိစ္စကိုလည်း ဆောင်ရွက်သေးတယ်ဆိုတော့ ၅-ကိစ္စ ဆောင်ရွက်နိုင်တဲ့စိတ်။

စိတ်တစ်မျိုးတည်းက ဆိုင်ရာဆိုင်ရာ အာရုံတွေနဲ့ စပ်လျဉ်းပြီးတော့ ဖြစ်ပုံ နေရာချင်း ဖြစ်တဲ့ အချိန်ချင်း ကွာခြားလာတဲ့အခါမှာ ဒီစိတ်တစ်မျိုးတည်းကနေပြီးတော့ ၅-ကိစ္စကို ဆောင်ရွက်တယ်လို့ ဒီလိုပြောတယ်နော်။ “၅-ကိစ္စ ၅-ဌာန တပ်သောစိတ်” လို့ အဘိဓမ္မာမှာ အဲဒီလိုဆိုလိုတယ်။ ‘တပ်တယ်’ ဆိုတာ ‘တပ်ဆင်ထားတယ်’ ဆိုတဲ့ သဘောမျိုးလို့ ‘ကိစ္စလုပ်နေတယ်’ လို့ ပြောတဲ့ သဘောမျိုးဖြစ်တယ်။ ‘engaged ဖြစ်တယ်’၊ ‘အလုပ်တွေ သူလုပ်တယ်’ လို့ ပြောတာနော်။
အဲဒီတော့ ၅-ကိစ္စ ဆောင်ရွက်တယ်။ အဲဒီ ၅-ကိစ္စက -
ပဋိသန္ဓေကိစ္စ,
စုတိကိစ္စ၊
ဘဝင်ကိစ္စ၊
သန္တီရဏလို့ ခေါ်တဲ့ စူးစမ်းခြင်းကိစ္စ၊
တဒါရုံလို့ ဆိုတဲ့ ဇောရဲ့အာရုံကို ဆက်ခံခြင်းကိစ္စ
ဒီကိစ္စ ၅-မျိုးကို ဆောင်ရွက်တယ်၊ တစ်ပြိုင်နက် ဆောင်ရွက်တာတော့ မဟုတ်ဘူး၊ ရံဖန်ရံခါပေါ့၊ တစ်လှည့်စီ အလှည့်ကျတဲ့အခါမှာ သူဆောင်ရွက်တဲ့ ၅-ကိစ္စကို ဆောင်ရွက်နိုင်တဲ့စိတ်။

စိတ်တွေထဲမှာ ဆိုလို့ရှိရင် ကိစ္စအများဆုံးစိတ်လို့ ပြောရမှာပေါ့နော်၊ သူဆောင်ရွက် နိုင်တဲ့ကိစ္စက များတယ်၊ သူ ပါဝင်တဲ့ နေရာတွေ များတယ်ပေါ့၊ သူဆောင်ရွက်တာ တစ်ပြိုင်နက်တော့ မဟုတ်ဘူး၊ တစ်နေ့ကပြောခဲ့တဲ့ ဥပမာလို့ပဲ . . လုပ်ငန်းခွင်မှာ မန်နေဂျာ၊ အိမ်ကျတော့ ထမင်းချက်ပေါ့၊ အဲဒါမျိုးလိုပေ့ါ၊ သူ့ကိစ္စလေးနဲ့သူ ဆောင်ရွက်တာကို ပြောတာနော်၊ အေး အဲဒီလို ဆိုင်ရာ ဆိုင်ရာ ကိစ္စလေးတွေ ဆောင်ရွက်တဲ့ ဥပေက္ခာ သန္တီရဏစိတ်ဟာ ကုသလ ဝိပါက်, အကုသလဝိပါက်လို့ နှစ်မျိုးရှိတယ်၊ အဲဒီ နှစ်မျိုးလုံးဟာ “ငါးဌာနမှာ ငါးကိစ္စ ဆောင်ရွက်နိုင်တဲ့စိတ်မျိုး” တဲ့။

အဲဒီစိတ်မျိုးဟာ လူ့ရဲသန္တာန်မှာ ဖြစ်တဲ့အခါမှာလည်းပဲ ငါးကိစ္စကို ဆောင်ရွက်တယ်လို့ ပြောတယ်။ လူသားတစ်ယောက်ရဲ့ ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စ ဆောင်ရွက် နေတဲ့အခိုက်မှာ ဝီထိမုတ်စိတ်လို့ ခေါ်တယ်၊ ဘာဖြစ်လို့ ဝီထိမုတ်စိတ်လို့ ခေါ်တုန်း ဆိုလို့ရှိရင် process မှ လွတ်နေလို့ပဲ၊ ဝီထိ ဆိုတာ mental process၊ ‘မုတ္တ’ ဆိုတာ လွတ်နေတာ၊ process free လို့ ဒီလို ပြန်ကြတယ်။ ဖြစ်စဉ်တစ်ခုကနေပြီးတော့ လွတ်နေတာ၊ လွတ်နေတာဆိုတဲ့ အဓိပ္ပါယ်ကို နောက်တော့ ရှင်းပြမယ်။

အဲဒီတော့ လူတွေရဲ့ သန္တာန်မှာ ကုသလဝိပါက် ဥပေက္ခာ သန္တီရဏ ဖြစ်တာ။ အကုသလဝိပါက် ဥပေက္ခာ သန္တီရဏက ပဋိသန္ဓေ ဘဝင် စုတိ အနေနဲ့တော့ မဖြစ်ဘူး၊ ဒိပြင်ကိစ္စအနေနဲ့ ဖြစ်နေတာ၊ လူတွေရဲ့ သန္တာန်မှာ အကုသလဝိပါက်ဖြစ်ရင် သန္တီရဏ - စူးစမ်းခြင်းကိစ္စနဲ့ တဒါရမ္မဏ - အာရုံကို ဆက်ခံခြင်း ကိစ္စ ဒီနှစ်မျိုးပဲ ဖြစ်နိုင် တယ်၊ ပဋိသန္ဓေ ဘဝင် စုတိအနေနဲ့ ဖြစ်ပြီဆိုရင် အပါယ်လေးဘုံမှာ ဖြစ်တယ်လို့ပြောတယ်၊ အကုသလ ဝိပါက်က အပါယ်လေးဘုံမှာ ဖြစ်တယ်၊ အဲဒီလို ခွဲပြီးတော့ မှတ်။

ကဲ ကောင်းပြီ၊ မဟာဝိပါက်စိတ် ၈-ခု၊ အဲဒီ မဟာဝိပါက်စိတ် ၈-ခုကလည်း ပဋိသန္ဓေ ကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စကိုလည်း ဆောင်ရွက်နိုင်တယ်။ ဇောရဲ့ အာရုံကို ဆက်ခံမှု လို့ဆိုတဲ့ တဒါရုံကိစ္စကိုလည်း ဆောင်ရွက်နိုင်တယ်၊ သူက ၄-ကိစ္စ ဆောင်ရွက်တယ်၊ သို့သော် ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စဆိုတဲ့ ကိစ္စ ၃-ခုကို ဆောင်ရွက်တဲ့အချိန်မှာ သူက process free ဝီထိမုတ်စိတ် ဖြစ်တယ်၊ တဒါရုံကိစ္စဆိုတဲ့ ဇောရဲ့ အာရုံကို ဆက်ခံပြီးတော့ ဖြစ်တဲ့ အချိန်မှာတော့ process free မဟုတ်ဘူး၊ ဝီထိစိတ်ဖြစ်တယ်။ အဲဒီ ကွဲပြားခြားနားချက်ကလေးတွေတော့ ရှိတယ်လို့။

ကဲ ဆိုလိုရင်း မြင်သာရုံ ပြောရမယ်ဆိုရင် ဝီထိစိတ်တို့ရဲ့ ဖြစ်စဉ်နဲ့ ဝီထိမုတ်စိတ်တို့ရဲ့ ဖြစ်စဉ်လို့ ဒီလိုဖြစ်စဉ် နှစ်ခုကို မှတ်ရမယ်။ ဝီထိမုတ်ဆိုတာ ဝီထိမုတ္တ - ဖြစ်စဉ်ကနေ လွတ်နေတာ၊ လွတ်နေတယ် ဆိုတော့ ဖြစ်စဉ်မရှိဘူးလို့ ဒီလိုဆိုလိုတာတော့ မဟုတ်ဘူးနော်၊ သူလည်း သူ့ဖြစ်စဉ်နဲ့ သူသွားနေတာ၊ သို့သော် ငြိမ်သက်တဲ့ ဖြစ်စဉ်နဲ့ သွားနေတာ။

လူတစ်ယောက်ဟာ လူ့ဘဝ ရလာပြီ ဆိုလို့ရှိရင် ကုသလဝိပါတ် ဥပေက္ခာသန္တီရဏ စိတ်နှင့်သော် လည်းကောင်း မဟာဝိပါက်စိတ် ၈-ခုထဲက စိတ်တစ်ခုခုနဲ့ သော်လည်း ကောင်း ဘဝတစ်ခုကို အစပြုခဲ့ကြတယ်။

ဘယ်သူကနေပြီး အစပြုပေးတုန်း ဆိုတော့ အတိတ်ဘဝက ရှိခဲ့တဲ့ အကျိုးပေးခွင့်ရတဲ့ ကုသိုလ်ကံက ထုတ်လုပ် ပေးလိုက်တာ၊ ကုသိုလ်ကံတွေ မြောက်မြားစွာ ရှိသော်လည်း အင်အား ကောင်းပြီးတော့ chance ရတဲ့ ကုသိုလ်ကံက အကျိုးပေးလိုက်တာ၊ အဲဒီ အချိန်မှာ ကောင်းတဲ့ ကုသိုလ်ကံရဲ့ chance ရဖို့ အင်မတန်မှ အရေးကြီးတယ်၊ လူ့ဘဝ ရောက်လာဖို့ကနော်။ ကုသိုလ်ကံထဲမှာ အားပျော့တဲ့ ကုသိုလ်ကံက အကျိုးပေးခွင့်ရလို့ သူက လက်ဦးသွားလို့ ကုသလဝိပါက် ဥပေက္ခာသန္တီရဏ နဲ့ ပဋိသန္ဓေ နေလိုက် ရပြီဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ မွေးကတည်းက မျက်စိကန်း နားကန်း ဦးဏှောက်က မမှန်တာတို့၊ male, female အနေအထား မဟုတ်တာတို့ ဆိုတဲ့ ချို့ယွင်းချက်တွေ (ဆေးပညာ ကတော့ ဒိပြင်အကြောင်းတွေရှာပြီးတော့ ပြချင်ပြမှာပေါ့) ဗုဒ္ဓရဲ့ အဘိဓမ္မာ တရားတော်ကတော့ ကံကို ဦးတည်ပြီးတော့ ပြောတယ်၊ အခြေခံကတော့ ကံပဲ၊ အေး … ဆေးပညာအရတော့ ဟိုမုန်းဓာတ်တို့ ဘာဓာတ်တို့ ညာဓာတ်တို့ ဒီလိုပြောမှာပေါ့၊ အဲဒီ ဟိုမုန်းရဲ့ အကြောင်းက ဘာတုန်းဆိုတော့ ‘ကံ’ ရောက်လာမှာပဲ။ နောက်ဆုံး အကြောင်းရှာလိုက်ရင် ဘာဖြစ်လို့ ဒီလိုဖြစ်သွားရတာတုန်း ဆိုလိုက်ရင် ‘ကံ’ ပဲနောက်ဆုံး။

အဲဒီတော့ “ဇစ္စန္ဓ” လို့ခေါ်တဲ့ သန္ဓေကန်း၊ မွေးကတည်းက ကန်းလာတာ၊ မွေးက တည်းက ကန်းလာတာကလည်း နှစ်မျိုးရှိတယ်၊ တစ်မျိုးက မျက်စိရလာပြီးတော့မှ အထဲထဲမှာ ပိုးကြောင့်ဖြစ်စေ, လေကြောင့်ဖြစ်စေ, ကံကြောင့်ဖြစ်စေ ထပ်ပြီးတော့ ကန်းသွားတာမျိုး ဖြစ်တတ်သေးတယ်၊ မျက်စိက ဖြစ်လာပြီးတော့မှ ပြန်ပျက်စီးသွား တာကို ပြောတာနော်၊ ပိုးကြောင့်လေည်း ပျက်စီးတတ်တယ်လို့ ပြောတယ်၊ လေ ကြောင့်လည်း ပျက်စီးတယ်၊ တစ်ခုခုသော ဆန့်ကျင်ဘက် အကြောင်းတစ်ခုခုကြောင့် မျက်လုံးဟာ ပြန်ပြီးတော့ ဆုံးရှုံးသွားတတ်တာမျိုး ရှိသေးတယ်၊ မမွေးခင် အတွင်း မှာပဲ ရလာတဲ့ မျက်လုံးလေးက ဆုံးရှုံးသွားတယ်၊ အဲဒီပုဂ္ဂိုလ်မျိုးနဲ့ မဆိုင်ဘူးလို့ ပြောရမယ်၊ အဲဒီ ပုဂ္ဂိုလ်မျိုးက အတိတ်က အကုသိုလ်ကံ တစ်ခုရဲ့ ဖြည့်ဆည်းမှုကြောင့် ကန်းရတာ၊ ခုနတုန်းက ဥပေက္ခာသန္တီရဏ နဲ့ ပဋိသန္ဓေနေလာတဲ့ ပုဂ္ဂိုလ်က မျက်လုံး ဖြစ်လောက်အောင် ကံမပါဘူးလို့ ဒီလိုပြောတာ။

အဲဒီလို မွေးကတည်းက သန္ဓေကန်း၊ သန္ဓေတည်းက ထိုင်းလာတဲ့ပုဂ္ဂိုလ်၊ မပီမပြင် ဦးဏှောက် ဖြစ်လာတဲ့ ပုဂ္ဂိုလ်၊ မှန်ကန်တဲ့ ဦးဏှောက်မရှိဘဲနဲ့ တမျိုးတဖုံ ပြောင်း ပြောင်း လွဲလွဲတွေ ဖြစ်ပြီး လူစဉ်မမီတဲ့ ပုဂ္ဂိုလ်တွေ၊ ဒီလို ပုဂ္ဂိုလ်မျိုးတွေ ရှိတတ်တယ် ပေါ့။ အဲဒီလိုမွေးကတည်းကနေပြီတော့ embryo အဆင့်မှာပဲ အဆင်မပြေ ဖြစ်လာတဲ့ ပုဂ္ဂိုလ်မျိုးတွေ၊ အဲဒီ ပုဂ္ဂိုလ်မျိုးတွေဟာ ဥပေက္ခာ သန္တီရဏ နဲ့ ပဋိသန္ဓေ နေခဲ့တယ်လို့ ပြောတာ။

အေး လူပီပီပြင်ပြင်နဲ့ ဖြစ်လာတဲ့ ပုဂ္ဂိုလ်ကျတော့ မဟာဝိပါက် စိတ် ၈-ခုထဲက ဉာဏသမ္ပယုတ်စိတ်နဲ့ ပဋိသန္ဓေ နေတာရှိတယ်, ဉာဏဝိပ္ပယုတ်စိတ်နဲ့ ပဋိသန္ဓေ နေတာရှိတယ်။ ပဋိသန္ဓေ ဉာဏဝိပ္ပယုတ် စိတ် ၄-ခုထဲက တစ်ခုခုနဲ့ ပဋိသန္ဓေ နေပြီဆိုရင် အဲဒီပုဂ္ဂိုလ်မှာ သန္ဓေထဲက ဉာဏ်မပါဘူး၊ ဉာဏဝိပ္ပယုတ်စိတ် လို့ဆိုတော့ ဟိတ်အနေနဲ့ ပြောမယ်ဆိုရင် အလောဘဟိတ် ရှိတယ်, အဒေါသဟိတ် ရှိတယ်, အမောဟဟိတ်ဆိုတဲ့ အသိဉာဏ် မပါလာဘူး၊ မပါတော့ သူ့မှာ ဒီမဟာဝိပါက် ဉာဏဝိပ္ပယုတ်စိတ် ၄-ခုမှာ ဖြစ်နိုင်တဲ့ဟိတ်က အလောဘဟိတ်နဲ့ အဒေါသဟိတ်၊ ဟေတု ဆိုတာ fortify လုပ်နိုင်တဲ့၊ စွမ်းဆေင်နိုင်တဲ့စွမ်းရည် သတ္တိရှိတယ်။ “ဟေတုပစ္စယော” ရဲ့ စွမ်းဆောင်နိုင်မှုက ပြင်းထန်တယ်၊ အားကောင်းတယ်၊ ဒါကြောင့်မို့လို့ ဟေတု ဆိုတဲ့ ဟိတ်နှစ်မျိုးနဲ့ပဲ သူက မွေးဖွားလာတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ အမောဟဆိုတဲ့ ပင်ကိုယ်ဟိတ် အသိဉာဏ်နဲ့ဆိုင်တဲ့ ဟိတ် ပါမလာဘူး၊ ဟိတ် နှစ်မျိုးနဲ့ပဲ မွေးတဲ့သူဖြစ်လို့ သူ့ကို “ဒွိဟိတ်ပုဂ္ဂိုလ်” လို့ ခေါ်တာနော်၊ ‘ဒွိဟေတုက’ ပုဂ္ဂိုလ် တဲ့။

ခုနက ဥပေက္ခာသန္တီရဏနဲ့ ပဋိသန္ဓေနေပြီ ဆိုလို့ရှိရင် အဲဒီ ပုဂ္ဂိုလ်က အလောဘ ဆိုတာလည်း မပါဘူး, အဒေါသ ဆိုတာလည်း ပါဘူး, အမောဟဆိုတာ ဝေလာဝေး၊ ဟိတ် လုံးဝမပါလို့ ‘အဟေတုက’ အဟိတ်ပုဂ္ဂိုလ် လို့ ဒီလိုပြောတာ၊ ဟိတ်ဆိုတာ အဲဒီ “ဟေတုပစ္စယော” က ဟေတုကို ရည်ညွှန်းတာနော်၊ အရပ်ထဲမှာ ပြောတဲ့ ဟိတ်မရှိဘူး ဆိုတာက အဓိပ္ပါယ် တခြားနော်၊ အဲဒါနဲ့ မဆိုင်ဘူး။

အဲဒီတော့ အဟိတ်ပုဂ္ဂိုလ် ဆိုတာ တိရစ္ဆာန်တွေ တချို့သော ပြိတ္တာတွေ ငရဲသားတွေ - အဲဒီ အပါယ် လေးဘုံသားတွေပေါ့၊ ပြိတ္တာကို နှစ်မျိုးခွဲထားလို့ အပါယ်က ၄-ဘုံ ဖြစ်နေတာ၊ သုတ္တန်ပါဠိတော်တွေမှာ ၃-ဘုံဟောတယ်နော်၊ ငရဲ တိရစ္ဆာန် ပြိတ္တာ ဒီ ၃-ဘုံပဲ ရှိတယ်၊ အသူရကယ် ဆိုတာကတော့ ပြိတ္တာ အမျိုးအစားထဲက တစ်မျိုးလို့ မှတ်ရမှာပေါ့။ အဲဒီ အပါယ် ၄-ဘုံ သားတွေကျတော့ အဟိတ်၊ ဒါကြောင့်မို့ လူတွေကပြောတယ် အဟိတ်တိရစ္ဆာန်၊ တိရစ္ဆာန်ကို အဟိတ်နဲ့ တွဲပြီးပြောတယ်၊ သူတို့ရဲ့ သန္ဓေကိုက မမီဘူး။

ဒါဖြင့် တိရစ္ဆာန်လေးတွေကို သင်ရင်တော့ မတတ်ဘူးလား ဆိုတော့ သူတို့မှာ သင်ရင်တော့ တတ်တယ်တဲ့ သညာတော့ ရှိတယ်။ သညာရှိလို့ သင်ထားရင်တော့ တတ်တာပေါ့၊ မှတ်တဲ့ စိတ်လေးတွေတော့ ရှိတာပေါ့။ သို့သော်လည်း ပညာဆိုတဲ့ အနေအထားမျိုး သူတို့မှာ ရောက်မလာဘူး၊ သင်လို့ရတဲ့ အနေအထားလေးတော့, မှတ်တဲ့စိတ်တော့ သူတို့မှာ ရှိတယ်ပေါ့၊ အမှတ်အသားလေးတော့ ထားတယ်၊ ဒါကြောင့်မို့ ခွေးတွေ training ပေးတဲ့အခါကျတော့ အနံ့လေးနဲ့ တစ်ခုခုနဲ့ အမှတ်အသားလေး လုပ်ပေးထားပြီးတော့ ခိုင်းတာပေါ့၊ သင်္ကေတ လေးတွေနဲ့ ခိုင်းပေး သွားတယ်။

ကဲ ကောင်းပြီ၊ လူသားတွေမှာ ဉာဏဝိပ္ပယုတ် ဝိပါက်စိတ်နဲ့ ပဋိသန္ဓေ နေလာတဲ့ “ဒွိဟိတ်ပုဂ္ဂိုလ်” ဟာ ဒီဘဝမှာ မဂ်တရားဖိုလ်တရား ရလောက်အောင် အဆင့် မမီဘူးလို့ ပြောရမယ်။ အဲဒီတော့ ဉာဏ်မဖြစ်နိုင်ဘူးလို့ ပြောတာ မဟုတ်ဘူးနော်၊ သင်လို့ ဉာဏ်ကတော့ ဖြစ်လာမှာပဲ၊ အသစ်တော့ ဖြစ်လာနိုင်တယ်၊ မြန်မာစကားမှာ ရှိတယ် မဟုတ်လား၊ “နဂိုရှိမှ နဂိုင်းထွက်” ဆိုတာ။ သူက နဂိုမပါဘူး၊ နဂိုမပါတော့ စမ်းရည်သတ္တိ သိပ်မထက်ဘူးပေါ့၊ အခုမှ လေ့ကျင့်ယူရတဲ့ အသိဉာဏ်မျိုး ဆိုတော့ ပင်ကိုယ်က အခြေခံကောင်းတဲ့ အသိဉာဏ်မျိုး မဟုတ်ဘူး။

အဲဒါကြောင့်မို့လို့ လူတွေ တစ်ယောက်နဲ့ တစ်ယောက် သင်တဲ့အခါမှာ ကွာခြားမှု ဖြစ်သွားတာ၊ တချို့ကျတော့ လွယ်လိုက်တာ၊ ဘာပြောလိုက် ပြောလိုက် လွယ်လွယ်လေး၊ တချို့ကတော့ ခက်နေတယ်၊ ဘာမှလည်း နားမလည်ဘူး၊ ဒါက ဉာဏဝိပ္ပယုတ်နဲ့ ဉာဏသမ္ပယုတ်၊ အဲဒီတော့ ဒွိဟိတ်နဲ့ ပဋိသန္ဓေ နေလာတဲ့ ပုဂ္ဂိုလ်သည် ဒီဘဝမှာ ဈာန် မဂ် ဖိုလ် ရဖို့ အနေအထားတော့ မရှိဘူး၊ သို့သော် ကြိုးစားရမယ်၊ မကြိုးစားဘဲတော့ မနေရဘူး၊ ကြိုးစားခြင်းသည် နောက်ဘဝ အတွက် အခြေခံကောင်းတွေ ရသွားနိုင်တယ်။

အဲဒါကြောင့်မို့ မြန်မာနိုင်ငံမှာ အရင်တုန်းက “ဒွိဟိတ် ပုဂ္ဂိုလ်လား, တိဟိတ် ပုဂ္ဂိုလ်လား” လို့ အငြင်းပွားပြီး တိဟိတ်ပုဂ္ဂိုလ်မှ ဈာန် မဂ် ဖိုလ် ရနိုင်တာ ဖြစ်သောကြောင့် ဒွိဟိတ်ပုဂ္ဂိုလ်တွေက ဘာမှ လုပ်မနေနဲ့ဆိုတဲ့ အဓိပ္ပါယ်မျိုး ပြောကြတယ်။ အဲဒီ အဓိပ္ပါယ်မျိုး မဟုတ်ဘူးနော်၊ ဒွိဟိတ်ပုဂ္ဂိုလ် တွေအနေနဲ့ ဒီဘဝမှာ အဆင့်မမီပေမယ့် ကြိုးစားရမယ်၊ ကြိုးစားသလောက်တော့ သူရောက်သွားမှာပဲ၊ သို့သော်လည်း အဆင့်မြင့်သည် အထိတော့ သူ မပေါက်ရောက်နိုင်ဘူး၊ ဘာဖြစ်လို့ မပေါက်ရောက် နိုင်လဲဆိုတော့ အခြေခံက ဒါလောက်ပဲ လက်လှမ်းမီတာကိုး၊ အခြေခံစွမ်းအား IQ က သိပ်မမြင့် ဘူးပေါ့၊ သိပ်မမြင့်သည့် အတွက်ကြောင့် အဆင့်အမြင့်ကြီးကို မရနိုင်ဘူး။

မနော ဒွါရ အရ

တစ်ခါလူသားထဲမှာ မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ် ၄-ခု နဲ့ ပဋိသန္ဓေတည်တဲ့ ပုဂ္ဂိုလ်ကျတော့ -

၁။ အလောဘဆိုတဲ့ ဟိတ်လည်းရှိတယ်,
၂။ အဒေါသဆိုတဲ့ ဟိတ်လည်း ရှိတယ်,
၃။ အမောဟ ဆိုတဲ့ ဟိတ်လည်းရှိတယ်၊

ဟိတ် ၃မျိုးရှိတဲ့ အတွက်ကြောင့် သူ့ကို တိဟိတ် ပုဂ္ဂိုလ် လို့ခေါ်တယ်။ တိဟေတုက ဆိုတဲ့ ပါဠိကို ကြည့်ပြီး တိဟိတ် ပုဂ္ဂိုလ်တဲ့၊ သူ့ကျတော့ ထက်မြတ်တယ်၊ ဘာလေး သင်လိုက် သင်လိုက် သူက အင်မတန်မှ သိလွယ်တယ်၊ ဉာဏ်က ထက်မြတ်တယ်, လျင်မြန်တယ်, ဖြတ်လတ်တယ် ဆိုတဲ့ အနေအထားမျိုး ရောက်တယ်။

ဒွိဟိတ်ပုဂ္ဂိုလ်နှင့် တိဟိတ်ပုဂ္ဂိုလ် ကွာခြားချက်

ဒွိဟိတ်ပုဂ္ဂိုလ် တိဟိတ်ပုဂ္ဂိုလ်ကို အကြမ်းဖျဉ်းအားဖြင့် ဘယ်လိုလုပ် သိနိုင်တုန်းလို့ မေးမယ် ဆိုလို့ရှိရင် တိဟိတ်ပုဂ္ဂိုလ်ဟာ မထိုင်းမှိုင်းဘူး၊ “သုဘာသိတ ဒုဗ္ဗာသိတ ဿအတ္ထံ ဇာနာတိ” တဲ့၊ ကောင်းသဖြင့် ပြောတဲ့ စကားလား၊ မကောင်းသဖြင့် ပြောတဲ့ စကားလား၊ အဆိုးနဲ့ အကောင်း အကျိုးနဲ့ အကြောင်း ခွဲခြားပြီး သိနိုင်တယ် လို့ ဆိုရင် တိဟိတ်ပုဂ္ဂိုလ်လို့ပဲ ပြောရမယ်။ တချို့ပုဂ္ဂိုလ် ကျတော့ အဆိုးလား အကောင်းလားလည်း မသိဘူး, အကျိုးလား အကြောင်းလား ဆိုတာလည်း မသိဘူး၊ အဲဒီလို မသိလို့ရှိရင် ဒါ ဒွိဟိတ်ပုဂ္ဂိုလ်ပဲ၊ ထက်မြက်မှုမရှိတဲ့ ပုဂ္ဂိုလ်ပဲ။ အဲဒီ ပုဂ္ဂိုလ်နှစ်ဦးမှာ တိဟိတ်ပုဂ္ဂိုလ် ဖြစ်လာပြီဆိုရင်တော့ ဒီဘဝမှာ ကြိုးစားရင် ကြိုးစားသလောက်, ဝီရိယစွမ်းအား မြင့်ရင် မြင့်သလောက် အသိဉာဏ်အား ပေါက်ရောက် လာနိုင်တယ်တဲ့၊ ဒီဘဝမှာ မဂ် ဖိုလ် နိဗ္ဗာန်ကို ရနိုင်တယ်။

ပစ္ဆိမ ဘဝိက ပုဂ္ဂိုလ်

အဲဒီ တိဟိတ် ပုဂ္ဂိုလ်ထဲမှာ ထပ်ပြီး ခွဲကြည့်မယ်ဆိုရင် ‘ပစ္ဆိမ ဘဝိက’ ဆိုတဲ့ ပုဂ္ဂိုလ်မျိုး ရှိသေးတယ်။ သူ့ရဲ့ဘဝဟာ နောက်ဆုံးပဲလို့ ဆိုတဲ့ အနေအထားမျိုး ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ပစ္ဆိမဘဝ၊ ကံ အနေအထားအရ သူကကျတော့ ဉာဏ်ဟာ ပိုပြီးတော့ ထက်မြက်လမ့်မယ်လို့ ယူဆရတယ်၊ စိတ်စွမ်းအားတွေလည်း ပိုပြီးတော့ မြင့်မား လိမ့်မယ်၊ ဆိုလိုတာက level တို့ ဒီဂရီတို့ ဆိုတာ နေရာတိုင်းမှာ ရှိမယ်ပေါ့၊ တိဟိတ် ပုဂ္ဂိုလ်ရဲ့ level ထဲမှာလည်း ပိုပြီးတော့ထက်တဲ့ တိဟိတ် ပုဂ္ဂိုလ်ရဲ့ level ဆိုတာ ရှိသေးတယ်။

ပင်ကိုယ်က ဉာဏ်ထက်လို့ တိဟိတ်ပုဂ္ဂိုလ် ဖြစ်လာပြီ ဆိုလို့ရှိရင် စာပေတွေမှာ ဘယ်လို သုံးတုန်းဆိုလို့ရှိရင် ဥပနိဿယသမ္ပတ္တိ တဲ့၊ အခြေခံကောင်းတွေ ရှိနေတဲ့ ပုဂ္ဂိုလ်တဲ့၊ အဲဒီ ပုဂ္ဂိုလ်မျိုးဟာ ဘုရားနဲ့တွေ့ပြီး တရားနာလိုက်ရပြီဆိုရင် ကျွတ်သွား တဲ့ ပုဂ္ဂိုလ်မျိုးပေါ့၊ တရားထူး တရားမြတ် ရသွားတယ်။ သို့သော်လည်း အဲဒီလို ဥပနိဿယသမ္ပတိ အခြေခံကောင်းတွေ ရှိသော်လည်း တရားထူး တရားမြတ် မရတဲ့ ပုဂ္ဂိုလ်ရော မရှိနိုင်ဘူးလား ဆိုလို့ရှိရင် ရှိတယ်၊ အများကြီး ရှိတယ်၊ ဟောဒီ ပရိသတ် တွေ ထဲမှာလည်းပဲ အခြေခံကောင်းတွေ ရှိပြီး တရားထူး တရားမြတ် မရသေးတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်နော်။

ဥပနိဿယ သမ္ပတ္တိလို့ ဆိုတဲ့ တိဟိတ်ပဋိသန္ဓေ အနေအထား ပေမယ့်လို့ ဘာဖြစ်လို့ မရသေးတာတုန်း ဆိုလို့ရှိရင် မရင့်ကျက်သေးတာလည်း ဖြစ်လိမ့်မယ်, မလုပ်သေးတာ လည်း ဖြစ်လိမ့်မယ်, ဆန္ဒ မပြင်းထန်သေးတာလည်း ဖြစ်လိမ့်မယ်။ အခြေခံ အကြောင်းကတော့ သူက စွမ်းအားတွေ အများကြီး လိုတယ်လေ၊ ပြီးတော့ မြတ်စွာဘုရား တရားဟောတဲ့ အခါမှာ ဘယ်ပုဂ္ဂိုလ်က ဘယ်တရားနဲ့ တန်တယ်ဆိုတာ မြတ်စွာဘုရားက ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်ကို ကြည့်ပြီးတော့ သူနဲ့တန်တဲ့ တရား တစ်ခါတည်း ဟောတော့ အသိဉာဏ်က ချက်ချင်း ပွင့်သွားတယ်။

မြတ်စွာဘုရားက နည်းလမ်းတွေ အကုန်သိတော့ နည်းလမ်းစုံသုံးတယ်။ ကျန်တဲ့ သာဝကတွေ ကျတော့ ဘုရားဟောတဲ့ တရားထဲကနေ ရမ်းပြီးတော့ ဟောရတာ ဆိုတော့ လူအုပ်ထဲကို ခဲနဲ့ပစ်ရင် မှန်တဲ့သူကို မှန်မှာပေါ့။ တရားဟောရတာက အဲဒီလို ရမ်းပြီးတော့ ကြဲနေရတဲ့ ဟာမျိုးပဲ။ ဘုရားဟောတဲ့ တရားတွေ ယူပြီးဟောတော့ ထိတဲ့သူ ထိတယ်, မထိတဲ့သူ မထိဘူးပေါ့၊ ပေါက်ရောက်တဲ့သူ ပေါက်ရောက်တယ်, မပေါက်ရောက်တဲ့သူ မပေါက်ရောက်ဘူး၊ စိတ်ထဲ တွေ့သွားတဲ့သူ ရှိတယ်, စိတ်ထဲ မတွေ့တဲ့သူလည်း ရှိမှာပဲ၊ ဘာဖြစ်လို့တုန်း ဆိုရင် လူရဲ့စိတ်ကို သိတာမှ မဟုတ်ပဲ၊ မြတ်စွာဘုရားကတော့ စိတ်ကိုသိလို့ လွဲမှားမှု မရှိတော့ဘူး။

ဥပနိဿယသမ္ပတ္တိ ပျက်စီးရခြင်း အကြောင်းများ

အဲဒီထဲမှာ ဥပနိဿယသမ္ပတ္တိ ဆိုတဲ့ အခြေခံကောင်းတွေ ရှိတဲ့ တိဟိတ်ပုဂ္ဂိုလ် တွေတောင်မှပဲ တစ်ခါတစ်ရံ သူတို့ အခြေအနေကောင်းတွေ ပျက်စီးသွားတာတွေ ရှိတတ်သေးတယ်တဲ့။ ဒါက သတိထားစရာ ကောင်းတယ်။ ပျက်စီးသွားတာ ဘာကြောင့် ပျက်စီးတာတုန်းဆိုရင် နံပါတ် (၁) က external condition ကြောင့် ဖြစ်တယ်၊ အပေါင်းအသင်းပဲ။ ပါပမိတ္တ မကောင်းတဲ့သူနဲ့ ပေါင်းမိတယ် ဆိုလို့ရှိရင် အခြေခံကောင်းတွေ ပျက်စီးသွားနိုင်သေးတယ်။ ဆိုပါစို့ - မိတ်ဆွေယုတ်နဲ့ ပေါင်းမိသွားတဲ့ အတွက်ကြောင့် ကံငါးပါး ကျူးလွန်မိရင် (ကံငါးပါးဆိုတာ အာနန္တရိယ ကံငါးပါးကို ပြောတာ၊ အမိကို သတ်တဲ့ကံ, အဖကိုသတ်တဲ့ကံ, ရဟန္တာကို သတ်တဲ့ကံ, သံဃာကို သင်းခွဲတာ၊ သံဃာ သင်းခွဲတာ ကတော့လူတွေနဲ့ မဆိုင်ဘူး၊ ရဟန်းတွေနဲ့ပဲ ဆိုင်တယ်၊ သံဃာသင်းခွဲတာကို ကျူးလွန်နိုင်တဲ့ပုဂ္ဂိုလ်က ရဟန်းပဲ ဖြစ်ရမယ်၊ လူမဟုတ်ဘူး၊ သံဃဘေဒကကံ ထိုက်တယ်ဆိုတာ လူဝတ်ကြောင်မှာ မထိုက်ဘူး၊ သို့သော် အားပေးအားမြှောက် ပြုမယ်ဆိုရင် အပြစ်တော့ ဖြစ်တယ်၊ သို့သော် အာနန္တရိယ ကံအဆင့် ကံကြီးဆိုတာတော့ ဖြစ်တယ်၊ နောက် လောဟိတုပ္ပါဒက ကျတော့ ရဟန်းဖြစ်ဖြစ် လူဖြစ်ဖြစ် ထိုက်နိုင်တယ်၊ ဘုရားကို သွေးစိမ်းတည်အောင် လုပ်တယ်) အဲဒီ ကံငါးပါးကို ကျူးလွန်မိတယ်ဆိုရင် အခြေ အနေကောင်းတွေ ပျက်စီးသွားတတ်တယ်။

ဘယ်သူပျက်စီးသွားလဲ ဆိုလို့ရှိရင် ထင်ရှားတာ ပြောရမယ်ဆိုရင် - အဇာတသတ် မင်းကြီး၊ မဂဓ ပြည့်ရှင်ဘုရင်၊ အဇာတသတ်မင်းကြီးဟာ ဒေဝဒတ်နဲ့ပေါင်းပြီး ပိတုဃာတကကံ ကျူးလွန်မိတယ်။ ပေါင်းတယ် ဆိုတာကလည်း ဒေဝဒတ်ကို သိပ်ယုံသွားတာ၊ ယုံလောက်အောင်လည်း ဒေဝဒတ်က လုပ်ပြတယ်။ တန်ခိုးတွေ ပါဝါတွေ၊ ဒါ သိပ်ပြီး သတိထားစရာ ကောင်းတယ်၊ လူတစ်ယောက် တန်ခိုးပါဝါ အာဏာပြပြီဆိုရင် အဲဒီလူပေါ်မှာ လုံးဝမှိတ်ပြီး ယုံသွားလို့ရှိရင် ကိုယ့်မှာ ဒုက္ခ ရောက်တတ်တယ်။ ဒေဝဒတ်က အဇာတသတ်ကို သွားစည်းရုံးတဲ့အခါမှာ ရိုးရိုး စည်းရုံးတာ မဟုတ်ဘူး၊ အဲဒီတုန်းက သူ့မှာ တန်ခိုးအဘိဉာဏ် ရှိနေသေးတယ်။ သို့သော် မကောင်းတဲ့ စိတ်ကလေးတော့ ဝင်စပြုနေပြီ၊ အဲဒီမကောင်းတဲ့ စိတ်ကြောင့် မို့လို့ သူ ရ,ထားတဲ့ ဂုဏ်ထူးဝိသေသ တွေဟာ အကုန်လျောပြီးတော့ ပျက်စီး သွားတယ်။

သူ့စိတ်ထဲမှာ ဘာပေါ်လာတုန်း ဆိုတော့ “သာရိပုတ္တရာတို့ မောဂ္ဂလာန်တို့ ဆိုတာ တွေက သိပ်နာမည်ကြီးတယ်၊ ဘုရားရဲ့ တပည့်၊ သူလည်း ဘုရားတပည့်၊ အတူတူပဲ၊ အာနန္ဒာတို့လည်း popular ဖြစ်တယ်၊ သူများ popular ဖြစ်တော့ သူလည်း ဖြစ်ချင်လာတယ်၊ ဒါပါပဲ” လူ့စိတ်ဟာ ဒါပါပဲနော်၊ ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလာန်တို့ နာမည်ကြီးလာတယ်၊ လူတွေက ကြည်ညိုကြတယ်၊ ရှင်အာနန္ဒာ တို့များ ငါနဲ့ သင်္ကန်းတူတူ ဝတ်လာတာ၊ သူတို့ကျတော့ နာမည်ကြီးတယ်၊ ဒေဝဒတ် ကျတော့ မေးမယ့်သူ မရှိဘူး၊ မေးမယ့်သူ မရှိတဲ့အခါ နာမည်ကြီးအောင် လုပ်ချင် လာတယ်။

အဲဒီအခါ ဘယ်သူ့ သွားစည်းရုံးတုန်းဆိုရင် အဇာတသတ်မင်းကို သွားစည်းရုံးတယ်။ အဲဒီအချိန်မှာ မဂဓတိုင်းမှာ ဗိမ္ဗိသာရမင်ကြီးက အုပ်ချုပ်နေတာ။ ဗိမ္ဗိသာရမင်းတော့ သွားစည်းရုံးလို့ မရဘူး၊ လူကြီးလည်း လူကြီး, သောတာပန်လည်း သောတာပန် ဖြစ်နေတော့ သူ့စည်းရုံးလို့ မဖြစ်ဘူးဆိုတာ သူသိနေတယ်။ ဒါကြောင့်မို့ ဘယ်သူ့ သွားစည်းရုံးတုန်း ဆိုလို့ရှိရင် ခပ်ငယ်ငယ်, သိပ်ပြီးတော့ မလိမ်မိုး မလိမ်မာ ဘုရင်ဖြစ်ဖို့ အလားလာလည်း ကောင်းနေတယ်၊ ဘုရင်ကြီးက ဦးစားလည်း ပေးထား တယ်၊ မိဖုရားခေါင်ကြီးရဲ့ သားဖြစ်တဲ့ အဇာတသတ်ကို သွားစည်းရုံးတယ်။

စည်းရုံးတဲ့အခါမှာ သူက ဘယ်လောက်ထိအောင် စည်းရုံးလိုက်တုန်း ဆိုရင် မင်းသားရုပ်ကလေး ဖန်ဆင်းလိုက်တယ်။ သူ့ကိုယ်သူ ဖန်ဆင်းလိုက်ပြီးတော့ အဲဒီ မင်းသားရုပ်ကလေးကို မြွေတွေနဲ့ တန်ဆာ ဆင်ထားတယ်။ ကြောက်လည်း ကြောက်စရာကြီးပေါ့။ ဘွားကနဲ့ဆိုပြီးတော့ အဇာတသတ် မင်းသားရဲ့ ရင်ခွင်ထဲမှာ မြွေမင်းသားလေး လာပြီးပေါ်တော့ ဟိုက လန့်တာပေါ့၊ တအားကြောက်သွား တာပေါ့။ မြွေတွေနဲ့ တန်ဆာဆင်ထားတဲ့ မင်းသားလေး သူ့ရဲ့ရင်ခွင်ထဲ ဘွားခနဲ ပေါ်လာတဲ့အခါ ကျတော့ သိပ်ကြောက်သွားတယ်၊ သိပ်ကြောက်သွားတဲ့အခါ ကျတော့ လန့်ဖြန့်ပြီး “ဘယ်သူတုန်း” လို့မေးတော့ “ငါ ဒေဝဒတ်ပါ” လို့ပြောတယ်။ ဒေဝဒတ်က ရဟန်းပုံစံနဲ့ ပြတယ်၊ ရှင်ဒေဝဒတ်ပေါ့။ အဲဒီကျတော့ သိပ်ပြီးတော့ ယုံသွားတယ်ပေါ့၊ တန်ခိုးကြီးလိုက်တာ ဆိုပြီး ယုံသွားတယ်၊ အဲဒီနောက်ပိုင်း တန်ခိုး ဖန်ဆင်းလို့ မရတော့ဘူး။ နန်းတော်က ဆင်းတာတောင် ဒီအတိုင်း ဆင်းသွား လိုက်ရပုံ ရတယ်၊ ကောင်းကင် မပျံနိုင်တော့ဘူး။

ဘာဖြစ်လို့တုန်း ဆိုလို့ရှိရင် သူ့စိတ်ထဲမှာ အဲဒီလို အဇာတသတ်ကို စည်ရုံးလို့လည်း ရလာရော သံဃာဂိုဏ်းကို သူခေါင်းဆောင်တော့မယ် ဆိုတဲ့ စိတ်ယုတ် ဝင်လာတယ်၊ ဝင်တာနဲ့တစ်ပြိုင်နက် သူ ရ,ထားတဲ့ ဈာန်အဘိညာဉ်တွေဟာ ပျက်စီးသွားတယ်၊ အဲဒီ ဈာန်အဘိညာဉ်တွေ ပျက်စီး ဆုံးရှုံး သွားပြီးတော့ နောက်ထပ် သူ ဒါမျိုး လုပ်ပြလို့ မရဘူး၊ မရတာကို အဇာတသတ်က မသိဘူးလေ၊ “ဒေဝဒတ် ဘုန်းကြီးတယ်” ဒီဟာလေးပဲ သူ့စိတ်ထဲမှာ စွဲနေပြီးတော့ ဘယ်ဟာမဆို ရှင်ဒေဝဒတ် အကုန်သိတယ် ဆိုပြီးတော့ ယုံကြည်သွားတယ်။ တကယ်ဆိုရင် ရှင်ဒေဝဒတ်ဟာ အဲဒါ နေက်ဆုံး လုပ်ပြခြင်းပဲ၊ အဲဒီ နောက်မှာ သူ့မှာ ဘာပါဝါမှ မရှိတော့ဘူး၊ အကုန်လုံးဆုံးရှုံးသွားပြီ။

ဘယ်သူက အဲဒီ ပါဝါတွေကို ဆုံးရှုံးစေသလဲလို့ ဆိုလို့ရှိရင် သူ့ရဲ့ ယုတ်မာတဲ့ စိတ်ဓာတ်ပဲ၊ မကောင်းတဲ့ အကြံပဲ၊ ဆိုးယုတ်တဲ့ အတွေးတွေကြောင့်မို့လို့ အဲဒီ အဘိညာဉ်တွေက နောက်ထပ် ပြန်လုပ်တာ မရတော့ဘူး၊ ဆုံးရှုံးသွားပြီ၊ အင်မတန် ကြောက်စရာ ကောင်းတယ်နော်။

အဲဒီအချိန်မှာ အဇာတသတ်ဟာ ဒေဝဒတ်ပြောတဲ့ အလုပ်တွေ အကုန်လုံး လိုက်လုပ်တယ်၊ နောက်ဆုံးမှာ သူ့အဖေ ဖမ်းဖို့ပြောတယ်, ဖမ်းတယ်၊ ထောင်ချ ခိုင်းတယ်, ထောင်ချတယ်၊ အကုန် လုပ်တယ်၊ ထောင်ချပြီးတော့ သူက သတ်ဖို့ နဂို တုန်းက စိတ်ကူးမရှိပါဘူး။ ဒေဝဒတ်က ပြောတယ်၊ “မင်းက သားရေနဲ့ လုပ်ထားတဲ့ စည်ထဲကို မြေခွေးထည့်ပြီးတော့ ကျက်ထားသလိုပဲ” တဲ့၊ “မင်းအဖေက မင်းကို အခု နန်းပေးလိုက်တာဟာ ခဏပေးတာ၊ တစ်နေ့ကျရင် ပြန်သိမ်းလိမ့်မယ်” တဲ့။ “အဲဒါဆို ဘယ်လိုလုပ်ရမှာတုန်း” ဆိုတော့ “အပြတ်ဖြတ်ပေါ့” သူက အကြံ ပေးတယ်။

အဲဒီလို အကြံပေးတဲ့အခါ မင်းမျိုးတွေရဲ့ ထုံးတမ်းစဉ်လာက “မင်းသွေး မြေမကျရဘူး” ဆိုပြီးတော့ ဓားနဲ့သတ်တာမျိုး မလုပ်ရဘူး၊ မြန်မာပြည်မှာလည်း အဲဒီအစဉ်အလာ ရှိတယ်လေ။ စကြာမင်းလေး ရေချတယ်ဆိုတာ၊ အဲဒါ မင်းသွေး မြေကျရင် မကောင်းဘူးလို့ ဆိုပြီး မင်းတွေကို သတ်လို့ရှိရင် များသောအားဖြင့် ဝါးရင်းတုတ်နဲ့ လည်ပင်း ရိုက်သတ်တာ များတယ်၊ ဓားနဲ့ခုတ်သတ်တာမျိုး မလုပ်ဘူး၊ စစ်ပွဲမှာ တိုက်တာကတော့ တစ်မျိုးပေါ့နော်၊ သေဒဏ်ပေးလို့ သတ်ပြီးဆိုရင်တော့ လည်းပင်းကို ဝါးရင်းတုတ်နဲ့ ရိုက်သတ်တာ များတယ်၊ တချို့ကျတော့လည်း အဝတ်ထဲ ထည့်ချုပ်ပြီးတော့ တစ်ခါတည်း ရေမြှုပ်ပစ်တာမျိုး လုပ်လေ့ရှိတယ်။ အဲဒီလို ‘အသတ္တဃာတ’ ဓားနဲ့ မသတ်ထိုက်ဘူး ဆိုတာ အစဉ်အလာ ရှိတဲ့အတွက် ကြောင့် ဓားနဲ့သတ်စရာ မလိုဘူး၊ ထောင်ထဲ ထည့်ထားလိုက်တာနဲ့ ပြီးပြီ၊ ထောင်ထဲ ထည့် အစာဖြတ်ပြီး သတ်ခိုင်းတာ။

အစာဖြတ်ထား ပေမယ့်လို့ ဗိမ္ဗိသာရမင်းကြီက မသေဘူးလေ၊ အားလုံး သိတဲ့ အတိုင်းပဲ၊ ဘာဖြစ်လို့တုန်း ဆိုတော့ ဈာန်ဝင်စားပြီးတော့ ပီတိဘက္ခ ပီတိနဲ့ နေလို့ ရနေတာ။ အဲဒီလို မသေတဲ့ အခါကျတော့ ပထမတော့ သူ့ရဲ့မယ်တော်ကြီးက ခိုးခိုး ကျွေးတယ်ပေါ့၊ ဇာတ်လမ်းကို အကုန် မပြောတော့ဘူးနော်။ နောက်ဆုံးကျတော့ အစာတွေ အကုန်ဖြတ်၊ မယ်တော်ကြီးလည်း ဝင်ခွင့် မပြုတော့ဘူး။ နောက်ဆုံး ဘာနဲ့ အသက်ရှင်နေတုန်းဆိုတော့ လမ်းလျှောက်ပြီးတော့ ဈာန်ဝင်စားပြီး အသက်ရှင်နေ တယ်၊ နောက်ကျတော့ လမ်းမလျှောက်နိုင်အောင် ခြေထောက်ကို ဓားနဲ့ ခွဲတယ်။

ဗိမ္ဗိသာရမင်း ခြေထောက်ဓားနဲ့ ခွဲတာလည်း အမျိုးမျိုးပြောကြတယ်၊ ဘုန်းကြီး ကျောင်းထဲ ဖိနပ်စီးလို့ တဲ့၊ ဟိုလိုပြော ဒီလိုပြော၊ ဘုရားရင်ပြင်ပေါ် ဖိနပ်စီးလို့တို့၊ တကယ်ကတော့ ‘ပဒုဋ္ဌစိတ်’ လို့ခေါ်တယ်။ ပဒုဋ္ဌ ဆိုတာ ပြစ်မှားလိုတဲ့စိတ်နဲ့ လုပ်ခဲ့တာ။ ဆိုလိုတာက ရွှေတိဂုံဘုရားကြီးကို ကြည့်လိုက်မယ် ဆိုလို့ရှိရင် ပန်းတင်ခုံရှိတယ်၊ အောက်ခြေက ပစ္စယာသုံးဆင့်လို့ ခေါ်တယ်။ ရှေးတုန်းက အဲဒီ ပစ္စယာသုံးဆင့်က ဘာလုပ်ထားတာတုန်း ဆိုရင် ပန်းတွေတင်ပြီး ပူဇော်ကြတာ။ ဒါကြောင့်မို့ ပစ္စယာသုံးဆင့်က စေတီရဲ့ အခြေခံပါ၊ အဲဒီမှာ ပန်းတွေ တင်ပြီးတော့ လူတွေက ပူဇော်ကြတယ်၊ ပန်းမွေ့ရာ ခင်းပြီးတော့ ပူဇော်တယ်၊ အဲဒီလို သူများတွေက ပန်းတင်ပြီးပူဇော်တဲ့ နေရာကို သူက ပမာမခန့် မလေးမစားလုပ်ပြီး ဖိနပ်စီးသွားတယ်ပေါ့။ အဲဒီလို မလေးမစား လုပ်ခဲ့တဲ့ အကုသိုလ်လို့ ဒီလိုဆိုပါတယ်။

မြန်မာလူမျိုးတွေက အကြောက်လွန်ပြီးတော့ ဘုန်းကြီးကျောင်းထဲမှာ ဖိနပ်စီးရင် တောင်မှပဲ ကြောက်ကြတယ်၊ ကြောက်တာတော့ ခြေဖဝါး ဓားနဲ့ခွဲခံရမှာ ကြောက်တာပါ။

အေး - အဲဒီလိုနဲ့ နောက်ဆုံးကျတော့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်၊ ပိတုဃာတက ကံကြီး ကျူးလွန်လိုက်တာနဲ့ တစ်ပြိုင်နက် အဇာတသတ်ဘုရင်ကြီးမှာ ပါလာတဲ့ ဥပနိဿယသမ္ပတ္တိ တိဟိတ်ပဋိသန္ဓေ နေခဲ့တယ်ဆိုတဲ့ အခြေခံတရားဟာ မဂ် ဖိုလ် နိဗ္ဗာန်ရလောက်အောင် အခွင့်အရေး မပေးတော့ဘူး၊ ပျက်စီးသွားပြီ၊ ဘာဖြစ်လို့တုန်း ဆိုတော့ အာနန္တရိယကံကြီးကို ကျူးလွန်မိသွားလို့။

ဒါကြောင့်မို့ သာမညဖလသုတ်ကို ဟောပြီးတဲ့အဆုံးမှာ မြတ်စွာဘုရားက အဇာတသတ်မင်းကြီးလည်း ပြန်သွားရော ရဟန်းတွေကို ဆက်လက်ပြီးတော့ မိန့်တယ်။ “ဒီမင်းဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီး လိုက်တာ” တဲ့၊ “အခြေခံကောင်းတွေ ရှိနေတယ်၊ အကယ်၍သာ တရားစောင့်တဲ့ သူ့ရဲ့ ခမည်းတော် မင်းတရားကြီးကို သူ မသတ်ဖြတ်ခဲ့ဘူးဆိုရင် ဒီတရားနာပြီး သူ သောတာပန်ဖြစ်သွားမှာ” လို့ မိန့်တော်မူတယ်။

အဲဒီလို အခြေခံကောင်း ရှိလျက်နဲ့ ပျက်စီးသွားတာ အကြောင်း နှစ်မျိုးရှိတယ်တဲ့ -
နံပါတ်(၁)က External Condition - မိတ်ဆွေယုတ်နဲ့ ပေါင်းဖက်မှုတဲ့။ အဲဒါကြောင့် မြတ်စွာဘုရားက မင်္ဂလသုတ်မှာ “အသေဝနာစ ဗာလာနံ” တဲ့၊ လက်လွန်သွားတယ်၊ ဒေဝဒတ်စကား သွားနားထောင်မိတယ်၊ “ပေါင်းသင်းတယ်” ဆိုတာ အဲဒါပြောတာ။ သူ့စကား နားထောင်တာ, သူလုပ်တာ လိုက်လုပ်တာ - ဒါ “ပေါင်းတယ်” ခေါ်တယ်နော်၊ ဒါမျိုးကို ဆိုလိုတယ်။ အဲဒီတော့ ဒေဝဒတ်ဆိုတဲ့ မိတ်တွေယုတ်နဲ့ ပေါင်းမိသည့် အတွက်ကြောင့် သူ့ရဲ့ အခြေခံကောင်းတွေ ဆုံးရှုံး သွားတယ်။

နောက်နံပါတ် (၂) က “ကိရိယာ ပရိဟာနိ” လို့ ခေါ်တယ်၊ ကိုယ့်ရဲ့ လုပ်ဆောင်ရမယ့် ကိစ္စတစ်ခု မလုပ်ဆောင်မိရင်လည်း အခြေခံကောင်းတွေ ဆုံးရှုံးသွားတယ်တဲ့၊ အဲဒါကျတော့ တရားဟောပြော သူနဲ့ ကာယကံရှင် နှစ်ဦး သက်ဆိုင်မှုရှိတယ်တဲ့။

“ကိရိယာ ပရိဟာနိ” တရားဟောတဲ့ပုဂ္ဂိုလ်က ပြည့်ပြည့်စုံစုံ ဟောမပြနိုင်ဘူး ဆိုလျှင်လည်းပဲ - အဲဒီပုဂ္ဂိုလ်က ဆိုပါစို့ - နည်းကောင်း လမ်းကောင်း မပေးနိုင်ဘူး ဆိုရင် တရားထူး တရားမြတ် ရနိုင် လောက်တဲ့ အနေအထား ရှိလျက်သားနဲ့ အဲဒီ ပုဂ္ဂိုလ်က တရားထူး တရားမြတ် မရဘူးတဲ့။ အဲဒါ ဟောပြောသူ ဘက်က ချို့ယွင်း ချက်ပဲ။ လုပ်ဆောင်သူဘက်က ချို့ယွင်းချက်ကတော့ မကြိုးစား တာတို့၊ မလုပ်တာ တို့၊ တရား အားမထုတ်တာတို့၊ ပျင်းတာတို့။ အဲဒါ လုပ်ဆောင်သူဘက်က ချို့ယွင်း ချက်တဲ့။

ကိရိယာ ပရိဟာနိ နေရာမှာ မြတ်စွာဘုရားနဲ့ ပြောမယ်ဆိုရင် ဘုရားဘက်က ချို့ယွင်းချက် မရှိဘူး၊ ရဟန္တာတွေဘက်က ရှိနိုင်တယ်တဲ့။

ကြည့်လေ - ဓနဉ္စာရီပုဏ္ဏားကို ရှင်သာရိပုတ္တရာက တရားဟောတယ်၊ အစွဲတွေ ချွတ်တယ်၊ ချွတ်ပြီး နောက်ဆုံးကျတော့ “ပုဏ္ဏားတွေဟာ ဗြဟ္မာ့ပြည်ကို သိပ်ရောက်ချင်တဲ့ကောင်တွေ” ဆိုပြီးတော့ ဗြဟ္မာ့ပြည်တွင် ပို့ထားပစ်ခဲ့တာ၊ တကယ်တော့ သူက ဗြဟ္မာ့ပြည်တွင် မကဘူး, တရားထူး တရားမြတ် ရနိုင်တဲ့ အဆင့်ရှိရဲ့သားနဲ့ သူက ဗြဟ္မာ့ပြည် အဆင့် လောက်တင် ချန်ထားခဲ့ပြီးတော့ ဟိုက တရားထူး တရားမြတ် ရတဲ့အဆင့် မရောက်သွားဘူး ပေါ့။ အဲဒါကျတော့ ရှင်သာရိပုတ္တရာရဲ့ လုပ်ဆောင်မှု အားပျော့တယ်လို့ ဒီလိုပြောတယ်၊ ဟောပြောတဲ့ပုဂ္ဂိုလ်ရဲ့ အားပျော့မှုလို့ ဒီလိုပြောတယ်။

နောက်တစ်ခုမှာ ရွှေပန်းထိမ်သည်ရဲ့ သားလေးကို လူငယ်လူရွယ်ဖြစ်လို့ ကာမဂုဏ် စိတ်တွေ ငြိမ်သွားအောင် ဆိုပြီးတော့ အသုဘ ကမ္မဋ္ဌာန်း ပေးတယ်။ ၄ လ အားထုတ်တာ မရဘူး၊ ဒါက ရှင်သာရိပုတ္တရာရဲ့ အားပျော့မှုပေါ့၊ ဒီလို ဆိုလိုတယ် ပေါ့နော်။ မြတ်စွာဘုရားကတော့ တစ်မနက်ခင်း လေးအတွင်းမှာပဲ တရားထူး တရားမြတ်ရအောင် ဆောင်ရွက်ပေး လိုက်နိုင်တယ်။ ဘုရားဘက် ကတော့ ချို့ယွင်းချက် လုံးဝမရှိဘူး။ ရဟန္တာတွေဘက်ကတော့ ချို့ယွင်းချက်တွေ ရှိနိုင်တယ်၊ ဘာဖြစ်လို့ ရှိရတာတုန်း ဆိုတော့ မြတ်စွာဘုရားလို အာသယာနုသယဉာဏ် နဲ့ ဣန္ဒြိယပရောပရိယတ္တိ ဉာဏ်ဆိုတာ ရဟန္တာတွေမှာ လုံးဝမရှိဘူးတဲ့။ ပစ္စေကဗုဒ္ဓ တောင်မှ မရှိဘူးတဲ့၊ လူရဲ့ အတွင်း အဇ္ဈာသယကို သိဖို့ဆိုတာ မရှိဘူးတဲ့။ ဥပနိဿယသမ္ပတိ လို့ဆိုတဲ့ တိဟိတ်ပုဂ္ဂိုလ် ဖြစ်လာတဲ့ အခါမှာ ဒီအကြောင်းတွေနဲ့ ဆုံစည်းမိဖို့က အင်မတန်မှ အရေးကြီးသေးတယ်။

ခွဲလိုက်မယ် ဆိုလို့ရှိရင် ‘ကလျာဏမိတ္တ’ ကောင်းတဲ့ မိတ်ဆွေနဲ့ ပေါင်းမိဖို့လည်း လိုသေးတယ်။ ‘ကိရိယာပရိဟာနိ’ မဖြစ်အောင် ဟောပြော နည်းပေး လမ်းပြတဲ့ဆရာက ပြည့်စုံဖို့ လိုသေးတယ်။ နောက်ထပ် ကိရိယာပရိဟာနိ မဖြစ်အောင် ကိုယ်တိုင်က ကြိုးစားဖို့ လိုသေးတယ်လို့ အကြောင်း သုံးမျိုး။ အဲဒါမှသာလျှင် တရားထူး တရားမြတ်ရဖို့ဆိုတာ ဖြစ်နိုင်တယ်။

မိမိကိုယ်တိုင်းကတော့ စွမ်းဆောင်မှု ရှိပါရဲ့၊ နည်းပေးလမ်းပြ လုပ်မယ့် ပုဂ္ဂိုလ် မရှိဘူးဆိုလျှင် တရားထူး တရားမြတ် မရနိုင်ဘူး။ နည်းပေးလမ်းပြ လုပ်မယ့် ပုဂ္ဂိုလ်ရှိပါလျက် ကိုယ်က မလုပ်ဘူး ဆိုရင်လည်း မရနိုင်ဘူး၊ အဲဒီလိုပေါ့၊ တိဟိတ် ပုဂ္ဂိုလ်ရဲ့ အနေအထားက အဲဒီလိုရှိတယ်။

ပစ္ဆိမဘဝိက၏ စွမ်းဆောင်ရည်

တစ်ဖန် ပစ္ဆိမဘဝိကဆိုတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ သူက ပိုပြီးတော့ စွမ်းဆောင်မှုရှိတယ်။ ပစ္ဆိမဘဝိက ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဒီဘဝဟာ နောက်ဆုံးဘဝ၊ သေလောက်တဲ့ အနေအထားတွေ ကြုံပေမယ့်လို့ ဘယ်လိုနည်းနဲ့မှ မသေဘူး။ သံကိစ္စသာမဏေတို့ ရှင်ဒဗ္ဗတို့ပဲ ကြည့်ပေါ့နော်။ သေတွင်းကနေ ထွက်လာတာ၊ ရှင်ဗာကုလ တို့ - ငယ်ငယ်လေး၊ မြစ်ထဲမှာ ရေချိုး၊ ငါးဟပ်သွားလို့ ငါးဗိုက်ထဲရောက် သွားရော၊ ငါးဗိုက်ထဲက နေပြီးတော့မှ အသက်မသေဘဲ ပြန်ရှင်လာတာ။ အဲဒီ ပုဂ္ဂိုလ်မျိုးကျတော့ ပစ္ဆိမဘဝိကလို့ ခေါ်တယ်၊ ပစ္ဆိမဘဝိကဆိုတာ လွဲချော်မှုတွေ ဘယ်လောက် ရှိရှိ သေချာပေါက် တရားထူး တရားမြတ်ရတဲ့ ပုဂ္ဂိုလ်မျိုး၊ ဒီလိုလည်း စာပေတွေမှာ ခွဲပြထားတာ ရှိတယ်ပေါ့နော်။

ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ်

အဲဒီမှာ အားလုံး လူတွေကို ကြည့်မယ်ဆိုရင် ဘဝတစ်ခု အစပြုလိုက်တဲ့အခါမှာ ဥပေက္ခာသန္တီရဏ ကုသလဝိပါက်စိတ်နဲ့ စ,ချင် စ,မယ်၊ ဉာဏဝိပ္ပယုတ် မဟာဝိပါက် စိတ်နဲ့ စ,ချင် စ,မယ်၊ ဉာဏသမ္ပယုတ် မဟာဝိပါက်စိတ်နဲ့ စ,ချင် စ,မယ်၊ အဲဒီစိတ် ၉- မျိုး နဲ့ စ,လာတဲ့ ဘဝလေးတစ်ခုဟာ အတိတ်ဘဝနဲ့ အဆက်မပြတ်အောင် ကံအသစ် ကနေ ဖန်တီးပေးလိုက်လို့ ပြန်ပြီးတော့ စပ်မိ သွားတယ်၊ စုတိနဲ့ ပြန်စပ်သွားတယ်ပေါ့ အတိတ်ဘဝက ‘သေ’ ဆိုတဲ့ စိတ်ကလေးနဲ့ ဒီဘဝ ‘ဖြစ်’ ဆိုတဲ့ စိတ်ကလေးနော်၊ လူက လူသား ဖြစ်ပြီးတော့ မွေးတာကတော့ ကြာကောင်း ကြာလိမ့်မယ်၊ စိတ်ကတော့ ပြတ်မသွားဘူး၊ စုတိစိတ်ဆိုတာ ဖြစ်တာနဲ့ တစ်ပြိုင်နက် ပဋိသန္ဓေစိတ်ဆိုတာ နောက်ကနေ ဆက်လိုက်လာတာ၊ အဲဒီပဋိသန္ဓေ စိတ်ကလေး တည်ပြီးတော့ လူရဲ့သန္တာန်မှာ ထွားကြိုင်းမှု ဆိုတာ ခုနက embryonic တို့ foetus တို့ လာဖို့ကတော့ အများကြီးပေါ့နော်။ အဲဒါတွေက နောက်မှလာမှာ၊ ၉-လတို့ ၁၀-တို့ ဒီလိုဖြစ်လာ တာပေါ့၊ အဲဒါ ရုပ် တရားတွေရဲ့ တဖြည်းဖြည်း ကြီးထွားလာမှု။

နာမ်တရား ဖြစ်စဉ်ကတော့ စုတိဆိုတာနဲ့ တစ်ပြိုင်နက် ကံ အသစ်ကနေ ပဋိသန္ဓေ ဆိုတာကို တစ်ခါတည်း ဖန်တီးလိုက်ပြီ။ ဖန်တီးလိုက်ပြီးတော့ ဖြည်းဖြည်းချင်း ကြီးလာတာပါ၊ ဒါက ဇလာဗုဇ, အဏ္ဍဇ ဆိုတဲ့ ဂဗ္ဘသယျက သတ္တဝါတွေပေါ့။ အမိဝမ်းထဲမှာ လူဖြစ်ရတဲ့ ပုဂ္ဂိုလ်တွေ၊ သံသေဒဇ ဆိုတာကျတော့ လူကောင်လုံးပီပီ သေးသေးလေး ဖြစ်လာတာ၊ သြပပါတိက ဆိုတာကတော့ ဘဝမှာ ရမယ့် အရွယ်အစားအတိုင်း ဖြစ်လာတာပေါ့။ ပဋိသန္ဓေ နေပုံနေနည်း လေးမျိုးရှိတယ်။

အဲဒီလို စလိုက်တာနဲ့ တစ်ပြိုင်နက် ပထမဆုံး စိတ်ကလေးကို ပဋိသန္ဓေစိတ်လို့ ခေါ်တယ်။ ဖြစ်ပြီးရင် သူက ပျက်သွားပြီ၊ နောက်ထပ် အလားတူ စိတ်ကလေးတွေက ပြန်ပေါ်လာတယ်၊ ဖြစ်လာတယ်။ ဘာကြောင့် ဖြစ်တာတုန်းဆိုတော့ ကံရဲ့ အရှိန်ကြောင့်ပဲ။ တစ်သက်လုံး ဒီစိတ်ကလေးက စဉ်ဆက်မပြတ်ဘူး ဖြစ်နေမယ်၊ နောက်ဆုံး ဘဝတစ်ခု အဆုံးသတ်ပြီဆိုတော့ စုတိစိတ်ကလေး ဖြစ်လာမယ်။

အဲဒါကို နိုင်ငံခြားသားတွေ နားလည်အောင် ဘုန်းကြီးက blue line လို့ ပြောတယ်၊ အပြာလိုင်း၊ အပြာလိုင်းဆိုတာ ငြိမ်သက်ပြီးတော့ နေတယ်၊ လှုပ်ရှားမှုမရှိဘူး၊ လက်ရှိဘဝနဲ့ ဘာမှ ဆက်စပ် ထားတာ မဟုတ်ဘူးနော်၊ ငြိမ်ပြီးတော့ နေတယ်၊ မိခင်ဝမ်းထဲမှာ သန္ဓေတည်စ အချိန်လိုပဲ ငြိမ်နေတယ်၊ သေတော့ ငြိမ်သွားတာပဲ မဟုတ်ဘူးလား၊ အဲဒီ မသေခင် အိပ်နေတော့ရော ငြိမ်နေတာပဲ၊ အဲဒီစိတ်တွေဟာ ဝီထိမုတ်စိတ်တွေ လို့ ခေါ်တယ်နော်။ ဝီထိမုတ်ဆိုတာ process free လု့ိ ပြန်တာ။

ဒါဖြင့် process ဆိုတဲ့ စိတ်တွေကျတော့ ဘာဖြစ်လို့လဲ၊ စဉ်းစားစရာ ဖြစ်နေတယ်၊ ဒါဖြင့် ခုပြောခဲ့တဲ့ ပဋိသန္ဓေစိတ်တို့, ဘဝင်စိတ်တို့, စုတိစိတ်တို့က သူက ဖြစ်စဉ်ကြီး တစ်ခုနေနဲ့ တစ်သက်တာ နှစ်ပေါင်းများစွာ run နေတာ၊ နှစ်ပေါင်းများစွာ ပြေးနေတာ၊ သွားနေတာ၊ နှစ်ပေါင်းများစွာ ထပ်ထပ် ထပ်ထပ် ဖြစ်နေတာ၊ စဉ်ဆက်မပြတ် ဖြစ်နေတာ။

ဥပမာ - ဖယောင်းတိုင် မီးလေးကို စ,ထွန်းလိုက်တယ်၊ ပထမဆုံး လင်းလာတဲ့ မီးတောက်ကလေး ရှိသလို နောက်ဆုံး ဖယောင်းတိုင်ဆီနဲ့ မီးစာကုန်သွားလို့ နောက်ဆုံးတောက်တဲ့ မီးတောက်လေးရော မရှိဘူးလား၊ အဲဒီနှစ်ခုကြားမှာ လင်းနေတာ လေးရော မရှိဘူးလား၊ အဲဒီ မီးတောက်တွေ စဉ်ဆက် မပြတ် တောက်နေတာဟာ အကြောင်းတရားတွေက ဆက်ပြီး ဖန်တီးပေးနေတာ။

ထို့အတူပဲ လူ့ရဲ့ဘဝက ဖယောင်းတိုင်မီးလေး ထွန်းလိုက်သလိုပဲ၊ ငြိမ်းသည်ထိအောင် သူ့ရဲ့ ဖယောင်းတိုင်ရှည်ရင် ရှည်သလောက်, ဖယောင်းဆီရှိရင် ရှိသလောက်, မီးစာရှိရင် ရှိသလောက် ညလုံးပေါက် လင်းတဲ့ ဖယောင်းတိုင်လည်း ရှိတာပေါ့နော်။ ခဏလေးနဲ့ ကုန်သွားတဲ့ ဖယောင်းတိုင် လည်း ရှိတာပဲ။ အဲဒီတော့ လူ့ဘဝမှာ ဖယောင်းတိုင်မီးလေး ထွန်းလိုက်သလို စပြီးတော့ ပေါ်လာတဲ့ စိတ်လေးကို ပဋိသန္ဓေ စိတ်လေးလို့ ခေါ်တယ်၊ နောက်ဆုံး မီတောက်လေးကို စုတိစိတ်လို့ ခေါ်ပြီးတော့ အလယ်ပိုင်းက ဟာတွေကို ဘဝင်စိတ်လို့ ခေါ်ကြရအောင်၊ ဘဝမှာ အဲဒီလိုပဲ။

အဲဒါတွေက ဒီစိတ်တွေက ဘယ်သူ့ရဲ့စွမ်းအားနဲ့ ထပ်ထပ်ပြီးတော့ ဖြစ်နေရတာလဲ၊ ဘယ်သူရဲ့ စွမ်းအားကြောင့် နောက်ဆုံးမှာ ဒီလုံးဝပျက်စီးသွားတဲ့ အဆင့်ကို ရောက်သွားတာလဲ ဆိုတာ ကံရဲ့ စွမ်းအားပဲ၊ ကံရဲ့ အရှိန်အဟုန်ပဲ။

ဟိုတစ်နေ့တုန်းက ပြောခဲ့တယ်၊ မြားတစ်ချောင်းကို ပစ်လိုက်တယ် ဆိုလို့ရှိရင် ပစ်အားရှိသလောက် သူက သွားနေတာ။ ဒုံးပျံ ပစ်လိုက်တယ် ဆိုရင်လည်း ဒုံးပျံရဲ့ ပစ်အားရှိသလောက် သူသွားနေတယ်၊ အားကုန်သွားရင် ကျသွားမှာ။ အဲဒီလိုပဲ ကံရဲ့ အရှိန်နဲ့ သူက သွားနေတာ၊ အသက် ၈၀ ရှည်မယ့် ကံနဲ့ သွားနေရင် နှစ်ပေါင်း ၈၀ ဖြစ်တယ်ပေါ့၊ ဒီစိတ်ကလေးကနော် - သွားနေမှာပေါ့၊ စဉ်ဆက်မပြတ် သွားနေတာ၊ အဲဒီဖြစ်စဉ်လေးတစ်ခုက။

ဒါဖြင့် သူက ဘာအာရုံနဲ့ သွားနေတာတုန်းလို့ မေးလို့ရှိရင် သူ့မှာ ကိုယ်ပိုင်အာရုံလေး ရှိတယ်၊ အဲဒီ ကိုယ်ပိုင်အာရုံလေးက အသစ်မဟုတ်ဘူး၊ အတိတ်ဘဝမှာ ယူထားတဲ့ ကိုယ်ပိုင်အာရုံလေး ရှိတယ်၊ လူတစ်ယောက်မှာ မသေခင် အတိတ်ရဲ့ အရိပ်က လာပြီးတော့ လွှမ်းမိုးနေတာ၊ သေခါနီး လူတွေမှာ စိတ်ကို လာပြီးတော့ လွှမ်းမိုး ထားတဲ့ အာရုံတွေ ရှိတတ်တယ်။ လူမှာ သေခါနီးပြီဆိုရင် တစ်ခုခုက လာပြီးတော့ လွှမ်းမိုးလေ့ ရှိတတ်တယ်၊ လွှမ်းမိုးတယ်ဆိုတာ ကိုယ်လုပ်ခဲ့တာတွေကို ပြန်သတိရ နေတာလည်း လွှမ်းမိုးတာပဲနော်, အကြောင်းအရာတွေ ထင်ပေါ်နေတာလည်း လွှမ်းမိုးတာပဲ, ခုမှ အသစ်အဆန်း ပေါ်နေတာလည်း လွှမ်းမိုးနေတာပဲ ကိုယ့်စိတ်ထဲမှာ လွှမ်းမိုးလာတာပဲ။

အဲဒါကို စာပေအရ ပြောလို့ရှိရင် “ကံအာရုံ, ကမ္မနိမိတ်အာရုံ, ဂတိနိမိတ်အာရုံ” လို့ အာရုံသုံးမျိုး နာမည်ပေးထားတယ်။ အာရုံ ၃-မျိုးဆိုတာ ဒီအာရုံ ၆-ပါး ထဲကပဲ၊ သီးသန့်မဟုတ်ဘူနော်၊ အာရုံ ၆-ပါး ထဲက ဟာကိုပဲပြောတာ၊ ရူပါရုံလည်း ဖြစ်ချင် ဖြစ်မယ်၊ သဒ္ဒါရုံလည်း ဖြစ်ချင်ဖြစ်မယ်၊ ဂန္ဓာရုံလည်း ဖြစ်ချင်ဖြစ်မယ်။ ကိုယ့်စိတ်ကို လာပြီး လွှမ်းမိုးနေတာ၊ အိပ်မက်မက်သလိုပဲ၊ ကျန်တဲ့ ပုဂ္ဂိုလ်တွေက မမြင်ရပေမယ့် သူက မြင်နေရတယ်၊ လွှမ်းမိုးလာတာ။

တစ်ခါက အမေရိကန်ကလာတဲ့ အမျိုးသမီးတစ်ယောက်က လျှောက်တယ်၊ ဒီမေးခွန်း နဲ့ ပတ်သက် ပြီးတော့ မေးတယ်။ သူက နောက်ဆုံးအချိန် ရောက်နေတဲ့လူတွေကို ပြုစုရတဲ့ Nursing Home မှာ အလုပ်လုပ်တယ်။ သူက nurse ၊ လူတွေ သေသွားတာကို စောင့်ကြည့်ခဲ့တယ်။

စောင့်ကြည့်တဲ့အခါ တချို့က သေခါနီးလေးမှာ ဘာဖြစ်တာတုန်း ဆိုတော့ မျက်နှာ လေးက ပြုံးလာတယ်၊ ပြုံးပြီးတော့ သေသွားတာလည်း ရှိတယ်၊ တချို့ကျတော့ မျက်လုံးကြီးပြူး, ပါးစပ်ကြီး ပြဲလာပြီးတော့ ကြောက်လန့် ရုန်းကန်ပြီး သေသွားတဲ့ သူလည်း ရှိတယ်။ သေပုံသေနည်း မတူညီတာ တွေ အများကြီးရှိတယ်၊ ဘာဖြစ်လို့ ဒီလိုတွေ ဖြစ်တာတုန်းလို့မေးတယ်။

ဗုဒ္ဓတရားတော်အရ သေခါနီးမှာ ကုသိုလ်ကောင်းမှု အကျိုးပေး အလှည့်ကျတဲ့ သူတွေမှာ ဘာတွေဖြစ်တုန်းဆိုရင် ပျော်စရာအာရုံတွေ မြင်တယ်၊ မိတ်ဆွေ သင်္ဂဟတွေက သူ့ကို လာပြီး ခေါ်ကြတယ်၊ ဖိတ်ကြတယ်၊ လှပတဲ့တိုက်ကြီးတွေ၊ ဥယျာဉ်ကြီးတွေထဲ ရောက်သွားတယ်၊ အဲဒီလို မြင်ရတော့ ပြုံးနေမှာပေါ့၊ မဟုတ်ဘူးလား။

ဓမ္မိက ဥပါသကာကြီးဆိုရင် သေခါနီး နတ်ပြည်က ရထား ၆-စင်း ဆိုက်တယ်၊ ဒါ သူ့မျက်စိနဲ့တော့ မြင်နေတာပဲ၊ နားနဲ့လည်း ကြားနေတာပဲ၊ နတ်တွေစကားပြော နေတာ သူက ကြားတယ်၊ ကျန်တဲ့ သူတွေက မကြားဘူး၊ တရားနာနေတဲ့ အချိန်မှာ ကောင်းကင်က နတ်ရထား ၆-စင်း၊ နတ်ပြည် ၆-ထပ် က နတ်ရထားတွေ မောင်းလာတာ၊ မောင်းလာပြီး ရောက်လာတဲ့အချိန်က စလို့ ပြောကြတာ၊ အလုအယက် သူ့ရထားနဲ့ လိုက်ခဲ့ပါ၊ သူ့ဆီ လိုက်ခဲ့ပါနဲ့ ဝိုင်းခေါ်ကြတာပေါ့။ အခု ဘတ်စ်ကားမှာ စပယ်ယာတွေ ခေါ်နေသလိုပဲ၊ အဲဒီလိုခေါ်နေတဲ့ အသံကို သူက တရားနာနေရင်းနဲ့က အနှောင့်အယှက် ဖြစ်မှာစိုးလို့ “နေကြပါဦး၊ နေကြပါဦး” လို့ ပြောတယ်၊ အဲဒါက သူ့မျက်စိထဲမှာ မြင်နေတာ။ အခု ပြောတဲ့အာရုံတွေ မြင်နေရတာ၊ သေခါနီးပြီလေ၊ အဲဒါတွေ မြင်နေတဲ့အခါကျတော့ “နေပါဦး၊ နေပါဦး” လို့ပြောတော့ ဘုန်းကြီးတွေက သူတို့ပြောတာ မှတ်လို့ ရပ်လိုက်ပြီး ကျောင်းပြန်သွားကြတယ်၊ နောက်ကျတော့မှ အဲဒါ သူက နတ်ရထားတွေ ခေါ်တဲ့အကြောင်း ရှင်းပြတယ်၊ အဲဒီတော့ ကောင်းရာ သုဂတိဆိုရင် ကောင်းတဲ့ ရထားတွေက လာခေါ်သွားတယ်။

ကြောက်ကြောက် လန့်လန့် သမားတွေကျတော့ လူနက်ကြီး ရောက်လာတယ်၊ ကြိုးနဲ့တုတ် ခေါ်သွားတယ်၊ ဓားမိုးပြီး ခေါ်သွားတယ်၊ အဲဒီလို ခေါ်သွားတဲ့အခါ ကြောက်ပြီး မျက်လုံးကြီးပြူး၊ ပါးစပ်ကြီး ဟပြီးနေတယ်၊ ကြောက်လွန်းလို့၊ အဲဒီလို ဟာမျိုးပေါ့၊ ဒီလိုဖြစ်တတ်တယ်၊ အဲဒီအာရုံတွေက အတုအယောင် အာရုံတွေ မဟုတ်ဘူး၊ သူ့အဖို့မှာ အစစ်အမှန်တွေချည်းပဲ။

စိတ္တသူကြွယ်ဆို ကြည့်လေ - သေခါနီးလေးမှာ နတ်တွေက ရောက်လာကြတယ်တဲ့။ ရုက္ခစိုး နတ်တွေတို့, ဆေးပင်တွေစောင့် နတ်တွေတို့၊ အဲဒီလို နတ်တွေက ရောက်လာကြပြီးတော့ သူ့ကို ဝိုင်းပြီးတော့ ဘာပြောကြတုန်း ဆိုလို့ရှိရင် “စိတ္တသူကြွယ်၊ စိတ္တသူကြွယ် - စိတ်ကူးမလွဲနဲ့၊ နောင်ဘဝ စကြာမင်းဖြစ်အောင် ဆုတောင်းလိုက်၊ စကြာမင်းဖြစ်အောင် ဆုတောင်းလိုက်” လို့ ပြောတယ်။

သူ့ကို ဝိုင်းပြီးတော့ စကြာမင်းဖြစ်အောင် ဆုတောင်းခိုင်းကြတယ်၊ အဲဒါ သူက ကြားနေတာ၊ နတ်တွေ ရောက်လာတာလည်း သူမြင်တယ်၊ ကျန်တဲ့သူတွေက မမြင်ဘူး။ စိတ္တသူကြွယ်က နတ်တွေကို ပြောတယ် “အဲဒါလည်း မြဲတဲ့အရာမှ မဟုတ်ဘဲ၊ ဒါလည်း ခိုင်တဲ့အရာမှ မဟုတ်ဘဲ” လို့ ပါးစပ်က ပြန်ပြောတယ်၊ သူ ကတော့ နတ်တွေကို ပြောတာပဲ၊ ကျန်တဲ့သူတွေကတော့ ယောင်နေတယ်လို့ ထင်ကြတယ်၊ ယောင်ပြီးတော့ ပြောတယ်ထင်ကြတယ်။

အနီးနားက ဆွေမျိုးတွေက “သတိထားပါ၊ ဟိုယောင်ပြော ဒီယောင်ပြော မပြောနဲ့” ဆိုတော့ သူက “ငါယောင်ပြောတာ မဟုတ်ဘူး၊ ငါ့ကို လာပြောနေကြတာ” လို့ ပြန်ပြောတာ။ “ဒါတွေလည်း မြဲတာမဟုတ်ဘူ၊ ခိုင်မာတာ တစ်ခုမှ မရှိဘူး” လို့ ပြောတာ။

သေခါနီးမှာ ဘယ်လူမျိုးပဲဖြစ်ဖြစ် အကောင်းနဲ့အဆိုး တစ်မျိုးမျိုး တစ်ခုခုတော့ လာပြီး ထင်နေမှာပဲ။ အဲ - ထင်နေတဲ့ အချိန်လေး ဒီအာရုံရဲ့ လွှမ်းမိုးမှု အောက်မှာ စုတိစိတ်ဆိုတာ ကျသွားတာ။ ဒါပေမယ့် ဒီစုတိစိတ်လေးဟာ အဲဒါကို အာရုံပြုနိုင်တာ မဟုတ်ဘူး၊ ခုနက မျက်တောင်ခတ်လိုက် သလိုပဲ၊ သူကတော့ လက်ရှိအာရုံကိုပဲ အာရုံပြုတာနော်၊ စုတိစိတ်လေးက ဒါကို အာရုံမပြုဘူး။

စုတိစိတ်လေးရဲ့ ရှေ့မှာဖြစ်တဲ့ အရှိန်အဟုန်ရှိတဲ့ ဇောစိတ်တွေက ဒါကို မှတ်သား နေတာ၊ အဲဒီစိတ်ရဲ့ လွှမ်းမိုးမှုလေးနဲ့ ကံအသစ်ရဲ့ အရှိန်အဟုန်နဲ့ လွှမ်းမိုးတာ၊ အဲဒီ အာရုံလေးကို အမှီပြုပြီးတော့ နောက်ထပ် ပဋိသန္ဓေ စိတ်ကလေးက ပေါ်လာတာ၊ ကံကနေ ဖန်တီးပေးလိုက်တာ၊ အဲဒီတော့ စိတ်မှန်လျှင် အာရုံရှိတယ်၊ အာရုံမရှိတဲ့ စိတ်ရယ်လို့ မရှိဘူး၊ အဲဒီ ကံ ကမ္မနိမိတ် ဂတိနိမိတ်၊ မသေခင်က ထင်နေတဲ့ လွှမ်းမိုးတဲ့ အာရုံပေါ်မှာ။

အဲဒီအချိန်မှာ ကံက အဓိကပဓာန ဖြစ်သောကြောင့် မြတ်စွာဘုရားက “ကမ္မံ ခေတ္တံ” ကံဟာ လယ်မြေပဲ တဲ့။ “ဝိညာဏံ ဗီဇံ” ဝိညာဏ်က မျိုးစေ့ပဲ။ ဟော - ကံကပေး ထားတဲ့ အရိပ်ကြီးပေါ်မှာ ဝိညာဏ်မျိုးစေ့လေး ကျသွားတယ်၊ သန္ဓေစိတ်လေး ပေါ်လာတာ၊

“ကမ္မံ ခေတ္တံ” “ဝိညာဏံ ဗီဇံ” “တဏှာသ္နေဟော” လို့ မြတ်စွာဘုရားက ဟောထားတယ်။

ကမ္မံ - ကံဆိုတာ၊
ခေတ္တံ - စိုက်ပျိုးကြဲချတဲ့ မြေကွက်ပဲတဲ့၊
ဝိညာဏံ ဗီဇံ - သန္ဓေစိတ်လေးက မျိုးစေ့ပဲ၊
တဏှာသ္နေဟော - တွယ်တာမှုလေးက အဆီအစေးပဲ တဲ့။

ကြည့်လေ ဘဝတစ်ခုမှာ အာရုံကို ကျထားတဲ့ အချိန်ကလေးမှာ တွယ်တာတဲ့ စိတ်ကလေးတွေ ပေါ်လာတာ၊ အဲဒီ တွယ်တာတဲ့ စိတ်ကလေးလည်း ပေါ်လာရော၊ ခုနက မျိုးစေ့လေးက အပင်ပေါက်သွားတာ၊ ဒါပဲ - ဘဝတစ်ခု ရသွားတာ၊ အဲဒီအချိန်မှာ တွယ်တာမှုဆိုတာ ပေါ်လာ တတ်တယ်တဲ့။

သေခါနီးမှာ အတွယ် မှားတတ်သေးတယ်နော်။ လယ်တီဆရာတော်ဘုရားကြီးရေးတဲ့ စာအုပ်ထဲမှာ ရှိတယ်။ မီးပူဇော်တဲ့ ပုဏ္ဏားကြီးတစ်ယောက်၊ သူ့ဆရာ ပုဏ္ဏားကြီး တွေက လာပြီး အားပေးကြတယ်၊ သေခါနီးမှာ “မင်း ဘာတွေမြင်တုန်း” ဆိုတော့ “မီးပုံကြီးမြင်နေတယ်”၊ “အေး - မင်း ဗြဟ္မာ့ပြည် သွားတော့မှာ၊ မီးပုံကြီးပဲ၊ ဗြဟ္မာ့ပြည် ရောက်မှာ” လို့ ပြောတယ်၊ သေတော့ ငရဲကျသွားတယ်၊ အဲဒီ မီးပုံကြီးပဲ၊ ငရဲမီး ဖြစ်နေတယ်၊ ဗြဟ္မာ့ပြည်ကမီး မဟုတ်ဘဲနဲ့ ငရဲမီး ဖြစ်နေတယ်နော်။

အဲဒီလို ဘဝတစ်ခု သေခါနီးမှာ ရ,ထားတဲ့ အာရုံပေါ်မှာ စွဲပြီးတော့ ကံဆိုတဲ့ လယ်မြေ ပေါ်မှာ ဝိညာဏ်မျိုးစေ့လေး ကျသွားတာပဲ။ တဏှာက တွယ်တာလိုက်တယ်၊ ကံတရားကနေ ပစ်ချ ပေးလိုက်တယ်၊ ဘဝတစ်ခု စ,လိုက်တယ်။

ဒါကြောင့်မို့လို့ အခု ဘုန်းကြီးတို့တတွေ အတိတ်ဘဝကနေ ပစ်ချပေးလိုက်တဲ့ သန္ဓေမျိုးစေ့လေးနဲ့ အခုဒီမှာ လူလာဖြစ်နေကြတော့ ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ် ဆိုတဲ့ ဘုန်းကြီးတို့ ရရှိထားတဲ့ ဒီ ဝီထိမုတ်စိတ်လေးတွေဟာ ဘာကို အာရုံပြုနေတုန်း ဆိုရင် အတိတ်ဘဝက ပေးခဲ့တဲ့ ကံအာရုံ သို့မဟုတ် ကမ္မနိမိတ် အာရုံ သို့မဟုတ် ဂတိနိမိတ်အာရုံ အဲဒါကို အာရုံပြုပြီး တစ်သက်လုံး ဒီအတိုင်း သွားနေတာ၊ ပြောင်းလို့ မရဘူး၊ ပြောင်းလိုက်ရင် ဘဝပြောင်းသွားမှာပေါ့၊ ပြောင်းလို့ မရဘူး၊ အဲဒါကို blue line လို့ ပြောတာနော်၊ အဲဒါက လူကမသိဘူး၊ သိနိုင်စွမ်းလည်း မရှိဘူး၊ စိတ်ကပဲ သိတဲ့အာရုံတွေ ရနေတာ။

လူ့ဘဝ တစ်သက်တာ တစ်ခုလုံးမှာကြည့် - ပဋိသန္ဓေ စိတ်ကလေးက အစပျိုး လာတယ်၊ ထိုစိတ် ကလေးရဲ့ စဉ်ဆက်မပြတ် ဖြစ်လာဖို့ရာ ဖြစ်နေတဲ့ စိတ်ကလေးကို ဘဝင်စိတ်၊ ဘဝမပြတ်ခြင်း၏ အကြောင်း ဖြစ်သောကြောင့် ဘဝင်လို့ခေါ်တယ်၊ နောက်ဆုံး ဘဝတစ်ခုကနေ ရွေ့လျောပြောင်းရွှေ့ သွားတာ ဖြစ်သောကြောင့် စုတိလို့ ခေါ်တယ်၊ ဒီ စိတ် ၃-ခုရဲ့ အာရုံသည် ဘယ်တော့မှ ပြောင်းလဲချက် မရှိ၊ တစ်ဘဝမှာဆို လုံးဝ တူတယ်လို့ ပြောတယ်။

“ဧကမေဝ တထေဝေက၊ ဝိသယေဉ္စက ဇာတိယံ” ပဋိသန္ဓေ ဘဝင် စုတိဆိုတဲ့ ဒီစိတ် ၃-ခုဟာလည်း ဘယ်တော့မှ တစ်ဘဝမှာ မပြောင်းဘူး၊ ပြောင်းသွားရင်လည်း တစ်ဘဝ မခေါ်တော့ဘူး။ အဲဒီတော့ တစ်ဘဝဆိုတဲ့ အနေအထားဟာ အပြောင်းအလဲ မရှိဘူးပေါ့၊ ဒီစိတ်နဲ့ပဲ သွားနေတယ်လို့ ဒီလိုမှတ်၊ အဲဒါက ဝီထိမုတ်စိတ်တို့ရဲ့ ဖြစ်စဉ်ပဲ။

အဲဒီ ဝီထိမုတ်စိတ်တို့ရဲ့ ဖြစ်စဉ်ဟာ အခု လက်ရှိဘဝမှာ မျက်စိကို အသုံးပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ စက္ခုဒွါရက ဝင်လာတဲ့ အာရုံကိုလည်း မယူဘူးနော်၊ အတိတ်ဘဝက မှတ်ထားတဲ့ အာရုံနဲ့ သွားနေတာနော်။

အေး - အခုဘဝ ရောက်လာပြီ၊ ရောက်လာတဲ့အခါ ဘုန်းကြီးတို့ ဘာဖြစ်တုန်းဆိုတော့ မျက်စိလည်း ရှိလာပြီ၊ နားလည်းရှိတယ်၊ နှာခေါင်းလည်း ရှိတယ်၊ လျှာရှိတယ်၊ ကိုယ်ရှိတယ်၊ မနော ရှိတယ်။ ဆိုပါစို့ - ဒွါရ ၆-ပါးရှိတယ်၊ အဲဒီဒွါရ ၆-ပါးမှာ ထင်လာတဲ့အာရုံနဲ့ အလုပ်လုပ်တဲ့စိတ်က ပေါက်ဖွားလာတဲ့ စိတ်တွေ - ပင်ကိုယ်စိတ်က ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ်၊ ဘဝမှာ အဲဒါက ဝီထိမုတ်စိတ်တဲ့။

ဝီထိစိတ်ဆိုတာ အခုလက်ရှိဘဝမှာ

မျက်စိက မြင်လိုက်တဲ့ အဆင်းအာရုံ၊
နားကကြားလိုက်ရတဲ့ အသံအာရုံ၊
နှာခေါင်းက နမ်းရှူလိုက်တဲ့ အနံ့အာရုံ၊
လျှာက လျက်သိလိုက်တဲ့ အရသာအာရုံ၊
ခန္ဓာကိုယ်က ထိတွေ့လိုက်ရတဲ့ အထိအတွေ့ အာရုံနဲ့
စိတ်ထဲကနေ စိတ်ကူးကြံစည် ပြီးတော့ ယူရတဲ့ ဓမ္မာအာရုံ ဆိုတဲ့ ဓမ္မာရုံ၊

အဲဒီအာရုံတွေနဲ့ ဝင်လာတဲ့အခါကျတော့ ဒီစိတ်တွေမဟုတ်တော့ဘူး၊ ဘဝင်စိတ်၊ ဘဝင်စိတ် ဆိုတာဟာ ဒီအာရုံအသစ်တွေ ဝင်လိုက်ရင် သူက ပြတ်တောက်သွားတယ်၊ ဒီအသစ်တွေ ဝင်မလာဘူ၊ ဒီအသစ်တွေ အနှောင့်အယှက် မရှိဘူးဆိုရင် သူက ဆက်သွားနေမှာပဲ၊ သူ စဉ်ဆက်မပြတ် သွားနေမှာပဲ။

ဒွါရကနေပြီး အာရုံအသစ်တွေက ဝင်လိုက်ပြီဆိုလျှင် အဲဒီဝင်လာတဲ့ အာရုံအသစ်နဲ့ အလုပ်လုပ်တဲ့ စိတ်တွေကျတော့ “ဝီထိစိတ်” လို့ ခေါ်တယ်တဲ့။ အဲဒါက mental process ခုနကတုန်းက ပဋိသန္ဓေ, ဘဝင်, စုတိစိတ် ဆိုတဲ့စိတ်ကို process freee ဝီထိမုတ်စိတ် လို့ ခေါ်တယ်။ “ဝီထိမုတ်စိတ်က အတိတ်အာရုံနဲ့ run နေတယ်၊ ဝီထိစိတ်ကတော့ အာရုံအမျိုးမျိုးနဲ့ run တယ်” အာရုံအမျိုးမျိုးနဲ့ ခရီးသွားမယ်။

ကြည့် - ဘုန်းကြီးတို့တတွေ ပဋိသန္ဓေစိတ် ပြီးလို့ရှိရင် ဘဝင်စိတ် လာတယ်၊ အမိဝမ်းထဲမှာ ဘဝင်စိတ်၊ ဘဝင်စိတ်တွေ ဘယ်လောက် ဆက်လာတုန်း ဆိုလို့ရှိလျှင် ပဋိသန္ဓေစိတ် ချုပ်သွားတာနဲ့ တစ်ပြိုင်နက် ထိုပဋိသန္ဓေစိတ်တွေက ထပ်ထပ်ပြီးတော့ ပေါ်လိုက်တာ၊ နောက်ပေါ်တာကျတော့ ပဋိသန္ဓေစိတ်လို့ မခေါ်တော့ဘူး၊ ဘဝင်စိတ် လို့ ခေါ်လိုက်တာ၊ ၁၆-ကြိမ်ထိအောင် ပေါ်လာတာ၊ စာပေအရ ပြောတာနော် ၁၆-ခု ပေါ်လာတယ်ဆိုတာ ပဋိသန္ဓေစိတ်က ၁-ခု၊ ဘဝင်စိတ်က ၁၆-ခု ဆို ၁၇-ခု ဖြစ်လာတာ။

အဲဒီနောက် ဘာပေါ်လာတုန်း ဆိုတော့ မနောဒွါရာဝဇ္ဇန်း တဲ့။ ဘဝတစ်ခု အသစ်တွေ့ရှိ လာခဲ့ပြီလေ၊ ကံက ပေးလိုက်လို့ ဘဝတစ်ခု အသစ်တွေ့ရှိလာတဲ့ အတွက်ကြောင့် မနောဒွါရာဝဇ္ဇန်း ဆိုတဲ့ အာရုံအသစ်ကို ရယူတဲ့စိတ်၊ ဒါက အမိဝမ်းထဲမှာ ဖြစ်တာကို ပြောတာနော်၊ အာရုံအသစ်ကို ရယူ လိုက်တဲ့ မနောဒွါရာဝဇ္ဇန်း၊ တံခါးဖွင့်ပေးတဲ့ မနောဒွါရာဇ္ဇန်းစိတ် ပေါ်လာတယ်၊ ပေါ်လာပြီးတဲ့နောက် ကြည့် - ခုနတုန်းကပြောတဲ့ “ဝိညာဏံ ဗီဇံ၊ တဏှာသ္နေဟော” တွယ်တာမှုလေးက လာပြီ၊ တံခါးဖွင့်ပေးလိုက် တာနဲ့ တစ်ပြိုင်နက် ကိုယ်ရလာတဲ့ စိတ်ကလေးကို ကျေနပ်တဲ့ စိတ်ကလေး၊ ကျေနပ်တယ်၊ သူကလည်း သေပြီးရင် ဖြစ်လာတဲ့ ဘဝလေးကို ကြိုက်သွားတာပဲ၊ သူကလည်း ဘယ်ဘဝရောက်ရောက် ကြိုက်တယ်၊ ခွေးလေးတွေ ကြောင်လေးတွေ တိရစ္ဆာန်လေးတွေကို ကြည့်ပါလား၊ “မင်း - လူဖြစ်ချင်လား” ဆို ဖြစ်ချင်မှာ မဟုတ်ဘူး၊ သူ့ဘဝသူ ပျော်နေတာ - သွားကြည့်၊ ခွေးလေးတွေ ကစားနေတာ၊ ပျော်နေကြတာပေါ့နော်၊ တိရစ္ဆာန်တွေကလည်း ပျော်နေကြတာပဲ။

အဲဒီတော့ ကြည့် .. ဘဝတစ်ခု စ, လာတာနဲ့ တစ်ပြိုင်နက် ပဋိသန္ဓေစိတ်တွေ၊ ပဋိသန္ဓေ ပြီးတဲ့နောက် ဘဝင် ၁၆-ချက်ဖြစ်၊ ဖြစ်ပြီးတာနဲ့ အာရုံသစ်ကို ရယူဖို့ရာ အတွက် မနောဒွါရာဝဇ္ဇန်း စိတ်က ဦးလှည့် ပေးလိုက်တယ်။ ဦးလှည့်ပေးရင် ဘယ်စိတ် ပထမဆုံး ဝင်လာတုန်း ဆိုတော့ တွယ်တာမှုဆိုတာ ဘဝနိကန္တိ၊ ရလာတဲ့ ဘဝလေး ပေါ်မှာ ကျေနပ်တယ်ဆိုတဲ့ ဘဝနိကန္တိ။

ဒါဖြင့် ငရဲရောက်တဲ့သူကော ဒီလို ကျေနပ်မှုတွေ ရှိသလား လို့ဆိုရင် ငရဲရောက်တဲ့ သူကလည်း “ထိပ်ချမှ ဓားပြမှန်းသိ” ဆိုတာလို မထိသေးခင်လေး အထိတော့ သူက သဘောကျနေတာ၊ ငရဲမီးတောင် ရွှေတောင် မှတ်နေသေးတာ။ ခုနက ပုဏ္ဏားကြီး မီးမြင်တော့ ဗြဟ္မာ့ပြည် ရောက်ပဟ ဆိုပြီးတော့ ခုန်ဆင်းတာ မီးပုံကြီး ဖြစ်နေတယ်။ ပိုးဖလံလေးတွေ တွေ့ဖူးတယ် မဟုတ်လား၊ ဖယောင်းတိုင်မီးလေး ထွန်းလိုက်တာနဲ့ လာပြီ၊ ပူမှန်းသိရင် ဘယ်ဆင်းမလဲ၊ သူတို့လည်း သေမှာ ကြောက်တာပေါ့။ သူတို့ စိတ်ထဲ ရွှေတောင်ကြီးလို့ ထင်နေတာ၊ အင်မတန် လှတယ်ထင်ပြီး ခုန်းဆင်း တာပေါ့။ အဲဒါမျိုးလိုပဲ ငရဲဘဝကလည်း ပျော်စရာကြီးလို့ အောက်မေ့ပြီးတော့ ဒီနေရာ လူစည်လှချည်လား လို့ သွားရင် အဝီစိ ရောက်သွားမယ်။ အဲဒီလိုပဲ အင်မတန် စည်ကားတဲ့ နေရာတွေက အကုန်လုံး တိရစ္ဆာန်ဘုံ ပြိတ္တာဘုံ ငရဲဘုံတို့က အလွန် စည်ကားတာ၊ အာရုံထဲမှာ စည်ကားလိုက်တာ ဆိုပြီး ဝင်သွားလိုက်တာပဲလေ၊ ဟိုကျတော့မှ ဒုက္ခတွေ တွေ့ပြီး အဲဒီကျတော့မှ မကြိုက်တော့ဘူးပေါ့။

အဲဒါကြောင့်မို့ ဘဝတစ်ခု အစပြုတဲ့ အခါမှာ ဘဝနိကန္တိက - လောဘဇော တဲ့။ ဘဝကိုကြိုက်တဲ့ လောဘဇောက အရင်စောတယ်တဲ့။ ဒါကြောင့်မို့ ဋီကာကျော် ဆရားကြီးက လောဘမူစိတ်ကို ဘာလို့ အရင်ပြတာတုန်း ဆိုတော့ သတ္တဝါတွေ ဘဝကိုစတဲ့အချိန်မှာ လောဘနဲ့ အရင် စ,တာမို့ အဲဒီ စိတ်လေးကို အရင်ရေးပြ တာပါလို့ ပြောတယ်နော်။

မြတ်စွာဘုရားဟောတာ အကုသိုလ်က စ,မဟောဘူး၊ ကုသိုလ်က စ,ဟောတာ။ ဓမ္မသင်္ဂဏီမှာ “ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ” ကုသိုလ်က စ,ဟောတာ၊ ဒါပေမယ့် လူ့ဘဝ စ,တာ လားဆိုတော့ မဟုတ်ဘူး၊ အကုသိုလ်က စ,ဖြစ်တာမို့လို့ လောဘမူစိတ် - အကုသိုလ်စိတ်ကို အရင်ပြတယ်လို့ ဒီလို ဆိုထားတယ်၊ အကြောင်း ရှာထားတာပေါ့။

အဲဒါက “ဘဝနိကန္တိ” ဘဝကိုတွယ်တာမှုဆိုတဲ့ လောဘဇော စောလိုက်တာ၊ အဲဒီ လောဘဇော စောပြီးပြီဆိုရင် ဘဝတစ်ခုက ရသွားပြီ, အောင်အောင်မြင်မြင် ဖြစ်သွားပြီ။ ဘဝတစ်ခုရရင် ကောင်းတယ် ဆိုးတယ်ဆိုတာ အဲဒီနောက် သွားရောနော်၊ ဘဝတစ်ခု ရောက်သွားရင် ဘဝနိကန္တိ လောဘဇော အရင်ဖြစ်ပြီး ဟိုဘဝကျတော့ ဘဝရဲ့အတွေ့အကြုံက အမျိုးမျိုး၊ မျိုးစုံ ကြုံသွားပြီပေါ့။ အဲဒီမှာ ပဋိသန္ဓေတို့ ဘဝင်တို့ စုတိတို့ဆိုတာ thought free တဲ့၊ အဲဒါတွေက တစ်သက်တာလုံး ထိအောင် သွားနေမှာ၊ နောက်ဆုံး စုတိရောက်သည်ထိအောင် သွားနေမှာ။

သို့သော် အခုလက်ရှိဘဝ ရလာတဲ့ဘဝတစ်ခုမှာ -
မျက်စိတံခါးက ဆက်သွယ်လာတဲ့ အာရုံ၊
နားတံခါးက ဆက်သွယ်လာတဲ့ အာရုံ၊
နှာခေါင်းတံခါးက ဆက်သွယ်လာတဲ့ အာရုံ၊
လျှာတံခါးက ဆက်သွယ်လာတဲ့ အာရုံ၊
ခန္ဓာကိုယ်တံခါးက ဆက်သွယ်လာတဲ့ အာရုံ၊
စိတ်တံခါးက ဆက်သွယ်လာတဲ့ အာရုံ၊
အဲဒီ ဆက်သွယ်လာတဲ့ အာရုံတွေနဲ့ အလုပ်လုပ်တဲ့စိတ်ကျတော့ ဝီထိစိတ် လို့ ခေါ်ပါတယ်တဲ့။

အဲဒီ အာရုံတံခါးက နေပြီးတော့ ဒီအာရုံတွေ ဝင်လာပြီးတော့ စိတ်ကို ဖြစ်ပေါ်လာစေပြီ ဆိုရင် - ဆိုပါစို့ - အာရုံကနေ တစ်ခုခုက တံခါးလာခေါက်တယ်၊ တံခါးလာခေါက်လို့ နိုးထလာတဲ့ စိတ်ကတော့ အာရုံ အသစ်နဲ့ပဲ အလုပ်လုပ်နေတယ်၊ အာရုံအသစ်နဲ့ အလုပ်လုပ်လို့ရှိရင် ခုနက blue line လို့ခေါ်တဲ့ ဘဝင်စိတ် အစဉ်က ပြတ်ထွက် သွားတယ်။ ဘဝင်စိတ် အစဉ်က ပြတ်ထွက်ပြီးတော့ Red lind ခေါ်တဲ့ ဒီ ဝီထိ စိတ်အစဉ် ဖြစ်လာတယ်၊ ဒါကြောင့်မို့လို့ လူ့ဘဝဟာ အပြာဖြစ်လိုက်, အနီဖြစ်လိုက်၊ အပြာဖြစ်လိုက်, အနီဖြစ်လိုက်နဲ့ အဲဒီလို run နေမှာ။ ကဲ - ဒီကနေ့တော့ အဲဒီ ဝီထိမုတ် စိတ်တွေရဲ့ ဖြစ်စဉ် တစ်ခုကို ရှင်းပြလို့ ပြီးသွားပြီ၊ နက်ဖြန်ကျတော့ ဝီထိစိတ်တွေ ပြမယ်။

အဲဒီလို ဖြစ်စဉ်တွေက မိမိရဲ့သန္တာန်မှာ အမြဲတမ်း အာရုံကို အကြောင်း ပြုပြီး တော့စိတ်တံခါးက ဆက်သွယ်လာတဲ့ အာရုံတွေကို အမှီပြုပြီးတော့ စိတ်ဓာတ်တွေက ဖြစ်ပေါ်လာရတယ်။ ဖြစ်ပေါ်လာတဲ့ စိတ်သည် ထိုအာရုံနဲ့ ဆက်သွယ်ပြီးတော့ စဉ်ဆက်မပြတ် ဖြစ်နေကြတယ်ဆိုတဲ့ သဘာဝတရားကို သိရှိနားလည်ခြင်းဖြင့် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ အင်မတန်မှ အရေးပါလှတဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်၊ ပစ္စယ ပရိဂ္ဂဟဉာဏ် ဆိုတဲ့ ဝိပဿနာဉာဏ်ရဲ့ အခြေခံဉာဏ်တွေကို ရင့်သန်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

အခန်း - ၅

စိတ်ဖြစ်ပုံကို လေ့လာခြင်း အပိုင်း (၂)

ဘုန်းကြီးတို့တတွေရဲ့ သန္တာန်မှာ စိတ်အစဉ်ဟာ အာရုံနဲ့ ဆက်စပ်ပြီး အစဉ်မပြတ် ဖြစ်ပေါ်ပြီးနေတယ်။ အကြောင်းတရားတွေ မြောက်မြားစွာ ရှိတဲ့အထဲက အာရုံ ကတော့ အဓိက အကြောင်းတရားဖြစ်တယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ စိတ်ဆိုတာ အာရုံနဲ့ကင်းပြီး မဖြစ်ဘူး၊ အာရုံဟာ အဓိက အကြောင်းတရား ဖြစ်တယ်။ သို့သော် အာရုံတစ်ခုတည်းသာ အကြောင်းတရားလို့ ဒီလိုတော့ မမှတ်နဲ့ပေါ့။ အခြား အကြောင်းတရားတွေလည်း ရှိသေးတယ်။

ဗုဒ္ဓမြတ်စွာက အဓိက အကြောင်းတစ်ခုကို ဦးတည်ပြီး မိန့်ကြားလေ့ရှိတယ်၊ ပဋိစ္စသမုပ္ပါဒ်မှာ ဆိုရင် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”၊ သင်္ခါရကို ဖြစ်စေတတ်တဲ့ အကြောင်းတရားတွေ မြောက်မြားစွာ ရှိပေမယ့်လို့ အဝိဇ္ဇာကို ဦးတည်ပြီးတော့ ပဓာနဖြစ်တဲ့ main cause အဓိက အကြောင်းတရားကို ဦးတည်ပြီးတော့ ဟောတယ်။ ဒီနေရာမှာလည်း စိတ်ဆိုတာ အာရုံနဲ့ကင်းပြီး မဖြစ်သောကြောင့် အာရုံဟာ စိတ်ဖြစ်ဖို့ရာ အတွက် အဓိက အကြောင်းတရားအနေနဲ့ - မနေ့က ဝီထိမုတ်စိတ် ဖြစ်စဉ်တစ်ခုကို ရှင်းလင်းပြီး ဟောကြားထားခဲ့ပြီ။

ဘုန်းကြီးတို့ရဲ့ဘဝမှာ စိတ်ဖြစ်စဉ်ဟာ ၂-လိုင်းရှိတယ်လို့ အကြမ်းဖျင်းအားဖြင့် ဒီလို မှတ်ရမှာပေါ့၊ အခြေခံအားဖြင့် “ဘဝင်စိတ်တို့ရဲ့ ဖြစ်စဉ်” ဒီဟာက တစ်ခု၊ ဘဝင်စိတ်တို့ရဲ့ ဖြစ်စဉ်က ကံအဟုန်နဲ့ သွားနေတာ၊ ကံအဟုန်က ဖန်တီးပေးလိုက်တဲ့ အာရုံနဲ့ စခန်းသွားနေတာ၊ လက်ရှိဘဝမှာ ကြုံတွေ့ရတဲ့ မျက်စိ နား နှာ လျှာ ကိုယ် စိတ် တို့က ရယူပေးတဲ့ အာရုံနဲ့ စခန်း မသွားဘူး။ ကံက ရယူပေးတဲ့ အတိတ်ဘဝက အာရုံတစ်ခုခုနဲ့ စခန်းသွားနေတဲ့ ဖြစ်စဉ်က “ဝီထိမုတ် စိတ်တို့ရဲ့ ဖြစ်စဉ်”၊ ဝီထိမုတ်စိတ်တို့ရဲ့ ဖြစ်စဉ်ကတော့ အာရုံကလည်း တည်ငြိမ်တယ်, စိတ်တွေကလည်း တည်ငြိမ်တယ် လို့ ပြောရမယ်၊ ဒါကြောင့်မို့ လှုပ်ရှားမှု ကင်းတယ်၊ လှုပ်ရှားမှု ကင်းလို့ နေ့စဉ်ဖြစ်ပျက်မှုထဲမှာ ထူးခြားတဲ့ အာရုံ အပြောင်းအလဲတွေ မရှိလို့ “ဝီထိမုတ္တ” process free ဆိုတဲ့ နာမည် ပေးထားပုံ ရတယ်။

တစ်နည်းအားဖြင့် ဆိုရင် “ဒွါရဝိမုတ်စိတ်” door free လို့ ခေါ်တယ်၊ door free ဆိုတာကတော့ အာရုံတွေဝင်ရာ တံခါးတွေနဲ့ ဆက်သွယ်မှု မပြုဘဲနဲ့ အတိတ်ကံက ဖန်တီးပြီး ရယူပေးထားတဲ့ ကံ ကမ္မနိမိတ် ဂတိနိမိတ် ဆိုတဲ့ အာရုံတွေနဲ့ပဲ ပဋိသန္ဓေစိတ်က နောက်ဆုံး စုတိစိတ် ထိအောင် ပဋိသန္ဓေစိတ်နဲ့ စုတိစိတ်ကြားမှာ ဘဝင်စိတ်တွေဟာ ဝီထိစိတ် ဖြစ်မလာဘူးဆိုရင် စဉ်ဆက်မပြတ် ဖြစ်နေကြတယ်၊ ဝီထိစိတ် ဖြစ်ရင်လည်း ခေတ္တခဏရပ်သွားပြီး ပြန်ပြီး ဆက်လက် ဖြစ်ပေါ်နေတယ်။ အဲဒါကြောင့် ပကတိစိတ်လို့ ပြောချင်ပြောပေါ့။ လူ့ဘဝမှာ မူလဘူတဖြစ်တဲ့ စိတ်ဖြစ်စဉ်, တည်ငြိမ် နေတဲ့ စိတ်ဖြစ်စဉ် တစ်ခု၊ ဒါကို ဘဝတစ်ခုလို့ ဒီလို သတ်မှတ်ထားတယ်။

အဲဒီလို ဘဝတစ်ခုရလာတဲ့အခါမှာ လူတွေမှာ ရုပ်တရားတွေ၊ နာမ်တရားတွေ ဖွံ့ဖြိုးတိုးတက်လာတော့ ဘာတွေ ပါလာတုန်းဆိုတော့ organ လို့ဆိုတဲ့ အာရုံတွေရဲ့ ဝင်ပေါက်တံခါးတွေ ပါလာတယ်။ အဆောက်အဦကြီး တစ်ခုမှာ တံခါးပေါက်တွေ ရှိသလို လူ့ရဲ့ ခန္ဓာကိုယ် မှာလည်း အာရုံတွေ ဝင်ရောက်ဖို့ရန် တံခါးခြောက်ပေါက် ရှိနေတယ်၊ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ တံခါး ခြောက်ပေါက်။

အဲဒီတံခါးခြောက်ပေါက်ကိုပဲ ပဋိစ္စသမုပ္ပါဒ်မှာ “နာမရူပပစ္စယာ သဠာယတနံ” လို့ မြတ်စွာဘုရားက အာယတန ၆-ပါး အနေနဲ့ ဟောထားတယ်။ အဲဒီ တံခါး ခြောက်ပေါက် ဖြစ်လာလို့ ရှိရင် ဘာဖြစ်လာသလဲ ဆိုတော့ “သဠာယတနပစ္စယာ ဖဿော” အာရုံတွေ ဆက်သွယ်လာမှု, စိတ်နဲ့ အာရုံနဲ့ ထိတွေ့ လာမှုတွေ ရှိလာရတယ်။

ဆိုလိုတာက -
မျက်စိပါလို့ မျက်စိမှာ မြင်စရာအာရုံတွေ မြင်ရတယ်၊
နားပါသည့် အတွက်ကြောင့် ကြားစရာ အသံတွေ၊ ကြားလို့ရတဲ့ အသံတွေ၊
နှာခေါင်းရှိသည့် အတွက်ကြောင့် အနံ့တွေ၊
လျှာရှိသည့် အတွက်ကြောင့် အရသာ အာရုံတွေ၊
ကိုယ်ကာယရှိသည့် အတွက်ကြောင့် ဖောဋ္ဌဗ္ဗ အာရုံတွေ၊
စိတ်ရှိသည့်အတွက်ကြောင့် အခြား အာရုံတွေ
ဆိုတာ လာရောက်ပြီးတော့ ဆက်သွယ်လာကြတယ်။

အဲဒီလို လာရောက် ဆက်သွယ်လာတဲ့အခါ ဘဝင်စိတ်ဆိုတဲ့ မူလဘူတ စိတ်အစဉ်ဟာ လှုပ်ရှား ပြတ်တောက်သွားပြီး အသစ် ဝင်ရောက်လာတဲ့ အာရုံနဲ့ အလုပ်လုပ်မယ့် စိတ်တွေ ဖြစ်ပေါ်လာတယ်၊ အဲဒီ ဖြစ်ပေါ်လာတဲ့ စိတ်တွေဟာ အသစ်အာရုံ တစ်ခုက ဖန်တီးပေးလိုက်တာ၊ အဲဒီမှာ တချို့ စိတ်တွေဟာ ကံရဲ့ အကျိုးတရား အနေနဲ့ ပေါ်လာတယ်၊ တချို့စိတ်တွေကျတော့ ကံရဲ့ အကျိုးတရား မဟုတ်ဘူး၊ သူတို့ ကိုယ်တိုင်ကိုက ကံ အသစ်ကို ဆောင်ရွက်တဲ့ စိတ်အနေနဲ့ ပေါ်လာတာ၊ ကုသိုလ်တို့ အကုသိုလ်တို့ ဆိုတာ ပေါ်လာတာ၊ ဘာကြောင့် ပေါ်တုန်းဆို တခြားအကြောင်း တွေကြောင့် ပေါ်တာ၊ အခြား အကြောင်းတရားတွေ ရှိသေးတယ်။

ဥပမာ - ယောနိသော မနသိကာရ လို့ခေါ်တဲ့ wise attention မှန်မှန်ကန်ကန် တွေးတောဆင်ခြင် မှုကြောင့် ကုသိုလ်တွေ ဖြစ်လာတယ်။ အယောနိသော မနသိကာရ ဆိုတဲ့ unwise attention မသင့်မတင့် နှလုံးသွင်းမှုကြောင့် အကုသိုလ်တွေ ဖြစ်လာတယ်။ ဒါတွေက အတိတ်ကံကြောင့် မဟုတ်ဘူး၊ အလေ့အကျက်နဲ့ အာရုံကို အကြောင်း ပြုပြီးတော့ ယောနိသော မနသိကာရ, အယောနိသော မနသိကာရ ဖြစ်လာတာ၊ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေကြောင့် ဒါတွေက ဖြစ်ပေါ် လာတယ်။

တချို့စိတ်တွေက အကျိုးတရား အနေနဲ့လာတယ်၊ တချို့ စိတ်တွေက အကျိုးလည်း မဟုတ်, အကြောင်းလည်း မဟုတ်၊ အဲဒီစိတ်တွေကိုတော့ ကြိယာစိတ် လို့ ခေါ်တယ်။ အဲဒီ ကြိယာစိတ်တွေကို ဓမ္မသင်္ဂဏီ ပါဠိတော်မှာ “နေဝ ကုသလာ န အကုသလာ န စ ကမ္မဝိပါကာ နေဝ ကုသလာ - ကုသိုလ်လည်း မဟုတ်ဘူး၊ န အကုသလာ - အကုသိုလ်လည်း မဟုတ်ဘူး၊ န စ ကမ္မဝိပါကာ - ကုသိုလ် အကုသိုလ်ရဲ့ အကျိုးတရား လည်း မဟုတ်ဘူး၊ ကံတရားရဲ့ အကျိုးတရားလည်း မဟုတ်ဘူးတဲ့။” အဲဒီစိတ်မျိုးတွေကလည်း အာရုံ ဝတ္ထု ဆုံစည်းမှုကြောင့် ပေါ်လာတဲ့စိတ်တွေ၊ ဒီလို စိတ်တွေဟာ မြောက်များစွာ လူ့ရဲ့နေ့စဉ်ဘဝမှာ ပေါ်ထွန်းလာတယ် ဆိုတာ အဘိဓမ္မာ ဒေသနာတော် အရ သိကြရတယ်။

ကောင်းပြီ - လူတွေမှာ အာရုံတွေရဲ့ ဝင်ရောက်ရာ တံခါးခြောက်ပေါက် လို့ အရင်ရက်တွေကလည်း ပြောထားခဲ့တယ်၊ အဲဒီ တံခါးခြောက်ပေါက်က အာရုံတွေက လာရောက် ဆက်သွယ်တဲ့ အခါမှာ စိတ်တွေ ဖြစ်ပေါ်လာတယ်။ ဘာကိုမှီပြီးတော့ ဖြစ်ပေါ်လာတုန်း ဆိုရင် ဝတ္ထုကိုမှီပြီးတော့ ဖြစ်တာ၊

စက္ခုဝတ္ထု လို့ဆိုတဲ့ စက္ခုပသာဒရုပ်ကို မှီဖြစ်တာရှိတယ်၊
သောတဝတ္ထု လို့ဆိုတဲ့ သောတပသာဒရုပ်ကို မှီဖြစ်တယ်၊
ဃာနဝတ္ထုလို့ခေါ်တဲ့ ဃာနပသာရုပ်ကို မှီဖြစ်တယ်၊
ဇိဝှါဝတ္ထုလို့ဆိုတဲ့ ဇိဝှါပသာဒရုပ်ကို မှီဖြစ်တယ်၊
ကာယဝတ္ထုလို့ဆိုတဲ့ ကာယပသာဒရုပ်ကို မှီဖြစ်တယ်၊
ဟဒယဝတ္ထုလို့ ဆိုတဲ့ စိတ်ရဲ့မှီရာ ဝတ္ထုရုပ်ကို မှီပြီးတော့ ဖြစ်တယ်၊
မှီရာဝတ္ထု မရှိဘဲနဲ့ လူ့ဘုံမှာ စိတ်ဖြစ်ပေါ်လာမှု မရှိဘူး။

အဲဒီလို ပေါ်လာပုံကို လေ့လာတဲ့အခါမှာ ၂-မျိုး ခွဲပြီးတော့လေ့လာမယ်။ (၁) ပဉ္စဒွါရမှာ ဝီထိစိတ် ဖြစ်စဉ်က တစ်မျိုး၊ (၂) မနောဒွါရလို့ခေါ်တဲ့ mind door မှာ ဘဝင်စိတ်နဲ့ စပ်ပြီးတော့ ဖြစ်တဲ့ ဖြစ်စဉ်က တစ်မျိုး၊ (၁) ပဉ္စဒွါရဝီထိ (၂) မနောဒွါရဝီထိ အဲဒီလိုခေါ်တယ်။ စိတ်ဖြစ်စဉ်ဟာ ငါးဒွါရမှာ ဖြစ်တဲ့ ဖြစ်စဉ်ရှိတယ်, မနောဒွါရမှာ ဖြစ်တဲ့ ဖြစ်စဉ်ရှိတယ်၊ ဖြစ်ပုံချင်း မတူညီကြဘူး၊ ဘာလို့ မတူတာတုန်း ဆိုရင် အာရုံ ထင်လာပုံချင်းက မတူတာ။

ကဲ ဒီကနေ့ အထင်ရှားဆုံးဖြစ်တဲ့ စက္ခုဒွါရလို့ခေါ်တဲ့ မျက်လုံးတံခါးမှာ ရူပါရုံလို့ဆိုတဲ့ အဆင်းအာရုံ တစ်ခုက လာပြီး ထင်ဟပ် ပေါ်လွင်လာတာ၊ အဲဒီလို ထင်ဟပ် ပေါ်လွင်လာတဲ့ အာရုံတစ်ခုခုနဲ့ ပတ်သက်ပြီး အလုပ်လုပ်တဲ့ အခါမှာ ထိုရူပါရုံ ဆိုတဲ့ အဆင်းအာရုံတွေ စက္ခုပသာဒ လို့ဆိုတဲ့ eye door မျက်စိတံခါးက ဝင်လာတယ်။ မျက်စိမှာ ထင်လာသလိုပဲ mind door လို့ခေါ်တဲ့ မနောဒွါရ မှာလည်း တစ်ပြိုင်နက်တည်း ထင်လာတယ်။ စက္ခုဒွါရမှာ ထင်လာသလိုပဲ မနောဒွါရမှာလည်း ထင်လာတယ်၊ “ဒွေသု ဒွေသု ဒွါရေသု ဥပ္ပဇ္ဇတိ”။ တစ်ပြိုင်နက်တည်း တံခါး နှစ်ပေါက်ကနေ အရိပ် ထင်လာတယ်၊ အဲဒီလို ထင်လာတဲ့အခါမှာ ဆိုင်ရာဆိုင်ရာ တံခါးတွေ ပွင့်သွားတယ်ပေါ့၊ စိတ်နဲ့ ဆက်သွယ်မှု ဖြစ်လာပြီး ဖြစ်ပေါ်လာတဲ့စိတ်က အာရုံနဲ့ အလုပ်လုပ်တယ်။

အဲဒီလို အာရုံတွေနဲ့ အလုပ်လုပ်တာနဲ့ ပတ်သက်ပြီး အာရုံအမျိုးအစားကို ထပ်ပြီးတော့ ဒီဂရီအားဖြင့် ခွဲထားတာ ရှိသေးတယ်။ ငါးဒွါရမှာ ပေါ်လာတဲ့ အာရုံက ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ၊ သူ့အာရုံနဲ့ သူ့ဒွါရ …

အဆင်းအာရုံသည် မျက်စိတံခါးက ဝင်တယ်၊
အသံအာရုံသည် နားတံခါးက ဝင်တယ်၊
အနံ့အာရုံသည် နှာခေါင်းတံခါးက ဝင်တယ်၊
အရသာအာရုံသည် လျှာတံခါးက ဝင်တယ်၊
အထိအတွေ့အာရုံ သည် ကာယတံခါးကဝင်တယ်၊
အဲဒီလို ငါးဒွါရမှာ ဝင်လာလို့ရှိရင် မနောဒွါရကိုလည်း တိုက်ရိုက် ဆက်သွယ်ပြီးတော့ ဖြစ်ပေါ် လာကြတယ်။

အဲဒီလို အာရုံတွေ ဒွါရမှာ ပေါ်လာပုံနဲ့ ပတ်သက်ပြီးတော့ ‘ဝိသယပ္ပဝတ္တိ’ ဆိုတဲ့ စကားလုံးလေး ရှိတယ်၊ ‘ဝိသယ’ ဆိုတာ ‘အာရမ္မဏ’ ဆိုတဲ့ စကားလုံးနဲ့ အတူတူပဲ၊ စိတ်ရဲ့ဖြစ်ရာ၊ ‘ပဝတ္တိ’ ဆိုတာ ဖြစ်ပုံ၊ အာရုံတွေက ဖြစ်ပုံဖြစ်နည်းက ဒီဂရီအားဖြင့် မတူကြဘူးတဲ့၊ ရူပါရုံလို့ ဆိုတာချင်း တူပေမယ့်လို့ ရူပါရုံတွေ ဒီဂရီအားဖြင့် မတူဘူးတဲ့၊ ကွဲပြား ခြားနားမှုတွေ ရှိတယ်၊ ဟုတ်တာပေါ့၊ ဆင်ကြီးနဲ့ ပုရွက်ဆိတ်ကလေး ကြည့်ရတာ ဘယ်တူမလဲ၊ ကြီးတာ သေးတာ ကွာမနေဘူးလား၊ အေး - မျက်စိက မြင်တဲ့ အာရုံမှာ အကြီးအာရုံနဲ့ အသေးအာရုံ ဆိုတာ ရှိတယ်။ အဲဒီ အကြီးကလည်း ထပ်ပြီး တော့ ခွဲလိုက်မယ်ဆိုရင် “ကြီးတယ်,သိပ်ကြီးတယ်”၊ သေးတာကိုလည်း ထပ်ခွဲရင် “သေးတယ်, သိပ်သေးတယ်”၊ ကမြင်းနီ ဆိုတဲ့ အကောင်းလေး ကျတော့ ပုရွက်ဆိတ်ထက် ပိုပြီးသေးတယ်ပေါ့၊ သိပ်သေးတယ်နော်၊ အဲဒီတော့ ကြီးတယ်,သိပ်ကြီးတယ်၊ သေးတယ်,သိပ်သေးတယ်၊ မျက်စိက မြင်ရတဲ့ အာရုံကို ဒီဂရီနဲ့ ထပ်ပြီးတော့ ခွဲလိုက်တာ။

မျက်စိနဲ့ မြင်ရတဲ့အာရုံကို ခွဲရသလိုပဲတဲ့ နားနဲ့ ကြားရတဲ့ အသံကိုလည်း ခွဲလို့ ရတယ်လေ။ “ကျယ်တယ်, သိပ်ကျယ်တယ်၊ တိုးတယ်, သိပ်တိုးတယ်”၊ အသံ ကျတော့ ကြီးတယ် သေးတယ်လို့ မပြောဘူး၊ မြန်မာစကား ပြောင်းသွားတယ်နော်၊ ကျယ်တယ်, သိပ်ကျယ်တယ်၊ မင်းအသံကြီးက ကျယ်လွန်း အားကြီးတယ်၊ ဟော ကျယ်တယ်, သိပ်ကျယ်တယ်၊ တိုးတယ်, သိပ်တိုးတယ်။

ပါဠိစာပေကတော့ သိပ်ကျယ်တယ်ဆိုတာကို ‘အတိမဟန္တ’ ‘အတိ’ ဆိုတာကို အလွန်အမင်း၊ ‘မဟန္တ’ - ကြီးတယ်လို့ ပြောတာ၊ ‘ပရိတ္တ’ ကျတော့ သေးတယ်၊ ‘အတိပရိတ္တ’ - အလွန်သေးတယ်တဲ့၊ အင်္ဂလိပ်လို ပြန်တဲ့အခါကျတော့ အတိမဟန္တ ကို very great၊ မဟန္တကို great၊ ပရိတ္တကျတော့ small၊ အဟိပရိတ္တ ကျတော့ very small လို့ ဒီလိုပြန်လေ့ ရှိကြတယ်၊ ဒါက အဆင်းအာရုံ တစ်ခုတည်းကို ကြည့်ပြီး ပြောတဲ့ စကားမျိုးဖြစ်တယ်၊ အာရုံငါးပါးလုံးနဲ့ ပြောမယ်ဆိုရင် ပါဠိစာပေကတော့ “အတိမဟန္တ, မဟန္တ, ပရိတ္တ, အတိပရိတ္တ” လို့ လာရောက်ပြီးတော့ ထင်တဲ့ အာရုံရဲ့ အနေအထားတွေ ဒီဂရီတွေကို ဒီလို ခွဲပြီးတော့ ပြတာ။

အဲဒီလို ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဆိုတဲ့ အာရုံ ၅-ပါးကို ခွဲတော့ အာရုံတစ်ခု တစ်ခုကို လေးမျိုး လေးမျိုး ဖြစ်မသွားဘူးလား၊ မျက်စိကကြည့်တဲ့ “ရူပါရုံလေးက သိပ်ကြီးတယ်, ကြီးတယ်, သေးတယ်, သိပ်သေးတယ်”၊ ဟော လေးမျိုး ဖြစ်သွားတယ်။

နားက ကြားရတဲ့ အသံလေးလည်း လေးမျိုး ထပ်ပြီးတော့ ခွဲလိုက်တယ်၊ “သဒ္ဒါရုံက ကျယ်တယ်, သိပ်ကျယ်တယ်, တိုးတယ်, သိပ်တိုးတယ်”၊ နောက် နှာခေါင်းက အနံ့ကျတော့လည်း ထို့အတူပဲ၊ “အနံ့က သိပ်ပြင်းတယ်, ပြင်းတယ်, မပြင်းဘူး, သိပ်မပြင်းဘူး”၊ ဒီလိုခွဲလို့ရတယ်ပေါ့။ အရသာ ဆိုလည်း ထို့အတူပဲ၊ လူတွေသုံးတဲ့ ဝေါဟာရတွေနဲ့ “ချိုတယ် ဆိုရင်လည်း သိပ်ချိုတယ်, ချိုတယ်၊ မချိုဘူး, အလွန်ကို မချိုဘူး”၊ ဒီလို လေးမျိုး လေးမျိုး ခွဲခွဲပြီးတော့ သွားတယ်၊ ထိခိုက်တာလည်း အတူတူပဲ၊ “သိပ်ပြင်းထန်တယ်, ပြင်းထန်တယ်, ညင်သာတယ်, သိပ်ညင်သာ တယ်”၊ ထိခိုက်တာချင်း မတူဘူး၊ ပူတာ အေးတာနဲ့ပြောရင် “သိပ်ပူတယ်, ပူတယ်, မပူဘူး, အလွန်ကို မပူဘူး”၊ “သိပ်အေးတယ်, အေးတယ်, မအေးဘူး, အလွန်မအေးဘူးပေါ့”၊ လေးမျိုး လေးမျိုး ခွဲသွားတာပဲ။

ဒါဟာ လူတွေရဲ့ ဝေါဟာရနဲ့ ပြောလို့ မဆုံးဘူး၊ မဆုံးသည့် အတွက်ကြောင့် ‘ဝိသယပ္ပဝတ္တိ’ ဆိုတဲ့ စကားလုံးကို ဒွါရကနေ အာရုံတွေရဲ့ ဖြစ်ပေါ်လာပုံကို လူတွေရဲ့ တံခါးတွေကနေပြီး အာရုံတွေ ဝင်ရောက်လာပုံ လေးမျိုးလို့ ဒီလို ပြောတာ၊ လယ်တီဆရာတော်ကြီးက အဲဒီ အဓိပ္ပါယ်ကို ဖွင့်တယ်။

ဝိဘာဝနီ ဋီကာကျော် ကျမ်းမှာတော့ အာရုံတို့၌ စိတ်တို့၏ ဖြစ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဖွင့်တယ်။ အဲဒီအဖွင့်ကို လယ်တီဆရာတော်ကြီးက သဘောမကျဘူး။ ဘာဖြစ်လို့တုန်း ဆိုတော့ အတိပရိတ္တာရုံ ကျတော့ အာရုံပေါ်မှာ စိတ်မဖြစ်ဘူး၊ ဘဝင်စိတ်ပဲ ဖြစ်တယ်၊ ဝီထိစိတ် ဖြစ်မှ မဖြစ်ဘဲကိုး၊ အဲဒါ ကြောင့်မို့ ‘အာရုံတို့၌ စိတ်တို့၏ ဖြစ်ခြင်း’ ဆိုတဲ့ အဓိပ္ပါယ်က အမှန်ဘူး၊ မခြုံမိဘူး၊ မငုံမိဘူး လို့ ပြောတာ။

ဒါကြောင့်မို့လို့ လယ်တီဆရာတော်ကြီး ဆိုလိုတဲ့ အဓိပ္ပါယ်က ဝိသယပ္ပဝတ္တိ ဆိုတာ ‘စိတ်တံခါးတို့၌ အာရုံတို့ရဲ့ ဖြစ်ပုံ ၄-မျိုး၊ တံခါးဝကနေ အာရုံတွေရဲ့ ဆက်သွယ်လာမှု လေးမျိုး’ လို့ ဒီလို ပြောတယ်။ ‘အာရုံတွေရဲ့ အမျိုးအစား လေးမျိုး’ လို့၊ အဲဒါကို စာပေလို ရေးသားတဲ့ အခါကျတော့ အတိမဟန္တာရုံ, မဟန္တာရုံ, ပရိတ္တာရုံ, အတိပရိတ္တာရုံ လို့ သုံးတယ်။ (အဲဒီဟာကို ဖတ်ကြည့်လိုက်လို့ ရှိရင် ဘုန်းကြီး ကျောင်းရဲ့ နာမည်လို ဖြစ်နေတယ်နော်။)

အတိမဟန္တာရုံဆိုတာ အလွန်ကြီးတဲ့ အာရုံကို ပြောတာ၊ အဲဒီလို မျက်စိက မြင်ရတဲ့ အာရုံတွေထဲမှာ အလွန်ကြီးတဲ့ အာရုံ ရှိသလို အလွန်သေးတဲ့ အာရုံလည်း ရှိတယ်၊ ကြီးတဲ့အာရုံ ရှိတယ်၊ သေးတဲ့အာရုံလည်း ရှိတယ်။ အဲဒါကို အကြောင်းပြုပြီးတော့ ငါးဒွါရမှာ အာရုံတွေရဲ့ ဖြစ်မှုဟာ အခုလို လေးမျိုး ကွဲသွားတယ်။ အဲဒီလို အာရုံဖြစ်မှု လေးမျိုး ကွဲသွားတဲ့အခါမှာ စိတ်တို့ရဲ့ ဖြစ်စဉ်ဟာလည်း ကွဲပြား ခြားနားသွားတယ်၊ မတူနိုင်ဘူးပေါ့။

ဒီနေရာမှာ အတိမဟန္တ - အလွန်ကြီးတယ် ဆိုတာ ဘာပြောတာတုန်း ဆိုလို့ရှိရင် … ကြီးတယ်ဆိုတာ အရာဝတ္ထုကြီးက ကြီးလို့လည်း ကြီးတယ်လို့ ပြောတယ်၊ အလင်းအား ကောင်းလို့, အမြင်အား ကောင်းလို့, သိသာမြင်သာလို့ ရှိရင်လည်း ကြီးတယ်လို့ ပြောရမှာပဲ၊ ကြီးတယ်ဆိုတဲ့ အဓိပ္ပါယ်နော်၊ ဟိုလို အကြီးစားကြီး ကြီးမှ ဒီလိုမဟုတ်ဘူး၊ အရာဝတ္ထုကြီးလို့ ကြီးတယ်လို့ ပြောမယ်, အလင်းရောင် အားကောင်းလို့ ရှိရင်လည်း အဲဒီလောက် မကြီးပေမယ့်လို့ ခပ်သေးသေးလေး ဖြစ်ပေမယ့် ရှင်းရှင်း လင်းလင်းကြီး သိသာမြင်သာလွန်းလို့ ရှိရင်လည်း အတိမဟန္တ လို့ ဒီလိုပဲခေါ်တယ်၊ မြင်သာတယ်လို့ ဆိုတယ်။

eye door မျက်စိတံခါးပေါက်ကို လာပြီးတော့ ဆက်သွယ်တဲ့ အာရုံတွေဟာ တောင်ကြီးလို ကြီးတဲ့ အာရုံတွေလည်း ဖြစ်မယ်, သိပ်ပြီးတော့ ထင်ရှားတဲ့ အာရုံတွေလည်း ဖြစ်နိုင်တယ်, အလင်းအား ကောင်းလို့ ပေါ်လွင်လာတဲ့ အာရုံလည်း ဖြစ်နိုင်တယ်လို့ ဒီလို ဆိုလိုတာ၊ အဲဒီ အတိမဟန္တ ဆိုတဲ့ အလွန်အားကြီးတဲ့ အာရုံ ဖြစ်လာလို့ရှိရင်၊ မျက်စိထဲမှာ ပေါ်လာလို့ရှိရင် စဉ်းစားစရာ မလိုတော့ဘူး၊ ချက်ချင်း ထင် ထင်မှန်းသိတယ်။

အေး၊ ကောင်းပြီ - ပဉ္စဒွါရနဲ့ ပတ်သက်လို့ရှိရင် ဝိသယပ္ပဝတ္တိ က ၄-မျိုးရှိတယ်၊
(၁) အတိမဟန္တ၊
(၂) မဟန္တ၊
(၃) ပရိတ္တ၊
(၄) အတိပရိတ္တ ဆိုတဲ့ ၄-မျိုး။

Mind door လို့ခေါ်တဲ့ မနောဒွါရနဲ့ ပတ်သက်လို့ရှိရင် စိတ်ထဲမှာ ပေါ်လာတာတော့ ကြီးတယ်, သေးတယ်လို့ ပြောလို့မရဘူး၊ စိတ်ထဲမှာ ဖြစ်တာကို အကြီး အသေးလို့ ခွဲလို့မရဘူး၊ အဲဒီတော့ ဘယ်လိုခွဲရတုန်း ဆိုတော့ “ထင်ရှားတယ်၊ မထင်ရှားဘူး”။

အတိတ်က အကြောင်းအရာတွေ ပြန်တွေးတဲ့ အခါကျတော့ “ငါ အကြီးကြီး မြင်တယ်” လို့ ပြောလို့ မရဘူး၊ “ထင်ထင်ရှားရှား ပေါ်လာတယ်” လို့ပဲ ပြောလို့ ရတယ်နော်၊ ဟုတ်ရဲ့လား၊ စိတ်ထဲမှာ ဝိုးတိုးဝါးတားလား, ထင်ထင်ရှားရှားလား ဒါပဲပြောရမှာ၊ မျက်စိနဲ့ မြင်ရတာ မဟုတ်ဘူး၊ နားနဲ့ ကြားရတာ မဟုတ်ဘူး၊ ပြီးခဲ့တဲ့ အာရုံတွေကို ပြန်စဉ်းစားတဲ့ အခါမှာ စိတ်ထဲမှာ ပေါ်တာကျတော့ တချို့ အကြောင်း အရာ လေးတွေက ရှင်းရှင်းကြီး ပေါ်နေတယ်၊ တချို့ အကြောင်းအရာ လေးတွေက ဝိုးတိုးဝါးတား ပေါ်နေတယ်၊ ဒီနှစ်ခုနဲ့ ခွဲတာ၊ ပါဠိစာပေမှာ ထင်ထင်ရှားရှားကို “ဝိဘူတ” လို့ ခေါ်တယ်၊ မထင်မရှား ဝိုးတိုးဝါးတား ကိုကျတော့ “အဝိဘူတ” လို့ခေါ်တယ်။ ထင်ရှားတာနဲ့ မထင်ရှားတာ။

ဒါ ကိုယ့်ဘဝ လက်တွေ့နဲ့ ပြန်ကြည့်လည်း သိတာပဲ၊ ညက အိပ်မက်မက်တယ်၊ မှတ်မိတယ်၊ ထင်ရှားတယ်၊ တစ်ခါတစ်ရံကျတော့ အိပ်မက်က ဝိုးတိုးဝါးတား ဖြစ်နေတယ်၊ မထင်ရှားဘူး၊ အဲဒါမျိုး လိုပဲ စိတ်ထဲမှာ ပေါ်လာတဲ့ အာရုံက ထင်ရှား တာနဲ့ မထင်ရှားတာ ၂-မျိုး ခွဲရတယ်။

ယခုလို စိတ်တံခါးတွေမှာ အာရုံ ပေါ်လာပုံဟာ ဒီဂရီအားဖြင့် ၆-မျိုး ရှိတယ်။ ပဉ္စဒွါရ ဆိုတဲ့ ငါးဒွါရမှာ ၄-မျိုး၊ မနောဒွါရ လို့ဆိုတဲ့ mind door မှာ ၂-မျိုး၊ အဲဒါကို ဝိသယပ္ပဝတ္တိ ၆-မျိုးလို့ စာပေက ဆိုတယ်။

အဲဒီ ဝိသယပ္ပဝတ္တိ ၆-မျိုး အလိုက် စိတ်ဖြစ်စဉ် တွေကလည်း ကွဲပြားခြားနားမှု ရှိသွားတယ်။ အာရုံက ထင်ရှားရင် ထင်ရှားသလောက်, ကြီးရင် ကြီးသလောက် စိတ်ဟာ လျင်လျင်မြန်မြန် ဖြစ်နိုင်တာပေါ့။ တံခါးက ဝင်လာတဲ့ အခါမှာ လျင်လျင်မြန်မြန် ရောက်လာမှာ၊ အာရုံက မပြင်းထန်ဘူး ဆိုရင် အာရုံ ဝင်ရောက်မှုက နှေးကွေးတယ်။ ဒါကြောင့် လယ်တီဆရာတော်ကြီးက “မြန်တယ်, သိပ်မြန်တယ်, နှေးကွေးတယ်, သိပ်နှေးကွေးတယ်” အဲဒီလို သုံးတယ်။ နှေးကွေးတယ် ဆိုတာ လူက ဝင်လာတဲ့ အာရုံကို ရုတ်တရက် စိတ်နဲ့မတွေ့ဘူးပေါ့, စိတ်က မဖမ်းနိုင်ဘူး၊ ဒါကို ဆိုလိုတာ။

မျက်စိတံခါးနဲ့ ပတ်သက်ပြီး စိတ်တွေ ဖြစ်ပေါ်လာပုံ ကို လေ့လာကြည့်ရအောင်၊ လူတိုင်းလူတိုင်းဟာ မျက်လုံးဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် မြင်စရာတွေ မြင်နေကြတာ မဟုတ်လား။ အဲဒီလို မြင်စရာတွေ မြင်နေတဲ့အခါမှာ မတူညီတဲ့ စိတ်ဖြစ်စဉ်တွေ ဖြစ်တယ်တဲ့။ အခုပြောတဲ့ အလွန်ကြီးတဲ့၊ အလွန်မြင်သာ ထင်သာ ရှိတဲ့ အဆင်းအာရုံကြီး တစ်ခုကို မြင်လိုက်လို့ရှိရင် ချက်ချင်းလက်ငင်း ဆိုသလို မကြာခင် မှာပဲ စိတ္တက္ခဏ ၃-ချက်လောက် အလွန်မှာ ဒီအာရုံဟာ စိတ်ထဲမှာ ပေါ်လာနိုင်ပြီ၊ ဖမ်းယူမိသွားပြီ လို့ ဆိုလိုတယ်၊ ဖြစ်ပေါ်လာတဲ့ စိတ်တွေက ဖမ်းယူလိုက်ပြီ။

(လူတွေရဲ့ ဘဝမှာ ပကတိစိတ်ရဲ့ အစဉ်ဟာ ရှိနေတယ် ဆိုတာကို မမေ့နဲ့၊ ပင်ကိုယ်အားဖြင့် အဲဒီ ဘဝင်စိတ် အစဉ်လေး ရှိနေတယ်) အဲဒီ ဘဝင်စိတ် အစဉ်လေး ရှိနေတဲ့ အချိန်မှာ မျက်လုံးလေး နှစ်လုံး ဖွင့်လိုက်လို့ ကြီးမားတဲ့ အာရုံကြီး တစ်ခုဟာ မျက်လုံးထဲမှာ ထင်ဟပ်လာပြီ ဆိုရင် ခုနက ပင်ကိုယ်စိတ်လို့ ခေါ်ရတဲ့ ဘဝင်စိတ် ကလေးက သူ့အရှိန်နဲ့သူ ပြေးနေတာ၊ သူ့အာရုံနဲ့သူ ပြေးနေတဲ့ ဘဝင်စိတ်ကလေးဟာ အနည်းဆုံး ဘဝင်စိတ်ကလေး ၃-ကြိမ်လောက် ဆက်ဖြစ်ပြီး တော့မှ ဟောဒီ အလွန်ကြီးတဲ့ အာရုံဟာ မျက်စိတံခါးမှာ လာ ဆက်သွယ်မိသွားတယ် လို့ပြောတယ်၊ အဲဒီကျမှ စိတ်နဲ့ လာ ဆက်သွယ်မိတာ၊ ချက်ချင်းကြီး ဖြစ်ဖြစ်ချင်း မဆက်သွယ် မိဘူးလို့ ပြောတာ။

အဲဒါကို စာပေလိုပြောတော့ ‘ဥပါဒ်’ လို့ ပြောတယ်၊ ‘ရူပါရုံနဲ့ စက္ခုပသာဒတို့ ဥပါဒ်ကြသောအခါ’၊ တစ်ခါတစ်လေကျတော့ ဝေါဟာရက စာလို ရေးထားတဲ့ အခါကျတော့ နားမလည်ဘူး ဖြစ်တတ်တယ် နော်၊ အာရုံလေးက စိတ်ထဲမှာ လာပေါ်ဖို့ရန် အတွက် မူလက ဖြစ်စဉ်ဖြစ်တဲ့ ဘဝင်စိတ်အရှိန်က သွားနေတာ၊ အဲဒီထဲမှာ မျက်စိ တံခါးပေါက်ကို ရူပါရုံဆိုတဲ့ အာရုံအသစ်ဟာ ထိုးဖောက်ပြီးတော့ ဝင်ရောက်လာတာ၊ အဲဒီလို ဝင်ရောက်လာတဲ အခါကျတော့ အတွင်းက ဖြစ်စဉ်ဖြစ်တဲ့ ဘဝင်စိတ် လေးဟာ ၃-ခါလောက် ဖြစ်ပြီးတော့မှ ရပ်တန့်သွားတယ်၊ ဒါ အနည်း ဆုံးပဲ၊ ၃-ခါထက် လျော့ပြီးတော့ ရူပါရုံက စိတ်အသစ်နဲ့ တွေ့တာ မဟုတ်ဘူး၊ အဲဒါကို စာလို ပြောတဲ့ အခါကျတော့ ရူပါရုံလေး မွေးဖွားလာတယ်၊ ဒီမျက်စိထဲမှာ ပေါ်လာပြီးတဲ့နောက် ဖြတ်သန်းကျော်လွန် ခဲ့ရတဲ့ စိတ္တက္ခဏလေးကို ဒါကို ‘အတီတ ဘဝင်စိတ်’ လို့ခေါ်တယ်။

အဲဒီ အတီတ ဘဝင်စိတ်ကလေးကလည်း ခဏငယ် ၃-ခုရှိတယ်၊ ဥပါဒ်၊ ဌီ၊ ဘင် ဆိုတဲ့ ခဏငယ် ၃-ခု ရှိတယ်၊ အဲဒီ စိတ္တက္ခဏလေး ၁-ခု ဆိုတာဟာ ပြောမယ် ဆိုလို့ရှိရင် ကုဋေတစ်သိန်းရဲ့ အပုံတစ်ပုံလို့ ဒီလိုပြောရမှာ။ ဆိုပါစို့ - စိတ်ရဲ့ စိတ္တက္ခဏလေး ၂-ခုဟာ တစ်စက္ကန့် ဆိုလို့ရှိရင် စက္ကန့်ကလေး တစ်သိန်းရဲ့ အပုံတစ်ပုံပဲ ရှိတယ်၊ အဲဒီလောက်အောင် တိုတောင်းတယ်လို့ ပြောတာနော်။

အဲဒီ ဘဝင်စိတ်လေးဟာ သူ့အာရုံနဲ့သူ ပြေးနေတာ၊ ရူပါရုံလေးနဲ့ လာဆုံစည်းလိုက်တဲ့ အချိန်လေးမှာ သူက ရူပါရုံကို မဖမ်းနိုင်ဘူး၊ မဖမ်းနိုင်ဘဲနဲ့ အဲဒီ ဘဝင်စိတ်လေးဟာ သူ့အာရုံနဲ့သူ ပြေးနေတာ၊ တစ်စိတ် လွန်သွားပြီ၊ ဒါပေမယ့် ရူပါရုံလေးကို မမိ လိုက်သေးဘူး၊ ဖမ်းတဲ့စိတ် မပေါ်သေးဘူး၊ ပြီးတဲ့ အခါကျတော့ အင်နဲ့အားနဲ့ အသစ်ဝင်လာတဲ့ ရူပါရုံကြောင့် အဲဒီ ဘဝင်စိတ်လေးဟာ အခြေအနေ ပြောင်းလဲဖို့ရာ အတွက် လှုပ်ရှားတယ်၊ လှုပ်ရှားလာလို့ တည်ငြိမ်မှု ပျက်ပြားတယ်၊ အဲဒါကို ‘ဘဝင်္ဂစလန’ ဘဝင်လှုပ်တယ်လို့ ခေါ်တယ်၊ အဲဒါက ဒုတိယစိတ္တက္ခဏ။

လှုပ်ပြီးတဲ့နောက်ကျတော့ ၃-ကြိမ်မြောက် တတိယ ဘဝင်စိတ်ကလေး ဖြစ်ပြီးတဲ့ အခါကျတော့ ဘဝင်အရှိန်ဟာ ပြတ်ထွက်သွားတယ်၊ ဘဝင်အရှိန် ပြတ်ထွက်သွားခြင်း သည် အာရုံကလေးက စိတ်အသစ်နဲ့ တွေ့ဆုံခြင်းပဲ၊ အဲဒီကျမှ တွေ့တာ၊ အဲဒီ အာရုံလေးပေါ်မှာ အာရုံပြုတဲ့ စိတ်သည် ဘဝင်စိတ် ၃-ခါ ဖြစ်ပြီးတဲ့ အခါမှ တွေ့တယ်တဲ့၊ ဒါ အလွန် လျင်မြန်တာ၊ ဒါ အဘိဓမ္မာက ပြောလို့သာ သိရတာ၊ သာမန်သိဖို့ရန် အင်မတန်မှ ခဲယဉ်းပါတယ်၊ မသိနိုင်လောက်ပါဘူးနော်၊ ဒါ ‘စိတ္တနိယာမ’ ပဲလေ။

ဒိပြင် နိယာမတွေလည်း ဒီအတိုင်းပဲ၊ ဆိုပါစို့ - မျိုးစေ့လေး တစ်ခုကို မြေထဲမှာ ချပြီးတော့ မြှုပ်ထားလိုက်လို့ရှိရင် ၇-ရက်လောက် နေလို့ရှိရင် အညှောက်လေး ထွက်လာတယ် ဆိုပါစို့။ အဲဒီ အချိန်မှာ ပထမရက်ကျ အညှောက် ဘယ်လောက်ထွက်တယ်, ဒုတိယရက်ကျ အညှောက် ဘယ်လောက် ထွက်တယ်, တတိယရက်ကျ ဘယ်လိုပြောင်းတယ် ဆိုတာ သိနိုင်ပါ့မလား၊ “မသိနိုင်ပါဘူး ဘုရား”၊ အဲဒီ ရုပ်တောင်မှ မသိနိုင်တာနော်၊ ထွက်လာမှသာ သြော် - ထွက်လာပြီ လို့ပြောတာ၊ သို့သော် ပြောင်းလဲမှုက နေ့စဉ် ရှိနေတာ၊ နာရီနဲ့အမျှ၊ မိနစ်နဲ့အမျှ ရှိနေတာ၊ မပြောင်းလဲဘဲနဲ့ ဝုန်းကနဲ့ ၇-ရက်မြောက်ကျမှ အမြစ်ဆင်းပြီး အညှောက် ထွက်တာ ဟုတ်ပါ့မလား၊ မဟုတ်ဘူး၊ ပြောင်းလဲမှုက မိနစ်ပိုင်း အလိုက် ရှိနေ တယ်ပေါ့၊ အဲဒီပြောင်းလဲမှု အတိုင်းအတာ အသေးစိတ် လေးတွေကို လူတွေက မမြင်နိုင်ဘူးပေါ့၊ အဲဒါဟာ process ပဲ၊ Process ဆိုတာ ရှိကို ရှိတယ်။

ကြည့်လေ - ဘုန်းကြီးတို့ တတွေ ခေါင်းပြောင်အောင် ရိတ်ထားပြီး ဒီကနေ့ ရိတ်ထားတဲ့ဟာ နောက်တစ်ရက် ကျတော့ မနေ့က ရိတ်ထားတဲ့ပုံစံ မဟုတ်တော့ဘူး၊ ဆံပင်လေးတွေ နည်းနည်း ထွက်လာတယ်၊ နောက် တတိယရက် ကျတော့ နည်းနည်းလေး ထပ်ထွက်လာတယ်၊ စတုတ္ထရက် ကျတော့ နည်းနည်းလေး ထပ်ထွက်လာတယ်၊ တစ်ခါတည်း ထွက်လာတာ မဟုတ်ဘူး၊ မိနစ်ပိုင်း အလိုက် မိနစ်ပိုင်းအလိုက် ပြောင်းလဲမှု ကလေးတွေ ရှိတယ်၊ သေသေ ချာချာ လေ့လာ စောင့်ကြည့် နေမယ် ဆိုရရင် အဲဒီ ပြောင်းလဲမှုလေးတွေက မြင်နိုင်တယ်၊ ရုပ်တရားဆိုတော့ ကြည့်လို့ မြင်လို့ ရတယ်ပေါ့၊ ဟောဒီ နာမ်တရား ဆိုတာကျတော့ မျက်စိနဲ့ ကြည့်လို့ မြင်လို့ မရနိုင်ဘူး။

ကောင်းပြီ - အဲဒီ ရူပါရုံဆိုတဲ့ အာရုံလေးဟာ မျက်စိတံခါးက ဖြတ်ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် အနည်းဆုံး စိတ္တက္ခဏ တစ်ချက် လွန်လာပြီးတဲ့နောက်မှ စပြီး ဥပါဒ်တာ၊ ရူပါရုံရဲ့ စတင်မွေးဖွားခြင်းလို့ ဒီလို ပြောပါတယ်၊ မျက်စိထဲမှာ သူပေါ်လာတာ သူ့ရဲ့ မွေးဖွားခြင်းပဲ၊ မွေးဖွားတဲ့ အချိန်လေးက အင်မတန်မှ တိုတောင်းတယ်၊ စိတ္တက္ခဏ တစ်ချက်ထက် တိုတောင်းတယ်၊ ရူပါရုံ မွေးဖွားတာ ခဏလေး တစ်ခုပဲရှိတယ်၊ မွေးဖွားပြီးတဲ့ အခါမှာ တည်တံ့နေတဲ့ ဌီခဏ ကျတော့ အလွန်ရှည်တယ် ပေါ့၊ နာမ်ထက်စာလို့ရှိရင် ဒီရူပါရုံလေးက ရုပ်တရားဖြစ်သည့် အတွက်ကြောင့် ရှည်တယ်။

စာပေလို ခဏငယ်နဲ့ ပြောမယ်ဆိုရင် ခဏငယ် ၅၁-ချက် ရှိတဲ့အထဲမှာ မျက်စိတံခါးကနေ ဝင်ရောက် ပြီးတော့ မွေးဖွားလာတဲ့ အဆင်းအာရုံလေးသည် စတင်ဥပါဒ်တဲ့ မွေးဖွားလာပြီးတဲ့နောက်မှာ ဒါက ခဏလေးတစ်ခု လွန်လာပြီ၊ အဲဒီနောက် သူ့ရဲ့ဌီခဏလို့ ဆိုတဲ့ တည်တံ့နေတဲ့ အချိန်ပိုင်းက အများကြီး၊ ၄၉-ချက် က ဌီခဏ၊ နောက်ဆုံးတစ်ချက်က ဘင်ခဏ လို့၊ ဒီလို သူက ‘ဥပါဒ်ခဏ၊ ဌီခဏ၊ ဘင်ခဏ’။ ခဏ ၃-မျိုးရှိတယ်။

ရုပ်တရားတွေမှာ ဥပါဒ်ခဏက သိပ်တိုတယ်၊ ဘင်ခဏကလည်း သိပ်တိုတယ်။ သို့သော် ရပ်တည်နေတဲ့ အချိန်ပိုင်း ဌီခဏကျတော့ ခဏငယ် ၄၉-ချက်ခန့် တည်နေတယ်၊ အဲဒီရပ်တည်နေတဲ့ အချိန်အတွင်းမှာ သူက စိတ်နဲ့ တွေ့ဆုံတာ၊ သူက ဖြစ်လျှင်ဖြစ်ခြင်း၊ သူမွေးဖွားလျှင်မွေးဖွားခြင်း စိတ်နဲ့တွေ့ဆုံလို့ မရဘူး၊ သူ့ကို ဖမ်းယူမယ့်စိတ်နဲ့ မတွေ့ဆုံနိုင်သေးဘူး၊ ဘာဖြစ်လို့တုန်း ဆိုရင် ပင်ကိုယ်စိတ် ဘဝင်စိတ်တွေက သူ့အာရုံနဲ့သူ သွားနေတာ၊ အဲဒီ ပင်ကိုယ်စိတ်တွေ မပြတ်လို့ ရှိရင်လည်း နောက်ထပ် စိတ်က ဝင်လို့မရဘူးနော်။ ပင်ကိုယ်စိတ်ကို အခြေခံပြီတော့မှ အာရုံ အသစ်ကြောင့်မို့ စိတ်အသစ် ဖြစ်ရတာ။ ပြောမယ်ဆိုလို့ရှိရင် ‘ပကတိစိတ်နဲ့ ဝိကတိစိတ်’ လို့။ ဆိုပါစို့ - ပကတိဆိုတဲ့ ပင်ကိုယ်စိတ်တွေက သွားနေသည့် အတွက်ကြောင့် ‘ဝိကတိ’ ဆိုတဲ့ အာရုံအသစ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်တွေဟာ မဝင်ရောက်နိုင်သေးဘူး။

ကောင်းပြီ - ရူပါရုံလေးက အဲဒီလို မျက်စိတံခါးမှာ လာပြီးတော့ ပေါ်လိုက်တဲ့အခါမှာ အနည်းဆုံး စိတ္တက္ခဏ ၁-ချက်သော်လည်းကောင်း, ၂- ချက်သော်လည်းကောင်း, ၃- ချက်သော်လည်းကောင်း, များစွာ ချက်သော်လည်းကောင်း ဖြတ်ကျော်ပြီးတော့မှ သာလျှင် အသစ်ပေါ်လာတဲ့ အာရုံကို သိနိုင်တဲ့စိတ်နဲ့ ဆုံတွေ့မိတယ်လို့ ဒီလိုပြောတယ်၊ အဲဒါကို အဘိဓမ္မတ္ထ သင်္ဂဟကျမ်းမှာ “ဧကစိတ္တက္ခဏာ တီတာ နဝါ ဗဟုစိတ္တက္ခဏာ တီတာ နိဝါ ဌိတိပတ္တာ နေဝ” - ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ ဆိုတဲ့ အာရုံငါးပါးဟာ ဌီခဏ ရောက်တဲ့အခါမှာ စိတ္တက္ခဏ တစ်ကြိမ်လွန်၍ ဖြစ်စေ, နှစ်ကြိမ်လွန်၍ဖြစ်စေ လွန်ပြီးမှသာ ထင်လာနိုင်တယ်။ ကြည့်လေ - အတီတ ဘဝင်ကလေး တစ်ချက် လွန်သွားပြီ၊ ဒါ အတီတ ဘဝင်ကို ပြောတာ၊ သို့သော် သူ ထင်နိုင်သေးတာ မဟုတ်ဘူး၊ စတုတ္ထစိတ် လောက်ကျမှ သူနဲ့တွေ့တာ၊ ပထမစိတ်က ဘဝင်စိတ်, ဒုတိယစိတ်ကလည်း ဘဝင်စိတ်, တတိယစိတ်ကလည်း ဘဝင်စိတ်ပဲ၊ ဘဝင်စိတ် မှန်သမျှ အခု လောလောဆယ် မျက်စိတံခါးမှာ ဆက်သွယ်လာတဲ့ အာရုံကို မသိနိုင်ဘူး၊ မမြင်နိုင်ဘူး။

အဲဒီလို မျက်စိတံခါးမှာ လာရောက် ဆက်သွယ်လိုက်တဲ့ အခါကျတော့ အဲဒီ ဘဝင်စိတ် ၃-ကြိမ် ဖြစ်ပြီးတော့ ပြတ်ထွက်သွားပြီ ဆိုတော့မှ ပဉ္စဒွါရာဝဇ္ဇန်း အာဝဇ္ဇန်း စိတ်ဆိုတာလေး ပေါ်လာတယ်၊ အဲဒီ အာဝဇ္ဇန်းစိတ်က ငါးဒွါရမှာ ဆင်ခြင်ပေးတယ်၊ ဦးလှည့်ပေးတယ်၊ အာရုံရှိရာကို မျက်နှာမူပေး တဲ့စိတ်၊ တစ်နည်းအားဖြင့် ပြောမယ် ဆိုရင် အာရုံအသစ်ကို welcome လုပ်တဲ့ စိတ်နော်၊ ကြိုဆို လိုက်တာ၊ တံခါး ဖွင့်ပေးလိုက်တာ၊ သူက တံခါးဖွင့် မပေးရင် မြင်လို့ မရတော့ဘူး၊ ဒါကြောင့်မို့လို့ သူ တံခါးဖွင့်ပေးတဲ့ အခါမှ နောက်က စက္ခုဝိညာဏ်စိတ် လာတယ်၊ မြင်တဲ့စိတ်က အဲဒီနောက်မှ လိုက်လာရတာ၊ အဲဒီတော့ ချက်ချင်းကြီး မြင်တာ မဟုတ်သေးဘူး။

အဲဒီ တံခါးဖွင့်ပေးတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကို အဋ္ဌသာလိနီ အဋ္ဌကထာမှာ “နားမကြားတဲ့ တံခါးစောင့်” လို့ ဒီလို နာမည် ပေးတယ်၊ တံခါးခေါက်လိုက်တယ်၊ သူကြားလို့ ဖွင့်ပေးတာ မဟုတ်ဘူး၊ သူ့ကို အမှတ်သညာ ပေးတာ၊ အမှတ်သညာ ပေးလိုက်လို့ သူ တံခါးထ,ဖွင့်ရတယ်၊ ကြားတော့ မကြားဘူးတဲ့၊ မြင်နိုင်တာ မဟုတ်ဘူး၊ တံခါးဖွင့်ပေးရုံ ဖွင့်ပေးလိုက်တာပဲ၊ ဘာကြောင့် သူက တံခါးဖွင့်နိုင်တုန်း ဆိုတော့ အာရုံနဲ့ဝတ္ထု ဆုံစည်းမှုရဲ့ စွမ်းအားနဲ့ သူက တံခါး ဖွင့်ပေးတာ၊ အဲဒီစိတ်က စပြီးတော့ အသစ်ရောက်လာတဲ့, မျက်စိတံခါးမှာ ဝင်လာတဲ့ အာရုံနဲ့စိတ်တွေဟာ အလုပ် လုပ်ကြပြီတဲ့။

အဲဒီ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဆိုတာ ကုသိုလ်လည်း မဟုတ်ဘူး, အကုသိုလ်လည်း မဟုတ်ဘူး, ကံရဲ့ အကျိုးတရားလည်း မဟုတ်ဘူး၊ ကြိယာစိတ် ဖြစ်တယ်၊ ကြိယာစိတ်ဆိုတာ သက်သက် အလုပ်လုပ်တဲ့ စိတ်တစ်ခုပဲ၊ ဘာ့ကြောင့် ပေါ်လာ တုန်းဆိုရင် ဝတ္ထုအာရုံ ဆုံတဲ့ စွမ်းအားကြောင့် ပေါ်လာတာ၊ အဲဒီ ဆုံတဲ့ စွမ်းအားကြောင့် ပေါ်လာတဲ့ ပဉ္စဒွါရာဝဇ္ဇန်း စိတ်ကလေးက ဖြစ်ပြီးတာနဲ့ တစ်ပြိုင်နက် ပျက်သွားတယ်၊ သူ ပျက်သွားခြင်းသည် စက္ခုဝိညာဏ်စိတ် ဖြစ်ဖို့ရန် chance ပဲ။

ဒါကြောင့်မို့လို့ ပြောတယ် မဟုတ်လား၊ မြင်သိစိတ်ကလေး ဖြစ်ဖို့ရန်အတွက် သုတ္တန် ပါဠိတော်တွေမှာ မြတ်စွာဘုရား ဟောထားတာတွေက စက္ခုပသာဒနဲ့ ရူပါရုံ ဒီ ၂-ခု အကြောင်း ပြုပြီးတော့ စက္ခုဝိညာဏ်စိတ် ပေါ်တယ်၊ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ၊ မျက်စိရယ် အဆင်းရယ်၊ ဒီ ၂-ခုကို အကြောင်းပြု အမှီပြုပြီးတော့ မြင်သိစိတ် ပေါ်တယ်လို့ ထိုထို သုတ္တန်တွေမှာ ဟောသွားတယ်။

သို့သော် ဒီအကြောင်း ၂-ခုတည်းလား ဆို မဟုတ်ဘူးတဲ့၊ အထောက်အကူ ဖြစ်တဲ့ အကြောင်းတွေ လိုသေးတယ်၊ အထောက်အကူဖြစ်တဲ့ အကြောင်းက ဘာလဲဆိုရင် မျက်စိနဲ့ အာရုံကြား သို့မဟုတ် အဆင်းအာရုံလေး ပေါ်မှာ လိုအပ်တဲ့ အလင်းရောင် ရှိရဦးမယ်၊ မှောင်နေရင် မြင်ရမှာ မဟုတ်ဘဲကိုး။ အဲဒါကြောင့် အလင်းရောင်ဆိုတဲ့ အကြောင်းတစ်ခုလည်း လိုအပ်တယ်၊ နောက်တစ်ခု ဘာတုန်းဆိုတော့ နှလုံးသွင်းမှု မနသိကာရ တဲ့။

ဒါကြောင့် လယ်တီဆရာတော်ကြီးက “စက္ခာလောက ရူပထင်ပြီ မနသီ လေးလီ စက္ခုဖို့” လို့ အဋ္ဌကထာတွေမှာ ပါတဲ့ စကားအတိုင်း လင်္ကာစီထားတာ။

‘စက္ခု’ ဆိုတာ စက္ခုပသာဒရုပ်ကိုပြောတာ၊
‘အာလောက’ ဆိုတာ အလင်းကိုပြောတာ၊
‘ရူပထင်ပြီ’ ဆိုတာ အဆင်းအာရုံလေး လာထင်တာ၊
‘မနသီ’ ဆိုတာ နှလုံးသွင်းမှု၊

ပေါင်းလိုက်တဲ့အခါကျတော့ အကြောင်း ၄-မျိုး၊

အဲဒီအကြောင်း ၄-မျိုးထဲက ‘မနသီ’ ဆိုတဲ့အကြောင်းက ဘာပြောတာတုန်းဆို ဟောဒီ ပဉ္စဒွါရာဝဇ္ဇန်း စိတ်ကလေးကို ပြောတာ၊ ပဉ္စဒွါရာဝဇ္ဇန်း စိတ်က အာဝဇ္ဇန်း ပဲ၊ အာဝဇ္ဇန်းဆိုတာ ‘မနသိကာရ’ ပဲ၊ ဒီ အာဝဇ္ဇန်းစိတ်ကလေး မပါဘဲနဲ့ စက္ခု ဝိညာဏ်စိတ် မဖြစ်နိုင်ဘူး၊ ဟောဒီ အကြောင်းတရားတွေ ရှိတယ်၊ အကြောင်း ၄-မျိုး။

ကောင်းပြီ၊ မျက်စိတံခါးကို ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဖွင့်ပေးလို်က်တဲ့ အခါ မြင်ခြင်းကိစ္စ ဆောင်ရွက်တာက စက္ခုဝိညာဏ်စိတ်တဲ့၊ စက္ခုဝိညာဏ်စိတ် ဖြစ်တယ်၊ စက္ခုဝိညာဏ်စိတ်က မြင်ရုံပဲ မြင်တာ၊ အဲဒီမြင်တဲ့ စက္ခုဝိညာဏ်စိတ်ဟာ ‘ကမ္မဝိပါက’ ကံရဲ့အကျိုးတရား ဖြစ်တယ်၊ ကံက ဖန်တီးထားတဲ့စိတ်၊ ဘယ်မှာ ဖန်တီးထားတာတုန်းလို့ သေချာ လိုက်ရှာကြည့်ရင် ကံက ဖန်တီးထားတဲ့ စက္ခုဝိညာဏ်စိတ် ကလေးဟာ စက္ခုပသာဒရုပ်နဲ့ အတူတကွ ရှိနေလားလို့ဆိုတော့ စိတ်ဆိုတာ အရှိ မဟုတ်ဘူး, အဖြစ်တရား၊ စက္ခုပသာဒ ဆိုတာလည်း အမှန်ကတော့ ရှိနေတာ မဟုတ်ဘူး၊ ဖြစ်နေကြတာပဲ၊ အကြောင်းတွေကြောင့် ဖြစ်နေကြတာ၊ ဖြစ်နေတဲ့ စက္ခုပသာဒထဲမှာ ဟောဒီ စက္ခုဝိညာဏ်စိတ် ဖြစ်လာနိုင်တဲ့ အနေအထား possibility ရှိနေတာကို ပြောတာ။

ဥပမာ - ဂက်စ်မီးခြစ်ထဲမှာ မီးမရှိပေမယ့်လို့ မီးဖြစ်နိုင်တဲ့ အနေအထား မရှိဘူးလား၊ ရှိတယ်၊ အေး အဲဒါမျိုးလို လူတွေရဲ့ စက္ခုပသာဒ မှာလည်းပဲ စက္ခုဝိညာဏ်စိတ် ကလေး ပေါ်ဖို့ အနေအထား ရှိနေတယ်လို့ ပြောတာနော်၊ သူလည်း ကံကြောင့်ဖြစ်တဲ့ ဟာပဲ၊ ကံကြောင့် ဖြစ်ပေမယ့်လို့ ကံကနေ ဖန်တီးပေးထားတဲ့ စက္ခုပသာဒရုပ်ကို စိတ်တို့ ဥတုတို့ အာဟာရတို့က အထောက်အပံ့ ပေးလို့ ဆက်လက်ရှင်သန်နေတာ။

ဟောဒီ စက္ခုဝိညာဏ်စိတ်လေးကျတော့ ဝတ္ထု အာရုံနဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ရဲ့ အကူအညီ နဲ့မှ သူက ဖြစ်လို့ရတာ၊ ကံတစ်ခုတည်း မဟုတ်တော့ဘူး၊ ဟုတ်ရဲ့လား၊ အကြောင်း တွေ မြောက်များစွာ ရှိလာပုံကို စဉ်းစားကြည့်တာ၊ စက္ခုဝိညာဏ်ဆိုတဲ့ မြင်သိစိတ် ဖြစ်ပေါ်ဖို့ရန် အာရုံဝတ္ထု ဆုံစည်းမှုဟာ အကြောင်း တစ်ခုပဲ၊ အာရုံနဲ့ဝတ္ထု ဆုံစည်း လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပဉ္စဒွါရာဝဇ္ဇန်းက တံခါးဖွင့်ပေးလိုက်လို့ သူက မြင်ရတယ်၊ အဲဒီ မြင်သိစိတ်ကလေးက ဘွားကနဲ ပေါ်လာတယ်၊ ပေါ်လာပြီးတော့ သူက ပျောက်သွားပြန်တယ်။

အဲဒီ စက္ခုဝိညာဏ်စိတ်ဟာ အဘိဓမ္မာသင်တဲ့ ပုဂ္ဂိုလ်တွေက စက္ခုဝိညာဏ်ဒွေးလို့ ဒီလိုသုံးတယ်၊ စက္ခုဝိညာဏ်စိတ်က ၂-ခု ရှိတယ်ပေါ့၊ ကုသလဝိပါက် - ကုသိုလ်ရဲ့ အကျိုး, အကုသလဝိပါက် - အကုသိုလ်ရဲ့ အကျိုးလို့ ၂-မျိုး ရှိတယ်။

စာပေကျမ်းဂန်မှာ ‘ဝိပါတ်အမှန် ဇောအပြန်’ ဆိုတဲ့ စကားရှိတယ်၊ အာရုံနဲ့ ပတ်သက်ပြီးတော့ ဝိပါက်စိတ်တွေဟာ ဆိုပါစို့ - ဣဋ္ဌာရုံနဲ့ တွေ့လာပြီ၊ ကောင်းတဲ့ အာရုံနဲ့ တွေ့ရင် ကုသိုလ်ရဲ့ အကျိုးလို့ မှတ်တယ်၊ အနိဋ္ဌာရုံနဲ့ ပတ်သက်လို့ရှိရင် အကုသလဝိပါက် - အကုသိုလ်ရဲ့အကျိုးလို့မှတ်တယ်၊ အနိဋ္ဌာရုံနဲ့ ပတ်သက်လု့ိ ရှိရင် အကုသလဝိပါက် စက္ခုဝိညာဏ်၊ ဒါက ပြောင်းလဲလို့ မရဘူး။ အာရုံက ဣဋ္ဌာရုံ ဆိုလို့ရှိရင် ကုသလဝိပါက်, ကုသိုလ်ရဲ့ အကျိုး၊ အနိဋ္ဌာရုံဆိုရင် အကုသလဝိပါက်, အကုသိုလ်ရဲ့ အကျိုး၊ ဟော စက္ခုဝိညာဏ်စိတ် ၂-မျိုးထဲက ရွေးချယ်ပုံ ရွေးချယ်နည်း၊ ဒါက စနစ်တကျ ရွေးချယ်တဲ့နည်းပေါ့၊ အဲဒါက ပြောင်းလဲလို့မရဘူး။

ဘာဖြစ်လို့ ပြောင်းလဲလို့ မရတာတုန်း ဆိုတော့ ဝိပါက်စိတ်ဆိုတာ ကံရဲ့အကျိုးပဲ။ ဘာနဲ့ အလားသဏ္ဌာန် တူတုန်းဆိုရင် မှန်ထဲမှာ ပေါ်လာတဲ့ အရိပ်လိုပဲလေ၊ ကိုယ့်မျက်နှာ အရှိအတိုင်းပဲ မှန်ထဲမှာ ပေါ်မှာမို့လား၊ မှန်ထဲက ရုပ်ပုံလွှာကို ပြင်လို့ရသလား၊ မရဘူး။ ရှိတဲ့ပုံအတိုင်း ပေါ်မှာပဲ။ အဲဒါလိုပဲ စက္ခုဝိညာဏ်စိတ် လေးက ဣဋ္ဌာရုံနဲ့ တွေ့ရင် ကုသလဝိပါက်စိတ် ပေါ်မှာပဲ, အနိဋ္ဌာရုံနဲ့ တွေ့ရင် အကုသလဝိပါက်စိတ် ပေါ်မှာပဲ၊ ဒါက ပုံမှန်။

နောက် - ဝေဒနာနဲ့ ပတ်သက်လို့ ရှိရင်လည်း အဲဒီလို ပုံမှန် သတ်မှတ်ချက် ကလေးတွေ ရှိတယ်၊ ဝိပါက်စိတ်ဟာ အမှန်ပဲ၊ ပြုပြင် ပြောင်းလဲလို့ မရတဲ့ အနေအထား ရှိတယ်၊ ကံကြောင့်ဖြစ်တယ် ဆိုပေမယ့်လို့ ပစ္စုပ္ပန် ဝတ္ထုတို့ အာရုံတို့ ပေါင်းဆုံတဲ့ စွမ်းအား ကြောင့် ဖြစ်လာတာလို့ ဒီလိုပြောတယ်။

စက္ခုဝတ္ထုကိုမှီရင် မှီရာ စက္ခုဝတ္ထုလေး ကလည်း ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြု လိုက်တာပဲ၊ နိဿယသတ္တိနဲ့ ကျေးဇူးပြုလိုက်တာပဲ၊ ရူပါရုံဆိုတဲ့ အာရုံလေး ကလည်းပဲ အာရမ္မဏပစ္စည်းနဲ့ ကျေးဇူးပြုလိုက်တာပဲ၊ ကျေးဇူးပြုလိုက်သည့် အတွက်ကြောင့် ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်သွားတာနဲ့ တစ်ပြိုင်နက် စက္ခုဝိညာဏ်စိတ် ကလေးက ပေါ်လာတယ်။

ပဉ္စဒွါရာဝဇ္ဇန်းစိတ်ရဲ့ မှီရာက ဟဒယဝတ္ထု၊ စက္ခုဝိညာဏ်စိတ်လေးရဲ့ မှီရာက စက္ခုဝတ္ထု၊ မှီရာချင်း မတူဘူး၊ ဆက်သွယ်မှုချင်း နီးစပ်တယ်၊ မှီရာချင်းတော့ မတူဘူး။

စက္ခုဝိညာဏ် စိတ်ကလေး ဖြစ်ပြီး ချုပ်သွားတော့ ဘာပေါ်လာတုန်း ဆိုတော့ အဲဒီအာရုံကလေးကို လက်ခံတဲ့ “သမ္ပဋိစ္ဆန” ဆိုတဲ့စိတ် ပေါ်လာတယ်။ အဲဒီမှာ လည်းပဲ အာရုံက အလိုရှိအပ်တဲ့ ဣဋ္ဌာရုံ ဆိုလို့ရှိရင် ကုသလဝိပါတ်၊ အလိုမရှိအပ်တဲ့ အာရုံဆိုရင် အကုသလ ဝိပါက်တဲ့။ ဘာဖြစ်လို့တုန်းဆိုရင် ဒါက The Law of Nature သဘာဝတရားရဲ့ ဥပဒေကြီးပဲ၊ သဘာဝတရားရဲ့ ဥပဒေမှာ ကုသိုလ်က ဆိုးကျိုးပေးတယ်ဆိုတာ မရှိဘူး, အကုသိုလ်က ကောင်းကျိုး ပေးတယ်ဆိုတာ မရှိဘူး၊ ကောင်းတာ မြင်တာ မှန်သမျှ ကုသိုလ်ရဲ့ အကျိုး, မကောင်းတာ မှန်သမျှ အကုသိုလ်ရဲ့အကျိုး၊ ဒီလိုပဲ သတ်မှတ်တယ်နော်၊ ဒါက The Law of Nature သဘာဝ နိယာမတရား ပဲ။

ဒါပေမယ့်လို့ ဣဋ္ဌာရုံ အနိဋ္ဌာရုံ လိုချင်စရာ အာရုံနဲ့ မလိုချင်စရာ အာရုံ ဆိုတာကျတော့ ဘာနဲ့ ခွဲတာတုန်းဆိုရင် General consensus လူအများစု ယေဘုယျ သတ်မှတ်ချက်နဲ့ပဲ ပြောရမယ်တဲ့၊ ဘာဖြစ်လို့တုန်းဆိုတော့ ဒူးရင်းသီးပဲ ကြည့်ဦး၊ ကြိုက်တဲ့သူကျတော့ ဣဋ္ဌာရုံ၊ မကြိုက်တဲ့သူကျတော့ အနိဋ္ဌာရုံ၊ ဟုတ်ရဲ့လား၊ မကြိုက်တဲ့သူက နံတယ်ပြောတာပဲ၊ ကြိုက်တဲ့သူက မွှေးတယ်လို့ ပြောတာပဲ၊ မွှေးတဲ့သူအဖို့ ဣဋ္ဌာရုံ ဖြစ်ပြီးတော့ နံတဲ့သူအဖို့ အနိဋ္ဌာရုံ ဖြစ်နေတယ်၊ ငပိလည်း ထို့အတူပဲ၊ ငပိကြိုက်တဲ့သူက မွှေးတယ်၊ ငပိမကြိုက်တဲ့သူက နံတယ်၊ ဣဋ္ဌာရုံနဲ့ အနိဋ္ဌာရုံကို ပြောတာ။

ဣဋ္ဌာရုံမှာ သဘာဝဣဋ္ဌာရုံနဲ့ ပရိကပ္ပဣဋ္ဌာရုံ ၂-မျိုး ရှိတယ်။ လူဆိုတာ ကိုယ်ထင် ခုတင် ရွှေနန်း ပဲလေ။ သို့သော် ဣဋ္ဌာရုံဆိုတာ ကိုယ်ကြိုက်လို့ ဣဋ္ဌာရုံလု့ိ ပြောတာ မဟုတ်ဘူး၊ ကိုယ်မကြိုက်လို့ အနိဋ္ဌာရုံလို့ ပြောတာ မဟုတ်ဘူး၊ အဲဒါဆိုရင် လွဲချော်ကုန်မှာပေါ့။ အဲဒီတော့ ဆိုလိုတာက General consensus ယေဘုယျ သတ်မှတ်ချက်၊ အများကြိုက်တဲ့ အကြိုက်နဲ့ သတ်မှတ်ရမယ်၊ တစ်ဦးချင်း အနေနဲ့ ပြောလို့မရဘူး။

ဒါကြောင့်မို့ ဣဋ္ဌ အနိဋ္ဌ ခွဲတဲ့အခါမှာ ဝါဒအမျိုးမျိုး ရှိတယ်၊ ဘယ်ဟာကတော့ ဣဋ္ဌ၊ ဘယ်ဟာကတော့ အနိဋ္ဌလို့ သေချာပေါက် ပြောလို့မရဘူး။

ဒွါရ ပြောင်းရင်လည်း ဣဋ္ဌ အနိဋ္ဌ ဆိုတာ ပြောင်းသေးတယ်၊ ဆိုပါစို့ - ရွှေက တန်ဖိုးရှိတဲ့ အရာမို့လား၊ အဲဒီ ရွှေချောင်းနဲ့ ခေါင်းချလိုက်လို့ရှိရင် ချမ်းသာမလား၊ ဆင်းရဲမလား၊ “ဆင်းရဲပါမယ် ဘုရား”၊ ဟော ကာယဒွါရ ရောက်တဲ့အခါကျတော့ ဒုက္ခဖြစ်ပြန်ရောနော်၊ မျက်စိထဲမှာ လှပေမယ့်လို့ ထိလိုက်လို့ရှိရင် မာကျောတယ် ဆိုတော့ ဒုက္ခဖြစ်သေးတာပဲ၊ ဒွါရပြောင်းရင် ပြောင်းတယ် ဆိုတဲ့ သဘောကို ပြောတာနော်။

ဆိုပါစို့ - မစင် အညစ်အကြေးက မျက်စိက ကြည့်တယ်၊ နှာခေါင်းက ဆိုရင်တော့ အင်မတန်နံတယ်၊ လက်နဲ့စမ်းကြည့်ရင်တော့ အိစက်စက်ကလေး နေမှာပဲ၊ အဲဒီတော့ ဖောဋ္ဌဗ္ဗာ အတွေ့ကျတော့ မကောင်းဘူးလား၊ ကောင်းတယ်၊ သို့သော် ဒီပြင် ဒွါရနဲ့ ကျတော့ မကောင်းဘူး၊ အဲဒီလို ဒွါရ ပြောင်းသွားရင် ကောင်းမကောင်း ဆိုတာ ကလည်း ပြောင်းတယ်လို့ မှတ်တာပေါ့။ ပုံမှန်ယူလို့ မရဘူးလို့ ပြောတာ၊ အဲဒီတော့ ဣဋ္ဌ အနိဋ္ဌ ခွဲတာ ယေဘုယျအားဖြင့် ခွဲခြားတဲ့ သဘောလို့ ဒီလို မှတ်ရမယ်။

သဘာဝဣဋ္ဌာရုံ ဆိုတာ ပင်ကိုယ်က နှစ်သက်စရာကောင်းတဲ့ အာရုံ၊ ဥပမာ - ပန်းကလေးတွေ အလွန်ပဲ နှစ်သက်စရာ ကောင်းတယ်၊ ပရိကပ္ပဣဋ္ဌာရုံ ကျတော့ အဲဒီလို မဟုတ်ဘဲနဲ့ ကိုယ်ကြိုက်လို့ ကောင်းနေကြတာ၊ ဆိုပါစို့ - ခွေးသေကောင် ပုပ်ဟာ လူတွေအတွက် နှာခေါင်းပိတ်လောက်အောင် စက်ဆုပ်စရာ ဖြစ်ပေမယ့်လို့ လင်းတတွေ အတွက်တော့ ဝမ်းသာစရာကြီး ဖြစ်မနေဘူးလား၊ ဒါ ကြိုက်တာကိုး သူတို့ကနော်၊ အဲဒါလိုပေါ့ ပရိကပ္ပဣဋ္ဌာရုံဆိုတာ “ကိုယ်ထင် ခုတင်ရွှေနန်း” ဆိုတာ မျိုး ပြောတာ။

အေး ကောင်းပြီ - သမ္ပဋိစ္ဆိုင်း ဆိုတဲ့စိတ်သည် အဲဒီလို ကောင်းတဲ့အာရုံနဲ့ တွေ့ကြုံပြီးလို့ လက်ခံရရင် ကုသိုလ်ရဲ့ အကျိုး ကုသလဝိပါက်၊ မကောင်းတဲ့ အနိဋ္ဌာရုံဆိုရင် အကုသိုလ်ရဲ့ အကျိုး အကုသလ ဝိပါက် ပေါ်တယ်လို့ မှတ်ရမယ်။ သို့သော် သူပေါ်လာရခြင်းက အာရုံဝတ္ထု ဆုံစည်းမှုတွေရဲ့ စွမ်းအားကြောင့် ပေါ်လာတာ။

အဲဒီတော့ သမ္ပဋိစ္ဆိုင်း ပေါ်လို့ရတာ ဘယ်သူကနေ ပေါ်ခွင့် ပေးလိုက်တာတုန်းဆို စက္ခုဝိညာဏ်စိတ် ကပဲ၊ စက္ခုဝိညာဏ်စိတ် ချုပ်ပေးခြင်းသည် သမ္ပဋိစ္ဆိုင်း ပေါ်ဖို့အတွက် အကြောင်းပဲ၊ အဲဒါကြောင့် ပဋ္ဌာန်းမှာ “အနန္တရပစ္စယော၊ သမနန္တရ ပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော” လို့ ဟောတာ၊ တစ်ခု ချုပ်ပေးလိုက်တာဟာ နောက်တစ်ခုဖြစ်ဖို့အတွက် chance ပေးလိုက်တာ၊ ဒါလည်း condition ပဲ။

နောက်ပြီးတော့ သန္တီရဏစိတ် - စူးစမ်းတဲ့စိတ်ကလေး၊ စူးစမ်းတဲ့ စိတ်ကလေး ကလည်း ကုသလဝိပါက် အကုသလဝိပါက် ၂-မျိုးရှိတယ်၊ ဣဋ္ဌာရုံနဲ့ ဣဋ္ဌမဇ္ဈတ္တာရုံ ဆိုရင် သောမနဿ ဥပေက္ခာသန္တီရဏ ဖြစ်မယ်၊ ကုသလဝိပါက်လည်း ဖြစ်မယ်၊ အနိဋ္ဌာရုံဆိုရင် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ လာမယ်၊ ကုသလဝိပါက် အကုသလဝိပါက် အဲဒီ ၂-ခုကွဲနေတယ်။

အဲဒီ သန္တီရဏစိတ်လေး ဖြစ်ပြီးတဲ့နောက် ဝုဋ္ဌောစိတ် တစ်ခါ လာပြန်တယ်။ ဝုဋ္ဌော ဆိုတာ မနောဒွါရာဝဇ္ဇန်းပဲ။ အဲဒီတော့ မနောဒွါရာဝဇ္ဇန်းနဲ့ ကင်းပြီးတော့ ဘယ်ဇောမှ မဖြစ်ဘူးလို့ မှတ်ထား ရမယ်၊ ပဉ္စဒွါရာဝဇ္ဇန်းဆိုတာ ငါးဒွါရမှာသာ ပါတာ၊ မနောဒွါရာဝဇ္ဇန်းကျတော့ ငါးဒွါရမှာလည်း ပါတယ်၊ မနောဒွါရမှာလည်း ပါတယ်၊ ပဉ္စဒွါရမှာ ‘ဝုဋ္ဌော’ ဆိုတဲ့ နာမည်နဲ့ လာတယ်။ သူဆောင်ရွက်တဲ့ကိစ္စက တစ်မျိုး၊ ဝုဋ္ဌော ဆိုတာ ‘ဝေါဋ္ဌပန’၊ ‘ဝိ+အာဝ ဌပန’ အာရုံတွေကို ခွဲခြမ်းစိတ်ဖြာပြီး ပြတာ။ အဲဒီ ဝုဋ္ဌောဆိုတဲ့ အာဝဇ္ဇန်းဟာ အင်မတန်မှ အရေးပါတယ်။

အဲဒီ အရေးပါတဲ့ ဝုဋ္ဌော ဖြစ်ပြီးတဲ့နောက်မှာ “ဇော” လာတယ်၊ ဇောစိတ်ဆိုတာ အရှိန်အဟုန် ရှိတဲ့ စိတ်မျိုး၊ အာရုံနဲ့ အလုပ်လုပ်တဲ့ အခါမှာ အရှိန်အဟုန်ရှိတဲ့ စိတ်တွေ၊ ကျန်တဲ့စိတ်တွေက သာမန် ရှေ့ပြေးစိတ်တွေ လောက်သာဖြစ်တယ်၊ အရှိန်အဟုန် မရှိဘူး။

ထမင်းစားတဲ့အခါ ကြည့်ပေါ့ - လက်ကလေးနဲ့ ထမင်းကို နှိုက်တယ်၊ လက်က စားတာ မဟုတ်သေးဘူး၊ နှိုက်ပြီးတော့ လက်ကနေ ယူလာတယ်၊ ယူလာပြီးတော့ ပါးစပ်ပေါက်နား တေ့တယ်၊ ပါးစပ်တံခါး ဖွင့်ပေးလိုက်တယ်၊ အတွင်းထဲ ရောက်တယ်၊ သွားက ဝါးတယ်၊ သွားကလည်း သူသိသေးတာ မဟုတ်သေးဘူး၊ လျှာကျတော့မှ အရသာခံတာ မဟုတ်လား၊ အေး - အဲဒီလိုပဲ ဇောစိတ် ရောက်တဲ့အခါ ကျတော့မှ အာရုံပေါ်မှာ သဲသဲကွဲကွဲ ဖြစ်သွားတာ၊ အဲဒါကြောင့်မို့ အရှိန် အဟုန်ရှိတဲ့ အခါကျတော့မှ အာရုံပေါ်မှာ သဲသဲကွဲကွဲ ဖြစ်သွားတာ၊ အဲဒါကြောင့်မို့ အရှိန်အဟုန် ရှိတဲ့ စိတ်ဓာတ်။

အဲဒီ အရှိန်အဟုန်ရှိတဲ့စိတ် ဆိုတာ တောင်မှပဲ ဒီ ပထမဖြစ်တဲ့ ဝီထိ၊ နောက်ဆက်ဖြစ်တဲ့ ဒုတိယဝီထိ၊ တတိယဆက်ဖြစ်တဲ့ ဝီထိတွေ ကြည့်ရဦးမယ်၊ ပထမဆုံး ဖြစ်တဲ့ဟာက အရှိန်အဝါ ဒီလောက် မမြင့်သေးဘူး၊ Generator လေးတစ်ခုဟာ တစ်ပတ် နှစ်ပတ်နဲ့ မီးမထွက်ဘူး၊ အပတ်ပေါင်း ရာထောင်ပြည့်ရှိမှ မီးထွက်တာ၊ စိတ်တွေကလည်း အဲဒီလို မြောက်မြားစွာ အာရုံနဲ့ ပွတ်တိုက် ပြီးတော့မှ ထိုအာရုံကို သိတာ၊ ချက်ချင်းကြီး သိလာတာ မဟုတ်ဘူး၊ ဒါတွေက ရှေ့ပြေးစိတ် ကလေးတွေ၊ ဒီလိုပုံစံနဲ့ ဖြစ်တယ် ဆိုတာကို ရှင်းပြတာ။

အဲဒီ ဇောစိတ် အရှိန်အဟုန်နဲ့ ဖြစ်လာပြီ၊ အာရုံက ဣဋ္ဌာရုံ ဖြစ်ရင် (ယေဘုယျအားဖြင့် ပြောရင် အာရုံက နှစ်သက်စရာ အာရုံဆိုရင်) အဲဒီ ဇောလေးက ဘာဖြစ်ရတုန်း ဆိုရင် လောဘဇော ဖြစ်တယ်၊ အာရုံက နှစ်သက်စရာ အာရုံ မဟုတ်ဘူး၊ မုန်းတီးစရာ ကိုယ်မလိုချင်တဲ့ အာရုံဖြစ်လာရင် အနိဋ္ဌာရုံနဲ့ တွေ့ရင် ဒေါသဇော ဖြစ်ရတယ်။

ဒါဖြင့် ဣဋ္ဌာရုံနဲ့ တွေ့လျက်သားနဲ့ ကုသိုလ်ဇော ဘယ်လိုလုပ် စောတုန်း၊ အရပ်ပြော ပြောလို့ရှိရင် အတွေးနှစ်ခု မတူလို့ပဲ၊ ပန်းတစ်ပွင့် တွေ့လိုက်တဲ့အခါ “ဒီပန်းလေး ပန်ဦးမှပဲ” လို့ စိတ်ကူးရတဲ့သူ ရှိသလို၊ “ဒီပန်းလေး ဘုရားလှူဦးမှပဲ” လို့ စိတ်ကူး ရတဲ့ သူရော မရှိဘူးလား၊ “ပန်ဦးမှပဲ” လို့ စိတ်ကူးရတဲ့ ပုဂ္ဂိုလ်က အတွယ်အတာ တဏှာနဲ့ လာတာမို့လို့ သူ့ကျတော့ လောဘဇော စောတယ်လို့ ပြောရမယ်၊ “ဘုရား လှူဦးမှပဲ” လို့ စိတ်ကူးရတဲ့ ပုဂ္ဂိုလ်ကျတော့ ကုသိုလ်ဇော စောတယ်လို့ ဒီလို ပြောရမယ်၊ အဲဒီတော့ “ဣဋ္ဌာရုံ တွေ့ပြီး ကုသိုလ်ဇော ဖြစ်ဖို့ရန် အခြားအကြောင်း တရားတွေ ရှိသေးသလား ဆိုရင် အများကြီး ရှိသေးတယ်”။

ဣဋ္ဌာရုံနဲ့တွေ့ပြီး လောဘ မဖြစ်ဘဲနဲ့ ကုသိုလ်စိတ် ဖြစ်တယ် ဆိုတာ သာမန်မဟုတ်ဘူး တဲ့၊ အချက် ၄-ချက် ရှိတယ်၊ အဲဒီ အချက် ၄-ချက်က ကိုယ်ကိုယ်တိုင် လေ့ကျင့် ရယူမယ့် အချက် ၄-ချက်။

(၁) က Determination ကိုယ့်ရဲ့စိတ်ကို ဆောက်တည်ထားရမယ်၊ ကုသိုလ်ပဲ ဖြစ်စေရမယ် ဆိုတဲ့ စိတ်ဓာတ် ထားရမယ်၊ ဘယ်အာရုံ တွေ့တွေ့ အကုသိုလ် မဖြစ် စေရဘူး၊ ကုသိုလ်ပဲ ဖြစ်စေရမယ် ဆိုတဲ့ စိတ်ရဲ့ resolution ပေါ့, ဆုံးဖြတ်ချက် ရှိရမယ်၊ ဒါကို စာပေမှာ ‘နိယမိတ’ လို့ ခေါ်တယ်၊ ကိုယ့်စိတ်ထဲက သတ်မှတ် ဆုံးဖြတ်ထားတာ၊ ဆုံးဖြတ်ချက်ရှိမယ်၊ determination ‘နိယမိတ’။

(၂) နောက်တစ်ခုက “ပရိဏာမိတ”၊ ကိုယ့်စိတ်လေးက အမြဲတမ်းပဲ ကောင်းတဲ့ ဘက်ကို ညွှတ်ကိုင်း အောင် လေ့ကျင့်ပေးထားရမယ်၊ Inclination စိတ်ကလေးကို ကုသိုလ်ဘက်ကို ညွတ်ကိုင်းပေး ထားရမယ်၊ အမြဲတမ်းစိတ်ကို ကုသိုလ်ဘက် ညွှတ်နေအောင် လုပ်ပေးထားရမယ်၊ ဒါက လေ့ကျင့် ထားရမယ်၊ ဒုတိယက Inclination ပရိဏာမိတ။

(၃) တတိယက “အာဘုဇိတ” နှလုံးသွင်းခြင်း Attention ကုသိုလ်ဘက်က လှည့်တွေးတယ်၊ ဘယ်တော့ဖြစ်ဖြစ် အပြစ်ကင်းတဲ့ဘက်က တွေးတယ်၊ ကောင်းတဲ့ဘက်က နှလုံးသွင်းတယ်၊ ‘ယောနိသောမနသိကာရ’။

(၄) နောက်တစ်ခုက ဘာတုန်းဆိုရင် “သမုဒါစာရ (Practice) အလေ့အကျင့်”၊ ကုသိုလ်ဖြစ်ဖို့ အလေ့အကျင့် ရနေခြင်း၊ ဆိုပါစို့ - ဘုရားပန်း အမြဲတန်း တင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ပန်ဦးမယ် ဆိုတဲ့ စိတ်ကူး မရဘူး, ဘုရားပန်း လှူဦးမှပဲဆိုတဲ့ စိတ်ကူးရတယ်၊ ဘာဖြစ်လို့တုန်း ဆိုတော့ သူ့အလေ့အကျင့်က ပန်းလှူတဲ့ အလေ့အကျင့် ရှိပြီးသား၊ ခေါင်းပေါ်မှာ ပန်တဲ့ အလေ့အကျင့်ရှိတဲ့ ပုဂ္ဂိုလ်က ပန်ဖို့ပဲ စိတ်ကူးမှာပဲလေ၊ အဲဒါ အလေ့အကျင့်လို့ ခေါ်တယ်၊ ကိုယ့်အလေ့အကျင့် တစ်ခုပဲ၊ အဲဒီ အလေ့အကျင့်လေးတွေ ကလည်း အင်မတန်မှ အရေးကြီးတယ်။

ပေါင်းလိုက်တော့ -
စိတ်ရဲ့ ဆုံးဖြတ်ချက်ဆိုတဲ့ determination ရှိရမယ်၊
နောက်ပြီးတော့ Inclination ဆိုတဲ့ စိတ်ညွှတ်ကိုင်းမှု ရှိရမယ်၊
Attention လို့ခေါ်တဲ့ နှလုံးသွင်းမှု ရှိရမယ်၊
Practice လို့ခေါ်တဲ့ အလေ့အကျင့် ရှိရမယ်၊

အဲဒီ အကြောင်းတွေကြောင့် လူတွေမှာ ကုသိုလ်ဖြစ်ခွင့် ရတာ၊ ဒါတွေ မရှိရင် ကုသိုလ်ဖြစ်မလာဘူး၊ အဲဒီထဲမှာ အရေးကြီးဆုံးကတော့ attention ပဲ၊ ‘ယောနိသောမနသိကာရ’ က အရေးကြီးဆုံးပဲ။ ကုသိုလ်ဖြစ်ဖို့ရာ အတွက် အာရုံ ကတော့ ဒါပဲ။

ကောင်းပြီ - အဲဒီ ဇောစိတ်တွေက ကုသိုလ်ဇော ဖြစ်စေ၊ အကုသိုလ်ဇော ဖြစ်စေ ဒီရူပါရုံမှာ အရှိန်အဟုန်နဲ့ ၇-ကြိမ် ဖြစ်ပြီးတဲ့အခါ ရပ်တန့်သွားတယ်၊ ရပ်တန့်သွားပြီးနောက် ဘဝင်စိတ် တစ်ခု ပေါ်လာတယ်၊ အဲဒီ ဘဝင်စိတ်ဟာ တကယ်တော့ ဘဝင်စိတ် ဆိုကတည်းက ကံ ကမ္မနိမိတ် ဆိုတဲ့ အာရုံကို ယူရမှာမို့လား၊ ဇောစိတ် ကုန်သွားတဲ့အခါ လာတာတော့ ဘဝင်စိတ်ပဲ၊ သို့သော် အဲဒီ ဘဝင်စိတ်သည် ဇောစိတ်ရဲ့ အရှိန်ကလေးနဲ့ သူက ဇောရဲ့အာရုံကို ဆက်ခံလိုက်ရတာ၊

အဲဒါကြောင့် သူ့ကို နာမည် ပြောင်းလိုက်တယ်၊ ‘တဒါရမ္မဏ’ လို့၊
စာပေကျန်းဂန်မှာ ‘ပိဋ္ဌိဘဝင်္ဂ’ လို့လည်း သုံးတယ်၊
ပိဋ္ဌိဘဝင်္ဂ ဆိုတာလည်း ဒါပဲ၊
‘အာဂန္တု ဘဝင်္ဂ’ ဆိုတာလည်း ဒါပဲ၊
‘တဒါရမ္မဏ’ ဆိုတာလည်း ဒါပဲ၊
ဘဝင်စိတ်ကို ခေါ်တာပဲ၊
ဘဝင်စိတ်ကလေးဟာ ဇောရဲ့ အရှိန်အဝါနောက်ကိုလိုက်ပြီး ဇောရဲ့ အာရုံကို ဆက်ခံလိုက်တယ်တဲ့။

အဲဒါကို တချို့ အဘိဓမ္မာ ဘာသာပြန်တဲ့ ဆရာတွေက တဒါရမ္မဏကို registration လို့ပြန်တယ်။ သူတို့ အဓိပ္ပာယ်ကတော့ ဇောက အလုပ်လုပ်ထားတာတွေကို သူ register လုပ်လိုက်တယ်ပေါ့လေ၊ ဒါကတော့ အဓိပ္ပာယ်မရှိဘူး၊ Register လုပ်တာမဟုတ်ဘူး၊ သူ့မှာ ဘာပါဝါမှ ရှိတာ မဟုတ်ဘူး၊ ဘာလို့တုန်းဆို တဒါရုံက အကျိုးဝိပါက်စိတ်မျှသာ ဖြစ်တယ်၊ အားလုံးသိတဲ့အတိုင်းပဲ၊ ‘တဒါရုံ-၁၁’ ဆိုတာ ဝိပါက်စိတ်တွေချည်းမို့လား။ (မဟာဝိပါက်စိတ် ၈-ခုနဲ့ သန္တီရဏစိတ် ၃-ခု။)

အဲဒီတော့ အကျိုးဝိပါက်စိတ်တွေ ဆိုတာ ဘာမှ အားထုတ်မှု ရှိတာ မဟုတ်ဘူး၊ ကံရဲ့စွမ်းအားကြောင့် ဖြစ်ပေါ်လာရတယ်၊ ကံရဲ့အကျိုးဆက် သက်သက်သာ ဖြစ်တယ်၊ သူတို့ကိုယ် သူတို့ ဘာမှ ပြောင်းလဲလို့ ရတာ မဟုတ်ဘူး၊ ဒါကြောင့်မို့ “နိရုဿာဟ သန္တသဘာဝ” လို့ စာပေကျမ်းဂန်မှာ ဆိုတယ်၊ အားထုတ်မှု မရှိဘဲနဲ့ အေးစက် ငြိမ်သက်နေတဲ့ ဘာမှလှုပ်ရှားမှု သက်ဝင်လှုပ်ရှားမှု မရှိဘူး၊ မြင်းကလှုပ်မှ ခုံကလှုပ်ရတဲ့ဟာမျိုးပဲ။ သူက ဘာမှမဖြစ်ဘူး၊ ဟုတ်ရဲ့လား၊ အဲဒီလို အကြောင်း တစ်ခုခုကို အမှီပြုပြီးတော့ ဖြစ်ရတဲ့ ဝိပါက်စိတ်မျိုးသာ ဖြစ်တယ်တဲ့၊ “သန္တသဘာဝ ဝိပါက” ဆိုတာ အကျိုး သက်သက်ပဲ ဖြစ်တယ်၊ သူကနေ လှုပ်ရှားပြီးတော့ လုပ်ကိုင်နိုင်တာ ဘာတစ်ခုမှ မရှိဘူး၊ ကံရဲ့ အကျိုးဆက်ကြောင့် ဖြစ်တာ။

အဲဒီတော့ ဇောစိတ်ရဲ့ အရှိန်အဟုန်ကြောင့် သူက ဇောစိတ်ရဲ့ အာရုံကို ဆက်ခံလိုက်ရတယ်၊ ၂-ကြိမ် ဖြစ်တယ်၊ တစ်ခါတည်း ၂-ကြိမ်၊ တဒါရုံ နှစ်ကြိမ်လည်း ဖြစ်လိုက်ရော ဒုတိယတဒါရုံ ချုပ်လိုက်တာနဲ့ တစ်ပြိုင်နက် မျက်စိတံခါးကနေ ဆက်သွယ်လာတဲ့ ရူပါရုံရဲ့ သက်တမ်းကလေးကလည်း ကုန်သွားတယ်။

ဘယ်အရာပဲဖြစ်ဖြစ် သက်တမ်း ရှိတယ်နော်၊ ပြန်တွက်ကြည့်မယ် ဆိုရင် အဲဒီ မျက်စိတံခါးကနေ ဆက်သွယ်လာတဲ့ အဆင်း အာရုံလေး ဘယ်သူနဲ့ ပြိုင်ဖြစ်တုန်း ဆိုရင် အတီတဘဝင်နဲ့ ပြိုင်လာတယ်၊ သူ့ရှေ့က သူမထင်ခင် ဘဝင် ၃-ခု ရှိတယ်၊ အဲဒီ ပထမ ဘဝင်စိတ်ကလေးနဲ့ သူက ပြိုင်တူ ဝင်လာတာ၊ သို့သော် ပထမ ဘဝင်စိတ်သည် သူနဲ့ အဆက်အသွယ် မလုပ်ဘူး၊ ဒုတိယ ဘဝင်စိတ်ကလည်း သူနဲ့ အဆက်အသွယ် မလုပ်ဘူး၊ တတိယ ဘဝင်စိတ်ကလည်း သူနဲ့ အဆက် အသွယ် မလုပ်ဘူး၊ သူနဲ့ စပြီးတော့ အဆက်အသွယ် လုပ်တာ ပဉ္စဒွါရာဝဇ္ဇန်းကျမှသာ ဖြစ်တယ်။

ဒါကြောင့်မို့ “အတီဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ၇ကြိမ်၊ တဒါရုံ ၂-ကြိမ်” ဒီလိုပြောတာ၊ အဲဒီစိတ်တွေကို ပေါင်းပြီး ကြည့်လိုက်မယ် ဆိုလို့ရှိရင် ၁၇-ခု ရှိတယ်၊ အဲဒီ စိတ် ၁၇-ခုသည် ဟောဒီ ရူပါရုံလေးနဲ့ ဆက်သွယ်ပြီး အလုပ်လုပ်တဲ့စိတ် ၁၇-ခု ဖြစ်သည့်အတွက်ကြောင့် ရူပါရုံ သက်တမ်းကလည်း ဒုတိယ တဒါရုံရဲ့ ချုပ်တဲ့ ခဏနဲ့ သွားပြီးတော့ ဒီရူပါရုံလေးဟာ ချုပ်သွားတယ်၊ မျက်စိထဲမှာ ထင်ဟပ်လာတဲ့ ရူပါရုံလေးရဲ့သက်တမ်းဟာ ကုန်ဆုံးသွားတယ်၊ သက်တမ်း စေ့သွားပြီလို့ ပြောတယ်၊ နောက်ထပ် မြင်တာက နောက်လေ၊ တစ်နေကုန် ထိုင်ကြည့်နေလည်း ဒီလိုပဲ သွားနေမှာပဲ၊ သူ့သက်တမ်းလေးနဲ့ သူ သွားနေမှာပဲ။

အခန်း - ၆

သို့သော် အဲဒီ ခြားနားချက်ကို လူတွေက မမြင်နိုင်ဘူး၊ မြင်နိုင်ပါ့မလား၊ ဖယောင်းတိုင်လေး တစ်တိုင်ပဲ ကြည့်ပါလား - ဖယောင်းတိုင်လေး တစ်တိုင် ထွန်းထားလို့ရှိရင် ဒီဆီလေးနဲ့ ဒီမီးစာလေး ကုန်သွားရင် နောက်ဆီ နောက်မီးစာ ဖြစ်သွားပြီ၊ သို့သော် အဲဒီ ခြားနားချက်ကို မြင်ရရဲ့လားဆို မမြင်ရဘူး၊ အဲဒီသဘောမျိုးပဲ၊ ဒီ လူ့ရဲ့စိတ်တွေ အာရုံတွေကလည်းပဲ အဲဒီလို အများကြီး ဖြတ်သန်းပြီးတော့ သွားနေတယ်၊ ဒါ မျက်စိထဲမှာ ပေါ်လာတဲ့ အတိမန္တဆိုတဲ့ အဆင်းအာရုံနဲ့ ပတ်သက်ပြီးတော့ အခုလို စိတ်တွေ ဖြစ်တယ်။

သို့သော် အဲဒီလောက်လေး ဖြစ်ရုံနဲ့ ဒီပန်းပွင့် ဆိုတာကို သိသလားလို့ဆို - မသိသေးဘူး၊ ပန်းပွင့်လေး တစ်ခု မြင်လိုက်တယ် ဆိုပါစို့ - ကိုယ့်ရှေ့ အလင်းရောင် ကောင်းကောင်းထဲမှာ ပန်းလေးမြင်တယ်ဆို ထင်ထင်ရှားရှားကြီး မြင်လိုက်တယ် ဆိုရင် ဘဝင်စိတ်ကလေး ၃-ခု အပြီးမှာ ပဉ္စဒွါရာဝဇ္ဇန်း ဖြစ်လာတယ်။ ပန်းပွင့်နဲ့ ပတ်သက်ပြီး စက္ခုဝိညာဏ်စိတ်က မြင်လိုက်တယ်၊ သမ္ပဋိစ္ဆိုင်းစိတ်က လက်ခံပေး လိုက်တယ်၊ သန္တီရဏက စူးစမ်းတယ်၊ ဝုဋ္ဌောက ပိုင်းခြားသတ်မှတ် ပေးလိုက်တယ်၊ ကြိုက်ရင် ဇဝနက လောဘဖြစ်ပြီးတော့, ဘုရားတင်မယ်ဆိုရင် ကုသိုလ်စိတ် ဖြစ်ပြီးသွားတယ်၊ တဒါရုံက ဆက်ခံပြီး နောက်ဆုံးမှာ ဒီမျက်စိထဲမှာ ထင်ဟပ်လာတဲ့ ပန်းပွင့်ဆိုတဲ့ အာရုံလေး ချုပ်ဆုံး သွားတယ်၊ ချုပ်ဆုံးသွားတော့ အဲဒီအချိန်မှာ ပန်းလို့ သိသလားဆို မသိသေးဘူးတဲ့။

ဘယ်ကျမှ သိတုန်းဆိုရင် အဲဒီနောက်မှ mind door လို့ ခေါ်တဲ့ မနောဒွါရမှာ အဲဒါကို ‘ငါမြင်တာလေးက ဘာလေးတုန်း’ ဆို ပြန်စဉ်းစားတယ်၊ ပြန်စဉ်းစားတဲ့ ဝီထိလေး ကတော့ သူ့မှာလည်း ပြန်စဉ်းစား လိုက်တာနဲ့ တစ်ပြိုက်နက် စဉ်းစားတာက နောက်ကျသွားပြီ၊ ခုနက ဘဝင်တွေကနေ ဆက်ပြီးတော့ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ဆိုပြီး အာရုံ အပြောင်းအလဲလေးမှာ ဘဝင်စိတ်က ပြန်စဉ်းစားတဲ့ အာရုံကို ဒီပန်းအာရုံကို မယူနိုင်ဘူး၊ မယူနိုင်သည့် အတွက်ကြောင့် ဘဝင်လေးက လှုပ်ပြီးတော့ ပြတ်သွားပြီးမှ မနောဒွါရာဝဇ္ဇန်း ဆိုပြီးတော့ ဒီအာရုံလေးကို ဖွင့်ပေးလိုက်တာ၊ အဲဒါကျတော့ အတိတ်ဖြစ်သွားပြီ။

ခုနက မျက်စိက မြင်ပြီးတော့ အလုပ်လုပ်တဲ့ စိတ်တွေကျတော့ ပစ္စုပ္ပန် တည့်တည့်လုပ်တာ၊ သူ သက်ရှိထင်ရှား ရှိနေတုန်း လုပ်သွားတာ၊ အခု နောက်ထပ်စိတ် ပြန်တွေးတာ ကျတော့ အာရုံက အတိတ်ဖြစ်သွားပြီ၊ တကယ်မြင်နေ တဲ့ဟာ မဟုတ်တော့ဘူး၊ စိတ်ကူးထဲမှာ မှတ်ထားတဲ့အာရုံ ဖြစ်သွားပြီ၊ အဲဒီအာရုံကို မနောဒွါရာဝဇ္ဇန်းက စိတ်တံခါးကို ဖွင့်ပေးလိုက်မှ ချက်ချင်းရောက်လာတာ၊ ချက်ချင်း ရောက်လာပြီးတော့ ပန်းဆိုတာ ဘာပါလိမ့် ဆိုတာ ပြန်စဉ်းစားသွားပြီ၊ ပြန်စဉ်းစား သွားပြီး တစ်ခါ သူတို့လည်းပဲ ချုပ်သွားပြီး နောက်ထပ်တစ်ခါ တတိယအကြိမ် တစ်အုပ်စု ပေါ်လာပြန်တယ်၊ mind door မှာပဲ။

အဲဒီပေါ်လာတဲ့ အခါမှာလည်းပဲ ဒုတိယဝီထိနဲ့ တတိယဝီထိကြားမှာ လာပြန်ပြီ ဘဝင်-၂ခု၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ လာပြီးတော့မှ ခုနက mind door တံခါးဖွင့်ပေးတဲ့ မနောဒွါရာဝဇ္ဇန်း ဖြစ်တယ်၊ ဖြစ်ပြီးရင် ဇော၊ အဲဒီကျတော့ သူက အမည်တပ်လာပြီ၊ ပန်းဆိုတဲ့ အမည်လေးကို တပ်လာပြီ၊ စကားလုံးလေး ရလာပြီ၊ ရလာပြီးနောက် အနက်အဓိပ္ပာယ် နားလည်သွားတဲ့ အဆင့် ကျတော့ တတိယအဆင့် လောက်ကျမှ နားလည်တယ်။

အသံလည်း ဒီအတိုင်းပဲ၊ အနည်းဆုံး လေးဝီထိလောက် ဖြစ်ရတယ်၊ ဒါ ယေဘုယျ ပြောတာနော်၊ ယေဘုယျ ပြောရတဲ့ စကား၊ ဒီထက် ကြာတာလည်း ဖြစ်နိုင်တယ်၊

အဲဒါ မျက်စိက မြင်ပြီး အဲဒီ ၄-နံပါတ် ဝီထိ mind door မှာ ပြန်စဉ်းစားတဲ့ ဝီထိဖြစ်ပြီးတော့မှ ဒါ “ပန်းပါလား” ဆိုတာသိတာ၊ အဲဒီနောက်မှာလည်း ဘာပန်းတုန်း ဆိုတာ တစ်ခါလာဦးမယ် ထပ်ပြီးတော့၊ အရင်တုန်းက တွေ့ဖူး ရင်တော့ ချက်ချင်းလိုလို သိနေတယ်၊ မတွေ့ဖူးလို့ရှိရင် “ဘာပန်းပါလိမ့်” “ဘာပန်းပါလိမ့်” နဲ့ ခေါင်းထဲမှာ question တွေပဲ လာနေမှာပဲ၊ ပြန်တွေးလို့ ရှိရင်နော်၊ ဒါ မျက်စိက မြင်တဲ့ ဝီထိစိတ် ဖြစ်ပုံကို ပြောတာ။

အသံကြားတဲ့ ဝီထိလည်း ဒီအတိုင်းပဲ၊ ဆိုပါစို့ - တစ်ယောက်က ပြောလိုက်တယ် dog ဆိုတဲ့ အသံလေး ပြောလိုက်တယ်၊ အင်္ဂလိပ်စာ သိတဲ့သူတို့၊ အင်္ဂလိပ်စာ အလေ့အကျင့် ရှိတဲ့သူတို့က dog ဆိုတာ ခွေးဆိုတာ သူမှတ်လိုက်တယ်ပေါ့၊ ဒီ အသံလေး ကြားလိုက်တာနဲ့ တစ်ပြိုင်နက် ခုနက စက္ခုဝိညာဏ်စိတ် အစား သောတဝိညာဏ်စိတ် ထည့်ပြီးတော့ ခုနက ၁၇-ချက် စိတ်တွေဟာ ဒီ အသံလေးပေါ်မှာ ဖြစ်လာတယ်၊ အသံလေးနဲ့ ယှဉ်တွဲပြီးတော့ ဒိအသံလေးပေါ်မှာ ဒီစိတ်တွေ ဖြစ်လာတာ၊ ဖြစ်လာပြီးတဲ့ အခါကျတော့ ပြန်စဉ်းစားတယ်၊ dog ဆိုတဲ့ အသံကို ပြန်ပြီးတော့ တွေးတယ်၊ တွေးလိုက်တဲ့အခါကျတော့ dog ဆိုတဲ့ စကားလုံးကို သူက တတိယစိတ် လောက်ကျတော့ သိသွားပြီးတော့၊ အကောင် မြင်တာကျတော့ စတုတ္ထစိတ် လောက်ကျမှ အကောင် သွားမြင်တာ၊ ဟော dog ဆိုတာ ဒီအကောင်ပဲ၊ နားရွက်နဲ့ အမြီးနဲ့ အဲဒီလို မြင်သွားတာ၊ အဲဒါ dog ကို သိမထားဘူးဆိုရင် “ဘာပါလိမ့်, ဘာပါလိမ့်” “ဒီလူပြောတာ ဘာပါလိမ့်” ဆိုပြီး question တွေချည်း လာမှာပဲ၊ ဟုတ်ရဲ့လား၊ ဒါက လူ့ရဲ့ စိတ်သဘာဝက ဒီပုံစံအတိုင်း သွားနေတာ။

ဒါကို “စိတ္တနိယာမ” လို့ ခေါ်တာပဲ၊ ဘယ်သူကမှ လာပြီးတော့ control လုပ်နေတာလည်း မဟုတ်ဘူး၊ စိတ္တနိယာမ mental order အတိုင်း သွားနေတာ၊ ဒါ စိတ်ဖြစ်စဉ် တစ်ခုပဲ၊ အဲဒီလို ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အခုပြောတာက အတိမဟန္တ အာရုံနဲ့ ပတ်သက်ပြီးတော့ ပြောတာ၊ ဘဝင်စိတ် ၃-ခု၊ အတီတဘဝင်လေး တစ်ခု လွန်ပြီးတော့မှ ထင်လာတယ်၊ ဒါက အကြီးဆုံး အာရုံ။

သာမန်ကြီးတဲ့ အာရုံကျတော့ ခုနကထက် ဘဝင်စိတ်တွေ ပိုပြီး ဖြစ်လာပြီ၊ သေးတဲ့ အာရုံကျတော့ ဘဝင်စိတ်တွေ ပိုလာတယ်၊ သိပ်သေးတဲ့ အာရုံကျတော့ ဝီထိစိတ်တွေက ပိုလာတယ်၊ သိပ်သေးတဲ့ အာရုံကျတော့ ဝီထိစိတ်တောင် မဖြစ်တော့ဘူး၊ ဘဝင်စိတ်တွေချည်းပဲ ဖြစ်တယ်၊ ဘာနဲ့ ဥပမာတူတုန်း ဆိုရင် ကလေးလေး တစ်ယောက် အိပ်နေတာကို နှိုးလိုက်တယ်၊ အင်း ဆိုပြီး ဟိုဘက်လှည့် အိပ်သွားတယ်၊ မနိုးဘူး၊ အဲဒါမျိုးလိုပဲ တံခါးဝကနေ အာရုံက ဖြတ်ကျော်ပေမယ့်လို့ စိတ်နဲ့ မတွေ့ဘူး၊ စတွေ့တော့ ပြန်အိပ်ပျော်သွားတယ်၊ ဘဝင်စိတ်က ပြတ်မသွားဘူးလို့ ပြောတာ၊ ပြတ်မသွားဘူး ဆက်အိပ်သွားတယ်ပေါ့၊ အတိပရိတ္တာရုံ ဆိုတာ အဲဒါမျိုးကို ခေါ်တာ။

အားလုံး ပေါင်းလိုက်လို့ရှိရင် စက္ခုဒွါရမှာ ၁၅-ဝီထိ ရှိတယ်၊ ဖြစ်နိုင်တာကို ပြောတာ၊ သောတဒွါရ မှာလည်း ၁၅-ဝီထိ ရှိတယ်၊ ၁၅-ဝီထိ ငါးလီ ပေါင်းလိုက်တဲ့အခါကျတော့ ၇၅-ဝီထိ ရှိတယ်တဲ့၊ ဟော - လူ့ရဲ့သန္တာန်မှာ ဖြစ်နိုင်တာတွေကို ရေတွက်ပြီးတော့ ပြောတာ၊ ၇၅-ဝီထိ၊ ဒါက နေ့စဉ် လူ့ဘဝမှာ ကြုံတွေ့နေရတဲ့ ငါးဒွါရမှာ တွေ့ရတဲ့ စိတ်ဖြစ်စဉ်တွေပဲ။

ဒီဖြစ်စဉ်တွေကို သိရှိနားလည် ထားလို့ရှိရင် “ဘယ်အရာမှ ရပ်တန့်နေတာ မဟုတ်ဘူး၊ အာရုံကြောင့် စိတ်တွေဟာ ဖြစ်နေတယ်၊ ဆိုင်ရာ ဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်နေတယ်၊ ထိုဖြစ်ပေါ်နေတဲ့ စိတ်တွေဟာ မမြဲပါလား၊ ငါလို့ သတ်မှတ်စရာ မရှိပါလား၊ ငါ့ဥစ္စာလို့လည်း ပြောစရာ မရှိပါလား” လို့ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ အနိစ္စ ဒုက္ခ အနတ္တ လို့ဆိုတဲ့ သဘာဝ တရားတွေက ထင်ထင်ရှားရှား ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် အဘိဓမ္မာတရားကို နာယူရသဖြင့် မိမိတို့သန္တာန်မှာ မြဲနေတဲ့အရာ ဆိုတာလည်း မရှိဘူး၊ ချမ်းသာတဲ့အရာ ဆိုတာလည်း မရှိဘူး၊ မမြဲတဲ့အရာ၊ ထာဝရ ပြောင်းလဲနေတာ ဖြစ်ခြင်းကြောင့် မကျေနပ်စရာ ဒုက္ခတွေချည်းသာ ဖြစ်တယ်၊ ကိုယ်ပိုင်တယ်, ကိုယ့်ရဲ့အလိုကျ ဖြစ်တယ် ဆိုတာလည်း မရှိဘူး၊ အနတ္တ သဘာဝတွေသာ ရှိတယ်လို့ ကိုယ်စီကိုယ်စီ ဝိပဿနာအမြင်ဖြင့် နှလုံးသွင်း ဆင်ခြင် နိုင်ပြီး မဂ် ဖိုလ် နိဗ္ဗာန်ရကြောင်း သူတော်ကောင်း တရားကို ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေသတည်း။

စိတ်ကို အာရုံနှင့် လေ့ကျင့်ခြင်း

‘စိတ်ကိုအာရုံနှင့် လေ့ကျင့်ခြင်း’ - စိတ်ဖြစ်စဉ်ကို လေ့လာသုံးသပ်တဲ့ အခါမှာ ပင်ကိုယ် ပကတိ ရိုးရာစိတ်တွေက အာရုံနဲ့ လေ့ကျင့်နေစရာ မလိုဘူး၊ ဖြစ်ပေါ်လာတဲ့ အာရုံမှာ အလိုအလျောက် စိတ်က တွေးတော ကြံစည်မှုတွေ ပြုပြီး အာရုံထဲ နစ်မျောသွားတယ်။

အရင့်အရင်များက ဘုန်းကြီးတို့ ပြောခဲ့ပြီ - အဆင်းအာရုံလေး တစ်ခု မျက်စိတံခါးက ဝင်လာတဲ့ အခါမှာ ထိုအာရုံနဲ့ အလုပ်လုပ်တဲ့ စိတ်ပေါင်း ၇-မျိုး - ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံလို့ စက္ခဒွါရမှာ ရ-မျိုး၊ အဲဒီ မျက်စိတံခါးက ထင်လာတဲ့ အာရုံနဲ့ပဲ ကြံတွေးပြီးတော့ အလုပ်လုပ်တဲ့ စိတ်တွေက မနောဒွါရမှာ မနောဒွါရာဝဇ္ဇန်း, ဇော, တဒါရုံ ဆိုပြီးတော့ ဝီထိစိတ် ၃-မျိုး၊ ပထမအကြိမ် မနောဒွါရ ဝီထိဖြစ်တယ်၊ ဒုတိယအကြိမ်လည်း မနောဒွါရဝီထိ ဖြစ်တယ်၊ တတိယအကြိမ်လည်း မနောဒွါရဝီထိ ဖြစ်တယ်။

ဖြစ်ကြိမ်အားဖြင့် ပြောမယ်ဆိုရင် ပထမအကြိမ်က ဝီထိစိတ်က ၁၄-ကြိမ် ဖြစ်တယ်၊ ဝီထိမုတ်စိတ်က ၃-ကြိမ်ဖြစ်တော့ အားလုံး ၁၇-ကြိမ်၊ ၁၇-ကြိမ်ပြည့်တာနဲ့ တစ်ပြိုင်နက် မျက်စိမှာ ထင်လာတဲ့ ရူပါရုံလေးရဲ့ သတ်တမ်းဟာ ကုန်သွားပြီ၊ စိတ်ထဲမှာ မှတ်ထားလိုက်တဲ့ အာရုံလေးပေါ်မှာ တစ်ခါ တွေးတောတဲ့ အလုပ်ကို ဆက်လုပ်ကြတယ်။

မနောဒွါရမှာ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ဆိုတဲ့ ဘဝင်နှစ်ကြိမ် လွန်သွားပြီးတဲ့ အခါမှာ မနောဒွါရာဝဇ္ဇန်း၊ ဇော ၇-ကြိမ်၊ တဒါရုံ ၂-ကြိမ် ဆိုပြီးတော့ ၁၀-ကြိမ်၊ လွန်သွားတဲ့ ရူပါရုံလေးကို အာရုံပြုပြီး မနောဒွါရမှာ ပြန်လည် စဉ်းစားတယ်၊ အဲဒီနောက်မှာ ဒုတိယ အကြိမ်အဖြစ် ပြန်လည်စဉ်းစားတဲ့ မနောဒွါရမှာ ဝီထိစိတ်ကလေး ၃-မျိုး ၁၀-ကြိမ်၊ တတိယအကြိမ်မှာ ပြန်လည် စဉ်းစားပြီး အဖြေထုတ်လိုက်တဲ့ မနောဒွါရ ဝီထိစိတ် ကလေးက ၃-မျိုး ၁၀-ကြိမ်၊ ဒီလိုဖြစ်သွားတဲ့အခါ အာရုံရဲ့ အဖြေကို ရသွားတယ် လို့ ယေဘုယျအားဖြင့် ပြောရမယ်ပေ့ါ။

နားက အသံကြားရတဲ့ အခါမှာလည်း ထို့အတူပဲ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒဆိုတဲ့ ဘဝင် ၃-ကြိမ်ဖြစ်ပြီးတဲ့ အခါမှာ ပဉ္စဒွါရာဝဇ္ဇန်းက တံခါးဖွင့်ပေး လိုက်လို့ သောတဝိညာဏ်စိတ် ဖြစ်တယ်၊ သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံ ၂-ကြိမ် ဖြစ်ပြီးတဲ့ အခါမှာ အသံလေးရဲ့သက်တမ်း ကုန်ဆုံးသွားလို့ ချုပ်ငြိမ်းသွားတယ်။

အဲဒီ အသံလေးကို စိတ်က မှတ်ထားပြီး ပြန်တွေးတဲ့အခါ မနောဒွါရမှာ ထပ်ဆင့် ဖြစ်ပေါ် လာပြန်တယ်၊ ဘဝင် ၂-ကြိမ် ဖြစ်ပြီးတဲ့အခါ မနောဒွါရာဝဇ္ဇန်း၊ ဇော ၇-ကြိမ်၊ တဒါရုံ ၂-ကြိမ်။ ဒီလို ဝီထိစိတ်တွေဟာ အသံအာရုံလေးနဲ့ ဆက်သွယ်ပြီး အလုပ် လုပ်တယ်၊ ဒုတိယအကြိမ် တစ်ခါထပ် အလုပ်လုပ်ပြန်တယ်၊ တတိယအကြိမ် တစ်ခါထပ် အလုပ်လုပ်ပြန်တယ်၊ အဖြေမတွေ့မချင်း လုပ်မယ်ပေါ့၊ တတိယ အကြိမ်လောက်နဲ့ အဖြေတွေ့သွားရင် ဒီအပေါ်မှာ နောက်ထပ် ထပ်စဉ်းစားမှု ဆိုတဲ့ ဝီထိစိတ်တွေ မြောက်မြားစွာ ဖြစ်ဦးမယ်၊ ဒါက ရိုးရာဖြစ်လို့ လေ့ကျင့်နေစရာ မလိုဘူး။

မျက်စိကမြင်တဲ့ အာရုံအပေါ်မှာ လည်းပဲ လေ့ကျင့်နေစရာ မလိုဘူး၊ ဖြစ်ပေါ်လာတဲ့ အာရုံပေါ်မှာ စိတ်ကူးစိတ်သန်းတွေဟာ ဖြစ်ပြီးသွားကြတယ်၊ နှာခေါင်းက အနံ့ရတဲ့ အာရုံ၊ လျှာက အရသာ ခံရတဲ့အာရုံ၊ ခန္ဓာကိုယ်က တွေ့ထိလာတဲ့အာရုံ လို့ဆိုတဲ့ ပဉ္စဒွါရမှာ ထင်လာတဲ့ အာရုံတွေကို ယခုကဲ့သို့ စိတ်တွေဟာ အာရုံနဲ့ အလုပ်လုပ်ပြီးတော့ အဖြေထုတ်သွားလိုက်ကြတာ အဲဒီအဖြေနဲ့ပဲ လူ့လောကမှာ လူတွေဟာ ပျော်မွေ့ပြီးတော့ နေကြတယ်နော်၊ စိတ်ထဲက အဖြေထုတ်ထားတာတွေနဲ့ ပျော်မွေ့ပြီးတော့ အဲဒီလို နေကြတယ်။

စက္ခုဒွါရမှာ ဆိုလည်းပဲ “အတိမဟန္တာရုံ” ဆိုတဲ့ အလွန်ကြီးတဲ့ အာရုံမျိုးနဲ့ တွေ့တဲ့အခါမှာ အခုလို စိတ်အစဉ်ဖြစ်တယ်၊ “မဟန္တာရုံ” ဆိုတဲ့ အခါကျတော့ စိတ်အစဉ် တစ်မျိုး ပြောင်းသွားမယ်၊ “ပရိတ္တာရုံ” ဆိုတဲ့ အခါမှာလည်းပဲ တစ်မျိုး ပြောင်းသွားမယ်၊ “အတိပရိတ္တာရုံ” ဆိုတဲ့ သိပ်သေးတာ ကျတော့ ဘဝင်အစဉ်ဟာ မပြတ်တော့ဘဲနဲ့ ဝီထိစိတ်တောင် မပေါ်တော့ဘူး၊ ဘဝင်ကလေး လှုပ်ရုံမျှ လှုပ်ပြီး တော့ ချုပ်ငြိမ်းသွားတယ်၊ အတွေးတွေဟာ ဝင်မလာ နိုင်တာမျိုးလည်း ရှိတယ်ပေါ့၊ အာရုံရဲ့ ဒီဂရီအတိုင်း အဲဒီလိုသွားတယ်၊ mind door မှာကျတော့ တွေးတောတဲ့ အာရုံတစ်ခုဟာ “ထင်ရှားတယ်၊ မထင်ရှားဘူး” ဆိုတာ ၂-မျိုးနဲ့လာပြီး အာရုံကို ဆက်ပြီး စဉ်းစားပြီး အလုပ် လုပ်သွားကြတယ်။

လူ့ဘဝဆိုတာ ဒါပါပဲ၊ နေ့စဉ် ဒီအတိုင်း သွားနေကြတာ၊ အမြင်အာရုံပေါ်မှာ အလုပ်လုပ်တယ်၊ အကြား အာရုံပေါ်မှာ အလုပ် လုပ်တယ်၊ အနံ့အာရုံ၊ အရသာအာရုံ၊ အထိအတွေ့ အာရုံ၊ အမြင် အကြား အနံ့ အရသာ အထိအတွေ့ လောလောဆယ် ထိတာမရှိဘူး ဆိုလို့ရှိရင်လည်း မျက်စိလည်း မှိတ်ထားတယ်၊ နားလည်း ပိတ်ထားတယ်၊ နှာခေါင်းကလည်း အလုပ်မလုပ်ဘူး၊ လျှာကလည်း အလုပ်မလုပ်ဘူး၊ ခန္ဓာကိုယ်ကလည်း အလုပ်မလုပ်ဘူး ဆိုရင် သက်သက်လေး ခေါင်းလေးခြုံပြီး တွေးတောတဲ့ စိတ်တွေ ကလည်း ဖြစ်သေးတာပဲ၊ မနောဒွါရ သက်သက်မှာ လည်းပဲ စိတ်ကူး စိတ်သန်းတွေ ဖြစ်နေတယ်။

အဲဒီ စိတ်ကူးစိတ်သန်း တွေကျတော့ မြင်ခဲ့ပြီးတဲ့ အာရုံကို အာရုံပြုပြီး ဖြစ်တာ ရှိသလို မမြင်သေးတဲ့ အာရုံကိုလည်း တွေးတော ဆင်ခြင်ပြီးတော့ ဖြစ်နေတာမျိုးတွေ ရှိတယ်၊ ရှိတာကိုလည်း တွေးတောတယ်၊ မရှိတာလည်း တွေးတောတယ်၊ မဟုတ်တာလည်း တွေးတယ်၊ ဟုတ်တာလည်း တွေးတယ်ဆိုတဲ့ အတွေး အာရုံတွေထဲမှာ တွေ့ကြုံ ခံစားဖူးသမျှ အာရုံတွေကို အခြေပြုပြီးတော့ လူ့ရဲ့စိတ်ဟာ အာရုံတစ်ခုခုနဲ့ အလုပ်လုပ်နေတယ်လို့ ပကတိရိုးရာ အချိန်မှာ ဒီအတိုင်းပဲ သွားနေမှာပဲ။

စိတ်ကို အာရုံနဲ့ လေ့ကျင့်ပေးတယ် ဆိုတာကျတော့ သမထကျင့်စဉ်တစ်ခု ဝိပဿနာကျင့်စဉ်တစ်ခုနဲ့ စိတ်ကို အာရုံနဲ့ လေ့ကျင့်ပေးတယ်၊ အဲဒါကျတော့ ပုံစံ ပြောင်းသွားတယ်၊ ပင်ကိုယ်စိတ်ထက် ဒီအာရုံနဲ့ လေ့ကျင့်ပေးလိုက်လို့ တိုးတက် ဖြစ်ပေါ်လာတဲ့ စိတ်က နေ့စဉ်ဘဝမှာ ထိတွေ့တဲ့စိတ်မျိုး မဟုတ်တော့ဘူး၊ ဆိုပါစို့ - eye door မှာပဲဖြစ်စေ mind door မှာပဲဖြစ်စေ၊ မျက်စိတံခါးကပဲ ဖြစ်စေ၊ စိတ်တံခါးကပဲဖြစ်စေ အာရုံတစ်ခုခုကို ယူပြီးတော့ လေ့ကျင့်ယူတဲ့ဟာ၊ လေ့ကျင့်ယူတဲ့ အခါကျလို့ ရှိရင် သာမန်ဖြစ်ရိုးဖြစ်စဉ် စိတ်တွေထက် ထူးခြားပြီးတော့ တည်ငြိမ်တဲ့ စိတ်ဓာတ်မျိုးကို ရရှိ လာနိုင်သေးတယ်၊ အဲဒါကိုပဲ “တရားကျင့်တယ်” လို့ ပြောတာပေါ့။

ဆိုပါစို့ - ကသိုဏ်း အာရုံလေး တစ်ခုကိုယူတယ်၊ အားလုံး ကြားဖူးကြတယ် - ရှင်စူဠပန္ထကဝတ္ထု၊ စူဠပန်မထေရ်ကို မြတ်စွာဘုရားက ပုဝါအဖြူကလေး ပေးထားတယ်၊ တန်ခိုးတော်နဲ့ ဖန်ဆင်းပြီး ပေးထားတဲ့ ပုဝါလေးဆိုတော့ ဆွတ်ဆွတ် ဖြူနေတယ်၊ အလွန်ဖြူနေတယ်၊ အဲဒီ ပုဝါပိုင်းကလေးကို ကြည့်ပြီးတော့ စိတ်ကို လေ့ကျင့်တာ၊ အဖြူအာရုံလေး ပေါ်မှာ စိတ်ကို လေ့ကျင့်တာ၊ ဒီသဘောကို ဓမ္မပဒ အဋ္ဌကထာမှာ ကြည့်ရင်လည်း မထင်ရှားဘူး၊ အင်္ဂုတ္ထိုရ် အဋ္ဌကထာမှာ ကြည့်ရင်လည်း မထင်ရှားဘူး။

သူ့ရဲ့ အတိတ်ဇာတ်လမ်း “အပဒါန” လာ အတိတ် ဝတ္ထုကြောင်းကို ကြည့်မယ် ဆိုလို့ရှိရင် ရှင်စူဠပန်ကို ဘာကြောင့် ပုဝါပေးတယ် ဆိုတဲ့ သဘောက ထင်ရှားတယ်၊ အတိတ် ဘဝတုန်းက ရှင်စူဠပန်ဟာ သြဒါတကသိုဏ်း မှာ အလေ့အကျင့် လုပ်ခဲ့တယ်၊ အဲဒါ အကြောင်းအရင်းပဲ၊ သြဒါတကသိုဏ်းမှာ အလေ့အကျင့်လုပ်ရတာ၊ အဲဒီ အလေ့အကျင့်နဲ့ ဆက်နွယ်ပြီး မြတ်စွာဘုရားက ပုဝါပိုင်း ပေးတာ၊ အကြောင်းမဲ့ ပေးတာမျိုး မဟုတ်ဘူး၊ ကမ္မဋ္ဌာန်းအာရုံ တစ်ခုကို ပေးထားတာ။

နောက်တစ်ခုက သူဟာ တစ်ခုသော ဘဝမှာ ရှင်ဘုရင်ဖြစ်လို့ တိုင်းပြည်ကို လှည့်လည် စစ်ဆေး ကြည့်ရှုတဲ့အခါမှာ မျက်နှာက ချွေးတွေ ထွက်တယ်။ ဖြူဆွတ်နေတဲ့ ပုဝါ လေးနဲ့ မျက်နှာကို သုတ်လိုက်ပြီး အဲဒီဖြူဆွတ်နေတဲ့ ပုဝါလေး မည်းညစ်သွားတာကို တွေ့တဲ့အခါမှာ စိတ်ထဲမှာ သံဝေဂ သဘောလေး ဖြစ်မိတယ်၊ “သြော် - ဒီခန္ဓာ ကိုယ်ကြီး အကြောင်းပြုပြီးတော့ အင်မတန် ဖြူစင်တဲ့ ပုဝါလေး ညစ်နွမ်းသွား ရပါလား” ဆိုတဲ့ သံဝေဂ စိတ်ကလေး ပေါ်လာတယ်၊ အဲဒီအချိန်မှာ ဖြစ်ခဲ့တဲ့ သံဝေဂ စိတ်ကလေးကို မြတ်စွာဘုရားက ရှင်စူဠပန်ဘဝ ရောက်တဲ့အခါကျတော့ ဝိပဿနာဉာဏ်နဲ့ ဆက်စပ်ပေးခဲ့တယ်။

အဲဒါကြောင့် အရေးကြီးပြီ မှန်ကန်တဲ့ အတွေးလေးတွေဟာ သာမန်ကြည့်မယ်ဆိုရင် တန်ဖိုးမရှိဘူးလို့ ထင်ကြရပေမယ့်လို့ တကယ် တန်ဖိုးရှိတာနော်၊ တရားထူး တရားမြတ်ရဖို့ ဘယ်လောက် အထောက်အကူ ပြုသလဲဆိုတာ ဒီဝတ္ထုက သက်သေ ပြနေတယ်၊ နဖူးချွေးသုတ် ပုဝါလေး မည်းသွားတာ ကြည့်ပြီးတော့ ခန္ဓာကိုယ်ရဲ့ အပြစ်ကို မြင်လိုက်တဲ့အမြင်လေးက ဝိပဿနာဉာဏ်ကို ဦးတည်သွားစေနိုင်တယ်။

နောက်တစ်ခု ဆက်စပ်လို့ ပြောရဦးမယ်၊ အားလုံး ကြားဖူးကြလိမ့်မယ်၊ “ပဉ္စဂ္ဂပုဏ္ဏား ဇနီးမောင်နှံ” ဆိုတာ၊ ဘယ်အခါဖြစ်ဖြစ် သူတို့ဟာ အလှူအတန်း လုပ်တဲ့အခါမှာ ဦးဦးဖျားဖျား လုပ်လို့ ပဉ္စဂ္ဂလို့ အမည် ပေးထားတာ။ “မြတ်စွာဘုရားနဲ့ တွေ့တဲ့အခါ တရားဟောတယ်”။ သူတို့အတွက် စကားလုံး ရွေးချယ်လိုက်တဲ့အခါမှာ အတိတ်ဘဝ တုန်းက “နာမရူပ” ဆိုတဲ့ စကားလုံးကို အကြိမ်ကြိမ် ကြားဖူးကြလို့ အဲဒီစကားလုံးနဲ့ သူတို့ ယဉ်ပါးနေတယ်၊ ရင်းနှီးနေတယ်၊ familiar ဖြစ်နေတယ်၊ “ဘယ်လိုပုဂ္ဂိုလ်ကို ဘိက္ခုလို့ ခေါ်သလဲ” ဆိုတဲ့မေးခွန်းကို ဖြေတဲ့အခါမှာ မြတ်စွာဘုရားက “နာမ်ရုပ် အပေါ်မှာ အစွဲအလန်းကင်းတဲ့ ပုဂ္ဂိုလ်မျိုးကို ဘိက္ခုခေါ်တယ်” လို့ နာမ်ရုပ်နဲ့ ဆက်စပ်ပြီးတော့ ဟောပြောလိုက်တယ်။ ထိုအခါမှာ မဂ် ဖိုလ် ရသွားကြတယ်၊ ဒါလည်းပဲ အတိတ်ကို အခြေပြုတယ်လို့ ပြောရမယ်။

ဓမ္မအသိဉာဏ် ဆိုတာ သာမန်အားဖြင့် ပြောမယ် ဆိုလို့ရှိရင် သိပ်ပြီးတော့ အဆင့် မမြင့်ဘူးလို့ ထင်ရပေမယ့်လို့ မြတ်စွာဘုရားနဲ့ တွေ့တဲ့အခါ အင်မတန်မှ အထောက် အကူ ဖြစ်တယ်လို့ မှတ်ရမယ် နော်၊ အများကြီး အထောက်အကူ ဖြစ်တယ်။

ရှင်ယသတို့ ဝတ္ထုကို ကြည့်လိုက်ဦးမလား၊ ယသ သူဌေးသားတို့ အတိတ်ဘဝတုန်းက နာရေးကိစ္စမှာ မီးသင်္ဂြိုဟ်တဲ့ လုပ်ငန်းကို ကုသိုလ်ဖြစ် လုပ်ကိုင်ခဲ့ကြတဲ့ သူငယ်ချင်း တစ်စု၊ အတိတ်ဘဝတုန်းက ကိုးကွယ်ရာမဲ့သူတွေ၊ ပိုက်ဆံမတတ်နိုင်တဲ့ သူတွေ နာရေးကိစ္စ ပေါ်လာတဲ့အခါ သူတို့က အခမဲ့ ကူညီပြီး မီးသင်္ဂြိုဟ်ပေးခဲ့ကြတယ်၊ သူသေကောင်ကို မီးသင်္ဂြိုဟ်ပေးရင်း အသုဘ ကမ္မဋ္ဌာန်းကို စိတ်ထဲမှာ ထင်မြင်လာ ခဲ့ကြတယ်၊ ခန္ဓာကိုယ်ကြီးရဲ့ မတည်မြဲပုံ၊ ရွံစရာကောင်းပုံ၊ စက်ဆုပ်စရာ ကောင်းပုံ၊ မတင့်တယ်ပုံ ဆိုတာတွေကို လက်တွေ့အားဖြင့် သူတို့ သိမြင်ခဲ့ကြတယ်၊ စိတ်ထဲမှာ ဖြစ်ပေါ်ခဲ့ကြတယ်။

အဲဒီ စိတ်အစဉ်ကလေးက သူတို့ရဲ့ ဘဝတစ်ခုမှာ energy အနေနဲ့ စုပြီးဆောင်းပြီး ဖြစ်သွားတယ်။ ယသ သူဌေးသား ဘဝမှာ ဒီစိတ်ကလေး ပြန်ပေါ်လာပုံကို ကြည့်လိုက်၊ ယသ သူဌေးသား ဆိုတာ အလွန်ချမ်းသာတယ်၊ မိဘတွေက ဂရုစိုက် တယ်၊ ညလုံးပေါက် အမျိုးသမီးတွေချည်း တီးမှုတ်တဲ့ တူရိယာတွေနဲ့၊ အဆိုအ ကတွေနဲ့ ပျော်ရွှင်စေတယ်။ သူ့ရဲ့စံအိမ်မှာ တီးကြမှုတ်ကြ ဖြေဖျော်ကြတဲ့ အမျိုးသမီးတွေ အကုန်လုံး အိပ်ပျော်ကုန်ကြတယ်၊ သူနိုးလာတဲ့ အခါကျတော့ အိပ်နေကြတာ တွေကိုကြည့်၊ တချို့ကလည်း ဟောက်ပြီး အိပ်နေမှာပေါ့လေ၊ လူဆိုတာ မျိုးစုံပေါ့၊ ပါးစပ်ကြီးဖြဲပြီး အိပ်နေတာလည်း ပါမှာပေါ့၊ အဲဒီအိပ်နေတဲ့ သူတွေရဲ့ အသွင်သဏ္ဌာန်ကို မြင်လိုက်တဲ့အခါ အတိတ် ဘဝတုန်းက သူသေကောင်ကို မီးသင်္ဂြိုဟ်ခဲ့တဲ့ အနေအထားနဲ့ပြန် ဆက်စပ်မိသွားတယ်။

ဆက်စပ်မိသွားတဲ့အခါ သံဝေဂရဲ့ အရှိန်အဝါဟာ သိပ်ကြီးသွားတယ်၊ ကြီးသွားသည့်အတွက် အိမ်မှာ နေလိုစိတ် မရှိလို့ အိမ်ကနေ ထွက်ခွာသွားတယ်၊ ဘုရားနဲ့ သွားတွေ့တယ်၊ “လောကကြီးက ဆိုးလိုက်တာ၊ ဆိုးလိုက်တာ” “ဥပဒ္ဒုတံ ဝတ ဘော လောကော၊ ဥပဿဋ္ဌံ ဝတ ဘော လောကော” အနှိပ်စက်ခံနေရပြီ၊ ဒီ ဒုက္ခကြီးက ဘယ်လိုလွတ်ပါ့မလဲ” လို့ ငြီးတွားပြီး ထွက်ခွာသွားတယ်။ ဘုရားနဲ့တွေ့ တရားဓမ္မ နာရလို့ ရဟန္ထာဖြစ်သွားတယ်။ ကြည့် - အဲဒီ အတိတ်ဘဝက သံဝေဂကုသိုလ်ဟာ နည်းတဲ့ ကုသိုလ် ဟုတ်ဘူး။

အခုလည်း ကောင်းပြီ - ရှင်စူဠပန်ကို ပုဝါဖြူကလေး ပေးတယ်ဆိုတာ အတိတ်ဘဝနဲ့ စပ်ပြီးတော့ ပေးတာ၊ လူတိုင်းကို ပေးတာ မဟုတ်ဘူး၊ ရှင်စူဠပန်ကို ပုဝါဖြူကလေး လေးလိုက်တာဟာ အတိတ် ဘဝတုန်းက ပုဝါလေးမှာ သြဒါတ ကသိုဏ်းကို လေ့ကျင့်ခဲ့ဖူးတယ်၊ လေ့ကျင့်ပြီးတော့ ဈာန်အဘိညာဏ်တွေ ရခဲ့ဖူးတယ်၊ အဲဒီဘဝက အရှိန်အဝါလေးကို မြတ်စွာဘုရားက စုစည်း ပေးလိုက်တာ၊ စုစည်းပေးလိုက်တော့ ဒီ ဖြူဆွတ်နေတဲ့ ပုဝါဆိုတဲ့ အဖြူအာရုံလေးမှာ စိတ်ကို လေ့ကျင့်ပေးတာ၊ ပုဝါဖြူကလေးကို ရှေ့ချ၊ ချပြီးတဲ့အခါမှာ ထိုပုဝါ အဖြူရောင်လေးကို စိုက်ပြီး ကြည့်တယ်၊ စာလိုပြောရင် သြဒါတကသိုဏ်း ရှုတယ်ပေါ့၊ “အဖြူ အဖြူ” လို့ စိတ်ထဲက မှတ်ပြီးတော့ နေတယ်၊ အဲဒီလို မျက်စိဖွင့်ပြီးတော့ အဖြူအာရုံလေးကို မျက်စိနဲ့ မှတ်နေတာကို “ပရိကမ္မနိမိတ်” လို့ ခေါ်တယ်၊ အာရုံနိမိတ် တစ်ခုကို ယူနေတာ၊ စိတ်ကို ဘာနဲ့လေ့ကျင့် နေတာတုန်း? အာရုံနဲ့ လေ့ကျင့်နေတာ၊ အဲဒါလည်းပဲ စိတ်ဖြစ်စဉ် တစ်ခုတည်းမှာ ပါတယ်၊ ဒါ သာမန်နဲ့ မရဘူး၊ ရိုးရာ မဟုတ်ဘူး။

အဲဒါက အာရုံကို စိတ်နဲ့ လေ့ကျင့်နေတာ၊ ကြည့် - အဖြူ အဖြူနဲ့ လေ့ကျင့်နေတဲ့အခါ ဒီ သူ လေ့ကျင့်နေတဲ့ အာရုံလေးဟာ “ပရိကမ္မနိမိတ်”၊ ပြင်ဆင်ပြီးတော့ ထားတဲ့ အာရုံလေး တစ်ခုအပေါ်မှာ စိတ်ကို ပြင်ဆင် လေ့ကျင့်နေတာ၊ အဲဒီလို လေ့ကျင့် လိုက်တဲ့ အခါ မကြာခင်ပဲ အဖြူအာရုံလေးဟာ စိတ်ထဲမှာ စွဲထင်သွားတယ်၊ ကင်မရာနဲ့ ရိုက်ယူလိုက် သလိုပဲ စိတ်ထဲမှာ စွဲထင်သွားတယ်၊ အဲဒီတော့ စွဲထင်သွားတဲ့ အာရုံလေးကိုကျတော့ “ဥဂ္ဂဟနိမိတ်” လို့ခေါ်တယ်၊ မျက်စိနဲ့ ကြည့်စရာမလိုဘူး။

မျက်စိ ကြည့်နေတဲ့အချိန် ဝီထိစိတ်နဲ့ ပြောမယ် ဆိုလို့ရှိရင် ဘာတုန်း စက္ခုဒွါရ ဝီထိစိတ်တွေ ဖြစ်နေတယ်၊ ဟုတ်ကဲ့လား? အဲဒီ ဇောစိတ်တွေက အဖြူအာရုံကို အာရုံပြုပြီး နေတယ်၊ ဇောစိတ်တွေ အကြိမ်ကြိမ်ဖြစ်လို့ စိတ်ထဲမှာ စွဲထင်သွားပြီ၊ ဖလင်ထဲမှာ ရုပ်ပုံလေး သို့မဟုတ် အခု digital chip ပြားမှာ ရုပ်ပုံလေး ထင်သွားသလို ထင်သွားပြီ ဆိုတဲ့ အခါကျတော့ “ဥဂ္ဂဟနိမိတ်” ဆိုတာ ပေါ်လာတယ်။

ပရိကမ္မနိမိတ်မှာ လုပ်နေတဲ့ သမာဓိက “ပရိကမ္မ သမာဓိ” လို့ ခေါ်တယ်၊ မျက်စိနဲ့ကြည့်ပြီးတော့ စိတ်နဲ့ မှတ်နေတာ၊ စိတ်ကို အဖြူအာရုံပေါ်မှာ အလုပ်လုပ် နေတယ်၊ လေ့ကျင့်ပေးနေတယ်၊ လေ့ကျင့်ပေး နေလို့ စိတ်က စွဲပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ဥဂ္ဂဟနိမိတ်တဲ့၊ စိတ်နဲ့မှတ်ထား လိုက်နိုင်ပြီ၊ အဲဒီအာရုံကို စိတ်စွမ်းနဲ့ မှတ်ထားလိုက်နိုင်ပြီ၊ စိတ်ထဲမှာ ရောက်သွားပြီ ဆိုကတည်းက ခုနက လေ့ကျင့် ထားတဲ့ အာရုံထက် ပိုပြီးတော့ ပီပြင်လာတယ်၊ စိတ်တည်ငြိမ်မှု တွေကလည်း ပိုလာတယ်၊ ဒါ အာရုံနဲ့ စိတ်ကို လေ့ကျင့်တာ။

သာမန် မြင်ရင်တော့ အမြင်ပဲလေ၊ လူတွေ မျက်စိဖွင့်ရင် မျက်စိရှိတဲ့ သူတွေ မြင်နေကြတာပဲ၊ ဟိုဟာမြင် ဒါမြင် မြင်နေကြတာပဲ မျက်စိက၊ ဟော အခုက လေ့ကျင့်ယူလိုက်တာ ဆိုတာ ပရိကမ္မနိမိတ်အပေါ်မှာ လေ့ကျင့်လိုက်တဲ့အခါ ဥဂ္ဂဟနိမိတ် ရလာပြီ၊ သမာဓိလေးလည်း အတော် တည်လာပြီ၊ အဲဒီ ဥဂ္ဂဟနိမိတ်ကို ထပ်ပြီးတော့ စိတ်နဲ့ လေ့ကျင့်ပေးလိုက်တယ်။

“နိမိတ်ဆိုတာ အာရုံ” ကိုပြောတာပါပဲ၊ စိတ်ထဲမှာ စွဲမှတ်ထားတဲ့ အာရုံမှာ ထပ်ပြီးတော့ လေ့ကျင့် ပေးလိုက်တဲ့အခါ ဘာဖြစ်လာတုန်း ဆိုလို့ရှိရင် ပင်ကိုယ်အာရုံလည်း မဟုတ်တော့ဘူး၊ ထို ပင်ကိုယ်အာရုံနဲ့ ဆက်နွယ်လာပြီးတော့ အခြေအနေ ပြောင်းလဲလာတဲ့ စိတ်ထဲမှာ ထင်ဟပ် ပေါ်လွင်တာတဲ့ အာရုံတစ်မျိုး ပေါ်လာတယ်၊ အလားတူ အာရုံတစ်ခု ပေါ်တယ်၊ အဲဒါကို “ပဋိဘာဂ နိမိတ်” လို့ခေါ်တယ်၊ အလားတူ ပေါ်လာတဲ့ အာရုံ။

ခုနတုန်းက မျက်စိကနေ တိုက်ရိုက်ကြည့် အာရုံကို “ပရိကမ္မနိမိတ်” လို့ ခေါ်တာနော်၊ မျက်စိက ဖွင့်ပြီးတော့ မျက်စိနဲ့ မှတ်နေတာ၊ စိတ်နဲ့ မျက်စိနဲ့ တွဲဖက်ပြီး အလုပ်လုပ်နေတာ ပရိကမ္မနိမိတ်၊ မျက်စိအကူအညီ မယူတော့ဘဲ စိတ်ထဲမှာ စွဲထင်နေတဲ့ အာရုံတစ်ခုအပေါ်မှာ အလုပ်လုပ်တာကို “ဥဂ္ဂဟနိမိတ်”၊ အဲဒီဥဂ္ဂဟ နိမိတ်ဟာ နောက်ပိုင်းကျတော့ ပြောင်းလွဲလာတဲ့ အခါကျတော့ “ပဋိဘာဂနိမိတ်” တဲ့။

ပဋိဘာဂနိမိတ် ဖြစ်လာပြီ ဆိုလို့ရှိရင် အဲဒီ ပဋိဘာဂနိမိတ်သည် ပင်ကိုယ်ထက် ပိုပြီးတော့ တောက်ပြောင် လာတယ်၊ ထင်ရှားလာတယ်၊ ပိုပြီး clear ဖြစ်လာတယ်၊ အဲဒီ ပဋိဘာဂနိမိတ် ရောက်လာတဲ့အခါ ဈာန်နဲ့နီးကပ်လာတဲ့ သမာဓိစွမ်းအားတွေ ရလာပြီ၊ အာရုံနဲ့စိတ်ကို လေ့ကျင့် တာနော်။

ဈာန်နား ကပ်လာတဲ့ သမာဓိစွမ်းအားတွေ ရလာပြီး အဲဒီ သမာဓိ စွမ်းအားတွေကို ထပ်မံတိုးမြှင့် လိုက်လို့ ထင်လာတဲ့ ပဋိဘာဂအာရုံပေါ်မှာ ထပ်ဆင့်ပြီးတော့ စဉ်ဆက်မပြတ် လေ့ကျင့်လိုက်တဲ့အခါ အဲဒီ ပဋိဘာဂနိမိတ်မှာ “ပထမဈာန်” ဆိုတာကို ရရှိသွားတယ်။

ဒါဖြင့် ပထမဈာန်ဆိုတဲ့ ပထမအဆင့် ရသွားလို့ရှိရင် အခြေအနေက ဘယ်လိုရှိတုန်း ဆိုတော့ အဲဒီ ပဋိဘာဂနိမိတ် ဆိုတဲ့ စိတ်ထဲမှာ ပေါ်လာတဲ့ အာရုံလေးပေါ်မှာ ပိုပြီးတော့ ကြည်လင်ပြတ်သားတဲ့ သမာဓိ စွမ်းအားတွေ၊ စိတ်စွမ်းအားတွေ ပေါ်လာတယ်။

အဲဒီအာရုံပေါ်မှာ တွေးနေတဲ့ အတွေးစိတ် ရှိတယ်၊ “ဝိတက်” လို့ခေါ်မယ်၊ အဲဒီ အာရုံလေးပေါ်မှာ အမြဲတမ်း ရစ်ဝဲနေတဲ့ “ဝိစာရ” ဆိုတာရှိမယ်၊ အဲဒီ အာရုံလေးပေါ်မှာ ကျေနပ်နေတဲ့ “ပီတိ” ဆိုတာ ရှိမယ်၊ ကိုယ်ရော စိတ်ပါ နှစ်ခု စလုံး အေးချမ်းနေတယ် ဆိုတဲ့ “သုခ” ဆိုတာရှိမယ်၊ တည်ငြိမ်နေတဲ့ စိတ်ကလေး ဟာ ဒီအာရုံ ပေါ်မှာ ငြိမ်သွားပြီးတော့ ဘေးကို ရွှေ့မရဘဲနဲ့ ဒီအာရုံ တစ်ခုတည်းပေါ်မှာပဲ စိုက်ပြီးတော့ အာရုံနဲ့ စိတ်နဲ့က တွယ်ကပ်ထားသလို (super glue နဲ့ ကပ်ထားလိုက်သလို) ကပ်သွားတယ်၊ အာရုံနဲ့ စိတ်နဲ့ တွယ်ကပ်ပြီး ရပ်သလို ဖြစ်သွားတာ၊ “ဧကဂ္ဂတာ” ပေါင်းလိုက်တဲ့ အခါကျတော့ ဝိတက်ရယ် ဝိစာရရယ် ပီတိရယ် သုခရယ် ဧကဂ္ဂတာရယ် ဟောဒီ ၅-ပါး unity ဖြစ်သွားပြီ၊ harmony ဖြစ်သွားပြီ။

တကယ့်ကို ဒီ ၅-ခုဟာ ဟန်ချက်ညီညီနဲ့ စုပေါင်းပြီး အာရုံနဲ့ အလုပ်လုပ်နေပြီဆိုရင် ဘယ်အရာတွေ ကင်းသွားတုန်း ဆိုတော့ ..
“ဝိဝိစ္စေဝ ကာမေဟိ”

မျက်စိက မြင်ရတဲ့အာရုံ၊
နားက ကြားရတဲ့အာရုံ၊
နှာခေါင်းက နမ်းရတဲ့အာရုံ၊
လျှာက လျက်ရတဲ့အာရုံ၊
ခန္ဓာကိုယ်က ထိတွေ့ရတဲ့အာရုံ

လို့ဆိုတဲ့ ဒီအာရုံတွေပေါ်မှာ ခံစားချင်တဲ့ ကာမတဏှာ လုံးဝပြတ်တောက်သွားပြီ၊ မရှိတော့ဘူး၊ ‘ကာမ’ လိုချင်စရာ အာရုံတွေပေါ်မှာ လိုချင်နေတဲ့ လောဘနဲ့ ဖြစ်ပေါ် လာတာတွေ မရှိတော့ဘူးလို့ ဆိုလိုတယ်။

အဲဒါဟာ ဒီခံစားချင်တဲ့စိတ်တွေ မျက်စိနဲ့ ကြည့်ချင်တယ်၊ နားနဲ့ ကြားချင်တယ်၊ နှာခေါင်းနဲ့ နမ်းရှူချင်တယ်၊ လျှာနဲ့ လျက်ချင်တယ်၊ ခန္ဓာကိုယ်နဲ့ ထိတွေ့ချင်တယ် ဆိုတဲ့ အဲဒီလောဘနဲ့ ဖြစ်ပေါ်နေတဲ့ ပြင်းထန်တဲ့ ဆန္ဒတွေကို ‘ကာမစ္ဆန္ဒ’ လို့ခေါ်တယ်၊ Desire for sensual pleasure စိတ်ရဲ့ ပျော်မွေ့စရာတွေပေါ်မှာ လိုချင်နေတဲ့ ဒီ ကာမစ္ဆန္ဒ ဆိုတဲ့တရား လုံးဝချုပ်ငြိမ်းသွားတယ်။

ဘယ်သူတွေက ချုပ်ငြိမ်းအောင် လုပ်လိုက်သလဲ ဆိုတော့ ခုနက အာရုံလေးပေါ်မှာ တည်ငြိမ်တဲ့စိတ် - ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ ၅-ပါးက ချုပ်ငြိမ်းသွားအောင် လုပ်လိုက်တာ။ နီဝရဏတွေ လောင်မြိုက်ပစ်လိုက်တယ်။ အဲဒီ ကာမစ္ဆန္ဒ မလာတော့ဘူးလို့ ဆိုလိုတယ်။

အဲဒါတင် မကဘူး၊ ဘာတွေက လွတ်ထွက်သွားတုန်း ဆိုရင် ကျန်တဲ့ နီဝရဏ တွေဖြစ်တဲ့ …
ဗျာပါဒ ဆိုတဲ့ အာရုံပေါ်မှာ အလိုမကျမှု ဆိုတာလည်း မရှိတော့ဘူး၊
ထိနမိဒ္ဓ ဆိုတဲ့ စိတ်ကို တွန့်ဆုတ်စေတဲ့ နီဝရဏလည်း မရှိတော့ဘူး၊
ဥဒ္ဓစ္စ ကုက္ကုစ္စ ဆိုတဲ့ စိတ်လေလွင့် နေတာလည်း မရှိတော့ဘူး၊ ပူပန်မှုလည်း မရှိတော့ဘူး၊
ဝိစိကိစ္ဆာ ဆိုတဲ့ သံသယလည်း မလာတော့ဘူး၊
ဆိုလိုတာက ကုသိုလ်စိတ်ကို ဆို့ပိတ်တက်တဲ့ နီဝရဏတရားတွေ အားလုံးဟာ ရပ်ဆိုင်းသွားတယ်လို့ ပြောတယ်။

အဲဒီ ရပ်ဆိုင်းလို့ရလာတဲ့ ချမ်းသာသုခကို “ဝိဝေကဇ ပီတိသုခ” လို့ ခေါ်တယ်။ ‘ဝိဝေက’ ဆိုတာ ကာမဂုဏ်စိတ်တွေက လွတ်သွားတယ်၊ အကုသိုလ် အတွေးတွေ လုံးဝ ပြတ်တောက်သွားတယ်၊ အဲဒါတွေက ကင်းဆိတ် လွတ်မြောက်သွားသည့် အတွက်ကြောင့် ဝိဝေက၊ အဲဒီ ကင်းလွတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ‘ဝိဝေကဇ’ ပီတိသုခတဲ့၊ ပျော်ရွှင်ပြီး ကိုယ်ချမ်းသာ စိတ်ချမ်းသာ ခံစားနေရတယ်လို့ ဆိုလိုတယ်၊ အဲဒါ ပထမဈာန်အဆင့်၊ စိတ်ကို လေ့ကျင့်လိုက်ရင် ဒီအဆင့် ရောက်သွားတယ်၊ အဲဒီ သုခမျိုးက အပြောတင် မဟုတ်ဘူး၊ တကယ် စနစ်တကျ လေ့ကျင့်လို့ ရှိရင် လေ့ကျင့်တဲ့ ပုဂ္ဂိုလ်တွေ လက်တွေ့ ရနိုင်တယ်ပေါ့။

ယခုခေတ်မှာ ဘာဖြစ်လို့ ရတဲ့သူ နည်းပါးတာလဲ ဆိုရင် လေ့ကျင့်သူတွေ နည်းကြလို့ ကာမဂုဏ် အာရုံတွေရဲ့ လွှမ်းမိုးမှုက ကြီးထွားနေတယ်၊ ကြီးထွားနေသည့် အတွက်ကြောင့် ကာမဂုဏ်အာရုံက ရှေးကထက် ပိုများလာတယ်၊ ကာမဂုဏ် အာရုံတွေ လိုချင်စရာတွေ ပိုများလာသည့် အတွက်ကြောင့် လိုချင်စိတ်တွေက ပိုများ မလာဘူးလား?

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက တောရွာ အရပ်ဒေသတွေမှာ ဆိုလို့ရှိရင် လူတွေဟာ ၆-လောက် အလုပ်လုပ်ပြီး ၆-လလောက် ထိုင်စား နေကြတယ်၊ ဘာအလုပ်မှ မလုပ်ဘူး၊ အေးအေး ဆေးဆေး ပဲနော်၊ အဲဒီခေတ်တုန်းက ဓာတ်ဗူးဆိုတာ မရှိဘူး၊ မရှိသည့် အတွက်ကြောင့် ဓာတ်ဗူးအတွက် ကုန်ကျစရာလည်း မရှိဘူး၊ ရေဒီယိုလည်း မရှိဘူး၊ ကက်ဆက်လည်း မရှိဘူး၊ တယ်လီဗွီးရှင်းလည်း မရှိဘူး၊ အဲဒီအတွက် ကုန်ကျစရာ ဘာတစ်ခုမှ မရှိဘူး၊ မြို့ဆိုတာလည်း မရောက်ဖူးကြဘူး၊ ကားစီးဖို့ ဆိုတာလည်း သူတို့စိတ်ထဲမှာ မရှိဘူး၊ ဟုတ်ကဲ့လား? အချိန်တန်ရင် ကိုင်းလုပ်ငန်းလုပ်၊ ကိုင်းသိမ်းပြီး အိမ်ပေါ်မှာ ဆန်တို့ ပဲတို့ ဆီတို့ တင်ထားတယ်။ အချိန်တန် ထမင်းလေး ချက်စားပြီး ကျန်တဲ့အချိန်က အားနေကြတယ်။

ဘုန်းကြီးကျောင်း ဆွမ်းပို့ချိန် ပို့မယ်၊ ဒိပြင် အချိန်က အားနေကြတယ်၊ ဘာမှ လိုတာလည်း မရှိဘူး၊ မြို့မသွားသည့် အတွက်ကြောင့် မြို့ပေါ်က အထူးအဆန်း ပစ္စည်းတွေလည်း ဘာမှ လိုချင်စရာ မရှိဘူး၊ မြင်မှ မမြင်ဖူးတာဆိုတော့ လိုချင်စရာ မရှိဘူး၊ ကြားလည်း မကြားဖူးဘူး ဆိုတော့ လိုချင်စရာလည်း မရှိဘူး၊ မြို့ဆိုတာ ဝေလာဝေး၊ ရွာနီးချင်း ဟိုနား ဒီနား ရွာ ၂-ရွာ၊ ၃-ရွာ ဟိုဘက် ရောက်ဖူး သွားဖူးတာမှ မရှိဘဲ၊ အဲဒီလို မြို့မရောက်ဘဲနဲ့ လူ့ဘဝ အဆုံးသတ်သွားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးပဲ။

အဲဒါ တကယ့်ကို တောခေါင်ပြီး မြို့နဲ့ အဝေးကြီးလား ဆိုရင် မဝေးဘူး၊ တကယ်တော့ မန္တလေးမြို့နဲ့ မိုင် ၅၀-လောက်ပဲ ဝေးတယ်နော်၊ ခုခေတ်ဆိုရင် မိုင် ၁၀၀-လည်း သွားတယ်၊ မိုင်-၂၀၀ လည်း သွားတယ်၊ မိုင် -၃၀၀၊ ၄၀၀ လည်း သွားတာပဲ၊ ဟုတ်ကဲ့လား? အေး - မြင်စရာ အာရုံတွေက မရှိတော့ လိုချင်တဲ့ လောဘတွေက နည်းမသွားဘူးလား?

အဲဒီတုန်းက ကိုယ့်စိုက်ခင်းကပေါ် သူများပေး၊ သူများ စိုက်ခင်းကပေါ် ကိုယ်ကယူစား၊ ပြောင်းဖူးတို့ ပဲတို့ ပေါ်တဲ့ အချိန်ဆို ဟိုအခင်းက အရင်ပေါ်ရင် ဟိုအခင်းက ယူစား၊ ရောင်းစားတယ်ဆိုတာ မရှိဘူး၊ သူ့အခင်းပေါ် သူ့ဆီကစား၊ ကိုယ့်အခင်းပေါ် ကိုယ့်ဆီကစားနဲ့ လူတွေဟာ ညီညွတ်ကြတယ်၊ ဒီလို အချိန်ပိုင်းကလေးကို ဘုန်းကြီးတို့တတွေ မီလိုက်သေးတယ်ပေါ့။

လျှပ်စစ်မီးကလည်း မရှိတော့ ည လ,သာပြီ ဆိုရင် အလွန် ပျော်စရာကောင်းတယ်၊ လ,ရောင် ကလေးနဲ့ပဲ နေရတယ်၊ လ,ရောင်ကလေးနဲ့ဆို မီးထွန်းစရာ မရှိဘူး၊ သို့သော် တစ်ခါတစ်လေ တိမ်မည်းကြီးက လ,ကို လာလာ ဖုံးတတ်တာလေးတော့ ရှိသေးတယ်၊ မြို့မှာ မီးပျက်တဲ့သူတွေ ခံစားရသလို နေမှာပဲ၊ တိမ်မည်းကြီးက လ,ကို လာလာ ဖုံးတဲ့အခါ မှောင်သွားတယ်နော်၊ ဓာတ်မီး ဆိုတာလည်း မရှိဘူး၊ ဒီလိုပဲ နေကြတာ၊ လိုချင်စရာ အလွန်နည်းတယ်။

ဘယ်အချိန်ပိုင်းတုန်း ဆိုရင် ဒုတိယကမ္ဘာစစ် ဖြစ်ခါနီးလို့ လှုပ်နေတဲ့ အချိန်ပိုင်းပေါ့၊ ၁၉၄၀-ပြည့် ပတ်ဝန်းကျင်မှာပဲ။ သို့သော် နောက်ပိုင်းကျတော့ ခေတ်မကောင်းတဲ့ အခြေအနေမျိုး ရောက်လာတယ်၊ ဒုတိယကမ္ဘာစစ် ဖြစ်လာတယ်၊ ဒုက္ခ ရောက်ကြသူတွေ အများကြီးပဲ။ ဘုန်းကြီးတို့ က ၁၀-နှစ်သား၊ တောရွာက နေပြီး စစ်ကိုင်းတောင် ရောက်လာတယ်။ အေး၊ စစ်ကိုင်းတောင်က အခုချိန်နဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် အလွန် ကွာခြားသွားပြီ။ အဲဒီ အချိန်တုန်းက အေးချမ်းတဲ့ အရသာနဲ့ အခုချိန် အင်မတန်မှ ကွာခြားတယ်၊ အဲဒီတုန်းက စစ်ကိုင်းတောင်ဆိုတာ လူတစ်ယောက်သာ သွားသာတဲ့ လမ်းကလေးတွေပဲ ရှိတယ်၊ တရုပ်စကား ပင်ကြီးတွေက မိုးလို့၊ ဒဟတ်ပင်ကြီးတွေက မိုးလို့၊ ကျောက်ကလေးတွေ ခင်းထားတဲ့ လူသွားလမ်းကလေးတွေက ဖြတ်တက်ရတယ်၊ ရှဉ့်ကလေးတွေ၊ ငှက်ကလေးတွေ ဒီအကောင်လေးတွေပဲ ရှိတယ်၊ ဘယ်နေရာ သွားသွား ကိုယ့်ခြေသလုံး အားကိုးနဲ့ ကိုယ်သွားကြရတာ။

ကျားသစ်တွေ ဟောက်တဲ့အသံ ကြားရတယ်၊ စစ်ကိုင်းတောင်မှာ ခွေးမရှိဘူး၊ အဲဒီတုန်းက ခွေးရှိရင် ညကျ ကျားသစ်က လာဆွဲသွားတယ်၊ ဘာတွေရှိတုန်းဆို တောင်ကြောင်တွေ ရှိတယ်၊ နေ့မှာဆိုရင် ရှဉ့်ကလေးတွေ၊ ငှက်ကလေးတွေရဲ့ အသံပဲ ကြားရတယ်။

ခုခေတ်ဆိုရင် ဟိုနားက loud speaker သံ၊ ဒီနားက loud speaker သံ ဆူညံသံတွေ ကြားရတယ်။ သီချင်းတွေကိုလည်း အမျိုးမျိုး ဖွင့်ကြတယ်လေ။ တစ်ခါတုန်းက ဘုရားပေါ်က ဖွင့်လိုက်တဲ့ သီချင်းဟာ ဘာသီချင်းများ အောက်မေ့လဲ? “ကိုကိုရေ - ရူးပြီ ရူးပြီ” ဆိုတဲ့ သီချင်း ဖွင့်တယ်၊ အဲဒီလို ဆူညံသံတွေ အခုခေတ်မှာ လွှမ်းမိုးသွားပြီဆိုတော့ “ဝိဝေကဇ ပီတိသုခ” ကင်းဆိတ်မှု ချမ်းသာဆိုတာ ဘယ်သိတော့မှာတုန်း၊ သိနိုင်ပါ့မလား? အေး - အဲဒီ ချမ်းသာမျိုးကို မသိတော့ဘူးလေ။

နားကျပ်ကလေးကို နားမှာတပ်ပြီး ဟုတ်လား? ဂျိန်း ဂျိန်း ဆိုတာနဲ့ လူတစ်ကိုယ်လုံး လှုပ်နေတဲ့ ချမ်းသာသုခတွေ၊ အဲဒီချမ်းသာသုခပဲ ခံစားနေကြမှာပဲ၊ အဲဒီ ချမ်းသာသုခနဲ့ အင်မတန်ကွာခြားပြီး တိတ်ဆိတ် ငြိမ်သက်လှတဲ့ ချမ်းသာသုခဆိုတာ ပျင်စရာကြီး ဖြစ်ကုန်ပြီ။

အဲဒီမှာ စိတ်ဖြစ်ပုံက ဘယ်လိုတုန်းလို့ ဆိုရင် ဈာန်စိတ် ဖြစ်လာပုံလေးကို ဆက်ပြီးတော့ ပြောရမယ်ဆိုရင် လေ့ကျင့်ထားတဲ့ အာရုံကလေးပေါ်မှာ ပရိကမ္မနိမိတ်၊ ဒီ ပရိကမ္မနိမိတ်က တဆင့် ပြောင်းလာတဲ့ ဥဂ္ဂဟနိမိတ်၊ ထို့နောက် ပဋိဘာဂနိမိတ်ပေါ် စိတ်ကလေးငြိမ်သွားလို့ရှိရင် ဈာန် ရသွားတယ်။ ဈာန်ရသွားတဲ့ စိတ်အစဉ်ဟာ ဘယ်လို ဖြစ်လာသလဲဆိုရင် အဲဒီ အာရုံပေါ်မှာ မနောဒွါရာဝဇ္ဇန်း ဆိုတဲ့ စိတ်ကလေးက တံခါးကို ဖွင့်ပေးလိုက်တယ်။ ဖွင့်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် သာမန်ဖြစ်နေကျ ကာမဇောတွေ မဟုတ်ဘဲနဲ့ ထိုကာမဇောတွေနဲ့ အလွန် ဆန့်ကျင်တဲ့ ပဋိဘာဂနိမိတ် ဆိုတဲ့ အာရုံလေးပေါ်မှာ ဘာဖြစ်လာတုန်း ဆိုရင် “ပရိကမ္မ” ဆိုတဲ့ ဇောစိတ်ကလေး အရင် ဝင်လာတယ်၊ ပြင်ဆင်မှုကလေး ဝင်လာတယ်၊ ပြင်ဆင်မှုကလေး ဝင်ပြီးတဲ့အခါ “ဥပစာရ” ဆိုတဲ့ ဇောစိတ်ကလေး ဖြစ်လာတယ်၊ ဥပစာရ ဇောစိတ်ကလေး ချုပ်သွားတာနဲ့ တစ်ပြိုင်နက် “အနုလောမ” ဆိုတဲ့ ဇောစိတ်ကလေး ဖြစ်လာတယ်၊ အနုလောမဆိုတဲ့ ဇောစိတ်ကလေး ချုပ်သွားတာနဲ့ တစ်ပြိုင်နက် “ဂေါတြဘူ” တဲ့၊ အနွယ်တစ်ခုကို ပြောင်းလွဲလိုက်ပြီ၊ ကာမအနွယ်ကနေပြီးတော့ မဟဂ္ဂုတ်ဆိုတဲ့ မြင့်မြတ်တဲ့အနွယ် ကာမဂုဏ် အာရုံတွေ ဖျောက်ပြီး ဟိုဘက်ကို ဖြတ်ကူးလိုက်ပြီလို့ ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ ဂေါတြဘူဆိုတဲ့ ဇောလေး၊ ဒီ ဇောကလေးတွေက ဘယ်အရာတုန်းဆိုရင် မဟာကုသိုလ် ဉာဏသမ္မယုတ်စိတ် ၄-ခုပဲ၊ အဲဒီ မဟာကုသိုလ် ဉာဏသမ္မယုတ်စိတ် ၄-ခုကို နာမည် ပေးထားတာ၊ မဟာကုသိုလ် ဉာဏသမ္မယုတ်စိတ် ဇောဟာ ၄-ကြိမ်ဖြစ်တယ်။

ပထမဆုံး ဖြစ်တာကို “ပရိကံ” လို့ ခေါ်တယ်၊
ဒုတိယ ဖြစ်တာကို “ဥပစာ” လို့ ခေါ်တယ်၊
တတိယအကြိမ် ဖြစ်တာကျတော့ “အနုလုံ” လို့ခေါ်တယ်၊
စတုတ္ထအကြိမ် ဖြစ်တာကျတော့ “ဂေါတြဘူ” လို့ ခေါ်လိုက်တယ်၊
နာမည်တစ်မျိုး ပေးလိုက်တာနော်၊ သူလုပ်တဲ့ အလုပ်ဆောင်ချက်ကို ကြည့်ပြီးတော့ အမည်နာမ အသစ်ကလေးတွေ ပေးလိုက်တာ။

အဲဒီလို မဟာကုသိုလ် ဉာဏသမ္ပယုတ် ဇောလေး ၄-ခါလည်း ဖြစ်ပြီးရော ‘ဈာန်’ ဆိုတာ ရောက်လာတယ်၊ ဈာန်ဆိုတာ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ၊ အဲဒီ ၅-ခု အင်အားစုပြီး ဖွဲ့စည်းထားတဲ့ စိတ်တည်ငြိမ်မှု အနေအထား တစ်ခုကို ရောက်ရှိ သွားတယ်။

အဲဒီတည်ငြိမ်မှု အနေအထား ရောက်သွားလိုက်တာနဲ့ တစ်ပြိုင်နက် ကာမနဲ့ ပတ်သက်တဲ့ အတွေးတွေ လုံးဝ ငြိမ်သွားတယ်၊ မလာတော့ဘူး၊ အနီးနားကို မပေါ်နိုင်တော့ဘူး၊ ဘယ်လိုမှ မပေါ်တော့ဘူး၊ ဗျာပါဒနဲ့ ပတ်သက်တဲ့ အတွေးတွေ၊ နီဝရဏတွေနဲ့ ဆိုင်တဲ့ အတွေးတွေ အကုန်လုံး ချုပ်ငြိမ်း သွားတယ်။

ပထမဆုံးအကြိမ် ရတဲ့ ဈာန်ဆိုတာလေးက တစ်ကြိမ် ဖြစ်ပြီးရင် ဘဝင်ကျသွားတယ်၊ ထိန်းမထား နိုင်သေးဘူးလို့ ဆိုလိုတာပေါ့၊ ပထမဆုံး ရောက်လိုက်တဲ့ အချိန်က ထိန်းမထားနိုင်ဘူး၊ အဲဒီ ဈာန်ဆိုတာလည်း ဇောပဲ၊ ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ ဆိုတာက မဟာကုသိုလ်ဇော၊ မဟာကုသိုလ်ဇောက ကာမအနွယ် ကာမာဝစရစိတ်၊ ဈာန်ဆိုတာကျတော့ မဟဂ္ဂုတ်စိတ်၊ မဟဂ္ဂုတ် အနွယ်၊ အနွယ်ချင်း မတူဘူးလို့ ပြောတာနော်။

အဲဒီဈာန်ဆိုတာ attainment လို့ခေါ်တယ်၊ ရရှိလာတဲ့ အကျိုးပဲ၊ ကာမာဝစရစိတ် ဆိုတာကတော့ ကိုယ့် မွေးရာပါလို့ ပြောရမှာပေါ့၊ မဟာကုသိုလ်စိတ်ဆိုတာ မွေးရာပါလို့ ပြောလို့ရပါတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ရိုးရာအားဖြင့် ဖြစ်လို့ပဲ။ ဒါနကောင်းမှု ပြုရင်လည်း ဖြစ်တယ်၊ အသိဉာဏ် ပါလာလို့ရှိရင် သီလဆောက်တည် တဲ့အခါ ဖြစ်တယ်၊ ကမ္မဋ္ဌာန်းဘာဝနာ ပွားတဲ့အခါဖြစ်တယ်၊ သို့သော် အဆင့်မြင့်လာပြီး ဈာန်ဘက်ကို ဦးတည်သွားပြီ ဆိုလို့ရှိရင် ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ လို့ လေးကြိမ်ဖြစ်ပြီးတာနဲ့ တစ်ပြိုက်နက် အဆင့်မြင်တဲ့ ဈာန်ဆိုတဲ့ ဒီစိတ်ဓာတ်တစ်မျိုးက ထပ်ပြီး တော့ ပေါ်လာတယ်၊ ပေါ်လာပြီးရင် ထိန်းမထားနိုင်လို့ ပျောက်သွားတယ်၊ ပျောက်သွားသည့် အတွက်ကြောင့် ဒီလမ်းကြောင်းအတိုင်း ထပ်ပြီးတော့ လျှောက်တယ်၊ ဒီလမ်းကြောင်းအတိုင်း ထပ်ပြီး လျှောက်လိုက်တဲ့အခါ ပြန်ပြီးတော့ ဒီအဆင့်ကို နောက်အကြိမ်မှာ အောင်မြင်လာပြီ ဆိုရင် ဈာန်ကို ထိန်းလာနိုင်တယ်ပေါ့။

ဈာန် ဈာန် ဈာန် ဈာန်တွေချည်းပဲ ဆက်ဖြစ်နေအောင် ထိန်းထားပြီး နောက်ပိုင်းကျတော့ အလေ့အကျင့် ရသွားပြီဆိုရင် ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ ဆိုတဲ့ ကာမာဝစရ မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ဇော ၄-ကြိမ် စောပြီးတာနဲ့ တစ်ပြိုက်နက် နောက် ဈာန်ဆိုတာ ၁-နာရီလို့ အဓိဋ္ဌာန်ထားရင် ၁-နာရီတိတိ ဈာန်တွေချည်းပဲ နေလို့ရတယ်၊ ထိန်းသွားလို့ရတယ်။

နောက်ထပ်ပြီးတော့ လေ့ကျင့်တယ်၊ လေ့ကျင့်ပါ များသွားတဲ့ အခါကျတော့ နာရီဝက် ထိန်းသွားနိုင်တယ်၊ ၁-နာရီ ထိန်းနိုင်တယ်၊ တစ်နေ့လုံး လုပ်ထားလို့ ရတယ်၊ လေ့ကျင့်ခန်း ယူတာလေ၊ physical exercises လုပ်တဲ့အခါမှာ လုပ်လို့ ရသလိုပဲတဲ့၊ mental exercises ကလည်း လေ့ကျင့်ပြီး ယူလို့ရတယ်လို့ ပြောတာ၊ အဲဒီ စိတ်ကလေးကို ၁၂-နာရီ ထိန်းလို့ရတယ်၊ တစ်နေ့တာ ထိန်းလို့ရတယ်၊ ဟော - ဈာန်စိတ်ကလေးနဲ့ နေနေတာ၊ အဲဒါကို “ဈာန်ဝင်စားတယ်” လို့ ပြောကြတယ်။

အဲဒီ ဈာန်မျိုး အဆင့်မမီတဲ့ ပုဂ္ဂိုလ်တွေက စာလေးတစ်ကြောင်း ရေးရင် ဈာန်ဝင်စားနေတယ်လို့ ပြောနေကြတာနော်၊ အလုပ်ကလေးတစ်ခုကို ဈာန်ဝင်စား နေတယ်လို့ ပြောနေကြတာနော်၊ တကယ် ဈာန်နဲ့ အဝေးကြီးနော်၊ တွေးချင်ရာ တွေးနေပြီးတော့ ဈာန်ဝင်စားတယ်လို့ ပြောလို့ ဘယ်ရမလဲ၊ ဟိုက အာရုံ ၁-ခုလေးအပေါ်မှာ တည်ငြိမ်ပြီးတော့ နေတာ။

“ဈာန” ဆိုတဲ့ အဓိပ္ပာယ်က အနီးကပ် ရှုမှတ်ပြီးတော့ အာရုံနဲ့စိတ် ကပ်နေတဲ့ သဘောကို ပြောတာ၊ တစ်နည်းအားဖြင့် “ဈာန” ဆိုတာ ဆန့်ကျင်ဘက် နီဝရဏ တရားတွေကို လောင်ကျွမ်းပစ်လိုက်တယ်၊ ဖျက်ဆီး ပစ်လိုက်တယ်လို့ အဓိပ္ပါယ် ရတယ်၊ အဲဒီဈာန ဆိုတာ ဘယ်သူ့ကို ခေါ်တာတုန်းဆိုရရင် ခုနက ဈာန် အင်္ဂါ ၅-ပါး၊ Unity of Jhana factor ကိုပြောတာ။ အဲဒီ ၅-ခုနဲ့ ထိန်းထားလိုက်တာတဲ့၊ ဒါ စိတ်ကိုလေ့ကျင့်တဲ့ ဖြစ်စဉ်ဟာ အဲဒီပုံစံနဲ့သွားလို့ ပြောတာနော်။

ပထမဆုံးရတဲ့ အချိန်မှာ ဈာန် ၁-ကြိမ်ပဲ ဖြစ်တယ်၊ ဒုတိယ တတိယ အောင်မြင်သွားပြီ ဆိုတဲ့အခါ ဆက်လက် ထိန်းတဲ့အခါမှာ အကြိမ်နဲ့ မပြောတော့ဘူး၊ ၁-နာရီကြာ ဖြစ်မယ်၊ ၁-ရက်ကြာမယ်၊ ဟုတ်လား အကြိမ်ဆိုရင် ပြောလို့ မရတော့ဘူး၊ ဘာဖြစ်လို့တုန်း ဆိုတော့ လက်ဖျစ် တစ်တွက် အတွင်းမှာ ကုဋေ တစ်သိန်းခန့် ဖြစ်နိုင်တာကိုး၊ ဈာန်စိတ်တွေချည်းပဲ ဆက်လက်ဖြစ်တာကို ဈာန် ဝင်စားနေတယ်လို့ ပြောတာ။ အဲဒီနေရာမှာလည်းပဲ လေ့ကျင့်ခန်းတွေ အများကြီး လုပ်ရတယ်၊ အဲဒီ လေ့ကျင့်ခန်းတွေ အများကြီးလုပ်လို့ စွမ်းရည်သတ္တိတွေ ပြည့်လာတာကို “ဝသီဘော်” လို့ ခေါ်တယ်နော်။

ဝသီဘော် ဆိုတာ ဝသီဘာဝ က လာတာ။ ဝသီဘာဝမှာ ဝသ ဆိုတာ စွမ်းရည်သတ္တိ၊ စွမ်းရည်သတ္တိရှိတာကို ဝသီဘာဝ၊ မြန်မာလို ဝသီဘော်လို့ ပြန်လိုက်တဲ့အခါကျတော့ အဓိပ္ပါယ် မပေါ်ဘူးပေါ့၊ စွမ်းရည်သတ္တိတွေ ရလာအောင် လေ့ကျင့်ယူတာ၊ အားကစားသမား တွေလည်း လေ့ကျင့်တာပဲ မဟုတ်လား? မလေ့ကျင့်ဘဲနှင့် စွမ်းရည်တွေ ရလာတာ မဟုတ်ဘူး၊ သူတို့မှာ အမြဲ လေ့ကျင့်နေရတာ၊ အဲဒီလိုပဲ ဈာန်ဝင်စားတဲ့ ပုဂ္ဂိုလ်ကလည်း လေ့ကျင့်ရတယ်။

လေ့ကျင့်တဲ့အခါ …

‘အာဝဇ္ဇန’ - ခဏလေး ဆင်ခြင်ရုံနဲ့ အမြန်ဆင်ခြင်လို့ရတဲ့ နည်းစနစ်၊ စိတ် သွက်လက်လာအောင် လေ့ကျင့်ပေးရခြင်း၊

‘သမာပဇ္ဇန’ - ကိုယ်ဝင်စားချင်တဲ့အချိန် ဖျတ်ခနဲ ဝင်စားလို့ရအောင် လေ့ကျင့် ရတယ်၊

‘အဓိဋ္ဌာန’ - ကိုယ့်စိတ်ထဲမှာ ပိုင်းခြားထားတဲ့ အချိန်အတိုင်း လုပ်လို့ရအောင် လုပ်ရတယ်၊

‘ဝုဋ္ဌာန’ - ကိုယ် ထ,ချင်တဲ့အချိန်၊ ရုပ်သိမ်းချင်တဲ့ အချိန် ထလို့ရအောင် လေ့ကျင့်တယ်။ (ထချင်တဲ့ အချိန်ဆိုတာ ဈာန်ဝင်စားမှုကို ရပ်တန့်တာကို ပြောတာနော်၊) ရပ်တန့်ချင်တဲ့ အချိန်ရပ်လို့ရအောင် လေ့ကျင့်တာ၊ အရှိန်အဟုန်နဲ့ ပြေးနေတာ၊ ရပ်ချင်တယ်ဆိုတာ ချက်ချင်းရပ်လို့ ဘယ်ရမလဲ၊ လေ့ကျင့်ပေးလို့ရှိရင် ချက်ချင်း ရပ်လို့ရတယ်၊ ဥပမာ ၁-နာရီတိတိ ဝင်စားတယ် ဆိုရင် ၁-နာရီတိတိ အချိန်မှာ ထနိုင်အောင် လေ့ကျင့်ခန်းတွေ အများကြီး ယူရတယ်။ ယူလိုက်တဲ့အခါ ၁-နာရီက နေပြီးတော့ ၁-နာရီ အသံကလေး ဒင်ကနဲ ကြားလိုက်တာနဲ့ တစ်ပြိုင်နက် ဈာန်ကလည်း ရပ်ပစ်လိုက်တာ၊ ရပ်ပစ်လိုက်တဲ့ အခါကျတော့ ပင်ကိုယ်စိတ်တွေ ပြန်ဝင်လာတယ်ပေါ့၊ ဒီလို ဆိုလိုတာ၊ အဲဒါကို ‘ဝုဋ္ဌာနဝသီဘော်’ လို့ခေါ်တယ်။

ဆင်ခြင်မှု သွက်လက်တာက “အာဝဇ္ဇန”၊
ဝင်စားတာ သွက်လက်တာက စွမ်းရည်သတ္တိ ရှိတာက “သမာပဇ္ဇန”၊
အဓိဋ္ဌာန်တဲ့အတိုင်း ဖြစ်တာက “အဓိဋ္ဌာန”၊
ချက်ချင်း ရပ်တန့်နိုင်တာက “ဝုဋ္ဌာန”၊
နောက် “ပစ္စဝေက္ခဏ” ဆိုတာ ကိုယ်ဝင်စားတဲ့ဈာန်ကို ပြန်ပြီးတော့ ဆင်ခြင်တာ တွေးတောတာ၊

စွမ်းရည်သတ္တိတွေ၊ အပြည့်အဝ ရတယ်၊ အဲဒီလို လေ့ကျင့်ယူတာ၊ ဒါ - စိတ်ကို အာရုံနဲ့ လေ့ကျင့်တယ် ဆိုတဲ့ ဒီ နည်းစနစ်ကို ပြောတာနော်၊ ဒါတွေလည်းပဲ စိတ်ဖြစ်စဉ်ထဲမှာ ပါတာပဲ၊ မလေ့ကျင့်ရင် အဲဒီ အဆင့်အတန်းမျိုး ဘုန်းကြီးတို့တတွေ မရောက်နိုင်ဘူးတဲ့။

ဒုတိယဈာန် ဖြစ်ပုံ

ကဲ - ကောင်းပြီ၊ အခုလို ပထမဈာန် အဆင့် ရသွားပြီဆိုရင် ရှေ့ကို ဆက်သွားစရာ လမ်းကြောင်း ရှိသေးလား ဆိုရင် ရှိသေးတယ်၊ ဆက်သွားချင်သေးတယ် ဆိုရင် သွားလို့ ရသေးတယ်၊ သမာဓိ စွမ်းအားတွေကို တိုးမြှင့်ဖို့ရန် ဘာလုပ်ရမလဲ၊ ခုနက ပထမဈာန်ဆိုတာ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဆိုတာ ဒီ ၅-ခုနဲ့ ဖွဲ့စည်းထားတာ အဲဒီထဲမှာ ဝိတက် ဆိုတာ စိတ်ကို အာရုံပေါ် တင်တင်ပေးနေတဲ့ သဘောလေး၊ မြန်မာလို ဆိုတော့ တွေးပေးနေတဲ့ သဘော။ အဲဒီ တွေးနေ ရတာကိုက စိတ်ရဲ့လှုပ်ရှားမှု၊ သမာဓိရဲ့ အနှောင့်အယှက် ဖြစ်တယ်လို့ မြင်လာတယ်၊ ဒီအတွေး မပါရင် ကောင်းမှာပဲ၊ ဒီအတွေးက အာရုံပေါ်မှာ တင်တင်ပေးနေရတာ အနှောင့်အယှက်ဖြစ်တယ်။ အတွေး ပျောက်အောင် သမာဓိစွမ်းအားတွေ တိုးမြှင့်လိုက် တဲ့အခါ အဲဒီ ဝိတက်လေး ပြုတ်ကျသွားပြီး ဝိတက်လေး မပါဘဲနဲ့ အာရုံနဲ့စိတ် တွေ့သွားတယ်၊ ဝိတက်ဆိုတဲ့ အင်္ဂါကို ဖယ်ရှားပစ်လိုက်တာ၊ ဝိတက် ပြုတ်သွားလို့ ဒုတိယဈာန်အဆင့်လို့ ခေါ်တယ်။

ဒုတိယဈာန်အဆင့် ရောက်တဲ့အခါ ဝိတက်ရဲ့ လှုပ်ရှားမှုလေးက ငြိမ်ကျသွားတယ်၊ ငြိမ်ကျသွားပြီး စိတ်နဲ့အာရုံ ကွဲမသွားအောင် တွဲပေးထားတဲ့ ဝိစာရသာ ရှိတော့တယ်၊ ဝိစာရရယ် ပီတိရယ် သုခရယ် ဧကဂ္ဂတာရယ် အဲဒီ ၄-ခုနဲ့ ဖွဲ့စည်းလိုက်တဲ့အခါ လှုပ်ရှားမှု တော်တော်လေး ငြိမ်ကျသွားတယ်၊ အဲဒါဟာ ဒုတိယဈာန် အဆင့်လို့ ခေါ်တယ်၊ သမာဓိစွမ်းအား ထက်လာသည့် အတွက်ကြောင့် သမာဓိကြောင့် ဖြစ်ပေါ် လာတဲ့ ချမ်းသာသုခ - “သမာဓိဇ ပီတိသုခ”၊ ခုနတုန်းက “ဝိဝေကဇ ပီတိသုခ” - ကာမဂုဏ်အာရုံတွေက လွတ်သွားတဲ့ ချမ်းသာသုခ၊ အခုဟာကျတော့ “သမာဓိဇ ပီတိသုခ” - သမာဓိ စွမ်းအားကြောင့် ရရှိလာတဲ့ ချမ်းသာသုခလို့ ဖြစ်ပေါ်လာတယ်။

အင်္ဂါ ၃-ခုနဲ့ ဒုတိယ (တတိယ) ဈာန်

အဲဒီနေရာမှာ တချို့ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ဝိတက်နဲ့ ဝိစာရ ၂-ခုစလုံးကို တစ်ခါတည်း ကျော်ပစ်လိုက် နိုင်တာလည်း ရှိတယ်၊ (များသောအားဖြင့် သုတ္တန် ပါဠိတော်တွေမှာ စတုက္ကနည်း လို့ခေါ်တဲ့ ဈာန် ၄-မျိုးပဲ ပြတယ်၊ ဈာန် ၅-မျိုး မပြဘူး၊) ဝိတက်နဲ့ ဝိစာရက သဘောချင်းတူတယ်၊ အာရုံပေါ်မှာ တင်ပေးထားတယ်, တင်ပေးထားတဲ့အတိုင်း ကွာမသွားအောင် ထိန်းပေးထားတယ် ဆိုတာ ဒါတွေ အနှောင့်အယှက် ဖြစ်တယ်လို့ ဆိုပြီး ဒီ ၂-ခုကို ဖယ်ရှား ပစ်လိုက်တယ်၊ ဒုတိယဈာန် အဆင့် ရောက်သွားတယ်။

ဒုတိယဈာန်အဆင့် ရောက်သွားလို့ရှိရင် ပီတိ သုခ ဧကဂ္ဂတာ ဆိုတဲ့ ဒီစိတ်အခြေအနေ ၃-ရပ်နဲ့ပဲ ကျေနပ်ပြီးတော့ နေတယ်၊ ဒါကျတော့ “သပ္ပီတိက သုခ” လို့ ခေါ်တယ်၊ ပီတိပါတဲ့ ချမ်းသာကို ခံစားရတယ်၊ အဲဒါကို တတိယဈာန် အဆင့်လို့လည်း ပြောလို့ ရသွားတယ်နော်၊ ပီတိပါနေသေးတော့ တတိယဈာန်အဆင့်လို့ ဒီလို ပြောလိုက်တယ်၊ တစ်ခါ ပီတိရဲ့ သဘောကို ဈန်ရ,ထားတဲ့ တတိယဈာန် အဆင့်လို့ ဒီလို ပြောလိုက်တယ်။

တတိယဈာန် ဖြစ်ပုံ

တစ်ခါ ပီတိရဲ့ သဘောကို ဈာန်ရ,ထားတဲ့ ပုဂ္ဂိုလ်က ဆင်ခြင်သုံးသပ် လိုက်တဲ့အခါမှာ ပီတိဆိုတာ စိတ်ပျော်ပြီးတော့ လှိုက်လှိုက်လဲှလှဲ ဖြစ်နေတာ၊ တသိမ့်သိမ့်နဲ့ ခန္ဓာကိုယ်ထဲမှာ ဖြစ်တတ်တာ၊ စိတ်မှာ ဖြစ်တတ်တဲ့ လှုပ်ရှားမှုကလေး တစ်ခု ဖြစ်နေတယ်၊ ဒါဟာလည်း သမာဓိ စွမ်းအားကို တစ်ဖက် တစ်လမ်းကနေ အနှောင့်အယှက် ပေးနေသလို ဖြစ်တယ်ပေါ့၊ ဟုတ်ကဲ့လား? ဒီ ကျေနပ်နေတဲ့ ပီတိလေးက သမာဓိစွမ်းအားကို အနှောင့်အယှက် ပေးနေသလိုဖြစ်လို့ ပီတိကို မလိုချင်တော့ဘူး၊ နောက်ထပ် ပီတိ မဖြစ်ချင်အောင် သမာဓိစွမ်းအား တိုးမြှင့်လိုက်တဲ့အခါ စတုတ္ထအကြိမ်မှာ သုခ ဧကဂ္ဂတာ ဆိုတဲ့ ဟောဒီ အင်္ဂါ ၂-ရပ်နဲ့ ဈာန်ကို ဖွဲ့စည်း ရပ်တည်သွားတယ်၊ ခုနက ပြောခဲ့တဲ့ အာရုံလေး ပေါ်မှာပဲနော်၊ ခုနက သြဒါတကသိုဏ်း အာရုံလေးပေါ်မှာ ဟောဒီလို ပြောင်းလဲ ပြောင်းလဲ ပြီးတော့ လုပ်သွားတာ၊ အဲဒါကျတော့ “နိပ္ပီတိက သုခ” လို့ ခေါ်တယ်၊ “ပီတိမဲ့ ချမ်းသာ”၊ ချမ်းသာ တာက ပီတိရှိတဲ့ ချမ်းသာက တစ်မျိုး၊ ပီတိ ကင်းမဲ့တဲ့ ချမ်းသာက တစ်မျိုးတဲ့၊ ဒါတွေက လူတွေ နားလည်ဖို့ အင်မတန် ခက်တယ်ပေါ့၊ ဘာဖြစ်လို့တုန်း ဆိုရင် သာမန် နေ့စဉ်မှာ ခံစားဖို့ရန် ခက်ခဲတဲ့ အရာတွေပေါ့။

စတုတ္ထ (ပဉ္စမ) ဈာန် ဖြစ်ပုံ

အဲဒီ ပီတိမဲ့ချမ်းသာကို ရလာပြီ ဆိုတဲ့အခါ အဲဒီပုဂ္ဂိုလ်က စဉ်းစားတယ်၊ အဲဒီ ချမ်းသာ နေတာကိုက ခန္ဓာကိုယ်မှာ တသိမ့်သိမ့်လေး ဖြစ်နေတယ်၊ ခန္ဓာကိုယ်ရဲ့အေးချမ်းမှု၊ စိတ်ရဲ့အေးချမ်းမှုလေး ဖြစ်နေတယ်။ တစ်နည်းအားဖြင့် ချမ်းသာဟာ လှုပ်ရှားမှုကလေး ဖြစ်နေသေးတယ်၊ ဖီလင်က သိသာ နေသေးတယ်ပေါ့၊ ဒီ သိသာနေတဲ့ ဖီလင်ကို မလိုချင်ဘူးတဲ့၊ လုံးဝကို ငြိမ်သွားတာကို လိုချင်တယ်။ ဒါကြောင့် သုခကို ဖယ်ရှားဖို့ ကြိုးစားလိုက်တဲ့အခါ စတုတ္ထဈာန် (သို့မဟုတ်) ပဉ္စမဈာန်အဆင့်ကို ရောက်သွားပြီ၊ ဝေဒနာဆိုတာ လုံးဝဖယ်ရှားလို့ မရသည့် အတွက်ကြောင့်ဝေဒနာကို reduce လုပ်လိုက်တဲ့အခါ “ဥပေက္ခာ” ဖြစ်သွားတယ်ပေါ့၊ ဟုတ်ကဲ့လား?

ဥပေက္ခာဆိုတာ “အဒုက္ခ မသုခ” = ချမ်းသာတာလည်း မဟုတ်ဘူး၊ ဆင်းရဲတာလည်း မဟုတ်ဘူး” တဲ့၊ ကိုယ့်ဟာကိုယ် ဥပေက္ခာ အရသာလေး ခံစားကြည့်ပေါ့၊ လူတွေ တစ်ခါတစ်လေကျ ပျော်တာလည်း မဟုတ်၊ ပျင်းတာလည်းမဟုတ် - ရှိတယ် မဟုတ်လား? ဝမ်းသာတာလည်း မဟုတ်၊ ဝမ်းနည်းတာ လည်း မဟုတ် ဆိုတာ စပ်ကြားကလေး ခံစားနေတာ တည်ငြိမ်တဲ့ ခံစားမှုလေး။ အဲဒီမှာ ဥပေက္ခာ ဖြစ်လာတဲ့အခါ ဥပေက္ခာပါရိသုဒ္ဓိ - ဥပေက္ခာနဲ့ တည်ငြိမ်တဲ့ ချမ်းသာကို ခံစားရတယ်။

ရှေ့ပိုင်းက သမာဓိရဲ့ စွမ်းအားနဲ့ အနှောင့်အယှက် ဖြစ်တဲ့ ဝိတက်ကို ဖယ်ရှား လိုက်တယ်၊ ဝိစာရ ကိုလည်း ဖယ်ရှားလိုက်တယ်၊ ပီတိကိုလည်း ဖယ်ရှားပစ်လိုက် တယ်၊ သုခကိုလည်း ဖယ်ရှား ပစ်လိုက်တယ်၊ သမာဓိရဲ့ စွမ်းအားတွေက ပိုမို တက် မသွားဘူးလား? လုံးဝ အနှောင့်အယှက် ကင်းသွားတော့ တည်ငြိမ်မှု တစ်ခုတည်း ရပ်တည်နေတယ် တဲ့။ ဥပေက္ခာဆိုတဲ့ ခံစားမှုက မထင်ရှားတဲ့ ခံစားမှု၊ တည်ငြိမ်တဲ့ ခံစားမှုနဲ့ ရပ်တည်နေသည့် အတွက်ကြောင့် စတုတ္ထ (သို့) ပဉ္စမဈာန် အဆင့်ဟာ လုံးဝ အဆင့်မြင့်သွားတယ်၊ အမြင့်ဆုံး အဆင့် ရောက်သွားပြီတဲ့။

ဒီထက်ပိုပြီးတော့ reduce လုပ်လို့ မရတော့ဘူးတဲ့၊ စိတ်က ဒီထက်ပိုပြီးတော့ လုပ်ပစ်လိုက်လို့က မရဘူးတဲ့၊ ဝေဒနာကို လုံးဝ ကင်းအောင် လုပ်လို့ မရဘူးနော်။ အေး - ဒီနေရာမှာ “ဥပေက္ခာ ဧကဂ္ဂတာ ၂-ခုနဲ့ ဖွဲ့စည်းထားတဲ့ စတုတ္ထ (သို့) ပဉ္စမဈာန် အဆင့် ရောက်လာပြီဆိုရင် သမာဓိစွမ်းအား တွေ အလွန် အားကောင်းတယ်၊ အလွန် အားကောင်းသည့် အတွက်ကြောင့် ဒီနေရာမှာ “အဘိညာဉ်” ဆိုတဲ့ တန်ခိုးတွေကို ဖြစ်ပေါ်စေနိုင်တယ်။

သမာဓိ စွမ်းအားနဲ့ စိတ်ညွှတ်လိုက်ရင် ဖြစ်လာတယ်။ ဆိုပါစို့၊ ငါထိုင်နေတဲ့ မြေကြီးအောက်မှာ ဘာတွေရှိသလဲ? ကြည့်ချင်လာတယ်၊ ကြည့်ချင်လာပြီဆိုရင် သူက ဒိဗ္ဗစက္ခုပရိကံ လုပ်လိုက်ရင် မျက်စိအမြင်တစ်မျိုး ရတယ်၊ အဘိညာဉ် အမြင်တစ်မျိုး ရလာတယ်၊ သို့မဟုတ် သိပ်ဝေးတဲ့ နေရာက အရာကို လှမ်းကြည့်ချင်တယ်၊ တောင်ကြီး တစ်တောင်ထဲမှာ ဘာတွေရှိတုန်း? ကြည့်ချင်တယ်၊ ငရဲဆိုတာ ရှိလား ကြည့်ချင်လာတယ်၊ နတ်ပြည် ဆိုတာရှိလား ကြည့်ချင်လာတယ်၊ တာဝတိံသာ နတ်ပြည်ဆိုတာ ဘယ်နားမှာတုန်း ရှာကြည့်ချင်လာတယ်၊ ဗြဟ္မာတွေဆိုတာ ရှိသလား ကြည့်ချင် လာတယ်၊ ဒိဗ္ဗစက္ခုဆိုတဲ့ အဘိညာဉ်တစ်ခု ရလာပြီး စိတ်ညွှတ်လိုက်ရင် မြင်နိုင်တယ်။

ဒိဗ္ဗစက္ခု ရတဲ့အခါမှာ ဒီအတိုင်း ကြည့်လို့ ရမလားဆိုရင် ဒီအတိုင်း ကြည့်လို့တော့ မရဘူး၊ စနစ်တကျ အလုပ်လုပ်ရတယ်၊ ဘယ်အရာပဲဖြစ်ဖြစ် စနစ်ကျမှ ရတယ်။ ညမှောင်ကြီးထဲ ကြည့်ချင်ရင် ဓာတ်မီး လေးနဲ့ ထိုးကြည့်ရယ် မဟုတ်လား၊ အမှောင်ကြီးထဲမှာ မျက်စိက မြင်ရရဲ့လား? ကိုယ်ကြည့်ချင်တဲ့ အရာ ခပ်လှမ်းလှမ်းကို လှမ်းကြည့်ချင်ရင် ဓာတ်မီးနဲ့ ထိုးကြည့်ကြတယ် မဟုတ်လား?။

အဲဒီမျိုးလိုပဲ ဒိဗ္ဗစက္ခု အဘိညာဏ်ရတဲ့ ပုဂ္ဂိုလ်ဟာလည်း တောင်ကြီးထဲမှာ ဘာရှိတုန်း ကြည့်ချင်ရင် အဲဒီ ကိုယ်ကြည့်ချင်တဲ့ တောင်ထဲကို အလင်းရောင် ဖြန့်ရတယ်၊ ဓာတ်မီးထိုးတဲ့ သဘောပဲ၊ အဲဒါ ဖြန့်လိုက်တဲ့အခါမှ လင်းနေတဲ့ နေရာတွေကို အကုန်ကြည့်လို့ရတယ်၊ အဲဒီ လင်းတဲ့နေရာ အတိုင်း အတာလည်း ကိုယ့်စိတ်တိုင်းကျ လုပ်လို့ရတယ်၊ တစ်တောင်လုံး လင်းချင်သလား သို့မဟုတ် ကိုယ်ကြည့်ချင်တဲ့ နေရာပိုင်းလောက်ပဲ လင်းချင်သလား? လောကကြီးတစ်ခုလုံး လင်းသွားအောင် လုပ်ပြီးတော့ အကုန်လုံးကြည့်မှာလား ဆိုတဲ့အပေါ်မှာ မူတည်တယ်။

ကိုယ်ထိုင်နေတဲ့ မြေကြီးအောင် ဆိုလို့ရှိရင်လည်း ကိုယ်ထိုင်နေတဲ့ နေရာ ကွက်ကွက်ကလေး အလင်းရောင် ဖြန့်မယ်ပေါ့၊ ဟော ဒါကျတော့ သူ့ရဲ့ဆန္ဒ သူ့ရဲ့ wish အတိုင်း သွားမှာပဲနော်၊ သို့သော် အလင်းရောင် မပါဘဲနဲ့ ဒိဗ္ဗစက္ခုဆိုတာ မဖြစ်ဘူးတဲ့၊ အဲဒီတော့ ဒိဗ္ဗစက္ခုအဘိညာဏ်နဲ့ ကြည့်ချင်ရင် ပဉ္စမဈာန်ဝင်စား အလင်းရောင်ဖြန့်၊ အဘိညာဏ်နဲ့ ဖန်ဆင်း၊ ဖန်ဆင်းလိုက်လို့ရှိရင် ခုန ကိုယ် ကြည့်ချင်တာတွေ ကြည့်လို့ရတယ်။

နားနဲ့ရော၊ နားကျပ် မလိုဘူး၊ ဒိဗ္ဗသောတနဲ့ သိကြားမင်းက တာဝတိံသာ နတ်ပြည်မှာ အစည်းအဝေးလုပ်နေရင် ဘာတွေ ပြောနေတာလဲလို့ နားထောင်ကြည့်ချင် ကြည့်လို့ရတယ်၊ ဟုတ်လား? နတ်ပြည်မှာ ဘာတွေ ပြောနေကြသလဲလို့ နားထောင် ချင်တယ် ဆိုရင် ဘယ်လောက် ဝေးတဲ့ နေရာပဲဖြစ်ဖြစ် ခုန သမာဓိတွေကို မြှင့်တင် လိုက်တာ၊ မြှင့်တင်လိုက်တဲ့အခါ ကိုယ် သတ်မှတ်ထားတဲ့ နယ်ပယ်အတွင်းမှာရှိတဲ့ အသံတွေကို ကြားလာရတယ်၊ ကိုယ်ကြားချင်တာတွေ ကြားလာတယ်၊ ဒါကို “ဒိဗ္ဗသောတ အဘိညာဏ်” လို့ ခေါ်တယ်။

ဣဒ္ဓိဝိဓ အဘိညာဉ်ဆိုတာ တန်ခိုးအမျိုးမျိုး ဖန်ဆင်းတာ၊ တစ်ယောက်တည်းကနေ နှစ်ယောက် ဖြစ်တယ်၊ နှစ်ယောက်ကနေ သုံးယောက်ဖြစ်တယ်၊ တစ်ယောက်တည်း ကနေ တစ်ထောင်ဖြစ်တယ်၊ ကိုယ်ပွား ဖန်ဆင်းလို့ရတယ်၊ ခုခေတ်လည်း အဲဒါမျိုး လုပ်ကြတာပဲလေ၊ ရှေ့ကနေ မှန် ၁-ချပ်ထောင်၊ ဟိုဘက်က မှန် ၁-ချုပ်ထောင်လိုက်ရင် အဲဒါ သိန်းသန်းဘုရား ဆိုပြီး လုပ်ထားကြတာရှိတယ်လေ၊ မှန်တွေထောင်ပြီး ပွားထားတာ၊ အဲဒီ ဣဒ္ဓိဝိဓအဘိညာဉ် ဆိုတာ အဲဒီလို တန်ခိုးနဲ့ ၁-ဦးတည်းကနေ ၂-ဦး ဖြစ်အောင် လုပ်တယ်၊ ပေါ်လာတာကို ပျောက်သွားအောင် လုပ်နိုင်တယ်၊ ပျောက်နေ တာဟာ ဘွားကနဲ ပေါ်လာအောင် လုပ်နိုင်တယ်။ အမျိုးစုံပဲ၊ အဲဒါတွေဟာ စိတ်စွမ်းအားကို ပိုင်ဆိုင်သွားပြီ၊ အဘိညာဉ်တွေ ရပြီဆိုရင် အကုန် လုပ်လို့ရတယ်၊ ဒါလည်းပဲ စနစ်ကျရင် လုပ်လို့ရတယ်၊ စနစ်မကျရင် ဘယ်ဟာမှ မအောင်မြင်ဘူးတဲ့။

မြင်ဖူးကြပါလိမ့်မယ်၊ ရုပ်ရှင်ကားတွေထဲမှာ တရုတ်ပြည်က မဟာတံတိုင်းကြီးကို ဟိုဘက်ဖောက်ပြီး ဝင်သွားတာတွေနော်၊ အဲဒါက ရုပ်ရှင်ထဲ ရိုက်ပြတာ၊ တကယ်ဖြစ်တာ မဟုတ်ဘူး။ အဘိညာဏ်နဲ့က စနစ်တကျ လုပ်ရတယ်၊ တောင်ကြီး ထဲကို ဝင်သွားချင်တယ် ဆိုလို့ရှိရင် ဘာလုပ်မတုန်း၊ ကိုယ်ဝင်မယ့် နေရာကို အပေါက်ဖြစ်အောင် အရင် ဖန်တီးရတယ်၊ အပေါက်မရှိဘဲ ဒီအတိုင်း တိုးဝင်လာလို့ ကတော့ မရတာ သေချာတယ်။ ဝင်ချင်ပြီဆိုလို့ရှိရင် အပေါက်ကို အရင်ဖန်တီး, ဖန်တီးပြီးတော့မှ အဲဒီ အထဲကိုဝင်ရတယ်။

အဲဒီ အဘိညာဉ်တွေနဲ့ ပတ်သက်လာလို့ ရှိရင် ရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်က အလွန် ကြည်ညိုစရာ ကောင်းတယ်၊ ဣဒ္ဓိဝိဓ အဘိညာဉ်ကိစ္စ နေ့တိုင်း လေ့ကျင့်တယ်၊ အားရင် ဒါပဲ လုပ်နေတယ်၊ ဒါကြောင့်မို့ နန္ဒောပနန္ဒ နဂါးမင်းကို ဆုံးမတဲ့အခါမှာ တခြားကိုယ်တော်တွေကို မြတ်စွာဘုရားက ဆုံးမဖို့ ခွင့်မပေးဘူး၊ ဘာလို့တုန်းဆို သူ့လောက်မြန်မြန် မလုပ်နိုင်ကြဘူး၊ တန်ခိုး တော့ ရှိတယ်၊ ရှိပေမယ့်လို့ နှေးနေတယ်၊ နှေးနေရင် ကိုယ်ခံရမှာပဲလေ၊ ရှင်မဟာမောဂ္ဂလာန်လို သွက်လက် ချက်ချာဖို့ လိုတယ်၊ ဘာဖြစ်လို့တုန်းဆို လေ့ကျင့်မှ သွက်လက်တာ၊ ဓားသိုင်းသမား တွေလိုပေါ့၊ အမြဲတမ်း လေ့ကျင့်ရတယ်၊ မလေ့ကျင့်ရင် ကိုယ်ကနှေးလို့ တစ်စက္ကန့် နောက်ကျသွားရင် ကိုယ်ခံလိုက်ရမှာပဲ၊ ဒါကြောင့်မို့ ရှင်မဟာမောဂ္ဂလာန် တစ်ပါးကိုပဲ မြတ်စွာဘုရားက ခွင့်ပြုတယ်။

ဘယ်နေရာမှာ အခက်ဆုံးလဲ ဆိုရင် နဂါးကြီးရဲ့ ပါးစပ်ထဲဝင်ပြီး ပြန်အထွက် “သင် ဘယ်သူလဲ” “ငါ မောဂ္ဂလာန်” “မောဂ္ဂလာန်ဆို ပြစမ်းပါ” ဆိုပြီး အရှင်မောဂ္ဂလာန်ပုံ ဖန်ဆင်းပြရတဲ့ အချိန်ပိုင်း ကလေးမှာ နဂါးက ဖူးကနဲ လေမှုတ်လိုက်တာ၊ အဲဒီအချိန်မှာ မကာကွယ် လိုက်နိုင်ရင် သွားပြီ။ ရဟန္တာပေမယ့် ပြာဖြစ်သွားမှာပဲ၊ အဲဒီ အဆင့်ကလေးဟာ အလွန်မြန်ဖို့ လိုတယ်လို့ ပြောတာနော်။ ရှင်မဟာမောဂ္ဂလာန်က ဒီနေရာမှာ လေ့ကျင့်ထားလို့ အကျွမ်းကျင်ဆုံးပဲ။

မြတ်စွာဘုရားမှာ စွမ်းရည်သတ္တိတွေက အင်မတန်မှ ပြည့်စုံ ထက်သန်သည့် အတွက်ကြောင့် “ထူးမခြားနား သီချင်းကြီး” မှာ မကြာခဏ ကြားဖူးကြလိမ့်မယ်၊ ထူးတယ်၊ သို့သော် အချိန်ပိုင်းဟာ မခြားနားဘူး ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ၊ ထူးတာမှ အလွန့်ကို ထူးတယ်၊ မြတ်စွာဘုရားက ရေ မီး အစုံ ဆန့်ကျင်ဘက်ကို ဖန်တီးပြတဲ့အလုပ်ဟာ အင်မတန် လျင်မြန်မှ လုပ်လို့ရတာပဲ၊ ဝင်စားတဲ့ အဆင့်တွေက တစ်ခုပြီး တစ်ခုလုပ်လို့ရတာ၊ သို့သော် ကြည့်တဲ့ သူရဲ့မျက်စိထဲမှာ တစ်ပြိုင်နက်လို့ ထင်ရလောက်အောင် လျင်မြန်ရတယ်၊ မြတ်စွာဘုရားရဲ့ ပစ္စဝေက္ခဏ ဇောစိတ်ဟာ ၄-ကြိမ်လောက်နဲ့ ပြီးတယ် လို့ပြောတာ၊ ဆင်ခြင်တဲ့ စိတ်ကလေးဟာ ၄-ကြိမ်လောက်နဲ့ပဲ ပြီးအောင် လုပ်လု့ိရတယ်၊ သိပ်မြန်အောင် လုပ်ရတယ်လို့ ဆိုလိုတာ၊ အဲဒီ ရေမီးအစုံ တန်ခိုး ပြာဋိဟာ ပြတာကို “ယမကပြာဋိဟာ”၊ ယမက ဆိုတာ အစုံဆိုတဲ့ အဓိပ္ပါယ်ရတယ်၊ ရေနဲ့မီး အစုံအစုံ ပြတယ်။

ဆိုပါစို့ ဥပမာ - လက်ယာဘက် မျက်လုံးတော်က မီးတွေ ပန်းထွက်နေရင် လက်ဝဲဘက် မျက်လုံးတော်က ရေတွေ ပန်းထွက်နေတယ်၊ လက်ယာဘက် နှာခေါင်းပေါက်က မီးတွေ ပန်းထွက် နေရင် လက်ဝဲဘက် နှာခေါင်းပေါက်က ရေတွေ ပန်းထွက်နေတယ်၊ အဲဒီမှာ ရေထွက်အောင်က အာပေါကသိုဏ်း ဝင်စားပြီးတော့ အဘိညာဉ်နဲ့ ဖန်ဆင်းရတယ်၊ မီးဖြစ်အောင်က တေဇောကသိုဏ်း ဝင်စားရတယ်၊ အာရုံချင်း မတူဘူး၊ လေ့ကျင့်ရတာ၊ အာပေါကသိုဏ်း လေ့ကျင့်မှ ရေထွက်လို့ရတယ်၊ တေဇောကသိုဏ်း လေ့ကျင့်မှ မီးဖန်တီးလို့ရတယ်။

အဲဒါကို စဉ်းစားကြည့်၊ လက်ယာဘက် မျက်လုံးထဲက ရေတွေ ပန်းထွက်နေတယ်၊ လက်ဝဲဘက် မျက်လုံးက မီးတွေ ပန်းထွက်နေတယ်၊ တစ်ပြိုင်နက်လို့ ထင်ရတယ်၊ လက်ယာဘက် မျက်လုံးထဲက မီးတွေ ပန်းထွက်နေတယ်၊ လက်ဝဲဘက် မျက်လုံးက ရေတွေ ပန်းထွက်နေတယ်၊ တစ်ပြိုင်နက်လို့ ထင်ရတယ်၊ ဒီဇော စိတ်အစဉ်တွေဟာ ဘယ်လောက် လျင်မြန်တယ်ဆိုတာ စဉ်းစားကြည့်ပေါ့၊ မြတ်စွာဘုရား တန်ခိုးပြာဋိဟာ ပြတဲ့အခါ အဲဒီအချိန် ကြည့်တဲ့သူက မျက်တောင်ကလေးတစ်ချက် ခတ်လိုက်တာနဲ့ တစ်ပြိုင်နက် ဘယ်နဲ့ညာ ရေမီး ပြောင်းသွားတယ်၊ အဲဒီလောက် ထူးဆန်း အံ့ဖွယ် တန်ခိုးတွေ ပြနိုင်တာဟာ အင်မတန်မှ အစွမ်းထက်လို့ ခုနက စွမ်းရည်သတ္တိတွေနဲ့ လေ့ကျင့်ထားလို့ တဲ့၊ သာမန်ဆိုရင် မရဘူးတဲ့နော်။

ရဟန္တာတွေထဲမှာလည်း ရှင်မောဂ္ဂလာန် တစ်ပါးပဲ တန်ခိုးနေရာမှာ ထက်ထက် မြက်မြက် အကုန်လုံး တစ်ပြိုင်နက် လုပ်လို့ရတာ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေက အဆင့် မမီဘူးတဲ့၊ ဒီလောက်ကြီး မသွက်ဘူးပေါ့၊ မသွက်လို့ရှိရင် ကိုယ်ခံရမယ်၊ အန္တရာယ်တွေ ကြီးတယ်ပေါ့၊ နန္ဒောပနန္ဒ နဂါးမင်းဆိုတာ သာမန် မဟုတ်ဘူး၊ သူကလည်း အတော် အစွမ်းထက်တယ်၊ အစွမ်းထက်လို့ သူနဲ့ ယှဉ်ပြိုင်ပြီးတော့ လုပ်ရတယ် ဆိုတာ အင်မတန်မှ အန္တရာယ်ကြီးတယ်ပေါ့။

အဲဒါ စိတ်ကို အာရုံပေါ်မှာ လေ့ကျင့်ထားလိုက်တဲ့၊ သမထကျင့်စဉ်တွေရဲ့ အထွတ်အထိပ် အဘိညာဉ် ရောက်သွားတဲ့အခါ ဒီလိုဟာမျိုး ဖြစ်တယ်၊ မြတ်စွာဘုရား လက်ထက်က များစွာသော ပုဂ္ဂိုလ်တွေ ဒီလို ထူးခြားတဲ့ စွမ်းရည်သတ္တိတွေကို ရရှိကြတယ်၊ ဘာဖြစ်လို့ ရရှိကြသလဲဆိုရင် စိတ်ကို အာရုံနဲ့ လေ့ကျင့်လို့ပဲ၊ စိတ်ကို အာရုံနဲ့ လေ့ကျင့်ပေးသည့်အတွက်ကြောင့် ဒီလို အနေအထားမျိုးတွေ ရတာ။

စိတ်ဖြစ်စဉ်တွေက တစ်မျိုးစီပဲတဲ့၊ ခုနကလို ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ ဈာန်အဘိညာဉ် ဆိုပြီးတော့ ဖန်ဆင်းပြီးတော့ ဒီလို သွားတာနော်၊ ဒါက သမထ ကျင့်စဉ်အရ လေ့ကျင့်တာကို ပြောတာ။

တစ်ခါ စိတ်ကို ဝိပဿနာ အာရုံနဲ့ လေ့ကျင့်ပုံက တစ်မျိုး၊ ဝိပဿနာ အာရုံနဲ့ လေ့ကျင့်ရမယ်ဆိုရင် ရုပ်နာမ် ဓမ္မ သင်္ခါရ တွေ အပေါ်မှာ စိတ်ကို လေ့ကျင့်ရတယ်။ လေ့ကျင့်ပြီ ဆိုတဲ့အခါမှာ မျက်စိလည်း မှိတ်ထားရမယ်၊ နားလည်း ပိတ်ထားရမယ်၊ ဟုတ်လား? ပိတ်တယ်ဆိုတာ အဲဒီအာရုံတွေကို အာရုံ မပြုရဘူး၊ ဝိပဿနာ ကျင့်စဉ် ဆိုတာ မနောဒွါရမှာ ပိုပြီးတော့ အလုပ်လုပ်လာရတယ်။

သို့သော် ဒွါရ ၅- ပါး က ဝင်လာတဲ့ အာရုံကို မမှတ်ရဘူးလို့ ပြောတာ မဟုတ်ဘူးနော်၊ မျက်စိကမြင်တဲ့ အာရုံလည်း မှတ်လို့ရတယ်၊ ဒါက ရှေ့ပိုင်းက လုပ်တာတွေကို ပြောတာ၊ နားက ကြားရတဲ့ အသံတွေကိုလည်း မှတ်ရမယ်၊ ကြားရင် ကြားတယ် ကြားတယ်မှတ်၊ မြင်ရင် မြင်တယ် မြင်တယ်နဲ့ မှတ်။ အဲဒီ မှတ်တယ် ဆိုတာ သတိနဲ့ သမ္ပဇညကို လေ့ကျင့်နေတာလို့ ခေါ်တယ်၊ အဲဒါ ဆိုရင် လူတွေက ကြားရင် ကြားတော့ ကြားလိုက်တာပဲ၊ တခြား တွေးချင် တွေးနေမှာပဲလေ၊ ကြားတယ် ဆိုတဲ့အပေါ်မှာ သိချင်မှ သိလိုက်တာ၊ ဒါကြောင့် “သတိမမူ ဂူမမြင်” ဆိုတာလေ။ လူဆိုတာက ကြားချင်မှ ကြားလိုက်တာ၊ တစ်ခါတစ်လေ အနီးနား ခေါင်းလောင်း တီးတာတောင်မှ ကြားချင်မှ ကြားလိုက်တာ၊ အတွေးလွန်နေရင် မကြားဘူး။

အဲဒါကြောင့်မို့ ဒွါရ ၅-ပါးမှာ ထင်လာတဲ့ အာရုံတွေကို မှတ်ရင်း မှတ်ရင်းနဲ့ နောက်ဆုံးကျတော့ မနော ဒွါရ မှာ ဝင်လာတဲ့ အာရုံနဲ့ အလုပ် လုပ်သွားတယ်၊ အလုပ် လုပ်သွားတဲ့အခါမှာ ရုပ်နာမ်ဓမ္မ သင်္ခါရတွေရဲ့ သဘာဝလက္ခဏာ (Individual characteristic) ကို ကြည့်ရမယ်၊ နံပါတ် (၁) ရုပ်တရားရဲ့ သဘာဝ လက္ခဏာ, နာမ်တရားရဲ့ သဘာဝလက္ခဏာ၊ ပင်ကိုယ် အရှိအတိုင်း၊ ဆိုပါစို့ - ဖဿဆိုရင် အာရုံနဲ့ ထိတွေ့တဲ့ လက္ခဏာ ရှိတယ်၊ ပထဝီဆိုရင် မာတယ် ပျော့တယ်၊ အာပေါဆိုရင် ဖွဲ့စည်းတယ်၊ အရည်ဖျော်တယ် ဆိုတဲ့ ဒီလက္ခဏာတွေ၊ အဲဒီလက္ခဏာတွေကို ကြည့်တယ်။

သဘာဝ လက္ခဏာကို ကြည့်လိုက်ခြင်းအားဖြင့် ပထဝီကိုလည်း တွေ့တယ်၊ အာပေါကိုလည်း တွေ့တယ်၊ ဖဿကိုလည်းတွေ့တယ်၊ နာမ်တွေထဲက ဝေဒနာ ကိုလည်း တွေ့ပြီ ဆိုတဲ့အခါမှာ အဲဒီ သဘာဝ လက္ခဏာတွေ ပေါ်မှာ အလုပ်လုပ်ရင်း ထပ်ဆင့် တွေ့လာတာက ဘာတုန်းဆိုရင် - မမြဲတဲ့သဘော၊ မမြဲတဲ့သဘောကို အရင်တွေ့လာပြီ ဆိုလို့ရှိရင် မမြဲတဲ့ အရာတစ်ခုသည် ကျေနပ်စရာ မကောင်းသော ကြောင့် ဖြစ်မှု ပျက်မှုကြီးက အမြဲ နှိပ်စက်နေလို့ ဒုက္ခဆိုတဲ့ သဘောကို တွေ့လာတယ်၊ ဒုက္ခဆိုတဲ့ သဘော တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် အနတ္တ - ကိုယ်မပိုင်ဘူး, သူဟာသူ ဖြစ်နေတာ၊ ကိုယ်က အုပ်ချုပ်လို့ မရဘူး ဆိုတဲ့ ကိုယ်မပိုင်တဲ့ အနတ္တသဘော ကိုလည်း တွေ့လာတယ်။

အနိစ္စ ဒုက္ခ အနတ္တလို့ ဆိုတဲ့ လက္ခဏာတွေ တစ်ခုခု မြင်လိုက်တာနဲ့ တစ်ပြိုက်နက် ဝိပဿနာ လမ်းကြောင်းပေါ် စတင်ရောက်သွားပြီလို့ မှတ်ရမယ်၊ ဒါလည်း စိတ်ကို အာရုံနဲ့ လေ့ကျင့်တာပဲ၊ ဝိပဿနာကျင့်စဉ်နဲ့ စိတ်ကို အာရုံနဲ့ လေ့ကျင့်လိုက်တာ၊ အကျယ်တော့ မပြောတော့ဘူး၊ အကျယ် ကတော့ ရိပ်သာတွေမှာ ဟောနေတာပဲနော်။

အဲဒီလို စိတ်ကို အာရုံနဲ့ လေ့ကျင့်ပေးလိုက်တဲ့အခါ ဉာဏ်စဉ်တွေဟာ တစ်ခုပြီးတစ်ခု တက်လာတယ်။ အသိဉာဏ်တွေ ထက်မြက်လာတယ်၊ သမာဓိ စွမ်းအားတွေ ရင့်လာတယ်၊ ဉာဏ်စွမ်းအားတွေ ရင့်လာတယ်၊ နောက်ဆုံးကျတော့ သင်္ခါရတွေ အပေါ်မှာ စိတ်တည်တည် ငြိမ်ငြိမ် ထားနိုင်ပြီး ချစ်ခြင်းမုန်းခြင်း ဆိုတာ ကင်းသွား တယ်။ အဆင့်မြင့်သွားတဲ့ အသိဉာဏ် တစ်မျိုးဖြစ်တဲ့ သင်္ခါရုပေက္ခာ ဆိုတဲ့ ဉာဏ်ရသွားတယ်၊ သင်္ခါရုပေက္ခာဆိုတာ သင်္ခါရတွေ အပေါ်မှာ လျစ်လျူ ရှုနိုင်တယ်၊ သင်္ခါရတွေ အပေါ်မှာ စိတ်ပျက်ခြင်း၊ ငြီးငွေ့ခြင်း၊ မုန်းခြင်း၊ ချစ်ခြင်း ဆိုတာတွေ မရှိတော့ဘဲ သဘာဝကိုသိပြီး စိတ်တည်ငြိမ်မှု ရလာပြီ။ အဲဒီတည်ငြိမ်မှု ရလာပြီ ဆိုတဲ့အချိန်မှာ ဘာတွေလာတုန်း ဆိုရင် - စိတ်အစဉ်လေးက နောက်ဆုံးအဆင့် ရောက်လာပြီ ဆိုလို့ရှိရင် ဝိပဿာနာကျင့်စဉ်နဲ့ လေ့ကျင့် လိုက်ရင် နောက်ဆုံး ရောက်လာမယ့်ဟာ ခုနက ပြင်ဆင်နေတဲ့ ပရိကံဆိုတဲ့ မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇော စောမယ်၊ ဒုတိယဇောက ဥပစာ၊ တတိယဇောက အနုလုံ၊ စတုတ္ထဇောကျတော့ ဂေါတြဘူ ဆိုတာလေး လာပြီးလိုက်လို့ရှိရင် ဂေါတြဘူ လို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် သင်္ခါရတွေ မမြင်တော့ဘူး၊ ချုပ်သွားပြီ၊ သူယူလာတဲ့ အာရုံတွေဟာ ရှေ့ပိုင်းက သင်္ခါရတွေနဲ့ပဲ စခန်းသွားနေတယ်၊ လူ့ရဲ့စိတ်ဟာ အကုန်လုံးသင်္ခါရတွေနဲ့ပဲ စခန်းသွားနေတာ။

အေး - ဂေါတြဘူ ရောက်တာနဲ့ တစ်ပြိုင်နက် သင်္ခါရတွေနဲ့ စခန်း မသွားတော့ဘူး၊ သင်္ခါရတွေ ငြိမ်းတာနဲ့ သွားတွေ့တယ်၊ သင်္ခါရဆိုတဲ့ အာရုံတွေ လွတ်သွားပြီတဲ့၊ လွတ်သွားတော့ နိဗ္ဗာန်ဆိုတဲ့ သင်္ခါရ ကင်းတဲ့ အာရုံတစ်ခု၊ အသစ်အဆန်းတစ်ခုကို လှမ်းမြင်လိုက်ရပြီ၊ အဲဒီ ဂေါတြဘူစိတ် ဖြစ်ပြီး တာနဲ့ တစ်ပြိုင်နက် ဂေါတြဘူက သတ်မှတ်ပေးတဲ့ နိဗ္ဗာန် အာရုံပေါ်မှာ ဘဝသံသရာက အနုသယ ဓာတ်အနေနဲ့ ကိန်းနေတဲ့ ကိလေသာတွေဟာ အဆင့်ဆင့် ငြိမ်းသွားတယ်၊ သောတာပတ္တိမဂ်ဆိုရင် ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ငြိမ်းသွားတယ်။

ဒါကြောင့်မို့ စိတ်ဖြစ်စဉ်ဟာ အဲဒီအတိုင်းပဲ - “ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ, သောတာပတ္တိမဂ်, သောတာပတ္တိဖိုလ်, သောတာပတ္တိဖိုလ်” ၂-ကြိမ် ဖြစ်ပြီးတဲ့အခါ ဇော ၇-ကြိမ် ပြည့်ရင် ချုပ်ငြိမ်း သွားတယ်။

နောက်တစ်ခါပြန်ဝင်စားရင် မဂ်ဆိုတာ မလာတော့ဘူး၊ ဖလသမာပတ် ဝင်စားရင် ဟောဒီ ဝိပဿနာ နဲ့ပဲ သွားရမယ်။ ဒီဖိုလ်ကို ပြန်လိုချင်ပြီ, ဒီအဆင့်ကို ပြန်ရောက် ချင်တယ် ဆိုရင် ဝိပဿနာ လမ်းကြောင်းက ထပ်လျှောက်၊ လျှောက်ရင် “ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ (သို့မဟုတ်) ဝေါဒါန် ပြီးရင် ဖိုလ် ဖိုလ်” ဟော၊ ဖိုလ်စိတ် တွေနဲ့ချည်းပဲ တစ်နေ့လုံး နေတာ၊ ဖိုလ်ဆိုတာ နိဗ္ဗာန်ကို အာရုံပြုတာ၊ ပရိကံ၊ ဥပစာ၊ အနုလုံဆိုတဲ့ စိတ်တွေကတော့ သင်္ခါရအာရုံနဲ့ ဖြစ်တယ်။ ဂေါတြဘူ ဝေါဒါန်က သင်္ခါရချုပ်ငြိမ်းရာ နိဗ္ဗာန်အာရုံကို ယူပေးတယ်။ ဥပမာမယ် လမ်းကြောင်းကြီး တစ်ခုကို လျှောက်လိုက်တာ လမ်းဆုံးသွားတာနဲ့ တစ်ပြိုင်နက် ချိုင့်ကြီး တွေ့တာပဲ၊ ဘာမှ မရှိတော့တာ တွေ့တာပဲ၊ သင်္ခါရ အာရုံတွေပေါ်မှာ လျှောက်လှမ်းသွားရင်းနဲ့ သင်္ခါရတွေ ချုပ်ဆုံးသွားတဲ့ နေရာကို တွေ့သွားတယ်၊ အဲဒါ နိဗ္ဗာန်ပဲ၊ ခန့်မှန်း ပြောဆိုတာ၊ ဟုတ်ကဲ့လား?

ဒါကြောင့်မို့လို့ “သင်္ခါရာနံ အပဝတ္တိမတ္တံ - သင်္ခါရတွေ မဖြစ်ဘဲနဲ့ သင်္ခါရတွေ ချုပ်ငြိမ်းသွားတဲ့နေရာက နိဗ္ဗာန်ပဲ” လို့ ဒီလိုပြောတာနော်၊ ရှေ့ပိုင်းက စိတ်တွေ အားလုံးဟာ သင်္ခါရအာရုံနဲ့ စခန်းသွားနေတာ၊ သင်္ခါရအပေါ်မှာ တွေးနေတဲ့ အတွေးနဲ့ သွားပြီး နောက်ဆုံး အဲဒီ သင်္ခါရအာရုံတွေဟာ တဖြည်းဖြည်းနဲ့ လျော့လျော့ သွားပြီး တော့ နောက်ဆုံး သင်္ခါရအာရုံတွေ ပျောက်သွားတယ်၊ သင်္ခါရ မရှိတဲ့ အာရုံတစ်ခု ရသွားတယ်နော်၊ အဲဒါ ဖိုလ်စိတ်တွေနဲ့ တစ်နေကုန် နေရင်လည်း ဖိုလ်စိတ်တွေ ဖြစ်နေမှာပဲ၊ ထိန်းထားနိုင်တယ်၊ အဲဒါ ဖလသမာပတ် ဝင်စားတယ်လို့ ခေါ်တယ်။

အဲဒီအတိုင်းပဲ သောတာပန်ဖြစ်ပြီးရင် နောက် သကဒါဂါမ် ဖြစ်ဖို့အတွက် ဝိပဿနာ ကျင့်စဉ်ကို တိုးမြှင့်ရမယ်၊ သကဒါဂါမ်ဖြစ်ပြီးရင် အနာဂါမ်ဖြစ်ချင်ရင် ဝိပဿနာ ကျင့်စဉ်ကို တိုးမြှင့်ကျင့်ရမယ်၊ level ချင်း degree ချင်း မတူဘူး၊ အနာဂါမ် ဖြစ်ပြီးရင် ရဟန္တာဖြစ်ဖို့အတွက် ဝိပဿနာစွမ်းအားကို တိုးမြှင့်ရမယ်၊ တိုးမြှင့်တဲ့အခါ ရဟန္တာဖြစ်လောက်တဲ့ ဝိပဿနာစွမ်းအား ရလောက်ပြီ ဆိုလို့ရှိရင် အရဟတ္တမဂ် အရဟတ္တဖိုလ် ရောက်ပြီး နောက်ဆုံးမှာ ရဟန္တာထိအောင် ရောက်သွားတယ်။

ဒါတွေဟာ စိတ်ကို အာရုံနဲ့ လေ့ကျင့်ခြင်းလို့ ခေါ်တယ်နော်၊ စိတ်ကို လေ့ကျင့်လိုက်လို့ ရှိရင် ဈာန်လည်း ရတယ်၊ မဂ်လည်း ရတယ်၊ ဖိုလ်လည်း ရတယ်။ အဲဒီလို လေ့ကျင့်ပြီးတော့ စိတ်ကို အာရုံနဲ့ လေ့ကျင့်သွားနိုင် မှသာလျှင် ဒါတွေ ရနိုင်တယ်၊ သာမန်အားဖြင့်ကတော့ မလေ့ကျင့်ဘူး ဆိုလို့ရှိရင် ဒီ ကာမအာရုံတွေ ထဲမှာပဲ တစ်လည်လည် ဒီလို နေဦးမှာပဲတဲ့၊ ထွက်လမ်းဆိုတာ မရနိုင်သေးဘူး။

ဒါ့ကြောင့်မို့လို့ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့သည် မိမိတို့ရဲ့ စိတ်ကလေးကို ထူးခြားဖို့ရာအတွက် အာရုံတစ်ခုခုနဲ့ ယှဉ်တွဲပြီး အပြစ်ကင်းတဲ့ အာရုံပေါ်မှာ လေ့ကျင့်ခြင်းဖြင့် ဈာန်တရား မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားများကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ။

“အခန်း - ၇”

သတ္တဝါတို့၏ ၃၁-ဘုံ အကြောင်း

ဒီကနေ့ အပိုင်းအားဖြင့် “ဝီထိမုတ်ပိုင်း”၊ အဘိဓမ္မတ္ထ သင်္ဂဟကျမ်း ငါးနံပါတ် ဝီထိမုတ်ပိုင်းကိုပဲ ဘုံပိုင်းလို့ ရှေးတုန်းက ခေါ်ခဲ့ကြတယ်၊ ၃၁-ဘုံ အကြောင်းနဲ့ ပတ်သက်ပြီး သိစရာ အချက်အလက်များ ရှိတယ်၊ သတ္တဝါတွေ မျိုးစုံရှိတဲ့ ၃၁-ဘုံ အကြောင်း၊ ဗုဒ္ဓမြတ်စွာ ဟောကြာတော်မူခဲ့တဲ့ ထိုထို ကျမ်းဂန်တွေမှာ ပါရှိတယ်၊ ၃၁-ဘုံက အဘိဓမ္မကျမ်းမှာတင် ပါရှိတာ မဟုတ်ဘူး၊ မူလပရိယာယ သုတ်မှာလည်း ဘုံတွေ အကြောင်း ပါတာပဲ၊ တခြားသုတ္တန်တွေမှာလည်း ပါတယ်၊ အဘိဓမ္မာ ၇-ကျမ်း မှာ အပါအဝင်ဖြစ်တဲ့ ‘ဝိဘင်္ဂ’ လို့ခေါ်တဲ့ ဝိဘင်းကျမ်းမှာလည်း ဒီဘုံနဲ့ သက်တမ်းတွေ အကြောင်း ရှင်းလင်း ဖော်ပြထားတာ ရှိတယ်။

သို့သော်လည်း မြန်မာနိုင်ငံ မှာတောင်မှ အချို့ပုဂ္ဂိုလ်တွေက ၃၁-ဘုံဆိုတာကို ငြင်းပယ်ချင်ကြတယ်၊ ဘာလို့ ငြင်းပယ်တာလဲဆိုတော့ အကြောင်းပြက မမြင်ရလို့တဲ့။ မြင်ရတာ လူတွေနဲ့ တိရစ္ဆာန်တွေပဲ မြင်ရတယ်၊ ကျန်တာတွေက မမြင်ရလို့၊ မမြင်ရလို့ မရှိစတမ်း ဆိုရင် မမြင်ရတာတွေက အများကြီးပဲ၊ ဟုတ်ရဲ့လား၊ မမြင်ဘဲနဲ့ ရှိနေတဲ့ ဟာ အသံဆိုတာ မြင်ရရဲ့လား၊ “မမြင်ရပါဘုရား”၊ အေး - မမြင်ရဘူး၊ မမြင်ရ ပေမယ့်လို့ အရှိထဲ ထည့်ရတာတွေ လောကကြီးမှာ အများကြီးပဲ။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက တွေ့ဖူးတယ်၊ “၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ” ဆိုပြီး ရေးထားတဲ့စာအုပ်။ အမှန်တော့ ဘုရားက လက်မခံတာ မဟုတ်ပါဘူး၊ သူ လက်မခံတာ၊ တကယ်ကတော့ ရေးသင့်တာ “၃၁-ဘုံဝါဒ ကျွန်ုပ် လက်မခံ” ဆိုရင် တော့ ကောင်းတာပေါ့နော်၊ ဘုရားနာမည်ကို အလွဲသုံးစား လုပ်တယ်လို့ ဒီလို ပြောရမှာ။

အေး - တော်တော်များများက တခြားနိုင်ငံတွေမှာလည်း Buddhism “ဗုဒ္ဓဝါဒ” လို့ ခေါင်းစဉ်တပ်ပြီး ရေးလိုက်တဲ့အခါ ကျတော့ သူတို့ အယူအဆတွေချည်းပဲ ရေးကြတယ်၊ အဲဒါမျိုးတွေ တော်တော် များများ တွေ့နေရတယ်၊ သတိထားစရာ ကောင်းတာပေါ့နော်၊ ရိုးသားဖြောင့်မတ်ဖို့ လိုအပ်တယ်၊ ကိုယ်မကြိုက်တာနဲ့ မရှိဘူးလို့ ပြောလို့မရဘူးတဲ့။

ကိုယ်မမြင်ရလို့ ပြောစတမ်းဆိုလို့ရှိရင် နှစ်ပေါင်း ၂၅၀၀-ကျော်က ပွင့်ခဲ့တဲ့ ဘုရားလည်း ကိုယ် မြင်ရတာမှ မဟုတ်ဘဲကိုး၊ မမြင်ရလို့ လက်မခံဘူးဆိုရင် လက်မခံရမယ့် အကြောင်းတွေ အများကြီးပဲ၊ ဗိုက်ထဲနေတုန်းက ကိုယ့်အဖေလည်း ကိုယ်မြင်ခဲ့တာမှ မဟုတ်ဘဲနဲ့၊ အပြင်ရောက်မှ ဘေးလူတွေက အဖေ လို့ပြောလို့ ကိုယ် လက်ခံနေကြရတာ၊ ဟုတ်တယ်မို့လား၊ အေး ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ ဆိုပြီး အရင်တုန်းက စာအုပ်တစ်အုပ် မြန်မာပြည်မှာ ထွက်ဖူးတယ်၊ တကယ်ကတော့ သူလက်မခံတာပါ။

စာပေကျမ်းဂန်မှာ ကြည့်မယ်ဆိုရင် ထေရဝါဒ ပိဋကတ် သံဂါယနာ ၆-တန်က အသိအမှတ်ပြု လက်ခံထားတဲ့ ကျန်းဂန်တွေထဲမှာ ၃၁-ဘုံဆိုတာ အတိအလင်း ပါရှိပြီးသား ဖြစ်တယ်၊ ထိုထို ဘုံတွေရဲ့ အကြောင်းကို ရေးသားထားတာ အကြောင်း အားလျော်စွာ ပေါ့နော်၊ တချို့လည်းပဲ လူတွေကို “ဘုံပိုင်းနဲ့ မြှောက်တယ်” လို့ ဒီလို ထင်ကြသေးတယ်၊ ဘုံ ဆိုတာ သူ့ဟာသူ ရှိနေတာ၊ မြှောက်စရာ အကြောင်းလည်း မဟုတ်ဘူးနော်၊ “ဘုံဆိုတာ သတ္တဝါတို့ရဲ့ ဖြစ်ရာဋ္ဌာန” ကို ပြောတာလေ၊ “ဘူမိ” ဆိုတဲ့ ပါဠိ စကားလုံးကနေ လာတယ်။ လူသတ္တဝါတွေရဲ့ ဖြစ်ရာနေရာကို လူ့ဘုံလို့ ဒီလိုခေါ်တာ၊ လူသတ္တဝါတွေနဲ့ မတူညီတဲ့ အခြားသတ္တဝါတွေ မြောက်မြားစွာ ရှိတယ်ဆိုတာ - ဒါက မမြင်ရပေမယ့်လို့ ရှိနိုင်တယ်ဆိုတာ အများကြီး လက်ခံ ရတယ်။

အဲဒီလို သတ္တဝါတွေ ရှိတယ်ဆိုတာ စိတ်ကူးယဉ်ပြီး ပြောတာတော့ မဟုတ်ဘူး၊ ထိုသတ္တဝါတွေဟာ ဘယ်ကံကြောင့် အဲဒီဘုံ ရောက်တယ်၊ ထိုဘုံရဲ့ ပဋိသန္ဓေစိတ်က ဘာတွေလဲ၊ ထိုဘုံမှာ ဘာတွေ ဖြစ်သလဲဆိုတာ တိတိလင်းလင်း ဟောထားတာ၊ စိတ်ကူးပြီးတော့ ဘယ်ဘုံမှာရှိတယ်လို့ ပြောတာ တင်မှ မဟုတ်ဘဲ၊ အဲဒီဘုံမှာ သတ္တဝါတွေ ဘာကြောင့်ဖြစ်တယ် ဆိုတာကို အတိအကျ အကြောင်းနဲ့ အကျိုးနဲ့ သေသေချာချာ ဟောထားတာ ဖြစ်သည့်အတွက်ကြောင့် သာမန် မှန်းသန်းရမ်းပြီး ပြောတာမျိုး မဟုတ်ဘူး။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဟောတယ် “သာမံ ဉာတံ၊ သာမံ ဝိဒိတံ” “ငါကိုယ်တိုင် သိတာတဲ့ ငါကိုယ်တိုင် သိပြီးတာကို ဟောတာ” “သူများဆီက ကြားပြီးတော့ ဟောတာ မဟုတ်ဘူး” တဲ့၊ ၃၁-ဘုံနဲ့ ပတ်သက်ပြီး၊ ဘုံတွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက ငါကိုယ်တိုင်သိလို့ ငါကိုယ်တိုင် မြင်လို့ ဟောတာလုိ့။

ဒါဖြင့် ဘုရားက ဘာနဲ့ မြင်တာတုန်းလို့ မေးရင် မြတ်စွာဘုရားမှာ ဒိဗ္ဗစက္ခု ဆိုတဲ့ အင်မတန် အစွမ်းထက်တဲ့ စိတ်ကို အာရုံနဲ့ လေ့ကျင့်လိုက်သည့် အတွက်ကြောင့် ထူးခြားတဲ့ အမြင်တစ်မျိုးကို ရရှိထားတယ်၊ သမာဓိစွမ်းအားနဲ့ အဲဒီ ဒိဗ္ဗစက္ခုဆိုတဲ့ အဘိညာဉ် ရလိုက်တာနဲ့ တစ်ပြိုင်နက် ထို ဒိဗ္ဗစက္ခုဉာဏ်ရဲ့ အပွားဖြစ်တဲ့ “ယထာကမ္မူပဂဉာဏ်”၊ ဘယ်အလုပ်လုပ်ရင် ဘယ်ကံဖြစ်တယ် ဆိုတာကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ကြည့်ရင် မြင်ရတယ်ပေါ့၊ အကြောင်းတရား တွေကို ကြည့်ပြီးတော့ မြင်တာ။

ဒီကနေ့ခေတ် ကြည့်လိုက်ရင် လူတိုင်းဟာ တူညီတဲ့ အနေအထား မရှိဘူး၊ အလုပ်အကိုင်တွေက ကွဲပြား ခြားနားနေတယ်၊ အလုပ်အကိုင်လို့ ဆိုတဲ့နေရာမှာ အသက်မွေးဝမ်းကျောင်း လုပ်တာကိုတင် ပြောတာ မဟုတ်ဘူး၊ လူတွေရဲ့ လုပ်ကိုင်မှု စိတ်နေ စိတ်ထားတွေဟာ ကွဲပြားခြားနားမှု ရှိတယ်တဲ့၊ ဘယ်လို ကွဲပြားခြားနားမှု ရှိတာတုန်း ဆိုရင် တချို့က သူများအသက်ကို သတ်တယ်, တချို့က သူများအသက် သတ်ခြင်းမှ ရှောင်တယ်၊ မတူညီတဲ့ အလုပ်တွေ၊ တချို့တွေက သူများဥစ္စာကို ခိုးတယ်, လိမ်လည်လှည့်ဖျားပြီးတော့ ယူတယ်၊ တချို့က သူများဥစ္စာဆို လက်ဖျားနဲ့မှ မတို့ဘူး၊ တချို့က သူများသားမယား စော်ကားတယ် ပြစ်မှားတယ်, တချို့က စိတ်ကူးထဲထောင် မထည့်ဘူး၊ မတူညီတဲ့ အလုပ်မရှိဘူးလား၊ မတူညီတဲ့အလုပ် ရှိနေတာကိုတော့ သေချာ မြင်ရတာပဲလေ၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာလည်း ရှိတယ်။

အဲဒါလိုပဲ နှုတ်နဲ့ ပတ်သက်လာရင်လည်း တချို့က လိမ်ပြောတယ်၊ တချို့က မှန်တာကိုသာ ပြောတယ်၊ တချို့က တစ်ယောက်နဲ့ တစ်ယောက် မတည့်အောင် ကုန်းတိုက်တယ်၊ မတည့်အောင် ပြောတယ်၊ ကုန်းချောတယ်၊ တချို့ကျတော့ မတည့်တဲ့လူကို တည့်အောင် ဖေးဖေးမမ ပြောတယ်၊ ညီညွတ်အောင် စေ့စပ်ပေးတယ်၊ တချို့ကျတော့ ဆဲတတ်တယ်၊ တချို့က မဆဲတတ်ဘူး၊ တချို့က အကျိုးမရှိတဲ့ စကားတွေ၊ မဟုတ်တန်း တရားတွေ လျှောက်ပြောတယ်၊ တချို့က မပြောတတ်ဘူး၊ အပြောအနေနဲ့ ပတ်သက်လို့လည်း လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် တူညီမှု ရှိရဲ့လား၊ မရှိဘူး ဒီအချက်ကတော့ ထင်ရှားနေတာပဲလေ။

နောက်တစ်ခု စိတ်နေစိတ်ထား ကြည့်ဦးမလား၊ တချို့က သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်လိုမှု ဆိုတဲ့ လောဘဇောက အမြဲတိုက်နေတယ်၊ သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်ချင်တဲ့ အဘိဇ္ဈာတရားတွေ လွှမ်းမိုးနေတယ်၊ တချို့ကျတော့လည်း သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်ဖို့ နေနေသာသာ လှည့်တောင် မကြည့်ဘူး၊ သူများ ပစ္စည်းတွေကို သွားရည်မကျဘူး၊ အဲလို ပုဂ္ဂိုလ်မျိုး တွေလည်း ရှိတာပဲ၊ တချို့ ပုဂ္ဂိုလ်ကျတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေ ပျက်စီးသွားတာကို မြင်ချင်တယ်၊ တချို့က ကြီးပွား ချမ်းသာတာကို မြင်ချင်တယ်၊ ကံကံ၏ အကျိုးကို မယုံကြည်တဲ့ ပုဂ္ဂိုလ်တွေ ရှိသလို၊ ကံ ကံ၏အကျိုးကို လက်ခံ ယုံကြည်ထားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ် ဆိုတော့ လူတွေကျင့်သုံးနေတဲ့ ဒုစရိုက် သုစရိုက် ဆိုတာတွေကို ကြည့်။ ကိုယ့်ရဲ့ပတ်ဝန်းကျင် ကိုယ့်လူနေ အသိုင်းအဝိုင်းထဲမှာ ကြည့်။ အခုလို ၂-မျိုး ၂-စား ကွဲပြားခြားနား နေတာကို မတွေ့ရဘူးလား၊ ဒီပုဂ္ဂိုလ်တွေဟာ သေသည့် အခြားမဲ့မှာ တူညီတဲ့ ဘဝ ရောက်နိုင်ပါ့မလား၊ (မရောက်နိုင်ပါဘူး ဘုရား)၊ အဲဒါကို ထောက်ထား လို့ရှိရင် သူတို့ကံနဲ့ သူတို့ “ယထာ ကမ္မံ ဂတော” ကံအားလျော်စွာ ဖြစ်ရမယ်ဆိုတဲ့ နေရာမျိုး ရှိရမှာပေါ့။

အဲဒီတော့ “ဘုံဆိုတာဟာ ကံတရားရဲ့ အကျိုးပေးရာ ဌာန” တွေပဲ၊ ကံတရားက မျိုးစုံသလို သတ္တဝါတွေကလည်း မျိုးစုံပဲ၊ ထိုမျိုးစုံတဲ့ သတ္တဝါတွေရဲ့ တည်ရာဌာန ဆိုတဲ့ ဘုံတွေကလည်း မျိုးစုံတယ်၊ တစ်ဘုံတည်းဆိုတာ မဖြစ်နိုင်ဘူးတဲ့၊ ဘာဖြစ် လို့တုန်းဆိုရင် မတူညီတဲ့လုပ်ရပ်တွေနဲ့ ရှိနေတဲ့ပုဂ္ဂိုလ်တွေရဲ့ ဘဝနိဂုံး ရောက်ရာဘဝ destination ဟာ ဘယ်နည်းနဲ့မှ မတူနိုင်ဘူး၊ မီးရထားကြီး ရန်ကုန်ကနေ စီးသွားတယ်၊ မန္တလေး သွားတယ်၊ လမ်းမှာ ဘူတာတွေ ဆိုက်ပြီးတော့ သွားတယ်၊ တချို့က လမ်းဘူတာတွေ မှာ ဆင်းသွားတယ်၊ မန္တလေးထိ သွားတဲ့လူတွေ မဟုတ်ဘူး၊ အဲဒါမျိုးလိုပဲ - ကံမျိုးစုံ လုပ်ထားတော့ လူတွေလည်း ဘဝခရီးလမ်းတွေက အမျိုးကို စုံနေတာပဲ၊ အဲဒီ မျိုးစုံနေတာတွေကိုပဲ ဂတိ ၅-ပါးလို့ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် ဂတိ ၅-မျိုး၊ Destination လို့ ခေါ်တယ်၊ ခရီးဆုံး ၅-မျိုးလို့ ဒီလိုဆိုတယ်။

ကမ္ဘာလောကကြီးကို ကြည့်မယ်ဆိုရင် လူတွေ ခရီးသွားနေကြတာ၊ ကိုယ့်ဦးတည်ချက် နဲ့ ကိုယ် သွားနေကြတာ၊ ဘယ်ပုဂ္ဂိုလ် ဘယ်သွားနေတယ် ဆိုတာဟာ သူကိုင်ထားတဲ့ လက်မှတ်ကို ကြည့်လို့ ရှိရင် သိတာပေါ့၊ ရထားစီးသွားတဲ့ ပုဂ္ဂိုလ်တွေ ရှိသလို ကားနဲ့ စီးသွားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်၊ တခြားနည်းလမ်းနဲ့ လေယျာဉ်ပျံနဲ့ သွားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်၊ အဝင်အထွက် များတဲ့ နိုင်ငံတကာ လေဆိပ်ကြီးတွေမှာ ကြည့်မယ်ဆိုရင် - တစ်မိနစ် တစ်စင်းလောက် လေယျာဉ်ပျံကြီးတွေ ဆင်းနေတာ၊ အဲဒီ တစ်မိနစ် တစ်စင်းလောက် ဆင်းနေတဲ့ လေယျာဉ်ပျံကြီးတွေနဲ့ လူတွေ သွားလာ နေကြတာပဲ၊ အကုန်လုံး သွားလာနေတဲ့ လူတွေဟာ destination အားလုံးက တူညီကြတာ မဟုတ်ဘူး၊ သူတို့ ကိုင်ဆောင်ထားတဲ့ လက်မှတ်အတိုင်း သွားနေ ကြတာ။

လူ့ဘုံလူ့ဘဝ ရောက်လာတယ် ဆိုတဲ့ အခါမှာလည်းပဲ ကံဆိုတဲ့ လက်မှတ်တွေ ဝယ်ထားပြီးတော့ ထိုကံရှိရာ ကံအကျိုးပေးရာ ဘုံကို ဦးတည်ပြီးတော့ သွားနေ ကြတာ၊ အဲဒီလို သွားနေတာကို မြတ်စွာဘုရားက မှန်းဆပြီးတော့ ဟောတာ မဟုတ်ဘူး၊ ခုနက ပြောခဲ့တဲ့ ဒိဗ္ဗစက္ခုမှာ ပါတဲ့ “ယထာကမ္မူပဂအဘိညာဉ်” ဆိုတဲ့ ဉာဏ်တော်ကြီးနဲ့ တစ်လောကလုံးကို ခြုံငုံပြီးတော့ ကြည့်လိုက်တဲ့ အခါမှာ အေး - ဒီလူကတော့ဖြင့် ဒုစရိုက်တွေ လုပ်နေတယ်၊ ဒီလူရဲ့ သွားရာလမ်းက ဘယ်မှာလဲ ဆိုတာကို မြတ်စွာဘုရားက မြင်နေတယ်။

လမ်းကြောင်းကြီး ၅-သွယ်တဲ့၊ နေရာဌာန တစ်ခုမှာ လမ်းကြောင်းကြီး ၅-သွယ် ရှိတယ်၊ အဲဒီ လမ်းကြောင်းကြီး ၅-သွယ်ထဲမှာ တစ်ခုသောလမ်းဆုံမှာ မီးကျီး တွင်းကြီး ရှိတယ်၊ မြတ်စွာဘုရား က မြင်တယ် - ဒီလူတစ်ယောက်ကတော့ မီးကျီး တွင်းဆီ သွားတဲ့ လမ်းပေါ် လျှောက်နေပြီ၊ လမ်းဆုံး ရင်တော့ သူ မီးကျီးတွင်းထဲ ကျပြီးတော့ ဒုက္ခရောက်မှာပဲလို့ မြင်တယ်၊ မြင်တဲ့အတိုင်းပဲ ဒီလူ လျှောက်သွားနေတာ၊ လမ်းလည်းဆုံးရော မီးကျီးတွင်းကြီးထဲ ကျပြီးတော့ ဒုက္ခရောက်နေတယ်၊ အဲဒါ ဘယ်လို ပုဂ္ဂိုလ်မျိုးတုန်း ဆိုတော့ ငရဲဘုံ ရောက်သွားတဲ့ပုဂ္ဂိုလ်၊ သြော် … မကောင်းမှု ဒုစရိုက်တွေ လုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မြတ်စွာဘုရားက ဒီလူက မီးကျီးတွင်းကြီး ရှိရာကို ဦးတည် သွားနေပြီလို့ ဒီလို မြင်တာ၊ အဲဒါက “နိရယဂတိ” ဆိုတဲ့လမ်း။

အဲဒီလို မြတ်စွာဘုရားက ဂတိ ၅-ပါးနဲ့ ပတ်သတ်ပြီးတော့ မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ မဇ္ဈိမနိကာယ်မှာ ဥပမာတွေနဲ့ ဟောထားတာရှိတယ်၊ ထို့အတူပဲ နောက်တစ်လမ်းက “တိရိစ္ဆာနဂတိ” ဆိုတဲ့လမ်း၊ အေး - ဒီ လူတစ်ယောက်ကတော့ ဒီလမ်းပေါ် လျှောက်နေပြီ၊ အဲဒီလမ်းရဲ့အဆုံးမှာ ဘာရှိတုန်းဆိုရင် အင်မတန်နက်လှတဲ့ မစင်တွင်း ကြီးရှိတယ်၊ လူတစ်ယောက်ဟာ ဒီလမ်းအတိုင်း လျှောက်သွား ရင်တော့ မစင် တွင်းကြီးထဲ ရောက်တော့မှာပဲလို့ မြတ်စွာဘုရားက ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ မြင်တယ်။ ဒီလူလုပ်နေတဲ့ အလုပ်တွေက နောက်ဆုံး အဲဒီလို နိဂုံးချုပ်သွားမှာပဲလို့ ကိုယ်တော်မြတ်က ယထာကမ္မူပဂ အဘိညာဏ်နဲ့ သိနေတာ၊ သိမြင်တဲ့အတိုင်းပဲ ပုဂ္ဂိုလ်ဟာ နောက်ဆုံးမှာ မစင်တွင်းထဲ ကျသွားတယ်၊ ဒါက ဘယ်လိုပုဂ္ဂိုလ် တွေလဲဆိုရင် တိရိစ္ဆာန် ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေ။

နောက်လမ်း တစ်သွယ်ကတော့ လမ်းဆုံးမှာ ဘာရှိတုန်းဆိုရင် တောခေါင်ခေါင်နဲ့ သစ်ပင် ကျိုးတိုးကျဲတဲနဲ့ အင်မတန်ပူပြင်းတဲ့ အရိပ်အာဝါသကင်းမဲ့တဲ့ နေရာကြီး တစ်ခုရှိတယ်၊ ပုဂ္ဂိုလ်တစ်ယောက် လမ်းလျှောက်ရင်တော့ အဲဒီစခန်း ရောက်မှာပဲလို့ မြင်ရသလိုပဲ မြတ်စွာဘုရား သခင် ကိုယ်တော်မြတ်က ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ရဲ့ လုပ်ရပ်ကိုကြည့်ပြီး အဲဒီလမ်းကြောင်းပေါ် တက်နေမယ်ဆိုရင် နောက်ဆုံးတစ်နေ့ဟာ အင်မတန်မှ ပူပြင်းလှတဲ့ အရိပ်နားခိုစရာလည်း မရှိ၊ အရွက်ကျိုးတိုးကျဲတဲနဲ့ သစ်ပင်, လွင်တီးခေါင်နဲ့တူတဲ့ ပြိတ္တာဘုံကို ရောက်တော့မှာပဲ မြင်တယ်။ နောက်ဆုံးမှာ ဘုရား မြင်တော်မူတဲ့အတိုင်းပဲ အဲဒီစခန်းရောက်သွားပြီးတော့ ပင်ပန်းဆင်းရဲစွာ နေထိုင် ရတယ်၊ ဒါက ပြိတ္တာဘုံ ရောက်သွားတဲ့ ပုဂ္ဂိုလ်တွေကို ပြောတာ။

နောက်လမ်းတစ်သွယ် - ဆိုပါစို့ - လူတစ်ယောက်က အမြင့် တောင်ထိပ်ကနေ ကြည့်နေတယ်၊ လူတစ်ယောက်က လမ်းလျှောက်သွားတယ်၊ အဲဒီလမ်းဆုံမှာ အင်မတန်မှ အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးတွေ ရှိတယ်၊ ရေကန်ကြီးတွေ ရှိတယ်၊ အဲဒီ အရိပ်အာဝါသ ကောင်းတဲ့သစ်တောကြီး ဆီ ဦးတည်ထားတဲ့ လမ်းကို လျှောက်သွားတဲ့ လူတစ်ယောက်ကို ကြည့်ပြီး ဒီလူဟာ ဒီလမ်းဆုံးရင်ဖြင့် ဒီစခန်း ရောက်မှာပဲလို့ မြင်ရသလိုပဲ မြတ်စွာဘုရားက လူတစ်ယောက်ရဲ့ လုပ်ရပ်ကိုကြည့်ပြီး ဒီလူဟာ ဒီဘုံ ဒီဌာန ရောက်မှာပဲလို့ ယထာကမ္မူပဂအဘိညာဏ်နဲ့ တပ်အပ်ထင်ထင် မြင်တော်မူတယ်၊ အဲဒီ မြင်တဲ့အတိုင်းပဲ ထိုပုဂ္ဂိုလ်သည် ထိုစခန်းရောက်သွားပြီး အင်မတန်မှ အေးမြတဲ့ အရိပ်အောက်မှာ အေးချမ်းသာယာစွာ နေထိုင်ရတယ်၊ အဲဒါ လူ့ဘုံ ရောက်သွားတဲ့ ပုဂ္ဂိုလ်၊ ဒီလိုပြောတယ်။

နောက်တစ်ခါ လမ်းတစ်သွယ်ကတော့ အင်မတန်လှပတဲ့ ပြာသာဒ်အဆောင်ကြီး၊ အတွင်းမှာ ပရိဘောဂတွေ ပြည့်ပြည့်စုံစုံနဲ့ လေလုံမိုးလုံ ဆောက်ထားတဲ့ လှပတဲ့ ပြာသာဒ်နန်းဆောင်ကြီး သို့ ဦးတည်ထားတဲ့ လမ်းကြောင်းကြီး ရှိတယ်၊ လူတစ်ယောက် အဲဒီလမ်းကြောင်းပေါ် လျှောက်နေတယ်၊ လျှောက်နေတာ မြင်လို့ရှိရင် ဒီလူဟာ ဒီစခန်း ရောက်မှာပဲလို့ သိရသလိုပဲ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က သတ္တဝါတွေရဲ့ လုပ်ရပ်ကို ကြည့်ပြီးတော့ ဒီလမ်းလျှောက်နေရင် ဒီစခန်း ရောက်မှာပဲလို့ သိတော်မူတဲ့ အတိုင်း ထိုပုဂ္ဂိုလ် နန်းပြာသာဒ်ပေါ်မှာ အေးချမ်းစွာ ချမ်းချမ်းသာသာနဲ့ ဘေးရန် အန္တရာယ်ကင်းရှင်းစွာ ချမ်းသာသုခ ခံစားပြီး နေတာကို မြင်ရတယ်၊ အဲဒါက ဒေဝဂတိ လို့ခေါ်တဲ့ နတ်ပြည် ရောက်သွားတဲ့ပုဂ္ဂိုလ်၊ ဥပမာ ၅-မျိုးနဲ့ မြတ်စွာဘုရားက ဟောထားတယ်။

၃၁-ဘုံကို အကျဉ်းချုံးပြီး ပြောတဲ့အခါ ဂတိ ၅-မျိုးပဲ၊

အဆိုးဆုံးက “နိရယဂတိ” ပဲ ၊

ပြီးတော့ “တိရိစ္ဆာနဂတိ”၊

နောက်ပြီးတော့ “ပေတဂတိ”၊

နောက်ပြီးတော့ “မနုဿဂတိ”၊

အကောင်းဆုံးက “ဒေဝဂတိ” တဲ့၊

ဟော - ဂတိ ၅-ပါး လို့ ခေါ်တယ်။ ဒါက destination ၅-မျိုး။

အဲဒီလို မြတ်စွာဘုရား မြင်တဲ့နေရာမှာ ဘာကို ကြည့်တာတုန်း၊ အဲဒီပုဂ္ဂိုလ်ရဲ့ ပစ္စုပ္ပန် လုပ်ရပ်ကို ကြည့်တာ၊ ပစ္စပ္ပုန်မှာ သူလုပ်နေတဲ့ အလုပ်၊ သူလျှောက်လှမ်းနေတဲ့ လမ်းကြောင်းကို ကြည့်ပြီး ဆုံးဖြတ်ပြီး ပြောပြတာ၊ မြတ်စွာဘုရားက ပစ္စုပ္ပန် လုပ်နေတဲ့ လုပ်ရပ်ကိုလည်း မြင်တယ်၊ လမ်းဆုံးမှာ ဘာတွေရှိတယ် ဆိုတာကိုလည်း မြင်တယ်၊တောင်ထိပ်က ကြည့်နေတဲ့ ပုဂ္ဂိုလ်သည် အားလုံးကို ခြုံငုံပြီး မြင်နေရသလို မြတ်စွာဘုရားက ဒိဗ္ဗစက္ခုအဘိညာဏ် - ယထာကမ္မူပဂအဘိညာဏ် ဉာဏ်တော်ကြီးနဲ့ ဒီအလုပ်လုပ်ရင် ဒီစခန်းရောက်မယ် ဆိုတာကို တပ်အပ်မြင်တယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားက “သူများထံမှ ကြားရလို့ တရားဟောတာ မဟုတ်ဘူးတဲ့၊ ငါ ကိုယ်တိုင်မြင်တာ ငါ ကိုယ်တိုင် သိတာ” လို့ ပြောတာ။

ဘာနဲ့မြင် ဘာနဲ့ သိတာတုန်းဆိုရင် ဒိဗ္ဗစက္ခုဉာဏ်ရဲ့ အပွားဖြစ်တဲ့ ယထာကမ္မူပဂ-ဉာဏ်နဲ့ မြင်တယ်လို့ ပြောရမှာ၊ ‘ယထာကမ္မူပဂ’ ဆိုတာ ‘ယထာကမ္မဥပဂ’ - မိမိလုပ်တဲ့ ကံအားလျော်စွာ ထိုထိုဘဝ ရောက်သွားကြတာ၊ သတ္တဝါတွေရဲ့ ကံကို ခွဲခြမ်းစိတ်ဖြာပြီး သိတယ်၊ ဒီအလုပ် လုပ်ရင် ဒီလမ်း လျှောက်ရင် ဒီစခန်း ရောက်လိမ့်မယ်၊ ဒီအလုပ်လုပ်ရင် ဒါမျိုးဖြစ်လိမ့်မယ် ဆိုတာကို ပိုင်းပိုင်းခြားခြား သိတာ၊ အဲဒီလို ပိုင်းပိုင်းခြားခြားသိပြီးမှ ဟောတာ၊ တစ်ဆင့်ကြားနဲ့ ဟောတာ မဟုတ်ဘူးတဲ့။

ကံရှိရင် ဘုံရှိ

မြတ်စွာဘုရား ဟောထားတဲ့ ၃၁-ဘုံဆိုတာ ကံကို အခြေခံပြီးတော့ ဟောတာ ဖြစ်သောကြောင့် ကံရှိတယ် ဆိုတာ လက်ခံထားတဲ့ ပုဂ္ဂိုလ်တိုင်းဟာ ၃၁-ဘုံ ရှိတယ်ဆိုတာ လက်ခံရမှာပေါ့၊ ကံ ကို လက်မခံနိုင်ရင် ၃၁-ဘုံ ရှိတယ် ဆိုတာကို လက်ခံမှာ မဟုတ်ဘူးပေါ့၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဖန်ဆင်းတဲ့ ဝါဒကို လက်ခံတာ မဟုတ်ဘူး၊ အကြောင်းမဲ့ဝါဒကို လက်ခံတာ မဟုတ်ဘူး၊ တကယ့် အဖြစ်မှန်ကို အကြောင်းနဲ့အကျိုး အကောင်းနဲ့အဆိုး သေချာ ခွဲခြားပြီး၊ ကိုယ်တိုင် သိရှိပြီး မြတ်စွာဘုရားက လောကအကြောင်းကို ဟောတော်မူတယ်။

“သတ္တလောက သင်္ခါရလောက သြကာသလောက” လို့ လောက ၃-ခု ရှိတယ်၊ အဲဒီ လောက အကြောင်းကို ကိုယ်တိုင် သိတော်မူလို့ “လောကဝိဒူ” လို့ ခေါ်တာ၊ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို ကြည့်မယ်ဆိုရင် မြတ်စွာဘုရားရဲ့ ဂုဏ်တော် တွေဟာ အရည်အချင်း တွေချည်းပဲ၊ တခြားဘာသာ တွေက ဘုရားကြည့်မယ်ဆိုရင် သူတို့ရဲ့ဂုဏ်တွေက သတ္တဝါတွေနဲ့ ဆက်စပ်ပြီး ပြောနေတာတွေပဲ များတယ်၊ ဖန်ဆင်းတော်မူတဲ့ စွမ်းအားတို့, သနားတော်မူတဲ့ ကရုဏာတရားတို့ ဒါမျိုးတွေချည်းပဲ များတယ်၊ ဟော - ဂေါတမ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေထဲမှာ “ဖန်ဆင်း တော်မူတယ်” ဆိုတာ ပါလား၊ မပါဘူး၊ ဘယ်လောက် ကျေနပ်စရာ ကောင်းတုန်းဆို မြတ်စွာဘုရားရဲ့ အရည်အချင်းမှာ ကြည့် - အရဟံဆိုတဲ့ ဂုဏ်တော်လေးတစ်ခု ကြည့်လိုက်တာနဲ့ပဲ အလွန်ကျေနပ်စရာကောင်းတယ်။

အရဟံ အဓိပ္ပါယ်

အရဟံကို အဓိပ္ပါယ်မျိုးစုံ ဖွင့်ကြတယ်၊ ကျမ်းဂန်တွေမှာ အဓိပ္ပါယ် ၅-မျိုး ဖွင့်ပြတယ်၊ ၅-မျိုးထက်လည်း ပိုပြီးတော့ ဖွင့်ပြထားတယ်၊ အဲဒီ ၅-မျိုးထဲက ကျေနပ်စရာ အကောင်းဆုံး တစ်ခု ကြည့်လိုက်မယ်ဆိုရင် “အ+ရဟ” ဆိတ်ကွယ်ရာဆိုတာ မရှိဘူးတဲ့၊ မကောင်းမှုလုပ်တဲ့ ပုဂ္ဂိုလ် ဆိတ်ကွယ်ရာ မရှိဘူး၊ မြတ်စွာဘုရားမှာ ဆိတ်ကွယ်ရာ မရှိဘူး၊ ဆိုလိုတာက ဆိတ်ကွယ်ရာ မရှိဘူးဆိုတာ ဆိတ်ကွယ်ရာ၌ သော်လည်း မကောင်းမှုကို မလုပ်ဘူး လို့ပြောတာ၊ ဒီကနေ့ခေတ် လူကြီးလူကောင်း လို့ ပြောတဲ့ ပုဂ္ဂိုလ်တွေ ဘယ်သူမှ မမြင်ဘူးဆိုပြီး တစ်ယောက်တည်း နေရင် မကောင်းမှု လုပ်ကောင်း လုပ်မိကြ လိမ့်မယ်၊ မြတ်စွာဘုရားမှာတော့ အဲဒီလို ဆိတ်ကွယ်ရာ ဆိုတာ မရှိဘူးတဲ့။

လူတွေက တစ်ယောက်တည်း နေလို့ရှိရင် ဘယ်သူမှ မြင်တာ မဟုတ်ဘဲ ဆိုပြီးတော့ လုပ်လေ့ ရှိတတ်ကြတယ်လေ၊ လူ့ရဲ့သဘာဝ အတိုင်းပေါ့၊ ကိုယ်နေချင်သလို နေမယ်၊ ကိုယ်ပြောချင်သလို ပြောမယ် ဆိုပြီး - ဒါကိုပဲ ဂုဏ်တင်ပြီးတော့ “လွတ်လပ်မှု” လို့ သတ်မှတ်ကြတယ်၊ လူကြားထဲ သူကြားထဲ ကျတော့ ဟန်ဆောင်ကြတာ၊ လူသူမရှိဘူး ဆိုရင် လွတ်လပ်မှုလို့ သတ်မှတ်ပြီးတော့ လုပ်ချင်ရာ လုပ်ဦးမယ်၊ မြတ်စွာဘုရားမှာ မကောင်းတာ လုပ်ဖို့ လွတ်လပ်တယ် ဆိုတဲ့ နေရာ ရှိကို မရှိဘူး။

မြတ်စွာဘုရားက ဟောတယ် - “နတ္ထိလောကေ ရဟော နာမ ပါပကမ္မံ၊ ပကုဗ္ဗတော” “မကောင်းမှုလုပ်တဲ့ ပုဂ္ဂိုလ်အဖို့ တကယ်စင်စစ် ကတော့ ဆိတ်ကွယ်ရာဆိုတာ မရှိပါဘူး” တဲ့၊ ကိုယ်က ဆိတ်ကွယ်ရာရှိတယ်လို့သာ ထင်နေတာ၊ ဘာပြုလို့ ဆိတ်ကွယ်ရာ မရှိတုန်းဆိုတော့ “အတ္တာ ဟိ ပုရိသဇာနာတိ” ကိုယ့်ကိုယ်ကို သိနေတာပဲ၊ ဆိတ်ကွယ်ရာဆိုတာ သူများမသိပေမယ့် ကိုယ်သိတယ်၊ ကိုယ်သိနေတာကိုကပဲ ကိုယ့်စိတ်မလုံစရာပဲ၊ ငါ ကောင်းတယ်၊ ငါ မကောင်းဘူး၊ ဘယ်သူအရင်သိလဲ၊ ကိုယ်သိတော့ ဘယ်လိုလုပ် secret လုပ်လို့ ရမတုန်း၊ ကိုယ့်ကိုယ်ကို လိမ်လို့မှ မရတာ၊ ဟုတ်တယ် မဟုတ်လား၊ top secret လို့သာ ပြောတာနော်၊ ကိုယ်က သိနေပြီ၊ မသိတဲ့လူ ရှိမှ မရှိဘဲနဲ့၊ သိတဲ့ လူတွေချည့်ပဲ၊ နောက်ဆုံး ကိုယ့်အနားမှာ မမြင်ရတဲ့ သတ္တဝါတွေ ရှိတယ်၊ ကိုယ်ကမမြင်လို့ မရှိဘူး ထင်တာကိုး၊ Peeping Eye တွေ ဘယ်လောက် ရှိနေမှန်းမှ မသိတာ၊ ချောင်းကြည့်နေတဲ့ မျက်လုံး တွေနော်၊ ချောင်းမကြည့် ပေမယ့်လို့ မြင်နေရတဲ့ ပုဂ္ဂိုလ်တွေ၊ လောကမှာ သူတစ်ပါးစိတ်သိတဲ့ ပုဂ္ဂိုလ်တွေ၊ ဝေးလံတဲ့ဒေသကို လှမ်းပြီး မြင်နိုင်တဲ့သူက မြင်တယ်၊ ကိုယ်ကတော့ ဆိတ်ကွယ်ရာ ထင်ပြီးတော့ လုပ်နေတာ၊ တကယ်ကတော့ ဆိတ်ကွယ်ရာဆိုတာ မရှိဘူးတဲ့၊ “မြတ်စွာဘုရားရဲ့ အရည်အသွေးက မကောင်းတာ ဆိုရင် ဆိတ်ကွယ်ရာ တောင်မှ မလုပ်ဘူး” ဆိုရင် ကမ်းကုန်နေပြီပေါ့၊ ဒါကြောင့်မို့ ကျေနပ်စရာကောင်းတယ်။

သမ္မာသမ္ဗုဒ္ဓေါ

“သမ္မာသမ္ဗုဒ္ဓေါ” ကြည့်လိုက်ဦးမလား၊ အလွန်ကျေနပ်စရာ ကောင်းတယ်၊ ‘သမ္မာ’ ဆိုတာ မှန်တဲ့အတိုင်း၊ ‘သမ်’ - ကိုယ်တိုင်၊ ‘ဗုဒ္ဓ’ - သိတယ်၊ မှန်ကန် တဲ့အတိုင်း ကိုယ်တိုင်သိတာတဲ့၊ သူများက သင်ပေးလို့၊ သူများဆီကတစ်ဆင့် သိရတာမျိုး မဟုတ်ဘူး၊ ကိုယ်တိုင်သိတာ၊ ကိုယ်တိုင်သိတာနဲ့ သူများဆီက တစ်ဆင့် သိတာနဲ့ ဘယ်တူမလဲ၊ သူများဆီက တစ်ဆင့်ကြားတာ ပြောလို့ ရှိရင်တော့ လွဲချင် လွဲမှာပေါ့၊ ဟိုလူက မှားနေရင် ကိုယ်လည်း မှားမှာပေါ့၊ ကိုယ်တိုင်သိတာ ကျတော့ အမှားမှ မရှိတော့တာကိုး၊ အေး … ဒါကြောင့်မို့ မြတ်စွာဘုရားက အင်မတန်မှ ကျေနပ်စရာ၊ အားကိုးစရာ ကောင်းတယ်၊ “သမ္မာသမ္ဗုဒ္ဓေါ” တဲ့။

ဝိဇ္ဇာစရဏသမ္ပန္နော

“ဝိဇ္ဇာစရဏသမ္ပန္နော” ကြည့်လိုက်ဦးမလား၊ “ဝိဇ္ဇာ” ဆိုတာ ပညာဘက်က ပြည့်စုံနေပြီ၊ အေး ... ပညာတော့ တော်ပါရဲ့ အကျင့်ကတော့ မကောင်းဘူး” လို့ ပြောရမယ့် ပုဂ္ဂိုလ်မျိုးလည်း မဟုတ်ဘူး၊ ‘စရဏ’ ဆိုတဲ့ အကျင့်တရားနဲ့လည်း ပြည့်စုံတယ်၊ အသိဉာဏ် ဘက်ကလည်း ပြည့်စုံတယ်၊ အကျင့်ဆိုတဲ့ စရဏ တရားဘက်ကလည်း ပြည့်စုံတယ်ဆိုတော့ အကျင့်လည်း ကောင်းတယ်၊ အသိဉာဏ်လည်း ထက်မြက်တယ် ဆိုတော့ သြော် - လမ်းညွှန်ပေးဖို့ရာ အတွက် လုံလောက်တဲ့ အနေအထား ရှိတယ်၊ တခြားဘုရားတွေမှာ ဒီလို ဂုဏ်မျိုးတွေ မရှိဘူး၊ သူတို့စာအုပ်တွေ ဖတ်ကြည့်၊ ဒီဂုဏ်မျိုး မတွေ့ရဘူး၊ ဖန်ဆင်းတော်မူတဲ့ အရှင်သခင်တဲ့ ဒါပဲနော်၊ တစ်ခါတစ်လေ ဖန်ဆင်းတော်မူတဲ့ အရှင်သခင်က စိတ်ဆိုးတော် မူသေးတယ်၊ စိတ်ဆိုးတော်မူ့ပြီးတော့ ဒဏ်ခတ်တော် မူလိုက်သေးတယ် ပေါ့၊ သူခိုင်းတာ မလုပ်ရ ကောင်းလား ဆိုပြီး စိတ်ဆိုးပြီးတော့ ဒဏ်ခတ်တော် မူသေးတယ်၊ ဂေါတမ မြတ်စွာဘုရားက ဒါမျိုးမှ မဟုတ်ဘဲကိုး။

တချို့က တူတယ် ထင်တာ၊ ဘုရားဆိုတာ တစ်ဆူတည်းပဲ ရှိတယ် ဆိုပြီးတော့ ယောင်ယောင်ဝါးဝါး လုပ်ပြီး ပြောတတ်ကြတယ်၊ ဘုရားဆိုတာ တစ်ဆူတည်းပဲတဲ့၊ အဲဒီ တစ်ဆူဆိုတာ ဘယ်သူတုန်းဆိုရင် သူတို့ယုံကြည်တဲ့ ဘုရား၊ တကယ်ကတော့ ဂေါတမမြတ်စွာဘုရားဟာ အဲဒီ အရည်အသွေးကြောင့် ဘုရားဖြစ်တာ၊ ဒါဘုရားရဲ့ အရည်အသွေးလို့ ခေါ်တယ်၊ “ကဲ - ဘုရားဆိုရင် ပြောစမ်း၊ ဒီ အရည် အသွေးတွေ ရှိရဲ့လား” လို့ မေးရမှာ၊ ဒီ အရည်အသွေးတွေ မရှိဘူးလား၊ ဥပမာ - အကျင့်လည်း မကောင်းဘူး၊ အသိဉာဏ်လည်း မပြည့်စုံဘူး ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ လမ်းညွှန်မှုဟာ ဘယ်လို လုပ် မှန်နိုင်မှာတုန်း၊ သူဟောပြောတဲ့ စကားလည်း ဘယ်လိုလုပ် စိတ်ချရမှာတုန်းတဲ့။

သုဂတော

“သုဂတော” - ကိုယ်တိုင်ကျင့်ပြီးတော့ ပေါက်ရောက်သွားတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်၊ ကိုယ်တိုင် မကျင့်ဘဲနဲ့ ဟောနေတာ မဟုတ်ဘူး၊ ‘သုဂတ’ ဆိုတာ အောင်မြင် ပေါက်ရောက်ပြီးသား ပုဂ္ဂိုလ်၊ တစ်နည်းအားဖြင့် အကျိုးရှိတဲ့စကား၊ မှန်တဲ့စကား၊ သူများ မကြိုက်ချင် နေပါစေ၊ အကျိုးရှိပြီး မှန်ကန်တဲ့ စကားဆိုရင် အခါ အားလျော်စွာ ပြောဆိုတယ်။

တစ်နည်းအားဖြင့်လည်းပဲ ‘သုဂတ’ ဆိုတာ “သုန္ဒရံနိဗ္ဗာနံ ဂစ္ဆတိ” ကိုယ် ကိုယ်တိုင် အောင်မြင် ပေါက်ရောက်ပြီးတဲ့ ပုဂ္ဂိုလ်။ ကိုယ်ကိုယ်တိုင် ရောက်တဲ့ နေရာကို လမ်းညွှန်မှု ပြုတယ်ဆိုတာ ကိုယ်ကိုယ်တိုင်မှ မရောက်ဘူးဘဲ သူများကို ပို့ပေးတယ်ဆိုတာ ဟုတ်မှ မဟုတ်ဘဲ၊ ကိုယ်ကိုယ်တိုင် သွားပြီးတော့ ကိုယ်ကိုယ်တိုင် ရောက်တဲ့နေရာကို ပို့ပေးတာ၊ လမ်းညွှန်ပေးတာ၊ ဒါကြောင့်မို့ ‘သုဂတ’ အောင်မြင် ပေါက်ရောက်ပြီးတဲ့ ပုဂ္ဂိုလ်လို့ ဒီလိုအဓိပ္ပါယ် တစ်မျိုးနဲ့ ဖွင့်ဆိုတာ ရှိတယ်နော်။

လောကဝိဒူ

နောက်တစ်ခုက “လောကဝိဒူ” တဲ့၊ ကျေနပ်စရာ ကောင်းတာပဲ၊ ခုနကပြောတဲ့ သတ္တလောက သင်္ခါရ လောက သြကာသလောက - လောကရဲ့ အကြောင်းကို ကုန်စင်အောင် သိထားတယ်၊ ကုန်စင်အောင် သိထားတဲ့ပုဂ္ဂိုလ် ဖြစ်သည့်အတွက် ကြောင့် လောကအကြောင်း ဟောနိုင်တယ်။

လူတွေအကြောင်း ကောင်းကောင်းသိတယ်၊ သတ္တလောက ဆိုတဲ့ သတ္တဝါတွေ အကြောင်း ကောင်းကောင်း သိတယ်။

အေး - ဘယ်စိတ်တွေမွေးရင် ဘယ်လိုအကျိုးတွေ ပေးမယ်၊ ဘယ်ကို ရောက်မယ်၊ ထိုသတ္တဝါတွေ ရောက်မယ့် ဘုံတွေရဲ့ အခြေအနေတွေကိုလည်း အကုန်သိနိုင်တယ် - သြကာသလောက။

သင်္ခါရလောကဆိုတာ အကြောင်းတရားတွေက စုပြီးတော့ ဖန်တီးထားတဲ့ သင်္ခါရလောကရဲ့ မမြဲတဲ့ ပုံတွေကိုလည်း ပြည့်ပြည့်စုံစုံ သိတယ်၊ မြတ်စွာဘုရား မကျန်မကြွင်းအောင် အကုန်လုံးသိတာ။

ကျေနပ်လောက်စရာ ကောင်းတာက သိစရာမှန်သမျှကို ဉာဏ်တော်ကြီးက အကုန် လုံးသိတယ်၊ အဲဒါကို စာပေမှာ ဘယ်လိုပြောတုန်း ဆိုရင် “ယာဝတကံ၊ ဉေယျံ ယာဝတကံ ဉာဏံ” တဲ့၊ သိစရာရှိသလောက် ဉာဏ်ကြီးကလည်း ကျယ်တယ်၊ ဉာဏ်ရဲ့ အတိုင်းအတာက ရှိတယ်၊ သိစရာ တွေက အတိုင်းအတာ အတိုင်း တစ်မိုင် ပတ်လည်ရှိရင် ဉာဏ်ကြီးကလည်း တစ်မိုင်ပတ်လည် ရှိတယ် ပေါ့၊ ဒါကိုပြောတာ၊ ဉာဏ်နဲ့သိစရာ မကြွင်းမကျန်၊ သိစရာတွေက တစ်မိုင်ပတ်လည် ရှိတယ်၊ ဉာဏ်လေးက တစ်ထွာပတ်လည် လေးလောက်ဆို ဘယ်ရမတုန်းပေါ့၊ ဘယ်ကုန် မှာလည်း အများကြီး ကျန်သေးတယ်၊ မြတ်စွာဘုရားကျတော့ အဲဒီလို မဟုတ်ဘူး၊ အကုန်သိလိုက်တယ် ဆိုတော့ ဘာမှ မကျန်ဘူးလို့ ပြောတယ်၊ ဘာမှ မကျန်ဘူး၊ အဲဒီလို မကျန်အောင်သိတာ လောကဝိဒူ။

မြန်မာပြည်မှာ တစ်ချိန်တုန်းက မြတ်စွာဘုရားနဲ့ ပတ်သက်ပြီးတော့ စောဒက တက်တယ်၊ ဘုရားရဲ့ဉာဏ်နဲ့ ပတ်သက်ပြီး “သဗ္ဗညုတဉာဏ်” ဆိုတာ ရှိသလားလို့ မေးခွန်းထုတ်တယ်၊ ဒီလို ပုဂ္ဂိုလ်မျိုးတွေကလည်း ပေါ်ထွက်လာသေးတယ်နော်၊ တချို့ကလည်း ရောယောင်ပြီးတော့ လျှောက်ပြီးတော့ စာတွေထဲမှာ ရေးကြတာတွေ ရှိတယ်၊ “ဗုဒ္ဓနဲ့ ဗုဒ္ဓဝါဒ” လို့ နာမည်တပ်ပြီး အဲဒီထဲမှာ ကိုယ့်ဝါဒတွေ ရေးတာတွေ ရှိသေးတယ်၊ အင်မတန်မှ သတိထားစရာ ကောင်းတယ်ပေါ့။

အဲဒီထဲမှာ ဘယ်လိုရေးထားတုန်းဆိုရင် မြတ်စွာဘုရားက သူ့ကိုယ်သူ “သဗ္ဗညုတဉာဏ်” ရှိတယ်လို့ ဝန်မခံဘူးတဲ့၊ သူက refer လုပ်တဲ့ ညွှန်းတဲ့ သုတ်တွေဟာ ဘာသုတ်တွေတုန်း၊ အဲဒီ ညွှန်းတဲ့ သုတ်တွေထဲမှာ ဘယ်လိုအဓိပ္ပါယ် ရှိတုန်း သေချာဖတ်ပုံ မရဘူး၊ အဲဒီထဲမှာ “သတတံ သမိတံ ဉာဏဒဿနံ ပစ္စုပဋ္ဌိတံ ဟောတိ” အဲဒီ စကားလုံးလေးတွေ ပါတယ်။

တခြား ဗုဒ္ဓနဲ့ခေတ်ပြိုင် အယူဝါဒရှိတဲ့ မာက္ခလိဂေါသာလ စတဲ့ပုဂ္ဂိုလ်တွေက သူတို့မှာလည်း သဗ္ဗညုတဉာဏ် ရှိတယ်လို့ ဝန်ခံကြတယ်၊ သူတို့ဝန်ခံတဲ့ သဗ္ဗညုတဉာဏ်က ဘယ်လို အမျိုးအစား တုန်းဆိုရင် “အိပ်နေတုန်းဖြစ်စေ ရပ်နေတုန်းဖြစ်စေ သွားနေတုန်းဖြစ်စေ ဘယ်အချိန်မှာမဆို သူ့ဉာဏ်က ရှိနေတယ်” အဲဒီ စကားလုံးကို သတိထားရမယ်။ present ဆိုတာ ထာဝရ အမြဲ ရှိတယ်ဆိုတာ၊ အဲဒီလို ဉာဏ်မျိုးတော့ မြတ်စွာဘုရားမှာ မရှိဘူး၊ ကျိန်းစက်တော် မူနေတဲ့အချိန် ဘယ်ဉာဏ်ရှိမလဲ၊ ကျိန်းစက် နေရင်တော့ ဘဝင်စိတ်ပဲ ရှိမှာပေါ့၊ မီးကြီးထွန်းထားရင် လင်းနေသလို အချိန်မရွေး လင်းနေတယ်လို့ ဒီလို ဝန်ခံနိုင်မလား၊ ရယ်စရာကြီးပေါ့။

မြတ်စွာဘုရား ကိုယ်တိုင်ကလည်း ဝေဖန်ထားတယ်၊ “အေး - တချို့ ဘုရားတွေဟာ သူတို့မှာ အိပ်နေတုန်းရော နိုးနေတုန်းရော သွားနေတုန်းရော ထိုင်နေတုန်းရော အမြဲတမ်း ဉာဏ်တော်ကြီးက လင်းနေတယ်လို့ ပြောတယ်၊ ဒါပေမယ့်လို့ လမ်းမှားလို့, လမ်းမသိလု့ိ လမ်းမေးရတာ ရှိတယ်တဲ့၊ နာမည်မသိလို့ မေးရတာ ရှိတယ်တဲ့၊ မဟုတ်တဲ့လမ်း ရောက်သွားလို့ ဒုက္ခရောက်သွား ရတာတွေ ရှိတယ်” တဲ့၊ ကဲ ဘယ်လို လုပ်မတုန်း၊ အမြဲတန်း ဉာဏ်ကြီး ရှိနေရင် လမ်းမှားပါ့မလား၊ မှားနိုင်ဘူး လမ်းမေးစရာရော လိုသေးသလား၊ မလိုဘူး။

မြတ်စွာဘုရားမှာ ရှိတဲ့ သဗ္ဗညုတဉာဏ် ဆိုတာ ဘယ်လိုဟာတုန်း ဆိုတာ သိချင်လို့ ကြည့်လိုက်လို့ရင် မချွင်းမချန် အကုန်သိတယ်၊ သိချင်ပြီ၊ ဉာဏ်ကိုအသုံးချပြီ၊ ဉာဏ်ဆိုတာ ဓားလိုပဲလေ၊ အိမ်ထဲ ထည့်ထားလို့ရှိရင် ဘယ်ခုတ်လို့ ရမလဲ၊ ထုတ်ပြီး အသုံးပြုပြီ ဆိုလို့ရှိရင် ဖြစ်နိုင်စွမ်းရှိတယ်လို့ ဒါပြောတယ်။

သဗ္ဗညုတဉာဏ် ဆိုတာ အကြောင်းအရာ တစ်ခုကို သိချင်လို့ ကြည့်လိုက်ပြီဆိုရင် ဘာမှ မကျန်အောင် အပိတ်အပင် အတားအဆီး မရှိတာ “အနာဝရဏ” လို့ ခေါ်တယ်။ အပိတ်အပင် အတားအဆီး မရှိတဲ့ဉာဏ်၊ ပစ္စုပ္ပန်မှာပဲ ဖြစ်စေ၊ အတိတ်မှာပဲ ဖြစ်စေ၊ အနာဂတ်မှာပဲ ဖြစ်စေ ဘယ်လောက်ပဲ ဝေးကွာ ဝေးကွာ၊ ဘယ်လောက် နက်နဲနက်နဲ၊ ဘယ်လောက် ခက်ခဲခက်ခဲ သိချင်လို့ ကြည့်လိုက်မယ် ဆိုရင် အကုန် မြင်ရတယ်လို့ ပြောတာ၊ အကုန် သိရတယ်လို့ ပြောတာ၊ မသိချင်ဘူး ဆိုတဲ့အချိန် ဒီဉာဏ်က ဘယ် အလုပ်လုပ်မလဲ၊ ဒါ သဘာ၀ မဟုတ်ဘူး၊ မသိချက်ဘဲနဲ့ သူ့ဟာသူ အလိုလို လာသိနေရင် ဘယ်လိုလုပ် အိပ်လို့ရမတုန်း၊ present ဆိုတာ မဖြစ်နိုင်ဘူးပေါ့။

အဲဒီတော့ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ် ဟာ ခုနကလို အိပ်နေတုန်း အမြဲတမ်းရှိတဲ့ ဉာဏ်မျိုးတော့ ဘုရားက လက်မခံဘူး၊ အဲဒီလို လက်မခံတာကို ရောယောင်ပြီး ဘုရားက “သဗ္ဗညုတဉာဏ်” လက်မခံဘူးလို့ ရေးတဲ့ပုဂ္ဂိုလ် မြန်မာပြည်မှာ ရှိတယ်၊ ပြီးတော့ အဲဒီလို စာအုပ်ထဲမှာပဲ နိုင်ငံခြားက ရေးတာတွေကို အဟုတ် ထင်နေတယ်။ တချို့ မြန်မာပြည်က အင်္ဂလိပ်စာ တတ် ပုဂ္ဂိုလ်တွေကလည်း အင်္ဂလိပ်လို ရေးလိုက်လို့ရှိရင် အဟုတ် ထင်နေတာ၊ အဲဒါလည်း သတိထားစရာလေး တစ်ခုပါပဲ။

အခုလို ပြောရတာဟာ သူများကို ပြစ်တင်ကဲ့ရဲ့ ရှုတ်ချချင်လို့ ပြောတာ မဟုတ်ဘူး၊ သတိထားဖို့ ပြောတာ၊ နိုင်ငံခြားက အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေကို ကိုးကားပြီးတော့ နောက် ယောင်လိုက်ထားတဲ့ စာအုပ်တွေထဲမှာ ဘာတွေ ရေးထားလဲ၊ မြတ်စွာဘုရားက ၃၁-ဘုံကို လက်မခံ ဘူးတဲ့၊ ဗြဟ္မာ့ပြည်ရှိတယ် ဆိုတာ မြတ်စွာဘုရားက လက်မခံဘူးတဲ့၊ အဲဒါကို ထည့်ထားတယ်၊ ထည့်ထားပြီးတော့ ဘာကို အကိုးအကားပြတုန်း ဆိုတဲ့အခါ “တေဝိဇ္ဇသုတ်”မှာ မြတ်စွာဘုရားက ဝါသေဋ္ဌဆိုတဲ့ ပုဏ္ဏားကို -

“မင်းတို့ဆရာတွေရော ဗြဟ္မာကို မြင်ဖူးလား” လို့ မေးတယ်၊

“မမြင်ဖူးပါဘူး”၊

“ဒါဖြင့် ဆရာ့ ဆရာကြီးတွေရော မြင်ဖူးလား၊”
“မမြင်ဖူးပါဘူး”၊

“ဒါဆို မင်းတို့ ဝေဒကျမ်းပြု ရှေးက ဆရာကြီးတွေရော မြင်ဖူးလား၊” ဆိုတော့
“မမြင်ဖူးပါဘူး”၊

“ဒါဖြင့် မင်းတို့ဟာ မမြင်ဖူးဘဲနဲ့ ပြောနေကြတာ၊ ရှေ့လူတွေကလည်း မမြင်ဖူး၊ နောက်က လူကလည်း မမြင်ဖူးဘူး ဆိုတဲ့ မျက်မမြင် သူကန်းတွေရဲ့ အစဉ်အတန်းကြီး ဖြစ်နေတာပေါ့” လို့ မြတ်စွာဘုရားက မိန့်တယ်။

ဒီအချက်ကို အထောက်အထားပြုပြီး မြတ်စွာဘုရားက ဗြဟ္မာမရှိဘူး လို့ ပြောတယ်လို့ မှတ်ချက် ချတယ်။ အဲဒီ စာပိုဒ်လေးရဲ့နောက်ကို ဆက်ဖတ်လိုက်လို့ ရှိရင် ဘုရားက ဘယ်လိုပြောတာတုန်း ဆိုတာ ရှိတယ်၊ အဲဒါကိုတော့ မြှုပ်ထားလိုက်တယ်၊ မြတ်စွာဘုရားက ဘယ်လိုဆက်ပြောတုန်းဆိုရင်

“ဝါသေဋ္ဌ - ငါက ဗြဟ္မာကိုလည်း မြင်ဖူးတယ်၊ ဗြဟ္မာပြည် ရောက်ကြောင်းတရား ကိုလည်း သိတယ်” အဲဒါကျတော့ ထည့်မရေးဘူး။

ဒါကြောင့်မို့လို့ Buddhism ကို လေ့လာမယ် ဆိုရင် မူရင်းကျမ်းကို ဖတ်ရမယ်၊ မြတ်စွာဘုရား တရားတော်ကို လေ့လာမယ်ဆိုရင် မူရင်းကျမ်းကို ဖတ်ဖြစ်အောင် ဖတ်ပါ၊ ကိုးကား ထားတာလေးနဲ့ မကျေနပ်နဲ့၊ ဗုဒ္ဓရဲ့အယူဝါဒကို မိမိရဲ့ အယူအဆတွေနဲ့ polluted မလုပ်နဲ့၊

polluted ဆိုတာ ညစ်နွမ်းစေတာ၊

လေကို ညစ်နွမ်းစေတာ air pollution၊

ရေကို ညစ်နွမ်းစေတာ water pollution၊

အသံတွေ ဆူညံနေပြီ ဆိုရင် noice pollution၊

အလင်းရောင်တွေ သိပ်များနေလို့ ရှိရင် light pollution၊

ဒါမျိုးကတော့ view pollution ပေါ့။

အဲဒါကြောင့် အင်မတန် သတိထားစရာ ကောင်းတယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ဟောထားတဲ့ မူရင်းကျမ်းထဲက တစ်ပိုင်း တစ်စတော့ လက်ခံတယ်၊ တစ်ပိုင်းတစ်စတော့ လက်မခံဘူးဆိုရင် ဘာနဲ့တူတုန်း ဆိုရင် “ငါကြိုက်တာ အမှန်၊ ငါမကြိုက်တာ အမှား” ဒီပုံစံမျိုး ရောက်နေတယ်နော်၊ မကိုးကားဘူး ဆိုရင် တစ်ခုမှ မကိုးကားနဲ့လေ၊ ကိုးပြီ ဆိုလို့ရှိရင် ချန်မထားနဲ့၊ အကုန်ကိုးရမယ်။ ရှေ့စကား နောက်စကားက အကုန်လုံး ပြည့်ပြည့်စုံစုံ ထည့်ရမယ်၊ ကိုယ်လိုချင်တဲ့ အပိုဒ်ကလေးကို ဖြတ်ယူပြီးတော့ ကိုယ်လိုချင်တဲ့နိဂုံး conclusion ဆွဲတာကတော့ အင်မတန်မှ ဆိုးဝါးပါတယ်၊ ဒါမျိုးတွေ ရှိတယ်လို့ ပြောတာ။

ဘုန်းကြီးတို့ ငယ်ရွယ်စဉ် ကတည်းက အဲဒီစာအုပ်ကို ဖတ်ဖူးတယ်၊ စိတ်ဝင်စားလို့ ဖတ်ထားပြီးတော့ အဲဒီစာအုပ်ရဲ့ ရှေ့ပိုင်း စာရွက်အလွတ်မှာ ရေးထားတယ်၊ ဤစာအုပ်သည် ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ ဟု နာမည် တပ်ထားသော်လည်း သူ့ဝါဒတွေကိုသာ တင်ပြထားသည်ဖြစ်၍ ဖတ်တဲ့လူတိုင်း သတိထား၍ ဖတ်ကြပါလို့ ရေးထား လိုက်တယ်။ တကယ်တန်းတော့ ဘုရားဝါဒအစစ် ဟုတ်မှ မဟုတ်တာဘဲနော်၊ သူကိုးတဲ့ စာအုပ်တွေကြည့်၊ ဟုတ်မှ မဟုတ်တာ၊ တချို့ကျတော့ ဘာတုန်းဆိုရင် interpretation problem ပေါ့၊ အဓိပ္ပါယ် ကောက်ယူမှုတွေ မမှန်ဘူး၊ သုတ္တန်တစ်ခု ဆိုလို့ရှိရင် စပ်မိလို့ ပြောရဦးမယ်၊ “အတ္ထိ အတ္တာ၊ နတ္ထိ အတ္တာ” ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ ဘာသာပြန်ထားတာ တလွဲပြန်ပြီး “မြတ်စွာဘုရားက ‘အတ္တ’ ကို ရှိတယ်လို့လည်း မပြောဘူး၊ မရှိဘူးလို့လည်း မပြောဘူး၊ ယောင်လည်လည် လုပ်ထားတယ်” ဆိုတဲ့ ပုံစံမျိုး ရေးထားတယ်၊ တကယ်ကတော့ ယောင်လည်လည် က သူလုပ်နေတာ၊ အဲဒါကို ဘုရားကို ယောင်လည်လည် လုပ်တယ်လို့ ရေးထားတယ်၊ ဘာသာပြန် တာက မှားနေတာ။

‘အတ္ထိ အတ္တာ’ ဆိုတဲ့ နေရာမှာ ‘အတ္ထိ၊ နတ္ထိ’ ဆိုတာ သာမန်အဆင့်ကို ပြောတာမဟုတ်ဘူး၊ ‘အတ္ထိ’ ဆိုတဲ့ အရှိကို “ထာဝရအရှိ” လို့ ပြောတာ၊ ‘အတ္တ’ ဆိုတဲ့ ယူဆချက် သဘာဝဟာ တကယ်ရှိတယ်၊ ထာဝရ ရှိနေတာလားလို့ မေးရင် ဒါ ‘သဿတဝါဒ’ မေးခွန်းပဲ၊ အတ္တသည် အမြဲထာဝရ ရှိနေတာလား၊ အတ္တကို ကိုင်ပြီးတော့ မေးတဲ့မေးခွန်း၊ ‘အတ္တသည် ထာဝရ ရှိနေသလား” လို့ ဒီလိုပြန်ရမှာ၊

အဲဒီလို မပြန်ဘဲနဲ့ “အတ္တ ရှိသလား” လို့ ပြန်လိုက်တာ ဆိုတော့ interpretation က မှန်မှ မမှန်တာ၊ ဘာသာပြန်တာ မှားသွားတာ၊ “အတ္ထိ” အတ္တာ ရဲ့ အဓိပ္ပါယ်က “အတ္တသည် ထာဝရ ရှိနေတာလား” လို့ မေးတာ၊ “ထာဝရ မြဲနေသလား” လို့ မေးတဲ့သဘောပဲ၊ မြတ်စွာဘုရားက အတ္တကိုမှ လက်မခံ ထားတဲ့အတွက်ကြောင့် “အတ္တိ နတ္ထိ” ရှိမရှိ ဆိုတာ ဘယ်လိုလုပ် ဖြေမှာတုန်း၊

မရှိတဲ့ အတ္တကို မြဲသလား၊ မမြဲဘူးလား လို့မေးရင် ဘယ်လိုဖြေလို့ ရမလဲနော်၊ ဖြေလို့မရတဲ့ မွေးခွန်းကြီး၊ ဒါကြောင့် မြတ်စွာဘုရားက မဖြေတာကိုပဲ ဘုရားကို ယောင်လည်လည် လုပ်တယ် လို့ ထင်အောင် ရေးကြသေးတယ်၊ ဒါလည်း သတိထား စရာ အချက်ပဲ။

အဲဒီတော့ ၃၁-ဘုံ ကို ဒီ အဘိဓမ္မတ္ထ သင်္ဂဟကျမ်းမှာတင် ရေးတာမဟုတ်ဘူး၊ တခြားနေရာ တွေမှာလည်း ဘုံတွေအကြောင်း ပါတာပဲ၊ ဒီ ၃၁-ဘုံဆိုတာ ရမ်းသန်းပြောတဲ့ ဘုံတွေ မဟုတ်ဘူး၊ ဒီအလုပ် လုပ်လို့ရှိရင် ဒီအကျိုးမျိုး ရမယ်၊ ဒီလမ်းလျှောက်ရင် ဒီစခန်း ရောက်မယ်လို့ပြောတဲ့ ဘုံတွေချည်းပဲ။

ဘယ်လို သတ္တဝါတွေက ဘယ်ဘုံကို ရောက်တယ်၊ သူတို့တွေရဲ့ ပဋိသန္ဓေစိတ်တွေက ဘာတွေလဲ၊ ထိုဘုံမှာ ဘယ်လို နေရတယ်၊ ထိုင်ရတယ် ကအစ အသေးစိတ် ပြောထားတာ၊ တိတိကျကျ ပြောထားတာ၊ ရမ်းသန်းပြီးတော့ ပြောတဲ့ ဟောတဲ့တရား မဟုတ်ဘူးတဲ့၊ ဒါကြောင့်မု့ိ ၃၁-ဘုံဝါဒက ဘုရားဟော မဟုတ်ဘူး၊ မျက်စိနဲ့ မမြင်ရလို့ မရှိဘူးလို့များ တချို့တလေ အယူအဆ မှားယွင်းမှာ စိုးလို့ ပြောပြတာနော်။

ရှိနိုင်တယ်ဆိုတာ သေချာတယ်။ ကိုယ်မမြင်ရပေမယ့် ရှိနေတာတွေ လောကမှ အများကြီးပဲ၊ လူတွေ မြင်ရတာ လူအချင်းချင်းတော့ မြင်ရမှာပေါ့၊ တိရစ္ဆာန်တွေကို မြင်ရတယ်၊ အဲဒီတော့ ငရဲဆိုတာ မမြင်ရဘူး၊ ပြိတ္တာဆိုတာ မမြင်ရဘူး၊ နတ်တွေဆိုတာ မမြင်ရဘူး၊ မမြင်ရတာနဲ့ မရှိဘူးလို့ ပြောလို့မရဘူး၊ ကံတရားတွေ ရှိနေတယ်၊ မတူညီတဲ့ ကံတရားတွေက မတူညီတဲ့ ဘုံဘဝကို ဖန်တီးမှာပဲလေ၊ မတူညီတဲ့ ဘုံဘဝကို ရပြီးတော့ မတူညီတဲ့ ဘဝမှာ နေကြရမှာဖြစ်တယ်။

ဒါကြောင့်မို့ ကိုယ်မသိပေမယ့်လို့ ဘုံဘဝတွေဟာ မတူညီဘူး ဆိုတာ ဥပမာနဲ့ ပြောရရင် သမထကျင့်စဉ်တစ်ခုကို ကျင့်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သမထကျင့်စဉ်ကို မကျင့်တဲ့ ပုဂ္ဂိုလ် တစ်ယောက်နဲ့ အတူတူ ဖြစ်ရမယ်ဆိုတာ ယုတ္တိ ရှိပါ့မလား၊ သမထကျင့်စဉ် တစ်ခုကို ကျင့်လို့ ဈာန်ရသွားတယ်၊ ပထမဈာန်ရတယ်၊ ဒုတိယ ဈာန်ရတယ်၊ တတိယဈာန်ရတယ်၊ စတုတ္ထဈာန်ရတယ်၊ ပဉ္စမဈာန်ရတယ်၊ ဟော - အင်မတန် ထူးခြားတဲ့ ဈာန်ရမယ်ဆိုရင် ဒီပုဂ္ဂိုလ်တွေဟာ အတူတူပဲ ဖြစ်ရမယ်ဆိုရင် ဘာထူးမှာတုန်း။

အဲဒီတော့ ဒီဈာန်အဘိညာဏ် ရထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ဖြစ်ရာ ဗြဟ္မာဘုံဆိုတာ ရှိကိုရှိရမှာပေါ့၊ ဘာပြုလို့တုန်း ဆိုရင် မတူညီတဲ့ လုပ်ရပ်တွေ သူ့မှာရှိတယ်၊ ထူးခြားတဲ့ လုပ်ရပ်တွေကို လုပ်ထားတယ်၊ ဒါ ‘အနုမာန’ လို့ ခေါ်တယ်၊ အဲဒီ မသိတဲ့ပုဂ္ဂိုလ်တွေ တိုက်ရိုက် မြင်နိုင်တဲ့ နည်းလမ်း ကတော့ ဒိဗ္ဗစက္ခုရအောင် ကျင့်ပြီးတော့ ဒိဗ္ဗစက္ခု ရရင်တော့ သေချာပေါက် မြင်ရပြီပေါ့၊ ဒိဗ္ဗစက္ခု မရတဲ့ ပုဂ္ဂိုလ်ကတော့ “အနုမာန” နဲ့ မှန်းပြောလို့ ရပါတယ်။

‘အနုမာန’ ဆိုတာ အကျိုးကို မြင်လို့ရှိရင် အကြောင်းကို ဖော်ထုတ်နိုင်တယ်၊ အကြောင်းကို မြင်လို့ ရှိရင်လည်း အကျိုးကို ဖော်ထုတ်လို့ ရတယ်၊ ဒါကို ‘အနုမာန’ inference လို့ ခေါ်တယ်၊ မှန်းဆပြီးတော့ ပြောတာ၊ အဲဒီ မှန်းဆချက်ဟာလည်း အလွန်မှန်ကန်တဲ့ မှန်းဆချက်၊ ‘အနုမာန’ ဆိုတာ မှန်ကန်တဲ့ မှန်းဆချက်၊ ကြည့်လေ - မီးခိုးတလူလူ ထွက်နေလို့ရှိရင် လူတိုင်းလူတိုင်းက ပြောနေကြတာပဲ၊ မီးခိုးထွက်နေတဲ့နေရာ သွားကြည့် - မီးရှိနေတယ် ဆိုတာ သိနေတာပဲ ဒါကိုပြောတာ၊ မီးမမြင်ဘူး၊ မီးခိုးပဲ မြင်တာနော်၊ သို့သော် ဒီမီးခိုးဆိုတာ မီးကထွက်တာ ဆိုတော့ မီးရှိတယ် ဆိုတာ ပြောလို့ ရတာပေါ့၊ အောက်အရပ်မှာ မြစ်ရေတွေ တိုးနေလို့ရှိရင် အထက်အညာမှာ မိုးတွေ ကြီးနေတယ်လို့ ပြောလို့ မရဘူးလား၊ “ရပါတယ်ဘုရား”၊ ပြောတဲ့အတိုင်းရော မမှန်ဘူးလား၊ “မှန်ပါတယ်ဘုရား”၊ ဒါ အကျိုးတရားကို ကြည့်ပြီးတော့ အကြောင်းတရားကို ဖော်ထုတ်တဲ့နည်းတဲ့၊ အဲဒါ ‘အနုမာန’ နည်းလို့ ခေါ်တယ်။

အကြောင်းတရားကို ကြည့်ပြီးတော့လည်း အကျိုးတရားကို ပြောနိုင်တာပဲ၊ ဒီလူုက မကောင်းတဲ့လမ်း လျှောက်နေတယ်၊ မဟုတ်တာတွေ လုပ်နေတယ်၊ ဒုက္ခရောက် လိမ့်မယ်၊ ဟော - ရောက်တာပဲ၊ အကြောင်းကို ကြည့်ပြီးတော့ အကျိုးကို ဆုံးဖြတ်တဲ့ နည်း၊ စာကြိုးစားနေတဲ့ ကလေးတစ်ယောက် ကျောင်းမှန်မှန် တက်တယ်၊ ဒီကလေး ကတော့ ထူးထူးချွန်ချွန် ဖြစ်မှာပဲလို့ - တကယ်ပဲ ထူးချွန်တာပဲ၊ ကလေး တစ်ယောက် ကတော့ စာမကျက်ဘူး၊ မကောင်းတဲ့ အပေါင်းအသင်းတွေနဲ့ ပေါင်းတယ်၊ ဒီ ကလေးတော့ ပျက်စီးတော့မှာပဲလို့ ပြောတယ်၊ ဟော ပျက်စီးသွားတာပဲ၊ ဘာဖြစ် လို့တုန်း ဆိုတော့ သူလုပ်နေတဲ့လုပ်ရပ် - ဒါတွေက အကြောင်းတရား တွေပဲလေ၊ အဲဒီ အကြောင်းတရားတွေနဲ့ အကျိုး တရားဟာ မျှော်မှန်းလို့ ရတာပေါ့။

မြတ်စွာဘုရားကျတော့ အဲဒီလို ‘အနုမာန’ တောင် မဟုတ်ဘူး၊ ကိုယ်တိုင်မြင်၊ ကိုယ်တိုင် သိပြီးတော့ ဟောတာတဲ့၊ ဒါကြောင့်မို့ ၃၁-ဘုံ မြတ်စွာဘုရား ဟောထားခဲ့တာ၊ ဘုံတွေကတော့ ရေတွက် မပြတော့ပါဘူး၊ ဘုံတွေရှိကြောင်းကိုသာ ပြောပြတာနော်၊ အကြမ်းဖျင်း ပြောမယ် ဆိုလို့ရှိရင် ..

အပါယ် ၄-ဘုံ၊ လူ့ဘုံရယ်၊ နတ်ပြည် ၆-ထပ်ရယ်၊
ဒါ ကာမ ၁၁-ဘုံလို့ ခေါ်တယ်၊

ဗြဟ္မာဘုံ- ၂၀-ရှိတယ်၊

၃၁-ဘုံဆိုတာ အဲဒါကိုပြောတာ၊

ဗုဒ္ဓက ၃၁-ဘုံထဲမှာ သတ္တဝါတွေကလည်း မျိုးစုံအောင် ရှိတယ်။ အဲဒီ ၃၁-ဘုံဟာ ဘာနဲ့ အဆင့်အတန်းဟာ ကွဲပြားခြားနား နေသလဲဆိုရင် ပဋိသန္ဓေစိတ်နဲ့ ကွဲပြားခြား နေတယ်။

ပဋိသန္ဓေစိတ်နဲ့ ကွဲပြားခြားနားတဲ့ အထဲမှာလည်းပဲ ထပ်ဆင့်ပြီးတော့ သူတို့ရဲ့ level degree တွေ ရှိသေးတယ်လို့ မှတ်ရမယ်၊ ဆိုပါစို့ - အပါယ် ၄-ဘုံရဲ့ ပဋိသန္ဓေစိတ်ဟာ အကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ ဥပေက္ခာသန္တီရဏစိတ်ပဲ၊ အကုသိုလ်ရဲ့ အကျိုး ဆိုပေမယ့်လို့ သူတို့လုပ်ခဲ့တဲ့ အကုသိုလ်တွေက တစ်ဦးနဲ့တစ်ဦး တူညီမှု မရှိကြဘူး၊ အဲဒီ အကုသိုလ်က ပြင်းထန်တဲ့ အကုသိုလ်ဆိုရင် ငရဲ၊ အဲဒီထက် နည်းနည်းလျော့နည်းတဲ့ အကုသိုလ် ဆိုလို့ရှိရင် တိရစ္ဆာန်၊ အဲဒီထက် နည်းနည်း လျော့နည်းရင် ပြိတ္တာလို့ အကုသိုလ်ရဲ့ degree ကိုကြည့်ပြီးတော့ ဆုံးဖြတ်ရမယ်၊ degree ပြင်းသွားရင် ပြင်းတဲ့ဆီ ရောက်မှာပဲလေ၊ မီးတောင်မှပဲ သူ့ဒီဂရီသူ ရှိတယ်မို့လား၊ ပူတယ်, သိပ်ပူတယ်, မပူဘူး ဒီလို လာဦးမှကိုး၊ အဲဒါမျိုးလိုပဲ အကုသိုလ်မှာလည်း အကုသိုလ်ရဲ့ ဒီဂရီ အတိုင်းအတာအရ ဘုံတွေ ကလည်း အဆင့်ဆင့် ဖြစ်တယ်၊ ထို ပဋိသန္ဓေစိတ်တွေရဲ့ စွမ်းအားတွေကလည်း ပဋိသန္ဓေစိတ်တွေကို စွမ်းအားပေးတဲ့ ကံက ထူးခြားသည့် အတွက်ကြောင့် ထို ပဋိသန္ဓေစိတ်နဲ့ အစပြုရတဲ့ သတ္တဝါတွေရဲ့ အနေအထားကလည်း ထူးခြားမှု လေးတွေတော့ ရှိတာပေါ့၊ သန္ဓေနဲ့ ပြောမယ်ဆိုရင် ဥပေက္ခာ သန္တီရဏ အကုသလ ဝိပါက်နဲ့ ပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ်တွေဟာ အပါယ် ၄-ဘုံသားတွေပဲ။

အဲဒီတော့ တိရစ္ဆာန်တစ်ကောင်ရဲ့ ပဋိသန္ဓေစိတ်နဲ့ ငရဲဘုံက ပြိတ္တာဘုံက သတ္တဝါတွေရဲ့ ပဋိသန္ဓေစိတ် ဟာ အတူတူပဲ၊ အတူတူ ပေမယ့် ခံစားရတာချင်း တူသလားဆိုရင် မတူဘူး။ ဘာဖြစ်လို့ မတူတုန်း ဆိုရင် လုပ်ခဲ့တဲ့ အကုသိုလ်ရဲ့ စွမ်းရည်သတ္တိချင်း မတူကြဘူး၊ အတိုင်းအတာချင်း မတူကြဘူး လို့ပြောတာ။

လူတွေရဲ့ ပဋိသန္ဓေစိတ်က ၉-ခု ရှိတယ်၊ ကုသလဝိပါက် ဥပေက္ခာ သန္တီရဏရယ်၊ မဟာဝိပါက်စိတ် ၈-ခု ရယ်၊ သို့သော် ပဋိသန္ဓေအားဖြင့် လူသားတွေဟာ ဒီ ၉-ခုထဲက ကံတစ်ခုခုတော့ တူညီနေကြတယ်၊ ဒါကြောင့်မို့ အဆင့်အတန်းချင်း တူသလား ဆိုတော့ မတူပြန်ဘူး၊ တချို့က ဆင်းရဲတယ်၊ တချို့က ချမ်းသာတယ်၊ တချို့က ဉာဏ်ကောင်းတယ်၊ တချို့က ဉာဏ်မကောင်းဘူး၊ တချို့က အသက် ရှည်တယ်၊ တချို့က အသက် မရှည်ဘူး၊ ဘာဖြစ်လို့တုန်း၊ သူတို့ လုပ်ခဲ့တာတွေကမှ မတူတာ၊ အဲဒီတော့ သန္ဓေစိတ်ကလေးနဲ့ ခွဲပြီး ဘုံကို သတ်မှတ်ပြီး သတ္တဝါတွေကို နောက်ထပ် ထပ်ပြီးတော့ သတ်မှတ်တာကတော့ သူတို့ရဲ့ လုပ်ခဲ့တဲ့ ကံတရားတွေရဲ့ အကျိုး ပေးမှုဟာ မတူညီတဲ့ အကျိုး ပေးလေးတွေ ရှိနေသေးတယ်၊ တခြားအကြောင်းတွေ ရှိနေသေးတယ် ဆိုတာကို သိသာတယ်။

ကြည့် - နတ်တွေရဲ့ ပဋိသန္ဓေစိတ်ဟာ မဟာဝိပါက်စိတ် ၈-ခုပဲ၊ သို့သော် တစ်ဦးနဲ့တစ်ဦး သက်တမ်းချင်း တူကြလား၊ သန္ဓေစိတ်ချင်းတော့ တူတယ်, သက်တမ်းချင်း တူကြလားဆိုရင် မတူဘူး၊ ဘယ်သူက အဆုံးအဖြတ် ပေးနေတုန်း ဆိုရင် သူတို့လုပ်ခဲ့တဲ့ ကံတွေ၊ သူတို့ဖြစ်ရာ ဘုံတွေ အတိုင်းအတာနဲ့ ဆုံးဖြတ်ပေးတာ၊ လူဆိုလည်း ကြည့်လေ - လူတွေရဲ့ ဘဝ အတိုင်းအတာ အသက်ဟာ ကံကတင် အဓိက မဟုတ်ဘူး၊ ဥတုနဲ့ အာဟာရကနေ လူ့ရဲ့သက်တမ်းကို ဆုံးဖြတ် ပေးတာ၊ ကံကတော့ အဓိက အခြေခံပေါ့၊ အခြေခံ အကြောင်းတရားကတော့ ကံပဲ၊ သို့သော် ထိုကံက ပေးလိုက်တဲ့ဘဝကို အစောင့်အရှောက် ပြုနေတာက ဥတုနဲ့ အာဟာရ၊ ဒါကြောင့်မို့လို့ “ဥတုနာ ဘောဇနေန အာယုဟာယတိပိဝဍ္ဎတိပိ” လူတွေရဲ့ သက်တမ်းဟာ ဥတုနဲ့ အာဟာရကြောင့် တိုးတဲ့ အခါ တိုးတယ်၊ လျော့တဲ့အခါ လျော့တယ်၊ အင်မတန်မှ ထင်ရှားပါတယ်။

ဘုရားဖြစ်ဖို့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတာမို့ ကံအားဖြင့် ပြိုင်မယ်ဆိုရင် ဘုရား တစ်ဆူနဲ့ တစ်ဆူ မထူးခြားဘူးလို့ ပြောရမယ်၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ကြတယ်၊ သို့သော် သက်တမ်းကျတော့ မကွာဘူးလား၊ ကဿပ မြတ်စွာဘုရားက အသက် နှစ်သောင်းတမ်း မှာပွင့်လို့ အသက်နှစ်သောင်း ရှည်တယ်၊ ဂေါတမ မြတ်စွာဘုရားက တစ်ရာတမ်း မို့လို့ သက်တော် ၈၀- ပဲ နေရတယ်၊ ဒါဖြင့် ဂေါတမမြတ်စွာဘုရား ကံက ညံ့တယ်လို့ ပြောလို့ရမလား၊ “မရပါဘူးဘုရား”၊ ဘာက ဆုံးဖြတ်ပေးသွားတုန်း ဆိုရင် ဥတုနဲ့ အာဟာရက ဆုံးဖြတ် ပေးသွားတယ်၊ ဒီခေတ် ဒီ အခြေအနေရဲ့ ဥတုနဲ့ ဒီခေတ် ဒီအခြေအနေရဲ့ အာဟာရက လူ့ရဲ့ ခန္ဓာကိုယ်ကို ဒီလောက်ပဲ maintain လုပ်နိုင်တယ်၊ ဒီထက် ကြာအောင် မလုပ်နိုင်ဘူး၊ အဲဒီတော့ ကံအပြင်တခြား အကြောင်း အရာ တွေကိုလည်း ထည့်ပြီးတော့ စဉ်းစားရတယ်လို့ ဆိုလိုတာ။

သန္ဓေစိတ်ချင်း တူပေမယ့်လို့ အခြေအနေချင်း မတူဘူး၊ လူ့ဘဝ လူတွေတောင်မှပဲ အမျိုးစုံပဲ၊ တူမှ မတူတာ၊ အာဖရိကမှာ မွေးတဲ့ လူတွေကျတော့ မည်းလို့၊ ဥရောပမှာ မွေးတဲ့ လူတွေကျတော့ ဖြူတယ်၊ အာရှမှာ မွေးတဲ့ လူတွေကျတော့ အဝါရောင် လေးတွေ ဖြစ်နေတယ်၊ အရောင် မတူတာတွေ၊ ဘာဖြစ်လို့တုန်း ဆိုရင် ခုနကပြောခဲ့တဲ့ ဒေသရဲ့ ဥပနိဿယပ စ္စည်းလေးတွေလည်း ပါတာပေါ့၊ လူ့ရဲ့ အမျိုးအနွယ်လည်း ပါတာပေါ့၊ အကြောင်းတွေ အများကြီးပဲနော်၊ သို့သော် လူသားတွေရဲ့ ပဋိသန္ဓေစိတ် သည် မဟာဝိပါတ်စိတ် ၈-ခုနဲ့ ဥပေက္ခာသန္တီရဏ၊ အဲဒီ ၉-ခုထဲက တစ်ခုခုပဲ၊ နတ်တွေရဲ့ ပဋိသန္ဓေစိတ်ကလည်း ထို့အတူပဲ။

အဲဒီတော့ လူ့ပြည်ရယ်၊ နတ်ပြည် ၆-ထပ်ရယ်၊ ကာမသုဂတိဘုံ ၇-ဘုံ၊ သာမန် ရိုးရာအားဖြင့် ဒါနကောင်းမှု လုပ်သူတွေ၊ သီလ စောင့်တည်ခဲ့သူတွေ၊ ဥပုသ် စောင့်ထိန်းတဲ့ ပုဂ္ဂိုလ်တွေ ရောက်တဲ့ ဘုံတွေချည်းပဲ၊ ဒီအဆင့်နဲ့ ရောက်တဲ့သူတွေလို့ ဒီလို ပြောရမှာ၊ ဒါနကောင်းမှု သီလကောင်းမှု ဥပုသ်စောင့်မှု အမေ အဖေ ပြုစုလုပ်ကျွေးမှု - အဲဒါတွေက နတ်ပြည် ၆-ထပ်နဲ့ လူ့ဘုံကို ရောက်ရှိ စေနိုင်တယ်။

ငရဲဘုံ၊ ပြိတ္တာဘုံ၊ တိရစ္ဆာန်ဘုံဆိုတဲ့ ဘုံတွေ ရောက်တာကျတော့ ခုနက ဒုစရိုက်လုပ်တဲ့ ပုဂ္ဂိုလ်တွေ၊ လုပ်ရပ်အတိုင်း ဒီလမ်းကြောင်းအတိုင်း သူတို့ရဲ့စခန်းကို ရောက်ရှိသွား တာပဲ၊ အဲဒီတော့ ဒါတွေကို ဒီလိုပြောရုံနဲ့ ဘုံနဲ့မြှောက်တယ်လို့ ဒီလိုပြောလို့ ဘယ်ရမလဲ၊ မြှောက်တာမှ မဟုတ်ဘဲနော်၊ ဘုံနဲ့ မြှောက်တာတို့ ငရဲနဲ့ ခြောက်တာတို့ မရှိပါဘူး၊ မခြောက်ပါဘူး၊ သူ့ဟာသူ ကြောက်ချင် ကြောက်မှာပေါ့။

လူ့လောကဆိုတာက အကျိုးတရား ဆိုတာပြောရရင် “မင်း စာကြိုးစား၊ စာ ကြိုးစားရင် ပညာတတ်ကြီး ဖြစ်လိမ့်မယ်၊ သို့မဟုတ် ဆရာဝန်ကြီး ဖြစ်လိမ့်မယ်” - ဒါက မြှောက်တာမှ မဟုတ်ဘဲ၊ အကျိုးတရားကို ဖော်ပြတာပဲလေ၊ မြှောက်ပေးတာမှ မဟုတ်ဘဲ၊ ဒီလို အားပေးစကား ပြောတာကို မြှောက်တာ မဟုတ်ဘူး၊ “ဘုံခန်းနဲ့ မြှောက်၊ ငရဲခန်းနဲ့ ခြောက်” တဲ့၊ ဘုံ လက်မခံတဲ့ ပုဂ္ဂိုလ်တွေက အဲဒီလို ပြောလေ့ ရှိကြတယ်၊ မြှောက်စရာလည်း မလိုဘူး၊ ခြောက်စရာလည်း မလိုဘူး၊ ကိုယ့်လမ်း ကိုယ်ရွေးပြီး ကိုယ့်စခန်း ကိုယ်ထွင်နေကြတာပဲ။

ကောင်းပြီ - ငရဲဘုံ တိရစ္ဆာန်ဘုံ ပြိတ္တာဘုံ၊ ထိုပြိတ္တာ ထဲမှာ ထပ်ပြီးတော့ ခွဲလိုက်တော့ အသူရကာယ် ဆိုပြီးတော့ ပြိတ္တာထဲကနေ တောက်ပြောင်မှု မရှိတဲ့ ပြိတ္တာ အသူရကာယ်တွေ ရှိသေးတယ်၊ ဆင်းဆင်းရဲရဲ နေရတဲ့ ပြိတ္တာမျိုးတွေ ရှိသေးတယ်၊ ပြိတ္တာတွေကလည်း အမျိုးအစား အများကြီးပေါ့၊ နောက်ပြီးတော့ လူ့ပြည် နတ်ပြည်၊ သက်တမ်း တွေကလည်း တစ်ခုနဲ့ တစ်ခု မတူဘူး၊ အဲဒီ သက်တမ်း မတူတာတွေ ကိုလည်းပဲ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ထိုသုတ္တန်တွေမှာ ဟောထား တာတွေ ရှိတယ်။

ဆိုပါစို့ - ငရဲဘုံရဲ့ သက်တမ်းကျတော့ ကံသာလျှင် အဓိက ပမာဏဖြစ်သည့် အတွက်ကြောင့် ကံရှိသလောက် ခံရမှာ ဖြစ်တယ်၊ ဒါကြောင့် ငရဲရဲ့သက်တမ်းကို သတ်မှတ်လို့ မရဘူးတဲ့၊ ကံပေါ် မူတည်တယ်ပေါ့၊ ကံဆိုတာ ပုဂ္ဂိုလ် တစ်ဦးစီရဲ့ အခြေအနေ ကံပေါ်မှာ မူတည်တယ်။

ကောသလမင်းကြီးရဲ့ မိဖုရားကြီး မိလ္လိကာ မိဖုရားကြီးဟာ သေခါနီးမှာ စိတ်ဆင်းရဲပြီး ဒေါမနဿနဲ့ သေသွားရသည့် အတွက်ကြောင့် အဝီစိငရဲ ကျသွားရှာတယ်၊ သို့သော် သူက အဝီစိငရဲမှာ ၇-ရက်ပဲ ကြာတယ်၊ ၇-ရက်က လူတွေရဲ့ အရေအတွက်နဲ့ ၇-ရက်ပဲကြာတယ်၊ သူ့သက်တမ်းက အဲဒီလောက်ပဲ သူခံရတယ်၊ အဲဒီထက် ပိုမခံရဘူး၊ အဲဒါကြောင့်မို့ ငရဲဘုံမှာ ကံသာလျှင် အဓိက ဖြစ်သည့် အတွက်ကြောင့် သက်တမ်းကို သတ်မှတ်ပြောလို့ မရဘူး။

လူတွေရဲ့ သက်တမ်းကလည်း တည်မြဲမှု မရှိဘူးတဲ့၊ အခုခေတ် သက်တမ်းကတော့ ဂေါတမ မြတ်စွာဘုရား မပွင့်ခင်, အခု ပွင့်ပြီးတဲ့ နောက်အထိ ၁၀၀ တမ်းလို့ပဲ ဒီလိုပြောကြတယ်၊ ၁၀၀ တမ်း ထက် ပိုတော့မပိုဘူး၊ လျှော့ဖို့ပဲ ရှိတယ်၊ ၁၀၀ တမ်း လို့ပဲ ပြောရမှာပေါ့။

လူ့ထက် နည်းနည်း အထက်တန်းကျတဲ့ စတုမဟာရာဇ် နတ်ဘုံကို ကြည့်မယ်ဆိုရင် လူတွေရဲ့ အနှစ် ၅၀ မှ စတုမဟာရာဇ် နတ်ပြည်မှာ ၁ ရက်ပဲ ရှိသေးတယ်၊ အဲဒီ ၁ ရက်နဲ့ တွက်လိုက်လို့ရှိရင် သူတို့အနေနဲ့ သူတို့သက်တမ်း အနှစ် ၅၀၀ အသက် ရှည်တယ်။

တာဝတိံသာ နတ်ပြည်ကျတော့ လူတွေ အနှစ် ၁၀၀ မှာ သူတို့က ၁ ရက်၊ အဲဒီ အချိုးအစားနဲ့ ၂ နဲ့ မြှောက်ပြီး တက်သွားလိုက်၊ လူတွေ ရေတွက်တဲ့ သက်တမ်းနဲ့ ပြောမယ်ဆိုရင် ၄ နဲ့မြှောက်သွားရမှာ၊ စတုမဟာရာဇ် နတ်ပြည်က အနှစ် ၉ သန်း ဆိုလို့ရှိရင် အဲဒါကို ၄-နဲမြှောက်သွားလိုက်လို့ရှိရင် တာဝတိံသာ နတ်ပြည်က လူတွေတွက်တဲ့ အသက်ကို သိမယ်၊ ၄-နဲ့ချည်းပဲ မြှောက်သွားလို့ရှိရင် အဖြေ ထွက်လာမှာပေါ့။

အဲဒါကို သင်္ဂြိုဟ်ကျမ်းမှာ ‘တတော စတုဂ္ဂုဏံ တာဝတိံသာနံ’ ၄-နဲ့ မြှောက်တာကို ပြောတာ၊ သို့သော် ဋီကာကျမ်းမှာ လေးနှစ်ဆ လေးနှစ်ဆလို့ ထည့်ပြောတာ နည်းနည်း ရှုပ်ထွေးသွားတယ်၊ လူ့သက်တမ်း ကို ၄-နဲ့မြှောက်လိုက်မယ်၊ လူတွေက ရေတွက်တဲ့ လူ့သက်တမ်းကို ၄-နဲ့ မြှောက်ရင် နတ်ဘုံတစ်ခု သက်တမ်းရဲ့ အဖြေရမှာပေါ့၊ အဲဒီလို သက်တမ်းတွေက တစ်ခုနဲ့တစ်ခု ပိုပို ရှည်သွားတာ၊ ဒါ ရိုးရိုး ကုသိုလ်ကောင်းမှု ပြုလုပ်သူတွေရဲ့ ဖြစ်ရာ ဘုံဌာနတွေပဲ။

ငရဲဘုံ

အေး - ငရဲဘုံဆိုတာ အားလုံး ကြားဖူးတယ်၊ ဒေဝဒူတသုတ္တန် မှာဆိုရင် ငရဲဘုံဟာ ငရဲကျသွားတဲ့ ပုဂ္ဂိုလ်တွေကို ငရဲသားတွေကို အုပ်ချုပ်နေတဲ့ ယမမင်းကြီး ဆိုတာရှိတယ်၊ ယမမင်းကြီးကို ဗုဒ္ဓစာပေမှာ သူတော်ကောင်းလို့ သတ်မှတ်တယ်၊ ဘာဖြစ်လို့တုန်းဆို ယမမင်းကြီးက ငရဲကျလာတဲ့ ပုဂ္ဂိုလ် တွေထဲက ကယ်တင်လို့ရမယ့် ပုဂ္ဂိုလ်တွေကို ကယ်တင်ဖို့ ဆိုတဲ့ အနေအထားမျိုးနဲ့ သူနေတာ၊ ဆွဲချဖို့ သူနေတာ မဟုတ်ဘူး၊ တွန်းပို့နေတာ မဟုတ်ဘူး၊ အချွန်နဲ့ မ,ဖို့မဟုတ်ဘူး၊ အဆင်းကို ဘီးတပ်ဖို့ နေတာ မဟုတ်ဘူး၊ ဒုက္ခ ရောက်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ဒုက္ခ မရောက်အောင် ကယ်တင်ဖို့၊ ဖြေရှင်းဖို့ ဆိုပြီး သူက လာပြီးတော့ နေတာ။ ယမမင်းက သူတော်ကောင်းကြီး။

ယမမင်းက အမြဲတမ်း တောင့်တတယ်တဲ့၊ ငါ လူ့ဘဝမှာ ဖြစ်ပါရစေ၊ ငါလူဖြစ်တဲ့ အချိန်မှာ ဘုရားပွင့်တာနဲ့ ကြုံပါရစေ၊ အဲဒီ ဘုရားကိုလည်း ငါဆည်းကပ် ကိုးကွယ်နိုင်ပါစေ၊ လူလည်း ဖြစ်တယ်၊ ဘုရားလည်းပွင့်တယ်၊ ဘုရားဆီ ရောက်ချင်မှ ရောက်တာနော်၊ ဒါကြောင့် အကြောင်းဆိုတာ ပိုပြည့်စုံအောင် လုပ်ရမယ်၊ လူလည်း ဖြစ်ရမယ်၊ ဘုရားလည်းပွင့်ရမယ်၊ ဘုရားဆီကိုလည်း အရောက်သွား ဆည်းကပ်ရမယ်၊ ဘုရားကလည်း တရားဟောရမယ် တဲ့၊ ဘုရားဟောတဲ့ တရားကိုလည်း သိပါရစေ၊ အဲဒါမှ ပြည့်စုံတယ် နော်၊ ဆုတောင်းလို့ ရှိရင် အဲသလို ဆုတောင်းရမယ်၊ အဲသလို သူက အမြဲတမ်း တောင့်တနေတာ၊ လူဖြစ်ပါရစေ၊ လူဖြစ်နေတဲ့ အချိန်မှာ ဘုရားပွင့်တာနဲ့ ကြုံပါရစေ၊ ဘုရားကိုလည်း ဆည်းကပ်ပါရစေ၊ ဘုရားကလည်း သူ့ကို တရားဟောပါစေ၊ ဟောတဲ့ တရားကိုလည်း သူနာပါရစေ၊ နာပြီးတော့လည်း သိပါရစေ၊ ယမမင်းကြီးက အမြဲတမ်း ဆုတောင်း နေတယ်။

ဒုစရိုက်လုပ်ငန်းတွေ လုပ်ပြီးတော့ ငရဲရောက်သွားတဲ့ ပုဂ္ဂိုလ်ဆိုရင် ငရဲသားတွေက အဲဒီ ငရဲကျလာတဲ့, ငရဲကို မယောင်မလည်နဲ့ ရောက်လာတဲ့ လူသစ်၊ သတ္တဝါအသစ်ကို ယမင်းကြီးဆီ ခေါ်လာလေ့ရှိတယ်၊ ခေါ်လာတဲ့ အခါကျတော့ သူတို့က ဘာလုပ်တုန်းဆိုရင် ‘အရှင်မင်းကြီး ဟောဒီလူက အမေကိုလည်း မပြုစုဘူး၊ အဖေကိုလည်း မပြုစုဘူး၊ ဆွေတွေမျိုးတွေထဲက အသက်အရွယ် ကြီးတဲ့ သူတွေကိုလည်း ဂရုမစိုက်ဘူး၊ သမဏ ဗြဟ္မဏ ဆိုတဲ့ ဘာသာရေး လေးစားသူတွေကိုလည်း အလေးမမူဘူး၊ ကုသိုလ်ကောင်းမှုလည်း မလုပ်ဘူး၊ ဥပုသ်လည်း မစောင့်ဘူး၊ ကောင်းမှု မလုပ်တဲ့ပုဂ္ဂိုလ်၊ မကောင်းမှု ဒုစရိုက်လုပ်တဲ့ ပုဂ္ဂိုလ် သူ့ကို အပြစ်ဒဏ်ခတ်ပါ’ လို့ ဆိုပြီး သူ့ဆီ လာပို့လိုက်တယ်။ ပို့ပြီဆိုတဲ့အတိုင်း ယမမင်းကြီးက မေးတယ်၊ သူ့ကို -

“မင်း လူ့ပြည်မှာ ပထမဆုံး နတ်တမန်ကို မင်းတွေ့ခဲ့သလား”
လို့ အဲဒီ မေးခွန်းကို စ,မေးတယ်၊ ထိုသူက
“မတွေ့ခဲ့ဘူး” တဲ့ ၊

“မင်း ငါဆိုလိုတာကို သေချာနားထောင်”

“မင်းလူ့ပြည်မှာတဲ့ အသက်အရွယ်ကြီးတဲ့ ၈၀-၉၀ အရွယ်၊ ခါးတွေ ကိုင်းလို့၊ ဆံပင်တွေဖြူလို့၊ သွားတွေကျိုး၊ အဲသလို အဘိုးအိုကြီး အဘွားအိုကြီးတွေ မင်းမမြင်ဖူးဘူးလား” ဆိုတော့
“မြင်ဖူးပါတယ်”၊

“အဲဒီ မြင်ဖူးတဲ့ အချိန်အခါတုန်းက မင်းအစဉ်းစားဘူးလား၊ ငါလည်း တစ်နေ့ကျ အိုရဦးမှာ၊”
“မစဉ်းစားဖူးပါဘူး” တဲ့၊

မေ့မေ့လျော့လျော့ နေခဲ့ပါတယ်၊ မေ့မေ့လျော့လျော့ နေတယ် ဆိုတာ ဘာမှမလုပ်ဘဲ နေတာကို ပြောတာ မဟုတ်ဘူး၊ ကုသိုလ်ကောင်းမှု တစ်ခုခု မလုပ်တာ။

စဉ်းစားမှာက ‘သြော် … ငါလည်း တစ်နေ့ကျ အိုရဦးမှာပဲ၊ အိုခြင်း သဘောကို မလွန်မြောက် နိုင်သေးဘူး၊ မအိုခင် ငါ ကောင်းတာလေးတွေ လုပ်ဦးမှာပဲ’ ဆိုတဲ့ ကုသိုလ်လုပ်ဖို့ရာ အတွက် စိတ်ကို မလှည့်ဘူး၊ ကာမဂုဏ်အာရုံ ကိစ္စတွေနဲ့ပဲ စားဝတ်နေရေးတွေနဲ့ နေ့စဉ်အချိန်ကုန်ပြီး ကုသိုလ် ကောင်းမှု လုံးဝမလုပ်ခဲ့ဘူး၊ ယမမင်းကြီးက သနားညှာတာပြီးတော့ပြောတယ်၊ အေးလေ - မေ့မေ့ လျော့လျော့ လုပ်ခဲ့တာတာ့ မင်းအမေက လုပ်ခဲ့တာလည်း မဟုတ်ဘူး၊ မင်းအဖေ လုပ်တာလည်း မဟုတ်ဘူး၊ ဆွေမျိုးတွေ လုပ်တာလည်း မဟုတ်ဘူး။ ဘယ်သူကမှ လုပ်တာလည်း မဟုတ်ဘူး၊ မင်းကိုယ်တိုင် လုပ်တာ၊ အဲဒီတော့ မင်းကိုယ်တိုင် လုပ်တော့ မင်းကိုယ်တိုင်ပဲ ခံစားရလိမ့်မယ်’ တဲ့၊ ဒီလိုပဲ ပြောတယ်။

အဲဒီ ပထမတမန်အကြောင်း မေးတာ မရတဲ့အခါကျတော့ ဒုတိယတမန်အကြောင်းကို
‘ဒုတိယတန်တော်ကို မြင်ခဲ့လား’ လို့ မေးတယ်၊
‘မမြင်ခဲ့ပါဘူး’ တဲ့၊

‘မင်း နေမကောင်း ထိုင်မသာဖြစ်လို့ ကိုယ်ရဲ့ မစင် အညစ်အကြေးတွေမှာ လူးလဲ အော်ဟစ်ပြီးတော့ အများက ဝိုင်းထူမှ ထနိုင်တဲ့ လူနာကြီးရော မင်းမမြင်ခဲ့ဘူးလား’ ဆိုတော့
‘မြင်ခဲ့ပါတယ်’၊

အဲဒီလို မြင်တဲ့အခါမှာ သိတတ်ပြီးတော့ စဉ်းစားဖူးလား၊
‘ငါလည်းပဲ တစ်နေ့ နာရဦးမှာပဲ၊ နာခြင်းသဘောကို မလွန်မြောက်နိုင်သေးဘူး၊ မနာခင်က ကုသိုလ်ကောင်းမှုလေးတွေ လုပ်ဦးမှပဲ ဆိုတဲ့အတွေး မင်းမပေါက် ဘူးလား’
‘မပေါက်ခဲ့မိပါဘူး’ တဲ့၊

စားဝတ်နေရေးတွေနဲ့ အချိန်ကုန်သွားပြီး ပျော်လို့ပါးလို့ ကာမဂုဏ် အာရုံတွေ ထဲမှာပဲ အချိန် ကုန်သွားခဲ့တယ်၊ လူ့ဘဝ ဘယ်လောက် ကြောက်စရာ ကောင်းတုန်းနော်၊ လုပ်ကိုင် စားသောက်ပြီးတော့ ဒီအတိုင်းပဲ အချိန်ကုန်သွားတယ်၊ ကုသိုလ်ကောင်းမှု အတွက် တစ်ခုမှ မလုပ်ဘူး၊ ဒါနဲ့ ယမမင်းကြီးက ခုနက လိုပဲပြောတယ်၊
‘အေး … မင်းအလုပ် မင်းလုပ်ခဲ့တာ၊ မင်းလုပ်ခဲ့တဲ့ အကုသိုလ်တွေက မင်းပဲ လုပ်တာ၊ မင်းအဖေ အမေလုပ်တာ မဟုတ်ဘူးတဲ့၊ အဲဒီတော့ မင်းလုပ်တာ မင်းပဲ ခံရလိမ့်မယ်’ တဲ့။

နောက်တစ်ခါ
‘တတိယ တမန်ရော မတွေ့ခဲ့ဘူးလား’ ဆိုတော့
‘မတွေ့ခဲ့ပါဘူး’ တဲ့၊

‘အေး … သေဆုံးသွားတဲ့ လူတွေကို မတွေ့ခဲ့ဘူးလား’ ဆိုတော့
‘တွေ့ခဲ့ပါတယ်’ တဲ့၊ ‘အဲဒီလူတွေတွေ့တဲ့အခါကျတော့ ငါလည်းပဲ တစ်နေ့ သေရဦးမှာပဲ လို့ မတွေးဘူးလား’ တဲ့၊

‘တွေးပြီးတော့ မသေခင် ငါ ကောင်းတာလေးတွေ လုပ်ဦးမှပဲလို့ မစဉ်းစားခဲ့ဘူး လား၊ စဉ်းစားပြီးတော့ ကောင်းတာတွေ မလုပ်ခဲ့ဘူးလား’ ဆိုတော့
‘မေ့လျော့ခဲ့ပါတယ် မလုပ်ခဲ့ပါဘူး’ တဲ့၊
ဟော . . . ဒီလိုဖြေတယ်။

ယမမင်းကြီးက တမန် ၃-ယောက် ‘သူအို၊ သူနာ၊ သူသေ’ ဆိုတဲ့ တမန် ၃-ယောက် အကြောင်း မေးစစ်ပြီးတဲ့အခါ ‘ကဲ - မင်းထိုက်နဲ့ မင်းကံ’ အကယ်၍ သူက ကုသိုလ်ကောင်းမှုများ ရှိလို့ရှိရင် သူက ဖော်ပြီးတော့ ပေးတယ်၊ ဖော်ပေးရင်လည်း အဲဒီ ပုဂ္ဂိုလ်က ကုသိုလ်ကို သတိရပြီး သူ့ကံအရှိန်နဲ့ လွတ်သွားတာ၊ ယမမမင်းက လွှတ်ပေးတာ မဟုတ်ဘူးနော်၊ သူက ကူညီရုံ သက်သက်ပဲ။ သူ ကူညီဖို့ လိုက်ရှာတာ ကူညီလို့ မရဘူး၊ သူက ကောင်းတာတွေက တစ်စက်မှ မတွေ့ဘူး၊ မကောင်းတာတွေ ချည်းပဲ၊ ‘ကဲ - မင်းထိုက်နဲ့ မင်းကံ’ လို့ဆိုပြီး တစ်ခါတည်း ငရဲသားတွေက ဆွဲခေါ်သွားတယ်။

ဆွဲခေါ်သွား ပြီးတော့ ဘယ်ဘက်လက်ထဲမှာ သံချောင်းကြီး ထိုးထည့်လိုက်တယ်၊ မီးရဲရဲနဲ့ သံချောင်းကြီး ထိုးထည့်လိုက်တယ်၊ ညာဘက်လက်ထဲမှာ သံချောင်းကြီး ထိုးထည့်လိုက်တယ်၊ ဘယ်ဘက် ခြေထောက်မှာ သံချောင်းကြီး ထိုးရိုက်လိုက်တယ်၊ ညာဘက် ခြေထောက်မှာလည်း မီးရဲရဲတောက်နေတဲ့ သံချောင်းကြီး ထိုးရိုက်ပြီး ရင်ဝမှာလည်း သံချောင်းကြီး ထိုးရိုက်လိုက်တယ်၊ သာမန်လူတစ်ယောက် ဆိုရင်တော့ သေမှာပေါ့၊ ငရဲသားက မသေဘူးတဲ့၊ ဘာဖြစ်လို့တုန်း ကံမကုန်သေးရင် မသေးဘူးတဲ့၊ ခံရဖို့ သက်သက်ပဲဟာ၊ ဒီလို မီးပူနေတဲ့ သံချောင်းကြီး၊ ရဲရဲ တောက်နေတဲ့ သံချောင်းကြီး ရင်ဝ ထိုးထားတာတောင်မှ မသေဘူးတဲ့၊ သူက အော်ဟစ်ပြီးတော့ အသက်ရှင်နေတုန်းပဲ၊ မောင်သက်ပြင်းဆိုတာ ငရဲပြည်မှာ ရှိတာနော်၊ ကံမကုန်မချင်း သူတို့ ဘယ်တော့မှ မသေဘူးတဲ့။

အဲဒီ ငရဲဘုံမှာ ညှဉ်းဆဲလိုက်ပုံက အမျိုးမျိုးပဲ၊ ဇောက်ထိုး ဆွဲပြီးတော့ ဓားမတွေနဲ့ ခုတ်တယ်။ လှည်းမှာတပ်ပြီး နွားလိုမောင်းတယ်၊ မောင်းတဲ့ မြေကြီးကလည်း မီးရဲရဲတောက်နေတဲ့ သံပူမြေကြီး ပေါ်မှာ၊ မီးတောက်ကြီးပေါ် တက်ခိုင်းတယ်၊ မတက်ရင် နောက်ကရိုက်တယ်၊ အဲဒီလိုတွေလုပ်ပြီး နောက်ဆုံးကျ ဘယ်ထဲ ပစ်ချတုန်းဆိုရင် ငရဲအိုးကြီးထဲ ပစ်ချတယ်၊ ငရဲအိုးကြီးထဲ ပစ်ချ၊ ပွက်ပွက် ဆူနေတဲ့ ငရဲအိုးကြီးထဲက ပြန်ပေါ်လာပြီဆို ဆယ်၊ ဆယ်ပြီးတဲ့ အခါကျတော့ အဝီစိငရဲကြီးထဲ ထည့်ပြီးတော့ ပို့လိုက်ပြန်တယ်၊ အဲဒီလိုနဲ့ ကံ မကုန်မချင်း အဲဒီ ပုဂ္ဂိုလ်ဟာ အဝီစိငရဲထဲမှာ ဒီလိုပဲ ခံနေရတယ်တဲ့။

အဝီစိဆိုတာ သတ္တဝါတွေ အကြားအလတ် မရှိဘူး၊ မီးတောက်တွေရဲ့ အကြားအလတ်လည်း မရှိဘူး။ ငရဲခံနေရတဲ့ သတ္တဝါ တွေကလည်း ပြည့်နေတာ၊ အပ်ဗူးထဲမှာ အပ်ကလေးတွေ ထည့်ထားသလိုပဲတဲ့ ပြည့်နေတာ၊ ဒါကြောင့်မို့ အဝီစိလို့ခေါ်တာ၊ မီးတောက် တွေကလည်း စဉ်ဆက်မပြတ် တဟုန်းဟုန်း တောက်နေတာ၊ ချမ်းသာသုခရတဲ့ အကွက်ကလေး ဆိုတာလည်း တစ်ခုမှ မရှိဘူး။

အဲဒီငရဲက လေးထောင့် အဆောက်အအုံကြီး တဲ့၊ အကြီးကြီး၊ တစ်ယူဇနာရှိတဲ့ လေးထောင့် အဆောက်အအုံကြီး၊ သံမိုး သံကာ သံခင်းနဲ့ သံတံခါးကြီးတွေ တပ်ထားတယ်၊ တစ်ခါတစ်ရံ ကျရင် အဲဒီတံခါးကြီးတွေက ‘ဂျောင်း’ ဆိုပြီး ပွင့်လာတယ်၊ ပွင့်လာတဲ့ အခါကျတော ငရဲသားတွေက အဲဒီ ကနေ ထွက်ပြေးကြတာ၊ လွတ်မလားလို့၊ မလွတ်ဘူး၊ သက်သက် အဲဒါ ဒုက္ခပေးတာ၊ တံခါးကို ဖွင့်ပေးပြီး ထွက်ပြေးတဲ့လူတွေ ပိုပြီးတော့ အရိုက်ခံရတယ်၊ အဲသလိုနဲ့ပဲ ဒုက္ခတွေ ရောက်ပြီးတော့ လွတ်ထွက်သွားတဲ့ ကောင်လည်း ငရဲအိုးထဲ တစ်ခါပစ်ချ ခံရပြန်တယ်၊ အဲသလို ဒုက္ခတွေ ရောက်ပြီးတော့ ငရဲခံရတယ် ဆိုတာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် က ဒေဝဒူတသုတ္တန်မှာ ဟောထားတာ ရှိပါတယ်။

ဒေဝဒူတသုတ်က ၂-သုတ် ရှိတယ်၊ အင်္ဂုတ္ထိုလ်ထဲမှာ ၁-သုတ်၊ မဇ္ဈိမနိကာယ်မှာ ၁-သုတ်၊ အဲဒီ ၂-သုတ်ကို ဖတ်ကြည့်လို့ရှိရင် ငရဲအကြောင်း သိကောင်းစရာတွေ အကုန်ပြည့်စုံအောင် သိရပါလိမ့်မယ်။

တိရစ္ဆာန်ဘုံ

အဲသလို မကောင်းမှု အကုသိုလ်လုပ်တဲ့ ပုဂ္ဂိုလ်တွေ ခံရတဲ့ နေရာ ငရဲဆိုတာ အင်မတန် ဆင်းရဲတယ်။ အဲဒီထက် နည်းနည်း သက်သာတာကို ကြည့်လိုက်တော့ တိရစ္ဆာန်၊ ဟော - တိရစ္ဆာန်တွေ ခံနေရတာ အားလုံး မြင်ဖူးကြပါလိမ့်မယ်၊ လူတွေစားဖို့ အတွက် နေ့စဉ် ကြက်တွေ ဝက်တွေ တိရစ္ဆာန်တွေ သတ်ဖြတ်နေတာ နည်းတာမှ မဟုတ်ဘဲနဲ့နော်၊ ကြက်တွေကို ခြေထောက်မှာ ကြိုးနဲ့ချည်ပြီး စက်ဘီး နောက်က တင်ပြီးတော့ နင်းသွားတာ မမြင်ချင် အဆုံး၊ ဝက်တွေ ကြိုးတုပ်ပြီးတော့ မော်တော် ဆိုင်ကယ်မှာ ချိတ်ဆွဲသွားတာတွေ မမြင်ချင် အဆုံးနော်၊ ဘယ်သူကမှ ‘မလုပ်ပါနဲ့’ လို့ ကာကွယ် ပေးမယ့်သူ မရှိဘူးတဲ့၊ တိရစ္ဆာန်တွေရဲ့ ဘဝဟာ ဘယ်လောက် သနားစရာကောင်းလဲ။

လူတွေနဲ့ နီးလို့ လူတွေရဲ့ ညှဉ်းဆဲခံရတဲ့ တိရစ္ဆာန်တွေသာ တွေ့ရတာ၊ တောထဲမှာ အာဖရိက တောရိုင်းထဲမှာ ကြည့်လိုက်ဦး၊ တိရစ္ဆာန်တွေဟာ သက်သာလား ဆိုတော့ မသက်သာဘူး၊ ခြင်္သေ့စာ၊ ကျားစာ ဖြစ်ပြီးတော့ သေနေကြရတာပဲ၊ တစ်ကောင်မှ လွတ်တယ်လို့ မရှိကြဘူး၊ ရေထဲဆင်းရင် မိကျောင်းစာဖြစ်တယ်၊ မိကျောင်းကရော သူက လွတ်သလားဆို မလွတ်ဘူး၊ သူလည်း ရန်သူနဲ့ပဲ၊ သူက ရှေ့ကကောင်စား၊ သူ့ကို နောက်ကလုပ်နဲ့၊ အဲဒီလို “အညမညခါဒိကာ ဒုဗ္ဗလခါဒိကာ” ၊ တိရစ္ဆာန်ဘဝ ကြည့်လိုက်မယ်ဆိုရင် တစ်ကောင် တစ်ကောင်စားပြီး အားရှိတဲ့အကောင်က အားနည်းတဲ့ အကောင်ကို သတ်ဖြတ် စားသောက်နေတဲ့ ဘုံဘဝကြီး၊ အလွန် ကြောက်စရာ ကောင်းတယ်၊ အကုသိုလ်က အဲဒီလို ဘုံဘဝတွေ။

ပြိတ္တာဘုံ

ပြိတ္တာဘဝ ကြည့်လိုက်မယ်ဆို စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဗိုက်ပူနံကား မျက်လုံးက ကျောပေါ် ရောက်လိုရောက်၊ နဖူးပေါ် ရောက်လိုရောက်၊ ကမောက်ကမတွေ ဖြစ်ပြီး နေရတဲ့ ဘဝမျိုးကြီး၊ ဒါကို လူတွေက တစ္ဆေခြောက်တယ် ဆိုပြီး လန့်နေကြတာ၊ တကယ်ကတော့ သူတို့ ဘုံဘဝကိုက ကြောက်စရာ ဘုံဘဝကြီး၊ အဲဒီလို ဘုံဘဝကနေ လွတ်လာတဲ့အခါ လူ့ဘဝ ရောက်လာတယ်၊ ကောင်းတဲ့ဘဝလေး ရောက်လို့ ကောင်းတဲ့ အခြေအနေလေး ပေးတဲ့အချိန်မှာပဲ ကုသိုလ်ကောင်းမှု မလုပ်ဘဲနဲ့ အကုသိုလ်တွေ ဆက်လုပ်သွားရင် တစ်ခါ သွားပြန်ရော၊ ငရဲဘုံဆိုတဲ့ အောက်ကို ပြန်ရောက် သွားပြန်တယ်။

အေး - ဒါကြောင့်မို့ မြတ်စွာဘုရားက ၃၁-ဘုံ အကြောင်းကို ဟောထားတာ၊ ကိုယ်တော်မြတ် ကိုယ်တော်တိုင် ကံတရားတွေရဲ့ အကြောင်းကို သိရှိပြီး ထိုကံတရား လုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ကံကို လုပ်ရင် ဘယ်ကိုသွားတယ် ဆိုတာ ကိုယ်တိုင်သိတယ်။

သမထ ကျင့်စဉ်ဖြစ်တဲ့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ စတဲ့ ဘာဝနာ တရားတွေ ပွားလို့၊ ကသိုဏ်းစတဲ့ သမထကျင့်စဉ်တွေကို ကျင့်လို့ ဈာန်အဘိညာဏ်တွေ ပေါက်ရောက်သွားတဲ့ ပုဂ္ဂိုလ် ကျတော့ ဗြဟ္မာ့ပြည် ရောက်ပြီး အသက်တွေ ရှည်ချင် တိုင်း ရှည်နေတယ်၊ ရုပ်တရားတွေကို စက်ဆုပ်ရွံ့မုန်းပြီး ပဉ္စမဈာန်ကို တိုးမြှင့်ပွားတဲ့ ပုဂ္ဂိုလ်တွေကျတော့ ရုပ်တရား မရှိတော့တဲ့ အရူပဘုံ ရောက်တယ်၊ ဒီလို သတ္တဝါ မျိုးတွေကလည်း လောကမှာ ရှိသေးတယ်၊ ချမ်းသာသုခရနေတဲ့ သတ္တဝါတွေ။

ကမ္ဘာလောကကြီး တစ်ခုလုံးကို ကြည့်လိုက်မယ် ဆိုလို့ရှိရင် ၃၁-ဘုံဟာ သတ္တဝါ မျိုးစုံတို့ရဲ့ ကျင်လည်ရာ ဖြစ်တယ်။ ကံ အားလျော်စွာ သတ္တဝါတွေ သံသရာထဲမှာ လှည့်ပတ် နေကြရတယ်။ အဘိဓမ္မာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ကံတရားက အဓိကပဲ၊ ကံတရားကနေ ဖန်တီးထားတဲ့ ပဋိသန္ဓေ အားလျော်စွာ ထိုထိုဘုံဘဝမှာ သတ္တဝါတွေ ဖြစ်ကြရတယ်၊ ဖြစ်လာတဲ့ ဘုံဘဝမှာ ကုသိုလ် ကောင်းမှုကို မလုပ်နိုင်ဘဲ အကုသိုလ်တွေကို ဆက်ပြီးလုပ်နေဦးမယ်ဆိုရင် သံသရာဝဋ်ထဲမှာ တည်ငြိမ်မှုရမှာ မဟုတ်ပါဘူး၊ ဒါကြောင့်မို့ ဗမာစကားထဲမှာ အဆိုစကားတစ်ခု ရှိတယ်၊ “ဗြဟ္မာပြည်မှာ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုံ့ရှုံ့”။

ဗြဟ္မာဘဝက ချက်ချင်းကြီး ဝက်ဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဗြဟ္မာတွေရဲ့ သမထကျင့်စဉ်တွေရဲ့ စွမ်းအားကုသိုလ်က အင်မတန်မှ ကြီးမားလို့ ဗြဟ္မာပြည်က သေပြီး ချက်ချင်း ဝက် မဖြစ်နိုင်ဘူးပေါ့၊ လူ့ဘုံဖြစ်ဖြစ် နတ်ဘုံဖြစ်ဖြစ် တစ်ဘုံဘုံမှာ ဖြစ်ပြီးတဲ့နောက် တတိယ ဘဝကျတော့မှ ဝက်ဖြစ်ဖို့ အလားအလာရှိတယ်။ မလွတ်သေးဘူးတဲ့၊ ဘာဖြစ်လို့ မလွတ်သေးတာတုန်း ဆိုရင် အတွင်းသန္တာန်မှာ မရှင်းသေးဘူးတဲ့။

ဘုန်းကြီးတို့တတွေ အတွင်းရှင်းအောင် အရင်လုပ်ရမယ်၊ အတွင်းထဲမှာ ရှုပ်နေတယ်၊ အဲဒါ အဓိကပဲ၊ အတွင်းက အရှုပ်တွေဆိုတာ ဘာတွေတုန်းဆိုရင် ‘လောဘ ဒေါသ မောဟ’ စတဲ့ ကိလေသာပဲ၊ အဲဒီ လောဘ ဒေါသ မောဟစတဲ့ ကိလေသာတွေ ရှိနေသေးသမျှ အမှားအယွင်း လို့ဆိုတဲ့ အကုသိုလ် ကံတွေကို လုပ်နေဦးမှာပဲ၊ လုပ်မိနေသမျှ ၃၁-ဘုံမှာ လှည့်လည် ဖြစ်နေဦးမှာပဲ။ ကောင်းတာလုပ်မိတဲ့ အလှည့် ကောင်းတဲ့ဘက် ရောက်သွားလိုက်၊ မကောင်းတာ လုပ်မိတဲ့အလှည့် မကောင်းတဲ့ဘက် ရောက်သွားလိုက်နဲ့ စုန်ချည်ဆန်ချည် မတည်မကျ ဘဝခရီးမှာ ဒီလိုလျှောက်လှမ်း နေကြရဦးမှာဆိုတာ ဗုဒ္ဓမြတ်စွာရဲ့ ၃၁-ဘုံဝါဒ ကံကို အခြေပြုတယ်၊ ကံပေါ်မှာ အခြေတည်နေသည့် အတွက်ကြောင့် မိမိသာလျှင် ပဓာနပဲ၊ ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှ မရွေ့ ဆိုတာနော်။

ဆရာတော်ကြီး တစ်ပါးပြောတာ ခေါင်းမရွေ့ဘူး ဆိုတာ ဘာပြောတာတုန်းလို့ဆို လူတွေကြည့်လိုက် တဲ့၊ ကိုယ်မကောင်းသည့် အတွက်ကြောင့် ခေါင်းက ရွေ့ရွေ့ သွားတယ်၊ ခွေးခေါင်းကြီး ဖြစ်လိုက်၊ နွားခေါင်းကြီး ဖြစ်လိုက်နဲ့ ခေါင်းတွေက အမျိုးကို စုံနေတာပဲ၊ လူခေါင်းလေးတင် ဖြစ်တာမဟုတ်ဘူး၊ တခြား ခေါင်းတွေပါ တပ်တပ်လာတယ်၊ ချိုပါတဲ့အခါ ပါလိုက်၊ ဒါကြောင့် ကိုယ်ကောင်းဖို့ရန် အင်မတန် အရေးကြီးတယ်၊ ကိုယ်ကောင်းဖို့ ဆိုတာ ကိုယ့်ရဲ့ နှလုံးသား အဇ္ဈတ္တက အရေးကြီးတယ်၊ ကိုယ့်ရဲ့ နှလုံးသားထဲမှာ အကုသိုလ်တရားတွေ မဖြစ်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးတယ် တယ်ဆိုတာ ကိုယ်စီကိုယ်ငှ သဘောပေါက်ကြပြီး အကုသိုလ်တရားတွေ ဖယ်ရှားနိုင်အောင် ကုသိုလ်တရားတွေ တိုးပွားနိုင်အောင် ကြိုးစားဖယ်ထုတ် နိုင်ကြပါစေသတည်း။

အခန်း - ၈

ဘဝနိဂုံး သေဆုံးခြင်း

အဘိဓမ္မတ္ထ သင်္ဂဟကျမ်း ဝီထိမုတ်ပိုင်း (ဘုံပိုင်း) မှာ ဘဝနိဂုံး သေဆုံးခြင်းအကြောင်း ဆိုတာ တစ်ခန်း တစ်ကဏ္ဍ အနေနဲ့ ပါတယ်၊ ဘဝတစ်ခု ရလာတဲ့ ပုဂ္ဂိုလ်တိုင်း ဘဝတစ်ခုရဲ့ နိဂုံးဖြစ်တဲ့ သေဆုံးခြင်းနဲ့ ရင်ဆိုင်ကြရတယ်၊ ဘယ်အရာပဲ ဖြစ်ဖြစ် စ,ပါပြီ ဆိုရင် အဆုံးနဲ့ပဲ ရင်ဆိုင်ကြရမှာပဲ၊ အရာခပ်သိမ်းက အစရှိရင် အဆုံး ရှိတာပဲ၊ အဖြစ်ရှိရင် အပျက် ရှိတာပဲ၊ အတက်ရှိရင် အကျ ရှိမယ်၊ နုပျိုခြင်းရှိရင် အိုမင်းခြင်း ရှိမယ်၊ ကျန်းမာခြင်း ရှိရင် ရောဂါရခြင်း ရှိမယ်ဆိုတာ မရှောင်လွဲနိုင်တဲ့ သဘာဝ တရား တွေပဲ၊ ဘဝမှာ မွေးဖွားခြင်း ရှိသလို သေဆုံးခြင်းဆိုတဲ့ အဆုံးသတ် ရှိတယ်၊ မည့်သည့် သတ္တဝါမှာပဲ ဖြစ်ဖြစ် ဘဝတစ်ခုကို ရလာပြီဆိုလို့ရှိရင် ဘဝခရီး အချိန်ပိုင်း အတွင်းမှာ ဘဝတစ်ခုရဲ့ အဆုံးနိဂုံးကို ရောက်ရှိ သွားကြရတာ။

ခရီးသွားနေတဲ့ လူတွေဟာလည်းပဲ ခရီးလမ်းဆုံး ပန်းတိုင် destination ဆိုတာ ရှိတာချည်းပဲ၊ ဘယ်ခရီး သွားသွား ခရီးဆုံးဆိုတာ ရှိတာချည်းပဲ၊ မီးရထား စီးရင်လည်း မီးရထားလမ်းရဲ့ ခရီးဆုံး ဆိုတာ ရှိတယ်၊ ကားစီးရင်လည်း ကားလမ်းရဲ့ ခရီးဆုံးဆိုတာ ရှိတယ်၊ လေယာဉ်ပျံနဲ့ သွားလို့ ရှိရင်လည်း လေယာဉ်ပျံရဲ့ ခရီးဆုံးဆိုတာ ရှိတယ်၊ လှေနဲ့ သွားရင်လည်း လှေရဲ့ ခရီးဆုံး၊ သဘောၤနဲ့ သွားရင်လည်း သင်္ဘောရဲ့ ခရီးဆုံးဆိုတာ ရှိတယ်။ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ ခရီးဆုံးဆိုတဲ့ နေရာဟာ ရှိကို ရှိရမယ်၊ အဲဒါကြောင့်မို့ လူ့ဘဝရဲ့ နိဂုံး သေဆုံးခြင်း ဆိုတာဟာ ဘဝတစ်ခုကို အဆုံးသတ်တာ ဖြစ်လို့ ဘဝနိဂုံး ခရီးဆုံးပဲ၊ ဘဝခရီးကို မိခင်ရဲ့ ဝမ်းထဲကနေ စတင်ပြီးတော့ လျှောက်လှမ်း လာခဲ့ကြတာ၊ နောက်ဆုံးမှာ သေဆုံးခြင်းမှာပဲ အဆုံးသတ်တယ်။

“မရဏပရိယော သာနံ ဇီဝိတံ”

ဇီဝိတံ - သတ္တဝါတွေရဲ့ အသက်ဟာ၊
မရဏ ပရိယောသာနံ - သေခြင်းမှာပဲ အဆုံးသတ်တယ်၊
မဆုံးတဲ့ နေရာရယ်လို့ ရှိကို မရှိဘူးနော်၊ အရာခပ်သိမ်းမှာ အစရှိရင် အဆုံး ရှိတာပဲ၊

“ဇရာ ပရိယောသာနံ ယောဗ္ဗနံ”

ယောဗ္ဗနံ - နုပျိုခြင်း ဟာလည်းပဲ၊
ဇရာပရိယောသာနံ - အိုမင်းခြင်းမှာပဲ ဆုံးတယ်တဲ့၊
ဆန့်ကျင်ဘက် ကလေးတွေနဲ့ သွားတယ်။

အဲဒါကြောင့်မို့လို ဘဝဆိုတာ ခန္ဓာငါးပါး ရထားတဲ့ ဖြစ်စဉ်လေးတစ်ခုပဲ၊ တစ်ဘဝနဲ့တစ်ဘဝ မတူညီတဲ့ ကံ အကြောင်းတရား တွေကြောင့် မတူညီတဲ့ အခြေအနေတွေကို တွေ့ကြုံခံစားရတဲ့ အတိုင်းအတာ အချိန်ပိုင်းလေး တစ်ခုပဲ။

ထို့အတူ အတိုင်းအတာလေး တစ်ခုဟာ အစရှိသလို အဆုံးလည်းပဲ ရှိတယ်တဲ့၊ အဲဒီ အဆုံးဟာ “ဘဝနိဂုံး သေဆုံးခြင်း” ပဲတဲ့၊ ဆိုလိုတာက စလာပြီ ဆိုလို့ရှိရင် အဆုံးတစ်ခုတော့ ရှိမှာပဲ၊ အဲဒီတော့ အပြန်အလှန်အားဖြင့် စဉ်းစားကြည့်မယ် ဆိုရင် လုံးဝ မစဘူးဆိုလျှင် အစမရှိလျှင် အဆုံး ရှိနိုင်ပါ့မလား၊ (မရှိနိုင်ပါ ဘုရား)၊ မြတ်စွာဘုရားက အစရှိရင်တော့ အဆုံးရှိလာမှာ ဆိုတော့ - ဆိုပါစို့ “ဇာတိပစ္စယော ဇရာမရဏံ” မွေးဖွားခြင်းကြောင့် အိုခြင်းနဲ့ သေခြင်းဟာ ဖြစ်ပေါ်တယ်၊ “မရဏန္တံ ဟိ ဇီဝိတံ” ဇီဝိတံ- သတ္တဝါတွေရဲ့ အသက်ဟာ၊ မရဏန္တံ - သေခြင်းမှာပဲ ဆုံးတယ်တဲ့။

“ဘဝတစ်ခုသည် သေခြင်းမှာ အဆုံးသတ်တယ်” ဆိုတော့ သတ္တဝါတွေ ဘာကြောင့် သေနေကြ သလဲ? သေပုံသေနည်းက ဘယ်နှစ်မျိုး ရှိပါသလဲ? လောကမှာ သေပုံသေနည်း အမျိုးမျိုးရှိတဲ့ အထဲမှာ အဘိဓမ္မတ္ထ သင်္ဂဟကျမ်းအရ ပြောရမယ် ဆိုရင် သတ္တဝါတစ်ဦး သေတာဟာ အကြောင်းလေးမျိုး ရှိတယ်လို့ ပြောတယ်တဲ့။

နံပါတ် (၁) “အယုက္ခယ” တဲ့၊ သတ်မှတ်ထားတဲ့ သက်တမ်းတစ်ခု ကုန်လို့ သေတာ အာယုက္ခယ တဲ့၊ အာယု - ဆိုတာ သက်တမ်း၊ ခယ - ဆိုတာ ကုန်ဆုံးသွားတာ။ သက်တမ်းကုန်လို့ သေတာ၊ အဲဒါဟာ အကြောင်းတစ်ခုပဲ၊ သေနေ့စေ့လို့ သေတယ်လို့ ပြောရမှာပေါ့နော်။

လူတွေမှာ သက်တမ်းဆိုတာ ရှိတယ်၊ လူတွေရဲ့ သက်တမ်းဟာ အတည်တကျ မရှိဘူး၊ ရှည်တဲ့အခါ ရှည်တယ်၊ တိုတဲ့အခါ တိုတယ်၊ ထိုကဲ့သို့ အရှည်အတို ဖြစ်ပေါ် နေခြင်းဟာ ယခင်ရက်တွေက ပြောခဲ့သလိုပဲ ဥတုနဲ့ အာဟာရက အဆုံးအဖြတ် ပေးသွားတာ၊ လူတွေရဲ့ သန္တာန်မှာရှိတဲ့ ဥတုနဲ့ အာဟာရ၊ လူတွေ မှီခိုနေကြရတဲ့ ဥတုနဲ့ အာဟာရ။ ထို ဥတု အာဟာရ နှစ်ရပ် ပေါင်းစပ်ထားတဲ့ အခြေအနေပေါ်မှာ လူရဲ့ ဘဝက ရပ်တည်နေတာ ဖြစ်သောကြောင့် ယေဘုယျအားဖြင့် လူရဲ့ သတ်တမ်း တစ်ခုကို သတ်မှတ်ပြီးတော့ ပြောကြရတယ်။

လူတွေရဲ့ သက်တမ်းက အစဉ်အမြဲ သတ်မှတ်ထားတာ မရှိဘူးတဲ့၊ ဘာလို့တုန်း ဆိုလို့ရှိရင် လူ့သမိုင်းကြောင်းကို ပြန်ကြည့်လို့ရှိရင် လူတွေမှာ တစ်ချိန်တစ်ခါ ရေတွက်လို့ မရလောက်အောင် အသက်တွေ သိပ်ရှည်တဲ့ အသင်္ချေယျတမ်း ဆိုတာလည်း ရောက်ခဲ့ဖူးတယ်နော်၊ အသက်ရှည်တဲ့ အတမ်း၊ ထို အသက်ရှည်တဲ့ အတမ်းက တဖြည်းဖြည်း ဆုတ်ယုတ်လာတဲ့ အခါကျတော့ တစ်သိန်းတမ်း၊ တစ်သိန်းတမ်းက ၈ သောင်းတန်း၊ ၈ သောင်းတန်းက နေပြီးတော့ လျော့လာ လိုက်တာ၊ ၆ သောင်းတမ်း၊ တဖြည်းဖြည်းနဲ့ နောက်ဆုံးကျတော့ ၁၀၀ တမ်း၊ ၁၀၀ တမ်းကနေ နောက် ၁၀ နှစ်တမ်း။

၁၀ နှစ်တမ်းကနေ တစ်ခါပြန်ပြီး လူ့ရဲ့သက်တမ်းဟာ ရွေ့လျားသွားပြန်တယ်၊ အနှစ် ၂၀၊ အနှစ် ၂၀ က ၄၀ဆိုပြီးတော့ ခေါက်ချိုး ခေါက်ချိုး လူတွေရဲ့သက်တမ်းက တက်သွားတာ၊ မရေမတွက် နိုင်အောင် အသက် ရှည်သွားပြန်တယ်၊ လူတွေရဲ့ သက်တမ်းဟာ အခြေအနေတွေ ပေါ်မှာ မူတည် ပြီးတော့ တက်ချည် ကျချည် ဒီလိုရှိတယ်။

အခု သက်တမ်းဟာ ဆုတ်ယုတ်နေတဲ့ အတိုင်းအတာတစ်ခုလို့ ပြောမယ်၊ လူတွေရဲ့ သက်တမ်းဟာ ဆုတ်ယုတ်နေတယ်၊ ဘာကြောင့် ဆုတ်ယုတ်တာတုန်း ဆိုတော့ အဓိကအကြောင်းက လူတွေရဲ့ သန္တာန်မှာဖြစ်တဲ့ အကုသိုလ် တရားတွေ ကြီးထွား လာမှုကြောင့် လူတွေရဲ့သက်တမ်းက တဖြည်းဖြည်း ဆုတ်ယုတ်လာတယ်။

လူတွေရဲ့သန္တာန်မှာဖြစ်တဲ့ အကုသိုလ်တွေကြောင့် ဥတုတွေ ပျက်လာတယ်၊ ဥတုတွေ ပျက်လာတဲ့ အတွက်ကြောင့် အာဟာရတွေက အဆီသြဇာ နည်းလာတယ်၊ အဲဒီ ဥတုပေါ် မှီပြီးတော့ အဲဒီ အာဟာရတွေကို မှီခို စားသောက်နေရတဲ့ လူတွေရဲ့ သက်တမ်းဟာလည်း လျော့ကျလာတယ် တဲ့၊ အကြောင်းအကျိုးက အဲသလို ဆက်စပ်ပြီးတော့ နေတယ်၊ မကောင်းတဲ့ ရာသီဥတုမှာ သီးပွင့်ကြတဲ့ အာဟာရတွေကို စားသုံးလို့ရှိရင် ထို အာဟာရဓာတ်တွေက လူတွေရဲ့ အသက်ကို နှစ်ပေါင်းများစွာ ကြာအောင် ထိန်းထားနိုင်စွမ်းမရှိဘူး။

“သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ” သတ္တဝါ အားလုံးဟာ အာဟာရကြောင့် တည်တံ့ပြီးတော့ နေကြရတာ၊ အာဟာရကြောင့် နေကြရတာ ဆိုတာ အာဟာရက မထောက်ပံ့နိုင်ဘူး ဆိုရင် အတ္တဝါတွေ မတည်တံ့နိုင်ဘူး၊ ဒါကြောင့်မို့ သက်တမ်းက တဖြည်းဖြည်း လျော့ကျလာသတဲ့။

ဒီ လျော့ကျလာတဲ့ သက်တမ်းဟာ လူတွေရဲ့ ကံကြမ္မာပေါ်မှာ မှီတည်ပြီးနေတော့ လူအများစုက ကောင်းတဲ့ စိတ်ထားတွေ မွေးလာလို့ ကောင်းတဲ့ကံတွေ ပိုများလာပြီ ဆိုလို့ ရှိရင်လည်းပဲ ဥတုတွေ ပြောင်းလဲချက်၊ အာဟာရတွေ အဆီသြဇာ ပြည့်ဝလာမှုကြောင့် လူရဲ့သက်တမ်းဟာ တဖြည်းဖြည်း တက်သွားမှာပေါ့။

တက်သွားပြီး နောက်ဆုံးမှာ ပြန်ကျလာတဲ့အချိန် အနှစ် ၈ သောင်းတမ်း ရောက်ပြီ ဆိုရင် ဘဒ္ဒကမ္ဘာမှာ ငါးဆူမြောက်ဖြစ်တဲ့ အရိမေတ္တယျ မြတ်စွာဘုရားဆိုတာ ပွင့်မယ်တဲ့၊ ဒီလိုဆိုတယ်။

ဘုရားများဟာ “တက်ကပ်” မှာ ဘယ်တော့မှ မပွင့်ဘူးတဲ့၊ ဆုတ်ကပ်ကျမှ ပွင့်တယ်၊ လူတွေရဲ့ သက်တမ်းဟာ တက်လိုက် ကျလိုက်ရှိတဲ့ အထဲမယ် ကျသွားတဲ့အပိုင်း၊ အဲသလို ဆုတ်လာတဲ့ အပိုင်းမှာလည်းပဲ အမြင့်ဆုံး ၁ သိန်းတမ်း၊ အနည်းဆုံး ၁၀၀ တမ်း၊ အဲဒီကြားမှာပဲ ပွင့်တယ်တဲ့၊ ၁၀၀ တမ်းအောက် ကျသွားပြန်ရင်လည်း ဘုရားမပွင့်နိုင်ဘူး၊ ဘာဖြစ်လို့ မပွင့်တုန်း ဆိုလို့ရှိရင် ထိုအချိန် လူတွေရဲ့သန္တာန်မှာ လောဘတွေ ဒေါသတွေ မောဟတွေဟာ ကြီးစိုးနေသည့် အတွက်ကြောင့် တရားဓမ္မကို ဟောပြောဖို့ရန် ခက်ခဲသွားတယ်၊ ခံနိုင်ရည်တွေ အားနည်းသွားတယ်၊ တရားကိုသိဖို့ အသိဉာဏ်တွေ အားနည်းသွားတယ်။

ဒီကနေ့ခေတ်တောင် လူတွေဟာ စားဝတ်နေရေးနဲ့ လုံးပမ်းပြီးတော့ နေကြတဲ့ အတွက်ကြောင့် တရားဓမ္မ အားထုတ်ဖို့ဆိုတာ အင်မတန်မှ အခွင့်အရေးတွေ နည်းလာတယ်၊ လူတွေရဲ့ စိတ်တွေဟာ ကြောင့်ကြစိတ်တွေ ပိုပြီးတော့ များလာတယ်၊ ဒါ ကမ္ဘာကို ခြုံပြီးတော့ ပြောတာနော်၊ တစ် ကမ္ဘာလုံးကို ခြုံပြီးတော့ ပြောမယ်ဆိုရင် လူတွေရဲ့ အခြေအနေ အရပ်ရပ်က လွန်ခဲ့တဲ့ အနှစ် ၄၀- ၅၀ တုန်းကနဲ့ မတူဘူး၊ အများကြီး ပြောင်းလဲသွားပြီ။

လွန်ခဲ့တဲ့ အနှစ် ၄၀-၅၀ လောက်တုန်းက လူတွေရဲ့ စိတ်ဓာတ်က အေးချမ်း ငြိမ်သက်မှု ရှိသော်လည်း ဒီကနေ့ခေတ်မှာ ပိုပြီးတော့ ပူလောင်လာတယ်၊ လောဘတွေ ပိုများလာတယ်၊ ဒေါသတွေ ပိုများလာတယ်၊ ဘုန်းကြီးတို့ ဘဝမှာ မကြားဖူးတဲ့ အခြေအနေဆိုးတွေ အခု ကြားရတယ်၊ အားလုံး သိကြတဲ့အတိုင်း ဒီကနေ့ခေတ်မှာ ပေါ်လာတာ၊ Terrorism တဲ့၊ အကြမ်းဖက်ဝါဒတွေ terrorist အကြမ်းဖက်သမားတို့၊ အကြမ်းဖက်သမား ဝါဒတို့ ဆိုတာ ဘယ်သူ့ကိုမှ မရှောင်ဘူး၊ တွေ့သမျှ လူ မှန်သမျှကို ဒုက္ခပေးတဲ့ ဝါဒမျိုး ဖြစ်လာတယ်၊ ဟိုးရှေးတုန်းက ဒီလိုဟာမျိုး မဟုတ်ဘူး၊ လူအချင်းချင်း မုန်းလို့ သတ်ချင် သတ်လိမ့်မယ်၊ ရာဇဝတ်မှု ကျူးလွန်ပြီး သတ်ချင် သတ်လိမ့်မယ်၊ တစ်စုံတစ်ခုသော အကြောင်း ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်မယ်၊ အခုကျတော့ အဲလို မဟုတ်ဘူး၊ ကိုယ်သိတဲ့လူရော မသိတဲ့လူရော၊ အပြစ်ကင်းသူရော အပြစ်မကင်းသူရော အားလုံး ရောပြီးတော့ ဘယ်သူသေသေ စိတ်ဓာတ်တွေ ဝင်လာတယ်ပေါ့၊ “တိဗ္ဗော အာဃာတော” အလွန်ပြင်းထန်တဲ့ အာဃာတတွေ တဲ့၊ ဒီလိုပြောရမှာပေါ့။

လူတွေရဲ့ စိတ်ထဲမှာ အဲဒါတွေ ကိန်းအောင်း လာတယ်၊ ကိန်းအောင်း လာတာဟာ တဖြည်းဖြည်း များလာတဲ့သဘော ရှိတယ်၊ လျော့သွားတယ်လို့ မရှိဘူးနော်၊ တစ်နေရာ တစ်နေရာမှာ လျော့ပါး နေတာ ရှိကောင်း ရှိမယ်၊ နေရာတိုင်းမှာ လုံခြုံရေး ဆိုတာ အတော် တင်းကြပ်လာတယ်၊ လေယာဉ်ပျံနဲ့ ခရီးသွားတဲ့ ပုဂ္ဂိုလ်တိုင်း ဒါကို သတိထားမိလိမ့်မယ်၊ လေယာဉ်ပျံနဲ့ ခရီးသွားလို့ရှိရင် check in ဆိုတာ အမျိုးမျိုးပါပဲ၊ ဟိုလို check ဒီလို check နဲ့၊ တချို့နိုင်ငံများ ဆိုလို့ရှိလျှင် စက်နဲ့ check လုပ်လိုက်လို့ရှိလျှင် အကုန်လုံး အဝတ်အစား ဘာညာ၊ မိမွေးဖမွေးတိုင်း ရုပ်ပုံထင်အောင် စက်ကိရိယာတွေ တီထွင်ပြီးတော့ ထားတယ်၊ အဲဒီ စက်တွေတောင် တပ်ဆင်ပြီးတော့ ထားတယ်။

လေယာဉ်ပျံနဲ့ ခရီးသွားရာမှ လုံခြုံရေးတွေက ပိုပြီးတော့ တင်းကြပ်လာတယ် ဆိုတာကိုက အန္တရာယ်တွေ များလာတယ် ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြနေတယ်၊ မြေပြင် လမ်းလျှောက်ဦးမလား၊ မြေပြင် လမ်းလျှောက်မယ် ဆိုလို့ရှိရင် မိုင်းဗုံး တက်နင်းမိမှာ အလွန်ကြောက်နေရတဲ့ အနေအထားမျိုး၊ ကောင်းကင်က သွားလည်း အန္တရာယ် မကင်းဘူး၊ မြေပြင်က လမ်းလျှောက်လည်း အန္တရာယ် မကင်းဘူး၊ ရေထဲ သွားပြန် တော့လည်း အန္တရာယ် မကင်းဘူး၊ အဲတော့ လူ့လောကကြီးဟာ လောဘ ဒေါသ မောဟတွေ ကြီးမားလာလို့ ကြီးထွားလာလို့၊ ဆုတ်ယုတ်ပျက်ပြား လာတယ်ဆိုတာ သေချာတဲ့ အချက် ၁-ခုပဲ။

လက်တွေ့မျက်မြင်နဲ့ ဆင်ခြင် သုံးသပ်ပြီးတော့ ကြည်မယ် ဆိုလို့ရှိရင် နှလုံးရဲ့ အေးချမ်းမှုဆိုတာ အင်မတန်မှ နည်းလာတယ်၊ လူ့လောကမှာ လူတွေဟာ ယှဉ်ပြိုင် မှုတွေ များလာတယ်၊ စီးပွား တိုးတက် လာလေလေ ယှဉ်ပြိုင်မှုတွေ များလာလေလေ၊ အင်္ဂလိပ်လိုတော့ tension ခေါ်တာပေါ့၊ တိုးတက်ကြီးထွား လာလို့ရှိရင် tension တွေ ပိုများလာတယ်၊ မြန်မြန် တိုးတက်လေလေ tension တွေ များလေလေ၊ စီးပွားဥစ္စာ တိုးတက်လေလေ tension များလေလေပဲ၊ လူတွေဟာ ပိုပြီးတော့ ငြိမ်းချမ်းသွားတာ မဟုတ်ဘူး။

နဂိုကတော့ ထင်ကောင်း ထင်လိမ့်မယ်၊ မတောင့်မတ မကြောင့်မကျ စီးပွားဥစ္စာတွေ ဖြစ်ထွန်းလို့၊ ပိုက်ဆံတွေ များများရှိရင် ချမ်းချမ်းသာသာ နေရမယ်၊ စိတ်အေး လက်အေး နေရမယ်လို့ ထင်ကောင်း ထင်မယ်၊ မဟုတ်ဘူး၊ ချမ်းသာတဲ့သူက ပိုပြီးတော့ tension များတယ်နော်၊ သူတောင်းစားကမှ ခွက်ကလေးချပြီး လမ်းဘေးမှာ အိပ်လို့ ရသေးတယ်၊ ပိုက်ဆံ ချမ်းသာတဲ့သူက ဘယ်အိပ်ရဲမလဲ၊ အဲဒီနေရာမျိုး။ tension ပိုများ လာတာပေါ့၊ စီးပွားရေး တိုးတက်လာတာ ဆိုရင် တစ်ဖက်က နေပြီးတော့ ကြောင့်ကြစိတ်တွေ ဆိုတာဟာ ပူပန်တတ်တဲ့ စိတ်တွေပဲ၊ ကြောင့်ကြတယ် ပူပန်တယ် ဆိုတာ ဘာပြောတာတုန်း ဆိုလို့ရှိရင် ဒေါမနဿကို ပြောတာ၊ ဒေါမနဿ ဆိုတဲ့ သဘောတရားက ဒေါသမူစိတ်မှာ ယှဉ်ပြီးတော့ ဖြစ်တယ်၊ ဒေါသနဲ့ ယှဉ်တွဲပြီးတော့ လာတဲ့ ပူပန်ကြောင့်ကြမှု တစ်ခု ဖြစ်တယ်၊ ဒေါသတွေ ဖြစ်နေတယ်။

လူတွေက စိတ်ဆိုးမှ ဒေါသဖြစ်တယ် ထင်နေတာ၊ မဟုတ်ဘူး၊ ကြောက်ရင်လည်း ဒေါသပဲ၊ မုန်းတီးတာတင် ဒေါသ မဟုတ်ဘူး၊ စိတ်ဆိုးတာတင် ဒေါသ မဟုတ်ဘူး၊ ကြောက်တာလည်း ဒေါသပဲ၊ ဒါကြောင့်မို့ hatred, fear, anger လို့၊ ဒေါသနဲ့ ပတ်သက်ပြီေးတာ့ အင်္ဂလိပ်လို ပြန်ကြတာ၊ hatred တစ်ခုတည်းတင် ဒေါသ မဟုတ်ဘူး၊ fear လည်း ဒေါသပဲ၊ စိုးရိမ်ကြတယ်၊ ကြောက်လန့်ကြတယ်၊ ဒေါသနဲ့ ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာတဲ့ စိတ်အခြေအနေတွေ၊ အဲဒီ စိတ်အခြေအနေတွေ ဖြစ်ပေါ်လာလျှင် peaceful mind ဆိုတာ ဆုံးရှုံးသွားတယ်၊ အဲဒီတော့ ခန္ဓာကိုယ်က ထွက်လာတဲ့ chemical တွေ ဓာတ်ငွေ့တွေ ကလည်း ဘယ်အေးချမ်း နိုင်တော့မလဲ။

မအေးချမ်းသည့် အတွက်ကြောင့် ကမ္ဘာကြီးဟာ ပိုပိုပြီး ပူလာတယ်၊ ဘယ်သူ့ကြောင့် ပူတာတုန်း၊ လူတွေပူလို့ ပူတာနော်၊ လူတွေ ပူလား မပူလားဆို တစ်ယောက် ထိုင်သွားတဲ့နေရာ သွားပြီး ထိုင်ကြည့်ပါလား၊ ပူနေမှာပဲ၊ သေချာတယ်၊ ဒါကြောင့်မို့ ဒါတွေက ကျိုးကြောင်း အနေနဲ့ ဆက်သွယ်ပြီးတော့ နေတာ၊ ‘ကမ္မပစ္စယ ဥတုသမုဋ္ဌာနံ’ ကံကို အခြေခံပြီးတော့ ဥတု ရာသီတွေက ပြောင်းလဲနေတယ်၊ ရာသီဥတုပေါ် မူတည်ပြီး အာဟာရဓာတ်တွေက ပြောင်းလဲနေတာ၊ အာဟာရ ဓာတ်တွေပေါ် မှီနေရတဲ့ လူရဲ့သက်တမ်းဟာ ဆုတ်ယုတ်မှု၊ တိုးတက်မှုဆိုတာ ဖြစ်တာ။

ဒါကြောင့်မို့ လူ့ရဲ့သက်တမ်းဟာ “အာယုဂဏနာယ နိယမော နတ္ထိ” ဆိုတဲ့အတိုင်း သက်တမ်းရဲ့ အရေအတွက် ဂဏန်းဟာ မမြဲဘူးတဲ့၊ ဘာလို့ မမြဲလဲ ဆိုလျှင် ခုနကလို ဥတု အာဟာရပေါ်မှာ မှီတည်ပြီး လူတွေရဲ့သက်တမ်းက တက်လိုက်ကျလိုက်၊ ဒီလို နှစ်မျိုးကြုံနေလို့ မမြဲဘူး။

ယခုခေတ် ၁၀၀ တမ်းလို့ ခေါ်တာဟာ ၁၀၀ တိတိကို ပြောတာ မဟုတ်ဘူး၊ တစ်ရာဆိုတာ ယေဘုယျ စကားတစ်ခု၊ ၁၀၀ ရှည်ချင်ရှည်မယ်၊ ၁၂၀ ရှည်ချင် ရှည်မယ်၊ ၁၀၀ တမ်းမှာပဲ ၁၆၀ လောက် ရှည်ချင် ရှည်မယ်၊ သို့သော်လည်း ၂၀၀ ထိအောင် ရောက်ဖို့ မရှိနိုင်ဘူးတဲ့၊ ဒီအောက် လျော့ကျပြီးတော့ လာတယ်၊ သတင်းစာ ထဲက နာရေးကြော်ငြာ ဖတ်ကြည့်လိုက်လျှင် ၆၀ ကျော်ဆို သွားကုန်ပြီနော်၊ အဲဒါကြောင့်မို့ တချို့က ၇၅နှစ်တမ်း လို့တောင် သတ်မှတ်တယ်၊ ၇၅နှစ်တမ်း၊ ဘာလို့တုန်းဆိုလျှင် အသက် ၅၀ လောက်၊ ၆၀ လောက်ဆိုလျှင် အဘိုးကြီး အဘွားကြီး ဖြစ်လာပြီနော်၊ ၇၅ နှစ်ဆိုရင် တော်တော့ကို အသက်က ကြီးသွားပြီလို့၊ အေး - သက်တမ်းကုန်ပြီ ဆိုရင်တော့လည်း ဘယ်သူပဲ ဖြစ်ဖြစ် သေဆုံးရမှာပဲတဲ့၊ ဒါ သက်တမ်းကုန်လို့ သေတာ၊ “အာယုက္ခယ” လို့ ခေါ်တယ်။

သို့သော် သက်တမ်းတိုတဲ့ ခေတ်ထဲမှာ ဆေးဝါးတွေ ဓာတ်စာတွေနဲ့ နည်းအမျိုးမျိုးနဲ့ သက်တမ်းရှည်ဖို့ ကြိုးစားနေသူတွေလည်း ရှိတယ်၊ သို့သော် အောင်မြင်တယ် လို့တော့ မကြားရဘူးနော်၊ ရသာယန ဆေးတွေ ဓာတ်တွေ အားကိုးပြီး အသက်ရှည်ဖို့ ကြိုးစားကြတယ်၊ ဘယ်လိုပဲ ကြိုးစားကြိုးစား၊ မြတ်စွာဘုရားတောင်မှ ၁၀၀ တမ်းမှာ လူဖြစ်လာရပေမယ့် အသက် ၈၀ ပဲ နေရတယ်။ မြတ်စွာဘုရား ကုသိုလ်ကံကို ပြောမယ်ဆိုရင် အသင်္ချေ ထိအောင် နေနိုင်တဲ့ကံ ရှိသော်လည်းပဲ ဥတု အာဟာရဆိုတဲ့ အကြောင်းပေါ်မှာ အခြေပြု နေရသည့်အတွက် လူရဲ့ သက်တမ်းအတိုင်း သက်တော် ၈၀-မှာ ပရိနိဗ္ဗာန် စံသွားရတယ်၊ အာယုက္ခယ သက်တမ်းကုန်လို့ သေတယ်တဲ့၊ ဒါ ရိုးရာ သေတာ၊ အသက်ကြီးလို့ သေတယ်လို့ ပြောရမယ်။

သို့သော် သေပြီဆိုရင်တော့ အကြောင်း တစ်ခုခုတော့ လာတာပဲပေါ့၊ သေဖို့ရာ အကြောင်းတစ်ခုခု ဖြစ်လာတတ်တယ်၊ ဒါကိုလည်းပဲ ဆင်ခြင်စဉ်းစား ထားသင့်တဲ့ အချက်တစ်ချက်ပဲ၊ “ဘဝအရေးဝယ် ထာဝရ တွေးထားရမည့် အချက်များ” ဆိုပြီး ဘုန်းကြီးတို့ ဟောထားတဲ့ တရားတစ်ပုဒ် ရှိတယ်၊ “မရဏဓမ္မော မှိ မရဏံ အနတီတော” ငါဟာ သေခြင်းသဘော ရှိတယ်၊ သေခြင်းဆိုတဲ့ သဘာဝကို ငါ ကျော်ဖြတ်ပြီး မသွားနိုင်ဘူး၊ ခုန်ကျော်လို့ မရဘူး ဆိုတဲ့အချက်ကို တွေးရမယ်တဲ့၊ မတွေးဘဲ မနေရဘူး၊ မြတ်စွာဘုရားက “အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ” တဲ့၊ မပြတ်မလပ် ဆင်ခြင်ပေးရမယ်၊ ဒီလို ဆင်ခြင်ပေးတာ အကျိုးရှိတယ်၊ ရှေးဆရာတော်ကြီး တွေလည်း “သေခြင်းတစ်ပါး၊ ဤတရားကား၊ စီးပွား များမြောင်၊ အကျိုးဆောင် သည်၊ အိုအောင် အောက်မေ့ စီးဖြန်းကြ” တဲ့။

“စီးပွား” ဆိုတာ ပစ္စည်းဥစ္စာတွေ တိုးတက်တာကို ပြောတာ မဟုတ်ဘူးနော်၊ စီးပွား ဆိုတာ အကျိုး ကျေးဇူးတွေ ဖြစ်ထွန်းစေနိုင်တယ်လို့ ပြောတာ၊ သေခြင်းတစ်ပါး ဤတရားကား စီးပွားများမြောင် အကျိုးတရားတွေ မြောက်မြားစွာ ရနိုင်တယ်၊ ဒီဘဝတင်ပဲ ဘာအကျိုး ရတုန်း ဆိုလို့ရှိရင် သေဆုံးတဲ့ အခါမှာ ရဲရဲဝံ့ဝံ့ သေဝံ့ တယ်ပေါ့၊ သေခြင်းတရားကို ရင်ဆိုင်ဝံ့တယ်၊ အဲဒီ မကြောက်မရွံ့ ရင်ဆိုင်ဝံ့တာ ကိုက အကျိုးကျေးဇူး တစ်ခုပဲ၊ ကြောက်ကြောက်လန့်လန့်နဲ့ သေသွားရတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာ ဘယ်လိုလုပ်ပြီး ကောင်းရာ သုဂတိ ရောက်နိုင်မှာတုန်း၊ အေးအေးချမ်းချမ်း လုပ်နိုင်မှာ မဟုတ်ဘူးတဲ့။ ဒါကြောင့်မို့ ရဲရဲဝံ့ဝံ့ ပြုံးပြုံးရွှင်ရွှင်နဲ့ သေခြင်းတရားကို ရင်ဆိုင်သွားနိုင်အောင် လေ့ကျင့်ထားရမယ်လို့ ဒီလို ပြောတာနော်။

မရဏဿတိ ဆိုတာ တချို့က “အမယ်လေး မင်္ဂလာမရှိ ဘာမရှိနဲ့” ဆိုပြီး အမင်္ဂလာ လို့ ထင်နေတယ်၊ အမင်္ဂလာ ဆိုတာ အဲဒါကိုခေါ်တာ မဟုတ်ဘူး၊ “အကုသိုလ် လုပ်နေတာမှ အမင်္ဂလာအစစ်”၊ သို့သော် အကုသိုလ်လုပ်တာကျတော့ အမင်္ဂလာလို့ မထင်ဘူး၊ မင်္ဂလာလို့ ထင်နေသေးတယ်၊ သေတာကျတော့ အမင်္ဂလာလို့ ထင်တယ်၊ အေး - သေခြင်းအကြောင်း ပြောလို့ရှိရင် နိမိတ်မရှိ၊ နမာမရှိလို့ လူတွေက ပြောကြတယ်နော်။

မြတ်စွာဘုရားကတော့ ‘သေခြင်းတစ်ပါး၊ ဤတရားကား စီးပွားများမြောင် အကျိုးဆောင်သည်၊ အိုအောင် အောက်မေ့ စီးဖြန်းကြ’ ဆိုတဲ့အတိုင်း တစ်သက်လုံး စီးဖြန်းလို့ ဒီလိုပြောတာ၊ စီးဖြန်း ခိုင်းတာ၊ စီးဖြန်းတယ်ဆိုတာ စိတ်ကို လေ့ကျင့် ပေးထားတာ။

အာဠဝီပြည် မြတ်စွာဘုရား ကြွပြီးတော့ တရားဟောတာ၊ မရဏဿတိ ကမ္မဋ္ဌာန်းကို ဟောခဲ့တာပဲ၊ အဲသလို မရဏဿတိ ကမ္မဋ္ဌာန်းကို ဟောလိုက်တဲ့ အခါမှာ ထောင်ပေါင်းများစွာသော ပရိသတ်တွေ လာပြီး နာပေမယ့်လို့ ပရိသတ်ထဲမှာ ပရဏဿတိ ဘာဝနာကို လေ့ကျင့်တဲ့ ပုဂ္ဂိုလ်က တစ်ယောက်တည်းပဲ ရှိတယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေက မလေ့ကျင့်ကြဘူး၊ နာပြီး ပျောက်သွားတာပဲ။

လေ့ကျင့်တာကတော့ ရက္ကန်းသည်ရဲ့ သမီးကလေး တစ်ယောက်ပဲ၊ မြတ်စွာဘုရား ဟောထားတဲ့ တရားကို စွဲစွဲမြဲမြဲ မှတ်သားပြီးတော့ သေခြင်းတရားကို အမြဲတမ်း ဆင်ခြင်တယ်၊ သူတစ်ယောက်ပဲ ရှိတယ်တဲ့၊ ဒါကြောင့်မို့ မြတ်စွာဘုရား ကြွလာလို့ မေးခွန်းမေးတဲ့ အခါကျတော့ အမှန်ဖြေနိုင်တာ သူတစ်ယောက်ပဲ ရှိတယ်၊ ကျန်တဲ့သူတွေ ဘာဖြေရမှန်း မသိဘူး၊ ဖြေလိုက်ရင် အလွဲချည့်၊ မေးခွန်း ၄-ပုဒ်၊ အားလုံးသိကြတဲ့အတိုင်း။

အဲဒီ သတို့သမီးလေး လာတဲ့အခါ မြတ်စွာဘုရားက သူ့အနားလာဖို့ အရိပ်အယောင် ပြတော့ အမျိုးသမီးက ဘုရားနားလေးထိအောင် လာပြီး ဝတ်ပြုတယ်။ မြတ်စွာဘုရားက မေးတယ် - “ဘယ်က လာတာတုန်း” လို့မေးတယ်၊ သေခြင်း တရားကို ဆင်ခြင်စဉ်းစားမှု မပြုတဲ့ ပုဂ္ဂိုလ်တွေကတော့ အိမ်က လာတယ်လို့ပဲ ထင်တယ်၊ မြတ်စွာဘုရားက မေးလိုတာက ဘယ်ဘဝက လာခဲ့တာတုန်းလို့မေးတာ၊ အဲဒီတော့ ဘယ်ကလာတာတုန်း ဆိုတော့ သူက အဖြေမှန်ပေးနိုင်တယ် - “မသိပါ ဘုရား” … ဟော သေခြင်းတရားကို သူ စဉ်းစားထားတာကိုး၊ ဘယ်ဘဝက လာခဲ့တာတုန်းဆိုတဲ့ မေးခွန်းလေးကိုဖြေတာ၊

“ဘယ်က လာတာတုန်း?”

“မသိပါဘုရား”၊

ဟ - ဘယ်လိုတုန်း အိမ်ကလာတာ သိလျက်သားနဲ့ ဘယ်နှယ့်ကြောင့် မသိဘူး ဖြေရတာတုန်း သူတို့က ထိုအမျိုးသမီးလေးဖြေတဲ့ အဖြေကို အဖြေမှားလို့ ထင်နေကြသေးတယ်နော်။

“ဘယ်သွားမလို့တုန်း” လို့ မြတ်စွာဘုရား မေးတဲ့အခါ “မသိပါဘုရား”၊
ကျန်တဲ့သူတွေက “ဟာ ရက္ကန်းရုံ သွားမလို့၊ ဘယ့်နှယ်ကြောင့် မသိပါဘုရား ဖြေရတာလဲ” ဒီလိုတွေ ဖြစ်ကြပြန်တာပေါ့၊ အဲဒီတော့ တရားသိတဲ့သူနဲ့ မသိတဲ့သူဟာ အဖြေထုတ်ရင် တစ်မျိုးစီ ထွက်လာမှာပဲဆိုတာ ထင်ရှားတာပေါ့၊
“မသိဘူးလား” လို့ မေးတဲ့အခါ “သိပါတယ်ဘုရား” တဲ့၊
ဒီတော့ ရီစရာ လုပ်သလိုဖြစ်နေတယ်၊
“မသိဘူးလား” ဆိုမှ “သိပါတယ်”၊
“သိရဲ့လား” ဆိုတော့ “မသိပါဘုရား” တဲ့၊ ဟောဒီလို ဖြေတာကိုး။
မသိဘူးလားဆိုတော့ “နင်သေရမှာ မသိဘူးလား”
“သိပါတယ်” တဲ့၊
“ဒါဖြင့် ဘယ်နေ့ ဘယ်ရက် သေမှာဆိုတာ သိရဲ့လား” လို့ဆိုတော့ “မသိပါဘုရား” လို့ ဖြေတာ။

ဒီမေးခွန်း တိုတိုလေးဟာ မြတ်စွာဘုရားက စောစောကလည်း သင်ထားပေးခဲ့ပုံ ရပါတယ်၊ ကျန်တဲ့ သူတွေက မေ့ကုန်တာ ဖြစ်လိမ့်မယ်၊ ဘဝတစ်ခုဟာ သေဆုံးခြင်းနဲ့ အဆုံးသတ်ပြီး နောက်ဘဝတစ်ခု ထပ်ပြီး ခရီးဆက်ပြီး နေကြတာဖြစ်လို့ သံသရာ ခရီးသွားနေတဲ့ အကြောင်းကို မြတ်စွာဘုရား မေးခွန်း ၄-ခုနဲ့ ပုစ္ဆာ ထုတ်တာတဲ့။

အဲဒီတော့ လောက လူတွေဟာ သေကြရမှာ ဆိုတာတော့ လူတိုင်း သိတယ်၊ သို့သော် ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် ဘယ်နေရာမှာ သေမယ်ဆိုတာ မသိဘူးလို့ ဒီလိုပြောတာနော်၊ ဘာမှ မသိနိုင်ဘူး။

အခု လမ်းလာရင်းတောင်မှ လမ်းမှာ မိန်းကလေး တစ်ယောက်ကို ကားတိုက်သွားတာ တွေ့ခဲ့ရတယ်၊ ကြည့် ဒီကနေ့လည်း သေခြင်းအကြောင်း ဟောမယ်ဆိုမှ လမ်းမှာ သေသလား၊ ရှင်သလားတောင် မသိဘူး၊ ကားတိုက်သွားတာ။

လူတွေကလည်း ညကျလို့ရှိရင် လမ်းလယ်ခေါင်မှာ ရပ်ပြီးတော့ နေကြတယ်၊ ဟိုဘက်ကကား ဒီဘက်ကား လာတဲ့နေရာ လမ်းပေါ်မှာ ရပ်ပြီးတော့နေတာ အလွန်မှ အန္တရာယ် များတယ်၊ ဟိုဘက်က ကားမီးကထိုးလိုက်၊ ဒီဘက်က ကားမီးလာထိုး လိုက်နဲ့ အလယ်ခေါင်မှာ ပျောက်နေတယ်၊ အဲဒီ အချိန်မှာ ကျော်တက်တဲ့ ကားနဲ့ တွေ့လို့ရှိရင် တိုက်သွားမှာပဲ။

အရင်တုန်းက ဘုန်းကြီးတစ်ပါးလည်း ဒီလိုပဲ၊ လမ်းလယ်ခေါင် ရပ်နေတုန်း ကားတိုက် သွားဖူးတယ်၊ ကြုံရဖူးတယ်၊ အဲဒါကြောင့်မို့လို့ ခရီးလမ်းသွားတဲ့ ပုဂ္ဂိုလ်တွေ အန္တရာယ်ကို သတိထား သင့်တယ်ပေါ့၊ ကူးမယ်ဆိုလျှင် မြန်မြန်ကူး၊ တချို့က ကိုယ့်အိမ်ပေါ်ကိုယ် လမ်းလျှောက်နေသလိုပဲ ကူးနေတာ၊ အဲတော့ ကားလာတဲ့ ဘက်ကို မကြည့်ဘူး၊ ကိုယ်ကြည့်ချင်တဲ့ ဘက်ကို ကြည့်ပြီး ကူးတယ်၊ တချို့က နားကြပ်လေး တပ်ပြီး သီချင်းနားထာင်ပြီး သွားတာ ရှိသေးတယ်နော်၊ အန္တရာယ် အလွန်များတယ်ပေါ့၊ ကူးမယ်ဆိုရင် နှစ်ဘက် ရှင်းတဲ့အချိန် ခပ်သုတ်သုတ်ကူး၊ ဟိုဘက် ရောက်တော့မှ အေးအေး ဆေးဆေးနေ၊ အဲသလို မဟုတ်ဘူး၊ လမ်းလယ်ခေါင် မတ်တပ်ကြီးတွေ ရပ်လို့၊ ဝတ်ထားတဲ့ အဝတ်က အနက်ရောင် ဆိုတော့ ပိုဆိုးသေး၊ မှောင်ကြီးထဲမှာ။

အေး - သေခြင်းရဲ့ အကြောင်းတရားတွေက အလွန်ပဲ များတယ်၊ သက်တမ်းစေ့လို့ သေတာကတော့ ထားတော့၊ ဘဝတစ်ခု ချုပ်ငြိမ်းသွားတာ၊ သက်တမ်းစေ့လို့ သေတာတဲ့နော်၊ နံပါတ်-၁ သေခြင်းက သက်တမ်းစေ့လို့ သေတာတဲ့နော်၊ သက်တမ်း စေ့အောင် နေပြီး သေရတဲ့လူဟာ လောကမှာ အလွန် နည်းတယ်လို့ ပြောရမှာပေ့ါ။

နောက်တစ်ခုက ဘာကြောင့် သေကြရတုန်း ဆိုရင် ကမ္မက္ခယေန - လူ့ဘဝကို ပို့ပေး လိုက်တဲ့ ကံက အလွန် အားနည်းတဲ့ကံ ဖြစ်နေတယ်၊ ထိုကံက ဘဝတစ်ခု ဆုံးသည် ထိအောင် ဆက်လက်ပြီးတော့ မထိန်းနိုင်ဘူးတဲ့၊ ဆိုပါစို့ - လူ့ဘဝကို ပို့ပေးလိုက်တဲ့ ကံက အားနည်းသည့် အတွက်ကြောင့် လူ့ဘဝ သက်တမ်းမှာ ၁၀၀ တမ်း ဖြစ်ပေမယ့်လို့ ထိုပုဂ္ဂိုလ်က ၂၀-၃၀ လောက်နဲ့ သေသွားတယ်၊ ဘာဖြစ်လို့တုန်း၊ ရှေ့ဆက်နေဖို့ရာ သူ့မှာ ကံ မရှိတော့ဘူး, ကံရဲ့ထောက်ပံ့မှုကို မရတော့ဘူး၊ ဒီလို ကံကုန်လို့ သေရတဲ့ ပုဂ္ဂိုလ်မျိုးက ရှိသေးတယ်၊ ဘာကြောင့် ရယ်လို့ မဟုတ်ဘဲနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားရတဲ့ ပုဂ္ဂိုလ်တွေနော်၊ ကံကုန်လို့ သေတယ်လို့ ဒီလိုပြောရမယ်၊ အဲသလို ပုဂ္ဂိုလ်များလည်း ရှိတယ်။

သက်တမ်းမစေ့ခင် ခုနက ဥပစ္ဆေဒက တို့ ဘာတို့ တစ်စုံတစ်ခုသော အကြောင်းကြောင့် မဟုတ်ဘဲနဲ့ သတ်တမ်းမစေ့ခင်ပဲ ရောဂါရသည် ဖြစ်စေ၊ အကြောင်း တစ်ခုခုကြောင့် ဖြစ်စေ သေဆုံးပြီးတော့ သွားကြတယ်၊ ကမ္မယ္ခယ တဲ့၊ ကုသိုလ်ကံက ဒီလောက်ပဲ သူ့ကို အသက် နေခွင့်ပေးလို့ ငယ်ငယ်နဲ့ သေသွားကြတယ်၊ ဒီလို ပုဂ္ဂိုလ်မျိုးတွေလည်း ရှိတာပဲ။

နောက်တစ်ခုက “ဥဘယက္ခယ” တဲ့၊ ဥဘယဆိုတာ နှစ်မျိုးစုံ၊ သက်တမ်းကလည်း ကုန်တယ်၊ ကံကလည်း ကုန်တယ် တဲ့၊ “မီးစာကုန် ဆီခမ်း” လို့ ပြောကြတယ် ဗမာပြည်မှာ၊ အော် - သူကတော့ မီးစာကုန် ဆီခန်းပဲတဲ့၊ မီးစာလည်း ကုန်တယ်၊ ဆီလည်း ခမ်းသွားတယ်၊ ဒီ မီးတောက်ကလေး ငြိမ်းသွားတယ်၊ သက်တမ်းလည်းကုန် ကံလည်းကုန်လို့ သေဆုံးသွားတယ်။

နောက် စတုတ္ထတစ်ခုက “ဥပစ္ဆေဒကကံ” ၊ ဥပစ္ဆေဒက ဆိုတာ ဆက်လက် ရှင်သန်ခွင့် မပေးဘဲ ဖြတ်တောက်ပစ်တဲ့ ကံ သို့မဟုတ် အကြောင်းတရား တစ်ခုခု၊ ဒီဘဝ မိမိလုပ်တဲ့ အကုသိုလ် ကံကြောင့် ဖြစ်စေ, အတိတ်က ပါလာတဲ့ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်စေ လူတွေဟာ သေနေ့မစေ့ခင် သေကြတာ ရှိတယ်။ များသောအားဖြင့် ပြောကြတာတော့ သေတယ်ဆိုရင် သေနေ့ စေ့လို့ သေတယ်လို့ ပြောနေကြတယ်နော်၊ ဒီတော့ သေရမှာက ဥပမာ - လူ့ရဲ့သက်တမ်းက ၁၀၀-ဆိုရင် သူ့သေနေ့က ၁၀၀ ပြည့်မှ သေရမှာပေါ့၊ ဘဝတစ်ခုမှာ ကံက အကျိုးမပေးဘူး၊ အဲဒီလောက် ထိအောင် မရှိဘူးဆိုရင်တော့ ဒီထက်တိုပြီးတော့ သေမှာပဲ၊ သို့သော် လူဟာ အသက်လည်း ရှင်နိုင်တယ်၊ ကံကလည်း ရှိနေသေးတယ်၊ ဖြတ်တောက်ပြီးတော့ ဝင်ရောက်လာတဲ့ အကြောင်း တစ်ခုခု နှိပ်စက်လိုက်လို့ သေသွားတာမျိုးပဲ။

ဥပေစ္ဆဒက ကံနဲ့ သေတယ်ဆိုတာ accident နဲ့ သေတာမျိုးကို ခေါ်တာ၊ accident နဲ့ သေတာမျိုးလည်း ဥပေစ္ဆဒက ကံထဲမှာ ထည့်တယ်နော်၊ အတိတ်ဘဝ ကံကြောင့် ဖြစ်စေ ပစ္စုပ္ပန် လုပ်ရပ်ကြောင့် ဖြစ်စေ လူတစ်ယောက်မှာ ကြားကာလမှာ လူသတ် ခံရတယ်၊ သူများရဲ့ လုံ့လ ပယောဂ၊ သူများလက်ချက်နဲ့ သေတာ၊ ကိုယ့်လက်ချက်နဲ့ ကိုယ့်ဟာကိုယ် suicide လုပ်တယ်၊ ကိုယ့်ကိုယ်ကို သတ်သေတယ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေဟာ ဥပေစ္ဆဒက ကံလို့ ပြောရမယ်၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်သွားတာ၊ ကားတိုက်လို့ သေတယ်။ ဒါလည်း ဥပေစ္ဆဒကကံ၊ လေယာဉ်ပျံ ပျက်ကျလို့ သေတယ်၊ သင်္ဘောနစ်လို့ သေတယ်၊ မုန်တိုင်းတိုက်လို့ သေတယ်၊ သစ်ပင်လဲကျပြီး ပိသွားလို့ သေတယ်၊ မျိုးစုံပဲ၊ ဥပေစ္ဆဒကကံရဲ့ ဘဝတစ်ခုရဲ့ အကြောင်းကံ တစ်ခုကို ဖြတ်တောက် ပစ်လိုက်တာလို့ ပြောတာ၊ ဥပေစ္ဆဒကဆိုတာ ဖြတ်တောက် ပစ်လိုက်တာ။

အဲဒီထဲမယ် အကုသိုလ် ကံကြောင့် မိမိရဲ့ မှားယွင်းတဲ့ လုပ်ရပ်ကြောင့် ကိုယ့်ဘဝ တစ်ခုလုံးကို ဖြတ်တောက်ပြီးတော့ သေသွားတယ်ဆိုတာ လူတွေတောင် မကဘူး၊ နတ်တွေလည်း ရှိတာပဲ၊ ဥပေစ္ဆဒက ကံနဲ့ သေတယ်ဆိုတာ နတ်တွေမှာလည်းရှိတယ်။

ကကုသန် မြတ်စွာဘုရား လက်ထက်က ဒုဿီဆိုတဲ့ မာရ်နတ်ကြီး ရှိတယ်၊ အဲဒီ မာရ်နတ်ဟာ ရှင်မဟာမောဂ္ဂလာန်ရဲ့ အတိတ်ဘဝ တစ်ခုပဲ၊ အဲဒီ ဒုဿီမာရ်နတ် အကြောင်းကို မဇ္ဈိမပဏ္ဏာသ၊ မာရသဇ္ဇနီယ (မာရ်နတ်ကို ကြိမ်းဝါးခြင်း) ဆိုတဲ့ သုတ်မှာရှိတယ်၊ အဲဒီသုတ္တန် စဖြစ်လာပုံက တစ်နေ့တော့ ရှင်မောဂ္ဂလာန် တောရကျောင်းလေးမှာ သီတင်းသုံးနေစဉ် ရှင်မောဂ္ဂလာန်ရဲ့ ဗိုက်ထဲ မာရ်နတ်က ဝင်နေတယ်၊ ရှင်မောဂ္ဂလာန်က ဗိုက် လေးတေး လေးတေး ဖြစ်နေလို့ ဘာများ ဖြစ်နေတုန်း ဆိုပြီး အာရုံပြု ကြည့်တယ်၊ မာရ်နတ်ကလည်း ကိုယ်အလေးချိန် များတယ် ထင်တယ်၊ သေးသေးလေး ဖန်ဆင်းထား ပေမယ့်လို့ သူ့ကိုယ်အလေးချိန် ရှိပုံရတယ်၊ ဗိုက်ထဲမှာ လေးတေး လေးတေးမို့ လမ်းလျှောက်ရင်း ကနေ ကျောင်းထဲ ဝင်ထိုင်ပြီး ငါ့ ဗိုက်ထဲ ဘာဖြစ်နေတုန်း ကြည့်လိုက်တဲ့အခါ မာရ်နတ်က ဝင်နေတာ တွေ့ရတယ်၊ အဲဒီတော့ ပြောတယ်၊ “ဟဲ့ မာရ်နတ်၊ နင် ငါ့ကို မညှဉ်းဆဲချင်နဲ့၊ ဘုရားကိုလည်း မညှဉ်းဆဲချင်နဲ့၊ ဘုရားရဲ့ တပည့်တွေကိုလည်း မညှဉ်းဆဲချင်နဲ့၊ မင်းကို ငါမြင်တယ်၊ ထွက်” လို့ ပြောတာ၊ အဲဒါကို မာရ်နတ်က ဒီကိုယ်တော်ကြီး ရမ်းပြောတာ နေမှာပါ၊ သူ မမြင်လောက်ပါဘူးလို့ ထင်တယ်၊ မသွားဘဲနဲ့ တံခါးကြားမှာ ရပ်နေသေးတယ်။

အဲဒီမှာ ရှင်မောဂ္ဂလာန်က ဒီကောင် မဟုတ်တရုတ်တွေ ကြံနေပြီ၊ ဒုက္ခတွေ ပေးတော့ မယ်နဲ့ တူတယ် ဆိုပြီး သူ့ကို ချော့တဲ့ အနေနဲ့ ဆွေမျိုးစပ်တယ်၊ “အရင် ဘဝတုန်းက မင်းက ငါ့တူပါ တဲ့၊ အရင် ဘဝတုန်းက ငါ့ရဲ့နှမက ကာဠီလို့ ခေါ်တယ်၊ မင်းက ကာဠီရဲ့သား” တဲ့။

အဲဒီတော့ နတ်ပြည်မှာ သားတွေသမီးတွေ ရှိသလားလို့ မေးမယ် ဆိုလို့ ရှိရင် ရှိတယ်၊ လူတွေလို မွေးဖွားလာတဲ့ သားသမီးတော့ မရှိဘူး၊ သိကြားမင်းမှာ သားတွေ ရှိတယ်၊ အဲဒီ သားတွေက ဘယ်လိုလုပ် ရတဲ့သားတုန်း လို့ဆိုရင် ဒီဘဝက ကုသိုလ်ကောင်းမှု လုပ်တဲ့ ပုဂ္ဂိုလ်အမျိုးမျိုး ရှိတဲ့ အထဲမယ် သိကြားမင်း သားဖြစ်ရမယ့် ပုဂ္ဂိုလ်က သိကြားမင်းရဲ့ ရင်ခွင်ထဲမှာ ဘွားကနဲ ပေါ်တာ၊ “ရင်ခွင်ထဲမှာ ပေါ်လို့ရှိရင် သား” လို့ သတ်မှတ်ရတယ်၊ အဲသလို သားမျိုး ရှိတာပေါ့နော်၊ တခြား နေရာတွေမှာ ဖြစ်ရင် တခြား အမျိုးအစားထဲမှာ ပါတာပေါ့။

အဲဒီတော့ ကာဠီရဲ့သားဆိုတာ ကာဠီနတ်သမီးရဲ့ ရင်ခွင်ထဲမှာ သွားဖြစ်လို့ ကာဠီရဲ့ သားလို့ ခေါ်လိုက်တာပေါ့၊ အဲဒီ ဒုဿီဆိုတဲ့ မာရ်နတ်က ဘယ်လောက်တောင် ဆိုးတုန်း ဆိုလို့ရှိရင် ကကုသန်မြတ်စွာဘုရား လက်ထက်က လူတွေကို သူက စူးစမ်းချင်တယ်၊ သုတေသနသမားနဲ့ တူပါတယ်၊ စူးစမ်းချင်တယ်၊ “ဒီရဟန်းတွေကို ဒကာဒကာမတွေက သိပ်ပြီးတော့ လှူအောင် လုပ်ရင် သူတို့ ဘာဖြစ်မလဲ” ဆိုပြီးတော့ လူတွေရဲ့ ခန္ဓာကိုယ်ကို ဝင်ပူးပြီးတော့ ရဟန်းတွေကို လှူကြတယ် ပူဇော်ကြတယ် ရှိခိုးကြတယ် ကိုးကွယ်ကြတယ်၊ အဲဒါတွေကို လူတွေရဲ့ စိတ်ဓာတ်ကို ပြောင်းလဲ အောင် လုပ်တယ်။

လူတွေဟာ ဘုရားသွား ကျောင်းတက် လှူကြ တန်းကြ ဒီလိုနေကြတာ၊ သေတဲ့လူတွေ နတ်ပြည် ရောက်တယ်၊ တော်တော်များများ နတ်ပြည် ရောက်ကြတယ်၊ သူ့ရဲ့ သွေးဆောင် ဖြားယောင်းမှုနဲ့ လူတွေက ကုသိုလ်လုပ်ကြတယ်။

အဲလို လုပ်တဲ့အခါမှာ မြတ်စွာဘုရားက စိတ်ဓာတ်ရေးရာပိုင်းနဲ့ ပတ်သက်ပြီးတော့ ဘာနဲ့ ခုခံခိုင်းတုန်း ဆိုလို့ရှိရင် အသုဘ ကမ္မဋ္ဌာန်းပေးပြီး “အသုဘသညာ” ကို ပွားခိုင်းထားတယ်၊ ဘာဖြစ်လို့တုန်း ဆိုတော့ ဒကာ ဒကာမတွေက ပူဇော်ကြ ကိုးကွယ်ကြတဲ့အခါ လောဘတွေ ဖြစ်မှာစိုးလို့၊ မဖြစ် ရအောင် အသုဘကမ္မဋ္ဌာန်း ပေးထားတယ်၊ အဲဒါနဲ့ ခုခံထားတော့ ရဟန်းတွေက တုန်လှုပ်မှု မရှိဘူး။

မရှိတော့တစ်ခါ သူက technique ပြောင်းတယ်၊ ရဟန်းတွေ တုန်လှုပ်အောင် ဒီတစ်ခါတော့ လူတွေရဲ့ ကိုယ်ထဲကို ဝင်ပူးပြီးတော ရဟန်းတွေကို ဆဲမယ် ခဲနဲ့ ပေါက်မယ်၊ မလှူဘူး မတန်းဘူး၊ အရိုအသေ မပေးဘူး အဲသလိုဖြစ်အောင် ပြောင်းပြန် တယ်၊ ပြောင်းတဲ့အခါကျတော့ မြတ်စွာဘုရားကလည်း ရဟန်းတွေကို ဆုံးမတယ်၊ မေတ္တာဘာဝနာ ပွားပြီးတော့ နေကြလို့ ရဟန်းတွေ ဘာမှမဖြစ်ဘူး၊ လူတွေကတော့ ရဟန်းတွေ တွေ့ရင် ဆဲကြ ရေးကြ ခဲနဲ့ပေါက်ကြနဲ့ အဲသလိုလုပ်တယ်၊ အဲသလို လုပ်လည်း ရဟန်းတွေက မေတ္တာဘာဝနာ ပွားနေသည့်အတွက်ကြောင့် ဘာမှ တုန်လှုပ်ခြင်းမရှိ။

ပြောင်းလဲမှုမရှိတဲ့ အနေအထားကို မြင်ရတဲ့အခါ မာရ်နတ်ကြီးက စိတ်တိုလာတယ်၊ သူလုပ်တာတွေ မအောင်မြင်တော့ သူဘာလုပ်တုန်း ဆိုတော့ ကလေးတစ်ယောက်ကို ဝင်ပူးပြီးတော့ ရဟန္တာတစ်ပါးကို ခဲနဲ့ ပေါက်တယ်၊ သက်သက်မဲ့နော်၊ ခဲနဲ့ပေါက်တဲ့ အခါကျတော့ ခေါင်းမှန်ပြီး ခေါင်းကွဲသွားတယ်၊ သွေးတွေဖြာထွက် လာတဲ့အခါ ကကုသန်မြတ်စွာဘုရားက သိလိုက်တော့ ဒါ ကလေး ပေါက်တာ မဟုတ်ဘူး၊ မာရ်နတ် ပေါက်တာဆိုတာ သိတယ်။

အဲဒီတော့ မြတ်စွာဘုရားက တစ်ကိုယ်လုံး နောက်လှည့်တယ်၊ ဘုရားကိုယ်တော်မြတ် များဟာ နောက်ကိုလှည့်လို့ရှိရင် ဇက်ကနေပြီး နောက်လှည့်ကြည့်လို့ မရဘူးတဲ့၊ “နာဂါမလောကိတ” လို့ခေါ်တယ်၊ ဆင်များဟာ နောက်ကိုကြည့်ချင်ရင် တစ်ကိုယ် လုံး လှည့်ရတယ်၊ ဆင်ရဲ့ဇက် တိုတိုလေးရယ်၊ ဘယ်လိုလုပ် လှည့်ကြည့်လို့ ရမတုန်း၊ ခွေးတို့ ဆိတ်တို့ကျတော့ နောက်လှည့်လို့ ရတာပေါ့နော်၊ ဆင်ကျတော့ ကြည့်ချင်တယ် ဆိုလျှင် တစ်ကိုယ်လုံးကြီး လှည့်ရတယ်။

အဲဒါလိုပဲ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး တစ်ကိုယ်လုံး နောက်လှည့် လိုက်ပြီး ခဲပေါက်တဲ့ မာရ်နတ်ကို ကြည့်ပြီးတော့နော်၊ “အေး ဒုဿီမာရ်နတ် မင်း အတိုင်းအတာတွေ လွန်လာပြီ” ဒါပဲ ဘုရားက ပြောတယ်၊ တစ်ဖက်ကတော့ သူလုပ်တာ မဟုတ်ဘူးလို့ ထင်ကောင်း ထင်မယ်၊ မြတ်စွာဘုရားက အဲသလို လုပ်လည်း မိန့်ကြားပြီတော့ ဆက်ကြွသွားတယ်။

ဘုရားက မျက်နှာကို ဟိုဘက်လည်း လှည့်လိုက်တာနဲ့ တစ်ပြိုင်နက် မာရ်နတ်ကြီးဟာ ပူလှချည်ရဲ့ လောင်လှချည်ရဲ့ဆိုပြီးတော့ ချက်ချင်း မြေမြိုသွားတာ၊ ဒါ သူလုပ်တဲ့ လုပ်ရပ်က အလွန်ကို ဆိုးဝါး ယုတ်မာသွားပြီ၊ အင်မတန် စင်ကြယ်မြင့်မြတ်တဲ့ ရဟန္တာတစ်ပါးကို သူက ပစ်မှားလိုက်တာကိုး၊ အဲဒီ မာရ်နတ်ကြီးဟာ ချက်ချင်း အဝီစိငရဲ ကျသွားတယ်၊ ဒါ ဥပေစ္ဆဒကကံကြောင့် ချက်ချင်း အကျိုးပေးသွားတာ။

အလားတူ ဟာတွေလည်း ရှိတယ်၊ အားလုံးလည်း သိကြပါတယ်၊ စိဉ္စမာန မြေမြိုသွားတာတို့၊ ဒေဝဒတ် မြေမြိုသွားတာတို့၊ ဒေဝဒတ်ရဲ့ အဖေ သုဗ္ဗဗုဒ္ဓဘုရင်ကြီး မြေမြိုသွားတာတို့၊

အင်မတန်စင်ကြယ်တဲ့ ပုဂ္ဂိုလ်တွေကို ပစ်မှားလို့ရှိရင် ချက်ချင်းကြီး ဥပစ္ဆေဒက ကံက ဖြတ်တောက် ပစ်လိုက်တာနော်၊ ဖြတ်ချပစ်လိုက်ပြီးတော့ ဆိုးဝါးတဲ့ ဘဝတစ်ခုကို ရောက်သွားစေတယ်။

အေး - အဲလိုမျိုးပဲ အလားတူ ဝတ္ထုတစ်ခုကို ဇာတက story တွေမှာ တွေ့ရမယ်၊ ဥပေစ္ဆေဒကကံလို့ ပြောရမယ်၊ “စတုဒွါရဇာတ်” ဆိုတာရှိတယ်၊ စတုဒွါရဇာတ်ဆိုတာ တံခါးလေးပေါက်လို့ အမည် ပေးထားတာ ရှိတယ်၊ အဲဒီဇာတ်လမ်းက ကဿပ မြတ်စွာဘုရား လက်ထက်တော် အခါတုန်းက ကဿပ မြတ်စွာဘုရားရဲ့ တရားကို နာပြီးတော့ မိခင် ဖခင်တွေက သောတာပန်ဖြစ်ပြီး တကယ့် သူတော်ကောင်းတွေ၊ သားလေးတစ်ယောက် မွေးထားတယ်၊ နာမည်က မိတ္တဝိန္ဒက တဲ့၊ အဲဒီ မွေးထားတဲ့ သားလေးကို မိခင်ကြီးက သားလေးကို ချစ်လို့ ဆုံးမတယ်၊ “ငါ့သား ဘုရားပွင့်တဲ့အချိန် ရောက်နေတယ် တရားဓမ္မတွေနာ၊ အလှူအတန်းတွေလုပ်၊ ဥပုသ် သီတင်းလေးစောင့်၊ တရားလေးနာ” လို့ ပြောတာ သူက လုံးဝ လက်မခံဘူး၊ ဘာလုပ်ဖို့လဲ ဥပုသ်စောင့်တာ, ဘာလုပ်ဖို့ တရားနာရမှာလဲ ဆိုတာ ငြင်းပယ်တယ်။

အဲတော့ အမေကြီးကတော့ သားလေးကို ချော့မော့ပြီးတော့ တစ်နေ့ကျတော့ “ငါ့သား၊ ဒီကနေ့ ဥပုသ်နေ့ ကျောင်းသွားပြီးတော့ ဥပုသ်စောင့်ခဲ့၊ တစ်ညတော့ ဥပုသ်စောင့်ခဲ့၊ မင်းပြန်လာလို့ရှိရင် ငါငွေ ၁၀၀၀ ပေးမယ်”၊ အဲဒီတော့ ငွေ ၁၀၀၀ ပေးမယ်ဆိုတာနဲ့ ငွေ ၁၀၀၀ ရချင်တာနဲ့ ကျောင်းသွား၊ ကျောင်းမှာ ရောက်တဲ့ အခါတော့ တရားပွဲတွေ ဘာတွေရှိတယ်၊ ဒါပေမယ့် တရားသံ မကြားရလောက်တဲ့ နေရာသွားပြီး ချောင်ပိတ် အိပ်နေတယ်၊ နားထဲ ဂွမ်းဆို့ပြီး အိပ်တာလည်း ဖြစ်ချင် ဖြစ်မှာပေါ့။

မိခင်လုပ်တဲ့ ပုဂ္ဂိုလ်က ငါ့သားတော့ ညက တရားဟောတဲ့ ဓမ္မကထိကကို အိမ်ပင့်လာမှာပဲ ဆိုပြီး စားဖွယ် သောက်ဖွယ်တွေ ပြင်ဆင်ထားတယ်၊ ငါ့သားတော့ လိမ္မာလာတော့မှာပဲ ဆိုပြီးတော့ မနက်ကျတော့ သားဖြစ်သူက ည အိပ်ရေးဝအောင် အိပ်ပြီးတော့ အိမ်ပြန် ရောက်ချလာတယ်၊ အစောကြီး အိမ်ပြန်ရောက် လာပြီးတော့ “ဘယ်မတုန်း ဓမ္မကထိက ဘုန်းကြီးကော မပင့်ခဲ့ဘူးလား” ဆိုတော့ “ဘာလို့ဖို့လဲ”ပေါ့၊ အဲဒါနဲ့ သူ့မိခင်ကြီးက “ကဲ ငါ့သား ညက ဥပုသ်စောင့်ထား ရတယ်၊ ရော့ ယာဂုလေး အရင်သောက်လိုက်ဦး”၊ “ခင်ဗျား ညက ကျုပ်ကို ဥပုသ်စောင့်သွားရင် ငွေ ၁၀၀၀ ပေးမယ် လို့ ပြောတယ်၊ အဲဒီ ငွေ ၁၀၀၀ ဘယ်မတုန်း”။

ငွေ ၁၀၀၀ မရမချင်း မသောက်ဘူး၊ မိခင်ကြီးက ငွေ ၁၀၀၀ ထုတ်လေးကို ရှေ့ချပြီး “ကဲ သောက်ပါကွယ် ရော့ ၁၀၀၀ ထုပ်” ဆိုတော့မှ အဲဒီကျမှ သောက်တယ်၊ ငွေ ၁၀၀၀ ထုပ်ယူပြီးတော့ သောက်တယ်၊ မိခင်ကြီးက သောတာပန်၊ သားက မိုက်မဲတယ်၊ ဒီလိုလည်း ရှိတာပဲ၊ ဆုံးမလို့ မရဘူး၊ အဲဒီတော့ မိခင်ကြီးက ဘယ်လောက် ဆုံးမဆုံးမ မိုက်မဲတဲ့ သားသမီးဆိုတာလည်း ရှိနိုင်တယ်၊ ဆရာသမား ဘယ်လောက် ကောင်းကောင်း တပည့်ကလည်း ကောင်းချင်မှ ကောင်းမှာပေါ့နော်။

တစ်ခါတစ်လေ ဘုန်းကြီးတို့ ကျောင်းက ဆိုးသွမ်းတဲ့ ကိုယ်တော်လေးတွေ သတင်းကြားတယ် ဆိုလို့ရှိရင် “ဟာ၊ ဘယ်ကျောင်းထွက် ဆိုးတယ်” နဲ့ ပြောကြတယ်၊ ဘုန်းကြီးတို့က မေးတယ်၊ “မင်းတို့ အဲသလို ပြောစတမ်း ဆိုလို့ရှိရင် ဒေဝဒတ် ဘယ်ကျောင်းထွက်တုန်း” လို့၊ ဒေဝဒတ်က ဇေတဝန် ကျောင်းထွက်ပဲလို့၊ အဲဒါ ဆိုရင် ဇေတဝန်ကျောင်း အပြစ်တင်ရမလား၊ ဒေဝဒတ် အပြစ်တင်ရမလား၊ တချို့က ကျောင်းထွက် ဆိုပြီးတော့ ကျောင်းကို ပုတ်ခတ်ပြီးတော့ ပြောလေ့ရှိတာကိုး၊ ဒီတော့ ဒါတွေက မဆိုင်ဘူး၊ သို့သော်လည်း မြန်မာစကားမှာ “သားသမီး မကောင်း မိဘခေါင်း” “တပည့်မကောင်း ဆရာ့ခေါင်း”ဆိုပြီးတော့ ခေါင်းပေါ်တော့ ရောက်တာပေါ့နော်၊ အဲဒါဆိုရင် ဒေဝဒတ် မကောင်း ဘုရားခေါင်း ရောက်မှာပေါ့၊ အဲဒါကျတော့ ချန်ထားကြတယ်၊ ကာယကံရှင် ပုဂ္ဂိုလ်နဲ့ အများကြီး ဆိုင်တယ်။

ဒါကြောင့်မို့လို့ ဘုန်းကြီးတို့ စာပေထဲမှာ “ဥပဒေသ မတ္တ မေဝ ဟိ ပရာယတ္တာ၊ အညာ သဗ္ဗာ သမ္ပတ္တိ အတ္တာဇိနာ ဇဝ” တဲ့၊ နည်းပေးလမ်းပြ လုပ်တာသည်ပင်လျှင် ဆရာသမားနဲ့ ပတ်သက်ပါတယ် တဲ့၊ အားလုံးအောင်မြင်မှုဟာ ကိုယ့်ပေါ် မူတည် ပါတယ် တဲ့၊ ဆရာသမားဆိုတာ ဆုံးမသြဝါဒ ပေးရုံသာ တာဝန်ရှိတယ်လို့ ဒီလို ပြောတယ်နော်၊ အခြား အောင်မြင်မှုဟာ ကိုယ်နဲ့ ဆိုင်တယ်ပေါ့၊ အောင်မြင်မှု ကျရှုံးမှုဟာ ကိုယ်နဲ့ပဲ ဆိုင်တယ်ပေါ့၊ ဒီလို ဆိုပါတယ်၊ ဒါက ပိုပြီးတော့ လက်တွေ့ ကျတယ်။

အဲဒီတော့ အဲဒီ မိတ္တဝိန္ဒက ဆိုတာ ငွေလေး ၁၀၀၀ ရတဲ့အခါ သူက အရောင်းအဝယ် စိတ်ဝင်စားတယ်၊ ငွေ ၁၀၀၀ အရင်းအနှီးလုပ်ပြီး အရောင်းအဝယ် လုပ်လိုက်တာ မကြာခင်ပဲ သိန်း ၂၀ လောက် ရသွားတယ်၊ သိန်း ၂၀ ရတဲ့ အခါကျတော့ သူ့အမေကို ပြောတယ်၊ သင်္ဘောနဲ့ ပင်လယ်ခရီး ဖြတ်ပြီးတော့ အရောင်းအဝယ် လုပ်ချင်တယ်၊ ဒီမှာတင် လုပ်လို့ အားမရဘူး၊ ပင်လယ်ခရီး နဲ့ သွားမယ်ဆိုတော့ သူ့အမေက တားတယ်၊ “ငါ့သား အိမ်မှာ တို့ပစ္စည်းတွေ အများကြီး၊ မင်း တစ်ယောက်တည်း ရှိတယ်၊ ပင်လယ်ခရီးဆိုတာ အင်မတန် အန္တရာယ် များတယ်၊ မသွားပါနဲ့” တားတာ မရဘူး၊ မရရုံတင် မဟုတ်ဘူး၊ အမေက ရှေ့ကနေ ကာဆွဲထားတဲ့အခါ အမေကို တွန်းလှဲ ထိုးကြိတ်ပြီးတော့ အမေ့ပေါ်က ကျော်ပြီးတော့ ပင်လယ်ခရီးကို ထွက်သွားတယ်၊ ဒါ သူ စော်ကား ခဲ့တာနော်၊ အမေကို ထိုးကြိတ်တွန်းလှဲ ပစ်ထား ခဲ့တယ်၊ မိခင်က မသွားဖို့ပြောတာ မရတော့ အတင်း တားတယ်၊ အတင်းထားတဲ့ အခါ အမေကို တွန်းလှဲ ထိုးကြိတ်ပြီးတော့ ထားခဲ့တယ်။

အဲဒီကနေပြီးတော့ သင်္ဘောပေါ် တက်တယ်၊ ပင်လယ်ခရီး ဖြတ်တဲ့ အခါမှာ ပင်လယ်ထဲမှာ သူတို့ ရွက်လှေကြီးက အကြောင်းမဲ့ ပင်လယ်ပြင်ထဲမှာ ခုခေတ်လိုဆို စက်ပျက်သွားတယ်ပေါ့၊ အဲဒီ တုန်းက စက်မတပ်တော့ ပင်လယ်ထဲမှာ သင်္ဘောကြီး တက်က ငြိနေသလိုပဲ ရပ်နေတယ်၊ ဘယ်မှ ရွှေ့လို့ မရတော့ဘူး။

အဲဒီလို ဖြစ်တဲ့ အခါကျတော့ ဘာလုပ်ကြတုန်း ဆိုတော့ သင်္ဘောပေါ် ပါလာတဲ့ သူတွေထဲမှာ လူယုတ်မာဆိုတာ ရှိလောက်တယ်၊ သူ့ကြောင့် ဒီလိုဖြစ်တာ၊ မဲချမယ် ဆိုပြီးတော့ မဲချတယ်၊ မဲချတဲ့အခါ ၃-ကြိမ်တိုင်တိုင် သူ့ချည်းပဲ ကျတယ်၊ မဲက သူ့ချည်းပဲ ပေါက်တယ်၊ သူ့ကြောင့် ဒီလို ဖြစ်ရတယ်ပေါ့၊ အဲဒါနဲ့ ကဲ မင်းကို တို့ဆက်ပြီး မခေါ်နိုင်တော့ဘူး ဆိုပြီးတော့ ဖောင်လေး လုပ်ပြီးတော့ အဲဒီ ဖောင်ပေါ်တင်ပြီး ပင်လယ်ထဲ ပစ်ချလိုက်တာပေါ့၊ သူ့လည်း ချပြီးရော သင်္ဘောကြီးက ထွက်သွားသတဲ့၊ အကုသိုလ်များတာနော်၊ အကုသိုလ်က အကျိုးပေးပြီ ဆိုရင် ဒီလိုပဲ။

သူဟာ အဲဒီ ဖောင်ကလေးကို စီးပြီး သွားလိုက်တာ လေသင့်ရာ လှိုင်းပုတ်ရာနဲ့ ပင်လယ်ထဲ မျောပါသွားပြီး ကျွန်းလေး တစ်ကျွန်းနား ရောက်သွားတယ်၊ အဲဒီ ကျွန်းလေးမှာ ငွေဗိမာန်နဲ့ ဝေမာနိက ပြိတ္တာမတွေ သွားတွေ့တယ်၊ တွေ့တဲ့အခါကျတော့ ဝေမာနိက ပြိတ္တာမတွေက သူ့ကို ကျွေးမွေး စောင့်ရှောက် ထားတာ၊ သူနဲ့ ဝေမာနိက ပြိတ္တာမတွေနဲ့ ပျော်လို့၊ အဲသလိုနေတာ ၊ ဝေမာနိက ပြိတ္တာမတွေက ၇-ရက် နတ်စည်းစိမ် ခံစားပြီး ၇ ရက်ကြာတော့ ငရဲ ခံကြရတယ်တဲ့၊ သတ္တဝါတွေရဲ့ ကံကြမ္မာဆိုတာ အလွန် ထူးဆန်းတယ်။ ၇-ရက် နတ်သမီးကဲ့သို့ စည်းစိမ်ခံစားရပြီးတော့ ၇-ရက် ငရဲမှာ သွားကြရတယ်တဲ့။

တစ်ခါတုန်းက စာအုပ်လေး တစ်အုပ် ဖတ်လိုက်ရတယ်၊ “သေရွာပြန်တို့ရဲ့ ဇာတ်လမ်း” တွေထဲမှာ၊ အဲဒီ ရွာတစ်ရွာ ရောက်သွားတော့ အဲဒီရွာက လူတွေက ညနေ နေဝင်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် “ထွက်ကြေဟေ့ ထွက်ကြဟေ့” ဆိုပြီးတော့ အကုန်လုံး ရွာလုံးကျွတ် ထွက်ကြတယ်၊ ထွက်ပြီး ဘယ်သွားတုန်း ဆိုတော့ မီးပုံကြီးတစ်ခု ရှိတယ်၊ အဲဒီ မီးပုံကြီးဆီသွားပြီး ခုန်ဆင်းကြရတာ ဆိုပဲ၊ မနက်မိုးလင်းတော့မှ ပြန်လာကြတယ်၊ ခုန်ခုန်ချပြီး လူတွေ အော်ကြ ဟစ်ကြ ငိုကြနဲ့ တစ်ညလုံး အဲဒီလိုပဲ၊ မီးပုံထဲခုန်ဆင်း မီးလောင်ခံ၊ မနက်မိုးလင်းတဲ့အခါကျတော့ အေးအေးဆေးဆေးနဲ့ ရွာထဲ ပြန်ဝင်လာကြတယ်၊ ဒီလို ပြိတ္တာမျိုးတွေလည်း ရှိတယ်ပေါ့။

အဲဒီ ကျွန်းငယ်လေးထဲမှာ ဝေမာနိက ပြိတ္တာတွေက ၇-ရက် တိတိ စည်းစိမ်ခံစားပြီး ၇-ရက် မြောက်တဲ့ အခါကျတော့ သူ့ကို ပြောထားခဲ့ပေါ့၊ “တို့ ၇-ရက်ပြည့်ရင် ပြန်လာ ခဲ့မယ်၊ မင်း မပျင်းမရိ နေရစ်” ဆိုတော့ သူတစ်ယောက်တည်း ပျင်းတော့ ဖောင်လေး စီးပြီးတော့ ရှေ့ခရီးဆက်သွားပြီး ပင်လယ်ထဲ မျောသွားတယ်၊ နောက်တစ်ခါ ကျွန်းတစ်ကျွန်း ရောက်သွားပြန်တယ်။ ပတ္တမြားဗိမာန်နဲ့ ဝေမာနိက ပြိတ္တာမ ၈-ယောက်နဲ့ တစ်ခါ တွေ့ပြန်ရော၊ အဲဒီမှာတုန်းကလည်း ထို့အတူပဲ သူတို့ကလည်း ၇-ရက် စည်းစိမ်ခံစား၊ ၇-ရက် ငရဲခံလိုက် ဖြစ်နေတာ၊ ရက်စေ့လို့ သူတစ်ယောက်တည်း နေခဲ့ရစ်တော့ ရှေ့ခရီး ဆက်ထွက်ခဲ့တယ်။ ရွှေဗိမာန်ကြီးနဲ့ ကျွန်းလေးပေါ်မှာ တစ်ယောက်တည်း နေပါလို့ ထားလျက်သားနဲ့ ဖြတ်ကျော်ပြီးသွားတဲ့အခါ မြို့တစ်မြို့ ရောက်သွားတယ်တဲ့။

မြို့ကလည်းပဲ တံတိုင်း လေးဘက်နဲ့ တံခါးပေါက်ကြီး ၄-ပေါက်နဲ့၊ အဲဒီ မြို့ကြီး ရောက်တဲ့အခါ ဒီမြို့တက်ပြီးတော့ ဘုရင်လုပ်မယ်လို့ အကြံရတယ်၊ အဲဒီမြို့မှာ ဘယ်သူ့ကို ပထမတွေ့တုန်း လို့ဆို ငရဲသားတစ်ယောက် ငရဲခံနေတာ သွားတွေ့တယ်၊ သူ့ခေါင်းပေါ်မှာ သင်တုန်းစက်ကြီး ချာချာလည်ပြီး တော့ တစ်ခေါင်းလုံးကို လှီးဖြတ် နေတာ၊ သွေးတွေက ဖြာကျနေတယ်၊ သွေးတွေ စီးကျနေတာ၊ ရင်ဘတ်မှာလည်းပဲ ကြိုးငါးသွယ်နဲ့ စလွယ်သိုင်းကာ ထွက်ပြေးလို့မရအောင် ချည်ထားတာ။

အဲသလို ခေါင်းပေါ်မှာ သင်တုန်းစက်ကြီး လည်ပြီးတော့ တစ်ကိုယ်လုံးကို ချည်နှောင်ထားတာကို သူမြင်တဲ့အခါကျတော့ “ဟာ၊ ဒီလူက အင်မတန်လှပတဲ့ ကြာပန်းကြီး ခေါင်းပေါ် တင်ထားတာပါလား”၊ မိတ္တဝိန္ဒကရဲ့ မျက်စိထဲမှာ သင်တုန်းစက်ကြီးက ကြာပန်းကြီး ဖြစ်နေတယ်တဲ့၊ သူမျက်စိတွေ လည်နေပြီ၊ illustion ဖြစ်သွားပြီ၊ ဘယ်သူကမှ ဖန်တီးတာ မဟုတ်ဘူး၊ သူ့ကံက ဖန်တီးတာ၊ ထိုလူကို နှောင်ဖွဲ့ထားတဲ့ နှောင်ကြိုးတွေကျတော့ တန်ဆာဆင်ထားတယ်, စလွယ် သိုင်းထားတယ်လို့ သူ့ မျက်စိထဲမှာ မြင်တယ်၊ “အမယ်လေး အလိုလေး” အော်နေတဲ့ အသံကိုတော့ သီချင်းသံလို့ အောက်မေ့တာ၊ ခုခေတ် music တွေနဲ့တော့ ခပ်ဆင်ဆင်ပဲ၊ အဲဒါလည်းမြင်ရော သူ့စိတ်မှာ သိပ်သဘောကျသွားပြီး “ဟာ - ဒီလူကတော့ လောကမှာ အပျော်ဆုံးလူ တစ်ယောက်ဖြစ်တယ်၊ ဝတ်ထားတဲ့ design ကလည်း လှတာကိုးနော်၊ ဖက်ရှင် အလှအပ ဝတ်ထားတယ်၊ ဒိဇိုင်းလှတယ်၊ ခေါင်းပေါ်ကလည်း ကြာပန်းကြီးပန်လို့၊ တစ်ကိုယ်လုံးလည်းပဲ နံ့သာတွေ လိမ်းထားလိုက်တာကိုး၊ မိတ်ကပ်တွေကလည်း ကောင်းလိုက်တာ” ၊ သွေးတွေ ကျနေတာကို မိတ်ကပ်တွေ လိမ်းထားတယ်လို့ ထင်တယ်၊ ဟိုကဖြင့် အော်ဟစ် ငြီးငြူပြီး နာလွန်းလို့ ခုန်ပေါက်နေတာကိုပဲ အဲဒီမှာ pop music နဲ့ ကခုန်နေတယ်လို့ ထင်တာ၊ ခုခေတ် အကကလည်း အဲဒါမျိုးပဲနော်၊ ပူလှချည်ရဲ့လို့ အော်ပြီး ခုန်ပေါက် နေတာ၊ အငြိမ်မှ မနေနိုင်ပဲနဲ့။

အဲဒီလို အခြေအနေမျိုးကို ကြည့်ပြီးတော့ သူက ဘာတွေးတုန်း ဆိုတော့
“ဒီလူဟာ ကမ္ဘာမှာ အပျော်ဆုံး လူတစ်ယောက်ပဲ” ၊ အနီးကပ်သွားပြီး
“ခင်ဗျား ကြာပန်းကြီး ကျုပ်ပေးစမ်းပါဗျာ” လို့ တောင်းတာ၊
ဟိုလူက ကြည့်တယ်၊
“ဟ၊ သူငယ်ချင်း ဒါ ကြာပန်းမဟုတ်ဘူး၊ ဒါ သင်တုန်းစက်ကြီး”
“ခင်ဗျား မပေးချင်လို့ လိမ်တာပါ၊ ကျုပ်သိတာပေါ့၊ ကြာပန်းပဲဥစ္စာ”။
ဟိုလူကစဉ်းစားတယ်၊
“သြော် ဒီကောင်လည်း ငါ့လို အမေ စော်ကားလာတဲ့ကောင် ဖြစ်လောက်တယ်၊ ငါတော့ ဝဋ်ကျွတ် တော့မှာပဲ၊ ကဲ - လိုချင်ရင်ယူတော့”
ဆိုပြီး ခေါင်းပေါ်က ချွတ်ပေးလိုက်တယ်။

အမှန်ကတော့ ဝဋ်ကျွတ်လို့ ချွတ်လို့ရတာ၊ ဝဋ်မကျွတ်ရင် ချွတ်လို့ မရဘူး၊ ဝဋ်ကျွတ်တော့ ခေါင်းကိုင် လိုက်တာနဲ့ ဒီ သင်တုန်းစက်ကြီးက ပြုတ်လာတာ၊ ပြုတ်လာတဲ့ တစ်ပြိုင်နက် “ရော့” ဆိုပြီး လှမ်းပစ် ပေးလိုက်တယ်၊ သူ့ခေါင်းပေါ် ရောက်သွားတယ်၊ ခေါင်းပြောင်း လိုက်ပြီ။ ခေါင်းပေါ်ရောက်တာနဲ့ သင်တုန်းစက်က ခုတ်တော့တာပဲ။ ခုတ်လိုက်ပြီဆိုမှ ကြာပန်းမဟုတ်ဘူးမှန်း သိတယ်တဲ့၊ အဲဒါ ပြောတာ “ထိပ်ချမှ ဓားပြမှန်း သိတယ်” ဆိုတာ။ အဲဒီကျတော့ “ခင်ဗျားဟာကြီး ပြန်ယူ ပြန်ယူ” လို့ အော်တော့ ဟိုလူက ဘယ်ရောက်သွားမှန်း မသိတော့ဘူး၊ အဲဒါ အရှင် လတ်လတ် ငရဲခံရတယ် ပေါ့။

စာထဲမှာတော့ အရှင်လတ်လတ် ပုံစံမျိုး ရေးထားတယ်၊ သို့သော်လည်း အဲဒီ ဒဏ်ရာနဲ့ သူဟာ သေဆုံးသွားပြီး ဒီနေရှာမှာပဲ ပြန်မွေးတယ်လို့ ယူဆရမှာပေါ့၊ ဘာဖြစ်လို့ တုန်းဆိုတော့ လူ့ရဲ့ သန္ဓေစိတ်နဲ့ ငရဲသားတွေနဲ့ သန္ဓေစိတ်က တူမှ မတူတာနော်၊ အဲဒီတော့ အရှင်လတ်လတ် ငရဲ ခံရတယ်လို့ ပြောချင်ပြော၊ သို့မဟုတ် မိတ္တဝိန္ဒကဟာ သင်တုန်းစက်ကြီးနဲ့ လူစင်စစ်ဆိုရင် အကြာကြီး ဘယ်အခုတ် ခံနိုင်မလဲ၊ လူစင်စစ် မဟုတ်တော့ဘူး၊ သင်တုန်းစက် လည်တဲ့အခါ သွေးတွေ အထွက်လွန်ပြီး သေမှာပေါ့၊ အဲဒီ နောက်မှာတော့ ကံမကုန်မချင်း ငရဲသားဘဝ ခံနေရပြီ၊ ဒါလည်း ၅၅၀ ဇာတ်ထဲမှာ ပါတယ်။

ရုက္ခစိုး နတ်ကြီးတစ်ဦး အခြံအရံတွေနဲ့ အနီးနား ရောက်လာတဲ့အခါ “သူ ဘာကြောင့် ဒီလိုဖြစ်ရသလဲ” ဆိုတော့ “မင်းအမေ ပြစ်မှားခဲ့လို့ ဒီလိုဖြစ်ရတာ” လို့ ရုက္ခစိုးနတ်ကြီးက ပြန်ဖြေတယ်။ “ဒါဖြင့် ကျွန်တော် ဘယ်လောက် အထိအောင် ခံရမှာတုန်း၊ ဒီဝဋ်က ဘယ်တော့ ကျွတ်မှာတုန်း” ဆိုတော့ “မင်းကံ မကုန်မချင်း ခံရမယ်” လို့ အဲလို ပြောသွားတယ်၊ ဒါ ၅၅၀ ဖတ်ကြည့်ရင် တွေ့မယ်နော်၊ ဒါ ဥပေစ္ဆေဒကကံနဲ့ သေတာ။

ဥပေစ္ဆဒကနဲ့ သေတာတွေက အများကြီး၊ နတ်ပြည်တွေမှာလည်း ရှိတယ်၊ နတ်ပြည် တွေမှာလည်း “ခိဍ္ဍာပဒေါသိက” “မနောပဒေါသိက” နတ်ဆိုတာ ရှိတယ်၊ ဒီဃနိကာယ် ဗြဟ္မဇာလသုတ်မှာ အဲဒီ နတ်တွေအကြောင်း ဟောထားတာ ရှိတယ်၊ ခိဍ္ဍာပဒေါသိက နတ်ဆိုတာ ခိဍ္ဍာ - ဆိုတာ ပျော်ရွှင်တာ, အပျော်လွန်တာ၊ အပျော်လွန်လို့ ပဒေါသိက - ဘဝကြီးတစ်ခုလုံး ပျက်စီးသွားတယ်။

ဧပြီလ သင်္ကြန်ကျတဲ့အခါ အဲဒီ ခိဍ္ဍာပဒေါသိက တွေ အများကြီးပဲ။ အပျော်လွန် ပြီးတော့ လူ့ပြည်မှာလည်း ရှိတာပဲ၊ နတ်ပြည်မှာ ခိဍ္ဍာပဒေါသိကနတ် ဆိုတာ ကာမဂုဏ် အာရုံတွေနဲ့ သိပ်ပြီး ပျော်နေတော့ စားရမယ့်အချိန် သောက်ရမယ့် အချိန်တွေ မေ့တာ၊ လူ့ပြည်က ကလေးတွေတောင်မှ ကစားနေတယ်ဆို အမေ လုပ်တဲ့သူ အဖေလုပ်တဲ့သူက အတင်း ခေါ်ကျွေးရတယ်လေ၊ နတ်ပြည်မှာ ဒီ့ထက်ကောင်းတာပေါ့၊ နတ်ပြည်မှာလည်းပဲ pop music တွေရှိမှာပဲ။

နတ်ဆိုတာ တစ်နေ့တစ်ခါ နတ်သုဒ္ဓါကို အချိန်မှန် စားရတယ်၊ သူတို့လည်း သဗ္ဗေသတ္တာ အာဟာရဌိတိကာ ထဲပါတယ်၊ အာဟာရ စားရတာ။ ဗြဟ္မာကျတော့ ပီတိဘက္ခ၊ ပီတိနဲ့ နေတာ၊ အစာစားစရာ မလိုတော့ဘူး။ နတ်တွေကျတော့ သူတို့တွေရဲ့ ခန္ဓာကိုယ်က ကဗဠိကာရ အာဟာရ အစာကြမ်းလေးတစ်ခု စားပေးရတယ်၊ အဲဒီ အစာအာဟာရလေး တစ်ခု စားပေးမှ အတွင်းထဲက အစာအာဟာရနဲ့ အပြင်ဘက်က အစာအာဟာရ ပေါင်းပြီး ခန္ဓာကိုယ်ကို maintain လုပ်နိုင်တယ်တဲ့။

နတ်တွေရဲ့ သန္တာန်မှာရှိတဲ့ ပါစက တေဇော၊ အစာချက်တဲ့ တေဇောဓာတ်ကို ထိန်းပေးဖို့ အစာအာဟာရကို ပုံမှန်စားရတယ်၊ အပျော်လွန်တဲ့အခါ အစာစားချိန် မစားဘဲနဲ့ လွန်သွားတာ၊ အချိန်လွန်သွားတဲ့အခါ ဝမ်းမီးက သူတို့ ခန္ဓာကိုယ်ကို လောင်တာ၊ ဝမ်းမီးလောင်ပြီး ခုခေတ်လူတွေ ပြောသလိုပေါ့၊ အစာအိမ်က acid ဓာတ်တွေ ထွက်လာပြီး gastritis ဖြစ်တယ်ပေါ့၊ အစာအိမ် ရောဂါရတယ်။

လူတွေကျတော့ လူရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက ကြမ်းတမ်းတယ်၊ လူတွေ သေသွားတဲ့အခါ လူ အကောင် လိုက်ကြီး ကျန်ရစ်တယ်၊ နတ်တွေရဲ့ ခန္ဓာကိုယ်က အဲဒီလို မဟုတ်ဘူး၊ လူတွေရဲ့ မျက်စိနဲ့ မမြင်ရလောက်အောင် သိမ်မွေ့တယ်၊ သေသွားရင်လည်း ပျောက်သွားရော၊ ဘာမှ မကျန်ရစ်ဘူး၊ နတ်အလောင်း နတ်မသာ ချစရာ မလိုဘူး၊ ဂူတည်စရာ မလိုဘူးနော်၊ သေသွားရင် ပျောက်သွားရော၊ တစ်ခါတည်း မီးတောက်ကလေး ငြိမ်းသလို ငြိမ်းသွားတယ်၊ လူတွေကျတော့ အလောင်း ကျန်ရစ်တယ်၊ ဥတုဇရုပ်ကလာပ် တဲ့၊ ဥတုဇရုပ်ကလာပ် ဆိုတာကြီးကို သင်္ဂြိုဟ်နေရတာ သင်္ဂြိုဟ်စရိတ်တွေ တက်လာတာပေါ့။

နတ်တွေရဲ့ ခန္ဓာကိုယ်က အလွန်သိမ်မွေ့တဲ့ အတွက်ကြောင့် သူတို့ရဲ့ ပကတိ ရုပ်အဆင်းကို လူသားတွေရဲ့ ပကတိ မျက်စိနဲ့ မြင်လို့မရဘူး၊ သူတို့က ရုပ်ကြမ်း ဖန်ဆင်းပြတော့မှ မြင်ရတယ်၊ အဲဒီနတ်တွေ စားချိန်လွန်ရင် အချိန်လွန်သည့် အတွက်ကြောင့် စုတိစိတ် ကျပြီးတော့ သေရော၊ အဲလို နတ်မျိုးကို ခိဍ္ဍာပဒေါသိက နတ်လို့ ခေါ်တာပဲ၊ ဥပေစ္ဆေဒကံနဲ့ သေတယ်လို့ ပြောရမယ်၊ သေပုံသေနည်းက ဥပေစ္ဆေဒကကံဆိုတာ ကံချည်းမဟုတ်ဘူး၊ ဖြစ်ပေါ်လာတဲ့ ဖြတ်တောက် ပစ်လိုက် တဲ့ အကြောင်းတရားအားလုံးကို လယ်တီဆရာတော်ကြီးကတော့ ပြောထားတယ်။

နောက်တစ်ခါ မနောပဒေါသိက နတ်ဆိုတာလည်း ရှိသေးတယ်။ မနောပဒေါသိက ဆိုတာ စိတ်ဆိုးလို့ သေတာ၊ လူတွေ ကျတော့ စိတ်ဆိုးရုံနဲ့ သေတာ ရှားတယ်။ သေတဲ့သူက heart attack နဲ့ နှလုံးရောဂါ ရှိရင်တော့ စိတ်ဆိုးရင် သေတာ၊ ဒါ့ပြင် ရောဂါနဲ့ သေချင် သေမှာပေါ့၊ လူ့ရဲ့ ခန္ဓာကိုယ်က ကြမ်းတယ်၊ နတ်တွေကျတော့ စိတ်ဆိုးခံလို့ မရဘူး၊ စိတ်ဆိုးလို့ရှိလျှင် နတ်က သေမှာ၊ လူတွေလည်း စိတ်ဆိုးလို့သာ သေမယ်ဆိုရင် စိတ်ဆိုးရဲမှာ မဟုတ်ဘူး။

အဲဒီနတ်တွေ ဘယ်လို စိတ်ဆိုးကြလဲ ဆိုရင် နတ်တွေ ဥယျာဉ်သွားကြတယ်၊ သွားတဲ့အခါ လမ်းမှာ ဆုံကြတယ်ပေါ့၊ တစ်ဦးနဲ့တစ်ဦး စည်းစိမ် ချမ်းသာချင်းက မတူဘူး၊ အတိတ်ဘဝက ကံရှိရင် ရှိသလို တောက်တောက် ပြောင်ပြောင်၊ လူတွေမှာလည်း ရှိတာပေါ့၊ ဒီလူက ကားကောင်းကြီး စီးလာတယ်၊ ဟိုလူက ကားစုတ် စီးလာတယ်၊ ကားစုတ် စီးလာတဲ့သူက ကားကောင်း စီးလားတဲ့သူကို မနာလိုတဲ့ အကြည့်နဲ့ ကြည့်တယ်။

အဲဒါမျိုးလိုပဲ နတ်တွေမှာလည်း အခြံအရံနဲ့ ခမ်းခမ်းနားနားကြီး ထွက်လာတဲ့အခါ အခြံအရံ နည်းနည်းနဲ့ မတောက်ပြောင်တဲ့ နတ်က ကြည့်တာပေါ့၊ ကြည့်တဲ့အခါ မျက်စောင်းလေး ထိုးပြီးတော့ ကြည့်တယ်၊ မျက်စောင်းလေး ထိုးကြည့်ပြီး မေးငေါ့တယ်။ အဲလို မေးငေါ့တာကို ဟိုနတ်ကလည်း မြင်တယ်၊ ဒီကောင် ငါ့ကို မနာလို ဖြစ်နေတယ်။ သူကလည်း ပြန်ပြီးတော့ ငါ့ကုသိုလ်ကံနဲ့ ငါဖြစ်တာ၊ မင်းနဲ့ ဘာဆိုင်လို့လဲ ဆိုပြီးတော့ ပြန်စိတ်ဆိုးတယ်၊ ဒီက နတ်ကလည်း “ ဒီကောင် ကြွားတားတားနဲ့” ဆိုပြီး စိတ်ဆိုးတယ်၊ ၂-ယောက် စိတ်ဆိုးတဲ့အခါ ဟိုနတ်ကလည်း စိတ်ဆိုး၊ ဒီနတ်ကလည်း စိတ်ဆိုးနဲ့၊ စိတ်ဆိုးတယ်ဆိုတာ သိသာတယ်၊ စိတ်ဆိုးတဲ့မျက်နှာ မသိသာဘူးလား၊ သိသာပါတယ်၊ သိသာသည့် အတွက်ကြောင့် ဟိုကလည်း စိတ်ဆိုး၊ ဒီကလည်း စိတ်ဆိုး၊ ဒါပေမယ့် လူတွေလိုတော့ ထ,မထိုးကြပါဘူး၊ စိတ်ဆိုးတာပဲ ရှိတယ်။

အဲသလို ကိုယ့်ရဲ့ဒေါသကို မထိန်းနိုင်တဲ့အခါ အဲဒီနတ်တွေ တစ်ဦးဒေါသ တစ်ဦးကူးပြီးတော့
“မင်းနဲ့ ဘာဆိုင်လို့ ကြည့်ရတာတုန်း”၊
ဟိုကလည်းပဲ
“ငါ့ဟာငါကြည့်တာ မင်းနဲ့ ဘာဆိုင်တုန်း”
ဆိုပြီးတော့ ဟော ဒေါသတွေ မထိန်းနိုင်ကြဘူး။ အဲဒီနတ် နှစ်ယောက်စလုံးဟာ ဒေါသမီး အလောင် ခံရပြီး ပျောက်ကွယ် သွားကြတယ်၊ သေဆုံးသွားကြတယ်တဲ့၊ အဲဒီနတ်မျိုးကို မနောပဒေါသိက နတ်လို့ခေါ်တယ်၊ အဲလို သေတဲ့ နတ်လည်းရှိတယ်၊ ဒါလည်း ဥပစ္ဆေဒက မရဏ လို့ ခေါ်ရမှာပဲ။

အေး တခြား ဥပစ္ဆေဒကတွေထဲမှာ လယ်တီဆရာတော် ဘုရားကြီး ကတော့ ရောဂါဖြစ်လို့ သေတာ တွေလည်း ဥပစ္ဆေဒက မရဏထဲမှာ ထည့်ထားတယ်၊ ဘာဖြစ်လို့တုန်း ဆိုတော့ ရောဂါက ကံကြောင့်ချည်း ဖြစ်တာ မဟုတ်ဘူး၊
၁။ လေကြောင့်ဖြစ်တဲ့ ရောဂါရှိတယ် - ဝါတသမုဋ္ဌာန နော်၊
၂။ သလိပ်ကြောင့်ဖြစ်တဲ့ ရောဂါရှိတယ် - သေမှသမုဋ္ဌာန၊
၃။ သည်းခြေကြောင့်ဖြစ်တဲ့ ရောဂါ - ပိတ္တသမုဋ္ဌာန၊
၄။ နောက် ဥတုဝိပရိဏာမ - ဥတုပြောင်းလဲလို့ ရောဂါ ရတာတဲ့၊
၅။ ဝိသမပရိဟာရ - အနေအထိုင် မတတ်လို့ ရောဂါ ရတာတဲ့၊
၆။ သြပက္ကမိက - သူ့လုံ့လ ကိုယ့်လုံ့လကြောင့် ရောဂါ ရတာ၊
၇။ သန္နိပါတ - လေ၊ သလိပ်၊ သည်းခြေ၊ သုံးခုဖြစ်စေ၊ နှစ်ခုဖြစ်စေ ပေါင်းပြီးတော့ ရောဂါ ရတာ။
၈။ နောက်ဆုံးကတော့ ကမ္မဝိပါကဇ - ကံရဲ့ အကျိုးအနေနဲ့ ဖြစ်ပေါ်လာတဲ့ ရောဂါ
လို့ ရောဂါရှစ်မျိုး ရှိတယ်။

လေကြောင့် ဖြစ်တဲ့ရောဂါ၊ သလိပ်ကြောင့် ဖြစ်တဲ့ရောဂါ၊ သည်းခြေကြောင့် ဖြစ်တဲ့ရောဂါ၊ သန္နိပါတရောဂါ၊ ဥတုဝိပရိဏာမ၊ ဝိသမပရိဟာရဇ၊ သြပက္ကမိက (စုန်းတွေ နတ်တွေ ကိုယ့်ကိုပြုစား ခံစားရတာ အပါအဝင်)၊ ကမ္မဝိပါကဇ ဆိုပြီးတော့ “သီဝကသုတ်” မှာ ရောဂါ ၈-မျိုး ပြထားတယ်၊ သံယုတ်ထဲမှာ အဲဒီသုတ်ပါတယ်။

အဲဒီလို ရောဂါ ၈-မျိုးထဲက ကမ္မဝိပါကဇနဲ့ ကျန်တဲ့ ၇-မျိုးက လူတွေရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာလို့ ဒီလူဟာ ဒီရောဂါကြောင့် သေဆုံးရတယ် ဆိုလို့ရှိရင် ဒါလည်းပဲ ဥပေစ္ဆေဒက မရဏပဲလို့ လယ်တီဆရာတော်ကြီးက ဒီလို ရေးတယ်နော်၊ သေလောက်အောင် ရောဂါတစ်ခု ဖြစ်လာလို့ သက်တမ်း မစေ့ခင် ကံမကုန်ခင် သေသွားတယ်လို့ ဒီလိုဆိုတယ်၊ အဲဒီတော့ လူ့လောကမှာ ရှာကြည့်မယ်ဆိုရင် အများကြီးပေါ့။

သြပက္ကမိတ ဆိုတာ သူများက သတ်လို့ သေတယ်၊ ကားက ကိုယ့်ကို ဝင်တိုက်သွားလို့ သေတယ်၊ နောက် ကိုယ့်ဟာကိုယ် အိမ်ပေါ်က လိမ့်ကျလို့ သေတယ်၊ ကိုယ့်ဟာကို သတ်သေတယ်၊ အမျိုးစုံပေါ့။ မတော်တဆ သေနတ်မှန်လို့ သေတယ်၊ ဘာဖြစ်လို့ သေတယ်၊ ညာဖြစ်လို့ သေတယ်။ အများကြီးပဲပေါ့၊ လူ့လောက လူဖြစ်လာတယ် ဆိုလို့ရှိရင် အဲဒီ သေခြင်းအကြောင်း လေးမျိုးထဲက တစ်ခုခုနဲ့ လူတွေ သတ္တဝါတွေဟာ သေဆုံးကြရတယ်တဲ့။

သေဆုံးပြီ ဆိုလိုက်တဲ့ အချိန်ပိုင်းလေးမှာ ဘယ်လိုနည်းနဲ့ပဲ သေသေ သေခါနီး အချိန်မှာ လူ့ရဲ့ နှလုံးသားဟာ အားပျော့လာတယ်၊ အားပျော့လာတဲ့ အတွက်ကြောင့် “မရဏသန္နဇော” လို့ သေခါနီးမှာ ဇောစိတ်တွေ ဖြစ်လာတယ်၊ အဲဒီဇောစိတ်တွေဟာ ဘာကို အာရုံယူပြီးတော့ ဖြစ်တုန်း ဆိုလို့ရှိရင် သေခါနီးဆဲဆဲမှာ လူဟာ မျက်စိက မြင်တာပဲဖြစ်စေ, နားက ကြားတာပဲဖြစ်စေ သို့မဟုတ် စိတ်ထဲမှာ အိပ်မက် မက်သလို ပေါ်တာမျိုးပဲ ဖြစ်စေ မျက်စိကလည်း မြင်လို့ရတယ်၊ ကံ ကမ္မနိမိတ် ဂတိနိမိတ်ကို အာရုံယူပြီးဖြစ်တယ်။

သေခါနီးမှာ ပဋိသန္ဓေကို အကျိုးပေးမယ့် ကံတရားရဲ့ စွမ်းအား သို့မဟုတ် ထင်ဟပ်ပေါ်လွင် စေတတ်တဲ့ ကံရဲ့စွမ်းအား၊ အဲဒီကံရဲ့ စွမ်းအားကြောင့် နောက်ဘဝမှာ ပဋိသန္ဓေ အကျိုးပေးမယ့် ကံကိုသော် လည်းကောင်း, ထိုကံပြုနေတဲ့ အချိန်ကာလ အခြေအနေကိုသော် လည်းကောင်း, သွားရမယ့် ဘဝရဲ့ အရိပ်အယောင်ကိုသော် လည်းကောင်း ဒီတစ်ခုခုကို မြင်ပြီးတော့ အဲဒီစိတ်က အဲဒီ အာရုံနဲ့ပဲ နစ်မြောနေတဲ့အချိန်မှာ စုတိစိတ်ကလေး ကျသွားတယ်။

မသေခင် ကတည်းက ကံ ကမ္မနိမိတ် ဂတိနိမိတ်ဆိုတဲ့ အာရုံ တစ်ခုခုကို အာရုံပြုထားသည့်အတိုင်း ထိုအာရုံကို အဝိဇ္ဇာက ဖုံးကွယ်ပေးတယ်။ အပြစ်အနာဆာ မမြင်ရအောင် ဖုံးကွယ်ပေးတယ်၊ တဏှာက တွယ်တာတယ်၊ အာရုံပေါ်မှာ စိတ်ကို ညွှတ်သွားစေတယ်၊ အဲသလို ညွှတ်သွားပြီးတော့ ထိုတွေးတောနေတဲ့ စိတ်အစဉ်, ထိတ်လန့် ကြောက်လန့်နေတဲ့ စိတ်အစဉ်၊ အဲဒီ စိတ်အစဉ် ပေါ်လာတယ်လို့ ဒီလိုပြောတာနော်။

အဲဒီ စုတိစိတ်ကလေး ပေါ်လာလိုက်တာနဲ့ တစ်ပြိုင်နက် ဒီဘဝမှာ ရှိတဲ့ ကမ္မဇရုပ် အားလုံးသည် ချုပ်ငြိမ်းသွားတယ်၊ ကံကြောင့်ဖြစ်တာတွေ မှန်သမျှ အတိတ်ဘဝက လာခဲ့တဲ့ ပဋိသန္ဓေအကျိုးကို ပေးခဲ့တဲ့ ကံတရားရဲ့ အကျိုးဆက်တွေ အားလုံးဟာ အပြီးသတ်သွားပြီ။ အဲဒါကို တစ်ဘဝလို့ ခေါ်တာ၊ ပဋိသန္ဓေအကျိုးကို ပေးလိုက်တဲ့ကံ၊ ထို ပဋိသန္ဓေ အကျိုးကို ပေးလိုက်တဲ့ ကံကနေ ထုတ်လုပ်တဲ့ ကမ္မဇရုပ်တွေ၊ အဲဒါတွေဟာ တစ်ပြိုင်နက် ချုပ်ပြီးတော့ သွားကြတယ် တဲ့၊ ချုပ်သွားလို့ ရှိရင် သေတယ်လို့ သတ်မှတ်ရတယ်။

အဲဒီတော့ သေတယ်လို့ သတ်မှတ်တာက နှလုံးခုန် ရပ်သွားတာနဲ့တင် သေတယ်လို့ သတ်မှတ်လို့ မရဘူးနော်။ ပိဋကတ်စာပေအရ ပြောမယ်ဆိုရင် သေတယ်ဆိုတာ အင်္ဂါ ၃-ချက် ညီမှသာ ပြောရမယ်တဲ့၊ ဘာတုန်းဆိုရင် -

“အာယု ဥသ္မာစ ဝိညာဏံ၊
ယဒါ ကာယံ ဇဟန္တိမံ၊
အပဝိဒ္ဓေါ တဒါသေတိ၊
နိရတ္တံဝ ကဠိင်္ဂရံ” တဲ့။

သံယုတ္တနိကာယ် ဖေကာပိဏ္ဍူပ သုတ်မှာ ဆိုထားတာ။

အာယု - ခန္ဓာကိုယ်ရဲ့ ရုပ်ဓမ္မ နာမ်ဓမ္မတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ဇီဝိတဆိုတဲ့အသက်၊ အဲဒါလည်းပဲ ချုပ်ငြိမ်းသွားတာဖြစ်ရမယ်တဲ့၊

ဥသ္မာ - ကံကြောင့်ဖြစ်တဲ့ တေဇောဓာတ် အငွေ့ ခန္ဓာကိုယ်အငွေ့ ကံကြောင့်ဖြစ် တဲ့ဟာလည်းပဲ ဆက်လက် မဖြစ်ပေါ်တော့ဘူး၊ အသစ် မလာတော့ဘူးပေါ့၊ အဟောင်းကတော့ ရှိကောင်း ရှိနေဦးမယ်ပေါ့၊ ကမ္မဇရုပ်ကလည်း ချုပ်ငြိမ်းသွားတယ် တဲ့၊ တေဇောဓာတ်လည်း ချုပ်ငြိမ်းသွားတယ်၊

ဝိညာဏ - လို့ဆိုတဲ့ ဘဝင်စိတ် အစဉ်၊ စိတ်အားလုံးဟာလည်းပဲ ချုပ်ငြိမ်းပြီး သွားတယ်၊

အဲဒီ “အာယု၊ ဥသ္မာ၊ ဝိညာဏ” လို့ဆိုတဲ့ ဒီ ၃-ခု ချုပ်သွားပြီ၊ လုံးဝ ရပ်ဆိုင်း သွားပြီဆိုရင် ဒါ သေတယ်လို့ သတ်မှတ်ရတယ်၊ အဲဒါမဟုတ်ဘဲနဲ့ အသက်မရှူ တော့တာနဲ့ သေတယ်လို့ ဆိုပြီး သွားဆုံးဖြတ်ရင် ပြဿနာတွေ တက်မယ်၊ ခုခေတ် မှာလည်းပဲ ဒါမျိုးတွေ ရှိတတ်တယ်နော်။

ဘုန်းကြီးတို့ ငယ်ငယ်က သတင်းစာတစ်စောင်မှာ ဖတ်ဖူးတယ်။ ဗမာပြည်မှာလည်း ဒီလို ဝတ္ထုတွေ ရှိတာပဲ၊ အင်္ဂလားဒေ့ရှ်မှာ ဖြစ်ခဲ့တဲ့ ဝတ္ထုလေးတစ်ခု၊ သတင်းစာ အပိုင်းအစ လေးထဲမှာ ဖတ်ရတာ၊ အဲဒီ ဘင်္ဂလားဒေ့ရှ်မှာ လူတစ်ယောက်ကို သေပြီလို့ ဆရာဝန်ကနေ နားကြပ်နဲ့ထောက် ဆုံးဖြတ်လိုက်တာ၊ သူက တခြားဘာသာဝင် ဆိုတော့ နေ့ချင်းရက်ချင်း သူ့ကို သွားမြှုပ်လိုက်ကြတယ်၊ မြှုပ်တဲ့အခါမှာ ခပ်ဖွဖွမြှုပ်တယ်၊ သူ့ကို မီးသင်္ဂြိုဟ်လိုက်ရင်တော့ အစပါ ပျောက်သွားမှာပေါ့နော်၊ မြေကြီးထဲ မြှုပ်လိုက်တယ်၊ ၅-နာရီလောက် ကြာတဲ့အခါ ပြန်သတိလည်လာတယ်။ သတိလည် လာတဲ့အခါ လူငယ်လူရွယ်ဆိုတော့ အားကောင်းတယ်၊ မြေကြီးပုံထဲကနေ တွန်းပြီးတော့ ထွက်လာတယ်၊ အိမ်ပြန်လာတယ်၊ အိမ်ကလူတွေက ကြောက်လို့ လက်မခံရဲဘူး၊ သေလို့ မြှုပ်ထားပြီး အိမ်ပြန် ရောက်လာတယ်ဆိုတော့ တစ္ဆေလို့ အောက်မေ့မှာပေါ့နော်၊ အဲဒီအခါမှာ ဆုံးဖြတ်ချက်ပေးတဲ့ ဆရာဝန်ကို တရားစွဲတယ် ဆိုတဲ့ ဇာတ်လမ်းလေး တစ်ခု တွေ့တယ်။

ဒါထက် အဖြစ်အပျက် လွန်ခဲ့တဲ့ ၄-၅ နှစ်က ထင်ပါရဲ့၊ မန္တလေးမှာလည်း အဲသလို အဖြစ်အပျက်မျိုး တစ်ခုကြုံတယ်၊ တရုတ်အမျိုးသမီးလေး တစ်ယောက်၊ သေပြီဆိုပြီး ကြာနီကန် သုသာန် ပို့တယ်၊ သုသာန်ဝ ရောက်တဲ့အခါ သတိ လည်လာတယ်၊ ဒီတော့ မင်္ဂလာမရှိဘူး ဆိုပြီးတော့ အဲဒီ ကလေးမလေး အိမ်ပြန် မခေါ်တော့ဘူးတဲ့၊ အိမ်ပြန် မခေါ်ဘဲနဲ့ အဲဒီသုသာန်နားမှာပဲ တိုက်ကလေး ဆောက်ပေးထားတယ်လို့ ပြောတယ်။

ဒါကြောင့်မို့လို့ ရှေးတုန်းက လူတစ်ဦး သေတယ် ဆိုလို့ရှိရင် ၇-ရက်လောက် ထားလေ့ရှိကြတယ်၊ အခုတော့ အဲလို မထားကြဘူး၊ ဒီနေ့သေ မနက်ဖြန် သင်္ဂြိုဟ်။ လုပ်ပစ်လိုက်ကြတဲ့အခါ ကံမကောင်း အကြောင်းမလှတဲ့ သူတချို့ ရေခဲတိုက်ထဲ ပို့လိုက်တယ်၊ ရေခဲတိုက်ထဲ ဝုန်းဒိုင်း လုပ်နေတော့ သရဲခြောက်တယ် ဆိုပြီး အရိုက်သတ် ခံနေရဦးမယ်။

တစ်ခါတုန်းက ပြောသံ ကြားဖူးတယ်၊ တောရွာတစ်ရွာမှာ အသက်ကြီးကြီး လူကြီးတစ်ယောက် သေပြီဆိုပြီး သွားမြှုပ်ကြတယ်၊ မြှုပ်မလို့ တွင်းထဲထည့်ပြီး မြေကြီး တစ်ဂေါ်နှစ်ဂေါ် ထည့်လိုက်ခါ ရှိသေး၊ သူက ပြန်သတိ လည်လာပြီး ရေတောင်းတယ်၊ အဲဒီလို အသက်ရှင်တာကို ကယ်ရမယ့်အစား မကယ်ဘဲနဲ့ ကြောက်ကြောက်နဲ့ ခေါင်းကို တူနဲ့ထုပြီး ပြန်ပြီး မြှုပ်လိုက်သတဲ့၊ အဲသလို ဇာတ်လမ်း တွေလည်း ကြားဖူးတာပဲ၊ ဒီတော့ ဘဝဆိုတာ ကံတရားအတိုင်းပဲလို့ မြန်မာတွေ တွေးတဲ့အတိုင်း တွေးရင် စိတ်သက်သာတာပေါ့နော်။

အဲဒါကြောင့်မို့လို့ သေဆုံးခြင်းဆိုတာ အာယု၊ ဥသ္မာ၊ ဝိညာဏ်ရယ်၊ အဲဒီ ၃-ခု ချုပ်ငြိမ်းသွားပြီ ဆိုမှ ဖြစ်တာ။ အဲဒီ ခန္ဓာကိုယ်ကြီးက အပူဓါတ် temperature တွေလည်းပဲ လုံးဝချုပ်ငြိမ်းသွားတယ်၊ ဇီဝိတဆိုတဲ့ အသက်လည်း ချုပ်ငြိမ်း သွားတယ်၊ ဝိညာဏ်ဆိုတဲ့ စိတ်လည်း ချုပ်ငြိမ်းသွားပြီ ဆိုလို့ရှိရင်တော့ ဒါ လုံးဝ သေချာတယ်လို့ ဒီလိုမှတ်ချက်ချရတယ်။ ဆေးပညာ အရတော့ တစ်မျိုး ယူကောင်း ယူမယ်ပေါ့၊ ဗုဒ္ဓဘာသာရဲ့ ကျမ်းစာအရကတော့ အဲဒီအတိုင်းပဲ၊ ဒီအကြောင်း ၃-မျိုး ချုပ်ငြိမ်းပြီဆိုရင် သေပြီလို့ သတ်မှတ်တယ်တဲ့၊ ကဲ - သေခြင်းအကြောင်း သေပုံသေနည်း ၄-မျိုးတဲ့။

ဒီလို သေတဲ့အခါမှာ အာရုံနိမိတ်တွေက အင်မတန်မှ အရေးကြီးတယ်၊ ပြောင်းလဲ ပေးလို့ရတဲ့ အာရုံနိမိတ်တွေ ရှိတယ်၊ သေခါနီးမှာ မိမိရဲ့ ကံအားလျော်စွာ ကောင်းတာတွေလည်း ထင်၊ မကောင်းတာတွေလည်း ထင်၊ အဲဒီတော့ ဗုဒ္ဓဘာသာ ဝင်တွေ အနေနဲ့ကတော့ နောက်ဆုံးအချိန် ရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အနီးအနားမှာ ဟိုပြောဒီပြော မပြောဘဲနဲ့ အားပေးစကားလေးပဲ ပြောပြီး စိတ်ချမ်းသာအောင် ထားဖို့၊ ငြိမ်ငြိမ်သက်သက်နဲ့ အားပေးစကား ပြောပြီး သူ နှစ်သက်တဲ့ တရားလေး ဖွင့်ပြ၍ဖြစ်စေ အဲသလို အေးအေးချမ်းချမ်း သေခွင့်ရအောင် ထားဖို့ ကောင်းတယ်ပေါ့။

အဲဒီအချိန်ကျမှာ ဘဏ်စာအုပ်က ဘယ်ထားခဲ့တုန်းတွေ ဘာတွေ မမေးသင့်ဘူးနော်၊ လက်စွပ်က ဘယ်သူ့ ပေးထားခဲ့တုန်း၊ ဘယ်အပ်ထားတုန်း၊ ဘယ်အပေါင်ဆိုင်တွေ ထားတာတုန်းတွေ ဘာတွေ မမေးသင့်ဘူးပေါ့၊ မေးလျှင် အဲဒီလူဟာ လမ်းဖြောင့်မှာ မဟုတ်ဘူး၊ ဒုက္ခ ရောက်တတ်တယ်တဲ့။

တချို့ကလည်း မသေခင်က ငိုတာ ရှိသေးတယ်၊ ငိုရင် ပိုပြီးတော့ ဆိုးတယ်၊ သူ့မှာ ဒေါမနဿတွေ ဖြစ်ပြီးတော့ သေဆုံး သွားတတ်တယ်၊ အဲဒီတော့ သေခါနီးမှာ သိပ်အရေးကြီးတယ်။

ဘုန်းကြီးတို့ စစ်ကိုင်းမှာ ဆရာတော်ကြီးတစ်ပါး ဒီအတိုင်းပဲ၊ သေခါနီးအချိန် ဆလိုင်းသွင်းပေး တာပေါ့လေ၊ ရမလားလို့ ပြုစုတဲ့ ပုဂ္ဂိုလ်တွေက လုပ်တယ်၊ သူက မသွင်းဖို့ ပြောတယ်၊ ငြင်းတယ်၊ အတင်းသွင်းပေးတဲ့ အခါကျတော့ သူဘာမှ မပြောတော့ဘူး၊ ဘာမှ မပြောပေမယ့်လို့ မကျေနပ်တဲ့ အခါကျတော့ အရိပ်အယောင် တွေ ပြတယ်၊ အဲဒီ မကျေနပ်တဲ့ အရိပ်အယောင်တွေနဲ့ပဲ ပျံလွန်တော် မူသွားတဲ့အခါ ပြုစုတဲ့ ပုဂ္ဂိုလ်တွေပေါ်မှာ စိတ်ကွက်မိလို့တဲ့ တစ္ဆေဖြစ်နေတယ်၊ ဒါ ဒီပြင် လူတစ်ယောက်က ပြောတာ၊ ကောင်းမှုလုပ်ပြီး သူ့အတွက် အမျှအတမ်း ပေးဝေပေးပါ၊ အမျှအတမ်း ပေးလိုက်တဲ့ အခါကျတော့ သူ အထက် နတ်ပြည်ကို သွားတော့မယ်တဲ့ အကြောင်းပြောတယ်၊ ဟုတ်တယ် မဟုတ်တယ်တော့ မသိဘူး၊ ရန်ကုန်က လူတွေ ကတော့ လူသေရင် လေချွန်နတ် သွားမေးလေ့ ရှိကြသတဲ့။

လောကမှာ ဘဝဆိုတာ ရှိတာ သေချာတယ်။ အဲဒီတော့ သေခါနီး အာရုံနိမိတ်ဟာ အလွန်တရာမှ အရေးကြီးတယ်တဲ့၊ ဒါကြောင့်မို့ ငြိမ်းငြိမ်း ချမ်းချမ်းလေး သေနိုင်အောင် နံပါတ်တစ် ကိုယ့်ကိုယ်ကို ကြိုးစားဖို့ လိုတယ်ပေါ့။ ကိုယ့်နောက်ဆုံး အချိန် ရောက်လာပြီဆိုရင် စိုးရိမ်စိတ်တွေ ကိုယ့်မှာ မရှိဖို့၊ အားကိုးတရား နှလုံးသွင်း တရားတွေ ရှိဖို့၊ ကုသိုလ်ကောင်းမှုတွေကို စဉ်းစားဖို့၊ ဒါလေးတွေက စောစော ကြိုတင်ပြီးတော့ လေ့ကျင့်ထား သင့်တယ်ပေါ့၊ မလေ့ကျင့်လို့ရှိရင် ထိုအချိန်ကျမှ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး ဘဝခရီးဟာ မဖြောင့်တန်းဘဲ ရှိတတ်ပါတယ်တဲ့။

ဒါကြောင့်မို့ ဘဝခရီးလမ်း ဖြောင့်တန်းဖို့ရာ အတွက် နေ့စဉ်နဲ့အမျှ မိမိရဲ့စိတ်ကလေး ကုသိုလ် ကောင်းမှုဘက် ညွှတ်ပြီး နေတတ်အောင်၊ သေတတ်တဲ့ အသေမျိုးလည်း သေတတ်မှာပါ၊ ဒါမို့လို့ တရားလေး နှလုံးသွင်းပြီးတော့ နေတတ်အောင် ဟိုတွေး ဒီတွေး မတွေးဘဲနဲ့၊ ဟိုအတွက်စိုးရိမ် ဒီအတွက်စိုးရိမ်, ဟိုဟာတွယ်တာ ဒီဟာ တွယ်တာ မရှိဘဲနဲ့ မိမိရဲ့တရားလေးကိုသာ ဆင်ခြင်စဉ်းစား ပြီးတော့ ကိုယ်ကျင့် တရား ကိုယ်စီ လက်ကိုင်ထားပြီး ဘဝတစ်ခု ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နိဂုံးချုပ်နိုင်ရမယ်၊ ထိုသို့ နိဂုံးချုပ်နိုင်မှသာလျှင် နောက်ဆုံးမှာ အငြိမ်းဓာတ်ဖြစ်တဲ့ နိဗ္ဗာန်ကို မရမချင်း အိုလိုက် နာလိုက် သေလိုက် ဆိုတဲ့ ဆင်းရဲဒုက္ခ ကြုံနေရမှာဖြစ်တယ်၊ နိဗ္ဗာန်ချမ်းသာ သည်သာလျှင် အိုခြင်းကင်းရာ နာခြင်းကင်းရာ သေခြင်းကင်းရာ ဖြစ်တယ်လို့ ယုံကြည်ပြီးလျှင် နိဗ္ဗာန်ချမ်းသာကို ရရာရကြောင်း သူတော်ကောင်းတရားကို ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

အခန်း- ၉

ဘဝသစ်၌ ပြန်လည်မွေးဖွားခြင်း

ဘဝသစ်၌ ပြန်လည်မွေးဖွားခြင်း ဆိုတာ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်အရ ဖြစ်တယ်။
ဓမ္မစကြာ တရားတော်ထဲမှာ “ယာယံ တဏှာ ပေါနောဗ္ဘဝိကာ” = တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်သော လို့ဆိုလိုတယ်။ ထိုထို သုတ္တန်တွေမှာလည်း တဏှာကို “ဘဝနေတ္တိ” = ဘဝကို ဆောင်တတ်တဲ့တရား လု့ိ ဘဝတစ်ခုမှ တစ်ခုသို့ သယ်ဆောင်သွားတဲ့ တရားလို့ ဒီလို ဟောတယ်။

ကံ နဲ့ ပတ်သက်လာလို့ ရှိရင်လည်း မြတ်စွာဘုရားက “ဘဝဂါမီ” = ဘဝကိုဖြစ်စေ တတ်တဲ့ကံ လို့ ဟောတယ်။
ဘဝသစ်၌ ပြန်လည် မွေးဖွားခြင်းနှင့် စပ်လျဉ်းပြီးတော့ မြတ်စွာဘုရားက “ပုနဗ္ဘဝ” ဆိုတဲ့ စကားလုံး သုံးနှုန်းထားတာ ရှိတယ်။ တမလွန် ဘဝနဲ့ ပတ်သက်ပြီးတော့ အမြင်ရှင်းဖို့ အင်မတန်မှ အရေးကြီးတယ်။

ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တွေ တမလွန်ဘဝနဲ့ ပတ်သက်ပြီးတော့ အမြင်ရှင်းဖို့ ခက်ခဲတယ်၊ အခြား ဘာသာဝါဒတွေနဲ့ ရောယှက်ပြီးတော့ မှားမှားယွင်းယွင်း ဖြစ်တတ်တယ်။

ဗုဒ္ဓမြတ်စွာကလည်း “ကံနဲ့ သံသရာ” အကြောင်းကို ဟောထားတယ်၊ ကောင်းကံ ဆိုးကံ ဆိုတာတွေ လုပ်လို့ ကောင်းကံ ဆိုးကံတွေက ဖန်တီးတဲ့ဘဝ ရကြရတယ် ဆိုတာ ဗုဒ္ဓဘာသာကသာ လက်ခံ ထားတာ မဟုတ်ဘူး၊ ဗုဒ္ဓမြတ်စွာ ပွင့်ရာဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာရှိတဲ့ ဗြဟ္မဏဘာသာ သို့မဟုတ် ဟိန္ဒူဘာသာ တို့ကလည်း လက်ခံကြတယ်၊ အခြားဘာသာ တွေကလည်း လက်ခံထားတာ ရှိတယ်၊ ကွဲပြား ခြားနားမှုကို မသိရင် တူညီတယ်လို့ ထင်မှတ်ကြလိမ့်မယ်၊ မတူညီတဲ့ အချက်တွေ အများကြီး ရှိတယ်။

သာမန်ကြည့်မယ်ဆိုရင် သူတို့လည်း သံသရာအကြောင်းကို ရှင်းပြတယ်၊ ကံဆိုတာ လက်ခံတယ်။ ကံနဲ့ သံသရာကို ပြောကြတဲ့ နေရာမှာ အသံတူနေသည့် အတွက်ကြောင့် အနှစ်သာရပိုင်းမှာ တူသယောင်ယောင် ဖြစ်ပြီး “ဗုဒ္ဓဝါဒသည် ဟိန္ဒူဝါဒက ပေါက်ဖွားလာတာပါ” လို့ ဟိန္ဒူ စာရေးဆရာ တွေက ရေးကြတယ်၊ ဘယ်လို ထိအောင် ရေးတုန်းဆိုရင် Buddha was born in Hindu, မြတ်စွာဘုရားက ဟိန္ဒူထဲမှာ ဟိန္ဒူအဖြစ်နဲ့ မွေးလာတယ်တဲ့၊ Buddha was living in Hindu. Buddha died in Hindu ဆိုပြီးတော့ ဟိန္ဒူထဲမှာမွေး၊ ဟိန္ဒူထဲမှာ သေပေါ့၊ အဓိပ္ပါယ်ကတော့ Buddhism ဆိုတာ Hinduism က ပေါက်ဖွားလာတဲ့ အရာလို့ ဒီလို ယူဆပြီးတော့ ပြောကြတယ်၊ အဲဒီလို ယူဆ ပြောဆိုချက်တွေဟာ အနှစ်သာရပိုင်းကို မသိလို့ တူတယ် ထင်ပြီးတော့ ပြောနေကြတာ။

အပေါ်ယံအားဖြင့် သံသရာ လက်ခံတယ်ဆိုတာ ဟုတ်တယ်၊
ကံကို လက်ခံတာ ဟုတ်တယ်၊
ကံ၏အကျိုးကို လက်ခံတာ ဟုတ်တယ်၊
သံသရာလည်တယ် ဆိုတဲ့အပိုင်းမှာ ကြီးမားတဲ့ ကွဲပြားခြားနားချက်ကြီး ရှိတယ်၊
ဘာလဲ?

ကမ္မဝါဒချင်း တူပေမယ့်လို့

Hinduism မှာ သံသရာလည်တယ်ဆိုတာ ဘယ်သူလည်တာတုန်းဆိုတော့ “အတ္တ” လို့ခေါ်တဲ့ ထာဝရမြဲနေတဲ့ အရာလေးတစ်ခု လည်တာ၊ အတ္တက သံသသရာ လည်တာ၊ ထိုအတ္တမှာ ရုပ်တွေ နာမ်တွေ ရှိတယ်၊ အဲဒီ အတ္တ ကို ဘယ်သူက ဖန်ဆင်းတာတုန်းဆို ဗြဟ္မာကြီးက ဖန်ဆင်းထားတာ၊ အဲဒီ အတ္တကို နာမည် အမျိုးမျိုးနဲ့ ခေါ်လို့ရတာပေါ့၊ Hinduism မှာဆို ‘အာတ္မန်’ လို့ ဒီလိုသုံးတယ်၊ ‘အာတ္မန်’ တို့ ဗြဟ္မတ္မန် တို့ဆိုတာ ရှိတယ်၊ ဗြဟ္မတန် ဆိုတာက Universal soul ကိုပြောတာ၊ ဗြဟ္မာကြီးကို ဗြဟ္မတ္မန် Universal soul? အဲဒီ Universal soul ဆိုတဲ့ ဖန်ဆင်းရှင်ကြီးက နေပြီးတော့ Individual soul လို့ခေါ်တဲ့ အသီးသီးသော သတ္တဝါတွေရဲ့ အတ္တကို ဖန်ဆင်းပေးလိုက်တယ်၊ အဲဒီလို ဖန်ဆင်းမှုကို လက်ခံပြီးတော့ သံသရာအကြောင်း, ကံ အကြောင်းကို ရှင်းပြတာ။

သူတို့ပြောတဲ့ ကံ, သူတို့ပြောတဲ့ သံသရာ ဆိုတာက ဖန်ဆင်းထားတဲ့ အတ္တကလေး သံသရာ လည်တာကို ပြောတာနော်။ ထို အတ္တလေးရဲ့ လုပ်ဆောင်ချက်တွေကို ကံလို့ ပြောတာ၊ ဒါ သူတို့ရဲ့ အခြေခံ၊ အဲဒီတော့ ကမ္မဝါဒချင်း တူပေမယ့်လို့ အနှစ်သာရပိုင်း အခြေပြုတာချင်း မတူဘူး၊ အလွန် ကွာခြားတယ်။

ဒါကြောင့်မို့ အင်္ဂလိပ်ဘာသာမှာ Reincarnation ဆိုတဲ့ စကားလုံးလေး တစ်ခုရှိတယ်၊ Cambridge ကထုတ်တဲ့ dictionary ကို ကြည့်လိုက်တဲ့အခါ Reincarnation နဲ့ ပတ်သက်လို့ Spirit ဆိုတဲ့အရာ၊ Spirit ဆိုတာ ခုနက အတ္တ ကို ပြောတာ။ မြန်မာလိုပြောမယ်ဆိုရင်တော့ “ဝိညာဏ်ကောင်” တို့၊ “လိပ်ပြာ” တို့ ဆိုတာ မြန်မာတွေ ပြောလေ့ရှိတယ်၊ အဲဒီ ဝိညာဏ်တို့ လိပ်ပြာတို့ ဆိုတာဟာ ခန္ဓာ ကိုယ်ကြီးတစ်ခု ဟောင်းနွမ်းသွားပြီဆိုရင် နောက် ခန္ဓာတစ်ခုကို ပြောင်းရွှေ့တယ်။

အဲသလို ပြောင်းရွှေ့တဲ့အခါမှာ ဘယ်သူက ရွေးချယ်ပေးတာတုန်း ဆိုရင် ကံက ရွေးချယ်ပေးတယ်၊ ဘဝတစ်ခုကနေ ဘဝတစ်ခု ပြောင်းရွှေ့နေတယ် ဆိုတာ ဘယ်သူပြောင်းတာတုန်း ဆိုတာကျ ကွဲပြားသွားပြီ အဲဒီအချက်ကလေး မြင်ဖို့ အင်မတန်မှ လိုတယ်၊ ဗုဒ္ဓဘာသာတွေလည်း “လူဝင်စား လူဝင်စား” နဲ့ ပြောတယ်၊ ဒါ အပြော အနေနဲ့တော့ ပြောလို့ရတယ်၊ သို့သော် အနှစ်သာရပိုင်းအနေနဲ့ အမှန်ကို သိဖို့ လိုတယ်။

ဗုဒ္ဓဘာသာမှာ ခုနက Universal soul ဆိုတဲ့ ထာဝရဘုရား သခင်က ဖန်ဆင်းထားတဲ့ “အတ္တ” ဆိုတဲ့အရာ မရှိဘူး၊ အင်္ဂလိပ်လို အတ္တကို soul လို့ ပြန်တယ်၊ အဲသလို soul ဆိုတဲ့အရာ သို့မဟုတ် spirit ဆိုတဲ့အရာ သို့မဟုတ် “ဝိညာဏ်ကောင်” သို့မဟုတ် “လိပ်ပြာကောင်” က ထာဝရမြဲပြီး တစ်ဘဝကနေ တစ်ဘဝ ပြောင်းသွားနေတယ် ဆိုတဲ့အရာက မရှိဘူး။

အဲဒီတော့ Reincarnation ဆိုတဲ့ စကားလုံးကို ဖွင့်ဆိုချက် အရ ထာဝရမြဲနေတဲ့ spirit ဆိုတဲ့ လူတွေ သေဆုံးသွားတဲ့အခါ လူတွေရဲ့ သန္တာန်မှာဖြစ်တဲ့ အသက်လိပ်ပြာ ဝိညာဏ်ကောင် ဆိုတာဟာ နောက်ခန္ဓာတစ်ခုကို ဝင်ရောက်ပြီးတော့ သွားတာ၊ အဲဒီအခါမှာ နောက်ခန္ဓာ တစ်ခုမှာ သူက သွားပြီးတော့ ဖြစ်ပေါ်လာတယ်၊ ဒီ ခန္ဓာတစ်ခု ပျက်သွားပြီးတော့ နောက် ခန္ဓာတစ်ခုမှာ ဝင်ရောက် သွားတယ်။

Cambridge Dictionary ထဲမှာ ဘာရေးထားတုန်းဆို Hindu and Buddhist believe in reincarnation တဲ့ ရေးထားတယ်၊ သူပြောတဲ့ Buddhist က ဘယ် Buddhist တုန်းဆိုရင် Tibetan Buddhist ပဲ ဖြစ်တယ်၊ ထေရဝါဒ Buddhist က Reincarnation ကို လက်မခံဘူးနော်၊ Reincarnation ဆိုတဲ့ လူ့ရဲ့ “အသက်, လိပ်ပြာ, ဝိညာဏ်ကောင်” ကနေပြီးတော့ နောက်ထပ် တစ်ဘဝ ကူးပြောင်းသွား ပြီးတော့ ပြန်မွေးတယ် ဆိုတာကို လက်မခံဘူး၊ ဒါက ပြန်မွေးတာ မဟုတ်ဘူး၊ အဲဒီလို ကွဲပြားခြားနားမှုလေးတွေ ရှိတယ်။

အဲဒါကို မသိလို့ရှိရင် ဒီဘာသာတွေက အတူတူပဲလို့ ထင်နေကြတယ်၊ အနှစ်သာရ ပိုင်းမှာ အလွန် ကွဲပြားခြားနားတယ်၊ သူတို့ရှင်းပြတဲ့ သံသရာတို့ ကံတို့ဆိုတာ အတ္တကို အခြေခံပြီးတော့ မြဲတဲ့အရာလေး တစ်ခုရဲ့ လှည့်ပတ်သွားလာမှု, လုပ်ဆောင် နေမှုကို ကြည့်ပြီးတော့ ကံ, လှည့်ပတ် သွားလာနေမှုကို သံသရာလို့ ဒီလိုပြောတယ်၊ သူတို့မှာ သံသရာက လွတ်တယ်ဆိုတဲ့ နိဗ္ဗာန်ဟာ ဒီ Individual soul လေးက Universal soul နဲ့ ပြန်ပေါင်းသွားတာကို လွတ်မြောက်မှု(မောက္ခ) လို့ ဒီလို ခေါ်တယ်။

အဲဒီတော့ ဗုဒ္ဓဘာသာမှာ အသက်တို့ လိပ်ပြာတို့ ဝိညာဏ်ကောင်တို့ အတ္တတို့ဆိုတာ မရှိဘူး၊ ဘာပဲရှိတုန်းဆို ခန္ဓာ ၅-ပါးပဲ ရှိတယ်၊ ရုပ်နဲ့နာမ်ပဲ ရှိတယ်၊ အဲဒီ ရုပ်နာမ်ဆိုတဲ့ ခန္ဓာ ၅-ပါးဟာ ဘယ်သူကမှလည်း ဖန်ဆင်းထားတာ မဟုတ်ဘူး၊ မြဲတဲ့ အရာကြီးလည်း မဟုတ်ဘူး၊ ထာဝရ ပြောင်းလဲနေတဲ့ အရာသာဖြစ်တယ်၊ တစ်ခု တည်းလည်း မဟုတ်ဘူး၊ ဖြစ်ပြီး ပျက်သွားတာ တွေချည်းပဲဖြစ်တယ်၊ ဖြစ်ပျက်နေတဲ့ အစဉ်တန်းကြီးသာ ဖြစ်တယ်၊ အဲဒါ ထေရဝါဒ ဗုဒ္ဓဘာသာ အဆို။

ဒီဟာလည်း တော်တော်နဲ့ သဘောပေါက်ဖို့ ခက်တဲ့ကိစ္စပဲနော်၊ သာမန်စဉ်းစားပြီး သာမန်ကြည့်မယ် ဆိုရင် ဒါကို သဘောမပေါက်နိုင်ဘူး၊ သဘောမပေါက်နိုင် လို့ရှိရင် ခုနကပြောတဲ့ ဟိန္ဒူဝါဒတွေလို အခြား ဗုဒ္ဓဘာသာဂိုဏ်း၊ တိဘက် ဗုဒ္ဓဘာသာဂိုဏ်း တို့လို့ ရောထွေးပြီးတော့ သွားစရာရှိတယ်၊ ထေရဝါဒ ဗုဒ္ဓဘာသာက အဲဒီလို မဟုတ်ဘူး။

ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါကာလတုန်းက “သာတိ” ဆိုတဲ့ ရဟန်းတစ်ပါး ရှိတယ်၊ သူက “ဘုရားဟောတဲ့တရား သူနားလည်တယ်တဲ့၊ သံသရာအကြောင်း နားလည်တယ်, ကံအကြောင်း နားလည်တယ်၊ အဲဒီ နားလည်တဲ့ အတိုင်း ပြောရမယ် ဆိုလို့ရှိရင် ဟောဒီလူတွေရဲ့ သန္တာန်မှာရှိတဲ့ spirit လို့ ခေါ်တဲ့ ဝိညာဉ်ကောင်လေးက စကားပြောတတ်တယ်, ခံစားတတ်တယ်” (ဟိန္ဒူဝါဒမှာ စကားပြောတာ ဘယ်သူက ပြောတာတုန်း အတ္တလေးက စကားပြောတာ၊ ဝိညာဉ်ကောင်လေးက ပြောတာ)၊ ဝိညာဉ်ကောင်လေးက ရုပ်ခန္ဓာကို အကြောင်းပြုပြီးတော့ စကားပြောတယ်၊ စိတ်ကို အသုံးချတယ်၊ စိတ်တို့ ရုပ်တို့ ဆိုတာ ဝိညာဉ်ကောင်လေးရဲ့ အသုံးချ ပစ္စည်းလေးတွေပဲ၊ အဲဒါကို “အတ္တနိယ” လို့ ခေါ်တာ၊ သူပိုင်ဆိုင်တဲ့ ပစ္စည်း။

ဥပမာ - ကားရှိတဲ့သူက ကားနဲ့ သွားတယ်မို့လား၊ ကားမောင်းသွားတယ်၊ အဲသလိုပဲ ဒီ ခန္ဓာ ကိုယ်ကြီးကို ဘယ်သူက ပိုင်စိုးတာတုန်း ဆိုတော့ အဲဒီ အတ္တကောင် ဝိညာဉ် ကောင်လေး ကနေ ပိုင်စိုးတယ်၊ ပိုင်စိုးထားပြီးတော့ သူက စကားပြောတတ်တယ်၊ ခံစားတတ်တယ်၊ ချမ်းသာတယ်၊ ဝမ်းနည်းတယ်၊ ပျော်ရွှင်တယ် ဆိုတဲ့ ချမ်းသာမှုတွေ သူ ခံစားတယ်၊ ဝမ်းနည်းတာတွေ ရှိတယ်၊ အဲဒီလို သာတိရဟန်းက ပြောတယ်၊ အဲဒီ ဝိညာဉ်လေးပဲတဲ့၊ ဒီ ဝိညာဉ်လေးပဲ တစ်ဘဝကနေ တစ်ဘ၀ ကူးနေတာလို့၊ ဒါ ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါးနော်၊ မြတ်စွာဘုရားလက်ထက်က ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါး။

“တဒေဝ ဝိညာဏံ သံသရတိ” တဲ့ သူပြောတဲ့ စကားလုံးလေးက၊ ဟောဒီ ဝိညာဉ်ကောင်လေး သည်ပင်လျှင် သံသရာ လည်နေတာ၊ ဟောဒီ ဝိညာဉ်ကောင်လေး သည်ပင်လျှင် ခန္ဓာကိုယ် တစ်ခု ကနေ ခန္ဓာကိုယ်တစ်ခု ပြောင်းလဲပြီးတော့ သွားတာ၊ တစ်ဘဝကနေ တစ်ဘဝသွားပြီးတော့ ဘဝသစ်တွေ ဖြစ်နေတာလို့ သူက ဒီလိုပြောတယ်။

ဒီလို ပြောတဲ့အခါ ရဟန်းတော်တွေက သူ့ကို အဲသလိုမပြောနဲ့၊ ဒါ ဗုဒ္ဓဘာသာအမြင် မဟုတ်ဘူးလို့ ဝိုင်းပြီးတော့ ရှင်းပြကြတယ်၊ သူ လက်မခံဘူး၊ လက်မခံတော့ ဘုရားဆီပို့တယ်၊ ဘုရားဆီပို့တဲ့ အခါကျတော့ မြတ်စွာဘုရားက “ကဲ - မင်းက ‘ဝိညာဏ ဝိညာဏ’ ဝိညာဏ် ဝိညာဏ်နဲ့ ပြောတယ်၊ ဘယ် ဝိညာဏ်ကို ပြောတာတုန်း” ဆိုတော့ “ဝဒေါ ဝေဒေယျော” တဲ့၊ သူပြောပုံလေးက ‘ဝဒေါ’ စကားပြောတတ်တယ်တဲ့၊ “ဝေဒေယျော” ခံစားတတ်တယ်တဲ့၊ ကောင်းတဲ့ကံ ဆိုးတဲ့ကံ တို့ရဲ့ အကျိုးကို ခံတတ် စံတတ်တဲ့ ဝိညာဏ်လေးကို သူပြောတာပါလို့၊ Hinduism နဲ့ တစ်ထပ်တည်းပဲ သူပြောလိုက်တာ၊ ဒါပေမယ့် သူက ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးပဲ။

အဲသလိုပြောတော့ မြတ်စွာဘုရားက “ငါဟောတဲ့တရား မင်းဘယ်လိုလုပ်ပြီး နားလည်တာလဲ” တဲ့၊ ငါက “ဝိညာဏံ ပဋိစ္စသမုပ္ပန္နံ” ဝိညာဏ်ဆိုတာ အကြောင်း တရားကို စွဲပြီးတော့ ဖြစ်တာ၊ စိတ်ဆိုတဲ့ ဝိညာဏ်လေးဟာ၊ နာမ်ဆိုတဲ့ ဝိညာဏ်လေးဟာ အကြောင်းတရားကို စွဲပြီးတော့မှ ဖြစ်ရတယ်၊ ရှိနေတာ မဟုတ်ဘူး၊ မြဲနေတဲ့အရာ မဟုတ်ဘူး၊ အကြောင်းတရားကို စွဲဖြစ်တယ် ဆိုကတည်းက အကြောင်းမရှိရင် ဖြစ်ပါ့မလား၊ “မဖြစ်ပါ ဘုရား”၊ မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ်လာပြီ၊ “ပဋိစ္စသမုပ္ပန္န”၊ “ပဋိစ္စ” - အကြောင်းတရားကို အမှီပြုရမှ “သမုပ္ပန္န” ဖြစ်လာတယ်၊ အကြောင်းတစ်ရားကိုမှီရမှ ဖြစ်လာတယ်လို့ဆိုရင် မမှီရရင် မဖြစ်ဘူးဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။

အဲဒီတော့ သူ့ရဲ့ ရပ်တည်မှု၊ သူဖြစ်ပေါ်လာမှုဟာ အကြောင်းတရားကို အမြဲတမ်း ငဲ့နေရတယ်၊ အကြောင်းတရားရဲ့ ညီညွတ်မှုကို အမြဲတမ်း မျှော်လင့်နေရတယ်၊ အကြောင်းတရားကို အမှီပြုလို့ မရဘူးဆိုရင် ဖြစ်နိုင်စွမ်း မရှိဘူး၊ အဲဒီ ကတည်းက ဝိညာဏ်ဟာ အကြောင်းကြောင့်ဖြစ်လာတဲ့ တရား တစ်ခုပဲလို့ ဆိုတာ ထင်ရှား တယ်ပေါ့။

ဒါကြောင့်မို့လို့ ထာဝရ မြဲနေဖို့ ဟိုဘဝကနေ ဒီဘဝသွားဖို့ ဆိုတာ လုံးဝ ဖြစ်နိုင်တဲ့ အရာ မဟုတ်ဘူး။ စက္ခုဝိညာဏ်စိတ်လေး ဖြစ်ပုံကို မြတ်စွာဘုရားက ရှင်းပြတယ်၊ မျက်စိရယ် ရူပါရုံရယ် ဒီ ၂-ခု ဆုံလိုက်တဲ့အခါ စက္ခုဝိညာဏ်စိတ်ဆိုတာ ဖြစ်တာ၊ အဲဒါ ၂-ခု မဆုံလို့ရှိရင် စက္ခုဝိညာဏ်စိတ်လေး ဖြစ်ပါ့မလား “မဖြစ်ပါဘုရား”၊ အေး -

အသံနဲ့ နားနဲ့ ဆုံလိုက်တဲ့အခါ သောတဝိညာဏ်စိတ်၊ ကြားသိစိတ်ကလေး ဖြစ်တယ်၊
နှာခေါင်းနဲ့အနံ့ ဆုံလိုက်တဲ့ အခါမှာ နံသိစိတ်ကလေး ဖြစ်တယ်၊
လျှာနဲ့ အရသာ ဆုံလိုက်တဲ့ အခါမှာ အရသာ သိစိတ်ကလေး ဖြစ်တယ်၊
ခန္ဓာကိုယ်နဲ့ အထိအတွေ့အာရုံ ဆုံလိုက်တဲ့ အခါမှာ ထိသိစိတ်ကလေး ဖြစ်တယ်၊
ဒီစိတ်တွေဟာ “မန” နဲ့ ဓမ္မာအာရုံ ဆုံလိုက်တဲ့ အခါမှာ မနောဝိညာဏ်စိတ် ဖြစ်တယ်၊ စိတ်မှန်သမျှဟာ အကြောင်းတွေကို မှီတည်ပြီး ဖြစ်တာချည်းပဲ။

အဲဒီထဲမှာ ထင်ထင်ရှားရှား ကြည့်လိုက်လို့ရှိရင် မှီတာတွေကို ကြည့်ပြီးတော့မှ ဖြစ်ရတာလို့ ဆိုတော့ သူ့ရဲ့ အကြောင်းတရားတွေကို ကြည့်လိုက် - ရူပါရုံဆိုတာ မြဲသလားဆို မမြဲဘူးဆိုတာ ထင်ရှားတယ်၊ ပျက်သွားတယ်လေ၊ နောက်ပြီးတော့ မျက်စိဆိုတာရော မြဲသလားဆို မမြဲဘူး၊ မမြဲတာ ထင်ရှားတယ်၊ ရူပါရုံလည်း မြဲတာ မဟုတ်ဘူး၊ စက္ခုပသာဒရုပ် ဆိုတဲ့ မျက်စိကလည်း မြဲတာ မဟုတ်ဘူး။

ထို့အတူပဲ အသံဆိုတာလည်း ဖြစ်ပြီး ပျောက်သွားတာ ထင်ရှားတယ်လေ၊ အမြဲရှိတာ မဟုတ်၊ အသံကို ခံယူနိုင်တဲ့ သောတပသာဒရုပ် ဆိုတာလည်း မြဲတာ မဟုတ်ဘူး၊ မမြဲတာတွေကို အကြောင်းပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ ဒီ ဝိညာစ်စိတ်လေးဟာ ဘယ်လိုလုပ် မြဲမှာတုန်း၊ “အနိစ္စ သမ္ဘူတံ ကုတော နိစ္စံ ဘဝိဿတိ” လို့ မြတ်စွာဘုရား ဟောတာ။ ဖြစ်ပြီး ပျက်သွားတဲ့ အရာတစ်ခုဟာ ဘယ်လိုလုပ် ဘဝကူးလို့ ရမှာတုန်း၊ ကူးလို့ကို မရဘူး၊ မကူးခင်က ပျက်သွားပြီ၊ ချက်ချင်းဖြစ် ချက်ချင်းပျက် သွားတဲ့ အရာတစ်ခုက ဘယ်လိုလုပ်ပြီး ဘဝကူးလို့ ရမှာလဲ။

ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာက သာတိ ရဟန်းကို ရှင်းပြတယ်၊ ရှင်းပြပေမယ့် သာတိ ရဟန်းရဲ့ အယူအစွဲဟာ ပျောက်မသွားဘူး၊ ဒါကြောင့် အစွဲပျောက်ဖို့ အလွန် ခဲယဉ်းတယ်နော်၊ သစ္စာ ၄-ပါး အကြောင်း ရှင်းပြဖို့ ခဲယဉ်းသလို သတ္တဝါတွေ အကြောင်း၊ သံသရာအကြောင်း၊ ပဋိစ္စသမုပ္ပါဒ် အကြောင်း၊ ပဋိသန္ဓေအကြောင်းတို့ ဆိုတာ ရှင်းပြဖို့ခက်တယ်၊ နားလည်နိုင်ခဲတယ်။

စကားအနေနဲ့ ပြောတဲ့အရာဟာ အနှစ်သာရပိုင်း မဟုတ်ဘူး

၅၅၀ ဇာတ်တွေကို ဖတ်လိုက်တဲ့အခါမှာ စာထဲမှာပါတယ် “ယထာကမ္မံ ဂတော” ကံအားလျော်စွာ သွားတယ်ဆိုတာ ပုဂ္ဂိုလ်ထူး တစ်ယောက်ဟာ ထွက်သွားသလိုလို အဓိပ္ပါယ်မျိုးတွေ ရေးထားတာ အများကြီး ရှိတယ်၊ သို့သော် ဒါက ဝေါဟာရစကား အနေနဲ့ ပြောတာ၊ “စကားအနေနဲ့ ပြောတဲ့ အရာဟာ အနှစ်သာရပိုင်း မဟုတ်ဘူး”။

ကဲ - လူတွေ ပြောနေတာကို ကြည့်မယ် ဆိုပါစို့ - ဘာလုပ်နေတုန်း၊ ထမင်းစားနေတယ်၊ သူ ထမင်းတင် စားတာလား၊ ဟင်း မပါဘူးလားလို့တွေးရင် ဘယ်ဟုတ်မတုန်း၊ တစ်ခုပဲ ပြောတာပဲ၊ သူပြောတဲ့စကားက အပြည့်အစုံ မဟုတ်ဘူး နော်၊ အဲဒီတော့ နားလည်ရမှာက တစ်မျိုး၊ ထမင်း စားတယ် ဆိုတကတည်းက ဟင်းတွေနဲ့ စားနေတယ်ဆိုတာ သဘောပေါက်ထား ရတာမျိုး၊ အရေးကြီးတာက တစ်ခုတည်းတင် သူပြောလိုက်တာပေါ့။

အခုလည်း သံသရာမှာ ကံအားလျော်စွာ ဖြစ်သွားတယ်၊ သို့မဟုတ် “ဝင်စားတယ်” လို့ပြောတာ ဘယ်သူက ဝင်စားတာတုန်း၊ ဘယ်သူမှ ဝင်စားစရာအကြောင်း မရှိဘူး။

အဲဒါကြောင့်မို့ Reincarnation ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ အတ္တကောင် လိပ်ပြာကောင် ဝိညာဉ်ကောင် ဆိုတာလေးဟာ သေတဲ့ခါကျတော့ ဒီရုပ်ခန္ဓာကြီး ပျက်စီးသွားလို့ ဒီခန္ဓာကိုယ်ကြီးကို စွန့်ခွာသွားပြီး နောက် ခန္ဓာအသစ်ထဲ ဝင်တာတဲ့၊ ဒါ သူတို့ အယူအဆနော်။

အဲဒီမှာ Cambridge Dictionary က ရောထည့်ပြီးတော့ ကြိတ်ထားတယ်၊ Hindu and Buddhist believe in Reincarnation၊ တကယ်တော့ ထေရဝါဒ ဗုဒ္ဓဘာသာမှာ Reincarnation မရှိဘူး၊ Reincarnation ဆိုတာ ထာဝရမြဲနေတဲ့အရာက ဒီခန္ဓာ တစ်ခုကနေ ခန္ဓာတစ်ခု ပြောင်းပြီးတော့ သံသရာ လည်နေတာကို ပြေတာ။

ဗုဒ္ဓဘာသာမှာ ထာဝရ မြဲနေတဲ့အရာဟာ မရှိဘူး၊ ဘာတုန်းဆို အကြောင်းအကျိုး ဆက်သွယ် နေတာမျှသာ ဖြစ်တယ်၊ ဒါကြောင့်မို့လို့ မိလိန္ဒပဥှာမှာ “န စ သော န စ အညော”၊ သူလည်းမဟုတ်၊ တခြားသူလည်း မဟုတ်လို့ ပြောတာနော်၊ “န စ သော န စ အညော”။

ထေရဝါဒ ဗုဒ္ဓဘာသာမှာ “ပုနဗ္ဘဝ”

ကောင်းပြီ - Reincarnation ဆိုတဲ့ စကားလုံးက ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူး၊ တခြား ဗုဒ္ဓဘာသာခွဲတွေ၊ ခုနက သာတိရဟန်းလို လက်ခံထားတဲ့ ပုဂ္ဂိုလ်မျိုးတွေနဲ့ပဲ ဆိုင်တယ်၊ ထေရဝါဒ ဗုဒ္ဓဘသာမှာ “ပုနဗ္ဘဝ” တစ်ဖန်ဘဝ ဆိုတာပဲ သုံးတယ်၊ ဘဝသစ်၌ ပြန်လည်မွေးဖွားခြင်း သာလျှင် ပြောတယ်၊ ပြန်လည် မွေးဖွားတယ် ဆိုကတည်းက သူက အသစ်ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ရနေတယ်၊ သို့သော် ထိုအသစ်သည် အဟောင်းနဲ့ ဆက်စပ်မှုရှိတယ်၊ အသစ်ဟာ အသစ်ပဲ၊ အဟောင်းက အသစ်ဖြစ်တာ မဟုတ်ဘူး၊ သူတို့ပြောတဲ့ Reincarnation ဆိုတာ ဝိညာဉ်ကောင်လေး တစ်ကောင်တည်း ကနေ လှည့်ပတ်ပြီး သွားလာတာ၊ ခန္ဓာဟောင်းကို အသစ်ပြောင်းတာပဲ ရှိတယ်။

သူတို့က ဥပမာတွေနဲ့ ရေးထားတယ်၊ ငှက်ကလေး တစ်ကောင် ပြောင်းရွှေ့ သွားတယ်ပေါ့၊ လူတစ်ယောက် ကလည်း အဝတ်တစ်ခု ဟောင်းသွားရင် နောက် အဝတ်တစ်ခု ပြောင်းဝတ်တယ်၊ ဒီအိမ်ကနေ အခြားအိမ်တစ်ခုထဲ ဝင်သွားတယ်၊ ထို့အတူပဲ အတ္တလို့ ဆိုတဲ့ ဝိညာဉ်ကောင် လိပ်ပြာကောင်လေးဟာ လူ့ခန္ဓာကိုယ်ကြီး ပျက်စီးသွားရင် ဒီခန္ဓာကိုယ်ကနေ အခြား ခန္ဓာကိုယ်ကို ပြောင်းပြီး ဝင်စားသွားတယ် လို့ ဒီလိုပြောကြတယ်၊ ဒါက Hinduism မှာ ပြောတဲ့စကား။

ဟိန္ဒူ အယူအဆရှိတဲ့ ပုဂ္ဂိုလ်တွေက မြတ်စွာဘုရားတောင်မှ Vishinu ရဲ့ ‘နဝမ အဝတာရ’ ကိုးခုမြောက် ဝင်စားသူလို့ ဆိုတယ်။ ဟိန္ဒူ ဘုရားကျောင်းထဲ သွားကြည့်ရင် ဗုဒ္ဓရုပ်ပွား တွေ့ရလိမ့်မယ်၊ သွားပြီးတော့ ဗုဒ္ဓဘာသာတွေက မယောင်နဲ့ “တို့နဲ့ အတူတူပဲ” လို့၊ အနှစ်သာရပိုင်းမှာ အလွန် ကွဲပြားခြားနားမှု ရှိတယ်နာ်၊ ဘုရားကို သူက ဘယ်အဆင့်ထိ ပို့တုန်းဆို မြတ်စွာဘုရားကို ဗိဿနိုး Vishinu ဝင်စားသူလို့ လုပ်လိုက်တယ်၊ ‘နဝမ အဝတာရ’ လို့ ကိုးခုမြောက် အဝတာရ၊ အဲဒီတော့ ဟိုဝင်စား ဒီဝင်စားဆိုတဲ့ ဗိဿနိုးဟာ ထာဝရမြဲနေတဲ့ နိစ္စ ဖြစ်နေတယ်ပေါ့၊ ဟုတ်တယ် မို့လား။

သူကနေပြီးတော့ လူ့လောကကြီးမှာ တရားပြဖို့၊ မတရားမှုတွေ ထွန်းကားနေသည့် အတွက်ကြောင့် ဗိဿနိုးဆိုတဲ့ နတ်ကြီးက လူ့လောက လူတွေကို ကယ်တင်ဖို့ ဆိုပြီးတော့ ဝင်စားလာတာတဲ့၊ အဲဒါကြောင့်မို့ ဟိန္ဒူ ဘုရားကျောင်းထဲမှာ ‘အဝတာရ’ တွေ ရှိတယ်၊ ပထမ အဝတာရ၊ ဒုတိယ အဝတာရ၊ အဲဒီမှာ နဝမအဝတာရ ကို ဗုဒ္ဓရဲ့ ရုပ်ပွားတော်ကို ထားတယ်။ ဒါ ဟိန္ဒူတွေကလည်း ဘုရားကိုးကွယ်တယ် ဆိုတာ သူတို့ ဘုရားကိုးကွယ်တယ် ဆိုတာ ဗုဒ္ဓစစ်စစ်လို့ ယုံကြည်ပြီး ကိုးကွယ်မှုမျိုး မဟုတ်ဘူး၊ ဘုရား ကိုးကွယ်တာ မဟုတ်ဘူး၊ တကယ်ကတော့ ဗိဿနိုးကို ကိုးကွယ်တာပဲ၊ ဟုတ်ရဲ့လား၊ ဗိဿနိုး ဝင်စားလို့ ဆိုပြီး ကိုးကွယ်တာလေ၊ အဲဒီလို အယူအဆ မတူညီမှုတွေ ရှိတယ်၊ အဲဒီ မတူညီမှုတွေကို မသိလို့ ရှိရင် အတူတူပါပဲ ဆိုတာနဲ့ ရောကြိတ် တတ်တယ်၊ အနှစ်သာရပိုင်း မသိရင်တော့ တူသယောင် ဖြစ်နေတယ်ပေါ့၊ အမှန်ကတော့ လုံးဝ ကွဲပြားခြားနားမှု ရှိတယ်။

Reincarnation and Rebirth

မြတ်စွာဘုရားက ဘယ်လောက်ထိအောင် ရှင်းရှင်းလေး ဟောထားတုန်းဆိုရင် “အင်မတန် သေးငယ်တဲ့ မြေမှုန်လေးလောက် တောင်မှပဲ လောကကြီးမှာ မြဲတယ် ဆိုတဲ့အရာ မရှိဘူး၊ အကယ်၍ မြူမှုန်လေးလောက် အရာလေး တစ်ခုတောင် မြဲတဲ့အရာ ရှိတယ်ဆိုရင် မြတ်သောအကျင့် ကျင့်စရာမလိုဘူး” တဲ့၊ ဆိုလိုတာက တရားဓမ္မတွေ ကျင့်သုံးရတာဟာ မမြဲလို့ ကျင့်သုံးရတာ။ မမြဲတဲ့ အရာတွေ၊ ပြောင်းလွဲနေတဲ့ အရာတွေဖြစ်လို့ မခိုင်မြဲလို့ ဒါတွေကို နားလည်သဘောပေါက်အောင် ကျင့်သုံးရတယ်လို့ ပြောတာ၊ မြဲတဲ့အရာ ရှိနေလို့ရှိရင် ဘာမှ ကျင့်သုံးစရာ မလိုဘူးတဲ့၊ သူ့ သဘာဝအတိုင်း မြဲသွားမှာပေါ့။

အဲဒါကြောင့်မို့ ဗုဒ္ဓဘာသာ ကျမ်းဂန်တွေကျတော့ Reincarnation ဆိုတဲ့ အသုံးကို မသုံးတော့ဘဲနဲ့ Rebirth ကို သုံးတယ်၊ Rebirth က ပြန်လည်မွေးဖွားခြင်း၊ Reincarnation က ဝင်စားခြင်း၊ ပြန်လည် ပြီးတော့ ဝင်စားခြင်း၊ Rebirth ဆိုတာက အကြောင်းကြောင့် ပြန်လည် မွေးဖွားခြင်း၊ ကံတရားအနေနဲ့ ဆက်သွယ်ပြီးတော့ ဖြစ်လာမှုပဲ ရှိတယ်၊ တကယ်ကတော့ ခိုင်မြဲနေတဲ့ အရာဝတ္ထု တစ်ခုက နေပြီးတော့ တစ်ဘဝကနေ တစ်ဘဝကူးနေတာ မဟုတ်ဘူးတဲ့။

မြတ်စွာဘုရားရဲ့ အလိုတော်က ရုပ်နဲ့နာမ် ၂-မျိုးပဲ ရှိတယ်၊ ခန္ဓာ ၅-ပါးပဲရှိတယ်၊ အဲဒီ ခန္ဓာ ၅-ပါးဟာ အနတ္တပဲ။
ရူပက္ခန္ဓာဟာ အတ္တလားဆို အတ္တ မဟုတ်ဘူး၊ မြဲနေတဲ့အရာ မဟုတ်ဘူး၊
ဝေဒနာက္ခန္ဓာလည်း အတ္တမဟုတ်ဘူး၊
သညာက္ခန္ဓာလည်း အတ္တမဟုတ်ဘူး၊
သင်္ခါရက္ခန္ဓာ လည်း အတ္တမဟုတ်ဘူး၊
ဝိညာဏက္ခန္ဓာလည်း အတ္တမဟုတ်ဘူး၊ ဝိညာဉ်ကောင် မဟုတ်ဘူး၊ လိပ်ပြာကောင် မဟုတ်ဘူး၊ ဒါဖြင့် လူတွေဟာ ခန္ဓာ ၅-ပါးအပြင် ဘာရှိသေးတုန်းဆို ဘာမှ မရှိဘူး၊ သူတို့အလို ဆိုရင် ခန္ဓာ ၅-ပါးအပြင် အတ္တ ရှိနေသေးတယ်။

အဲဒီတော့ မြတ်စွာဘုရားက အတ္တဆိုတာ ဟောဒီ ခန္ဓာ ၅-ပါးထဲက တစ်ခုခုကို လွဲမှားစွာ အမည် တပ်ထားခြင်းသာ ဖြစ်တယ်တဲ့၊ အဲဒီ ခန္ဓာ ၅-ပါးထဲမှာ လိုက်ရှာကြည့်လိုက် လို့ရှိရင် ထာဝရမြဲနေတဲ့ အတ္တဆိုတာ တစ်ခုမှ မရှိဘူးလို့ မြတ်စွာဘုရားက ရှင်းရှင်း ဟောတယ်၊ ခန္ဓာ ၅-ပါး ထဲမှာလည်း မရှိဘူး၊ ခန္ဓာ ၅-ပါးရဲ့ အပြင်မှာလည်း မရှိဘူး၊ ခန္ဓာ ၅-ပါးသည် အတ္တလည်း မဟုတ်ဘူး၊ ခန္ဓာ ၅-ပါးရဲ့ အပြင်မှာလည်း အတ္တ မရှိဘူး၊ အတွင်းထဲမှာလည်း မရှိဘူး၊ ဘယ်နေရာမှာမှ မရှိဘူးလို့ ဒီလို ဆိုလိုတယ်၊ အဲဒီတော့ လောကကြီးမှာ မြဲတဲ့အရာဆိုတာ တစ်ခုမှ မရှိဘူး။

ဒါဖြင့် ကောင်းပြီ - သူတို့မှာ သံသရာအကြောင်းကို ရှင်းပြဖို့ သိပ်လွယ်တယ်၊ ဘာဖြစ်လို့ လွယ်တာတုန်း ဆိုတော့ ဝိညာဉ်ကောင်လေးက နေပြီးတော့ ဟောဒီ ရုပ်ခန္ဓာကြီး ဟောင်းနွမ်းပျက်စီး သွားတဲ့အခါ နောက်ခန္ဓာသစ် တစ်ခုထဲကို သွားတယ်၊ နောက်ခန္ဓာ အသစ်ကိုယ်ကို ရွေးချယ်ရတယ်၊ ဟော တိရစ္ဆာန် ဖြစ်သွားတယ်၊ ပြိတ္တာ ဖြစ်သွားတယ်၊ ကောင်းတဲ့ကံ လုပ်ထားတဲ့ ပုဂ္ဂိုလ်က ကောင်းတဲ့ကံကဲ့သို့ လှပတဲ့ ခန္ဓာကိုယ်တွေ ရတယ်၊ လူ့ခန္ဓာ ရတယ်၊ နတ်ခန္ဓာ ရတယ် စသည်ဖြင့်ပေါ့ နော်၊ သူတို့က ဒီလိုရှင်းတယ်၊ အဲဒီတော့ spirit လို့ ဆိုတဲ့ ဝိညာဉ်ကောင် အတ္တကောင် လိပ်ပြာကောင် ထာဝရမြဲနေတဲ့ အရာတစ်ခုသည် ဘဝ တစ်ခုကနေ ဘဝတစ်ခုကို သွားနေတာ။

Tibet ဗုဒ္ဓဘာသာဝင်တွေက Reincarnation ကို စွဲစွဲမြဲမြဲ ယုံကြည်တဲ့ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာ မစစ်ဘူး၊ သူတို့က တန္တရ ဗုဒ္ဓဘာသာ၊ မန္တရ ဗုဒ္ဓဘာသာတွေ၊ ဗုဒ္ဓရဲ့ တရားတော်ကို လက်ခံတယ်လို့ ဆိုပေမယ့်လို့ အနှစ်သာရပိုင်းကို လက်ခံတာ မဟုတ်ဘူး၊ သံသရာအကြောင်း ကံအကြောင်း ရောထွေးပြီးတော့ အစစ်အမှန် မရှိဘဲနဲ့ အစစ်အမှန်က သွေဖီသွားတဲ့ ပုံစံပျက်နေတဲ့ ဗုဒ္ဓဘာသာမျိုးပဲ ဖြစ်တယ်။

အဲဒါကို ဘုန်းကြီးတို့ ဗုဒ္ဓဘာသာတွေက သေသေချာချာ မသိတဲ့အခါ Tibet ဗုဒ္ဓဘာသာဝင်တွေရွတ်တဲ့ မန္တာန်ကိုလည်း လိုက်ရွတ်တယ်၊ “ဥုံ မဏိ ပဒ္ဓေဟုံ” ဆိုပြီး၊ ဒါ Tibet တွေရွတ်တဲ့ မန္တာန်ကိုရွတ်တာ၊ ထေရဝါဒ ဗုဒ္ဓဘာသာသာမှာ ဘာအဓိပ္ပါယ်မှ မရှိဘူး၊ “မဏိ” ဆိုတာ ပတ္တမြား၊ “ပဒ္မ” ဆိုတာ ကြာ၊ ‘ကြာထဲက ပတ္တမြား’ တင်စားပြီးတော့ သုံးတာ။

သူတို့ အဓိပ္ပါယ်ယူတာ ရှိသေးတယ်၊ သူတို့က Reincarnation နဲ့ ပတ်သက်တဲ့ အဓိပ္ပါယ်ယူထားတာ ရှိသေးတယ်၊ Tibet ဗုဒ္ဓဘာသာမှာ Reincarnation ကို အင်မတန်မှ ဦးစားပေးတယ်။

လားမား ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီဆိုရင် ဘယ်မှာ ပြန်မွေးမလဲ ဆိုတာ လိုက်ရှာတယ်၊ သူ့စိတ်ထဲမှာလည်းပဲ သူပြန်မွေးဖို့ပဲ အမြဲတမ်းစဉ်းစားနေတာ ဆိုတော့ attachment က ရှိနေတယ်။ အဲဒီတော့ အကုသိုလ်ကံ မရှိဘူးဆိုရင် သူ့ရဲ့ဆန္ဒအတိုင်း သူက ပြန်ပေါ်လာမှာပဲ၊ သို့သော် ဒီဘဝက ပါသွားတဲ့ ဝိညာဉ်ကောင်လေးက ဒီဘဝကထွက်ပြီး ဟိုဘဝမှာ ဝင်စားတာ ဒါမျိုးမဟုတ်ဘူး၊ အကြောင်းနဲ့ အကျိုး ဆက်စပ်သွားရုံပဲ ရှိတယ်။

ဒါကြောင့်မို့လို့ မြတ်စွာဘုရားက ဘဝကူးပုံနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်း ဟောကြားတဲ့ နေရာမှာ သာမန်ပုဂ္ဂိုလ်တွေ အနေနဲ့ နားလည်ဖို့ အလွန်တရာ ခက်ခဲ တယ်။ အဲဒီတော့ နားလည်ဖို့ ခက်ခဲတာ ခုနကလို သဘောပေါက်ရမယ်၊ လူ့ရဲ့ခန္ဓာ ကိုယ်ထဲမှာ ဝိညာဏ်စိတ် ဆိုတာဟာ အကြောင်းတရား ကြောင့် ပေါ်လာတာသာ ဖြစ်တယ်၊ ဆိုင်ရာအကြောင်းကို မှီပြီးတော့မှ ဖြစ်လာတယ်၊ ဖြစ်လာပြီးရင် လည်းပဲ ချက်ချင်း ပျက်စီးသွားတယ်၊ မြဲနေတဲ့အရာ တစ်ခုမှ မရှိဘူးဆိုတာကို ကြပ်ကြပ်နှလုံးသွင်းဖို့ လိုအပ်တယ်ပေါ့၊ အဲဒီ ဖြစ်ပျက်နေတဲ့ အစဉ်ဟာ အကြောင်း ရှိနေသေးသမျှ အကျိုုးတွေ ပေါ်ပြီး ထိုအကျိုးတွေဟာ ရွေ့လျား ပြောင်းလဲပြီးတော့ ဒီလို သွားနေမယ်ဆိုတဲ့ သဘောကို နားလည်ဖို့ လိုတယ်။

ဘုန်းကြီးတို့ အခု တရားဟောနေတဲ့ အသံကိုပဲကြည့် - တရားပွဲ စလိုက်တဲ့ အချိန်က အသံတွေ ပျောက်သွားပြီမို့လား၊ မရှိတော့ဘူးနော်၊ အဲသလိုပဲ ပျောက်နေတယ် ဆိုတာဟာ ထင်ရှားတယ်၊ စကားဟာ ရှေ့စကား နောက်စကား ပြောနေတယ် ဆိုတာ ရှေ့စကားက အသံတွေ ပျောက်နေတာပဲ၊ အဲသလို ပျောက်နေသလို လူ့ခန္ဓာ ကိုယ်မှာဖြစ်တဲ့ ရုပ်တွေ နာမ်တွေဟာလည်း ပျောက်နေတယ်ဆိုတာ ထင်ရှားတယ်၊ အဲဒီတော့ ပျောက်နေတယ် ဆိုလို့ရှိရင် ပထမ ပေါ်လာတဲ့ အသံလေးက ဒုတိယအသံ ဖြစ်လာတာလား ဆိုလို့ရှိရင် မဟုတ်ဘူး၊ ဒုတိယအသံက သူ့အကြောင်းနဲ့သူ ဖြစ်လာတာ၊ ပထမ အသံကလည်း သူ့အကြောင်းနဲ့သူ ဖြစ်တာ။

ဆိုပါစို့ - A, B, C, D လို့ ရွတ်ကြည့်လိုက်မယ် ဆိုလု့ိရှိရင် A လို့ ရွတ်လိုက်တာလည်း သူ့ အကြောင်းကြောင့် ဒီ A ဆိုတဲ့ အသံလေး ပေါ်လာတာ၊ A ရွတ်ပြီးတဲ့အခါ A ပျောက်သွားမှ B ဆိုတာ ပေါ်လာတာ၊ အဲဒီတော့ A လေးက B ဖြစ်လာတာလား ဆိုတော့ မဟုတ်ဘူး၊ ဆိုင်ရာ အကြောင်း ကြောင့် B ပေါ်လာတာ၊ ထို့အတူပဲ C ဆိုတာလည်း သူ့ဆိုင်ရာ အကြောင်းကြောင့် သူပေါ်လာတာ၊ B ကနေ C ဖြစ်လာတာ မဟုတ်ဘူး၊ တစ်ခါ C ကနေ D ဆိုတဲ့အသံ ကြားတဲ့အခါလည်း C ကနေ D ဖြစ်သွားတာ မဟုတ်ဘူး၊ သူ့ဆိုင်ရာ အကြောင်းတွေနဲ့ ပေါ်လာတာချည်းပဲ။

အဲဒါမျိုးလိုပဲ - ဘဝကူးလာတယ် ဆိုတာလည်း ဆိုင်ရာဆိုင်ရာ အကြောင်းတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုတော့ ရှိတယ်၊ ဒီလို အကြောင်းနဲ့ အကျိုးနဲ့ ပေါ်လာတာသာ ဖြစ်တယ်၊ ဒါကြောင့်မို့ ဘဝသစ်၌ ပြန်လည်မွေးဖွားခြင်း ဆိုတာဟာ လူတွေရဲ့ ခန္ဓာကိုယ်မှာ ရှိတယ်လို့ ထင်မြင်ယူဆပြီး မှားယွင်းစွာ ပြောဆိုနေကြတဲ့ အသက်တို့ လိပ်ပြာကောင်တို့ ဝိညာဏ်ကောင်တို့ ဆိုတာတွေက ကူးပြောင်းပြီးတော့ နောက်ဘဝ တစ်ခုမှာ သွားဝင်စားတာမျိုး မဟုတ်ဘူး၊ အဲဒီဘဝက လူက ဒီရောက်လာ သလိုလို ဒီလို ပြောကြတယ်၊ ဒါကြောင့်မို့ နားလည်ဖို့ ခက်တယ်ဆိုတာ ပြောတာနော်၊ ဆက်စပ်မှု ကတော့ ရှိတယ်၊ ဆက်စပ်မှု မရှိပဲ မဟုတ်ဘူး။

ဥပမာ - ဦးဘဆိုတဲ့လူကြီး သေသွားတဲ့အခါ မောင်လှဆိုတဲ့ လူကလေး တစ်ယောက် မွေးဖွား လာတယ်၊ မောင်လှက ပြန်ပြီးတော့ မှတ်မိလို့ ပြောတယ်။ ဟိုဘဝက ဦးဘဟာ သူပဲလို့ ပြောတယ်၊ ဒါပေမယ့် ဦးဘဟာ မသေရင် မောင်လှ မဖြစ်ဘူး၊ မောင်လှရဲ့ ဘဝနဲ့ ဦးဘရဲ့ ဘဝဟာ Online ပေါ့၊ Line တစ်ခုတည်းမှာသာ ရှိတယ်၊ သို့သော် ဦးဘရဲ့ ရုပ်တွေ နာမ်တွေ ခန္ဓာတွေကနေပြီး မောင်လှ ဖြစ်သွားတာတော့ မဟုတ်ဘူး၊ ဦးဘ လုပ်ခဲ့တဲ့ ကုသိုလ်ကံတွေ အကုသိုလ်ကံတွေ မောင်လှဘဝမှာ ခံရ စံရတယ်၊ ဦးဘက ဒီဘဝမှာ သေသွားပြီ၊ ဟိုဘဝမှာ မောင်လှဖြစ်တယ်၊ ဦးဘ လုပ်ခဲ့သမျှတွေ မောင်လှက ခံရတယ်၊ ဦးဘနဲ့ မောင်လှဟာ တစ်ယောက်တည်းလား လို့ဆိုရင် တစ်ယောက်တည်း မဟုတ်ဘူး၊ နှစ်ယောက်လားဆိုရင် နှစ်ယောက်လည်း မဟုတ်ဘူး၊ အကြောင်းအကျိုး ဆက်စပ် နေတယ်လို့ပဲ ပြောရမယ်၊ Line တစ်ခုတည်းမှာ ရှိနေတယ်၊ Line ဆိုတာကို သဘောပေါက် သွားလို့ရှိရင် ဒါ ထင်ရှားပါတယ်၊ Line ဆိုတာ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေတဲ့ Line ချည်းပဲနော်၊ အဲဒီ ဖြစ်ပျက်နေတဲ့ Line ထဲမှာ ဝင်နေသည့်အတွက်ကြောင့် ပတ်သက်မှုတော့ ရှိတယ်ပေါ့။

စိတ်အစဉ်တွေကလည်း ထို့အတူပဲ၊ သေချာစဉ်းစားကြည့် - ဝီထိစိတ်တွေမှာ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်သွားတော့ စက္ခုဝိညာဏ် ပေါ်တယ်ဆိုရင် ပဉ္စဒွါရာဝဇ္ဇန်း စိတ်က စက္ခုဝိညာဏ် ဖြစ်တာလားဆို မဟုတ်ဘူး၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က သူ့ဟာသူ ဖြစ်ပြီး ချုပ်သွားတာ၊ တစ်ခါ စက္ခုဝိညာဏ်စိတ် ချုုပ်သွားတဲ့အခါ သမ္ပဋိစ္ဆိုင်းစိတ် ပေါ်တယ်ဆိုရင် သမ္ပဋိစ္ဆိုင်းစိတ်က စက္ခုဝိညာဏ်က ဖြစ်လာတာလား ဆို မဟုတ်ဘူး၊ အဲသလို စဉ်ဆက်မပြတ် စိတ်တွေဟာ ရှေ့စိတ်က ချုပ်သွားလို့ နောက်စိတ်တွေ ပေါ်လာတဲ့ သဘောမျိုးပဲ ရှိတယ်တဲ့။

အဲဒီတော့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကို ဦးဘလို့ ပြောလို့ရှိရင် စက္ခုဝိညာဏ်စိတ်က မောင်လှလို့ ပြောလို့ ရတယ်ပေါ့၊ သူတို့ ၂-ခုဟာ Online ပဲ၊ Line တစ်ခုတည်းမှာ ရှိနေကြတာ၊ Line တစ်ခုတည်းမှာ ရှိနေလို့ တူညီသော ခံစားမှုတွေ၊ တူညီသော အခြေအနေတွေ ရှိလာမှာပေါ့၊ သို့သော် တစ်ထပ်တည်း တစ်ဦးတည်းဆိုတာ ဒီလိုပြောလို့ မရဘူး၊ သဘာဝတရားက အဲဒီလို ကွဲပြားခြားနားမှု ရှိတယ်၊ ဒါကြောင့်မို့ နားလည်ဖို့ ခက်တယ်လို့ပြောတာ။

ဖြစ်ပျက်ဆိုတဲ့ သဘာဝရဲ့ ဖြစ်စဉ်ကြီးကို မသိဘူး ဆိုလို့ရှိရင် ခုနက Reincarnation ဆိုတာကို လွယ်လွယ်နဲ့ လက်ခံမိသွားမယ်၊ ဗုဒ္ဓဘာသာဝင် ဖြစ်ပေမယ့်လို့ သာတိ ရဟန်းတို့လို အလွဲလွဲ အမှားမှား အတွေးအခေါ်တွေ ဖြစ်သွားနိုင်တယ်၊ မြတ်စွာဘုရား ကတော့ Reincarnation မဟုတ်ဘူး၊ ‘ပုနဗ္ဘဝ’ တစ်ဖန်ဘဝ ဆိုပြီး ပဋိစ္စသမုပ္ပါဒ်မှာ အကြောင်းအကျိုးတွေ အနေနဲ့ ရှင်းပြတယ်။

အကြောင်းတရားက ၃ ခု

အဲလိုရှင်းပြတဲ့ အခါမှာ ဘဝတစ်ခုကို ဖန်တီးတဲ့ နေရာမှာ ဘယ်သူက အရေးပါတုန်း လို့ဆိုတော့ မြတ်စွာဘုရားက အရေးပါတဲ့ အကြောင်းတရား ၃-ခုရှိတယ်၊ “အဝိဇ္ဇာရယ်, တဏှာရယ်, ကံရယ်” အကြောင်း ၃-မျိုး ရှိတယ်၊ ဘဝတစ်ခုကို ဖန်ဆင်းတဲ့ နေရာမှာ အဘိဓမ္မာတ္ထ သင်္ဂဟကျမ်းမှာ “အဝိဇ္ဇာနုသယပရိက္ခိတ္တေန၊ တဏှာနုသယမူလကေန သင်္ခါရေန ဇနိယမာနံ” လို့ ဆိုပြီးတော့ ပဋိသန္ဓေ စိတ်ကလေးကို ထုတ်လုပ်တဲ့ အကြောင်းတရားက ၃-မျိုး ထုတ်ပြတယ်၊ ဒါက main cause လို့ဆိုတဲ့ အဓိက အကြောင်းကို ထုတ်ပြတာ၊ တခြားအကြောင်းတွေ မရှိဘူးလို့ မပြောရဘူး၊ အကြောင်းတွေ ထဲမှာ အရေးပါဆုံး အကြောင်းက အဲဒါတွေပဲ။

ဓမ္မစကြာ တရားတော်မှာ မြတ်စွာဘုရားက “ဒုက္ခသမုဒယ” ဆိုတဲ့နေရာမှာ တဏှာကို အဓိကထား ဟောတယ်၊ တဏှာကို အဓိက ထားပြီးတော့ ပြောတာဖြစ်လို့ “ကတမံ စ ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ” ဒုက္ခကိုဖြစ်စေတတ်တဲ့ အရိယသစ္စာ ဆိုတာ ဘာလဲလို့ မေးပြီးတော့ “ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂ သဟဂတာ တတြ တတြာ ဘိနန္ဒိနီ”၊ မြတ်စွာဘုရားက တဏှာကို အဓိက ထားပြီးဟောတယ်၊ ဒုက္ခကို ထုတ်လုပ်တဲ့နေရာမှာ တဏှာဟာ အဓိကပဲ။

ဒုက္ခဆိုတာ ဘယ်သူ့ကို နာမည် ပေးထားတာတုန်းဆို ရုပ်နာမ်ကို နာမည် ပေးထားတာ၊ ခန္ဓာ ၅-ပါး ကို နာမည် ပေးထားတာ၊ ဒုက္ခလို့ခေါ်ရတဲ့ ခန္ဓာ ၅-ပါးရဲ့ အကြောင်းတရားက ဘယ်သူလဲလို့ ဆိုတဲ့ အခါကျတော့ တဏှာပေါ့၊ အဲဒီ တဏှာကို “ယာယံ တဏှာ ပေါနောဗ္ဘဝိကာ” အဲဒီစကားလုံး ရှိတယ်၊ “ပေါနောဗ္ဘဝိကာ” ဆိုတာ “ပုန + ဘဝ + ဣက” ၊ “ပုနဗ္ဘဝ” ဆိုတာ ဘဝအသစ်, နောက်ထပ်ဘဝ တစ်ခုကို ‘ဣက’ ဖြစ်စေတတ်တယ်လို့ ဆိုတော့ ဘဝရဲ့ အဓိက အကြောင်းအနေနဲ့ တဏှာလို့ မြတ်စွာဘုရားက ဟောထားတာ၊ ဓမ္မစကြာ တရားတော်မှာ ဘဝသစ်မှာ ဖြစ်နေတာ၊ ဟော ဒီ အတွယ်အတာ ရှိလို့ ဖြစ်နေတယ်လို့ ဒီလိုပြောတယ်။

အဲဒီတော့ ဖြစ်တယ်လို့ ဆိုကတည်းက မြဲနေတဲ့ အရာတစ်ခု ဟိုကနေသွား ဒီကနေသွားတာမျိုး မဟုတ်ဘူး၊ အကြောင်းရှိလို့ ဖြစ်လာတယ်ဆိုတဲ့ သဘောကို ပြောတာနော်၊ တဏှာသည် ဘဝသစ်ကို ဖြစ်စေတတ်တယ်၊ ဒါက ဓမ္မစကြာမှာ တဏှာကို အဓိကထားပြီး မြတ်စွာဘုရား ဟောတာ၊ တခြား ထိုထို သုတ္တန်တွေမှာလည်းပဲ တဏှာကို ‘ဘဝနေတိ’ လို့ ဘဝကို ဆောင်တတ်တဲ့၊ ဘဝကို ဦးဆောင် ဦးရွက် လုပ်သွားတတ်တဲ့ တရားအဖြစ် မြတ်စွာဘုရားက ဟောတယ်။

အဲဒီတော့ တဏှာတစ်ခုတည်း လုပ်တာလား ဆိုတော့ မဟုတ်ဘူးတဲ့၊ တဏှာက ဘယ်သူ့ဆီက အကူအညီတွေ ရတုန်းဆိုရင် အဝိဇ္ဇာရဲ့ အကူအညီရတယ်။

အဝိဇ္ဇာက အာရုံရဲ့ အပြစ်ကို မမြင်အောင် ဖုံးကွယ်ပြီးတော့ ပေးထားတာ၊ ပေးထားသည့် အတွက်ကြောင့် အဝိဇ္ဇာ ဖုံးထားတဲ့ အာရုံကို အမှန်မသိတဲ့ အခါမှာ တဏှာက တွယ်တာမှုကို ဖြစ်စေတယ်၊ အဲဒီ တဏှာက တွယ်တာတဲ့အခါမှာ ကံလို့ခေါ်တဲ့ သင်္ခါရတရားက တွန်းပို့လိုက်တာ၊ ဘဝသစ်တစ်ခု ရောက်လာတာ၊ ဘယ်သူ့ကို တွန်းပို့တာတုန်း လို့မေးရင် တွန်းပို့စရာ ခုနက Reincarnation ကို, Spirit ကို, ဝိညာဉ်ကောင်ကို တွန်းပို့တာ မဟုတ်ဘူး၊ သူတို့ ၃-ဦးကနေ စုပြီးတော့ ဖန်တီးလိုက်တဲ့အခါ အကျိုးတစ်ခု ပေါ်လာတာကို ပြောပြတာ၊ ခုနတုန်းက “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” မျက်စိနဲ့ အဆင်းအာရုံလေး ဆုံပေးလိုက်တဲ့အခါ စက္ခုဝိညာဏ် စိတ်လေး ပေါ်တယ်လို့ ဆိုတာ လိုပဲ အကြောင်းကြောင့် ပေါ်လာတဲ့ အကျိုးတရားလေး တစ်ခုမျှသာ ဖြစ်တယ်၊ ဘဝကူးတယ် ဆိုတာနော်။

ဆိုပါစို့ - မီးခြစ်ဘူး ထဲကနေ မီးတောက်ကလေး ပေါ်လာတယ် ဆိုတာဟာ ဘာကြောင့် ပေါ်တာတုန်း လို့ သေချာမေးကြည့်လိုက်ရင် ဂက်စ်မီးခြစ်ဘူးမှာ ကြည့်ရင် ဂက်စ်ရှိတယ်၊ ဘီးလုံးရှိတယ်၊ ဘီးလုံးအောက်က အခံအမာ ရှိတယ်၊ ဖိခြစ်တဲ့သူရဲ့ စွမ်းအားရှိတယ်၊ အဲဒီအကြောင်း ၄-ခု ပေါင်းဆုံ လိုက်တဲ့ အခါ မီးတောက်ကလေး ပေါ်လာတာမို့လား၊ အဲဒီတော့ မီးတောက်က အကြောင်း ၄-ချက် ကနေ ပေါင်းဆုံပြီးတော့ ထုတ်လုပ်ပေးလိုက်တာ၊ ဘဝတစ်ခုကို ဖြစ်စေတယ်ဆိုတာ အဲဒီ မီးတောက် ကလေးဟာ အတိတ်ဘဝက မီးတောက်ကလေးဟာ ဒီကို ကူးလာတာ မဟုတ်ဘူး၊ ဆိုင်ရာ အကြောင်းကြောင့် ဖြစ်လာတယ် ဒီလိုပြောလိုတာ။

အဲဒီတော့ ဘဝတစ်ခုကို ဖန်ဆင်းတဲ့ အခါမှာ အဝိဇ္ဇာရယ် တဏှာရယ် ကံရယ် ဒီ ၃-ခုကနေစုပြီး ဖန်ဆင်းလိုက်တာ၊ လူတွေ ဟာ နေ့စဉ်နဲ့အမျှ အသက်ရှင်နေတဲ့ အချိန်မှာ ဘာတွေ လုပ်နေကြတုန်း၊ လုပ်သင့်တာ မလုပ်သင့်တာ ခွဲခြားမသိသည့် အတွက်ကြောင့် လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ ထင်နေတယ်၊ မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်နေတယ်၊ အဲဒါတွေက အဝိဇ္ဇာက ကာထားတာ၊ ကာထားသည့် အတွက်ကြောင့်၊ ထိုအာရုံတွေရဲ့ သဘာဝအမှန်ကို မသိသည့် အတွက်ကြောင့် တွယ်တာမှုတွေ မက်မောမှုတွေ လိုချင်မှုတွေ စွဲလန်းမှုတွေပေါ်လာတယ်၊ ဟော - အဝိဇ္ဇာတွေကလည်း အင်အား ကောင်းလာတယ်၊ တဏှာတွေကလည်း အင်အား ကောင်းလာတယ်၊ တွယ်တာမှုတွေကို အကြောင်းပြုပြီးတော့ ရလိုမှုနဲ့ ကြိုးပမ်းမှု တွေရော ပေါ်မလာဘူးလား၊ အဲဒီ ကြိုးပမ်းမှုတွေ အားလုံးဟာ ကံအရာ မြောက်သွား တယ်ပေါ့၊ စိတ်ရဲ့ လုပ်ဆောင်မှု၊ နှုတ်က လုပ်ဆောင်မှု၊ ကိုယ်ထိလက်ရောက် လုပ်ဆောင်မှုဆိုတဲ့ လုပ်ဆောင်မှုတွေပဲ - ကံရဲ့အရာ။ လူတွေရဲ့သန္တာန်မှာ ကံတွေဟာ စုမိဆောင်းမိ ဖြစ်ပြီး စွမ်းအားသတ္တိအပြည့်နဲ့ လူတွေရဲ့ စိတ်အစဉ် ထဲမှာဖြစ်တယ်။

အဲဒီ ဖြစ်လာတဲ့ ကံတရားတွေဟာ စုမိဆောင်းမိ ဖြစ်နေတော့ ဘဝတစ်ခုကို ဖန်ဆင်းကြတော့မယ် ဆိုရင် လက်ရှိဘဝကြီး မချုပ်သေးသ၍ သူတို့က လုပ်လို့ မရသေးဘူး၊ ကံအသစ်တွေက လက်ရှိ ဘဝကြီး ကုန်ဆုံးတဲ့ အချိန်လေးမှာ သူတို့ ဝိုင်းပြီးတော့ ဘယ်လိုလုပ်ကြတုန်း ဆိုရင် ကြည့်။

ဆိုပါစို့ - မနေ့က ပြောခဲ့တဲ့အတိုင်း ဘဝနိဂုံး သေဆုံးခြင်း ဆိုတာကို ဥပမာလေးနဲ့ ပြောရရင် ဦးဘဆိုတဲ့ လူကြီးတစ်ယောက် ရောဂါဖြစ်နေလို့ ခုနက သေခြင်း ၄-မျိုးထဲက အကြောင်းတစ်ခုခုနဲ့ သူသေတော့မယ်လို့ ဆိုတဲ့အချိန်လေးမှာ ဦးဘရဲ့ အသက်တို့ လိပ်ပြာတို့ ဝိညာဉ်တို့က ထွက်သွားပြီးတော့ မောင်လှ ခန္ဓာကိုယ်ထဲ ရောက်သွားတာ မဟုတ်ဘူးနော်၊ အဲဒီ ဦးဘကြီး သေငယ်ဇောနဲ့ မျောနေတဲ့အချိန်မှာ အကျိုးတရားတွေကို ထုတ်လုပ်မယ့် ဘယ်အရာတွေ ရှိတုန်းဆို - သူ့ရဲ့သန္တာန်မှာ ဖြစ်နေတဲ့ အဝိဇ္ဇာရှိတယ်, တဏှာရှိတယ်, ကံရှိတယ်၊ အဲဒီ ဦးဘကြီး သေငယ်ဇောနဲ့ မျောနေတဲ့အချိန်မှာ သူလုပ်ခဲ့တဲ့ အမှုတွေဟာ သူ့ရဲ့စိတ်အာရုံကို လွှမ်းမိုးပြီးတော့ ပေါ်လာတယ်တဲ့၊ သေခါနီးဆဲဆဲမှာ လွှမ်းမိုးပြီးပေါ်တာ၊ အဲဒီ ပေါ်လာတဲ့ အရာတွေဟာ ကံရင်လည်း ဖြစ်မယ်၊ ကမ္မနိမိတ်တွေ ရင်လည်း ဖြစ်မယ်၊ ဂတိနိမိတ်တွေ ရင်လည်းဖြစ်မယ်၊ ဒီလို ဆိုလိုတယ်နော်။

သူလုပ်ခဲ့တဲ့ ကံတွေဟာ သူ့သန္တာန်မှာ အသစ်အနေအထားမျိုး ထင်ပေါ်နေတယ် သို့မဟုတ် သူကံလုပ်ခဲ့တဲ့အချိန်က အကျိုးပေးခွင့်ရပြီး အလှည့်ကျတဲ့ကံက အဲဒီနေရာ ရောက်လာတဲ့ကံက စွမ်းအား အရှိဆုံးကံက ရှေ့တန်းတက်လာတာ၊ ရှေ့တန်း တက်လာပြီးတော့ ဦးဘရဲ့ မျက်စိထဲမှာ ဖြစ်စေ, နားထဲမှာဖြစ်စေ, နှာခေါင်းထဲမှာ ဖြစ်စေ, လျှာထဲမှာဖြစ်စေ, ခန္ဓာကိုယ်ထဲမှာဖြစ်စေ, စိတ်ထဲမှာ ဖြစ်စေ ဒွါရခြောက်ပါး မှာ လွှမ်းမိုးပြီးတော့ အဲဒီအာရုံတွေက ဝင်ရောက်လာတယ်တဲ့၊ အိပ်မက်ထဲမှာ မက်နေသလို ဝင်ရောက်လာတဲ့အခါကျတော့ သေငယ်ဇောနဲ့ မျောနေတဲ့ ဦးဘရဲ့ စိတ်တွေဟာ အဲဒီအာရုံပေါ်မှာ နစ်မျောနေတာ၊ အဲဒီ အာရုံတွေက သူ့ကို လွှမ်းမိုး နေတာ။

အဲဒီ လွှမ်းမိုးနေတဲ့ အချိန်ကလေးမှာ ကံဟောင်း ချုပ်ငြိမ်းသွားသည့် အတွက်ကြောင့် စုတိဆိုတဲ့ စိတ်ကလေး နောက်ဆုံး အနေနဲ့ ဖြစ်လိုက်တယ်၊ ကမ္မဇရုပ် တွေကလည်း အတိတ်က အခုလက်ရှိ ဘဝကံရဲ့ လုပ်ငန်းတွေ ပြီးသွားလို့ ဒီဘဝကနေ ရုပ်သိမ်းလည်း ရုပ်သိမ်းလိုက်တယ်။

ခုနက လွှမ်းမိုးနေတဲ့ အာရုံတွေပေါ် ရှိရာကို အဝိဇ္ဇာကနေ အဲဒီ အာရုံတွေရဲ့ သဘာဝကို မသိအောင် ဖုံးကွယ်ထားတယ်၊ တဏှာက အဲဒီအာရုံပေါ်မှာ ဦးဘကြီးက ကျေနပ်ပြီးတော့ စိတ်အစဉ်ဟာ ညွှတ်ပြီးတော့နေတယ်၊ အဲဒီအချိန်လေးမှာ သင်္ခါရလို့ဆိုတဲ့ ကံနဲ့ ယှဉ်ဖက် သဘာဝ တရားတွေ အားလုံးက တွန်းပို့လိုက်သလိုပဲ ဟိုဘဝမှာ သန္ဓေစိတ်ကလေး သွားပေါ်တာ၊ ဒီလိုကူးတာ၊ ဘဝကူးတယ် ဆိုတာနော်။

မြန်မာစာတွေထဲမှာ “လောက်လန်းသဖွယ် ဝိညာဏ်တွယ်” ဆိုတဲ့စကားကို ပြောကြတယ်၊ အဲဒီ “လောက်လန်းသဖွယ် ဝိညာဏ်တွယ်” ဆိုတာက လောက်လန်းဆိုတဲ့ အကောင်လေးတွေ မြင်ဖူးပါလိမ့်မယ်။ သူက ခါးလေး ကုန်းပြီးတော့ သွားလေ့ရှိတယ်၊ အမြီးပိုင်းက ခြေထောက်ပါတယ်၊ ခေါင်းပိုင်းက ခြေထောက်ပါတယ်၊ အလယ်ကောင်မှာ ခြေထောက် မပါဘူး၊ ခြေထောက်မပါတော့ အမြီးပိုင်းက ခြေထောက်က ထောက်ပြီးတော့ ခေါင်းလေးက မြှောက်ပြီးတော့ သူကုပ်ရမယ့်နေရာကို သူရှာတယ်၊ ရှာပြီးတော့ ကုပ်မိပြီဆို နောက်က ခြေထောက်က လွှတ်လိုက်တယ်ပေါ့၊ အဲဒီနေရာမှာ အဓိပ္ပာယ်အမျိုးမျိုး ယူကြတယ်။

ဗုဒ္ဓမြတ်စွာရဲ့ တရားနဲ့ ကိုက်အောင်ယူမယ် ဆိုလို့ရှိရင် ဘယ်လိုယူနိုင်တုန်း “လောက်လန်းသဖွယ် ဝိညာဏ်တွယ်” ဆိုတာ အမှန်ကတော့ ဒီ ဝိညာဏ်ဆိုတဲ့ အရာက မရဏာသန္နဇောကို ပြောမယ် ဆိုလို့ရှိရင် အဓိပ္ပါယ် ရှိတယ်ပေါ့၊ မရဏာသန္နဇော မပြောဘဲနဲ့ လူတွေရဲ့ အသက် လိပ်ပြာ ဝိညာဉ်ကောင်လေးက ဒီခန္ဓာကိုယ်ကြီးက နောက်ခန္ဓာကိုယ်ကြီးကို မတွေ့သေးလို့ ရှိရင် မလွှတ် သေးဘူး၊ ဒီခန္ဓာကိုယ်ထဲက ထွက်မသွားသေးဘူး၊ နောက်ခန္ဓာကိုယ် ရှိမှ သူက ထွက်သွား တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ဆိုရင်တော့ မှားတယ်ပေါ့နော်။

အဲသလို မဟုတ်ဘဲနဲ့ စိတ်က အာရုံယူတဲ့ သဘောမျိုးကို ပြောမယ်ဆိုလို့ရှိရင် “လောက်လန်းသဖွယ် ဝိညာဏ်တွယ်” ဆိုတာ ဘာကို ပြောတာတုန်း၊ ခုနက ဦးဘကြီး သေငယ်ဇောနဲ့ မျောနေတယ် ဆိုတာကြည့် - နောက်ဘဝဖြစ်မယ့် အာရုံတွေကိုမြင်နေတာ၊ ဂတိနိမိတ်တွေကို မြင်နေတယ် ဆိုတာ နောင်ဘဝ အာရုံတွေကို မြင်နေပြီ၊ ဒီဘဝဟာလည်း လွှတ်လိုက်ရော အဲဒီ နောင်ဘဝ မြင်နေတဲ့ ဟာတွေပေါ်မှာ သန္ဓေစိတ်ဖြစ်သွားတာ၊ အဲဒီ အာရုံပေါ်မှာ အာရုံပြုပြီး သန္ဓေစိတ်ကလေး ဖြစ်ရတာ၊ စိတ်ဆိုတာ အာရုံမရှိဘဲနဲ့ မဖြစ်ဘူးဆိုတာ အားလုံး သဘော ပေါက်ပြီးသားနော်၊ ဘယ်စိတ်ပဲဖြစ်ဖြစ် အာရုံမရှိရင် မဖြစ်ဘူးဆိုတာ သေချာတယ်၊ အာရုံနဲ့ကင်းပြီး ဖြစ်တဲ့စိတ်ဆိုတာ လောကမှာ မရှိဘူး၊ စိတ်တိုင်း စိတ်တိုင်း အာရုံရှိတယ်။

ဒါကြောင့်မို့လို့ လူ့ဘဝအစ သန္ဓေစိတ်လေးက ဘာအာရုံကို အာရုံပြုတာတုန်းဆို ခုနက သေခါနီးမှာ သေငယ်ဇောနဲ့ မျောနေတဲ့အချိန် မိမိပြုလုပ်ခဲ့တဲ့ကံ, ထိုကံပြုစဉ်က အခြေအနေတွေ၊ အဲဒီ အခြေအနေတွေကို မသေခင်ကတည်းက မြင်နေရတယ်၊ အဲဒီ အာရုံက စိတ်ကို လွှမ်းမိုးထားတယ်၊ အဲဒီလွှမ်းမိုးထားတဲ့ အာရုံကို အာရုံပြုပြီး သန္ဓေစိတ်လေး ပေါ်ရတာ။

အဲဒါကြောင့်မို့လို့ သေငယ်ဇောနဲ့ မျောနေတဲ့ ဦးဘကြီး အသက်လည်း ထွက်သွားရော ဦးဘကြီး ဘဝတုန်းကနေပြီး သေငယ်ဇောနဲ့ မျောပြီးတော့ ယူထားတဲ့ အာရုံ ကလေးအတိုင်း နောက်ဘဝမှာ မောင်လှဆိုတာ ပေါ်လာပြန်တယ်၊ ဒီလို ဆက်စပ်မှု တော့ ရှိတယ်ပေါ့၊ ဦးဘ ဘဝတုန်းက ယူထားတဲ့ အာရုံတွေနဲ့ ကံအသစ်က မောင်လှရဲ့ ပဋိသန္ဓေစိတ်ကလေး စတင်ပြီးတော့ ဖန်ဆင်းလိုက်တယ်၊ ဦးဘရဲ့ စုတိစိတ်ကလေး ချုပ်သွားတဲ့ အချိန်လေးမှာ မောင်လှရဲ့ ပဋိသန္ဓေ စိတ်ကလေး ပေါ်လာတယ်၊ ဦးဘရဲ့ စုတိစိတ်ကလေး မချုပ်မချင်း မောင်လှရဲ့ သန္ဓေစိတ်ကလေး မပေါ်ဘူးတဲ့၊ အဲဒီ စုတိစိတ်ကလေး ဖြစ်ပြီး ချုပ်သွားခြင်းသည် မောင်လှရဲ့ သန္ဓေစိတ်ပေါ်ခြင်းရဲ့ အကြောင်းတရား ဖြစ်တယ်၊ အဲဒါကို “အနန္တရသတ္တိ” လို့ ခေါ်တယ်၊ “အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော” သူချုပ်သွားမှ နောက်ကဟာ ပေါ်လို့ရတာ။

အဲဒီမှာ ဦးဘရဲ့ စုတိစိတ်က မောင်လှရဲ့ ပဋိသန္ဓေစိတ် ဖြစ်သွားတယ်လို့ ဒီလိုပြောလို့ ရမလား၊ မရဘူးနော်၊ ဦးဘရဲ့ စုတိစိတ်က အတိတ်ကံကြောင့် ဖြစ်တယ်၊ ဆိုပါစို့ - ဦးဘရဲ့ ပဋိသန္ဓေ စိတ်ကလေးဟာ အတိတ်က ကံကနေ ဖြစ်လာတယ်၊ ထိုကံကနေ အကျိုးပေးလိုက်လို့ ဦးဘရဲ့ တစ်သက်တာမှာ ဘဝင်စိတ်တွေဖြစ်တယ်၊ ပဋိသန္ဓေစိတ်, ဘဝင်စိတ်ဖြစ်တယ်၊ နောက်ဆုံး စိတ်ကလေးကို စုတိလို့ ခေါ်တယ်။

ဦးဘရဲ့ စိတ်က ဆိုပါစို့ - မဟာဝိပါက် ဉာဏဝိပ္ပယုတ် စိတ်ထဲက တစ်ခုခုဖြစ်တယ်၊ ဦးဘရဲ့ ဘဝမှာ တရားနာတယ်၊ တရား အားထုတ်တယ်၊ စာပေတွေ လိုက်စားတယ်၊ ကုသိုလ်ကောင်းမှုတွေ လုပ်တယ်၊ အဲဒီစွမ်းအားကြောင့် ကြည့်နော် ဦးဘ ဘဝတုန်းကတော့ ဉာဏဝိပ္ပယုတ်နဲ့ ပဋိသန္ဓေ နေလာတယ်၊ ဉာဏဝိပ္ပယုတ်နဲ့ ပဋိသန္ဓေ နေလာသည့်အတွက်ကြောင့် သူ့ရဲ့ စုတိကလည်းပဲ ဉာဏဝိပ္ပယုတ် စုတိပဲ၊ အဲဒီစုတိလေး ချုပ်သွားတဲ့အခါ နောက်ထပ် ပဋိသန္ဓေကျတော့ သူလုပ်ခဲ့တဲ့ ကံတွေက နေပြီးတော့ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာဝိပါက်စိတ် ဆိုတာကို အကျိုးပေးလိုက်တယ်။

ဟော - မောင်လှရဲ့ သန္ဓေစိတ်ကျတော့ ဉာဏသမ္ပယုတ်ဖြစ်သွားတယ်၊ ဦးဘရဲ့ စုတိစိတ်တုန်းက ဉာဏဝိပ္ပယုတ် ဖြစ်တယ်၊ အဲဒီတော့ စုတိစိတ်နဲ့ ပဋိသန္ဓေစိတ်ဟာ တူသေးရဲ့လား၊ မတူတော့ဘူး၊ ကံတရားကနေ ဖန်တီးပြီးတော့ သွားတာ၊ ဒီတော့ ဦးဘရဲ့ စုတိစိတ်လေးက ဒီမှာ ပဋိသန္ဓေစိတ် အနေနဲ့ မောင်လှထဲ ဝင်စားလာတာလား ဆိုတော့ မဟုတ်ဘူး၊ ဟုတ်ရင် ထပ်တူပဲ ဖြစ်နေမှာပေါ့၊ သူ့ရဲ့ ဒီ ဝိညာဏ်စိတ်လေးက ထပ်တူပဲ ဖြစ်နေမှာပေါ့၊ အဲသလို ထပ်တူ မဟုတ်ဘူးတဲ့၊ သဘာဝချင်း အခြေအနေချင်း အများကြီး ကွဲပြားခြားနားတယ်၊ ဒီလို ဆိုလိုတာနော်။

အဲဒီတော့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်လို့ ဆိုတာတွေကို အာရုံပြုပြီး ဘဝသစ်မှာ ဖြစ်ရတယ်။ လူတွေမှာ ကောင်းတာ လုပ်တာရှိတယ်၊ မကောင်းတာ လုပ်တာရှိတယ်၊ ကောင်းတာလုပ်လို့ရှိရင် ကောင်းတဲ့ ကံရဲ့စွမ်းအားနဲ့ ကောင်းတဲ့ အရိပ်တွေ ပေါ်တယ်၊ မကောင်းတာ လုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ မကောင်းတဲ့ ကံရဲ့စွမ်းအားနဲ့ မကောင်းတဲ့ အရိပ်နိမိတ်တွေ ပေါ်လာတယ်။ အဲဒီ ပေါ်လာတဲ့အပေါ်မှာ သန္ဓေမျိုးစေ့လေးက ကျသွားတာတဲ့။

ဒါကြောင့်မို့ မြတ်စွာဘုရားက ဘဝသုတ္တန် ၂-ခု၊ ပထမ ဘဝသုတ်၊ ဒုတိယဘဝသုတ်ဆိုတာ အင်္ဂုတ္တရနိကာယ်မှာ ရှိတယ်၊ အဲဒီမှာ ကံကို အဓိကထား ဟောတယ်၊ “ကမ္မံ ခေတ္တံ ဝိညာဏံ ဗီဇံ တဏှာ သေဟော အဝိဇ္ဇာ နီဝရဏာနံ တဏှာ သံယောဇနာနံ” ဟောဒီ ၂-ခုရဲ့ အကူအညီ ရှိတယ်၊ အဝိဇ္ဇာက စိတ်ကို ဆို့ပိတ် ထားလိုက်တာ။ ဆို့ပိတ်ထားလိုက်တာ ဆိုတာ သူမမြင်စေချင်တာတွေ မမြင်အောင် ဆို့ပိတ်ထားလိုက်တာ။ ဆိုလိုတာက အဝိဇ္ဇာက ဖုံးထားလိုက်သည့် အတွက်ကြောင့် အဆိုးကို အကောင်းမြင်တယ်, အကောင်းကို အဆိုးမြင်တယ်၊ ပြောင်းပြန်တွေ မြင်ကုန်ရော၊ သူက အမှန် မမြင်အောင်သာ လုပ်တာ၊ မမြင်အောင် လုံးဝ ကွယ်ထားတာတော့ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ အဝိဇ္ဇာကို “သဘာဝ ပဋိစ္ဆာဒန လက္ခဏာ” လို့ ဒီလို ဟောတယ်၊ သဘာဝ ပဋိစ္ဆာဒန ဆိုတာ တကယ့်အစစ်အမှန်ကို မမြင်အောင် ဖုံးတာ၊ အကုန်လုံးကို ဖုံးတာလို့ ပြောတာမဟုတ်ဘူးတဲ့၊ တကယ့် အစစ်အမှန်ကို မမြင်အောင် ဖုံးတယ်ဆိုတော့ အစစ်အမှန် မဟုတ်တာတွေကို ပြတယ်ဆိုတဲ့ အဓိပ္ပာယ် မရပေဘူးလား၊ အစစ်ကို ဖုံးထားတယ်ဆိုရင် အတုကိုပြတယ်ဆိုတဲ့ အဓိပ္ပာယ်က အလိုလိုပါပြီးသား ဖြစ်သွားတယ်ပေါ့၊ ဟော - အဝိဇ္ဇာက အတုကို ပြတာ။

အဲဒီလို အတုကို ပြထားတဲ့အခါ ‘တဏှာ သံယောဇနာ’ တဏှာက တွယ်လိုက်တယ်, ချည်လိုက်တယ်, နှောင်လိုက်တယ်, တွယ်တာလိုက်တယ်၊ အဲဒီ အာရုံပေါ်မှာ တဏှာနှောင်ကြိုးက ချည်လိုက်တယ်၊ သြော် - သတ္တဝါဟာ ဒီအာရုံထဲက ဘယ်လိုလုပ် ရုန်းထွက်လို့ ရတော့မှာတုန်း၊ အဲဒီ အာရုံလေးထဲမှာ နစ်မျောနေတဲ့ အချိန်မှာ ကံက မျိုးစေ့ ချထည့်လိုက်တယ်ပေါ့။

ဒီနေရာမှာ အရေးကြီးဆုံးက ဘယ်သူလဲဆိုရင် “ကမ္မံ ခေတ္တံ” “ဝိညာဏံ ဗီဇံ” လို့ သုံးတာ ဘယ်ဝိညာဏ်ကို သုံးတာတုန်းဆိုတော့ ‘အဘိသင်္ခါရဝိညာဏ်’၊ ‘အဘိသင်္ခါရဝိညာဏ်’ - ဘဝတစ်ခုကို ဖန်ဆင်းနေတဲ့ဝိညာဏ် ဆိုတာ မရဏာသန္နာဇောနဲ့ ယှဉ်တွဲပြီးတော့ လာတဲ့ ကံတရား၊ မရဏာသန္နာဇောက ဒီအာရုံတွေကို ယူထားတာနော်၊ အဲဒီ မရဏာသန္နာဇော ဝိညာဏ်စိတ်ဟာ သန္ဓေ မျိုးစေ့လေးကို ချပေးလိုက်တယ်တဲ့၊ အဲဒီ ကံတရားရဲ့ စွမ်းအား၊ ဒီလိုဆိုလိုတယ်နော်။

အဲဒီနေရာမှာ “ကံက လယ်မြေနဲ့ တူပြီးတော့ တဏှာက အစေးနဲ့တူပြီး ဝိညာဏ်က မျိုးစေ့နဲ့တူတယ်” အဲဒါကြောင့်မို့လို့ ဘဝအပင်လေး တစ်ခုဟာ ပေါက်လာရတယ် - ဒီလိုဆိုလိုတာ၊ အဲဒီတော့ အပင် ပေါက်လာတယ် ဆိုကတည်းက ဒီကနေ သွားပြီးတော့ ဝင်စားတာ မဟုတ်ဘူး၊ အကြောင်းတွေကြောင့် စုပေါင်းပြီးတော့ ဖြစ်သွားတာ ဖြစ်တယ်၊ ဒါက သတ္တဝါတွေက ဘဝတစ်ခုကူးပြီး ဘဝတစ်ခုဖြစ်ပုံ ဒီလိုဟောတယ်။

မြတ်စွာဘုရားနဲ့ ရဟန္တာပုဂ္ဂိုလ် တွေကျတော့ အဲဒီ အဝိဇ္ဇာရယ်, တဏှာရယ်, ကံရယ်လို့ ဆိုတဲ့ ဘဝတစ်ခုကို ဖန်တီးပေးနေတဲ့ အဓိက အကြောင်းအရာ တွေထဲက ဘယ်ဟာကို ဖျက်ဆီး လိုက်တာတုန်း ဆိုတော့ အဝိဇ္ဇာနဲ့ တဏှာကို ဖျက်ဆီးပစ်တာ၊ အဝိဇ္ဇာနဲ့ တဏှာကို ဖျက်ဆီး ထားလိုက်သဖြင့် အဝိဇ္ဇာ မရှိတော့သည့်အတွက်ကြောင့် သဘာဝကို မဖုံးထားနိုင်တော့ဘူး၊ မဖုံးနိုင် တော့လို့ သဘာဝကို အရှင်းကြီး မြင်နေတယ်၊ သဘာဝကို အရှင်းကြီးမြင်နေတော့ သူ့သဘာဝ အတိုင်းဆိုရင် တွယ်တာမှုတဏှာ ဆိုတာ မလာနိုင်ဘူး၊ အဝိဇ္ဇာကလည်း ဖုံးထားတာ မရှိဘူး၊ တဏှာလည်း မတွယ်တော့ဘူး ဆိုလို့ရှိရင် ပစ်ချခြင်းငှာ မစွမ်းနိုင်ဘူး၊ အဲဒါကို ပြောတာနော်၊ အကူအညီ မရှိတော့ဘူး ဆိုရင် နောက်ဘဝတစ်ခုကို ကံက မဖန်တီးနိုင်တော့ဘူးလို့ ပြောတာ။

အဲဒီတော့ ရဟန္တာတွေရဲ့ဘဝ, မြတ်စွာဘုရားရဲ့ ဘဝမှာ အတိတ်က ကံတရားတွေ ရှိနေသေး သော်လည်း ဘဝတစ်ခုကို တည်ဆောက်နိုင် စွမ်းအား ကုန်သွားပြီ၊ ဘယ်အချိန်ကတည်းက ကုန်သွား တာတုန်းဆို တဏှာနဲ့ အဝိဇ္ဇာ ကုန်သွားကတည်းက ကံတွေက အလုပ်လုပ်လို့ မရတော့ဘူး၊ ပုစွန်လုံးကို ခြေထောက်တွေ ချိုးထားလိုက်သလို အဝိဇ္ဇာနဲ့ တဏှာကို ဖြတ်ထားလိုက်တကည်းက .. ဒီပုစွန်လုံးဟာ ခြေထောက်တွေ ချိုးထားလိုက်လို့ရှိရင် ပုစွန်လုံး သွားလို့ရသေးရဲ့လား၊ မရတော့သလိုပဲ - အဲသလို ရှိနေသေးသော်လည်းပဲ အကျိုးပေးခွင့် မရဘူး၊ ဒါကြောင့်မို့ ရှိနေသေး သော်လည်း အကျိုးပေခွင့် မရသည့်အတွက်ကြောင့် ကံကိုလည်း ကုန်စေတယ်လို့ ဒီလိုသုံးတာ၊ တကယ်ကတော့ ကံကို ပယ်လို့မရဘူး၊ ကိလေသာ ကိုသာ ပယ်တာ၊ ဒီနေရာမှာ ကိလေသာဆိုတာ အဝိဇ္ဇာနဲ့ တဏှာပဲ။

အဲဒီတော့ အဝိဇ္ဇာနဲ့ တဏှာကို ပယ်လိုက်တာနဲ့ တစ်ပြိုင်နက် ကံတွေက အလုပ် မလုပ်နိုင်ဘူး၊ အလုပ်မလုပ်နိုင်သည့် အတွက်ကြောင့် ဘဝသစ်တစ်ခုကို နောက်ထပ် ဖော်ထုတ်နိုင်ခြင်းငှာ မစွမ်းနိုင် ဘူးပေါ့၊ ဘဝပြတ်သွားတယ်။

အဲဒါကြောင့် ဘုရားအလောင်းတော်လေး ဖွားမြင်လာတဲ့ အချိန်ကပဲ ခြေလှမ်း ၇-လှမ်း လှမ်းပြီးတော့ သူ့ရဲ့ဘဝကို ကြွေးကြော်ခဲ့တာ ရှိတယ်၊ “အဂေါ္ဂ ဟမသ္မိ လောကဿ၊ ဇေဋ္ဌောဟမသ္မိ လောကဿ သေဋ္ဌော ဟမသ္မိ လောကဿ” “လောကကြီးမှာ ငါဟာ အကြီးဆုံးပဲ၊ အမြတ်ဆုံးပဲ” လို့ ကြွေးကြော်ပြီးတော့ ဘာတွေ ပြောတုန်းဆို “အယ မန္တိမာ ဇာတိ” “ဒီဘဝဟာ နောက်ဆုံးဘဝပဲ”၊ “နတ္တိ ဒါနိ ပုနဗ္ဘဝေါ” နောက်ဘဝ ငါ့မှာ မရှိတော့ဘူး၊ ဒါ နောက်ဆုံးဘဝပဲ ဆိုတာကို အလောင်းတော်လေး ဘဝကတည်းက ကြွေးကြော်ခဲ့တယ်။

ဘုရားဖြစ်တော် မူတဲ့အခါကျလည်း ဓမ္မစကြာ ဟောတဲ့ အခါမှာလည်း “အယမန္တိမာ ဇာတိ နတ္တိဒါနိ ပုနဗ္ဘဝေါ” ဆိုတာ မိန့်တယ်၊ ဒီဘဝဟာ နောက်ဆုံးပိတ် ဘဝပဲ၊ နောက်ထပ် ဘဝသစ်ဆိုတာ မရှိဘူး။ ဘာဖြစ်လို့ မရှိဘူးလို့ ပြောနိုင်တုန်းဆိုရင် ခုနက အဝိဇ္ဇာ, တဏှာဆိုတာ ဖယ်ရှားပစ်လိုက်သည့် အတွက်ကြောင့် ဘဝဆိုတာ ပြတ်ငြိမ်းသွားပြီ၊ ဒါကြောင့်မို့လို့ “ခီဏာ ဇာတိ” ပဋိသန္ဓေ နေခြင်းသည် ကုန်သွားပြီ၊ “ကတံ ကရဏီယံ နာပရံ ဣတ္တတ္ထာယ” လုပ်စရာတွေအားလုံး လုပ်ပြီးသွားပြီလို့ ဒီလိုပြောတာနော်။

ဒါကြောင့်မို့လို့ ဘဝတစ်ခုကို ဖန်တီးနေတဲ့ အရာသည် အဝိဇ္ဇာ, တဏှာ, ကံ ဒီ ၃-ခု ဖြစ်ပါတယ်။ အဲဒီ ၃-ခု ထဲကနေ ဖယ်ရှားပစ်ရမှာက တဏှာနဲ့ အဝိဇ္ဇာ၊ ကိလေသာကို ဖယ်ရှားပစ်ရမယ်။

ဝဋ် ၃-ပါးနဲ့ ပြောမယ် ဆိုလို့ရှိရင် စက်ဝိုင်းလေးတစ်ခုကို ရေးချလိုက်၊ ထိုစက်ဝိုင်းလေးကို အကန့်လေး ၃-ကန့် လုပ်ကြည့်လိုက်၊ တစ်ခုက ကိလေသာဝဋ်၊ တစ်ခုက ကမ္မဝဋ်၊ တစ်ခုက ဝိပါကဝဋ်၊ အဲဒီ စက်ဝိုင်းကလေးကို လှည့်ကြည့်လိုက်မယ် ဆိုလို့ရှိရင် ကိလေသာဝဋ် ဆိုတာ လိုချင်တယ်၊ လိုချင်လို့ ကမ္မဝဋ်ဆိုတာ လုပ်တယ်၊ လုပ်လို့ ဝိပါကဝဋ် ဆိုတာ ရလာတယ်၊ ‘လိုချင်တယ်၊ လုပ်တယ်၊ ရတယ်’၊ ရ,တော့ လိုချင်ပြန်တယ်၊ လုပ်ပြန်တယ်၊ ရ,ပြန်တယ်၊ ဒီလိုနဲ့ သံသရာလည်နေတာ။

အဲဒီမှာ ပထမဆုံး၊ ပယ်ဖျက်ရမှာက ရ,တာကို ပယ်ဖျက်ဖို့ မလိုဘူး၊ လိုချင်တာကို ပယ်ဖျက်ရမယ်၊ လိုချင်တယ် ဆိုတာ မရှိတော့ဘူး ဆိုလို့ရှိရင် အဲဒီတစ်ကန့် ပြတ်သွားတာနဲ့ နောက်က လုပ်တယ်ဆိုတဲ့ အကန့်လည်း ပျက်သွားတယ်၊ အဲဒီရှေ့က ၂-ကန့် ပျက်သွားတာကိုပဲ ကိလေသာကံ ငြိမ်းသွားတယ်လို့ ပြောတယ်နော်၊ ရှေ့ ၂-ကန့် ပျက်သွားတော့ ဝိပါကဆိုတာ ကျန်နေသေးတယ်၊ အဲဒီကျန်နေတဲ့ဟာ ဒါက နောက်ဆုံးအနေနဲ့ သူ့ရဲ့သက်တမ်း ကုန်သွားလို့ စုတိစိတ်လေး ကျသွားလို့ရှိရင် သူ့ရှေ့ပိုင်းက ကမ္မဝဋ် ဆိုတာလည်း မရှိတော့ဘူး, ကိလေသာဝဋ် ဆိုတာလည်း မရှိတော့သည့်အတွက်ကြောင့် နောက်ထပ် ဝိပါကဝဋ်ဆိုတာ ထပ်ထုတ်လုပ်နိုင်စွမ်း မရှိလို့ စုတိစိတ် ပြီးတဲ့နောက်မှာ ဘာမှ မရှိတော့ဘူး ချုပ်ငြိမ်းသွားတယ်လို့ ဒီလို ပြောတာနော်၊ အဲဒါဟာ ဘဝသစ်ဖြစ်ပုံနဲ့ ဘဝဆိုတာ နောက်ထပ် ကုန်ဆုံးသွားပုံ အင်မတန်မှ ထင်ရှားတယ်။

သို့သော်လည်း ခုနက Reincarnation ရောပြီးတော့ လူ့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသက် လိပ်ပြာ ဝိညာဉ်ကောင်တွေဟာ တစ်ဘဝကနေ တစ်ဘဝ ကူးပြောင်းတယ်လို့ ဒီလိုပြောတဲ့အခါ ကျတော့ ရောထွေးပြီးတော့ ဒီဘဝ ကုသိုလ်ကောင်းမှု လုပ်ရင် နောင်ဘဝ ခံစားရတာတွေနဲ့ ရောထွေးပြီးတော့ ဗုဒ္ဓဘာသာ စစ်စစ်က ‘သဿတဒိဋ္ဌိ’ အယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ဖို့က တော်တော်လေး များနေတယ်၊ မစဉ်းစားတက်လို့ ရှိရင်နော်၊ ဝိပဿနာ ဉာဏ်အမြင်နဲ့ မကြည့်ဘူးဆိုရင် သဿတဝါဒီ ဖြစ်သွားမှာပဲ၊ ဒါသေချာတယ်။

သဿတဝါဒီ ဆိုရင် ခုနက သာတိ ရဟန်းလိုပဲ ဒီ ဝိဉာဏ်စိတ်လေးပဲ လှည့်နေတယ်လို့ ဒီလို ထင်သွားတတ်တယ်နော်၊ ဒါကြောင့် ဗုဒ္ဓမြတ်စွာရဲ့ တရားစစ်စစ်အတိုင်း ဗုဒ္ဓရဲ့ တရားတော်မှာ Reincarnation ဆိုတာ မရှိဘူး၊ အဝိဇ္ဇာ တဏှာ ကံ မကင်းသေးလို့ ရှိရင်တော့ အဝိဇ္ဇာ တဏှာ ကံ တွေကနေ ထုတ်လုပ်တဲ့ ဘဝဆိုတာ ရှိနေဦးမှာပဲလို့ ဒီလို သဘောပေါက်ပြီး တို့တတွေရဲ့သန္တာန်မှာ ဖြစ်တဲ့ အဝိဇ္ဇာနဲ့ တဏှာ ကို ပယ်ရှားနိုင်အောင် ကြိုးစားရမှာလို့ ကိုယ်စီကိုယ်စီ သဘောပေါက်ပြီး အဝိဇ္ဇာ တဏှာ ကင်းရာ ကင်းကြောင်း ကုသိုလ် ကိုယ်ကျင့်တရား များကို ကြိုးစားအားထုတ် ပွားများနိုင်ကြ ပါစေကုန်သတည်း။

အခန်း - ၁၀

နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း

‘နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း’ လို့ ဆိုတဲ့နေရာမှာ စကားနှစ်ခုရှိတယ်၊ ‘နိဗ္ဗာန်’ ဆိုတဲ့စကားနဲ့ ‘မျက်မှောက်ပြုခြင်း’ ဆိုတဲ့ စကား၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိကြတယ်၊ သို့သော် နိဗ္ဗာန် အကြောင်းနဲ့ ပတ်သက်ပြီးတော့ သာမန်သိထားတဲ့ ပုဂ္ဂိုလ်တွေ ရှိသလို၊ နိဗ္ဗာန်ဆိုတာ ဘာရယ်လို့ မသိတဲ့ ပုဂ္ဂိုလ်တွေလည်း မြောက်များစွာ ရှိတယ်၊ အများက “နိဗ္ဗာန်” “နိဗ္ဗာန်” နဲ့ပြောတာနဲ့ နိဗ္ဗာန်လို့ လိုက်ပြောနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။

နိဗ္ဗာန်ကို ဦးတည်ချက် ထားပြီး ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ကုသိုလ်ကောင်းမှု ပြုကြတယ်၊ ‘ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု’ အစဉ်အလာအရ သင်ကြားပေးထားတဲ့ အတိုင်း နိဗ္ဗာန် ကို ဆုတောင်းကြတယ်။

တဏှာချုပ်မှ နိဗ္ဗာန်ရ

သို့သော် “နိဗ္ဗာန်ဆိုတာ ဘာလဲ” တချို့ကလည်း အကြမ်းဖျင်းအားဖြင့် နိဗ္ဗာန်ကို သိထားတယ်၊ နိဗ္ဗာန်ဟာ အိုခြင်းကင်းရာ ဖြစ်တယ်၊ နာခြင်းကင်းရာ ဖြစ်တယ်၊ သေခြင်းကင်းရာ ဖြစ်တယ်၊ မအိုရဘူး၊ မနာရဘူး၊ မသေရဘူးလို့ အဲဒီလို ဆိုထားတဲ့ အခါကျတော့ နိဗ္ဗာန်က မအိုရ၊ မနာရ၊ မသေရဘူး ဆိုရင်တော့ အမြဲတမ်း ထာဝရ နေရမယ်လို့ ဒီလို တွေးမိကောင်း တွေးမိမယ်။

ဘာဖြစ်လို့တုန်း ဆိုတော့ သတ္တဝါတွေရဲ့ သန္တာန်မှာ “ဘဝတဏှာ” ဆိုတာ ရှိတယ်၊ ဘဝတဏှာဆိုတာ “ဖြစ်နေတာကို ကြိုက်တာ”၊ အမြဲတမ်း ဖြစ်နေတာကို ကြိုက်တာ၊ ဖြစ်နေတာကို ကြိုက်လို့ ဘဝတဏှာကို ‘သဿတဒိဋ္ဌိ’ နဲ့ ယှဉ်တွဲလာတဲ့ တဏှာလို့ ဒီလိုပြောတယ်၊ ဘဝထဲမှာ ရှိနေတာကို သဘောကျတယ်၊ မရှိတော့ဘူး ဆိုရင် သဘောမကျဘူး၊ ဖြစ်နေရာတာကိုပဲ ပျော်စရာကြီးလို့ မြင်နေကြတယ်ပေါ့။ ဘဝတဏှာရှိနေရင် ဘယ်ဘဝပဲ ရောက်ရောက်, ရောက်ရာဘဝမှာ ဒီတဏှာ မကင်းတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ဘဝလေး ကိုယ် ကျေနပ်နေတာဘဲ၊ လူတွေကလည်း သူတို့ဘဝ သူတို့ ကျေနပ်ကြတာပဲ၊ မကျေနပ်ဘူးဆိုတဲ့ အချိန်ဟာ အလွန့်အလွန် အဆင်မပြေလို့ ဒုက္ခရောက်တဲ့ အချိန်လေးပဲ။

ဆိုင်ရာဆိုင်ရာ ဘဝမှာ ချမ်းသာ သုခလေးတွေ ရရှိနေကြတာ - ကြည့်ရင် ကြက်တွေ ငှက်တွေလည်း ပျော်နေကြတဲ့ သဘော ရှိတယ်၊ ကြက်ကလေးတွေဆို လှောင်ချိုင့်ထဲ လှောင်ထားပေမယ့် တစ်ကောင့် တစ်ကောင် ဆိတ်လို့ တွန်လို့ အော်လို့ ပျော်နေကြတဲ့ သဘောရှိတယ်၊ တစ်ကောင့် တစ်ကောင် ကျီစယ်ကြ ကစားကြနဲ့၊ ဘဝမှာ “ဘဝသုခ” ဆိုတာ ပျော်စရာ လေးတွေတော့ ရှိကြတာပဲ၊ ဘဝကို အကြောင်းပြုပြီးတော့ ရလာတဲ့ ပီတိတို့ သုခတို့ - ဘဝမှာ ပျော်စရာလေးတွေ၊ အဲဒီ ပျော်စရာလေးတွေ တွေ့ပြီးတော့ ဘဝမှာ ပျော်နေကြတာပဲ၊ အဲဒီလို ဘဝဆက်တိုင်း ဖြစ်ပြီးတော့ နေကြရတာကိုပဲ ကျေနပ်နေကြတာ။ ဘဝတဏှာ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေမှာ နိဗ္ဗာန်မှာ ဘဝဟာ ချုပ်ငြိမ်းသွားတာ၊ “ဘဝနိရောဓော နိဗ္ဗာနံ” ဘဝရဲ့ချုပ်တာ နိဗ္ဗာန်လို့ပြောရင် လန့်ကောင်း လန့်သွားလိမ့်မယ်၊ ဘာဖြစ်လို့တုန်း ဆိုတော့ သူတို့က ဖြစ်နေတာကို ကြိုက်တာကိုး၊ ဖြစ်နေတာကို ကြိုက်တော့ မဖြစ်ရတော့ဘူး၊ ဘဝက ချုပ်ငြိမ်းသွားပြီ ဆိုလို့ရှိရင် ချုပ်ငြိမ်းသွားရင် တို့ဘယ်သွား နေရမတုန်းလို့ တွေးမိကောင်း တွေးမိလိမ့်မယ်၊ အဲဒီလို တွေးမိပြီး ကြောက်လန့် ကြတယ်၊ ဒါက ဘဝအပေါ်မှာ စွဲလန်းနေတဲ့ ပုဂ္ဂိုလ်တွေက ဘဝပြတ်သွားမှာ, ဘဝ ချုပ်သွားမှာကို စိုးရိမ်ကြတယ်၊ အဲဒီ ပုဂ္ဂိုလ်မျိုး ကလည်း တစ်စုရှိတယ်။

အဲဒါနဲ့ ဆန့်ကျင့်ဖက် ဘဝတစ်ဏှာ ရှိသလို ဝိဘဝ တဏှာ၊ ‘ဘဝ’ က ‘ဘဝ’၊ ‘ဝိ’ ဆိုတာ မရှိတော့တာ၊ ဘဝ မရှိတော့ တာကို ကြိုက်တဲ့ ပုဂ္ဂိုလ်မျိုးက ရှိသေးတယ်၊ အဲဒီ ဘဝမရှိရင် ပြီးရော၊ သို့သော် သူက ဘဝမရှိကြောင်း တရားကို ကျင့်ပြီးတော့ မရှိတဲ့ ဘဝမျိုး မဟုတ်ဘူး၊ ဘဝတစ်ခုက ချုပ်ငြိမ်းသွားရင် နောက်ဘဝဆိုတာ မရှိချင်ဘူးလို့ ပြောတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတာပဲ၊ ဘဝကို ရွံမုန်းပါပြီ နောက်ဘဝဆိုတာ မရှိချင်ပါဘူး၊ မရှိချင်ဘူးဆိုတာ ဘာဖြစ်လို့တုန်း ဆိုရင် ဒီဘရဲ့ ဒုက္ခတွေ တွေ့တော့ နောက်ဘဝ မလိုချင်ဘူးဆိုတာ၊ နောက်တစ်ခုက ဘဝဆိုတာ မရှိဘူး, ပြတ်နေတယ်၊ သေသွားရင် ပြီးတာပဲလို့ ဒီလို ယူဆတဲ့ ပုဂ္ဂိုလ်တွေ၊ ဥစ္ဆေဒဒိဋ္ဌိနဲ့ ယှဉ်တွဲလာတဲ့ တဏှာတစ်မျိုးက ထူးထူး ဆန်းဆန်းပဲ၊ ဘဝမရှိတာကို ကြိုက်တာလည်း တဏှာလို့ ခေါ်တယ်။

ဘဝမရှိတာကို ကြိုက်တာ နိဗ္ဗာန် မဟုတ်သေးဘူး၊ တဏှာ လု့ိခေါ်နေပြန်တယ် အဲဒီမှာ၊ သူက မရှိတာကို ကြိုက်ပြန်တာ၊ အဲဒီတော့ တွယ်တာမှုက မရှိတာကို သွား တွယ်တာနေတာ၊ ဘဝပြတ်သွားတာကို တွယ်တာနေပြန်တယ်၊ အဲဒါတွေကို “ဝိဘဝတဏှာ” လို့ ခေါ်ပြန်တယ်။ “ဘဝတဏှာ” လည်း ရှိနေဦးမယ်၊ “ဝိဘဝတဏှာ” လည်း ရှိနေဦးမယ် ဆိုလို့ရှိရင်တော့ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ဦးမှာ မဟုတ်သေးဘူးတဲ့။

ကာမတဏှာ ဆိုတာတော့ ရိုးရာလို့ပဲ ထားပါတော့၊ လူ့ဘဝ ရလာပြီ ဆိုလို့ရှိရင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် လို့ဆိုတဲ့ အင်္ဂါရပ်တွေ ရထားသည့် အတွက်ကြောင့် ထိုအင်္ဂါရပ်တွေမှာ ပေါ်လာတဲ့ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ လို့ဆိုတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ ဒီအာရုံတွေ အပေါ်မှာ ကျေနပ်နေတာ။ အဲဒီ အာရုံတွေပေါ်မှာ တွယ်တာနေတာ “ကာမတဏှာ”၊ အဲဒီ တဏှာတွေဟာ အလွန်ပြင်းထန်တဲ့ စွမ်းအားရှိတယ်၊ ဘဝကို ဦးဆောင်ပြီးတော့ တည်ဆောက်နေတာ ဟောဒီ တဏှာတွေပဲ၊ ဒါ့ကြောင့်မို့ မြတ်စွာဘုရားက သမုသယသစ္စာမှာ ဒီတဏှာကို ဦးတည်ပြီးတော့ “ဒုက္ခသမုဒယော အရိယသစ္စံ” လို့ ဒီလို ဟောတာ၊ ထိုထို သုတ္တန်တွေမှာလည်းပဲ ဘဝကိုဖြစ်စေတတ်၊ ‘ဘဝနေတ္တိ’ လို့ ဘဝကို သယ်ဆောင် သွားတတ်တဲ့ တရားလို့ တဏှာကိုပဲ ဦးတည်ပြီးတော့ ပြောလေ့ရှိတယ်။

နိဗ္ဗာန - နိဗ္ဗာန် - ပါဠိစကား - နိဗ္ဗာန ဆိုတဲ့စကားက ဆန့်ကျင့်ဖက်နဲ့ ပြောထားတာ၊ ‘နိဗ္ဗာန’ ဆိုတဲ့ ပုဒ်လေးကို နိ + ဝါန လို့ ဒီလို နှစ်မျိုး အဓိပ္ပါယ် ခွဲပြီးတော့ ‘နိ’ ဆိုတာ လွတ်မြောက်သွားတာ၊ ‘ဝါန’ ဆိုတာ အတွယ်အတာ တဏှာ၊ အတွယ်အတာ တဏှာတွေကနေ လွတ်မြောက်သွားမှ နိဗ္ဗာန်ဆိုတာ ဖြစ်တယ်၊ တစ်မျိုးမျိုးနဲ့ လှည့်တွယ်နေလို့ ရှိရင်တော့ ဒါ တဏှာတွေ ရှိနေသေးသမျှ၊ တွယ်တာမှု ရှိနေသေးသမျှ ဘယ်တွယ်တာမှုပဲဖြစ်ဖြစ် နိဗ္ဗာန်ဆိုတာ မရောက်နိုင်သေးဘူး၊ ဒါ့ကြောင့်မို့လို့ နိဗ္ဗာန်ဆိုတဲ့ နာမည်ကိုက နိဝါန၊ ‘ဝါန သင်္ခါတာယ တဏှာယ’ ‘ဝါန’ လို့ဆိုတဲ့ တဏှာမှ ‘နိက္ခန္တတ္တာ’ လွတ်ထွက်သွားလို့၊ နိဗ္ဗာန - နိဗ္ဗာန်လို့ ခေါ်တာတဲ့၊ ဒါ နိဗ္ဗာန်ဆိုတဲ့ စကားလုံးဟာ စကားလုံးဟာ အတွယ်အတာကနေ လွတ်မြောက်သွားတဲ့ နေရာလို့ ဒီလို ရည်ညွှန်းတယ်၊ တွယ်တာမှု မရှိနိုင်တဲ့ နေရာ။

အဲဒီတော့ ရှေးဦးစွာ မှတ်ရမှာက တို့တစ်တွေ အတွယ်အတာ ရှိနေသေးသမျှ နိဗ္ဗာန်မရောက်သေးဘူး ဆိုတာ မှတ်ထားရမယ်၊ အတွယ်အတာ ကင်းပြတ်သွားပြီ ဆိုရင် တို့တစ်တွေ နိဗ္ဗာန်ရောက်ပြီလို့၊ အေး တချို့က အဲလိုကျတော့ ပြောကြလိမ့်မယ်၊ “တပည့်တော် ဘယ်သူ့မှ မတွယ်တာတော့ပါဘူး၊ သားသမီးတွေ အပေါ်လည်း မတွယ်ဘူး၊ ပစ္စည်းဥစ္စာလည်း မတွယ်တော့ဘူး၊ အားလုံး စွန့်လွှတ် ထားပြီ” ဒီလို ပြောကောင်းပြောလိမ့်မယ်၊ တွယ်တာမှု ဆိုတာ တစ်ခုပြီးတစ်ခု လိုက်တွယ် နေတာ နော်၊ လွတ်သွားတယ်ရယ်လို့ မရှိဘူး၊ သားသမီးမရှိလို့ သားသံယောဇဉ် မရှိဘူး၊ သမီး သံယောဇဉ် မရှိဘူး ဆိုတဲ့ ပုဂ္ဂိုလ်က တစ်ခုခု သွားပြီးတော့ သံယောဇဉ် ရှိသေးတာပဲ၊ တစ်ခု မတွယ်ရရင် တစ်ခုသွားတွယ် နေသေးတာပဲ၊ တဏှာရှိနေတဲ့ ပုဂ္ဂိုလ်ဟာ မတွယ်လု့ိ မရဘူး၊ တွယ်နေသေးတာပဲ၊ နောက်ဆုံး ဘယ်သူ့ တွယ်တုန်း ဆိုရင် ကိုယ့်ကိုယ်ကို ပြန်တွယ်နေတယ်။

အဓိကကတော့ လူတွေဟာ အတွယ်အတာ ဘယ်အပေါ်မှာ အားအကြီးဆုံးတုန်း ဆိုလို့ရှိရင် ကိုယ့်ကိုယ်ကိုပေါ် တွယ်တာဟာ အားအကြီးဆုံးပဲ တဲ့၊ ‘အတ္တသမံ ပေမံ နတ္တိ’ အဲဒါကြောင့် မြတ်စွာဘုရားက ဟောတယ် ‘ကိုယ့်ကိုယ်ပေါ်မှာ တွယ်တာ တာလောက် တခြားတွယ်တာမှုက မရှိနိုင်ဘူး’ တဲ့။ ကိုယ့်ကိုယ်ဟာ လောကမှာ အချစ်ဆုံးပဲ၊ သားသမီး ချစ်တယ်တို့ တခြားပစ္စည်း ချစ်တယ်ဆိုတာ ကိုယ့်အတွက် ချစ်ကြတာ၊ ထင်ကြတယ် သူ့အတွက်လို့ ထင်တယ်၊ မဟုတ်ဘူး - ကိုယ့်အတွက်၊ ဘယ်လို ကိုယ့်အတွက်တုန်းလို့ ဆိုတော့ ဒီသား ဒီသမီး ဒီပစ္စည်း ဒီဥစ္စာ ဒီပုဂ္ဂိုလ်နဲ့ နေရလို့ရှိရင် စိတ်ချမ်းသာနေတယ်၊ အဲဒီ စိတ်ချမ်းသာမှုလေးကို ချစ်ခင်နေတာ၊ အဲဒီ စိတ်ချမ်းသာမှုက ဘယ်သူ့ရဲ့ စိတ်ချမ်းသာမှုလဲဆိုတော့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုပဲ၊ သူတို့ရဲ့ စိတ်ချမ်းသာမှု မဟုတ်ဘူး။

ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို နှောင့်ယှက် ဖျက်ဆီးလာပြီ ဆိုလို့ရှိရင် ဘယ်သူ့မှ လက်မခံတော့ဘူး၊ ချစ်လှပါတယ်ဆိုတဲ့ သားလည်း အမွေပြတ် ကြော်ငြာတာပဲ၊ ချစ်လှပါတယ် ဆိုတဲ့သမီးလည်း အမွေပြတ် ကြော်ငြာတော့တာ၊ ဘာဖြစ်လို့တုန်းဆို ကိုယ် တန်ဖိုးထားတဲ့ ကိုယ့်ရဲ့နှစ်သက်မှု ကျေနပ်မှု ပျော်ရွှင်မှုလေးကို ပျက်စီးအောင် လုပ်လို့ မချစ်နိုင်တော့ဘူး၊ တကယ့် အနှစ်သာရကို ကြည့်မယ် ဆိုလို့ရှိရင် လူတွေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတာ ဟုတ်တယ်။

နောက်ဆုံး ဒီအတွယ်အတာကနေ ရုန်းထွက်နိုင်တယ် ဆိုတာ သောတာပန် ဖြစ်သွားရင်တောင် သေတာပန် အလိုက် အတွယ်အတာ ရှိနေသေးတယ်၊ သို့သော် သောတာပန်ရဲ့ အတွယ်အတာသည် အပါယ် ဆွဲချလောက်အောက် မဖြစ်တော့ဘူး၊ ပစ္စည်းပေါ် တွယ်တာတို့, လူပေါ် တွယ်တာတို့ အပါယ် ဆွဲချနိုင်လောက်အောင် အကုသိုလ်မှုကို မကျူးလွန်နိုင်တော့ဘူး, မဖြစ်တော့ဘူး၊ အရှိန် လျော့သွားပြီ လို့ပြောတာ။

သကဒါဂါမ် ဖြစ်သွားလို့ ရှိရင်လည်း အတွယ်အတာဟာ လျော့ကျသွားတယ်၊ သကဒါဂါမ်နဲ့ သောတာပန် ဘာထူးတုန်းလို့ ဆိုလို့ရှိရင် အတွယ်အတာ ဖြစ်တဲ့အခါမှာ သကဒါဂါမ်ပုဂ္ဂိုလ်က ဆယ်ခါ တစ်ခါ ဖြစ်တယ်၊ သောတာပန်က ၉-ခါလောက်ဖြစ်ရင် သကဒါဂါမ်က ၁-ခါလောက် ၂-ခါလောက်ပဲ ဖြစ်တယ်၊ ဖြစ်တဲ့ အကြိမ် နည်းသွား တယ်၊ “ဖြစ်တဲ့အကြိမ် နည်းသွားသလို ဖြစ်တဲ့ အရှိန်လည်း နည်းသွားတယ်”

သောတာပန်ရဲ့ တဏှာရဲ့ သကဒါဂါမ်ရဲ့ တဏှာကို ယှဉ်ကြည့်လိုက်မယ် ဆိုလို့ရှိရင် သကဒါဂါမ်ရဲ့ တဏှာက အများကြီး လျော့ကျသွားပြီ၊ သောတာပန်ရဲ့ တဏှာက အရှိန်ကလေး ရှိသေးတယ်၊ သကဒါဂါမ်ရဲ့ တဏှာကျတော့ အရှိန်ကို မရှိတော့ဘူး၊ ဒါကြောင့်မို့ ‘အဓိစ္စုပ္ပတ္တိယာ’ ဖြစ်ခဲတယ် တဲ့၊ ‘ပရိယုဋ္ဌာန မန္ဒာတာ’ ဖြစ်လာလို့ ရှိရင်လည်း အားပျော့တယ်၊ အရှိန် မရှိဘူး ၊ ဒါ ကွဲပြားခြားနားသွားပုံ။

အနာဂါမ်ဖြစ်သွားရင် ကာမရာဂတို့ ဆိုတာ မရှိတော့ဘူး၊ ကာမရာဂ ကာမအတွယ်တွေ မရှိတော့ဘူး လို့ ဆိုရပေမယ့်လို့ အနာဂါမ်ပုဂ္ဂိုလ်က ဘယ်သွားတွယ်နေတုန်း ဆိုတော့ သူရ,ထားတဲ့ ဈာန်တရားတို့၊ သူရ,ထားတဲ့ တရားထူး တရားမြတ်တွေကို သွားတွယ်တတ်တယ်၊ ကာမဘုံကို မတွယ်ပေမယ့် ဗြဟ္မာ့ဘုံကို သွားတွယ်နေတယ်၊ အောက်ဘုံတွေကိုတော့ သူ မတွယ်တော့ဘူး၊ လူ့ဘုံနတ်ဘုံ ဆိုတာတွေ သူ့စိတ်ထဲကို ထည့် မစဉ်းစားတော့ဘူး၊ လုံးဝ အတွယ်အတာ မရှိတော့ဘူး၊ သို့သော် ဘယ်အပေါ်မှာ သူသဘောကျနေတုန်းဆို ဗြဟ္မာဘုံကို သူသွား သဘောကျ နေသေးတယ်၊ ဒါကို ဘဝရာဂ လို့ ခေါ်တယ်၊ ရူပရာဂ၊ အရူပရာဂ အဲဒါကိုပဲ ဘဝရာဂလို့ ခေါ်တယ်။

နောက်ဆုံးမယ် တွယ်တာမှုက ဘယ်ထိအောင် သွားတုန်း ဆိုရင် အတွယ်အတာဟာ အာရုံတွေ ကာမဂုဏ်တွေ တစ်ခုပေါ်မှ မတွယ်တော့ပါဘူး၊ ဘဝလည်း မတွယ်တော့ဘူး ဆိုလို့ရှိရင် ဘာသွားတွယ်နေတုန်း ဆိုရင် ကိုယ်ရထားတဲ့ တရားကို သွားတွယ်နေသေးတယ်၊ အဲဒါကို “ဓမ္မရာဂ ဓမ္မနန္ဒီ” လို့ခေါ်တယ်။

“တေနေဝ ဓမ္မရာဂေန၊ တာယေဝ ဓမ္မနန္ဒိယာ” စာထဲမှာ ဒီလို ဆိုထားတယ်၊ အဲဒီ ဓမ္မရာဂ ကိုယ် ရ, ထားတဲ့ ဝိပဿနာဉာဏ်လေး - အဲဒီပေါ်မှာ အတွယ်အတာလေး ဖြစ်နေသေးသမျှ၊ နှစ်သက် ကျေနပ်မှုတွေ ရှိနေသေးသမျှ ကာလပတ်လုံး အရဟတ္တမဂ် အရဟတ္တဖိုလ်ကို မဆိုက်ရောက်နိုင်ဘူး လု့ိ ဒီလိုပြောထားတယ်၊ အဲဒီပေါ်မှာ အတွယ်အတာလေး ကျန်နေသေးလို့ရှိရင် အနာဂါမ်ဘဝနဲ့ပဲ ပြီးသွားမယ်၊ ရဟန္တာထိအောင် မဖြစ်ဘူးလို့ ပြောတယ်။

အဲဒီ ဓမ္မပေါ်မှာ တွယ်တဲ့ အရာကိုပါ တွယ်တာမှုအားလုံးကို လုံးဝ စွန့်လွှတ်လိုက်ပြီ ဆိုတဲ့အခါကျတော့ လုံးဝ လွတ်သွားပြီလို့ ပြောတာ၊ အဲဒီလို လုံးဝ လွတ်သွားပြီ ဆိုတဲ့ အခါကျတော့ အတွယ်အတာ လွတ်ခြင်းသည်ပင် ဘဝက လွတ်မြောက်ခြင်းပဲ၊ အတွယ်အတာ ရှိနေခြင်းသည် ဘဝ၌ ရှိနေခြင်းပဲ ဒီလိုမှတ်ရမယ်၊ အဲဒီတော့ နိဗ္ဗာန်ဆိုတာ အတွယ်အတာက လုံးဝလွတ်သွားတာ ကိုခေါ်တယ်ပေါ့၊ ဒါက တစ်ခု မှတ်စရာ။

နောက် ထိုထိုသုတ္တန် ပါဠိတော်တွေမှာ မြတ်စွာဘုရားက ‘ခန္တီ ပရမံ တပေါတိ တိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ’ ‘နိဗ္ဗာန်ကို အမြတ်ဆုံး’ လို့ အဆင့် အမြင့်ဆုံး ပန်းတိုင် အနေနဲ့ ဒီလို ဟောထားတာ ရှိတယ်၊ နောက်တစ်ခုက ‘နိဗ္ဗာနံ ပရမံ သုခံ’ သို့မဟုတ် ‘နိဗ္ဗာန ပရမံ သုခံ’ ‘ချမ်းသာတွေထဲမှာ နိဗ္ဗာန်ဟာ အကောင်းဆုံးပဲ’ လို့၊ လူ့လောက လူတွေဟာလည်း ချမ်းသာ ဆိုလို့ရှိရင် သဘောကျတယ်လေ။

အဲဒီတော့ နိဗ္ဗာန်ချမ်းသာကို ဘာနဲ့ တွေးတုန်းဆိုရင် ..
မျက်စိကမြင်ရတဲ့ အာရုံလေးပေါ်မှာ ကျေနပ်နေတဲ့ ချမ်းသာ၊
နားက ကြားရတဲ့ အသံလေးပေါ်မှာ ကျေနပ်နေတဲ့ ချမ်းသာ၊
နှာခေါင်းက နမ်းရှူရတဲ့ အနံ့၊
လျှာက အရသာခံရတဲ့ အရသာ၊
ခန္ဓာကိုယ်က အထိအတွေ့ ခံစားရတယ်၊
စိတ်ထဲမှာ ကြံစည်စိတ်ကူးပြီးတော့ ဖြစ်ပေါ်လာတဲ့ အရသာ၊

အဲဒီ အရသာလေးတွေ၊ စိတ်ထဲမှာ ကြံစည်စိတ်ကူးပြီးတော့ ရလာတဲ့ အတွေးတွေ၊ အဲဒါတွေ ကြည့်ပြီးတော့ ဖြစ်ပေါ်လာတဲ့ သုခသောမနဿ လို့ ဆိုတဲ့ ချမ်းသာမှု ဝမ်းသာမှုလေးတွေ အဲဒီ ချမ်းသာနဲ့ နိဗ္ဗာန်ချမ်းသာကို သွားပြီးတော့ နှိုင်းယှဉ်ကြည့်တယ်၊ ချမ်းသာ ဆိုလို့ရှိရင် ဒီလို ချမ်းသာမျိုးပဲ နေမှာပဲလို့ ကိုယ်ရ, တာနဲ့ သွားပြီးတော့ နှိုင်းယှဉ်ပြီးတော့ ကြည့်တတ်တယ်။

အဲဒီလို နှိုင်းယှဉ် ကြည့်လိုက်လို့ရှိရင် နိဗ္ဗာန်ချမ်းသာမှုကို ကာမဂုဏ်အာရုံတွေကို ရရှိလာတဲ့ ချမ်းသာသုခနဲ့ တန်းတူထားပြီးတော့ စဉ်းစားလာလို့ရှိရင် ကာမဂုဏ် အာရုံဆိုတဲ့ ချမ်းသာသုခက အတွယ်နဲ့ နှစ်သက်တာ၊ အဲဒီတော့ နိဗ္ဗာန်ချမ်းသာကိုလည်းပဲ အဲဒီလိုအတွေးနဲ့ တွေးပြီးတော့ ချမ်းသာတယ်လို့ ဒီလို ခံစား ရမယ့် ချမ်းသာ သဘောမျိုး တွေးမိကောင်း တွေးမိနိုင်တယ်ပေါ့၊ ဒါကတော့ တဏှာလောဘ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီလိုပဲ။

အဲဒီတော့ လူတွေက နိဗ္ဗာန် နိဗ္ဗာန်နဲ့ ပြောတယ်၊ နိဗ္ဗာန်ရဲ့ အရည်အသွေး လေးတွေကို အဘိဓမ္မာတ္ထ သင်္ဂဟကျမ်းက ဘာပြောထားတုန်းဆို - ဒါက အခြေခံအားဖြင့် နားလည်ထားဖို့ရာ “နိဗ္ဗာနံ ပန လောကုတ္တရ သင်္ခါတံ” နိဗ္ဗာန်ဆိုတာ လောကရဲ့ အထက်မှာ ရှိတယ်။

အထက်ဆိုတာ လောကနဲ့ ဆက်စပ်ပြီးတော့ မနေဘူး၊ လောကကို လွန်မြောက် သွားတယ်လို့ ဒီလို ပြောတာ၊ လောကထဲမှာ မရှိဘူး၊ ဒါဖြင့် လောကဆိုတာ ဘာတွေပြောတာလဲ ဆိုရင် ခန္ဓာတို့ အာယတနတို့ ဓာတ်တို့ ဒီဟာတွေကို လောကလို့ခေါ်တာ၊ အဲဒီ လောကတွေနဲ့ ဆက်စပ်မနေဘူး၊ ခန္ဓာဆိုတဲ့ လောကနဲ့ ဆက်စပ် မနေဘူး။

တစ်နည်းအားဖြင့် လောကီတရားတွေရဲ့ အထက် လောကီတရားတွေထက် သာလွန် သွားတဲ့ အရာ လောကုတ္တရာ၊ လောကကို လွန်မြောက်သွားမှ တစ်နည်းအားဖြင့် ဥပါဒါနက္ခန္ဓာလု့ိ ဆိုတဲ့ လောကကို လွန်မြောက်သွားတယ်၊ အဲဒီ လွန်မြောက်သွားတဲ့ အဆင့်မှာ ရှိတယ်လို့ ပြောတာဆိုတော့ လူတွေ နေ့စဉ်တွေ့ကြုံ ခံစားနေရတဲ့ ရရှိနေကြရတဲ့ ကိုယ်တွေ့ သိရှိနေကြတဲ့ ဟောဒီ ရုပ်နာမ်ဓမ္မ သင်္ခါရ တွေက လွတ်ထွက်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ။

“စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ” နိဗ္ဗာန်ကို သိနိုင်တာ ဘာနဲ့သိနိုင်တုန်း ဆိုရင် မဂ်ဉာဏ်လေးပါးနဲ့မှ သိနိုင်တယ်လို့ ဒီလိုပြောတာ၊ ပကတိမျက်စိနဲ့ နိဗ္ဗာန်ကို မြင်လို့မရဘူး၊ သာမန်ဉာဏ်ကလေးနဲ့လည်း နိဗ္ဗာန်ကို မြင်လို့မရဘူး၊ နိဗ္ဗာန်ကို မျက်မှောက်ပြုတယ် ဆိုတာ ကိုယ်တွေ့ သိတာကိုပြောတာ၊ ကိုယ့်ရဲ့ မျက်စိအောက် ဆိုတဲ့ သဘောမျိုး မျက်စိဆိုတဲ့ အထဲမှာ မျက်မှောက်ပြုတယ် ဆိုတဲ့ အဓိပ္ပါယ်က ကိုယ်တိုင်မြင်တယ်၊ ကိုယ်တိုင် ကြားတယ်၊ ကိုယ်တိုင် အနံ့ရတယ်၊ ဒီလိုဟာမျိုးကို မျက်မှောက်လို့ ခေါ်တယ်၊ ကိုယ်တွေ့ သိတာ။

အဲဒီတော့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တာဟာ ဉာဏ်နဲ့မှ မျက်မှောက် ပြုနိုင်တာ၊ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် ဆိုတာတနဲ့ သာမန်စိတ်တွေနဲ့ မျက်မှောက်ပြုလို့ မရဘူး၊ မသိနိုင်ဘူး။ နိဗ္ဗာန်ကို လက်လှမ်း မမီဘူးပေါ့၊ နိဗ္ဗာန်ကို မျက်စိနဲ့ကြည့်လို့ မရဘူးလို့ ဒီလိုပြောတာ၊ ဉာဏ်ဆိုတဲ့ နေရာမှာလည်းပဲ သာမန်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်သေးဘူး၊ ဒါ့ကြောင့် ‘စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ’ ‘မဂ်ဉာဏ် လေးပါးနဲ့မှ မျက်မှောက်ပြုနိုင်တယ်’ တဲ့။

‘မဂ္ဂဖလာန မာရမ္မကာ ဘူတံ’ မဂ်စိတ် ဖိုလ်စိတ်တွေရဲ့ အာရုံဖြစ်တယ်၊ မဂ်စိတ် ဖိုလ်စိတ်တွေဟာ စိတ်မှန်လို့ရှိရင် အာရုံနဲ့ကင်းပြီး မဖြစ်ဘူးဆိုတာ ဘုန်းကြီးတို့ အကြိမ်ကြိမ် ပြောခဲ့ပြီးသားနော်၊ စိတ်ဆိုတဲ့ သဘောဟာ အာရုံနဲ့ကင်းပြီးတော့ ဖြစ်တာ မရှိဘူး၊ အဲဒိတော့ မဂ်စိတ် ဖိုလ်စိတ်တွေဟာ ဘာအာရုံနဲ့ ဖြစ်တာတုန်း ဆိုတော့ အဲဒီ နိဗ္ဗာန်အာရုံနဲ့ ဖြစ်တယ်၊ နိဗ္ဗာန်ဆိုတာ မဂ်စိတ် ဖိုလ်စိတ်တွေရဲ့ အာရုံ အနေနဲ့တော့ ရှိနေတယ်ပေါ့၊ နိဗ္ဗာန်ဆိုတဲ့ အာရုံ (object) မရှိဘူးဆိုရင် မဂ်စိတ် ဖိုလ်စိတ် မဖြစ်နိုင်ဘူး။

ဆိုပါစို့ …
စက္ခုဝိညာဏ်စိတ်ကလေးက ဘယ်အာရုံနဲ့ ဖြစ်တာတုန်းဆိုရင် ရူပါရုံနဲ့ တွေ့မှ ဖြစ်တာ၊
သောတဝိညာဏ်စိတ်ကလေးက သဒ္ဒါရုံဆိုတဲ့ အသံနဲ့ဆုံမှ ဖြစ်တာ၊
ဃာနဝိညာဏ်စိတ်ကလေးက အနံ့ဆိုတဲ့ ဂန္ဓာရုံနဲ့ဆုံမှ၊
ဇိဝှာဝိညာဏ်စိတ်က အရသာ ဆိုတဲ့ ရသာရုံနဲ့ဆုံမှ၊
ကာယဝိညာဏ်စိတ်လေးက ဖောဋ္ဌဗ္ဗာရုံလို့ဆိုတဲ့ အထိအတွေ့ အာရုံနဲ့ဆုံမှ၊
မနောဝိညာဏ်ဆိုတဲ့ စိတ်ကလေးဟာလည်းပဲ ဓမ္မဆိုတဲ့ ကျန်တဲ့အာရုံတွေနဲ့ ဆုံစည်းမှ ဖြစ်တယ်လို့ ဒီလိုပြောတာ၊
အဲဒီ ဓမ္မဆိုတဲ့အထဲမှာ နိဗ္ဗာန်ဆိုတာ ပါတယ်ပေါ့။

မနောဝိညာဏ်စိတ် ကလေးတွေမှာလည်းပဲ မဂ်စိတ် ဖိုလ်စိတ်တွေ ပါတယ်၊ အဲဒီ မဂ်စိတ် ဖိုလ်စိတ်တွေဟာ သာမန်နဲ့ ရလာတာ မဟုတ်ဘူး၊ ဝိပဿနာကျင့်စဉ် ကျင့်ပြီးတော့မှ ဝိပဿနာ စွမ်းအားကြောင့် ပေါ်လာတဲ့ စိတ်ဟာ မဂ်စိတ် ဖိုလ်စိတ်ပဲ။ ပင်ကိုယ်စိတ်တွေ မဟုတ်ဘူးလို့ ဒီလို ပြောတယ်၊ မွေးရာပါ စိတ်တွေ မဟုတ်ဘူး၊ စိတ်ကို အာရုံနဲ့ လေ့ကျင့်ပြီးတော့ ယူလိုက်တဲ့ အခါကျတော့ စိတ်ဟာ ပိုပြီးတော့ သန့်ရှင်းလာတယ်, ကြည်လင်လာတယ်, ဖြူစင်လာတယ်၊ အဲဒီလို ဖြူစင်လာတဲ့အခါ အသိဉာဏ်တွေကလည်း တောက်ပလာတယ်၊ သဒ္ဓါစွမ်းအား ပညာစွမ်းအား ဝီရိယ စွမ်းအား သမာဓိစွမ်းအားတွေ အဲဒီစွမ်းအားတွေ ထက်လာတဲ့စိတ် ဝိပဿနာဉာဏ်နဲ့ တက်လာပြီး နောက်ဆုံးကျတော့မှ မဂ်စိတ် ဖိုလ်စိတ် ဆိုတာ ပေါ်လာတာ။

ဝိပဿနာကျင့်စဉ်နဲ့ ကျင့်မှ အဲဒီ မဂ်စိတ် ဖိုလ်စိတ်ဆိုတာ ပေါ်လာနိုင်တာ၊ ဒီအတိုင်းနဲ့ ပေါ်မလာဘူး၊ အဲဒီတော့ဟာ နိဗ္ဗာန်ကိုမြင်ချင်တယ် ဆိုလို့ရှိရင် မဂ်စိတ် ဖိုလ်စိတ် ပေါ်လာမှပဲ မျက်မှောက်ပြုလို့ ရမယ်၊ ဒိပြင် အချိန်မှာကျတော့ မှန်းဆပြီးတော့ ကြည့်ရတယ်၊ မှန်းဆကြည့်ပြီးတော့ နိဗ္ဗာန်နဲ့ ပတ်သက်ပြီးတော့ အငြင်းပွားနေစရာ ဘာမှမလိုဘူး။

နိဗ္ဗာန်နဲ့ ပတ်သက်လာလို့ရှိရင် ကမ္ဘာမှာ နိဗ္ဗာန်အကြောင်း ရေးတာတွေ အများကြီးပဲ၊ အဲဒီ နိဗ္ဗာန်အကြောင်း ရေးတဲ့သူတွေဟာ နိဗ္ဗာန်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဟောထားတဲ့ တရားတွေ ဖတ်ပြီးတော့ ကိုယ့်အတွေးတွေနဲ့ ပေါင်းစပ်ပြီးတော့ ရေးနေကြတာချည်းပဲ၊ ရ, တဲ့လူက ရေးတာ မဟုတ်ဘူး၊ အတွေးနဲ့ လျှောက်ပြီးတော့ ပြောနေတယ်ဆိုတော့ အမှန်တရား ဖြစ်နိုင်ပါဦးမလား၊ (မဖြစ်နိုင်ပါဘူးဘုရား) မဖြစ်နိုင်ဘဲနဲ့ သူပြောတာ မှန်တယ်၊ ငါပြောတာ မှန်တယ် ဆိုပြီးတော့ နိဗ္ဗာန်နဲ့ ပတ်သက်ပြီး အငြင်းပွားနေစရာ ဘာတစ်ခုမှ မရှိဘူးနော်။

ကိုယ်ကိုယ်တိုင် မသိသေးလို့ရှိရင်၊ ကိုယ်ကိုယ်တိုင် မျက်မှောက် မပြုနိုင်သေးလို့ရှိရင် နိဗ္ဗာန်ရဲ့ အရသာဟာ သူပြော ကိုယ်ပြောပဲ ဖြစ်ဦးမှာပဲ၊ သူပြောတာလည်း ပြည့်စုံမှာ မဟုတ်ဘူး၊ ကိုယ်တိုင် တွေ့တဲ့ အခါမှသာလျှင် နိဗ္ဗာန်နဲ့အရသာ၊ နိဗ္ဗာန်ရဲ့ အကြောင်းကို သိနိုင်မှာဖြစ်တယ်၊ ဒါ့ကြောင့်မို့လို့ နိဗ္ဗာန်နဲ့ ပတ်သက်ပြီးတော့ controversy ဆိုတဲ့ အငြင်းပွားမှုဟာ မဖြစ်သင့်ဘူးပေါ့၊ မြန်မာပြည် စာပေဆိုင်ရာ နိဗ္ဗာန်နဲ့ပတ်သက်ပြီး စာပေရှုထောင့်ကနေ ငြင်းနေကြတာ၊ သူရေးတဲ့ နိဗ္ဗာန်က ဟုတ်တယ်, ငါရေးတဲ့ နိဗ္ဗာန်က ဟုတ်တယ်၊ သူဟောတာ မှန်တယ်, ငါဟောတာ မှန်တယ်ဆိုပြီး သက်သက် အချိန်ဖြုန်းနေတာမျှသာ ဖြစ်တယ်။

နိဗ္ဗာန်ကို သိချင်လို့ရှိရင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရအောင် ကြိုးစားဖို့ပဲ ရှိတယ်၊ ဟုတ်တယ် မဟုတ်လား၊ အဲဒီလို ကြိုးစားမှု မပြုဘဲနဲ့ သူ့နိဗ္ဗာန်က မှန်တယ် ငါ့နိဗ္ဗာန်က မှန်တယ် ဆိုတာ “ဟင်္သာတ တောင်ဘက်က နိဗ္ဗာန်” ပဲ တွေ့မှာပဲနော်၊ အဲဒီနားက နိဗ္ဗာန်တို့, ပဲခူးနားက နိဗ္ဗာန်တို့ ဒါပဲရှိတာ၊ အဲဒီတော့ အတွယ်အတာတွေ လုံးဝ လွတ်သွားမှ နိဗ္ဗာန်ဆိုတာ တွေ့ရမှာ။

အဲဒီ အတွယ်အတာတွေ လွတ်သွားဖို့ နိဗ္ဗာန်သွားတဲ့ လမ်းကြောင်းကို မြတ်စွာဘုရားက ခင်းပြ ထားတယ်၊ အဲဒီ လမ်းကြောင်းကနေ လျှောက်ပြီးတော့ သွားကြည့်မှ သူ့နိဗ္ဗာန် ကိုယ့်နိဗ္ဗာန် ဒီလိုပြောမယ်၊ အဲဒီလို မဟုတ်ဘဲနဲ့ ‘နိဗ္ဗာနံ ပရမံ သုခံ’ နိဗ္ဗာန်ဆိုတာ ချမ်းသာတဲ့ အထဲမှာ အကောင်းဆုံး ချမ်းသာ၊ အေး အဲဒီချမ်းသာ နိဗ္ဗာန်မှာ မအိုရဘူးတဲ့၊ မနာရဘူးတဲ့၊ မသေရဘူးတဲ့၊ ဟန်ကျလိုက်တာပေါ့၊ အဲဒီမှာ ငါ အမြဲတမ်း နေရမယ်ဆိုတဲ့ အတွေးတွေနဲ့ တွေးရင်တော့ နိဗ္ဗာန်ဟာ လိုချင်မှု ဘဝတဏှာနဲ့ သွားစပ်ပြီးတော့ ကြိုက်နေတဲ့ တဏှာအာရုံမျှသာ ဖြစ်မှာပဲ။

လူတွေနားထဲမှာ ချမ်းသာ ဆိုလို့ရှိရင် သဘောကျတာ အမှန်ပဲ၊ အတွေးကိုက ချမ်းသာဆိုတာ ကိုယ်ချမ်းသာတယ် - ကြည့်လေ - နိဗ္ဗာန်မှာ ချမ်းသာကို ခံစားတဲ့ ဝေဒနာကိုက ရှိကိုရှိတာ မဟုတ်ဘဲ၊ ချမ်းသာကို ခံစားတာ မရှိဘူး၊ အဲဒီတော့ နိဗ္ဗာန်နဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား ဟောထားတဲ့ တရားတော်တွေ ရှိတယ်၊ ဥဒါန်းပါဠိတော်မှာ ရှိတယ်၊ ဣတိဝုတ်ပါဠိတော်မှာ ရှိတယ်။

အဲဒီကနေ ထုတ်နှုတ်ပြီးတော့ မဟာစည် ဆရာတော်ကြီး ဟောထားတဲ့ “နိဗ္ဗာနပဋိသံယုတ္ထကထာ” ဆိုတာလည်းရှိတယ်၊ လယ်တီဆရာတော်ရေးထားတဲ့ နိဗ္ဗာန်အကြောင်းလည်း ရှိတယ်၊ ရှေးရှေး ဆရာတော်ကြီးတွေ ရေးတဲ့ နိဗ္ဗာန်အကြောင်းလည်း ရှိတယ်၊ ထိုဆရာတော်ကြီးတွေက စာပေအခြေခံပြီးတော့ အဲဒီမျက်မှောက်ပြုသွားတဲ့ ဆရာတော်တွေလည်း ရှိကောင်း ရှိမယ်၊ များသောအားဖြင့် စာပေရေးရာကနေ တွေးပြီးတော့ ရေးတာက ပိုများလောက်စရာ ရှိတယ်၊ အဲဒီထဲမှာ ကိုယ့်အတွေးနဲ့ ကိုယ့်အရေးနဲ့ ဒီလိုရေးနေတဲ့အထဲမှာ သွားပြီးတော့ ဘယ်သူ့နိဗ္ဗာန်က မှန်တယ်၊ ဘယ်ဝါ့နိဗ္ဗာန်က မှားတယ်လို့ ပြောနေလို့ရှိရင်တော့ အချိန်ဖြုန်းရာပဲ ရောက်မှာပဲ။

အဲဒီတော့ တစ်ခု မှတ်ဖို့ရာကတော့ “နိဗ္ဗာန” ဆိုတဲ့ စကားလုံးကို ကြည့်ပြီးတော့ နိဗ္ဗာန်ရဲ့ အနှစ်သာရပိုင်းကို သိရမယ်။ “နိဗ္ဗာန် ဆိုတာ လောကုတ္တရာ တရား ဖြစ်တယ်”။ လောကုတ္တရာတရား ဖြစ်တယ်ဆိုတာ လောကနဲ့ မဆက်စပ်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး တစ်ခု မှတ်ရမယ်။

နောက်တစ်ခုက “နိဗ္ဗာန်ကို မဂ်ဉာဏ် လေးပါးနဲ့မှ မျက်မှောက်ပြုလို့ရတယ်”၊ နိဗ္ဗာန်ဟာ မဂ်စိတ် ဖိုလ်စိတ်တို့ရဲ့ အာရုံဖြစ်တယ်၊ ‘မဂ္ဂဖလာန မာရမ္မဏ ဘူတံ’ အဲဒီလို မဂ်စိတ် ဖိုလ်စိတ်တွေရဲ့ အာရုံဖြစ်ပြီးတော့ ဘာကြောင့် နိဗ္ဗာန်ခေါ်တုန်း၊ ‘ဝါန သင်္ခါတာယ တဏှာယ နိက္ခန္တတ္တာ’၊ တစ်ဘဝနဲ့ တစ်ဘဝကို ဆက်စပ်ပြီး ပေးတတ်တဲ့ တဏှာကို ဝါန လို့ ခေါ်တယ်။ တစ်ဘဝနဲ့ တစ်ဘဝ ဆက်စပ်ပေးတဲ့ ဝါန ဆိုတဲ့ တဏှာကနေ လွတ်သွားတာကို နိဗ္ဗာန်လို့ ခေါ်တယ်လို့ ဒါလေးကိုတော့ အကြမ်းဖျင်း မှတ်ထားရမှာပေါ့။

အကြမ်းဖျင်း မှတ်ထားပြီးတော့ ကဲ ဒါဖြင့် “နိဗ္ဗာန်ဟာ ဘယ်မှာရှိသလဲ?” ဘယ်မှာရှိမှန်းလဲ မသိဘူး၊ ဟင်္သာတ တောင်ဘက်ကရွာ သွားပြချင် ပြနေမယ်၊ အဲဒီတော့ နိဗ္ဗာန်ဘယ်မှာ ရှိသလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို မြတ်စွာဘုရား ဟောထားတဲ့ သုတ္တန်တစ်ခုအရ ဖြေမယ်ဆိုလို့ရှိရင် “နိဗ္ဗာန်ဆိုတာ ကိုယ့်သန္တာန်မှာပဲ ရှိတယ်” လို့ ပြောရမယ်၊ ကိုယ်နဲ့ စပ်နေတယ်လို့ ပြောရမယ်၊ ဘယ်သုတ္တန်တုန်း ဆိုရင် ရောဟိတဿသုတ္တန်၊ မြတ်စွာဘုရားက ‘ဣမသ္မိံ ယေဝ ဗျာမမတ္တေ ကဠေဝရေ’ (တစ်လံလောက်ရှိတဲ့ ခန္ဓာကိုယ်၊ ကိုယ့်တစ်လံ တဲ့၊ လုပုလေးကလည်း သူ့တစ်လံနဲ့သူ တစ်လံပဲ ရှိတာပဲ၊ လူထွားကြီးကလည်း သူ့တစ်လံနဲ့သူ တစ်လံပဲ ရှိတာပဲ၊ ဟုတ်ကဲ့လား၊ အဲဒါလည်း သွားမငြင်း နဲ့ဦး၊ မင်းက တစ်လံမရှိဘူး, ပုပုလေးပဲ ဆိုပြီးတော့၊ ကြွက်ကလည်း ကြွက်အတောင်နဲ့ပဲ၊ ဆင်ကလည်း ဆင်အတောင်နဲ့ပဲ။ တစ်ခါ ကြွက်က ခြုံဖုတ်ထဲ တိုးလိုက်တော့ သူ့ကျောကုန်း ပြဲသွားတာ - အဲဒါ သူကပြောတယ်၊ တစ်ထွာလောက် ပြဲသွားတယ်ဆိုတော့ မင်းအကောင်ကမှ တစ်ထွာ မရှိတာ ဘယ်လိုလုပ် တစ်ထွာပြဲမလဲ ဆိုတော့ သူ့လက်နဲ့သူ ထွာရင်တော့ တစ်ထွာတဲ့၊ အဲဒီတော့ သူ့ဟာနဲ့သူ ပြောရမှပေါ့၊ အဲဒီတော့ ကိုယ့်အတိုင်းအတာနဲ့ကိုယ်)။

လူတွေရဲ့ ခန္ဓာကိုယ်ဟာ တစ်လံလောက် ရှိတယ်၊
‘ဣမသ္မိံ ယေဝ ဗျာမမတ္တေ ကဠေဝရေ’ ဟောဒီ ခန္ဓာကိုယ်ထဲမှာ သသညမှိ သညာရှိ၊ သမနကေ စိတ်ရှိတဲ့ ခန္ဓာကိုယ်ထဲမှာတဲ့၊
‘လောကေဉ္စဝ ပညာပေမိ’ လောကလို့လည်း သတ်မှတ်တယ်၊
‘လောကသမုဒယဉ္စ’ လောကဖြစ်ကြောင်းတရား ရှိတယ်လို့လည်း ပြောတယ်၊
‘လောကနိရောဓဉ္စ’ လောကချုပ်ငြိမ်းရာတရား ရှိလိုလို့ပြောတယ်၊
‘လောနိရောဓ ဂါမိနီ ပဋိပဒါစ’ လောက ချုပ်ရာသို့ ရောက်ရာဖြစ်တဲ့ အကျင့်ရှိတယ် ဆိုတာ ကိုလည်းပြောတယ်။

ဟောဒီ ခန္ဓာကိုယ်ထဲမှာ သစ္စာလေးပါး ရှိတယ်လို့ ပြောတာပဲ၊ စပ်ပြီးတော့ ပြောတဲ့စကား၊ တခြား အပြင်မှာ သွားရှာရမှာ မဟုတ်ဘူး၊ မြန်မာစကားလည်း ရှိတာပဲ၊ ‘တရားရှာ ကိုယ်မှာတွေ့’ တဲ့၊ ဒီတရားတွေဟာ ကိုယ့်သန္တာန်မှာ ဖြစ်နိုင်တဲ့ တရားတွေပေ့ါ။

သို့သော် နိဗ္ဗာန်ဆိုတာ အဖြစ်တရား မဟုတ်ဘူး ဆိုတာတော့ သိရမယ်၊ အဖြစ်ရှိရင် အချုပ် ရှိသွားမှာပဲ၊ အဲဒါကြောင့်မို့ နိဗ္ဗာန်ဟာ ဘယ်မှာရှိတုန်းဆို ကိုယ်မှာပဲရှိတယ်လို့ အဲဒီသုတ္တန်အရ ပြောမယ်ဆိုရင် ပြောလို့ရတယ်၊ အေး တချို့ အဋ္ဌကထာတွေမှာ ပြောတယ် “နိဗ္ဗာနံပိ ခန္ဓပဋိပတ္တမေဝ” တဲ့၊ ခန္ဓာနဲ့စပ်ပြီးတော့မှ နိဗ္ဗာန်ကို ပြောလို့ ရတယ်လို့ ပြောတာ၊ ဟောဒီ လူ့ခန္ဓာတွေထဲမှာ။

နိဗ္ဗာန်ဆိုတာ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ရှိတယ်လို့ ဆိုရင် အဲဒါကို ရှင်းကြရအောင်၊ ဘယ်လိုရှင်းကြမတုန်း ဒီစကားကို။ ကြည့် - တခြားပုဂ္ဂိုလ်တွေ အသာထား၊ မြတ်စွာဘုရား ဘဝနဲ့ ပြောကြည့်အောင်၊ ဘုရားအလောင်းတော်က ၂၉-နှစ်မှာ တောထွက်တယ်၊ ၃၅-နှစ်မှာ ဗုဒ္ဓဂယာ ဗောဓိပင်အောက်မှာ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတ ဉာဏ်တော်ကြီးကို ရပြီးတော့ ဘုရားဖြစ်သွားတယ်၊ အဲဒီအချိန်မှာ မြတ်စွာဘုရားက အရဟတ္တမဂ်ဉာဏ် ရသွားတယ်ဆိုတော့ မြတ်စွာဘုရားဟာ အဲဒီအချိန်မှာ အရဟတ္တမဂ်ဉာဏ်ရဲ့ အာရုံဖြစ်တဲ့ နိဗ္ဗာန်ကိုလည်း ရတယ်လို့ ပြောရတယ်။

မြတ်စွာဘုရား အဲဒီအချိန်မှာရတဲ့ နိဗ္ဗာန်ကို ဘာနိဗ္ဗာန်လို့ ခေါ်တုန်းဆိုရင် ‘ကိလေသနိဗ္ဗာန’ - ကိလေသာတွေ ငြိမ်းသွားတာ၊ ဘဝသံသရာက ပါလာတဲ့ ဝါသနာနှင့်တကွသော ကိလေသာတွေကို အရဟတ္တမဂ်နဲ့ အကြွင်းမဲ့ ထိအောင် ပယ်လိုက်သည့် အတွက်ကြောင့် ကိလေသာတွေ ငြိမ်းသွားတာ၊ အဲဒီ “ကိလေသနိရောဓ နိဗ္ဗာန်” မြတ်စွာဘုရား သန္တာန်မှာဖြစ်တာ၊ ဗောဓိပင်ကြီးမှာ ဖြစ်တာမဟုတ်ဘူး၊ ပတ်ဝန်းကျင်မှာ ဖြစ်တာ မဟုတ်ဘူး၊ ဘယ်မှာ ဖြစ်တုန်း၊ မြတ်စွာဘုရား သန္တာန်မှာ၊ ငြိမ်းတယ်ဆိုတာ ဘယ်မှာငြိမ်းတာလဲ၊ မငြိမ်းခင်က ကိလေသာတွေ ဖြစ်တယ်ဆိုတာကော ဘယ်သူ့သန္တာန်မှာ ဖြစ်တာလဲ၊ ဟော မြတ်စွာဘုရား သန္တာန်မှာ ဖြစ်တာ၊ ငြိမ်းသွားတယ် ဆိုတာလည်း အဲဒီမှာပဲ ငြိမ်းတယ်၊ ဒီလိုပြောရတယ်ပေါ့၊ ကိုယ့် ခန္ဓာကိုယ်မှာပဲ ငြိမ်းတာ၊ အဲဒါကိုပဲ ‘ကိလေသပရိနိဗ္ဗာန’ လို့ စာပေက ပြောတာ။

မြတ်စွာဘုရားမှာ ကိလေသာတွေ ငြိမ်းသွားတယ်၊ ကိလေသာတွေ ငြိမ်းသွားပေမယ့် ကိလေသာတွေနဲ့ ကံတွေနဲ့ ပူပေါင်းပြီး ထုတ်လုပ်လိုက်တဲ့ ဥပါဒါနက္ခန္ဓာဆိုတဲ့ အကျိုးဆက်ကြီးကတော့ ကျန်နေသေးတယ်လေ၊ အဲဒါကြောင့် မြတ်စွာဘုရား ဗောဓိပင်မှာရတဲ့ နိဗ္ဗာန်ကို ‘သဥပါဒိသေသနိဗ္ဗာန်’ လို့ခေါ်တယ်တဲ့။

“သဥပါဒိသေသ” - ဥပါဒိ ဆိုတာ ကံတို့ ကိလေသာတို့ကနေ ထုတ်လုပ်ထားတဲ့ အကျိုးတရား၊ သေသ ဆိုတာ ကျန်နေတာ၊ မြတ်စွာဘုရားရဲ့ ခန္ဓာကို စဉ်းစားကြည့်လိုက်၊ အတွယ်အတာ စတဲ့ ကိလေသာတွေသာ ငြိမ်းသွားတာ၊ ထို ကိလေသာတွေနဲ့ ကံတွေက ထုတ်လုပ်ပေးထားတဲ့ ဝိပါက်တွေ ကမ္မဇရုပ်တွေ ဒါတွေ ကျန်မနေဘူးလား၊ ကျန်နေတယ်၊ ငြိမ်းသွားတာက ကိလေသာပဲ ငြိမ်းသွားတာ။

ကြည့် - ရဟန္တာဖြစ်သွားပြီ ဆိုလို့ရှိရင် အရဟတ္တမဂ် အရဟတ္တဖိုလ် ရသွားလို့ ရဟန္တာဖြစ်သွားတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ရာဂ ကုန်သွားတယ်၊ ဒေါသ ကုန်သွားတယ်၊ မောဟ ကုန်သွားတယ်၊ ကိလေသာတွေ ကုန်သွားတယ်၊ သို့သော် ကံရဲ့ အကျိုးဆက်ဖြစ်တဲ့ ရုပ်ခန္ဓာကိုယ်ကြီးနှင့် ဝိပါက်တွေ ရှိသေးတယ်၊ စိတ်တွေလည်း ရှိနေသေးတယ်၊ အာရုံ ၅-ပါးကို ခံစားဖို့ဆိုတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်တွေရော မရှိဘူးလား၊ ရှိတယ်။

မျက်စိကလည်း ရှိနေသည့် အတွက်ကြောင့် ကောင်းတာလည်း မြင်တာပဲ၊ ဆိုးတာလည်း မြင်တာပဲ၊ နားရှိနေသေးသည့်အတွက်ကြောင့် ကောင်းတဲ့အသံလည်း ကြားတာပဲ၊ မကောင်းတဲ့အသံလည်း ကြားတာပဲ၊ နှာခေါင်း ရှိနေသေးသည့် အတွက်ကြောင့် ကောင်းတဲ့ မကောင်းတဲ့အနံ့ နံတာပဲ၊ လျှာ ရှိနေသေးသည့် အတွက်ကြောင့် ကောင်းတဲ့ အရသာ၊ မကောင်းတဲ့ အရသာ သိနေသေးတာပဲ။ ခန္ဓာကိုယ်ကြီးရှိနေသေးသည့် အတွက်ကြောင့် အထိအတွေ့ တွေကိုလည်း သိနေ သေးတာပဲ။

မြတ်စွာဘုရား သန္တာန်မှာ ဝိပါက်စိတ်တွေတို့ ကြိယာစိတ်တွေတို့ ဒါတွေ ရှိနေသေးသည့် အတွက်ကြောင့် သိစရာ အာရုံတွေကိုလည်း သိနေသေးတာပဲ၊ စက္ခုဝိညာဏ်စိတ်တွေ ဖြစ်တယ်၊ သောတဝိညာဏ်စိတ်တွေ ဖြစ်တယ်၊ ဃာနဝိညာဏ်စိတ်တွေ ဖြစ်တယ်၊ အေး အဲဒီလို ခံစားမှုတွေကလည်း ရှိနေသေးတာပဲ၊ မြတ်စွာဘုရား တို့ ရဟန္တာတို့ ဆိုတာ သစ်တုံးကြီးလို ဖြစ်သွားတာ မဟုတ်ဘူးနော်၊ ကောင်းရင် ကောင်းတယ်လို့ သိတယ်၊ မကောင်းရင် မကောင်းဘူးလို့ သိတယ်။ မသိလောက်အောင် ဖြစ်သွားတာ မဟုတ်ဘူး။

သက္ကပဉှာသုတ် မှာ မြတ်စွာဘုရားက ဣန္ဒသာလ ဆိုတဲ့ လိုဏ်ဂူထဲမှာ သီတင်းသုံးနေတယ်၊ အဲဒီလို သီတင်းသုံး နေတဲ့အခါ ပဉ္စသိင်္ခနတ်သား စောင်းလေး ပိုက်ပြီးတော့ ရောက်လာတယ်၊ ဘုရားရဲ့ အနီးအပါး ခပ်လှမ်းလှမ်းက ဘုရားကြားလောက်တဲ့ နေရာမှာ သူက သီချင်းဆိုပြီး စောင်းတီးတယ်၊ သူဆိုတဲ့ သီချင်းက ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်နဲ့ ပတ်သက်တဲ့ သီချင်းလည်း ပါတယ်၊ ကာမအာရုံတွေနဲ့ ပတ်သက်တဲ့ သီချင်းတွေလည်း ပါတယ်ပေါ့၊ ခုခေတ်လိုပြောရင် အချစ်သီချင်းလည်း ပါတယ်ပေါ့၊ အဲဒါတွေကို သီဆိုပြီး စောင်းတီးတာ၊ စောင်းတီးလို့ ပြီးတဲ့အခါ မြတ်စွာဘုရားက ဘာပြောတုန်းဆို “ပဉ္စသိင်္ခ - မင်း သီချင်းသံနဲ့ စောင်းသံက လိုက်ဖက်ပါပေတယ်”၊ ဒါ သိလို့ပေါ့၊ ခံစားတတ်လို့ပေါ့၊ ခံစား နားလည်တယ်၊ သို့သော် မြတ်စွာဘုရားက “ဟေ့၊ တီးစမ်းပါဦးကွာ MP3 လေးနဲ့ သွင်းထားပြီးတော့ ခဏခဏ နားထောင်မယ်” ဆိုတဲ့စိတ် ရှိရဲ့လား၊ မရှိဘူး။

အဲဒီတော့ တွယ်တာမှုတော့ မရှိတော့ဘူး၊ ကောင်းတာကိုတော့ ကောင်းတယ်လို့တော့ သိလိုက်တယ်၊ ဟုတ်ကဲ့လား၊ ဒါကြောင့်မို့လို့ တချို့စာအုပ်တွေ ရေးတယ်၊ မြတ်စွာဘုရားက အလှအပကို အသိအမှတ် ပြုတယ်တဲ့၊ Buddhism and beauty ဆိုတဲ့ စာအုပ်လေးတွေ essay လေးတွေ ရေးထားတာ ရှိတယ်၊ Buddhism and beauty တဲ့၊ မြတ်စွာဘုရားက အနိစ္စ ဒုက္ခ အနတ္တ အသုဘတွေ ဟောတယ်ဆိုတော့ အလှအပကို အသိအမှတ် မပြုဘူးလို့ တချို့က ယူဆတယ်၊ ဗုဒ္ဓဘာသာဟာ အမြဲတမ်း အဆိုးဘက်ကပဲ ကြည့်တယ်လို့ တချို့ပုဂ္ဂိုလ်တွေက အမြင်စောင်းတယ်၊ မဟုတ်ဘူး၊ လှရင် လှတယ် ပဲ၊ မလှရင် မလှဘူးပဲ၊ ဒီလို အမှန်အတိုင်း မြင်တာကို ပြောတာနော်၊ တမင် ရှုတ်ချတာမှ မဟုတ်ဘဲ၊ လူ့ရဲ့ ခန္ဓာကိုယ်မှာ မမြဲတာကို မမြဲဘူးလို့ ပြောတာ၊ မတင့်တယ်တာကို မတင့်တယ်ဘူးလို့ ပြောတာ။

တကယ် စဉ်းစားကြည့်ရင် လူ့ခန္ဓာကိုယ် သဘာဝက တင့်တယ်တာ ဟုတ်မှ မဟုတ်ဘဲနဲ့၊ မိတ်ကပ် လိမ်းပြီးတော့ နံ့သာတွေ ခြယ်ထားလို့ မွှေးတဲ့အနံ့ ထွက်တာပဲ ဥစ္စာ၊ ခန္ဓာကိုယ်က ပကတိအနံ့က မွှေးတာမှ မဟုတ်ဘဲ၊ အရှိကို ပကတိကို ဝိကတိနဲ့ ဖုံးထားတာလေ၊ ဟုတ်တယ် မဟုတ်လား၊ လူတွေ နေ့စဉ်ဖုံးနေတာ၊ နို့မို့ဆို သနပ်ခါးတွေ ဘယ်ရောင်းရမလဲ၊ အဲဒီတော့ လူတွေက ကိုယ့်အနံ့ကို အပေါ်ယံတွေနဲ့ ဖုံးပြီးတော့ ထားနေကြတာ၊ အဆင်တန်ဆာနဲ့ မလှ လှအောင် ဖုံးပြီးတော့ထားတာ။

မြတ်စွာဘုရားက ပကတိ အနေအထားကို ပြောတာ၊ မြတ်စွာဘုရားက လှတာကို လှတယ်လို့ အသိအမှတ်ပြုတယ်၊ appreciate လုပ်တယ် ခေါ်တာပေါ့၊ ဗုဒ္ဓဘာသာက appreciate လုပ်တယ်။

ကြည့် - ဘုရားဖြစ်သွားတဲ့ အခါမှာ ကောင်းရင် ကောင်းတဲ့ အရသာမှန်း သိတယ်၊ ခံစားတယ်၊ မကောင်းတာဆိုရင် မကောင်းတဲ့ အရသာမှန်း သိတယ်၊ သို့သော် မြတ်စွာဘုရားမှာ တွယ်တာမှုဆိုတဲ့ တဏှာ မပါဘူး၊ မုန်းတီးမှုဆိုတဲ့ ဒေါသလည်း မလာတော့ဘူး၊ ဘာဖြစ်လို့ မလာတော့တုန်းဆိုရင် အပြင်ဖက်က အာရုံတွေရဲ့ အနေအထားကို ပိုင်ပိုင်နိုင်နိုင် နားလည်သွားပြီ ဖြစ်လို့ပဲ။ လူတွေက နားမလည်ဘူး ဆိုတာ ဘာလို့လဲဆိုရင် လှည့်စားတာကို ခံနေရလို့လေ၊ မိတ်ကပ်ခြယ်ပြီးတော့ လှည့်စားထားတယ်၊ ကာလာ အမျိုးမျိုးနဲ့ လှည့်စားတယ်၊ အတုအယောင် အနံ့တွေနဲ့ လှည့်စား ထားတယ်၊ အဲဒါကို အဟုတ် ထင်နေတယ်၊ သဘာဝ အစစ်အမှန် ဆိုတာကို “ပရိညာတ” ပိုင်းခြား ပြီးတော့ သိပြီးသား ဖြစ်ပြီ၊ အပြင်က သဘာဝတွေကို အကုန် နားလည်ထားပြီ၊ အပြင်က နားလည်ထားရုံတင် မကဘူး၊ အတွင်း အဇ္ဈတ္တကလည်း ရှင်းနေပြီတဲ့။

တွယ်တာတဲ့ လောဘဆိုတာလည်း မရှိဘူး၊ မုန်းတီးတဲ့ ဒေါသလည်း မရှိဘူး၊ ကျန်တဲ့ ကိလေသာ တွေလည်း မရှိဘူး၊ အတွင်းကလည်း ရှင်း၊ အပြင်ကလည်း ရိုးရှင်း နေသည့် အတွက်ကြောင့် ကောင်းရင် ကောင်းတယ်လို့ မြင်တယ်။ မကောင်းရင် မကောင်းဘူးလို့ မြင်တယ်၊ ခံစား နားလည်မှုကတော့ ရှိတယ်တဲ့၊ သို့သော် မြတ်စွာဘုရားရဲ့ ခံစားချက်သည် လောဘ မပါဘူး၊ ဒေါသ မပါဘူး၊ ကိလေသာ မပါတဲ့ ခံစားချက်တဲ့၊ ဘယ်လောက် ငြိမ်းချမ်းမတုန်း စဉ်းစားကြည့်လိုက်။

လောဘတွေ ပါလာလို့ရှိရင် ပူလောင်တယ်၊ ဒေါသတွေ ပါလာလို့ရှိရင် ပူလောင်တယ်၊ အဲဒါတွေ မပါဘဲနဲ့ အရှိကို အရှိအတိုင်း သိတဲ့ ခံစားချက်နဲ့ ခံစားတာ၊ မြတ်စွာဘုရား သန္တာန်မှာ ဗောဓိပင်အောက် အသိဉာဏ် ပေါက်လိုက်တဲ့အချိန်မှာ ရာဂတွေ ကုန်သွားတယ်၊ ဒေါသတွေ ကုန်သွားတယ်၊ မောဟတွေ ကုန်သွားတယ်၊ အဲဒီ ရာဂ ဒေါသ မောဟတွေ ကုန်သွားနိုင်တာ နိဗ္ဗာန်ကို အာရုံပြု ဆိုက်ရောက်သွားတဲ့ အချိန်မှာ ကုန်သွားတာဖြစ်လို့ နိဗ္ဗာန်ကို အာရုံပြုလို့ ကုန်တယ်လို့ ပြောတာ။

အဲဒီကုန်သွားတဲ့ အချိန်မှာ ဒါကို အာရုံပြုပြီး ကုန်သွားလို့ မြတ်စွာဘုရားက မျက်မှောက်ပြုတာ ကိလေသနိရောဓ ကိလေသာ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက် ပြုတယ် လို့ပြောတာ၊ အဲဒီလို မျက်မှောက်ပြုတဲ့ နိဗ္ဗာန်ကိုပဲ ‘သဥပါဒိသေသနိဗ္ဗာန်’ တဲ့၊ ‘ဥပါဒိ’ လို့ဆိုတဲ့ ကံ ကိလေသာတွေက ထုတ်လုပ်ထားတဲ့ အကျိုးတရားတွေက, ‘သေသ’ ကျန်နေသေးတယ်၊ အဲဒီကျန်နေသေးတဲ့ အချိန်မှာ ပြောရတဲ့ နိဗ္ဗာန်မျိုးကို သဥပါဒိသေသနိဗ္ဗာန် လို့ခေါ်တာ။

အကြမ်းဖျင်း ဆိုလို့ရှိရင် ခန္ဓာကိုယ်ကြီး ရှိနေတဲ့ အချိန်မှာ ကိလေသာတွေ ကုန်သွားလို့ ပထမ ရတဲ့နိဗ္ဗာန်ဟာ “သဥပါဒိသေသနိဗ္ဗာန်” ပဲတဲ့၊ ခန္ဓာတွေကတော့ ရှိနေတုန်းပဲ၊ ကိလေသာဖြစ်တဲ့ နေရာတွေကတော့ ကျန်နေတုန်းပဲ၊ သို့သော် ကိလေသာက မရှိတော့ဘူး - သဥပါဒိသေသနိဗ္ဗာန်၊ အဲဒီကုန်သွားတဲ့ ကိလေသာသည် ဘုရားခန္ဓာမှာ ကုန်တာ ဖြစ်သောကြောင့် နိဗ္ဗာန်ကလည်း ကိုယ့်အတွင်းမှာ ရှိတယ်လို့ ပြောတာနော်၊ သို့သော် နိဗ္ဗာန်က ဗိုက်ထဲမှာ ရှိနေတယ်လို့လည်း သွားမယူနဲ့ဦး၊ တော်ကြာ ကျတော့ နိဗ္ဗာန်ကို ဗိုက်ထဲမှာ လိုက်ပြီးရှာနေဦးမယ်၊ အဲဒါ သဥပါဒိသေသ နိဗ္ဗာန်။

နောက်တစ်ခုကတော့ မြတ်စွာဘုရား ၄၅-ဝါ ကြာပြီးတဲ့နောက် သက်တော် ၈၀ ရောက်တဲ့အခါ ခုနက ကြွင်းကျန်နေတဲ့ ကံ ကိလေသာတွေက ထုတ်လုပ်ထားတဲ့ ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်ဆိုတဲ့ ရုပ်နာမ်ခန္ဓာကြီးက အဲဒီအချိန်မှာ ချုပ်ငြိမ်းသွားပြီ၊ နောက်ထပ် အကြောင်းတွေလည်း ပြတ်သွားသည့် အတွက်ကြောင့် နောက်ထပ် ပဋိသန္ဓေနဲ့ ဆက်လာတာ မရှိတော့ဘူး၊ ကံတရားရဲ့ အကြွင်းအကျန် ဖြစ်တဲ့ ဝိပါက်စိတ်တွေလည်း ချုပ်သွားတယ်၊ ကမ္မဇရုပ်တွေ အားလုံး ချုပ်သွားတယ်၊ နောက်ဆုံး မြတ်စွာဘုရားမှာ ကျန်ရစ်တာ ဘာကျန်တုန်းဆို ဥတုဇရုပ်ပဲ ကျန်တော့တယ်။ အဲဒီ ကံနဲ့ ပတ်သက်တဲ့ ဝိပါက်နာမက္ခန္ဓာတွေ ကမ္မဇရုပ်တွေ ချုပ်သွားတဲ့အချိန်မှာ မြတ်စွာဘုရား မျက်မှောက်ပြုသွားတဲ့ နိဗ္ဗာန်ကိုတော့ ‘အနုပါဒိသေသနိဗ္ဗာန်’ လို့ ပြောတယ်။

သဥပါဒိသေသနိဗ္ဗာန် ဆိုတာ မျက်မှောက်ဘဝမှာ သိရတာ၊ ဘဝကို ဆောင်ကြဉ်းတတ်တဲ့ တဏှာ ပြတ်သွားတာကို ဆိုလိုတယ်တဲ့၊ အနုပါဒိသေသနိဗ္ဗာန် ဆိုတာ ‘သမ္ပရာယိက’ သေသည်၏ အခြားမဲ့ လို့ ဒီလိုပြောရမှာပေါ့၊ ဒါကြောင့်မို့ ‘သမ္ပရာယိက’ လို့ ဣတိဝုတ် ပါဠိတော်မှာ သုံးထားတာ၊ ‘ဣတရာပန သမ္ပရာယိကာ’၊ အနုပါဒိသေသနိဗ္ဗာန်က သမ္ပရာယိက၊ ဝိပါက်နာမက္ခန္ဓာတွေ အကုန်ချုပ်သွားတဲ့အခါ ကဋတ္တာရုပ်တွေ ကမ္မဇရုပ်တွေ ချုပ်သွားတဲ့ အခါမှာရတဲ့ နိဗ္ဗာန်၊ အဲဒါကျတော့ ဘဝပါ ချုပ်သွားပြီလို့ ဆိုတယ်၊ ဘဝလို့ ခေါ်တာကိုက ဒီ ကံတွေရဲ့ အကျိုးဆက်တွေ ကံတွေနဲ့ အကုန်ပေါင်းပြီးတော့ ဘဝလို့ ခေါ်ထားတာလေ၊ ကမ္မဘဝ၊ ဥပပတ္တိဘဝ၊ ဘဝလို့ ခေါ်ထားတာကိုး၊ အဲဒီတော့ အဲဒါတွေ ချုပ်ငြိမ်းသွားတာ နိဗ္ဗာန်ပဲ သဥပါဒိသေသနိဗ္ဗာန်, အနုပါဒိသေသနိဗ္ဗာန် လို့ နိဗ္ဗာန် နှစ်ခုရှိတယ်၊ ရှုထောင့်အားဖြင့် ပြောတာ နိဗ္ဗာန်ကို နှစ်ခုရှိတယ်။

မျက်မှောက်ပြုခြင်း

ကဲ ဒါဖြင့် နိဗ္ဗာန်ကို မျက်မှောက် ပြုပုံပြုနည်းက ဘယ်လိုလဲ၊ နိဗ္ဗာန်ကို ဘယ်လို မျက်မှောက်ပြုသလဲ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုချင်လို့ရှိရင် ဘာလုပ်ရမလဲဆိုတော့ သမထကျင့်စဉ် ကျင့်ပြီး ဝိပဿနာကူးတဲ့ ပုဂ္ဂိုလ်က တစ်လိုင်း၊ သမထကျင့်စဉ်ပြီးရင် ဝိပဿနာကိုသွားရမယ်၊ ဝိပဿနာကို တိုက်ရိုက်ကျင့်တဲ့ ပုဂ္ဂိုလ်က တစ်လိုင်း၊ သမထက စ,ချင်စ၊ သို့မဟုတ် ဝိပဿနာကို တိုက်ရိုက် စ,ချင် စ၊ နည်းနှစ်သွယ် ရှိတယ်ပေ့ါ။

သမထကျင့်စဉ်ကိုကျင့်၊ ကျင့်ပြီးရင် ထိုသမထကျင့်စဉ်ရဲ့ အရှိန်အဝါတွေကို ယူပြီးတော့ ထို သမထ ကျင့်စဉ်က ရလာတဲ့ သမထကျင့်စဉ်ထဲမှာဖြစ်တဲ့ ဈာန်တရား ထဲမှာပါတဲ့ တရားတွေကို ရှု၊ အနိစ္စ ဒုက္ခ အနတ္တရှု အဲဒါ ဝိပဿနာပဲ၊ ရူပြီးတဲ့ အခါကျတော့ ခုနက အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ သင်္ခါရအာရုံတွေ ချုပ်ဆုံးသွားတဲ့၊ သင်္ခါရတွေ ကင်းသွားတဲ့ ဝိသင်္ခါရ ဆိုတဲ့ နိဗ္ဗာန်ကို အာရုံပြုတယ်၊ နိဗ္ဗာန်ကို အာရုံပြုတဲ့အခါ ဆိုင်ရာ ဆိုင်ရာ ကိလေသာတွေကို မဂ်က ပယ်ပြီးသား ဖြစ်သွားတယ်၊ အဲဒီ လမ်းနဲ့သွား၊ နိဗ္ဗာန်ကို မျက်မှောက်ပြုချင်လို့ရှိရင် ဒီကျင့်စဉ်နဲ့ပဲ သွားရမယ်။

ကဲ ဆိုပါစို့ - ပုဂ္ဂိုလ်တစ်ယောက်က သမထကျင့်စဉ်ကနေ သွားကြည့်မယ်၊ ဘယ်လို သွားမတုန်း ဆိုတော့ ဈာန်ရအောင် (တစ်နေ့က ပြောခဲ့သလို) စိတ်ကို အာရုံနဲ့ လေ့ကျင့်မယ်၊ ဗုဒ္ဓါနုဿတိနဲ့ လေ့ကျင့်မလား၊ ထွက်လေဝင်လေနဲ့ လေ့ကျင့်မလား၊ ဘာနဲ့ပဲ လေ့ကျင့်လေ့ကျင့်၊ ကမ္မဋ္ဌာန်း အာရုံ တစ်ခုခုနဲ့ စိတ်ကိုလေ့ကျင့်လိုက်၊ လေ့ကျင့်လိုက်လို့ရှိရင် ထို အာရုံပေါ်မှာ စိတ်ဟာ တည်ငြိမ်သွားမယ်၊ သမာဓိတွေ ရသွားမယ်ပေါ့၊ အဲဒီလို သမာဓိ အရှိန်အဝါ ကောင်းသွားလို့ ဥပစာရသမာဓိ ဈန်နားကပ်သွားတဲ့ အချိန်မှာဖြစ်စေ၊ သို့မဟုတ် ဈာန်ရသွားပြီးတဲ့ နောက်မှာ ဖြစ်စေ၊ ထိုဈာန်ကနေ ထပြီးတဲ့အခါ ထိုဈာန်ထဲမှာ ပါလာတဲ့ ဝိတက်တို့ ဝိစာရတို့ ပီတိတို့ သုခတို့ ဧကဂ္ဂတာတို့ မိမိစိတ်ထဲမှာ ထင်ပေါ်ရာဖြစ်တဲ့ နာမ်တရားတွေရဲ့ သဘာဝကို ရှုတယ်။

နာမ်တရားတွေရဲ့ သဘာဝကို ရှုတယ် ဆိုတဲ့နေရာမှာ ဘာကို ရှုရမှာတုန်း ပထမဆုံး သဘာဝ လက္ခဏာကို အရင် ရှုရမယ်၊ တရားရှုတယ်ဆိုတာ သဘာဝ လက္ခဏာကနေ ကြည့်ရမယ်၊ ဥပမာမယ် ပထဝီကိုမြင်တယ်ဆိုတာ ပထဝီရဲ့ သဘာဝ လက္ခဏာက ဘာတုန်း ဆိုလို့ရှိရင် ထဒ္ဓလက္ခဏာ - ခက်မာတယ်၊ အတုံးအခဲဖြစ်တဲ့ သဘော၊ ပျော့ခြင်းသဘော မာခြင်းသဘော၊ အဲဒါ ပထဝီရဲ့ လက္ခဏာပဲ၊ ပူတယ် အေးတယ်ဆိုတာက တေဇောရဲ့ သဘော၊ လှုပ်ရှားတယ် တွန်းကန်တယ် ဆိုတာက ဝါယောရဲ့ သဘော၊ ဖွဲ့စည်းတယ် ယိုစီးတယ် ဆိုတဲ့သဘောက အာပေါရဲ့ သဘောပဲပေါ့။

အဲဒီ သဘာဝ လက္ခဏာတွေကို အရင်ကြည့်လို့ သဘာဝ လက္ခဏာမြင်ရင် သင်္ခါရတရားကို မြင်တယ်လို့ ဆိုင်ရာ ဆိုင်ရာ တရားကို သိတယ်လို့ ပြောတာ၊ နာမ်တရားကို ကြည့်မယ်ဆိုရင် “ဝိတက်သည် စိတ်ကို အာရုံသို့ တင်ပေးတဲ့ လက္ခဏာ ရှိတယ်၊ ဝိစာရက အာရုံပေါ်မှာ လှည့်လှည့် ပြီးတော့ နေတတ်တဲ့ သဘာဝ ရှိတယ်၊ ပီတိက အာရုံပေါ်မှာ နှစ်ခြိုက်ကျေနပ်တဲ့သဘော ရှိတယ်” အဲဒီ သဘာဝ လက္ခဏာ လေးတွေကို ရှုလိုက်ခြင်းသည်ပင်လျှင် အဲဒီ တရားကို တွေ့ရှိခြင်းပဲဖြစ်တယ်၊ အဲဒါ အစစ်အမှန်ကို တွေ့ရှိခြင်းပဲ။

မိမိသန္တာန်မှာ ဖြစ်နေတဲ့ တရားတွေကို အစစ်အမှန်ကို တွေ့ရှိသွားတယ်၊ အဲဒီလို တွေ့ရှိသွားတဲ့အခါ ဒီ သဘာဝတရားတွေရဲ့ အကြောင်းတွေကို ဆင်ခြင်စဉ်းစားတယ်၊ ဆိုင်ရာဆိုင်ရာ အကြောင်းတရား တွေကို တွေ့မြင်လာတယ်၊ အထူးသဖြင့် အနီးကပ်ဆုံး အကြောင်းလေးတွေကို တွေ့လာနိုင်တယ်။

ဆိုပါစို့ - ပေါ်လာတဲ့ စက္ခုဝိညာဏ် စိတ်ကလေးကို ရှုမှတ်တဲ့ အချိန်မှာ သို့မဟုတ် စက္ခုဒွါရ ဝီထိမှာ ဖြစ်တဲ့ စိတ်တွေကို ရှုမှတ်လိုက်မယ်ဆိုရင် ရှုပါရုံနဲ့ စက္ခုပသာဒရုပ်တို့ ဆုံလို့ ဖြစ်လာရတာလို့ ဆိုင်ရာဆိုင်ရာ အကြောင်းလေးတွေပါ သိလာရတယ်။

ဒိထက် ပိုထင်ရှားတာ ပြောမယ်ဆိုလို့ရှိရင် ဆိုပါစို့ - အာနာပါန ထွက်လေဝင်လေက နေပြီးတော့ ကြည့်လိုက်မယ်၊ ဝိပဿနာ ရှုနည်းကားနဲ့ ရှုမယ် ဆိုလို့ရှိရင် ထွက်လေဝင်လေကို သေချာအာရုံ စိုက်ပြီးတော့ လေ့လာကြည့်မယ် ဆိုရင် ရှုသွင်းလိုက်တဲ့ လေရယ်၊ မှုတ်ထုတ်လိုက်တဲ့ လေရယ် ဒိနှစ်ခု ရှိတယ်နော်၊ အဲဒီလေက ဘယ်နေရာမှာ ထိတုန်းဆိုရင် နှာသီးဖျားလေးမှာ ထိတယ်၊ ရှုသွင်းတဲ့ နေရာလည်း နှာသီးဖျားလေးမှာ ထိတယ်၊ ရှိုက်ထုတ်လိုက်ရင်လည်း နှာသီးဖျားလေးမှာ ထိတယ်၊ အဲဒီ ထိတဲ့ အချိန်လေးမှာ ကြည့်လိုက်လို့ရှိရင် အဲဒီလေလေးက တစ်ခု၊ လေထိတဲ့ နေရာလေးက တစ်ခု၊ ထိမှန်း သိလိုက်တာလေးက တစ်ခု၊ ဘယ်နှစ်ခုဖြစ်သွားလဲ၊ ၃-ခု ဖြစ်သွားတယ်၊ အနည်းဆုံး ၃-ခုရှိတယ်ဆိုတာ ကွဲကွဲပြားပြားသိဖို့။

အရင်တုန်းကသိတာ ဒီလိုသိတာ မဟုတ်ဘူး၊ အသက်ရှူနေတယ်လို့ပဲ လုံးပြောရင် ပြောမယ် ပေါ့နော်၊ ခုက အစိတ်လိုက် အစိတ်လိုက် သိသွားတာ၊ သင်္ခါရတရားတွေကို ကြည့်တဲ့အခါ လေလေးရဲ့ သဘောကလည်းပဲ လှုပ်ရှားနေတဲ့ သဘောလေးဆိုတာ သိတယ်၊ အဲဒီ လှုပ်ရှားတာလေးက လာထိတဲ့ အခါ ကာယပသာဒကလည်း အဲဒီလှုပ်ရှားမှု ဆိုတဲ့ ဖောဋ္ဌဗ္ဗအာရုံလေးကို ခံယူတဲ့ သဘောလေး သိလာတယ်၊ အဲဒီနှစ်ခု ဆုံမိလို့ ထိသိစိတ် ကလေး ပေါ်လာတာကိုလည်း သိလာတယ်။

တစ်ခုနဲ့တစ်ခု သဘာဝချင်း တူရဲ့လား၊ အေး - မတူတဲ့ သဘာဝလေး ၃-ခုကို ဖြစ်ခိုက်ဖြစ်ခိုက် ကလေးတွေမှာ မြင်လာပြီ ဆိုလို့ရှိရင် သြော် ဝါယောဓာတ်ဆိုတာ ဝါယော ဖောဋ္ဌဗ္ဗ အာရုံပဲ၊ အဲဒီ ဝါယောဖောဋ္ဌဗ္ဗ အာရုံဟာ ကာယပသာဒဆိုတဲ့ နှာသီးဖျားလေးကို လာထိလို့ ထိသိစိတ် ဆိုတာ ဖြစ်ရတာလို့ဆိုတော့ ထိသိစိတ် ကလေးက အကျိုးတရား၊ ဝါယောဖောဋ္ဌဗ္ဗာ အာရုံနဲ့ ကာယပသာဒက အကြောင်းတရားလို့ ဒီလို အကြောင်းနဲ့ အကျိုးကို သိလာတယ်။

အဲဒီလို ဝါယောဓာတ်လေးက ရုပ်တရား၊ ဝါယောဓာတ်လေးရဲ့ ထိရာဖြစ်တဲ့ နှာသီးဖျားလေးက ရုပ်တရား၊ အဲဒီနှစ်ခု ပေါင်းစပ်လို့ သိလာတဲ့ အသိလေးက ထိမှန်းသိတဲ့ အသိလေးက နာမ်တရား၊ ဒီလို ခွဲလိုက်လို့ရှိရင် ရုပ်နဲ့နာမ် ကွဲသွားတယ်၊ အရင်တုန်းကလို ငါလို့ပြောတာ မဟုတ်တော့ဘူး၊ ရှုတဲ့လေလေးရယ်၊ နှာသီးဖျား လေးရယ် သူ့နာမည်နဲ့သူ ဖြစ်သွားတယ်၊ ငါလို့ လုံးဝ မပြောတော့ဘူး အဲဒီကျတော့ သူ့သဘာဝ တရားလေးတွေ၊ သူ့ရဲ့ သဘာဝလက္ခဏာ လေးတွေကို တွေ့သွားတယ်၊ တွေ့သွားပြီးတဲ့ အခါကျတော့ ခုနက ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားလေး တွေပါ မြင်သွားတယ်၊ မြင်ပုံ မြင်နည်းကို ဒါအကျဉ်းချုပ် ပြောပြတာ၊ တခြားမှာလည်းပဲ ဒီလို မြင်ရမယ်ဆိုတာ မှတ်ရမယ်။

အဲဒီမှာ နာမရူပပရိစ္ဆေဒဉာဏ် ဆိုတာ အဲဒါကို ပြောတာ၊ ဒါက ရုပ်သဘောတရား၊ ဒါက နာမ်သဘောတရား လို့ ကွဲကွဲပြားပြား သိသွားတယ်၊ ဘယ်လိုကြောင့် ရုပ်, ဘယ်လိုကြောင့် နာမ်လို့ ခေါ်တုန်း ဆိုတော့ ထိတဲ့ လေလေးကလည်း ငါ့နှာခေါင်း ထိတာပါလားလို့ မသိဘူး၊ နှာခေါင်းကလည်း လေလေးက ငါ့ထိသွားတယ်ဆိုတာ မသိဘူး၊ သိတာက စိတ်က သိနေတာ၊ အဲဒီ ကတည်းက မသိတတ်တာက ရုပ်၊ သိတာက နာမ်ပေါ့ - ကွဲမသွားဘူးလား၊ အေး အဲဒီလို ကွဲသွားလို့ရှိရင် အလားတူတွေပဲ ကျန်တာတွေလည်း ဒီလိုကွဲဖို့ လိုတယ်ပေ့ါ၊ အဲဒီလို ရုပ်နဲ့နာမ်နဲ့ ကွဲသွားရင် နာမရူပပရိစ္ဆေဒဉာဏ်။

နာမရူပပရိစ္ဆေဒဉာဏ် ရပြီးတော့ ခုနက အကြောင်းတရားကိုပါ ထည့်သွင်း စဉ်းစားနိုင်လာလို့ မြင်လာလို့ရှိရင် ပစ္စယပရိဂ္ဂဟဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ် ရလိုက်တာနဲ့ တစ်ပြိုင်နက် ကင်္ခါဝိတရဏ ဝိသုဒ္ဓိ - သံသယတွေ ကင်းစင်သွားတယ် ဆိုတာ ဖြစ်တယ်၊ ဘယ်လို သံသယတွေတုန်း ဆိုရင် ငါဖြစ်ဦးမှာလား ဆိုတာလည်း မဖြစ်တော့ဘူး၊ မဖြစ်တော့ဘူးလား လို့လည်း ပြောစရာ မလိုတော့ဘူး၊ ဘာဖြစ်လို့တုန်းဆို ဒီအကြောင်း ဒါဖြစ်နေလို့ ဒါဖြစ်နေတာဆိုတာ မြင်သွားပြီလေ၊ လေလေးက နှာသီးဖျား ထိလို့ ထိသိစိတ်လေး ပေါ်နေတာဆိုတာ မြင်သွားသည့် အတွက်ကြောင့် ငါဖြစ်ဦးမလား မဖြစ်တော့ဘူးလားလို့ မေးစရာ အကြောင်း မရှိတော့ဘူး၊ လေလေးက နှာသီးဖျားထိရင် ထိသိ ပေါ်ဦးမှာပဲ၊ ဟုတ်ကဲ့လား၊ ဒါရှိလို့ ဒါရှိနေတာ ဆိုတာကို ထင်ထင်ရှားရှားကြီး သိသွားတယ်၊ ဒါရှိလို့ ဒါဖြစ်တယ်ဆိုတာ ဒီအကြောင်း ရှိလို့ ဒီအကျိုးရှိတယ်လို့ ပြောတာနော်၊ အဲဒီလိုမြင်သွားလို့ရှိရင် ဒါ ပစ္စယပရိဂ္ဂဟဉာဏ် မြင်ပုံလေးပေါ့။

အဲဒီကနေ တစ်ဆင့် တက်သွားတဲ့အခါ သိနေတဲ့ ဒီ သဘာဝ တရားလေးကိုပဲ ဆက်လက်ပြီးတော့ အသိဉာဏ်နဲ့ ပွတ်တိုက်ပြီးတော့ အာရုံကို စိတ်နဲ့ဆက်ပြီး လေ့ကျင့်လိုက်တဲ့အခါ မမြဲတဲ့ သဘောလေးတွေပါ မြင်လာတယ်၊ ထိလိုက်တဲ့ အခိုက်လေးနဲ့ ထိလိုက်ပြီးတဲ့မှ သိလိုက်တဲ့ အခိုက်ကလေး၊ သိလိုက်တဲ့ အခိုက်လေးပြီးရင် ပျောက်သွားတယ်၊ နောက်ထပ်တစ်ခါ ထိလိုက်တဲ့ အခိုက်ကလေး ပေါ်လာပြန်တယ်၊ ပေါ်လာပြီးရင် ပျောက်သွားပြန်တယ်၊ ထွက်သက်က တစ်ခါ ထိတယ်, သိလိုက်တယ်, ပျောက်သွားပြန်ပြီ၊ ဝင်သက်က တစ်ခါ ထိတယ်, သိလိုက်တယ်, ပျောက်သွားပြန်ပြီ၊ စုံတွဲ စုံတွဲ ပျက်ပျက် သွားတာတွေကိုပါ မြင်လာလို့ရှိရင် ဒါမမြဲတဲ့ အနိစ္စသဘောတရားဆိုတာ မြင်လာတယ်ပေါ့၊ အဲဒါကို အသိဉာဏ်နဲ့ သမာဓိစွမ်းအား သတိစွမ်းအား တွေနဲ့ ဆက်လက်ပြီး အလုပ်လုပ်တဲ့အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပျက်ကို မြင်လာတယ်၊ တခြားသင်္ခါရ တွေကိုလည်း အဲဒီလိုမြင်လာတယ်။

ဖြစ်ပျက်မြင်လာပြီ - ဖြစ်ပျက်မြင်လာတဲ့အခါ ဆက်ပြီးရှုတဲ့ အခါ နောက်ဆုံးမှာ ဖြစ်တာကိုတောင်မှ မကြည့်တော့ဘူး၊ ပျက်သွားတာတွေချည်းပဲ မြင်လာတယ်။ လျင်မြန်တဲ့အခါ အပျက်တွေချည်းပဲ မြင်လာတယ်၊ သင်္ခါရတရားတွေဟာ ပျက်တာ တွေချည်းပဲ ဆိုတော့ ဘာဖြစ်လာတုန်း၊ ကြောက်စရာ ကောင်းတယ်လို့ စိတ်ထဲမှာ ဖြစ်လာတယ်၊ အမြဲတမ်းချည်း အရှိန်အဟုန်နဲ့ ပျက်နေတာတွေမြင်တော့ ကြောက်စရာ ကောင်းတယ်လို့ မြင်လာတယ်၊ ကြောက်စရာ ကောင်းတယ်လို့ မြင်လာသည့် အတွက် ကြောင့် သင်္ခါရတရားတွေပေါ်မှာ စိတ်ပျက်လာတယ်၊ စိတ်ပျက်လာတော့ ဒီသင်္ခါရတရားတွေက လွတ်ချင်လာတယ်၊ လွတ်ချင်လာတော့ လွတ်ရာလွတ်ကြောင်း လမ်းစ လိုက်ရှာလာတယ်၊ လမ်းစရှာရင်း သြော် - သင်္ခါရတရားတွေ အပေါ်မှာ အရင်တုန်းကလို ချစ်ခင်ခဲ့တာတွေတို့၊ စိတ်ပျက် တာတွေတို့ ဒါတွေကနေ လွတ်သွားပြီးတော့ သူ့ရဲ့ သဘာဝ သက်သက်ကလေးကို ရှုနိုင်တဲ့ အသိဉာဏ်မျိုး နောက်ပေါ်လာတာ၊ အဲဒီ ပေါ်လာတာကျတော့ သင်္ခါရုပေက္ခာဉာဏ် လို့ခေါ်တယ်။

အသိဉာဏ် ရင့်သွားပြီ ဆိုလို့ရှိရင် ကြောက်စရာ ကောင်းတယ်လို့လည်း မတွေးတော့ဘူး၊ မုန်းစရာ ကောင်းတယ်လို့လည်း မတွေးတော့ဘူး၊ နှစ်သက်စရာ ကောင်းတယ်လို့လည်း မတွေးတော့ဘူး၊ ဒါ သူ့သဘာဝပဲလို့ သဘာအရှိကို သိနေတဲ့အဆင့် ရောက်သွားရင် သင်္ခါရုပေက္ခာဉာဏ်လို့ ခေါ်တယ်။

အဲဒီ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်လာပြီ ဆိုလို့ရှိရင် သင်္ခါရ အာရုံတွေပေါ်မှာ သူက သဘာဝတရား တွေရဲ့ ဖြစ်မှုပျက်မှုလေးတွေနဲ့ သွားနေတာ၊ သို့သော် သူက စိတ်အေးလက်အေး ထားပြီးတော့ သွားနိုင်တာ၊ သွားနိုင်လာလို့ ဆက်လက်ပြီးတော့ လေ့ကျင့်တဲ့အခါ သူ့အသိဉာဏ်က သိပ်ရင့်ကျက် လာတဲ့အခါ ထိုသင်္ခါရတရားတွေရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ အသင်္ခတ ဆိုတဲ့ နိဗ္ဗာန်ဘက်ကို ကူးတယ်။

အဲဒီမှာ ဘာတွေဖြစ်လာတုန်း ဆိုတော့ - နောက်ဆုံးအချိန်လေးမှာ သင်္ခါရုပေက္ခာဉာဏ် ရင့်သန် လာပြီဆို နောက်ဆုံး ဝိပဿနာဉာဏ်က ဘာလာတုန်း ဆိုရင် …
“ပရိကမ္မ” ဆိုတာ ပေါ်လာတယ် ပြုပြင်ပြင်ဆင်မှု၊
ပြီးတော့မှ “ဥပစာရ” ဆိုတာ ပေါ်လာတယ်၊ အနီးကပ်ဖြစ်မှု၊
နောက်ဆုံး “အနုလောမ” ဆိုတာ ‘လိုက်လျောစွာ ဖြစ်တဲ့ဉာဏ်’။
အဲဒီ ပရိကံ ဥပစာ အနုလုံ ဆိုတဲ့ ဒီဉာဏ် ၃-မျိုးကလည်းပဲ သင်္ခါရအာရုံတွေမှာပဲ အာရုံ နိမိတ်တွေနဲ့ပဲ ဖြစ်နေသေးတယ်။

ဂေါတြဘူ ဆိုတဲ့ စိတ်ကလေး ပေါ်လာလိုက်တာနဲ့ တစ်ပြိုင်နက် သင်္ခါရအာရုံတွေကို လက်လွှတ် လိုက်တယ်၊ သင်္ခါရ အာရုံတွေမှ လွတ်သွားပြီး သင်္ခါရမရှိတဲ့ အာရုံတစ်ခုကို မြင်လာတယ်၊ ပြုပြင်ရတဲ့ သဘာဝတရားတွေနဲ့ အမြဲတမ်းနေလာပြီး ပြုပြင်နေရတဲ့ သဘာဝတရားတွေ ပျောက်ကွယ်သွားတဲ့ အဆင့်ကို သူက မြင်လာတယ်။ မြင်လာပြီးတော့ဟိုဘက်ကို ကူးလိုက်တာက မဂ်စိတ်ကလေး၊ အဲဒီပေါ်လာတဲ့ မဂ်စိတ်လေးက နိဗ္ဗာန်ကို အာရုံပြုပြီးတော့ ပေါ်လာတာ။

ဝိသုဒ္ဓိမဂ်မှာ ပြထားတဲ့ ဥပမာလေးတစ်ခုက ရေမြောင်းလေးတစ်ခုရဲ့ ဟိုဘက်ကို ခုန်ကူးချင်တဲ့သူဟာ ဒီဘက်ကမ်းမှာရှိတဲ့ သစ်ပင်ကို ကြိုးလေး ချည်ထားတယ်၊ သစ်ကိုင်းကို ကြိုးလေးနဲ့ ချည်ထားပြီး အဲဒီကြိုးလေးကို တွဲလောင်းခိုပြီးတော့ ဒီဘက်ကမ်းက ဟိုဘက်ကမ်းကို ခုန်တာ၊ ကြိုးဆွဲပြီးတော့ ဟိုဘက်ကမ်းကို ခုန်တာ၊ ဟိုဘက်ကမ်းလည်း အခြေချမိရော ကြိုးကို ကိုင်ထားသေးလား၊ လွှတ်လိုက်တာ။ ကိုင်ထားရင် ဒီဘက် ပြန်ရောက်လာမှာ ပေါ့နော်။

ကြိုးကိုလွှတ်လိုက်တယ် ဆိုတာ သင်္ခါရအာရုံကို စိတ်က မတွယ်တော့ဘူး လွှတ်ပစ်လိုက်တယ်၊ သင်္ခါရ မရှိတဲ့ အာရုံကို ဆွဲကိုင်လိုက်တယ်။ အဲဒီအာရုံက ဘာတုန်းဆိုတော့ နိဗ္ဗာန်ပဲတဲ့၊ ဒီလိုဆိုလိုတယ်၊ အကယ်၍သာ သင်္ခါရအာရုံပေါ်မှာ ဆက်မြဲနေမယ်ဆိုရင် “ထိုနည်း၎င်း ထိုနည်း၎င်း” ဆိုတဲ့အတိုင်းပဲ နေမှာပဲနော်။ ဒီဘက်ပဲ ဆက်ဖြစ်နေမှာ၊ သင်္ခါရအာရုံကို လွှတ်လိုက်တယ်။

ဒါကြောင့်မို့ အာရုံတွေ ချုပ်ငြိမ်းသွားတာ၊ သင်္ခါရတွေ မရှိတဲ့ အာရုံ၊ သင်္ခါရ ကင်းတဲ့ အာရုံ၊ သင်္ခါရတွေ ဆိတ်သုဉ်းသွားတဲ့ အာရုံကို အာရုံပြုပြီးတော့ သောတာပတ္တိမဂ် စိတ်လေး ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် သံသယနဲ့ အမြင်မှားမှုဆိုတဲ့ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ကွာသွားတယ်၊ ကျန်တဲ့ ကိလေသာ တွေလည်း အားနည်း သွားတယ်။

အဲဒီကနေ ဝိပဿနာဉာဏ်ကို တိုးမြှင့်လိုက်တဲ့ အခါကျတော့ သကဒါဂါမိမဂ် ဆိုတာ ပေါ်လာတယ်၊ နောက်တစ်ခါ တိုးမြှင့်ပြီးတော့ ထပ်ကျင့်လိုက်တဲ့အခါ ကျင့်တာတော့ ဒီအတိုင်းပဲ ဒီလမ်းစဉ်ကပဲ သူထ ထပ်မြှင့်တာ၊ အရည်အသွေးတွေ ထပ်ထပ်မြှင့်တာ တစ်ခါနဲ့ တစ်ခါ မတူဘူး၊ တစ်ကြိမ်နဲ့ တစ်ကြိမ် မတူဘူး၊ Physical exercise လုပ်သလိုပဲ၊ Mental exercise ကတော့ တစ်ကြိမ်နဲ့ တစ်ကြိမ် မတူဘူး၊ တိုးမြှင့်လာတော့ အရည်အသွေးမြင့်လာတဲ့အခါ အနာဂါမိမဂ် ပေါ်လာတဲ့အခါ ကာမရာဂတို့ ဗျာပါဒတို့ ဆိုတာတွေ လုံးဝ ရှင်းသွားတယ်၊ နောက် စတုတ္ထအကြိမ် ဝိပဿနာဉာဏ် တိုးမြှင့်ပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်တဲ့အခါကျတော့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ အရဟတ္တမဂ်စိတ် ဆိုတာ ပေါ်လာပြီးတော့ ကိလေသာတွေ အားလုံး ကုန်သွားတယ်။

မဂ်လေးကြိမ်နဲ့ ကိလေသာတွေ ရှင်းပစ်ရတယ်လို့ ဒီလို ဆိုလိုတယ်၊ မဂ်လေးကြိမ်နဲ့ ရှင်းပစ်လိုက်တော့ ကမ်းပေါ် ရောက်ရောက်ချင်းလေးမှာ လူက ရုတ်တရက်တော့ ငြိမ်ငြိမ်ရပ်လို့ ရရဲ့လား၊ ခုန်ပြီးတဲ့ အချိန်မှာ ကမ်းပေါ်ရောက်ရင် နဲနဲတော့ ယိမ်းထိုးသွားမှာပေါ့၊ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီးတော့ သွားမှာပေါ့၊ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီးတော့ နောက်တော့ ကိုယ့်ကိုကိုယ် ထိန်းနိုင်သွားပြီးရင် ဖိုလ်စိတ်ဖြစ်သွားတဲ့ အချိန် ရောက်ပြီ၊ အဲဒီလို နိဗ္ဗာန်ဆိုတဲ့ တစ်ဖက်ကမ်းပေါ်မှာ တည်သွားတယ်လို့ ဒီလို ဆိုလိုတယ်။

အဲဒီတော့ သူက အဲဒီကမ်းပေါ်ကနေ ငါဘယ်လို ကူးခဲ့တာ ဆိုတာရော သူမသိဘူလား၊ အဲဒါ သိသလိုပဲ သောတာပန်ဖြစ်သွားတဲ့ ပုဂ္ဂိုလ်ဟာ ငါဘယ်လိုနည်းနဲ့ ဒီဘက်ကို ရောက်လာသလဲဆိုတာ သိတာပေါ့။ သောတာပန်ဖြစ်ရင် သောတာပန်က ကိုယ့်ဟာကိုယ် သိတာပေါ့၊ ဒီလို ကူးလာတယ် ဆိုတာ သိတယ်၊ သကဒါဂါမ်ဖြစ်ရင်လည်း သကဒါဂါမ်က ကိုယ့်ဟာကိုယ် သိတယ်၊ အနာဂါမ်ဖြစ် ရင်လည်း အနာဂါမ်က ကိုယ့်ဟာကိုယ် သိတယ်။

ဒါက နိဗ္ဗာန်ကို ဘယ်လို မျက်မှောက်ပြုတယ် ဆိုတာကို စာပေကျမ်းဂန်မျာ ရေးထားတဲ့အတိုင်း ပြောပြတာနော်၊ ကိုယ်တိုင်သိဖို့ကျတော့ ဒီလမ်းစဉ်အတိုင်း ကိုယ်တိုင်ကျင့်မှ၊ ဒါက ရောက်ဖူးတဲ့ ပုဂ္ဂိုလ်တွေက ပြောထားတာ၊ မြတ်စွာဘုရား ဟောထားတဲ့ တရားတော်အတိုင်းပဲ။

အင်္ဂုတ္ထိုရ်ပါဠိတော်မှာလည်း မြတ်စွာဘုရားက ဈာန်တရားက နေပြီးတော့ ဝိပဿနာကူးပုံကို ဟောထားတယ်။ ဈာန်တရား အားထုတ်လို့ ပထမဈာန်ရတယ်၊ ပထမဈာန်ကထပြီး ပထမဈာန်ထဲပါတဲ့ ဝိတက် ဝိစာရ စတဲ့ တရားတွေကို ရှုမှတ်ရင်း ထို မမြဲတဲ့ သဘောတွေကိုမြင်ပြီး နောက်ဆုံးတော့ မမြဲတဲ့သဘောတွေ မြင်လို့ အရှိန်ရလာတဲ့ အခါကျတော့ အစဉ်ထာဝရ အေးငြိမ်းတဲ့ နိဗ္ဗာန်ဓာတ်ကို တွေ့သွားတယ်၊ တွေ့သွားတဲ့ အချိန်မှာ မမြဲတဲ့သဘောတွေ ဆိုတာကို မကြည့်တော့ဘူး၊ လွှတ်လိုက်ပြီ၊ ခုနက ကြိုးစကို လွှတ်လိုက်သလိုပဲ၊ သင်္ခါရ အာရုံတွေကို လွှတ်လိုက်တယ်၊ အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ ဒီ အာရုံတွေကို လွှတ်လိုက်ပြီးတော့ နိဗ္ဗာန်ဆိုတဲ့ အာရုံကို မျက်မှောက်ပြုလိုက် နိုင်တယ်တဲ့။

နိဗ္ဗာန်ကို မျက်မှောက်ပြုတယ် ဆိုတာ အဲဒီလို မျက်မှောက်ပြုတာ၊ တခြားနည်းနဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရဘူးတဲ့၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ပဲ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်တယ်တဲ့။

ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ အလွန်လိုလားတဲ့ နိဗ္ဗာန်ချမ်းသာဆိုတာ အဲဒီလိုနည်းနဲ့ မျက်မှောက်ပြုလိုက်လို့ ရသွားတာ။ နိဗ္ဗာန်ချမ်းသာကို အရဟတ္တမဂ် အရဟတ္တဖိုလ်နဲ့ မျက်မှောက် ပြုနိုင်လို့ ရှိရင် ကိုယ့်သန္တာန်မှာဖြစ်တဲ့ စိတ်ထဲမှာ ဖြစ်နိုင်တဲ့ စိတ်ရဲ့အပူအပင် အကြောင့်အကျဖြစ်တဲ့ ကိလေသာတွေ ဆိုတာ လုံးဝ မရှိတော့ဘူး၊ ကိလေသာ မရှိသည့်အတွက်ကြောင့် နောက်ထပ်ပူစရာ မရှိတော့ဘူး၊ အတွင်းက ရှင်းသွားပြီ၊ အပြင်က အရာတွေကိုလည်း ရှင်းရှင်းကြီး မြင်နေပြီ၊ အတွင်းရှင်းနေသည့် အတွက်ကြောင့် လောဘ ဒေါသ မောဟ ဆိုတဲ့ အပူတွေ မလာဘူး၊ ထာဝရ ငြိမ်းချမ်းသွားပြီ။

အဲဒီတော့ ငြိမ်းချမ်းသွားပြီဆိုရင် လောကဓံတရားတွေနဲ့ ဘယ်လိုကြုံကြုံ တုန်လှုပ်တော့မှာ မဟုတ်ဘူး၊ “ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ”၊ အတွင်းစိတ်ဟာ တုန်လှုပ်မှု မရှိတော့ဘူး၊ အတွင်းစိတ်က တုန်လှုပ်နေတာ ဘယ်သူ့ကြောင့် တုန်လှုပ်တာတုန်း ဆိုရင် လောဘ ဒေါသ မောဟကြောင့် တုန်လှုပ်တာ၊ လောဘ ဒေါသ မောဟ မရှိသည့် အတွက်ကြောင့် တုန်လှုပ်မှု မရှိတော့ဘူး၊ မရှိသည့်အတွက်ကြောင့် …
‘အသောက’ စိုးရိမ်တယ်တို့၊ ပူပန်တယ်တို့ဆိုတာ မရှိတော့ဘူး၊
‘ဝိရဇ’ စိတ်ထဲမှာ အညစ်အကြေးတွေဆိုတာ မရှိတော့ဘူး၊
‘ခေမ’ စိတ်ဟာ တကယ့်ကို ငြိမ်းချမ်းသွားတယ်၊
‘အသောကံ ဝိရဇံ ခေမံ ဧတံ မင်္ဂလ မုတ္တမံ’ ဒါမှ တကယ့် မင်္ဂလာအစစ် ဖြစ်သွားပြီလို့ ဒီလို ပြောတာနော်။

နောက်ဆုံးမှာ မင်္ဂလာမှာ ‘နိဗ္ဗန သစ္ဆိကိရိယာစ၊ ဧတံ မင်္ဂလ မုတ္တမံ’ နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်လို့၊ အဲဒီ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုက်ပြီ ဆိုလို့ရှိရင် ကိလေသာ အပူတွေ အကုန်လုံး ငြိမ်းသွားပြီးတော့ ခန္ဓာကိုယ်မှာ ထာဝရငြိမ်းချမ်းတဲ့၊ အေးချမ်းတဲ့ နိဗ္ဗာန်ဆိုတဲ့ ချမ်းသာသုခကို တွေ့ရှိခံစားရမှာဖြစ်တယ်၊ အဲဒီ နိဗ္ဗာန်ဆိုတဲ့ ချမ်းသာသုခကို တွေ့ရှိခံစားရမှာဖြစ်တယ်၊ အဲဒီ နိဗ္ဗာန်ဆိုတဲ့ ချမ်းသာဟာ ချမ်းသာလို့ ပြောပေမယ့်လို့ ကာမဂုဏ် အာရုံတွေ ခံစားရတဲ့ ချမ်းသာမျိုးနဲ့ မတူဘူး၊ ကာမဂုဏ်အာရုံ ချမ်းသာ ခံစားရမှုဟာ တည်ငြိမ်မှုမရှိဘူးတဲ့၊ အဲဒီတော့ အနုပါဒိသေနိဗ္ဗာန် လို့ဆိုတဲ့အခါကျတော့ ခုနက ရုပ်နာမ်ခန္ဓာတွေ ဘာမှမရှိတော့တဲ့ ငြိမ်းသွားတဲ့ အငြိမ်းဓာတ်၊ အဲဒီ နိဗ္ဗာန် ချမ်းသာတယ်ဆိုတာ ခံစားမှု မရှိလို့ ချမ်းသာတာနော်။

တစ်ခါတုန်းက ရှင်သာရိပုတ္တရာ တရားဟောရင်း “ငါ့ရှင်တို့ နိဗ္ဗာန်ဆိုတာ အလွန်ချမ်းသာတယ် အလွန်ချမ်းသာတယ်” နဲ့ ပြောတယ်၊ ပြောတဲ့အခါကျတော့ ဥဒါယီမထေရ်က “အရှင်ဘုရား နိဗ္ဗာန်မှာ ခံစားမှု ဝေဒနာ မရှိဘူး မဟုတ်လားတဲ့၊ ဘယ်လိုလုပ် ချမ်းသာမှာတုန်း” လို့ ပြောတယ်။ သူက ဝေဒနာနဲ့ ခံစားတာကိုသာ ချမ်းသာလို့ သိတာကိုး၊ အဲဒီတော့ ရှင်သာရိပုတ္တရာ ပြန်ဖြေတဲ့ စကားလေးက “အေး အဲဒီ ဝေဒနာ မရှိတာသည်ပင်လျှင် ချမ်းသာတာပေါ့”၊ ချမ်းသာတယ်ဆိုတာ အဲဒီ ဝေဒနာမရှိတဲ့ ချမ်းသာပဲ။

ဒါ့ကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် နိဗ္ဗာန်ရဲ့ ဂုဏ်ရည်တွေ မှန်းဆပြီးတော့ အနုမာန လို့ခေါ်တဲ့ စာပေမှာ လာတဲ့အတိုင်း မှန်းဆပြီတော့ သိတဲ့ အသိဉာဏ်၊ အဲဒီ အနုမာနဉာဏ်က နေပြီးတော့ နောက် ပဋိဝေဓ ဆိုတဲ့ ကိုယ်တိုင် ထိုးထွင်းပြီးတော့ သိနိုင်တဲ့ အသိဉာဏ်မျိုး ရအောင် ကိုယ်စီကိုယ်ငှ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြ ပါစေကုန်သတည်း။

အဘိဓမ္မာ မြတ်ဒေသနာ (ဒုတိယတွဲ) ပြီး၏။

အရှင် နန္ဒမာလာဘိဝံသ (Ph.D)

97rc4qolgeflt0ng97o7zjkltmfz3bf
ပဋ္ဌာန်းမြတ်ဒေသနာ
0
6055
22117
22075
2026-06-15T03:19:01Z
Tejinda
173
22117
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = ပဋ္ဌာန်းမြတ်ဒေသနာ
| previous = [[အဘိဓမ္မာ မြတ်ဒေသနာ-ဒု]]
| previous2 =
| next = [[မိဘနှင့်သားသမီးအကြား မှန်ကန်သောအမြင်များ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ပဋ္ဌာန်းမြတ်ဒေသနာ

▬▬ஜ۩۞۩ஜ▬▬

အရှင်နန္ဒမာလာဘိဝံသ (Ph.D)

မာတိကာ

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁)

ပဋ္ဌာန အဓိပ္ပါယ်
၂၄-ပစ္စည်း
၄-ပစ္စည်းနှင့် ချုံးခြင်း
၂-ပစ္စည်းနှင့် ချုံးခြင်း
ဟေတုပစ္စယ

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၂)

လောဘဟေတု
ဒေါသ ဟေတု
မောဟ ဟေတု
အလောဘ ဟေတု
အဒေါသ ဟေတု
အမောဟ ဟေတု
အာရမ္မဏပစ္စယော

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၃)

အာရမ္မဏပစ္စယော
နိဗ္ဗာန်အာရုံကို သိတဲ့စိတ်

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၄)

ဆန္ဒာဓိပတိ
ဝီရိယာဓိပတိ
စိတ္တာဓိပတိ
ဝီမံသာဓိပတိ
အာရမ္မဏာဓိပတိ

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၅)

အနန္တရပစ္စယော၊ သမနန္တရပစ္စယော
စိတ်စွမ်းအား
သဟဇာတပစ္စယော
အညမညပစ္စယော
နိဿယပစ္စယော
ဥပနိဿယပစ္စယော
အာရမ္မဏူပနိဿယ
အနန္တရူပနိဿယ
ပကတူပနိဿယ
ကုသိုလ်က အကုသိုလ်ကို ဖြစ်စေပုံ
ကရုဏာဒေါသ
အကုသိုလ်က အကုသိုလ်ကို ဖြစ်စေပုံ

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၆)

ပုရေဇာတပစ္စယော
ဝတ္ထုပုရေဇာတ
အာရမ္မဏပုရေဇာတ

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၇)

ပုရေဇာတပစ္စယော (အဆက်)
မနောဓာတ်နှင့် အာရုံ
မနောဓာတ်နှင့် မှီရာဝတ္ထု
ဟဒယဝတ္ထု၏ တည်ရှိရာ

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၈)

ပစ္ဆာဇာတပစ္စယော

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၉)

အာသေဝနပစ္စယော
ဝိပါက်စိတ်တွေ ဇောကိစ္စ မတပ်
ကုသိုလ်ဖြစ်ကြောင်းတရား ၄-ပါး

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁ဝ)

ကမ္မပစ္စယော
စေတနာ ၂-မျိုး
သဟဇာတကမ္မ
နာနာက္ခဏိကကမ္မ
အကုသလကမ္မ
ဣဋ္ဌာရုံ အနိဋ္ဌာရုံ သတ်မှတ်ချက်
အခုလုပ် အခုအကျိုးမပေး
ကုသလကမ္မ
ကံကိုပယ်တဲ့ကံ

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၁)

ဝိပါကပစ္စယော
ပဉှာဝါရအဆို

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၂)

အာဟာရပစ္စယော
ရုပ်အာဟာရ ဩဇရုပ်ဆိုတာ
နာမ်အာဟာရ
ပုတ္တမံသူပသုတ်
ဖဿသည် အာဟာရ
စေတနာ အာဟာရ
ဝိညာဏ အာဟာရ

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၃)

ဣန္ဒြိယပစ္စယော
ဣန္ဒြိယပစ္စည်း ၃-မျိုး
ပုရေဇာတိန္ဒြိယ
ရူပဇီဝိတိန္ဒြိယပစ္စည်း
အရူပတိန္ဒြိယပစ္စည်း
နာမဇီဝိတိန္ဒြိယပစ္စည်း
မနိန္ဒြိယ
ဝေဒနိန္ဒြိယ
သဒ္ဓိန္ဒြိယ စသည်

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၄)

ဈာနပစ္စယော
ဝိတက္က
ဝိစာရ
ပီတိ
သုခ ဧကဂ္ဂတာ
အာနာပါနနဲ့ သမထ
ပထမဈာန်
ဒုတိယဈာန်
တတိယဈာန်
စတုတ္ထဈာန်
ပဉ္စမဈာန်
သမထဈာန်နှင့် သာမန်ဈာန

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၅)

မဂ္ဂပစ္စယော
မဂ္ဂင် ၁၂-ပါး
မဂ္ဂင်တရားကိုယ် ၉-ပါး

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၆)

သမ္ပယုတ္တပစ္စယော

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၇)

ဝိပ္ပယုတ္တပစ္စယော
စိတ်နဲ့အာရုံ ဝိပ္ပယုတ်ဖြစ်သော်လည်း မဟော

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၈)

အတ္ထိပစ္စယော
၂၄-ပစ္စည်းကို ချုံ့လိုက်ရင်
အတ္ထိပစ္စည်း ၅-မျိုး
အတ္ထိပစ္စည်း ၇-ပိုင်း
အတ္ထိပစ္စယော၊ ဝိဂတပစ္စယော

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁)

သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ တပို့တွဲ လပြည့်ကျော် ၁၁-ရက်၊ (၂၀-၂-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း၊ မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်း ဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။

“ပဋ္ဌာန်းမြတ်ဒေသနာ” တရားခေါင်းစဉ်နဲ့ ဘုန်းကြီးတို့ ဒီဓမ္မာရုံကြီးမှာ ၅-ရက် တိတိ ဟောကြားမှာ ဖြစ်ပါတယ်၊ ဒီကနေ့ အပိုင်း-၁, နောက်ရက်များမှာ အပိုင်း-၂, အပိုင်း-၃ စသည်ဖြင့် ပဋ္ဌာန်း၂၄-ပစ္စည်း တစ်ခုစီ တစ်ခုစီ ရှင်းပြမယ်။ ဘဝနဲ့ ဘယ်လိုဆက်စပ်ယူရမယ်ဆိုတာကို သိရှိနားလည်အောင် applied လုပ်တဲ့ နည်းနဲ့ ဟောကြားမှာဖြစ်ပါတယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ အင်မတန်ကျယ်ဝန်းလှတဲ့ ပဋ္ဌာန်း တရားတော်ကြီးကို ဆင်ခြင် သုံးသပ်တော်မူတယ်၊ ထိုအခါ ခန္ဓာကိုယ်တော်က ရောင်ခြည်တော် ၆-သွယ် ကွန့်မြူးထွက်ပေါ်လာတယ်၊ ဒါကို ဗုဒ္ဓသာသာဝင် သူတော်စင်အားလုံးတို့ ကြားဖူးနားဝ ရှိပြီးသားဖြစ်တယ်။

ဘာဖြစ်လို့ ခန္ဓာကိုယ်က ရောင်ခြည်တော်တွေ ထွက်ပေါ်လာရသလဲဆိုရင် ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်ကြီးက အင်မတန်အစွမ်းထက်တယ်၊ သိချင်တာမှန်သမျှကို သိနိုင်စွမ်း ရှိတယ်၊ ပဋ္ဌာန်းကျမ်းကြီးကလည်း ထိုဉာဏ်တော်ကြီး ကျက်စားလို့ ရအောင် အကန့်အသတ်မရှိ ကျယ်ဝန်းတယ်၊

မြတ်စွာဘုရားရဲ့ဉာဏ်တော် ကြီးသလောက် ပဋ္ဌာန်းကျမ်းကြီးက ကျယ်ဝန်းသည့် အတွက် မြတ်စွာဘုရားရဲ့ ဉာဏ်တော်ဟာ ပဋ္ဌာန်းကျမ်းကြီးမှာ အလွန်မွေ့လျော် နှစ်ချိုက်ပြီး ပီတိစိတ်တွေ တဖွားဖွား ဖြစ်ပေါ်စေတယ်၊ ထိုပီတိနဲ့ ယှဉ်သော စိတ်တွေဟာ ရှင်တော်ဘုရားရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ သွေးတော် သားတော်တွေကို ဖြူစင်ဝင်းလက်စေတယ်၊ ခန္ဓာကိုယ်က ရောင်ခြည်တွေ တဖိတ်ဖိတ်တောက်ပြီး ထွက်ပေါ်လာတယ်။

ဆိုလိုတာကတော့ “စိတ္တဇအဆင်းရောင်” Mind-born color ပေါ့နော်၊ စိတ်ကြောင့် ဖြစ်ပေါ်လာတာ၊ သာမန်ပုဂ္ဂိုလ်တွေမှာလည်း ရှိတတ်တယ်လေ၊ ပီတိဖြစ်နေတဲ့အချိန် အသားအရောင်နဲ့ ဒေါသဖြစ်နေတဲ့အချိန် အသားအရောင် မတူဘူး၊ အရောင် တလက်လက် မထွက်သော်လည်းဘဲ ဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့ အသားအရောင်ဟာ အရုပ်ဆိုးပြီး ပီတိဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့ အသားအရောင်ဟာ ဝင်းလက်နေတယ်။

မြတ်စွာဘုရားရဲ့ စိတ်တော်ကျတော့ အလွန်သန့်ရှင်း စင်ကြယ်သည့်အတွက် ခန္ဓာကိုယ်မှာရှိတဲ့ စိတ္တဇရုပ်တွေဟာ အလွန်တောက်ပြောင်လာတယ်၊ စိတ္တဇရုပ်တွေ ရဲ့အစွမ်းကြောင့် ကမ္မဇရုပ် ဥတုဇရုပ်တွေဟာလည်း တောက်ပြောင်လာတယ်၊ ခန္ဓာ ကိုယ်မှာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာတွေ အညစ်အကြေးကင်းတယ်၊ အရောင်တလက်လက် ဝင်းပြောင်လာတယ်၊ ဒါကြောင့်မို့ ခန္ဓာကိုယ်တော်က အသားတော်အသွေးတော်က စပြီး သက်ဆိုင်ရာ ပင်ကိုယ်ရှိတဲ့အရောင်တွေက တဖိတ်ဖိတ်တောက်လို့ ရောင်ခြည် တော် ၆-သွယ်ဆိုတာ ဖြစ်လာတယ်။

အားလုံးသိကြတဲ့အတိုင်းပဲ ရောင်ခြည်တော် ၆-သွယ်ဆိုတာ “နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ၊ မဉ္ဇိဋ္ဌ၊ ပဘဿရ” တဲ့၊ မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အညိုရောင် အဆင်း ဆံပင်တို့ မျက်လုံးတို့ မျက်ခုံးမွှေးတို့ စသည်ဖြင့် အဲဒီမှာရှိတဲ့ အနက်ရောင် အညိုရောင်တွေက တဖိတ်ဖိတ် တောက်လာပြီး ညိုသော ရောင်ခြည် တော်တွေ ဖြစ်လာတယ်။

နောက် မြတ်စွာဘုရားရဲ့ အသားအရေက ရွှေရောင်လို ဝါဝင်းနေတဲ့ အဆင်း ရှိတယ်၊ ရွှေရောင်တဖိတ်ဖိတ် တောက်လာတဲ့အတွက် ဝါသော ရောင်ခြည်တော်၊ သွားတော် တို့က ဖြူသောရောင်ခြည်တော်တွေ ထွက်လာတယ်၊ သွေးတော်၊ နှုတ်ခမ်းတော်၊ လက်ဖဝါး ခြေဖဝါးတော်တို့က နီသောရောင်ခြည်တော်တွေ ထွက်ပေါ်လာတယ်။

“နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ”ဆိုတဲ့ ဒီအရောင်တွေမှာ တစ်ခုနဲ့ တစ်ခု အနီနဲ့အဖြူ ရောစပ်လိုက်တဲ့အခါ ပန်းရောင်ဖြစ်လာတယ်၊ အဲဒါကိုပဲ “မဉ္ဇိဋ္ဌ”လို့ ခေါ်တယ်၊ မောင်းသောရောင်ခြည်တော် လို့ မြန်မာပြန်တဲ့ ရောင်ခြည်တော်တစ်မျိုး ထွက်လာတယ်၊ အဲဒီ ရောင်ခြည်တော် ၅-မျိုး ရောယှက် ထွက်လာတဲ့အခါ “ပဘဿရ” လို့ ပြိုးပြိုးပြက်ပြက် ထွက်လာတယ်။

ဒီပဋ္ဌာန်းတရားတော်ကြီးကို ဆင်ခြင်လိုက်တဲ့အခါမှ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ဟာ အင်မတန်မှ စွမ်းရည်တွေ ထက်မြက်တောက်ပလာတယ်၊ ပဋ္ဌာန်းတရားတော်ကြီး ကလည်း အင်မတန်မှ ကျယ်ဝန်းတယ်၊ “အနန္တနယ” လို့ ဆိုတဲ့အတိုင်းပဲ မဆုံးနိုင် လောက်အောင် ကျယ်ဝန်းတဲ့ နည်းလမ်းတွေနဲ့ ဉာဏ်ကျက်စားချင် သလောက် ကျက်စားလို့ရတယ်၊

“ယာဝတကံ ဉေယျံ၊ တာဝတကံ ဉာဏံ” “သိစရာတွေ အတိုင်းအတာရှိသလောက် သိတဲ့ဉာဏ်တော်ကြီးကလည်း လိုက်ပြီး သိနေတယ်” တဲ့၊ “ယာဝတကံ ဉေယျံ၊ တာဝတကံ ဉာဏံ” လို့ ဆိုတယ်။

ဘုန်းကြီးတို့ တတွေမှာတော့ သိစရာတွေက များပြီး သိတဲ့ ဉာဏ်အားက နည်းနေတယ်၊ မြတ်စွာဘုရားကျတော့ သိစရာတွေများသလောက် ဉာဏ်တော်ကြီးက အကုန်လိုက်ပြီး သိနိုင်တယ်တဲ့၊ လောကမှာ သိစရာများတာတော့ မှန်တယ်၊ သို့သော် သိနိုင်တဲ့ဉာဏ်စွမ်းအားနဲ့ သိဖို့ဆိုတာကတော့ လူတိုင်းမရနိုင်ဘူး၊

မြတ်စွာ ဘုရားကိုယ်တော်မြတ်ကြီးကတော့ -
ယာဝတကံ ဉေယျံ - သိစရာတွေ များသလောက်၊
တာဝတကံ ဉာဏံ - ဉာဏ်တော်ကြီးက လိုက်ပြီးတော့ သိတယ်တဲ့။

ပဋ္ဌာန်းတရားတော်ကြီးကို ဆင်ခြင်လိုက်တဲ့အခါကျတော့ ဉာဏ်တော်ကြီးနဲ့ သိစရာ အာရုံတွေဟာ အံဝင်ဂွင်ကျဖြစ်လို့ အဋ္ဌကထာဆရာကြီးတွေက ဥပမာပြထားတယ်၊ အင်မတန်ကြီးမားတဲ့ ဝေလငါးကြီးတွေဟာ မြစ်ချောင်းအင်းအိုင်တွေထဲမှာဆိုရင် မလူးသာမလွန့်သာ ကုန်းပေါ်တင်ကုန်မှာပေါ့၊ ပင်လယ်နက်ကြီးထဲ ရောက်ရင် တော့ဖြင့် ဝေလငါးကြီးတွေဟာ ဂျွမ်းထိုးပြီး ကူးချင်တိုင်းကူး၊ ပင်လယ်ကြီးက အလွန်ကျယ်သည့်အတွက်ကြောင့် လူးလွန့်ပြီးတော့ ကျက်စားနိုင်တယ်တဲ့။

အဲဒါမျိုးလိုပဲ မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးဟာ ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင် သုံးသပ် လိုက်တဲ့အခါမှာ ပဋ္ဌာန်းကျမ်းကြီးကလည်း ကျယ်, ဉာဏ်တော်ကြီးကလည်း ကြီး၊ အံဝင်ဂွင်ကျဖြစ်ပြီး ပီတိတွေ ဖြစ်လာတယ်၊ ဖြစ်လာတဲ့ ပီတိစိတ် စွမ်းအားက ထုတ်လုပ်လိုက်တဲ့ရုပ်ဟာ အလွန်သန့်ရှင်းစင်ကြယ်ပြီး ခန္ဓာကိုယ်က တဖိတ်ဖိတ်နဲ့ ရောင်ခြည်တော်တွေ ထွက်လာတယ်လို့ ဒီလိုဆိုတယ်။

အဘိဓမ္မာ ၇-ကျမ်းကို ဆင်ခြင်သုံးသပ်တဲ့ “ရတနဃရသတ္တာဟ” အချိန် ရတနာစံ ကျောင်းတော်မှာနေထိုင်ရင်း အဘိဓမ္မာတရားကို ဆင်ခြင်သုံးသပ်တော် မူတယ်၊ ၇-ဝါမြောက်တဲ့အခါ အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူတယ်၊ အဘိဓမ္မာ တရားတွေထဲမှာ အကျယ်ဝန်းဆုံး အနက်နဲဆုံး အခက်ခဲဆုံး ပဋ္ဌာန်း ကျမ်းကြီးကို နောက်ဆုံးမှဟောတယ်၊ “အနန္တနယ သမန္တပဋ္ဌာန” နည်းတွေကလည်း ဆုံးစမ ရှိအောင် နည်းမျိုးစုံတဲ့ ပဋ္ဌာန်းကျမ်းကြီးကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ နည်းမျိုးစုံနဲ့ ခွဲခြမ်းစိတ်ဖြာပြီး ဟောတယ်၊ မဆုံးနိုင်အောင် ကျယ်ဝန်းများပြား လှပါတယ်။

တာဝတိံသာနတ်ပြည် တက်ပြီးဟောတဲ့ ပဋ္ဌာန်းကျမ်းကြီးဟာ ဒီကနေ့ လူ့ပြည်မှာ မှတ်တမ်းတင်ထားတဲ့ ပဋ္ဌာန်းကျမ်းထက် များစွာကျယ်ဝန်းတယ်လို့ ဆိုပါတယ်၊ လူ့ပြည်မှာရှိတဲ့ ပဋ္ဌာန်းကျမ်းက ရှင်သာရိပုတ္တရာမထေရ်မြတ် စီစဉ်ထားတဲ့ အကျဉ်း မျှသာဖြစ်တဲ့ ပဋ္ဌာန်းကျမ်းပဲ ဖြစ်တယ်၊ ဒါကြောင့် “အဘိဓမ္မေ ဝါစနာမဂ္ဂေါ နာမ သာရိပုတ္တထေရုပ္ပဘဝေါ” “လူ့ပြည်မှာ အဘိဓမ္မာကျမ်းတွေဟာ ရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ စီရင်ပို့ချချက်ဖြစ်တယ်၊ ရှင်သာရိပုတ္တရာက စတင်လာတယ်” ဒီလိုဆိုတာ၊ တာဝတိံသာမှာ ဟောတဲ့တရားက ဒီ့ထက်မက ကျယ်ဝန်းများပြား လှပါတယ်၊ ဒီလိုမှတ်ယူကြရမယ်။

ပဋ္ဌာန်းကျမ်းကြီးရဲ့ ကျယ်ဝန်းနက်နဲပုံကို သင်ယူသူတိုင်း အကဲခပ်မိကြပါတယ်၊ ပဋ္ဌာန်းကျမ်းကြီးကို ရှေးတုန်းကတည်းက သာသနာတော်မှာ နေထိုင် ကြတဲ့ ပရိယတ် ပဋိပတ် ကျင့်ကြံကြိုးကုတ် အားထုတ်နေကြတဲ့ ဆရာတော် သံဃာ တော်တွေ လေ့လာကြ၊ သင်ယူကြတယ်၊ ပဋ္ဌာန်းကျမ်းကြီးရဲ့ ကျယ်ဝန်း နက်နဲမှု ခက်ခဲမှုတွေကို သင်ယူတဲ့ပုဂ္ဂိုလ်တိုင်း သိကြတယ်။

သီဟိုဠ်ကျွန်းမှာ မဟာတိဿဒတ္တမထေရ်ဆိုတာ ရှိတယ်၊ “ဂတိဂမိယတိဿဒတ္တ” လို့လည်း ခေါ်တယ်၊ အဲဒီမဟာတိဿဒတ္တမထေရ်ဟာ သီဟိုဠ်ကျွန်း ကနေ အိန္ဒိယသမုဒ္ဒရာကို ဖြတ်ကူးပြီး အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မဟာဗောဓိပင်ကို ရှိခိုးပူဇော်ဖို့ သွားခဲ့တယ်၊ ထိုခေတ်က လှေသင်္ဘောစီးပြီး သွားခဲ့စဉ် ပင်လယ်ကြီးကို မြင်တော့ သူစဉ်းစားဆင်ခြင်မိတယ်၊

“ေဩာ် ဒီပင်လယ်ကြီးဟာ မျက်စိတစ်ဆုံး အင်မတန်မှ ကျယ်ပြောလှပါလား၊ လှိုင်းလုံးကြီးတွေကလည်းပဲ ကြောက်ခမန်းလိလိ”၊ အင်မတန် ကြီးမားတဲ့ လှိုင်းလုံး ကြီးတွေနဲ့ ပြည့်နှက်နေတဲ့ မျက်စိတစ်ဆုံး မဆုံးနိုင်အောင်ရှိတဲ့ ပင်လယ်ပြင်ကြီးကို ကြည့်ရင်း ဘာသွား စဉ်းစားမိတုန်းဆိုရင် မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ ပဋ္ဌာန်းကျမ်းကြီးနဲ့ နှိုင်းယှဉ်မိလျက်သား ဖြစ်သွားတယ်။

“ဪ - ပင်လယ်ပြင်ကြီးက ကျယ်လည်းကျယ်၊ နက်လည်း နက်တယ်၊ သို့သော် ပင်လယ်ဆိုတာ ကျယ်ပေမယ့် ဟိုဘက်ကမ်း ဒီဘက်ကမ်းဆိုတာ ရှိသေးတယ်၊ အနက်ဆိုတာကလည်း အတိုင်းအတာတစ်ခုအရ ပြောလို့ရသေးတယ်။ ပင်လယ် ကြမ်းပြင်ဆိုတာ ရှိသေးတယ်၊ မြတ်စွာဘုရား ဟောထားတဲ့ ပဋ္ဌာန်းကျမ်းကြီး ကျတော့ ဒီလိုအကန့်အသတ်ကို မရှိနိုင်လောက်အောင် ကျယ်လည်း ကျယ်၊ နက်လည်း နက်ပါပေတယ်” လို့ ဉာဏ်နဲ့ကြည့်လိုက်တယ်။

ပင်လယ်ကြီးမှာ လှိုင်းလုံးကြီးတွေရှိသလို ပဋ္ဌာန်းကျမ်းကြီးမှာလည်းပဲ အင်မတန် များပြားလှတဲ့ နည်းနိဿယတွေ ရှိတယ်၊ ပဋ္ဌာန်းတရားတော်ကြီးကို ပင်လယ်ကြီးနဲ့ နှိုင်းယှဉ် ကြည့်ရင်း “ဪ - အင်မတန် ကျယ်ဝန်းလှတဲ့ ပဋ္ဌာန်းတရားကြီးပါလား” လို့ ပဋ္ဌာန်းတရားတော်ကြီးနဲ့ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးကို မှန်းဆ ကြည်ညိုတယ်၊ ပီတိတွေ တသိမ့်သိမ့်ဖြစ်ပေါ်လာတယ်။ ထိုပီတိကို ဝိပဿနာ တင်ပြီး ကြည့်ရှုဆင်ခြင် လိုက်တဲ့အခါ (သို့မဟုတ်) ထိုပီတိကိုခွာပြီး ဝိပဿနာ ကျင့်နေကျ အတိုင်း ဆင်ခြင် သုံးသပ်လိုက်တဲ့အခါ ရဟန္တာဖြစ်သွားတယ်လို့ ဒီလိုဆိုတယ်။

ဒီတော့ ပဋ္ဌာန်းကျမ်းကြီးရဲ့ကျယ်ဝန်းနက်နဲမှုကို ဆင်ခြင်တဲ့ ပုဂ္ဂိုလ်တိုင်းဟာ ပီတိဖြစ်မိကြမှာပါ၊ “ဪ - ဒီလောက် အံ့ဩဖွယ်ကောင်းလှတဲ့ နည်းစနစ်တွေနဲ့ မြတ်စွာဘုရား ဟောထားတာ၊ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးဟာ အလွန်အံ့မခန်း ပါလား” လို့ ဒေသနာတော်ကိုကြည့်ရင်း မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကို မှန်းဆ ကြည်ညိုနိုင်ကြပါတယ်။

ပဋ္ဌာန အဓိပ္ပါယ်

ဒီနေရာမှာ “ပဋ္ဌာန” ကို ဘာသာမပြန်ဘဲ ပဋ္ဌာန ဆိုတဲ့ စကားလုံးအတိုင်းပဲ “ပဋ္ဌာန်း” လို့ ခေါ်နေကြတယ်၊ အဲဒီတော့ ပဋ္ဌာနရဲ့ အဓိပ္ပါယ်ကဘာလဲ၊ Literal meaning ကို သိဖို့ လိုတာပေါ့၊ “ပဋ္ဌာန” မှာ “ပ”ရဲ့အဓိပ္ပါယ်က အမျိုးမျိုး လို့ဆိုလိုတာ၊ “ဌာန” က အကြောင်းတရား၊ အမျိုးမျိုးသော အကြောင်းတရားကို “ပဋ္ဌာန” လို့ ခေါ်တယ်။ အဲဒီ အကြောင်းအမျိုးမျိုးကို ရှင်းလင်းပြတဲ့ ဒေသနာ တော်ကြီးကိုလည်း ပဋ္ဌာန - (ပဋ္ဌာန်း) လို့ ခေါ်တယ်၊ ဒါက အဓိပ္ပါယ်တစ်မျိုးနဲ့ ဖွင့်ဆိုချက်ဖြစ်တယ်။

နောက်တစ်မျိုးက “ပဋ္ဌာန” ဆိုတာ ဝိဘဇန’”ခွဲခြမ်းစိတ်ဖြာ ကြည့်ရှုခြင်း” ဆိုတဲ့ အဓိပ္ပါယ်ရတယ်၊ မြတ်စွာဘုရားက အရာခပ်သိမ်းကို ခွဲခြမ်းစိတ်ဖြာပြီး ဟောကြား လေ့ရှိတယ်၊ သာမန်ပုဂ္ဂိုလ်တွေက ကြည့်လိုက်မယ်ဆိုရင် တစ်ခုလို့ပဲ မြင်ကြတယ်၊

ဘာဖြစ်လို့လဲ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမရှိလို့၊ ကြည့်လေ - သာမန် ပုဂ္ဂိုလ်တွေက ရေလို့ပဲ သိတယ်၊ သိပ္ပံပညာရှင်ကျတော့ H2O လို့ ပြောကြတယ်၊ ဟော ရေထဲမှာဖွဲ့စည်း ထားတဲ့ အရာနှစ်ခုကိုတွေ့တာ၊ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင် ပေါင်းစပ်ထားတာ၊ ရေဆိုတာ H2Oလို့ ပြောကြတယ်၊ ဒါ စမ်းသပ်ကြည့်လို့သိတာ၊

မြတ်စွာဘုရားက ရေဆိုတာကို ရုပ် ၈-ခုနဲ့ ခွဲပြထားတယ်၊ Unity of Eight material quality ရုပ်ရှစ်ခုတို့၏အပေါင်းကို ရေလို့ခေါ်တယ်၊ သူတို့က H2O ဆိုတော့ Hydrogen ၂-ခုနဲ့ Oxygen ၁-ခု - Atom ၃-ခု ပေါင်းထားတာ ရေ၊ သိပ္ပံ ပညာရှင်တွေက Atom သုံးခုကိုပဲ ရေလို့ပြောတယ်၊

မြတ်စွာဘုရားကတော့ အဋ္ဌကလာပ်ရုပ် ၈-ခုအပေါင်းကို (Unity of Eight material quality) ရေလို့ ပြောတာ၊ ပဋ္ဌာန်းအပါအဝင် ဒီအဘိဓမ္မာ ဒေသနာတော်တွေဟာ ဒီလို သဘာဝ တရားတွေကို ခွဲခြမ်းစိတ်ဖြာပြလေ့ရှိတယ်၊ အရာခပ်သိမ်းကို ခွဲခြမ်းစိတ်ဖြာ ဟောတာ။

ပဋ္ဌာနကျမ်းမှာ အကြောင်းတရားတွေနဲ့ အကျိုးတရားတွေဟာ ဘယ်လို ဆက်သွယ် ပြီးတော့ အကြောင်းတရားတွေက အကျိုးတရားတွေကို ဘယ်လိုပံ့ပိုးထားတယ်၊ ဘယ်လိုဖြစ်စေတယ်၊ ဘယ်လို တည်တံ့အောင် ထောက်ပံ့ ကူညီနေတယ်ဆိုတဲ့ သဘာဝတွေကို ရှင်းပြတယ်၊

တကယ်တော့ မြတ်စွာဘုရားက သတ္တလောကကြီးနဲ့ ဩကာသလောကကြီး အကြောင်းကို ရှင်းပြတာ၊ သတ္တဝါအားလုံးဟာ ပဋ္ဌာန်း ၂၄-ပစ္စည်းထဲက အကြောင်း တရားတွေ အကျိုးတရားတွေနဲ့ နေ့စဉ်နေထိုင်နေကြတာ၊ ကိုယ်က သတိမထား မိဘူးပေါ့၊ အားလုံးရဲ့ daily life ဟာ ၂၄-နာရီမှာ ၂၄-ပစ္စည်းနဲ့ နေကြတာလို့ ပြောလို့ရတယ်၊ ၂၄-ပစ္စည်းရဲ့ အထောက်အပံ့ကင်းပြီး အသက်ရှင် နေတာ မရှိဘူး။

၂၄-ပစ္စည်းဆိုတာ မတူတာလေးတွေကို ပြောတာ၊ သို့သော် ဒီ ၂၄-မျိုးကသာ အထောက်အပံ့ ပေးနိုင်တာ မဟုတ်ဘူးတဲ့၊ တစ်မျိုးတစ်မျိုးမှာဆိုရင် အကြောင်း ပေါင်းများစွာ ပါဝင်တယ်၊ နည်းမျိုးစုံအောင် .. အကြောင်းနဲ့အကျိုး ဆက်သွယ်မှု သဘာဝတရားတွေကို ရှင်းပြတာကို ပဋ္ဌာနလို့ခေါ်တယ်။

၂၄-ပစ္စည်း

အဲဒီ ပဋ္ဌာနကို ရှင်းပြတဲ့အခါ မြတ်စွာဘုရားက ခေါင်းစဉ် ၂၄-ခု ပေးထားတယ်၊ အားလုံးသိတဲ့အတိုင်း “ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော၊ အဓိပတိ ပစ္စယော” စတဲ့ ခေါင်းစီး၂၄-မျိုး ဖြစ်တယ်၊ အဲဒီမှာ ပစ္စယော ဆိုတာ ဖြစ်ပေါ်လာအောင် အကျိုးပြုတယ်, (သို့မဟုတ်) ဖြစ်ပေါ်လာတဲ့အရာကို ရပ်တည်နေအောင် အကျိုးပြုတယ် ဆိုတဲ့ အကြောင်းတရားကို ဆိုလိုတယ်၊ ဖြစ်စေမှု တည်စေမှုကို ကျေးဇူးပြုတယ်လို့ ခေါ်တာပဲ၊

“ကျွန်တော့်ကို ကျေးဇူးပြုပြီး ဘာလေး လုပ်ပေးစမ်းပါ” ဆိုတာ တစ်ခုခုလုပ်ပေး တာပဲ၊ တစ်ခုခုလုပ်ပေးတာကို ကျေးဇူးပြုတယ်လို့ ခေါ်တယ်၊ “ပစ္စယော ဥပကာရကော” လို့ ဖွင့်ဆိုတယ်၊ အဲဒီတော့ ကျေးဇူးပြုတယ်ဆိုတာ မရှိသေးတာကို ရှိအောင်လုပ်ပေးတယ်၊ ဒါက တစ်ခု၊ ရှိပြီးသားတွေကို maintain လုပ်ပေးတယ်၊ တည်တံ့နေအောင် လုပ်ပေးတယ်၊ ဒါက တစ်ခု၊ ဟောဒီနှစ်ခုကို ဆိုလိုတယ်၊ ပစ္စယရဲ့ အဓိပ္ပါယ်က ဖြစ်စေခြင်းနဲ့ တည်တံ့ စေခြင်း။

ကျေးဇူးပြုပုံကို “ဟေတု' အစရှိတဲ့ ရှေ့စကားလုံးက ဖော်ပြတာ၊ ဟေတုပစ္စယောမှာ ဟေတု ရဲ့အဓိပ္ပါယ်က (ဒိပြင်နေရာမှာ ဟေတု ဆိုတာ အကြောင်း တရားလို့ပဲ မှတ်ရတယ်၊) ဒီနေရာမှာ သာမန်အကြောင်းတရား မဟုတ်ဘူး၊ ခိုင်မြဲ စေတတ်တဲ့ အကြောင်းတရားတဲ့၊ ဖြစ်ပေါ်စေပြီး ဆက်လက်ရှင်သန်နေအောင် ထောက်ပံ့ပေးတဲ့ အကြောင်းတရားကို ဟေတု လို့ခေါ်တာ။

အာရမ္မဏဆိုတာ စိတ်ရဲ့ပျော်မွေ့ရာ၊ စိတ်ရဲ့ဖြစ်ပေါ်ရာ အကြောင်းတရား၊ အာရုံ အကြောင်းတရားတွေလို့ ဆိုလိုတယ်၊ အဓိပတိဆိုတာ ဖြစ်ပေါ်လာတဲ့ သဘာဝ တရားကို လွှမ်းမိုးထားနိုင်တဲ့ အကြောင်းတရားလို့ပြောတာ။

အနန္တရ, သမနန္တရ ဆိုတာ ရှေ့စိတ်နဲ့နောက်စိတ်, ရှေ့မှာဖြစ်တဲ့ နာမ်တရားနဲ့ နောက်မှာဖြစ်တဲ့ နာမ်တရားတွေရဲ့အကြားမှာ ဘာမှ အခြားအကွယ် မရှိဘဲ ရှေ့တရားနဲ့ နောက်တရားကြားမှာ ဘာမှ အခြားအကွယ်မရှိဘဲနဲ့ ရှေ့တရားက နောက်တရားကို ကျေးဇူးပြုတဲ့သဘောကို ပြောတာ။

အဲဒီလို ၂၄-ပစ္စည်းမှာ ဆိုင်ရာ ဆိုင်ရာ သဘာဝတရားတွေရဲ့ ကျေးဇူးပြုပုံ ကျေးဇူးပြုနည်း ၂၄-မျိုးကို ခေါင်းစီးတွေ ချမှတ်ပြီးတော့ မြတ်စွာဘုရားက ဟောတယ်၊ ပြီးတဲ့အခါ အသေးစိတ် တစ်ခုပြီးတစ်ခု ဟောတယ်။

၄-ပစ္စည်းနှင့် ချုံးခြင်း

အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ၂၄-ပစ္စည်းကို အကျဉ်းချုံးရင် “အာရမ္မဏ ပစ္စည်း၊ ကမ္မပစ္စည်း၊ ဥပနိဿယပစ္စည်း၊ အတ္ထိပစ္စည်း” ဆိုတဲ့ ၄-ပစ္စည်းနဲ့ ချုံးတယ်၊ ၄-ပစ္စည်းမှာ ပစ္စည်းတွေအားလုံး အကျုံးဝင်တယ်၊ ၂၄-ပစ္စည်းကို ချုံးပြောရင် ဒီ ၄-မျိုးနဲ့ ချုံးလို့ရတယ်လို့ အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ပြထားတယ်။

၂-ပစ္စည်းနှင့် ချုံးခြင်း

ဘုန်းကြီးတို့ ဒီ ၂၄-ပစ္စည်းကို ၄-ပစ္စည်းနဲ့ ချုံးပြောတဲ့နည်းထက် ထပ်ပြီးတော့ ချုံးလို့ ရမလားလို့ စဉ်းစားကြည့်လိုက်တဲ့အခါ ထပ်ချုံးလို့ ရသေးတယ်ဆိုတာ တွေ့ရတယ်၊ ထပ်ပြီးတော့ ချုံးမယ်ဆိုရင် အတ္ထိ နဲ့ နတ္ထိ - ဒီနှစ်ခုထဲ အကုန်ဝင် သွားနိုင်တယ်။

အတ္ထိဆိုတာ အကြောင်းတရားနဲ့ အကျိုးတရား ၂-ခုစလုံး ရှိနေခိုက်မှာ အထောက် အကူပြုတယ်၊ ကျေးဇူးပြုတယ်၊ အဲဒါ အတ္ထိအမျိုးအစားလို့ ခေါ်တယ်၊ အကြောင်း တရားကလည်း ရှိနေခိုက်ဖြစ်ရမယ်၊ အကျိုးတရားကလည်း ရှိနေခိုက် ဖြစ်ရမယ်၊ အဲဒီရှိနေခိုက်မှာ ကျေးဇူးပြုတာ အတ္ထိပစ္စည်းပဲ။

နတ္ထိဆိုတာက မရှိတော့တဲ့နောက်မှာ ကျေးဇူးပြုတာ၊ သူက ရှိနေခိုက်မှာ ကျေးဇူး မပြုဘူး၊ အကြောင်းတရား လုံးဝချုပ်ငြိမ်းသွားတော့မှ အကျိုးတရားပေါ်လာတယ်၊ အဲဒါက နတ္ထိ။

အဲဒီတော့ အတ္ထိအုပ်စုနဲ့ နတ္ထိအုပ်စု နှစ်စုပဲ ရှိတယ်၊ ထပ်ချုံးလိုက်ရင် ဒီ အတ္ထိ နတ္ထိ ၂-မျိုးထဲ အားလုံးဝင်တယ်။

အတ္ထိ, နတ္ထိ စကားလုံး ၂-လုံးက အယူဝါဒရေးရာအနေနဲ့ ပတ်သက်လာလို့ ရှိရင် ဘာနဲ့ဆက်စပ်ပြီး ပြောသလဲဆိုရင် အတ္ထိဆိုတာ အတ္တလို့ ပြောတဲ့ ထင်မြင် ယူဆချက်နဲ့ ပတ်သက်တယ်။

သက်ရှိသတ္တဝါတွေမှာ Soul ဆိုတဲ့ အတ္တဆိုတဲ့အရာ ထာဝရရှိတယ်လို့ ယူဆရင် အတ္ထိ၊ ထာဝရမရှိဘူး, ဖြစ်ပြီးရင် ပျက်သွားတာပဲ၊ ဘယ်တော့မှ ပေါ်မလာတော့ဘူး၊ ထာဝရ ပြတ်စွဲတယ်ဆိုတဲ့ အယူအဆနဲ့ ပတ်သက် ရင် နတ္ထိတဲ့၊

အတ္ထိဆိုတာ သဿတ ဝါဒကို ရည်ညွှန်းပြီး ပြောဆိုတာ ဖြစ်တယ်၊ နတ္ထိဆိုတာ ဥစ္ဆေဒဝါဒကို ရည်ညွှန်းပြီး ပြောဆိုတာဖြစ်တယ်၊ ဒါက အယူအဆ ရေးရာနဲ့ ပတ်သက်တဲ့ အတ္ထိ, နတ္ထိ၊ ပဋ္ဌာန်းမှာလာတဲ့ အတ္ထိ, နတ္ထိက ဒီအဓိပ္ပါယ် မဟုတ်ဘူး။

အတ္ထိ ဆိုသည်မှာ အကြောင်းတရားရော အကျိုးတရားပါ နှစ်ခုလုံး ရှိနေ တဲ့အခိုက်မှာ အကြောင်းတရားက အကျိုးတရားကို ကျေးဇူးပြုတယ်၊ နတ္ထိ ဆိုတာက မရှိတော့မှ ကျေးဇူးပြုတယ်၊ ဒီသဘာဝနှစ်ခု ခွဲခြားမှတ်သား ထားရမယ်၊ ၂၄-ပစ္စည်းကို အကျဉ်းချုံးလိုက်ရင် ဟောဒီနှစ်မျိုးထဲမှာ အားလုံးဝင်သွားနိုင်တယ်။

ဟေတုပစ္စယ

ကဲ ကောင်းပြီ၊ ဒီကနေ့ ဘုန်းကြီးတို့ ဟေတုပစ္စည်း အကြောင်းကိုပြောမယ်၊ အားလုံး တရားချစ်ခင် သူတော်စင်အပေါင်းတို့ ပဋ္ဌာန်းကို ရွတ်ဆိုနေကြတဲ့ပုဂ္ဂိုလ်တွေ တော်တော်များပါတယ်၊ ဘာရည်ရွယ်ချက်နဲ့ ရွတ်တယ်ဆိုတာ ရွတ်တဲ့ပုဂ္ဂိုလ်မှပဲ သိမယ်၊ သို့သော် မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ ရွတ်ဖို့တော့ လိုအပ်တယ်ပေါ့။

ရွတ်တဲ့အခါ အန္တရာယ်ကင်းဖို့ ရွတ်တာလား၊ စီးပွားတက်ဖို့ ရွတ်တာလား။ အန္တရာယ် ကင်းချင်တာလည်း လူ့ ဆန္ဒပဲ၊ စီးပွားတက်ချင်တာလည်း လူ့ဆန္ဒပဲ၊ လူ့ရဲ့ ဆန္ဒတွေက အမျိုးမျိုးပေါ့လေ၊ ပဋ္ဌာန်းကျမ်းကြီးကို ပူဇော်ချင်လို့ ရွတ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်လည်း ရှိကောင်းရှိမယ်။

အထူးသဖြင့် မြန်မာပြည်မှာ .. အဋ္ဌကထာဆရာကြီးတွေက ပြောခဲ့တဲ့ စကားကို မြန်မာလူမျိုးတွေ သိနေကြတယ်၊ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် မြတ်စွာ ဘုရား ဟောခဲ့တဲ့ တရားတော်တွေ ကွယ်ပျောက်သွားလိမ့်မယ်၊ ကွယ်တဲ့အခါ အဘိဓမ္မာက စကွယ်မယ်၊ အဘိဓမ္မာ ၇-ကျမ်းမှာလည်း ပဋ္ဌာန်းကျမ်းကြီးက စကွယ်မယ်တဲ့၊ မကွယ်အောင် ပဋ္ဌာန်းပွဲတွေလုပ်ပြီး အသံမစဲ ရွတ်နေကြတာလည်း ဖြစ်ကောင်း ဖြစ်မယ်၊ ရွတ်တဲ့ပုဂ္ဂိုလ်တွေ စီမံတဲ့ပုဂ္ဂိုလ်တွေရဲ့ ရည်ရွယ်ချက်လို့ ပြောရ မယ်ပေါ့၊ သို့သော် ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ရွတ်ကြမယ် ပူဇော်ကြမယ်ဆိုရင် အင်မတန်မှ ကောင်းပါတယ်။

တချို့လည်း ပြောကြတယ်၊ ကဿပဘုရားရှင်လက်ထက်တုန်းက လှိုဏ်ဂူထဲမှာ ရဟန်းတော်တွေ အဘိဓမ္မာ သရဇ္ဈာယ်နေကြတယ်၊ အဘိဓမ္မာတရားကို ပူဇော် နေကြတယ်၊ အဘိဓမ္မာတရားရဲ့ အတိမ်အနက် အလေးအနက် အဓိပ္ပါယ် မသိကြပေမယ့် လင်းနို့သားငါးရာဟာ အဘိဓမ္မာတရားသံကိုကြားရင်း စိတ်ကြည်နူး ကြတယ်၊ အဲဒီကောင်းမှုကြောင့် ဂေါတမဘုရားရှင်လက်ထက်တော်မှာ အမျိုး ကောင်းသားငါးရာ ဖြစ်ပြီး ရှင်သာရိပုတ္တရာထံက ပထမဆုံး အဘိဓမ္မာ ၇-ကျမ်းကို သင်ယူခွင့်ရတဲ့ ရဟန်းငါးရာဖြစ်လာတယ်။

အဲဒီ story ကို မြန်မာတွေ တော်တော်များများ သိထားကြတယ်၊ တချို့ကလည်း အဲဒီပဋ္ဌာန်းသံလေးကြားလို့ရှိရင် လင်းနို့သားတွေ အားကျပြီး လင်းနို့ သားတွေလိုများ ဖြစ်လာမလားလို့ တွေးကြတယ်၊ အဲဒီလောက်လေးတင် မလုပ်ပါနဲ့နော်၊ လင်းနို့ဆိုတာ တိရစ္ဆာန်ပဲ၊ ကိုယ်က တိရစ္ဆာန်အဆင့်မှ မဟုတ်ဘဲ၊ ဒီလို ရွတ်ရုံ ဖတ်ရုံ မဟုတ်ဘဲ အဓိပ္ပါယ်နားလည်မယ်ဆိုရင် ပိုမကောင်းဘူးလား၊ ပိုကောင်းတာပေါ့၊ ဒါကြောင့်မို့ အဓိပ္ပါယ်နားလည်အောင် ကြိုးစားကြရမယ်။

အန္တရာယ်ကင်းတယ်ဆိုတာ အခြားနည်းတွေနဲ့လည်း အန္တရာယ်ကင်းအောင် လုပ်လို့ ရတာပဲ၊ ပဋ္ဌာန်းကျမ်းကြီးကိုရွတ်ရင် အန္တရာယ်ကင်းတာ မဖြစ်ဘူးလို့ ပြောတာ မဟုတ်ဘူး၊ ဒီပဋ္ဌာန်းကျမ်းကြီးကို ရွတ်လိုက်ရင် ပဋ္ဌာန်းဒေသနာကြီးကို ဘုရား လက်ထက်တော်တုန်းက နာခဲ့ရတဲ့ သက်တမ်းရှည်တဲ့ နတ်တွေရှိတယ်၊

အဲဒီ နတ်တွေက “ဘုရားလက်ထက်တော်က ငါတို့နာခဲ့ရတဲ့အသံတွေ ကြားနေ ရတယ်” ဆိုပြီး သူတို့က လာနာကြမှာပါ၊ အဲဒီလို တန်ခိုးကြီးတဲ့နတ်တွေက လာနာ လို့ရှိရင် အနှောင့်အယှက်ပေးချင်တဲ့ နတ်ဆိုးတွေ ထွက်ပြေးသွားကြတာပေါ့၊ အဲဒီတော့ အန္တရာယ်ကင်းသွားတာပေါ့၊ ဒီလိုလည်း ရှိတာပေါ့။

ယခုခေတ်မှာ လူကြီးတွေလာတယ်ဆိုရင် လူရှုပ်တွေ ပြေးရသလိုပေါ့ ရှင်းပြီးသား ဖြစ်သွားတယ်လေ၊ အဲဒါလိုပဲ တန်ခိုးကြီးတဲ့နတ်တွေက လာလို့ရှိရင် အနှောင့် အယှက်ပေးချင်တဲ့ နတ်ဆိုးတွေ နတ်မိစ္ဆာတွေက ဖယ်သွားကြတယ်၊ အဲဒီကျတော့ အန္တရာယ်ကင်းတာပေါ့။

သို့သော် ကိုယ်က မကောင်းတဲ့အလုပ်လုပ်ပြီး ဟေတုပစ္စယောနဲ့ ကာကွယ် ရင်တော့လည်း သိပ်မဟုတ်လှဘူးပေါ့၊ မန္တာန်သဘောလို ယူဆပြီး ရွတ်ရင်တော့ သိပ်မကောင်းဘူးပေါ့၊ ရွတ်တယ်ဆိုတာ ရည်ရွယ်ချက် မှန်မှန်ကန်ကန်နဲ့ရွတ်မှ ကုသိုလ်ရတယ်ပေါ့နော်။

တကယ် စဉ်းစားဆင်ခြင်ပြီး ရွတ်မယ်ဆိုရင် ပဋ္ဌာန်းကျမ်းကြီးကို ရွတ်ရင်း ရွတ်ရင်းနဲ့ မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးကို ကြည်ညိုလာမယ်၊ လူ့ဘဝနေရတာ ဟာလည်းပဲ ဟောဒီလို အကြောင်းအကျိုးတွေနဲ့ပဲလို့ သဘောပေါက်လာနိုင်တယ်၊

မြန်မာစကားမှာ ပြောလေ့ရှိကြတယ် မဟုတ်လား၊ “အကြောင်းညီညွတ်ရင်” ဖြစ်တယ်ဆိုတာ။ အကြောင်းညီညွတ်အောင် လုပ်ဖို့ပဲလိုတယ်ပေါ့ အကြောင်းဆိုတာ ညီညွတ်မှဖြစ်တာ၊ အကြောင်းတရားတွေကို နားလည်လို့ရှိရင် အကြောင်းကို ညီညွတ်အောင် ဖန်တီးယူလို့ရတယ်တဲ့။

ကြည့်လေ - အကြောင်းညီညွတ်အောင် ဘယ်လိုလုပ်သလဲဆိုရင် မျိုးစေ့လေး တစ်စေ့ကို အပင်ပေါက်စေချင်လို့ရှိရင် အကြောင်းညီညွတ်အောင် လုပ်ပေးလိုက်တယ်၊ မြေကြီးထဲ ချစိုက်တယ်၊ ရေလောင်းပေးတယ်၊ ဒါ အကြောင်းညီညွတ် အောင် လုပ်ပေးတာပဲ၊ ကိုယ်က သစ်ပင်ကို မန်းမှုတ်ပြီး အပင်ပေါက်အောင် လုပ်ခိုင်းလို့မှ မရတာ၊ ဘာလုပ်ပေးရမလဲ၊ မြေနဲ့ရေနဲ့ တွေ့ပေးတယ်၊ ပိုးကောင် မွှားကောင် လေးတွေ ဖယ်ရှားပေးတယ်၊ နေရောင်ရအောင် လုပ်ပေးတယ်၊ ဒီနည်းဖြင့် မျိုးစေ့ လေးက အပင်ပေါက်လာပြီး ရှင်သန်လာတာမဟုတ်လား၊ ဒါ အကြောင်းတရားတွေ ညီညွတ်အောင် လုပ်ပေးတဲ့သဘောပဲ။

အဲဒီလိုပဲ ပဋ္ဌာန်းတရားတော်တွေရဲ့သဘာဝကို သိလို့ရှိရင် ကိုယ့်စိတ်ထဲ ဖြစ်ပေါ် လာတဲ့အခြေအနေအရပ်ရပ်ကို ဘာကြောင့်ဖြစ်တယ်ဆိုတာ နားလည် သဘော ပေါက် လာတယ်၊ ဖြစ်လာရင် ဒီအကြောင်းကြောင့် ဖြစ်တာကိုး၊ ဒီအကြောင်းကို ဖယ်လိုက်ရင် ဒီအကျိုးမရှိတော့ဘူး၊ ကိုယ်မလိုချင်တဲ့အကျိုးတွေ ထွက်နေရင် မလိုချင်တဲ့အကြောင်း တရားတွေ ရှိနေတယ်၊ အဲဒီမလိုချင်တဲ့ အကြောင်းတရားတွေကို ဖယ်လိုက်တာနဲ့ တစ်ပြိုင်နက် မလိုချင်တဲ့အကျိုးတွေလည်း ပြုတ်သွားမှာပဲ။ အကယ်၍ လိုချင်တဲ့ အကျိုးတရားတွေ မရဘူး၊ ဘာလိုနေတုန်း၊ ငါ့မှာ လိုချင်စရာ ကောင်းတဲ့အကျိုး တရားကို ဖြစ်စေတတ်တဲ့ အကြောင်းတရားတွေ မရှိသေးဘူး အဲဒီအကြောင်းတရား တွေကို ထူထောင်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ်လိုချင်တဲ့ အကျိုးတရားတွေ ရရှိလာမှာပဲလေ။

လောကကြီးမှာ သေချာစဉ်းစားရင် အရာခပ်သိမ်းဟာ အကြောင်းနဲ့အကျိုး ချည်းပဲ၊ အကြောင်းအကျိုး ကင်းတဲ့အရာဆိုတာ လောကမှာမရှိဘူး၊ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာလည်း အကြောင်းအကျိုးကို အဓိကထားဟောလို့ ပထမ ဦးဆုံး အခြေခံအားဖြင့် သစ္စာလေးပါးလို့ ဟောတယ်။

သစ္စာလေးပါးဆိုတာ ကြည့်လေ - ဒုက္ခ၊ ဒုက္ခဆိုတာ တစ်လောကလုံးကို မြတ်စွာဘုရားက ဒုက္ခလို့ နာမည်တပ်လိုက်တယ်၊ ဘာဖြစ်လို့ ဒုက္ခလို့ နာမည်တပ် တာလဲဆိုရင် ဆင်းရဲလို့ ဒုက္ခလို့ နာမည်တပ်တာ မဟုတ်ဘူး၊ ဒီထဲမှာ ချမ်းသာတာ လည်း ပါတယ်နော်၊

ဘာလို့ ဒုက္ခလို့ နာမည်တပ်လိုက်သလဲဆိုရင် ဒု ဆိုတာ ကျေနပ်စရာ မကောင်းဘူး၊ ခ က ကိုယ်ထင်တဲ့အတိုင်း ဘာမှမရှိဘူး၊ အဲဒီအဓိပ္ပါယ်ပဲ။ ဒု ကျေနပ်စရာ မကောင်း တဲ့အပြင်, ခ ဘာမှ မရှိဘူး၊ ကိုယ်ထင်တာ တစ်ခုမှ မဟုတ်ဘူး၊

ဟုတ်တယ်လေ၊ လူတွေထင်နေတာနဲ့ တခြားစီပဲ၊ ကိုယ့် ကိုယ်ကို တွေး ပြီးတော့ “ငါ” လို့ ထင်နေတယ်၊ တကယ်တော့ “ငါ”ဆိုတာ ပြစရာ ဘာမှ မရှိဘူး၊ ပြစရာ မရှိသည့်အတွက်ကြောင့် ကျေနပ်စရာ မကောင်းဘူး၊ အဲဒီ စကားလုံး ၂-ရပ် ပေါင်းစပ်ပြီးတော့ “ဒုက္ခ” လို့ဟောတာ။

ဒုက္ခဆိုတာ

အကြောင်းကြောင့်ဖြစ်လာတဲ့ အကျိုးတွေအားလုံးကို ရည်ညွှန်းပြီး မြတ်စွာဘုရားက ဟောထားတာ၊ အဲဒီ ဒုက္ခရဲ့ အကြောင်းတရားကို ဒုက္ခသမုဒယ လို့ အင်္ဂုတ္တရ တိတ္ထာယတနသုတ် မှာဟောတယ်၊ သစ္စာလေးပါးမှာ အဓိကအားဖြင့် တဏှာကို ဟောတယ်၊ သို့သော် အင်္ဂုတ္တရ တိတ္ထာယတနသုတ်မှာ ဒုက္ခသမုဒယကို ဟောတဲ့အခါ ပဋိစ္စသမုပ္ပါဒ်ကို ထည့်ဟောတယ်၊ တဏှာဆိုတာ အဓိကပဓာန ခေါင်းစဉ် တပ်ဟောတာ၊ တဏှာကသာ ဒုက္ခသမုဒယ ဖြစ်တာ၊ အဝိဇ္ဇာက ဒုက္ခသမုဒယ မဟုတ်ဘူးလို့ ပြောလို့မရဘူး၊ ဆင်းရဲတဲ့အကျိုး၊ လိုချင်စရာ မကောင်းတဲ့ အကျိုးတရားတွေ ထုတ်လုပ်တာ မှန်သမျှဟာ ဒုက္ခသမုဒယတွေ ချည်းပဲ၊ ဒီလို နားလည်ရမယ်။

ဒီတော့ မြတ်စွာဘုရားရဲ့တရားတော်သည် သစ္စာလေးပါးမှာ ဒုက္ခသမုဒယ ကို ဟောကတည်းက အကြောင်းတရားနဲ့ အကျိုးတရားကို ဟောတယ်ဆိုတာ ထင်ရှားတယ်၊ ရှင်သာရိပုတ္တရာ မထေရ်မြတ် ဗုဒ္ဓသာဝက မဖြစ်ခင်က သဉ္စယ ဆရာကြီးရဲ့ ပရိဗိုဇ်သာသနာမှာ ပထမဆုံးဝင်ပြီးတော့ လေ့လာတယ်၊ ပရိဗိုဇ်အဖြစ်နဲ့ နေတယ်၊ အနှစ်သာရမရှိဘူးဆိုတာသိလို့ အနှစ်သာရရှိတဲ့တရားကို ဆက်လက် ရှာဖွေတယ်။

နောက်ဆုံးမှာ ပဉ္စဝဂ္ဂီငါးဦးထဲက အငယ်ဆုံးဖြစ်တဲ့ ရှင်အဿဇိနဲ့ တွေ့တယ်၊ ဗုဒ္ဓရဲ့ဝါဒအကျဉ်းချုပ် ပြောပြပါဆိုတော့ ဒီအကြောင်းကြောင့် ဖြစ်လာတဲ့အကျိုးကို ပြောတာပဲ၊ “ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ”
“ဒီအကြောင်းကြောင့်ဖြစ်လာတဲ့ အကျိုးတွေရှိတယ်၊ အဲဒီအကြောင်းကြောင့်ဖြစ်တဲ့ အကျိုးကို မြတ်စွာဘုရားက ဟောပါတယ်” လို့ ပြောတာ၊ ဒုက္ခနဲ့ သမုဒယကို မြတ်စွာဘုရားက ဟောတယ်လို့ပြောတာ၊ ဒီလိုဆိုတယ်။

ဒီလောက်လေးကြားလိုက်တာနဲ့ သူက ဉာဏ်ပွင့်သွားတယ်၊ ဘယ်လောက်ထိ ပွင့်သွားသလဲဆိုရင် မှားယွင်းနေတဲ့အယူအဆတွေ လုံးဝကင်းသွားတယ်၊ သံသယ လုံးဝကင်းသွားတယ်၊ အဲဒါကိုပဲ စာလိုပြောတော့ ဒိဋ္ဌိ ဝိစိကိစ္ဆာ ကွာသွားတယ်လို့ ပြောတာပေါ့၊ သောတာပန်ဖြစ်တယ်ဆိုတာ အဲဒါပဲ။

အဲဒီတော့ မြတ်စွာဘုရားရဲ့ဝါဒသည် အကြောင်းနဲ့အကျိုးကို ရှင်းပြတဲ့ဝါဒ၊ အဲဒီအကြောင်းအကျိုးကို အကျယ်ချဲ့ပြီး ပြောလိုက်တဲ့အခါ ပဋိစ္စသမုပ္ပါဒ် တဲ့၊ ထပ်ပြီးတော့ အကျယ်ချဲ့လိုက်မယ်၊ ကြည့် - “ဒုက္ခသမုဒယ က အဝိဇ္ဇာ၊ ဒုက္ခက သင်္ခါရ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ ဒုက္ခနဲ့ သမုဒယပဲ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ သင်္ခါရက ဒုက္ခသမုဒယ၊ ဝိညာဏက ဒုက္ခ” အကြောင်းနဲ့ အကျိုးပဲ။

ပဋိစ္စသမုပ္ပါဒ်က ဘာဆိုလိုတုန်းဆိုလို့ရှိရင် အကြောင်းနဲ့အကျိုးသည် တစ်ခု နဲ့တစ်ခု ဆက်စပ်နေတယ်၊ Dependent origination တစ်ခုနဲ့တစ်ခု မှီတည် နေတယ်၊ ကင်းကွာလစ်လပ်နေတာ မဟုတ်ဘူး၊ ပဋိစ္စ ဆိုတာ အကြောင်းတစ်ခုကို အမှီပြုပြီး၊ သမုပ္ပါဒ – ဖြစ်စေတယ်တဲ့၊ ဒီလို ဆိုလိုတာ၊ အကြောင်းသည်ပင်လျှင် သူ့မှာ အကြောင်းတစ်ခုရှိရသေးတယ်၊ ဒါကြောင့်မို့ ဗုဒ္ဓတရားတော်အရ အကြောင်းမဲ့ ဆိုတာ မရှိဘူး၊ First cause မရှိဘူး၊ Causeless cause ဆိုတာ မရှိဘူးလို့ဆိုတာ။

တခြားဝါဒတွေမှာ အရာရာကို ထာဝရဘုရားက ဖန်ဆင်းတယ်လို့ ပြောမယ် ဆိုရင် ထာဝရဘုရားကျတော့ ဘယ်သူဖန်ဆင်းသလဲဆိုတော့ ဖန်ဆင်းသူ မရှိ၊ အဲဒါ causeless ပဲ၊ first cause ဆိုတာ ထာဝရဘုရားပဲ၊ ထာဝရဘုရားသည် first cause ဆိုတော့ ထာဝရဘုရားရဲ့ရှေ့က cause ရှိသေးလားဆိုတော့ မရှိတော့ဘူး၊ ပြတ်သွားတယ်။

ဗုဒ္ဓရဲ့တရားတော်မှာ အဲဒီလို မရှိဘူး၊ First cause မရှိဘူး၊ Causeless cause မရှိဘူး၊ အကြောင်းနဲ့အကျိုးသည် အပြန်အလှန် ဆက်သွယ်နေကြတယ်တဲ့၊ အကြောင်း ကလည်း အကျိုးဖြစ်သွားတာပဲ၊ အကျိုးကလည်း အကြောင်း ဖြစ်သွားတာပဲ၊ ဆောင်ရွက်မှုကိုကြည့်ပြီး ပြောတာ။

လောကမှာ လူတွေကို ကြည့်လိုက်ပေါ့၊ သာမန်အားဖြင့် ပြောမယ်ဆိုရင် အမေနဲ့ သားသမီးပဲ ပြောမယ်၊ အမေက သူက အမြဲတမ်း အမေဘက်က နေတာ ဟုတ်ရဲ့လား၊ သူ့မှာလည်းအမေရှိတယ်လေ၊ သူ့အမေနဲ့ပြောမယ်ဆိုရင် သူက သမီးပဲဖြစ်တာ၊ အမေ မဖြစ်ဘူး၊ သူ့ကို အမေလို့ခေါ်တာက သူ့ သားသမီးဘက် ကနေ ကြည့်တာ၊ သူ့ရဲ့အမေဘက်ကနေကြည့်ရင် သူက သမီးပဲ၊ သူ့သားသမီး ဘက်ကနေကြည့်မှ သူက အမေဖြစ်တာ။

ထို့အတူပဲ အကြောင်းနဲ့အကျိုးဆိုတာ အဲဒီလို သွားနေတာ၊ အကြောင်း ဘက်ကနေ ကြည့်လိုက်တဲ့အခါ အကျိုးလို့ခေါ်တယ်၊ အကျိုးဘက်ကနေ ကြည့်လိုက်ရင် အကြောင်းလို့ ခေါ်ပြန်တယ်၊ ဒါကို Mutual relation လို့ ခေါ်တယ်၊ အပြန်အလှန် ဆက်သွယ်နေတဲ့သဘောတဲ့။

အဲဒီပဋိစ္စသမုပ္ပါဒ်ကို တစ်ခါ အကျယ်ချဲ့ပြီးတော့ ဟောလိုက်တဲ့အခါမှာ ပဋ္ဌာန်းတရားဖြစ်တယ်၊ ပဋိစ္စသမုပ္ပါဒ်မှာ အကြောင်းတရားရယ် အကျိုးတရားရယ် ဒီနှစ်ခုပဲ ဟောတယ်၊ ပဋ္ဌာန်းတရားကျတော့ အဲဒီလို မဟုတ်တော့ဘူး၊ အကြောင်း တရားကိုလည်း ထုတ်ပြတယ်၊ အကျိုးတရားကိုလည်းထုတ်ပြတယ်၊ အဲဒီ အကြောင်း တရားကနေပြီးတော့ ဒီအကျိုးတရားကို ကျေးဇူးပြုတဲ့အခါမှာ ဘယ်လိုစွမ်းရည် သတ္တိတွေ အသုံးပြုနေတယ်ဆိုတာကိုလည်း ထုတ်ပြတယ်၊ တစ်ခုပိုလာတယ်။

ပဋိစ္စသမုပ္ပါဒ်က အကြောင်းတရားနဲ့ အကျိုးတရား နှစ်ခုတည်း ရှင်းပြတယ်၊ ပဋ္ဌာန်း ကျတော့ အကြောင်းတရားကိုလည်း ရှင်းပြတယ်၊ ထိုအကြောင်းတရားက ထုတ်လုပ်လိုက်တဲ့ (သို့မဟုတ်) တည်စေတဲ့ အကျိုးတရားကိုလည်း ထုတ်ပြတယ်၊ အဲဒီလို ဖြစ်စေ တည်စေတတ်တဲ့ အကြောင်းတရားရဲ့ စွမ်းရည်သတ္တိတွေကိုလည်း ထုတ်ပြတယ်၊ သူ့မှာ ဘာစွမ်းရည်တွေရှိသလဲ၊ ဘာစွမ်းရည်နဲ့ သူဟာ ဒီလို လုပ်ပေးတာလဲ၊ သတ္တိဆိုတာ ရှိတာပဲ၊ အကြောင်းတရားမှာ ဆိုင်ရာသတ္တိတွေ မရှိဘဲနဲ့ ဆိုင်ရာအကျိုးတရားကို မထုတ်လုပ်နိုင်ဘူး။

သတ္တိဆိုတာ စွမ်းနိုင်တဲ့ abilities, energy ကိုပြောတာ၊ energy စွမ်းအင် ပေါ့၊ အဲဒီစွမ်းအင်လေးတွေ အသုံးပြုပြီးတဲ့အခါကျတော့မှ ခုနက အကျိုးတရား ဆိုတာကို ဖြစ်ပေါ်လာတာ၊ အရာခပ်သိမ်းမှာ သူ့ဟာနဲ့သူ၊ အကြောင်းတရား မှာလည်း သူ့ရဲ့ energy တွေရှိတယ်၊ အဲဒီ energy တွေကြောင့် အကျိုးတရား ပေါ်လာတာ၊ ဒါ ပြောတာနော်။

ပဋ္ဌာန်းကျတော့ မြတ်စွာဘုရားက ပြည့်ပြည့်စုံစုံဟောလိုက်တယ်၊ အကြောင်း တရားကိုလည်း ဟောတယ်၊ အကျိုးတရားကိုလည်း ဟောတယ်၊ အကြောင်းတရား ရဲ့ သတ္တိကိုလည်း ဟောတယ် ဆိုတော့ သုံးမျိုးဟောထားတယ်၊ အဲဒါကြောင့် စွမ်းရည်သတ္တိတွေရဲ့ နာမည်အနေနဲ့ ၂၄-ပစ္စည်းကို မြတ်စွာဘုရားက အသုံးပြုတယ်၊ အကြောင်းတရားရဲ့စွမ်းရည်သတ္တိတွေ ထုတ်ဖေါ်ပြီး ဟောထားတော့ ပဋိစ္စသမုပ္ပါဒ် ထက် တစ်ချက်ပိုသွားတယ်၊ ပဋ္ဌာန်းတရားတော်ကြီးက ပိုပြီးတော့ ပြည့်စုံသွားတယ်။

ပဋိစ္စသမုပ္ပါဒ်ကို ဖွင့်ဆိုတဲ့ ရှင်မဟာဗုဒ္ဓဃောသက ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋ္ဌာန်းကို ရောပြီးတော့ ဖွင့်ပြတယ်၊ ပဋိစ္စသမုပ္ပါဒ်ချည်းသက်သက်ဆိုရင် ပဋ္ဌာန်းမပါဘူး၊ ပဋိစ္စသမုပ္ပါဒ်နဲ့ပဋ္ဌာန်း တွဲပြလိုက်တဲ့အခါ ပိုပြီးတော့ နက်နဲတယ်၊ “ပဋိစ္စသမုပ္ပါဒ်ကို ရှင်းပြဖို့ ကြိုးစားတဲ့အခါ အင်မတန်နက်တဲ့ ပင်လယ်ကြီးထဲမှာ မရပ်နိုင်သလိုပဲ ရှင်းပြဖို့ အင်မတန်မှကို ကြိုးစားရပါတယ်၊ အင်မတန် ခက်ခဲပါတယ်” လို့ ရှင်မဟာဗုဒ္ဓဃောသက ဆိုတယ်။

သူ ပြောပုံပြောနည်းက အဝိဇ္ဇာကနေပြီး သင်္ခါရကို ကျေးဇူးပြုတယ်ဆိုတဲ့ နေရာမှာ ဘာသတ္တိနဲ့ ကျေးဇူးပြုသလဲဆိုတာ ပဋိစ္စသမုပ္ပါဒ်မှာ မပါဘူး၊ ပဋ္ဌာန်းက ယူပြီး ပြောလို့ရတယ်၊ အဝိဇ္ဇာသည် သင်္ခါရကို ဖြစ်စေတယ်၊ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”၊ ဘယ်လိုစွမ်းရည်သတ္တိတွေ အဝိဇ္ဇာမှာ ရှိသလဲ၊ ဘာကြောင့် သင်္ခါရကို သူက အထောက်အကူပြုနိုင်သလဲ၊ ကျေးဇူးပြုပုံ ကျေးဇူးပြုနည်းတွေကို ဝိသုဒ္ဓိမဂ်မှာ သေချာစွာရှင်းပြပြီး ရေးထားတာရှိတယ်၊ ဒါတောင် အကျဉ်းအားဖြင့်ရှင်းတာ။

ကောင်းပြီ - တရားဓမ္မတွေ တစ်ခုနဲ့တစ်ခု ဒီလိုပဲ .. ဆက်သွယ်နေတာ ဖြစ်သောကြောင့် ဆက်သွယ်မှုတွေ ကြည့်ကြရအောင်၊ ပဋ္ဌာန်းတရားတော်ကြီးကို ရွတ်ဖတ်ပူဇော်နေတဲ့ပုဂ္ဂိုလ်တွေလည်းပဲ ရွတ်ဖတ်ပူဇော်ရင်း အာရုံပြုနိုင်အောင် ပါဠိကို နည်းနည်းပဲ ရွတ်ပြမယ်။

“ဟေတုပစ္စယောတိ၊ ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော”။

မြတ်စွာဘုရားက ပထမဆုံး ဟေတုပစ္စည်းကို ဟောတယ်၊ အဲဒီမှာ စာပိုဒ်တွေကို အရင်ခွဲကြည့်လိုက်၊
ဟေတူ ဆိုတာ စကားလုံးတစ်ခု၊
ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - အဲဒါက ပုဒ်စုတစ်စု၊
ဟေတုပစ္စယေန ဆိုတာ ပုဒ်တစ်ခု၊
ပစ္စယော က နောက်ဆုံးနိဂုံးစကား။

အဲဒီမှာ စကားရပ်များကို ခွဲကြည့်လိုက်ရင် -
ဟေတူ ဆိုတာ ပဋ္ဌမန္တပုဒ် norminative case၊ အဲဒါက အကြောင်းတရားကို ဖေါ်ပြတာ၊
ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ လို့ သမ္ပဒါန်ပုဒ် Dative case နဲ့ ပြတဲ့စကားက အကျိုးတရားကို ဖေါ်ပြတာ၊
ဟေတုပစ္စယေန က ပစ္စယသတ္တိကို ဖေါ်ပြတယ်၊
အပိုင်း ၃-ပိုင်း ရှိတယ်၊ ဒါ ပါဠိလိုရွတ်တဲ့ ပုဂ္ဂိုလ်တွေအတွက် စဉ်းစားလို့ရအောင် ပြောတာ။

ကဲ ဟေတူပုဒ်မှာ မြန်မာက ဟေတုကို အဓိပ္ပါယ်မပြန်တော့ဘူး၊ “ဟိတ်” လို့ပဲ သုံးလိုက်ကြတယ်၊ “ဟိတ်” ဆိုတော့ ဘာမှန်းမသိဘူးပေါ့၊ စာပေဝေါဟာရ တစ်ခု ဖြစ်သွားတယ်၊ “ဟေတု” ဆိုတဲ့စကားလုံးကိုနောက်က “တု”အသံကို ဖြုတ်ထားပြီး “ဟေ” လို့ပဲ ခေါ်လိုက်ကြတယ်၊ နောက်တော့ “တ” နဲ့ သတ်ပြီးတော့ “ဟိတ်” ဆိုတဲ့အသံပီအောင် ရေးတယ်။

ဒါဖြင့် ဟေတုဆိုတာ ဘာလဲ၊ အဘိဓမ္မာမှာ ဟေတု ဆိုတဲ့စကားလုံးသုံးပြီး ဖေါ်ပြတဲ့ တရား ၆-မျိုးရှိပါတယ်တဲ့၊ အဲဒါကို ရှေးဦးစွာမှတ်ထားပါ၊ ၆-မျိုးက လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟ၊ ဒီ ၆-ခု ဖြစ်တယ်။

ဒီစကားလုံးတွေကို ကြည့်မယ်ဆိုရင် လောဘ၊ အလောဘ၊ ဒေါသ၊ အဒေါသ၊ မောဟ၊ အမောဟ၊ အပြန်အလှန် အသုံးပြုထားတာကို တွေ့ရတယ်၊ ဒီနေရာမှာ “အ”ရဲ့ အဓိပ္ပါယ်က “မရှိဘူး” ဆိုတာတင် ဖေါ်ပြတာ မဟုတ်ဘူး၊ “ဆန့်ကျင်တယ်” ဆိုတာကိုပါ ပြတာ၊ လောဘဆိုတာ လိုချင်တယ်၊ အလောဘဆိုတာ လောဘ မရှိရုံကို ပြောတာ မဟုတ်ဘူး၊ အဲဒီလိုချင်တဲ့သဘောကို ဖယ်ရှား ပစ်နိုင်တဲ့သဘော။

“လောဘမရှိဘူး” ဆိုရင် အိပ်နေတဲ့အချိန်မှာ လောဘမရှိဘူးလေ၊ အဲဒါ အလောဘလို့ ပြောလို့ ရမလား? မရဘူး၊ ဒါကြောင့် လောဘကို craving လို့ ပြန်ပြီး အလောဘကျတော့ non craving လို့ ပြန်မယ်ဆိုရင် နည်းနည်းပေါ့သွား တယ်၊ non craving ဆိုတာ craving မရှိဘူး၊ ဒီအဓိပ္ပါယ် ရောက်သွားတယ်၊
မရှိရုံ သက်သက်ကိုပြောတာ မဟုတ်ဘူး၊ anti-craving ဆိုရင် craving ကို ဖျက်ဆီး ပစ်တယ်၊ ဒီအထိ စွမ်းရည်သတ္တိရှိတယ်၊ ဒါကြောင့်မို့ “အ” ကို ပဋိပက္ခ အနက်ဟော လို့ အဋ္ဌကထာဆရာတွေက ဖွင့်တာ။

မိတ္တဆိုတာ မိတ်ဆွေ, အမိတ္တ ဆိုတာ မိတ်ဆွေမဟုတ်တာလို့ဆိုရင် - ကိုယ်နဲ့ မသိတဲ့လူတွေက အများကြီး၊ သို့သော် မိတ်ဆွေမဟုတ်ဘူးဆိုတာ ရန်သူကို ပြောတာ၊ မိတ်ဆွေမဟုတ်ရုံတင် မကဘူး၊ အဲဒီလိုပဲ လောဘဆိုတာ လိုချင်တဲ့ သဘော၊ အလောဘဆိုတာ လိုချင်တဲ့သဘောရဲ့ ဆန့်ကျင်ဘက်သဘောလို့ - ဒီလို ဆိုတယ်၊ မလိုချင်ရုံသက်သက်ကို ပြောတာမဟုတ်ဘူး၊ ဒီလိုနားလည်ရမယ်နော်။

ဒေါသဆိုတာလည်း ထို့အတူပဲ၊ အင်္ဂလိပ်လိုပြန်တော့ Hatred လို့ ပြန်တယ်၊ သို့သော် မုန်းတီးခြင်းကိုသာ ဒေါသလို့ ခေါ်တာ မဟုတ်ဘူး၊ Fear ကြောက်ခြင်း လည်း ဒေါသပဲ၊ အဒေါသကျတော့ အမုန်းမရှိရုံသက်သက်ကို, အကြောက်မရှိရုံ သက်သက်ကို အဒေါသခေါ်တာ မဟုတ်ဘူး၊ အဲဒီကြောက်ရွံ့ခြင်း မုန်းတီးခြင်းကို ပယ်ဖျက်နိုင်တဲ့ သဘာဝတရားကိုမှ အဒေါသတဲ့၊ ဒါကြောင့်မို့လို့ antihatred, antifear, anti ဆိုတဲ့စကားလုံးနဲ့သုံးရင် ပိုပြီးတော့ အဓိပ္ပါယ်ထင်ရှားတယ်။

ထို့အတူပဲ မောဟဆိုတာ delusion တွေဝေတယ်၊ ဘာမှမသိဘူး၊ (ဘာမှ မသိဘူးဆိုတာ အမှားသိနေတယ် ပြောတာနော်၊ မသိဘူးဆိုတာ မဟုတ်ဘူး၊ သိနေတယ်၊ သိပေမယ့် တလွဲသိနေတာ၊) မောဟရဲ့ အဓိပ္ပါယ်က အမှားကို အမှန် ထင်နေတာတို့၊ အမှန်ကိုအမှားထင်နေတာတို့၊ အဲဒီလို တလွဲသိနေတာကို တွေဝေ တယ်လို့ ခေါ်တယ်၊ အမောဟကျတော့ အဲဒီတွေဝေမှုကို ပယ်ဖျက်နိုင်တဲ့ပညာတဲ့၊ ဒါကြောင့်မို့ မောဟ delusion, အမောဟ antidelusion, (သာမန် non-delusion လို့ ပြန်လို့ရှိရင် တွေဝေမှုကင်းရုံလေးတင်ပဲ အမောဟလို့ အဓိပ္ပါယ်ရောက်သွား နိုင်တယ်)။

ကဲ ဒီသဘာဝလေးတွေ ရှေးဦးစွာနားလည်ပြီ၊ လောဘ အလောဘ၊ ဒေါသ အဒေါသ၊ မောဟ အမောဟ၊ အကောင်းနဲ့ အဆိုးလေးတွေ တွဲပြီးတော့ ပြထား တယ်၊ အဲဒီ ၆-ခုကို ဟိတ် ၆-ပါးလို့ စာပေမှာသုံးတာပေါ့၊ အဲဒီဟိတ် ၆-ပါးသည် ဟေတုပစ္စည်း အကြောင်းတရားပဲ၊ သူက အကျိုးပြုလိမ့်မယ်။

ဘာတွေကို အကျိုးပြုသလဲဆိုတာ ကြည့်ရအောင်၊ ဟေတု ၆-မျိုးကို စီစစ် ပြီးတော့ ကြည့်ရအောင်၊ လောဘသည် သူတစ်ခုတည်း မဖြစ်ဘူး၊ သူက ဘာနဲ့ ဖြစ်သလဲ ဆိုရင် လောဘမူစိတ်နဲ့ တွဲပြီးဖြစ်တယ်၊ လောဘအခြေခံတဲ့စိတ်နဲ့ တွဲဖြစ်တယ်၊ လောဘဖြစ်ရင် အနည်းဆုံး စိတ်ကတစ်ခု၊ စေတသိက်က ၁၉-ခု၊ အမြဲတမ်း ဒီလောက်ရှိရတယ်၊ ဒါ စိတ်စေတသိက်ယှဉ်ပုံ၊ အဘိဓမ္မာသင်ထားလို့ရှိရင် သိတယ် နော်။

လောဘဖြစ်လိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် လောဘဖြစ်ဖို့ရာ စိတ်တစ်ခု ဖြစ်ရတယ်၊ သူနဲ့ ဖြစ်ဖေါ်ဖြစ်ဖက်တွေက ၁၉-ခုလောက် ရှိတယ်၊ ဆိုလိုတာက Universal mental properties က ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြေ မနသိကာရဆိုတဲ့ ဒီသဘောတရားတွေ ပါလာတယ်၊
ပြီးတော့ ဝိတက် ဝိစာရ အဓိမောက္ခ ဝီရိယ ပီတိ ဆန္ဒ – ဒီသဘာဝတရားတွေက သူနဲ့ အတူတူ ယှဉ်ပြီး ပါလာလိမ့်မယ်၊ ပြီးတော့ မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စဆိုတဲ့ သဘာဝတရားတွေ၊ လောဘ ဒိဋ္ဌိ (သို့မဟုတ်) မာနတို့ ပါလာမယ်၊ အဘိဓမ္မာ သင်ထားရင် နားလည်တယ်နော်။

ဆိုလိုတာက လောဘဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် သူနဲ့ ယှဉ်ဖေါ်ယှဉ်ဖက် တွေ ပါလာမယ်လို့ မှတ်ထားပါ၊ သူတစ်ခုတည်း မဖြစ်ဘူး၊ ရေလို့ ဆိုလိုက်တာနဲ့ H2O ဆိုတာ သိရသလိုပဲ၊ လောဘလို့ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် လောဘနဲ့ ယှဉ်တဲ့စိတ်တွေ တွဲဖက်ပါလာတဲ့ စေတသိက်တွေ ပါလာမယ်ဆိုတာ မှတ်ထား ရမယ်။

ခြုံငုံပြီးတော့ ပြောမယ်ဆိုရင် လောဘနဲ့အတူ ဖြစ်တဲ့စိတ်သည် လောဘမူ စိတ် ၈-ခု၊ စေတသိက်က ၂၂-ခု၊ (လောဘဖယ်လိုက်လို့ရှိရင် ၂၁-ခု၊) အဲဒါကို ဟေတုသမ္ပယုတ္တာနံ လို့ ဟောတာ၊ ဒီနေရာမှာ လောဘ ဆိုတဲ့ တစ်ခုတည်းကို ရည်ရွယ်ပြောမယ်ဆိုရင် လောဘဆိုတဲ့ဟိတ်နဲ့ ယှဉ်တဲ့တရား လို့ ပြောတယ်၊ ဟိတ် ၆-ပါးလုံး ရည်ရွယ်ပြီးတော့.. ပြောရင်တော့.. သဟိတ်စိတ် ၇၁-ခု ရှိတယ်၊ ဟေတုသမ္ပယုတ္တာနံ – ဟိတ်နဲ့ယှဉ်တဲ့စိတ်ပေါင်းက ၇၁-ခု ရှိတယ်၊ စေတသိက်က ၅၂-ခု၊ အပြန်အလှန် အားဖြင့်ယူတော့ ၅၂-ခု၊ အဲဒါကို ဟေတု-သမ္ပယုတ္တာနံ လို့ ခေါ်တယ်၊ ဟိတ်နဲ့ယှဉ်ပြီး ဖြစ်ပေါ်လာတဲ့ ဖြစ်လာတဲ့တရား။

လောဘဖြစ်ရင် တစ်ခုတည်း မဖြစ်ဘူး၊ ဒေါသဖြစ်ရင်လည်း တစ်ခုတည်း မဖြစ်ဘူး၊ မောဟဖြစ်ရင်လည်း တစ်ခုတည်း မဖြစ်ဘူး၊ အလောဘလည်း တစ်ခု တည်း မဖြစ်ဘူးတဲ့၊ အဒေါသတို့ အမောဟတို့လည်းဖြစ်ရင် တစ်ခုတည်း မဖြစ်ဘူး တဲ့၊ ယှဉ်ဖေါ်ယှဉ်ဖက်တွေနဲ့ တွဲဖြစ်တယ်၊ ဘယ်တော့ဖြစ်ဖြစ် unity ပဲ၊ တစ်ခုတည်း ဆိုရင် မဖြစ်ဘူး၊ ပေါင်းစပ်လိုက်မှ အလုပ်ဖြစ်တာ၊ ဘယ်အရာပဲဖြစ်ဖြစ်၊ အစု အဝေးချည်းပဲ။

ရုပ်ပိုင်းဆိုင်ရာ ကြည့်လိုက်ရင် ရုပ် ၈-ခု အစုအဝေးပဲ၊ အနည်းဆုံးပြော တာ၊ နာမ်ပိုင်းဆိုင်ရာ ကြည့်ရင်လည်း နာမ် ၈-ခုရဲ့ အစုအဝေးပဲ၊ အနည်းဆုံး စိတ်တစ်ခုနဲ့ စေတသိက် ၇-ခု၊ ပေါင်း ၈-ခု ရှိရမယ်၊ ဒါထက်ပိုတာလည်း ရှိတယ်၊ လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟဆိုတဲ့ ဒီဟိတ် ၆-ပါးကို အကုန်လုံး ခြုံငုံပြီးပြောလိုက်ရင် စိတ်က သဟိတ်စိတ် ၇၁-ခု၊ စေတသိက် ၅၂-ခု၊ အဲဒါသည် ဟိတ်နဲ့ယှဉ်တဲ့ သမ္ပယုတ္တဓမ္မများ ဖြစ်တယ်။

အဲဒီ ဟိတ်နဲ့ယှဉ်တဲ့ စိတ် စေတသိက်တရားတွေကို ဟောဒီ ဟိတ်လို့ အမည်ရတဲ့ လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟ၊ ဆိုင်ရာ ဆိုင်ရာ ဒီတရား တွေက ခိုင်မြဲနေအောင် ဖန်တီးပေးထားတယ်၊ ဒီလိုဆိုတယ်၊ ဒါက နာမ်ပိုင်းကို ပြောတာ။

တစ်ခါ ရုပ်ပိုင်းဆိုင်ရာကို ကြည့်လိုက်ရင် “တံ သမုဋ္ဌာနာနဉ္စ ရူပါနံ” တဲ့၊ စိတ်ဖြစ်တာနဲ့ တစ်ပြိုင်နက် စိတ်က ရုပ်ကို ဖြစ်စေတယ်၊ များသောအားဖြင့် စိတ် အားလုံးလိုလို (မြင်သိစိတ် ကြားသိစိတ်စတဲ့ စိတ် ၁၀-ခုနဲ့ အရူပဘုံမှာဖြစ်တဲ့ ဝိပါက်စိတ် ၄-ခု၊ အားလုံးပေါင်း ၁၄-ခုက လွဲရင် ) ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ရုပ်ကို ထုတ်လုပ်ပြီးသားဖြစ်တယ်၊ စိတ္တဇရုပ်ကို ထုတ်လုပ်လိုက်တယ်။

ကြည့်လေ - မီးက လင်းလိုက်တာနဲ့ တစ်ပြိုင်နက် အလင်းရောင်ကို မထုတ်လုပ် ဘူးလား၊ ချက်ချင်းထုတ်လိုက်တာ၊ အဲဒါမျိုး၊ ကိုယ့်သန္တာန်မှာ စိတ်ဖြစ်လာတာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်က ရုပ်ကို ထုတ်ပြီးသားဖြစ်တယ်၊ အဲဒီရုပ်ကို စိတ္တဇရုပ် လို့ခေါ်တာ။

ဟိတ်နဲ့ယှဉ်တဲ့ သဘာဝတရားတွေ ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် သူတို့က ရုပ်ကို ထုတ်လုပ်တယ်၊ အဲဒီ ထုတ်လုပ်လိုက်တဲ့ ရုပ်တရားတွေကို ဒီနေရာမှာ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ လို့ ဆိုတာ၊ ထိုဟိတ်နဲ့ယှဉ်တဲ့ စိတ်စေတသိက်တရားတွေက ထုတ်လုပ်လိုက်တဲ့ ရုပ်တို့အားလည်း ဟေတုသတ္တိနဲ့ ကျေးဇူးပြုတယ်၊
ဆိုလိုတာက ဟိတ်ဆိုတဲ့ စေတသိက်တရားသည် သူနဲ့ယှဉ်တဲ့ စိတ်စေတသိက် တရားတွေရယ်, သူတို့ကပေါင်းပြီးတော့ ထုတ်လုပ်လိုက်တဲ့ ရုပ်တရားတွေရယ်၊ အဲဒါတွေကို ဟေတုသတ္တိနဲ့ ကျေးဇူးပြုတယ်။

ဟိတ် ၆-ပါးကနေပြီးတော့ ကျန်တဲ့ ဟိတ်နဲ့ယှဉ်တဲ့ စိတ်စေတသိက်တရား တွေနဲ့ ဟိတ်ကြောင့်ဖြစ်လာတဲ့ ရုပ်တွေကို ကျေးဇူးပြုတယ်ဆိုတာ ဟေတုသတ္တိပဲ၊ ကျေးဇူးပြုတယ်ဆိုတာ ဘာကို ပြောတာတုန်းဆိုရင် အဲဒီသဘာဝဟိတ်တရားတွေ ရှိနေသေးသမျှ ဟောဒီ အကျိုးတရားတွေ ဆက်လက်ရှင်သန်နေမယ် လို့ ဒီလို ပြောတာ။

ဟေတုတွေရဲ့ စွမ်းရည်သတ္တိဆိုတာ ဥပမာ - သစ်ပင်မှာ အမြစ်ရှိနေသမျှ ကာလ ပတ်လုံး အဲဒီအမြစ်ကို အကြောင်းပြုပြီး အရွက်တွေထွက်လာတယ်၊ အကိုင်း တွေ ထွက်လာတယ်၊ ပွင့်ချိန် ပွင့်တယ်၊ အသီးတွေ ထွက်မယ်၊ Seasonally ပေါ့၊ အမြစ်ရှင်သန်နေသမျှ ကာလပတ်လုံး ဟောဒီသစ်ပင်သည် အရွက်ထွက်ချိန်ကျ ထွက်မယ်၊ အကိုင်းထွက်ချိန် ထွက်လိမ့်မယ်၊ အပွင့်ပွင့်ချိန်မှာ ပွင့်လိမ့်မယ်၊ အသီး သီးချိန်မှာ သီးလိမ့်မယ်၊ အကယ်၍ အဲဒါတွေ တစ်ခုမှ ဆက်ပြီးတော့ မဖြစ်စေချင် ဘူးဆိုရင် ဘာလုပ်ရမလဲ၊ အဲဒီအမြစ်ကို ဖြတ်ရမယ်၊ အဲဒီအမြစ် ဖြတ်လိုက်တာနဲ့ တစ်ပြိုင်နက် ကျန်တဲ့ အကိုင်း အခက် အလက်တွေ အပွင့်တွေ အသီးတွေ မလာ တော့ဘူး။

ဒါမျိုးလိုပဲ လောဘ ဒေါသ မောဟဆိုတဲ့ သဘာဝတရားတွေ၊ အလောဘ အဒေါသ အမောဟဆိုတဲ့ သဘာဝတရားတွေ ရှိနေသေးသမျှ ဆိုင်ရာဆိုင်ရာ အကြောင်း တွေက ဆိုင်ရာဆိုင်ရာအကျိုးတရားတွေကို ဆက်လက်ပြီး ရှင်သန်အောင် လုပ်ပေး နေမှာပဲ၊ အဲဒါကို ပြောတာ။

ကဲ apply လုပ်ကြည့်ရအောင်၊ လောဘဖြစ်တယ် ဆိုပါစို့ - ပစ္စည်းတစ်ခုခုကို လိုချင်တဲ့ လောဘစိတ်ကလေး ဖြစ်လာတယ်၊ အဲဒီလောဘဆိုတဲ့ သဘောလေး ပေါ်လာ ကတည်းက ဘာတွေတွေးနေသလဲ၊ လိုချင်တဲ့စိတ်နဲ့ပဲ တွေးမနေဘူးလား၊ အဲဒီ လိုချင်တဲ့အတွေးဆိုတာ လောဘနဲ့ ယှဉ်နေတဲ့စိတ်တွေ ဖြစ်နေတာပဲလေ၊ လိုချင်တဲ့ အတွေးတွေ သူ့မှာရှိနေတယ်၊ လောဘရှိနေသရွေ့ လိုချင်တဲ့အတွေး တွေးနေလိမ့်မယ်။

စကားပြောလိုက်တာနဲ့ တစ်ပြိုင်နက် လိုချင်ကြောင်း ပြောလိမ့်မယ်၊ သူ့ ပါးစပ်က ပြောလိုက်တဲ့အသံသည် mind born matter ပဲ၊ ပြောလိုက်တဲ့ အသံက ဘာကြောင့် ထွက်လာသလဲ၊ ဟောဒီ လိုချင်တဲ့စိတ်က ထုတ်လုပ်လိုက်တဲ့ အသံပဲ၊ အဲဒီအသံပဲ သူက ဆက်လက်ရှိဦးမယ်၊ သူ လိုချင်စိတ် မကုန်သေးသမျှ လိုချင် ကြောင်းပဲ ပြောဦးမယ်၊ အဲဒါက ရုပ်တရားကို ဖြစ်စေပုံပဲ၊ သူ လှုပ်ရှားတာ၊ သွားတာ လာတာရော လိုချင်မှုနဲ့ ပတ်သက်တာ မဖြစ်ပေဘူးလား။

လောဘရှိနေသေးသမျှ လောဘနဲ့ပတ်သက်တဲ့ အတွေးတွေ ရှိမယ်၊ လောဘနဲ့ ပတ်သက်တဲ့ အပြောတွေ ပြောနေမယ်၊ လောဘကို အခြေပြုပြီး သွားလာ လုပ်ကိုင် လှုပ်ရှားနေမယ်၊ ဒါ ရုပ်တရားတွေ ဖြစ်နေတာ၊ ပြောဆိုနေတာရယ်၊ သွားလာ လုပ်ကိုင်နေတာ ရုပ်တရားတွေ ဖြစ်နေတာ။

ကဲ လိုချင်စိတ်ကုန်သွားပြီ၊ လောဘမရှိတော့ဘူး ဆိုကတည်းက အဲဒီ အတွေးလည်း မတွေးတော့ဘူး၊ အဲဒီ အပြောလည်း မပြောတော့ဘူး၊ အဲဒီ အလုပ်လည်း မလုပ်တော့ဘူး၊ ဒီလို ဆိုလိုတယ်နော်။

ထို့အတူပဲ ဒေါသဆိုတာ ဘယ်လောက်ထင်ရှားလဲ လူတွေမှာ၊ စိတ်တိုနေလို့ရှိရင် ကြည့် - စိတ်ဆိုးနေလို့ရှိရင် တွေးနေတယ်၊ ဘာတွေ တွေးနေသလဲ၊ မကျေနပ်တာပဲ တွေးနေတယ်၊ ဒေါသဖြစ်စရာတွေ တွေးနေတယ်၊ အဲဒါ ဘယ်သူ က ဒီအတွေးတွေ ဆက်လက်ရှင်သန်စေတာတုန်းဆိုရင် ဒေါသဆိုတဲ့ဟိတ်တရားက ဟေတုသတ္တိနဲ့ ကျေးဇူးပြုနေလို့ဖြစ်တာ။

ဘယ်လိုကျေးဇူးပြုတာတုန်းဆိုရင် ကြည့် - အမြစ်ကနေပြီးတော့ မြေဆီ ရေဆီ တွေကို စုပ်ပြီးတော့ တင်ပေးနေသည့်အတွက် ဒီသစ်ပင်ကြီးဟာ အရွက်တွေ အသီးတွေ အပွင့်တွေ ရှင်သန်နေတာလေ၊ အဲဒါလိုပဲ ဒေါသဟာ အမြစ်ပဲ၊ အဲဒီ အမြစ်ရှိနေသေးသမျှ သူဟာ မကျေနပ်တဲ့အတွေးတွေ တွေးနေမယ်၊ မကျေနပ်တဲ့ စိတ်တွေဖြစ်ပေါ်နေတယ်၊ အဲဒါက ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ ပဲ။

အဲဒီ မကျေနပ်တဲ့အပြော ပြောရုံမကဘူး, သူတစ်ယောက်တည်းဆိုရင် တက်တခေါက်ခေါက်နဲ့ ဖြစ်နေမယ်၊ အဲဒီတက်ခေါက်တဲ့အသံဟာ စိတ္တဇရုပ်ပဲနော်၊ အဲဒီအသံကို ဘယ်သူက ထုတ်လုပ်လိုက်တာတုန်း? မကျေနပ်တဲ့စိတ်တွေက ထုတ်လုပ်လိုက်တာ၊ မကျေနပ်တဲ့အတွေးတွေ တွေးမယ်၊ မကျေနပ်တဲ့ အပြောတွေ ပြောလိမ့်မယ်၊ သူ အသံဗလံတွေလည်း ပေးမယ်၊ ပြောမယ်၊ နောက်ဆုံးကျတော့ မကျေနပ်တဲ့အလုပ် ဒေါသရှိနေမယ်ဆိုရင် ခြေဆောင့်နင်းသွားမယ်၊ တံခါး ဆောင့် ပိတ်ချင် ပိတ်မယ်၊ ပစ္စည်းလွှတ်ချချင် ချလိုက်မယ်၊ ဟုတ်ရဲ့လား၊ ဒေါသ ဖြစ်လာ ကတည်းက အမူအရာတစ်ခုက ကြမ်းတမ်းနေတယ်၊ စိတ်ပြေသွားရင် အဲဒီလို မဟုတ်တော့ဘူး။

စိတ်ပြေသွားတာနဲ့ တစ်ပြိုင်နက် ကျေနပ်တဲ့အတွေးတွေ တွေးနေတယ်၊ လူတွေဟာ တစ်ခါတလေဆိုရင် အတော်ရယ်စရာကောင်းတယ်၊ စိတ်ဆိုးတဲ့အချိန် မှာဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ရိုက်တော့မလို နှက်တော့မလိုနဲ့၊ စိတ်ဆိုး လည်း ပြေသွားရော sweety တို့ honey တို့ ဖြစ်ကုန်ရော၊ အဲဒါလိုတွေ ဖြစ်သွား တယ်၊ အရင်တုန်းကတော့ sweety တို့ honey တို့ မဖြစ်ဘူး၊ Bloody hell ပဲ လုပ်တယ်၊ ဆဲလား ရိုက်လား နှက်လားပဲ၊ ဟော ဒေါသလေးလည်း ပြေသွားရော I'm so sorry လုပ်လာတယ်၊ I apologize ဖြစ်သွားကြတာ၊ so sorry ဖြစ်ကုန်ကြတယ်၊ ကြည့် ဒေါသရှိနေရင် apologize မလုပ်သေးဘူး၊ ဒီလိုဖြစ်တာ၊ အဲဒါကို မြတ်စွာဘုရားက ဟေတုသတ္တိလို့ ပြောတာ၊ ဟေတုပစ္စည်းဆိုတာ ဒါကို ပြောတာ။

အဲဒီတော့ လက်တွေ့ဘဝမှာ အရေးကြီးတာက ကိုယ့်ဟာကိုယ် “ငါ မကျေနပ်တဲ့ အတွေးတွေ ဘာကြောင့်တွေးနေတာလဲ၊ ဒီဒေါသကြောင့်၊ ငါ ဒီဒေါသ ကို ဖယ်မှ ဖြစ်မယ်”လို့ ဒီအတွေး တွေးရမှာ၊ “ငါ ဘာလို့ မကျေနပ်တဲ့အတွေး တွေး နေလဲ၊ ငါ ဘာလို့ တစ်ယောက်တည်း တက်ခေါက်နေတုန်း၊ ငါ ဘာလို့ ကြမ်းကြမ်း တမ်းတမ်းတွေ လုပ်နေလဲ” ဆိုလို့ရှိရင် “ဪ ငါ့မှာ ဒေါသရှိနေလို့” ဒီဒေါသ ဖျောက်လိုက်တာနဲ့ တစ်ပြိုင်နက် ခုနကဟာတွေ မလာတော့ဘူး၊ ပျောက် သွားပြီ၊ အပြောလည်း ယဉ်ကျေးသွားပြီ၊ သွားတာလာတာလည်း ညင်သာသွားပြီ၊ ဒေါသ မရှိလို့ရှိရင် fortify လုပ်တာတွေ မရှိတော့ဘူး၊ အဲဒီသဘောကို ပြောတာ၊ ဒါ ဟေတုပစ္စည်းပဲ။

ဒေါသငြိမ်းသွားတယ်ဆိုတာ သူ့ဟာသူ အလိုအလျောက် ငြိမ်းတာ မဟုတ် ဘူး၊ ဘာဝင်လာလို့ ငြိမ်းတာတုန်းဆိုရင် အဒေါသက ငြိမ်းပေးတာ၊ တစ်ဦးကို တစ်ဦး နားလည်လာပြီးတော့ အကျိုးကို လိုလားတဲ့စိတ်ကလေး ဝင်လာတယ်၊ “ငါ လုပ်တာ မှားသွားပြီလား”၊ “ငါပြောတာ လွန်သွားသလား”၊ စဉ်းစားတာ၊ အဒေါသ ဝင်လာရင် ဒီလိုစဉ်းစားတာ။

ဒေါသဝင်တုန်းကတော့ နည်းတောင် နည်းသေးတယ်၊ အားရပါးရပြောမယ်၊ ဆဲမယ်၊ အဲဒီဒေါသလည်း ပျောက်ရော, အဒေါသ သဘော၊ မေတ္တာသဘောလည်း ရောက်လာရော ခုနကလို ဖြစ်သွားပြန်ရော။

ဒေါသပျောက်သွားတော့ ဘယ်သူရောက်လာတုန်း၊ အဒေါသက ပြန်ရောက် လာတာပဲ၊ လောဘပျောက်သွားပြန်ရင်လည်း ခုနက အလောဘက ရောက် လာပြန်ရော၊ အလောဘရောက်လာတော့ ဘာဖြစ်တုန်း၊ လှူရမယ်၊ တန်းရမယ်၊ ဘယ်သူ့ အကူအညီပေးရမလဲဆိုတဲ့ အတွေးတွေ တွေးလာတယ်၊ ကိုယ့်ပစ္စည်းကို စွန့်လွှတ်ချင်တယ်၊ ကျွေးချင်တယ်၊ မွေးချင်တယ်၊ ဒီလိုအတွေးတွေ ဝင်လာတယ်၊ ပြောဆိုလာတယ်၊ လုပ်ကိုင်လာတယ်၊ အလောဘဝင်လာလို့ရှိရင် ဒီအတွေးမျိုးတွေ တွေးလာတယ်၊ လောဘဝင်လာရင် အဲဒီအတွေးတွေ ပျောက်ကုန်ပြန်ရော။

ထို့အတူပဲ မောဟဝင်လာရင် ဘယ်လိုဖြစ်မလဲ၊ သံသယတွေ ဖြစ်လာမယ်၊ “ပဋ္ဌာန်းဆိုတာ ဘုရားဟောတာ ဟုတ်ရဲ့လား၊ ဘယ်သူပြောနိုင်မှာတုန်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်း-၂၅ဝဝ ကျော်က ပဋ္ဌာန်းဟောခဲ့တာရော ဟုတ်ရဲ့လား၊ ဒါ ရွတ်နေလို့ရော ကုသိုလ်ရတယ်ဆိုတာ ဟုတ်ရဲ့လား”၊ အတွေးတွေ ဝင်လာတယ်၊ သံသယတွေ ဖြစ်လာတယ်၊ ဒါ မောဟဝင်လာတာ၊ စိတ်တွေက မတည်ငြိမ်ဘူး၊ လွင့်ပါးလာတယ်၊ ဟော မောဟမူစိတ်တွေ ဖြစ်လာတယ်၊ ဒါ မောဟရှိနေရင် အဲဒီအတွေးတွေ ဝင် နေမှာပဲ၊ ဒါမောဟက ထုတ်လုပ်နေတာနော်၊ မောဟက ထုတ်လုပ်လိုက်တဲ့အတွက် ကြောင့် သံသယတွေ ဝင်လာတယ်၊ စိတ်မငြိမ်မသက်တဲ့အတွေးတွေ တွေးလာ တယ်၊ မယုံကြည်တဲ့အတွေးတွေ ဝင်လာတယ်။

ဒီလိုမဟုတ်ဘဲနဲ့ သေချာ အသိဉာဏ်နဲ့ ဆင်ခြင်စဉ်းစားတတ်လို့ ဉာဏ်ရလာပြီ ဆိုကတည်းက ခုနက သံသယဆိုတဲ့အတွေးတွေ မလာတော့ဘူး၊ စိတ်ပျံ့လွင့် နေတာ မရှိတော့ဘူး၊ အမောဟဆိုတဲ့ဉာဏ် ရလာတဲ့အခါကျတော့ ဒါတွေ ပျောက် သွားတယ်၊ အဲဒါကို ပြောလိုတာ၊ ဟေတုပစ္စည်းဆိုတာ ဒီအဓိပ္ပါယ်ကို ဆိုလိုတယ်။

လောဘ ဒေါသ မောဟ ဆိုတဲ့ အကြောင်းတရား ဟိတ်တရားတွေ မိမိတို့ သန္တာန်မှာ ရှိနေသမျှ အတွေးတွေလည်း ဆက်ဖြစ်နေမှာပဲ၊ ပြောမှုဆိုမှု လုပ်ကိုင်မှုတွေ ဆက်ဖြစ်မယ်၊ ဒါကို ဘယ်သူကနေပြီး ဖြစ်ပေါ်စေတာတုန်းဆိုရင် ဟောဒီ လောဘ ဒေါသ မောဟဆိုတဲ့ ဟိတ်တရားတွေကနေပြီး ဆိုင်ရာအကျိုးတရားတွေကို ရှင်သန်နေအောင် ဆက်လက်ဖြစ်နေအောင် လုပ်ပေးနေတာကို ဟေတုသတ္တိလို့ ခေါ်ပါတယ်။

အဲဒါကို မြတ်စွာဘုရားက ဟောတာနော် -
“ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော”။

ဟေတူ = လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟလို့ ဆိုတဲ့ ဟိတ်ခြောက်ပါးတရားတို့သည်၊
ဟေတုသမ္ပယုတ္တကာနံ = ထိုဟိတ် ၆-ပါး နှင့် ယှဉ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ စိတ်စေတသိက်တရားတို့အားလည်းကောင်း၊
တံ သမုဋ္ဌာနာနံ = ထိုဟိတ်နဲ့ယှဉ်တဲ့ စိတ်တရားနဲ့ ထိုစိတ်တို့ကို အကြောင်း ပြုပြီးတော့ ဖြစ်ပေါ်လာတဲ့၊
ရူပါနဉ္စ = ရုပ်တရားတို့အားလည်းကောင်း၊ ဟေတုပစ္စယေန ဟေတုပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော=ကျေးဇူးပြုတတ်သည်၊
ဟောတိ = စင်စစ်မသွေ ဖြစ်ပါပေတော့၏။
ဣတိ = ဤသို့၊
ဘဂဝါ = ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊
အဝေါစ = ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။

ဤတွင်ပဲ ဒီကနေ့ အပိုင်း-၁ ပဋ္ဌာန်းမြတ်ဒေသနာတရား ပြီးဆုံးပါပြီ။

နောက်ရက်များမှာ အခြားပစ္စည်းတွေနဲ့ ဘယ်လိုဆက်သွယ်ပြီးတော့ ဖြစ်ပေါ်နေ တယ်ဆိုတာကို ဆက်ပြီးတော့ ဟောပေးပါမယ်၊ တရားချစ်ခင် သူတော်စင် ပရိသတ် တို့သည် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ပဋ္ဌာန်းတရားတော်ကြီးကို နာယူ မှတ်သားပြီးတော့ မိမိတို့ဘဝမှာ အကြောင်းတရားအစစ်အမှန်တွေကို သိပြီးတော့ အကြောင်းဉာဏ် အကျိုးဉာဏ်တွေကို ရရှိပြီးတဲ့အခါမှာ ဗုဒ္ဓမြတ်စွာ ဟောကြားတော် မူခဲ့တဲ့ အကြောင်းတရားတို့ရဲ့ ကင်းရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေသတည်း။

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၂)

သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ တပို့တွဲလပြည့်ကျော် ၁၂-ရက်၊ (၂၁-၂-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ် အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။

“ကျမ်းကြီး ပဋ္ဌာန်း, ကျမ်းငယ် ဆန်း, ကျမ်းလတ် ဓာတုကထာ” လို့ ပရိယတ္တိ စာပေ သင်ယူနေကြတဲ့ ရဟန်းသံဃာတွေရဲ့ အသိုင်းအဝိုင်းမှာ ဒီစကားပြောလေ့ ရှိကြတယ်၊ ကျမ်းကြီးထဲမှာ ပဋ္ဌာန်းကျမ်းဟာအလွန်ခက်ခဲတယ်၊ ကျယ်လည်းကျယ်၊ နက်လည်းနက်တယ်။

ပင်လယ်ကြီးထဲမှာ ဖြတ်ကူးဖို့ရာ ခဲယဉ်းသလိုပဲ ပဋ္ဌာန်းကျမ်းကြီးကို အကုန်တတ်သိ နားလည်ဖို့ဆိုတာ အလွန်ခဲယဉ်းတယ်၊ ထိုပဋ္ဌာန်း ကျမ်းကြီးရဲ့ အတိမ်အနက်ကို သိဖို့ဆိုတာလည်း အလွန်ခဲယဉ်းတယ်၊ ဒါကြောင့် တတ်နိုင်သမျှ ထောက်တည်ရာ ရသမျှလေးနဲ့ မိမိတို့ရဲ့နေ့စဉ်ဘဝမှာ ပဋ္ဌာန်း ပစ္စည်းတွေ တစ်ခုနဲ့တစ်ခု ဘယ်ပုံ ဆက်သွယ်နေတယ်ဆိုတာ သိရအောင် ဒီကနေ့ ပဋ္ဌာန်းမြတ်ဒေသနာအပိုင်း-၂ ကို ဆက်ပြီးဟောပါမယ်။

မနေ့တုန်းက ဟေတုပစ္စယောနဲ့ ပတ်သက်ပြီး အကျဉ်းချုပ်ရှင်းပြပြီးပြီ၊ တစ်ခုစီ ထပ်ပြောရအောင်၊ စာပေအနေနဲ့ လေ့လာလိုတဲ့ပုဂ္ဂိုလ်တွေ “ပဋ္ဌာန်းမြတ် ဒေသနာ” အမည်နဲ့ ဝေငှထားတဲ့စာအုပ်လေးကိုကြည့်ပြီး ပစ္စည်းနဲ့ ပစ္စယုပ္ပန်၊ ဒီနှစ်မျိုးကို ရှေးဦးစွာ မှတ်ကြရအောင်။

ပစ္စည်းဆိုတာ အကြောင်းတရား၊ ပစ္စယုပ္ပန်ဆိုတာ ထိုအကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရား၊ (သို့မဟုတ်) ပစ္စည်းတရားက ကျေးဇူးပြုထားတဲ့ အကျိုးတရားလို့ ဒီလိုအဓိပ္ပါယ်ရတယ်။

အဲဒီမှာ ဟိတ် ၆-ပါးသည် ဟေတုပစ္စည်း၊ ပစ္စယဆိုတဲ့စကားလုံးကို မြန်မာ လို ပစ္စည်းလို့ ပြန်လိုက်တာ၊ အကြောင်းတရားလို့ ပြောတာ၊ ပစ္စည်းဆိုတော့ ဟို ပစ္စည်း ဒီပစ္စည်းတွေနဲ့ ရောသွားနိုင်သေးတယ်နော်၊ လူသုံးကုန်ပစ္စည်းတို့ ဘာတို့ ပြောတဲ့ ဟာတွေကိုလည်း ပစ္စည်းလို့ပဲ ခေါ်တယ်။

ဒီနေရာမှာ “ပစ္စည်း” ဆိုတာ အထောက်အကူပြုတဲ့ အကြောင်းတရားကို ဆိုလိုတယ်၊ “ပစ္စယုပ္ပန်” ဆိုတာ ပစ္စယုပ္ပန္န ဆိုတဲ့စကားလုံးကလာတာ၊ “အကြောင်းတရား ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရား” အကြောင်းတရားက ကျေးဇူးပြုထားတဲ့ အကျိုးတရားလို့ ဒီလိုအဓိပ္ပါယ်ရတယ်။

အဲဒီစာအုပ်က ဇယားလေးကြည့်မယ်ဆိုရင် ဟေတုပစ္စည်း ဆိုတာ ဟိတ် ၆-ပါးကို ခေါ် တယ်၊ ဟိတ် ၆-ပါးလို့ဆိုတာ အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေ သိတယ်ပေါ့၊ အဘိဓမ္မာ မသင်ဖူးဘူး ဆိုရင်တော့ ဟိတ် ၆-ပါးဆိုတာ ဘာတွေပါလိမ့်လို့ တွေးကောင်း တွေးလိမ့်မယ်၊ မနေ့က နည်းနည်းရှင်းပြီးတော့ ပြောခဲ့ပြီးပြီ။

ဟေတုရဲ့အဓိပ္ပါယ်က “အကျိုးတရားတွေကို ရှင်သန်နေအောင် ဖွံ့ဖြိုး တိုးတက် နေအောင် ခိုင်မာနေအောင် ကျေးဇူးပြုနေတဲ့ အကြောင်းတရား” လို့ အဓိပ္ပါယ် ရတယ်၊ ဟေတု ဆိုတဲ့ နာမည်နဲ့ ဟောထားတဲ့တရားဟာ ၆-မျိုး ရှိတယ်၊ အဘိဓမ္မာမှာ ဟေတုဟာ ၆-မျိုးပဲ ရှိတယ်၊

၆-မျိုးက လောဘ ဒေါသ မောဟ၊ အလောဘ အဒေါသ အမောဟ၊ အကောင်းဘက်က ၃-မျိုး၊ အဆိုးဘက်က ၃- မျိုး၊ ဒီ ၆-မျိုး ဖြစ်တယ်၊ အဲဒီ ၆-မျိုး သောသဘာဝ တရားများသည် မိမိတို့နှင့်ယှဉ်တွဲ ဖြစ်ပေါ် လာတဲ့တရားများကို အခိုင်အမာ ဖြစ်သွားအောင် အထောက်အကူပြုတတ်တယ်၊ ဒါဟာ သူတို့ရဲ့ ဟေတုသတ္တိ ဖြစ်တယ်။

ရှေးဦးစွာ စာလိုမှတ်မယ်ဆိုရင် ဟိတ် ၆-ပါးက ပစ္စည်း၊ ပစ္စယုပ္ပန်မှာ သဟိတ်စိတ် ၇၁-ခု၊ (သဟိတ်စိတ်ဆိုတာ သ ဆိုတာ အတူတကွ၊ ဟေတု က ဟိတ်၊ ဟိတ်နဲ့ ယှဉ်တဲ့စိတ်လို့ ပြောတာ၊ ပါဠိမြန်မာရောပြီး သုံးထားတဲ့စကားလုံး ဖြစ်တယ်၊ “သဟိတ်စိတ်”ဆိုတာ ဟိတ်နဲ့ယှဉ်တဲ့စိတ်လို့ ပြောတာ၊ ဟိတ်နဲ့ယှဉ်တဲ့ စိတ်သည် ၇၁-ခု ရှိတယ်၊ ဟိတ်နဲ့မယှဉ်တဲ့ စိတ်က ၁၈-ခု ရှိတယ်၊ နှစ်ခုပေါင်း တဲ့အခါ စိတ် ၈၉-ဆိုတာ ရတယ်ပေါ့၊) ယှဉ်တဲ့စေတသိက်တွေကို ကြည့်လိုက်မယ်ဆိုရင် စေတသိက်-၅၂ ခု လုံးယှဉ်တယ်၊ ပြီးတော့ သဟိတ်စိတ္တဇရုပ်။

စိတ်ကို အဟိတ်စိတ်နဲ့ သဟိတ်စိတ်လို့ နှစ်မျိုးခွဲထားတယ်၊ ဟိတ်နဲ့ယှဉ်တဲ့ စိတ်၊ ဟိတ်နဲ့ မယှဉ်တဲ့စိတ်၊ ဟိတ်နဲ့ယှဉ်တဲ့စိတ်တွေကြောင့် ဖြစ်တဲ့ရုပ်ကို သဟိတ် စိတ္တဇရုပ်လို့ ဒီလိုပြောတာနော်။

စိတ္တဇမှာ စိတ္တ ဆိုတာ စိတ်ကြောင့်, ဇ ဆိုတာ ဖြစ်လာတာ၊ အဲဒီ အဓိပ္ပါယ်၊ စိတ်ကြောင့် ဖြစ်တဲ့ရုပ်၊ (မြန်မာပြည်မှာလည်း ဒီစကားလုံးသုံးတယ်၊ “စိတ္တဇရောဂါ” တဲ့၊ စိတ်မှာဖြစ်နေတဲ့ရောဂါ၊ စိတ္တဇရောဂါ၊ စိတ်စွဲလမ်းပြီးတော့ စိတ်မှာဖြစ်နေတဲ့ ရောဂါ၊ စိတ္တဇရောဂါ၊) ဒီနေရာမှာ စိတ္တဇရုပ်ဆိုတာ စိတ်က ထုတ်လုပ်လိုက်တဲ့ ရုပ်တရားတွေကို စိတ္တဇရုပ်လို့ ခေါ်တယ်။

ထို့နောက် သဟိတ်ပဋိသန္ဓေကမ္မဇရုပ် တဲ့၊ ပဋိသန္ဓေစိတ်ကလည်းပဲ သဟိတ်-ပဋိသန္ဓေ ရှိတယ်၊ အဟိတ်ပဋိသန္ဓေ ရှိတယ်ပေါ့၊ သဟိတ်ပဋိသန္ဓေ ဆိုတာ ဟိတ်နဲ့ယှဉ်တဲ့ ပဋိသန္ဓေစိတ်၊ ဥပမာ - မဟာဝိပါက်စိတ် ၈-ခုနဲ့ ပဋိသန္ဓေနေလို့ရှိရင် သဟိတ်ပဋိသန္ဓေစိတ်။

လူတွေမှာ မဟာဝိပါက်စိတ် ၈-ခုဆိုတာနဲ့ ပဋိသန္ဓေနေကြတယ်၊ ရူပဗြဟ္မာ တွေမှာ ရူပါဝစရဝိပါက်စိတ် ၅-ခုနဲ့ ပဋိသန္ဓေနေတယ်၊ အရူပဗြဟ္မာတွေမှာ အရူပါဝစရ ဝိပါက်စိတ် ၄-ခုနဲ့ ပဋိသန္ဓေနေတယ်၊ အဆင့်မရှိတဲ့ လူသားတွေကျတော့ ကုသလဝိပါက် ဥပေက္ခာသန္တီရဏ ဆိုတဲ့ အဟိတ်စိတ်နဲ့ ပဋိသန္ဓေနေကြတယ်၊ အပါယ်လေးဘုံက အပါယ်ဘုံသားအားလုံးသည် အကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်နဲ့ ပဋိသန္ဓေနေကြတယ်၊

ဒီ term တွေက အဘိဓမ္မာမသင်ဖူးရင် ခက်နေတယ်၊ ခေါ်ရတာ ခက်လို့ရှိရင် ငရဲ တိရစ္ဆာန် ပြိတ္တာ တို့ရဲ့ သန္ဓေစိတ်လို့ ဒီလိုမှတ်ပါ၊ အဲဒီသန္ဓေစိတ်တွေက အတူတူပဲ၊ ငရဲသားတွေ ရဲ့သန္ဓေစိတ် တိရစ္ဆာန်တွေရဲ့ သန္ဓေစိတ် ပြိတ္တာတွေရဲ့ သန္ဓေစိတ်ရယ် အတူတူပဲ မှတ်ရမယ်၊ အဟိတ်စိတ်နဲ့ ပဋိသန္ဓေနေလို့ အဟိတ်တိရစ္ဆာန်တွေလို့ ပြောကြတယ်၊ ဒါ စာပေကနေ ထွက်ပေါ်လာတဲ့ အသုံးအနှုန်းဖြစ်တယ်။

တိရစ္ဆာန်တွေက လောဘ ဒေါသ မောဟ၊ အလောဘ အဒေါသ အမောဟ ဆိုတဲ့ မကောင်းတဲ့ဟိတ် ကောင်းတဲ့ဟိတ်တွေနဲ့ သူတို့ပဋိသန္ဓေစိတ်မှာ ဖြစ်ပေါ်လာတာ မဟုတ်ဘူး၊ ဟိတ်မဲ့ပဋိသန္ဓေစိတ်နဲ့ နေလာတယ်လို့ ဒီလိုဆိုတယ်။

ကဲ ဟေတုသတ္တိ ဆိုတာက ရေသောက်မြစ်ရဲ့အစွမ်းနဲ့တူတယ်၊ ဘယ် သစ်ပင်က ရေသောက်မြစ်ပဲဖြစ်ဖြစ် ထိုသစ်ပင် ရှင်သန်ပြီးဖွံ့ဖြိုးတိုးတက်နေအောင်, အသီးတွေ အပွင့်တွေနဲ့ နှစ်ပေါင်းများစွာကြာအောင် ထောက်ပံ့နိုင်တယ်။ အဲဒီ ရေသောက်မြစ်ရဲ့ စွမ်းရည်သတ္တိမျိုးကို ဟေတုသတ္တိလို့ ခေါ်တယ်၊ အခိုင်အမာ ဖြစ်အောင်, ရှင်သန် နေအောင် ထောက်ပံ့ကူညီတဲ့သတ္တိသည် ထူးခြားတဲ့ သတ္တိ တစ်ခုပဲ။

လောဘဟေတု

ကဲ လောဘကို ပြောရအောင်၊ လူတိုင်းလူတိုင်းဟာ လိုချင်တဲ့စိတ် ဖြစ် တတ်ကြတယ်၊ လိုချင်တဲ့စိတ် ဖြစ်ပြီဆိုရင် ထိုလိုချင်တဲ့စိတ် တည်တံ့နေအောင် ဘယ်အရာက လုပ်သလဲဆိုရင် လိုချင်မှုဆိုတဲ့ လောဘတရားက လုပ်တယ်၊ လိုချင်တဲ့စိတ်ကို အကြောင်းပြုပြီးတော့ စိတ္တဇရုပ်တွေကို ထုတ်လုပ်ပေးနေတယ်၊ နှုတ်က ထုတ်ပြောတယ်၊ ခန္ဓာကိုယ်နဲ့ ကိုယ်ထိလက်ရောက် လုပ်တယ်ဆိုတဲ့ ကိုယ် အမူအယာ နှုတ်အမူအယာတွေ ဖြစ်ပေါ်လာတယ်။ အဲဒီလို ဖြစ်လာအောင်, ရှင်သန်နေအောင် ဘယ်သူက လုပ်သလဲ၊ ဟောဒီ လောဘက လုပ်ပေးနေတာ။ ဒါကြောင့်မို့ ဒီလောဘကို ဟေတုပစ္စယလို့ ခေါ်တယ်၊ သူ့ရဲ့အကျိုးတရားတွေ ဆက်လက်ဖြစ်ပေါ်နေအောင်, ခိုင်ခံ့နေအောင်, တည်မြဲနေအောင် သူကစွမ်းဆောင် ထားတယ်၊ အဲဒီသတ္တိကို ဟေတုသတ္တိလို့ ပြောတာပဲ။

စာလိုပြောမယ်ဆိုရင်တော့ လောဘနဲ့ လောဘမူစိတ်လို့ နှစ်မျိုးခွဲရမယ်၊ လောဘ ဆိုတာ လိုချင်တဲ့သဘောကို ပြောတာ၊ အဲဒီ လိုချင်တဲ့သဘောသည် လောဘမူစိတ်နဲ့ ယှဉ်တွဲဖြစ်တဲ့ စေတသိက်တရားသာ ဖြစ်တယ်၊ အဲဒီလောဘမူစိတ် ဖြစ်လာလို့ရှိရင် လောဘစေတသိက်တစ်ခုတည်းသာ ဖြစ်တာ မဟုတ်ဘူး၊ ကျန်တဲ့ စေတသိက် တွေလည်း ဖြစ်သေးတယ်၊

လိုချင်စိတ်လို့ လူတွေက တစ်ခုတည်း ခေါ်နေကြတယ်၊ လိုချင်တဲ့စိတ်ဆိုတာ စိတ်က ၈-ခု၊ စေတသိက်က ၂၂-ခု၊ (သို့မဟုတ်) စိတ် ၁-ခုနဲ့ စေတသိက် ၂၂-ခု၊ ပေါင်းလိုက်ရင် ၂၃-ခု၊ ၂၃-ခု ကို တစ်ခုတစ်ခု တွက်ထားလိုက်မယ်ဆိုရင် လူတွေ ပြောနေကြတဲ့ လိုချင်တဲ့စိတ်ဆိုတာ အဲဒါကိုပြောတာ။

အဲဒီ လိုချင်တဲ့စိတ်ကလေး မိမိတို့ ရင်ထဲနှလုံးထဲမှာ ခိုင်မာနေအောင် ဘယ်သူက လုပ်ဆောင်ပေးနေသလဲ၊ လိုချင်တယ်ဆိုတဲ့ လောဘကနေပြီး လုပ်ပေးတယ်၊ သူ့မှာ ဒီလိုစွမ်းရည်သတ္တိထူး ရှိတယ်လို့ပြောတာ၊ အခြားစေတသိက်တွေမှာ ဒီလိုစွမ်းရည် သတ္တိ ရှိသလားဆိုတော့ မရှိဘူး။

လောဘသည် ဟေတုသတ္တိနဲ့ကျေးဇူးပြုနိုင်တယ်၊ ဥပမာ- ဒိဋ္ဌိ ဆိုတဲ့တရား ဟာလည်း လိုချင်တဲ့စိတ်ထဲမှာ ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာတယ်၊ မာန ဆိုတဲ့ တရားဟာလည်း လိုချင်တဲ့စိတ်နဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ် လာတယ်၊ အဲဒီ ဒိဋ္ဌိတို့ မာန တို့မှာ ဒီလောဘစိတ်လို ထိန်းထားနိုင်တဲ့စွမ်းရည် ရှိရဲ့လားဆိုတော့ မရှိဘူး၊ ဟေတုသတ္တိ သူတို့မှာ မရှိဘူး၊

ဥပမာ - လောဘမူစိတ် ၈-ခုမှာ ယှဉ်တွဲ ဖြစ်ပေါ် လာတဲ့ စေတသိက်တွေထဲမှာ ဖဿ ရှိတယ်၊ ဝေဒနာ ရှိတယ်၊ သညာ ရှိတယ်၊ စေတနာ ရှိတယ်၊ ဧကဂ္ဂတာ ရှိတယ်၊ ဇီဝိတိန္ဒြေ ရှိတယ်၊ မနသိကာရ ရှိတယ်၊ အဲဒါတွေက လိုချင်တဲ့စိတ်လေးကို ထိန်းထားနိုင်သလား၊ မထိန်းနိုင်ဘူး၊ လိုချင်တဲ့စိတ် ပေါ်လာလို့ရှိရင် သူတို့က ပါလာ တာပဲရှိတယ်၊ သူတို့က လိုချင်တဲ့ စိတ်ကို အခိုင်အမာဖြစ်အောင် ကျေးဇူးပြုနိုင်စွမ်း မရှိကြဘူး။

ထို့အတူပဲ ဝိတက် ဝိစာရ အဓိမောက္ခ ဝီရိယ ပီတိ ဆန္ဒ ဆိုတဲ့ စေတသိက် တွေ၊ မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ ဆိုတဲ့ စေတသိက်တွေ၊ သူတို့ကရော? (မောဟကတော့ လောဘမူစိတ်ကို ထိန်းထားတဲ့အထဲမှာပါတယ်၊ သို့သော် အဓိက ပဓာနက လောဘက ထိန်းထားတာ၊) အဲဒီမှာ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ ဆိုတဲ့ တရားတွေက ဟေတုသတ္တိ မရှိသည့်အတွက်ကြောင့် ထိန်းထားနိုင်စွမ်း မရှိဘူးတဲ့၊ သို့သော် လိုချင်တဲ့စိတ်နဲ့ ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာကြတာတွေချည်းပဲ။

အေး ကောင်းပြီ၊ အာရုံတစ်ခုခုကိုတွေ့လို့ မိမိတို့စိတ်ထဲမှာ လိုချင်တဲ့စိတ် ဖြစ်ပြီဆိုရင် ဟောဒီ သဘောသဘာဝတွေ ဖြစ်လိမ့်မယ်၊ လောဘမူစိတ်ရယ် စေတသိက်တွေရယ် ဖြစ်လိမ့်မယ်၊ ထိုစိတ်စေတသိက်တွေ ဖြစ်တာနဲ့တစ်ပြိုင်နက် စိတ္တဇရုပ်တွေကို ထုတ်လုပ်လိမ့်မယ်၊ အဲဒီထဲမှာ လောဘသည် မိမိနဲ့ အတူတကွ ဖြစ်ပေါ်လာတဲ့ သဘာဝတရားတွေကို ရှင်သန်နေအောင် အခိုင်အမာ ရပ်တည်နေအောင် ကျေးဇူး ပြုတယ်၊ ထိန်းထားတယ်တဲ့။

အဲဒီနေရာမှာ ဒီလောဘနဲ့ ကျန်တဲ့ စိတ်စေတသိက်တွေဟာ တစ်ပြိုင်နက် ဖြစ်ကြတာ၊ လောဘက အရင်ဖြစ်ပြီးတော့ ကျန်တဲ့စိတ်စေတသိက်တွေက နောက်မှ ဖြစ်လာတာ မဟုတ်ဘူး၊ လောဘနဲ့ ကျန်တဲ့စိတ်သည် တစ်ပြိုင်နက် ဖြစ်လာတာ၊ တစ်ပြိုင်နက် ဖြစ်လာပြီး သူ့မှာ ထူးခြားတဲ့ စွမ်းရည်သတ္တိက ဘာတုန်းဆိုရင် သူနဲ့ ဖြစ်ဖေါ်ဖြစ်ဖက် သဘောတရားတွေကို ရှင်သန်နေအောင် ထိန်းထားနိုင်တာက လောဘရဲ့သတ္တိပဲတဲ့၊ တခြားစေတသိက်တွေမှာ ဒီသတ္တိမျိုးမရှိဘူးလို့ ဒီလိုပြောတာ၊ လောဘရဲ့သတ္တိထူးက ဟေတုသတ္တိထူး။

သို့သော် ဒီလောဘဆိုတဲ့ သဘာဝတရားက ယှဉ်ဖက် စိတ်စေတသိက်နဲ့ အဲဒီစိတ်က ထုတ်လုပ်ထားတဲ့ စိတ္တဇရုပ်တရားတွေကို ဟေတုသတ္တိ တစ်ခုတည်းနဲ့ ကျေးဇူး ပြုနိုင်တာလားလို့ဆိုတော့ ဟေတုသတ္တိတစ်ခုတည်းနဲ့ မဟုတ်ဘူး၊ အခြား သတ္တိ တွေလည်း ပါဝင်ပြီး ကျေးဇူးပြုနေကြတယ်၊ သို့သော် သူ့ရဲ့သတ္တိထူးကတော့ ထိန်းထားတဲ့ ဟေတုသတ္တိထူးပဲ။

ဒါဖြင့် ဘာသတ္တိတွေ ရှိသေးတုန်းဆိုတော့ လောဘမှာ လိုချင်တဲ့စိတ် စေတသိက် စိတ္တဇရုပ်တွေနဲ့ အတူအကွဖြစ်တယ်ဆိုတဲ့ သတ္တိတစ်မျိုးလည်း ရှိသေးတယ်၊ အဲဒါကို သဟဇာတသတ္တိ လို့ ခေါ်တယ်၊ သဟဇာတသတ္တိ ဆိုတာ လောဘနဲ့ ယှဉ်ဖက် စိတ်စေတသိက်၊ ထိုယှဉ်ဖက်စိတ်က ထုတ်လုပ်လိုက်တဲ့ စိတ္တဇရုပ်များသည် ပြိုင်တူဖြစ်လာကြတယ်၊ အကြောင်းက အရင်ဖြစ်ပြီးမှ အကျိုးက နောက်မှဖြစ်တာ မဟုတ်ဘူး၊ ဒီနေရာမှာ အကြောင်းနဲ့အကျိုးသည် ပြိုင်တူဖြစ်လာတာ၊ အဲဒီ ပြိုင်တူ ဖြစ်လာစေတာကိုပဲ သဟဇာတသတ္တိလို့ ပြောတယ်၊ ပြိုင်တူဖြစ်ပြီးတော့ အကျိုးပြု တယ်။

ဒါဖြင့် ပြိုင်တူဖြစ်လာပြီး အကျိုးပြုတာ ရှိသလားဆိုတော့ ရှိတယ်လေ၊ မီး လင်းလိုက်တာတဲ့တစ်ပြိုင်နက် အလင်းရောင်ရတယ်၊ မီးငြိမ်းသွားတာနဲ့တစ်ပြိုင်နက် မှောင်သွားတယ်၊ ဒါ ပြိုင်တူဖြစ်တာလို့ ခေါ်တယ်၊ အဲဒီတော့ လောဘဖြစ်လိုက် တာနဲ့ လိုချင်တဲ့စိတ်တွေ တစ်ပြိုင်နက်ဖြစ်လာတာ၊ လောဘနဲ့ လိုချင်တဲ့စိတ်ရယ် စိတ္တဇရုပ်ရယ် တစ်ပြိုင်နက်ဖြစ်တာပဲ၊ သဟဇာတသတ္တိ လို့ ခေါ်တယ်၊ သဟဇာတ ဆိုတာ သဟ က အတူတကွ၊ ဇာတ က ဖြစ်လာတာ၊ Born together အတူတကွ ဖြစ်လာတယ်၊ အတူတကွ ဖြစ်ပြီးတော့ ကျေးဇူးပြုတယ်လို့ ဒီလိုပြောတာ။

အဲဒီတော့ ဟေတုသတ္တိဆိုတာ လောဘရဲ့ထူးခြားတဲ့စွမ်းရည်တစ်ခု၊ အတူတကွ ဖြစ်ပြီးတော့ ကျေးဇူးပြုတယ်ဆိုတာက ကျန်တဲ့တရားတွေမှာလည်း ဒီ သတ္တိ ရှိတယ်၊ လောဘတစ်ခုတည်းမှာ ဒီသတ္တိရှိတာ မဟုတ်ဘူး၊ ကျန်တဲ့ တရားတွေမှာလည်း ရှိတယ်၊ ဒါကြောင့်မို့လို့ ဟေတုသတ္တိဆိုတဲ့ သတ္တိဝိသေသလို့ပြောတာ၊ သူနဲ့ ယှဉ်ပြိုင်ပြီးတော့ ဝင်လာတဲ့ စွမ်းရည်သတ္တိက သဟဇာတသတ္တိ၊ ဟော ယှဉ်ပြိုင် လာတယ်။

နောက်တစ်ခုက ဘာဝင်လာသေးတုန်းဆိုရင် အညမညသတ္တိ၊ အညမည ဆိုတာ reciprocal အပြန်အလှန်လို့ ဒီလို အဓိပ္ပါယ်ရတယ်၊ လောဘဖြစ်လိုက်တာ နဲ့ တစ်ပြိုင်နက် လိုချင်တဲ့စိတ်တို့ စိတ္တဇရုပ်တို့ ဖြစ်လာတယ်၊ အဲဒီလောဘနဲ့ လိုချင် တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်တို့ဟာ အပြန်အလှန် အထောက်အကူပြု နေကြတယ်၊ ဘယ်လိုအပြန်အလှန် အထောက်အကူပြုသလဲဆိုရင် သုံးချောင်း ထောက်သည် တစ်ခုနဲ့တစ်ခု အပြန်အလှန် မှီထားတယ်၊ တစ်ခုပျက်သွားလို့ရှိရင် ကျန်တဲ့နှစ်ခုက ပြိုလဲသွားတယ်၊

ထို့အတူပဲ လောဘက လိုချင်တဲ့စိတ်နဲ့ စိတ္တဇရုပ်တွေကို ထိန်းထားဖို့အတွက် အပြန်အလှန်ကျေးဇူးပြုနိုင်တဲ့ စွမ်းရည်သတ္တိတွေလည်း သူ့မှာ ရှိတယ်လို့ ပြောတယ်၊ အဲဒီတော့ လောဘက လိုချင်တဲ့စိတ်နဲ့ စိတ္တဇ ရုပ်တွေကို ကျေးဇူးပြုတဲ့နေရာမှာ အပြန်အလှန်သတ္တိထူးလေးလည်း သူ့မှာ ရှိတယ် လို့ ပြောတာ။

အဲဒီတော့ ၂၄-ပစ္စည်းဆိုတာ တော်တော်များများ ဆက်စပ်ပြီးတော့ နေလေ့ရှိတယ်၊ ပစ္စည်းတစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီးတော့ နေကြတယ်။

ဒီနေ့မှာ လောဘရယ် လိုချင်တဲ့စိတ်ရယ် လိုချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာ တဲ့ရုပ်ရယ်၊ သုံးအုပ်စု ခွဲကြည့်လိုက်ရအောင်၊ လောဘက အကြောင်းတရား၊ လိုချင် တဲ့စိတ်က အကျိုးတရား၊ ဒါ တစ်ခု၊ လောဘက အကြောင်းတရား၊ လိုချင်တဲ့စိတ် ကြောင့် ဖြစ်ပေါ် လာတဲ့ရုပ်က အကျိုးတရား၊ နောက်တစ်ခါ လောဘက အကြောင်း တရား၊ လိုချင်တဲ့စိတ်ရယ်, စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်က အကျိုးတရားလို့ သုံးစုခွဲလိုက်၊ သုံးစုခွဲလိုက်ရင် တစ်ခုနဲ့ တစ်ခု ယှဉ်ပြိုင်ပြီး ဝင်လာတဲ့သတ္တိတွေ မတူဘူး။

အဲဒီမှာ အားလုံးပါဝင်နိုင်စွမ်းတဲ့သတ္တိက ဘာတုန်းဆိုရင် အခုပြောခဲ့တဲ့ လောဘနဲ့ လိုချင်စိတ်ရယ်, လိုချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်ရယ်၊ အဲဒီ ၂-ခု သည် အတူတကွဖြစ်နေတာ ဖြစ်သောကြောင့် သဟဇာတသတ္တိ၊ လောဘနဲ့ လိုချင်တဲ့ စိတ်ကျတော့ အပြန်အလှန်ရသည့်အတွက်ကြောင့် အညမညသတ္တိ တစ်ခု ပိုလာတယ်။

နောက်တစ်ခုက ဘာသတ္တိတုန်းဆိုရင် လိုချင်တဲ့စိတ်ရယ် လိုချင်တဲ့စိတ် ကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်ရယ် အဲဒီနှစ်ပိုင်းကို လောဘက ဘာသတ္တိနဲ့ ကျေးဇူးပြု သေးသလဲဆိုရင် နိဿယသတ္တိ၊ ၂၄-ပစ္စည်းမှာ နိဿယပစ္စယောဆိုတာ မှီရာအနေ အထားအားဖြင့် ကျေးဇူးပြုတာတဲ့၊ လောဘဆိုတဲ့အမှီ ရှိသည့်အတွက်ကြောင့် ဒီလိုချင်တဲ့စိတ်တို့၊ လိုချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်တို့ဟာ ရှင်သန် နိုင်တာ၊ ဒီလိုဆိုတယ်။

အဲဒီတော့ လောဘဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ဟေတုပစ္စည်းတင် မကဘူး၊ ခုပြောတဲ့ သဟဇာတပစ္စည်း ပါလာတယ်၊ ရံခါ အညမညပစ္စည်း ပါလာတယ်၊ နိဿယပစ္စည်း ပါလာတယ်၊ အမြဲတမ်းပါတာကတော့ သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတ၊ အဲဒီ ၄-ခုက အမြဲတမ်းပါနေတယ်။

ပြန်ပြီးတော့ မှတ်ဖို့က လောဘဆိုတဲ့ အကြောင်းတရားက လိုချင်တဲ့စိတ် ရယ်၊ လိုချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်ရယ်၊ အဲဒီနှစ်ခုကို ကျေးဇူးပြု တဲ့အခါမှာ သူ့ရဲ့သတ္တိထူးက ဟေတုသတ္တိ၊ သာမန်တခြားစိတ်တွေလို သာမန် သတ္တိအနေနဲ့ ပါဝင်တာတွေက ဘာတွေတုန်း ဆိုရင် -

သဟဇာတသတ္တိ (အတူတူ ဖြစ်ပြီးတော့ ကျေးဇူးပြုတယ်)

နိဿယသတ္တိ (မှီရာဖြစ်ပြီးတော့ ကျေးဇူးပြုတယ်)

အတ္ထိသတ္တိ (နှစ်ခုစလုံး ရှိနေခိုက်မှာ ကျေးဇူးပြုတယ်)

အဝိဂတသတ္တိ (နှစ်ခုစလုံး ပျောက်မသွားခင် ကျေးဇူးပြုတယ်)

ဟောဒီ ၄-ခု ပါဝင်နေတယ်လို့ ဒီလိုဆိုတယ်။

တစ်ဖန် လောဘနဲ့ ဒီ လိုချင်တဲ့စိတ်ကလေးကိုတင် ကြည့်မယ်ဆိုရင် လောဘက အကြောင်းတရား၊ လိုချင်တဲ့စိတ်က အကျိုးတရား၊ အဲဒီအခါကျတော့ အခု သတ္တိ ၄-မျိုးအပြင် နောက်ထပ် ဘာတွေပါလာတုန်းဆိုရင် အညမည ပါလာတယ်၊ သမ္ပယုတ္တ ပါလာတယ်၊ အတူဖြစ်ခြင်း, အတူချုပ်ခြင်း, အာရုံတစ်ခုတည်းကိုသာ ယူခြင်း, မှီရာဝတ္ထုတူခြင်းလို့ ဆိုတဲ့ တူ ၄-ပါးနဲ့ ယှဉ်တွဲလို့ သမ္ပယုတ္တပစ္စယော တဲ့၊ သမ္ပယုတ္တပစ္စယောဆိုတာ တူ ၄-ပါးနဲ့ ယှဉ်တွဲထားတာ၊ တူ ၄-ပါး ဆိုတာ ဘာတုန်း၊ ဖြစ်တာ တူတယ်၊ ချုပ်တာ တူတယ်၊ အာရုံ တူတယ်၊ မှီရာဝတ္ထုတူတယ်၊ အဲဒီ အတူ ၄-ခုနဲ့ ယှဉ်တွဲနေတဲ့သဘာဝတရား။

အဲဒီလို တူတယ် ဆိုကတည်းက စိတ်စေတသိက်တွေက တစ်ခုတည်းလို ဖြစ်သွားပြီလေ၊ အတူတူဖြစ်ကြတယ်၊ အတူတူချုပ်ကြတယ်၊ အာရုံတစ်ခုတည်းကို ယူတယ်၊ မှီရာဝတ္ထုတစ်ခုတည်းကနေ ပေါက်ဖွားလာတယ်ဆိုလို့ရှိရင် လူတွေရဲ့ စိတ်မှာ သာမန်ကြည့်ရင် တစ်ခုတည်းလို့ပဲ ထင်မှာပဲ၊ နှစ်ခုလို့ မထင်ဘူး၊ ဒါကြောင့် မို့လို့ ပြောကြတယ်လေ၊ လူတွေက လိုချင်တဲ့စိတ်တွေ ဖြစ်တယ်လို့ - ဒါလောက်ပဲ ပြောတယ်၊ လိုချင်တဲ့စိတ်လို့ပဲ ပြောတယ်၊ ခွဲမပြောဘူး၊ ဘာလို့တုန်းဆိုရင် ဒါတွေက တူနေတယ်၊ တူနေသည့်အတွက်ကြောင့် တစ်ခုတည်းလို ဖြစ်နေတယ်၊ သို့သော် ကိစ္စကျတော့ မတူဘူးတဲ့၊ သူ့ function နဲ့သူ၊

နောက်တစ်ခု - လောဘက လိုချင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်ကို အထောက် အကူပြုတဲ့အခါမှာ လောဘက နာမ်တရား၊ အထောက်အကူပြုခံရတာက ထုတ်လုပ် ထားတာက ရုပ်တရားလို့ဆိုတော့ ရုပ်နဲ့နာမ် နှစ်ခုဖြစ်မသွားဘူးလား၊ အဲဒီလို ရုပ်နဲ့နာမ် နှစ်ခုဖြစ်သွားရင် ခုနက ဖြစ်အတူ၊ ချုပ်အတူ၊ အာရုံတူ၊ ဝတ္ထုတူ ဆိုတဲ့ အတူ ၄-ခုက မရတော့ဘူး၊ မရသည့်အတွက်ကြောင့် သူ့ကို ဝိပ္ပယုတ္တပစ္စယော လို့ ခေါ်တယ်။

ဝိပ္ပယုတ္တပစ္စယောဆိုတာ ရုပ်နဲ့ နာမ် အတူတကွ ယှဉ်တွဲ၍ ဖြစ်နေသော်လည်း ဖြစ်တူ၊ ချုပ်တူ၊ အာရုံတူ၊ ဝတ္ထုတူ၊ အတူ ၄-ခု မရနိုင်ဘူးတဲ့၊ မရနိုင်သည့် အတွက်ကြောင့် ဝိပ္ပယုတ္တပစ္စယောလို့ ဒီတစ်ခု ပိုလာတယ်။

အဲဒီတော့ လိုချင်တဲ့စိတ် ပေါ်လာတာနဲ့ တစ်ပြိုင်နက် ကြည့် - ပါဝင်နိုင်တဲ့ ပစ္စည်း တွေက ဟေတုပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊ ဟော ဒီလိုပါလာနိုင်တယ်နော်။

အဲဒီတော့ လောဘက ဝိပါက်စိတ်မှာ မယှဉ်လို့ ဝိပါကတော့ မပါနိုင်ဘူး၊ ဒီလိုလည်း မှတ်ထားရမယ်နော်၊ ဝိပါက်ဖြစ်တဲ့လောဘစိတ်ဆိုတာမရှိဘူး၊ ဟုတ်လား၊ မပါဘူး။

ဟေတုပစ္စည်းနဲ့ ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာနိုင်တဲ့ပစ္စည်းပေါင်းဟာ ၁၁- မျိုး ရှိတယ်၊ ဒါ ဖြစ်သင့်သလို ပါဝင်တာ၊ အမြဲတမ်းပါဝင်တာ မဟုတ်ဘူး၊ အဲဒီ ၁၁-မျိုးက ဘာတွေလဲဆိုရင် အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ ဣန္ဒြိယ၊ မဂ္ဂ၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊ အဲဒီ ၁၁-မျိုး၊ ဟေတုပစ္စည်းပါ ထည့်လိုက် လို့ရှိရင် ၁၂-မျိုး၊ ဟေတုက သတ္တိဝိသေသ၊ ကျန်တာတွေက သတ္တိ သာမညလို့၊ ဒါတွေ အတူတူပါလာတယ်၊ ဒါ အကုန်ခြုံပြီးတော့ ပြောတာ။

ဟေတုပစ္စည်းတစ်ခုလုံးကို ခြုံပြောလိုက်ရင် ဟိတ် ၆-ပါးက ပစ္စည်း၊ သဟိတ်စိတ်-၇၁၊ စေတသိက်-၅၂ ၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်က ပစ္စယုပ္ပန်လို့ ပြောရမယ်၊ ဒါဆိုရင် ဟောဒီပစ္စည်း ၁၂-မျိုး ရတယ်။

သို့သော် လောဘချည်း ပြောရင် ဝိပါကဆိုတာ မပါနိုင်ဘူး၊ ဣန္ဒြိယဆိုတာ မပါနိုင်ဘူး၊ ဘာလို့တုန်းဆိုရင် လောဘက ဣန္ဒြေတွင်မရှိဘူးနော်၊ နောက်ပြီးတော့ မဂ္ဂ မပါနိုင်ဘူး၊ နောက် လောဘ အဓိပတိ မရှိသည့်အတွက်ကြောင့် အဓိပတိပစ္စည်း ဆိုတာ မပါနိုင်ဘူး၊ ကျန်တဲ့ဟာတွေ ပါနိုင်ပါတယ်၊ ဒီလို ခွဲခြားပြီးတော့ နားလည်ရမယ်။

ဒီတော့ လောဘကို ပစ္စည်းယူရင် ပါနိုင်တာတွေ ပြန်ပြီးတော့ တွက်ကြည့်ရအောင်၊ လောဘက ပစ္စည်း၊ လိုချင်တဲ့စိတ်စေတသိက်နဲ့ ခုနက စိတ္တဇရုပ်တွေက ပစ္စယုပ္ပန်လို့ ဆိုရင် အချင်းချင်း အပြန်အလှန် ဆက်သွယ်ပြီး ကျေးဇူးပြုတဲ့ပစ္စည်း ပေါင်း ဘယ်လောက်လဲ၊ ပြန်တွက်ကြည့်မယ်ဆိုရင် ကြည့် - ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ - ၈-ခု ရှိတယ်၊ ဒီလို မှတ်ယူရမယ်။

အဲဒီသတ္တိ ၈-မျိုးထဲမှာ ဟေတုသတ္တိသည် သတ္တိဝိသေသ ထူးခြားတဲ့ သတ္တိတစ်ခု၊ ကျန်တာတွေက သတ္တိသာမညလို့ ဆိုတယ်၊ ကျန်တဲ့သဘာဝတရား တွေမှာလည်းပဲ ဒီသတ္တိတွေ ရှိတယ်၊ ဒါက လောဘနဲ့ ပတ်သက်ပြီးတော့ နားလည် သဘောပေါက်ဖို့။

ဒေါသ ဟေတု

ကဲ နေ့စဉ်နဲ့အမျှ ရံဖန်ရံခါ စိတ်ဆိုးကြတယ်၊ အကြောင်းမညီညွတ်လို့ ဟုတ်လား၊ နှလုံးသွင်းမှားလို့၊ မကောင်းတဲ့အာရုံတွေနဲ့တွေ့လို့၊ ကိုယ်မကြိုက်တာနဲ့ တွေ့လို့ ဒေါသဖြစ်တယ်ဆိုပါစို့၊ အရပ်ကပြောရင် စိတ်ဆိုးတဲ့စိတ်လို့ ပြောကြတယ်၊ စိတ်ဆိုး တယ်လို့ ပြောတဲ့အထဲမှာ ဒေါသပါတယ်၊ အဲဒီဒေါသနဲ့ ယှဉ်တဲ့စိတ်တွေ ပါတယ်၊ သူတို့နဲ့ယှဉ်တဲ့ စေတသိက်တွေ ပါတယ်၊ အဘိဓမ္မာအရ ပြောမယ်ဆိုလို့ ရှိရင် ဒေါသမူစိတ် ၂-ခု၊ စေတသိက်က ၂၂-ခု၊ (စိတ်ဆိုးတယ်ဆိုတာ အဲဒီထဲကပဲ၊) နောက်ပြီးတော့ အဲဒီဒေါသမူစိတ်ကနေ ထုတ်လုပ်လိုက်တဲ့ စိတ္တဇရုပ်၊ ဒီလိုရှိတယ်။

အဲဒီတော့ စိတ်ဆိုးတယ်လို့ဆိုတဲ့ထဲမှာ ဒေါသသတ္တိထူးက ဘာတုန်းဆိုရင် စိတ်ဆိုး ပြီးတော့ ဒေါသနဲ့ တွေးကြံနေတဲ့အကြံတွေ၊ ဒေါသနဲ့ယှဉ်ပြီးပြောတဲ့ အပြောတွေ၊ ဒေါသနဲ့ယှဉ်ပြီးလုပ်တဲ့ လုပ်ရပ်တွေ၊ အဲဒါတွေကို ခိုင်မြဲနေအောင် ဒေါသ နေ ထိန်းထားတာ၊ ဒါကြောင့်မို့လို့ ဒေါသမှာ အထူးဝိသေသအားဖြင့် ဟေတုသတ္တိ ဆိုတာ ရှိတယ်။

ဟေတုသတ္တိက သူနဲ့ယှဉ်ဘက်တရားတွေ ရှင်သန်နေအောင် ထိန်းပေးထားတာ၊ သစ်မြစ်များသည် သစ်ပင်ရှင်သန်နေအောင် ထိန်းသိမ်းထားသလို အဲဒီဒေါသက ဒေါသစိတ်ကို ရှင်သန်နေအောင်၊ ဒေါသကြောင့်ဖြစ်ပေါ်လာတဲ့ ရုပ်တရားတွေ ရှင်သန်နေအောင် ထိန်းပေးနေတယ်လို့ ပြောတာပဲ။

အဲဒီလို ဖြစ်နေတဲ့ထဲမှာ သာမန်အားဖြင့် သဘောတရားတွေက (ဟေတု ပစ္စယောဆိုတဲ့ သတ္တိဝိသေသအပြင်) ဘာတွေပါလာတုန်း၊ စိတ်ဆိုးတယ်ဆိုတဲ့စိတ်၊ စိတ်ဆိုးလို့ ဖြစ်ပေါ်လာတဲ့ရုပ်တွေ၊ အတူတကွဖြစ်ကြလို့ သဟဇာတပစ္စယော၊ အဲဒီ ထဲမှာ ဒေါသ, ပြီးတော့ သူနဲ့ယှဉ်တဲ့စိတ်ကို ဆိုလို့ရှိရင် အညမညပစ္စယော၊ နောက် တစ်ခု မှီရာအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် နိဿယပစ္စယော၊ ဒီလိုဖြစ်လာတာ။

တစ်ခါ ဒေါသနဲ့ သူရဲ့ယှဉ်ဘက်တရားတွေ ကြည့်မယ်၊ ရုပ်မပါဘဲနဲ့ ဆိုလို့ရှိရင် သမ္ပယုတ္တပစ္စယော၊ ရုပ်နဲ့ ဒေါသဆိုလို့ရှိရင် ဝိပ္ပယုတ္တပစ္စယော၊ ရှိနေခိုက်မှာ ကျေးဇူးပြုတာ ဖြစ်သောကြောင့် အတ္ထိပစ္စယော၊ မကင်းကွာသေးခင် ကျေးဇူး ပြုတယ်၊ မချုပ်သေးခင် ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတပစ္စယော၊ ဒီ စိတ်ဆိုးတဲ့အထဲ မှာ ၂၄-ပစ္စည်းထဲက ဒါတွေ ပါနေတယ်လို့ ဒီလိုနားလည်ရမယ်၊ ဒါကို ပစ္စည်း ပြိုင်တယ်လို့ ခေါ်တယ်။

“ပစ္စည်းပြိုင်တယ်”ဆိုတာ အမျိုးတူမှပြိုင်လို့ရတယ်၊ အမျိုးမတူရင် ပြိုင်လို့ မရဘူး၊ ပစ္စည်းက သူ့အမျိုးအစားနဲ့သူရှိတယ်၊ အခုအမျိုးအစားက ဘာအမျိုးအစား လဲဆိုရင် သဟဇာတအမျိုး၊ အတူဖြစ်တဲ့အမျိုး၊ အတူမဖြစ်တဲ့အမျိုးတွေ ထည့်ပြီး ပြိုင်လို့ မရဘူး။

ဒေါသဖြစ်ပြီ စိတ်ဆိုးပြီ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် ၂၄-ပစ္စည်းထဲက ဟေတုပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊ ဟောဒီ ၈-ခု ပါလာတယ်။

၂၄-ပစ္စည်းဆိုတာ ဒီလို တစ်ခုနဲ့ တစ်ခု ဆက်သွယ်ပြီးတော့ နေတာ၊ ဒါကြောင့်မို့ conditional relation လို့ အင်္ဂလိပ်လို ဘာသာပြန်တာ၊ conditional relation တစ်ခုနဲ့ တစ်ခု အခြေအနေပေးပြီး အကြောင်းအကျိုးပြုပြီး ဆက်သွယ်နေတဲ့ သဘော တရားတွေ၊ အဲဒီထဲမှာ ဒေါသရဲ့ အရေးကြီးဆုံး သတ္တိဝိသေသက ဟေတုသတ္တိပဲ။

မောဟ ဟေတု

နောက်တစ်ခု ပြောရအောင်၊ မောဟ ဆိုတာကို ကြည့်ရအောင်၊ သာမန်အားဖြင့် လောဘဖြစ်ရင် လူတွေသိကြတယ်၊ ဒေါသဖြစ်ရင်လည်း လူတွေက သိကြတယ်၊ မောဟဖြစ်တာကျတော့ သိပ်မသိနိုင်ကြဘူး၊ မောဟဖြစ်တာက လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ ထင်နေတယ်၊ မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်နေတယ်၊ အမှားကို အမှန်ထင်နေတယ်၊ အမှန်ကို အမှားထင်နေတယ်၊ မောဟ ရဲ့ သဘောက အဲဒါ။

မောဟက မသိတာ မဟုတ်ဘူး၊ အမှန်ကိုမသိတာကို မောဟလို့ခေါ်တယ်၊ မသိတာ မဟုတ်ဘူး၊ သိတယ်၊ အမှန်ကိုမသိဘဲ အမှားကို သိနေတာ၊ ဒါကိုပဲ တွေဝေ တယ်လို့ ပြောတာ၊ အမှန်တရားကို မသိမမြင်သည့်အတွက်ကြောင့် မောဟ၊ သို့သော် မသိဘူးဆိုတာ အကုန်မသိတာ မဟုတ်ဘူး၊ သဘာဝ အစစ်အမှန်ကို မသိတာ၊ တခြားဟာကို သိနေတယ်၊ တလွဲသိနေတယ်လို့ ပြောတာနော်။

ကဲ အဲဒီမောဟက ဖြစ်လာလို့ရှိရင် အကုသိုလ်စိတ်တွေနဲ့ ယှဉ်ဖြစ်တယ်၊ မောဟမူစိတ်အပြင် အကုသိုလ်စိတ်အားလုံး ဖြစ်နိုင်တယ်၊ အကုသိုလ်စိတ်အားလုံး နဲ့ယှဉ်တယ်ဆိုပေမယ့် လောဘနဲ့ ယှဉ်တွဲလာတဲ့အခါ သူ့ရဲ့သတ္တိက နောက်ရောက် သွားတယ်၊ ဘာလို့လဲဆိုတော့ လိုချင်စိတ်က ရှေ့တန်းတက်လာလို့ ဖြစ်တယ်၊ လောဘက ရှေ့တန်းတက်လာတယ်၊ တစ်ခါ ဒေါသနဲ့ ယှဉ်တွဲလာတဲ့အခါကျတော့ စိတ်ဆိုးတဲ့ဒေါသက ရှေ့တန်းတက်လာပြီး သူက နောက်ရောက်သွားတယ်၊ သူ့ရဲ့ သတ္တိက သိပ်မပေါ်ဘူး ဖြစ်သွားတယ်။

သူ့ရဲ့သတ္တိက ဘယ်မှာပေါ်လာတုန်းဆိုရင် မောဟမူစိတ်မှာကျတော့ ပေါ်ပြီ၊ ဝိစိကိစ္ဆာတဲ့၊ အမှန်တရားနဲ့ ပတ်သက်ပြီးတော့ သံသယတွေဖြစ်ပြီဆိုရင် တွေဝေတယ်၊ မဆုံးဖြတ်နိုင်တော့ဘူး၊ ဥဒ္ဓစ္စဖြစ်လို့ စိတ်လေလွင့်နေရင်လည်း တွေဝေတယ်။

အမှန်ကို မသိတဲ့နေရာမှာ အဲဒီမောဟက မောဟမူဒွေး (မောဟမူလစိတ် နှစ်ခု)နဲ့ ယှဉ်လာပြီဆိုရင် မောဟရဲ့ စွမ်းရည်သတ္တိတွေ ပေါ်လာတယ်၊ အဲဒီလို ပေါ်လာပြီ ဆိုရင် သူ့ရဲ့သတ္တိဝိသေသကတော့ မောဟရှိနေသရွေ့ အမှန်မသိမှု သံသယတို့၊ စိတ်မငြိမ်မသက်မှုတို့ ဒါတွေဟာ ရှင်သန်နေမှာပဲ၊ နောက်ဆုံး လောဘ ရှင်သန်မှု အတွက်လည်း အထောက်အကူပြုမှာပဲ၊ ဒေါသရှင်သန်မှုအတွက်လည်း အထောက် အကူပြုမှာပဲ။

သူဝင်လာလို့ရှိရင် ခုနက ၂၄-ပစ္စည်းထဲက ဘာတွေဝင်လာမလဲဆိုရင် - ဟေတုပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊ ဟော ဒီပစ္စည်း ၈-မျိုး သူနဲ့ တွဲပြီးတော့ ဖြစ်နေတာ။

အကြောင်းဆိုတာ တစ်ခုတည်း မဟုတ်ဘူး၊ အများကြီး၊ အထောက်အကူ ပြုထားတာ တစ်ခုတည်း မဟုတ်ဘူး၊ ကြည့်လေ - သစ်ပင်လေးတစ်ပင်ပေါက်ဖို့ ဆိုရင် အကြောင်းတစ်ခုတည်းမှ မဟုတ်တာ၊ မြေရှိရတယ်၊ ရေရှိရတယ်၊ အလင်း ရောင် ရှိရတယ်၊ အပူအအေးဆိုတာ ရှိရတယ်၊ ဒါတွေ စုံညီနေမှ မျိုးစေ့လေးက အပင်ပေါက်တာ၊ အကြောင်းတွေ အများကြီးပဲ။

ဒါကြောင့်မို့ မြတ်စွာဘုရားက အားလုံးကိုခြုံပြီး ဖြစ်နိုင်သမျှအကြောင်းတွေ စုပြီး ရှင်းပြတာ၊ ၂၄-ပစ္စည်းဆိုတဲ့ ခေါင်းစီးလေးတင်ပေးတာ။

အရပ်ပြော ပြောမယ်ဆိုရင် လိုချင်စိတ်ဖြစ်လာလို့ရှိရင် ဒီပစ္စည်း ၈-မျိုး ပါတယ်၊ စိတ်ဆိုးတဲ့စိတ် ဖြစ်လာလို့ရှိရင်လည်း ဒီ ၈-မျိုးပါမယ်၊ အမှန်မသိတဲ့ တွေဝေတဲ့စိတ် ပေါ်လာလို့ရှိရင် ဒီ ၈-မျိုး ပါတယ်၊ ၂၄-ပစ္စည်းထဲမှာက ဒီ ၈-မျိုး ပါတယ်ဆိုတာ သတိထားရမယ်၊ ငါ စိတ်ဆိုးပြီလို့ ကိုယ့်ကိုယ်ကို စိတ်ဆိုးရင် ကြည့်၊ ဒါတွေ ဒီလိုဖြစ်နေပြီဆိုတာ သိရမယ်၊ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေ ဖြစ်နေပြီလို့ သိရမယ်။

အလောဘ ဟေတု

တစ်ခါ ကောင်းတဲ့ဘက်က ကြည့်ကြဦးစို့၊ အလောဘတဲ့၊ အလောဘဆိုတဲ့ ဒီသဘာဝတရားဟာ ဖြစ်ပေါ် လာတဲ့အခါ ကောင်းတဲ့စိတ်တွေနဲ့ ယှဉ်တွဲလာတယ်၊ မဟာကုသိုလ်စိတ်တို့ ရဟန္တာပုဂ္ဂိုလ်မှာဆိုရင် မဟာကြိယာစိတ်၊ နောက် ပဋိသန္ဓေ အခါ ပဝတ္တိအခါတို့မှာ မဟာဝိပါက်စိတ်၊ ရူပဗြဟ္မာတွေရဲ့သန္တာန်ဆိုရင် ရူပါဝစရ ဝိပါက်စိတ်၊ အရူပဗြဟ္မာတွေဆိုရင် အရူပါဝစရဝိပါက်စိတ်၊ နောက် ရူပဈာန်ရတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ... ရူပါဝစရ ကုသိုလ်စိတ်၊ အရူပဈာန်ရတဲ့ ပုဂ္ဂိုလ်တွေဆိုရင် အရူပါဝစရကုသိုလ်စိတ်၊ ရဟန္တာပုဂ္ဂိုလ်တွေဆိုရင် ရူပါဝစရကြိယာစိတ်၊ အရူပါ- ဝစရကြိယာစိတ်၊ မဂ်ရတဲ့ပုဂ္ဂိုလ်ဆိုရင် မဂ်စိတ်၊ ဖိုလ်ရတဲ့ပုဂ္ဂိုလ်ဆိုရင် ဖိုလ်စိတ်လို့ ဆိုတော့ အလောဘရဲ့နယ်က အကျယ်ကြီးပဲ။

အဲဒီအလောဘဆိုတဲ့ဟိတ်က သူနဲ့ အတူတကွဖြစ်တဲ့တရားတွေကို ဟေတု သတ္တိနဲ့ ကျေးဇူးပြုတယ်၊ သို့သော် မဟာကုသိုလ်စိတ်နဲ့ဖြစ်တဲ့ အလောဘသည် ရူပါဝစရ ကုသိုလ်စိတ်နဲ့အတူ ဖြစ်တာ မဟုတ်ဘူး၊ အရူပါဝစရကုသိုလ်စိတ်နဲ့အတူ ဖြစ်တာ မဟုတ်ဘူး၊ မဂ်စိတ်နဲ့အတူ ဖြစ်တာ မဟုတ်ဘူး၊ ဖိုလ်စိတ်နဲ့အတူ ဖြစ်တာ မဟုတ်ဘူး၊ မဟာကုသိုလ်စိတ်နဲ့ယှဉ်ပြီး ဖြစ်မယ်ဆိုရင် မဟာကုသိုလ်စိတ်နဲ့ပဲ ဖြစ် သူယှဉ်နိုင် တာတွေကို ပြောရင်တော့ အကုန်ယှဉ်လို့ရတယ်လို့ ဒီလိုပြောတာ။

ကဲ ကောင်းပြီ၊ ဒါနကောင်းမှုပြုဖို့ စိတ်ဝင်စားတယ်၊ လှူချင်တန်းချင်တဲ့စိတ် ဖြစ်လာပြီဆိုရင် အလောဘဖြစ်လာတယ်၊ ဒီအလောဘဖြစ်လာရင် ခုနက မဟာ ကုသိုလ်စိတ်နဲ့ ဖြစ်လာတာပဲ၊ အဲဒီအလောဘဖြစ်လို့ မဟာကုသိုလ်စိတ်ဖြစ်လာပြီ ဆိုတဲ့အချိန်မှာ အဲဒီကုသိုလ်စိတ်ကို ဘယ်သူက ထိန်းပေးထားလဲဆိုရင် အလောဘ က ထိန်းထားပေးတယ်၊

အဲဒါကြောင့်မို့ သူ့ကို ဟေတုပစ္စယောလို့ ပြောတာ၊ ဒါက သတ္တိဝိသေသ၊ သူ့ရဲ့ ထူးခြားထက်မြက်တဲ့ သတ္တိတစ်ခု၊ ဒါ့အပြင် သဟဇာတ ပစ္စယော၊ အညမည-ပစ္စယော၊ နိဿယပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တ ပစ္စယော၊ အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊ ဒီသတ္တိတွေ ပိုလာတယ်။

ကုသိုလ်စိတ်မှာဖြစ်တဲ့အချိန်မှာတော့ ဝိပါက်က မပါနိုင်ဘူး၊ ဒါ ယှဉ်ပြိုင်လာတဲ့ သတ္တိ၊ အလောဘဆိုတဲ့သဘာဝတရား ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် မဟာ ကုသိုလ်စိတ် ဖြစ်လာတယ်၊ ထိုမဟာကုသိုလ်စိတ်နဲ့ အလောဘက ထုတ်လုပ် လိုက်တဲ့ စိတ္တဇရုပ်တွေလည်း ဖြစ်လာတယ်။

အဒေါသ ဟေတု

ထို့အတူပဲ အဒေါသ - မုန်းတီးမှုကင်းပြီး မေတ္တာစိတ် သက်ဝင်လာတယ်၊ ဒေါသ ဆိုတဲ့တရားကို ဖယ်ရှားပြီး မေတ္တာစိတ်တွေ ဖြစ်လာပြီ၊ အဲဒီမေတ္တာတရားဝင် လာပြီဆိုရင် ဘာဖြစ်လဲ၊ မဟာကုသိုလ်စိတ်ဖြစ်တယ်၊ မဟာကုသိုလ်က ထုတ်လုပ် လိုက်တဲ့ စိတ္တဇရုပ်တွေ ဖြစ်လာတတ်တယ်။

အဒေါသက နေပြီးတော့ မေတ္တာပို့နေပြီဆိုရင် မေတ္တာပို့တဲ့စိတ်ထဲမှာ ဘာ ပစ္စည်းတွေ လာတုန်းဆိုရင် ဟေတုပစ္စယော၊ သဟဇာတပစ္စယော၊ အညမည- ပစ္စယော၊ နိဿယပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊ ယေဘုယျအားဖြင့် ဒီအတိုင်းလာတယ်။

အမောဟ ဟေတု

အမောဟဆိုတဲ့ ပညာ ဝင်လာပြီ ဆိုပါစို့၊ ခုနကလို မဟုတ်တော့ဘူး၊ အမှား အမှန်ခွဲခြားပြီး သိသွားပြီ၊ သဘာဝတရားတွေရဲ့ အစစ်အမှန်ကိုသိတဲ့ အမောဟ ဆိုတဲ့ အသိဉာဏ်ဖြစ်လာလိုက်တာနဲ့ တစ်ပြိုင်နက် မဟာကုသိုလ်စိတ် ၈-ခုကနေ ၄-ခု လျော့သွားတယ်၊ သူက ဉာဏ်နဲ့ယှဉ်တဲ့ မဟာကုသိုလ်စိတ် ၄-ခုပဲ ဖြစ်လာတယ်၊ ဉာဏ်မပါတဲ့ မဟာကုသိုလ်စိတ် မဖြစ်တော့ဘူး။

အမောဟ ဖြစ်လိုက်တာနဲ့တစ်ပြိုင်နက် မဟာကုသိုလ်စိတ်နဲ့ပဲ ပြောမယ် ဆိုရင် မဟာကုသိုလ်ဉာဏသမ္ပယုတ် ၄-ခု ဖြစ်တယ်၊ မဟာကုသိုလ်ဉာဏသမ္ပယုတ် စိတ် ၄-ခုရယ် စေတသိက်ရယ်၊ အဲဒီစိတ်စေတသိက်တွေက ထုတ်လုပ်လိုက်တဲ့ စိတ္တဇ ရုပ်ရယ်လို့ ဒီလိုဖြစ်လာတဲ့အခါကျတော့ သူကျတော့ စွမ်းရည်တွေ ပိုလာတယ်။

ဒါဖြင့် ဘာတွေ ပိုလာတုန်း၊ ဒီအမောဟဆိုတာ အသိဉာဏ်၊ အသိဉာဏ် အဓိပတိတပ်တယ်၊ ဝီမံသာဓိပတိလို့ ခေါ်တယ်၊ ဒါကြောင့်မို့ အဓိပတိပစ္စည်း ပိုလာပြန်တယ်၊ နောက် ဣန္ဒြေထဲမှာ ပညိန္ဒြေဆိုတာ ရှိတယ်၊ ဒါကြောင့် ဣန္ဒြိယ ပစ္စည်းလည်း ပါလာပြန်တယ်၊ နောက်တစ်ခုက သမ္မာဒိဋ္ဌိမဂ္ဂင်ဆိုတာ ပါလာတဲ့ အတွက်ကြောင့် မဂ္ဂပစ္စည်း ပိုလာတယ်။

တွက်ကြည့်မယ်ဆိုရင် အမောဟဆိုတဲ့ အသိဉာဏ်ဝင်လာလို့ ကုသိုလ်လုပ် ပြီ ဆိုပါစို့၊ ဒါနကောင်းမှု သီလကောင်းမှု ကုသိုလ်လုပ်ပြီဆိုရင် ဘယ်ပစ္စည်းတွေ ပါလာလဲဆိုရင် ဟေတုပစ္စယော၊ အဓိပတိပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ ဣန္ဒြိယပစ္စယော၊ မဂ္ဂပစ္စယော၊ သမ္ပယုတ္တ ပစ္စယော၊ ဝိပ္ပယုတ္တ ပစ္စယော၊ အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊

(အကယ်၍ ဝိပါက်စိတ်မှာယှဉ်တဲ့ အလောဘ အဒေါသ အမောဟ ဆိုလို့ရှိရင် ဝိပါက ထည့်လို့ ရတယ်၊ ကုသိုလ်စိတ်နဲ့ပဲပြောရင် ဝိပါက ထည့်ပြီးတော့ တွက်စရာ မလိုဘူး။)

ကြည့်လိုက် - ဟိတ် ၆-ပါးကနေပြီး ဆိုင်ရာသဘာဝတရားတွေကို ကျေးဇူး ပြုတဲ့နေရာမှာ ဟောဒီ စွမ်းရည်သတ္တိတွေကို အသုံးပြုထားတယ်၊ ဒီသတ္တိတွေ ပူးပေါင်းပါဝင်လာတယ်၊ ဒါကြောင့် ၂၄-ပစ္စည်းဆိုတာ တစ်ခုနဲ့တစ်ခု ကွင်းဆက် ဖြစ်နေတယ်၊ အကြောင်းတရားတွေ မြောက်မြားစွာ ယှဉ်တွဲပြီး ဖြစ်ပေါ်လာကြတယ်။

ကဲ အမောဟကို ပြန်ကြည့်၊ အမောဟသည် -
ကုသိုလ်စိတ်ကို ဟေတုသတ္တိနဲ့ ကျေးဇူးပြုတဲ့အခါ ဟေတုပစ္စယော၊
လွှမ်းမိုးကြီးစိုးပြီးတော့ ကျေးဇူးပြုတဲ့အခါ ဝီမံသာဓိပတိမို့ အဓိပတိပစ္စယော၊
အတူတကွဖြစ်ပြီးတော့ ကျေးဇူးပြုတဲ့အခါမှာ သဟဇာတပစ္စယော၊
မှီရာအနေနဲ့ ကျေးဇူးပြုလို့ နိဿယပစ္စယော၊
အပြန်အလှန် အနေနဲ့ ကျေးဇူးပြုလို့ အညမညပစ္စယော၊
ဆိုင်ရာကိစ္စမှာ ကြီးစိုးပြီးတော့ ကျေးဇူးပြု လို့ ဣန္ဒြိယပစ္စယော၊
လမ်းကြောင်းသဖွယ် ကျေးဇူးပြုလို့ မဂ္ဂပစ္စယော၊
ယှဉ်ဘက် အနေနဲ့ ကျေးဇူးပြုလို့ သမ္ပယုတ္တပစ္စယော၊
မယှဉ်တဲ့အနေနဲ့ ကျေးဇူးပြုတဲ့ အတွက်ကြောင့် ဝိပ္ပယုတ္တပစ္စယော၊
ရှိနေခိုက်မှာ ကျေးဇူးပြုလို့ အတ္ထိပစ္စယော၊
မကင်းကွာခင် ကျေးဇူးပြုလို့ အဝိဂတပစ္စယော၊
ဒါတွေပါတယ်။

သဘာဝတရားတွေဟာ အခုလို အကြောင်းအကျိုးနဲ့ တစ်ခုနဲ့တစ်ခု ဆက်နွှယ် နေတာပါလားလို့ သိရမယ်။ ပဋ္ဌာန်းကျမ်းဟာ အင်မတန်မှကျယ်ဝန်းတယ်၊ တစ်ခုစီ တစ်ခုစီ ပြောနေမယ်ဆိုရင် အများကြီးပဲ၊ အလွန်ကျယ်ဝန်းတယ်၊ ဒီလို ပြောရမယ်။

ဒါ ဟေတုပစ္စည်းနဲ့ ပတ်သက်လာလို့ရှိရင် ပဋ္ဌာန်းအရကောက်ကျမ်းကြီးမှာ ပြထားတာကို ကြည့်မယ်ဆိုလို့ရှိရင် ဃဋနာဆိုတာ ရှိတယ်၊ ဖြစ်နိုင်တဲ့ပစ္စည်းတွေ အစုလိုက်ပြထားတာကို ဃဋနာလို့ ခေါ်တယ်၊ အဲဒီ ဃဋနာ တို့ သုဒ္ဓသင်္ချာတို့ကို လေ့လာရမယ်၊ ပဋ္ဌာန်းကျမ်းကြီးဟာ သိပ်ကျယ်သည်ထက် ကျယ်သွားတယ်။

အခု ဟေတုပစ္စည်းလေးကို ပင်လယ်ကမ်းစပ်က နေပြီးတော့ ကြည့်လိုက်ရင် ဟောဒီလိုမြင်ရတယ် ဆိုတာကို ပြတာ၊ ပင်လယ်ကြီးထဲ ဆင်းကြည့်ရင်တော့ ဆောက်တည်ရာရမှာ မဟုတ်ဘူးနော်၊ လှမ်းပြီးတော့ ကြည့်လိုက်လို့ရှိရင်လည်း မျက်စိတစ်ဆုံး မြင်ရမယ်။

လူတစ်ယောက်ကို “ပင်လယ်မြင်ဖူးလား”မေးရင် ဘယ်လိုပြောမလဲ၊ “မြင်ဖူးတယ်” ဖြေမှာပဲ၊ ဒါပေမယ့် သူမြင်တဲ့ပင်လယ်သည် အပြည့်အစုံ ဟုတ်လို့လား၊ မျက်စိက မြင်လို့ ရတာသည် တစ်ပိုင်းတစ်စိတ်လောက်ပဲ၊ သို့သော် သူမမြင်ရတဲ့ အပိုင်းတွေ အများကြီး မကျန်ဘူးလား။

ဒီအတိုင်းပဲ အခု ဟေတုပစ္စယောကို ကမ်းစပ်ကနေပြီးတော့ ကြည့်လိုက်တာ ဒီလောက်တော့ ဖြစ်မှာပေါ့၊ အခုလို မြင်ရတယ်၊ စွမ်းရည်သတ္တိတွေဟာ သဘာဝ တရားမှာ ဒီလိုရှိတယ်လို့ ဒါ သိရတယ်တဲ့။

အာရမ္မဏပစ္စယော

နောက်ပစ္စည်းတစ်ခုအကြောင်း ပြောရအောင်၊

ဒါလည်း အရေးကြီးတဲ့ ပစ္စည်းတရားတစ်ခု၊ သူက ဟေတုနဲ့အမျိုးမတူဘူး၊ အခုလို လောဘဖြစ်ရတာ ဒေါသ ဖြစ်ရတာ မောဟဖြစ်ရတာ, အလောဘ အဒေါသ အမောဟဆိုတဲ့ ဒီသဘာဝ တရားတွေ ဖြစ်ရတာ၊ လိုချင်တဲ့စိတ်ဖြစ်တာ မုန်းတီး တဲ့စိတ်ဖြစ်တာ အမှန်မသိတဲ့ စိတ်ဖြစ်တာ၊ လိုချင်မှုကို ပယ်ခွာတဲ့စိတ်၊ မုန်းတီးမှုကို တွန်းလှန်တဲ့ မေတ္တာစိတ်ဖြစ်တာ အမှန်သိတဲ့စိတ် ဖြစ်တာတို့ ဆိုတာတွေဟာ အကြောင်းတရား အာရုံ မရှိဘဲနဲ့ မဖြစ်ဘူးတဲ့၊ အပြင်ဘက်က အာရုံတစ်ခုခုရှိလို့ ဖြစ်တာ၊ မြင်သိစိတ်တောင်မှပဲ မျက်စိက ရူပါရုံဆိုတဲ့ အဆင်းအာရုံ မြင်လိုက်တဲ့အခါ မြင်သိစိတ်ဖြစ်လာတယ်လို့ ဆိုတယ်၊ အဲဒီရူပါရုံဆိုတဲ့ အဆင်းအာရုံကို အာရမ္မဏ-ပစ္စယောလို့ ဒီလိုပြောတယ်။

ဟေတုပစ္စည်းနဲ့ ပုံစံကွဲသွားပြီ၊ ဟေတုပစ္စည်းဆိုတာ ဖြစ်နေတဲ့ သဘာဝတရား အတွင်းသားကိုပြောတာ၊ အခု လောဘဖြစ်ဖို့ရာအတွက် အာရုံတစ်ခု လိုနေပြီ၊ လိုချင်တဲ့စိတ် ဖြစ်ဖို့အတွက် အာရုံလိုနေပြီ၊ လောဘစိတ်ဖြစ်တာဟာ မျက်စိနဲ့ အဆင်းအာရုံတစ်ခုကို မြင်လို့ လောဘဖြစ်တာ (သို့မဟုတ်) နားနဲ့ သာယာတဲ့အသံ ကြားလို့ လိုချင်တဲ့စိတ်ဖြစ်တာ၊ နှာခေါင်းကနေပြီး မွှေးကြိုင်တဲ့အနံ့ရလို့ လိုချင်တဲ့ စိတ်ဖြစ်တာ၊ လျှာကနေပြီး ကောင်းတဲ့အရသာ ခံစားရလို့ လိုချင်တဲ့စိတ် ဖြစ်တာ ဖြစ်မယ်၊ (သို့မဟုတ်) ခန္ဓာကိုယ်က အထိအတွေ့ကောင်းတာ ထိတွေ့လို့ နောက်ထပ် ထိတွေ့ချင်လို့ လိုချင်တဲ့စိတ် ဖြစ်တာလည်း ဖြစ်မယ်၊ (သို့မဟုတ်) အဲဒါတွေ တစ်ခုမှ မဖြစ်ဘဲ သက်သက်စိတ်ကူးယဉ်ပြီးတော့ မဖြစ်နိုင်ဘူးလား၊ ဖြစ်နိုင်တယ်၊ အာရုံဘယ်နှစ်မျိုးရတုန်း၊ အာရုံ ၆-ခု ဖြစ်တယ်။

အာရုံ ၆-ပါးဆိုတာ -
မျက်စိနဲ့ မြင်ရတဲ့ အဆင်းအာရုံ၊
နားကနေ ကြားရတဲ့ အသံအာရုံ၊
နှာခေါင်းကနေ အနံ့ရတဲ့ အနံ့အာရုံ၊
လျှာကနေ အရသာရတဲ့ အရသာ အာရုံ၊
ခန္ဓာကိုယ်က ထိတွေ့လို့ရတဲ့ အတွေ့အာရုံ၊
ဓမ္မာရုံဆိုတဲ့ ကြံသိအာရုံ -
ဆိုပြီး အာရုံ ၆-ပါးလို့၊ ဒီအာရုံ ၆-ပါးကို အာရမ္မဏပစ္စည်းတရားလို့ ဒီလိုခေါ်တာ။

အာရုံ ၆-ပါး - ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံတွေ၊ အဘိဓမ္မာ အရပြောမယ်ဆိုရင် ရူပါရုံကလည်း ရုပ်တရားပဲ၊ သဒ္ဒါရုံကလည်း ရုပ်တရားပဲ၊ ဂန္ဓာရုံ, ရသာရုံဆိုတာလည်း ရုပ်တရားပဲ၊ ဖောဋ္ဌဗ္ဗာရုံဆိုတာ ပထဝီရယ်၊ တေဇောရယ်၊ ဝါယောရယ် ဒီရုပ်သုံးခုကိုခေါ်တာ။

ခန္ဓာကိုယ်နဲ့ တစ်ခုခု စမ်းကြည့်လိုက်၊ စမ်းကြည့်ရင် မာတာကို သတိထားမိတယ်၊ ပျော့တာကို သတိထားမိမယ်၊ အဲဒါက ပထဝီ၊ စမ်းကြည့်လို့ အပူနဲ့အအေး တွေ့လိမ့်မယ်၊ အဲဒါက တေဇော၊ ထောက်ကန်တာ တွန်းတာ စမ်းမိပြီဆိုရင် ဝါယော၊ ဒီလိုပဲပြောလို့ရတယ်၊ အဲဒါကို ဖောဋ္ဌဗ္ဗာရုံ ခေါ်တာ၊ ဒါတွေက ရုပ်တရားတွေပဲ။

ဓမ္မာရုံဆိုတာ ကျန်တဲ့ရုပ်တွေ စိတ်အားလုံး၊ စေတသိက်အားလုံး၊ နိဗ္ဗာန် ပညတ်၊ အားလုံး အာရုံတွေမှန်သမျှကို (ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံက လွဲရင် ကျန်တာတွေအကုန်လုံး) ဓမ္မာရုံလို့ ခေါ်တယ်၊

(ဒါဖြင့် မင်္ဂလာဈေးဓမ္မာရုံ ကြီးကို ဓမ္မာရုံလို့ ခေါ်တာကျတော့ ဘာကြောင့် ခေါ်တာတုန်း၊ ဒါကတော့ တရား ဓမ္မကို အာရုံပြုတဲ့နေရာမို့လို့ ဓမ္မာရုံလို့ ခေါ်တာ၊ ဒါနဲ့ မတူဘူးနော်၊ တရားနာဖို့ တရားဓမ္မကို အာရုံပြုဖို့အနေနဲ့ခေါ်တဲ့ ဓမ္မာရုံလို့ခေါ်တာ)။

ရုပ်အချို့ စိတ်အားလုံး စေတသိက်အားလုံး နိဗ္ဗာန်ပညတ် ပါတယ်၊ ရှိသမျှ အာရုံတွေဟာ ဓမ္မာရုံမှာ အကုန်ဝင်သွားပါတယ်၊ သူ့ထဲ မပါတာ အဆင်းအာရုံ မပါဘူး၊ အသံအာရုံ မပါဘူး၊ အနံ့အာရုံ မပါဘူး၊ အရသာ မပါဘူး၊ ပထဝီ တေဇော ဝါယောဆိုတဲ့ ဖောဋ္ဌဗ္ဗာရုံ မပါဘူးတဲ့၊ အဲဒီရုပ်တွေကလွဲရင် ကျန်တာတွေအကုန်လုံး ဓမ္မာရုံပဲ။

အဲဒီ အာရုံ ၆-ပါး ပစ္စည်းတရားသည် ဘယ်သူ့ကို ကျေးဇူးပြုတုန်းဆိုတော့ စိတ်-၈၉ နဲ့ စေတသိက်-၅၂ ကို ကျေးဇူးပြုတယ်။

ပဋ္ဌာန်းပစ္စယနိဒ္ဒေသမှာ မြတ်စွာဘုရားက ဘယ်လိုဟောတုန်းဆိုရင် -

“ရူပါယတနံ စက္ခုဝိညာဏဓာတုယာ၊ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ-ပစ္စယေန ပစ္စယော”။

အဲဒီမှာ -
ရူပါယတနံ - မျက်စိက မြင်ရတဲ့ အဆင်းအာရုံသည်၊
စက္ခုဝိညာဏဓာတုယာ - စက္ခုဝိညာဏဓာတ်လို့ခေါ်တဲ့ မြင်သိစိတ်ကလေးနဲ့၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမြင်သိစိတ်နဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်လာတဲ့ စေတသိက် ၇-ခုတို့အား၊
အာရမ္မဏပစ္စယေန - အာရမ္မဏပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုပါတယ်
လို့ - ဒီလိုပြောတာနော်။

ဆိုလိုတာက ရူပါရုံဆိုတဲ့ အဆင်းအာရုံကို မမြင်ဘဲနဲ့ စက္ခုဝိညာဏ်စိတ်နဲ့ သဗ္ဗစိတ္တသာဓာရဏစေတသိက်လို့ ခေါ်တဲ့ မြင်သိစိတ်အစုဆိုတာ မဖြစ်နိုင်ဘူး၊ မြင်သိစိတ်အစုသည် ရူပါရုံကို အာရုံပြုပြီး ဖြစ်ပေါ်လာတာ ဖြစ်သောကြောင့် ရူပါရုံသည် မြင်သိစိတ်အစုအား အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြုတယ်၊ ဒီမြင်သိစိတ် အစုဟာ ဘယ်ကိုရောက်နေတုန်းဆိုရင် အဆင်းအာရုံဆီကို ရောက်နေတယ်။

မျက်စိဖွင့်ကြည့်လို့ ပန်းတစ်ပွင့်ကို မြင်လိုက်တယ်ဆိုပါစို့၊ ပန်းကို မြင်လိုက် တာနဲ့တစ်ပြိုင်နက် မြင်သိစိတ်ဖြစ်လာတယ်၊ သို့သော် ပန်းလို့ သိတာကျတော့ ဒိပြင်စိတ်တွေ အများကြီးပါသေးတယ်၊ စက္ခုဝိညာဏ်စိတ်တစ်ခုတည်း မဟုတ်ဘူး၊ စက္ခုဝိညာဏ်စိတ်က မြင်ပြီး သိပ္ပံပဲသိတာ၊ ပန်းလို့ သိတဲ့အဆင့် မရောက်သေးဘူး၊ ဘယ်အရာပဲဖြစ်ဖြစ် process နဲ့ သွားတာ၊ တဖြည်းဖြည်းချင်း တိုးတက်ပြီးတော့ အသိက တစ်ခုကနေတစ်ခု ပြောင်းသွားတာ။

ဒါက အဘိဓမ္မာသင်ထားလို့ စိတ္တဝီထိ အကြောင်း နားလည်လို့ရှိရင် သိနိုင်တယ်၊ process ရဲ့သဘောလေးကို နားလည်အောင်ပြောရမယ်ဆိုရင် ဥပမာ- အိမ်ထဲမှာ တံခါးပိတ်ပြီးနေတယ်၊ မိတ်ဆွေတစ်ယောက်က တယ်လီဖုန်း မဆက်ဘဲနဲ့ ရောက်လာတယ်၊ ဘာလုပ်မလဲ၊ တံခါးလာခေါက်တယ်၊ ကိုယ်က အခန်းထဲ မှာနေတယ်၊

တံခါးခေါက်တာက ပထမဆုံးပေါ်လာတဲ့အရာ၊ တံခါးခေါက်တော့ ဘာလုပ်မလဲ၊ တံခါးထဖွင့်တယ်၊ ဖွင့်လိုက်တဲ့အခါ ဘယ်သူ့ မြင်တုန်း၊ လာတဲ့သူကို မြင်တယ်၊ မြင်တဲ့အခါ “လာပါ လာပါ” ဖိတ်ခေါ် တယ်၊ “ဘာကိစ္စနဲ့ လာတာတုန်း” မေးတယ်၊ ဘာကိစ္စနဲ့ လာတယ်ဆိုတာသိတယ်၊ သိပြီးတဲ့အခါ ကော်ဖီတို့ဘာတို့နဲ့ ဧည့်ခံတယ်၊ စကားစမည် ပြောတယ်၊ ပြီးတော့ ပြန်သွားတယ်၊ တံခါးပြန်ပိတ်တယ်၊ ဒါ process ဖြစ်စဉ်လေးတစ်ခုပဲ။

ဒီဖြစ်စဉ်လေးက တစ်ခုနဲ့တစ်ခု တူရဲ့လား၊ တံခါးခေါက်လိုက်တဲ့ အချိန်နဲ့ နောက်ပိုင်း ဖြစ်တာတွေနဲ့ တူရဲ့လား။

တံခါးခေါက်တယ်ဆိုတာက ဘာနဲ့ တူသလဲဆိုရင် ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ် တာနဲ့ တူတယ်၊ မျက်စိကို အဆင်းအာရုံက လာတိုက်လိုက်တာ တံခါးခေါက်လိုက် တာပဲ၊ တံခါးခေါက်လိုက်တဲ့အခါ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က တံခါးကို ဖွင့်ပေးလိုက်တာ၊ ဒီစိတ်က ဖွင့်ရုံလေးပဲ ဖွင့်ပေးတာ၊ သူ မမြင်ဘူး၊ တကယ်ကျတော့ သူက ဘာမှ မမြင်ဘူး၊ သူက တံခါးဖွင့်ရုံပဲ ဖွင့်ပေးတာ၊ ဒါက ပူးပေါင်းဆောင်ရွက်ပုံပဲ၊

(လူက တစ်ယောက်တည်း လုပ်တာ၊ သဘာဝတရားတွေကျတော့ တစ်ခုတည်းက လုပ်တာ မဟုတ်ဘူး။)

တံခါးခေါက်သံကြားလို့ တံခါးဖွင့်ပေးလိုက်တာနဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဖြစ်တာ တူတယ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ရူပါရုံကို မြင်သလားလို့ဆိုရင် မမြင်ဘူးတဲ့၊ မြင်တာက စက္ခုဝိညာဏ်စိတ် က မြင်တာ၊ စက္ခုဝိညာဏ်စိတ်က မြင်ရုံ မြင်တာ၊ လက်ခံတာ မရှိဘူး၊ လက်ခံတာက သမ္ပဋိစ္ဆိန်း၊ အာရုံတစ်ခုအသစ်ဝင်လာရင် လက်ခံတယ်၊ အခုခေတ်လိုပြောရရင် reception ပေါ့၊ (hotel တွေ ဘာတွေ သွားရင် reception ရှိရမယ်) အာရုံကို ဒီစိတ်က လက်ခံလိုက်တာ။

လက်ခံပြီးရင် ဘာလုပ်မလဲ၊ စုံစမ်းတယ်၊ သန္တီရဏ၊ investigation လို့ ပြန်တယ်၊ အမှန်ကတော့ checking ပေါ့၊ ပြီးရင် အာရုံကို ဆုံးဖြတ်တဲ့ ဝေါဋ္ဌဗ္ဗန စိတ် ဖြစ်တယ်၊ ဆုံးဖြတ်တယ်။

ဆုံးဖြတ်ပြီးတဲ့အခါ ဇဝန – အာရုံရဲ့အရသာကို တွေ့ကြုံခံစားတဲ့ ဇော ဖြစ်တယ်၊ ဇောဖြစ်ပြီး တစ်ခါ တဒါရုံ၊ နှုတ်ဆက်တဲ့သဘော၊ နှုတ်ဆက်ပြီး ပြန်ထွက်သွားတယ်၊ ဒါ process ပဲ။ အဲဒီထဲမှာ ဇောအဆင့်ကသာလျှင် စွမ်းရည်သတ္တိ အရှိဆုံးပဲ၊ ကျန်တဲ့ဟာတွေက ရှေ့ပိုင်းက လုပ်ဆောင်ချက်တွေပဲ။

ဒီ့ထက် ပိုထင်ရှားတဲ့ဥပမာတစ်ခုပြောမယ်၊ ကားမောင်းပြီဆိုရင် နံပါတ်(၁) starter ဖွင့်လိုက်တာ မဟုတ်လား၊ အဲဒီအချိန်မှာ မောင်းလို့ရပြီလား၊ မရသေးဘူး၊ သူက စတာပဲရှိသေးတယ်၊ အဲဒီအတိုင်းပဲ ခုနက တံခါးဖွင့်တယ်၊ မြင်တယ်၊ ဘာမှ လုပ်လို့ မရသေးဘူး၊ အဲဒီအချိန်မှာ ရှေ့ပိုင်းက ဖြစ်ပျက်နေတဲ့အချိန်ပဲ၊ နောက်ဆုံး ဇောကျမှ၊ ဇောတောင်မှ ဒီဇောမဟုတ်ဘူး၊ ဝီထိစိတ်ဆိုတာ မြင်ပြီးတော့ဖြစ်လာတဲ့ ပဉ္စဒွါရိက ဝီထိစိတ်က ရှေ့ပိုင်းက တစ်ခု၊ အဲဒါကို ပြန်ပြီးတော့ စဉ်းစားတဲ့ မနောဒွါရ mind door လို့ ခေါ်တဲ့ စိတ်ထဲမှာ ပြန်ပြီးတော့ စဉ်းစားရတာ။

ပထမ မြင်သိတဲ့စိတ်အစဉ် ဖြစ်လိုက်တယ်၊ အဲဒါ -
စက္ခုဒွါရဝီထိဆိုတဲ့ eye door မှာဖြစ်တဲ့ ဝီထိစိတ်အစဉ်၊
နောက်တစ်ခု စိတ်အစဉ်က အာရုံကိုမှတ်ပြီး ပြန် စဉ်းစားတာ၊ အဲဒါက ဝီထိစဉ်တစ်ခု၊
နောက် အမည်နာမတပ်လိုက်တာ ဝီထိစဉ် တစ်ခု၊
အဓိပ္ပါယ်သိလိုက်တာ ဝီထိစဉ်တစ်ခု၊
အနည်းဆုံး ၄-ခုလောက် ဖြစ်ရတာ၊ ဒီလို ဖြစ်စဉ် ၄-ခုလောက် ဖြစ်ပြီးတော့မှ ပန်း ဆိုတာသိတာ။ ဒါတောင်မှ အရင်က ပန်းဆိုတာ သိပြီးခဲ့လို့ ဒီအဖြေရတာ၊ ပန်းမှန်း မသိခဲ့ဘူးဆိုလို့ရှိရင် ဒီအဖြေထုတ်လို့ရမှာ မဟုတ်သေးဘူး၊ စဉ်းစားနေဦးမှာ၊ အဖြေမထုတ်နိုင်ဘူး။

အာရမ္မဏပစ္စယော ဆိုတာ ကြည့် - အာရုံက မျက်စိ ဆိုတဲ့တံခါးကို ဖွင့်တယ်၊ နားဆိုတဲ့တံခါးကို လာဖွင့်တယ်၊ နှာခေါင်းဆိုတဲ့တံခါးကို လာဖွင့်တယ်၊ လျှာ ဆိုတဲ့တံခါးကို ဖွင့်တယ်၊ ခန္ဓာကိုယ်ဆိုတဲ့တံခါးကို ဖွင့်တယ်၊ စိတ်ဆိုတဲ့တံခါးကို လာဖွင့်တယ်၊ အဲဒီ လာဖွင့်ပေးတဲ့ တိုက်ခိုက်လိုက်တဲ့အာရုံကို အာရမ္မဏပစ္စယော လို့ ပြောတာပါ၊ အဲဒီလို တိုက်ခိုက်မှုမရှိဘဲ အသိစိတ်ဆိုတာ ပေါ်လာတာ မရှိဘူးတဲ့။

သုတ္တန်ပါဠိတော်တွေထဲမှာလည်း ဒီအတိုင်း ဟောတာပဲလေ၊

စက္ခုပသာဒ မှာ အဆင်းအာရုံက လာထင်တယ်၊ ထင်တဲ့အခါ မြင်သိစိတ်ဖြစ်တယ်၊
သောတပသာဒမှာ အသံလာထိခိုက်တယ်၊ ကြားသိစိတ်ဖြစ်တယ်၊
နှာခေါင်းမှာ အနံ့က လာထိတယ်၊ နံသိစိတ်ဖြစ်တယ်၊
လျှာနဲ့ အရသာတွေ့တယ်၊ လျက်သိစိတ် ဖြစ်တယ်၊
ခန္ဓာကိုယ်ကို ဖောဋ္ဌဗ္ဗအာရုံတစ်ခုခုက လာပြီးတော့ထိတယ်၊ ထိသိစိတ် ဖြစ်တယ်။
ကျန်တာတွေကျတော့ အဲဒီလို စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ ဆိုတဲ့ ဒီ organ တွေ မပါဘဲနဲ့ စိတ်ကူးသက်သက်နဲ့ သိတာကျတော့ ကြံသိစိတ်၊ ဓမ္မာရုံလို့ပြောတာ၊

အဲဒီလို သဘာဝတရားတွေဟာ တစ်ခုနဲ့တစ်ခု ဆက်သွယ် နေသည့် အတွက်ကြောင့် အဲဒါကို အာရမ္မဏပစ္စယော လို့ ဟောတာပါ။

လောဘနဲ့ လိုချင်တဲ့စိတ်ဖြစ်ဖို့ဆိုတာလည်း ဒီအာရုံတစ်ခုခု လာရမယ်၊ လောဘကို ဖယ်ရှားပြီး အလောဘဆိုတဲ့စိတ် ဖြစ်ပေါ်ဖို့ရာလည်းပဲ ဒီအတိုင်းပဲ၊ စိတ်ဖြစ်ဖို့ အတွက် ဒီအာရုံတစ်ခုခု ရှိတယ်၊ အဒေါသဆိုတဲ့ မေတ္တာဖြစ်ဖို့ရာလည်း အာရုံတစ်ခုခု ရှိတယ်၊ အမောဟ အသိဉာဏ်ဖြစ်ဖို့ရာလည်း အာရုံတစ်ခုခု ရှိတယ်၊ ဒီအာရုံ ၆-ပါး သဘာဝတရားတွေဟာ စိတ်တွေကို ဖြစ်ပေါ်စေတတ်လို့ အဲဒါကို အာရမ္မဏပစ္စယော ပြောတာ။

ဒါကို ပဋ္ဌာန်းပါဠိတော်မှာ -
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော၊
သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော၊
ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော၊
ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော၊
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော၊
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ဒီလို လာတာ။

ပဉ္စဒွါရာဝဇ္ဇန်းနဲ့ သမ္ပဋိဂ္ဂိုန်းကို ရည်ရွယ်ပြီးတော့ မနောဓာတ်လို့ ပြောတာ၊ အဲဒီမနောဓာတ်က ရူပါရုံကိုလည်း ယူတယ်၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ ဒါတွေကိုလည်း ယူနိုင်တယ်။

နောက်ကျန်တာတွေကျတော့ -
ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ယံ ယံ ဓမ္မံ အာရဗ္ဘ ဆိုတာ အာရုံ ၆-ပါး ဘယ်ဟာကိုပဲဖြစ်ဖြစ် အမှီပြုတယ်၊ ဖြစ်လာတာကတော့ စိတ်နဲ့ စေတသိက် ၂-ခုပဲ၊ အာရမ္မဏပစ္စည်းရဲ့ ကျေးဇူး ပြုခံရတာက စိတ်နဲ့ စေတသိက် ၂-ခုတည်းပဲ၊ ရုပ်မပါဘူး၊ အာရုံကိုသိတာ စိတ် စေတသိက် ၂-မျိုးပဲ ရှိတယ်။

ဒါကြောင့် ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော လို့ မြတ်စွာဘုရားက ပဋ္ဌာန်းပါဠိတော်မှာ ဟောတယ်။

ဒါကြောင့် တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့ အာရမ္မဏဆိုတာ သူနဲ့ဆိုင်ရာ မျိုးတစ်မျိုးပဲ၊ မတူဘူး၊ သူက စိတ်ကို ဖြစ်ပေါ်စေဖို့အတွက် အထောက် အကူပြုတဲ့ အကြောင်းတရားအနေနဲ့ အာရမ္မဏပစ္စည်းက စွမ်းရည်သတ္တိပေးတယ်၊ အဲဒီ အာရမ္မဏပစ္စည်းနဲ့ ကင်းပြီးတော့ စိတ်စေတသိက်ဆိုတာ မဖြစ်နိုင်ဘူး၊ အာရုံနဲ့ ကင်းပြီးတော့ ဖြစ်တဲ့စိတ် လောကမှာ မရှိဘူး။

အာရမ္မဏပစ္စည်း မပါဘဲနဲ့တော့ လူတွေရဲ့အသိစိတ်တွေ စေတသိက်တွေက မဖြစ်ဘူး၊ အဲဒါကြောင့်မို့ ၂၄-ပစ္စည်းမှာ ဒီကနေ့ ဟေတုပစ္စယောရယ်၊ ဟေတု- ပစ္စယောနဲ့ ဆက်သွယ်လာတဲ့ အခြားပစ္စည်းတွေရယ်၊ အာရမ္မဏပစ္စယောရယ် ဒါကို ရှင်းလင်း ဟောကြားတာ ဖြစ်ပါတယ်၊ နောက်ရက် အပိုင်း-၃ ကျရင် ရှေ့ဆက် ပြီးတော့ ပဋ္ဌာန်းပစ္စည်းများအကြောင်းကို ရှင်းလင်းဟောကြားမှာ ဖြစ်ပါတယ်။

ဒီကနေ့ တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် ဗုဒ္ဓမြတ်စွာဟောကြား တဲ့ပဋ္ဌာန်းကျမ်းကြီးကို ပင်လယ်ကမ်းစပ်က ပင်လယ်ကြီးကို ကြည့်ရသကဲ့သို့ ပဋ္ဌာန်း ကျမ်းကြီးရဲ့အတိမ်အနက်ကို လှမ်းပြီးတော့ ကြည့်လိုက်ရတယ်ဆိုရင်ပဲ ကျေနပ် စရာကောင်းတဲ့ ပီတိတွေ ဖြစ်နိုင်ပါတယ်၊

ပင်လယ်မမြင်ဖူးတဲ့ပုဂ္ဂိုလ်နဲ့စာလို့ရှိရင် ပင်လယ်မြင်ဖူးတယ်လို့ ပြောရသလိုပဲ ပဋ္ဌာန်း ကျမ်းကြီးအကြောင်း လုံးဝမသိဘူးတဲ့ ပုဂ္ဂိုလ်နဲ့ စာလို့ရှိရင် သိရတယ်လို့ ပြောရမယ့် အနေအထားမျိုးလေးကို ကိုယ်စီ ကိုယ်ငှ ရရှိကြပြီးတဲ့အခါ မိမိတို့ရဲ့ ရင်ထဲ နှလုံးထဲမှာ ဖြစ်တဲ့ ပီတိတရားနဲ့ ကုသိုလ် ကောင်းမှုတွေ ဆတက်ထမ်းပိုး တိုးတက် ပွားများနိုင်ကြပါစေကုန်သတည်း။

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၃)

သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ တပို့တွဲ လပြည့်ကျော် ၁၃-ရက်၊ (၂၂-၂-၂၀ဝ၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီး အတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်း ဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

အာရမ္မဏပစ္စယော

အာရမ္မဏပစ္စယောကို ပစ္စယနိဒ္ဒေသပါဠိတော်မှာ အပြည့်အစုံ ဟောထားတယ်၊ အာရမ္မဏပစ္စယောဆိုတဲ့နေရာမှာ အာရမ္မဏဆိုတာ အာ- လာရောက်ပြီး၊ ရမ္မဏ - မွေ့လျော်တယ်၊ လူတွေရဲ့စိတ်ဟာ (စိတ်လို့ပြောလိုက်ရင် စေတသိက်လည်း ပါတယ်လို့ မှတ်ထားပေါ့) ဆိုင်ရာအာရုံဆီ သွားရောက်ပြီး ပျော်မွေ့ကြတယ်၊ အာရုံမရှိဘဲ လူ့ရဲ့စိတ်ဟာ ဘယ်တော့မှ မဖြစ်ဘူး၊ နေ့စဉ်နဲ့အမျှ လူတွေရဲ့စိတ်ဟာ အာရုံပေါ်မှီပြီးဖြစ်တယ်၊ လူ့စိတ်ရဲ့အဓိကအကြောင်းတရားတစ်ခုက ဘာတုန်း ဆိုရင် ဒီ အာရမ္မဏပစ္စည်းပဲ။

အဲဒီအာရမ္မဏကိုပဲ အဓိပ္ပါယ်တစ်မျိုးနဲ့ ပြောလို့ရှိရင် “အာလမ္ဗဏ” ဆွဲကိုင်ရာလို့ ပြောနိုင်တယ်၊ စိတ်ဟာ ဘာနဲ့ တူတုန်းဆိုရင် မသန်စွမ်းတဲ့လူနဲ့ တူတယ်၊ မသန်စွမ်းတဲ့လူတစ်ယောက်ဟာ ကြိုးတန်းတို့ တုတ်တို့ အမှီပြုပြီးမှ ထလို့ ရပ်လို့ ရတယ်၊ နို့မို့ဆိုရင် သူမထနိုင်ဘူး၊ စိတ်ဟာလည်း အာရုံကို မှီတွယ်ပြီးမှသာ ထနိုင် တယ်၊ အာရုံမရှိဘဲ စိတ်မဖြစ်ဘူး။

အဋ္ဌကထာဆရာ ဥပမာပေးထားတဲ့အတိုင်း “တောင်ဝှေးကြိုးတန်း ဆွဲကိုင် လှမ်းလျက် မစွမ်းလူမှာ ထရရှာသို့” တဲ့၊ မသန်စွမ်းတဲ့လူသည် ကြိုးတန်း ကိုဆွဲပြီး ထ,ရသလို “ခုနစ်ဖြာမှတ် ဝိညာဏ်ဓာတ်တို့”.. ဆိုတော့ မြင်သိစိတ် စက္ခုဝိညာဏဓာတ်၊ ကြားသိစိတ် သောတဝိညာဏဓာတ်၊ နံသိစိတ် ဃာနဝိညာဏဓာတ်၊ လျက်သိစိတ် ဇိဝှာဝိညာဏဓာတ်၊ ထိသိစိတ် ကာယဝိညာဏဓာတ်၊ မြင်သိစိတ် ကြားသိစိတ် စသည်တို့ရဲ့ ရှေ့နောက်မှာဖြစ်တဲ့ မနောဓာတ်၊ နောက်ပြီးတော့ တွေးသိပြီးသိတဲ့ မနောဝိညာဏဓာတ်ဆိုပြီး ဝိညာဏဓာတ် ၇-ပါး ဖြစ်ကြရတယ်။

ဝိညာဏဓာတ်ဆိုပြီး ဘာဖြစ်လို့ “ဓာတု” ဆိုတဲ့ စကားလုံး သုံးသလဲဆိုရင် ဓာတုဆိုတာ ဇီဝ မဟုတ်ဘူး၊ သတ္တဝါ မဟုတ်ဘူး၊ အတ္တ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ၊ ဓာတုရဲ့ အဓိပ္ပါယ်က ကိုယ့်သဘောကိုယ်ဆောင်တယ်၊ သူ့ရဲ့သဘာဝ သက်သက်၊ phenomenon သက်သက်ပဲလို့ပြောတာ၊ ဒါ့ကြောင့်မို့ စက္ခုဝိညာဏဓာတ် သောတဝိညာဏဓာတ် စသည်ဖြင့် စိတ်တွေကိုခေါ်တာ၊
ဓာတ်နဲ့ ခွဲလိုက်တဲ့ အခါ ၇-ခု ရတယ်၊ စက္ခုဝိညာဏဓာတ်၊ သောတဝိညာဏဓာတ်၊ ဃာနဝိညာဏဓာတ်၊ ဇိဝှာဝိညာဏဓာတ်၊ ကာယဝိညာဏဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ်၊ အဲဒီလို ဝိညာဏဓာတ် ၇-ပါး၊ “ဝိညာဏ်ဓာတ်တို့၊ စွဲမှတ်မျှော်ရှု၊ မှီရာမှုဖြင့်၊ ကျေးဇူးပြုငြား၊ အာရုံ ၆-ပါး ပစ္စည်းတရားလည်းကောင်း” လို့ အာရုံ ၆-မျိုးကို အာရမ္မဏပစ္စယောလို့ ဆိုတယ်။

လူတွေရဲ့သန္တာန်မှာ နေ့စဉ်နဲ့ အမျှ ဘယ်အချိန်ဖြစ်ဖြစ် သန္ဓေတည်လာတဲ့ အချိန်က စပြီး နောက်ဆုံးစိတ် ဖြစ်သည်ထိအောင် အာရုံနဲ့ ကင်းတယ်လို့မရှိပါဘူး၊ အိပ်နေတဲ့ အချိန် ဘဝင်စိတ်ဖြစ်နေချိန်မှာလည်း အာရုံရှိတယ်၊ သို့သော် ထို အာရုံသည် ပစ္စုပ္ပန် အာရုံမျိုး မဟုတ်ဘူးနော်၊ ဘဝင်စိတ်လည်း အာရုံနဲ့ဖြစ်တယ်။

ဗုဒ္ဓတရားတော်အရ လူမှာ အသိစိတ်ရှိနေရင် အာရုံမဲ့စိတ်ဆိုတာ မရှိနိုင်ပါဘူး၊ တချို့က unconscious စိတ် ဆိုတာ အာရုံမဲ့နေတဲ့စိတ်လို့ ဒီလို ထင်ကောင်း ထင်လိမ့်မယ်၊ မရှိနိုင်ဘူး၊ ဆိုင်ရာဆိုင်ရာအာရုံလေးတွေတော့ စိတ်ထဲမှာ ရှိနေတာပဲ၊ အာရမ္မဏသတ္တိက ကျေးဇူးပြုတယ်၊ သို့သော် စိတ်ကလေးရဲ့ သိမ်မွေ့မှုနဲ့ ပြင်းထန်မှု ဒီလိုတော့ရှိတယ်၊ level တို့ degree တို့တော့ ကွာတာပေါ့ ထိုစိတ်ရဲ့ လှုပ်ရှားမှုဟာ အရှိန်အဟုန်ချင်းတော့ ကွာတာပေါ့။

ဘဝင်စိတ်ဆိုရင် သိပ်ပြီး သိမ်မွေ့တယ်၊ လူတွေဟာ အသက်ရှူနေတာ ဘဝင်စိတ်ကြောင့် ရှူတာ၊ ဘဝင်စိတ်ဖြစ်နေလို့ အသက်ရှူမှု ဖြစ်နေတယ်လို့ ဒီလို ပြောတာနော်၊ ဒါကြောင့်မို့ အာနာပါနဟာ စိတ္တဇဝါယောဓာတ် စိတ်ကြောင့်ဖြစ်တဲ့ ဝါယောဓာတ်လို့ ဒီလိုပြောတာ၊ အေး အသက်မရှူတောင်မှပဲ စိတ်ဆိုတာ လုံးဝ ချုပ်သွားတယ်လို့ ပြောလို့မရဘူး၊ သိပ်သိမ်မွေ့သွားတဲ့စိတ်မျိုး ဖြစ်လာတဲ့အခါ အသက်ရှူရပ်သွားတာမျိုးလည်း ရှိသေးတယ်။

အသက်ရှူရပ်သွားသော်လည်း ကမ္မဇရုပ်တွေ ရှိနေသေးသမျှ လူဟာ မသေ ဘူးလို့ ဒီလိုပြောရမယ်၊ ကမ္မဇရုပ်နဲ့ ကံကြောင့်ဖြစ်တဲ့စိတ်က ဆက်လက် ရှင်သန်နေသေး သမျှ လူ့ရဲ့ ဘဝဟာ အဆုံးမသတ်သေးဘူး။ ကမ္မဇရုပ်တွေ အဆုံးသတ် သွားပြီဆိုရင် ကံကြောင့်ဖြစ်တဲ့ ဒီပဋိသန္ဓေစိတ် ဘဝင်စိတ်ဆိုတာတွေလည်း အဆုံးသတ်သွားပြီ၊ နောက်ဆုံး စုတိစိတ်ချုပ်ပြီး ဘဝတစ်ခု အဆုံးသတ်တယ်။

လူ့တစ်ဘဝ စ,လာတဲ့အချိန်တုန်းက ပထမဆုံးစိတ်ကလေးကို ပဋိသန္ဓေ စိတ်လို့ ခေါ်တယ်၊ အဲဒီပဋိသန္ဓေစိတ်ဟာ ဘယ်သူနဲ့ယှဉ်တွဲလာတုန်းဆိုရင် ကမ္မဇရုပ်နဲ့ ယှဉ်တွဲလာတယ်၊ ကမ္မဇရုပ်နဲ့ ပဋိသန္ဓေစိတ်တို့သည် ပြိုင်တူဖြစ်လာကြတယ်၊ အဲဒီအချိန်မှာ အချင်းချင်း အပြန်အလှန် မှီခိုပြီး ပြိုင်တူဖြစ်လာကြတယ်၊ ဒါ ရုပ်နဲ့ နာမ်ရှိတဲ့ဘုံတွေမှာ ဖြစ်တာ။

လူ့ဘုံကို ဦးတည်ပြီး ပြောမယ်ဆိုရင် မိခင်ရဲ့ဝမ်းထဲမှာ ကလလရေကြည် စဖြစ်တဲ့အချိန်မှာ ပဋိသန္ဓေစိတ်ရယ် ထိုသန္ဓေစိတ်မှာယှဉ်တဲ့ စေတသိက်ရယ်၊ ဒါက တစ်ပိုင်း၊ ယှဉ်တွဲလာတဲ့ ကမ္မဇရုပ်က ရုပ်-၃၀၊ ရုပ်-၃၀ ဆိုတာ -
ကာယဒသက ကလာပ်က ရုပ်-၁ဝ ခု၊
ဘာဝဒသကကလာပ်က ရုပ်-၁ဝ ခု၊
ဝတ္ထုဒသက ကလာပ် က ရုပ်-၁၀ ခု
ဆိုပြီး ရုပ်ပေါင်း-၃၀၊ အဲဒီ ရုပ်ပေါင်း-၃၀နဲ့ ယှဉ်တွဲပြီးတော့ ပဋိသန္ဓေစိတ်က ပေါ်လာတာ။

ဒီကမ္မဇရုပ်က ပဋိသန္ဓေစိတ်ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ကံရဲ့စွမ်းအားကြောင့် ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏမှာလည်း ဖြစ်တယ်၊ နောက် ပဋိသန္ဓေစိတ်ရဲ့ ဒီ ဌီ အခိုက် မှာလည်း အသစ်ဖြစ်တယ်၊ ဘင် အခိုက်မှာလည်းအသစ်ဖြစ်တယ်၊ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း (စိတ်ကြောင့် ဖြစ်တာ မဟုတ်ဘူး၊) သူက ကံစွမ်းအားနဲ့ သွားနေတာ၊ စိတ်တစ်ခုမှာ သူက ၃-ခါ ၃-ခါ ထပ်ဖြစ်တယ်၊ ကမ္မဇရုပ်ကနော်။

စိတ်တစ်ခုမှာ ခဏငယ် ၃-ခုရှိတယ်၊ moment လို့ ခေါ်တယ်၊ moment ၃-မျိုး ရှိတယ်၊ ဥပါဒ်ရယ် ဌီရယ် ဘင်ရယ်၊ ဒါ စာစကားပြောတာ၊ အရပ်လို ပြော မယ်ဆိုရင် ဖြစ် တည် ပျက် နော်၊ ဖြစ်တာရယ်၊ ခဏလေးရပ်တန့်တဲ့သဘောရယ် ပျက်သွား တာရယ်၊ ရပ်တန့်တဲ့သဘောဆိုတာ အကြာကြီး မဟုတ်ဘူး၊ ဒီခဏ ၃-ခုဟာ တစ်ညီတည်းပဲ၊ ပိုပြီးတော့ မှတ်လို့ လွယ်အောင် ပြောရရင်တော့ စက္ကန့် ဆိုတာနဲ့ ပြောမယ်၊ (စက္ကန့်ဆိုတာထက် ပိုပြီးတော့ တိုတယ်လို့တော့ မှတ်ထားပေါ့၊) ၁-စက္ကန့် အတွင်းမှာဆိုရင် စိတ်ဟာ ကုဋေတစ်သိန်းလောက် ဖြစ်ပျက်နိုင်လောက် အောင် လျင်မြန်တယ်။

သို့သော် နားလည်လွယ်အောင်လို့ စက္ကန့်နဲ့ပဲ ပြောရအောင်၊ ၃-စက္ကန့် ဆိုပါစို့၊ စိတ်ကလေးတစ်ခုဟာ ၃-စက္ကန့် အသက်ရှည်တယ်ဆိုလို့ရှိရင် ဖြစ်တာက ၁-စက္ကန့်၊ တည်နေတာက ၁-စက္ကန့်၊ ပျက်သွားတာက ၁-စက္ကန့်၊ ဟော ၃-စက္ကန့်၊ အဲဒီလို စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ကမ္မဇရုပ်တွေက အသစ်အသစ်ဖြစ်လာတယ်။

ပဋိသန္ဓေစိတ်ကလည်း သူ့အာရုံနဲ့သူ လာတာပဲ၊ ဒီအာရုံက အတိတ်ဘဝက လာတဲ့ အာရုံ၊ သေခါနီး အတိတ်ဘဝမှာမြင်ခဲ့တဲ့အာရုံကို အကြောင်းပြုပြီး ကိလေသာ ရဲ့အစွမ်းနဲ့ ကံက တွန်းလွှတ်လိုက်လို့ ဘဝအသစ်တစ်ခု ရလာတာ၊ ကံက ဖန်တီး ပေးလိုက်တယ်၊ အဲဒီကံအရှိန် မကုန်မချင်း ဒီ ကမ္မဇရုပ်တွေက ဆက်လက်ပြီးတော့ ဖြစ်နေတယ်လို့ ဒီလိုပြောတာနော်၊ အဲဒီလို သူက စိတ်နဲ့ ယှဉ်တွဲပြီးတော့ လာတယ်။

နောက်ပိုင်းကျတော့ ပဋိသန္ဓေစိတ်တင် မကဘူး, တခြားစိတ်တွေပါ ပေါ်လာတယ်၊ အဲဒီစိတ်တွေဟာ ဘဝရဲ့နောက်ဆုံးအချိန် ရောက်သည်ထိအောင် သွားနေမှာပဲ၊ ဒါ ဘယ်သူ့ အရှိန်နဲ့ သွားတာတုန်းဆိုတော့ ကံအရှိန်နဲ့ သွားနေတာ၊ ကံက ရှိသေး လားဆို မရှိတော့ဘူး၊ ဒီဘဝ အသစ်လုပ်တာက အသစ်ကံ၊ ပဋိသန္ဓေကိုဖြစ်စေတဲ့ ကံက ချုပ်သွားပြီ၊ မရှိတော့ဘူး။

ဘာဥပမာနဲ့ နားလည်ရတုန်းလို့ဆိုရင် ကြည့်၊ မျိုးစေ့လေးတစ်စေ့၊ မြေကြီး ထဲ ချပြီးတော့ စိုက်လိုက်တယ်၊ စိုက်လိုက်လို့ အဲဒီမျိုးစေ့လေးက အမြစ်ကလေး ဆင်းလာပြီး အညှောက်ကလေး ထွက်လာတယ်၊ အဲဒီအစေ့လေးက ဘာဖြစ်သွားလဲ၊ ပုပ်သွားတယ်၊ ဘာကျန်ရစ်တုန်းဆို အမြစ်နဲ့အညှောက် ကျန်ရစ်တယ်၊ အဲဒီအမြစ်နဲ့ အညှောက်ကနေပြီးတော့ ပင်စည်ကြီးဖြစ်လာတာ၊ ဘယ်သူက ထိန်းနေတုန်းဆို မြေနဲ့ရေနဲ့က ထိန်းသွားတာ၊ ပင်ကိုယ်ပေါက်ဖွားစေတတ်တဲ့မျိုးစေ့က ရှိသေးလား၊ မရှိတော့ဘူး။

အဲဒါလိုပဲ လူတွေရဲ့ကံက ဒီသန္ဓေစိတ်ကို ချပေးတယ်၊ ချပေးလိုက်တဲ့ကံ သည် မရှိတော့ဘူး၊ သို့သော် ဘယ်သူတွေကနေ ဆက်ထိန်းသွားတုန်းဆိုရင် ဒီ ပစ္စုပ္ပန် အာရုံတွေတို့၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ်တို့၊ ဥတုကြောင့်ဖြစ်တဲ့ရုပ်တို့၊ အာဟာရတို့၊ ဒါတွေက ဆက်ပြီး ထိန်းသွားတာ၊ ကမ္မဇရုပ်ဟာ အရှိန်မကုန်မချင်း ဒီရုပ်တွေနဲ့ ဆက်သွယ်ပြီး နောက်ဆုံးစုတိစိတ် ဖြစ်သည်ထိအောင် သွားနေတယ်။

စိတ်ဆိုရင် ဘယ်စိတ်ပဲဖြစ်ဖြစ် အာရုံနဲ့ကင်းပြီးဖြစ်တဲ့စိတ်ရယ်လို့ မရှိဘူး၊ ဒါက ကျမ်းဂန်အရ ဒီလိုပဲ မှတ်ရမယ်၊ စိတ်ရှိရင် အာရုံရှိတယ်ဆိုတာ သေချာ မှတ်ရမယ့်ဟာ တစ်ခုပဲနော်၊ အင်မတန်သိမ်မွေ့တဲ့အာရုံကိုလည်း စိတ်ကယူတယ်၊ စိတ်ကသိမ်မွေ့ရင် အာရုံကလည်း သိမ်မွေ့တယ်လို့ပဲမှတ်၊ တစ်ခါတလေ စိတ် မရှိတော့ဘူးလို့ ထင်ရလောက်အောင် သိမ်မွေ့တာမျိုးရှိတယ်လေ၊ သို့သော်လည်း ရှိနေတယ်။

ဥပမာ - အိပ်ပျော်နေတဲ့အချိန် ဘဝင်စိတ်ဖြစ်နေတယ်၊ အာရုံမရှိဘူးလို့ လူက ထင်ချင်ထင်နေလိမ့်မယ်၊ သို့သော် လူက မသိဘူး၊ မသိသည့်အတွက်ကြောင့် unconscious တို့ ဘာတို့ ပြောတာ၊ ဒီဘဝင်စိတ်ဆိုတာ ယခုပစ္စုပ္ပန်အာရုံနဲ့ ဘာမျှ မဆိုင်ဘူး၊ သူက ကံရဲ့စွမ်းအားကြောင့် အတိတ်အာရုံနဲ့ သွားနေတာ၊ အဲဒီတော့ အာရုံကင်းတဲ့ စိတ်စေတသိက်ဆိုတာ မရှိဘူးလို့မှတ်ပါ။

အဘိဓမ္မာမှာ အာရုံ ၆-မျိုး ရှိတယ်၊ အာရမ္မဏပစ္စယောမှာ နားလည်ဖို့ အာရုံ ၆-မျိုးဆိုတာ ပြတာ၊ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံ၊
ရူပါရုံဆိုတာက မျက်စိကမြင်ရတဲ့ အဆင်းအာရုံကို ခေါ်တာ၊
နားက ကြားရတဲ့ အသံကို သဒ္ဒါရုံ၊
နှာခေါင်းက အနံ့ရတဲ့အာရုံကို ဂန္ဓာရုံ၊
လျှာနဲ့ ထိတွေ့ရတဲ့အရသာကို ရသာရုံ၊
ခန္ဓာကိုယ်နဲ့ ထိတွေ့ပြီးတော့ သိတာ ဘာတုန်းဆိုရင် ပျော့သဘော မာသဘော ပထဝီရဲ့သဘော၊ အေးတယ် ပူတယ် တေဇောရဲ့သဘော၊ လှုပ်ရှားတယ် တွန်းကန် တယ် ဝါယောရဲ့သဘော၊ အဲဒါကို ဖောဋ္ဌဗ္ဗာရုံ ထိတွေ့ စရာအာရုံ၊
ကျန်တဲ့အာရုံတွေမှန်သမျှ စိတ်ဆိုတဲ့အာရုံရော နိဗ္ဗာန်အာရုံရော ကျန်တဲ့ရုပ်တရား တွေအာရုံရော အဲဒါတွေအားလုံးပေါင်းပြီးတော့ ဓမ္မာရုံလို့ ဒီလိုခေါ်လိုက်တာနော်။
ဓမ္မာရုံ ဟူရာ၌ မျက်စိ နား နှာခေါင်း လျှာ ကာယအကြည်ရုပ်များ၊ ထို အကြည်ရုပ် များတွင် ထင်လာခြင်းမရှိသောရုပ်များ၊ စိတ်အားလုံး၊ စေတသိက် အားလုံး၊ နိဗ္ဗာန်၊ ပညတ်များ ပါဝင်သည်လို့ ဓမ္မာရုံဆိုတဲ့အထဲမှာ အဲဒါတွေပါတယ်။

ပသာဒရုပ်တွေမှာ ထင်လာတဲ့အာရုံက တစ်မျိုး၊ ဆိုပါစို့ -
ရူပါရုံဆိုတာ စက္ခုပသာဒရုပ်မှာ ထင်ဟပ်လာတဲ့အာရုံကို ခေါ်တာနော်၊
သဒ္ဒါရုံဆိုတာ သောတ ပသာဒမှာ ထင်ဟပ်လာတဲ့အာရုံကို ခေါ်တာ၊
ဂန္ဓာရုံဆိုတာ ဃာနပသာဒရုပ်မှာ ထင်ဟပ်လာတဲ့အာရုံကို ခေါ်တာ၊
ရသာရုံဆိုတာ ဇိဝှာပသာဒမှာ ထင်ဟပ်လာတဲ့ အာရုံကို ခေါ်တာ၊
ဖောဋ္ဌဗ္ဗာရုံဆိုတာ ကာယပသာဒမှာ ထင်ဟပ်လာတာကို ခေါ်တာ၊
အဲဒါတွေမှာ မထင်ဟပ်ဘဲနဲ့ စိတ်နဲ့တွေ့တဲ့အာရုံတွေအားလုံးကို ဓမ္မာရုံလို့ ဒီလို ပြောတာနော်။

အာရမ္မဏပစ္စည်းကို မြတ်စွာဘုရားက ဟောတဲ့အခါမှာ “ရူပါယတနံ စက္ခုဝိညာဏ-ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော” ဆိုပြီးတော့ စက္ခုပသာဒကို မှီ၍ ရူပါရုံကို အာရုံပြုပြီး ဖြစ်တဲ့စိတ်ကလေးကို အဓိက ထားပြီးတော့ မြတ်စွာဘုရားက ဟောတယ်။
ရူပါယတနံ - အဆင်းအာရုံလို့ဆိုတဲ့ ရူပါယတနသည်၊
စက္ခုဝိညာဏဓာတုယာ - စက္ခုဝိညာဏဓာတ်အားလည်းကောင်း၊
တံ သမ္ပယုတ္တကာနံ - ထို စက္ခုဝိညာဏဓာတ်နဲ့ယှဉ်တဲ့၊
ဓမ္မာနံ – စေတသိက်တရားတို့အားလည်းကောင်း၊
အာရမ္မဏပစ္စယေန− အာရမ္မဏပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော-ကျေးဇူး ပြုတတ်သည်၊
ဟောတိ - ဖြစ်၏။

ဆိုလိုတာက မြင်သိဆိုတဲ့စိတ် ပေါ်လာတာဟာ ရူပါရုံ မရှိဘဲ ပေါ်လို့ မရဘူးလို့ ပြောတာနော်၊ ဆိုပါစို့ Gas မီးခြစ်ထဲက မီးတောက်ကလေး ပေါ်လာတာဟာ ဖိခြစ်မှုဆိုတာလေး မရှိဘဲနဲ့ ပေါ်ပါ့မလား၊ သူ့ဘာသူ Gas မီးခြစ်လေး ဒီအတိုင်း ထားရင် မီးမတောက်ဘူး၊ အကြောင်းတစ်ခု ထပ်ပြီး ထည့်ရတယ်၊ လူ တစ်ယောက်ယောက်က ဖိပြီး ခြစ်လိုက်မယ်၊ အထဲထဲမှာလည်း gasကလည်း ရှိနေ မယ်၊ Condition တွေ စုံသွားပြီဆိုလို့ရှိရင် မီးတောက်ကလေးပေါ်လာတယ်။

ဒီမှာလည်းပဲ စက္ခုပသာဒဆိုတဲ့ ပသာဒရုပ်မှာ ရူပါရုံဆိုတဲ့ အာရုံနိမိတ် လာ ထင်လိုက်တာ၊ ထင်လိုက်တာနဲ့ တစ်ပြိုင်နက် စက္ခုဝိညာဏ်စိတ် ပေါ်လာတယ်၊ ဒီ စိတ်ကို ဒဿနစိတ် မြင်စိတ်လို့ ပြောတာ၊ မြင်တယ်လို့ ဆိုပေမယ့်လို့ သူ ဘာမြင် တယ်ဆိုတာ မသိနိုင်သေးဘူး။

ဥပမာ - ပန်းပွင့်ကလေးတစ်ပွင့်ကိုကြည့်လိုက်လို့ ပန်းပွင့်ကလေးနဲ့ မျက်စိ တိုက်ဆိုင်သွားမှုလေး၊ ဒီပန်းပွင့်ဆိုတဲ့ အာရုံကို ရယူမှုကို မြင်တယ်လို့ ပြောတာ၊ တကယ်မြင်တယ်လို့ ပြောနိုင်တဲ့အဆင့်ကတော့ စိတ်ပေါင်းများစွာ ဖြစ်ပြီးမှ ပြောလို့ ရတာ၊ ဒါကြောင့် ဒီမြင်သိစိတ်လေးက ဘာမှ မသိသေးဘူး၊ ဆိုလိုတာက အမြင် တံခါးကို စ,ဖွင့်လိုက်တဲ့သဘောလောက်ပဲ ရှိသေးတယ်နော်၊ သူ ဘာမှ သိသေးတာ မဟုတ်ဘူး၊ ဘာဖြစ်လို့တုန်းဆို အင်မတန်အားနည်းတယ်၊ ဒါ စိတ်ဖြစ်စဉ်လေးကို ကြည့်ရမယ်၊ စက္ခုဝိညာဏ်စိတ်က ရူပါရုံကိုမြင်တယ်လို့ဆိုတာ ပစ္စုပ္ပန် ရူပါရုံကိုသာ မြင်လို့ရတယ်။

ပစ္စုပ္ပန်ဆိုတာ ယခုလောလောဆယ်ဖြစ်တဲ့ အကြောင်းကို စွဲပြီးတော့ ဖြစ် လာတာ၊ ကြည့် - ပန်းပွင့်လေးတစ်ပွင့်ကို မြင်တယ်ဆိုပါစို့၊ ပန်းပွင့်လေးတစ်ပွင့် သည် ပထမ ဘယ်မှာလာပြီးတော့ reflect ဖြစ်သလဲ၊ မျက်လုံးထဲမှာ reflect လာ ဖြစ်တယ်၊ အဲဒီ reflect လာဖြစ်တာဟာ တိုက်ခိုက်မှုတစ်ခုနော်၊ ဥပမာ - စည်ကို တုတ်ကလေးနဲ့ ရိုက်လိုက်တဲ့အခါ အသံထွက်လာသလိုပဲ၊ ဒီအဆင်းအာရုံလေးက မျက်လုံးကိုလာပြီး reflect ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် သူက အသိစိတ်လေး ဘွားကနဲပေါ်လာတယ်။

သာမန်အားဖြင့် ကြည့်မယ်ဆိုရင် ရူပါရုံက မျက်စိကို လာတိုက်တာ ဘာမျှ မဖြစ်လောက်ဘူးလို့ ဒီလိုထင်ကောင်းထင်မယ်၊ အဲဒါက ထိခိုက်မှုလေးပဲ၊ အာရုံက ဒီမှာ လာထင်ဟပ်တာသည် ထိခိုက်မှု၊ အင်မတန်သိမ်မွေ့တဲ့ ထိခိုက်မှုပင် ဖြစ်စေကာမူ မြင်သိစိတ်ကို ပေါက်ဖွားစေနိုင်တယ်၊ ဒါဖြင့် ဒီမြင်သိစိတ် (စက္ခု ဝိညာဏ်စိတ်) က ဘယ်မှာရှိနေတာတုန်း၊ စက္ခုပသာဒရုပ်ထဲ မျက်လုံးထဲမှာ ရှိနေတာလား၊ လာပြီးတော့ တိုက်တဲ့ ရူပါရုံထဲမှာ ရှိနေတာလားဆိုတော့ ဘယ်မှာမှ မရှိဘူး။

ဘယ်လိုဥပမာနဲ့ နားလည်ရတုန်းဆိုရင် စည်ကို တုတ်ကလေးနဲ့ ရိုက်နှက် တဲ့အခါ မြည်တဲ့အသံသည် စည်ထဲမှာ ရှိတာလား (သို့မဟုတ်) တုတ်ထဲမှာ ရှိတာ လားလို့ မေးမယ်ဆိုရင် စည်ထဲမှာလည်း မရှိဘူး၊ တုတ်ထဲမှာလည်း မရှိဘူး၊ ဒါဖြင့် ဘယ်ကနေ ရောက်လာတာတုန်းဆို စည်နဲ့တုတ် ပေါင်းစပ်မိသွားလို့ ထိခိုက်မှု စွမ်းအားကြောင့် ပေါ်လာတဲ့အသံမျှသာဖြစ်တယ်၊ အဲဒီတော့ ဒီစက္ခုဝိညာဏ်စိတ်ဟာ ဘယ်မှာမှ ရှိနေတာ မဟုတ်ဘူး၊ အဆင်းအာရုံနဲ့မျက်စိ ထိခိုက်မှုကြောင့် ပေါ်လာတယ်ဆိုတာ ဘယ်လောက် ထင်ရှားသလဲနော်။

ပန်းကလေးတစ်ပွင့်ကို ကြည့်လိုက်တယ်၊ အဲဒီပန်းကလေးက မျက်လုံးကို လာပြီး တော့ ထင်ဟပ်လိုက်တာဟာ ထိခိုက်လိုက်တာပဲ၊ အဲဒီထိခိုက်မှုစွမ်းအားကြောင့် မြင်သိစိတ်ဆိုတဲ့ စက္ခုဝိညာဏ်လေး ပေါ်လာတယ်၊ တစ်ခါထိ တစ်ခါပေါ်မယ်၊ နှစ်ခါထိ နှစ်ခါပေါ်မယ်၊ ပေါ်ပြီးရင် ပျောက်သွားပြီ၊ ပန်းလို့ သူမသိဘူး၊
သို့သော် မျက်စိထဲမှာ လာပြီးတော့ ထင်လိုက်တာလေးကို ဒီစက္ခုဝိညာဏ်စိတ်က ယူလိုက်တယ်၊ ရူပါရုံက မျက်စိမှာ လာပြီးတော့ ထင်ဟပ်မှု မရှိဘူးဆိုလို့ရှိရင် မြင်သိစိတ် ပေါ်နိုင်ပါ့မလား၊ မပေါ်နိုင်ဘူး၊ ဒါကြောင့်မို့ ရူပါရုံသည် စက္ခုဝိညာဏ် စိတ် မြင်သိစိတ် ပေါ်ဖို့ရန်အတွက် သူက ကြီးမားတဲ့စွမ်းရည်သတ္တိတစ်ခု ပေးလိုက် တာလို့ ပြောတာ။

ရူပါရုံကို မှီပြီးတော့ စက္ခုဝိညာဏ်စိတ်ကလေးက ဘွားကနဲပေါ်လာတာ၊ သူမပါရင် ပေါ်လို့ မရဘူးလို့ ဆိုလိုတာ၊ မျက်စိကတော့ ရှိနေတာပဲလေ၊ ဥပမာ - မှိတ်ထားတယ်၊ မျက်စိကို ဘာမျှ လာမထင်ဘူးဆို မြင်သိစိတ်ပေါ်ပါ့မလား၊ မပေါ်ဘူး၊ အပြင်ဘက်က အာရုံတစ်ခုတည်းနဲ့လည်း မပေါ်ဘူး။

ဒါကြောင့်မို့ သုတ္တန်တွေမှာလည်း မြတ်စွာဘုရားက “စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဒီလိုပဲ ဟောတာပဲ၊ “မျက်စိနဲ့ ရူပါရုံ နှစ်ခုဆုံမိလိုက်တဲ့ အခါမှာ ဒီနှစ်ခုဆုံမိမှုကို အကြောင်းပြုပြီး မြင်သိစိတ်လေးပေါ်လာတာပါ” လို့ ဟောတယ်၊ စည်နဲ့တုတ်နဲ့ ရိုက်လိုက်လို့ အသံပေါ်လာတယ်၊ ဒီသဘောကို ပြောတာ နော်။

အဲဒီမှာ တုတ်က ဘာနဲ့တူတုန်းဆိုတော့ အာရုံနဲ့ တူတယ်၊ စည်မျက်နှာပြင်က ဘာနဲ့တူတုန်းဆို စက္ခုပသာဒရုပ်နဲ့ တူတယ်၊ တုတ်ကလေးက စည်မျက်နှာပြင်ပေါ် ကျလိုက်တာနဲ့ တစ်ပြိုင်နက် အသံလေး ပေါက်ဖွားမလာဘူးလား၊ အဲဒီတော့ တုတ်ရဲ့အခန်းကဏ္ဍကို သိရတယ်၊ တုတ်ဆိုတဲ့ဒီအရာကနေ လာထိခိုက်သည့် အတွက်ကြောင့် အသံလေးဟာ ပေါ်လာတယ်၊ ဒီအသံလေးသည် တုတ်ကိုမှီပြီး အစွဲပြုပြီး ပေါ် ရတယ်လို့ ဒီလို ပြောတာ၊ အဲဒါအာရမ္မဏသတ္တိတဲ့၊ အာရမ္မဏသတ္တိ ကြောင့် ပေါ်လာတဲ့စိတ်ကလေး။

ဒါဖြင့် ကောင်းပြီ - ပန်းကလေးတစ်ပွင့်ကို ကြည့်မယ်ဆိုရင် ဥပမာ - ပန်းအိုးထဲမှာ ပန်းတစ်ပွင့်ကိုကြည့်လိုက်၊ မျက်စိထဲမှာပေါ်လာတဲ့ ပန်း (အာရုံ)ရဲ့ သက်တမ်းက ဘယ်လောက်ရှည်မလဲ၊ ကြည့်နေမယ်ဆိုရင် ပန်းကလေးတစ်ပွင့် ပန်းအိုးထဲမှာ ထည့်ထားမယ်၊ တစ်ရက်ခံရင် တစ်နေကုန် မြင်နေရမယ်၊ နှစ်ရက်ခံရင် နှစ်ရက်လုံး မြင်နေရမယ်၊ ဘာမျှ မပြောင်းလဲဘူးလို့ ဒီလို ထင်ကောင်း ထင်လိမ့်မယ်နော်။

အဘိဓမ္မာသဘောအရ ပြောမယ်ဆိုလို့ရှိရင် မျက်စိမှာထင်လာတဲ့ ပန်းဆိုတဲ့ အဆင်း အာရုံလေးရဲ့သက်တမ်းဟာ ဘယ်လောက်ပဲ ရှိတုန်းဆိုလို့ရှိရင် နားလည် လွယ်အောင် လို့ပြောမယ်၊ သူ့ရဲ့သက်တမ်းလေးဟာ စိတ် ၁၇-ချက်နဲ့ ညီမျှတယ်၊
ဆိုလိုတာက ဘာကို ပြောတာတုန်းဆိုလို့ရှိရင် စက္ကန့်ပေါင်း-၅၁ ချက်၊ စိတ်တစ်ခု မှာ စက္ကန့်သုံးခုနဲ့ တွက်ကြည့်လိုက်၊ စိတ် ၁၇-ခုဆိုလို့ရှိရင် စက္ကန့်ပေါင်း ဘယ်လောက် ဖြစ်မတုန်း၊ ၅၁-စက္ကန့်၊ အဲဒီမျက်စိထဲမှာ လာထင်ဟပ်တဲ့ အဆင်းရူပါရုံရဲ့ သက်တမ်းသည် ၅၁-စက္ကန့်ပဲ ရှိတယ်ပေါ့၊ ဒီလို ဆိုလိုတယ်၊ ခဏငယ်-၅၁ ခု ပဲ ရှိတယ်၊
(စက္ကန့်နဲ့ ပြောတာက နားလည်အောင် ပြောတာ၊ ဒီ့ထက်တိုတယ်လို့ မှတ်ထားပေါ့၊ ပိုပြီးတော့ ရှင်းအောင်လို့ ၅၁-စက္ကန့်၊ စက္ကန့်သုံးခုသည် စိတ်တစ်ခု စက္ကန့်သုံးခုသည် စိတ်တစ်ခုနှုန်းနဲ့ တွက်လိုက်လို့ရှိရင် စိတ်ပေါင်း ၁၇-ချက် ချုပ်ပြီးတော့ ဖြစ်ပြီး ပျက်သွားပြီ၊)
ဒီရူပါရုံလေးရဲ့သက်တမ်းက အဲဒီလောက်ရှည်တယ်လို့ ဒီလို ပြောတာ၊ ရုပ်သက်က ရှည်တယ်၊ စိတ်အသက်က တိုတယ်။

စက္ခုဝိညာဏ်စိတ်က အဲဒီသက်တမ်းကာလရှိတဲ့ ပစ္စုပ္ပန်ရူပါရုံကို အာရုံ ပြုတယ်၊ ၁-စက္ကန့်က ၅၁-အထိ ဒီသက်တမ်းအတွင်းကို ပစ္စုပ္ပန်လို့ ခေါ်တယ်၊ ဒါ ပစ္စုပ္ပန်ရူပါရုံကို မြင်တယ်လို့ ပြောတာ၊ အဲဒီ ၅၁-စက္ကန့် စေ့သွားတာနဲ့ တစ်ပြိုင်နက် ချုပ်သွားပြီ၊ မရှိတော့ဘူး၊ နောက်ထပ်ပြန်မြင်တာက တွေးပြီးတော့ ကြည့်တာ၊ နောက်က စိတ်ကနေ ပြန်ပြီးတော့ကြည့်တာ။

ပြန်တွေးကြည့်တဲ့ အဆင်းအာရုံကို concept လို့ ခေါ်တယ်၊ စိတ်ထဲရဲ့ ကြံတွေးချက် သာ ဖြစ်တယ်၊ အစစ်မဟုတ်တော့ဘူး၊ အစစ်ရဲ့ သက်တမ်းလေးက (စိတ် ၁၇-ချက်) ခဏငယ် ၅၁-ချက်ပဲ ရှိတယ်၊ ပြီးတာနဲ့ သူက ချုပ်သွားပြီ၊ ဒါ ပြန်ကြည့်ရင်တော့ ပြန်မြင်တာပေါ့၊ တစ်ခါမြင်တဲ့ အဆင်းရုပ်ရဲ့ သက်တမ်းကို ပြောတာ၊ နောက်ထပ် ကြည့်တာ နောက်ထပ်သက်တမ်း၊ မရပ်မနားကြည့်နေရင် သူ့ သက်တမ်းလေးက ဒီတိုင်းပဲ သွားနေမှာပဲ၊ စိတ်ခဏငယ် ၅၁-ချက်ပြည့်ရင် ပျက်သွားပြီ၊ ဒီ့ထက်ပိုပြီးတော့ သက်တမ်းမရှည်ဘူး။

အဘိဓမ္မာအရ ဒီသဘာဝကို သိရတယ်၊ သို့သော် ဝိပဿနာ ဉာဏ်နဲ့မှ ဒီထိအောင် မြင်နိုင်တယ်တဲ့၊ ဒီလောက် လျင်လျင်မြန်မြန် ပျက်စီးနေတယ် ဆိုတာ တွေကို နောက်ကျတော့ သဘောပေါက်လာနိုင်တယ်၊
ဆိုပါစို့ - သမာဓိ ကောင်းကောင်းရပြီးတော့ ဝိပဿနာဉာဏ်တက်လာတဲ့ ယောဂီတွေမှာ ဘယ်လိုထိအောင် မြင်လာတုန်းဆိုလို့ရှိရင် ကြည့် - ယားတာတို့ နာတာတို့ ပေါ်လာတဲ့အခါမှာ သာမန်ကြည့်ရင် ယားတယ်၊ ဒလစပ်ကြီး ယားနေတယ် ထင်တယ်နော်၊ ပင်ကိုယ် လူတွေက ယားရင် ကုတ်လိုက်တာပဲ။ ယားတဲ့နေရာလေးကို . စိုက်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် အဲဒီယားမှုလေးသည် ပေါ်လိုက် ပျောက်လိုက်၊ ပေါ်လိုက် ပျောက်လိုက်ဆိုတာ တွေ့ရလိမ့်မယ်၊
သွားကိုက်နေတဲ့အခါမှာ သွားကိုက်တာ အမလေးနာလိုက်တာဆိုပြီးတော့သာ ဖြစ်နေတယ်၊ သွားကိုက်တာကို သေချာ အာရုံစူးစိုက်ပြီး ကြည့်လိုက်မယ်ဆိုရင် နာလိုက် ပျောက်လိုက်၊ နာလိုက် ပျောက်လိုက်ပဲ၊ အဲဒီမှာ အပိုင်းပိုင်းအပြတ်အပြတ် ပြတ်နေတာ၊ သူ့ ရဲ့ moment ကလေးနဲ့သူ တရစပ်ဖြစ်နေတာ။

ထို့အတူပဲ မျက်စိကမြင်ရတဲ့ အဆင်းအာရုံလေးရဲ့ သက်တမ်းသည် ၅၁-စက္ကန့် (သို့မဟုတ်) ခဏငယ်-၅၁ ချက် ရှည်တယ်၊ အဲဒီပစ္စုပ္ပန်ရူပါရုံဆိုတဲ့, မျက်စိ ထဲမှာ လာထင်ဟပ်လာတဲ့ အာရုံလေးနဲ့ စိတ်ပေါင်း ဘယ်လောက် အလုပ်လုပ်သွား ကြသလဲဆိုရင် စိတ်ပေါင်း ၁၇-ခု အလုပ်လုပ်သွားတယ်၊ အဲဒီစိတ်ပေါင်း ၁၇-ခု သည် ရူပါရုံဆိုတဲ့ အာရုံကြိုးတန်းလေးနဲ့ သူတို့က ရှင်သန်သွားကြတယ်၊ ရူပါရုံ ဆိုတဲ့ ကြိုးတန်းလေးကို ဆွဲပြီး ပေါ်လာကြတာ။

ဒီမှာ မြတ်စွာဘုရားက “ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော” လို့ ဒီလို စက္ခုဝိညာဏ်စိတ် ပေါ်ပုံကို ဟောတာ။

ကဲ စက္ခုဝိညာဏ်စိတ်ရဲ့ရှေ့မှာ ဘာစိတ်ရှိတုန်းလို့ဆိုရင် စဉ်းစားကြည့်ပေါ့၊ process ဆိုတာ နေရာတိုင်းမှာ ရှိတယ်၊ ဒါလေးက သဘာဝကို သေချာကျကျနန စဉ်းစားကြည့်၊ မျက်စိကို အာရုံက လာတိုက်တဲ့အခါ လာတိုက်တိုက်ချင်း မြင်တာ မဟုတ်ဘူး၊ ဆင်ခြင်မှုဆိုတာလေး ပါသေးတယ်၊ attention ပေါ့၊ အာရုံ စိုက်လိုက်တာလေးတစ်ခု ပါလာရမယ်၊ အဲဒီမျက်စိပေါ်မှာ အဆင်းအာရုံ လာဆုံတဲ့ အခါမှာ အာရုံစိုက်တဲ့စိတ်က အရင်ပေါ်တယ်၊ မြင်တဲ့စိတ်က နောက်မှလာတာ၊
ဒါကြောင့်မို့ လူတွေ ပြောကြတယ် မဟုတ်လား၊ အထူးသဖြင့် လေယာဉ်ပျံစီးတဲ့ အခါကျရင်လေ၊ “May I have your attention please” “ကျေးဇူးပြု၍ နားဆင်ပါ” ဆိုတာ၊ နို့မို့ဆို ကြားချင်မှကြားတာလေ၊ အဲဒါ attention ပဲ၊ အဲဒီ attention ကို ဘာခေါ် တုန်းလို့ ဆိုရင် ပဉ္စဒွါရာဝဇ္ဇန်းလို့ ခေါ်တယ်၊ မခေါ်တတ်လို့ရှိရင် အာဝဇ္ဇနလို့ အတိုခေါ်လိုက်၊ အာဝဇ္ဇနဆိုတာ နှလုံးသွင်းစိတ်လို့ ပြောရမယ်၊ (တရားနှလုံးသွင်း တဲ့စိတ် မဟုတ်ဘူး)၊ အာရုံကို တံခါးဖွင့်ပေးတဲ့စိတ်ကို ပြောတာနော်။

အဲဒီအာရုံကို တံခါးဖွင့်ပေးတဲ့စိတ်ကိုပဲ မနောဓာတ်လို့လည်း ခေါ်တယ်၊ ဒါကြောင့်မို့ “ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ ယာ တံ သမ္ပ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော” ဆိုပြီး ဆက်ဟောတယ်။

အဲဒီတော့ မျက်စိကို ရူပါရုံက တိုက်ဆိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ဘယ်သူ အရင် ဝင်လာတုန်းဆိုတော့ မနောဓာတ်ဆိုတဲ့ အာဝဇ္ဇန်းစိတ် အရင်ဝင်လာတယ်၊ ရူပါရုံက မျက်စိမှာ လာတိုက်လည်းပဲ သူအရင်ပေါ်တယ်၊ နားမှာ အသံက လာတိုက်လည်း သူအရင်ပေါ်တယ်၊ နှာခေါင်းမှာ အနံ့လာတိုးလည်း သူအရင်ပေါ် တယ်၊ လျှာမှာ အရသာနဲ့တွေ့လည်း သူအရင်လာပေါ်တယ်၊ ခန္ဓာကိုယ်မှာ တစ်ခုခု ထိရင်လည်း သူအရင်ပေါ်တယ်၊ သူက တံခါးဖွင့်ပေးတဲ့စိတ်။

ဆိုလိုတာက new object ကို welcome လုပ်တယ်ပေါ့၊ object တစ်ခုကို ကြိုဆိုလိုက်တာပဲ၊ ဒီ object က အသစ်ဝင်လာတဲ့ object လေ၊ အသစ်ဝင်လာ တာ၊ နဂိုရှိတဲ့ object မဟုတ်ဘူး၊ နဂိုမွေးရာပါ object က ဘာတုန်းဆိုရင် ပဋိသန္ဓေ စိတ်ရဲ့ object က မွေးရာပါ၊ အိပ်နေတဲ့အချိန် ဘဝင်စိတ်နဲ့ စုတိစိတ်တို့ကလည်း ပဋိသန္ဓေစိတ်ရဲ့ object ကို ဆက်ယူတယ်၊ ဒါကြောင့်မို့ ဘဝင်စိတ် စုတိစိတ်တွေရဲ့ object ကလည်း မွေးရာပါ၊ ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တွေရဲ့ object သည် တစ်သက်တာမှာ ပြောင်းလဲလို့ မရဘူး၊ ဘဝဆိုတာ ဒါပဲ။

သို့သော် ကျန်တဲ့ object တွေက ယခုပစ္စုပ္ပန်နဲ့ ဆိုင်တယ်၊ ပစ္စုပ္ပန်အချိန်မှာ လူတွေမှာ အာရုံကိုယူတတ်တဲ့ရုပ်တွေ ရှိသည့်အတွက်ကြောင့် ထိုရုပ်တွေနဲ့ အပြင်ဘက်က အာရုံတွေ ဆက်သွယ်တယ်၊ ပဋိစ္စသမုပ္ပါဒ်လည်း ဒါ ဟောတာပဲ၊ “သဠာယတနပစ္စယာ ဖဿော”တဲ့၊ ဆက်သွယ်မိသွားတာ။

အဲဒီတော့ မျက်စိကို အဆင်းအာရုံက လာပြီး ထိလိုက်တာနဲ့ တစ်ပြိုင်နက် ခုနက အဲဒီအာရုံကို attention လုပ်တဲ့စိတ်၊ နှလုံးသွင်းတဲ့စိတ်၊ စိတ်ထဲမှာ ထည့် လိုက်တဲ့စိတ်က အာဝဇ္ဇနစိတ်၊ ဒီစိတ်က မျက်စိမှာတင် မဟုတ်ဘူး၊ မျက်စိ နား နှာခေါင်း လျှာ ကိုယ်၊ ၅-ဒွါရလို့ ခေါ်တယ်၊ ဒွါရဆိုတာ တံခါး၊ လူ့ရဲ့ခန္ဓာကိုယ်မှာလည်း တံခါးပေါက်လို့ ပြောတာပဲနော်၊ ပြင်ပအာရုံတွေ ဝင်လာတဲ့ တံခါးပေါက်တွေပဲ၊ ဒီတံခါးပေါက်တွေ မရှိရင် မဝင်နိုင်ဘူး။

အဲဒီပြင်ပအာရုံတွေဝင်တဲ့ တံခါးပေါက်က နေပြီး အပြင်အာရုံတစ်ခုခု ဝင်ပြီး တိုက်လိုက်တာနဲ့ တစ်ပြိုင်နက် ပထမဆုံး ဆင်ခြင်တဲ့စိတ် ပေါ်တယ်၊ အဲဒီ ဆင်ခြင်တဲ့ စိတ်ကို အာဝဇ္ဇနလို့ ခေါ်တယ်၊ အဲဒီစိတ်က ၅-ဒွါရမှာ ဆင်ခြင်တာ ဖြစ်သောကြောင့် ပဉ္စဒွါရအာဝဇ္ဇနတဲ့နော်၊ Attention conciousness in five door များသောအားဖြင့် ပြန်ကြတာ၊ Five door မှာ attention လုပ်တယ်၊ အဲဒီလို attention လုပ်ပြီးတဲ့ အခါကျမှ မြင်သိစိတ်ဆိုတာ ပေါ်လာတယ်။

ကဲ မြင်သိစိတ်က ပေါ်လာပြီ၊ attention လုပ်တဲ့စိတ်က ဘယ်မှာ ရှိနေတုန်းဆိုရင် သူက ဟဒယဝတ္ထုဆိုတဲ့ တခြားမှီရာတစ်ခုမှာ ရှိနေတယ်၊ ဟဒယဝတ္ထု ကို မှီပြီးတော့ ဖြစ်တယ်။

ဝတ္ထုရုပ် ၆-ပါး ရှိတယ်၊ စက္ခု၊ သောတ ဃာန ဇိဝှာ ကာယ ဟဒယ တဲ့၊ ဟဒယဆိုတာ ကျန်တဲ့စိတ်တွေရဲ့မှီရာဝတ္ထုလို့ ဒီလိုပဲ မှတ်ထား၊ ဒီ attention လုပ်တဲ့စိတ် (ပဉ္စဒွါရာဝဇ္ဇန်းစိတ်)က ဟဒယဝတ္ထုကို မှီဖြစ်တယ်၊ အဲဒီဟဒယဝတ္ထုမှာ ဘဝင်စိတ်ရဲ့အစဉ်ကို ဖြတ်တောက်ပြီး သူက ပေါ်လာတယ်၊ အသစ်အာရုံဝင်လာ သည့်အတွက်ကြောင့် ပေါ်လာတာ။

အသစ်အာရုံ မဝင်ရင် မူလဘဝင်စိတ်က ယူနေကျအာရုံနဲ့ အမြဲတမ်းသွား နေမှာပဲ၊ အာရုံအသစ်ဝင်လာရင် တစ်မျိုးဖြစ်တာပဲ၊ အသစ်မဝင်လို့ရှိရင် ပဋိသန္ဓေ စိတ်နဲ့တူတဲ့ ဘဝင်စိတ်အစဉ်က သွားနေတာ၊ Non-stop ပဲ။

သို့သော် အသစ်အာရုံဝင်လာတာနဲ့ ဘဝင်က cut out ဖြစ်သွားတယ်၊ ပြတ်ထွက် သွားတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် အသစ်အာရုံရဲ့ ဖိအားကြောင့် သူက ပြတ်သွားတာ၊ ပြတ်သွားပြီး နောက်ထပ်အာရုံအသစ်နဲ့ ဆက်သွယ်တဲ့စိတ်တွေ ပေါ်လာတယ်၊ ဒီလို နားလည်ရတာနော်၊ ဘဝင်စိတ်အစဉ် ပြတ်သွားတယ်။

အဲဒီအချိန်လေးမှာ ပြတ်ထွက်သွားပြီးတော့ ဒီအာရုံကို နှလုံးသွင်းဆင်ခြင်တဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ပေါ်လာတယ်၊ ပြီးတော့ မြင်သိစိတ် စက္ခုဝိညာဏ်စိတ် ပေါ်လာတယ်။

မြင်သိစိတ်နောက် ဘာပေါ်တုန်းဆိုရင် သမ္ပဋိစ္ဆနဆိုတဲ့ လက်ခံတဲ့စိတ်၊ အာရုံကို လက်ခံလိုက်တာ၊ စိတ်မှာလည်း လက်ခံတဲ့စိတ် ရှိသေးတယ်၊ လက်ခံလိုက်တယ် ဆိုတာ အာရုံကို အသိအမှတ်ပြုလိုက်တာကို ပြောတာနော်၊ အသိ အမှတ်ပြုလိုက်တဲ့ သမ္ပဋိစ္ဆိန်းစိတ် ပေါ်တယ်။
ပါဠိစာပေနဲ့ မရင်းနှီးတဲ့ပုဂ္ဂိုလ်ဆိုရင် ဒီဝေါဟာရတွေက ခက်တယ်ပေါ့၊ သမ္ပဋိစ္ဆန ဆိုတာ လက်ခံစိတ်၊ ဒီလိုပဲ မှတ်လိုက်၊ အာရုံအသစ်ဝင်လာရင် လက်ခံ လိုက်တယ်၊ ပထမက အာဝဇ္ဇနဆိုတာ တံခါးဖွင့်ပေးလိုက်တဲ့စိတ်၊ စက္ခုဝိညာဏ် စိတ်ဆိုတာ မြင်တဲ့စိတ်၊ သမ္ပဋိစ္ဆနဆိုတာ လက်ခံတဲ့စိတ်၊ အဲဒီသမ္ပဋိစ္ဆနလို့ ခေါ်တဲ့ လက်ခံစိတ်ရယ် တံခါးဖွင့်ပေးတဲ့စိတ်ရယ် အဲဒီစိတ်နှစ်ခုကို မနောဓာတ်လို့ ခေါ်တယ်၊ သူတို့စွမ်းရည် သတ္တိတွေက အများကြီး မရှိဘူး၊ သူတို့လုပ်နိုင်တာ ဒါပဲ၊ ဒီ့ထက် ပိုမလုပ်နိုင်ဘူး၊ ဒါ သူတို့ရှေ့ပိုင်းက လုပ်တာ။

ကားမောင်းတတ်တဲ့လူတွေ သိတယ်၊ starter ဖွင့်လိုက်တဲ့အခါ battery က ဘာလုပ်တာလဲ၊ သူ့ရဲ့စွမ်းအား engine ကို စလို့ရအောင် လုပ်ပေးတာ မဟုတ်လား၊ ဒီပုံစံမျိုး၊ သူကလည်း အဲဒီလိုပဲ၊ ဖွင့်ပေးတာပဲရှိတာ၊ ဖွင့်ပေးလိုက်တဲ့အခါ သမ္ပဋိစ္ဆန ဆိုတဲ့စိတ် ပေါ်လာတယ်၊ ဒါတွေက automatically သွားတာ၊ ဒါက order of mind စိတ္တနိယာမလို့ ခေါ်တယ်၊ ဘယ်စိတ်ပြီးရင် ဘယ်စိတ်ဖြစ်ရမယ်၊ ဘယ် စိတ်ပြီး ဘယ်စိတ်ဖြစ်ရမယ်ဆိုတဲ့ process က order of mind ပဲ၊ mental order လို့ ခေါ်တယ်၊ စိတ္တနိယာမ၊ သူက နိယာမနဲ့ သွားတယ်။

ကဲ နိယာမနဲ့ သွားနေတယ်ဆိုတာ ဒိပြင်နေရာတွေ ကြည့်ပေါ့၊ ဆောင်းရာသီ ပွင့်တဲ့ပန်းက ဆောင်းလည်း ရောက်လာရော သူက အဖူးလေးတွေ အပွင့် လေးတွေ ဖြစ်လာတယ်၊ မိုးရာသီပွင့်တဲ့ပန်းကလည်း မိုးလေးကျလာတာနဲ့ အဖူးလေး အပွင့်လေး ဖြစ်လာတယ်၊ သူတို့ကို ဘယ်သူက ခိုင်းနေတုန်း၊ ဘယ်သူကမှ မခိုင်းဘူး။

မနက်မိုးလင်းရင် နေကြီးက ထွက်လာတယ်၊ ညနေကျ ဝင်သွားတယ်၊ ဘယ်သူက ခိုင်းနေတုန်း ဘယ်သူမှ မခိုင်းဘူး၊ automatically run နေတာ၊ သစ်ပင်တွေလည်းပဲ ဟေ့ ဖူးကြဟေ့၊ ပွင့်ကြဟေ့လို့ သွားနှိုးရသေးလား၊ (နှိုးရ တာတော့ လူတွေပဲ၊ မနက်တိုင်ကျ အိပ်ပျော်နေရင် နှိုးရတယ်)၊ ဒိပြင် ဟာတွေက by order ပဲ၊ ဟုတ်ရဲ့လား၊ သူ့ အကြောင်းနဲ့သူ သွားနေပြီးတော့ ဒီလို နေကြတာ၊ စိတ်မှာလည်းပဲ စိတ္တနိယာမဆိုတာ ရှိတယ်၊ အင်္ဂလိပ်လို process လို့ ခေါ်တယ်၊ ပါဠိလို ဝီထိလို့ ခေါ်တယ်၊ စိတ်ဖြစ်စဉ်တစ်ခု။

ဝီထိဆိုတာ အထူးအဆန်း မဟုတ်ဘူး၊ ဘယ်အရာပဲ ဖြစ်ဖြစ် ဖြစ်စဉ်တစ်ခုနဲ့ လာတာပဲ၊ ဘုန်းကြီးတို့တတွေရဲ့ ခန္ဓာကိုယ်က ဘယ်က စလာလဲ၊ ကလလ ရေကြည်လေးက စတာ၊ ဒီကလလရေကြည်က ဝုန်းကနဲ ဖြစ်လာတာ မဟုတ်ဘူး၊ ကလလရေကြည်ဘဝနဲ့ ၇-ရက်၊ ပြီးရင် ဘာဖြစ်လဲ၊ အဗ္ဗုဒဆိုတဲ့ အဆင့်ကို ပြောင်းတယ်၊ ၇-ရက်ပြီးရင် အဗ္ဗုဒအဆင့်ကနေပြီးတော့ ပေသိဆိုတဲ့ အဆင့်ကို ပြောင်းတယ်၊ embryology မှာလည်း ဒီအတိုင်းပဲ ပြထားတာ၊ ဗုဒ္ဓရဲ့ကျမ်းစာနဲ့ အတူတူပဲ။

ကြည့် - ပန်းပင်ကလေးတွေပဲ ကြည့်လိုက်၊ ပန်းပင်က အပွင့်ကလေး ပွင့်လာတယ်ဆိုတာ ချက်ချင်းပွင့်တာ ဟုတ်ရဲ့လား၊ မဟုတ်ဘူး၊ ပထမ အဖူးအငုံ အသေးလေး ပေါ်လာတာ၊ ပြီးတော့မှ အငုံက ရင့်လာတာ၊ ရင့်လာပြီးတော့မှ ပွင့်တာ၊ ဒါ process ပဲ။

စိတ်လည်း ဒီအတိုင်းပဲ process နဲ့ပဲနော်၊ ပန်းပွင့်တစ်ပွင့်မှာ process ရှိသလိုပဲ စိတ်မှာလည်း process ရှိတယ်၊ စိတ်က သူက အပိုင်းလိုက် အပိုင်းလိုက် ပေါ်သွားတာ၊ စိတ်တွေအများကြီး၊ တစ်စိတ်တည်းလို့ မခေါ်ဘူး၊ သူ့ moment က စိတ်တစ်မျိုး၊ သူ့ moment က စိတ်တစ်မျိုး၊ အဲဒီလိုသွားတာ။

ကဲ အာရုံထင်လာပြီး မျက်စိက ပန်းပွင့်ကို မြင်တယ်ဆိုပါစို့၊ အဲဒီပန်းပွင့် ဆိုတဲ့ ရူပါရုံလေးဟာ စက္ခုပသာဒကို လာထင်ဟပ်လိုက်တာနဲ့တစ်ပြိုင်နက် တံခါး ဖွင့်ပေးတဲ့စိတ်က ဖျတ်ခနဲ ဖွင့်လိုက်ပြီ၊ ဖွင့်ပြီးရင် သူမရှိတော့ဘူး၊ သူ့ကိစ္စပြီးသွားပြီ၊ သူက ဖွင့်ပေးရုံပဲ၊ ဖွင့်ပေးပြီး သူချုပ်သွားပြီ။

ချုပ်သွားတော့ သူဖွင့်ပေးလိုက်တဲ့နောက်က follow လိုက်လာတာ ဘယ်သူ တုန်းဆိုရင် မြင်သိစိတ်၊ စက္ခုဝိညာဏ်စိတ်ကလေးက follow လိုက်လာတယ်၊ သူက လည်းပဲ 3 seconds ပဲ။ 3 seconds နဲ့ သူက ချုပ်သွားပြီ၊ သူကလည်း ရှေ့စိတ် ပြတ်သွားတာ သူ မမြင်လိုက်ဘူး၊ နောက်စိတ်ဖြစ်လာတာ သူ မမြင်လိုက်ဘူး၊ အနန္တရပစ္စယောဆိုတာ အဲဒါကို ပြောတာနော်၊ အနန္တရပစ္စယောဆိုတာ ဒီစိတ် ကလေးတွေ တစ်ခုနဲ့တစ်ခုကြားမှာ ဘာမျှအခြားမရှိဘူး၊ တစ်ခုပြီးတစ်ခု၊ ရှေ့စိတ် ချုပ်သွားမှ နောက်စိတ်ဖြစ်တယ်ဆိုတာ အနန္တရပစ္စယောပဲ။

ကြည့် - မြင်သိစိတ်က သူ့ဟာသူဖြစ်ပြီး သူ့ သက်တမ်းလေးနဲ့သူ ချုပ် သွားတယ်၊ သူချုပ်လိုက်တာနဲ့ တစ်ပြိုင်နက် နောက်စိတ်က ဘွားကနဲပေါ်တယ်၊ သူ ချုပ်ခြင်း သည် အကြောင်း၊ အနန္တရသတ္တိ လို့ ခေါ်တယ်၊ သူ နေရာ ဖယ်ပေး လိုက်တာနဲ့ ဟိုကနေရာ ဝင်ယူတယ်၊ တောက်လျှောက်အစားဝင်တယ်၊ ဖယ်ပေး လိုက်ရင် အစား ဝင်လာတာပဲ ချက်ချင်း။

ပုလင်းထဲမှာ တစ်ခုခုထည့်ထား၊ အရည်ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ထည့်၊ အဲဒီ အရည်တွေ သွန်ပစ်လိုက်ရင် ပုလင်းထဲ ဘာဝင်လာလဲ၊ လေဝင်လာတာပဲ၊ တစ်ခု သွားရင် တစ်ခုလာမှာပဲ၊ သေချာတယ်နော်။

အဲဒါမျိုးလိုပဲ မြင်သိစိတ်ကလေး ချုပ်သွားတာနဲ့ တစ်ပြိုင်နက် လက်ခံတဲ့စိတ် ပေါ်လာတယ်၊ သမ္ပဋိစ္ဆိန်း၊ သူကလည်း ၃-စက္ကန့်ပြည့်ရင် ချုပ်သွားတယ်၊ သူချုပ် သွားတာနဲ့ တစ်ပြိုင်နက် စုံစမ်းတဲ့စိတ် ပေါ်လာတယ်၊ သန္တီရဏ လို့ ခေါ်တယ်။
စုံစမ်းတဲ့စိတ် ချုပ်သွားတဲ့အခါ ဆုံးဖြတ်တဲ့စိတ် ပေါ်လာတယ်၊ ဒါက ဝုဋ္ဌော (ဝေါဋ္ဌဗ္ဗန)၊ အဲဒီစိတ်ချုပ်သွားတဲ့အခါ အာရုံရဲ့အရသာကို ခံစားတယ်ဆိုတဲ့စိတ်က ထပ်ထပ်ပြီး ဖြစ်တယ်၊ အဲဒီအာရုံဆိုတဲ့ ကြိုးတန်းလေးပေါ်မှာ သူက ထပ်ထပ် ထပ်ထပ် ဖြစ်တာကို ဇော (ဇဝန)လို့ ခေါ်တယ်၊ သူက အရှိန်အဟုန်ကောင်းကောင်းနဲ့ ဖြစ်တာ။

သူက ဘာလို့ အရှိန်ရသွားတာတုန်းဆို ရှေ့စိတ်တွေရဲ့ အားတွေကို သူရသွားလို့ပဲ၊ ရှေ့က စွမ်းအားတွေ ရှိတယ်၊ အဲဒါကြောင့်မို့ ပန်းပွင့်လေး ပွင့်တယ်ဆိုတာ ရှေ့က အဖူးလေးတုန်းက တွန်းအားလေးတွေ ရှိတယ်လေ၊ အဲဒီ တွန်းအားတွေနဲ့ သူက ပွင့်သွားတာ၊ ရင့်လာပြီးတော့ ပွင့်သွားတာ၊ အဲဒီသဘောပဲ။ ဇောဆိုတာ ၇-ခါဖြစ်ပြီး ထိုဇောရဲ့ အရှိန်ကြောင့် နောက်ကနေ လိုက်ဖြစ်သွားတဲ့ စိတ်ကို တဒါရုံ လို့ ခေါ်တယ်။

တဒါရုံကို တချို့စာအုပ်တွေက registration လို့ ပြန်တယ်၊ retentive လို့ ပြန်တာ ပိုကောင်းတယ်၊ တဒါရုံဆိုတာ ဇောရဲ့ အာရုံကို ထပ်ပြီးတော့ ခံယူတဲ့စိတ်ပဲ။

အဲဒီ တဒါရုံပြီးသွားတာနဲ့ တစ်ပြိုင်နက် စိတ်ဖြစ်စဉ်က စိတ် ၁၇-ချက် ပြည့်သွားပြီ၊ စိတ် ၁၇-ချက် ပြည့်သွားရင် ခုနက မျက်စိထဲမှာ ထင်ဟပ်လာတဲ့ ရူပါရုံက သက်တမ်းစေ့လို့ ပျောက်သွားပြီ၊ ဒါပေမယ့် လူတွေက ထပ်ထပ်မြင်နေတော့ ဒါလေး ရှိနေသေးတယ်လို့ ထင်နေတာ၊ တကယ်က ဘယ်အရာမှ မမြဲဘူး။

လျှပ်စစ်မီးဟာ တစ်စက္ကန့်အတွင်း ဘယ်နှစ်ခါငြိမ်းတယ်ဆိုတာ တွက်ထား တာ ရှိတယ်၊ ဒါပေမယ့် လူတွေကြည့်ရင် မီးငြိမ်းတယ်လို့ဆိုတာ ခုနက လုံးဝ အဆက် ပြတ်သွားမှ သိတာ၊ ဟောဒီဖန်ချောင်းလေးတွေ မီးသီးလေးတွေ ထွန်းထား အမြဲလင်းနေတာ မဟုတ်ဘူး၊ ကြားထဲမှာ ရပ်သွားတဲ့အပိုင်းလေးတွေ ရှိတယ်။

ကြည့်လေ ဘုန်းကြီးတို့တတွေပဲ ကြည့်ဦး၊ ကိုယ့်ကိုယ်ကို တစ်မိနစ်အတွင်း မျက်တောင်ဘယ်နှစ်ခါခတ်သလဲ၊ လူတွေမှာ အမြဲတမ်း မျက်တောင်ခတ်နေကြတာပဲ၊ မျက်တောင်ခတ်တဲ့အခါမှာ မှောင်မသွားဘူးလား၊ မှောင်သွားတယ်၊ သို့သော် မြင်ကွင်းပျောက်သွားသလား၊ မပျောက်ဘူး၊ ဘာဖြစ်လို့ မပျောက်လဲ မြန်လွန်းအား ကြီးလို့၊ မျက်တောင်ခတ်တယ်ဆိုတာ မျက်စိပိတ်သွားတယ်၊ ပိတ်သွားပေမယ့် ပိတ် တဲ့အတိုင်းအတာလေးက သိပ်မြန်သည့် အတွက်ကြောင့် ကိုယ့်မျက်စိထဲ ပျောက်သွား တယ်လို့ မထင်ရဘူး၊ မြင်နေတာပဲလို့ အောက်မေ့တယ်၊ ငါ ကြည့်နေတာပဲလို့ ပြောနေကြတာပဲ၊ ဟုတ်ရဲ့လား၊ မှောင်သွားတာလေးကို သူသိရဲ့လား၊ မသိလိုက်ဘူး။

အဲဒါမျိုးလိုပဲ စိတ်တွေဟာ တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု ပြောင်းပြီး ဖြစ် သွားတာ၊ အဲဒီလို စိတ်အစဉ်တန်းတွေက ဒီလိုဖြစ်ရတာ ဘယ်သူ့ကြောင့်တုန်း ဆိုရင် အာရမ္မဏပစ္စယော - ပေါ်လာတဲ့အာရုံလေးကြောင့် ဖြစ်တာတဲ့။

“ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော” မှာ မနောဓာတုယာ ဆိုတာ ပဉ္စဒွါရာဝဇ္ဇန်း တံခါးဖွင့်ပေးတဲ့စိတ်ရယ်၊ သမ္ပဋိစ္ဆိန်း လက်ခံတဲ့စိတ်ရယ်၊ အဲဒီ စိတ်၂-ခုကို ရည်ညွှန်းပြီး ပြောတာ။

ကျန်တဲ့စိတ်တွေကို ရည်ညွှန်းပြီးတော့ “သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော” လို့ ဟောတယ်။
သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ ဆိုတဲ့နေရာမှာ သဗ္ဗေ ဓမ္မာဆိုတာ အားလုံးအာရုံတွေ၊ ဘာအာရုံပဲဖြစ်ဖြစ်လို့ ပြောတာနော်၊ ရူပါရုံပဲဖြစ်ဖြစ် သဒ္ဒါရုံပဲ ပဲဖြစ်ဖြစ် ဂန္ဓာရုံပဲဖြစ်ဖြစ် ရသာရုံပဲဖြစ်ဖြစ် ဓမ္မာရုံပဲဖြစ်ဖြစ် အာရုံအားလုံးသည်၊ မနောဝိညာဏဓာတုယာ - မနောဝိညာဏဓာတ်အား ကျေးဇူးပြုကြတယ်၊ မနော-ဝိညာဏဓာတ် ဆိုတာ ဘာတွေပြောတာတုန်း၊ ခုနက သန္တီရဏတို့၊ ဝုဋ္ဌောတို့၊ ဇော တို့၊ တဒါရုံတို့ ကျန်တာတွေ အားလုံးကို ပြောလိုက်တာ။

အဲဒီမှာ စက္ခုဝိညာဏ်စိတ်ကို ဘာဖြစ်လို့ သီးသန့်ထုတ်ပြီးတော့ မြတ်စွာဘုရားက ဟောရတုန်းဆိုရင် သူသိနိုင်တာ ဒီအာရုံတစ်ခုတည်းပဲရှိတယ်၊ ကျန်တဲ့ စိတ်တွေက အကုန်သိတယ်၊ ဒီလိုဆိုလိုတယ် ဟုတ်လား။

ကြည့် - ပဉ္စဒွါရာဝဇ္ဇန်းဆိုတဲ့ တံခါးဖွင့်ပေးတဲ့စိတ်၊ သမ္ပဋိစ္ဆိန်းဆိုတဲ့ လက်ခံတဲ့ စိတ်ဆိုတဲ့ မနောဓာတ်တွေဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ၊ ဒီ အာရုံ ၅-ပါး ကို သူတို့ ခံယူနိုင်စွမ်း ရှိကြတယ်၊ စက္ခုဝိညာဏ်စိတ်က ရူပါရုံတစ်ခု တည်းကို သိတယ်။

ကျန်တဲ့ သန္တီရဏစတဲ့ စိတ်တွေကျတော့ အာရုံ ၆-ပါးလုံး သိတယ်၊ ရူပါရုံ ကိုလည်း သိတယ်၊ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကိုလည်း သိတယ်၊ အကုန်လုံး သိတယ်၊ ကျန်တဲ့အာရုံတွေ အကုန်သိနိုင်တယ်၊ အဲဒါကြောင့်မို့လို့ စိတ်မှန်လို့ရှိရင် အာရမ္မဏရဲ့ စွမ်းရည်သတ္တိကို မှီရတယ်၊ လူတွေရဲ့ အတွေးလေးဟာ အာရုံကြိုးတန်း လေးနဲ့ လျှောက်နေတယ်လို့ ဒီလို တွေးကြည့်ပါ။

ကြည့်လေ - လူတွေဟာ အာရုံတစ်ခုခုကို စိုက်ပြီးတော့ ကြည့်နေကြတယ်၊ မျက်စိကနေကြည့်ပြီးတော့ မြင်နေကြတဲ့အချိန်မှာ တစ်နေရာက ဒေါက်ကနဲလို့ ကြားလိုက်ရင် စိတ်က အဲဒီရောက်သွားပြန်ရော၊ အဲဒီအာရုံကြိုးတန်းကို ပြောင်းပြီး တော့ လျှောက်ပြန်တယ်၊ ဟုတ်လား၊ ဒေါက်ကနဲ ကြားလိုက်တာနဲ့ အသံအာရုံ ဆီကို စိတ်က ရောက်သွားတယ်၊ အဲဒီအသံကို စိတ်က ရောက်သွားတဲ့အခါ ဒီ မြင်ကွင်း ပျောက်သွားတယ်၊ မြန်လွန်းအားကြီးလို့ မပျောက်ဘူး ထင်နေကာ၊ မြင်ကွင်း ပျောက်သွားပြီ၊ ဟိုရောက်သွားပြီ။

အဲဒီထဲမှာ နှာခေါင်းထဲက အနံ့တစ်ခုလာရင် အဲဒီ ရောက်သွားဦးမှာပဲ၊ အာရုံကြိုးတန်းလေးပေါ်မှာ စိတ်က ရောက်သွားပြန်ပြီ၊ ဟုတ်ရဲ့လား၊ ပါးစပ်ထဲက တစ်ခုခုဝါးလို့ အရသာလေးက ခါးသက်သက်ဆိုရင် သူ့ အပေါ် ရောက်သွားပြန်ပြီ၊ နောက် ထိုင်တဲ့နေရာက တစ်ခုခု မာမာခုခုကြီး ဖြစ်နေလို့ရှိရင် သူ့ဆီ ရောက်သွား ပြန်ပြီ စိတ်က၊ ဒီတော့ စိတ်ကလေးတွေ ဖြစ်နေတာဟာ အာရုံကြိုးတန်းပေါ်မှာ မှီပြီးတော့ ဖြစ်နေတယ်၊ တွေးနေရင်လည်း ဒီအပေါ်မှာပဲ တွေးနေတယ်၊ ဒါကြောင့် မို့လို့ မြတ်စွာဘုရားက အာရမ္မဏပစ္စယောလို့ ဒီလို ဟောတာပါ။

၂၄-ပစ္စည်းမှာ အာရမ္မဏဆိုတာ အလွန်အားကောင်းတယ်၊ ဘုန်းကြီးတို့ တတွေ နေ့စဉ်ရှင်သန်နေတာ ဟောဒီအာရုံနဲ့ပဲ ရှင်သန်နေကြတာ၊ အာရုံမရှိဘဲ မရှင်သန် နိုင်ဘူး၊ စိတ်တွေဖြစ်နေသမျှ အာရုံရှိနေတာချည်းပဲ၊ အဲဒီထဲမှာ ဘယ်စိတ်က ဘယ်အာရုံကို အာရုံပြုသလဲဆိုတာ အဘိဓမ္မာမှာ အသေးစိတ်ပြောတယ်၊ အဲဒါက အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေကျတော့ အသေးစိတ်နားလည်ဖို့ လိုသေးတယ်နော်၊ ဘယ်စိတ်က ဘယ်အာရုံကို ပြုနိုင်တယ်၊ (အာရုံပြုတယ်ဆိုတာ ဘယ်စိတ်က ဘယ်ဟာကို သိတယ်ဆိုတာကို ပြောတာ)။

နိဗ္ဗာန်အာရုံကို သိတဲ့စိတ်

အကြမ်းဖျင်းပြောမယ်ဆိုလို့ရှိရင် နိဗ္ဗာန်ဆိုတဲ့အာရုံကို မှန်းဆပြီး သိနိုင်တဲ့ စိတ်က မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ်နဲ့ မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်၊ လူတွေရတာပဲ ပြောမယ်ဆိုရင် မဟာကုသိုလ်ဉာဏသမ္ပယုတ္တစိတ်က နိဗ္ဗာန်ကို မှန်းဆပြီး သိနိုင်တယ်၊ နိဗ္ဗာန်ကို တကယ်သိနိုင်တဲ့စိတ်က မဂ်စိတ်နဲ့ ဖိုလ်စိတ်ပဲ၊ အဲဒီစိတ်တွေ မရဘဲနဲ့ နိဗ္ဗာန်ကို မသိဘူးနော်။

နိဗ္ဗာန်ဆိုတဲ့အာရုံက အလွန်သိမ်မွေ့တယ်၊ ထိုအလွန်သိမ်မွေ့တဲ့ အာရုံကို အဆင့်အတန်း မြင့်တဲ့စိတ်နဲ့မှ သိလို့ ရတယ်၊ အဆင့်အတန်းနိမ့်တဲ့စိတ်တွေနဲ့ သိလို့ မရဘူး၊ အကုသိုလ်စိတ်နဲ့ နိဗ္ဗာန်ကို မသိဘူး၊ ဘဝကို တွယ်တာနေတဲ့တဏှာ လောဘအမြင်နဲ့ နိဗ္ဗာန်ကို လိုချင်သလား ဆိုလို့ရှိရင် ဘယ်သူမှ မလိုချင်ဘူးပဲ မှတ်ပေတော့။

လောကလူတွေဟာ “နိဗ္ဗာန်လိုချင်တာ လောဘလား”လို့ တချို့က မေးလေ့ ရှိတယ်နော်၊ လောဘမကင်းတဲ့ပုဂ္ဂိုလ်တွေ တော်တော်များများ နိဗ္ဗာန်လိုချင်တာ ကတော့ လောဘပဲ၊ သူက ဘာ့ကြောင့် နိဗ္ဗာန်လိုချင်တာတုန်းဆို - မေးကြည့်၊ နိဗ္ဗာန် ဆိုတာ ချမ်းသာတယ်လို့ ပြောတာ၊ အဲဒီချမ်းသာတယ်ဆိုတဲ့ အသံကလေးကြောင့် သူလိုချင်တာ၊ တကယ်က ချမ်းသာတယ်ဆိုလို့ သူရချင်တာ၊ ဘယ်လိုချမ်းသာတုန်း လို့ သူဆက်ပြီးတော့ လေ့လာကြည့်လိုက်မယ်ဆိုရင် နိဗ္ဗာန် လိုချင်မှာ မဟုတ်ဘူး။ နိဗ္ဗာန်ဆိုတာ ဟောဒီခန္ဓာငါးပါးဆိုတာ မရှိတော့ဘူး၊ အားလုံးဟာ ချုပ်ငြိမ်း သွားတယ်၊ ရုပ်တွေနာမ်တွေ အားလုံးချုပ်ငြိမ်းသွားတယ်၊ အကြောင်းတွေ ရပ်သွားလို့ အကျိုးပြတ်သွားတယ်၊ ဘာမှ မဖြစ်တော့ဘူးလို့ဆိုရင် လိုချင်မှာ မဟုတ်ဘူး။

ဘုန်းကြီးတို့ငယ်ငယ်တုန်းက ဆေးလိပ်ကြိုက်တဲ့ ဒကာမကြီးတစ်ယောက်က ပြောတယ်၊ နိဗ္ဗာန်တရားဟောပြီးတော့ “ဦးဇင်း”တဲ့ “နိဗ္ဗာန်မှာ ဆေးလိပ်သောက်လို့ ရလား”တဲ့၊ “နိဗ္ဗာန်က no smoking area- ဘယ်လိုလုပ် ဆေးလိပ်သောက်လို့ ရမလဲ၊ ဆေးလိပ်မသောက်ရတဲ့ နေရာဥစ္စာပဲ”၊ အဲဒါကို သူက “ဆေးလိပ်သောက်လို့ ရရင်တော့ သွားချင်တယ်၊ ဆေးလိပ်သောက်လို့ မရဘူးဆိုရင် မသွားချင်ဘူး”တဲ့၊ သူ့အတွေးကိုက တဏှာနဲ့ တွေးတာလေ။

နိဗ္ဗာန်ဆိုတာ ချမ်းသာတယ်၊ မအိုရဘူး၊ မနာရဘူး၊ ဒီအသံတွေ ကြားတာနဲ့ သူက မအိုချင်ဘူး၊ မအိုရဘူး မနာရဘူး မသေရဘူးဆိုတာ အိုခြင်းကင်းရာ နာခြင်း ကင်းရာ သေခြင်းကင်းရာဆိုတော့ အိုတာ နာတာ သေတာတွေ မကြိုက်ဘူး၊ အဲဒါတွေ မရှိဘူးဆိုတော့ သွားချင်တယ်၊ ဘာမှမရှိဘူးဆိုရင် ဟင့်အင်းပဲ၊ ဘာဖြစ်လို့တုန်း ဆိုရင် တဏှာလောဘအမြင်နဲ့ ကြည့်တာကိုး။

ဒီတော့ နိဗ္ဗာန်ကို တကယ်အာရုံပြုပြီး သိနိုင်တဲ့စိတ်က မဂ်စိတ်နဲ့ ဖိုလ်စိတ်ပဲ သိနိုင်တယ်၊ ကိလေသာတွေ ကင်းသွားပြီး မဂ်စိတ်ဖိုလ်စိတ်နဲ့မှ နိဗ္ဗာန်ကို တကယ် အာရုံပြုလို့ရတယ်၊ နိဗ္ဗာန်ကို သိနိုင်တဲ့စိတ်ဟာ တကယ်ထက်မြက်တဲ့စိတ်ပဲ၊ အဲဒီလို ဆိုလိုတာနော်။

မဟာကုသိုလ်စိတ်က သိတယ်ဆိုတာဟာ လှမ်းမြင်တဲ့အသိပဲ၊ သေချာပေါက် သိတဲ့အသိ မဟုတ်ဘူး၊ လှမ်းမြင်တဲ့အသိ၊ ဂေါတြဘူစိတ်သည် နိဗ္ဗာန်ကို မြင်တယ် ဆိုလို့ မဟာကုသိုလ်စိတ်ကို နိဗ္ဗာန်ကိုမြင်တယ်လို့ ထည့်ထားတာ၊ တကယ်က သူက နိဗ္ဗာန်ကိုရပြီလို့ ဒီလိုပြောတာမျိုး။

အာရုံပြုတယ်ဆိုတာ ဒီစိတ်ကလေးဟာ ဆိုင်ရာ ဆိုင်ရာ အာရုံတွေပေါ် မှာ ရောက်ပြီး အဲဒီအာရုံကြိုးတန်းလေးကို အမှီပြုပြီး လူ့ရဲ့စိတ်တွေ အတွေးတွေ အကြံတွေက မှီတည်ပြီးတော့ ဖြစ်တယ်၊ ဒါကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက “အာရမ္မဏပစ္စယော” ဆိုပြီး နောက်ဆုံးကုန်အောင် “ယံ ယံ ဓမ္မံ အာရဗ္ဘ၊ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ” လို့ ဟောတယ်၊ ယံ ယံ ဓမ္မံ အာရဗ္ဘ ဆိုတာ ဘယ်အာရုံပဲ ဖြစ်ဖြစ် အမှီပြုပြီး၊ ယေ ယေ ဓမ္မာ ဘယ်သဘာဝတရားကို မှီပြီးတော့ ဘာတရား တွေပဲ ဖြစ်ဖြစ်၊ (ဘယ်တရားဆိုတဲ့နေရာမှာ စိတ်နဲ့ စေတသိက် နှစ်မျိုးတည်း) အာရမ္မဏပစ္စည်းရဲ့ ပစ္စယုပ္ပန်က စိတ်နဲ့ စေတသိက် နှစ်မျိုးပဲ။

သို့သော် အာရုံပစ္စည်းကျတော့ စိတ်စေတသိက်တင် မကဘူး၊ ဘာတွေပါ တုန်းဆိုရင် ရုပ်ပါတယ်၊ နိဗ္ဗာန်ပါတယ်၊ ပညတ်ပါတယ်၊ ဟော စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပညတ်၊ ဒါက အာရုံပိုင်း၊ သိတဲ့အပိုင်းကျတော့ စိတ်နဲ့ စေတသိက် နှစ်ခုပဲ၊ အဲဒါကို ခြုံမိငုံမိသွားအောင် မြတ်စွာဘုရားက ထပ်ဟောတာ၊ “ယံ ယံ ဓမ္မံ အာရဗ္ဘ၊ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ” ။

ယေ ယေ ဓမ္မာ ဆိုတာ စိတ္တစေတသိကာ - စိတ်စေတသိက်တွေသာ ဖြစ်တယ်၊
တေ တေ ဓမ္မာ - ထိုအာရုံတွေက၊
တေသံ တေသံ ဓမ္မာနံ - ထိုစိတ် စေတသိက်တရားတို့အား၊
အာရမ္မဏပစ္စယေန = အာရမ္မဏပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်သည်၊
ဟောတိ = ဖြစ်၏၊
ဒီလို ဟောတာ။

အဲဒီတော့ အာရမ္မဏပစ္စည်းဆိုတာ ဆိုင်ရာဆိုင်ရာအာရုံတွေကို ပြောတာ၊ လောကီ အာရုံကျတော့ တစ်မျိုးပေါ့၊ ဥပမာ - အသံကြားလိုက်လို့ရှိရင် အသံအာရုံ တစ်ခု တည်းကို ယူနိုင်တဲ့စိတ်က သောတဝိညာဏ်စိတ်နော်၊ အဲဒီ သောတဝိညာဏ်စိတ် ဖြစ်ပြီဆိုရင် မဖြစ်ခင် ဘယ်သူလာတုန်း၊ တံခါးဖွင့်ပေးတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်တယ်၊ အဲဒီနောက်မှာ ဘယ်သူလာတုန်းဆိုရင် လက်ခံတဲ့စိတ် ဖြစ်တယ်၊ အဲဒီ နောက်မှာ စုံစမ်းတဲ့စိတ် ဖြစ်တယ်၊ အဲဒီနောက်မှာ ဆုံးဖြတ်တဲ့စိတ် ဖြစ်တယ်၊ အဲဒီ နောက်မှာ ဒီအာရုံရဲ့ အရသာကိုသိတဲ့ ဇောစိတ် ဖြစ်တယ်၊ အဲဒီနောက်မှာ ထိုဇောအရှိန်ကပ်ပါသွားတဲ့ တဒါရုံဆိုတာ ဖြစ်တယ်၊ သူတို့၂-ခု ဖြစ်ပြီးတာနဲ့ တစ်ပြိုင်နက် ဒီအာရုံရဲ့သက်တမ်းက ကုန်သွားပြီ၊ ကုန်သွားတော့ သူတို့ရဲ့လုပ်ငန်း လည်း ပြီးစီးသွားပြီလို့ ပြောတာ။

လုပ်ငန်းပြီးစီးသွားလို့ ခုနက ပန်းဆိုတဲ့ ဒီသရုပ်ကလေးကို ဖော်ဖို့ “ငါမြင် တာ ပန်း” လို့ ပြောရမယ့်အဆင့်ရောက်အောင် mind door မှာ စိတ်တွေ ထပ်ဖြစ်ဦးမယ်၊ အတွေးနဲ့ ခုနက ငါမြင်လိုက်တာ ဘာလေးလဲဆိုတာ ပြန်တွေးလိုက်တယ်၊ အာရုံပြန်ယူလိုက်တယ်၊ အဲဒါကျတော့ အတိတ်အာရုံလို့ ခေါ်တယ်၊ ပစ္စုပ္ပန် မဟုတ်တော့ဘူး၊ ပစ္စုပ္ပန်က ပြီးသွားပြီ၊ မရှိတော့ဘူး။

ခုနက မျက်စိထဲထင်တဲ့အာရုံက ပျက်သွားပြီ၊ ပျက်သွားတော့ စိတ်ကနေ မှတ်ယူတဲ့ အတွေးအာရုံကို သွားယူလိုက်တယ်၊ ယူလိုက်ပြီးတော့ ဘာစိတ်တွေ ဖြစ်တုန်းဆိုရင် ခုနက နှလုံးသွင်းတဲ့ မနောဒွါရာဝဇ္ဇန်းဆိုတဲ့စိတ် ဖြစ်တယ်၊ ဖြစ်ပြီးတာနဲ့ တစ်ပြိုင်နက် ဇော, တဒါရုံ ဒီလိုဖြစ်တယ်၊ အဲဒါပြီးတဲ့အခါကျတော့ သူက ဘာဖြစ်တုန်းဆိုရင် အတိတ်ကို လှမ်းပြီးတော့ ဘာပါလိမ့်လို့ဆိုတဲ့ စဉ်းစားတဲ့စိတ် ဖြစ်တယ်။

အဲဒါပြီးသွားရင် နောက်တစ်ခါ လာပြန်ရော process တစ်ခု၊ အဲဒီ process တစ်ခု ကျတော့ ပန်းဆိုတဲ့နာမည်လေးကို သူက ရလာတယ်၊ အဲဒီ process ပြီးပြီဆိုတော့မှ “ဪ ပန်းဆိုတာ ဒါပဲ” လို့ ဆိုတာကို သိလာတာ၊ နောက်ဆုံးကျမှ သိတာ၊ ဒါလည်း ကြိုတင်ပြီးသိထားမှသိတာ၊ အနည်းဆုံး ဝီထိ ၄-ခု လို့ ပြောတာ နော်။

မျက်စိက အဆင်းအာရုံကို မြင်လိုက်ရင် ထိုအဆင်းအာရုံနဲ့ စတင်ပြီး အလုပ် လုပ်တဲ့စိတ်အစဉ်က တစ်ခု၊ ဒါ ပစ္စုပ္ပန်အာရုံနဲ့ process တစ်ခု၊ တစ်ခါ အဲဒီ အတိတ်ကို ပြန်ပြီးတော့ တွေးတဲ့ process ဝီထိစိတ်အစဉ်က တစ်ခု၊ အဲဒီအထဲမှာ အမည်ကို ဖော်ထုတ်နိုင်တဲ့ process က တစ်ခု၊ အကောင်အထည်ဒြပ်ကိုသိတဲ့ process က တစ်ခုလို့ ဆိုတယ်၊ အနည်းဆုံး ၄-ခု။

၄-ခုလို့ ဆိုလို့ရှိရင် ပထမဆုံး စိတ်အစဉ်က စိတ်ပေါင်း ၁၇-ချက်ပါတယ်၊ ဒုတိယဟာက သူက မနောဒွါရာဝဇ္ဇန်းရယ် ဇော ၇-ကြိမ်ရယ် တဒါရုံ ၂-ကြိမ်ရယ် ဆိုလို့ရှိရင် သူက ၉-ကြိမ် ဖြစ်မယ်၊ အဲဒီလို ၉-ကြိမ် ၃-ခါလောက်ဖြစ်မှ ပန်း ဆိုတာ သိတယ်၊ ဒါလည်း နဂိုက သိခဲ့ပြီးမှ ပန်းဆိုတာကို သူအကောင်အထည် ဖော်နိုင်တယ်၊ ဒီလောက်အဆင့်တွေ သွားနေရတာ၊ ဟုတ်ပါ့မလား၊ အခုမြင် အခုသိ တယ်လို့ ဒီလို ထင်ကောင်းထင်လိမ့်မယ်ပေါ့၊ မဟုတ်ဘူး၊ process က အဲဒီ အတိုင်းပဲသွားတယ်။

အဲဒီ process ကို ဖြတ်တောက်ပစ်လို့ မရဘူး၊ ကားမောင်းတာပဲကြည့်၊ အစဉ် အတိုင်းသွားတာလေ၊ ပန်းပင်လေးတွေ ဖူးတာပွင့်တာလည်း အစဉ်အတိုင်း သွားတာပဲ၊ ဆိုပါစို့ - စဉ်းစားကြည့်၊ မျိုးစေ့ကလေးတစ်ခုကို မြေကြီးထဲမှာ ချစိုက် လိုက်တယ်၊ ၇-ရက်လောက်နေမှ အညှောက်ထွက်မယ် အမြစ်ကလေးဆင်းမယ် ဆိုလို့ရှိရင် အဲဒီအညှောက်သည် ၇-ရက်ကြာမှ ဘွားကနဲထွက်တာလား၊ (သို့မဟုတ်) ဒီအစေ့ကလေးဟာ ဒီကနေ့နဲ့ နက်ဖြန်ခါ အခြေအနေပြောင်းတာလား၊ တကယ် တော့ တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု ပြောင်းနေတာ၊ တစ်ရက်နဲ့ တစ်ရက် မတူဘူး၊ စောင့်ကြည့်နေ develope ဖြစ်လာတာ၊ ပြောင်းလဲမှုကလေးတွေက အဲဒီ ကြားထဲမှာ ရှိနေတယ်၊ အချိန်နဲ့အလိုက် ပြောင်းလဲမှုလေးတွေ ရှိနေတယ်။

ဘုန်းကြီးတို့တတွေရဲ့ခန္ဓာကိုယ်လည်း ဒီအတိုင်းပဲ၊ စက္ကန့်နဲ့အလိုက် ပြောင်း လဲမှုတွေ ရှိနေတယ်၊ သို့သော် copy တွေ အလားတူတွေက လာနေသည့်အတွက် ကြောင့် လူက ပြောင်းနေတာကို မမြင်ဘူး၊ ဝိပဿနာဉာဏ်နဲ့ ကြည့်နိုင်မှ မြင်တာ၊ တကယ်ကတော့ copy တွေပေါ့။

မမြင်တာ ကြာတဲ့အခါကျ “အတော်အိုသွားပါလား” လို့ ပြောကြတယ်၊ ဟုတ်ရဲ့လား၊ အကြာကြီးနေမှ ပြောင်းလဲတာကိုတော့ သိတယ်လေ၊ အမှန်ကတော့ တစ်နေ့တည်း ပြောင်းသွားတာ မဟုတ်ဘူး၊ နေ့တိုင်းပြောင်းနေတာ၊ နေ့တိုင်းဆိုတဲ့ အထဲမှာ second by second, minute by minute ဒီလိုပြောင်းနေတာ၊ ဒါတွေကို process လို့ ခေါ်တယ်။

ဒိပြင်ဟာ မပြောနဲ့ process ဆိုတာ စိတ်တောင် မကဘူး၊ လမ်းလျှောက် တာလည်း process ရှိတာပဲ၊ လမ်းလျှောက်တော့မယ်ဆိုလို့ရှိရင် ဘာက စ,လဲ သိ လား၊ ကိုယ့်ဟာကိုယ် လျှောက်ကြည့်ပေါ့၊ ဘယ်က စလာလဲ၊ ခြေထောက်တစ်ဖက် မြှောက်မယ်၊ ဟိုတစ်ဖက်ကို ချပြီးမှ နောက်တစ်ဖက်မြှောက်မယ်၊ ဒါ process ပဲ လေ၊ ၂-ခုစလုံး မြှောက်သွားလို့မှ မရတာ၊ တစ်လှမ်းစီ တစ်လှမ်းစီ သွားနေတာ ဒါ process ပဲ၊ သူ့ အစဉ်အတိုင်း သွားနေတာ၊ ဒါအားလုံးဟာ အကုန်လုံးဖြစ်စဉ်လေး တစ်ခုပဲ။

နောက်တစ်ခု - ထမင်းစားတာပဲ ကြည့်လေ၊ ထမင်းပွဲကြီး ပြင်ထားတယ်၊ ဇွန်းနဲ့ ခက်ရင်းနဲ့၊ အဲဒီမှာ မျက်စိက အရင်ကြည့်လိုက်တယ်၊ ဘယ်ဟာ အရင်နှိုက် ရမလဲ၊ ဒါ process ပဲ၊ ပြီးပြီဆိုတဲ့အခါ စိတ်ကတွေးထားတဲ့အတိုင်း ဇွန်းလေး ကိုင်လိုက်တယ်၊ ကိုင်ပြီးရင် ကော်လိုက်ပြီ၊ ဒါ process တွေပဲလေ၊
မကိုင်ခင် ကော်လို့မှ မရတာ၊ ပထမ ကိုင်ရမယ်၊ ကိုင်ပြီး ကော်တယ်၊ ကော်ပြီး သယ်လာတယ်၊ အဲဒီကော်နေတုန်းမှာ ပါးစပ်ကြီးက ဟမထားဘူး၊ သယ်လာပြီးတော့ ပါးစပ်နား ရောက်မှ ပါးစပ်က ဟပေးတာလေ၊ ဒါ process ပဲ၊ ပါးစပ်က ဟပေးတော့ ပါးစပ် ထဲကို ထည့်လိုက်တယ်၊ မထည့်ခင်က သွားက ဝါးမနေသေးဘူး၊ ထည့်လိုက်မှ သူက ဝါးတာ၊ သွားနဲ့ လျှာနဲ့ အလုပ်လုပ်ကြတယ်၊ ပြီးတော့ မြိုချလိုက်တယ်၊ ဒါ လူက လုပ်ပေးတဲ့ process ။

ဗိုက်ထဲ ရောက်သွားပြီဆိုလို့ရှိရင် အစာအိမ်တို့ အူတို့ကနေ ဆက်ပြီးတော့ လုပ်သွားတာ၊ နောက်ဆုံး toilet ရောက်သွားတယ်၊ ဒါတွေ အကုန်လုံး process တွေပဲ။

ရုပ်မှာ process ရှိသလို စိတ်မှာလည်း အာရုံလေးတစ်ခုနဲ့ ပတ်သက်ပြီး အလုပ်လုပ်ကြတာဟာ တစ်ခုနဲ့ တစ်ခု မတူဘူး၊ စွမ်းအားတွေ မြင့်မြင့် မြင့်မြင့် လာတယ်၊ ဒါကြောင့်မို့လို့ ဇောဆိုတဲ့အဆင့် ရောက်တဲ့အခါကတော့ စိတ်စွမ်းအား တွေ တအားမြင့်သွားပြီ၊ အရှိန်တက်သွားတဲ့အချိန်ပဲ၊ ရှေ့ပိုင်းက အစပျိုးလာတာ၊ အစပျိုးပြီး နောက်ဆုံးအဆင့်ရောက်ပြီးရင် ဘာဖြစ်သွားလဲ၊ ပြန်ကျသွားတယ်၊ ဒါထုံးစံပဲ။

ခဲလေး ကောင်းကင်ကို မြှောက်ကြည့်ပါလား၊ မြှောက်လိုက်လို့ရှိရင် သူ တက်သွားမယ်၊ တက်သွားပြီးရင် ဘာဖြစ်မလဲ၊ ရပ်တယ်၊ ရပ်ပြီးရင် ပြန်ကျမယ်၊ အဲဒီသဘောပဲ၊ အာရုံလေးတစ်ခုနဲ့ စိတ်နဲ့ တွေ့တဲ့အခါကျတော့ တက်သွားလိုက် တယ်၊ ပြီးရင် ပြန်ကျတယ်၊ ဒီပုံစံနဲ့ သွားနေတာ။

အားလုံးဟာ အာရမ္မဏပစ္စယောအရ စိတ်များဟာ အာရုံဆိုတဲ့ ကြိုးတန်းကို အမှီပြုပြီးတော့ လျှောက်လှမ်းနေတာလို့၊ အာရုံဆိုတာ မပေါ်ဘဲနဲ့ စိတ်ဆိုတာ ဘယ်တော့မှ မပေါ်ဘူး၊ အာရုံနဲ့ဝတ္ထုနဲ့ ထိခိုက်မှသာလျှင် ပေါ်တယ်လို့ ဒီလို သဘောကျထားရင် တို့တတွေ နေ့စဉ်ဘဝမှာ အာရမ္မဏပစ္စယောနဲ့ နေနေရတာ ပါလားလို့ဆိုတာ သဘောပေါက်လာမှာပဲ၊ ပဋ္ဌာန်းနဲ့ နေနေတာ။

ကဲ အဲဒီနေရာမှာ အာရမ္မဏပစ္စယော လို့ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီအာရုံလေးနဲ့ အလုပ်လုပ်တဲ့စိတ်၊ ပြောပါစို့ - အဲဒီအာရုံလေးရဲ့သက်တမ်းဟာ ၁၇-ချက်လို့ဆိုတော့ ရေတွက်ပြီးတော့ ကြည့်ရအောင်၊
၁၇-ချက်ကို ရေတွက်ကြည့် လိုက်မယ်ဆိုရင် တံခါးဖွင့်ပေးတဲ့စိတ်တစ်ခုနော်၊ နောက်ပြီးတော့ မြင်တဲ့စိတ်က တစ်ခု၊ လက်ခံတဲ့စိတ်က တစ်ခု၊ စုံစမ်းတဲ့စိတ်က တစ်ခု၊ ဆင်ခြင်တဲ့စိတ်က တစ်ခု၊ ၅-ခု ရှိသွားပြီ၊ ဇောက ၇-ခုဆိုတော့ ဘယ်လောက် ရှိသွားပြီလဲ၊ ၁၂-ခု၊ တဒါရုံက ၂-ခု ဆိုရင် ၁၄-ခု၊
သူ့ရဲ့ သက်တမ်းက ဘယ်ကစတုန်းလို့ဆိုရင် ရှေ့နားမှာ အတီတ ဘဝင်၊ (ဘဝင်စိတ်က သူ့ဖာသူ run နေတာ၊) အဲဒီ run နေတဲ့အထဲမှာ အာရုံ အသစ်က ဝင်ပြီး တိုက်လိုက် တဲ့အခါမှာ သူက လှုပ်သွားတယ်၊ မပြတ်သေးဘူး၊ ချက်ချင်းပြတ်တောက် မသွားဘူး၊ ဝင်တိုက်လိုက်တဲ့အချိန်မှာ သူက အရှိန်နဲ့ သွားနေလို့ လွန်သွားတဲ့ဘဝင်စိတ်က တစ်ခု၊ လှုပ်သွားတဲ့ဘဝင်စိတ်က တစ်ခု၊ ပျက်သွားတဲ့ ဘဝင်စိတ်က တစ်ခု၊ အဲဒီ ၃-ခု ထည့်လိုက်ရင် ဘယ်လောက်ဖြစ်လဲ၊ ၁၇-ချက်။

အာရုံလေးရဲ့သက်တမ်းက အဲဒီလွန်သွားတဲ့ဘဝင်စိတ်လေးနဲ့ ပြိုင်ပြီးတော့ ဖြစ်တာ၊ သူမွေးဖွားတဲ့အချိန်က အဲဒီအချိန်၊ သို့သော် အာရုံက စိတ်ထဲကို မရောက် သေးဘူး၊ ဘဝင်စိတ်က အဲဒီအာရုံကို ဂရုမစိုက်ဘူး၊ သူနဲ့ အာရုံနဲ့ မဆိုင်ဘူး။

ဘဝင်စိတ်ဆိုတာ အတိတ်ဘဝက အာရုံနဲ့ပဲ သက်ဆိုင်တယ်၊ ယခုပစ္စုပ္ပန်မှာ ဝင်လာတဲ့ ဒီအဆင်းအာရုံလေးကို ဘဝင်စိတ်က မယူနိုင်ဘူး၊ သို့သော် အာရုံရဲ့ တိုက်ခိုက်မှု စွမ်းအားကြောင့် ဘဝင်စိတ်လေးက လှုပ်သွားတယ်၊ နောက် ပြတ်ထွက် သွားတယ်၊ ပြတ်ထွက်သွားပြီဆိုတော့မှ အာရုံက ဝင်လာတာ၊ ဝင်လာတော့မှ နောက်ကစိတ် တွေက အဲဒီအာရုံနဲ့ အလုပ်လုပ်သွားကြတာ၊ တစ်နေကုန် လုပ်ရင် တစ်နေကုန် ဆက်ဖြစ်နေမှာပဲ။

ဒီအာရုံလေးကို သဘောကျရင်လည်း ဆက်တွေးနေမှာပဲ၊ စိတ်အစဉ်တွေဟာ မပြတ်အောင် ဆက်တွေးနေမှာပဲ၊ တစ်နေကုန် စဉ်းစားရင် တစ်နေကုန်ပဲ၊ တစ်နာရီစဉ်းစားရင် တစ်နာရီပဲ၊ ဒါက repeatation ပဲ၊ ထပ်ထပ် ထပ်ထပ်ပြီးတော့ ဒီလို သွားနေမှာပဲ၊ စလိုက် ဆုံးသွားလိုက်၊ စလိုက် ဆုံးသွားလိုက်၊ အပြန်အလှန် အဲဒီလိုဖြစ်နေတာ၊ စိတ်မှန်သမျှဟာ အာရုံဆိုတဲ့ကြိုးတန်းကိုမှီပြီး လျှောက်လှမ်း ကြရတာတဲ့၊ အာရုံကြိုးတန်းမပါဘဲ စိတ်ဟာ မဖြစ်နိုင်ဘူးလို့ ဒီလိုပြောတာပါ၊ အဲဒါကိုပဲ အာရမ္မဏပစ္စယောလို့ ဟောတာ။

ဒီနေရာမှာ အတီတဘဝင်စိတ်နဲ့စပြီး မွေးဖွားလာတဲ့အာရုံကို ခဏငယ် ၁၂-ခု ကြာမှ တံခါးဖွင့်ပေးတယ်၊ နောက်ပြီးတော့ ခဏငယ်-၁၅ ခု လောက်ကြာမှ မြင်သိစိတ် ကလေးက ပေါ်လာတယ်၊ ဒီတော့ အာရုံကအရင်ဖြစ်လို့ ပုရေဇာတပစ္စယော လို့ ဆိုတာ။

အဲဒီအာရုံလေးက ရှိနေတုန်းပဲ၊ mental process မှာ သူ့ရဲ့သက်တမ်းက မကုန်သေးဘူး၊ ၁၇-ချက် သွားမှာမို့ ရှိနေသေးတယ်၊ ရှိနေတုန်း ဖြစ်သောကြောင့် အတ္ထိပစ္စယော၊ မကင်းကွာသေးဘူး၊ ပျောက်မသွားသေးဘူး၊ ဒါကြောင့် အဝိဂတ ပစ္စယော၊ ဒီလို ၄-ပစ္စည်း၊ အာရမ္မဏ၊ ပုရေဇာတ၊ အတ္ထိ၊ အဝိဂတ၊ ဒီထဲမှာ ပါဝင် လာတယ်၊ ဒီစွမ်းရည်သတ္တိတွေနဲ့ သွားတာ။

မျက်စိထဲမှာ ထင်ဟပ်လာတဲ့ ရူပါရုံလေးသည် စက္ခုဝိညာဏ်စိတ်ထက် စိတ်အစဉ်တန်းတစ်ခုလုံးကို အကျိုးပြုတယ်ဆိုတဲ့နေရာမှာ အခုပုံစံနဲ့ အကျိုးပြု တာနော်၊ အဲဒီအာရုံလေးက ကြိုတင်ဖြစ်နှင့်သည့်အတွက်ကြောင့် ပုရေဇာတ၊ ရှိနေတုန်း ကျေးဇူးပြုတာ ဖြစ်သောကြောင့် အတ္ထိ၊ ပျောက်မသွားခင်ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတ၊ ကြိုးတန်းသဖွယ် အထောက်အကူပြုနေတာ ဖြစ်သော ကြောင့် အာရမ္မဏ၊ ဒီလိုနားလည်ရတယ်။

အသံကြားတာလည်း ဒီအတိုင်းပဲ၊ နှာခေါင်းက အနံ့ရရင်လည်း ဒီအတိုင်း ပဲ၊ ကိုယ့်ဟာကိုယ် ထမင်းစားရင်းလည်း အာရုံစိုက်လို့ရပါတယ်၊ လျှာနဲ့ အရသာနဲ့၊ တချို့အရသာက သိပ်မထင်ရှားဘူးပေါ့၊ ထင်ရှားချင်လို့ရှိရင် ငရုပ်သီးစားလိုက်ပေါ့၊ အဲဒီအခါကျလို့ရှိရင် ပိုပြီးတော့ထင်ရှားလာမယ်၊ ရသာရုံကနော်၊ ရသာရုံက ထင်ရှား လာပြီဆိုလို့ရှိရင် စိတ်က အဲဒီရောက်သွားမှာပဲ၊ အဲဒီလို အာရုံတွေနဲ့ စိတ်တွေဟာ အခုလို မှီတွယ်ပြီး ဖြစ်တယ်ဆိုတာကို မြတ်စွာဘုရားက ပဋ္ဌာန်းကျမ်းတော်ကြီးမှာ ဟောကြားတာ ဖြစ်ပါတယ်၊ ပဋ္ဌာန်းကျမ်းမှာ အခု ပစ္စယနိဒ္ဒေသဆိုတာ မကျဉ်း မကျယ် ဟောတာ၊ နောက်ထပ် ချဲ့လိုက်လို့ရှိရင် ပဥှာဝါရ ဆိုတာ အကျယ်ကြီး လာသေးတယ်။

တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့ အာရမ္မဏပစ္စယော နဲ့ ပတ်သက်ပြီး အခြေခံအားဖြင့်တော့ နားလည်သွားပြီလို့ ယူဆပါတယ်၊ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မဟာ လူတွေရဲ့သန္တာန်မှာဖြစ်နေတဲ့ သဘာဝတွေကို ထင်ရှားသိသာ လာအောင် ဟောကြားခြင်း ဖြစ်ပါတယ်၊ သဘာဝကို မသိသေးသမျှ အသိဉာဏ် ဆိုတာကို မရနိုင်ပါဘူး၊ သဘာဝကို အစစ်အမှန်ကို သိမှသာလျှင် အသိဉာဏ်လို့ ခေါ်တယ်၊ အဲဒီအသိဉာဏ်ကို ရရှိမှသာလျှင် တွယ်တာမှုဆိုတဲ့ တဏှာကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်၊ တွယ်တာမှုတဏှာကို ဖယ်ရှားနိုင်မှ သောကဆိုတာ ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်၊ သောကမဖယ်ရှားပဲ စိတ်ငြိမ်းချမ်းမှုဆိုတာ လုံးဝမရနိုင်ပါဘူး၊

ဒါ့ကြောင့်မို့ သောကအပူအပင်တွေကင်းပြီး စိတ်ငြိမ်းချမ်းမှုဆိုတဲ့ ထာဝရ အငြိမ်းဓာတ် ရနိုင်ဖို့အတွက် ဓမ္မအသိဉာဏ်ရရှိမှသာလျှင် ဖြစ်နိုင်တယ်၊ အတွယ် အတာကို ဖယ်ရှားနိုင်မယ်လို့ ယုံကြည်ပြီး အသိဉာဏ်ရရှိအောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၄)

သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ တပို့တွဲ လပြည့်ကျော် ၁၄-ရက်၊ (၂၃-၂-၂၀ဝ၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်း ဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း-၄ မှာ လွှမ်းမိုးကြီးစိုးတဲ့ အဓိပတိပစ္စည်း အကြောင်းကို ရှင်းလင်းပြီး ဟောကြားပါ့မယ်။

အဓိပတိဆိုတာ လွှမ်းမိုးကြီးစိုးခြင်းလို့ အဓိပ္ပါယ်ရတယ်၊ သဘာဝတရား ၄-ခုဟာ လူ့ရဲ့စိတ်ကို လွှမ်းမိုးကြီးစိုးထားတတ်တယ်၊ ကျန်တဲ့သဘာဝတရားတွေက ဒီလောက် မလွှမ်းမိုးဘူး၊ တဖန် အချို့အချို့သောအာရုံများက စိတ်ကို လွှမ်းမိုးကြီးစိုး နိုင်ခြင်း မရှိဘူး၊ အချို့အချို့သောအာရုံများက လူ့ရဲ့စိတ်ကို လွှမ်းမိုး ကြီးစိုးနိုင်တယ်၊ ဒါကြောင့်မို့ “အဓိပတိပစ္စယော- အတူဖြစ်ပြန်၊ ရုပ်နှင့်နာမ်ကို၊ ဧကန်လွှမ်းမိုး၊ ကြီးစိုးနိုင်ဘိ၊ အဓိပတိတရား” လို့ဆိုတာပါ။

ကြီးစိုးနိုင်တဲ့ အဓိပတိတရားဆိုတာ ဆန္ဒ ဝီရိယ ဝီမံသ စိတ္တ တို့ဖြစ်တယ်၊ စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ဒီစေတသိက် ၃-မျိုးနဲ့ စိတ်ဟာ ဆိုင်ရာနာမ်တရားတွေကို ဟာ စိတ်ပေါင်း ဘယ်လောက်ယှဉ်တုန်းဆိုရင် အကုသိုလ်စိတ်တွေမှာလည်း ယှဉ်တယ်၊ ကုသိုလ်စိတ်တွေမှာလည်း ယှဉ်တယ်၊ ကြိယာစိတ်တွေမှာလည်း ယှဉ်တယ်၊ ၆၉-မျိုးသော စိတ်တွေမှာ ယှဉ်တယ်၊ သို့သော် အဓိပတိအနေနဲ့ ဖြစ်နိုင်တာတော့ အားလုံးမှာ မဟုတ်ဘူးတဲ့၊ အကုန်လုံးမှာ အဓိပတိမဖြစ်ဘူး၊ (ဒီမှာ သရုပ်တွေကိုတော့ မပြောတော့ဘူး။)

ဆန္ဒသည် ဆန္ဒနဲ့အတူအကွဖြစ်ပေါ်လာတဲ့စိတ်တွေ, ထိုစိတ်က ထုတ်လုပ်လိုက်တဲ့ ရုပ်တရားတွေကို သူက လွှမ်းမိုးချုပ်ကိုင်ထားနိုင်တယ်၊ ဘယ်လိုများ လွှမ်းမိုး ချုပ်ကိုင်ထားနိုင်တာတုန်းလို့ဆိုလို့ရှိရင် ဆန္ဒဆိုတဲ့သဘောလေးကို အရင်ကြည့်။

ဆန္ဒဟာ လောဘမူစိတ်မှာ ယှဉ်သည့်အတွက် လောဘနဲ့ယှဉ်ပြီးလည်း ဖြစ်လာ တတ်တယ်၊ လောဘဆန္ဒ တဏှာဆန္ဒလို့ ခေါ်တယ်၊ လိုချင်တဲ့ဆန္ဒနော်၊ ဆန္ဒဟာ ဒေါသမူစိတ်မှာယှဉ်ပြီး ဒေါသနဲ့တွဲလာလို့ရှိရင် မုန်းတီးရန်လိုတဲ့ဆန္ဒ၊ သတ်ချင် ဖြတ်ချင် ရိုက်ချင် နှက်ချင်တဲ့ဆန္ဒ ဖြစ်တယ်၊ ယှဉ်တွဲတဲ့သဘာဝတရားနဲ့ သူက ချုပ်ကိုင်ပြီးတော့ လွှမ်းမိုးပြီး ကြီးစိုးတာ။

ကုသိုလ်စိတ်မှာ အလောဘတို့ အဒေါသတို့ အမောဟတို့နဲ့ ယှဉ်တွဲပြီးတော့ လာတဲ့အခါဆိုလို့ရှိရင် ဒါနကောင်းမှုပြုလိုတဲ့ဆန္ဒ၊ သီလဆောက်တည်လိုတဲ့ ဆန္ဒ၊ ဘာဝနာတရား ပွားများအားထုတ်လိုတဲ့ဆန္ဒ၊ ဈာန်စိတ်တွေနဲ့ ယှဉ်တွဲလာတဲ့ အခါ ကာမဂုဏ်အာရုံတွေကို လုံးဝဖယ်ရှားပြီး ဈာန်တရားနဲ့ ပျော်မွေ့လိုတဲ့ဆန္ဒ၊ မဂ်စိတ်ဖိုလ်စိတ်တွေနဲ့ ယှဉ်တဲ့အခါ ကိလေသာတွေကို လုံးဝဖယ်ရှားပစ်လိုတဲ့ဆန္ဒ၊ ဒီလို ဆန္ဒက ဆိုင်ရာဆိုင်ရာ သဘာဝတရားတွေနဲ့ ယှဉ်တွဲလာတဲ့အတိုင်း လွှမ်းမိုး ကြီးစိုးထားတယ်၊ သာမန်ဆန္ဒ မဟုတ်ဘူး၊ အလွန်ပြင်းထန်တဲ့ဆန္ဒ။

ဆန္ဒဟာ ရံဖန်ရံခါ လောဘနဲ့ ရောထွေးတတ်တယ်၊ ဘာဖြစ်လို့တုန်းဆိုရင် မြန်မာလိုပြန်တဲ့အခါ “ချင်” နဲ့ ပြန်တာကိုး၊ လိုချင်တယ်၊ စားချင်တယ်၊ သွားချင် တယ်၊ လောဘနဲ့ယှဉ်တွဲရင် လောဘသဘော ပါတာပေါ့၊ သို့သော် ဆန္ဒတိုင်းဟာ လောဘနဲ့ တွဲလားလို့ဆို မဟုတ်ဘူး၊ လူတစ်ယောက်ကို ရိုက်ချင်တယ်ဆိုရင် လောဘ ဟုတ်ပါ့မလား၊ မဟုတ်ဘူး၊ သတ်ချင်တယ် ဖြတ်ချင်တယ် ဆိုရင်ရော၊ လောဘ မဟုတ်ဘူး၊ အဲဒီ”ချင်”က ဒေါသနဲ့ တွဲလာတာ။

သူများပစ္စည်းကို လိုချင်တယ်၊ နှစ်သက်တယ်၊ တပ်မက်တယ်၊ ရယူချင်တယ် ဆိုတာကျတော့ လောဘနဲ့တွဲတယ်၊ ကောင်းမှုကုသိုလ်ပြုချင်တယ်ဆိုရင် အလောဘ နဲ့၊ လူတွေချမ်းသာစေချင်ကယ်ဆိုရင် အဒေါသနဲ့ တွဲလာတာ၊ အမှန်တရားကို သိချင်တယ်ဆိုရင် အမောဟနဲ့ တွဲလာတယ်၊ ဒီ”ချင်”က လောဘနဲ့ မတူဘူးပေါ့။

တစ်ခါတစ်ရံ ဆန္ဒက အစွမ်းသတ္တိထက်လာပြီဆိုလို့ရှိရင် လောဘကိုလည်း အနိုင်ယူနိုင်တယ်၊ ကြည့်လေ - လူတစ်ယောက် ဆန္ဒပြင်းပြလာပြီဆိုလို့ရှိရင် သိန်းချီ လှူနိုင်တယ်၊ စိတ်ဆန္ဒရှိရင် လုပ်တာပဲ၊ လောဘက ဘာမှ မတတ်နိုင်တော့ဘူး၊ ဘုရားအလောင်းတွေဆိုရင် ကြည့်၊ ဘုရားဖြစ်ချင်တဲ့ဆန္ဒ ဖြစ်လာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ဒါနကောင်းမှု လုပ်တဲ့အခါမှာ သူပိုင်သမျှ ပစ္စည်းတွေ အကုန်လုံး အိတ်သွန်ဖာမှောက်လှူတယ်၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးတွေသားတွေ ထုတ်လှူ နိုင်တယ်၊ နောက်ဆုံး အသက်ပါလှူနိုင်တယ်၊ လောဘကိုတောင်မှ ဟောဒီ ဆန္ဒက ဖယ်ရှားပစ်နိုင်တယ်၊ လွှမ်းမိုးလာပြီဆိုလို့ရှိရင် ဆန္ဒက လောဘထက် အားကောင်း တယ်၊ လောဘက အဓိပတိမဟုတ်ဘူး၊ ပျော့ညံ့တယ်၊ ဟောဒီဆန္ဒကမှ အဓိပတိတဲ့။

ဘုရားအလောင်းတော်တွေ ဗျာဒိတ်ရတယ်ဆိုတာ သာမန်အနေအထားနဲ့ မရဘူး၊ ဘုရားဖြစ်ချင်တဲ့ဆန္ဒဟာ သူတို့စိတ်ကို လွှမ်းမိုးပြီးနေပြီဆိုလို့ရှိရင် ဗျာဒိတ် ရတယ်၊ ဒါကြောင့်မို့လို့ ဘုရားအလောင်းတွေ ဗျာဒိတ်ရဖို့ရာ အင်္ဂါ ၈-ချက်ဆိုတာ ရှိတယ်။

“မနုဿတ္တံ လိင်္ဂသမ္ပတ္တိ၊ ဟေတု သတ္ထာရဒဿနံ၊
ပဗ္ဗဇ္ဇာ ဂုဏသမ္ပတ္တိ၊ အဓိကာရောစ ဆန္ဒတာ”

မနုဿတ္တဆိုတာ လူသားဖြစ်ရမယ်၊
လိင်္ဂသမ္ပတ္တိက အမျိုးသားဖြစ်ရမယ်၊
ဟေတု - တိဟိတ်ပဋိသန္ဓေနေခြင်း အကြောင်းတရားတွေ လုံလောက်ပြီးသား ရှိရမယ်၊
သတ္ထာရ ဒဿနံ -- ဘုရားနဲ့ တွေ့ရမယ်၊
ပဗ္ဗဇ္ဇာ -ရသေ့ရဟန်းအဖြစ် ရှိရမယ်၊
ဂုဏသမ္ပတ္တိ - အဘိညာဉ်ဂုဏ်နှင့် ပြည့်စုံခြင်း ရှိရမယ်၊ ဈာန်တရားတွေကို ရ,ထားတဲ့ ဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံပြီးသားပုဂ္ဂိုလ် ဖြစ်ရမယ်၊
အဓိကာရ - ကုသိုလ် ကောင်းမှု လွန်လွန်ကဲကဲပြုတာဖြစ်ရမယ်၊
ဆန္ဒ – ပြင်းပြတဲ့ဆန္ဒ ရှိရမယ်၊
သုမေဓာ ရသေ့ ဗျာဒိတ်ရတာဟာ ဒီအင်္ဂါရပ်တွေနဲ့ညီလို့။

ဒါဖြင့် ဘုရားဖြစ်ချင်တဲ့ဆန္ဒဟာ ဘယ်လောက်ပြင်းလဲ၊ သာမန်ပုဂ္ဂိုလ်တွေလို ဖြစ်ချင်ရုံ သက်သက် မဟုတ်ဘူး၊ သူက ဘယ်လောက်ထိအောင် ဘုရားဖြစ်ချင် သလဲဆိုရင် ကြည့်၊ တစ်ဘက်က ကြည့်လိုက်မယ်ဆိုရင် ဒီပင်္ကရာမြတ်စွာဘုရားနဲ့ တွေ့တဲ့အခါမှာ သူက ဈာန်အဘိညာဉ်ရ တန်ခိုးရှင်ရသေ့ဖြစ်နေတာ၊ ဘုရားတရား နာပြီးတော့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရအောင်ကြိုးစားမယ်ဆိုရင် ရဟန္တာဖြစ်နိုင်တာ ပေါ့၊ သို့သော် ဘုရားဖြစ်ချင်တဲ့ဆန္ဒကြောင့် လက်လွှတ်လိုက်တယ်၊ မဂ် ဖိုလ် နိဗ္ဗာန်ကို မယူဘူး၊ ဒီ လက်လွှတ်တယ်ဆိုတာ နည်းတဲ့သတ္တိ မဟုတ်ဘူး၊ ဘဝပေါင်း မြောက်မြားစွာ အိုရဦးမယ်၊ နာရမယ်၊ သေရဦးမယ်ဆိုတာ သူသိတယ်၊ အကယ်၍ သာ ဒီပင်္ကရာ မြတ်စွာဘုရားထံမှာ တရားဓမ္မနာပြီး ရဟန္တာဖြစ်လိုက်မယ်ဆိုရင် တစ်ခါပဲ သေမယ်၊ တစ်ခါတည်း သေတာကို အခါပေါင်းမြောက်မြားစွာ သေတာနဲ့ သူလဲနိုင်တယ်၊ ဆန္ဒလို့ ပြောရမယ်။

အဋ္ဌကထာဆရာကြီးက ပိုပြီးနားလည်အောင် ဘယ်လိုပြောတုန်းဆိုရင် ဘုရားဖြစ်ဖို့ ဆန္ဒဟာ ဘယ်လောက်ထိအောင် ကြီးကျယ်သလဲ ဆိုရင်တဲ့ - စကြဝဠာ တိုက်ကြီး တစ်တိုက်လုံးအပြည့် ရဲနေတဲ့မီးကျီးခဲတွေ ထည့်ထား၊ အဲဒီ မီးကျီးခဲ ပင်လယ်ကြီးကို ဖြတ်ပြီး ဟိုဘက်ကိုရောက်အောင်သွားနိုင်ရင် ဘုရားဖြစ်မယ်ဆိုရင် သွားမယ်တဲ့၊ အဲဒီလောက်ထိအောင် ဆန္ဒပြင်းတယ်။

စကြဝဠာကြီးတစ်ခုလုံးအပြည့် မြမြထက်နေတဲ့လှံသွားတွေ ထောင်ထားတယ်၊ အဲဒီလှံသွားတွေပေါ်ကနင်းပြီး ဟိုဘက်ကိုရောက်အောင် သွားနိုင်ရင် ဘုရား ဖြစ်မယ်လို့ အာမခံမယ်ဆိုရင် သူသွားမှာပဲတဲ့၊ ဒါ ဆန္ဒပြင်းပုံကို ပြောပြတာနော်၊ အဲဒီလို မီးကျီးခဲဖြတ်ရုံနဲ့ ဘုရားဖြစ်မှာတော့ မဟုတ်ဘူးပေါ့၊ လှံသွားပေါ် လမ်းလျှောက်ပြတာနဲ့ ဘုရားတော့ဖြစ်မှာ မဟုတ်ဘူးပေါ့နော်၊ ဆန္ဒပြင်းထန်ပုံက အဲ့ဒီလောက်ထိ ပြင်းထန်တာ။

သုမေဓာသူဌေးသားက ပစ္စည်းဥစ္စာ အင်မတန်ချမ်းသာတယ်၊ ရွှေတိုက် ငွေတိုက် ဘဏ္ဍာတိုက်တွေ မက်မောစရာပဲ၊ သို့သော် အဲဒါတွေကို လိုချင်သူယူ ဆိုပြီး တိုက်ခန်းတွေဖွင့်ပြီး လှည့်မကြည့်ဘဲ သွားနိုင်တယ်၊ စာထဲမှာ ဥပမာပေးထားတာ လူတွေမှာ လှည့်မကြည့်ဘဲသွားတာ တစ်ခုရှိတယ်၊ ဘာလဲလို့ဆိုရင် ထွေးထုတ် လိုက်တဲ့တံတွေး၊ ဟုတ်ရဲ့လား၊ ဘယ်သူမှ လှည့်ကြည့်မနေဘူး၊
(နည်းနည်း ပါးပါး တော့ကြည့်မှာပေါ့ ငါ့တံတွေးထဲများ သွေးများပါမလားလို့ ဒါက ချောင်းဆိုးရင်တော့ သွေးပါမှာ ကြောက်လို့ ကြည့်တာ၊ ပြန်ယူဖို့တော့ မကြည့် တော့ဘူး၊)
အဲဒီလို ရတနာ ပစ္စည်းတွေကို တိုက်ခန်းဖွင့်ပြီးသွားတာ၊ လှည့်ကို မကြည့်ဘူး၊ လိုချင်သူယူဆိုပြီး စွန့်ပစ်ထားခဲ့တယ်။

အဲဒါ ဘယ်အရာက စွန့်လွှတ်တာတုန်းဆို ဆန္ဒက စွန့်လွှတ်တာ၊ တရား ကျင့်လိုတဲ့ ဆန္ဒသည် လောဘကို ဖယ်ရှားနိုင်တဲ့စွမ်းအား ရှိတယ်၊ ဒါကြောင့်မို့ အဓိပတိဆန္ဒလို့ ခေါ်တာ၊ သူနဲ့ အတူတူဖြစ်တဲ့စိတ်တွေကို လွှမ်းမိုးထားတာ၊ ဒါက ကောင်းတဲ့ အဓိပတိပေါ့၊ မဟာကုသိုလ်စိတ်နဲ့ယှဉ်တဲ့ အဓိပတိ။

ကိုယ်မစားရချင် နေပေ့စေ၊ ဒုက္ခရောက်နေတဲ့သူတွေ သွားကယ်တယ်၊ ကိုယ်စားမယ့် အစားအစာထဲက ကိုယ်အငတ်ခံပြီး သူများကိုကျွေးတယ်၊ ဒါလည်း ဆန္ဒပဲ၊ ဆန္ဒပြင်းလာပြီဆိုရင် အကုန်လုပ်နိုင်တယ်၊ ကောင်းတဲ့ကိစ္စတွေမှာလည်း အကုန်၊ မကောင်းတဲ့ကိစ္စမှာရောဆိုရင် မကောင်းတဲ့ကိစ္စလည်း လုပ်နိုင်တယ်၊ ဆိုပါစို့- လောဘနဲ့ တွဲလာတဲ့ဆန္ဒကျတော့ကြည့်၊ မရရအောင်ကိုယူတယ်၊
ချောတိုင် တက်တဲ့လူတွေ ကြည့်ပေါ့၊ ဒီလောက်ချောပြီး ညစ်ပတ်နေတာ၊ ဒီအပေါ် မရရအောင် တက်တယ်၊ လိုချင်တဲ့ဆန္ဒကြောင့်ပဲ၊ ဒါ ဘာဟုတ်သေးလဲ၊ ဒိပြင် လောဘနဲ့ ယှဉ်တွဲလာလို့ရှိရင် ဟောဒီဆန္ဒက လွှမ်းမိုးလာပြီဆိုရင် သူက ဘာမဆို လုပ်ရလုပ်ရ အကုန်လုပ်တယ်၊ ပိုက်ဆံရမယ်ဆိုရင် ဘာမဆိုလုပ်တယ် ဆိုတဲ့လူတွေ ရှိတာပေါ့၊ ဒါ လောဘနဲ့တွဲလာတဲ့ ဆန္ဒတဲ့။

၅၅၀-ဇာတ်ထဲက ကုသဇာတ်ဆိုတာ ရှိတယ်၊ မင်းကုသကြီးအကြောင်း ကြားဖူးကြ ပါလိမ့်မယ်၊ လောဘနဲ့တွဲလာတဲ့ဆန္ဒကြောင့် ထီးနန်းကိုစွန့်ပြီး ထမင်းချက်သမား လည်း လုပ်တာပဲ၊ ဖျာယက်သမားလည်း လုပ်တာပဲ၊ ဘုရင်ဖြစ်ပါလျက် ဒီလို ဒုက္ခတွေခံတာ၊ ဒီပြင်းထန်တဲ့လောဘနဲ့ တွဲလာတဲ့ဆန္ဒကြောင့် ဒုက္ခခံပြီး လုပ်တာ ပဲ၊ အဲဒါမျိုး ဘယ်သူက လုပ်နိုင်မှာတုန်း၊ ဆန္ဒကြောင့် လုပ်တာပေါ့၊ အဲဒါ လွှမ်းမိုး ထားတာ၊ ဟောဒီဆန္ဒသည် မင်းကုသရဲ့စိတ်ကို လွှမ်းမိုးထားတာ၊ ဒါ လောဘနဲ့ တွဲတဲ့ဆန္ဒ။

ဒေါသနဲ့ တွဲတဲ့ဆန္ဒကလည်း ထို့အတူပဲ၊ လူတစ်ယောက်ကို မုန်းပြီဆိုရင် အဲဒါတစ်ခုခုလိုက်ပြီး ဒုက္ခပေးနေတယ်၊ အဲဒီအမုန်းစိတ်သည် နှစ်-၁၀၀ လည်း ပျောက်တာ မဟုတ်ဘူး၊ သတ်ချင်ဖြတ်ချင် ဒုက္ခပေးချင်တယ်၊ ကြည့်လေ- ဒေဝဒတ် ရဲ့ ပဋိဃဆန္ဒ၊ ဒေါသဆန္ဒ၊ အမုန်းဆန္ဒဟာ ဘယ်လောက်အထိ ပြင်းထန်သလဲ ဆိုရင် ဘုရားအလောင်းတော်နဲ့ ဒေဝဒတ်အလောင်းတို့ သေရိဝဇာတ်မှာ ရွဲကုန်သည် ဘဝတုန်းက သူ့ နယ် ကိုယ့်နယ်ခွဲပြီး ရွဲ့တွေ ရောင်းကြတယ်၊ တောင်ပိုင်းကို ငါရောင်းမယ်၊ မြောက်ပိုင်းကို မင်းရောင်းပေါ့ ငါက တောင်ပိုင်းက ထွက်သွားပြီဆို တောင်ပိုင်းကို မင်း ဝင်လို့ရတယ်၊ ဟော မြောက်ပိုင်းက ဒီလူက ထွက်သွားရင်လည်း ကျန်တဲ့လူက မြောက်ပိုင်းကို ဝင်လို့ရတယ်။

အဲဒီမှာ ဟိုးရှေးတုန်းက မျိုးရိုးစဉ်ဆက်က သူဌေးဖြစ်ခဲ့ပေမယ့် အခု ဆင်းရဲ သွားတဲ့ အဘွားအိုကြီးနဲ့မြေးလေးတို့ဟာ တဲကုတ်ကလေးမှာနေကြတယ်။ ဒေဝဒတ်အလောင်း ရွဲကုန်သည်က သူတို့ကို ဆင်းရဲသားဆိုတော့အထင်သေးတာပေါ့၊ အဲဒီ သူတို့အိမ်မှာ ဒီအတိုင်းပစ်ထားတဲ့ ဟောင်းနွမ်းပြီး အညှိတက်နေတဲ့ ရွှေခွက်ကြီး တစ်ခွက်ရှိတယ်၊
မြေးလေးက ရွဲလိုချင်တော့ ရွှေခွက်ကြီးကို ရွှေခွက်မှန်းမသိဘဲ အဲဒီခွက်ကြီးနဲ့ ရွဲကလေးလဲပါလို့ဆိုတော့ ရွဲကုန်သည်က ကြည့်တယ်၊ တစ်သိန်း တန်တဲ့ ရွှေခွက်ကြီး ဖြစ်နေတယ်၊ သူ့မှာပါလာတဲ့ ရွဲ့ရဲ့တန်ဖိုးတောင် တစ်သိန်းမရှိဘူး၊ သို့သော် သူက မရိုးသားဘူး၊ အလကားရချင်တယ်၊ ရတုန်း မယူလိုက်ဘဲနဲ့ ပစ်ထား ခဲ့တယ်၊ ဘာမျှ တန်ဖိုးမရှိဘူးဆိုပြီး ပစ်ချထားလိုက်တယ်၊ ဟန်လုပ်ပြီး ထွက်သွားတာပေါ့။

ဒါနဲ့ သူတို့သဘောတူထားတဲ့အတိုင်း ဘုရားအလောင်းရွဲကုန်သည်က အဲဒီဘက် ရောက်လာတယ်၊ “အင်း ဒီလူကတော့ သဘောကောင်းပုံရတယ်” ဆိုပြီး အဘွားအိုကြီးက ပြောကြည့်တယ်၊ “ပါလာတဲ့ရွဲလေး ဟောဒီခွက်ကြီးနဲ့လဲပါ” လို့ ပြောတယ်။

ဘုရားလောင်းက တကယ်ရိုးသားဖြောင့်မတ်တယ်၊ “အမေကြီး”တဲ့၊ “ဒီ ရွှေခွက်ကြီး က တစ်သိန်းတန်တယ်၊ ကျွန်တော့်ပါတဲ့ပစ္စည်းက ဒီလောက်မတန်ဘူး” တဲ့၊ ဒီတော့ အဘွားကြီးက “ကဲကွယ် ဒါက မင်းထိုက်လို့ မင်းရတာ၊ ခုန ရွဲကုန်သည် တစ်ယောက်က ပြောတယ်၊ နှစ်ပြားဖိုးမှ မတန်ဘူးလို့ပြောပြီး ပစ်ချသွားတယ်၊ မင်း ရှိတာသာ ပေးခဲ့ပါတော့”လို့ ပြောတယ်။

ဘုရားအလောင်းက ဘယ်လောက် သဘောကောင်းတုန်းဆိုရင် သူရောင်းလို့ ရတဲ့ငွေတွေလည်း အားလုံးပေးခဲ့တယ်၊ လက်ကျန်ရွဲတွေလည်း အကုန်လုံးပေးခဲ့ တယ်၊ သူ့ကို ထမ်းပိုးလေးတစ်ချောင်းတော့ပေးပါ ဆိုပြီးတော့ အဲဒီထမ်းပိုးလေး ယူပြီး အဲဒီရွှေခွက်ကြီးယူပြီး မြန်မြန်သွားတယ်၊ သူကလည်း ဟိုကောင်ရဲ့သဘော သိတယ်၊ မြစ်ဖြတ်ကူးပြီးတော့ ဟိုဘက်ကမ်းကို ရောက်အောင်သွားတယ်။

ဒေဝဒတ်အလောင်း ရွဲကုန်သည်ကလည်း သူ့ရွှေ့ခွက်ပါသွားပြီဆိုတာ သိတော့ နောက်ကလိုက်လာပြီး ရွဲတွေပစ်ထားခဲ့ပြီးတော့ ထမ်းပိုး ထမ်းပြီးတော့ လိုက်လာတာ၊ “ဒီကောင် ရိုက်သတ်မယ်” ဆိုပြီးတော့၊ ဒေါသ နဲ့ယှဉ်တဲ့ ဆန္ဒနော်၊ ရိုက်ချင်တဲ့ဆန္ဒနဲ့ လိုက်လာတာ၊ ဟိုက ကမ်းက ခွါသွားပြီ၊ ခွါသွားတော့ လှေသမားကို လှမ်းခေါ်တယ်၊ ဘုရားအလောင်းကလည်း “လှေသမား မကပ်နဲ့ မကပ်နဲ့၊ ဒီလူ သူ ရိုက်လိမ့်မယ်၊ ပိုက်ဆံပိုပေးမယ် ရှေ့သာဆက်သွားပါ” ဆိုတော့ အဲဒါနဲ့ အဲဒီမကျေမနပ်နဲ့ နောက်ဆုံး သေသွားတဲ့အထိအောင် ဖြစ်သွားတယ် မဟုတ်လား။

အဲဒီ ဒေါသအမုန်းတရားက မုန်းလို့၊ မုန်းရုံတင် မဟုတ်ဘူး၊ သတ်ချင် ဖြတ်ချင်တဲ့ စိတ်ဟာ ဘယ်ထိပါလာတုန်းဆို ဒေဝဒတ်ဘဝ ရောက်သည်ထိအောင် ပါလာတယ်၊ လွှမ်းမိုးကြီးစိုးထားပုံကို ကြည့်ပါ၊ ဘုရားဖြစ်လာတဲ့ ဘဝအထိလည်း သတ်ဖို့ အမျိုးမျိုး ကြိုးစားတယ်လေ၊

လေးသမား လက်ဖြောင့်တပ်သားတွေ ခေါ်ပြီးတော့ သူကိုယ်တိုင်စီမံတယ်၊ “ရဟန်းဂေါတမ ဘယ်နားမှာ နေတယ်၊ တစ်ယောက်က ဒီလမ်းကသွား၊ သွားပြီး လို့ရှိရင် မင်း အဲဒီမှာ ရဟန်းဂေါတမကို လေးနဲ့ပစ်ခဲ့၊ ပစ်ပြီးရင် မင်း ဘယ်လမ်းက ပြန်ခဲ့” လို့ မှာထားတာ၊ သူက ဒီလေးသမားကို လက်စဖျောက်ချင်တယ်၊
အဲဒီပထမ ဆုံး လွှတ်လိုက်တဲ့ လက်ဖြောင့်လေးသမားကို “မင်း ဘယ်လမ်းက ပြန်ခဲ့” လို့ မှာပြီးတော့ အဲဒီလမ်းမှာကျတော့ လက်ဖြောင့်လေးသမားနှစ်ယောက် ချထားတယ်၊ “လေးသမားတစ်ယောက် လာလိမ့်မယ်၊ အဲဒီကောင်ကို မင်းတို့ ဖျောက်လိုက်” အဲဒီ နှစ်ယောက်ကိုလည်း တခြားလမ်းက ပြန်ခိုင်းတယ်၊
သူတို့ပြန်လာတဲ့လမ်းမှာ ၄-ယောက် လွှတ်ထားတယ်၊ မလွတ်နိုင်အောင်လို့ နှစ်ဆတိုးတိုးထားတယ်၊ “အဲဒီလူ ၂-ယောက်လာလိမ့်မယ်၊ မင်းတို့ သေအောင်သာ ပစ်သတ်”၊ ၄-ယောက်ပြန်လာ၊ ၄-ယောက်ကိုလည်းပဲ သူက ချိန်းလိုက်တယ်၊ ဘယ်လမ်းက ပြန်လာခဲ့”၊ အဲဒီလမ်း မှာလည်း လူ ၈-ယောက် ချထားတယ်၊ အဲဒီနည်းနဲ့ တရားခံမပေါ်အောင် လုပ်ထားတာ။

အဲဒီ သတ်ချင်တဲ့ဆန္ဒဟာ မပြေပျောက်နိုင်အောင် သူ့စိတ်ကို လွှမ်းမိုးကြီးစိုး ထားတယ်တဲ့၊ ဒါက ဒေါသနဲ့ယှဉ်တဲ့ဆန္ဒလို့ ပြောတယ်၊ အဲဒါကို မြတ်စွာဘုရားက ဟောတာ - “ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော” တဲ့။

လောဘနဲ့ယှဉ်တဲ့ ဆန္ဒကလည်း လိုချင်တာကို မရရအောင် ကြိုးစားတယ်၊ ဒေါသနဲ့ယှဉ်တဲ့ ဆန္ဒကလည်း သတ်ဖို့ ကြိုးစားတယ်၊ နှစ်ပေါင်းကြာတောင် ဘဝ သံသရာက ပါလာတဲ့ အမုန်းဆန္ဒတွေ မဖြေဖျောက်နိုင်ဘူးတဲ့၊ လွှမ်းမိုးကြီးစိုး နေတယ်။

ထို့အတူပဲ ကုသိုလ်ဆန္ဒတွေ၊ ကုသိုလ်စိတ်နဲ့ ယှဉ်လာလို့ရှိရင် ဒါနကောင်းမှု ပြုချင်တဲ့ပုဂ္ဂိုလ်တွေ၊ ဥပမာမယ် - သိဝိမင်းကြီးတို့ဆိုရင် မျက်လုံးတောင်မှ ဖောက် ပြီးတော့ လှူတယ်၊ ဝေဿန္တရာမင်းကြီးဆိုရင် အကုန်လှူတယ်၊ သားသမီးတွေလည်း လှူတယ်၊ ဆင်ကြီးလှူလိုက်လို့ ပြဿနာတက်ပြီး တောနှင်ထုတ်ခံရတယ်၊ တောထဲ ရောက်တဲ့အခါ သားသမီးတွေ လှူသေးတယ်၊ နောက်ဆုံးမှာ ဇနီးဖြစ်တဲ့ မဒီဒေဝီကို လှူလိုက်တယ်၊ သူက မလျှော့နိုင်ဘူး၊ လှူချင်တဲ့ဆန္ဒကို ဘယ်သူကမျှ လာပြီး တော့ ဖျက်လို့ မရဘူး၊ ဒါ ဆန္ဒာဓိပတိလို့ ခေါ်တယ်၊ သူ့ဆန္ဒက လောဘကိုတောင် လွှမ်းမိုးကြီးစိုးထားနိုင်တယ်။

ထို့အတူပဲ တရားဓမ္မနဲ့ ပျော်မွေ့လိုတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လောက် လောကီ စည်းစိမ်တွေရှိရှိ ထိုလောကီစည်းစိမ်တွေကို မျက်ကွယ်ပြုပြီး လောကီစည်းစိမ်တွေ ကို renounce လုပ်နိုင်တယ်၊ ဘုရားလောင်း တောထွက်သွားတာ ကြည့်လေ၊ တောမထွက်ခင်က စကြဝတေးမင်း ဖြစ်လိမ့်မယ်လို့ အဟောရောက်ထားတယ်၊ စကြဝတေးမင်းရဲ့ စည်းစိမ်ကိုတောင်မှပဲ လှည့်မကြည့်ဘူး၊ ဘာဖြစ်လို့လဲဆိုရင် အဲဒီကုသိုလ်ဆန္ဒ ပြင်းထန်လို့ပဲ၊ အဲဒီဆန္ဒရဲ့စွမ်းအားကြောင့် လောကမှာ လိုချင်စရာ တွေ မှန်သမျှ အကုန် give up လုပ်သွားတယ်၊ ဒါကြောင့်မို့လို့ ဆန္ဒဆိုတာ လွှမ်းမိုး ကြီးစိုးလာပြီ ဆိုလို့ရှိရင် လောဘကိုတောင်မှ ဖယ်ရှားပစ်နိုင်တယ်၊ စွမ်းအားသတ္တိ အင်မတန် ထက်ပါတယ်လို့ပြောတာ။

ဆန္ဒကို တစ်နေရာမှာ ဣဒ္ဓိပါဒ်လို့ ဟောတာ ရှိသေးတယ်၊ ဣဒ္ဓိဆိုတာ အစွမ်းတန်ခိုး၊ ပါဒက အကြောင်းတရား၊ အစွမ်းတန်ခိုးရခြင်းရဲ့ အကြောင်းတရား၊ အကျိုးတစ်ခုကို ဖြစ်ပေါ်စေနိုင်တဲ့အစွမ်းတန်ခိုး၊ အဲဒီ အစွမ်းတန်ခိုး ရခြင်းရဲ့ အကြောင်းကလည်းပဲ ဆန္ဒပဲ။

မြတ်စွာဘုရား ၄၅-ဝါ သီတင်းသုံးပြီးတော့ နောက်ဆုံးဝါ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဖို့ ၁၀-လအလိုလောက် ဝေသာလီပြည်နားက ဝေဠုဝရွာကလေးမှာ ဝါကပ်တဲ့အချိန်မှာ ရောဂါအပြင်းအထန်ဖြစ်တယ်၊ အဲဒီရောဂါက နောက်ဆုံးမှာ အသက်ပျောက်သွား လောက်တဲ့ ရောဂါ၊ ကုလို့ မရဘူး၊ incurable ပေါ့၊ မရဏန္တိကဝေဒနာလို့ ခေါ်တယ်၊ သေခြင်းမှာ အဆုံးသတ်သွားမယ်၊ (သို့မဟုတ်) သေဖို့ နီးသွားမယ့်ရောဂါမျိုး။

အဲဒီရောဂါဖြစ်တဲ့အခါ မြတ်စွာဘုရားက နောက် ၁၀-လမှာ သုဘဒ္ဒဆိုတဲ့ ပရိဗိုဇ်ကြီးနဲ့ တွေ့ပြီးတော့ တရားဟောဖို့ ရှိနေသေးတယ်၊ သုဘဒ္ဒပရိဗိုဇ်ကြီးက ခုချိန်လည်း တွေ့ဦးမှာ မဟုတ်သေးဘူး၊ တွေ့လို့ တရားဟောရင်လည်း သူ နားလည်ဦးမှာ မဟုတ်သေးဘူး၊ နောက် ၁၀-လ လောက်မှ သူက mature ဖြစ်မယ်၊ ဘုရားက သုဘဒ္ဒကြီးကို စောင့်ရမယ်၊ ဘုရားက ကိုယ့်အတွက်ဆိုရင်တော့ စောင့်မယ် မဟုတ်ဘူး၊
အခု သုဘဒ္ဒကြီးကို ငဲ့ညှာပြီးတော့ မြတ်စွာဘုရားက အဲဒီ မရဏန္တိကလို့ ခေါ်တဲ့ incurable ရောဂါကြီးကို ဣဒ္ဓိပါဒ် ၄-ပါးကို ပွားပြီးတော့ တားထားလိုက်တယ်၊ ဆန္ဒနဲ့ တားလိုက်တယ်၊ ဝီရိယနဲ့ တားတယ်၊ ဝီမံသနဲ့ တားတယ်၊ စိတ္တနဲ့ တားတယ်၊ ဣဒ္ဓိပါဒ် ၄-ပါး၊ အဲဒါကို ဆန္ဒ ဝီရိယ ဝီမံသ စိတ္တဆိုတဲ့ ဒီသဘာဝတရား ၄-မျိုးကို ထိန်းပြီးတော့ ဖလသမာပတ် ဝင်စားတယ်၊ အဲဒီ ဖလသမာပတ်ကို အာယုသင်္ခါရလို့ ခေါ်တယ်။

ဟောဒီ ဣဒ္ဓိပါဒ် ၄-ပါးကို ကျကျနနပွားထားတဲ့ပုဂ္ဂိုလ်သည် သက်တမ်း စေ့အောင် နေလို့ရတယ်တဲ့၊ သက်တမ်းကျော်အောင်လည်း နေလို့ရတယ်၊ ဒါက သဘာဝတရား၊ ခုခေတ်တော့ တချို့က ယုံကြည်တယ်၊ ဓာတ်လုံးအောင်လို့ရှိရင် နေလို့ရတယ်လို့ ပြောတယ်၊ ဟုတ်လား မဟုတ်ဘူးလားတော့ မသိဘူး၊ စစ်ကိုင်းက ဆရာတော်ကြီး တစ်ပါးတော့ အသက်-၇ဝနဲ့ ပျံတော်မူသွားရှာတယ်၊ ထိုးလိုက်ရတာ ဓာတ်လုံး၊ လှိုဏ်ဂူထဲမှာ၊ အမြဲတမ်း “ရှိထုတ် ရှိထုတ်”နဲ့ ရှိတာတွေလည်း ကုန်ရော။
အဲဒီဆရာတော်ကြီး တစ်ရက်မှာ နေမကောင်းတော့ သွားမေးတယ်၊ အိပ်ရာထဲမှာ ပက်လက်ကလေး၊ ဘေးနားမှာ လက်ကိုင်ပုဝါအနွမ်းလေးနဲ့ ဓာတ်လုံးကလေးတွေ အင်းကလေးတွေ ထားတယ်၊ အဲဒါကို ရေစိမ်သောက် ရောဂါပျောက်မလားလို့၊ ဘုန်းကြီးသွားတော့ပြောတယ်၊ “ငါ့ကွာ”တဲ့ “နေမကောင်းဖြစ်တယ်၊ ဓာတ်လုံး ရေစိမ်သောက် အင်း ရေစိမ်သောက်၊ ပျောက်ပါဘူးကွာ၊ ဆရာဝန်ခေါ်ရတာပဲ”၊ (ဒါ သူပြောသွားတဲ့စကားအတိုင်း ပြောတာ၊) “ဒီဓာတ်လုံးကလေး အောင်ဖို့၊ ဒီအင်းကလေးတွေ အောင်ဖို့ ငါ့မယ် မီးလွတ်အစားအစာတွေ စားရတယ်၊ ရှိတာလေး ကုန်ရော” တဲ့။

ဖိုဆွဲလိုက်ရင် “ရှိထုတ် ရှိထုတ်”လို့ အသံကြားရတယ်၊ အဲဒီဆရာတော်ကြီး ပြောတာ “ငါ ဒီတစ်ခါ နေကောင်းရင် ဘုရားကြိုက်တာပဲ လုပ်တော့မယ်၊ ဒါတွေ မလုပ်တော့ဘူး”၊ အဲဒီလို ပြောတယ်၊ နောက် ဆရာဝန်က ဆေးလာထိုးတော့ နေကောင်းသွားတယ်။

၂-လလောက်ကြာတော့ ဘုန်းကြီး တစ်ခေါက်ရောက်သွားတယ်၊ ဘယ်ရောက် နေပြန်တုန်းဆို လှိုဏ်ဂူထဲသွားပြီး ရှိထုတ်လုပ်နေပြန်ရော၊ “ဘယ့်နှယ့်လဲ ဆရာတော် ရှိထုတ်လုပ်နေပြန်ပြီလား” လို့ဆိုတော့ “အောင်တော့မှာကွ” တဲ့၊ ဒါလည်း ပြောမယ်ဆို ဆန္ဒပဲနော်၊ လွှမ်းမိုးကြီးစိုးထားပုံကြည့်၊ “ငါအောင်တော့ မှာ” တဲ့၊ “ဒါ အောင်လို့ရှိရင် အရိမေတ္တေယျဘုရား ဒီခန္ဓာကိုယ်နဲ့ ဖူးရမှာ” တဲ့၊ သို့သော် အသက် ၇၀-ကျော်နဲ့ ပျံတော်မူသွားတယ်။

ဒါကတော့ အမှန်တရားပါ၊ အဲဒီ ဆရာတော်ကြီးကိုယ်တိုင် ပြောသွားတာ၊ ဘုန်းကြီးတို့နဲ့ အင်မတန်ရင်းနှီးတဲ့ ဆရာတော်၊ ဆရာသမားလိုနေတာဆိုတော့ သူက ပြောပြတာ၊ အဲဒါကိုပဲ ပြောကြဦးမလား၊ “အသေထွက်”တို့၊ “အရှင်ထွက်”တို့၊ ထွက်တာတော့ ထွက်သွားတာပဲ၊ သေချာတယ်၊ လူတွေရဲ့စိတ်ဆန္ဒဆိုတာ အလွန် ပြင်းတယ်၊ လွှမ်းမိုးကြီးစိုးထားတယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ၁၀-လတိတိ အာယုသင်္ခါရနဲ့ ဖမ်းထိန်း လိုက်တယ်၊ ၁၀-လအတွင်း မသေနိုင်ဘူး၊ ဒီရောဂါ ပြန်မပေါ် စေရဘူး၊ ထိန်းထားတာ၊ ၁၀-လ ပြည့်လို့ ဖြေလွှတ်လိုက်တဲ့အချိန်ကျတော့ မြတ်စွာဘုရား ရောဂါပြန်ဖြစ်တာပဲ၊ တောက်လျှောက် ဆန္ဒကို စွန့်လွှတ်လိုက်တယ်၊ အာယုသင်္ခါရ ဖလသမာပတ် ဝင်စားတာကို စွန့်လွှတ်လိုက်တယ်၊ အဲဒါကို အာယုသင်္ခါရ လွှတ် တယ်လို့ ခေါ်တယ်၊ ဖလသမာပတ်ဝင်စားပြီးတော့ ထိန်းထားတာ မလုပ်တော့ဘူး၊ ရောဂါကို မထိန်းသည့် အတွက်ကြောင့် ရောဂါပိုပြင်းလာတယ်ပေါ့၊ နောက်ဆုံး သက်တော်-၈၀ လုပ်စရာ အလုပ် လုပ်ပြီးတဲ့အခါ နောက်ဆုံးည သုဘဒ္ဒပုရိဗိုဇ်ကြီး ကို တရားဟောပြီး ပရိနိဗ္ဗာန် စံသွားတယ်တဲ့။

အဲဒီဣဒ္ဓိပါဒ် ၄-ပါးထဲမယ် ဆန္ဒဆိုတာ ပါတယ်၊ လွှမ်းမိုးကြီးစိုးနိုင်တဲ့ စွမ်းအား သတ္တိတွေ ရှိတယ်၊ ဒါကြောင့်မို့ ဆန္ဒတရားဟာ အင်မတန်မှ ပြင်းထန်တယ်၊ အဓိပတိထဲမှာ လွှမ်းမိုးနိုင်တဲ့သဘာဝတရားတစ်ခု။

ဒါ့ကြောင့်မို့ လူတွေက ပြောကြတယ်၊ ဆန္ဒရှိရင် ကြံသမျှ ဖြစ်တယ်၊ “ဆန္ဒဝတော ကိံ နာမ ကမ္မံ န သိဇ္ဈတိ”၊ ဆန္ဒရှိနေမှ ဘာမဆိုဖြစ်နိုင်တယ်လို့ ပြောကြတယ်ပေါ့နော်၊ ဆန္ဒရှိလို့ ရှိလျှင် ဘာမဆိုဖြစ်နိုင်တယ်။

ဝီရိယာဓိပတိ

နောက်တစ်ခုက ဆန္ဒလိုပဲ သူက ဆိုင်ရာဆိုင်ရာကို ကြီးစိုးထားနိုင်တဲ့ဝီရိယ ဆိုတာ ရှိသေးတယ်၊ အဲဒါကို မြတ်စွာဘုရားက -

“ဝီရိယာဓိပတိ ဝီရိယသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော” ။

ဝီရိယာဓိပတိ - ဝီရိယလို့ဆိုတဲ့ ကြီးစိုးလွှမ်းမိုးထားနိုင်တဲ့ သဘာဝတရား တစ်ခုသည်၊
ဝီရိယသမ္ပယုတ္တကာနံ - ဝီရိယနှင့်ယှဉ်ဖက်ဖြစ်ပေါ်လာကြတဲ့၊
ဓမ္မာနံ - စိတ်စေတသိက်တို့အားလည်းကောင်း၊

ဝီရိယနဲ့ယှဉ်တယ်ဆိုတာ ဖြစ်တာလည်း အတူတူဖြစ်တယ်၊ ချုပ်သွားတော့ လည်း အတူတူချုပ်တယ်၊ အာရုံလည်း တစ်ခုတည်းကိုယူတယ်၊ မှီရာဝတ္ထုကလည်း တစ်ခုတည်းပဲ၊ အဲဒီ ၄-ချက်ညီတာကို ယှဉ်တယ်လို့ ပြောတာနော်၊ အဲဒီတော့ တစ်ခုတည်းလို ဖြစ်တယ်၊ သမ္ပယုတ္တဆိုတာ တစ်ခုတည်းအဖြစ် ယှဉ်တွဲထားတာကို ပြောတာ။

ဝီရိယသမ္ပယုတ္တကာနံ - ဝီရိယနှင့်ယှဉ်တွဲ၍ ဖြစ်ပေါ်လာတတ်တဲ့၊
ဓမ္မာနံ - စိတ်စေတသိက်တရားတို့အားလည်းကောင်း၊
တံ သမုဋ္ဌာနာနဉ္စ - ထိုဝီရိယနှင့် ယှဉ်တွဲဖြစ်ပေါ်လာတဲ့ စိတ်စေတသိက်တို့ကြောင့် ဖြစ်ပေါ်လာတဲ့၊
ရူပါနံ - ရုပ် တရားတို့အားလည်းကောင်း၊
အဓိပတိပစ္စယေန - အဓိပတိပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်သည်၊
ဟောတိ - စင်စစ်မသွေ ဖြစ်ပါလေတော့၏။

ဆန္ဒက လွှမ်းမိုးသလိုပဲ ဝီရိယကလည်းပဲ လွှမ်းမိုးထားနိုင်တယ်၊ တချို့ကျတော့ လုံ့လဝီရိယအလွန်ကောင်းတယ်၊ ဆိုပါစို့ - ဝီရိယက စိတ်ကိုလွှမ်းမိုးထားတာ ကြည့်၊ ဇာတ်တော်ကြီး ၁၀-ဘွဲ့ထဲမှာ ဇနကမင်းကြီးရဲ့စိတ်ကို ဝီရိယက လွှမ်းမိုးထားပုံလေး ကြည့်ပေါ့၊ ပင်လယ်ကြီးဆိုတာ ကမ်းလည်း မမြင်ရဘူး၊ မှန်းသမ်းပြီးတော့သာ ကူးနေရတာ၊ ကမ်းမမြင် လမ်းမမြင် လှိုင်းလုံးတွေကလည်း အင်မတန်ကြီး၊ ငါး လိပ်မကန်းတွေရဲ့ဘေးရန်ကလည်း ရှိတယ်၊ တကယ်ကြည့်မယ်ဆိုရင် မျှော်လင့်ချက် ဘာမျှမရှိဘူး၊ မရှိပေမယ့်လို့ ဝီရိယလွှမ်းမိုးထားသည့်အတွက်ကြောင့် ပင်လယ်ထဲမှာ လက်ပစ်ကူးနေတာ။

ပင်လယ်ထဲ လက်ပစ်ကူးပြီးနေတာ မရောက်နိုင်ဘူးဆိုတာလည်း သူသိတာပဲ၊ ကမ်းမျှမမြင်တဲ့နေရာကြီးတစ်ခုကို၊ ဘယ်စခန်းရောက်လို့ ဘယ်လမ်းပေါက်မှန်းမှ မသိတဲ့နေရာ၊ အဲဒီ ပင်လယ်ကြီးထဲမှာ လက်ပစ်ကူးနေတာ ဝီရိယ ဆိုတဲ့ အဓိပတိက လွှမ်းမိုးထားလို့တဲ့၊ သူ လှုပ်ရှားနိုင်တယ်၊ မစဉ်းစားဘူး၊ နတ်သမီးက လာမေး တယ်လေ၊ ဒီကမ်းမမြင်ရတဲ့နေရာကြီးကို လက်ပစ်ကူးလို့ ရောက်မယ်လို့ ထင်လို့လား လို့ မေးတယ်၊ ဒါတွေ သူ မစဉ်းစားဘူးတဲ့၊ သူလုပ်ရမယ့်ကိစ္စကိုပဲ သူ လုပ်တယ်တဲ့၊ ရောက်တာ မရောက်တာ သူနဲ့မဆိုင်ဘူး၊ ကူးတာ သူ့တာဝန်။

နောက်ဆုံးမှာ သူက အကျိုးကျေးဇူးကို ပြောပြတယ်၊ “ကြည့် - သူနဲ့ တူတူ ပါလာတဲ့ သင်္ဘောသားတွေ တစ်ယောက်မျှ မရှိကြတော့ဘူး၊ သူတို့က လုံ့လ မထုတ်ကြဘူး၊ ဘာလုပ်တုန်းဆိုရင် တစ်ခါတည်း ဒူးထောက်ပြီး အရှင်နတ်မင်းကြီး ကယ်တော်မူပါ လုပ်နေတာကိုး၊ ကိုယ့်ဝီရိယမှကိုယ်မထုတ်တာ၊ နတ်ကိုလှမ်းတမ်းတ၊ နတ်လှမ်း တမ်းတရင်း ငါးပါးစပ်ထဲ ရောက်သွားကြတယ်။

ဘုရားလောင်းမဟာဇနကမင်းကတော့ ဒါတွေ တမ်းတမနေဘူး၊ သူ ဘာလုပ် သင့်တယ်ဆိုတာတွေကို လုပ်တယ်၊ သူ့ ရဲ့လုံ့လဝီရိယကို သူအားထားတယ်၊ ဒါကြောင့်မို့ ဒီ လုံ့လဝီရိယက သူ့စိတ်ကို ဘယ်လောက်လွှမ်းမိုးထားသလဲလို့ဆိုရင် ပင်လယ်ကမ်းခြေကို သူရောက်မယ် မရောက်ဘူး လုံးဝမစဉ်းစားဘူး၊ လုပ်ရမှာ သူ့ တာဝန်၊ မလုပ်ဘဲ သေသွားရင် သူရှက်စရာချည်းပဲ၊ ဒါပဲ သူတွေးတယ်၊ ဒိပြင် ဘာမျှမတွေးဘူး။

ယောက်ျားတွေ အားထုတ်သင့်တဲ့ လုံ့လဝီရိယကို အားမထုတ်ဘူးလို့ အပြောခံရမှာ သူကြောက်တယ်၊ ကြိုးပမ်းအားထုတ်မယ် ဆိုတဲ့စိတ်နဲ့ ပင်လယ်ပြင်ကြီးကို ဖြတ်ကူးနေတာ၊ ၇-ရက်တိတိ ဖြတ်ကူးလာတာ၊ နောက်ဆုံးမှာ နတ်သမီး ကယ်လို့ ဘုရင်အဖြစ် ရောက်သွားတယ်ဆိုတဲ့ ဇာတ်လမ်းပေါ့၊ အဲဒီမှာလည်း ဒါ ဝီရိယာဓိပတိ လို့ ခေါ်တယ်၊ ဝီရိယကနေ လွှမ်းမိုးကြီးစိုးထားတာ။

ဒီနေရာမှာလည်း ကြည့် - ဝီရိယာဓိပတိဆိုတာ လောဘနဲ့ တွဲလာလို့ရှိရင် ဘာဖြစ်လဲ၊ ညဉ့်နက်အောင်ထိအောင် မအိပ်မနေ သူခိုးကြီးဖြစ်တာပေါ့၊ အင်မတန် အန္တရာယ် များတဲ့ တိုက်ကြီးတွေကို ပိုက်လုံးကနေ တက်တယ်၊ ဒါက ကြည့် လောဘနဲ့ တွဲလာတဲ့ဝီရိယနော်၊ ချောင်းနေတာ၊ ပစ္စည်းဥစ္စာရချင်တော့ အဲဒါ ချောင်းပြီးတော့ ကြိုးစားနေတယ်။

ဒေါသနဲ့တွဲတဲ့ ဝီရိယကလည်း ထို့အတူပဲ၊ ကိုယ်မုန်းတဲ့လူတစ်ယောက်ကို ဒုက္ခ လိုက်ပြီးတော့ ပေးနေတာ၊ ဘယ်လောက် ဝေးတဲ့နေရာ ရောက်ရောက် ဇာတ်လမ်း တွေမှာတော့ ရှိတာပေါ့နော်၊ ဘယ်လောက်ဝေးဝေး လိုက်ပြီးတော့ ဒုက္ခ ပေးတာ၊ အဲဒါ ဒေါသနဲ့တွဲတဲ့ ဝီရိယ။

ကုသိုလ်နဲ့တွဲတဲ့ ဝီရိယကျတော့ လှူဖို့တန်းဖို့ ကြိုးစားတာ၊ နောက်ပြီးတော့ အများကောင်းကျိုးအတွက် ဆောင်ရွက်တာ၊ အမောဟနဲ့တွဲတဲ့ ဝီရိယက ပညာ လိုက်စားတာတို့၊ အဲဒီလို ဝီရိယာဓိပတိကလည်း စိတ်ကို လွှမ်းမိုးထားပြီးတော့ လူ့ရဲ့ဘဝတစ်ခုလုံးကို ချုပ်ကိုင်ထားနိုင်တယ်၊ အဲဒါ အဓိပတိပစ္စယောလို့ ပြောတာ နော်။

စိတ္တာဓိပတိ

နောက်တစ်ခုက စိတ္တာဓိပတိ၊

“စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ၊ အဓိပတိပစ္စယေန ပစ္စယော”။

စိတ္တာဓိပတိ - စိတ်လို့ဆိုရတဲ့ လွှမ်းမိုးကြီးစိုးတတ်တဲ့ သဘာဝတရားသည်၊
စိတ္တသမ္ပယုတ္တကာနံ – စိတ်နဲ့ ယှဉ်၍ဖြစ်တတ်တဲ့၊
ဓမ္မာနံ – စိတ်စေတသိက်တရား တို့အားလည်းကောင်း၊
တံ သမုဋ္ဌာနာနဉ္စ – ထိုစိတ်နှင့် စေတသိက်တရားတို့ကြောင့် ဖြစ်ပေါ်လာတဲ့၊
ရူပါနံ - ရုပ်တရားတို့အား လည်းကောင်း၊
အဓိပတိပစ္စယေန - အဓိပတိပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော – ကျေးဇူးပြုတတ်သည်၊
ဟောတိ - စင်စစ်မသွေ ဖြစ်ပါပေတော့၏။

မြတ်စွာဘုရားက တစ်ခါတစ်ရံကျတော့ စိတ်သက်သက်ကို ဟောတယ်၊ ဆန္ဒ မဟုတ်ဘူး၊ ဝီရိယ မဟုတ်ဘူး၊ စိတ်ဓာတ်ကိုက ခိုင်မာတာ၊ စိတ်ဓာတ်ကိုက လွှမ်းမိုးကြီးစိုးထားတာ၊ စိတ်က အားလုံးချုပ်ကိုင်ထားလိုက်သည့်အတွက်ကြောင့် စေတသိက်တွေလည်း သူ့နောက် အကုန်ပါလာရတယ်။

ဒါကြောင့်မို့လို့ လူတွေ တစ်ခါတစ်ခါပြောတယ်၊ ဒီလူက စိတ်ဓာတ်သိပ်မာ တယ်၊ စိတ်ဓာတ်က ပြင်းထန်တယ်နဲ့ ပြောကြတယ်လေ၊ အဲဒီတော့ စိတ်ကလည်းပဲ ဒီလို လွှမ်းမိုးကြီးစိုးတာ၊ သဘာဝတရားတွေ အားလုံးကို ချုပ်ကိုင်ထားနိုင်တယ်၊ ချုပ်ကိုင် ထားနိုင်လို့ ဒါ အဓိပတိသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ ဒီလိုပြောတာ။

ဝီမံသာဓိပတိ

နောက်တစ်ခုက -

“ဝီမံသာဓိပတိ ဝီမံသသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ၊ အဓိပတိပစ္စယေန ပစ္စယော”။

ဝီမံသာဓိပတိ - အသိဉာဏ်လို့ဆိုတဲ့ လွှမ်းမိုးကြီးစိုးတတ်တဲ့သဘာဝတရားသည်၊
ဝီမံသသမ္ပယုတ္တကာနံ – ဝီမံသ အသိဉာဏ်နှင့် ယှဉ်၍ ဖြစ်ပေါ် လာတတ်တဲ့၊
ဓမ္မာနံ - စိတ်စေတသိက်တရားတို့အားလည်းကောင်း၊
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုစိတ်စေတသိက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်တရားတို့အားလည်းကောင်း၊
အဓိပတိပစ္စယေန - အဓိပတိပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်သည်၊
ဟောတိ - စင်စစ်မသွေ ဖြစ်ပါပေတော့၏။

တစ်ခါတစ်ရံကျတော့ ဉာဏ်က လွှမ်းမိုးထားတယ်၊ ကမ္မဋ္ဌာန်းထိုင်တဲ့အခါမှာ ဉာဏ်က လွှမ်းမိုးထားတယ်၊ ပညာလိုက်စားတဲ့ အခါမှာ တစ်ခါတလေ ဉာဏ်က လွှမ်းမိုး ထားတယ်၊ အသိဉာဏ်က အားလုံးကို လွှမ်းမိုးထားတယ်။

ရှင်သာရိပုတ္တရာမထေရ်မြတ်တို့ဆို အသိဉာဏ်က ဘုရားအရာမေးတဲ့ မေးခွန်း တောင်မှ ဖြေနိုင်လောက်အောင် သူ့ ဉာဏ်ရည်ဉာဏ်စွမ်းက အလွန်ထက်တယ်၊ အားလုံးကို ဉာဏ်က အုပ်စိုးထားလိုက်တယ်၊ ဘယ်လိုမေးခွန်းတွေမေးမေး ဉာဏ်ရည် ဉာဏ်သွေးက အလွန်ထက်ပြီးတော့ ဉာဏ်ထဲမှာ အကုန်လာလာပြီးတော့ ထင်တယ်၊ ဖြေစရာတွေ ကွက်ကွက်ကွင်းကွင်း သိသာတယ်၊ ဉာဏ်ရည်ဉာဏ်သွေးက လွှမ်းမိုး ထားတာတဲ့။

အဲဒီ ဝီမံသဆိုတာ ဟေတုပစ္စည်းနဲ့ ပြောမယ်ဆိုလို့ရှိရင် အမောဟပဲ၊ အမောဟ ဆိုသည့်အတွက်ကြောင့် သူက ဟေတုသတ္တိပါ ပါဝင်တယ်လို့ ဒီလိုမှတ်ရမယ်၊ အဲဒီ ဝီမံသပိုင်းရောက်တဲ့အခါကျတော့ ခုနက လောဘဆိုတာ မပါဘူး၊ ဒေါသ ဆိုတာ မပါတော့ဘူး၊ အဲဒီ ဝီမံသာဓိပတိကျတော့ အကောင်းပိုင်းသက်သက်။

ခုနတုန်းက ဆန္ဒာဓိပတိ ဝီရိယာဓိပတိ တို့ကျတော့ အကုသိုလ်လည်း ပါတယ်၊ ကုသိုလ်လည်း ပါတယ်၊ ဝီမံသာဓိပတိကျတော့ ကောင်းတဲ့ကုသိုလ်ပိုင်းပဲ ပါတယ်၊ အကုသိုလ်တွေ မပါတော့ဘူး၊ အမောဟဆိုတော့ အသိပညာနဲ့ လာတာ၊ ပညာရပ်က လွှမ်းမိုးပြီးတော့ထားသည့်အတွက်ကြောင့် သိစရာရှိတာတွေ အကုန်လုံး သိနေတယ်၊ ဘယ်အရာကိုမျှ ချွင်းချွင်းချန်ချန်မရှိဘဲ အားလုံးကို အကုန်အစင် သိနိုင်တယ်။

ပညာကလွှမ်းမိုးထားလို့ အဓိပတိသတ္တိတင် ရှိတာမဟုတ်ဘူး၊ အမောဟ ဆိုတော့ ဟေတုသတ္တိ၊ သူနဲ့ ယှဉ်ဖက်တရားတွေကို ခိုင်မာအောင်လည်း လုပ်ထား နိုင်သေးတယ်၊ ဒီကျတော့ ဟေတုပစ္စည်းပါလာတယ်၊ ခုနတုန်းက ဆန္ဒာဓိပတိတို့ ဝီရိယာဓိပတိတို့ စိတ္တာဓိပတိတို့တုန်းက ဟေတုပစ္စည်းမပါဘူး၊ အခုကျတော့ သတ္တိ တစ်ခု ထပ်တိုးတယ်။

သဟဇာတဖြစ်သည့်အတွက်ကြောင့် ဆန္ဒသည် ဆန္ဒနဲ့ယှဉ်တဲ့စိတ်ကို ပြိုင်တူ ဖြစ်တယ်ဆိုတော့ သဟဇာတသတ္တိလည်း ရှိတယ်၊ အပြန်အလှန်ရသည့်အတွက် ကြောင့် အညမညသတ္တိ ရှိတယ်၊ မှီရာဖြစ်သည့်အတွက်ကြောင့် နိဿယသတ္တိ ရှိတယ်၊ ရှိနေတုန်း ကျေးဇူးပြုတတ်သည့်အတွက်ကြောင့် အတ္ထိသတ္တိ၊ မကင်းကွာခင် ကျေးဇူးပြုလို့ အဝိဂတသတ္တိလို့ ဒီလို ပြောလို့ရတာပေါ့၊ ပါဝင်လာတဲ့ပစ္စည်းတွေ အများကြီးရှိတယ်ပေါ့၊ ဒါက အကြမ်းဖျင်းပြောပြတာနော်။

စိတ္တာဓိပတိကျတော့ ဘာတွေထိအောင် ပါဝင်လာတုန်းဆို အာဟာရ ပစ္စယောတို့ပါ ပါလာတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ စိတ်ဆိုတာ ဝိညာဏပဲ၊ ဝိညာဏနဲ့ စိတ်နဲ့ သွားပြီးတော့ တူလို့ ပါလာတယ်၊ ဝီမံသကျတော့ ဘာတွေပါလာ တုန်းဆို ဣန္ဒြိယတို့လည်း ပါလာနိုင်တယ်၊ မဂ္ဂတို့လည်း ပါလာနိုင်တယ်၊ ဘာဖြစ်လို့ တုန်းဆို ပညိန္ဒြေရှိတယ်၊ ပညာနဲ့ ပတ်သက်တာတွေ၊ တရားဓမ္မဟာ တစ်ခုနဲ့တစ်ခု ပတ်သက် လာတာတွေကို ကြည့်ပြီးတော့ ၂၄-ပစ္စည်းဟာ အားလုံးသဘာဝချင်းတူပြီ ဆိုရင် ပါတာပဲ အကုန်လုံးနော်။

ဒီ၂၄-ပစ္စည်းဆိုတာ မြတ်စွာဘုရားက ဘာကို သရုပ်ဖော်တာတုန်းလို့ဆို “သင်္ခါရ” ကို သရုပ်ဖော်တာပဲ၊ သင်္ခါရတို့ သင်္ခတတို့မှာ သံဆိုတာ အကြောင်းတရား တွေက စုပေါင်းပြီးတော့၊ ခါရ (သို့မဟုတ်) ခတ ပြုလုပ်ထားတဲ့ အကျိုးတရားတွေ အကြောင်းတရားတွေ မြောက်မြားစွာပေါင်းစုပြီး လုပ်ဆောင်ထားတာလို့ ဒီလို ပြောတာ။

ဒါကြောင့်မို့ ပစ္စည်းဆိုတာ တစ်ခုတည်း မဟုတ်ဘူး၊ ၂၄-ပစ္စည်းမှာ ပစ္စည်း တစ်ခုတည်းတင် ပြောတာမဟုတ်ဘူး၊ ကျန်တဲ့သတ္တိတွေ, ပါဝင်ဆောင်ရွက်ထားတဲ့ သတ္တိတွေ မြောက်မြားစွာရှိတယ်ပေါ့၊ စွမ်းရည်သတ္တိချင်း မတူကြဘူး၊ ဘာဖြစ်လို့ မတူလဲဆိုတော့ function ချင်း မတူဘူးပေါ့၊ သူ့ရဲ့ စွမ်းရည်သတ္တိလေးတွေ မတူကြဘူး။

ဘယ်နေရာပဲဖြစ်ဖြစ် ဒီတိုင်းပဲလေ၊ လူတွေမှာ မျက်စိပါတယ်၊ နားပါတယ်၊ နှာခေါင်းပါတယ်၊ လျှာပါတယ်၊ ခန္ဓာကိုယ်ပါတယ်၊ ခြေတွေလက်တွေပါတယ်၊ တစ်ခု နဲ့တစ်ခု ဆောင်ရွက်တာချင်း တူမှမတူဘဲ၊ မျက်စိက မြင်မှုကိစ္စမှာ ဆောင်ရွက်တယ်၊ ဒိပြင်နေရာမှာ သူမစွမ်းနိုင်ဘူး၊ သူ မကြားနိုင်ဘူး၊ မျက်စိက အနံ့မရဘူး၊ သူ အရသာမသိဘူး။

ဒါကြောင့်မို့ ဟင်းလေး ကောင်းမလားလို့ နှိုက်ကြည့်လိုက်လို့ရှိရင် ကောင်း မကောင်း ဆိုတာ လျှာကမှ အဆုံးအဖြတ်ပေးတာ၊ မျက်စိနဲ့ကြည့်တော့ ကောင်းမယ် ထင်တယ်၊ လျှာထဲ ရောက်တော့ မကောင်းတာတွေ အများကြီးတွေ့တယ်၊ ချိုမယ် ထင်ပြီး သွားနှိုက်လိုက်တာ အခါးဖြစ်ချင် ဖြစ်နေတယ်၊ အဲဒီတော့ မျက်စိက မသိနိုင်ဘူး၊ လျှာကမှ တကယ်အရသာကို သိတာ။

ခန္ဓာကိုယ်နဲ့ ထိတွေ့ ရမယ့်ဟာကလည်း ခန္ဓာကိုယ်ကမှ သိတယ်၊ မျက်စိက မသိဘူး၊ ဒီတော့ function တွေက မတူဘူး၊ မတူသည့်အတွက်ကြောင့် သဘာဝ တရားတွေကလည်း သူ့ဆိုင်ရာဆိုင်ရာ စွမ်းရည်သတ္တိတွေချင်းမတူကြဘူးလို့ ဒီလို မှတ်ရမယ်။

အကျိုးတရားတစ်ခုကို အထောက်အကူပြုတယ်ဆိုတဲ့နေရာမှာ စွမ်းရည် သတ္တိတွေ မြောက်မြားစွာ ပေါင်းပြီး လုပ်ဆောင်တာ၊ အဲဒါကို သင်္ခါရ (သို့မဟုတ်) သင်္ခတလို့ ခေါ်တာ၊ အကြောင်းတရားတွေ စုပေါင်းပြီးတော့ လုပ်ကိုင်ထားတာ။ ဒါက အဓိပတိပစ္စည်းနဲ့ ပတ်သက်ပြီးတော့ ဆန္ဒာဓိပတိ ဝီရိယာဓိပတိ စိတ္တာဓိပတိ ဝီမံသာဓိပတိလို့ အဓိပတိတရား ၄-ပါး၊ ဒီတရား ၄-ပါးက သဟဇာတမျိုးဖြစ်လို့ သဟဇာတာဓိပတိလို့ ခေါ်တယ်၊ အကြောင်းတရားနဲ့ အကျိုးတရားသည် ပြိုင်တူ ဖြစ်တယ်၊ born together သဟဆိုတာ အတူတကွ၊ ဇာတဆိုတာ ဖြစ်လာတယ်၊ အတူတကွဖြစ်လာပြီးတော့ ကျေးဇူးပြုတာတွေ၊ ဒီလိုမှတ်ရတယ်။

အာရမ္မဏာဓိပတိ

နောက်တစ်ခါ အာရမ္မဏာဓိပတိ ဆိုတာက စိတ်ကို လွှမ်းမိုးကြီးစိုးထားနိုင်တဲ့ အာရုံအနေနဲ့ ကျေးဇူးပြုတာ၊ အဲဒီ အာရမ္မဏာဓိပတိကလည်း အာရုံတိုင်းက စိတ်ကို မလွှမ်းမိုးနိုင်ဘူး၊ စိတ်ကို လွှမ်းမိုးနိုင်တဲ့အာရုံဆိုတာ အမြင့်ကနေ စပြီး ပြောမယ်ဆိုရင် ကြည့် - သောတာပန်တို့၊ သကဒါဂါမ်တို့၊ အနာဂါမ်တို့ ရဟန္တာပုဂ္ဂိုလ် တို့ရဲ့ စိတ်ကို ခန့်မှန်းပြီးတော့ ကြည့်ရအောင်။

သောတာပန်ပုဂ္ဂိုလ်က နိဗ္ဗာန်ကိုအာရုံပြုချင်ရင်ဘာလုပ်ရတုန်းဆို ဝိပဿနာ ရှူရမယ်၊ ဝိပဿနာလမ်းကြောင်းကပဲသွားရတာ၊ နိဗ္ဗာန်ကို အာရုံပြုချင်ရင် ဒီအတိုင်း တန်းပြုလို့ မရဘူး၊ ဘာဖြစ်လို့တုန်းလို့ဆိုရင် နိဗ္ဗာန်ဆိုတာ “သင်္ခါရာနံ အပ္ပဝတ္တိ၊ သင်္ခါရတရားတွေ မဖြစ်တာ နိဗ္ဗာန်” ဝိပဿနာဆိုတာ သင်္ခါရတရားတွေကို ရှုမှတ်နေ တာ၊ သင်္ခါရတရားဆိုတာ ရုပ်နဲ့နာမ်ပေါ့ အကြောင်းတရားတွေက စုပြီးတော့ ဖန်တီး ထားတာ။

အဲဒီသင်္ခါရတရားတွေကို အာရုံပြုတဲ့ ဝိပဿနာဉာဏ်က သင်္ခါရတရားတွေ ကို trace လုပ်တာ၊ လိုက်နေတယ်၊ လိုက်ရင်း လိုက်ရင်းနဲ့ သင်္ခါရတရားတွေဟာ တဖြည်းဖြည်း သိမ်မွေ့သိမ်မွေ့ သွားပြီး နောက်ဆုံး သင်္ခါရတရားတွေ ချုပ်သွားတဲ့ အဆင့်ကို ရောက်သွားတာ၊ အဲဒီအဆင့်ဟာ နိဗ္ဗာန်၊ အဲဒီရောက်မှ သူက နိဗ္ဗာန်ကို အာရုံပြုတာ။

ဆိုပါစို့ - ဝိပဿနာဉာဏ်နဲ့ဆိုတော့ ပထမ သူက ဘာ စ,ကြည့်တာတုန်း ဆိုလို့ရှိရင် သတ္တဝါဆိုတဲ့ လူတွေရဲ့ အတွေးအထင်တွေကို ဖယ်ရှားလိုက်ပြီးတော့ ရုပ်နဲ့ နာမ် နှစ်ခုပဲ ရှိတယ်ဆိုတာ မြင်လာတယ်၊ နာမရူပပရိစ္ဆေဒဉာဏ်၊ အဲဒီရုပ်နဲ့ နာမ် ဟာလည်းပဲ သူ့ဟာသူ ဖြစ်နေတာ မဟုတ်ဘူး၊ ဆိုင်ရာအကြောင်းတရားတွေ ရှိတယ်ဆိုတာ မြင်လာတယ်၊ ပစ္စယပရိဂ္ဂဟဉာဏ်၊ အဲဒီမြင်လာပြီးသား ရုပ်နာမ် တွေဟာ ဖြစ်ပြီး ပျက်သွားတယ်ဆိုတဲ့သဘောတွေကို သူ သုံးသပ်မိလာတယ်၊ သမ္မသနဉာဏ်၊ သုံးသပ်မိလာတဲ့အခါကျတော့ ရုပ်နဲ့ နာမ်တွေဟာ ဖြစ်ပြီး ပျက် နေတယ်ဆိုတာ သူမြင်လာတယ်၊ ဒါကို ဥဒယဗ္ဗယဉာဏ်လို့ ခေါ်တယ်။

ဖြစ်ပျက်သိတဲ့အသိဉာဏ်က မြန်လာတဲ့အခါကျတော့ ဖြစ်တာတောင် မမြင် တော့ဘူး၊ အပျက်ချည်းပဲ မြင်တယ်၊ ဒါ ဘင်္ဂဉာဏ်၊ အဲဒီအပျက်တွေချည်း မြင်လာ တဲ့အခါ ကြောက်စရာလို့ မြင်လာတာက ဘယဉာဏ်။

ကြောက်စရာကြီးပါလား၊ ပျက်နေတာချည်းပဲဆိုတော့ ပျက်နေတာကြီး ပေါ်နေရ သလို ကြောက်နေတာ၊ ကိုယ်က အားထားနေရတဲ့ အရာကြီးတစ်ခုက ထာဝရ ပျက်နေတာကြီး ပြိုပျက်နေတာကြီးဆိုတာ့ ကြောက်စရာကြီးလို့ မြင်လာတယ် - ဘယဉာဏ်။

အပြစ်တွေ မြင်လာတယ် အာဒီနဝဉာဏ်၊ ငြီးငွေ့လာတယ် နိဗ္ဗိဒါဉာဏ်၊ သင်္ခါရကြီးအပေါ်မှာ ငြီးငွေ့လာတယ်၊ ငြီးငွေ့လာတဲ့အခါကျတော့ ဒီထဲကနေ ထွက်ပြေးချင်လာတယ်၊ လွတ်ချင်လာတယ် - မုစ္စိတုကမျတာဉာဏ်။

အဲဒီတော့ လွတ်ရာလွတ်ကြောင်း၊ ဥပမာ - အိမ်ထဲမှာ လှောင်ပိတ်ခံထားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အိမ်ထဲက ထွက်ချင်တယ်ဆိုရင် ဘယ်နေရာက ထွက်လို့ ရမလဲ လိုက်ရှာတယ်ပေါ့၊ အဲဒါလိုပဲ ဒီသင်္ခါရတွေက ထွက်ပေါက်ရှာတဲ့အခါမှာ ဒီထဲမှာပဲ ပြန်ရှာတယ်၊ ပြန်ရှာတာကို ပဋိသင်္ခါဉာဏ်လို့ ခေါ်တယ်။

ပြန်ရှာတော့ သူ ဘာတွေ့ သွားတုန်းလို့ဆိုလို့ရှိရင် သင်္ခါရတရားတွေဟာ ဒီအတိုင်းပဲ၊ သင်္ခါရတရားတွေပေါ်မှာ နဂိုက မုန်းတာတို့ စိတ်ပျက်စရာကောင်းတာ တို့ဆိုတဲ့ အတွေးတွေနဲ့ နေရင်းကနေ နောက်ကျတော့ “ဪ ငါ စိတ်ပျက်နေလို့ လည်း မဖြစ်ဘူး၊ ကြောက်စရာလို့ တွေးနေလို့လည်း မဖြစ်ဘူး၊ လွတ်ချင်နေလို့လည်း မဖြစ်ဘူး၊ သင်္ခါရတရားတွေရဲ့သဘာဝက ဒီအတိုင်းပဲ” လို့ စိတ်ကလေးကို ငြိမ်ငြိမ် ထားနိုင်သွားတာ၊ သင်္ခါရတရားတွေကို လိုလားတဲ့စိတ်လည်း မရှိဘူး၊ မုန်းတီးတဲ့ စိတ်လည်း မရှိဘူး၊ စိတ်ကလေးငြိမ်သွားတာ၊ ဥပေက္ခာရှုနိုင်သွားတာ သင်္ခါရုပေက္ခာ ဉာဏ်လို့ ခေါ်တယ်။

သင်္ခါရတရားတွေပေါ်မှာ ချစ်ခြင်းမုန်းခြင်း ကင်းသွားတာ၊ အရင်ကလို တွယ်တာလည်း မရှိတော့ဘူး၊ စွန့်ပစ်ချင်တာလည်း မရှိတော့ဘူး၊ စိတ်ကလေးက ငြိမ်သွားတယ်၊ အဲဒီငြိမ်သွားတဲ့စိတ်နဲ့မှ ဉာဏ်တွေက တအားတက်လာတယ်။

ချစ်ခြင်းမုန်းခြင်းက အနှောင့်အယှက်ပေးနေတယ်ဆိုတာ ဘာနဲ့ ဥပမာတူ တုန်းဆို ရေထဲကို ခဲချတဲ့အခါ လှိုင်းလေးတွေ ထနေသလိုပဲ၊ လှိုင်းလေးတွေထနေ တဲ့ရေထဲမှာ ပေါ်တဲ့အရိပ်ဟာ လှုပ်နေတယ်၊ အဲဒါလိုပဲ ငြိမ်သက်သွားတဲ့ရေပြင် ပေါ်မှာ ထင်လာတဲ့အရိပ်သည် မလှုပ်ဘူး၊ ငြိမ်သွားတယ်၊ သင်္ခါရုပေက္ခာဉာဏ် အဆင့် ရောက်သွားတဲ့အခါ မလှုပ်ဘူး၊ ငြိမ်သွားတယ်၊ အဲဒီကနေဆက်ပြီး စူးစမ်း လိုက်တဲ့အခါကျတော့ ဉာဏ်တွေ အဆင့်ဆင့်တက်ပြီး သင်္ခါရတရားတွေ မဖြစ်တဲ့ ချုပ်ဆုံးတဲ့ အင်မတန်သိမ်မွေ့နက်နဲတဲ့ နိဗ္ဗာန်ကို သူသွားတွေ့တယ်။

အဲဒီ နိဗ္ဗာန်သည် ဒီစိတ်ကို လွှမ်းမိုးကြီးစိုးထားတယ်၊ သောတာပန်ရဲ့ သောတာပတ္တိ ဖိုလ်စိတ်ကို လွှမ်းမိုးကြီးစိုးထားတယ်၊ ဘယ်လောက်ထိ လွှမ်းမိုးကြီးစိုးထားတုန်း ဆိုတော့ အဲဒီ နိဗ္ဗာန်ဆိုတာကို အာရုံပြုနေလိုက်တဲ့အချိန်မှာ တစ်နာရီ ဆိုရင် တစ်နာရီလုံး နိဗ္ဗာန်ပဲ၊ ငြိမ်ကျနေတာ၊ တစ်နေကုန်ဆို တစ်နေကုန် နိဗ္ဗာန် အာရုံနဲ့ပဲ နေတယ်၊ ငြိမ်ကျသွားတာ၊ လွှမ်းမိုးထားတာ၊ အဲဒါကို အာရမ္မဏာဓိပတိ ပစ္စည်းလို့ ခေါ်တာနော်၊ နိဗ္ဗာန်ဆိုတဲ့အာရုံသည် သောတာပတ္တိဖိုလ်ကို လွှမ်းမိုး ထားတယ်။

ထို့အတူပဲ သောတာပန်က သကဒါဂါမ်ဖြစ်အောင် လုပ်ချင်လို့ရှိရင်လည်း ဝိပဿနာ ရှုရတာပဲ၊ ဝိပဿနာရှုရင် သကဒါဂါမ်ဖြစ်တယ်၊ သကဒါဂါမ်ဖြစ်ပြီးတော့ သကဒါဂါမိ-ဖိုလ်နဲ့ နိဗ္ဗာန်ကို သွားချင်ပြန်ရင်လည်း ဝိပဿနာလမ်းကြောင်းကပဲ ပြန်သွားတာပဲ၊ ဝိပဿနာဉာဏ်သည် အဆင့် မြင့်မြင့်မြင့်မြင့်ပြီးတော့ သွားတာ၊ level တွေ degree တွေက တိုးတက်သွားတယ်၊ အဆင့်မြင့်သွားတယ်။

ထို့အတူပဲ သကဒါဂါမ်ကနေ အနာဂါမ်သွားရင်လည်း ဝိပဿနာနဲ့ပဲ သွားတယ်၊ အနာဂါမ်ကနေ ရဟန္တာဖြစ်အောင် သွားရင်လည်း ဟောဒီ ဝိပဿနာနဲ့ပဲ သွားတာပဲ၊ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်အာရုံပြုနေချင်ပါတယ်၊ ဆိုလို့ရှိရင် ဟောဒီ ဝိပဿနာကနေ သွားပြီးတော့ ခုနကလို သင်္ခါရတရားတွေကို trace, လိုက်ရင်း သင်္ခါရတရားတွေကို စူးစမ်းရင်းကနေ အသိဉာဏ်က အဆင့်မြင့်မြင့် ပြီး နောက်ဆုံး သင်္ခါရတရားတွေ ချုပ်သွားတဲ့အဆင့်လေးကို မြင်လိုက်ရတယ်၊ အဲဒီမှာပဲ စိတ်ကို လွှမ်းမိုးထားတယ်။

သာမန်အချိန်မှာ နေမယ်ဆိုလို့ရှိရင် နိဗ္ဗာန်က စိတ်ကို လွှမ်းမိုးထားတာ မရှိဘူး၊ သောတာပန်ပုဂ္ဂိုလ်လည်းပဲ ဖလသမာပတ်ဝင်စားတာ မဟုတ်ဘူးဆိုရင် လူသာမန် လိုပဲ သူလည်း မြင်စရာတွေ မြင်နေမှာပဲ၊ ကြားစရာတွေ ကြားနေမှာပဲ၊ စိတ်ကို နိဗ္ဗာန်ကနေ လွှမ်းမိုးထားသလို လွှမ်းမိုးထားနိုင်ခြင်း မရှိဘူးတဲ့၊ အဲဒါက နိဗ္ဗာန်က နေပြီးတော့ ဖိုလ်စိတ်တွေကို လွှမ်းမိုးထားပုံပေါ့။

ထို့အတူပဲ သာမန်ပုဂ္ဂိုလ်တွေကျတော့ ဈာန်အာရုံတွေကလည်းပဲ ဈာန်စိတ်ကို လွှမ်းမိုးထားနိုင်တယ်။

နောက် လောကီအာရုံတွေကလည်း လောဘစိတ်ကို လွှမ်းမိုးထားနိုင်တယ်၊ အဲဒီအပိုင်းတွေကို ဒီစာထဲမှာ စာလိုတော့ ရှင်းပြထားတယ်ပေါ့နော်၊ စာလို ရှင်းပြ ထားတာကတော့ စာသင်ထားတဲ့ပုဂ္ဂိုလ်ကျမှပဲ သဘောပေါက်မယ်။

စာလို ရှင်းပြထားတဲ့နေရာမှာ အာရမ္မဏာဓိပတိပစ္စည်းကို အပိုင်း ၄-ပိုင်းခွဲထားတယ်။

ကြည့် - အမှတ်(၁) လောကီစိတ် ၇၆-ခု၊ စေတသိက်-၄၇ ဆိုတဲ့ သဘာဝတရား တွေရယ်၊ ဣဋ္ဌနိပ္ဖန္နရုပ်၊ ဣဋ္ဌနိပ္ဖန္နရုပ်ဆိုတာ လိုချင်စရာကောင်းတဲ့ရုပ်၊

(လိုချင်စရာကောင်းတဲ့ရုပ်တွေဆိုတာ လူတွေက မျက်စိနဲ့ မြင်ရတာတို့ နားနဲ့ ကြားရတာတို့ နှာခေါင်းနဲ့ နမ်းရှူရတာတို့၊ အဲဒါတွေအားလုံးကို ပြောတာနော်၊)

လိုချင်စရာကောင်းတဲ့ရုပ်တွေက ဘယ်သူ့ကို လွှမ်းမိုးထားတုန်းဆို လောဘမူစိတ် ၈-ခုနဲ့ စေတသိက်-၂၂ ကို လွှမ်းမိုးထားတာ၊ လောဘစိတ်ကို အာရုံတွေက လွှမ်းမိုး ထားနိုင်တယ်၊ ဒါက တစ်ခု။

နောက်တစ်ခု အမှတ်(၂) မဟာကုသိုလ်စိတ် ၈-ခုကို လောကီ ကုသိုလ်စိတ်- ၁၇ ခုက လွှမ်းမိုးထားနိုင်တယ်၊ အာရုံအနေနဲ့ လောကီကုသိုလ်စိတ် ၁၇-ခုက အာရုံ၊ မဟာကုသိုလ်စိတ် ၈-ခုက အာရုံပြုတဲ့စိတ်၊ အဲဒီအာရုံပြုတဲ့စိတ်က လောကီ ကုသိုလ်စိတ်ကိုပဲ အာရုံပြုနိုင်တယ်၊ တခြားဟာ အာရုံမပြုနိုင်သည့်အတွက်ကြောင့် သူ့ကိုလည်း လွှမ်းမိုးကြီးစိုးထားနိုင်တယ်တဲ့။

နောက်တစ်ခါ အမှတ်(၃) မဟာကုသိုလ်ဉာဏသမ္ပယုတ်နဲ့ မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်ကို လောကုတ္တရာစိတ် ၈-ခု နဲ့ နိဗ္ဗာန်ဆိုတဲ့အာရုံက လွှမ်းမိုး ထားနိုင်တယ်။

နောက် အမှတ်(၄) လောကုတ္တရာစိတ် ၈-ခုကို နိဗ္ဗာန်အာရုံက လွှမ်းမိုး ကြီးစိုး ထားနိုင်တယ်၊ လွှမ်းမိုးကြီးစိုးနိုင်တဲ့ အာရုံကို အပိုင်း ၄-ပိုင်းပိုင်းပြီးတော့ ပြောထား တာနော်၊ အဲဒါ အာရမ္မဏာဓိပတိပစ္စည်းလို့ခေါ်တယ်။

လွှမ်းမိုးကြီးစိုးထားပုံကတော့ အာရုံထဲမှာ စိတ်ဟာ နစ်မြုပ်သွားတယ်၊ အဲဒါကြောင့် မို့လို့ ပဋ္ဌာန်းပါဠိတော်မှာ -

“ယံ ယံ ဓမ္မံ ဂရုံ ကတွာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိပစ္စယေန ပစ္စယော”။

ယံ ယံ ဓမ္မံ ဂရုံ ကတွာ ဆိုတာ အလေးအနက် လွှမ်းမိုးထားနိုင်လောက် အောင်၊ သာမန်အာရုံပြုတာ မဟုတ်ဘူး၊ မျက်စိကနေ အဆင်းအာရုံကို မြင်တယ် ဆိုတာ တစ်ခါတလေ သာမန်ပဲ မြင်လိုက်တာလေ၊ သိပ်ဂရုမစိုက်ဘူး၊ အခု ဒီအာရုံက အဲဒီလို မဟုတ်ဘူး၊ စိတ်ကို လှမ်းချုပ်ကိုင်ထားတဲ့အာရုံမျိုး၊ လူတွေ ပြောကြတယ် မဟုတ်လား၊ မျက်စိထဲကကို မထွက်ဘူးလို့ ပြောတာလေ၊ ဟုတ်ရဲ့လား၊ မျက်စိ ထဲကကို မထွက်ဘူး၊ နားထဲကကို မထွက်ဘူး၊ လိုချင်ရင် အဲဒီလိုပဲနော်၊ နားထဲကကို မထွက်ဘူး။

ဒီအမွှေးနံ့လေး ကြိုက်လိုက်တာ၊ နှာခေါင်းထဲကကို မထွက်ဘူး၊ ဒီဟင်းလေး ကလည်း အရသာရှိလိုက်တာ၊ လျှာပေါ်ကကို မထွက်ဘူး၊ ဒီလို စိတ်ကို လွှမ်းမိုး ကြီးစိုးထားတဲ့ အာရုံမျိုး၊ အဲဒါ နံပါတ်(၁)ထဲမှာ ပါတယ်။

အဲဒါမျိုးလိုပဲ အရိယာပုဂ္ဂိုလ်တွေရဲ့စိတ်တွေကိုလည်းပဲ နိဗ္ဗာန်ဆိုတဲ့အာရုံ က လွှမ်းမိုး ကြီးစိုးထားနိုင်တယ်တဲ့၊ အဲဒါကိုပဲ မြတ်စွာဘုရားက ယံ ယံ ဓမ္မံ ဂရုံ ကတွာ ဆိုတာ အလေးအနက်ထားတာ၊ လွှမ်းမိုးထားတာ၊ အလေးအနက်ထား လိုက်တယ်၊ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ – စိတ်စေတသိက်တွေ ကို လွှမ်းမိုးပြီးတော့ ထားနိုင်တယ်၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိပစ္စယေန ပစ္စယော၊ အဲဒီလို အာရမ္မဏာဓိပတိအနေနဲ့ ပြောတာ။

ပြန်ပြီးတော့ အချုပ်ပြောမယ်ဆိုရင် ထက်သန်သောဆန္ဒ မိမိစိတ်ထဲ ဖြစ်လာမယ် ဆိုရင် အဲဒီဆန္ဒက စိတ်ကူးတွေးတောမှုတွေ, ပါးစပ်ကနေ ပြောဆိုနေတာတွေ, လုပ်ကိုင်လာတာတွေ အားလုံးကို လွှမ်းမိုးထားတယ်ပေါ့၊ ဒီဆန္ဒက ကြီးစိုးထားတာ။

ထို့အတူပဲ ကြီးမားကြံ့ခိုင်တဲ့ ဝီရိယတို့၊ ထက်မြက်တဲ့ အသိဉာဏ်တို့၊ ခိုင်မာတဲ့ စိတ်ဓာတ်တို့က စိတ်ကူးတာတွေ တွေးတောတာတွေ, ပြောတာဆိုတာတွေ, လုပ်ကိုင်တာတွေ အကုန်လုံးကို လွှမ်းမိုးကြီးစိုးထားတာ၊ ဒါက သဟဇာတပိုင်းက။

တစ်ခါ စွဲမက်စရာ နှစ်သက်စရာအာရုံတွေက စွဲမက်တတ်တဲ့စိတ်တွေကို လွှမ်းမိုး ကြီးစိုးထားတယ်၊ ဒါက လောဘစိတ်ကို ပြောတာ၊ အလေးအနက်ထားရမယ့် အာရုံများသည် အလေးအနက် ထားတတ်သောစိတ်များကို လွှမ်းမိုးကြီးစိုးထားတယ် နော်၊ နိဗ္ဗာန်ဆိုတဲ့အာရုံက လောကုတ္တရာစိတ်ကို လွှမ်းမိုးကြီးစိုးထားတယ်။

အဲဒီလို လွှမ်းမိုးကြီးစိုးပြီးတော့ ကျေးဇူးပြုတတ်တဲ့ အဓိပတိတရားတဲ့၊ အဲဒီ လွှမ်းမိုး ကြီးစိုးထားတဲ့ အဓိပတိသတ္တိကိုပဲ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က “အဓိပတိ ပစ္စယော” လို့ ဒီလိုဟောတာပါ။

အဲဒီ အဓိပတိထဲမှာ သဟဇာတအဓိပတိမှာဆိုရင် ပါဝင်လာနိုင်တဲ့စွမ်းရည် သတ္တိ တွေက ဘာတွေတုန်းဆိုရင် ဆန္ဒာဓိပတိတို့ ဝီရိယာဓိပတိတို့မှာဆိုရင် အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊ အကြမ်းဖျင်းအားဖြင့် ဒါတွေ ပါလာမယ်၊ ဒီသဘာဝတရားတွေ အကုန်ပါလာမယ်။

နိဿယဆိုတာ မှီရာဖြစ်ပြီးတော့ ကျေးဇူးပြုတာ၊ သဟဇာတဆိုတာ အတူတူ ဖြစ်ပြီး ကျေးဇူးပြုတာ၊ အညမညဆိုတာ အပြန်အလှန် အထောက်အကူ ပြုပြီးတော့ ကျေးဇူး ပြုတာ၊ အတ္ထိဆိုတာ ရှိနေတုန်း ကျေးဇူးပြုတာ၊ အဝိဂတဆိုတာ မကင်းကွာခင် ကျေးဇူးပြုတာ၊ သမ္ပယုတ္တဆိုတာ ယှဉ်တွဲနေတဲ့အချိန်မှာ ကျေးဇူးပြုတာ၊ ဝိပ္ပယုတ္တ ဆိုတာ မယှဉ်တွဲတဲ့အခါမှာ ကျေးဇူးပြုတယ်လို့ ဒီလို သဘာဝတရားတွေဟာ အကုန်လုံး စပ်ဆိုင်ပြီးတော့ ပါဝင်လာတယ်။

အဲဒီတော့ ၂၄-ပစ္စည်းဟာ ပစ္စည်းတစ်ခုတည်း မဟုတ်ဘူး၊ အားလုံးဟာ စပ်ဆိုင်ပြီးတော့ အကြောင်းတရားတွေ ပါဝင်လာတယ်။

ဒါ့ကြောင့်မို့လို့ ဘုန်းကြီးတို့ ၂၄-နာရီမှာ ၂၄-ပစ္စည်းနဲ့ နေနေကြတယ် ဆိုတာ ဒါပြောတာနော်၊ ၂၄-နာရီမှာ ၂၄-ပစ္စည်းနဲ့ နေတာ၊ ဒီထဲမှာ လွှမ်းမိုးကြီးစိုးထားတယ်၊ ဒီဟာက အဓိပတိပစ္စည်းနဲ့ ပတ်သက်တယ်။

တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာ ဟောကြားတော် မူခဲ့တဲ့အထဲမှာ ခုပြောတဲ့ ဆန္ဒတို့ ဝီရိယတို့ ဝီမံသတို့ စိတ္တတို့ ဆိုတဲ့ ဒီ သဘာဝ တရားတွေကို မိမိတို့ရဲ့ သန္တာန်မှာ စနစ်တကျလေ့လာ ပြုစု ပျိုးထောင် ထားမယ်။

လောဘနဲ့ တွဲလာမယ့်ဆန္ဒကိုတော့ ဖယ်ရှားဖို့လိုတယ်၊ ဒေါသနဲ့ တွဲလာမယ့် ဆန္ဒကိုတော့ ဖယ်ရှားဖို့ လိုတယ်၊ ဖယ်ရှားတယ်ဆိုတာ ဆန္ဒကို ဖယ်ရှားတာ မဟုတ်ဘူး၊ လောဘကို ဖယ်ရှားရမှာနော်၊ ဒေါသကို ဖယ်ရှားရမှာ၊ လောဘ ဒေါသကို ဖယ်ရှားလိုက်ရင် ဆန္ဒသက်သက်က ဒုက္ခမပေးဘူး။

ကုသိုလ်မှာ ဆိုလို့ရှိရင် အလောဘနဲ့ တွဲလာတဲ့ဆန္ဒ၊ အဒေါသနဲ့ တွဲလာတဲ့ ဆန္ဒ၊ အမောဟနဲ့ တွဲလာတဲ့ ဆန္ဒ တွေက ကောင်းကျိုးချမ်းသာကို ဖြစ်ပွားစေမှာ၊ ဈာန်တရားတွေနဲ့ ပတ်သက်လို့ တွဲလာတဲ့ ဆန္ဒ ကလည်း ကောင်းကျိုးချမ်းသာကို ဖြစ်ပွားစေမှာပဲ။

ဝီရိယကလည်း ထို့အတူပဲ၊ ဝီမံသကျတော့ အသိဉာဏ်နဲ့ ယှဉ်လာလို့ အကောင်း သက်သက်ပါ၊ စိတ်ကလည်း အကောင်းအဆိုး နှစ်မျိုးရှိတဲ့အထဲမယ် ကောင်းတာတွေ ဖြစ်ပေါ်လာဖို့ အင်မတန်မှ အရေးကြီးပါတယ်။

အကြောင်းတရားဆိုတိုင်း အကောင်းချည်း မဟုတ်ဘူး၊ မကောင်းတဲ့ အကြောင်း တရားတွေလည်း မိမိသန္တာန်မှာ ရှိနေတယ်၊ မကောင်းတဲ့ အကြောင်း တရားတွေကို ကောင်းတဲ့အကြောင်းတရားတွေနဲ့ အစားထိုးခြင်းသည်ပင်လျှင် ဓမ္မကို ကျင့်ကြံ ကြိုးကုတ် အားထုတ်ခြင်းပဲ ဖြစ်ပါတယ်နော်။

ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် အဓိပတိပစ္စယော ဆိုတဲ့ ပဋ္ဌာန်း ပါဠိတော်မှာလာတဲ့ သဘာဝတရားကို ပဋ္ဌာန်းဒေသနာတော်ကို နာယူမှတ်သား ကြပြီးလျှင် မိမိတို့သန္တာန်မှာ ရှိသင့်ရှိထိုက်တဲ့ ဆန္ဒ ဝီရိယ ဝီမံသ စိတ္တ တရားများကို ရှိစေပြီး မိမိတို့ရဲ့စိတ်ကို မကောင်းတဲ့အာရုံများရဲ့ လွှမ်းမိုးမခံရအောင် သတိထားပြီး ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၅)

သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ တပေါင်း လဆန်း ၁-ရက်၊ (၂၄-၂-၂၀ဝ၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံ ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ်၊ မင်္ဂလာဈေး နှစ်ဖက်မိဘ များနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။

အနန္တရပစ္စယော၊
သမနန္တရပစ္စယော

ဒီကနေ့ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော လို့ ဒီပစ္စည်းတွေကို အကျဉ်းချုံးဟောပြီးတော့ ဥပနိဿယ-ပစ္စယောကို အကျယ်အားဖြင့် ဟောကြားပေးပါမယ်။

အနန္တရပစ္စယောဆိုတာ ရှေ့စိတ်ကနောက်စိတ်ကို အခြားအကွယ်မရှိဘဲနဲ့ ကျေးဇူး ပြုတယ်၊ အနန္တရဆိုတာ န + အန္တရ - ကြားထဲမှာ အခြားတရား မခြားဘူး ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ၊

Mental process လို့ ခေါ်တဲ့ ဝီထိကို ကြည့်မယ်ဆိုရင် မျက်စိကို အဆင်းအာရုံက လာတိုက်လို့ မျက်စိတံခါးကို ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဖွင့်ပေးလိုက်တယ်၊ ပဉ္စဒွါရာဝဇ္ဇန်း စိတ် ချုပ်သွားတာနဲ့ တစ်ပြိုင်နက် စက္ခုဝိညာဏ်စိတ်၊ စက္ခုဝိညာဏ်စိတ် ချုပ်သွား တာနဲ့တစ်ပြိုင်နက် သမ္ပဋိစ္ဆိန်း လက်ခံတဲ့စိတ်၊ လက်ခံတဲ့ သမ္ပဋိစ္ဆိန်းစိတ် ချုပ်သွား တာနဲ့ သန္တီရဏစိတ်၊ ဒီလို Mental process မှာ အစဉ်အတိုင်းသွားတယ်၊

အဲဒီလိုအစဉ်အတိုင်းသွားနေတဲ့အထဲမယ် ပဉ္စဒွါရာ ဝဇ္ဇန်းစိတ်ဖြစ်ပြီး ချုပ်သွားတဲ့ နောက်မှာ စက္ခုဝိညာဏ်စိတ်ဖြစ်ဖို့ ကြားထဲမှာ တခြားတရား မခြားဘူးလို့ ပြောတာ၊ အခြားမဲ့လို့ဆိုတာ အခြားမရှိဘူး ဆိုတဲ့အဓိပ္ပါယ် ရတယ်။

သမနန္တရပစ္စယော ကလည်း ထို့အတူပဲ၊ အခြားမရှိဘူး ဆိုတဲ့နေရာမှာ ရှေ့စိတ်က လုံးဝချုပ်ငြိမ်းသွားတာလည်း ဖြစ်ရမယ်၊ နတ္ထိပစ္စယော လုံးဝကင်းပျောက် ပြီးသား ဖြစ်ရမယ်၊ ဝိဂတပစ္စယော၊ အနန္တရပစ္စယော သမနန္တရပစ္စယော နတ္ထိပစ္စယော ဝိဂတပစ္စယောဆိုတာ Mental process နဲ့ ပတ်သက်တယ်လို့ပြောတာ၊ ရှေ့က ဖြစ်သွားတဲ့စိတ်ချုပ်သွားမှ နောက်ကစိတ် ဖြစ်တယ်၊ အဲဒီနှစ်ခုကြားမှာ ဘာမှ မခြား ဘူးလို့ ဒီလိုနားလည်ရမယ်။

ပိုပြီးတော့ အရေးပါတာက ဘာတုန်းဆိုလို့ရှိရင် ဘဝတစ်ခုအဆုံးသတ်တဲ့ နောက်ဆုံးစိတ်ကို စုတိစိတ်လို့ ခေါ်တယ်၊ ဒီဘဝရဲ့နောက်ဆုံး စုတိစိတ်ရဲ့ အခြားမဲ့ ဘဝသစ်မှာ ပဋိသန္ဓေစိတ်ဆိုတာ လာတယ်၊ အဲဒီနှစ်ခုကြားမှာလည်းပဲ ပဋ္ဌာန်း တရားတော်အရ အခြားမရှိဘူးလို့ ပြောတာနော်၊ ဘဝတော့ ခြားသွားပြီ၊ ဒါပေမယ့် စုတိစိတ်ချုပ်သွားတာနဲ့ တစ်ပြိုင်နက် ပဋိသန္ဓေစိတ်က ဆက်တိုက်လာရတာ၊ အဲဒီလိုမှ အနန္တရပစ္စယောဆိုတဲ့ အဓိပ္ပါယ်ရတယ်။

အဲဒါမျိုးမဟုတ်ဘဲ တချို့ဗုဒ္ဓဘာသာဝင်တွေမှာ အယူအဆတစ်မျိုး ပေါ်လာတယ်၊ စုတိနဲ့ ပဋိသန္ဓေကြားမှာ ဘဝကလေးတစ်ခုရှိသေးတယ်၊ ဆိုပါစို့ - တိဗက်တွေရဲ့ အယူအဆဆိုလို့ရှိရင် လူတစ်ယောက် သေဆုံးသွားလို့ စုတိစိတ်နောက် ပဋိသန္ဓေ မယူခင် ၄၉-ရက် စောင့်ဆိုင်းနေတယ်၊ နေရာလိုက်ရှာနေတယ်ပေါ့နော် ၄၉-ရက်၊ မြန်မာတွေကျတော့ ရက်လည်ဖို့ဆိုတာကို အတွေးလွဲပြီး ၇-ရက်လို့ ပြော ကြတယ်၊ မနေပါဘူး၊ တောက်လျှောက်သွားတာနော်၊ နေလို့ရှိရင်လည်း တစ္ဆေဖြစ်လို့နေတာ၊ အဲဒါ ဘဝတစ်ခုပဲနော်၊ စုတိချုပ်ပြီးတာနဲ့ တစ်ပြိုင်နက် ပဋိသန္ဓေ၊ ဒီ နှစ်ခုကြားမှာ ဘာစိတ်မှ မခြားဘူးလို့ပြောတာ၊ အချိန်ကာလအားဖြင့်လည်း မခြားဘူး၊ စိတ်အနေ နဲ့လည်း မခြားဘူးလို့ ပြောတာ၊ အနန္တရပစ္စည်းဆိုတာ။

အဲဒါကြောင့်မို့ သေပြီးသည်၏ အခြားမဲ့၌ နောက်ထပ် စိတ်အစဉ်ဆိုတာ ပြတ်မသွားဘူး၊ ဘဝဆက် ပြတ်မသွားဘူး၊ ပြတ်မသွားသည့်အတွက်ကြောင့် on line ပေါ့၊ လူ့ရဲ့စိတ်ဟာ line ကလေးတစ်ခုလို၊ အရောင်ပြောင်းချင် ပြောင်းမယ်ပေါ့၊ အကုသိုလ်စိတ်ဖြစ်လို့ရှိရင် အမည်း line ပေါ့၊ ကုသိုလ်စိတ်ဖြစ်တဲ့အခါ အဖြူ line ဒီလို line ပြောင်းချင်တော့ ပြောင်းသွားမယ်၊ သို့သော် ပြတ်သွားတာ မရှိဘူး၊ ပြတ် သွားတာ မရှိလို့ သုမေဓာရသေ့ဘဝက ပါရမီတွေ ဖြည့်လာတာ ဂေါတမ မြတ်စွာ ဘုရားဘဝမှာ ဒီကြားထဲမှာ ဘဝအမျိုးမျိုးကြုံလိမ့်မယ်၊ ကြုံသော်လည်း ဒီ process ကြီးက ရပ်သွားတယ်၊ ပြတ်သွားတယ်ဆိုတာ မရှိဘူး။

အဲဒီ line ထဲမှာ ရှိနေသည့်အတွက်ကြောင့် ကံ,ကံ၏အကျိုးဆိုတာ ပေါ်လာတာပေါ့၊ ဒီလူရဲ့စိတ်အစဉ်ထဲမှာ အကုသိုလ်ကံဖြစ်ရင် ဒီလူနဲ့ပဲ သက်ဆိုင်တယ်၊ ဒါ ပြောတာ၊ “သဗ္ဗေ သတ္တာ ကမ္မဿကာ” ဆိုတာ၊ ကိုယ်လုပ်တာ ကိုယ့်ဥစ္စာ ဆိုတာ တကယ်ဟုတ်တာ၊ ဘာလို့တုန်းဆို ဒီline ထဲ ဝင်သွားတာ၊ ဒီ line ထဲ ဝင်သွားရင် ဒီလမ်းဒီစခန်းပဲ ရောက်မှာပဲ၊ တခြားမရောက်ဘူး၊ အဲဒါ အနန္တရပစ္စယောတို့ သမနန္တရပစ္စယောတို့ နတ္ထိပစ္စယောတို့ ဝိဂတပစ္စယောဆိုတာ သဘောပေါက်လို့ ရှိရင် ဘဝကူးတယ်ဆိုတာလည်း ကြားမှာ ဘာမှမခြားဘူးဆိုတာ သဘော ပေါက်တယ်။

စိတ်အစဉ်ဟာ ပြတ်သွားတာ မရှိဘူး၊ ရုပ်ကတော့ တချို့ ရုပ်တွေ ပြတ်သွား တာရှိတယ်၊ ကမ္မဇရုပ်ကတော့ မပြတ်ဘူးလို့ ပြောရမယ်၊ မပြတ်ဘူးဆိုပေမယ့် ဒီဘဝက ကမ္မဇရုပ်က ပါသွားတာမရှိဘူး၊ နောက်ဘဝကမ္မဇရုပ်က အသစ်၊ ဒီဘဝက ဘာမှတော့ ပါမသွားဘူး၊ သို့သော် line အနေနဲ့တော့ ဆက်စပ်နေတယ်လို့ ဒီလို မှတ်ရမယ်၊ ပါသွားတာတော့ ဘာတစ်ခုမှ မရှိဘူး၊ ရုပ်လည်း မရှိဘူး၊ နာမ်လည်း မရှိဘူး။

စိတ်စွမ်းအား

ဒါဖြင့် တချို့က မေးကြတယ်၊ ဥပမာ - သေခါနီးမှာ လက်အဖြတ်ခံရပြီး သေသွားတယ်၊ နောက်ဘဝမှာ လက်ပြတ်ကြီးဖြစ်နေတယ်၊ ဘုန်းကြီးတို့ကျောင်းမှာ ဦးဇင်းတစ်ပါးရှိတယ်၊ ခေါင်းမှာ ဓားဒဏ်ရာကြီးနဲ့၊ တစ်နေ့တော့ ဘုန်းကြီးက မြင်လို့ မေးတယ်၊ “ဒီခေါင်းက ဒဏ်ရာကြီးက ဘာဖြစ်တာတုန်း၊ ဘယ်သူက ဓားနဲ့ခုတ်ထား တာတုန်း” လို့ဆိုတော့ “မဟုတ်ဘူး” တဲ့၊ “မွေးရာပါ” တဲ့။

ဟိုဘဝက ဓားဒဏ်ရာ ဒီဘဝ ဘယ်လိုလုပ်ပါလာတုန်းဆိုရင် စိတ်စွဲလမ်းမှု ကြောင့် ဖြစ်တာ၊ ဥပါဒါန်ကြောင့် ဖြစ်တာလို့ ပြောရမယ်၊ သူ့ စိတ်ထဲမှာ ခေါင်းက ဒဏ်ရာကြီးဆိုတဲ့အမှတ်နဲ့ သေသွားသည့်အတွက်ကြောင့် နောင်ဖြစ်လာတဲ့အခါ အဲဒီဒဏ်ရာကြီးက အမှတ်အသားဖြစ်နေတယ်၊ စိတ်စွမ်းအားဆိုတာ အင်မတန် ပြင်းထန်တယ်နော်၊ စိတ်ရဲ့စွမ်းအားတစ်ခုဟာ လူကိုလည်း အသက်ရှင်စေနိုင်တယ်၊ လူကိုလည်း သေစေနိုင်တယ်။

တစ်ခါတုန်းက ကြားဖူးတယ်၊ Psychologyနဲ့ ပတ်သက်ပြီးတော့ စမ်းသပ်မှု တစ်ခုရှိတယ်၊ သေဒဏ်ပေးမယ့် ရာဇဝတ်သားတစ်ယောက်ကို ရိုက်နှက်ညှဉ်းဆဲခြင်း မပြုဘဲနဲ့ စိတ်ဘက်ဆိုင်ရာ ဒုက္ခရောက်အောင်လုပ်ပြီးသတ်တာ ရှိဖူးတယ်။

ဘယ်လိုလုပ်တုန်းဆိုလို့ရှိရင် တရားသူကြီးကအမိန့်ချတယ်၊ ဒီရာဇဝတ်သားရဲ့ လည်ချောင်းကိုဖောက်ပြီး လည်ချောင်းသွေးထုတ် သတ်ရမယ်လို့ အဲဒီလို အမိန့် ချတယ်၊ အမိန့်ချပြီးတော့ “ကဲ ဒီကောင် သတ်မယ်၊ မျက်စိကို အဝတ်နဲ့စည်း၊ ရေဇလုံ အနားနားယူထား၊ ကဲလာ ဒီကောင့်လည်ချောင်းသွေးဖောက်” ဆိုပြီးတော့ လည်ချောင်းလေးနည်းနည်း ဆတ်ကနဲနာသွားအောင် ဖောက်လိုက်ပြီး ရေဇလုံ ထဲမှာ ရေကျသံလေးပေးထားတယ်၊ တကယ်က သူ့လည်ချောင်းက သွေးတစ်စက်မှ မထွက်ဘူး၊ အဲဒီလို ရေဇလုံထဲမှာ ရေကျသံကြားတော့ “ငါ့လည်ချောင်း သွေးတွေ ထွက်ပြီး ရေဇလုံထဲ ကျနေပြီ” လို့ သူ့စိတ်ထဲမှာ အဲဒီလို အထင်ရောက်သွားတယ်၊ အဲဒီလို ထင်အောင်လည်းပဲ စီမံချထားတာ၊ အတော်လေးကြာတော့ ခေါင်းကြီး ငိုက်စိုက်ကျပြီး သေသွားတယ်။

ဒါ စိတ်နဲ့ သတ်တာနော်၊ သူ့လည်ချောင်းက တကယ်ပဲ သွေးတွေထွက်နေ ပြီလို့ သူ့စိတ်ထဲမှာထင်ပြီး စိတ်စွမ်းအားနဲ့တင်ပဲ ဒီရာဇဝတ်သားဟာ အသက်ဆုံး သွားတယ်တဲ့၊ ဇက်ကျိုးကျပြီးတော့ သေသွားတယ်၊ တကယ်တော့ သူ့လည်ချောင်း ဟာ အရေပါးလေးစုတ်ရုံလောက်လေးတင် လှီးလိုက်တာတဲ့၊ ရေသံပေးနေတာက လည်း သူ့လည်ချောင်းက သွေးထွက်တာ မဟုတ်ဘူး၊ ဒိပြင်ကနေပြီးတော့ ရေသံ ပေးထားတာ၊ ရေနဲ့ ပိုက်နဲ့၊ သို့သော် သူ့လည်ချောင်းကသွေးက ပိုက်ကနေ ပန်းထွက် ပြီးတော့ ရေဇလုံထဲကျတယ်ဆိုတဲ့ အနေအထားမျိုး၊ “ဟော ထွက်လာပြီ သွေးတွေ ထွက်လာပြီ” နဲ့ ဘေးကပြောပေးတယ်၊ အဲဒီလို ပြောပေးရင်းနဲ့ ဒီလူဟာ ဇက်ကျိုးကျပြီး သေသွားရှာတယ်၊ စိတ်စွမ်းအားဆိုတာ အလွန်ပြင်းထန်တယ်လို့ ပြောတာ နော်၊ စိတ်စွမ်းအားနဲ့ သတ်တာ။

အဲဒါကြောင့်မို့ ဘဝတစ်ခုမှာ စိတ်စွမ်းအားတွေနဲ့ ဒီလိုသွားနေကြတာ၊ ရှေ့ စိတ်က နောက်စိတ်ကို တွန်းအားပေးပြီးသွားလို့ သံသရာဘဝအစဉ်ဆက်ဟာ မပြတ် ဘူးတဲ့၊ အဲဒါကို နားမလည်လို့ရှိရင် ဘယ်လိုအယူအဆတွေ ပေါ်လာတုန်းဆိုရင် “လူ့ခန္ဓာကိုယ်ထဲမှာ ထာဝရမြဲနေတဲ့ soul ဆိုတဲ့အရာ ရှိတယ်”၊ (သို့မဟုတ်) မြန်မာတွေအခေါ်ဆို လိပ်ပြာပေါ့၊ “လိပ်ပြာလေး ထွက်သွားပြီးတော့ နောက်ခန္ဓာ ကိုယ်ထဲ ရောက်သွားတယ်” လို့ (သို့မဟုတ်) သူတို့ပြောတဲ့ spirit ပေါ့၊ ဘယ်အရာပဲ ဖြစ်ဖြစ် လူ့ ခန္ဓာကိုယ်ကနေ.. ထွက်ပြီးတော့သွားတာဆိုတာ ဘာမှ မရှိဘူးတဲ့၊ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်ခြင်းမျှသာ ဖြစ်တယ်၊ အကြောင်းဆက် မပြတ် သည့်အတွက် အကျိုးအဆက်အဆက်ဖြစ်နေတယ်၊ အဲဒီသဘောတွေကို ပြောတာ၊ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော၊ ရှေ့စိတ်ကလေး ချုပ်သွားမှ နောက်စိတ်ဟာ ပေါ်ခွင့်ရတယ်တဲ့။

သဟဇာတပစ္စယော

သဟဇာတပစ္စယော ဆိုတာကတော့ ပြိုင်တူဖြစ်တာကိုပြောတာ၊ ဥပမာ စိတ်နဲ့ စေတသိက်ဟာ ပြိုင်တူဖြစ်တယ်၊ born together အတူတကွ ဖြစ်ကြတာ၊ အတူတကွဖြစ်ဖက်ချင်းမှ ကျေးဇူးပြုလို့ ရသလား၊ ဖြစ်ဖြစ်ခြင်း အကျိုးကို ထုတ်လုပ် လို့ ရသလား၊ အကျိုးနဲ့ အကြောင်းသည် ပြိုင်တူဖြစ်တာဆိုတာ reasonable ဖြစ်ရဲ့လား၊ ယုတ္တိရှိရဲ့လားလို့မေးရင် ယုတ္တိရှိတယ်လေ၊ ဖယောင်းတိုင်လေးတစ်တိုင် ထွန်းလိုက်တာနဲ့ တစ်ပြိုင်နက် ကြည့် - မီးတောက် ပေါ်လာတာနဲ့ အလင်း ရောက်လာတယ် မဟုတ်လား၊ မီးတောက်က အရင်ပေါ်ပြီးမှ အလင်းက တဖြည်း ဖြည်း ဝင်လာတာ မဟုတ်ဘူး၊ မီးတောက်ကလေး ဝင်လိုက်တာနဲ့ မီးအလင်းရောင် ပေါ်လာတာဟာ တစ်ခါတည်း၊ born together ပဲ၊ အဲဒါမျိုးလိုပဲ စိတ်နဲ့ စေတသိက် တွေ born together။

မဟာဘုတ်တွေ ဖြစ်လာရင် born together ပဲ၊ အတူတကွ မွေးလာကြတာ၊ စိတ်နဲ့ စိတ္တဇရုပ်တွေဟာလည်း born together ပဲ၊ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း ရုပ်ကို ထုတ်လုပ်တယ်၊ ရုပ်ကို မထုတ်လုပ်တဲ့ စိတ်ဟာ ၁၄-ခုပဲ ရှိတယ်၊ လူ့ပြည်မှာဆိုလို့ ရှိရင် ရုပ်ကို မထုတ်လုပ်တဲ့စိတ်က ၁၀-ခုပဲ ရှိတယ်၊ ကျန်တဲ့စိတ်တွေအားလုံးဟာ စိတ်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ရုပ်ကိုထုတ်လုပ်ပြီးသားပဲ၊ ရုပ်ကို မထုတ်လုပ်တဲ့ စိတ်က စက္ခုဝိညာဏ်စိတ် မြင်သိစိတ်၊ သောတဝိညာဏ်စိတ် ကြားသိစိတ်၊ ဃာနဝိညာဏ်စိတ် နံသိစိတ်၊ ဇိဝှာဝိညာဏ်စိတ် လျက်သိစိတ်၊ ကာယဝိညာဏ်စိတ် ထိသိစိတ်ဆိုတဲ့ အဲဒီစိတ် ၁ဝ-ခုကတော့ ရုပ်ကို မထုတ်လုပ်ဘူးတဲ့၊ သူတို့က စွမ်းအား နည်းတယ်၊ စွမ်းအားနည်းသည့်အတွက်ကြောင့် စက္ခုဝိညာဏ်စိတ် ပေါ်လိုက်တဲ့ အချိန်မှာ သူတို့က စိတ္တဇရုပ်ကို မဖြစ်စေဘူး၊ ကျန်တဲ့စိတ်တွေ ဘာစိတ်ပဲဖြစ်ဖြစ် သူတို့ပေါ်လာတာနဲ့ တစ်ပြိုင်နက် ခုနက မီးတောက်လေး ပေါ်လာတာနဲ့ အလင်း ရောင်ကို ထုတ်လုပ်လိုက်သလိုပဲ ဒီစိတ်ကလေး ပေါ်လာတာနဲ့ ရုပ်ကို ဖြစ်စေတယ်၊ ဒါကြောင့်မို့ လူတွေဟာ စိတ်စွမ်းအားနဲ့ ရောဂါကုစားတယ်ဆိုတာ အဲဒီသဘော။

ကောင်းတဲ့စိတ်တွေချည်း များများဖြစ်ရင် ကောင်းတဲ့ရုပ်တွေ ထုတ်မှာပေါ့၊ Healthy mind produces healthy body. Healthy mind က healthy body ကို ထုတ်လုပ်တယ်၊ ဒါ မှန်တယ်၊ သဘာဝပဲ၊ ညစ်နွမ်းတဲ့စိတ်တွေက ညစ်နွမ်းတဲ့ရုပ်ပဲ ထုတ်မှာပဲလေ၊ အဲဒါကြောင့်မို့ “စိတ်ထောင်းတော့ ကိုယ်ကြေ” လို့ ပြောကြတာပေါ့၊ ဘာဖြစ်လို့ ကိုယ်ကြေတာတုန်းဆို သူက ထုတ်နေတာကိုး၊ မကောင်းတဲ့စိတ် တွေက မကောင်းတဲ့ရုပ်တွေ ထုတ်တဲ့အခါကျတော့ unhealthy body တွေ ဖြစ်လာတယ်ပေါ့ ဖြစ်လာတော့ လူက ညှိုးနွမ်းပြီးတော့ အဲဒီလိုနေတာ၊ ဒီသဘောတွေကို ပဋ္ဌာန်းပစ္စည်းမှာလည်း ရှင်းပြတာပါ။

အညမညပစ္စယော

အညမညဆိုတာ အကြောင်းနဲ့ အကျိုးတရား အပြန်အလှန် အကျိုးပြုတဲ့ သဘော၊ သုံးချောင်းထောက်များ အပြန်အလှန် အကျိုးပြုသလို အကျိုးပြုတာ။

နိဿယပစ္စယော

နိဿယဆိုတာ မှီရာ၊ မှီရာဆိုတာ သစ်ပင်တွေဟာ မြေမရှိဘဲနဲ့ ပေါက်လို့ မရဘူး၊ မြေကြီးကို အမှီပြုပြီးတော့ ပေါက်ရတယ်၊ ရုပ်ပုံလှလှ ပန်းချီကားလေး ရေးတယ်ဆိုရင် နောက်ခံပိတ်တို့ စက္ကူတို့ မရှိဘဲ ရုပ်ပုံဟာ ပေါ်ပါ့မလား၊ ဘာမှ မရှိတဲ့ကောင်းကင်ပြင်မှာ ရေးလို့ ထင်ပါ့မလား၊ မထင်ဘူး။ အဲဒီလို ပိတ်ကားလေး ဆိုတာ ရုပ်ပုံလွှာပေါ်ခြင်းရဲ့အကြောင်းပဲ၊ အမှီပြုပေးတာ၊ သူက အထောက်အကူ ပြုပေးတာ၊ အဲဒါမျိုးကို နိဿယပစ္စယောလို့ ခေါ်တာ၊ သဘာဝတရားတွေဟာ တစ်ခုနဲ့တစ်ခု အထောက်အကူပြုကြတယ်၊ မှီရာအနေနဲ့ အထောက်အပံ့ပေးထားလို့ နိဿယပစ္စယော လို့ခေါ်တာ။

ဥပနိဿယပစ္စယော

နိဿယပစ္စယောမှာ ဥပနိဿယပစ္စယောလို့ “ဥပ” လေး ထည့်လိုက်တယ်၊ ဥပ ဆိုတာ ပိုပြီးတော့ အင်အားကြီးတယ်ဆိုတဲ့အဓိပ္ပါယ်၊ နိဿယက မှီရာ၊ ဥပနိဿယ ဆိုတာ ပိုပြီးအားကောင်းတဲ့မှီရာလို့ အဓိပ္ပါယ်ရတယ်၊ နိဿယထက် ပိုအားကောင်း တယ်၊ ဒါကို ဥပနိဿယပစ္စယောကို “စိတ်စေတရား၊ ဤနှစ်ပါး၏။ အင်အားကြီးစွာ၊ မှီရာဖြစ်မှု၊ ကျေးဇူးပြုသည့်”။

အာရမ္မဏူပနိဿယ

ဥပနိဿယ ပစ္စည်းကို ၃-မျိုးခွဲပြီး မြတ်စွာဘုရား ဟောတယ်၊ အာရမ္မဏဥပနိဿယ တဲ့၊ အာရုံဖြစ်ပြီးတော့ ကျေးဇူးပြုတယ်၊ အာရုံကလည်း စိတ်ရဲ့ မှီရာပဲလေ၊ လူ့ရဲ့စိတ်အတွေးလေးတွေဟာ အာရုံကြိုးတန်းကို မှီနေကြတာ၊ လူတွေ တွေးတယ် ဆိုကတည်းက အာရုံကို တွေးတာလေ၊ စိတ်က အာရုံမပါဘဲနဲ့ မဖြစ်နိုင်ဘူး၊ အာရုံ ကြိုးတန်းကလေးနဲ့ လမ်းလျှောက်တဲ့သဘောပဲ၊ အဲဒီတော့ အာရုံပေါ်မှာ မှီပြီးတော့ ကျက်စားတယ်။

ဥပမာကြည့်လေ - မျက်စိက တစ်ခုခုမြင်လိုက်ရင် အဲဒီ မြင်တဲ့အာရုံလေး ပေါ်မှာ စိတ်ဝင်စားပြီး တွေးနေတာ၊ တွေးတဲ့စိတ်တွေအားလုံးဟာ မြင်တဲ့အာရုံ ပေါ်မှာ တွေးတာ၊ အဲဒီအမြင်အာရုံသည် စိတ်ရဲ့မှီရာဖြစ်တယ်၊ ထို့အတူပဲ နားက ကြားလိုက် လို့ရှိရင် အဲဒီအသံကိုတွေးပြီး အဲဒီအသံနဲ့ စိတ်က ဖြစ်နေတာ၊ အသံကတော့ ပျောက်သွားပြီ၊ ပျောက်သွားပေမယ့်လို့ အတွေးက မပျောက်ဘူး၊ အတွေးက အဲဒီအသံကို မှတ်ယူထားလိုက်တာ၊ မှတ်ယူထားပြီး အဲဒီအာရုံကို မှီပြီးတော့ ဒီစိတ်က ဆက်ဖြစ်နေတာ၊ အနံ့ရလိုက်ရင်လည်း ဘာအနံ့ပါလိမ့်ဆိုပြီး အတွေးက လိုက်လာ တယ်၊ အရသာခံလို့ရှိရင်လည်း “ေဩာ် ဒီအရသာလေးက ကောင်းလိုက်တာ” ဆိုတဲ့အတွေး လိုက်လာတယ်၊ “အရသာကြီးကလည်း ဆိုးလိုက်တာ” ဆိုတဲ့ အတွေးက နောက်ကလိုက်တာပဲ၊ ခန္ဓာကိုယ်အထိအတွေ့ပေါ်မှာလည်းပဲ ထို့အတူ ပဲ၊ အတွေးက နောက်ကလိုက်နေတယ်၊ အာရုံတွေပေါ်မှာ (သို့မဟုတ်) စိတ်ကူးတဲ့ အထဲမယ် ပေါ်လာတဲ့အာရုံပေါ်မှာ ဒီအတွေးက လိုက်နေတယ်။

ဒီလိုအာရုံဟာ အလွန်အားကောင်းတဲ့အာရုံမျိုး ဖြစ်လို့ရှိရင် အာရမ္မဏဥပနိဿယ လို့ ခေါ်တယ်တဲ့၊ သူက အာရမ္မဏာဓိပတိ၊ လွှမ်းမိုးကြီးစိုးတဲ့ အာရုံမျိုးလိုပဲ အင်အား ကောင်းတဲ့အာရုံမျိုးကို အာရမ္မဏဥပနိဿယ၊ ဒါကြောင့်မို့ “စိတ် စေတရား ဤ နှစ်ပါး၏ အင်အားကြီးစွာ မှီရာဖြစ်မှု ကျေးဇူးပြုသည့် အာရမ္မဏူပနိဿယ” တဲ့။

အနန္တရူပနိဿယ

နောက်တစ်ခုက “ထိုမှတစ်သီး အားကြီးလှစွာ ခြားမဲ့မှာလျှင် မှီရာစင်စစ် နောက်စိတ်ဖြစ်မှု ကျေးဇူးပြုသည့် အနန္တရူပနိဿယ”၊ အနန္တရဥပနိဿယ၊ ရှေ့စိတ်နဲ့ နောက်စိတ်မှာ ရှေ့စိတ်က အလွန်အင်အားကောင်းလို့ နောက်စိတ်လည်း အင်အား ကောင်းတယ်၊ ရှေ့ကအင်အားကောင်းမှ နောက်က အင်အားကောင်းတာ၊ သူက အင်အားကောင်းတဲ့မှီရာအနေနဲ့ ကျေးဇူးပြုတာ၊ ဒီအဓိပ္ပါယ်မျိုးကိုယူတာ၊ ရှေ့စိတ် တွေရဲ့ တွန်းအားကောင်းလို့ နောက်စိတ်ဟာလည်းကောင်းတယ်၊

ဥပမာ- လေးပစ်လိုက်တယ် (သို့မဟုတ်) လောက်လေးတွေ မြားတွေ ဘာတွေ ပစ်တယ် ဆိုပါတော့၊ ပစ်လိုက်တဲ့အရှိန်ပေါ်မှာ မူတည်ပြီးတော့ သွားတာ၊ ပစ်လိုက်တာက ခပ်ပေါ့ပေါ့ ခပ်လျော့လျော့ ဆိုလို့ရှိရင် အရှိန်က ခပ်လျော့လျော့ လေးပဲသွားမှာပဲ၊ ပစ်တဲ့အရှိန်က ပိုပြင်းထန်ရင် ပိုပြင်းထန်တယ်ပေါ့၊ ဒီလို သဘောမျိုး၊ တွန်းအားက ပိုပြီးတော့ များလာတယ်၊ အဲဒါမျိုးကို “အားကြီးလှစွာ အခြားမဲ့မှာ” - ခြားမဲ့ဆိုတာ အခြားမရှိဘူး ပြောတာ၊ “မှီရာစင်စစ် နောက်စိတ်ဖြစ်မှု ကျေးဇူးပြုသည့် အနန္တရူပနိဿယ”။

ပကတူပနိဿယ

“ထိုမှတခြား အားကြီးစွာသည့် များစွာကြောင်းစု ကျေးဇူးပြုသည့် ပကတူပနိဿယ” “ပကတိ ဥပနိဿယ” (သို့မဟုတ်) “ပကတ ဥပနိဿယ”၊ ပင်ကိုယ်က အာရုံအနေနဲ့ အားကြီးတာလည်း မဟုတ်ဘူး၊ ရှေ့စိတ်အနေနဲ့ အားကြီးတာလည်း မဟုတ်ဘူး၊ တခြားအားကြီးတဲ့အရာတွေ အားလုံးမှန်သမျှ ပကတူပနိဿယ။ ဥပနိဿယပစ္စည်း ၃-မျိုး ရှိတယ်။

လောကမှာ ဥပနိဿယပစ္စည်းနဲ့ လွတ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်နော်၊ လူတွေပြောကြတယ် - “ကျေးဇူးပြုပါ ကျေးဇူးပြုပါ”လို့၊ “ကျေးဇူးပြုတယ်” ဆိုတာ မဖြစ်သေးတာ ဖြစ်အောင်လုပ်တာနဲ့ ဖြစ်ပြီးသားတွေ တည်တံ့နေအောင် လုပ်တယ်၊ ဒါ ကျေးဇူးပြုတယ်လို့ ခေါ်တယ်။

ကဲ ကောင်းပြီ - ဥပနိဿယပစ္စယောတဲ့၊ ဒါကို ချဲ့ပြီးတော့ ပြောရအောင်၊ ဥပနိဿယပစ္စယောဆိုတာ တကယ့်ကို အားကြီးတဲ့မှီရာကြီးပဲ၊ မှီရာအနေနဲ့ ကျေးဇူး ပြုလိုက်တာ၊ ဒါကြောင့် လူတွေက ပြောကြတယ်၊ တစ်ယောက်ကြီးပွားပြီဆိုရင် “ဪ သူက ကြီးပွားမှာပေါ့ အမှီကောင်း ရ,ထားတာကိုး”၊ အမှီကောင်း ဆိုပြီး ပြောကြတာ၊ ဒီ ဥပနိဿယ ရည်ရွယ်တာပဲနော်၊ ဘယ်အရာပဲဖြစ်ဖြစ် အမှီကောင်း ရမှ၊ အမှီကောင်း မရလို့ရှိရင် မဖြစ်ဘူး၊ အမှီကောင်း ရ,ထားလို့ရှိရင် အဲဒီ ပုဂ္ဂိုလ်က သာတာပဲ၊ အင်အားကြီးတာ နည်းတာက အဓိကမဟုတ်ဘူး၊ အမှီကောင်းက ပိုအဓိကကျတယ်။

ထယ်စာခဲထဲက ငှက်ငယ်လေးအကြောင်းကိုပဲ ကြည့်၊ ထယ်စာခဲထဲက ဘီလုံးငှက် ကလေး၊ ဘီလုံးငှက်ကလေးက ကောင်းကင်ပျံတက်ပြီး ကျက်စားတဲ့အခါ သိမ်း စွန်ကြီးက သုတ်ပြီး ချီသွားတယ်၊ သုတ်ချီသွားတဲ့အခါ သူက ဘာပြောတုန်းဆို “ငါ့ကိုက လော်လီတာ၊ ငါ့ကိုက မဟုတ်တာ၊ ကိုယ့်နေရာ ကိုယ်မနေဘူးနော်၊ ဒီလို အပြင်ထွက်ပြီး ငါ လော်လော်လီလီနဲ့ ကျက်စားမိလို့ အခုလို အဖမ်းခံရတာ၊ ငါ့နေရာများဆိုရင် ငါအဖမ်းမခံရဘူး၊ ငါ့နေရာမှာ ငါနေရင် အန္တရာယ်ကင်းတယ်”။

အဲဒါပဲ တတွတ်တွတ်ပြောနေတော့ သုတ်ချီလာတဲ့သိမ်းငှက်က မခံချင်ဘူး၊ “အောင်မယ် မင်းက မလောက်လေးမလောက်စားနဲ့၊ ငါ့နေရာမှာဆို ဂရုမစိုက် ဘူးလို့ ပြောတယ်၊ မင်းနေရာ ဘယ်မှာတုန်း” လို့ပြောတော့ “ကျုပ်နေရာ ထယ်စာခဲ ပဲ” “ဒါဖြင့် သွားစမ်း မင်းနေရာ၊ အဲဒီနေရာမှာမှာကော မင်း လွတ်မယ်ထင်လား” ဆိုပြီး လွှတ်လိုက်တယ်၊ ဘီလုံးငှက်ကလေး ထယ်စာခဲနားလည်း ရောက်သွားရော ထယ်စာခဲပေါ်တက် အတောင်လေးဖြန့်ပြီး “သတ္တိရှိရင်လာခဲ့” လို့ သိမ်းငှက်ကြီးကို လှမ်းခေါ်လိုက်တယ်၊

ဟိုကောင်ကြီးက သူ့ကို ပမာမခန့် လုပ်ရမလားလို့ဆိုပြီး အတောင်တွေရုပ်သိမ်းပြီး တစ်ခါတည်း ထိုးဆင်းလိုက်တယ်၊ အနားနားရောက်ပြီ ဆိုတော့မှ အဲဒီဘီလုံးငှက် ကလေးက သုတ်ကနဲဆို မြေကြီးခဲအောက် ဝင်ပုန်းလိုက်တာ၊ သိမ်းငှက်ရဲ့ရင်အုပ်နဲ့ ထယ်စာခဲဆောင့်ပြီးတော့ မျက်လုံးထွက်ပြီး သေသွားတယ်၊ ဘီလုံးငှက်ကလေးက နိုင်လိုက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အမှီကောင်းလို့၊ ဒါကိုပြောတာ - ဥပနိဿယ သတ္တိဆိုတာ၊ အမှီကောင်းသွားပြီဆိုလို့ရှိရင် ကိုယ့်ထက် ဘယ်လောက် အင်အား ကောင်းတဲ့ရန်သူ ဖြစ်ဖြစ် နိုင်သွားတယ်တဲ့။

ဥပနိဿယရဲ့ ထူးခြားချက်က တခြားပစ္စည်းများနဲ့ မတူဘူး၊ ဒါကြောင့်မို့ ဥပနိဿယပစ္စယောမှာ -

“ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော”။

ရှေ့က အားကောင်းတဲ့ ကုသိုလ်ဆိုရင် နောက်ကလည်း အားကောင်းတဲ့ ကုသိုလ်လာတယ်ပေါ့၊ အာရုံတစ်ခုအနေနဲ့လည်း အားကောင်းတဲ့ကုသိုလ်လာတယ်၊ သဘာဝတရားအနေနဲ့လည်း အားကောင်းတဲ့ကုသိုလ်လာတယ်လို့၊ ကုသိုလ်ပြီးရင် ကုသိုလ်ဖြစ်တယ်ဆိုတာ ဒါသဘာဝကျတယ်ပေါ့။

သို့သော် နောက်တစ်ခုကိုကြည့် -

“ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော”၊ ဒီအချက်ကိုလည်း မှတ်သားရမယ်။

ပုရိမာ ပုရိမာ - ရှေးရှေးဖြစ်တဲ့၊
ကုသလာ ဓမ္မာ - ကုသိုလ်တရားတွေက၊
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - နောက်နောက်မှဖြစ်တဲ့ အကုသိုလ်တရား တွေကို၊
ကေသဉ္စိ ဥပနိဿယပစ္စယေန - ဥပနိဿယပစ္စည်း အချို့ဖြင့်

(အနန္တရူပနိဿယ မရဘူးတဲ့) ကုသိုလ်နဲ့ အကုသိုလ်က ဆက်ပြီးလာလို့ မရဘူး၊ ရှေ့စိတ်က ကုသိုလ်၊ နောက်စိတ်က အကုသိုလ်၊ ဒီလိုမရဘူး၊ process တစ်ခု တည်းမှာ ရှေ့စိတ် က ကုသိုလ်ဆိုရင် နောက်စိတ်က ကုသိုလ် (သို့မဟုတ်) အဗျာကတ လာလို့ရတယ်၊ ကုသိုလ်နဲ့ အကုသိုလ်ဟာ သဘာဝချင်းမတူသည့် အတွက်ကြောင့် ဆက်တိုက်လာလို့ မရဘူး။

အဲဒါကြောင့်မို့ ဆက်တိုက်မလာပေမယ့် အာရုံအနေနဲ့ ကုသိုလ်က အကုသိုလ်ကို ဖြစ်စေတယ်၊ အကုသိုလ်ကလည်း ကုသိုလ်ကို ဖြစ်စေတယ်၊ ပကတူပနိဿယ အနေနဲ့လည်း ဖြစ်စေတယ်၊ ဒါကို ပြောတာနော်။

ကုသိုလ်က
အကုသိုလ်ကို ဖြစ်စေပုံ

ကဲ - ကုသိုလ်က အကုသိုလ်ကို ဘယ်လိုလုပ်ဖြစ်စေတာတုန်း၊ တချို့က ကုသိုလ်လုပ်တယ်ဆို ကုသိုလ်ပဲ ရတယ်လို့ ထင်တယ်၊ ဒီနေရာမှာ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်တာ ရှိတယ်၊ ဘယ်လိုဖြစ်တုန်းဆိုရင် ဆိုပါစို့ - လူတစ်ယောက်မှာ လှူချင်တန်းချင်တဲ့သဒ္ဓါတရားတွေ ဖြစ်လာတယ်၊ အဲဒီသဒ္ဓါ တရားဟာ ကုသိုလ်ပဲနော်၊ သို့သော် “ငါ့သဒ္ဓါတရားဟာ ကောင်းလိုက်တာ” လို့ သဒ္ဓါတရားကိုတွယ်တာတဲ့ လောဘစိတ်နဲ့ကြည့်တဲ့အခါ အဲဒီကြည့်တဲ့လောဘစိတ် ကျတော့ အကုသိုလ်ပဲ၊ ဒါ ကုသိုလ်ကနေ အကုသိုလ်ဖြစ်တာလို့ ပြောတာ၊ အဲဒီ တော့ ကုသိုလ်ကနေ အကုသိုလ်ပြောင်းသွားနိုင်တာကို သတိထားဖို့နော်၊ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်တယ်။

ကိုယ့်ရဲ့သီလစင်ကြယ်တာကို အကြောင်းပြုပြီးတော့ “ငါ့သီလက စင်ကြယ်တယ်” ဆိုပြီး သီလကို အကြောင်းပြုပြီး မာနဖြစ်ရင် သီလက ကုသိုလ်, မာနက အကုသိုလ်၊ ဒါ ဥပနိဿယပစ္စည်းလို့ ခေါ်တယ်၊ သဒ္ဓါကို တွယ်တာမှုဖြစ်တယ်၊ ရာဂဖြစ်တယ်၊ တစ်ခါ ကိုယ့်သဒ္ဓါတရားကို ကိုယ်ကြည့်ပြီးတော့ များများစားစား လှူလိုက်မိပြီး နောက်ကျတော့ “ငါ့သဒ္ဓါတရားကလည်းနော် ငါလှူလိုက်တာ မှားလိုက် တာ” ဆိုပြီး သဒ္ဓါတရားကို ရှုတ်ချတဲ့ဒေါသက မပေါ်နိုင်ဘူးလား၊ သဒ္ဓါကို အကြောင်းပြုပြီး ဒေါသလည်း ဖြစ်နိုင်တာပဲ။

ထို့အတူပဲ ကိုယ့်သီလ ကိုယ်ကြည့်ပြီးတော့ ကျေနပ်နေတယ်၊ နှစ်သက်နေ တယ်၊ ကျေနပ်တယ်ဆိုတာ တဏှာလောဘနဲ့ ကျေနပ်တာကို ပြောတာ၊ ကုသိုလ်စိတ်နဲ့ ကျေနပ်တာကို ပြောတာမဟုတ်ဘူးနော်၊ တဏှာစိတ်နဲ့ ကိုယ့်သီလကို ကိုယ် တွယ်တာပြီး ကျေနပ်နေပြီ၊ သာယာနေပြီ၊ လောဘတွေ ဖြစ်နေတယ်ဆိုရင် သီလ က ကုသိုလ်, ဖြစ်ပေါ်လာတဲ့လောဘက အကုသိုလ်၊ ကုသိုလ်ကနေပြီး အကုသိုလ် ကို ဖြစ်စေတယ်လို့ ဒီလိုပြောဟာ။

စာဂ - ကိုယ့်ရဲ့စွန့်ကြဲမှုကို အကြောင်းပြုပြီး “ငါ့လို ဘယ်သူမှ မလှူနိုင်ဘူး၊ ငါက လှူနိုင်တယ်” လို့ ဆိုပြီး ကိုယ့်အလှူဒါနပေါ်မှာ သိပ်ပြီး ကျေနပ်မက်မော တွယ်တာ နေတယ်ဆိုလို့ရှိရင် စာဂ ဆိုတဲ့ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ် ဖြစ်ပြန်တာပဲ။

သုတ - ကိုယ်က တရားဓမ္မတွေ နာထားတယ်၊ မှတ်လည်း မှတ်တယ်၊ စာ တွေလည်း တတ်တယ်၊ ဗဟုသုတတွေ များလာတယ်၊ အဲဒီများလာတဲ့ ဗဟုသုတ အပေါ် မာန်မာနတွေ တက်လာတယ်၊ ကိုယ့် ဗဟုသုတအပေါ် တွယ်တာမှု နှစ်သက်မှု ရာဂတွေ ဖြစ်လာတယ်ဆိုလို့ရှိရင် တရားဓမ္မသုတက ကုသိုလ်, တွယ်တာမှု ဖြစ်လာတာတို့ မာနတို့က အကုသိုလ်၊ ဒါ ကုသိုလ်ကြောင့် အကုသိုလ် ဖြစ်တာ၊ အဲဒီလို ဖြစ်လာတာ။

တစ်ခါ ဈာန်တရားကို အားထုတ်တယ်၊ ကိုယ်ရ,ထားတဲ့ဈာန်ကို သဘောကျ တွယ်တာနေတယ်၊ တပ်မက်နေတယ်ဆိုရင် ဈာန်က ကုသိုလ်, တွယ်တာတပ်မက် တာက အကုသိုလ်၊ ကုသိုလ်ကနေ အကုသိုလ်ဖြစ်တာ။

သို့သော် ကိုယ်ရ,ထားတဲ့ မဂ်စိတ် ဖိုလ်စိတ်ကိုတော့ ဒီလို မဖြစ်ဘူး၊ လောကုတ္တရာ တရားက အလွန်သိမ်မွေ့တာဆိုတော့ လောဘနဲ့ အာရုံပြုလို့မရဘူး၊ အဲဒါကျတော့ လက်လှမ်းမမီဘူးလို့ ပြောတယ်နော်၊ ဘယ်လို လက်လှမ်းမမီတုန်း ဆိုရင် ယင်ကောင်ကြီးဟာ မီးကျီးခဲပေါ်မှာ မနားဝံ့သလို မဂ်စိတ် ဖိုလ်စိတ်ပေါ်မှာ လောဘက မတွယ်ဝံ့ဘူး၊ လောကုတ္တရာစိတ်နား မကပ်နိုင်ဘူး၊ တဏှာက လောကီ စိတ်ကိုသာ နှစ်သက်နိုင်တာ၊ လောကုတ္တရာစိတ်ကျတော့ သူနဲ့ဘက်မဟုတ်ဘူး။

ကုသိုလ်ကို အကြောင်းပြုပြီးတော့ အကုသိုလ်တွေဖြစ်ကြသေးတယ်တဲ့၊ ဒါကို အကြောင်းပြုပြီး -

“ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော”။

ကေသဉ္စိ ဆိုတဲ့စကားက အနန္တရ တော့ မဖြစ်နိုင်ဘူး၊ အာရမ္မဏ တော့ ဖြစ်နိုင်တယ်၊ အာရုံပြုပြီးတော့ လောဘဖြစ်မယ်၊ ဒေါသဖြစ်မယ်၊ မာန်မာနတွေ ဖြစ်မယ်၊ ဣဿာတွေ ဖြစ်မယ်၊ အယူမှားတဲ့ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်မယ်၊ နောက်က ဖြစ်လာ သမျှသည် အကုသိုလ်တွေချည်းပဲ ဖြစ်လာသည့်အတွက်ကြောင့် ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်တယ်လို့ ဒီလိုပြောတာ။

ဒါကြောင့် တချို့က အလှူလှူပြီးတဲ့အခါ ဘာလုပ်လဲ၊ မဏ္ဍပ်တိုင် တက်ပြ တယ်လို့ ပြောတာနော်၊ သူ့ရဲ့ဒါနကောင်းမှုကို ဂုဏ်ယူပြီး မာနတွေတက်လာလို့ရှိရင် ဒါနကောင်းမှုကို အကြောင်းပြုပြီးတော့ အကုသိုလ်ဖြစ်တာပဲ။

ကရုဏာဒေါသ

ဒီတော့ သဘာဝတရားနှစ်ခုဟာ ကုသိုလ်က သူ့သဘာဝနဲ့သူ၊ အကုသိုလ် ကလည်း သူ့ သဘာဝနဲ့သူပဲ၊ ကုသိုလ်ကို အကုသိုလ်လို့လည်း ပြောလို့မရဘူး၊ အကုသိုလ်ကို ကုသိုလ်လို့လည်း ပြောလို့မရဘူး၊ တချို့က ပြောကြတယ်၊ ဆရာ သမားတွေက (သို့မဟုတ်) မိဘတွေက သားသမီးကို ဆုံးမတယ်၊ မလိမ္မာလို့ ဒေါသနဲ့ရိုက်တာ၊ ဒါကို ကရုဏာဒေါသလို့ ခေါ်ကြတယ်၊ ဘယ်လိုလုပ် ကရုဏာ ဒေါသ ဖြစ်မှာလဲ၊ ဒေါသကရော ဘယ်လိုကရုဏာဖြစ်လဲ၊ သဘာဝနှစ်ခု မတူတာကို ပေါင်းစပ်ပြီးတော့ ပြောတာ။

ဒီလိုပြောရင်တော့ ရတယ်ပေါ့၊ သနားတဲ့အပေါ်မှာ အခြေခံပြီးတော့ ဒေါသ ဖြစ်တာ၊ အဲဒါသနားတဲ့ကရုဏာကတော့ ကုသိုလ်ပဲ၊ ဒေါသကတော့ အကုသိုလ်ပဲ လေ၊ အဲဒါကို တချို့က အပြစ်မရှိဘူးလို့ ထင်နေတယ်၊ ဒေါသဆိုရင် ဘာဒေါသပဲ ဖြစ်ဖြစ် ကရုဏာပေါ် အခြေခံထားထား ဘာအခြေခံထားထား ဒေါသက အကုသိုလ်ပဲ၊ အပိုင်းက နှစ်ပိုင်းပဲ၊ သူ့ဟာနဲ့သူ သွားတာ။

အကုသိုလ်က အကုသိုလ်အပိုင်းပဲ၊ ကုသိုလ်က ကုသိုလ်အပိုင်းပဲ၊ ကုသိုလ် နဲ့ အကုသိုလ်ဆိုတာ ရောလို့မရဘူး၊ သဘာဝချင်းကိုက အလွန်ခြားနားတယ်၊ ကုသလာ အနဝဇ္ဇ သုခဝိပါကလက္ခဏာ - ကုသိုလ်မှန်လို့ရှိရင် အပြစ်ကင်းတယ်၊ ကောင်းတဲ့ အကျိုးတွေကို ပေးနိုင်တယ်၊ ဒါ ကုသိုလ်ရဲ့ သဘာဝတရား၊ အကုသိုလ် ကျတော့ သာဝဇ္ဇ ဒုက္ခဝိပါကလက္ခဏာ၊ အပြစ်ရှိတယ်တဲ့၊ သဘာဝကိုက အပြစ် ရှိတယ်၊ အပြစ်ရှိရုံတင်မကဘူး၊ ဒုက္ခဝိပါက ဆင်းရဲတဲ့အကျိုးကို ထုတ်လုပ် သေးတယ်၊ ဒါ သူ့ရဲ့သဘာဝ၊ အဲဒီနှစ်ခုက ဘယ်လိုလုပ်ပေါင်းစပ်လို့ ရမလဲ၊ မရဘူး၊ တစ်ပိုင်းစီပဲ မှတ်ရမယ်၊ အကုသိုလ်ဖြစ်ရင် အကုသိုလ်အပိုင်းပဲ။

တချို့က ကောင်းမှုပြုပြီး စိတ်ပျက်တယ်။ ဥပမာ - အလှူအတန်းလှူတယ် ဆိုပါတော့၊ ဥပမာ - လမ်းမှာတွေ့တဲ့ ကိုယ်တော်တစ်ပါးကို လှူလိုက်တယ်၊ အဲဒီ ကိုယ်တော်က ဘုန်းကြီးအစစ်မဟုတ်ဘူး၊ အရေခြုံလာတဲ့ကိုယ်တော် ဆိုပါစို့၊ “ဪ ငါလှူမိတာ မှားလိုက်တာ” ဆိုတာ ကိုယ့်ဒါနကို အကြောင်းပြုပြီး အကုသိုလ် ဖြစ်တာပဲ၊ ဒါလည်း လှူတုန်းကတော့ ဒါနကုသိုလ်ပဲ၊ အဲဒီဒါနကို အကြောင်းပြုပြီး အကုသိုလ် ဖြစ်တာပဲ၊ အဲဒီ ဒါနကို စိတ်ပျက်သွားပြီးလို့ရှိရင် ဘာဖြစ်မတုန်း၊ အကုသိုလ်ပဲ ဖြစ်တာပဲ၊ ဒါ ဘာတုန်းဆို ဥပနိဿယပစ္စည်း၊ ကုသိုလ်ကလည်း အကုသိုလ်ကို ဖြစ်စေတယ် ဆိုတာကို ဒီလိုသတိထားရမယ်ပေါ့။

ဒီတော့ ကုသိုလ်လုပ်တိုင်း ကုသိုလ်ရတာမဟုတ်ဘူး၊ သူ့ အပိုင်းလိုက်သူ၊ ကုသိုလ် ရတဲ့အပိုင်းက ရတယ်၊ အကုသိုလ်ဖြစ်တဲ့အပိုင်းက အကုသိုလ်ပဲ၊ အဖြူနဲ့ အမည်းပဲ၊ တွဲလို့ မရဘူး။

(အဖြူနဲ့အမည်း တွဲလိုက်လို့ရှိရင် ဘာဖြစ်သွားမလဲ အကြောင်ကြီး ဖြစ်သွားမှာပေါ့။)

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - ရှေးတုန်းက ဖြစ်လာတဲ့ ကုသိုလ်တရားတွေဟာ နောက်နောက် အကုသိုလ်တရား တွေကို ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပါတယ်။

ဈာန်တရားရတယ်၊ ထိုဈာန်လျောသွားသည့်အတွက်ကြောင့် စိတ်ထဲမှာ မကျေမနပ် ဝမ်းနည်းပမ်းနည်း ဖြစ်တယ်ဆိုရင် ဈာန်တရားက ကုသိုလ်၊ ဝမ်းနည်း ပမ်းနည်း ဖြစ်တာက အကုသိုလ်၊ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်တာပဲ၊ အားလုံးဟာ ဒီအတိုင်းပဲ သဘောပေါက်ရမယ်နော်၊ ဒါ ဥပနိဿယပစ္စယော။

ကုသိုလ်က ကုသိုလ်ကို ဖြစ်စေပုံ

ကုသိုလ်က ကုသိုလ်ဖြစ်စေတာတော့ နားလည်တယ်၊ ဆိုပါစို့ - ဒါနကို အကြောင်း ပြုပြီးတော့ ကုသိုလ်စိတ်တွေထပ်ပြီးတော့ ဖြစ်လာတယ်၊ ဒါ ကုသိုလ်ကနေ ကုသိုလ်ကို ထုတ်လုပ်တယ်လို့ပြောရမယ်၊ သီလကိုအကြောင်းပြုပြီးတော့ ကုသိုလ် ကောင်းမှုတွေ ထပ်ဖြစ်လာတယ်၊ ကုသိုလ်ကနေ ကုသိုလ်ကို ထုတ်လုပ်တယ်လို့ ပြောရမယ်။

သုတကို အကြောင်းပြုပြီးတော့ ကုသိုလ်တွေ ထပ်ဖြစ်လာတယ်၊ သုတက ကုသိုလ်ကို ဖြစ်စေတယ်လို့ ဒီလိုပြောရမယ်၊ ဒီလိုလည်း ရှိတာပဲ။

ကုသိုလ်က အဗျာကတ ဖြစ်စေတယ်ဆိုတာတော့ ဒါက ကုသိုလ်ကနေပြီးတော့ အကျိုးပေးတာတွေပေါ့၊ ရုပ်အကျိုးပေးတာ ရှိတယ်၊ နာမ်အကျိုးပေးတာ ရှိတယ်၊ နာမ်တရားထဲက ဝိပါက်ဆိုတာတွေ ထုတ်လုပ်ပေးတာတွေရှိတယ်၊ ဒါက တော့ .ထင်ရှားတယ်၊ ထားတော့။

အကုသိုလ်က အကုသိုလ်ကို ဖြစ်စေပုံ

နောက် point တစ်ခုပြောရအောင်၊

“ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော”။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ - ရှေးရှေးဖြစ်နှင့်တဲ့ အကုသိုလ်တရား များသည်၊
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - နောက်နောက်မှဖြစ်လာတဲ့ အကုသိုလ် တွေကို၊
ဥပနိဿယပစ္စယေန- ဥပနိဿယသတ္တိဖြင့်၊
ပစ္စယော - ကျေးဇူးပြုတယ်။

ရှေးကဟာလည်း အကုသိုလ်၊ နောက်ကဟာလည်း အကုသိုလ်၊ အာရုံ အနေနဲ့လည်း ဖြစ်နိုင်တယ်၊ အနန္တရအနေနဲ့ အကုသိုလ်ပြီးရင် အကုသိုလ်၊ ဒီလို လည်း ဖြစ်လို့ရတယ်၊ ရှေ့စိတ်က အကုသိုလ်၊ နောက်စိတ်ကလည်း အကုသိုလ်၊ အနန္တရူပနိဿယ လို့ခေါ်တယ်။

ရှေ့စိတ်က အာရုံအနေနဲ့ အကုသိုလ်ဖြစ်တယ်၊ နောက်က ပေါ်လာတာလည်း အကုသိုလ်ဖြစ်တယ်၊ ဆိုပါစို့ - ကိုယ့်ရဲ့ရာဂကို ကိုယ်ပြန်ပြီးတော့ တွယ်တာ တယ်၊ တချို့က ကိုယ့်ရဲ့ဒေါသကို ကိုယ်ပြန်ပြီးတော့ ကျေနပ်တယ်၊ လူတစ်ယောက် စိတ်ဆိုးပြီးလို့ရှိရင် တစ်ယောက်ကို နိုင်လိုက်လို့ရှိရင် ကိုယ့်ဒေါသ ကိုယ်ပြန်ချီးမွမ်း တဲ့လူ ရှိတယ်၊ ကိုယ့်ဒေါသ ကိုယ်ပြန်ကျေနပ်တယ်၊ အဲဒါဆိုရင် ဒေါသကလည်း အကုသိုလ်၊ နောက်က ကိုယ့်ဒေါသ ကိုယ်တွယ်တာတာကလည်း အကုသိုလ်ပဲ၊ အကုသိုလ်က အကုသိုလ်ကို ကျေးဇူးပြုတယ်လို့ ဒီလိုပြောရမယ်။

အကုသိုလ်က ကုသိုလ်ကို ဖြစ်စေပုံ

ထို့အတူပဲ အကုသိုလ်ကလည်း ကုသိုလ်ဖြစ်စေနိုင်သေးတယ်တဲ့။

“ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော”။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ - ရှေးရှေးကဖြစ်တဲ့ အကုသိုလ်တရား တွေဟာ၊
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ - နောက်နောက်ဖြစ်လာမယ့် ကုသိုလ်တရား တွေကို၊
ကေသဉ္စိ ဥပနိဿယပစ္စယေန - ဥပနိဿယပစ္စည်းအချို့ဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်တယ်။

အချို့ဆိုတာ ခုနပြောသလို အနန္တရ မရနိုင်ဘူး၊ အကုသိုလ်ကနေပြီးတော့ ကုသိုလ် တိုက်ရိုက်ဆက်လို့ မရဘူး၊ သို့သော် အကုသိုလ်ကို အာရုံပြုပြီးတော့ ကုသိုလ် ဖြစ်တာကို ပြောတာ။

ရှေးတုန်းက သူငယ်ချင်းနှစ်ယောက် လယ်ယာလုပ်ငန်းကို လုပ်ကြတယ်၊ နှစ်ယောက်အတူ လယ်လုပ်ရင်း မောတဲ့အခါသောက်ဖို့ ရေဘူးလေးတစ်ဘူးစီ ယူလာကြတယ်၊ မောတဲ့အခါ ရေလေးသောက်လိုက်ကြတာပေါ့၊ လယ်သွားထွန် လိုက်ကြ ရေသောက်လိုက်ကြနဲ့၊ အဲဒီမှာ တခြား သူငယ်ချင်းတစ်ယောက်က ထယ်ထွန်နေတုန်း သူရေဆာလို့ ရေလာသောက်တယ်၊ သူ့ ဘူးထဲက ရေလေးက နည်းနေလို့ ဟိုလူ့ ဘူးထဲကရေကို ခိုးသောက်လိုက်တယ်၊ သူက မပန်ကြားဘဲ ရေကို ခိုးသောက်တာ၊ သူ့ ဘူးထဲကရေ ကုန်မှာစိုးလို့ သူများဘူးထဲကရေကို ခိုးသောက် တယ်၊ ခိုးသောက်ပြီးတော့ တစ်နေကုန်အလုပ်တွေလုပ်ပြီး ညနေကျတော့ ရေမိုးချိုး ကြတယ်ပေါ့။

ရေမိုးချိုးပြီးတော့ အဲဒီ ခိုးသောက်တဲ့လူက သူ့ကိုယ်သူစဉ်းစားတယ်၊ “ငါ ဒီကနေ့ ဘာများ မဟုတ်တာ လုပ်မိတုန်း”၊ ဘာမဟုတ်တာ လုပ်မိတုန်းလို့ဆိုတော့ သူက သွားတွေ့တယ်၊ ဘာသွားတွေ့တုန်းဆို ရေခိုးသောက်တာ သူ သွားတွေ့ တယ်၊ ငါ မဟုတ်တာ လုပ်ထားတယ်၊ အဲဒီတော့ ခိုးသောက်တယ်ဆိုတာ အကုသိုလ် မဟုတ်လား၊ အဲဒီအကုသိုလ်ကို ကြည့်ပြီး သူ့စိတ်ထဲမှာ သံဝေဂတွေ ဖြစ်လာတယ်၊ “ဪ ဒီအကုသိုလ်တွေ ကြီးထွားသွားမယ် ဆိုလို့ရှိရင် ငါ အပါယ်ဒုက္ခ ရောက်တော့မှာပဲ၊ ဒီအကုသိုလ်တွေနှိမ်မှပဲ” လို့ဆိုပြီး “ငါ မဟုတ်တာတွေ တော်တော် လုပ်တဲ့ကောင်ပဲ” လို့ သူ့ကိုယ်သူ မကျေမနပ်ဖြစ်ပြီး သူ့စိတ်ရဲ့ အပြစ်တွေမြင်ပြီး သင်္ခါရတရားတွေရဲ့အပြစ်ကို ဆင်ခြင်လိုက်တာ ပစ္စေကဗုဒ္ဓပါရမီ ရင့်တဲ့ပုဂ္ဂိုလ် ဖြစ်တော့ အဲဒီနားမှာ ပစ္စေကဗောဓိဉာဏ် ရသွားတယ်၊ တရား ဆင်ခြင်ရင်းနဲ့ ပစ္စေကဗောဓိဉာဏ် ရသွားတယ်။

ရသွားတဲ့အခါ ဟို ရေဘူးထဲကရေအခိုးခံရတဲ့ သူငယ်ချင်းက ရေချိုးပြီး တက်လာတဲ့အခါ “သူငယ်ချင်း အိမ်ပြန်စို့လေ” လို့ပြောတော့ “ဟာ ငါ အိမ်မပြန် တော့ဘူး၊ ငါ ပစ္စေကဗုဒ္ဓဖြစ်နေပြီ” ဆိုတော့ “မင်း မဟုတ်တရုတ်ပြောပြီ၊ ပစ္စေကဗုဒ္ဓ ဆိုတာ မင်းလိုမဟုတ်ဘူး” လို့ပြောတယ်၊ “ဟ ဒါဖြင့် ပစ္စေကဗုဒ္ဓဆိုတာ ဘယ်လို တုန်း” ဆိုတော့ “ပစ္စေကဗုဒ္ဓဆိုတာ ခေါင်းကလည်း ခေါင်းတုံးနဲ့၊ အဝတ်ကလည်း သင်္ကန်းဝတ်၊ သပိတ်လွယ်နဲ့ ဒီလိုနေတာ၊ မင်းဟာက လူဝတ်ကြီးနဲ့ ဘယ်လို ပစ္စေကဗုဒ္ဓ ဖြစ်မှာတုန်း”။

အဲဒီအချိန်မှာ သူက သတိရပြီး သူ့ခေါင်းကို ပွတ်လိုက်တာနဲ့ တစ်ပြိုင်နက် သူက အသွင်ပြောင်းသွားတာ၊ တစ်ခါတည်း လူ့အသွင်ပျောက်ပြီးတော့ ရဟန်း အသွင် ရောက်သွားတယ်၊ သပိတ်လွယ်လျက် ပရိက္ခရာ ၈-ပါးနဲ့ ကောင်းကင်ပေါ် ပျံတက်ပြီး သူငယ်ချင်းကို နှုတ်ဆက်ပြီး ထွက်သွားတယ်။

အဲဒါ ဘာတုန်းဆို အကုသိုလ်ကနေ ကုသိုလ်ဖြစ်တယ်လို့ ပြောတာနော်၊ အကုသိုလ် ကလည်း ဒီလိုပဲ၊ ကုသိုလ်ဖြစ်တယ်၊ ကိုယ့်ရဲ့အကုသိုလ်ကို ရှုဆင်ခြင်တာ။ နောက်တစ်ခါ လူတစ်ယောက်ဟာ ဒေါသဖြစ်တယ်၊ အဲဒီဒေါသဖြစ်ပြီး “ဪ ဒီဒေါသဟာ မကောင်းပါလား”၊ မကောင်းဘူးလို့ မြင်လိုက်ကတည်းက ဒါ ကုသိုလ် ဖြစ်ပြီ သူက၊ “ဒေါသဟာ မကောင်းပါလား၊ ဒေါသရဲ့အပြစ်တွေက အင်မတန် ကြီးလေးပါလား” လို့ ဒေါသရဲ့ အပြစ်တွေကို ဆင်ခြင်စဉ်းစားလာတာလည်း သူ ကုသိုလ်တွေရတယ်၊ ဟော ဒေါသဖြစ်တုန်းက အကုသိုလ်၊ ဆင်ခြင် စဉ်းစားတာ ကျတော့ ကုသိုလ်၊ ဒီလိုဖြစ်တာ။

ဒါကြောင့်မို့လို့ စိတ္တာနုပဿနာမှာ မြတ်စွာဘုရားက ဟောထားတာ -

“သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ၊ သဒေါသံ ဝါ စိတ္တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ”

ကိုယ့်စိတ်လေးဟာ တဏှာရာဂနဲ့တွဲနေရင်လည်း တဏှာရာဂနဲ့ တွဲနေတယ်လို့ သိရမယ်၊ ကိုယ့်စိတ်ကလေးဟာ ဒေါသနဲ့တွဲနေရင်လည်း ဒေါသနဲ့ တွဲနေတယ်လို့ သိရမယ်၊ သိတယ်ဆိုတာ အာရုံပြုတာကို ပြောတာ၊ ကြည့်လေ၊ “ဪ ငါ့စိတ်က ရာဂနဲ့တွဲနေပါလား” လို့ဆိုရင် ရာဂက အကုသိုလ်၊ သိလိုက်တဲ့ စိတ်ကျတော့ ကုသိုလ်၊ ရာဂဆိုတဲ့ အကုသိုလ်တရားကြောင့် သိခြင်းဆိုတဲ့ ကုသိုလ် တရား ဖြစ်လာတယ်တဲ့၊ ဒါကို ပြောတာနော်။

စိတ္တာနုပဿနာ အားထုတ်တဲ့အခါကျတော့ အကုသိုလ်ကနေပြီးတော့ ကုသိုလ် ဖြစ်တယ်၊ ရာဂကို ရှူမယ်ဆိုရင် ရာဂက အကုသိုလ်၊ အာရုံက အကုသိုလ်၊ ရှူတဲ့စိတ်က ကုသိုလ်၊ ဒေါသကို အာရုံပြုမယ်ဆိုရင် ဒေါသက အကုသိုလ်၊ ရှုတဲ့ စိတ်က ကုသိုလ်၊ စိတ္တာနုပဿနာမှာ မြတ်စွာဘုရားက ဒီလို ဟောထားတာလေ၊ ဒါ ဥပနိဿယပစ္စည်းပဲ။

ကိုယ့်သန္တာန်မှာဖြစ်လာတဲ့ ရာဂပဲဖြစ်ဖြစ် ဒေါသပဲဖြစ်ဖြစ် မောဟပဲဖြစ်ဖြစ် မာနပဲဖြစ်ဖြစ် ဣဿာပဲဖြစ်ဖြစ်၊ ရှေးသူတော်ကောင်းကြီးတွေ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ အဲဒီ လောဘ ဒေါသ မာနတရား ဣဿာတရားတွေရဲ့ အပြစ်ကို ဆင်ခြင်ပြီး တော့ အကျွတ်တရားရသွားတာတွေ အများကြီးပဲ၊ အဲဒါတွေဟာ အကုသိုလ်ကနေ ကုသိုလ်ဖြစ်သွားတာ။

ဒီတော့ ကိုယ့်သန္တာန်မှာ အကုသိုလ်ကနေ ကုသိုလ်ဖြစ်သွားရင်တော့ ဒါ အမြတ် ရတယ်လို့ ပြောရမှာပေါ့နော်၊ ကုသိုလ်ကနေပြီးတော့ အကုသိုလ်ပြောင်း သွားမှာ ဆိုလို့ရှိရင် ရှုံးတာပဲ၊ အကုသိုလ်ကို အကြောင်းပြုပြီးတော့ ကုသိုလ်ဖြစ်ရင် ကောင်းတယ်၊ ကုသိုလ်ကို အကြောင်းပြုပြီးတော့ အကုသိုလ်တော့ မဖြစ်စေနဲ့။

လုပ်တာက ကုသိုလ်၊ ဖြစ်တာက အကုသိုလ်တဲ့၊ ဒါမျိုးတွေက မသိရင် အများကြီးပဲ၊ ဒါနကောင်းမှုလုပ်ပြီး “ငါတို့က ဒီလိုလှူတာ၊ ဒိပြင်လူတွေက ဒီလို မဟုတ်ဘူး” ဆိုရော အတ္တုက္ကံသန ပရဝမ္ဘန ဖြစ်ရော၊ “ငါတို့က ဒီလိုလှူတာ” လို့ ဆိုကတည်းက ရာဂနဲ့, မာနနဲ့ ပြောတာမျိုး၊ ကုသိုလ်နဲ့ အကုသိုလ် ရောထွေး ကုန်တယ်၊ ဥပနိဿယပစ္စည်း ဆိုတာ အဲဒါကို ပြောတာနော်။

ကောင်းပြီ - အကုသိုလ်ကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်တာတွေ အများကြီးရှိတယ်၊ လူတစ်ယောက်က ကြက်သတ်ပြီး ဘုန်းကြီးတွေကို ကြက်သားဟင်းနဲ့ ဆွမ်းကပ်တယ် ဆိုပါစို့၊ ကြက်သတ်တာက အကုသိုလ်၊ ဘုန်းကြီးတွေ ဆွမ်းကပ်တာကျ ကုသိုလ်၊ သူ့ဟာနဲ့သူ တစ်ပိုင်းစီကိုး၊ ဒါက အကုသိုလ်လုပ်ပြီး ကုသိုလ်ဖြစ်တယ်၊ ... အကုသိုလ်က အကုသိုလ်ပိုင်း၊ ကုသိုလ်က ကုသိုလ်ပိုင်း၊ သူ့ကျတော့ ကြက်သတ်ခြင်းက အကုသိုလ်၊ ဘုန်းကြီးတွေ ဆွမ်းကပ်တာကျတော့ ကုသိုလ်။

မုဆိုးတွေ တံငါတွေ သတ္တဝါတွေ သတ်ဖြတ်တယ်၊ ထိုသတ်ဖြတ်ပြီးတော့ ရလာတဲ့ ပစ္စည်းကို လှူတယ်၊ တစ်ပိုင်းစီပဲ မှတ်ရမယ်၊ သတ်တဲ့ဖြတ်တဲ့ အချိန်က ဘာတုန်း? အကုသိုလ်၊ လှူဒါန်းတဲ့အချိန်က ကုသိုလ်၊ ဟော သူ့အပိုင်းနဲ့သူပဲ။

တချို့က ထင်ကောင်းထင်လိမ့်မယ်၊ ဆိုပါစို့ - မုဆိုး တံငါတွေ လှူတာ ကုသိုလ် မရဘူးလို့ထင်ကောင်းထင်လိမ့်မယ်၊ မဟုတ်ဘူး၊ သူ့ အကန့်နဲ့သူ၊ သလဲသီးလိုပဲ တစ်ကန့်စီ တစ်ကန့်စီပဲ ယူရမယ်၊ ကုသိုလ်ဖြစ်ရင် ကုသိုလ်ပဲ၊ အကုသိုလ် ဖြစ်ရင် အကုသိုလ်ပဲ၊ သူ့ဟာနဲ့သူ နေတာနော်၊ ရောပစ်လို့ မရဘူးတဲ့၊ ဒါကြောင့်မို့လို့ တချို့ တံငါ မုဆိုး လုပ်ပြီး ကုသိုလ်ကောင်းမှု လုပ်သွားတာ၊ အဲဒီ ကုသိုလ် ကောင်းမှုရဲ့အကျိုး ခံစားရတဲ့ပုဂ္ဂိုလ်တွေလည်း မြောက်မြားစွာရှိတာပဲ။

ကုသိုလ်နဲ့ အကုသိုလ် ဘယ်သူက အကျိုးပေးတုန်းလို့ဆိုရင် အင်အား ပိုကောင်းတာ အကျိုးပေးတယ်၊ ကုသိုလ် အကူအညီရရင် ကုသိုလ်က အကျိုးပေးမှာပဲ၊ အကုသိုလ် အကူအညီရရင် အကုသိုလ်က အကျိုးပေးမယ်၊ ဒီနှစ်ခုစလုံးဟာ ဆိုင်ရာအကူအညီ တစ်ခုကို စောင့်မျှော်နေကြတယ်။

ကံတရားဆိုတာ ဆိုင်ရာအကူအညီတစ်ခု မပါဘဲနဲ့ ဥပမာ - မျိုးစေ့ကလေး တွေဟာ မြေရေဆိုတဲ့ တခြားအကြောင်းတရားတွေ မပါဘဲနဲ့ သူတို့ချည်း အပင် ထပေါက်လို့ မရဘူး၊ မြေနဲ့ ရေဆိုတဲ့ အကူအညီရမှ အပင်ပေါက်တာ၊ ထို့အတူပဲ ကံတရားဟာ သူ့ချည်းသက်သက် အကျိုးပေးလို့မရဘူး၊ ကုသိုလ်ကံက အခွင့်အရေးလေး ရသွားရင် ကုသိုလ်ကံက ထအကျိုးပေးမှာပဲ၊ အကုသိုလ်ကံက အခွင့်အရေး ရလာလို့ရှိရင် အကုသိုလ်က အကျိုးပေးတာ။

ဒါကြောင့်မို့ ကံနဲ့ ပတ်သက်လာလို့ရှိရင် အမှန်အကန် ဆုံးဖြတ်ဖို့ရာ တော်တော် ခဲယဉ်းတယ်၊ အမှန်အကန်ဆုံးဖြတ်ဖို့ ခက်တယ်ဆိုတာ လူတွေ မျက်စိလည်ဖို့ အများကြီးရှိတယ်လို့ ပြောတာနော်၊ သာမန်ကြည့်ပြီး ပြောမယ်ဆိုလို့ရှိရင် မျက်စိလည်ကြမှာ၊ အဲဒါကို မဟာကမ္မဝိဘင်္ဂသုတ် မှာ မြတ်စွာဘုရား ဟောထား တာရှိတယ်၊ လူတစ်ယောက်ဟာတဲ့ မကောင်းတာတွေချည်းပဲလုပ်တယ်၊ သေတော့ နတ်ပြည်ရောက်သွားတယ်ဆိုရင် ကျန်တဲ့လူတွေက ဘယ်လိုတွေးမလဲ၊ ဒီကောင် တော်တော်ဆိုးတယ်၊ အရက်သမား၊ မဟုတ်တာတွေလည်း လုပ်တယ်၊ ဒါပေမယ့် သူသေတော့ လူဝင်စားပြန်ဖြစ်တယ်တို့, နတ်ပြည်ရောက်တယ်တို့ဆိုရင် အံ့ဩစရာ မကောင်းဘူးလား၊ အကုသိုလ်တွေ အကျိုးမပေးဘူးလို့ ထင်ကောင်း ထင်မိလိမ့်ဦး မယ်နော်၊ အဲဒါက မျက်စိလည်သွားခြင်းပဲ။

ပုံသေမှတ်ထားရမှာက အကုသိုလ်က ကောင်းကျိုးပေးတာ မရှိဘူး၊ ကုသိုလ် ကလည်း မကောင်းကျိုးပေးတာ မရှိဘူး၊ ဒါ ပုံသေ၊ The law of nature ဒါ ပုံမှန်ပဲ။ သို့သော် ကုသိုလ်နဲ့ အကုသိုလ် ဘယ်သူက အရင်အကျိုးပေးမယ် ဆိုတာကိုတော့ ပြောလို့မရဘူး၊ အဲဒါ မသေချာတဲ့အရာတစ်ခုပဲ၊ မြတ်စွာဘုရားရဲ့ တပည့်တွေ ထဲမှာ သရဏာနိဆိုတဲ့ သာကီဝင်မင်းတစ်ယောက်ရှိတယ်၊ သရဏာနိ ဆိုတဲ့လူက အရက်ကလေးတမြမြနဲ့နေတာ၊ နေ့တိုင်း beer လေးနဲ့ အရက်ကလေးနဲ့နေတာ၊ သူ အရက်သောက်တာပဲ လူတွေက မြင်ကြတယ်၊

သူသေသွားတဲ့အခါကျတော့ မေးကြတယ် - “ဒီကောင် ဘယ်ရောက်သွားတုန်း၊ အရက်ချိုး ဘယ်ရောက် သွားတုန်း” မေးတော့ “ဟ ဒီကောင်က သောတာပန်တဲ့” ဆိုတော့ အံ့ဩမကုန် ဘူးလား၊ လူတွေ အံ့ဩကုန်တယ်၊ ဘုရားလက်ထက်ကနော်၊ “ဒီကောင်က သောတာပန်” ဆိုတော့ လူတွေကပြောကြတယ်”သရဏာနိလို အရက်သမားတောင် သောတာပန်ဖြစ်မှတော့ကွာ ဘယ်သူ သောတာပန် မဖြစ်ဘဲ နေမလဲ” နဲ့ ပြောကုန်ကြတယ်။

အဲဒါကို မြတ်စွာဘုရားက ရှင်းဟောတယ်၊ “မှန်တယ်” တဲ့၊ “သရဏာနိဟာ အရက်သောက်တတ်သူဖြစ်ပေမယ့်လို့ သေခါနီးကျတော့ သူ သီလလုံသွားတာ လူတွေ မသိလိုက်ကြဘူး” တဲ့၊ “သေခါနီးလေးမှာ သူက တရားထူးရသွားတာ”၊ အဲဒီ လျှို့ဝှက်ချက်ကို လူတွေက မသိလိုက်ဘူး၊ သူအရက်သောက်တာကိုပဲ သိကြတယ်၊ အဲဒါ သုတ္တန်ပါဠိတော်တွေမှာ ရှိတယ်။

ဒီတော့ လူတစ်ယောက်ကို လူဆိုးလို့ တစ်သက်လုံး သတ်မှတ်လို့ မရဘူး၊ လူကောင်းလို့လည်း တစ်သက်လုံး သတ်မှတ်လို့ မရဘူး၊ သူ့ရဲ့လုပ်ရပ်ကို ကြည့်ပြီး တော့ လူဆိုးလူကောင်း ပြောရမယ်၊ အခု လူမိုက်ကြီး ဖြစ်ပေမယ့် တော်ကြာ လူလိမ္မာ ဖြစ်ချင်ဖြစ်သွားတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ အပြောင်းအလဲရှိတယ်၊ ကြည့်လေ - ကုသိုလ်ကနေ အကုသိုလ်ဖြစ်တယ်၊ အကုသိုလ်ကနေ ကုသိုလ်ဖြစ် တယ်၊ လုပ်နေတာက ကုသိုလ်, ဖြစ်နေတာက အကုသိုလ်၊ လုပ်နေတာက အကုသိုလ်, ဖြစ်တာက ကုသိုလ်၊ ဥပနိဿယသတ္တိဆိုတာ အဲဒါမျိုး ပြောတာ။

ဒီတော့ စိတ်ကလေးရဲ့ အခြားမဲ့မှာ ပြောင်းလဲသွားမှုဟာ မြတ်စွာဘုရားက လွဲလို့ ဘယ်သူမှမသိဘူး၊ ဒါ့ကြောင့် မဟာကမ္မဝိဘင်္ဂသုတ်မှာ ပုဂ္ဂိုလ် ၄-မျိုး ခွဲထားတယ်၊

(၁) ဒီဘဝမှာ မကောင်းတာတွေလုပ်ပြီး သေတော့ ကောင်းရာသုဂတိ ရောက်သွား တဲ့ပုဂ္ဂိုလ် ရှိတယ်တဲ့၊
(၂) မကောင်းတာတွေ လုပ်ပြီးတော့ အပါယ်ငရဲ ကျသွားတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်တဲ့၊
(၃) ကောင်းတာတွေလုပ်ပြီး ငရဲကျသွားတဲ့လူတွေ ရှိတယ်၊
(၄) ကောင်းတာကိုလုပ်ပြီး ကောင်းတဲ့ဘုံကို ရောက်သွားတာရှိတယ်။

ဒီတော့ မကောင်းတာလုပ်လို့ မကောင်းတဲ့ဘုံ ရောက်သွားတာကတော့ သူ့ထိုက်နဲ့ သူ့ကံလို့ ပြောကြမှာပေါ့ ကောင်းတာတွေလုပ်လို့ ကောင်းတဲ့ဘုံ ရောက်သွားလို့ ရှိရင်လည်း ဘယ်သူကမျှ စောဒကမတက်ဘူး၊ သူကောင်းလို့ သူရောက်တယ်ပဲ။

သို့သော် ကောင်းတာလုပ်တဲ့လူက ငရဲကျသွားပြီ၊ မကောင်းတာလုပ်တဲ့လူက နတ်ပြည်ရောက်သွားပြီဆိုရင် ပြောစရာ မဖြစ်လာဘူးလား၊ ဖြစ်လာတယ်၊ သို့သော် သူ့ရဲ့သန္တာန်မှာ အကုသိုလ်ကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်သွားတာ၊ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ် ဖြစ်သွားတဲ့အပိုင်းလေးကို လူတွေက မသိလိုက်ကြဘူး တဲ့၊ ဥပနိဿယသတ္တိဆိုတာ ဒါမျိုးကိုပြောတာ၊ လူတစ်ယောက်ဟာ ဘယ်လောက်ပဲ မကောင်းမကောင်း သေခါနီးအချိန်ကလေးမှာ ကောင်းသွားတာမျိုး ရှိသေးတယ်။

ဆိုပါစို့ - တမ္ဗဒါဌိကဆိုတဲ့ လူသတ်သမား၊ သေဒဏ်ကျတဲ့သူတွေကိုသတ်ဖို့ သူ့ ကို ရာထူးပေးထားတာ၊ အနှစ် ၅၀-လုံးလုံး၊ တစ်နေ့ကို ၅-ယောက် သတ်ရ တာရှိတယ်၊ ၁၀-ယောက် သတ်ရတာ ရှိတယ်၊ အယောက်-၂ဝ သတ်ရတာ ရှိတယ်၊ လူတွေ သတ်လာတာ အနှစ်-၅ဝ၊ သို့သော် နောက်ဆုံး သူရာထူးကပြုတ်တဲ့နေ့မှာ သူ သေတယ်၊ အဲဒီနေ့မှာ ရေမိုးချိုး၊ အဝတ်အစား အကောင်းတွေ ဝတ်ပြီးတော့ ကောင်းပေ့ဆိုတဲ့ အစာစားတယ်၊

အရှင်သာရိပုတ္တရာက ကြွသွားတာ၊ အရှင် သာရိပုတ္တရာက တရားဟောတယ်၊ တရားဟောတဲ့အခါ ဝိပဿနာဉာဏ် အဆင့် တက်သွားတာ သောတာပတ္တိမဂ်နား ကပ်သွားတဲ့ ဉာဏ်မျိုးထိအောင် ရောက်သွားတယ်၊ အရှင်သာရိပုတ္တရာကို လိုက်ပို့ရင်း လမ်းမှာပဲ နွားတစ်ကောင်က ဝင်ဝှေ့လို့ သေသွားတယ်၊ “ဟ ဒီ လူသတ်သမားကြီး ဒီနေ့ပဲ ရာထူးပြုတ်တယ်၊ ဒီနေ့ပဲ အရှင်သာရိပုတ္တရာနဲ့ တွေ့တယ်၊ တွေ့ပြီးတော့ သူက ဆွမ်းကပ်လို့၊ အခု ဘယ်များ ရောက်ပါလိမ့်” မေးတော့ “တုသိတာမှာ” တဲ့၊ မျက်စိလည်စရာ မကောင်းဘူးလား၊ ကြည့် - သူ လုပ်ခဲ့တဲ့အကုသိုလ်တွေက နောက်ကျသွားပြီး ကုသိုလ်က ဝင်ပြီး အကျိုးပေး လိုက်တာ အဲဒါ။

သို့သော် ဒီလိုတော့ မအောက်မေ့နဲ့ - သူလုပ်ခဲ့တဲ့ အကုသိုလ်တွေ သူ မခံရဘူး လို့တော့ မထင်နဲ့၊ အဲဒါတွေက ရှိနေဦးမယ်နော်၊ အခွင့်အရေးကြုံလာ လို့ရှိရင် သူခံရမယ်၊ ဒါတွေက on line ပဲ၊ အကုသိုလ်ကတော့ ရှိနေမှာပဲ၊ ရံလိုက်နေမှာ၊ ဒီ အကုသိုလ်တွေက ကုန်သွားတာ မဟုတ်ဘူး၊ ခန္ဓာရှိနေသရွေ့ ဒီအကုသိုလ်တွေက အကျိုးပေးဖို့ သူ့သန္တာန်မှာ ရှိနေဦးမှာပဲ၊ အခွင့်အရေးရတာနဲ့ အကျိုးပေးမှာ။

ကြည့်လေ - အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီး အခွင့်အရေးရတာနဲ့ ဝင်အကျိုး ပေးတာ၊ ဘယ်လိုအခွင့်အရေးတုန်း၊ အရှင်မောဂ္ဂလာန်ဟာ လွန်ခဲ့တဲ့ အတိတ် ဘဝက မိဘတွေကို သတ်ခဲ့တယ်၊ အဲဒီအကုသိုလ်က နောက်က လိုက်ချောင်း နေတယ်၊ ရဟန္တာဖြစ်တဲ့ဘဝ ရောက်လာတယ်၊ ဒါ နောက်ဆုံးဘဝပဲ၊ အဲဒီ နောက် ချောင်းလို့ မရတော့ဘူး၊ ဘာလို့လဲဆို ဘဝမှ မရှိတော့တာနော်၊ ခု ဘဝ ရှိတော့ ဒီအကုသိုလ်က လိုက်ချောင်းနေတာ၊ ချောင်းနေတော့ ဘယ်လိုလုပ်ပြီးတော့ သူအခွင့်အရေးရသွား တုန်းဆို အရှင်မောဂ္ဂလာန်က တောထဲနေတာ၊ ဒါက အခွင့် အရေးရခြင်း အကြောင်းတစ်ခုပဲ၊ သံဃာတွေထဲနေရင် သူ ဒီလိုဖြစ်မှာ မဟုတ်ဘူး၊ တစ်ပါးတည်း နေတာဆိုတော့ အသတ်ခံရတာပေါ့၊ ဟုတ်တယ် မဟုတ်လား၊ သံဃာ တွေထဲမှာ နေမယ်ဆိုရင် လုပ်ရဲပါ့မလား၊ မလုပ်ရဲဘူး၊ အဲဒီ တစ်ပါးတည်းနေတာကိုက အခွင့်အရေးရခြင်း အကြောင်းတစ်ခုပဲ။

နောက်တစ်ခုက သူ့ကို ဒီလိုလူသတ်သမားတွေ လွှတ်ပြီးတော့ သတ်ရ လောက်အောင် သူ ဘာတွေလုပ်တာတုန်းလို့ဆိုတော့ အရှင်မောဂ္ဂလာန်က တန်ခိုး ကြီးတဲ့ပုဂ္ဂိုလ် ဆိုတော့ ခရီးခဏခဏသွားတယ်၊ ခရီးသွားတာ ဘယ်ကို သွားတုန်း ဆိုရင် နတ်ပြည်လည်း သွားတာပဲ၊ ငရဲလည်း သွားတာပဲ၊ ပြန်လာရင် သူက ဟောတော့တာပဲ၊ ခရီးသွားအတွေ့ အကြုံတွေကို ပြောတော့တာ၊ ဘယ်မြို့က ဘယ်သူဖြင့် မကောင်း တာတွေလုပ်လို့ ပြိတ္တာကြီး ဖြစ်နေတယ်၊ ဘယ်သူကဖြင့် ဘယ်နေရာမှာ ဘာဖြစ်နေတယ်၊ ငရဲကျနေတယ် စသည်ဖြင့် ဒီဟာတွေ ပြောတာ၊ တစ်ခါ ဘယ်သူ ကဖြင့် ကုသိုလ်ကောင်းမှုတွေ လုပ်လို့ နတ်ပြည်မှာ ရောက်နေတယ်လို့ နတ်ပြည်က ပြန်လာပြန်တော့လည်း သူက ဖောက်သည် ချတယ်။

အရှင်မဟာမောဂ္ဂလာန် ဖောက်သည်ချတဲ့ ဝတ္ထုတွေကို ဝိမာနဝတ္ထုနဲ့ ပေတဝတ္ထု ဆိုပြီးတော့ ရှိတယ်၊ ဒါ အရှင်မဟာမောဂ္ဂလာန်ရဲ့ ခရီးသွားမှတ်တမ်းလို့ ပြောချင် ပြောပေါ့၊ အရှင်မဟာမောဂ္ဂလာန် ပြန်ပြန်ဟောတာ၊ အဲဒီလို ပြန်ဟောခြင်းသည် ဘာသာခြားတွေရဲ့ မုန်းတီးမှုကို ခံရခြင်းပဲ၊ ဘာဖြစ်လို့တုန်းဆို “ဟေ့ ဘယ်ဘာသာ ကိုးကွယ်တဲ့ကောင်က ငရဲကျနေတယ်၊” ဒီလိုကိုး - သူက၊ “ဘယ် ဘာသာ ကိုးကွယ်နေလို့ သူငရဲကျတယ်”။

အဲဒီတုန်းက အများဆုံးကတော့ Brahman တွေပေါ့၊ ဗြဟ္မဏဝါဒ ကိုးကွယ်တာ၊ ဗြဟ္မဏပုဏ္ဏားတွေဆိုတာ သူတို့က ဗြဟ္မာကို ပူဇော်ချင်တဲ့အခါကျတော့ မီးပူဇော်တယ်၊

(မီးပူဇော်တယ်ဆိုတာ ခုခေတ် ရွှေတိဂုံဘုရားပေါ်သွားပြီးတော့ ဆီမီး တစ်ထောင် ပူဇော်တာမျိုး မဟုတ်ဘူး)

ထင်းမီးတို့ ဘာတို့ မီးဖိုထားပြီး အဲဒီထဲကို ထောပတ်တွေ လောင်းထည့်လိုက်၊ မန္တာန်ရွတ်လိုက်၊ မီးပူဇော်တယ်ဆိုတာ အဲဒီလို လုပ်တာ ပြောတာနော်၊ မီးကို ရှိခိုးတယ်၊ မီးထဲမှာ လောင်စာတွေ ထည့်ပေးတယ်၊ ထောပတ်တွေ ထည့်တယ်၊ အဲဒီမှာ မီးကနေ ထောပတ်ကို လောင်ပစ်လိုက်တာကို ဗြဟ္မာပြည်ရောက်တယ်လို့ သူတို့က ယူဆတယ်၊ ဗြဟ္မာအတွက် ထည့်ပေးတယ်ပေါ့၊ အဲဒီလို မီးပူဇော်တဲ့ ပုဏ္ဏားတွေက မီးကို သိပ်ပြီးတော့ ရိုသေလေးစားကြတယ်။

ပုဏ္ဏားကြီးတစ်ယောက် သေခါနီးရောက်လာတယ်၊ သေခါနီးရောက်လာတဲ့ အခါ သူတို့ပုဏ္ဏားဆရာတွေက ရောက်လာတယ်၊ “မင်း ဘာတွေမြင်တုန်း”ဆိုတော့ “မီးတောက်ကြီးမြင်တယ်” တဲ့၊ “အေး အဲဒါ မင်းမီးတောက်ကြီး၊ မင်း ဗြဟ္မာပြည် ရောက်တော့မှာပဲ”၊ အဲဒါ မီးတောက်ကြီးကြည့်ပြီး သူသေသွားတာ၊ ဘယ်ရောက် သွားလဲ၊ အဝီစိငရဲမီးဖြစ်နေတယ်၊ အဲဒီမီးက ဗြဟ္မာပြည်သွားတဲ့မီး မဟုတ်ဘူး၊ အဝီစိငရဲမီးဖြစ်ပြီးတော့ ငရဲကျသွားတယ်၊ ဒီလိုလည်း ရှိတယ်နော်၊

အာရုံနိမိတ်တွေ ထင်တဲ့အခါ မီးတွေ ထင်နေတယ်၊ “အေး မီးတွေမြင်နေလို့ရှိရင် ဗြဟ္မာပြည် မင်း ရောက်ပြီ”လို့ ဟိုက ပြောတာ၊ တကယ်သေတော့ ဘယ်ရောက် သွားလဲ၊ အဝီစိငရဲ ရောက်သွားတယ်၊ အဝီစိငရဲက မီးတောက်ကို ဗြဟ္မာပြည်က မီးတောက် ထင်နေတယ်၊ လောကကြီးကလည်း တော်တော်ထူးဆန်းတယ်။

အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ဟာ အဲဒီလို လိုက်ပြီး တရားဟောတာ ကြောင့်မို့လို့ ဘာသာခြားတွေရဲ့ မုန်းတီးရွံရှာမှုကို ခံရတယ်၊ ဒါက အခွင့်အရေး ရသွားခြင်း အကြောင်းတစ်ခုပဲ၊ သူ့လုပ်ရပ်အပေါ်မှာ အကုသိုလ်အကျိုးပေးဖို့ အတွက် အခွင့်အလမ်းတွေ ဖွင့်ပေးနေသလို ဖြစ်တယ်၊ တစ်ပါးတည်း ကာဠသိလာ ဆိုတဲ့ တောင်ထိပ်မှာ သွားပြီး သီတင်းသုံးနေတာ၊ ဒါလည်း အခွင့်အရေးရခြင်း အကြောင်း တစ်ခုပဲ။

ဒါ့ကြောင့်မို့ သူခိုးဓားပြ-၅၀၀ က အရှင်မဟာမောဂ္ဂလာန်ကို သတ်ဖို့ဆိုပြီး အဲဒီ တောင်ကြီးကို ဝိုင်းပြီးတော့ တက်တယ်၊ အရှင်မဟာမောဂ္ဂလာန်ဟာ တန်ခိုးနဲ့ နှစ်ကြိမ် ပျံထွက်သွားတယ်၊ လွတ်သွားတယ်၊ တတိယအကြိမ်ကျတော့ သူ မထွက် တော့ဘူး၊ ဘာဖြစ်လို့ မထွက်သလဲဆို “ငါ့ရဲ့ကံကြမ္မာက အကျိုး ပေးတော့မယ်” ဆိုတာသူသိတယ်၊ သိသည့်အတွက်ကြောင့် အရှင်မဟာမောဂ္ဂလာန်ဟာ အမိခံ လိုက်တယ်၊ အမိခံလိုက်တဲ့အခါကျတော့ ဝိုင်းပြီးရိုက်ကြနှက်ကြတာလေ၊ အရိုးတွေ ကြေသွားတာ၊ အမှုန့်ထောင်းပြီးသား ဖြစ်သွားတယ်၊

အရှင်မဟာမောဂ္ဂလာန်က အဲဒါကို သမာပတ်စွမ်းအားနဲ့ ပြန်ထိန်းပြီးတော့ ဘုရားကို လာကန်တော့သေးတာနော်၊ သာမန်ဆို ဘယ်ကန်တော့လို့ ရတော့မှာတုန်း၊ သမာပတ်စွမ်းအားနဲ့ ပြန်ပြီးတော့ စုစည်းလိုက်တဲ့အခါ ကြေနေတဲ့ အရိုးတွေက ပြန်ဆက်ပြီး မြတ်စွာ ဘုရားကို လာကန်တော့ပြီးတော့မှ ပရိနိဗ္ဗာန် စံသွားတယ်တဲ့၊ ဒါက အကျိုး တရားကို ခံစားရတာ၊ ဒါနောက်ဆုံးပဲတဲ့၊ ဒီ့နောက်တော့ အကုသိုလ်က လိုက်လို့ မရတော့ဘူး၊ ဘာဖြစ်လို့ လိုက်မရတာတုန်း၊ ဘဝမရှိတော့လို့။

အဲဒီဘဝကို ဘယ်သူကဖန်တီးနေတာတုန်းဆို ကံက အဓိကမဟုတ်ဘူး၊ ကိလေသာ က ဖန်တီးပေးနေတာ၊ ကံနဲ့ ကိလေသာတွေက ပေါင်းပြီးတော့လုပ်တာ၊ ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားကဟောထားတာ မဟုတ်လား၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ နှစ်ခုပြောပြီးမှ ဝိညာဏဆိုတဲ့ ဘဝသစ်ကို ပေးတာ၊ ကြည့်လေ အဝိဇ္ဇာဆိုတာ ကိလေသာ၊ သင်္ခါရဆိုတာ ကံ၊ ကံနဲ့ ကိလေသာ ပေါင်းပြီးတော့မှ ဝိညာဏကို ထုတ်လုပ်တယ်လို့ ဒီလိုမှတ်ရမယ်၊ ကံ တစ်ခုတည်းက ဝိညာဏကို မထုတ်ဘူး၊ ကိလေသာတစ်ခုတည်းက ဝိညာဏကို မထုတ်ဘူး၊ ကံနဲ့ ကိလေသာပေါင်းလိုက်မှ ဒီအကျိုးတရားတစ်ခု ရတယ်တဲ့၊ ဒါကို ပြောတာနော်။

အဲဒီအထဲမှာ ကိလေသာကို ဖျက်ဆီးလိုက်တာနဲ့တစ်ပြိုင်နက် ကံက အလုပ် လုပ်လို့ မရတော့ဘူး၊ ကံက အကျိုးမပေးတော့ဘူး၊ အရှင်အင်္ဂုလိမာလ၊ သူသတ်သမားကြီးပဲ၊ သတ်လိုက်တဲ့လူတွေ နည်းတာမှ မဟုတ်ဘဲနဲ့၊ ဘာကို သူဖျက်ပစ်လိုက်တာ တုန်းဆို ကိလေသာကို ဖျက်လိုက်တာ၊ သူ ကံကို ဖျက်လို့ မရဘူးလေ၊ သူ လုပ်ခဲ့တဲ့ အလုပ်က အကျိုးပေးလို့ မရတော့ဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် ကိလေသာ က ကုန်သွားပြီ၊ ကိလေသာကုန်သွားသည့်အတွက်ကြောင့် နောက်ထပ်ဘဝဆိုတာ မရှိတော့ဘူး၊ မရှိတော့သည့်အတွက်ကြောင့် သူ့ အကုသိုလ်တွေက ဒီဘဝမှာ အကျိုး ပေးတယ်၊ ဆွမ်းခံသွားတယ်၊ ဆွမ်းမရဘူး၊ ခဲတို့ တုတ်တို့ပဲ ရတယ်၊ ဒါ ဒီဘဝရတဲ့ အကျိုးတရားတွေပေါ့နော်။

ဒါကြောင့်မို့လို့ သဘာဝတရားဆိုတာ အလွန်တရာမှ ဆန်းကျယ်တယ်၊ ကုသိုလ် ကနေပြီးတော့လည်း အကုသိုလ်ကို ဖြစ်စေတတ်တယ်၊ အကုသိုလ်ကလည်း ကုသိုလ်ကို ဖြစ်စေတတ်တယ်၊ ဒါ ဥပနိဿယသတ္တိ။

နောက်ဆုံး မှတ်စရာက -

“ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော၊
သေနာသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော၊
ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော”။

ဥတုနဲ့ ဘောဇဉ်ကလည်း ဥပနိဿယပစ္စည်းတစ်ခုပဲတဲ့၊ တရားထူး တရားမြတ် ရဖို့ဖြစ်စေ ဒီဥတုဘောဇဉ်ကလည်း အင်မတန်မှ အရေးပါတယ်လို့ ပြောရမယ်နော်၊ ရာသီဥတုလေး ကောင်းမယ်ဆိုရင် အသိဉာဏ် ပိုပွင့်လာတယ်၊ ဒါ ဥတုကနေ အထောက်အကူပြုတာ၊ ဥပနိဿယပစ္စည်း။

ကောင်းတာလေး စားလိုက်ရလို့ ရှိရင်လည်း ပိုဉာဏ်ပွင့်သတဲ့၊ ကြည့်လေ မာတိကမာတာရဲ့ ဇာတ်လမ်းကြည့်ပေါ့၊ ကိုယ်တော်တွေက သူတို့ခန္ဓာကိုယ်နဲ့ မျှတ တဲ့ အာဟာရ ဘုဉ်းပေးရတဲ့အခါမှာ တရားထူး တရားမြတ်တွေ ရကုန်တာလေ၊ အစာအာဟာရကောင်းကောင်း မစားရတဲ့အခါ တရားအားထုတ်ပေမယ့် တရားထူး မရဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် ဥတုနဲ့ ဘောဇဉ်သည် အဆုံးအဖြတ်ပေးသေးတယ်၊ အထောက်အကူအများကြီး ဖြစ်တယ်၊ ဒါကို ဥပနိဿယပစ္စည်းလို့ ပြောတာ။

သေနာသန - မိမိနေထိုင်တဲ့အဆောက်အဦးကလည်းပဲ အထောက်အကူ ဖြစ်တယ်၊ ကောင်းတဲ့ဘက်လည်း အထောက်အကူဖြစ်တယ်၊ မကောင်းတဲ့ဘက်လည်း အထောက်အကူဖြစ်တယ်၊ ကြီးမားတဲ့အထောက်အကူတစ်ခုကို ဥပနိဿယပစ္စည်း လို့ ခေါ်တယ်။

နောက်တစ်ခု - ပုဂ္ဂိုလ်ကလည်း အထောက်အကူဖြစ်တယ်၊ ကောင်းတဲ့ ပုဂ္ဂိုလ်နဲ့ ပေါင်းသည့်အတွက် ကောင်းတဲ့နေရာ ရောက်သွားတာ၊ မကောင်းတဲ့ ပုဂ္ဂိုလ်နဲ့ ပေါင်းမိလို့ရှိရင် မကောင်းတဲ့နေရာရောက်သွားတယ်၊ beer အဖော်နဲ့ တွေ့ ရင် beer ဆိုင်ရောက်သွားမှာပဲ၊ တရားနာတဲ့အဖော်နဲ့ တွေ့ရင်တော့ ဘယ်ရောက်သွားတုန်း? တရားပွဲရောက်တာပေါ့၊ ဒါလည်း “ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေန ပစ္စယော” ပဲ၊ အဲဒါတွေကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ပဋ္ဌာန်း မှာ ဥပနိဿယပစ္စယော လို့ ဒီလိုဟောတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့လို့ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့သည် မိမိ တို့ရဲ့ နေ့စဉ်ဘဝဟာ ဥပနိဿယပစ္စည်းကို အမှီရကြပြီးတော့ ကောင်းတဲ့ ဥပနိဿယ ပစ္စည်းတွေ မိမိတို့သန္တာန်မှာဖြစ်ဖို့ပါ၊ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်မဖြစ် စေကြဖို့၊ အကုသိုလ်ကို အကြောင်းပြုပြီး ကုသိုလ်တော့ ဖြစ်အောင် လုပ်နိုင်ဖို့၊ အဲဒီလို ဥပနိဿယပစ္စည်းရဲ့ စွမ်းရည်သတ္တိတွေကို သိရှိနားလည်ပြီး မိမိတို့ရဲ့ သန္တာန်မှာ ဘယ်အကြောင်းတရားက ချုပ်ကိုင်ထားတယ်၊ မိမိတို့ဘဝကို လွှမ်းမိုး ထားတယ်၊ ဘယ်လိုကြိုးစားကြရမယ်ဆိုတာကို သဘောပေါက်ပြီး အကြောင်း နဲ့အကျိုးကို ကောင်းကောင်း နားလည်ပြီ ဆိုလို့ရှိရင် ဘဝခရီးလျှောက်လှမ်းဖို့ လမ်းကြောင်း ဖြောင့်လိမ့်မယ်။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် ဗုဒ္ဓမြတ်စွာ ဟောကြား တော်မူခဲ့တဲ့ ပဋ္ဌာန်းဒေသနာတော်ကြီးမှာလာတဲ့ မှတ်သားစရာ လက်တွေ့ကျတဲ့ တရားများကို လေ့လာလိုက်စားပြီး မိမိတို့ရဲ့ ဘဝစခန်းကို ကောင်းမြတ်သော လမ်းကနေပြီး လျှောက်လှမ်းနိုင်ကြပါစေကုန်သတည်း။

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၆)

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၅-ရက်၊ (၂၁-၇-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း၊ မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံ ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘ များနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

ပိဋကတ်စာပေမှာ အနက်နဲဆုံး အခက်ခဲဆုံးလို့ အသိအမှတ်ပြုထားရတဲ့ တရားဟာ ပဋ္ဌာန်းမြတ်ဒေသနာတရား ဖြစ်ပါတယ်၊ အနန္တနယလို့ ဆိုတဲ့အတိုင်း နည်းအားဖြင့် အဆုံးအပိုင်းအခြားမရှိ ကျယ်ချင်တိုင်း ကျယ်တယ်၊ ပင်လယ် သမုဒ္ဒရာကြီးနဲ့ နှိုင်းယှဉ်ပြီး ပြောရသော်လည်းပဲ ပင်လယ်သမုဒ္ဒရာထက်တောင် ကျယ်တယ်လို့ ပြောရမှာပါ၊

ပင်လယ်သမုဒ္ဒရာကြီးဆိုတာ အဆုံးအစရှိတယ်၊ ပင်လယ်ရဲ့ ဟိုဘက်ကမ်း ဒီဘက် ကမ်းဆိုတာရှိတယ်၊ ပင်လယ်ရေပြင်ရဲ့အောက် ကြမ်းပြင် ဆိုတာလည်းရှိတယ်၊ ပင်လယ်ကြီးဟာ အဆုံးမမြင်ရလောက်အောင် ကျယ်ပြောနေတာ မှန်သော်လည်း အဆုံးအပိုင်းအခြား ရှိတယ်၊

ပဋ္ဌာန်းတရားတော်ကြီးကျတော့ ပင်လယ်ရေထု ကြီးထက် အင်မတန်ကြီးမားလို့ အဆုံးအစ မရှိလောက်အောင် နည်းမျိုးစုံနဲ့ ချဲ့ချင်တိုင်းချဲ့၊ သဗ္ဗညုတ ရွှေဉာဏ်တော်ကြီးနဲ့ ဉာဏ်ကစားချင်တိုင်း ကစား ဆင်ခြင်နှလုံးသွင်းလို့ မဆုံးနိုင် မကုန်နိုင်ဘူး၊ နက်လည်းနက် ကျယ်လည်း ကျယ်လှတဲ့ တရားဒေသနာတော်ကြီး ဖြစ်ပါတယ်၊ ဒါကြောင့်မို့ ပဋ္ဌာန်းဒေသနာတော် ကို စာပေကျမ်းဂန်မှာ အနန္တနယ အဆုံးမဲ့နည်းစနစ်တွေ ပါဝင်တဲ့, အဆုံးမဲ့နည်းများ ရှိတဲ့ ဒေသနာတော်လို့ ဆိုတာ ဖြစ်တယ်။

လောကကြီးက ကျယ်ဝန်းသလို ထိုလောကကြီးကို ဖြစ်စေတတ်တဲ့ အကြောင်း တရားတွေ, အထောက်အကူပြုနေတဲ့ အကြောင်းတရားတွေကလည်းပဲ မျိုးစုံတယ်၊ အင်မတန်မှ ရှုပ်ထွေးပွေလိမ်နေတယ်၊ အကြောင်းအကျိုး ဆက်နွယ်နေတဲ့ သဘာဝတရားကြီးကို ဖြေရှင်းဟောပြောဖို့ဆိုတာ အလွန်တရာမှ ခဲယဉ်းတယ်၊ ဗုဒ္ဓမြတ်စွာဟာ ဖြေရှင်းဖို့ ခက်ခဲတဲ့ အကြောင်းတရား, အကျိုးတရားတွေကို တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီးတော့ အကြောင်းမျိုးစုံ အကျိုးမျိုးစုံ အပြန်အလှန် အကြောင်းက အကျိုးဖြစ်လိုက်, အကျိုးက အကြောင်းဖြစ်လိုက်နဲ့ အကြောင်းတရား အကျိုးတရားတွေနဲ့ ပွေလိမ်ရှုပ်ထွေးနေတဲ့ လောကရဲ့ သဘာဝကြီးကို ၂၄-ပစ္စည်း အခြေခံထားပြီး ဖြေရှင်းပေးတော်မူခဲ့တယ်၊ မြတ်စွာဘုရား ဖြေရှင်းပေးတဲ့ တရား တောင်မှပဲ လွယ်လွယ်ကူကူနဲ့ သဘောပေါက်ဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်။

ဘုန်းကြီးတို့ ပဋ္ဌာန်းကျမ်းကြီးကို လေ့လာပြီးတော့ ဟောပြောတယ် ဆိုတဲ့ နေရာမှာ ပဋ္ဌာန်းကျမ်းကြီးက အလွန်နက်လို့ ရှိသမျှအလုံးစုံကို ဟောကြားနိုင်တာ မဟုတ်ဘူး၊ ပင်လယ်ကမ်းခြေသွားပြီး ပင်လယ်ဆိုတာ ဒါပဲလို့ လက်ညှိုးညွှန်ပြ ရုံလောက်သာ ပြနိုင်တာ၊ “ပဋ္ဌာန်းဆိုတာ ဒီလိုဟာမျိုးကိုခေါ်တယ်” လို့ နမူနာ သဘောလောက် ပြောရတာမျိုး ဖြစ်ပါတယ်၊ တကယ့် ပဋ္ဌာန်းတရားတော်ကြီးရဲ့ အတိမ်အနက်ကို မသိနိုင်ပါဘူး၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည်သာလျှင် အတိမ်အနက်ရဲ့ အတိုင်းအတာပမာဏကို ပြသနိုင်မှာ ဖြစ်ပါတယ်၊ ဒါကြောင့်မို့ ပဋ္ဌာန်းမြတ်ဒေသနာ ကို ဒီဓမ္မာရုံကြီးပေါ်မှာ ငါးညတိတိ ယခင်က ဟောခဲ့ပြီးပြီ။

အခု ဒီကနေ့ဟာ ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၆) လို့ ဒီလိုမှတ်ရပါမယ်၊ ဘုန်းကြီးတို့ ၂၄-ပစ္စည်းကို တစ်ခုစီတစ်ခုစီ ရှင်းပြပြီး ဟောတာ၊ အဲဒီလို ဟောတဲ့အထဲမှာ ပစ္စယနိဒ္ဒေသလို့ ခေါ်တဲ့ ၂၄-ပစ္စည်းကို မကျဉ်းမကျယ် ဖွင့်ပြတဲ့ အခန်းကို အဓိက ပဓာနထားပြီး ဟောကြားခဲ့တယ်၊ ထို ပစ္စယနိဒ္ဒေသ အခန်းနဲ့ ခပ်ဆင်ဆင် တူပြီး ထို ပစ္စယနိဒေသအခန်းထက် ကျယ်ဝန်းတဲ့ ပဥှာဝါရကိုလည်း တစေ့တစောင်း လှမ်းကြည့်ပြီး ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပစ္စယနိဒ္ဒေသနဲ့ ပဉှာဝါရ ဒီကဏ္ဍနှစ်ရပ်မှာ ပစ္စယနိဒ္ဒေသက အကျဉ်း၊ ပဥှာဝါရက အကျယ်လို့ ဒီလိုနားလည်ရမယ်၊ ဒီတော့ သိပ်အကျယ်ကြီးလည်း မဖြစ် ရအောင်, သိပ်ပြီးတော့ အကျဉ်းကြီးလည်း မဖြစ်ရလေအောင်, ပဋ္ဌာန်းတရားကြီးရဲ့ သဘာဝကို အနည်းငယ်ရိပ်စားမိအောင်, တို့ရဲ့နေ့စဉ်ဘဝဟာ ပဋ္ဌာန်းတရားကြီးနဲ့ ဘယ်လို ဆက်သွယ်နေတယ်ဆိုတာကို သိရှိနားလည်အောင် ဘုန်းကြီးတို့ကြိုးစားပြီးတော့ ဟောပါမယ်၊ ဟေတုပစ္စယော ကနေ ဆက်လက်ပြီးတော့ ဟောခဲ့တာ ဥပနိဿယပစ္စယောထိအောင် ရှင်းလင်းဟောပြပြီးသား ဖြစ်ပါတယ်၊ အခု ဒီကနေ့ည ပုရေဇာတပစ္စယောကို ဟောပါမယ်။

ပုရေဇာတပစ္စယော

မြန်မာနိုင်ငံမှာ တရားဓမ္မလိုက်စားတဲ့လူတွေဟာ ပဋ္ဌာန်းတရားတော်ကြီးနဲ့ အင်မတန်မှ ရင်းနှီးကြတယ်၊ ပဋ္ဌာန်းတရားတော်ကြီးက အင်မတန်မှ ခက်ခဲတယ်၊ ပဋ္ဌာန်းတရားကို ရွတ်ဖတ်ပူဇော်တဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်၊ အသံမစဲ ပဋ္ဌာန်းပွဲ တွေနဲ့ ရွတ်ဖတ်ပူဇော်နေကြတာကိုလည်း ကြားဖူးကြလိမ့်မယ်၊ တချို့ကလည်း အန္တရာယ်ကင်း ဆိုပြီးတော့ ၂၄-ပစ္စည်းကို ရွတ်နေကြတာလည်း ရှိမယ်ပေါ့နော်၊

အဲဒီအထဲမှာ ဘုန်းကြီးတို့ဘဝတစ်နေ့တာမှာ ၂၄-နာရီရှိတယ်၊ ၂၄-နာရီလုံးလုံးဟာ ၂၄-ပစ္စည်းနဲ့ စခန်းသွားနေကြတယ်၊ အဲဒီ ၂၄-ပစ္စည်း မိမိတို့ဘဝမှာ ဘယ်လို ဆက်သွယ်နေတယ် ဆိုတာကို သိရှိနားလည်ဖို့ ဒီကနေ့ “ပုရေဇာတပစ္စယော” စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှေးဦးစွာ ရှင်းရမယ်။

ပုရေဇာတ - ပုရေ ဆိုတာ ရှေးဦးစွာ ကြိုတင်ပြီးတော့ဆိုတဲ့ အဓိပ္ပါယ် ရတယ်၊ ဇာတ ဆိုတာ ဖြစ်နှင့်နေတဲ့၊ ပစ္စယ - အကြောင်းတရား၊ ပုရေဇာတ ရှေးဦးစွာကြိုတင်ပြီး ဖြစ်နှင့်နေတဲ့ အကြောင်းတရားလို့၊ အကြောင်းတရားက အကျိုးတရားထက် အရင်ကြိုတင်ဖြစ်နှင့်နေတာရှိတယ်၊ အကြောင်းတရားက အကျိုးတရားထက် နောက်မှဖြစ်တာရှိတယ်၊ အကြောင်းတရားနဲ့ အကျိုးတရားဟာ ပြိုင်တူ ဖြစ်တာ ရှိတယ်၊

ဒါကြောင့်မို့ ၂၄-ပစ္စည်းမှာ ပုရေဇာတဆိုတာ ရှိသလို -

ပစ္ဆာဇာတ - အကြောင်း တရားက အကျိုးတရားထက် နောက်မှဖြစ်လာတာလည်း ရှိတယ်၊
သဟဇာတ - အကြောင်းတရားနဲ့ အကျိုးတရားဟာ ပြိုင်တူဖြစ်လာတယ်ဆိုတာ လည်း ရှိတယ်။

အခု ပုရေဇာတဆိုတာ ကြိုတင်ဖြစ်နှင့်နေတဲ့ အကြောင်းတရားတဲ့၊ ဒါတွေက ဘုန်းကြီးတို့ခန္ဓာနဲ့ ဘုန်းကြီးတို့ပတ်ဝန်းကျင်မှာ ရှိတယ်၊ အဲဒီလို ကြိုတင် ဖြစ်နှင့်ပြီး အကျိုးတရားတွေကို အထောက်အကူပြုနေတယ်၊ ဖြစ်ပေါ်စေတယ်။

အကြောင်းတရားဆိုသည်မှာ အကျိုးတစ်ခုခုကို ဖြစ်စေတဲ့ အကြောင်းတရား ကိုလည်း ခေါ်တယ်၊ ဖြစ်စေတာ မဟုတ်ဘဲနဲ့ ဖြစ်ပေါ်နေတဲ့ အကျိုးတရားကို အထောက်အကူ ပြုနေတာကိုလည်းပဲ ခေါ်တယ်၊ ဖြစ်စေတဲ့ အကြောင်းတရားနဲ့ တည်ရှိစေတဲ့ အကြောင်းတရားလို့၊ ဒါကြောင့် ကျေးဇူးပြုတယ် ဆိုတဲ့နေရာမှာ “ဖြစ်စေတည်စေ၊ ဤနှစ်ထွေ၊ ခေါ်လေကျေးဇူးပြု” လို့ မှတ်ရမယ်၊

(ဘာသာဋီကာ ကျမ်းစာတွေရေးသွားတဲ့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးက နားလည် လွယ်အောင် မှတ်လွယ်အောင် လင်္ကာလေးနဲ့ ရေးသွားတာ၊)

ပဋ္ဌာန်းပစ္စည်းတွေက ကျေးဇူးပြုတယ်ဆိုတာ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတာက တစ်ခု၊ တည်ရှိ နေအောင် ကျေးဇူးပြုတာက တစ်ခု၊ အဲဒီနှစ်ခုနဲ့ ကျေးဇူးပြုတယ်၊ အဲဒီလို ကျေးဇူးပြုတတ်တဲ့ အကြောင်းတရားတွေဟာ အကျိုးတရားမဖြစ်ခင်က ကြိုတင်ဖြစ်နှင့်ပြီး အကျိုးတရားတွေကို ဖြစ်စေတယ်, တည်ရှိစေတယ်ဆိုတဲ့ အကြောင်းတရားမျိုးကို ပုရေဇာတပစ္စယောလို့ ခေါ်တယ်။

ဝတ္ထုပုရေဇာတ

ကဲ ဒါဖြင့် လူ့ရဲ့ခန္ဓာနဲ့ ပတ်ဝန်းကျင်ကိုကြည့်ရအောင်၊
ပုရေဇာတ ကြိုတင်ဖြစ်နှင့် ပြီးတော့ ကျေးဇူးပြုနေတယ်ဆိုတာ ဘာတွေလဲ၊ (အရပ်စကားနဲ့ ပြောကြရအောင်၊)
လူတိုင်းလူတိုင်းမှာ မျက်စိရှိတယ်၊ နားရှိတယ်၊ နှာခေါင်းရှိတယ်၊ လျှာရှိတယ်၊ ကိုယ်ကာယရှိတယ်၊ မျက်စိကို အမှီပြုပြီး မြင်သိစိတ်ဖြစ်ရတယ်၊ နားကို အမှီပြုပြီး ကြားသိစိတ်ဖြစ်ရတယ်၊ နှာခေါင်းကို အမှီပြုပြီး နံသိစိတ်ဖြစ်ရတယ်၊ လျှာကိုအမှီပြုပြီး လျက်သိစိတ်ဖြစ်ရတယ်၊ ကိုယ်ကာယကို အမှီပြုပြီး ထိသိစိတ် ဖြစ်ရတယ်၊ ဒါတွေက အချိန်မရွေးဖြစ်နေတာတွေ၊ တစ်ခုမဖြစ် တစ်ခုဖြစ်နေမှာပဲ။

အခု တရားနာတဲ့အချိန်ကလေးမှာပဲ ကြည့်ဦး၊ အသံကြားနေရင် ကြားသိ စိတ် ဖြစ်နေတာပဲ၊ ထိုင်နေတဲ့နေရာက အထိအတွေ့ကို ကြည့်လိုက်ရင် ထိသိစိတ် ဖြစ်လာမှာ၊ ဒီထဲမှာပဲ ကိုယ့်ရဲ့ခံတွင်းထဲက အရသာတစ်မျိုးပေါ်လာရင် အရသာ သိစိတ်တစ်မျိုး ဖြစ်နေတယ်၊ တရားနာနေရင်း အနံ့တစ်မျိုး ရလာလို့ရှိရင်လည်း နံသိစိတ်ဖြစ်ဦးမှာပဲ၊ မျက်စိဖွင့်ထားလို့ မြင်ရလို့ရှိရင်လည်း မြင်သိစိတ်တွေ ဖြစ်နေ ဦးမယ်၊ တရားနာနေတုန်းကိုပဲ ဒီသဘာဝတရားတွေ မိမိသန္တာန်မှာ ဖြစ်နေတယ် ဆိုတာ အားလုံး သတိထားမိကြတယ်။

စာလိုပြောမယ်ဆိုရင် မျက်စိဆိုတာ စက္ခုပသာဒရုပ်၊ အာယတနနာမည်နဲ့ ပြောလို့ ရှိရင် စက္ခာယတန၊ (စက္ခု+အာယတန)၊ ရူပါရုံလို့ခေါ်တဲ့ အဆင်းအာရုံလေး ကို ခံယူနိုင်စွမ်းရှိတယ်၊ (သို့မဟုတ်) အဆင်းအာရုံလေးရဲ့ ပေါ်လွင်ထင်ဟပ်ရာ ဖြစ်တဲ့ အရိပ်လာထင်တဲ့ မျက်စိအကြည်ဓာတ်ကလေးကို စက္ခုပသာဒလို့ ခေါ်တာ။

အဲဒီအကြောင်းကို ပြောမယ် - လူတိုင်းလူတိုင်းမှာ မျက်စိအကြည် ဆိုတဲ့ စက္ခုပသာဒ ရုပ်ရှိတယ်၊ အဲဒီစက္ခုအကြည်ထဲမှာ မြင်စရာအာရုံလာပြီးတော့ အရိပ် ထင်လိုက်တာနဲ့ တစ်ပြိုင်နက် မြင်သိစိတ်ဆိုတာ ပေါ်လာတယ်၊ အခုပြောမှာက မြင်စရာအာရုံလာပြီး ထင်ပေါ်တဲ့ စက္ခုပသာဒရုပ်က မြင်သိစိတ်ကို မည်သည့် စွမ်းရည်သတ္တိတွေနဲ့ အထောက်အကူပြုနေသလဲ၊ ဒါ ပုရေဇာတသတ္တိ အနေနဲ့ ပြောတာ၊ သာမန် ဆိုလို့ရှိရင် မျက်စိရှိရင် မြင်လိုက်တာပဲ၊ မြင်လို့ရှိရင် မြင်သိစိတ်ပေါ် လိုက်တာပဲ၊ ဒီလောက်ပဲသိတယ်၊ ဘာသတ္တိ ဘာစွမ်းရည်သတ္တိနဲ့ ဘယ်ပစ္စည်းနဲ့ ကျေးဇူးပြုတယ် ဆိုတာ မြတ်စွာဘုရားဟောကြားတဲ့တရားတော်ကျမှ သိလို့ရတာ။

မြတ်စွာဘုရားက ရူပါရုံဆိုတဲ့ အဆင်းအာရုံ လာပြီးတော့ အရိပ်ထင်တဲ့ နေရာဟာ မြင်သိစိတ်ဖြစ်ဖို့ရာအတွက် ကြိုတင်ပြီးပေါ်နေတဲ့ အကြောင်းတရား လို့ ဒီလို ဟောထားတာ၊ ပုရေဇာတပစ္စည်းလို့ ဒီလိုပြောတာ၊ ကြိုတင်ပြီးတော့ ပေါ်နေတယ် ဆိုတာ ဘယ်လောက်ကြိုတင်ပြီးတော့ ပေါ်သလဲ၊ အတိုင်းအတာတစ်ခုအရ နာရီပိုင်း ကြိုတင်တာလား (သို့မဟုတ်) လ,ပိုင်း ကြိုတင်နေတာလား (သို့မဟုတ်) နှစ်,ပိုင်း ကြိုတင်နေတာလား၊ မေးစရာရှိတယ်ပေါ့။

အရာခပ်သိမ်းဟာ ထာဝရ ရွေ့လျားနေတယ်၊ လူတွေရဲ့သန္တာန်မှာ စက္ခုပသာဒ ရုပ်ဟာ ကံကြောင့် ဖြစ်လာတာ၊ အဲဒီ ကံကြောင့်ဖြစ်လာတဲ့ စက္ခုပသာဒရုပ်သည် စိတ္တက္ခဏ လို့ခေါ်တဲ့ စိတ်ရဲ့ ဖြစ် တည် ပျက် ဒီခဏငယ် ၃-ခု မှာ ဖြစ်တဲ့ အခိုက်ကလေးမှာလည်း ဖြစ်နေတယ်၊ တည်နေတဲ့ အခိုက်ကလေးမှာလည်း စက္ခုပသာဒရုပ်က ဖြစ်နေတယ်၊ ပျက်သွားတဲ့ အချိန်ပိုင်းမှာလည်းပဲ စက္ခုပသာဒ ရုပ်ကလေးက ဖြစ်နေတယ်၊ ဒါ စိတ်နဲ့ပြောတာ။

သာမန်ပြောမယ်ဆိုရင် စက္ခုပသာဒရုပ်ကို ကံတရားက ထုတ်လုပ်လိုက်တဲ့ အချိန်မှစပြီး စက္ကန့်မလပ် တရစပ် အသစ်အသစ်တွေ အမြဲတမ်းဖြစ်နေတယ်လို့ ဒီလိုမှတ်ရမယ်၊ ဒါဖြင့် အသစ်အသစ်တွေဖြစ်နေရင် အဟောင်းတွေက ဘယ်ရောက် သွားကုန်လဲ၊ သင်္ခါရရဲ့သဘောတရားအရ ရုပ်ဟာ စိတ္တက္ခဏ ၁၇-ချက်မျှသာ အသက်ရှည်နိုင်တယ်၊ ဖြစ်လိုက်တဲ့ စက္ခုပသာဒရုပ်ရဲ့သက်တမ်းသည် စိတ်နဲ့ တိုင်းတာကြည့်မယ်ဆိုရင် စိတ် ၁၇-ချက် (သို့မဟုတ်) ခဏငယ် ၅၁-ချက်၊

(သိ လွယ်အောင်ပြောရင် စက္ကန့် ၅၁-စက္ကန့်လို့ ပြောချင်ပြော၊ ဒါ သိလွယ်အောင် ပြောတာ၊ ၅၁-စက္ကန့်ထက် ပိုတိုနိုင်သေးတယ်နော်၊ စိတ်က အင်မတန်မှ မြန်သည့် အတွက်။)

ဒီတော့ အသစ်ဖြစ်တဲ့ စက္ခုပသာဒရုပ်ဟာ:၁၇-ချက်ခန့် အတိုင်းအတာလေး လောက်တွင် တည်တံ့ပြီး ပျက်စီးသွားတယ်၊ ပျက်စီးသွားတယ်ဆိုတာ ဘယ်ရောက် သွားတုန်း? လုံးဝပျက်စီးသွားတယ်၊ နောက်ထပ် အသစ်အသစ်တွေကတော့ တရစပ် ဖြစ်နေတာပဲ၊ ဟောဒီမျက်စိအကြည်ကလေး စ,ရလာတဲ့အချိန်က နေပြီးတော့ တရစပ်ဖြစ်နေတာတွေ စဉ်းစားကြည့် - ပထမဆုံးဖြစ်တဲ့ စက္ခုပသာဒသည် စိတ္တက္ခဏ ၁၇-ချက်ပြည့်တာနဲ့ ချုပ်သွားပြီ၊ ဒုတိယဖြစ်တဲ့ဟာက နောက်ထပ် ဆက်နေတယ်၊ တတိယဖြစ်တာက ဆက်နေတယ်၊ စဉ်ဆက်မပြတ်ဖြစ်နေတာလည်း တရစပ်ပဲ၊ ဖြစ်လာပြီးရင်လည်းပဲ သူ သက်တမ်းအလျောက် ပျောက်ကွယ်သွား နေတာ။

မြစ်ကို သွားကြည့်မယ်ဆိုရင် မြစ်ရေဟာ တသွင်သွင်စီးနေတာ၊ သို့သော်လည်း “တို့ငယ်ငယ်တုန်းကလည်း ဒီရေတွေ စီးနေတာ၊ ဒီကနေ့လည်း ဒီရေတွေ စီးနေတာပဲ” လို့ ဒီလိုပဲ မြင်ကြမှာ၊ ဒီရေတွေလို့ပဲလို့ ထင်လိမ့်မယ်၊ “ဒီ စက္ခုပသာဒ ရုပ်ကလေးဟာ တို့ငယ်ငယ်က မျက်လုံး ရလာကတည်းကိုက ဒီစက္ခုပသာဒ ရုပ်ကလေးဟာ ဒီအတိုင်းပဲ” လို့ ဒီလိုထင်ကြတယ်၊ သို့သော် မြစ်ရေစီးတဲ့ ရေစီးနှုန်း ထက် ပိုပြီးတော့ လျင်မြန်တဲ့နှုန်းထားနဲ့ စက္ခုပသာဒရုပ်တွေဟာ အသစ်အသစ် ဖြစ်ပြီး ပျက်စီးနေတာတဲ့၊ ထာဝရပြောင်းလွဲနေတယ်၊ သို့သော် အလားတူတွေ ထပ်ပြီးဖြစ်နေ သည့်အတွက် လူတွေက သတိမထားနိုင်ဘူး၊ သတိမမူရင် မမြင်နိုင် ဘူးပေါ့။

အဲဒီစက္ခုပသာဒရုပ်ပေါင်း မြောက်မြားစွာ ရှိတယ်နော်၊ စိတ္တက္ခဏ ခဏတိုင်း ခဏတိုင်းမှာ စက္ခုပသာဒရုပ်တွေက အသစ်အသစ် ဖြစ်နေတာ၊ အဲဒီ အသစ် အသစ် ဖြစ်နေတဲ့စက္ခုပသာဒရုပ်တွေမှာ ဘယ်စက္ခုပသာဒရုပ်က မြင်သိစိတ်ကို ပုရေဇာတ သတ္တိနဲ့ ကျေးဇူးပြုနေတာလဲ၊ ဘယ်စက္ခုပသာဒကို ပုရေဇာတသတ္တိလို့ ခေါ်မှာလဲ ဆိုတော့ မြင်သိစိတ်ဖြစ်တဲ့ ဝီထိဆိုတာ ရှိတယ်၊ မြင်သိစိတ် ဖြစ်တော့ မယ်ဆိုရင် ဆိုပါစို့ ဘုန်းကြီးတို့ process ဖြစ်စဉ်လေးတစ်ခုကို စဉ်းစား ကြည့်ရအောင်၊ ဒီဖြစ်စဉ်က သာမန်နဲ့တော့ မမြင်နိုင်ဘူးပေါ့၊ စာပေကျမ်းဂန် ဗဟုသုတအရ ပြောရမှာ။

ဖြစ်စဉ်လေးတစ်ခုရှိတယ်၊ ဖြစ်စဉ်ဆိုတာ အဆန်းမဟုတ်ဘူး၊ ဘယ်ဟာပဲ ဖြစ်ဖြစ် ဖြစ်စဉ်ရှိတယ်နော်၊ မျိုးစေ့လေးတစ်ခု မြေပေါ်မှာ ချစိုက်လိုက်လို့ရှိရင် ၂-ပတ် ၃-ပတ် လောက်နေမှ အညှောင့်ထွက်လာတယ်ဆိုတာ ဝုန်းဒိုင်းထွက်လာတာ မဟုတ်ဘူး၊ ဒီကနေ့ စိုက်လိုက်တဲ့မျိုးစေ့လေးဟာ နက်ဖြန်ခါကျတော့ အခြေအနေလေး နည်းနည်း ပြောင်းလာတယ်၊ သန်ဘက်ခါကြည့်လိုက် အခြေအနေ ပိုပြောင်းလာတယ်၊ တစ်နေ့ပြီး တစ်နေ့ တစ်နေ့ပြီးတစ်နေ့ ပြောင်းလာတာ၊ ၂-ပတ် ၃-ပတ် ကြာတဲ့အခါ အညှောင့် ကလေးထွက်လာတာ၊ အဲဒါ process လို့ ခေါ်တယ်၊ ဖြစ်စဉ်လေးတစ်ခုနဲ့ သွားတယ်။

ထို့အတူပဲ မြင်သိစိတ်ဖြစ်တော့မယ်ဆိုရင် ဖြစ်စဉ်ကလေးတွေ ရှိတယ်၊ ဆိုပါစို့ - မျက်စိဖွင့်လိုက်လို့ မြင်စရာအာရုံက မျက်စိအကြည်မှာ လာပြီးထင်ဟပ် တယ်၊ အဲဒီ ထင်ဟပ်လိုက်တဲ့ ရူပါရုံကို ထင်ဟပ်လျှင် ထင်ဟပ်ချင်း စိတ်က မမှတ် နိုင်သေးဘူး၊ စက္ခုပသာဒနဲ့ ရူပါရုံ ဆုံမိတဲ့အခိုက်ကလေးကနေ မမှတ်နိုင်သေးဘူး၊ ဒီရူပါရုံကို သတိပြုမိတဲ့စိတ်က မပေါ်သေးဘူး၊ နဂိုကဖြစ်နေကျ ဘဝင်စိတ်တွေ ဖြစ်တယ်၊ အဲဒီတော့ အနည်းဆုံး ထင်ဟပ်လိုက်တဲ့အချိန်မှာ ဖြတ်ကျော်သွားတဲ့ ဘဝင်စိတ် တစ်ခု ဖြစ်လာတယ်၊ အဲဒီဘဝင်စိတ်ဟာ ဒီမျက်စိထဲမှာ ထင်လာတဲ့အာရုံနဲ့ ဘာမျှ မသက်ဆိုင်ဘူး၊ သူ့ အာရုံနဲ့သူ ပြေးနေတဲ့စိတ်ကလေး။

မျက်စိနဲ့ ရူပါရုံ ဆုံလိုက်တဲ့အခိုက်ကလေးမှာ မြင်တဲ့စိတ်က မပေါ်နိုင်သေးဘူး၊ လက်ရှိဘဝင်စိတ်တစ်ခုက ဖြတ်ကျော်သွားပြီ၊ အဲဒီဖြတ်ကျော်သွားတဲ့ ဘဝင် လေးကို အတီတဘဝင် passed ဘဝင်္ဂ လို့ ဒီလိုခေါ်တယ်၊ အဲဒီနောက် နောက်ထပ် ဒုတိယဘဝင်စိတ်တစ်ခု ဖြစ်လာတယ်၊ အဲဒီဘဝင်စိတ်ဟာ အာရုံအသစ်ကြောင့် လှုပ်ရှားယိမ်းယိုင်လာတဲ့သဘောရှိလို့ သူ့ကို ဘဝင်္ဂစလန လှုပ်ရှားတဲ့ ဘဝင်လို့ ဒီလိုခေါ်တယ်။

နောက် - တတိယဘဝင်စိတ်ကျတော့ အသစ်ထင်လာတဲ့ အာရုံရဲ့ တိုက်ခတ်မှု စွမ်းအားကြောင့် မူလဖြစ်နေတဲ့ ဘဝင်စိတ်ရဲ့အလျဉ်ဟာ ပြတ်တောက် သွားတယ်၊ အဲဒီပြတ်တောက်သွားတဲ့ ဘဝင်စိတ်ကို ဘဝင်္ဂုပစ္ဆေဒလို့ ခေါ်တယ်၊ အနည်းဆုံး ဘဝင် ၃-ခု ဖြတ်ကျော်ပြီးတော့မှ မျက်စိထဲမှာပေါ်လာတဲ့ အဆင်း အာရုံကိုသိတဲ့စိတ်က လာတာ။

စက္ခုပသာဒ မျက်လုံးနဲ့ မြင်စရာအာရုံ ဆုံလိုက်တယ်၊ အဲဒါ ဖြစ်စဉ်တစ်ခု စတင်ခြင်းပဲ၊ အဲဒီရူပါရုံနဲ့ ဒီ မျက်စိအကြည် ဆုံလိုက်တဲ့အချိန်မှာဖြစ်တဲ့ မျက်စိ အကြည်ရုပ်ဟာ မြင်သိစိတ်ရဲ့ ပုရေဇာတသတ္တိပဲ၊ ကျန်တဲ့စက္ခုပသာဒရုပ် မျက်စိ အကြည်တွေကို မပြောလိုဘူး၊ နောက်မှ ဖြစ်တာတွေလည်း မပြောဘူး၊ သူ့ထက် အရင် ဖြစ်နှင့်တာ တွေကိုလည်း မပြောဘူး။

အတီတဘဝင်ဆိုတဲ့စိတ်နဲ့ ပြိုင်တူဖြစ်လာတဲ့ စက္ခုပသာဒနဲ့ ရူပါရုံ ဆုံလိုက်လို့ မျက်စိနဲ့ အဆင်းအာရုံ ဆုံလိုက်တဲ့အချိန်မှာ ဖြစ်လာတဲ့စက္ခုပသာဒရုပ်၊ အဲဒီ စက္ခုပသာဒရုပ်သည် မြင်သိစိတ်ထက် စိတ်ဘယ်နှစ်ခုလောက် စောတုန်းဆိုရင် အတီတဘဝင် ဆိုတာက တစ်ခု၊ ဘဝင်္ဂစလန လှုပ်ရှားတဲ့ဘဝင်ဆိုတာ တစ်ခု၊ ပြတ်တောက်သွားတဲ့ဘဝင် ဘဝင်္ဂုပစ္ဆေဒဆိုတာ တစ်ခု၊ အဲဒီနောက်မှ ထင်ဟပ် လာတဲ့ ရူပါရုံကို ဆင်ခြင်တဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဆိုတာ ပေါ်တယ်၊ အနည်းဆုံး ဒီစိတ် ၄-ခု လောက် ပေါ်ပြီးမှ စက္ခုဝိညာဏ်ဆိုတဲ့ မြင်သိစိတ်ကလာတာ။

ဒါဖြင့် စက္ခုပသာဒရုပ်က မြင်သိစိတ်ထက် အတီတဘဝင် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ပဉ္စဒွါရာဝဇ္ဇန်း စိတ္တက္ခဏ ၄-ချက် စောတယ်၊ အဲဒါကို ပြောတာ၊ ပုရေဇာတ။ ရှေးဦးစွာဖြစ်နှင့်တဲ့ စက္ခုပသာဒရုပ်သည် စက္ခုဝိညာဏ်စိတ်ကို ကျေးဇူးပြုတယ်၊ ဒီဟာကို သဘောပေါက်ဖို့အတွက် အဘိဓမ္မတ္ထသင်္ဂဟ ဝီထိပိုင်းကို နားလည်ရမယ်၊ ဝီထိပိုင်းမှာ စိတ်ဖြစ်စဉ်တစ်ခုကို နားလည်အောင် အကျဉ်းချုပ် ပြောမယ်။

(ပါဠိလိုပြောရတဲ့ အခါကျတော့ ပါဠိနဲ့မရင်းနှီးတဲ့ ပုဂ္ဂိုလ်တွေမှာ အခက်အခဲ တွေ့ကောင်းတွေ့လိမ့်မယ်)

ဘဝင်စိတ်ဆိုတာ မူလပဋိသန္ဓေစိတ်ကိုပဲ ခေါ်တာပဲ၊ မူလပဋိသန္ဓေစိတ် ဆိုတာ မျက်စိနဲ့မြင်ရတဲ့ အာရုံနဲ့ မဆိုင်ဘူး၊ နားကကြားရတဲ့ အသံနဲ့လည်းမဆိုင်ဘူး၊ ကံရဲ့ အရှိန်အဟုန်နဲ့ နဂိုကယူထားတဲ့ အာရုံနဲ့ သူက သွားနေတာ၊ ပိုပြီးတော့ ထင်ရှားအောင် ပြောမယ်ဆိုရင် အိပ်ပျော်နေတဲ့စိတ်ဟာ ဘဝင်စိတ်၊ အာရုံအသစ်နဲ့ မဆိုင်ဘူး၊ သူ့ဟာသူ သွားနေတာ၊ အဲဒီ သူ့ဟာသူသွားနေတဲ့စိတ်ဟာ အာရုံအသစ် ဝင်လာလို့ရှိရင် ပြတ်သွားတယ်၊ ပြတ်သွားပြီး အာရုံအသစ်နဲ့ အလုပ်လုပ်တဲ့စိတ်တွေ ပေါ်လာတယ်၊ ဒီသဘောကို မှတ်ထားရမယ်။

မြင်စရာအာရုံနဲ့ မျက်စိအကြည်ရုပ် သွားဆုံလိုက်တဲ့အခါမှာ အတီတဘဝင် ဆိုတဲ့ စိတ်တစ်ခုဟာ ဖြစ် တည် ပျက်ဆိုတဲ့ ခဏငယ် ၃-ချက်နဲ့ ပျက်သွားတယ်၊ သူ ပျက်သွားတာနဲ့ တစ်ပြိုင်နက် နောက်ထပ် ဘဝင်္ဂစလနဆိုတဲ့ ဘဝင်စိတ်တစ်ခု ထပ်ပေါ်လာတယ်၊ သူလည်း ၃-ချက်နဲ့ ပျက်သွားတယ်၊ နောက်ထပ် ဘဝင်္ဂုပစ္ဆေဒ ဆိုတဲ့ ဘဝင်စိတ် တတိယဘဝင်စိတ် ပေါ်လာတယ်၊ သူလည်း ပျက်သွားတယ်၊ အဲဒီ ဘဝင်စိတ်၃-ခုသည် ထင်ဟပ်လာတဲ့အာရုံနဲ့ ဘာမှမသက်ဆိုင်ဘူး၊ ဒီအာရုံကို သူတို့က သတိမမူဘူး၊ ဆိုလိုတာက အိပ်ပျော်နေသေးတယ်။

စပြီး ဘယ်ကျမှ နိုးလာတုန်းဆို ပဉ္စဒွါရာဝဇ္ဇန်း (မျက်စိက ထင်လာတဲ့အာရုံကို ဆင်ခြင်) စိတ် ပေါ်လာမှနိုးတာ။ အဲဒီစိတ်က စပေါ်လာတာ၊ Attending conscoiusness အာရုံအသစ်ကို attention လုပ်တယ်။

အဲဒီစိတ် ပေါ်ပြီးတဲ့နောက်မှာ ဘာပေါ်တုန်းဆိုရင် စက္ခုဝိညာဏ်စိတ် မြင်သိစိတ် ဆိုတာ ပေါ်လာတယ်၊ မြင်သိစိတ်ပေါ်လာပြီးရင် သမ္ပဋိစ္ဆိန်း ဆိုတဲ့ အာရုံကို လက်ခံ လိုက်တဲ့စိတ် ပေါ်လာတယ်၊ လက်ခံတဲ့စိတ်ပေါ်ပြီးရင် ဘာလဲ ဆိုတာကို စုံစမ်းတဲ့ သန္တီရဏစိတ် ပေါ်လာတယ်၊

ပြီးတဲ့အခါ အာရုံရဲ့ သဘာဝကို အကောင်းဆိုရင်အကောင်း, အဆိုးဆိုရင်အဆိုး ဆုံးဖြတ်ချက်ချတဲ့ ဝုဋ္ဌောဆိုတဲ့စိတ် ပေါ်လာတယ်၊ ဝုဋ္ဌောဆိုတာ တခြားစိတ် မဟုတ်ဘူး၊ မနောဒွါရာဝဇ္ဇန်းပဲ၊ သူလည်း attention ပဲ၊ အဲဒီစိတ် ပေါ်လာပြီးတဲ့ နောက်မှာ သူက အခြေအနေတစ်ခု ပေးလိုက်တယ်၊ အဲဒီနောက်မှာ အရှိန်အဟုန်နဲ့ ဖြစ်တဲ့စိတ်၊ ဇောစိတ်လို့ခေါ်တယ်။

ဇောစိတ်က ရိုးရာအားဖြင့် ၇-ကြိမ် ပေါ်လာတယ်၊ ဇောစိတ်ဟာ ဒီအာရုံနဲ့ အလုပ် လုပ်တဲ့စိတ်၊ အာရုံရဲ့ အရသာကို အတွေ့အကြုံရတဲ့စိတ်၊ ကုသိုလ်ဖြစ်ချင် လည်း ဖြစ်မယ်၊ အကုသိုလ်ဖြစ်ချင်လည်း ဖြစ်မယ်၊ ဝုဋ္ဌောစိတ်ရဲ့ ဦးတည်ချက် အတိုင်းပဲ ကုသိုလ်ဖြစ်ချင်ဖြစ်သွားတယ်၊ အကုသိုလ်ဖြစ်ချင် ဖြစ်သွားတယ်၊ မြင်တဲ့ အာရုံတ ွေပေါ်မှာ ဇောစိတ် ၇-ခု ဖြစ်တယ်၊ ဇောစိတ်ဖြစ်ပြီးတဲ့အခါ အရှိန်အဟုန် နောက်ကနေလိုက်ပါသွားတဲ့ ဘဝင်စိတ်၂-ခုကို ပိဋ္ဌိဘဝင်္ဂလို့ခေါ်တယ်၊ အဲဒီဘဝင် စိတ်ကိုတော့ နာမည်အသစ် ပေးထားတယ်၊ တဒါရုံတဲ့၊ တကယ်ကတော့ ဘဝင်စိတ်ပဲ။

အဲဒီ တဒါရုံစိတ်၂-ခု ဖြစ်လိုက်တဲ့အခါကျတော့ ခုနက မျက်စိထဲမှာ ထင်လာတဲ့ အာရုံရဲ့သက်တမ်းဟာ ကုန်သွားပြီ။ စိတ္တက္ခဏ ၁၇-ချက်ပဲ ရှိတယ်၊ ဒီ့ထက် ရှေ့ဆက်သွားလို့ မရဘူး၊ သူ့ သက်တမ်းက စေ့သွားပြီ၊ အဲဒီမှာ စိတ် ၁၇-ချက်မှာ သူ ချုပ်တယ်၊ အတီတဘဝင်ရဲ့ ဥပါဒ်ခဏမှာ စ,ဖြစ်လာတဲ့ ဒီရူပါရုံဟာ ဒုတိယ တဒါရုံစိတ်ရဲ့ ဘင်ခဏမှာ ချုပ်သွားတယ်၊ ဒါ စိတ်ဖြစ်စဉ်ကလေးတစ်ခုကို နားလည်အောင် ပြောပြတာ။

အခုပြောမယ့် ပုရေဇာတပစ္စည်းဆိုတာ အခြားဟာကို မပြောဘူး၊ အဆင်း အာရုံက မျက်စိထဲမှာ ထင်ဟပ်လာတယ်၊ အဲဒီ ထင်ဟပ်ခံရတဲ့ မျက်စိ အကြည်ရုပ် အကြောင်းကို ပြောမယ်၊ အဲဒီ မျက်စိအကြည်ရုပ်သည် ဘယ်တုန်းက အကြည်ရုပ် လဲ၊ သန်းပေါင်းများစွာရှိတဲ့ အကြည်ရုပ်တွေထဲက ဘယ်အကြည်ရုပ်တုန်းဆိုရင် အတီတ ဘဝင်နဲ့ ပြိုင်ပြီးတော့ ဖြစ်လာတဲ့အကြည်ရုပ်တဲ့၊ အဲဒီ အကြည်ရုပ်သည် အတီတဘဝင် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ပဉ္စဒွါရာဝဇ္ဇန်း ဆိုတော့ စက္ခုဝိညာဏ် မဖြစ်ခင် စိတ္တက္ခဏ ၄-ခု စောတယ်၊ အဲဒီ စက္ခုပသာဒရုပ်ကို မှီပြီးတော့ မြင်သိစိတ်က ပေါ်ရတာ၊ ဒီမျက်စိအကြည်ရုပ် မဖြစ်ဘူးဆိုလို့ရှိရင် မြင်သိစိတ် မဖြစ်နိုင်ဘူး၊ ဟုတ်တာပေါ့၊ စောင်းကြိုးတို့ စောင်းအိုးတို့ မရှိလို့ရှိရင် စောင်းသံထွက်ပါ့မလား? မထွက်နိုင်ဘူး၊ စောင်းကြိုး စောင်းအိုးကို အမှီပြုပြီးတော့ စောင်းသံလေးက ထွက်ရတာ။

အဲဒါလိုပဲ မျက်စိအကြည်ရုပ်ကို မှီပြီးတော့မှ မြင်သိစိတ်ဆိုတာ ဖြစ်တာ၊ အဲဒီ မျက်စိအကြည်ရုပ်သည် စိတ္တက္ခဏ ၄-ချက်စောလို့ ပုရေဇာတ born earlier ကြိုတင်ပြီးတော့ မွေးဖွားလာတာ၊ အကြောင်းတရားက ကြိုတင်ပြီးမွေးတယ်၊ ကြိုတင်မွေးပြီး စက္ခုဝိညာဏ်စိတ်ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်တဲ့၊ ကြိုတင်မွေးပြီး အထောက်အကူပြုတဲ့ အကြောင်းတရားလို့ပြောတာ။

အဲဒါကို ဗုဒ္ဓမြတ်စွာက ပဋ္ဌာန်းပါဠိတော်မှာ -
“စက္ခာယတနံ စက္ခုဝိညာဏ- ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော” လို့ ဒီလိုဟောတာ။

စက္ခာယတနံ - မျက်စိအကြည်လို့ဆိုတဲ့ စက္ခုပသာဒရုပ်သည်၊
စက္ခုဝိညာဏဓာတုယာ - မြင်သိစိတ်လို့ဆိုတဲ့ စက္ခုဝိညာဏဓာတ် စက္ခုဝိညာဏ်စိတ် အားလည်းကောင်း၊
တံ သမ္ပယုတ္တကာနံ - ထိုစက္ခုဝိညာဏ်စိတ်နဲ့ ယှဉ်ဖော်ယှဉ်ဖက် ဖြစ်ကြတဲ့၊
ဓမ္မာနံ - စေတသိက် ၇-ခုတို့အားလည်းကောင်း၊
ပုရေဇာတပစ္စယေန - ပုရေဇာတပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်သည်၊
ဟောတိ - ဖြစ်ပါပေတော့၏။

အဲဒီတော့ နားလည်ရမှာက စက္ခာယတနံ ဆိုတဲ့ မျက်စိအကြည်သည်၊ စက္ခုဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - မြင်သိစိတ်၊ မြင်သိစိတ် ပေါ်လာတဲ့အခါ မြင်သိစိတ်နဲ့ ယှဉ်တွဲပြီး ဖြစ်လာတဲ့ စေတသိက် ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြေ မနသိကာရ၊ ၇-ခု ရှိတယ်။
၁။ မြင်သိစိတ်ကို အာရုံနဲ့ဆက်သွယ်ပေးတာကို ဖဿလို့ ခေါ်တယ်၊
၂။ အာရုံရဲ့အရသာကို ခံစားတာကို ဝေဒနာလို့ ခေါ်တယ်၊
၃။ မှတ်တမ်းတင်တာကို သညာလို့ခေါ်တယ်၊
၄။ လှုံ့ဆော်ပေးတာကို စေတနာလို့ ခေါ်တယ်၊
၅။ အာရုံတစ်ခုတည်း ကျသွားတာ ဧကဂ္ဂတာလို့ ခေါ်တယ်၊
၆။ ဆိုင်ရာနာမ်တရားတွေ ဆိုင်ရာသက်တမ်းအတိုင်း တည်နိုင်အောင် (သို့မဟုတ်) ထပ်ပြီးတော့ဖြစ်အောင် စောင့်ရှောက်တဲ့အရာကို ဇီဝိတိန္ဒြေလို့ ခေါ်တယ်၊
၇။ အာရုံ ပေါ်မှာ နှလုံးသွင်းဆင်ခြင်တာကို မနသိကာရ လို့ ခေါ်တယ်။

အဲဒီစေတသိက်တရားတွေနဲ့ မြင်သိစိတ်ဟာ ယှဉ်တွဲပြီးတော့ ဖြစ်လာတာ ဆိုတော့ ဘယ်နှစ်ခုလဲ၊ ၈-ခု၊ ဟုတ်ရဲ့လား၊ မြင်သိစိတ်ကလေးဟာ သူတစ်ခုတည်း မဖြစ်ဘူး၊ သူအပါအဝင် စေတသိက် ၇-ခုနဲ့ ၈-ခု၊ ခုခေတ်စကားနဲ့ပြောရင် eight in one လို့ပြောမယ်၊ ၈-ခုကို တစ်စုလုပ်ထားတာနော်၊ ၈-ခု ပေါင်းထားတဲ့ တစ်စု၊ အဲဒီ ၈-ခု ပေါင်းထားတဲ့သဘာဝတရား၊ ဒီ တစ်ခုအဖြစ်လုပ်ထားတဲ့ မြင်သိစိတ်လို့ခေါ်တဲ့ ၈-ခု၊ အဲဒီ ၈-ခုကို မျက်စိအကြည်ဆိုတဲ့ စက္ခုပသာဒရုပ်က ပုရေဇာတသတ္တိနဲ့ ကျေးဇူး ပြုတာပါ။

ဒါတွေက လူတိုင်းလူတိုင်းမှာ အတွေ့ အကြုံရှိတာ၊ သို့သော် ဒီလိုသိလား ဆိုတော့ ဘုရားဟောမှ သိရတာ၊ နို့မို့မသိဘူး၊ ငါမြင်တယ်ပဲ ပြောကြမှာ၊ အသေးစိတ် ဘယ်လိုမှ မသိဘူး၊ ကြည့် - မြတ်စွာဘုရားက အသေးစိတ်ဟောတာ၊ ဒါက မျက်စိအကြည်က မြင်သိစိတ်ကို ပုရေဇာတသတ္တိနဲ့ကျေးဇူးပြုတယ်၊ ဒီတစ်ခုတည်းကိုတင် ဟောနေတာ နော်၊ ကျန်တဲ့စိတ်တွေအကြောင်း မဟောဘူး ဒီမှာ၊ ကျန်တဲ့ စိတ်တွေ အများကြီးပဲ။

ဒီ စက္ခုဝိညာဏ်စိတ် မြင်သိစိတ်ဟာ မျက်စိအကြည်လို့ဆိုတဲ့ စက္ခုပသာဒ စက္ခုဝတ္ထုရုပ်ကို သူက အမှီပြုပြီး ဖြစ်ရတာ၊ ဒါကြောင့်မို့ မြင်သိစိတ် စက္ခုဝိညာဏ် စိတ်ရဲ့မှီရာဖြစ်တဲ့ မျက်စိအကြည် စက္ခုပသာဒရုပ်သည် ပုရေဇာတပစ္စည်း တဲ့၊ ကြိုတင်ပြီး ဖြစ်နှင့်ပြီးတော့ ကျေးဇူးပြုတာပါ၊ ဒါကို ပြောတာ၊ တကယ်က သူက ထုတ်လုပ်တာလားလို့ဆိုတော့ ထုတ်လုပ်တာတော့ မဟုတ်ဘူး၊ သို့သော် သူ့ပေါ်မှာ မှီပြီးဖြစ်တာ၊ တခြားအကြောင်းတွေလည်း ရှိတယ်ပေါ့။

ဥပမာ - စည်ကို တီးလိုက်တဲ့အခါမှာ စည်သံထွက်လာတယ်နော်၊ စည်သံက ဘယ်က ထွက်တာတုန်း၊ စည်တီးတဲ့လက်က ထွက်တာလား၊ (သို့မဟုတ်) စည် မျက်နှာပြင်က ထွက်တာလား၊ (သို့မဟုတ်) တီးတဲ့လူဆီက ထွက်တာလားလို့ မေးရင် ဘယ်လို ပြောမလဲ၊ စည်မျက်နှာပြင်က ထွက်လာတာ၊ စည်တီးတဲ့လက်က ထွက်တာလည်း မဟုတ်ဘူး၊ စည်က ထွက်တာလည်း မဟုတ်ဘူး။

ထို့အတူပဲ ဟောဒီ စက္ခုပသာဒအကြည်ရုပ်ရယ် အဆင်းအာရုံရယ် အဲဒီ ၂-ခု တိုက်လိုက်တဲ့အခါမှာ မြင်သိစိတ်က ဘယ်က ပေါ်လာတုန်းဆိုတော့ မျက်စိ အကြည်ကနေ ထပေါ်လာတာ၊ တိုက်တာက ဘယ်သူက တိုက်တာတုန်းဆိုတော့ မြင်စရာအဆင်းအာရုံက တိုက်တာ၊ အဆင်းအာရုံက ဘာနဲ့တူတုန်းဆိုရင် စည်တီး တဲ့လက်နဲ့ တူတယ်၊ (သို့မဟုတ်) စည်တီးတဲ့တုတ်နဲ့ တူတယ်ပေါ့၊ သူက တီးလိုက် လို့ ဟိုက ထအော်တာ၊ အခုပြောနေတာက စက္ခုဝိညာဏ်စိတ်ဖြစ်ပေါ်တဲ့နေရာကို ပြောနေတာ၊ စက္ခုဝိညာဏ်စိတ် မြင်သိစိတ်ဟာ ဘယ်အာရုံက တိုက်ခိုက်လို့ ပေါ်တယ်ဆိုတာ မပြောသေးဘူးနော်၊ ဒီတစ်ခြမ်းကိုပဲ ပြောနေတာ။

စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော = စက္ခုပသာဒလို့ဆိုတဲ့ ဒီရုပ်သည် မြင်သိစိတ်နဲ့ ယှဉ်ဖက်တရားတွေကို ပုရေဇာတသတ္တိဖြင့် ကျေးဇူးပြုပါတယ်။

ကျေးဇူးပြုတယ်ဆိုတာ အကယ်၍သာ မျက်စိအကြည်ပျက်သွားမယ်ဆိုရင် မြင်သိစိတ် ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်တော့ဘူး၊ သူမရှိရင် သူလည်း မရှိနိုင်ဘူး၊ သူရှိ မှ သူရှိတယ်၊ အကြောင်းနဲ့ အကျိုးဆိုတာ သူရှိနေလို့ သူရှိတာ၊ ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက အဲဒီလို ဟောတာ၊ “ဣမသ္မိံ သတိ ဣဒံ ဟောတိ” “ဒါရှိလို့ ဒါရှိတာ၊” ဒါမရှိရင် ဟိုဟာ မရှိနိုင်ဘူးဆိုတဲ့သဘော။

အဲဒီမှာလည်း မျက်စိအကြည် ရှိနေသည့်အတွက်ကြောင့် မြင်သိစိတ် ပေါ်လာ နိုင်တာ၊ အဲဒီမျက်စိအကြည်သည် မြင်သိစိတ်ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူး ပြုပါတယ်၊ ပဋ္ဌာန်းရွတ်တဲ့အခါမှာ အဲဒါကို အာရုံပြုပြီးတော့ရွတ်၊ ဒါ ပုရေဇာတသတ္တိ၊ ဒါ လူ့ရဲ့ မြင်တဲ့အခန်းကဏ္ဍ ကုန်ပြီလားဆိုတော့ မကုန်ဘူး၊ point လေး တစ်ခုတင် ပြောနေ တာနော်၊ အချက်ကလေးတစ်ခုတည်းနဲ့ ပြောတာ၊ ပုရေဇာတပစ္စည်းအချက် တစ်ခုတည်း။

ကဲ နောက်တစ်ခု ပြောင်းပြီးတော့ ကြည့်ကြဦးစို့၊

ဒါ နားလည်လို့ရှိရင် နောက်ဟာတွေ နားလည်ဖို့ လွယ်သွားပြီ၊ နောက်ဟာကျတော့ နား၊ နားမှာလည်းပဲ နားအကြည်ရုပ် သောတပသာဒရုပ်ဆိုတာ ရှိတယ်၊ သောတပသာဒရုပ် နားအကြည် ဓာတ်ကို အမှီပြုပြီးတော့ အသံကိုသိတဲ့ သောတ ဝိညာဏ်စိတ် ကြားသိစိတ် ပေါ်လာတယ်၊ အဲဒီ သောတပသာဒရုပ်ဆိုတာလည်း ခုနကလိုပဲ အတီတဘဝင်နဲ့ ပြိုင်ပြီးဖြစ်လာတဲ့ သောတပသာဒရုပ်ကို ယူရမယ်၊

ကြိုတင်ပြီးတော့ဖြစ်တာ သူက၊ သောတပသာဒရုပ်ပေါင်း သန်းပေါင်းများစွာရှိတဲ့ အထဲမယ် အသံနဲ့နားနဲ့ ဆုံလိုက် တဲ့အချိန်ကလေးမှာ ပထမဘဝင်စိတ်ဖြစ်လာတယ်၊ အတီတဘဝင်စိတ်၊ အဲဒီအချိန် မှာဖြစ်တဲ့ နားအကြည်ရုပ်ကို ယူ၊ ခုနကအတိုင်းပဲ မှတ်နော်၊ အဲဒီနားအကြည်ရုပ် သည် ကြားသိစိတ်ထက် စိတ္တက္ခဏ ၄-ချက်လောက် စောတယ်၊ ကြားသိစိတ်ထက် ကြိုတင်ပြီးတော့ မွေးဖွားထားတယ်လို့ ပြောရမယ်၊ ပုရေဇာတဆိုတာ ကြိုတင်ပြီး တော့ ဖြစ်နှင့်နေတယ်၊

ဘယ်တုန်းက ဖြစ်တုန်း၊ ပထမအတီတဘဝင်စိတ် ဖြစ်တုန်းက ဖြစ်တယ်၊ အတီတ ဘဝင်ပြီးရင် ဘဝင်္ဂစလန၊ ဘဝင်္ဂစလနပြီးရင် ဘဝင်္ဂုပစ္ဆေဒ၊ ဘဝင်္ဂုပစ္ဆေဒပြီးလို့ ရှိရင် ပဉ္စဒွါရာဝဇ္ဇန်း၊ ပဉ္စဒွါရာဝဇ္ဇန်းပြီးမှ သောတဝိညာဏ်စိတ် ဆိုတာ ဖြစ်တာ၊ စိတ္တက္ခဏ ၄-ချက် စောပြီးတော့ ဖြစ်တာ၊ အဲဒါကို ပုရေဇာတလို့ ပြောတာနော်၊ ကြိုပြီး ဖြစ်နေတာ။

အဲဒါကို မြတ်စွာဘုရားက -
“သောတာယတနံ သောတဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”။

သောတာယတနံ - နားအကြည်လို့ဆိုတဲ့ သောတပသာဒရုပ်ဟာ၊ (မြတ်စွာ ဘုရားက အာယတနနာမည်နဲ့ ဟောထားတာ၊ အာယတနဆိုတာ base တည်ရာ မှီရာဆိုတဲ့ အဓိပ္ပါယ်၊ နားဆိုတဲ့ မှီရာတည်ရာ)၊
သောတာယတနံ - သောတ ပသာဒရုပ်လို့ဆိုတဲ့ သောတဝတ္ထုရုပ်သည်၊
သောတဝိညာဏဓာတုယာ - သောတ ဝိညာဏဓာတ်လို့ခေါ်တဲ့ ကြားသိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုကြားသိစိတ်နှင့် အတူတကွယှဉ်ပြီး ဖြစ်ပေါ်လာတဲ့ စေတသိက်တရား တို့အားလည်းကောင်း၊
ပုရေဇာတပစ္စယေန - ပုရေဇာတပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်သည်၊
ဟောတိ - စင်စစ်မသွေ ဖြစ်ပါပေတော့၏။

ကြည့် - ဒီ နားအကြည်ဆိုတာ မရှိဘူးဆိုရင် ကြားသိစိတ် ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်ဘူး၊ နားအကြည်ဟာ ကြားသိစိတ်ရဲ့မှီရာအနေနဲ့ ရှေးဦးစွာဖြစ်နှင့်ပြီးတော့ ကျေးဇူးပြုပါတယ်၊ ကျေးဇူးပြုတယ်ဆိုတဲ့ဟာက ဖြစ်စေတာချည်း မဟုတ်ဘူးနော်၊ ကျေးဇူးပြုတယ်ဆိုတဲ့သဘောက တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီးတော့ ဖြစ်နေတာကို ပြောတာနော်။

အဲဒီအတိုင်းပဲ နောက်တစ်ခု ဆက်ပြီးတော့ စဉ်းစားကြည့်၊ မြတ်စွာဘုရားက ဒီအချက်ကလေးပဲ ဟောတာ၊ စက္ခု၊ သောတ ပြီးတော့ ဃာန၊ နှာခေါင်းထဲက အကြည်ရုပ်ကလေး -
“ဃာနာယတတနံ ဃာနဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”။

ဃာနာယတန လို့ဆိုတဲ့ နှာခေါင်းအကြည်ရုပ်၊ အနံ့ကို ဖမ်းနိုင်တဲ့ ဃာန- ပသာဒရုပ်၊ အဲဒီ ယာနပသာဒရုပ်ဟာ (စက္ခုပသာဒလိုပဲ နားလည်ရမယ်) နံသိစိတ်ကို ကျေးဇူးပြုတယ်၊ နံသိစိတ်ဟာ ဃာနပသာဒရုပ်ကို မှီပြီးတော့မှ ဖြစ်နိုင်တယ်၊ ကြိုတင်ပြီးတော့ ဖြစ်နှင့်တာ ဖြစ်သောကြောင့် ပုရေဇာတ (ကြိုတင်ပြီးတော့ ဖြစ်နေ တာ) ကိုယ့်နှာခေါင်းထဲမှာ အနံ့ကလေးရှူမိတဲ့အချိန်မှာ ဒါလေးကို သတိထားလိုက် ပေါ့။

နံသိစိတ်ကို ဘယ်သူက ကျေးဇူးပြုတုန်းဆိုရင် ဃာနပသာဒဆိုတဲ့ နှာခေါင်း အကြည်ရုပ်က ကျေးဇူးပြုတယ်နော်၊ အကြည်ဆိုတဲ့သဘောက မှန်လို ကြည်လို့ အကြည်ခေါ်တာ မဟုတ်ဘူး၊ အာရုံကို ခံယူနိုင်စွမ်းရှိတာကို ပြောတာ၊ အာရုံကို ဖမ်းယူနိုင်တဲ့သဘောကို ပြောတာ၊ ကြည့်လေ - ခုခေတ်လိုဆို စဉ်းစားကြည့်ပေါ့၊

telephone တို့, television တို့, radio တို့ ဆိုလို့ရှိရင် သူ line နဲ့သူ ဖွင့်လိုက်ရင် အသံကို ဖမ်းယူလို့ရတယ်၊ telephone ကလည်း အဝေးကပြောတဲ့အသံတွေ ဖမ်းယူလို့ရတယ်၊ television ကလည်း အဝေးက ရုပ်သံတွေကို ဖမ်းယူလို့ရတာပဲ၊ အဲဒါလိုပဲ နှာခေါင်းထဲမှာရှိတဲ့ အကြည်ရုပ်က အနံ့ကို ဖမ်းနိုင်တယ်၊ တခြားနေရာ ကတော့ ဖမ်းမယူနိုင်ဘူးလေ။

radio ဆိုလည်း အခွံကြီးက ဖမ်းနိုင်တာမှ မဟုတ်တာ၊ ဖမ်းနိုင်တဲ့နေရာ တစ်နေရာပဲ ရှိတာပဲ၊ telephone ဆိုလည်း telephone ထဲက သူ့ဟာသူ သံလိုက် ဓာတ်တို့ ဘာတို့နဲ့ လုပ်ထားတဲ့ဟာကသာ ဖမ်းယူနိုင်တာကိုး၊ အကုန်လုံး ဖမ်းနိုင်တာမှ မဟုတ်တာ၊ လူ့ခန္ဓာကိုယ်ကြီးလည်းပဲ အကုန်လုံးက အနံ့ကို ဖမ်းယူနိုင်တာ မဟုတ်ဘူး၊ အနံ့ကိုဖမ်းနိုင်တာ နှာခေါင်း အကြည်ရုပ်ကသာ ဖမ်းယူတာ၊ အဲဒါ ကြောင့်မို့ အကြည်ရုပ်လို့ ခေါ်တာနော်၊ အာရုံတွေကို ဖမ်းယူနိုင်တယ်။

ဃာနပသာဒဆိုတဲ့ နှာခေါင်းအကြည်ရုပ်ဟာလည်းပဲ နံသိစိတ်ကို ကြိုတင် ဖြစ်နှင့် ပြီးတော့ ကျေးဇူးပြုတာဖြစ်သောကြောင့် ... ပုရေဇာတပစ္စယသတ္တိလို့ ခေါ်တယ်။

ထို့အတူပဲ ဆင်ခြင်စဉ်းစားကြည့်၊ လူတွေ နေ့စဉ်နဲ့အမျှ မနက်စာစားတယ်၊ နေ့လည်စာစားတယ်၊ ညစာစားတယ်၊ ဒီကြားထဲ ဆာရင် စားသေးတယ်၊ အစာနဲ့ ပါးစပ်နဲ့ မပြတ်ဘူး၊ စားလိုက်တဲ့အစာဟာ လျှာပေါ်ရောက်တာနဲ့ အရသာတွေ့ပြီ၊ ချိုရင် ချိုတယ်ပြောတယ်၊ ငန်ရင် ငန်တယ် ပြောတယ်နော်၊ မချိုရင်လည်း မချိုဘူး ပြောမှာပေါ့၊ ခါးရင်လည်း ခါးတယ်ပြော၊ စပ်ရင် စပ်တယ်ပြော၊ အဲဒီလို ချို ချဉ် ငန် ခါး စပ် ဖန် ဆိုတဲ့ ဒီအရသာတွေကို သိတဲ့စိတ်ကလေးက ပေါ်လာတယ်။

အရသာသိတဲ့စိတ်ဟာ အရသာက လျှာဆိုတဲ့အကြည်ရုပ်နဲ့ ထိလိုက်တဲ့ အခါမှာသာ ပေါ်လာတာ၊ အဲဒီအရသာသိတဲ့စိတ်ဟာလည်းပဲ လျှာဆိုတဲ့ ဇိဝှာပသာဒ ရုပ်ကို အမှီပြုပြီးတော့ ပေါ် ရတာတဲ့၊ လျှာမရှိရင် အရသာသိတဲ့စိတ် မဖြစ်နိုင်ဘူး။ အဲဒါကိုပဲ မြတ်စွာဘုရားက -
“ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော” ။

ဇိဝှာယတနံ – ဇိဝှာယတနလို့ခေါ်တဲ့ လျှာအကြည်ရုပ်သည်၊
ဇိဝှာဝိညာဏဓာတုယာ – ဇိဝှာဝိညာဏဓာတ်လို့ခေါ်တဲ့ လျက်သိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုလျက်သိစိတ်ကလေးနှင့် အတူတကွဖြစ် အတူတကွပျက် အတူတကွအာရုံပြုပြီး အတူတကွမှီကြတဲ့ စိတ်စေတသိက်ဆိုတဲ့ သဘာဝတရားတို့အားလည်းကောင်း၊
ပုရေဇာတပစ္စယေန – ပုရေဇာတပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော = ကျေးဇူးပြုတတ်ပါပေ၏။

ကျေးဇူးပြုထားတာ၊ နို့မို့ဆို သူမပေါ်နိုင်ဘူး၊ လူတွေပြောကြတယ် မဟုတ်လား၊ “သူက ကျေးဇူးပြုလို့ ဒါလေးရတာ” လို့ ပြောကြတာနော်၊ အခုလည်း ဇိဝှာ- ဝိညာဏ်စိတ် ပေါ်လာအောင် ဘယ်သူက ကျေးဇူးပြုပေးတာတုန်း၊ လျှာအကြည်က ကျေးဇူးပြုပေးတာ။

ထို့အတူပဲ မိမိတို့ကိုယ်ကာယနဲ့ တစ်ခုခုထိမယ်၊ မာမာကြမ်းကြမ်း ထိရင် လည်းပဲ မာတယ် ကြမ်းတယ် သိတယ်၊ ပျော့ပျော့အိအိ ထိရင်လည်း ပျော့တယ် သိတယ်၊ ပူတာ အေးတာ ထိရင်လည်း ပူမှန်း အေးမှန်း သိတယ်၊ အဲဒီလို ထိသိတဲ့ ကာယဝိညာဏ်စိတ်ဟာ ဘာကို မှီပြီး ပေါ်တာတုန်းဆိုတော့ ကိုယ်အကြည်ရုပ်လို့ ခေါ်တဲ့ ကာယပသာဒကို မှီပြီးပေါ်တာ၊

အကြည်ရုပ်ပျက်သွားပြီဆိုလို့ရှိရင် ထိလို့ မသိတော့ဘူးနော်၊ ကာယပသာဒရုပ်ရှိမှ သိတယ်၊ ကာယပသာဒရုပ်တွေ ပိုပြီးတော့ ကောင်းလေလေ သိတာမြန်လေလေပဲ၊ တချို့နေရာတွေမှာဆို ထုံနေရင် မသိဘူး မဟုတ်လား၊ ကာယပသာဒရုပ် ပျက်သွားလို့ ထုံနေပြီဆိုရင် - ဆိုပါစို့ - Leprosy ရောဂါမျိုးလိုဟာမျိုး ကာယပသာဒ ရုပ်ပျက်သွားတယ်၊ လူတစ်ယောက် ကာယ ပသာဒရုပ် မရှိဘူးဆိုရင် ဘယ်လောက် ထိထိ အပ်နဲ့ထိုးတာတောင် မသိတော့ ဘူးနော်၊ ဒီ ထိသိစိတ်ဆိုတာ ကာယပသာဒ အကြည်ရုပ်ကောင်းနေမှသိတာ၊ အဲဒီ ကာယပသာဒအကြည်ရုပ်သည် ထိသိစိတ်ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်။

ဒါကို ပဋ္ဌာန်းပါဠိတော်မှာ -
“ကာယာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”။

ကာယာယတနံ ကိုယ်အကြည်ရုပ်လို့ဆိုတဲ့ ကာယပသာဒရုပ်သည်၊
ကာယဝိညာဏဓာတုယာ - ကာယဝိညာဏဓာတ်လို့ဆိုတဲ့ ထိသိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနံ – ထို ထိသိစိတ်နှင့် အတူတကွယှဉ်ပြီး ဖြစ်ပေါ် လာတဲ့၊
ဓမ္မာနံ= စေတသိက်တရားတို့အား လည်းကောင်း၊
ပုရေဇာတပစ္စယေန – ပုရေဇာတပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေ၏။

မြတ်စွာဘုရားက အကြောင်းနဲ့အကျိုးဆက်သွယ်ပြီး အထောက်အကူပြုနေ ပုံတွေကို ဟောတာ၊ ဒါတွေက ဘယ်မှာ ရှိတာတုန်း၊ ဘုန်းကြီးတို့တတွေရဲ့ ခန္ဓာ ကိုယ်ထဲမှာ ရှိတာ၊ ဒီတော့ ပဋ္ဌာန်း၂၄-ပစ္စည်းဆိုတာ တခြားဟာမှ မဟုတ်တာဘဲ၊ ဒီထဲမှာ ဖြစ်နေတာတွေကို ဟောတာ၊ ဒါတွေကို သတိထားမိဖို့လိုတယ်။

ပဋ္ဌာန်းဆိုတာ ရွတ်တဲ့အခါမှာ အဓိပ္ပါယ်သိပြီး ရွတ်ဖို့လည်း လိုသေးတယ်၊ သို့မဟုတ် လို့ရှိရင်တော့ ဘုရားဟောတဲ့တရားဆိုတဲ့ ကြည်ညိုစိတ်နဲ့ရွတ်လို့ ကုသိုလ်တော့ ရမှာပေါ့၊ သို့သော် အသိဉာဏ်မပါသည့်အတွက်ကြောင့် ဘာဆိုလိုမှန်း မသိဘူး၊ အသိဉာဏ် ပါလိုက်တဲ့အခါကျတော့ ကမ္မဋ္ဌာန်းဘာဝနာသဘောမျိုး ဖြစ်သွားတယ်၊ ဝိပဿနာကမ္မဋ္ဌာန်းဆိုတာ ရုပ်နဲ့နာမ် ကွဲကွဲပြားပြားသိတာက စရတာ။ နာမရူပ-ပရိစ္ဆေဒဉာဏ် – analytical knowledge of mind and matter.

ခု ကြည့်လေ - ရုပ်ကနေ နာမ်ကိုကျေးဇူးပြုနေတာ၊ စက္ခုပသာဒ သောတ ပသာဒ ဃာနပသာဒ ဇိဝှာပသာဒ ကာယပသာဒ ဆိုတဲ့ ဒီအကြည်ရုပ်တွေက ရုပ်တရား၊ အဲဒီ ရုပ်တရားပေါ်မှာမှီပြီး ဖြစ်လာတဲ့ မြင်သိစိတ် ကြားသိစိတ် နံသိစိတ် လျက်သိစိတ် ထိသိစိတ်တို့ဆိုတာက နာမ်တရား၊ ဟော ရုပ်နဲ့နာမ်ဟာ ဒီလို ဆက်စပ် နေတာပါလား၊ ပုရေဇာတပစ္စည်းနဲ့ ဆက်နေတာပါလား၊ ဒီလိုသိပြီး ရုပ်နဲ့ နာမ် ကွဲပြားသွားတာကိုက နာမရူပပရိစ္ဆေဒ။

ကွဲပြားရုံတင်မကဘူး၊ ဒီအကြည်ရုပ်တွေ ရှိနေလို့ မြင်သိစိတ် ကြားသိစိတ် နံသိစိတ် လျက်သိစိတ် ထိသိစိတ်တို့ ဖြစ်နေတာပါလားလို့ အကြောင်းအကျိုးပါ ဆင်ခြင်မိ သွားတယ်၊ ဒါ မရှိရင် ဒါ မဖြစ်နိုင်ပါလားလို့ သိမသွားဘူးလား၊ အဲဒီလို သိသွား တာက ပစ္စယပရိဂ္ဂဟဉာဏ်သက်ဝင်သွားတာပဲ၊ အဲဒီဉာဏ်နှစ်ခုဟာ အင်မတန်မှ အရေးပါတဲ့ဉာဏ်နှစ်ခု။

အရှင်မဟာဗုဒ္ဓဃောသက သူ့ရဲ့ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ ဒီဉာဏ်နှစ်ခုနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဟာ လဒ္ဓပတိဋ္ဌော တဲ့၊ သာသနာတော်မှာ ရပ်တည်ရာ ရသွားပြီ၊ လဒ္ဓဿာသော - သက်သာရာရ အသက်ရှူချောင်သွားပြီ၊ စူဠသောတာပန္နော ဒီ အသိဉာဏ်လေးကို ရလို့ရှိရင် သောတာပန် အငယ်စားလို့တောင်မှ တင်စားပြီး ပြောသွားတယ်နော်၊

ဘုရားသာသနာတော်နဲ့ ကြုံတွေ့တဲ့ အခိုက်ကလေးမှာ ဒီလောက်လေးမျှ မသိလိုက် ရဘူးဆိုရင်တော့ လူဖြစ်ရကျိုးနပ်မယ် မဟုတ်ဘူးနော်။

ပဋ္ဌာန်းရွတ်ရင်း ဒီလိုဆင်ခြင်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ကြည့်လေ- ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုသွားတာ၊ ဘုရားဟောတဲ့တရားက ဒီအချက်နှစ်ချက်ပဲ ဟောနေတာ၊ ဒိပြင်ဟာ မဟောဘူး၊ ပုရေဇာတပစ္စည်း ဘာတွေ ဟောတာတုန်း၊ အကြမ်းပြန်ပြီးတော့ ပြောမယ်ဆိုလို့ရှိရင် မျက်စိအကြည်ရုပ်က မြင်သိစိတ်ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်၊

နားအကြည်ရုပ်က ကြားသိစိတ်၊ နှာခေါင်း အကြည်ရုပ်က နံသိစိတ်၊ လျှာအကြည် ရုပ်က လျက်သိစိတ်၊ ကိုယ်အကြည်ရုပ်က ထိသိစိတ်၊ ရုပ်နဲ့ နာမ်နဲ့ ဒီလိုအပြန်အလှန် ကျေးဇူးပြုသွားပုံကို ပုရေဇာတပစ္စည်း မှာ ဒီလိုဟောတာပါ၊ ဒါ တစ်ပိုင်းပဲ ရှိသေးတယ်၊ ပုရေဇာတက ဒါက စိတ်ရဲ့မှီရာ ဝတ္ထုရုပ်ပိုင်းကနေ ဟောတာ။

အာရမ္မဏပုရေဇာတ

နောက်တစ်ပိုင်း ကြည့်ကြဦးစို့၊ နောက်တစ်ပိုင်းက ဘာနဲ့ပြောရမတုန်း၊ မျက်စိ အကြည်ရုပ်သည် မြင်သိစိတ်ကို သူ့ဟာသူ ကျေးဇူးပြုတာလား၊ သို့မဟုတ် မျက်စိအကြည်ရုပ်ရှိတာနဲ့ပဲ မြင်သိစိတ်ကထပြီး ပေါ်လာတာလားဆိုတော့ မဟုတ် ဘူး၊ စည်ကြီးတော့ ရှိပါရဲ့၊ တီးမယ့်သူမရှိရင် မြည်ပါ့မလား၊ မမြည်ဘူး၊ တီးမယ့်လူ လိုနေသေးတယ်၊ အခုလည်း မျက်စိအကြည်ရုပ် ရှိတယ်၊ မြင်စရာအာရုံက လာတိုက် မှ၊ မြင်စရာအာရုံက ဟောဒီအကြည်ရုပ်နဲ့ လာပြီးတော့ မဆုံဆည်းဘူးဆိုရင် မြင်သိစိတ် ဖြစ်ပါ့မလား။

စောင်းကြိုးနဲ့စောင်းအိုး စားပွဲပေါ် တင်ထား၊ တီးမယ့်လူမရှိရင် အသံထွက်ရဲ့လား၊ မထွက်ဘူး၊ Piano ကြီး ဒီတိုင်းပဲထား၊ တီးတဲ့လူ မရှိရင် အသံမထွက်ဘူး၊ ငြိမ်နေမှာပဲ၊ မျက်စိတော့ ရှိတယ်၊ ရူပါရုံက မျက်စိကိုလာပြီးတော့ မထင်ဟပ်ဘူး ဆိုရင် မြင်သိစိတ် ပေါ်နိုင်ပါ့မလား၊ အဲဒီဥပမာကို ရှင်းရှင်းလေး မှတ်ထားရမယ်၊ စည်ဆိုတာ တီးမှအသံထွက်တယ်၊ စည်ကို လက်နဲ့တီးတယ်ဆိုလို့ရှိရင် စည်ရယ် လက်ရယ် ထိုစည်နဲ့ လက်နဲ့ပေါင်းလို့ ဖြစ်ပေါ်လာတဲ့ အသံရယ် ၃-မျိုး ရှိတယ်၊ ထို့အတူပဲ မျက်စိရယ် အဆင်းအာရုံရယ် မြင်သိစိတ်ရယ်၊ မျက်စိက စည်နဲ့တူတယ်၊ အဆင်းအာရုံက စည်တီးတဲ့လက်နဲ့ တူတယ်၊ ဖြစ်ပေါ်လာတဲ့စည်သံနဲ့ မြင်သိစိတ်နဲ့ တူတယ်လို့ ဒီလိုမှတ်ရမယ် ၃-မျိုး။

ပုရေဇာတသတ္တိမှာ မျက်စိအကြည်ရုပ်ကသာ ပုရေဇာတသတ္တိ မဟုတ်ဘူး တဲ့၊ အဲဒီအကြည်ရုပ်ကို လာပြီး ထိခိုက်လိုက်တဲ့ အာရုံကလည်း ပုရေဇာတပဲ။ ဒါ အာရုံနဲ့ဝတ္ထုတို့ ဆုံဆည်းတာ တိုက်ခိုက်တာ၊ လူတွေကတော့ မကြားလိုက်ဘူးပေါ့၊ တိုက်ခိုက်မှုက ပြင်းထန်တယ်၊ ဒီစိတ်ကလေး ပွင့်သွားလောက်အောင်ကို တိုက်ခိုက် တာနော်၊

သာမန်တိုက်တာတွေတော့ လူတွေသိတာပေါ့၊ ကားတစ်စီးတိုက်လိုက်ရင် ဝုန်းခနဲဆို ဖြစ်သွားတာ၊ သာမန်တိုက်တာပဲ လူတွေကသိတယ်၊ သို့သော် မျက်လုံးကို အဆင်းအာရုံကလာတိုက်တာ မသိလိုက်ဘူး၊ သူလည်း အရှိန်အဟုန် တအားကြီး တယ်၊ မြင်သိစိတ် ဘွားကနဲ ပေါ်လာအောင်တိုက်တာ၊ မတိုက်ဘဲနဲ့ မပေါ်ဘူး၊ တိုက်လို့ပေါ်တာနော်၊ လူမကြားနိုင်တဲ့ လူမမြင်နိုင်တဲ့ တိုက်ခိုက်မှုတွေပဲ၊ ဒါကိုလည်း ပဋိဃလို့ ခေါ်တာ၊ တိုက်ခိုက်မှုပဲ။

ကဲ ကောင်းပြီ - မျက်စိဆိုတဲ့အကြည်ရုပ်ကို အဆင်းအာရုံက လာတိုက် တယ်၊ အဲဒီအဆင်းအာရုံကရော စက္ခုဝိညာဏ်စိတ်ကို ဘာသတ္တိနဲ့ ကျေးဇူးပြုသလဲ၊ ဟောဒီပုရေဇာတနဲ့ ကျေးဇူးပြုတာ၊ သူက ဘယ်အချိန်က မွေးဖွားတာတုန်းဆိုတော့ ခုနကပြောတဲ့ ပထမဘဝင်စိတ် ဥပါဒ်တဲ့အချိန်မှာ သူက ပေါ်လာတာပဲ၊ သူလည်း စိတ္တက္ခဏ ၄-ချက် စောပြီးတော့ ပေါ်လာလို့ born earlier ပဲ၊ ကြိုတင်ပြီးတော့ မွေးဖွားလာတဲ့ အကြောင်းတရားပဲ။

အဲဒါကို မြတ်စွာဘုရားက ဟောတယ်၊ စကားလုံးပြောင်းသွားတာကို သတိထား။

“ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”။

ရူပါယတနံ - ရူပါယတနလို့ခေါ်တဲ့ မျက်စိမှာလာပြီး ထင်ဟပ်လာတဲ့ အဆင်းအာရုံသည်၊
စက္ခုဝိညာဏဓာတုယာ - စက္ခုဝိညာဏဓာတ်လို့ ခေါ်တဲ့ မြင်သိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနံ - ထိုစက္ခုဝိညာဏစိတ်နဲ့ ယှဉ်တွဲဖြစ်ပေါ်လာတဲ့၊
ဓမ္မာနံ - စေတသိက် ၇-ခုတို့အားလည်းကောင်း၊
ပုရေဇာတပစ္စယေန = ပုရေဇာတသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူး ပြုတတ်ပါပေ၏။

စက္ခပသာဒရုပ်မှာလာပြီး ထင်ဟပ်တဲ့ မြင်စရာအာရုံအဆင်းအာရုံကလည်း မြင်သိစိတ် ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်၊ အဲဒါကိုတော့ အာရမ္မဏပုရေဇာတ လို့ခေါ်တယ်၊ အာရုံပိုင်း၊ ခုနကတုန်းက ဝတ္ထုပုရေဇာတ မှီရာအနေနဲ့ ကျေးဇူးပြု တယ်၊ အခုဟာက အာရုံအနေနဲ့ ကျေးဇူးပြုတယ်၊ သဘောကဒါပဲ၊ သို့သော် ၂-ခု စလုံးသည် born earlier ကြိုတင်ပြီးတော့ မွေးဖွားထားတာ၊ အကြောင်းတရား တွေက ကြိုတင်မွေးဖွားနေတာ။

ကဲ ဒါဆိုရင် ကျန်တာတွေလည်း သဘောပေါက်ပြီ။

“သဒ္ဒါယတနံ သောတာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”။
သဒ္ဒါယတနလို့ဆိုတဲ့ အသံအာရုံဟာလည်းပဲ ကြားသိစိတ်နဲ့ စေတသိက် ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်။

“ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”။
(ဂန္ဓဆိုတာ အနံ့၊ ဃာနဆိုတာ နှာခေါင်း) ဂန္ဓာယတနံ – ဂန္ဓာယတနလို့ဆိုတဲ့ အနံ့အာရုံကလေးသည်၊ ဃာနဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော – နံသိစိတ်နှင့် ယှဉ်ဖက်စေတသိက်တို့ကို ပုရေဇာတ သတ္တိနှင့် ကျေးဇူးပြုပါတယ်၊

ကျေးဇူးပြုတယ်ဆိုတာ “ဖြစ်စေ တည်စေ ဤနှစ်ထွေ” သူရှိလို့ ဒါ ဖြစ်ရတာ၊ ဖြစ်စေတယ်ဆိုတာ သူရှိလို့ ဒါရှိရတာ။

ဆိုပါစို့ - အခုကြည့်လေ၊ လျှပ်စစ်မီးရှိလို့ အလင်းရောင် မရှိဘူးလား၊ လျှပ်စစ်မီး ငြိမ်းသွားကြည့်ပါလား၊ အလင်းရောင်ရှိသေးလား၊ မရှိဘူး၊ ဟော သူရှိလို့ သူရှိတယ် ဆိုတာ ပြောတာနော်၊ လျှပ်စစ်မီးရှိနေလို့ အလင်းရောင် ရှိနေတာလေ၊ လျှပ်စစ်မီး မရှိတော့ဘူးဆိုရင် အလင်းရောင် မရှိတော့ဘူး၊ အကြောင်းနဲ့အကျိုး ဆိုတာ ဒီသဘောကိုပြောတာ၊ ဒါ ကျေးဇူးပြုတာ၊ လျှပ်စစ်မီးက အလင်းရောင်ကို ကျေးဇူးပြု ထားတယ်၊ ပစ္စယ=ပစ္စည်းဆိုတဲ့ စကားလုံးက ဒါကိုပြောတာ၊ အထောက်အကူ ပြုနေတာ။

ထို့အတူပဲ လျှာနဲ့ကြည့် -

“ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”။
ရသ - အရသာ ၆-ပါး၊ ချိုတယ်၊ ချဉ်တယ်၊ ငန်တယ်၊ ခါးတယ်၊ စပ်တယ်၊ ဖန်တယ်၊ အဲဒီအရသာ ၆-ပါးဆိုတဲ့ အရသာအာရုံက လျက်သိစိတ်ကို ပုရေဇာတ သတ္တိနဲ့ ကျေးဇူးပြုပါတယ်တဲ့၊ ဒါပြောတာ။

“ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတာပစ္စယေနပစ္စယော”။
ဖောဋ္ဌဗ္ဗ tangible object ထိလို့ရတဲ့အာရုံဆိုတာ ဘာကို ပြောတာတုန်း၊ ထိလို့ရတယ်ဆိုတာ မာတာ ပျော့တာကို ထိလို့မရဘူးလား၊ ပူတာ အေးတာရော ထိလို့မရဘူးလား၊ တွန်းကန်တာတို့ လှုပ်ရှားတာတို့ကော ထိလို့မရဘူးလား၊ ထိလို့ ရတယ်ဆိုတာ ပျော့တာ မာတာ ထိလို့ရတာက ပထဝီ၊ ပူတာ အေးတာက တေဇော၊ တွန်းကန်တာတို့ လှုပ်ရှားတာတို့က ဝါယောတဲ့၊ ဖောဋ္ဌဗ္ဗာယတနဆိုတာ တခြားဟာ ခေါ်တာ မဟုတ်ဘူး၊ ပထဝီရယ်၊ တေဇောရယ်၊ ဝါယောရယ်၊ ဒီ ၃-ခုကို ခေါ်တာ၊ အဲဒီ ၃-ခုကို ဖောဋ္ဌဗ္ဗာရုံလို့ ခေါ်တာ၊ tangible object ထိလို့ရတဲ့အာရုံ၊ ထိလို့ ရတဲ့အာရုံသည် ထိသိစိတ် ကာယဝိညာဏ်စိတ်ကို ပုရေဇာတသတ္တိဖြင့် ကျေးဇူးပြုပါ တယ်၊ မြတ်စွာဘုရားက ဒီလိုဟောတာ။

ဒါတွေက တခြားမဟုတ်ဘူးနော်၊ စက္ခာယတနံ သောတာယတနံ ဃာနာယတနံ ဇိဝှာယတနံ ကာယာယတနံ ဆိုတာ အာယတန ၁၂-ပါးထဲကပဲ မဟုတ်လား၊
ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ ဆိုတာလည်း အာယတန ၁၂-ပါးထဲကပဲ။

အဲဒီ ရုပ်အာယတနတွေ ပေါင်းလိုက်မယ်ဆိုရင် စက္ခာယတနံ၊ သောတာ- ယတနံ၊ ဃာနာယတနံ၊ ဇိဝှာယတနံ၊ ကာယာယတနံ ဆိုတာက ပသာဒရုပ် ၅-ခုပဲ နော်၊ ရူပါယတနံဆိုတာ ရူပါရုံ၊ သဒ္ဒါယတနံဆိုတာ အသံ၊ ဂန္ဓာယတနံဆိုတာ အနံ့၊ ရသာယတနံဆိုတာ အရသာ၊ ဖောဋ္ဌဗ္ဗာယတနံ ဆိုတာ ပထဝီ၊ တေဇော၊ ဝါယော၊ ပေါင်းလိုက်တဲ့အခါ ရုပ်ပေါင်း ဘယ်လောက်ရှိသလဲ၊ ပသာဒရုပ် ၅-ခု ရယ် ရူပရယ်၊ သဒ္ဒရယ်၊ ဂန္ဓရယ်၊ ရသရယ်၊ ပထဝီရယ်၊ တေဇောရယ်၊ ဝါယော ရယ်ဆိုတော့ ဘယ်နှစ်ခုဖြစ်သွားလဲ၊ ၁၂-ခု၊ အဲဒီ ၁၂-ခုကိုပဲ ဩဠာရိကရုပ်လို့ ခေါ်တာ၊ သိသာ ထင်ရှားတဲ့ရုပ်တွေမို့ ဩဠာရိကရုပ်။

ဒီ ဩဠာရိက ရုပ်တွေက မြင်သိစိတ်တို့ ကြားသိစိတ်တို့ လျက်သိစိတ်တို့ နံသိစိတ်တို့ ထိသိစိတ်တို့ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုနေတာလို့ ဒီလိုဟောတာ။ ဒါ ပုရေဇာတသတ္တိတစ်ခုတည်းလို့ ပြောလိုတာ မဟုတ်ဘူး၊ တခြားပစ္စည်းတွေနဲ့ ဆိုင်တာတွေလည်း အများကြီးပဲရှိသေးတယ်၊ ဒါ ပုရေဇာတကို နားလည်အောင်လို့ ပြောတာ။

ကြည့် ဒါတွေဟာ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ - မျက်စိရှိတဲ့လူတိုင်း မြင်သိစိတ်တွေ ဖြစ်နေကြတယ်၊ နားရှိတဲ့လူတိုင်း ကြားသိစိတ်တွေ ဖြစ်နေကြတယ်၊ နှာခေါင်း ရှိတဲ့လူ လျှာရှိတဲ့လူ ကိုယ်ကာယပသာဒရှိတဲ့လူတိုင်း နံသိစိတ်တို့ လျက်သိစိတ်တို့ ထိသိစိတ်တို့ ဖြစ်နေကြတယ်၊ ရှိနေတဲ့အကြောင်းတရားတွေ မျက်စိ နား နှာ လျှာ ကိုယ် လို့ဆိုတဲ့ အကြည်ရုပ်တွေနဲ့ အဆင်း အသံ အနံ့ အရသာ အထိအတွေ့ အာရုံတွေဟာ ဒီစိတ်တွေကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုနေတာတဲ့။

ဒါကို နားလည်လိုက်တာနဲ့ တစ်ပြိုင်နက် “သြော်- မြဲနေတယ် ဆိုတာလည်း တစ်ခုမျှမရှိဘူး၊ အတ္တလို့ ပြောစရာလည်း တစ်ခုမျှမရှိဘူး၊ ကိုယ်စိုး ကိုယ်ပိုင်တာ ဆိုတာလည်း တစ်ခုမျှ မရှိဘူး၊ သူ့အကြောင်းကြောင့်သူဖြစ်တာ၊ ကိုယ်နဲ့လည်း ဘာမှ မဆိုင်ဘူး၊

ပြောမယ်ဆိုလို့ရှိရင် “အဟံ ငါ” လို့ ပြောစရာလည်း မရှိဘူး၊ “မမ ငါ့ဟာ” လို့လည်း ပြောစရာ မရှိဘူး၊ ပြောလို့ ရပါ့မလား၊ သူ့ အကြောင်းနဲ့သူ ဖြစ်နေတာ၊ “ငါ့ဟာ”လို့ သွားပြောလို့ရှိရင် တောဘဲတွေကို ငါ့ဘဲလို့ သွားစွဲတာနဲ့ တူနေမှာပေါ့၊ “ငါ့ဟာ” လို့ ပြောစရာလည်း မရှိဘူး၊ “ငါ” လို့လည်း ပြောစရာ မရှိဘူး၊ သဘာဝတရားက သူ့ အကြောင်းနဲ့ သူ့ဟာသူဖြစ်ပြီး သူ့ဟာသူ ပျက်သွားတာပဲ။

တကယ်မခိုင်မာဘူးဆိုတဲ့ သင်္ခါရတွေရဲ့သဘာဝကို ဆင်ခြင်စဉ်းစားမယ် ဆိုရင် ဘာအကျိုးရှိနိုင်တုန်းလို့ဆိုရင် တွယ်တာမှုမရှိတော့ဘူးပေါ့၊ “ငါ့ဟာ” ဆိုမှ တွယ်တာ တာလေ၊ “ငါ” ဆိုလို့ရှိရင် တွယ်တာမယ်၊ “ငါ” ဆိုတာ ဘာကို ပြောတာတုန်း ဆိုတော့ အတ္တကို ဦးတည်ပြောတာ၊ မြတ်စွာဘုရားက အမြဲတမ်း ဒီ၂-ခုကို ရှင်းတယ်၊ လူတွေက သဘာဝတရားတွေကို “အဟံ - ငါ” လို့ ပြောတယ်၊ “ငါ” လို့ ထင်ကြတယ်၊ တစ်ဖက်ကလည်း “ငါ့ဟာ” လို့ ထင်ကြတယ်။

“ငါ”ဆိုတဲ့ အထင်၊ “ငါ့ဟာ”ဆိုတဲ့ အထင်၊ ဒီအထင်တွေဟာ သက်သက် ထင်မြင်ချက်သာ ဖြစ်တယ်၊ တကယ်က “ငါ”ဆိုတာလည်း မရှိဘူး၊ စက္ခုပသာဒရုပ် သည် စက္ခုပသာဒရုပ်သာ ဖြစ်တယ်၊ “ငါ” မဟုတ်ဘူး၊ စက္ခုပသာဒရုပ်သည် အကြောင်းကြောင့် ဖြစ်နေတဲ့ အကျိုးမျှသာ ဖြစ်တယ်၊ “ငါ” မဟုတ်တာ, “ငါ့ဟာ” မဟုတ်တာတွေကို လူတွေက “ငါ” လုပ်ပြီး “ငါ့ဟာ” လုပ်နေကြတာ၊ အဲဒါကြောင့် သံသရာထဲမှာ မျက်စိလည်ပြီးတော့ ဒုက္ခပင်လယ်ဝေနေတာ၊ ငါ မဟုတ်တာကို ငါ လုပ်ပြီးတော့ ဆင်းရဲကြတယ်၊ ပင်ပန်းကြတယ်၊ ဖြစ်ရလေခြင်းလို့ သောကတွေ လာတယ်၊ ဟုတ်ရဲ့လား၊ ငါ့ဟာ မဟုတ်တာကို ငါ့ဟာလို့ ထင်ပြီးတော့ ငိုကြွေးနေကြ တယ်။

ဒါကို အရိယာသူတော်စင်တွေအနေနဲ့ ကြည့်မယ်ဆိုရင် လူတွေဟာ ရယ်စရာ အလွန်ကောင်းတယ်လို့ ပြောတာ၊ ပုထုဇ္ဇနော ဥမ္မတ္တကော ဆိုတာ ပုထုဇဉ် တွေဟာ အရူးတွေပဲ၊ ဘာလို့တုန်းဆို ငါ့ဟာမဟုတ်တာကို ငါ့ဟာလို့ထင်နေတယ်၊ ငါမဟုတ် တာကို ငါလို့ထင်နေတယ်၊

ထင်ရုံတင် မဟုတ်ဘူး၊ ဒါတွေအတွက် ငိုကြ တယ်၊ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြတယ်၊ ဆဲကြတယ်၊ ဆိုကြတယ်၊ ရိုက်ကြတယ်၊ နှက်ကြတယ်၊ သတ်ကြ တယ်၊ ဖြတ်ကြတယ်၊ ဟော ဒါတွေနဲ့ ဖြစ်နေ တာပဲ၊ ငါ့မထိနဲ့, ငါ့ဟာ လာမထိနဲ့နဲ့ ပြောနေတယ်၊ ဘယ်မှာတုန်း “ငါ”၊ ဘယ်မှာတုန်း “ငါ့ဟာ”၊ တကယ် တရား သဘောနဲ့ကြည့်ရင် မရှိဘူး၊ သူ့ အကြောင်းနဲ့သူ ဆက်သွယ် ပြီး ဖြစ်နေတာ။ ဒီ သဘောတရားတွေကို သိဖို့ရာအတွက် မြတ်စွာဘုရားက ဟောတာပါ။

ပဋ္ဌာန်း၂၄-ပစ္စည်းဆိုတာလည်း ဝိပဿနာကမ္မဋ္ဌာန်းရှုလို့ရတဲ့ တရားတွေ ပဲ၊ နေ့စဉ်ဘဝမှာ အခုလို အကြောင်းအကျိုး ဆက်နွယ်ပြီး ဖြစ်နေတာပါလားလို့ ဆိုတာကိုသဘောကျပြီး ဗုဒ္ဓမြတ်စွာရဲ့ဉာဏ်တော်ကြီးကို အင်မတန်မှ အံ့သြ လေးစား လေးစား ကြည်ညိုမယ်၊ ဘုန်းကြီးတို့တတွေဟာ နီးလျက်နဲ့ မမြင်နိုင်ကြဘူး၊ ဝေးလို့ မမြင်တာ ထား, နီးလျက်နဲ့ကို မမြင်နိုင်တာ၊ ကိုယ့်သန္တာန်မှာ ဖြစ်နေတာတွေ ဖြစ်နေ မှန်းကို မသိတာ၊ မျက်စိလည် လမ်းမှားနေတာကိုး။

မြတ်စွာဘုရားက မျက်စိလည် လမ်းမမှားရအောင် အခုလို အဘိဓမ္မာ ဒေသနာ တော်ကြီးနဲ့ ရှင်းလင်းဖော်ပြတာ ဖြစ်တယ်။ တရားချစ်ခင် သူတော်စင် ပရိသတ်တို့ ပုရေဇာတပစ္စည်း မနက်ဖြန် ဆက်ဟောမယ်၊ အဲဒီ ပုရေဇာတပစ္စည်းရဲ့ သဘော သဘာဝတွေကို သိရှိနားလည်ပြီး ဓမ္မအမြင်နဲ့ ကြည့်နိုင်မယ်ဆိုရင် တွယ်တာမှုဆိုတဲ့ သမုဒယတဏှာကို ဖယ်ရှားနိုင်ကြပြီး သောက ပရိဒေဝ ဆိုတဲ့ ရင်အတွင်းက ပူလောင်တဲ့ အဆိုးတရားတွေကိုလည်း ဖယ်ရှားနိုင်ကြမှာဖြစ်ပြီး ထာဝရငြိမ်းချမ်းတဲ့ အငြိမ်းဓာတ်ကို ကိုယ်စီကိုယ်ငှ မျက်မှောက် ပြုနိုင်ကြမှာ ဖြစ်တယ်၊

မှန်ကန်တဲ့ အတွေးတွေကိုတွေးပြီး သောက ပရိဒေဝ ဆိုတဲ့ စိုးရိမ်ခြင်း ပူပန်ခြင်း လို့ဆိုတဲ့ ရင်တွင်းရဲ့ပူဆာမှု ပူလောင်မှုတွေက ကင်းဝေးပြီးတော့ ထာဝရ ငြိမ်းချမ်းတဲ့အငြိမ်းဓာတ်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၇)

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ ဝါခေါင်လဆန်း ၁-ရက်၊ (၂၂-၇-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။

ပုရေဇာတပစ္စယော (အဆက်)

ဗုဒ္ဓမြတ်စွာက အင်မတန်မှထင်ရှားတဲ့ လူတိုင်းလူတိုင်းမှာပါရှိနေတဲ့ မျက်စိ အကြည် နားအကြည် နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည် လို့ဆိုတဲ့ ပသာဒရုပ် ငါးပါး ဝတ္ထုရုပ်များကို ပုရေဇာတပစ္စည်းလို့ ဟောတယ်။

ထိုဝတ္ထုတွေကို အခြေပြုပြီး မြင်သိစိတ် ကြားသိစိတ် နံသိစိတ် လျက်သိစိတ် ထိသိစိတ်ဆိုတာတွေ ဖြစ်ရတာ၊ ထို ရုပ်နဲ့ နာမ် သဘာဝတရားနှစ်ခု မှာ ရုပ်တရားက နာမ်တရားကို ပုရေဇာတသတ္တိနဲ့ အထောက်အကူပြုထားတယ်ဆိုတဲ့ သဘော တရားကို ထင်ရှားသိအောင် ဟောကြားထားတာ ဖြစ်တယ်။

ထို့အတူပဲ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ မျက်စိက မြင်ရတဲ့အဆင်း၊ နားက ကြားရတဲ့အသံ၊ နှာခေါင်းက နမ်းရှူရတဲ့အနံ့၊ လျှာက လျက်သိရတဲ့အရသာ၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့ အထိအတွေ့ ဆိုတဲ့ ဒီအာရုံတွေဟာလည်း လူတွေရဲ့ နေ့စဉ်ဘဝမှာ ပသာဒရုပ်ငါးခုနဲ့ ပေါင်းစပ်ပြီး ဖြစ်ပေါ် နေကြတာဖြစ်လို့ လူတိုင်း လူတိုင်း သတိထားမိမယ်ဆိုလို့ရှိရင် အလွယ်တကူနဲ့ တွေ့ရှိနိုင်ကြတယ်၊ အဲဒီ အာရုံတွေကလည်းပဲ ပုရေဇာတသတ္တိနဲ့ မြင်သိစိတ် ကြားသိစိတ် နံသိစိတ် လျက်သိစိတ် ထိသိစိတ်ဆိုတဲ့ နာမ်တရားတွေကို အထောက်အကူ ပြုနေတယ်လို့ ဟောထားတယ်။

မနောဓာတ်နှင့် အာရုံ

နောက်ထပ်ဟောစရာ ဘာကျန်သေးတုန်းဆိုတော့ အခုပြောခဲ့တဲ့ မြင်သိ စိတ် ကြားသိစိတ် နံသိစိတ် လျက်သိစိတ် ထိသိစိတ်ဆိုတာတွေတင် မကဘူး တခြားစိတ် တွေကိုလည်း အထောက်အကူ ပြုနေသေးတယ်ဆိုတာကို မြတ်စွာဘုရား က ဆက်ပြီးတော့ ဟောတယ်၊ Mental process လို့ခေါ်တဲ့ စိတ္တဝီထိ စိတ်ဖြစ်စဉ်မှာ မြင်သိစိတ်စသည် ဖြစ်ပြီးတဲ့နောက်မှာ သမ္ပဋိစ္ဆန လက်ခံတဲ့စိတ်ဆိုတာ ပေါ်လာတယ်၊ အာရုံကို လက်ခံတဲ့စိတ်ပေါ့ ထို့အတူပဲ မြင်သိစိတ်ရဲ့ရှေ့မှာ အာရုံနဲ့ပတ်သက် ပြီး နှလုံးသွင်းဆင်ခြင်ပေးတဲ့ (သို့မဟုတ်) အာရုံဘက်ကိုဦးလှည့်ပေးတဲ့ ပဉ္စဒွါရာဝဇ္ဇန်း စိတ်ဆိုတာ ဖြစ်ပေါ်လာခဲ့တယ်၊ အဲဒီစိတ်တွေကိုရော ဟောဒီအာရုံ တွေကနေပြီး အထောက်အကူပြုနေတယ် ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုနေတယ် ဆိုတာကို မြတ်စွာဘုရားက ထင်ရှားအောင် ဆက်ပြီးတော့ဟော။

ဒီ ပဉ္စဒွါရာဝဇ္ဇန်းဆိုတဲ့ အာဝဇ္ဇန်းစိတ်ဟာ အာရုံက ဝတ္ထုရုပ်တွေကို လာပြီး မထင်ဟပ်ဘူးဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဟောဒီ အာရုံငါးပါးထဲက တစ်ခုခုက အကြည်ရုပ်တွေပေါ်မှာလာပြီး ထင်ဟပ်ပြီဆိုရင် အဲဒီ ထင်ဟပ်လာတဲ့အာရုံကို သတိပြုမိတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဆိုတာ ပေါ်ရတယ်၊ အဲဒီ အာရုံက ပဉ္စဒွါရာဝဇ္ဇန်း စိတ်ကို ကြိုတင်ဖြစ်နှင့်ပြီးတော့ ကျေးဇူးပြုတာ။ အာရုံတွေက ပုရေဇာတပစ္စည်း, ပဉ္စဒွါရာဝဇ္ဇန်းစိတ်က ပုရေဇာတပစ္စယုပ္ပန်။

အကြောင်းနဲ့အကျိုး ဆင်ခြင်ကြည့်၊ ဘာဖြစ်လို့ ပစ္စည်းပစ္စယုပ္ပန်ဖြစ်တာလဲ၊ မနေ့က ပြောသလို သူရှိလို့ သူရှိရတယ်၊ သူဖြစ်လို့ သူဖြစ်ရတယ်၊ ဒါဖြစ်လို့ ဟိုဟာ ဖြစ်ရတယ်၊ ဆိုလိုတာက အာရုံတွေရှိလို့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်ရတယ်၊ အာရုံတွေ မရှိဘူးဆိုရင် မဖြစ်ဘူး၊ ဒီသဘောပဲ၊ ဒါဟာ အကြောင်းတစ်ခုပဲပေါ့၊ ဒါရှိလို့ ဒါ ရှိနေရတယ်၊ ဒါ ဖြစ်လို့ ဟိုဟာ ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအကျိုး ဆက်သွယ်နေမှု၊ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်။

ပုရေဇာတပစ္စည်းဆိုတာကလည်း ရှိခိုက် ကျေးဇူးပြုတာမို့ အတ္ထိ၊ (မရှိတော့ ရင်တော့ ကျေးဇူးမပြုတော့ဘူး၊ ဒါကြောင့်မို့လို့ အတ္ထိပစ္စည်းအမျိုးအစားထဲမှာ သူက ပါတယ်) ရုပ်နဲ့ နာမ် ဖြစ်သည့်အတွက်ကြောင့် ပေါင်းစပ်လို့ မရတဲ့ သဘာဝနှစ်ခု၊ ပေါင်းစပ်လို့ မရဘူးဆိုတာ ဆီနဲ့ရေ ပေါင်းစပ်လို့ရလား၊ အတူနေသော်လည်း ဆီက ဆီ ရေက ရေပဲ၊ နွားနို့နဲ့ရေက ရောလို့ရတယ်၊ ဆီနဲ့ ရေက ရောလို့မရဘူး၊ သဘာဝချင်း မတူဘူး၊ ထို့အတူပဲ ရုပ်နဲ့နာမ် နှစ်ရပ် အတူတကွ တည်ရှိသော်လည်း သဘာဝချင်း ခြားနားသည့်အတွက်ကြောင့် ရောလို့တော့မရဘူး၊ ဒါကိုပြောတာ၊ အဲဒါကို ဝိပ္ပယုတ္တပစ္စယော လို့ခေါ်တယ်။

ဝိပ္ပယုတ္တဆိုတာ ဆီနဲ့ ရေလို ပေါင်းလို့မရတဲ့ အရာတစ်ခု၊ သို့သော် အတူတော့ ရှိနေတယ်၊ သဘာဝချင်း မတူဘူး၊ ရောလို့မရဘူး ဆိုတဲ့အဓိပ္ပါယ်နဲ့ ပြောတာ၊ အဲဒါကို မြတ်စွာဘုရားက ဟောထားတယ်။

ဘုန်းကြီးတို့ ဒီစိတ်နှစ်ခု ပဉ္စဒွါရာဝဇ္ဇန်းစိတ်နဲ့ မြင်သိစိတ်တို့ရဲ့နောက်မှာ ဖြစ်တဲ့ သမ္ပဋိစ္ဆန လို့ခေါ်တဲ့ သမ္ပဋိစ္ဆိန်းစိတ်၊ အာရုံကို လက်ခံတဲ့စိတ်ဖြစ်တယ်။ အာရုံကို လမ်းဖွင့်ပေးတဲ့စိတ်နဲ့ အာရုံကို လက်ခံတဲ့စိတ် ဒီစိတ်နှစ်ခုကြားမှာ မြင်သိစိတ် ကြားသိစိတ် နံသိစိတ် လျက်သိစိတ် ထိသိစိတ် ဆိုတာတွေ ဖြစ်တယ်၊ အဲဒီစိတ်နှစ်ခု အကြောင်းကို မြတ်စွာဘုရားက ဆက်ပြီးတော့ ဟောတယ်၊

“ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေနပစ္စယော”။
ရူပါယတနဆိုတဲ့ အဆင်းအာရုံပဲဖြစ်ဖြစ်၊ သဒ္ဒါယတနဆိုတဲ့ အသံပဲဖြစ်ဖြစ်၊ ဂန္ဓာယတနဆိုတဲ့ အနံ့ပဲဖြစ်ဖြစ်၊ ရသာယတနဆိုတဲ့ အရသာပဲဖြစ်ဖြစ်၊ ဖောဋ္ဌဗ္ဗာ- ယတနလို့ခေါ်တဲ့ ပထဝီ ဝါယော တေဇောဆိုတဲ့ အထိအတွေ့ အာရုံပဲဖြစ်ဖြစ်၊ အဲဒီအာရုံ တစ်ခုခုသည် မနောဓာတ်လို့ခေါ်တဲ့စိတ်၊ ထိုစိတ်မှာယှဉ်တဲ့ စေတသိက် တွေကို ကြိုတင်ဖြစ်ပြီးတော့ ရှိနေတဲ့အကြောင်းတရားအနေနဲ့ ကျေးဇူးပြုပါတယ်၊ အတူတူ မွေးဖွားလာတာ မဟုတ်ဘူး၊ အကြောင်းတရားက အကျိုးတရား မပေါ်ခင် ကြိုတင်ဖြစ်နှင့်နေတာ၊ ပုရေဇာတ born earlier.

ဒီနေရာမှာ မြတ်စွာဘုရားက ဒီစိတ်နှစ်ခုကို နာမည်ဘယ်လိုပေးလိုက်တုန်း ဆိုတော့ မနောဓာတု ဆိုတဲ့ နာမည်ပေးထားတယ်၊ မနောဓာတုဆိုတာ စိတ်ရဲ့ သဘာဝ တရား၊ စိတ်သဘောတရား၊ “မနောဓာတု၊ မနောဝိညာဏဓာတု” စိတ်တွေကို နာမည်ခွဲခြားပြီး ပေးတဲ့အခါ ဒါကို သတိထားပါ၊ မြင်သိစိတ်ကို စက္ခုဝိညာဏဓာတု၊ ဒီလိုဟောတယ်။

ဓာတု ဆိုတာ သတ္တဝါလည်း မဟုတ်ဘူး၊ ဇီဝလည်း မဟုတ်ဘူး၊ အတ္တလည်း မဟုတ်ဘူး၊ မြန်မာတွေထင်နေတဲ့ လိပ်ပြာလည်း မဟုတ်ဘူး၊ ဒီလိုပြောတယ်၊ ဘဝတစ်ခုကတစ်ခု ကူးသွားတယ်ဆိုတဲ့ လိပ်ပြာလည်း မဟုတ်ဘူး၊ သဘာဝ တရားသက်သက်မျှသာ ဖြစ်တယ်ဆိုတာကို ဓာတု ဆိုတဲ့စကားလုံးနဲ့ ရှင်းပြတယ်။

အဲဒီတော့ ဒီဓာတုဆိုတဲ့ စကားလုံးက ဘာကို ငြင်းပယ်တာတုန်းဆိုတော့ ပုဂ္ဂလကို ငြင်းပယ်တာ၊ အိန္ဒိယ Philosophy မှာသုံးတဲ့ ပုဂ္ဂလဆိုတဲ့ အယူဝါဒတစ်ခု ကို ငြင်းပယ်တာ၊ အတ္တလို့ဆိုတာကို ငြင်းပယ်တယ်၊ ဇီဝဆိုတာကို ငြင်းပယ်တယ်၊ အဲဒီတော့ ပုဂ္ဂလတို့ အတ္တတို့ ဇီဝတို့ ဆိုတာမျိုး မဟုတ်ဘူးတဲ့၊ သူ့ဟာသူ သူ့သဘော သူဆောင်နေတာ၊ ဓာတ်သဘောသက်သက်မျှ ဖြစ်တယ်၊ သူ့ကို element လို့ ဒီလိုပြန်လေ့ရှိတယ်၊ သူ့ သဘာဝသက်သက် phenomenon ပေါ့။

မြင်သိစိတ်ကို စက္ခုဝိညာဏဓာတု၊
ကြားသိစိတ် သောတဝိညာဏဓာတု၊
နံသိစိတ် ကျတော့ ဃာနဝိညာဏဓာတု၊
လျက်သိစိတ် ဇိဝှာဝိညာဏဓာတု၊
ထိသိစိတ် ကာယဝိညာဏဓာတု၊

ရှေ့က ဘာလေးတွေပါတုန်းဆို စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယဆိုတဲ့ ဖြစ်ရာ ဌာန အခြေခံဝတ္ထုရုပ်ကလေးတွေ ထည့်ပြောထားတယ်၊ နောက်က ဘာပြောတုန်း ဆိုတော့ ဝိညာဏ ဆိုတဲ့စကားလုံးလေးကို သုံးထားတယ်၊ ဝိညာဏ – အာရုံကို aware လုပ်တယ်၊ သိတတ်တယ်၊ အာရုံကို သတိပြုမိတဲ့စိတ်၊ ဝိညာဏဆိုတဲ့ စကားလုံးနဲ့ သုံးခဲ့တာ၊ ဒီစိတ်တွေကို ဝိညာဏဆိုတဲ့ စကားလုံး သုံးပြီးတော့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်နဲ့ သမ္ပဋိစ္ဆိန်းစိတ်ကို မနောဓာတု ဆိုတဲ့ စကားလုံးကို သုံးတယ်၊ ဒါ အဘိဓမ္မာဆိုင်ရာ term တစ်ခု။

မနောဓာတုလို့ဆိုလိုက်ရင် နားလည်ရမှာက ပဉ္စဒွါရာဝဇ္ဇန်းစိတ်နဲ့ သမ္ပဋိစ္ဆိန်းစိတ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဆိုတာ ကံတရားလည်း မဟုတ်ဘူး၊ ကံရဲ့အကျိုးလည်း မဟုတ်ဘူး၊ “ကြိယာ” လို့ ခေါ် တယ်၊ ကြိယာကို ဓမ္မသင်္ဂဏီပါဠိတော်မှာ ကြိယာ နေဝ ကုသလာ နာ ကုသလာ န စ ကမ္မဝိပါကာ၊ အဲဒါနဲ့ ရှင်းပြီးတော့ ကြိယာဆိုတာ-

နေဝ ကုသလာ - ကုသိုလ်လည်း မဟုတ်ဘူး၊
နာ ကုသလာ - အကုသိုလ် လည်း မဟုတ်ဘူး၊
န စ ကမ္မဝိပါကာ - ကံရဲ့အကျိုးလည်း မဟုတ်ဘူး

လို့ ဒီလို ဟောထားတယ်၊ အဲဒီတော့ ကံကြောင့်ဖြစ်တဲ့အကျိုး မဟုတ်ဘူးလို့ ဟောထားတယ်။

ကြိယာဆိုတာ ကုသိုလ်လည်း မဟုတ်ဘူး၊ အကုသိုလ်လည်း မဟုတ်ဘူး၊ ကံကြောင့်ဖြစ်တဲ့အရာလည်း မဟုတ်ဘူး၊ ကံအရာမမြောက်ဘူးဆိုရင် ကံရဲ့အကျိုး လားဆိုတော့ ကံရဲ့အကျိုးလည်း မဟုတ်ဘူး၊ ပစ္စုပ္ပန်မှာ အကြောင်းတရားတွေရဲ့ အကျိုးဆက်အနေနဲ့ သူပေါ်လာတယ်၊ ဒါကို ပြောတာ၊ အဲဒါတွေကို မနောဓာတု ဆိုတဲ့ မနောဆိုတဲ့စကားလုံးကို အသုံးပြုပြီးတော့ မြတ်စွာဘုရားက ဟောထားတယ်။

ရူပါရုံပဲဖြစ်ဖြစ် သဒ္ဒါရုံပဲဖြစ်ဖြစ် ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံပဲဖြစ်ဖြစ် အဲဒီ အာရုံငါးပါးက ဝတ္ထုရုပ်ငါးမျိုး စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယဆိုတဲ့ အကြည် ရုပ်ငါးမျိုးမှာ လာပြီး ထင်ဟပ်ပြီဆိုရင် ဒီမနောဓာတုဆိုတဲ့စိတ်တွေ ပေါ်လာတယ်တဲ့၊ အဲဒီ အာရုံငါးပါးသည် မနောဓာတုဆိုတဲ့စိတ်ကို ကြိုတင်ဖြစ်နှင့်တဲ့ အကြောင်းတရား ဖြစ်လို့ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်။

ကြိုတင်ဖြစ်တယ်ဆိုတာ ဘယ်တုန်းက ဖြစ်တာတုန်း၊ အတီတဘဝင်နဲ့ ဥပါဒ် ပြိုင်ပြီးတော့ ဖြစ်တယ်တဲ့၊ အတီတဘဝင်ဖြစ်တဲ့အချိန်မှာ ဖြစ်တာ၊ အတီတဘဝင် ပြီးတော့ ဘာလာတုန်း၊ ဘဝင်္ဂစလနတဲ့ လှုပ်ရှားတဲ့ဘဝင်၊ လှုပ်ရှားတဲ့ဘဝင်ပြီးရင် ဘာဝင်လာတာတုန်း၊ ဘဝင်္ဂုပစ္ဆေဒ ပြတ်စဲသွားတဲ့ဘဝင် လာတယ်၊ ဘဝင်စိတ် သုံးကြိမ်ဖြစ်လာတယ်၊ အဲဒီ ဘဝင်စိတ် သုံးကြိမ်နောက်မှာ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က လာတာ၊

ခုနကပြောတဲ့ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ ဒီအာရုံဟာ စိတ္တက္ခဏသုံးကြိမ်စောပြီး ပေါ်လာတာဖြစ်သောကြောင့် ပုရေဇာတ၊ ကြိုတင်ပြီး တော့ ဖြစ်နေတာ၊ ရှိနေတဲ့အခိုက်မှာ ကျေးဇူးပြုတယ်၊ သူ့ ရဲ့သက်တမ်းက စိတ္တက္ခဏ ၁၇-ချက်ထိအောင် သွားမှာဆိုတော့ ဖြစ်လာပြီးနောက် တည်နေတုန်းပဲ ရှိသေးတယ်၊ ပြတ်စဲပြီးတော့ မသွားသေးဘူးတဲ့၊ ဒါကြောင့်မို့ ရှိနေတုန်း ကျေးဇူးပြုတာ။ အဲဒါကို ရည်ညွှန်းပြီးတော့ မြတ်စွာဘုရားက -

“ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”၊

အဲဒီ စိတ်နှစ်ခုကို ပေါင်းဟောလိုက်တာ ကြည့်၊ ဒါ ဘာနားလည်ရမလဲဆိုရင် သင်္ခါရ ဆိုတာ အကြောင်းတရားတွေက ဖန်တီးထားတာလို့ ပြောတာ၊ ကိုယ့်သန္တာန်မှာ ဖြစ်နေတာတွေ အကုန်လုံး သင်္ခါရတွေချည်းပဲ၊ သံဆိုတာ အကြောင်းတရားတွေက စုပေါင်းပြီး ခါရ (ကရ) လုပ်ထားတာကို ပြောတာ၊ ထာဝရဘုရားက ဖန်တီးထားတာ မဟုတ်ဘူး၊ ဘယ်သူက လုပ်ထားတာတုန်း၊ အကြောင်းတရားတွေက စုပေါင်းပြီး တော့ ပြုလုပ်ထားတာ၊ တစ်ခုတည်း မဟုတ်ဘူး၊

ကြည့်လေ - မီးခြစ်ကနေပြီး မီးတောက်ကလေး ဖြစ်လာတယ်၊ အဲဒီမီးတောက် လေးကို ဘယ်သူတွေက စုပေါင်း ပြီး လုပ်ထားတာတုန်း၊ အဲဒီထဲမှာ Gas ပါရတယ်၊ ဘီးလုံးကလေးနဲ့ အောက်က သံတုံးလေးပါရမယ်၊ ဖိပြီးခြစ်တဲ့ အားစိုက်တာလေး ပါရမယ်၊ ဒီသုံးခုပေါင်းလိုက်တဲ့ အခါကျတော့ မီးကလေးတောက်လာတာ မဟုတ်လား၊

အဲဒီ မီးကလေးဟာ ဒီ အကြောင်းသုံးခုက မွေးဖွားခဲ့တာ၊ ဒါကို သင်္ခါရ လို့ပြောတာ၊ မွေးဖွားပြီးတဲ့အခါ မှာလည်း သူ့ရဲ့ပတ်ဝန်းကျင်က လေတို့ဘာတို့ ရှိရတယ်၊ လေ မရှိရင် ငြိမ်းသွားမှာပဲ၊ သင်္ခါရတရားတွေဆိုတာ အကြောင်းတရားတွေက စုပေါင်းပြီး ဖန်တီးထားတာတွေ၊ ဒါကို သင်္ခါရလို့ ခေါ်တာ။

အခုလည်း ကြည့် - ပဉ္စဒွါရာဝဇ္ဇန်းစိတ်တို့ သမ္ပဋိစ္ဆိန်းစိတ်တို့ ဆိုတာ သူ့ဟာသူ ပေါ်လာကြတာ မဟုတ်ဘူး၊ ဟောဒီအာရုံငါးပါးထဲက တစ်ခုခုက ဝတ္ထုရုပ် (သို့မဟုတ်) အကြည်ရုပ်တွေပေါ်မှာ လာပြီးတော့ ထင်ဟပ်လိုက်တာနဲ့ သူတို့ ပေါ်လာကြတယ်၊

ဒါဖြင့် ထူးခြားတာက ဘာတုန်းဆိုလို့ရှိရင် ပေါ်လာတဲ့ နေရာကျတော့ -

မြင်သိစိတ် ပေါ်လာတာက ဘယ်နေရာက ပေါ်တုန်း၊ မျက်စိအကြည်ရုပ်က ပေါ်တာ၊
ကြားသိစိတ်က ဘယ်ကပေါ်တုန်း၊ နားအကြည်ရုပ်က ပေါ်တာ၊
နံသိစိတ်က ဘယ်က ပေါ်တုန်း၊ နှာအကြည်ရုပ်က ပေါ်တာ၊
လျက်သိစိတ်က လျှာအကြည်ရုပ်က ပေါ်တာ၊
ထိသိစိတ်ကရော၊ ကိုယ်အကြည်ရုပ်က ပေါ်တာ။

အခုပြောခဲ့တဲ့ မနောဓာတ်လို့ခေါ်တဲ့ ပဉ္စဒွါရာဝဇ္ဇန်း အာရုံငါးပါးကို ဆင်ခြင်တဲ့စိတ်၊ သမ္ပဋိစ္ဆနလို့ ခေါ်တဲ့ အာရုံကိုလက်ခံတဲ့စိတ်၊ အဲဒီစိတ်နှစ်ခုကတော့ မျက်လုံးက ပေါ်တာလည်း မဟုတ်ဘူး၊ နားက ပေါ်တာလည်း မဟုတ်ဘူး၊ နှာခေါင်းက ပေါ်တာ လည်း မဟုတ်ဘူး၊ လျှာက ပေါ်တာလည်း မဟုတ်ဘူး၊ ခန္ဓာကိုယ်က ပေါ်တာလည်း မဟုတ်ဘူး၊ သူပေါ်တဲ့နေရာ သပ်သပ်ရှိတယ်၊

အဲဒီပေါ်တဲ့နေရာကို မြတ်စွာဘုရားက “ဘာ” လို့ တိုက်ရိုက် ထုတ်ဖေါ်ပြီးတော့ မဟောကြားထားဘူး၊ နောက်ပိုင်း အဘိဓမ္မာကျမ်းတွေကျတော့ အဲဒီပေါ်တဲ့နေရာကို “ဟဒယဝတ္ထု” လို့ ဟောလာတယ်၊ အဘိဓမ္မာသမိုင်း နောက်ပိုင်းမှာ ဟဒယဝတ္ထု ဆိုတာလေး ထည့်လာတယ်။

ကြည့် - မြတ်စွာဘုရားက အခုပြောခဲ့တဲ့ မနောဓာတ်တို့ မနောဝိညာဏ ဓာတ်တို့ ကျန်တဲ့စိတ်တွေ အများကြီးပေါ့၊ အခု သီးသန့်ထုတ်ပြီး ပြောနေတာ၊ ပုရေဇာတ ပစ္စည်းမှာ သတိထားလိုက်က စက္ခုဝိညာဏ်စိတ် သောတဝိညာဏ်စိတ် ဃာနဝိညာဏ် စိတ် ဇိဝှါဝိညာဏ်စိတ် ကာယဝိညာဏ်စိတ်လို့ဆိုတဲ့ ဒွေပဉ္စဝိညာဏ် ၁ဝ (သင်္ဂြိုဟ် သရုပ်ခွဲတဲ့အခါမှာ ပြောတယ်နော်) ဝိညာဏ်စိတ် ၁၀-ခု၊ မနော ဓာတ်လို့ခေါ်တဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်နဲ့ သမ္ပဋိစ္ဆိန်းစိတ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က တစ်ခု၊ သမ္ပဋိစ္ဆိန်းစိတ်က နှစ်ခု - ပေါင်းလိုက်တော့ ၃-ခု၊ ကျန်တဲ့စိတ်တွေကို မနောဝိညာဏဓာတုလို့ ခေါ်တယ်၊ မနောနဲ့ ဝိညာဏ နှစ်ခုပေါင်းစပ်ထားတော့ စွမ်းအား ပိုကြီးတယ်လို့ ပြောနိုင် တယ်ပေါ့။

စက္ခုဝိညာဏ စသည်တုန်းက ဝိညာဏတစ်ခုတည်း သုံးခဲ့တယ်၊ စက္ခုဝိညာဏ သောတဝိညာဏ ဃာနဝိညာဏ ဇိဝှါဝိညာဏ ကာယဝိညာဏ ဆိုတဲ့ ဝိညာဏ တစ်လုံးတည်းနဲ့ သုံးတယ်၊ ပဉ္စဒွါရာဝဇ္ဇန်းနဲ့ သမ္ပဋိစ္ဆိန်းကျတော့ မနော ဆိုတဲ့ စကားလုံးတစ်ခုတည်းကို သုံးတယ်၊ ကျန်တဲ့စိတ်တွေကျတော့ စွမ်းအားထက် လို့ မနောဝိညာဏဆိုပြီးတော့ မနောရော ဝိညာဏရော နှစ်ခုစလုံး ထည့်သုံးထား တယ်၊ ပေါင်းလိုက်တဲ့အခါကျတော့ စက္ခု သောတ ဃာန ဇိဝှာ ကာယဝိညာဏက ၅-ခု၊ မနောဓာတ်က ၁-ခု၊ မနောဝိညာဏဓာတ်က ၁-ခု၊ ထည့်ပေါင်းလိုက်တော့ ၇-ခု၊ အဲဒါ စိတ်နဲ့ဆိုင်တဲ့ ဝိညာဏဓာတ် ၇-ခုလို့ ခေါ်တယ်၊ ဓာတ် ၁၈-ပါးမှာ အဲဒီအတိုင်း ဟောတယ်။

မနောဓာတ်နှင့် မှီရာဝတ္ထု

ကောင်းပြီ - မနောဓာတ်ဆိုတဲ့ ပဉ္စဒွါရာဝဇ္ဇန်းနဲ့ သမ္ပဋိစ္ဆိန်းစိတ်တို့ဟာ မျက်စိ နား နှာ လျှာ ကိုယ် အကြည်ရုပ်တွေကပေါ် တာ မဟုတ်ဘူး၊ ဘယ်က ပေါ်တုန်း၊ ဟဒယ ဝတ္ထုရုပ်က ပေါ်တယ်တဲ့၊

အဲဒီဟဒယဝတ္ထုရုပ်ကို မြတ်စွာဘုရားက ဒီနေရာမှာ ဟဒယဝတ္ထု ဆိုတဲ့ စကားလုံးကို မသုံးဘဲနဲ့ ဘယ်လိုဟောတုန်းဆို-

“ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ”။

ယံ ရူပံ - အကြင် မှီရာဖြစ်တဲ့ရုပ်ကလေးကို၊
နိဿာယ - အမှီပြုပြီးမှ၊
မနောဓာတု စ - မနောဓာတ်လို့ ခေါ်ရတဲ့ စိတ်သည်လည်းကောင်း၊
မနော- ဝိညာဏဓာတု စ - မနောဝိညာဏဓာတ်လို့ ခေါ်ရတဲ့ စိတ်သည် လည်းကောင်း၊
ဝတ္တန္တိ – ဖြစ်ပေါ်၍ လာကြလေကုန်၏ တဲ့။

စက္ခုဝိညာဏ်စိတ် မြင်သိစိတ်တုန်းက ဘယ်သူ့ကိုမှီပြီး ဖြစ်တာတုန်း၊ မျက်လုံး အကြည်ကို မှီဖြစ်တယ်၊ ဒါကြောင့်မို့ စက္ခု မျက်လုံးဆိုတဲ့စကားလုံးလေးကို ရှေ့က ထည့်ပြီး ပြောထားတာနော်၊

သောတဝိညာဏ်စိတ်က နားကို မှီဖြစ်တယ်၊
ဃာနဝိညာဏ်စိတ်က နှာခေါင်းကို မှီဖြစ်တယ်၊
ဇိဝှါဝိညာဏ်စိတ်က လျှာကို မှီဖြစ်တယ်၊
ကာယဝိညာဏ်စိတ်က ခန္ဓာကိုယ်ကို မှီဖြစ်တယ်။

မနောဓာတ်တို့ မနောဝိညာဏဓာတ်တို့ကျတော့ သူတို့မှီပြီးဖြစ်တဲ့ ရုပ်ကလေး ရှိတယ်တဲ့၊ အဲဒီရုပ်ကို မြတ်စွာဘုရားက ဘာရုပ်လို့ နာမည်မပေးဘူး၊ ယံ ရူပံ - အကြင်ရုပ်လို့ ဒီလိုပဲ ပြောတယ်၊ အဲဒီတော့ အကြင်ရုပ်လို့ ပြောလိုက် ကတည်းက စက္ခု၊ သောတ ဃာန ဇိဝှါ ကာယဆိုတဲ့ ပသာဒရုပ် ၅-ခုတော့ မဟုတ်ဘူး၊ တခြား ရုပ်ဆိုတာ မသိသာဘူးလား၊ သိသာတယ်နော်။

ယံ ရူပံ - အကြင်မှီရာဖြစ်တဲ့ ရုပ်ကလေးကို၊
နိဿာယ = အမှီပြု၍၊
မနောဓာတု စ – မနောဓာတ်လို့ခေါ် ရတဲ့ စိတ်သည်လည်းကောင်း၊
မနောဝိညာဏဓာတု စ - မနောဝိညာဏဓာတ်လို့ ခေါ်ရတဲ့ စိတ်သည်လည်းကောင်း၊ ဝတ္တန္တိ - ဖြစ်ပေါ်၍ လာကြကုန်၏၊
တံ ရူပံ – ထိုမှီရာရုပ်သည်၊
မနောဓာတုယာ – မနောဓာတ် အားလည်းကောင်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ = ထိုမနောဓာတ်နှင့်ယှဉ်ဖြစ်တဲ့၊
ဓမ္မာနံ - စေတသိက်တရားတို့အားလည်းကောင်း၊
ပုရေဇာတပစ္စယေန - ပုရေဇာတ ပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော – ကျေးဇူးပြုတတ်ပါပေ၏၊
ဆက်သွယ်မှု ကို ထင်ရှားအောင် မြတ်စွာဘုရားက ဟောပေးထားတယ်။

အဲဒီ ယံ ရူပံ လို့ ရည်ညွှန်းလိုက်တဲ့ရုပ်ကလေးကို နောက်ပိုင်း အဘိဓမ္မာမှာ “ဟဒယဝတ္ထု” လို့ သတ်မှတ်လိုက်တယ်၊ ဟဒယဝတ္ထုဆိုတာ အဘိဓမ္မာသင်တဲ့ ပုဂ္ဂိုလ်တွေ သိတယ်၊ ဟဒယဝတ္ထုဆိုတာ အဓိပ္ပါယ်နှစ်မျိုးရှိတယ်။

ဟဒယဝတ္ထုရဲ့ location ပေါ့၊ ဘယ်နေရာမှာရှိသလဲဆိုတာနဲ့ ပတ်သက်ပြီး ဖွင့်ဆိုချက် တွေ အမျိုးမျိုးရှိတယ်၊ ဟဒယဆိုတဲ့စကားလုံးက နှလုံးကိုလည်း ဟောတယ်၊ စိတ်ကိုလည်း ဟောတယ်၊ နှလုံးဆိုတာ လူတွေရဲ့သန္တာန်မှာရှိတဲ့ နှလုံးသား heart organ ကို ပြောတာနော်၊ အင်္ဂလိပ်စကား heart ဆိုတာကလည်း တစ်ခါတစ်ရံ organ ဖြစ်တဲ့နှလုံးသားကို ရည်ညွှန်းတယ်၊ တစ်ခါတစ်ရံ စိတ်ကို ရည်ညွှန်းတယ်။

ပါဠိ “ဟဒယ” ဆိုတဲ့စကားလုံးကလည်း ထို့အတူပဲ၊ တစ်ခါတစ်ရံ နှလုံးသားကို ရည်ညွှန်းပြီး တစ်ခါတစ်ရံ စိတ်ကို ရည်ညွှန်းတယ်၊ ဟဒယဝတ္ထု ဆိုတာ နှလုံးသား လို့ခေါ်တဲ့ စိတ်ရဲ့ဖြစ်ရာ၊ ဝတ္ထုဆိုတာ ဖြစ်ရာတည်ရာ၊ အိမ်ဆောက်တဲ့ နေရာကို ဂေဟဝတ္ထု၊ ကျောင်းဆောက်တဲ့နေရာကို ဝိဟာရဝတ္ထု၊ ဝတ္ထု ဆိုတဲ့ စကားလုံးသည် တည်ရာမှီရာဆိုတဲ့အဓိပ္ပါယ်ကို ပြောတာ၊ ဟဒယဝတ္ထုဆိုတာ စိတ်ရဲ့ ဖြစ်ရာ၊

ဒါဖြင့် ဒီဟဒယဝတ္ထုဆိုတဲ့ ရုပ်ကလေးဟာ ဘယ်မှာရှိတာတုန်း ဆိုလို့ရှိရင် အဘိဓမ္မာအဋ္ဌကထာ ဋီကာကျမ်းတွေမှာဆိုရင် နှလုံးသားထဲ ဖြတ်သန်းစီးဆင်း နေတဲ့ သွေးရှိတယ်၊ သွေးဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့ပြီးနေတယ်ဆိုတာ နားလည် ကြတယ်။

သွေးတွေဟာ ခန္ဓာကိုယ်အနှံ့ လည်ပတ်သွားနေအောင် ဘယ်သူက ပံ့ပိုး လုပ်နေလဲ ဆို နှလုံးသားလို့ခေါ်တဲ့ heart organ က လုပ်နေတယ်၊ pump လိုပေါ့၊ နှလုံးက ညှစ်ပေးနေတာ၊ နှလုံးက ညှစ်အားတွေ ပိုများလာပြီဆိုလို့ရှိရင် သွေးတိုး ရောဂါလို့ ခေါ်တယ်၊ နှလုံးက ပုံမှန်လေးပဲ ညှစ်နေရမယ်၊ သာမန် ညှစ်ရုံလေးနဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိတဲ့ သွေးကြောတွေကနေပြီး တစ်ကိုယ်လုံး ပျံ့နှံ့ပြီး သွားတယ်၊

ပုံမှန်စီးဆင်းနေတယ်ဆိုရင် ဒါ ရောဂါမရှိဘူးလို့ပြောတာ။ သွေးလွှတ်တဲ့ အကြောလေးတွေ ကျဉ်းလာတဲ့အခါ (သို့မဟုတ်) မာတောင့် လာတဲ့အခါကျလို့ရှိရင် သွေးက သာမန်စီးဆင်းဖို့ မဖြစ်နိုင်တဲ့အခါကျရင် နှလုံးက ညှစ်အားတွေ ပိုများ လာတယ်၊ ဒါကြောင့်မို့ high bood pressure လို့ ခေါ်တယ်၊ pressure တွေ များလာတယ်၊ အဲဒါကို တိုင်းတာတာပဲ၊ သွေးတိုးရှိတယ် မရှိဘူး ဆိုတာ။

တချို့က သွေးတိုးတယ်ဆိုတာ သွေးအားတွေ တိုးလာတယ် အောက်မေ့နေတယ်၊ အဲဒီလိုမျိုး မဟုတ်ဘူး။ သွေးအားတွေ ကောင်းလာတာ သွေးတိုး မဟုတ်ဘူး၊ ခန္ဓာကိုယ်ထဲမှာ အစားအစာတွေက ဖြစ်ပေါ်လာတဲ့ သွေးတွေဟာ တစ်ကိုယ် လုံး လည်ပတ်နေတယ်၊ အဲဒီလို လည်ပတ်နေတဲ့အခါမှာ နှလုံးသားက ပုံမှန်လေး ညှစ်နေရုံနဲ့ သူ့ဖာသာ သွားလာနေလို့ရှိရင် ဒါ ရောဂါမရှိဘူး၊ ပိုပြီးတော့ ဖိပြီး လုပ်နေရပြီဆိုလို့ရှိရင် သူက ပင်ပန်းလာတယ်၊ ကြုံးရုန်းပြီးတော့ လုပ်လာရတယ်၊ အဲဒီလို ကြုံးရုန်းပြီးတော့ လုပ်လာရတာကို တိုင်းတာလို့ရှိရင် high blood pressure ဖြစ်လာတယ်ပေါ့။

ဟဒယဝတ္ထု၏ တည်ရှိရာ

စာပေကျန်းဂန်အရ ဟဒယဝတ္ထုရုပ်ဆိုတာ ဘယ်မှာရှိတုန်းဆိုတော့ ညှစ်အား ပြုနေတဲ့ pump နှလုံးသားထဲမှာ ရောက်ရှိနေတဲ့သွေး၊ အဲဒီသွေးပမာဏက ဒီလို။ လက်ဖဝါးကို ဆန့်လိုက်၊ ဆန့်ပြီး နည်းနည်းလေးတွန့်ပြီးတော့ ခုံးလိုက်၊ ခုံးလိုက်တဲ့ အခါမှာ အရည်လေးတွေ ထည့်ကြည့်လိုက်၊ အရည် ဘယ်လောက် ဆံ့သလဲ၊ အဲဒါကို တစ်လက်ဆွံ့ တစ်လက်ဖက် လို့ ခေါ်တယ်။ (ဒါ ရှေးစကား)

အဲဒီ လက်ကလေးကို တွန့်ခုံးထားတဲ့ လက်ဖဝါးလေးထဲမှာ ဆံ့နိုင် တည်နိုင်တဲ့ အရည်လေးတွေကို တစ်လက်ဆွံ့လို့ ခေါ်တယ်၊ အဲဒီနှလုံးသားထဲမှာ ရောက်နေ တဲ့သွေးတွေဟာ အဲဒီလောက်ပမာဏရှိတယ်၊ အဲဒီပမာဏရှိတဲ့သွေးထဲမှာ ပြန့်နှံ့ပြီး ဟဒယဝတ္ထုတည်နေတယ်လို့ ဒီလိုပြောတာ၊

အဲဒီတော့ သွေးကို ဟဒယဝတ္ထု ခေါ်တာ မဟုတ်ဘူး၊ နှလုံးသားကို ဟဒယဝတ္ထု ခေါ်တာလည်း မဟုတ်ဘူး၊ ဟဒယဝတ္ထု ဆိုတဲ့ ရုပ်ဟာ ကံကြောင့်ဖြစ်ပေါ်လာတာ ဖြစ်တယ်၊ အဲဒီသွေးထဲမှာ တည်ရှိနေတဲ့ ရုပ်သဘာဝ တစ်မျိုးပဲလို့ ဒီလို မှတ်ရမယ်၊ ဒါက အဓိပ္ပါယ်တစ်ခု။

ဒုတိယအဓိပ္ပါယ်- စိတ်၏ တည်ရာ

နောက်အဓိပ္ပါယ်တစ်ခုကျတော့ ဟဒယဆိုတာ “စိတ်”၊ နှလုံးသားကို မရည်ညွှန်းဘူး၊ ဟဒယဆိုတာ စိတ်၊ ဘယ်စိတ်တုန်းဆို မနောဓာတ်နဲ့ မနောဝိညာဏဓာတ်၊ ဒါတွေကို ရည်ညွှန်းတယ်၊ ဝတ္ထုဆိုတာ တည်ရာ၊ မနောဓာတ် မနောဝိညာဏဓာတ် ဆိုတဲ့ စိတ်တွေရဲ့တည်ရာကို ဟဒယဝတ္ထုရုပ်လို့ ခေါ်တယ်၊ ဒါက မြတ်စွာဘုရား ဟောတာနဲ့ ပိုပြီးတော့နီးစပ်တယ်လို့ ပြောရမယ်၊

မြတ်စွာဘုရားက “ယံ ရူပံ” “အကြင်ရုပ်” လို့ ဟောခဲ့တယ်၊ အေး ကောင်းပြီ၊ အဲဒီ ရုပ်ကလေးဟာ အခုခေတ် အဘိဓမ္မာမှာ ကျယ်ကျယ်ပြန့်ပြန့်နားလည်နေတယ်၊ ပြောရင် ဟဒယ ဝတ္ထုရုပ်ပေါ့၊ စိတ်ရဲ့မှီရာလို့ အဓိပ္ပါယ် ကောက်ချင်ကောက်၊ သို့မဟုတ် နှလုံးသား ထဲက သွေးထဲမှာ တည်နေတဲ့ရုပ်လို့ ပြောချင်ပြော။

အဲဒီ ဟဒယဝတ္ထုရုပ်ကိုမှီပြီးဖြစ်တဲ့ ဓာတ်တွေဟာ မနောဓာတ်နဲ့ မနောဝိညာဏဓာတ် တွေတဲ့၊ ခုနက -

စက္ခုဝိညာဏဓာတ်က စက္ခုဝတ္ထုကို မှီတယ်၊
သောတဝိညာဏဓာတ်က သောတဝတ္ထုကို၊
ဃာနဝိညာဏဓာတ်က ဃာနဝတ္ထုကို၊
ဇိဝှာဝိညာဏဓာတ်က ဇိဝှာဝတ္ထုကို၊
ကာယဝိညာဏဓာတ်က ကာယဝတ္ထုကို

သူ့ ဖာသာသူ မှီကြတယ်၊ ကျန်တဲ့စိတ်တွေကျတော့ ဟဒယဝတ္ထုကို မှီတယ်၊ ဒါကြောင့်မို့ ဝတ္ထုရုပ် ၆-ပါးလို့ ပြောတာ။

ပုရေဇာတသတ္တိဖြင့် ကျေးဇူးပြုပုံ

အဲဒီ ဝတ္ထုရုပ် ၆-ပါးဟာ မနောဓာတ် မနောဝိညာဏဓာတ်ကို ကျေးဇူးပြုတဲ့ အခါမှာ ဘယ်အခါပဲဖြစ်ဖြစ် ရှေးဦးစွာ ကြိုတင်ဖြစ်နှင့်ပြီး ရှိနေတုန်းမှာ ကျေးဇူးပြုလို့ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်၊ တစ်ဖက်ကလည်း ပြန်ကြည့်မယ်ဆိုရင် အားလုံးသတိထားမိလိမ့်မယ်၊ (ဘုန်းကြီးတို့ လွန်ခဲ့တဲ့ငါးလက ဟောထားခဲ့ပြီးပြီ)

နိဿယပစ္စယောဆိုတာ မှီရာဖြစ်သည့်အတွက်ကြောင့် အခုပြောခဲ့တဲ့ ဝတ္ထုရုပ်တွေ ဟာ နိဿယပစ္စည်းပဲ၊ ကြိုတင်ပြီးတော့ဖြစ်လို့ ပုရေဇာတ၊ နာမည်အမျိုးမျိုး ပေးထား သူ့ ရဲ့လုပ်ဆောင်ချက်ကိုကြည့်ပြီး နာမည်ပေးတာလို့မှတ်ထား၊ ကောင်းပြီ - မနောဓာတ်ကို ကျေးဇူးပြုတယ်တဲ့၊ ပုရေဇာတသတ္တိနဲ့ ဟောဒီရုပ်ကလေးက ကျေးဇူးပြုတယ်။

ဒါမျိုး မနောဝိညာဏဓာတ်ကိုရော ဘယ်လိုကျေးဇူးပြုသလဲဆိုတာ မြတ်စွာ ဘုရားက ဆက်ဟောတယ်။

“တံ ရူပံ မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ကိဉ္စိ ကာလေ ပုရေဇာတပစ္စယေန ပစ္စယော ကိဉ္စိကာလေန ပုရေဇာတပစ္စယေန န ပစ္စယော”။

ထူးထူးခြားခြား “ကိဉ္စိကာလေ” ဆိုတဲ့ စကားလုံး ထည့်ဟောထားတယ်၊ မနောဝိညာဏဓာတ်လို့ခေါ်တဲ့စိတ်တွေကို ဟောဒီမှီရာဖြစ်တဲ့ဝတ္ထုရုပ်က ပုရေဇာတ သတ္တိနဲ့ ကျေးဇူးပြုတဲ့အခါမှာ အမြဲတမ်းကျေးဇူးမပြုပါဘူးတဲ့၊ တချို့ အခါမှာ ကျေးဇူး ပြုတယ်၊ တချို့အခါမှာ မပြုဘူး၊

ကိဉ္စိကာလေ - တချို့သောကာလမှာ၊
ပုရေဇာတ ပစ္စယေန = ပုရေဇာတပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ် ပါပေ၏၊
ကိဉ္စိကာလေ - အချို့သော ကာလမှာကား၊
ပုရေဇာတပစ္စယေန ပုရေဇာတပစ္စယသတ္တိဖြင့်၊
န ပစ္စယော ဥပကာရကော = ကျေးဇူးမပြုတတ်ပါ၊

အခါခပ်သိမ်း ကျေးဇူးပြုတာ မဟုတ်ဘူး။

ပဋိသန္ဓေအခါနှင့် ပဝတ္တိအခါ

ဘုန်းကြီးတို့ ဒါ လွယ်လွယ်လေး စဉ်းစားကြည့်၊ စာထဲပြောတာကို အရင် မပြောသေးဘူး၊ လွယ်လွယ်လေးစဉ်းစားကြည့်၊ လူ့ရဲ့ ဘဝအစ ကြားဖူးကြလိမ့်မယ်၊ ပဋိသန္ဓေနေတဲ့အခါမှာ လူသားတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် ပဋိသန္ဓေနေပြီ ဆိုလို့ရှိရင် ကမ္မဇကလာပ် ၉-စည်းရှိတဲ့အထဲ ဘယ်အစည်းတွေပါတယ်လို့ ထင်လဲ၊

ကာယဒသကကလာပ်လို့ဆိုတဲ့ body နဲ့ ဆိုင်တာ တစ်စည်းပါတယ်၊ ဝတ္ထုဒသက- ကလာပ်လို့ဆိုတဲ့ ဟဒယဝတ္ထုဆိုတာ ပါတယ်၊ ဘာဝဒသကကလာပ်လို့ဆိုတဲ့ ကျားမ အခြေခံ ဣတ္ထိဘာဝ ပုမ္ဘာဝ အခြေခံဖြစ်တဲ့ရုပ်က တစ်စည်း၊ ကမ္မဇကလာပ် ၃- စည်း - ကာယဒသကကလာပ် ဝတ္ထုဒသကကလာပ် ဘာဝဒသကကလာပ်ဆိုတဲ့ ကလာပ် ၃-စည်း ပဋိသန္ဓေစိတ်နဲ့ ပြိုင်တူဖြစ်တယ်။

အဲဒီဖြစ်နေတဲ့အချိန်မှာ ဟဒယဝတ္ထု ရှိတယ်နော်၊ ဟဒယဝတ္ထုနဲ့ ပဋိသန္ဓေ စိတ်က အတူတူဖြစ်တယ်၊ အဲဒီအချိန်မှာ ဟဒယဝတ္ထုသည် ပဋိသန္ဓေစိတ်ကို born earlier ဆိုတဲ့ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုလို့ မရဘူး၊ ဘာဖြစ်လို့တုန်းဆို ပြိုင်တူ မွေးကြတာကိုး၊ Born earlier မဟုတ်ဘူး၊ Born together အဲဒီကျတော့ သဟဇာတ ဖြစ်သွားပြီ၊ ပုရေဇာတ မဖြစ်ဘူး၊

အဲဒီတော့ ဆိုလိုတာက “ကိဉ္စိကာလေ န ပုရေဇာတပစ္စယေန ပစ္စယော” လို့ မြတ်စွာဘုရားဟောတာ၊ အဲဒီ ပဋိသန္ဓေအခါမှာတော့ ပုရေဇာတသတ္တိနဲ့ ကျေးဇူး ပြုလို့ မရဘူးတဲ့၊ ဘာဖြစ်လို့တုန်းဆိုရင် ဘဝက အခုမှ စတာ၊ ဘယ်လိုမှ ဟဒယဝတ္ထု က ကြိုပြီးတော့ ဖြစ်လို့မရဘူး၊ အဲဒီတော့ ကြိုဖြစ်နိုင်တဲ့အရာ မရှိဘူးတဲ့၊ အတူတူ ဖြစ်ကြတာ၊ အတူတူဖြစ်ပြီး ကျေးဇူးပြုလို့ သဟဇာတသတ္တိနဲ့ပဲ ကျေးဇူးပြုတယ်တဲ့၊ ပုရေဇာတသတ္တိနဲ့ ကျေးဇူးမပြုဘူး။

ဒါဖြင့် ဘယ်အချိန်မှာ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတုန်းဆိုရင် ပဝတ္တိအခါ မှာ ကျေးဇူးပြုတယ်။ လူ့ဘဝမှာ အခါနှစ်ခု ပိုင်းထားတယ်၊ ပဋိသန္ဓေအခါ နဲ့ ပဝတ္တိအခါ၊ ပဋိသန္ဓေအခါဆိုတာက ဘဝတစ်ခု စစခြင်းကို ပဋိသန္ဓေအခါလို့ ခေါ် တယ်၊ အင်မတန်မှတိုတောင်းတဲ့ အခိုက်အတန့်လေးပေါ့၊ ပဋိသန္ဓေစိတ်ပေါ်တဲ့ တိုတောင်း လှတဲ့ အခိုက်အတန့်လေး၊ စိတ္တုပ္ပါဒ် ၁-ခု ခဏငယ် ၃-ချက်ပဲ ရှိတယ်၊ ဖြစ် တည် ပျက် သုံးချက်ပဲရှိတယ်။

ဆိုပါစို့ - နားလည်အောင် မှတ်လွယ်အောင်ပြောရရင် သုံးစက္ကန့်ပဲရှိတယ်၊ (ဒါပေမယ့် သုံးစက္ကန့်ထက်တော့ တိုတယ်နော်) အဲဒီနောက်ပိုင်း သုံးစက္ကန့်ကနေပြီး လေးစက္ကန့်မြောက် ရောက်လာတာနဲ့တစ်ပြိုင်နက် ပဝတ္တိအခါ ဆက်လက်ဖြစ်နေတဲ့ အပိုင်းလို့ - ပဋိသန္ဓေပိုင်းနဲ့ ပဝတ္တိပိုင်း နှစ်ပိုင်းရှိတယ်၊ အဲဒီ ပဋိသန္ဓေပိုင်းကျတော့ born earlier ဆိုတာ မဖြစ်နိုင်ဘူး၊ Born together ပဲ ဖြစ်နိုင်တယ်တဲ့၊ ဒါကြောင့်မို့ အဲဒီအချိန်မှာ ပုရေဇာတသတ္တိနဲ့ ကျေးဇူးမပြုဘူးတဲ့။

ပဝတ္တိပိုင်းဆိုတာကျတော့ ပဋိသန္ဓေနောက်မှာ မသေမချင်းဘဲ၊ အသက် ၈ဝ နေရရင် နှစ်-၈ဝ၊ ၉ဝ-နေရရင် နှစ်-၉ဝ၊ အဲဒီကြားထဲမှာ ဖြစ်နေသမျှ ရှေးရှေး ကဖြစ်တဲ့ ဟဒယဝတ္ထုရုပ်သည် နောက်နောက်ပေါ်လာတဲ့ မနောဝိညာဏဓာတ် ဆိုတဲ့စိတ်ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်တဲ့၊ ဒါကြောင့်မို့ ပဋ္ဌာန်းအရကောက်မှာ ကျတော့

ကိဉ္စိကာလေ - အချို့သောပဝတ္တိကာလ၌၊
ပုရေဇာတ- ပစ္စယေန = ပုရေဇာတပစ္စည်းဖြင့်၊
ပစ္စယော-ကျေးဇူးပြုနေတယ်၊
ကိဉ္စိကာလေ - ပဋိသန္ဓေအခါ၌ … ဒီလိုဆိုတယ်နော်၊
ပုရေဇာတပစ္စယေန - ပုရေဇာတပစ္စယသတ္တိဖြင့်၊
န ပစ္စယော - ကျေးဇူးမပြုဘူးတဲ့။

ဝိပဿနာရှုခြင်းဖြင့် ကျေးဇူးပြုပုံ

ပစ္စယနိဒ္ဒေသမှာ ပုရေဇာတနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ဒီလို ဟောထား တယ်၊ တရားကုန်သလားဆိုတော့ မကုန်ဘူး၊ သိသာရုံ မြတ်စွာဘုရားက ဟောတာ၊ ကျန်တာတွေ ကျန်နေသေးတယ်၊ အဲဒါကို ပဉှာဝါရ ပါဠိတော်မှာ ကြည့်၊ တခြား နည်းနဲ့လည်း ပုရေဇာတပစ္စည်း ဖြစ်နိုင်ပုံကို မြတ်စွာဘုရားက ဟောသေးတယ်။

အခုပြောတာက ဝတ္ထုရုပ် ၆-ပါးနဲ့ အာရုံ ၅-ပါး၊ စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထုဆိုတဲ့ ဝတ္ထုရုပ် ၆-ပါးနဲ့ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဆိုတဲ့ အာရုံ ၅-ပါး။

ပုရေဇာတသတ္တိနဲ့ တခြားကျေးဇူးပြုနိုင်သေးတာ ရှိနိုင်သေးလားဆို ရှိနိုင် သေးတယ်၊ ဘယ်လိုကျေးဇူးပြုနိုင်တုန်း၊ မြင်သိစိတ်နဲ့ မဆိုင်ဘူး၊ မြင်သိစိတ်နဲ့ ကျေးဇူးပြုတာ နားလည်ပြီးပြီ၊ စက္ခုဝတ္ထုဆိုတဲ့ မျက်စိအကြည်ရုပ်သည် မြင်သိစိတ်ကို ပုရေဇာတ သတ္တိနဲ့ ကျေးဇူးပြုတယ်ဆိုတာ ပြီးပြီ၊ ဆိုပါစို့ - ကမ္မဋ္ဌာန်းတရား အားထုတ်ကြတယ်၊ ကမ္မဋ္ဌာန်းရဲ့အာရုံ စက္ခုပသာဒမျက်စိအကြည်ရုပ်ကို ရှုတယ်၊ ဝိပဿနာအာရုံအနေနဲ့ စက္ခုပသာဒကို ရှုလို့ မရဘူးလား၊ ရတယ်နော်၊ မျက်စိ အကြည်ရုပ်ကို ဝိပဿနာရှုမယ်၊ ဘယ်လို ဝိပဿနာ ရှုတုန်းဆိုတော့ ဒီအကြည်ရုပ် စက္ခုပသာဒရုပ်သည် (သုတမယဉာဏ်နဲ့) စက္ခုပသာဒရုပ်ဟာ စိတ္တက္ခဏ ၁၇- ချက် ပြည့်သွားတာနဲ့ တစ်ပြိုင်နက် ပျက်သွားမယ်၊ သူ့ရဲ့သက်တမ်းဟာ ဒီလောက်ပဲ ရှိတယ်၊ မမြဲတဲ့ သဘောလေးကို ဆင်ခြင်ပြီးတော့ အဲဒါ “စက္ခုံ အနိစ္စတော ဝိပဿတိ” စက္ခုပသာဒ လေးကို မမြဲတဲ့သဘောအနေနဲ့ ဆင်ခြင်တယ်။

အဲဒီ စက္ခုပသာဒကိုပဲ ဒုက္ခ၊ ဖြစ်ပြီးပျက်နေတဲ့ သဘာဝတွေက နှိပ်စက်နေ တာ၊ ဒီဒုက္ခက စားစရာမရှိလို့ စိတ်ညစ်ရတဲ့ဒုက္ခမျိုးကို ပြောတာမဟုတ်ဘူး၊ ခေါင်း ကိုက် နားကိုက်လို့ ခန္ဓာကိုယ်ညောင်းညာကိုက်ခဲလို့ ဖြစ်တဲ့ဒုက္ခကို ပြောတာ မဟုတ်ဘူး၊ ဖြစ်မှုပျက်မှုဆိုတဲ့ သဘာဝတရားတွေရဲ့ အနှိပ်စက်ခံနေရတဲ့ ဒုက္ခကိုပြောတာ၊ ဒီစက္ခုပသာဒဟာ အမြဲတမ်းဖြစ်ပြီး ပျက်နေရတဲ့ ဖြစ်ပျက်မှုသဘာဝတရားတွေက နှိပ်စက်နေလို့ ဒုက္ခ။ အနတ္တ အတ္တမဟုတ်ဘူး။

အဲဒီ အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ လက္ခဏာရေးတင်ပြီး ဝိပဿနာရှုပြီ ဆိုလို့ရှိရင် အဲဒီ ဝိပဿနာရှုတဲ့စိတ်က ဘာစိတ်ဖြစ်မလဲ? ပုထုဇဉ်တို့ သေက္ခပုဂ္ဂိုလ် တို့မှာဆိုရင် ဝိပဿနာရှုတဲ့စိတ်က မဟာကုသိုလ်စိတ် ၈-ခုထဲက တစ်ခုခုပေါ့၊ ဉာဏ်နဲ့ယှဉ်ရင် ဉာဏသမ္ပယုတ်၊ တစ်ခါတလေ ဉာဏဝိပ္ပယုတ်နဲ့ ဝိပဿနာရှုတာ လည်း ရှိတယ်တဲ့၊ ဒါကြောင့်မို့ မဟာကုသိုလ်စိတ် ၈-ခုလို့ပဲ ယေဘုယျအားဖြင့် ပြောရတယ်နော်၊ ပုထုဇဉ်တွေ ဝိပဿနာရှုမယ်၊ စက္ခုပသာဒရုပ် သောတပသာဒရုပ် ဃာနပသာဒရုပ် ဇိဝှာပသာဒရုပ် ကာယပသာဒရုပ် ဟဒယဝတ္ထုရုပ် ကို ဝိပဿနာ ရှုမယ်၊ အနိစ္စ ဒုက္ခ အနတ္တလို့ ရှုမှတ်ဆင်ခြင်မယ်ဆိုရင် အဲဒီ ဝိပဿနာအာရုံဖြစ်တဲ့ စက္ခုပသာဒ သောတပသာဒ ဃာနပသာဒ ဇိဝှါပသာဒ ကာယပသာဒ ဟဒယ ဆိုတဲ့ ရုပ်တရားက ဝိပဿနာရှုတဲ့ မဟာကုသိုလ်စိတ်အား ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဒါ တစ်ခုရပြန်ပြီ၊ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်။

ကြိုတင်ဖြစ်နှင့်နေတာ၊ မဖြစ်ခင်က ကြိုပြီးရှူတာ မဟုတ်ဘူး၊ ဖြစ်နေတဲ့ အခိုက် လေးမှာ ရှူတာ၊ ဖြစ်လာပြီးတဲ့နောက်မှာ ရှူတာ၊ ဒါကြောင့်မို့လို့ စက္ခု သောတ ဃာန ဇိဝှါ ကာယ ဟဒယဝတ္ထုဆိုတဲ့ ဝတ္ထုရုပ် ၆-ပါးက ဝိပဿနာရှုတဲ့ မဟာကုသိုလ်စိတ် ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်။

ဒါဖြင့် ရဟန္တာပုဂ္ဂိုလ်တွေကရော စက္ခု သောတ ဃာန ဇိဝှာ ကာယ ဟဒယဆိုတဲ့ ဝတ္ထုရုပ် ၆-ပါးကို ဝိပဿနာမရှူဘူးလားဆိုတော့ ရှုတယ်၊ ဝိပဿနာ ဆိုတာ ရဟန္တာ ပုဂ္ဂိုလ်ဖြစ်ရင် ရှုစရာ မလိုဘူးလို့ တချို့က အောက်မေ့ကောင်း အောက်မေ့ လိမ့်မယ်၊ ရဟန္တာပုဂ္ဂိုလ်တွေလည်း ဒါပဲ ရှုတာပဲ၊

သောတာပန်မဖြစ်ခင် ကလည်း ဒါပဲ၊
သောတာပန်ဖြစ်ပြီးတော့လည်း ဒါပဲ၊
သကဒါဂါမ် မဖြစ်ခင်ကလည်း ဒါပဲ၊ အနိစ္စ ဒုက္ခ အနတ္တ ရှုတယ်၊
သကဒါဂါမ်ဖြစ်ပြီးရင်လည်း အနိစ္စ ဒုက္ခ အနတ္တ ပဲ၊ ဒီဝိပဿနာပဲ၊
အနာဂါမ် မဖြစ်ခင်ကလည်း ရှူတယ်၊ အနာဂါမ်ဖြစ်ပြီးတဲ့အခါမှာလည်း ရှုတယ်၊
ရဟန္တာ မဖြစ်ခင်ကလည်း ရှူတယ်၊ ရဟန္တာ ဖြစ်ပြီးတော့လည်း ရှုတယ်။

အရှင်သာရိပုတ္တရာကို အရှင်မဟာကောဋ္ဌိကက မေးတဲ့မေးခွန်းလေး ရှိတယ်၊

“အရှင်ဘုရား- ပုထုဇဉ်ပုဂ္ဂိုလ် ဘာရှုတုန်း”
“အေး အနိစ္စ ဒုက္ခ အနတ္တ ရှူတယ်၊”
“ဒါဖြင့် သောတာပန်ရော ဘာရှတုန်း”
“အေး အနိစ္စ ဒုက္ခ အနတ္တ”
“သကဒါဂါမ်၊ အနာဂါမ်တို့ရော”
“ဒီအတိုင်းပဲ၊ အနိစ္စ ဒုက္ခ အနတ္တ၊”
“ရဟန္တာရော”
“ရဟန္တာလည်း ဒီအတိုင်းပဲ” ဆိုတော့

“ရဟန္တာဆိုတာ ရှုစရာ မလိုတော့ဘူး မဟုတ်လား ဘုရား၊”

ရှင်သာရိပုတ္တရာက ဖြေတယ်၊

“ရဟန္တာလည်း ဒီလိုရှုမှ ဝိပဿနာဉာဏ်ဖြစ်ပြီး ဘဝမှာ ငြိမ်းချမ်းမှု ချမ်းသာသုခ ရတယ်” တဲ့။

ဖလသမာပတ်ဝင်စားတော့မယ်ဆိုရင် ဝိပဿနာကနေ သွားရတယ်၊ အခု မင်္ဂလာဈေး ဓမ္မာရုံကြီးပေါ် လာချင်လို့ရှိရင် ဘယ်ကတက်လဲ၊ လှေခါးကတက်တယ်၊ ဖိုလ်ဝင်စားပြီ ဆိုရင်လည်း ဝိပဿနာလှေကားက တက်ရတယ်၊ ရဟန္တာပုဂ္ဂိုလ်လည်း ဝိပဿနာ ရှုပြီးတော့မှ ဖိုလ်ကို ရောက်တယ်၊ ဘယ်လိုပဲ ဖိုလ်စိတ် ဖြစ်ပြီး ဖြစ်ပြီး ဒီကပဲ ပြန်တက်ရတယ်၊ အဲဒါကြောင့်မို့ ဝိပဿနာကို ရှူကို ရှူရတယ်လို့ ဒီလိုပြောတာ။

ကဲ ကောင်းပြီ - ရဟန္တာပုဂ္ဂိုလ်က စက္ခု သောတ ဃာန ဇိဝှါ ကာယ ဟဒယ ဆိုတဲ့ဂရုပ် ၆-ပါးကို ဝိပဿနာရှုပြီဆိုလို့ရှိရင် ရဟန္တာပုဂ္ဂိုလ်ရဲ့ ဝိပဿနာ ရှူတဲ့စိတ်ကျကာ့ မဟာကုသိုလ်စိတ်လို့ မခေါ်ဘူး၊ မဟာကြိယာစိတ်လို့ ခေါ်တယ်၊ ကြိယာစိတ်နဲ့ ရှုတယ်၊ အဲဒီတော့ မဟာကြိယာစိတ်ကိုလည်းပဲ စက္ခု သောတ ဃာန ဇိဝှါ ကာယ ဟဒယ ဆိုတဲ့ ဝတ္ထုရုပ် ၆-ပါးက ပုရေဇာတသတ္တိနဲ့ ကျေးဇူး ပြုပါတယ်တဲ့၊ ဒါက ပဥှာဝါရမှာ ဟောတာ။

ထို့အတူပဲ မြင်တဲ့အဆင်းအာရုံကိုရော ဝိပဿနာရှုလို့ မရဘူးလား၊ နားက ကြားတဲ့ အသံအာရုံ၊ နှာခေါင်းနဲ့ နမ်းရှူရတဲ့အနံ့အာရုံ၊ လျှာပေါ်မှာ တွေ့ထိ ခံစားလာတဲ့ အရသာအာရုံ၊ ခန္ဓာကိုယ်နဲ့ ထိတွေ့လာတဲ့ ဖောဋ္ဌဗ္ဗအာရုံဆိုတာ တွေကိုရော ဝိပဿနာရှုလို့ မရဘူးလား၊ ရတယ်။ စိတ်ထဲက ကြံတွေးသိရတဲ့ ဓမ္မအာရုံဆိုတဲ့ ကျန်တဲ့အာရုံတွေရော ဝိပဿနာရှုလို့ မရဘူးလား၊ ရတယ်၊ အဲဒီလို ရှုပြီဆိုလို့ရှိရင် ဝိပဿနာရှုတဲ့စိတ်ကို ဟောဒီ အာရုံ ၆-ပါးက ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ် တဲ့။

စိတ်များ၏ မှီရာ

စိတ်ဖြစ်ပြီဆိုလို့ရှိရင် ကုသိုလ်စိတ်ပဲဖြစ်ဖြစ် အကုသိုလ်စိတ်ပဲဖြစ်ဖြစ် ကံရဲ့ အကျိုး တရားဖြစ်တဲ့ ဝိပါက်စိတ်ပဲဖြစ်ဖြစ် လူ့ဘုံလူ့ဘဝ (သို့မဟုတ်) ပဉ္စဝေါကာရ လို့ဆိုတဲ့ ခန္ဓာ ၅-ပါးရှိတဲ့ဘုံတွေမှာ ဟဒယဝတ္ထုကို မမှီဘဲနဲ့ ဘယ်စိတ်မှ ဖြစ်လို့ မရဘူးတဲ့၊ အမှီမရှိဘဲနဲ့ မဖြစ်ဘူးလို့ ပြောတာ၊ မျက်စိအကြည်ရုပ်ကို မှီပြီးတော့ စက္ခုဝိညာဏ် စိတ်ဖြစ်တယ်ဆိုတာလို ကျန်တဲ့ မနောဓာတ် မနောဝိညာဏဓာတ် ဆိုတဲ့ စိတ်တွေက ဟဒယဝတ္ထုလို့ဆိုတဲ့ မှီစရာရုပ်ဝတ္ထုတွေကို မမှီရလို့ရှိရင် သူတို့ မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့ မှီစရာရုပ်ဝတ္ထုသည် ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါ တယ်တဲ့။

ထို ကုသိုလ်စိတ်အားလုံးဟာလည်း ဟဒယဝတ္ထုကို မှီပြီးတော့ ဖြစ်ရတယ်၊ အကုသိုလ် စိတ်အားလုံးဟာလည်း ဟဒယဝတ္ထုကို မှီပြီးတော့ ဖြစ်ရတယ်၊ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ်ဆိုတဲ့ ဟောဒီ ဝိညာဏ်စိတ်တွေမှတစ်ပါး ကျန်တဲ့ဝိပါက်စိတ်တွေ ကြိယာစိတ်တွေကရော ဟဒယဝတ္ထုကို မှီပြီး ဖြစ်တာတဲ့၊ မမှီဘဲ ဖြစ်တဲ့စိတ်ဆိုလို့ရှိရင် အရူပဝိပါက် ၄-ခု လို့ ခေါ်တဲ့ ရုပ်မရှိတဲ့ဘုံမှာသာဖြစ်တဲ့ ဒီဝိပါက်စိတ် ၄-ခုသာ ရှိတယ်ပေါ့၊ အရူပ ဗြဟ္မာကြီးရဲ့ ပဋိသန္ဓေ ဘဝင် စုတိ အနေနဲ့ ဆောင်ရွက်တဲ့ အရူပဝိပါက်ကလွဲရင် ကျန်တာတွေက ဝတ္ထုရုပ်အမှီရှိမှ ဖြစ်တယ်ပေါ့။

မှီရာရုပ်ဝတ္ထုတွေကို အမှီပြုပြီးတော့မှ ဒီစိတ်တွေ ဖြစ်နိုင်တာ ဖြစ်သောကြောင့် ဒီစိတ်တွေကို မှီရာဝတ္ထုရုပ်တွေက ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်၊ အာရုံတွေ ကလည်း ဒီစိတ်တွေကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်လို့ မြတ်စွာဘုရားက ပဥှာဝါရကျတော့ အသေးစိတ် တစ်ခါထပ်ပြီး ဟောတယ်။

ပစ္စယနိဒ္ဒေသနဲ့ ပဉှာဝါရ ဒီနှစ်ခုပေါင်းစပ်ပြီးတော့ ကြည့်၊ ပစ္စယနိဒ္ဒေသမှာ ချုံ့ပြီးတော့ ဟောလိုက်တယ်၊ ပဥှာဝါရမှာ ခွဲလိုက်တယ်၊ ဘယ်လိုခွဲတုန်း ကုသလ၊ အကုသလ၊ အဗျာကတ ဆိုပြီးတော့ ၃-မျိုး ခွဲဟောတယ်၊ ကုသလနဲ့ ကုသလ၊ ကုသလ နဲ့ အဗျာကတ၊ ဒီလိုသွားတယ်၊

တချို့နေရာကျတော့ -
ကုသလကနေ အကုသလ၊
ကုသလကနေ အဗျာကတ၊
ကုသလကနေ ကုသလအဗျာကတ၊
ကုသလ အကုသလအဗျာကတ

ဆိုတဲ့ ဒီသဘာဝတရား ၃-ခုကို မြတ်စွာဘုရားက ရောယှက် ပေါင်းစပ်ပြီးတော့ ဟောတယ်၊

ဘာဖြစ်လို့တုန်းဆိုတော့ အဘိဓမ္မာ ကျမ်းကြီးကို ဟောတော့မယ် ဆိုတဲ့အခါ မြတ်စွာဘုရားက မာတိကာ outline လေး တွေချတယ်၊ အဲဒီလိုချတဲ့အခါ ကုသလာ- ဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာလို့ ကုသလတိက ၃-စု အုပ်စုကလေး ခွဲပြီး အဲဒီအုပ်စုအလိုက် ရှင်းလင်း ဟောကြားသွားတာ ဖြစ်တယ်။

အဲဒီလို တိကပေါင်း ၂၂-မျိုး၊ ဒုကပေါင်း-၁၀၀ မြတ်စွာဘုရားက မာတိကာ အနေနဲ့ ခေါင်းစီးလေးတွေ ပေးပြီး အဘိဓမ္မာတရားကို ဟောတာ ဖြစ်တယ်၊

ဒါကြောင့်မို့ ပဥှာဝါရမှာ အဲဒီခေါင်းစီးနဲ့ လိုက်လျောညီထွေအောင် -

ကုသလဖြစ်တဲ့ တရားက ကုသလဖြစ်တဲ့တရားကို၊
အကုသလဖြစ်တဲ့တရားက အကုသလ ဖြစ်တဲ့ တရားကို၊
အဗျာကတဖြစ်တဲ့တရားက အဗျာကတဖြစ်တဲ့တရားကို

ဆိုင်ရာဆိုင်ရာ သတ္တိတွေနဲ့ ကျေးဇူးပြုတယ်လို့ ဒီလိုဟောတာ။

ဒီနေရာမှာ ပုရေဇာတပစ္စည်းက ဘာတွေတုန်းလို့ မေးလို့ရှိရင် စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထု ဆိုတာ ရုပ်တရားတွေ မဟုတ်လား၊ ရုပ်တရားတွေဆိုရင် ကုသိုလ် အကုသိုလ် အဗျာကတထဲမှာ ဘယ်ထဲ ပါလဲ၊ အဗျာကတထဲပဲ ပါတယ်၊

အဲဒီတော့ အဗျာကတကနေ အဗျာကတကို ကျေးဇူးပြုတာ ဖြစ်တယ်၊ အဗျာကတ ကနေ ကုသလကို ကျေးဇူးပြုတာ ဖြစ်တယ်၊ အဗျာကတကနေ အကုသလကို ကျေးဇူးပြုတယ်၊ ဟောဒီ ၃-မျိုးပဲ ခွဲဟောတယ်၊ ဒါက ပုရေဇာတပစ္စည်းနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ပြည့်ပြည့်စုံစုံ ပစ္စယနိဒ္ဒေသနဲ့ ပဉှာဝါရ စပ်ဟပ်ပြီးတော့ ဟောတယ်။

ဒီ့ထက်အသေးစိတ် မရှိတော့ဘူးလားဆို ရှိတယ်၊ ပဋ္ဌာန်းအရကောက်ကျမ်းအတိုင်း ပြောမယ်ဆိုရင် စကားလုံးအသုံးအနှုန်းတွေကစ ကျက်မှတ်မှ ပိုပြီး သဘောပေါက် မယ်ပေါ့နော်၊ သို့သော်လည်း အခုဟာက ပဋ္ဌာန်းမြတ်ဒေသနာကို ရိပ်စားမိရုံ၊ ဘဝမှာ အခုလို အကြောင်းတရားတွေ အကျိုးတရားတွေဟာ ပြိုင်တူ ဖြစ်ပြီးတော့လည်း အထောက်အကူပြုနေပါလား၊ ကြိုတင်ဖြစ်ပြီးတော့လည်း အထောက်အကူ ပြုနေပါလား ဆိုတာတွေကို သဘောပေါက်ပြီး ဘဝဟာ အကြောင်းတရားတွေက စုပေါင်းဖန်တီးထားတဲ့ တကယ့်သင်္ခါရဖြစ်တယ်၊

သင်္ခါရဆိုရင် “သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရ ဒုက္ခာ” လို့ ဆိုတယ်၊ တို့ဘဝဟာ အနိစ္စ ဒုက္ခ ပါလားဆိုတာကို အားလုံး သဘောပေါက်နိုင်တယ်၊ အဲဒီလို သဘော ပေါက်ဖို့အတွက် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က သင်္ခါရတရား သဘာဝ အကြောင်းအကျိုး ဆက်နွယ် နေပုံကို ပဋ္ဌာန်းကျမ်းမှာ အကျယ်တဝင့် ဟောထားတာ ဖြစ်ပါတယ်။

တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ - ဗုဒ္ဓမြတ်စွာ ဟောကြား တော်မူခဲ့တဲ့ ပုရေဇာတပစ္စယောအရ ပစ္စယနိဒ္ဒေသနဲ့ ပဥှာဝါရမှာ လာရှိတဲ့ တရား ဓမ္မများကို နာယူကြရသဖြင့် ကြောင်းကျိုးဆင်ခြင်တတ်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ရင့်သန်ပြီး သဘာဝတရားတွေရဲ့ အစစ်အမှန်ကိုသိလို့ ထိုအကြောင်းတရား အကျိုးတရားတို့ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြ ပါစေသတည်း။

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၈)

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ ဝါခေါင်လဆန်း ၂-ရက်၊ (၂၃-၇-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

ပစ္ဆာဇာတပစ္စယော

ပစ္ဆာ – နောက်မှ, ဇာတ – ဖြစ်ပြီးတဲ့အခါမှာ, ပစ္စယော - ကျေးဇူးပြုတယ်၊

နောက်မှဖြစ်ပြီး ကျေးဇူးပြုတဲ့တရားဆိုတော့ အကျိုးတရားက အရင်ပေါ်နေတယ်၊ အကြောင်းတရားက နောက်မှဖြစ်လာပြီး အကျိုးတရားကို အထောက်အကူပြုတယ်၊ အကြောင်းအကျိုးလို့ ပြောရပေမယ်လို့ သူ့ကြောင့်ဖြစ်တဲ့အကျိုးတော့ မဟုတ်ဘူး၊ အဲဒီတော့ ပဋ္ဌာန်းတရားမှာ အကြောင်းနဲ့အကျိုးလို့ ဆိုတဲ့စကားဟာ ပိုကျယ်ပြန့် တယ်လို့ ဒီလိုမှတ်ရမယ်၊ မြန်မာစကား အကြောင်းနဲ့အကျိုးဆိုလို့ရှိရင် အကြောင်း တရားသည် အကျိုးတရားကို ဖြစ်စေတတ်တယ်၊ အကျိုးတရားသည် အကြောင်း တရားကြောင့် ဖြစ်ပေါ်လာတယ်၊ ဒီလိုရှိတယ်။

အခု ဒီနေရာမှာတော့ အကြောင်းအကျိုးလို့ ခေါ်ရသော်လည်း တစ်ခုနဲ့ တစ်ခု အပြန်အလှန်ဆက်သွယ်မှု ကျေးဇူးပြုနေမှု အထောက်အကူပြုနေမှုတွေကိုပဲ ပြောတာ၊ အဲဒီလို သဘောမပေါက်ရင် ဘယ့်နှယ် အကျိုးတရားက အရင်ဖြစ်ပြီး အကြောင်းက နောက်မှဖြစ်တယ်ဆိုရင် ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားမိကောင်း စဉ်းစားမိလိမ့်မယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ အမေအဖေထက် သားသမီးက အရင် မွေးနေတာလို ဖြစ်နေတယ်၊ အဲဒီအဓိပ္ပါယ်မျိုးကို ပြောတာမဟုတ်ဘူး၊ အပြန်အလှန် ဆက်သွယ် နေတာ အထောက်အကူပြုနေတာကို ပြောတာ၊ ကျေးဇူးပြုနေတယ် ဆိုတာ ကြိုတင်ပြီးတော့ ဖြစ်တာပဲဖြစ်စေ, နောက်မှဖြစ်တာပဲဖြစ်စေ, အတူတကွ ဖြစ်တာ ပဲဖြစ်စေ အထောက်အကူပြုနေတာတွေ ဆက်သွယ်နေတာတွေကို ဆိုလိုတယ်၊ relation ဆိုတာ ဆက်သွယ်နေတဲ့အဓိပ္ပါယ်ကိုပြောတာ။

ဒါကြောင့် ပဋ္ဌာန်းတရားတော်ဟာ အချင်းချင်း ဆက်သွယ်နေတယ်လို့ ဆိုတာ၊ အဲဒီဆက်သွယ်တဲ့ နေရာမှာ တစ်ခုကတစ်ခုကို အထောက်အကူပြုနေတယ်၊ ကျေးဇူး ပြုနေတယ်၊ ဘယ်ပုံဘယ်နည်း ကျေးဇူးပြုနေတယ်ဆိုတာတွေကို ရှင်းပြတာ၊ ထုတ်လုပ်တဲ့ အကြောင်းတစ်မျိုးတည်းကို ရှင်းပြတာ မဟုတ်ဘူး၊ ဒါကြောင့် ပစ္ဆာဇာတပစ္စယောမှာ ပစ္ဆာဇာတဆိုတာ နောက်မှပေါ်လာတဲ့တရားက အရင် ဖြစ်နှင့်တဲ့တရားကို ကျေးဇူးပြုတယ်၊ အထောက်အကူပြုတယ်လို့ ဆိုလိုတယ်။

ဒီပစ္ဆာဇာတပစ္စည်းကို အဋ္ဌကထာတွေက ဥပတ္ထမ္ဘကပစ္စည်း (အထောက် အကူပြုတဲ့ ပစ္စည်း)လို့ဒီလိုပြောတယ်၊ ဖြစ်စေတတ်တဲ့ အကြောင်းတရား, ထုတ်လုပ်တဲ့ အကြောင်းတရား မဟုတ်ဘူး၊ အထောက်အကူပြုတဲ့ အကြောင်းတရား၊ အပြန် အလှန် ဆက်သွယ်နေတဲ့သဘောကိုပြောတာ၊

အပြန်အလှန်ဆက်သွယ်နေတဲ့ သဘာဝတရားတွေဟာ ၂၄-ပစ္စည်းမှာ သဟဇာတ = ပြိုင်တူဖြစ်တယ်၊ အကြောင်း တရားနဲ့အကျိုးဟာ ပြိုင်တူဖြစ်တယ်၊ သို့မဟုတ် စာလိုပြောမယ်ဆိုရင် ပစ္စယ နဲ့ ပစ္စယုပ္ပန္နေ ဒီနှစ်ခုသည် ပြိုင်တူဖြစ်လာတာ သဟဇာတ၊ ပုရေဇာတ ဆိုတာ ပစ္စယုပ္ပဒ် ထက် ပစ္စယက ကြိုတင်ဖြစ်နှင့်တယ်၊ ပစ္ဆာဇာတ ကျတော့ ပစ္စယုပ္ပန္န ထက် ပစ္စယက နောက်မှ ဖြစ်လာတယ်၊ ဒီအဓိပ္ပါယ် မျိုးကိုပြောတာ။

သဟဇာတက born together အတူတကွဖြစ်လာတာ၊ ဒီသဘာဝတရား နှစ်ခု အကြောင်းတရားနဲ့ အကျိုးတရားဟာ အတူတကွဖြစ်လာကြတယ်၊ ပုရေဇာတ က born earlier အကြောင်းတရားက ကြိုတင် ဖြစ်နှင့်နေတာ၊ ပစ္ဆာဇာတ အကြောင်းတရားက born later နောက်မှ ဖြစ်လာတာ၊ အဲဒီတော့ ကြိုတင် ဖြစ်နှင့်တဲ့တရားပဲ ဖြစ်ဖြစ်, နောက်မှဖြစ်တဲ့တရားပဲဖြစ်ဖြစ်, ပြိုင်တူဖြစ်လာတဲ့ တရားပဲဖြစ်ဖြစ် အထောက်အကူပြုကြတယ်၊ ကျေးဇူးပြုကြတယ်လို့ ဆိုလိုတယ်။

အဲဒီတော့ လောကကြီးရဲ့သဘာဝဟာ အကြောင်းတရား အကျိုးတရားတွေ (သို့မဟုတ်) သဘာဝတရားတွေဟာ တစ်ခုနဲ့ တစ်ခု ဆက်သွယ်ပြီး ပွေလိမ်ရှုပ်နေ တယ်၊ Network ကွန်ယက်လို တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီး ရှုပ်လိမ်နေတဲ့ အကျိုး တရား အကြောင်းတရားတွေ၊ သို့မဟုတ် သဘာဝတရားတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်မှီတည်ပြီးတော့ ဖြစ်နေကြတယ်။

အခုပြောခဲ့တဲ့ သဟဇာတတို့ ပုရေဇာတတို့ ပစ္ဆာဇာတတို့ ပစ္စယနဲ့ ပစ္စယုပ္ပ နှစ်ခု ဖြစ်ပေါ်လာတဲ့ အချိန်ပိုင်းနဲ့ ကန့်သတ်ပြီးပြောရတဲ့ ဟောဒီပစ္စည်း ၃-မျိုးဟာ အတ္ထိဆိုတဲ့ အမျိုးအစားထဲမှာပါတယ်၊ ပြိုင်တူဖြစ်တာတော့ အထူးပြောစရာမလိုဘူး၊ ပစ္စယနဲ့ ပစ္စယုပ္ပန္နေ ပြိုင်တူဖြစ်နေရင် ရှိနေတုန်းပဲ အကျိုးပေးတယ်၊ ရှိနေတုန်းပဲ အထောက်အကူပြုနိုင်တယ်၊ မရှိတော့ရင် အထောက်အကူ မပြုတော့ဘူး၊ ဒါ အတ္ထိပစ္စည်းရဲ့သဘောပဲ၊ ရှိခိုက် ကျေးဇူးပြုတယ်။

ပုရေဇာတ - အကြောင်းတရားက ကြိုတင်ပြီးတော့ ဖြစ်နှင့်နေတယ်၊ အကျိုး တရားက နောက်မှ ဖြစ်တယ်၊ ဒါက နားလည်လွယ်တယ်ပေါ့၊ ပစ္စယနဲ့ ပစ္စယုပ္ပန္နမှာ ပစ္စယက ကြိုတင်ဖြစ်နှင့်ပြီးတော့ ပစ္စယုပ္ပန္နက နောက်မှဖြစ်လာတယ်၊ ဖြစ်လာသော် လည်းပဲ ပစ္စယက မရှိတော့ဘူးဆိုရင် ကျေးဇူးမပြုဘူး၊ ရှိနေတဲ့အခိုက်မှာသာ ကျေးဇူးပြုတယ်၊ နှစ်ခုစလုံး ထင်ရှားရှိနေတဲ့အခိုက်မှာသာ ကျေးဇူးပြုလို့ အတ္ထိပဲ၊ ဟောဒီ ပစ္ဆာဇာတကလည်း အတူတူပဲ၊ ပစ္စယုပ္ပန္နဆိုတဲ့တရားက ကြိုတင်ဖြစ်နေပြီး ပစ္စယဆိုတဲ့တရားက နောက်မှဖြစ်တယ်၊ နောက်မှဖြစ်ပြီး ထင်ရှားရှိနေခိုက်မှာပဲ သူကလည်း ကျေးဇူးပြုတယ်၊ မရှိတော့ရင် ကျေးဇူးမပြုဘူးလို့ ဒါကြောင့်မို့ ဒီ ၃-မျိုး လုံး အတ္ထိအမျိုးအစားထဲမှာ ပါတယ်။

“ပစ္ဆာဇာတပစ္စယော”၊ ပစ္ဆာဇာတ - ပစ္စယုပ္ပန္နတရားထက် ပစ္စယတရားက နောက်မှ ဖြစ်လာတယ်၊ နောက်မှ ဖြစ်လာပြီးတော့ ကျေးဇူးပြုတယ်တဲ့၊ အဋ္ဌကထာ ဆရာကြီးက နားလည်အောင်လို့ ဆိုပြီးတော့ ဥပမာတစ်ခု ပေးထားတာရှိတယ်၊ နောက်မှ ဖြစ်လာတဲ့တရားက ကြိုတင်ဖြစ်နှင့်နေတဲ့ တရားကို အထောက်အကူ ပြုတယ်ဆိုတာ ဘယ်လိုမှတ်ရမလဲဆိုရင် “ဂိဇ္ဈပေါတကသရီရာနံ အာဟာရာသာ စေတနာ ဝိယ” လို့ ရှင်းပြထားတယ်၊

ဂိဇ္ဈပေါတက ဆိုတာ လင်းတငယ်လေး၊ (လဒ) လင်းတဆိုတဲ့ ငှက်၊ အကောင်ပုပ် တွေကို စားလေ့ရှိတဲ့ ငှက်တစ်မျိုး၊ အရုပ်ဆိုး အကျည်းတန်တဲ့ ငှက်ကြီးတွေ၊ ခွေးသေကောင်ပုပ်တို့ဘာတို့ ဒီလိုပုပ်နေတဲ့ အကောင်မျိုးကို အင်မတန်မှ နှစ်သက်ပြီး စားလေ့ရှိတဲ့ သားစားငှက်တစ်မျိုးပေါ့၊ သူတို့ကိုယ်တိုင် သတ်စား တာတော့ မဟုတ်ဘူး၊ သေနေတဲ့အကောင်ပုပ်တွေ့ရင် စားကြတာ၊ လင်းတကို တချို့ အရပ်က ထိုးလဆိတ် လို့ ခေါ်သတဲ့၊ ဒါတော့ ဒေသ ဝေါဟာရ ပေါ့။

ဒီကနေ့ခေတ်မှာ လင်းတ မြင်ဖူးဖို့ တော်တော်ခက်သွားတယ်၊ ဘုန်းကြီးတို့ ငယ်ငယ်တုန်းက လက်ပံပင်ပေါ်မှာ လင်းတကြီးတွေ နားနေတာကို မကြာခဏ တွေ့ရတယ်၊ စစ်ကိုင်းမှာလည်း ဘုန်းကြီးတို့ကျောင်းအနီးမှာ အရပ်ခေါ် လုံးတော်ကြီး လို့ခေါ်တဲ့ ရှေးဟောင်းဘုရားပျက်ကြီးရှိတယ်၊ ပုံသဏ္ဌာန်က လုံးလုံး ကြီးမို့ လုံးတော်ကြီးလို့ခေါ်တာ၊ ဘုရားရဲ့ဘွဲ့တော်က “ရတနာဂီရိ” တဲ့၊ အင်းဝခေတ် တည်ထားတဲ့ဘုရား၊ အနန္တသူရိယအမတ်ကြီးက ဘုရင် မဟာသီဟသူရ လက်ထက်မှာ တည်ထားတယ်၊ အဲဒီဘုရားက သီဟိုဠ်စေတီရဲ့ပုံသဏ္ဌာန် ဖြစ်တယ်၊ ပြောရမယ်ဆိုရင် စစ်ကိုင်းက ကောင်းမှုတော်ဘုရားကြီးရဲ့ သဏ္ဌာန်မျိုးလို အောက်ခြေကလုံးလုံး စပါးပုံသဏ္ဌာန် အဲဒီအပေါ်ကမှ လေးဒေါင့်တိုက်။ “ဟပ္ပိယ” လို့ခေါ်တဲ့ လေးဒေါင့်တိုက်ပေါ်မှာ “ဆတ္တာဝဠိ” ခေါ်တဲ့ ထီးအဆင့်ဆင့်ကလေး တင်ထားတယ်။

အဲဒီဘုရားကြီး နှစ်ပေါင်းများစွာ ဘုရားငုတ်တိုဘဝနဲ့ တည်ရှိနေတဲ့အချိန်မှာ ဘုန်းကြီးတို့ကျောင်းဘက်ကနေ လှမ်းကြည့်လိုက်လို့ရှိရင် အဲဒီဘုရားငုတ်တို ပေါ်မှာ လင်းတကြီးတွေ နားနေတာ တွေ့လိမ့်မယ်၊ အုပ်လိုက် ရှိတယ်၊ အဲဒီမှာ လွန်ခဲ့တဲ့ ၁၃၂၀ - ပြည့်ပတ်ဝန်းကျင်မှာ လင်းတတွေ အများကြီးရှိတယ်၊ ၁၉၆၀ - ပတ်ဝန်းကျင်မှာ အဲဒီဘုရားငုတ်တိုကြီးရဲ့ဘေးမှာ ခြုံပုတ်တွေနဲ့ ကွင်းပြင်အကျယ် ကြီးရှိတယ်၊ အဲဒီကွင်းပြင်အကျယ်ကြီးထဲမှာ ခွေးသေကောင်တွေ ပစ်ထားလေ့ ရှိတယ်၊ ပစ်ထားပြီဆိုလို့ရှိရင် အဲဒီလင်းတတွေဟာ ဘုရားငုတ်တိုပေါ် ကနေ ပျံဝဲ ကျပြီးတော့ ခွေးသေကောင်ကို စားနေကြတာ မကြာခဏတွေ့ ရတယ်နော်။

ဒီကနေ့ခေတ်မှာတော့ လင်းတတွေဟာ ပျောက်သလောက် ရှိသွားပြီ၊ ဘာဖြစ်လို့ ပျောက်သွားသလဲလို့ဆိုရင် အမှတ်ထားမိတာတော့ မြန်မာပြည်မှာ ချည်မျှင်ရှည်ဝါ စီမံကိန်းချပြီး စိုက်ပျိုးတယ်၊ အဲဒီ စိုက်ပျိုးတဲ့အချိန်မှာ ပိုးသတ်ဆေး တွေ တင်သွင်းလာတယ်၊ အင်မတန်ပြင်းတဲ့ ပိုးသတ်ဆေးတွေ၊ အဲဒီ ပိုးသတ်ဆေးတွေ သုံးထားတဲ့ ချည်မျှင်ရှည်ဝါ၊ အဲဒါကို ကြွက်တွေက စားမိတဲ့အခါ ကြွက်တွေ သေတယ်၊ အဲဒီကြွက်သေကို ခွေးကစားတော့ ခွေးသေတယ်၊ ခွေးသေကောင်ကို တစ်ခါ လင်းတစားတော့ လင်းတက သေပြန်တယ်၊ သုံးသက် သေတယ်၊

အဲဒါနဲ့ လင်းတတွေဟာ ပျောက်ခြင်းမလှပျောက်သွားတယ်၊ အခု လင်းတတွေ ကြည့်ချင်လို့တောင် မရှိတော့ဘူး၊ တော်တော်များများ အရပ်ဒေသတွေမှာ လင်းတက ပျောက်သွားပြီ၊ မြို့နေတဲ့သူတွေတော့ ဘယ်မြင်ဖူးမလဲ။

အဲဒီလင်းတကို ပါဠိလို ဂိဇ္ဈ၊ ဘာဖြစ်လို့ လင်းတကို “ဂိဇ္ဈ” လို့ ခေါ်တုန်း ဆိုရင် အသားကြိုက်လို့တဲ့၊ အသားကို မက်မက်မောမော စားတတ်တယ်၊ သက်သတ်လွတ် စားတဲ့ငှက်မျိုး မဟုတ်ဘူး၊ သူက အသားစားငှက်မျိုးပေါ့၊ အသားမှ ပုပ်နေတာတွေ စားတာများတယ်၊ ငှက်မှာလည်းပဲ အသားစားငှက် ရှိတယ်၊ သက်သတ်လွတ် စားတဲ့ငှက် ရှိတယ်၊ အမျိုးမျိုးပဲ၊ များသောအားဖြင့် အသားစားတဲ့ ငှက်တွေက ပိုများတယ်၊ သို့သော် ခိုတို့ ဘာတို့ကျတော့ စပါးတို့ ဆန်တို့ ပဲတို့ ဒီလိုစားလေ့ ရှိကြတယ်၊ သတ်သတ်လွတ်စားတဲ့ငှက်လည်း ရှိတာပဲ၊ “မံသေသု ဂိဇ္ဈတီတိ ဂိဇ္ဈာ” အသားကို မက်မက်မောမော စားသောက်တတ်လို့ “ဂိဇ္ဈ”ဆိုတဲ့ စကားလုံးနဲ့ ခေါ်ကြတာ။

အိန္ဒိယနိုင်ငံ ရာဇဂြိုဟ်မြို့ပတ်ဝန်းကျင် တောင်ငါးလုံးထဲမှာ ဂိဇ္ဈကူဋ ဂိဇ္ဈကုဋ် တောင်ဆိုတာ ရှိတယ်၊ အဲဒီဂိဇ္ဈကုဋ်တောင်ရဲ့ တောင်ထွဋ်ပေါ်မှာ လင်းတတွေ နားနေလို့ ဂိဇ္ဈကုဋ်တောင်လို့ ခေါ် လာခဲ့တယ်၊ တစ်နည်းအားဖြင့်တော့ လင်းတငှက် နှုတ်သီးနဲ့ ပုံသဏ္ဌာန်တူလို့ ဂိဇ္ဈကုဋ်တောင်လို့လည်း ခေါ်တယ်၊ သို့မဟုတ် လင်းတ တွေ နေထိုင်ရာ တောင်ထွဋ်ကြီးဖြစ်လို့ ဂိဇ္ဈကုဋ်လို့ ခေါ်တယ်၊ ဗုဒ္ဓစာပေထဲမှာ ဂိဇ္ဈကုဋ်တောင်ဆိုတာ နာမည်ကြီးတယ်။

အဲဒီလင်းတငှက်နဲ့ ပတ်သက်ပြီး ဒီမှာ ဥပမာပေးထားတာ။ ပစ္ဆာဇာတ ပစ္စည်းကို နားလည်ဖို့ဆိုတာ ဂိဇ္ဈပေါတကသရီရာနံ လင်းတငယ်လေးတို့ရဲ့ ခန္ဓာကိုယ်အား၊ အာဟာရာသာ စေတနာ ဝိယ – အာဟာရ၌ မျှော်လင့်တောင့်တ နေတဲ့ တဏှာနဲ့ ယှဉ်တဲ့ စေတနာတရားလိုပဲတဲ့၊ အဋ္ဌကထာဆရာကြီးက ဒီစကားလေးကို ထည့်သုံး ထားတယ်၊ ပစ္ဆာဇာတပစ္စည်းကို နားလည်ဖို့ “စားလိုတဲ့ အာသာဆန္ဒနဲ့ ယှဉ်တဲ့ စေတနာတရားသည် လင်းတငယ်ကလေးတို့ရဲ့ ခန္ဓာကိုယ်ကို အထောက်အကူ ပြုသလိုပါပဲ” တဲ့။

အဲဒီတော့ ဘယ်လို နားလည်ရမတုန်းဆို လင်းတငယ်ကလေးတွေကို မွေးဖွား လာတယ်၊ မွေးဖွားလာတော့ လင်းတငယ်ကလေးတွေရဲ့ ခန္ဓာကိုယ်ဆိုတာ အရင်ဖြစ်လာတာ၊ စားချင်တဲ့ အာသာဆန္ဒက နောက်မှဖြစ်တာပေါ့၊ စားချင်တဲ့ အာသာဆန္ဒက အရင်ဖြစ်နှင့်တဲ့ လင်းတငယ်ကလေးရဲ့ ခန္ဓာကိုယ်ကို အထောက် အကူပြုတယ်တဲ့၊ ဒီအဓိပ္ပါယ်မျိုးကို ပြောတာ။

အဲဒီမှာလည်းပဲ အဓိပ္ပါယ်အမျိုးမျိုးပြောကြတယ်၊ ဒီအဓိပ္ပါယ်နဲ့ ပတ်သက်ပြီး တော့ တချို့က ဘယ်လိုဖွင့်ဆိုတုန်းဆို တချို့ကျမ်းစာတွေမှာ ရေးထားတာကို ဗဟုသုတ အနေနဲ့ မှတ်ဖို့ တစ်ခါတလေ စာပေအယူအဆဆိုတာ မတူညီတဲ့သဘော လေးတွေ ရှိတယ်၊ ဒါက စာပေအတိုင်း နားလည်ရမှာကတော့ အစာအာဟာရကို စားလိုတဲ့ အာသာဆန္ဒနဲ့ယှဉ်တဲ့ စေတနာသည် နောက်မှဖြစ်ပြီး အရင်ဖြစ်နှင့်နေတဲ့ လင်းတငယ် ကလေးတွေရဲ့ခန္ဓာကိုယ်ကို အထောက်အကူပြုတယ်တဲ့၊

ဒါက ဘာနဲ့ တူတုန်းဆိုရင် မြန်မာစကားမှာ “မျှော်လင့်ချက်နဲ့ အသက်ရှင် နေကြတယ်” ဆိုတာ မျိုးနော်၊ မျှော်လင့်ချက်ဆိုတာ မျှော်လင့်ရုံ မျှော်လင့်တာ၊ ရမှမရသေးတာကိုး၊ မျှော်လင့်ချက်ကလေးနဲ့ အသက်ရှင်နေရသေးတယ်ဆိုတာ အသက်က အရင် လာတာ၊ မျှော်လင့်ချက်က နောက်မှ။

အေး ဒီနေရာမှာ အဓိပ္ပါယ်တစ်မျိုး ဘယ်လိုပြောကြတုန်းလို့ဆိုရင် လင်းတငယ် လေးတွေရဲ့ခန္ဓာကိုယ်ကို အစာစားလိုတဲ့ အာသာဆန္ဒနဲ့ယှဉ်လာတဲ့ စေတနာက အထောက်အကူပြုတာ၊ လင်းတငယ်ကလေးတွေဟာ ငယ်စဉ် အတောင်မစုံခင်က အသိုက်ထဲနေတဲ့အချိန်မှာ အစာမစားရှာကြရဘူးတဲ့၊ မိဘတွေက တခြားငှက် တွေလို အစာခွံ့ကျွေးရိုး ထုံးစံမရှိဘူး၊ မိဘဖြစ်တဲ့လင်းတကြီးတွေက ပျံဝဲသွားပြီး ပြန်လာ လို့ရှိရင် အစာကျွေးနိုး အစာကျွေးနိုးဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ လင်းတလေး တွေဟာ အတောင်တွေပေါက်ပြီး မိမိတို့ကိုယ်တိုင် ရှာစားနိုင်တဲ့အနေအထား ထိအောင် အစာပေါ်မှာ အာသာဆန္ဒနဲ့ယှဉ်တဲ့ စေတနာက အထောက်အကူ ပြုတယ် လို့ အဓိပ္ပါယ် ဖွင့်ဆိုကြတယ်။

အဲဒီလိုဖွင့်ဆိုချက်ဟာ မှန်မမှန်ဆိုတာတော့ တိရစ္ဆာန်တွေရဲ့အကြောင်းကို လေ့လာ ကြည့်မှသိမယ်၊ လင်းတတွေဟာ သားသမီးတွေကို အစာရှာပြီးတော့ မကျွေးဘူး ဆိုတာ ဟုတ်သလား၊ မဟုတ်ဘူးလား၊ ဒီကနေ့ခေတ် လင်းတတွေ အကြောင်းကို ကျကျနနလေ့လာတဲ့ပုဂ္ဂိုလ်တွေရှိတယ်၊ လင်းတဆိုတာ အလွန်မြင့်တဲ့ သစ်ပင်ကြီး တွေမှာ အသိုက်လုပ်ပြီးတော့ မွေးတာ၊ သူတို့အစာကျွေးသလား မကျွေးဘူးလား ဆိုတာ သိဖို့ခဲယဉ်းတယ်၊

ဘာဖြစ်လို့ သိဖို့ခဲယဉ်းတုန်းဆိုတော့ လင်းတကြီးတွေက စားသာ စားသွားတာ၊ ပါးစပ်က အစာချီယူသွားတာ မတွေ့ရဘူး၊ ဗျိုင်းတွေကျတော့ ငါးတွေချီချီလာတာ လူတွေကတွေ့ကြတယ်၊ အစာခွံ့တာလည်းပဲ မြင်ကြရတယ်၊ လင်းတကြီးတွေက လင်းတငယ်ကလေးတွေကိုသွားပြီး အစာခွံ့တယ် ဆိုတာကို မမြင်ကြရဘူး၊ မြင်ခဲတယ်၊ အလွန်မြင့်တဲ့သစ်ပင်တွေမှာ နေကြတာ ဆိုတော့၊ အဲဒီလို မမြင်ရတော့ ခုနက အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ပေါ်လာတာ။

သို့သော် လင်းတငှက်အကြောင်းကို လေ့လာတဲ့ပုဂ္ဂိုလ်တွေက ပြောကြတယ်၊ လင်းတတွေမှာ ပါးပျဉ်းပါတယ်၊ ဒါ မြင်ဖူးတဲ့သူတွေ သတိထားမိတယ်၊ လင်းတတွေက ဝအောင်စားပြီး အကုန်လုံး ဗိုက်ထဲချည်းမြိုတာ မဟုတ်ဘူး၊ လည်ချောင်းထဲမှာ တချို့ အစာအာဟာရတွေကို သူတို့က ထည့်ထားတယ်၊ လည်ချောင်းထဲမှာ ဇလုပ်ကြီးတွေပါတယ်၊

လင်းတက အစာတွေကို မြိုပြီးတော့ အဲဒီအိတ်ကြီးတွေထဲ သူတို့က အစာထည့် သွားတယ်၊ ထည့်သွားတော့ နှုတ်သီးက ဘာမှ ချီသွားတာမပါဘူး၊ ဒီအတိုင်း ပျံသန်းသွားကြတယ်၊ အသိုက်ရောက်တဲ့အခါ ကျတော့ ဆာနေတဲ့ သားသမီး တွေနားသွားပြီးတော့ ပါးစပ်ကလေး ဟပေးတယ်၊ လင်းတကလေးတွေက အဲဒီ ပါးစပ်ထဲကနေ နှိုက်ပြီးစားကြတယ်လို့ ဒါ လင်းတတွေရဲ့ အစာကျွေးပုံက အဲဒီလိုကျွေးတာ။

အဲဒီလိုဆိုတော့ လင်းတတွေက အစာမကျွေးဘူးဆိုတာ မဟုတ်နိုင်ဘူး၊ တစ်ဖက်ကလည်း ကြည့်မယ်ဆိုရင် အစာမစားဘဲ အသက်ရှင်ဖို့ ဆိုတာ မလွယ်ကူဘူးလေ၊ ဘယ်သတ္တဝါပဲဖြစ်ဖြစ် .. အစာမစားရဘဲနဲ့ အသက် ရှည်တယ် ဆိုတာ ယုတ္တိမရှိဘူးပေါ့၊ ဘယ်သတ္တဝါဖြစ်ဖြစ် အစာအာဟာရနဲ့ ကင်းပြီး တော့ ဖြစ်တာ မရှိဘူး၊ “သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ” လို့ ဆိုတယ်၊ သို့သော် အာဟာရ ဆိုတဲ့နေရာမှာ လူတွေစားတဲ့ အစားအစာချည့် မဟုတ်ဘူး၊ ဗြဟ္မာတွေကျ တော့ အစာမစားဘူး၊ ဘာစားတုန်းဆိုရင် ပီတိဘက္ခ ပီတိကို စားနေတာ၊ ဗြဟ္မာမှ ပီတိကို စားတာ၊ လူသားတွေထဲမှာ “ပီတိကိုစား အားရှိပါ၏” ဆိုပေမယ့် တကယ် ပီတိကို မစားနိုင်ကြပါဘူး၊ တကယ်တော့ အစာအာဟာရနဲ့ ကင်းပြီးတော့ မဖြစ်နိုင်ကြဘူး။

အဲဒီထဲမှာ လင်းတတွေဟာလည်း အစာအာဟာရနဲ့ကင်းပြီးတော့ အသက် ရှင်တယ်လို့ မဆိုပါဘူး၊ ဒါကြောင့် လင်းတတွေဟာ အခြားငှက်တွေလိုပဲ မိဘတွေ က အစာကို ရှာကျွေးတယ်ဆိုတဲ့စကားဟာ ပိုပြီးတော့ ယုတ္တိရှိတယ်၊ အစာမကျွေး ဘူး, လင်းတတွေအသက်ကြီးလာမှ ကိုယ့်ဖာသာပျံပြီး ရှာစားနိုင်မှ စားရတယ်၊ အဲဒီအချိန်ထိအောင် သူတို့ အသက်ရှင်နေတာဟာ စားလိုတဲ့ အာသာဆန္ဒကနေ အထောက်အကူပြုထားတယ်ဆိုတဲ့ ရှင်းလင်းချက်ဟာ မှန်ကောင်းမှမှန်မယ်၊ လောက ယုတ္တိနဲ့ ကြည့်ရင်လည်းပဲ ဖြစ်နိုင်ချေ သိပ်မရှိဘူးပေါ့၊ ခုနကပြောတာ ဖြစ်နိုင်ချေ ရှိတယ်၊ သားသမီးတွေကို အစာရှာကျွေးတယ်၊ လည်ချောင်းထဲမှာရှိတဲ့ လင်းတပါးပျဉ်းကြီးထဲမှာ အစာတွေ ထည့်ယူသွားတယ်၊ ဟိုရောက်တဲ့အခါ ပါးစပ် ကလေး ဟပေးတယ်၊ သားသမီးတွေက နှုတ်သီးနဲ့နှိုက်ပြီးတော့ စားကြတယ်။

ဒါဖြင့် ခုနက ဥပမာက ဘာပြောတုန်းလို့ဆို တိရစ္ဆာန်တွေဆိုတာ အစာ အာဟာရ ပုံမှန်စားရဖို့ သူတို့မှာ အင်မတန်မှ ခဲယဉ်းတယ်၊ တချို့တိရစ္ဆာန်တွေမှာ အစာအာဟာရအတွက် အင်မတန်ကြောင့်ကြစိုက်ကြရတယ်။ အဲဒီတော့ မစားရတဲ့ အချိန်က ပိုများမယ်။ မိဘတွေက အပြင်ထွက်ပြီး အစာရှာနေတယ်၊ မရသေးတဲ့ အချိန်မှာ စားလိုတဲ့အာသာဆန္ဒတွေက ရှိနေမှာပေါ့၊ အဲဒီရှိနေတဲ့ အာသာဆန္ဒတွေနဲ့ မျှော်လင့်ချက်ကလေးနဲ့ လင်းတတွေရဲ့ ခန္ဓာကိုယ်ဟာ တစ်ရက်တာတို့ နှစ်ရက်တာ တို့ ဒီလို ရှိကောင်းရှိလိမ့်မယ့်ပေါ့၊ အကြောင်းအကျိုးအားဖြင့် စားလိုတဲ့ အာသာ ဆန္ဒက အထောက်အကူပြုလို့ သူတို့အသက်ရှင်ရပ်တည်ရတယ်လို့ ပြောလို့တော့ ရတယ်၊ လုံးဝမစားဘူးလို့ ဆိုလိုတာမျိုးတော့ မဖြစ်နိုင်ဘူးပေါ့။

ပစ္ဆာဇာတပစ္စည်းနဲ့ ပတ်သက်လာလို့ရှိရင် လူတွေမှာလည်း သေချာစဉ်းစား ကြည့် - ဖြစ်လာတဲ့ရုပ်ကလေးတွေကို အထောက်အကူပြုတယ်ဆိုတာ၊ နောက်မှ လာတဲ့ ဟာကလည်း ရှေ့ကဖြစ်နှင့်တာကို အထောက်အကူပြုတယ်၊ ဒါကြောင့် ပစ္ဆာဇာတပစ္စည်းဆိုတာ အထောက်အကူပြုတဲ့ပစ္စည်းတစ်ခု၊ ဒါလည်းပဲ ရုပ်နဲ့နာမ်ပဲ၊ ကြည့် - မြတ်စွာဘုရားက ပစ္ဆာဇာတပစ္စည်းကို ပစ္စယနိဒ္ဒေသမှာ ဘယ်လိုဟော တုန်း။

“ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော”။

ပစ္ဆာဇာတာ - နောက်မှဖြစ်ပေါ်လာကြတဲ့၊
စိတ္တစေတသိကာ - စိတ် စေတသိက်လို့ဆိုတဲ့ နာမ်တရားတွေဟာ၊
ပုရေဇာတဿ - ရှေးဦးစွာဖြစ်နှင့်တဲ့၊
ဣမဿ ကာယဿ – ဤရုပ်အပေါင်းအား၊
ပစ္ဆာဇာတပစ္စယေန - ပစ္ဆာဇာတပစ္စယ သတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - အထောက်အကူ ကျေးဇူးပြုလျက် ရှိပါလေတော့၏။

ရုပ်နဲ့နာမ် အပြန်အလှန်အထောက်အကူပြုနေတဲ့သဘောကိုပြောတာ။ အဲဒီထဲမှာ ကြိုတင်ဖြစ်နှင့်နေတဲ့ “ကာယ” လို့ ခေါ်တဲ့ ရုပ်အပေါင်းကိုတဲ့၊ နောက်မှ ဖြစ်လာတဲ့ စိတ်စေတသိက်ဆိုတဲ့ နာမ်တရားတွေက ပစ္ဆာဇာတသတ္တိနဲ့ အထောက်အကူ ပြုပါတယ်တဲ့၊ အထောက်အပံ့ ပေးထားပါတယ်တဲ့၊ ဒီလိုပြောတာ၊ အဲဒီတော့ အပြန်အလှန်ဆက်သွယ်မှုကို ပြောတာ။

ဒါကို အသေးစိတ် ဆင်ခြင်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ - နောက်မှဖြစ်တဲ့ စိတ်စေတသိက်တွေက၊ ပုရေဇာတဿ ဣမဿ ကာယဿ - ကြိုတင်ဖြစ်နေတဲ့ ကာယလို့ဆိုတဲ့ ရုပ်တွေကို ကျေးဇူးပြု တယ်၊ mental process, material process လို့ခေါ်တဲ့ ဖြစ်စဉ်ကြီးတစ်ခုကို နားလည်လို့ရှိရင် ဒါ လွယ်လွယ်ကူကူ နားလည်နိုင်တယ်၊ ကြိုတင်ဖြစ်နေတဲ့ ရုပ် အပေါင်းကို နောက်မှဖြစ်တဲ့ စိတ်စေတသိက်တွေက အထောက်အကူပြုပါတယ်လို့ ဆိုတဲ့နေရာမှာ ကြိုတင်ဖြစ်နှင့်နေတဲ့ ရုပ်အပေါင်းလို့ဆိုတာ ဘာကိုပြောတာလဲ။

လူ့ဘဝအစကို ပြန်စဉ်းစားကြည့်လိုက်၊ လူ့ဘဝစ,တာ သန္ဓေစိတ်ရယ် (စိတ်ဆိုရင် စေတသိက်လည်း ပါမှာပေါ့၊) ပဋိသန္ဓေစိတ်နဲ့စေတသိက်၊ သာမန် လူသား တစ်ယောက်အနေနဲ့ ပြောကြမယ်ဆိုရင် မဟာဝိပါက်စိတ် ၈-ခုထဲက တစ်ခုခု နဲ့ စေတသိက် ၃၅-က သန္ဓေစိတ်မှာ ယှဉ်တယ်၊ အဲဒါက နာမ်တရား၊ လူ့ ဘဝမှာ ဒါကစတယ်နော်၊

အဲဒီ ပဋိသန္ဓေစိတ်နဲ့ စေတသိက်ဖြစ်တဲ့အချိန်မှာ ဘာရုပ်တွေ ပါလာတုန်းဆိုတော့ အဓိကဖြစ်တဲ့ ကာယပသာဒဆိုတဲ့ရုပ် ပါလာတယ်၊ ကာယ ပသာဒသည် သူတစ်ခု တည်းနေတာ မဟုတ်ဘူး၊ သူက ဘာတွေနဲ့ ပေါင်းစပ်ထား တာတုန်းလို့ဆိုတော့ မဟာဘုတ် ၄-ပါး၊ အဆင်းရယ် အနံ့ရယ် အရသာရယ် ဩဇာရယ် ဆိုတဲ့ ရုပ် ၄-ပါးနဲ့ ပေါင်းလိုက်တော့ ၈-ခု၊ တစ်ခါ သက်ရှိဖြစ်သည့် အတွက်ကြောင့် ဇီဝိတရုပ် ထည့်လိုက် ၉-ခု၊ အဲဒီ ၉-ခုထဲမှာ ထိရင်သိနိုင်တဲ့ ကာယပသာဒ ကိုယ်အကြည် ရုပ်ကလေး ထည့်လိုက်ရင် ၁ဝ-ခု ဖြစ်သွားတယ်။

အဲဒီ ရုပ် ၁၀-ခု အစုကလေး သန္ဓေစိတ်နဲ့အတူပေါ်လာတာ၊ သူ့ကို ကလလရေကြည် လို့ ခေါ်တယ်၊ မိခင်ဖခင်တို့ရဲ့ သုက်သွေးလို့ခေါ်တဲ့ sperm နဲ့ ovum ဆိုတာ မြေနဲ့အလားသဏ္ဌာန်တူတယ်၊ sperm နဲ့ ovum ဟာ သတ္တဝါ မဟုတ်ဘူး၊ အဲဒီ sperm နဲ့ ovum ပေါင်းစပ်နေတဲ့အပေါ် မှာ ဟောဒီသန္ဓေစိတ်နဲ့ ဒီရုပ်တွေ ဖြစ်လာတာ၊ အဲဒီလိုမှတ်။

ဒါကို သဘောပေါက်လို့ရှိရင် အခုခေတ်ပြောနေတဲ့ Clone ဆိုတာလည်း နားလည်နိုင်တာပဲ၊ ဒီ sperm နဲ့ ovum ဘယ်နေရာမှာရှိရှိ သတ္တဝါက မျိုးစေ့ကျနိုင် တာပဲ၊ ဒါ သံသေဒဇဆိုတာကို ပြောလို့ ရတယ်၊ ခုခေတ်က ကြံကြံဖန်ဖန် မျိုးပွား ပြီးတော့ Clone ဆိုတာတွေလည်းလုပ်နေကြတယ်နော်၊ အဲဒီတော့ sperm နဲ့ ovum ဘယ်နေရာမှာပဲရှိရှိ သန္ဓေစိတ်ကလေးက possibility potentiality ဖြစ်နိုင်တဲ့အနေ အထားတစ်ခုပေါ်မှာ သူသန္ဓေတည်မှာပဲ၊ ဒါက တည်လို့ရရင် သန္ဓေနဲ့ sperm နဲ့ ovum က တခြားစီ၊ ခုခေတ်သိပ္ပံတွေကတော့ sperm တို့ ovum တို့ ဒါတွေကိုပဲ သူတို့က သန္ဓေလောင်းလို့ ခေါ် နေတာ၊ ဒါ soil ပဲ၊ အဲဒီအပေါ်မှာ တည်တာကမှ သန္ဓေ။

သန္ဓေဆိုတာကျတော့မှ ပဋိသန္ဓေစိတ်နဲ့ စေတသိက်ရယ်၊ ခုနကပြောတဲ့ ကာယဒသကကလာပ် ကာယနဲ့ အမှတ်ပြုထားတဲ့ ဒသကကလာပ် - ရုပ် ၁၀-ခု အပေါင်း၊ နောက် ဟဒယဝတ္ထုလို့ဆိုတဲ့ စိတ်ရဲ့မှီရာအနေနဲ့ ဆောင်ရွက်မယ့် ရုပ်ကလေးနဲ့ အပေါင်းပါ ၉-ခုရှိရင် အားလုံး ၁၀-ခု ဝတ္ထုဒသကကလာပ်၊ တစ်ဖန် male & female အမျိုးသားအမျိုးသမီး အဖြစ်အခြေခံရုပ် ဘာဝရုပ် ပါဝင်ဖွဲ့စည်း ထားတဲ့ ရုပ်က ၁ဝ-ခုဆိုတော့ အားလုံး ရုပ်ပေါင်း-၃ဝ၊ ဒီရုပ်ပေါင်း-၃၀ က ဘယ်က ရလာတာလဲဆိုတော့ ကံက ထုတ်လုပ်လိုက်တာ၊ ကံကနေ မျိုးစေ့ချပေးလိုက်တာ။

ဒါကြောင့် အဲဒီ့ရုပ်တွေကို ကမ္မဇရုပ်လို့ခေါ်တာ၊ Born of Kamma ဘယ်သူမှ မလုပ်နိုင်ဘူး၊ ကံက လုပ်ပေးလိုက်တာ၊ အဲဒီကံက လုပ်ပေးလိုက်တဲ့ ရုပ်ကလေးနဲ့အတူ သန္ဓေစိတ်ကိုရော ဘယ်သူကလုပ်ပေးတာတုန်းဆို ကံကလုပ်ပေး တာ၊ ဒါကြောင့် သန္ဓေစိတ်ကို ဝိပါကလို့ခေါ် တာ၊ ဝိပါက နဲ့ ကဋတ္တာရူပ၊ စာပေအသုံး ကဋတ္တာရူပ ဆိုတာ ကမ္မဇရုပ်ကို ပြောတာ၊ အဲဒီတော့ ကံတရားက ဖန်တီးပေး လိုက်တာ၊ ရုပ်နဲ့နာမ်နဲ့ နှစ်ခု ပေါင်းစပ်ပြီးတော့ အင်မတန် သေးငယ်တဲ့ ကလလရေကြည် ဆိုတဲ့အနေအထားတဲ့၊ မိခင်ရဲ့ ovum လို့ဆိုတဲ့ soil ပေါ်မှာ မျိုးစေ့လေးတွေချတာ။

အဲဒီထဲမှာပါလာတဲ့ရုပ်တွေကို ကြည့်လိုက်လို့ရှိရင် သန္ဓေစိတ်နဲ့အတူ ဥပါဒ် တဲ့ရုပ်တွေဟာ ကံတစ်ခုတည်းက ထုတ်လုပ်တာဖြစ်သောကြောင့် ကမ္မဇရုပ်လို့ ခေါ် တယ်၊ အဲဒီကမ္မဇရုပ်တွေကို ကံက တစ်ကြိမ်တည်းပဲ ထုတ်လုပ်တာလားလို့ မေးစရာရှိတယ်၊ မဟုတ်ဘူး၊ စိတ်ကိုတော့ ကံကဖြစ်စေပြီးတော့ ရုပ်ကျတော့ ကံက တစ်ကြိမ်တည်း ထုတ်လုပ်တာ မဟုတ်ဘူး၊ အကြိမ်ကြိမ်ထုတ်လုပ်တာ၊ အသက်- ၈ဝ-နေရမယ့်ပုဂ္ဂိုလ် ဆိုလို့ရှိရင် နှစ်ပေါင်း ၈ဝ- ထုတ်လုပ်နေမှာပဲ။

ဒီလို ထုတ်လုပ်တဲ့အခါမှာ စက္ကန့်တိုင်း စက္ကန့်တိုင်း ထုတ်လုပ်တယ်၊ ပါဠိ စာပေ အနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ခဏ ခဏေတဲ့၊ every moment ပေါ့၊ ပဋိသန္ဓေစိတ်မှာ three moment ခဏလေး ၃-ခု ရှိတယ်၊ ခဏလေးက ဘာတုန်း၊ ဖြစ်ခိုက်လေးရယ်၊ ဖြစ်ပြီးတော့ တည်ခိုက်ကလေးရယ်၊ ပျက်ခိုက်ကလေးရယ်၊ ဖြစ် တည် ပျက် အခိုက် ၃-ခု ရှိတယ်၊ ဖြစ်နေတဲ့အခိုက်မှာလည်းပဲ ကံက ကမ္မဇရုပ် ကို ထုတ်လုပ်လိုက်တယ် ဆိုတော့ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏမှာ (စာလိုပြောရ အောင်) ဖြစ်နေတဲ့ အခိုက်ကလေးမှာ ကမ္မဇရုပ် ဘယ်လောက်ရှိသလဲ၊ ၃၀-ရှိတယ်၊ အဲဒီပဋိသန္ဓေစိတ်ရဲ့ ဒီခဏ တည်နေတဲ့အခိုက်ကလေးက နောက်ထပ် သူက ထုတ်လုပ်လိုက်တယ်ဆိုတော့ double ပေါ့ ၃၀-နှစ်ခါဆိုတော့ ၆၀-ဖြစ်သွားတယ်၊ တစ်ခါ ပဋိသန္ဓေစိတ်ပျက်သွားတဲ့ အချိန်ပိုင်းကို ဘင်ခဏလို့ ခေါ်တယ်၊ အဲဒီ ဘင်ခဏလေးမှာလည်း ကမ္မဇရုပ်ကို ထုတ်လုပ်တယ်ဆိုတော့ ဘယ်လောက် ဖြစ်သွားလဲ၊ ၉ဝ- ဖြစ်သွားတယ်၊ အဲဒီ နှုန်းထားနဲ့ ကမ္မဇရုပ်တွေက တိုးနေတာ၊ ဒါကြောင့်မို့လို့ ခဏ ခဏ စိတ်ရဲ့ ခဏတိုင်း ခဏတိုင်းမှာ ထုတ်လုပ်တယ်။

ဒါ စိတ်ရဲ့ဥပါဒ်ခဏမှာ ဘယ်သူက ထုတ်လုပ်တာတုန်းဆို စိတ်က ထုတ်လုပ်တာ မဟုတ်ဘူး၊ ကံက ထုတ်လုပ်နေတာ၊ ကံက အရှိန်အဝါ အင်မတန်မှ ကြီးမားတယ်၊ Energy ရှိတယ်၊ Power ရှိတယ်၊ အဲဒီ energy, powerနဲ့ ကံကနေပြီးတော့ ကမ္မဇရုပ်တွေကို စိတ်ရဲ့ခဏတိုင်းမှာ ထုတ်လုပ်ပေးနေတာ ဖြစ်သောကြောင့် ပဋိသန္ဓေစိတ်အတွင်းမှာပဲ ရုပ်ပေါင်း ၉ဝ- ထုတ်ပြီးသွားပြီ။

ထို့အတူပဲ ဘဝင်စိတ်ဖြစ်လာတဲ့အခါ နောက်ထပ် ၃၀-ထည့်၊ ထပ်ထည့် ထပ်ထည့် ထပ်ထည့် ဟော အများကြီးပဲ၊ အဲဒီနည်းနဲ့ တွက်ပြီးတော့ ကြည့်ပေတော့၊ တောင်မြို့ ဆရာတော်ဘုရားကြီးရေးတဲ့ “ဝီထိနဲ့ သုံးချက်စု ဘာသာဋီကာ” ဆိုတဲ့ အထဲမှာ “ရူပဝီထိ”အကြောင်း ရေးထားတာရှိတယ်၊

အဲဒီစာအုပ်ကို ကြည့်မယ် ဆိုလို့ရှိရင်လည်းပဲ ခုနကပြောတဲ့ ပဋိသန္ဓေခဏမှာ ရုပ်ပေါင်း-၃၀, ဋ္ဌီခဏရောက်တဲ့ အခါကျတော့ ရုပ်ပေါင်း-၆ဝ၊ ဘင်ခဏ ရောက်သွား တဲ့အခါကျ ရုပ်ပေါင်း-၉၀ ပေါ့၊ တိုးတိုးသွားပုံကို ဂဏန်းတွေနဲ့တွက်ပြီး ပြထားတာ ရှိတယ်၊ စိတ်ဝင်စားတဲ့ပုဂ္ဂိုလ် အဲဒီမှာကြည့်၊

“ပဋိသန္နိ မုပါဒါယ ခဏ ခဏ သမုဋ္ဌာပေတိ” အဘိဓမ္မတ္ထသင်္ဂဟ ကျမ်းမှာ ပဋိသန္ဓေရဲ့ ဥပါဒ်ကနေစပြီးတော့ ခဏတိုင်း ခဏတိုင်း ဆိုတာကို လွယ်အောင် ပြောမယ်ဆိုလို့ရှိရင် စက္ကန့်တိုင်း စက္ကန့်တိုင်း ထုတ်တယ်၊ အဲဒီလောက် ထိအောင် သူက ထုတ်လုပ်အားကောင်းတယ်ပေါ့၊ ကံက ရုပ်တွေကို ထုတ်တယ်၊ ဒါကြောင့်မို့ လူ့ ခန္ဓာကိုယ်က ကြီးထွားလာတာ၊ နို့မို့ဆို လူ့ခန္ဓာကိုယ် ဘယ်လိုလုပ် အကောင် အထည်ကြီး ဖြစ်နိုင်မလဲနော်။

ဒါဖြင့် တိုးလာတာတွေက မပျောက်ဘူးလားဆိုရင် သူ့သက်တမ်းနဲ့သူပဲ၊ ပဋိသန္ဓေရဲ့ ဥပါဒ်ခဏမှာ ထုတ်လုပ်လိုက်တဲ့ရုပ်ကလေးက ၁၇-ချက် (သို့မဟုတ်) ခဏငယ် ၅၁-ချက်ပြည့်တဲ့ နေရာမှာ သူက ချုပ်သွားတယ်၊ ချုပ်သွားပြီး နောက်ထပ် မလာတော့ဘူး၊ သူက တစ်ခါတည်းပြတ်သွားတယ်၊ ဒီခဏမှာ ထုတ်တာက သူ့ထက် တစ်ခဏ ပိုပြီးတော့ ကျန်ရစ်တယ်၊ ကမ္မဇရုပ်တွေက ထုတ်လုပ်မှုတွေကလည်း များတယ်၊ အဆင့်ဆင့် စဉ်ဆက်မပြတ် ထုတ်နေတာဆိုတော့ ပျက်တဲ့ဟာကပျက်, ဖြစ်တဲ့ ဟာကဖြစ်၊ အနိစ္စသဘောတရားဟာ ဘယ်လောက်ထင်ရှားတယ်ဆိုတာ လူတွေရဲ့ သန္တာန်မှာဖြစ်နေတဲ့ ကမ္မဇရုပ်တွေဟာ အဲဒီပုံစံနဲ့သွားတာ၊ ဒါ ပဋိသန္ဓေ ဖြစ်တဲ့အချိန်က ကမ္မဇရုပ်တွေကို ပြောတာ။

နောက်ပိုင်းမှပေါ်တဲ့ ကမ္မဇရုပ်တွေ ရှိသေးတယ်၊ စက္ခုပသာဒတို့ သောတ- ပသာဒတို့ ဃာနပသာဒတို့၊ မိခင်ရဲ့ဝမ်းထဲမှာ သန္ဓေတည်ပြီး ၁၁-ပတ်လောက်ကျမှ ဖြစ်လာတဲ့ ကမ္မဇရုပ်တွေက ရှိသေးတယ်၊ အဲဒီကမ္မဇရုပ်တွေမှာလည်းပဲ ဒီအတိုင်းပဲ စဉ်ဆက်မပြတ်ဖြစ်နေတာ၊ လူတွေရဲ့မျက်စိပသာဒအကြည်ရုပ်ကို အဲဒီနှုန်းထားနဲ့ပဲ ထုတ်လုပ်နေတယ်တဲ့၊ ပျက်တဲ့ဟာက ပျက်သွားတယ်၊ အသစ်ပေါ် လာတဲ့ဟာက အစားထိုးသွားတယ်။

ဘာနဲ့ ဥပမာတူတုန်းဆိုရင် မြစ်ရေစီးနဲ့ အလားသဏ္ဌာန်တူတယ်၊ မြစ်ကြီး သွားကြည့်ရင် ရေတွေ အမြဲတွေ့နေရမှာပဲ၊ သို့သော် ခုနကတွေ့တဲ့ရေလားဆိုတော့
မဟုတ်ဘူး၊ ခုနကတွေ့တဲ့ရေက မရှိတော့ဘူး၊ ဒါ နောက်လာတဲ့ရေ၊ ကိုယ့်မျက်လုံး လည်း အဲဒီအတိုင်းပဲ၊ စဉ်းစားကြည့် - မွေးတုန်းက မျက်လုံးလားဆို မဟုတ်တော့ ဘူး၊ အများကြီးပျက်သွားပြီ၊ နောက်ထပ် အသစ်အသစ်တွေ လာတယ်၊ သို့သော် copy တွေလေ၊ copy ဆိုတော့ ပုံတူထုတ်နေတာဆိုတော့ မသိဘူးပေါ့၊ ဒါပဲလို့ ထင်နေတာကိုး၊ မြစ်ရေဟာလည်း ဒီအတိုင်းပဲဆိုတော့ အရင်မြစ်ရေတွေ ပျောက် သွားမှန်း မသိဘူး၊ ဒီမြစ်ကြီးဟာ ဟိုးရှေးတုန်းကတည်းက ရှိနေတာပဲနဲ့ ဒီလိုပဲ ပြောကြတယ်၊ ဒီသဘောလေးကို နားလည်ထားလို့ရှိရင် သဘောပေါက်နိုင်တယ်။

ပဋိသန္ဓေစိတ်နဲ့ ပြိုင်တူဖြစ်လာတဲ့ Kamma born matter ကမ္မဇရုပ်ဟာ ၃၀-ရှိတယ်၊ အဲဒီပဋိသန္ဓေရဲ့ ဥပါဒ်ခဏမှာဆိုလို့ရှိရင် ကံက ထုတ်လုပ်တဲ့ ရုပ်တစ်မျိုး တည်းပဲ ရှိသေးတယ်၊ ပဋိသန္ဓေရဲ့ ဒီခဏကျတော့ ဥတုဇရုပ်တစ်မျိုး တိုးလာပြန်တယ်။

အဲဒီကမ္မဇရုပ်တွေထဲမှာ တေဇောဓာတ်လို့ခေါ်တဲ့ ဥတု ပါလာတယ်၊ ပဋိသန္ဓေစိတ် ကလေးနဲ့အတူ ဥပါဒ်တဲ့ ကာယဒသကကလာပ် ဝတ္ထုဒသကကလာပ် ဘာဝဒသက ကလာပ်ဆိုတဲ့ ရုပ်-၃ဝထဲမှာ တေဇောဓာတ်လို့ ခေါ်တဲ့ ဥတုပါတယ်။ အဲဒီဥတုသည် ပဋိသန္ဓေစိတ်နဲ့ ပြိုင်တူဖြစ်လာတာ၊ ကံက ထုတ်လုပ်လိုက်တဲ့ ပဋိသန္ဓေရဲ့ ဥပါဒ် ခဏမှာ သူက ပေါ်လာတယ်၊ ပဋိသန္ဓေရဲ့ ဒီခဏရောက်တဲ့အခါ ကျတော့ သူက ရုပ်တစ်ခုကို ပြန်ပြီးတော့ မွေးဖွားပြန်တယ်၊ ပြန်ပြီးတော့ ထုတ်လုပ် လိုက်ပြန်တယ်၊ တေဇောဓာတ်က ဥတုဇရုပ်ကို ထုတ်တယ်တဲ့နော်။

ပဋိသန္ဓေစိတ်နဲ့အတူ ဥပါဒ်လာတဲ့ တေဇောဓာတ် ဥတုက ပဋိသန္ဓေရဲ့ ဒီခဏ ရောက်ပြီဆိုတဲ့အချိန်မှာ သူက စွမ်းရည်သတ္တိတွေ ဖြစ်လာတယ်၊ သူဖြစ်စ အချိန်ကတော့ မထုတ်နိုင်ဘူး၊ ဖြစ်ပြီးတော့ ခဏတစ်ခုလွန်တာနဲ့ တစ်ပြိုင်နက် သူက ဋ္ဌီခဏဆိုတာ ရောက်လာ၊ ရောက်လာတဲ့အချိန်မှာ ဥတုကြောင့်ဖြစ်တဲ့ရုပ်ကို သူက ထုတ်လုပ်လိုက်ပြန်တယ်ဆိုတော့ ရုပ်တွေအများကြီးပဲ ဖြစ်လာတယ်။

Kamma born matter က တစ်ခု၊ ပဋိသန္ဓေရဲ့ဒီခဏကျတော့ ဥတုကြောင့် ဖြစ်တဲ့ ဥတု born matter ရုပ်တစ်ခုဖြစ်လာတယ်၊ ဘယ်နှစ်ခုဖြစ်သွားလဲ၊ နှစ်ခု ဖြစ်သွားပြီ၊ အဲဒီပဋိသန္ဓေစိတ်ကတော့ ရုပ်ကို မထုတ်လုပ်နိုင်သေးဘူး၊ သို့သော် ပဋိသန္ဓေစိတ် နောက်မှာ ဖြစ်တဲ့စိတ်က ဘာခေါ်တုန်းဆို ဘဝင်စိတ်လို့ ခေါ်တယ်၊ ပထမဆုံးစိတ် ကိုသာ ပဋိသန္ဓေလို့ ခေါ်လိုက်တာ၊ နောက်စိတ်ကျတော့ နာမည်ပြောင်းပေး လိုက်တယ်၊ ဘာတုန်း “ဘဝင်္ဂ” ဘဝင်စိတ်တဲ့၊ ဘဝမှာ ရှင်သန်ဖို့အတွက် အကြောင်းဖြစ်တဲ့ စိတ်မျိုးပဲ ထပ်ဖြစ်တယ်၊ ပဋိသန္ဓေစိတ်နဲ့ ဘဝင်စိတ် ဆိုတာ အတူတူပဲလို့ ပြောတာ။

အဲဒီဘဝင်စိတ်က သူဖြစ်လာလျှင် ဖြစ်လာချင်း ရုပ်အသစ်တွေကို ထုတ် တယ်၊ အဲဒီရုပ်ကျတော့ စိတ္တဇရုပ်လို့ ခေါ်တယ်၊ ကြည့် - ပဋိသန္ဓေ ဥပါဒ်ခဏမှာ ကမ္မဇရုပ် တစ်မျိုးတည်းပဲ ရှိတယ်၊ ပဋိသန္ဓေစိတ်ရဲ့ ဒီခဏနဲ့ ဘင်ခဏ ရောက်လာတဲ့ အခါကျတော့ ဥတုဇရုပ်တွေ ပါလာပြန်ရောနော်၊ ဥတုကြောင့်ဖြစ်တဲ့ ရုပ်တွေ တိုးလာတယ်၊ ပထမဘဝင်စိတ်ရောက်လာတဲ့အခါကျတော့ စိတ္တဇရုပ် တိုးလာတယ်၊ ဘယ်နှစ်ခုရှိသွားပြီလဲ၊ သုံးခုဖြစ်သွားပြီ၊ ဟုတ်ရဲ့လား၊ အစာအာဟာရစားတဲ့အချိန် ကျတော့ အာဟာရဇရုပ်ဆိုတာ ပေါ်လာတယ်၊ ဟော လေးခုဖြစ်သွားပြီ။

ပုရေဇာတဿ ဣမဿ ကာယဿ လို့ဆိုတာ အဲဒီရုပ်တွေကို ပြောတာ၊ ကြည့် - ပဋိသန္ဓေရဲ့ဥပါဒ်ခဏမှာဖြစ်တုန်းက ကမ္မဇရုပ်တစ်မျိုးတည်းပဲ ရှိတယ်၊ ပဋိသန္ဓေရဲ့ ဒီခဏ ဘင်ခဏ ရောက်တဲ့အခါကျတော့ ကမ္မဇ ဥတုဇ နှစ်ခု မဖြစ်ဘူးလား၊ နှစ်ခုဖြစ်တယ်၊ ဘဝင်စိတ်ဖြစ်လာတဲ့အခါကျတော့ ဘယ်နှစ်ခုဖြစ်သွားလဲ၊ သုံးခု ဖြစ်သွားတယ်၊

အဲဒါကို ရည်ညွှန်းပြီးတော့ ပဋ္ဌာန်းအရကောက်ကျမ်းကြီးမှာ ဧကဇကာယ ဒွိဇကာယ တိဇကာယ စတုဇကာယ” လို့ ပါဠိနဲ့ ဆိုရိုးပြုထားတာ ရှိတယ်။

ဧကဇကာယဆိုတာ အကြောင်းတစ်ခုတည်းကြောင့်ဖြစ်တဲ့ ရုပ်၊ အဲဒါက ပဋိသန္ဓေ စိတ်ရဲ့ဥပါဒ်ခဏကို ရည်ညွှန်းပြီးတော့ ပြောတာ၊ အဲဒီဧကဇဆိုတဲ့ရုပ်ဟာ ပဋိသန္ဓေနဲ့ ဥပါဒ် ပြိုင်ပြီးတော့ဖြစ်တာ ဖြစ်သောကြောင့် born earlier ပဲ၊ ပုရေဇာတဿ ဣမဿ ကာယဿ ကြိုပြီးတော့ ဖြစ်တယ်၊ အဲဒီလို ကြိုပြီးတော့ ဖြစ်တဲ့ ကမ္မဇရုပ်ကို ဘယ်သူက အထောက်အကူပြုတုန်းဆိုလို့ရှိရင် ဘဝင်စိတ်ကနေ အထောက်အကူ ပြုတယ်တဲ့၊ ဘဝင်စိတ်က သူ့နောက်မှ ပေါ်တာနော်၊ သူ့နောက်မှ ပေါ်တဲ့ ဘဝင်စိတ်ကြောင့် သူဟာ ဆက်လက်ရှင်သန်ခွင့်ရတယ်ပေါ့၊ ဒါပြောတာ။

အကယ်၍ ဘဝင်စိတ် မဖြစ်တော့ဘူးဆိုရင် သူ ဆက်လက်ရှင်သန်ခွင့် ရပါ့မလား၊ မရနိုင်ဘူး၊ ဘဝင်စိတ်က အထောက်အကူပြုတယ်ပေါ့၊ ပစ္ဆာဇာတ ပစ္စည်းဆိုတာ အဲဒါပဲ၊ ဘဝင်စိတ်ကနေပြီး အထောက်အကူပြုထားသည့်အတွက်ကြောင့် ခုနက ထုတ်လုပ်လိုက်တဲ့ ဧကဇကာယလို့ ဆိုတဲ့ ကမ္မဇရုပ်အပေါင်းဟာ ပထမဘဝင်စတဲ့ နောက်နောက်သော စိတ်တွေက သူတို့ကို အထောက်အကူပြုထား လို့ ဆက်လက် ရှင်သန်ခွင့် ရနေကြတာ။

ထို့အတူပဲ ပဋိသန္ဓေရဲ့ ဒီခဏနဲ့ ဘင်ခဏ ရောက်တဲ့အခါကျတော့ ဥတုက ထုတ်လုပ်တဲ့ရုပ်တွေ ပေါ်လာတယ်၊ အဲဒီဥတုက ထုတ်လိုက်တဲ့ရုပ်ကို ပထမဘဝင် စိတ်က ပစ္ဆာဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်၊ ပထမဘဝင်စိတ်သည် နောက်မှ ဖြစ်ပေမယ်လို့ ရှေးဦးစွာကြိုတင်ဖြစ်နှင့်တဲ့ ကမ္မဇရုပ် ဥတုဇရုပ်တို့ကို အထောက် အကူ ပြုထားပါတယ်တဲ့၊ ဒါကို ပြောတာနော်။

နောက် ပထမဘဝင်စိတ်အခိုက် ရောက်တဲ့အခါကျတော့ စိတ္တဇရုပ် ထုတ်ပြန်တယ်၊ ဘယ်နှစ်ခုဖြစ်သွားလဲ၊ သုံးခုဖြစ်သွားတယ်၊ အဲဒီသုံးခုလုံးကို ဘယ်သူ ကနေ အထောက်အကူပြုတုန်းဆို ဒုတိယဘဝင်စိတ်တွေဟာ သူ့နောက်က စိတ် တွေကနေ သူတို့ကို အထောက်အကူပြုထားပါတယ်တဲ့၊ ဆိုလိုတာကတော့ ရုပ်နဲ့ နာမ် အပြန်အလှန်ဆက်စပ်ပြီးတော့နေတယ်၊ တစ်ခုနဲ့တစ်ခု အမှီပြုပြီးတော့ နေကြ တယ်၊ တစ်ခုရှိလို့တစ်ခုရှိနေတယ်၊ တစ်ခုမရှိရင်တစ်ခုကမရှိတော့ဘူး၊ အလင်းရောင်နဲ့ လျှပ်စစ်မီး ဆက်သွယ်ပြီးနေသလိုပဲ၊ လျှပ်စစ်မီးမရှိရင် အလင်းရောင်ပျောက်သွား မယ်၊ အလင်းရောင်ပျောက်သွားရင် အမှောင်ရောက်လာမယ်၊ ဟော ဆက်သွယ်မှုတွေ ရှိနေတယ်၊ အဲဒါလိုပဲ ဒီသဘာဝတရားတွေဟာ မှီတည်ပြီးတော့ တစ်ခုနဲ့တစ်ခု အပြန်အလှန်ဆက်သွယ်မှုတွေ ရှိနေတယ်၊ အဲဒီလို ဆက်သွယ်မှုရှိနေတဲ့အခါမှာ တစ်ခုက အရင်မွေး၊ တစ်ခုက နောက်မှမွေး၊ သို့မဟုတ် အဲဒီနှစ်ခုစလုံး ပြိုင်တူမွေး၊ ဒါကို ရည်ညွှန်းပြီးတော့ ပြောတာ၊ သဟဇာတ, ပုရေဇာတ, ပစ္ဆာဇာတ။

ဒါကြောင့်မို့ ပဋ္ဌာန်းအရကောက်ကျမ်းမှာ “ပထမဘဝင်အစရှိသော နောက် နောက်သော နာမက္ခန္ဓာတရားတွေက ရှေးရှေးသော ပဋိသန္ဓေစိတ်စသည်နှင့် ဥပါဒ် ပြိုင်သော ဧကဇကာယ ဒွိကာယ တိဇကာယ စတုဇကာယ အား” ပစ္ဆာဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်တဲ့၊ ကြိုတင်ဖြစ်နှင့်တဲ့ ရုပ်တွေကို နောက်မှဖြစ်လာတဲ့ နာမ် တရားက အထောက်အကူပြုထားတယ်လို့ - ဒါ ပြောတာနော်၊ အဲဒါ ပစ္ဆာဇာတ ပစ္စည်းပဲ။

သူ့ကြောင့်ဖြစ်တာလို့ပြောတာ မဟုတ်ဘူးနော်၊ အကြောင်းတရားတွေက သူ့ဟာသူ ရှိတယ်၊ ဒီရုပ်တွေက ကံကြောင့်ဖြစ်တယ်၊ ဥတုကြောင့်ဖြစ်တယ်၊ စိတ်ကြောင့် ဖြစ်တယ်၊ အာဟာရကြောင့် ဖြစ်တယ်၊ အကြောင်းတရားက အဲဒါတွေ၊ သို့သော် နောက်မှဖြစ်တဲ့ နာမ်တရားတွေက ရှေ့ကဖြစ်နှင့်နေတဲ့ ရုပ်အပေါင်းကို ပစ္ဆာဇာတ သတ္တိနဲ့ကျေးဇူးပြုနေပါတယ်၊ တစ်သက်လုံး မသေမချင်း ဒီတိုင်းသွားတာ။

နောက်နောက်ဖြစ်လာတဲ့စိတ်က ရှေ့ရှေ့မှာ အရင်ဖြစ်လာခဲ့တဲ့ ဧကဇ ကာယ ဒွိဇကာယ တိဇကာယ စတုဇကာယဆိုတဲ့ ရုပ်အပေါင်းကို အထောက်အကူ ပြုနေတာ၊ တစ်သက်လုံး အထောက်အကူပြုနေလားဆိုတော့ စုတိစိတ် ရောက်သည် အထိ အထောက်အကူပြုနေမှာပဲ၊ ဒီလို အထောက်အကူပြုနေတာ ပစ္ဆာဇာတသတ္တိပဲ၊ နှစ်ခုစလုံး ရှိနေခိုက်ပဲ ကျေးဇူးပြုတယ်၊ မရှိတော့တဲ့နောက်မှာ ကျေးဇူးမပြုနိုင်ဘူး၊ ဒါကြောင့်မို့လို့ အတ္ထိ အဝိဂတ။

အခု ပစ္ဆာဇာတပစ္စည်းဆိုတာ ပစ္စည်းတရားက ဘာလဲဆိုရင် နာမ်တရား၊ ပစ္စယုပ္ပန်တရားက ဘာတုန်းဆိုရင် ရုပ်တရား၊ ရုပ်တရားကို နာမ်တရားကနေ အထောက်အကူပြုတယ်၊ နာမ်တရားသည် ရုပ်တရားအား ကျေးဇူးပြုတယ်၊ relate လုပ်တယ်၊ relation ဖြစ်နေတယ်၊ ဒီတော့ ရုပ်နဲ့ နာမ်ဆိုတော့ ပစ္စယနဲ့ ပစ္စယုပ္ပန်ဟာ ဒီလို relation ဖြစ်နေပေမယ့်လို့ ရောလို့ရလားဆို ရောမရဘူး၊ ရောမရလို့ ဝိပ္ပယုတ္တ၊ သူတို့ဟာ ရောယှက်သွားတဲ့အရာတော့ မဟုတ်ဘူး၊ သူ့ သဘာဝအတိုင်းသူ တစ်ခုစီ တစ်ကန့်စီပဲ၊ သဘာဝချင်းဟာ ပေါင်းစပ်လို့ မရဘူးတဲ့၊ မရပေမယ့်လို့ relation အကြောင်းနဲ့အကျိုး၊ သို့မဟုတ် သဘာဝတရားနှစ်ခုဟာ အပြန်အလှန် ဆက်စပ် နေတယ်ဆိုတာ ဒီသဘောကိုပြောတာ။

ပဋ္ဌာန်းတရားဆိုတာ လူတွေရဲ့သဘာဝကို ရှင်းပြောနေတာ၊ ကိုယ့်သန္တာန် မှာဖြစ်နေတဲ့ သဘာဝတရားတွေဟာ အခုလိုပဲ အကြောင်းအကျိုး ဆက်သွယ် နေတယ်၊ နောက်မှဖြစ်လာတဲ့ စိတ်တွေက ရှေးရှေးဖြစ်နှင့်နေတဲ့ ရုပ်တရားတွေကို အခုလိုအထောက်အကူပြုနေပါတယ်၊ အကယ်၍ နာမ်တရားတွေက အထောက် အကူ မပြုဘူးဆိုရင် ရှေးရှေးဖြစ်တဲ့ရုပ်တရားတွေက ရှင်သန်ခွင့်မရှိပါဘူးလို့ ဒါ ပြောတာနော်။

“ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော”။

ပစ္ဆာဇာတာ - နောက်မှဖြစ်လာကြတဲ့၊ ကြည့် - နောက်မှဖြစ်တယ်ဆိုတာ ပထမဘဝင် ဒုတိယဘဝင်စသည်ဖြင့် စိတ် process အတိုင်း မသေမချင်းသွားတယ်၊ စိတ်အစဉ် ပဲနော်၊ နောက်မှဖြစ်လာကြတ၊ဲ့
စိတ္တစေတသိကာ – စိတ်စေတသိက်လို့ ဆိုတဲ့၊
ဓမ္မာ – ပစ္စယဓမ္မတွေဟာ၊
ပုရေဇာတဿ ဣမဿ ကာယဿ - ကြိုတင်ပြီးတော့ ဖြစ်နှင့်နေတဲ့ ဤရုပ်အပေါင်းအား၊
ပစ္ဆာဇာတပစ္စယေန – ပစ္ဆာဇာတပစ္စယ သတ္တိဖြင့်၊
ပစ္စယော ဥပကာရကော – ကျေးဇူးပြုတတ်ပါပေတော့၏၊

အပြန်အလှန် ဆက်သွယ်ပြီးတော့ ကျေးဇူးပြုနေကြတာ၊ အဲဒီသဘာဝတရားတွေ ဒါ ရုပ်နဲ့နာမ် ဒီလို အပြန်အလှန်ကျေးဇူးပြုနေတာကိုပြောတယ်။

ထို့အတူပဲ အဲဒီ စိတ်စေတသိက်တွေကို ပဉှာဝါရကျတော့ ထပ်ခွဲပြလိုက် ပြန်တယ်၊ ဘယ်လိုထပ်ခွဲပြတုန်းဆိုတော့ - စိတ်စေတသိက်ဆိုတာ အဘိဓမ္မာသင်ဖူး တဲ့သူတွေ တွေ့လိမ့်မယ်၊ ကုသိုလ်ရော မရှိနိုင်ဘူးလား၊ အကုသိုလ်ရော မရှိနိုင်ဘူးလား၊ ဝိပါက်စိတ်တွေ ကြိယာစိတ်တွေဆိုတဲ့ အဗျာကတတွေရော မရှိနိုင်ဘူးလား၊ အဲဒီ သုံးမျိုးနဲ့ ထပ်ခွဲလိုက်မယ်ဆိုလို့ရှိရင် -

“ပစ္ဆာဇာတာ ကုသလာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော”။

(ကုသလော အဗျာကတဿ = ကုသိုလ်ကနေ အဗျာကတကို ကျေးဇူးပြုတယ်၊ ရုပ်ဆိုတဲ့ အဗျာကတ၊ ထို့အတူပဲ -)

“ပစ္ဆာဇာတာ အကုသလာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော” အပြန်အလှန် ဒီလိုလာတာ။

“ပစ္ဆာဇာတာ ဝိပါကာဗျာကတာ ခန္ဓာ၊ ကြိယာဗျာကတာ ခန္ဓာ၊ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော” လို့၊

ကုသလ အကုသလ အဗျာကတ ဆိုပြီး ထပ်ခွဲပြီးတော့ ပဥှာဝါရမှာ ဒီလို ဟောထားတယ်၊ ပဥှာဝါရက ပိုအသေးစိတ်လိုက်တယ်၊ ပစ္စယနိဒ္ဒေသကတော့ ပေါင်းပြောလိုက်တာ၊

“ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော” တဲ့။

ပဋ္ဌာန်းရွတ်တဲ့အခါမှာ “ဪ ဒါတွေကို ပြောတာပါလား” လို့သိပြီး အကြောင်း အကျိုးဟာ ဘယ်လိုဆက်သွယ်ပြီးတော့နေကြတယ်၊ သဘာဝတရား တွေဟာ တစ်ခုနဲ့တစ်ခု ပေါင်းစပ်ပြီး ဘယ်လို ဆက်သွယ်နေတယ်ဆိုတာကျဖို့ အင်မတန်မှ အရေးကြီးပါတယ်တဲ့၊ အဲဒီလို သဘောကျမှ ပဋ္ဌာန်းတရားတော် ကြီးရဲ့ ကျယ်ပြန့်မှု နက်နဲမှုဆိုတဲ့ အနှစ်သာရပိုင်းကို သိရှိကြမှာ ဖြစ်ပါတယ်၊ သို့မဟုတ်လို့ရှိရင်တော့ နားထဲမှာ ပစ္စယေန ပစ္စယောလောက်ပဲ ကြားမယ်။

ကိုယ့်ခန္ဓာကို apply လုပ်တတ်ဖို့ လိုတယ်၊ ဒါတွေကို ပြောနေတာပါလား၊ သက်ရှိသတ္တဝါတွေထဲမှာရှိတဲ့ ရုပ်ဓမ္မနဲ့ နာမ်ဓမ္မတွေဟာ အပြန်အလှန် ဒီလို ဆက်သွယ်နေတယ်၊ ကြိုတင်ဖြစ်နှင့်နေတဲ့ ရုပ်ဓမ္မတွေကို နောက်မှဖြစ်လာတဲ့ နာမ် တရားတွေက ဒီလို အထောက်အကူပြုပြီးတော့ ကျေးဇူးပြုနေပါလား ဆိုတာကို ပစ္ဆာဇာတပစ္စည်းကို လေ့လာခြင်းဖြင့် သိရှိနိုင်ပါတယ်။

အဲဒီ ပစ္ဆာဇာတပစ္စည်းသည် အထောက်အကူပြုတယ် ဆိုတဲ့နေရာမှာ အထောက်အကူ အပြုခံရတဲ့ ရုပ်တရားကလည်း အထင်အရှားရှိရမယ်၊ အထောက်အကူပြုနေတဲ့ ပစ္စည်းတရားကလည်းပဲ အထင်အရှား ရှိနေရမယ်၊

ရှိနေခိုက်မှာ ကျေးဇူးပြုသောကြောင့် အတ္ထိ၊
မကင်းကွာခင်ထိ ကျေးဇူးပြုသောကြောင့် အဝိဂတ၊
ရုပ်နဲ့နာမ် ပေါင်းစပ်လို့မရလို့ ဝိပ္ပယုတ္တ တဲ့၊
ကြိုတင်ဖြစ်နှင့်နေတဲ့ရုပ်ခန္ဓာကို နောက်မှ ဖြစ်လာတဲ့ စိတ်စေတသိက် ဆိုတဲ့ နာမ်ခန္ဓာတွေက အထောက်အကူပြုလို့ ပစ္ဆာဇာတ တဲ့၊

ပေါင်းလိုက်တော့ ပစ္စည်း ၄-မျိုး ပါဝင်ပတ်သက်နေတယ်၊ အဓိကပစ္စည်းကတော့ ပစ္ဆာဇာတပစ္စည်းပဲ၊ ကျန်တဲ့ပစ္စည်းတွေက ပါဝင်ပတ်သက်တာပဲ။

ပစ္ဆာဇာတလို့ဆိုလိုက်သဖြင့် ရုပ်နှင့်နာမ်ဖြစ်သည့်အတွက်ကြောင့် ဝိပ္ပယုတ္တ ဆိုတဲ့ သဘော ပါလာတယ်၊ ရှိခိုက်မှာ ကျေးဇူးပြုလို့ အတ္ထိဆိုတဲ့သဘောလည်း ပါလာတယ်၊ မကင်းကွာခင် ကျေးဇူးပြုတာဖြစ်သောကြောင့် အဝိဂတဆိုတဲ့ပစ္စည်း လည်း ပါလာတယ်တဲ့၊ ပေါင်းလိုက်တော့ ဒီသဘာဝတရားတွေဟာ ၂၄-ပစ္စည်းထဲ ဟောဒီ ပစ္စယသတ္တိ ၄-မျိုးနဲ့ သင်္ခါရဆိုတဲ့ သဘာဝအတိုင်း အကြောင်းတရားတွေက ပေါင်းစပ်ပြီး အခုလို တို့ရဲ့ဘဝ အသက်ရှင်နေကြတာ၊ ရပ်တည်နေကြတာဟာ ဟောဒီအကြောင်းတရားတွေ ပေါင်းစပ်နေလို့ ဖြစ်နေတာပါလား၊ အကြောင်းတရားတွေ မရှိတော့ဘူးဆိုလို့ရှိရင် ပြိုကွဲသွားမှာပါလား။

ဒီတရားတွေထဲမှာ ငါလို့ ထောက်ပြစရာလည်း မရှိဘူး၊ ငါ့ဟာလို့ ပြောစရာလည်း တစ်ခုမှ မရှိဘူး၊ သူ့ဟာသူဖြစ်နေတဲ့ သဘာဝတရားသက်သက်ပဲ၊ “သုဒ္ဓဓမ္မာ ပဝတ္တန္တိ” သဘာဝတရားသက်သက် ဖြစ်တယ်၊ အဲဒီသဘာဝတရားသက်သက်ကိုပဲ လူတွေက ငါဆိုပြီးတော့ ပြောနေကြတာ။

ဒါဖြင့် ငါလို့ပြောတာ ရုပ်ကို ပြောတာလား နာမ်ကို ပြောတာလားဆိုတော့ ရုပ်နာမ်က တစ်ခုမှ ငါလို့ပြောစရာ မရှိဘူး၊ ဒါဖြင့် ငါ့ဟာလို့ရော ပြောစရာရှိမလား၊ မရှိဘူး၊ ငါမှမရှိရင် ငါ့ဟာ ရှိပါ့မလား၊ မရှိဘူး၊ ဒီနှစ်ခုက ဆက်စပ်နေတယ်၊ ငါမှ မရှိဘဲနဲ့ ဘယ်လိုလုပ်ငါ့ဟာရှိမလဲ၊ သို့သော်လည်း လောကလူသားတွေက ငါ ငါ့ဟာ ဆိုတာ ဒီနှစ်ခုနဲ့ အသက်ရှင်နေကြတာ၊ အရာခပ်သိမ်းကို ငါ ငါ့ဟာနဲ့နေတာ။

ဒါကြောင့်မို့ မြတ်စွာဘုရားက “အဟံ မမ ပရိယုဋ္ဌာယီ” လူတွေဟာ ရုပ်တရား နာမ်တရားတွေပေါ်မှာ ငါ လို့ဆိုတဲ့ လွှမ်းမိုးကြီးစိုးနေမှု၊ ငါ့ဟာ လို့ဆိုတဲ့ အထင် ရောက်နေမှုတွေနဲ့ ဒီသဘာဝတရားတွေရဲ့ လွှမ်းမိုးမှုခံနေရသည့်အတွက်ကြောင့် မျက်စိလည်လမ်းမှားလို့ အမှန်တရားကို မသိနိုင်ကြဘူးတဲ့၊ အဲဒီတော့ အမှန်တရား သိနေရအောင် သဘာဝတွေကို ဆင်ခြင်စဉ်းစားဖို့ လိုအပ်ပါတယ်တဲ့။

သဘာဝတရားတွေကို သဘာဝတရားအတိုင်း ဆင်ခြင်စဉ်းစားနိုင်မယ် ဆိုလို့ရှိရင် “လောကမှာ သတ္တဝါဆိုတာ မရှိဘူးဆိုတာ ဟုတ်တယ်၊ သူ့သဘာဝ အတိုင်းပဲ၊ ငါလို့ ပြောစရာလည်း မရှိဘူး၊ ငါလို့ ပြောစရာမရှိရင် ငါ့ဟာလို့ သိမ်းပိုက်စရာလည်း မရှိဘူး၊ ပျက်သွားလည်း စိုးရိမ်စရာမရှိဘူး၊ ဖြစ်လာလည်း ဝမ်းသာစရာ မရှိဘူး” တဲ့၊ သို့သော် အဲဒီအတွေးတွေ မပျောက်နိုင်သေးသမျှ လူတွေဟာ ကိုယ့် ကိုယ်ကို တစ်ခုခုဖြစ်ပြီ ဆိုရင် စိုးရိမ်စိတ်တွေ ဖြစ်လာတယ်၊ ကောင်းတာဖြစ်ပြီဆိုရင် ဝမ်းသာနေကြတယ်၊ မကောင်းတာဖြစ်ပြီဆိုရင် စိုးရိမ်နေကြတယ်။

ဘာဖြစ်လို့ ကောင်းတာဖြစ်ရင် ဝမ်းသာတာလဲ၊ မကောင်းတာဖြစ်ရင် စိုးရိမ် နေလဲဆိုတော့ အခုပြောတဲ့အတွေးလေးတွေ မပျောက်လို့၊ ငါဆိုတဲ့ အတွေး၊ ငါ့ဟာ ဆိုတဲ့ အတွေး၊ အဲဒီအတွေးဟာ လွယ်လွယ်နဲ့တော့ ဖြေရှင်းလို့ရမှာ မဟုတ်ဘူးတဲ့၊ လွယ်လွယ်နဲ့ ဖျောက်လို့ရမှာ မဟုတ်ဘူး၊ အင်မတန် ညစ်ထေးနေတဲ့ လက်နှီးစုတ် ဟာ တစ်ကြိမ်လျှော်ရုံနဲ့တော့ ပြောင်မှာမဟုတ်ဘူး၊ ဘဝသံသရာက မည်းညစ်လာ တဲ့အရာဟာ ပြောင်အောင်ချွတ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်ပေါ့၊ ဒီအတွေး လေးကို ပြောင်းဖို့ရန် အင်မတန်မှ ခဲယဉ်းတယ်။

အမြင်ပြောင်းလို့ မရအောင် သူတို့ကလည်း ပေါင်းစပ်ပြီးတော့ လုပ်ထား တာ၊ အဝိဇ္ဇာဆိုတဲ့ မောဟတရားက မျက်စိလည်နေအောင် လုပ်ထားတယ်၊ ငါလို့ ထင်နေအောင်၊ ငါ့ဟာလို့ ထင်နေအောင် အဝိဇ္ဇာက မျက်စိလည်အောင် လုပ်ထား တော့ မျက်စိတွေလည်ပြီးတော့ မှားယွင်းတဲ့ဒိဋ္ဌိက ငါလို့ မြင်တယ်၊ တဏှာဆိုတာ ကလည်း ငါ့ဟာလို့ သိမ်းပိုက်တယ်၊ အဝိဇ္ဇာတို့ တဏှာတို့ ဒိဋ္ဌိတို့ဆိုတာ ဒါတွေက ပေါင်းစပ်ပြီးတော့ လူတွေရဲ့စိတ်ကို လွှမ်းမိုးကြီးစိုးထားသည့်အတွက်ကြောင့် လူတွေဟာ ဘယ်လိုလုပ်ပြီးတော့ လမ်းမှန်ဆိုတာကို သိနိုင်မလဲ၊ သဘာဝအမှန်ကို မသိနိုင်ဘူး၊ သဘာဝအမှန်ကို မသိနိုင်သည့်အတွက်ကြောင့် နိဗ္ဗာန်လမ်းမကြီးပေါ် မတက်နိုင်ကြဘူး။

“နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုရပါလို၏” လို့ ဆုသာ တောင်းနေကြတာ၊ သဘာဝအမှန်ကို မသိဘူးဆိုလို့ရှိရင် ရဖို့ခက်တယ်၊ ဒါက နိဗ္ဗာန်ကို ချမ်းသာဆိုတဲ့ စကားလုံးနဲ့ ပေါင်းလိုက်တော့ အဟုတ်ထင်လို့ တောင်းနေကြတာ၊ အမှန်ကတော့ လူတွေဟာ တကယ့်နိဗ္ဗာန်အစစ်ဆိုတာကို မမြင်ရဘူး၊ မသိရဘူး၊ ချမ်းသာဆိုတဲ့ စကားလုံးနဲ့တွဲထားရင် လူက သည်းခြေကြိုက်ကလေး ဖြစ်နေတာကိုး၊ ချမ်းသာ ဆိုရင် ချမ်းသာချင်တာကိုးနော်၊ အဲဒီသည်းခြေကြိုက်ကလေးကြောင့် “နိဗ္ဗာန်ကို ရ,ရ ပါလို၏” လို့ တောင်းနေကြတာ။

သဘာဝတရားတွေကို ဖြေရှင်းပေးနိုင်တာကတော့ အသိဉာဏ်ပဲ၊ အဲဒီ အသိဉာဏ် ဆိုတာ ဘယ်က စ,ရတုန်းဆိုတော့ အခုလို တရားနာရတယ်၊ သင်ကြား ရတယ်၊ တရား နာခြင်း သင်ကြားခြင်းဖြင့် အသိဉာဏ်ကလေးတွေ ရလာတယ်၊ “သဝနပဋိဝေဓ” ကြားနာရသည့်အတွက်ကြောင့် ထိုးထိုးပေါက်ပေါက် မြင်လာတယ်၊ အဲဒီ သဝနပဋိဝေဓက နေပြီးတော့ တကယ်လက်တွေ့ ကျင့်သုံးပြီး အကြိမ်ပေါင်း များစွာ ဆင်ခြင်တွေးတော, ဝိပဿနာဉာဏ်စဉ်တွေ မြှင့်ပြီးတော့ သမာဓိစွမ်းအားတွေ အကူအညီနဲ့ အားထုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ “ဘာဝနာပဋိဝေဓ” ပဋိဝေဓ စိတ်စွမ်းအားတွေ တိုးတက်လာပြီးတော့ တကယ့်ကို ရှင်းရှင်းလင်းလင်းကြီး မြင်သွားနိုင်ပါတယ်တဲ့။

စ,တာကတော့ သုတမယဉာဏ်က စရမှာပဲ၊ သုတမယဉာဏ် ပြီးလို့ရှိရင် ဘာဝနာမယဉာဏ် ဆိုတာလာမယ်၊ ဘာဝနာမယဉာဏ် လာတဲ့အခါကျတော့မှ အမှန်အကန်ကို သေချာသိပြီး မျက်စိလည်လမ်းမှားအောင် ဒုက္ခပေးနေတဲ့ သဘာဝ တရားတွေကို လုံးဝရှင်းလင်းပစ်ပြီး မဂ်ဖိုလ်ကို မျက်မှောက်ပြုနိုင်မှ နိဗ္ဗာန်ဆိုတာ ရှင်းရှင်းကြီးမြင်ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ပဋ္ဌာန်းတရားတော်ဆိုတာ လူ့ဘဝရဲ့ အကြောင်း သဘာဝတရားတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး ဖြစ်ပေါ်နေတယ် ဆိုတာကို ရှင်းလင်းပြတာ ဖြစ်သောကြောင့် တို့တတွေဟာ သဘာဝတရား တွေကို သိရှိနားလည်အောင် ကြိုးစားကြမယ် အားထုတ်ကြမယ်လို့ ကိုယ်စီ ကိုယ်စီ နှလုံးသွင်းပြီး ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၉)

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ ဝါခေါင်လဆန်း ၃-ရက်၊ (၂၄-၇-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

အာသေဝနပစ္စယော

အာသေဝနဆိုတာ အဖန်ဖန်အထပ်ထပ် မှီဝဲခြင်း၊ အဖန်ဖန် အထပ်ထပ် စွမ်းရည်တွေ ရအောင် လေ့ကျင့်ခြင်း၊ အဖန်ဖန်အထပ်ထပ် ဖြစ်ပေါ်ခြင်းဆိုတဲ့ အဓိပ္ပါယ်၊ “အာ” ဆိုတာ အဖန်ဖန် အထပ်ထပ်၊ “သေဝန” မှီဝဲတယ်၊ ဖြစ်ပေါ်တယ်၊ ဘယ်အရာပဲ ဖြစ်ဖြစ် တစ်ကြိမ်တစ်ခါတည်း ဖြစ်ရင် စွမ်းရည်သတ္တိက မထက်ဘူး၊ အကြိမ်ကြိမ် အထပ်ထပ် ဖြစ်လာတဲ့အခါမှ စွမ်းရည်သတ္တိတွေက ထက်လာတယ်၊ အကြိမ်ကြိမ် လုပ်ကြရတယ်၊ စာကျက်တာတောင်မှပဲ အကြိမ်ပေါင်းများစွာ ဆိုရတယ်၊ နမော တဿ အကြိမ်ပေါင်းများစွာ ဆိုထားတဲ့အခါ စွမ်းရည်သတ္တိတွေက ထက်နေလို့ အိပ်ရာက နှိုး, ဆိုခိုင်းတောင် နမော တဿ လွဲမယ်မထင်ဘူး။

အာသေဝနသတ္တိဆိုတာ ကျေညက်နေတဲ့ စာပေတစ်ခုဟာ သတိမထားဘဲနဲ့ ရွတ်ဆိုလည်း လွဲချော်သွားတယ် မရှိဘူး၊ လမ်းကြောင်းက ဖြောင့်နေတာ၊ ဘာဖြစ်လို့ လမ်းကြောင်းက ဖြောင့်တာလဲ၊ အာသေဝန အထပ်ထပ်လုပ်ထားလို့၊ အထပ်ထပ် လုပ်ထားတော့ ခေါက်ရိုးကျိုးသွားတာ၊ ခေါက်ရိုး ကျိုးသွားတော့ စွမ်းရည်သတ္တိ တွေက ပြည့်ဝတာ။

အာသေဝနပစ္စယောဆိုတာ တူညီတဲ့အရာတစ်ခုဟာ အကြိမ်ကြိမ်အထပ် ထပ် ဖြစ်လာပြီဆိုရင် ရှေ့ကဖြစ်တဲ့ သဘာဝတရားသည် နောက်ကဖြစ်တဲ့ သဘာဝ တရားကို စွမ်းရည်သတ္တိတွေ ပေးတယ်၊ အဖန်ဖန်အထပ်ထပ် စွမ်းရည်သတ္တိတွေ ပေးထားလို့ ရှေ့စိတ်ရဲ့စွမ်းရည်သတ္တိတွေကို နောက်စိတ်က ဆက်ခံရရှိလာတယ်၊ နောက်စိတ်က အလေ့အကျင့်ရလာတယ်၊ အင်အားတွေကောင်းလာတယ်၊ ဆိုပါစို့- စာကလေးတစ်ကြောင်း ပထမ ဆိုလိုက်တယ်၊ အဲဒီ ပထမဆိုလိုက်တာဟာ နောက်ထပ် ဒုတိယဆိုတဲ့အပေါ်မှာ စွမ်းရည်သတ္တိပေးခဲ့တယ်၊ ဒါကြောင့်မို့ ဒုတိယ ကျတော့ ချောလာတာ၊ တတိယကျတော့ ပိုချောလာတာ၊ ကျေညက်လာတာ၊ တကယ်လို့သာ အဲဒီလို စွမ်းရည်သတ္တိ မပေးခဲ့ဘူးဆိုရင် ပထမဆိုပြီးတာ ဒုတိယ ပိုချောလာဖို့ အကြောင်း မရှိဘူး၊ အာသေဝနပစ္စည်းဆိုတာ အဲဒါမျိုးကိုပြောတာ၊ စွမ်းရည်သတ္တိတွေ တက်လာတယ်။

အဋ္ဌကထာမှာ အာသေဝနပစ္စည်းကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုတုန်းဆို “အနန္တရာနံ ပဂုဏ ဗလဝတာယ ဥပကာရကော” မိမိရဲ့အခြားမဲ့မှာ ဖြစ်ပေါ်လာတဲ့ သဘာဝ တရားတွေ အလေ့အကျင့်ရအောင် အင်အားကောင်းလာအောင် အထောက်အကူ ပြုတဲ့ပစ္စည်းမျိုး ကျေးဇူးပြုတဲ့ပစ္စည်းမျိုးကို အာသေဝနပစ္စည်းလို့ ခေါ်ပါတယ်၊ “အနန္တရာနံ” ဆိုတာ မိမိရဲ့ အခြားမဲ့၊ မိမိဆိုတာ ဘယ်သူ့ပြောတာတုန်း ဆိုရင် အကြောင်းတရားကိုပြောတာ၊ ထိုအကြောင်းတရားသည် မိမိနောက်မှာ ဖြစ်ပေါ် လာမည့် အကျိုးတရားလို့ဆိုတဲ့ သဘာဝတရားအား အလေ့အကျင့်ရလာ အောင်, အင်အားတွေကောင်းလာအောင် အထောက်အကူပြု ကျေးဇူးပြုပေးတယ်လို့ ဆိုတယ်။

ဥပမာပေးထားတာက စာပေကျမ်းဂန် လေ့လာတဲ့အခါမှာ ရှေးရှေး လေ့လာချက်, ရှေးရှေးသင်ယူချက်တွေက နောက်နောက်သင်ယူတာအတွက် အထောက်အကူ ဖြစ်တယ်တဲ့၊ ဟုတ်တာပေါ့ အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေကြည့်ပေါ့၊ ပထမ သင်တုန်းက အဘိဓမ္မာတော့ ခက်လိုက်တာလို့ ပြောကြတယ်၊ ဟော သင်ရင်း သင်ရင်းနဲ့ လွယ်လာတယ်၊ ဘာဖြစ်လို့ လွယ်လာတာလဲ၊ ဒီအာသေဝနသတ္တိပဲ၊ ပထမအကြိမ် သင်တာထက် ဒုတိယအကြိမ် လွယ်လာတယ်၊ ဒုတိယအကြိမ်ထက် တတိယအကြိမ် လွယ်လာတယ်၊ စွမ်းရည်သတ္တိတွေ ပေးခဲ့တာ၊ ဘယ်အလုပ်ကိစ္စပဲ ဖြစ်ဖြစ် ဒီသဘောပဲ၊ ကားမောင်းတဲ့လူတွေကြည့်ဦးမလား၊ ကားမောင်းသင်ခါစက ကားဆို မရဲတရဲနဲ့မောင်းတယ်၊ အလေ့အကျင့် မရှိဘူး၊ ဟော ကားမောင်းတာ ကြာလာပြီဆိုရင် ဘာမှသတိထားစရာမလိုဘူး၊ သူ့ဟာသူ လက်ကအလိုအလျောက် သိနေသလိုပဲ၊ အရပ်ထဲမှာကလေးတွေပြောကြတယ် မဟုတ်လား၊ “လူကနေပေမယ့် ပညာက မနေဘူး” ဆိုတာ၊ အလိုအလျောက်ပဲ သူက၊ automatic ဖြစ်နေတဲ့ သဘောမျိုး ဖြစ်လာတယ်၊ အဲဒါ အာသေဝနသဘောတွေကို ပြောတာပဲ။

အာသေဝဆိုတာ အဲဒီပုံစံနဲ့ ကျေးဇူးပြုတဲ့ပစ္စည်းမျိုး၊ စတင်လေ့လာမှုသည် နောက်ထပ်လေ့လာမှုအတွက် ပဂုဏဆိုတာ အလေ့အကျင့်ရသွားတာ၊ ဗလဝ ဆိုတာက အားကောင်းလာတာ၊ အလေ့အကျင့်ရခြင်း၊ အားကောင်းလာခြင်းဆိုတဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတဲ့တရားမျိုးကို အာသေဝန ပစ္စည်းလို့ ဒီလိုပြောတာ။

အာသေဝနပစ္စည်းက “မိမိ၏အခြားမဲ့၌” လို့ ဆိုသောကြောင့် အာသေဝနပစ္စည်းသည် အတ္ထိအမျိုးအစားထဲမှာ မပါဘူး၊ အတ္ထိဆိုတာ အကြောင်းတရားက ရှိနေတဲ့အခိုက်မှာ အကျိုးတရားကို ကျေးဇူးပြုတာ၊ အခုဟာ အာသေဝနပစ္စည်းဟာ မိမိမရှိတော့တဲ့နောက်မှာ မရှိတဲ့အခါမှ ကျေးဇူးပြုတာ၊ နတ္ထိအမျိုးအစားထဲမှာ ပါတယ်၊ ဘာလို့တုန်းဆိုလို့ရှိရင် ရှေ့ပိုင်းကဖြစ်တာက ရှိနေသေးရင် သူ့ရဲ့စွမ်းရည် သတ္တိတွေကို နောက်က က်ခံဖို့ ဖြစ်နိုင်ဘူး၊ သူက စွမ်းရည်သတ္တိပေးပြီး ချုပ်သွားတာ၊ အဲဒီစွမ်းရည်သတ္တိတွေကို နောက်ကဖြစ်တဲ့စိတ်က ဆက်ခံရစ်တာ၊ အဲဒါကြောင့်မို့ အာသေဝနပစ္စည်းဆိုတာ နတ္ထိ - အကြောင်းတရားမရှိတော့မှ အကျိုးတရား ဖြစ်ပေါ် လာတာ၊ ဝိဂတ - အကြောင်းတရားတွေ လုံးဝကင်းပြတ်သွားမှ ပြတ်စဲသွားမှ အကျိုးတရားက ဖြစ်ပေါ်လာတာ။

ဒါတင် မကသေးဘူး အာသေဝနပစ္စည်းဆိုတာ အနန္တရ - ကိုယ်မရှိတဲ့ နောက် အကြောင်းတရားကင်းသွားပြီးတဲ့နောက်မှာ အခြားမဲ့၊ (အခြားမဲ့ဆိုတာ အခြားမရှိ တာကို ပြောတာ၊ ကြားထဲမှာ သဘာဝတရားတွေ ခြားကွယ်ထားတာ မရှိဘူး၊) ချုပ်သွားတာနဲ့ တစ်ပြိုင်နက် အကျိုးတရားဟာ ပေါ်လာတာ၊ ဒါကြောင့်မို့ အနန္တရပစ္စည်းမျိုးလည်း ဖြစ်တယ်၊ အားကြီးတဲ့အထောက်အကူမျိုး ဖြစ်သောကြောင့် ဥပနိဿယဆိုတာလည်း ဖြစ်တယ်။

ဒါကြောင့်မို့ အာသေဝနပစ္စည်းနဲ့ မျိုးတူပြီးတော့ ယှဉ်ပြိုင်လာတဲ့ပစ္စည်းတွေ က အနန္တရ၊ သမနန္တရ၊ ဥပနိဿယ၊ နတ္ထိ၊ ဝိဂတ၊ ဒီလိုပြောတာ၊ အဲဒီပစ္စည်းတွေနဲ့ သဘာဝအားဖြင့် သွားတူတယ်ပေါ့၊ ပြိုင်တယ်ပေါ့၊ ပစ္စည်းပြိုင်တယ်လို့ ခေါ်တာ၊ ပစ္စည်းပြိုင်တယ်ဆိုတာ အကြောင်းတရားတွေဟာ ပြိုင်ဆိုင်ပြီးတော့ ဖြစ်ကြတာ၊ ဒါ ဘာပြောတာတုန်းဆိုရင် ဘက်စုံ aspect လို့ပြောတာ၊ ရှုထောင့်ချင်း မတူဘူး၊ အာသေဝနရဲ့စွမ်းရည်သတ္တိနဲ့ နတ္ထိရဲ့စွမ်းရည်သတ္တိ၊ ဝိဂတရဲ့စွမ်းရည်သတ္တိ၊ အနန္တရ သမနန္တရတို့ရဲ့စွမ်းရည်သတ္တိ ကျေးဇူးပြုကြပုံချင်းက မတူကြဘူး၊ အရာဝတ္ထုတစ်ခု ကို ကြည့်လိုက်တဲ့အခါကျတော့ သူက ရှုထောင့်ချင်း မတူကြသလိုဘဲ။

ဆိုပါစို့ - တောင်ကြီးတစ်လုံးကို အရှေ့ဘက်က ကြည့်လိုက်ရင် မြင်ကွင်းက တစ်မျိုး၊ အနောက်ဘက်က သွားကြည့်ရင် မြင်ကွင်းကတစ်မျိုး၊ တောင်ဘက်က ကြည့်ရင် မြင်ကွင်းက တစ်မျိုး၊ မြောက်ဘက်ကကြည့်ရင် မြင်ကွင်းက တစ်မျိုး၊ လူ တစ်ယောက်ကိုပဲ ရှေ့ဘက်ကကြည့်ရင် တစ်မျိုး၊ နောက်ကကြည့်ရင် တစ်မျိုး၊ ဘေးဘက်ကကြည့်ရင် တစ်မျိုး၊ အဲဒါကို aspect လို့ ခေါ်တယ်၊ မြင်ရတဲ့ ပုံပန်း သဏ္ဌာန်၊ ပြုလုပ်ပုံ အခြင်းအရာ၊ တည်ရှိပုံအခြင်းအရာချင်းဟာ မတူဘူးလို့ ဒီလို ပြောတာ။

အနန္တရတို့ သမနန္တရတို့ဆိုတာ အကြောင်းတရားလို့ဆိုတဲ့ မိမိချုပ်ကွယ် သွားတာနဲ့ တစ်ပြိုင်နက် ကျေးဇူးပြုတာ၊ အဲဒီရှုထောင့်ကနေပြီးတော့ အနန္တရ သမနန္တရလို့ ခေါ်တာ၊ အခြားမဲ့ဆိုတာ အခြားအကွယ်မရှိဘဲနှင့် မိမိချုပ်သွားသည် ၏အခြားမဲ့မှာ ချက်ချင်းဆက်ပြီးတော့ အကျိုးပေးတယ်ဆိုတဲ့သဘော။ ဥပနိဿယ ဆိုတာ ကျတော့ အားကြီးသောမှီရာအနေနဲ့ ကျေးဇူးပြုတယ်လို့ပြောတာ၊ ချုပ်ကွယ် တာတွေ သူမပြောဘူး၊ ရှေ့ဖြစ်ပြီး ချုပ်သွားတဲ့ပေါ်မှာ မှီပြီးတော့မှ နောက်က ဖြစ်ရတာ၊ ရှေ့ကချုပ်သွားတဲ့ သဘာဝတရားသည် အလွန် အင်အားကောင်းတဲ့ အကြောင်း တရားဖြစ်သည်လို့ဆိုတာ၊ အကယ်၍ သူ မချုပ်ဘူး ဆိုလို့ရှိရင် နောက်က တရားက ပေါ်ခွင့်မရှိဘူး၊ အဲဒါ ဥပနိဿယ။

နတ္ထိဆိုတာ အကြောင်းတရား လုံးဝမရှိမှုဟာ သူ့ရဲ့ထူးခြားတဲ့ အရည် အသွေး တစ်ခုပဲ၊ မရှိခြင်းသည် နောက်ထပ်ပေါ်လာမယ့်တရားကို အထောက်အကူ ပြုခြင်းပဲ၊ မရှိဘူးဆိုတာ နည်းနည်းလေးများ ကျန်နေသေးတယ်လို့ ထင်ကြမှာစိုးလို့ ဝိဂတ လုံးဝကင်းပြတ်သွားတယ်လို့ ပြောတာ၊ နတ္ထိဆိုတာ မရှိတော့ဘူး၊ မဖြစ် တော့ဘူး၊ ဝိဂတ လုံးဝကင်းကွာသွားပြီလို့၊ လုံးဝကင်းကွာသွားမှ ကျေးဇူးပြုတယ်၊ အကြောင်း တရားသည် လုံးဝပျောက်ကွယ်သွားပြီ၊ ကင်းကွာသွားပြီဆိုမှ အကျိုးတရား ပေါ်လာတယ်လို့ ဒါပြောတာ။

အာသေဝနကျတော့ ခုနက အခြားမရှိတာဆိုတဲ့ ရှုထောင့်က မပြောဘူး၊ အားကြီးသောမှီရာဆိုတဲ့ ရှုထောင့်ကလည်း မပြောဘူး၊ မရှိတော့မှ ကျေးဇူးပြုတယ် ဆိုတဲ့ နတ္ထိရှုထောင့်ကလည်း မပြောဘူး၊ လုံးဝကင်းကွာသွားပြီးမှ ကျေးဇူးပြုတယ် ဆိုတဲ့ ဝိဂတရှုထောင့်ကလည်းမပြောဘူး၊ သူ့ကျတော့ ဘာလဲဆိုတော့ အဖန်ဖန် အထပ်ထပ် ဖြစ်လာအောင် စွမ်းရည်သတ္တိတွေကို ရစေတယ်လို့ပြောတာ၊ အဲဒီတော့ အကြောင်းတရားတွေက အကျိုးတရားတွေကို ကျေးဇူးပြုတဲ့နေရာမှာ စွမ်းရည်သတ္တိ တွေဟာ ကွဲပြားခြားနားမှုရှိတယ်။

မတူညီတဲ့ စွမ်းရည်သတ္တိတွေ ရှိကြတယ်၊ ထမင်းချက်တာပဲ ကြည့်ပေါ့။ ထမင်းချက်ရင် အားလုံးသိကြတဲ့အတိုင်း ထမင်းအိုးကို တည်တယ်၊ ဆန်ထည့်တယ်၊ ဆန်ချည်း ထမင်းချက်လို့ရလား၊ ဘာထည့်ရသေးတုန်း၊ ရေထည့်ရသေးတယ်၊ အဲဒီ တော့ ရေရဲ့စွမ်းဆောင်ချက် မပါဘဲနဲ့ ဒီထမင်းစေ့ ကျက်ပါ့မလား၊ ကျက်ရင်လည်း တစ်မျိုးတစ်ဖုံ ဖြစ်သွားမှာပဲနော်၊ အခုလိုပုံစံ ဖြစ်လာမှာ မဟုတ်ဘူး၊ ရေမပါလို့ ရှိရင် ထမင်းဖြူဖြူ ဖွေးဖွေး အိအိစက်စက် နပ်နပ်ကလေး၊ ဒီလိုဖြစ်လာမှာ မဟုတ် ဘူး၊ အောက်က မီးမပါဘဲနဲ့လည်း ဒီလိုဖြစ်လာပါ့မလား၊ မီးရဲ့စွမ်းဆောင်ချက်က တစ်မျိုး၊ ရေရဲ့စွမ်းဆောင်ချက်က တစ်မျိုး၊ မီးနဲ့ ရေ ၂-ခုတည်းနဲ့ ပြီးသလားဆို မပြီး ဘူး၊ ထမင်းချက်တဲ့ ပုဂ္ဂိုလ်ရဲ့ စွမ်းဆောင်ချက်လည်း ပါတယ်၊ ထမင်းအိုးရဲ့ စွမ်းဆောင် ချက်လည်း ပါတယ်၊ အစုံပဲ၊ အကြောင်းတရားတွေကို မြောက်မြားစွာ စုဆောင်း လိုက်တဲ့ အခါကျမှ ထမင်းဆိုတဲ့အနေအထားလေး ဖြစ်လာတယ်။

သာမန်အားဖြင့် လူတွေက မစဉ်းစားကြဘူးလေ၊ ထမင်းချက်စားတယ် ဆိုတာ နေ့စဉ်တွေ့နေတာ၊ နေ့စဉ်နဲ့အမျှ ကိုယ်ကိုယ်တိုင် ချက်စားနေတာ၊ ရေက ဘာလုပ်တာတုန်း၊ မီးက ဘာလုပ်တာတုန်း၊ အိုးက ဘာအတွက် တာဝန်ယူတာတုန်း၊ ထမင်းချက်တဲ့လူက ဘယ်ဘက်က ဆောင်ရွက်တာတုန်း ဆိုတာတွေကို စဉ်းစား မိကောင်းမှ စဉ်းစားမိလိမ့်မယ်။

မြတ်စွာဘုရားက ပဋ္ဌာန်းကျမ်းကြီးမှာ လူ့ရဲ့ သဘာဝတရားတွေကို ဉာဏ်တော်ကြီးနဲ့ အသေးစိတ်သိပြီးဟောထားတာ၊ တချို့ကိစ္စတွေက မစဉ်းစားရင် ဘာမှမသိဘူး၊ စဉ်းစားမှုဟာ မှန်ကန်စွာသိမှု နားလည်မှုရဲ့ အကြောင်း အထောက် အပံ့ ဖြစ်တယ်၊ ဒါကြောင့်မို့ ကြည့် မဂ္ဂင် ၈-ပါးမှာ သမ္မာဒိဋ္ဌိပြီးတော့ ဘာဟော တာတုန်း၊ သမ္မာသင်္ကပ္ပဆိုတာ ထည့်ဟောထားတာနော်၊ အင်မတန်မှ အဓိပ္ပါယ် ရှိတယ်၊ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ တကယ့် logical ဖြစ်တယ်၊ အကြောင်း အကျိုး အင်မတန်မှ စစ်မှန်တယ်၊ မှန်ကန်တဲ့အတွေးမှမရှိရင် မှန်ကန်တဲ့ နားလည်မှု မရှိဘူး၊ မှန်ကန်စွာမြင်ခြင်းဆိုတာ မဖြစ်ဘူး၊ ... ဘယ်အရာပဲဖြစ်ဖြစ် မတွေးမကြံ လို့ရှိရင် သိပါ့မလား၊ မသိနိုင်ဘူး၊ ဒါကြောင့်မို့ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပ ဆိုတာ တရားအားထုတ်တဲ့နေရာမှာလည်း အင်မတန်မှ အရေးပါတယ်၊ ဒီ၂-ခုကို အသိဉာဏ် ပညာက္ခန္ဓာ ပညာအစုအနေနဲ့ဟောတာ။ မဂ္ဂင် ၈-ပါးကို သီလ သမာဓိ ပညာ ၃-စု ခွဲလိုက်တဲ့အခါ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပကို ပညာအစုထဲမှာ ထည့်ပြီး ဟောထားတယ်၊ နားလည်ခြင်းဆိုတာ မှန်ကန်စွာ တွေးတောခြင်းပေါ်မှာ အခြေပြုတယ်၊ ဒီသဘောကို ပြောတာ။

ထမင်းအိုးချက်တာလေးပဲ စဉ်းစားကြည့်ရင် ဆိုင်ရာဆိုင်ရာ လုပ်ငန်းတွေရဲ့ ဆောင်ရွက်မှုတွေကို သဘောပေါက်လာတယ်၊ ထို့အတူပဲ သဘာဝတရားတွေကို ဆင်ခြင်စဉ်းစားကြည့်လိုက်ရင် သဘာဝတရားတွေဟာ ဆိုင်ရာဆိုင်ရာ မိမိနဲ့ ယှဉ်တွဲလာတဲ့တရားတွေကို အထောက်အကူပြုကြတယ်တဲ့။

အကျဉ်းချုပ်အားဖြင့် နားလည်ရမှာက အာသေဝနပစ္စည်းဆိုတာ ပထမ ဝီထိလို့ ခေါ်တဲ့ mental process စိတ်ဖြစ်စဉ်ကို သဘောပေါက်ရမယ်၊ အဲဒီ စိတ်ဖြစ်စဉ်ထဲမှာ အားလုံးကြားဖူးကြလိမ့်မယ်၊ အဘိဓမ္မာသင်တဲ့အခါမှာ မြန်မာ စကားတွေထဲမှာလည်း ပါတယ်ပေါ့၊ ဇောစောတယ်ဆိုတာ၊ ဇောဆိုတဲ့စကားလုံး တော့ ကြားဖူးလိမ့်မယ်၊ ဇောဆိုတဲ့စကားလုံးက ဇဝနဆိုတာက လာတာ၊ ဇဝနရဲ့ အဓိပ္ပါယ်က အရှိန်တဲ့၊ အဟုန်တဲ့၊ မြန်တာ မမြန်တာကို ပြောတာမဟုတ်ဘူး၊ အရှိန် ရှိတယ်၊ အဟုန်ရှိတယ်၊ ဒီစိတ်ဓာတ်တွေက အရှိန်ရှိတဲ့စိတ်ဓာတ်တွေ။

အရာဝတ္ထုတစ်ခုခုကို မြင်လိုက်တဲ့အခါမှာ ပထမဦးဆုံး အဲဒီဝတ္ထုနဲ့ စတင် ပြီးတော့ နှလုံးသွင်းမိတဲ့ မျက်စိကမြင်တဲ့ အာရုံလေးတစ်ခု စတင်လက်ခံတာက (သို့မဟုတ်) တံခါး ဖွင့်ပေးတာက အာဝဇ္ဇန ပဉ္စဒွါရာဝဇ္ဇန်းစိတ်ပဲ၊ ပဉ္စဒွါရာဝဇ္ဇန်း စိတ်က သတိပြုမိပြီး အာရုံဘက်ကို ဦးလှည့်ပေးလိုက်သည့်အတွက်ကြောင့် စက္ခုဝိညာဏ် စိတ်က မြင်တယ်၊ ဒါ ဖြစ်စဉ်ပဲနော်။ စက္ခုဝိညာဏ်စိတ်က မြင်လိုက်တဲ့ အာရုံကို သမ္ပဋိစိန်းစိတ်က လက်ခံလိုက်တယ်၊ လက်ခံပြီးတော့ ဘာလုပ်လဲ သန္တီရဏစိတ်က စုံစမ်းတယ်၊ ဝုဋ္ဌောစိတ်က ဆုံးဖြတ်ချက်ချပြီးတော့ ဇောစိတ်က အရှိန်အဟုန်တွေ ပေးတယ်၊ ဒီအာရုံနဲ့ပတ်သက်ပြီးတော့ အရှိန်အဟုန်နဲ့ ဖြစ်တယ်။

ကျန်တဲ့စိတ်တွေမှာ ပဉ္စဒွါရာဝဇ္ဇန်းဆိုတာ အင်မတန်တိုတောင်းတဲ့ အချိန် ပိုင်းလေးမှာ ဖြစ်ပြီး ပျက်သွားတယ်၊ သူပျက်သွားတာနဲ့တစ်ပြိုင်နက် စက္ခုဝိညာဏ် ပေါ်လာတယ်၊ စက္ခုဝိညာဏ် ပျက်သွားတာနဲ့ တစ်ပြိုင်နက် အာသေဝန ဆိုတဲ့ အလေ့အကျင့်ရတာတို့ ခုနက အင်အားကောင်းလာတာတို့ဆိုတာ မရှိဘူး၊ သူ့ အလုပ်ကလေးပဲ သူလုပ်သွားကြတာ၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က သူ့ဟာသူ တံခါးဖွင့် ပေးသွားတာပဲ၊ စက္ခုဝိညာဏ်စိတ်က အဲဒီအာရုံကို မြင်လိုက်တာပဲ၊ မြင်လိုက်ပြီး သမ္ပဋိစ္ဆိန်းစိတ်ကို အင်အားကောင်းလာအောင် သူ ဘာမှလုပ်ပေးတာမရှိဘူး၊ သူ့ အလုပ်သူ ဆောင်ရွက်ပြီးတော့ ပျောက်သွားတာ၊ ပဉ္စဒွါရာဝဇ္ဇန်းရဲ့တာဝန်က တံခါး ဖွင့်ပေးတယ်၊ စက္ခုဝိညာဏ်က မြင်လိုက်တယ်၊ သမ္ပဋိစ္ဆိန်းက လက်ခံတယ်၊ သန္တီရဏက စူးစမ်းလိုက်တယ်၊ ဝုဋ္ဌောက ဆုံးဖြတ်လိုက်တယ်။

ဒီစိတ်တွေဟာ တစ်ခုနဲ့ တစ်ခု ဂုဏ အလေ့အကျင့်ရအောင် လုပ်ပေးသွား တာဆိုတာ မရှိဘူး၊ ဗလဝ အားကောင်းလာအောင် လုပ်ပေးသွားတာဆိုတာ မရှိဘူး၊ ဘယ်ကျမှ ဒီအရည်အသွေးတွေ ရှိလာတုန်းဆို ဇောကျတော့ ရှိလာတယ်၊ ကြည့်လေ သူ့ကျတော့ အာသေဝနလို့ဆိုတာနဲ့ပဲ ဇောဆိုတာ ၇-ကြိမ် ဖြစ်တယ်၊ ဒီ့ထက်တိုတောင်းတဲ့ အချိန်လည်း ရှိတယ်၊ ဇောရဲ့ ယေဘုယျသတ်မှတ်ချက်က ၇-ကြိမ်၊ ယေဘုယျအားဖြင့် ၇-ကြိမ် ဖြစ်တယ်၊ ၇-ကြိမ်ထက် ပိုပြီးတော့ ဇောစိတ် ဖြစ်တာမရှိဘူး၊ အဲဒီ ၇-ကြိမ်လုံး ဇောတွေဟာ တူညီသောသဘာဝ ရှိပြီးတော့ အထပ်ထပ်ဖြစ်စေတာ၊ ဒီတစ်မျိုး တည်းက ထပ်ထပ်ပြီးတော့ ဖြစ်တယ်ဆိုတဲ့ သဘော။

ဒါကြောင့်မို့ ပဂုဏ အလေ့အကျင့်ရသွားတယ်၊ ဗလဝအား ကောင်းလာတယ်၊ ပထမဇောက စောပြီးတဲ့အခါ သူ့ကို အမွေဆက်ခံမည့် ဒုတိယဇောကို အလေ့အကျင့် တစ်ခု ပေးထားခဲ့တယ်၊ အင်အားတစ်ခု ပေးထားခဲ့တယ်၊ ဒါကြောင့်မို့ ဒုတိယဇောက ပထမဇောထက် အင်အား ကောင်းသွားခဲ့တယ်၊ ဒုတိယဇောက တစ်ခါ တတိယဇောကို စွမ်းရည်သတ္တိတွေပေးခဲ့တယ်၊ တတိယဇောက စတုတ္ထ ဇောကို၊ စတုတ္ထဇောက ပဉ္စမဇောကို၊ ပဉ္စမဇောက ဆဋ္ဌဇောကို၊ ဆဋ္ဌဇောက သတ္တမ ဇောကို စွမ်းရည်သတ္တိတွေ ပေးခဲ့တယ်။

ဒါကြောင့်မို့ အာသေဝနပစ္စည်းဆိုတာ ဇောကို စပါယ်ရှယ်ရည်ညွှန်းထား တဲ့ပစ္စည်းပါ၊ သဘာဝတူတရားတစ်ခုဟာ အထပ်ထပ် ဖြစ်တယ်ဆိုတာ ဇောစိတ်ပဲ၊ ကျန်တာ တွေက တစ်ကြိမ်ပဲ ဖြစ်ကြတာ၊ တစ်ကြိမ်ပဲ ဖြစ်သည့်အတွက်ကြောင့် ပဂုဏ အလေ့အကျင့်ရသွားတာမျိုးကို မဆောင်ရွက်နိုင်ဘူး၊ ဗလဝ ခွန်အား ရှိလာတယ် ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့ အာသေဝနဆိုတာ ဇောစိတ်တွေကို ရည်ညွှန်းတယ်၊ ဇောစိတ်နဲ့သာဆိုင်တဲ့ပစ္စည်းလို့ ဒီလိုမှတ်ထားရမယ်။

ဒါဖြင့် ကောင်းပြီ - ဇောကို ထပ်ပြီးတော့ ပြောကြရအောင်၊ ဇောဆိုတာ ဘယ်ဟာ တွေကို ဇောလို့ ခေါ်တာလဲ၊ စိတ်ရဲ့ သဘာဝနဲ့ကြည့်ပြီး အပြစ်ကင်းပြီး ကောင်းကျိုး ချမ်းသာပေးနိုင်တဲ့ ကုသိုလ်စိတ်တွေကိုလည်း ဇောခေါ်တယ်၊ အပြစ်ရှိပြီး ဆင်းရဲ ဒုက္ခပေးနိုင်တဲ့ အကုသိုလ်စိတ်တွေကိုလည်း ဇောခေါ်တယ်နော်၊ ဒီသဘာဝတရား တွေဟာ စွမ်းရည်သတ္တိတွေရှိတယ်လို့ ဒီလိုပြောတာ၊ ကုသိုလ်စိတ် ကလည်း စွမ်းရည် သတ္တိရှိတယ်။

စက္ခုဝိညာဏ်တို့ သမ္ပဋိစ္ဆိန်းစိတ်တို့ သန္တီရဏတို့ ဝုဋ္ဌောတို့ဆိုတာ ဘာမှ သိပ်စွမ်းရည် သတ္တိရှိတာ မဟုတ်ဘူး၊ ဖြစ်ရိုးဖြစ်စဉ်မို့ သူတို့က ဖြစ်သွားပြီး ကိုယ့်ဆောင်ရွက်ချက် လေးတွေ ကိုယ်ဆောင်ရွက်သွားတာပဲ ရှိတယ်၊ အာရုံနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ စွမ်းရည်သတ္တိဟာ သိပ်မထင်ရှားဘူး။

ဇောကျတော့ ဒီလိုမဟုတ်ဘူး၊ စွမ်းရည်သတ္တိတွေ ထက်လာတယ်၊ ဒါကြောင့်မို့ စာလိုပြောရင် ကုသိုလ်ဇော အကုသိုလ်ဇော ကြိယာဇောလို့ ဒီလိုပြောတာ၊ ဝိပါက်စိတ်တွေက ဇောမထိုက်ဘူး၊ သို့သော် မဂ်စိတ်နောက်မှာဖြစ်တဲ့ ဖိုလ်စိတ် ကျတော့ ဇောထဲမှာပါတယ်၊ ကျန်တဲ့ဝိပါက်စိတ်တွေက ဇောဆိုတာ မဖြစ်ဘူး။

ဇောဆိုတာ အဘိဓမ္မာနဲ့ ပြောမယ်ဆိုရင် ကုသိုလ်စိတ်အားလုံး၊ အကုသိုလ် စိတ် အားလုံး၊ ကြိယာစိတ်က ၂၀-ရှိတဲ့ထဲမယ် ပဉ္စဒွါရာဝဇ္ဇန်းနဲ့ မနောဒွါရာဝဇ္ဇန်း ၂-ခု မှတစ်ပါး ကျန်တဲ့ ၁၈-ခုသော ကြိယာစိတ်တွေက ဇော၊ ပဉ္စဒွါရာဝဇ္ဇန်းနဲ့ မနောဒွါရာဝဇ္ဇန်းဆိုတဲ့ ကြိယာစိတ်က ဇောမထိုက်ဘူး၊

အဲဒီဇောစိတ်တွေ အားလုံး ပေါင်းလိုက်တဲ့ အခါကျတော့ ဇောကိစ္စတပ်တဲ့စိတ် ၅၅-ပါး ရှိတယ်၊ ကုသိုလ်စိတ်- ၂၁၊ အကုသိုလ်စိတ်-၁၂၊ အာဝဇ္ဇန်းဒွေမှတစ်ပါး ကြိယာစိတ်-၁၈၊ ပြီးတော့ ဖိုလ်စိတ် ၄-ခု ပေါင်းထည့်လိုက်တဲ့အခါကျတော့ ၅၅-ပါး၊ စိတ် ၈၉-ပါးထဲမှာ ဇောအဖြစ် ဆောင်ရွက်တဲ့ စိတ်တွေဟာ ၅၅-ပါးပဲ ရှိတယ်၊

အဲဒီ ၅၅-ပါးထဲမှာ အာသေဝနနဲ့ ဆိုင်တာက ကုသိုလ်၊ အကုသိုလ်၊ ကြိယာ ဒါပဲ ရှိတယ်၊ ဖိုလ်စိတ်တို့ ဘာတို့ မပါဘူး၊ ဒီထဲမှာ ဝိပါက်စိတ်တွေ မပါဘူး။

ဝိပါက်စိတ်တွေ ဇောကိစ္စ မတပ်

ကဲ ဒီနေရာမှာ ဝိပါက်စိတ်တွေက ဘာဖြစ်လို့ ဇောမဖြစ်သလဲဆိုရင် ဝိပါက ဆိုတာ အကျိုးတရားတဲ့၊ ဘယ်သူ့ရဲ့ အကျိုးတရားလဲဆိုတော့ ကံတရားရဲ့ အကျိုး တရား၊ ကံက ဘယ်တုန်းကကံတုန်းဆိုတော့ အတိတ်ကကံ၊ အဲဒီကံက ထုတ်လုပ် လိုက်တဲ့ အကျိုးတရားဆိုတော့ သူ့ အနေနဲ့ လှုပ်ရှားပြောင်းလဲခွင့် ဘာမျှမရှိဘူး၊ ကံက လုပ်ပေးထားတဲ့အတိုင်း နေရတာ၊ ဘာနဲ့ ဥပမာတူတုန်းဆိုရင် မှန်ထဲမှာ ပေါ်လာတဲ့လူရဲ့မျက်နှာရိပ်လိုပဲ၊ မှန်ထဲမှာ ပေါ်လာတဲ့ရုပ်ပုံကို ပြောင်းလို့ ရလား၊ အပြင်ကဟာတော့ ပြောင်းရတာပေါ့၊ အပြင်ဆိုတာ တကယ့်လူအစစ်ရဲ့ ရုပ်က ပြောင်းလို့ရတယ်၊ မှန်ထဲမှာပေါ်တယ်ဆိုတာ အပြင်မှာအရှိအတိုင်းပဲ ပေါ်တာ မဟုတ်လား၊ မှန်ထဲမှာပေါ်တဲ့အရုပ်ဟာ ပြောင်းလဲလို့မရသလိုပဲ (အပြင်ဘက်က အရှိအတိုင်းပေါ်လာတာ၊) ဝိပါက်စိတ်တွေကလည်း ကံက ဖန်တီးလိုက်တဲ့အတိုင်း ပေါ်လာရသည့်အတွက် သူတို့အနေနဲ့ ဘာမှ ပြုပြင်ပြောင်းလဲလို့မရဘူး။

ဒါကြောင့် ဝိပါက်စိတ်တွေဟာ “သန္တ” ငြိမ်နေတယ်၊ “နိရုဿာဟ” အားထုတ်မှု ကင်းတယ်လို့ ဒီလိုပြောတာ၊ ဘာဖြစ်လို့ ငြိမ်သက်နေတာတုန်းဆိုတော့ ကံရဲ့ အရှိန်ကြောင့် ကံက ဖန်တီးထားတဲ့အတိုင်း ပေါ်လာတာ ဖြစ်သောကြောင့် သူတို့အနေနဲ့ ဆုံးဖြတ်နိုင်တာတို့ လှုပ်ရှားနိုင်တာတို့ ဆိုတာ ဘာတစ်ခုမှ မရှိဘူး၊ တကယ်ဆုံးဖြတ်နေတာက ကံပဲ၊ ကံဖန်တီးထားတဲ့အတိုင်းပဲ ... အကျိုးအနေနဲ့ ပေါ်လာတာပဲ၊ ပြောင်းလဲပြင်ဆင်လို့မရတဲ့အရာတွေ၊ ဒါကြောင့်မို့ ဝိပါက်စိတ် တွေဟာ ပြုပြင်ပြောင်းလဲလို့မရတဲ့ ကံရဲ့စွမ်းရည်၊ ကံရဲ့အရှိန်အဟုန်အရ ပေါ်လာတာတွေလို့ ပြောတာ၊ သူတို့က တခြားဝိပါက်စိတ်တွေကို အကျိုးတရား အနေနဲ့ ထုတ်လုပ်နိုင်စွမ်း မရှိကြဘူးတဲ့၊ powerless သူတို့မှာ ဘာပါဝါမျှ မရှိဘူး၊ နောက်တစ်ခုကို ဖြစ်ပေါ် စေနိုင်စွမ်း ဘာမျှမရှိဘူး၊ မရှိသည့်အတွက်ကြောင့် အခြား ဝိပါက်စိတ်တွေကို အလေ့အကျင့်ရလာအောင်တို့ အင်အားကောင်းလာအောင်တို့ လုပ်နိုင်တဲ့အနေအထား သူတို့မှာ မရှိဘူးတဲ့၊ ဒါကြောင့်မို့ ဝိပါက်စိတ်တွေဟာ အာသေဝနပစ္စည်းထဲမှာ မပါဘူး၊ အာသေဝနစွမ်းရည် သူတို့မှာမရှိဘူး၊ ဒီလို ဆိုလိုတာ။

အာသေဝနဆိုတဲ့ စွမ်းရည်သတ္တိရှိတာ ကုသိုလ်ဇော အကုသိုလ်ဇော ကြိယာဇော တွေမှာသာ ရှိပါတယ်တဲ့၊ ကုသိုလ်ဇောကလည်း ကုသိုလ်ဇောကိုသာ အားပေးတယ်၊ သဘာဝချင်းတူတာကိုပဲ အထောက်အကူပြုတယ်၊ ကုသိုလ်ဇောက အကုသိုလ်ဇောကို အထောက်အကူမပြုဘူး၊ သဘာဝချင်းတူမှ အင်အားကောင်း အောင်လုပ်လို့ရတာ၊ ဆန့်ကျင်ဘက်သဘာဝကို အင်အားကောင်းအောင်လုပ်တယ် ဆိုတာ လောကအနေ နဲ့လည်း ယုတ္တိမရှိဘူး။

ကုသိုလ်ဇောသည် နောက်ထပ်ဖြစ်လာမည့် ကုသိုလ်တရားကို စွမ်းအားတွေ ပေးတယ်၊ အလေ့အကျင့်ရစေတယ်၊ စွမ်းရည်တွေ ထက်မြက်စေတယ်၊ အင်အား ကောင်းလာ စေတယ်ဆိုတဲ့ “ပဂုဏ ဗလဝတာယ” အနေအထားမျိုး ရလာအောင် ရှေးရှေးသော ကုသိုလ်စိတ်တွေက နောက်နောက်ပေါ်လာတဲ့ ကုသိုလ် စိတ်တွေကို ဒီလို စွမ်းရည်သတ္တိတွေကို မြင့်မားလာစေတယ်တဲ့၊ ဘယ်သတ္တိနဲ့ ဘယ်ပစ္စည်းက ဘယ်တရားကို ကျေးဇူးပြုတယ်၊ ဘယ်တရားကြောင့် ဒီလိုမြင့်မား လာရသလဲဆိုရင် အာသေဝနသတ္တိနဲ့ နောက်နောက်သော ကုသိုလ်စိတ်တွေကို စွမ်းရည်သတ္တိမြင့်မား လာစေတယ်။

ထို့အတူပဲ အကုသိုလ်ကလည်း သဘာဝချင်းတူတဲ့ အကုသိုလ်စိတ်ကို ကျေးဇူး ပြုတယ်၊ အဲဒီအကုသိုလ်ထဲမှာ ထပ်ပြီးခွဲလို့ရသေးတယ်၊ လောဘကို အခြေခံတဲ့ အကုသိုလ်စိတ်တို့၊ ဒေါသကိုအခြေခံတဲ့ အကုသိုလ်စိတ်တို့ သူ့ဟာနဲ့သူ တခြားစီပဲ၊ လောဘကို အခြေခံပြီးဖြစ်တဲ့ (ဥပမာ-လောဘဇောဆိုပါတော့) လောဘကို အခြေခံတဲ့ အကုသိုလ်ဇောက လောဘကို အခြေခံပြီးတော့ ဖြစ်တဲ့ အကုသိုလ် ဇောတွေကိုသာ စွမ်းရည်သတ္တိပေးတယ်၊ ဒေါသကို အခြေခံတဲ့ အကုသိုလ်ဇောတွေ ကို တိုက်ရိုက် အနေနဲ့ စွမ်းရည်သတ္တိ မပေးနိုင်ဘူး၊ ဒီလိုနားလည်ရမယ်၊ ဒေါသမူ ဇောကလည်းပဲ ထို့အတူပဲ၊ ဒေါသကို အခြေခံဖြစ်တဲ့ အကုသိုလ်ဇောတွေကလည်းပဲ နောက်နောက် ဖြစ်လာတဲ့ ဒေါသကို အခြေခံတဲ့ အကုသိုလ်စိတ်တွေကိုသာ စွမ်းရည် သတ္တိတွေ ပေးသွားတယ်၊ အလေ့အကျင့်ရစေတယ်၊ အင်အားကောင်းစေတယ်၊ ဟော အာသေဝနသတ္တိနဲ့ ကျေးဇူးပြုတာတွေ။

တစ်ခါ ကြိယာဇောက ကြိယာဇောတွေကို ကျေးဇူးပြုတာတွေ ရှိသေးတယ်၊ ဒါကတော့ အဓိကအားဖြင့် ရဟန္တာတွေရဲ့ သန္တာန်ကို ရည်ညွှန်းပြီး ပြောတာ၊ ရဟန္တာပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ အာသေဝနပစ္စည်း ဖြစ်တာနော်၊ ဒီတော့ ကြိယာလို့ ပြောလိုက်ရင် ကုသိုလ်ကို နာမည်ပြောင်းထားတယ်လို့ မှတ်ထားပါ၊ ရဟန္တာရဲ့ သန္တာန်မှာဖြစ်တဲ့ ကုသိုလ်ကို “ကြိယာ” လို့ ခေါ်တယ်၊ ဒီနေရာမှာ အာဝဇ္ဇန်းဒွေးက လွဲရင် ရဟန္တာသန္တာန်မှာဖြစ်တဲ့ ကုသိုလ်စိတ် (ဟသိတုပ္ပါဒ်ကျတော့ အဲဒီလို ကုသိုလ် ဆိုတာ မရှိဘူး၊ ဟသိတုပ္ပါဒ်က ရဟန္တာသန္တာန်မှာဖြစ်တဲ့ သီးသန့် ကြိယာစိတ် တစ်မျိုးပဲ၊ ဒါနဲ့ပတ်သက်လို့ ဘုန်းကြီးတို့ စဉ်းစားနေတာ၊ အဖြေရှာလို့ မတွေ့ သေးဘူး၊) ဒိပြင် ကြိယာစိတ်တွေဟာ ဥပမာ - မဟာကြိယာစိတ်၊ မဟာကြိယာစိတ် ဆိုတာ ရဟန္တာသန္တာန်မှာဖြစ်တဲ့ မဟာကုသိုလ်စိတ်ကိုပဲ မဟာကြိယာစိတ်လို့ ခေါ် တာပဲ၊ ကိလေသာဝဋ်မြစ်တွေ ပြတ်သွားတဲ့ ရဟန္တာသန္တာန်မှာ ကုသိုလ်ဖြစ်ပြီ ဆိုရင် မဟာကြိယာခေါ်တာပဲ၊ လုံးဝအတူတူပဲ။

ထို့အတူပဲ ရူပါဝစရကြိယာ၊ ပုထုဇဉ်သေက္ခပုဂ္ဂိုလ်တွေ ဈာန်ရသွားတဲ့အခါ ရူပါဝစရကုသိုလ်လို့ ခေါ်တယ်၊ ရဟန္တာဖြစ်သွားပြီဆိုရင် ရူပါဝစရကုသိုလ်သည် ရူပါဝစရကြိယာ ဖြစ်သွားတယ်၊ ပုထုဇဉ်သေက္ခတွေ အရူပဈာန်ရလို့ရှိရင် အရူပါ- ဝစရကုသိုလ်လို့ ခေါ်တယ်၊ ရဟန္တာဖြစ်သွားပြီဆိုရင် အရူပါဝစရကြိယာ ဖြစ်သွား တယ်၊ ကုသိုလ်ကနေ ကြိယာဖြစ်သွားတာ။

သို့သော် ဟသိတုပ္ပါဒ်ကျတော့ ကုသိုလ်ဆိုတာ မရှိဘူး၊ ကုသိုလ်က ပြောင်း လာတာ မဟုတ်ဘူး၊ ဒါဖြင့် ဟသိတုပ္ပါဒ်ဆိုတဲ့စိတ်က ဘယ်ကနေ ပြောင်းလာ တာတုန်းလို့ မေးစရာရှိလာတယ်၊ ရဟန္တာဖြစ်မှ ပေါ်လာတဲ့စိတ်လို့ ပြောရမလို ဖြစ် နေတယ်၊ ရဟန္တာဖြစ်မှ ပေါ်လာတယ်ဆိုတော့ ရဟန္တာက ဘယ်မှာဖြစ်တာတုန်း ဆိုရင် အရဟတ္တမဂ်ရပြီး အရဟတ္တဖိုလ်ပေါ်မှ ရဟန္တာဖြစ်တာပေါ့၊ အရဟတ္တမဂ် အရဟတ္တဖိုလ်ရမှ ရဟန္တာဖြစ်တယ်ဆိုရင် ဟသိတုပ္ပါဒ်သည် အရဟတ္တမဂ် အရဟတ္တ ဖိုလ် ပေါ်ပြီးတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာသာဖြစ်တာမို့ သူလည်းပဲ အရဟတ္တမဂ် အရဟတ္တ ဖိုလ်ရဲ့ အကျိုးတရားလိုလို ပြောစရာဖြစ်လာတယ်၊ အဲဒါ ဘုန်းကြီးတို့ အကြောင်း ရှာလို့ မတွေ့သေးဘူး၊ ဘယ်ကျမ်းမှာမှလည်း ဒါကို ရေးထားတာမရှိဘူး။

ဘာဖြစ်လို့ အကြောင်းရှာရတာတုန်းဆိုတော့ ကြည့်လေ - ကျန်တဲ့ကြိယာ စိတ်တွေက ကုသိုလ်တဖြစ်လဲတွေကို ခေါ်တာ၊ ဆိုပါစို့ - စာထဲမှာ ဘယ်လို ဆိုထား တုန်းဆိုရင် ပုထုဇဉ်ပုဂ္ဂိုလ်တစ်ဦးဟာတဲ့ ပထမဈာန်ရထားလို့ ဈာန်ဝင်စားနေတယ်၊ အဲဒီပထမ ဈာန်ဟာ ပထမဈာန်ကုသိုလ်ပဲ၊ သောတာပန် ဖြစ်တော့လည်း ပထမဈာန် ကုသိုလ်ပဲ၊ သကဒါဂါမ် ဖြစ်တော့လည်း ပထမဈာန်ကုသိုလ်ပဲ၊ အနာဂါမ် ဖြစ်တော့ လည်း ပထမဈာန်ကုသိုလ်ပဲ၊ အရဟတ္တမဂ်ရသွားလို့ ရဟန္တာဖြစ်သွားတဲ့ အချိန်မှာလည်းပဲ သူက မဝင်စားသေးလို့ရှိရင် ပထမဈာန်ကုသိုလ်ပဲတဲ့၊ ဝင်စားပြီ ဆိုတဲ့အခါ ကျတော့ ရဟန္တာအနေနဲ့ အသုံးချလိုက်ပြီဆိုရင် ပထမဈာန်ကုသိုလ် မဟုတ်တော့ဘူးတဲ့၊ ပထမဈာန်ကြိယာ ဖြစ်သွားပြီ၊ ဒီလိုဆိုလိုတယ်။

ဒါ ဘာဖြစ်လို့ ဒီလိုပြောတာတုန်းဆိုတော့ ကုသလဆိုတာ ကံနဲ့ ပတ်သက် တဲ့နာမည် ဖြစ်နေတယ်၊ ကြိယာဆိုတော့ ကံနဲ့ မဆိုင်တဲ့နာမည် ဖြစ်သွားပြီ၊ ဒါကြောင့် မို့ ကြိယာဆိုတဲ့ စကားလုံးကို ဓမ္မသင်္ဂဏီပါဠိတော်မှာ “နေဝ ကုသလာ နာ ကုသလာ န စ ကမ္မဝိပါကာ” - ကုသိုလ်လည်း မဟုတ်ဘူး၊ အကုသိုလ်လည်း မဟုတ်ဘူး၊ ကံရဲ့ အကျိုးလည်း မဟုတ်ဘူး၊ three negative ငြင်းဆိုချက် ၃-ခုနဲ့ ပြောတာ၊ “neither kusala nor akusala nor result of kamma”၊ အဲဒါ ကြိယာ။

ဒီတော့ ရဟန္တာသန္တာန်မှာ ဖြစ်သွားတဲ့ ပုထုဇဉ်ဘဝက ရထားတဲ့ဈာန်သည် ကုသိုလ်ဈာန်ပဲ၊ မဝင်စားမချင်း ကုသိုလ်ဈာန်လို့ပဲ ခေါ်တယ်တဲ့၊ ရဟန္တာဘဝမှာ ဝင်စားလိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် ကြိယာဖြစ်သွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ရဟန္တာသန္တာန်မှာ ကိလေသာအညစ်အကြေး လုံးဝကင်းစင်သွားတော့ ကုသိုလ်တွေ အနေနဲ့က အလုပ်မရှိတော့ဘူး၊ ကုသိုလ်ရဲ့အလုပ်က ဘာတုန်းဆိုရင် အကုသိုလ် ကို ပယ်ဖျက်တဲ့အလုပ်ပဲ။

ကုသိုလ်နဲ့ အကုသိုလ်ဟာ အမြဲတမ်း တိုက်ခိုက်နေတယ်၊ ကုသိုလ်က ပဟာယက၊ အကုသိုလ်က ပဟာတဗ္ဗ၊ အကုသိုလ်က ပဟာတဗ္ဗအနေနဲ့ ရှိတယ်၊ ကုသိုလ်က ပဟာယကအနေနဲ့ ပေါ်လာတယ်၊ ပဟာတဗ္ဗဆိုတဲ့ အကုသိုလ် မရှိဘူးဆိုရင် ပဟာယကဖြစ်တဲ့ကုသိုလ် လိုသေးလား၊ မလိုတော့ဘူး၊ မလိုတော့လို့ ဖျက်သိမ်း လိုက်ပြီး ကြိယာလို့ နာမည်ပေးလိုက်တာ၊ ဒီသဘောပါပဲ။

ဆိုပါစို့ - လုပ်ငန်းကိစ္စတစ်ခု လုပ်စရာရှိလို့ အဖွဲ့အစည်းတစ်ခုဖွဲ့ထားတယ်၊ အဲဒီအလုပ်ပြီးသွားတာနဲ့ တစ်ပြိုင်နက် ဒီအဖွဲ့ဟာ ဘာမျှ အလုပ်မရှိတော့ဘူး၊ အလုပ်မရှိတော့ရင် ဒီအဖွဲ့ပျက်မသွားဘူးလား၊ ပျက်သွားတယ်၊ အဲဒီသဘောပဲ၊ ကုသိုလ်ဆိုတာ အကုသိုလ်ကို ဖယ်ရှားဖို့၊ အကုသိုလ်ကို ဖယ်ရှားစရာမရှိဘူးဆိုရင် ဒီကုသိုလ်ကို ကြိယာလို့ခေါ်တာ၊ အလုပ်လုပ်ရုံသက်သက်ပဲ၊ အကုသိုလ်ကို ဖယ်ရှားဖို့ မလိုဘူးတဲ့၊ ဒါကြောင့် “ကြိယမတ္တံ” ပြုခြင်းမျှသက်သက်တဲ့၊ ဘယ်ဟာကိုမျှ ဖယ်ရှားပစ်စရာ မလိုဘူးတဲ့။

တိုင်းပြည်တစ်ပြည်မှာ သူပုန်တွေရှိလို့ စစ်တပ်ရှိတယ်ဆိုရင် အဲဒီစစ်တပ် က သူပုန်နှိမ်နင်းဖို့ ဖွဲ့စည်းထားတာ၊ ပုန်ကန်သူတွေကို နှိမ်နင်းဖို့ ဖွဲ့စည်းထားတဲ့ စစ်တပ်၊ တိုင်းပြည် ငြိမ်းချမ်းရေးရသွားပြီဆိုလို့ရှိရင် ဒီစစ်တပ်က နှိမ်နင်းစရာမရှိ တော့ဘူး၊ မရှိလို့ရှိရင် ဂုဏ်ပြုတပ်ဖွဲ့ ဖြစ်သွားမှာ၊ အဲဒါမျိုးကို ခေါ်တာ၊ ကြိယာ ဆိုတာ သဘောပေါက်အောင် ပြောပြတာ၊ ကြိယာဆိုတာ အဲဒါ၊ တကယ်လုပ်ရမယ့် တာဝန်ဝတ္တရားတွေက မရှိတော့ဘူး၊ ပြီးသွားပြီ၊ တိုက်ပွဲကြီးပြီးသွားပြီဆိုတဲ့သဘော ပေါ့နော်၊ ရဟန္တာမှာ တိုက်ပွဲဆိုတဲ့ အကုသိုလ်တွေ ပယ်ဖျက်ဖို့ဆိုတဲ့ လုပ်ငန်းကြီး ပြီးသွားပြီ ဖြစ်သည်အတွက်ကြောင့်မို့ ကြိယာ ပြုရုံသက်သက်ပဲဆိုတဲ့ အဓိပ္ပါယ်၊ နာမည်ပြောင်းပေးလိုက်တာ။

အေး ကောင်းပြီ - အာသေဝနပစ္စည်းဆိုတာ ဇောတွေနဲ့ ပတ်သက်ပြီး တော့ ဖြစ်တယ်လို့ ဒီလိုမှတ်ရမယ်၊ အဲဒါကြောင့်မို့ ပဋ္ဌာန်းပါဠိတော်မှာ -

“ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော” ။

- ပုရိမာ ပုရိမာ - ရှေးရှေးက ဖြစ်ပေါ်၍လာကြတဲ့၊
ကုသလာ ဓမ္မာ - ကုသိုလ်တရားတွေက၊
ပစ္ဆိမာနံ ပစ္ဆိမာနံ = နောက်နောက်ဖြစ်ကြတဲ့၊
ကုသလာနံ ဓမ္မာနံ – ကုသိုလ်တရားတို့အား၊
အာသေဝနပစ္စယေန – အာသေဝနပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေ၏။

မြတ်စွာဘုရားက အဘိဓမ္မာတရား ဟောတဲ့အခါ ကုသလာဓမ္မာ, အကုသလာဓမ္မာ, အဗျာကတာဓမ္မာ ဆိုပြီး ဒီတိက်ကစပြီး မာတိကာ outline ချထားခဲ့တယ်၊ အဲဒီအစီအစဉ်အတိုင်းလာတာ၊ ပုရိမာ ပုရိမာလို့ နှစ်ထပ်ကွမ်း သုံးထား တာ၊ ရှေးရှေးလို့ ဆိုကတည်းက တစ်ခုစီ တစ်ခုစီ၊ ရှေးရှေးလို့ ပြောတဲ့ဟာက ရှေ့ ရှေ့ အားလုံးကို ခြုံငုံမိအောင် ပြောတာ၊ ပါဠိမှာ ဒီလို စကားနှစ်ထပ် သုံးလို့ရှိရင် ဝိစ္ဆာလို့ ခေါ်တယ်၊ ဝိစ္ဆာဆိုတာ အားလုံးနှံ့အောင် ပြောတာ၊ ဂါမေ ဂါမေ ဇလံ အတ္ထိ - ရွာတိုင်း ရွာတိုင်းမှာ ရေရှိတယ်၊ ပါဠိစာပေက ဂါမေ ဂါမေ၊ အင်္ဂလိပ်စာ ကျတော့ အဲဒီလိုနှစ်ထပ် ပြောတာ မရှိဘူးနော်၊ There is water in every village. Every village လို့ ပြောရင် ပြီးသွားပြီ၊ ပါဠိကျတော့ အဲဒီလို မဟုတ်ဘူး၊ ဂါမေ ဂါမေ - ရွာတိုင်း ရွာတိုင်းမှာ၊ ဇလံ အတ္ထိ - ရေရှိတယ်၊ ဒီမှာလည်းပဲ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ရှေးရှေးဖြစ်တဲ့ ကုသိုလ်တရားတွေဟာလို့၊ ကြည့် - ဒီစကားကို ကြည့်တာနဲ့ပဲ ရှေးရှေးလို့ သုံးလိုက်ကတည်းက ကုသိုလ်စိတ်တွေဟာ ထပ်တလဲလဲ ဖြစ်နေတယ် ဆိုတာ ထင်ရှားစေတယ်။

ထို့အတူပဲ ပစ္ဆိမာနံ ပစ္ဆိမာနံ- နောက်နောက်ဖြစ်တဲ့၊ ကုသလာနံ ဓမ္မာနံ - ကုသိုလ် တရားတို့အား ဆိုတော့ ခုနပြောတဲ့ ဇော၇-ကြိမ်နဲ့ စဉ်းစားကြည့်၊ ပထမ ဇောက ဘယ်သူ့ကိုကျေးဇူးပြုတုန်း၊ ဒုတိယဇောကိုပဲကျေးဇူးပြုတယ်၊ ဒီအကွက်လေး တစ်ကွက်တင်ပြောတာ၊ ပထမဇောက တတိယဇောကို ကျော်ပြီးတော့ လုပ်လို့မရဘူး၊ ဒါ ပြောတာ၊ ပထမဇောသည် ဒုတိယဇောကို၊ “အနန္တရ” ဆိုတာ ကြားထဲမှာ မခြားရဘူး၊ ပထမဇောကပစ္စည်းဆိုရင် ဒုတိယဇောက ပစ္စယုပ္ပန်၊ ဒုတိယ ဇောက ပစ္စည်းဆိုရင် တတိယဇောက ပစ္စယုပ္ပန်၊ တတိယဇောက ပစ္စည်းဆိုရင် စတုတ္ထဇောက ပစ္စယုပ္ပန်၊ စတုတ္ထဇောက ပစ္စည်းဆိုရင် ပဉ္စမဇောက ပစ္စယုပ္ပန်၊ စွမ်းရည်သတ္တိတွေက ဆင့်ကဲဆင့်ကဲ ပေးသွားတဲ့သဘော။

ဒီတော့ ပစ္စည်းတွေက ဘယ်သူတွေတုန်းဆိုရင် ဒုတိယဇောအတွက် ပထမ ဇောသည် အာသေဝနပစ္စည်း၊ တတိယဇောအတွက်ဆိုရင် ဒုတိယဇောသည် အာသေဝနပစ္စည်း၊ စတုတ္ထဇောအတွက်ဆိုရင် တတိယဇောသည် အာသေဝန ပစ္စည်း၊ ပဉ္စမဇောအတွက် ဆိုရင် စတုတ္ထဇောသည် အာသေဝနပစ္စည်း၊ ဆဋ္ဌမဇော အတွက်ဆိုရင် ပဉ္စမဇောသည် အာသေဝနပစ္စည်း၊ သတ္တမဇောအတွက်ဆိုရင် ဆဋ္ဌမ ဇောသည် အာသေဝနပစ္စည်း၊ ဒါဖြင့် သတ္တမဇောရဲ့နောက်မှာ ဇောရှိသေးလား၊ မရှိတော့ဘူး၊ ဒါကြောင့် သတ္တမဇော ကျတော့ အာသေဝနပစ္စည်းလုပ်စရာ မရှိ တော့ဘူး၊ ဒါကို ပြောတာနော်၊ ရှေးရှေး ဆိုတာ။

ဒါကြောင့်မို့ ပဋ္ဌာန်းအရကောက်ကြီးမှာ “သတ္တမဇောကြဉ်သော ရှေးရှေးသော ပထမဇောစသော” လို့ ဆိုတာ၊ သတ္တမဇောကြဉ်သော ဆိုတာ သတ္တမဇော နောက်မှာ ဇောမရှိသည့်အတွက်ကြောင့် သတ္တမဇောက ပစ္စယုပ္ပန်သာ ဖြစ်တယ်၊ ပစ္စည်း မဖြစ်နိုင်ဘူး၊ သူက နောက်ဟာကို အာသေဝနသတ္တိနဲ့ ကျေးဇူးပြုလို့ မရဘူး လို့ ပြောတာ၊ ပထမဇောက ဒုတိယဇောကို ကျေးဇူးပြုမယ်၊ ဒုတိယဇောက တတိယ ဇော၊ တတိယဇောက စတုတ္ထဇော၊ စတုတ္ထဇောက ပဉ္စမဇော၊ ပဉ္စမဇောက ဆဋ္ဌမ ဇော၊ ဆဋ္ဌမဇောက သတ္တမဇော၊ သတ္တမဇောကျတော့ ပစ္စည်းမဖြစ်တော့ဘူး၊ ဖြစ်လို့တုန်း၊ နောက်မှာ ဇောမရှိတော့လို့။

သဘာဝချင်းမတူတဲ့ တရားတစ်ခု၊ အရှိန်အဟုန်တစ်ခု မပေးနိုင်ဘူးတဲ့၊ နဂိုကတည်းက စွမ်းရည်သတ္တိချင်းမှ မတူတာ၊ စွမ်းရည်သတ္တိတူမှ ဖြစ်တာ၊ သတ္တမ ဇောနောက်မှာ ဘာလာနိုင်တုန်း၊ တဒါရုံ လာနိုင်တယ်၊ ဘဝင် လာနိုင်တယ်၊ မျိုးတူ ရဲ့လား? မတူဘူး၊ မတူသည့်အတွက်ကြောင့် အာသေဝနပစ္စည်းထဲမှာ မပါဘူး၊ ဒါပြောတာ၊ ပစ္စယုပ္ပန် အနေနဲ့သာ ရတယ်။

ကဲ တစ်ခါ ပစ္စယုပ္ပန်ပိုင်းကို ကြည့်မယ်ဆိုရင် ပထမဇောက ပစ္စည်းသာ ဖြစ်နိုင်တယ်၊ ပထမဇောရှေ့မှာ ဝုဋ္ဌော ရှိတယ် မဟုတ်လား၊ ဝုဋ္ဌောက ပထမဇောကို အာသေဝန သတ္တိနဲ့ ကျေးဇူးမပြုနိုင်လို့ ပထမဇောသည် အာသေဝနပစ္စယုပ္ပန် မဖြစ် ဘူးတဲ့၊ ဒီသဘောကို နားလည်လို့ရှိရင် ပဋ္ဌာန်းအရကောက်ကြီးကို ကြည့်လိုက်လို့ ရှိရင် သဘောပေါက်တယ်နော်၊ ပစ္စယုပ္ပန်ကျတော့ “ပထမဇောကြဉ်သော နောက်နောက် သောဇောများ” တဲ့၊ ပစ္စည်းပိုင်းရောက်တဲ့အခါကျတော့ “သတ္တမဇောကြဉ်သော ရှေးရှေးသောဇော” လို့ ဒီလိုဆိုတယ်။

ဒီတော့ ကုသိုလ်သည် ကုသိုလ်ကို၊ အကုသိုလ်သည် အကုသိုလ်ကို၊ ကြိယာသည် ကြိယာကိုလို့ ဆိုင်ရာဆိုင်ရာဇောတွေကို အာသေဝနသတ္တိနဲ့ ကျေးဇူးပြုသွား ပါတယ်တဲ့၊ ဒါက အကြမ်းဖျင်း၊ ဝီထိမှာကြည့်ရင် မျက်စိနဲ့ အဆင်းအာရုံကို မြင်တဲ့ အခါ၊ နားနဲ့ အသံအာရုံကို ကြားတဲ့အခါမှာ ကာမာဝစရဇောစိတ်တွေ ဖြစ်တယ်၊ ရိုးရာကာမာဝစရကုသိုလ်စိတ်ဆိုတာ အာရုံကို မှီတည်ပြီးတော့ ယောနိသော- မနသိကာရလေး ရှိရုံနဲ့ ဖြစ်နိုင်စွမ်း ရှိတယ်ပေါ့၊ တချို့ ကာမာဝစရစိတ်တွေကပေါ့၊ သို့သော် ဝိပဿနာတို့လို အဆင့်မြင့်တာတို့ ဥပစာရသမာဓိတို့လို အဆင့်မြင့်တာ မျိုးကျတော့ ဘာဝနာကျင့်စဉ်တစ်ခုနဲ့ကျင့်မှ ရတာပေါ့၊ သာမန်ကုသိုလ်စိတ်တွေ ကတော့ ရူပါရုံမြင်တာနဲ့လည်း ကုသိုလ်ဖြစ်နိုင်တယ်၊ သဒ္ဒါရုံကြားတာနဲ့လည်း ဖြစ်နိုင်တယ်၊ မြင်တိုင်း ဖြစ်သလားဆိုတော့ မြင်တိုင်းတော့ မဖြစ်ဘူး၊ ဖြစ်အောင်က ဘာလိုတုန်းဆိုရင် ယောနိသောမနသိကာရ လိုတယ်၊ ယောနိသောမနသိကာရ ဆိုတာ ကုသိုလ်ဖြစ်အောင် စဉ်းစားတတ်တဲ့ နှလုံးသွင်းမှုပဲ။

ကုသိုလ်ဖြစ်ကြောင်းတရား ၄-ပါး

အဋ္ဌသာလိနီအဋ္ဌကထာမှာ ကုသိုလ်ဖြစ်ဖို့အတွက် အကြောင်း ၄-ချက် ပေးထားတယ်၊ လူတိုင်း လူတိုင်းဟာ အလွယ်တကူနဲ့ ကုသိုလ်ဖြစ်တာ မဟုတ်ဘူးတဲ့၊ ကုသိုလ်ဖြစ်ဖို့ အတွက် ဘာတွေလိုအပ်သလဲ။

နံပါတ်(၁)က “နိယမိတ”၊ စိတ်ထဲမှာ determination ရှိရမယ်၊ “ငါ့စိတ်ထဲ မှာ ကုသိုလ်ပဲ ဖြစ်စေရမယ်၊ အကုသိုလ် မဖြစ်စေရဘူး” ဆိုတဲ့ ဆုံးဖြတ်ချက်ချထား ဖို့ လိုတယ်တဲ့၊ ဒါက ကုသိုလ်ဖြစ်ဖို့အတွက် အကြောင်းတရားတစ်ခုပဲ၊ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် အကုသိုလ်တွေက လွှမ်းထားမှာ၊ ဆုံးဖြတ်ချက်ချထားတောင်မှပဲ သတိမေ့နေရင် အကုသိုလ်က ဝင်လာဦးမှာပဲ။

ဘာဖြစ်လို့တုန်းဆိုရင် “ပါပသ္မိံ ရမတိ မနော” - စိတ်ကိုက ခေါက်ရိုးကျိုးနေ တာ၊ အကုသိုလ်ဘက်သွားတာ၊ အလျဉ်ရနေတယ်လို့ပြောတာပေါ့၊ ချဉ်ဖတ်အိုးကြီး လိုပဲ၊ ဘာထည့်လိုက်ထည့်လိုက် ချဉ်သွားတာပဲ၊ အဲဒါ သေချာတယ်၊ ဘယ်စိတ် ပေါ်လာ ပေါ်လာ အကုသိုလ်ဘက်ပဲ သွားတာပဲ၊ သံသရာက ချဉ်ဖတ်အိုးကြီးကိုး၊ အထဲ ဝင်လာသမျှ အကုန်အချဉ်ချည်းပဲ ဖြစ်ရမယ်၊ ဒီတော့ ဒီလိုမဖြစ်အောင် လုပ်ဖို့ ဆိုရင် ဆန့်ကျင်ဘက်စိတ်ဓာတ်လေးတွေ မွေးမြူဖို့လိုတယ်၊ .. ဘာတွေတုန်းဆို နိယမိတ - ကြိုတင်ပြီးတော့ သတ်မှဘ်ထားရမယ်၊ ကိုယ့်စိတ်ထဲမှာ အကုသိုလ် ဆိုတာ မဖြစ်စေရဘူး၊ ကုသိုလ်ပဲ ဖြစ်စေရမယ်တဲ့၊ determination ရှိဖို့လိုတယ်။

နောက်တစ်ခု နံပါတ်(၂)က ဘာလိုအပ်လဲဆိုရင် “ပရိဏာမိတ” - ကိုယ့်ရဲ့ စိတ်ကလေးကို ကုသိုလ်ဘက်ကို ညွှတ်ကိုင်းထားရမယ်၊ inclination ပေါ့ incline လုပ်ပေးထားရမယ်၊ စိတ်ကို ကုသိုလ်ဘက်ကို ညွှတ်နေအောင် လုပ်ထားရမယ်၊ နောက်တစ်ခု နံပါတ်(၃)က “အာဘုဇိတ”- နှလုံးသွင်းတဲ့၊ ကုသိုလ်ကိုသာ အမြဲ attention လုပ်နေတယ်၊ နှလုံးသွင်းရှိနေတယ်၊ နောက်တစ်ခု နံပါတ်(၄)က “သမုဒါစာရ” “အလေ့အကျင့် practice ရှိရမယ်၊ ကုသိုလ်ဖြစ်ဖို့ practice ရှိရမယ်။ အခုပြောတဲ့ အချက်လေးချက်ကြောင့်သာ ကုသိုလ်ဆိုတာ ဖြစ်နိုင်တာတဲ့၊ နို့မို့ဆိုရင် ဖြစ်ဖို့မရှိဘူးတဲ့၊ သာမန်အားဖြင့် မဖြစ်နိုင်ဘူး။

ဥပမာ - အင်မတန်မှလှတဲ့ ပန်းလေးတစ်ပွင့်ကို လူ ၂-ယောက်မြင်တယ်၊ အဲဒီမြင်တဲ့လူထဲက တစ်ယောက်က ပန်းကလေးလှလို့ဆိုပြီး အမျိုးသမီးဆိုရင် ခေါင်းပန်ဖို့ စဉ်းစားမိမှာပေါ့နော်၊ “လှလိုက်တာ” ဆိုရင် အာရုံခံစားဖို့ သွားပြီး စဉ်းစားပြီ၊ ဘုရားကို ပန်းလှူနေကျပုဂ္ဂိုလ်ကတော့ “လှလိုက်တာ၊ ဒါလေးကို ဘုရား ပန်းအိုး ထိုးဦးမှပဲ” ဆို၊ ဟော တစ်ယောက်နဲ့တစ်ယောက် . စိတ်ကူးမတူဘူး၊ ဘုရားပန်းလှူနေကျ မဟုတ်တဲ့လူက ပန်းမြင်တာနဲ့ ပန်ဖို့ပဲ စဉ်းစားမယ်၊ သို့မဟုတ် အိမ်မှာအလှထားဖို့ စဉ်းစားကောင်း စဉ်းစားလိမ့်မယ်၊ ဘုရားပန်းလှူနေကျ ပုဂ္ဂိုလ် ကတော့ ပန်းလှလှလေးမြင်လိုက်တာနဲ့ ဘုရားကို သွားသတိရတယ်၊ ဒါဘာဖြစ်တာ တုန်းဆိုရင် “သမုဒါစာရ” practice အလေ့အကျင့်ရနေတာ။

ဒီလိုပဲ - ဘာအာရုံနဲ့ပဲတွေ့တွေ့ ကုသိုလ်လုပ်ဖို့ပဲ သတိရတယ်၊ အဲဒီလိုမှ အလေ့အကျင့် မရှိခဲ့ဘူး၊ နှလုံးသွင်း မရှိခဲ့ဘူး၊ determination မရှိခဲ့ဘူး၊ inclination မရှိဘူးဆိုရင် အကုသိုလ်တွေချည်းပဲ ဖြစ်ဖို့များနေတယ်ပေါ့၊ ကာမာဝစရကုသိုလ် ဆိုတာ ရူပါဝစရကုသိုလ်တို့ အရူပါဝစရကုသိုလ်တို့ မဂ်ကုသိုလ်တို့ကို ထောက်ထား မယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ ဖြစ်နိုင်တယ်၊ သဘာဝအရ ဖြစ်လို့ရတယ်ပေါ့။

ရူပါဝစရကုသိုလ် အရူပါဝစရကုသိုလ်တို့ကျတော့ သမထကျင့်စဉ်ကို ကျင့်ပြီး အောင်မြင်မှဖြစ်တာ၊ မအောင်မြင်ရင်မဖြစ်ဘူး၊ လောကုတ္တရာကုသိုလ် ဖြစ်တဲ့ မဂ်ကုသိုလ်ကျတော့ ဝိပဿနာကျင့်စဉ်ကို အောင်မြင်အောင် ကျင့်နိုင်မှ ဖြစ်တယ်၊ မကျင့်နိုင်ရင် မဖြစ်ဘူး။

အဲဒီကုသိုလ်တွေက အကျင့်နဲ့ သက်ဆိုင်သွားတယ်၊ သမထကျင့်စဉ်ကို ကျင့်ရမယ်၊ ဝိပဿနာကျင့်စဉ်ကိုကျင့်ရမယ်၊ သမထကျင့်စဉ်ကိုမကျင့်ဘဲနဲ့ သဘာဝ အတိုင်း ရူပကုသိုလ် အရူပကုသိုလ်ဆိုတဲ့ ဈာန်ကုသိုလ်တွေ လုံးဝမဖြစ်နိုင်ဘူး၊ ရိုးရာနဲ့ မဖြစ်နိုင်ဘူး၊ ကာမကုသိုလ်ကတော့ ရိုးရာပကတိအနေအထားနဲ့ကို ဖြစ်နိုင် တယ်၊ လောကုတ္တရာကုသိုလ်ရော? ဝိပဿနာကျင့်စဉ်ကိုကျင့်မှ ဖြစ်တယ်၊ သမထ ကျင့်စဉ်ကို ကျင့်ရုံနဲ့လည်း မဂ်ကုသိုလ် မဖြစ်နိုင်ဘူး။

အဲဒီကုသိုလ်စိတ်တွေဟာ mental process ဆိုတဲ့ စိတ်အစဉ်ထဲမှာ ဖြစ်ကြ ပြီဆိုရင် ရှေးရှေးစိတ်သည် နောက်နောက်စိတ်အား အာသေဝနပစ္စည်းနဲ့ စွမ်းရည်သတ္တိတွေ ပေးသွားတယ်လို့ နားလည်ထားရမှာပေါ့၊ အဲဒီ အာသေဝနသတ္တိကြောင့် ရှေ့စိတ်ထက် နောက်စိတ်က စွမ်းရည်တွေ ထက်လာတယ်၊ ရှေ့စိတ်ထက် နောက် စိတ်က စွမ်းရည်တွေ ထက်လာပြီးတော့ မြင့်မားတဲ့စွမ်းအားတွေကို ရသွားတယ်။

ကြည့် - ကံကို ခွဲတဲ့အခါကျတော့ ကုသိုလ်ပဲဖြစ်စေ အကုသိုလ်ပဲဖြစ်စေ ပထမဇောစိတ်ဟာ သူ့ရှေ့က အာသေဝနဆိုတဲ့ စွမ်းရည်သတ္တိပေးနိုင်တဲ့စိတ် မရှိ ဘူး၊ မရှိသည့်အတွက်ကြောင့် သူက အကျိုးတစ်ခုကို ထုတ်လုပ်မယ်ဆိုရင် တစ်ခု ထူထောင်မပေးနိုင်ဘူး၊ လက်ရှိဘဝမှာ အားပေးရုံလေးပဲ ရတယ်၊ ဒါကို “ဒိဋ္ဌဓမ္မ ဝေဒနိယကံ” လို့ ခေါ်တာ၊ ဒိဋ္ဌဓမ္မ ဝေဒနိယကံဆိုတာ ဒီဘဝမှာပဲ၊ ဒီဘဝ ဆိုတာ အတိတ်ကံကြောင့် ရ,ထားတဲ့ ဘဝပဲ၊ ဒိဋ္ဌဓမ္မ ဝေဒနိယ - ဒီဘဝမှာ အားဖြစ်ရုံပဲ ရှိတယ်၊ ဒီလိုဆိုလိုတာ၊ ဘဝတစ်ခု ထူထောင်နိုင်လာအောင် စွမ်းရည် သတ္တိ မရှိဘူး၊ ဘာဖြစ်လို့လဲ? သူ့ရှေ့က အာသေဝနစွမ်းရည်သတ္တိပေးနိုင်တဲ့ပစ္စည်း မရှိလို့၊ အင်အားနည်းတယ်၊ ဒီအဓိပ္ပာယ်ကို ပြောတာနော်။

ပထမဇောက ဒုတိယဇောကို အားဖြည့်လိုက်တယ်၊ ဒုတိယဇောက တတိယ ဇောကို အားဖြည့်လိုက်တယ်၊ ပထမဇောထက် ဒုတိယဇောက အားကောင်းလာ တယ်၊ ဒုတိယဇောထက် တတိယဇောက အားကောင်းလာတယ်၊ အဲဒီလို အားဖြည့် အားဖြည့် ပေးသွားလိုက်တာ နောက်ဆုံး ဆဋ္ဌမဇောကျတော့ အားတွေ အင်မတန်မှ တောင့်တင်းနေတယ်၊ အဲဒီလိုတောင့်တင်းတဲ့အားတွေ သတ္တမဇောကို ပုံပြီးတော့ ပေးလိုက်တဲ့အခါမှာ သတ္တမဇောသည် ဒီဘဝကသေရင် နောက်ဘဝမှာ ဘဝတစ်ခု ကို ထူထောင်ပေးနိုင်တဲ့ စွမ်းရည်သတ္တိတွေရသွားတယ်ပေါ့၊ ဒါ ကံပိုင်းကပြောတာ၊ ဒါ အာသေဝနစွမ်းရည်ကြောင့် ဖြစ်တာ၊ ရှိသမျှ energy တွေ သူ့ဆီမှာ သွားစုတယ်၊ ဒါကြောင့် သူက အကျိုးပေးခွင့်ရှိတာ။

သို့သော်လည်း ကံဆိုတာ အခြားအကြောင်းတရားတွေနဲ့ ပေါင်းပြီးမှ အကျိုး ပေးလို့ရတာ၊ သူ့ချည်းပဲသပ်သပ် ပေးလို့မရဘူး၊ ဘယ်အရာပဲဖြစ်ဖြစ် အကြောင်း တရားတွေနဲ့ ပေါင်းပြီးမှဖြစ်တာ၊ သူတစ်ခုတည်းမဖြစ်ဘူး၊ ဒါကြောင့်မို့ အကျိုးပေးပြီ ဆိုရင် သတ္တမဇောစေတနာက ဘယ်အချိန်မှာအကျိုးပေးတုန်းဆိုရင် ဒုတိယဘဝမှာ သွားအကျိုးပေးနိုင်တယ်၊ သူ့ ကျတော့ စွမ်းအားတွေမြင့်လို့ အနီးကပ်ဆုံးဘဝမှာ အကျိုးပေးတာ။

ကျန်တဲ့ဇောတွေကျတော့ အဆင့်ဆင့်အားဖြည့်ထားတာ ဖြစ်သည့်အတွက် ကြောင့် ဆဋ္ဌဇောထိအောင် ခြုံငုံပြီးတော့ “အပရာပရိယ ဝေဒနိယကံ” တဲ့၊ အပရာ ပရိယ ဝေဒနိယ ဆိုတာ တတိယဘဝကနေစပြီးတော့ သတ်မှတ်ချက်မရှိဘူး၊ နိဗ္ဗာန် ရသည်အထိတိုင်အောင် အလှည့်အသင့် အခွင့်အခါကြုံတဲ့ဘဝမှာ အကျိုးပေးတယ်၊ ဘဝတစ်ခုထူထောင်နိုင်တယ်၊ ဒုတိယဇောကလည်းပဲ စွမ်းအားသတ္တိ ရှိရမယ်၊ တတိယဇောကလည်း စွမ်းအားသတ္တိရှိရမယ်၊ အဲဒါက generally speaking ခြုံငုံပြီးတော့ ပြောလိုက်တာ၊ ဘယ်ဇောရယ်လို့ သတ်မှတ်ပြီးတော့ မပြဘူး၊ အလယ် ငါးဇောကို ပေါင်းပြီး ပြထားတာ။

အဲဒီအလယ်ငါးဇောထဲမှာ ဘယ်သူ စွမ်းရည်သတ္တိအထက်ဆုံးလဲဆိုရင် ဆဋ္ဌမဇောက စွမ်းရည်သတ္တိအထက်ဆုံး၊ ဒုတိယဇောထက် တတိယဇောက စွမ်းရည်သတ္တိ ထက်မယ်၊ တတိယဇောထက် စတုတ္ထဇောက စွမ်းရည်သတ္တိထက်မယ်၊ စတုတ္ထ ဇောထက် ပဉ္စမဇောက စွမ်းရည်သတ္တိထက်မယ်၊ ပဉ္စမဇောထက် ဆဋ္ဌမဇောက စွမ်းရည်သတ္တိထက်မယ်၊ ဒီတော့ စွမ်းရည်သတ္တိထက်တဲ့ဇောဟာ နိဗ္ဗာန်မရမီစပ်ကြား ကြုံရာဘဝတစ်ခုခုမှာ အကျိုးပေးမှာပဲ၊ “အပရာပရိယ ဝေဒနိယကံ”ဆိုတာ တတိယ ဘဝကစပြီး နိဗ္ဗာန်ရသည်အထိ ဆိုပြီးတော့ သူ့ရဲ့အချိန်ပိုင်းက အင်မတန်မှ ကျယ်တယ်၊ ဘာဖြစ်လို့ ဒီလိုဖြစ်တာတုန်းဆိုတော့ အာသေဝနသတ္တိကြောင့်ပဲ၊ ဒီတော့ အာသေဝနနဲ့ စွမ်းရည်သတ္တိဟာ ဘယ်လောက် ကြီးမားတုန်းဆိုတာ သိသာတယ်။

ထို့အတူပဲ အကုသိုလ်ကို ကြည့်လိုက် -
“ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော”။

အကုသိုလ်ဇောတွေ ပထမဇောက စပြီးတော့ . အာသေဝနသတ္တိနဲ့ အထောက်အကူ ပြုသွားတာ နောက်နောက်ဇောတွေကို သတ္တမဇောထိအောင်၊ ဒါကြောင့်မို့ အကုသိုလ်စိတ်တွေက စွမ်းရည်သတ္တိတွေ ထက်ထက် ထက်ထက် လာပြီး ကံအရာမြောက်ပြီးတော့ အကျိုးတွေ ပေးနေတာ၊ အာသေဝနသတ္တိနဲ့ ထုံမွှမ်းထား လို့ပဲ။

နောက် ကြိယာ -
“ပုရိမာ ပုရိမာ ကြိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကြိယာဗျာကတာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော”။

အဗျာကတဆိုတာ ဝိပါက်ရယ် ကြိယာရယ် ရုပ်ရယ် . နိဗ္ဗာန်ရယ်ကို ခေါ်တာ၊ အဲဒီထဲက အာသေဝနနေရာမှာ ကြိယာကိုသာ ယူထားတာ၊ ကြိယာဇော ၁၈-ခု၊ အဲဒီကြိယာဇောတွေက စွမ်းရည်သတ္တိတွေ ပေးသွားတာ၊ ရဟန္တာသန္တာန်မှာ ဖြစ်သည့်အတွက်ကြောင့် ကြိယာစိတ်နဲ့ယှဉ်တဲ့ စေတနာတရားတွေဟာ ကံအရာ မမြောက်တော့ဘူး။

ကံအရာမမြောက်ရင် အာသေဝနပစ္စည်းက ဘာလုပ်ဖို့လဲဆိုလို့ရှိရင် ပထမ စိတ်ထက် ဒုတိယစိတ်က energy ပိုထက်လာတယ်၊ ဒုတိယစိတ်ထက် တတိယ စိတ်က energy ပိုထက်လာတယ်၊ လက်ရှိဘဝမှာ စွမ်းရည်သတ္တိတွေ ဖြစ်နေတဲ့ သဘောပဲ၊ သို့သော် ကိလေသာမရှိသည့် အတွက်ကြောင့် ကံအရာ မမြောက်လို့ ခုနပြောသလို ကြိယာပထမဇောက ဒိဋ္ဌဓမ္မ ဝေဒနိယကံ, ကြိယာသတ္တမဇောက ဥပပဇ္ဇ ဝေဒနိယကံ လို့လည်း ပြောဖွယ်ရာ မရှိဘူး၊ ဘဝတစ်ခု ထူထောင်တာတွေနဲ့ ဆက်စပ်ပြီး ပြောလို့မရဘူး၊ ပြုခြင်းမျှလို့ ဒီလိုအဓိပ္ပါယ်ရတယ်။

ဒါဖြင့် ဘဝတစ်ခု ထူထောင်တယ်ဆိုတဲ့အခါမှာ အာသေဝနသတ္တိ သက် သက်နဲ့ မဟုတ်ဘူး၊ ကြိယာကျတော့ အာသေဝနသတ္တိရှိသော်လည်းပဲ ဘဝတစ်ခု ထူထောင်နိုင်စွမ်း မရှိဘူး၊ ဘာဖြစ်လို့ ထူထောင်နိုင်စွမ်းမရှိတုန်းဆိုရင် ကိလေသာ ဆိုတဲ့အဖော် မရှိလို့၊ ကံဆိုတာ ကိလေသာအဖော်ရှိမှ ဘဝတစ်ခုကို ထူထောင် နိုင်တာ။

ပဋိစ္စသမုပ္ပါဒ်ကို ကြည့် - “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဆိုတယ်၊ အဝိဇ္ဇာက ကိလေသာ၊ သင်္ခါရက ကံ၊ ကံနဲ့ ကိလေသာ၂-ခု ပေါင်းပြီး ဝိညာဏံကို ဖြစ်စေတယ်၊ ဘဝတစ်ခု စ,တယ်၊ ထို့အတူပဲ ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ကို ကြည့်မယ်ဆိုရင်လည်း “တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ”၊ ကြည့် - အဲဒီမှာလည်းပဲ တဏှာတို့ ဥပါဒါန်တို့ဆိုတာ ကိလေသာ၊ ဘဝ ဆိုတာကံ၊ ဇာတိဆိုတာ ကံရဲ့ အကျိုးတစ်ခု၊ ဟုတ်ရဲ့လား၊ ဘယ်နေရာဖြစ်ဖြစ် မြတ်စွာဘုရားက ကံနဲ့ကိလေသာ ၂-ခုတွဲဟောထားတာ။

ကိလေသာမရှိဘူးဆိုရင် ကံက အလုပ်မလုပ်နိုင်ဘူး၊ ကံနဲ့ ကိလေသာ တွဲဖက် ထားရတာ၊ ဒါကြောင့်မို့ ကြည့်လေ - ကမ္မဝဋ် ကိလေသဝဋ် ဝိပါကဝဋ် လို့ ဆိုတာ၊ ကမ္မဝဋ်ကို ပယ်ရတာမဟုတ်ဘူး၊ ကိလေသဝဋ်ကို ပယ်ရတာ၊ ကိလေသဝဋ် ပယ်လိုက်လို့ရှိရင် ကံဟာ သူတစ်ခုတည်း အလုပ်မဖြစ်တော့ဘူး၊ ကိလေသာ ဆိုတဲ့ အဖော်သဟဲ မရသည့်အတွက်ကြောင့် ကံသည် လက်ကျိုးခြေကျိုးသဘော ဖြစ်သွား တယ်၊ အကျိုးတစ်ခုကို မထုတ်လုပ်တော့ဘူး၊ ဒါကြောင့် ရဟန္တာဖြစ်တယ်ဆိုတာ ကံကိုပယ်တာ မဟုတ်ဘူး၊ ကိလေသာကို ပယ်တာ၊ ကိလေသာကို ပယ်လိုက်တာနဲ့ တစ်ပြိုင်နက် ကံသည် အလုပ်မဖြစ်တော့ဘူး၊ ကံ အလုပ်မဖြစ်လို့ ကံကိုလည်း ပယ်ပြီးသား ဖြစ်သွားတယ်။

စာပေမှာ အရဟတ္တမဂ်ကို “ကမ္မက္ခယ ကရ” “ကံကုန်ခြင်းကို ပြုတယ်” လို့ဆိုတယ်၊ တကယ်တော့ ကံကို တိုက်ရိုက်ပယ်တာမဟုတ်ဘူး၊ ကိလေသာကို ပယ်တာ၊ နားလည်ရမှာက အဲဒီလိုနားလည်ရမှာ၊ ဘာဖြစ်လို့တုန်းဆိုတော့ ပယ်အပ်တဲ့တရား ထဲမှာ ကံဆိုတာ မပါဘူး၊ ပယ်ရတဲ့တရားဟာ ကိလေသာ၊ လောဘကို ပယ်ရမှာ၊ ကံဆိုတာ စဉ်းစားကြည့် - မနေ့ကလုပ်ခဲ့တာ ဒီနေ့မှ မရှိတော့တာ၊ ဘာသွား ပယ်မှာတုန်း၊ ပယ်လို့ရလား၊ မနေ့ကဟာ ပြီးခဲ့တာ ဘာသွားပယ်ရမှာတုန်း၊ ရှိမှမရှိတာ၊ ကံဆိုတာ အဲဒါမျိုးပဲ၊ လုပ်မိပြီးတဲ့အရာတစ်ခုဟာ ကံပဲ၊ အဲဒီကံဆိုတာ ပယ်လို့မရဘူး၊ ကိလေသာကိုသာ ပယ်လို့ရတာ။

ကိလေသာကို ပယ်လိုက်တာနဲ့ တစ်ပြိုင်နက် ကံတွေဟာ အလုပ်မဖြစ်တော့ဘူး၊ ဘုရားဟောတဲ့နေရာ ဘယ်နေရာပဲဖြစ်ဖြစ် ကိလေသာကို ပယ်တဲ့၊ ပဟာတဗ္ဗ တရားဖြစ်တဲ့ ကိလေသာကို ပယ်ရတယ်၊ ကိလေသာကို ပယ်လိုက်တဲ့အခါ ကံတွေ အဖော်မဲ့သွားတယ်၊ ကိလေသဝဋ်ကို ပယ်လိုက်တာနဲ့ တစ်ပြိုင်နက် ကမ္မဝဋ်ဆိုတာ အလုပ်မဖြစ်တော့ဘူး၊ ကံတွေကို isolated လုပ်ထားလိုက်တယ်၊ ချောင်ပိတ်ခံလိုက် ရတယ်၊ ကိလေသာမပါလို့ ကံတွေက အလုပ်မဖြစ်လို့ရှိရင် ဝိပါကကို မထုတ်လုပ် နိုင်တော့ဘူး။

ရဟန္တာဖြစ်တာကို ကြည့်ပေါ့၊ ပထမဆုံး မြတ်စွာဘုရားကိုပဲ ကြည့်လိုက် - ဗုဒ္ဓဂယာ မဟာဗောဓိပင်အောက်မှာ သစ္စာလေးပါးကိုသိပြီး ဘုရားအဖြစ် ရောက်တယ်ဆိုတာ ကိလေသာကုန်သွားတာကိုပြောတာ၊ ကံကုန်တယ်လို့ပြောလား၊ ကိလေသာ ကုန်သွားတာကိုပဲ ပြောတာ၊ ဒါဖြင့် ဘာကျန်သေးတုန်းဆိုရင် ကံနဲ့ ကိလေသာ တွေက ပေါင်းပြီးထုတ်ထားတဲ့ ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ် ဆိုတာ ကျန်နေသေးတယ်၊ ဒါကြောင့်မို့ သဥပါဒိသေသနိဗ္ဗာန်လို့ ခေါ်တယ်၊ ဥပါဒိဆိုတာ ကံကိလေသာတွေက အကျိုးအဖြစ်ဖြင့် ရယူထားတဲ့ ဝိပါက်နာမက္ခန္ဓာဆိုတဲ့ ခန္ဓာ ကြီးဟာ၊ သေသ - ကျန်နေသေးတယ်လို့ ပြောတာ၊ ဒါဖြင့် ကုန်သွားတာက ဘာတုန်းဆိုရင် ကိလေသာပဲ ကုန်သွားတာ၊ ဒါကြောင့်မို့ ကိလေသပရိနိဗ္ဗာန်လို့လည်း ခေါ်တယ်။

ကုသိနာရုံ အင်ကြင်းပင်အစုံမှာ သက်တော် ၈၀-အရွယ် ပရိနိဗ္ဗာန်ပြုသွား တဲ့အခါ ခုနကပြောတဲ့ ကံကိလေသာတွေက ထုတ်လုပ်ထားတဲ့ ရုပ်နာမ်ခန္ဓာတွေက လည်း ကုန်သွားတယ်၊ ကုန်သွားတဲ့အပြင် အကြောင်းကင်းနေသည့်အတွက် နောက်ထပ် ဆက်စရာဘာမှမရှိတော့ဘူး၊ အဆက်ပြတ်သွားတယ်၊ ဥပမာ- ဖယောင်းတိုင် မီးတောက်ကလေးတစ်ခုဟာ ဖယောင်းဆီလည်း ကုန်သွားပြီ၊ မီးစာလည်း ကုန်သွားပြီ၊ ငြိမ်းသွားဖို့ပဲ ရှိတော့တာပေါ့၊ ဖယောင်းဆီလေး ထပ်ထည့်ဦးမယ် ဆိုရင် လင်းနေဦးမှာပဲနော်၊ အဲဒီမှာ ခုနက ကျန်နေတဲ့အရာ လုံးဝငြိမ်းသွားတာ ကျတော့ ပရိနိဗ္ဗာနလို့ ခေါ်တယ်၊ ပထမရတာက ကိလေသပရိနိဗ္ဗာန်၊ ကုသိနာရုံ မှာကျတော့ ခန္ဓပရိနိဗ္ဗာန် လို့ ခေါ်တယ်။

ကိလေသာအကြောင်းတွေလည်း ကုန်သွားပြီ၊ ကိလေသာကုန်သွားတဲ့ အတွက် ကံဆိုတာ အလုပ်မဖြစ်တော့ဘူး၊ ကံ ကိလေသာတို့က ထုတ်လုပ်ထားတဲ့ အကျိုးတရားလည်း အချိန်စေ့တဲ့အခါ ချုပ်ငြိမ်းသွားတယ်၊ ဘာကျန်သေးတုန်း? ဘာမှ မကျန်တော့ဘူး၊ အကြောင်းတရားတွေက ဖန်တီးထားတဲ့အရာဆိုတာ တစ်ခု မှ မရှိတော့ဘူး၊ သင်္ခါရဆိုတာ တစ်ခုမှ မရှိတော့ဘူး၊ ဒါ ပြောတာ၊ သင်္ခါရ မရှိဘူး ဆိုရင် ဝိသင်္ခါရ သင်္ခါရကင်းတာပဲ ရှိတော့တယ်လို့ ဆိုလိုတာ၊ သင်္ခတ မရှိလို့ရှိရင် ဘာရှိတုန်းဆိုရင် အသင်္ခတ၊ အခုလို အကြောင်းတရားတွေက ဖြစ်စေတဲ့ဟာမျိုး မဟုတ်တော့ဘူး၊ အဲဒီလို ပြောတာ။

အာသေဝနသတ္တိ ဆိုတဲ့နေရာမှာ ကြိယာချင်း အားပေးတဲ့ အာသေဝန သတ္တိပဲ၊ ကုသိုလ် အကုသိုလ်ကျတော့ ကမ္မပစ္စယောပါ ပါတာ၊ ကြိယာကျတော့ ကမ္မပစ္စယော မပါဘူးနော်၊ ကမ္မပစ္စယော မပါသည့်အတွက် ခုနက ကုသိုလ် အကုသိုလ်လို ဘဝတစ်ခုဖန်တီးတာ မရှိဘူး၊ သို့သော် အာသေဝနလို့ဆိုတဲ့ ပဂုဏ အလေ့အကျင့် ရသွားတာတို့ အင်အားကောင်းအောင် လုပ်တာတို့ အင်အား တိုးတက်မြင့်မားသွား စေတာတို့ဆိုတဲ့ စွမ်းရည်သတ္တိကိုတော့ အာသေဝနသတ္တိက ပေးပါတယ်။

အဲဒီမှာ သဘာဝမတူတဲ့အရာတွေကိုတော့ သူတို့က စွမ်းရည်သတ္တိ မပေး ဘူးတဲ့၊ သဘာဝတူတဲ့ အရာတွေကိုသာလျှင် စွမ်းရည်သတ္တိ ပေးပါတယ်လို့ အာသေဝန ပစ္စည်းမှာ ခုလိုမှတ်ကြရမှာ ဖြစ်ပါတယ်၊ ဇောစိတ်တွေဟာ အာသေဝန သတ္တိ ရှိတယ်၊ အာသေဝန စွမ်းရည်သတ္တိနဲ့ ပြည့်စုံတဲ့အရာတွေ ဖြစ်တယ်ဆိုတာ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ပဋ္ဌာန်းတရားတော်ကြီးထဲက အာသေဝနပစ္စည်း ကို နားလည် သဘောပေါက်လို့ရှိရင် တို့တတွေရဲ့သန္တာန်မှာ ကုသိုလ်တွေ ဘာကြောင့် အားကောင်း လာသလဲ၊ အကုသိုလ်တွေ ဘာကြောင့်အားကောင်း လာသလဲ ဆိုတာကို အားလုံး သဘောပေါက်ပြီးတော့ ကုသိုလ်တွေကိုသာ အားကောင်းအောင်လုပ်ပြီး အကုသိုလ် တွေကို အားမကောင်းအောင် လုပ်ဖို့ အင်မတန်မှ အရေးကြီးတယ်။

ကုသိုလ်တရားတွေကို ထူထောင်ပြီးတော့ အကုသိုလ်တရားတွေကို ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်၊ အကုသိုလ်တရားတွေကို မဖယ်ရှားနိုင်သေးသမျှ သံသရာထဲမှာ လည်ကြဦးမှာဖြစ်တယ်၊ ဒါကြောင့်မို့ အကုသိုလ်တရားတွေ ထပ်တလဲလဲဖြစ်ခြင်း ဆိုတဲ့ အာသေဝနသတ္တိကို မရစေဘဲ ကုသိုလ်တရားကိုသာ ထပ်တလဲလဲ ဖြစ်စေခြင်း ဆိုတဲ့ စွမ်းရည်သတ္တိတွေ အလေ့အကျင့်တွေ အင်အားရှိမှုတွေ ဖြစ်စေအောင် ကိုယ်စီကိုယ်စီ သတိထားပြီး ကြိုးစားအားထုတ်နိုင်ကြပါစေကုန် သတည်း။

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၁၀)

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ ဝါခေါင်လဆန်း ၄-ရက်၊ (၂၅-၇-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

ကမ္မပစ္စယော

ဗုဒ္ဓဘာသာဝင်သူတော်စင်တွေ အများအားဖြင့် ကံအကြောင်းကို ပြောလေ့ ရှိကြတယ်၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း, ကံ ကံ၏ အကျိုးကို သိမြင်ခြင်းဆိုတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဟာ ဗုဒ္ဓကို ယုံကြည်ကိုးကွယ်ကြတဲ့ပုဂ္ဂိုလ်တွေရဲ့ အခြေခံ ခံယူချက် ဖြစ်ပါတယ်၊ ကံ ကံ၏အကျိုးကို လက်မခံဘူး၊ ကံ ကံ၏အကျိုးကို ငြင်းပယ်တယ်ဆိုရင် မိစ္ဆာဒိဋ္ဌိအမြင်ပဲ၊ အကုသိုလ်မနောကံ ၃-မျိုးမှာပါတဲ့ မိစ္ဆာဒိဋ္ဌိက ဘာကိုပြောတာတုန်းဆိုရင် ကံ ကံ၏အကျိုးကို ငြင်းပယ်တာ၊ သို့မဟုတ် ကံ၏ အကျိုးကို ငြင်းပယ်တာကိုပြောတာ၊ နတ္ထိကဒိဋ္ဌိလို့ ဆိုတယ်၊ အခြား မိစ္ဆာဒိဋ္ဌိတွေနဲ့ သွားမရောစေနဲ့။

မနောကံထဲမှာပါတဲ့ မိစ္ဆာဒိဋ္ဌိဆိုတာ ပါဠိတော်အဖွင့်တွေထဲမှာ “ကတမာ စ ဘိက္ခဝေ မိစ္ဆာဒိဋ္ဌိ” လို့ဆိုပြီး ရှင်းပြတယ်၊

“နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ၊ နတ္ထိ ဟုတံ”

ဒိန္နံ – ပေးလှူကြောင်း ဒါနစေတနာရဲ့အကျိုးတရားသည်၊
နတ္ထိ – မရှိတဲ့၊
စကားလုံး အနေနဲ့ကတော့
ဒိန္နံ – ပေးလှူခြင်းသည်၊
နတ္ထိ – မရှိတဲ့၊

ပေးလှူခြင်းကို ငြင်းပယ်တာ မဟုတ်ဘူး၊ ပေးလှူခြင်းဒါနစေတနာရဲ့အကျိုးတရားကို ငြင်းပယ်တာ၊ ဒါနကိုပဲ ဒီနေရာမှာ ၃-မျိုးခွဲပြီး ပြောတယ်၊ ယိဋ္ဌဆိုတာ ပူဇော်တာ၊ ဟုတဆိုတာ လက်ဆောင် ပဏ္ဏာပေးတာမျိုး၊ အကုန်လုံး ပေးကမ်းတာချည်းပဲ၊ ဒါနကုသိုလ် ဒါနစေတနာရဲ့ အကျိုးတရားကို ငြင်းပယ်တယ်၊ လက်မခံဘူးဆိုရင် ကံရဲ့အကျိုးတရားကို ငြင်းပယ်တာပဲ။

ပိုပြီး ထင်ရှားတာကတော့ -

“နတ္ထိ သုကဋ ဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော၊”

သုကဋ ဒုက္ကဋာနံ-ကောင်းစွာပြုအပ်, မကောင်းသဖြင့်ပြုအပ်ကုန်သော၊
ကမ္မာနံ- ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့၊
ဖလံ ဝိပါကော - အကျိုးရင်း အကျိုးဆက်ဆိုတာ၊
နတ္ထိ – မရှိဘူး၊

လုံးဝငြင်းပယ်လိုက်တာ၊ ကုသိုလ်ကံရဲ့ ကောင်းကျိုးချမ်းသာ ဆိုတာ မရှိဘူး၊ အကုသိုလ်ကံရဲ့ မကောင်းကျိုး ဆင်းရဲဆိုတာ မရှိဘူးတဲ့၊ ကံကံ၏ အကျိုးကို ငြင်းပယ်တာ။

နောက်ပြီးတော့ ဆက်လက်ငြင်းပယ်တာတွေ ရှိသေးတယ်၊ “နတ္ထိ မာတာ၊ နတ္ထိ ပိတာ” စကားလုံးအတိုင်း ပြောမယ်ဆိုရင် -

မာတာ - အမိသည်၊
နတ္ထိ – မရှိ၊
ပိတာ - အဖသည်,
နတ္ထိ - မရှိတဲ့၊

ဒီလိုပြောရမယ်၊ အမေအဖေ မရှိဘူး ပြောရင် အမေအဖေကို ငြင်းပယ်တယ်၊ အသိအမှတ် မပြုဘူး၊ ဆိုလိုတဲ့အဓိပ္ပါယ်က မာတာ ဆိုတဲ့စကားလုံးက အမိကို ရည်ညွှန်းတာ ဖြစ်သော်လည်းပဲ အဓိပ္ပါယ်ယူတဲ့အခါ မာတာ - အမိပေါ်မှာ ကျေးဇူး ပြုခြင်း စော်ကားခြင်းဆိုတဲ့ အမိနဲ့ စပ်ပြီး ဖြစ်ပေါ်လာတဲ့ ကုသိုလ် အကုသိုလ်ရဲ့ အကျိုးကို ငြင်းပယ်တယ်၊ ဒီလို အဓိပ္ပါယ်ရတယ်ပေါ့၊ ဒါက ဘာတုန်းဆိုရင် materialism ပေါ့၊ နတ္ထိ ပိတာ ဆိုတာလည်း ထို့အတူပဲ၊ အဖေကို ပြုစုလို့ လုပ်ကျွေးလို့လည်း ကုသိုလ်မရဘူး၊ အဖေကို စော်ကားလို့လည်း အကုသိုလ် မဖြစ်ဘူးလို့ ဆိုလိုတယ်၊ အကျိုးတရားကို ငြင်းပယ်တယ်လို့ ဒီလိုဆိုတယ်။

“နတ္ထိ အယံ လောကော”တဲ့၊ တခြားဘဝက ပုဂ္ဂိုလ်တွေအတွက် ဤ လောကဆိုတာ မရှိဘူး၊ “နတ္ထိ ပရော လောကော” ဒီလောကမှာ ရှိနေတဲ့ပုဂ္ဂိုလ် တွေအတွက် နောင်လောကဆိုတာ မရှိဘူး၊ ဆိုလိုတာက ကိုယ့်နေရာ ကိုယ့်ဘဝမှာပဲ ပြတ်ကြတယ်လို့ ဒီလိုပြောတာ၊ ဟိုဂြိုဟ်သားက ဒီဂြိုဟ်ရောက်လာမှာ မဟုတ် ဘူးနော်၊ ဟိုဂြိုဟ်သားကလည်း သေပြီးပျောက်၊ ဒီဂြိုဟ်သားကလည်း ဒီမှာ သေပြီး ပျောက်ဆိုတဲ့ ပုံစံမျိုး၊ ဒီက လောကသားတွေကလည်း ဒီမှာပဲသေပြီး ပျောက်မှာ၊ ဟိုဘက် လောကသားတွေကလည်း ဟိုဘက်မှာပဲသေပြီး ပျောက်သွားမယ်၊ ဥစ္ဆေဒဒိဋ္ဌိလို့ ဆိုတယ်၊ materialism ဆိုတာ ဥစ္ဆေဒဒိဋ္ဌိပေါ့ အဲဒါတွေကို ငြင်းပယ်တာ။

ဘုန်းကြီးတို့ “နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ” ဆိုတဲ့အထဲမယ် ဟောထားတဲ့ အဇိတကေသကမ္မလရဲ့အယူဝါဒ၊ “နတ္ထိ သတ္တာ သြပပါတိကာ” - သေပြီးတော့ ပြန်ဖြစ်တဲ့သတ္တဝါဆိုတာ မရှိဘူးလို့ ကံ ကံ၏အကျိုးတွေကို ငြင်းပယ်တယ်၊ သတ္တဝါ တွေဟာ ဘဝတစ်ခုကနေ ဘဝတစ်ခုသွားနေတယ်ဆိုတာ ကံရဲ့စွမ်းအားနဲ့ သွားနေ တာ၊ ကံကို ငြင်းပယ်နေမှတော့ ဘယ်လိုလုပ်ပြီးတော့ ဒီသတ္တဝါ ဟိုသွား ဒီသွား ဖြစ်နေဦးမတုန်း၊ ဒါကြောင့်မို့ ကံ၏အကျိုးကို ငြင်းပယ်လိုက်တယ်။

ပြီးတော့ ဘာပြောတုန်းဆို “နတ္ထိ သမဏဗြဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ” - အဆင့်အတန်းမြင့်ပြီး ကောင်းတဲ့အကျင့်ကို ကျင့်ပြီးတော့ ဒီလောကကြီးရဲ့ အကြောင်းကို ကိုယ်တွေ့ သိမြင်ပြီးတော့ ဟောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာ မရှိဘူး၊ ဒါက ဘုရားကိုလည်း ငြင်းပယ်တယ်ပေါ့၊ အဲဒီတော့ ဒီ နတ္ထိကဝါဒကိုပဲ မနောကံအရာမှာ မိစ္ဆာဒိဋ္ဌိလို့ ပြောတာ။

“သက္ကာယဒိဋ္ဌိ” ဆိုတဲ့ မိစ္ဆာဒိဋ္ဌိတွေနဲ့ သွားမရောနဲ့ပေါ့၊ အခြေခံကျတာက ကံ ကံ၏အကျိုးကို ငြင်းပယ်မှု ဒီမိစ္ဆာဒိဋ္ဌိက ပိုပြီးတော့ အရင်းခံကျတယ်၊ ဗုဒ္ဓ ဘာသာဝင် ဖြစ်နေလင့်ကစား သက္ကာယဒိဋ္ဌိဆိုတာ မကင်းနိုင်သေးဘူးပေါ့၊ ပရိယုဋ္ဌာနလို့ ခေါ်တဲ့ လွှမ်းမိုးဖြစ်ပေါ်နေမှု မရှိပေမယ့်လို့ သက္ကာယဒိဋ္ဌိ ရှိနေတာပဲ၊ ဒီအယူဟာ အနုသယ အနေနဲ့ ဒိဋ္ဌာနုသယဆိုတာ ဘဝသံသရာက ပါလာတာ၊ သောတာပတ္တိမဂ်နဲ့မှ ပယ်ရှားနိုင်မယ်။

ဒီတော့ ကံ ကံ၏အကျိုးကို ငြင်းပယ်ခြင်းဆိုတဲ့ မနောကံအရာမှာ မိစ္ဆာဒိဋ္ဌိ၊ အဲဒီမိစ္ဆာဒိဋ္ဌိဟာ သဂ္ဂါဝရဏ-နတ်ပြည်ကိုလည်း တားတယ်၊ ဆိုလိုတာက နတ်ပြည် ရောက်ဖို့ မဖြစ်နိုင်ဘူး၊ အဲဒီအယူဝါဒရှိတဲ့ပုဂ္ဂိုလ်က ကောင်းရာသုဂတိ မရောက်ဘူး လို့ ပြောတာ၊ ဘယ်ရောက်မလဲ ကံကို ငြင်းပယ်ထားတာဆိုတော့ မဟုတ်တာ လုပ်တော့မှာပေါ့၊ သူက ကောင်းတာလုပ်လို့ ကောင်းကျိုးချမ်းသာဆိုတာ မရှိဘူး၊ မကောင်းတာလုပ်လို့ မကောင်းကျိုးရဲ့ ဆင်းရဲဒုက္ခဆိုတာ မရှိဘူးလို့ ငြင်းပယ်ထားမှ တော့ သူက ကောင်း, မကောင်း ကိုယ်ကြိုက်တာလုပ်မယ့် သဘောပဲပေါ့၊ ကိုယ် ကြိုက်တာဆိုတာ အများအားဖြင့် ဘာကြိုက်တာတုန်းဆိုတော့ မကောင်းတာ ကြိုက်တာပေါ့၊ ဒါကြောင့်မို့ ဒီမနောကံအရာမှာရှိတဲ့ မိစ္ဆာဒိဋ္ဌိဆိုတာ နတ္ထိကဒိဋ္ဌိကို ရည်ညွှန်းတာလို့ ဒီလိုမှတ်ရမယ်။

တချို့က ရောပြီးတော့ ရေးတတ်တယ်၊ မိစ္ဆာဒိဋ္ဌိဆိုရင် သက္ကာယဒိဋ္ဌိတွေ ရော ဘာတွေရော မနောကံမှာ သွားထည့်တယ်၊ မိစ္ဆာဒိဋ္ဌိ ၆၂-ပါးဆိုတာ ရှိသေး တယ်လေ၊ အတ္တအယူအဆတွေနဲ့ ပတ်သက်တာ၊ ဒါတွေကလည်း Philosophy သဘောမျိုးပေါ့၊ စဉ်းစားတွေးခေါ်တဲ့အခါမှာ သူ့ရဲ့အမြင်တွေဟာ မှားသွားတယ်၊ မစဉ်းစား မတွေးခေါ် ရင် ဖြစ်ချင်မှ ဖြစ်မယ်၊ ဒီဟာကတော့ အခြေခံအကျဆုံးမို့ ကံ ကံ၏အကျိုးကို ငြင်းပယ်တဲ့ ဒီမိစ္ဆာဒိဋ္ဌိကိုသာ ဒုစရိုက်ထဲမှာ ထည့်ထားတယ်၊ သက္ကာယဒိဋ္ဌိတို့က ဒုစရိုက်ထဲမှာ ထည့်တာမဟုတ်ဘူး၊ ဒါကြောင့် မိစ္ဆာဒိဋ္ဌိလို့ဆိုတိုင်း အတူတူလို့ မအောက်မေ့နဲ့ပေါ့။

ဒါကြောင့်မို့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ – ကံ ကံ၏အကျိုးကို လက်ခံပြီဆိုရင် ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ အခြေခံကောင်းရှိတယ်လို့ ပြောရမယ်၊ ကံ ကံ၏အကျိုးကို လက်မခံဘူးဆိုရင် အခြေခံကောင်း မရှိဘူး၊ အဲဒီမိစ္ဆာဒိဋ္ဌိ ရှိနေလို့ရှိရင် မိစ္ဆာဒိဋ္ဌိသည် ဒုစရိုက်အရာဖြစ်ခြင်းကြောင့် ဒီပုဂ္ဂိုလ်အပါယ်ငရဲကျရတယ်၊ သက္ကာယဒိဋ္ဌိ ရှိလို့ အပါယ်ငရဲကျတာတော့ မဟုတ်ဘူး၊ ဒါကြောင့်မို့ ကျမ်းဂန်စာပေတွေမှာ သက္ကာယဒိဋ္ဌိကို မဂ္ဂါဝရဏ - မဂ်ကိုတားတယ်လို့ပြောတာ၊ သဂ္ဂါဝရဏ-နတ်ပြည်ကို မတားဘူးတဲ့၊ သံယုတ်ပါဠိတော်ထဲမှာ မက္ခလိဂေါသာလတပည့်တွေ နတ်ပြည် ရောက်နေတာ ရှိတယ်၊ ဗကဗြဟ္မာကြီးဆိုတာ ကြားဖူးတယ် မဟုတ်လား၊ အေး သူက မိစ္ဆာဒိဋ္ဌိပဲ၊ သူက ဗြဟ္မာကြီး ဖြစ်နေတာပဲ၊ အဲဒီမိစ္ဆာဒိဋ္ဌိက ဘာတုန်းဆိုရင် သက္ကာယဒိဋ္ဌိကို မိစ္ဆာဒိဋ္ဌိလို့ ပြောတာနော်၊ ကံ ကံ၏အကျိုးကိုတော့ သူ လက်ခံ တယ်၊ ဒါကြောင့် ဗြဟ္မာကြီး ဖြစ်နေတာပေါ့၊ အဲဒါ အခု ဘာလို့ပြောရတာတုန်း ဆိုရင် ရောနေတတ်လို့ ပြောရတာနော်။

သက္ကာယဒိဋ္ဌိတို့ အတ္တဒိဋ္ဌိတို့ စတဲ့ မိစ္ဆာဒိဋ္ဌိတွေက မိစ္ဆာဒိဋ္ဌိ ၆၂-ပါးထဲ ပါတော့ ပါတာပေါ့၊ အကျုံးဝင်တယ်၊ ဒါပေမယ့် ဒုစရိုက်အရာမှာပါတဲ့ မိစ္ဆာဒိဋ္ဌိ သည် အဲဒီထဲကဟာကို ရည်ညွှန်းတာ မဟုတ်ဘူး၊ ဘာကို ရည်ညွှန်းတာတုန်းဆိုရင် နတ္ထိကဒိဋ္ဌိကို ရည်ညွှန်းတာ၊ ဒါကို အဓိကထားတယ်ပေါ့၊ အဲဒီတော့ ကံ၏အကျိုး ကို ငြင်းပယ်လိုက်တယ်ဆိုလို့ရှိရင် ကံကိုလည်း ငြင်းပယ်ရာ ရောက်တယ်၊ အကျိုးကို ငြင်းပယ်မှတော့ အကြောင်းလည်း ငြင်းပယ်ပြီးသား ဖြစ်သွားတယ်။

အဲဒါကြောင့် မိစ္ဆာဒိဋ္ဌိအရာမှာ ကျမ်းဂန်စာပေမှာ နတ္ထိကဒိဋ္ဌိကို အဓိက ထားပြီးတော့ ပြောသော်လည်းပဲ နားလည်ရမှာက အကိရိယဒိဋ္ဌိ၊ ကုသိုလ်ကံ အကုသိုလ်ကံဆိုတာ လုပ်လို့ မရဘူး, ကုသိုလ်ကံ အကုသိုလ်ကံဆိုတာ မရှိဘူး ဆိုတဲ့ ငြင်းပယ်ချက် အကိရိယဒိဋ္ဌိ၊ ထိုကုသိုလ်ကံ အကုသိုလ်ကံရဲ့ အကျိုးတရား ဆိုတာ မရှိဘူးလို့ ငြင်းပယ်တာက နတ္ထိကဒိဋ္ဌိ၊ လောကကြီးမှာ သတ္တဝါတွေ ဆင်းရဲ ဒုက္ခရောက်နေ တာပဲဖြစ်စေ ချမ်းသာသုခ ရနေကြတာပဲဖြစ်စေ သတ္တဝါတွေ စင်ကြယ်တာပဲဖြစ်စေ ညစ်နွမ်းတာပဲဖြစ်စေ ဘာအကြောင်းမှ မရှိဘူးလို့ အကြောင်း ကို ငြင်းပယ်တာက အဟေတုကဒိဋ္ဌိ။ အဲဒီဒိဋ္ဌိ ၃-ခုဟာ အင်မတန်မှ အပြစ်ကြီးတယ်၊ နတ်ပြည် ရောက်ဖို့ရာတောင် မဖြစ်နိုင်တဲ့, ကောင်းရာဘုံဘဝကိုတောင် မရောက်စေနိုင်တဲ့, တားတဲ့ မိစ္ဆာဒိဋ္ဌိတွေတဲ့၊ ဒုစရိုက်အရာမှာပါတဲ့ မိစ္ဆာဒိဋ္ဌိ။

သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိ ဆိုတဲ့ ဒိဋ္ဌိတွေကျတော့ မဂ်မရအောင် တားတာ၊ မဂ်ဖိုလ် နိဗ္ဗာန် တရားထူး မရနိုင်ဘူးလို့ ပြောတာ၊ အဲဒီသက္ကာယဒိဋ္ဌိ ရှိရင်၊ အဲဒါ လည်းပဲ စာပေမှာ မိစ္ဆာဒိဋ္ဌိဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး ရောထွေးသွားတတ်လို့ ဒါကို မှတ်ထားဖို့ပေါ့။

အဲဒါ ရောထွေးသွားတတ်သလို နောက်တစ်ခု သုစရိုက်နဲ့ ပတ်သက်ပြီး တော့ ဘာရှိတုန်းလို့ဆိုတော့ သမ္မာဒိဋ္ဌိ၊ သုစရိုက်နဲ့ ပတ်သက်တဲ့ သမ္မာဒိဋ္ဌိ၊ အဲဒီ သမ္မာဒိဋ္ဌိဆိုတဲ့ နေရာမှာလည်းပဲ အတ္ထိကဝါဒကို ပြောတာ၊ အတ္ထိက ဆိုတာ အတ္ထိ ဒိန္နံ၊ အတ္ထိ ယိဋ္ဌံ၊ အတ္ထိ ဟုတံ၊ ဒါနကောင်းမှုတွေရဲ့အကျိုး ရှိတယ်၊ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးတရားဆိုတာ ရှိတယ်လို့ ဒီလို ကံ ကံ၏အကျိုးကို လက်ခံ တာ၊ အဲဒါ သုစရိုက်အရာမှာဖြစ်တဲ့ သမ္မာဒိဋ္ဌိကို ပြောတာ၊ အဲဒီသမ္မာဒိဋ္ဌိက ခုနက သက္ကာယဒိဋ္ဌိကို ဖယ်ရှားတဲ့ သမ္မာဒိဋ္ဌိမျိုး မဟုတ်သေးဘူး၊ အဲဒါ သုစရိုက်အခြေခံ သမ္မာဒိဋ္ဌိလို့ မှတ်ရမယ်။

ဒါကြောင့်မို့ ကံတရားဆိုတာ ရှိတယ်လို့ ဗုဒ္ဓမြတ်စွာ အတိအလင်း ဟောကြားထားလို့ ဗုဒ္ဓမြတ်စွာရဲ့ဒေသနာတော်အရ မြတ်စွာဘုရားဟာ ကမ္မဝါဒ- ကံကိုဟောပြောတယ်၊ ကမ္မဝါဒီ၊ ကိရိယဝါဒီ၊ ကမ္မဝါဒီဆိုတာ ကံကို လက်ခံကျင့်သုံးပြီး ကံအကြောင်းကို ဟောပြောလေ့ရှိတယ်၊ ကိရိယဝါဒီဆိုတာ ကုသိုလ်ကံ အကုသိုလ်ကံ ရှိသည့် အတွက်ကြောင့် ထို ကုသိုလ်ကံ အကုသိုလ်ကံကို လုပ်လို့ရတယ်လို့ ဟောပြောတာ၊ ဒီတော့ ဗုဒ္ဓမြတ်စွာရဲ့ဝါဒဟာ ကမ္မဝါဒနဲ့ ကိရိယဝါဒ၊ ကံရှိတယ်လို့ လက်ခံ ယုံကြည်လို့ ၂၄-ပစ္စည်းမှာလည်း မြတ်စွာဘုရားက ကမ္မပစ္စယောလို့ ကံဟာ ကြီးမားတဲ့ အထောက်အကူတစ်ခု ဖြစ်ကြောင်းကို ဟောထားတယ်။

ကမ္မပစ္စယောမှာ ကမ္မဆိုတာ ပြုလုပ်ခြင်း စွမ်းဆောင်နိုင်ခြင်း၊ စွမ်းဆောင်မှု ပြုလုပ်မှုကို ဖြစ်ပေါ် စေတတ်တဲ့စေတနာမျိုး၊ သုတ္တန်ပါဠိတော်တွေထဲမှာ ကမ္မ ဆိုတာကို “စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” “ချစ်သားရဟန်းတို့ - ကမ္မဆိုတာ တခြားကို ပြောတာ မဟုတ်ဘူး၊ စိတ်စွမ်းအားထဲမှာ လှုံ့ဆော်မှုကို ပေးနိုင်တဲ့ စေတနာစွမ်းအားကို ငါဘုရား ကံလို့ ဟောပါတယ်” လို့ ဒီလိုဟောထားတယ်။ (နိဗ္ဗေဓိကသုတ်၊ အင်္ဂုတ္တရပါဠိ)

စေတနာ ၂-မျိုး

အဲဒီဟောထားတဲ့ ဒေသနာအတိုင်းပဲ အဘိဓမ္မာပါဠိတော်မှာလည်းပဲ ကမ္မ ဆိုတာ စေတနာပဲ၊ အခု ပဋ္ဌာန်းဒေသနာတော်ကြီးမှာလည်းပဲ ကမ္မပစ္စယောဆိုတာ စေတနာကိုပဲ ပြောတာ၊ အဲဒီစေတနာကိုမှ ၂-မျိုး ခွဲတယ်တဲ့၊ .. နာနာက္ခဏိက စေတနာဆိုတာက တစ်မျိုး၊ နာနာက္ခဏိကမှာ နာနာဆိုတာ မတူညီဘူး ကွဲပြားနေ တယ်၊ ခဏဆိုတာ အချိန်ပိုင်း၊ မတူညီတဲ့အချိန်ပိုင်း၊

ဘာတွေ မတူညီတာတုန်း ဆိုတော့ စေတနာလို့ဆိုတဲ့ကံတရား ဖြစ်ပေါ်လာတဲ့ အချိန်ပိုင်းနဲ့ ထိုကံတရားက အကျိုးကို ထုတ်လုပ်တဲ့ အချိန်ပိုင်း၊ ဒီနှစ်ခုဟာ မတူဘူးလို့ ပြောတာ၊ ဒါ နာနာက္ခဏိက လို့ ခေါ်တာ၊ နာနာက္ခဏိက - မတူညီသော အခိုက်အတန့်မှာဖြစ်တဲ့ အကျိုးကို ထုတ်လုပ်တတ်တဲ့ စေတနာမျိုး ကံမျိုးတစ်မျိုး ရှိတယ်တဲ့။

နောက် သဟဇာတစေတနာ၊ သဟဇာတဆိုတာ အတူတကွဖြစ်ပြီးတော့ အကျိုးပြုတဲ့ စေတနာမျိုး၊ အတူတကွဖြစ်ပြီးတော့ ကျန်တဲ့ ယှဉ်ဘက်တရားတွေကို စွမ်းအားပေးတယ်၊ လုံ့လဗျာပါရတွေကို ထောက်ပံ့ကူညီပေးတယ်ဆိုတဲ့ စွမ်းရည် သတ္တိရှိတဲ့ စေတနာမျိုးဟာ သဟဇာတစေတနာလို့ ပဋ္ဌာန်းမှာ ဒီလို နှစ်မျိုး ခွဲလိုက်တယ်။

ပဋ္ဌာန်းမှာ နာနာက္ခဏိကစေတနာကို ကံလို့ ခေါ်သလို သုတ္တန်ပါဠိတော် တွေမှာလည်းပဲ ဒါကိုပဲ ခေါ်တာ၊ ထိုထိုသုတ္တန်တွေမှာ ကံအကြောင်း ဟောတာတွေ မှန်သမျှ နာနာက္ခဏိက လို့ဆိုတဲ့ ကံဖြစ်တဲ့အချိန်နဲ့ အကျိုးထုတ်လုပ်တဲ့အချိန် မတူညီတာဘဲ ပြောနေတာ၊ အရပ်ထဲမှာ လူတွေ ပြောနေကြတယ် - “ကံကောင်း တယ်၊ ကံမကောင်းဘူး၊ ကံတရားအတိုင်းပဲ” နဲ့ ပြောနေကြတာတွေကလည်းပဲ ဟောဒီ နာနာက္ခဏိကကမ္မကိုပဲ ရည်ညွှန်းပြီးတော့ ပြောနေကြတာ။

သဟဇာတကမ္မဆိုတဲ့ ဒုတိယ အမျိုးအစားကိုတော့ အဘိဓမ္မာမှာသာ ပြောတယ်လို့ ဒီလိုနားလည်ရမယ်၊ အဘိဓမ္မာပဋ္ဌာန်းပါဠိတော်မှာသာ သဟဇာတကမ္မ အကြောင်း ပြောတယ်၊ တခြားသုတ္တန်တွေမှာ ကံအကြောင်းပြောပြီဆိုရင် နာနာက္ခဏိကကမ္မ ပဲ။

ကံအကြောင်း ပြောတယ်ဆိုတော့ ဘယ်လိုပြောသလဲ၊ သုတ္တန်ပါဠိတော် တွေမှာ “ကမ္မဿကာ သတ္တာ”၊ သတ္တာ - သတ္တဝါတွေဟာ၊ ကမ္မဿကာ - ကံ သာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြတယ်လို့ ဒီစကားကိုဟောတယ်၊ အဲဒီကံဟာ ဘယ်ကံ ကို ရည်ညွှန်းတာတုန်းဆိုရင် ခုပြောတဲ့ နာနာက္ခဏိကကံကို ရည်ညွှန်းတယ်၊ သဟဇာတ ကို ရည်ညွှန်းတာမဟုတ်ဘူး၊ “ကမ္မဒါယာဒါ” – ကံသာလျှင် အမွေခံဥစ္စာ ရှိကြတယ်၊ “ကမ္မယောနိ”-ကံတည်းဟူသော အကြောင်းရှိကြတယ်၊ “ကမ္မဗန္ဓု” ကံတည်း ဟူသော ဆွေမျိုးရှိကြတယ်၊ “ယံ ကမ္မံ ကရိဿန္တိ ကလျာဏံ ဝါ ပါပကံ ဝါ တဿ ကမ္မဿ ဒါယာဒါ ဘဝိဿန္တိ”တဲ့၊ ကောင်းတဲ့ကံပဲဖြစ်စေ၊ မကောင်းတဲ့ ကံပဲဖြစ်စေ မိမိပြုလုပ်တဲ့ကံရဲ့အကျိုးကို သတ္တဝါတွေဟာ အမွေခံကြရတယ်လို့ ဒီလိုပြောတာ၊ ဒါဟာ နာနာက္ခဏိကကမ္မကို ရည်ညွှန်းပြီးပြောတာ၊ သဟဇာတကမ္မ ကို ရည်ညွှန်းတာ မဟုတ်ဘူး။

ပဋ္ဌာန်းမှာကျတော့ နာနာက္ခဏိကကမ္မက တစ်ခု, သဟဇာတကမ္မက တစ်ခု ဆိုပြီးတော့ ကမ္မနှစ်ခု ခွဲခြားပြီးတော့ ဟောတယ်၊ သုတ္တန်ပါဠိတော်တွေအရဆိုရင် ကံဆိုသည်မှာ ကုသိုလ်စိတ်မှာယှဉ်တဲ့စေတနာ, အကုသိုလ်စိတ်မှာယှဉ်တဲ့ စေတနာ အဲဒီစေတနာသဘာဝတရားကို ကံလို့ ခေါ်တယ်လို့ မှတ်ရမယ်၊ အဘိဓမ္မာပဋ္ဌာန်း ဒေသနာတော်အရ စေတနာမှန်သမျှ ကံပဲ၊ ဝိပါက်မှာပဲယှဉ်ယှဉ် ကုသိုလ်မှာပဲ ယှဉ်ယှဉ် အကုသိုလ်မှာပဲယှဉ်ယှဉ်၊ ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာ ယှဉ်ချင်တဲ့ နေရာမှာယှဉ်၊ စေတနာမှန်သမျှဟာ ကံပဲလို့ဟောတယ်၊ ဒါ မတူညီတဲ့ အချက်ပဲ၊ ကွဲပြားခြားနားစွာသိဖို့ လိုတယ်ပေါ့။

သဟဇာတကမ္မ

သဟဇာတကမ္မဆိုတာ တစ်စုံတစ်ခုကို ထုတ်လုပ်ပြီးတော့ အကျိုးပေးတဲ့ ကံမျိုး မဟုတ်ဘူး၊ ဒါကြောင့်မို့ ပဋ္ဌာန်းပါဠိတော်မှာ -

“သဟဇာတာ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” တဲ့။

သဟဇာတာ စေတနာ - အတူအကွဖြစ်တဲ့ စေတနာတရားသည်၊
သမ္ပယုတ္တကာနံ ဓမ္မာနံ – ယှဉ်ဘက်ဖြစ်တဲ့သဘာဝတရားတို့အား လည်းကောင်း၊
တံ သမုဋ္ဌာနာနံ – ထိုယှဉ်ဘက်ဖြစ်တဲ့ သဘာဝတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့အားလည်းကောင်း၊
ကမ္မပစ္စယေန - သဟဇာတ ကမ္မပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော = ကျေးဇူးပြုတတ်တယ်-

တဲ့၊ ဒီလိုဟောတာ။

ဒီတော့ ဒီ သဟဇာတကမ္မဆိုတာ အရပ်ထဲမှာ ပြောနေတဲ့ ကံအတိုင်းပဲ ဆိုတာနဲ့ မဆိုင်ဘူး၊ ကံကောင်းတယ်၊ ကံမကောင်းဘူးဆိုတာနဲ့ မဆိုင်ဘူး၊ စေတနာ သဘာဝတရားသည် ယှဉ်ဘက်တရားတွေအပေါ်မှာ လုံ့လဗျာပါရလို့ဆိုတဲ့ အစွမ်း သတ္တိတွေကို ပေးနေတယ်၊ စေတနာရဲ့ သဘောတရားက သူကိုယ်တိုင်လည်း အားထုတ်တယ်၊ ကျန်တဲ့သဘာဝတရားတွေကိုလည်း စည်းရုံးပြီးတော့ အားထုတ် စေတယ်၊ ဒါ စေတနာရဲ့သဘောတရား။

စေတနာမှာ အလုပ်နှစ်ခုလုပ်တယ်လို့ ပြောရတယ်၊ ပထမအလုပ်က ကိုယ်တိုင် အားထုတ်ခြင်း ဆိုတဲ့အလုပ်၊ ဒုတိယ အလုပ်က ယှဉ်ဖော်ယှဉ်ဖက် တရား ဓမ္မတွေကို အားထုတ်စေတယ် ဆိုတဲ့အလုပ်၊ ကိုယ်တိုင်က အားထုတ်ခြင်း, ယှဉ်ဘက်တရား တွေကို အားထုတ်စေခြင်းဆိုတဲ့ စွမ်းဆောင်မှုကို ရည်ညွှန်းပြီးတော့ သဟဇာတကမ္မကို ကမ္မပစ္စယောလို့ မြတ်စွာဘုရားက ဟောတာပါ။

ဒီ သဟဇာတာစေတနာကို ကမ္မပစ္စည်းလို့ ဟောထားတာက ပဋ္ဌာန်းကျမ်း ရဲ့ ထူးခြားတဲ့ ဟောပြောချက်တစ်ခုလို့ မှတ်ရမယ်၊ ဒါကတော့ များများပြောစရာ မရှိဘူး၊ စိတ်မှန်ရင် စေတနာရှိတာချည်းပဲ၊ စိတ်အားလုံးမှာ စေတနာယှဉ်တယ်၊ ဘာဖြစ် လို့တုန်း ဆိုတော့ စေတနာဆိုတာ စိတ်အားလုံးမှာယှဉ်တဲ့ စေတသိက် တရားမျိုး၊ ဘယ်စိတ်ပဲဖြစ်ဖြစ် စေတနာဆိုတာပါတယ်၊ စေတနာမပါတဲ့ စိတ်ရယ်လို့ လုံးဝမရှိဘူး၊ အဲဒီ စေတနာ ဆိုတာလည်းပဲ ဒီနေရာမှာ ကံလို့ပြောလိုက်တာ၊ ဒါက သဟဇာတကမ္မ။

နာနာက္ခဏိကကမ္မ

နာနာက္ခဏိကကမ္မကျတော့ ဒါမျိုး မဟုတ်တော့ဘူး၊ ဒါကြောင့်မို့ ပဋ္ဌာန်း ပါဠိတော်မှာ -
“ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယန ပစ္စယော” လို့ ဟောတယ်။

ကုသလာကုသလံ ကမ္မံ - ကုသိုလ်အကုသိုလ်ကံသည် (ဝါ) ကုသိုလ် အကုသိုလ် စေတနာသည်၊
ဝိပါကာနံ ခန္ဓာနံ – ကံတရားက ထုတ်လုပ်တဲ့ ဝိပါက်နာမက္ခန္ဓာတို့အား လည်းကောင်း၊
ကဋတ္တာ စ ရူပါနံ - ကဋတ္တာရုပ်လို့ဆိုတဲ့ ကမ္မဇရုပ်တို့အား လည်းကောင်း၊
ကမ္မပစ္စယေန = ကမ္မပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေ၏။

ဒါက အများပြောနေတဲ့ ကံပဲ၊ ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုး ရတယ်လို့ အများပြောနေကြတဲ့ ကံပဲ၊ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာဆိုတာလည်း ဒါကို ပြောတာ။

ကုသိုလ်ကံနဲ့ အကုသိုလ်ကံသည် ဘယ်သူ့ကို ဖြစ်စေတုန်းဆိုတော့ ဝိပါက် နာမက္ခန္ဓာဆိုတဲ့ အကျိုးတွေကို ဖြစ်စေတယ်၊ နောက် ကဋတ္တာရုပ် ဆိုတဲ့ ကမ္မဇရုပ် တွေကိုလည်း ဟောဒီကံက ဖြစ်စေတယ်နော်၊ ဘဝတစ်ခုမှာ အစပြုတဲ့အချိန်မှာ ကံကနေ ထုတ်လုပ်လိုက်တာ ဝိပါက်နဲ့ ကမ္မဇရုပ်ပဲလေ။

ပဋိစ္စသမုပ္ပါဒ်မှာ ကြည့်မယ်ဆိုလို့ရှိရင် “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့ အပိုင်းကို ကြည့်ရမယ်၊ သင်္ခါရဆိုတာ နာနာက္ခဏိကကမ္မ - ကုသိုလ်ကံနဲ့ အကုသိုလ် ကံ၊ ထိုကုသိုလ်ကံနဲ့ အကုသိုလ်ကံဆိုတဲ့ စေတနာက “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ဆိုတဲ့ အဓိကပဋိသန္ဓေဝိညာဏ်စိတ်ကို ဖြစ်စေတယ်၊ အဲဒီပဋိသန္ဓေဝိညာဏ် စိတ်ကို ပဋိသန္ဓေအခါမှာ ဖြစ်စေပြီးတော့ ပဝတ္တိအခါမှာလည်းပဲ အဲဒီဝိပါက်တွေဟာ ကံတရားရဲ့အကျိုးအနေနဲ့ ဖြစ်ကြတယ်။

ဒီ ဝိပါကဆိုတဲ့ စကားလုံးကိုက “ဝိ” ဆိုတာ ဘာကို ပြောတာလဲ၊ “ပါက” ဆိုတာ ဘာကို ပြောတာလဲဆိုတာ မှတ်ဖို့ လိုတယ်၊ “ဝိ” ဆိုတာ မတူညီတဲ့ သဘာဝတရား၊ ဘာကို ရည်ညွှန်းတာတုန်းဆိုတော့ ကုသိုလ်နဲ့ အကုသိုလ်သည် မတူညီသောသဘာဝ ရှိတယ်၊ ကုသိုလ်နဲ့ အကုသိုလ်သည် ကွဲပြားခြားနားကြတဲ့ သဘာဝတရားတွေ ဖြစ်တယ်၊ အဲဒီကုသိုလ်နဲ့ အကုသိုလ်ကို ရည်ညွှန်းပြီး “ဝိ” လို့ ပြောတာ၊ “ပါက” ဆိုတာ အကျိုးတရားတဲ့၊ ကုသိုလ်အကုသိုလ်တွေက ထုတ်လုပ် လိုက်တဲ့ အကျိုးတရား နာမ်တရားကို “ဝိပါက” လို့ ခေါ်တယ်၊ မြန်မာစကားထဲမှာ လည်းပဲ “ဝိပါက်၊ ဝိပါက်” နဲ့ ပြောကြတယ်လေ။

ဒီနေရာမှာ ဝိပါကဆိုတဲ့ စကားလုံးက အကျိုးမှန်သမျှကို ရည်ညွှန်းတာ မဟုတ်ဘူး၊ ဝိပါက်နာမက္ခန္ဓာလို့ ဆိုတဲ့အတိုင်း စေတနာရဲ့အကျိုးဖြစ်တဲ့ ဝိပါက်စိတ် စေတသိက် တွေကိုသာ ရည်ညွှန်းတယ်၊ ကျန်တာကို မရည်ညွှန်းဘူး၊ ဝိပါက်စိတ်က ၃၆-မျိုး ရှိတယ်။

အဲဒီတော့ “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဆိုတဲ့နေရာမှာ ပဋိသန္ဓေအခါမှာ ဆိုရင် ဘယ်နှစ်ခု ကောက်ရတုန်းဆို - ပဋိသန္ဓေစိတ်က ၁၉-ခု ရှိတယ်၊ ဝိညာဏ အရ စိတ် ၁၉-ခုပဲ ကောက်တယ်၊ ကမ္မပစ္စည်းက ထုတ်လုပ်လိုက်တဲ့ စိတ် ၁၉-ခု ဆိုတာ ဘာတွေလဲဆိုတော့ အကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ ဥပေက္ခာသန္တီရဏစိတ်က တစ်ခု၊ ကုသိုလ်စိတ်ရဲ့အကျိုးဖြစ်တဲ့ ဥပေက္ခာသန္တီရဏစိတ်က တစ်ခု၊ ဝိပါက်စိတ်က ၈-ခု၊ ရူပါဝစရဝိပါက်စိတ်က ၅-ခု၊ အရူပါဝစရဝိပါက်စိတ်က ၄-ခု၊ ပေါင်းလိုက်တော့ အဲဒီ ၁၉-ခုကို ပဋိသန္ဓေစိတ် ၁၉-ခုလို့ ခေါ်တာ၊ အဲဒီပဋိသန္ဓေ စိတ် ၁၉-ခုဟာ ကုသိုလ် အကုသိုလ်စေတနာက ထုတ်လုပ်လိုက်တဲ့ အကျိုးတရားပဲ၊ ဝိပါကာနံခန္ဓာနံ ဆိုတာ ဒါပြောတာ။

နောက် ကျန်တဲ့ဝိပါက်စိတ်တွေရောဆိုတော့ ပဝတ္တိအခါမှာ ထုတ်လုပ်တယ်၊ ပဋိသန္ဓေအခါ ပဝတ္တိအခါလို့ အခါ ၂-မျိုး မှတ်ထားရမယ်၊ ဘဝတစ်ခုအစ ပြုတဲ့ အချိန်ကလေးကို ပဋိသန္ဓေ၊ ဆက်လက်ရှင်သန်ပြီးတော့ သေသည်ထိအောင် ပဝတ္တိ၊ အဲဒီနှစ်ခုလုံးမှာရှိတဲ့ အကျိုးဝိပါက်တွေ မှန်သမျှဟာ ကံက ထုတ်လုပ် တယ်တဲ့၊ ဒါက ကမ္မပစ္စယောနဲ့ဆိုင်တဲ့ အရာတွေ။

ရုပ်တရားနဲ့ ပတ်သက်ပြီး ကမ္မဇရုပ်ဆိုတာ ရှိတယ်၊ အဲဒီ ကမ္မဇရုပ်တွေက လည်းပဲ ဟောဒီကံရဲ့ အကျိုးပဲ၊ ကံကနေ ထုတ်လုပ်လိုက်တာ၊ အဓိကကျတဲ့ ကမ္မဇရုပ် (သို့မဟုတ်) ကံတစ်ခုတည်းကြောင့်ဖြစ်တဲ့ ကမ္မဇရုပ်က ၉-ခု ရှိတယ်၊ မျက်စိအကြည် နားအကြည် နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည် ဆိုတဲ့ ပသာဒရုပ် ၅-ခု၊ ဣတ္ထိဘာဝ ပုမ္ဘာဝလို့ ဆိုတဲ့ ဖိုမရုပ်က ၂-ခု၊ ဟဒယလို့ဆိုတဲ့ အချို့သောစိတ်တို့ရဲ့ မှီရာ တည်ရာဖြစ်တဲ့ရုပ်က ၁-ခု၊ နောက် ဇီဝိတရုပ်၊ ပေါင်းလိုက် တဲ့အခါကျတော့ ၉-ခု၊ အဲဒီ ၉-ခုသော ရုပ်တွေဟာ ကံသက်သက် ကြောင့်ပဲ ဖြစ်တယ်၊ ဒါ ကံကနေ ထုတ်တာ။

ဓာတ်ကြီးလေးပါးတို့ ဓာတ်ကြီးလေးပါးနဲ့ အမြဲတမ်းမှီတွဲပြီးနေတဲ့ ဥပါဒါရုပ်တို့ အဋ္ဌကလာပ် ရုပ် ၈-ခုပေါ့ အဋ္ဌကလာပ်ရုပ် ၈-ခု က ကံက ထုတ်တာ ရှိတယ်၊ စိတ်ကထုတ်တာ ရှိတယ်၊ ဥတုကထုတ်တာ ရှိတယ်၊ အာဟာရကထုတ်တာရှိတယ်၊ မတူညီဘူးပေါ့၊ အဲဒီတော့ ကံသက်သက်က ထုတ်တာတော့ ခုနက ၉-ခုပေါ့၊ အခုပြောခဲ့တဲ့ အဲဒီ ၉-ခုနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကျန်တဲ့ရုပ်ပေါ့၊ အဲဒါတွေကို ကဋတ္တာ ရုပ်လို့ ခေါ် တယ်၊ ကမ္မဇရုပ်ကို ပဌာန်းပါဠိတော်က ကဋတ္တာရုပ်လို့ သုံးတယ်။ ဒါကြောင့်မို့ ပဋ္ဌာန်းပါဠိတော်မှာ -
“ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” တဲ့။

ကုသလာကုသလံ ကမ္မံ - ကုသိုလ်အကုသိုလ်စေတနာသည်၊
ဝိပါကာနံ ခန္ဓာနံ – ဝိပါက်နာမက္ခန္ဓာတို့အားလည်းကောင်း၊
ကဋတ္တာ စ ရူပါနံ - ကဋတ္တာရုပ် လို့ဆိုတဲ့ ကမ္မဇရုပ်တို့အားလည်းကောင်း၊
ကမ္မပစ္စယေန - နာနာက္ခဏိကကမ္မပစ္စယ သတ္တိဖြင့်၊
ပစ္စယောဥပကာရကော - ကျေးဇူးပြုတတ်သည်၊
ဟောတိ - ဖြစ်၏

လို့ ကမ္မပစ္စယောမှာ ကံအကြောင်းကို ဒီလိုဟောတယ်၊ ကံအကြောင်းက ပြောရမယ် ဆိုလို့ရှိရင် အင်မတန်မှ ကျယ်ပြန့်တယ်ပေါ့။

အကုသလကမ္မ

နာနာက္ခဏိကကမ္မ ဖြစ်တဲ့ . အကုသိုလ်စေတနာကိုကြည့်၊ အကုသိုလ် စေတနာနဲ့ ပတ်သက်ပြီးပြောမယ်၊ အကုသိုလ်စိတ် ၁၂-ခုလုံးဟာ စေတနာနဲ့ ယှဉ် တာချည်းပဲ၊ အကုသိုလ်စိတ် ၁၂-ခုလုံးမှာ ရှိတဲ့စေတနာသည် အကုသိုလ်ကံနော်၊ အကုသိုလ်ကံ ဘယ်နှစ်ခုရှိလဲလို့ ပြောရင် အကုသိုလ်စိတ် ၁၂-ခု ရှိသည့်အတွက်ကြောင့် စေတနာ ၁၂-ခု ရှိတယ်။

စိတ်နဲ့ ပြောမယ်ဆိုရင် လောဘမူစိတ် ၈-ခုမှာ စေတနာ ၈-ခု၊ ဒေါသမူစိတ်၂-ခုမှာ စေတနာ၂-ခု၊ မောဟမူစိတ်၂-ခုမှာ စေတနာ၂-ခု၊ ပေါင်းလိုက်ရင် ၁၂-ခု၊ အဲဒီ ၁၂-ခုထဲက မောဟမူစိတ်ထဲမှာ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်လို့ ဆိုတဲ့ နောက်ဆုံး အကုသိုလ်စိတ်မှာ ဥဒ္ဓစ္စနဲ့ ယှဉ်လာတဲ့ စေတနာ ပဋိသန္ဓေအကျိုးကို မထုတ်လုပ် ဘူးတဲ့၊ ဘဝတစ်ခုကို အကျိုးမပေးနိုင်ဘူးပေါ့။

ဒါကြောင့် ဥဒ္ဓစ္စစေတနာ မပါတဲ့ အကုသိုလ်စေတနာ ၁၁-ခုသည် အကုသလ ဝိပါက် ဥပေက္ခာသန္တီရဏစိတ် ဆိုတဲ့ ပဋိသန္ဓေအကျိုးကို ထုတ်လုပ်ပါတယ်တဲ့၊ ကမ္မပစ္စယ သတ္တိနဲ့ ထုတ်လုပ်တယ်၊ ဥဒ္ဓစ္စစေတနာကတော့ ပဋိသန္ဓေ အကျိုးကို မပေးဘူးတဲ့၊ ကျန်တဲ့စေတနာတွေအကုန်လုံး ပဋိသန္ဓေအကျိုးကို ပေး နိုင်တယ်၊ သူတို့ပေးတဲ့ ပဋိသန္ဓေအကျိုးဆိုတာ ဘယ်ဝိပါက်စိတ်လဲလို့ ပြောလို့ရှိရင် အကုသလ ဝိပါက် ဥပေက္ခာသန္တီရဏစိတ်။

ပဋိသန္ဓေစိတ်ချင်း တူပါ လျက်သားနဲ့ ခံရတဲ့ဒုက္ခချင်းကျတော့ တူရဲ့လား၊ မတူဘူး၊ ဘာဖြစ်လို့ ကွဲပြား ခြားနားရသလဲ? စဉ်းစားစရာတစ်ခု၊ အကုသိုလ်က အကျိုးပေးလိုက်တဲ့ သန္ဓေ စိတ်ချင်း တူလျက်သားနဲ့ ငရဲဘုံမှာဖြစ်တဲ့ အကုသလဝိပါက် ဥပေက္ခာသန္တီရဏနဲ့ သန္ဓေနေတဲ့ ငရဲသားတွေကျတော့ နိရယဆိုတာ ချမ်းသာသုခ တစ်စက်မှမရှိတဲ့ ဘုံဘဝ၊ အင်မတန်မှ ဆင်းရဲတယ်၊ ဒါ အဆိုးဆုံးကို ပြောမယ်ဆိုရင်နော်၊ သူ့ထက် နည်းနည်း သက်သာတာက တိရစ္ဆာန်၊ အသူရကာယ်တို့ ပြိတ္တာတို့က အပါယ်ဘုံထဲ မှာ သက်သာတယ်လို့ ပြောရမယ်၊ အဲဒီထက် ဆိုးတာက တိရစ္ဆာန်၊ တိရစ္ဆာန်ထက် ဆိုးတာက ငရဲ၊ ဒီလို သွားတယ်နော်။

မြတ်စွာဘုရားက မဟာသီဟနာဒသုတ်မှာ ဟောထားတာ ရှိတယ်၊ ငရဲဘုံ ကို မီးကျီးတွင်းနဲ့ ဥပမာပေးထားတယ်၊ တိရစ္ဆာန်ဘုံရောက်တဲ့ပုဂ္ဂိုလ်တွေကျတော့ မစင်တွင်းကျတာနဲ့ တူတယ်၊ ပြိတ္တာကိုတော့ အင်မတန်မှ ပူပြင်းတဲ့နေရာမှာ အောက်ခံမြေက ကျောက်ဆူးငုတ်တွေ ထွက်ပြီးတော့ အင်မတန်မှ ကြမ်းတမ်းတဲ့မြေပေါ်မှာ ပေါက်တဲ့ အရိပ်ကျဲတဲ့သစ်ပင်၊ အဲဒီသစ်ပင်ရိပ်မှာနေရတဲ့ ဒုက္ခမျိုးနဲ့ တူတယ်လို့ ပြိတ္တာကို အဲဒီလိုဟောတယ်၊ ဥပမာပေးထားတာလေးတွေနော်။

အဲဒီတော့ သန္ဓေစိတ်ချင်းက တူလျက်သားနဲ့ ငရဲဘုံက သတ္တဝါတွေ ဘာလို့ ပိုဒုက္ခရောက်တုန်းဆိုရင် အကုသိုလ်လုပ်တဲ့စွမ်းအားချင်း မတူဘူးလို့ ဒီလို ပြောရမယ်၊ ဘယ်အရာပဲဖြစ်ဖြစ် level တို့ degree တို့ဆိုတာ ရှိတယ်နော်၊ ကုသိုလ် လုပ်လည်းပဲ ကုသိုလ်စိတ်စွမ်းအားချင်း တူရဲ့လား၊ မတူဘူး၊ ဆိုလိုတာက quality မတူဘူး၊ ကံတရားရဲ့ quality မတူဘူး။

အဲဒါလိုပဲ ကံတရားရဲ့ quality အရ ထုတ်လုပ်လိုက်တဲ့ အကျိုးတရားတွေ ဟာ quality ချင်း ကွာသွားတယ်တဲ့၊ ငရဲကျတဲ့အခါကျတော့ quality အမြင့်ဆုံး ပေါ့၊ အဲဒါကြောင့်မို့လို့ အခံရဆုံးလို့ ပြောရမှာပေါ့၊ သူ့ထက်နည်းနည်း quality လျော့ရင် တိရစ္ဆာန်ပေါ့၊ ဒီ့ထက် လျော့သွားလို့ရှိရင် ပြိတ္တာပေါ့၊ သန္ဓေစိတ်ချင်း တူပေမယ့်လို့ သူတို့ခံစားရတာချင်း မတူဘူး။

ထို့အတူပဲ ကြည့် - လူစဉ်မမီတဲ့လူတွေရဲ့သန္ဓေစိတ်ကျတော့ ကုသလ ဝိပါက် ဥပေက္ခာသန္တီရဏ လို့ ခေါ်တယ်၊ သာမန်လူသားတွေ လူစဉ်မီတဲ့လူသား တွေရဲ့ ပဋိသန္ဓေစိတ်ဟာ မဟာဝိပါက်စိတ်ပဲ၊ နတ်ပြည် ၆-ထပ်မှာဖြစ်တဲ့ နတ်တွေ ရဲ့ ပဋိသန္ဓေစိတ်ကလည်း မဟာဝိပါက်စိတ်ပဲ၊ သို့သော် ချမ်းသာသုခရတာချင်း တူကြရဲ့လား၊ မတူဘူး၊ ဒါလည်း စဉ်းစားကြည့်ပေါ့၊ ဒါဖြင့် မတူတာ ဘာဖြစ်လို့ မတူတာတုန်းလို့ အဖြေရှာရင် quality မတူဘူးလို့ ပြောရမယ်။

လူ့ဘုံလူ့ ဘဝကို မြတ်စွာဘုရားက ဘာနဲ့ ဥပမာပေးထားတုန်း လို့ဆိုတော့ အရိပ်ကောင်းကောင်းသစ်ပင်နဲ့ ဥပမာပေးထားတယ်၊ အင်မတန်အရိပ်ကောင်းတဲ့ သစ်ပင်ကြီးအောက်မှာ ထိုင်နေရပြီးတော့ “ေဩာ် အေးလိုက်တာ” ဆိုတဲ့ အနေအထားမျိုး၊ သို့သော် အရိပ်ကောင်းတဲ့ သစ်ပင်ကြီးဥပမာ။

နတ်ဘုံနတ်ပြည်ကျတော့ မြတ်စွာဘုရားက ဘာနဲ့ ဥပမာပေးထားတုန်း ဆိုရင် လေလုံမိုးလုံ တိုက်ခန်းကြီးမှာ မွေ့ရာကြီးနဲ့ ဆိုဖာကြီးနဲ့ ခုတင်ကြီးနဲ့ အင်မတန် ဇိမ်ရှိတဲ့ အိပ်ခန်းကြီးနဲ့ အလားသဏ္ဌာန်တူတယ်တဲ့၊ လေလုံမိုးလုံဆောက် ထားတဲ့ အိပ်ခန်းကြီးနဲ့ အလားတူတယ်။

ကဲ လေလုံမိုးလုံဆောက်ထားပြီးတော့ မွေ့ရာနဲ့ ခုတင်နဲ့ ဆိုဖာတွေနဲ့ ခုနက သစ်ပင်အောက်က အနေအထားနဲ့ တူပါ့မလား၊ မတူဘူးတဲ့၊ အဲဒီတော့ နတ်ပြည်နဲ့ လူ့ပြည်ဟာ အဲဒီလို ကွာခြားတယ်လို့ ဥပမာတွေပေးတားတာ ရှိတယ်ပေါ့၊ ဘာဖြစ်လို့ကွာတုန်းဆိုရင် ကုသိုလ်လုပ်တဲ့ quality မတူဘူးပေါ့ အကျိုးပေးတဲ့ကံက quality မတူတာ၊ ဒီသဘောလေးတွေက သတိထားစရာပေါ့။

ကဲ ကောင်းပြီ - အကုသိုလ်စေတနာက ဥပေက္ခာသန္တီရဏလို့ဆိုတဲ့ သန္ဓေ အကျိုးလေးကို ပဋိသန္ဓေအခါမှာ ပေးတယ်၊ အဲဒီပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ အကုသိုလ်စေတနာဟာ ဥဒ္ဓစ္စစေတနာမပါတဲ့ ၁၁-ခု၊ ဒါဖြင့် ဥဒ္ဓစ္စသမ္ပယုတ်စိတ်မှာ ယှဉ်တဲ့ စေတနာက ဘာဖြစ်လို့ သန္ဓေအကျိုး မပေးတာတုန်းဆိုတော့ သန္ဓေအကျိုး ပေးနိုင်လောက်တဲ့ စွမ်းရည်သတ္တိ သူ့မှာမရှိဘူး၊ ဥဒ္ဓစ္စသမ္ပယုတ်စိတ်ဆိုတာ ဥဒ္ဓစ္စ လွှမ်းမိုး နေတယ်၊ ဥဒ္ဓစ္စဆိုတာ မတည်ငြိမ်ဘဲ ပျံ့လွင့်နေတဲ့ သဘောတရား၊ အဲဒီ ပျံ့လွင့် နေတဲ့စိတ်မှာယှဉ်ရတဲ့ စေတနာဟာလည်း တည်ငြိမ်မှု မရှိသည့်အတွက်ကြောင့် ပဋိသန္ဓေစိတ်တစ်ခုဖြစ်ဖို့ဆိုတဲ့ စွမ်းအားသတ္တိတွေ သူ့မှာ မပြည့်စုံဘူး၊ ဒီလိုစဉ်းစားမယ်ဆိုရင် စဉ်းစားလို့ ရနိုင်တယ်ပေါ့နော်။

ကဲ ကောင်းပြီ - သူက ပဝတ္တိအကျိုးကိုတော့ ပေးတယ်၊ အကုသိုလ် စေတနာ ၁၂-ခုလုံးသည် ပဝတ္တိအကျိုးကို ပေးတယ်၊ သူပေးတဲ့အကျိုးက ဘာတွေ တုန်းလို့ဆိုရင် စာလိုပြောရအောင် - စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှာဝိညာဏ်၊ ကာယဝိညာဏ်၊ သမ္ပဋိစ္ဆိန်း၊ သန္တီရဏ၊ ၇-ခု ရှိတယ်နော် အဲဒါတွေက အကုသိုလ်က ထုတ်လုပ်တာချည်းပဲ၊ အကုသိုလ်ကထုတ်တဲ့ စက္ခုဝိညာဏ်က ဘာကို အကြောင်း ပြုပြီး ပေါ်တုန်းဆိုရင် အနိဋ္ဌာရုံကို မြင်ပြီး ပေါ်တဲ့ စိတ်၊ မကောင်းတဲ့ အာရုံ အလိုမရှိအပ်တဲ့အာရုံကို အနိဋ္ဌာရုံလို့ ခေါ်တယ်နော်။

ဣဋ္ဌာရုံ အနိဋ္ဌာရုံ သတ်မှတ်ချက်

ဒါဖြင့် အလိုမရှိအပ်ဘူး ဆိုတာကို တစ်ယောက်က အလိုရှိတယ်၊ တစ်ယောက်က အလိုမရှိဘူးဆိုရင် ဘယ်လိုလုပ် သတ်မှတ်မလဲ၊ ဒါ ယေဘုယျ စကားအနေနဲ့ ပြောရမယ်နော်၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံနဲ့ ပတ်သက်လာလို့ရှိရင် generally speaking ယေဘုယျအားဖြင့်သာ သုံးသပ်ပြီး ပြောရတယ်၊ အများစုက အကောင်းလို့ သတ်မှတ်ရင် ဣဋ္ဌာရုံ၊ အများစုက အနိဋ္ဌလို့ သတ်မှတ် ထားရင် အနိဋ္ဌာရုံလို့ ဒီလိုပဲ သတ်မှတ်ရမယ်၊ ဒါ ယေဘုယျသတ်မှတ်ချက်။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် စိတ်ချမ်းသာမှုကို ဘယ်သူ့ကိုမှ မပေးနိုင်ရင် ဒါ အနိဋ္ဌာရုံအစစ်ပဲနော်၊ အဲဒီအာရုံကို မြင်ပြီးဖြစ်တဲ့ စက္ခုဝိညာဏ်စိတ်သည် အကုသိုလ် ရဲ့အကျိုးပါတဲ့၊ မကောင်းတာ မြင်ပြီးတော့ ဖြစ်ပေါ်ရတဲ့ အကုသိုလ်ရဲ့ အကျိုးစိတ်၊ အသံကလည်းပဲ ကြောက်လန့်စဖွယ် အလိုမရှိအပ်တဲ့ အသံဆိုး၊ အဲဒီအသံကို ကြားပြီး ဖြစ်ရတဲ့ သောတဝိညာဏ်စိတ်ဟာလည်း အကုသိုလ်ရဲ့ အကျိုးပဲ၊ နှစ်သက် စရာမကောင်းတဲ့ အနံ့ကို နံပြီးတော့ ဖြစ်ပေါ်လာရတဲ့ ဃာနဝိညာဏ်စိတ်၊ နှစ်သက် စရာမကောင်းတဲ့ အရသာကို ခံပြီး ဖြစ်ပေါ် လာတဲ့ ဇိဝှာဝိညာဏ်စိတ်၊ မကောင်းတဲ့ အထိအတွေ့ (ဥပမာ - ခြေထောက် ခလုတ်တိုက်ရင် မနာဘူးလား၊) အလိုမရှိအပ်တဲ့ အထိအတွေ့ကို အာရုံပြုပြီး ဖြစ်ပေါ်လာတဲ့ ကာယဝိညာဏ်စိတ်ဟာ အကုသိုလ် ရဲ့အကျိုးပဲ၊ ဒီလို သတ်မှတ်တာ။

ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ စဉ်းစားကြည့် - မြင်သိစိတ်တွေ ဖြစ်တယ်၊ ကြားသိ စိတ်တွေ ဖြစ်တယ်၊ နံသိစိတ်တွေ ဖြစ်တယ်၊ လျက်သိစိတ်တွေ ဖြစ်တယ်၊ ဖြစ်သမျှ စိတ်တွေဟာ ခုနက အလိုမရှိအပ်တဲ့ အာရုံတွေပေါ်မှာ မှီတည်ပြီး ဖြစ်တယ်ဆိုရင် ဒါ အကုသိုလ်ရဲ့အကျိုးလို့ ဒီလိုသတ်မှတ်ပါတယ်။

ကောင်းတဲ့အာရုံကို ဣဋ္ဌာရုံခေါ် တယ်၊ အဲဒီဣဋ္ဌာရုံကိုမြင်ပြီး ဖြစ်ရတဲ့ မြင်သိ စိတ်၊ ကြားပြီးဖြစ်ရတဲ့ ကြားသိစိတ်၊ နံသိစိတ်၊ လျက်သိစိတ်၊ ထိသိစိတ်တွေကျတော့ ကုသိုလ်ရဲ့ အကျိုးလို့ ဒီလိုပြောတယ်။

အဲဒီကုသိုလ်ရဲ့အကျိုးဟာ ငရဲဘုံမှာလည်း ရှိနိုင်သေးတယ်၊ သာမန်အားဖြင့် တော့ ငရဲဘုံမှာ အနိဋ္ဌာရုံချည်းပဲ၊ သို့သော် ရှင်မဟာမောဂ္ဂလာန်လို တန်ခိုးရှင်က တရားဟောတဲ့အခါ ငရဲမီးငြိမ်းသွားတဲ့အချိန်လေးမှာ ရှင်မဟာမောဂ္ဂလာန်ကို ဖူးလိုက်ရတာဟာ ဒါ ဣဋ္ဌာရုံပဲ၊ တရားသံ ကြားလိုက်ရတာ ဒါ ဣဋ္ဌာရုံပဲ၊ အဲဒီအချိန်လေးမှာ ငရဲသားတွေရဲ့သန္တာန်မှာ ဣဋ္ဌာရုံဖြစ်နိုင်သေးတယ် ပေါ့၊ ကောင်းတဲ့အာရုံတွေကြောင့်ဖြစ်လို့ ကုသိုလ်ရဲ့ အကျိုးလို့ ဒီလို သတ်မှတ် ရတယ်။

ဒီတော့ အကုသိုလ်ရဲ့အကျိုးက ပဋိသန္ဓေအကျိုး ပဝတ္တိအကျိုးဆိုတော့ - ပဝတ္တိ အကျိုးကို ကြည့်လိုက်ဦးမယ်၊ အခုပြောတဲ့ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှာဝိညာဏ် ကာယဝိညာဏ် သမ္ပဋိစ္ဆိန်း သန္တီရဏဆိုတာ ပဝတ္တိ အကျိုးတွေ၊ အကုသလဝိပါက်စိတ် ၇-ခုလို့ ခေါ်တယ်၊ အဲဒီအကုသလဝိပါက်စိတ် ၇-ခုဟာ ဘာနဲ့ အလားသဏ္ဌာန်တူတုန်းဆိုရင် ဝေဒနာအားဖြင့် ပြောမယ်ဆိုရင် ဥပေက္ခာဝေဒနာတွေ များတယ်၊ သို့သော် ကာယဝိညာဏ်စိတ်ကတော့ ဒုက္ခသဟဂုတ်။

ဒါကြောင့်မို့ အဲဒီ အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်ကို သံကိစ္စဇာတ်မှာ “ပျားရည် ၆-စက်ထဲမှာ သံပူရည်တစ်စက် ထည့်လိုက်သလိုပဲ” လို့ ရေးထားတယ်၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်ကို ပြောတာ၊ ဒုက္ခကပဲ လွှမ်းမိုးသွားတယ်၊ ဒါကြောင့်မို့ ငရဲသားတွေက သက်သာတဲ့အချိန်ဆိုတာ မရှိဘူး၊ ဒုက္ခသဟဂုတ်က ကြီးစိုးနေတယ်။

ဖြစ်လာတဲ့အချိန်ချင်း ကွာခြားတယ်၊ ဒီဘဝနဲ့ ဟိုဘဝ ကွာတာ ရှိတယ်၊ ဟိုကမ္ဘာနဲ့ ဒီကမ္ဘာ ကွာတာ ရှိတယ်နော်၊ အဲဒါကို နာနာ ခဏိကလို့ ပြောတာ။

အခုလုပ် အခုအကျိုးမပေး

စေတနာဟာ အခုလုပ် အခုအကျိုးမပေးဘူး၊ ပဋိဋ္ဌာန်းအဋ္ဌကထာက ရှင်းတယ်၊ ကံရဲ့သဘောတရားက ကံတစ်ခုက အကျိုးပေးနေ သေးလို့ရှိရင် ထိုကံနဲ့ သဘာဝချင်းတူရင် အထောက်အကူပြုမယ်၊ သဘာဝချင်း မတူရင် အဟန့်အတားတွေ လုပ်မယ်၊ အင်အားကောင်းလာရင် ဖြတ်တောက်ပစ် တယ်၊ ဒါ ကံရဲ့သဘာဝပဲ။

အခု လူ့ဘဝဆိုတာ ကုသိုလ်ကံတစ်ခုကနေ အကျိုးပေးထားတာ၊ အခု နောက်ထပ် လုပ်တဲ့အသစ်ကံက ထိုအတိတ်က လုပ်ထားတဲ့ ကုသိုလ်ကံရဲ့ အကျိုး တရားကို ပယ်ဖျက်နိုင်စွမ်း မရှိဘူးပေါ့၊ ဒါကြောင့်မို့ နာနာ ခဏိက၊ လုပ်နေတုန်း တော့ အကျိုးမပေးသေးဘူး၊ အချိန်တန်တဲ့အခါမှ အကျိုးပေးတယ်။

တစ်နည်းအားဖြင့်ဆိုရင်တော့ တခြားအကြောင်းတွေကိုလည်း ငဲ့ရသေးတယ်၊ တခြား အကြောင်းတွေနဲ့ တွဲဖက်မှသာ အကျိုးပေးနိုင်တယ်လို့ ဒီလိုနားလည်ရတယ်။

ကုသလကမ္မ

ကုသိုလ်နဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင် ကာမာဝစရကုသိုလ်ပဲ ပြောကြပါစို့၊ ကာမာဝစရကုသိုလ်ဆိုတာ ဒါနကောင်းမှု သီလကောင်းမှု ဘာဝနာ ကောင်းမှု၊ ဒီသုံးမျိုး၊ ကာယကံ ဝစီကံ မနောကံလို့ဆိုတဲ့ ဒီ ၃-မျိုးပေါ့၊ ကုသလ ကမ္မပထတရား ၁ဝ-ပါးကို လိုက်နာကျင့်သုံးပြီဆိုရင် ပဋိသန္ဓေအကျိုးအနေနဲ့ ဘာပေးတုန်းဆိုရင် အတော့်ကိုညံ့တဲ့ကုသိုလ်ဆိုရင် ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် ဆိုတဲ့ အကျိုးပေးတယ်၊ ဆိုလိုတာက လုံးဝအဆင့်မမီတဲ့ သန္ဓေကျိုး၊ အဲဒီစိတ်နဲ့ သန္ဓေတည်လာတဲ့ ပုဂ္ဂိုလ်ဆိုရင် ပဋိသန္ဓေတည်ကတည်းက မျက်စိပါမလာဘူး၊ သန္ဓေကန်းတို့ ဆွံ့အ နားမကြားတို့ ဒါမျိုးတွေ ဖြစ်လာတယ်၊ ဆေးပညာကတော့ တခြားအကြောင်းတွေ ပြောမှာပေါ့၊ အဲဒီ တခြားအကြောင်းတွေ ဖြစ်ရတာ ဘာကြောင့်တုန်းဆိုရင် ကံကြောင့်ပဲ။

ကောင်းပြီ - ဒီ့ထက်ကောင်းတဲ့ အကျိုးတရားကျတော့ ဘာတွေတုန်းဆိုရင် မဟာဝိပါက် ၈-ခုဆိုတဲ့ ပဋိသန္ဓေပဲ၊ ဥပေက္ခာသန္တီရဏတစ်ခု၊ မဟာဝိပါက် ၈-ခု၊ ပေါင်းလိုက်လို့ရှိရင် ပဋိသန္ဓေအကျိုး ၉-ခု ပေးတယ်၊ ဒါ ပဋိသန္ဓေအခါမှာ၊ ပဝတ္တိ အခါမှာကျတော့ အဟိတ်ကုသလဝိပါက်စိတ် ၈-ခုနဲ့ မဟာဝိပါက်စိတ် ၈-ခု၊ ပေါင်း လိုက်ရင် ၁၆-ခု ရှိတယ်၊ ပဝတ္တိအခါ အကျိုးတရားတွေက ပိုများတယ်၊ ဒါ ကာမာဝစရကုသိုလ်ရဲ့အကျိုးတရား။

အဲဒီ အကျိုးတရားတွေဟာ ကံဖြစ်နေတဲ့အချိန်တုန်းက မပေါ် သေးဘူးတဲ့၊ ကံတရားချုပ်ငြိမ်းသွားတဲ့အခါမှာ ပေါ်တယ်၊ ဒါကြောင့်မို့ နာနာက္ခဏိကကမ္မ၊ ကံ တရားဖြစ်တဲ့အချိန်က တစ်ချိန်၊ ဖြစ်ချုပ်ပြီးသွားတော့မှ အကျိုးပေးတာ ဖြစ်သော ကြောင့် နတ္ထိ, ဝိဂတဆိုတဲ့ပစ္စည်းမျိုးထဲမှာ ပါတယ်လို့ ဒီလိုပြောရမယ်၊ အဲဒီမှာ ပဋိသန္ဓေကျိုးက ၉-ခု၊ ပဝတ္တိအကျိုးက ၁၆-ခု၊ လူ့ပြည်နတ်ပြည်မှာ ဒီအကျိုးတရား တွေ ရတယ်၊ အဘိဓမ္မာလေ့လာမယ်ဆိုရင် ဒီထက်အသေးစိတ်တာပေါ့။

နောက်တစ်ခုကြည့်ရအောင် - ဈာန်ကုသိုလ်တွေက ဆိုင်ရာဆိုင်ရာအကျိုး တွေကို ထုတ်လို့ရှိရင် ရူပါဝစရကုသိုလ် ၅-ခုသည် ရူပါဝစရဝိပါက် ၅-ခုလို့ ဆိုတဲ့ ပဋိသန္ဓေအကျိုးကို ပေးတယ်၊ ပဝတ္တိအကျိုးလည်းပဲ အဲဒါပဲ၊ ပဋိသန္ဓေအကျိုးနဲ့ ပဝတ္တိအကျိုး နှစ်ခုအတူတူပဲ၊ အဲဒီကနေ အဆင့်မြင့်ပြီးတော့ ဈာန်တရားကို ဆက် အားထုတ်လို့ရှိရင် အရူပါဝစရကုသိုလ်ဆိုတာ ဖြစ်တယ်၊ အရူပဈာန်တွေ ရပြီး အဲဒီ အရူပဈာန်ကုသိုလ်ရဲ့အကျိုးက အရူပဝိပါက် ၄-ခုဆိုတဲ့ ပဋိသန္ဓေကျိုးနဲ့ ပဝတ္တိ အကျိုးကို ရတယ်၊ ဒါက လောကီဘက်ဆိုင်ရာ ကံတရားတွေ။

ကံကိုပယ်တဲ့ကံ

လူတွေမသိကြတဲ့ ကံတရား ရှိသေးတယ်၊ လောကုတ္တရာပိုင်း ကြည့်လိုက်၊ ဝိပဿနာ ကျင့်စဉ်တစ်ခုကို ကျင့်လို့ အောင်အောင်မြင်မြင် ဖြစ်ပြီးတဲ့နောက်မှာ ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး နောက်ဆုံးအနေအထားမှာ ဇောစိတ်တွေ ဖြစ် လာတယ်၊ နောက်ဆုံးဇောစိတ်တွေမှာ ... မဂ်ဆိုတာ ပေါ်လာ တယ်၊ အဲဒီ သောတာပတ္တိမဂ် ကိုလည်း ကံလို့ ပြောတယ်၊ အဲဒီကံကတော့ အချိန်မဆိုင်းဘူး၊ မိမိရဲ့ အခြားမဲ့မှာ အကျိုးကို ထုတ်လုပ်တယ်တဲ့၊ သူ ထုတ်လုပ်လိုက်တာ ဘာတုန်းဆိုရင် သောတာပတ္တိဖိုလ်၊ တစ်ခါတည်း ဖြစ်သွားတယ်၊ သူချုပ်သွားတာနဲ့ တစ်ပြိုင်နက် သောတာပတ္တိဖိုလ် ပေါ်လာတယ်၊ အဲဒါလည်း ကမ္မပစ္စယောပဲနော်။

သူလည်း နာနာက္ခဏိကပဲ၊ မဂ်စိတ်ဖြစ်တဲ့အချိန်နဲ့ ဖိုလ်စိတ်ဖြစ်တဲ့အချိန် ခဏချင်း မတူဘူးတဲ့၊ ဒါလည်း နာနာက္ခဏိကပဲ၊ မဂ်စိတ်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ထိုမဂ်စိတ် သည် လောကီကုသိုလ်ကံတွေလို နောင်ဘဝ ရောက်သည်ထိအောင် ဆိုင်းမနေဘူး၊ အခုဖြစ် အခုအကျိုးကို ထုတ်လုပ်တယ်၊ ဒါလည်း အနန္တရသတ္တိပဲ၊ ကမ္မပစ္စယသတ္တိပဲ၊ မိမိရဲ့အခြားမဲ့မှာ အကျိုးပေးလို့ အနန္တရ၊ သမနန္တရ၊ မရှိတော့မှ အကျိုး ထုတ်လုပ်တာဖြစ်လို့ နတ္ထိ၊ ကွယ်ပျောက် သွားမှ အကျိုးပေးတာ ဖြစ်သောကြောင့် ဝိဂတ၊ ဒီကမ္မပစ္စည်းကလည်းပဲ နတ္ထိအမျိုး အစားထဲမှာ ပါတယ်လို့ ဒီလိုမှတ်ရတယ်။

ကံတရားတွေဆိုတော့ အကျိုးတရားကို ဖြစ်စေတဲ့နေရာမှာ အခု အဘိဓမ္မာမှာ ဟောထားတဲ့ “ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” လို့ဆိုတဲ့ နာနာက္ခဏိကကမ္မနဲ့ သုတ္တန်ပါဠိတော်တွေမှာ ဟောထားတဲ့ ကံတရားတွေရဲ့အကြောင်း ဒီနှစ်ခု ဆက်စပ်ပြီးတော့ လေ့လာကြည့် မယ်ဆိုရင် ကံတရားတွေရဲ့အရာဟာ အင်မတန်မှ ကျယ်ပါတယ်။

ဗုဒ္ဓဘာသာတွေ ပြောနေကြတဲ့ ကံဆိုတာ အင်မတန်မှ စွမ်းရည်သတ္တိထက်တဲ့တရား၊ အဲဒီကံတရားဟာ ဘယ်သူတွေရဲ့ လက်ထဲမှာရှိလဲဆိုရင် ကိုယ့်လက်ထဲမှာ ရှိတယ်၊ လူတွေက ကံကို လက်မြှောက် အရှုံးပေးစရာ မလိုဘူး။

အကုသိုလ်တစ်ခု လုပ်ထားမိပြီး ပြင်လို့မရတဲ့ အကုသိုလ်ဆိုတာမရှိဘူးနော်၊ ဒေဝဒတ်ကြီးဟာ အမြင့်ဆုံးအကုသိုလ်ကံကို ကျူးလွန် ထားတယ်၊ ဘုရားနဲ့ ပတ်သက်တဲ့ လောဟိတုပ္ပါဒက တို့, သံဃာနဲ့ပတ်သက်တဲ့ သံဃဘေဒက တို့ဆိုတဲ့ ဒီပြစ်မှုကြီးနှစ်ခု ကျူးလွန်ထားတယ်၊ ဒေဝဒတ်နဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက “အာပါယိကော နေရယ်ကော ဒေဝဒတ္တော” ဒေဝဒတ်က အပါယ်ရောက်မှာပဲ၊ ငရဲကျမှာပဲလို့ definite ပြောတယ်၊ “အတေကိစ္ဆာ” ပြင်လို့ မရတော့ဘူး၊ ကုစားလို့ မရတော့ဘူး၊ “ကပ္ပဋ္ဌော” တစ်ကမ္ဘာလုံး ငရဲခံရမယ်လို့ ဒီလိုပြောတယ်။

မြတ်စွာဘုရားက ရှင်းပြတယ်၊ ဒေဝဒတ်ရဲ့သန္တာန်မှာတဲ့ အပ်ဖျားလေးလောက် ထောက်ပြစရာနေရာမှာတောင် ဖြူစင်တဲ့သဘာဝတရားတွေ မကျန်တော့ဘူးတဲ့၊ အဲဒီလိုမကျန်လို့ ငါဘုရားက ဒီလိုဟောတာ၊ အကယ်၍ အပ်ဖျားကလေးလောက် ထောက်ပြစရာကုသိုလ်လေး ကျန်နေသေးတယ်ဆိုရင် ငါ ဒီစကားမပြောဘူးတဲ့၊ ကြည့် - ဒေဝဒတ်မှာ ကုသိုလ်တွေ လုံးဝကုန်သွားတဲ့ အဓိပ္ပါယ် မြတ်စွာဘုရား ပြောတယ်နော်၊ အဲဒီပုဂ္ဂိုလ်မျိုးမှ ငရဲကျမှာလို့ အတိအကျပြောလို့ရတယ်၊ ကျန်တဲ့ ပုဂ္ဂိုလ်တွေ ငရဲကျမယ်လို့ အတိအကျပြောလို့မရဘူး၊ မြတ်စွာဘုရားရဲ့ ဒေသနာ တော်က ဒီလို၊ ကြည့် - ဟောပုံချင်း မတူဘူး။

ပါဏာတိပါတနဲ့ ပတ်သက်ပြီးတော့ နိဂဏ္ဌနာဋပုတ္တက “ပါဏာတိပါတ အမှုပြုတဲ့ ပုဂ္ဂိုလ်အားလုံးဟာ ငရဲကျတယ်” လို့ ဒီလိုဟောတယ်၊ မြတ်စွာဘုရားက အဲဒီလို မဟောဘူး၊ ဗုဒ္ဓမြတ်စွာက “ပါဏာတိပါတော နိရယသံဝတ္တနိကော” “ပါဏာတိပါတအမှုသည် ငရဲ၌ ဖြစ်စေနိုင်တယ်” လို့ ဟောတာ၊ ဒါ ငရဲမှာ ဖြစ်ရမယ်လို့ မဟောဘူးနော်၊ အကုသိုလ်အမှုပြုရင် ငရဲ ကျမယ်လို့ မပြောဘူး၊ ဒီဟာက ငရဲကို ကျစေနိုင်တယ်ဆိုတဲ့စကားကို ပြောတာ၊ သေချာပေါက်ကျမယ်လို့ ပြောတာမဟုတ်ဘူး။

သင်္ခဓမသုတ်မှာဆို မြတ်စွာဘုရားဟောထားတာ ရှိတယ်၊ အကုသိုလ်က လွတ်ရာ လွတ်နည်းတွေ ရှိတယ်၊ ဘာလုပ်ရမလဲ၊ ကိုယ်လုပ်တဲ့အလုပ်ဟာ မကောင်းဘူးလို့ သိရမယ်၊ မှား တယ်လို့ မြင်ရမယ်၊ မှားတယ်လို့ မြင်ပြီး ကိုယ့်မိတ်ဆွေထံမှာဖြစ်စေ ဆရာထံမှာ ဖြစ်စေ မှားကြောင်းဝန်ခံပြီး အဲဒီအမှားမျိုး နောက်ထပ်မဖြစ်အောင် ရှောင်ကြဉ်ရမယ် တဲ့၊ ဒါအဖြေပဲ၊ ရှောင်ကြဉ်ပြီးတဲ့ အခါ ကောင်းတာတွေ ဆက်လုပ်ရမယ်၊ အဲဒါဆိုရင် ဒီကံက လွတ်သွားမှာပဲ သေချာ တယ်၊ ဒါ ကံကိုပယ်ဖျက်တာ မဟုတ်ဘူး၊ ကံက လွတ်တဲ့နည်း။

မြတ်စွာဘုရားက လောဏကပလ္လသုတ်မှာ ဆားခဲနဲ့ ဥပမာပေးထားတာ မှတ်သား စရာပေါ့၊ “ဆားခဲလေးတစ်ခဲကို သောက်ရေခွက်ထဲ ထည့်လိုက်ရင် သောက်မဖြစ် အောင် ငန်မှာပဲ၊ ဒါပေမယ့် အဲဒီပမာဏဆားခဲကို ရေကန်ထဲထည့်လိုက်၊ မြစ်ထဲ ထည့်လိုက်၊ ပျောက်သွားမှာပဲ”၊ လူတွေမှာ တစ်ယောက်နဲ့တစ်ယောက် အခြေအနေ ချင်း မတူဘူး၊ ကိုယ်ကျင့်တရားကောင်းတယ်၊ သီလ သမာဓိ ပညာ ဆိုတဲ့ အခြေအနေ ကောင်းရှိတဲ့ပုဂ္ဂိုလ်က အကုသိုလ်လုပ်မိဦး .. အဲဒီ အကုသိုလ်ဟာ ပြေပျောက် သွားသလို ဖြစ်တယ်၊ ကောင်းတာတွေက လွှမ်းမိုးသွားတယ်၊ အခြေခံမကောင်းတဲ့ ပုဂ္ဂိုလ်ကျတော့ ခံလေရောပဲ။

ဒါကြောင့် ကံတရားဆိုတာ ကိုယ်က အရှုံးပေးရမယ့်အရာ မဟုတ်ဘူး၊ ကိုယ်က ပြုပြင်ရမယ့်အရာသာ ဖြစ်တယ်၊ ကောင်းတဲ့အရာနဲ့ မကောင်းတဲ့အရာကို အစားထိုးရမယ်၊ ကောင်းတာနဲ့ မကောင်းတာကို ဖယ်ရှားပစ်ရမယ်၊ ကံရဲ့သဘာဝ ကို နားလည်လာပြီဆိုရင် မကောင်းတဲ့ကံတွေကို ရှောင်ရှားလို့ ကောင်းတဲ့ကံတွေကို ကြိုးစားလုပ်ကိုင်သွားမယ်ဆိုရင် သံသရာမှာ ပျော်ချင်ရင်လည်းပဲ ကောင်းတဲ့ဘဝမှာ နေရမှာပဲနော်၊ နိဗ္ဗာန်မရချင်သေးဘူး ဆိုရင် လည်း သံသရာမှာ ကောင်းတဲ့ဘဝကနေ ကောင်းတဲ့ဘဝကူးပြီး သွားလို့ရတာပဲ။

အကယ်၍ သံသရာကြီးကို ငြီးငွေ့လှပါပြီ၊ အို နာ သေ ဒီဒုက္ခကြီးတွေကို မလို ချင်တော့ဘူးဆိုရင်လည်း ကောင်းတာတွေ လုပ်ရင်းကနေပြီးတော့ ကောင်းတဲ့ ကံရော မကောင်းတဲ့ကံရော ဖယ်ရှားပစ်လိုက်တယ်၊ ကိလေသာတွေ ဖယ်ရှားပစ် လိုက်ခြင်းဖြင့် သံသရာ ဝဋ်ဆင်းရဲကလွတ်အောင် အားလုံး ကျင့်ကြံကြိုးကုတ် အားထုတ်တော် မူနိုင်ကြပါစေကုန်သတည်း။

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၁၁)

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တော်သလင်း လပြည့်နေ့၊ (၃-၉-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံ ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘ များနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။

ဝိပါကပစ္စယော

“ဝိပါက”အကျိုးတရား၊ ဝိပါက ကို မြန်မာလို “အကျိုးတရား” လို့ ပြန်သလို ပါဠိစကားလုံးနောက် လိုက်ပြီးတော့ “ဝိပါက်” လို့လည်း အသုံးပြုကြသေးတယ်၊ ဝိပါက်လို့ ရေးတဲ့အခါ အသံထွက်ကို ကြည့်မယ်ဆိုရင် စာလုံးပေါင်းမှားတတ်တယ်၊ ဝိပါက ပုဒ်မှာ ကကြီးသတ်လိုက်ရုံပဲ ဝိပါက်။ ပါဠိလိုဖတ်ရင် “ပ” စောက်သံ ပီပီသသ ဖတ်ရတယ်၊ မြန်မာတွေရဲ့ အသံနေ အသံထားအတိုင်းသွားတဲ့အခါ ဝိပါက ဆိုတုန်းက ပစောက်သံ ပီသော်လည်း ဝိပါက်လို့ဆိုတဲ့အခါ “ဘ”ကုန်းသံ ဖြစ်သွား တယ်၊ ရှေ့ကစာလုံးကိုကြည့်ပြီးတော့ ဒါက အသံရဲ့ပြောင်းလဲမှုပေါ့၊ မြန်မာစကားမှာ ရှိတယ်၊ “ရေးတော့အမှန် ဖတ်တော့အသံ”၊ ဒါ ဘယ် language ဘယ် ဘာသာ စကားမှာပဲဖြစ်ဖြစ် ဒီလိုပဲရှိတယ်၊ မြန်မာဘာသာမှ မဟုတ်ဘူး၊ တခြားဘာသာ တွေမှာလည်း ရှေ့နောက်ကြည့်ပြီး အသံပြောင်းသွားတာမျိုးရှိတယ်၊ ရေးတဲ့အခါ အမှန် ရေးရတယ်၊ ဖတ်တဲ့အခါ အသံကိုလိုက်ရတယ်။

တချို့က မြန်မာစကားဟာ ရေးတဲ့အတိုင်း မဖတ်ဘူး၊ မြန်မာစကားက ခက်တယ်လို့ ပြောကြတယ်၊ ဘယ်ဘာသာစကားပဲဖြစ်ဖြစ် ရေးတဲ့အတိုင်းဖတ်တာ မဟုတ်ပါဘူး၊ အင်္ဂလိပ်စကားမှာလည်း အများကြီးရှိတာပဲ၊ ရေးတဲ့အခါ know လို့ ရေးထားပြီး ဖတ်တဲ့အခါကျတော့ “ကနိုး” လို့ မဖတ်ဘဲ “နိုး” လို့ ဖတ်တယ်၊ ဒါမျိုးတွေရှိတာပဲ၊ do ကျတော့ “ဒူး”လို့ ဖတ်တယ်၊ to ကျတော့ “တူ” တဲ့၊ but ကျတော့ “ဘတ်” တဲ့၊ put ကျတော့ “ပွတ်”တဲ့၊ ဘယ်ဘာသာ စကားပဲဖြစ်ဖြစ် အပြောင်းအလဲ လေးတွေရှိတယ်၊ ဒါကြောင့် ရေးတော့အမှန်၊ ဖတ်တော့ အသံ ဆိုတာဟုတ်တယ်။

ဒီမှာလည်း “ဝိပါက” ဆိုတဲ့ စကားလုံးကို မြန်မာမှုပြုလိုက်တဲ့အခါ “ဝိဘက်” တဲ့။ “ကာလဝိဘက် နောက်ပိုးတက်” ဆိုပြီး အကျိုးဝိပါက်ကို ခံစားရတယ်၊ ဝိပါကဝဋ်က မလွတ်ကြဘူးတဲ့၊ မြန်မာစကားမှာ ပြောနေကြတယ်၊ “ဝိဘက်၊” ပ,စောက်သံ ပျောက်သွားပြီး ဘ,ကုန်းသံရောက်သွားတယ်၊ ဒါမျိုးက ဒိပြင်နေရာ တွေမှာလည်း ရှိတယ်၊ ရှေ့စကားလုံးကို ကြည့်ပြီးတော့ အသံပြောင်းလဲမှုတွေ ပေါ်တယ်၊ ဒါ သတိထားစရာလေးတွေ ပြောပြတာ။

“ပင်”ဆိုတဲ့စကားလုံးလေးကို ကြည့်၊ ပစောက်နဲ့ ရေးထားတယ်၊ “ပင်”လို့ ပီပီသသထွက်တယ်၊ ရှေ့က စကားလုံးတစ်လုံး ထည့်လိုက်လို့ရှိရင် အသံပြောင်း သွားတယ်၊ ဆိုပါစို့ - သစ်ပင်၊ ရှေ့က “သစ်” ဆိုရင် သစ်ပင်လို့ဖတ်တယ်၊ ဒါဖြင့် ရှေ့ကနေ “ပန်း”ထည့်လိုက်မယ်၊ “ပန်းဘင်” ဖြစ်သွားတယ်၊ “ပန်းပင်” ဆိုရင် ဝဲတယ်လို့ ပြောကြမှာပေါ့၊ ပီပီသသ လေးလေးနက်နက်ဖတ်ရင် “ပန်းဘင်” လို့ပဲ ဖတ်ရမယ်၊ ဟော ဒီလိုပြောင်းလဲမှုတွေ ရှိတယ်။

ဝိပါကဆိုတာ အကျိုးတရား၊ မှန်ပါတယ်၊ စကားလုံးအဓိပ္ပါယ် ပြည့်ပြည့်စုံစုံ ပြောမယ်ဆိုရင် ဝိဆိုတာက အဓိပ္ပါယ်တစ်ခု၊ ပါကဆိုတာက အဓိပ္ပါယ်တစ်ခု၊ ဝိ ဆိုတာ ဒီနေရာမှာ “မတူဘူး” ဆိုတဲ့အဓိပ္ပါယ်ပြတာ၊ တစ်ခုနဲ့တစ်ခု သဘာဝချင်း မတူတာ၊ ဝိ - သဘာဝချင်း ကွဲပြားခြားနားနေတဲ့ အကြောင်းတရားတွေ။ သဘာဝချင်းကွဲပြား ခြားနားတဲ့ အကြောင်းတရားဆိုတာ ဘာကိုပြောတာတုန်းဆိုရင် ကုသိုလ်နဲ့ အကုသိုလ်၊ ကုသိုလ်ကံနဲ့ အကုသိုလ်ကံသည် သဘာဝချင်း မတူဘူး၊

“ကုသလာ အနဝဇ္ဇ သုခဝိပါကလက္ခဏာ”၊ ကုသလဆိုတာ အပြစ်ကင်းတယ်၊ ကောင်းကျိုးချမ်းသာပေးတတ်တဲ့ အမှတ်လက္ခဏာရှိတယ်၊ “အကုသလာ သာဝဇ္ဇ ဒုက္ခဝိပါကလက္ခဏာ”၊ အကုသိုလ်ကျတော့အပြစ်ရှိတယ်၊ ဒုက္ခဝိပါကလက္ခဏာ- ဆင်းရဲတဲ့ အကျိုးပေးတယ်၊ သဘာဝချင်း မတူကြဘူး၊ အဲဒီသဘာဝချင်းမတူတဲ့ ကံနှစ်ခုရဲ့ ပါက အကျိုးလို့ပြောတာ။

ဒီတော့ ဝိပါကဆိုတဲ့ စကားလုံးသည် ကုသိုလ်နဲ့လည်းဆိုင်တယ်၊ အကုသိုလ် နဲ့လည်းဆိုင်တယ်၊ ကုသိုလ်ရဲ့အကျိုးကိုလည်း ဝိပါက၊ အကုသိုလ်ရဲ့ အကျိုးကိုလည်း ဝိပါက၊ ကံတရားတွေရဲ့အကျိုးကိုလည်း ဝိပါကလို့ ခေါ်တယ်၊ ဒါကြောင့်မို့ ဝဋ် ၃-ပါး ပြောတဲ့အခါမှာ ကမ္မဝဋ်၊ ကိလေသဝဋ်၊ ဝိပါကဝဋ် လို့ ဒီလိုပြောတယ်၊ ဒီတော့ နားလည်နေရမှာက ဝိပါက ဆိုတာ အကျိုးတရား၊ သဘာဝချင်းမတူတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးတရားလို့ပြောတာ။

ဒါဖြင့် ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးတရားမှန်သမျှကို ဝိပါကလို့ ခေါ်သလားလို့ မေးစရာရှိတယ်၊ ဒီ ဝိပါကဆိုတဲ့စကားလုံးက ကုသိုလ်ကံ အကုသိုလ် ကံရဲ့အကျိုးဖြစ်တိုင်း ဝိပါကလို့ မခေါ်ဘူး၊ ဆိုပါစို့ - လူတွေသန္တာန်မှာ ရုပ်တရား တွေရှိတယ်၊ စက္ခုပသာဒ သောတပသာဒ ဃာနပသာဒ ဇိဝှါပသာဒ ကာယပသာဒ၊ ပသာဒရုပ်ငါးခု၊ ဒီပသာဒရုပ်ငါးခုရဲ့အကြောင်းတရားက ဘာတုန်းဆိုတော့ ကံပဲ၊ အဲဒီကံကြောင့်ဖြစ်တဲ့ ကမ္မဇရုပ်တွေကို ဝိပါက လို့ ခေါ်လားဆိုတော့ မခေါ်ဘူး၊ ဒါဖြင့် သူတို့က ကံရဲ့အကျိုး မဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်၊ ကမ္မဇရုပ်တွေက ကံရဲ့အကျိုးတွေပဲ၊ ဘာဖြစ်လို့ မခေါ် တာတုန်း၊ ဒီ ဝိပါက ဆိုတဲ့စကားလုံးက ကံနဲ့ တူတဲ့ဟာမှခေါ်တာ၊ ခုနက ကမ္မဇရုပ်တွေကျတော့ ကံနဲ့တူလားဆိုတော့ မတူဘူး။

ဘယ်လိုမတူတာတုန်းဆိုတော့ ကံက နာမ်တရား၊ စေတနာကို ကံလို့ ပြောတာ၊ စေတနာဆိုတာ စေတသိက်နာမ်တရား၊ ကမ္မဇရုပ်တွေက ရုပ်တရား၊ ဟော ရုပ်နဲ့ နာမ်နဲ့ မတူဘူးလေ၊ သဘာဝချင်း မတူဘူး၊ ဒါကြောင့်မို့ အကြောင်းဖြစ်တဲ့ အကျိုးတရားနဲ့တူတဲ့ဟာကိုသာလျှင် ဝိပါက လို့ ခေါ်တာ၊ မတူတာကို မခေါ်ဘူး။

ဒါက ဥပမာတစ်ခုနဲ့ စဉ်းစားကြည့်ရင် ရှင်းနေတာပဲ၊ ပါဠိလို ဖလ၊ မြန်မာ လို အသီး၊ အဲဒီအသီးထဲပါတဲ့ အစေ့လေးကို စိုက်လိုက်တဲ့အခါ ဘယ်နှစ်မျိုး ထွက် လာတုန်း၊ ကြည့် - အစေ့လေးက ဘာထွက်တုန်း၊ အမြစ်ထွက်တယ်၊ အညှောက် ထွက်တယ်၊ ပင်စည်ထွက်တယ်၊ အရွက်တွေ ထွက်တယ်၊ အပွင့်တွေ ထွက်တယ်၊ အသီးတွေ ထွက်တယ်၊ အဲဒီထဲမှာ အမြစ်ဟာလည်းပဲ အစေ့က ဖြစ်တာ၊ အညှောက် ကလည်းပဲ အစေ့က ဖြစ်တာ၊ ပင်စည်လည်းပဲ အစေ့က ဖြစ်တာ၊ အကိုင်းအခက် တွေလည်း အစေ့က ဖြစ်တာ၊ အရွက်တွေလည်း အစေ့က ဖြစ်တာ၊ အပွင့်လည်း အစေ့က ဖြစ်တာ၊ အသီးဟာလည်း အစေ့က ဖြစ်တာ၊ ဟော အစေ့က ဖြစ်တာတွေ အများကြီးကို အကုန်လုံးကို “ဖလ” လို့ ခေါ်သလားဆိုတော့ မခေါ်ဘူး၊ အဲဒီ အစေ့နဲ့သဏ္ဌာန်တူတဲ့ အစေ့ပါတဲ့အသီးကိုသာ ဖလလို့ ခေါ်တာ၊ အပွင့်ကို ဖလ လို့ မခေါ်ဘူး၊ လောကမှာ အကျိုးဆိုတိုင်း ဒီစကားလုံးကပြောတာ မဟုတ်ဘူး နော်၊ စဉ်းစားကြည့်ရမယ်။

အဲဒါကြောင့် အဋ္ဌကထာဆရာတွေက “ဝိပက္ကဘာဝမာပန္နာနံ အရူပဓမ္မာနံ အဓိဝစနံ” တဲ့။ ဝိပက္ကဘာဝဆိုတာ ရင့်ကျက်တဲ့အနေအထားတစ်ခုကို၊ အာပန္နာနံ - ရောက်လာတဲ့၊ အရူပဓမ္မာနံ - နာမ်တရားသက်သက်ရဲ့၊ အဓိဝစနံ - အမည်ပဲ၊ ဝိပါကဆိုတာ နာမ်တရားသက်သက်ကိုသာ ခေါ်ရတယ်၊ ဘာဖြစ်လို့တုန်း၊ အကြောင်းကံက နာမ်တရားဖြစ်လို့၊ သစ်ပင်က ဖလဆိုတာလည်း အသီးသက်သက် ကိုသာ ခေါ်လို့ရတယ်၊ ကျန်တဲ့အမြစ်ကို ဖလ မခေါ်ဘူး၊ ပင်စည်ကို ဖလ မခေါ်ဘူး၊ အကိုင်းတွေ အခက်တွေ အပွင့်တွေကို ဖလ လို့ မခေါ်ဘူး၊ အသီးတစ်မျိုးတည်းကိုပဲ ဖလ လို့ခေါ်တယ်၊ ဘာဖြစ်လို့လဲ? မျိုးစေ့နဲ့တူလို့၊ အဲဒီသဘောပဲ။ ဒီမှာလည်း နာမ်ချင်းတူတဲ့ အကျိုးတရားကိုသာလျှင် ဝိပါကလို့ ခေါ်တယ်၊ ဒါလည်း မှတ်ထား ရမယ်၊

ဒီတော့ ဝိပါက ဆိုတဲ့အကျိုးသည် နာမ်တရားကိုသာ ရည်ညွှန်းပြောတယ်၊ ကံကြောင့်ဖြစ်တဲ့ရုပ်ကို ပြောချင်ရင် ကမ္မဖလလို့ပဲ ပြောရမယ်၊ ပါဠိတော်ကြီးတွေမှာ ကမ္မဇရုပ်ဆိုတဲ့အသုံးအစား ကဋတ္တာရုပ်လို့ သုံးတယ်၊ ကဋတ္တာရုပ်ဆိုတာ လုပ်ထားလို့ ရတာ၊ ဒီအဓိပ္ပါယ်ပဲ၊ ကဋတ္တာဆိုတာ လုပ်ထားတာ၊ ဘာကလုပ်ထား တာလဲ၊ ကံက လုပ်ထားတာ၊ ကံလုပ်ထားသည့်အတွက် ကံကထုတ်လုပ်သည့် ရုပ်လို့ပြောတာ၊ ကမ္မဇရုပ်ပဲ။

ဒီတော့ ဝိပါကပစ္စယောဆိုတဲ့ စကားလုံးလေးမှာ ဝိပါကဆိုတာ ကံတရားရဲ့ အကျိုးဖြစ်တဲ့ နာမ်တရားတွေကို ရည်ညွှန်းတယ်၊ ဝိ - သဘာဝချင်းမတူတဲ့ ကုသိုလ် ကံ အကုသိုလ်ကံတို့ရဲ့၊ ပါက - အကျိုးဖြစ်တဲ့နာမ်တရားလို့ ဒီလို အဓိပ္ပါယ် မှတ်ရ မယ်။

ကဲ ဒါဖြင့် အကျိုးဖြစ်တဲ့နာမ်တရားကို ပဋ္ဌာန်းပစ္စည်းမှာ ဘာဖြစ်လို့ ပစ္စယောလို့ ပြောတာလဲ၊ အရင်တုန်းက ရှင်းပြထားတယ်နော် - ပစ္စယ ဆိုတာ ဖြစ်စေတတ်တဲ့အကြောင်းတရား ... တည်စေတတ်တဲ့အကြောင်းတရား၊ ဒီနှစ်ခု ပြောတာ၊ ဒီတော့ အကျိုးတရားကလည်းပဲကြည့် - သူကလည်း ပစ္စယတစ်ခုပဲ၊ ပစ္စယော ဆိုတိုင်း အကြောင်းနဲ့ချည်းဆိုင်တာ မဟုတ်ဘူး၊ ဗုဒ္ဓရဲ့တရားတော်မှာ သေချာစဉ်းစားကြည့်၊ အကြောင်းသက်သက်ဆိုတာရှိလား၊ အကျိုးသက်သက် ဆိုတာရော ရှိရဲ့လား၊ မရှိဘူး၊ အကြောင်းဖြစ်လိုက် အကျိုးဖြစ်လိုက်ပဲ။

ပဋိစ္စသမုပ္ပါဒ်ကြည့်လေ၊ အဝိဇ္ဇာကိုထောက်ရင် သင်္ခါရက အကျိုးဖြစ်မနေ ဘူးလား၊ ဝိညာဏ်ကိုထောက်ရင် သင်္ခါရက အကြောင်းဖြစ်သွားတာ၊ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဆိုတာ သင်္ခါရက အကျိုး၊ “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုရင် သင်္ခါရက အကြောင်းဖြစ်သွားပြန်ရော၊ ဟော အကြောင်းဖြစ်လိုက် အကျိုးဖြစ်လိုက်။

ဒါကြောင့်မို့ ဗုဒ္ဓရဲ့ဝါဒက ပထမဆုံးအကြောင်းဆိုတာ မရှိဘူး၊ first cause ဆိုတာ မရှိဘူး၊ root cause ဆိုတာ မရှိဘူး၊ first cause ဆိုတာ သူ့ရဲ့ရှေ့မှာ အကြောင်း မရှိရဘူး၊ causeless cause အကြောင်းမဲ့တဲ့အကြောင်းဆိုတာလည်း မရှိဘူး၊ တခြား ဘာသာဝါဒတွေမှာတော့ ရှိတယ်လေ၊ ကမ္ဘာလောကကြီးတစ်ခုလုံး ကို God က ဖန်ဆင်းတယ်ဆိုရင် God က first cause ပဲ၊ God ကို ဘယ်သူက ဖန်ဆင်းတာတုန်းဆို မရှိတော့ဘူး၊ ပြတ်သွားပြီ၊ God က causeless cause ဖြစ် နေတယ်၊ Buddhism မှာ ဒီလို causeless cause မရှိဘူး၊ အကြောင်းနဲ့အကျိုးသည် ဆက်သွယ်ပြီးတော့ နေတယ်၊ အပြန်အလှန် ဖြစ်နေတယ်။

ဒီနေရာမှာ ဝိပါကဆိုတာ ဒီနာမည်ပေးထားရုံနဲ့ ရှုထောင့်တစ်ခုအနေနဲ့ သူဟာ အကျိုးတရား၊ သူကနေပြီးတော့ ဖြစ်စေတတ်တဲ့ အကျိုးတရားတွေကို ကြည့်ရင် သူဟာ အကြောင်းတရား ပြန်ဖြစ်သွားတယ်၊ ဒါကြောင့်မို့ ၂၄-ပစ္စည်းထဲမှာ ဝိပါကပစ္စယောလို့ မြတ်စွာဘုရား ဟောထားတာနော်။

အဘိဓမ္မာသင်ဖူးတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ ကြည့်မယ်ဆိုရင် စိတ် ၈၉-ထဲမှာ ဝိပါက်စိတ်လို့ ခေါ်တဲ့စိတ် ၃၆-ရှိတယ်၊ အကုသိုလ်ရဲ့အကျိုးက ၇-ခုရှိတယ်၊ ကျန် တာတွေက ကုသိုလ်ရဲ့အကျိုး၊ အဲဒီလို စိတ် ၈၉-ထဲမှာ ဝိပါက်စိတ်တွေ ရှိတယ်၊ အဲဒီဝိပါက်စိတ်တွေဟာလည်းပဲ တစ်မျိုးတည်း ဖြစ်ကြတာ မဟုတ်ဘူး၊ ယှဉ်တဲ့ စေတသိက်တွေနဲ့ တွဲဖက်ပြီးတော့ဖြစ်တာ။

ရုပ်တရားပဲဖြစ်ဖြစ် နာမ်တရားပဲဖြစ်ဖြစ် တစ်ခုတည်း မဖြစ်ဘူး၊ အစုလိုက် ဖြစ်တယ်၊ အစုလိုက်တည်နေမှ energy ဆိုတာ ဖြစ်တယ်၊ တစ်ခုစီ ခွဲလိုက်ရင် energy မရဘူး၊ ဘယ်အရာပဲဖြစ်ဖြစ် ပေါင်းစပ်မှ energy ရတယ်၊ ဒီဝိပါက်စိတ် တွေမှာလည်းပဲ energy ရှိအောင် ပေါင်းစပ်ထားတာ။

ဥပမာ - စက္ခုဝိညာဏ်စိတ်ဆိုပါတော့၊ ကုသိုလ်ရဲ့ အကျိုး ရှိမယ်၊ အကုသိုလ်ရဲ့အကျိုး ရှိမယ်၊ စက္ခုဝိညာဏ်စိတ်ဟာ သူတစ်ခုတည်း ဖြစ်လာတာ လားဆိုတော့ မဟုတ်ဘူး၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရဆိုတဲ့ သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ခုနဲ့ တွဲတယ်၊ သူ့ ရဲ့ unit က ရှစ်ခုရှိတယ်၊ ရှစ်ခုအစုကို ခေါ်တယ်၊ စိတ်လို့ ပြောလိုက်တာနဲ့ စေတသိက် ၇-ခု က ပါပြီးသား၊ အဲဒီရှစ်ခုကို ခွဲစိတ်လိုက်မယ်၊ separate တစ်ခုစီ ခွဲလိုက်မယ်ဆိုရင် ပျက်သွားပြီ၊ energy မရှိတော့ဘူး၊ ကားများလိုပဲ တစ်စစီဖြုတ်ထားရင် မောင်းမရ ဘူး၊ စက်ကိရိယာတွေ တစ်ခုစီဖြုတ်ထားရင် သုံးမရဘူး၊ ဒီသဘာဝတရားတွေလည်းပဲ စုပြီးမှ စွမ်းအင်တွေဖြစ်လာတာ။

ဝိပါက်စိတ်တွေမှာ ကာမကုသိုလ်တွေရဲ့အကျိုးက အဟိတ်ကုသလဝိပါက် စိတ်က ၈-ခု၊ မဟာဝိပါက်စိတ်က ၈-ခု၊ ကာမကုသိုလ်နဲ့ ပတ်သက်တဲ့ အကျိုးတရား ၁၆-ခု ရှိတယ်၊ နောက် ဈာန်ကုသိုလ်နဲ့ပတ်သက်တဲ့ ရူပါဝစရကုသိုလ်ရဲ့ အကျိုး တရားဖြစ်တဲ့ ရူပါဝစရဝိပါက်စိတ်က ၅-ခု၊ အရူပါဝစရကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ အရူပါဝစရ ဝိပါက်စိတ်က ၄-ခု။ မဂ်လေးပါးရဲ့အကျိုးဖြစ်တဲ့ ဖိုလ်စိတ်က ၄-ခု၊ တစ်ခါတစ်ရံ ဝိပါကလို့ သုံးတယ်၊ အမြဲတမ်းသုံးတာတော့ ဖလလို့ သုံးတယ်၊ ဘာဖြစ်လို့ ဖလ လို့ သုံးတာတုန်း၊ မတူညီတဲ့အနေအထားတစ်ခုကို ပြောပြမယ်၊ ဖလ ဆိုတဲ့စကားလုံး ကလည်း အကျိုးကို ပြောတာပဲ၊ ဝိပါကကလည်း အကျိုးပဲ၊ မဂ်ရဲ့ အကျိုးကိုတော့ ဖိုလ်လို့ ခေါ်လိုက်တယ်၊ ဖလလို့ ခေါ်တယ်၊ ရံဖန်ရံခါတော့ ဝိပါကဆိုတဲ့စကားလုံး လည်း သုံးပါတယ်။ ပေါင်းလိုက်တဲ့အခါကျတော့ ဝိပါက်စိတ် သည် ၃၆-ခု ရှိတယ်။

အဲဒီဝိပါက် စိတ် ၃၆-ခုသည် ယှဉ်တဲ့စေတသိက်တွေနဲ့ တွဲပြီး ဖြစ်တယ်၊ ဒါ ပေါင်းပြီးတော့ ပြောတာ၊ ရှိတာတွေ အကုန်လုံးပြောတာ၊ ဖြစ်တာကျ အဲဒီလိုဖြစ်တာ မဟုတ်ဘူး၊ တစ်ခုစီတစ်ခုစီဖြစ်တာ၊ စိတ်ဟာ ဘယ်တော့မှ နှစ်ခုပြူး မဖြစ်ဘူး လို့ပြောတာ၊ စိတ်နဲ့ စေတသိက်ကတော့ unit ဖွဲ့တယ်၊ စိတ်တစ်ခုလျှင် ဆိုင်ရာ စေတသိက် အနည်းဆုံး ၇-ခု ရှိတယ်၊ သို့သော် စိတ်၂-ခုပေါင်းပြီးတော့ ဖြစ်တယ်လို့ မရှိဘူး။

ဆိုပါစို့ - စက္ခုဝိညာဏ်စိတ်နဲ့ သောတဝိညာဏ်စိတ် တွဲဖြစ်တာ မရှိဘူး၊ အချိန်တစ်ခုစီ၊ ခဏတစ်ခုစီပဲ ဖြစ်လို့ ရတယ်၊ သူတို့နှစ်ခုသည် ပြိုင်တူမဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့လို့ စာပေကျမ်းဂန်တွေမှာ ဆိုထားတယ် “တို့ဟာ တစ်စိတ်တည်းနဲ့ အသက်ရှင်နေတာ၊ နှစ်စိတ်နဲ့ အသက်ရှင်နေတာ မဟုတ်ဘူး”၊ စိတ်ဆိုတာ momentary ဖြစ်ပျက်အစဉ်ကလေး အခိုက်အတံ့လေးတွေ၊ စိတ်တစ်ခုပျက်သွား မှ နောက်တစ်ခုပေါ်လာတာ၊ အစဉ်အတန်းကြီးပဲ၊ လူတွေဟာ စိတ်တစ်ခုတည်းနဲ့ အသက်ရှင်နေတာ၊ ဧကစိတ္တ သမာယုတာ။

ကားလမ်းပေါ်မှာ မောင်းသွားတဲ့ကားရော၊ ကားဘီးက ကတ္တရာလမ်းပေါ် ထိနေတာက ဘီးတစ်ခုလုံး ထိနေတာလား၊ သို့မဟုတ် ဘီးရဲ့ အစိတ်အပိုင်းလေး တစ်ခုပဲ ထိတာလား၊ တစ်ပြိုင်နက်မှာ အစိတ်အပိုင်းလေးတစ်ခုပဲ ထိတာနော်၊ တာယာကြီးတစ်ခုလုံး ကားလမ်းပေါ်မှာ တစ်ပြိုင်နက် ထိမနေဘူး။

ထို့အတူပဲ လူတွေဟာ အသက်ရှင်နေတယ်ဆိုတဲ့နေရာမှာ တစ်စိတ်တည်း နဲ့ အသက်ရှင်နေတာ၊ တစ်စိတ်ပြီး တစ်စိတ်၊ တစ်စိတ်ပြီး တစ်စိတ်၊ စိတ်တစ်ခုပြီး စိတ်တစ်ခု၊ ဒီလိုပေါ်နေတာ၊ အဲဒီ ပေါ်နေတဲ့စိတ်တွေဟာ ယှဉ်ဘက်စေတသိက် တွေနဲ့ တွဲတွဲပြီးတော့ အချင်းချင်းအပြန်အလှန် အကျိုးပြုနေကြတယ်တဲ့၊ ဒါကြောင့် မို့ ဝိပါကပစ္စယောဆိုတာ ကုသိုလ်အကုသိုလ်ကို ကြည့်မယ်ဆိုရင် အကျိုးတရားပဲ၊ အပြန်အလှန် အကျိုးပြုတာကိုကြည့်ရင် အပြန်အလှန် အကြောင်းတရားတွေ ဖြစ်နေကြတယ်၊ တစ်ခုက အကြောင်းဖြစ်ရင် ကျန်တာတွေကအကျိုး၊ ဒီလိုဆိုတယ်။ အဲဒါကို ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်မှာ -

“ဝိပါကပစ္စယောတိ၊ ဝိပါကာ စတ္တာရော ခန္ဓာ အရူပိနော အညမညံ ဝိပါကပစ္စယေန ပစ္စယော”။

ဝိပါက်ဖြစ်တဲ့ နာမ်ခန္ဓာလေးပါး၊ ခုနကပြောခဲ့တဲ့ ဝိပါကဆိုတာ နာမ်နဲ့ပဲ သက်ဆိုင်တယ်၊ ဝိပါက်ဖြစ်တဲ့ နာမ်ခန္ဓာလေးပါး ဝိညာဏက္ခန္ဓာဆိုတာ ဝိပါက်စိတ် ၃၆-ခုကိုပြောတာ၊ ဝေဒနာက္ခန္ဓာက ဝိပါက်စိတ်မှာယှဉ်တဲ့ ဝေဒနာ၊ သညာက္ခန္ဓာက ဝိပါက်စိတ်မှာယှဉ်တဲ့ သညာ၊ ကျန်တဲ့ သင်္ခါရက္ခန္ဓာလို့ဆိုတဲ့ ဝိပါက်စိတ်မှာယှဉ်နိုင်တဲ့ စေတသိက်တွေ၊ ဟော ပေါင်းလိုက်တဲ့အခါ နာမ်ခန္ဓာလေးပါးပဲ။

ဆိုပါစို့ - မိမိတို့သန္တာန်မှာ စက္ခုဝိညာဏ်ဆိုတဲ့ ဝိပါက်စိတ် ဖြစ်လာတယ်၊ အဲဒီ စက္ခုဝိညာဏ်စိတ်နဲ့ယှဉ်တွဲပြီး ဖြစ်လာတဲ့စေတသိက်မှာ ဝေဒနာက ဝေဒနာက္ခန္ဓာ၊ သညာစေတသိက်က သညာက္ခန္ဓာ၊ ကျန်တဲ့ ဖဿ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြေ မနသိကာရတို့က သင်္ခါရက္ခန္ဓာ၊ ပေါင်းလိုက်ရင် နာမ်ခန္ဓာလေးပါးပဲ၊ အဲဒီဝိပါက်ဖြစ်တဲ့ နာမ်ခန္ဓာလေးပါးသည်၊

အညမညံ - အပြန်အလှန်၊

ဝိပါက ပစ္စယေန - ဝိပါကပစ္စယသတ္တိဖြင့်၊

ပစ္စယော ဥပကာရကော - ကျေးဇူးပြုနေ၏၊

ဒါကို ပြောတာ။ စက္ခုဝိညာဏ်စိတ်က ဘယ်သူတွေကို ကျေးဇူးပြုတုန်းလို့မေးရင် ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြေ မနသိကာရ ဆိုတဲ့ စေတသိက် ခန္ဓာ ၃-ပါးကို ကျေးဇူးပြုတယ်၊ စေတသိက် ၇-ခုကို ကျေးဇူးပြုတယ်၊ ဘာသတ္တိနဲ့ ကျေးဇူးပြုတုန်းဆိုရင် ဝိပါကသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဒါ ပြောတာနော်။

ဒါဖြင့် ဝိပါကသတ္တိ ဆိုတာ ဘာပြောတာလဲ၊ ဝိပါကရဲ့ သဘောတွေကို ကြည့်ရအောင်၊ ဝိပါက်စိတ်တွေဟာ နိရုဿာဟ သန္တဘာဝ၊ ဝိပါက်စိတ်တွေဟာ ဘာမှ activity မရှိဘူး၊ ကံတရားတွေလို ကုသိုလ်တို့ အကုသိုလ်တို့လို ထက်ထက် မြက်မြက် မရှိကြဘူး၊ သူက အကျိုးတရားပဲ၊ ကြိုးပမ်းအားထုတ်မှု ဘာမှမရှိဘူး၊ ရှိလို့လည်း မရဘူး၊ ကံရဲ့ပုံရိပ်တွေပဲဖြစ်တယ်။

ဆိုပါစို့ - ကိုယ့်ရဲ့ရှေ့ကနေပြီးတော့ ကြည့်မှန်ထောင်ကြည့်လိုက်၊ ထောင် ကြည့်လိုက်လို့ရှိရင် လူအစစ်က တစ်ဖက်၊ မှန်ထဲမှာပေါ်လာတဲ့အရိပ်က တစ်ဖက်၊ အဲဒီမှန်ထဲမှာ ပေါ်လာတဲ့အရိပ်ကို လူရဲ့ပုံသဏ္ဌာန်နဲ့ ခြားနားသွားအောင် ပြင်လို့ ရလား၊ မရဘူး မဟုတ်လား၊ ပကတိလူကို မပြင်ဘဲနဲ့ မှန်ထဲကပုံရိပ်ဟာ လှုပ်ရှား လို့ရလား၊ မရုဘူး၊ ဝိပါက်တွေဟာ ပုံရိပ်ပဲ၊ ပုံရိပ်ဆိုတာ

နိရုဿာဟ - သူတို့မှာ ဘာမျှအားထုတ်နိုင်မှု မရှိကြဘူး၊ အားထုတ်နိုင်စွမ်း မရှိကြတော့၊

သန္တ - ငြိမ်သက်နေကြတယ် (ငြိမ်းချမ်းတာ မဟုတ်ဘူးနော်) ငြိမ်နေတာကို ပြောတာ၊

နိရုဿာဟ သန္တဘာဝတဲ့၊ ပဋ္ဌာန်းအဋ္ဌကထာတို့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာတို့က ဖွင့်တယ်၊ နိရုဿာဟ သန္တဘာဝေန - အားထုတ်မှုကင်းမဲ့ပြီး ငြိမ်နေတဲ့အနေအထားနဲ့၊ ဟော ဝိပါက် စိတ်တွေဟာ အားထုတ်မှုကင်းပြီး ငြိမ်နေတာ၊ ကံတည်းဟူသော အကြောင်း တရားကြောင့် ဖြစ်လာလို့ ကံရဲ့ ပုံရိပ်အနေနဲ့ လာထင်တာ၊ ဘာမှ သူတို့ ပြင်လို့ရတာ မဟုတ်ဘူး၊ ကံက ဖန်တီးလိုက်တဲ့အတိုင်း အရိပ်လာထင်မှာပဲ။

ဘုန်းကြီးတို့ရဲ့ ခန္ဓာကိုယ်မှာလည်း ပြင်မရတာတွေ အများကြီးရှိနေတာ၊ ကံရဲ့ပုံရိပ်တွေ ဟုတ်ရဲ့လား၊ ဒါပေမယ့် ကြံကြံဖန်ဖန် ပြင်တဲ့လူက ရှိသေးတယ် နော်၊ အသားမည်းတဲ့လူက ဖြူအောင်လုပ်တယ်၊ မလှတဲ့သူက လှအောင်လုပ်တယ်၊ အသားဖြူတဲ့လူက မည်းချင်တယ်၊ ကံရဲ့ပုံရိပ်တွေကို ကြိုးကြိုးစားစားပြင်နေ ကြတာ တွေ ရှိတယ်၊ သို့သော် ပြင်မရတာတွေ အများကြီး၊ ပြင်ရတာက ဓားနဲ့လှီးပြင်တာ တော့ ပြင်လို့ရတာပေါ့၊ ပုံပျက်တာတို့ ဘာတို့တော့ လုပ်မရဘူး။

သို့သော် ကံတရားရဲ့အကျိုးတရားဆိုတာ ပြင်လို့ ရတာ မဟုတ်ဘူး၊ ကံက လူ့ သဏ္ဌာန်ဖန်တီးလိုက်ရင် လူပဲလေ၊ တိရစ္ဆာန်သဏ္ဌာန်ဖန်တီးလိုက်ရင် တိရစ္ဆာန် ပဲ၊ နိရုဿာဟ – ကြိုးပမ်းအားထုတ်မှုကင်းမဲ့ပြီးတော့၊ သန္တ – ငြိမ်နေတဲ့သဘောလို့ ပြောတာ၊ ဒါက လှုပ်ရှားမှုကင်းမဲ့ပြီးတော့ ငြိမ်နေတဲ့သဘောလို့ ပြောတာ၊ မှန်ထဲမှာ အရိပ်ပေါ်နေတာမျိုးလို သို့မဟုတ် ပန်းချီကားချပ်ထဲက ရုပ်ပုံလွှာ သို့မဟုတ် ဓာတ်ပုံရိုက်ထားတဲ့ရုပ်ပုံလွှာ၊ ငြိမ်နေတာလေ၊ ဓာတ်ပုံဟာ ဖလင်ပေါ်မှာ ထင်နေ တာ၊ ထင်တဲ့အတိုင်းပဲ ပြင်လို့မရဘူး၊

(ဒါပေမယ့် . ကြံကြံဖန်ဖန် ပြင်ရင်တော့ နှုတ်ခမ်းမွှေးမပါတဲ့လူ နှုတ်ခမ်းမွှေးတပ်၊ ဒါက ပြင်လို့ရတယ်ဆိုတာ အပေါ်ယံတင် လုပ်နေတာ၊ ဟုတ်ရဲ့လား၊ တကယ် ကတော့ ဒါ ပြင်လို့ရတာ မဟုတ်ဘူး၊)

သဘာဝ အတိုင်း ငြိမ်နေတာ၊ အဲဒီသဘောကို ပြောတာ၊ နိရုဿာဟ သန္တဘာဝ - ဝိပါက် စိတ်တွေဟာ အားထုတ်မှုကင်းမဲ့ပြီးတော့ ငြိမ်နေတဲ့သဘောရှိတယ်။

ဒီတော့ ဝိပါက်စိတ်တွေက ငြိမ်နေတယ်ဆိုရင် ဝိပါက်စိတ်နဲ့ ယှဉ်နေတဲ့ စေတသိက် တွေကရော မငြိမ်လို့ ဖြစ်မလား၊ အကြောင်းတရားဖြစ်တဲ့ ဖိပါက်စိတ်က ငြိမ်လိုက်ပြီ ဆိုရင် ကျန်တာရော မငြိမ်ရပေဘူးလား၊ ငြိမ်သွားတယ်၊ အဲဒါကြောင့်မို့ အဋ္ဌကထာ ဆရာကြီးက ရှင်းပြတာ “နိရုဿာဟ သန္တဘာဝါယ ဥပကာရက” အကြောင်းတရားက အားထုတ်မှုကင်းမဲ့ပြီးတော့ ငြိမ်သက်နေတဲ့ အနေအထား ကြောင့် ကျန်တဲ့ယှဉ်ဘက်သဘာဝတရားတွေကိုလည်းပဲ အားထုတ်မှုကင်းမဲ့ပြီးတော့ ငြိမ်သက်သွားအောင် ပြုတယ်၊ ဒါမှ လိုက်လျော်ညီထွေ ဖြစ်မှာပေါ့၊ တစ်ခုက ငြိမ်၊ တစ်ခုက လှုပ်နေရင် ဘယ်ပေါင်းလို့ ရမလဲ၊ ရပါ့မလား၊ မရဘူး၊ ငြိမ်နေတာချင်း တူမှ ပေါင်းစပ်လို့ ရတာနော်။

ဝိပါကကနေပြီး အကျိုးပြုတဲ့ ဝိပါကပစ္စယောဆိုတာ အဲဒါ ပြောတာနော်၊ တခြားဟာကိုပြောတာ မဟုတ်ဘူး၊ အားထုတ်မှုကင်းမဲ့ပြီးတော့ ငြိမ်သက်နေတဲ့ အနေအထားဖြင့် ယှဉ်ဘက်တရားတွေကိုလည်း အားထုတ်မှုကင်းပြီးတော့ ငြိမ်သက် သွားအောင် ကျေးဇူးပြုတယ်။

ကဲ ဒီလိုဆိုလို့ရှိရင် ဝိပါက်စိတ်မှာယှဉ်တဲ့ ဝေဒနာနဲ့ ကုသိုလ်စိတ်မှာ ယှဉ်တဲ့ဝေဒနာ တူပါတော့မလား၊ မတူဘူး။ ဝိပါက်စိတ်မှာယှဉ်တဲ့ ဝေဒနာက အားထုတ်မှု မရှိဘူး၊ ငြိမ်သက်နေတယ်၊ ကုသိုလ်စိတ် အကုသိုလ်စိတ်မှာယှဉ်တဲ့ ဝေဒနာကျတော့ အားထုတ်မှုရှိတယ်၊ လှုပ်ရှားတယ်၊ မငြိမ်သက်ဘူး၊ ဒီလိုဆိုတယ်။ အဲဒါ ဘယ်သူ့ကြောင့် ဒီလိုကွဲပြားသွားတာတုန်းဆိုရင် ဒါ ဝိပါကသတ္တိ ကြောင့်ပဲ၊ ဝိပါကသတ္တိလို့ပြောတာ အဲဒါ။

အဲဒါကို ပဋ္ဌာန်းမှာ -

“ဝိပါကာ စတ္တာရော ခန္ဓာ အရူပိနော အညမညံ ဝိပါကပစ္စယေန ပစ္စယော”။

ဝိပါကာ – ဝိပါကလို့ဆိုတဲ့၊

စတ္တာရော ခန္ဓာ အရူပိနော - နာမ်ခန္ဓာလေးပါးတို့ဟာ၊

အညမညံ - အပြန်အလှန်၊

ဝိပါကပစ္စယေန - ဝိပါကပစ္စယသတ္တိဖြင့်၊

ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေတော့၏။

အပြန်အလှန် အထောက်အကူပြုတယ်၊ အပြန်အလှန် အထောက်အကူ ပြုတယ် ဆိုတာ သူက ငြိမ်သက်လို့ ကျန်တာတွေကို ငြိမ်သက်စေတယ်၊ ငြိမ်သက်အောင် လုပ်တယ်။

အပြန်အလှန်ဆိုတဲ့စကားက ဘာပြောတာတုန်း၊ ခုနတုန်းက စက္ခုဝိညာဏ် စိတ်တစ်ခုကို နားလည်ရင် ကျန်တာတွေအကုန် နားလည်တယ်၊ စက္ခုဝိညာဏ်စိတ် က ဝိပါကပစ္စယဆိုလို့ရှိရင် ဖဿ၊ ဝေဒနာ၊ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြေ မနသိကာရလို့ ဆိုတဲ့ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု၊ တစ်နည်းအားဖြင့် စေတသိက်နာမ်ခန္ဓာ၃-ပါး၊ ဝိပါက်စိတ်က ဝိညာဏက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာကို ပစ္စည်းယူရင် ကျန်တဲ့ နာမ်ခန္ဓာ ၃-ပါးက ပစ္စယုပ္ပန်၊ ငြိမ်သက်အောင်လုပ်တာ၊ ကျန်တဲ့နာမ်ခန္ဓာ၃-ပါးကို ပစ္စည်းယူရင် ဝိပါကစိတ် စက္ခုဝိညာဏ်စိတ်က အကျိုး တရားဖြစ်တယ်၊ အပြန်အလှန်။ နာမ်ခန္ဓာလေးပါးထဲမှာ ၂-ခုက အကြောင်းဆိုရင် ကျန်တဲ့၂-ခုက အကျိုး၊ ဒီလိုပြောတာ။ သူတို့ကျေးဇူးပြုတာ ဘာတုန်းဆိုရင် ငြိမ်သက်အောင် ကျေးဇူပြုတာပဲ၊ လှုပ်ရှားမှုကင်းပြီးတော့ ငြိမ်သက်တယ်။

အဲဒီလို လှုပ်ရှားမှုကင်းပြီးတော့ ငြိမ်သက်နေတဲ့သဘာဝတရားတွေဟာ အပြန်အလှန် လှုပ်ရှားမှုကင်းပြီးတော့ ငြိမ်သက်နေအောင် အထောက်အကူ ပြုနေကြပါတယ်၊ ဒါကိုပဲ ဝိပါကပစ္စယောလို့ ပြောတာ၊ (ကာလဝိပါက် နောက်ပိုးတက်နဲ့ လည်း မဆိုင်ဘူး၊ ဝိပါကဝဋ်နဲ့လည်း မဆိုင်ဘူးနော်၊ ဝိပါကပစ္စယောရဲ့ အဓိပ္ပါယ်က ဒါကို ပြောတာ၊) သဘာဝတရားတွေက အချင်းချင်း အပြန်အလှန် အထောက်အကူ ပြုနေတယ်ဆိုတဲ့သဘောကိုပြောပြတာ၊ ဒီလိုဆိုလိုတယ်၊ ဒါက ပဋ္ဌာန်းပစ္စယနိဒ္ဒေသ ဒီလောက်ပဲ ဟောထားတယ်။

ပဥှာဝါရအဆို

ဒါပေမယ့် ဝိပါကပစ္စည်းက ဒီလောက်တင် အပြန်အလှန် အထောက်အကူ ပြုရုံပဲလားဆို မဟုတ်ဘူး၊ အကျိုးတစ်ခုထုတ်လုပ်တာ ရှိသေးတယ်၊ အဲဒီထုတ်လုပ် တာကိုတော့ ပစ္စယနိဒ္ဒေသမှာ မဟောဘူး၊ ပဥှာဝါရ ပဋ္ဌာန်းပါဠိတော်မှာကျတော့ ဟောတယ်၊ ဝိပါက်စိတ်တွေဖြစ်လာတဲ့အခါမှာ (ဝိပါက်စိတ်တိုင်းတော့ မဟုတ်ဘူး)၊ ခုနပြောတဲ့ စက္ခုဝိညာဏ်စိတ်၊ သောတဝိညာဏ်စိတ်၊ ဃာနဝိညာဏ်စိတ်၊ ဇိဝှါ- ဝိညာဏ်စိတ်၊ ကာယဝိညာဏ်စိတ်ဆိုတဲ့ ဒွေပဉ္စဝိညာဏ်စိတ်၊ (ဒွေပဉ္စဆိုတာ ငါးနှစ်လီကို ပြောတာနော်၊ ငါးနှစ်လီ တစ်ဆယ်)၊ စက္ခုဝိညာဏ်စိတ်က ၂-ခု ရှိတယ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှာဝိညာဏ်၊ ကာယဝိညာဏ် အားလုံး ၂-ခုစီရှိတယ်၊ အားလုံးပေါင်း ၁၀၊ အဲဒီစိတ် ၁၀-ခု ဖြစ်လို့ရှိရင် အဲဒီ စိတ် ၁၀-ခု က စိတ္တဇရုပ်ကို မထုတ်လုပ်နိုင်ဘူး၊ နောက် အရူပဝိပါက် ၄-ခု၊ အရူပဘုံမှာ ဖြစ်တယ်၊ အရူပဘုံဆိုတာ ရုပ်ကင်းမဲ့တဲ့ဘုံ၊ ရုပ်မရှိတဲ့ဘုံ၊ ရုပ်ကင်းမဲ့တဲ့ဘုံမှာ ဖြစ်တဲ့စိတ် ကလည်း ရုပ်ကိုမထုတ်လုပ်ဘူး၊ ထုတ်စရာမှ မရှိတာ၊ ဘာကို ထုတ်မလဲ၊ ရုပ်မရှိတဲ့နေရာ သွားဖြစ်တယ်။

ကျန်တဲ့ဝိပါက်စိတ်တွေကျတော့ စိတ္တဇရုပ်ကို မွေးဖွားပေးလိုက်တယ်တဲ့၊ စိတ်ကြောင့် ဖြစ်တဲ့ ရုပ်တွေထဲက လူမမြင်ရတဲ့ရုပ်တွေက ဘာတုန်း၊ စိတ်ကြောင့် ဖြစ်တာ ပထဝီ ရှိတယ်၊ စိတ်ကြောင့်ဖြစ်တဲ့ ပထဝီကို ဘယ်လိုခန့်မှန်းလို့ရလဲ၊ လမ်းလျှောက်တဲ့အခါ ကြည့်၊ လမ်းလျှောက်တဲ့အခါမှာ Anatomy တို့ သိပ္ပံဆရာ တို့ကတော့ တစ်မျိုး ပြောချင်ပြောမယ်၊ ဗုဒ္ဓရဲ့အဘိဓမ္မာနယ်ကတော့ တစ်မျိုးပြော တယ်နော်၊ သူတို့က ကြွက်သားအားတို့ ဘာတို့ ပြောချင်ပြောမှာပေါ့နော်၊ လမ်းလျှောက်တဲ့အခါမှာ ရှေ့ကိုလှမ်းမယ်ဆိုတဲ့အခါမှာ ခြေထောက်ကမမြှောက်ဘူး လား၊ မြှောက်တယ်နော်၊ နောက် ခြေထောက်ကြွတော့မယ်ဆိုရင် အဲဒီ ခြေထောက်ကို အောက်ကို မချဘူးလား၊ မြှောက်လိုက်တဲ့အချိန် ဘယ်သူက မြှောက်မှုကို ထုတ်လုပ်တာတုန်းဆို စိတ်ကပဲ ထုတ်လုပ်တာ၊ ဒီအကြောတွေ လှုပ်ရှားလာအောင် ဘယ်သူက လုပ်တာတုန်း၊ စိတ်ကလုပ်တာ။

အဲဒီမှာ ခြေထောက်မြှောက်လိုက်ပြီဆိုတဲ့အချိန်လေးမှာ ဓာတ်ကြီးလေးပါးထဲမှာ ဘယ်သူတွေ ပိုလာတုန်း၊ ဓာတ်ကြီးလေးပါးက balance မဖြစ်ဘူး၊ အတိုး အဆုတ်လုပ်တယ်၊ ခြေထောက် မြှောက်လိုက်တဲ့အချိန်မှာ ပထဝီဓာတ်တွေ လျော့သွားတယ်၊ အာပေါဓာတ်တွေ လျော့သွားတယ်၊ ဒါ လူမသိဘူး၊ ဘယ်သူတွေ များလာတုန်းဆို တေဇောဓာတ်နဲ့ ဝါယောဓာတ်တွေ များလာတယ်၊ အပူနဲ့ လေ ကြောင့် အပေါ် မြောက်တက်လာတာတဲ့၊ ဟုတ်တာပေါ့၊ လေယာဉ်ပျံကြီး အပေါ် မြောက်တက်လာတာ အပူနဲ့ လေအားနဲ့ စုပ်ပြီးတက်သွားတာ မဟုတ်လား။

ခြေထောက် မြှောက်လိုက်တဲ့အခါ ပထဝီဓာတ်နဲ့ ... အာပေါဓာတ်က လျော့သွားပြီး တေဇောဓာတ်နဲ့ ပါယောဓာတ်က တိုးလာတယ်၊ တစ်ခုက လျှော့ပြီး တစ်ခုက မြှင့်တင်ပေးလိုက်တဲ့အခါမှာ ခြေထောက်ကြီးက မြောက်တက်သွားတယ်၊ ကဲ ပြန်ချလိုက်ပြီဆိုတဲ့အခါကျတော့ ခုနက ပထဝီနဲ့ အာပေါက များလာပြီး ဝါယောနဲ့ တေဇောက လျော့သွားတယ်၊ အဲဒီလို လျှော့ချည်တင်းချည် လျှော့ချည်တင်းချည် လုပ်နေတာ ဘယ်သူက လုပ်နေတာတုန်းဆို စိတ်ကလုပ်နေတာ၊ ပထဝီ အာပေါ တေဇော ဝါယောကို စိတ်က ထိန်းချုပ်ပြီးတော့ ဖြစ်ပေါ်စေတယ်။

ဒါကြောင့်မို့ စိတ္တဇပထဝီ စိတ္တဇအာပေါ စိတ္တဇတေဇောစိတ္တဇဝါယော ဆိုပြီး ဓာတ်ကြီးလေးပါးသည် စိတ်ကြောင့် ဖြစ်တယ်၊ ကံကြောင့်ဖြစ်တာရှိတယ်၊ ဥတုကြောင့်ဖြစ်တာရှိတယ်၊ အာဟာရကြောင့် ဖြစ်တာရှိတယ်၊ စိတ်ကြောင့်ဖြစ်တာ ရှိတယ်၊ အခုပြောတဲ့ မြှောက်လိုက် ချလိုက်လုပ်တဲ့ အချိန်မှာ ဒီဓာတ်ကြီးလေးပါးက စိတ်ကြောင့် ဖြစ်တာ။

ဒီ့ထက် ထင်ရှားတာတစ်ခု ပြောရဦးမယ်၊ မြင်ရတဲ့ရုပ်တစ်ခုကို ပြောမယ်၊ အသံရုပ်၊ သာမန်ပြောရင်တော့ အဲဒါ Anatomy ဆရာတွေက ပြောမယ်၊ အသံအိုး ဆိုတာ ရှိတယ်၊ ဒါတော့ အကြောင်းဆိုတာ တစ်ခုတည်း မဟုတ်ဘူး၊ အကြောင်း ဆိုတာ အများကြီးဖြစ်ရမယ်၊ စိတ်ဆိုတာ အဓိကအကြောင်း၊ စိတ်က ဘယ်လိုထုတ် ထုတ် အသံအိုး မကောင်းရင် အသံထွက်ပါ့မလား၊ မထွက်ဘူးနော်၊ အကူအညီတော့ ရှိရမှာပေါ့၊ သို့သော် ပင်မအကြောင်းကို ပြောလို့ရှိရင် စိတ်ပဲ။

ဘာကြောင့် အသံဟာ မြည်လာသလဲလို့၊ ခုနတုန်းက အသံအိုးတွေနဲ့ မပြောဘဲနဲ့ စာနဲ့ပြောမယ်ဆိုရင် လူတွေရဲ့သန္တာန်မှာ ကမ္မဇ ပထဝီဆိုတာ ရှိတယ်၊ ကံကြောင့်ဖြစ်တဲ့ ပထဝီ၊ အသံဖြစ်တဲ့နေရာမှာ အဲဒီ ကမ္မဇပထဝီရှိတယ်၊ အဲဒီ ကမ္မဇပထဝီက ဘာနဲ့ အလားသဏ္ဌာန်တူတုန်းဆိုရင် စည်နဲ့ အလားသဏ္ဌာန် တူတယ်၊ အဲဒီမှာ စိတ္တဇပထဝီ စိတ်ကြောင့်ဖြစ်လာတဲ့ ပထဝီက ဘာနဲ့ အလား သဏ္ဌာန်တူတုန်းဆိုရင် စည်တီးတဲ့တုတ်နဲ့ တူတယ်၊ စိတ္တဇပထဝီက ကမ္မဇပထဝီကို တိုက်တယ်၊ အမာအမာချင်းပေါ့၊ စိတ္တဇပထဝီကလည်း မာတယ်၊ ကမ္မဇပထဝီ ကလည်း မာတယ်၊ အဲဒီမာတဲ့အရာ၂-ခု တိုက်လိုက်တဲ့အတွက် အသံဖြစ်လာတာ၊ ကမ္မဇပထဝီနဲ့ စိတ္တဇပထဝီ အဲဒီ၂-ခု ပေါင်းစပ်လိုက်လို့ အသံ ထွက်လာတာ။

ကမ္မဇပထဝီဆိုတာ အသံအိုး နေရာပေါ့၊ ကမ္မဇပထဝီဆိုတာ ကံကနေ ဖန်တီး ပေးတာတစ်ခုပဲ၊ အဲဒါ စကားပြောလိုစိတ်နဲ့ အာရုံကြောတွေ ဘာတွေ အကုန်လုံးဟာ လှုပ်ရှားပြီးတော့ တီးခတ်လိုက်လို့ အသံဆိုတာ ထွက်လာတာ၊ သဒ္ဒရုပ်လေးဟာ စိတ်ကြောင့်ဖြစ်တာ ရှိတယ်၊ ဒါကို ပြောတာ၊ အသံလေးဟာ စိတ်ကြောင့် ဖြစ်ပေါ်လာတာ။

အသံဖြစ်ပေါ်ပုံနဲ့ ပတ်သက်ပြီးတော့ ကျမ်းဂန်တွေမှာ ဘယ်လိုရှင်းပြတုန်း၊ ကမ္မဇပထဝီနဲ့ စိတ္တဇပထဝီ ဒီ၂-ခုရဲ့တိုက်ခိုက်မှုကြောင့် အသံဆိုတာ ဖြစ်လာတာ၊ ဒီနေရာမှာ ကမ္မဇပထဝီက ညံ့နေတယ်ဆိုလို့ရှိရင်လည်း အသံက ပီပီမထွက်နိုင် ဘူး၊ စိတ္တဇပထဝီက ညံ့နေလို့ရှိရင်လည်း အသံပီပီ မထွက်ဘူး၊ ဆိုပါစို့ - လူ တစ်ယောက်ဟာ ကြောက်ကြောက်လန့်လန့်ဖြစ်နေရင် အသံတစ်မျိုးမဖြစ်ဘူးလား၊ သူ့စိတ်အနေအထားပေါ် မူတည်ပြီးနော်၊ အသံမျိုးစုံထွက်တယ်၊ ငိုတဲ့အခါ အသံ တစ်မျိုး၊ ရယ်တဲ့အခါ အသံတစ်မျိုး၊ စိတ်အခြေအနေက အသံကို ထိန်းသွားတယ်၊ အသံမျိုးစုံထွက်တယ်၊ ကြောက်လွန်းအားကြီးရင် အသံမထွက်တော့ဘူး၊ အိပ်မက် တော့ မက်ဖူးပါလိမ့်မယ်၊ ကြောက်စရာ တွေ့တဲ့အခါကျတော့ အော်တာ၊ အသံက မထွက်ဘူးနော်၊ ဒီတော့ ကမ္မဇရုပ်နဲ့ စိတ္တဇရုပ်၊ ကံကြောင့်ဖြစ်တဲ့ ပထဝီနဲ့ စိတ်ကြောင့်ဖြစ်တဲ့ ပထဝီ, ဓာတ်၂-ခုနော်၊ စိတ်ကနေ ဖန်တီးပေးနေတယ်၊ ဒီလို ပြောတာ။

ဒါကြောင့်မို့လို့ ဝိပါက်စိတ်တွေဟာလည်း ဆိုင်ရာဆိုင်ရာ ရုပ်တွေကို ထုတ်သွားတယ်တဲ့၊ သူတို့ဖြစ်တဲ့အခါ ဆိုင်ရာဆိုင်ရာရုပ်တရားတွေကို မထုတ်နိုင်တဲ့ ဝိပါက်စိတ်က ၁၄-ခုပဲ ရှိတယ်၊ ကျန်တဲ့စိတ်တွေအားလုံးက ထုတ်ကိုထုတ်တာပဲ၊ စိတ္တဇရုပ်ကို ဖြစ်စေနိုင်တာတွေချည်းပဲ။

ဒီဝိပါက်စိတ်က ဖြစ်စေတဲ့ စိတ္တဇရုပ်တွေဟာလည်း ဝိပါကသတ္တိရဲ့အကျိုး လို့ ပြောရမယ်၊ ဝိပါက်စိတ်က ထုတ်လုပ်လိုက်တဲ့ စိတ္တဇရုပ်သည် အကုသိုလ်စိတ် ကထုတ်တဲ့ စိတ္တဇရုပ်လောက် ပြင်းထန်မှာ မဟုတ်ဘူး၊ ဒီလိုတော့ ရှိတယ်နော်၊ ကုသိုလ်စိတ်ကထုတ်တဲ့ စိတ္တဇရုပ်လို လှုပ်ရှားပြင်းထန်မှာတော့ မဟုတ်ဘူး၊ သူက ငြိမ်ငြိမ်သက်သက်ကလေးပဲ ဖြစ်မယ်၊ ဘာဖြစ်လို့တုန်း ဝိပါက်စိတ်ကိုက နိရုဿာဟ သန္တဘာဝ - အားထုတ်မှုကင်းမဲ့နေတဲ့ ငြိမ်သက်တဲ့သဘော၊ အားထုတ်မှုကင်းမဲ့ပြီး တော့ ငြိမ်သက်တဲ့သဘောတရား ရှိတဲ့တရားက ထုတ်လုပ်တဲ့ အကျိုးတရားတွေကို လည်း အားထုတ်မှုကင်းမဲ့ပြီး ငြိမ်သက်တဲ့အနေအထားပဲ ထုတ်မှာပေါ့၊ ဝိပါက- ပစ္စယောဆိုတာ ဒါကို ပြောတာပါ။

ပဋိသန္ဓေအချိန်မှာလည်း ကမ္မဇရုပ်တွေနဲ့ ယှဉ်တွဲပြီးတော့ ဖြစ်တာရှိတယ်၊ ပဋိသန္ဓေအခိုက်မှာဆိုလို့ရှိရင် ပဋိသန္ဓေစိတ်သည် ဝိပါက်စိတ်ပဲ၊ အဲဒီဝိပါက်စိတ်နဲ့ ယှဉ်တွဲပြီးတော့လာတဲ့ ကမ္မဇရုပ်တွေ ရှိတယ်၊ အဲဒီကမ္မဇရုပ်တွေနဲ့လည်း အပြန် အလှန် အကျိုးပြုနေကြတယ်၊ သူက ဖြစ်ပြီဆိုလို့ရှိရင် အပြန်အလှန် ကျေးဇူးပြုတာ ရှိတယ်၊ ကျေးဇူးပြုတာကိုပဲ ပစ္စယော လို့ ဒီနေရာမှာ ပြောတာပါ၊ ဒါ ဝိပါက ပစ္စယောပဲ။

ပဥှာဝါရမှာတော့ ဝိပါကဆိုတာ ကုသိုလ် အကုသိုလ် အဗျာကတ ၃-မျိုး ခွဲတဲ့အထဲမှာ အဗျာကတ၊ အဗျာကတဆိုတဲ့အဓိပ္ပါယ်က “ကုသိုလ်လို့လည်း မပြောဘူး၊ အကုသိုလ်လို့လည်း မပြောဘူး၊ တခြားနာမည်နဲ့ ပြောမယ်” ဆိုတဲ့ အဓိပ္ပါယ်၊ ဗျာကတဆိုတာက ထုတ်ဖော်ပြောဆိုတာ၊ အဗျာကတဆိုတာ ထုတ်ဖော်မပြောဘူး၊ ကုသလဆိုတာ ကုသလလို့ ထုတ်ဖော်ပြောတာ၊ ထို့အတူပဲ အကုသလဆိုတာ အကုသလလို့ ထုတ်ဖော်ပြောတာ၊ အဗျာကတကျတော့ ကုသလလို့လည်း ထုတ် မပြောဘူး၊ အကုသလလို့လည်း ထုတ်မပြောဘူးနော်၊ ဝိပါကလို့ပဲ ပြောလိုက်တယ်၊ ဒါကိုကြည့် ကုသိုလ်လို့လည်း မပြောဘူး၊ အကုသိုလ်လို့လည်း မပြောလို့ အဗျာကတလို့ ခေါ်တာနော်။

ဓမ္မသင်္ဂဏီပါဠိတော်မှာ သို့မဟုတ် အဘိဓမ္မာ ၇-ကျမ်းကို မြတ်စွာဘုရား က ဟောတော်မူတဲ့အချိန်မှာ တရားဓမ္မတွေကို သုံးစုပြုတယ်၊ “တိက” လို့ ခေါ်တယ်၊ တရားဓမ္မကို နှစ်စုပြုတာကျတော့ “ဒုက” လို့ ခေါ် တယ်၊ တိကဆိုတာ တိ ဆိုတာ သုံး၊ က ဆိုတာ အပေါင်း၊ မြန်မာတွေကတော့ “တိက” ကို တိက် လို့ ပြောတယ်၊ (တိက်ဆိုတော့ ဟိုကပ်တဲ့တိပ်တွေနဲ့ ရောကုန်မယ်၊) “ဒုက” ကျတော့ ဒုက်၊ (ရိုက်တဲ့တုတ်နဲ့ သွားရောတယ်၊) ဆိုလိုတာက တိကဆိုတာ သုံးစုအစု၊ ဒုက ဆိုတာ နှစ်စုအစု၊ ဒီလိုဆိုလိုတာ။ a set of three နဲ့ a set of two နှစ်စုအစုနဲ့ သုံးစုအစု။

အဲဒီမှာ မြတ်စွာဘုရားက ဓမ္မကို သုံးစုခွဲလိုက်တယ်၊ ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတဓမ္မာ လို့ ၃-စု ခွဲတယ်၊ သုံးစုခွဲလိုက်တဲ့အထဲမှာ ဝိပါကဆိုတာ အဗျာကတထဲမှာ၊ ဒါကြောင့်မို့ “ကုသလာကုသလာ ဘာဝေန အကထိတာ”- ကုသလ အကုသလလို့မပြောဘဲနဲ့ “အညဘာဝေန ကထိတာ” တခြားနာမည်ဖြင့် ပြောအပ်တဲ့တရားလို့ ဒီလိုဆိုတယ်၊ ဒီတော့ ဝိပါကဆိုတဲ့နာမည်နဲ့ ဟောတဲ့တရား၊ “အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ ဝိပါကပစ္စယေန ပစ္စယော” လို့ ပဉှာဝါရမှာ ဒီလိုဟောတယ်၊ အဗျာကတဓမ္မတစ်ခုသည် အဗျာကတ ဓမ္မတစ်ခုအား ဝိပါကသတ္တိနဲ့ ကျေးဇူးပြုပါတယ်တဲ့။

အဗျာကတဆိုတာ ဝိပါက်စိတ်တစ်မျိုးတည်းကို အဗျာကတ ခေါ်တာ မဟုတ်ဘူး၊ ကြိယာစိတ်ကိုလည်း အဗျာကတ ခေါ်တယ်၊ ကုသိုလ် အကုသိုလ် မဟုတ်တာတွေဆိုရင် - ဝိပါက်စိတ်ရှိတယ်၊ ကြိယာစိတ်ရှိတယ်၊ နောက် ရုပ်တရား တွေ ရှိတယ်၊ နောက်ပြီးတော့ နိဗ္ဗာန်ရှိတယ်၊ ပရမတ္ထတရား ၄-ပါးကို ကုန်အောင် ဟောလိုက်မယ်ဆိုရင် ကုသလမှာ ကုသိုလ်မှန်သမျှပါသွားပြီ၊ အကုသလမှာ အကုသိုလ်မှန်သမျှ ပါသွားပြီ၊ အဗျာကတဓမ္မမှာ ကျန်တာတွေ အကုန်ပါတယ်၊ ဝိပါက် ကြိယာ ရုပ် နိဗ္ဗာန်၊ အဲဒါကို အဗျာကတလို့ ခေါ်တယ်၊ ဒီနေရာမှာ ဝိပါကပစ္စယောဖြစ်လို့ အဗျာကတဆိုတာ ဝိပါကအဗျာကတတစ်ခြမ်း ၄-ပုံပုံ တစ်ပုံပဲ ဟောတာ။

ဒါကြောင့်မို့ အဖြေထုတ်တဲ့အခါ

“ဝိပါကော အဗျာကတော ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ ဝိပါကပစ္စယေန ပစ္စယော”

- ဝိပါကအဗျာကတ ဖြစ်တဲ့ ခန္ဓာတစ်ခုသည် ခန္ဓာသုံးခုအား, ခုနပြောတဲ့ စတ္တာရော ခန္ဓာ အရူပိနောပဲ၊ နာမ်ခန္ဓာလေးခုထဲက တစ်ခုက ပစ္စည်းတရားဆိုရင် ကျန်တဲ့သုံးခုကို ကျေးဇူးပြုတယ်၊ ဧကော ခန္ဓော ဧကဿ ခန္ဓဿ၊ ဒွေ ခန္ဓာ ဒွိန္နံ ခန္ဓာနံ၊ ဝိပါကပစ္စည်းက ဒါတင်လားဆိုတော့ မဟုတ်ဘူး၊ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ – အဲဒီဝိပါက်စိတ်က ထုတ်လုပ်လိုက်တဲ့ စိတ္တဇရုပ်တွေကိုပါ ဝိပါကသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ပဋိသန္ဓေ အခိုက်မှာဆိုရင် ကမ္မဇရုပ်တွေကို ကျေးဇူးပြုတယ်၊ အပြန်အလှန် ကျေးဇူးပြုနေကြတာ။

ဒီတော့ မြတ်စွာဘုရားက ပဋ္ဌာန်းပါဠိတော်မှာဟောတဲ့ ဝိပါကလို့ဆိုတာ တို့သန္တာန်မှာ ဖြစ်နေတဲ့ ဝိပါက်စိတ်တွေအကြောင်းကို ပြောတာလို့ ဒီလိုမှတ်ပါ ဝိပါက်စိတ် ၃၆-ခုလို့ ပြောတာနော်၊ အဲဒီ ၃၆-ခုလုံး ကိုယ်ပိုင်ရှိတယ်လို့တော့ မအောက်မေ့နဲ့နော်။

ကိုယ့်သန္တာန်မှာ လောလောဆယ်ရှိနေတဲ့ ဝိပါက်စိတ်တွေကို ပြောရအောင်၊ နေ့စဉ်မှာ ဘာတွေရှိနေတုန်းဆိုရင် မြင်သိစိတ်ဆိုတဲ့ စက္ခုဝိညာဏ်စိတ်မရှိဘူးလား၊ ရှိတယ်၊ သောတဝိညာဏ်စိတ်ဆိုတဲ့ ကြားသိစိတ်ရော မဖြစ်ဘူးလား၊ နံသိစိတ် ရှိတယ်၊ လျက်သိစိတ်၊ ထိသိစိတ်၊ ဒါတွေကတော့ ဖြစ်နေတာ သေချာတယ်၊ မျက်စိ ဖွင့်ကြည့်လိုက်တာနဲ့ မြင်သိစိတ်ကလာပြီ၊ နားစွင့်လိုက်တာနဲ့ ကြားသိစိတ်က လာပြီ၊ နှာခေါင်းထဲမှာအနံ့ရတာနဲ့ နံသိစိတ်၊ လျက်တာနဲ့ လျက်သိစိတ်၊ ခန္ဓာကိုယ်နဲ့ တစ်ခုခုထိတာနဲ့ပဲ ထိသိစိတ်၊ ဒီစိတ်တွေက နိရုဿာဟ သန္တဘာဝ - ကံရဲ့ပုံရိပ် ကြောင့် ပေါ်လာတဲ့ သဘာဝတရားတွေမို့ လှုပ်ရှားမှုမရှိဘူး။

အားထုတ်မှုမရှိဘူး၊ အားထုတ်မှုမရှိဘူးဆိုတာ သူတို့ရဲ့ကိုယ်ပိုင်အားထုတ် မှု မရှိဘူးလို့ ပြောတာနော်၊ အကြောင်းတရားက ဖြစ်စေလိုက်လို့သာ ပေါ်လာတာ၊ သိပ်ငြိမ်သက် တယ်၊ သူတို့ရဲ့ ပင်ကိုယ် activity တွေ ဘာမျှမရှိဘူးလို့ ပြောတာနော်၊ ကိုယ်ပိုင် အစွမ်းအစလည်း ဘာမျှမရှိဘူး၊ ကံရဲ့ပုံရိပ်အနေနဲ့ ပေါ်လာတယ်။

ကဲကြည့် - အာရုံတစ်ခုပေါ်လာလို့ လက်ခံလိုက်တဲ့ သမ္ပဋိစ္ဆိန်းစိတ်၊ ဒါလည်း ဝိပါက်စိတ်၊ စုံစမ်းတဲ့ သန္တီရဏစိတ်၊ မေးစရာရှိတာက လက်ခံတာတို့ စုံစမ်း တာတို့ ဒါ အလုပ်လုပ်တာ မဟုတ်ဘူးလားလို့၊ ကံက ခိုင်းထားတဲ့ပုံလေးပဲ၊ သူ ဒီ့ထက်ထူးပြီး မလုပ်တတ်ဘူး၊ နိရုဿာဟဆိုတာ ကိုယ့်ဟာကိုယ် ထွင်ပြီးလုပ်တာ၊ မရှိဘူးလို့ ပြောတာ၊ စက်ရုပ်လိုပဲ၊ စက်ရုပ်ဟာ သူ့ဟာသူထွင်ပြီး မလုပ်နိုင်ဘူး၊ ခိုင်းထားတဲ့ အတိုင်းပဲ၊ ဆင်ထားတဲ့အတိုင်းသာ ဖြစ်တယ်၊ ဝိပါက်စိတ်တွေဟာလည်း ဒီအတိုင်းပဲ၊ အကြောင်းတရားက ထုတ်လုပ်ထားတဲ့အတိုင်းပဲ ဖြစ်တယ်။

ဘုန်းကြီးတို့တတွေရဲ့သန္တာန်မှာ ဒွေပဉ္စဝိညာဏ်တစ်ဆယ်ဆိုတဲ့ မျက်စိ နား လျှာ ကိုယ်နဲ့ ပတ်သက်တဲ့စိတ် ၁၀-မျိုး ဖြစ်တယ်၊ အဲဒါက ဝိပါကပစ္စယော ပဲ နော်၊ ဝိပါကပစ္စယောထဲမှာ နေ့စဉ်ကြုံတွေ့နေတဲ့ဟာ၊ အပြန်အလှန် အထောက် အကူပြုနေ ကြတယ်၊ သဂ္ဂိုန်းဂိတ်၂-ခု ဖြစ်တယ်၊ သန္တီရဏစိတ် ၃-ခု ဖြစ်တယ်၊ ဒါတွေက နေ့စဉ်ဖြစ်နေတဲ့တရားတွေ၊ အဲဒါတွေက ဆိုင်ရာဆိုင်ရာ စိတ်ဖြစ်ခိုက်မှာ ဝိပါကပစ္စယောနဲ့ပဲ နေသွားကြရတယ်ပေါ့။

နောက်တစ်ခု မဟာဝိပါက်စိတ်၊ ကိုယ်ပဋိသန္ဓေနေခဲ့တာက ပထမ မဟာ ဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေခဲ့တယ်ဆိုရင် အိပ်နေတဲ့အချိန်မှာ ပထမ မဟာဝိပါက် စိတ်နဲ့ပဲ အိပ်မယ်ပေါ့၊ ဘဝင်စိတ်လို့ ခေါ်တယ်၊ မဟာဝိပါက်စိတ် ၈-ခုလုံးတောင် ရှိတာ မဟုတ်ဘူး၊ အိပ်နေတဲ့အချိန်မှာ ပဋိသန္ဓေနေခဲ့တဲ့ ပထမ မဟာဝိပါက်စိတ်နဲ့ပဲ ဖြစ်နေတယ်၊ သို့သော် ပဝတ္တိအခါမှာ ဖြစ်လာလို့ရှိရင်တော့ မဟာဝိပါက်စိတ် ၈-ခုလုံး ဖြစ်တယ်။

ဘုန်းကြီးတို့တတွေရဲ့ သန္တာန်မှာ ဖြစ်နိုင်ခွင့်ရှိတာ ဘာတွေတုန်းဆိုလို့ရှိရင် အကုသလဝိပါက်စိတ် ၇-ခု ဖြစ်ခွင့် ရှိတယ်၊ အဟိတ်ကုသလဝိပါက်စိတ် ၈-ခု ဖြစ် နိုင်ခွင့် ရှိတယ်၊ မဟာဝိပါက်စိတ်၈-ခု ဖြစ်ခွင့် ရှိတယ်၊ အားလုံးပေါင်းလိုက်တော့ ဘယ်လောက်လဲ? ၂၃၊ ဘုန်းကြီးတို့ရဲ့သန္တာန်မှာ နေ့စဉ်ဘဝမှာ ဝိပါကပစ္စယော ဆိုတာ ဒီဝိပါက်စိတ်၂၃-ပါးကို ပြောတာနော်။

ဈာန်ရပြီဆိုရင်တော့ ရူပဈာန်ရပြီး ရူပဗြဟ္မာဖြစ်နေတဲ့ အခိုက်ဆိုရင်တော့ ရူပါဝစရဝိပါက်စိတ် ဖြစ်ဦးမယ်၊ အရူပဈာန်ရပြီး အရူပဘုံရောက်လို့ အရူပဗြဟ္မာ ဖြစ်နေရင် အရူပဝိပါက်စိတ်တွေ ဖြစ်မယ်၊ အဲဒီတော့မှ ဖြစ်မယ်၊ အဲဒီစိတ်တွေက လူသားတွေအနေနဲ့ မဖြစ်ဘူး၊ ဝိပါက်စိတ် ၃၆-လို့ ပြောပေမယ့် ကိုယ့်သန္တာန်မှာ ရှိ တာ ခုနကပြောတဲ့ ၂၃-ပဲ၊ လူသားတွေအနေနဲ့ နေ့စဉ်နဲ့အမျှ ဝိပါကပစ္စယော ဆိုတာ အဲဒီဝိပါက်စိတ်၂၃-ခုနဲ့ စေတသိက်တွေ အပြန်အလှန်ဖြစ်နေကြတာကို ပြောတာ၊ အထောက်အကူဖြစ်နေကြတာကို ပြောတာ။

ဝိပဿနာကျင့်စဉ်ကို အောင်အောင်မြင်မြင်ကျင့်လို့ မဂ်စိတ်ဖြစ်ပြီဆိုရင် ဖိုလ်စိတ် ဆိုတာ ပေါ်လာတယ်၊ ဆိုလိုတာက သောတာပန်ဖြစ်ရင် သောတာပတ္တိဖိုလ်၊ သကဒါဂါမ်ဖြစ်ရင် သကဒါဂါမိဖိုလ်စိတ်၊ အနာဂါမ်ဖြစ်ရင် အနာဂါမိဖိုလ်စိတ်၊ ရဟန္တာဖြစ်မှ အရဟတ္တဖိုလ်စိတ်ဖြစ်တယ်၊ ဖိုလ်စိတ်တွေက ဆိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ ဖြစ်တာ၊ ဖိုလ်စိတ်ဆိုတဲ့ ဝိပါက်စိတ်တွေက ဘုန်းကြီးတို့ရဲ့ သန္တာန် မှာ မဖြစ်ဘူး၊ ဖြစ်ရင်လည်း သောတာပန်ဖြစ်ရင် သောတာပတ္တိဖိုလ်ပဲ ဖြစ်မယ်၊ ကျန်တဲ့ဖိုလ် မဖြစ်ဘူး၊ သောတာပန်ဘဝကနေ တစ်ဆင့်တက်သွားလို့ သကဒါဂါမ် ဖြစ်သွားပြီဆိုရင် သကဒါဂါမိဖိုလ်ပဲ ဖြစ်တယ်၊ သောတာပတ္တိဖိုလ် မဖြစ်တော့ဘူး။

ဈာန်နဲ့ ဖိုလ်နဲ့က မတူတဲ့သဘောလေးတွေ မှတ်ရမယ်၊ ဈာန်ဆိုတာ ပထမ ဈာန် ရပြီးရင် ဒုတိယဈာန်တက်၊ တတိယဈာန်တက်၊ စတုတဈာန်တက်၊ ပဉ္စမဈာန်တက်၊ အောက်က ဈာန်က ပျောက်မသွားဘူး၊ ပြန်ဝင်စားနိုင်တယ်၊ လှေကားထစ်တွေလိုပဲ၊ လှေကားထစ်ဟာ အပေါ်ဆုံးထစ်ရောက်သွားရင် အောက်ကအထစ်တွေ ပျောက် သွားတာ ဟုတ်ရဲ့လား၊ မပျောက်သွားဘူး၊ တက်လိုက်ဆင်းလိုက် တက်လိုက် ဆင်းလိုက်၊ ဟော အောက်ဆင်းချင်လည်း ဒီလှေကားထစ်ပဲ၊ လှေကား ငါးထစ် ရှိတယ်ဆိုရင် ဒီငါးထစ် ပျောက်မသွားဘူး။

ဖိုလ်စိတ်ကျတော့ ဒီလို မဟုတ်ဘူး၊ သောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ် တစ်ယောက်ဟာ သောတာပတ္တိဖိုလ်ပဲ ပိုင်ဆိုင်တယ်၊ သကဒါဂါမ်ဖြစ်သွားတာနဲ့ တစ်ပြိုင်နက်တည်း သောတာပတ္တိဖိုလ်စိတ်လို့ သူ့မှာမရှိတော့ဘူး၊ သောတာပတ္တိ ဖိုလ်ဝင်စားလို့ မရတော့ဘူး၊ သကဒါဂါမ်ဖြစ်ရင် သကဒါဂါမိဖိုလ်ပဲ ဝင်စားလို့ ရတယ်၊ ဘာဖြစ်လို့တုန်း Quality ချင်း ကွာသွားလို့၊ ဈာန်နဲ့မတူဘူး၊ လုံးဝ ပြောင်းလဲ သွားတယ်။

သောတာပတ္တိမဂ်ရဲ့စွမ်းရည်သတ္တိနဲ့ သကဒါဂါမိမဂ်ရဲ့စွမ်းရည်သတ္တိ မတူဘူး၊ သကဒါဂါမိမဂ်ရဲ့ စွမ်းရည်သတ္တိနဲ့ အနာဂါမိမဂ်ရဲ့ စွမ်းရည်သတ္တိ မတူဘူး၊ အနာဂါမိမဂ်ရဲ့ စွမ်းရည်သတ္တိနဲ့ အရဟတ္တမဂ်ရဲ့စွမ်းရည်သတ္တိ မတူဘူး၊ အဲဒီမဂ်တွေ မတူသည့်အတွက်ကြောင့် သူတို့က ထုတ်လုပ်တဲ့ အကျိုးတရားတွေလည်း မတူကြ ဘူးနော်၊ တစ်ခုစီ တစ်ခုစီ ချုပ်သွားတယ်၊ ချုပ်သွားသည့်အတွက်ကြောင့် ရှေးရှေး ဟာတွေကို လက်ခံရယူသိမ်းပိုက်ထားခြင်း မရှိဘူးတဲ့၊ ဒါ လောကုတ္တရာနဲ့ ဈာန် မတူတဲ့သဘောတွေ။

ဈာန်ဆိုတာကျတော့ ဒုတိယဈာန်ရရင်လည်း ပထမဈာန် ရှိသေးတယ်၊ ဝင်စားလို့ ရတယ်၊ လှေကားထစ်လိုပဲ၊ မြတ်စွာဘုရားဖြစ်ပြီးမှလည်း ပထမဈာန် ဝင်စားလို့ ရတာပဲ၊ လောကီဈာန် ဝင်စားလို့ရတယ်၊ တချို့က ဘုရားဖြစ်သွားပြီဆိုရင် လောကီစိတ်တွေ ဘုရားသန္တာန်မှာ မဖြစ်ဘူးလို့ ထင်နေတာ၊ ဘာဟုတ်မလဲ၊ လောကုတ္တရာစိတ် ဖြစ်တယ်ဆိုတဲ့အချိန်က ဖလသမာပတ်ဝင်စားမှ ဖြစ်တာ။

မြတ်စွာဘုရားဟာ - ဆိုပါစို့ တရားဟောနေတဲ့အချိန်၊ လူတွေနဲ့ စကား ပြောနေတဲ့ အချိန်၊ ရဟန်းတွေကို ဆုံးမနေတဲ့အချိန်မှာဆိုရင် နိဗ္ဗာန်ကို အာရုံပြုနေတာ မဟုတ်ဘူး၊ အဲဒီအချိန်မှာ ဘာစိတ်တွေ ဖြစ်နေတုန်း၊ သာမန်လူတွေလိုပဲ၊ ဘာထူးတုန်းဆိုတော့ ဘုရားမှာ အကုသိုလ်စိတ်မရှိဘူး၊ ဒါ ထူးတယ်၊ ကုသိုလ်စိတ် မရှိဘူး၊ ဘာရှိလဲ၊ ကြိယာစိတ်ပဲ ရှိတယ်၊ ကြိယာစိတ်ဆိုတော့ ကုသိုလ် အကုသိုလ်လို့ လက်ညှိုးထိုးလို့ မရဘူး၊ ဘဝတစ်ခုမှာ ဆောင်ရွက်ရုံသက်သက်ပဲ၊ ကြိယာပဲ ဖြစ်တယ်၊ သို့သော် ဘာနဲ့ အလားတူတုန်းဆိုတော့ ကုသိုလ်နဲ့ အလားတူတယ်၊ အကုသိုလ်တော့လုံးဝမရှိဘူး၊ မြတ်စွာဘုရားသန္တာန်မှာ လောကီစိတ်တွေဖြစ်တယ်၊ ဘာလောကီစိတ်တွေ ဖြစ်တာတုန်း၊ မြတ်စွာဘုရားက မျက်စိဖွင့်ကြည့်လိုက်လို့ မြင်လိုက်ပြီဆိုရင် စက္ခုဝိညာဏ်စိတ် ဖြစ်တယ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်လည်း ဖြစ်တယ်၊ ဖြစ်မှပဲ မြင်လို့ရမှာပေါ့၊ နောက်ပြီးတော့ သမ္ပဋိစ္ဆိန်းစိတ်ဖြစ်တယ်၊ သန္တီရဏစိတ် ဖြစ်တယ်။

စက္ခုဝိညာဏ်စိတ်တို့ သမ္ပဋိစ္ဆိန်းတို့ သန္တီရဏစိတ်တို့ဆိုတာ ပညာနဲ့ယှဉ်ရဲ့ လား၊ တချို့က အလွန်အကျွံတွေးတယ်၊ မြတ်စွာဘုရားသန္တာန်မှာဖြစ်တဲ့စိတ် အားလုံး သည် ဉာဏ်နဲ့ယှဉ်တယ်လို့၊ ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်ဘူး၊ စက္ခုဝိညာဏ်စိတ်မှာ ဘယ်ဉာဏ်ရှိမလဲ၊ ဒါတွေက automatic သူ့ဟာသူ၊ ဒီ process ကြီးက ပြင်လို့ ရတာ မဟုတ်ဘူး၊ ဟုတ်လား၊ ဒွါရနဲ့ အာရုံတိုက်ဆိုင်လို့ သဘာဝအားဖြင့် ဖြစ်တာ၊ မြတ်စွာဘုရားက မျက်စိနဲ့မြင်လိုက်တဲ့အခါမှာ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က တံခါးဖွင့်ပေး လိုက်တယ်၊ စက္ခုဝိညာဏ်စိတ်ကမြင်တယ်၊ သမ္ပဋိစ္ဆိန်းစိတ်က အမြင်အာရုံကို လက်ခံ လိုက်တယ်၊ သန္တီရဏက စုံစမ်းတယ်၊ ဝုဋ္ဌောက ဆုံးဖြတ်တယ်၊ ဇောဆိုတဲ့အခိုက် ကျတော့ မြတ်စွာဘုရားမှာ အသိဉာဏ်ပါလာပြီ၊ အဲဒီအချိန်ကျမှ အသိဉာဏ် ပါလာတာ။

အဲဒီနေရာမှာ အဘိဓမ္မာကျမ်းဂန်တွေမှာ ရေးထားတာတွေရှိတယ်၊ အားလုံး အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေ သိလိမ့်မယ်၊ ဟသိတုပ္ပါဒ်စိတ်ဆိုတာ ကြားဖူးတယ် မဟုတ်လား၊ ဟသိတုပ္ပါဒ်စိတ်ဆိုတာ ဘုရားနဲ့ ရဟန္တာတွေမှာ ဖြစ်တယ်တဲ့၊ သို့သော် အဲဒီ ဟသိတုပ္ပါဒ်စိတ်မှာ ပညာ ယှဉ်လားဆိုလို့ရှိရင် မယှဉ်ဘူး၊ အဟိတ်စိတ်၊ ပညာမယှဉ်ဘူး၊ ဟသိတုပ္ပါဒ်စိတ်ဟာ ဘုရားသန္တာန်မှာလည်း ရယ်ရွှင်မှုကို ဖြစ်စေ တယ်၊ ရဟန္တာတွေရဲ့ သန္တာန်မှာလည်း ရယ်ရွှင်မှုကို ဖြစ်စေတယ်။

အာဝေဏိကဂုဏ်တော်ထဲမှာကြည့် “သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ” – ကာယကံမှုအားလုံးမှာ ဉာဏ်ရှေ့သွားရှိတယ်၊ ဉာဏ်နောက် လိုက်တာ ဖြစ်တယ်၊ “သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ” – ပါးစပ်က ပြောသမျှ နှုတ်မှုတွေမှာလည်း ဉာဏ်သာရှေ့သွားရှိတယ်၊ ဉာဏ်နောက်လိုက်တယ်၊ “သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ” - ဉာဏ်ရှေ့သွားရှိတယ်၊ ဉာဏ်နောက်လိုက်တယ်၊ ဟသိတုပ္ပါဒ်စိတ် ဖြစ်နေတဲ့အခိုက်မှာဆိုရင် ဉာဏ်ပါပါ့ မလား၊ မပါသည့်အတွက်ကြောင့် တချို့ အဘိဓမ္မာဆရာတွေက ဟသိတုပ္ပါဒ်စိတ် ဘုရားသန္တာန်မှာ မဖြစ်ဘူးလို့ ယူဆတယ်။

ကဲ ဟသိတုပ္ပါဒ်စိတ် မဖြစ်ဘူးလို့ ပြောချင်ရင် စက္ခုဝိညာဏ်စိတ်လည်း မဖြစ်ဘူးလို့ မပြောရပေဘူးလား၊ စက္ခုဝိညာဏ်စိတ်တို့ သောတဝိညာဏ် ဃာန- ဝိညာဏ်တို့ ဇိဝှါဝိညာဏ်တို့လည်း ဉာဏ်ပါသလား၊ မပါဘူး၊ မပါသည့်အတွက် ကြောင့် သူတို့လည်း မဖြစ်ဘူးလို့ ပြောစရာရှိလား၊ .. တစ်ခုတော့ပြောမယ်၊ ပဉ္စဒွါရာဝဇ္ဇန်းနဲ့ မနောဒွါရာဝဇ္ဇန်းစိတ် (သို့မဟုတ်) ဝုဋ္ဌောဆိုတာ ကြိယာစိတ်၊ စက္ခု သောတ ဃာန ဇိဝှါ ကာယ သမ္ပဋိစ္ဆိန်း သန္တီရဏတို့က ဝိပါက်စိတ်၊ ဟသိတုပ္ပါဒ်ကျတော့ ဇောစိတ်၊ ဇောစိတ်ဖြစ်လို့ ဉာဏ်ယှဉ်ရမယ်လို့ ဒီလိုပြောချင်တာ၊ သို့သော် ဉာဏပုဗ္ဗင်္ဂမံ လို့ဆိုတာ မပြုံးခင်က မြတ်စွာဘုရားမှာ ဉာဏ်ဖြစ်ပြီးသား၊ ဟသိတုပ္ပါဒ်စိတ် ဖြစ်တဲ့ အခိုက်ကလေးသာ ဟသိတုပ္ပါဒ်စိတ်မှာ ဉာဏ်မယှဉ် တာကို ပြောတာနော်။

ပြုံးမှုကိုပြုတဲ့ မြတ်စွာဘုရားဟာ ဆိုပါစို့ - ဆွမ်းခံကြွသွားတဲ့အချိန်မှာ လမ်းမှာ ဝက်မကလေးတစ်ကောင်ကို မြင်တော့ ပြုံးတယ်၊ ဝက်မြင်တာနဲ့ ဘာလို့ ပြုံးတာလဲ၊ ဘုန်းကြီးတို့တတွေပြုံးမိရဲ့လား၊ ဝက်မြင်တာနဲ့ ဘယ်ပြုံးမလဲ၊ ဝက် ခဏခဏ တွေ့နေတာပဲနော်၊ မြတ်စွာဘုရားက ဝက်တင် မြင်တာမှ မဟုတ်ဘဲနဲ့၊ အဲဒီ ဝက်ကလေး မြင်လိုက်တဲ့အခါ အဲဒီဝက်မကလေးဟာ တစ်ခုသောဘဝမှာ ဗြဟ္မာကြီး၊ ဗြဟ္မာ့ဘဝကနေပြီးတော့ သူဟာ သံသရာလည်လာပြီးတော့ ဝက်ဖြစ်နေတာ၊ ဟော ဘဝနှစ်ခုဟာ ခြားနားလှချည်လား၊ ဒီဝက်မလေးဟာ တစ်ချိန်တုန်းက ဗြဟ္မာ့ပြည်မှာ ဗြဟ္မာ၊ ဒါကြောင့်မို့ မြန်မာစကားမှာ အဆိုလေးတစ်ခု ရှိတယ်လေ၊

“ဗြဟ္မာ့ပြည်မှာ တဝင်းဝင်း၊ ဝက်စာကျင်းမှာ တရှုတ်ရှုတ်” ဗြဟ္မာကနေ ဝက် တန်းဖြစ်တာတော့ မရှိဘူးပေါ့။

သို့သော် မြတ်စွာဘုရား ပြုံးတာဟာ “ဒီဝက်မကလေးဟာ တစ်ချိန်တုန်းက ဗြဟ္မာကြီး ပါလားဆိုတဲ့ အမြင်မြင်လို့ ပြုံးတာ၊ အဲဒီအမြင်မြင်ကတည်းက ဉာဏ် မဖြစ်ဘူးလား၊ ဝက်မလေးမြင်လို့ ပြုံးတဲ့အပြုံးသည် ဟသိတုပ္ပါဒ်နဲ့ ပြုံးတာပဲ၊ ဟုတ်ရဲ့လား၊ အဲဒါကြောင့် အဋ္ဌကထာဋီကာ ဆရာကြီးတစ်ဦးရဲ့ အယူအဆကို ကျန်တဲ့ပုဂ္ဂိုလ်တွေက လက်မခံနိုင်ဘူး၊ မြတ်စွာဘုရားရဲ့လုပ်သမျှဟာ အသိနဲ့ယှဉ် တယ်၊ ဟသိတုပ္ပါဒ်စိတ် မဖြစ်ခင်က ဉာဏ်ဖြစ်ခဲ့တာပဲ၊ အဲဒါက ဉာဏပုဗ္ဗင်္ဂမံ ဉာဏ်နဲ့အတူတူဖြစ်တယ် လို့ပြောတာမှ မဟုတ်ဘဲ ဉာဏ်ရှေ့သွားရှိလို့ပြောတာ။
“ဉာဏပုဗ္ဗင်္ဂမံ – ဉာဏ်ရှေ့သွားရှိတယ်၊
ဉာဏာနုပရိဝတ္တံ – ဉာဏ်နောက်လိုက်တယ်”
လို့ ပြောတာ၊ ဉာဏ်နဲ့အတူတူ ဖြစ်ရမယ်လို့ပြောတာ မဟုတ်ဘူးနော်။

ဒါကြောင့် လောကမှာရှိတဲ့ သဘာဝတွေပေါ်မှာ အထင်အမြင်တွေ ဖြစ်တတ်တယ်၊ မြတ်စွာဘုရားသန္တာန်မှာ လောကီစိတ်တွေ မဖြစ်ဘူးလို့ ဒီလို အောက်မေ့တတ်ကြ တယ်၊ မြတ်စွာဘုရားဟာ လောကီဈာန်တွေ မဝင်စားဘူးလို့ တချို့ ဒီလိုထင်တယ်၊ မဟုတ်ဘူး။ မြတ်စွာဘုရား လောကီဈာန်တွေ ဝင်စားတာပဲ၊ ဘာဖြစ်လို့တုန်းဆို လောကီဈာန် မပြောနဲ့ လောကီစိတ်တွေတောင် ဖြစ်နေတာ မဟုတ်လား၊ သာမန်နေရင် သာမန်စိတ်ပေါ့၊ ဘုရားသန္တာန်မှာ မဖြစ်တာ အကုသိုလ် စိတ် မဖြစ်ဘူး၊ ကုသိုလ်စိတ် မဖြစ်ဘူး၊ ကြိယာစိတ်ဖြစ်တယ်၊ ကျန်တဲ့ဝိပါက်စိတ် တွေက ပုံရိပ်တွေပဲလေ၊ ဒါက ဘဝရဲ့ကံကြမ္မာပုံရိပ်တွေပေါ့၊ ကံကြမ္မာရဲ့ပုံရိပ် မဟုတ် ရင်, ကုသိုလ်လည်း မဟုတ်, အကုသိုလ်လည်း မဟုတ်, ကံတရားရဲ့အကျိုးလည်း မဟုတ်တာတွေကျတော့ ကြိယာစိတ်ပေါ့၊ အဲဒီလိုစိတ်တွေဖြစ်တယ်လို့ ဒီလို သဘာဝ တရားတွေကို ရှင်းရှင်းလင်းလင်းဟောကြားထားတဲ့ မြတ်စွာဘုရားရဲ့ အဘိဓမ္မာ တရားတွေကို အခြေခံပြီး အခုလို ပဋ္ဌာန်းနဲ့ပတ်သက်ပြီး ဝိပါကပစ္စယောလို့ ဒီကနေ့ အသေးစိတ်နားလည်ပြီလို့ ထင်ပါတယ်။

ဒါကြောင့်မို့ ဝိပါကပစ္စယောဆိုတာ နိရုဿာဟ သန္တဘာဝ – အားထုတ်မှု ကင်းမဲ့ပြီး ငြိမ်သက်နေတဲ့အနေအထားနဲ့ မိမိနဲ့တွဲဖက်ပြီးတော့ ဖြစ်လာတဲ့ သဘာဝ တရားတွေကို အားထုတ်မှုကင်းမဲ့ပြီး ငြိမ်သက်သွားတဲ့ အနေအထားဖြစ်အောင် ကျေးဇူးပြုတတ်လို့ ဝိပါကပစ္စည်းလို့ခေါ်တယ်ဆိုတာ သဘောပေါက်ပြီး မိမိတို့ သန္တာန်မှာ ဖြစ်နေတဲ့ ဝိပါကသဘောတရားတွေဟာ အပြန်အလှန် ယခုကဲ့သို့ အထောက်အကူပြုပြီးတော့ ဆိုင်ရာဆိုင်ရာ အကြောင်းတွေနဲ့ ဆုံတိုင်းဆုံတိုင်း မိမိ တို့သန္တာန်မှာ ဖြစ်နေတယ်လို့ သဘာဝတရားတွေရဲ့ ဖြစ်မှုတွေကို ဆင်ခြင်စဉ်းစား ပြီး ထိုသဘာဝတရားတွေပေါ်မှာ အသိဉာဏ်တွေရောက်လို့ နောက်ဆုံးမှာ ထို သဘာဝတရားတွေရဲ့ အဖြစ်မှန်သွင်ပြင်လက္ခဏာတွေကို အားထုတ်လို့ သိမြင်တဲ့ ဉာဏ်ရလို့ ကိုယ်စီကိုယ်ငှ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေကုန် သတည်း။

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း(၁၂)

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တော်သလင်း လပြည့်ကျော် ၁-ရက်၊ (၄-၉-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံ ဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘ များနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်း ဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

အာဟာရပစ္စယော

အာဟာရပစ္စယောဆိုတာ ရုပ်နာမ်၂-ရပ်ကို တည်တံ့အောင် ထောက်ပံ့ ပေးနိုင်တဲ့ စွမ်းရည်သတ္တိလို့ ဒီလိုအဓိပ္ပါယ်ရှိတယ်၊ များသောအားဖြင့် အာဟာရ ဆိုရင် စားသောက်စရာလို့ အသိများကြတယ်၊ စားစရာအာဟာရမျှကိုသာ ဒီနေရာမှာ အာဟာရပစ္စည်းလို့ ခေါ်တာ မဟုတ်ဘူး၊ ဆိုင်ရာဆိုင်ရာ အကျိုးတရားတွေကို စွမ်းဆောင်မှုပေးနေတဲ့ အကြောင်းတရားတွေကိုလည်း အာဟာရ။ စွမ်းဆောင် တယ်ဆိုတဲ့နေရာမှာ သာမန်ထက် ထူးကဲပြီး စွမ်းဆောင်တာ၊ ဒါကြောင့်မို့ အာဟာရ ပစ္စည်းရဲ့ အဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါမှာ သက်ဆိုင်ရာ အကျိုးတရားများကို လွန်စွာ စွမ်းဆောင်နိုင်တဲ့ အကြောင်းတရားလို့၊ သက်ဆိုင်ရာအကျိုးတရားများကို လွန်စွာ စွမ်းဆောင်နိုင်တဲ့ အကြောင်းတရားသည် အာဟာရပစ္စည်းလို့ ဒီလိုမှတ်ရမယ်၊ အကြောင်းတရား သာမညကို ပြောတာမဟုတ်ဘူး၊ လွန်ကဲစွာစွမ်းဆောင်နိုင်တဲ့ စွမ်းရည်သတ္တိရှိတဲ့ အကြောင်းတရားတွေလို့ ပြောတာ။

အဋ္ဌကထာများမှာတော့ -
ရူပါရူပါနံ ဥပတ္ထမ္ဘကဋ္ဌန ဥပကာရကော - ရူပါရူပါနံ ရုပ်နာမ်၂-ပါးတို့ကို၊
ဥပတ္ထမ္ဘကဋ္ဌေန - အထောက်အပံ့ပေးတဲ့ အနေအားဖြင့်၊
ဥပကာရကော - ကျေးဇူးပြုတဲ့တရားလို့ဆိုတယ်။

ထောက်ပံ့တယ်ဆိုတာ အကျိုးတရား အခိုင်အမာရပ်တည်မှု ရှိနေအောင် ထောက်ပံ့တာ၊ လောကမှာ လူတွေလည်း ပြောကြတယ်လေ၊ လိုအပ်နေတဲ့ပုဂ္ဂိုလ် တွေကို ထောက်ပံ့တယ် ကူညီတယ်။

“ထောက်”တယ်ဆိုတာ ဆိုပါစို့ - သစ်ပင်ကြီးတစ်ပင် လဲတော့မယ်ဆိုရင် မလဲရအောင် ထောက်ပေးထားတယ်၊ ထောက်ထားသည့်အတွက် သစ်ပင်ကြီးဟာ လဲမသွားနိုင်ဘူး၊ ပြိုလဲတော့မယ့်အရာကို ထောက်ထားလို့ရှိရင် မလဲနိုင်တော့ဘူး။
“ပဲ့” တယ်ဆိုတာ ပံ့ပိုးကူညီတာ၊ လိုအပ်တဲ့အကူအညီတွေ ပေးထားသဖြင့် ဆက်လက်တည်တံ့တယ်၊ လဲပြိုသွားမယ့် သစ်ပင်ကြီး ပြိုမသွားအောင် “ထောက် ထားတာ၊ လိုအပ်ချက်တွေကြောင့် အခြေအနေယိုယွင်းသွားတာ မရှိရအောင် “ပံ့ပိုး ကူညီထားတာ၊ ဒီလိုဆိုလိုတယ်။

ဒါကြောင့် အာဟာရပစ္စည်းက ထောက်ပံ့တယ်၊ ကူညီတယ်၊ အထောက်အပံ့ ပေးတယ်၊ ဥပတ္ထမ္ဘက အခိုင်အမာ ထောက်ခံထားတယ်၊ ထောက်ပံ့ထားတဲ့ အကြောင်းတရားလို့ ဒီလိုပြောလိုတာ။

ရုပ်အာဟာရ

အာဟာရပစ္စည်းကို ရုပ်အာဟာရနဲ့ နာမ်အာဟာရလို့ ၂-မျိုး ခွဲတယ်၊ ရုပ်အာဟာရ ဆိုတာကတော့ အများသိနေကြတဲ့ အစားအစာမှာ ရှိနေတဲ့ ဩဇာဓာတ်ကို ရုပ်အာဟာရလို့ ခေါ်တယ်၊ ရုပ်ဟာ အနည်းဆုံး ၈-ခု တွဲထားတယ်၊ ၈-ခုကို တစ်ခုအနေနဲ့ ဖွဲ့စည်းထားတယ်၊ မဟာဘုတ် ၄-ပါးရယ်၊ မျက်စိကမြင်ရတဲ့ အဆင်းရုပ်ရယ်၊ နှာခေါင်းနဲ့ ရှူလို့ရတဲ့ အနံ့ရုပ်ရယ်၊ လျှာနဲ့ လျက်လို့ရတဲ့ အရသာရုပ်ရယ်၊ နောက်ပြီးတော့ ဩဇာလို့ခေါ်တဲ့ ရုပ်တွေထဲမှာ စိမ့်ဝင်ပျံ့နှံ့ပြီးတော့ တည်နေတဲ့ စွမ်းရည်သတ္တိရှိတဲ့ ရုပ်တစ်မျိုးရယ်လို့ - အားလုံးပေါင်းလိုက်တဲ့အခါကျတော့ ရုပ် ၈-ခု၊ အဲဒီရုပ် ၈-ခုဟာ တစ်ခုစီ ခွဲခြားလို့ မရတဲ့ရုပ်မျိုးလို့ ပြောတာ။

အဲဒီရုပ် ၈-ခုဟာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ထာဝရတွဲနေတဲ့ ရုပ် ၈-ခု၊ အကယ်၍ ခွဲလိုက်ပြီဆိုလို့ရှိရင် ရုပ်လို့ခေါ်စရာ မရှိတော့ဘူး၊ ဒါကြောင့်မို့ အဲဒီ ရုပ်တွေကို “အဝိနိမ္ဘောဂရုပ်” တဲ့၊ ဝိနိ ဆိုတာ တစ်ခုစီတစ်ခုစီ သီးသီးခြားခြား၊ ဘောဂ – ခွဲခြား ပစ်လိုက်တာ၊ တစ်ခုစီ တစ်ခုစီ ခွဲခြားလို့ရရင် ဝိနိမ္ဘောဂ၊ ခွဲခြားလို့ မရဘူးဆိုတဲ့ အဓိပ္ပါယ်ကျတော့ “အဝိနိမ္ဘောဂ” လို့ ဒီလိုပြောတာ၊ အင်္ဂလိပ်လိုပြန်တဲ့အခါ Indivisible လို့ ပြန်တယ်၊ ခွဲလို့စိတ်လို့မရတဲ့ ရုပ်မျိုးလို့ပြောတာ။

ဘာဖြစ်လို့ ခွဲစိတ်လို့ မရသလဲလို့ဆိုရင် တစ်ခုစီ ခွဲခြားလိုက်မယ်ဆိုလို့ရှိရင် ရုပ်အဖြစ် မစွမ်းဆောင်နိုင်တော့ဘူး၊ စကားအနေနဲ့သာ တစ်ခုစီတစ်ခုစီ ပြောလို့ ရတယ်၊ အဲဒီရုပ်တွေဟာ တစ်ခုစီ တစ်ခုစီ ခွဲလိုက်တာနဲ့ ရုပ်လို့ခေါ်စရာ မရှိတော့ဘူး၊ လောကမှာ တွေ့နေရတဲ့ ဗဟိဒ္ဓမှာရှိတဲ့ သစ်ပင် တောတောင် ရေမြေ အစစ အရာရာမှာ သက်မဲ့အရာတွေမှန်သမျှ ဟောဒီ ၈-ခုနဲ့ တွဲထားတယ်။ သက်မဲ့အရာ အားလုံးလူတွေက နာမည်အမျိုးမျိုးပေးထားကြတယ်၊ မဆုံးနိုင်တဲ့အမည်နာမတွေ၊ အတွေးတွေ အထင်တွေနဲ့ အမည်အမျိုးမျိုးမှည့်ထားတာ၊ သို့သော် သဘာဝအားဖြင့် ကြည့်မယ်ဆိုရင် ဒီရုပ် ၈-ခုရဲ့ အစုအဝေးကြီးပါပဲ၊ ဘယ်နေရာပဲတွေ့တွေ့ သက်မဲ့ အရာဝတ္ထုတွေဟာ ဟောဒီရုပ် ၈-ခုရဲ့ အစုအဝေးကြီးပဲ၊ အမည်နာမတွေကတော့ ဘယ်တော့မှ ဆုံးမှာလည်း မဟုတ်ဘူး။

ပစ္စည်းတစ်ခုခု ပေါ်လာလို့ရှိရင် .အမည်နာမတွေက ထပ်ဆင့်ပြီးတော့ ပေါ်နေဦးမှာပဲ၊ လွန်ခဲ့တဲ့ အနှစ်-၄၀ လောက်က မပေါ်ခဲ့တဲ့ပစ္စည်းတွေ ဒီကနေ့ ပေါ်နေတယ်၊ အဲဒါတွေလည်း အမည်နာမတွေ ပေးနေတာ၊ နောက်ထပ် အနှစ်-၄ဝ ရဲ့ နောက်ပိုင်း မှာလည်းပဲ အခုချိန်ကမသိသေးတဲ့ ပစ္စည်းဝတ္ထုတွေ ပေါ်နေဦးမှာပဲ၊ နောက်ဘာတွေပဲ ပေါ်ပေါ် ပေါ်သမျှသည် ဟောဒီရုပ် ၈-ခုပဲလို့ ဒီလိုသတ်မှတ် ရမယ်၊ ဒီရုပ် ၈-ခုကို သဏ္ဌာန်အမျိုးမျိုး၊ အသွင်အမျိုးမျိုး အသုံးအမျိုးမျိုးနဲ့ လူတွေဟာ အမည်နာမ ခေါ်စရာတွေ မိမိတို့ဘာသာစကားနဲ့ တီထွင်ပြီး အမည်နာမတွေ ခေါ်နေကြဦးမှာပဲ၊ မဆုံးနိုင်ဘူး၊ လူရှိသမျှ အခေါ်အဝေါ်တွေ တိုးတက်နေဦးမှာ ပဲ၊ သို့သော် ဒီရုပ် ၈-ခုလို့ပဲ ဒီလိုမှတ်ရမယ်။

သြဇရုပ်ဆိုတာ

အဲဒီရုပ် ၈-ခုထဲမှာ အမြဲတမ်းပါဝင်နေတဲ့ ဩဇရုပ်ဆိုတာ ရှိတယ်၊ ဘယ် မှာပဲဖြစ်ဖြစ် ပါတယ်၊ ဩဇရဲ့အဓိပ္ပါယ်က “အတ္တနော ဥဒယာ နန္တရံ ဇနေတီတိ ဩဇာ”၊
အတ္တနော ဥဒယာ နန္တရံ - မိမိဖြစ်ပေါ်လာပြီးတဲ့နောက် အခြားမဲ့မှာ၊
ဇနေတိ – အခြားရုပ်တစ်မျိုးကို ထုတ်လုပ်တတ်တယ်၊
အကျိုးတစ်မျိုးကို ထုတ်လုပ် ပေးတတ်တယ်၊ ဩဇာရဲ့အဓိပ္ပါယ်က “သြ” ဆိုတာ ကိုယ်ဖြစ်လာပြီးတဲ့နောက်၊ “ဇ” ဆိုတာ ဖြစ်စေတာ၊ သူပေါ်လာရင် တစ်ခုခုကို ဖြစ်စေ မှာပဲလို့ ဒီလိုပြောတာ၊ အဲဒီ ဩဇာဆိုတဲ့ရုပ်ဟာ နေရာတကာမှာ ရှိတယ်။

၁၉၉၈-ခုနှစ်က စွယ်တော်မြတ်ဘုရားအနီးမှာ “အပြည်ပြည်ဆိုင်ရာ ထေရ ဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်” ကို စပြီးတော့ဖွင့်တယ်၊ ဖွင့်တဲ့အခါ နိုင်ငံခြားက လာပြီးတော့ တက်ကြတယ်၊ အဲဒီတုန်းက ဘုန်းကြီးက Visiting Professor အနေနဲ့ စစ်ကိုင်းကလာပြီး အဘိဓမ္မာသင်တန်း ပို့ချပေးတယ်၊ အဘိဓမ္မာသင်တန်းမှာ ဒီ ဩဇာအကြောင်းကို ပြောတာ၊ ဩဇာဆိုတာ Nutritive essence အာဟာရတွေရဲ့ အနှစ်၊ ရုပ်တိုင်းရုပ်တိုင်းမှာ ရှိတယ်လို့ ရှင်းပြတယ်၊ အဲဒီသင်တန်းမှာ Mexico နိုင်ငံက အမျိုးသမီးတစ်ယောက်ပါတယ်၊
(Mexico နိုင်ငံဆိုတာ တောင်အမေရိက မှာ ရှိတယ်၊ အခု ဗုဒ္ဓဘာသာတွေရှိနေပြီ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် တည်ကတည်းက ၂၀၀၅-ခုနှစ်အထိ ပါမောက္ခချုပ်အဖြစ် ဆောင်ရွက်သွားတဲ့ ဆရာတော် ဦးသီလာနန္ဒရဲ့ တပည့် Miss Ruty ဆိုတဲ့ အမျိုးသမီးပဲ)၊
အဲဒီ ဩဇာအကြောင်း ရှင်းပြတဲ့အခါကျတော့ “ရုပ်တိုင်း ရုပ်တိုင်းမှာ ဩဇာရှိတယ် ဆိုရင်တဲ့ မှန်တံခါးမှာရှိတဲ့ မှန်ကြီးတွေမှာ ရှိသလား” လို့ မေးတယ်။

“ဗုဒ္ဓအဘိဓမ္မာအရကျတော့ ဘယ်နေရာပဲဖြစ်ဖြစ် ရှိတာပဲ” လို့ ဘုန်းကြီး ဖြေတယ်၊ မှန်ကိုစားတဲ့သတ္တဝါ မရှိတော့ သူက ဒီမေးခွန်းမေးတယ်၊ စားတာ မစားတာနဲ့ မဆိုင်ဘူးလို့ လူက စားတာဖြစ်စေ၊ သတ္တဝါတွေက စားတာဖြစ်စေ, မစားတာဖြစ်စေ ဒါနဲ့ မဆိုင်ဘူး၊ သူ့မှာ သတ္တိရှိနေတာကတော့ မှန်တယ်။

ဆိုပါစို့ - မြေကြီးကို လူမစားဘူး၊ ဒါပေမယ့် တီကောင်က စားတယ်လို့၊ လူ မစားတဲ့အရာတွေ ဒီပြင်သတ္တဝါတွေ စားတယ်၊ စားရင် ဒီအာဟာရထဲမှာပါတဲ့ ဩဇာဓာတ်က အကျိုးကို ဖြစ်စေတယ်၊ နောက်ဆုံးမှာ အဆိပ်မှာလည်း ဩဇာ ရှိတာပဲ၊ အဆိပ်သွားစား အဆိပ်သင့်တယ်ဆိုတာ ဒါပဲပေါ့၊
အတ္တနော ဥဒယာ နန္တရံ – မိမိဖြစ်လာပြီးတဲ့နောက် အခြားမဲ့မှာဆိုရင်၊
ဇနေတိ - အကျိုးသက်ရောက် စေတယ်၊
ဒါပြောတာ အဲဒီတော့ မှန် ဆိုလို့ရှိရင်လည်း မှန်စားတဲ့သတ္တဝါရှိလို့ မှန် စားရင် သူက Nutritive essence ပဲ၊ စားတဲ့သတ္တဝါရှိရင် ဘာပဲဖြစ်ဖြစ် အကျိုး ဖြစ်ထွန်းစေတာ၊ ဩဇာရဲ့အဓိပ္ပါယ်က ကောင်းကျိုးဖြစ်စေ ဆိုးကျိုးဖြစ်စေ ရုပ်သစ် တစ်မျိုးကို ဖြစ်ပွားစေတာ၊ ဒါ ဩဇာဓာတ်လို့ ခေါ်တယ်၊ သူ့ချည်းတော့ ဖြစ်ပွား စေတာ မဟုတ်ဘူး၊ အခြားတစ်ခုခုနဲ့ ပေါင်းစပ်လိုက်ပြီဆိုလို့ရှိရင် ဖြစ်ပွားစေတယ်။

ဗုဒ္ဓအဘိဓမ္မာအရ သတ္တဝါတွေက စားတဲ့အရာဝတ္ထုပဲဖြစ်စေ၊ မစားတဲ့အရာ ဝတ္ထုပဲဖြစ်စေ ဒီသဘာဝကတော့ ရှိမြဲရှိနေတာပဲ၊ အဲဒီတုန်းက အဲဒီလို ရှင်းပြတာ၊ သူကျေနပ်သွားလား မကျေနပ်လားတော့ မသိဘူး၊ မေးတော့ မမေးတော့ဘူး၊ သူတို့က အဲဒီလို ကပ်ကပ်သပ်သပ်တော့မေးတတ်တယ်၊ အမှန်က အဲဒီလိုမေးတာ လည်းပဲ ကောင်းတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ဗုဒ္ဓတရားတော်ဟာ အမေးအမြန်း ခံနိုင်တယ်၊ ဗုဒ္ဓတရားတော်က အတုအယောင်မဟုတ် အစစ်အမှန် ဖြစ်သည့် အတွက်ကြောင့် ဘယ်လိုပဲမေးမေး အဖြေကတော့ ရှိနေတာ၊ ဖြေတတ်တာ မဖြေ တတ်တာကတော့ တခြားပေါ့။

ဒီနေရာမှာ ပဋ္ဌာန်းပါဠိတော်က ဒီဩဇာဆိုတဲ့ရုပ်ကိုကြည့်ပြီး အာဟာရပစ္စယောလို့ တစ်ခုအနေနဲ့ ဟောတာ၊ အဲဒီ ရုပ်အာဟာရနဲ့ ပတ်သက်ပြီးတော့ ပဋ္ဌာန်းပါဠိတော် ဟောပုံက -
“ကဗဠိကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော” –

မြတ်စွာဘုရားက ဒီလို ဟောတယ်၊ ဒီနေရာမှာ ကဗဠိကာရောဆိုတဲ့ စကားလုံး ထည့်ထားတာကို ကြည့်၊ ကဗဠ ဆိုတာ လူတွေက အစာစားတော့မယ် ဆိုလို့ရှိရင် ပါးစပ်နဲ့တန်ရုံ အတုံးအခဲလေးတွေ လုပ်လေ့ရှိတယ်၊ ပါးစပ်နဲ့တန်ရုံ အတုံးအခဲလေး တွေက ကဗဠ၊ ထမင်းလုပ်ဆိုတာ လက်နဲ့စားတာကို ဦးတည်ပြောတယ်၊ ဘာလို့တုန်းဆို ရှေးဟောင်းအိန္ဒိယနိုင်ငံမှာ ထမင်းစားရင် လက်နဲ့စားကြ တာမို့လား၊ လက်နဲ့ စားတဲ့အခါ ထမင်းအားလုံးစုပြီး အလုပ်အလုပ်လေးတွေ လုပ်ကြ တယ်၊ ဇွန်းနဲ့စားရင်လည်း ထမင်းလုပ်ပဲ၊ ဇွန်းထဲမှာပါတဲ့ အတိုင်းအတာလေး တစ်ခုက ဒါ အလုပ်လုပ်တာ၊ အတုံးအခဲလေးလုပ်တယ်လို့ ပြောတာ၊ အရည် သောက်ရင်တော့ အရည်ပေါ့။

ဒါဖြင့် တူနဲ့စားတော့ ဘယ်လိုလုပ်မတုန်း၊ တူနဲ့စားလည်း တူနဲ့ ကော်လို့ ရတဲ့ အတိုင်းအတာလေးတစ်ခုက ကဗဠပဲ၊ ကဗဠ ဆိုတာ ဘယ်လိုပမာဏလို့ ပြောတာ မဟုတ်ဘူး၊ ပါးစပ်ထဲထည့်ဖို့ ခံတွင်းထဲရောက်အောင်ပို့တဲ့ အတိုင်းအတာ လေးတစ်ခုကို ကဗဠ ပဲ၊ အဲဒီလိုလုပ်ပြီးမှစားတာ။ ဟုတ်ပြီ၊ လူတွေစားတာ ကဗဠ လို့ ဆိုလို့ရှိရင် နွားတွေ မြက်စားတာကျတော့ ဘယ်လိုလုပ်မတုန်း၊ နွားတွေကလည်း သူ့ပါးစပ်ဆန့်ရုံ သူစားတာ၊ ဒါ ကဗဠ ပဲပေါ့၊ ဆင်တွေက သစ်ကိုင်းတွေ ချိုးစား ရင်ရော၊ ဒါလည်း သူတို့အတွက် ကဗဠ ပဲလို့ ဒီလိုပဲတွက်ရမယ်။

ဆိုလိုတာက အာဟာရသည် သူ့ဖာသူနေတဲ့အချိန်မှာ ဆိုပါစို့ - ဟင်းရွက်ကလေး တစ်ရွက် သစ်ပင်ပေါ်မှာပဲဖြစ်စေ၊ ဟင်းပန်းကန်ထဲမှာဖြစ်စေ သူ့ဖာသူ နေနေတယ်၊ ပါးစပ်ထဲ မရောက်သေးဘူးဆိုရင် အကျိုးတစ်ခုကို ဖြစ်စေနိုင်ပါ့မလား၊ မဖြစ်စေဘူး၊ အစာအာဟာရသည် သူ့ဖာသူနေနေလို့ရှိရင် အကျိုးတစ်ခုကို မထုတ် လုပ်သေးဘူးတဲ့၊ လူတွေက ပါးစပ်ထဲထည့်ပြီ ဆိုတဲ့အခါကျမှ သက်ဆိုင်ရာအကျိုး တစ်ခု ဖြစ်စေတယ်၊ လျှာပေါ် ရောက်တာနဲ့ တစ်ပြိုင်နက် သူက အာဟာရသတ္တိက လာတော့မယ်၊ လျှာနဲ့တွေ့ပြီဆိုရင် အာဟာရသတ္တိက လာတယ်၊ ငရုပ်သီး လျှာပေါ် ရောက်ရင် စပ်ပြီ မဟုတ်လား၊ လျှာပေါ် မရောက်သေးရင်တော့ မစပ်သေးဘူးနော်၊ ဘယ်ဟာပဲဖြစ်ဖြစ် လျှာနဲ့ထိလိုက်ပြီဆိုရင်တော့ သူ့ရဲ့စွမ်းရည်သတ္တိတွေ ပြလာ တယ်။

ဒီတော့ မြတ်စွာဘုရားက အာဟာရောလို့တင် မဟောဘဲနဲ့ ကဗဋီကာရော လို့ ဟောတာက ဘာအတွက်တုန်းဆိုတော့ ဗဟိဒ္ဓ ပြင်ပမှာရှိတဲ့ အစာအာဟာရ သည် အာဟာရသတ္တိနဲ့ ကျေးဇူးမပြုဘူး၊ ထမင်းပွဲကြီးရှေ့ချ ထိုင်ကြည့်နေ၊ ဝရဲ့လား၊ မဝဘူး၊ ကဗဠိကာရ ဖြစ်လာပြီးတော့ ပါးစပ်ထဲထည့်ပြီး ဝါးပြီးစားပြီ ဆိုတော့မှ ဒီ အထဲမှာပါတဲ့ ဩဇာဓာတ်သည် ခန္ဓာကိုယ်ရဲ့အကျိုးကို သက်ရောက်လို့ အာဟာရ ပစ္စည်းတပ်တယ်လို့ ပြောတာနော်၊ ဒီအဓိပ္ပါယ်ရှိအောင်လို့ .. မြတ်စွာဘုရားက ကဗဋီကာရောလို့ ဟောတာ။

နို့မို့ဆိုရင် ကဗဋီကာရော လို့ ပြောစရာမလိုဘူး၊ .. ဘယ်လိုပြောမလဲ၊ “အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော” - ဒီလိုပဲ ဟောရမယ်၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် ထမင်းပွဲမှာရှိတာ အာဟာရမဟုတ်ဘူးလား၊ လူမစားသေး ရင်ရော အာဟာရမခေါ်ဘူးလား၊ ခေါ်တာပဲ။ လူမစားသေးရင်လည်း အာဟာရပဲ၊ ပန်းကန်ထဲမှာရှိတုန်းလည်း အာဟာရပဲ၊ စားစရာအစာတွေမှန်သမျှ သူ့ဟာသူ ထုပ်ပိုးထားတဲ့အချိန်မှာလည်း အာဟာရပဲ၊ သို့သော် ကဗဋီကာရဖြစ်ပြီ လားလို့ဆို မဖြစ်သေးဘူး၊ အဲဒါ အဲဒီအဓိပ္ပါယ်ကို ရည်ညွှန်းတာ။

အာဟာရဆိုတာ စတုသမုဋ္ဌာနိက၊ ကံကြောင့်ဖြစ်တာ၊ စိတ်ကြောင့်ဖြစ်တာ၊ ဥတုကြောင့် ဖြစ်တာ၊ အာဟာရကြောင့်ဖြစ်လာတာ၊ စားသုံးလိုက်ရတဲ့ သြဇာဓာတ် သည် ဟောဒီရုပ်ခန္ဓာကြီးအား - ရုပ်ခန္ဓာလို့ဆိုတာ ဣမဿ ကာယဿ အကြောင်း ၄-ပါးကြောင့် ဖြစ်တဲ့ ရုပ်ခန္ဓာကြီး၊ ကံကြောင့်ဖြစ်တဲ့ ရုပ်ခန္ဓာ၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ခန္ဓာ၊ ဥတုကြောင့်ဖြစ်တဲ့ ရုပ်ခန္ဓာ၊ အာဟာရကြောင့်ဖြစ်တဲ့ ရုပ် ခန္ဓာ၊ ကံ စိတ် ဥတု အာဟာရ လို့ဆိုတဲ့ အကြောင်း ၄-ပါးကြောင့်ဖြစ်တဲ့ ရုပ်ခန္ဓာကြီးကို ဟောဒီ ဩဇာဆိုတဲ့ရုပ်တရားက ထောက်ပံ့ပေးထားပါတယ်လို့ ဒီလိုပြောတာ၊ ဒါက စာလို ပြောနေတာ။

အရပ်လို ရှင်းရှင်းတွေးလို့ရှိရင် လူတွေဟာ ဘာနဲ့ အသက်ရှင်နေတာလဲ၊ အစာစားပြီး အသက်ရှင်နေကြတယ်၊ သတ္တဝါအားလုံး ဘာနဲ့အသက်ရှင်လဲ၊ အစာ စားပြီး အသက်ရှင်တယ်၊ စားခါနီး လူတွေက ပြောလေ့ရှိတယ်၊ “သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ” တဲ့၊ “သတ္တဝါတွေဟာ အာဟာရကြောင့် တည်နေကြတယ်” လို့ဆိုတယ်၊ အာဟာရမရှိဘူးဆိုလို့ရှိရင် လူတွေဟာ အသက်ရှည်တည်နေဖို့ရာ မဖြစ်နိုင်ဘူး၊ အာဟာရ ရှိကိုရှိနေရမယ်၊ အာဟာရ ရှိရုံတင် မလုံလောက်ဘူး၊ ပြည့်စုံတဲ့အာဟာရဖြစ်မှ၊ မပြည့်စုံတဲ့အာဟာရ ဖြစ်လို့ရှိရင်လည်း ပြည့်စုံတဲ့ ရုပ် တရား တည်တံ့နိုင်မှာ မဟုတ်ဘူး။

အဲဒါကြောင့် အာဟာရပစ္စယောလို့ ဟောတဲ့အခါမှာ နံပါတ်တစ်က ဒီဩဇာ ရုပ်ကို ပြောတာ၊ ဩဇာရုပ်ဆိုတာ သတ္တဝါတွေရဲ့ခန္ဓာကိုယ်ထဲ ရောက်ရှိသွားတဲ့ ဩဇာရုပ်ကို ပြောတာ၊ အဲဒီဩဇာရုပ်သည် အတွင်းမှာရှိတဲ့ ဩဇာရုပ်နဲ့ ပေါင်းစပ် ပြီးတဲ့အခါ အာဟာရဇရုပ်တွေကို ထုတ်လုပ်ပါတယ်တဲ့၊ ထုတ်လုပ်ပြီးတဲ့အခါမှာ ကံကြောင့်ဖြစ်တဲ့ ရုပ်ကိုလည်း အထောက်အကူပြုတယ်၊ ကံကြောင့် ဖြစ်တဲ့ရုပ်ဆိုတာ ဘာတွေတုန်း၊ မျက်စိ နား နှာ လျှာ ကိုယ် ဟဒယလို့ ဆိုတဲ့ ရုပ်တွေ၊ ဒါတွေဟာ လည်းပဲ အစာအဟာရမှာပါတဲ့ ဩဇာဓာတ်က ထောက်ပံ့ထားလို့ မပျက်မစီး ဆက်လက်ပြီး ဖြစ်နေနိုင်ကြတာ၊ သူ့ရဲ့အထောက်အပံ့တွေ အပြည့်အဝရှိတယ်လို့ ဒီလိုပြောတာ။

ဒါကြောင့် ပဋ္ဌာန်းပါဠိတော်မှာ
“ကဗဠိကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော”၊
ကဗဋီကာရော အာဟာရော - အလုတ် အလွေးပြုပြီးမှ စားသုံးရတဲ့အာဟာရသည် ဝါးစားလိုက်ရတဲ့အစာအာဟာရသည်၊
ဣမဿ ကာယဿ - ဤရူပကာယလို့ခေါ်တဲ့ ရုပ်ခန္ဓာကိုယ်ကြီးအား၊
အာဟာရ ပစ္စယေန = အာဟာရပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော – ကျေးဇူးပြုလျက် ရှိပါပေ၏။

ကျေးဇူးပြုတယ်ဆိုတာ အကျိုးပြုနေတာနော်၊ ဒါရှိလို့ ဒီရုပ်တွေ ဆက်လက်ပြီး ရှင်သန်နေတယ်၊ ဒါကတော့ လောကမှာ အလွန်ထင်ရှားတာပဲ၊ အာဟာရ ပစ္စယောက နားလည်ဖို့ လွယ်ပါတယ်။

ရုပ်အာဟာရပစ္စည်းက ဩဇာရုပ်ပဲ ဖြစ်တယ်၊ ဩဇာရုပ်သည် အာဟာရ ပစ္စည်း၊ အာဟာရကြောင့် ဖြစ်တဲ့ရုပ်နဲ့ ကံ စိတ် ဥတု ကြောင့် ဖြစ်တဲ့ရုပ်တွေက ပစ္စယုပ္ပန်၊ အာဟာရကြောင့် ဖြစ်တဲ့ရုပ်တွေကို တိုက်ရိုက်ကျေးဇူးပြုပြီး ကျန်တဲ့ရုပ် တွေကို အထောက်အကူပြုတယ်၊ ကံကြောင့်ဖြစ်တဲ့ရုပ်ကိုလည်း ကူညီတယ်၊ ထောက်ပံ့တယ်၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကိုလည်း ကူညီထောက်ပံ့တယ်၊ ဥတုကြောင့် ဖြစ်တဲ့ရုပ် ကိုလည်း ကူညီထောက်ပံ့တယ်၊ ဒီဩဇာဆိုတဲ့ရုပ်က နေ့စဉ်နှင့်အမျှ ဆက်ဆက် ဆက်ဆက်ပြီး ထောက်ပံ့သည့်အတွက်ကြောင့် ၁၀-နှစ်၊ ၁၅-နှစ်၊ အနှစ် ၂၀၊ ၃၀၊ ၄၀ ဟုတ်လား၊ အသက် ၆၀၊ ၇၀၊ ၈၀၊ ဟော ဒီလိုနေသွားတာ ဒီဩဇာဓာတ်ကနေ ထောက်ပံ့သွားတာ၊ နောက်ပိုင်းမှာ ထောက်ပံ့မှုတွေ ယိုယွင်း ကျဆင်းလာတဲ့ အခါကျတော့ ဩဇရုပ်က ခန္ဓာကိုယ်ကြီးကို မထောက်ပံ့နိုင်တော့ ဘူးဆို ဘယ်သွား တုန်း၊ မထောက်ပံ့ဘူးဆို မရဏရောက်သွားတာပဲ၊ သူ ထောက်ပံ့ နေတုန်းသာ ရှင်သန်နေမှာ။

သူကလည်း ထောက်ပံ့နေရင်းကနေပြီး တဖြည်းဖြည်းတော့ ကျဆင်းလာ တာ၊ အရှိန်ဆိုတာ တဖြည်းဖြည်းကုန်လာတာပဲ၊ ဘယ်အရာပဲဖြစ်ဖြစ် အရှိန်ဟာ ရှိတယ်၊ အဲဒီအရှိန်သည် ကျဆင်းလာတဲ့အခါ သူ့ရဲ့အကျိုးဆက်တွေကလည်း မှေးမှိန်လာ တာပေါ့၊ ဖယောင်းတိုင်လေးပဲ ကြည့်ဦးလေ - မီးထွန်းထားတယ်ဆိုရင် တဖြည်းဖြည်း ဖယောင်းဆီကလျော့၊ မီးစာက တိုတိုလာတဲ့အခါ လင်းအားတွေ လျော့လျော့ လျော့လျော့သွားတယ်၊ နောက်ဆုံး ကုန်ခါနီးမှာ မှိန်မှိန်ကလေးဖြစ်ပြီး ငြိမ်းသွား တာပေါ့၊ ဒါက သဘာဝပဲလေ၊ ဘာမှ ထူးတာမဟုတ်ဘူး၊ ဒီသဘာဝပဲ။

ပန်းပွင့်လေးတစ်ပွင့်ကြည့်ဦး - ဆိုင်ရာအကြောင်းတွေ ရေဓာတ်ကလေး တွေကနေပြီး စိုစိုလေး ထောက်ပံ့ထားတဲ့အခါ ပန်းပွင့်ကလေးဟာ လန်းလန်း ဆန်းဆန်းနဲ့၊ ဟော ဟော တဖြည်းဖြည်းထောက်ပံ့မှုအားနည်းလာတဲ့အခါကျတော့ ပန်းပွင့် ကလေးက ရင့်ရင့် ရင့်ရင့်လာပြီး နောက်ဆုံးကြွေသွားတယ်၊ ဒီသဘောပဲ။

ထောက်ပံ့မှုအားနည်းလာပြီဆိုရင် အပြည့်အဝ မရသည့် အတွက်ကြောင့် နောက်ဆုံး ကျတော့ ပြိုလဲသွားတာပဲ၊ ထောက်ပံ့တယ်ဆိုတာ ပြိုလဲမသွားအောင် ရပ်တည်နိုင် အောင် ထောက်ပံ့နေတာ၊ အဲဒါကို အာဟာရပစ္စယောလို့ ဟောတာ။

ဒီအာဟာရပစ္စယောသည် သူရှိတဲ့အခိုက်သာ ထောက်ပံ့တာဖြစ်လို့ အတ္ထိ၊ သူနဲ့ မကင်းကွာမီအချိန်မှာ ထောက်ပံ့တာ ဖြစ်သောကြောင့် အဝိဂတ သတ္တိ ၃-မျိုးနဲ့ ဩဇရုပ်ဟာ ကျန်တဲ့ရုပ်ခန္ဓာကြီးကို ထောက်ပံ့ပေးထားတယ်၊ အာဟာရသတ္တိ ဆိုတာ သတ္တိတစ်ခု၊ အာဟာရသတ္တိဆိုတာ ထောက်ပံ့ထားတဲ့သတ္တိကို ပြောတာ၊ အတ္ထိဆိုတာ ရှိနေတုန်းအကျိုးပြုတာကိုပြောတာ၊ အဝိဂတဆိုတာ လုံးဝကင်းပျောက် မသွားခင် အကျိုးပြုတာကို ပြောတာ။

ဒါကြောင့်မို့ ဩဇရုပ်သည် ကျန်တဲ့ရုပ်ခန္ဓာကိုယ်အား အာဟာရသတ္တိထူးနဲ့ ကျေးဇူးပြုရုံမျှမက အတ္ထိ - ရှိနေတုန်း ကျေးဇူးပြုလိုက်တယ်၊ အဝိဂတ - မိမိ မပျောက်ကင်းအချိန်မှာ ကျေးဇူးပြုထားတယ်၊ သတ္တိ ၃-မျိုးနဲ့ ကျေးဇူးပြုနေတယ်၊ ရုပ်အာဟာရဆိုတာ သီးသန့်ပဲ၊ ဒီလိုဟာမျိုး တခြားမှာ မရှိဘူး၊ ဩဇရုပ်က ရုပ် ခန္ဓာကိုယ်ကို ထောက်ပံ့တယ်ဆိုတာ တခြားမှာ မရှိဘူး။ အာဟာရ၊ အတ္ထိ၊ အဝိဂတ ဒီ ၃-ခုနဲ့ပဲ ဆိုင်တယ်၊ ကျန်တာတွေနဲ့ မဆိုင်ဘူး၊ ဒါကြောင့်မို့ သီးသန့်မျိုးကွဲပစ္စည်း တစ်ခု၊ ၂၄-ပစ္စည်းထဲမှာ သီးသန့်တွဲလို့ ရတာ ဒီ ၃-ခုပဲ ရှိတယ်၊ ဒါက ရုပ်အာဟာရ။

နာမ်အာဟာရ

နာမ်အာဟာရဆိုတာ ရှိသေးတယ်နော်၊ နာမ်အာဟာရ ဆိုတာ ဘာတုန်း -
“ဖသော ဒုတိယော၊ မနောသေဉ္စတနာ တတိယာ၊ ဝိညာဏံ စတုတ္ထံ”

ပါဠိမှာ ရှိတယ်၊ ကဗဠိကာရ အာဟာရက ပထမ၊ ဒုတိယက ဖဿ၊ တတိယက မနောသေဉ္စတနာ၊ ဒီနေရာမှာ မနောဆိုတဲ့စကားလုံး ထည့်ပြောထားတာ စေတနာ ပါပဲ၊ မနောသေဉ္စတနာ စိတ်ထဲမှာရှိတဲ့ စွမ်းအားပြည့်တဲ့စေတနာ၊ ဖဿရယ်၊ စေတနာရယ်၊ ဝိညာဏ်ရယ်ပေါ့၊

အဲဒီ ၃-မျိုးဟာ ကျန်တဲ့နာမ်တရားတွေရဲ့ စွမ်းဆောင်မှုထက် သူတို့က လွန်ကဲတဲ့ စွမ်းဆောင်မှု ရှိတယ်တဲ့၊ ဒါကြောင့် အာဟာရလို့ ခေါ်တယ်၊ ဒီနေရာမှာ စွမ်းဆောင် တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ယူရမယ်၊ စားရတယ်ဆိုတဲ့ အာဟာရမျိုးနဲ့ မဆိုင်ဘူးနော်၊ အာဟာရဆိုတာကိုက စွမ်းဆောင်မှုဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ၊ လွန်လွန်ကဲကဲ အကျိုးတရားကို စွမ်းဆောင်ထားနိုင်တဲ့တရား။

နောက်တစ်ခုက အာဟာရဆိုတာ အကြောင်းတရားကို ပြောတာ၊ စားတဲ့ အစာတစ်မျိုးတည်းကိုသာ အာဟာရခေါ်တာ မဟုတ်ဘူး၊ အကြောင်းတရား မှန်သမျှ ဘာကြောင့် အာဟာရလို့ ခေါ်တုန်းဆိုတော့ “အာ” ဆိုတာ လွန်လွန်ကဲကဲ၊ “ဟာရ” ဆိုတာ ဆောင်ထားတာ၊ အကျိုးတရားတွေ ပြိုလဲမသွားအောင် လွန်လွန် ကဲကဲ ဆောင်ထားတဲ့အရာ၊ ဆောင်ထားတယ်ဆိုတာ ထိန်းထားတာ၊ အဲဒါကြောင့် အကြောင်းတရားကိုလည်း အာဟာရခေါ်တယ်။

“သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ” ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး ရှင်းလင်းချက် ကလေးတွေရှိတယ်၊ “အာဟာရ”ကို အစာလို့ယူပြီး သဗ္ဗေ သတ္တာ - သတ္တဝါမှန်သမျှ ဟာ၊ အာဟာရဋ္ဌိတိကာ - အစာအာဟာရကြောင့် တည်နေတယ် လို့ ဆိုလို့ရှိရင် မပြည့်စုံဘူး၊ ဗြဟ္မာတွေ အစားစားသလား၊ မစားဘူး၊ ဒါဆို ဗြဟ္မာ့ ပြည် မပါဘူး ဖြစ်သွားမယ်၊ ဗြဟ္မာတွေ လွတ်သွားမယ်၊ သဗ္ဗေ သတ္တာ သတ္တဝါ အားလုံး ဆိုတဲ့နေရာမှာ ဗြဟ္မာမပါဘူး ဖြစ်သွားလိမ့်မယ်၊ ဟော ငရဲဘုံက သတ္တဝါ တွေဟာလည်းပဲ ငရဲခံနေရလို့ ဘယ်အချိန် ထမင်းချက်စားမတုန်း၊ ဘယ်သူကမှ လည်း လာကျွေးမှာ မဟုတ်ဘူး၊ အဲဒီတော့ ငရဲသားသတ္တဝါတွေရော အစာရှိပါ့ မလား၊ မရှိဘူးတဲ့။

အဲဒီတော့ အာဟာရဋ္ဌိတိကာ အရ အစာဆိုတဲ့ အဓိပ္ပါယ်ကိုမယူဘဲ အကြောင်တရားကို ယူတယ်၊ သတ္တဝါတွေဟာ အသက်ရှင်တည်နေတာ ဆိုင်ရာ အကြောင်းကြောင့် အသက်ရှင်နေတာလို့ ပြောတာနော်၊ အကြောင်းတရားကြောင့် အသက်ရှင်တယ် လို့ပြောရင် အားလုံးခြုံမိသွားမယ်။

အာဟာရဋ္ဌိတိကာအရ အစာယူပြီးတော့ ခြုံမိအောင်ပြောတာလည်း ရှိသေး တယ်၊ အဋ္ဌကထာမှာ ငရဲသားသတ္တဝါတွေဟာ သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာမှာ “အာဟာရ” အရ အစာလို့ယူရင် ငရဲသားသတ္တဝါတွေရဲ့ အာဟာရက ဘာတုန်းဆိုရင် ကိုယ့်တံတွေး ကိုယ်မျိုချတာသည်ပင် အာဟာရလို့ ဒီလိုပြောတာ၊ ဗြဟ္မာတွေကျတော့ အာဟာရဆိုတာ ပီတိဘက္ခာအရ စိတ်ထဲက ကျေနပ်နေတဲ့ ပီတိဟာ အာဟာရ၊ ဒီလိုနည်းနဲ့လည်း ပြောတာ ရှိသေးတယ်နော်။

အဲဒီတော့ အကောင်းဆုံးကတော့ အစာစားတဲ့သတ္တဝါတွေအဖို့ အစာ၊ အစာ မစားတဲ့သတ္တဝါတွေအတွက် အာဟာရဆိုတာ အကြောင်းတရားလို့ ဒီလို ဆိုလိုတာ၊ အဲဒီတော့ သတ္တဝါမှန်သမျှသည် အကြောင်းတရားကြောင့် တည်နေကြတယ် ဆိုတဲ့စကားသည် အားလုံးကို ခြုံမိငုံမိတဲ့စကားတစ်ခု ဖြစ်ပါတယ်။

ရုပ်တရားတွေရဲ့အာဟာရကတော့ ဩဇာ၊ နာမ်တရားတွေရဲ့ အာဟာရကျတော့ ဘာလဲ? ဖဿ စေတနာ ဝိညာဏ်၊ ဟောဒီသဘာဝတရား ၃-ခုသည် အကျိုးတရား တွေကို လွန်ကဲစွာ စွမ်းဆောင်ထားနိုင်တယ်၊ စွမ်းဆောင်ထားနိုင်ပုံနဲ့ ပတ်သက်ပြီးတော့ သံယုတ္တနိကာယ်မှာ ပုတ္တမံသူပမသုတ်ကို မှတ်သားသင့်တယ်၊ ပုတ္တ - မိမိရင်၌ ဖြစ်ပွားတဲ့သားရဲ့၊ မံသ အသား၊ ဥပမာ - နှိုင်းယှဉ်စရာ၊ ရင်ဝယ်ဖြစ်ပွားတဲ့ သားသမီးရဲ့ အသား၊ အဲဒါနဲ့ နှိုင်းယှဉ်ပြီး ဟောတဲ့သုတ်ကို ပုတ္တမံသူပ သုတ်လို့ ခေါ်တယ်။

ပုတ္တမံသူပသုတ် (သားအသားဥပမာသုတ်)

အဲဒီသုတ်မှာ မြတ်စွာဘုရားက ဘယ်လိုဟောတုန်းဆိုရင် “စတ္တာရောမေ ဘိက္ခဝေ အာဟာရာ” - ရဟန်းတို့၊ အာဟာရ ၄-မျိုး ရှိတယ်၊ အာဟာရ ၄-မျိုး က ကဗဋီကာရ အာဟာရ၊ ဖဿ၊ မနောသန္ဓေတနာ၊ ဝိညာဏလို့ ၄-မျိုးရှိတယ်၊ အဲဒီ ၄-မျိုးက ဘာအတွက်တုန်းဆိုရင် “ဘူတာနံ ဝါ သတ္တာနံ ဌိတိယာ သမ္ဘဝေသီ နံ ဝါ အနုဂ္ဂဟာယ” – ဘူတလို့ဆိုတဲ့ သတ္တဝါတွေ အသက်ရှင် တည်နေဖို့အတွက် (ပြည့်ပြည့်စုံစုံဖြစ်ပြီးသား သတ္တဝါကို ဘူတလို့ ခေါ်တယ်၊) အားလုံးသိကြတဲ့အတိုင်း လူ့ဘဝ ဘာကစလဲ၊ ကလလရေကြည်လေးက စတယ် မဟုတ်လား၊ အဲဒီအချိန်မှာ လူရုပ်မပေါ်သေးဘူးနော်၊ ဘူတလို့ ခေါ်လို့မရဘူး၊ ကြက်ကလေးတွေ ကြက်ဥ အဆင့် ရှိသေးရင် ဘူတလို့ ခေါ်လို့မရဘူး၊ စတင်နေတုန်း ရှိသေးတယ်၊ ဘူတ ဆိုတာ အင်္ဂါရပ်တွေ ပြည့်ပြည့်စုံစုံနဲ့ လူဆိုရင် လူပီပီ၊ တိရစ္ဆာန်ဆိုရင် တိရစ္ဆာန်ပီပီ၊ အကောင်ပီပီ ဖြစ်သွားမှ ဘူတ၊ အကောင်ပီပီ မဖြစ်သေးရင် “သမ္ဘဝေသီ” လို့ ခေါ်တယ်။

အဲဒီတော့ “ဘူတ” နဲ့ “သမ္ဘဝေသီ” ၂-ခု ရှိတယ်၊ အာဟာရဆိုတာဟာတဲ့ ဘူတလို့ဆိုတဲ့ အပြည့်အဝ ပီပီသသဖြစ်ပြီးတဲ့ သတ္တဝါတွေ ဆက်လက်တည်တံ့ရေး အတွက် အထောက်အကူပြုတယ်၊ သမ္ဘဝေသီလို့ခေါ်တဲ့ ဘဝတစ်ခုအစပြုနေတဲ့ သတ္တဝါတွေအတွက် အထောက်အကူပြုတယ်၊ ဟော - အာဟာရရဲ့ အဓိပ္ပါယ်ကို မြတ်စွာဘုရားက အဲဒီသုတ္တန်မှာ ရှင်းထားတယ်၊ ဘူတာနံ ဝါ သတ္တာနံ – ကိုယ် ထင်ရှားဖြစ်ပြီးတဲ့ သတ္တဝါတို့ရဲ့၊ ဌိတိယာ ‘တည်ရှိနေဖို့အတွက်တဲ့၊ သမ္ဘဝေသီ နံ ဝါ အနုဂ္ဂဟာယ – ဘဝတစ်ခုကို အခြေပြုနေတဲ့ အစပြုနေတဲ့သတ္တဝါတို့ကို အကူအညီ ဖြစ်ဖို့ရာအတွက် အာဟာရ ၄-မျိုး ရှိပါတယ်လို့ - ဒီလို မြတ်စွာဘုရားက ဟောတယ်၊ အဲဒီသုတ္တန်ပါဠိတော်နဲ့ ဒီအဘိဓမ္မာ အတူတူပဲ၊ ပဋ္ဌာန်းမှာ အာဟာရ သတ္တိဆိုတာကို ထည့်ဟောတာပဲ ရှိတယ်။

ကဲ ကောင်းပြီ၊ အဲဒီသုတ္တန်မှာ ကဗဋီကာရ အာဟာရ ကို မြတ်စွာဘုရားက ဘာနဲ့ နှိုင်းယှဉ်ပြထားတုန်း၊ ရင်၌ဖြစ်ပွား သားရတနာရဲ့ အသား၊ အဲဒါနဲ့ အလားတူတယ်တဲ့၊ အဲဒီသုတ္တန်မှာ ဇနီးမောင်နှံနှစ်ယောက် သားကလေးကို ချီပိုးပြီးတော့ အင်မတန် ဝေးလံသီခေါင်တဲ့ အစာရေစာရှားပါးတဲ့ ကန္တာရခရီးကြီးကို ဖြတ်ကျော်ကြတယ်၊ ပါလာတဲ့ရိက္ခာလေးက မလုံမလောက်၊ နည်းနည်းလေးပဲ ပါလာတယ်၊ မကြာခင်ပဲ ခရီးခဲကြီးထဲ ရောက်တဲ့အချိန်မှာ ရိက္ခာပြတ်သွားတယ်၊ နောက်ထပ် ဆက်ပြီးတော့ သွားရမယ့်ခရီးက အများကြီးကျန်နေသေးတယ်၊ အဲဒီတော့ သူတို့ စဉ်းစားတယ်၊ အစာမစားရရင် တို့ ၃-ယောက်စလုံးသေမယ်၊ အဲဒီတော့ ၃-ယောက်စလုံး အသေခံမလားလို့ဆိုတော့ (မြန်မာစကားပုံ ရှိတယ် မဟုတ်လား “အမိသော်လဲ သားတော်ခဲ”ဆိုတာ၊ ကိုယ်ဒုက္ခကြုံလာလို့ရှိရင် ချစ်လှပါတယ်ဆိုတဲ့ သားသမီးကိုပဲ စွန့်ပစ်ကြရတာပဲ၊) နောက်ဆုံးကျတော့ သူတို့ဘယ်လိုဆုံးဖြတ်ကြတုန်းဆိုရင် အေး ၃-ယောက်စလုံးတော့ အသေမခံနဲ့၊ ဟောဒီကလေးလေးကို ချီပိုးလာရတာ တို့ဒုက္ခတွေ ပိုရောက်တယ်၊ ခရီးတွေကလည်း အများကြီးသွားရဦးမယ်၊ သူ့ကို သတ်ပြီး သူ့အသားကို တစ်နေ့ နည်းနည်း နည်းနည်း စားပြီး ခရီးဆက်ကြမယ်လို့ ဆုံးဖြတ်ကြတယ်၊ ဆုံးဖြတ်ပြီးတဲ့အခါ သားကလေးကို သတ်ပြီး တချို့အသားတွေကို အခြောက်လှမ်းထားတယ်၊ တစ်နေ့မှာ နည်းနည်း နည်းနည်းလေး စားပြီးတော့ ခရီးဆက်ကြတယ်တဲ့။

သို့သော်လည်း သူတို့ခမျာ စားတိုင်း စားတိုင်း မျက်ရည်တွေ ကျတယ်၊ ရင်ဘတ်တီးတီးပြီး သားကလေးအတွက် ကြေကွဲဝမ်းနည်းပြီး စားကြတယ်၊ စားတိုင်း စားတိုင်း သားကလေးအတွက် ကြေကွဲကြတယ်၊ မျက်ရည်ရွှဲစို ငိုယိုကြတယ်၊ သို့သော် မစားရင်လည်း သေမယ်၊ ရှေ့ကိုသွားနိုင်တဲ့ အင်အားတွေ မရှိတော့ဘူး၊ ဒီတော့ သားကလေးရဲ့အသားကို စားပြီးတော့ ကန္တာရခရီးကြီးကို ဖြတ်ကြရတယ်တဲ့။

အဲဒီ ဇာတ်လမ်းဆန်ဆန် ဥပမာကိုပေးပြီး မြတ်စွာဘုရားက “တို့နေ့စဉ် စားသုံးနေတဲ့ ကဗဋီကာရအာဟာရဆိုတာ အဲဒီ မိဘ၂-ပါးက သူတို့သားကလေးရဲ့ အသားပေါ်မှာ ထားတဲ့ သဘောထားသလိုထားကြ” လို့ ပြောတာနော်၊ ထားနိုင်ပါ့မလား အဲဒီလို၊ မထားနိုင်ဘူး၊ ကောင်းပေ့ဆိုတာ သွားစား၊ မြန်မာအစားအစာတင် မကဘူး၊ ကိုရီးယားဆိုင် သွားစားဦးမယ် မဟုတ်လား။

မြတ်စွာဘုရားက အဲဒီလိုစားတယ်ဆိုတာ ဘာအတွက်စားတာတုန်းလို့ ခုန မိသားစုရဲ့ရည်ရွယ်ချက်ကို ကြည့်လိုက်၊ သားကလေးအသားကို ဘာအတွက် စားတာတုန်းဆိုတော့ ဟောဒီ ကန္တာရခရီးကြီးကို ဖြတ်ကျော်နိုင်ဖို့အတွက် စားတာ၊ ပျော်ဖို့စားတာလား၊ မဟုတ်ဘူး။ ဝဖြိုးဖို့ စားတာလား၊ အသားအရည်တွေ ပြည့်ဖြိုးဖို့ ခွန်အားဗလတွေတိုးဖို့ စားတာလာ၊ မဟုတ်ဘူး။ သူတို့ရည်ရွယ်ချက်သည် ကန္တာရခရီးကို ဖြတ်ကူးဖို့ပဲ၊ ရည်ရွယ်ချက်က အဲဒါပဲ။

ဒါကြောင့်မို့လို့ ရဟန်းသံဃာတွေကို မြတ်စွာဘုရားက ဆုံးမတဲ့အခါ အစာ စားလို့ရှိရင် -
နေဝ ဒဝါယ - ပျော်ဖို့စားတာလည်း မဟုတ်ဘူးတဲ့၊
န မဒါယ - မာန် မာနတွေတက်ဖို့ စားတာလည်း မဟုတ်ဘူးတဲ့၊
န ဝိဘူသနာယ - ခွန်အားဗလတွေ တိုးပွားဖို့ စားတာလည်း မဟုတ်ဘူးတဲ့၊
န မဏ္ဍနာယ - လှပအောင် စားတာလည်း မဟုတ်ဘူး၊

အဲဒီရည်ရွယ်ချက်တွေနဲ့ မစားရဘူးတဲ့၊ ဘာအတွက် စားရမလဲ၊
ဣမဿ ကာယဿ ဌိတိယာ - ဒီခန္ဓာကိုယ်ကြီးတည်တံ့ဖို့အတွက်၊
ဗြဟ္မစရိယာ နုဂ္ဂဟာယ - အကျင့်မြတ်တွေကို ကျင့်နိုင်ဖို့အတွက် အထောက်အကူ ဖြစ်ဖို့အတွက် စားတယ်။

ဒီတော့ မိဘ၂-ပါးက သားလေးရဲ့အသားကို စားပြီးတော့ ကန္တာရခရီးကို ဖြတ်တယ်၊ အဲဒီမိဘ၂-ပါးရဲ့ စိတ်နေသဘောထားအတိုင်း မိမိတို့နေ့စဉ် စားသုံးနေတဲ့ ကဗဋီကာရအာဟာရပေါ်မှာ သဘောထားပါတဲ့၊ အဲဒီလိုဆိုတယ်၊ အဲဒီလို သဘောထားနိုင်ပြီဆိုရင် ဘာဖြစ်လဲ၊ ကာမဂုဏ်အာရုံတွေပေါ်မှာဖြစ်တဲ့ တဏှာရာဂကို ဖယ်ရှားပစ်နိုင်ပါတယ်တဲ့၊ အဲဒါ မဟုတ်သေးဘူးဆိုလို့ရှိရင် မဖယ်နိုင်သေးဘူး။

လောကမှာ တဏှာထဲမှာ ရသတဏှာက အဆိုးဆုံးပဲ၊ တဏှာတွေထဲမှာ ရသတဏှာ မပယ်နိုင်ရင် အဆိုးဆုံးပဲ၊ ဟုတ်တယ်လေ မတည့်ပါဘူးဆိုလည်း ကြိုက်လို့ စားတယ်၊ ကြိုက်လို့ စားလို့ ဒုက္ခရောက်တဲ့လူတွေ ပြည့်လို့နော်၊ မရှောင်နိုင်ဘူး၊ တချို့ကျ ဝဝစားပြီး သေမယ်တဲ့ ပြောသေးတယ်။ သေမယ်ဆိုတာ မသိတာ မဟုတ်ဘူး၊ သိတယ်၊ ဒါပေမယ့် ဝဝစားပြီး သေမယ်တဲ့၊ အဲဒီလောက်ထိအောင် ဇွဲကောင်းတာနော်။

မြတ်စွာဘုရားကတော့ အဲဒီလို မဟုတ်ဘူး၊ ကဗဋီကာရေ အာဟာရေ ပရိညာတေ - ကဗဋီကာရအာဟာရကို ပိုင်းပိုင်းခြားခြား ပိုင်ပိုင်နိုင်နိုင် သိလိုက်လို့ ရှိရင်တဲ့၊ ပဉ္စကာမဂုဏိက ရာဂေါ ပရိညာတော တဲ့၊ ကာမဂုဏ် ၅-ပါးနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ တဏှာရာဂတွေကို ပိုင်ပိုင်နိုင်နိုင်သိပြီးသား ဖြစ်သွားလိမ့်မယ်တဲ့။ ဆိုလိုတာက အားလုံးကို စွန့်လွှတ်နိုင်လိမ့်မယ်လို့ ပြောတာနော်။ အစာလေး မစွန့်ရင် နောက်ဟာတွေ မစွန့်နိုင်သေးဘူး၊ ကာမဂုဏ် ၅-ပါးနဲ့ ပတ်သက်တဲ့ ရာဂကို စွန့်နိုင်ပြီဆိုလို့ရှိရင် ကာမဘုံမှာ ပြန်ပြီးမွေးဖွားဖို့ သံယောဇဉ် သူ့မှာ မရှိတော့ဘူး၊ ဒီလို ပြောတာ၊ ဆိုလိုတာက အနာဂါမ်အဆင့်ကို ပြောတာ၊ ကာမဂုဏ် အာရုံတွေ ကာမရာဂတွေကို ဖယ်ရှားလိုက်တာနဲ့ တစ်ပြိုင်နက် အနာဂါမ်အဆင့် ရောက်တယ်လို့ ပြောတာ၊ ကာမဘုံကို ပြန်လာဖို့ရန်အတွက် ကြိုးမရှိတော့ဘူး၊ သူ့မှာ နှောင်ကြိုး မရှိတော့ဘူးလို့ ဒီလိုဆိုလိုတယ်။

ဒါကြောင့်မို့လို့ ကဗဋီကာရအာဟာရပေါ်မှာ မှန်ကန်တဲ့နှလုံးသွင်းနဲ့ စားရမယ်၊ မှန်ကန်တဲ့နှလုံးသွင်းနဲ့ စားနိုင်လို့ သေသေချာချာ ပိုင်းပိုင်းခြားခြား ပိုင်ပိုင်နိုင်နိုင်သိပြီဆိုလို့ရှိရင် ကျန်တဲ့ကာမဂုဏ်တွေပေါ် တွယ်တာတဲ့ တဏှာကို ဖယ်ရှားပစ်နိုင်တယ်တဲ့၊

(ကာမဂုဏ်ဆိုတာက မျက်စိနဲ့မြင်လို့ လိုချင်တာ၊ “ကာမဂုဏ်”ဆိုတဲ့ စကားလုံးမှာ “ဂုဏ်”ဆိုတာ နှစ်သက်စရာဂုဏ် ရှိတာကို ပြောတာ မဟုတ်ဘူး၊ ဒီနေရာမှာ “ကာမ” နှစ်သက်စရာ, “ဂုဏ” အနှောင်အဖွဲ့လို့ ပြောတာ၊ “ကာမ ဂုဏ - နှစ်သက်စရာကောင်းပြီး စိတ်ကို နှောင်ဖွဲ့တဲ့ အာရုံတွေ” လို့ ပြောတာနော်။)

နှောင်ဖွဲ့ထားတာဆိုတော့ ဖြုတ်လို့ မလွယ်ဘူး၊ မျက်စိကမြင်ပြီး ကျေနပ်နေတယ်၊ နားက ကြားပြီး ကျေနပ်နေတယ်၊ နှာခေါင်းက ကိုယ်ကြိုက်တဲ့အနံ့လေး ကျေနပ်နေတယ်၊ ဒါမျိုးထပ်ရချင်တယ်၊ လျှာကလည်း ကောင်းတဲ့အရသာလေး ရချင်တယ်၊ ခန္ဓာကိုယ်အထိအတွေ့ကလည်း ကောင်းတာလေး ထိတွေ့ချင်တယ်၊ အဲဒီ ပေါ်မှာ တွယ်တာနေတာဖြုတ်နိုင်လား မဖြုတ်နိုင်ဘူး၊ အဲဒါကို “ဂုဏ”၊ ဒါကြောင့်မို့ ဂုဏဆိုတဲ့စကားလုံးက နှောင်ဖွဲ့တယ်ဆိုတဲ့အဓိပ္ပါယ်ကို ပြောတာ၊ စိတ်ကို နှောင်ဖွဲ့ထားတာ၊ အဲဒီကာမဂုဏ်တွေပေါ်မှာ တွယ်တာတဲ့တဏှာကို ဖယ်ရှားပစ်နိုင်လို့ ဟောဒီကာမလောကကြီးနဲ့ ပြန်ပြီး မဆက်စပ်တော့ပါဘူးလို့ ဒီလိုပြောတာ၊ ဒါက တစ်ခု။

ဖဿသည် အာဟာရ

ကဲ နာမ်အာဟာရ ၃-ခုဆိုတာ ဖဿ၊ စေတနာ၊ ဝိညာဏ်။ ဖဿဆိုတာ ဘာကို စွမ်းဆောင်ပေးတာတုန်းလို့ဆိုတော့ ပဋိစ္စသမုပ္ပါဒ်နဲ့ မှတ်လိုက်ပေါ့၊ ဖဿပစ္စယာ ဝေဒနာ၊ ဖဿဆိုတာ ဝေဒနာကို စွမ်းဆောင်တာ၊ ဖဿ အားကောင်းလေလေ ဝေဒနာ အားကောင်းလေလေ၊ ဒါပြောတာနော်၊ ဖဿပျော့သွားရင် ဝေဒနာလည်း ပျော့တယ်၊ စွမ်းဆောင်မှုက အဲဒီလို ဆိုလိုတယ်၊ သုခဖြစ်စေတဲ့ ဖဿ ရှိတယ်၊ ဒုက္ခဖြစ်စေတဲ့ဖဿ ရှိတယ်၊ သုခဖြစ်စေတဲ့ ဖဿက သုခဝေဒနာ ပေါ်လွင်ပြီး ထက်ထက်သန်သန်ကြီး ဖြစ်စေတယ်။ ဒုက္ခဖြစ်စေတဲ့ဖဿက ဒုက္ခဝေဒနာ ထင်ထင်ရှားရှားကြီးဖြစ်စေတယ်၊ ဖဿဟာလည်း ဝေဒနာကို စွမ်းဆောင်တဲ့နေရာမှာ အစွမ်းထက်တယ်လို့ ပြောတာ၊ ဒါကြောင့်မို့ အဲဒီဖဿဆိုတာ အာဟာရတစ်မျိုးပဲ၊ ဝေဒနာကို လွန်လွန်ကဲကဲစွမ်းဆောင်နိုင်တာ ထုတ်လုပ်နိုင်တာ ဖြစ်သောကြောင့် ဖဿကို မြတ်စွာဘုရားက အာဟာရလို့ ဟောတယ်။

အဲဒီနာမ်အာဟာရနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ခုနက ပုတ္တမံသူပမ သုတ္တန်မှာ ဘယ်လိုဥပမာပေးတုန်းဆိုတော့ “နွားကြီးတစ်ကောင် အရေခွံခွာထားတယ်၊ စဉ်းစားကြည့် ခံစားကြည့်လိုက်၊ နွားကြီးမှာ အရေခွံခွာထားတာ၊ အဲဒီအရေခွံ ခွာထားတဲ့နွားကြီးကို အကောင်ဗလောင်တွေ လွယ်လွယ်ကူကူနဲ့ မကိုက်နိုင်ဘူးလား၊ ဖြုတ်တွေတို့ မှက်တွေတို့ ခြင်တွေတို့ ဟုတ်လား၊ ယင်ကောင်တွေတို့ဆိုတာ လာတိုးမယ်ဆိုရင် နွားကြီးခံနိုင်ပါ့မလား၊ ဒုက္ခဝေဒနာတွေ ဘယ်လောက်ဖြစ်လိုက်မလဲ၊ အရေခွံမရှိတဲ့နွားကြီးဟာ ဘယ်နေရာမှာပဲနေနေ အဲဒီ အကောင်ဗလောင်တွေရဲ့ကိုက်မှုဆိုတဲ့ဒုက္ခတွေက ပြင်းပြင်းထန်ထန်မခံရပေဘူးလား၊ ခံရတယ်၊ အကာအကွယ်မရှိဘူး၊ ဖဿဟာ အရေခွံခွာထားတဲ့ နွားနဲ့တူတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ဝေဒနာကို ပြင်းပြင်းထန်ထန်ဖြစ်စေလို့ ဟုတ်ရဲ့လား၊ အပေါ်ကနေပြီးတော့ နွားအရေနဲ့ဖုံးထားတဲ့အခါ တော်ရုံအကောင်တွေ မကိုက်နိုင်ဘူး မဟုတ်လား။ ဟော အရေထူထူနဲ့ကျတော့ တော်ရုံအကောင်ဟာ မကိုက်နိုင်ဘူး၊ အရေခွံခွာလိုက်ပြီဆိုလို့ရှိရင်တော့ ဘာကောင်ကကိုက်ကိုက် နာပြီသာမှတ်ပေတော့။

အဲဒါကြောင့်မို့လို့ ဖဿသည် ဝေဒနာကို ပြင်းပြင်းထန်ထန် လွန်လွန်ကဲကဲ ဖြစ်စေနိုင်တယ်၊ အဲဒီမှာ ဖဿရဲ့သဘာဝတရားတွေကို အရေခွံခွာထားတဲ့နွားကဲ့သို့ ထင်မြင်ပြီးတော့ အသိဉာဏ်သက်ဝင်လို့ ဖဿကို ပိုင်းပိုင်းခြားခြားသိပြီဆိုလို့ရှိရင် ဘာအကျိုးရှိလဲဆိုရင် ဝေဒနာရဲ့သဘာဝတွေကို ပိုင်းပိုင်းခြားခြားသိလာမယ်၊ ဝေဒနာရဲ့သဘာဝကို ပိုင်းပိုင်းခြားခြားသိပြီဆိုလို့ရှိရင် “ဝေဒနာပစ္စယာ တဏှာ” မလာနိုင်တော့ဘူး၊ ဒီအဓိပ္ပါယ်ကို ပြောတာနော်၊ ဝေဒနာရဲ့သဘာဝကို သိလိုက်တာနဲ့ တစ်ပြိုင်နက် တဏှာကို တားဆီးပြီး ဖြစ်တယ်။

ဝေဒနာရဲ့သဘာဝတွေကို ပိုင်းပိုင်းခြားခြားသိလိုက်ရင် တဏှာမလာတော့ဘူး၊ တဏှာ ပြတ်သွားပြီဆိုရင် လုပ်စရာကျန်သေးလား၊ မကျန်တော့ဘူး၊ အဲဒါကို မြတ်စွာဘုရားက “နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏီယံ” လုပ်စရာ ဘာမှ မကျန်တော့ဘူးတဲ့၊ တဏှာ ကုန်သွားရင် လုပ်စရာ ဘာမှ မရှိတော့ဘူး ပြီးပြီ၊ ဖဿကို ပိုင်းပိုင်းခြားခြားသိရင် ဝေဒနာကို ပိုင်းပိုင်းခြားခြားသိမယ်၊ ဝေဒနာကို ပိုင်းပိုင်းခြားခြား သိလိုက်တာနဲ့ တစ်ပြိုင်နက် တဏှာမလာတော့ဘူး၊ မလာရင် လုပ်စရာရှိသေးလား၊ မရှိတော့ဘူးပေါ့ ဒါလည်း အာဟာရတစ်မျိုးနဲ့ ပတ်သက်ပြီး ဟောတာ။

စေတနာ အာဟာရ

နောက်တစ်ခါ မနောသင်္ကေတနာဟာရ၊ စေတနာဆိုတာ ကံပဲပေါ့၊ အဲဒီ ကံတရားက ဘာကို အကျိုးပြုနေတာလဲ၊ ဘာကို စွမ်းဆောင်နေတာလဲလို့ဆိုလို့ရှိရင် စေတနာသည် ပဋိသန္ဓေကို မဖြစ်စေဘူးလား၊ စေတနာဟာ ကံ၊ ထိုကံသည် ဘဝ ပဋိသန္ဓေကို ဖြစ်စေတယ်၊ ဒါက အထူးအဆန်း မဟုတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ်နဲ့ ပြော မယ်ဆိုရင် “သင်္ခါရပစ္စယာ ဝိညာဏံ” ပဲ၊ သင်္ခါရဆိုတာ ကံ၊ ဝိညာဏဆိုတာ ပဋိသန္ဓေစိတ်၊ မနောသန္ဓေတနာဟာရဆိုတာ စေတနာကို ပြောတာတဲ့၊ စေတနာသည် ပဋိသန္ဓေကို ဆောင်စွမ်းနိုင်သည့် သတ္တိရှိလို့ သူ့ကိုလည်း အာဟာရလို့ ခေါ်တယ်၊ လွန်လွန် ကဲကဲဖြစ်စေနိုင်လို့ သူ့ကို အာဟာရလို့ ခေါ်တယ်၊ အဲဒီအာဟာရက ပဋိသန္ဓေ ဆိုတဲ့အကျိုးကို ဆောင်တယ်။

အဲဒါကို ဘာနဲ့ ဥပမာပေးထားတုန်းဆိုရင် ရန်သူတွေရဲ့လက်ထဲ ရောက်သွားတဲ့ လူတစ်ယောက်၊ ရန်သူတွေက အတင်းအကြပ်ဆွဲခေါ်ပြီးတော့ မီးကျည်းတွင်းကြီးထဲကို ပစ်ချကြတယ်၊ အတင်းဆွဲခေါ်နေတဲ့အချိန် မီးကျည်းတွင်းကြီးနား ရောက်ချိန် သူ့ရဲ့စိတ်ဆန္ဒတွေ ပါရဲ့လား၊ မပါဘူးနော်၊ ဘယ်လောက်ကြောက်လိုက်မလဲ၊ သို့သော် စိတ်ဆန္ဒတွေ မပါပေမယ့်လို့ မီးကျည်းတွင်းကြီးထဲမှာ တွန်းချခံလိုက်ရတယ်၊ အဲဒီမှာ စေတနာဆိုတဲ့ကံတရားက ဖန်တီးပေးလိုက်တဲ့ ဘဝတစ်ခုဟာ မီးကျည်းတွင်းကြီးထဲ တွန်းချတာနဲ့ မတူဘူးလား၊ တူတယ်နော်၊

ဘဝကြီးဟာ ပူလောင်နေတာ၊ တဖြည်းဖြည်း အိုလာတယ်၊ နာတယ်၊ နောက်ဆုံး သေမယ်၊ အိုခြင်း နာခြင်း သေခြင်းပဲ၊ ဒီကြားထဲမှာ သောကတဲ့၊ ပရိဒေဝတဲ့၊ ဒုက္ခတဲ့၊ ဒေါမနဿတဲ့၊ ဥပါယာသတဲ့၊ ဒါတွေလည်း လာဦးမယ်၊ ပြောလို့မဆုံးတဲ့ problem အများကြီးရှိသေးတယ်၊ ဟော ဒါတွေရော လာနေတယ်၊ အဲဒီတော့ မီးကျည်းတွင်း ကြီးထဲ တွန်းချခံရတဲ့လူတစ်ယောက်ရဲ့ ဒုက္ခနဲ့ မတူပေဘူးလား၊ တူတယ်၊ စေတနာက ဘဝတစ်ခုကို ပို့ပေးလိုက်တာဟာ ဒုက္ခတွေချည်းပဲတဲ့၊ ဒါကြောင့်မို့ အဲဒီသုတ္တန်မှာ ဒီလိုဟောထားတယ်။

အဲဒီစေတနာကို ပိုင်းပိုင်းခြားခြားသိပြီဆိုလို့ရှိရင် တဏှာ ၃-မျိုးကို ပိုင်းပိုင်းခြားခြား ဖယ်ရှားနိုင်ပါတယ်တဲ့၊ တဏှာ ၃-မျိုး ဆိုတာ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ၊ အဲဒီ တဏှာ ၃-မျိုးကို ပိုင်းပိုင်းခြားခြားသိသွားပြီ ဖယ်ရှားပစ်နိုင်ပြီဆိုလို့ရှိရင် တဏှာကုန်သွားရင် လုပ်စရာရှိသေးလား၊ မရှိတော့ဘူး၊ နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏီယံ – ဘာမှ လုပ်စရာ မရှိတော့ဘူး၊ ဒါကို အဲဒီသုတ္တန်မှာ ဟောတာ၊ အဲဒီစေတနာဟာလည်း အာဟာရပစ္စည်းပဲတဲ့နော်။

ဝိညာဏ အာဟာရ

နောက်အာဟာရတစ်ခုက ဘာတုန်းဆိုတော့ “ဝိညာဏ” တဲ့၊ ဝိညာဏ ဆိုတာ ပဋိသန္ဓေစိတ်ကို ပြောတာ၊ ဒီနေရာမှာ အဲဒီပဋိသန္ဓေစိတ်ကလည်းပဲ ဘာ တွေကို စွမ်းဆောင်နေတာတုန်းလို့ဆိုရင် ပဋိစ္စသမုပ္ပါဒ်ကိုကြည့် - “ဝိညာဏပစ္စယာ နာမရူပံ” ပဋိသန္ဓေစိတ်ရှိလို့ နာမ်တွေ ရုပ်တွေဟာ ဖွံ့ဖြိုးလာတာ၊ မျိုးစေ့လေးကနေ အမြစ်တွယ်လာလို့ အကိုင်းအခက်တွေ ဖွံ့ဖြိုးလာတာ၊ အမြစ်ကလေး သက်ဆင်းလိုက်သည့်အတွက်ကြောင့် အကိုင်းအခက်တွေ ထွက်လာတာ။

ထို့အတူပဲ ပဋိသန္ဓေစိတ် ဖြစ်လာသည့်အတွက်ကြောင့် နာမ်တွေရုပ်တွေ ဖွံ့ဖြိုးလာတယ်၊ ဒီလို နာမ်တွေရုပ်တွေကို စွမ်းစွမ်းတမံ ဆောင်ကျဉ်းတတ်သောကြောင့် ဝိညာဏ်ကို အာဟာရလို့ ခေါ်တယ်။

မြတ်စွာဘုရားက ဘယ်လို ဥပမာပေးထားတုန်း ဆိုလို့ရှိရင် ရာဇဝတ်သားတစ်ယောက်ရဲ့ ဒုက္ခ၊ ရာဇဝတ်သားတစ်ယောက်ကို ဘုရင်က တရားရုံးမှာ ဆုံးဖြတ်ချက်ချလိုက်တယ်၊ ဘယ်လိုဆုံးဖြတ်ချက်ချတုန်း “ကဲ ဒီကောင် နံနက်ခင်းမှာ လှံနဲ့ အချက်တစ်ရာ ထိုးကွာ”၊ တစ်ချက်တင်ပဲ နာလှပါပြီ၊ ဟုတ်ရဲ့လား၊ လှံနဲ့ အချက်တစ်ရာ ထိုးရမယ်၊ လှံနဲ့ အချက်တစ်ရာ ထိုးခံရတဲ့ပုဂ္ဂိုလ်ရဲ့ ဒုက္ခကို စဉ်းစားကြည့်နော်၊ ဒါပေမယ့် အဲဒီကောင်က အသက်က ပြင်းတယ်၊ နံနက်ခင်း လှံနဲ့ အချက်တစ်ရာထိုးတာ ဘာဖြစ်လဲ၊ မသေသေးဘူး၊ အသက်ရှင်နေသေးတယ်။ ဒါဖြင့် ဘုရင်ကြီးက “ဒီလောက်အသက်ပြင်းတဲ့ကောင်ကို နေ့လည်ခင်းကျ လှံနဲ့ အချက်တစ်ရာ ထိုးကွာ ထပ်ပြီးတော့”၊ “ဟော ရှင်သေးလားဟေ့၊ ရှင်နေသေးတယ်၊ ညနေကျ ထပ်ပြီးတော့ အချက်တစ်ရာထပ်ထိုးဦး” အချက်ဘယ်နှစ်ရာ အထိုးခံလိုက်ရတုန်း၊ အချက်သုံးရာ အထိုးခံရတဲ့ ရာဇဝတ်သားတဲ့၊ ဝိညာဏအဟာရကို မြတ်စွာဘုရားက ဒါနဲ့ ဥပမာပေးထားတယ်။

ကောင်းပြီ - ပဋိသန္ဓေစိတ်ရလာတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းရဲ့ ဒုက္ခဟာ ဒီထက်တောင် ပြင်းလိမ့်ဦးမယ် ထင်ပါတယ်၊ အခု လောကကြီးမှာ ခံနေရတဲ့ဒုက္ခတွေဟာ သူ့လက်ချက်ကြီးပဲ၊ ဟုတ်ရဲ့လား၊ အိုတာရော၊ သူဖြစ်လို့နော်၊ နာတာရော၊ သူဖြစ်လို့၊ သေတာရော၊ မသေခင် စိုးရိမ်နေရတာတို့ ငိုနေရတာတို့ ခဏခဏ ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲဖြစ်တာတို့၊ စိတ်မချမ်းမသာဖြစ်တာတို့၊ ဒေါသနဲ့ ရှိုက်ကြီးတငင်ဖြစ်တာတို့ - ဒါတွေဟာ ဘယ်သူ့ကြောင့် ဖြစ်တာတုန်း၊ သူ့ကြောင့် ဖြစ်တာ၊ လှံနဲ့ အထိုးခံနေရသလို problem တွေ အများကြီးနဲ့ ကြုံတွေ့နေရတယ်၊ သက်သာရာ မရနိုင်ဘူး၊ ဒါကို ပြောတာနော်။

ဒါကြောင့်မို့ မြတ်စွာဘုရားက လှံနဲ့ အချက်တစ်ရာထိုးခံရတဲ့ ပုဂ္ဂိုလ်ရဲ့ ဒုက္ခကို ဘယ်သူက ဒီဒုက္ခပေးတာလဲ၊ လှံနဲ့ အချက်တစ်ရာ အထိုးခံရတဲ့ပုဂ္ဂိုလ်ရဲ့ ဒုက္ခလိုပဲ ဟောဒီဝိညာဏ်က နာမ်တွေရုပ်တွေကို ဖြစ်စေလိုက်တယ်၊ ဟော ဒီနာမ်တွေ ရုပ်တွေရဲ့ ဒုက္ခဟာ ဘယ်လောက်ကြီးသလဲလို့ ဒါကိုပြောပြတာ။

အခုပြောခဲ့တဲ့ ဖဿရယ် စေတနာရယ် ဝိညာဏ်ရယ် ဆိုတဲ့ ဒီ ၃-ခုကို နာမ်အာဟာရလို့ ခေါ်ပါတယ်၊ အဲဒီနာမ်အာဟာရတွေက ဖဿကလည်း ဖဿနဲ့ ယှဉ်တဲ့ စိတ်စေတသိက်တွေ၊ စေတနာကလည်း စေတနာနဲ့ယှဉ်တဲ့ စိတ်စေတသိက်တွေ၊ ဝိညာဏ်ကလည်း ဝိညာဏ်နဲ့ယှဉ်တဲ့ စေတသိက်တွေ၊ အဲဒါတွေကို အပြန်အလှန် အထောက်အကူ ပြုနေကြတယ်တဲ့၊ အပြန်အလှန် စွမ်းဆောင်ပြီးတော့ အထောက်အကူပြုနေကြတယ်၊ သတ္တဝါတွေရဲ့ သန္တာန်မှာ ကျေးဇူးပြုနေကြတယ်။

ဒါကြောင့်မို့ နာမ်အာဟာရအနေနဲ့ ပစ္စည်းက ဖဿ စေတနာ ဝိညာဏ၊ ပစ္စယုပ္ပန် တရားက စိတ်စေတသိက် စိတ္တဇရုပ်တဲ့၊ ဒီနာမ်အာဟာရတွေဟာ သတ္တဝါတွေရဲ့ သန္တာန်မှာ အကျိုးတရားတွေကို စွမ်းဆောင်မှုပြုနေတာ၊ ဖဿက သဟဇာတ သတ္တိနဲ့ ကျေးဇူးပြုမယ်၊ အညမညသတ္တိနဲ့ ကျေးဇူးပြုမယ်၊ နိဿယသတ္တိနဲ့ ကျေးဇူးပြုမယ်၊ သမ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုမယ်၊ သူတို့ရှိနေခိုက် ကျေးဇူးပြုလို့ အတ္ထိတို့ အဝိဂတတို့နဲ့ ကျေးဇူးပြုမယ်၊ စေတနာကျတော့ ကမ္မသတ္တိပါလာမယ်၊ ဝိညာဏ်ကျတော့ အဓိပတိတို့ ပါလာမယ်၊ ဣန္ဒြိယတို့ ပါလာမယ်၊ ဘာဖြစ်လို့တုန်း၊ စိတ်က အဓိပတိထဲမှာ ပါတယ်နော်၊ ဣန္ဒြိယထဲမှာ ပါတယ်၊ ပါတာလေးတွေကို ထည့်ပြီးတော့ မှတ်ပြီး ပစ္စယသတ္တိတွေအများကြီးနဲ့ ဟောဒီအာဟာရပစ္စည်းက ကျေးဇူးပြုပါ တယ်တဲ့။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က -
“အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော” –

နာမ်အာဟာရတရားတွေဟာလည်းပဲ ယှဉ်ဘက်တရားတွေကို ထိုယှဉ်ဘက်တရားကြောင့် ဖြစ်လာတဲ့စိတ္တဇရုပ်တွေ ပဋိသန္ဓေအခိုက်မှာ ပဋိသန္ဓေကမ္မဇရုပ်တွေကို ဟောဒီအာဟာရသတ္တိနဲ့ ကျေးဇူးပြုပါတယ်လို့ ပဋ္ဌာန်းမှာ ဒီလိုဟောတာဖြစ်ပါတယ်။

ဒါကြောင့် လောကမှာ အာဟာရ ၄-မျိုး၊ ကဗဋီကာရအာဟာရလို့ ခေါ်တဲ့ လူတွေနေ့စဉ်စားသုံးတဲ့ အစာအာဟာရထဲမှာပါတဲ့ ဩဇာ၊ သဝတ္တုက အာဟာရ မှီရာဝတ္ထုနဲ့တကွပြလို့ ကဗဋီကာရအာဟာရနော်၊ ထမင်းဆိုရင် ထမင်းထဲမှာပါတဲ့ ဩဇာဓာတ်၊ ဟင်းဆိုရင် ဟင်းထဲမှာပါတဲ့ ဩဇာဓာတ်၊ ဒီဩဇာဓာတ်လေးသည် ထမင်းဟင်းဆိုတဲ့ အတုံးအခဲပေါ်မှာ မူတည်ရှိနေတယ်၊ အဲဒီ အတုံးအခဲပါစားမှ အဆီဩဇာဓာတ်လည်း ပါသွားတယ်၊ ဒါကြောင့်မို့ ကဗဋီကာရော အာဟာရော ဆိုတဲ့ နေ့စဉ်စားသုံးနေတဲ့ အစာအာဟာရထဲမှာပါတဲ့ ဩဇာဓာတ်သည် ခန္ဓာကိုယ် ရုပ်ကြီးအား ထောက်ပံ့ကူညီထားတယ်။

ဖဿ စေတနာ ဝိညာဏ် လို့ဆိုတဲ့ သဘာဝတရားတွေဟာ ဆိုင်ရာဆိုင်ရာ ယှဉ်ဘက်တရားတွေကို ထောက်ပံ့ကူညီစွမ်းဆောင်ပြီးတော့ နေကြတယ်တဲ့။

အဲဒီလို ဘုန်းကြီးတို့နေ့စဉ်နဲ့ဘဝမှာ ဒီသဘာဝတရားတွေဟာ ဖြစ်လာပြီးတော့ ဒီလိုထောက်ပံ့နေတာပါလား၊ အာဟာရသတ္တိနဲ့ ကျေးဇူးပြုနေတာပါလားလို့ ပဋ္ဌာန်းတရားကို နာရင်း, ပဋိဋ္ဌာန်းတရားကို ရွတ်ဖတ်ရင်း, ပဋိဋ္ဌာန်းတရားကို နှလုံးသွင်းရင်းနဲ့ မိမိခန္ဓာကိုယ်မှာရှိတဲ့ သဘာဝတရားတွေရဲ့ တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီး ကျေးဇူးပြုနေပုံတွေကို သိရှိနားလည်ကြပြီး ကြောင်းကျိုးကို ဆင်ခြင်နိုင်တဲ့ အသိဉာဏ်တွေ ရင့်သန်လို့ မဂ် ဖိုလ် နိဗ္ဗာန် ဆိုတဲ့ တရားဓမ္မကို ကိုယ်စီကိုယ်ငှ မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း။

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၁၃)

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ခုနှစ်၊
တော်သလင်း လပြည့်ကျော် ၂-ရက်၊ (၅-၉-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေး ဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင်အခမ်းအနားဝယ်
မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။

ဣန္ဒြိယပစ္စယော

“ဣန္ဒြိယ”ကို မြန်မာလို ဣန္ဒြေလို့ ပြန်ဆိုကြတယ်၊ ဣန္ဒြေဆိုတဲ့မြန်မာစကား ဟာ ပါဠိက ဆင်းသက်လာတယ်၊ “ဣန္ဒြေကောင်းတယ်၊ ဣန္ဒြေမကောင်းဘူး၊ ဣန္ဒြေရရ နေပါ” စသည်ဖြင့် မြန်မာမှာ ဒီစကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးကြ တယ်၊ အမျိုးသမီးတွေနဲ့ ပတ်သက်လို့လည်း “မိန်းကလေးတို့ဣန္ဒြေ ရွှေပေးလို့မရ” ဆိုတဲ့စကားလုံး သုံးကြတယ်၊ မြန်မာ့ကျင့်စဉ်နဲ့ ပတ်သက်လို့ “ဣန္ဒြေကို စောင့်ထိန်း တယ်၊ ဣန္ဒြေသမ္ပတ္တိနဲ့ ပြည့်စုံတယ်” စသည်ဖြင့် ဣန္ဒြေကို ရည်ညွှန်းပြီး ပြောလေ့ ရှိကြတယ်။

စာပေကျမ်းဂန်မှာ ဣန္ဒြေငါးမျိုး၊ ဣန္ဒြေ ၆-မျိုး၊ ဣန္ဒြေ ၂၂-မျိုးလို့ ဒီလို ပြထားတာ ရှိတယ်၊ သူ့နေရာလေးနဲ့သူ သဘောပေါက်နားလည်ဖို့တော့ လိုတယ် ပေါ့နော်။

“ဣန္ဒြေရတယ်, ဣန္ဒြေမရဘူး” ဆိုတာ ဘာကို ရည်ညွှန်းတာတုန်းဆို ဣန္ဒြေ ၆-ပါးကို ရည်ညွှန်းတာလို့ ပြောရမယ်၊ “ဣန္ဒြေကို စောင့်ထိန်းပါ၊ ဣန္ဒြေကို စောင့် ရှောက်ပါ” ဆိုတဲ့စကားကလည်း ဣန္ဒြေ ၆-ပါးကိုပဲ ရည်ညွှန်းတယ်၊ ဣန္ဒြေ ၆-ပါး ဆိုတာ စက္ခု သောတ ဃာန ဇိဝှာ ကာယ မန။ ဒီဣန္ဒြေ ၆-ပါးကို ရည်ညွှန်းပြီးတော့ ဣန္ဒြေကို စောင့်ထိန်းတယ်ဆိုတာဖြစ်တယ်၊ နောက် သီလမှာ ဣန္ဒြိယသံဝရသီလ ဆိုတာ ရှိတယ်။

ဣန္ဒြိယသံဝရသီလ ဆိုတာ မျက်စိက ကြည့်ချင်တာကို မကြည့်ရဘူး၊ နားက နားထောင်ချင်တာ မထောင်ရဘူးလို့ ဒီလိုဆိုလိုတာ မဟုတ်ဘူး၊ မျက်စိဆိုတာ မြင်စရာရှိရင် မြင်မှာပဲ၊ နားကလည်း ကြားစရာရှိရင် ကြားမှာပဲ၊ ဆိုလိုတဲ့အဓိပ္ပါယ်က မျက်စိနဲ့ မြင်ပြီး လောဘမဖြစ်အောင် ဒေါသ မဖြစ်အောင် မောဟမဖြစ်အောင် ကိလေသာတွေမဖြစ်အောင် စောင့်ထိန်းတာ အဲဒါ ဣန္ဒြေကို စောင့်ထိန်းတာပဲ၊ နားနဲ့ အသံကြားပြီး အသံပေါ်မှာ လောဘ ဒေါသ မောဟ မဖြစ်အောင် ထိန်းတာ၊ နှာခေါင်းနဲ့ အနံ့ကိုရှူပြီး အနံ့ပေါ်မှာ လောဘ ဒေါသ မောဟ မဖြစ်အောင် ထိန်းတာ၊ လျှာနဲ့ အရသာခံပြီးတော့ ထိုအရသာပေါ် မှာ လောဘ ဒေါသ မောဟ မဖြစ်အောင် ထိန်းတာ၊ ခန္ဓာကိုယ်နဲ့ ထိတွေ့ပြီးနောက်မှာ ထိုအထိအတွေ့ပေါ်မှာ လောဘ ဒေါသ မောဟ မဖြစ်အောင် ထိန်းတာ၊ စိတ်ထဲက ကြံတွေးပြီးတော့ လောဘတွေ မဖြစ်အောင်၊ ဒေါသတွေ မဖြစ်အောင်၊ မောဟတွေ မဖြစ်အောင်၊ အကုသိုလ်တွေ မဖြစ်အောင် ထိန်းတာ။ ဒါ ဣန္ဒြေကို စောင့်ထိန်းတယ်လို့ ပြောတာ။

မကြည့်ဘဲနဲ့နေလို့ ဣန္ဒြေကိုထိန်းတယ်လို့ဆိုလို့ရှိရင် မျက်စိမမြင်တဲ့ ပုဂ္ဂိုလ် တွေ ကြည့်မှမကြည့်နိုင်တာ ဘယ်မြင်ရမလဲ၊ သူ့မှာ ဣန္ဒြိယသံဝရသီလ လုံနေ တယ်လို့ ပြောလို့ ရမလား၊ မရဘူးနော်၊ နားမကြားရတဲ့ပုဂ္ဂိုလ်ကလည်း သီလ ဣန္ဒြိယသံဝရသီလနဲ့ ပြည့်စုံတယ် ပြောလို့ရမလား၊ မရဘူး။ သီလဆိုတာ အဓိပ္ပါယ် ရှိတဲ့စကားလုံး၊ “စောင့်ထိန်းမှု၊ အကန့်အသတ်တစ်ခုအတိုင်း လိုက်နာကျင့်သုံးမှု လို့ ဒီလိုဆိုတယ်၊ ဒါက ဣန္ဒြိယ သံဝရသီလအဓိပ္ပါယ်၊ ဒီဣန္ဒြေ ၆-ပါးဟာ ဣန္ဒြိယ- ပစ္စယောဆိုတဲ့အထဲမှာ အကျုံးဝင်တယ်တဲ့။

နောက် ဗောဓိပက္ခိယတရား ၃၇-ပါး၊ ဒီ ၃၇-ပါးထဲမှာ ဣန္ဒြေ ၅-ပါး၊ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ ဆိုတဲ့ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဆိုတဲ့ ကောင်းမြတ်တဲ့ အရည်အသွေးရှိတဲ့ဓမ္မတွေ၊ ကောင်းမြတ်တဲ့ အရည်အသွေး ရှိတဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေ၊ အဲဒါတွေကိုရည်ညွှန်းပြီး ဣန္ဒြေ ၅-ပါးလို့ ပါတယ်၊ အဲဒီဣန္ဒြေ ၅-ပါးက ရင့်ကျက်အောင် တိုးတက်အောင် လုပ်ရတဲ့ ဣန္ဒြေ ၅-ပါး၊ အသိဉာဏ်ကိုရဖို့ရာအတွက် ဒီဣန္ဒြေ ၅-ပါးဟာ အင်မတန်မှ အရေးကြီးတယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က “ဗုဒ္ဓစက္ခု” လို့ခေါ်တဲ့ဉာဏ်နဲ့ ကြည့်တဲ့ အခါမှာ ဒီဣန္ဒြေ ၅-ပါးကို ကြည့်တယ်၊ ဒီလူမှာ သဒ္ဓါတရားတွေ ရင့်ကျက် နေပြီလား၊ ဝီရိယတရားတွေ ရင့်ကျက်နေပြီလား၊ စွမ်းဆောင်နိုင်မှုတွေ ရှိနေပြီလား၊ သတိတရား ရင့်ကျက်နေပြီလား၊ သမာဓိတရားတွေ ရင့်ကျက်နေပြီလား၊ ပညာတွေ ရင့်ကျက် နေပြီလား၊ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာတွေ အား ပျော့နေသလား ဆိုတာကို ဉာဏ်တော်ကြီးနဲ့ဆင်ခြင်ပြီး ကြည့်တယ်၊ အဲဒါကို ဣန္ဒြိယပရော ပရိယတ္တိဉာဏ် လို့ခေါ်တယ်၊ ဒီဉာဏ်က ဘုရားမှရတာ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေမရဘူး၊ ဒါကြောင့်မို့ ဗုဒ္ဓစက္ခုလို့ ခေါ်တာ၊ ဣန္ဒြေအနုအရင့်ကို ကြည့်တာ။

ဒါကြောင့်မို့ စာပေကျမ်းဂန်မှာ “ဣန္ဒြေတွေ မရင့်သေးလို့ တစ်မဂ်တစ်ဖိုလ် မရသေးဘူး၊ ဣန္ဒြေတွေ မထက်သေး”လို့ ဆိုတာ၊ ဥပမာဆိုပါတော့ - ဒီဣန္ဒြေတွေ ကလည်း တစ်ခုနဲ့တစ်ခု degree တွေ မတူတာ ရှိသေးတယ်။ သောတာပန် ပုဂ္ဂိုလ်တွေမှာရှိတဲ့ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဆိုတာ သကဒါဂါမ်ပုဂ္ဂိုလ်မှာ ရှိတဲ့ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာတို့လောက် မထက်သေးဘူး၊ မတူညီတဲ့ သဘောလေးတွေ။ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဆိုတဲ့ ဒီသဘောတရားတွေ ဟာ သောတာပန်ပုဂ္ဂိုလ်မှာလည်း ရှိတယ်၊ ဣန္ဒြေထက်မထက် ကြည့်ပြီးတော့ မဂ် ၄-ပါး ဖြစ်တာ၊ သောတာပန်မှာ သိပ်မထက်သေးဘူး၊ သကဒါဂါမ်မှာ ထက်တယ်၊ အနာဂါမ်မှာ ပိုထက်လာတယ်၊ ရဟန္တာကျတော့ အထက်မြက်ဆုံး၊ သဒ္ဓါချင်း ဝီရိယချင်း သတိချင်း သမာဓိချင်း ပညာချင်းဆိုတဲ့ သဘာဝတွေ တူသော်လည်းပဲ စွမ်းရည်သတ္တိ ထက်မြက်မှု ကွာနေသေးတယ်လို့ပြောတာ၊ ဒါကြောင့်မို့ မဂ် ၄-ပါးဟာ ကွာခြားမှုရှိတယ်။

ဒီဣန္ဒြေ ၅-ပါးဆိုတာ တရားဓမ္မ ကျင့်ကြံကြိုးကုတ် အားထုတ်တဲ့အခါ မိမိသန္တာန်မှာ ရင့်ကျက်စေရမယ့် ဣန္ဒြေတွေ၊ ရင့်ကျက်စေရမယ့်ဣန္ဒြေလို့ ဆိုသော်လည်း ဒီဣန္ဒြေတွေဟာ အပြန်အလှန် ထိန်းပေးရဖို့ လိုအပ်တာလေးတွေ ရှိတယ်၊ သဒ္ဓိန္ဒြေနဲ့ ပညိန္ဒြေ၊ “သဒ္ဓါကို ပညာနဲ့ ထိန်းပေးရတယ်၊ ပညာကို သဒ္ဓါနဲ့ ထိန်းပေး ရတယ်”၊ အပြန်အလှန် ထိန်းညှိပေးရတာရှိတယ်၊ သဒ္ဓါတွေ သိပ်လွန်ကဲပြီး ပညာက လျော့နေလို့ရှိရင် စွမ်းဆောင်မှုတွေ မှားယွင်းတတ်တယ်၊ ပညာက သိပ် လွန်ကဲ လာပြီး သဒ္ဓါက လျော့နည်းလို့ရှိရင်လည်း စွမ်းဆောင်မှုက မမှန်နိုင်ဘူး၊ ဒါကြောင့်မို့ ဣန္ဒြေတွေကို ညှိရမယ်၊ ဣန္ဒြေတွေကိုညှိမှ သဘာဝတရားတွေကို မှန်ကန်စွာ သိမြင်လို့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာဖြစ်တယ်၊ ဣန္ဒြေကို မညှိလို့မရဘူး၊ ဣန္ဒြေ ညှိရမယ်၊ ဘာနဲ့ ညှိပေးတာတုန်းဆိုရင် သတိနဲ့ညှိပေးတာ။

ဒါကြောင့်မို့လို့ သဒ္ဓါနဲ့ ပညာ၊ “သဒ္ဓါကို ပညာနဲ့ ထိန်းရမယ်၊ မထိန်းနိုင်ဘူး ဆိုလို့ရှိရင် မကြည်ညိုသင့်တဲ့နေရာတွေ ကြည်ညို, စိတ်ဝင်စားစရာ မဟုတ်တဲ့နေရာ တွေ စိတ်ဝင်စား၊ မှားမှားယွင်းယွင်းတွေ ဖြစ်တယ်”၊ စာပေကျမ်းဂန်မှာ ပညာ အားနည်းပြီး သဒ္ဓါတွေလွန်ကဲနေလို့ရှိရင် မုဓပ္ပသန္န၊ တန်ဖိုးမရှိတဲ့, အကျိုးမရှိတဲ့ နေရာမှာသွားပြီး ယုံစားနေတတ်တယ်တဲ့၊ စိတ်ဝင်စားနေတယ်တဲ့၊ ပညာမပါသည့် အတွက်ကြောင့် blind faith မျက်ကန်းယုံကြည်မှုမျိုး ဖြစ်တတ်တယ်။

ပညာတွေ လွန်ကဲလာလို့ သဒ္ဓါနဲ့ မထိန်းဘူး ဆိုပြန်လို့ရှိရင်လည်း ကေရာဋိကော၊ ကောက်ကျစ်စဉ်းလဲတဲ့ပုဂ္ဂိုလ် ဖြစ်တတ်တယ်တဲ့၊ သဒ္ဓါစွမ်းအားတွေ က လျော့နည်းပြီး ပညာတွေက လွန်ကဲနေလို့ရှိရင် ထိုပုဂ္ဂိုလ်ကို ကောက်ကျစ်တဲ့ ပုဂ္ဂိုလ်တဲ့၊ ကောက်ကျစ်တဲ့ပုဂ္ဂိုလ်က ပိုပြီး အထိန်းရခက်တယ်၊ ဘာဖြစ်လို့တုန်း ဆိုရင် ပညာရှိနေလို့၊ ပညာရှိ ကောက်ကျစ်သွားပြီဆိုရင် အထိန်းရခက်တယ်၊ ဒါကြောင့်မို့ စာပေကျမ်းဂန်မှာ ဘယ်လိုသတိပေးထားတုန်းဆိုရင် “ဘေသဇ္ဇ သမုဋ္ဌိတော ရောဂေါ ဝိယ” တဲ့၊ ဆေးကြောင့်ဖြစ်တဲ့ရောဂါနဲ့ တူတယ်တဲ့၊ သဒ္ဓါ အထိန်းမဲ့ ပညာထက်နေတဲ့ ပုဂ္ဂိုလ် ကောက်ကျစ်ပြီဆိုလို့ရှိရင် ဆေးကြောင့်ဖြစ်တဲ့ ရောဂါလိုပဲတဲ့၊ အတေကိစ္ဆော = ကုလို့ မရဘူး၊ Incurable ကုမရဘူး၊ ဒီတော့ သဒ္ဓါတရားနည်းပြီး ပညာလွန်သွားတဲ့ ပုဂ္ဂိုလ် အလွန်အကုခက်တယ်၊ အပြောရခက် တယ်၊ သူသိ သူတတ် ဖြစ်နေတယ်၊ ဒါလည်း သိပ်သတိထားစရာကောင်းတဲ့အချက် တစ်ခုပဲ၊ ဒါကြောင့်မို့ သဒ္ဓိန္ဒြေနဲ့ ပညိန္ဒြေ ဒီနှစ်ခုက ထိန်းညှိပေးထားရမယ်တဲ့၊ ဒါမှ အလုပ်ဖြစ်တယ်။

နောက် ဝီရိယိန္ဒြေနဲ့ သမာဓိန္ဒြေ၊ ဒီနှစ်ခုကိုလည်း ထိန်းညှိပေးရမယ်၊ ဝီရိယ တွေ လွန်ကဲပြီးတော့ နေတယ်၊ သမာဓိစွမ်းအားက နည်းနေတယ်၊ သမာဓိစွမ်းအား တွေ နည်းပါးသွားလို့ဆိုရင် ဘာဖြစ်လဲ၊ ဝီရိယလွန်ကဲသည့်အတွက် အာရုံပေါ်မှာ ပျံ့လွင့်မှု ဆိုတဲ့ ဥဒ္ဓစ္စတွေ ဖြစ်လာတတ်တယ်။

သမာဓိလွန်ကဲပြီး ဝီရိယနဲ့ မထိန်းဘူးဆိုရင် ထိနမိဒ္ဓ ဝင်လာတယ်၊ ဒါကြောင့် စိတ်ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲတယ်၊ ကားတစ်စင်း ကို ထိန်းပြီးမောင်းရတာလိုပဲ၊ စက်တပ်ထားတဲ့ယာဉ်တစ်ခုကို ထိန်းပြီးတော့မောင်း တဲ့အခါ အားလုံးဟာ ညီတူညီမျှ ဆောင်ရွက်မှုရှိနေအောင် ထိန်းညှိ ပေးရသလိုပဲ ကမ္မဋ္ဌာန်းအားထုတ်တဲ့အခါမှာလည်း အဲဒါတွေကို ထိန်းညှိပေးနိုင် ရမယ်တဲ့၊ ဒါကြောင့်မို့ ဣန္ဒြေ ၅-ပါးဆိုတာ ကမ္မဋ္ဌာန်းအားထုတ်တဲ့ နေရာမှာ အင်မတန် အရေးကြီးတယ်။ အသိဉာဏ်နဲ့ ပတ်သက်လာလို့ရှိရင် ဒီဣန္ဒြေ ၅-ပါးက အလွန် အရေးကြီးတဲ့ ဣန္ဒြေတွေ၊ အဲဒီ ဣန္ဒြေ ၅-ပါးကိုလည်း ဣန္ဒြိယပစ္စယော ဆိုတဲ့အထဲမှာ ဟောထားတယ်။

နောက် ဣန္ဒြေ ၂၂-ပါးတဲ့၊ ဣန္ဒြေ ၂၂-ပါးဆိုတာ ခုနကပြောတဲ့ ဣန္ဒြေ ၆-ပါးတို့, ဣန္ဒြေ ၅-ပါးတို့က ဒီထဲမှာ ထပ်ပါဝင်နေတယ်၊ ဣန္ဒြိယပစ္စယောမှာ မြတ်စွာဘုရားက ဒီ ဣန္ဒြေ ၂၂-ပါးကို ဟောမှာပါ၊ ဣန္ဒြေ ၂၂-ပါးဆိုတာကို ရှေးဦးစွာ ပြောရအောင်၊ ၂၂-ပါးဆိုတော့ ဂဏန်းက ကြီးလာတယ်၊ ဂဏန်းကြီးပေမယ့်လို့ သူ့ အုပ်စုလေးနဲ့သူ မှတ်လို့လွယ်ပါတယ်၊ ခုနက ဣန္ဒြေ ၆-ပါးထဲကလိုပဲ ခွဲပြီး ပြောမယ်ဆိုရင် ရုပ်နဲ့ပတ်သက်တဲ့ဣန္ဒြေတွေကို အရင်ပြောရအောင်၊ စက္ခုန္ဒြေ သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ တဲ့၊ ပသာဒရုပ် ၅-ပါးလို့၊ နောက် ဘာတွေပါတုန်းဆိုလို့ရှိရင် အမျိုးသားတွေအတွက် source of male sex ပေါ့၊ အဲဒါတွေရဲ့အခြေခံဖြစ်တဲ့ ပုရိသိန္ဒြေ၊ နောက် အမျိုးသမီးတွေအတွက် ဣတ္ထိန္ဒြေ၊ ရုပ်နဲ့ပတ်သက်လို့ female or male material အဲဒါကို ဒီနေရာမှာ ဣတ္ထိဘာဝရုပ်ကို ဣတ္တိန္ဒြေလို့ သုံးတယ်၊ ပုမ္ဘာဝရုပ်ကို ပုရိသိန္ဒြေလို့ ပြောတယ်၊ ခုနက ဣန္ဒြေ ၅-ပါးထဲမှာ ဣတ္တိန္ဒြေနဲ့ ပုရိသိန္ဒြေ ထပ်ပြီးတော့ ထည့်လိုက်လို့ရှိရင် ၇-ခု ဖြစ်သွားတယ်။

တစ်ခါ ရုပ်တစ်ခုကျန်နေသေးတယ်၊ ရုပ်ဇီဝိတိန္ဒြေ ဆိုတာ၊ ရုပ်မှာလည်း ဇီဝိတိန္ဒြေ ရှိတယ်၊ နာမ်ပိုင်းမှာလည်း ဇီဝိတိန္ဒြေ ရှိတယ်၊ ဒါကြောင့်မို့ ရုပ်ဇီဝိတ နာမ်ဇီဝိတလို့ နှစ်မျိုးပြောတယ်၊ သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇-ပါးထဲမှာလည်း ဇီဝိတိန္ဒြေ ရှိတယ်၊ ကမ္မဇရုပ်တွေထဲမှာလည်း ဇီဝိတိန္ဒြေ ရှိတယ်လို့ ရုပ်ဇီဝိတိန္ဒြေနဲ့ နာမ်ဇီဝိတိန္ဒြေ၊ ဒီနှစ်ခုကို ခြုံငုံပြီးတော့ ဇီဝိတိန္ဒြေလို့ ခေါ်လိုက်တယ်။

ဒါ ရုပ်သက်သက်နဲ့ ပတ်သက်တာက စက္ခုန္ဒြေ သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ ဣတ္ထိန္ဒြေ ပုရိသိန္ဒြေ ဒီ ၇-ခု၊ ဇီဝိတိန္ဒြေကျတော့ ရုပ်တစ်ပိုင်း နာမ်တစ်ပိုင်း၊ လောကမှာ သတ္တဝါဆိုတာ ဒါကိုခေါ်တာပဲ၊ သတ္တဝါလို့ ခေါ် ရအောင် မျက်စိရှိတယ်၊ နားရှိတယ်၊ နှာခေါင်းရှိတယ်၊ လျှာရှိတယ်၊ ကိုယ်ရှိတယ်၊ ဖိုမကွဲတယ်၊ အသက်ရှိတယ်၊ သက်ရှိသတ္တဝါလို့ ခေါ်ဖို့ရာအတွက် ဒါဆိုရင် တော်တော်လေး လုံလောက်သွားတဲ့ အချက်ပဲ၊ လူပဲဖြစ်ဖြစ် နတ်ပဲဖြစ်ဖြစ် တိရိစ္ဆာန်ပဲဖြစ်ဖြစ် သတ္တဝါလို့ ခေါ်နေကြတာ၊ ဒါတွေ အစွဲပြုပြီး ခေါ်နေကြတာလို့ ရုပ်ဣန္ဒြေတွေနဲ့ ပတ်သက် ပြီးတော့ ၇-မျိုး ကွဲတယ်။

အဲဒီကနေ ဆက်ပြီး နာမ်ပိုင်းဆိုင်ရာ ကြည့်လိုက်တဲ့အခါကျတော့ စိတ် ရှိသည့်အတွက်ကြောင့် မနိန္ဒြေ၊ ခုနက ဣန္ဒြေ ၆-ပါးထဲမှာ မနိန္ဒြေပါတယ်၊ ဒီမှာ လည်း ပါတယ်၊ မနိန္ဒြေပါရင် ၉-ခုပေါ့၊ မနိန္ဒြေပြီးတဲ့အခါကျတော့ ကြည့်- သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ ဆိုတဲ့ ခုနကပြောတဲ့ ဗောဓိပက္ခိယ တရားထဲမှာပါတဲ့ ဣန္ဒြေ ၅-ပါးကိုထည့်လိုက်၊ ၉-ခုရယ် ၅-ခုရယ် ၁၄-ခု ဟုတ်ရဲ့လား။

နောက်တစ်ခါ ခံစားချက်တွေနဲ့ ပတ်သက်ပြီး သုခိန္ဒြေ ဒုက္ခိန္ဒြေ သောမနဿိန္ဒြေ ဒေါမနဿိန္ဒြေ ဥပေက္ခိန္ဒြေ လို့ ၅-ခု ထည့် လိုက်ရင် ၁၉-ခု ဖြစ်သွားပြီ၊ ဒါက ဝေဒနာနဲ့ပတ်သက်တဲ့ ဣန္ဒြေ ၅-မျိုး။

အဲဒီနောက်မှာ ပညာနဲ့ပတ်သက်ပြီး လောကုတ္တရာပညာ သုံးခု ထပ်ပြီးတော့ ထည့်လိုက် - အနညာတညဿာမိတိန္ဒြေ၊ အညိန္ဒြေ၊ အညာတာဝိန္ဒြေ၊ ဒီသုံးခု ထပ်ထည့်လိုက်တဲ့အခါ ဣန္ဒြေတွေ ၂၂-ပါး ဖြစ်သွားပြီ။

ဣန္ဒြိယပစ္စယောမှာ အဲဒီဣန္ဒြေ ၂၂-ပါးထဲက ဣန္ဒြေ-၂ဝ ကိုသာ ဟောမယ် တဲ့၊ ကျန် ၂-ပါး ဣတ္ထိန္ဒြေ နဲ့ ပုရိသိန္ဒြေကို ဣန္ဒြိယပစ္စည်းမှာ ထည့်မဟောဘူးတဲ့။ ဣတ္ထိန္ဒြေနဲ့ ပုရိသိန္ဒြေဟာ ဣန္ဒြိယပစ္စည်းမတပ်ဘူးလို့ ပြောတာ၊ ဣဒ္ဒိယပစ္စည်း မဖြစ်ဘူးတဲ့၊ ဘာဖြစ်လို့ မဖြစ်သလဲဆိုလို့ရှိရင် ဣတ္ထိန္ဒြေနဲ့ ပုရိသိန္ဒြေဆိုတာ ကလလရေကြည် အဆင့်ကတည်းက ပေါ်လာတာ၊ အဲဒီကလလရေကြည်အဆင့်မှာ ဆိုရင် ဖို,မခွဲလို့ မရသေးဘူး၊ ရှိနေလျက်သားနဲ့ ဖို,မသဘာဝဖြစ်တဲ့ ဣတ္ထိလိင်္ဂ ပုလ္လိင်္ဂ ဆိုတာတွေ ပိုင်စိုးထားနိုင်ခြင်းမရှိသောကြောင့်တဲ့၊ ဒီလိုအကြောင်းပြတယ်။

သဘာဝတရားဆိုတာ သူရှိရင် သူ့ ရဲ့ အုပ်စိုးမှုဆိုတာ ရှိကိုရှိရမယ်၊ ဣန္ဒြိယ ဆိုတာ စိုးပိုင်တာ၊ အုပ်ချုပ်တာ၊ ကလလရေကြည်အခိုက်မှာ ဣတ္တိန္ဒြေတို့ ပုရိသိန္ဒြေ တို့က မအုပ်စိုးနိုင်သေးဘူး၊ ဒါကြောင့်မို့ အဲဒီအချိန်မှာ ဣန္ဒြိယပစ္စည်း မတပ်ဘူးလို့ ဒါကို ရည်ရွယ်ပြီးတော့ ဣန္ဒြိယပစ္စည်းထဲမှာ မြတ်စွာဘုရားက အဲဒီ ၂-ခုကို မဟောဘူး၊ ကျန်တဲ့ ဣန္ဒြေ-၂ဝကိုတော့ ဣန္ဒြိယပစ္စည်းအနေနဲ့ ဟောပါတယ်တဲ့။

ကောင်းပြီ - ဣန္ဒြေ ၆-ပါး၊ ဣန္ဒြေ၅-ပါး၊ ဣန္ဒြေ၂၂-ပါး။ ဣန္ဒြေ၂၂-ပါး စဉ်ထားပုံ ကလေးကလည်း စိတ်ဝင်စားစရာပေါ့၊ သတ္တဝါလို့ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ဘာတွေတုန်း ဆိုတော့ စက္ခုန္ဒြေ သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ ဣတ္ထိန္ဒြေ ပုရိသိန္ဒြေ ရူပဇီဝိတိန္ဒြေ ဆိုပြီးတော့ ရုပ်ပိုင်းဆိုင်ရာမှာ ဒါတွေ ပြထားတယ်။

နာမ်ပိုင်းဆိုင်ရာကျတော့ ဇီဝိတိန္ဒြေ မနိန္ဒြေ သုခိန္ဒြေ ဒုက္ခိန္ဒြေ သောမနဿိန္ဒြေ ဒေါမနဿိန္ဒြေ ဥပေက္ခိန္ဒြေလို့ ခံစားချက်တွေနဲ့ တစ်ခါပြတယ်၊ ပြပြီးတော့မှ အရေး ပါတာတွေကို တစ်ခါပြတယ်၊ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ၊ တစ်ခါ ပညိန္ဒြေကို အသေးပြန်စိတ်ပြီးတော့ သုံးခု၊ အနညာတညဿာမိတိန္ဒြေ အညိန္ဒြေ, အညာတာဝိန္ဒြေ လို့ ၂၂-ပါးကို မြတ်စွာဘုရားက ဟောကြားတယ်။

ယမိုက်ကျမ်း ဣန္ဒြိယယမိုက် မှာလည်း ဒီ၂၂-ပါးပဲ ဟောတာပဲ၊ ဒီ ၂၂-ပါး ကို မြတ်စွာဘုရားက အခုပဋ္ဌာန်းပါဠိတော်မှာ ဖြစ်သင့်တာတွေကို တစ်ခုစီ ခွဲခြား ပြီးတော့ ဟောတယ်။

အဲဒီလို ဟောတယ်ဆိုတဲ့အခါမှာ ဣန္ဒြိယဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို နားလည်ဖို့ လိုအပ်တယ်၊ ဣန္ဒြိယဆိုတာ အစိုးရခြင်း ချုပ်ကိုင်ခြင်း အုပ်ချုပ်ခြင်း ဆိုတဲ့အဓိပ္ပါယ် ရတယ်၊ အစိုးရတယ် - ဘယ်လိုနေရာမှာ အစိုးရတုန်းဆိုတော့ မိမိဆိုင်ရာကိစ္စမှာ သူက အစိုးရတယ်၊ ဒီတော့ အခု ဣန္ဒြေ ၂၂-ပါးဟာ သူ့ဆိုင်ရာ သူတို့ ဆောင်ရွက်တဲ့ ကိစ္စတွေ ရှိတယ်၊ အဲဒီ ဆိုင်ရာဆိုင်ရာကိစ္စတွေမှာ ဒီသဘာဝ တရားတွေက ကြီးစိုး ထားတယ်လို့ ပြောတာ၊ အဲဒါကြောင့်မို့ ဒီသဘာဝတရားတွေကို ဣန္ဒြိယဆိုတဲ့ စကားလုံးနဲ့ ဖော်ပြတယ်။

ဣန္ဒြိယကို ဣန္ဒြေလို့ ပြန်လိုက်တာဟာ ဘာသာပြန်တာ မဟုတ်ဘူး၊ ပါဠိ စကားလုံးကိုယူပြီး မြန်မာမှုပြုပြီးသုံးလိုက်တာ၊ အဓိပ္ပါယ်မပေါ်သေးဘူး၊ မြန်မာလို ပြန်လို့ရှိရင် အစိုးရခြင်းလို့ပဲ ပြန်ရမယ်၊ ဒါကြောင့်မို့ ဣန္ဒြိယပစ္စည်းကို ရှင်းပြတဲ့ အခါမှာ မိမိဆိုင်ရာကိစ္စ၌ အစိုးတရချုပ်ကိုင်အုပ်စိုးလျက် ကျေးဇူးပြုတတ်တယ်၊ အစိုးရတယ်ဆိုတာ သူ့ရဲ့ချုပ်ကိုင်မှုအောက်မှာ ရှိတာ။

ကဲ တစ်ခုစီ စဉ်းစားကြည့်၊ စက္ခုနြေဆိုတာ စက္ခုပသာဒရုပ်ကို ခေါ်တာ၊ သောတိန္ဒြေဆိုတာ သောတပသာဒရုပ်၊ ဃာနိန္ဒြေဆိုတာ ဃာနပသာဒရုပ်၊ ဇိဝှိန္ဒြေ ဆိုတာ ဇိဝှာပသာဒရုပ်၊ ကာယိန္ဒြေဆိုတာ ကာယပသာဒရုပ်လို့ ပသာဒရုပ်တွေ ကို ခေါ်တယ်။ အဲဒီပသာဒရုပ်တွေက ဘယ်သူ့ကို ချုပ်ကိုင်နေကြတာတုန်းဆိုရင် စက္ခုပသာဒရုပ်ကလေးက စက္ခုဝိညာဏ်ဆိုတဲ့ မြင်သိစိတ်ကို ချုပ်ကိုင်ထားတယ်။

ရုပ်တရားက နာမ်တရားကို ဘယ်လိုလုပ်ချုပ်ကိုင်ထားတာတုန်းဆိုရင် ရှင်းရှင်းလေးပဲ ပြောရအောင်။ စက္ခုပသာဒရုပ်ပေါ်မှာ အမှီပြုပြီးတော့ စက္ခုဝိညာဏ် စိတ်ရဲ့ ကြည်လင်မှု ပြတ်သားမှု၊ အင်အားရှိမှု မရှိမှုက ဖြစ်လာတာ၊ ဥပမာအနေနဲ့ ကြည့်၊ မှုန်ဝါးဝါးဖြစ်နေတဲ့မှန်ကို ကြည့်မယ်ဆိုရင် မှန်ထဲမှာပေါ်နေတဲ့ ရုပ်ပုံလွှာ သည် ကြည်လင်ပြတ်သားတဲ့ရုပ် မဖြစ်ဘူး၊ မှုန်ဝါးဝါးဖြစ်နေတဲ့မှန်က ဒီရုပ်ပုံကို ချုပ်ကိုင်ထားတယ်လို့ ပြောတာပဲ၊ အဲဒီနည်းနဲ့ ချုပ်ကိုင်ထားတာ၊ မှန်က မှုန်ဝါးဝါး ဖြစ်နေသည့်အတွက်ကြောင့် ပေါ်လာတဲ့ရုပ်ပုံလွှာသည် မှုန်ဝါးဝါးဖြစ်ရတယ်၊ မှန်က ကြည်လင်နေရင် ပေါ်လာတဲ့ရုပ်ပုံလွှာသည် ပီပီပြင်ပြင်ပေါ် တယ်၊ ဒါ ဘယ်သူရဲ့ စွမ်းဆောင်ချက်လည်းဆိုရင် မှန်ရဲ့စွမ်းဆောင်ချက်ပဲ၊ မှန်က ရုပ်ပုံပေါ်မှုကို ချုပ်ကိုင် ထားတာပဲ၊ ဒီအဓိပ္ပါယ်ပြောတာ။

ထို့အတူပဲ စက္ခုပသာဒက ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားဆိုရင် စက္ခုဝိညာဏ်စိတ်က အင်အားရှိရှိဖြစ်မှာပေါ့၊ မျက်စိမှုန်ရင် လက်ကလေးနဲ့ ကာ ပြီးတော့ ကြည့်နေရတယ်၊ မျက်လုံးကို အတင်းဖြဲကြည့်နေရတယ်ဆိုလို့ရှိရင် စက္ခု ဝိညာဏ်စိတ်က အင်အားရှိပါ့မလား၊ မရှိဘူး၊ အဲဒါကြောင့်မို့ စက္ခုနြေဆိုတဲ့ စက္ခုပသာဒရုပ်သည် ထိုစက္ခုပသာဒရုပ်ကို အမှီပြုပြီးတော့ဖြစ်တဲ့ စက္ခုဝိညာဏ် စိတ်နဲ့ ထိုစိတ်မှာယှဉ်တဲ့ စေတသိက်တွေကို ချုပ်ကိုင်ထားတယ်တဲ့၊ ဒါကို ဣန္ဒြိယ ပစ္စယောလို့ ပြောတာနော်၊ ချုပ်ကိုင်ထားတာကို ပြောတာနော်။

သောတိန္ဒြေကလည်း ထို့အတူပဲ၊ သောတပသာဒက ကြည်ကြည်လင်လင် ဆိုရင် သောတဝိညာဏ်စိတ်ကလည်း ကြည်လင်မှာပဲ၊ သောတပသာဒက အင်အား မရှိဘူးဆိုရင် သောတဝိညာဏ်စိတ်ကလည်း အင်အားရှိမှာ မဟုတ်ဘူး၊ သူ့အတိုင်း ပဲ ဖြစ်ကြရတာပဲ၊ ဒါဟာ ချုပ်ကိုင်မှုပဲ၊ သူ့ကိစ္စပဲ သူအုပ်စိုးနိုင်တယ်၊ ကျန်တဲ့တခြား ကိစ္စ သွားမအုပ်စိုးဘူး၊ ဆိုပါစို့ - စက္ခုန္ဒြေက အမြင်ကိစ္စမှာပဲ အုပ်စိုးနိုင်တယ်၊ သောတိန္ဒြေက အကြားကိစ္စမှာပဲ အုပ်စိုးတယ်၊ ဟော သူ့နေရာနဲ့ သူ။

နှာခေါင်းကလည်း ထို့အတူပဲ၊ အနံ့မရဘူးဆိုရင် အားပြုပြီး ရှူကြတယ်။ ဃာနပသာဒထက်သန်တဲ့ပုဂ္ဂိုလ်ကြည့် - လူတွေထက် ဃာနပသာဒထက်တဲ့ ကြောင်ကလေးတွေ ခွေးကလေးတွေဆိုရင် လူက အနံ့မရသေးဘူး, သူတို့က အနံ့ ရနေကြပြီ၊ ပုရွက်ဆိတ်ကလေးတွေလည်း အနံ့ရပုံပေါ်တယ်၊ အချိုလေးများ ဖိတ်နေရင် သူတို့ကသိနေပြီ၊ သူတို့က ရောက်နေကြပြီ။

လျှာလည်းပဲ ထို့အတူပဲ၊ ဒီသဘောကို နားလည်ဖို့ လိုတယ်၊ နားမလည်လို့ ရှိရင် ဘယ်လိုဖြစ်တတ်တုန်းဆိုရင် လူကြီးတွေက ပြောတတ်တယ်၊ “တို့ငယ်ငယ် တုန်းက ဆီးသီးများ ကောင်းလိုက်တာ၊ ခုခေတ် ဆီးသီးတွေများ မကောင်းဘူး” တဲ့၊ ဘာဖြစ်လို့ မကောင်းတုန်းဆိုတာကိုတော့ ထည့်မပြောဘူး၊ ဒီခေတ် ဆီးသီးတွေ ညံ့သွားတယ်လို့ ထင်တာ၊ ဘယ်ဟုတ်မလဲ၊ ညံ့သွားတာက ကိုယ့်လျှာ၊ ကိုယ့်ရဲ့လျှာ ဇိဝှာပသာဒက ညံ့သွားသည့်အတွက်ကြောင့် ဘယ်ဟာမှ ငယ်ငယ်တုန်းကလို စားကောင်းမှာ မဟုတ်တော့ဘူး၊ ယုတ်လျော့သွားတယ်ဆိုတဲ့ သဘောပဲ၊ ဇိဝှာပသာဒ က အရသာသိတဲ့စိတ်ကို ချုပ်ကိုင်ထားတာ။

ထို့အတူပဲ ဖောဋ္ဌဗ္ဗ၊ ငယ်ငယ်တုန်းကတော့ ထက်ထက်မြက်မြက်ပဲ၊ ဘာလေးထိထိ အကုန်လုံးသိတယ်နော်၊ ပသာဒရုပ်တွေ ကောင်းနေတဲ့အချိန် တုန်းက နည်းနည်း လေးမှ မထိနဲ့၊ ထိ အကုန်သိ၊ ပုရွက်ဆိတ်ကလေးတစ်ကောင် လက်ပေါ်တက် ရွရွ ရွရွနဲ့သိတယ်၊ နည်းနည်းအသက်ကြီးလာတော့ သိပ်ပြီး မသိ တော့ဘူး၊ ပုရွက်ဆိတ်က ကိုယ့်လက်ပေါ် ခြေထောက်ပေါ်တက် လမ်းလျှောက် နေတာ မသိတော့ဘူး၊ ဘာလို့လဲ၊ ပသာဒရုပ်က အားနည်းလာလို့၊ တစ်ခါတလေ တချို့ပုဂ္ဂိုလ်တွေ ပသာဒရုပ် က သိပ်အားနည်းသွားလို့ရှိရင် ခလုတ်တိုက်တာတောင် တိုက်မှန်းမသိတော့ဘူး၊ ခြေထောက်ကွဲလည်း ကွဲမှန်းမသိတော့ဘူး ဖြစ်နေတယ်၊ အဲဒီလိုတွေ ဖြစ်နေတယ်၊ ဒါ leprosy တွေတော့ သွားမပြောနဲ့နော်၊ ပသာဒရုပ်တွေက ပျက်သွားပြီ၊ အဲဒါကို ပြောတာ။ ကာယိန္ဒြေတွေက ထိသိစိတ်ကို ချုပ်ကိုင်တယ်၊ ကြီးစိုးထားတယ်ဆိုတာ ပြောတာ။

ဣတ္ထိန္ဒြေတို့ ပုရိသိန္ဒြေတို့က ဣန္ဒြိယပစ္စည်း မတပ်ပေမယ့်လို့ ကလလ ရေကြည်တုန်းက မရှိဘူး၊ နောက်ပိုင်းကျတော့ ရှိလာတယ်၊ ဖိုမပီပီပြင်ပြင်ဖြစ်လာတဲ့ အခါကျတော့ ရှိလာတယ်၊ ရှိလာပေမယ့်လို့ သူပေါ်တဲ့အချိန်တုန်းက မရှိသည့် အတွက်ကြောင့် မြတ်စွာဘုရားက မဟောတော့ဘူး၊ သူလည်း အစိုးရမှုရှိတယ်၊ ကြည့်လေ - ဣတ္ထိဘာဝရုပ်ရှိတဲ့အမျိုးသမီးနဲ့ ပုမ္ဘာဝရုပ်ရှိတဲ့အမျိုးသား၊ အသံချင်း လည်း ကွာခြားတယ်၊ ခြေလက်အင်္ဂါတွေလည်း ကွဲပြားတယ်၊ သွားတာလာတာ ပြောတာဆိုတာတွေလည်း ကွဲပြားတယ်၊ (အခြောက်တွေတော့ ထည့်မပြောနဲ့နော်) အဲဒီလိုကွဲပြားခြားနားမှုတွေကို ဘယ်သူက လုပ်ပေးနေတုန်း၊ ဘယ်သူက ကြီးစိုးနေ ဘယ်သူက ထိန်းချုပ်ထားတာတုန်းဆိုရင် ဒီရုပ်က ထိန်းချုပ်ထားတာ၊ သူကလည်း ထိန်းချုပ်နိုင်တာပဲနော်။

အသံက အမျိုးသမီးဆို ခပ်သေးသေးလေး ဖြစ်နေအောင် သူကနေ ထိန်းချုပ် ပေးနေတာ၊ ယောက်ျားဆိုရင် အသံကြီးကြီးဖြစ်အောင် သူက ထိန်းချုပ် ပေးတယ်၊ သွားတာလာတာ ကြမ်းကြမ်း တမ်းတမ်းဖြစ်အောင် ပုမ္ဘာဝရုပ်က ထိန်းချုပ် နူးနူးညံ့ညံ့ဖြစ်အောင် ဣတ္ထိဘာဝရုပ်က ထိန်းချုပ်ထားတယ်၊ စိတ်နေ စိတ်ထားကို ဘယ်သူက ထိန်းချုပ်တုန်း၊ သူကပဲ ထိန်းချုပ်ထားတာ၊ မတူညီတဲ့ အနေအထားတွေဖြစ်အောင် သူကထိန်းချုပ်လိုက်တာပဲ၊ အကြိုက်ချင်းမတူအောင်၊ အပြုအမူချင်း မတူအောင်၊ အပြောအဆို အနေအထိုင် မတူအောင်၊ အတွေးအခေါ် မတူအောင်၊ မတူကွဲပြားခြားနားနေအောင် ဒီသဘာဝတရားတွေက ထိန်းချုပ် ပေးထားတယ်တဲ့၊ ဒါကြောင့်မို့လို့ သူတို့ကိုလည်း ဣန္ဒြေလို့ ခေါ်လိုက်တယ်။

ဇီဝိတိန္ဒြေဆိုတဲ့အသက်က ကမ္မဇရုပ်တွေကို စောင့်ရှောက်တဲ့နေရာမှာ သူ့ရဲ့ စောင့်ရှောက်မှုဆိုတဲ့ကိစ္စမှာ သူက ပိုင်တယ်၊ အဲဒီစောင့်ရှောက်မှုဆိုတဲ့ကိစ္စမှာ သူက ထိန်းချုပ်ထားတယ်တဲ့၊ သူက စောင့်ရှောက်နေတယ်။

မနိန္ဒြေ - အာရုံကိုသိမှုကိစ္စ စိတ်က ထိန်းချုပ်ထားတယ်၊ စိတ်က သူ့ကိစ္စ သူဆောင်ရွက်တယ်။

သုခိန္ဒြေ၊ ဒုက္ခန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေ – ခံစားမှုနဲ့ ပတ်သက်လာလို့ရှိရင် ဒီဣန္ဒြေတွေဟာ ခံစားမှုကိစ္စတွေမှာ ထိန်းချုပ်ထားတယ် တဲ့။

ယုံကြည်မှုဆုံးဖြတ်မှုပေါ်မှာ သဒ္ဓါက အဓိကကျတယ်၊ ဝီရိယတို့ ပညာတို့ က အဓိကမဟုတ်ဘူး၊ ကုသိုလ်ရေးမှာ စိတ်ဝင်စားနေမှုဆိုတာ သဒ္ဓါက ထိန်းချုပ် ပေးထားတာ၊ ကြိုးပမ်းအားထုတ်မှုကိစ္စတွေကျတော့ ဝီရိယက ထိန်းချုပ်ပေးတာ၊ အမှတ်ရမှုကိစ္စမှာ သတိက ထိန်းချုပ်ပေးတာ၊ စိတ်တည်ငြိမ်မှုကိစ္စမျိုးမှာ သမာဓိက ထိန်းချုပ်ပြီး အမှန်တရားသိမှုမှာ ပညာက ထိန်းချုပ်တယ်တဲ့။

အနညာတညဿာမိတိန္ဒြေ ဆိုတာ ပညာပဲ၊ သောတာပတ္တိမဂ်မှာ ရှိတဲ့ ပညာကို ရည်ညွှန်းပြီး အနညာတညဿာမိတိန္ဒြေ၊ အနညာတ ဆိုတာ ဘဝ ခ သံသရာမှာ ဘယ်တုန်းကမှ မသိခဲ့ဖူးတဲ့ သစ္စာလေးပါး၊ ဘယ်တုန်းကမှ မသိခဲ့ရတဲ့ နိဗ္ဗာန်၊ အဲဒါကို ညဿာမိ - သိအောင်လုပ်မယ်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာဖြစ်တဲ့ ပညာတရားကို အနညာတညဿာမိတိန္ဒြေလို့ ခေါ်တာ၊ သောတာပတ္တိမဂ်နဲ့ ယှဉ်တဲ့ပညာကို ရည်ညွှန်းပြီးပြောတာ၊ သောတာပတ္တိမဂ်နဲ့ယှဉ်တဲ့ ပညာသည် ဘယ်တုန်းကမှ မသိသေးတဲ့သစ္စာလေးပါးကို သိတာ၊ သူက စသိတာ၊ ကျန်တာ တွေက သူသိပြီးမှ သိရတာ၊ ဒါကြောင့်မို့ သူ့ကို “အနညာတ” မသိသေးတာကို သိတာ။

အညိန္ဒြေ - အညာဆိုတာ အပိုင်းအခြားနဲ့ သိပြီးသား၊ အကန့်အသတ် အတိုင်း သစ္စာလေးပါးဆိုတာ သိပြီးသားအတိုင်း၊ ညာတ - သိတာ၊ သိပြီးသားအတိုင်း သိတယ်ဆိုတာ အလယ်ဉာဏ်တွေမှာ ရှိတယ်၊ အလယ်ဉာဏ်ဆိုတာ သကဒါဂါမိမဂ် အနာဂါမိမဂ် အရဟတ္တမဂ်ဆိုတဲ့ မဂ် ၃-ပါး၊ သောတာပတ္တိဖိုလ် သကဒါဂါမိဖိုလ် အနာဂါမိဖိုလ်ဆိုတဲ့ ဖိုလ် ၃-ပါး၊ အဲဒီအလယ်မဂ်ဖိုလ် ၆-ပါးမှာ ရှိတဲ့ဉာဏ်ကို အညိန္ဒြေလို့ ခေါ်တာ။

နောက်ဆုံး အရဟတ္တဖိုလ်မှာရှိတဲ့ ဉာဏ်ကိုတော့ အညာတာဝိန္ဒြေလို့ ခေါ် တယ်၊ အညာတာဝိ ဆိုတာ သိမှုကိစ္စတွေ ပြီးသွားပြီ၊ perfect ဖြစ်သွားပြီ၊ နောက်ထပ်သိစရာ မရှိတော့ဘူး၊ တာဝီ ဆိုတဲ့အဓိပ္ပါယ်က ပြီးသွားပြီ၊ ပြီးပြည့်စုံပြီ လို့ ဆိုတဲ့အဓိပ္ပါယ်၊ ဒီတော့ အရဟတ္တဖိုလ်မှာရှိတဲ့ ဉာဏ်ကတော့ သိစရာတွေ၊ သစ္စာလေးပါးကို သိတဲ့ကိစ္စတွေ လုံးဝပြီးသွားပြီဆိုတဲ့ အရဟတ္တဖိုလ်ရှိ ရဟန္တာပုဂ္ဂိုလ်ရဲ့သန္တာန်မှာဖြစ်တဲ့ ပညာမျိုးကို အညာတာဝိန္ဒြေ လို့ ခေါ်ပါတယ်တဲ့၊ ဒါက သီးသီး သန့်သန့် ပညိန္ဒြေကိုပဲ ထပ်ဆင့်ခွဲခြားပြီး မြတ်စွာဘုရားက ဣန္ဒြေ ၂၂-ပါးမှာ ဒီလိုဟောထား တာ၊ အဲဒါတွေအားလုံးကို ဣန္ဒြိယပစ္စယောထဲမှာ ထည့်ဟောထား ပါပါတယ်တဲ့။

ဣန္ဒြိယပစ္စည်း ၃-မျိုး

ဒါကြောင့်မို့ ဣန္ဒြိယပစ္စယောဆိုတာ မိမိဆိုင်ရာကိစ္စ၌ အစိုးတရ ချုပ်ကိုင် အုပ်စိုးလျက် ကျေးဇူးပြုတတ်သောအကြောင်းတရားများကို ခေါ်ပါတယ်တဲ့၊ အဲဒီ ဣန္ဒြိယပစ္စည်း ဟာလည်း ပုရေဇာတဣန္ဒြိယဆိုတာ ရှိတယ်၊ သဟဇာတဣန္ဒြိယ ဆိုတာ ရှိတယ်၊ ရူပဇီဝိတိန္ဒြိယဆိုတာ ရှိတယ်၊ သဘာဝတရားကို ကြည့်ပြီးတော့ သုံးမျိုးခွဲလိုက်တယ်။

ပုရေဇာတဣန္ဒြိယ - တချို့ ဣန္ဒြေတွေက ကြိုတင်ဖြစ်နှင့်ပြီး ကျေးဇူးပြုတာ၊ အကျိုးတရားမပေါ်မီ ကြိုတင်ဖြစ်နှင့်ပြီးတော့ အထောက်အကူဖြစ်တဲ့တရား။ သဟဇာတဣန္ဒြိယကျတော့ သဟဆိုတာ တစ်ပြိုင်နက်အတူတကွ၊ ဇာတဆိုတာ ဖြစ်တာ၊ အတူတကွ ဖြစ်လာပြီး ကျေးဇူးပြုတဲ့ဣန္ဒြေ၊ ဒါက တစ်ခု၊ ရူပဇီဝိတိန္ဒြိယ ဆိုတာ သပ်သပ်၊ ဇီဝိတိန္ဒြေထဲက ရုပ်ဇီဝိတကို သီးသန့်ထုတ်ပြီး ဟောတာ၊ သူက ကမ္မဇရုပ်ကို စောင့်ရှောက်တဲ့ကိစ္စ ဆောင်ရွက်တယ်၊ ဒါကြောင့်မို့ သူ့ကို သီးသီး သန့်သန့် ခွဲဟောတယ်။

ပုရေဇာတိန္ဒြိယ

ပဋ္ဌာန်းပါဠိတော်မှာ ဣန္ဒြိယပစ္စယောတိ လို့ ခေါင်းစီးတပ်ပြီး မြတ်စွာဘုရားက ဟောတယ်-

“စက္ခုန္ဒိယံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော”၊

ဣန္ဒြေ၂၂-ပါး အစဉ်အတိုင်း ဟောတယ်။

စက္ခုန္ဒြိယံ - စက္ခုန္ဒြေလို့ခေါ်တဲ့ စက္ခုပသာဒရုပ်သည်၊
စက္ခုဝိညာဏ ဓာတုယာ - စက္ခုဝိညာဏဓာတ်လို့ဆိုတဲ့ မြင်သိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနံ - ထိုမြင်သိစိတ်နဲ့ ယှဉ်တွဲ၍ ဖြစ်တတ်ကုန်သော၊
ဓမ္မာနံ - စေတသိက်တရားတို့အားလည်းကောင်း၊
ဣန္ဒြိယပစ္စယေန - ဣန္ဒြိယပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော = ကျေးဇူးပြုတတ်ပါပေတော့၏။

ဣန္ဒြိယသတ္တိ ဆိုသည်မှာ ဆိုင်ရာကိစ္စအပေါ်မှာ စိုးပိုင်ထားခြင်း၊ ဆိုင်ရာ ကိစ္စကို ချုပ်ကိုင်ထားခြင်း ဖြစ်တယ်။ ဒီတော့ ဘယ်ကိစ္စကို ချုပ်ကိုင်တုန်း? စက္ခု- ဝိညာဏ်စိတ်မှာ မြင်ခြင်းကိစ္စရှိတယ်၊ အဲဒီသူ ရဲ့မြင်ခြင်းကိစ္စ ဆောင်ရွက်တဲ့နေရာ မှာ ဘယ်သူ့ရဲ့ ချုပ်ကိုင်မှုကို ခံရတုန်းဆိုရင် စက္ခုပသာဒရုပ်ရဲ့ ချုပ်ကိုင်မှုကို ခံရ တယ်၊ စက္ခုပသာဒရုပ်သည် စက္ခုဝိညာဏ်စိတ်နဲ့ စေတသိက်တို့အား ဣန္ဒြိယသတ္တိ ဖြင့် ကျေးဇူးပြုပါတယ်လို့ ဒါ ပြောတာနော်၊ စိုးပိုင်ထားတယ်ဆိုတဲ့သတ္တိနဲ့ ကျေးဇူး ပြုတယ်တဲ့။

“သောတိန္ဒြိယံ သောတဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော”

နားအကြည်လို့ဆိုတဲ့ သောတပသာဒရုပ်သည် အကြားကိစ္စကို ဆောင်ရွက် တဲ့ သောတဝိညာဏ်စိတ်ကို ချုပ်ကိုင်ထားတယ်၊ အကြားကိစ္စကို သူက ချုပ်ကိုင် ထားတယ်၊ ဒါကြောင့်မို့ သူ့ကို “ဣန္ဒြိယ” လို့ ခေါ်တယ်။

သောတိန္ဒြိယံ – သောတပသာဒလို့ခေါ်တဲ့ သောတိန္ဒြေသည်၊
သောတ- ဝိညာဏဓာတုယာ - သောတဝိညာဏဓာတ်လို့ခေါ်တဲ့ ကြားသိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုကြားသိစိတ်နဲ့ ယှဉ်တွဲ၍ဖြစ်တဲ့ စေတသိက် တရားတို့အားလည်းကောင်း၊
ဣန္ဒြိယပစ္စယေန – ဣန္ဒြိယပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေတော့၏။

မြတ်စွာဘုရားက တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီး ဒီလိုချုပ်ကိုင်ပြီး ကျေးဇူး ပြုနေတယ်၊ အထောက်အကူပြုနေတယ်ဆိုတဲ့သဘောတွေကို ဟောတာနော်၊ ကမ္ဘာလောကကြီး တစ်ခုလုံး စဉ်းစားကြည့်ရင် အားလုံးဟာ ဒီအတိုင်းပဲ၊ ဘယ်နေရာပဲ ကြည့်ကြည့် အကြောင်းတရားတွေက စုပေါင်းပြီး ထောက်ပံ့ထားတာတွေချည်းပဲ၊ အကြောင်း တရား ပြိုလဲသွားတာနဲ့ တစ်ပြိုင်နက် အကျိုးတရားတွေပျောက်ကွယ်ကုန် မှာပဲ၊ ဒီတော့ ခိုင်မာတဲ့အရာဆိုတာ ဘယ်ရှိမှာလဲ၊ အကြောင်းတွေထောက်ပံ့ထား တဲ့အချိန်လေးလောက်ပဲ အကျိုးတရားက နေလို့ ရတာ၊ ထောက်ပံ့မှုကင်းမဲ့သွားတာနဲ့ တစ်ပြိုင်နက် ပြိုလဲဖို့ပဲ ရှိတယ်။

မမြဲတဲ့သဘောတွေကို ထင်ရှားစေတယ်၊ မမြဲသည့်အတွက်ကြောင့် ကျေနပ် စရာ မကောင်းတဲ့သဘောတွေကိုလည်း ထင်ရှားစေတယ်၊ ကိုယ် ဘာမှမပိုင်ဘူး ဆိုတာကိုလည်း ထင်ရှားစေတယ်၊ သဘာဝတရားတွေဟာ သူ့ဟာနဲ့သူ ခုလို အထောက်အကူပြုပြီးတော့ နေကြတာတွေ ကိုယ့်အနေနဲ့ ဘာတတ်နိုင်တုန်း၊ ဘာမှ မတတ်နိုင်ဘူး၊ ကိုယ်တတ်နိုင်တာ ဘာတစ်ခုမှ မရှိဘူး၊ သဘာဝတရားတွေ အချင်း ချင်း အပြန်အလှန် ဒီလိုလုပ်နေကြတာ။

“ဃာနိန္ဒြိယံ ဃာနဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော”။

ဃာနိန္ဒြိယံ - ဃာနိန္ဒြေလို့ဆိုတဲ့ ဃာနပသာဒရုပ်သည်၊
ဃာနဝိညာဏ- ဓာတုယာ - ဃာနဝိညာဏဓာတ်လို့ခေါ်တဲ့ နံသိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ – ထိုနံသိစိတ်နဲ့ယှဉ်တွဲ၍ဖြစ်တဲ့ စေတသိက်တရား တို့အား လည်းကောင်း၊
ဣန္ဒြိယပစ္စယေန ဣန္ဒြိယပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေတော့၏။

ဒီလိုဆက်သွယ်ပြီးတော့ ထိန်းချုပ် နေတယ်ဆိုတဲ့သဘောကို မြတ်စွာဘုရားက ဣန္ဒြိယပစ္စယောမှာ ဟောတာ။

“ဇိဝှိန္ဒြိယံ ဇိဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော”။

ဇိဝှိန္ဒြိယံ - ဇိဝှိန္ဒြေလို့ခေါ်တဲ့ ဇိဝှာပသာဒရုပ်သည်၊
ဇိဝှာဝိညာဏဓာတုယာ - ဇိဝှာဝိညာဏဓာတ် လို့ခေါ်တဲ့ လျက်သိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုလျက်သိစိတ်ကလေးနဲ့ အတူယှဉ်တွဲပြီးဖြစ်တဲ့ စေတသိက်တရား တို့အားလည်းကောင်း၊
(စိတ်ပါလို့ရှိရင် သူနဲ့ယှဉ်တဲ့စေတသိက်က တွဲဖက်လာတာပဲ၊ အဲဒီ ပသာဒရုပ် ကလေးက ဒီလျက်သိစိတ်ကို ထိန်းချုပ်ထားတယ်၊ ဣန္ဒြိယသတ္တိကို အသုံးပြုပြီး တော့ စိုးပိုင်နေတယ်လို့ ဒီလိုပြောတာ၊)
ဣန္ဒြိယပစ္စယေန - ဣန္ဒြိယ ပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုလျက် ရှိပါပေတော့၏။

“ကာယိန္ဒြိယံ ကာယဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော”။

ကာယိန္ဒြိယံ - ကာယိန္ဒြေလို့ခေါ်တဲ့ကာယပသာဒရုပ်သည်၊
ကာယဝိညာဏ ဓာတုယာ - ကာယဝိညာဏဓာတ်လို့ခေါ်ရတဲ့ ထိသိစိတ်အား လည်းကောင်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုထိသိစိတ်နဲ့ယှဉ်တွဲ၍ဖြစ်တဲ့ စေတသိက်တရား တို့အား လည်းကောင်း၊
ဣန္ဒြိယပစ္စယေန- ဣန္ဒြိယပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော- ကျေးဇူးပြုတတ်ပါပေတော့၏။

လောကကြီးရဲ့သဘာဝ၊ သက်ရှိသတ္တဝါတွေရဲ့သဘာဝဟာ ဒီအတိုင်း ရပ်တည် နေတယ်ဆိုတာကို မြတ်စွာဘုရားက ဟောဒီ ဣန္ဒြိယသတ္တိနဲ့ ပြောတာ၊ စာပေလို အသေးစိတ်ဆိုရင် စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေ လို့ ဆိုတဲ့ ဒီပသာဒရုပ်ငါးခုသည် လူ့ ရဲ့ သန္တာန်မှာ စတင်ဖြစ်လာတဲ့အချိန်ကနေ စပြီး စိတ်ရဲ့ ခဏတိုင်း ခဏတိုင်းမှာ စဉ်ဆက်မပြတ် ဖြစ်ပြီးနေတယ်၊ (ဒါ ပုရေဇာတ ပစ္စည်းတုန်းကလည်း ပြောထားပြီးသားနော်၊)

အဲဒီ စဉ်ဆက်မပြတ်ဖြစ်နေတဲ့ သိန်း သန်းချီနေတဲ့ ထောင်ပေါင်းများစွာရှိတဲ့ စက္ခုပသာဒရုပ်တွေထဲက ဘယ်စက္ခုပသာဒ ရုပ်က မြင်သိစိတ်ကို ထိန်းချုပ်ထား တာလဲ၊ ဘယ်သောတပသာဒရုပ်က ကြားသိ စိတ်ကို ထိန်းချုပ်ထားတာလဲ၊ ပုရေဇာတပစ္စည်းတို့ နိဿယပစ္စည်းတို့တုန်းက ရှင်းထားတဲ့အတိုင်း ပြန်မှတ် ရအောင်နော်။

စိတ်ဖြစ်စဉ်မှာ အာရုံတစ်ခုနဲ့ တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ဘယ်စိတ်က စဖြစ်လဲ၊ အာရုံအသစ်တစ်ခုကို တွေ့လိုက်တဲ့အချိန်မှာ ထိုအာရုံအသစ်ကို လက်ခံ တဲ့စိတ်က ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊ အဲဒီအာရုံပေါ်လာတဲ့အချိန်မှာ ဘယ်စိတ်နဲ့ သွား တိုက်ဆိုင်တုန်း ဆိုရင် ပထမဘဝင်စိတ်၊ အဲဒီဘဝင်ကို အတီတဘဝင်လို့ ခေါ်တယ်၊ အဲဒီ အတီတ ဘဝင်ပြီးတော့ လှုပ်ရှားသွားတဲ့ဘဝင်ကို ဘဝင်္ဂစလနလို့ ခေါ်တယ်၊ ပြတ်တောက် သွားတဲ့ဘဝင်ကို ဘဝင်္ဂုပစ္ဆေဒလို့ ခေါ်တယ်။

ဆိုလိုတာက မျက်စိကို အဆင်းအာရုံက လာတိုက်မယ်၊ နားကို အသံ အာရုံက လာတိုက်လိုက်မယ်၊ နှာခေါင်းကို အနံ့က လာတိုက်လိုက်မယ်၊ လျှာကို အရသာက လာထိမယ်၊ ခန္ဓာကိုယ်ကို အထိအတွေ့က လာပြီးတော့ထိမယ် ဆိုလို့ ရှိရင် စိတ်အစဉ်ဟာ ချက်ချင်းကြီးဖြစ်မသွားဘူး၊ အနည်းဆုံး စိတ္တက္ခဏ ၃-ခု ဖြတ်ကျော်ခဲ့ရတယ်၊ အဲဒီဖြတ်ကျော်တဲ့ အချိန်ပိုင်းမှာလည်းပဲ စက္ခုပသာဒရုပ် သောတပသာဒရုပ် ဃာနပသာဒရုပ် ဇိဝှာပသာဒရုပ် ကာယပသာဒရုပ်တွေ ဖြစ်နေ တာပဲ၊ မဖြတ်ကျော်ခင်ကလည်း ဖြစ်တယ်၊ အရင်ကလည်း ဖြစ်တယ်၊ နောက်လည်း ဖြစ်နေတယ်။

အဲဒီထဲက ဘယ်ပသာဒရုပ်သည် ဣန္ဒြိယပစ္စည်းလဲလို့ မေးတဲ့အခါ အတီတဘဝင်ရဲ့ ဥပါဒ်နဲ့ ပြိုင်ပြီးဖြစ်လာတဲ့ စက္ခုပသာဒရုပ်သည် (အတီတဘဝင်ပြီး တော့ ဘဝင်္ဂစလန၊ ပြီးတော့ ဘဝင်္ဂုပစ္ဆေဒ၊ ပြီးတော့ ပဉ္စဒွါရာဝဇ္ဇန်း ဆိုပြီးတော့ စိတ္တက္ခဏ ၄-ခု၊ အဲဒီ ၄-ခု နောက်မှာ စက္ခုဝိညာဏ်တဲ့၊ ဟော သူက born earlier ပဲ၊ ကြိုတင်မွေးဖွားလာတာ၊) စိတ္တက္ခဏ ၄-ခု ကြိုတင်မွေးဖွားလာတာ၊ အဲဒီ စက္ခု- ပသာဒရုပ်သည် စက္ခုဝိညာဏ်စိတ်ကို ဣန္ဒြိယပစ္စယသတ္တိနဲ့ ကျေးဇူးပြုပါတယ်၊ ဒါက စာလို အတိအကျနားလည်တာ။

လက်တွေ့ ကိုယ်သဘောပေါက်ဖို့ရာကတော့ မြင်သိစိတ်ကို စက္ခုပသာဒ ရုပ်က ထိန်းနေတယ်ဆိုတာပဲ၊ ပသာဒရုပ်အားကောင်းရင် မြင်သိစိတ်က ပီပီပြင်ပြင် ဖြစ်တယ်၊ ပသာဒရုပ် အားမကောင်းရင် မြင်သိစိတ်က အားနည်းတယ်၊ ဒါက ထိန်းတဲ့ပုံမျိုးကိုပြောတာ၊ ဒါကို ပုရေဇာတဣန္ဒြိယလို့ ခေါ်တယ်၊ ဘာဖြစ်လို့တုန်း ဆိုရင် born earlier ကြိုတင်ပြီးတော့ ဖြစ်တာ၊ ကြိုတင်ဖြစ်ပြီးတော့မှ သူက စက္ခုဝိညာဏ်စိတ်ကို ထိန်းချုပ်ပြီး ဣန္ဒြိယသတ္တိနဲ့ ကျေးဇူးပြုတာပဲ၊ အဲဒါကိုပဲ ပုရေဇာတိန္ဒြိယလို့ ခေါ်တယ်။

အဲဒီမှာ ဘုန်းကြီးတို့ရေးထားတဲ့ “ပဋ္ဌာန်းမြတ်ဒေသနာ”ဆိုတဲ့ စာအုပ်ထဲမှာ လည်း ဒါ ရှင်းထားတာပါတယ်၊ အတိုချုပ်က စက္ခုန္ဒြေခေါ် မျက်စိအကြည်ရုပ်သည် မြင်သိစိတ် စေတသိက်တရားများအား မြင်မှုကိစ္စ၌ ကြီးစိုးလျက် ကျေးဇူးပြု၏၊ ထင်ရှားစေဦးအံ့၊ မျက်စိအကြည်ရုပ်အားကောင်းလျှင် မြင်သိစိတ်အားကောင်း၏၊ အားနည်းလျှင် အားနည်း၏၊ ဤသည်ကား မြင်မှုကိစ္စ၌ မျက်စိအကြည်ရုပ် စက္ခုန္ဒြေက မြင်သိစိတ်စေတသိက်တို့ကို စိုးပိုင်ချုပ်ကိုင်ထားပုံ ဖြစ်၏။

ဒါ နားလည်ဖို့ပဲ အရေးကြီးတယ်၊ ဒါနားလည်ရင် ထို့အတူပဲ သောတိန္ဒြေ ဃာနိန္ဒြေ ဇိဝှိန္ဒြေ ကာယိန္ဒြေ၊ အကုန်လုံး နားလည်သွားတယ်၊ အဲဒါတွေကို ချုပ်ကိုင်ပြီးထားတာ၊ ချုပ်ကိုင်နိုင်တဲ့ စွမ်းရည်သတ္တိကို အသုံးပြုပြီးတော့ ကျေးဇူးပြုတာတဲ့၊ အဲဒါ ဣန္ဒြိယသတ္တိပဲ၊ ဒီလိုဆိုတာ၊ ဒါ ပုရေဇာတဣန္ဒြိယပဲ၊ ပုရေဇာတမျိုး လို့ ပြောတာ။

သူလည်းပဲ ရှိနေခိုက် ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိ၊ မကင်းကွာ ခင် ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတ၊ ပုရေဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတ၊ ဟောဒီပုံစံနဲ့ လာတာ၊ အဲဒါပြီးတဲ့အခါကျတော့ ဒါက ပသာဒရုပ် ဣန္ဒြေ ၅-ပါး၊ ဒါကိုပဲ ပုရေဇာတဣန္ဒြိယပစ္စည်းလို့ ဒီလိုဟောတယ်၊ ဝတ္ထုရုပ်ငါးပါးနဲ့ ပတ်သက်ပြီးတော့ ဟောတာ။

ရူပဇီဝိတိန္ဒြိယပစ္စည်း

ကဲ နောက်တစ်ခုပြောမယ်။
ရူပဇီဝိတိန္ဒြိယ

၊ ဇီဝိတက ရုပ်နာမ် ၂-မျိုးရှိတယ်၊ နာမ်ဇီဝိတကိုတော့ သဟဇာတထဲမှာ ထည့်လိုက်ပြီးတော့ ရူပဇီဝိတိန္ဒြိယက သီးသန့်၊ ဒါကြောင့်မို့ -

“ရူပဇီဝိတိန္ဒြိယံ ကဋတ္တာ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော”၊

ရုပ်ဇီဝိတက ဘယ်အရာကို စောင့်ရှောက်ချုပ်ကိုင်တုန်းဆိုရင်
ကမ္မဇရုပ်

တွေကို ချုပ်ကိုင်တယ်၊ ကမ္မဇရုပ်တွေကို ဘယ်လိုချုပ်ကိုင်တာတုန်းဆို သူရှိရင် ကမ္မဇရုပ်တွေ ဆက်လက်ဖြစ်မယ်၊ သူ,မရှိရင် ကမ္မဇရုပ်တွေက ပျက်မယ်၊ ဒါပဲ၊ လျှပ်စစ်မီးလေးက ဘာကို ချုပ်ကိုင်ထားတုန်းဆိုတော့ အလင်းကိုချုပ်ကိုင်ထားတယ်၊ ဒါ သူချုပ်ကိုင် ထားတဲ့ကိစ္စပဲတဲ့၊ ကဲ လျှပ်စစ်မီးပျက်သွားတာနဲ့ တစ်ပြိုင်နက် ဘာဖြစ်သွားတုန်း၊ အလင်းရောင်ပျောက်သွားတယ်၊ မချုပ်ကိုင်နိုင်တော့ဘူး။

အဲဒီအတိုင်းပဲ
ရူပဇီဝိတိန္ဒြေ

က စောင့်ရှောက်ခြင်းကိစ္စမှာ ကမ္မဇရုပ်တွေကို ချုပ်ကိုင်တယ်၊ ကမ္မဇရုပ်တွေ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း ထပ်ထပ် ဖြစ်နေ အောင် ဘယ်သူက ချုပ်ကိုင်ထားတုန်းဆိုလို့ရှိရင် ဟောဒီဇီဝိတိန္ဒြေရုပ်က ချုပ်ကိုင် ထားတာ၊ အသက်ရှင်နေသေးတယ်ဆိုတာ ဒါကို ပြောနေတာနော်၊ သူရှိနေသည့် အတွက်ကြောင့် ထပ်တလဲလဲ ထပ်ဖြစ်နေတာ၊ သူမရှိတော့ဘူးဆိုရင် မဖြစ်တော့ဘူး၊ ပျက်သွားမှာ။

အဲဒါကို “ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော” –

ရူပဇီဝိတိန္ဒြိယံ - ရုပ်ဇီဝိတန္ဒြေလို့ခေါ်ရတဲ့ ဇီဝိတရုပ်သည်၊

ကဋတ္တာ ရူပါနံ - ကဋတ္တာရုပ်လို့ဆိုတဲ့ ကမ္မဇရုပ်တို့အား၊

ဣန္ဒြိယပစ္စယေန – ဣန္ဒြိယပစ္စယသတ္တိဖြင့်၊

ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေ၏။

သူက ရှိနေခိုက် ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိပစ္စည်း၊ မကင်းကွာခင် ကျေးဇူးပြုတာဖြစ်သောကြောင့် အဝိဂတပစ္စည်း၊ သူရှိနေတုန်း သူထိန်းနေမှာပဲ၊ ဒါရှိလို့ ကမ္မဇရုပ်တွေဟာ ထပ်တလဲလဲ ရှင်သန်ပြီးတော့ ထပ်ဖြစ်နေတာ။ သူ မရှိ တော့ဘူး၊ သူက မစောင့်ရှောက်တော့ဘူးဆိုရင် ကမ္မဇရုပ်တွေ သွားရော အကုန်လုံး၊ တစ်ခုမှ ထပ်ဖြစ်နိုင်တာ မရှိတော့ဘူး၊ ဒါကို ကမ္မဇရုပ်တွေကို ကြီးစိုးပြီး အထောက် အကူပြုနေတယ်လို့ ဒီလို ဆိုလိုတာ။

အရူပိန္ဒြိယပစ္စည်း

နောက်တစ်ခုကျတော့ ကျန်တဲ့ ဣန္ဒြေတွေ၊ နာမ်ဇီဝိတိန္ဒြေက စပြီးတော့ အကုန်လုံးပေါင်းပြီးတော့ ပြောမယ်ဆိုရင် နာမ်ဇီဝိတရယ်၊ မနိန္ဒြေက စိတ်၊ သုခိန္ဒြေ ဒုက္ခိန္ဒြေ သောမနဿိန္ဒြေ ဒေါမနဿိန္ဒြေ ဥပေက္ခိန္ဒြေတို့က ဝေဒနာ၊ သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေတို့က သဒ္ဓါ ဝီရိယ သတိ ဧကဂ္ဂတာ ပညာ ဆိုတော့ နာမ်ပိုင်းဆိုင်ရာဣန္ဒြေများ နာမ်ဣန္ဒြေတရားကိုယ်လို့ ခေါ်တယ်၊ နာမ်ဣန္ဒြေ တရားကိုယ် ၈-ပါး - ဇီဝိတ စိတ် ဝေဒနာ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ၊ အဲဒီ နာမ်ဣန္ဒြေတရားတွေကလည်း မိမိနဲ့ယှဉ်ဘက်ဖြစ်တဲ့ စိတ် စေတသိက် တွေကို ဣန္ဒြိယသတ္တိနဲ့ အထောက်အကူ ပြုနေပါတယ်တဲ့။

“အရူပိနော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော”။

အရူပိနော ဣန္ဒြိယာ - နာမ်ဖြစ်တဲ့ဣန္ဒြေဆိုတာ အခုပြောခဲ့တဲ့ ဇီဝိတိန္ဒြေ တစ်ခြမ်းပေါ့နော်၊ နာမ်ဇီဝိတ၊ မနိန္ဒြေ၊ နောက် သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ စတဲ့ ဝေဒနာ၊ သဒ္ဓိန္ဒြေဆိုတဲ့ သဒ္ဓါ၊ ဝီရိယိန္ဒြေက ဝီရိယ၊ သတိန္ဒြေက သတိ၊ သမာဓိန္ဒြေက ဧကဂ္ဂတာ၊ ကျန်တာက ပညာ ပညိန္ဒြေ ပေါင်းလိုက်တော့ ၈-ခု၊ အဲဒီတရားကိုယ် စိတ်နဲ့ စေတသိက်တရားတွေဟာ သူတို့နဲ့ ယှဉ်ဘက်ဖြစ်တဲ့ သဘာဝတရားတွေကို ဆိုင်ရာဆိုင်ရာကိစ္စတွေမှာ သူတို့က ချုပ်ကိုင်လွှမ်းမိုးပြီး ဣန္ဒြိယသတ္တိနဲ့ ကျေးဇူးပြု နေပါတယ်တဲ့။

နာမဇီဝိတိန္ဒြိယပစ္စည်း

ဒီတော့ နာမ်ဇီဝိတက ဘယ်လိုကျေးဇူးပြုတာတုန်းဆိုတော့ နာမ်ဇီဝိတ ရှိနေလို့ နာမ်တရားတွေဟာလည်း ဆက်လက်ဖြစ်နေတာ၊ ထပ်တလဲလဲ ဖြစ်နေကြတာ၊ သူကလည်း စောင့်ရှောက်ခြင်းကိစ္စမှာ လွှမ်းမိုးထားတာ၊ ဒါဖြင့် နာမ်ဇီဝိတက ဘယ်မှာဖြစ်တာတုန်းဆိုတော့ စိတ်အားလုံးမှာ ဖြစ်တာ၊ သဗ္ဗစိတ္တသာဓာရဏ၊ စိတ် အားလုံးမှာ ယှဉ်တယ်၊ ဖြစ်သမျှစိတ်တွေ သူ့ ရဲ့စောင့်ရှောက်မှု မကင်းဘူးလို့ ဒါ ပြောတာ။

မနိန္ဒြိယ

နောက်
မနိန္ဒြိယ

။ မနိန္ဒြေက ဘယ်သူ့ကို ထိန်းချုပ်တာတုန်းဆိုရင် စေတသိက် တွေကို ထိန်းချုပ်ထားတာ၊ စေတသိက်တွေဟာ သူ,မဖြစ်ရင် ဖြစ်ခွင့်မရှိဘူး၊ စိတ်မှ မဖြစ်ရင် စေတသိက်တွေက လုံးဝဖြစ်လို့ မရဘူး၊ ဒါ ထိန်းချုပ်ထားတာ ခေါ်တာပဲ၊ အဲဒါကြောင့်မို့ မနိန္ဒြေက သိတဲ့ကိစ္စမှာဆိုရင် သူ့ရဲ့ယှဉ်ဘက် စေတသိက်တွေကို သူက ထိန်းချုပ်လိုက်တယ်။

ဝေဒနိန္ဒြိယ

ဝေဒနိန္ဒြေဆိုတာကလည်း ခံစားတဲ့ကိစ္စတွေမှာ သူတို့က ထိန်းချုပ်ထား တယ်တဲ့၊ စိတ်ရဲ့ခံစားမှုတွေကို ဝေဒနာရှိမှ ခံစားလို့ရလို့ ခံစားမှုတွေအတွေ့ အကြုံ ရှိမှုတွေကို ဝေဒနိန္ဒြေက ထိန်းချုပ်ထားတယ်။

သဒ္ဓိန္ဒြိယ စသည်

အမှန်အကန်ဆုံးဖြတ်မှု ယုံကြည်မှုဆိုတဲ့ကိစ္စတွေမှာ သဒ္ဓါက ထိန်းချုပ် ထားတယ်၊ ကြိုးပမ်းအားထုတ်မှုဆိုတဲ့ ကိစ္စမှာ ဝီရိယက ထိန်းချုပ်ထားတယ်၊ အမှတ်ရမှု ဆိုတဲ့ကိစ္စမှာ သတိက ထိန်းချုပ်ထားတယ်၊ တည်ကြည်မှုဆိုတဲ့ ကိစ္စမှာ ဧကဂ္ဂတာက ထိန်းချုပ်ထားတယ်၊ သဘာဝတရားတွေကို အမှန်သိခြင်းဆိုတဲ့ကိစ္စမှာ ပညာက ထိန်းချုပ်ပေးထားတယ်၊ သူရှိလို့ သိရတာ၊ သူမရှိရင် မသိဘူး၊ ဒါပြောတာ နော်၊ ထိန်းချုပ်ထားတယ် ဆိုတာ၊ အဲဒါကို မြတ်စွာဘုရားက ကျန်တဲ့ဣန္ဒြေတွေကို တစ်စုတည်း ဟောလိုက်တယ် -

“အရူပိနော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော”။

အရူပိနော - နာမ်ဖြစ်ကုန်သော၊

ဣန္ဒြိယာ - ဣန္ဒြေတရားတို့သည်၊

တံ သမ္ပယုတ္တကာနံ – ထိုဣန္ဒြေနှင့် ယှဉ်ကြကုန်သော၊

ဓမ္မာနံ – စိတ်စေတသိက်တရား တို့အားလည်းကောင်း၊

တံ သမုဋ္ဌာနာနံ - ထိုဣန္ဒြေတို့ကြောင့် ဖြစ်ကုန်သော၊

ရူပါနဉ္စ - စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့အားလည်းကောင်း၊

ဣန္ဒြိယပစ္စယေန - ဣန္ဒြိယပစ္စယသတ္တိဖြင့်၊

ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေ၏။

ပဋ္ဌာန်းမှာ ဣန္ဒြိယပစ္စည်းဆိုတာ အဲဒါကို ပြောတာပါ၊ ဆိုင်ရာဆိုင်ရာ ကိစ္စတွေမှာ ချုပ်ကိုင်မှုဆိုတဲ့ ကြီးစိုးလွှမ်းမိုးမှု၊ သူ့ ကိစ္စ သူလွှမ်းမိုးတာ၊ တခြားကိစ္စကို သူမလွှမ်းမိုးနိုင်ဘူး၊ ချုပ်ကိုင်တယ်ဆိုဟာ နှစ်မျိုးရှိတယ်၊ အဓိပတိရဲ့ လွှမ်းမိုး ချုပ်ကိုင်မှု၊ ဣန္ဒြိယရဲ့ချုပ်ကိုင်မှု၊ နှစ်ခုရှိတယ်၊ အစိုးရပုံ မတူဘူး၊ အဓိပတိပစ္စယော တုန်းက အဓိပတိရဲ့ချုပ်ကိုင်မှုဆိုတာ ပြိုင်ဘက်မရှိဘူး၊ သူတစ်ဦးတည်းက ကိစ္စ အားလုံးကို ချုပ်ကိုင်တယ်၊ အဲဒါကြောင့်မို့ အဓိပတိဆိုတာ မင်းနဲ့ အလား တူတယ်၊ မင်းဆိုတာ ဌာနပေါင်းစုံ အကုန်လုံးကိုင်တယ်၊ ဣန္ဒြေကျတော့ ဝန်ကြီးတွေနဲ့ တူတယ်၊ ဝန်ကြီးဆိုတာနော် ကိုယ့်ဝန်ကြီးဌာနမှာ ကိုယ်ပိုင်တယ်၊ ကျန်တဲ့ဝန်ကြီးဌာန သူမပိုင်ဘူး၊ သူမချုပ်နိုင်ဘူး၊ သူချုပ်နိုင်တာက သူ့ဆိုင်ရာဝန်ကြီးဌာနပဲ၊ ထို့အတူပဲ ဣန္ဒြိယဆိုတဲ့သဘာဝတရားတွေဟာ သူ့ဆိုင်ရာဆိုင်ရာကိစ္စမှာသာ သူချုပ်ကိုင်နိုင် တာ၊ ကျန်တဲ့ကိစ္စတွေမှာ သူမချုပ်ကိုင်ဘူးတဲ့၊ ဣန္ဒြိယကြီးစိုးပုံနဲ့ အဓိပတိကြီးစိုးပုံ ချင်း မတူဘူးတဲ့၊ အဓိပတိကျတော့ ပြိုင်ဘက်မရှိ ကြီးစိုးတာ၊ ဣန္ဒြိယကျတော့ ပြိုင် ဘက်တွေ ရှိတယ်၊ ကိုယ့်ကိစ္စသာ ကိုယ်လုပ်နိုင်တာ၊ တခြားဟာ မလုပ်နိုင်ဘူး။

ဒီသဘာဝတရားတွေကို သိရှိနားလည်ထားကြမယ်ဆိုလို့ရှိရင် “တို့ခန္ဓာ ကိုယ်မှာ ခိုင်မြဲတဲ့အရာဆိုတာလည်း ဘာမှမရှိဘူး၊ ထာဝရပြောင်းလဲပျက်စီးနေတဲ့ အရာတွေ၊ သူ့ဟာသူ ထိန်းချုပ်ပြီး နေကြတဲ့အရာတွေသာ ဖြစ်တယ်၊ ဒါတွေကို ‘ငါဆိုတဲ့အတွေးနဲ့ ကြည့်ပြီး အမြင်မှားမှုတွေ ဖြစ်ကြတယ်၊ ‘ငါ့ဟာ’ဆိုတဲ့အတွေးနဲ့ ဖြစ်ပြီးတော့ လောဘတွေ ဖြစ်ကြတယ်၊ မာန်မာနတွေ တက်ကြတယ်၊ တကယ် တော့ ‘ငါဆိုတာလည်း ဒီထဲမှာ ဘာမှမရှိဘူး၊ သဘာဝတရားသက်သက်မျှသာ ဖြစ်တယ်၊ “ငါ’ဆိုတာ မရှိသည့်အတွက်ကြောင့် ‘ငါ့ဟာ'လို့ ပြောစရာလည်း တစ်ခုမှ မရှိဘူး” လို့ ဟောဒီလိုမြင်တဲ့အမြင်ဟာ သမ္မာဒဿန မှန်ကန်စွာမြင်ခြင်း ဖြစ်ပါတယ်။

အဲဒီလို မှန်ကန်စွာမြင်မှသာလျှင် မိမိတို့သန္တာန်မှာဖြစ်တဲ့ ဘဝသံသရာက ပါလာတဲ့ လောဘ ဒေါသ မောဟဆိုတဲ့ ကိလေသာတွေကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့ သဘာဝ တရားကို မှန်ကန်သောအသိဉာဏ်ဖြင့် ရှုမှတ်နိုင်ကြပြီး ‘ငါ’ ‘ငါ့ဟာ” မဟုတ်ဘူး၊ သဘာဝ တရားသက်သက်မျှသာလို့ ဒီလို ရှုမှတ်ပွားများကြခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ။

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၁၄)

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တော်သလင်း လပြည့်ကျော် ၃-ရက်၊ (၆-၉-၂ဝဝ၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရ လမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။

ဈာနပစ္စယော

ဗုဒ္ဓမြတ်စွာက အကြောင်းတရားတွေကို ၂၄-ပစ္စည်းနဲ့ ရှင်းပြတော်မူခဲ့တယ်၊ ဒီကနေ့ ဈာနပစ္စယော ဟောမယ်၊ ဈာနပစ္စယောဆိုတာ “ဈာန်အင်္ဂါတို့၊ တူစွာဖြစ်ငြား၊ ရုပ်နာမ် များကို၊ ရှုစားစေမှု၊ သတ္တိစုဖြင့်၊ ကျေးဇူးပြုငြား၊ ဈာနပစ္စည်းတရား လည်းကောင်း” ဆိုတဲ့အတိုင်း အာရုံကိုကပ်ပြီး ရှုခြင်းဆိုတဲ့ အဓိပ္ပါယ်နဲ့ မြတ်စွာဘုရား ဟောတော်မူခဲ့တယ်။

ဈာနဆိုတဲ့စကားလုံးကို မြန်မာလို ပြန်တဲ့အခါ အဓိပ္ပါယ်မပြန်ဘူး၊ ဈာနကို ဈာန်လို့ ဒီလိုပဲပြန်ကြတယ်၊ ဈာန်ဆိုတဲ့စကားလုံးကို အကြောင်းပြုပြီး မြန်မာစကား တွေထဲမှာ ဈာန်ဝင်စားတယ်၊ ဈာန်ပျံတယ်ဆိုတဲ့ ဝေါဟာရတွေ ပေါ်လာခဲ့တယ်၊

ဈာန်ပျံတယ်၊ ဈာန်ဝင်စားတယ်ဆိုတာတွေကို ကြည့်ပြီး ဈာန်ဆိုလို့ရှိရင် ကောင်းကင် ပျံတယ်လို့ချည်း တချို့က ထင်မှတ်ထားကြတယ်၊ တကယ်တော့ ဈာန်ပျံတယ်လို့ တွဲသုံးပေမယ့် ဈာန်တိုင်းဟာ ပျံလို့ရတာ မဟုတ်ဘူး၊ အဘိညာဏ်တန်ခိုး ရတဲ့အခါ ကျမှ ဖန်ဆင်းပြီး ကောင်းကင်ခရီး ပျံသန်းလျှောက်လှမ်းနိုင်တာ ဖြစ်တယ်။

ဒီတော့ ဈာနဆိုတာ အာရုံကို စူးစိုက်ပြီး မှတ်နေခြင်း၊ အာရုံကို စူးစိုက်ပြီး ကြည့်ခြင်းဆိုတဲ့အဓိပ္ပါယ်ကို မှတ်သားရမယ်၊ စိတ်နဲ့အာရုံကပ်ပြီး စဉ်ဆက်မပြတ် စိတ်ဟာ အာရုံတစ်ခုတည်းပေါ်မှာ ထပ်တလဲလဲဖြစ်နေတာ။

ဒီနေရာမှာ သတိထားဖို့ လိုတာကတော့ စိတ်တစ်ခုရဲ့ သက်တမ်းဟာ အင်မတန်တိုတောင်းတယ်၊ ဥပါဒ် ဒီ ဘင် ဆိုတဲ့ ဖြစ် တည် ပျက် တိုတောင်းတဲ့ အချိန်ပိုင်းတင်ရှိတာ၊ အဲဒီတိုတောင်းတဲ့အချိန်ပိုင်းမှာ ဖြစ်တဲ့စိတ်တွေအားလုံးဟာ သတ်မှတ်ထားတဲ့ အာရုံတစ်ခုတည်းပေါ်မှာ ကပ်ပြီးနေတယ်လို့ ဒီလိုဆိုတာ၊ ထပ်ထပ်ပြီးတော့ ဒီအာရုံပေါ်မှာ ဖြစ်နေတာလို့ ပြောတာ၊ စိတ်ဟာ ဒီအာရုံပေါ်မှာ ကပ်ပြီးတော့ ရှုနေတယ်လို့ ဆိုလိုတာ၊ ဒီအာရုံပေါ်က စိတ်ဟာ ကွာမသွားဘဲနဲ့ အာရုံနဲ့စိတ်ဟာ ကပ်ထားသလို၊ (သို့သော် ဒီစိတ်တစ်ခုဟာ တည်မြဲပြီးတော့ အာရုံပေါ်မှာ ကပ်နေတာလို့ ဒီလိုမတွက်နဲ့) ထပ်တလဲလဲဖြစ်နေတဲ့ စိတ်တွေ၊ ဒီ အာရုံနဲ့တွဲဖက်ပြီးတော့ဖြစ်လာတဲ့ စိတ်တွေမှန်သမျှဟာ ဒီအာရုံကနေ ကွာမသွားဘဲ နေတာ။

ဘုန်းကြီးတို့တတွေရဲ့စိတ်တွေကို ကိုယ့်ဟာကိုယ်ပြန်ပြီးတော့စဉ်းစားကြည့်၊ မျက်စိက အာရုံတစ်ခုကို ကြည့်နေပေမယ့်လို့ နားက အသံကြားလိုက်ရင် အဲဒီဘက် စိတ်က ရောက်သွားတယ်၊ တစ်ခါ နှာခေါင်းထဲမှာ အနံ့ဝင်လာရင် အနံ့ဘက် စိတ်က ရောက်သွားပြန်ပြီ၊ တစ်ခါ စိတ်ကူးစိတ်သန်းတွေနဲ့ စိတ်က ဟိုရောက်သွားလိုက်, ဒီရောက်သွားလိုက် ဖြစ်နေတဲ့ သဘောတရားတွေကို ဆင်ခြင် စဉ်းစားကြည့်။

ဈာန်ဆိုတဲ့ အနေအထား ရောက်လာပြီဆိုရင် တခြားအာရုံတွေ အားလုံး မေ့ထားပြီး အာရုံတစ်ခုတည်းပေါ်မှာ ထပ်တလဲလဲဖြစ်နေတာ၊ အဲဒါကိုပဲ ကပ်၍ ရှုတယ်လို့ ဒီလိုပြောတာနော်၊ စိတ်ဖြစ်စဉ်ကြီးတစ်ခုလုံးဟာ ဒီအာရုံနဲ့ တွဲဖက်ပြီးတော့ နေတယ်၊ ခွာမရအောင် ဒီအာရုံနဲ့ ကပ်ပြီးထားလိုက်သလို ဖြစ်နေတယ်လို့ ဒါကို အာရုံပေါ်မှာ ကပ်ပြီးတော့ ရှုတယ်လို့ ဒီလိုပြောတာ။

ဒီတော့ ဈာနရဲ့အဓိပ္ပါယ်က “ဥပနိဇ္ဈာနကိစ္စ”၊ ဥပဆိုတာ အာရုံကို ကပ်ပြီး တော့၊ နိဇ္ဈာန – ရှူကြည့်နေခြင်း၊ ဖြစ်သမျှစိတ်တွေ ဖြစ်တိုင်းဖြစ်တိုင်း ဒီအာရုံက နေပြီး တခြားအာရုံကို ရောက်မသွားဘဲ ဒီအာရုံပေါ်မှာ ထပ်တလဲလဲဖြစ်နေတာ၊ ဒါ သဘာဝတရားတွေရဲ့စွမ်းအားပဲ၊ ဘယ်သူ့ရဲ့စွမ်းအားတုန်းဆိုရင် အဓိကက သမာဓိ၊ သမာဓိဆိုတာ သံ + အာဓိ၊ စိတ်တွေအားလုံးဟာ အာရုံတစ်ခုတည်း ပေါ်မှာ စုပေးထားတယ်၊ သမာဓိကို အင်္ဂလိပ်လိုပြန်တော့ concentration လို့ ပြန်တယ်၊ concentration ဆိုတာ တစ်ခုတည်း ဖြစ်အောင် စုလိုက်ခြင်း၊ တစ်နေရာ တည်းကို စုတာ၊ concentrate လုပ်လို့ စိတ်အခြေအနေအားလုံးဟာ concentration ဖြစ်နေတာ၊ အာရုံတစ်ခုတည်းပေါ်မှာ စုပြုံပြီးတော့ ကျလာတာ၊ ပထမဖြစ်တဲ့ စိတ်ကလည်း ဒီအာရုံမှာပဲ၊ ဒုတိယလိုက်လာတဲ့စိတ်ကလည်း ဒီအာရုံပဲ၊ တတိယ စိတ်ကလည်း ဒီအာရုံပဲ၊ ဒီအာရုံကနေပြီး ကွာမသွားဘူး၊ ဒီအာရုံတစ်ခုတည်းကိုပဲ ကပ်ပြီးတော့ ထပ်တလဲလဲ ရှုကြည့်နိုင်တဲ့ စွမ်းအားတစ်ခု ရသွားတယ်။

သာမန်စိတ်ဆို မရဘူး၊ အာနာပါနကိုပဲ လုပ်ကြည့်လိုက်၊ ထွက်လေဝင်လေ နဲ့ကပ်ထားဖို့ ကြိုးစားကြည့်လိုက်တဲ့အခါမှာ ထွက်လေဝင်လေကို ဂရုတစိုက်ရှုရင်း ကနေ စိတ်တွေက ဟိုရောက်သွားလိုက် ဒီရောက်သွားလိုက်၊ စိတ်တွေက လစ်လစ် သွားတာကို သတိထားမိကြလိမ့်မယ်၊ ထွက်လေဝင်လေဆိုတဲ့ အာရုံပေါ်မှာ စိတ်ကို ကပ်ထားလို့ မရနိုင်ဘူးတဲ့၊ အလေ့အကျင့်မရှိတဲ့ပုဂ္ဂိုလ် ကပ်ထားလို့ မရနိုင်ဘူး။

ဈာန်အဆင့်ရောက်သွားပြီဆိုလို့ရှိရင် အဲဒီထွက်လေဝင်လေဆိုတဲ့ အာရုံ ပေါ်မှာပဲ စိတ်ဟာ ကပ်ထားလို့ ရသွားပြီ၊ ဘယ်အာရုံကိုမှ စိတ်က ခုန်ကူးမသွားဘဲ နဲ့ ဒီအာရုံပေါ်မှာပဲ စိတ်ဟာ ထပ်တလဲလဲကျနေတယ်၊ အဲဒီသဘောကိုပဲ ပြောတာ၊ ဥပနိဇ္ဈာနကိစ္စ အာရုံကို စူးစိုက်ပြီးတော့ ရှုနေတဲ့ ဖြစ်စဉ်ကြီးတစ်ခုပဲ၊ ကောင်းပြီ - ဈာနရဲ့အဓိပ္ပါယ်က အာရုံကိုစူးစိုက်ပြီးရှုခြင်း ဖြစ်တယ်။

ဒါဖြင့် ဈာနဆိုတာ အာရုံကို စူးစိုက်ပြီးတော့ ရှုနေတာ၊ ဘယ်သူတွေက ရှုနေတာလဲဆိုတာကို ရှင်းလင်းပြတဲ့အခါ ဈာနဆိုတာ ဘယ်သူ့ကို ခေါ်တာလဲ၊ ဈာနဆိုတာ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဝိတက္က၊ ဝိတက်လို့ ပြောတာ၊ အာရုံကို ကြံစည်တယ်လို့ မြန်မာတွေက ပြန်တယ်၊ တွေးတယ်ကြံတယ်ဆိုတဲ့ ဝိတက်၊ အာရုံ ပေါ်မှာ ထပ်တလဲလဲဖြစ်တယ်၊ ဆင်ခြင်တယ်၊ သုံးသပ်တယ်ဆိုတဲ့ ဝိစာရ၊ အာရုံပေါ် မှာ နှစ်ခြိုက်နေတယ်ဆိုတဲ့ ပီတိ၊ အာရုံ၏အရသာကို ခံစားနေတယ်ဆိုတဲ့ ဝေဒနာ၊ အာရုံတစ်ခုတည်းပေါ်မှာ ကျရောက်တည်နေတယ်ဆိုတဲ့ ဧကဂ္ဂတာ သမာဓိတဲ့၊ အဲဒီသဘာဝတရားငါးခုတို့ရဲ့ အပေါင်းကို ဈာနလို့ ခေါ် တယ်၊ တစ်ခုစီကို ဈာန်လို့ မခေါ်ဘူး၊ ဝိတက် ဝိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာ သို့မဟုတ် သုခဥပေက္ခာ။

ဆိုပါစို့ - အောက်ဈာန်တွေ ပြောမယ်ဆိုရင် သုခဝေဒနာ၊ နောက်ဆုံးဈာန် ကျတော့ ဥပေက္ခာဝေဒနာတဲ့၊ ဝိတက် ဝိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာဆိုတဲ့ ဒီ သဘာဝတရား ငါးခုဟာ အချိုးကျကျနဲ့ အင်အားညီတူညီမျှ ဆိုင်ရာအလုပ်ကိစ္စ တွေကို တစ်ညီတည်း ဆောင်ရွက်ကြပြီဆိုရင် ဒီသဘာဝတရားငါးခုတို့ရဲ့ အပေါင်း ကိုမှ ဈာနလို့ ခေါ်တယ်တဲ့၊ တစ်ခုတည်းကို ဈာန မခေါ်ဘူး၊ ဝိတက်တစ်ခုတည်း ကိုလည်း မခေါ်ဘူး၊ ဝိစာရတစ်ခုတည်းကိုလည်း ဈာန မခေါ်ဘူး၊ ပီတိတစ်ခုတည်း ကိုလည်း မခေါ်ဘူး၊ ဝေဒနာတစ်ခုတည်းကိုလည်း မခေါ်ဘူး၊ ဧကဂ္ဂတာဆိုတဲ့ သမာဓိတစ်ခု တည်းကိုလည်း ဈာနလို့ မခေါ်ဘူးတဲ့၊ ပေါင်းစပ်လိုက်မှ ခေါ်တာ။

စဉ်းစားကြည့်ပေါ့၊ “သစ်ပင်”လို့ ခေါ်နေတာ အမြစ်ရယ် အကိုင်းအခက်တွေရယ် ပင်စည်ရယ် အရွက်ရယ် အပွင့်အသီး အားလုံးပေါင်းပြီးတော့ သစ်ပင်လို့ ခေါ်တာ၊ အမြစ်တစ်ခုတည်းကို သစ်ပင်လို့ မခေါ်ဘူး၊ ပင်စည်တစ်ခုတည်းကိုလည်း မခေါ်ဘူး၊ အကိုင်းတစ်မျိုးတည်းကိုလည်း မခေါ်ဘူး၊ အရွက်တစ်မျိုးတည်းကိုလည်း မခေါ်ဘူး၊ အားလုံးစုပေါင်းနေတာကို သစ်ပင်လို့ ခေါ်တာ၊ အဲဒီသဘောကို မှတ် ထားပေါ့။

ဒီကနေ့ပြောနေကြတဲ့ လူတွေစီးနေကြတဲ့”ကား” ဆိုပါစို့၊ ဒါလည်း အတူတူ ပဲလေ၊ အစိတ်အပိုင်းတွေ အားလုံးပေါင်းထားတာကို “ကား”လို့ ခေါ်တာ၊ ဝပ်ရှော့ သွားပြီး တစ်ခုစီဖြုတ်လိုက်လို့ရှိရင် သူ့နာမည်နဲ့သူ ရှိတာပဲ၊ ဒါက ဘီးတဲ့၊ ဒါက ဘော်ဒီတဲ့၊ ဒါက တံခါး၊ ဒါက အင်ဂျင်နဲ့၊ တစ်ခုစီဖြစ်သွားမှာ၊ ကားလို့ ခေါ်စရာ မရှိတော့ဘူး၊ အဲဒီတော့ ကားဆိုတာ အစုအဝေးရဲ့အမည်နာမသာ ဖြစ်တယ်။

အဆောက်အဦးတို့ အိမ်တို့ ကျောင်းတို့ ကြည့်လိုက်မယ်ဆိုရင်လည်း အစု အဝေးကို ခေါ်တာပဲ၊ တစ်မျိုးတည်းကို အိမ်မခေါ်ဘူး၊ အုတ်တို့ ကျောက်တို့ အင်္ဂတေတို့ ဘိလပ်မြေတို့ အမိုးတို့ တိုင်တို့ နံရံတို့ အကုန်လုံးစုပေါင်းပြီးမှ အိမ်လို့ ကျောင်းလို့ ခေါ်တာ၊ ဒါတွေ အားလုံးဟာ စုပေါင်းတည်နေကြမှခေါ်တာ။

ထို့အတူပဲ ဒီသဘာဝငါးခု တစ်ခုစီ နေလို့ရှိရင် ဈာန မဟုတ်ဘူး၊ အားလုံး ပေါင်းလိုက်တဲ့အခါကျမှ သူတို့ကို ဈာနလို့ ခေါ်တာ၊ ဒီတော့ ဈာနဆိုတာ အပေါင်းအစုရဲ့နာမည်လို့ ဒီလိုမှတ်ထားပါ၊ ဒီသဘာဝတရားငါးခုကို ဈာနင်္ဂ၊ ဈာနအင်္ဂ၊ အပေါင်းရဲ့ အစိတ်အပိုင်းတွေ၊ ဈာနကို ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတွေလို့ ဆိုတယ်။

ဈာနထဲမှာပါဝင်တဲ့ အစိတ်အပိုင်းတွေရဲ့ သဘာဝတရားတွေကို ကြည့်ရအောင်၊ ပထမဆုံးစ,ပြောမယ်ဆိုရင် ဒီသဘာဝတရားတွေရဲ့အစဉ်ဟာ အထက် ဈာန်တွေ တက်တဲ့အခါမှာ ဒီသဘာဝတရားတွေ ကျော်လွှားရတာမို့ အစဉ်အတိုင်း ပြောထားတာ။

ဝိတက္က

ဝိတက္ကတဲ့၊ ဝိတက်ဆိုတာ ဘာတုန်းလို့မေးရင် မြန်မာစကားထဲမှာလည်း “ညက ဝိတက်တွေများလို့ အိပ်မပျော်ဘူး” “ဝိတက် ဝိတက်”နဲ့ ဒီစကားကို ပြောကြ တယ်၊ “ဝိတက်တွေ များတယ်”၊ မြန်မာလိုပြောမယ်ဆိုရင် အတွေးတွေ ကြံစည်တာ တွေ စိတ်ကူးတာတွေ၊ စိတ်ကူးတယ်ဆိုတာ စိတ်က အာရုံပေါ်မှာ ကူးကူးသွားတာ၊ ကူးရောက်နေတာ၊ ဝိတက်ဆိုတာ ကြံစည်တယ်၊ တွေးတောတယ်၊ စိတ်ကူးတယ်၊ စိတ်ထဲမှာဖြစ်တဲ့ သဘာဝတရားတစ်ခုပဲ၊ အဲဒီ သဘာဝတရားရဲ့ အမှတ်လက္ခဏာ က ဝိတက်သည် စိတ်ကို အာရုံသို့ တင်ပေးခြင်း အမှတ်လက္ခဏာရှိတယ်၊ စိတ်နဲ့ အာရုံ တွေ့ရတာ ဝိတက်က တင်ပေးနေတာ၊ ဒါကိုပဲ စိတ်ကူးတယ်၊ စိတ်က ဘယ် ကူးသွားတာတုန်းဆိုရင် အာရုံပေါ် ကူးသွားတာ၊ အာရုံဘက်ကိုရောက်သွားအောင် ကူးသွားတာ၊ ဝိတက်ရဲ့စွမ်းအားကြောင့် စိတ်ဟာ အာရုံနဲ့သွားပြီးဆုံရတာ၊ စိတ်ကို အာရုံပေါ်တင်ပေးတယ်၊ “အဘိနိရောပန လက္ခဏာ” – စိတ်ကို အာရုံပေါ် တင်ပေး ခြင်းဟာ ဝိတက်ရဲ့သဘာဝလက္ခဏာပဲ။

မြန်မာလို ရိုးရိုးပြောရင်တော့ ကြံစည်တယ် တွေးတောတယ် စိတ်ကူးတယ်။ ကြံစည်တယ် တွေးတောတယ် စိတ်ကူးတယ်ဆိုတာ ဘာလုပ်တာတုန်းလို့မေးရင် စိတ်ကို အာရုံပေါ်တင်ပေးတာ၊ စိတ်ကို အာရုံပေါ်တင်ပေးနေတာ ဝိတက်။

အဲဒီဝိတက်ဟာ အချို့သောစိတ်တွေမှာဖြစ်ပြီး အချို့သောစိတ်တွေမှာ မရှိ ဘူးတဲ့၊ ဝိတက်ဆိုတဲ့သဘာဝတရားဟာ ကောင်းတာနဲ့တွေ့ ရင် အကောင်းဖြစ်သွား ပြီး မကောင်းတာနဲ့ တွေ့လို့ရှိရင် မကောင်းတဲ့ဘက် ရောက်သွားရော၊ အာရုံပေါ် စိတ်ကို တင်ပေးတယ်ဆိုတဲ့နေရာမှာ သူ့လုပ်ငန်းကတော့ အာရုံပေါ်တင်ပေးတာပဲ ရှိတယ်၊ ဒါ သူ့တာဝန် သူ့လုပ်ငန်းပဲ၊ သူ့ ရဲ့ function က အာရုံပေါ် တင်ပေးတာပဲ ရှိတယ်၊ ကောင်းတဲ့အာရုံကိုလည်း တင်ပေးတာပဲ၊ မကောင်းတဲ့အာရုံကိုလည်း တင်ပေးတာပဲ။

စိတ်ဆိုတဲ့နေရာမှာ ကုသိုလ်စိတ်ကိုလည်း အာရုံပေါ် တင်ပေးတာပဲ၊ အကုသိုလ်စိတ်ကိုလည်း အာရုံပေါ်တင်ပေးတာပဲ၊ ဘယ်စိတ်မျိုးဖြစ်ဖြစ် သူက အာရုံပေါ် တင်ပေးတဲ့သဘောပဲ၊ ဒါကြောင့်မို့ ဝိတက်ဟာ အကောင်းအဆိုးနှစ်မျိုး ရှိတယ်၊ ကောင်းတဲ့စိတ်နဲ့တွေ့တဲ့ ဝိတက်ကျတော့ အကောင်း၊ မကောင်းတဲ့စိတ်နဲ့ တွေ့တဲ့ ဝိတက်ကျတော့ မကောင်းဘူးလို့ ဒီလိုပြောတာ။

ဝိတက်ရဲ့ သဘာဝကို ကြည့်ဦး၊ ဘုန်းကြီးတို့ “စိတ်ရဲ့ အတွေးများ”လို့ဆိုပြီး ဟောထားတဲ့ တရားတစ်ပုဒ်ရှိတယ်၊ စိတ်မှန်ရင်တွေးမှာပဲလို့ တချို့ က ပြောကောင်း ပြောလိမ့်မယ်၊ စိတ်တိုင်းဟာ အတွေးဝိတက်မရှိဘူး၊ အတွေးဝိတက်မပါတဲ့ စိတ် လည်း ရှိတယ်၊ သို့သော် အာရုံကိုသိတာက တွေးတာကိုပြောတာမဟုတ်ဘူး၊ စိတ် ဆိုရင်တော့ အာရုံကို သိတာပဲ၊ သို့သော် တွေးတဲ့ဝိတက် ပါချင်မှပါတယ်။

ဝိတက်ဆိုတဲ့သဘာဝတရားမှာ အကောင်းသုံးမျိုး၊ အဆိုးသုံးမျိုး ရှိတယ်၊ အကုသိုလ်နဲ့တွဲဖက်လာလို့ရှိရင် အဆိုးဘက်ရောက်သွားရော၊ ဘာတွေတုန်းဆို - ဘုန်းကြီးတို့တတွေ နေ့စဉ် တွေးနေတာတွေကိုပဲ ပြန်စစ်ကြည့် - နံပါတ်(၁)က ကာမဝိတက္က၊ ကာမဆိုတာ လိုချင်စရာအာရုံ၊ လိုချင်စရာအာရုံဆိုတာ ဘာတုန်း? နှစ်သက်စရာကောင်းတဲ့ မျက်စိနဲ့ ကြည့်လို့ရတဲ့ အာရုံ၊ နားနဲ့ နားထောင်လို့ရတဲ့ အာရုံ၊ နှာခေါင်းနဲ့ နမ်းရှူလို့ရတဲ့ အာရုံ၊ လျှာနဲ့ လျက်လို့ရတဲ့ အာရုံ၊ ခန္ဓာကိုယ်နဲ့ ထိတွေ့လို့ရတဲ့ အာရုံ၊ နှစ်သက်စရာကောင်းတဲ့ ဒီအာရုံတွေကို ဒီနေရာမှာ ကာမ လို့ ပြောတယ်။

အဲဒီအာရုံတွေနဲ့ တစ်ခါဆုံမိထားပြီဆိုရင် လူများဟာ ပြန်ပြီးတော့ တွေး တတ်တယ်တဲ့၊ အဲဒီအာရုံကို ပြန်ပြီး စိတ်ကူးကြည့်နေတယ်၊ နှစ်သက်စရာအာရုံမှာ လောဘနဲ့ တွေးတဲ့အတွေးတွေ၊ လိုချင်တဲ့အတွေး၊ တပ်မက်တဲ့အတွေးနဲ့ တွေးနေ တာ၊ ခံစားချက်အတွေးနဲ့ တွေးနေတာ၊ မျက်စိကမြင်တဲ့အာရုံ၊ နားက ကြားရတဲ့ အာရုံ၊ နှာခေါင်းက နမ်းရှူရတဲ့အာရုံ၊ လျှာကလျက်ရတဲ့ အာရုံ၊ ခန္ဓာကိုယ်က ထိရတဲ့ အာရုံတွေက နှစ်သက်စရာအာရုံဆိုလို့ရှိရင် လူတွေက ကြံတွေးစိတ်ကူးပြီးတော့ ကျေနပ်နေတာ ရှိတယ်တဲ့၊ လောဘနဲ့တွေးတဲ့ အတွေးတွေ၊ အဲဒီအတွေး တွေကို ကာမပိတက်လို့ ခေါ်တယ်၊ အဲဒီအာရုံတွေကို လိုချင်တပ်မက်နေလို့ရရှိရင် ရင် ကာမစ္ဆန္ဒလို့ ခေါ်တယ်၊ ဝိတက်က စိတ်ကို ဒီအာရုံတွေပေါ် တင်ပေးထားလို့ စိတ်က ဒီအာရုံတွေဆီညွှတ်ပြီး ပေါင်းစပ်ပြီးနေတယ်၊ ဒါ ဝိတက်ရဲ့စွမ်းဆောင်ချက်ပဲ။

နောက်တစ်ခါ အပြစ်မကင်းတဲ့အတွေးတစ်ခုက ဘာတုန်းဆိုရင် တစ်စုံ တစ်ခုကြောင့် စိတ်ထဲမှာ အလိုမကျဖြစ်တယ်၊ မုန်းတီးတယ်၊ ဒေါသဖြစ်တယ်ဆိုတဲ့ အခါမှာ အလိုမကျမှု မုန်းတီးမှု ဒေါသဖြစ်မှုကို အခြေခံပြီး လူတွေဟာ တွေးတတ် ကြတယ်၊ တွေးတဲ့အခါမှာ အလိုမကျမှုဒေါသကို အခြေခံပြီးတော့တွေးရင် ဒေါသ တွေဟာ ကြီးသည်ထက် ကြီးလာတယ်၊ မုန်းတီးမှု အလိုမကျမှု၊ ဒါတွေကို တွေးလိုက်တာ၊ ဗျာပါဒဝိတက္ကလို့ ခေါ်တယ်၊ ဒေါသနဲ့အတွေးတဲ့။

ဒေါသနဲ့အတွေးဟာ ဘယ်တော့မှမကောင်းဘူး၊ ဘယ်သူ့ကို ဆဲလိုက်မယ်၊ ဘယ်သူ့ကို ရိုက်လိုက်မယ်၊ ဘယ်သူ့ နှက်လိုက်မယ်၊ သတ်လိုက်မယ်၊ ဖြတ်လိုက် မယ်ဆိုတဲ့အတွေးပဲ တွေးမှာပဲ၊ ဒီဝိတက် ဒေါသနဲ့တွေးလိုက်တဲ့အတွေးတွေ၊ ကမ္ဘာ လောကကြီးမှာ ပြဿနာတက်နေတာ ဒီအတွေးတွေကြောင့်ပဲ၊ ဒေါသနဲ့တွေးတဲ့ အတွေးတွေက ဦးဆောင်သွားတယ်။

နောက်တစ်ခုကျတော့ ဝိဟိံသာဝိတက္က၊ မုန်းတီးတဲ့အတွေး တွေးရုံတင် မကဘူး၊ တစ်ဖက်သားကို ညှင်းဆဲသတ်ဖြတ်လိုတဲ့ အတွေးတွေ တွေးလာတယ်၊ အမုန်းနဲ့တွေးတာ ဒေါသနဲ့တွေးတာက ဗျာပါဒဝိတက္က၊ ညှင်းဆဲသတ်ဖြတ်လိုတဲ့ အတွေးကျတော့ ဝိဟိံသာဝိတက္ကတဲ့၊ ဟော အကုသိုလ်တွေနဲ့ ပတ်သက်လာလို့ရှိရင် အတွေးသုံးမျိုး ရှိတယ်တဲ့၊ မကောင်းတဲ့အတွေးတွေ။

အကျဉ်းချုပ်ပြောမယ်ဆိုရင် ဒီအတွေးသုံးခုဟာ လောဘနဲ့တွေးတဲ့အတွေး၊ ဒေါသနဲ့တွေးတဲ့အတွေး၊ ဒီနှစ်ခုပါပဲ၊ လောဘနဲ့ တွေးတယ်၊ ဒေါသနဲ့ တွေးတယ်၊ လောဘနဲ့တွေးရင် ကာမဝိတက်၊ ဒေါသနဲ့တွေးရင် ဗျာပါဒဝိတက်နဲ့ ဝိဟိံသာ- ဝိတက်၊ မှားယွင်းတဲ့အတွေးသုံးမျိုးတဲ့။

အခု ဈာန်မှာပါတဲ့ ဝိတက်ကျတော့ မှားယွင်းတဲ့အတွေး မဟုတ်တော့ဘူး၊ ကောင်းတဲ့ကုသိုလ်နဲ့ယှဉ်တွဲလာတဲ့ အတွေးမျိုးတဲ့၊ ပြောင်းပြန်ပြန်ပြီးတော့ကြည့်- ကာမဂုဏ်အာရုံတွေပေါ်မှာ တွေးနေတဲ့အတွေးကို ကာမဝိတက် ခေါ်တယ်၊ ပြောင်းပြန်ပြန်လိုက်လို့ရှိရင် ကာမဂုဏ်အာရုံတွေကို စွန့်ပယ်လိုတဲ့ အတွေးဆိုတာ လည်း ရှိတယ်နော်၊ ဒီအတွေးတွေက၊ အပျော်အပါးတွေ မလိုက်စားဘဲနဲ့ တရား ရိပ်သာသွားပြီး တရားထိုင်ဦးမယ်ဆိုတဲ့ အတွေးကအစ၊ ဒုလ္လဘရဟန်း ခံလိုက်ဦး မယ်၊ ဘယ်နှစ်ရက် တရားထိုင်ဦးမယ် ဆိုတဲ့အတွေးရှိတယ်၊ ဒါ ကောင်းတဲ့ဘက် တွေးတဲ့အတွေး၊ အဲဒါကျတော့ ဘာခေါ်တုန်းဆိုတော့ နေက္ခမ္မဝိတက်၊ နေက္ခမ္မ ဆိုတာ ခုနက လိုချင်စရာ အာရုံတွေကို တွေးနေတဲ့အတွေး, အဲဒီအတွေးကို ဖျောက်လိုက်တာ၊ လိုချင်စရာအာရုံတွေကို စွန့်လွှတ်တယ်ဆိုတဲ့အတွေးမျိုး တွေးလာ တယ်၊ ဒါ နေက္ခမ္မဝိတက်၊ အလောဘနဲ့တွေးတယ်။

နောက်တစ်ခု အဗျာပါဒဝိတက်၊ မုန်းတဲ့အတွေး ဒေါသနဲ့တွေးတဲ့ အတွေး မတွေးဘဲနဲ့ သည်းခံခြင်း ခွင့်လွှတ်ခြင်း မေတ္တာထားခြင်းဆိုတဲ့အတွေးနဲ့ တွေးတာ၊ အဗျာပါဒဝိတက္က၊ လူတွေမှာ သည်းခံခြင်း ခွင့်လွှတ်ခြင်းဆိုတဲ့ အတွေးတွေရှိတယ်။

နောက် အဝိဟိံသာဝိတက္က၊ လူတစ်ဖက်သားကို ညှင်းဆဲလိုတဲ့စိတ်တွေ မရှိဘူး၊ သနားတယ် ကြင်နာတယ်ဆိုတဲ့ ကရုဏာနဲ့ တွေးတဲ့ အတွေးတွေ၊ “ဪ သနားစရာပဲ၊ ဒုက္ခရောက်နေရှာတယ်” ဆိုတဲ့အတွေးတွေ တွေးတယ်၊ အဝိဟိံသာ- ဝိတက္က။ အဲဒီလို ကောင်းတဲ့ဘက်က သုံးမျိုးရှိတယ်၊ မကောင်းတဲ့ဘက်က သုံးမျိုး ရှိတယ်၊ အားလုံး ၆-မျိုး။

ဒီနေရာမှာ ကောင်းတဲ့ဘက်ကိုတွေးတဲ့ ဝိတက်မျိုးဟာ ဈာန်ရဲ့အာရုံတစ်ခုခု ပေါ်မှာ ရှုမှတ်ပြီး ကျန်တာတွေနဲ့ ပေါင်းမိသွားပြီဆိုရင် ဈာန်အင်္ဂါဖြစ်သွားတယ်၊ သာမန်အနေ နဲ့တော့ ဈာန်အင်္ဂါလို့ ပြောလို့မရဘူး၊ သာမန် တစ်ခုတည်းနေရင် ဝိတက်ကို ဈာန်အင်္ဂါလို့ ပြောလို့မရဘူး၊ ဈာန်အာရုံကို တွေးလာပြီဆိုရင်တော့ ဈာန်အင်္ဂါဘက် ရောက်လာပြီ။

ဈာန်ဆိုတာ ကောင်းတာကိုလည်း စူးစိုက်ပြီးတော့ ရှုတာပဲ၊ ကောင်းတဲ့စိတ် နဲ့လည်း အာရုံကို စူးစိုက်ရှူတာပဲ၊ မကောင်းတဲ့စိတ်နဲ့လည်း အာရုံကို စူးစိုက်ရှူတာပဲ၊ စူးစိုက်ရှုရတာကသာ အဓိကပဲ၊ ဈာန်လို့ဆိုတဲ့အတိုင်း အကုန်လုံးအကောင်းချည်း လို့တော့ မအောက်မေ့လေနဲ့၊ ဒါကြောင့်မို့ ဈာန်အင်္ဂါ ၇-မျိုးပြောတဲ့ထဲမှာ ဒီသမထ ကျင့်စဉ်ကို ကျင့်လို့ရတဲ့ ဈာန်အင်္ဂါက ၅-မျိုး၊ အာရုံကို စူးစိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောတဲ့ ဈာန်အင်္ဂါကျတော့ ၇-ခု ရှိတယ်၊ သတ္တဈာနင်္ဂါနိ၊ ဈာန် အင်္ဂါ ၇-ခုက ဘာတွေတုန်းဆိုတော့ ဝိတက် ဝိစာရ ပီတိ ဧကဂ္ဂတာ သောမနဿ ဒေါမနဿ ဥပေက္ခာတဲ့၊ ဒီထဲမှာ အကုသိုလ်တွေ ပါတယ်၊ ဒေါမနဿဆိုတာ အကုသိုလ်ပဲ၊ ကျန်တာကတော့ ရောနေတယ်။

ဒေါမနဿက အကုသိုလ်စစ်စစ်ပဲ၊ အကုသိုလ်ဈာန်ပဲ၊ ဒေါမနဿဆိုတာ လည်း ကြည့်လေ၊ စိတ်ဆိုးပြီး ဝမ်းနည်းပူပန်မှု ဖြစ်နေပြီဆိုလို့ရှိရင် အာရုံပေါ် တွေးနေတာပဲ၊ အာရုံကိုကပ်၍ ရှုနေတာပဲ၊ အာရုံနဲ့ မပြတ်ဖြစ်နေလို့ ဝမ်းနည်းတာ၊ ဒီအာရုံကို မေ့ပစ်လိုက်ရင် ဝမ်းမနည်းတော့ဘူး၊ ဝမ်းနည်းတယ်ဆိုတာ ဝမ်းနည်းစရာ အာရုံ ပေါ်မှာ ရှုနေလို့ ဝမ်းနည်းတာ ဖြစ်တာ၊ ဒါကြောင့် လူတွေက ဝမ်းနည်းစရာ အာရုံကို မတွေးဘဲနဲ့ မေ့ပစ်တာလည်း ရှိတယ်၊ မူးယစ်ဆေးဝါးအသုံးပြုပြီးတော့ မေ့ပစ်လိုက် တာလည်း ရှိတယ်၊ အိပ်ပစ်လိုက်တာလည်း ရှိတယ်၊ ဟော အိပ်ပျော် သွားမယ်၊ သို့မဟုတ် မူးပြီး တစ်ခုခုဖြစ်သွားမယ်ဆိုရင်လည်း မတွေးတော့ဘူး၊ ဒါကြောင့်မို့ လူတွေက နည်းအမျိုးမျိုးနဲ့ ဖြေဖျောက်နေကြတယ်။

ဈာန်ဆိုသည်မှာ အာရုံကိုကပ်၍ရှုခြင်း လို့ဆိုတဲ့အဓိပ္ပါယ် ရသည့်အတွက်ကြောင့် အခု ဈာနပစ္စယောမှာ ကုသိုလ်နဲ့လည်း ဆိုင်တယ်၊ အကုသိုလ်နဲ့လည်း ဆိုင်တယ်လို့ ဒီလိုမှတ်ရမယ်။

ကဲ ကုသိုလ်နဲ့ ပတ်သက်တာကို အဓိကထားပြီး ပြောမယ်၊ ခုနက နေက္ခမ္မ– ဝိတက္က၊ အဗျာပါဒဝိတက္က၊ အဝိဟိံသာဝိတက္က၊ ဒီသဘာဝတရားဟာ ဈာန်အင်္ဂါထဲ မပါဝင်ခင် စိတ်ကို အာရုံပေါ်မှာ တင်ပေးတဲ့သဘာဝ ရှိတယ်တဲ့၊ ဘာစိတ်ပဲ ဖြစ်ဖြစ် အာရုံပေါ် တင်ပေးတယ်၊ သို့သော် အာရုံတစ်ခုပေါ်မှာ စနစ်တကျလေ့ကျင့်ထားပြီ ဆိုရင်တော့ သူက ဈာနဖြစ်သွားတယ်။

ဝိစာရ

နောက်တစ်ခုက ဝိစာရ၊ ဝိတက်က စိတ်ကို အာရုံပေါ်တင်ပေးလိုက်တာ၊ သူ့တာဝန်က အာရုံပေါ် ထိုးတင်ပေးလိုက်တယ်ဆိုရင် သူ့တာဝန် ပြီးသွားပြီ၊ နောက်ထပ် ဒီတာဝန်ကို ဆက်လက်ယူရတဲ့သဘာဝတရားက ဝိစာရ၊ ဒါကြောင့်မို့ ဝိ ဆိုတာ အဖန်ဖန်အထပ်ထပ်, စာရက လှည့်လည်နေတာ၊ အာရုံပေါ်မှာ စိတ်ဟာ လည်ပတ်နေတယ်၊ ရစ်ဝဲနေတယ်၊ ဝိတက်က တင်ပေးလိုက်တဲ့ အာရုံပေါ်မှာ စိတ် က ရစ်ဝဲနေတာ၊ ဘယ်သူ့စွမ်းအားနဲ့ ရစ်ဝဲနေတာတုန်းဆိုရင် ဝိစာရစွမ်းအားနဲ့၊ ဒါကြောင့်မို့ ဝိစာရကို သုံးသပ်တယ်လို့ဆိုတာ၊ အသိဉာဏ်နဲ့ ပုံသဏ္ဌာန်တော့ သွားတူတယ်၊ ဒါပေမယ့် အသိဉာဏ်နဲ့ ဆင်ခြင်သုံးသပ်တာမျိုး မဟုတ်ဘူး၊ ကောင်းတဲ့အာရုံ မကောင်းတဲ့အာရုံ ဆုံးဖြတ်တာမဟုတ်ဘူး၊ အာရုံပေါ် ရစ်ဝဲနေတာ။

သဘာဝတရားရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်- ဝိတက်က စိတ်ကို အာရုံပေါ် တင်ပေးလိုက်တယ်၊ သူ့ကိစ္စက ပြီးသွားပြီ၊ ဝိစာရက အဲဒီ ဝိတက် တင်ပေးလိုက် တဲ့စိတ်ကို အာရုံမှာ ရစ်ဝဲနေအောင် လုပ်ပေးတယ်၊ စိတ်နဲ့အာရုံ ကွဲမသွားဘူး၊ ဒီသဘောကို ပြောတာ။

ပီတိ

ပီတိက ဝိတက်တင်ပေးထားတဲ့ အာရုံပေါ်မှာ နှစ်ခြိုက်နေတယ်၊ သမထ ကျင့်စဉ်အရ ရလာတဲ့ပီတိက တစ်မျိုးနော်၊ ကာမဂုဏ်အာရုံတွေပေါ်မှာ နှစ်ခြိုက် နေတယ်ဆိုတဲ့ ပီတိက တစ်မျိုး၊ တရားပေါ်မှာ နှစ်ခြိုက်နေတဲ့ပီတိက ဓမ္မပီတိ၊ လောဘဖြစ်ပြီးတော့ ကျေနပ်နေတယ်၊ ကိုယ်လိုချင်တာလေးရလို့ ကျေနပ်နေတယ်၊ လောဘနဲ့ဖြစ်နေတဲ့ ပီတိက တစ်မျိုး၊ အဲဒါက လောဘနဲ့တွဲနေတဲ့ ပီတိ၊ အခု ဈာန် ကျင့်စဉ်မှာပါတဲ့ ပီတိကျတော့ လောဘနဲ့ တွဲထားတဲ့ပီတိ မဟုတ်ဘူးတဲ့၊ သမထရဲ့ အာရုံလေးပေါ်မှာ ကျေနပ်နေတဲ့ပီတိတဲ့။

အချုပ်အားဖြင့် ဝိတက်က စိတ်ကို အာရုံပေါ်တင်ပေးလိုက်တယ်၊ ဝိစာရက အာရုံပေါ်မှာ စိတ်ကို ရစ်ဝဲနေအောင် လုပ်ပေးတယ်၊ ပီတိက ဒီစိတ်ကို အာရုံ ပေါ်မှာ ပျော်နေအောင် လုပ်ပေးတယ်၊ ကြည့် - တင်တော့ တင်ပေးထားတယ်၊ ထိန်းတဲ့လူက မရှိဘူးဆိုရင် ကွာထွက်သွားမှာပဲ၊ အေး တင်ပေးထားလို့ ရောက်နေ ပြီ၊ ထိန်းတဲ့လူက ထိန်းနေတယ်၊ မပျော်ဘူးဆိုလို့ရှိရင်လည်း လစ်သွားမှာပဲ၊ ဒါကြောင့်မို့ ဒီသဘာဝ တရားတွေဟာ တစ်ခုနဲ့တစ်ခုဆက်စပ်ပြီး ဆောင်ရွက်လုပ်ကိုင်နေကြ တယ်ဆိုတဲ့ သဘောက အင်မတန်ထင်ရှားတယ်၊ ဝိတက်က တင်ပေးထားတယ်၊ ဝိစာရက ထိန်းပေးထားတယ်၊ ပီတိက အဲဒီအာရုံပေါ်မှာ ပျော်နေအောင်, နှစ်ခြိုက်နေအောင် လုပ်ပေးထားတယ်။

သုခ ဧကဂ္ဂတာ

သုခဆိုတာ ဒီအာရုံရဲ့အရသာကို ခံစားသိရှိနေတယ်၊ ဧကဂ္ဂတာက အဲဒီ အာရုံပေါ်မှာ စိတ်ငြိမ်ကျနေတယ်၊ အဲဒီငါးခုဟာ တစ်ညီတစ်ညွတ်တည်း ဟန်ချက် ညီညီနဲ့ အာရုံတစ်ခုပေါ်မှာ အလုပ်လုပ်နေပြီဆိုလို့ရှိရင် ဈာနဆိုတာ ဖြစ်တယ်။ ကဲ ဈာနဖြစ်ပုံကို ပိုပြီးတော့ ထင်ရှားနေအောင် ပြောရအောင်၊ ထွက်လေ ဝင်လေပေါ်မှာ ဈာနဘယ်လိုဖြစ်တုန်း၊ သမထကျင့်စဉ်နည်းလမ်းအရ ဆိတ်ငြိမ်ရာ သို့ ကပ်၊ အာနာပါနကျင့်စဉ်ဆိုတာ အင်မတန်မှမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေ ကျင့်တာတဲ့၊ သာမန်ပုဂ္ဂိုလ်တွေ မကျင့်နိုင်ဘူးတဲ့၊ ဘာဖြစ်လို့တုန်းဆိုတော့ ခက်ခဲတယ်တဲ့၊ မြတ်စွာဘုရားအလောင်းတော်ဟာ ဒီအာနာပါနကမ္မဋ္ဌာန်းနဲ့ ဈာန်တွေ ရသွားတယ်၊ နောက်ဆုံး ဝိပဿနာကူးပြီး ဘုရားဖြစ်သွားတာ၊ ဘုရားဖြစ်တဲ့ကမ္မဋ္ဌာန်း ဘာ ကမ္မဋ္ဌာန်းတုန်းလို့ မေးလို့ရှိရင် အာနာပါနကမ္မဋ္ဌာန်းပဲ။

အာနာပါနနဲ့ သမထ

ဒီအာနာပါနကို သမထကျင့်စဉ်နဲ့ ကျင့်မယ်ဆိုရင် အကြမ်းဖျင်းပြောရရင် သမာဓိရလွယ်အောင် ဆိတ်ငြိမ်တဲ့နေရာကိုသွား, တစ်ယောက်တည်းနေ၊ ဆိတ်ငြိမ် တဲ့နေရာသွားခြင်းက အများကြီးအထောက်အကူဖြစ်တယ်၊ ဒါတွေက အခြေအနေ ကောင်းကို ဖန်တီးတယ်လို့ ခေါ် တယ်နော်၊ ဒါတွေကို ပြောလိုက်တာနဲ့ အားလုံးစုပြီး တရားမထိုင်ကောင်းဘူးလို့ပြောတာမဟုတ်ဘူး၊ ဆိတ်ငြိမ်ရာ မဟုတ်ဘဲနဲ့ မြို့ထဲမှာ တရားမထိုင်ကောင်းဘူးလို့ ပြောတာမဟုတ်ဘူးနော်၊ အခြေအနေကောင်းတွေကို ဖန်တီးပေးရတာ။

မြတ်စွာဘုရားက သမထကျင့်စဉ်အရ ကျင့်တော့မယ်ဆိုရင် ညွှန်းထားတာတွေ ရှိတယ်၊ “အရညဂတော ဝါ ရုက္ခမူလဂတော ဝါ”၊ တောထဲဆိုတော့ လူသူ ဝေးတယ်၊ ဒါကြောင့် တောထဲမှာဖြစ်စေ၊ သစ်ပင်ရင်းအောက်ဆိုတာ အရိပ်ကလေး နဲ့ဆိုတော့ ချမ်းသာတယ်၊ ဒါကြောင့်မို့ သစ်ပင်အောက်မှာ ဖြစ်စေ၊ အဲဒီလို မရနိုင် ဘူးဆိုရင် ဘာလဲ “သုညာဂါရဂတော ဝါ” တိတ်ဆိတ်ငြိမ်သက်တဲ့အခန်း အဆောက်အဦးထဲမှာဖြစ်စေ၊ ဟော နေရာရွေးချယ်နည်းကိုပြောတာ၊ ကမ္မဋ္ဌာန်းတရား အားထုတ်တော့မယ် (သို့မဟုတ်) သမာဓိကျင့်စဉ်ကျင့်တော့မယ်ဆိုရင် ဆိတ်ငြိမ်တဲ့ တောထဲသွားပါ၊ သို့မဟုတ် ဆိတ်ငြိမ်တဲ့ သစ်ပင်တစ်ပင်အောက်မှာထိုင်၊ သို့မဟုတ် တိတ်ဆိတ်ငြိမ်သက်တဲ့ သုညာဂါရ ဘယ်သူမှမရှိဘူး၊ ကိုယ်တစ်ယောက်တည်း ရှိတယ်၊ ဘယ်သူမှမရှိတဲ့ အဆောက်အဦး ကမ္မဋ္ဌာန်းကျောင်းထဲမှာ တစ်ယောက်တည်း ထိုင်၊ မြတ်စွာဘုရားက နေရာဌာနကို ဖေါ်ပြလိုက်တာ၊ ကမ္မဋ္ဌာန်းအားထုတ် တော့မယ်ဆိုရင် အဲဒီနေရာတွေကို ရွေးတဲ့။

ရွေးပြီးတဲ့အခါမှာ ဘာလုပ်ရမလဲ၊ “ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ”၊ တင်ပျဉ်ခွေထိုင်လိုက်တဲ့၊ အမျိုးသားတွေကျတော့ တင်ပျဉ်ခွေထိုင်၊ အမျိုးသမီးတွေ ကျတော့ ဒူးတုတ်ထိုင်တဲ့ပုံစံမျိုးနဲ့ ထိုင်၊

ပလ္လင်္ကံ အာဘုဇိတွာ၊ ဘာဖြစ်လို့ ဒီလိုထိုင်တာတုန်းဆို ထိုင်ခြင်းဣရိယာပုထ်က မြဲမြံစေတယ်၊ သိပ်လည်း အားမစိုက်ရတဲ့ ထိုင်နည်းမျိုး၊ အဲဒီလိုနည်းမျိုး၊

ဥဇုံ ကာယံ ပဏိဓာယ၊ ခန္ဓာကိုယ် ကို ဖြောင့်ဖြောင့်ထားလို့ ဆိုတာ၊ ပေါင်တို့ ဒူးတို့က ဖြောင့်ဖြောင့်ထားလို့ ဘယ်ရ မလဲ၊ ဒါကြောင့်မို့လို့ ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့် ထားလို့ဆိုတာ၊ ခါးကနေ အထက်ကို ဖြောင့်ဖြောင့်ထားလို့ ဆိုလိုတာ၊

ဥဇုံ ကာယံ ပဏိဓာယ၊ ခါးအထက် ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထားတဲ့၊ ခေါင်းကြီး ကိုလည်း ငိုက်မနေနဲ့၊ စောင်းလည်းမနေနဲ့၊ တည့်တည့်မတ်မတ်လေး ထိုင်လို့။

အဲဒီလို ဘာဖြစ်လို့ ထိုင်ခိုင်းတာတုန်းဆိုရင် အခြေအနေကောင်းတွေကို ဖန်တီးပေးဖို့၊ အကယ်၍ ခါးကို ကုန်းပြီးထိုင်မယ်ဆိုရင် ကိုယ့်ဟာကိုယ် စမ်းကြည့်၊ ကျောရိုးတွေမှာ အဆစ်ကလေးတွေ ရှိတယ်၊ အရိုးအဆစ်ကလေးတွေ ပေါင်းထားတာ၊ စောင်းပြီးတော့ ထိုင်ရင် ခါးကုန်းပြီးထိုင်ရင် အဲဒီအရိုးအဆစ် ကလေးတွေက အာရုံကြောတွေကို သွားဖိနေတတ်တယ်၊ တည့်တည့်မထိုင်မိလို့ ဆန့်ဆန့် မထိုင်မိ လို့ရှိရင် ဖိတတ်တယ်၊ ဖိနေပြီဆိုရင် ဘာဖြစ်လဲ၊ ခါးကိုက် တာတို့ ကျောအောင့် တာတို့ဆိုတဲ့ ဝေဒနာတွေ ဖြစ်လာတယ်၊ အဲဒါကြောင့် အဲဒီ ဝေဒနာတွေ မပေါ် ရအောင်လို့ ဆန့်ဆန့်ကလေး ထိုင်ပါလို့ပြောတာ။

ဆန့်ဆန့်ကလေးထိုင်ပြီး “ပရိမုခံ သတိံ ဥပဋ္ဌပေတွာ”၊ သတိဆိုတဲ့တရား ကိုနော် အာရုံဘက်ကို ဦးလှည့်ပြီးထားလိုက်၊ ဆိုလိုတာက ထွက်လေဝင်လေပေါ်မှာ သတိ ထားလိုက်လို့ ပြောတာ၊ ထွက်လေဝင်လေပေါ်မှာ သတိထားပါ၊ သတိ ထားပြီးတဲ့အခါ၊

“သတောဝ အဿသတိ၊ သတောဝ ပဿသတိ” ဆိုတဲ့အတိုင်း သတိထားပြီးတော့ ဝင်လေထွက်လေကို မှတ်ပါတဲ့၊ ထွက်နေတယ် ဝင်နေတယ် ဆိုတဲ့ သဘာဝတွေကို သိအောင် ကြိုးစားပါတဲ့။

ဒီတော့ ပထမ သမာဓိကျင့်စဉ်ကျင့်မယ်ဆိုလို့ရှိရင် ထွက်လေဝင်လေကို အာရုံပြုပြီးတော့ စိတ်ဟာ ငြိမ်လာလိမ့်မယ်၊ စိတ်ဟာ ထွက်လေဝင်လေပေါ်မှာ အတော်ငြိမ်လာပြီဆိုလို့ရှိရင် ပထမစပြီး ရနေတဲ့ သမာဓိကို ပရိကမ္မသမာဓိလို့ ခေါ်တယ်၊ စိတ်ကလေးငြိမ်နေအောင် စပြီး လုပ်နေပြီ၊ စိတ်ကလေး အတော်ငြိမ် လာပြီဆိုတဲ့အခါကျလို့ရှိရင် အာရုံဟာ ထင်ထင်ရှားရှား ပိုဖြစ်လာတယ်၊ နှာသီးဖျား တိုက်တိုက်ပြီး ထွက်သွားဝင်သွားတဲ့ ထွက်လေဝင်လေ ထင်ထင်ရှားရှားဖြစ်လာ တယ်၊ နောက်ကျတော့ အဲဒီလေက အသွင်ပြောင်းသွားတယ်၊ လူ ရဲ့အသိစိတ်ထဲ မှာ ဘာဖြစ်လာတုန်းဆိုရင် မိမိနှာခေါင်းထဲက အလင်းတန်းလေး ထွက်နေတာလို ထင်လာတယ်၊ ဒါ နိမိတ်လို့ ခေါ် တယ်ပေါ့၊ အလင်းတန်းလေး ထွက်နေတာ မြင်ရ တာမျိုး၊ သို့မဟုတ် ပုတီးလုံးလေးတွေ နှာခေါင်းထဲက ထွက်နေတာမျိုး၊ နောက် မီးခိုးတန်းလေးတွေ နှာခေါင်းထဲက ထွက်နေတာမျိုး၊ ဆေးလိပ်သောက်တဲ့လူတွေ နှာခေါင်းထဲကနေပြီးတော့ မီးခိုးထုတ်သလို ထွက်လေဝင်လေဟာ အဲဒီလို မီးခိုး တန်းကလေးလို စိတ်ထဲမှာ မြင်ယောင်လာတယ်၊ အဲဒါဟာ အာရုံနိမိတ်တွေ ပေါ်လာတာ၊ ပဋိဘာဂနိမိတ်လို့ ခေါ်တယ်။

တကယ်တော့ အဲဒီအာရုံဟာ စိတ်ထဲမှာထင်လာတဲ့ အမှတ်သညာကြောင့် ဖြစ်တဲ့အာရုံမျှသာ ဖြစ်တယ်ပေါ့၊ တစ်ယောက်နဲ့ တစ်ယောက် မတူဘူး၊ ဘာကြောင့် မတူတုန်းဆိုရင် အမှတ်သညာချင်းက မတူသည့်အတွက်ကြောင့် တစ်ယောက်နဲ့ တစ်ယောက်ဟာ ပေါ်လာတဲ့အာရုံချင်း မတူဘဲ ဖြစ်သွားတယ်။

ပထမဈာန် 🧘

အဲဒီပေါ်လာတဲ့အာရုံပေါ်မှာ စိတ် အမြဲရောက်နေအောင် ပို့တင်ထားပေး
တာက ဝိတက်၊ အဲဒီနိမိတ်အာရုံနဲ့စိတ်နဲ့ ကွာမသွားအောင် ထိန်းပေးထားတာက ဝိစာရ၊
အဲဒီနိမိတ်အာရုံပေါ်မှာ စိတ်ကျေနပ်နေအောင် လုပ်ပေးထားတာက ပီတိ၊ အဲဒီအာရုံပေါ်မှာ
ကျေနပ်ပြီးတော့ နှစ်သက်သဘောကျနေတာက သုခ၊ အဲဒီ နိမိတ်အာရုံလေးပေါ်မှာ စိတ်ကလေး
ငြိမ်နေတာက ဧကဂ္ဂတာတဲ့၊ ဟောဒီသဘာဝတရားငါးခုဟာ ဟန်ချက်ညီညီနဲ့ နိမိတ်အာရုံပေါ်မှာ
အလုပ်လုပ်လာပြီ၊ ဟန်ချက်ညီသွားပြီ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီဈာန်အင်္ဂါငါးပါးနဲ့
ဖွဲ့စည်းထားတဲ့ ပထမဈာန် ပထမအဆင့်ကို ဒီပုဂ္ဂိုလ်ဟာ ရောက်ရှိသွားပြီ၊ ပထမဈာန် ရသွားပြီလို့
ဒီလို ပြောတာနော်။

ကြည့် - ပထမဈာန်ရသွားတဲ့အခါမှာ ဒီသဘာဝတရားငါးခုဟာ ဒီအာရုံနဲ့ အလုပ်လုပ်နေကြတယ်၊
ပထမအကြိမ် ရထားတဲ့အချိန်လေးမှာ ဖြတ်ခနဲရသွားတာ၊ တစ်ညီတည်းဖြစ်သွားတယ်၊
အင်အားကောင်းတဲ့ရှုမှတ်မှုလေးဟာ ဖြတ်ခနဲဖြစ်သွားပြီးနောက် သာမန်အနေအထားဘက်
ရောက်သွားတယ်၊ အဲဒီအချိန်မှာ ထပ်ပြီးတော့ ကြိုးစားတယ်၊ အကြိမ်ကြိမ်လုပ်တဲ့အခါကျတော့
ကိုယ်ကြိုက်သလောက် အချိန်ပိုင်းတစ်ခုလုံးထိအောင် ဟောဒီသဘာဝတရားတွေဟာ
ထိုအာရုံပေါ်မှာ စိတ်ကို စွမ်းဆောင်ထားနိုင်တယ်တဲ့။

ဝိတက်က အာရုံပေါ် စိတ်ကိုတင်ပေးလိုက်တယ်၊ ဝိစာရက အာရုံနဲ့စိတ် ကွာမသွားအောင်
ထိန်းပေးတယ်၊ ပီတိက စိတ်ကို အာရုံပေါ်မှာ ပျော်နေအောင် လုပ်ပေးထားတယ်၊ သုခက စိတ်ကို
အာရုံပေါ်မှာ ကျေနပ်နေအောင် လုပ်ပေးထားတယ်၊ ဧကဂ္ဂတာက စိတ်ကို ဒီအာရုံတစ်ခုတည်းက
လွဲလို့ တခြားရောက်မသွားအောင် ထိန်းပေးထားတယ်၊ ဒီသဘာဝတရားငါးခုဟာ စုပေါင်းပြီးတော့
အဲဒီနိမိတ်လို့ဆိုတဲ့ ဈာန်ရဲ့အာရုံပေါ်မှာ တည်ငြိမ်ပြီးတော့ သွားတာ၊ အဲဒါဟာ ပထမအဆင့်
ပထမဈာန် ရသွားတာလို့ ပြောတယ်။

ဒုတိယဈာန် 🧘

ပထမဈာန်ရသွားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ပထမဈာန်ကို အကြိမ်ကြိမ် ဝင်စား၊ အကြိမ်ကြိမ်ဝင်စား
တဲ့အခါမှာ နောက်ပိုင်းကျလို့ရှိရင် အာရုံပေါ်မှာ စိတ်တင်ပေးစရာ မလိုလောက်အောင် ဖြစ်လာတယ်၊
ဝိတက်က တင်တင်ပေးနေရတာကို သူ့စိတ်ထဲမှာ ကျေနပ်မှု မရှိဘူး၊ ဒီတော့ သမာဓိတွေကို
စွမ်းအားတိုးမြှင့်လိုက်တဲ့အခါကျတော့ ဝိတက်က စိတ်ကို အာရုံပေါ်တင်ရခြင်း မရှိဘဲနဲ့ ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ - ဒီလေးခုနဲ့တင် သူက စွမ်းဆောင်နိုင်သွားပြီဆိုရင် ဒါ ဈာန်ရဲ့ ဒုတိယအဆင့်လို့ ပြောတယ်။

တတိယဈာန် 🧘

တစ်ခါ တရားအားထုတ်တဲ့ပုဂ္ဂိုလ်က အကြိမ်ကြိမ် ဝင်စားနေတဲ့အခါ နောက်ပိုင်း ဝိစာရက အာရုံနဲ့
စိတ်နဲ့ ကွာမသွားအောင် ထိန်းပေးနေရတာကို အလုပ်ကြီးတစ်ခုဖြစ်လို့ မကျေနပ်တော့ဘူး၊
မကျေနပ်သည့်အတွက်ကြောင့် သမာဓိစွမ်းအားတွေ မြှင့်တင်လိုက်တဲ့အခါမှာ သုံးမျိုးပဲရှိတော့တယ်၊
အာရုံပေါ်မှာ ကျေနပ်နေတဲ့ ပီတိ, နှစ်ခြိုက်နေတဲ့ သုခနဲ့ တည်ငြိမ်နေတဲ့ ဧကဂ္ဂတာ၊ ဒီသုံးခုနဲ့တင်
ရပ်တည်သွားနိုင်လို့ရှိရင် ဒါ တတိယဈာန်အဆင့်၊ ဒီလို တစ်ခုချင်း တိုးလာတာ။

စတုတ္ထဈာန် 🧘

နောက် စတုတ္ထဈာန်အဆင့် ရောက်တဲ့အခါကျတော့ နှစ်ခြိုက်နေတဲ့ ပျော်မွေ့နေတဲ့ ပီတိကို
မလိုချင်တော့ဘူး၊ မလိုချင်တဲ့အတွက်ကြောင့် သုခဆိုတဲ့ သဘောကျနေတာရယ်၊ ဧကဂ္ဂတာဆိုတဲ့
တည်ငြိမ်နေတာရယ် ဒီနှစ်ခုတည်းနဲ့ ရပ်တည်နေအောင် ကြိုးစားလိုက်ပြီး အာရုံကို ရှုမှတ်နိုင်သွားပြီ
ဆိုတဲ့အခါကျတော့ စတုတ္ထဈာန်အဆင့် ရောက်သွားတယ်။

ပဉ္စမဈာန် 🧘

အဲဒီကနေ ထပ်ပြီးတော့ တိုးမြှင့်လိုက်တဲ့အခါ ဘာဖြစ်တုန်း၊ အာရုံပေါ်မှာ သဘောကျ ကျေနပ်နေတယ်
ဆိုတဲ့ ခံစားနေတဲ့ သုခဆိုတာပါ .. ဖယ်ရှားပစ်လိုက်တယ်၊ ဒါလည်း လှုပ်ရှားမှုတစ်ခုပဲ၊
သမာဓိစွမ်းအားကို အန္တရာယ်ပြုနေတဲ့အရာလို့ မြင်လာသည့်အတွက်ကြောင့် အာရုံပေါ်မှာ
နှစ်ခြိုက်နေတဲ့ ခံစားနေတဲ့ သုခဝေဒနာကို ဖယ်ရှားပစ်လိုက်တဲ့အခါ (ဝေဒနာဆိုတာ လုံးဝဖယ်ရှားလို့
မရဘူး၊) မထင်ရှားတဲ့ ခံစားမှု ဥပေက္ခာဝေဒနာဆိုတာ ဖြစ်လာတယ်၊ သမာဓိစွမ်းအားမြှင့်လိုက်တာနဲ့
တစ်ပြိုင်နက် သုခကနေပြီးတော့ ဥပေက္ခာဝေဒနာအဆင့်ရောက်သွားပြီး ဥပေက္ခာနဲ့ ဧကဂ္ဂတာ -
အာရုံပေါ်မှာ ခံစားမှုမထင်ရှားတာရယ် တည်ငြိမ်နေတာရယ်၊ အဲဒီနှစ်ခုတည်းနဲ့ ဖွဲ့စည်းထားတဲ့
ပဉ္စမဈာန်ဆိုတဲ့အဆင့်ကို ရောက်သွားပါတယ်တဲ့၊ ဒါ သမထကျင့်စဉ်ကသွားတဲ့ ဈာန်တရားအကြောင်း
ပြောတာ။

ဒီတော့ ဈာန်အင်္ဂါဆိုတာ နောက်ဆုံးအဆင့်မှာ ဥပေက္ခာနဲ့ ဧကဂ္ဂတာ၊ ဒီနှစ်ခုနဲ့ ဖွဲ့စည်းထားတာ၊
ဥပေက္ခာနဲ့ ဧကဂ္ဂတာကို ထပ်လျှော့လို့ မရတော့ဘူး၊ အဲဒါကြောင့် ရှေ့ကိုဆက်သွားချင်လို့ရှိရင်
အာရုံပြောင်းတဲ့ နည်းစနစ်တွေနဲ့ သွားတယ်၊ အာရုံပြောင်းတဲ့ နည်းစနစ်တွေနဲ့ သွားလိုက်တဲ့အခါ
အရူပဈာန် အဆင့်ဆင့် တက်သွားတယ်၊ ဒါတွေက ဈာန်ကျင့်စဉ်အနေနဲ့ ဒီလို သွားတာပေါ့။

အဲဒီဈာန်တွေရော ရည်ညွှန်းပြီးတော့ ဈာနပစ္စယောလို့ မြတ်စွာဘုရားက ဟောတာ ဖြစ်ပါတယ်၊
အဲဒီဈာန်အင်္ဂါထဲမှာ ပါဝင်တဲ့ သဘာဝတရားတွေ ဝိတက် ဝိစာရ ပီတိ ဝေဒနာ, နောက် အကုသိုလ်
စိတ်တွေမှာဖြစ်တဲ့ ဒေါမနဿတို့၊ သောမနဿတို့၊ ဥပေက္ခာတို့၊ အဲဒီဝေဒနာတွေရယ်၊ အာရုံတစ်ခု
တည်းပေါ်မှာ ငြိမ်သွားတဲ့ ဧကဂ္ဂတာ၊ အဲဒီဈာန်အင်္ဂါငါးပါး၊ အဲဒီဈာန်အင်္ဂါငါးပါးသည် တစ်ညီတည်း
စွမ်းဆောင်နိုင်ပြီဆိုရင် မိမိတို့နဲ့ယှဉ်တွဲလာတဲ့ သဘာဝတရားတွေကို အားလုံး အာရုံပေါ်မှာ
စူးစိုက်သွားအောင် သူတို့က စွမ်းဆောင်ပေးထားတာလို့ ပြောလိုတာ၊ ဈာနပစ္စည်းဆိုတာ
ဒီတရားငါးခုက ကျန်တဲ့, သူတို့နဲ့ယှဉ်တဲ့ သဘာဝတရားတွေ အားလုံးကို ဟောဒီအာရုံတစ်ခုပေါ်မှာ
စူးစိုက်ကျသွားအောင် စွမ်းရည်သတ္တိတွေ ရသွားအောင် စွမ်းဆောင်ပေးနိုင်တဲ့ ကျေးဇူးပြုထားတဲ့
သတ္တိပဲ။

ဒါကြောင့်မို့ ပဋ္ဌာန်းပါဠိတော်မှာ -
“ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန ပစ္စယော”။

ဈာနင်္ဂါနိ - ဝိတက် ဝိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာလို့ဆိုတဲ့ ဈာန်တရားငါးပါးတို့သည်၊
ဈာနသမ္ပယုတ္တကာနံ – ဈာန်နှင့်ယှဉ်တွဲ၍ ဖြစ်ကြကုန်သော စိတ် စေတသိက် တရားတို့အားလည်းကောင်း၊
တံ သမုဋ္ဌာနာနံ - ထိုစိတ်စေတသိက် တံ တရားတို့ကြောင့် ဖြစ်ပေါ်လာသော၊
ရူပါနဉ္စ – ရုပ်တရားတို့အားလည်းကောင်း၊
ဈာနပစ္စယေန - ဈာနပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါ ပေတော့၏။

ဒါဖြင့် ဘယ်လိုကျေးဇူးပြုတာတုန်းဆိုတော့ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဆိုတဲ့
သဘာဝတရားတွေဟာ အာရုံနိမိတ်ကို စူးစိုက်ပြီးရှုတာ၊ သူတို့ရသလို သူတို့နဲ့ယှဉ်ဖြစ်လာတဲ့
သဘာဝတရားအားလုံးကိုလည်း စူးစိုက်ပြီးရှူအောင် သူတို့က စွမ်းဆောင်ပေးတယ်လို့ ပြောတာ၊
အားလုံး သူတို့လုပ်သလို လိုက်လုပ်စေတယ်လို့ ဒါပြောတာနော်၊ ဈာန်မှာယှဉ်တဲ့ ကျန်တဲ့စိတ်တွေ
စေတသိက်တွေ အားလုံးဟာ ဒီအာရုံတစ်ခုတည်းပေါ်မှာ စူးစိုက်ပြီးတော့ ကျသွားတယ်၊ ကပ်ပြီးတော့
ရှုအောင် စွမ်းဆောင်ပေးတယ်၊ ဒါကြောင့် တစ်ခုတည်းလို ဖြစ်သွားတာ သူတို့ရဲ့စွမ်းဆောင်ချက်ပဲ၊
တကယ်ကတော့ ဈာန်လို့ခေါ်တာ ဒီငါးခုအပေါင်းကိုပဲ ခေါ်တယ်၊ အဲဒီငါးခုအပေါင်းသည် သူတို့ချည်း
သက်သက် ရပ်တည်မှု မရှိဘူး၊ ကျန်တဲ့ သူတို့နဲ့ယှဉ်ဘက်တွေ စိတ်စေတသိက်တွေနဲ့ အတူဖြစ်တာ၊
အဲဒါတွေပါ ဒီအာရုံကို စူးစိုက်အောင် အာရုံကိုစူးစိုက်ပြီး ရှုမှတ်နေအောင် ဒီသဘာဝတရားတွေက
စွမ်းအားတွေ ပေးတယ်တဲ့၊ အဲဒါကို ဈာနပစ္စယောတဲ့၊ အာရုံကို စူးစိုက်ပြီးတော့ ရှူစေတယ်။

ဒါတင် မကဘူး အဲဒီဈာန်စိတ်တွေကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေဟာလည်း (ရုပ်ဆိုတာက အာရုံကို
ရှုနိုင်စွမ်း မရှိဘူး) ရှုနိုင်စွမ်းမရှိတဲ့ ရုပ်တွေကိုလည်း စူးစိုက်မှုရဲ့အနေအထားအတိုင်း ဖြစ်ပေါ်လာအောင်,
ဈာန်ကြောင့်ဖြစ်တဲ့ရုပ်တွေကလည်း စူးစိုက်နေဘိသကဲ့သို့ ငြိမ်သက်သွားအောင် ဟောဒီဈာန်အင်္ဂါ
တရားတွေက စွမ်းဆောင်မှုပေးတယ်တဲ့၊ ငြိမ်သက်တဲ့စိတ်ကထုတ်တဲ့ ရုပ်ဟာလည်းပဲ ငြိမ်သက်တဲ့
ရုပ်ပဲဖြစ်မှာပေါ့၊ အဲဒီလို စွမ်းဆောင်ပေးတာက ဈာနသတ္တိနဲ့ စွမ်းဆောင်ပေးတာ၊ ဒီလိုဆိုတယ်၊
အဲဒီသဘောတရားတွေဟာ အားလုံး အာရုံကို စူးစိုက်စေတတ်တဲ့ သဘာဝတရားတွေချည်းပဲ။

ဒီနေရာမှာ ဒွေပဉ္စဝိညာဏ်-၁ဝ နဲ့ ပတ်သက်ပြီးတော့ ပြောရအောင်၊ ဒါကတော့ အဘိဓမ္မာသင်ဖူးတဲ့
ပုဂ္ဂိုလ်တွေ သဘောကျဖို့ပါ၊ သဘာဝတရားတွေက အာရုံကို စူးစိုက်ပြီးတော့ ဖြစ်တယ်ဆိုတဲ့နေရာမှာ
စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ်လို့ဆိုတဲ့
ဒီဒွေပဉ္စဝိညာဏ်-၁၀ မှာ ယှဉ်တဲ့ ဥပေက္ခာဝေဒနာ သုခဝေဒနာ ဒုက္ခဝေဒနာတို့ ဆိုတာ ရှိတယ်၊
ရှင်းအောင် ပြောရရင် စက္ခုဝိညာဏ် မြင်သိစိတ်၊ သောတဝိညာဏ် ကြားသိစိတ်၊ ယာနဝိညာဏ် နံသိစိတ်၊
ဇိဝှါဝိညာဏ် လျက်သိစိတ်ဆိုတဲ့ ဒီစိတ်တွေက ဥပေက္ခာဝေဒနာနဲ့ ယှဉ်တယ်၊ ကုသိုလ်ရဲ့အကျိုးဖြစ်တဲ့
ကာယဝိညာဏ်စိတ်က သုခဝေဒနာနဲ့ ယှဉ်တယ်၊ အကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ ကာယဝိညာဏ်စိတ်က
ဒုက္ခဝေဒနာနဲ့ ယှဉ်တယ်၊ အဲဒီလို အသီးသီးယှဉ်တဲ့ ဥပေက္ခာဝေဒနာ သုခဝေဒနာ ဒုက္ခဝေဒနာတို့ကိုရော
အာရုံစူးစိုက်ပြီးတော့ စူးစိုက်တဲ့ဝေဒနာအဖြစ် မှတ်ရမလားလို့ မေးစရာရှိတယ်။

ဒွေပဉ္စဝိညာဏ်-၁၀ မှာယှဉ်တဲ့ သုခ ဒုက္ခ ဥပေက္ခာ ဝေဒနာတွေကျတော့ စူးစိုက်ရှူနိုင်တယ်
ဆိုတဲ့ စွမ်းရည်သတ္တိ မရှိဘူးတဲ့၊ အဲဒါကြောင့်မို့ အဲဒါတွေ ဈာနပစ္စည်းထဲမှာ မပါဘူးလို့ ပြောတာ၊
ဒါက ပဋ္ဌာန်းသင်တဲ့ပုဂ္ဂိုလ်တွေက ဒါ မှတ်ထားရမှာ၊ ဘာဖြစ်လို့တုန်းဆိုတော့ သူတို့မှာရှိတဲ့
ဝေဒနာတွေဟာ စူးစိုက်နိုင်လောက်အောင် အင်အားမရှိသည့်အတွက်ကြောင့် ဈာနလို့ခေါ်လို့မရဘူးတဲ့၊
ဒီလိုပြောတာနော်၊ ဈာန်အင်္ဂါ မဖြစ်ဘူးတဲ့။

သမထဈာန်နှင့် သာမန်ဈာန ✨

ဒီတော့ ဒီနေရာမှာ ဈာနပစ္စည်းဟာ ခုနက သမထကမ္မဋ္ဌာန်းကျင့်စဉ်နဲ့ အောင်မြင်ပုံတစ်ခုကိုသာ
ပြောပြတာ၊ သာမန်နေ့စဉ်ဘဝမှာ အာရုံကို စူးစိုက်ပြီးတော့ ရှုနေတာတွေ ရှိတယ်၊ အတွေးနဲ့လည်း ရှုတယ်၊
စိတ်ကူးကြံစည်နေတာနဲ့လည်း ရှုတယ်၊ နှစ်ခြိုက်နေတာတွေနဲ့လည်း ရှုတယ်၊ သာမန်အာရုံတွေပေါ်မှာပဲ
ဈာနဆိုတာ ဖြစ်နေတာပဲ။

ဒါကြောင့်မို့လို့ မှတ်ရမှာကတော့ ဈာနပစ္စယောဆိုတာ သမထကျင့်စဉ်ဖြင့် ရလာတဲ့ ဈာန်တရားကိုသာ
ဟောတာ မဟုတ်ဘူး၊ ဈာနပစ္စယောဆိုတာ အကုသိုလ်စိတ်နဲ့ယှဉ်တဲ့ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ
တို့ကိုပါ ဈာနပစ္စယောလို့ ဟောလိုပါတယ်တဲ့၊ ခုနက ပြောတာတွေက သမထကျင့်စဉ်တစ်ခုကနေ ရလာတဲ့
ဈာန်ကို ပြောပြတာ၊ သာမန်ကျတော့ ကျင့်စရာမလိုဘဲနဲ့ အာရုံတစ်ခုပေါ်မှာ စူးစိုက်ပြီးတော့ ကြံတွေးနေတာတွေ
စိတ်ကူးနေတာတွေ နှစ်ခြိုက်နေတာတွေ သဘောကျနေတာတွေ တည်ငြိမ်နေတာတွေ၊ ဒါတွေလည်း ဖြစ်တာပဲ၊
အဲဒါတွေဟာလည်း အာရုံကိုရနေတာ ဖြစ်သောကြောင့် သူတို့ကိုလည်း ဈာနလို့ ခေါ်တယ်တဲ့။

အဲဒီတော့ ဈာနပစ္စယောဆိုတာ ဒီသဘာဝတရား ၅-ခုသည် ပေါင်းမိသွားလို့ရှိရင် သူတို့နဲ့ ယှဉ်ဖော်
ယှဉ်ဖက်တွေကို အာရုံကို စူးစိုက်စေတတ်တဲ့ ဈာနဆိုတဲ့ သတ္တိကို ပေးနိုင်တယ်ဆိုတာကို အကြောင်းပြုပြီးတော့
မြတ်စွာဘုရားက ဈာနပစ္စယောလို့ ဟောတာပါ၊ အာရုံကို စူးစိုက်ပြီး စေပြီးတော့ ကျေးဇူးပြုတတ်တဲ့
အကြောင်းတရားရဲ့ စွမ်းရည်သတ္တိဖြစ်လို့ ဈာနပစ္စည်းရဲ့သတ္တိထူးအဖြစ် မြတ်စွာဘုရားက ဟောလိုရင်း ဖြစ်ပါတယ်။

ဒီတော့ ဈာနပစ္စယောဆိုတာ သမထဈာန်နဲ့ သာမန်အတွေးတွေမှာရှိတဲ့ ကြံတွေးမှုတွေ၊ အဲဒါတွေ အားလုံးကို
ဒီနေရာမှာ ဈာနပစ္စယောလို့ ဟောတယ်လို့ ဒီလိုမှတ်ဖို့ လိုအပ်ပါတယ်တဲ့နော်။

ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့၊ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ
လို့ဆိုတဲ့ ကောင်းဆိုးနှစ်တန် ရောပြီးတော့နေတဲ့ ဒီသဘာဝတရားတွေဟာ မကောင်းတဲ့စိတ်တွေနဲ့ ရောရင်လည်း
မကောင်းတဲ့အတွေးတွေနဲ့ ကြံတွေးပြီး အာရုံကို ရှုမှတ်နေကြမှာဖြစ်တယ်၊ ကောင်းတဲ့အတွေးတွေနဲ့ ပေါင်းစပ်
လာတဲ့အခါကျလို့ရှိရင်လည်း ကောင်းတဲ့အာရုံပေါ်မှာ ကောင်းတဲ့အတွေးတွေနဲ့ ရှုမှတ်နေတဲ့ အဆင့်မြင်တဲ့
ဈာန်တရားမျိုး ဖြစ်လာမှာ ဖြစ်တယ်၊ ကောင်းတာပဲ ဖြစ်ဖြစ်, ဆိုးတာပဲဖြစ်ဖြစ် ဈာနဆိုတာ အာရုံကိုရှုမှတ်ခြင်းကို
ဆိုလိုတယ်ဆိုတာကို မှတ်ဖို့ လိုပါတယ်။

တရားချစ်ခင်သူတော်စင်ပရိသတ်တို့သည် မိမိတို့သန္တာန်မှာဖြစ်တဲ့ ဝိတက် ဝိစာရ ပီတိ ဧကဂ္ဂတာ ဝေဒနာ
လို့ဆိုတဲ့ ဒီသဘာဝတရားတွေဟာ ပေါင်းစပ်မိသွားလို့ရှိရင် ကြံတွေးခြင်းဆိုတဲ့ စွမ်းရည်သတ္တိတွေကို တိုးမြှင့်စေတတ်တယ်၊
မကောင်းတာတွေနဲ့ ပေါင်းမိသွားလို့ရှိရင် မကောင်းတဲ့ဘက် ကြံတွေးမှုတွေ ပိုများလာနိုင်တယ်၊

ဒါကြောင့်မို့လို့ ကောင်းတဲ့ဘက်ကို ကြံတွေးမိအောင် ကောင်းမြတ်တဲ့အာရုံတွေနဲ့ အမြဲတမ်း ယှဉ်တွဲပြီးတော့
စိတ်ကောင်းနှလုံးကောင်းဖြင့် ဟောဒီ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာတို့ရဲ့ စွမ်းရည်သတ္တိကို တိုးမြှင့်မှ
တို့တတွေ လမ်းမှန်ပေါ် ရောက်မှာပဲ လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီးတော့ ဈာနပစ္စယောဆိုတာကိုကြည့်ပြီး
ကောင်းမြတ်တဲ့ ဈာန်တရားတွေ မိမိတို့သန္တာန်မှာဖြစ်ပွားအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၁၅)

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တော်သလင်း လပြည့်ကျော် ၄-ရက်၊
(၇-၉-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ်
ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ်
မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင်
မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

မဂ္ဂပစ္စယော 🛣️

မဂ္ဂဆိုတာ သာမန်အားဖြင့် လမ်းကြောင်းလို့ အဓိပ္ပါယ်ရတယ်၊ လူတွေ လျှောက်လှမ်းစရာ လမ်းကြောင်း၊
ယာဉ်တွေ သွားစရာလမ်းကြောင်း၊ တစ်စုံတစ်ခုဘက်ကို ဦးတည်ပြီး သွားနေတဲ့ လမ်းကြောင်းမှန်သမျှကို
“မဂ္ဂ” လို့ ခေါ်တယ်၊ မဂ္ဂပစ္စယောဆိုတဲ့နေရာမှာ မဂ္ဂ ဟာ မဂ် ဖိုလ် နိဗ္ဗာန်လမ်းနဲ့သာ သက်ဆိုင်တာ မဟုတ်ဘူး၊
ငရဲသွားတဲ့လမ်းကြောင်းကိုလည်း မဂ္ဂ လို့ ခေါ်တာပဲ၊ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးဘုံ
သွားတဲ့ လမ်းကြောင်း၊ အကုသိုလ်ဖြစ်စရာ လမ်းကြောင်းကိုလည်းပဲ မဂ္ဂလို့ ခေါ်တာပဲ၊ ဒီတော့ မဂ် ဖိုလ်
ဆိုတာမှာပါတဲ့ မဂ္ဂထက် မဂ္ဂပစ္စယော မဂ္ဂက ပိုပြီးတော့ အဓိပ္ပါယ်ကျယ်ပြန့်တယ်လို့ ဒီလို မှတ်ရမယ်၊
ဒါက ရှေးဦးစွာ မှတ်ထားရမယ်။

မဂ္ဂဆိုတာ လမ်းကြောင်းပဲ၊ ဥပမာ - သမထကျင့်စဉ်ကျင့်လို့ ဈာန်ရလာတယ်ဆိုရင် အဲဒီဈာန်တရားဟာ
ဗြဟ္မာ့ပြည်သွားဖို့ လမ်းကြောင်းပဲ၊ အဲဒါကိုလည်း မဂ္ဂလို့ပဲ သုံးတာပဲ၊ ဒါနကောင်းမှု သီလကောင်းမှု
ဘာဝနာကောင်းမှု၊ ဒီကောင်းမှုတွေဟာ နတ်ပြည်ရောက်ကြောင်း (သို့မဟုတ်) သုဂတိဘုံရောက်ကြောင်း
လမ်းကြောင်းသဖွယ် ဖြစ်လို့ ဒီကုသိုလ်တွေကိုလည်း မဂ္ဂလို့ပဲ ခေါ်တာပဲ၊ ဒီတော့ မဂ္ဂဆိုတာ တစ်စုံတစ်ခုသော
အရပ်သို့ ဦးတည်ပြီးသွားနေတဲ့ လမ်းကြောင်း မှန်သမျှဟာ ဒီနေရာမှာ မဂ္ဂပစ္စယောလို့၊ လမ်းကြောင်းပမာ
ကျေးဇူးပြုတတ်တဲ့ သဘာဝတရားတဲ့။

မဂ္ဂင်ရှစ်ပါးဆိုတာ ဓမ္မစကြာတရားမှာ မြတ်စွာဘုရားက “ဒုက္ခနိရောဓဂါမိနိပဋိပဒါ” တဲ့၊
ဒုက္ခနိရောဓ ဆိုတာ ဒုက္ခအားလုံး ကုန်ဆုံးသွားရာဖြစ်တဲ့ နိဗ္ဗာန်ကို၊
ဂါမိနိ – ရောက်စေနိုင်တဲ့၊
ပဋိပဒါ – အကျင့်တရားတဲ့၊
အဲဒါလည်းပဲ မဂ္ဂပဲ၊ နိဗ္ဗာန်ကို ပို့ဆောင်တဲ့ လမ်းကြောင်းပေါ့။

“ဒုက္ခနိရောဓဂါမိနိပဋိပဒါ” လို့ဆိုတဲ့ မဂ္ဂကျတော့ အရိယမဂ္ဂလို့ ဒီလို သုံးတယ်၊
“အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ” လို့ ဆိုတာ၊ သာမန် မဂ္ဂေါလို့ သုံးတာ မဟုတ်ဘူး၊ ဒါကို သတိထား၊
သာမန် မဂ္ဂေါလို့ သုံးလို့ရှိရင်တော့ မဂ္ဂဆိုတာ လမ်းကြောင်း အားလုံးနဲ့ သက်ဆိုင်တယ်၊ လမ်းကြောင်း
အားလုံးကို ရည်ညွှန်းတာ ဖြစ်တယ်၊ အရိယောဆိုတဲ့ စကားလုံးပါမယ်၊ အဋ္ဌင်္ဂိကော လို့ပါမယ်ဆိုမှ
မဂ္ဂင်ရှစ်ပါးကို ရည်ညွှန်းတာ ဖြစ်တယ်။

တချို့နေရာမှာ စကားလုံးရဲ့ဆက်စပ်မှုကို ကြည့်ပြီး သို့မဟုတ် နေရာဒေသရဲ့ဆက်စပ်မှုကို ကြည့်ပြီးတော့
စကားလုံးရဲ့ အဓိပ္ပါယ်ကို ကောက်ယူရတာတွေ ရှိတယ်၊ ဒါ ဘယ်ဘာသာစကားပဲ ဖြစ်ဖြစ် word context,
စကားစပ်၊ စကားလုံးရဲ့ ဆက်စပ်မှုကို ကြည့်ပြီးတော့မှ အဓိပ္ပါယ်ကို ဆုံးဖြတ်ချက်ချရမယ်။

“အတ္ထ ပကရဏာ လိင်္ဂါ၊ ဩစိတျာ ကာလဒေသတော”၊ စကားလုံးနဲ့ ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုတဲ့
အခါမှာ ဒါတွေ အရေးကြီးတယ်၊ ပကရဏ ဆိုတာ အရာဌာန၊ ဩစိတျဆိုတာ အသင့်ယုတ္တိ၊
အတ္ထဆိုတာ လိုအပ်တဲ့အနက်၊ လိင်္ဂ ဆိုတာ gender ၊ ဒီနေရာမှာ စကားလုံးတွေမှာ gender ဆိုတာ ရှိတယ်၊
ကာလ ဒေသတော – တစ်ခါတစ်ရံ အရပ်ဒေသကိုကြည့်ပြီး, တစ်ခါတစ်ရံ အချိန်အခါကို ကြည့်ပြီး
ဆုံးဖြတ်ရတာတွေရှိတယ်၊ ဒါက စကားလုံး အဓိပ္ပါယ်ကို ရွေးချယ်တဲ့ နည်းတွေပြောတာ၊ ဝိသေသနပုဒ်တွေကို
ကြည့်ပြီးတော့လည်း စကားလုံးတစ်လုံးရဲ့ အဓိပ္ပါယ်ကို ကန့်သတ်ပေးထားတယ်၊ ဒါက အတော်ထူးခြားတယ်၊
ဘာသာစကားနဲ့ ပတ်သက်ရင် အာရုံစိုက်ပြီးတော့ လေ့လာသင့်တယ်၊ ဘာသာစကားဟာ ဆိုင်ရာဆိုင်ရာ
သတ်မှတ်ချက်လေးတွေနဲ့ အနက်အဓိပ္ပါယ်ကို ထိန်းသွားတယ်။

ဥပမာတစ်ခုပြောမယ်ဆိုလို့ရှိရင် ပါဠိစကားမှာ ရောဟိတ ဆိုတဲ့စကားလုံးရှိတယ်၊ ရောဟိတဆိုတဲ့
စကားလုံးက “စိုင်”ဆိုတဲ့သတ္တဝါကိုလည်း ခေါ်တယ်၊ “ငါးကြင်း”ဆိုတဲ့ ငါးမျိုးကိုလည်းပဲ ခေါ်တယ်၊
ရောဟိတလို့ပြောရင် ဒီစကားလုံးရဲ့ အဓိပ္ပါယ်က ကွဲပြားမှုမရှိဘူး၊ သူပြောနေတဲ့ရောဟိတက “ငါးကြင်း”
ပြောတာလား၊ “စိုင်” ပြောတာလား မရှင်းဘူး၊ word context မပါလို့ရှိရင် မရဘူး၊ သို့မဟုတ် ဒေသ ကာလ
မဆုံးဖြတ်နိုင်လို့ရှိရင်လည်း မရဘူး၊ ဒီတော့ စကားလုံးတစ်လုံးကို ပြည့်ပြည့်စုံစုံ ပြောလိုက်မယ်ဆိုရင်
“ရောဟိတာ ဝနေ ယန္တိ” လို့ ပြည့်ပြည့်စုံစုံ ပြောလိုက်တယ်၊ “ရောဟိတဆိုတာတွေဟာ တောထဲမှာ သွားနေကြတာ”
လို့ ဆိုလို့ရှိရင် တောဆိုတဲ့ ဒေသကိုကြည့်ရင် ဒါ ငါးကြင်း မဖြစ်နိုင်တော့ဘူး၊ စိုင်ပဲ ဆိုတာကို ဆုံးဖြတ်လို့ ရတယ်၊
ဒါ ဘယ်သူက ဆုံးဖြတ်ပေးလိုက်တာလဲ၊ ဝနေဆိုတဲ့ စကားလုံးနဲ့ ဆုံးဖြတ်ပေးလိုက်တာ၊ ရောဟိတက
ဒီနေရာမှာ ငါးကြင်းမဟုတ်ဘူး စိုင်။

တစ်ခါ “ဥဒကေ ယန္တိ ရောဟိတာ” လို့ သုံးလိုက်ပြန်ရင် ဥဒကေ ဆိုတဲ့ စကားလုံးကိုကြည့်ပြီး
ရောဟိတဟာ စိုင်တော့ မဟုတ်တော့ဘူး, ငါးကြင်းပဲ ဖြစ်ရမယ်လို့ ဒီလိုအဓိပ္ပါယ်ရပြန်တယ်၊ ဒါ ဒေသနဲ့
ထိန်းလိုက်တယ်လို့ ပြောတာ၊ အေး မှတ်သားစရာတွေ မြောက်မြားစွာရှိတယ်၊ ပါဠိစကားလုံးမှ ဒီလိုပြောတာ
မဟုတ်ဘူး၊ မြန်မာစကားလုံးတွေမှာလည်း တချို့စကားလုံးတွေဟာ တစ်ခုနဲ့တစ်ခု ထိန်းသွားတာ၊
ဒါကြောင့်မို့လို့ တွဲတွဲပြီးတော့ သုံးလေ့ရှိတယ်၊ တွဲဖက်လာတဲ့ စကားလုံးတစ်ခုက အနက်အဓိပ္ပါယ်ကို
ထိန်းပေးသွားတာ။

အခု ဒီနေရာမှာလည်း “မဂ္ဂ” လို့ သာမညပြောရင် လမ်းကြောင်းလို့ဆိုတဲ့ အဓိပ္ပါယ်ပဲ၊ ဘယ်လမ်းပဲဖြစ်ဖြစ်
အရပ်ဒေသတစ်ခုကို ဦးတည်ထားတဲ့ လမ်းကြောင်း မှန်သမျှ မဂ္ဂ၊ သို့သော် ရှေ့က ဝိသေသနပုဒ်နဲ့ ထိန်းလိုက်တယ်၊
အရိယော မဂ္ဂေါ မြင့်မြတ်တဲ့လမ်း လို့ဆိုတော့ သာမန်လမ်းကြောင်းနဲ့မဆိုင်တော့ဘူး၊ အရိယောဆိုတဲ့
စကားလုံး သုံးလိုက်တာနဲ့ ကန့်သတ်ပြီးသား ဖြစ်သွားတယ်၊ ဒါကြောင့်မို့ အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့
Noble path ဒီလိုပြန်တယ်၊ Noble path မြင့်မြတ်တဲ့လမ်းလို့ ဒီလိုအဓိပ္ပါယ်ရတယ်။

ဒီမဂ္ဂပစ္စယောကျတော့ Noble path တစ်ခုတည်းလို့ ရည်ညွှန်းတာ မဟုတ်ဘူးတဲ့၊ အားလုံးကို ရည်ညွှန်းတယ်၊
လမ်းကြောင်းနှစ်ခု - ကောင်းတဲ့လမ်းကြောင်း ဖြစ်ဖြစ်၊ မကောင်းတဲ့လမ်းကြောင်းပဲဖြစ်ဖြစ် လမ်းဟာလမ်းပဲ၊ မဂ္ဂပဲ၊
Noble path ကို ရည်ညွှန်းတဲ့ လမ်းကြောင်းကျတော့ မဂ္ဂဆိုတဲ့ စကားလုံးဟာ အဓိပ္ပါယ် အလွန် လေးနက်တယ်၊
မဂ်ဖိုလ်နိဗ္ဗာန်မှာပါတဲ့ မဂ္ဂ၊ အင်္ဂလိပ်လိုဘာသာပြန်တော့ မဂ္ဂကို path လို့ပဲ ပြန်ကြတယ်၊ သို့သော်လည်း
ဒီ့ထက်လေးနက်တယ်။

တရားဓမ္မကို နားလည်ဖို့ရာအတွက် စကားလုံးနဲ့ပတ်သက်တဲ့ အဓိပ္ပါယ်တစ်ခု ပြောရမယ်ဆိုရင်
မဂ္ဂဆိုတဲ့ စကားလုံးမှာ အခြေခံစကားလုံး နှစ်ခုရှိတယ်။ နှစ်ခုကို ပေါင်းစပ်ပြောင်းလဲထားတာ၊ နှစ်ခုက
ဘာတုန်းဆိုရင် “မရ” နဲ့ “ဂမု”၊ ဒီစကားလုံး နှစ်ခုကနေ မရ က ရ ကို ဂ အဖြစ် ပြောင်းလိုက်တယ်၊
ဂမု က မ ကို ဖြုတ်ထားလိုက်တယ်၊ ဖယ်ထားလိုက်တယ်၊ မရ ဆိုတာ ဖျက်ဆီးတယ် သတ်ဖြတ်တယ်
ဆိုတဲ့ အဓိပ္ပါယ်ရတယ်၊ ဂမု ဆိုတာ သွားတာ၊ ဒီတော့ မဂ္ဂ ကို နှစ်ပုဒ်ခွဲလိုက်တဲ့အခါ “မ” က ဖျက်ဆီးခြင်း
ဖယ်ရှားခြင်း၊ “ဂ”က သွားရောက်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဖေါ်ပြကြတယ်၊ ဒီစကားလုံးနှစ်ရပ်ကို ပေါင်းစပ်
လိုက်တဲ့အခါမှာ မဂ္ဂ လို့ ဖြစ်လာတယ်။

ဒါဖြင့် ဘာကိုဖျက်ဆီးပြီး ဘယ်ကို သွားတာတုန်းလို့ မေးစရာရှိတယ်၊
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ
လို့ဆိုတဲ့ ဒီရှစ်ခုကို ပေါင်းထားတဲ့ အရိယမဂ္ဂသည် ကိလေသာတွေကို ဖျက်ဆီးပြီး နိဗ္ဗာန်ကိုသွားတယ်၊
တစ်ဖက်က ကိလေသာတွေကို ဖယ်ရှားပစ်ပြီး တစ်ဖက်က နိဗ္ဗာန်ကို ရောက်စေတယ်၊ အဲဒီ အဓိပ္ပာယ်နှစ်ရပ်
ပေါင်းစပ်ပြီး မဂ္ဂ ဆိုတဲ့စကားလုံးကို တီထွင်ထားတာပါတဲ့။

နောက်တခြားအဓိပ္ပါယ်တွေလည်း ရှိသေးတယ်ပေါ့၊ မဂ္ဂဆိုတာ ရှာဖွေခြင်းဆိုတဲ့အဓိပ္ပါယ်၊ နိဗ္ဗာန်ကို
ရှာပေးတဲ့တရားလို့ ဒီလိုလည်း အဓိပ္ပါယ်ယူလို့ ရတယ်၊ နိဗ္ဗာန်က ဒီအတိုင်းရှာလို့တော့ တွေ့မှာမဟုတ်ဘူး၊
ဝိပဿနာကျင့်စဉ်တွေကျင့်လို့ ဒီမဂ္ဂဆိုတဲ့ သဘာဝတရားတွေ စွမ်းအားပြည့်လာပြီဆိုရင် နိဗ္ဗာန်ကို
တွေ့သွားမှာပဲ၊ ဒါကြောင့်မို့ မဂ္ဂဆိုတဲ့ တရားရှစ်ပါးဟာ နိဗ္ဗာန်ကို ရှာပေးတဲ့တရားလို့ ပြောတာ၊
ဒီမဂ္ဂနဲ့မှ နိဗ္ဗာန်ကို တွေ့နိုင်တာ၊ ပကတိမျက်လုံးနဲ့ မတွေ့နိုင်ဘူး၊ ပကတိခြေထောက်နဲ့ သွားလို့လည်း
မရဘူး၊ လောကမှာရှိတဲ့ယာဉ်တွေနဲ့ သွားလို့လည်း မရောက်ဘူး၊ ဟောဒီမဂ္ဂင်ရှစ်ပါးနဲ့သွားမှ ရောက်တယ်လို့
ဒီလိုပြောတာ။

ဓမ္မပဒဂါထာမှာ “န ဟိ ဧတေဟိ ယာနေဟိ၊ ဂစ္ဆေယျ အဂတံ ဒိသံ”၊ လောကမှာရှိတဲ့ယာဉ်တွေနဲ့သွားရင်
မရောက်ဖူးတဲ့အရပ်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူးတဲ့၊ ဘယ်တော့မှ မရောက်ဖူးတဲ့အရပ်ဆိုတာ
နိဗ္ဗာန်ပဲ၊ ကျန်တဲ့အရပ်တွေက မရောက်ဖူးဘူးလို့ ပြောလို့မရဘူးနော်၊ အဝီစိငရဲ ကြည့်မလား၊ ရောက်ဖူးတယ်
လူတိုင်းပဲ၊ မြတ်စွာဘုရားက အပါယ်လေးဘုံဆိုတာ လူတွေအဖို့ လမ်းကို ဖုံနေတာပဲ၊ ခဏခဏရောက်နေတာ၊
ရောက်ဖူးရုံတင်မကဘူး “ပမတ္တဿ စ နာမ စတ္တာရော အပါယာ သကဂေဟ သဒိသာ”၊
“ကုသိုလ်ကိစ္စမှာ မေ့နေတဲ့ပုဂ္ဂိုလ်အဖို့ အပါယ်လေးဘုံဟာ သူ့ရဲ့အိမ်ဂေဟာနဲ့တူတယ်” တဲ့၊ ကိုယ့်အိမ်ဆိုတာ
ကိုယ်အမြဲနေတဲ့ နေရာပဲ၊ ဟိုဟိုဒီဒီသွားရင် ခဏပဲ၊ ပြီးရင် အိမ်ပြန်ကြတာပဲနော်၊ တရားပွဲပြီးရင် ဘယ်ပြန်တုန်း၊
အိမ်ပြန်ကြတယ်၊ ဘဝသံသရာမှာ ခရီးတွေ ထွက်ချင်တိုင်းထွက်၊ နောက်ဆုံးအိမ်ပြန်ကြတယ်။ မေ့နေတဲ့
ပုဂ္ဂိုလ်တွေအတွက် အပါယ်လေးဘုံမှာ အဖြစ်များတာကို ပြောတာနော်၊ မမေ့လို့ တရားဓမ္မနဲ့ ကြိုးစားတဲ့
ပုဂ္ဂိုလ်တွေအဖို့ မဆိုပါဘူး။

မရောက်ဖူးတဲ့နေရာဆိုတာ နိဗ္ဗာန်ပဲရှိတယ်၊ ကျန်တဲ့နေရာတွေကတော့ သံသရာမှာ ရောက်ဖူးတဲ့နေရာတွေပဲ၊
အတိအကျပြောရင် ၃၁-ဘုံမှာ သုဒ္ဓါဝါသ ၅-ဘုံကလွဲရင် ကျန်တဲ့ဘုံတွေဟာ ရောက်ဖူးကြတယ်လို့
သေချာမှတ်ပါ၊ သုဒ္ဓါဝါသ ၅-ဘုံရောက်ရင် ဒီဘုံပြန်လာမှာ မဟုတ်တော့ဘူး၊ သူက အနာဂါမ်မှ ရောက်တဲ့ဘုံ၊
အနာဂါမ်ဆိုတဲ့အဓိပ္ပါယ်က န + အာဂါမိ ပြန်မလာဘူး၊ Non returner ဘယ်တော့မှ ပြန်မလာဘူးလို့ ပြောတာ၊
ဒီတော့ အနာဂါမ်တွေသာဖြစ်တဲ့ သုဒ္ဓါဝါသ ၅-ဘုံ၊ ဒါက ဗြဟ္မာဘုံတွေ၊ အဲဒီ ၅-ဘုံကလွဲရင် ၃၁-ဘုံမှာ
မရောက်ဘူးတဲ့ ဘုံဟာ မရှိဘူးတဲ့ ဒီလိုဆိုတယ်၊ အဲဒီဘုံတွေကတော့ သာမန်နဲ့ ရောက်နိုင်ကြသော်လည်း
နိဗ္ဗာန်ဆိုတာကတော့ ဘယ်တော့မှ မရောက်ဖူးတဲ့နေရာမျိုးလို့ ပြောတာ။

ဟောဒီ မဂ္ဂပစ္စယောကျတော့ အခုပြောတဲ့ မဂ္ဂင်ရှစ်ပါးလည်း အကျုံးဝင်တယ်၊ အကုသိုလ်နဲ့ ယှဉ်တွဲလာတဲ့
မဂ္ဂတွေလည်း ပါတယ်လို့ ဒီလိုမှတ်ရမယ်၊ ဘာဖြစ်လို့တုန်းဆိုရင် အကုသိုလ်နဲ့ယှဉ်တွဲလာတဲ့ မဂ္ဂက
ဒုဂ္ဂတိဘုံကို သယ်ဆောင်တဲ့ လမ်းကြောင်း ဖြစ်နေလို့ပဲ၊ ဒုဂ္ဂတိဘုံသွားသွား သုဂတိဘုံသွားသွား
ဘယ်နေရာပဲသွားသွား လမ်းကြောင်းဟူသမျှသည် မဂ္ဂပစ္စယောထဲမှာ ပါတယ်လို့ ဒီလို မှတ်ထားပါ။

မဂ္ဂင် ၁၂-ပါး 🔢

သာမန် မဂ္ဂင်္ဂလို့ ပြောမယ်ဆိုရင် သာမန်အင်္ဂါရပ်က ၁၂-မျိုး ရှိတယ်၊ အရိယာတွေရဲ့မဂ္ဂင် (သို့မဟုတ်)
အရိယာမဂ္ဂင်ကတော့ ၈-မျိုးပဲ ရှိတယ်၊ ဒါကြောင့်မို့ အဘိဓမ္မတ္ထသင်္ဂဟကျမ်း သမုစ္စည်းပိုင်းမှာ
ဒွါဒသ မဂ္ဂင်္ဂါနိ လို့ ဆိုတဲ့ စကားလုံးက စပြီး ပြောတာနော်၊ ဒွါဒသဆိုတာ ၁၂၊ ဒွါဒသ မဂ္ဂင်္ဂါနိ
၁၂-မျိုးသော မဂ္ဂအင်္ဂါ၊ အဲဒါတွေက ဘာတွေတုန်းဆိုရင် အားလုံးသိကြတဲ့ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ
သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ၊ ဒီ ၈-မျိုးအပြင်
မိစ္ဆာဒိဋ္ဌိ မိစ္ဆာသင်္ကပ္ပ မိစ္ဆာဝါယာမ မိစ္ဆာသမာဓိလို့ အဲဒီ ၄-မျိုး ထည့်ထားတာ။

မိစ္ဆာဒိဋ္ဌိဆိုတာ မှားယွင်းတဲ့ အတွေးအခေါ် အမြင် ဒိဋ္ဌိစေတသိက်ကို ရည်ညွှန်းတယ်၊ အကုသိုလ်မှာရှိတဲ့
ဒိဋ္ဌိစေတသိက်ကို မိစ္ဆာဒိဋ္ဌိတဲ့၊ မိစ္ဆာသင်္ကပ္ပဆိုတာ အကုသိုလ်မှာ ယှဉ်တွဲလာပြီး လောဘနဲ့တွဲနေတဲ့ အတွေး၊
ဒေါသနဲ့တွဲနေတဲ့ အတွေး၊ မောဟနဲ့ တွဲနေတဲ့ အတွေး၊ အဲဒါတွေကို မိစ္ဆာသင်္ကပ္ပလို့ ခေါ်တယ်။

မိစ္ဆာဝါယာမဆိုတာ မှားယွင်းတဲ့ ကြိုးပမ်းအားထုတ်မှု၊ အကုသိုလ်စိတ်မှာ ယှဉ်တဲ့ ကြိုးပမ်းအားထုတ်မှု
ဝီရိယ၊ လောဘနဲ့ ယှဉ်တယ်၊ ဒေါသနဲ့ ယှဉ်တယ်၊ မောဟနဲ့ ယှဉ်တွဲပြီး ဖြစ်တယ်၊ အဲဒီ လောဘ ဒေါသ
မောဟတွေနဲ့ ယှဉ်တွဲတဲ့ ကြိုးပမ်းအားထုတ်မှုမှန်သမျှသည် မိစ္ဆာဝါယာမလို့ ဒီလိုပြောတယ်။

မိစ္ဆာသမာဓိဆိုတာ အကုသိုလ်စိတ်တွေနဲ့, လောဘနဲ့တွဲလာတဲ့ ဧကဂ္ဂတာ၊ ဒေါသနဲ့တွဲလာတဲ့
ဧကဂ္ဂတာ၊ မောဟနဲ့တွဲလာတဲ့ ဧကဂ္ဂတာ၊ အကုသိုလ်စိတ် ၁၂- ခု နဲ့တွဲတဲ့ ဧကဂ္ဂတာ၊ ဧကဂ္ဂတာဆိုတာ
ဒီနေရာမှာ အကုသိုလ်မှာယှဉ်တဲ့ ဧကဂ္ဂတာဆိုတဲ့ စေတသိက်၊ ဧက ဆိုတာ တစ်, အဂ္ဂ ဆိုတာ point၊
တစ်ခုတည်းသော ဦးတည်ချက်အာရုံ၊ အာရုံတစ်ခုတည်းရှိတယ်ဆိုတာ သမာဓိကိုပြောတာ၊ အကုသိုလ်မှာလည်း
အကုသိုလ်သမာဓိရှိတာပေါ့၊ အကုသိုလ်လုပ်ငန်းလုပ်နေတဲ့လူကလည်း သမာဓိနဲ့ လုပ်နေတာ၊
အာရုံစူးစိုက်မှုတွေ ရှိတာပေါ့၊ ဒါ မိစ္ဆာသမာဓိ။

ဒီနေရာမှာ သုတ္တန်ပါဠိတော်တွေကျတော့ သမ္မာမဂ္ဂင် မိစ္ဆာမဂ္ဂင်လို့ နှစ်မျိုးခွဲကြတယ်၊ သမ္မာမဂ္ဂင်က
မဂ္ဂင် ၈-ပါး အားလုံးသိနေကြတယ်၊ မိစ္ဆာမဂ္ဂင်ကျတော့ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊
မိစ္ဆာအာဇီဝ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိ ဆိုပြီးတော့ ဒီလိုဟောတာ၊ အဲဒီထဲမှာ အခု
အဘိဓမ္မာကျတော့ မိစ္ဆာနဲ့ ပတ်သက်တာ ၄-ခုတည်းပဲ ပြောမယ်၊ ကျန်တဲ့ ၄-ခုကို မပြောဘူး၊ ဘာဖြစ်လို့
မပြောလဲ၊ အကြောင်းရှိတယ်၊ မိစ္ဆာဒိဋ္ဌိဆိုတာ ဒိဋ္ဌိစေတသိက်ကို ရည်ညွှန်းတာ၊ ဒိဋ္ဌိစေတသိက်ဆိုပြီး
သီးသန့်ရှိတယ်၊ မိစ္ဆာသင်္ကပ္ပဆိုတာလည်း အကုသိုလ်စိတ်နဲ့ ယှဉ်တဲ့အတွေး ဝိတက်၊ ဒါလည်း ရှိနိုင်တယ်၊
မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝ ဆိုတာတွေကျတော့ ဒုစရိုက်နဲ့ ပတ်သက်တဲ့ စေတနာတွေကို
ပြောတာ၊ သီးသန့် မဟုတ်ဘူး၊ စေတနာဆိုတာ သီးသန့်မဟုတ်တော့ဘူး၊ မိစ္ဆာဝါစာဆိုတာ လိမ်ပြောတယ်၊
ရန်တိုက်တယ်၊ ကြမ်းကြမ်းတမ်းတမ်းပြောတယ်၊ ဆဲရေးတိုင်းထွာတယ်၊ အကျိုးမရှိတာတွေ ပြောတယ်ဆိုတဲ့
ပြောဆိုကြောင်း စေတနာကိုပဲ မိစ္ဆာဝါစာလို့ ကောက်တယ်၊ သီးသန့်စေတသိက်တစ်ခု မဟုတ်ဘူး။

မိစ္ဆာကမ္မန္တဆိုရင် ဒုစရိုက်တွေ၊ သူများအသက်သတ်တယ်၊ သူများဥစ္စာ ခိုးတယ်၊ သူတစ်ပါးသားမယား
ပြစ်မှားတယ်ဆိုတဲ့လုပ်ရပ်ရဲ့စေတနာ၊ တွန်းအားပေးတာကို ခေါ်တာ၊ မိစ္ဆာအာဇီဝဆိုတာ အဲဒီဒုစရိုက် ၇-မျိုးနဲ့
အသက်ဝမ်းကျောင်းမှု ပြုတဲ့ စေတနာဆိုတော့ သီးသန့်သဘာဝတရား မဟုတ်သည့်အတွက်ကြောင့်
အဘိဓမ္မာမှာ ၁၂-ပါးလို့ ရေတွက်တဲ့ထဲမှာ မိစ္ဆာဝါစာလည်း မထည့်ဘူး၊ မိစ္ဆာကမ္မန္တလည်း မထည့်ဘူး၊
မိစ္ဆာအာဇီဝလည်း မထည့်ဘူး။

နောက်တစ်ခု မထည့်တာဘာလဲဆိုရင် မိစ္ဆာသတိ၊ မိစ္ဆာသတိဆိုတာ သတိစေတသိက်ကို ပြောတာ
မဟုတ်ဘူး၊ ဗုဒ္ဓတရားတော်မှာ သတိဆိုတာ အကောင်းပဲရှိတယ်၊ ကောင်းတဲ့နေရာတစ်မျိုးတည်းပဲ သုံးတယ်၊
မကောင်းတဲ့အကုသိုလ်တွေနဲ့ ပတ်သက်လာလို့ရှိရင် သတိစကားလုံးက မိစ္ဆာသတိလို့ သုံးပေမယ်လို့
မိစ္ဆာသတိဆိုတာ သတိစေတသိက်နဲ့ မဆိုင်ဘူးတဲ့၊ နာမည်တော့ တူနေတယ်၊ သမ္မာသတိက
သတိစေတသိက်ကို ကောက်တယ်၊ မိစ္ဆာသတိကျတော့ အမှတ်ရနေတဲ့ အကုသိုလ်စိတ်တွေရဲ့ ဖြစ်ပေါ်မှုကို
အကုသိုလ်စိတ်တွေကိုပဲ သာမန်ကောက်တယ်၊ သတိစေတသိက် မဟုတ်ဘူး။

ဒါကြောင့်မို့ သီးခြားမရနိုင်တာတွေ ဖြစ်သောကြောင့် အဲဒီ ၄-မျိုးကို ဖော်မပြဘူး၊ ဖော်မပြတော့
မဂ္ဂပစ္စယောနဲ့ ပတ်သက်ပြီး မဂ္ဂင်တွေအကြောင်းကို ပြောမယ်ဆိုရင် ၁၂-မျိုးပဲ ပြောတယ်၊ ဒါလေးက
မှတ်သားထားဖို့ ကြိုတင်ပြီးနော်၊ ၁၂-မျိုးပဲ ပြောတယ်။

၁၂-မျိုးက ပြန်မှတ်မယ်ဆိုရင် သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ
သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ၊ တရားကိုယ်အနေနဲ့ ပြောမယ်ဆိုရင် -
၁။ သမ္မာဒိဋ္ဌိက ပညာ၊
၂။ သမ္မာသင်္ကပ္ပက ဝိတက်၊
၃။ သမ္မာဝါစာက သမ္မာဝါစာ ဝိရတီစေတသိက်၊
၄။ သမ္မာကမ္မန္တက သမ္မာကမ္မန္တ ဝိရတီစေတသိက်၊
၅။ သမ္မာအာဇီဝက သမ္မာအာဇီဝ ဝိရတီစေတသိက်၊
၆။ သမ္မာဝါယာမက ဝီရိယ၊
၇။ သမ္မာသတိက သတိ၊
၈။ သမ္မာသမာဓိဆိုတာ ဧကဂ္ဂတာတဲ့၊
ဟော မဂ္ဂင် ၈-ပါး ဒီလို လာတာ။

အဲဒီထဲမှာ မိစ္ဆာမဂ္ဂင် ၄-ခု ထပ်ထည့်လိုက်။ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသမာဓိ။
မိစ္ဆာဒိဋ္ဌိဆိုတာ ဒိဋ္ဌိစေတသိက်၊ မိစ္ဆာသင်္ကပ္ပဆိုတာ အကုသိုလ်စိတ်နဲ့ယှဉ်တဲ့ ဝိတက်စေတသိက်၊
ဒီတော့ ကုသိုလ် အကုသိုလ် နှစ်မျိုး ဖြစ်တာတွေ သတိထားပါ၊ မိစ္ဆာဝါယာမဆိုတာ အကုသိုလ်မှာ
ယှဉ်တဲ့ ဝီရိယစေတသိက်၊ မိစ္ဆာသမာဓိဆိုတာ အကုသိုလ်မှာယှဉ်တဲ့ ဧကဂ္ဂတာစေတသိက်တဲ့။
ဒီတော့ အခုပြောတဲ့ သင်္ကပ္ပဆိုတာ ကောင်း မကောင်း နှစ်ခုရှိတယ်၊ ဝိတက်က ကုသိုလ်ဝိတက်
အကုသိုလ်ဝိတက်၊ ဝါယာမလို့ခေါ်တဲ့ ဝီရိယကလည်းပဲ ကုသိုလ်ဝီရိယ အကုသိုလ်ဝီရိယ နှစ်ခုရှိတယ်၊
သမာဓိကလည်းပဲ ထို့အတူပဲ၊ ကုသိုလ်သမာဓိနဲ့ အကုသိုလ်သမာဓိလို့ ဒီလိုခွဲလိုက်တယ်၊
အားလုံးပေါင်းလိုက်တဲ့အခါကျတော့ သင်္ကပ္ပလို့ဆိုတဲ့ ဝိတက်စေတသိက်က နှစ်ခုပါနေတယ်၊
ကုသိုလ်ဘက်ကနေ တစ်ခု, အကုသိုလ်ဘက်က တစ်ခု၊ ထပ်နေတယ်ပေါ့။

နောက်တစ်ခုက ဝါယာမလို့ပြောတဲ့ ဝီရိယကလည်း ကုသိုလ်ဘက်က တစ်ခု, အကုသိုလ်ဘက်က တစ်ခု၊
ဒါလည်း ထပ်နေတယ်၊ ဝီရိယလို့ ပြောလိုက်ရင် ပြီးတယ်၊ နောက် ဧကဂ္ဂတာကလည်း ထပ်နေတယ်၊
မိစ္ဆာဒိဋ္ဌိနဲ့ သမ္မာဒိဋ္ဌိကျတော့ မထပ်ဘူးတဲ့၊ အသံချင်းတော့ တူတယ်၊ တူပေမယ့်လို့ မိစ္ဆာဒိဋ္ဌိဆိုတာ
ဒိဋ္ဌိစေတသိက်ကို ပြောတာ၊ သမ္မာဒိဋ္ဌိကျတော့ ဉာဏ်ကိုပြောတာ၊ ပညိန္ဒြေစေတသိက်ကို ကောက်တာ။

မဂ္ဂင်တရားကိုယ် ၉-ပါး

ဒီတော့ ပေါင်းလိုက်တဲ့အခါ အနှစ်ချုပ်ပြီးတော့ သဘာဝတရား ပရမတ္ထ ဆိုက်ထိ
ပရမတ္ထ

နာမည်နဲ့ တိတိကျကျပြောပြီဆိုရင် တရားကိုယ်ခွဲလိုက်မယ်ဆိုရင် မဂ္ဂင်ဟာ ၉-ခု ရှိတယ်လို့ ဆိုတာနော်၊ တရားကိုယ်တူတာကို ချိုးလိုက်လို့ရှိရင် ၉-ခု ရှိတယ်၊ စေတသိက်အနေနဲ့ ပြောရင် ၉-ခု ရှိတယ်။

ဘာတွေတုန်းဆိုရင် သမ္မာဒိဋ္ဌိကို ကြည့်ပြီးတော့
ပညာ

၊ သမ္မာသင်္ကပ္ပ, မိစ္ဆာသင်္ကပ္ပ နှစ်ခုကို တွဲပြီးတော့
ဝိတက်

၊ သမ္မာဝါစာက
ဝိရတီ

, သမ္မာကမ္မန္တက
ဝိရတီ

, သမ္မာအာဇီဝက
ဝိရတီ

, သုံးခု၊ သမ္မာဝါယာမနဲ့ မိစ္ဆာဝါယာမ နှစ်ခုပေါင်းပြီးတော့
ဝီရိယ

၊ သမ္မာသတိက
သတိ

၊ သမ္မာသမာဓိ မိစ္ဆာသမာဓိ ဆိုတဲ့ နှစ်ခုကို ပေါင်းလိုက်ပြီးတော့
ဧကဂ္ဂတာ

၊ နောက်တစ်ခု မိစ္ဆာဒိဋ္ဌိကျတော့
ဒိဋ္ဌိ

လို့ဆိုတော့ ပေါင်းလိုက်တော့ ၉-ခု ဖြစ်သွားတယ်။ ဒီတော့ တရားကိုယ်ကောက်တဲ့အခါ ကျတော့ ပညာ၊ ဝိတက်၊ ဝိရတီက သုံးခု၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ဒိဋ္ဌိတဲ့၊ ၉-ခု ဖြစ်သွားတယ်၊ အဲဒါကို
မဂ္ဂင်တရားကိုယ် ၉-ပါး

လို့ ပဋ္ဌာန်းအရကောက်ကျမ်းမှာ သုံးပါတယ်။

မဂ္ဂင်က ၁၂-ပါး ဖြစ်လျက်သားနဲ့ တရားကိုယ်ကျတော့ ၉-ပါးလို့ ဘာ့ကြောင့် ဖြစ်ရတာတုန်းဆိုရင် သမ္မာသင်္ကပ္ပနဲ့ မိစ္ဆာသင်္ကပ္ပက
ဝိတက်

ချည်းပဲ ပြောတာ၊ တူတယ်၊ သမ္မာဝါယာမနဲ့ မိစ္ဆာဝါယာမကလည်း
ဝီရိယ

ကို ပြောတာ တူနေတယ်၊ သမ္မာသမာဓိနဲ့ မိစ္ဆာသမာဓိကလည်းပဲ
ဧကဂ္ဂတာ

တစ်ခုတည်းကိုပဲ ပြောတာ၊ ကုသိုလ် အကုသိုလ်ပဲ ခွဲလိုက်လို့သာ ၂-ခု ဖြစ်နေတာ၊ ဒါလည်း တူနေတယ်၊ တူတာတွေကို ပေါင်းလိုက်တာ၊ တူတာသုံးခုကို ချုံးလိုက်တဲ့အခါကျတော့ တရားကိုယ်ဖြစ်တာ ၉-မျိုးပဲရတယ်၊ ထူးတာက မိစ္ဆာဒိဋ္ဌိတစ်ခုပဲ ထူးခြားတဲ့ တရားအနေနဲ့ ရတယ်ပေါ့၊ ဒါကို ဒီလိုပဲမှတ်လိုက်လို့ရှိရင် ရှင်းသွားတာပေါ့၊ ရှင်းသွားအောင် မှတ်တဲ့နည်းကိုပြောတာ။ အဲဒီ ၉-မျိုးကိုပဲ ဒီနေရာမှာ
မဂ္ဂပစ္စယော

လို့ ဟောတယ်လို့ ဒီလိုမှတ်ထားပါ။

မဂ္ဂပစ္စယော (လမ်းကြောင်းသဖွယ် ကျေးဇူးပြုခြင်း)

အဲဒါကြောင့်မို့
မဂ္ဂပစ္စယော

လို့ ဆိုလိုက်တာနဲ့ မဂ် ဖိုလ်ထဲက မဂ္ဂလို့ပဲ ဒီလို သွားမထင်ရအောင် ပြောတာနော်၊ အဲဒီထက်ပိုပြီးတော့ ကျယ်ပြန့်တယ်တဲ့၊ ဟို မဂ္ဂက နိဗ္ဗာန်ကို သွားတဲ့လမ်းကြောင်းမျှသာ ဖြစ်တယ်၊ ဒီမဂ္ဂကျတော့ အကုန်လုံး သုဂတိဘုံသွားတာပဲဖြစ်ဖြစ်၊ ဒုဂ္ဂတိဘုံသွားတာပဲဖြစ်ဖြစ်၊ ကုသိုလ်ဘက်ကိုသွားတာပဲဖြစ်ဖြစ်၊ အကုသိုလ်ဘက်ကို သွားတာပဲဖြစ်ဖြစ် ဒါတွေကို
မဂ္ဂ

လို့ခေါ်တယ်။

ဒါကြောင့်မို့
မဂ္ဂပစ္စယော

ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ်ပြန်တဲ့အခါမှာ “မဂ္ဂပစ္စယော ကောင်းဆိုးတရား မဂ္ဂင်များက”၊ ကောင်းဆိုးတရား မဂ္ဂင်များ ဆိုတာ ဒီ ၁၂-ခုကို ပြောတာ၊ တရားကိုယ်အားဖြင့် ၉-ခု၊ အရေအတွက်အားဖြင့် ၁၂-ခု၊ ကောင်းတာပါတယ်၊ ဆိုးတာပါတယ်၊

“ကောင်းဆိုးတရား၊ မဂ္ဂင်များက၊
ဖြစ်ပွား တူပြန်၊ ရုပ်နဲ့နာမ်ကို၊
ဧကန်မျှော်ရှု၊ လမ်းကြောင်းမှုဖြင့်၊
ကျေးဇူးပြုငြား၊
မဂ္ဂပစ္စည်း

တရားလည်းကောင်း”

ဒီလိုဆိုထားတယ်။

ကောင်းဆိုးတရား မဂ္ဂင်များက -
မဂ္ဂ

လို့ အမည်ရတဲ့ မဂ္ဂရဲ့ အင်္ဂါဖြစ်တဲ့ ဒီတရား ၉-ခုဟာ သူတို့နဲ့ ယှဉ်တွဲလာတဲ့ တရားကိုလည်းပဲ သူတို့သဘောကို ဆောင်စေတယ်လို့ ဒါပြောတာ၊ အဓိကလမ်းကြောင်း ဖြစ်စေတာက ဘယ်သူတွေတုန်းဆိုရင် ဟောဒီ ၉-ခုက
လမ်းကြောင်း

ပဲ၊ ဘယ်သွားတဲ့လမ်းကြောင်းလဲဆိုတော့ တချို့က နိဗ္ဗာန်သွားတဲ့လမ်းကြောင်း၊ တချို့က သုဂတိဘုံသွားတဲ့ လမ်းကြောင်း၊ တချို့က ဒုဂ္ဂတိဘုံ သွားတဲ့လမ်းကြောင်း၊ တချို့က အကုသိုလ်ဘက်ကို ဦးတည်ပေး တဲ့လမ်းကြောင်း၊ တချို့က ကုသိုလ်ဘက်ကို ဦးတည်ပေးတဲ့လမ်းကြောင်း၊ ဟော လမ်းကြောင်းတွေလို့ ဆိုလိုတယ်၊ ကောင်းတဲ့ဘက် ဦးတည်တာပဲ ဖြစ်စေ၊ ဆိုးတဲ့ ဘက် ဦးတည်တာပဲဖြစ်စေ လမ်းကြောင်းဟာ လမ်းကြောင်းပဲပေါ့၊ အဲဒီသဘာဝတရားတွေက လမ်းကြောင်းအနေနဲ့ဖြစ်ပြီး သူတို့နဲ့ ယှဉ်တွဲလာတဲ့တရားတွေကိုလည်း သူတို့နည်းတူ လမ်းကြောင်းသဖွယ် ဖြစ်ဖို့ရာအတွက်
ကျေးဇူးပြုတယ်

လို့ ဒီလိုပြောတာ။

ဆိုပါစို့ - လမ်းဖြတ်ကူးနေတဲ့ အဖိုးကြီး အမယ်ကြီးတွေကို သန်သန်မာမာ ရှိတဲ့ လူငယ်လူရွယ်တွေက တွဲပြီးတော့ ဟိုဘက်ပို့တယ်၊ ဟိုဘက်ပို့တော့ ရောက်မသွားဘူးလား၊ သူနဲ့တူတူ ရောက်သွားတာပဲ၊ ဟိုဘက်ပို့တဲ့လူငယ်နဲ့တူတူ ရောက်သွားသလို
မဂ္ဂင် ၁၂-ပါး

ဆိုတဲ့ သဘာဝတရားတွေဟာလည်း သူတို့နဲ့ယှဉ်တွဲလာတဲ့ တရားတွေကို အဲဒီလို တွဲခေါ်သွားတယ်လို့ ပြောတာနော်၊ လမ်းကြောင်းဖြစ်အောင် တွဲခေါ်သွားတယ်တဲ့၊ အားလုံးဟာ ဖြတ်ကူးတာပဲ၊ နို့မို့ဆိုရင် သူတို့က ဦးတည်တာက တစ်ခု, သူတို့နဲ့တွဲနေတဲ့ တရားတွေက ဦးတည်တာက တစ်ခုဆိုရင် လွဲလွဲချော်ချော်တွေ မဖြစ်ပေဘူးလား၊ ဖြစ်တယ်နော်။

Association ဆိုတာ ခေါင်းဆောင်သွားတဲ့နောက် လိုက်တာပဲ၊ တစ်ခုတည်း ဖြစ်ရမယ်၊ ဦးတည်ချက်က အတူတူဖြစ်သွားတယ်လို့ဆိုတယ်၊ ပင်ကိုယ်အားဖြင့်တော့ တူတာမဟုတ်ဘူး၊ ဥပမာအားဖြင့်ပြောမယ်၊
မိစ္ဆာဒိဋ္ဌိ

ဆိုတဲ့
ဒိဋ္ဌိ

က မှားယွင်းတဲ့ လမ်းကြောင်းပေါ်ကို ဘယ်အရာတွေကိုခေါ်သွားတုန်းဆိုရင် သူနဲ့ယှဉ်တွဲပြီးဖြစ်တဲ့ စိတ်အားလုံးကို ဒီလမ်းကြောင်းပေါ် တင်ပေးသွားတာပဲ၊ အဲဒီလမ်းကြောင်းက အဓိကကတော့ဘယ်သူတုန်းဆို
မိစ္ဆာဒိဋ္ဌိ

ပဲ၊ မှားယွင်းတဲ့လမ်းကြောင်းပေါ် တင်သွားသည့်အတွက်ကြောင့် မှားယွင်းတဲ့အမြင်တွေနဲ့ မြင်နေတာ၊ ဘာတွေးတွေး ဒါတွေပဲ မြင်တယ်၊ မှားယွင်းတဲ့အမြင်၊ စိတ်အားလုံးက ဒီဘက်ကိုရောက်သွားတယ်၊ စိတ်တင်မကဘူး အပြောအဆိုကိုရော ဆွဲမသွားဘူးလား၊ ဆွဲသွားတယ်၊ သူက ခေါ်သွားတာပဲလေ၊ ကူညီသွားတာ၊ ကူညီသွားသည့်အတွက်ကြောင့် ပြောတာတွေလည်း သူ့လမ်းကြောင်းပေါ်မှာပဲ၊ ဒီလမ်းကြောင်းပေါ် ရောက်သွားတယ်။

ဒါကြောင့်မို့ မိစ္ဆာအယူဝါဒရှိတဲ့ပုဂ္ဂိုလ် ပြောတဲ့စကားကလည်း မှားတဲ့ စကားပဲ၊ သူ့အမြင်တွေကို အမှန်လုပ်ပြီး မိစ္ဆာအယူဝါဒရှိတဲ့ပုဂ္ဂိုလ်ရဲ့ လက်သုံးစကား တစ်ခုရှိတယ်၊ သတိထားဖို့ပေါ့၊
“ဣဒ မေဝ သစ္စံ မောဃမညံ”

၊ သူ့ရဲ့လက်သုံးစကားပဲ၊ “ဒါသာ အမှန်၊ ကျန်တာတွေ အလကား” လို့ပြောတာ၊ ပါဠိလို

ဣဒ မေဝ - ဒါ သာလျှင်၊

သစ္စံ - အမှန်ဖြစ်တယ်၊

အညံ - အခြားဟာတွေက၊

မောဃံ - အလကားပဲ

လို့ ပြောတာ၊ မိစ္ဆာအယူရှိတဲ့ပုဂ္ဂိုလ်ဟာ သူဆုပ်ကိုင်ထားတဲ့ အယူအဆတစ်ခုကိုသာ အမှန်လို့သတ်မှတ်ပြီး ကျန်တာတွေကိုအမှားလို့ ပြောလေ့ရှိတယ်၊ အပြောကိုလည်းပဲ မှားယွင်းတဲ့လမ်းကြောင်းပေါ် ရောက်စေတယ်။

ဒါတင်လားဆိုတော့ သူ့ရဲ့လုပ်ရပ်တွေကလည်း အကုန်မှားတဲ့လမ်းကြောင်းပေါ် ရောက်တယ်နော်၊ ဒါကို ကျေးဇူးပြုတယ်ပြောတာ၊ သူက ဦးဆောင်သွားတာ၊ ကျန်တာတွေက ပါသွားတယ်၊ ဘယ်သူက ကျေးဇူးပြုတုန်း၊
မိစ္ဆာဒိဋ္ဌိ

က
ကျေးဇူးပြုတာ

လူတွေက ပြောကြတယ်လေ၊ “တရားပွဲလာဖြစ်တာ သူက ကျေးဇူးပြုပြီး ခေါ်လို့၊ သူက ကားနဲ့တင်ခေါ်လာလို့ ရောက်လာတာ”၊ ဟော “ကျေးဇူးပြုတာ, ကားနဲ့တင်ခေါ်သွားတာ”၊
ကျေးဇူးပြုတယ်

ဆိုတဲ့သဘောက အဲဒါပြောတာ။

မဂ္ဂင် ၈-ပါး (ကုသိုလ်လမ်းကြောင်း)

အေး ကောင်းပြီ -
မဂ္ဂင် ၈-ပါး

အကျင့်တရားဟာ နိဗ္ဗာန်ကို ပို့ဆောင်ပေးတယ်ဆိုတာ အလွန်ထင်ရှားတယ်၊ ဒါက ဗုဒ္ဓဘာသာဝင်တွေအတွက် အထူးပြောစရာ မလိုဘူး၊
မဂ္ဂင် ၈-ပါး

အကျင့်တရားဟာ နိဗ္ဗာန်ကို ဦးတည်နေတဲ့ လမ်းကြောင်းကြီးပဲ၊ အဲဒီလမ်းကြောင်း နိဗ္ဗာန်ကိုပေါက်ရောက်သွားအောင်, ဒီလမ်းကြောင်းကြီး ဖြစ်နေအောင် ကျန်တဲ့စိတ်တွေကိုလည်း ဟောဒီ
မဂ္ဂင် ၈-ပါး

က တွဲခေါ်သွားတာပေါ့။

သမ္မာဒိဋ္ဌိ

- မှန်တဲ့အတိုင်း အမှန်မြင်တယ်၊
သမ္မာသင်္ကပ္ပ

- အမှန်မြင်ဖို့အတွက် အမှန်တွေးပေးတယ်၊ အမှန်တွေးလို့ အမှန်မြင်တာ၊ အဓိပ္ပါယ်က အမှန်တွေးတယ်ဆိုတာ contemplation လုပ်တာပဲ၊ ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်နေပြီဆိုလို့ရှိရင် မမြဲတဲ့သဘောတွေကို သူတွေ့နေပြီ၊ မိမိသန္တာန်မှာဖြစ်တဲ့ သင်္ခါရတရားတွေ သူ့စိတ်ရဲ့အာရုံထဲမှာ မမြဲဘူးဆိုတာလေးတွေ ပေါ်လာတယ်၊ သူကြည့်လိုက်တာနဲ့ တွေ့နေတယ်၊ အဲဒီလို တွေ့ဖို့ရာ ဒီသဘာဝတရားတွေကို စူးစိုက်ပြီး စိတ်နဲ့အာရုံ တွေ့နေအောင် လုပ်ပေးနေတာက
သမ္မာသင်္ကပ္ပ

ပဲ၊ မြန်မာလိုပြောရင် ကြံစည်နေတာ၊ စိတ်ကူးနေတာ၊ တွေးတောနေတာ၊ အဲဒီ တွေးတောနေတော့ တွေ့တာပေါ့၊ ဒါတွေးလို့ ဒါတွေ့တာပေါ့။ အဲဒီ
အနိစ္စ

တွေကို တွေးတောကြည့်လို့ ပေါ်လာတယ်၊ အသိဉာဏ်နဲ့
သမ္မာဒိဋ္ဌိ

မှန်မှန်ကန်ကန်မြင်တယ်။

အဲဒီလို မြင်ဖို့ရာအတွက် ဘယ်သူ့ရဲ့ အထောက်အကူတွေ ပါတုန်းလို့ ဆိုတော့
သမ္မာဝါယာမ

၊ မြင်အောင် ကြိုးစားတာရော မပါဘူးလား၊ ပါတယ်၊ မြင်အောင် ကြိုးစားတဲ့အခါကျတော့ အမှတ်တမဲ့ ကြိုးစားတာလား၊ သတိကြီးစွာ ထားပြီးတော့ ကြိုးစားတာလား၊ သတိကြီးစွာထားပြီးတော့ ကြိုးစားတာပေါ့၊ ဒါကြောင့်မို့
Mindfulness

ဆိုတဲ့
သမ္မာသတိ

ပါတာပေါ့၊ သူ,မပါရင် လုပ်တာတွေ လွဲသွားမှာပေါ့၊ အဲဒီလို စိတ်ကိုအာရုံမှာ သတိထားပြီဆိုမှ ပညာကမြင်လို့ရတာပေါ့၊ ဒါတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးတော့ နေတာနော်။

အဲဒီလို ကြိုးစားပြီးတော့ သတိထားတဲ့အချိန်မှာ စိတ်က အေးငြိမ်းလို့ အာရုံတစ်ခုတည်းပေါ်မှာ ကျနေမှ အမှန်သိဖို့ဆိုတာ ဖြစ်နိုင်တယ်တဲ့၊ စိတ်မငြိမ်ဘူးဆိုလို့ ရှိရင်လည်း လွဲချော်နိုင်တယ်၊ အာရုံတစ်ခုတည်းမှာ စုတာက
သမ္မာသမာဓိ

၊ သမ္မာ–ဝါယာမ သမ္မာသတိ သမ္မာသမာဓိ၊ ဒီသုံးခုကို
သမာဓိအုပ်စု

အနေနဲ့ ပြောတာ။

ဒီတော့ ကမ္မဋ္ဌာန်းအားထုတ်ပြီဆိုရင်
သမ္မာဒိဋ္ဌိ

သမ္မာသင်္ကပ္ပ

သမ္မာ-ဝါယာမ

သမ္မာသတိ

သမ္မာသမာဓိ

ဆိုတဲ့ ဒီငါးခုက ပေါင်းပြီး အလုပ်လုပ်တာ၊ မဂ္ဂင် ၈-ပါးထဲမှာ ဟောဒီငါးခုကနေ လမ်းခင်းသွားတာ၊ နိဗ္ဗာန်လမ်းကြောင်းထိအောင် သယ်ဆောင်သွားတာ သူတို့က အဓိက၊ ဘယ်နေရာမှာပဲ လုပ်လုပ် သူတို့ရဲ့အဆင့်အတန်း အရည်အသွေးတွေကို လိုက်ပြီးတော့ ဒီသဘာဝတရားတွေကို ပြောရတာ၊ သာမန်အားဖြင့်ဆိုရင် ဒီငါးခုနဲ့ပဲ အလုပ်လုပ်နေတာပဲ။

ကဲ၊ ကမ္မဋ္ဌာန်းရှူနေတဲ့အချိန်မှာ ဒီငါးခုက ဘယ်လိုဖြစ်နေတာလဲဆိုတာ စဉ်းစားကြည့်၊ ကမ္မဋ္ဌာန်းထိုင်တဲ့ပုဂ္ဂိုလ်တစ်ယောက် ထွက်လေဝင်လေကို မှတ်နေပြီဆိုရင် ထွက်လေဝင်လေကို စဉ်ဆက်မပြတ်သိအောင် ကြိုးစားနေတာက
သမ္မာ-ဝါယာမ

၊ ထွက်လေဝင်လေပေါ်မှာ သတိစိုက်နေတာက
သမ္မာသတိ

၊ ထွက်လေဝင်လေပေါ်မှာ စိတ်တွေ တစ်ဆက်တည်း ကျတာက
သမ္မာသမာဓိ

၊ အဲဒီလို ကျနေပြီးတဲ့အခါ ထွက်လေဝင်လေရဲ့ သဘာဝအစစ်အမှန်ကို တွေးတောကြံစည်ဆင်ခြင်တာက
သမ္မာသင်္ကပ္ပ

၊ မမြဲဘူးလို့ အမှန်သိလိုက်တာက
သမ္မာဒိဋ္ဌိ

၊ ဒီအဓိပ္ပါယ်ကို ပြောတာ၊ သူတို့အားလုံးဟာ စုပေါင်းပြီး အလုပ်လုပ်သွားကြတာ။

ဥပမာလေးတစ်ခု- target ပစ်မှတ်ကို လေးနဲ့ပစ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ကြည့်ရအောင်၊ ပစ်မှတ်တည့်တည့်ကို မှန်ဖို့ရာအတွက် ကြိုးစားနေတာက
သမ္မာဝါယာမ

၊ ပစ်မှတ်ကိုပဲ အာရုံစိုက်နေတာ, ဘယ်နေရာ ပစ်ရမယ်ဆိုတာ သတိထားနေတာက
သမ္မာသတိ

၊ စိတ်ငြိမ်အောင်ထားတာက
သမ္မာသမာဓိ

၊ ဘယ်လိုပစ်လိုက်ရမယ်ဆိုတာကို တွေးတောဆင်ခြင်တာရယ်, ဆင်ခြင်ပြီးတာနဲ့ တစ်ပြိုင်နက် ပစ်လိုက်တာ၊ တွေးတောဆင်ခြင်တာက
သမ္မာသင်္ကပ္ပ

၊ ပစ်လိုက်လို့ ပစ်ကွင်း target ကို ထိသွားတာက
သမ္မာဒိဋ္ဌိ

၊ အဲဒီသဘောပဲ။

အဲဒီနေရာမှာ ဝီရိယနဲ့ သမာဓိဆိုတာ ညှိထားရတယ်၊ လူတွေ ပြောတယ် မဟုတ်လား၊ စိတ်တွေက မငြိမ်လို့, စိတ်တအားလှုပ်ရှားလို့၊ စိတ်မငြိမ်လို့ရှိရင်လည်း ချော်သွားတာပဲ၊ စိတ်က တအားငြိမ်ပြီးတော့ ကြိုးစားမှု မရှိရင်လည်း ချော်သွားနိုင်တာပဲ။ ဒါကြောင့်မို့လို့ စိတ်ငြိမ်မှုရယ် ကြိုးပမ်းမှုရယ်၊ ဒီနှစ်ခု ညီတူနေအောင် ထိန်းညှိပေးဖို့ လိုတယ်တဲ့၊
ဝီရိယနဲ့ သမာဓိ ညှိတယ်

လို့ ပြောတာ၊ ဒီတော့ မဂ္ဂင် ၈-ပါးက အဲဒီနည်းနဲ့ စွမ်းဆောင်သွားတာ၊ စွမ်းဆောင်သွားသည့်အတွက်ကြောင့် ကိုယ်လုပ်တဲ့ လုပ်ငန်း တစ်ခုဟာ အသိဉာဏ်တွေ ထိုးထိုးပေါက်ပေါက် သိမြင်သွားတယ်။

အဲဒါကြောင့် စာပေကျမ်းဂန်မှာ
ပညာ

ဆိုတာ သူ့ဟာသူ သိလို့ရတာ မဟုတ်ဘူး၊ ပညာရဲ့ကိစ္စက သိပ္ပံ သိနိုင်တာ၊ ပညာက မကြိုးစားနိုင်ဘူး၊ ပညာက အာရုံတစ်ခုပေါ်မှာ စိတ်မစိုက်နိုင်ဘူး၊ ပညာက အာရုံတစ်ခုပေါ်မှာ ငြိမ်နေအောင် မလုပ်နိုင်ဘူး၊ ပညာက သဘာဝတရားတွေကို တွေးတောနိုင်တာ မဟုတ်ဘူး၊ သူ့ရဲ့ တာဝန်က ဘာတုန်း၊
သိတာ

၊ ဒီတော့ ကြိုးပမ်းအားထုတ်ပေးတာက ဘယ်သူတုန်း၊
ဝါယာမ

၊ စိတ်စိုက်ပေးတာက
သတိ

၊ စိတ်တည်ငြိမ်နေအောင် ထိန်းထားတာက
သမာဓိ

၊ တွေးတောဆင်ခြင်ပေးတာက
သင်္ကပ္ပ

၊ သိတာကျတော့
ပညာ

ဒါကြောင့်မို့ စာပေကျမ်းဂန်မှာ ရှင်းပြီးတော့ ပြောတာတွေ ရှိတယ်၊
သတိနဲ့ ပညာ

၊ သတိဆိုတာလည်း သိပ်အရေးကြီးတယ်၊ သတိဆိုတာ အာရုံပေါ်မှာ စိတ်စိုက်ရုံ စိုက်ပေးနိုင်တာ၊ အဲဒီအာရုံရဲ့သဘာဝကို သိတာတော့ သူ့အလုပ် မဟုတ်ဘူး၊ သူမသိနိုင်ဘူး၊ သိတာက
ပညာ

က သိတာ။

ကဲ ဘုန်းကြီးတို့တတွေ စာအုပ်တစ်အုပ် ဖတ်တော့မယ်ဆိုရင် စာကြည့်တာက မျက်လုံးက ကြည့်တာနော်၊ သိတာက အသိဉာဏ်က သိတာ၊ မျက်လုံးက စာကြည့်လို့ပဲ ရမယ်၊ အသိဉာဏ်က သိတယ်၊ သို့သော် အဲဒီအသိဉာဏ်ရော မျက်လုံးရော စာအုပ်ကို ဖွင့်နိုင်ပါ့မလား၊ မဖွင့်နိုင်ဘူး၊ လက်က ဖွင့်ပေးရတယ်၊ ဒါပေမယ့် လက်က သိသလား၊ ဘယ်စာမျက်နှာကို ဖတ်မယ်ဆိုတာ လက်က သိသလား၊ မသိဘူး။ စာမျက်နှာရွေးတာ အသိဉာဏ်က ရွေးတာ၊ နံပါတ် ကြည့်ပေးတာက ဘယ်သူက ကြည့်ပေးတာတုန်း၊ မျက်လုံးက ကြည့်ပေးတာ၊ မျက်လုံးမပါလို့ရှိရင် page နံပါတ်တွေကို ကြည့်လို့ရမှာမဟုတ်ဘူး၊ အသိဉာဏ် မပါလို့ရှိရင်လည်း ဘယ်ဂဏန်း ဘယ်စာဆိုတာ သိမှာမဟုတ်ဘူး၊ ဟုတ်ရဲ့လား၊ ဆိုလိုတာက
ပူးပေါင်းပြီးတော့ လုပ်ကြတာ

၊ သူ့အလုပ်နဲ့သူ၊ လက်က စာအုပ်ဖွင့်ပေးရုံ ဖွင့်နိုင်တာ၊ နံပါတ်ကိုလည်းပဲ သူကမသိဘူး၊ မျက်လုံးကလည်း ကြည့်ရုံသာ ကြည့်ပေးနိုင်တာ၊ အဓိပ္ပါယ်ကိုသူကမသိဘူး၊ သိတာက ဘာတုန်းဆိုရင်
ပညာ

ကသိတာ၊ သဘာဝတရားတွေက စုပေါင်းပြီး အလုပ်လုပ်တယ်ဆိုတာ သာမန်ကြည့်တာနဲ့ပဲ ထင်ထင်ရှားရှား သိနိုင်တာပေါ့။

ဒါကြောင့်မို့ ဟောဒီမဂ္ဂင် ၅-ပါးကို
ကာရာပကမဂ္ဂင်

တဲ့၊ အလုပ်လုပ်နေကြတဲ့, နိဗ္ဗာန်လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြတဲ့, ဝိပဿနာဉာဏ်ဖြစ်စေတဲ့ ဝိပဿနာဉာဏ်လို့ ဆိုရလောက်အောင် ဒီမဂ္ဂင် ၅-ပါးက အလုပ်လုပ်တာ။ ဒါဖြင့် ကျန်တဲ့မဂ္ဂင် ၃-ပါးက ဘာဖြစ်သလဲ၊
အကူအညီပေးထားတာ

၊ အခြေအနေကောင်းတစ်ခုကို ဖန်တီးပေးတာ၊ အခြေအနေကောင်း မရှိဘဲနဲ့ သူတို့ဟာ လုပ်ငန်းလုပ်လို့ မရဘူး။

ဆိုပါစို့ - စာဖတ်ချင်တယ်၊ စိတ်ကလည်း ရှိတယ်ပေါ့၊ မျက်စိကလည်း ကောင်းတယ်ပေါ့၊ စာအုပ်မရှိဘူးဆိုတဲ့ အခြေအနေတစ်ခု မရှိဘူးဆိုရင် ဘယ်လိုလုပ် ဖတ်မတုန်း၊ ဖတ်လို့ မရဘူး၊ စာအုပ်ကလည်း ရှိနေဦးမှ၊ ဟုတ်ရဲ့လား၊ အဲဒီလို စာအုပ်ရှိနေတယ်ဆိုတာလိုပဲ ဒီ
သမ္မာဝါစာ

သမ္မာကမ္မန္တ

သမ္မာအာဇီဝ

ဆိုတဲ့ ကိုယ်ကျင့်တရား ကောင်းနေတာက ကျန်တဲ့ ၅-ခုကို အထောက်အကူပြုဖို့ ကောင်းထားတာ၊ ကျန်တဲ့ ၅-ခုကို အထောက်အကူပေးဖို့အတွက် ဒါရှိတာ၊ ဒီတော့ အထောက်အကူဆိုတာ စုံစုံလင်လင်ရှိမှ ဖြစ်တာနော်။

စာဖတ်ချင်တယ်ဆိုတဲ့လူတစ်ယောက် စာအုပ်ထဲကနေ အသိပညာရပ် တစ်ခု ဆည်းပူးချင်တယ်ဆိုလို့ရှိရင် ကြိုတင်ပြီးတော့ ဘာရှိဖို့လိုတုန်း၊ စာအုပ်ရှိဖို့ လိုတယ်၊ စာအုပ်ရှိပြီဆိုရင် စာအုပ်ကို ကြည့်ချင်စိတ် ရှိရမယ်၊ မျက်လုံးကောင်းရမယ်၊ လက်က စာအုပ်ကို ဖွင့်ပေးရမယ်၊ ကိုယ်ကြည့်ချင်တဲ့နံပါတ်ကို မျက်လုံးကနေ ကြည့်ပေးမယ်၊ ဖတ်ပြီးတော့ အဓိပ္ပါယ်သိတာကျတော့ ပညာက သိတယ်၊ အဲဒီ သဘောကို ပြောတာနော်၊ အားလုံးစုပေါင်းပြီးတော့ ဆောင်ရွက်သွားကြတာ၊ ဒါကြောင့်မို့လို့
မဂ္ဂင် ၈-ပါး

လို့ ပြောတာ။

သမ္မာဝါစာ

သမ္မာကမ္မန္တ

သမ္မာအာဇီဝ

- ကိုယ်ကျင့်သီလနဲ့ အခြေအနေ ကောင်းတွေကို ဖန်တီးပေးလိုက်တဲ့အခါမှာ

သမ္မာဝါယာမ

= ကြိုးစားအားထုတ်ထားတယ်၊

သမ္မာသတိ

– အာရုံပေါ်မှာ စိတ်စိုက်ထားတယ်၊

သမ္မာသမာဓိ

– အာရုံပေါ်မှာ တည်ကြည်သွားအောင် စုစည်းကျထားတာတွေ၊

သမ္မာသင်္ကပ္ပ

- မှန်ကန်စွာ တွေးတောတာတွေဟာ၊

သမ္မာဒိဋ္ဌိ

- အမှန်သိဖို့ပါပဲတဲ့၊

အမှန်သိမှုကို ဦးတည်ပြီးတော့ ပေးကြတာပါ၊ အားလုံးဟာ ဘယ်သူ့အတွက် ဆောင်ရွက်ပေးတာလဲ, ဘယ်မှာ လမ်းဆုံးတုန်းလို့ပြောရင်
သမ္မာဒိဋ္ဌိ

မှာ လမ်းဆုံးသွားတာပေါ့။

အဲဒီသဘာဝတရားတွေဟာ ဆိုင်ရာဆိုင်ရာ လမ်းကြောင်းသဖွယ် ဖြစ်ပြီးတော့ နေတယ်၊ သူတို့က လမ်းကြောင်းသဖွယ်ဖြစ်သလို သူတို့နဲ့ ယှဉ်တွဲလာတဲ့ သဘာဝတရားတွေကို အကျဉ်းအားဖြင့်ပြောရင်
စိတ်

၊ ထိုစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့
ရုပ်တရား

တွေကိုလည်းပဲ အဲဒီလမ်းကြောင်းအတိုင်း ဖြစ်ပေါ်လာအောင်
ကျေးဇူးပြုတယ်

၊ အထောက်အကူပြုတယ်၊ ဒါကို
မဂ္ဂပစ္စည်း

လို့ ပြောတာပါ။

မိစ္ဆာသင်္ကပ္ပ

လို့ဆိုတဲ့ မှားယွင်းတဲ့ အတွေးတွေကလည်းပဲ ထို့အတူပဲ၊ မှားယွင်းတဲ့ အတွေး တွေးလို့ရှိရင် ဘာဖြစ်သလဲ၊ မှားတဲ့အပြောတွေ မပြောဘူးလား၊ ပြောတယ်၊ သူက လမ်းကြောင်းပဲ၊ မှားတဲ့အတွေး တွေးလို့ရှိရင် စိတ်အားလုံးဟာ မှားတဲ့အတွေးဘက် လိုက်ကြတယ်၊ မှားတဲ့အတွေးက လမ်းခင်းသွားတယ်၊ သူကနေပြီး ကျေးဇူးပြုထားတော့ ကျန်တာတွေကလည်း မှားတဲ့လမ်းကြောင်းပေါ် ရောက်ကုန်ကြတာပေါ့၊ မှားတဲ့အတွေး တွေးထားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ပြောရင်လည်း မှားတဲ့အပြော ပြောမယ်၊ လုပ်လို့ရှိရင်လည်း မှားတဲ့အလုပ်တွေပဲ လုပ်လိမ့်မယ်တဲ့။

မိစ္ဆာသတိ

- မကောင်းမှုအတွက် အမှတ်ရနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊
မိစ္ဆာသမာဓိ

- အကုသိုလ်အလုပ်အပေါ်မှာ စိတ်စိုက်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်၊ အဲဒီ စိတ်စိုက်မှုဆိုတဲ့
သတိ သမာဓိ

တို့ရဲ့စွမ်းဆောင်မှုကြောင့် အကုသိုလ်စိတ်အားလုံးဟာ သူ့နောက်လိုက်တယ်၊ လိုက်သွားပြီးတဲ့အခါမှာ စိတ်တင်လိုက်တာ မဟုတ်ဘူး၊ ရုပ်တရားတွေပါ လိုက်သွားတယ်တဲ့။

ဒါကို ရည်ရွယ်ပြီးတော့ ကောင်းတဲ့လမ်းကြောင်း မကောင်းတဲ့လမ်းကြောင်း၊ သုဂတိဘုံရောက်တဲ့လမ်းကြောင်း ဒုဂ္ဂတိဘုံရောက်တဲ့လမ်းကြောင်း၊ နိဗ္ဗာန်ရောက်တဲ့ လမ်းကြောင်း၊ အဲဒီလမ်းကြောင်းသဖွယ် ဦးဆောင်သွားတဲ့တရား ၉-ပါး၊ အဲဒီ ၉-ပါးသည် သူတို့နဲ့ အတူတကွ ယှဉ်တွဲပြီး ဖြစ်လာတဲ့ ရုပ်တရား နာမ်တရားတွေကို အားလုံးဟာ လမ်းကြောင်းသဖွယ် ဖြစ်သွားအောင်
မဂ္ဂသတ္တိ

နဲ့
ကျေးဇူးပြုပေးထားပါတယ်

၊ အထောက်အကူပြုထားပါတယ်လို့ ပြောတာနော်။

မဂ္ဂပစ္စယော ပါဠိတော်နိဿယ

အဲဒါကြောင့်မို့လို့ ပါဠိတော်မှာတော့ ကျဉ်းကျဉ်းလေးပဲ-

“မဂ္ဂပစ္စယောတိ၊ မဂ္ဂင်္ဂါနိ မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော”

မဂ္ဂင်္ဂါနိ - မဂ္ဂလို့ဆိုတဲ့ တရားဓမ္မရဲ့ အစိတ်အပိုင်းတို့သည်၊ မဂ္ဂင် ၉-ပါး တရားတို့သည်၊ (ခုနက ပြောထားတဲ့တရား ၉-ပါး၊)
မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ - မဂ္ဂနဲ့ယှဉ်တဲ့ စိတ်စေတသိက်တို့အားလည်းကောင်း၊
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထို မဂ္ဂနဲ့ယှဉ်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာသော စိတ္တဇရုပ်တရားတို့အား လည်းကောင်း၊
မဂ္ဂပစ္စယေန – မဂ္ဂပစ္စယသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေ၏။

ဟောဒီတရား ၉-ခုဟာ သူတို့ကိုယ်တိုင်ဟာ တစ်စုံတစ်ခုသို့ ရောက်ဖို့ရာ အတွက် ဦးတည်ထားတဲ့
လမ်းကြောင်းကြီးတွေ

ဖြစ်နေတယ်၊ သူတို့က လမ်းကြောင်းကြီးဖြစ်နေသလို သူတို့နဲ့ ယှဉ်တွဲလာတဲ့, သူတို့နဲ့ ပတ်သက်နေတဲ့ သဘာဝတရားတွေကိုလည်း ထိုလမ်းကြောင်းပေါ်ကို စုပြုံတင်ပေးထားတယ်လို့ ဒီလိုပြောတာ၊ အဲဒါကိုပဲ
မဂ္ဂသတ္တိ

လို့ ပြောတာနော်၊ အကယ်၍ ဒီသတ္တိမရှိဘူးဆိုလို့ရှိရင် ကျန်တဲ့ တရားတွေက လိုက်လာမှာ မဟုတ်ဘူးနော်၊ ကျန်တဲ့တရားတွေက လိုက်လာတယ် ကျေးဇူးပြုတယ်ဆိုတာ ဒီသဘောတွေကို ပြောတာ။

ပစ္စယ

- အကြောင်းတရား ဆိုလို့ရှိရင် ထုတ်လုပ်တာချည်းပဲလို့ ဒီလို အောက်မေ့မနေနဲ့နော်၊
ကျေးဇူးပြုတယ်

ဆိုတဲ့နေရာမှာ ဖြစ်စေတာတင် မဟုတ်ဘူး၊ တည်တံ့စေတာတို့, တစ်နည်းနည်းနဲ့ အထောက်အကူပြုနေတာတို့ ဒါတွေဟာ ကျေးဇူးပြုနေတာပဲ။

ကဲ၊ တရားချစ်ခင် သူတော်စင်ပရိသတ်တို့ စဉ်းစားကြည့်၊ တရားနာတဲ့အခါ ထိုင်နေကြတာ ဘယ်ပေါ်မှာ ထိုင်နေတုန်း၊ ကြမ်းပေါ်ထိုင်နေတယ်၊ ဒီလို ထိုင်နေလို့ ရအောင် ဘယ်သူက
ကျေးဇူးပြုထားတုန်း

၊ ကြမ်းက ကျေးဇူးပြုထားတယ်ပေါ့၊ သူမပါဘဲ ထိုင်လို့ ရမလား၊ မရဘူး၊ သူမရှိရင် မရဘူး၊ အဲဒါကိုပဲ ကျေးဇူးပြုတယ်လို့ ခေါ်တာ၊ ဒါပေမယ့်လို့ ကျေးဇူးပြုတယ်လို့ သိပ်မသိဘူး၊ မစဉ်းလည်း မစဉ်းစားမိဘူး၊ ငါ့ကို ဒါက ကျေးဇူးပြုနေတာပါလားလို့ မစဉ်းစားဘဲနေကြတာ၊ ဒါလည်း ကျေးဇူးပြုနေတဲ့သဘာဝတရားတစ်ခုပဲ၊ ကျေးဇူးပြုနေတာပဲ။ အထောက်အကူတွေ ပေးနေတာ၊ အကူအညီတွေ ပေးနေတာ၊ ဒါတွေကို ရည်ညွှန်းတာ မြတ်စွာဘုရားက၊ လောကကြီးတစ်ခုလုံးဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်ပြီးတော့
ထောက်ပံ့နေတာ

ဒါဖြင့် ဒီကြမ်းကြီးက ဘာ့ကြောင့် ဒီလိုနေလို့ရတာတုန်း ဆိုရင်တော့ အောက်က ထုတ်တွေတို့ ယက်မတွေတို့ မရှိဘူးလား၊ ရှိတယ်၊ ဒါဖြင့် ထုတ်တွေတို့ ယက်မတွေတို့က တိုင်တွေကြောင့်မို့ သူတို့ နေလို့ရတာမဟုတ်လား၊ တစ်ခါ တိုင်တွေကလည်း အောက်ကနေ မြေကြီး foundation မရှိဘဲနဲ့ နေလို့ရမလား၊ မရဘူးတဲ့၊ ဟော
အစဉ်အဆက် ဒီလိုအထောက်အကူပြုနေတာ

၊ ဒီသဘောတရားတွေကို ဆင်ခြင်စဉ်းစားကြည့်လိုက်မယ်လို့ဆိုရင် အားလုံးဟာ
အကြောင်းတရားပေါ် တည်နေတာ

ပါလားဆိုတာကို သဘောပေါက်လာမယ်။

အဲဒါတင်မကဘူး ဘုန်းကြီးတို့အသက်ကိုပဲကြည့် -
ကံ

ဆိုတဲ့အကြောင်း တရားရှိတယ်၊ ကံက ကိုယ်မမြင်ရဘူးပေါ့၊ အတိတ်ဘဝက ပေးလိုက်တဲ့ ကံတရားနဲ့ အသက်ရှင်နေကြတာ၊ ဘယ်လောက်ရှင်မယ်ဆိုတာ မသိနိုင်ဘူး၊ ဟုတ်ရဲ့လား၊ ကံက ပေးထားတဲ့အသက်က ဘယ်လောက်နေရမယ်ဆိုတာ သိရဲ့လား၊ မသိဘူး။

“ဇီဝိတံ ဗျာဓိကာလော စ၊
ဒေဟ နိက္ခေပနံ ဂတိ”

မသိနိုင်တာတွေ အများကြီးပဲ၊

ဇီဝိတံ

- ကိုယ့်အသက်က ဘယ်လောက် ကြာမယ်ဆိုတာ မသိနိုင်ဘူး၊

ဗျာဓိ

- ဘာရောဂါ ဖြစ်မယ်ဆိုတာလည်း မသိနိုင်ဘူး၊ ဘာရောဂါနဲ့ သေမယ်ဆိုတာ မသိနိုင်ဘူး၊ ဒါဖြင့် သိပါတယ်ဗျာ, ကင်ဆာနဲ့ သေမှာ လို့ ဆရာဝန်တွေက ပြောထားတယ်၊ ကင်ဆာရောဂါနဲ့ မသေဘဲနဲ့ နှလုံးရောဂါနဲ့ သေသွားတဲ့လူလည်း ရှိသေးတယ်၊ ကင်ဆာရောဂါနဲ့ မသေဘဲနဲ့ ကားတိုက်လို့ သေတာရော မရှိဘူးလား၊ ပြောလို့ မရဘူးနော်၊ သေချာပေါက်ပြောလို့မရဘူး၊

ကာလော

- ဘယ်အချိန်သေမယ်ဆိုတာလည်း ပြောလို့မရဘူး၊ ဒါ သူ့ဟာသူ မသိနိုင်တာ ပြောတာနော်၊ တချို့ကျတော့ ဗေဒင်ဆရာတွေက ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် သေမယ်ဆိုတာ ပြောထားတာတွေရှိတယ်။

သာလွန်မင်းတရားကြီး ကောင်းမှုတော်ဘုရားကြီးပြီးလို့ ထီးတင်ဖို့ ကြိုးစားတဲ့အခါမှာ ပုဏ္ဏားဗေဒင်ဆရာကြီးတွေက လျှောက်တယ်၊ “အရှင်မင်းကြီး လက်ထက် ထီးတင်ရမှာ မဟုတ်ဘူး”တဲ့၊ ဒီလိုပြောတော့ ဘုရင်ကြီးကမကြိုက်ဘူးပေါ့၊ “ဒီကောင် ဖမ်းချုပ်ထား”၊ ဖမ်းချုပ်ထားပြီး “ငါ သေရင်သေ, မသေရင် ဒီကောင် သတ်မယ်” ပေါ့၊ ကျန်းကျန်းမာမာကြီးပဲ ထီးတင်ဖို့ ကြိုးစားနေတဲ့အချိန်မှာပေါ့၊ သူတို့ပြောတဲ့ ရက်မှာပဲ ခေါင်းထဲက မူးသလိုလိုနဲ့ဖြစ်ပြီးတော့ သာလွန်မင်းတရားကြီး နတ်ရွာစံသွားတယ်၊ ခုခေတ်လို နာမည်တပ်မယ်ဆိုလို့ရှိရင် သွေးတိုးပြီး သို့မဟုတ် heart attack နဲ့ သေသွားတာလား မသိဘူး၊ ထီးတော့ မတင်လိုက်ရတာ သေချာတယ်၊ သူတို့ပြောတဲ့ရက်အတိုင်းပဲ သေသွားတယ်၊ ကိုယ့်ဟာကိုယ်ကျတော့ သိဖို့ သိပ်လွယ်တာမဟုတ်ဘူးပေါ့နော်၊ မသိဘူးဆိုတာ ယေဘုယျစကားပါ။

ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကျတော့ သိတယ်၊ သမာပတ်ကနေ ထတဲ့အခါမှာ ဆိုပါစို့ - လ,နဲ့ ပြောမယ်ဆိုရင် တန်ဆောင်မုန်းလဆန်း ၇-ရက်လောက်မှာ သမာပတ်ဝင်စားပြီး ညနေမှာ သမာပတ်က ထပြီးတော့ စဉ်းစားတယ်၊ “ရှေးတုန်းက ဘုရားတွေမှာ ဘုရားကပဲ အရင်ပရိနိဗ္ဗာန်စံသလား၊ တပည့်ကြီးတွေကပဲ အရင် ပရိနိဗ္ဗာန်စံသလား” လို့ စဉ်းစားလိုက်တဲ့အခါ တပည့်ကြီးတွေက အရင် ပရိနိဗ္ဗာန်စံတယ်၊ “ဒါဖြင့် ငါ့အသက်ရော ဘယ်လောက်ကျန်သေးတုန်း” လို့ ကြည့်လိုက်တဲ့အခါကျတော့ ၇-ရက်ပဲ ကျန်တော့တယ်၊ တန်ဆောင်မုန်းလပြည့်နေ့ဆိုရင် ပရိနိဗ္ဗာန်စံရတော့မှာ၊ ၇-ရက်ပဲ ကျန်တော့တယ်၊ ၇-ရက်ကြိုမှ သိရတာ၊ ဒါ မစဉ်းစားရင် မသိဘူး၊ စဉ်းစားကြည့်လိုက်တော့ သိတာ၊ ဒါပေမယ့် သာမန်ပုဂ္ဂိုလ်တွေ မသိနိုင်တဲ့အတွက်ကြောင့် ဒါ မသိဘူးလို့ ပြောရမှာပဲ၊ ဒါက ထူးခြားတဲ့ပုဂ္ဂိုလ်တွေ ထူးထူးချွန်ချွန် တစ်ယောက်တစ်လေ သိတာမျိုးကို ထည့်ပြောလို့ မဖြစ်ဘူး၊ ဒါ ပြောတာနော်။

အရှင်သာရိပုတ္တရာက သိတာနဲ့ ဘယ်သွားပြီး ပရိနိဗ္ဗာန်စံရမလဲပေါ့၊ အရပ် စကားပြောရင် ဘယ်သွားသေရမလဲပေါ့၊ သေမယ့်နေရာ ကြည့်တဲ့အခါ သူမွေးတဲ့ အိမ်ပြန်ပြီး သူ့မယ်တော်ကြီးက ဗုဒ္ဓဘာသာ မဖြစ်သေးဘူး၊ တရားဟောမယ်၊ အိမ်ပြန်မယ်၊ ဒီတော့ ဝေးလံတဲ့ခရီးကြီးကို ၇-ရက်တိတိ လျှောက်လှမ်းသွားပြီး နောက်ဆုံးနေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ အိမ်ရောက်တယ်၊ သာရီဆိုတဲ့ သူ့ရဲ့ မယ်တော်ကြီးကို တရားဟောတယ်၊ သူမွေးတဲ့အခန်းက ဒီအတိုင်းပဲထားတာ ရှိတယ်၊ အဲဒီအခန်းထဲမှာ ညအိပ်တယ်၊ ညပိုင်းရောဂါဖောက်ပြီး မနက်လင်းအားကြီး ကျမှ ပရိနိဗ္ဗာန်စံသွားတာ။

ဒီတော့ သာမန်ပုဂ္ဂိုလ်တွေမှာကျတော့ -

ဒေဟ နိက္ခေပနံ

– ကိုယ့်ရဲ့ရုပ် အလောင်းကို ဘယ်နေရာမှာ ပစ်ချမယ်ဆိုတာလည်း သိနိုင်တာ မရှိဘူး၊

ဂတိ

- သွားရမယ့်ဘဝလည်း သိနိုင်တာ မဟုတ်ဘူးတဲ့။

ဒါကြောင့်မို့ သဘာဝတရားတွေကို ဆင်ခြင်စဉ်းစားကြည့်လိုက်မယ် ဆိုလို့ရှိရင်
ပစ္စည်းတရားတွေဟာ တစ်ခုနဲ့တစ်ခု အထောက်အကူပြုပြီး ကျေးဇူးပြုနေတာ

သင်္ခါရတရားတွေဟာ တစ်ခုနဲ့တစ်ခု အထောက်အကူပြုထားလို့ သင်္ခါရလို့ ခေါ်တာ

၊ အကြောင်းတရားတွေက ထောက်ပံ့ပေးထားလို့ တည်နေတာ၊ အထောက်အပံ့မရတော့ဘူးဆိုရင် ပြိုလဲသွားမှာပဲ၊ နိဗ္ဗာန်ဆိုတဲ့ သဘာဝတရားကျတော့
ဝိသင်္ခါရ

၊ ဒီလို ထောက်ပံ့မှု မရှိဘဲနဲ့ ပင်ကိုယ်သဘာဝအတိုင်း ထာဝရရှိနေတဲ့အရှိ၊ အငြိမ်းဓာတ် အနေနဲ့ တည်ရှိနေတာဖြစ်တယ်။

အဲဒီ သင်္ခါရတွေကင်းတဲ့
ဝိသင်္ခါရ

လို့ဆိုတဲ့
နိဗ္ဗာန်တရား

ကို မရောက်သေးသမျှ၊ အကြောင်းတရားတွေရဲ့ထောက်ပံ့မှုတွေကို ခံနေရသေးသမျှ လောကကြီးဟာ
မမြဲဘူး

၊ ကိုယ်လည်း
မပိုင်ဘူး

၊ မမြဲသည့်အတွက်ကြောင့် စိတ်ပျက်စရာကောင်းတဲ့
ဒုက္ခ

ကြီးပဲ၊ အဲဒီလိုဒုက္ခကြီးကိုလည်းပဲ ကိုယ်ပိုင်လို့ ရသလားဆိုတော့ ကိုယ်မပိုင်ဘူးတဲ့၊
အနတ္တသဘော

ကြီးပဲ၊ မမြဲတဲ့သဘောတရား (
အနိစ္စ

)၊ ကျေနပ်စရာမကောင်းတဲ့ ဒုက္ခသဘောတရား (
ဒုက္ခ

)၊ ကိုယ်မပိုင်တဲ့ အနတ္တသဘောတရား (
အနတ္တ

) ဒီသဘောတရားတွေလို့၊ ဟောဒီသဘောတရားတွေကို အလေးအနက်ထား ဆင်ခြင်စဉ်းစားကြည့်မယ်ဆိုရင် သိမြင်သဘောပေါက်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပဋ္ဌာန်းကျမ်းတော်ကြီးကို ဆင်ခြင်နှလုံးသွင်းခြင်းဖြင့် မိမိတို့ရဲ့ သံဝေဂနဲ့ စပ်ယှဉ်တဲ့ အသိဉာဏ်တွေလည်း တဖြည်းဖြည်း ရင့်သန်ပြီးတော့ နောက်ဆုံးမှာ သင်္ခါရကင်းတဲ့
နိဗ္ဗာန်

သည်သာလျှင် တကယ့် အငြိမ်းဓာတ် ချမ်းသာသုခဆိုတာဖြစ်တယ်။ သင်္ခါရနယ်ထဲမှာ ချမ်းသာအစစ်ဆိုတာ မရှိနိုင်ဘူးလို့ ကိုယ်စီကိုယ်စီ သဘောကျပြီး သင်္ခါရတို့ရဲ့ချုပ်ငြိမ်းရာ၊ သင်္ခါရတို့ရဲ့ကင်းလွတ်ရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကြီးကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုအောင် ကြိုးစားနိုင်ကြပါစေ ကုန်သတည်း။

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၁၆)

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ နတ်တော် လပြည့်ကျော် ၂-ရက်၊ (၃-၁၂-၂၀ဝ၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ် အပ်သည့် ညဉ့်ဦးယံဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။

သမ္ပယုတ္တပစ္စယော

“သမ္ပယုတ္တပစ္စယော”မှာ ရှေးဦးစွာ သမ္ပယုတ္တဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်းသိထားဖို့ လိုတယ်၊ ပါဠိစကားလုံးတွေဟာ အင်မတန်တိကျ သေချာတဲ့အဓိပ္ပါယ်မျိုးကို ဖေါ်ပြတယ်၊ စကားလုံးအဓိပ္ပါယ်ကို ဖေါ်ပြတာနဲ့ပဲ အဲဒီ ပစ္စည်းအကြောင်းကို အတော်အသင့်နားလည်ပြီးသား ဖြစ်သွားနိုင်တယ်၊ သမ္ပယုတ္တ ကို ပဒသုံးခုနဲ့ ဖွဲ့စည်းထားတယ်၊ သံဆိုတာ ပုဒ်တစ်ခု, ပ ဆိုတာက ပုဒ်တစ်ခု, ယုတ္တ ဆိုတာက ပုဒ်တစ်ခု၊ ပေါင်းလိုက်တော့ သမ္ပယုတ္တလို့ ဖြစ်တယ်၊ “ပဒ”လို့ ဆိုတာ အသီးသီးအဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေကို ခေါ်တယ်၊ မြန်မာလိုက “ပဒ”ကို ပုဒ်လို့ ပြောလိုက်တော့ မြန်မာစကားမှာ အဓိပ္ပါယ် အမျိုးမျိုးတွေ ရှိတယ်၊ ဒီတော့ “ပဒ” ဆိုတဲ့စကားကို အသုံးပြုပြီးတော့ပြောရင် ပိုရှင်းတာပေါ့၊ ပဒဆိုတာ အနက် အဓိပ္ပါယ်ရှိတဲ့စကားလုံး၊ အနက်ကို ဖေါ်ပြနိုင်တဲ့စကားလုံး ဖြစ်တယ်။

သံ ဆိုတဲ့ အဓိပ္ပါယ်က ညီတူညီမျှလို့ အဓိပ္ပါယ်ရတယ်၊ ဒါကြောင့်မို့ သံရဲ့ အဓိပ္ပါယ်ကို ရှင်းပြတဲ့အခါ သမံ လို့ ရှင်းပြတယ်၊ (သမံ ဆိုတာ ညီတူညီမျှလို့ အဓိပ္ပါယ်ရတယ်) ပ ရဲ့အဓိပ္ပါယ်က ပကာရ၊ ပကာရဆိုတာ တစ်မျိုးနဲ့တစ်မျိုးမတူတဲ့ အမျိုးအစား၊ ယုတ္တ ဆိုတာ ယှဉ်တွဲနေတာတဲ့၊ ပေါင်းပြီးတော့ ပြောလိုက်တဲ့အခါမှာ “ညီတူညီမျှ မတူတဲ့ အမျိုးအစားတွေ ယှဉ်တွဲထားတာ”လို့ အဓိပ္ပါယ်ရတယ်။

သမ္ပယုတ္တပစ္စယော ဆိုတာ အဲဒီလို ယှဉ်တွဲနေတယ်ဆိုရင် အပြန်အလှန် အထောက်အကူပြုမှု, ကျေးဇူးပြုမှုဆိုတဲ့ သဘောလေးတွေဟာ နေရာတကာမှာ ရှိနေတယ်၊ ဆိုပါစို့ - အခု အလှပြင်ထားတဲ့ ပန်းခက် ပန်းခိုင်လေးတွေကိုပဲ ကြည့် လိုက်၊ မတူညီတာလေးတွေ စုထားပြီးတော့ အပြန်အလှန် အထောက်အကူပြုနေ တာ ဖြစ်တယ်၊ ရိုးတံလေးတွေ ပါတယ်၊ အဖူးလေးတွေ ပါတယ်၊ အပွင့်လေးတွေ ပါတယ်၊ အရွက်လေးတွေ ပါတယ်၊ အပွင့်လေးတွေ အဖူးလေးတွေ အရွက်တွေက ရိုးတံလေးပေါ်မှာ တည်ပြီးနေကြတယ်၊ အဖူးအပွင့်လေးတွေက ရိုးတံလေးကို လှသွားအောင် တန်ဆာဆင်ပေးထားကြတယ်၊ ဒီရိုးတံလေးကလည်း အောက်မှာ ထိုးစိုက်စရာနေရာလေးတွေ ရှိတယ်၊ အဲဒီနေရာလေးတွေပေါ်မှာ မှီတည်ပြီး နေကြ တယ်၊ ထိုနေရာလေးကလည်း ပန်းအလှဆင်ထားတာလေးတွေကြောင့် ကျက်သရေ ရှိလာတယ်၊ အပြန်အလှန် အထောက်အကူပြုနေတယ်ဆိုတဲ့သဘောကို ပြောပြတာ။

ဘယ်နေရာမှာပဲဖြစ်ဖြစ် မတူညီတာလေးတွေ အချိုးကျကျ ပေါင်းစပ် ထားပြီဆိုရင် စိတ်ဝင်စားစရာ နှစ်သက်စရာ ကြည်နူးစရာဆိုတာ ဖြစ်လာကြတာပဲ။ နှစ်သက်စရာ ကြည်နူးစရာ မဖြစ်ဦးတော့ အပြန်အလှန် အထောက်အကူပြုပြီး တည်နေကြတယ်ဆိုတဲ့ သဘောဟာ အင်မတန်မှ ထင်ရှားတယ်၊ တစ်ဦးတည်း ရပ်တည်နိုင်စွမ်း မရှိဘူး၊ အားလုံးဟာ အပြန်အလှန် အထောက်အကူ ပြုပြီးတော့ ရပ်တည်နေကြတယ်၊ ဒါ မျက်စိနဲ့ မြင်ရတဲ့အရာတစ်ခုကို ပြောပြတာ။

မျက်စိနဲ့ မမြင်ရတဲ့ စိတ်အခြေအနေတွေမှာလည်း ဒီအတိုင်းပဲလို့မှတ်ပါ၊ ဘုန်းကြီးတို့တတွေရဲ့သန္တာန်မှာ စိတ်နဲ့ စေတသိက်ဆိုတဲ့သဘာဝတရားမှာ စိတ်ကို အခြေခံထားတယ်၊ စိတ်က ရိုးတံလေးနဲ့ အလားသဏ္ဌာန်တူတယ်၊ စေတသိက် ဆိုတာ ထိုအရိုးတံပေါ်မှာရှိနေတဲ့ ပန်းခိုင်ပန်းပွင့်လေးတွေ အရွက်ကလေး အဖူးကလေး တွေနဲ့ အလားသဏ္ဌာန်တူတယ်၊ စေတသိက်တွေက စိတ်ကို တန်ဆာဆင် ပေးကြတယ်၊ ထိုစေတသိက်တွေဟာ စိတ်ကို တန်ဆာဆင်နိုင်အောင် စိတ်ဆိုတဲ့ ရိုးတံအခြေခံ ရှိနေရတာပေါ့၊ အပြန်အလှန်အထောက်အကူ ပြုပြီးတော့ ပေါင်းစပ် ပြီးတော့ တည်ရှိနေတယ်ဆိုတဲ့သဘောကို ပြောတာ။

သာမန်အားဖြင့် လူတွေက စိတ်တစ်ခုတည်းပဲ ပြောနေကြတယ် - “စိတ် ကောင်းတယ်၊ စိတ်မကောင်းဘူး၊ စိတ်ပျော်တယ်၊ စိတ်မပျော်ဘူး၊ စိတ်ချမ်းသာတယ်၊ စိတ်ဆင်းရဲတယ်” စိတ်တစ်ခုတည်း ပြောနေကြတယ်၊ အဲဒီလို စိတ်လို့ပြောတဲ့ထဲမှာ အမျိုးအစားပေါင်း မြောက်မြားစွာ စုပြုံပါတယ်၊ စိတ်တစ်ခုတည်းမဟုတ်ဘူး၊ သို့သော် သာမန်လူတွေ မမြင်နိုင်လောက်အောင် တစ်ခုတည်း အသွင်သဏ္ဌာန် ဖွဲ့စည်းထား တယ်နော်၊ ပေါင်းစပ်ထားတယ်၊ တစ်ခုတည်းလို့ ထင်ရအောင် ပေါင်းစပ်ထားတာ၊ အဲဒီလို ပေါင်းစပ်တည်ရှိနေတဲ့သဘောကိုပဲ သမ္ပယုတ္တပစ္စယောလို့ ပြောတာ။

ဒီတော့ ဘယ်ပုံဘယ်နည်းနဲ့ မတူညီတဲ့သဘောတွေကို ဘယ်ရှုထောင့်ကနေ ပေါင်းစပ်တာလဲ၊ စိတ်နဲ့ စေတသိက်ဆိုတာ မတူညီတဲ့သဘောတရားတွေပဲ၊ မတူညီ တဲ့ သဘောတရားတွေကို လူတွေက စိတ်တစ်ခုတည်း ပြောရလောက်အောင် ဘယ်လိုရှုထောင့်တွေကနေ ပေါင်းစပ်ပေးထားသလဲဆိုလို့ရှိရင် ပ ကာရ အမျိုး အစား ၄-မျိုးနဲ့ ပေါင်းစပ်ထားတာ၊ အမျိုးအစား ၄-မျိုးဆိုတာ ဘာလဲ၊ စိတ်ချမ်းသာ တယ်လို့ပဲပြောပြော, စိတ်ဆင်းရဲတယ်လို့ပဲပြောပြော တစ်ခုတည်းလို့ ထင်နေရတဲ့ ဒီသဘာဝတရားတွေဟာ တစ်ခုတည်းလို့ ထင်ရလောက်အောင် -
(၁) ဖြစ်တဲ့နေရာချင်းလည်း အတူတူပဲတဲ့၊ စာပေလိုပြောရင် ဝတ္ထုပေါ့၊ မှီရာဝတ္ထု ရုပ်လို့ခေါ်တယ်၊ ဖြစ်လာတဲ့နေရာကလည်း အတူတူပဲတဲ့၊ တစ်နေရာတည်းကနေ ဖြစ်တာ၊ ဟိုနားကဖြစ်,ဒီနားကဖြစ်, ဖြစ်တာ မဟုတ်ဘူး၊ တစ်နေရာတည်းက ဖြစ်တာ၊ တစ်နေရာတည်းက ဖြစ်ပြီးတော့၊
(၂) အာရုံပြုတာ သိနေတာလည်း အတူတူပဲ၊ ဒီအာရုံတစ်ခုတည်းကိုပဲ သိနေတာ၊ ဆိုလိုတာက မှီရာဝတ္ထုရုပ်တူတယ်၊ မှီရာဝတ္ထုရုပ်ဆိုတဲ့ အမျိုးအစားတစ်ခု၊ သိစရာအာရုံဆိုတဲ့ အမျိုးအစားတစ်ခု၊ စိတ်ဆိုတာ အာရုံရှိမှ ဖြစ်ပေါ်လို့ရတာ၊ အာရုံမပါဘဲနဲ့ စိတ်ဆိုတာ မဖြစ်ဘူး၊ အာရုံပြုတာလည်းပဲ တစ်မျိုးတည်းပဲ။

ဒီတော့ မှီရာနေရာကလည်း တစ်မျိုးတည်း၊ အာရုံပြုတာကလည်း တစ်မျိုး တည်းဆိုတော့ စိတ်တစ်ခုတည်းလို့ ထင်ရတယ်၊ ဒီ့ထက်ပိုပြီး တစ်ခုတည်းလို့ ထင်ရအောင်က နောက်အခြေအနေ ၂-ရပ်က ဘာတုန်းဆိုရင် -
(၃) ဖြစ်တဲ့အချိန် လည်း တူတယ်၊
(၄) ပျက်သွားတဲ့အချိန်လည်း တူတယ်၊
ဟော တူ ၄-မျိုး၊ အဲဒါကို “ပ” ဆိုတဲ့ စကားလုံးက ပြောပြတာ၊ “ပ” ဆိုတာ တူ ၄-မျိုး ရှိတယ်တဲ့၊ မှီရာဝတ္ထုရုပ် တူတယ်၊ ပြုရာအာရုံချင်း တူတယ်၊ ဖြစ်တဲ့အချိန် တူတယ်၊ ပျက်သွားတဲ့အချိန်ချင်း တူတယ်၊ ဒီလို ဖြစ်သည့်အတွက် တစ်ခုတည်းလို့ ထင်ကြရတယ်၊ အမှန်ကတော့ တစ်ခုတည်း မဟုတ်ဘူးတဲ့၊ အဲဒီတစ်ခုတည်း မဟုတ်တာတွေကို ဒီအချိုးအစားနဲ့ ပေါင်းစပ်ထားလိုက်တာ။

တစ်ခုတည်း မဟုတ်ဘူးဆိုလို့ရှိရင် ဒီသဘာဝတရားတွေဟာ ဘယ်လိုလုပ် ပြီးတော့ တစ်ခုတည်းအသွင် ဆောင်နေကြသလဲလို့မေးရင် ဒီသမ္ပယုတ္တပစ္စည်း အနေနဲ့ ဒီ condition က ဖန်တီးပေးထားတာလို့၊ (ပဋ္ဌာန်းဆိုတာ အကြောင်းတရား ကို ပြောတာ၊ အကြောင်းလို့ ဆိုလိုက်တာနဲ့ ထုတ်လုပ်တဲ့ အကြောင်းတရားလို့ချည်းပဲ မအောက်မေ့ နဲ့၊ အထောက်အကူပြုတာလည်း အကြောင်းပဲ၊) အဲဒီရှုထောင့် ၄-မျိုး ကနေပြီးတော့ ကြည့်ပြီး တစ်ခုတည်းအနေနဲ့ ပေါင်းစပ်ပြီး တည်ရှိနေတာ ဖြစ်တယ်၊ အဲဒီတည်ရှိနေတဲ့တရားတွေကို အပြန်အလှန် အထောက်အကူပြုနေတဲ့ စွမ်းရည်သတ္တိ တစ်မျိုးကို သမ္ပယုတ္တပစ္စယောလို့ ဒီလိုပြောတာ။

ဒီတော့ သမ္ပယုတ္တပစ္စယော ဆိုတာ စဉ်းစားကြည့်ပေါ့၊ အနက်အဓိပ္ပါယ် နားလည် လိုက်မယ်ဆိုလို့ရှိရင် ဘယ်လောက်တန်ဖိုးရှိလိုက်မလဲ၊ တို့သန္တာန်မှာရှိနေတဲ့ နာမ်တရားတွေ စိတ်တွေ စေတသိက်တွေ အချိုးကျကျ ပေါင်းစပ်ပြီး တစ်ခုတည်းလို့ ထင်နေကြရတယ်၊ အဲဒီလို တစ်ခုတည်းလို့ ထင်နေကြရတာဟာ မှီရာဝတ္ထုရုပ် ကလည်း တူတယ်၊ သိစရာအာရုံကလည်း တူတယ်၊ ဖြစ်တဲ့အချိန်ကလည်း တူတယ်၊ ပျက်သွားတဲ့အချိန်ကလည်း တူတယ်။ ဘယ်နှစ်ခု ပေါင်းထားထား တစ်ခုတည်းလို့ပဲ ထင်ရမှာပဲ၊ ကွဲပြားခြားနားမှုမှ မရှိတာကိုး၊ အဲဒီအဓိပ္ပါယ်ကို သမ္ပယုတ္တ လို့ပြောတာ။

ပဋ္ဌာန်းပါဠိတော်ကြီးမှာ -
“သမ္ပယုတ္တပစ္စယောတိ - စတ္တာရော ခန္ဓာ အရူပိနော အညမညံ သမ္ပယုတ္တပစ္စယေန ပစ္စယော” ဒီလိုဟောထားတယ်။

စတ္တာရော ခန္ဓာ အရူပိနော - ခန္ဓာဆိုတာ ၅-မျိုး ရှိတယ်၊ ခန္ဓာ ၅-မျိုးထဲ မှာ ဒီမှာ စတ္တာရော ခန္ဓာဆိုတော့ ခန္ဓာ ၄-မျိုး၊ အဲဒီခန္ဓာ ၄-မျိုးက ဘာတွေတုန်း ဆိုတော့ အရူပိနောလို့ နောက်က ပြထားတယ်၊ ရုပ်မဟုတ်တဲ့ခန္ဓာဆိုတော့ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာဆိုတဲ့ စိတ်စေတသိက် နာမ်ခန္ဓာ၊ ဒါပြောတာ၊ ဒီ ပဋ္ဌာန်းပါဠိတော်ကြီးကို ရွတ်ရင်း ရွတ်ရင်းနဲ့ စတ္တာရော ဆိုတာ ၄-ခုကို ပြောတာ၊ ခန္ဓာ ဆိုတာ ခန္ဓာကို ပြောတာ၊ အရူပိနောလို့ ပြောလိုက်သဖြင့် ရုပ်မပါဘူး၊ ရုပ်မပါတာဆိုရင် နာမ်ခန္ဓာ ၄-ပါးကို ပြောတယ်လို့ဆိုတာ ရှင်းရှင်းကြီး သိရတယ်ပေါ့။

အညမညလို့ ပြောလိုက်သဖြင့် အပြန်အလှန်ဆိုတဲ့ အဓိပ္ပါယ်၊ အဲဒီ အပြန် အလှန်ဟာ တစ်ခုတည်းလို့ ထင်ရလောက်အောင် ယှဉ်တွဲထားတဲ့ စွမ်းရည်သတ္တိနဲ့ ကျေးဇူးပြုထားတယ်တဲ့၊ ဒါကြောင့် တစ်ခုတည်းလို့ထင်တာ၊ တစ်ခုတည်းလို့ ထင်တဲ့ အတိုင်းလည်း ပြောတယ်၊ ဘာပြောပြော “စိတ်ချမ်းသာတယ်၊ စိတ်မချမ်းသာဘူး၊ စိတ်ပျော်တယ်၊ စိတ်မပျော်ဘူး”လို့ ဒီစိတ်ပဲ ပြောနေကြတာနော်၊ ဒါ တစ်ခုတည်း ထင်လို့ ပြောတာနော်၊ အဲဒီလို တစ်ခုတည်းထင်လောက်အောင် ပေါင်းစပ်ထားတဲ့ သဘာဝတရားတွေတဲ့။

အဲဒါဟာ သမ္ပယုတ္တပစ္စည်းအနေနဲ့ ပေါင်းစပ်ထားတာပါ၊ သဘာဝတစ်ရပ် အနေနဲ့ တည်ရှိနေအောင် အပြန်အလှန်အထောက်အကူတွေ ပြုထားကြတယ်၊ ရှေ့က ပန်းအလှဆင်ထားတာလေးတွေကြည့် - ရိုးတံလေးပေါ်မှာ အဖူးလေးတွေ အပွင့်လေး တွေ အရွက်ကလေးတွေ ရှိတယ်၊ ရိုးတံလေး မရှိဘူးဆိုရင် အဖူးလေးတွေ အပွင့်လေးတွေက ဒီလိုနေနိုင်မှာ မဟုတ်ဘူးနော်၊ ရိုးတံရှိလို့ နေလို့ရတာ၊ တစ်ခါ ရိုးတံချည်းသက်သက် အဖူးလေး အပွင့်လေးတွေ အရွက်ကလေးတွေက မရှိဘူးဆိုရင် ရိုးတံခြောက်ကြီးက လှမှာမဟုတ်ဘူး၊ အဖူးလေးတွေ အပွင့်လေးတွေ အရွက်ကလေး တွေက ရိုးတံကြီး လှသွားအောင် တန်ဆာဆင်ပေးထားတာ၊ အပြန် အလှန် အထောက်အကူပြုတဲ့ သဘောလေးကိုပြောတာနော်။

အဘိဓမ္မာသင်ထားတဲ့ ပုဂ္ဂိုလ်တွေကျတော့ ရှင်းရှင်းလင်းလင်း နားလည်တယ်၊ အဘိဓမ္မာအခြေခံ မရသေးဘူးဆိုရင်လည်း စိတ်ဆိုတာ တစ်ခုတည်း မဟုတ် ဘူး၊ စေတသိက် အမြဲတမ်း ပေါင်းစပ်ထားတဲ့အရာ ဖြစ်တယ်ဆိုတာ သိရမယ်၊ အဲဒီလို ပေါင်းစပ်ထားတယ်ဆိုရင် ဘယ်နည်းနဲ့ ပေါင်းစပ်ထားသလဲမေးရင် ဖြစ်ရာ ဝတ္ထုရုပ် တူတယ်၊ ပြုရာအာရုံ တူတယ်၊ ဖြစ်တဲ့အချိန် တူတယ်၊ ချုပ်တဲ့အချိန် တူတယ်၊ တူ ၄-တူနဲ့ ပေါင်းစပ်ထားတာ၊ တူ ၄-တူနဲ့ ပေါင်းစပ်ထားသည့်အတွက်ကြောင့် ကွဲပြား ခြားနားမှုဆိုတာ မမြင်နိုင်ဘူး၊ အဲဒီလို ပေါင်းစပ်ထားတာတွေဟာ တစ်ခုနဲ့တစ်ခု အထောက်အကူပြုနေကြတယ်။

ပဋ္ဌာန်းကျမ်းကြီးမှာ ပေါင်းပြီးတော့ဆိုတယ်၊ စတ္တာရော ခန္ဓာ အရူပိနော - ရုပ်မပါတဲ့ ခန္ဓာလေးပါးဟာ၊ အညမညံ - အပြန်အလှန်၊ တစ်ခုကနေ သုံးခုကို၊ သုံးခုကနေ တစ်ခုကို၊ နှစ်ခုကနေ နှစ်ခုကို၊ ဟော အပြန်အလှန်ရဲ့သဘောက အဲဒါပဲ၊ ခန္ဓာတစ်ခုက ကျန်တဲ့နာမ်ခန္ဓာသုံးခုကို၊ အဲဒီ နာမ်ခန္ဓာသုံးခုက ကျန်တဲ့ နာမ်ခန္ဓာတစ်ခုကို၊ နာမ်ခန္ဓာနှစ်ခုက ကျန်တဲ့ နာမ်ခန္ဓာနှစ်ခုကို၊ ပြောစရာ ကုန်ရောနော်၊ အပြန်အလှန် ဆိုတဲ့သဘောက အဲဒါပဲ၊ အပြန်အလှန် ပစ္စည်းဖြစ်လိုက် ပစ္စယုပ္ပန် ဖြစ်လိုက် အကြောင်းဖြစ်လိုက် အကျိုးဖြစ်လိုက်ပေါ့။

အကြောင်းဖြစ်လိုက် အကျိုးဖြစ်လိုက်ဆိုတာ ထောက်ထားပြီးတော့ ပြော တဲ့စကား၊ လူတွေလည်း မထူးပါဘူးနော်၊ လောကမှာ လူတွေဟာ တစ်ခုနဲ့တစ်ခု ထောက်ထားပြီးတော့ အကြောင်းအကျိုးဆိုတာ ပြောရသလိုပဲ၊ ဥပမာ- အမေလို့ ခေါ်တာကို ကြည့်၊ သူဟာ အမြဲတမ်း အမေဘက်က နေရတာမှ မဟုတ်ဘဲ၊ သူ့ အမေကို ထောက်မယ်ဆိုရင် သူ့ကို ဘာခေါ်မလဲ၊ သမီးပေါ့။ သူ့အဖွား ထောက် မယ်ဆိုရင် ဘာဖြစ်မလဲ၊ မြေးပေါ့၊ သူက အဲဒီကျတော့ အမေမှ မဟုတ်တော့ဘဲ နော်၊ အပြန်အလှန် ခေါ်တာလေ၊ သို့သော်လည်း သူ့ သားသမီးထောက်ရင် သူက အမေပဲ၊ သားသမီးရဲ့ သားသမီးကို ထောက်ပြန်တော့ အဖွားဖြစ်ပြန်ရော၊ ဒါဖြင့် လူဆိုတာ အမြဲတမ်း အမေလုပ်လို့လည်း မရဘူး၊ သမီးလုပ်လို့လည်း မရဘူး၊ ထောက်ထားပြီးတော့ ခေါ်နေကြတာ။

အဲဒါလိုပဲ နာမ်ခန္ဓာလေးပါးဟာ တစ်ခုက အကြောင်းဖြစ်ရင် ကျန်တာက အကျိုး၊ ကျန်တဲ့သုံးခုက အကြောင်းဖြစ်ရင် တစ်ခုက အကျိုး၊ နှစ်ခုက အကြောင်း ဖြစ်ရင် နှစ်ခုက အကျိုးလို့ ဒါကိုပဲ အညမညလို့ ပြောတာ၊ အပြန်အလှန် အထောက် အကူပြုထားတယ်တဲ့၊ သမ္ပယုတ္တပစ္စည်းနဲ့ အထောက်အကူပြုထားတယ်တဲ့၊ ဒါ ပစ္စယနိဒ္ဒေသပါဠိတော်က ဒီလောက်ပဲ ပြောလို့ရတာ။

ပဥှာဝါရမှာတော့ ခွဲလိုက်တယ်၊ လုံးပြီးတော့ မပြောဘူး၊ “ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ သမ္ပယုတ္တပစ္စယေန ပစ္စယော”၊ ခွဲထုတ်လိုက်တယ်၊ ကုသိုလ်တရားက ကုသိုလ်တရားကို သမ္ပယုတ္တပစ္စည်းနဲ့ကျေးဇူးပြုတယ်၊ ကုသိုလ်နဲ့အကုသိုလ် က သမ္ပယုတ်ဖြစ်လို့ ရပါ့မလား၊ မရဘူး၊ မတူတာ သွားရောလို့မရဘူးတဲ့။ အဲဒီ ကျတော့၊ ပဥှာဝါရကျတော့ အသေးစိတ်ဟောတယ်၊ ကုသိုလ်ဖြစ်တဲ့ နာမ်ခန္ဓာ လေးပါးသည် အပြန်အလှန် ကုသိုလ်ဖြစ်တဲ့ နာမ်ခန္ဓာကိုပဲ သမ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုတယ်တဲ့၊ အကုသိုလ်ဖြစ်တဲ့ နာမ်ခန္ဓာနဲ့ အဗျာကတနာမ်ခန္ဓာကို ကျေးဇူး မပြုနိုင်ဘူးတဲ့၊ ခွဲထုတ်ပစ်လိုက်တယ်၊ ပြန်ပြီးတော့ အသေးစိတ်ထုတ်ပြတယ်။

ထို့အတူပဲ “အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ သမ္ပယုတ္တပစ္စယေန ပစ္စယော” ကျတော့ အကုသိုလ်နာမ်ခန္ဓာလေးပါးသည် အကုသိုလ်နာမ် ခန္ဓာလေးပါး ကိုသာ ကျေးဇူးပြုနိုင်တယ်၊ အကုသိုလ်ဆိုရင် အကုသိုလ်ချင်းပေါ့၊ အကုသိုလ်နဲ့ ကုသိုလ်က ရောလို့မရဘူး၊ သဘာဝချင်း မတူဘူး၊ သဘာဝချင်း မတူ ရင်တော့ ပေါင်းစပ်လို့ မရဘူးပေါ့၊ တူတယ်ဆိုတာ သဘာဝတရားချင်းတူမှ ပေါင်းစပ်လို့ ရမှာပေါ့။

ကုသိုလ်နဲ့အကုသိုလ်ဆိုတာ အခြေခံချင်းကမတူဘူး၊ တစ်ခုက ကောင်းတဲ့ အကျိုးပေးမယ်၊ တစ်ခုက မကောင်းတဲ့အကျိုးပေးမယ်ဆိုရင် ပေါင်းထားလို့ မဖြစ် နိုင်ဘူး၊ ရေနဲ့မီး ပေါင်းလို့မရသလိုပေါ့၊ ရေနဲ့မီး အတူထားလို့မှ မရဘဲ၊ အဲဒါလိုပဲ ကုသိုလ်နဲ့ အကုသိုလ်ဆိုတာ တစ်မျိုးစီပဲ။

ထို့အတူပဲ ကုသိုလ်လို့လည်း ခေါ်လို့မရတာ, အကုသိုလ်လို့လည်း ခေါ်လို့ မရတာကို အဗျာကတလို့ ပြောတယ်၊ အဗျာကတဆိုတာ ကုသိုလ်လို့လည်း မခေါ်ဘူး၊ အကုသိုလ်လို့လည်း မခေါ်ဘူး၊ တခြားနာမည်နဲ့ ခေါ်တယ်ဆိုတော့ ဝိပါက်လို့ ခေါ်မယ်၊ ကြိယာလို့ ခေါ်မယ်၊ အဲဒီအဗျာကတဖြစ်တဲ့ နာမ်ခန္ဓာ ၄-ပါးဟာလည်းပဲ အဗျာကတဖြစ်တဲ့ နာမ်ခန္ဓာ၄-ပါးကို အပြန်အလှန် အထောက်အကူပြုပါတယ်တဲ့။

ဘုန်းကြီးတို့တတွေရဲ့ သန္တာန်မှာရှိတဲ့ နာမ်ခန္ဓာလေးပါးဟာ အမျိုးအစား တူရာ အလိုက် ဒါ species လို့ ခေါ်တယ်၊ လောကမှာ သတ္တဝါတွေဟာ အမျိုး အစား ရှိတယ်နော်၊ လူဆိုရင် လူမျိုးနွယ် ဒါ human species၊ ငှက်တွေကျတော့ လည်း ငှက်တွေပေါ့၊ bird species သူ့ဟာနဲ့ သူပဲ၊ အမျိုးတူမှ၊ လူနဲ့ ငှက်နဲ့ မတူဘူး၊ လူနဲ့ တိရစ္ဆာန်နဲ့ မတူဘူး၊ ငှက်နဲ့ ငါးနဲ့ မတူဘူး၊ species မတူဘူး၊ အဲဒီ species ချင်း မတူတာကျတော့ ပေါင်းလို့မရဘူး။

ထို့အတူပဲ ကုသိုလ်နဲ့အကုသိုလ် species ချင်း မတူဘူး၊ ကုသိုလ်, အကုသိုလ် နဲ့ အဗျာကတ မတူဘူး၊ မတူလို့ရှိရင် ပေါင်းစပ်လို့ မရဘူး၊ တူတာလေးတွေကို တူညီမှု ရှုထောင့် ၄-မျိုးကနေ ပေါင်းထားတာ “သမ္ပယုတ္တပစ္စယော”၊ ပေါင်းလို့ ရတဲ့ တူညီမှု ၄-မျိုးနဲ့ ပေါင်းထားတာ၊ ပဥှာဝါရ ပါဠိတော်နဲ့ ပစ္စယနိဒ္ဒေသပါဠိတော်မှာ လာတာ ဒီလောက်ပဲ။

မြန်မာပြည်မှာ ပဋ္ဌာန်းတရားတော်တွေ ရွတ်နေကြတာပဲ၊ နေရာဒေသအနှံ့ အပြား ပဋ္ဌာန်းတရားတွေ ရွတ်နေကြတယ်၊ မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်ကြီးကို ပူဇော်တဲ့အနေနဲ့ ရွတ်ကြတာ ကောင်းပါတယ်၊ သို့သော် အဲဒါထက် ပိုကောင်းတာက အဓိပ္ပါယ်နားလည်ရင် ပိုကောင်းတယ်၊ တချို့က ပဋ္ဌာန်းတရားပွဲကြီးတွေ ကျင်းပတယ်၊ ပဋ္ဌာန်းကျမ်းကြီးက အရင်ပျောက်မှာမို့ မပျောက်အောင် ကျင်းပတယ်၊ ဒီလိုပြောကြတယ်၊ မြတ်စွာဘုရားတရားတော်တွေ ကွယ်ပြီဆိုလို့ရှိရင် ပဋ္ဌာန်းကျမ်းကြီးက စ,ကွယ်မယ်၊ ဒါကြောင့်မို့လို့ မကွယ်ရအောင် လို့ဆိုပြီး ရွတ်တာလည်း ရှိကောင်းရှိမယ်၊ ဒါတော့ ရွတ်ဖတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ ရည်ရွယ်ချက်ကတော့ သူတို့ပဲ သိမှာပေါ့နော်၊ သို့သော် အဓိပ္ပါယ်မသိရင် ကွယ်နေ ပြီလို့ ပြောရမှာပေါ့နော်၊ ဘာမှမသိတဲ့ စကားလုံးတစ်ခု ရွတ်နေလို့ရှိရင်၊ အဓိပ္ပါယ် မသိတော့ဘူးဆိုလို့ရှိရင် စကားလုံးပဲကျန်တယ်၊ ဒါ အနက်အဓိပ္ပါယ် မသိရင် ဒါ တစ်ခြမ်းကွယ်သွားပြီ။

ရွတ်တော့ ရွတ်တယ်၊ သို့သော် ဟေတုပစ္စယောမှာ ဟေတုဆိုတာ ဘာမှန်း မသိဘူး၊ ဟေတုပစ္စယော ဆိုတာ ဘာမှန်းမသိဘူး ဆိုလို့ရှိရင် အနက်အဓိပ္ပါယ် ကွယ်သွားပြီလို့ ပြောလို့ရတာပဲ၊ ကွယ်သွားတယ်ဆိုတာ မသိတာ၊ ပျောက်သွားရင် ဒါ ကွယ်သွားတာပဲပေါ့၊ ဒီတော့ စကားလုံးလည်း မှတ်မိဖို့လိုတယ်၊ အနက်အဓိပ္ပါယ် လည်း သိဖို့လိုတယ်ပေါ့၊ အဲဒါမှ ပြည့်စုံမှာပေါ့၊ ပုဂံခေတ်က ကျောက်စာတွေ ကြည့်လေ၊ ကျောက်စာတွေ ရေးထိုးထားတာ၊ ကျောက်စာကို အထူးလေ့လာထား တဲ့ ပညာရှင်တွေမှ ဖတ်နိုင်တယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ မဖတ်နိုင်ဘူး၊ ကျန်တဲ့ပုဂ္ဂိုလ် အတွက် ဒါ ကွယ်နေတာပဲ၊ ကျောက်စာသွားကြည့်လို့ကတော့ ဘာမှသိမှာ မဟုတ် ဘူး၊ အဓိပ္ပါယ် မဖော်နိုင်ဘူးပေါ့၊ အဲဒီ အဓိပ္ပါယ်မဖော်နိုင်တာသည်ပင်လျှင် ကွယ်ပျောက်သွားတာပဲ။

အဲဒါကြောင့် ပဋ္ဌာန်းကျမ်းကြီး မကွယ်စေချင်ရင်တော့ ပါဠိလည်း ရွတ်နိုင်ရ မယ်၊ အဓိပ္ပါယ်လည်း သိရမယ်။ မသိရင် ဒါ တစ်ခြမ်းကွယ်သွားပြီနော်၊ အဓိပ္ပါယ် သိအောင် ကြိုးစားလေ့လာသင့်တာပေါ့။

ကြည့် - သမ္ပယုတ္တပစ္စယောကို ပစ္စယနိဒ္ဒေသ က ခြုံငုံပြီးတော့ ပြတာ၊ မြတ်စွာဘုရားက တရားဟောတဲ့အခါမှာ အကျဉ်းကို ပထမပြောတယ်၊ ပြီးတော့မှ ထပ်ချဲ့လို့ရသေးတယ်၊ အများကြီးပဲ၊ အကျဉ်းကို အရင်ဟောလိုက်တယ်၊ “စတ္တာရော ခန္ဓာ အရူပိနော အညမညံ သမ္ပယုတ္တပစ္စယေန ပစ္စယော” ဒီတစ်ပုဒ်ပဲရှိတယ်၊ နာမ်ခန္ဓာ ၄-ပါးသည် အပြန်အလှန် သမ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုတယ်။

ပဥှာဝါရကျတော့ ထပ်ချဲ့ပေးလိုက်တယ်၊ “ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ သမ္ပယုတ္တပစ္စယေန ပစ္စယော” ဒါ တစ်ပုဒ်ထားတယ်၊ “အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ သမ္ပယုတ္တပစ္စယေန ပစ္စယော၊ အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ သမ္ပယုတ္တပစ္စယေန ပစ္စယော” ဆိုပြီးတော့ ခေါင်းစည်း သုံးခု ပေးပြီးတော့ ကုသိုလ်ခန္ဓာ အကုသိုလ်ခန္ဓာ အဗျာကတခန္ဓာ အချင်းချင်းလို့ အပြန်အလှန် ပေါင်းစပ်ထားပြီးတော့ အထောက်အကူပြုနေတဲ့ ပစ္စည်းတရားကို သမ္ပယုတ္တပစ္စည်းပါလို့ နည်းနည်းချဲ့ပြောတယ်။

ကဲ ဘုန်းကြီးတို့ ဒီကနေ့ applied လုပ်ပြီးတော့ ထပ်ချဲ့ကြည့်ရအောင်၊ ဖြစ်စဉ်တစ်ခုနဲ့ ထပ်ချဲ့ကြည့်ရအောင်၊ ဒါ applied လုပ်တဲ့နည်းကိုပြောတာ၊ ဒီ applied လုပ်တဲ့နည်းက အဘိဓမ္မာလေ့လာထားတဲ့ ဗဟုသုတနဲ့ ပြောရအောင်၊ လူ့ရဲ့နေ့စဉ် ဘဝမှာ ဖြစ်နေတဲ့ အတိုင်းအတာတစ်ခုနဲ့ ပြောရအောင်။

ကောင်းပြီ သမ္ပယုတ္တပစ္စည်းရဲ့ အနေအထားတစ်ခုမှာ လူတွေရဲ့သန္တာန်မှာ နေ့စဉ်ဖြစ်နေတဲ့ အနေအထားတစ်ခုနဲ့ ပြောရအောင်၊ နံနက်မိုးလင်းလို့ အိပ်ရာက ထ, မျက်လုံးကလေးနှစ်လုံး ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် ပြင်ပက မြင်စရာအာရုံကို မျက်စိထဲ ပေါ်မလာဘူးလား၊ ပေါ်လာတာနဲ့ ဘာလဲလို့ မြင်လိုက်တဲ့အခါ ပန်းပွင့် မြင်ရင် ပန်းပွင့်, သစ်ပင်မြင်ရင် သစ်ပင်, လူမြင်ရင် လူ, လမ်းမြင်ရင်လမ်း မြင်ပြီး တော့ သိတဲ့စိတ်တွေ ပေါ်မလာဘူးလား၊ အဲဒီကစပြီး ကြည့်ရမှာ။ မျက်စိဖွင့်လိုက် တယ် မြင်စရာအာရုံကို မြင်လိုက်တယ်။

မှတ်ထားဖို့ရာက မျက်စိဆိုတာ အရပ်စကားနဲ့ ပြောမယ်၊ (အဘိဓမ္မာလို ပြောမယ်ဆိုရင် စက္ခုပသာဒရုပ်ပေါ့နော်၊) မျက်စိဆိုတာ တစ်ခု၊ မြင်စရာအာရုံဆိုတာ တစ်ခု၊ မြင်စရာအာရုံကို တစ်ခုလို့ ဘာလို့ ပြောရတာတုန်းဆိုတော့ မြင်စရာ အာရုံသည် ကြားစရာအသံနဲ့ တခြားစီလေ၊ မတူတဲ့သဘောလေ၊ နားက ကြားတဲ့ အသံသည် မြင်လို့ မရဘူးလေ၊ နှာခေါင်းက နမ်းရှူရတဲ့အနံ့က မြင်လို့ မရဘူး၊ လျှာနဲ့လျက်လို့ရတဲ့ အရသာက မြင်လို့မရဘူး၊ ခန္ဓာကိုယ်နဲ့ ထိလို့ရတဲ့ အထိအတွေ့ ကလည်း မြင်လို့ရတာ မဟုတ်ဘူး၊ ဒီတော့ မြင်လို့ ရတာက တစ်ခုတည်းရှိတယ်။

ကဲ ကောင်းပြီ - မြင်လို့ရတဲ့အာရုံဟာ မျက်စိထဲမှာ ထင်ဟပ်လာတယ်။ ထင်ဟပ်လာပြီဆိုရင် ထူးခြားတဲ့စိတ်အစဉ်တွေ ပေါ်လာတယ်၊ အဲဒါကို အကြောင်း ပြုပေါ့။ ကဲ၊ လိုရင်းကိုပြောမယ်ဆိုရင် ထူးခြားတဲ့စိတ်အစဉ်ကလေး၊ အာရုံတစ်ခုက မျက်စိတံခါးပေါက်ကနေပြီး မျက်စိတံခါးကို အဆင်းအာရုံလေးက ဝင်ရောက် လာတယ်လို့ ပြောရမယ်နော်၊ ဝင်ရောက်လာလို့ မျက်စိတံခါးဝမှာ အာရုံလာပြီး ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် တံခါးဖွင့်ပေးတဲ့စိတ် ပေါ်လာတယ်၊ အဲဒီတံခါးဖွင့် ပေးတဲ့စိတ်ကို ပဉ္စဒွါရာဝဇ္ဇန်းလို့ ခေါ်တယ်။

မျက်စိကို အဆင်းအာရုံက လာပြီးထိတာဟာ ဘာနဲ့ ဥပမာတူတုန်းဆိုရင် အိမ်တံခါးပိတ်ထားတာ၊ အပြင်ဘက်ကလာပြီး တံခါးခေါက်လိုက်တာနဲ့ တူတယ်၊ ခေါက်လိုက်တဲ့အခါ တံခါးကိုဖွင့်ပေးလိုက်တယ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က စိတ်တံခါးကို ဖွင့်ပေးလိုက်တာပဲ၊ အဲဒီအချိန်မှာ ပြင်ပကအာရုံနဲ့ ဆက်သွယ်ဖို့ စိတ်တံခါးကို ဖွင့်ပေး လိုက်တာ၊ အဲဒီစိတ်တံခါးကို ဖွင့်ပေးတဲ့ ဒီစိတ်က ဘယ်နေရာက ထွက်လာတုန်း။

ခန္ဓာကိုယ်ထဲမှာ စိတ်ဆိုတာ ဘယ်နေရာမှ ရှိနေတာ မဟုတ်ဘူး၊ မြတ်စွာ ဘုရားကိုယ်တိုင်က “ဝိညာဏံ ပဋိစ္စသမုပ္ပန္နံ” အသိစိတ်ဆိုတာ အကြောင်းကို စွဲပြီး ဖြစ်လာတာလို့ ပြောတာ၊ ရှိနေတာလို့ ပြောတာမဟုတ်ဘူး၊ ဒါကို မရှင်းသေးဘူး ဆိုရင် ထင်ရှားအောင်ကြည့် - မီးခြစ်ဘူးလေးထဲမှာ မီးရှိသလားလို့ မေးကြည့်ပေါ့၊ မရှိဘူးနော်၊ မီးရှိရင် ပူတယ် လောင်တယ်၊ မရှိဘူးဆိုတာ သက်သေပြနိုင်တယ်၊ ဒါကြောင့်မို့ မီးခြစ်ဘူးတို့ ဂက်(စ်)မီးခြစ်တို့ကို အိပ်ထောင်ထဲ ထည့်သွားတာပေါ့ မီးမရှိဘူးဆိုတာ သေချာတယ်နော်၊ မီးရှိရင် ဘယ်ထည့်လို့ရမလဲ။

ထို့အတူပဲ စောင်းတစ်ခုကို ပိုက်ထားလို့ရှိရင် စောင်းအိုးနဲ့ စောင်းကြိုးထဲ မှာ ထူးမခြားနားသီချင်းကြီး ရှိနေသလား၊ မရှိဘူး၊ တီးမှ ပေါ်လာတာ၊ ရှိနေတာ မဟုတ်ဘူး၊ ထို့အတူပဲ နှလုံးသားထဲမှာ စိတ်ရှိနေတာ မဟုတ်ဘူး၊ ဦးနှောက်ထဲမှာ လည်း စိတ်ရှိနေတာ မဟုတ်ဘူး၊ ဘယ်နေရာမှ မရှိဘူး။

မျက်စိတံခါးကို အဆင်းအာရုံက လာတိုက်တဲ့အခါ ဘွားကနဲပေါ်လာတာ နော်၊ တိုက်လို့ပေါ်တယ်လို့ မှတ်ထားပေါ့ တိုက်တယ်ဆိုတာကို ကြည့် - စောင်းကြိုး ကို လက်ကလေးနဲ့ တီးလိုက်ရင် အသံထွက်လာတယ်၊ ဒါ ဝိသုဒ္ဓိမဂ်မှာလည်း ဒီ အတိုင်းပဲဆိုတာပါ၊ ဒါapplied method ပါ “န စက္ခုတော ဇာယရေ ဖဿပဉ္ဇမာ”- နာမ်တရားတွေဟာ မျက်လုံးထဲက ထွက်လာတာ မဟုတ်ဘူး၊ “န ရူပတော” အဆင်းအာရုံက ထွက်လာတာလည်း မဟုတ်ဘူး၊ “နော စ ဥဘိန္နမန္တရာ” ဒီနှစ်ခုကြားက ပေါ်လာတာလည်း မဟုတ်ဘူး၊ “ဟေတုံ ပဋိစ္စပ္ပဘဝန္တိ သင်္ခတာ” - အကြောင်းကြောင့် ပေါ်လာတာပဲ၊ မပေါ်ခင်ကလည်း တစ်နေရာမှာ သိုလှောင် ထားတာလည်း မရှိပါဘူး၊ ပေါ်လာပြီးတော့လည်း တစ်ခါတည်း ပျောက်သွား တာပါပဲ။

တရားနာရင်း တရားထူးတရားမြတ် ရသွားနိုင်တယ်၊ အဲဒီလို နာတာကိုက ကျင့်သုံးတယ်လို့ ခေါ်တာပဲ၊ ခေတ်စကားနဲ့ပြောရင် applied လုပ်တာပေါ့၊ တရား နာနေရင်း အသုံးချတာပေါ့၊ အဲဒီလို တရားနာနေရင်း အသုံးချခြင်းသည်ပင်လျှင် အသိဉာဏ်တွေက တဖွားဖွားပေါ်နေတာ၊ အဲဒီ အသိဉာဏ်တွေ ပေါ်နေတာကိုက ဒါ attainment ပဲလေ၊ ကိုယ်သိတဲ့အသိက မလုံလောက်သေးလို့သာ မဂ်သိ ဖိုလ်သိ မရောက်သေးတာကိုး၊ လုံလောက်ပြီဆိုတဲ့ပုဂ္ဂိုလ်တွေကျတော့ တရားထူး တရားမြတ် လို့ဆိုတဲ့ မဂ်သိ ဖိုလ်သိ ရောက်သွားမှာပေါ့၊ ကိုယ့်ရဲ့ရင့်ကျက်မှု မရင့်ကျက်မှုပေါ် မူတည်ပြီးတော့ အသိတွေ တိုးတက်လာမှာ သေချာတာပေါ့။

ကဲ ကောင်းပြီ၊ မျက်စိဆိုတဲ့တံခါးကို ရူပါရုံဆိုတဲ့အဆင်း အာရုံက လာပြီး ခေါက်လိုက်တဲ့အခါမှာ ဟဒယဝတ္ထုရုပ်ကို မှီနေတဲ့, ငါးဒွါရမှာ attention လုပ်တဲ့ စိတ်၊ သတိပြုလိုက်တဲ့စိတ် ဖြစ်ပေါ်လာတယ်။

ဟဒယဝတ္ထုကို မှီနေတဲ့ ဒီပဉ္စဒွါရာဝဇ္ဇန်းစိတ်က ဘယ်လိုလုပ် ပေါ်ရတာ တုန်းလို့ မေးကောင်း မေးမိလိမ့်မယ်၊ အဓိကပဓာနအနေနဲ့သာ မြင်စရာအာရုံသည် စက္ခုကို တိုက်တယ်လို့ပြောတာ၊ သူတိုက်တာက နှစ်ခုစလုံးကိုတိုက်တယ်၊ ဟုတ်ရဲ့ လား၊ မျက်စိဆိုတဲ့ တံခါးကိုလည်း တိုက်တယ်၊ ဘဝင်ဆိုတဲ့ မနောဒွါရ mind door ကိုလည်း တိုက်တယ်၊ နှစ်ခုစလုံးကို တိုက်တာ၊ ဒါကြောင့်မို့ နိုးထသွားတာပေါ့ စက္ခုဒွါရဆိုတဲ့ မျက်စိတံခါးကိုတင် မကဘူး၊ မနောဒွါရလို့ ခေါ်တဲ့ ဘဝင်တံခါးကိုပါ ခေါက်လိုက်တာ၊ ဒါကြောင့်မို့ အဋ္ဌသာလိနီအဋ္ဌကထာမှာ “အာရမ္မဏံ ဒွီသု ဒွီသု ဒွါရေသု ဥပ္ပဇ္ဇတိ”- အာရုံဟာ တံခါးနှစ်ခုမှာ တစ်ပြိုင်နက်ပေါ် ပါတယ်လို့ပြောတာ၊ အာရုံတစ်ခုသည် တံခါးနှစ်ခုမှာ တစ်ပြိုင်နက် ပေါ်လာတယ်တဲ့။

ကြည့် - တံခါးနှစ်ခုဆိုတာ မျက်စိနဲ့ မြင်ရတဲ့ အဆင်းအာရုံသည် မျက်စိ တံခါးနဲ့ စိတ်တံခါး၊ စာလိုပြောရင် စက္ခုဒွါရနဲ့ မနောဒွါရ၊ ဒီနှစ်ခုမှာ ပေါ်တယ်၊ အသံသည် သောတဒွါရနဲ့ မနောဒွါရ, နားတံခါးနဲ့ စိတ်တံခါး၊ အနံ့သည် ဃာနဒွါရ နဲ့ မနောဒွါရ, နှာခေါင်းတံခါးနဲ့ စိတ်တံခါး၊ လျှာမှာထိတဲ့ အရသာအာရုံသည် လျှာ တံခါးနဲ့ စိတ်တံခါး၊ ဇိဝှာဒွါရနဲ့ မနောဒွါရ နှစ်မျိုးမှာ ပေါ်တယ်၊ ထို့အတူပဲ ဖောဋ္ဌဗ္ဗာရုံ သည် (ထိလို့သိရတဲ့ အာရုံသည်) ကာယဒွါရ ဆိုတဲ့ ကိုယ်တံခါးနဲ့ မနောဒွါရဆိုတဲ့ စိတ်တံခါး - နှစ်ခုမှာ လာထင်ဟပ်ပါတယ်တဲ့၊ ဒီတော့ စိတ်တံခါးပွင့်ပြီး ပေါ်လာတာက ပဉ္စဒွါရာဝဇ္ဇန်းစိတ်လို့ ခေါ်တယ်တဲ့။

ဒါကြောင့်မို့ ပဉ္စဒွါရဆိုတာ ငါးဒွါရ၊ မျက်စိ နား နှာခေါင်း လျှာ ကိုယ် လို့ ဆိုတဲ့ အာရုံတွေ ဝင်ရာ, စိတ်က အာရုံကိုရယူတဲ့ နေရာ၊ တံခါးသဖွယ်ဖြစ်တဲ့ အင်္ဂါ ၅-ပါး၊ တံခါးဆိုတာ အဝင်အထွက်လုပ်တဲ့ နေရာကို တံခါးခေါ်တာပဲလေ၊ အဝင်အထွက် လုပ်တာ၊ ဝင်လို့ ရတယ်၊ ထွက်လို့ ရတယ်၊ ဒါကြောင့်မို့ တံခါးဆိုတဲ့ စကားလုံးကို ပါဠိလို ဒွါရ၊ ဒွါရ ဆိုတာ ဒု + အရ၊ ဒု ဆိုတာ ၂-ယောက်၊ အရ ဆိုတာ အသုံးပြုတာ၊ လူနှစ်ယောက် အသုံးပြုတာကို တံခါးခေါ်တယ်တဲ့၊ လူ နှစ်ယောက်ဆိုတာ ဝင်သူနဲ့ ထွက်သူ ဒါပဲ၊ လူ-၁၀၀ ဝင်ဝင် လူ-၁၀၀၀ ဝင်ဝင်, ဝင်သူနဲ့ ထွက်သူ ဒါပဲ ရှိတာပဲ၊ ဝင်တဲ့လူလည်း တစ်ယောက်ပဲ၊ ထွက်တဲ့လူလည်း တစ်ယောက်ပဲ၊ တစ်မျိုးတစ်စား တည်း၊ ဒါကြောင့်မို့ ဝင်သူနဲ့ထွက်သူ နှစ်ယောက် အသုံးပြုတာကို ဒွါရလို့ ခေါ်တာ။

ဒီမှာလည်း အတူတူပဲ၊ အာရုံက ဝင်တယ်, စိတ်က ထွက်တယ်၊ ထွက်တယ် ဆိုတဲ့နေရာမှာ စိတ်က အပြင်ထွက်သွားတာ မဟုတ်ဘူး၊ အပြင်က ဝင်လာတဲ့ အာရုံကို ဖမ်းယူနိုင်တာကို ပြောတာ၊ ဒါကျတော့ တင်စားခေါ် တာ၊ Metaphorical term လို့ခေါ်တယ်။

ကဲ ကောင်းပြီ - အဆင်းအာရုံက မျက်စိတံခါးနဲ့ စိတ်တံခါးကို ထိလိုက် တဲ့အခါမှာ ဟဒယဝတ္ထုကို မှီနေတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် (ပထမဆုံး ထိုအာရုံကို အသိအမှတ်ပြု လိုက်တဲ့စိတ်)ဟာ တံခါးဖွင့်ပေးလိုက်တဲ့ သဘောအနေနဲ့ ပေါ်လာတယ် တဲ့၊ ကဲ ဒီနေရာမှာ သမ္ပယုတ္တပစ္စယောလို့ ပြောချင်လို့ရှိရင် ဘာကိုပြောမလဲ၊ ပဋ္ဌာန်းပစ္စည်းတွေ ချည်းပဲ အကုန်လုံး၊ ပြောမယ်ဆိုရင် မြင်စရာအာရုံက အာရမ္မဏ- ပစ္စယောပဲ၊ စက္ခုဒွါရ ဆိုတဲ့ မျက်စိတံခါးက ပုရေဇာတပစ္စယောပဲ၊ နိဿယ ပစ္စယော၊ တူညီတာတွေ ပြောမယ်ဆိုရင် ဒါ သူ့ဆိုင်ရာဆိုင်ရာအကြောင်း၊ ဒီနေရာမှာ သမ္ပယုတ္တပစ္စယောနဲ့ ဆိုင်ရုံလေးတင် ပြောမယ်ဆိုလို့ရှိရင် အဲဒီပေါ်လာတဲ့ ပထမဆုံး တံခါးဖွင့်တဲ့အနေနဲ့ အာရုံကိုအသိအမှတ်ပြုတဲ့အနေနဲ့ ပေါ်လာတဲ့ ပဉ္စဒွါရာဝဇ္ဇန်း စိတ်၊ ထိုစိတ်က ဦးဆောင်ပြီး စေတသိက် ၁၀-ခု ပါလာတာ၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်လို့ ပြောတဲ့အထဲမှာ ၁၁-မျိုးပါတယ်လို့ မှတ်လိုက်ပါ၊ ၁၁-မျိုးကို ဖွဲ့စည်းထားတာ၊ သူတစ်ခုတည်း မဟုတ်ဘူး၊ ၁၁-ခု ပါတယ်။

ပဉ္စဒွါရာဝဇ္ဇန်းစိတ်က တစ်ခု၊ အဲဒီစိတ်မှာ ယှဉ်တွဲလာတာတွေဟာ ဘာတွေလဲဆိုရင် ဖဿဆိုတာ ပါလာတယ်၊ ဖဿဆိုတာ အာရုံနဲ့ ဆက်သွယ်ပေးတဲ့ သဘော၊ အာရုံနဲ့ အတွေ့ အကြုံရသွားတဲ့ ဝေဒနာဆိုတာ ပါလာတယ်၊ ထိုအာရုံကို မှတ်တမ်းတင် တတ်တဲ့ သညာဆိုတာ ပါလာတယ်၊ လှုံ့ဆော်ပေးတဲ့ စေတနာဆိုတာ ပါတယ်၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ထိုအာရုံတစ်ခုတည်းကိုပဲ ယူထားတဲ့ ဧကဂ္ဂတာဆိုတာ ပါတယ်၊ နောက် အသက်အနေနဲ့ ထိုသဘာဝတရားတွေကို စောင့်ထိန်းတဲ့ ဇီဝိတိန္ဒြိယဆိုတာ ပါလာတယ်၊ နှလုံးသွင်းတဲ့သဘော မနသိကာရ ဆိုတာ ပါလာတယ်၊ အာရုံဘက်လှည့်ပေးတဲ့သဘော ဖြစ်တယ်၊ universal mental state စေတသိက် ၇-ခုဟာ သူနဲ့ ယှဉ်တွဲပြီးတော့ ဖြစ်လာတယ်။

ဒါတင်လားဆိုတော့ မကသေးဘူး၊ သူနဲ့ ယှဉ်တွဲလာတာတွေက ရှိသေး တယ်၊ ဘာတွေပါလာတုန်း၊ ဝိတက်ဆိုတာ ပါလာတယ်၊ တွေးတောတာလေးတွေ ပါတယ်၊ ဝိစာရဆိုတဲ့ ဆင်ခြင်သုံးသပ်မှုတွေ ပါလာတယ်၊ ဝိတက် ဝိစာရ ဒီနှစ်ခု ပါလာတယ်၊ အဓိမောက္ခဆိုတာ ပါလာတယ်၊ ဒီဘက်က ၃-ခု၊ ဟိုဘက်က ၇-ခု ပေါင်း ၁၀-ခု၊ အဲဒီ ၁၀-ခုရယ် ခုနက စိတ်ရယ် ပေါင်းလိုက်တော့ ၁၁-ခု။

ပဉ္စဒွါရာဝဇ္ဇန်းစိတ်လို့ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ဆိုင်ရာဆိုင်ရာ function တွေနဲ့ မတူတဲ့ အမျိုးအစား ၁၀-ခု စုစည်းထားပြီး တစ်ခုတည်းလို နေအောင် စုလိုက်တာ၊ တစ်ခုတည်း အသွင်သဏ္ဌာန် ဘာကြောင့်ဖန်တီးနိုင်လဲလို့ ဆိုရင် သူတို့ဟာ ဖြစ်ပေါ်လာတဲ့နေရာကလည်း အတူတူပဲတဲ့၊ ဟဒယဝတ္ထုပေါ်မှာ ဖြစ်ပေါ်လာကြ တယ်၊ ဟဒယဝတ္ထုဆိုတဲ့ the same base တူညီတဲ့နေရာကနေ ပေါက်ဖွားလာတာ၊ ပေါက်ဖွားလာပြီး သူတို့သိလိုက်တဲ့အာရုံကလည်းပဲ မျက်စိတံခါးမှာထင်လာတဲ့ ရူပါရုံကိုပဲ သိကြတယ်၊ ဟော အာရုံကလည်း တူတယ်၊ ဖြစ်လာတဲ့အချိန် ကြည့်ဦးမလား၊ တစ်ပြိုင်နက်ဖြစ်လာကြတယ်၊ ချုပ်သွားတဲ့အချိန် ကြည့်ဦးမလား၊ တစ်ပြိုင်နက် ချုပ်သွားကြတယ်၊ ဟော ဒီ တူ ၄-တူနဲ့ စုစည်းထား တူ လိုက်တဲ့ ဒီသဘာဝတရား ၁၁-ခုဟာ အပြန်အလှန် အထောက်အကူပြုပြီး တစ်ခု တည်းကဲ့သို့ စုစည်းထားတာ ဖြစ်သောကြောင့် သမ္ပယုတ္တပစ္စယောလို့ ပြောတာပါ၊ ဒီစိတ် ဒီလိုတည်နေနိုင်အောင် ဒီ ၁၁-ပါးသော ဒီသဘာဝတရားတွေဟာ အပြန်အလှန် အထောက်အကူပြုနေကြတာ၊ တစ်ခုတည်းကဲ့သို့ ရှိနေအောင် သမ္ပယုတ္တ သတ္တိနဲ့ အထောက်အကူ ပြုထားတာ၊ သမ္ပယုတ္တသတ္တိဆိုတာ ခုနက တူ ၄-တူနဲ့ စုစည်း ထားတာကို ပြောတာနော်၊ အဲဒီလို စုစည်းပြီး ယှဉ်တွဲထားတဲ့သဘော။

ကဲ ဒါ မျက်စိဖွင့်လိုက်လို့ ပထမဆုံးဖြစ်ပေါ်လာတဲ့ စိတ်စေတသိက်တွေ ကို သမ္ပယုတ္တပစ္စည်းလို့ မှတ်ပါ၊ သမ္ပယုတ္တပစ္စည်းရလိုက်တာနဲ့ တစ်ပြိုင်နက် အခြား ပစ္စည်းတွေကကော မရဘူးလား? ရတယ်၊ စုစည်းတာက သမ္ပယုတ္တ၊ သူတို့ဟာ တစ်ပြိုင်နက် အတူတကွ မွေးဖွားလာကြတာ ဖြစ်သောကြောင့် သဟဇာတ၊ born together နော်၊ အတူတူမွေးလာကြသလိုပဲ အပြန်အလှန် အထောက်အကူပြု နေကြလို့ အညမည၊ တစ်ဦးတစ်ဦး မှီခိုနေကြတယ် - နိဿယ၊ ရှိနေတုန်းပဲ အမှီပြုကြတယ် - အတ္ထိ၊ မကင်းမကွာခင် ဖြစ်နေတုန်းအချိန်မှာ အမှီပြုကြတယ် - အဝိဂတ၊ ဒီသဘောတရားတွေမှာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဒီလိုအနေအထားတွေ ရှိကြတယ်လေ၊ သဟဇာတပစ္စည်း၊ အညမညပစ္စည်း၊ နိဿယပစ္စည်း၊ အတ္ထိပစ္စည်း၊ အဝိဂတပစ္စည်းဆိုတဲ့ ဒီအကြောင်းတရားတွေနဲ့ ပေါင်းစပ်ပြီးတော့ အထောက်အကူ ပြုနေတာဟာ ဟောဒီ သမ္ပယုတ္တပစ္စည်းကို ဝိုင်းပြီးရံထားလိုက်ကြတာ၊ ဒီလောက် condition တွေ များနေတဲ့ ဘဝတစ်ခုဟာ ဘယ်မှာစိတ်ချရမလဲ၊ condition ပျက်သွားတာနဲ့ တစ်ပြိုင်နက် ကျန်တာတွေ ပျက်မှာပဲ။ ဒီထဲမှာ “ငါ့ဟာ” လို့ ပြောစရာ မရှိဘူး၊ ငါလုပ်နိုင်တာ တစ်ခုမှမရှိဘူး၊ သူ့ဟာသူ လုပ်နေကြတာ။

သစ်ပင်တစ်ပင်စိုက်ရင် ကိုယ်လုပ်တဲ့အလုပ်က ဘာတုန်း၊ မျိုးစေ့ကို မြေကြီးထဲချပေး နိုင်တယ်၊ ဒါပဲ ကိုယ်လုပ်နိုင်တာ၊ အဲဒီသစ်ပင်လေးက အညှောင့် ထွက်လာနိုင်အောင် လုပ်နိုင်သလား၊ မလုပ်နိုင်ဘူး၊ အမြစ်ဆင်းလာနိုင်အောင်ကော လုပ်နိုင်သလား၊ အညှောက်ထွက်လာအောင်လည်း မလုပ်နိုင်ဘူး၊ အမြစ်ကလေး ဆင်းသွားအောင် လည်း မလုပ်နိုင်ဘူး၊ ထွက်လာတဲ့အညှောင့်ကလေးက အရွက်ကလေးတွေ ဖြစ်လာ အောင်လည်း ကိုယ်လုပ်တာ မဟုတ်ဘူး၊ အကိုင်းအခက်တွေ ရှင်သန်လာအောင်လည်း ကိုယ်လုပ်တာမဟုတ်ဘူး၊ အပွင့်လေးတွေ ပွင့်လာအောင် လည်း ကိုယ်လုပ်တာ မဟုတ်ဘူး၊ အသီးသီးအောင်လည်း ကိုယ်လုပ်တာ မဟုတ်ဘူး တဲ့၊ ဘယ်သူက လုပ်တာတုန်း၊ သဘာဝတရားက လုပ်သွားတာ။

အဲဒီအတိုင်းပဲ ကိုယ့်သန္တာန်မှာဖြစ်တဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်မှာ ကိုယ်လုပ်တာ တစ်ခုမှ မရှိဘူး၊ ကိုယ်လုပ်တာ မရှိတာကို “ငါ့ဟာ”လို့ သွားပြီးတော့ စွဲနေတယ် ဆိုရင် ဘယ်လောက် ရယ်စရာကောင်းမလဲ၊ သေချာစဉ်းစားကြည့်၊ သို့သော် လူတွေက ဒီအတိုင်းပဲ ထင်နေကြတယ်လေ၊ ပြောတယ်လေ၊ “ငါ့စိတ်” တဲ့၊ ဟုတ်ကဲ့ လား၊ ငါ့စိတ်လို့ ပြောစရာ ဘာတစ်ခုမှ မရှိဘူး၊ ‘ငါဆိုတာမှ မရှိဘဲ၊ ‘ငါ့စိတ်’ဆိုတာ ဘယ်လိုလုပ် ရှိမတုန်း၊ မရှိဘူး၊ ‘ငါလို့ပြောတဲ့ လူကိုက ရုပ်နဲ့နာမ်ပဲ ရှိတာလေ၊ အဲဒီ ရုပ်နဲ့နာမ်ဆိုတာလည်း အခိုက်အတန့်လေးတွေပဲ ရှိတာ၊ သူက 'ငါ'လို့ ပြော မလို့ တွေးနေတုန်း ဒီစိတ်က ပျက်သွားပြီ၊ ငါလို့ ပြောလိုက်တဲ့အချိန်မှာ သူပြောတဲ့ စိတ်က မရှိတော့ဘူး၊ နောက်တစ်စိတ်ဖြစ်နေပြီ၊ ကော်ပီပဲ ကျန်တော့တာ၊ ကော်ပီ လေးကိုပဲ ငါလုပ်နေကြတာ၊ ဟုတ်ရဲ့လား။

အဲဒါကြောင့်မို့ မြတ်စွာဘုရားက ဒါတွေကို ရှင်းရှင်းမြင်ဖို့ “နေတံ မမ ငါ့ဟာ မဟုတ်ဘူးတဲ့၊ “နေသော ဟမသ္မိ” ငါလည်း မဟုတ်ဘူးတဲ့၊ “န မေ သော အတ္တာ” ငါ့ရဲ့အတ္တလည်း မဟုတ်ဘူးလို့ “ယထာဘူတံ သမ္ပပ္ပညာယ ဒဋ္ဌဗ္ဗံ” မှန်ကန် တဲ့အသိဉာဏ်နဲ့ ကြည့်ပါတဲ့၊ မြင်ပါလိမ့်မယ်တဲ့။

ကြည့် ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဟာ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေကနေ ပေါင်းစပ်လိုက်လို့ သူ့ဟာသူ ပေါ်လာတာ၊ ဒီအကြောင်းတရားတွေ ဖယ်လိုက်လို့ ရှိရင် ကိုယ်က ပဉ္စဒွါရာဝဇ္ဇန်းစိတ်ပေါ် အောင်လုပ်နိုင်တဲ့ အင်အားရှိရဲ့လား၊ ခုနက မျိုးစေ့ ကလေးက အမြစ်သက်ဆင်းအောင်, အညွန့်ထွက်အောင် ကိုယ် မလုပ်နိုင် သလိုပဲ၊ ဒါဖြင့် ဘယ်သူက လုပ်တာတုန်းဆိုရင် မြေတို့ ရေတို့က လုပ်သွားတာလေ၊ ဥတုက လုပ်သွားတာလေ၊ ကိုယ်လုပ်တာ မဟုတ်ဘူး၊ အပူအငွေ့က လုပ်သွားတယ်၊ အပူအအေးဆိုတဲ့ ဥတုကနေ လုပ်သွားတာ၊ အေး အဲဒါလိုပဲ ဟောဒီ ပဉ္စဒွါရဝဇ္ဇန်း စိတ် ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် စေတသိက် ၁၀-ခုက ရံလိုက်လာတာ၊ စေတသိက် ၁ဝ-ခုနဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က တစ်ခု၊ ပေါင်းလိုက်တော့ ၁၁-ခု၊ အဲဒီ ၁၁-ခုသည် အပြန်အလှန်အထောက်အကူပြုပြီး born together အတူတကွ မွေးဖွား လာကြတယ်၊ reciprocal အပြန်အလှန် အထောက်အကူပြုနေကြတယ်၊
နိဿယ- တစ်ခုတစ်ခု မှီနေကြတယ်၊
သမ္ပယုတ္တ - တစ်ခုတည်းကဲ့သို့ ယှဉ်တွဲထားတယ်၊ ပေါင်းစပ်ထားတယ်၊
အတ္ထိ - အားလုံးဟာ ရှိနေတဲ့အခိုက်မှာ အထောက်အကူ ပြုကြတယ်၊
အဝိဂတ - တစ်ခုနဲ့တစ်ခု ကွာမသွားခင် အထောက်အကူပြုနေကြတယ်၊
ကွာသွားရင် မရှိတော့ဘူးပေါ့၊ အဲဒါကို ဒီလိုအာရုံပြုပြီးတော့ ကြည့်ရမှာပေါ့၊ ဒါ သမ္ပယုတ္တပစ္စယောပါပဲ။

ကဲ အဲဒီကနေဆက်ပြီးတော့ applied လုပ်ကြည့်ရအောင်၊ ဒီ ပဉ္စဒွါရဝဇ္ဇန်း စိတ်က ပေါ်လာပြီး သိပ်တိုတောင်းတဲ့ အချိန်ပိုင်းလေးအတွင်းမှာ ပျက်သွားတယ်၊ ဖြတ်ကနဲ ပေါ်ပြီး ပျက်သွားတယ်၊ တောက်လျှောက်ပျက်သွားတယ်၊ ဘာနဲ့ ဥပမာ တူတုန်းဆိုရင် လျှပ်စီးလက်လိုက်သလို ဖျတ်ကနဲဆို ပြီးသွားပြီ၊ ဖြတ်ကနဲဆို ပေါ်ပြီး တော့ ပျောက်သွားပြီ၊ ပျောက်သွားတာနဲ့တစ်ပြိုင်နက် နောက်စိတ်တစ်ခု အစားဝင် လာတယ်၊ အဲဒီစိတ်ကို စက္ခုဝိညာဏ်စိတ်လို့ ခေါ်တယ်၊ မြင်သိစိတ်၊ ဟိုက လမ်းပြ ပေးသွားပြီ၊ အာရုံတစ်ခု ယူပေးသွားတဲ့အခါ စက္ခုဝိညာဏ်စိတ်က မြင်လိုက်တယ်၊ မြင်ပြီးတာနဲ့တစ်ပြိုင်နက် သူလည်း ဖြတ်ကနဲပျက်သွားပြီ၊ သူလုပ်နိုင်တာ မြင်တာ လေးတစ်ခုပဲ၊ အကောင်းအဆိုး သူဘာမှမသိဘူး၊ မြင်လိုက်တာပဲရှိတယ်၊ ကဲ အဲဒီ စက္ခုဝိညာဏ်ရော သမ္ပယုတ္တပစ္စည်းနဲ့ ဘယ်လိုပြောမလဲ၊ စက္ခုဝိညာဏ်စိတ်ဆိုတာ က တစ်ခု၊ ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြိယ မနသိကာရ ဆိုတဲ့ စေတသိက်က ၇-ခုနော်၊ ပေါင်းလိုက်တဲ့အခါ ၈-ခု၊ အဲဒီ ၈-ခု ဖွဲ့စည်းထား တာ၊ မြင်သိစိတ်ဆိုတာက တစ်ခုမှလျော့လို့ မရဘူး၊ လျော့လိုက်တာနဲ့တစ်ပြိုင်နက် ပျက်သွားပြီ၊ ဒါကိုပြောတာ၊

သိပ္ပံဆရာတွေပြောတဲ့ water ရေဟာ H2O ဒီ atom လေး သုံးခု ပေါင်းစပ် ထားတာနော်၊ အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ဆိုတဲ့ H2O အဲဒါတွေနဲ့ ပေါင်းစပ် ထားတယ်၊ ခွဲလိုက်လို့ရှိရင် သဘာ့ဝတရားဟာပျက်စီးသွားတယ်၊ အဲဒါကို indivisible ခွဲလို့မရဘူး၊ ခွဲလိုက်တာနဲ့တစ်ပြိုင်နက် သူတို့ရဲ့သဘာဝအနေအထားတစ်ခု ပျက်စီး သွားတယ်၊ သဘာဝအနေအထားတစ်ခု မပျက်စီးအောင် ခွဲလို့မရဘူး၊ ခွဲရင် ပျက်မှာ ပဲ၊ ထို့အတူပဲ မြင်သိစိတ်ဆိုတာကို တစ်ခုစီ ခွဲထုတ်လိုက်လို့ရှိရင် မြင်သိစိတ်ဆိုတာ မရှိတော့ဘူး၊ တစ်ခုမှ လျော့လို့မရဘူး၊ ၈-ခုဟာ ၈-ခုပဲ၊ ဒါကြောင့်မို့လို့ indivisible ခွဲခြားစိတ်ဖြာလို့ မရတဲ့အရာ၊ သို့သော် မရတာကို ဘာဖြစ်လို့ ၈-ခုလို့ ပြောနိုင်သလဲဆိုရင် သူတို့ရဲ့ function တွေက မတူဘူး၊ သဘာဝတွေက မတူဘူး၊ လုပ်ဆောင်ချက် တွေက မတူလို့ အခုလိုပြောတာ၊ မတူတဲ့ လုပ်ဆောင်ချက်တွေကို တစ်ခုထဲမှာ ပေါင်းပြီးတော့ အလုပ်လုပ်နေကြတယ်၊ ပေါင်းစပ်ထားတယ်၊ တစ်ခုတည်း ပေါင်းစပ် ထားတယ်၊ သမ္ပယုတ္တသတ္တိက ပိပိရိရိနဲ့ ပေါင်းစပ်ထား တယ်နော်၊ ပေါင်းစပ် ထားသည့်အတွက်ကြောင့် တစ်ခုတည်းပဲလို့ ထင်ရတယ်။

အဲဒီတစ်ခုကလည်း အပြန်အလှန်ပဲတဲ့၊ စက္ခုဝိညာဏ်စိတ်က ကျန်တဲ့ စေတသိက် တွေကို အထောက်အကူပြုသလို ကျန်တဲ့စေတသိက်တွေက စက္ခုဝိညာဏ်စိတ်ကို အထောက်အကူပြုနေကြတယ်၊ အပြန်အလှန်ပေါင်းစပ်ပြီး နေကြတယ်၊ သူတို့လည်း born together ပဲ၊ သဟဇာတပစ္စယော၊ အပြန်အလှန် ဖြစ်သည့် အတွက်ကြောင့် အညမညပစ္စယော၊ အချင်းချင်း မှီခိုနေကြတာ ဖြစ်သောကြောင့် နိဿယပစ္စယော၊ ရှိနေတုန်းမှာ အပြန်အလှန်ဖြစ်နေလို့ အတ္ထိပစ္စယော၊ မကင်း ကွာခင် ဖြစ်နေတာမို့လို့ အဝိဂတပစ္စယော၊ မြင်သိစိတ်မှာလည်းပဲ ဒီလိုသဘောနဲ့ ရပ်တည်နေတာ။

အဲဒီလောက် ၈-မျိုးနဲ့ ဖွဲ့စည်းထားတဲ့ စက္ခုဝိညာဏ်စိတ်ဟာလည်း ဖြတ်ခနဲ ဆိုပြီးတာနဲ့ ပျောက်သွားတာပဲ၊ ပေါ်လာပြီးတဲ့နောက် ချက်ချင်းပျောက်သွားတာပဲ၊ သူ့ အလုပ် သူလုပ်ပြီးတော့ ပျက်သွားတာပဲ၊ ပျက်သွားတဲ့အခါမှာ ဘာပေါ်လာပြန် တုန်းဆိုရင် သမ္ပဋိစ္ဆိန်းလို့ခေါ်တဲ့ receiving consiciousness အာရုံကို လက်ခံတဲ့ စိတ်ပေါ်လာတယ်၊ အာရုံကိုလက်ခံတယ်ဆိုတာ အသစ်ရောက်လာတဲ့ အာရုံတစ်ခု ဟာနော် တံခါးဖွင့်ပေးရုံ, မြင်လိုက်ရုံနဲ့မပြီးသေးဘူး၊ ဒါ process ကို နားလည်မယ် ဆိုရင် လွယ်လွယ်လေးပါ။

ဥပမာ - အိမ်တံခါးလာခေါက်တယ်နော်၊ အာရုံက လာတိုက်တာ၊ တံခါး ဖွင့်ပေးလိုက်တယ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ကြိုဆိုတာပေါ့ ဖွင့်ပေးလိုက်တာနဲ့ တစ်ပြိုင် နက် အဆင်းအာရုံကို မြင်ရတာ၊ မျက်စိကလည်း အဲဒီ ကိုယ့်အိမ်ကို လာလည်တဲ့ လူကို မြင်လိုက်တာ စက္ခုဝိညာဏ်စိတ်ပဲ၊ နောက် အဲဒီလူကို လက်ခံလိုက်တာ သမ္ပဋိစ္ဆိန်းစိတ်ပဲ၊ ဘာကိစ္စလာလည်လဲလို့ စုံစမ်းတာက သန္တီရဏစိတ်ပဲ၊ သူလာတာ မြင်သလို အကြောင်းကိုသိလိုက်တာက ဝုဋ္ဌောပဲ၊ အတူတကွ စကားစမြည်ပြောခြင်း၊ ကော်ဖီသောက်ခြင်းပေါ့လေ စသဖြင့် လုပ်တာက ဇောပဲ၊ နှုတ်ဆက်တာက တဒါရမ္မဏ၊ ပြန်သွားတာက ဘဝင်ပဲ၊ တံခါးပြန်ပိတ်သွားတယ်၊ အဲဒီ process အတိုင်းပဲ လူတွေရဲ့စိတ် ဖြစ်နေတာ။

ဒါဘယ်သူက ဒီပုံစံအတိုင်း ဖြစ်ရမယ်လို့ ပြောထားတာတုန်းဆိုရင် ဒါ ဘယ်သူကမှ မပြောဘူး၊ စိတ္တနိယာမပဲ၊ ဖြစ်စဉ်ကြီးတစ်ခုက ဒီအတိုင်းပဲ ဖြစ်နေ တာ၊ ကဲ စဉ်းစားကြည့်လေ၊ အခု မြန်မာပြည်မှာရှိနေတဲ့ ရာသီဥတုတွေ ကြည့်ပေါ့၊ မိုးပြီးရင် ဘာလာတုန်း ဆောင်းလာတယ်၊ ဆောင်းပြီးရင် ဘာလာလဲ နွေလာတယ်၊ နွေပြီးရင် ဘာလာလဲ မိုး၊ ဟော ဆောင်း နွေ မိုး သွားနေတာပဲ၊ ဘယ်သူကနေ လှည့်ပေးနေတာတုန်း၊ ဘယ်သူကမှ လှည့်ပေးနေတာ မဟုတ်ဘူး၊ ဥတုနိယာမပဲ နော်၊ ဥတုနိယာမ ကိန်းသေမြဲတဲ့ သဘာဝတရားကြီး the law of nature ပဲ၊ ထို့အတူပဲ စိတ်ဟာလည်း ဘယ်စိတ်ပြီးရင် ဘယ်စိတ်လာမယ်၊ ဘယ်စိတ်ပြီးရင် ဘယ်စိတ်လာမယ်လို့ ဘယ်သူကမှ အမိန့်ပေး စေခိုင်းနေတာလည်း မရှိဘူး၊ စိတ္တ-နိယာမလို့ဆိုတဲ့ သဘာဝတရားကြီးရဲ့ ဖြစ်စဉ်တစ်ခုအနေနဲ့ ပေါ်လာတာလို့ ဖြစ်စဉ် တစ်ခုနဲ့ ဒီအကြောင်းနဲ့ စလိုက်ရင် ဒီလိုပေါ်လာမှာဆိုတာ ထင်ရှားတာပေါ့။

စက္ခုဝိညာဏ်စိတ် ချုပ်ပျက်သွားတာနဲ့ တစ်ပြိုင်နက် ထိုအာရုံကို ဆက်လက် ခံယူလိုက်တဲ့ သမ္ပဋိစ္ဆိန်းစိတ်ဆိုတာ ပေါ်လာတာပဲ၊ အဲဒီ သမ္ပဋိစ္ဆိန်းစိတ်ကလည်းပဲ တစ်ခုတည်း မဟုတ်ဘူးတဲ့၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်လိုပဲ ၁၁-မျိုးနဲ့ ဖွဲ့စည်းထားတာ၊ အဲဒီ ၁၁-မျိုးကိုလည်းပဲ ခုနက ပေါင်းစပ်ထားသည့်အတွက်ကြောင့် သမ္ပယုတ္တ-ပစ္စယော၊ အတူတကွ မွေးဖွားလာတာ ဖြစ်သောကြောင့် သဟဇာတပစ္စယော၊ အပြန်အလှန် ဖြစ်လို့ အညမညပစ္စယော၊ အချင်းချင်း မှီတင်းနေကြလို့ နိဿယပစ္စယော၊ ရှိနေတုန်း မကင်းကွာခင် ကျေးဇူးပြုတာ ဖြစ်သောကြောင့် အတ္ထိပစ္စယော၊ အဝိဂတပစ္စယော၊ ဟောဒီ သတ္တိတွေနဲ့ ကျေးဇူးပြုတာ၊ ဒီလိုသွားနေတာ၊ သူ့ ရှုထောင့်နဲ့သူ ပြောသွား တာနော်။

သမ္ပဋိစ္ဆိန်းပြီးတဲ့အခါ နောက်က သန္တီရဏဆိုတာ လာတယ်၊ အာရုံတစ်ခု လက်ခံပြီးတဲ့အခါ စူးစမ်းတယ်၊ ဒါကတော့ ထုံးစံပဲလေ၊ လူတွေမှာ သေချာ သတိ ထားကြည့်မိလို့ရှိရင် ထမင်းပွဲရောက်ရင်တောင်မှ စူးစမ်းသေးတာ မဟုတ်လား၊ ဘယ်ဟင်း အရင်နှိုက်ရမလဲ၊ မတွေးဘူးလား၊ တွေးတာပဲ၊ အဲဒါ စူးစမ်းတာပဲ၊ investigation ဟုတ်ရဲ့လား၊ စားတော့မယ်ဆိုရင် ဘယ်ကစစားရမလဲ၊ investigation လုပ်တယ်၊ အဲဒါအာရုံတစ်ခု ရလိုက်တာနဲ့ တစ်ပြိုင်နက် စူးစမ်းလိုက်တာ၊ သို့သော် အင်္ဂလိပ်လိုက investigative, investigative consciousness လို့ပြောတာ၊ investigation ဆိုတဲ့ စကားလုံးက သိပ်ပြီး strong ဖြစ်လွန်းအားကြီးတယ်၊ တခြား နည်းနဲ့ ပြောမယ်ဆိုလို့ရှိရင် checking လုပ်တာပေါ့၊ သန္တီရဏဆိုတာ checking လုပ်လိုက်တာ။

အဲဒီသန္တီရဏစိတ် ပေါ်လာတဲ့အခါမှလည်းပဲ သန္တီရဏစိတ်လို့ ပြောရ လောက်အောင် ဘယ်နှစ်ခု ပေါင်းထားတာတုန်း၊ ၁၂-ခု ပေါင်းထားတာ၊ သူလည်း ပေါင်းထားတာပဲ၊ ၁၂-ခုဆိုတဲ့ နေရာမှာ ဥပေက္ခာသန္တီရဏဆိုရင် တစ်မျိုး၊ ဒါ သင်္ဂြိုဟ်အတိုင်းပြောမယ်ဆိုရင် သောမနဿသန္တီရဏဆိုရင် တစ်မျိုး၊ ဒီတော့ ခြုံငုံ ပြီး ပြောလိုက်ရအောင်၊ သူလည်း ပေါင်းထားတာပဲ၊ အဲဒီပေါင်းထားတာတွေက လည်းပဲ သမ္ပယုတ္တပစ္စယောအရ ဖြစ်လာတဲ့နေရာ အတူတူပဲ၊ အာရုံပြုတာ အတူတူပဲ၊ ဖြစ်တဲ့အချိန် အတူတူပဲ၊ ချုပ်သွားတဲ့အချိန် အတူတူပဲလို့ဆိုတော့ ဟော တစ်ခုတည်း ကဲ့သို့ ထင်ရလောက်အောင် ပေါင်းစပ်ထားတာ၊

သမ္ပယုတ္တပစ္စယော၊ သဟဇာတ ပစ္စယော အတူတကွ ဖြစ်လာကြတယ်၊
အညမညပစ္စယော - အပြန်အလှန် အထောက်အကူပြုနေကြတယ်၊
နိဿယပစ္စယော - အမှီပြုနေကြတယ်၊
အတ္ထိ, အဝိဂတ - ရှိနေတုန်း မကင်းမကွာဖြစ်တဲ့အချိန်မှာ ကျေးဇူးပြုနေကြတယ်၊

ဒီစွမ်းရည် တွေကို အသုံးချပြီးတော့ သဘာဝတရားတွေဟာ ရပ်တည်နေကြတယ်၊ အကြာကြီး လားဆိုတော့ သိပ်တိုတောင်းတဲ့အချိန်ပိုင်းလေးမှာ ဖြတ်ခနဲဆို သန္တီရဏကလည်း ပျောက်သွားတာပဲ။

သူပျောက်တာနဲ့တစ်ပြိုင်နက် နောက်က လာတာပဲ၊ ရှေ့က ပျောက်ပျောက် သွားလို့ နောက်ကပေါ်လာအောင် ကျေးဇူးပြုတာကို အနန္တရပစ္စယောလို့ ခေါ်တာပဲ၊ မရှိတော့မှ ပေါ်လာလို့ နတ္ထိပစ္စယော၊ ဝိဂတပစ္စယောလို့ ပြောတာ၊ အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတ၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ပျောက်သွားလို့ရှိရင် စက္ခုဝိညာဏ်စိတ် ပေါ်လာတယ်၊ အဲဒါ ရှေ့စိတ်သည် နောက်စိတ်ကို အခွင့်အရေးပေးတာ ဖြစ်သော ကြောင့် အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ ဥပနိဿယပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော၊ ဒီလိုလာတာ၊ တစ်ခုနဲ့တစ်ခုက ဆက်နေတာ၊ အကြောင်းတရား တွေနဲ့ချည်းပဲ အဲဒီလိုသွားတာ။

ကဲ ကောင်းပြီ၊ သန္တီရဏစိတ်က ဖြတ်ကနဲဆို ပျက်သွားတဲ့အချိန်မှာ သူက သတ္တိလေး မြှုပ်နှံထားခဲ့သည့်အတွက်ကြောင့် ဘယ်သူ့ကို ပေါ်ထွန်းစေလိုက်သလဲ ဆိုရင် ဝုဋ္ဌောဆိုတဲ့စိတ်ကို ပေါ်ထွန်းစေတယ်၊ ဒီနေရာမှာ သတိထားစရာပေါ့၊ မနောဒွါရာဝဇ္ဇန်း မပါဘဲနဲ့ ဘယ်တော့မှ ဇောမဖြစ်ဘူးဆိုတာပဲ၊ ကြည့် ဒီနေရာမှာ သူ့ကို နာမည်ပြောင်းထားတာနော်၊ ဝုဋ္ဌောဆိုတာ မနောဒွါရာဝဇ္ဇန်းကိုပဲခေါ်တယ်၊ ပဉ္စဒွါရာဝဇ္ဇန်းက ဒီလောက် အရာမရောက်ဘူး၊ မနောဒွါရာဝဇ္ဇန်းက အရာရောက် တယ်၊ ကြည့် မနောဒွါရာဝဇ္ဇန်းကို ဝုဋ္ဌောလို့ နာမည်ပြောင်းပေးထားတာ၊ အဲဒီ မနောဒွါရဝဇ္ဇန်းနဲ့ကျမှ နောက်က ဇောဆိုတာ လာလို့ ရတယ်။

မနောဒွါရမှာ သူ့ကို မနောဒွါရာဝဇ္ဇန်းလို့ပဲ ခေါ်လိုက်တယ်၊ ပဉ္စဒွါရ ရောက်တဲ့ အခါမှာ သူ့ကို နာမည်ပြောင်းထားတယ် ဝုဋ္ဌောလို့၊ (ဆိုင်မှာတော့ မန်နေဂျာပေါ့၊ အိမ်ရောက်တဲ့အခါ ထမင်းချက်ပေါ့၊) မနောဒွါရာဝဇ္ဇန်းကို ပဉ္စဒွါရ မှာ ဝုဋ္ဌဗ္ဗန၊ ဆုံးဖြတ်ချက်ပေးသူအနေနဲ့ သူ့ကိုခေါ်ထားတာ၊ အဲဒီ ဝုဋ္ဌော ပေါ်လိုက်တဲ့အချိန်မှာ နောက်က ဇောဆိုတာက ဝင်လာတာ၊ ကောင်းပြီ အဲဒီ ဝုဋ္ဌော ဆိုတဲ့ မနောဒွါရာဝဇ္ဇန်း မှာလည်းပဲ ဆိုင်ရာဆိုင်ရာ စေတသိက်တွေနဲ့ ယှဉ်တွဲပြီး ဖြစ်လာတာ၊ ဆိုင်ရာဆိုင်ရာ စေတသိက်တွေကလည်း တစ်ခုတည်းလို့ ထင်ရအောင် ပေါင်းစပ်ပေးထားတာ၊ ဒါ သမ္ပယုတ္တပစ္စယောလို့ ခုနအတိုင်းပဲ သိရမယ်။

ကဲ ဝုဋ္ဌောဆိုတာ ပြီးသွားတဲ့အခါ ဘာလာလဲ၊ ဇော၊ ဇောစိတ်ဆိုတာ repeatation ရှိတယ်၊ repeatation ဆိုတာ ထပ်ထပ်ဖြစ်တယ် ဆိုကတည်းက အရှိန် ရှိတယ်လို့ ပြောရမယ်၊ သူများနဲ့မတူဘူး၊ ထပ်လာလို့ရှိရင် အရှိန်ရှိတယ်၊ ဥပမာ- မြစ်ရေတစ်ခုကို ပြောကြည့်ရအောင်၊ အားလုံးသိတဲ့အတိုင်း မေခ မေလိခ ဆိုတဲ့ မြစ်နှစ်သွယ်ကနေ ပေါင်းစည်းပြီးတော့ ဧရာဝတီမြစ်ကြီးအဖြစ် စီးဆင်းလာတယ်၊ မြစ်ဖျားဧရာမှာဆိုရင် ရေဟာ အင်မတန်အေးတယ်၊ တဖြည်းဖြည်း အောက်ရောက် လာတော့ နွေးလာတယ်၊ ဘာဖြစ်လို့တုန်း၊ လှုပ်ရှားမှုကြောင့် ရေဟာ နွေးလာတာ။

အဲဒီထက် ပိုပြီးတော့ထင်ရှားတဲ့ဥပမာက ဆောင်းအခါမှာ လမ်းမလျှောက် ကြဘူးလား၊ အိမ်က ထွက်ခါစတုန်းကတော့ အေးတယ်၊ အတော်လေး လျှောက်မိ တဲ့အခါ နွေးမလာဘူးလား၊ အဲဒါ လျှောက်တဲ့အခါမှာ နွေးလာတာ ဘာဖြစ်လို့တုန်း၊ လှုပ်ရှားမှုကြောင့် energy တွေ ရလာတယ်၊ စွမ်းရည်တွေ ရလာတယ်။

အဲဒါလိုပဲ ဇော မှာလည်း စွမ်းရည်သတ္တိတွေ ထက်လာတယ်နော်၊ အကြိမ်ကြိမ်ဖြစ်လို့ စွမ်းရည်သတ္တိတွေ ထက်လာတယ်၊ ဇော ဆိုတာ ကုသိုလ် အကုသိုလ် အဗျာကတ ခွဲရတော့မယ်၊ လောဘဇော စောတယ်၊ အဲဒီအာရုံပေါ် လိုချင်တပ်မက်တဲ့စိတ် ဖြစ်ပြီဆိုရင် လောဘမူစိတ် ဖြစ်ပြီ၊ အဲဒီလို လောဘမူစိတ် ဖြစ်တဲ့အခါမှာလည်း ဝမ်းသာအားရ ဖြစ်တာလား၊ သို့မဟုတ် ဝမ်းသာအားရ မထင် မရှား, ခံစားချက်က သိပ်မပြင်းထန်ဘူးလား ဆိုတာ ကြည့်ရအောင်၊ နောက်တစ်ခု အဲဒီခံစားချက် ပြင်းပြင်းထန်ထန် ဝမ်းသာအားရ ဖြစ်တယ်ဆိုဦး အဲဒီအာရုံပေါ်မှာ မှားယွင်းနေတဲ့ အယူအဆတစ်ခုကို အခြေခံပြီးတော့ ဖြစ်တာလား၊ သို့မဟုတ် အခြေခံ မပါဘဲနဲ့ ဖြစ်တာလား၊ ဟော ဒိဋ္ဌိဂတသမ္ပယုတ်နဲ့ ဒိဋ္ဌိဂတဝိပ္ပယုတ် ထပ်ခွဲတာ၊ ဖြစ်လာ ကတည်းက hesitation တွန့်ဆုတ်ခြင်း မရှိဘဲနဲ့ ထက်ထက်သန်သန် ဖြစ်တာလား၊ တွန့်ဆုတ်နေတာကို အားပေးလိုက်မှ ထက်သန်လာတာလား ဆိုတာ တွက်ရဦးမယ်။

ပထမ လောဘမူစိတ် ဖြစ်လာတယ်၊ လိုချင်တယ်၊ ဝမ်းသာအားရ လှိုက်လှိုက်လှဲလှဲ လိုချင်တယ်၊ သောမနဿ လှိုက်လှိုက်လှဲလှဲ၊ အဲဒီလိုချင်တယ်လို့ ဆိုတဲ့ အာရုံကို ဒါငါ့ဟာလို့ မိစ္ဆာအယူဝါဒကို အခြေခံလိုက်မယ်၊ ဒိဋ္ဌိဂတသမ္ပယုတ်၊ ဖြစ်ကတည်း ကနော် စွမ်းအားသတ္တိအပြည့် ဖြစ်လာတယ်၊ အသင်္ခါရိက၊ အဲဒီလို ပထမ လောဘမူစိတ် ဖြစ်လာပြီဆိုလို့ရှိရင် စေတသိက်ပေါင်း ဘယ်လောက်နဲ့ လာတုန်း? ၁၉-ခုနဲ့ ဖြစ်တယ်။

အနည်းဆုံး ပထမလောဘမူစိတ်ဆိုရင် ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိန္ဒြိယ မနသိကာရဆိုတဲ့ ၇-ခုအပြင် မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ ဆိုတဲ့ ဒီ ၄-ခုကလည်း ပါတယ်၊ ဝိတက် ဝိစာရ ပီတိ အဓိမောက္ခ ဝီရိယ ፡ ဆန္ဒ ဆိုတဲ့ ပကိဏ်းစေတသိက် ၆-ခုကလည်း ပါတယ်၊ ၁၃-ခု၊ ဟိုက ၄-ခု ထည့် ဆိုတော့ ၁၇-ခု၊ အဲဒီထဲမှာ လောဘ ထည့်လိုက်မယ်၊ ဒိဋ္ဌိ ထည့် လိုက်မယ်ဆိုရင် ၁၉-ခု ဖြစ်သွားမယ်၊ အဲဒီပထမလောဘမူဇောဆိုရင် ၁၉-ခုကို ဖွဲ့စည်းထားတယ် ဒီလိုပြောရမယ်။

အဲဒီသဘာဝတရား ၁၉-ခုဟာ အချင်းချင်း အပြန်အလှန် ပေါင်းစပ်တာ ဖြစ်သောကြောင့် သမ္ပယုတ္တပစ္စယောလို့ ဒီလိုရပ်တည်နိုင်တာ၊ သမ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုတာ၊ born together အတူတကွဖြစ်လို့ သဟဇာတပစ္စည်း၊ အပြန်အလှန် အထောက်အကူပြုနေကြလို့ အညမညပစ္စည်း၊ အချင်းချင်းမှီနေကြလို့ နိဿယ ပစ္စည်း၊ ရှိနေတုန်း ကျေးဇူးပြုလို့ အတ္ထိ၊ မကင်းမကွာခင် ကျေးဇူးပြုတာ ဖြစ်သော ကြောင့် အဝိဂတ ဆိုပြီးတော့ ဒီလိုစွမ်းရည်သတ္တိတွေနဲ့ သူက တစ်စက္ကန့်လေး ဖြစ်ပါစေ, သူဖြစ်တဲ့အချိန်လေးက အင်မတန်မှ တိုတယ်၊ တိုတဲ့အချိန်ပိုင်းလေးမှာ ဖြတ်ခံနဲဆို ဖြစ်ပြီးတော့ ပျက်သွားတယ်၊ အဲဒီအချိန်ပိုင်းလေးမှာ ဖြစ်သမျှ နာမ် တရားတွေဟာ သဟဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်၊ သမ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြု နေကြတယ်။

ဒါက ဝီထိစဉ်နဲ့ applied လုပ်ကြည့်တဲ့နည်းကို နမူနာပေးတာ၊ အဲဒီ နမူနာ ကို ယူပြီးတော့ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ သမ္ပယုတ္တပစ္စည်းဆိုတာတွေကို သဘောပေါက် လေ့လာသုံးသပ်ကြည့်မယ် ဆိုလို့ရှိရင် တို့ရဲ့သန္တာန်မှာဖြစ်တဲ့ နာမ်တရား တွေဟာ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေကြောင့် တစ်ခုတည်းကဲ့သို့ ပေါင်းစပ် ထားတာပါလား၊ တကယ်တော့ တစ်ခုတည်း မဟုတ်ဘူး၊ ဒီသဘာဝတရားတွေ ပေါင်းစပ်ပြီးတော့ အပြန်အလှန် အကျိုးပြုနေတာပါလားလို့ ပဋ္ဌာန်းကျမ်းကြီးကို ရှုမြင်သုံးသပ်ကြရမယ်။

ဝိပဿနာကျင့်စဉ်တစ်ခုလို ကျင့်ကြံကြိုးကုတ် အားထုတ်နေရဘိသကဲ့သို့ ဒီသဘာဝ တရားတွေဟာ အင်မတန်တိုတောင်းတဲ့ ခဏလေးအတွင်းမှာ ဖြစ်လာပြီး တော့ ထိုတိုတောင်းတဲ့ ခဏလေးအတွင်းမှာပဲ လုံးဝချုပ်ကွယ်သွားကြတယ်ဆိုတဲ့ အနိစ္စသဘောတရား၊ ထို အနိစ္စသဘောတရားတွေကို ကြည့်ပြီးတော့ ေဩာ် ဒီလိုချည်းပဲ ဖြစ်ပြီးပျက်နေတာချည်းပါလား၊ စိတ်ပျက်စရာကြီးပါလားဆိုတဲ့ ဒုက္ခသဘော၊ ဒီလိုစိတ်ပျက်စရာကောင်းတဲ့ အနေအထားကြီးကို ငါ ဘာမှ မတတ်နိုင်ပါလား လို့ဆိုတဲ့ အနတ္တသဘော၊ အဲဒါတွေကို ရှုမြင်သုံးသပ်ပြီးတော့ ဆင်ခြင်ကြည့်နိုင် ပြီဆိုလို့ရှိရင် သင်္ခါရတရားတွေရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို တွေ့ရှိကြမှာ ဖြစ်တယ်လို့ အားလုံးသဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင် ကြပါစေကုန်သတည်း။

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၁၇)

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ နတ်တော် လပြည့်ကျော် ၃-ရက်၊ (၄-၁၂-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရ လမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။

ဝိပ္ပယုတ္တပစ္စယော

“ဝိပ္ပယုတ္တပစ္စယော”ဆိုတာ သမ္ပယုတ္တပစ္စယောနဲ့ ဆန့်ကျင်ဘက် အဓိပ္ပါယ် မှတ်ယူရမှာ ဖြစ်တယ်၊ ပဋ္ဌာန်းပစ္စည်းတွေထဲမှာ ယုဂဠပစ္စယ အစုံအစုံပစ္စည်းတွေ ရှိတယ်၊ အစုံအစုံပစ္စည်းတွေက ဘာတွေလဲ ဆိုလို့ရှိရင် “ကမ္မပစ္စယော, ဝိပါက ပစ္စယော” ဒါကလည်း အစုံတစ်ခုပဲ၊ “ပုရေဇာတပစ္စယော, ပစ္ဆာဇာတ ပစ္စယော” ဆိုတာ ဒါကလည်း အစုံတစ်ခုပဲ၊ ထို့အတူပဲ “သမ္ပယုတ္တပစ္စယော, ဝိပ္ပယုတ္တပစ္စယော” အစုံပဲ၊ “အတ္ထိပစ္စယော, နတ္ထိပစ္စယော” ဒါလည်း အစုံပဲ၊ “ဝိဂတပစ္စယော အဝိဂတ ပစ္စယော” ဒါလည်း အစုံပဲ၊ ဆန့်ကျင်ဖက်တွေဖေါ်ပြပြီး အကြောင်းတရားတွေကို မြတ်စွာဘုရားက ရှင်းထားတယ်။

မနေ့က သမ္ပယုတ္တပစ္စယော ဟောခဲ့တယ်၊ အတူတကွ ပေါင်းစပ်ထားလိုက် တာ၊ ပေါင်းစပ်ထားမှန်း မသိရအောင်, တစ်ခုတည်းကဲ့သို့ ထင်ရအောင် အချက် ၄-ချက်ကို အခြေပြုပြီး ပေါင်းစပ်ထားတယ်၊ သမ္ပယုတ္တပစ္စယော - မှီရာဝတ္ထုချင်း တူတယ်၊ ပြုရာအာရုံချင်းတူတယ်၊ ဖြစ်တဲ့အချိန်ချင်းတူတယ်၊ ပျက်သွားတဲ့ အချိန်ချင်း တူတယ်ဆိုတော့ အများကိုပေါင်းစပ်ထားပေမယ့်လို့ တစ်ခုတည်းလို့ ထင်ရအောင် တည်ရှိနေတဲ့ ဒီသဘာဝတရားတွေဟာ အပြန်အလှန် အထောက် အကူပြုပြီး နေကြတယ်ဆိုတာကို ရှင်းလင်းဟောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ကျတော့ ဝိပ္ပယုတ္တပစ္စယော ဟောပါမယ်၊ သမ္ပယုတ္တ နဲ့ ဝိပ္ပယုတ္တ၊ “ဝိ” ဆိုတဲ့အဓိပ္ပါယ်က ဒီနေရာမှာ ဆန့်ကျင်ဘက်ကို ဖေါ်ပြတယ်၊ ဝိပ္ပယုတ္တဆိုတာ တစ်ခုတည်းလို ပေါင်းစပ်ထားတဲ့အရာ မဟုတ်ဘူး၊ ဒီနှစ်ခုဟာ အတူတကွ တည်ရှိ ပြီးတော့ နေကြတယ်၊ သို့သော် ပေါင်းစပ်ထားတဲ့အရာတော့ မဟုတ်ဘူး၊ တစ်ခု တည်းလို့ ထင်ရအောင် ပေါင်းစပ်ထားတာ မဟုတ်ဘူး။

အရာဝတ္ထုတွေက သဘာဝချင်း တူညီပြီဆိုရင် ခွဲမရအောင် ပေါင်းသွားတာ မျိုးရှိတယ်၊ ဥပမာမယ် - ရေနဲ့ နွားနို့၊ ရေနဲ့ နွားနို့ဟာ တိုင်းတာတဲ့ကိရိယာနဲ့ တိုင်းတာပြီး မကြည့်ဘူးဆိုလို့ရှိရင် မသိနိုင်ဘူး၊ ဒါကြောင့် နွားနို့မှန်သမျှ ရေရောပြီး ရောင်းကြတာ၊ ရေနဲ့နွားနို့ဟာ ပေါင်းစပ်သွားတယ်၊ တစ်ခုတည်းလို ဖြစ်သွားတယ်၊ အဲဒီလို သဘာဝတရားတွေဟာ တစ်ခုတည်းလို ပေါင်းစပ်သွားတာမျိုးဆို သမ္ပယုတ္တ လို့ခေါ်တယ်၊ ရောနှောသွားတယ်၊ ဒါကြောင့်မို့ မြန်မာစာပေမှာ “နွားနို့နဲ့ရေ ရောသကဲ့သို့ တစ်သားတည်းဖြစ်တယ်” လို့ ပြောကြတယ်၊ ညီညွတ်တဲ့ နေရာမှာ သရုပ်ဖော်တာ၊ နွားနို့နဲ့ရေ ရောထားသလိုပဲ ကွဲပြားခြားနားမှု မရှိဘူးလို့ ဒီလို ပြောတာ၊ ဒီတော့ သမ္ပယုတ္တဆိုတဲ့ အဓိပ္ပါယ်က အဲဒီလို ရောစပ်သွားတဲ့ အနေ ထိအောင် ပေါင်းထားတာကို ပြောတာ။

ဝိပ္ပယုတ္တက အဲဒီလို မဟုတ်ဘူး၊ ရောစပ်လို့ မရဘူး၊ အတူတကွ တည်ရှိနေ ပေမယ့်လို့ ရောစပ်လို့မရတဲ့ သဘာဝတရားတွေဟာလည်း တစ်ခုနဲ့တစ်ခု အထောက်အကူပြုပြီး အကြောင်းအကျိုးအဖြစ် ဆက်စပ်တည်ရှိနေကြတာပဲတဲ့၊ ပေါင်းစပ်လို့ရတဲ့ သဘာဝ တရားတွေ တည်ရှိနေကြသလို ပေါင်းစပ်လို့မရတဲ့ သဘာဝတရားတွေလည်းပဲ အတူတကွတည်ရှိပြီးတော့ အပြန်အလှန် အကျိုးပြုနေ ကြတယ်။

ရောလို့ မရဘူးဆိုတာ ဆီနဲ့ ရေဆိုတာ ဘယ်တော့မှ ရောလို့မရဘူး၊ ဘာ ဖြစ်လို့တုန်း၊ သဘာဝချင်းမှ မတူတာ၊ ရေပေါ်မှာ ဆီထည့်လိုက်လို့ရှိရင် ဆီတွေက အပေါ်မှာ ဝေ့နေတယ်လေ၊ ရေနဲ့ တစ်သားတည်းဖြစ်မနေဘူး၊ နွားနို့နဲ့ မတူဘူး၊ ဆီနဲ့ရေသည် ပေါင်းစပ်လို့ မရဘူး၊ အဲဒီ ဆီနဲ့ရေ ပေါင်းစပ်လို့ မရသလို တချို့ သဘာဝတရားတွေဟာ ပေါင်းစပ်လို့ မရဘူး၊ သို့သော် ရေပေါ်မှာ ဆီရှိနေသလို သဘာဝတရားနှစ်ခုဟာ အတူတကွတည်ရှိပြီး နေကြတယ်တဲ့၊ သို့သော် ရောစပ် သွားတာတော့ မဟုတ်ဘူး၊ အဲဒါကို ဝိပ္ပယုတ္တပစ္စယောလို့ ပြောတာနော်။

ဝိပ္ပယုတ္တပစ္စယော - မှီရာဝတ္ထုချင်း တူချင်မှ တူမယ်၊ အာရုံပြုတာချင်း တူချင်မှတူမယ်၊ ဖြစ်တဲ့အချိန်ကာလ တူချင်တူမယ်၊ ပျက်သွားတဲ့အချိန်ကာလ တူချင်တူမယ်၊ မတူညီတဲ့သဘောတွေကြောင့် ပေါင်းစပ်လို့မရဘူး၊ ဆိုပါစို့ - ဆီနဲ့ရေ၊ ဆီဆိုတာလည်း အရည်သဘောပဲ၊ ရေဆိုတာလည်း အရည်သဘောပဲ၊ အရည်ပျော်နေတဲ့ သဘော တွေချည်းပဲ၊ ဆီကလည်း အရည်ပျော်နေတယ်၊ ရေကလည်း အရည် ပျော်နေတယ်၊ ဒီအခြေအနေအားဖြင့်တော့ တူတယ်၊ သို့သော် ပေါင်းစပ်လို့ရလား ဆိုတော့ မရဘူး၊ အဲဒီလို ပေါင်းစပ်လို့မရတဲ့ သဘာဝတရားတွေ မှီတင်းပြီးတော့ ကျေးဇူးပြုနေတဲ့ ပစ္စည်းတရားကို ဝိပ္ပယုတ္တပစ္စည်း လို့ပြောတာ။

ကဲ - သဘာဝချင်းမတူတဲ့တရားဆိုတာ ဘာတွေလဲ၊ ရုပ်နဲ့နာမ်ဟာ သဘာဝချင်း မတူဘူး၊ ဘယ်လိုကွဲပြားခြားနားသလဲဆိုလို့ရှိရင် ရုပ်က အာရုံပြုနိုင်စွမ်း မရှိဘူး၊ အာရုံကို သိနိုင်စွမ်းမရှိဘူး၊ နာမ်ကအာရုံကိုသိတယ်၊ အာရုံသိတာနဲ့မသိတာ၊ ရုပ်က အာရုံကို မသိတဲ့သဘော၊ နာမ်က အာရုံကို သိတဲ့သဘော၊ သို့သော် ရုပ်နဲ့ နာမ် အတူမဖြစ်ဘူးလားဆိုရင် ဖြစ်တယ်၊ အခြေခံ သဘာဝချင်းကျတော့ မတူဘူး၊ နောက် ရုပ်ကဖြစ်ပြီး ရပ်တည်နေတာ အင်မတန်နှေးတယ်၊ အပျက်နှေးတယ်၊ အပြောင်းအလွဲ နှေးတယ်၊ နာမ်တရားက အပြောင်းအလွဲ အင်မတန်မြန်တယ်၊ ဒီရှုထောင့်က ကြည့်ရင်လည်း ရုပ်နဲ့နာမ် မတူပြန်ဘူး၊ ရုပ်တရားက ဖြစ်လာပြီးတဲ့ နောက်မှာ အချိန်တော်တော်ကြာအောင် တည်ရှိတယ်၊ နာမ်တရားက ခုဖြစ် ခုပျက် သွားတယ်၊ ဒါကြောင့်မို့ “ရူပံ ဒန္ဓပရိဝတ္တံ” ရုပ်တရားဆိုတာ အင်မတန်နှေးကွေးတဲ့ အပြောင်း အလဲ ရှိတယ်တဲ့၊ နာမ်တရားကျတော့ “နာမံ လဟုပရိဝတ္တံ” နာမ်တရား ဆိုတာ လျင်လျင်မြန်မြန် ပြောင်းသွားတာ။

ဒီတော့ ရုပ်နဲ့နာမ်ဟာ သဘာဝချင်း မတူပေဘူး၊ အဲဒီ သဘာဝနှစ်ခုကို မတူတာ အတူထားလိုက်လို့ရှိရင်တော့ တစ်ခုနဲ့တစ်ခု အထောက်အကူပြုပါ့မလား ဆိုရင် ပြုတာပေါ့၊ မတူမှ အထောက်အကူပြုတာ မဟုတ်ဘူး၊ မတူတဲ့အရာကလည်း မတူတဲ့ အရာတွေကို အထောက်အကူပြုတာပဲ။

မြတ်စွာဘုရားက လောကကြီးဟာ အကြောင်းအကျိုး ဆက်စပ်ပြီး တည်ရှိနေတယ် ဆိုတာကို ထောင့်စေ့အောင်, အကြွင်းအကျန်မရှိအောင် ဟောထားတာ၊ အကြောင်းတရားနဲ့အကျိုးတရား ဒီနှစ်ခုဟာ ဆက်စပ်ပြီး ဖြစ်ပေါ်နေတယ် ဆိုတာကို အကြွင်းအကျန်မရှိအောင် သတ္တိ ၂၄-မျိုးကို ခေါင်းစဉ်တပ်ပြီး ဟောသွားတာ၊ ရုပ်တရား နာမ်တရားတွေရဲ့ စွမ်းရည်သတ္တိက အမျိုးမျိုးရှိတယ်၊ အဲဒီစွမ်းရည် သတ္တိတွေကိုပဲ ၂၄-ပစ္စည်းလို့ ခေါ်တာနော်။

အဲဒီ၂၄-ပစ္စည်းသော စွမ်းရည်သတ္တိတွေဟာ တစ်ခုစီ တစ်ခုစီ ဖြစ်နေကြတာ မဟုတ်ဘူး၊ သဘာဝတရားတစ်ခုဆိုရင် စွမ်းရည်သတ္တိက ၄-ခု, ၅-ခု၊ ၂-ခု ဆိုတာ အနည်းဆုံးပဲ၊ အဲဒီလို စွမ်းရည်သတ္တိတွေနဲ့ အကြောင်းအကျိုးဆက်နွယ်ပြီး သက်ရှိသတ္တဝါတွေရော သက်မဲ့တွေရော အပြန်အလှန်အထောက်အကူပြုပြီး တည် ရှိနေကြတာ၊ ကမ္ဘာလောကကြီးတစ်ခုလုံးဟာ အကြောင်းတရားနဲ့ကင်းပြီးတော့ ဖြစ်တယ်ဆိုတာ တစ်ခုမှမရှိဘူး၊ ဒါကြောင့် မြတ်စွာဘုရားက ကမ္ဘာလောကကြီးကို သင်္ခါရလောကတဲ့၊ နောက်ပြီး သင်္ခတ ဆိုတဲ့ စကားလုံးလေး တစ်လုံးတည်းနဲ့ ပြောထားတာ၊ သင်္ခတ မှာ သံ ဆိုတာ အကြောင်းတရားတွေ ပေါင်းစုပြီးတော့၊ ခတ ဆိုတာက “ကရ” က လာတာ၊ အကြောင်းတရားတွေ ပေါင်းစုပြီးတော့ ပြုလုပ် ဖန်တီး အထောက်အကူပြုထားတဲ့အရာလို့ ဒီလိုပြောတာ၊ အဲဒီလို အကြောင်း တရားတွေက ပေါင်းစပ်ပြီး အထောက်အကူပြုခံထားရတဲ့အရာတွေ မှန်သမျှဟာ သင်္ခတပဲ၊ သင်္ခတမှန်သမျှဟာ အနိစ္စပဲ၊ ဘာဖြစ်လို့တုန်း၊ အကြောင်းကို မှီတည် နေရလို့ပဲ။

အဲဒီအကြောင်းတွေကရော ဘယ်မှာ ရှာရတုန်း၊ ဒီအကြောင်းတရားတွေက အပြန်အလှန်တွေပဲ၊ သူတို့ကိုယ်တိုင်ကပဲ အကြောင်းတရား ဖြစ်နေတာ၊ ဘာဖြစ်လို့ တုန်းဆိုတော့ လူ့ဘဝ ဘာကြောင့်ရလာတုန်းဆို ကံကြောင့် ရလာတယ်လို့ ပြောကြ တယ်၊ ဒါဖြင့် ကံက ဘယ်မှာ ရှာရမှာတုန်းဆိုတော့ လူ့သန္တာန်မှာပဲ ရှိတာလေ၊ အပြင်ကလာတာ မဟုတ်ဘူး၊ ကံကြောင့် လူဖြစ်တယ်၊ ကံဆိုတာ ဘယ်က ဖြစ်တာ တုန်း၊ လူမှာပဲ ဖြစ်တာပဲ၊ ထို့အတူပဲ အကြောင်းနဲ့အကျိုးဆိုသည်မှာ တခြားရှာစရာ မဟုတ်ဘူးတဲ့၊ ဆိုင်ရာဆိုင်ရာ သဘာဝတရားတွေဟာ အကြောင်းအကျိုးဖြစ်ပြီး နေကြတယ်၊ သင်္ခတ အကြောင်းတရားတွေက ပေါင်းစုပြီး ထုတ်လုပ်ထားတယ်၊ သို့မဟုတ် အကြောင်းတရားတွေက ပေါင်းစုပြီး ဖန်တီးထားတယ်တဲ့၊ လောကကြီးမှာ ရှိသမျှအရာအားလုံးဟာ, အစစ်အမှန်သဘာဝအားလုံးဟာ သင်္ခတ တရားတွေ ချည်းပဲ၊ ထို အစစ်အမှန်တရားတွေအပေါ်မှာ အတွေးအထင်တွေကသာ ပညတ်၊ အတွေးအထင် မဟုတ်ဘဲနဲ့ တကယ့်အစစ်အမှန် သဘာဝတရား မှန်သမျှဟာ သင်္ခတ၊ အကြောင်းတရားတွေက ပေါင်းစပ်ပြီး ထုတ်လုပ်ထားတာတွေချည်းပဲ။

ဒါဖြင့် သင်္ခတ ရှိရင် ထိုသင်္ခတရဲ့ဆန့်ကျင်ဖက် အသင်္ခတဆိုတာ မရှိဘူး လားဆိုတော့ ရှိတယ်၊ အဲဒီ အသင်္ခတကို နိဗ္ဗာန်လို့ ပြောတာပေါ့၊ နိဗ္ဗာန်ဆိုတာ အကြောင်းကင်းတယ်၊ အကြောင်းတရားတွေက ပေါင်းစပ်ပြီးတော့ ထုတ်လုပ်ထား တာ မဟုတ်ဘူး၊ ထုတ်လုပ်ထားတာ မဟုတ်သည့်အတွက် နိဗ္ဗာန်ကို ထာဝရ မြဲတယ်လို့ ပြောတာ၊ အကြောင်းတရားတွေက ပေါင်းစပ်ထုတ်လုပ်ထားတာမှန်သမျှ ဘယ်တော့မှ မမြဲဘူး၊ ဘာဖြစ်လို့တုန်း၊ အကြောင်းပေါ်မှာ မှီတည်နေလို့ အကြောင်း က မမြဲလို့ ဖြစ်ပေါ်လာသည့်အရာသည် ဘယ်တော့မှ မမြဲဘူး၊ နိဗ္ဗာန်ဆိုတာ အကြောင်းကင်းတယ်၊ ထုတ်လုပ်ထားတဲ့အကြောင်း မရှိလို့ နိဗ္ဗာန်က မြဲတယ်ပေါ့၊ သူ့ သဘာဝက အမြဲရှိတယ်။

ဒါဖြင့်ရင် အကြောင်းတရားတွေ ပေါင်းစပ်ထားတဲ့ သင်္ခတဟာ မမြဲဘူး ဆိုတာ ဘာကြောင့် သိနိုင်လဲ၊ ရှင်းရှင်းလေးရယ် မြတ်စွာဘုရားက ဟောထားတာ၊ “အနိစ္စသမ္ဘူတံ ကုတော နိစ္စံ ဘဝိဿတိ”၊ သံယုတ်ပါဠိတော်မှာ မြတ်စွာဘုရား ဟောတဲ့စကားလုံးတစ်ခု၊
အနိစ္စသမ္ဘူတံ - မမြဲတဲ့ အကြောင်းတရားက ဖန်တီး လိုက်တဲ့ အရာတစ်ခုဟာတဲ့၊
ကုတော နိစ္စံ ဘဝိဿတိ- ဘယ်မြဲပါ့မလဲတဲ့၊
ဒါပြောတာ၊ မြန်မာလိုရှင်းရှင်းလေး။ အကြောင်းတရားကမှမမြဲတာ, ဘယ်လိုလုပ် အကျိုးတရားကမြဲမှာတုန်း၊ ဥပမာနဲ့ ပြောမယ်ဆိုရင် “သေတတ်တဲ့ အမေအဖေက မွေးထားလို့ရှိရင် ဒီလူဟာ မသေဘဲ ရှိပါ့မလား မရှိဘူး။ အဲဒီလို သေတတ်တဲ့ အမေအဖေက မွေးထားမှတော့ သေမှာပဲပေါ့၊ အကြောင်းတရားကမှ မမြဲဘူးဆိုရင် အကြောင်းတရားကထုတ်လုပ်တဲ့ အကျိုးတရားကော မြဲနိုင်ပါ့မလား၊ သံယုတ် ပါဠိတော်မှာ အဲဒီ အတွေးအခေါ်ကို မြတ်စွာဘုရားက ပေးထားတာ။

ထို့အတူပဲ မမြဲဘူးဆိုလို့ရှိရင် စိတ်ထဲမှာ ကျေနပ်စရာမကောင်းဘူး၊ အားရစရာ မရှိဘူး၊ အားကိုးစရာ မရှိဘူး၊ ဖြစ်မှုပျက်မှုတွေက အမြဲတမ်း ဒုက္ခပေးနေတဲ့ အရာကို ဒုက္ခလို့ ခေါ်တာပဲ၊ အနှောင့်အယှက်ပေးနေတဲ့အရာကို ဒုက္ခလို့ ခေါ်တာပဲ၊ အဲဒီ ဒုက္ခကို တားဆီးလို့ရမလား၊ ကိုယ်ဖြစ်ချင်တိုင်းဖြစ်လို့ရမလား၊ မရဘူး။ မရတာကို အနတ္တ လို့ပြောတာ၊ ဒါကြောင့်မို့ “ယဒနိစ္စံ တံ ဒုက္ခံ” - အနိစ္စသည်ပင် ဒုက္ခ၊ “ယံ ဒုက္ခံ တဒနတ္တာ” - ဒုက္ခသည်ပင် အနတ္တပဲ လို့ မြတ်စွာဘုရားက ဟောတာ၊ အနိစ္စ ဒုက္ခ အနတ္တဆိုတာ တစ်ခုမြင်ရင် ကျန်တာတွေ မြင်သွားတယ်လို့ ပြောတာနော်။

ဒါကြောင့်မို့ မြတ်စွာဘုရားက အနိစ္စကို တွေးသလိုပဲ ဒုက္ခကိုလည်းပဲ ဆင်ခြင်စဉ်းစားဖို့ “ဒုက္ခသမ္ဘူတံ ကုတော သုခံ ဘဝိဿတိ”၊ အကြောင်းတရားက ဒုက္ခဆိုရင် ဒုက္ခကြောင့် ဖြစ်လာတဲ့ အကျိုးတရားဟာ ဘယ်လိုလုပ် သုခ ဖြစ်နိုင် မှာတုန်း၊ ထုတ်လုပ်တဲ့တရားက ဒုက္ခ ဆိုရင် ဖြစ်ပေါ်လာတဲ့ အကျိုးတရားဟာ ဘယ်လိုလုပ် သုခ ဖြစ်နိုင်မှာတုန်း၊ ထုတ်လုပ်တဲ့တရားက ဒုက္ခဆိုရင် ဖြစ်ပေါ်လာတာ ဒုက္ခပဲ ဖြစ်မှာပဲတဲ့။

တစ်ဆက်တည်း စဉ်းစားကြည့်၊ “အနတ္တသမ္ဘူတံ ကုတော အတ္တာ ဘဝိဿတိ” - အနတ္တတရားက ထုတ်လုပ်လိုက်တဲ့အရာသည် ဘယ်တော့မှ အတ္တ ဖြစ်နိုင်မလဲ၊ မဖြစ်နိုင်ဘူး၊ ဒါ ဝိပဿနာဉာဏ်နဲ့ ဆင်ခြင်စဉ်းစားကြည့်ဖို့ ပြောတာ နော်။

သင်္ခတဆိုတဲ့ သဘာဝတရားတွေဟာ အကြောင်းအကျိုးတွေနဲ့ ဆက်စပ်ပြီး နေတတ် ကြတယ်၊ ဒီနေရာမှာ ဝိပ္ပယုတ္တပစ္စယော ဆိုတာကို ပစ္စယနိဒ္ဒေသပါဠိတော်မှာ -
“ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော”။
ရူပိနော ဓမ္မာ - ရုပ်တရားတွေဟာတဲ့၊
အရူပီနံ ဓမ္မာနံ - နာမ်တရားတွေကို၊
ဝိပ္ပယုတ္တပစ္စယေန - ဝိပ္ပယုတ္တပစ္စည်းဖြင့်၊
ပစ္စယော - ကျေးဇူးပြုပါတယ်တဲ့။
ဆိုလိုတာက ဘုန်းကြီးတို့တတွေမှာရှိတဲ့ ရုပ်နဲ့ နာမ်တွေဟာ အပြန်အလှန် ကျေးဇူး ပြုနေကြတယ်လို့ ပြောတာ၊ ရုပ်တရားသည် နာမ်တရားကို အပြန်အလှန် ကျေးဇူး ပြုနေတယ်၊ ဆက်စပ်ပြီး ဖြစ်ပေါ်ကြတာ၊ ဒီတော့ အပြန်အလှန် ကျေးဇူးပြုပေ မယ့်လို့ ရောစပ်ထားတဲ့အရာတော့ မဟုတ်ဘူးတဲ့၊ အတူတကွ ဖြစ်ချင်ဖြစ်မယ်၊ ရောစပ်ပြီး တော့ မနေဘဲနဲ့, တစ်ခုနဲ့တစ်ခုသည် ပေါင်းစပ်လို့မရဘဲ ရုပ်တရားက နာမ်တရားကို ကျေးဇူးပြုတယ်တဲ့၊ ဝိပ္ပယုတ္တပစ္စယော။

ဒါဖြင့် ရုပ်တရားက နာမ်တရားကို ကျေးဇူးပြုတယ်ဆိုတာ အသေးစိတ် ထပ်ပြီး ပြောလိုက်တော့ ဘယ်အချိန်မှာ ကျေးဇူးပြုတာလဲ၊ ရုပ်နဲ့ နာမ် အတူတကွ ဖြစ်ပြီး ကျေးဇူးပြုတာလား၊ (သို့မဟုတ်) နောက်မှဖြစ်ပြီး ကျေးဇူးပြုတာလား၊ (သို့မဟုတ်) ကြိုတင်ဖြစ်နှင့်ပြီး ကျေးဇူးပြုတာလား ဆိုတာကို အဲဒါကျတော့ အသေးစိတ် တစ်ခါထပ်ပြီး မှတ်ရသေးတယ်ပေါ့။

ရုပ်တရားနဲ့ နာမ်တရားဆိုတာ ဘဝတစ်ခု အစပြုတဲ့အခါမှာ တစ်ပြိုင်နက် ဖြစ်လာတာ ရှိတယ်၊ ဘာတွေက တစ်ပြိုင်နက် ဖြစ်လာတာလဲ၊ ဘုန်းကြီးတို့ ပဋ္ဌာန်း အစတုန်းက ဒီအကြောင်းတွေကို ဟောထားခဲ့ပြီးသား၊ ပြန်ပြီးတော့ သတိရအောင် ဒီနေရာမှာ ထပ်ပြောမှ ရှင်းမယ်ပေါ့၊ ဘဝမှာ ဘာနဲ့စလဲ၊ ပဋိသန္ဓေစိတ်နဲ့ စတယ်၊ အဲဒီပဋိသန္ဓေစိတ်မှာ စေတသိက်ပါတယ်၊ ကောင်းပြီ - ပဋိသန္ဓေစိတ် စလိုက်တာနဲ့ တစ်ပြိုင်နက် သူနဲ့ပြိုင်တူဖြစ်တာ ဘာတွေလဲဆိုရင် လူသားတွေအနေနဲ့ ပြောရ အောင်၊ ကမ္မဇရုပ်-၃ဝ၊ ကမ္မဇရုပ်-၃ဝ ဆိုတာ maximum number အများဆုံးကို ပြောတာ၊ ၂၀-လည်း ရှိတယ်ပေါ့၊ ဒီတော့ လူ့ ဘဝစလိုက်တဲ့ ရုပ်နဲ့နာမ်က ဘာလဲ၊ လူ့ဘဝစလိုက်တဲ့ နာမ်တရားဆိုတာ ပဋိသန္ဓေစိတ်နဲ့ စေတသိက်၊ အဲဒီလို နာမ်ပိုင်း က စလိုက်သလိုပဲ ရုပ်ပိုင်းက စလိုက်တာ ဘာတွေလဲလို့ဆိုရင် body လို့ ပြောရမယ့် ကာယဒသကကလာပ်ရုပ် ၁၀-ခု၊ ရုပ် ၁၀-ခုဆိုတာ မဟာဘုတ် ၄-ပါး ပါမယ်၊ မဟာဘုတ် ၄-ပါးနဲ့ ကင်းတဲ့ရုပ်ဆိုတာ လောကမှာ မရှိဘူးနော်၊ ပထဝီဆိုတာ အမာခံပဲ၊ အဲဒီလို အမာခံဖြစ်အောင် ဘယ်သူက စုစည်းထားတုန်းဆိုရင် အာပေါ၊ အာပေါဆိုတာ စုစည်းတာ၊ ယိုစီးတာတင် အာပေါ မဟုတ်ဘူး၊ စုစည်းပေးထားတာ၊ ကြည့်လေ ပေါင်မုန့်ဖုတ်ချင်တယ်ဆိုရင် ပထမဆုံးကတော့ ဂျုံမှုန့်ပဲ၊ အမှုန့်လေး တွေပဲ၊ အဲဒါကို ရေဖျန်းလိုက်တယ်ဆိုရင် အတုံးအခဲလေး ဖြစ်မသွားဘူးလား၊ ရေလေးက အဲဒီအမှုန့်လေးတွေကို စုစည်းပေးလိုက်တာ။

အတုံးအခဲဖြစ်ပြီးတော့ အမာခံဖြစ်လာတာက ပထဝီ၊ စုစည်းပေးတာက အာပေါ၊ စုစည်းပေးထားတဲ့ ဒီအတုံးအခဲလေးကို မာလာအောင် အပူပေးတာက တေဇော၊ အဲဒီလို အတုံးလေးအဖြစ်ရပ်တည်နေအောင် အတွင်းကလည်းဆွဲဆောင် တယ်၊ အပြင်ကလည်းပဲ တွန်းကန်ပြီးတော့ တခြားနဲ့မရောအောင် သီးသန့်လေး ဖြစ်သွားအောင် လုပ်ပေးတာက ဝါယော၊ ဓာတ်ကြီးလေးပါးကို ဆင်ခြင်စဉ်းစား ကြည့်လိုက်နော်။

ကိုယ့်ရှေ့မှာရှိတဲ့ ပန်းပွင့်လေးတွေပဲ ကြည့်လိုက်ဦး၊ အဲဒီပန်းပွင့်သဏ္ဌာန် ဖြစ်နေအောင် အခြေခံတာ ပထဝီ၊ ဒီလိုဖြစ်နေအောင် ဘယ်သူက စုစည်းပေးထား တုန်းဆိုရင် အာပေါက စုစည်းပေးထားတာ၊ အဲဒီပန်းပွင့်လေးဟာ တဖြည်းဖြည်း ရင့်လာအောင် လုပ်ပေးတာက တေဇော၊ အဲဒီရင့်သွားတဲ့ဟာလေး ဒီပုံစံလေး အတိုင်း ရပ်တည်နေအောင် ဘယ်သူက လုပ်ထားတုန်း၊ ဝါယောက လုပ်ထားတာ၊ ဓာတ်ကြီးလေးပါးရဲ့အစုအဝေးပဲ။

အဲဒီဓာတ်ကြီးလေးပါးအမာခံထားတဲ့ ရုပ်သဘာဝမှာ ဘာပါတုန်းဆိုရင် colour ဆိုတဲ့ အဆင်းအရောင် ပါတယ်၊ မျက်စိနဲ့ ကြည့်လို့ရတယ်၊ အဲဒါ color၊ နှာခေါင်းနဲ့ နမ်းရှူလို့ရတဲ့ အနံ့၊ လျှာနဲ့ လျက်လို့ရတဲ့ အရသာ၊ color, smell, taste ရယ်နော်၊ nutritive essence လို့ ခေါ်တဲ့ ဩဇာရယ်၊ ပေါင်းလိုက်တဲ့အခါကျတော့ ၈-ခု၊ အဲဒီ ၈-ခုဟာ Indivisible ဘယ်တော့မှ ခွဲလို့မရဘူးတဲ့၊ ရုပ်လို့ ဆိုတဲ့နေရာမှာ အဲဒီ ၈-ခုကို အခြေပြုထားတာ။

အဲဒီအခြေပြုထားတဲ့ ရုပ် ၈-ခုပေါ်မှာ သက်ရှိသတ္တဝါတွေအတွက် ဘာ ပိုလာသလဲဆိုရင် ဇီဝိတဆိုတာ ပိုလာတယ်၊ ရုပ်တရားတွေ ထပ်မံရှင်သန်လာ အောင် စွမ်းဆောင်ပေးနိုင်တဲ့ ဖြစ်နေတဲ့အခိုက်အတန့်မှာ သူ့သက်တမ်းအတိုင်း ရှိနေအောင် ထိန်းပေးထားတဲ့ အထိန်းပေါ့၊ အဲဒါက ဇီဝိတရုပ်လို့ ခေါ်တယ်၊ ၉-ခု၊ အဲဒီ ၉-ခုပေါ်မှာ ကာယပသာဒ (ဖောဋ္ဌဗ္ဗာရုံနဲ့ တွေ့လာလို့ရှိရင် ထင်ဟပ် ပေါ်လွင်လာနိုင်တဲ့ရုပ်) တစ်ခုထည့်ပြီး ဖွဲ့စည်းလိုက်တဲ့အခါ ကာယဒသကကလာပ် ရုပ် ၁၀-ခု ဖြစ်သွားတယ်၊ လူ့ ဘဝအစမှာ သန္ဓေစိတ်နဲ့ အတူတကွပေါ်လာတဲ့ထဲမှာ ကာယဒသက ကလာပ်ခေါ်တဲ့ ရုပ် ၁၀-ခုက တစ်ခါတည်း ပါလာတယ်၊ တစ်ပြိုင်နက် ဖြစ်ကြတယ်၊ အခု ဒီနေရာမှာ ကာယဒသက ရုပ် ၁၀-ခုနော်။

နောက်တစ်ခုက ဘာတုန်းဆိုလို့ရှိရင် ဟဒယဝတ္ထုလို့ခေါ်တဲ့ လူ့ခန္ဓာကိုယ် မှာ အရေးပါဆုံး နှလုံးသားလို့ပဲ ပြောမယ်၊ ဝတ္ထုဒသကကလာပ်၊ စိတ်ပိုင်းဆိုင်ရာ တို့ရဲ့ ဖြစ်ပေါ်တည်ရှိရာအနေနဲ့ အရေးပါဆုံး ရုပ် ၁၀-ခု၊ အဲဒါက ဝတ္ထုဒသကကလာပ်လို့ ခေါ်တယ်၊ အဲဒီထဲမှာ အမျိုးသားလား အမျိုးသမီးလားဆိုတဲ့ ကွဲပြား သွားအောင် ဖြစ်စေနိုင်တဲ့, ကံကဖန်တီးပေးလိုက်တဲ့ ဘာဝရုပ်ဆိုတာလည်း ပါလာပြန်တယ်၊ ဘာဝဒသကကလာပ်။

ဘာဝဒသကကလာပ်က ၁ဝ-ခု၊
ကာယဒသကကလာပ်က ၁၀-ခု၊
ဝတ္ထု ဒသကကလာပ်က ၁၀-ခု၊
ပေါင်းလိုက်တဲ့အခါ ရုပ်-၃၀၊

ကလလရေကြည်လို့ ပြောတာ အဲဒီရုပ်-၃၀ ပဲ၊ သန္ဓေစိတ်ပေါ်လိုက်တဲ့အချိန်မှာ ကံကြောင့်ဖြစ်တဲ့ ဒီ ရုပ်-၃ဝ ဟာ ဘယ်သူက ထုတ်လုပ်တာတုန်းဆို ကံက ထုတ်လုပ်တာ၊ ကံကြောင့် ဖြစ်တဲ့ ရုပ်-၃၀ ဟာ တစ်ပြိုင်နက် ပေါ်လာတယ်၊ အဲဒါ ဘဝအစပဲ၊ လူတွေရဲ့ဘဝ အစမှာ အတူတူပါလာတာ။

ပဋိစ္စသမုပ္ပါဒ်မှာတော့ ရှေ့နောက်လိုလို ဟောတာ၊ “ဝိညာဏပစ္စယာ နာမရူပံ” ဆိုတာ ရှေ့နောက်မဟုတ်ဘူး၊ ဝိညာဏ်ပေါ်ရင် နာမ်ရုပ်ပေါ်တယ်၊ နာမ်ရုပ်ပေါ် ရင် ဝိညာဏ်ပေါ်တယ်၊ အတူတူပဲ၊ တစ်ပြိုင်နက်ပေါ် လာတာ၊ အဲဒီမှာ နောက်မှ ပေါ်လာတာတွေလည်း ရှိတာပေါ့၊ သန္ဓေအစမှာဆိုရင် ဝိညာဏဆိုတာ သန္ဓေစိတ်ကို ပြောတာ၊ နာမဆိုတာ သန္ဓေစိတ်မှာယှဉ်တဲ့ စေတသိက်ကို ပြောတာ၊ ရူပဆိုတာ ကမ္မဇရုပ်ကို ပြောတာ၊ ကမ္မဇရုပ်ကလည်း ကမ္မဇရုပ်အကုန်လုံး မဟုတ် ဘူး၊ လူ့ ဘဝကို စတင်လိုက်တဲ့ ခုနက ကမ္မဇရုပ်ကလေးတွေလို့ ပြောတာ။

ကဲ ဘုန်းကြီးတို့တတွေရဲ့ ဘဝဟာ ပဋိသန္ဓေစိတ်ရယ် စေတသိက်ရယ် နာမ်ပိုင်းဆိုင်ရာ ဒါက စတယ်၊ ရုပ်ပိုင်းဆိုင်ရာကျတော့ အခု ရုပ်-၃၀ နဲ့ စတယ်၊ ဒီ ရုပ်နဲ့နာမ်ဟာ ဘဝတစ်ခု စလိုက်တာနဲ့ တစ်ပြိုင်နက် ပြိုင်တူပေါ်လာတာ၊ နှစ်ခု စလုံးဟာ ကံက ဖန်တီးတာတွေချည်းပဲ၊ ဘယ်သူကမှ လုပ်ပေးတာ မဟုတ်ဘူး၊ ကံရဲ့အကျိုးဆက်အနေနဲ့ ပေါ်လာတာတဲ့။

ကဲ ကောင်းပြီ - ပေါ်လာတဲ့အခါမှာ တစ်ခုနဲ့တစ်ခု အထောက်အကူ ပြုကြတယ်၊ အဲဒီထဲမှာ အကုန် အထောက်အကူပြုသလားဆိုတော့ မပြုဘူး၊ ပြုတာက ဘာလဲ ဆိုလို့ရှိရင် ကြည့် - သန္ဓေစိတ်ရဲ့ မှီရာဆိုတာ ဟဒယဝတ္ထုသာ ဖြစ်တယ်၊ ကာယဝတ္ထုက ကာယဝိညာဏ်စိတ်ရဲ့ မှီရာသာ ဖြစ်တယ်၊ သန္ဓေစိတ်က ကာယဝတ္ထုပေါ်မှာ မမှီနိုင်ဘူး၊ ဘာဝတို့ ဘာတို့ဆိုတာလည်း မှီရာဝတ္ထုရုပ် မဟုတ် ဘူး၊ အဲဒီထဲမှာ မှီရာဝတ္ထုရုပ်နှစ်ခုပါတယ်၊ ကာယဒသက က ကာယနဲ့ ဝတ္ထုဒသက က ဟဒယ၊ သန္ဓေစိတ်ဟာ မှီစရာမရှိဘဲနဲ့ မဖြစ်ဘူး၊ သူက ကာယပေါ်လည်း မမှီဘူး၊ ဘာဝပေါ်လည်း မမှီဘူး၊ မှီရာဝတ္ထုရုပ်ဆိုတာ ၆-မျိုးပဲ ရှိတယ်၊ ဘာတွေလဲဆိုရင် မျက်စိ နား နှာခေါင်း လျှာ ကိုယ် ဟဒယ၊ မှီရာဝတ္ထုရုပ် ၆-ခု၊ မှီရာဝတ္ထုရုပ်ဆိုတာ စိတ်ဖြစ်ပေါ်တဲ့နေရာ ၆-ခုကို ပြောတာ၊ နာမ်တရားရဲ့ ပေါက်ဖွားရာဌာန ၆-ခုကို ပြောတာ၊ ဝတ္ထုဆိုတာ တည်ရာမြေကိုခေါ်တဲ့ စကားလုံး၊ ဒါကြောင့်မို့ မှီရာဝတ္ထုလို့ တွဲပြီးတော့ သုံးတာ၊ အင်္ဂလိပ်လိုတော့ base လို့ ပြန်တာပေါ့၊ Base of mind ပဲ၊ စိတ်ကလေး အခြေပြုတဲ့နေရာ။

ဥပမာ - စောင်းသံလေးက ဘယ်မှာ အခြေပြုတုန်း၊ ကြိုးပေါ်မှာ အခြေပြု တာပေါ့၊ ဟုတ်ရဲ့လား၊ အဲဒီကြိုးကလေးကို တီးလိုက်တဲ့အခါကျတော့မှ စောင်းသံ လေး ထွက်လာတယ်၊ အဲဒီအသံလေး ဘယ်က ထွက်လာတုန်း၊ စောင်းကြိုးက၊ အဲဒီစောင်းကြိုးနဲ့စောင်းအိုးကလေးက တွဲထားတာ၊ စောင်းကြိုးကနေပြီး အသံလေး ထွက်လာသလိုပဲ၊ ထို့အတူပဲ သန္ဓေစိတ်ဟာ ဟဒယဝတ္ထုဆိုတဲ့ ဒီ base ပေါ် အမှီပြုပြီး ပေါ်လာတာ၊ ဒါဖြင့် အမှီပြုနေရအောင် ဘယ်သူက အရင်ဖြစ်တာ တုန်းဆို ဘယ်သူကမှ အရင်ဖြစ်တာ မဟုတ်ဘူး၊ ပြိုင်တူဖြစ်ကြတာ၊ ဟဒယဝတ္ထု ဆိုတဲ့ ရုပ်ရယ်, ခုနက သန္ဓေစိတ်ရယ်။
(ဒါ လူ့ဘဝအနေနဲ့ ပြောတာနော်၊ ဟဒယ ဝတ္ထု မပါတဲ့ ဘဝတွေ ရှိသေးတယ်၊ အရူပဘုံ (ရုပ်မရှိတဲ့ဘုံ)ကျတော့ မရှိဘူးပေါ့)

လူ့ဘဝအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ဟဒယဝတ္ထုဆိုတဲ့ရုပ်ရယ် (ခုနက နတ် တို့ ရူပဗြဟ္မာတို့လည်း ထည့်ပြီးတော့ မှတ်ပေါ့နော်၊) လူသားတွေနဲ့ ပိုပြီးတော့ နီးစပ်အောင်လို့ applied လုပ်ပြီး ပြောပြတာ၊ စာထဲမှာ ပြောရင်တော့ ပဉ္စဝေါကာရ ပဋိသန္ဓေလို့ ပြောမယ်၊ အဲဒါ နားရှုပ်မှာစိုးလို့ မပြောတာ၊ ပဉ္စဝေါကာရ ဆိုတာ ခန္ဓာငါးပါးရှိတဲ့ လူ့ဘဝပဲဖြစ်ဖြစ် နတ်ပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် အဲဒီ ခန္ဓာ ငါးပါးရှိတဲ့ဘဝရဲ့ ပဋိသန္ဓေစိတ်။

ဒီတော့ လူသားအနေနဲ့ ပြောမယ်ဆိုရင် လူရဲ့ပဋိသန္ဓေစိတ်ဟာ သူနဲ့ ပြိုင်တူဖြစ်လာတဲ့ ဟဒယဝတ္ထုရုပ်ကို မှီရတယ်တဲ့၊ အမှီမပါဘဲနဲ့ သူ မရပ်တည်နိုင် ဘူးပေါ့၊ ဒါပြောတာနော်၊ စိတ်ဆိုတာ အာရုံရှိရတယ်၊ မှီရာဝတ္ထု base ရှိရတယ်၊ base မပါဘဲနဲ့ စိတ်မဖြစ်ဘူး၊ အာရုံမရှိဘဲနဲ့ စိတ်မဖြစ်ဘူးတဲ့၊ ဒါဖြင့် သန္ဓေစိတ်ရဲ့ အာရုံက ဘာတုန်းဆိုတော့ ကံ ကမ္မနိမိတ် ဂတိနိမိတ် တစ်ခုခုပဲပေါ့၊ အာရုံလည်း ရှိတယ်၊ မှီရာဝတ္ထုရုပ်က ဟဒယဝတ္ထု ရှိတယ်။

အဲဒီနေရာမှာ ကြည့်လိုက် - မှီရာဝတ္ထုရုပ်နဲ့ လူတွေရဲ့သန္ဓေစိတ်ဟာ borm together အတူတူ မွေးလာကြတာတဲ့၊ အတူတူမွေးလာပေမယ့်လို့ ယှဉ်တွဲပြီးတော့ ပေါ်လာပေမယ့်လို့ ပေါင်းစပ်ထားတဲ့အရာလား, ရောသွားတဲ့အရာလားဆိုတော့ မရောဘူး၊ ဝိပ္ပယုတ္တိပစ္စယော၊ ဆီနဲ့ ရေလိုပဲ မရောဘူး၊ တစ်မျိုးစီပဲ၊ born together ဖြစ်သည့်အတွက်ကြောင့် ဟဒယဝတ္ထုရုပ်ကလေးသည် ပဋိသန္ဓေစိတ်နဲ့ အတူတကွ ဖြစ်ပြီး ပေါင်းစပ်လို့မရတဲ့ ဝိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုပါတယ်၊ ဒါကိုပြောတာနော်၊ အဲဒါကို သဟဇာတဝိပ္ပယုတ်လို့ ခေါ်တယ်၊ အတူတကွဖြစ်ပြီး ပေါင်းမရတဲ့ဟာ၊ သန္ဓေစိတ်နဲ့ ဟဒယဝတ္ထုသည် ရောစပ်လို့ မရဘူး၊ သို့သော် အတူတကွ ဖြစ်ကြတယ်။

“ရူပိနော ဓမ္မာ” ဆိုတာ အဲဒါပြောတာ၊
ရူပိနော ဓမ္မာ - ဟဒယဝတ္ထု ရုပ်သည်၊
အရူပီနံ ဓမ္မာနံ - သန္ဓေစိတ် စေတသိက်တို့ကို၊
ဝိပ္ပယုတ္တပစ္စယေန - ရောစပ်လို့မရတဲ့ ဝိပ္ပယုတ္တသတ္တိဖြင့်၊
ပစ္စယော ဥပကာရကော - ကျေးဇူးပြုနေပါ တယ်၊
မတူညီပေမယ့်လို့ တစ်ခုနဲ့တစ်ခု အပြန်အလှန် အထောက်အကူပြုတယ် ဆိုတဲ့သဘောလို့ ပြောတာနော်၊ ဒါက တစ်ခု။

ဒါတင်လားဆိုတော့ ဒါက born together သဟဇာတဝိပ္ပယုတ် အနေနဲ့ ပြောတာ၊ သဟဇာတဝိပ္ပယုတ်ဆိုတာ အတူတကွဖြစ်ပြီး ပေါင်းစပ်လို့မရတဲ့ ရုပ်နဲ့ နာမ် (အတူတကွဖြစ်တယ်ဆိုတာ ပဋိသန္ဓေအခါမှာပဲရှိတာ) ကျန်တဲ့အချိန်မှာ အတူတကွ မဖြစ်ဘူး။

ကဲ ကောင်းပြီ - မွေးဖွားလာပြီးတဲ့နောက် ဝတ္ထုရုပ်နဲ့ စိတ်ဟာ အတူတကွ ဖြစ်တာ မဟုတ်ဘူးတဲ့၊ အတူတကွဖြစ်လာလို့ရှိရင်လည်း မှီလို့မရဘူးတဲ့၊ ကြည့် - ဟဒယဝတ္ထုရုပ်ဟာ သန္ဓေစိတ်နဲ့ အတူတကွဖြစ်လာပြီးတော့ စိတ်ရဲ့ ခဏတိုင်း ခဏတိုင်း (စိတ်ရဲ့ခဏတိုင်း ခဏတိုင်းဆိုတာ စိတ်မှာ ခဏသုံးခုရှိတယ်၊ ဖြစ်တဲ့ ခဏ၊ တည်တဲ့ခဏ၊ ပျက်တဲ့ခဏ၊ Very short moment ပဲ၊ ခဏသုံးခုရှိတယ်၊ အဲဒီ ခဏတိုင်း ခဏတိုင်းမှာ) ဟောဒီ ဟဒယဝတ္ထုရုပ်ဟာ repeatation ထပ်ထပ်ပြီး ပေါ်နေတာ၊ ဒါကြောင့် လူကောင်ကြီးက ကြီးကြီးလာတာပေါ့၊ မဟုတ်ဘူးလား၊ နို့မို့ဆိုရင် baby လေးပဲ ဖြစ်နေမှာပေါ့။

လူတွေဟာ မိခင်ခန္ဓာကိုယ်ထဲမှာ ရှိနေတုန်းက သေးသေးလေးပဲ မဟုတ် လား၊ ထပ်ထပ် ထပ်ထပ် ပေါ်နေတယ်၊ ထပ်ထပ် ထပ်ထပ် ပေါ်နေတော့ များလာ ပေးတဲ့စိတ်၊ ဟိုဘဝက စုတိစိတ်ဆိုတာ ချုပ်လိုက်တာနဲ့ ဒီဘဝက ပဋိသန္ဓေပဲ၊ အကယ်၍ မဆက်စပ်မိဘူးဆိုရင် ကြားမှာ gap ဖြစ်နေမှာပေါ့။

ဒီနေရာမှာ တိဗက်ဗုဒ္ဓဘာသာရဲ့ အယူအဆဆိုလို့ရှိရင် လူဟာ သေပြီးတဲ့ နောက်မှာ ၄၉-ရက်တဲ့၊ gap ဖြစ်နေမှာပေါ့၊ ဒါဆိုလို့ရှိရင် သေပြီးတဲ့နောက်မှာ လမ်းကြောင်း ရှာနေတာ ၄၉-ရက်တဲ့၊ မြန်မာတွေလည်း ပြောကြပါတယ်၊ သေပြီးတဲ့ နောက်မှာ ၇-ရက်တဲ့၊ ရက်မလည်သေးဘူး ပြောကြတယ်၊ သေပြီးတာနဲ့ တစ်ပြိုင်နက် ပဋိသန္ဓေဆိုတာ လာတာပဲ၊ ပဋိသန္ဓေဆိုတာ Relinking consciousness က ချက်ချင်းဆက်သွားတာပဲ၊ ဒါကြောင့်မို့ အနန္တရပစ္စယောလို့ ပြောတာ၊ ကြားထဲမှာ မရှိဘူး၊ ကွက်လပ်မရှိဘူး၊ ကြားကာလ မရှိဘူး၊ သေပြီးတဲ့အခြားမဲ့မှာဖြစ်လို့ အနန္တရ၊ “သေသည်၏ အခြားမဲ့၌” ဆိုတဲ့စကားကိုက အလွန်မှန်ကန်တဲ့စကား၊ အခြားမဲ့ ခ ဆိုတာ ကြားမရှိဘူးလို့ပြောတာ၊ သေတာနဲ့ မွေးတာကြားမှာ ခြားထားတဲ့ သဘာဝ အချိန်ကာလ မရှိဘူး၊ ဟိုဟာပြောင်းတာနဲ့ ဒါပေါ်တာ တစ်ဆက်တည်းလို့ပြောတာ၊ ပြောင်းလွဲမှုကြီးက အင်မတန်မှ လျင်မြန်တယ်။

ပဋိသန္ဓေစိတ်နောက် ပေါ်လာတဲ့စိတ်ကို ဘဝင်စိတ်ခေါ်တယ်။ ဘာ့ကြောင့် ဘဝင်လို့ခေါ်တာတုန်းဆိုရင် ဘဝ + အင်္ဂ၊ ဘဝတစ်ခု ဆက်စပ်ပေးနေတဲ့ အကြောင်း တရားဖြစ်လို့ ဘဝင်္ဂ လို့ ခေါ်တာ၊ ဘဝအင်္ဂ ဆိုတာ life continuity ဘဝတည်ရှိနေမှုရဲ့ အကြောင်းတရား၊ ဘဝ အင်္ဂ၊ ဒါမရှိရင် ပြတ်သွားမှာပေါ့၊ ဒါ့ကြောင့် လူတွေဟာ အိပ်နေရင်လည်း ဘဝင်စိတ်ဖြစ်တယ်ဆိုတာ အဲဒါပြောတာ ပေါ့၊ စိတ်အစဉ်က မပြတ်ဘူး။

နိုင်ငံခြားသားတွေကို ဘုန်းကြီးတို့ အဘိဓမ္မာသင်တဲ့အခါ နားလည်အောင် ရှင်းပြရတယ်။ စိတ်အစဉ်ဟာ line ၂-ခု ရှိတယ်၊ Blue line နဲ့ Red line လို့ Blue line ဆိုတာ activity မရှိဘူး၊ ငြိမ်သက်နေတဲ့ line၊ ပြင်ပအာရုံနဲ့ ဘာမှမဆိုင်ဘူး၊ မျက်စိက မြင်တဲ့အာရုံ၊ နားကကြားတဲ့ အာရုံတွေနဲ့ ဘာမှမဆိုင်ဘူး၊ အတိတ်က ပေးခဲ့တဲ့ အာရုံနဲ့ ငြိမ်ငြိမ်ကလေး သွားနေတာ၊ ဒါက Blue line အပြာလိုင်း၊ အပြင်ဘက်က အာရုံတစ်ခုက တိုးဝင်လာပြီဆိုလို့ရှိရင် အဲဒီ Blue line က ပြတ်သွား ပြီးတော့ Red line ဝင်လာတယ်၊ လိုင်း၂-လိုင်း ပြိုင်တူတော့ မဖြစ်ဘူးနော်၊ Blue line ကို ဖြတ်တောက်လိုက်တာ၊ နောက်ထပ်ရောက်လာတဲ့အာရုံက စွမ်းအားသတ္တိ ရှိလို့။

ဘာနဲ့ ဥပမာတူတုန်းဆိုရင် ဒုံးပျံတစ်ခုကို ဒုံးခွင်းဒုံးနဲ့ ပစ်ချလိုက်သလိုပဲ ပြတ်သွားတာ၊ အပြင်ဘက်က အာရုံတစ်ခုရောက်လာတဲ့အခါကျတော့ Blue line က ပြတ်သွားပြီး Red line ဝင်လာတာ၊ Red line ဖြစ်လာတဲ့အခါကျတော့ လူတွေဟာ လက်ရှိမွေးရာပါအာရုံနဲ့ မဟုတ်တော့ဘဲနဲ့ မျက်စိကမြင်ရတဲ့ အာရုံ၊ နားကကြားရတဲ့ အာရုံ၊ အဲဒါတွေနဲ့ အလုပ်လုပ်ကြတော့တာပဲ၊ Red line ပြီးသွားပြန်ရင် Blue line က ပြန်ဝင်လာတာပဲနော်၊ ဒီအတိုင်းပဲသွားနေတာ၊ Blue line နဲ့ Red line, Red line နဲ့ Blue line စိတ်အစဉ်ကို အဲဒီပုံစံနဲ့ သရုပ် ဖော်ပြမယ်ဆိုရင် အဲဒီပုံစံမျိုးပဲ မြင်ရမှာပဲ၊ စိတ်ဆိုတာ အရောင်မရှိလို့ မြင်ရတာ မဟုတ်လို့ တင်စားပြီးတော့ ပြောရတာ။

ကောင်းပြီ - ဘဝတစ်ခုလုံးမှာ သန္ဓေစိတ်ပြီးရင် ဘဝင်စိတ်တွေ လာနေ မှာပဲ၊ ခုနက Red line က ဝီထိစိတ်တွေ မလာသမျှ သူက မပြတ်ဖြစ်နေမှာပဲ၊ နောက်ဆုံး သေပြီဆိုတဲ့အခါကျတော့ နောက်ဆုံးစိတ်ကို (ဘဝတစ်ခုကနေပြီးတော့ ရွေ့လျားသွားတာ ဖြစ်သောကြောင့်) စုတိစိတ်လို့ ခေါ်လိုက်တယ်၊ အဲဒါကျတော့ နော်၊ အဲဒီ ပဋိသန္ဓေ၊ ဘဝင် စုတိ ဆိုတာဟာ တစ်မျိုးတည်းပဲလို့ ဒီလိုမှတ်ရမယ်။

ကောင်းပြီ - အခုပြောချင်တာက ကြည့် - ဟဒယဝတ္ထုရုပ်က သန္ဓေစိတ်နဲ့ အတူတကွဖြစ်ပြီးတော့ ထိုသန္ဓေစိတ်ကို ဝိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ပေါင်းစပ် လို့မရတဲ့ အနေအထားအနေနဲ့ အတူတူဖြစ်ကြတာ၊ အတူတူဖြစ်ပြီး ကျေးဇူးပြုကြ တယ်၊ ဒါဖြင့် အဲဒီ ဟဒယဝတ္ထုက ပထမဘဝင်ကို ကျေးဇူးပြုတဲ့အခါကျတော့ အတူတူဖြစ်ကြတာ ဟုတ်ရဲ့လား၊ မဟုတ်ဘူးနော်၊ အဲဒီပထမဘဝင်ကို ကျေးဇူးပြုတဲ့ ဟဒယဝတ္ထုသည် သန္ဓေစိတ်နဲ့ အတူတကွပေါ်လာတဲ့ ဟဒယဝတ္ထုဖြစ်တယ် ဆိုတော့ ပထမဘဝင် မပေါ်ခင်က ခဏ ၂-ခု စောပြီးတော့ သူက မပေါ်ဘူးလား၊ ပေါ်တယ်နော်၊ ခဏ၂-ခု စောပြီးတော့ သူက ပေါ်သည့်အတွက်ကြောင့် သူက born earlier လို့ ခေါ်တယ်၊ ကြိုတင်ပြီးတော့ မွေးလာတာ၊ ဘဝင်စိတ် မပေါ်ခင်က သူက ကြိုတင်ပြီးတော့ မွေးလိုက်တာမို့ သန္ဓေစိတ်နဲ့ အတူတကွဖြစ်တဲ့ ဟဒယဝတ္ထု သည် ပထမဘဝင်စိတ်ကို အထောက်အကူပြုတဲ့ မှီရာအနေနဲ့ ဆောင်ရွက်ပေးတဲ့ အခါကျတော့ ပေါင်းစပ်လို့မရတဲ့ အနေအထား ဖြစ်သည့်အတွက်ကြောင့် အဲဒါ ကျတော့ ပုရေဇာတဝိပ္ပယုတ်လို့ ပြောတာ။

ပုရေဇာတဝိပ္ပယုတ်ဆိုတာ ကြိုတင်ဖြစ်နှင့်ပြီးတော့ ပေါင်းစပ်လို့မရတဲ့ ရုပ် တရားက နာမ်တရားကို အထောက်အကူပြုတယ်ပေါ့၊ ဒါ ပြောတာနော်၊ “ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ” ဆိုတဲ့စကားလုံးမှာ အရကောက်ကျမ်းက ခွဲခြားပြီးတော့ ဒီလိုကောက်တယ်၊ အဲဒါ ရှင်းသွားပြီနော်၊ သန္ဓေစိတ်ကို ဟဒယဝတ္ထုက အထောက် အကူပြုတဲ့အခါမှာ born together သဟဇာတဝိပ္ပယုတ်၊ အဲဒီ ဟဒယဝတ္ထုက ပထမဘဝင်စိတ်ကို အထောက်အကူပြုတဲ့အခါကျတော့ ကြိုတင်ပြီးတော့ မွေးဖွား တာဖြစ်လို့ born earlier ပုရေဇာတဝိပ္ပယုတ်လို့ ခေါ်တယ်၊ ဒီသဘောကိုပြောတာ၊ ဒါက “ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော” လို့ ဒါက ပစ္စယနိဒ္ဒေသအရ ပြောပြတာ။

ပဥှာဝါရကျတော့ ထပ်ပြီး ခွဲတယ်၊ ဓမ္မကို ထပ်ပြီး အသေးစိတ်လိုက်တဲ့အခါ သဘာဝချင်းမတူတဲ့ ဓမ္မတွေက ကုသိုလ်လား, အကုသိုလ်လား, အဗျာကတလား ထပ်ခွဲတယ်ပေါ့၊ ဒီတော့ လူတွေဟာ ပဋိသန္ဓေစလာတဲ့အခါမှာ ကုသိုလ်နဲ့လည်း မစဘူး၊ အကုသိုလ်နဲ့လည်း မစ,ဘူး၊ ဘာနဲ့စတုန်း? အဗျာကတနဲ့ စတယ်၊ သန္ဓေစိတ် ဆိုတာ အဗျာကတ၊ အဲဒီလို သဘောပေါက်ထားလို့ရှိရင် အင်မတန်မှ လွယ်တယ် ပေါ့။

ဒီတော့ ကုသိုလ်စိတ်ကို အထောက်အကူပြုမယ့် ရုပ်ဆိုတာ အခုအချိန် မပေါ်ဘူး၊ အကုသိုလ်စိတ်ကို အထောက်အကူပြုမယ့် ရုပ်ကလည်း အခုချိန် မပေါ် သေးဘူး၊ အဗျာကတကို အထောက်အကူပြုတယ်လို့ပဲ ဒီလိုပြောရမယ် ဒီအချိန်မှာ၊ ကဲ ကောင်းပြီ - ပဥှာဝါရကျတော့ အဲဒီလို ထပ်ပြီးတော့ ခွဲလိုက်သေးတယ်၊ အဗျာကတက . ကုသိုလ်ကို၊ အဗျာကတက အကုသိုလ်ကို၊ အဗျာကတက အဗျာကတကိုလို့ ထပ်ပြီးတော့ ခွဲလိုက်တယ်၊ ကုသိုလ်ကို အဓိကထားပြောတာက တစ်ခု၊ အကုသိုလ်ကို အဓိကထားပြောတာက တစ်ခု၊ အဗျာကတကို အဓိကထား ပြီး ပြောတာက တစ်ခု၊ ၃-ခု ဒီလိုရှိတယ်၊ ဒါက ပဉှာဝါရမှာ ဟောတဲ့တရား။

ပဉှာဝါရနဲ့ ပစ္စယနိဒ္ဒေသက အင်မတန်မှ နီးစပ်တယ်၊ ဟောပုံချင်းလည်း တူတယ်၊ ဘယ်လိုကွာလဲ? ပစ္စယနိဒ္ဒေသက အကျဉ်း, ပဉှာဝါရကျတော့ အကျယ် ထပ်ပြောတယ်၊ အဲဒါပဲ ကွာတယ်၊ ဟောပုံဟောနည်းလည်း အတူတူပဲ၊ စကားလုံး သုံးတာလည်း တူတယ်။

ကဲ နောက်တစ်ခု ဘာလာပြန်တုန်းဆိုရင် အပြန်အလှန် “အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော”၊ နာမ်တရားကလည်းပဲ ရုပ်တရားကို ဝိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုပါတယ်တဲ့။

ဘယ်အခါ ကျေးဇူးပြုတယ်ဆိုတာတော့ ထပ်ရှင်းရမယ်၊ ဒါကျတော့ ဘာနဲ့ သက်ဆိုင်တာတုန်း၊ မွေးဖွားတဲ့အချိန်နဲ့ မသက်ဆိုင်ဘူး၊ လူ့ဘဝ မွေးဖွားပြီးတဲ့ နောက်, မွေးဖွားပြီးတယ်ဆိုတာ သန္ဓေတည်ပြီးတဲ့ နောက်ပိုင်းနဲ့ သက်ဆိုင်တယ်၊ သန္ဓေတည်ပြီးတဲ့နောက် မသေခင်စပ်ကြားမှာ နာမ်တရားတွေက ရုပ်တရားတွေကို ဝိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုပါတယ်။

ဒီနေရာမှာ နာမ်တရားလို့ ဆိုလိုက်တဲ့အခါ ရုပ်ကိုထုတ်လုပ်တဲ့ နာမ်တရား ပေါင်း ၇၅-ခု ရှိတယ်၊ အဲဒီရုပ်ကို ထုတ်လုပ်တဲ့ နာမ်တရားတွေဟာ အဲဒီနာမ် ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် သူက ရုပ်ကိုထုတ်ပြီးသားပဲ၊ စိတ္တဇရုပ်ဆိုတာကို သူကထုတ်တယ်၊ စိတ်က သူ့ဟာသူတင်ဖြစ်လာတာ မဟုတ်ဘူး၊ ဖြစ်လာလိုက်တာနဲ့ တစ်ပြိုင်နက် ရုပ်တစ်ခုကို မွေးဖွားပေးလိုက်တယ်၊ ရုပ်တစ်ခုကို မွေးပေးလိုက်တယ် ဆိုတော့ စိတ်နဲ့ရုပ်က ရောနေတာလား၊ ရောစပ်ထားလားလို့မေးရင် မရောစပ်ဘူးတဲ့၊ ပေါင်းစပ်ထားတဲ့အရာ မဟုတ်ဘူးတဲ့၊ စိတ်ကနေပြီးတော့ စိတ္တဇရုပ်ကို ထုတ်လုပ်တဲ့ အခါ စိတ်ပေါ်ပေါ်ချင်း စိတ္တဇရုပ်ကိုထုတ်တာ ဖြစ်သောကြောင့်, ထိုစိတ်နဲ့စိတ္တဇ ရုပ်သည် အတူတကွ မွေးဖွားကြတာ ဖြစ်သောကြောင့် born together သဟဇာတ၊ အတူတကွ ဖြစ်လာကြတာ၊ ရုပ်ကိုထုတ်လုပ်နိုင်တဲ့စိတ်တွေဟာ သူတို့ ဖြစ်တိုင်း ဖြစ်တိုင်း ရုပ်ကို အသစ်ဖြစ်စေတာ။

ဆိုပါစို့ - ခုနက ပထမဘဝင်စိတ်ဟာ ပေါ်လာချင်းပင် ရုပ်ကို ဖြစ်စေတာ၊ ပဋိသန္ဓေစိတ်ကတော့ ရုပ်ကို မထုတ်နိုင်ဘူး၊ ဘာဖြစ်လို့ မထုတ်နိုင်တုန်း၊ အခုမှ ဘဝသစ်မှာ သူကစ,ရတာဖြစ်တော့ သူ့မှာ mature မဖြစ်သေးဘူး၊ တခြားအလုပ် မလုပ်နိုင်ဘူး၊ ဒါတော့ ဟုတ်တာပဲ၊ သဘာဝကျပါတယ်၊ ကလေးပေါက်စလေးက အလုပ်တစ်ခုကို အကုန်လုပ်နိုင်ပါ့မလား၊ ဘယ်လုပ်နိုင်ပါ့မလဲ၊ အခုမှ ရောက်လာ တဲ့လူက လူသစ်ပဲ၊ သူက ဘာလုပ်နိုင်ဦးမှာတုန်း။

ဟော ဘဝင်စိတ်ရောက်တဲ့အခါကျတော့ ပထမဘဝင်စိတ်တင်ပဲ စိတ္တဇရုပ် ကို ဖြစ်စေတယ်၊ စိတ်က ဘွားကနဲပေါ်လိုက်သလို သူထုတ်လိုက်တဲ့ရုပ်ကလည်း ဘွားကနဲ ပေါ်လာတယ်၊ ဒီနှစ်ခုသည် တစ်ပြိုင်နက်ပေါ်တာ ဖြစ်တယ်၊ အဲဒီ တစ်ပြိုင်နက်ပေါ်တဲ့ရုပ်နဲ့စိတ်ဟာ ပြိုင်တူတော့ ဖြစ်တယ်၊ သို့သော် ရောစပ်ထား တဲ့အရာ မဟုတ်သည့်အတွက်ကြောင့် သဟဇာတဝိပ္ပယုတ်၊ (ပြိုင်တူဖြစ်လို့ သဟဇာတ၊ ပေါင်းစပ်ထားတာ မဟုတ်သည့်အတွက်ကြောင့် ဝိပ္ပယုတ္တ) ဒီလို ပြောတာနော်၊ “ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ”၊ ဒါက တစ်ခု။

နောက်တစ်ခုက ဘာပြောရဦးမလဲဆိုတော့ ခုနတုန်းကဟာကို နောက် တစ်ခု ထပ်ပြောတာ၊ ဒါက “အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ”၊ နာမ်တရားကနေ ရုပ် တရား၊ ကဲ ဘာပြောရဦးမတုန်းဆိုရင် ရုပ်နဲ့ နာမ်ရဲ့ ဆက်စပ်နေမှုကို ပြောမယ် ဆိုလို့ရှိရင် - ဆိုပါစို့- ခုနဝတ္ထုရုပ်တွေဆို အရင်ကြိုတင်ပြီးတော့ ဖြစ်နေတာတွေ က နောက်မှဖြစ်တဲ့ နာမ်တရားကို ကျေးဇူးပြုတယ်။

ထို့အတူပဲ နောက်မှဖြစ်လာတဲ့စိတ်တွေကလည်း ရှေ့ကကြိုတင်ဖြစ်နေတဲ့ ရုပ်တွေကို အပြန်အလှန် .. အထောက်အကူပြုပါတယ်တဲ့၊ ထုတ်လုပ်တာတော့ မဟုတ်ဘူး, အထောက်အကူပြုတာကို ပြောတာနော်၊ အကျိုးတရားက အရင် ဖြစ်နေပြီး အကြောင်းတရားက နောက်မှလို့ - ဒီလိုတွေးလို့ရှိရင် နားလည်ဖို့ အလွန် ခက်တယ်၊ ဘဝတစ်ခုမှာ ဆက်စပ်နေသည့်အတွက်ကြောင့် နောင်ဖြစ်မယ့်ဟာက လည်း ရှေ့ကိုကြိုတင်ပြီး အကျိုးပြုနေတာ၊ ဆက်စပ်နေတဲ့သဘော၊ ကြိုတင်ဖြစ်နေ တဲ့ ရုပ်တွေကို နောက်မှဖြစ်လာတဲ့စိတ်က အထောက်အကူပြုတယ်တဲ့၊ အဲဒါကို ပစ္ဆာဇာတဝိပ္ပယုတ် လို့ ပြောတာ၊ နောက်မှဖြစ်တဲ့စိတ်တွေက ကြိုတင်ပြီးဖြစ်နှင့် နေတဲ့ ဟဒယဝတ္ထုစတဲ့ ရုပ်တွေကို အထောက်အကူပြုနေတယ်။

ကဲ၊ သက်ရှိထင်ရှားရှိနေတဲ့အချိန်မှာ (ခုနက ပြောဖို့ကျန်နေတဲ့ထဲမှာ) “ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ” ရုပ်တရားက နာမ်တရားကို အထောက်အကူ ပြုနေတယ်ဆိုတဲ့ နေရာမှာ ခုနက သာမန် သန္ဓေပိုင်းတစ်ခုပဲ ပြောရသေးတယ်။ ပဝတ္တိပိုင်း ပြောရအောင်။

ကြည့် - လူ့ဘဝရလာပြီးတဲ့အခါ မျက်စိဆိုတာ ပေါ်မလာဘူးလား၊ ပေါ်လာ တယ်၊ နားဆိုတာ ပေါ်တယ်၊ နှာခေါင်းဆိုတာ ပေါ်တယ်၊ လျှာဆိုတာလည်း ပေါ်လာတယ်၊ ကိုယ်ဆိုတာလည်း ပေါ်တယ်၊ ခုနက ဟဒယဝတ္ထု တစ်ခုပဲ ပြောရ သေးတယ်၊ ဟုတ်ရဲ့လား၊

(ဝတ္ထုရုပ်က ၆-ခု ရှိတယ်၊ စက္ခုဝတ္ထု၊ သောတဝတ္ထု ဃာနဝတ္ထု ဇိဝှာဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထု၊ ခုနကပြောတာ ဟဒယဝတ္ထုတစ်ခုပဲ ပြောခဲ့သေးတယ်၊ ဟဒယဝတ္ထုတစ်ခုတည်းကိုပဲ born together, born earlier နှစ်ခုရတယ် ဟုတ်ရဲ့လား)

အခုပြောမှာက စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှာဝတ္ထု၊ ကာယဝတ္ထု၊ အဲဒီထဲမှာ စက္ခုဝတ္ထုဆိုတဲ့ မျက်စိအကြည်ရုပ်ဟာ မြင်သိ စိတ်ရဲ့ ပေါက်ဖွားရာနေရာ ဖြစ်တယ်ပေါ့။

ဒီတော့ မြင်သိစိတ်နဲ့ စက္ခုဝတ္ထု ဆိုတဲ့ ဒီမျက်စိအကြည်ရုပ်ဟာ ဘယ်သူက အရင်ပေါ်တာတုန်းဆိုရင် စက္ခုဝတ္ထုက အရင်ပေါ်လာတာ၊ မြင်သိစိတ်က နောက်မှ ပေါ်လာတာ၊ အဲဒါကြောင့်မို့ born earlier။ ဆိုပါစို့ - ရူပါရုံနဲ့ စက္ခုပသာဒ ဆုံလိုက်တယ်၊ mental process ဝီထိကို ကြည့်၊ ရူပါရုံနဲ့ စက္ခုပသာဒတို့ ဆုံလိုက် တဲ့အချိန်ပိုင်းမှာ ဘဝင်ဖြစ်နေတဲ့အချိန်ပေါ့၊ ဆုံလိုက်တဲ့အချိန်မှာ စိတ်အစဉ်က အင်မတန် မြန်လွန်းအားကြီးလို့ blue line က ရုတ်တရက်မပြတ်ဘူး၊ Blue line က ဆက်သွားနေတယ်၊ မြင်လိုက်တဲ့အချိန်မှာ အတီတဘဝင်ဆိုတာ ဖြစ်သွားတယ်၊ ဖြတ်ကျော်သွားတဲ့ဘဝင်၊ အာရုံအသစ် ဝင်လာလို့ အဲဒီဘဝင်က လှုပ်သွားတယ် - ဘဝင်္ဂစလန၊ နောက် ပြတ်တောက်သွားတယ် - ဘဝင်္ဂုပစ္ဆေဒ၊ ဘဝင်သုံးခု ရှိတယ်၊ အဲဒီ ဖြတ်ကျော်လာတဲ့ ဘဝင်စိတ်နဲ့ အတူတူဖြစ်တဲ့ စက္ခုဝတ္ထုသည် ပဉ္စဒွါရာဝဇ္ဇန်း နောက်မှာ ပေါ်လာမယ့် စက္ခုဝိညာဏ်စိတ်ရဲ့မှီရာ ဖြစ်တယ်၊ ဒီတော့ သူဟာ စိတ် ဘယ်နှစ်ခု စောပြီးတော့ ပေါ်သလဲဆိုရင် ဘဝင်သုံးခုရယ် ပဉ္စဒွါရာဝဇ္ဇန်းစိတ်ရယ် ဆိုတော့ ၄-ခု၊ စိတ္တက္ခဏ ၄-ခု စောပြီး စက္ခုဝတ္ထု၊ ပေါ်နေတယ်။

အဲဒီပေါ်နေတဲ့ စက္ခုဝတ္ထုသည် ပဉ္စဒွါရာဝဇ္ဇန်းနောက်မှာ ပေါ်လာမယ့် မြင်သိစိတ်ကို အထောက်အကူပြုပါတယ်တဲ့၊ အဲဒီမြင်သိစိတ်နဲ့ စက္ခုဝတ္ထုဟာ ပေါင်းစပ်လို့ ရလားဆိုတော့ မရဘူး၊ ရောစပ်ထားတာ မဟုတ်ဘူး၊ သဘာဝချင်း မတူဘူး၊ သို့သော် ကြိုတင်ပြီးတော့ မွေးဖွားထားတာဖြစ်လို့ ပုရေဇာတ၊ ပေါင်းစပ် လို့ မရသည့်အတွက်ကြောင့် ဝိပ္ပယုတ္တ၊ ဒါကြောင့် ပုရေဇာတဝိပ္ပယုတ္တ။

ထို့အတူပဲ အသံနဲ့ ပတ်သက်လာမယ်, အနံ့နဲ့ ပတ်သက်လာမယ်, အရသာနဲ့ ပတ်သက်လာမယ်, အထိအတွေ့ နဲ့ ပတ်သက်လာမယ်ဆိုရင်လည်း ဘဝင်စိတ်နဲ့ ပြိုင်တူဝင်လာတဲ့ ဝတ္ထုရုပ်ကို ဝိပ္ပယုတ်လို့ ပြောတာ။

ကဲ အခု ဝိပ္ပယုတ်နဲ့ ပတ်သက်ပြီး ပြောတဲ့ရုပ်တွေဟာ ဝတ္ထုရုပ်တွေကို ပြောတယ်၊ ထိုဝတ္ထုရုပ်ကို မှီတဲ့စိတ်တွေအကြောင်းကို ပြောတယ်၊ နောက်ပြီးတော့ စိတ်က ထုတ်လုပ်တဲ့ရုပ် စိတ္တဇရုပ်တွေကို ပြောတယ်၊ ဒီနေရာမှာ မပြောဘဲထားတာ ဘာတွေ မပြောဘဲထားတုန်းဆိုလို့ရှိရင် ဥတုဇရုပ်တွေ အာဟာရရုပ်တွေတော့ မပြောဘူး၊ ဟုတ်ရဲ့လား၊ အဓိက ထင်ရှားတာကိုပြောတာ။

ပစ္ဆာဇာတဝိပ္ပယုတ်ကျတော့ ဥတုဇရုပ်တို့ အာဟာရရုပ်တို့ ဧကဇကာယ ဒွိဇကာယ တိဇကာယ စတုဇကာယဆိုပြီး ပြောတယ်၊ ကျန်တာတော့ မပြောဘူးတဲ့၊ ကြည့် - ခုနတုန်းကပြောတဲ့ သန္ဓေစိတ်နဲ့ အတူတကွဖြစ်လာတာ ကမ္မဇရုပ်တဲ့၊ ဘဝင်စိတ်နဲ့ ပြောတဲ့အခါကျတော့ စိတ္တဇရုပ်ကို ပြောတာ။

ကောင်းပြီ - မြတ်စွာဘုရားက ဒီနေရာမှာ ဝတ္ထုရုပ်နဲ့ ဝတ္ထုရုပ်ကိုမှီဖြစ်တဲ့ စိတ်ရယ်၊ အဲဒီနှစ်ခုဟာ ပေါင်းစပ်ထားတာ မဟုတ်ဘူး၊ ရောစပ်လို့ မရတဲ့အရာတွေ ဖြစ်လို့ ဝိပ္ပယုတ္တပစ္စည်း ဆိုပြီး ဟောတယ်၊ အဲဒီနေရာမှာ စဉ်းစားစရာတစ်ခု ပေါ်လာတယ်၊ ရုပ်ဟာ ကုန်သွားပြီလားဆို မကုန်သေးဘူးနော်၊ အခု ပြောတာက ဝတ္ထုရုပ်ပဲ ပြောနေတာ။

စိတ်နဲ့အာရုံ ဝိပ္ပယုတ်ဖြစ်သော်လည်း မဟော

ကဲ အဲဒီစိတ်ဟာ အာရုံနဲ့ကော မဆက်သွယ်ဘူးလား၊ ရူပါရုံက ရုပ် မဟုတ်ဘူးလား၊ ဟုတ်တယ်၊ သဒ္ဒါရုံကရော၊ အသံကလည်း ရုပ်ပဲ၊ အနံ့ကလည်း ရုပ်ပဲ၊ ဖောဋ္ဌဗ္ဗာရုံကလည်း ရုပ်ပဲ၊ အဲဒါတွေနဲ့ စိတ်နဲ့ကျတော့ ဘာဖြစ်လို့ ဝိပ္ပယုတ္တ ပစ္စယောလို့ မဟောတာလဲ၊ ရုပ်အာရုံတွေနဲ့ စိတ်နဲ့ကလည်း ပေါင်းစပ်လို့ ရရဲ့လား? စိတ်ရဲ့မှီရာဖြစ်တဲ့ဝတ္ထုရုပ်နဲ့ စိတ်ကိုသာလျှင် ဝိပ္ပယုတ္တလို့ ဟောတာ၊ ထိုစိတ်က အာရုံပြုတဲ့ ရုပ်အာရုံတွေကျတော့ ဘာဖြစ်လို့ ဝိပ္ပယုတ္တပစ္စယောလို့ မဟောတာ လဲ? မေးခွန်းကလေးတစ်ခု တက်လာတယ်၊ ဟုတ်တယ် မဟုတ်လား၊ သူက ရုပ်နဲ့ နာမ်ပဲလေ၊ အာရုံက ရုပ်၊ အာရုံပြုနေတဲ့စိတ်က နာမ်၊ အာရုံရုပ်နဲ့ အာရုံပြုတဲ့နာမ် တရားနှစ်ခုကရော ပေါင်းစပ်လို့ ရမလားဆိုတော့ မရဘူး။

မရတာကို ဘာဖြစ်လို့ မြတ်စွာဘုရားက ပိပ္ပယုတ္တပစ္စယောလို့ ထည့်မဟော တာတုန်းလို့မေးရင် အဖြေရှိတယ်၊ အာရုံဆိုတာ အတွင်းက လာတာလား, အပြင်က လာတာလား၊ အပြင်က လာတာနော်၊ မျက်စိမှာ ထင်ဟပ်တဲ့အာရုံသည် အပြင်က လာတာလား, အတွင်းက လာတာလား၊ အသံကရော? အပြင်ကလာတာ၊ အနံ့ ကရော? အပြင်က လာတာတွေ၊ ဒီတော့ အပြင်ကလာတဲ့ရုပ်နဲ့ အတွင်းက စိတ်နဲ့ ရောသလား, မရောသလား, ပေါင်းစပ်နေတာလား, မပေါင်းစပ်ဘူးလားလို့ သံသယ ဖြစ်စရာရှိပါ့မလား? မရှိပါဘူး၊ မရှိလို့ မြတ်စွာဘုရားက မဟောတာတဲ့၊ ထင်ရှားတာကို မပြောတော့ဘူး၊ ကိုယ့်ဟာကိုယ် သိနိုင်တယ်၊ သိနိုင်တဲ့အရာ မပြော ဘူးပေါ့။

သိနိုင်တဲ့အရာ ပြောမယ်ဆိုလို့ရှိရင် ကြည့် - ဘာနဲ့ ဥပမာတူတုန်းဆိုရင် ဆရာ မလုပ်ရရင် မနေနိုင်တဲ့လူတစ်ယောက်လိုပေါ့၊ ငယ်ငယ်တုန်းက ကြားဖူး တာနော်၊ လူတစ်ယောက်ဟာ ဆရာ မလုပ်ရရင် မနေနိုင်ဘူးတဲ့၊ အလှူတစ်ခုမှာ သူက မှေးကနဲအိပ်ပျော်သွားတော့ ဆရာ မလုပ်လိုက်ရဘူး၊ အချိန်ကျလို့ သံဃာ တွေက ကြွလာကုန်ပြီ၊ လူတွေရော မဏ္ဍပ်အဝင်ဝမှာ၊ အဲဒီမှာ သူက ဆရာလုပ်စရာ မရှိတော့ ဘာလုပ်တုန်းဆို- “ဟေ့ ဘုန်းကြီးတွေ ရှေ့ကထား၊ လူတွေ နောက်က လိုက်” လို့ ဝင်ပြီးပြောလိုက်သေးသတဲ့၊ ထင်ရှားနေတဲ့အရာကို “ဘုန်းကြီးရှေ့ကသွား လူက နောက်ကလိုက်” လို့ ပြောစရာလိုသေးလား၊ ဒါ လူတိုင်းသိနေတဲ့ကိစ္စကြီး တစ်ခုနော်၊ အဲဒီလိုပဲ မြတ်စွာဘုရားက သံသယဖြစ်စရာ မရှိသည့်အတွက်ကြောင့် ရုပ်အာရုံနဲ့ အာရုံပြုတဲ့စိတ်ကိုတော့ ဝိပ္ပယုတ္တပစ္စယောလို့ မဟောတော့ဘူးတဲ့၊ သိသာလွန်း အားကြီးလို့။

ဒါဖြင့် ဝတ္ထုရုပ်နဲ့ စိတ်၊ အဲဒါကျတော့ ဘာလို့ ဟောတာတုန်းဆိုတော့ လူတွေက ထင်ကောင်း ထင်လိမ့်မယ်တဲ့၊ မြင်သိစိတ်ဟာ မျက်လုံးထဲက ထွက်လာတော့ မြင်သိစိတ်နဲ့ မျက်လုံးဟာ ပေါင်းစပ်ထားတာလို့ ထင်ချင်ထင်နေမယ်၊ သမ္ပယုတ္တအနေနဲ့ ရောစပ်ထားတယ်လို့ ထင်ကောင်း ထင်လိမ့်မယ်၊ ကြားသိစိတ် ဟာ နားက ထွက်လာတာဆိုပြီးတော့ နားနဲ့ ကြားသိစိတ်၊ သောတပသာဒရုပ်နဲ့ ကြားသိစိတ်ဟာ ရောစပ်နေတယ်လို့ ထင်မှာစိုးလို့၊ နံသိစိတ်ဟာလည်းပဲ ဃာန ပသာဒမှာ မှီပြီးဖြစ်လို့ ဃာနပသာဒထဲမှာ ဒီနံသိစိတ်တွေ ရောစပ်ပေါင်းစပ်နေ တယ်လို့ ဒီလို ထင်မှာ စိုးတယ်၊ လျက်သိစိတ်ကလည်း လျှာကို မှီပြီး ဖြစ်လာတာ ဖြစ်သောကြောင့် လျှာနဲ့ ဇိဝှာပသာဒရုပ်နဲ့ ပေါင်းစပ်ရောစပ်ထားတယ်လို့ ထင်မှာ စိုးလို့၊ ထိသိစိတ်ကလည်းပဲ ကာယဝတ္ထုပေါ်မှာ မှီပြီးတော့ ဖြစ်လာတာ ဖြစ်သော ကြောင့် ကာယပသာဒနဲ့များ ပေါင်းစပ်နေသလားလို့ သံသယဖြစ်စရာရှိလို့၊ ရင်ထဲ နှလုံးထဲက ပေါက်ဖွားလာတဲ့စိတ်တွေကလည်းပဲ နှလုံးသားနဲ့ ပေါင်းစပ်နေတာလား လို့ ရောစပ်ထားတာလားလို့ သမ္ပယုတ္တလား ယှဉ်တွဲနေတာလားလို့ ယုံမှားသံသယ ရှိမှာစိုးလို့တဲ့၊ အဲဒါပဲ ဟောတယ်။

ဒီတော့ ဝိပ္ပယုတ္တပစ္စယောဆိုတာ သမ္ပယုတ္တလို စပ်နေတာတော့ မဟုတ်ဘူး၊ ရောထားတာ မဟုတ်ဘူး၊ သို့သော် သဘာဝချင်းခြားနားတဲ့အရာတွေကလည်းပဲ တစ်ခုနဲ့တစ်ခု အထောက်အကူပြုနေတယ်၊ အပြန်အလှန် အကျိုးပြုနေတယ် ဆိုတာကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဝိပ္ပယုတ္တပစ္စယောလို့ ဟောထား ခြင်း ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ - သမ္ပယုတ္တ ပစ္စယောဟာ စိတ်နဲ့ စေတသိက်တွေဟာ အချင်းချင်း ပေါင်းစပ်ထားတယ်လို့ သဘောပေါက်သလို စိတ်နဲ့ ရုပ် (သို့မဟုတ်) နာမ်နဲ့ ရုပ်၊ ရုပ်နဲ့ နာမ် ဒီသဘာဝနှစ်ခု ဟာလည်းပဲ အတူတကွ တည်ရှိနေကြသော်လည်းပဲ ပေါင်းစပ်ထားတဲ့အရာတွေ မဟုတ်ဘူး ဆိုတာကို သိရှိနားလည်ပြီးတော့ ရုပ်နာမ်သဘောတွေကို ဆင်ခြင် စဉ်းစားခြင်းဖြင့် ဝိပဿနာဉာဏ်အမြင်မျိုးကိုရရှိအောင် ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့သည် ဝိပဿနာဉာဏ် အမြင် ရရှိနိုင်အောင် ရုပ်နာမ်တို့ရဲ့သဘောကို အလေးအနက် ဆင်ခြင်စဉ်းစားနိုင် ကြပါစေကုန်သတည်း။

ပဋ္ဌာန်းမြတ်ဒေသနာ အပိုင်း (၁၈)

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ နတ်တော် လပြည့်ကျော် ၄-ရက်၊ (၅-၁၂-၂၀၀၉)၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကြားတောရ လမ်း မင်္ဂလာဈေးဓမ္မာရုံတော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး နှစ်ဖက်မိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် ကိုကျော်သင်းဆေးဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြား တော်မူသည်။

အတ္ထိပစ္စယော

အတ္ထိပစ္စယောဆိုတာ ပစ္စုပ္ပန်ခဏ တကယ်ထင်ရှားရှိနေတဲ့ အခိုက်အတန့်မှာ (အကြောင်းတရားတွေကလည်း ထင်ရှားရှိနေတယ်၊ အကျိုးပြုရမယ့်သဘာဝ တရားကလည်း ထင်ရှားရှိနေတယ်၊) အဲဒီလို ထင်ရှားရှိနေတုန်းမှာ ထင်ရှားရှိနေ တုန်းဖြစ်တဲ့ အကျိုးတရားကို အထောက်အကူပြုနေတဲ့ပစ္စည်းကို အတ္ထိပစ္စည်းလို့ ဆိုတယ်၊ အတ္ထိဆိုတာ ရှိနေခိုက် ကျေးဇူးပြုတယ်လို့ ဒီလိုပြောရမယ်၊ အကြောင်း တရားကလည်း ရှိနေရမယ်၊ အကျိုးတရားကလည်း ရှိနေရမယ်၊ ဒီတော့ ရှိနေပြီး သားကို ကျေးဇူးပြုတယ်ဆိုလို့ရှိရင် ထုတ်လုပ်တယ်လို့ မဆိုလိုဘူးပေါ့။

အကြောင်းတရားဆိုတာ ၂-မျိုး ရှိတယ်၊ ဇနက - ဖြစ်စေတတ်တဲ့အကြောင်း တရား Producing cause လို့ခေါ်တယ်၊ ဥပတ္ထမ္ဘက - ဖြစ်ပေါ်လာပြီးတဲ့နောက်မှာ အထောက်အကူပြုတာ၊ တစ်စုံတစ်ခုသောအကြောင်းက ထုတ်လုပ်လိုက်တဲ့ အကျိုး တရားတစ်ခုကို အထောက်အကူပြုတဲ့ အကြောင်းတရား။

ဆိုပါစို့ - မျိုးစေ့က အမြစ်နဲ့ အညှောက်ကို ထုတ်လုပ်ပေးလိုက်တယ်၊ အဲဒီ ထုတ်ပေးလိုက်တဲ့ အမြစ်နဲ့အညှောက် ရှင်သန်နေအောင် မြေနဲ့ ရေက (သို့မဟုတ်) အလင်းရောင်တို့ အပူငွေ့တို့က အထောက်အကူပြုပေးနေကြတယ် ပေါ့၊ ဒီတော့ ထုတ်လုပ်တဲ့အကြောင်းတရား ဇနကသတ္တိဆိုတာ မျိုးစေ့မှာ ရှိတယ်၊ အထောက်အကူ ပြုတဲ့ အကြောင်းတရားက မြေတို့ ရေတို့ ရာသီဥတုတို့ပဲ၊ ဘယ် အရာပဲဖြစ်စေ ထုတ်လုပ်တဲ့အကြောင်းနဲ့ အကူအညီအကြောင်း ဒီနှစ်ခုရှိတာ ချည်းပဲ။

အတ္ထိပစ္စည်းရဲ့အဓိပ္ပါယ်ကို အဋ္ဌကထာကျမ်းတွေက ဖွင့်ဆိုတာက ပစ္စုပ္ပန် သဘာဝ အနေနဲ့ ထင်ရှားရှိနေသောအားဖြင့် ထိုကဲ့သို့ ထင်ရှားရှိနေတဲ့တရား တစ်မျိုးကို အထောက်အကူပြုနေတဲ့တရားရဲ့ သတ္တိထူးကို အတ္ထိပစ္စည်းလို့ ခေါ်ပါတယ်၊ ဒီလို ဖွင့်ဆိုတယ်၊ အကြောင်းကလည်း ထင်ရှားရှိနေတယ်၊ အကျိုးကလည်း ထင်ရှား ရှိနေတယ်၊ ထင်ရှားရှိနေတဲ့အခိုက်မှာ အထောက်အကူ ပြုတယ်လို့ ဒီလိုပြောတာ၊ ဒါဖြင့် အတ္ထိပစ္စည်းက ထုတ်လုပ်တဲ့ပစ္စည်း မဖြစ်ဘူးလားဆိုတော့ ထုတ်လုပ်တဲ့ ပစ္စည်း လည်း ဖြစ်ပါတယ်တဲ့၊ သို့သော် ထုတ်လုပ်တာထက် အထောက်အကူပြုတာက ပိုပြီးတော့ စွမ်းအားထက်နေလို့ အထောက်အကူပြုတယ်ဆိုတဲ့ စကားကို အဓိကထား ပြောတာပါလို့ စာပေ ကျမ်းဂန်မှာ ဒီလို ရှင်းထားတယ်၊ ဇနကသတ္တိလည်း ရှိတယ်။

အတ္ထိပစ္စည်းဆိုတာ ရှိနေတဲ့အခိုက်မှာ ကျေးဇူးပြုတယ်လို့ဆိုတော့ မရှိတဲ့ အခိုက်မှာ ကျေးဇူးမပြုဘူးဆိုတဲ့စကားကို အပြန်အားဖြင့် နားလည်ရမှာပေါ့၊ ရှိနေ ခိုက်မှာသာ ကျေးဇူးပြုတယ်၊ ရှိမနေတော့ဘူးဆိုရင် ကျေးဇူးမပြုတော့ဘူး၊ ဒီတော့ အတ္ထိပစ္စည်း ဆိုတာ ရှိနေခိုက်မှာ ကျေးဇူးပြုတဲ့ပစ္စည်းလို့ မှတ်ရမယ်၊ ပဋ္ဌာန်းတရား အစတုန်းက ပစ္စယဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ကို ရှင်းပြပြီးပြီ၊ ပစ္စယဆိုတာ “ဖြစ်စေ တည်စေ ဤနှစ်ထွေ ခေါ်လေ ကျေးဇူးပြု” ဆိုတဲ့အတိုင်း ဖြစ်ပေါ်စေတတ်တာ၊ ရပ်တည်စေ တတ်တာရယ် အဲဒီနှစ်ခုကို ကျေးဇူးပြုတယ်လို့ ပြောတာ၊ ဖြစ်စေတယ် ဆိုတာ ထုတ်လုပ်တဲ့ Producing cause ဇနကသတ္တိကို ပြောတာ၊ တည်စေဆိုတာ ဥပတမ္ဘကသတ္တိ Supporting cause ကို ပြောတာတဲ့။

သဘာဝတရားတွေမှာ အကြောင်းတရားဟာ ဖြစ်စေတတ်တဲ့ အကြောင်းတရား ရှိသလို အထောက်အကူပြုတဲ့ အကြောင်းတရားလည်း ရှိတယ်တဲ့၊ တချို့ ပစ္စည်းတွေက ဇနကသတ္တိ ထုတ်လုပ်တဲ့စွမ်းရည်သတ္တိ ဖြစ်စေတတ်တဲ့စွမ်းရည် သတ္တိ ရှိတယ်၊ တချို့ပစ္စည်းတွေက အထောက်အကူပြုရုံသက်သက်ပဲ, မထုတ်လုပ် နိုင်ဘူးတဲ့၊ ဘယ်အရာပဲဖြစ်ဖြစ် ပစ္စယဆိုတဲ့အဓိပ္ပါယ်အရ ဥပကာရက ကျေးဇူးပြု နေကြတာချည်းပဲ၊ လူတွေတောင်မှ ဒီစကားကို ယူပြီးတော့ ပြောကြတယ်၊ ဘယ်သူ က ကျေးဇူးပြုလို့ ရွှေတိဂုံဘုရားကြီးဖူးရတယ်၊ ဟော - တစ်ယောက်ယောက်က ကျေးဇူးပြုတာ။

အဲဒီလိုကျေးဇူးပြုတယ်ဆိုတာ လောကမှာ လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်း ပေးလိုက်တာ၊ သဘာဝတရားတွေမှာလည်း ထို့အတူပဲ အတ္ထိပစ္စယော ရှိနေတဲ့ အခိုက်မှာ ကျေးဇူးပြုတယ်လို့ ဆိုတာ၊ အတ္ထိပစ္စည်းမှာ နိဗ္ဗာန်ဆိုတဲ့တရား မပါ ဘူး၊ အာရမ္မဏသတ္တိမှာတော့ နိဗ္ဗာန်ဆိုတာ ပါတယ်၊ အဲဒီနေရာမှာ အကြောင်း ရှာပြီးတော့ ဆွေးနွေးတင်ပြထားတာ စာပေကျန်းဂန်မှာ ရှိတယ်ပေါ့။

နိဗ္ဗာန်ဟာ ဘာဖြစ်လို့ အတ္ထိပစ္စည်းမှာ မပါသလဲ? အတ္ထိပစ္စည်းဆိုတာ ရှိခိုက်မှာ ကျေးဇူးပြုတယ်၊ မရှိတဲ့အခိုက်မှာ ကျေးဇူးမပြုဘူး၊ ဒီနှစ်မျိုးကို ရည်ညွှန်း တယ်၊ နိဗ္ဗာန်ဆိုတာ မရှိခိုက်ဆိုတာ မရနိုင်ဘူး၊ အမြဲတမ်းရှိနေတယ်၊ သဘာဝ အနေနဲ့ နိဗ္ဗာန်ဆိုတာ အမြဲတမ်းရှိတယ်၊ ဥပမာပြောမယ် - မီးငြိမ်းခြင်းဆိုတာ ငြိမ်းခြင်းဆိုတဲ့ အငြိမ်းဓာတ်ဟာ ရှိနေတာပဲလေ၊ အဲဒီလို နိဗ္ဗာန်ဆိုတာ အမြဲတမ်း ရှိနေတာ ဖြစ်သောကြောင့် အတ္ထိပစ္စည်းမတပ်ဘူး၊ ရှိနေတဲ့အခါမှာ ကျေးဇူးပြုတယ်၊ မရှိတဲ့အခါမှာ ကျေးဇူးမပြုဘူးဆိုတဲ့ ဒီလိုအပြောင်းအလွဲမျိုး မရနိုင်သည့်အတွက် ကြောင့် နိဗ္ဗာန်က အတ္ထိပစ္စည်းမတပ်ဘူးတဲ့၊ ကျန်တဲ့ သင်္ခါရတရားတွေကတော့ အဲဒီလိုမဟုတ်ဘူး၊ ရှိနေတဲ့အခိုက်မှာ ကျေးဇူးပြုကြတယ်၊ မရှိတဲ့အခိုက်မှာ ကျေးဇူး မပြုကြဘူး။

၂၄-ပစ္စည်းကို ချုံ့လိုက်ရင်

ဒီတော့ ၂၄-ပစ္စည်းကို ခြုံငုံပြီးတော့ ပြောကြမယ်ဆိုရင် အားလုံးလောက် နီးပါး ၂၄-ပစ္စည်းဟာ အတ္ထိနဲ့ နတ္ထိ ဒီနှစ်ခုထဲမှာ ဝင်သွားနိုင်ပါတယ်၊ အဘိဓမ္မတ္ထ- သင်္ဂဟကျမ်းကတော့ “အာရမ္မဏူပနိဿယ ကမ္ပတ္ထိပစ္စယေသု စ သဗ္ဗေပိ ပစ္စယာ သမောဓာနံ ဂစ္ဆန္တိ” လို့ ဆိုပြီးတော့ အာရမ္မဏ ဥပနိဿယ ကမ္မ အတ္ထိ တဲ့၊ ၂၄-ပစ္စည်းကို အကျဉ်းချုံးလိုက်ရင် ဒီပစ္စည်း ၄-ခုထဲ သက်ဆိုင်ရာတွေ ဝင်သွား နိုင်ပါတယ်၊ ၂၄-ပစ္စည်းကို အကျဉ်းချုံးလိုက်လို့ရှိရင် ၄-ပစ္စည်းလို့ ဒီလိုပြောတာ၊ အာရမ္မဏပစ္စည်းရယ် ဥပနိဿယပစ္စည်းရယ် ကမ္မပစ္စည်းရယ် အတ္ထိပစ္စည်းရယ်၊ ၂၄-ပစ္စည်းဟာ ဟောဒီ ၄-ပစ္စည်းထဲမှာ ထိုက်သလိုဝင်သွားတယ်တဲ့၊ သမောဓာန ဆိုတာ အားလုံးဆုံမိသွားတယ်၊ အားလုံးပေါင်းဆုံသွားကြတယ်ပေါ့၊ အဲဒီလိုဆိုတယ်။

သို့သော် ဒီ့ထက်ချုံးလို့ ရဦးမလား? စာပေကျမ်းဂန်မှာတော့ ဖော်ပြမထား ဘူး၊ ကျမ်းဂန်မှာ ဆိုမထားပေမယ့်လို့ လေ့လာကြည့်မယ်ဆိုရင် “အတ္ထိ၊ နတ္ထိ” ဒီနှစ်မျိုးခွဲလိုက်လို့ရှိရင် အတ္ထိအုပ်စုက တစ်စု, နတ္ထိအုပ်စုက တစ်စု၊ ဒီနှစ်စုထဲမှာ ပစ္စည်းတွေ အားလုံးလောက်နီးနီး ဝင်သွားတယ်၊ မဝင်တဲ့ပစ္စည်း မရှိသလောက်ပဲ၊ ၂၄-ပစ္စည်းဟာ ရှိခိုက်ကျေးဇူးပြုတာနဲ့ မရှိတော့မှ ကျေးဇူးပြုတာတဲ့၊ အဲဒီလို ၂၄- ပစ္စည်းကို အချိန်အခါနဲ့ ပိုင်းခြားပြီးတော့ ပြောလိုက်မယ်ဆိုရင် အတ္ထိနဲ့ နတ္ထိ၊ ဒီနှစ်ခုပဲ။

အတ္ထိ နတ္ထိဆိုတဲ့ ဒီစကားလုံးနှစ်ခုဟာ ရံဖန်ရံခါ သာမန်ရှိတာနဲ့ မရှိတာ ဒီနှစ်ခုကို ရည်ညွှန်းပြီးတော့ ပြောတာ၊ အဲဒီလို ရှိတာနဲ့ မရှိတာကို ရည်ညွှန်းပြောတဲ့ စကား ဖြစ်ပေမယ့်လို့ တချို့ နေရာကျတော့ အတ္ထိဆိုတာ ထာဝရ ရှိနေတဲ့အရှိကို ပြောတာ၊ နတ္ထိ ဆိုတာ ထာဝရမရှိတာကိုပြောတာ ဖြစ်တယ်၊ အတွေးအခေါ် philosophy နဲ့ ပတ်သက်လာရင် အတ္ထိဆိုတာက သဿတဝါဒကို ရည်ညွှန်းတယ်, နတ္ထိဆိုတာက ဥစ္ဆေဒဝါဒကို ရည်ညွှန်းတယ်။

၂၄-ပစ္စည်းထဲမှာ အတ္ထိပစ္စည်း နတ္ထိပစ္စည်းဆိုတာကျတော့ အဲဒီ အတွေး အခေါ် အယူဝါဒဆိုင်ရာကို ရည်ညွှန်းတာ မဟုတ်ဘူး၊ သဘာဝတရားသည် မိမိ ဖြစ်နေခိုက် ရှိနေခိုက်မှာ ကျေးဇူးပြုရင် အတ္ထိပစ္စည်း၊ မိမိမရှိတော့မှ, ပျောက်ကွယ်သွားမှ ကျေးဇူးပြုလို့ရှိရင် နတ္ထိပစ္စည်း၊ ဒီလိုဆိုလိုတာ။

အတ္ထိပစ္စည်း ၅-မျိုး

အတ္ထိပစ္စည်းနဲ့ သက်ဆိုင်တဲ့ပစ္စည်းက ၅-မျိုး ရှိတယ်၊ ၅-ပစ္စည်းဆိုတာ ဘာတွေလဲဆိုလို့ရှိရင် -

(၁) သဟဇာတအတ္ထိ၊ အတူတကွဖြစ်ပြီးတော့ ရှိနေတဲ့အရာ၊ အကြောင်းတရားနဲ့ အကျိုးတရားသည် ပြိုင်တူဖြစ်လာတာ၊ born together အတူတကွမွေးဖွားပြီးတော့ ရှိနေကြတာ သဟဇာတ၊ ဒါကို သဟဇာတအတ္ထိလို့ ခေါ်တယ်။
(၂) ပုရေဇာတအတ္ထိ၊ ပုရေဇာတဆိုတာ အကြောင်းတရား က ကြိုတင်ဖြစ်နှင့်မယ်၊ ပြီးတော့မှ အကျိုးတရားလာတယ်၊ သို့သော် နှစ်ခုစလုံး ရှိနေခိုက်ဖြစ်တယ်၊ အဲဒါက ပုရေဇာတအတ္ထိ၊ born earlier.
(၃) ပစ္ဆာဇာတအတ္ထိ၊ အကြောင်းတရားက နောက်မှ ဖြစ်လာပြီးတော့ အကျိုးတရားတွေက အရင်ဖြစ်နှင့်နေတယ်၊ နှစ်ခုစလုံး ထင်ရှား ရှိနေတဲ့အခိုက်မှာ ကျေးဇူးပြုတယ်၊ ဒါကျတော့ ပစ္ဆာဇာတအတ္ထိလို့ ခေါ်တယ်။
(၄) အာဟာရအတ္ထိ၊ ကာဗဋီကာရအာဟာရလို့ ဆိုတဲ့ အစာ အာဟာရနဲ့ ပတ်သက်တဲ့ ဩဇာရုပ်ကလည်း အာဟာရသတ္တိတင်မကဘူး ရှိနေခိုက်မှာ ကျေးဇူးပြုသောကြောင့် အာဟာရအတ္ထိလို့ ခေါ်တယ်။
(၅) ဣန္ဒြိယပစ္စည်းနဲ့ ပတ်သက်တယ်၊ ဣန္ဒြိယပစ္စည်းဆိုတဲ့ နေရာမှာ အကုန်လုံးကို မဆိုလိုဘူး၊ ရူပဇီဝိတိန္ဒြိယ - ကမ္မဇရုပ်တွေရဲ့ အသက်လို့ ပြောနိုင်တဲ့, ကမ္မဇရုပ်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ သဘာဝတရားတစ်ခုကို ရူပဇီဝိတိန္ဒြိယ (ရုပ်ဇီဝိတိန္ဒြေ)လို့ခေါ်တယ်၊ အဲဒီ ရုပ်ဇီဝိတိန္ဒြေဆိုတဲ့ပစ္စည်းကလည်း ဣန္ဒြေဖြစ်တဲ့ အပြင် ရုပ်ဇီဝိတ ထင်ရှားရှိခိုက်မှာ အတူတကွဖြစ်တဲ့ ကမ္မဇရုပ်တွေကို ကာကွယ်စောင့်ရှောက်ပေးတယ်၊ ဒါကြောင့်မို့ ရှိခိုက်မှာ ကျေးဇူးပြုလို့ ဣန္ဒြိယ အတ္ထိလို့ ခေါ်တယ်။

ဒီလို အတ္ထိပစ္စည်းက ငါးမျိုးရှိတယ်လို့ အမျိုးအစားအားဖြင့် ဒီလိုခွဲတယ်၊ အဲဒီလို ငါးမျိုးရှိပေမယ့်လို့ ပစ္စယနိဒ္ဒေသမှာ သဟဇာတအတ္ထိနဲ့ ပုရေဇာတအတ္ထိ၊ ဒီနှစ်မျိုးကိုပဲ ဟောတယ်၊ ပစ္ဆာဇာတအတ္ထိ၊ အာဟာရအတ္ထိ၊ ဣန္ဒြိယအတ္ထိတို့ကို မဟောဘူးတဲ့။

ဘာဖြစ်လို့ မဟောသလဲဆိုရင် .. မြတ်စွာဘုရားက . ပဋ္ဌာန်းကျမ်းကြီးကို အခြေခံ ကျကျ အကျဉ်းအားဖြင့် ရှင်းလင်းပြတာ ဖြစ်သောကြောင့် အပြည့်အစုံ မဟောသေး တာနော်၊ စစချင်း အကျယ်ကြီး ဟောလို့ရှိရင် နာရတဲ့ပုဂ္ဂိုလ်တွေ မှတ်သားဖို့ ခက်မှာစိုးလို့နော်၊ ဒါကြောင့်မို့ ပစ္စယနိဒ္ဒေသဆိုတာ မကျဉ်းမကျယ် အလယ်အလတ် ပစ္စည်းတွေရဲ့အဓိပ္ပါယ်ကို ခြုံမိငုံမိရုံ သရုပ်သကန်တွေကို သဘော ပေါက်ရုံဆိုပြီးတော့ မြတ်စွာဘုရားကဟောတာ၊ အဲဒါကြောင့် တချို့ အချက်တွေ ချန်ထားလိုက်တယ်။

ပဥှာဝါရရောက်တဲ့အခါကျတော့ ဒီငါးမျိုးလုံးကို ဟောတယ်၊ သဟဇာတ အတ္ထိကိုလည်း ဟောတယ်၊ ပုရေဇာတအတ္ထိကိုလည်း ဟောတယ်၊ ပစ္ဆာဇာတအတ္ထိ ကိုလည်း ဟောတယ်၊ အာဟာရအတ္ထိကိုလည်း ဟောတယ်၊ ဣန္ဒြိယအတ္ထိကိုလည်း ဟောတယ်၊ ဒီငါးမျိုးကို ပြည့်ပြည့်စုံစုံဟောတယ်၊ ဒါကြောင့်မို့လို့ အတ္ထိပစ္စည်း ငါးမျိုး ရှိတယ်လို့ အဘိဓမ္မတ္ထသင်္ဂဟကျမ်းက ပြောတာ။

အတ္ထိပစ္စည်း ၇-ပိုင်း

ကဲ ကောင်းပြီ - ဒီအတ္ထိပစ္စည်းကို အပိုင်း ၇-ပိုင်း ခွဲပြီးတော့ မှတ်ရမယ်၊ တကယ်ကတော့ အတ္ထိပစ္စည်းက အသစ်မဟုတ်တော့ဘူး၊ ဘုန်းကြီးတို့ အစက ဟောလာခဲ့တဲ့ သဟဇာတတို့ ပုရေဇာတတို့ ပစ္ဆာဇာတတို့ အာဟာရတို့ ဣန္ဒြိယ တို့ဆိုတာ ဒါတွေ နာပြီးလို့ရှိရင် အတ္ထိပစ္စည်းဆိုတာက အသစ်မလာတော့ဘူး၊ သို့သော်လည်း ဟောလာတဲ့ရက်တွေက ကြာနေပြီဆိုတော့ မေ့ကောင်းမေ့နေကြ လိမ့်မယ်၊ ဒါကြောင့်မို့ ဒီကနေ့ အတ္ထိပစ္စည်းနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ထပ်ပြီး ဟောပေးမယ်။

ပစ္စယနိဒ္ဒေသမှာ မှတ်လို့လွယ်အောင် အပိုင်း ၇-ပိုင်းတဲ့၊
အပိုင်း ၁-က နာမ်ခန္ဓာ ၄-ပါး၊
အပိုင်း၂-က မဟာဘုတ်၊
အပိုင်း ၃-က နာမ်ရုပ်၊
အပိုင်း ၄-က စိတ်စေတသိက်၊
အပိုင်း ၅-က မဟာဘုတ်နဲ့ ဥပါဒါရုပ်၊
အပိုင်း ၆-က အာယတန၊
အပိုင်း ၇-က ဝတ္ထုရုပ်
လို့ အပိုင်း ၇-ပိုင်းနဲ့ ဒီပါဠိတော်ကို မှတ်လို့ ရတယ်ပေါ့၊ အဲဒီ အစဉ်အတိုင်း ပြောရအောင်၊ ပထမဆုံးစလိုက်တာ ဘာနဲ့ စတုန်း။

“စတ္တာရော ခန္ဓာ အရူပိနော အညမညံ အတ္ထိပစ္စယေန ပစ္စယော”

သဟဇာတနဲ့ ဆိုင်တယ်၊ “စတ္တာရော ခန္ဓာ အရူပိနော” လို့ ဆိုလိုက်သဖြင့် ဝေဒနာ သညာ သင်္ခါရ ဝိညာဏလို့ဆိုတဲ့ နာမ်ခန္ဓာ ၄-ပါး၊ အကျဉ်းအားဖြင့် ပြောမယ် - စိတ်နဲ့ စေတသိက်ဆိုတဲ့ နာမ်ခန္ဓာ ၄-ပါးသည် အပြန်အလှန် ကျေးဇူးပြုတယ်လို့ ဒီလို ပြောတာ။

ဆိုပါစို့ - ဝေဒနာက္ခန္ဓာသည် အကြောင်းဖြစ်တဲ့အလှည့်မှာ ဝေဒနာက္ခန္ဓာသည် သူရှိခိုက် ကျန်တဲ့ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့ကို အထောက် အကူပြုတယ်၊ ကျန်တဲ့ခန္ဓာသုံးခုကလည်း ဝေဒနာက္ခန္ဓာကို အထောက်အကူပြုတယ်၊ ဘယ်နှစ်ခုပဲဖြစ်ဖြစ် ဘယ်တစ်ခုပဲဖြစ်ဖြစ်နော်၊ တစ်ခုနေရာက စက်လှည့်ပြီးတော့ ပြောမယ်ဆိုရင် အများကြီးပဲ၊ ဝေဒနာက္ခန္ဓာက သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာတို့ကို အထောက်အကူပြုတယ်၊ နောက်တစ်ခါ သညာက္ခန္ဓာက ဝေဒနာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့ကို အထောက်အကူပြုတယ်၊ တစ်ခါ သင်္ခါရက္ခန္ဓာက ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့ကို အထောက်အကူ ပြုတယ်၊ တစ်ဖန် ဝိညာဏက္ခန္ဓာက ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတို့ကို အထောက်အကူ ပြုတယ်၊ အဲဒါကို ပါဠိတော်ကျတော့ “ဧကော ခန္ဓာ တိဏ္ဏန္နံ ခန္ဓာနံ” ခန္ဓာတစ်ခုက ကျန်တဲ့ခန္ဓာသုံးခုကို အထောက်အကူပြုတယ်တဲ့။

ဒါက အပြန်အလှန်ဆိုတဲ့ သဘောကို နားလည်အောင်လို့ ဟောတာနော်၊ ခန္ဓာ၂-ခု ဆိုလည်း ၂-ခုစီ လှည့်ပတ်ပြီးတော့ တွဲကြည့်၊ အဲဒီလိုတွဲပြီးတော့ ကြည့် လိုက် လို့ရှိရင် “ဒွေ ခန္ဓာ ဒွိန္နံ ခန္ဓာနံ” - ခန္ဓာ၂-ခုကလည်း ခန္ဓာ၂-ခုကို အထောက်အကူပြုတယ်တဲ့၊ အထောက်အကူပြုတယ်ဆိုတာ အတူတကွဖြစ်နေတဲ့ အခိုက်မှာ ယှဉ်တွဲပြီးတော့ ဖြစ်နေတဲ့အခိုက် ရှိနေတဲ့အခိုက်မှာ အတ္ထိသတ္တိနဲ့ ကျေးဇူးပြုနေတာ။

ဆိုပါစို့ - ဘုန်းကြီးတို့တတွေရဲ့သန္တာန်မှာ လောဘစိတ်ဖြစ်တယ်ဆိုရင် လောဘဆိုတာ စေတသိက်ရဲ့နာမည်ပဲ၊ ထိုလောဘနဲ့ယှဉ်တွဲပြီးတော့ ဖြစ်တဲ့စိတ် ရှိတယ်၊ ထိုလောဘမှာ ယှဉ်တွဲပြီး ဖြစ်ပေါ်လာတဲ့ အခြားစေတသိက်တွေရှိတယ်၊ အားလုံး ခြုံငုံပြီးတော့ ပြောမယ်ဆိုရင် လောဘမူစိတ် ၈-ခုမှာ စေတသိက်၂၂-ခု ဖြစ်နိုင်တယ်၊ အဲဒီစေတသိက်၂၂-ခုရယ် လောဘမူစိတ် ၈-ခုရယ် အဲဒီသဘာဝ တရားတွေဟာ တစ်ခုသည် ကျန်တာကို, ကျန်တာတွေက တစ်ခုကို ရှိနေတဲ့အခိုက် အတ္ထိသတ္တိနဲ့ ကျေးဇူးပြုပါတယ်တဲ့၊ အပြန်အလှန် အထောက်အကူပြုထားတာ၊ သာမန်အားဖြင့် တော့ မသိနိုင်ဘူး၊ တစ်ခုတည်းလို့ပဲ ထင်ရတယ်၊ အဲဒီလို တစ်ခု တည်းလို့ ထင်နေရတဲ့အရာတွေဟာ တစ်ခုက အကြောင်း, တစ်ခုက အကျိုး အပြန်အလှန် အထောက်အကူပြုနေကြတယ်၊ ရှိနေတဲ့အခိုက်မှာ အထောက်အကူပြုသည့် အတွက် ကြောင့် အတ္ထိသတ္တိပါတဲ့၊ တစ်ခုချင်း တစ်ခုချင်း အသေးစိတ် လေ့လာ ကြည့်ပေါ့။

အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ စိတ်ယှဉ် စေတသိက်ယှဉ်တွေကို လေ့လာရင် ဟောဒီအတ္ထိသတ္တိရဲ့သဘောတွေ ဒီထဲမှာ အကျုံးဝင်တယ်၊ ခြုံငုံပြောတာ၊ တစ်ခု ချင်း ပြောတာ မဟုတ်ဘူး၊ အားလုံးခြုံငုံပြောလို့ရှိရင် အသေးစိတ်ကို နားလည် သွားတာပဲနော်၊ တစ်ခုချင်းပြောမယ်ဆိုရင် ... အကြာကြီး ပြောရလိမ့်မယ်နော်။ လောဘမူစိတ် တစ်ခုချင်း ပြောမယ်ဆိုရင် - ပထမလောဘမူစိတ်မှာ စေတသိက်က ၁၉-ခု ယှဉ်မယ်၊ တစ်ခုချင်း ပြောလိုက်၊ လောဘမူစိတ်က တစ်ခု၊ စေတသိက်က ၁၉-ခု၊ ပေါင်းလိုက်ရင် ၂ဝ-ခု ရှိတယ်၊ အဲဒီ ၂၀-ဟာ တစ်ခုက ပစ္စည်းဆိုရင် ကျန်တဲ့ ၁၉-ခုက ပစ္စယုပ္ပန်၊ ဒီလိုကျေးဇူးပြုနေတယ်၊ အဲဒီထဲမှာ သာမန်ပြောလိုက် ဖြစ်သောကြောင့် တစ်ခုဆိုတဲ့နေရာမှာ လောဘမူစိတ် ဖြစ်ချင်လည်း ဖြစ်မယ်၊ ဖဿ ဖြစ်ချင်လည်း ဖြစ်မယ်၊ ဝေဒနာ ဖြစ်ချင်လည်း ဖြစ်မယ်၊ ဟော စေတသိက်တွေ တစ်ခုစီ တစ်ခုစီ တွက်လိုက်မယ်ဆိုရင် စေတသိက်တွေ အခု ၂၀- ဖြစ်သွား နိုင်တာပေါ့၊ တစ်ခုချင်း ချရေးပြီးတော့ ပြောမယ်ဆိုလို့ရှိရင် စာမျက်နှာပေါင်း မြောက်မြားစွာ ဖြစ်သွားနိုင်တယ်ပေါ့၊ အဲဒါကြောင့်မို့လို့ ခြုံငုံပြီးတော့ ပြောလိုက်တာ၊ နာမ် ခန္ဓာ ၄-ပါးဟာ အပြန်အလှန်ရှိနေခိုက်မှာ အတ္ထိသတ္တိနဲ့ ကျေးဇူးပြုနေ ကြပါတယ်လို့ ဒီလိုပြောလိုတာပါ၊ ဒါက အပိုင်း(၁)။

နောက် အပိုင်း(၂)က ဘာတုန်းဆိုလို့ရှိရင် -

“စတ္တာရော မဟာဘူတာ အညမညံ အတ္ထိပစ္စယေန ပစ္စယော”။

မဟာဘုတ် ၄-ပါးဆိုတာလည်း အပြန်အလှန်မှီတည်ပြီးတော့ နေကြတာ၊ ပထဝီရှိလို့ အာပေါကလည်း မှီရာ ရနေတာ၊ အာပေါရှိလို့ ပထဝီက စုစည်းလို့ ဖြစ်နေတာနော်၊ ဟိုတစ်နေ့က ပြောထားသလိုပဲ ပန်းပွင့်ကလေးတစ်ပွင့်ကို ကြည့် လိုက်၊ အာပေါ မပါဘူးဆိုလို့ရှိရင် ဒီပန်းပွင့်လေးဟာ ဒီလိုပုံသဏ္ဌာန် ပေါ်နေမှာ မဟုတ်ဘူး၊ အာပေါက စုစည်းထားသည့်အတွက်ကြောင့် ဒီပုံသဏ္ဌာန်လေး ပေါ်နေတာ၊ အတုံးအခဲတည်ရာ လေး ဖြစ်နေတာက ပထဝီပဲ၊ စုစည်းပေးတာက အာပေါ၊ ဒါကို ရင့်ကျက်သွားအောင် အပူငွေ့ပေးနေတာ၊ တဖြည်းဖြည်းရင့်ကျက်လာတာက တေဇော၊ ဒီပုံသဏ္ဌာန်ကို တခြားပုံသဏ္ဌာန်နဲ့ ရောစပ်မသွားအောင် တွန်းကန်ထား တာ ကန့်သတ်ထားတာက ဝါယောလို့ ဟောဒီ ၄-ခုဟာ တစ်ခုဖယ်လိုက်လို့ရှိရင် ကျန်တာတွေက ရပ်တည်လို့ မရတော့ဘူး၊ ဒါကြောင့် indivisible ခွဲခြားလို့ မရဘူး လို့ပြောတာ၊ အဲဒါကြောင့် မဟာဘုတ်၄-ပါးသည် အပြန်အလှန် အထောက်အကူ ပြုနေတယ်တဲ့။

မဟာဘုတ်တစ်ခုက မဟာဘုတ်သုံးခုကို၊ မဟာဘုတ်သုံးခုက မဟာဘုတ် တစ်ခုလို့ အပြန်အလှန်ပေါ့၊ ဒီလိုအပြန်အလှန် အထောက်အကူပြုပြီးတော့ နေတာ၊ ထင်ရှားရှိနေခိုက်မှာ ကျေးဇူးပြုကြတာ၊ ထင်ရှားရှိခိုက်တင်မကဘူး သူတို့က born together အတူတကွ မွေးဖွားလာကြတာ ဖြစ်တယ်၊ ဒါကြောင့်မို့လို့ သဟဇာတအတ္ထိတဲ့၊ ခုနက နာမ်ခန္ဓာ ၄-ပါးလည်း သဟဇာတအတ္ထိပဲ၊ မဟာဘုတ် ၄-ပါး အပြန်အလှန်အထောက်အကူပြုနေတာ, ကျေးဇူးပြုနေတာလည်း သဟဇာတအတ္ထိပဲ။

နောက် အပိုင်း(၃)က ဘာလဲဆိုတော့

“သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ အတ္ထိပစ္စယေန ပစ္စယော”။

သြက္ကန္တိက္ခဏ လို့ ဆိုတာ ဘာပြောတာတုန်း၊ Colloquial language လို့ ဆိုတဲ့ အရပ်သုံးစကားနဲ့ မြတ်စွာဘုရားက ဟောလိုက်တာ၊ သြက္ကန္တိ ဆိုတာ “ဝင်ရောက်လာတာ”၊ ဘဝတစ်ခုအတွင်းထဲ ဝင်ရောက်လာတာ၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် အမိဝမ်းထဲကို ဝင်ရောက်လာတာ၊ ဩက္ကန္တိက္ခဏဆိုတာ သန္ဓေ တည်တဲ့ အခိုက်ကလေးကို ပြောတာ၊ သုံးထားတဲ့စကားလုံး သြက္ကက္ခဏ ဆိုတာက “ဝင်လာတဲ့ခဏ” ဆိုတဲ့ အဓိပ္ပါယ်ပဲ။

ပဋိသန္ဓေနေတာကို ဝင်လာတယ်ဆိုရင် သေတာကျတော့ .. ဘယ်လို ပြောမလဲ၊ ထွက်သွားတာပေါ့၊ ဟုတ်ရဲ့လား၊ သေသွားတာကျတော့ ထွက်သွားတာ ပေါ့၊ ဒါက Colloquial language နဲ့ ပြောတာ၊ ဘယ်သူကမှလည်း ဝင်မလာဘူး ဘယ်သူကမှလည်း ထွက်သွားတာ မဟုတ်ဘူး၊ ထွက်သွားတဲ့အရာဆိုတာလည်း မရှိဘူး၊ ဝင်လာတဲ့အရာလည်း မရှိဘူး၊ သို့သော် ဒီဘက်ကအကြောင်းကြောင့် ဟိုဘက်မှာ အကျိုးတစ်ခုပေါ်တဲ့သဘောပဲ၊ သို့သော် အရပ်စကားနားလည်အောင် ပြောရတာ၊ သြက္ကန္တိက္ခဏေ ဝင်လာတဲ့ခဏတဲ့။ သန္ဓေတည်တဲ့ခဏလေးလို့ ဒီလို ပြောတာနော်။

အရပ်စကားအနေနဲ့ ပြောလို့ရတာပေါ့၊ လူဝင်စားဖြစ်တယ်လို့ ပြောကြ တာပဲ၊ “လူဝင်စား” ဆိုတာ တကယ် လူက ဝင်လာတာမှမဟုတ်တာ၊ သူနဲ့ ဆက်စပ် နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲယူရမယ်၊ တကယ်ဝင်စားတာ မဟုတ်ဘူး၊ တကယ် ဝင်ရောက်လာတာ မဟုတ်ဘူး၊ သို့သော် လူ့အသိုင်းအဝိုင်းထဲမှာ သူ ရောက်လာ သည့်အတွက်ကြောင့် အရပ်စကားအနေနဲ့ပြောရင် ဝင်လာတယ်၊ ဝင်စားလာတယ်၊ အဲဒီလို အရှိအပေါ်မှာ အထင်အမြင်နဲ့ ပြောတဲ့စကားတွေကို အမှန်လို့ ယူဆ လိုက်လို့ရှိရင် မိစ္ဆာဒိဋ္ဌိဖြစ်သွားနိုင်တယ်။

လူဝင်စားကို reincarnation လို့ ခေါ်တယ်၊ reincarnation ဆိုတာ ပြန်လည်မွေးဖွားခြင်း၊ သေသွားတဲ့လူတစ်ယောက်က မိခင်တစ်ဦးရဲ့ဝမ်းထဲမှာ ပြန်လည်မွေးဖွားတယ်လို့ ယုံကြည်တာ၊ ဗုဒ္ဓရဲ့တရားတော်အရ ဒီတစ်ဘဝကနေ နောက်ဘဝကူးသွားတာ တစ်ခုမှမရှိဘူး၊ ဒီဘဝက နောက်ဘဝပါသွားတာ တစ်ခုမှ မရှိဘူး။

ဒီဘဝက နောက်ဘဝ မပြောနဲ့, ဒီဘဝမှာ ဖြစ်နေတဲ့စိတ်တွေတောင်မှ နောက်ထပ် ထပ်ပြီး ဖြစ်တာ မဟုတ်ဘူး၊ အကြောင်းတရားကြောင့် ဖြစ်ပေါ်တာသာ ရှိတယ်နော်၊ စကားပြောလိုက်တဲ့အသံလေးတွေပဲကြည့်ဦး - ပေါ်ပြီးတော့ ပျောက်သွားတယ်၊ ပျောက်သွားတဲ့အသံ ထပ်ပေါ်လာတာ ဟုတ်ရဲ့လား၊ နောက်ထပ်ဖြစ် တာလား? နောက်ထပ်ဖြစ်လာတာ၊ ပျောက်သွားတဲ့ အသံလေးက ပြန်ပေါ်လာတာ မဟုတ်ဘူးနော်။

မီးခြစ်ကလေးကို ခြစ်ကြည့်လိုက်၊ ခြစ်ကြည့်လိုက်လို့ မီးတောက်ကလေး တွေ့လိမ့်မယ်၊ အဲဒီမီးတောက်ကလေးကို ငြိမ်းလိုက်၊ ဒုတိယအကြိမ် ထပ်ခြစ် ကြည့်လိုက်၊ မီးတောက်ကလေးပေါ်လာလိမ့်မယ်၊ အဲဒီ မီးတောက်ကလေးသည် ပထမမီးတောက်ကလေး ဝင်စားတာလား? မဟုတ်ဘူး၊ အကြောင်းအနေနဲ့ ဆက်စပ်တာလောက်ပဲ ရှိတယ်လို့ ဒီလိုပြောတာနော်၊ အဲဒီသဘောတွေကို မြတ်စွာ ဘုရား ဟောတဲ့တရားတော်အရ နားလည်ရမယ်။

သို့သော် လူတစ်ယောက်မှာတော့ လိုင်းတစ်လိုင်းတော့ ရှိတာပေါ့၊ သူနဲ့ ပတ်သက်တဲ့လိုင်း၊ အဲဒီလိုင်းက ဘာလဲဆိုရင် mental process စိတ္တဝီထိ စိတ် ဖြစ်စဉ်ကြီးတစ်ခုက ပြတ်သွားတယ်လို့ မရှိဘူး၊ ရှေ့စိတ်ကဖြစ်ပြီး နောက်စိတ်ကို သတ္တိတွေပေးထားခဲ့တယ်၊ energy တွေ ပေးထားခဲ့တယ်၊ ဒါကြောင့်မို့ ရှေ့စိတ်က လုပ်သွားတာ နောက်စိတ်က အမွေခံရစ်တယ်၊ မကောင်းတာတွေ လုပ်သွားလို့ရှိရင် မကောင်းတဲ့အကျိုးက နောက်စိတ်က အမွေခံသွားရတယ်၊ ကောင်းတာတွေ လုပ်လို့ ရှိရင်လည်း နောက်စိတ်တွေက အမွေခံသွားရတယ်၊ နောက်စိတ်ဆိုတာကနော် ဒီဘဝတင် မကဘူး, နောင်ဘဝတွေမှာလည်း ဒီအတိုင်း အမွေခံသွားကြရတယ်နော်၊ အဲဒါကြောင့်မို့ လူတွေက ပြောတာပေါ့နော်၊ “ဝါသနာ ပါလာတယ်” လို့၊ ရှေ့က လုပ်သွားရင် နောက်က ဆက်လက်ပြီး အမွေခံလိုက်တာပဲ၊ လူတွေလည်း အဲဒီလိုပဲ အမွေခံနေကြတာပဲ မဟုတ်လား၊ ရှေ့ကလူက ရှာသွားတဲ့ပစ္စည်း နောက်လူက အမွေမခံဘူးလား၊ ခံတာပဲ။ ဆွေမျိုး မိဘတွေ ကြည့်လိုက်လို့ရှိရင် ရှေ့ကလူ ရှာသွားတာ နောက်လူက အမွေခံတာပဲနော်။

အဲဒီသဘောလိုပဲ လူ့ရဲ့သန္တာန်မှာဖြစ်တဲ့ စိတ်တွေဟာလည်းပဲ ရှေ့စိတ်က လုပ်သွားတာကို နောက်စိတ်က အမွေခံလိုက်ရတာပဲ၊ အဲဒီလို အမွေခံသွားတဲ့ သဘောသာ ရှိတယ်၊ ရှေ့စိတ်က နောက်စိတ် ဖြစ်လာတာ မဟုတ်ဘူးလို့ ဆိုတာကို မှတ်ရမှာပေါ့။

ဒီစကားလုံးအနေနဲ့တော့ - သြက္ကန္တက္ခဏေ မိခင်ဝမ်းထဲမှာ ဝင်ရောက်တဲ့ ခဏဆိုတာ သန္ဓေတည်တဲ့ ခဏလေးကို ပြောတာ၊ “အဲဒီသန္ဓေတည်တဲ့ ခဏမှာ” တဲ့, “နာမ်နဲ့ ရုပ်ဟာ အပြန်အလှန် အတ္ထိသတ္တိနဲ့ ကျေးဇူးပြုပါတယ်” တဲ့၊ အဲဒါ ဘာပြောတာ တုန်းဆိုရင် ကလလရေကြည် သန္ဓေတည်တဲ့အချိန်လေးမှာ ဟဒယ ဝတ္ထုရုပ်ဆိုတာ ပါလာတယ်၊ ဝတ္ထုဒသကကလာပ် ပါလာတယ်၊ အဲဒီ ဟဒယ ဝတ္ထုရုပ်သည် သန္ဓေစိတ်ရဲ့ မှီရာဝတ္ထုရုပ်အဖြစ် ဆောင်ရွက်ပေးတယ်နော်၊ သန္ဓေစိတ်နဲ့ အဲဒီဟဒယ ဝတ္ထုရုပ်တို့သည် သဟဇာတ ပြိုင်တူဖြစ်လာကြတာ။

ဘဝတစ်ခုမှာ အစပြုလာတာ ဘယ်သူက အရင်ဖြစ်လာတယ်၊ ဘယ်သူက နောက်ဖြစ်တယ်လို့ မရှိဘူး၊ ကံက ဖန်တီးပေးလိုက်တာ၊ အစုံလိုက် ဖန်တီးပေးလိုက် တာ၊ ရုပ်နဲ့ နာမ် အတွဲလိုက် ဖန်တီးပေးလိုက်တာ၊ တစ်ပြိုင်နက် ထုတ်လုပ်လိုက်တာ၊ အဲဒီလိုထုတ်လုပ်လိုက်တဲ့ ရုပ်နဲ့ နာမ်နှစ်ခုမှာ သန္ဓေစိတ်က ဟဒယဝတ္ထုရုပ်ကို အမှီပြုတယ်၊ ဟဒယဝတ္ထုက သန္ဓေစိတ်ကို အားပြုတယ်၊ အပြန်အလှန်သဘောပဲ၊ သူတို့နှစ်ခုသည် ရှိနေတဲ့အခိုက်ကလေးမှာ ထိုကဲ့သို့ အပြန်အလှန်ကျေးဇူးပြုကြလို့ အတ္ထိပစ္စယောလို့ ဒီလို ပြောတာ။

ဒီတော့ ရုပ်နဲ့နာမ်က born together ကျေးဇူးပြုတယ်ဆိုတာ အဲဒီ သြက္ကန္တက္ခဏ လို့ဆိုတဲ့ ပဋိသန္ဓေအခါပဲ ရှိတယ်၊ ကျန်တဲ့အချိန်မှာတော့ born together မဟုတ်တော့ဘူး၊ ဒီအချိန်ကလေးတစ်ခုပဲ born together ဖြစ်တော့ အပြန်အလှန် ကျေးဇူးပြုတယ်တဲ့၊ ဒါကြောင့် အဲဒီ ဩက္ကန္တိက္ခဏေဆိုတဲ့ စကားလုံး လေးသုံးတာ၊ ဒါက တတိယအပိုင်း။

နောက်တစ်ခါ စတုတ္ထအပိုင်းကျတော့ ဘာတုန်း၊

“စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော”

စိတ်စေတသိက်တရားတွေက စိတ္တဇရုပ်တွေကို ထုတ်လုပ်တယ်တဲ့၊ ဒီနေရာမှာ ရုပ်ကို မထုတ်လုပ်တဲ့စိတ်တွေ ရှိတယ်၊ ရုပ်ကိုထုတ်လုပ်တဲ့စိတ် ရှိတယ်၊ အဲဒီရုပ်ကို ထုတ်လုပ်တဲ့စိတ်တွေဟာ စိတ်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် သူ့ ရဲ့ဥပါဒ်ခဏမှာ သူလည်းဖြစ်, ရုပ်ကိုလည်း ဖြစ်စေတယ်၊ ဒီလိုရော ဖြစ်နိုင်တာ ရှိလားဆိုတော့ ရှိတာပေါ့။

ဖယောင်းတိုင်မီး ထွန်းလိုက်တဲ့အခါမှာကြည့်လေ - မီးတောက်ကလေး ပေါ်လာတာနဲ့ အလင်းရောင် တစ်ခါတည်း မဖြစ်ဘူးလား၊ အလင်းရောင်ကို တစ်ခါတည်း မွေးဖွားပေးလိုက်တာ၊ တစ်ပြိုင်နက်ပဲ၊ မီးတောက်ကလေးက အရင် လာတယ်၊ အလင်းရောင်ကနောက်မှရောက်တယ်လို့ ဒီလိုမဟုတ်ဘူး၊ တစ်ပြိုင်နက် ဖြစ်တာ။

ထို့အတူပဲ စိတ်က ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် စိတ္တဇရုပ်ကို ထုတ်လုပ် ပြီးသားပဲ၊ သူ့ရဲ့အကျိုးတရားက တစ်ခါတည်းပါသွားတာ၊ အဲဒါကို ပြောတာ - စိတ္တစေတသိကာ ဓမ္မာ-စိတ်စေတသိက်တရားတွေဟာ၊ စိတ္တသမုဋ္ဌာနာနံ ရူပါနံ- စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေကို၊ အတ္ထိပစ္စယေန - အတ္ထိပစ္စယသတ္တိဖြင့်၊ ပစ္စယော - ကျေးဇူပြုပါတယ်တဲ့၊ သဟဇာတအတ္ထိပဲ၊ စိတ်စေတသိက်နဲ့ စိတ္တဇရုပ် တို့ဟာ အတူတကွဖြစ်ကြတယ်။

အတူတကွဖြစ်ခိုက်မှာ - ကြည့် ဒီနေရာမှာ ခုနတုန်းက ပြောခဲ့တဲ့အတ္ထိ ပစ္စည်းကို အထောက်အကူပြုတဲ့ပစ္စည်း (ဥပတ္ထမ္ဘက)လို့ အဋ္ဌကထာကျမ်းတွေမှာ ဖွင့်တယ်၊ အဲဒီစကားဟာ ယေဘုယျစကားလို့ မှတ်ရမယ်၊ စိတ်စေတသိက်က စိတ္တဇရုပ်ကို ထုတ်တာဟာ producing cause ပဲ ဇနကသတ္တိပဲ၊ ဖြစ်စေခြင်းပဲ၊ ဒီနေရာမှာ ဇနကသတ္တိလို့ မှတ်ရမယ်။

နောက်တစ်ခု အပိုင်း(၅)က ဘာလဲလို့ဆိုလို့ရှိရင် -

“မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော”။

မဟာဘုတ်တွေက ဥပါဒ်ရုပ်တွေကို အထောက်အကူပြုတယ်ဆိုတဲ့နေရာမှာ ထင်ရှားရှိနေတဲ့အခိုက်မှာ ကျေးဇူးပြုကြတယ်တဲ့၊ မဟာဘုတ် ၄-ပါး ပေါ်လာ တာနဲ့ တစ်ပြိုင်နက် ထိုမဟာဘုတ် ၄-ပါးကို မှီပြီးနေတဲ့ ဥပါဒါရုပ်တွေ မဖြစ်ပေဘူးလား၊ ဖြစ်လာတယ်၊ ဒါကြောင့်မို့ မဟာဘုတ်က အကြောင်းတရား၊ ဥပါဒါရုပ်တွေက အကျိုးတရားတဲ့၊ မဟာဘုတ်တွေ ရှိနေခိုက်မှာ ဥပါဒါရုပ်တွေကို ထုတ်လုပ် တာ ဖြစ်သောကြောင့် မဟာဘုတ်တွေဟာ သူတို့ဖြစ်လာလျှင် ဖြစ်လာချင်း ဥပါဒါ ရုပ်တွေကို ထုတ်လုပ်တာဖြစ်သောကြောင့် သဟဇာတ၊ အဲဒါလည်း born together.

သူမွေးဖွားလိုက်တာနဲ့တစ်ပြိုင်နက် ဥပါဒါရုပ်တွေက ပါပြီးသား၊ ဆိုပါစို့ - ပထဝီ တေဇော အာပေါ ဝါယောဆိုတဲ့ မဟာဘုတ်ရုပ် ဓာတ်ကြီးလေးပါး ပေါ် လိုက်တာနဲ့ ဝဏ္ဏဆိုတာ မပါဘူးလား၊ ဂန္ဓဆိုတဲ့ အနံ့လည်း မပါဘူးလား၊ ပါတယ်၊ ရသဆိုတဲ့ အရသာရော မပါဘူးလား၊ ပါတယ်၊ ဩဇာဆိုတဲ့ အဆီအနှစ်တွေလည်း ပါလာတယ်တဲ့၊ ဒီလို ဥပါဒါရုပ်တွေ တစ်ခါတည်းပါလာလို့ “မဟာဘူတာ ဥပါဒါ– ရူပါနံ”လို့ ဒီလို ဟောတာ၊ ဒါ သဟဇာတဆိုင်ရာ အတ္ထိပစ္စည်းတွေကို မြတ်စွာဘုရား က ဒီလိုဟောတာ၊ ဒီအပိုင်းလေးတွေကို သဟဇာတအတ္ထိလို့ ဒီလို မှတ်ရမယ်နော်၊ နာမ်ခန္ဓာ ၄-ပါးရယ်၊ မဟာဘုတ် ၄-ပါးရယ်၊ နာမ်ရုပ်ရယ်၊ စိတ်စေတသိက်ရယ်၊ မဟာဘုတ်နဲ့ ဥပါဒါရုပ်ရယ် အပိုင်း ၅-ပိုင်း ပြီးသွားပြီ။

နောက်တစ်ခါ အပိုင်း(၆)က ဘာလဲဆိုရင် အာယတန၊ အာယတနဆိုတာ အားလုံးသိတဲ့အတိုင်း ၁၂-မျိုး ရှိတယ်၊ အဲဒီအာယတန ၁၂-မျိုးထဲက -

“စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော” ။

စက္ခာယတနံဆိုတာ စက္ခုပသာဒရုပ် မျက်စိအကြည်ကို ပြောတာ၊ အဲဒီ မျက်စိအကြည်ဆိုတဲ့ စက္ခုပသာဒရုပ်ဟာ စက္ခုဝိညာဏ်စိတ်ရဲ့မှီရာအနေနဲ့ ကျေးဇူး ပြုပါတယ်တဲ့၊ စက္ခာယတနက စိတ်ရဲ့မှီရာအနေနဲ့ ကျေးဇူးပြုတယ်၊ စက္ခုဝိညာဏ် စိတ်က စက္ခာယတနံလို့ ခေါ်တဲ့ စက္ခုပသာဒရုပ်ကို မှီပြီးတော့ ဖြစ်ရတယ်၊ ဆိုပါစို့ စက္ခုပသာဒရုပ် ပျက်သွားပြီဆိုရင် ဒီဘဝမှာ ဘယ်တော့မှ စက္ခုဝိညာဏ်စိတ် မဖြစ်တော့ဘူး၊ မျက်စိကန်းနေတဲ့သူ မြင်ပြီးသိတဲ့စိတ် ဖြစ်ပါ့မလား၊ မဖြစ်ဘူး၊ သူမြင်မှ မမြင်ရတော့တာ၊ မမြင်ရတော့ဘူးဆိုတော့ မြင်သိစိတ် မဖြစ်ဘူး။

နားကန်းသွားလို့ရှိရင် ကြားသိစိတ် မဖြစ်ဘူး၊ နှာခေါင်းက အနံ့မရတော့လို့ ရှိရင် နံသိစိတ်မဖြစ်ဘူး၊ လျှာက အရသာ မရတော့ဘူးဆိုရင် လျက်သိစိတ် မဖြစ်ဘူး၊ ခန္ဓာကိုယ်ကြီးမှာ ဒီ sense တွေ ပျောက်သွားပြီဆိုလို့ရှိရင် ထိသိစိတ် မဖြစ် ဘူးဆိုတာ ဒီအတိုင်းပဲလေ။

မှီရာဝတ္ထုတွေကို မှီပြီးတော့ ဒီစိတ်က ဖြစ်တယ်ဆိုတော့ ဒါဖြင့် ဒီ မှီရာဝတ္ထု ရုပ်တွေနဲ့ ဖြစ်လာတဲ့ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှာဝိညာဏ် ကာယဝိညာဏ်ဆိုတဲ့ ဒီစိတ်တွေက ပြိုင်တူဖြစ်လာကြတာလားဆိုတော့ မဟုတ်ဘူး တဲ့၊ ဒါကျတော့ မှီရာဝတ္ထုတွေက ပုရေဇာတ born earlier ကြိုတင်ပြီးတော့ ဖြစ်နေ ကြတာ၊ ကြိုတင်ပြီးတော့ ဖြစ်နေတဲ့ စက္ခုပသာဒရုပ်ကို ဟောဒီစက္ခုဝိညာဏ်က မှီရတာပါတဲ့၊ ဒီအဓိပ္ပါယ်တွေကို မနေ့က ရှင်းပြောခဲ့ပြီးပြီနော်၊ ကြိုတင်ပြီးတော့ ဖြစ်နှင့်တာ ဖြစ်သောကြောင့် ဒါကို ပုရေဇာတလို့ ခေါ်တယ်၊ ကြိုတင်ဖြစ်ပေမယ့်လို့ ရှိနေတုန်းမှာ စက္ခုဝိညာဏ်စိတ်ကို အထောက်အကူပြုတာ၊ စက္ခုဝိညာဏ်စိတ် ပေါ်လာမှ သူက ကျေးဇူးပြုတာ၊ နှစ်ခုစလုံး ရှိနေခိုက်မှာ ကျေးဇူးပြုသောကြောင့် အတ္ထိသတ္တိလို့ ပြောတာ။

ကဲ ဒီနေရာမှာ စဉ်းစားကြည့်၊ စက္ခုပသာဒရုပ်က စက္ခုဝိညာဏ်စိတ်ကို ထုတ်လုပ်တာလားလို့ဆိုတော့ သူက ထုတ်လုပ်တာ မဟုတ်ဘူး၊ စက္ခုဝိညာဏ်စိတ် ကို ဝိပါက်စိတ်လို့ မခေါ်ဘူးလား၊ ဝိပါက်စိတ်ဆိုတော့ သူ့ ရဲ့အကြောင်းတရားက ကံပဲ ဖြစ်မှာပေါ့၊ ကံရဲ့အကျိုးတရားကို ဝိပါကလို့ ခေါ်တာ၊ ဒီတော့ ထုတ်လုပ်သူက ကံတရား၊ ဒါဖြင့် စက္ခုဝတ္ထုလို့ခေါ်တဲ့ စက္ခုပသာဒရုပ်တို့, ရူပါရုံတို့က အထောက် အကူတွေပေါ့၊ အထောက်အကူပြုလိုက်တာ၊ ဒီ၂-ခု ဆုံစည်းလိုက်တဲ့အခါ စက္ခု- ဝိညာဏ်စိတ်ပေါ်လာတယ်၊ ပစ္စုပ္ပန်အကြောင်းတရားက ဒါ၊ သို့သော် ကံဆိုတဲ့ ထုတ်လုပ်တဲ့အကြောင်းတရား မပါဘဲနဲ့ ဒီဝိပါက်စိတ်က မဖြစ်နိုင်ဘူးတဲ့။

ဒါကြောင့်မို့ ဒီနေရာမှာ စက္ခုဝတ္ထုဆိုတဲ့ စက္ခုပသာဒရုပ်က စက္ခုဝိညာဏ် စိတ်မဖြစ်ခင် ကြိုတင်ပြီး ဖြစ်နှင့်နေတာ၊ ဖြစ်နှင့်ပြီးတဲ့အခါ စက္ခုဝိညာဏ်စိတ်ရဲ့ မှီရာအနေနဲ့ သူက ဆောင်ရွက်တာ၊ ဒါကြောင့်မို့ ပုရေဇာတလို့ ခေါ်တယ်၊ ရှိနေ ခိုက် ကျေးဇူးပြုတာဖြစ်သောကြောင့် ပုရေဇာတအတ္ထိတဲ့။

ဒါကို နားလည်လို့ရှိရင်
“သောတာယတနံ သောတဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော”
ဒါလည်း နားလည်သွားပြီ၊

ထို့အတူပဲ ဃာနာယတနံ ဇိဝှာယတနံ ကာယာယတနံ၊ ဟော ဒါတွေလည်း နားလည်သွားပြီ၊ ဒါက ဝတ္ထုရုပ်ပိုင်းဆိုင်ရာ။

နောက် အာရုံပိုင်းဆိုင်ရာကနေ ပြောလိုက်ဦးမယ်၊ အာရုံပိုင်းဆိုင်ရာက ပြောရင် ရူပါယတနံဆိုတာကျတော့ မျက်စိကမြင်တဲ့ အဆင်းအာရုံကို ပြောတာ၊ အဲဒီမျက်စိကမြင်ရတဲ့ အဆင်းအာရုံလေးဟာလည်းပဲ စက္ခုဝိညာဏ်စိတ် ပေါ်ဖို့ရာ အတွက် အထောက်အကူပြုတဲ့ အကြောင်းတစ်ခုပဲတဲ့၊ အဲဒီအထောက်အကူပြုတဲ့ အကြောင်းကလည်းပဲ စက္ခုဝိညာဏ်စိတ်မပေါ်ခင်က ကြိုတင်ဖြစ်နှင့်တာ ဖြစ်သော ကြောင့် ပုရေဇာတ၊ ကြိုတင်ပြီးတော့ ဖြစ်နှင့်နေတဲ့အရာက စက္ခုဝိညာဏ်စိတ်ကို အထောက်အကူပြုတယ်လို့ ဒီလိုဆိုလိုတယ်။

ဒီတော့ အာယတနအနေနဲ့ သွားရင် သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ၊ ဒါတွေက သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှာဝိညာဏ် ကာယဝိညာဏ်တွေကို ကျေးဇူးပြုတယ်။

နောက်တစ်ခုက အားလုံးကို ခြုံငုံပြောလိုက်တော့ - စက္ခုဝိညာဏ်ပြီးရင် ဘယ်သူလာ သလဲလို့ဆိုတော့ သမ္ပဋိစ္ဆိန်းလာတယ် မဟုတ်လား၊ အဲဒီသမ္ပဋိစ္ဆိန်းကို ဒီနေရာမှာ မနောဓာတ်လို့ သုံးလိုက်တယ်၊ အဲဒါကြောင့်မို့လို့ -

“ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော”။

ဟော ဒီငါးခုလုံးနဲ့ သက်ဆိုင်တယ်၊ ရူပါရုံပဲလာလာ သဒ္ဒါရုံပဲလာလာ ဂန္ဓာရုံပဲလာလာ ရသာရုံပဲလာလာ ဖောဋ္ဌဗ္ဗာရုံပဲ လာလာ၊ သမ္ပဋိစ္ဆနဆိုတဲ့ ဒီစိတ် ဟာ ထိုအာရုံတွေကို အာရုံပြုပြီးတော့ ဖြစ်တယ်၊ အဲဒီအာရုံတွေက ကြိုတင်ပြီး တော့ ဖြစ်ထားတဲ့အာရုံတွေ ဖြစ်လို့ born earlier ပုရေဇာတပစ္စည်းပဲ၊ ထင်ရှားရှိ နေခိုက်မှာ ကျေးဇူးပြု တာဖြစ်သောကြောင့် အတ္ထိပစ္စည်းလို့ ဒီလိုအာယတနတွေ နဲ့ ပတ်သက်ပြီးတော့ အတ္ထိပစ္စည်းကို ပြောတာ၊ ဒါ ပုရေဇာတအတ္ထိကို ပြောတာ။

နောက်ဆုံးတစ်ခု အပိုင်း(၇)က ဝတ္ထုတဲ့၊

“ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော”။

ဒီနေရာမှာ မြတ်စွာဘုရားက “ယံ ရူပံ” “တံ ရူပံ” ဆိုပြီးတော့ general စကားလုံးနဲ့ ဟောသွားတာ၊ နားလည်ရမှာကတော့ “ယံ ရူပံ” ဆိုတာ ဘယ်သူ့ကို ပြောတာတုန်းဆိုရင် ဟဒယဝတ္ထုရုပ်ကို ပြောတယ်လို့ ခုခေတ်တော့ ဒီလိုနားလည် ရမယ်၊ ဘာဖြစ်လို့တုန်းဆိုရင် စိတ်ရဲ့မှီရာ ဝတ္ထုရုပ်က ၆-ခုပဲ ရှိတယ်၊ စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှာဝတ္ထု ကာယဝတ္ထု၊ အဲဒီဝတ္ထုရုပ် ၅-မျိုးကို စက္ခာယတနံ သောတာယတနံ ဃာနာယတနံ ဇိဝှာယတနံ ကာယာယတနံလို့ ဟောပြီးသွားပြီ၊ ဟုတ်ရဲ့လား၊ ဝတ္ထုရုပ် ၅-ခုကို ဟောသွားပြီးပြီ၊ အခုနောက်ဆုံး “ယံ ရူပံ” လို့ မြတ်စွာဘုရားက ဟောတာဟာ ဒီကနေ့ခေတ်သုံးအနေနဲ့ ပြောမယ်ဆိုရင် ဟဒယဝတ္ထုပေါ့၊

ဟဒယဝတ္ထုဆိုတာ အဘိဓမ္မာကျမ်းဂန်တွေ ဖွင့်ဆိုချက်အရဆိုရင် မူရင်း ဓမ္မသင်္ဂဏီပါဠိတော်မှာ ဟဒယဝတ္ထုရုပ် မဟောဘူး၊ ဘာကြောင့် မဟောတာတုန်း ဆိုတာ သူ့ အကြောင်းနဲ့သူ ရှိတယ်ပေါ့၊ ဟဒယဝတ္ထုရုပ်လို့ မဆိုပေမယ့်လို့ ပဋ္ဌာန်း ပါဠိတော်မှာကျတော့ “ယံ ရူပံ နိဿာယ” လို့ ဆိုပြီးတော့ အမည်မတပ်ဘဲ “အကြင်ရုပ်” လို့ဆိုပြီး ဟောထားတာရှိတယ်၊ နိဿာယ လို့ ဆိုလိုက်သဖြင့် ဒါ ဝတ္ထုရုပ်တစ်မျိုးပဲ။

နောက်တချို့နေရာမှာကျတော့ “ဝတ္ထု၊ ခန္ဓာနံ၊ ခန္ဓာ ဝတ္ထုဿ” လို့ ဆိုပြီး တော့ အပြန်အလှန်ဖြစ်ပုံလေးကို ဝတ္ထုဆိုတဲ့ နာမည်နဲ့ ဟောထားတယ်၊ ဟဒယ ဆိုတဲ့စကားလုံးကို မသုံးဘူး၊ မြတ်စွာဘုရားက “ယံ ရူပံ” လို့ သုံးတယ်၊ “ဝတ္ထု”လို့ သုံးတယ်။

သို့သော်လည်းပဲ ရှင်မဟာဗုဒ္ဓဃောသတို့လက်ထက် ရောက်တဲ့အခါ (အနှစ်-၁၀၀၀ ကျော် ကြာတဲ့အခါ) ယံ ရူပံ ဘယ်ရုပ်လဲ? ဝတ္ထု ဆိုတာ ဘယ် ဟာလဲ? လို့ စဉ်းစားကြပုံရပါတယ်၊ စဉ်းစားပြီးတော့ location ကို ရှာကြတယ်၊ location ကို ရှာတဲ့အခါကျတော့ လောကလူတွေ ယုံကြည်နေကြတာ နှလုံးသားကို ယုံကြည်ကြတယ်၊ ချစ်တယ်မုန်းတယ်ဆိုလို့ရှိရင် နှလုံးသားမှာဖြစ်တယ်၊ ဝမ်းသာ တယ်ဆိုရင် ဘယ်က ဝမ်းသာတာတုန်း၊ နှလုံးသားထဲက ဝမ်းသာတယ်၊ ဟုတ်လား၊ သတင်းကောင်းကြားလိုက်ရင်လည်းပဲ ရင်ခုန်တယ် မဟုတ်လား၊ သတင်းဆိုး ကြားလိုက်ရင်လည်း ရင်ခုန်တာပဲ၊ ရင်ခုန်တယ်လို့ ပြောတာ၊ အဲဒီလို ထင်ရှားတဲ့ လက်တွေ့ အကြောင်းတရားတွေကို ကြည့်ပြီးတော့ ပိုထင်ရှားအောင်လို့ ဟဒယ ဆိုတဲ့စကားလုံးလေး ထည့်လိုက်တာ၊ “ဟဒယရူပ” “ဟဒယဝတ္ထု” လို့ဆိုတဲ့ စကားလုံးက တွင်ကျယ်လာခဲ့တာပေါ့။

ရုပ်ရဲ့မှီရာ ဟဒယဝတ္ထုရုပ်ဆိုတာ ဘယ်မှာလဲလို့ လိုက်ပြီး ရှာလိုက်တဲ့အခါ နှလုံးသားထဲမှာရှိတဲ့ သွေးကလေးထဲမှာ တည်နေတယ်လို့ စာပေကျမ်းဂန်မှာ ဆိုတယ်၊ နှလုံးသားကို ဟဒယဝတ္ထုရုပ်လို့ ခေါ်တာ မဟုတ်ဘူး၊ နှလုံးသားထဲကသွေး ကိုလည်းပဲ ဟဒယဝတ္ထုရုပ်လို့ ခေါ်တာ မဟုတ်ဘူး။

နှလုံးသားထဲမှာ တစ်လက်ဖက်တစ်လက်ဆွံ့ခန့်ရှိတဲ့ (တစ်လက်ဖက် တစ်လက်ဆို့ ဆိုတဲ့ စကားလုံးက လက်ဖဝါးလေးကို ဖြန့်လိုက်ပြီးရင် ပြန်တွန့်ပြီးတော့ ခုံးထားလိုက်၊ ခုံးပြီးလို့ရှိရင် အဲဒီထဲမှာ အရည်ထည့်လိုက်လို့ရှိရင် ဆန့်လောက် တဲ့ပမာဏ၊ အဲဒါက တစ်လက်ဖက်တစ်လက်ဆို့ ခေါ်တယ်၊) နှလုံးသွေးထဲမှာ ဟဒယဝတ္ထုရုပ် တည်ရှိပါတယ်လို့ ပြောတာ၊ ဒီတော့ သွေးကို ခေါ်တာမဟုတ်ဘူး၊ နှလုံးသားကိုခေါ်တာ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်၊ ဒါက location ကို ဖေါ်ပြ တဲ့နည်း။

တစ်ခါ အဲဒီခေတ်ကပဲ ရှင်မဟာဗုဒ္ဓဃောသနဲ့ ခေတ်ပြိုင်ပေါ်လာတဲ့ အဘိဓမ္မာ မူလဋီကာဆရာ ရှင်အာနန္ဒာဆိုတာ ရှိတယ်၊ (မြတ်စွာဘုရားရဲ့ ညီတော် အာနန္ဒာနဲ့ ဘွဲ့တူတယ်၊) အဲဒီ ရှင်အာနန္ဒာရေးတဲ့ အဘိဓမ္မာအဖွင့်ကျမ်းကြီးက ဟဒယဝတ္ထုဆိုတဲ့ စကားလုံး အဓိပ္ပါယ် ဘယ်လိုရှင်းလဲဆိုရင် “ဟဒယ” ဆိုတာ heart နှလုံးသားကို မပြောဘူး၊ “ဟဒယ”ဆိုတာ စိတ်၊ (ဟုတ်တယ်လေ လူတွေ ပြောကြတယ် - “ဒီလူက နှလုံးကောင်းတယ်၊ နှလုံးမကောင်းဘူး” ဆိုတာ စိတ်ကို ပြောတာလေ၊ မြန်မာ တွေလည်း နှလုံးဆိုတာ စိတ်နဲ့တွဲပြီး စိတ်နှလုံးလို့ ပြောကြ တယ်လေ) မနောဓာတ် မနောဝိညာဏဓာတ်ဆိုတဲ့ စိတ်တွေရဲ့ “ဝတ္ထု” - စိတ်ရဲ့ တည်ရာတဲ့၊ သူပြောလိုက် တာကျတော့ heart ဆိုတဲ့ နှလုံးကို မရည်ညွှန်းတော့ ဘူးပေါ့နော်၊ နှလုံးသား organ ကို မရည်ညွှန်းဘူး၊ “ဟဒယ” မနောဓာတ်နဲ့ မနောဝိညာဏ ဓာတ်ဆိုတဲ့ စိတ်တွေရဲ့ “ဝတ္ထု” တည်ရာလို့ ဒီလို ဖွင့်ဆိုလိုက်တယ်။

အဲဒီတော့ အဲဒီခေတ် အဘိဓမ္မာကို လေ့လာကြတဲ့ အဘိဓမ္မာကျမ်းပြု ဆရာကြီးတွေက မြတ်စွာဘုရားဟောထားတဲ့ ဝတ္ထုဆိုတဲ့စကားလုံး ရူပဆိုတဲ့စကား လုံးကို ယူပြီးတော့ ဟဒယဆိုတာကို ထည့်လိုက်ကြတယ်၊ ထည့်ပြီးတဲ့အခါမှာ ဟဒယကို နှလုံးသားလို့ ရည်ညွှန်းတဲ့ပုဂ္ဂိုလ်က ရည်ညွှန်းတယ်၊ စိတ်ကို ရည်ညွှန်း တဲ့ပုဂ္ဂိုလ်က ရည်ညွှန်းတယ်။

ဒီကနေ့ သိပ္ပံခေတ်က လူတွေကျတော့ စိတ်ဟာ နှလုံးမှာဆိုတာထက် ဦးနှောက်ကို ပိုပြီးတော့ ပြောလာကြပြန်တယ်ပေါ့၊ ဟုတ်တော့ ဟုတ်တာပေါ့၊ ဦးနှောက်မပါဘဲ နဲ့လည်း ဒီစိတ်က ဖြစ်တာမှ မဟုတ်တာကိုး၊ ဒီတော့ ဘုန်းကြီးတို့က စဉ်းစား ကြည့်မိတယ်၊ မြတ်စွာဘုရားက “ယံ ရူပံ”တို့ “ဝတ္ထု”တို့ ပြောလိုက်တာ အဓိပ္ပါယ်ရှိတယ်၊ အကယ်၍ “ဟဒယ” လို့ ပြောလိုက်ရင် နှလုံးပဲ သက်ဆိုင် သွားပြီးတော့ ဦးနှောက်ကို ယူလို့ မရတော့ဘူး၊ မြတ်စွာဘုရားက “ရူပ”လို့ သာမန် ဟောတယ်၊ “ဝတ္ထု”လို့ သာမန်ဟောတယ်၊ ဒါကိုထောက်ရင် နှလုံးပဲ ပြောပြော ဦးနှောက်ပဲ ပြောပြော နှစ်ခုစလုံး မသက်ဆိုင်ပေဘူးလား၊ ဒီတစ်ခုနဲ့တင် မြတ်စွာ ဘုရားကို ကြည်ညိုလို့ မဆုံးဘူး၊ တယ်ပြီးတော့ စကားလုံးတိကျလှပါလား၊ ဒါ location ကို မပြတော့ဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ ဦးနှောက်နဲ့ နှလုံးသားက ဆက်သွယ်နေတာလေ။

အဲဒီဆက်သွယ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို မြတ်စွာဘုရားက ရှင်းပြတဲ့ သဘောအနေနဲ့ “ဝတ္ထု ခန္ဓာနံ၊ ခန္ဓာ ဝတ္ထုဿ” “ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏ- ဓာတုယာ စ”၊ ဒီလို “ယံ ရူပံ”လို့ သာမန်စကားကို သုံးလိုက်တာ, “ဝတ္ထု”လို့ သာမန်စကားသုံးတာဟာ သိပ်ပြီးတော့ အဓိပ္ပါယ်ရှိပါပေတယ်၊ အားလုံးကို ခြုံမိပါ ပေတယ်၊ cover ဖြစ်တယ်လို့ ပြောတာပေါ့၊

အဲဒီလို ယူရမယ်ဆိုရင်တော့ ဒီကနေ့ ခေတ် အဋ္ဌကထာကျမ်းတွေနဲ့ တိုက်ရိုက် မညီဘူးလို့ ပြောချင်လည်း ပြောလို့ ရတယ်၊ မဆန့်ကျင်ဘူးလို့လည်း ပြောလို့ ရတယ်နော်၊ ဟဒယဝတ္ထုရုပ်ရဲ့ location ကို နှလုံးသားထဲက သွေးထဲမှာ ရှိတယ် လို့ပြောတဲ့ အဋ္ဌကထာဋီကာအဖွင့်တွေ စကားနဲ့ဆိုရင် ဦးနှောက်နဲ့ မသက်ဆိုင်သလို ဖြစ်သွားပြန်ရောနော်၊ တစ်ခြမ်းပဲ မှန်တယ်လို့ အဓိပ္ပါယ် ရောက်သွားတယ်။

ဒီတော့ စက္ခုဝိညာဏ်စိတ် သောတဝိညာဏ်စိတ် ဃာနဝိညာဏ်စိတ် ဇိဝှာဝိညာဏ်စိတ် ကာယဝိညာဏ်စိတ်တွေမှတစ်ပါး ကျန်တဲ့စိတ်တွေရဲ့ မှီရာဝတ္ထု သည် အခုပြောခဲ့တဲ့ ဦးနှောက်နဲ့ နှလုံးသား- စိတ်ဖြစ်ဖို့ရာဌာနလို့ သာမန်ပြောမယ် ဆိုလို့ရှိရင်တော့ မြတ်စွာဘုရားဟောတဲ့ general point နဲ့ ညီညွတ်တယ်လို့ ဒီလို ယူဆစရာရှိတယ်ပေါ့။

အကယ်၍ နှလုံးသားလို့ တိုက်ရိုက်ပြောမယ်ဆိုလို့ရှိရင် ခုခေတ်မှာ နှလုံးသားကို ခွဲစိတ်ပြီး ကုသတာတို့ နှလုံးအတုတပ်ဆင်တာတို့ ဒါတွေနဲ့ ပြောမယ် ဆိုလို့ရှိရင် တစ်မျိုးတမည် တွေးမိကောင်း တွေးမိကုန်ကြလိမ့်မယ်၊ heart transplantation တို့ ဘာတို့ လုပ်တာ ရှိတယ်လေ၊ နှလုံးတု တပ်တာတို့ နှလုံးသား ခွဲစိတ်တာတို့၊ သို့သော်လည်း အဲဒါ ကိုက်ညီအောင် ယူလို့ရှိရင်တော့ ယူလို့ရတယ် လေ၊ ဘာဖြစ်လို့တုန်း နှလုံးသားကိုပြောတာ မဟုတ်ဘူး၊ နှလုံးသားထဲက သွေးကို ပြောတာ၊ သွေးဆိုတာတော့ ရှိနေမှာပဲလေ။

နောက်တစ်ခုက ပြောမယ်ဆိုလို့ရှိရင် သွေးဆိုတာ နှလုံးသားထဲမှာချည်း ရှိနေတာ မဟုတ်ဘူး၊ တစ်ကိုယ်လုံးမှာ ပျံ့နှံ့နေတာလို့ပြောတယ်၊ နှလုံးဟာ pump အနေနဲ့ အလုပ်လုပ်တယ်၊ ခန္ဓာကိုယ်တစ်ကိုယ်လုံးကို သွေးတွေ ပျံ့နှံ့သွားအောင် နှလုံးက pump သဘောမျိုး ညှစ်ပေးနေတယ်၊ ညှစ်ပေးနေသည့်အတွက်ကြောင့် တစ်ကိုယ်လုံးမှာ သွေးတွေပျံ့နှံ့နေတယ်၊ နှလုံးသားထဲမှာ သွေးမရှိဘူးလို့ တချို့တ ပြောကောင်း ပြောလိမ့်မယ်ပေါ့၊ သို့သော်လည်း ဒီသွေးအားလုံးဟာ နှလုံးသားကို ဖြတ်သွားတာပဲ၊ အဲဒီဖြတ်သွားတဲ့ အချိန်ပိုင်းလေးမှာ စိတ်ရဲ့မှီရာဝတ္ထုရုပ်အနေနဲ့ ဖြစ်တာပေါ့။

လူတွေ လက်တွေ့နဲ့ ကိုက်ကြည့်မယ်ဆိုရင် လူတွေဟာ ဝမ်းနည်းတယ် ဝမ်းသာတယ်ဆိုရင် နှလုံးပဲ မဟုတ်လား၊ ရင်ဘတ်ကို ဖိကြတယ်၊ အေး တစ်စုံတစ်ခု အကျပ်ရိုက်လို့ တွေးကြပြီဆိုလို့ရှိရင် ခေါင်းကုတ်ကြတယ်လေ၊ ဒီတော့ တွေးခေါ်တဲ့ စိတ်တွေကျတော့ ဦးနှောက်နဲ့ သက်ဆိုင်သလို ရှိတာပေါ့နော်၊ လက်တွေ့အားဖြင့် ကြည့်မယ် ဆိုလို့ရှိရင် နှလုံးမှာ ဖြစ်တာလည်းရှိတယ်၊ ဦးနှောက်မှာ ဖြစ်တာလည်း ရှိတယ်၊ သို့မဟုတ် ဦးနှောက်နဲ့ နှလုံးသားဟာ အပြန်အလှန်ဆက်သွယ်ပြီးတော့ သတင်းပို့နေတာလည်း ဖြစ်နိုင်တာပေါ့၊

ဘုန်းကြီးတို့ မနှစ်တုန်းက ဩစတြီးယားနိုင်ငံ ဗီယင်နာတက္ကသိုလ်မှာ စိတ် အကြောင်းကို နှစ်ရက်ဟောပြောတယ်၊ စိတ်အကြောင်းနဲ့ ပတ်သက်ပြီး မေးကြည့် တယ်- စိတ်ဟာ လူရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေတာလား၊ သို့မဟုတ် ဖြစ်နေတာလား? ဆို - သူတို့အယူအဆက စိတ်ဆိုတာ ဦးနှောက်ရဲ့စွမ်းအင်တစ်ခုပဲ၊ ဦးနှောက်ကိုပဲ ခေါ်တယ်လို့ ပြောရမယ်၊ ဦးနှောက်ရဲ့လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာတာ၊ ဦးနှောက် ရဲ့ စွမ်းအင်တစ်ခုလို့ ဒီလိုယူဆတယ်ပေါ့၊ စိတ်ဟာ ဘယ်မှာ ရှိတာတုန်းဆိုရင် ဦးနှောက်ထဲမှာ ရှိတယ်၊ ဒီလိုပဲ ပြောတယ်၊ ဒါ သူတို့အမြင်ပေါ့နော်။

အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီးက ဆွေးနွေးခဲ့တယ်၊ ဗုဒ္ဓအဘိဓမ္မာအရ စိတ်ဟာ ဘယ်နေရာမှ ရှိနေတာ မဟုတ်ဘူး၊ သို့သော် ရှိနိုင်တဲ့ အနေအထားတော့ ရှိတယ်၊ စောင်းကြိုးတို့ စောင်းအိုးတို့ထဲမှာ စောင်းသံမရှိဘူး၊ တီးခတ်လိုက်တဲ့အခါမှ ပေါ်လာတယ်၊ မီးခြစ်ကလေးထဲမှာ မီးရှိမနေဘူး၊ ခြစ်လိုက်တဲ့အခါကျတော့မှ မီးထွက်လာတယ်၊ အဲဒီသဘောပဲ မြတ်စွာဘုရားက “ဝိညာဏံ ပဋိစ္စသမုပ္ပန္နံ” - စိတ်ဆိုတဲ့သဘာဝတရားဟာ အကြောင်းတိုက်ဆိုင်မှ ပေါ်လာတဲ့ သဘာဝတရား, ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေတဲ့ သဘာဝတရား မဟုတ်ဘူး ဆိုတာကို သူတို့ကို ရှင်းလင်းပြီး ပြောပြတယ်၊ ဒါ အနောက်တိုင်းအယူအဆနဲ့ ဗုဒ္ဓရဲ့ အယူအဆ မတူတာပေါ့။

ဒီတော့ စိတ်ရဲ့လှုပ်ရှားမှုတွေ ထင်ဟပ်ပေါ်လွင်နေတဲ့ သဘာဝအရ location ကို ပြောရမယ်ဆိုလို့ရှိရင် ဦးနှောက်နဲ့နှလုံးသား အပြန်အလှန် ဆက်သွယ် နေတဲ့ နေရာဟာ စိတ်ဖြစ်ရာဌာနလို့ ဒီလိုပြောလို့ ရနိုင်လောက်ပါတယ်ပေါ့။

အဘိဓမ္မာကျမ်းဂန်တွေရဲ့ အဆိုရယ်, လက်တွေ့ကျကျတွေး ခေါ်ပြီးတော့ ဆင်ခြင်သုံးသပ်ကြည့်လို့ရတဲ့ အဖြေရယ် - ဒီနှစ်ခုဟာ များများကြီးကွဲလွဲတာ မရှိ ဘူး၊ မြတ်စွာဘုရားကိုယ်တိုင်ကိုက ဝတ္ထုလို့ ပြောလိုက်သဖြင့် စိတ်ရဲ့မှီရာဆိုတာ ခန္ဓာကိုယ်ထဲမှာ တစ်နေရာရာမှာတော့ ရှိနေတယ်ပေါ့၊ ဒါ ပြောတာနော်၊ အတိ အကျ location ကို သတ်မှတ်ပြောတာ မဟုတ်ဘူး၊ နာမည်မတပ်ဘူး၊ နာမည် မတပ်သော်လည်း လူတွေရဲ့သန္တာန်မှာ ဖြစ်ပေါ်လာတဲ့စိတ်ဟာ နှလုံးမှာ လာ ထင်ရှား တယ်၊ ဦးနှောက်မှာ လာထင်ရှားတယ်ပေါ့၊ ဒါကြောင့်မို့လို့ ဟဒယဝတ္ထု ဆိုတာ ဦးနှောက် နှလုံး ဆက်သွယ်ဖြစ်ပေါ်တဲ့ နေရာတစ်ခုဟာ location လို့ ပြောမယ် ဆိုလို့ရှိရင် ပြောလို့ရတယ်ပေါ့။

ကောင်းပြီ - အဲဒီမှာ အတ္ထိပစ္စည်းကို နောက်ဆုံးအနေနဲ့ မြတ်စွာဘုရားက ဟောတာက -

“ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရှုပ် မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော”

လို့ အဲဒီဟဒယဝတ္ထုလို့ ခေါ်တဲ့ရုပ်ကို အမှီပြုပြီးတော့ မနောဓာတ်တို့ မနောဝိညာဏဓာတ်တို့က ဖြစ်လာကြတယ်။

အဲဒီမနောဓာတ် မနောဝိညာဏဓာတ်တွေနဲ့ ဟောဒီဟဒယဝတ္ထုဆိုတာဟာ born earlier ဟဒယဝတ္ထုက ကြိုတင်မွေးဖွားလာပြီး မနောဓာတ် မနော- ဝိညာဏဓာတ်လို့ဆိုတဲ့ စိတ်အခြေအနေတွေက နောက်မှ ဖြစ်တာ ဖြစ်လို့ ရှိခိုက် အနေနဲ့ ကျေးဇူးပြုတာ ဖြစ်လို့ အတ္ထိပစ္စည်းပါလို့ ပစ္စယနိဒ္ဒေသပါဠိတော်မှာ ဒီလို အတ္ထိပစ္စည်းကို ၇-ပိုင်း ခွဲထားတယ်၊ အမျိုးအစားအနေနဲ့တော့ သဟဇာတနဲ့ ပုရေဇာတ ဒီနှစ်မျိုးတည်းပဲ ဟောပါတယ်။

ပဥှာဝါရမှာကျတော့ ပစ္ဆာဇာတကိုလည်း ထည့်ဟောတယ်၊ အာဟာရကို လည်း ထည့်ဟောတယ်၊ ဣန္ဒြိယကိုလည်း ထည့်ဟောတယ်၊ ဒါကြောင့်မို့ အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ အတ္ထိပစ္စည်းကို ၅-မျိုးလို့ ဆိုတာ၊ သဟဇာတ ပုရေဇာတ ပစ္ဆာဇာတ အာဟာရ ဣန္ဒြိယလို့ အတ္ထိပစ္စည်း ၅-မျိုး ရှိတယ်လို့ ဒီလိုပြောတာ။

အဝိဂတပစ္စယော

ကောင်းပြီ - အတ္ထိပစ္စည်းကို နားလည်လို့ရှိရင် ထိုအတ္ထိပစ္စည်းနဲ့ သဘာဝ ချင်းတူတဲ့ အဝိဂတပစ္စည်းကိုလည်း နားလည်ပြီးသား ဖြစ်သွားပြီ၊ အထူးပြောစရာ မလိုတော့ဘူး၊ ဒီကနေ့ အတ္ထိပစ္စယောကို ဟောလိုက်သဖြင့် အဝိဂတပစ္စယောကိုလည်း နားလည်ပြီးသား ဖြစ်သွားပြီပေါ့။

အတ္ထိပစ္စယောဆိုတာ ရှိခိုက်မှာ ကျေးဇူးပြုတယ်၊ အဝိဂတပစ္စယောဆိုတာ ရှိခိုက်ဆိုတဲ့နေရာမှာ လုံးဝချုပ်ငြိမ်းသွားခြင်း မဟုတ်သေးတဲ့ အနေအထား၊ အဝိဂတ လုံးဝကင်းပျောက် မသွားသေးခင် ကျေးဇူးပြုတယ်၊ အတ္ထိဆိုတာ ရှိနေတဲ့အခိုက်မှာ ကျေးဇူးပြုတယ်၊ ဒါဖြင့် ရှိနေတာက ဘယ်လောက်ထိအောင် ရှိနေတာတုန်း၊ ပြောချင်တာက အဝိဂတ လုံးဝကင်းပြတ်သွားတာမျိုးထိအောင် မရောက်သေးတာ၊ ဒီလိုအဓိပ္ပါယ်ကို ပြောတာ။

မြတ်စွာဘုရားက နတ်တွေဗြဟ္မာတွေကို ဟောတဲ့အခါမှာ အတ္တိဆိုတဲ့ သဘောထက် အတ္ထိရှိတယ်ဆိုတာ ဘယ်လောက် အတိုင်းအတာထိ ရှိနေတာလဲလို့ မေးစရာရှိလို့ ကင်းကွာသွားခြင်း မရှိသေးခင် အရှိလို့ ခေါ်တယ်လို့ ဆိုတာကို ထပ်ဖွင့်ပေးတဲ့အနေနဲ့ အဝိဂတပစ္စယောကို ထပ်ပြီးတော့ ဟောလိုက်တာတဲ့၊ ပိုပြီးတော့ ရှင်းသွားအောင်လို့။

နတ္ထိပစ္စယော၊ ဝိဂတပစ္စယော

ကောင်းပြီ - နောက်တစ်ခုဖြစ်တဲ့ နတ္ထိပစ္စယောတို့ ဝိဂတပစ္စယောတို့ ဆိုတာကို အနန္တရပစ္စယော သမနန္တရပစ္စယောတုန်းက ရှင်းထားတဲ့အတိုင်းပဲ သဘောပေါက်ရမှာ၊ လူတွေရဲ့ သန္တာန်မှာဖြစ်တဲ့ စိတ်ဟာ တစ်စိတ်ချင်းသာ ဖြစ် တယ်၊ နှစ်စိတ်ပြိုင် မဖြစ်ဘူးတဲ့၊ ဖြစ်တဲ့အခါမှာ စိတ်နဲ့စေတသိက်ဟာ အုပ်စုလိုက် ဖြစ်တယ်၊ ပထမအုပ်စုဖြစ်နေတဲ့အချိန်မှာ ဒုတိယအုပ်စုကဖြစ်ခွင့်မရှိဘူး၊

ဆိုပါစို့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်နေတဲ့အချိန်မှာ စက္ခုဝိညာဏ်စိတ် မဖြစ်နိုင်ဘူး၊ ပဉ္စဒွါရာဝဇ္ဇန်း စိတ် ချုပ်သွားပြီ, မရှိတော့ဘူးဆိုတော့မှ စက္ခုဝိညာဏ်စိတ်ဖြစ်တာ၊ စက္ခုဝိညာဏ် စိတ် ချုပ်သွားပြီဆိုတော့မှ သမ္ပဋိစ္ဆိန်းစိတ် ဖြစ်လာတာ၊ သမ္ပဋိစ္ဆိန်းစိတ် ချုပ်သွားပြီ ဆိုတော့မှ သန္တီရဏစိတ်က ဖြစ်တာ၊ အဲဒီလိုချုပ်သွားပြီးတဲ့နောက် မရှိတော့မှ ဖြစ်တာကို နတ္ထိလို့ ခေါ်တယ်၊ အဲဒီလိုချုပ်သွားတာဟာ လုံးဝကင်းပြီးတော့ ပြတ်စဲ သွားတာဖြစ်သောကြောင့် ဝိဂတ လို့ ခေါ် တယ်တဲ့၊ ဒါကြောင့်မို့ အနန္တရ သမနန္တရ နတ္ထိ ဝိဂတ တို့ဆိုတာ ဒါတွေက အဓိပ္ပါယ်အတူတူပါပဲ။

“သမနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ ပစ္စုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ နတ္ထိပစ္စယေန ပစ္စယော”

လို့ ချုပ်သွားတဲ့ရှေ့စိတ်ဟာ နောက်စိတ်ဖြစ်ဖို့ အတွက် အခွင့်အလမ်းတွေ ပေးထားခဲ့တာ၊ သူ့ဟာသူ မဆီမဆိုင် ချုပ်သွားတာ မဟုတ်ပါဘူး၊ သူက နောက်စိတ်ကို အခွင့်အရေးတစ်ခု ပေးထားခဲ့တယ်ပေါ့၊ အဲဒီ အခွင့်အရေး ပေးတာသည်ပင် သူ့ရဲ့ကျေးဇူးပြုတာပေါ့၊ လူတွေက တစ်ယောက်ယောက်ကို အခွင့်အရေးပေးရင် ကျေးဇူးပြုတယ်လို့ ခေါ်တယ် မဟုတ်လား၊ အဲဒီလိုပဲ ရှေ့စိတ် က သူချုပ်သွားတာ၊ ချုပ်သွားတဲ့အခါမှာ နောက်စိတ် ပေါ်ဖို့အတွက် အခွင့်အရေး ပေးလိုက်တယ်၊ အဲဒါသည်ပင်လျှင် နောက်စိတ်က ဒီအခွင့်အရေးကို ရလိုက်တာ ဖြစ်တယ်တဲ့၊ အဲဒါကြောင့်မို့ နတ္ထိပစ္စယော ကျေးဇူးပြုတယ်လို့ ဒီလို ပြောတာပါ၊ ဝိဂတပစ္စယော ကျေးဇူးပြုတယ်လို့ ပြောတာပါတဲ့။

ဒီတော့ အားလုံးချုပ်လိုက်တဲ့အခါ ပဋ္ဌာန်း၂၄-ပစ္စည်းရဲ့ အဓိပ္ပါယ်ဟာ အားလုံး ပြည့်ပြည့်စုံစုံ ပြီးသွားပြီ၊

ပဋ္ဌာန်း၂၄-ပစ္စည်းဟာ မိမိတို့ရဲ့လက်တွေ့ ဘဝမှာ ဒီလိုရှိနေတာပါလားလို့ဆိုတာ သဘောပေါက်သွားပြီ၊ နောက်ထပ်ဟောစရာ နှစ်ရက် ကျန်တာကိုတော့ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့ ချဉ်းကပ်ပြီး ဘယ်လိုနားလည် ရမယ်ဆိုတာမှာ ထပ်ဟောလိုက်ပါမယ်၊ ဒီနေ့တော့ နတ္ထိနဲ့ ဝိဂတတို့ကို ထပ်ပြီးမချဲ့ တော့ဘူး၊ ဒါကြောင့်မို့ ဒီကနေ့ ဟောလိုက်တာအတ္ထိပစ္စည်းလည်း ပြီးသွားပြီ နတ္ထိပစ္စည်းလည်း ပြီးသွားပြီ၊ ဝိဂတပစ္စည်းလည်း ပြီးသွားပြီ၊ အဝိဂတပစ္စည်းလည်း ပြီးသွားပြီ။ ၂၄-ပစ္စည်းလုံး ပြီးသွားပြီလို့ မှတ်ကြပါ။

တရားချစ်ခင်သူတော်စင်ပရိသတ်တို့ ဗုဒ္ဓမြတ်စွာရဲ့ဒေသနာဟာ အကြောင်း တရား အကျိုးတရားတွေနဲ့ ဆက်စပ်ပြီးဟောတာ အဓိကဖြစ်ပါတယ်၊ အဲဒီ အကြောင်းတရား အကျိုးတရားကို မှန်မှန်ကန်ကန် နားလည်မှသာလျှင် အယူဝါဒ မှားယွင်းခြင်း ဆိုတာက လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်၊

ဒီအကြောင်းတရား အကျိုးတရားတွေကို နားလည်လို့ရှိရင် ကင်္ခါဝိတရဏ - သံသယတွေအားလုံးကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်၊ အကြောင်း အကျိုးကို နားမလည်ဘူးဆိုလို့ရှိရင် သံသယတွေဟာ မိမိတို့ရင်ထဲမှာ ကိန်းနေဦးမှာ ဖြစ်ပါတယ်၊

အကြောင်းတရား အကျိုးတရားအစစ်အမှန်ကို သေချာနားလည် သဘောပေါက်ပြီ ဆိုရင် သံသယ ကင်းစင်သွားလို့ စင်ကြယ်မှုဆိုတာရတယ်၊ အဲဒါကိုပဲ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ လို့ ဒီလို ပြောတာနော်။

ဒါကြောင့်မို့ အကြောင်းတရား အကျိုးတရား အစစ်အမှန်ကို နားလည် သဘောပေါက်ခြင်းဖြင့် ယုံမှားသံသယတွေကို ဖယ်ရှားလို့ မှန်ကန်တဲ့လမ်းကြောင်း ပေါ်ရောက်ရှိပြီး နောက်ဆုံး အကြောင်းတရားကိုဖယ်ရှားပစ်လိုက်နိုင်သည့်အတွက် အကြောင်းပြတ်လို့ အကျိုးရပ်သွားခြင်းဆိုတဲ့ အငြိမ်းဓာတ်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။

အရှင်နန္ဒမာလာဘိဝံသ (Ph.D)

e3e6wucvjor8f0ixb6a1vszjnlq5mfn
မဟာသမယသုတ်တော် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း
0
6316
22160
22014
2026-06-15T03:28:47Z
Tejinda
173
22160
wikitext
text/x-wiki
{{header
| title =
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = မဟာသမယသုတ်တော် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း
| previous = [[]]
| previous2 =
| next = [[မင်္ဂလသုတ် အနှစ်ချုပ်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

မဟာသမယသုတ်တော် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း

များသောအားဖြင့် မဟာသမယသုတ်ဆိုတာ နတ်တွေရဲ့ အမည်ကို ဖော်ထုတ်ပြီးတော့ ဟောတဲ့သုတ်လို့ပဲ အသိများကြတယ်။ အဲဒီမဟာသမယသုတ်၊ မဟာသမယနေ့မှာ လေးနက်တဲ့ မြတ်စွာဘုရားရဲ့ တရားဓမ္မတွေ အကြောင်းကျတော့ သိတဲ့ပုဂ္ဂိုလ် နည်းတယ်ပေါ့နော်။ ရွတ်ကြတယ်၊ ဖတ်ကြတယ် ဆိုရင်လည်းပဲ “သိလောကမနုကဿာမိ, ယတ္ထ ဘုမ္မာ တဒဿိတာ၊” ဆိုတဲ့ အဲဒီမဟာသမယသုတ်ပဲ ရွတ်ကြတာ။ သို့သော် အဲဒီမဟာသမယမှာ မြတ်စွာဘုရားဟောတဲ့ တရား၊ အလေးအနက်တရား ခြောက်သုတ် ရှိတယ်။ အဲဒီတရားတွေက အဓိက နတ်တွေကို ဟောတာပဲ ဖြစ်တယ်နော်။

မဟာသမယသုတ်မှာ ရောက်လာကြတဲ့ ပရိသတ်ထဲမှာ လူ့ပရိသတ်ကတော့ သာကီဝင်မင်းသားနဲ့ ကောလိယမင်းသား၊ ရဟန္တာ ၅၀၀ မဟာဝနလို့ ခေါ်တဲ့ တောအုပ်ကြီးထဲမှာ ရောက်ရှိနေကြတယ်။ ရဟန္တာ ၅၀၀ ရှေ့မှာ မြတ်စွာဘုရားက လာရောက်ပြီးတော့ ဖူးမြင်ကြတဲ့ စကြာဝဠာ တိုက်တစ်သောင်းက လာကြတဲ့ နတ်တွေ၊ ဗြဟ္မာတွေက အပြည့်ဖြစ်တယ်ပေါ့။ အဲဒီနတ်ဗြဟ္မာတွေရဲ့ စရိုက်ကို ကြည့်ပြီးတော့ မဟာသမယသုတ် ခြောက်သုတ်ကို ဟောကြားခဲ့တာ ဖြစ်တယ်ပေါ့နော်။

သာကီဝင်နှင့် ကောလိယတို့၏ ရောဟိနီမြစ်ရေ လုပွဲ

အဲတော့ အစကနေ စာပြောမယ်ဆိုလို့ရှိရင် မြတ်စွာဘုရား သက္ကတိုင်းမှာ ခရီးဒေသစာရီ ကြွချီရင်း ကပ္ပိလဝတ်မြို့၊ နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးခိုက် ဖြစ်တယ်။ တချို့ကလည်း သာဝတ္ထိပြည်မှာလို့လည်း မှတ်တမ်းရှိတယ်ပေါ့နော်။ ဒါ မှတ်သားထားမှု နှစ်မျိုးရှိတယ်။ ဒီမှာတော့ သုတ္တနိပါတ် အဋ္ဌကထာမှာ လာတဲ့အတိုင်းပဲ ကပ္ပိလဝတ်မြို့၊ နိဂြောဓာရုံကျောင်းမှာ နေတဲ့အချိန်လေးမှာ သာကီဝင်မင်းတွေနဲ့ ကောလိယမင်းတွေရဲ့ ကြားမှာ ရေကို အကြောင်းပြုပြီးတော့ စစ်ဖြစ်ကြတယ်၊ ခိုက်ရန်ဒေါသ ဖြစ်ပွားလာကြတယ်။

အဲဒီအချိန် ဘာနဲ့ပတ်သက်တုန်းဆိုတော့ ကပ္ပိလဝတ်မြို့နဲ့၊ ဒီကောလိယမြို့တို့ရဲ့ နှစ်မြို့အကြားမှာ ဖြတ်ပြီးတော့ စီးဆင်းသွားတဲ့ ရောဟိနီမြစ်ဆိုတာ ရှိတယ်။ အဲဒီရောဟိနီမြစ်က မြစ်အသေးလေးဆိုတော့၊ အငယ်လေးဆိုတော့ တစ်ခါတစ်ခါ ရေနည်းတယ်၊ တစ်ခါတစ်ခါ ရေများတယ်။ မူးမြစ်လို မြစ်ကလေး၊ မြို့နှစ်မြို့ကနေ ဖြတ်သွားတဲ့ မြစ်ကလေး။ အဲဒီမှာ သာကီဝင်မင်းတွေနဲ့ ကောလိယမင်းတွေရဲ့ အလုပ်သမားတွေက အဲဒီမြစ်ရေတွေကို အသုံးချပြီးတော့ စပါးစိုက်ကြတာ၊ စပါးစိုက်ကြတယ်။ ရေနည်းပြီဆိုတဲ့ အခါကျတော့ တမံတွေတုပ်ပြီးတော့ ကိုယ့်ဘက်ကိုကိုယ် ရေသွင်းကြတယ်၊ စပါးရေ ရအောင်ဆိုပြီးတော့ ရေမြောင်းတွေတူးပြီး ကိုယ့်ဘက်ကို ရေသွင်းကြတယ်။ အဲဒီနှစ်မှာတော့ ရေကအတော် နည်းတယ်။ အဲတော့ ကိုယ့်ဘက်ကို ရေယူဖို့ မြောင်းတူးကြတဲ့ အခါမှာ အလုပ်သမားတွေ အချင်းချင်း ခိုက်ရန်ဖြစ်ကြတယ်ပေါ့။ ရေရလိုမှုနဲ့ ပတ်သက်ပြီး ခိုက်ရန်ဖြစ်ကြတယ်။ ခိုက်ရန်ဖြစ်တဲ့ အခါမှာ ရိုးရိုးပြောတာနဲ့ မဟုတ်ဘဲနဲ့ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေရဲ့ မျိုးရိုးကို ထိခိုက်ပြီးတော့ ဆဲကြဆိုကြတဲ့ အဆင့်ထိ ရောက်သွားကြတယ်။ ရေရလိုလို့။

အဲတော့ ရေပြဿနာ၊ ရေရချင်တော့ အဲတော့ သာကီဝင်မင်းရဲ့ အပြစ်နာဆာကို ထုတ်ဖော်ပြီး ဆဲကြတယ် ကောလိယတွေက။ ကောလိယမင်းရဲ့ အပြစ်နာဆာကို ထုတ်ပြီးတော့ သာကီဝင်တွေက ဆဲကြတယ်။ အဲလို အပြန်အလှန် ငယ်ကျိုးငယ်နာတွေ ဖော်ပြပြီးတော့ ဆဲကြတဲ့အခါ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေထိအောင် သတင်းက ရောက်သွားတော့ မခံချင်စိတ်တွေ ဖြစ်ပြီးတော့ စစ်ပြင်ပြီးတော့ ရောဟိနီမြစ်ကမ်းကြီးမှာ၊ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း စစ်ပြင်ပြီးတော့ ရောဟိနီမြစ်ဘက်ကို စစ်တပ်တွေ ချီတက်လာကြတယ်။ ဟိုဘက်ကမ်းက သာကီဝင်စစ်တပ်က၊ ကောလိယစစ်တပ်က ဒီဘက်ကမ်းကနေပြီးတော့ မြစ်ရေ ရလိုမှုနဲ့ ပတ်သက်ပြီးတော့ သာမန်ရန်ဖြစ်တာတင် မဟုတ်ဘူး၊ နှစ်နိုင်ငံ စစ်ဖြစ်တဲ့ အနေအထား ရောက်ရှိပြီးတော့ လာကြတယ်။

မြတ်စွာဘုရား ကြွရောက် စစ်ပြေငြိမ်းစေခြင်း

အဲဒီအချိန်လေးမှာ မြတ်စွာဘုရား ကြွရောက်လာတယ်။ ကြွရောက်လာပြီးတော့ မြတ်စွာဘုရားရဲ့ တရားပြ နားချမှုကြောင့် ဘုရားပေါ်မှာလည်း ကြည်ညိုစိတ်ကလည်း နဂိုရှိကြတာ။ နှစ်ဦးစလုံးက ဆွေတွေမျိုးတွေချည်းပဲလေ။ သာကီဝင်တွေက အဖေဘက်က၊ ကောလိယတွေက အမေဘက်က။ သုဒ္ဓေါဒနမင်းကြီးက သာကိယ၊ မယ်တော်မာယာက ကောလိယ။ အဲတော့ အမေဘက် အဖေဘက် အမျိုးတွေချည်းပဲ။ အဲဒီအကြောင်းကို သမိုင်းအထောက်အထားနဲ့ မြတ်စွာဘုရားက သာကီဝင် မင်းမျိုးတွေ ကောလိယမင်းတွေ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကနေ စပြီးတော့၊ ဆွေတွေမျိုးတွေ ဖြစ်လို့ တစ်ဦးနဲ့တစ်ဦး ခိုက်ရန်ဒေါသဖြစ်ပြီးတော့ စစ်ဖြစ်သည့်အထိ အငြင်းပွားတာ မကောင်းတဲ့အကြောင်း မြတ်စွာဘုရားက တရားဟောတယ်။

ဟောလိုက်တဲ့အခါမှာ အားလုံးက တို့ဟာ ဆွေမျိုးသားချင်းပဲ၊ နှစ်ဦးလုံးက ဆွေတွေမျိုးတွေပဲဆိုပြီး သူတို့ရဲ့ ခိုက်ရန်ဖြစ်တဲ့ ဒေါသတွေကို လျှော့ချပြီးတော့ လက်နက်တွေစွန့်ပြီး မြတ်စွာဘုရား ဟောတာကိုပဲ အာရုံစိုက်ပြီး နားထောင်ကြတယ်။ စစ်ပြေငြိမ်းသွားတယ်ပေါ့၊ စစ်တိုက်မှ မတိုက်ကြတော့ဘူး။ အဲလို မြတ်စွာဘုရားရဲ့ တရားပြ နားချမှုကြောင့် စစ်ပွဲဟာ ရပ်စဲသွားတယ်။ ရပ်စဲသွားတော့ မြတ်စွာဘုရားကို ကျေးဇူးတင်ကြတယ်။ နှစ်ဖက်က ကျေးဇူးတင်တယ်။ အကယ်၍သာ ဘုရားသာ ကြွမလာဘူး၊ တရားပြ နားမချဘူး ဆိုလို့ရှိရင် နှစ်ဖက်စလုံးဟာ ထိခိုက်ဒဏ်ရာတွေ ရကြမှာပဲ။ စစ်ဖြစ်တယ်ဆိုတာ ကိုယ်ကြီးပဲနိုင်မှာ မဟုတ်ဘူးလေ။ နှစ်ဦးနှစ်ဝ ထိခိုက်ဒဏ်ရာမျိုးတွေ ဖြစ်ကြမှာ။

မင်းသား ၅၀၀ သာသနာဘောင်သို့ ဝင်ရောက်ခြင်း

အဲတော့ ကျေးဇူးတင်တဲ့အနေနဲ့ သာကီဝင်မင်းမျိုးတွေထဲက မင်းသား ၂၅၀၊ ကောလိယမင်းမျိုးတွေထဲက မင်းသား ၂၅၀၊ စုစုပေါင်း မင်းသား ၂၅၀ သာကီဝင်က၊ ၂၅၀ ကောလိယက၊ အားလုံး နှစ်ရက်ပေါင်းလိုက်တဲ့ အခါ မင်းသားပေါင်း ၅၀၀။ အစီအစဉ်လုပ်ပြီးတော့ မြတ်စွာဘုရားတွေကို ဝန်းရံကြဖို့ ခေါင်းဆောင်တွေက တိုက်တွန်းတဲ့ အခါကျတော့ အဲတော့ အဲဒီမင်းသားတွေဟာ သာကီဝင်မင်းသား ၂၅၀၊ ကောလိယမင်းသား ၂၅၀၊ စုစုပေါင်း ၅၀၀ ဟာ အိမ်ထောင်ရှိတဲ့ မင်းသားတွေ ဖြစ်တယ်။ လူလွတ်တွေတော့ မဟုတ်ဘူး။

အဲတော့ အများက တောင်းဆိုမှုကြောင့် သူတို့ဟာ လူဘောင်ခွာပြီးတော့ သင်္ကန်းဝတ်ကြတယ်။ အဲတော့ သင်္ကန်းဝတ်တယ်ဆိုတော့၊ အိမ်ထောင်ရှိနေတာဆိုတော့ ဘယ်ပျော်မလဲ။ ရှေ့ခေတ်ကတော့ များသောအားဖြင့် အိမ်ထောင်ရှိတဲ့ လူတွေပဲ သာသနာတော် ဝင်ကြတာ များတယ်လေ။ ကနေ့ခေတ်ကတော့ ငယ်ဖြူဆိုတာ အိမ်ထောင်မရှိတဲ့ လူတွေ ဝင်ကြတာ။ ကနေ့ခေတ်က အိမ်ထောင်ရှိမှဝင်ရင် တောထွက်လို့ ခေါ်ခံရသေးတာကိုး။ သက်ကြီးမှ ဝင်ရင် တောထွက် ဖြစ်တယ်။ အဲတော့ အိမ်ထောင်မရှိတဲ့ ငယ်ငယ်ထဲက သင်္ကန်းဝတ်တဲ့ ပုဂ္ဂိုလ်တွေသာ ကနေ့ခေတ်မှာ များတာ။ ဘုရားလက်ထက်ကတော့ မဟုတ်ဘူး၊ အိမ်ထောင်ရှိပြီးသား ပုဂ္ဂိုလ်တွေက သူတို့ဆန္ဒအလျောက် သာသနာဘောင် ဝင်ကြတာ ဖြစ်တယ်။

ကုဏာလဇာတ်တော်ဟော၍ ရဟန်းတရား ပွားများခြင်း

အဲတော့ ဝင်လာတဲ့ သာသနာဘောင် ရောက်ပြီးတော့ မြတ်စွာဘုရားနောက် တရားဓမ္မကို ကျင့်ကြံကြိုးကုတ် အားထုတ်ကြတဲ့ အခါမှာ တရားမသိသေးတဲ့အချိန်၊ အိမ်မှာ ကျန်ရစ်တဲ့ ဇနီးသည်ဖြစ်တဲ့ မင်းသမီးတွေက စာပေးကြတာပေါ့။ တိတ်တိတ်ပုန်း စာပေးကြတဲ့အခါ သူတို့ သာသနာဘောင်မှာ မပျော်ကြတော့ဘူး။ အဲဒီကိုယ်တော်တွေ လူထွက်ချင်လာကြတယ်၊ သံယောဇဉ်က မပြတ်တော့ မပျော်တော့ဘူး။ အဲဒီအချိန်မှာ မြတ်စွာဘုရား သိတယ်။ သိတော့ မြတ်စွာဘုရားက ဟိုဒေါသဖြစ်တုန်းကလည်း ဘုရားက တရားပြ နားချတာကို၊ အခုလည်းပဲ အိမ်ပြန်ချင်တဲ့ ကိုယ်တော်တွေကို မြတ်စွာဘုရားက ခရီးဒေသစာရီ လှည့်လည်ဖို့ဆိုရင် ကောင်းကင်ခရီးနဲ့ ခေါ်သွားတယ်။ ဘယ်သွားတုန်းဆို ကုဏာလအိုင်၊ ဟိမဝန္တာ တောင်ခြေမှာ၊ ဟိမဝန္တာတောင်မှာ ရှိတဲ့ ကုဏာလအိုင်ဆိုတာ ငှက်အုပ်တွေ ကျက်စားတဲ့၊ အခုခေတ်လူတွေက ငှက်ကြည့်ပေါ့နော်။ မြတ်စွာဘုရားကလည်း သူတို့ကို ငှက်တွေကို ပြတာ၊ သွားပြီးတော့ ငှက်ကြည့်ဖို့ ခေါ်သွားတယ်။ လူဆိုတာ စိတ်က တစ်ခုခု ပြောလိုက်ရင် ပြောင်းသွားတတ်တာကိုး။

အဲတော့ လူထွက်ချင်နေကြတဲ့ ရဟန်း ၅၀၀ ကို ကုဏာလအိုင်ကြီးကို ခေါ်သွားပြီးတော့ အဲဒီမှာ ငှက်အုပ်၊ ကောင်းကင်က ပျံသန်းလာတဲ့ ငှက်အုပ်ရဲ့ အကြောင်း ဟောတယ်။ ကုဏာလဇာတ်ဆိုတာ ရှိတယ်။ ငှက်တွေအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဟောတာ။ အဲဒီကုဏာလဇာတ်ကို ဟောလိုက်တဲ့ အခါကျတော့ အတော်သင့် သူတို့ဟာ အလွမ်းပြေသွားကြပြီးတော့ အိမ်ကိုလွမ်းတဲ့ စိတ်တွေ ဖျောက်သွားနိုင်ကြတယ်။ မြတ်စွာဘုရားဟောတော့ နောက်ဆုံးမှာ သစ္စာတရားပြ ဟောလိုက်တဲ့ အခါမှာ တချို့က သောတာပန် ဖြစ်သွားတယ်၊ တချို့က သကဒါဂါမ်၊ တချို့က အနာဂါမ်။ ရဟန္တာတော့ တစ်ပါးမှ မဖြစ်သေးဘူး။ အဲဒီအခြေအနေ ထိအောင် ရောက်သွားတယ်။ သောတာပန် ဖြစ်ရင်ပဲ ခိုင်မြဲသွားပြီ၊ လူမထွက်တော့ဘူး။ တရားဓမ္မအပေါ်မှာ ခိုင်မြဲသွားပြီ၊ ဘယ်လိုလူ လာလှည့်လှည့် မပြန်တော့ဘူး။

အဲလိုတွေ မိသားစုဘဝတွေ၊ အိမ်ထောင်ရက်သားကျတဲ့ မိသားစုဘဝတွေ ပျက်စီးလို့ မြတ်စွာဘုရားကို အပြစ်တင်ကြတယ်၊ မကြိုက်တဲ့ လူတွေက။ ရဟန်းဂေါတမဟာ ဒီမိသားစုတွေ ပျက်စီးအောင် လုပ်နေတယ်ဆိုပြီးတော့ စွဲချက်တွေ တင်ကြတယ်။ မြတ်စွာဘုရားက ပျက်စီးလိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘူး၊ သံသရာဆင်းရဲကနေ ကယ်တင်တဲ့ အနေနဲ့ပဲ ဟောတာ။ သူတို့မိသားစု ကွဲစေ ပြဲစေ ဒီလိုမပါဘူးနော်။ သံသရာဝဋ်က လွတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ သံသရာဝဋ်က လွတ်ဖို့ နည်းလမ်းပြတာ ဖြစ်တယ်။ သို့သော် ပုထုဇဉ်တွေရဲ့ အတွေးတိမ်မှုကြောင့် မြတ်စွာဘုရား ဒီလိုလုပ်တာကိုပဲ မကျေနပ်နိုင်ကြဘူး၊ အပြစ်တင်ကြတယ်။ နောက်ဆုံးမှာ မြတ်စွာဘုရား တရားပြတဲ့အခါမှာ သောတာပန်၊ အနာဂါမ်အထိ ဖြစ်ကြတယ်။

မဟာဝနတော၌ ရဟန္တာအဖြစ်သို့ ရောက်ရှိခြင်း

ကုဏာလဆိုတဲ့ အိုင်၊ ရေအိုင်ကြီးကို သွားတုန်းကတော့ မြတ်စွာဘုရား တန်ခိုးနဲ့ သူတို့ ကောင်းကင်က လိုက်ပါကြရတာ ဖြစ်တယ်၊ ဘုရားရဲ့ အစွမ်းနဲ့ လိုက်ပါကြတယ်။ သူတို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်ပြီးတော့ အဲဒီအိုင်ကနေအပြန် မဟာဝနတောအုပ်ကြီး၊ ကပ္ပိလဝတ်မြို့နားမှာ ရှိတဲ့ တောအုပ်ကြီးကို လာတဲ့ အခါကျတော့ သူတို့ကိုယ်တိုင် ရတဲ့ အစွမ်းတန်ခိုးတွေနဲ့ ဘုရားနောက်က လိုက်ပါလာကြတာ။ သူတို့ကိုယ်တိုင်ကိုယ်က ကောင်းကင်ပျံနိုင်တဲ့ ဈာန်ရသွားကြတယ် ပေါ့နော်။ သောတာပန်ဖြစ်ပြီး သောတာပန်ဆိုတာ ဈာန်ရပြီးတော့ သောတာပန် ဖြစ်တယ်၊ သကဒါဂါမ်၊ အနာဂါမ်လည်း ဈာန်ရပြီးတော့ ဖြစ်ကြတယ်။ အဲတော့ သူတို့ဟာ သူတို့အစွမ်းတန်ခိုးနဲ့ ကောင်းကင်ခရီးကနေ ပြီးတော့ ကပ္ပိလဝတ်မြို့နားက မဟာဝနဆိုတဲ့ တောကို သက်ဆင်းကြတယ်။

အင်မတန်မှ အေးချမ်းသာယာပြီး လူသူကင်းဆိတ်ငြိမ်တဲ့ မဟာဝနဆိုတဲ့ တောအုပ်ကြီးထဲ ရောက်လာကြတယ်။ အဲဒီတောအုပ်ထဲ ရောက်လာတဲ့ အခါကျတော့ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းပေးပြီးတော့ တရားထပ်ဟောတယ်၊ တရားရှုမှတ်ခိုင်းတယ်။ အဲဒီဟောတဲ့ အခါကျတော့ ကိုယ်တော်တွေဟာ ဘာဖြစ်သွားတုန်းဆိုတော့ မြတ်စွာဘုရား ရှင်းလင်းဟောကြားတဲ့ တရား၊ ဝိပဿနာတရား အားထုတ်ပြီး အားလုံးဟာ ရဟန္တာ ဖြစ်သွားကြတယ်နော်။ ရဟန္တာဖြစ်သွားတယ်။ ဒီမဟာသမယနေ့လို့ ခေါ်တဲ့ နယုန်လပြည့် မတိုင်ခင် ရဟန္တာ ဖြစ်သွားကြတော့ နယုန်လပြည့်နေ့မှာ သူတို့ ရဟန္တာဖြစ်ကြောင်း မြတ်စွာဘုရားကို လျှောက်ချင်တာ၊ သူတို့ အိမ်ကို မလွမ်းတော့ပါဘူးဆိုတာ လျှောက်ချင်တာပေါ့နော်။ အရင်တုန်းက အိမ်လွမ်းလို့ ပြန်ချင်တဲ့ ကိုယ်တော်တွေက သူတို့ အိမ်မပြန်တော့ပါဘူး ဆိုတာကို ဘုရားကို လာလျှောက်ချင်တာ။ ပထမဆုံး ရဟန္တာဖြစ်တဲ့ ကိုယ်တော်က သူတစ်ပါးတည်း ထင်ပြီးတော့ မြတ်စွာဘုရား ရှိတဲ့ဆီကို ရောက်လာတယ်။

ရဟန္တာ (၅၀၀) စုဝေးရောက်ရှိလာခြင်းနှင့် နတ်ဗြဟ္မာများ စည်းဝေးခြင်း

နောက်ကြည့်တော့ ဒုတိယကိုယ်တော်ကလည်း သူ့နောက်က ပါလာတယ်။ အဲ့ဒီကနေ တတိယကိုယ်တော်ကလည်း ပါလာတယ်။ တစ်ဦးနဲ့ တစ်ဦး တိုင်ပင်ထားတာ မဟုတ်ဘူး။ တိုင်ပင်ထားတာမဟုတ်ဘဲနဲ့ မြတ်စွာဘုရားဆီ ရှေ့နောက် တစ်ပါးပြီ တစ်ပါး ရောက်လာကြတယ်။ တစ်ပါးနဲ့ တစ်ပါး သိပ်ပြီ အသိမပေးချင်ဘူး။ အရိယာပုဂ္ဂိုလ်တွေက ကိုယ်တရားထူးရတာကို သူများသိပ်မသိစေချင်ဘူး လျှို့ဝှက်တဲ့ သဘောရှိတယ်။

အဲ့ဒါ ဥပမာပေးထားတာ ဘာနဲ့ဥပမာပေးတုန်းဆို ရွှေအိုးပိုင်တဲ့ လူတစ်ယောက်ဟာ အဲ့ဒီရွှေအိုးကို "ငါ့ရွှေအိုး ဘယ်နားရှိတယ်" ဆိုတာ မပြောဘူးလေ၊ လူသိမှာစိုးလို့။ အဲ့ဒါပဲ သောတာပန်ပုဂ္ဂိုလ်ကလည်း သူသောတာပန်ဖြစ်တယ်ဆိုတာ လူသိမှာစိုးတယ်။ လျှောက်ကြော်ငြာနေရင်တော့ သောတာပန်မဟုတ်လို့ပဲ။ အဲ့ဒါ သောတာပန်ဖြစ်ကြောင်း ကြော်ငြာမောင်းခတ်နေရင်တော့ ဒါ သောတာပန်မဟုတ်သေးလို့။ သောတာပန်ဖြစ်လို့ရှိရင် ရွှေအိုးကို လူသိမှာစိုးသလို ကိုယ်တရားထူးတရားမြတ်ရတာတောင် သူများကိုပြောဖို့ ဝန်လေးကြတယ်တဲ့။ သို့သော် လူတိုင်းကိုတော့ တရားထူးရစေချင်တဲ့ ဆန္ဒရှိတယ်။ ကိုယ်ရဖို့ ကိုယ်ရတာကိုတော့ သူများထုတ်ဖို့ ပြောဖို့ ဝန်လေးကြတယ်။ ဒါ သောတာပန်ရဲ့ စိတ်နေသဘောထားပဲနော်။ သောတာပန်အစစ်ရဲ့ စိတ်နေသဘောထားပေါ့နော်။

သောတာပန်အတုကတော့ "သူခိုးရွှေရ တပြပြ" နေသူ၊ သူခိုးရွှေရ တပြပြတဲ့သူ ရထားတဲ့ ရွှေလေးကို ထုတ်ထုတ်ကြွားတတ်တယ်ပေါ့။ အဲ့ဒါပြောတာ "သူခိုးရွှေရ တပြပြ"၊ မစစ်မှန်တဲ့ ပုဂ္ဂိုလ်က တပြပြပြလုပ်တတ်တယ်။ တကယ်စစ်မှန်တဲ့ ပုဂ္ဂိုလ်က မပြဘူး၊ လျှို့ဝှက်ထားတယ်။

အဲ့တော့ ဒီကိုယ်တော်တွေက မြတ်စွာဘုရားဆီ ဒီနယုန်လပြည့်နေ့ ညနေချမ်းလေး ရောက်လာတဲ့အခါ "ဘုရားဆီ သွားဦးမယ်၊ အိမ်မပြန်ချင်တော့ပါဘူး၊ သာသနာမှာ သူတို့ ပျော်သွားပါပြီ" ဆိုတာလေးကို လျှောက်ချင်ကြတယ်။ ပထမဆုံး ကိုယ်တော်ရောက်လာပြီးတော့ သူလျှောက်ဖို့ ကြည့်လိုက်တဲ့အခါ နောက်က ကိုယ်တော်တစ်ပါးက တစ်ခါ ရောက်လာတယ်။ အဲ့လိုနဲ့ တစ်ပါးတစ်ပါး ရောက်လာတာ (၅၀၀) လုံးက ဘုရားနား ရောက်လာတယ်။ အဲ့တော့ သူတို့ တရားထူးရတယ်လို့ မလျှောက်တော့ဘူး။ ဘာလျှောက်တုန်းဆို "တပည့်တော် ပျော်ပါပြီ၊ လူမထွက်တော့ပါဘူး၊ ဒါ သာသနာ့ဘောင်မှာ ပျော်ပါပြီ" ဆိုတဲ့အကြောင်းလောက်ပဲ လျှောက်တယ်။

နော် အဲ့ဒီ ရဟန္တာ (၅၀၀) မြတ်စွာဘုရားရှေ့မှာ ညနေချမ်းလေးမှာ ထိုင်ပြီးတဲ့အချိန်မှာပဲ၊ ဒီရဟန္တာ (၅၀၀) နဲ့ ဘုရားကို ဖူးဖို့ဆိုပြီးတော့ တိုင်ပင်ညှိနှိုင်းထားတာမဟုတ်ဘဲနဲ့ စကြဝဠာတိုက်တစ်သောင်းက နတ်တွေ ဗြဟ္မာတွေဟာ ရောက်ရှိလာကြတယ်။

စကြဝဠာတစ်သောင်းမှ နတ်ဗြဟ္မာများ ကိုယ်ယောင်ဖန်ဆင်းခြင်း

ရောက်ရှိလာတော့ သူတို့ရဲ့ ကိုယ်ကာယကြီးတွေဟာ လူ့ကိုယ်ကာယနဲ့မတူဘူး၊ ကြီးတယ်။ လာတဲ့ ပရိသတ်က အလွန်များတယ်။ စကြဝဠာတစ်သောင်းက လာတယ်ဆိုတော့ ဒီစကြဝဠာလေး တစ်ခုထဲမှာ အားလုံး စုပြုံနေဖို့ရာ သူတို့ရဲ့ ယူဇနာချီတဲ့ ကိုယ်ကာယကြီးတွေက မဖြစ်နိုင်ဘူး။

အဲ့တော့ ဘာလုပ်ကြတုန်းဆိုတော့ သေးသေးမွှားမွှားလေးတွေ ဖန်ဆင်းကြတယ်၊ ရုပ်ပြောင်းလိုက်ကြတယ်။ သူတို့ ခန္ဓာကိုယ် သေးသေးလေးတွေ ဖန်ဆင်းပြီးတော့ စကြဝဠာတိုက်တစ်သောင်းက လာလှတဲ့ နတ်တွေ ဗြဟ္မာတွေဟာ ခန္ဓာကိုယ်တွေကို ကြုံ့လိုက်ကြတယ်ပေါ့နော်။ ဆတ်ခနဲ ခန္ဓာကိုယ်ကြုံ့လိုက်တာ သေးသေးလေးတွေ ဖြစ်သွားတယ်။ အဲ့တော့ ပြည့်သွားတယ်၊ စကြဝဠာတစ်ခုလုံးလောက် ပြည့်သွားတယ်။

အဲ့ဒီလောက် ကြီးကျယ်တဲ့ ပရိသတ်ကြီးဟာ အဲ့ဒီမှာ စုဝေးမိတာ အလွန်ကြီးကျယ်တယ်၊ အလွန်များတယ်။ အရေအတွက်ကို မရေတွက်နိုင်လောက်အောင် စကြဝဠာတစ်သောင်းက ရောက်လာတဲ့ နတ်တွေ၊ လူကတော့ အဲဒီ ရဟန္တာ (၅၀၀) ပဲ။ အဲ့ဒီ ရဟန္တာ (၅၀၀) နဲ့ ဘုရားကို ဖူးဖို့ဆိုပြီးတော့ ဘယ်သူကမှ မနှိုးဆော်ဘဲနဲ့ ရောက်လာတဲ့ နတ်တွေကတော့ ပြည့်သွားတာပဲ။

သုဒ္ဓါဝါသဗြဟ္မာကြီးများ ရောက်ရှိလာခြင်းနှင့် ဂါထာဖြင့် လျှောက်ထားခြင်း

အဲ့ဒီအချိန်မှာ သမာပတ်ဝင်စားနေတဲ့ သုဒ္ဓါဝါသဘုံက ရဟန္တာဗြဟ္မာကြီးတွေ သမာပတ်က ထလိုက်တဲ့အခါ သူတို့ ခေါင်းထဲမှာ ပေါ်လာတဲ့ နတ်တွေ ဗြဟ္မာတွေ ဘယ်သွားကြသလဲလို့ ကြည့်လိုက်တဲ့အခါ မဟာဝုန်တောမှာ ရောက်ရှိနေကြတယ်။ ဘုရားနဲ့ ရဟန္တာတွေလည်း ရောက်ရှိနေတယ်။

အဲ့တော့ သူတို့လာဖို့ဆိုတာ နေရာမရှိဘူး။ မရှိတော့ နတ်ဗြဟ္မာကြီး လေးယောက်က တစ်ယောက်က အရှေ့လောကဓာတ်က လာတယ်၊ တစ်ယောက်က တောင်က၊ တစ်ယောက်က အနောက်က၊ တစ်ယောက်က မြောက်ကဆိုပြီးတော့ အရပ်မျက်နှာလေးခု ခွဲပြီးတော့ စကြဝဠာတံတိုင်းမှာ ရပ်ပြီးတော့ သူတို့လာကြောင်းကို ဘုရားလည်း သိစေချင်တယ်။ ဘုရားနားလည်း လာလို့မရဘူး၊ များပြားတဲ့ ပရိသတ်က ဒါက ပြည့်နေတယ်။

အဲ့တော့ သူတို့ လာတယ်ဆိုတာကို သိအောင်လို့ သူတို့က အစွမ်းတန်ခိုးရှိတဲ့ ဗြဟ္မာကြီးတွေ၊ အဲ့တော့ ဂါထာတစ်ပုဒ်စီနဲ့၊ တရားသဘောပါတဲ့ ဂါထာတစ်ပုဒ်စီနဲ့ သူတို့လာကြောင်း၊ သံဃာတွေကို ဖူးမြော်ဖို့ သူတို့ ရောက်လာကြောင်းကို အဲ့ဒီ စကြဝဠာတံတိုင်းပေါ်ကနေပြီးတော့ လှမ်းပြီး လျှောက်ကြတယ်။

နတ်ဗြဟ္မာတို့၏ စရိုက် (၆) ပါးကို ဗုဒ္ဓဉာဏ်တော်ဖြင့် ကြည့်ရှုခြင်း

အဲ့တော့ ပရိသတ်က အလွန်များနေတယ်။ အဲ့အချိန်မှာ မြတ်စွာဘုရားက လူတွေက ရဟန္တာတွေကြီးပဲ၊ ရဟန်းတွေက ရဟန္တာတွေကြီးပဲ ဖြစ်တယ်။ ရောက်လာတဲ့ နတ်တွေကျတော့ ပုထုဇဉ်တွေလည်း ပါတယ်၊ အရိယာတွေလည်း ပါတယ်။ အဲ့တော့ နတ်တွေကို တရားဟောဖို့ အခွင့်ဖြစ်လာတယ်။

အဲ့လို တရားဟောဖို့ဆိုတဲ့ အခါ နတ်တွေကို ကြည့်လိုက်တယ်။ အင်မတန်များလှတဲ့ နတ်ပရိသတ်ထဲမှာ "ကျွတ်ထိုက်တဲ့နတ် ရှိသလား၊ မကျွတ်ထိုက်တဲ့နတ် ရှိသလား"။ ကျွတ်ထိုက်တယ်ဆိုတာ ဘယ်ကရတုန်းဆိုတော့ သူတို့ရဲ့ ဥပနိဿယ၊ ပါရမီသမ္ဘာရ၊ ပါရမီ ပြည့်စုံလို့ ဒီဘဝမှာ ကျွတ်ထိုက်တဲ့ အသိဉာဏ်ရှိတဲ့ နတ်တွေ ရှိတယ်၊ ဒီဘဝမှာ မကျွတ်ထိုက်သေးတဲ့ နတ်တွေ ရှိတယ်။ အဲ့ဒါကို ခွဲထုတ်လိုက်ပြီးတော့ ကျွတ်ထိုက်တဲ့ နတ်တွေရှိတယ်ဆိုတာ၊ တစ်ခါ ကျွတ်ထိုက်တဲ့ နတ်တွေကို သူတို့ စရိုက်အားလျော်စွာ တရားဟောမှ ပိုပြီးတော့ ထိရောက်တယ်။

စရိုက်ဆိုတာ လူတွေမှာ စရိုက်နဲ့ ဝါသနာရှိတယ်။ အဲ့ဒီ စရိုက်ဝါသနာအလိုက် တရားဟောရတယ်။ အဲ့ဒီအသိဉာဏ်ကို ဣန္ဒြိယပရောပရိယတ္တိဉာဏ်၊ အာသယာနုသယဉာဏ်လို့ ခေါ်တယ်။ ဗုဒ္ဓဉာဏ်နဲ့ ကြည့်လိုက်ပြီးတော့ နတ်တွေကို စရိုက်အလိုက် တရားဟောဖို့ ကြည့်လိုက်တဲ့အခါ—

တချို့နတ်တွေက အပျော်အပါးအတွက်သာ ကြီးမားပြီး ရာဂစရိုက် ရှိတယ်။ ရာဂစရိုက် ရှိတယ်ဆိုတာ အလှအပ ကြိုက်တယ်နော်၊ အပျော်အပါး ကြိုက်တယ်၊ လှပတာ ကြိုက်တယ်၊ စကားနုတာ ကြိုက်တယ်နော်။ လူလည်း တူတူပဲလေ၊ အနုအရွ အလှအပ ကြိုက်တဲ့လူတို့လည်း ရှိသလို အနုအရွ အလှအပ ကြိုက်တဲ့ နတ်တွေက ရာဂစရိုက်ရှိတဲ့ နတ်တွေက တစ်ပုံ။

အဲ့တော့ ခပ်ကြမ်းကြမ်းပဲ ဒေါသစရိုက်ရှိတဲ့ နတ်တွေက တစ်ပုံ။ ဘာရယ်လို့ သိပ်မစဉ်းစားဘူး၊ ဟို ခုဏလို ကြိုက်တာလည်း မဟုတ်၊ မကြိုက်တာလည်း မဟုတ်၊ မောဟစရိုက် ရှိတဲ့ နတ်တွေလည်း တစ်ပုံ ရှိတယ်။

နောက်တစ်ခါ သဒ္ဓါစရိုက် ရှိတဲ့ နတ်တွေလည်း ရှိတယ်၊ သဒ္ဓါအားကောင်းတယ်။ နတ်တွေဟာ သဒ္ဓါတရား အားကောင်းတယ်၊ အဲ့ဒီနတ်တွေက တစ်ပုံ ရှိတယ်။ ဗုဒ္ဓိစရိုက်လို အသိဉာဏ် အားကောင်းတဲ့ နတ်တွေကလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် မယုံဘူး၊ စဉ်းစားဉာဏ်နဲ့ နေတာ။ တချို့ကျတော့ ယုံလွယ်တယ်၊ ဘာပြောပြော ချက်ချင်းလက်ခံ၊ အဲ့ဒါ သဒ္ဓါစရိုက်။ မယုံဘူး၊ စဉ်းစားတယ်ဆိုတာက ဗုဒ္ဓိစရိုက်။ အတွေးနယ်ချဲ့တဲ့ စရိုက်ကျတော့ ဝိတက်စရိုက်လို့ ခေါ်တယ်။

အဲ့တော့ စရိုက် (၆) ပါး— ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ ကိလေသာတွေနဲ့ ပတ်သက်ပြီး ဒါ မကောင်းတဲ့စရိုက်။ အဲ့တော့ နောက် သဒ္ဓါစရိုက်၊ ဗုဒ္ဓိစရိုက်၊ ဝိတက်စရိုက် (အတွေးများတဲ့ စရိုက်)။

မဟာသမယနှင့် စရိုက်အလိုက် ဟောကြားအပ်သော သုတ် (၆) သုတ်

အဲ့ဒီ သူ့စရိုက်အလိုက် မြတ်စွာဘုရားက မဟာသမယသုတ် ခြောက်သုတ် အဲ့မှာ ဟောတာ။ အဲ့တော့ အများသိနေတာက မဟာသမယသုတ်ကြီးပဲ၊ ဟို နတ်တွေ စာရင်းထုတ်တဲ့ မဟာသမယသုတ်ကြီးပဲ သိကြတာများတယ်။ ဒီသုတ်တွေက၊ ဒီခြောက်သုတ်က ဘယ်မှာပါတာတုန်းဆိုတော့ သုတ္တနိပါတ် ပါဠိတော်မှာ ဂါထာတွေနဲ့ ရေးထားတယ်။

အဲ့တော့ မြတ်စွာဘုရားက ဟောတာ လူတွေကို ဟောတာတော့ မဟုတ်ဘူး။ စရိုက်အလိုက် ဒီနတ်တွေကို ဟောတာနော်။ အဲ့ဒါကြောင့် ဒီရာဂစရိုက်ဆိုတဲ့ အနုအရွ အလှအပ ကြိုက်တဲ့ နတ်တွေအတွက်က ဘာဟောတုန်း— သမ္မာပရိဗ္ဗာဇနိယသုတ်ကို ဟောတယ်။ အဲ့ဒါ မဟာသမယသုတ်ထဲမှာ တစ်ခု၊ သမ္မာပရိဗ္ဗာဇနိယသုတ်လို့လည်း ခေါ်တယ်။ သမ္မာပရိဗ္ဗာဇနိယဆိုတာ မှန်ကန်တဲ့ နည်းလမ်းနဲ့ လောကကြီးက ထွက်ခွာတာ။ လောကကြီးနဲ့ ပတ်သက်ပြီးတော့ မနေဘဲနဲ့ လောကကြီးက ထွက်ခွာတယ်။ လောကကြီးက ထွက်ခွာတယ်ဆိုတာ ကိုယ်ပေါင်းစိတ်ခွာပေါ့၊ လောကကြီးထဲမှာ တွယ်တာမှုမရှိဘူး၊ အဲ့ဒါလည်း ထွက်ခွာတာပဲလေ။ လောကကြီးထဲမှာ နေပေမယ့်လို့ လောကကြီးနဲ့ ပတ်သက်မှုမရှိဘူး။ ကြာဖက်ဟာ ရေထဲမှာနေပေမယ့်လို့ ကြာဖက်၌ ရေမတင်ဘူး မဟုတ်လားနော်။ ရေထဲမှာ ပွင့်နေတဲ့ ကြာဟာ ဘယ်လိုရေတွေနဲ့ ဖြန်းဖြန်း ရေမစိုဘူးလေ။ အဲ့လိုပဲ လောကကြီးက ထွက်ခွာတဲ့ ပုဂ္ဂိုလ်တွေဟာ လောကကြီးမှာ နေပေမယ့်လို့ လောကကြီးပေါ်မှာ တွယ်တာမှုတွေ၊ မုန်းတီးမှုတွေ မရှိဘူး၊ အဲ့ဒီနည်းနဲ့ ထွက်ခွာတယ်လို့ ခေါ်တယ်။ အဲ့ဒါ သမ္မာပရိဗ္ဗာဇနိယသုတ်။

နောက်ထပ် ဒေါသစရိုက်ရှိတဲ့ နတ်တွေအတွက်ကျတော့ ပုရာဘေဒသုတ်ဆိုတာ ဟောတယ်။ နောက်တစ်ခါ မောဟစရိုက်ရှိတဲ့ နတ်တွေအတွက်က ကဠဟဝိဝါဒသုတ်ဆိုတာ ဟောတယ်။ သဒ္ဓါစရိုက်ရှိတဲ့ နတ်တွေအတွက် စူဠဗျူဟသုတ်ကို ဟောတယ်။ ဗုဒ္ဓိစရိုက်ရှိတဲ့ နတ်တွေအတွက် မဟာဗျူဟသုတ်ကို ဟောတယ်။ ဝိတက်စရိုက်ရှိတဲ့ နတ်ဗြဟ္မာတွေအတွက်ကတော့ တုဝဋ္ဌကသုတ်ဆိုပြီးတော့ ဟောတယ်။ သုတ် ခြောက်သုတ်။

ဒီကနေ့ စတင်ပြီးတော့ နာရမှာက သမ္မာပရိဗ္ဗာဇနိယသုတ်။ ဒါ မဟာသမယသုတ်တွေက၊ ဒီသမ္မာပရိဗ္ဗာဇနိယသုတ်ဆိုတာ နတ်တွေကို ဟောတာ။ ဒါ အလေးအနက် ဟောတဲ့ တရားတွေနော်။ ဒါတွေက မဟာသမယသုတ်ကြီးပဲ၊ နတ်တွေ စာရင်းထုတ်တဲ့ သုတ်ကြီးပဲ အသိများနေပြီးတော့ ဒီသုတ်တွေက အသိနည်းနေတယ်၊ ရွတ်ဖတ်မှုလည်း အားနည်းကြတယ်ပေါ့နော်။ အဲ့တော့ သမ္မာပရိဗ္ဗာဇနိယဆိုတာ လောကက ထွက်ခွာတဲ့နည်း၊ အဲ့ဒါကို ဟောမယ်။

နိမ္မိတရုပ်ပွားတော် ဖန်ဆင်း၍ အမေးအဖြေပြုလုပ်ခြင်း

အဲ့ဒါကို ဟောတဲ့အခါကျတော့ မြတ်စွာဘုရားက ပိုပြီးတော့ ရှင်းလင်းလွယ်ကူအောင် မေးခွန်းထုတ်ပြီး အဖြေပေးတဲ့ တရားမျိုးကို ဟောဖို့ စဉ်းစားတယ်။ အဲ့တော့ ဘယ်သူ့ မေးခွန်းထုတ်ခိုင်းမလဲဆိုတော့ ဘုရားကို မေးနိုင်တဲ့ ပုဂ္ဂိုလ်က တစ်ယောက်မှ မရှိလေ။ အင်း... အဲ့တော့ မြတ်စွာဘုရားက ဘာလုပ်တုန်းဆိုတော့ အမေးနဲ့အဖြေ လုပ်ဖို့အတွက် နိမ္မိတရုပ်ပွားတော်တစ်ဆူ ဖန်ဆင်းလိုက်ရတယ်။ တရားဟောဖို့အတွက် နိမ္မိတရုပ်ပွားတော်တစ်ဆူ ဖန်ဆင်းထားတယ်။

ဘုရားနှစ်ဆူ ဖြစ်သွားတယ်။ ပုံတူ နိမ္မိတရုပ်ပွားတော် ဖန်ဆင်းပြီးတော့ တစ်ပါးက မေးမယ်။ နိမ္မိတဘုရားက မေးတာကို၊ ကိုယ်ပွားဘုရားက မေးတာကို ဘုရားစစ်က ဖြေတယ်။ အဲ့တော့ အဲ့ဒီ အမေးအဖြေအနေနဲ့ မြတ်စွာဘုရားက ဒီသုတ္တန်ကို စာဟောတာနော်။ ထူးထူးခြားခြား၊ ခါတိုင်းဆိုလို့ရှိရင် မြတ်စွာဘုရားက သုတ္တန်တစ်ခု ဟောတယ်ဆိုတာ ဘာနဲ့ ဟောတာတုန်းဆို—

၁။ အတ္တုဇ္ဈာသယ (မိမိဆန္ဒအရ ဟောတာရှိတယ်)။

၂။ ပရဇ္ဈာသယ (တရားနာပုဂ္ဂိုလ်တွေရဲ့ စိတ်ဆန္ဒအရ ဟောတာရှိတယ်)။

၃။ ပုစ္ဆာဝသိက (မေးခွန်းမေးလို့ ဖြေပြီးတော့ ဟောတာရှိတယ်)။

၄။ အတ္ထုပ္ပတ္တိက (အကြောင်းအရာတစ်ခု ပေါ်လာလို့ ဟောတာရှိတယ်)။

အကြောင်းလေးမျိုးရှိတဲ့ တရားဟောတာ။ အဲ့တော့ ဒီအခါမှာတော့ ဒီပုစ္ဆာဝသိကလို့ခေါ်တဲ့ မေးခွန်းကိုဖြေတဲ့ နည်းလမ်းကို အသုံးချပြီးတော့ မြတ်စွာဘုရား ဟောမယ်။ သို့သော် မြတ်စွာဘုရား ကြိုက်တဲ့အဖြေ ဖြေဖို့ရာအတွက် မေးခွန်းထုတ်မယ့် ပုဂ္ဂိုလ်က လိုတယ်။ သူ ဟောချင်တဲ့ အကြောင်းအရာကို မေးမယ့် ပုဂ္ဂိုလ်လိုတာ။ လိုတဲ့အတွက်ကြောင့် တခြားပုဂ္ဂိုလ်တွေ မေးတာမဟုတ်ဘဲနဲ့ နိမ္မိတဘုရား ဖန်ဆင်းပြီး နိမ္မိတဘုရားကနေပြီးတော့ မေးတယ်။ အဲ့လိုနော်၊ ဒါ ထူးခြားတဲ့ တရားတစ်ပုဒ်လို့ ဒီလိုပြောရမှာပေါ့။ အဲ့ဒါလေးကို ဒီကနေ့ ပြီးသလောက် ဒီသုတ္တန်ကို ဆက်ပြီးတော့ ဟောကြရအောင်။

အဲ့တော့ ဒီသုတ္တန်တွေဟာ တကယ်ကို နတ်တွေက သဘောကျတယ်။ သူတို့ စရိုက်နဲ့ ကိုက်တာကြောင့်မို့။ ဘုရားဟောတုန်းက ပါဠိလေးအတိုင်းပဲ နည်းနည်း နာယူမှတ်သားကြည့်ရအောင်နော်၊ ပြီးတော့မှ အဓိပ္ပာယ်ရှင်းပြမယ်။

သမ္မာပရိဗ္ဗာဇနိယသုတ် နိဒါန်းပါဠိနှင့် နိဿယအဖွင့်

‘‘ပုစ္ဆာမိ မုနိံ ပဟူတပညံ, တိဏ္ဏံ ပါရင်္ဂတံ ပရိနိဗ္ဗုတံ ဌိတတ္တံ၊ နိက္ခမ္မ ဃရာ ပနုဇ္ဇ ကာမေ, ကထံ ဘိက္ခုသမ္မာ သော လောကေ ပရိဗ္ဗဇေယျ’’။

ဘုရားက မေးခွန်းထုတ်လိုက်တဲ့ဟာ၊ နောက် မြတ်စွာဘုရားကို မေးခွန်းထုတ်တာ—

ပုစ္ဆာမိ— မေးမြန်းပါ၏၊ မုနိံ— ရဟန်းမြတ် ဖြစ်တော်မူသော၊ ပဟူတပညံ— ကြီးမြတ်သော ပညာရှိတော်မူသော၊ တိဏ္ဏံ— ဩဃလေးဖြာကို ကျော်ဖြတ်ပြီး၍၊ ပါရင်္ဂတံ— နိဗ္ဗာန်သောင်ကမ်းသို့ တက်လှမ်းပြီးတော်မူသော၊ ပရိနိဗ္ဗုတံ— ကိလေသာ ငြိမ်းပြီး၍၊ ဌိတတ္တံ— ကြံ့ခိုင်သည့် စိတ်ဓာတ်ရှိသော ဂေါတမမုနိအရှင်မြတ်ကြီးကို။ နိက္ခမ္မ ဃရာ— လူ့ဘောင်အိမ်ရာမှ ထွက်ခွာ၍၊ ပနုဇ္ဇ ကာမေ— ကာမဂုဏ်တို့ကို ပယ်ဖျောက်၍၊ ကထံ— ဘယ်ကဲ့သို့သော အခြင်းအရာအားဖြင့်၊ ဘိက္ခု— ရဟန်းသည်၊ သမ္မာ— မှန်ကန်စွာ၊ လောကေ— လောက၌၊ ပရိဗ္ဗဇေယျ— ကျင့်သုံးလျက် ထွက်ခွာရာပါသနည်း။

ဆိုလိုတဲ့ အဓိပ္ပာယ်က ဩဃလေးဖြာကို ကျော်ဖြတ်ပြီး နိဗ္ဗာန်သောင်ကမ်း တလှမ်းပြီးတော်မူသော၊ ကိလေသာငြိမ်းပြီး၍ ကြံ့ခိုင်သည့် စိတ်ဓာတ်ရှိသော၊ ကြီးမားတဲ့ ပညာရှိတဲ့ ဂေါတမမုနိအရှင်ကို မေးပါမယ်။ ဂုဏ်ထူးဝိသေသတွေနဲ့ ထုတ်ပြောတာ၊ မုနိဆိုတာ ရဟန်းလို့လည်း ဘာသာပြန်လို့ရတယ်။

မြတ်စွာဘုရား၏ ဂုဏ်ထူးဝိသေသများအား ချီးမွမ်းခြင်းနှင့် နေမိနတ်သား၏ အမေး

တစ်နည်းအားဖြင့် ပညာရှိမုနိ၊ ပဟူတပညာ—ပညာကြီးမားတဲ့ ပညာရှိတဲ့ တကယ့်ပညာရှိပုဂ္ဂိုလ်မြတ်စွာဘုရားကို ဂုဏ်ထူးဝိသေသတွေနဲ့ နေမိတရားက ချီးမွမ်းတယ်။ "တိဏ္ဏံ" ဆိုတာ ဩဃ ကိလေသာ သံသရာကို ဖြတ်ကူးပြီးသား။ သာမာန် ပုဂ္ဂိုလ်တွေက ဒီအခက်အခဲတွေကို မကျော်နိုင်ဘူး၊ ဖြတ်ကူးတယ်ဆိုတာ ဒီအခက်အခဲကို ကျော်တာကို ပြောတာ။

ဘာတွေကို မကျော်နိုင်တာတုန်းဆိုတော့ ကာမောဃ—ကာမဂုဏ်တွေကို မစွန့်လွှတ်နိုင်ဘူး။ ကာမဂုဏ်တွေဟာ တကယ့်ရေစီးသန်တဲ့ ဩဃကြီး၊ မဖြတ်ကျော်နိုင်ဘူး။ "ဖြတ်ကျော်လိုက်မယ်" ကြိုးစားလိုက်တာနဲ့ မျောပါသွားမှာ၊ မကျော်နိုင်ဘူး။ အဲ့ဒါကြောင့်မို့ မြတ်စွာဘုရားက အဲ့ဒါကို လွတ်မြောက်အောင် ကျော်ဖြတ်ပြီးပြီ။ ကျော်ဖြတ်ပြီးရုံတင်မကဘူး၊ ပါရင်္ဂတံ—ဟိုဘက်ကမ်း ရောက်သွားပြီ။ အင်မတန် ရေစီးသန်တဲ့ ရေဝဲဩဃကြီးကို ဖြတ်ကျော်ပြီးတော့ ဟိုဘက်ကို ရောက်သွားတယ်။ နိဗ္ဗာန် ရောက်သွားပြီလို့ ဆိုတညွ္။

နိဗ္ဗာန် ရောက်သွားလို့ ပရိနိဗ္ဗုတံ—ထဲက အပူအပန်ကင်းပြီးတော့ ကိလေသာတွေ ငြိမ်းနေတယ်။ ကိလေသာတွေ ငြိမ်းလို့ ဌိတတ္တံ— စိတ်ဓာတ်က ကြံ့ခိုင်တယ်။ တည့်မတ်တဲ့ စိတ်ဓာတ် ရှိတယ်။ အဲ့တော့ ကိလေသာ မငြိမ်းသေးရင် လူဆိုတာက စိတ်ဓာတ်က ကြံ့ခိုင်မှု မရှိဘူးလေ။ လူကြည့်ပါလား လောဘဖြစ်လာရင် စိတ်က တစ်မျိုး၊ ဒေါသဖြစ်လာရင် စိတ်က တစ်မျိုး၊ အဲ့ဒါ ကြံ့ခိုင်မှု မရှိလို့ပဲ။ တည်ငြိမ်မှု မရှိဘူး၊ မကြံ့ခိုင်ဘူး၊ စိတ်ဓာတ်က ပျော့ညံ့နေတယ်။

ဪ... အခု မြတ်စွာဘုရားကျတော့ ပညာလည်း ကြီးမားတယ်၊ ဒီသံသရာ ဝဲဩဃကြီးလည်း ဖြတ်ကျော်ပြီးတော့ နိဗ္ဗာန်တည်းဟူသော သောင်းကမ်းကို ရောက်သွားပြီ။ ရင်ထဲက ကိလေသာတွေ၊ အပူအပန်တွေ အားလုံးလည်း ငြိမ်းသွားပြီ၊ တကယ့်ကို တည်တံ့ခိုင်ခံ့တဲ့ စိတ်ဓာတ်၊ ကြံ့ခိုင်တဲ့ စိတ်ဓာတ်လည်း ရှိတယ်။

ကာမဂုဏ်တရား ငါးပါးနှင့် လူတို့၏ ခံစားမှုအာရုံများ

အဲ့ဒီလို ဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံတဲ့ အရှင်ဘုရားကို နိမ္မိတဘုရားက နိက္ခမ္မ ဃရာ ပနုဇ္ဇ ကာမေဆိုတာ ဝတ္ထုကာမ။ ဝတ္ထုကာမဆိုတာ ဘာတွေ ပြောတာတုန်းဆိုတော့ စာရင်းထုတ်မယ်ဆို အများကြီး၊ စာရင်းနဲ့ ထုတ်မပြောတော့ဘူး။ မျက်စိက မြင်ပြီးတော့ လိုချင်စရာ၊ နားနှင့် ကြားပြီးတော့ လိုချင်စရာ၊ နှာခေါင်းနဲ့ နမ်းရှုပြီး လိုချင်စရာ၊ နော်... လျှာနဲ့ လျှက်ပြီးတော့ လိုချင်စရာ၊ ခန္ဓာကိုယ်ထဲ ထိတွေ့ပြီး လိုချင်စရာ အာရုံတွေ၊ အဲ့ဒီ ငါးမျိုးကို "ကာမ" လို့ ခေါ်တယ်။

လိုချင်စရာ အာရုံတွေ၊ လူတွေဟာ ရှာတာ အဲ့ဒါပဲ ရှာတာလေ။ ဘာရှာတာတုန်း—မျက်စိက လှတာပတာ ကြည့်ဖို့၊ နားက သာယာတဲ့ အသံ နားထောင်ဖို့။ ရှာနေတဲ့ သဘောကို ကြည့်၊ စာရင်းထုတ်မယ်ဆို နည်းတာကြီးလား။ အဲ့ဒါ ကြိုက်လား မကြိုက်လား စဉ်းစားကြည့်ပေါ့။ Audio system နဲ့ ဒီသီချင်းတွေ ဖွင့်တဲ့ player တို့ကတော့ ရောင်းလို့မှ မလောက်ဘူး။ Memory ကဒ်ကလေးထဲ သွင်းပြီးတော့ နားကြပ်ကလေး တပ်ပြီးတော့ ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ နားထောင်နေတဲ့ လူတွေက သန်းချီရှိတယ်လေ။ အဲ့ဒါ ကာမဂုဏ်ပဲ။

မျက်စိကလည်း လှတာပတာ ကြည့်ဖို့ ကြိုးစားကြတယ်။ ကိုယ့်အိမ်မှာ ရိုးပြီးဆိုရင် အပြင်ထွက်ကြည့်တယ်၊ ကမ္ဘာလှည့်ကြည့်တယ် ပျော်ဖို့။ အဲ့တော့ အပျော်ရှာတာတွေက အများကြီးပဲလေ။ နှာခေါင်းတို့၊ လျှာတို့၊ ကိုယ်ကာယတို့နဲ့ အပျော်ရှာတာကျတော့ အစားအသောက်ပဲလေ။ အစားအသောက် စားလို့ရှိရင် သုံးမျိုးလုံး တစ်ခါတည်း ရတယ်။

ကော်ဖီ သောက်မယ်ဆိုလို့ရှိရင် သုံးမျိုးလုံး တစ်ခါတည်း ဖြစ်တာကို ပြောပြမယ်။ ကော်ဖီ ဖျော်ပြီးတော့ သောက်တော့မယ်လို့ ဆိုလိုက်တဲ့ အချိန်မှာ အနံ့လေး မွှေးတာက ဒါအနံ့က ဂန္ဓာရုံ ကာမဂုဏ်တစ်ခု။ သောက်လိုက်လို့ ပူတာ၊ အေးတာ၊ နွေးတာ၊ အဲ့ဒါက အဲ့ဒါလည်းပဲ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ ကာမဂုဏ်တစ်ခု။ လျှာပေါ်ရောက်တော့ ခါးသက်သက်ကလေးဆိုတာ ဒါလည်း ရသာရုံ ကာမဂုဏ်တစ်ခုပဲ။ လျှာက သိတာ တစ်ခုနော်၊ နှာခေါင်းက သိတာ တစ်ခု၊ ဒီကိုယ်ကာယက သိတာ တစ်ခုနော်။ အဲ့ဒါ ခံစားတာပဲလေ။ လူတွေက ခံစားတာမှ... ။

ကော်ဖီလေး သောက်ပြီး "ကော်ဖီလေးက မွှေးလိုက်တာ ဘယ်က ရတာတုန်း" တံဆိပ်လေးမှတ်၊ နောက်သောက်ဖို့ရာ ရှာဝယ်သွားမယ်ဆို ဝယ်၊ အိမ်ကျ ဖျော်သောက်။ ပူပူလေး သောက်ရတာ ပျင်းလာတဲ့ အခါကျတော့ ice ကော်ဖီဆို လုပ်ပြန်ရော၊ အအေး သောက်ချင်တာ။ ရေခဲစိမ်ပြီး သောက်ပြန်တယ်။ အဲ့ဒါ ဘာတုန်းဆိုရင် ကာယဖြစ်တဲ့ ဖောဋ္ဌဗ္ဗာရုံကို ရှာတာပဲလေ။ အေးတာလေး ကြိုက်တဲ့အခါ အေးတဲ့ ဖောဋ္ဌဗ္ဗာရုံ ရှာတယ်။ အနံ့မွှေးတာကျတော့ ဂန္ဓာရုံကို ရှာတယ်။ အရသာ ကော်ဖီ ခါးခါးလေးဆိုရင်... ကော်ဖီက ရိုးနေတယ်။ Espresso တို့ cappuccino တို့၊ မျိုးစုံပေါ့လေ။ ရှိသမျှ ကမ္ဘာမှာ ထွက်သမျှ ကော်ဖီတွေကို အရသာခံပြီး သောက်ကြတယ်။ ဒါ ကော်ဖီတင် ပြောတာပါ။ ကျန်တာတွေလည်း ဒီအတိုင်းပါနော်။

ထမင်းဆိုလည်း မျိုးစုံ၊ အိမ်ထမင်း အိမ်ဟင်း မစားချင်တော့ ဆိုင်သွားစား၊ ဆိုင်တောင်မှ ဗမာထမင်းဟင်း မစားချင်တော့ တရုတ်ထမင်းဟင်း၊ အခုခေတ် ပိုများလာပြီး။ ဗီယက်နမ် ထမင်းဟင်းကို ကိုရီးယားချက်တို့ အကုန်ပါပဲ။ အဲ့ဒါတွေက ဘာရှာတာတုန်းလို့ မေးလို့ရှိရင် ခုနကပြောတဲ့ ဂန္ဓာရုံတို့၊ ရသာရုံတို့၊ ဖောဋ္ဌဗ္ဗာရုံတို့ ရှိတယ်။ အဲ့ဒါကို ကာမလို့ ပြောတာ၊ တခြားက မဟုတ်ဘူး။ မျက်စိက ကြည့်တာ ရူပါရုံက ကာမ၊ နားက နားထောင်ပြီး ကြည့်တာ အသံ သဒ္ဒါရုံက ကာမ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံက ကာမ။

လောကမှ ထွက်ခွာခြင်းနှင့် ကြာပမာ ဥပမာတရား

အဲ့ဒီ ကာမတွေကို စွန့်ပစ်ပြီးတော့ အိမ်ရာတည်ထောင် လူ့ဘောင်ကနေ စွန့်ခွာပြီး၊ စွန့်ခွာလာတဲ့ ရဟန်းဟာတဲ့၊ လောကကြီးကနေ ဘယ်လိုလုပ် ထွက်ခွာမလဲ။ လူဆိုတာ ဒီကာမဂုဏ် အာရုံတွေနဲ့ နေရင် လောကကြီးမှာ နေတာပဲလေ။ လောကကြီးမှာ နေတာ၊ အဲ့လောကကြီးပေါ်မှာ မကြိုက်တော့ဘူး၊ မမုန်းတော့ဘူး၊ လောကကြီးနဲ့ မထိတွေ့တော့ဘူး၊ သံယောဇဉ် မဖြစ်တော့ဘူးဆိုမှ လောကကြီးက ထွက်တယ် ခေါ်တယ်။ လောကထွက်တာဆိုတော့ သေသွားတာ ပြောတာ မဟုတ်ဘူးနော်။ စိတ်ဓာတ်အနေနဲ့ လောကကြီးက ထွက်၊ ဘယ်လိုလုပ် ထွက်ရမလဲ။

မြတ်စွာဘုရားက တစ်ခါတစ်ခါ ဥပမာပေးပြီးတော့ ဟောတယ်။ "ငါဟာ လောကကြီးမှာ မွေးတာတဲ့၊ လောကကြီးမှာ မွေးပြီးတော့ ငါက လောကကြီးထဲမှာ ကြီးလာတယ်၊ လောကထဲမှာ ငါနေတယ်၊ ဒါပေမဲ့ လောကနဲ့ ငါမပတ်သက်ဘူး။" မပတ်သက်ဘူးဆိုတာ သံယောဇဉ် မရှိတာ ပြောတာနော်။ သံယောဇဉ်ဆိုတာ နှစ်ခုရှိတယ်—အချစ်သံယောဇဉ်နဲ့ အမုန်းသံယောဇဉ်။ လူတွေဟာ အချစ်တာပဲ သံယောဇဉ် ထင်နေတာ၊ မုန်းတာလည်း သံယောဇဉ်။ ကိုယ့်ကိုယ်ကိုယ် စဉ်းစားကြည့်၊ မုန်းတဲ့လူ ခဏခဏ သတိမရဘူးလား၊ ရတယ်။ မုန်းစိတ်နဲ့ သတိရတာလေ၊ အဲ့ဒါ အမုန်းသံယောဇဉ် ခေါ်တယ်။ မနာလိုတာလည်း သံယောဇဉ်ပဲလေ၊ မနာလိုတဲ့လူ ခဏခဏ သတိရတယ်။ အဲ့တော့ သံယောဇဉ် ရှိလို့ သတိရတာပေါ့။ အဲ့တော့ သံယောဇဉ်ဆိုတာ အမျိုးမျိုး ရှိတယ်—ချစ်လို့လည်း သံယောဇဉ် ဖြစ်တယ်၊ မုန်းလို့လည်း သံယောဇဉ် ဖြစ်တယ်။ မနာလိုရင်လည်း သံယောဇဉ် ဖြစ်တယ်။ အာရုံထဲမှာ စွဲလမ်းနေတာ မှန်သမျှ သံယောဇဉ်လို့ ခေါ်တာ။

အဲဒီတော့ မြတ်စွာဘုရားက သူ့ကိုသူ ပြောတာ၊ "ငါ လောကထဲမှာ မွေးတာတဲ့၊ လောကထဲမှာလည်း ကြီးတယ်။ ပြီးတော့ လောကထဲမှာ နေပေမယ့်လို့တဲ့၊ လောကကြီးနဲ့ ငါမပတ်သက်ဘူး" တဲ့။ ဘာနဲ့ ဥပမာတူတုန်းဆိုရင် "ငါ ကြာနဲ့ တူတယ်"။ ကြာဟာ ရေထဲမှာ ပေါက်တယ်၊ ရေထဲမှာ ပေါက်တယ်၊ ရေထဲမှာ ကြီးတယ်၊ ရေပြင်ပေါ် တက်ပြီးတော့ ပွင့်တယ်၊ ရေမျက်နှာပြင်ပေါ် တက်ပွင့်တယ်။ ဒါပေမယ့် ကြာရွက်ဖြစ်စေ၊ ကြာပတ်ဖြစ်စေ၊ ကြာပွင့်ဖြစ်စေ ရေမပေဘူး၊ ရေမပေဘူး။ ရေပေါက်ချလည်း လိမ့်ဆင်းသွားတာပဲ၊ ကြာဖက်ပေါ်မှာ ရေတင်နေတယ်လို့ မရှိဘူးနော်။ အဲ့ဒါလိုပဲ... လောကကြီးထဲမှာ နေပေမယ့်လို့ လောကကြီးနဲ့ မပတ်သက်ဘူး၊ သံယောဇဉ် မဖြစ်ဘူး။ ပတ်သက်တယ်ဆိုတာ ဘာတုန်း—ချစ်တာလည်း ပတ်သက်တာပဲ၊ မုန်းတာလည်း ပတ်သက်တာပဲ၊ မနာလိုတာလည်း ပတ်သက်တာပဲ၊ လောကကြီးနဲ့ ပတ်သက်။ ကိုယ့်ကိုယ်ကိုယ် စဉ်းစားကြည့်၊ ငါက ပတ်သက်သလား၊ လောကကြီးနဲ့ ပတ်သက်သလား၊ ပတ်သက်တာပေါ့နော်။ လောကကြီးနဲ့ ပတ်သက်ပြီးတော့ နေတယ်။ မြတ်စွာဘုရားက "ငါ လောကကြီးနဲ့ မပတ်သက်ဘူး" တဲ့။

အဲ့တော့ အခု နိမ္မိတဘုရားက မေးလိုက်တာ၊ ပညာရှိတဲ့ အရှင်ဘုရားကို မေးပါရစေ။ ကာမဂုဏ် အာရုံတွေကို ပယ်ရှားပြီးတော့ လူ့ဘောင်မှ ခွာရှောင်ကာ ရဟန်းဘောင် ရောက်လာတဲ့ ပုဂ္ဂိုလ်ဟာ လောကကြီးက ဘယ်ပုံ ထွက်ခွာရမလဲ။ လောကကြီးနဲ့ မပတ်သက်အောင် ဘယ်လိုလုပ်ရမလဲ။ နော်... အားလုံးက ပတ်သက်နေ၊ ဘုန်းကြီးဝတ်တာနဲ့ လောကနဲ့ မပတ်သက်ဘူး ပြောတာ မဟုတ်ဘူး။ ပတ်သက်နေ၊ မပတ်သက်အောင် လုပ်ဖို့လိုသေးတယ်။ အဲ့တော့ ဘုန်းကြီးတို့ တတွေ ခုချိန်ထိ ပတ်သက်နေတုန်း၊ ရုန်းထွက်လို့မရဘူးလေ။ လောကကြီးနဲ့ ပတ်သက်မှု ရှိနေတယ်၊ လောကရဲ့ ဟိုဘက်ကို မရောက်ဘူး၊ လောကထဲမှာပဲ နောက်ဆုံးမှာ ကျရှုံးသွားကြရတာ။ လောကထဲက မထွက်နိုင်ရင် လောကထဲမှာပဲ ကျရှုံးသွားမှာ။ အဲ့တော့ လောကက ထွက်တဲ့ နည်းလမ်းကို မေးတာပဲ ဖြစ်တယ်။

သမ္မာပရိဗ္ဗာဇနိယသုတ် ဂါထာတော်များနှင့် ပထမဆုံးအဖြေ

အဲ့ဒီ သမ္မာပရိဗ္ဗာဇနိယသုတ်မှာ နိမ္မိတဘုရားက မေးတာ၊ အမေးဂါထာ တစ်ပုဒ်။ ဂါထာတစ်ပုဒ်ကို မေးလိုက်တာ၊ ဒီမေးခွန်းကတော့ "လောကကြီးက ဘယ်လိုထွက်မလဲ" ဆိုတဲ့ မေးခွန်းပဲ။ မြတ်စွာဘုရား အစစ်က ဖြေလိုက်တာ ၁၅ ဂါထာနဲ့ ဖြေတယ်။ မေးတာက ဂါထာတစ်ပုဒ်ပဲ၊ ဖြေတာက ၁၅ ပုဒ်။ ဖြေလို့ ပြီးသွားတဲ့ အခါမှာ တရားဟောပြီးလို့ရှိရင် ကောင်းတယ် မကောင်းဘူး ဝေဖန်ကြရတာလေ။ လူတွေကျတော့ လက်ခုပ်တီးကြတာပေါ့၊ သီချင်းဆိုပြီးရင်လည်း လက်ခုပ်တီးကြတာ မလား။ လက်ခုပ်တီးသလိုပဲ နိမ္မိတဘုရားကနေ ချီးမွမ်းစကား ပြောတာ တစ်ဂါထာ။ မေးခွန်းထုတ်တာက တစ်ဂါထာ၊ နောက်ဆုံးမှာ ချီးမွမ်းစကား ပြောတာ တစ်ဂါထာ၊ ဂေါတမ မြတ်စွာဘုရား—ဘုရားစစ်က ဖြေတာ ၁၅ ဂါထာ။ အားလုံး ပေါင်းလိုက်တဲ့ အခါ သမ္မာပရိဗ္ဗာဇနိယသုတ်ဟာ ၁၇ ဂါထာ ရှိတယ်လို့ ဒီလိုမှတ်ထား။

အခု ၁၇ ဂါထာထဲက ပထမဆုံး ဂါထာကို ရှင်းပြမယ်—

‘‘ပုစ္ဆာမိ မုနိံ ပဟူတပညံ, တိဏ္ဏံ ပါရင်္ဂတံ ပရိနိဗ္ဗုတံ ဌိတတ္တံ၊ နိက္ခမ္မ ဃရာ ပနုဇ္ဇ ကာမေ, ကထံ ဘိက္ခုသမ္မာ သော လောကေ ပရိဗ္ဗဇေယျ’’။

ကြီးကျယ်တဲ့ ကြီးမားတဲ့ ပညာရှင်ဖြစ်တဲ့၊ သံသရာ ဝဲဩဃကို ဖြတ်ကျော်ပြီးတော့ တစ်ဖက်ကမ်းကို—နိဗ္ဗာန်ဆိုတဲ့ တစ်ဖက်ကမ်းကို ရောက်ပြီးဖြစ်တဲ့၊ ကိလေသာ အပူတွေ ငြိမ်းသွားတဲ့၊ စိတ်ဓာတ် ကြံ့ခိုင်မှု ရှိတဲ့ အရှင်ဘုရားတဲ့။ ကာမဂုဏ် အာရုံတွေကို စွန့်ခွာပြီးတော့ အိမ်ရာတည်ထောင် လူ့ဘောင်က ထွက်လာပြီး ရဟန်းဖြစ်လာတဲ့ ပုဂ္ဂိုလ်ဟာ လောကကြီးနဲ့ မပတ်သက်အောင် ဘယ်လိုကျင့်ရမလဲ၊ လောကကြီးက ထွက်သွားဖို့၊ ထွက်ဖို့ ဘယ်လိုကျင့်ရမလဲ။ ဒီမေးခွန်း မေးတာပဲ၊ မေးခွန်း မေးလိုက်တယ်။

အဲ့ဒီ မေးခွန်းရဲ့ အဖြေကို မြတ်စွာဘုရား ဖြေတာ—

‘‘ယဿ မင်္ဂလာ သမူဟတာ, (ဣတိ ဘဂဝါ) ဥပ္ပါတာ သုပိနာ စ လက္ခဏာ စ၊ သော မင်္ဂလဒေါသဝိပ္ပဟီနော, သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ဒါ ပထမဆုံး ဖြေလိုက်တဲ့ အဖြေလေးတစ်ခုနော်။ အဖြေပေါင်း ၁၅ ပုဒ် ထိအောင် ဖြေမှာ၊ ဒါတစ်ခုပဲ ရှိသေးတယ်။ အဲ့တော့ အရေးကြီးဆုံးတစ်ခု ဖြေတယ်လို့ ကြည့်ရ အောင်။ ဘာကို ဖြေလိုက်တာတုန်းဆိုတော့ "ယဿ မင်္ကုလာ သမုဟတာ"—လောကလူတွေက မင်္ဂလာအတိတ် ရှိတယ်၊ ဒါကတော့ မင်္ဂလသုတ်က မင်္ဂလာ မဟုတ်ဘူးနော်၊ လူတွေပြောတဲ့ မင်္ဂလာ ပြောတာ။ မင်္ဂလာ သိပ်ရှိချင်ကြတယ်၊ မင်္ဂလာ မရှိတာဆိုရင် မကြားချင်ဘူးလေ၊ မင်္ဂလာ ရှိချင်တယ်။ သူတို့ နှစ်သက်တာလေး မြင်ရရင် "မင်္ဂလာရှိလိုက်တာ"၊ ထီပေါက်တယ်လို့ ကြားလိုက်ရင်လည်း "အမလေး... မင်္ဂလာရှိလိုက်တာ"၊ လူသေတယ်ကြားရင် "အမလေး... အမင်္ဂလာ"၊ နော်... ပျက်စီးတယ်ကြားရင် "အမင်္ဂလာ"၊ ကောင်းတယ် ကြားတာမှန်သမျှ မင်္ဂလာပဲ။

လောကီမင်္ဂလာ အစွဲအလမ်းများကို ဖယ်ရှားခြင်း

သူက ဒါ လူတွေရဲ့ သဘာဝ ပြောတာနော်။ ကောင်းတဲ့ သတင်းလေး ကြားရင် "မင်္ဂလာ ရှိလိုက်တာ" ဆိုတဲ့ အဲဒီ မင်္ဂလာဟာ ဟို မင်္ဂလာသုတ်ထဲက မင်္ဂလာ မဟုတ်ဘူး၊ လောကီမင်္ဂလာလို့ ခေါ်တယ်။ ဒိဋ္ဌမင်္ဂလာ၊ သုတမင်္ဂလာ၊ မုတမင်္ဂလာ။ "မင်္ဂလာ ရှိလိုက်တာ" ဆိုပြီးတော့ လူတွေ ကြိုက်တဲ့ မင်္ဂလာတွေကို သမူဟတာ—လုံးဝ ဂရုမစိုက်တော့ဘူး။ အဲဒါတွေ ခေါင်းထဲမှာ မရှိဘူး၊ ဖယ်ထုတ်လိုက်ပြီ။ အဲဒီ လူပြောသူပြော မင်္ဂလာကို ဖယ်ထုတ်ပစ်လိုက်တယ်။

တချို့ဆို မင်္ဂလာက ဘယ်လောက်ထိအောင် ဆွဲတုန်းဆိုလို့ရှိရင်၊ မတတ်သာလို့ အသုဘ ပို့ပြီးရင် အိမ်ပြန်လို့ရှိရင် တရော်ကမွန်းနဲ့ ရေချိုးဖြစ်သေးသတဲ့။ ကိုယ်ကတော့ မသေမှာကျနေတာပဲ။ "မင်္ဂလာ မရှိလို့" တဲ့နော်။ မပို့ဘဲ နေရင်လည်း မျက်နှာပူတယ်ပေါ့။ လူ့ဝတ္တရား မကျေဘူးဆိုရင် သုဿာန် ရောက်တယ်ဆိုတာ အမလေး မင်္ဂလာမရှိတာဆိုပြီး၊ အိမ်ပြန်တဲ့ အခါကျတော့ တရော်တို့၊ ကမွန်းတို့နဲ့ ပွတ်တိုက်ပြီး မင်္ဂလာပြန်ရအောင် ရေချိုးသတဲ့။ ရမယ် မရဘူး။ မကောင်းတဲ့ သတင်းကြားရင် "အမင်္ဂလာ.. မင်္ဂလာမရှိဘူး"၊ ကောင်းတဲ့ သတင်းကြားရင် "မင်္ဂလာရှိတယ်"။ အဲဒီ မင်္ဂလာမျိုး အစွဲအလမ်းတွေကို ဖယ်ရှားပစ်ရမယ်။ နံပါတ်တစ်နော်၊ မင်္ဂလာ သမူဟတာ- ဒါတွေပေါ်မှာ ယုံကြည်မှု မရှိဘူး၊ လုံးဝ ဖယ်လိုက်။

အတိတ်နိမိတ်၊ အိပ်မက်နှင့် လက္ခဏာဗေဒင်များကို စွန့်လွှတ်ခြင်း

ဥပ္ပါတသန္တိ ဆိုပြီးတော့ ဘုရားတောင် ဘွဲ့ပေးထားတာ ရှိတယ်လေ။ ဥပ္ပါတာဆိုတာ ကိုယ်မဖြစ်ချင်တာတွေ၊ ကောင်းကင်ပေါ်က ကြယ်ကြွေတာတို့ ဘာတို့၊ နောက် ဥပါဒ်ပြန်တာတို့၊ အတိတ်နိမိတ်တွေပေါ့နော်။ အတိတ်နိမိတ်တွေနဲ့ ပတ်သက်ပြီး ဥပ္ပါတာ ဘာဖြစ်မယ်၊ ညာဖြစ်မယ်၊ ဗေဒင်ဆရာတွေ ဟောတယ်။ ဘယ်နှခုနှစ်မှာ ဘာဖြစ်လဲ၊ ကမ္ဘာကြီး ဘယ်တော့ ပျက်မလဲ၊ အဲတော့ အဲဒီလို ဥပ္ပါတာ လို့ဆိုတဲ့ ဒီ ဖြစ်ပေါ်လာမယ့် ဟာတွေကို ဟောတာ။ အဲဒါတွေလည်း မယုံနဲ့တဲ့။ လောကကြီးက ထွက်ခွာချင်ရင် အဲဒါတွေလည်း စွန့်လိုက်တယ်။ "ဗေဒင်မမေးနဲ့" လို့ ပြောတယ်။ ဗုဒ္ဓဘာသာတွေ ဗေဒင်မေးတဲ့လူ အများကြီးပဲ။ မမေးတဲ့လို့ ပြောပါ၊ ဗေဒင်ဆရာတွေက တော်ကြာ ရန်ဖြစ်၊ ထမင်းငတ်နေဦးမယ်။ အဲတော့ တကယ် အဆင့်တန်း ရောက်သွားတဲ့ ပုဂ္ဂိုလ်က ဗေဒင်ကို မမေးတော့ဘူး၊ ဗေဒင်မမေးဘူး။ ဘာဖြစ်မလဲ၊ ညာဖြစ်မလဲ မမေးတော့ဘူး။ ဥပ္ပါတာ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ယုံကြည်မှုမရှိဘူး။

နောက်တစ်ခါ သုပိန—အိပ်မက်။ အိပ်မက် မက်တယ်ဆိုလို့ရှိရင် "အမလေး... ဒီအိပ်မက်က ကောင်းလား၊ ဒီအိပ်မက်က မကောင်းဘူးလား၊ ဒီအိပ်မက် မက်ရင် ဘာဖြစ်တုန်း" ဆိုပြီးတော့ အိပ်မက်ရဲ့ အကျိုးအပြစ်။ နှာခေါင်း အနေအထား ဘယ်လို၊ မျက်စိ အနေအထား ဘယ်လို၊ နား အနေအထား ဘယ်လို၊ ပါးစပ် အနေအထား ဘယ်လို၊ လက်ရှိ အင်္ဂါ အနေအထား ဘယ်လိုဆိုပြီးတော့။ အဲတော့ အမှတ်လက္ခဏာတွေ ပြတာရှိတယ်။ အဲဒီ လက္ခဏာတွေ ကြည့်ပြီးတော့ လောကီကျမ်းမှာ ဟောစာတမ်းထုတ်တယ်ပေါ့နော်၊ ဟောစာတမ်းထုတ်တယ်။ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ကြည့်၊ နှာခေါင်းက ပွနေတဲ့သူဆိုရင် "နှာပွ ကြမ်းကြုတ်" တဲ့၊ အဲလို ပြောတာ။ နှာပွတဲ့သူက ကြမ်းကြုတ်တယ်၊ အဲလိုဆိုတာလည်း ရှိတယ်နော်။

နားရွက်ကားတဲ့လူကကျတော့ ပညာကြီးတယ်လို့ ပြောတာ။ အဲဒါကို နားရွက်ကားလို့ ပညာရှိတယ်ဆိုရင်၊ အဲဒါ ဆင်ကြီးက ပညာအရှိဆုံး ဖြစ်မှာပေါ့တဲ့၊ နားရွက်ကားကြီးနဲ့။ နားရွက်ကားတိုင်းတော့ ပညာမရှိဘူးပေါ့၊ ဆိုလိုတာနော်။ ဗေဒင်ကိန်းခန်းတွေနဲ့ ပတ်သက်ပြီး ယုံသူလည်း ရှိတယ်၊ မယုံသူလည်း ရှိတယ်။ အဲဒီတော့ လူ့ရဲ့ အမှတ်လက္ခဏာတွေ လုံးဝ ကြီး ငြင်းပယ်တာတော့ မဟုတ်ဘူး၊ ဒါတွေကို စွဲလမ်းမထားတာကို ပြောတာ။ ဘုရားဖြစ်မယ့် ပုဂ္ဂိုလ်တို့ စကြာဝတေးမင်း ဖြစ်မယ့် ပုဂ္ဂိုလ်တွေကျတော့ မဟာပုရိသလက္ခဏာ ၃၂ ပါး၊ အဲဒါကို ကြည့်ပြီးတော့ "ဒီပုဂ္ဂိုလ်က ဘုရားဖြစ်မယ်၊ ဒီပုဂ္ဂိုလ်က ဘာဖြစ်မယ်" လူတွေတင် မပြောဘူး၊ နွားတောင်မှပဲ ဘယ်မှာ ကြာပါတဲ့ နွားက ဘာဖြစ်တယ်၊ ခိုက်တယ်၊ ကောင်းတယ်၊ ဘယ်နွားက ကောင်းတယ်၊ ဘယ်နွားက... နွားတောင်မှပဲ အဲဒီ ဒီအစွဲအလမ်း ရှိတယ်လေ။ လက္ခဏာကြည့်ပြီးတော့ နွားတောင်မှပဲ ရှောင်ကြတယ်။ တချို့က နွားဝယ်ရင်တောင်မှပဲ ကြာ ဘယ်မှာ ပါတယ်၊ ဗွေ ဘယ်မှာ ပါတယ်ဆိုပြီးတော့ "ဗွေဆိုးပါတဲ့နွား" ဆိုတာ ရှိသေးတယ်။

လူမှာလည်း ငယ်ငယ်တုန်းက ကြားဖူးတာ၊ ခေါင်းပေါ်မှာ ကြည့်လိုက်လို့ ဗွေနှစ်ခု ပါနေလို့ရှိရင် "အဲဒါ ဗွေနှစ်လုံး ဆုံးမလျှင်" ဆိုပြီးတော့ ပြောကြတယ်။ အဲဒါ လက္ခဏာကျမ်းတွေပဲနော်။ တချို့ကျတော့ အဲဒါ ဗွေချိန်ခွင်နဲ့ အရောင်းအဝယ် လုပ်ရင် ကြီးပွားတယ်လို့ ပြောတဲ့လူက ရှိတယ်။ အမျိုးစုံပါပဲနော်။ နော် ဗွေနှလုံး ဆုံးမလျှင် ပြောတဲ့လူက ပြော၊ အဲဒါတွေက လက္ခဏာလို့ ခေါ်တယ်။ လက်ဝါး ကြည့်ပြီးတော့ ဘာဖြစ်မလဲ၊ ညာဖြစ်မယ်။ အောင်မလေး... ဒီ ပညာလမ်းကြောင်းနဲ့ အာယုလမ်းကြောင်း ကြားထဲမှာ ကြက်ခြေခတ်ပါရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ခဏခဏ တွေ့တယ်။ ဘာမှ မဖြစ်ဘူး၊ လက်ထဲမှာ ရှိတဲ့ ကံရှိမှ ဖြစ်မှာ။ အဲတော့ ဒါတွေလည်းပဲ ယုံကြည်တာတွေကို မြတ်စွာဘုရားက ဒီမှာ အဲဒါတွေကို ထည့်ဖြေထားတာနော်။ အဲဒီခေတ်ကလည်း ယုံတဲ့လူ များလွန်းလို့ နေမှာနော်။

အဲဒီ လက္ခဏာအဟောတွေလည်း ဖယ်ရှားရမယ်တဲ့။ သော မင်္ဂလဒေါသဝိပ္ပဟီနော—လူတွေ ယုံကြည်တဲ့ မင်္ဂလာကိုလည်း ဖယ်ပါတဲ့၊ အပြစ်အနာဆာတွေ အားလုံးကိုလည်း ဖယ်လိုက်ပါ၊ ကျန်တာတွေလည်း မယုံပါနဲ့လို့ ပြောတယ်နော်။ မင်္ဂလာကိုလည်း မယုံနဲ့၊ ဥပ္ပါတာ ဖြစ်ပွား ရောက်ရှိ ဖြစ်ပေါ်လာတာ ဥပမာ ကြယ်ကြွေတယ်လို့၊ ဥပါဒ်ပြန်တယ်တို့ ဘာတို့ ဒါတွေ မယုံနဲ့။ အဲဒါတွေက ဖြစ်လာ... အိပ်မက်၊ အိပ်မက်မက်ပြီးတော့ ဟောတာတွေ ဒါတွေလည်း မယုံနဲ့။ လက္ခဏာဖတ်ပြီး ဟောတာတွေ ဒါတွေလည်း မယုံနဲ့။ အဲဒီ မင်္ဂလာနဲ့ အပြစ်အနာအဆာတွေ အားလုံးကို ဖယ်ထားလိုက်၊ ယုံကြည်မှုတွေ မရှိနဲ့၊ မထားနဲ့တဲ့။ အဲဒါတွေကို ဖယ်ရှားနိုင်ပြီ ဆိုရင်တဲ့ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ—အဲဒီ ရဟန်းဟာ လောကနေ ထွက်ခွာနိုင်ပါတယ်။ နို့မို့ဆို ဒီလောကထဲမှာပဲ လည်နေမယ်။ လောကကြီးနဲ့ ကင်းပျက်နိုင်တယ်ပေါ့၊ လောကနေ ထွက်သွားနိုင်တယ်။ အဲလိုဆိုရင် ဒီလောကထဲမှာပဲ ရောက်မယ်၊ အဲဒါတွေကို ဖယ်ရှားနိုင်ရမယ်လို့ ဒါ အမေးခွန်းရဲ့ ပထမဆုံး ဖြေတဲ့ အဖြေလေးတစ်ခုနော်။ ဆိုလိုတာက ခြုံပြောလိုက်မယ်ဆိုရင် လူတွေရဲ့ ယုံကြည်မှု အစွဲအလမ်းတွေ မှန်သမျှ ဖယ်နိုင်ရမယ်၊ မဖယ်နိုင်ရင် လောကကြီးက မထွက်နိုင်ဘူးလို့ ဆိုလိုတယ်။ ဒါ မြတ်စွာဘုရား ဟောတဲ့ သမ္မာပရိဗ္ဗာဇနိယသုတ်မှာ ပထမဂါထာရဲ့ အဖြေပဲ။ အဲတော့ အဖြေပေါင်းက ၁၅ ခု လာမှာဆိုတော့ ဒီနေ့တော့ ဒီအဖြေတစ်ခုနဲ့ပဲ ရပ်ကြရမယ်။

သမ္မာပရိဗ္ဗာဇနိယသုတ် ဒေသနာတော်ရုပ်သိမ်းနှင့် မေတ္တာပို့

တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့၊ နတ်တွေရဲ့ စရိုက်အားလျော်စွာ ဟောကြားတော်မူခဲ့တဲ့ သမ္မာပရိဗ္ဗာဇနိယသုတ်ဆိုတဲ့ ဒီ မဟာသမယသုတ်ဟာ လေးနက်တဲ့ သုတ္တန်တစ်ခု ဖြစ်လို့၊ အာရုံစူးစိုက်ပြီးတော့ ကြားနာပြီး တကယ် တရားအစစ်အမှန်တွေကို မှတ်သားနာယူကြတယ်၊ တရားအစစ်အမှန်တွေကို လိုက်နာကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်တော်မူနိုင်ကြပါစေ ကုန်သတည်း။

(သာဓု... သာဓု... သာဓု)

မေတ္တာပို့ရအောင်။

သတ္တဝါများစွာ၊ ဘေးရန်ကွာ၊ ချမ်းသာကြပါစေ။

သတ္တဝါများစွာ၊ ဘေးရန်ကွာ၊ ချမ်းသာကြပါစေ။

မေတ္တာရေ၊ သွန်းကာဖြန်း၊ ငြိမ်းချမ်းကြပါစေ။

မေတ္တာရေ၊ သွန်းကာဖြန်း၊ ငြိမ်းချမ်းကြပါစေ။

သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာ၊ လိုရာဆန္ဒ ပြည့်ပါစေ။

သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာ၊ လိုရာဆန္ဒ ပြည့်ပါစေ။

ဖုလ္လန္တာ သုခပင်္ကဇာ၊ မေတ္တာပုဏ္ဏိန္ဒု သင်္ဂမာ။ မနောသရသိ သဗ္ဗေသံ၊ ပဝါယန္တု သုဂန္ဓကာ။

မေတ္တာပုဏ္ဏိန္ဒုသင်္ဂမာ - စုပေါင်းပို့အပ်၊ မေတ္တာဓာတ်ဟူ၊ ရောင်ဖြူ ပဝင်း ၊ ငွေလမင်းနှင့် ၊ ရောင်ချင်းယှက်ရုံ၊ ပေါင်းစုံရခြင်းကြောင့်၊ သဗ္ဗေသံ - ကြွင်းမဲ့ဥဿုံ၊ လုံးစုံများစွာ၊ သတ္တဝါတို့၏၊ မနောသရသိ -မြင့်မြတ်ဖြူစင်၊ အေးကြည်လင်သည့်၊ ရေစင်ပြည့်တင်း၊ စိတ်နှလုံး တည်းဟူသော ရေအိုင်ကြီးအတွင်း၌၊ သုခပင်္ကဇာ - အစဉ်ထာဝရ၊ အေးမြကြည်သာ ၊ သာယာပွင့်လန်း၊ ချမ်းသာသုခ တည်းဟူသော ကုမုဒြာကြာပန်းတို့သည်၊ ဖုလ္လန္တာ - ဝမ်းသာရွှင်မြူး ၊ ဝတ်မှုန်လူးလျက် ကြည်နူးဖွယ်ကြုံ၊ ဖူးပွင့်ကြကုန်သည်ဖြစ်၍၊ သုဂန္ဓကာ - လေအောက် လေထက်၊ ရောယှက်သင်းပျံ့၊ ပီတိတည်းဟူသော ရနံ့တို့သည်၊ ပဝါယန္တု - ကောင်းစွာမသွေ ကြိုင်လှိုင်၍နေကြပါစေကုန်သတည်း။

(သာဓု... သာဓု... သာဓု)

ဓမ္မောသဓံ ပိဝိတွာန၊

ဝိဿ သဗ္ဗေ သမူဟတာ။

အဇရာမရံ သီတိဘာဝံ၊

နိဗ္ဗာနံ ယန္တု သာဓဝေါ။

ဓမ္မောသဓ  – လောဘ,ဒေါသ,မောဟဆိပ်တောက်၊ ကင်းပျောက်ကြည်အေး၊ တရားဆေးကို၊  ပိဝိတွာန  –

ဝမ်းသာရွှင်ပျ၊ သောက်ကြရ, နာကြရ ကုန်သောကြောင့်၊  ဝိဿ သဗ္ဗေ  – ပူဆာညစ်နောက် ကိလေသာ အဆိပ် အတောက် ဟူသမျှတို့သည်၊  သမူဟတာ  – ပိန်းကြာဖက်တွင် ရေမတင်ကဲ့သို့၊ ကင်းစင် လွင့်ပျောက်၊ ဘေးမရောက်အောင်ပယ်ဖျောက် အပ်ကုန်သည်၊  ဟောန္တု  – စင်စစ်အသွေ ဖြစ်ကြပါစေကုန်သတည်း၊  အဇရာမရ  – အိုခြင်းလည်းကွာ၊ နာခြင်းလည်းကင်း၊ သေခြင်းလည်း ရှင်းထသော၊  သီတိဘာ၀  – ကိလေသာ ဟူ အပူခပ်သိမ်း၊ ကင်းငြိမ်းရာ အစစ်ဖြစ် ပေထသော၊  နိဗ္ဗာနံ  – နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့၊  သာဓဝေါ  – တရားချစ်ခင် စိတ်ကောင်းဝင်ငြား၊ သူတော်စင် အများတို့သည်၊  ယန္တု  – ပါရမီအဆင့်ဆင့် မြင့်တက်မြင့်၍၊ မလင့်ပုံသေ ဆိုက်ရောက် တော်မူကြပါစေကုန်သတည်း။

(သာဓု... သာဓု... သာဓု)

5fw4z2cy3evvdj3zvh2f0t2zkycbkyb
မိဘနှင့်သားသမီးအကြား မှန်ကန်သောအမြင်များ
0
6352
22116
22078
2026-06-15T03:18:43Z
Tejinda
173
22116
wikitext
text/x-wiki
{{header
| title = မိဘနှင့်သားသမီးအကြား မှန်ကန်သောအမြင်များ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ပဋ္ဌာန်းမြတ်ဒေသနာ]]
| previous2 =
| next = [[ကမ္မဋ္ဌာန်းဆရာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁
သာသနာတော်နှစ် ၂၅၅၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ နတ်တော်လဆန်း(၇)ရက်။ ၉-၁၂-၂၀၁၃။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ တိလောကာရာမကျောင်းတိုက်၊ ဓမ္မဗိမာန်တော်ကြီးအတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်၊ ဇဋိလလမ်း နှင့် ဂန္ဓာရုံလမ်းထောင့်၊ မေတ္တာရှင် ပရဟိတလူမှုကူညီရေး အသင်း၊ ညွှန့်မေတ္တာရိပ်မြုံ ကရုဏာဆေးခန်းဖွင့်ပွဲမင်္ဂလာနှင့် စေတနာမွန်ဗဟင်း ပရဟိတအသင်းဖွင့်ပွဲမင်္ဂလာ ဆင်ယင်ရာနှင့် စပ်လျဉ်းသည့် ဓမ္မသဘင် အခမ်းအနားဝယ် ဦးနန်းမောင်+ဒေါ်ကြည်ကြည်မာ၊ ဦးဇော်မင်းလွင်+ဒေါ်နိုင်နိုင်ဝင်း၊ ထူးမြတ်တော်ဝင်ကုမ္ပဏီ ဗဟင်းမိသားစု (မုံရွာမြို့) နှင့် တရားနာယောဂီများ၏ အမတဒါန ဓမ္မဒါနအဖြစ် ဟောကြားအပ်သော “မိဘနှင့်သားသမီးအကြားမှန်ကန်သောအမြင်များ” အကြောင်း တရားဒေသနာတော်။

စာမျက်နှာ-၂
ဒီကနေ့ည ဒီခေါင်းစီးနဲ့ တရားဓမ္မ ဟောပြော နာယူကြရအောင်။ “မိဘနဲ့သားသမီးအကြား မှန်ကန်သောအမြင်များ”လို့ဆိုတော့ မှားယွင်းတဲ့ အမြင်တွေလည်း ရှိနေတယ်ဆိုတာကို သိသာစေတယ်။ မိဘကို ပြုစုလုပ်ကျွေးရမယ် မိဘကို ရိုသေလေးစားရမယ်ဆိုတဲ့ ဒီအဆုံးအမဟာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမသာ ဖြစ်တယ်။ ဒီအဆုံးအမဟာ ကမ္ဘာမှာ အမြဲတမ်းရှိနေတဲ့ အဆုံးအမ လည်းမဟုတ်ဘူး၊ ကမ္ဘာ့လူသားအားလုံး လိုက်နာနေတဲ့ အဆုံးအမလည်း မဟုတ်ဘူး။ သူတော်ကောင်းတွေက ဆုံးမဩဝါဒ ပေးတဲ့အခါမှသာလျှင် လူတွေရဲ့ အသိုင်းအဝိုင်းဟာ မိဘနဲ့သားသမီးအကြား မှန်ကန်တဲ့အမြင် များကို ရရှိကြတာဖြစ်တယ်။

မြတ်စွာဘုရားရဲ့ အဆုံးအမ တည်ရှိနေမှသာလျှင် ကမ္ဘာလောကကြီးတစ်ခုလုံးဟာ သာယာအေးချမ်းပြီး ဗဟုဇနဟိတ - အများကောင်းစားဖို့အတွက်၊ ဗဟုဇနသုခ- အများချမ်းသာဖို့အတွက်ဆိုတာ ဖြစ်လာနိုင်သည်။

စာမျက်နှာ-၃
မြတ်စွာဘုရားအဆုံးအမ ကွယ်ပျောက်သွားတာနဲ့ မှန်ကန်သောအမြင်တွေ ကွယ်ပျောက်သွားတာနဲ့ တစ်ပြိုင်နက် လူသားတို့ရဲ့ လူ့လောကကြီးဟာ ကျဆင်းသွားပြီး နောက်ဆုံးမှာ တိရစ္ဆာန်လောကအဆင့် ရောက်သွားနိုင်တယ်ဆိုတာ သတိထားကြဖို့ပေါ့နော်။

သာမန်အားဖြင့်တော့ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက မာတာပိတု ဥပဋ္ဌာနံ- မိဘဆိုတာ ပြုစုလုပ်ကျွေးတာ မင်္ဂလာဆိုတာ သိကြတယ်။ ငယ်ငယ်ကတည်းက ဒီအမြင်ဟာ ဝင်လာတာ၊ အဲဒီတော့ မြန်မာလူမျိုးတွေမှာသာ ဒီအမြင်ရှိတာ၊ ကမ္ဘာမှာရှိတဲ့လူဦးရေ သန်းပေါင်း ၇ဝဝဝ ကျော်သော လူတွေကြားထဲမှာ ဒီအမြင် မရှိတဲ့လူတွေက အများကြီးပဲ။ အဲဒီတော့ လွယ်လွယ်နဲ့ ဒီအမြင်ရတယ်လို့ မအောက်မေ့လေနဲ့။ မမှန်ကန်တဲ့ အမြင်တွေဆိုတာ လောကမှာရှိနေတယ်။ ပြောရမယ်ဆိုရင် မြတ်စွာဘုရား ပွင့်တဲ့အချိန်တုန်းက ခေတ်ပြိုင် ဘုရားနဲ့ ပြိုင်တူပေါ်လာတဲ့ အဇိတကေသကမ္ဗလဆိုတဲ့ ဆရာကြီးရှိတယ်။

စာမျက်နှာ-၄
အဇိတဆိုတဲ့ နာမည်နဲ့ နတ္ထိကဝါဒကို ဟောပြောနေတဲ့ ဆရာကြီး။ ခုခေတ်လိုဆိုရင်တော့ materialism ရုပ်ဝါဒီလို့ ပြောရမှာပေါ့။ ရုပ်ဝါဒကို ဆွဲကိုင်ထားတဲ့ အဇိတ၊ သူ့ရဲ့ဝါဒမှာ ငြင်းပယ်မှု(၁၀) မျိုးကို အဓိကထားပြီး ပြောတာ။ အဲဒီမှာ ဘာပါတုန်းဆိုတော့ နတ္ထိမာတာ၊ နတ္ထိပိတာ၊ ဒီစကားလုံးကို အဓိပ္ပာယ် တိုက်ရိုက်ပြန်လို့ရှိရင် နတ္ထိမာတာ- အမေဆိုတာ မရှိဘူး၊ နတ္ထိပိတာ- အဖေဆိုတာ မရှိဘူး၊ သူ့အမြင်ကနော်။ လောကမှာ အမေ၊ အဖေမရှိဘူးလို့ ပြောခြင်းဟာ အမေကို အသိအမှတ်မပြုခြင်းနဲ့ အဖေကို အသိအမှတ် မပြုခြင်းပဲဖြစ်တယ်။

ဒီဝါဒဟာ အလွန် ကြမ်းတမ်း ရက်စက်ပြီးတော့ လူ့လောကကြီးကို တိရစ္ဆာန်အသွင် ရောက်ရှိသွားအောင် တွန်းပို့တဲ့ ဝါဒကြီးတစ်ခုသာ ဖြစ်တယ်။ အင်မတန်ကြောက်စရာ ကောင်းတဲ့ဝါဒကြီး။

စာမျက်နှာ-၅
မြတ်ဗုဒ္ဓရဲ့ အယူအဆက အတ္ထိ မာတာ၊ အတ္ထိ ပိတာ၊ အမေ၊ အဖေဆိုတာရှိတယ်၊ အမေကို အသိအမှတ်ပြုတယ်၊ အဖေကို အသိအမှတ်ပြုတယ်၊ ဒီလိုရှိတာကိုး။ အမေ၊ အဖေကို အသိအမှတ်ပြုခြင်းအားဖြင့် မိဘရဲ့ ကျေးဇူးတရားရှိတယ်ဆိုတာ အသိအမှတ်ပြုပြီး ဖြစ်သွားတယ်။ ဒါကြောင့်မို့ ဗုဒ္ဓရဲ့အဆုံးအမကျတော့ “မာတာပိတု ဥပဋ္ဌာနံ ပဏ္ဍိတ ပညတ္တံ၊ သပ္ပုရိသ ပညတ္တံ” လို့ သတ္တိသုတ္တန်မှာ ဒီလိုဟောထားတာ ရှိသေးတယ်။ “မာတာပိတုဥပဋ္ဌာနံ-မိဘကို ပြုစုလုပ်ကျွေးခြင်းသည်၊ ပဏ္ဍိတ ပညတ္တံ-ပညာရှိတွေ အသိအမှတ် ပြုသော အရာဖြစ်တယ်၊ သပ္ပုရိသ ပညတ္တံ-လူတော် လူကောင်းတွေ အသိအမှတ်ပြုတဲ့အရာသာ ဖြစ်တယ်”။

ဒီစကားကို ကြည့်မယ်ဆိုလို့ရှိရင် ပညာရှိတဲ့ ပုဂ္ဂိုလ်ကသာ မိဘကို ပြုစုလုပ်ကျွေးတယ်ဆိုတဲ့ အယူအဆကို ယူဆတာဖြစ်တယ်။ သူတော်ကောင်းကသာလျှင် မိဘကို ပြုစုတယ်ဆိုတဲ့ အယူအဆကို ယူဆတာ ဖြစ်တယ်။

စာမျက်နှာ-၆
အဲဒီတော့ ကမ္ဘာလောကမှာရှိတဲ့ လူတိုင်းဟာ မိဘရဲ့ ကျေးဇူးတရားမပြောနဲ့၊ မိဘကိုတောင် အသိအမှတ် မပြုဘူးလို့ဆိုတာ အင်မတန်မှ ထင်ရှားတယ်။ ဒီကနေ့ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံမှာပင်လျှင် မိဘကို စော်ကားမော်ကား ပြောတာတို့၊ မိဘကို သတ်ဖြတ်ကျူးလွန်ပြီးတော့ မာတုဃာတကကံ၊ ပိတုဃာတကကံ ကျူးလွန်တာတွေဆိုတာ တော်တော်လေးတွေ့လာရတယ်။ ဒါဟာ မိဘအပေါ် လေးစားမှု၊ ကျေးဇူးတရား သိတတ်မှု လျော့နည်းလာတဲ့ အဓိပ္ပာယ်ကို ဖော်ပြတယ်။

ဒီလို လျော့နည်းလာခြင်းဟာ ကောင်းတဲ့အသွင်လက္ခဏာ မဟုတ်ဘူး၊ ဆိုးဝါးတဲ့ အသွင်လက္ခဏာတစ်ခု ဖြစ်တယ်။ ဒါကိုသတိထားပြီးတော့ သူတော်ကောင်းတရား ထွန်းကားနေအောင် ကြိုးစားကြရမယ်။

မိဘဆိုတာ ရှိတယ်၊ မိဘရဲ့ ကျေးဇူးတရားဆိုတာ ရှိတယ်၊ မိဘကိုပြုစုရင် ကောင်းကျိုးချမ်းသာတွေ ရမယ်၊

စာမျက်နှာ-၇
မိဘကို စော်ကားရင် မကောင်းတဲ့အကျိုးတွေ ရတယ်ဆိုတဲ့ ဒီအတွေးအခေါ် အမြင်တွေ လူငယ်လူရွယ်တွေရဲ့ ကြားမှာ စွဲစွဲမြဲမြဲကြီးရှိနေဖို့၊ လူ့ယဉ်ကျေးတွေရဲ့ ကြားမှာ စွဲစွဲမြဲမြဲရှိနေဖို့ ဝိုင်းဝန်းပြီး ဆောင်ရွက်ကြရမှာ ဖြစ်တယ်။

ဘာဖြစ်လို့တုန်းဆိုတော့ ဒါဟာ ဘုရားရဲ့ အဆုံးအမ သုဂတဝိနယ လို့ခေါ်တယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမဆိုတာ တစ်လုံးပဲဖြစ်ဖြစ်၊ နှစ်လုံးပဲဖြစ်ဖြစ် အများအကျိုးအတွက် ဖြစ်တယ်၊ ကုသိုလ်ကောင်းမှုရဖို့အတွက်ဖြစ်တယ် ကောင်းကျိုးချမ်းသာတွေရဖို့အတွက် ဖြစ်တယ်။ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် ကောင်းတာလုပ်မှ ကောင်းကျိုးရနိုင်တယ်၊ အခြေအနေကောင်းမှ သုခဆိုတာလည်း လာတယ်။ ဟိတနဲ့ သုခဟာ တွဲလာတာ ဖြစ်တယ်။

မကောင်းတဲ့အတွေးအခေါ်တွေကို အဟိတ လို့ခေါ်တယ်။ အဟိတတွေ လက်ခံလာပြီ ဆိုလို့ရှိရင်တော့ ဒုက္ခနဲ့တွေ့မှာပဲ။ ဟိတဆိုတဲ့ ကောင်းကျိုးချမ်းသာတွေ ရရှိနိုင်တဲ့ အခြေအနေကောင်းတွေကို လက်ခံထားမှ သုခလို့ဆိုတဲ့ ချမ်းသာကိုရမှာဖြစ်တယ်။

စာမျက်နှာ-၈
ဒါကြောင့်မို့ ဟိတနဲ့ သုခဆိုတဲ့ ဒီစကားလုံး နှစ်လုံးကို တွဲဖက်ပြီးသုံးထားတာ။ ဟိတဆိုတာ အခြေအနေကောင်းတာကိုခေါ်တာ၊ သုခဆိုတာ ကောင်းကျိုးချမ်းသာကိုပြောတာ။

ဆိုပါစို့- ပခုက္ကူမြို့ ကြည့်၊ တံတားကြီး ဆောက်လိုက်တဲ့အခါကျတော့ သွားရေး လာရေး အခြေအနေတွေ ကောင်းမသွားဘူးလား၊ ကောင်းသွားတယ်။ အဲဒီ အခြေအနေကောင်းကို အကြောင်းပြုပြီးတော့ သွားရေးလာရေး လွယ်ကူ၊ အရောင်းအဝယ်တွေ တိုးတက်ဖွံ့ဖြိုးလာတယ်။ ဒါက ဖွံ့ဖြိုးတိုးတက်လာသည့် အတွက်ကြောင့် သုခ- စီးပွားဥစ္စာတွေ တိုးတက်ပြီး ချမ်းသာ ကြွယ်ဝလာတယ်။ ဒါကိုဆိုလိုတာ။

ဟိတနဲ့ သုခဆိုတာ တွဲဖက်ထားတာ။ အခြေအနေကောင်းမှ သုခဆိုတာရတာ။ ဘယ်နေရာပဲဖြစ်ဖြစ် အခြေအနေ မကောင်းရင် သုခဆိုတာ မရနိုင်ဘူး။

စာမျက်နှာ-၉
အခြေအနေကောင်းဆိုတာ စီးပွားရေး အခြေအနေကောင်းရှိတယ်၊ ပညာရေး အခြေအနေကောင်းရှိတယ်။ လူမှုရေး အခြေအနေကောင်း ရှိတယ်။ အဲဒီလိုပဲ ကျန်းမာရေး အခြေအနေကောင်းရှိတယ်၊ ဆေးရုံကြီးတွေ၊ ဆေးခန်းကြီးတွေရှိရင် ကျန်းမာရေး အခြေအနေ ကောင်းလို့ ပြောရမှာပဲ။

အရောင်းအဝယ်တွေ ဖွံ့ဖြိုးတိုးတက်လို့ ဒီမှာရောင်းရေးဝယ်တာတွေကောင်းတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းတယ်ဆိုရင် စီးပွားရေး အခြေအနေကောင်းလို့ ပြောရမှာ။ တက္ကသိုလ်ကြီးတွေ ဖွင့်ထားတယ်၊ ကျောင်းကြီးတွေ ဖွင့်ထားတယ်၊ ဒါက ပညာရေး အခြေအနေကောင်းလို့ ခေါ်တယ်။ အဲဒီလို အခြေအနေကောင်းတွေ မရှိဘဲနဲ့ သုခဆိုတဲ့ချမ်းသာဟာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။

အဲဒါလိုပဲ မိဘနဲ့သားသမီးအကြားမှာ မိဘဆိုတာ ရှိတယ်၊ အမေ အဖေဆိုတာရှိတယ်၊ အမေ အဖေအပေါ်မှာ ပြုစုလုပ်ကျွေးရင် ကောင်းကျိုးချမ်းသာ ရတယ်၊

စာမျက်နှာ-၁၀
အမေ အဖေကို စော်ကားရင် အပြစ်ရှိတယ် ဆိုတဲ့ဒီအမြင်ဟာ ဟိတလို့ခေါ်တဲ့ အခြေအနေကောင်း။ အဲဒီအမြင်ရှိနေသမျှ ကာလပတ်လုံး လူ့လောကကြီးဟာ သာယာချမ်းမြေ့ဖွယ် ဖြစ်လာတဲ့ သုခဆိုတာကို ရမှာပဲ။

အကယ်၍ ဒီအဆုံးအမ အယူအဆ ဒီအမြင် ပျောက်ကွယ်သွားပြီ ဆိုလို့ရှိရင် လူ့လောကကြီးဟာ ဟိတဆိုတာ ပျောက်ကွယ်သွားသည့် အတွက်ကြောင့် သုခ လည်းပဲ ပျောက်ကွယ်သွားမှာပဲလို့ ဒီလို ပြောတာနော်။ အကြောင်းအကျိုးဆိုတာ ဆက်ပြီးတော့ နေတာ။ ဒါကြောင့်မို့လို့ သာမန်လို့ မအောက်မေ့နဲ့။

မင်္ဂလသုတ်ထဲမှာ ပါနေတာပဲ၊ မာတာပိတု ဥပဋ္ဌာနံ- ဒါ မင်္ဂလာ တစ်ပါး၊ မင်္ဂလာတစ်ပါးအဖြစ် သိကြတယ်။ တကယ့်ကို မင်္ဂလာပဲ။ တကယ်လို့ ပျောက်ကွယ်သွားပြီ ဆိုလို့ရှိရင် သွားရော။ ပြဿနာတွေအများကြီး တက်လာလိမ့်မယ်။

စာမျက်နှာ-၁၁
လူ့လောကကြီးရဲ့ အခြေအနေတစ်ခုဟာ အများကြီး ဆုတ်ယုတ်သွားနိုင်တယ်ဆိုတာကို စဉ်းစားကြည့်။

ဒါကြောင့်မို့ အတ္ထိမာတာ၊ အတ္ထိပိတာ- မိဘဆိုတာ ရှိတယ်ဆိုတဲ့ အယူအဆဟာ ဗုဒ္ဓမြတ်စွာလို ပညာရှိပုဂ္ဂိုလ်တွေ၊ သူတော်ကောင်း ပုဂ္ဂိုလ်တွေက ဟောပြောထားလို့ ဒီအမြင်ရရှိနေတယ်လို့ ဒီလိုမှတ်ရမယ်။ အဲဒီအမြင်ရှိနေမှ ကောင်းကျိုးချမ်းသာတွေ ရမယ်။ အဲဒီအမြင် မပျောက်ကွယ်အောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်။

“သုဂတော ဝါ ဘိက္ခဝေ သုဂတဝိနယော ဝါ တိဋ္ဌမာနော ဗဟုဇနဟိတာယ ဗဟုဇနသုခါယ” လို့ မြတ်စွာဘုရားက သုဂတဝိနယ သုတ္တန်မှာ ဟောထားတယ်။ “မြတ်စွာဘုရားဖြစ်စေ၊ မြတ်စွာဘုရားရဲ့ အဆုံးအမဖြစ်စေ လောကမှာ ရှိနေသမျှ ကာလပတ်လုံး အများသတ္တဝါတွေ ချမ်းသာဖို့ ဖြစ်တယ်”လို့ ဒီလိုဆိုတာ။

စာမျက်နှာ-၁၂
ကောင်းပြီ၊ “မိဘနှင့်သားသမီးအကြား မှန်ကန်သောအမြင်များ” လို့ မြတ်စွာဘုရားရဲ့ အမြင်ကို ရှေးဦးစွာ ပြောကြရအောင်။ ဗုဒ္ဓမြတ်စွာက ဗြဟ္မာကြီးကို ကိုးကွယ်တဲ့ လူ့အသိုင်းအဝိုင်း အိန္ဒိယနိုင်ငံမှာ Brahmanism ဆိုတာ ဗြဟ္မာကိုးကွယ်တဲ့ ဝါဒပဲ။ ဒါ နာမည်သာလွဲတာ ကောင်းကင်ဘုံက God ပဲ။ ထာဝရ ဘုရားကို ကိုးကွယ်တယ်ဆိုတာ ဗြဟ္မာကိုးကွယ်တာပဲ။ ဗုဒ္ဓဘာသာကလွဲရင် ကျန်တဲ့ဘာသာတွေ အားလုံးဟာ God ဆိုတဲ့ တန်ခိုးရှင်ကို ကိုးကွယ်ကြတာချည်းပဲ။

ပြောမယ်ဆိုရင် နတ်ကိုးကွယ်တဲ့ ဘာသာတွေချည်းပဲ။ ဗုဒ္ဓဘာသာကသာ နတ်ကိုးကွယ်တာ မဟုတ်တာ၊ နတ် ကိုးကွယ်တဲ့ ဘာသာတွေက ဘာဖြစ်လဲ၊ နတ်ရဲ့ မစမှု အမြဲတမ်း မျှော်လင့်နေကြတယ်၊ နတ်ကို ကျေးဇူးတင်တယ်၊ နတ်ကလွဲရင် တခြားကျေးဇူးတင်စရာ မရှိဘူး၊ ထမင်းကျွေးတာတောင် ဘုရားသခင်က ကျွေးတာလို့ ပြောတာနော်။ အဲဒီတော့ အမေ အဖေ ဘေးရောက်သွားရော့မယ်။

စာမျက်နှာ-၁၃
အမေ အဖေက ပြောမှာ “ငါချက်ကျွေးနေတာ စားပြီးတော့ ဘုရားသခင်က ကျွေးတယ်ဆိုရင်တော့ ငါ့စော်ကားရာရောက်တယ်”လို့ ဒီလိုတောင် ပြောရတော့မလို ဖြစ်နေတယ်။ တကယ့်လက်တွေ့ ကျွေးနေတာက အဖေ အမေက ကျွေးတာ။ အဲဒီတော့ ကျေးဇူးတင်မှုတွေက တလွဲရောက်သွားတယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကို ယုံကြည်တယ်ဆိုတာဟာ အဲဒီပုံစံမျိုး မဟုတ်ဘူး၊ “သဒ္ဒဟတိ တထာဂတဿ ဗောဓိ” မြတ်စွာဘုရားရဲ့ အသိဉာဏ်ကို ယုံကြည်တာ၊ တန်ခိုးကို ယုံကြည်တာ မဟုတ်ဘူး။ အသိဉာဏ်ကို ယုံကြည်သည့် အတွက်ကြောင့် အသိဉာဏ်ဖြင့် ဆုံးမချမှတ်ထားတဲ့ ဆုံးမစကား၊ ဟောပြောထားတဲ့ တရားဟာ အလွဲအမှား မရှိဘူး၊ လိုက်နာကျင့်သုံးလို့ရှိရင် ကောင်းကျိုးချမ်းသာတွေ ရမယ်။ ဒါကြောင့်မို့ လိုက်နာဖို့ပဲလိုတယ်။ လိုက်နာရမယ်ဆိုတာ လူတိုင်းလူတိုင်းဟာ ကိုယ့်အားကိုယ်ကိုးတတ်ရမယ်။

စာမျက်နှာ-၁၄
တဲ့စိတ်၊ အကယ်၍ မလိုက်နာဘူးဆိုရင် “ငါကိုက မိုက်တာ၊ ငါဘုရားစကား နားမထောင်ဘူး”၊ ဒီလို အပြစ်တင်စရာရှိတယ်။

ဒါကြောင့် မြတ်စွာဘုရားက ဗြဟ္မာကိုးကွယ်တဲ့ အသိုင်းအဝိုင်းမှာ မိဘနှစ်ပါးကို ဘာပြောလဲဆိုရင် မိဘကို တလေးတစား အိမ်ဦးမှာထားပြီး ပြုစုစောင့်ရှောက်ကြတဲ့ သားသမီးတွေဟာ “ဗြဟ္မာနဲ့ အတူနေတဲ့ သားသမီး”လို့ ဒီလိုကင်ပွန်းတပ်ပေးတာ။ မိဘကို လေးစားလို့ရှိရင် ဒါဟာ ဗြဟ္မာကိုလေးစားတယ်ဆိုတဲ့ အဓိပ္ပာယ်။ ခုနကဟာနဲ့ ကွာသွားတယ်နော်။

ခုနက မိဘလုပ်ကျွေးတဲ့ ကျေးဇူးကို အသာဖယ်ထားပြီး ဘုရားသခင်က ကျွေးတယ်လို့တွေးတာ။ အခုဟာက မိဘဟာ ဘုရားသခင်ပဲလို့ ပြောတဲ့အဓိပ္ပာယ် ရောက်တယ်။ မြတ်စွာဘုရားက လက်တွေ့ကျတာကိုပဲ လက်ခံပြီးတော့ ဟောပြောတယ်။ သဘာဝကျတဲ့ တရားကို မှတ်သားကြရတယ်။ လောကလူတွေက လက်တွေ့ကို ကျော်ပြီးတော့ စိတ်ကူးယဉ်တဲ့ဘက် ရောက်သွားတတ်တယ်။

စာမျက်နှာ-၁၅
လက်တွေ့ကို ကျော်ပြီး စိတ်ကူးယဉ်ဘက် ရောက်သွားရင် လမ်းလွဲသွားနိုင်တယ်။

နောက်တစ်ခုကတော့ “မိဘကို ပုဗ္ဗာစရိယ”တဲ့။ “လက်ဦးဆရာ”လို့ မြတ်စွာဘုရားက ဒီလိုနာမည်ပေးတယ်။ သားသမီးတွေ ထွန်းကားလာတဲ့အခါ မိဘတွေက ငယ်ငယ်လေးကတည်းက သွန်သင်ဆုံးမကြရတယ်။ အခုကြည့်လေ- ဗုဒ္ဓဘာသာ မိဘတွေဆိုရင် ဘုရားရှေ့ ကလေးကို လက်အုပ်ချီခိုင်းတယ်၊ ဘုရား ရှိခိုးခိုင်းတယ်၊ သံဃာတွေနဲ့တွေ့ရင် လက်အုပ်ချီခိုင်းတယ်၊ ရှိခိုးခိုင်းတယ်။ ဒါလေးတွေက သင်ပေးနေတာ။ “ဣတိပိသော” သင်ပေးတယ်၊ “သမ္ဗုဒ္ဓေ” သင်ပေးတယ်၊ သင်ပေးနေတာပဲ။ “နမောတဿ” သင်ပေးတယ်။ အဲဒီလို ကျောင်းမနေခင်ကတည်းက မိဘတွေက သားသမီးကို သင်ပေးလာကြတာ။ ဒါကြောင့်မို့

စာမျက်နှာ-၁၆
“လက်ဦးဆရာ၊ မည်ထိုက်စွာ၊ မာတာပိတ မိနှင့်ဖ” ဆိုတာ မြတ်စွာဘုရား စကားဖြစ်တဲ့ ပုဗ္ဗာစရိယကို သရုပ်ဖော်ထားတဲ့စကားမျှသာဖြစ်တယ်၊ ဒါဟာ ဘုရားရဲ့ အဆုံးအမတစ်ခုပဲ။

ဒါကြောင့်မို့ မြတ်စွာဘုရားက မိဘဟာ “ဗဟုပကာရာ ဘိက္ခဝေ မာတာပိတရော ပုတ္တာနံ” သားသမီးတွေအပေါ်မှာ မိဘကျေးဇူးကြီးတယ်၊ ကျေးဇူးများတယ်။ ဘာဖြစ်လို့ ကျေးဇူးများသလဲ၊ မိဘရဲ့ ကျေးဇူးကို ပြောပြစမ်းပါ ဆိုတဲ့အခါမှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အခြေအနေတစ်ရပ်ကို ခြုံငုံပြီးတော့ ပြောမယ်ဆိုရင် မြတ်စွာဘုရားက စကားသုံးလုံးနဲ့ပဲ ပြောခဲ့တယ်။ တစ်ယောက်စီ ပြောခိုင်းမယ်ဆိုရင်တော့ အမျိုးမျိုး ပြောမှာပေါ့။

မိဘရဲ့ ကျေးဇူးတရားဆိုတာ ပြောပြပါ ဆိုရင် မိဘဟာ သားသမီးတွေကို “အာပါဒကာ” ဘေးရန်မကျရောက်အောင် စောင့်ရှောက်ခဲ့တယ်၊ ဒါက တစ်ခု။ “ပေါသကာ” ကျွေးမွေးခဲ့တယ်၊ နို့တိုက်တာကစပြီးတော့ သားသမီးကို ကျွေးခဲ့တယ်၊

စာမျက်နှာ-၁၇
မစားတတ်တဲ့ အရွယ်က စပြီးတော့ ကျွေးတာ။ နောက်တစ်ခုက ဘာတုန်းဆို “ဣမဿ လောကဿ ဒဿတာရော” ဒီလောကကြီးကိုပြတယ်။ ဒီလောကကြီးကို လာခွင့်ပေးတယ်။

အဲဒီ ကျေးဇူးတရားတွေကို သေချာအလေးအနက် စဉ်းစားကြည့်။ ဒါ ပုံမှန်အားဖြင့် မိဘတွေက သားသမီးတွေအပေါ်မှာ တင်ရှိတဲ့ ကျေးဇူးသုံးမျိုးလို့ ဒီလိုပြောရမယ်။ “စောင့်ရှောက်ခဲ့တယ်” ငယ်စဉ်တောင်ကျေး ကလေးဘဝ ပက်လက်လေးပဲ အိပ်တတ်သေးတာ၊ အဲဒီအချိန်မှာ မိဘက မစောင့်ရှောက်ဘူးဆိုရင် ဒီကလေး အသက်ရှင်ဖို့ မလွယ်ဘူး။

မစားတတ်သေးဘူး ဆိုတဲ့အချိန်မှာ “နို့တိုက်ပြီးတော့ ကျွေးခဲ့တယ်” မကျွေးဘူးဆိုရင် ဒီကလေးဟာ အသက်ရှင်ဖို့ မရှိဘူး။

စာမျက်နှာ-၁၈
နောက်တစ်ခု မိဘတွေက ဒီလောကကြီးကို မပြဘူးဆိုရင် ဒီကလေးဟာ လူ့ဘဝကိုရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါ ဘုန်းကြီးတို့တတွေ မိဘမပါဘဲနဲ့ လောကကြီးမှာ မွေးဖွားလာတာလို့ ရှိမှမရှိတာ။ အဖေ အမေရဲ့ ကျေးဇူးတရားနဲ့ပဲ အသက်ရှင်ပြီး ကြီးထွားလာကြရတာလေ။ အဲဒီတော့ ဒီကိစ္စတွေကို ကြည့်မယ်ဆိုလို့ရှိရင် ဒီကျေးဇူးတရားတွေကို သားသမီးက မိဘအပေါ်မှာ တင်ရှိနေတယ်လို့ ဒီလိုပြောတာ။

အဲဒါကြောင့်မို့ “မာတာပိတု ဥပဋ္ဌာနံ” မိဘကို တုန့်ပြန်ပြီးတော့ ကျေးဇူးပြုထိုက်တယ်၊ ပြုစုလုပ်ကျွေးသင့်တယ်။ လောကကြီးဟာ လူရယ်လို့ ဖြစ်လာတာ တစ်ဦးတည်း ဖြစ်လာတာ၊ တချို့ကပြောလိမ့်ဦးမယ်၊ အမွှာပူးကျတော့ ဘယ်လိုလုပ်မလဲ၊ ဒါလည်း တစ်ယောက်နဲ့တစ်ယောက် သိတာမှ မဟုတ်တာ။ မတော်တဆ တွဲမိကြတာသာ ရှိတာ။ လာတုန်းက ကိုယ်တစ်ယောက်တည်း လာတယ်၊ အကုန်လုံး လောကကြီးထဲ ဝင်လာတယ်၊

စာမျက်နှာ-၁၉
ဝင်လာပြီးတဲ့အခါမှာ ဘယ်သူနဲ့ အရင်တွေ့ရတုန်းဆိုတော့ အဖေအမေနဲ့ပဲ အရင်တွေ့ရတာပဲ။

ပုံမှန်အနေအထားအားဖြင့် ပြောမယ်ဆိုရင် မိဘဘက်ကချည်းပဲ အသာစီးလို့ မြတ်စွာဘုရားက ဟောတာလား ဆိုတဲ့အခါမှာ ရှင်းလင်းနားလည်ဖို့တော့ လိုအပ်တယ်။ တချို့ သားသမီးတွေက ပြောမယ်၊ မိဘကပဲ ကျေးဇူးရှိတာလား၊ သားသမီးကရော မိဘအပေါ် ကျေးဇူးမရှိဘူးလားလို့ ဒီလိုလည်း ပြောကောင်း ပြောလာလိမ့်မယ်။

ကနေ့ခေတ်ကြီးကို နည်းနည်း စစ်ဆေးကြည့်။ ဒါက ပုံမှန်အနေအထားတစ်ခုအနေနဲ့ ပြောတာ၊ ကနေ့ခေတ်ကြီးမှာ “အာပါဒကာ၊ ပေါသကာ” ကျွေးမွေး စောင့်ရှောက်တာတို့ “ဣမဿ လောကဿ ဒဿတာရော” လို့ဆိုတဲ့ မိဘရဲ့ ကျေးဇူးတရားတွေကို မိဘတိုင်းက လုပ်ဆောင်ခဲ့သလားဆိုတာကို စဉ်းစားရမယ်။

စာမျက်နှာ-၂၀
ကနေ့ခေတ်မှာဆိုရင် တချို့မိဘတွေက သားသမီးကို လူ့လောက လာခွင့်မပြုတာ မရှိဘူးလား၊ (ရှိပါတယ်။) လာချင်တိုင်း လာလို့မရဘူး၊ ရောက်လာရင်တောင် ချုံကြားပစ်တာ ရှိသေးတယ်။ အဲဒါမျိုးကျတော့ ဘယ်သူကစပြီး ဝတ္တရားပျက်ကွက်သလဲဆို မိဘက စပြီး ဝတ္တရားပျက်ကွက်တာလဲ ရှိတယ်။ ဒီလိုရှိလာတယ်။

“အာပါဒကာ၊ ပေါသကာ” ကျွေးမွေးစောင့်ရှောက်ရမှာကို မိဘက မစောင့်ရှောက်ခဲ့ဘူး၊ လမ်းဘေးပစ်ခဲ့တယ်၊ ဆေးရုံတွေမှာဆိုရင် တော်တော်များများ ကြားနေရတယ်၊ ပစ်ထားခဲ့တယ်၊ မိဘက လစ်သွားတာတွေ ရှိတယ်နော်။

ဟုတ်ပြီ၊ ပုံမှန်အားဖြင့်ဆိုရင် မိဘက သားသမီးတွေကို ထိန်းသိမ်းစောင့်ရှောက်လို့ လူသားဖြစ်သွားတဲ့ လူတိုင်းလူတိုင်းဟာ မိဘကိုကျေးဇူးဆပ်ရမှာ သေချာတယ်။ ဘာဖြစ်လို့ ကျေးဇူးတင်ရတုန်းဆိုတော့ ကိုယ်က မိဘကို ပြန်ပြီးတော့ ပေးနိုင်တာရှိသလို မပေးနိုင်တာ တစ်ခုရှိတယ်၊ ဘယ်လိုမှ အတုန့်အလှည့် လုပ်လို့ မရတာ။

စာမျက်နှာ-၂၁
ဆိုပါစို့- အတုန့်အလှည့် လုပ်လို့ရတာ ဘာတုန်းဆို “အာပါဒကာ- စောင့်ရှောက်မယ်၊ အမေ အဖေ အသက်ကြီးလာတဲ့အခါ ကိုယ်က ပြန်စောင့်ရှောက်တာ လုပ်လို့ရတယ်၊ အမေအဖေ အသက်အရွယ် ကြီးလို့ ကိုယ်ကလည်း အသက်အရွယ် ရလာလို့ သိတတ်လာလို့ မိဘကိုပြန်ကျွေးတယ်ဆိုတာ ဒါလည်း လုပ်လို့ရတယ်။ စောင့်ရှောက်တာလည်းလုပ်လို့ရတယ်၊ ကျွေးတာလည်း လုပ်လို့ရတယ်။

လုပ်လို့မရတဲ့၊ ပြန်ဆပ်လို့မရတဲ့ ကျေးဇူးက ဘာတုန်းဆို “ဒီလောကကြီးကို လာခွင့်ပြုတဲ့ ကျေးဇူး” က နည်းတာမှ မဟုတ်တာလေ။ ဒါကျတော့ အတုန့်အလှည့် လုပ်လို့ရပါ့မလား၊ မရဘူး။ အဖေအမေက ကိုယ့်ထက်အရင် မွေးတာလေ၊ ကိုယ်က လာခွင့်ပြုတာ မဟုတ်ဘူး၊ အမေအဖေက လာခွင့်ပြုတာ။ ဒီကျေးဇူးတရားကြောင့်မို့လို့ မြတ်စွာဘုရားက မိဘကို ကျေးဇူးဆပ်လို့ မကျေဘူးလို့ပြောတာ။

စာမျက်နှာ-၂၂
သာမန်အားဖြင့် ကျေးဇူးဆပ်မယ်ဆိုရင် ဟောဒီ “ဣမဿ လောကဿ ဒဿတာရော” ဒီလောကကြီးကို လာခွင့်ပြုတယ်ဆိုတာကိုက တုန့်ပြန်ပြီးတော့ ပေးဆပ်လို့မရနိုင်တဲ့ ကျေးဇူးတစ်ခုပဲလို့ ဒီလိုဆိုလိုတာ။ အင်မတန်မှ ကျေးဇူးကြီးတယ်။

အခု ဒီလောကကြီးထဲ ကိုယ့်မိဘက လာခွင့်ပြုလိုက်လို့ လာရပြီ၊ လာရတဲ့အခါမှာ လောကမှာ မိမိအတွက် ကိုယ့်ကြီးပွားရာ ကြီးပွားကြောင်း ပညာတွေသင်ရတယ်၊ စီးပွားဥစ္စာတွေ တိုးတက်ခွင့်ရတယ်၊ အလုပ်အကိုင်တွေ လုပ်ကိုင်ခွင့်ရတယ်၊ တရားဓမ္မတွေ နာခွင့်ရတယ်၊ တရားဓမ္မတွေ ကျင့်သုံးခွင့်ရတယ်၊ ဒါတွေဟာ လိုက်ကြည့်လိုက်မယ်ဆိုရင် မိဘက လူ့လောကကြီးထဲ လာခွင့်ပြုလိုက်လို့ ဒီအခွင့်အရေးတွေ ရတယ်လို့ ပြောရမှာပဲ။ အဲဒီတော့ ဒီကျေးဇူးတရားတွေဟာ ဘယ်သူ့ရဲ့ ကျေးဇူးတရားလည်းလို့ဆိုရင် မိဘရဲ့ ကျေးဇူးတရားတွေ၊ ဆပ်လို့ မကုန်တဲ့ ကျေးဇူးတရားလို့ ဒီလိုပြောရမှာ။

စာမျက်နှာ-၂၃
အဲဒီတော့ စဉ်းစားစရာတွေက အခုခေတ်မှာ အများကြီးဝင်လာတယ်။ စဉ်းစားစရာဆိုတာ သာမန်အားဖြင့်ကြည့်မယ်ဆိုရင် မိဘရဲ့ ကျေးဇူး၊ ဟုတ်တယ်၊ မှန်တယ်။ မိဘရဲ့ကျေးဇူးကြောင့် ကိုယ်ဟာ လူ့ဘဝရောက်လာတာ၊ ဆပ်လို့မကုန်ဘူး။ ဒါက ပုံမှန်အနေအထားတစ်ခု ပြောတာ။

ကဲ-ဟုတ်ပြီ၊ မိဘရဲ့ ကျေးဇူးရှိလို့၊ ဒါဟာ ဒီလောကကြီးကို လာခွင့်ပြုတဲ့ ကျေးဇူးတရား တစ်ခုတည်းနဲ့ပဲ ကိုယ်ကတစ်သက်လုံး မိဘရဲ့ကျေးဇူးတရားကို မမေ့ထိုက်တော့ဘူး။ ဒါသေချာပြီ၊ မမေ့ထိုက်လို့ တုန့်ဆပ်ရမယ်၊ မိဘရဲ့ ကျေးဇူးတွေကို ဆပ်ရမယ်။

ကဲ-ဒီနေရာမှာ လောကလူတွေတွေးထင်လာကြတာတွေရှိတယ်၊ အသက်အရွယ် ရောက်လာကြတော့ မိဘတိုင်း မိကောင်း ဖကောင်း ဖြစ်တာမှမဟုတ်တာ၊ မိကောင်း ဖကောင်း မဖြစ်ဘူးလေ။ တချို့မိဘက ဝတ္တရား မကျေရုံတင် မကဘူး၊ ကိုယ်ကျင့်တရား

စာမျက်နှာ-၂၄
မကောင်းတဲ့ မိဘရော ရှိနိုင်တာပဲလေ။ အဲဒီလို မိဘက ငါးပါးသီလ မလုံဘူး ဆိုပါစို့၊ ကိုယ်ကျင့်တရား မကောင်းဘူး၊ အဲဒီလို ကိုယ်ကျင့်တရား မကောင်းတဲ့ မိဘကို သားသမီးက စော်ကားရင်ရော အပြစ်ရှိသလားလို့ ဒီလိုမေးကြတယ်၊

ဒီနေရာမှာ ကျေးဇူးဆိုတာ ကျေးဇူးပဲလေ၊ မိဘနဲ့သားသမီး ဘယ်သူအရင် မွေးတာတုန်းဆို မိဘက အရင်မွေးတာ။ မိဘအရင်မွေးလိုက်လို့ မိဘက ကိုယ့်ကိုစောင့်ရှောက်ပြီးတော့ ဒီလောကကြီးထဲ လက်ခံလိုက်လို့ ကိုယ်က ဒီလောကကြီးထဲ ရောက်လာတာဆိုတော့ မိဘရဲ့ကျေးဇူးဟာ ကိုယ့်အပေါ်မှာ ရှိနေတာ၊ ဘယ်လိုနည်းနဲ့မှ မိဘကိုစော်ကားလို့မရဘူး။

မိဘကို စေတနာဆိုးနဲ့၊ သေစေလိုတဲ့စိတ်နဲ့ ဒေါသနဲ့ မိဘကိုသတ်မယ်ဆိုရင်တော့ မာတုဃာတက၊ ပိတုဃာတကကံ ထိုက်တာပဲ။ ဆိုးတဲ့ မိဘဖြစ်ဖြစ်၊ ကောင်းတဲ့ မိဘဖြစ်ဖြစ်၊ ဘယ်မိဘပဲ သတ်သတ်၊ မိဘက အကျင့်စာရိတ္တဘယ်လောက်ဆိုးနေနေ၊ အကျင့်

စာမျက်နှာ-၂၅
စာရိတ္တဆိုးတဲ့ မိဘကို သားသမီးကနေ ပြီးတော့ စော်ကားမယ်၊ သတ်ဖြတ်မှု ကျူးလွန်မယ်ဆိုရင်တော့ မာတုဃာတက၊ ပိတုဃာတကကံ ထိုက်တာပဲ။ မထိုက်ဘူးလို့ မရှိဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ အဆင့်ကိုက မိဘအဆင့်၊ ကိုယ်က သားသမီးအဆင့်ပဲ၊ ဒီနှစ်ခုဟာ ပြောင်းလဲပစ်လို့မရဘူး၊ ကိုယ်က မိဘနေရာမှာ မဟုတ်ဘူး၊ သားသမီးနေရာမှာပဲ ရှိတယ်။

လောကကြီးထဲ လာခွင့်ပြုထားတဲ့ ကျေးဇူးက သူ့ကျေးဇူး၊ သူမကောင်းတာ ကိုယ်နဲ့မဆိုင်ဘူး၊ သူမကောင်းတဲ့အလုပ် လုပ်ရင် သူပဲခံရမှာ၊ ကိုယ်နဲ့မဆိုင်ဘူး။ ကိုယ်မကောင်းလို့ရှိရင် ကိုယ်ခံရမှာပဲ၊ ဒီလိုတွေးဖို့လိုအပ်တယ်။

မိဘဟာ မိဘပဲ၊ မိဘကိုစော်ကားလို့ရှိရင် မိဘ မကောင်းလို့ပဲ စော်ကားစော်ကား၊ စော်ကားတဲ့အပြစ်ဟာ ကိုယ့်အပြစ်ပဲ။ ဘာဖြစ်လို့တုန်းဆို “ဣမဿ လောကဿ ဒဿတာရော” ကိုယ့်ကို ဒီလောကကြီးထဲ လာခွင့်ပြုထားတဲ့ ကျေးဇူးကြောင့်ပဲ။ လောက

စာမျက်နှာ-၂၆
လူတွေက တစ်ခုခု ကူညီလိုက်ရင်တော့ ကျေးဇူးတင်ပါတယ်လို့ ပြောလေ့ရှိကြတယ်။ အကြီးအကျယ် ကူညီထားတဲ့ မိဘကျတော့ ကျေးဇူးတင်ရကောင်းမှန်း မသိဘူး၊ ကျေးဇူးတင်ရကောင်းမှန်း မသိဘဲနဲ့ ရန်စကားပြောတာ ရှိသေးတယ်။ “ခင်ဗျားကြီးတို့ ဟငှာ လုပ်လို့ ကျုပ်မွေးတာ” ဆိုပြီးတော့ အဲဒီလိုလည်းပြောတတ်ကြတယ်၊ မဟုတ်ဘူး၊ ဟငှာပြုတိုင်း မွေးမှာ မဟုတ်ဘူး။ အခုခေတ်မှာ Abortion ဆိုတာ ရှိတယ်လေ။ အဲဒါ ကိုယ့်ကိုလာခွင့်မပြုဘူး ဆိုလို့ရှိရင် လူဖြစ်မှာ မဟုတ်ဘူး ဒီကနေ့ခေတ်မှာ လာခွင့်မပြုတာတွေ အများကြီးပဲ။ family plan လုပ်ပြီးတော့ မိသားစုထဲမှာ တစ်ယောက်ပဲ လက်ခံမယ်၊ နှစ်ယောက်ပဲ လက်ခံမယ်၊ အခုခေတ်မှာ ကန့်သတ်ကုန်ပြီ။ လာချင်တိုင်း လာလို့ မရဘူး။

လာချင်တိုင်း လာလို့ရနေတာတော့ တောချုံပုတ်ထဲက တဲစုတ်နဲ့အိမ်တွေမှာတော့ လာချင်တိုင်း လာလို့

စာမျက်နှာ-၂၇
ရနေတယ်၊ ချမ်းသာတဲ့ လူကတော့ လာချင်တိုင်း လာလို့မရဘူး။ အခုခေတ်မှာ အကန့်အသတ်တွေ လုပ်လာကြတယ်၊ ကမ္ဘာနဲ့အဝှမ်း ကန့်သတ်မှုတွေ လုပ်လာကြပြီ၊ ဒါ ဆုတ်ယုတ်မှုတစ်ခုလို့ ပြောရမှာပဲ။

“မနုဿတ္တဘာဝေါ ဒုလ္လဘော” လူ့ဘဝရဖို့ ခဲယဉ်းတယ်ဆိုတာ ဒီကနေ့ သရုပ်ပိုပြီးတော့ ထင်ရှားလာတယ်။ တချို့နိုင်ငံတွေမှာ ဥပဒေနဲ့ သတ်မှတ်ပြီးတော့ Abortion မလုပ်ရဘူး၊ လုပ်ရင် အပြစ်ဒဏ်၊ ပြစ်မှု ကျူးလွန်တယ်။ တချို့နိုင်ငံတွေ ကျတော့ တရားဝင် လုပ်ခွင့်ပြုထားတယ်။ တရားဝင် လုပ်ခွင့်ပြုထားတဲ့ နိုင်ငံတွေဟာ တရားဝင်လူသတ်ခွင့် ပေးထားတာနဲ့ မတူဘူးလား။

လူ့ရဲ့ လူလို့သတ်မှတ်တဲ့ အချက်ချင်းလည်း မတူကြဘူး။ ဆေးပညာမှာ လူလို့ သတ်မှတ်တာက လှုပ်ရှားလာပြီးတော့ အသက်ရှူလာမှ၊ အဲဒီအဆင့် ရောက်မှ လူလို့သတ်မှတ်တယ်။ ဗုဒ္ဓကတော့ အဲဒီလို

စာမျက်နှာ-၂၈
မဟုတ်ဘူး။ မြတ်စွာဘုရားက လူလို့ သတ်မှတ်တာ ဘယ်အချိန်ကစ သတ်မှတ်တုန်း ဆိုလို့ရှိရင် ဟိုဘဝက စုတိစိတ်ကျပြီးတော့ မိခင်ရဲ့ ဝမ်းထဲမှာ ကလလရေကြည်လို့ဆိုတဲ့ အင်မတန်မှ သေးငယ်တဲ့ အစက်အပြောက်ကလေးထဲမှာ ရှိတဲ့ ပဋိသန္ဓေ ဝိညာဉ်စိတ်နဲ့ စေတသိက်၊ ကမ္မဇရုပ်(၃၀) အဲဒါနဲ့ ဖွဲ့စည်းထားတဲ့ ရေပေါက်ကလေးလောက်ရှိတဲ့ အနေအထားလေးက စပြီးတော့ လူလို့သတ်မှတ်တယ်။

အဲဒီဟာကို အသက်ရှိတယ်၊ မရှိဘူး ဘယ်လိုလုပ် သိရမလဲဆိုရင် ဆေးပညာအဆိုအရတော့ သူက အသက်မရှူသေးဘူး၊ နှလုံးမခုန်သေးဘူး ဆိုရင် အသက်မရှိသေးဘူးလို့ ဒီလိုယူဆတယ်နဲ့ တူတယ်။ အသက်ဆိုသည်မှာ အသက်ရှူသည်ဖြစ်စေ၊ မရှူသည် ဖြစ်စေ၊ နှလုံးခုန်သည် ဖြစ်စေ၊ မခုန်သည် ဖြစ်စေ အသက်ဇီဝိတရဲ့ အဓိပ္ပာယ်က ဒီ ရေကြည်ပေါက်ကလေး တဖြည်းဖြည်း ကြီးထွားလာအောင် ထိန်းသိမ်း

စာမျက်နှာ-၂၉
စောင့်ရှောက်ထားတာ၊ ဒီ ရေကြည်ပေါက်ကလေး ပုပ်သိုးမသွားအောင် ထိန်းသိမ်းစောင့်ရှောက်တာကို ဗုဒ္ဓရဲ့ အဆုံးအမက အသက်လို့ခေါ်တယ်။ ဒါကြောင့် အသက်ဆိုတာကို ရေနဲ့ကြာ ဥပမာပေးထားတယ်။ ရေဟာ ကြာကို လန်းဆန်းပွင့်လန်းနေအောင် စောင့်ရှောက်ထားသလို ဇီဝိတကလည်းပဲ လူရဲ့ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာကို ဆက်လက်ရှင်သန်နေအောင် ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဒီလိုပြောတာ။

အခု လူ့ဘဝရောက်လာပြီး၊ အသက်အရွယ်ရလာပြီးတော့ အသက်ချုပ်သွားပြီ ဆိုလို့ရှိရင် သုံးရက်လောက်နေလို့ရှိရင် ဘာဖြစ်လာလဲ၊ ပုပ်လာတယ်။ အဲဒါ အသက်မရှိတော့တာ သေချာတယ်။ အကယ်၍ အသက်ရှိနေသေးတယ် ဆိုရင် မေ့မျောနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ တစ်လမေ့နေနေ၊ တစ်နှစ်မေ့နေနေ၊ တစ်ခါတုန်းက နိုင်ငံခြားမှာဆို (၁၅)နှစ်၊ အနှစ်(၂၀) မေ့နေတာ ရှိတယ်လေ။ အသက်မရှူဘဲနဲ့ အသေလို

စာမျက်နှာ-၃၀
ဖြစ်နေတယ်၊ ဒါပေမယ့် မပုပ်ဘူး၊ မပုပ်တာ ဘာဖြစ်လို့တုန်းဆို အသက်ရှိနေသေးလို့ အသက်ဆိုတဲ့ ဇီဝိတက protect လုပ်ထားတယ်၊ ထိန်းသိမ်းစောင့်ရှောက်နေတယ် ဒါကြောင့်မပုပ်တာ၊ အကယ်၍ အသက်မရှိတော့ဘူးဆိုရင် ပုပ်သွားတယ်၊ ဒီလိုဆိုတာပေါ့။ ဒါကြောင့် မိခင်ရဲ့ ဝမ်းထဲမှာ အသက်က ဘယ်အချိန်က စတာတုန်းလို့မေးလို့ရှိရင် ကလလရေကြည်က စတယ်လို့ ဒီလိုပြောတာ။ အဲဒီအချိန်ကစပြီး abortion လုပ်လို့ မရဘူး၊ ပေးရင်လူသတ်မှုပဲ။ ရဟန်းတွေ ဆိုလို့ရှိရင် အဲဒီအချိန်မှာ ဆေးပေးလို့ရှိရင် ကိုယ်ဝန်ကျဆေး သွားပြီးတော့ သေစေလိုတဲ့ စိတ်နဲ့ပေးရင် ပါရာဇိကကျတယ်။

ကြက်ဥနဲ့ ပတ်သက်ပြီးတော့ စဉ်းစားကြည့်ကြပေါ့၊ တချို့က ကြက်ဥကို အသက်မရှိသေးဘူးလို့ ယူဆတယ်၊ ဗုဒ္ဓရဲ့ အဆိုအမိန့်အရ ဒီကြက်ဥလေး သဏ္ဌာန် ပေါ်လာပြီဆိုကတည်းက ဒီထဲမှာ ဝိညာဉ်ကလေး ရှိနေပြီ။

စာမျက်နှာ-၃၁
ဒီကြက်ဥလေး ပုပ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်တာက အသက်က ထိန်းသိမ်းစောင့်ရှောက်တာ၊ အကောင်မပေါ်သေးတာနဲ့ အသက်မရှိသေးဘူးလို့ ဒီလိုမဟုတ်ဘူး၊ ဒီကြက်ဥလေးဟာ မိခင်ကြက်မကလည်း ဝပ်ပေးတယ်၊ အဲဒီကြက်ဥ တဖြည်းဖြည်း ရင့်လာတဲ့အခါမှာ အကောင်ဖြစ်လာတယ်။ အဲဒီလို ဖြစ်လာဖို့ အခြေခံမျိုးစေ့လေး ရှိကတည်းက အသက်ရှိတယ်လို့ ပြောရမယ်။ ဒါကြောင့်မို့ ကြက်ဥစားရင် ပါဏာတိပါတကံ ထိုက်သလားလို့ ဆိုတော့ ကြက်ဥကို “သတ္တဝါလို့လည်း ယူဆမယ်၊ သတ္တဝါလည်းဟုတ်တယ်၊ သတ္တဝါကတော့ဟုတ်နေပြီ၊ အသက်ရှိတာ ဟုတ်နေပြီ၊ သေစေလိုတဲ့ စိတ်လည်း ရှိတယ်၊ သေအောင်လည်းလုပ်မယ်၊ သေလည်းသေမယ်” ဒီ(၅)ချက်နဲ့ ပြည့်စုံရင်တော့ ပါဏာတိပါတကံ ထိုက်တယ်။

စာမျက်နှာ-၃၂
အဲဒီတော့ သတ္တဝါလို့မယူဆဘူး၊ အသက်မရှိဘူး လို့ ယူဆပြီးစားရင်တော့လည်း သေမှုတော့ ဖြစ်မှာပဲ။ ပါဏာတိပါတ အင်္ဂါရပ်တော့ မပြည့်စုံဘူးလို့ ဒီလိုပြောရမှာပဲ။ ဒါကြောင့်မို့ ပါဏာတိပါတ ကင်းလွတ်ချင်တဲ့ ပုဂ္ဂိုလ်တွေ၊ ငါးပါးသီလ လုံလုံခြုံခြုံ သန့်သန့်ရှင်းရှင်း နေချင်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ကြက်ဥကို မစားကြဘူး။ အသက်လို့ သတ်မှတ်ပုံခြင်းက လောကသတ်မှတ်ချက်နဲ့ မြတ်စွာဘုရားရဲ့ သတ်မှတ်ချက်ခြင်း မတူဘူးဆိုတာလေးကိုတော့ သတိထားပေါ့။

ကောင်းပြီ-လူ့ဘဝရလာကြတယ်၊ လူ့ဘဝ ရလာပြီ၊ အဲဒီလိုရလာတဲ့အချိန်မှာ မိဘနဲ့သားသမီး ဆက်ဆံမှုဆိုတာ နှစ်ခုဖြစ်လာတယ်။ အဲဒီနေရာမှာ ဒီလို သရုပ်ခွဲလို့ရတယ်။
(၁) မိဘက ကိုယ်ကျင့်သီလ မရှိဘူး၊ သားသမီးက ကိုယ်ကျင့်သီလ ရှိတယ်။
(၂) သားသမီးက ကိုယ်ကျင့်သီလ မရှိဘူး၊ မိဘက ကိုယ်ကျင့်သီလ ရှိတယ်။
(၃) သားသမီးရော မိဘရော ကိုယ်ကျင့်သီလ မရှိဘူး။

စာမျက်နှာ-၃၃
(၄) နောက် သားသမီးရော မိဘရော ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတယ်လို့ လေးမျိုး၊ မိသားစုကို ဒီလို လေးမျိုးခွဲလို့ရတယ်။

ဘယ်လို အနေအထားမှာပဲရှိရှိ သားသမီးသည် မိဘကိုစော်ကားရင် အပြစ်ရှိတယ်၊ ဘယ်လိုမိဘမျိုးပဲ ဖြစ်ဖြစ် စော်ကားရင် ကိုယ်က သားသမီးဖြစ်ခြင်းကြောင့် ကိုယ့်ရဲ့ရာထူးက နိမ့်ပြီးသားပဲလေ၊ နိမ့်ပြီးသား ဆိုတော့ အထက်လူကြီးကို ပြန်ပြောမှုနဲ့ အဲဒီမှာအပြစ်ရှိတယ်။ ဒါက “တစ်ဖက်သတ်”လို့ ပြောရမလားလို့ ဆိုရင် ဘယ်ဟုတ်မလဲ၊ ကျေးဇူးတရားဆိုတာဟာ ကိုယ့်ထက် အရင်ရောက်ကတည်းက ကိုယ်ကို လုပ်ပေးထားတဲ့ ကျေးဇူးတရားဆိုတာ ရှိတယ်။ တင်နေတာ ကိုယ်က ကျေးဇူးတင်တယ်။ ဒါကြောင့်မို့ ကိုယ်ကျင့်တရားကောင်းတဲ့ မိဘပဲဖြစ်စေ၊ မကောင်းတဲ့မိဘပဲ ဖြစ်စေ သားသမီးက စော်ကားလို့ရှိရင်တော့ အပြစ်ရှိတယ်။

စာမျက်နှာ-၃၄
တစ်ခါ ဒီလိုခွဲတာလည်း ရှိတယ်၊ အမေက သီလရှိတယ်၊ အဖေက သီလမရှိဘူး၊ မာတုဃာတက၊ ပိတုဃာတကကံ နှစ်ခုစလုံး ကျူးလွန်တယ်။ အမေရော အဖေရော သတ်တယ်ဆိုတဲ့ လူကျတော့ ဘယ်အကုသိုလ်က အကျိုးပေးတုန်းဆို သီလရှိတဲ့ဟာက ပိုပြီး အကျိုးပေးတယ်။ သီလရှိတဲ့ အမေအဖေကို သတ်ရင် ပိုပြီး အပြစ်ကြီးတယ်။ အဲဒီတော့ အမေနဲ့အဖေ နှစ်ယောက်စလုံး သတ်လို့ရှိရင်တော့ ဘယ်ဟာက ပိုပြီးတော့ အကုသိုလ်ကြီးတုန်းဆိုရင် အမေကိုသတ်တာ ပိုပြီးအကုသိုလ်ကြီးတယ်။ ဘာဖြစ်လို့လဲ? အမေကို မျက်နှာလိုက်တာလား ဆိုတော့ မျက်နှာလိုက်တာ မဟုတ်ဘူး၊ အမေက ပိုပြီးတော့ လုပ်ရတယ်လေ၊ အဖေဆိုတဲ့လူက ခပ်ဝေးဝေး နေတဲ့လူကိုး။ အမေက အကုန်လုပ်ရတာလေ။ သားသမီးအပေါ်မှာ ပြုစုစောင့်ရှောက်တဲ့နေရာမှာ အမေက အဓိကဖြစ်နေတယ်။ ဒါကြောင့်မို့ အမေ့ကျေးဇူးက ပိုများတယ်လို့ ဒီလိုပြောတာ။

စာမျက်နှာ-၃၅
ပိတုမာတာလို့ မခေါ်ဘဲနဲ့ မာတာပိတုလို့ ဒီလို သုံးတာလည်း အဓိပ္ပာယ်ရှိတယ်။ အမေအဖေ၊ သို့သော် စာပေစကားအရ မာတာနဲ့ပိတာဆိုတဲ့ စကားနှစ်ခုက မာတုပိတုမှာ၊ အ အာ အိ အီဆိုတဲ့ စကားလုံး အစဉ်အတိုင်း ပြောမယ်ဆိုရင် မာတာက ရှေ့ကနေရမှာပဲ။ တဘက်က ကြည့်မယ်ဆိုလို့ရှိရင်တော့ ပိုပြီးတော့ သားသမီးအပေါ်မှာ ကျေးဇူးရှိလို့ မာတာက ရှေ့ကနေ ရတယ်လို့ ဒီလိုဆိုတယ်။

အဲဒီတော့ အကျဉ်းချုပ် ကောက်နုတ်ချက် ပြောရမယ်ဆိုရင် ဘယ်လိုမိဘမျိုးပဲဖြစ်ဖြစ် သားသမီးက မိဘကို ပြစ်မှားရင်တော့ သားသမီးမှာ အပြစ်ရှိတယ်။ ဒါကတော့ တစ်ထစ်ချမှတ်ထားရမှာပဲ။ ဘယ်လိုမိဘမျိုးပဲဖြစ်ဖြစ် သားသမီးကပြုစုရင် အကျိုးရှိတယ်၊ ဒါလဲ တစ်ထစ်ချ မှတ်ထားရမယ့် မြတ်စွာဘုရားရဲ့ အဆုံးအမ စကားပဲ။ ကျေးဇူးရှိတာဟာ မိဘသာလျှင် ဖြစ်တယ်၊ အမေအဖေက ကိုယ့်အပေါ်မှာ အသာစီးရနေတယ်လို့

စာမျက်နှာ-၃၆
တော့ ဒီလို မအောက်မေ့လေနဲ့။ သူက အရင်မွေးတာကိုး၊ ရမှာပေါ့၊ နည်းနည်းတော့ အသာစီးရတယ်။

သို့သော် မိဘဝတ္တရား၊ သားသမီးအပေါ်မှာ ထားရမယ့် မိဘဝတ္တရားဆိုတာကိုလည်း မြတ်စွာဘုရားက ပုတ္တဒါရဿ သင်္ဂဟော လို့ ဟောတယ်။ ပုတ္တသင်္ဂဟ- သားသမီးကို ချီးမြှောက်စောင့်ရှောက်ရမယ်ဆိုတာ မိဘရဲ့ဝတ္တရား တစ်ခုဖြစ်သွားတယ်။ အဲဒီဝတ္တရား မကျေလို့ရှိရင် မိဘမှာလည်း အပြစ်တော့ ရှိတယ်။

ဒါဖြင့် မိဘက သားသမီး သတ်လို့ရှိရင် မာတုဃာတက၊ ပိတုဃာတကကံ ထိုက်သလို ပုတ္တဃာတကကံရော မထိုက်ဘူးလားလို့ မေးစရာ ရှိတယ်။ သတ်သည့်အတွက်ကြောင့် အကုသိုလ်တော့ ဖြစ်တယ်၊ သို့သော် အနန္တရိယကံလို့ ဒီလိုပြောလို့ မရဘူး။ ကံကြီးထိုက်တယ်လို့ ပြောလို့မရဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ကိုယ်က သားသမီး၊ မိဘကခေါ်လို့

စာမျက်နှာ-၃၇
လူ့ဘဝရောက်လာတဲ့ ပုဂ္ဂိုလ်ဆိုတော့ ကိုယ်ကတစ်ဆင့် နိမ့်နေတယ်ပေါ့။ အမြဲတမ်း တစ်ဆင့်နိမ့်နေတယ်။ ကိုယ့်သားသမီးကျတော့ ကိုယ်ကမြင့်မှာပေါ့။ လူတွေက သားဖြစ်လိုက်၊ အဖေဖြစ်လိုက်၊ ဒီလိုသွားမှာပေါ့။ အဲဒီတော့ ဒီတဆင့်မှာကျတော့ ကိုယ်ကဝါနိမ့်၊ ဝါငယ်နေတယ်။ ဝါငယ်နေတော့ ဝါကြီးဝါငယ်ဆိုတာ ဝါကြီးက ရှိခိုးရတယ်လို့ ရှိမှမရှိတာ။ ဝါငယ်ကပဲ ရှိခိုးရမှာပေါ့။ ဒါက လောကရဲ့ အစဉ်အလာတစ်ခုပဲလေ။ ဒီလိုဆိုတာပေါ့။

ဒီကနေ့ခေတ်မှာ (မြန်မာပြည်မှာသာ ပြောတာ မဟုတ်ဘူး၊ ကမ္ဘာမှာကို ခြုံပြီးတော့ကြည့်။) သားသမီးနဲ့ မိဘအကြား၊ မိဘနဲ့သားသမီးအကြား ဆက်ဆံရေးတွေဟာ လျော့ပါးလာတယ်၊ မှန်ကန်တဲ့အမြင်တွေ လျော့ကျလာတယ်ဆိုတာ ထင်ထင်ရှားရှား ရှိလာတယ်။ နိုင်ငံရပ်ခြားတွေမှာ ဆိုလို့ရှိရင် ဘာတွေဖြစ်လာတုန်းဆိုတော့ သားသမီးက (၁၈)နှစ်ဆိုရင် အရွယ်

စာမျက်နှာ-၃၈
ရောက်ပြီတဲ့၊ အရွယ်ရောက်တဲ့အခါကျတော့ သူတို့ နေချင်တဲ့ဆီ နေမှာပဲ၊ သွားချင်တဲ့ဆီသွားတယ်။ မိဘရဲ့ အုပ်ထိန်းမှုက လွတ်တယ်လို့ သူတို့ ဒီလိုဆိုကြတယ်။ သည့်အတွက်ကြောင့် သားသမီးက မိဘအပေါ် သိပ်ပြီးတော့ ဂရုမစိုက်ကြတော့ဘူး။ (၁၈) နှစ်ဆိုရင် ဘာနဲ့ ဥပမာတူတုန်းဆိုတော့ အသိုက်ထဲက ငှက်ကလေးတွေ ကိုယ့်ဟာကိုယ် ပျံနိုင်ရင် ပျံသွားတော့တာပဲ။ ဒီအသိုက်ကို ပြန်မလာတော့သလိုပဲ အဲဒီလို သွားကြတာ။ နိုင်ငံခြားတွေမှာတော့ အဲဒီလိုဖြစ်ကုန်ပြီ။ မြန်မာပြည်မှာတော့ အဲဒီလိုမဟုတ်သေးဘူး။ မိဘနဲ့သားသမီးဟာ မေတ္တာနှောင်ကြိုးလေးတွေ ရှိနေသေးတယ်။ အဲဒီ မေတ္တာနှောင်ကြိုးလေးတွေ ရှိနေတာဟာ အလွန်ကောင်းတယ်လို့ ပြောရမှာပဲ။ ဝတ္တရားကျေပွန်မှုအတွက် မေတ္တာနှောင်ကြိုးလေးတွေ ရှိရတယ်။

နိုင်ငံခြားတိုင်းပြည်မှာကျတော့ မိဘနဲ့သားသမီး ဆုံတွေ့ဖို့ဆိုတာ အလွန်ခဲယဉ်းသွားတယ်။ သူတို့

စာမျက်နှာ-၃၉
ဘာသာရေးနေ့မှာတို့၊ New Year တို့ဘာတို့မှာ Greeting Card လေးပေးပြီးတော့၊ Greeting Card လေးနဲ့ နှုတ်ဆက်တာပဲ ရှိတော့တယ်။

မြန်မာပြည်က ဒကာကြီးတစ်ယောက်၊ ရန်ကုန်ကပါပဲ။ သူတို့ နိုင်ငံခြားသွားပြီး အလုပ်အကိုင်လေး အဆင်ပြေတဲ့အခါကျတော့ သားနှစ်ယောက်ကို ခေါ်လိုက်တယ်။ ခေါ်လိုက်တဲ့အခါကျတော့ ဒီကလေးတွေက ငယ်ငယ်နဲ့ ဟိုရောက်သွားတယ်၊ ဟိုမှာကျောင်းနေ၊ ကျောင်းကလူတွေ အပေါင်းအသင်းတွေနဲ့ ဆိုတော့ ကလေးတွေက မြန်မာအမူအယာ သိပ်မရှိတော့ဘူး၊ ဒါကို နိုင်ငံခြားအသက်ဝင်သွားတယ်လို့ ခေါ်ကြတယ်။ American ဘဝ၊ American Life ပုံစံမျိုးကို ပြောတာ။ အသက်ဝင်သွားတဲ့အခါကျတော့ အဖေကို လက်ပြ နှုတ်ဆက်သွားတဲ့အဆင့် ရောက်သွားတယ်။ မြန်မာပြည်တုန်းကတော့ အမေ အဖေကို ကန်တော့သွားတယ်။ ဟိုကျတော့ “တာ့တာ” လုပ်သွားတယ်။

စာမျက်နှာ-၄၀
တာ့တာလုပ်တာက အရေးမကြီးဘူး၊ အမေအဖေကို ဂရုမစိုက်ဘူး။ Girl friend တွေ ခေါ်လာပြီးတော့ မိဘရှေ့မှာ နေချင်သလိုနေတာ။ ဒါ သူများကတဆင့် ပြောတာမဟုတ်ဘူး၊ ဘုန်းကြီးတို့ America သွားတဲ့အခါမှာ အဲဒီဒကာကြီးက လျှောက်တာ။ “အရှင်ဘုရား၊ ဒီကောင်တွေ သင်္ကန်းဝတ်ပေးချင်တယ် ဘုရား၊ တပည့်တော် ခေါ်လာမိတာတော့ မှားပါပြီ၊ ခုချိန်မှာ သူဘာမှ မတတ်နိုင်ဘူး။ အခု သူ ဘာခေါင်းဆိုလား၊ ညာခေါင်းဆိုလား ဖြစ်နေပြီ”တဲ့။ မကျေမနပ်ပြောတာ။ အမေ အဖေကို တာ့တာလုပ်သွားတယ်၊ ဘာမှ ဂရုမစိုက်တော့ဘူး။ ဒါက သူတို့နိုင်ငံရဲ့ ဆက်ဆံရေးက ဒီလိုရှိတာကိုး။ အဲဒီပုံစံ ချိုးသွားတဲ့အခါမှာ နိုင်ငံခြားရောက်တဲ့ မိဘတွေ စိတ်နှလုံးချမ်းသာတယ်လို့ မထင်ကြလေနဲ့။ သားသမီးရှိတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်နှလုံး အေးချမ်းမှု မရကြဘူးတဲ့။ သို့သော် လိမ္မာတဲ့ သားသမီးတော့ ရှိမှာပေါ့၊ လိမ္မာမှုမရှိတဲ့ သားသမီးလည်း ရှိတာပဲ။

စာမျက်နှာ-၄၁
ဘုန်းကြီးတို့ကြုံတွေ့ခဲ့ရတယ်။ အဲဒီမှာ တစ်နှစ်လောက် နေခဲ့တဲ့အခါကျတော့ သူတို့အကြောင်းတွေ တော်တော်လေး သိလာခဲ့ရတယ်။

အဲဒီလို ဘဝအခြေအနေ တစ်ခုတွေဟာ မိဘနဲ့ သားသမီးအကြားမှာ အမြင်တွေဟာ ပြောင်းလဲသွားတာလဲ အများကြီးရှိတယ်။ ပြောင်းလဲသွားပြီ။ မိဘကလည်း သားသမီးကို မစောင့်ရှောက်တော့ဘူး၊ သားသမီးကလည်း မိဘကို မစောင့်ရှောက်ကြတော့ဘူး။ သိပ်ပြီးတော့ အသိအမှတ်မပြုကြတဲ့ အနေအထားဟာ အတိုင်းအတာတစ်ခုထိ ရောက်လာပြီလို့ ဒီလိုပြောရမှာ။ ဒါက ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးတဲ့။ ကမ္ဘာလောကကြီး ဆုတ်ယုတ်လာတဲ့ လက္ခဏာလို့ ဒီလိုပြောရမှာ။

နောက်တစ်ခါ သူတို့နိုင်ငံတွေမှာဘာဖြစ်လာတုန်းဆိုလို့ရှိရင် ကိုယ့်သားသမီး ဆိုပြီးတော့ ကလေးလေးကို ရိုက်တာနှက်တာ သွားမလုပ်လေနဲ့၊ မြန်မာပြည်မှာ

စာမျက်နှာ-၄၂
တော့ ရိုက်လို့ရသေးတယ်၊ ဒါပေမယ့် အလွန်အကျွံ ရိုက်တာတော့ မကောင်းဘူး။ မရိုက်သင့်ဘူး၊ ဆုံးမရတယ်၊ ဆုံးမတာနဲ့ရိုက်တာ တခြားစီပဲ။ သို့သော် မြန်မာပြည်ကတော့ အရိုက်ခံရတာပဲ။ ဘုန်းကြီးတို့လည်း အရိုက်ခံခဲ့ရတာပဲ။ ဆရာနဲ့တပည့်ကြား အရိုက်ခံရတယ်။ ရိုက်တာ မကောင်းဘူးဆိုတာ ခုမှသိတယ်။ ဆုံးမဩဝါဒပေးရင် မရဘူး၊ ရိုက်မှ ကြောက်မယ်ဆိုတဲ့ အတွေးကြီးက မှားတဲ့အတွေးကြီးပဲ။ ဒီကောင် ရိုက်ကို ရိုက်မှဖြစ်မှာ၊ ရိုက်မှ ကြောက်တယ်လို့ ထင်တာ။ ရိုက်တိုင်းကြောက်တာ မဟုတ်ဘူး၊ သာသနာပိုင်ဆရာတော်ကြီးပြောတာလိုပဲ၊ သူ့တပည့်က သာသနာပိုင်ဖြစ်တော့ ဆွမ်းခံသွားတဲ့အခါတောင်မှပဲ ကျိုင်းနဲ့သိုင်းနဲ့ သွားတဲ့အခါကျတော့ “ဟေ့-ကျိုင်းတွေသိုင်းတွေနဲ့ သွားလို့၊ မင်းကို လူကကြောက်မှာ မဟုတ်ဘူး၊ ကြောက်အောင် အမြောက်ဆောင်”လို့ ပြောသတဲ့။ အဲဒါလို ဖြစ်နေပြီ၊ အမြောက်နဲ့မှရမှာ၊ ကျိုင်းနဲ့သိုင်းနဲ့တော့ ဘယ်သူမှ

စာမျက်နှာ-၄၃
ကြောက်မှာ မဟုတ်ဘူး၊ ရိုက်ရုံနဲ့တော့ မကြောက်ဘူး၊ ဘယ်လောက်ရိုက်ရိုက် မကြောက်ဘူး၊ ရိုက်တုန်းလေးပဲ၊ တစ်ခါတစ်ခါ ကိုရင်တွေကိုရိုက်ပြီး ကြည့်လိုက်တယ်၊ ပွတ်ပြီးတော့ ဟိုဘက်ကျရင် ရယ်သွားတာပဲ။ ရိုက်တုန်းနာတယ်၊ မျက်ရည်တောင် မခြောက်ခင် ရယ်နေတာ။ နောက်မလုပ်ဘူးလား ဆိုတော့ လုပ်ပြန်တာပဲ၊ ဘာမှမထူးဘူး။

အဲဒီတော့ ရိုက်တာ နှက်တာဟာ နောက်ဘဝကျတော့ ဘာအကျိုးပေးတတ်တုန်း ဆိုတော့ ရသာကြောတွေ ပျက်စီးစေတတ်တဲ့ အကျိုးပေးတတ်တယ်။ စားလို့ သောက်လို့ ခံတွင်းမကောင်းဘူးဆိုတဲ့လူတွေ ကြပ်ကြပ်သတိထား။ ဟိုဘဝက ရိုက်လာတာ၊ ခံတွင်းပျက်တယ်၊ ခံတွင်းပျက်တယ်နဲ့ ခဏခဏပြောနေတယ်၊ ဟိုဘဝ သူများကို ရိုက်ခဲ့တာ ရိုက်ခဲ့လို့ရှိရင် ခံတွင်းပျက်သတဲ့။ အဲဒီတော့ မရိုက်ဘဲနဲ့ လိမ္မာယဉ်ကျေးအောင်၊ နားလည်အောင် ဆုံးမတာဟာ အကောင်းဆုံးပဲ။ အကျိုးသင့်

စာမျက်နှာ-၄၄
အကြောင်းသင့်ပြောပြပြီး ဆုံးမတာ။

ဆုံးမတဲ့အခါမှာ လူဆိုတာ အမျိုးမျိုးရှိတယ်။ မြတ်စွာဘုရား ဥပမာပေးထားတာ ရှိတယ်။ ရောဂါသည်ဟာ သုံးမျိုးရှိတယ်တဲ့၊
(၁) ဆေးဝါးဓာတ်စာ ကုသမှုခံရမှ အသက်ရှည်မယ့် လူနာလည်းရှိတယ်၊
(၂) ဆေးဝါးဓာတ်စာ ကုသမှုရှိသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သေမယ့်လူနာလည်းရှိတယ်၊
(၃) ဆေးဝါးကုသခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ သူ့ဟာသူ အချိန်တန်တော့ ပျောက်မယ့်ရောဂါလည်းရှိတယ်။

အဲဒီမှာ ဆုံးမဩဝါဒပေးရတယ်ဆိုတာ ခုနကလို ပြုစုကုသမှုခံရမှ အသက်ရှည်မယ့် လူနာမျိုး၊ မခံရရင် အသက်မရှည်ဘူးဆိုတဲ့ လူနာမျိုးလိုပဲ ဆုံးမဩဝါဒရမှ ကြီးပွားမယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးသာ ဆုံးမရမှာ၊ ဆုံးမစရာ မလိုဘူး၊ သူ့ဟာသူ ခုနကလို ဆေးကုစရာမလိုဘူး။ သူ့ဟာသူ ပျောက်မယ့်ရောဂါမျိုးတို့၊ ကုကု မကုကု မရဘူး၊ သေမယ်ဆိုတာမျိုးတွေတို့ အဲဒီလို ပုဂ္ဂိုလ်မျိုး

စာမျက်နှာ-၄၅
တွေကတော့ အဓိကမဟုတ်ဘူးတဲ့၊ ဆုံးမဩဝါဒမှ မရရင် ဒီလူက ပျက်စီးသွားမယ်၊ အဲဒီ ပုဂ္ဂိုလ်မျိုးအတွက် ဆုံးမရတာတဲ့၊ လူသုံးယောက်ထဲမှာ တစ်ယောက်ပဲ ဆုံးမရမယ့်သူပါတယ်၊ အဲဒီ အမျိုးအစားထဲပါမှ ဆုံးမလို့ အကျိုးရှိတယ်။

လူ့လောကမှာ “မိဘနဲ့ သားသမီး အကြား မှန်ကန်သောအမြင်”ဆိုတာတွေက ကွဲပြားခြားနားလာပြီ။ မိဘက ဒို့အပေါ်ကျေးဇူးရှိတယ်ဆိုတာကို လက်မခံချင်ကြဘူး၊ ဒါ မှားယွင်းတဲ့အမြင်တစ်ခု ဖြစ်လာတယ်။ မိဘရှိတယ်ဆိုတာကိုတောင် အသိအမှတ် မပြုချင်ကြဘူး၊ အဲဒီလိုဖြစ်လာလို့ရှိရင်တော့ လူ့လောကကြီးဟာ ပျက်စီးဖို့ ဒီအမြင်တွေက မြင်လာခြင်း ဖြစ်တယ်။ သူတော်ကောင်းတွေရဲ့ အမြင်ကျတော့ ဘယ်လိုမြင်ရတုန်းဆိုတော့ မိဘဆိုတာကျေးဇူးရှိတယ်၊ သီလရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိဘက ကျေးဇူးရှိတယ်၊ ကျေးဇူးသာ ကိုယ်နဲ့ဆိုင်တာ၊ သီလရှိတာ မရှိတာ

စာမျက်နှာ-၄၆
ကိုယ်နဲ့မဆိုင်ဘူး၊ သီလရှိတာ မရှိတာ သူ့ရဲ့ကိုယ်ရေးကိုယ်တာလို့ ဒီလိုတွက်ရတယ်။ ကျေးဇူးရှိတာ မရှိတာက ကိုယ်နဲ့ပတ်သက်တယ်၊ ဒီလိုဆိုရမှာ။

သားသမီးကလည်း ထို့အတူပဲ၊ ဒို့ဟာ ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်မို့ ကျေးဇူးတင်ရမယ်၊ ကျေးဇူးပြုရမယ်၊ ဒီလိုဆိုရတယ်။ အဲဒီတော့ မိဘကလည်း သားသမီးကို ကျေးဇူးပြုတယ်၊ အဲဒီလို မှန်ကန်တဲ့အမြင်နဲ့ သွားရမယ်။

နိုင်ငံခြားတိုင်းပြည်တွေမှာ ကိုယ့်သားသမီးဆိုပြီးတော့ သွားရိုက်လို့မရဘူး၊ ရိုက်တာနဲ့ ဘာလုပ်လဲ၊ 911 နှိပ်ပြီးတော့ ပုလိပ်လှမ်းခေါ်တာ၊ အဲဒီမိဘက အဖမ်းခံရတယ်။ သူတို့ဆီမှာဥပဒေရှိတယ်၊ ကလေးတွေ ပြောမရလို့ရှိရင် ရိုက်မယ်လို့တော့ မအောက်မေ့လေနဲ့၊ နိုင်ငံခြားမှာ ရိုက်ပြီဆိုလို့ရှိရင် မိဘက ကိုယ့်သားသမီးတောင် ကိုယ်မပိုင်တော့တဲ့ အနေအထားမျိုး ရောက်သွားတယ်။ ရိုက်တာက အားပေးစရာတော့ မဟုတ်ဘူး_

စာမျက်နှာ-၄၇
ပေါ့၊ ခုနကပြောတဲ့အတိုင်း ဆုံးမဖို့ပဲ တာဝန်ရှိတယ်။ အဲဒီလို ခေတ်ရဲ့ အခြေအနေတွေဟာ ပြောင်းလဲနေတယ်။ တိုးတက်တယ်လို့ ပြောချင်ပြော၊ ဆုတ်ယုတ်တယ်လို့ ပြောချင်ပြော။ တကယ်တော့ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ လျော့ပါးသွားခြင်းပဲ။ အဆုံးအမတွေ လျော့ပါးသွားရင် ဆုတ်ယုတ်တယ်လို့ပဲ ပြောရမှာပဲ။ သူတော်ကောင်းတွေရဲ့ အတွေးအခေါ်၊ သူတော်ကောင်းတွေရဲ့ အဆုံးအမ လျော့ပါးသွားပြီ ဆိုလို့ရှိရင် ဆုတ်ယုတ်တယ်လို့ ပြောရမှာပဲ။ . .

လောကကြီးမှာ တိုးတက်တယ်ဆိုတာမှာ အရင်တုန်းက လှည်းစီးရတယ်၊ အခု ကားစီးရတယ်။ ဒါ တိုးတက်တယ်လို့ပြောရမှာပဲ။ သို့သော် ရှေးတုန်းက လူငယ်လူရွယ်တွေဟာ ဆရာမိဘကို ရိုသေလေးစားကြတယ်၊ ကနေ့ ရိုသေလေးစားမှု မရှိကြဘူး၊ ဒီအပိုင်းက ဆုတ်ယုတ်တယ်လို့ ပြောရမှာပဲ။ အဲဒီတော့ ဆုတ်ယုတ်မှု၊ တိုးတက်မှုဆိုတာ သူ့အပိုင်းနဲ့သူ ရှိတယ်။

စာမျက်နှာ-၄၈
တိုးတက်တယ်လို့လည်း မပြောနဲ့၊ ဆုတ်ယုတ်တယ်လို့လည်း မပြောနဲ့၊ တိုးတက်တယ်ဆိုရင် ဘယ်အပိုင်းက တိုးတက်တယ်၊ ဆုတ်ယုတ်တယ်ဆိုရင် ဘယ်အပိုင်းက ဆုတ်ယုတ်တယ် ဒီလိုပြောရမယ်။ သူ့ဟာနဲ့သူ ခွဲခွဲခြားခြား မြင်ဖို့လိုတယ်၊ ကောင်းတဲ့ အနေအထားတွေ ဆုတ်ယုတ်လာသလား၊ ကောင်းတဲ့ အနေအထားတွေ တိုးတက်လာသလား ဒီနှစ်ခုပဲ ကြည့်ရမယ်။ အဲဒီတော့ လောကကြီးကို ခြုံငုံပြီးတော့ ပြောမယ်ဆိုရင်တော့ ရုပ်ဝတ္ထုဘက်က တိုးတက်လာတာမှန်တယ်၊ စိတ်ဓာတ်ဆိုင်ရာ လူတွေရဲ့ အသိပညာဆိုင်ရာ စိတ်ဓာတ်ရေးရာတွေကတော့ ဆုတ်ယုတ်လာတယ်လို့ပဲ ဒီလိုပြောရမှာပဲ။

ဒါကြောင့်မို့ “မိဘနဲ့သားသမီးရဲ့ အကြားမှာ မှန်ကန်သောအမြင်”ဟာ အမြဲရှိနေဖို့လိုတယ်။ မိဘဆိုတဲ့ စိတ်ရှိပြီးတော့ မိဘကလည်းပဲ ပုတ္တဒါရဿ သင်္ဂဟော ဆိုတဲ့အတိုင်း ငါမွေးထားတဲ့ သားသမီးတွေ

စာမျက်နှာ-၄၉
ကြီးပွားတိုးတက်ဖို့အတွက် ငါ့တာဝန်ရှိတယ်၊ ဆုံးမဩဝါဒပေးရမယ်၊ သားသမီးကလည်းပဲ ငါတို့ကို မွေးပြီး ကျွေးမွေးထားတဲ့ မိဘတွေ၊ ငါတို့ရဲ့ ကျေးဇူးရှင်တွေဖြစ်တယ်၊ ငါတို့ဟာ ရိုသေလေးစားရမယ်၊ ပြုစုစောင့်ရှောက်ရမယ်၊ မြတ်စွာဘုရားက ဘယ်လောက်ထိအောင် ဟောထားတုန်းဆိုရင် “တာယနံ ပါရိစရိယာယ၊ မာတာပိတူသု ပဏ္ဍိတာ။ ဣဓေ၀ နံ ပသံသန္တိ၊ ပေစ္စ သဂ္ဂေ ပမောဒတိ။” တဲ့။

“အသိပညာရှိတဲ့ သားသမီးတွေဟာ မိဘကိုပြုစုလုပ်ကျွေးကြတယ်၊ အဲဒီလို ပြုစုလုပ်ကျွေးသည့်အတွက်ကြောင့် ဒီဘဝမှာ ချီးမွမ်းခံရပြီး နောင်ဘဝကျတော့လည်း နတ်ပြည်ရောက်တယ်” လို့ ဒီလိုဟောထားတာ။ ဒီဘဝမှာ ချီးမွမ်းခံရခြင်း၊ နောင်ဘဝနတ်ပြည်ရောက်ခြင်းဆိုတာ မိဘကိုပြုစုခြင်းရဲ့ အကျိုးကျေးဇူးအနေနဲ့ မြတ်စွာဘုရား ဖော်ပြထားတာ။

စာမျက်နှာ-၅၀
အဲဒီတော့ “စော်ကားမယ်ဆိုရင် ဒီဘဝမှာ ကဲ့ရဲ့ခံရပြီး နောင်ဘဝမှာ ငရဲကျမယ်”ဆိုတဲ့ အပြစ်ရမှာပဲ။ ဒေသနာတော်ဆိုတာ အပြန်အလှန် နှစ်ခုယူရတယ်။ အကောင်းလုပ်ရင် အကောင်းဖြစ်တယ်၊ အဆိုးလုပ်ရင် အဆိုးဖြစ်တယ်၊ ဒီလိုရှိတာကိုး။ ဒါကြောင့်မို့ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေရဲ့ အသိုင်းအဝိုင်းမှာ ဗုဒ္ဓရဲ့ အဆုံးအမတွေ ဘယ်လောက်ထိ တည်ရှိသလဲ၊ ဘယ်လောက်ထိ လိုက်နာနေကြသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ဘုန်းကြီးတို့တတွေဟာ ဆုတ်ယုတ်တယ်၊ တိုးတက်တယ်ဆိုတာကို မှတ်သား နားလည်ကြရမှာ ဖြစ်တယ်။ ကိုယ်နဲ့ပတ်သက်ပြီးတော့ မဆုတ်ယုတ်ဖို့ ကြိုးစားအားထုတ်ကြရမယ်၊ ကိုယ့်အသိုင်းအဝိုင်းထဲမှာ မဆုတ်ယုတ်အောင် ကြိုးစားအားထုတ်ရမယ်။ အဲဒီလို မိဘနဲ့သားသမီးအကြားမှာ မြတ်စွာဘုရား ဟောကြားတဲ့ မှန်ကန်တဲ့အမြင်တွေဟာ ဒီကနေ့ ကမ္ဘာလောကကြီးမှာ ပျက်စီးဆုံးရှုံးလာပြီ။

စာမျက်နှာ-၅၁
နောက်တစ်ခု ပြောရမယ်၊ မိဘစကားဆိုတာ သားသမီးကနားထောင်ရတယ်၊ ဒါက ယေဘုယျအားဖြင့်ပြောတဲ့စကား၊ ခုနက စကားကိုပြန်ကောက်ကြည့်၊ မိဘက အကျင့်သီလမရှိဘူး၊ ပညာမရှိဘူး၊ သားသမီးက အကျင့်သီလရှိတယ်၊ ပညာရှိတယ်။ မိဘက ကိုယ့်ကိုဆုံးမလို့ရှိရင် အရက်ပုလင်းယူခဲ့စမ်း၊ သွားဝယ်စမ်းဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒီလို မိဘမျိုးရော မရှိနိုင်ဘူးလား။ အဲဒီလိုရှိလာရင်ရော ဘယ်လိုလုပ်ရမလဲ။ လောကကြီးမှာ အခု မေးခွန်းတွေ တက်တက်လာတယ်လေ။

အဲဒီတော့ မြတ်စွာဘုရားက မိဘကို သားသမီးက ဘာလုပ်ပေးရမလဲလို့ ဆိုတဲ့အခါမှာ ဓမ္မနဲ့ကျေးဇူးဆပ်ရင် ကျေတယ်တဲ့။ “သဒ္ဓါမရှိတဲ့မိဘ သဒ္ဓါရှိလာအောင် သားသမီးက မိဘကို သဒ္ဓါတရားဖြစ်လာအောင် သွေးဆောင်ပေးရမယ်။ ကိုယ်ကျင့်သီလ မရှိတဲ့မိဘကို ကိုယ်ကျင့်သီလရှိလာအောင်၊ အသိပညာမရှိတဲ့ မိဘကို

စာမျက်နှာ-၅၂
အသိပညာရှိလာအောင် သားသမီးက လုပ်ဆောင်ပြီးတော့ ပေးနိုင်မယ်”ဆိုရင် ဒီသားသမီးဟာ မိဘကျေးဇူးကို ကျေလည်အောင်ဆပ်ရာ ရောက်တယ်။ ဓမ္မနဲ့ ကျေလည်အောင် ဆပ်ရာရောက်တယ်လို့ ဒီလိုသုတ္တန်တစ်ခုမှာ အဲဒီလိုဟောထားတာ။ ဟောထားသည့်အတွက်ကြောင့် မိဘရဲ့ ဒုစရိုက်လုပ်ငန်းကိုတော့ သားသမီးက အားမပေးထိုက်ဘူးပေါ့။ ကိုယ်ကိုယ်တိုင်က ပညာရှိလာပြီဆိုရင် ကိုယ့်မိဘကို ကောင်းတဲ့ဘက်ကိုသာ ရောက်အောင် ပို့ဆောင်ပြီးတော့ ပေးသင့်တယ်။

သီဟိုဠ်ကျွန်းမှာ သောဏဆိုတဲ့ မထေရ်ကြီး ရှိတယ်၊ သူက ငယ်စဉ်ကတည်းက ရဟန်းဝတ်သွားပြီးတော့ ရဟန္တာဖြစ်နေတယ်။ သို့သော် သူ့အဖေကတော့ မုဆိုးကြီး၊ ဟောလို့ပြောလို့မရဘူး။ အသက်အရွယ်ကြီးလာပြီး သားကောင်တွေကို မဖမ်းနိုင်တော့တဲ့အခါကျတော့မှ ချော့မော့ပြီး ကျောင်းခေါ်ပြီး ဦးဇင်းကြီး ဝတ်ပေးထားတယ်။

စာမျက်နှာ-၅၃
အဲဒီလိုပဲ လုပ်ရမှာပဲ။ အဖေက အရက်ဝယ်ခိုင်းရင်တော့ ဝယ်မပေးနဲ့ပေါ့။ ချော့မော့ပြီးတော့ အဲဒီမှာ ဖျော်ရည်လေး ဘာလေး ဝယ်ပေးပေါ့။ ဒီလိုပဲ လုပ်ရမှာပဲ။ . .

အဲဒီလို သင်္ကန်းဝတ်ပေးထားပြီး သေခါနီးကျတော့ ဘာဖြစ်တုန်းဆိုတော့ သူလုပ်ခဲ့တဲ့ အာရုံနိမိတ်တွေက အိပ်မက်လို ပေါ်လာတယ်။ သူက မုဆိုးလုပ်တယ်ဆိုတော့ ခွေးတွေမွေး၊ ဓားတွေလှံတွေ လေးတွေ မြားတွေနဲ့ တောလည်ထွက်တာကိုး။

အဲဒီတော့ သေခါနီး မိန်းမောလာတဲ့ အချိန်မှာ သူ့ကို ခွေးတွေက ဝိုင်းအုံပြီးတော့ ကိုက်တော့မယ် အနေအထားမျိုးကို အိပ်မက်ထဲမှာလို မြင်ရတဲ့အခါကျတော့ “လုပ်ကြပါဦး၊ လုပ်ကြပါဦး၊ ခွေးတွေလာကုန်ပြီ၊ ခွေးတွေကိုက်တော့မယ်”လို့ ရောင်အော်တယ်။ အဲဒီတော့ သူ့သားရဟန္တာက သဘောပေါက်တယ်၊ ဒါဟာ ငရဲနိမိတ်တွေထင်တာပဲ၊ ငရဲကျတော့မှာပဲ

စာမျက်နှာ-၅၄
ဆိုပြီးတော့ စေတီရင်ပြင်ကို ပွေ့ချီသွားပြီး “ဦးဇင်းကြီး၊ ဦးဇင်းကြီး သတိထား ဟောဒီမှာ စေတီရင်ပြင်ရောက်နေပြီ၊ ဘုရားပန်းကိုလှူလိုက်၊ ဒါလေးကိုလှူလိုက်၊ ဘုရားကို အာရုံပြုလိုက်၊ ခွေးတွေ မလာတော့ဘူး၊ မကိုက်တော့ဘူးနဲ့” ပြောလိုက်တဲ့အခါမှာ သူအားရပြီးတော့ ဘုရားကို မျက်လုံးဖွင့်ကြည့်ပြီးတော့ စိတ်ထဲမှာ အကြောက်ကလေး ပြေသွားပြီး ဘုရားကို အာရုံပြုလိုက်တဲ့အခါကျတော့မှ “နတ်သမီးတွေ လာနေပြီ။ နတ်သမီးတွေ လာနေပြီ”ဆိုပြီး အာရုံက ပြောင်းသွားသတဲ့။ အဲဒီအချိန်လေးမှာ သေသွားတော့ နတ်ပြည်ရောက်သွားတယ်၊ သားက ကယ်တင်လိုက်တာ။

အဲဒီလို ကယ်တင်လို့ ရသလားလို့ ဆိုတော့ ရတယ်၊ သေခါနီးမှာ ဖြစ်လိုက်တဲ့ ကုသိုလ်ဟာ အကုသိုလ်ကို တစ်ခဏတာမျှ ဖယ်ရှားပြီး ကယ်တင်လို့ရတယ်၊ သေခါနီးမှာဖြစ်တဲ့ အကုသိုလ်ကလည်းပဲ ကုသိုလ်တွေ လုပ်ထားတာကို အခွင့်အရေးမရအောင်

စာမျက်နှာ-၅၅
သူက လက်ဦးမှု ယူသွားတာမျိုးလည်း ရှိတတ်တယ်။ ဒါကြောင့်မို့ သေခါနီးမှာ အလွန်အရေးကြီးတယ်။

သေခါနီး အချိန်ရောက်နေပြီဆိုလို့ရှိရင် ဗမာတွေမှာ တော်တော်များများက လူမမာနားလာပြီး တောင်ပြောမြောက်ပြော “ဒီတောင်က ကျော်နိုင်မယ် မထင်ပါဘူး”၊ ဟိုကတော့ မေ့နေတာမှမဟုတ်တာ၊ ကြားနေတာ။ အဲဒီလိုတွေပြော၊ “ဘဏ်စာအုပ်တွေ မေးထားလိုက်ရဲ့လား” “လက်မှတ်ထိုး လိုက်ရဲ့လားလို့ မေးတဲ့လူကမေး၊” “စိန်နားကပ် ဘယ်နားထားတုန်း”တို့။

အဲဒါမျိုးတွေက မလုပ်ထိုက်ဘူး၊ မလုပ်ရဘူး။ အဲဒီလို လုပ်ရင်တော့သွားပြီ၊ ဟိုလူက ဒုက္ခရောက်ပြီ၊ အဲဒီလို ဖြစ်တတ်တယ်။

ဘုန်းကြီးတွေ ကျတော့လည်း “ကိုယ်တော်၊ ကျောင်း ဘယ်သူ့အပ်ခဲ့မှာတုန်း”တို့ ဘာတို့ လုပ်ကုန်တယ်။ အဲဒီမှာ ဒုက္ခရောက်ပြီ။

စာမျက်နှာ-၅၆
အဲဒီအချိန်မှာ စိတ်ကလေး ဖြောင့်နေအောင် ငြိမ်ငြိမ်လေးထားပြီး တရားလေး ဖွင့်ပေးတာတို့၊ ကုသိုလ်ကောင်းမှုလေး လုပ်ပေးပြီးတော့ ငြိမ်းငြိမ်းအေးအေးချမ်းချမ်းနဲ့ နေအောင် တိတ်တိတ်ဆိတ်ဆိတ်ကလေး နေရတယ်။ စကားမပြောရဘူး၊ အမှန်က အဲဒီအချိန်မှာ ဆူညံဆူညံနဲ့ ဟိုလူလာ ဒီလူလာ လက်မခံတာကောင်းတယ်။ လာတဲ့လူက ဟိုပြောဒီပြော သိပ်ပြောတာ။ တိုးတိုးလည်း မပြောတတ်ဘူး မြန်မာတွေရဲ့ ထုံးစံ အသံက ကျယ်ကျယ်ပြောတတ်တယ်။ အဲဒါတွေက ဒုက္ခရောက်စေတတ်တဲ့အရာတွေ ဖြစ်တယ်။ ဒါကြောင့်မို့ အရာရာမှာ သတိထားရမယ့် ကိစ္စတွေ၊ ဆင်ခြင်ရမယ့်ကိစ္စတွေ လောကကြီးမှာရှိတယ်။

မိဘနဲ့သားသမီး ဆက်လက်ပြီးတော့ စဉ်းစားစရာ၊ သားသမီးက ကိုယ်ကျင့်တရားကောင်းပြီးတော့ မိဘက မကောင်းဘူးဆိုရင် သားသမီးက မိဘအရာလို နေပြီးတော့ ကိုယ့်မိဘကောင်းလာအောင် သွေးဆောင်

စာမျက်နှာ-၅၇
ဖြားယောင်းပြီးတော့ တိုက်တွန်းနှိုးဆော်ပေးလို့ရှိရင်လည်း မိဘဟာ ကောင်းတဲ့အနေအထားမျိုး ရောက်လာနိုင်တယ်။ အဲဒီလိုလုပ်ရမှာပဲ။

နောက်တစ်ခုက ဆိုပါစို့- ကြံကြံဖန်ဖန် မေးတတ်ကြတယ်၊ မိဘစကားကို နေရာတကာတိုင်း နားထောင်ရမှာလားလို့ မေးတဲ့အခါမှာ ကျိုးကြောင်းဆီလျော်တဲ့ မိဘစကားကိုတော့ နားထောင်ရမယ်၊ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်လာတဲ့ဟာမျိုး၊ ကိုယ်က ဥပမာမယ် ဘုန်းကြီးဝတ်ချင်တယ်၊ မိဘက မဝတ်စေချင်ဘူး၊ သို့သော် မြတ်စွာဘုရားက အဲဒီနေရာမှာ မိဘရဲ့ သဘောတူညီချက်ကို ယူရမယ်လို့ ဟောထားတာ ရှိတယ်။ ဒါကဘာကြောင့် ယူခိုင်းတာတုန်းဆိုတော့ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက လျှောက်သွားတာ၊ အရှင်ဘုရား၊ တပည့်တော်ကို ဒါလေးတော့ ကတိပေးပါ ဆိုပြီးတော့ လျှောက်သွားတယ်။ “မိဘတွေရဲ့ စိတ်နှလုံးဆိုတာဟာ ကိုယ့်သားသမီးအပေါ်မှာ အင်မတန်

စာမျက်နှာ-၅၈
မှ ချစ်တယ်၊ ဒါကြောင့်မို့ မိဘခွင့်မပြုရင် သင်္ကန်းဝတ်မပေးပါနဲ့”ဆိုတာကြောင့် မြတ်စွာဘုရားက ဒါကို ကတိပေးလိုက်တာ။

သို့သော် ရှင်သာရိပုတ္တရာရဲ့ ညီအငယ်လေး ရေဝတဆိုတာကျတော့ ရှင်သာရိပုတ္တရာက ရဟန်းတော်တွေကို မှာထားတယ်၊ “ကိုယ်တော်တို့၊ တပည့်တော်ညီငယ်လေး ရောက်လာလို့ရှိရင် ဝတ်သာပေးလိုက်ပါ၊ တပည့်တော် အမေအဖေတွေက ဗုဒ္ဓဘာသာတွေ မဟုတ်ဘူးတဲ့၊ ဘာသာခြားတွေ ဖြစ်နေတယ်၊ သူတို့ဆီ ခွင့်တောင်းစရာမလိုဘူး၊ သူပဲမိဘပါပဲ” လို့ ပြောထားတာရှိတယ်။

အဲဒီတော့ ကောင်းတာလုပ်ပြီ ဆိုတဲ့အခါကျတော့ တစ်ခါတစ်ခါ မိဘသဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လုပ်ရတာရှိတယ်။ ကောင်းတဲ့ အလုပ်လုပ်တာကိုး။ ကဲ- မြတ်စွာဘုရားအလောင်း သိဒ္ဓတ္ထမင်းသား တောထွက်တယ်၊ မိဘတွေက မထွက်စေချင်ဘူး၊

စာမျက်နှာ-၅၉
စာပေထဲမှာ ဘယ်လိုရေးထားတုန်းဆို “အကာမကာနံ မာတာပိတူနံ ရုဒန္တာနံ” တဲ့။ အမေအဖေတွေက မသွားစေချင်လို့ ငိုယိုနေတုန်း တောထွက်သွားတာ။ ကနေ့ခေတ်မှာဆိုရင် မိဘစကား နားမထောင်ဘူးလို့ ပြောရမှာပေါ့။

အဲဒီတော့ ဒီကိစ္စမှာ မိဘစကား နားထောင်နေလို့ရှိရင် ဘုရားဖြစ်ပါ့မလား၊ ကောင်းတဲ့ဘက် လုပ်ရမယ် ဆိုတဲ့နေရာကျတော့ မိဘစကားဟာ အဓိကမဟုတ်ပြန်တော့ဘူးပေါ့။ ဒီလိုဆိုလိုတာ။ နားထောင်ရမယ်ဆိုတာ ဆုံးမဩဝါဒအနေနဲ့ ကျတော့ နားထောင်ရမယ်၊ သို့သော် မိဘစကားက ကိုယ်ရည်မှန်းတဲ့ ကုသိုလ်ရဲ့ အောက်တန်းကျနေလို့ရှိရင်တော့ နားထောင်စရာ မလိုဘူးလို့ ပြောရမှာပဲ။

သာဓက ရှိလား၊ ရှိတယ်လေ။ ဘုရားအလောင်းတွေဟာ မိဘစကား နားမထောင်ဘဲ တောထွက်သွားတာ အများကြီးပဲ။ တောထွက်ပြီးတော့ တရားဓမ္မ

စာမျက်နှာ-၆၀
ကျင့်ကြံကြိုးကုတ် အားထုတ်တာပဲ။ အဲဒီတော့ မိဘရဲ့ ဆုံးမဩဝါဒက နိမ့်ကျနေပြီးတော့ ကိုယ်လုပ်တဲ့ အလုပ်က ပိုပြီးတော့ မြင့်မြတ်နေလို့ရှိရင်တော့ မိဘစကား နားထောင်စရာ မလိုဘူးပေါ့။ ဒီလိုဆိုမှာပေါ့။

နိုင်ငံခြားသားတွေက ကြံကြံဖန်ဖန် မေးတတ်တယ်၊ ဒါမျိုးတွေ ကြံကြံဖန်ဖန်မေးတာက ကြံကြံဖန်ဖန်တွေးလို့ကိုး၊ မတွေးရင်တော့ ဘာမှမေးစရာအကြောင်း ရှိမှာမဟုတ်ဘူး။ အဲဒီတော့ အမှတ်တမဲ့ မနေရဘူး၊ တွေးရတယ်။

ကဲ- နောက်တစ်ခု သူတို့ မေးတတ်တာလေး ရှိသေးတယ်။ မြတ်စွာဘုရား တောထွက်တဲ့အခါမှာ ယသော်ဓရာကို ကလေးတစ်ယောက်နဲ့ ပစ်ထားခဲ့တာ မဟုတ်လား၊ စဉ်းစားကြည့်စမ်း၊ ယသောဓရာရဲ့ အမေအဖေနေရာက စဉ်းစားကြည့်ရင် “ငါ့သမီးယူပြီးတော့ မလုပ်ကျွေးဘဲ ကလေးတစ်ယောက်နဲ့ ပစ်ထားခဲ့တယ်”လို့ မပြောပေဘူးလား၊ ပြောမှာပဲ။

စာမျက်နှာ-၆၁
သူ့အဖေကြီးကလည်း ဒီအတိုင်းပဲ၊ သုပ္ပဗုဒ္ဓတဲ့၊ ယသောဓရာရဲ့ အဖေ၊ ဒေဝဒတ်ရဲ့အဖေ။ အဲဒါနဲ့ သူက မကျေနပ်တာ၊ ဘုရားရဲ့ ဦးလေးတော်တယ် သုပ္ပဗုဒ္ဓဆိုတာ။ မယ်တော် မာယာရဲ့ မောင်၊ သူက လုံးဝမကျေနပ်ဘူး၊ သူ့သမီးကို ကလေးတစ်ယောက်နဲ့ ပစ်ထားခဲ့တယ်ဆိုပြီးတော့ မကျေနပ်ဘူး၊ ဘုရားအလောင်းက တောထွက်သွားတာ၊ ဒါပေမယ့် သူ့အနေနဲ့ ကြည့်မယ်ဆိုရင် ကျေနပ်စရာရှိရဲ့လား၊ မရှိဘူး။ အဲဒါ မကျေနပ်လို့ တစ်ခါတုန်းက မြတ်စွာဘုရား ဒေဝဒဟမြို့ထဲ ဝင်လာတဲ့အခါမှာ သူက လမ်းပိတ်ပြီးတော့ အရက်သောက်နေတယ်၊ မြတ်စွာဘုရား ဆွမ်းခံတဲ့လမ်းကို ပိတ်ပြီး အရက်သောက်နေတယ်၊ ရှောင်မပေးဘူး၊ မြတ်စွာဘုရားက ဒီလမ်းက ဆွမ်းခံသွားမယ်ဆိုတာကို ပြောတယ်၊ အဲဒီတော့ ဘာပြောတုန်း “သိဒ္ဓတ္ထ ငါ့ထက် ငယ်တယ်၊ ငါဂရုစိုက်စရာမလိုဘူး” မကျေနပ်ချက်တွေနဲ့။ လမ်းပိတ်ပြီးတော့ အရက်သောက်နေတယ်၊

စာမျက်နှာ-၆၂
မြတ်စွာဘုရားက ဘာပြောတုန်း ဆိုတော့ “ဒီ ဘဒွေးတော် မင်းကြီးကတော့ (၇) ရက်လောက်နေရင် မြေမြိုတော့မှာပဲ၊ သူ့အကုသိုလ်တွေက အတော်များနေပြီ” မြတ်စွာဘုရားအပေါ်မှာ စော်ကားတဲ့စိတ်တွေက အလွန်များပြီး အထွတ်အထိပ် ရောက်သွားပြီ ဆိုတယ်။

နောက်ဆုံးကျတော့ အဲဒီစကားကိုကြားတော့ သူကြောက်တယ်၊ ကြောက်လို့ (၇)ထပ်ရှိတဲ့ တိုက်ပေါ်မှာ တက်နေတယ်။ တက်နေပြီး သူအောက်မဆင်းမိအောင်လို့ ဆိုပြီးတော့ အထပ်တိုင်း အထပ်တိုင်းမှာ လက်ဝှေ့သမားတစ်ယောက်စီ ချထားတယ်၊ အကယ်၍များ သူ မေ့ပြီး ဆင်းလာရင် အပေါ်ပြန်တွန်းတင်ရမယ်လို့ ပြောထားတာ။ လူ(၇)ယောက်၊ နောက်ဆုံး (၇)ရက်ပြည့်တဲ့ နေ့ကျတော့ သူစီးတဲ့မြင်းက ထိန်းမရအောင် ဟီနေတယ်ပေါ့လေ။ ခုန်ပေါက်ပြီး ဟီနေတယ်။ အဲဒီမှာ သူမေ့သွားတာ၊ မြင်းကိုထိန်းဖို့ဆိုပြီးတော့ သူဆင်းတာ၊

စာမျက်နှာ-၆၃
ဆင်းတော့ ဟိုကောင်တွေကလည်း တွန်းတင်ရမယ့်အစား အောက်ကိုပဲတွန်းချတယ်။ အဲဒါနဲ့ အောက်ရောက်သွားပြီး မြေကြီးပေါ်လည်း ရောက်ရော မြေမြိုသွားတယ်ဆိုတဲ့ ဇာတ်လမ်းရှိတယ်လေ။ အဲဒါဒေဝဒတ်တို့ ယသောဓရာတို့ရဲ့ အဖေပဲ။ မကျေမနပ်စိတ်တွေ ဖြစ်တတ်တယ်ဆိုတာ ဒါ လူ့သဘာဝပဲ၊ ပြောလို့ မရဘူး။

အဲဒီနေရာမှာ မြတ်စွာဘုရားဟာ ယသောဓရာနဲ့ သားတော်အပေါ်မှာ တာဝန်ဝတ္တရားမကျေဘဲနဲ့ ရက်စက်တာလားဆိုတော့ ဒါက သူ့ရဲ့ အလွန်မြင့်မြတ်တဲ့ ဆန္ဒအရ သူလုပ်တာ။ သူတို့ကို ပျက်စီးစေလိုတဲ့စိတ်ဓာတ်မပါဘူး။ ကလေးတစ်ယောက်နဲ့ ပစ်ထားခဲ့မယ်ဆိုတဲ့စိတ်ထားမျိုး မဟုတ်ဘူး၊ တရားကျင့်မှ သတ္တဝါတွေ အားလုံးကို ကယ်တင်နိုင်မယ်။ သတ္တဝါအားလုံးကို ကယ်တင်နိုင်တဲ့ တရားဓမ္မကို ငါသိအောင်လုပ်မယ်၊ သိအောင် တရားကျင့်ရမယ်ဆိုတဲ့စိတ်နဲ့ သွားတာ။

စာမျက်နှာ-၆၄
“ဒင်းတို့ သားအမိနှစ်ယောက် ဒုက္ခရောက်စေ”ဆိုတဲ့ စိတ်မရှိဘူး။ လူဆိုတာ တမင်လုပ်တာနဲ့ မလုပ်တာဆိုတာ ရှိတယ်လေ၊ တမင်လုပ်တာမဟုတ်ဘဲနဲ့၊ တမင်မလုပ်ဘဲနဲ့ ထိခိုက်နေတာတွေ လောကမှာ အများကြီးရှိတယ်။

လမ်းပေါ်မှာ ကားမောင်းသွားတယ်၊ ကိုယ်မမြင်တဲ့ အကောင်လေးတွေ တက်ကြိတ်မသွားဘူးလား၊ ကြိတ်တယ်။ တမင်လုပ်တာ ဟုတ်ရဲ့လား၊ မဟုတ်ဘူး။ လမ်းလျှောက်သွားလို့ရှိရင်လည်း ပုရွက်ဆိတ်တို့ အကောင်တွေ တက်နင်းသွားတာပဲ၊ သေတာပဲ။ အဲဒီတော့ ဒါတွေက တမင်လုပ်တာ မဟုတ်သည့်အတွက် အကုသိုလ်ဖြစ်တယ်လို့ ပြောလို့မရဘူး၊ မြတ်စွာဘုရားရဲ့ ရည်ရွယ်ချက်က “သားအမိနှစ်ယောက် ဒုက္ခရောက်စေလိုတဲ့စိတ် မရှိဘူး၊ သူတို့ နှစ်ယောက်အပါအဝင် သတ္တဝါတွေ ချမ်းသာမယ့် နည်းလမ်းကို ငါရှာရမယ်၊ ဘုရားဖြစ်လာတဲ့အခါ ထူးခြားတဲ့ အသိဉာဏ်ရပြီး ကယ်တင်မယ်။ ဒါကတစ်ခု။

စာမျက်နှာ-၆၅
နောက်ထပ် သားသမီးနဲ့ မိဘဆိုတာ ဝေဿန္တရာဇာတ်ထဲမှာ ဖတ်ဖူးကြတယ် မဟုတ်လား။ သားလေးနဲ့ သမီးလေးကို ဇူဇကာပုဏ္ဏားက လာအလှူခံတဲ့အခါကျတော့ လှူလိုက်တယ် မဟုတ်လား။ ခုခေတ်အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ရက်စက်တယ်လို့ ပြောကြမှာပဲ။ ကိုယ့်သားသမီးကို ကိုယ်ဘုရားဖြစ်ချင်တာနဲ့ လှူတယ်လို့ နိုင်ငံခြားကလူတွေက အဲဒီလိုတွေးတယ်။ အဲဒီတော့ ဘယ်လို ရှင်းရတုန်းဆိုရင် အဲဒီခေတ်မှာ ခုခေတ်ပြောသလို human rights ခေါ်မလား၊ father's right ပေါ့။ အဖေ့ရဲ့ အခွင့်အရေးဟာ မိသားစုအပေါ်မှာ ရှိတယ်။ အဖေက ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ ဖခင်ဆုံးဖြတ်တဲ့အတိုင်း အဲဒီခေတ်မှာ သားသမီးက လိုက်နာကြရတယ်၊ သူ့ right ရှိတယ်ပေါ့။ သူ့အနေနဲ့ကလည်း သားသမီးတွေကို မုန်းလို့လုပ်တာ မဟုတ်ဘူး၊ သားသမီးတွေထက် မြတ်နိုးတာရှိတယ်၊ မြတ်စွာဘုရား အလောင်းတော် ကိုယ်တိုင်က ပြောတယ်၊ “ငါ့သား

စာမျက်နှာ-၆၆
သမီးတွေကို မမုန်းဘူး၊ ဒါပေမယ့် သားသမီးတွေထက် ပိုချစ်တဲ့ သဗ္ဗညုတဉာဏ်တော်ကြီးကို ရဖို့အတွက် ဒီအလုပ်လုပ်မှ ဖြစ်မယ်ဆိုရင် လုပ်ရမယ်”ဆိုတဲ့ အဓိပ္ပာယ်မျိုးပြောတယ်။ ဆန္ဒကိုက အင်မတန်မှ ကြီးမားနေတယ်။ ကြီးမားနေသည့်အတွက်ကြောင့် သားသမီးတွေကို လှူလိုက်တာဟာ မင်းတို့ဒုက္ခရောက်ပေတော့ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လှူလိုက်တာ မဟုတ်ဘူး၊ သူအနေနဲ့ ဘာမဆိုလှူနိုင်တယ်။ မပေးနိုင်ဘူးဆိုတဲ့ မစ္ဆရိယစိတ်က ဘယ်နေရာမှာမှ မရှိတော့တာ။ သားသမီးမပြောနဲ့ သူ့ရဲ့ ရင်ထဲက နှလုံးသားကို ထုတ်ပြီးပေးဆိုလည်း လှူမှာပဲ။ မျက်လုံးတောင်းရင် မျက်လုံးထုတ်လှူမှာပဲ၊ သွေးတောင်းရင် သွေးကို ထုတ်လှူမှာပဲ။ အဲဒီလိုစိတ်ဓာတ်မျိုး ရှိနေတာဆိုတော့ အပြင်ဘက်က ပစ္စည်းမျိုးကို မပြောနဲ့၊ သူ့အတွင်းက ပစ္စည်းတောင် လှူမှာလို့ ဆိုသည့်အတွက်ကြောင့် ဒါက ဖခင်တစ်ယောက်ရဲ့ right အနေနဲ့ လုပ်တာလို့။ ဟို

စာမျက်နှာ-၆၇
သားသမီးကို ဒုက္ခရောက်အောင်လုပ်တာ မဟုတ်ဘူးလို့ ဒီလိုပြောရမှာပဲ၊ ကြံကြံဖန်ဖန် နိုင်ငံခြားသားတွေကလည်းမေးတယ်။ အိန္ဒိယမှာ သူ့ rightဆိုတာရှိတယ်။ အဲဒီခေတ်က အဲဒီအခွင့်အရေးအရ မြတ်စွာဘုရား အလောင်းတော်ဟာ ဒီလိုလုပ်ခဲ့ခြင်းသာဖြစ်တယ်။ နောက် မဒီဒေဝီကို လှူတယ်ဆိုတာလည်းပဲ ဒီအတိုင်းပဲ။ အိန္ဒိယနိုင်ငံမှာ အခွင့်အရေးဆိုတာတွေက အမျိုးမျိုးရှိတယ်၊ ကြားဖူးကြပါလိမ့်မယ်၊ အိန္ဒိယနိုင်ငံမှာ အိမ်ရှင်ယောက်ျားက သေသွားလို့ရှိရင် အမျိုးသမီးက မုဆိုးမ အဖြစ်မခံနိုင်ဘူး၊ မုဆိုးမ အဖြစ်မခံနိုင်တော့ ဘာလုပ်တုန်းဆို အိမ်ရှင်ယောက်ျားကို မီးသင်္ဂြိုဟ်တဲ့အထဲမှာ သူ့ကိုပါ ထည့်သဂြိုဟ်လိုက်တာ။ အဲဒါကို “စတီ”လို့ခေါ်တယ်။ အင်္ဂလိပ်လက်ထက် အဲဒီ စတီဆိုတဲ့ အစဉ်အလာကြီးကို ဥပဒေနဲ့တားပြီးတော့ အကြီးအကျယ် လုပ်ရတယ်။ ဒါတောင် ပျောက်သွားတာ မဟုတ်ဘူး၊ ကနေ့ခေတ်_

စာမျက်နှာ-၆၈
တောင်ချောင်ကြိုချောင်ကြား တောရွာတွေမှာ ကျန်နေသေးတယ်။

အိန္ဒိယ မဟာရာဇာတစ်ယောက်မှာ မိဖုရားငါးရာ ရှိတယ်တဲ့။ အဲဒီ မဟာရာဇာ သေသွားလို့ရှိရင် နောက်ကနေပြီးတော့ သူ့ကို မီးသဂြိုဟ်တဲ့အထဲမှာ အတူတူ သဂြိုဟ်ခံမယ့်အမျိုးသမီးက ၂၅၀ ရှိသတဲ့။ သူတို့စိတ်နဲ့ လိုက်ပြီး သေမယ့်ဟာတွေ အများကြီးပဲ ရှိတယ်။ ဒါ လူဆိုတာ ယုံကြည်မှုအပေါ်မှာ မူတည်ပြီးတော့ လုပ်ကြတာ။

ဒါကြောင့်မို့ “မိဘနဲ့သားသမီးကြားမှာ မှန်ကန်တဲ့အမြင်” ဆိုသည်မှာ မိဘဆိုတာရှိတယ်၊ မိဘရဲ့ ကျေးဇူးတရားဆိုတာရှိတယ်၊ မိဘကို ပြုစုလို့ရှိရင် ကုသိုလ်ရတယ်၊ မိဘကိုစော်ကားလို့ရှိရင် အကုသိုလ်ဖြစ်မယ်၊ မိဘကိုသတ်ဖြတ်မယ်ဆိုရင် မာတုဃာတကကံ၊ ပိတုဃာတကကံထိုက်တယ်။ မိဘကို ပြုစုလုပ်ကျွေးရင် ကြီးမားတဲ့ ကုသိုလ်တရားတွေ ဖြစ်တယ်။

စာမျက်နှာ-၆၉
မိဘရဲ့ကျေးဇူးကို ဓမ္မနဲ့ဆပ်လို့ရှိရင် ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမတရားတွေကို မှတ်သားပြီးတော့ မိဘနဲ့ပတ်သက်လာလို့ရှိရင် လွဲမှားတဲ့ အတွေးတွေ မတွေးမိစေဖို့၊ မှန်ကန်တဲ့အတွေးတွေတွေးပြီးတော့ ကုသိုလ်တရား ဖြစ်ပွားအောင် ကြိုးစား အားထုတ် နိုင်ကြပါစေကုန်သတည်း။

သာဓု... သာဓု... သာဓု
snkaeud4sx2zwnrldpbbbu78qy11ycc
ကမ္မဋ္ဌာန်းဆရာ
0
6353
22115
22079
2026-06-15T03:18:31Z
Tejinda
173
22115
wikitext
text/x-wiki
{{header
| title = ကမ္မဋ္ဌာန်းဆရာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[မိဘနှင့်သားသမီးအကြား မှန်ကန်သောအမြင်များ]]
| previous2 =
| next = [[ကမ္မဋ္ဌာန်းအလုပ်နှင့် အိပ်ငိုက်ခြင်း]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

ကမ္မဋ္ဌာန်းဆရာ

စာမျက်နှာ-၂
သာသနာတော်နှစ် ၂၅၅۶ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အိုးတော်ရပ်၊ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ခန္ဓာဝန်ချရာ ပင်မသံဝေဇနိယ မင်္ဂလာမဂ္ဂင်ရိပ်သာ ရွှေရတုမ္မာရုံကြီးအတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချ နှစ် ၅ဝ ပြည့် ရွှေရတုအထိမ်းအမှတ် ပူဇော်ပွဲ၌ ဆရာကျေးဇူးဆပ် ရိပ်သာအတွင်း အထူးတရားပွဲဝယ် အမရပူရမြို့ ဒေါ်မြင့်မြင့်၊ သား ဦးကိုကိုကြီး + ဒေါ်ခင်အေးအေးမြင့် "အောင်ထင်မင်း အထည်ဆိုင်" မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ကမ္မဋ္ဌာန်းဆရာ” အကြောင်း တရားဒေသနာတော်။

စာမျက်နှာ-၃
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က —
“ယထာဘူတံ ဉာဏာယ သတ္တာ ပရိယေသိတဗ္ဗော” — “အမှန်အကန်သိဖို့အတွက် နည်းလမ်းညွှန်ပြ သွန်သင်ဆုံးမမယ့်ဆရာဆိုတာ ရှာရမယ်” လို့ ဒီလိုဟောထားတယ်။ အဲဒီလို ဟောထားတဲ့ သုတ္တန်ပေါင်း ၂၀ နီးပါးခန့်ရှိတယ်။ အမှန်အကန်သိဖို့အတွက် ဆရာနဲ့ကင်းပြီး မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့ ဆရာကို ရှာရမယ်။

စာမျက်နှာ-၄
ဟုတ်ပြီ၊ ဆရာရှာတယ်ဆိုတော့ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကိုယ်တိုင်ပဲ အမှန်အကန်တရားကို ရှာဖွေတဲ့အခါမှာ မှန်မှန်ကန်ကန် ဟောပြနိုင်တဲ့ ဆရာကို မတွေ့သေးမီ တရားထူးတရားမြတ် မရဘူး။ သဉ္စယပရိဗိုဇ်လို့ခေါ်တဲ့ သိဉ္စည်းဆရာကြီးထံ တပည့်အဖြစ်ခံယူပြီး သူ့ရဲ့ဝါဒတွေကို သင်ကြားမှတ်ယူ လေ့လာကျင့်သုံးခဲ့တယ်။ သို့သော် ယထာဘူတကို ဟောပြနိုင်တဲ့ ဆရာမျိုးမဟုတ်သည့်အတွက် တရားထူးတရားမြတ်နဲ့ ဝေးခဲ့ရတယ်။ ပဉ္စဝဂ္ဂီ ၅ ပါးထဲမှာ အငယ်ဆုံးဖြစ်တဲ့ ရှင်အဿဇိနဲ့ တွေ့တဲ့အခါမှ အမှန်အကန် သိသွားတယ်။ ဆရာဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ စဉ်းစားကြည့်ပေါ့။

လောကမှာ မြတ်စွာဘုရားပြီးရင် ပညာအရာ အထက်မြတ်ဆုံးပုဂ္ဂိုလ်ဟာ ရှင်သာရိပုတ္တရာပဲ။ အဲဒီလောက် ထက်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးသည်ပင်လျှင် ဆရာမပါဘဲနဲ့ လမ်းမှန်မရောက်နိုင်ဘူးတဲ့။ ဒါကြောင့်မို့ ဆရာဟာ အင်မတန်မှ အရေးကြီးလို့ မြတ်စွာဘုရားကိုယ်တိုင်က —
“ယထာဘူတံ ဉာဏာယ = အမှန်အကန်သိဖို့အတွက်၊ သတ္တာ = သွန်သင်ပြသ ဆုံးမမယ့်ဆရာကို၊ ပရိယေသိတဗ္ဗော = ရအောင်ရှာပါ” လို့ ဒီလိုပြောတာနော်။

“ဆရာမပြ နည်းမကျ” လို့ ဆိုတဲ့အတိုင်း ဆရာက နည်းလမ်းဖော်ပြမှု မပြုဘူးဆိုရင် မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်ဖို့ အင်မတန်မှ ခဲယဉ်းတယ်။ ဒါကြောင့်မို့ ကမ္မဋ္ဌာန်းဆရာဆိုတာ နိဗ္ဗာန်သွားဖို့လမ်းကို ညွှန်ပြနိုင်တဲ့ ဆရာမျိုးကို ခေါ်တာ။ အခုခေတ်မှာတော့ “တရားပြဆရာ” လို့ ဒီလိုသုံးလေ့ရှိကြတယ်ပေါ့။

စာမျက်နှာ-၅
နိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ်တိုင်း မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို လျှောက်နိုင်ဖို့အတွက် ဆရာရှာပါဆိုတော့ ဘယ်လိုဆရာမျိုး ရှာရမှာလဲ၊ ဘယ်လိုအရည်အချင်းရှိတဲ့ ဆရာမျိုးလဲဆိုတာ သိဖို့လိုတယ်ပေါ့နော်။ အဲဒီလိုမဟုတ်ရင် ဆရာဆိုတိုင်း တပည့်ခံလို့က ဖြစ်တာမှ မဟုတ်ဘဲနဲ့။ ဗမာပြည်မှာ ဆရာတွေ ပိုများသေးတယ်။ ဆိုက္ကားသမားလည်း ဆိုက္ကားဆရာ၊ မြင်းလှည်းမောင်းတဲ့သူလည်း မြင်းလှည်းဆရာဆိုတော့ ဆရာတွေက အများကြီးပဲ။

အဲဒီတော့ တရားပြဆရာဆိုတာ အများကြီးရှိတဲ့အထဲမယ် ဘယ်လိုအရည်အချင်းနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်မျိုးမှ တကယ့်ကမ္မဋ္ဌာန်းဆရာ ဖြစ်ရမှာလဲ။ ကမ္မဋ္ဌာန်းအားထုတ်ဖူးလို့ ကမ္မဋ္ဌာန်းအားထုတ်တဲ့ အတွေ့အကြုံရှိရုံနဲ့ ကမ္မဋ္ဌာန်းဆရာလုပ်ဖို့ လုံလောက်ရဲ့လား။ ကမ္မဋ္ဌာန်းဆရာရဲ့ အရည်အချင်းကို မြတ်စွာဘုရားကိုယ်တိုင် ဟောကြားထားတာတွေ စာပေကျမ်းဂန်မှာ မှတ်တမ်းတင်ထားတာ ရှိတယ်။

စာမျက်နှာ-၆
လောကမှာ အလုပ်တစ်ခုကို လျှောက်ထားကြတယ်။ ကုမ္ပဏီအလုပ်ပဲဖြစ်ဖြစ်၊ ဘာအလုပ်ပဲဖြစ်ဖြစ် ပထမဆုံး ဘာမေးလဲဆိုတော့ အရည်အချင်းကို မေးတယ်မဟုတ်လား။ အရည်အချင်းရှိဖို့ အင်မတန်မှ အရေးကြီးတယ်။ အဲဒီတော့ ဆရာရှာတဲ့အခါမှာလည်းပဲ အရည်အချင်းပြည့်ဝတဲ့ ဆရာဟုတ်မဟုတ် စစ်ဆေးဖို့လိုတယ်။ ဆရာရဲ့ စံချိန်စံညွှန်းတွေကို မြတ်စွာဘုရားကိုယ်တိုင် သတ်မှတ်ပြထားတာ ရှိတယ်။ အဲဒါတွေကို သိရှိနားလည်ပြီးတဲ့အခါမှာ ဆရာရွေးရမယ်။

ဆရာရွေးမမှားဖို့ အင်မတန်မှ အရေးကြီးတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် သာမန်လမ်းကြောင်းပေါ် လျှောက်တာမျိုး မဟုတ်ဘူး၊ နိဗ္ဗာန်သွားတဲ့ လမ်းကြောင်းပေါ် လျှောက်ရတာမျိုးဆိုတော့ ဆရာရဲ့ သွန်သင်ဆုံးမမှုကို မရရင် လမ်းချော်သွားနိုင်တယ်။ နိဗ္ဗာန်လမ်းကြောင်းပေါ်ကို ရောက်ဖို့ အင်မတန်မှ ခဲယဉ်းသွားလိမ့်မယ်။ ခဲယဉ်းရုံတင်မကဘူး၊ နောက်ဆုံး မှားယွင်းတဲ့လမ်းကို လမ်းမှန်ထင်ပြီးတော့ လိုက်သွားလို့ လမ်းဆုံးတဲ့အခါမှာ ဒုက္ခတွေ ရောက်ကြရမှာဖြစ်တယ်။ ဒါကြောင့်မို့ “ဆရာမှားရင် တစ်သံသရာလုံး မှောက်တယ်” လို့တောင် ပြောကြတာပဲနော်။

စာမျက်နှာ-၇
အဲဒီတော့ မြတ်စွာဘုရားဟောကြားတဲ့ ဒီဒေသနာတော်ဟာ အလွန်မှတ်သားစရာကောင်းတယ်၊ တကယ့်ကို အရေးကြီးတာ။ ယထာဘူတံ ဉာဏာယ - အမှန်အကန်သိဖို့၊ သတ္တာ ပရိယေသိတဗ္ဗော - သွန်သင်ပြသ ဆုံးမနိုင်တဲ့ ဆရာမျိုးကို ရှာပါတဲ့။ ရှာပြီးတဲ့အခါ အဲဒီဆရာရဲ့ အဆုံးအမ ဩဝါဒ ညွှန်ကြားချက်အတိုင်း လိုက်နာရမယ်လို့ ဒီလိုပြောတာ။

ဗမာပြည်မှာ ကမ္မဋ္ဌာန်းဆရာဆိုပြီး ကမ္မဋ္ဌာန်းပြတဲ့အထဲမယ် စာတတ်ဖို့ မလိုပါဘူး၊ အတွေ့အကြုံရှိရင် ပြီးတာပဲလို့ ပြောတဲ့ ပုဂ္ဂိုလ်မျိုးတွေကလည်း နည်းတာမဟုတ်ဘူး။ တရားအားထုတ်တာတောင်မှပဲ စာခံနေလို့ တရားမတက်ဘူးလို့ ပြောတဲ့ပုဂ္ဂိုလ်တွေလည်း ရှိသေးတယ်။ အဲဒီလိုဆိုတော့ စာနဲ့တရားနဲ့က တစ်ခြားစီလို့ အဓိပ္ပာယ်ရောက်သွားတယ်ပေါ့။

စာဆိုတာ ဘာကိုပြောတာလဲဆိုတော့ ဘုရားဟောတဲ့ တရား။ အဲဒီဘုရားဟောတဲ့ တရားနဲ့မှ မညီညွတ်ရင် ဘယ်လိုလုပ်ပြီးတော့ မှန်ကန်တဲ့ လမ်းကြောင်းရောက်မလဲ။ အဲဒါကြောင့်မို့ “စာခံတယ်” ဆိုတာလည်း မပြောသင့်တဲ့ စကားတစ်ခုပဲ။ စာတတ်ဖို့မလိုဘူးဆိုတာလည်း မပြောသင့်တဲ့ စကားတစ်ခုပဲ။ တကယ်တော့ စာတတ်တာကို အကြောင်းပြုပြီး “မာနခံတယ်” လို့ပြောရင် မှန်တယ်။

စာမျက်နှာ-၈
ကမ္မဋ္ဌာန်းဆရာဆိုတာ အခု မိုးကုတ်ဆရာတော်ဘုရားကို ကြည့်ပေါ့။ အဘိဓမ္မာတရားတွေကို ကျေကျေညက်ညက် လေ့လာသင်ယူပြီး သင်ကြားပို့ချနေတဲ့ အရည်အချင်းရှိတဲ့ ဆရာတော်လေ။ အဲဒီလို စာပေတတ်ကျွမ်းလို့ မှန်မှန်ကန်ကန် ဟောနိုင်တာ။ စာတတ်ဖို့မလိုဘူးလို့ပြောရင် လက်ခံစရာအကြောင်း မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ စာထဲကအတိုင်းမှ မဟောရင် ကိုယ်သိတာမှ မဟုတ်တာ။

ဆရာတော်ကြီးတစ်ပါး တစ်ခါ စာရေးတယ်။ ရေးတော့ တခြားဆရာတော်တစ်ပါးက ပြောတယ် “ဆရာတော်ရေးတဲ့ ဆရာတော်စာအုပ်က စာထဲအတိုင်း ရေးတာကိုး” တဲ့။ သူပြောချင်တာက လက်တွေ့နဲ့ ရေးစေချင်တယ်ပေါ့။ စာထဲအတိုင်း ရေးတာကိုးဆိုတော့ ဟိုဆရာတော်ကြီးက ဘာပြန်ပြောတုန်း “စာထဲအတိုင်း မရေးရင် မှားကုန်မှာပေါ့ဗျာ” လို့ ပြောတယ်။ ဒါလည်း အလွန်မှတ်သားစရာကောင်းတဲ့ အရာတစ်ခုပဲ။

စာမျက်နှာ-၉
တရားဆိုတာက မြတ်စွာဘုရားဟောလို့ သိခဲ့ကြရတာ။ နိဗ္ဗာန်ဆိုတာလည်း မြတ်စွာဘုရားဟောလို့ သိရတာ။ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါး အကျင့်တရားဆိုတာလည်း ဘုရားဟောလို့သိတာ။ ပိဋကတ်သုံးသွယ်၊ နိကာယ်ငါးဖြာ၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတာ သင်္ဂါယနာခြောက်တန် တင်ပြီး အတည်ပြုခဲ့တဲ့ စာတွေဖြစ်တယ်။ ဒီစာတွေက ခံနေတယ်ဆိုရင် ဘယ်ဟုတ်မလဲ။ စာနဲ့မညီတဲ့လမ်းဟာ တစ်ခြားလမ်းပဲဖြစ်မယ်၊ နိဗ္ဗာန်လမ်းတော့ မဟုတ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားဟောတဲ့ တရားတွေက နိဗ္ဗာန်လမ်းကို ဖော်ပြတဲ့ တရားတွေချည်းပဲလေ။ အဲဒီတော့ တစ်ခြားလမ်းကို ရွေးရင်တော့ဖြင့် စာခံတာ ဟုတ်ကောင်းဟုတ်လိမ့်မယ်နော်။ နိဗ္ဗာန်သွားမယ့်လမ်းကတော့ စာခံစရာ အကြောင်းမရှိဘူး၊ စာတတ်လေ ကောင်းလေပဲ။

ဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကိုယ်တိုင်က —
“ယထာဘူတံ ဉာဏာယ သတ္တာ ပရိယေသိတဗ္ဗော - အမှန်အကန်သိဖို့အတွက် ဆရာကောင်းကိုရှာ” လို့ ပြောခဲ့တာ။ အဲဒါကို ရှင်မဟာဗုဒ္ဓဃောသက ဝိသုဒ္ဓိမဂ်မှာ ရှင်းပြထားတယ်။ မြတ်စွာဘုရားဟောတဲ့ ဂါထာတစ်ပုဒ်မှာ —
“သီလေ ပတိဋ္ဌာယ နရော သပ္ပညော၊ စိတ္တံ ပညဉ္စ ဘာဝယံ”
အဲဒါစာပဲ။ ဘာကိုပြောတာတုန်းဆိုတော့ သီလအပေါ်မှာ အခိုင်အမာရပ်တည်၊ ရပ်တည်ပြီးတဲ့အခါမှာ စိတ္တံ ပညဉ္စ ဘာဝယံ

စာမျက်နှာ-၁၀
(စိတ္တဆိုတော့ ဒီနေရာမှာ တည်ငြိမ်တဲ့ သမာဓိကို ပြောတာ) သမာဓိနဲ့ပညာကို ဖြစ်ပွားစေပါတဲ့၊ ဒါ စာကပြောတဲ့အဓိပ္ပါယ်နော်။ အဲဒီမှာ သမာဓိစိတ်နဲ့ ပညာကို တိုးပွားအောင်လုပ်လို့ ဆိုတဲ့နေရာမှာ ရှင်မဟာဗုဒ္ဓဃောသက “ကထံ ဘာဝေတဗ္ဗော = သမာဓိ ဘယ်လိုဖြစ်အောင်လုပ်မလဲ” ဆိုတဲ့ နေရာမှာ အဓိက ဘာပြောတုန်းဆိုတော့ —
“ကမ္မဋ္ဌာနဒါယကံ ကလျာဏမိတ္တံ ဥပသင်္ကမိတွာ” တဲ့။ ကမ္မဋ္ဌာန်းပေးနိုင်တဲ့ ကောင်းမြတ်တဲ့ဂုဏ်ရည်တွေနဲ့ ပြည့်စုံတဲ့ မိတ်ကောင်းဆွေကောင်း ဆရာကောင်းကို ချဉ်းကပ်ပါလို့ ဒီလိုပြောတာနော်။

အဲဒီတော့ ဆရာမှားရင် အများကြီး ဒုက္ခရောက်နိုင်တယ်။ ဒါကြောင့်မို့ “ကမ္မဋ္ဌာန်းဆရာ” ဆိုတာ သာမန်နဲ့ ကမ္မဋ္ဌာန်းဆရာ ဖြစ်သင့်တာ မဟုတ်ဘူး။ ကမ္မဋ္ဌာန်းဆရာဆိုသည်မှာ ရှင်မဟာဗုဒ္ဓဃောသက “ကမ္မဋ္ဌာနဒါယကံ ကလျာဏမိတ္တံ”

စာမျက်နှာ-၁၁
ဆိုတဲ့ ကမ္မဋ္ဌာန်းဆရာရဲ့ အရည်အချင်းတွေကို ထုတ်ဖော်ပြသထားတဲ့အထဲမယ် “အေး- ကမ္မဋ္ဌာန်းပေးနိုင်တဲ့ ကောင်းမြတ်တဲ့အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ မိတ်ကောင်းဆွေကောင်း ဆရာကောင်းဆိုတာ နံပါတ်(၁) ဘုရားကိုပဲ ပြောရမယ်”။ ဟော ဆရာဆိုတာ သူများကို ပြောတာမဟုတ်ဘူး ဘုရားကိုပြောတာတဲ့၊ ဒါ အမြင့်ဆုံးအဆင့်ကို ပြောတာ။

အေး-ဘုရားမရှိတော့ဘူးဆိုရင် တရားရှိတယ်လေ။ မြတ်စွာဘုရားကိုယ်တိုင်ကိုက ပရိနိဗ္ဗာန်စံကာနီးမှာ —
“ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ” တဲ့။ “ငါမရှိတဲ့နောက် ငါဟောခဲ့တဲ့ဓမ္မ ငါပညတ်ခဲ့တဲ့ ဝိနယဟာ မင်းတို့ရဲ့ ဆရာပဲ” လို့ ဒီလိုပြောခဲ့တာ။

ဒါက အင်မတန်မှ ထူးခြားတယ်၊ သာမန်အဖွဲ့အစည်းတွေနဲ့ မတူဘူး။ ဗုဒ္ဓဘာသာသာသနာ

စာမျက်နှာ-၁၂
တည်ထောင်မှုကို စဉ်းစားကြည့်၊ ဒီပြင်အဖွဲ့အစည်းတွေမှာဆိုရင် Successor လို့ ခေါ်တဲ့ ရာထူးဆက်ခံသူတွေ ရှိရတယ်။ ဥပမာမယ် နိုင်ငံတစ်နိုင်ငံမှာ ဆိုရင် အုပ်ချုပ်တဲ့ သမ္မတတစ်ဦး အနားယူသွားရင် သူ့ရာထူးကို ဆက်ခံသူဆိုတာ လာရတယ်၊ ပုဂ္ဂိုလ်တွေကပဲ ဆက်ခံသွားကြတယ်။ အဲဒါကို အင်္ဂလိပ်လို Successor လို့ ခေါ်တယ်။ အဲဒီ Successor ဟာ ပုဂ္ဂိုလ်ပဲ ရွေးလေ့ရှိတယ်။ ဥပမာ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံတစ်နိုင်ငံဆိုလို့ရှိရင် ဘုရင်ကြီးမရှိရင် နောက်ထပ် မင်းတစ်ပါး တက်ရတယ်၊ Successor ဆက်ခံရတာ။

မြတ်စွာဘုရားရဲ့ သာသနာတော်ကျတော့ Successor ဆိုတာ ပုဂ္ဂိုလ်ကို ထားခဲ့တာ မဟုတ်ဘူး၊ ဓမ္မကို ထားခဲ့တာ၊ အင်မတန်မှထူးခြားတယ်လို့ ဒီလိုပြောရမယ်။ ဗုဒ္ဓသာသနာတော်မှာ ဗုဒ္ဓရဲ့ Successor လို့ခေါ်တဲ့ ဗုဒ္ဓရာထူးကို ဆက်ခံမယ့်ပုဂ္ဂိုလ်ဆိုတာ မရှိဘူး၊ မြတ်စွာဘုရားက ဓမ္မကိုပဲ မိမိရဲ့ Successor အနေနဲ့ ထားခဲ့တာ။

စာမျက်နှာ-၁၃
အဲဒီတော့ ဓမ္မဟာ အရေးကြီးဆုံးပေါ့။ အဲဒါကို သွားပြီး စာခံတယ်လို့ပြောမိရင် မှားလိမ့်မယ်။

မြတ်စွာဘုရားကိုယ်တိုင်က “သော ဝေါ မမစ္စယေန သတ္ထာ - အဲဒီဓမ္မဝိနယဟာ ငါမရှိတဲ့ နောက်မှာ မင်းတို့ရဲ့ဆရာပဲ” လို့ ပြောခဲ့တယ်နော်။ ဒါကို သတိမမေ့ဖို့ အင်မတန် အရေးကြီးတယ်။ ဒါဖြင့် “ငါဟောခဲ့တဲ့ဓမ္မ ငါပညတ်ခဲ့တဲ့ဝိနယ” ဆိုတာ ဘာတွေတုန်း။ အခု သင်္ဂါယနာခြောက်တန် တင်ထားတဲ့ ပိဋကတ်သုံးသွယ်၊ နိကာယ်ငါးဖြာပဲ၊ မြန်မာနိုင်ငံမှာ အပြည့်အဝရှိတယ်။ ဆရာတော်ကြီးတွေ အဆက်ဆက် ထိန်းသိမ်းသင်ကြားပို့ချပေးခဲ့တဲ့ စာပေတွေပဲ။ ဘယ်အရာပဲဖြစ်ဖြစ် စာပေနဲ့အညီပဲ ဖြစ်သင့်တယ်ပေါ့။ တစ်ဦးတစ်ယောက်ရဲ့ အတွေ့အကြုံဆိုတာမျိုးက ပြည့်စုံတာမဟုတ်ဘူး။ မပြည့်စုံဘူးဆိုတာ “ကိံသုကောပမ” သုတ်ကို ကြည့်ပေါ့။

စာမျက်နှာ-၁၄
ကိံသုကောပမသုတ္တန်ဆိုတာ အားလုံး ကြားဖူးကြလိမ့်မယ်။ “ပေါက်ပင်ဥပမာ” နဲ့ မြတ်စွာဘုရားဟောထားတာ။ ရဟန်းတစ်ပါးကို သွားမေးတယ်၊ မေးတဲ့အခါကျတော့ တရားရှုတဲ့အခါမှာ ဘာရှုရမလဲ။ သူကလည်း သူရှုခဲ့တဲ့ လမ်းစဉ်ကို ပြောတာ — “အေး-ဓာတ်ကြီးလေးပါးရှု”။

နောက်တစ်ပါးသွားမေးတဲ့အခါကျတော့ သူကျင်ခဲ့တဲ့ လမ်းစဉ်ပဲ ပြောတာ — “ခန္ဓာငါးပါးရှု” ဒီလိုပြောပြန်တယ်။ နောက်တစ်ခါကျတော့ “အာယတန ခြောက်ပါးကိုရှု” လို့ပြောတယ်။ တစ်ဦးနဲ့တစ်ဦး ပြောတာမတူသည့်အတွက် ကြားရတဲ့ပုဂ္ဂိုလ်မှာ သံသယတွေ ဖြစ်လာတယ်။

မြတ်စွာဘုရားက ရှင်းပြတယ် — ပေါက်ပင်ဆိုတာ ရာသီဥတုအလိုက် ပေါက်ပင်ရဲ့ ပုံပန်းသဏ္ဌာန် ပြောင်းလဲတယ်။ အရွက်ခြွေနေတဲ့အချိန်မှာ ပေါက်ပင်ကြီးကို သွားကြည့်ရင် သစ်ပင်ခြောက်ကြီးလိုပဲ ရိုးတံတွေချည်းပဲ၊ တစ်ရွက်မှ မရှိဘူး၊ အပွင့်ကလည်း

စာမျက်နှာ-၁၅
တစ်ပွင့်မှ မရှိဘူး။ ပေါက်ပင်ဆိုတာ ဘယ်လိုဟာလဲလို့ မေးတဲ့အခါ အဖြေအမျိုးမျိုးရှိတယ် — “ပေါက်ပင်ဆိုတာ အရွက်မရှိတဲ့ ရိုးတံတွေနဲ့အပင်” လို့ ပြောလိုက်တယ်။

နောက် ရာသီဥတုပြောင်းလာတဲ့အခါ ပေါက်ပင်က အပွင့်တွေနဲ့ ရဲလာတယ်။ အဲဒီအချိန်ကျတော့ “ပေါက်ပင်ဆိုတာ တစ်ပင်လုံးရဲရဲနီနေတဲ့ အပွင့်တွေနဲ့” လို့ ပြောပြန်တယ်။ သို့သော် ပေါက်ပင်ဆိုတာ ရိုးတံချည်းလို့ ပြောတဲ့အခါမှာ အရွက်ခြွေတဲ့ အချိန်မှာ မှန်တယ်။ အပွင့်ပွင့်နေတဲ့အချိန်မှာ သွားကြည့်ရင် အပွင့်နီတွေနဲ့ ဖုံးနေတယ်ဆိုတာ မှန်တယ်။ ဟော-အရွက်ထွက်တဲ့အခါ “ပေါက်ပင်ဆိုတာ အရွက်ဖားဖားနဲ့ စိမ်းစိမ်းနဲ့ အင်မတန်မှ ကျက်သရေရှိတယ်” လို့ ပြောရင်လည်း မှန်ပြန်တာပဲ။ အဲဒီလို ရာသီအလိုက် ခွဲခြားမမြင်နိုင်ဘူးဆိုလို့ရှိရင် သံသယပွားစရာ၊ အငြင်းပွားစရာ ဖြစ်တာပေါ့။

အဲဒါလို အတွေ့အကြုံ တစ်ခုထဲတင် ပြောမယ်ဆိုရင် သံသယဖြစ်စေနိုင်တယ်၊ တကယ်

စာမျက်နှာ-၁၆
ပြောရမှာက ဓာတ်လည်းရှုနိုင်တယ်၊ ခန္ဓာလည်း ရှုနိုင်တယ်၊ အာယတနလည်း ရှုနိုင်တယ်ပေါ့။ စာတတ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်ဟာပဲဖြစ်ဖြစ် ရှုလို့ရတယ်လို့ အကုန်လုံးကို ညွှန်နိုင်တယ်၊ ဒီလို ဆိုလိုတာ။

လောကမှာ အငြင်းပွားနေတဲ့လူတွေဟာ တစ်စိတ်တစ်ဒေသကိုသာ ကြည့်ပြီး အငြင်းပွားနေတာတဲ့။ အကုန်လုံးမြင်လို့ရှိရင် ငြင်းစရာ တစ်ခုမှ မရှိဘူး။ ဆင်ကောင်ကြီးကို သရုပ်ဖော်တဲ့ မျက်မမြင်ပုဏ္ဏားကိုးဦးလိုပေါ့၊ (ဖတ်စာထဲမှာတော့ မျက်မမြင်ပုဏ္ဏားခြောက်ယောက်လို့ အဲဒီလို ရေးထားတယ်)။ ဒီဥပမာက မြတ်စွာဘုရား ကိုယ်တိုင်ဟောတဲ့ “နာနာတိတ္ထိယသုတ်” ထဲမှာ ပါရှိတယ်။

“ဟတ္ထိဒဿက အန္ဓာဝိယ” မျက်မမြင်သူကန်းတွေက ဆင်ကို ညွှန်းကြသလိုပဲ။ သာဝတ္ထိမြို့က ဘုရင်ကြီးတစ်ပါးအကြောင်းပဲ။ ဘုရင်ဆိုတာ တိုင်းပြည်အုပ်ချုပ်ရတော့ တစ်ခါတစ်လေ ပျင်းတယ်နဲ့

စာမျက်နှာ-၁၇
တူတယ်၊ သူက အပျင်းဖြေချင်တဲ့အခါ ဘာလုပ်လဲဆိုတော့ သာဝတ္ထိမြို့မှာရှိတဲ့ မျက်မမြင်တွေအကုန်လုံး နန်းရင်ပြင်ကို စုလိုက်စမ်းလို့ အမိန့်ပေးလိုက်တယ်။ အဲဒီလိုစုပြီးတော့ မျက်မမြင်တွေ နန်းရင်ပြင် ရောက်လာတဲ့အခါ ကိုးစုခွဲ ထိုင်ခိုင်းတယ်။

ထိုင်ပြီးတဲ့အခါကျတော့မှ “ကဲ သူတို့ကို ဆင်ကို တစ်မျိုးစီ ပြလိုက်စမ်း” ဆိုတော့ တစ်ချို့အုပ်စုကိုတော့ ဆင်ခြေထောက်ကို ကိုင်စေပြီး ဆင်ကို ပြလိုက်တယ်။ တစ်ချို့အုပ်စုကျတော့ ဆင်ကိုယ်လုံးကို စမ်းခိုင်းပြီး ဆင်ဆိုတာ ဒါမျိုး၊ တစ်ချို့အုပ်စုကျတော့ အစွယ်စမ်းခိုင်းတယ်၊ တစ်ချို့အုပ်စုကျတော့ နှာမောင်းစမ်းခိုင်းတယ်၊ တစ်ချို့အုပ်စုကျတော့ နားရွက်၊ တစ်ချို့အုပ်စုကျတော့ အမြီးရိုး၊ တစ်ချို့အုပ်စုကျတော့ အမြီးဖျား၊ အဲဒီလိုမတူအောင် ကိုးစုခွဲပြီးတော့ ပြလိုက်တယ်။ ပြပြီးပြီဆိုတော့ ဘုရင်ကြီးက “ကဲ မောင်မင်းတို့ ဆင်ဆိုတာတွေ့ကြပြီလား”၊ “တွေ့ကြပါပြီ” တဲ့၊ “ကဲ ပြောကြစမ်း” လို့ ဘုရင်ကြီးက မေးလိုက်တယ်။

စာမျက်နှာ-၁၈
ခြေထောက်စမ်းထားတဲ့ အုပ်စုက ဆင်ဆိုတာ တိုင်ကြီးလိုပဲလို့ ပြောတယ်။ အစွယ်စမ်းထားတဲ့ အုပ်စုကျတော့ သံကောက်ကြီးလိုပဲလို့ ပြောတယ်။ အဖြေက မတူဘူးမဟုတ်လား။ အဖြေမတူတော့ ဘာဖြစ်လဲဆိုတော့ ပထမအုပ်စုကပြောတော့ တိုင်ကြီး၊ နောက်အုပ်စုမှာရှိတဲ့လူတွေက မျက်စိမမြင်ရပေမယ့် တစ်ယောက်နဲ့တစ်ယောက် လှမ်းကြည့်ကြတယ်ပေါ့နော် — “ဘယ်လိုလဲကွ၊ ငါတို့တွေ့တာက တိုင်လို မဟုတ်ပါဘူး၊ ဒီကောင် ဘယ်လိုပြောတာလဲ” ပေါ့။

နောက်တစ်အုပ်စုက နံရံကြီးလိုပဲလို့ ပြောတယ်။ အရင်လူတွေက “ဟ ဘယ်လိုလဲ၊ တိုင်ကြီးလို ငါတို့ကိုယ်တိုင် စမ်းကြည့်ထားတာ၊ ဘယ့်နဲ့ကြောင့် နံရံဖြစ်သွားတာလဲ”၊ ဟိုလူကလည်း “ဘယ့်နဲ့ကြောင့် သံကောက်ဖြစ်သွားတာလဲ”၊ နားရွက်စမ်းတဲ့လူကလည်း “ငါတို့စမ်းတုန်းက စကောကြီးလိုပဲ။ အခုမှ ဘာဖြစ်လို့ တိုင်ဖြစ်ရမှာလဲ”။

ဪ — တစ်အုပ်စုနဲ့တစ်အုပ်စုဟာ အခုလို ကိုယ်စမ်းတာကိုယ်ကြည့်ပြီး နောက်ဆုံးမှာ

စာမျက်နှာ-၁၉
အငြင်းပွါးကြ လက်သီးနဲ့ထိုးကြနဲ့ ရန်တွေဖြစ်ကုန်ကြတယ်။ ဘုရင်ကြီးက အဲဒီလိုဖြစ်တာကိုကြည့်ပြီး ခွက်ထိုးခွက်လှန် ရယ်မောတာတဲ့၊ ဘုရင်ကြီးက ပျင်းလို့ တမင်သက်သက် အပျော်လုပ်တာပေါ့။

အဲဒါကို မြတ်စွာဘုရားက ဥပမာပေးပြီးတော့ ဟောတာ၊ ငြင်းတဲ့လူတွေဟာ အဲဒီလိုမျိုးတွေပဲတဲ့၊ ကိုယ်မြင်တာက ဆင်တစ်ကောင်လုံးကို မြင်တာ မဟုတ်ဘူး၊ ဆင်ရဲ့အစိတ်အပိုင်း တစ်ခုစီတစ်ခုစီ မြင်ပြီးတော့ တစ်ဦးနဲ့တစ်ဦး ခွင့်မလွှတ်နိုင်ဘဲ အဲဒီလို ရန်ဖြစ်ကြတာ၊ ဇနာ ဧကင်္ဂ ဒဿိနော- တစ်စိတ်တစ်ဒေသကိုမြင်တဲ့ လူတွေဟာ ငြင်းနေကြတယ်၊ အကုန်လုံးကို မြင်လို့ရှိရင် ငြင်းစရာအကြောင်း မရှိဘူး၊ ဒါကြောင့်မို့ စာတတ်တဲ့ပုဂ္ဂိုလ် စာသင်ထားတဲ့ပုဂ္ဂိုလ်ဟာ အားလုံးခြုံငုံပြီးတော့ အကုန်လုံးပြောနိုင်တယ်။ ဘယ်ဟာပဲဖြစ်ဖြစ် ခွင့်လွှတ်နိုင်တယ်။

အဲဒါကြောင့် “ကမ္မဋ္ဌာန်းဆရာ”လို့ဆိုတဲ့ နေရာမှာ နံပါတ်(၁)က မြတ်စွာဘုရား၊ နံပါတ်(၂)

စာမျက်နှာ-၂၀
ကျတော့ မိမိကိုယ်တိုင် ပိဋကတ်သုံးပုံတတ်ပြီး တရားထူးတရားမြတ်ရထားတဲ့ ရှင်သာရိပုတ္တရာတို့လို ပညာဉာဏ်ကြီးတဲ့ ပုဂ္ဂိုလ်မျိုး၊ နောက်ဆုံးကျ ဘာပြောတုန်းဆိုတော့ မြတ်စွာဘုရားဟောထားတဲ့ သုတ္တန်တွေကို အမိအရ နှုတ်ငုံဆောင်ထားတဲ့ ဗူးသုတရှိတဲ့ ပုဂ္ဂိုလ်ကို ကမ္မဋ္ဌာန်းဆရာလို့ ဒီလိုပြောတာ။

အဲဒီတော့ တစ်ချို့ကလည်း စာတတ်တဲ့ လူကို အပုတ်ချချင်တော့ ဘယ်လိုပြောလဲဆိုရင် ပေါဋ္ဌိလရဟန်းကို မြတ်စွာဘုရားက “တုစ္ဆ”လို့ ခေါ်တယ်ဆိုတဲ့စကားကို သုံးပြီးတော့ စာတတ်ရုံနဲ့ မပြီးဘူး၊ မြတ်စွာဘုရားက မကြိုက်ဘူးလို့ ဒီလို အဓိပ္ပါယ်မျိုးနဲ့ ပြောကြတယ်၊ အမှန်တကယ် နားလည်ဖို့ရာက မြတ်စွာဘုရားက ပေါဋ္ဌိလရဟန်းကို တုစ္ဆလို့ ခေါ်တာဟာ စာတတ်တာကို ရှုတ်ချတာ မဟုတ်ဘူး၊ လုပ်သင့် လုပ်ထိုက်ရဲ့သားနဲ့ မလုပ်ပဲနေလို့ ကျင့်ရမယ့်တရားကို မကျင့်ပဲနေလို့ ကျင့်အောင်လို့ နာအောင်ပြောတဲ့စကား၊ အဲဒါကို သဘောပေါက်ဖို့

စာမျက်နှာ-၂၁
ကမ္မဋ္ဌာန်းဆရာ လိုတယ်ပေါ့၊ တစ်ချို့က သဘောမပေါက်တဲ့အခါ စာတတ်လို့ ဘုရားက ရှုတ်ချတာလို့ဆိုတဲ့ အဓိပ္ပါယ် ယူတယ်၊ ယူတဲ့အခါ ပရိယတ်ကို ပယ်သလို ဖြစ်သွားပြန်တယ်၊ ဒီလို မဟုတ်ပါဘူးတဲ့။

မြတ်စွာဘုရားကိုယ်တိုင်ကိုက ရဟန်းတော်တွေရဲ့ အရည်အချင်းကို ဖေါ်ပြတဲ့အခါမှာ နံပါတ်(၁) သီလရှိရမယ်၊ နံပါတ်(၂) ဗဟုသုတရှိရမယ်၊ ဗဟုသုတဆိုတာ စာတတ်ရမယ်လို့ပြောတာ၊ တရားဓမ္မတွေကို များစွာကြားနာလို့ အနက်အဓိပ္ပါယ် ဆင်ခြင်စဉ်းစားလို့ အသိဉာဏ်နဲ့ ထိုးထွင်းသိတဲ့ လူမျိုးမှ ဗဟုသုတရှိသူလို့ ဒီလိုခေါ်တာကိုး၊ ဆိုလိုတာက စာလည်းတတ်ရမယ်၊ တရားဓမ္မလည်း ကျင့်ကြံ ကြိုးကုတ် အားထုတ်ရမယ်၊ ဒီလိုပုဂ္ဂိုလ်မျိုးကို ဆိုလိုတာနော်။

အဲတော့ စာတတ်လို့ တရားအားထုတ်လို့ မရဘူး စာခံနေတယ်ဆိုတာမျိုးက မမှန်ကန်တဲ့ အဓိပ္ပါယ်နဲ့ ပြောကြတာပဲ ဖြစ်တယ်ပေါ့။ ဝက္ကလိကို

စာမျက်နှာ-၂၂
ပြောတာလိုပဲ၊ မြတ်စွာဘုရားက ဝက္ကလိကို “ကိံ တေ ဝက္ကလိ ဣမိနာ ပူတိကာယေန ဒိဋ္ဌေန” ဟောဒီ ခန္ဓာကိုယ် အပုတ်ကောင်ကို ကြည့်ခြင်းဖြင့် ဘာအကျိုးရှိမှာလဲလို့ ပြောတာ၊ တစ်ချို့ကလည်း အဲဒီစကားကို ယူပြီးတော့ မြတ်စွာဘုရားက ဘုရားဖူးစရာမလိုဘူးလို့ ပြောတဲ့ပုဂ္ဂိုလ်က ရှိသေးတယ်၊ ဒီလိုဆိုလိုတာမဟုတ်ဘူး၊ ဝက္ကလိက မြတ်စွာဘုရားရဲ့ ရုပ်ဆင်းအင်္ဂါအပေါ်မှာတင် လမ်းဆုံးနေတယ်၊ တရားကျင့်ဖို့ သူစိတ်မဝင်စားဘူး၊ မြတ်စွာဘုရားရဲ့ ချောမောသပ္ပါယ် လှမျိုးကြွယ်တဲ့ ရုပ်အဆင်းကိုသာ ကြည့်ပြီးတော့ သူ့စိတ်ထဲမှာ တဏှာရာဂတွေ ဖြစ်နေလို့ မြတ်စွာဘုရားက မှတ်လောက်သားလောက်အောင်ကို ကိံ တေ ဝက္ကလိ ဣမိနာ ပူတိကာယေန ဒိဋ္ဌေန- ဒီအပုတ်ကောင်ကြီးကြည့်လို့ ဘာအကျိုး ရှိမှာလဲ၊ ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ “ဓမ္မကိုမြင်မှ ငါ့ကို မြင်တာပေါ့”လို့ ဒီလို ဆုံးမတာလေး၊ ဒါတွေက မြတ်စွာဘုရားမှာ သာဓုကာယဘာသိတ

စာမျက်နှာ-၂၃
ကမ္မဋ္ဌာန်းဆရာ လို့ ခေါ်တဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြောတဲ့စကား၊ နေရာတကာ ယူပြီးတော့ ဘုရားက သူ့ဖူးတာမကြိုက်ဘူးဆိုပြီး ဘုရားဖူးစရာမလိုဘူးလို့ ယူဆရင်တော့ မှားပြီပေါ့။

အေး ဒါကြောင့်မို့ စာတတ်ဖို့ အင်မတန်မှ အရေးကြီးလို့ ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော အမှန်သိဖို့အတွက် ဆုံးမနိုင်တဲ့ ဆရာမျိုးကို ရှာပါလို့၊ ကမ္မဋ္ဌာနဒါယကံ ကလျာဏမိတ္တံ ဥပသင်္ကမိတွာ ကမ္မဋ္ဌာန်းပေးနိုင်တဲ့ ကလျာဏမိတ္တ မိတ်ကောင်းဆွေကောင်းမျိုးကို ရအောင်ရှာဖွေပါလို့၊ ဒါမှ တရားထူးတရားမြတ် ရနိုင်မယ်လို့ဆိုတာ ဒါဖြင့် ကလျာဏမိတ္တဆိုတဲ့ ပုဂ္ဂိုလ်တွေက ဘယ်လို ပုဂ္ဂိုလ်မျိုးတုန်းဆိုတာ အင်္ဂါရပ်တွေနဲ့ မှတ်သားဖို့ လိုအပ်တယ်ပေါ့။

အဲဒီတော့ မိတ်ကောင်းဆွေကောင်းဆိုတာ ဆရာကောင်းသမားကောင်း ကမ္မဋ္ဌာန်းဆရာကောင်းဆိုတာ ဘယ်လိုအရည်အချင်းတွေ ရှိရမလဲဆိုရင်

စာမျက်နှာ-၂၄
အင်္ဂုတ္တရနိကာယ် သတ္တကနိပါတ်မှာ မြတ်စွာဘုရားက အင်္ဂါ ၇-ပါး သတ်မှတ်ပြီး ဟောထားတဲ့သုတ္တန်ရှိတယ်၊ သတ္တဟိ ဘိက္ခဝေ ဓမ္မေဟိ သမန္နာဂတော ဘိက္ခု မိတ္တံ သေဝိတဗ္ဗံ ဘဇိတဗ္ဗံ ပယိရုပါသိတဗ္ဗံလို့ မြတ်စွာဘုရားက ဒီ ကလျာဏမိတ္တအနေနဲ့ ဆရာကောင်းအနေနဲ့ ရှာရမယ့် ပုဂ္ဂိုလ်ကို ဒီလိုအင်္ဂါရပ်တွေနဲ့ တိတိပပ ဟောပြောထားခဲ့တာ ရှိတယ်လေ၊ ဟောဒီအရည်အသွေး ၇-ရပ်ရှိတဲ့ ကမ္မဋ္ဌာန်းဆရာမျိုးကို ရှာဖွေဆည်းကပ်ပါတဲ့။

နံပါတ်(၁) ပိယော စ ဟောတိ မနာပေါတဲ့ ပိယောဆိုတာ အင်မတန်မှ နှစ်သက်မြတ်နိုးဖွယ်ရာ အရည်အချင်းရှိတဲ့ပုဂ္ဂိုလ် ကိုယ်ကျင့်သီလကောင်းလို့ ပိယ-ချစ်ခင်စရာကောင်းတယ်၊ လောကမှာ လူတွေ ရှိတယ်လေ၊ သော်-ဒီလူကတော့တယ်ချစ်စရာကောင်းတယ်ဆိုတာ အရည်အချင်းရှိတယ်။ ဘယ်လိုက ချစ်စရာ ကောင်းတာတုန်း၊ စကားပြောတာလဲ ယဉ်ကျေးတယ်၊ နေတာထိုင်တာ

စာမျက်နှာ-၂၅
သွားတာလာတာလည်း ယဉ်ကျေးတယ်၊ အဲဒီလိုလူကို အင်မတန်မှ ချစ်စရာကောင်းတယ်လို့ ပြောကြတယ် မဟုတ်လား၊ အဲဒီလို မဟုတ်ပဲနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ပြောတတ်ဆိုတတ်တဲ့သူကို ချစ်ခင်စရာကောင်းတယ် လို့ လောကမှာ ပြောတာများရှိလား၊ မရှိဘူး။ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံပြီးတော့ ချစ်ခင်မြတ်နိုးစရာ ရဟန်းသံဃာဆိုလို့ရှိရင်လည်း ရဟန်းပီပီသသ နေထိုင်တယ်၊ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံတယ်၊ သိက္ခာရှိတယ်၊ ကြည်ညိုစရာ ကောင်းလိုက်တာ လို့ ဒီလိုပြောကြတာလေ။

ဗုဒ္ဓဘာသာဝင်မဟုတ်သေးတဲ့ အသောကမင်းကြီးတောင်မှပဲ နိဂြောဓသာမဏေလေး ဆွမ်းခံသွားရင်း စက္ခုချလို့ တည်ငြိမ်အေးချမ်းတဲ့မျက်နှာနဲ့ ကလေးအရွယ်နဲ့မလိုက်အောင် ဣန္ဒြေရတဲ့ပုံကို ကြည့်ပြီးတော့ သူ့ရဲ့သန္တာန်မှာ ထူးခြားတဲ့ အရည်အသွေးတွေ ရှိမှာပဲဆိုပြီး နန်းတော်ကိုပင့်တယ်၊ ပင့်ပြီးတော့ တရားနာတဲ့အခါမှာ ဗုဒ္ဓဘာသာ ဖြစ်သွား

စာမျက်နှာ-၂၆
တာလေး။ အဲဒီ အသောကမင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်၊ ရေတွင်းပေါင်း ရှစ်သောင်း လေးထောင်၊ ရေကန်ပေါင်း ရှစ်သောင်းလေးထောင်နဲ့ ဗုဒ္ဓရဲ့ ဓာတ်တော်မွေတော်တွေ ကမ္ဘာအနှံ့ဆိုပါစို့၊ အိန္ဒိယနိုင်ငံမှာ အပြန့်အနှံ့ ရွှေမုဋ္ဌောစေတီတွေ တည်ပြီးတော့ ဖြန့်ဝေပေးသွားတာလေ။

ဗမာပြည်မှာလည်း “ရွှေမုဋ္ဌော”တွေ့ရင်တော့ အသောကမင်းတည်တာလို့ ပြောကြတယ်၊ ဟုတ်ချင်မှတော့ ဟုတ်မှာပေါ့။ လငပုတ်ဖမ်းပြီး လွတ်တဲ့အချိန်မှာအခါယူပြီး တစ်ပြိုင်နက်ထဲ တည်တာမို့ မုတ္တော-လွတ်သွားပြီဆိုတဲ့ အဓိပ္ပါယ် ယူပြီးတော့ မုတ္တောမုတ္တာ၊ မုက်ကနေပြီး မုဋ္ဌောခေါ်တယ်လို့ ဒီလို မှတ်သားဘူးတယ်ပေါ့။

အသောကမင်းကြီးက နယ်အရပ်ရပ် သူ့ရဲ့ လက်အောက်ခံ တိုင်းပြည်တိုင်းမှာ လိုက်ပြီးတော့ စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ပေးတယ် (အဲဒီတုန်းက ဗမာပြည်ဟာ သူ့ရဲ့လက်အောက်ခံ မဟုတ်ပါဘူး။) ဒီလို သာသနာကိုဖြန့်ကျက်နိုင်တဲ့

စာမျက်နှာ-၂၇
ဘုရင်ကြီးတစ်ပါးဟာ အခုလို ကြည်ညိုစရာကောင်းတဲ့ ရှင်သာမဏေလေးတစ်ပါးကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာ ဖြစ်သွားတာလေ။

ဒါကြောင့်မို့ ကမ္မဋ္ဌာန်းဆရာဆိုသည်မှာ ပိယော စ ဟောတိ မနာပေါတဲ့၊ ကြည်ညိုစရာ သိပ်ကောင်းရမယ်၊ အပြစ်အနာအဆာ မရှိစေရဘူး၊ ကိုယ်ကျင့်သီလနဲ့လည်း ပြည့်စုံတယ်၊ အနေအထိုင် အပြောအဆို ရဟန်းပီသတယ် ဆရာပီသတယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်၊ ကမ္မဋ္ဌာန်းဆရာဆိုတာ အများရဲ့ ချစ်ကြည်လေးစားမှု ကြည်ညိုလေးစားမှုကို ခံထိုက်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်၊ ဒါက General Pointကို ပေးထားတာ၊ ဆိုလိုတာက ကိုယ်ကျင့်သီလနဲ့ ပြည့်စုံဖို့ လိုအပ်တာပေါ့နော်၊ မြတ်စွာဘုရားလို ပုဂ္ဂိုလ်မျိုး ရှင်သာရိပုတ္တရာ ရှင်မဟာကဿပတို့လို ပုဂ္ဂိုလ်မျိုးတွေ လေးစားခြင်းခံရတဲ့ ပုဂ္ဂိုလ်မျိုးတွေလို့ ဒီလိုဆိုတာပေါ့နော်။

နံပါတ်(၂)က ဘာတုန်းဆို ဂရု၊ ကြည်ညိုစရာ ကောင်းရုံတင် မကဘူး၊ ဂရု စ- လေးစား

စာမျက်နှာ-၂၈
လောက်တဲ့ ဂုဏ်အရည်အချင်းတွေ ရှိတယ်၊ သာမန် အရည်အသွေး မဟုတ်ဘူး၊ လေးစားလောက်တယ်၊ ဂရု-အလေးပြုထိုက်တဲ့ ပုဂ္ဂိုလ်၊ တကယ့် စံထားပြီးတော့ လေးစားရမယ့် ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်၊ နံပါတ် (၃)က ဘာဝနီယောတဲ့၊ အများကလည်း တော်လိုက်တာလို့ ချီးမွမ်းခံထိုက်တဲ့ ဂုဏ်အရည်အချင်းတွေ ရှိရမယ့် ပုဂ္ဂိုလ်ဖြစ်ရမယ်၊ အဲဒီတော့ သာမန် မဟုတ်ဘူး၊ ကမ္မဋ္ဌာန်းဆရာဆိုတာ ဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံရမယ်။

နံပါတ်(၄)က ဝတ္တာ-မိမိနဲ့ ပတ်သက်လာတဲ့ ပုဂ္ဂိုလ်ကို ပြောသင့်ပြောထိုက်တဲ့ စကားဆိုရင် ပြောကိုပြောရမယ်၊ မြတ်စွာဘုရားကို ကြည့်လေ၊ ဝက္ကလိ လမ်းလွဲနေတဲ့အခါ ကိံ တေ ဝက္ကလိ ဣမိနာ ပူတိကာယေန ဒိဋ္ဌေန- မင်း ခန္ဓာကိုယ်အပုတ် ကြည့်နေလို့ ဘာလုပ်မှာလဲ၊ ဓမ္မမြင်မှ မြင်မယ်လို့ ပြောတာ၊ ဝတ္တာ- ဆုံးမစကားပြောတာ၊ စာမာန် တက်နေတဲ့ ပေါဋ္ဌိလ သူ့ကိုယ်သူ စာတွေသိပ်တတ်ပြီ။

စာမျက်နှာ-၂၉
စာတတ်ရင်ပြီးရောဆိုတဲ့ အနေအထားမျိုးနဲ့ မာန်တက်နေတယ်။ မြတ်စွာဘုရားက တုစ္ဆ ပေါဋ္ဌိလလို့ ပြောတာဟာ မာနကို ချိုးနှိမ်တဲ့စကား၊ စာတတ်တာကို ရှုတ်ချတာ မဟုတ်ဘူး၊ အဓိပ္ပါယ်တွေ အလွဲကောက်သွားလို့ရှိရင် မှားယွင်းတတ်တယ်ပေါ့၊ အင်မတန်မာနကြီးတဲ့ ကိုယ်တော်ကြီး သူ့ကိုယ်သူ သတိရလာအောင် မြတ်စွာဘုရားက တုစ္ဆ ပေါဋ္ဌိလလို့ ပြောလိုက်တာနော်၊ အဲဒါမျိုးကို ဝတ္တာလို့ ခေါ်တယ်။

ကိုယ့်တပည့်သားအပေါ်မှာ ပြောနိုင်ဆိုနိုင်ရမယ်၊ ပြောတတ်ဆိုတတ်ရမယ်၊ ပြောတဲ့ဆိုတဲ့အခါမှာလည်းပဲ အင်မတန်မှ ကျွမ်းကျင်လိမ္မာတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်၊ ဒီပုဂ္ဂိုလ်ကို ဒီလိုပြောရမယ်၊ ဟိုပုဂ္ဂိုလ်ကျတော့ ဟိုလိုပြောရမယ်လို့ ဆိုလိုတာ။ အင်မတန်မှ ကျွမ်းကျင်လိမ္မာဖို့ လိုတယ်ပေါ့၊ အဲဒါကို ဝတ္တာလို့ခေါ်တယ်၊ ဒါကြောင့်မို့ ဝတ္တာဆိုတဲ့ စကားလုံးကို အဋ္ဌကထာက ရှင်းပြတဲ့အခါ ဝစနကုသလောတဲ့ ပြောရေးဆိုရေးမှာ အင်မတန်လိမ္မာတယ်၊ ဒီ

စာမျက်နှာ-၃၀
ကိုယ်တော်တော့ ခပ်မာမာပြောမှ ဖြစ်မယ်ဆိုရင် ခပ်မာမာပြောတယ်၊ ချိုချိုသာသာပြောမှ ဖြစ်မယ်ဆိုတဲ့ ပုဂ္ဂိုလ်ကို ချိုချိုသာသာ ပြောတယ်။ မှတ်လောက်အောင် ပြောတယ်၊ အပြောအဆိုနဲ့ ပတ်သက်ပြီး လိမ္မာကျွမ်းကျင်မှု ရှိရမယ်တဲ့၊ ဒါက ကမ္မဋ္ဌာန်းဆရာရဲ့ အင်္ဂါရပ်တွေကို ပြောပြတာ၊

နံပါတ်(၅)က ဘာတုန်းဆိုရင် ဝစနက္ခမော၊ ဒါက ပိုပြီးအရေးကြီးတယ်၊ လောကလူတွေက ဆရာဖြစ်လာတဲ့အခါ တပည့်ကပြောလို့ရှိရင် လုံးဝ လက်မခံဘူးနော်၊ အနည်းဆုံးတော့ “မင်းကဆရာလား၊ ငါက ဆရာလား”နဲ့ ဒီလိုမေးတတ်တယ်၊ ကမ္မဋ္ဌာန်းဆရာလုပ်နေပေမယ့် သွားပြီးတော့ စောဒက တက်လို့ မရဘူးနော်၊ အဲတော့ ဝစနက္ခမတဲ့။ ဟိုဘက်ကနေ ထောက်ပြပြောဆိုလာလို့ရှိရင် လက်ခံနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်၊ သူ့ပြောရင်လည်း ခံတယ်နော်၊ အကျိုးအကြောင်း မှန်ကန်တာကို သူက လက်ခံနိုင်ရမယ်၊ ရှင်းပြနိုင်ရမယ်၊ ဒီလိုဆိုလိုတယ်။

စာမျက်နှာ-၃၁
ဝစနက္ခမ ပြောတဲ့ဆိုတဲ့အခါမှာလည်း သည်းခံနိုင်စွမ်း ရှိတယ်၊ ပြောလို့ဆိုလို့လည်းရတယ်။

ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ မြတ်စွာဘုရားပြီးရင် လက်ယာတော်ရံ အဂ္ဂသာဝက နံပါတ်(၁) ပုဂ္ဂိုလ်ပဲ၊ တစ်ခါတုန်းက ရှင်သာရိပုတ္တရာ မထေရ်မြတ် အမှတ်တမဲ့ သင်္ကန်းမညီမညာလေး ဖြစ်နေတဲ့အခါ ၇-နှစ်အရွယ် ကိုရင်လေးက “အရှင်ဘုရား သင်္ကန်းကြီး အောက်တွဲကျနေတယ်” လို့ လျှောက်တယ်၊ (အခုခေတ် သွားပြောမိရင် “မင်းအရွယ်နဲ့ ငါ့လာပြောရမလား”ဆိုပြီး အနည်းဆုံးတော့ ခေါင်းခေါက်ခံရမှာနော်) ရှင်သာရိပုတ္တရာက “ဟုတ်ပါလား”ဆိုပြီးတော့ သင်္ကန်းကို သေသေချာချာ ညီညီညာညာဝတ်ပြီး လက်အုပ်ကလေး ချီလိုက်တယ်၊ ကိုရင်ကို ချီတာမဟုတ်ဘူးနော်၊ မြတ်စွာဘုရားရဲ့ “သင်္ကန်းကို ညီညီညာညာ ဝတ်ရမယ်”ဆိုတဲ့ ဘုရားစကားတော်ကို ပူဇော်တဲ့ အနေနဲ့ လက်အုပ်ကလေးချီပြီး “အရှင်ဘုရား

စာမျက်နှာ-၃၂
ညီသွားပြီလားဘုရား”လို့ လိမ္မာယဉ်ကျေးစွာ တုံ့ပြန်တယ်နော်၊ အဲဒီလို တုံ့ပြန်နိုင်ရမယ်နော်။

ကမ္မဋ္ဌာန်းဆရာက အမေးအမြန်းမခံဘူး ငါခိုင်းထားတဲ့အတိုင်းလုပ် ပြန်ပြီးစောဒက မတက်နဲ့ ဆိုရင် ဒီကမ္မဋ္ဌာန်းဆရာ ဒီအရည်အချင်းမရှိဘူးဆိုတာ မှတ်ရမယ်ပေါ့။ ကမ္မဋ္ဌာန်းဆရာရဲ့ မှားကွက်ထောက်ပြလို့ ဒေါသထွက်လို့ရှိရင်လည်း ဒီအရည်အချင်း မရှိဘူးလို့ မှတ်ရမှာပဲ၊ “ဒီကမ္မဋ္ဌာန်း ဒီလိုမှတ်ရတယ်၊ စာထဲမှာ ဒီလိုပါတယ် ပြတာဒီလိုမဟုတ်ဘူး”လို့ သွားထောက်ပြမိလို့ ဒေါသဖြစ်တယ်ဆိုရင် ဒါ ကမ္မဋ္ဌာန်းဆရာ အရည်အချင်း ပျက်နေပြီလို့ မှတ်ရမယ်၊ အဲဒါကြောင့်မို့ ဒါကအင်မတန်မှ အရေးကြီးတဲ့ အချက်တစ်ခုပဲ။

လောကလူတွေက သူများကို ပြောလို့ လွယ်သလောက် ကိုယ့်ပြောရင် မခံနိုင်ကြဘူးတဲ့၊ အဲဒါကြောင့် ဘာပြောလဲ “လျှာမရှည်နဲ့”ဆိုတဲ့

စာမျက်နှာ-၃၃
စကားက လက်သုံး၊ “ငါ့ လာဆရာမလုပ်နဲ့”ဆိုတာလည်း လက်သုံးပဲနော်၊ ကိုယ်ကသာ ဆရာလုပ်မယ်။ သူများက ကိုယ့်ဆရာလာလုပ်ရင် မခံနိုင်ဘူး။

ရှင်သာရိပုတ္တရာ မထေရ်မြတ်ကျတော့ အဲဒီလိုမဟုတ်ဘူး၊ သူက ပညာဉာဏ်အင်မတန်မှ ကြီးမားတဲ့ ပုဂ္ဂိုလ်၊ ဘယ်လောက်ထိအောင် မာနကိုချထားပြီးတော့ သူများရဲ့ ဆုံးမမှုကို ခံယူသလဲဆိုရင် -

တဒဟု ပဗ္ဗဇိတော သန္တော၊ ဇာတိယာ သတ္တဝဿိကော။
အရွယ်က ၇-နှစ်၊ ဒီကနေ့မှ သာသနာဘောင် ဝင်လာတဲ့ ရှင်သာမဏေ။

သော ပိ မံ အနုသာသေယျ၊ သမ္ပဋိစ္ဆာမိ မတ္ထကေ။
အဲဒီလို ကိုရင်ကလေးကတောင်မှ သူ့ကို ဆုံးမမယ်ဆိုရင် ဦးထိပ်ရွက်ပန်ဆင်ပါတယ်တဲ့၊ အကျိုးလိုလားလို့ ပြောတယ်လို့ လက်ခံပါတယ်တဲ့။ အဲဒါကို

စာမျက်နှာ-၃၄
ဝစနက္ခမလို့ ခေါ်တယ်နော်၊ ပြောတာကို လက်ခံနိုင်ရမယ်။

အဲဒီလက်ခံနိုင်တဲ့ အရည်အသွေးဟာ အခက်ဆုံးလို့ ထင်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ လူတွေက မာနကြီးကြတာကိုး၊ နည်းနည်းလေး မတတ်လိုက်နဲ့၊ တတ်လို့ရှိရင် မာနက အထက် ရောက်နေတယ်၊ တတ်တာထက်ပိုပြီးတော့ မာနက တက်သွားတယ်၊ အဲဒါကြောင့်မို့ အထိမခံဘူး၊ ဟော ရှင်သာရိပုတ္တရာလို ပညာဉာဏ်အကြီးမားဆုံး ပုဂ္ဂိုလ်ကတောင်မှ အဲဒီလောက်ထိအောင် မာနကိုချပြီး အပြောအဆိုလက်ခံတာ၊

ရှင်သာရိပုတ္တရာနဲ့ ပတ်သက်ပြီး သီဟနာဒသုတ်ဆိုတာ ရှိတယ်၊ အဲဒီမှာ ရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ ရဲရဲရင့်ရင့် မိန့်ကြားထားတဲ့ စကားတွေ ပါရှိတယ်၊ သူ့ကိုယ်သူ ဘယ်လောက်ထိအောင် နှိမ့်ချထားတုန်းဆိုလို့ရှိရင် မြေကြီးလို စိတ်ထားတယ်တဲ့၊ မြေကြီးဆိုတာ အညစ်အကြေးစွန့်လည်း

စာမျက်နှာ-၃၅
မတုန်လှုပ်ဘူး၊ ပန်းနဲ့ပူဇော်လည်း မတုန်လှုပ်ဘူးနော်၊ မြေကြီးနဲ့ အလားသဏ္ဍာန်တူတဲ့ စိတ်ဓာတ်မျိုး မွေးတယ်၊ ခြေသုတ်ပုဆိုးနဲ့ အလားသဏ္ဍာန်တူတဲ့ စိတ်ဓာတ်မျိုးမွေးတယ်၊ ချိုကျိုးတဲ့နွားလိုဆိုတာမျိုး” ဥပမာတွေပေးပြီးတော့ ဟောထားတာတွေ ရှိတယ်လေ အင်မတန်မှ ပညာကြီးမားတဲ့ ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ အလွန်ကို လေးစားထိုက်တဲ့ အရည်အချင်းတွေ ရှိပြီးတော့ အပြောအဆိုအလွန်ခံတဲ့ ပုဂ္ဂိုလ်တဲ့၊ အဲဒီတော့ ကမ္မဋ္ဌာန်းဆရာဆိုတာ ဘယ် တပည့်က လာပြောပြော အပြောအဆို ခနိုင်ရမယ် ဒီလိုဆိုလိုတာနော်။

သူများကိုဆုံးမဖို့ကျတော့ လွယ်တယ်၊ ကိုယ့်ကိုယ်ကို ဆုံးမရတာကျ ခက်တယ်လို့ ပြောတယ်၊ ဘုရားကိုယ်တိုင်က “အတ္တာ ဟိ ကိရ ဒုဒ္ဒမောတဲ့၊ သူများဆုံးမရတာလွယ်တယ်၊ ကိုယ်ကျဆုံးမဖို့ ခက်တယ်"၊ ဒါက နေရာတိုင်းယူမယ်ဆိုရင် မိဘနဲ့

စာမျက်နှာ-၃၆
သားသမီးလည်း ဒီအတိုင်းပဲ၊ လူကြီးနဲ့လူငယ်လည်း ဒီတိုင်းပဲ၊ ခက်တာက လူတွေက ကိုယ့်ကိုယ်ကိုကျ ခွင့်လွှတ်တယ်၊ သူများကျရင် ခွင့်မလွှတ်နိုင်တဲ့ဟာက တော်တော်ဆိုးတယ်၊ ကလေးတစ်ယောက် ပန်းကန်ကျကွဲလို့ရှိရင် “နမော်နမဲ့နိုင်လိုက်တာ ဂရုမစိုက်လို့ ဒီလိုဖြစ်တာ”၊ ကိုယ့်ကျတော့ “မတော်လို့”တဲ့။ သူများကိုလည်း မတော်လို့ဆိုပြီး စဉ်းစားလိုက်ရင် မကောင်းဘူးလား၊ အဲ သူများကျတော့ “ဒီလောက် နမော်နမဲ့နိုင်ရမလား”ဆိုပြီး ကျောပြင်ကို ဗျောတင်ပြီး ထုတတ်သေးတယ်၊ ကိုယ့်ဖြစ်တဲ့ခါကျ မတော်လို့တဲ့၊ ဆင်ခြေက တော်တော်ဟုတ်တာပဲနော်၊ အဲဒီတော့ ဘယ်သူပဲဖြစ်ဖြစ် မတော်လို့ပဲလို့ သဘောထားလိုက်ရင် ဒေါသဖြစ်စရာ အကြောင်း ရှိမှမရှိတာ၊ အဲဒီလို ဝစနက္ခမဆိုတဲ့ ဂုဏ်ရည်ဟာ လောကမှာ အလွန် ရှားပါးတဲ့ ဂုဏ်ရည်ဖြစ်လို့ ဝစနက္ခမဆိုတဲ့ ဂုဏ်ရည် ပြည့်ဖို့ အင်မတန်မှ အရေးကြီးတယ် ဒီလို ပြောတာနော်။

စာမျက်နှာ-၃၇
နောက်နံပါတ်(၆)က အင်မတန်မှ အရေးကြီးတယ်၊ ဂမ္ဘီရံ ကထံ ကတ္တာ၊ လေးနက်တဲ့ စကားကို ဟောကြားနိုင်ရမယ်၊ လေးနက်တယ်ဆိုတာ ဘယ်လိုတရားတုန်းဆိုတော့ ရုပ်နာမ်အကြောင်း မဂ်ဖိုလ်အကြောင်း ဈာန်အကြောင်း နိဗ္ဗာန်အကြောင်း ဟောတတ်တယ်၊ သမာဓိတို့ ပညာတို့နဲ့ ပတ်သက်လာလို့ရှိရင် နက်နက်နဲနဲ ဟောနိုင်ပြောနိုင်ရမယ်။ အဲဒါတွေဟာ စာမတတ်ပဲနဲ့ ဟောနိုင်ပါ့မလား၊ မဟောနိုင်ဘူး၊ စာတွေ့လက်တွေ့ဆိုတာ ၂-ခု ရှိတယ်လေ၊ ခုနက လက်တွေ့သမားသက်သက် ဆိုလို့ရှိရင်တော့ “ရိုးပင်ခြောက်ကြီးဟာ ပေါက်ပင်ပဲ” လို့ ပြောတာနဲ့ တူတူပဲ၊ စုံအောင်မပြောနိုင်ဘူး၊ စာတတ်ရင်တော့ “ဟေ့ ပေါက်ပင်ဆိုတာ အရွက်ကြွေနေလို့ရှိရင် အပင်ခြောက်ကြီးနဲ့ တူတယ်၊ အပွင့်တွေဝေလာလို့ရှိရင် တစ်ပင်လုံးကို ရဲနေတာပဲ၊ အရွက်တွေထွက်လာတဲ့အခါကျတော့ သစ်ရွက်ခပ်စိပ်စိပ်နဲ့ အလွန်လှတဲ့ စိမ်းရောင်ခြယ်ထားတဲ့

စာမျက်နှာ-၃၈
အပင်ကြီး၊ ပေါက်ပင်ဆိုတာ ရာသီအလိုက် ဒီလိုပြောင်းလဲမှုတွေရှိတယ်”ဆိုတာကို ပြောထားရင် သံသယဖြစ်စရာ ရှိပါဦးမလား၊ မရှိဘူးပေါ့။

ကမ္မဋ္ဌာန်း ရှုမှတ်စရာအာရုံဆိုရင် ဓာတ်ကြီးလေးပါးလည်း ရှုလို့ရတာပဲ၊ ခန္ဓာရှုလို့လည်း ရတာပဲ အာယတနရှုလို့လည်း ရတာပဲ၊ ဘယ်ဟာပဲဖြစ်ဖြစ် မိမိရဲ့သန္တာန်မှာ “ယထာပါကဋံ ဝိပဿနာဘိနိဝေသော”တဲ့၊ “မိမိခန္ဓာမှာ ပေါ်လာတဲ့အရာတွေကို ဝိပဿနာရှုရမယ်”လို့ဆိုတဲ့ မဟာဋီကာရဲ့ စကားအတိုင်းပဲ ရှုလို့ရတဲ့ တရားတွေအားလုံး ရှုပြီး ထူးခြားတဲ့ အသိဉာဏ်တစ်ခု ဖြစ်ပေါ်လာတာ ဖြစ်တယ်ပေါ့၊ အဲဒီလို စာတတ်တဲ့ ပုဂ္ဂိုလ်ကျတော့ စုံအောင် ခြုံမိအောင် ပြောနိုင်တယ်၊ ဘယ်ဟာကိုရှုရှု ရှုလို့ရတယ်ဆိုတာကို နားလည်သဘောပေါက်နိုင်တယ်လို့ ဆိုလိုတာပေါ့နော်။

အဲဒီမှာ ဂမ္ဘီရံ ကထံ ကတ္တာ-လေးနက်တဲ့ တရားစကား ဟောနိုင်ရမယ်၊ (ဂမ္ဘီရဆိုတာနဲ့

စာမျက်နှာ-၃၉
လျှို့ဝှက်တဲ့ ဝိဇ္ဇာပညာရပ်လို့ ထင်မှတ်မနေနဲ့၊ မဂ္ဂဇင်းတောင် ဂမ္ဘီရမဂ္ဂဇင်း ထွက်နေတယ်နော်) ဂမ္ဘီရံ သုညတပဋိသံယုတ္တံ ဆိုတဲ့အတိုင်း ခန္ဓာအာယတနဓာတ်ထဲမှာ အတ္တဆိုတာ မရှိဘူး ငါဆိုတာမရှိဘူး ငါ့ဟာဆိုတာမရှိဘူး၊ ငါ, ငါ့ဟာ ဆိတ်သုဉ်းနေတဲ့ သုညသဘော ရုပ်နာမ်သက်သက် မျှသာ ဖြစ်တယ်ဆိုတဲ့ သဘာဝတရား ဆိုက်ထိအောင် ဟောတာကို ဂမ္ဘီရကထာလို့ ခေါ်တာ၊ ကမ္မဋ္ဌာန်းဆရာဆိုတာ ဂမ္ဘီရံ ကထံ ကတ္တာ အလွန်ကို လေးနက်တဲ့ တရားစကားမျိုးကိုလည်း ဟောနိုင်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်၊ ဒီလိုဆိုလိုတာ၊ အဲဒီလို ပုဂ္ဂိုလ်မျိုးကို ဆည်းကပ်ပြီး ကမ္မဋ္ဌာန်းတောင်းပါတဲ့။

နောက်နံပါတ်(၇)က ဘာတုန်းဆိုရင် “နော စ အဋ္ဌာနေ နိယောဇေတိ-အရာမဟုတ်တဲ့ကိစ္စ မမှန်ကန်တဲ့ လမ်းကြောင်းပေါ် ဘယ်တော့မှ တွန်းမတင်ဘူး”၊ ဒါကလည်း အင်မတန်မှ အရေးကြီးတယ်၊ မမှန်ကန်တဲ့ အကြောင်းအရာပေါ်မှာ အား

စာမျက်နှာ-၄၀
မထုတ်စေရဘူးလို့ ဒီလိုပြောတာ၊ ကိုယ်ညွှန်ပြတဲ့ ကမ္မဋ္ဌာန်းဟာ မှန်ကန်တဲ့ ကမ္မဋ္ဌာန်းပဲ ဖြစ်ရမယ်၊ မမှန်မကန်ကိစ္စတွေပေါ်မှာ မလျှောက်လှမ်းစေရဘူးလို့ ဆိုတယ်၊ ဒီမှာ အဋ္ဌာနဆိုတာ အင်မတန်မှ ကျယ်ပြန့်သွားတဲ့ စကားတစ်ခုပဲနော်။

အဲဒီလို ကမ္မဋ္ဌာန်းဆရာရဲ့ အင်္ဂါရပ်တွေကို မြတ်စွာဘုရားက အင်္ဂုတ္တိုရ် ဒုတိယမိတ္တသုတ်မှာ တိတိလင်းလင်း ရှင်းပြီးတော့ ဟောကြားထားတာပါ။ သို့သော် သင်္ဂါယနာတင်တဲ့အချိန်မှာ ဟိုကျမ်းထဲပါလိုက် ဒီကျမ်းထဲပါလိုက်၊ ဟိုနားရောက်လိုက် ဒီနားရောက်လိုက်ဆိုတော့ တစ်နေရာထဲကို စုပုံမှတ်သားဖို့ရာ အခက်အခဲရှိတာပေါ့။ အဲဒါကြောင့် စာပေနှံ့စပ်အောင် ကြည့်ရမယ်။

မြတ်စွာဘုရားက အဲဒီလို ဆရာမျိုးကို မှီဝဲပါတဲ့၊ အပိ ပနုဇ္ဇမာနေန—"ငါ့ဆီမနေနဲ့ ငါ့နားမလာနဲ့” လို့ နှင်ထုတ်တောင်မှ မသွားပါနဲ့။ ပေကပ်ပြီးတော့နေပါတဲ့၊ အခုခေတ်မှာလည်း

စာမျက်နှာ-၄၁
ကမ္မဋ္ဌာန်းအမျိုးမျိုးရှိတယ်လေ၊ ကမ္မဋ္ဌာန်းနည်းပြနေတာတွေရှိတယ်၊ ကောင်းတဲ့စိတ်နဲ့ ပြတာတော့ ဟုတ်မှာပဲ၊ သို့သော် ဉာဏ်စွမ်းမမှီဘူး စာပေမတတ်ဘူးဆိုရင် မကောင်းတဲ့ လမ်းဘက်ကို ရောက်သွားနိုင်တယ်၊ မမှန်မကန်တွေ ဖြစ်သွားနိုင်တယ်၊ အဲဒါကြောင့် မှန်ကန်တဲ့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်ဟာ အင်မတန်မှ အရေးကြီးပါတယ်လို့ မြတ်စွာဘုရားက ဟောတာနော်၊ ဒါက ကမ္မဋ္ဌာန်းဆရာ ရွေးတဲ့နည်းနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားကိုယ်တိုင် အင်္ဂုတ္တရနိကာယ်မှာ ဒုတိယမိတ္တသုတ္တန်ဆိုပြီး ဟောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ ပိယော၊ ဂရု၊ ဘာဝနီယော၊ ဝတ္တာ၊ ဝစနက္ခမော၊ ဂမ္ဘီရဉ္စ ကထံ ကတ္တာ၊ နော စ အဋ္ဌာနိ နိယောဇကောလို့ အင်္ဂါ (၅) ချက်ကို ဂါထာသီကုန်းပြီးတော့လည်းပဲ မြတ်စွာဘုရားက ဟောထားတယ်။ ယသ္မိံ ဧတာနိ ဌာနာနိ၊ သံဝိဇ္ဇန္တီဓ ပုဂ္ဂလေ—အဲဒီအချက်တွေရှိတဲ့ ပုဂ္ဂိုလ်မျိုးကို၊ သော မိစ္ဆာ

စာမျက်နှာ-၄၂
မိတ္တကာမေန—အဲဒီလို ကမ္မဋ္ဌာန်းဆရာကောင်းမျိုးကို ဆည်းကပ်လိုတဲ့ ပုဂ္ဂိုလ်ဟာ အပိ နာသိယမာနေန—မောင်းထုတ်ပေမယ့် မသွားပါနဲ့၊ ဘဇိတဗ္ဗော တထာဝိဓော—ဆည်းကပ်ပြီးတော့နေပါတဲ့ ကမ္မဋ္ဌာန်းဆရာ မှန်ကန်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးတယ်ပေါ့။

နောက် ကလျာဏမိတ္တ—ကောင်းတဲ့ဂုဏ်တွေနဲ့ ပြည့်စုံတဲ့ မိတ်ကောင်းဆွေကောင်း ဆိုတဲ့နေရာမှာ မြတ်စွာဘုရားက ဆရာသမားကို ဘယ်လောက်တန်ဖိုးထားသလဲဆိုရင် တစ်ခါတုန်းက သက္ကတိုင်း နဂရကဆိုတဲ့ နိဂုံးရွာမှာ မြတ်စွာဘုရား သီတင်းသုံးတော်မူတယ်၊ ရှင်အာနန္ဒာက တစ်ပါးတည်း ကိန်းအောင်းရာက စိတ်ကူးရပြီး ဘုရားဆီ လာလျှောက်တယ် “အရှင်ဘုရား ဗြဟ္မစရိယဆိုတဲ့ မြတ်သောအကျင့် မဂ္ဂင်ရှစ်ပါးအကျင့်တရားနဲ့ ပတ်သက်လာလို့ရှိရင် ဆရာက ထက်ဝက်အကျိုးပြုပါတယ်”၊ မြတ်စွာဘုရားက လက်မခံဘူး၊ “အာနန္ဒာ မင်းဒီလိုမပြောနဲ့၊ ဆရာဟာ အပြည့်အဝ ကျေးဇူးပြုတယ်” လို့ ပြန်ဟောလိုက်တယ်။

စာမျက်နှာ-၄၃
ရှင်အာနန္ဒာရဲ့ အတွေးက ဘယ်လိုတုန်းဆိုတော့ ဆရာလမ်းညွှန်တာက ၅၀ ရာခိုင်နှုန်း (Fifty)၊ တပည့်ကိုယ်တိုင် ကျင့်သုံးရတာက ၅၀ ရာခိုင်နှုန်း (Fifty)၊ တစ်ဝက်စီလို့ ဆိုချင်တယ်၊ အဲတော့ မြတ်စွာဘုရားက လက်မခံဘူး၊ တစ်ဝက်စီ မဟုတ်ဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ သူကျင့်တာလည်းပဲ ဆရာလမ်းညွှန်လို့ ကျင့်တာဖြစ်သောကြောင့် ဆရာနဲ့ပဲ သက်ဆိုင်တယ်၊ ဒီလိုဆိုလိုတာနော်။

အဲဒါကို ကောသလမင်းကြီးကို ပြန်ပြီး ဟောပြတဲ့ သုတ္တန်တစ်ခု ရှိပါတယ်၊ ရှင်အာနန္ဒာကို မြတ်စွာဘုရားက ရှင်းပြတယ်၊ “သာဝကတွေဟာ ငါ့ကို အမှီပြုပြီး မဂ္ဂင်ရှစ်ပါးအကျင့်တရားကို ကျင့်တတ်ကြတယ်”၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပစတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ဘယ်အတိုင်းအတာထိ ကျင့်တုန်းဆိုတော့ နိဗ္ဗာန်ရောက်သည်ထိအောင် ကျင့်နိုင်တယ်၊

စာမျက်နှာ-၄၄
အဲဒီလို မဂ္ဂင်ရှစ်ပါး အကျင့်တရားတွေကို ဝိဝေကနိဿိတလို့ဆိုတာ၊ ဝိပဿနာအခိုက်မှာ တဒင်္ဂဝိဝေက၊ [မဂ်] ဖြစ်ပေါ်လာတဲ့အခါမှာ ဆိုရင် သမုစ္ဆေဒဝိဝေက၊ နိဗ္ဗာန်ကို အာရုံပြုတဲ့အခါမှာ နိဿရဏဝိဝေကဆိုတဲ့ အဆင့်ထိရောက်အောင် သမ္မာဒိဋ္ဌိဟာ အဆင့်ဆင့် တက်သွားတယ်၊ နောက်ဆုံးမှာ နိဗ္ဗာန်နယ်ထဲ ရောက်သွားသည်ထိအောင် အဆင့်မြင့်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်တာ၊ မြတ်စွာဘုရားကို အမှီပြုပြီး ကျင့်နိုင်ကြတာတဲ့၊ ဘုရားမပွင့်ခင်တုန်းက ဘယ်သူမှ သိမှ မသိတာ။

မြတ်စွာဘုရားက “ငါ့ကိုအကြောင်းပြုပြီးတော့ ဇာတိဓမ္မ—ပဋိသန္ဓေနေခြင်းရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ပဋိသန္ဓေနေခြင်းသဘောက လွတ်မြောက်သွားကြတယ်၊ ဇရာဓမ္မ—အိုခြင်းသဘောရှိတဲ့ ပုဂ္ဂိုလ်တွေက အိုခြင်းသဘောမှ လွတ်မြောက်သွားကြတယ်။

စာမျက်နှာ-၄၅
ဗျာဓိဓမ္မ—နာခြင်းသဘောရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း နာခြင်းသဘောမှ လွတ်မြောက်သွားကြတယ်၊ မရဏဓမ္မ—သေခြင်းသဘောရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း သေဆုံးရခြင်းရဲ့သဘောမှ လွတ်မြောက်သွားကြတယ်။ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသဓမ္မ—စိုးရိမ်တတ်တယ်၊ ငိုကျွေးတတ်တယ်၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ ကြုံတတ်တယ်၊ စိတ်ပင်ပန်းမှုတွေလည်း ရှိတတ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ဒီလိုအခြေအနေမျိုးတွေကို လွန်မြောက်သွားကြတယ်၊ ငါ့ကို အကြောင်းပြုပြီးတော့ လွန်မြောက်တာ ဖြစ်သောကြောင့် ဗြဟ္မစရိယ ကိုယ်ကျင့်တဲ့တရားမှာ ဆရာသမား ကလျာဏမိတ်ဆွေဟာ အပြည့်အဝ အကျိုးပြုတယ်” လို့ မြတ်စွာဘုရားက ဒီလို ဟောတာနော်၊ အဲတော့ ဆရာမပါပဲနဲ့ မဖြစ်ဘူးတဲ့။

ဒါကြောင့်မို့ အခု ဝိသုဒ္ဓိမဂ်က ပြောထားတဲ့ ကမ္မဋ္ဌာနဒါယကံ ဥပသင်္ကမိတွာတဲ့၊ ကောင်းတဲ့ အရည်အချင်းတွေရှိတဲ့ ကမ္မဋ္ဌာန်းဆရာကို ဆည်းကပ်ပါလို့ ဆိုလိုတာ၊

စာမျက်နှာ-၄၆
ဒါဖြင့် ကောင်းတဲ့အရည်အချင်းတွေက ပိယ၊ ဂရု၊ ဘာဝနီယ၊ ဝတ္တာ၊ ဝစနက္ခမဆိုတဲ့ ဒီဂုဏ်ရည်တွေဟာ အင်မတန်မှ အရေးပါတဲ့ ဂုဏ်ရည်တွေပဲ၊ ဒါကို အနှစ်ချုပ်ပြီးတော့ ပြောရမယ်ဆိုရင် သဒ္ဓါရှိရမယ်၊ သီလရှိရမယ်၊ သုတရှိရမယ်—သုတဆိုတာ စာပေကျမ်းဂန် တတ်ကျွမ်းတာကို ပြောတာ၊ နောက် စာဂရှိရမယ်—စာဂဆိုတာ စွန့်လွှတ် အနစ်နာခံနိုင်တဲ့ ပုဂ္ဂိုလ်မျိုး ကိုယ်ကျိုးမရှာဘူး အများအကျိုးကို ကြည့်တယ်နော်၊ ဝီရိယ—ကြိုးစားအားထုတ်မှု ရှိရမယ်၊ သမာဓိ—စိတ်ဓာတ်တည်ငြိမ်မှု ရှိရမယ်၊ ပညာ—ထက်မြတ်တဲ့ အကောင်းအဆိုး အကြောင်းအကျိုး ခွဲခြားသိနိုင်တဲ့ ပညာမျိုးရှိရမယ်၊ ဒီလို အရည်အချင်းကောင်းတွေနဲ့ ပြည့်စုံတဲ့သူကို ကလျာဏမိတ္တ—ကောင်းသောမိတ်ဆွေ၊ ကောင်းသော ကမ္မဋ္ဌာန်းဆရာလို့ ခေါ်တယ်နော်၊ ကိုယ့်အပေါ်ကို ဂရုစိုက်လို့၊ ကိုယ့်ကို ကျွေးမွေးစောင့်ရှောက်လို့၊ ကိုယ်ကို ညင်ညင်သာသာဆက်ဆံလို့ ကောင်းတဲ့အကောင်းမျိုး မဟုတ်ဘူး၊ ဒီအရည်အချင်းကောင်းတွေကို ဆိုလိုတယ်။

စာမျက်နှာ-၄၇
သဒ္ဓါရှိဖို့လိုတယ်၊ သဒ္ဓါရှိမှ အသိဉာဏ်ရဖို့အတွက် ကြိုးစားအားထုတ်ရမယ်၊ မြတ်စွာဘုရားရဲ့ အသိဉာဏ်ကို ယုံကြည်တယ်၊ ကံကံ၏အကျိုးကို ယုံကြည်တယ်၊ ယုံကြည်ခြင်းကြောင့် အသိဉာဏ်တွေ၊ ကောင်းကျိုးချမ်းသာတွေ ရဖို့အတွက် ဆောင်ရွက်လုပ်ကိုင်ဖို့ကို ဘယ်တော့မှ မစွန့်လွှတ်ဘူးတဲ့၊ သဒ္ဓါရှိသည့်အတွက် ကောင်းတဲ့အလုပ်တွေကို လုပ်လေ့ရှိတယ်ပေါ့။

သီလရှိသည့်အတွက်ကြောင့် အားလုံးက ချစ်ခင်မြတ်နိုးဖွယ်ရာဖြစ်တယ်ပေါ့၊ အဲဒီတော့ သီလရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ မကောင်းတာကိုလည်း ကဲ့ရဲ့ရှုတ်ချတယ်၊ ပြောတတ်တယ်၊ ဆိုတတ်တယ်၊ ကိုယ်ပြောရင်လည်း ခံတယ်၊ အပြောခံတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်တယ်။

စာမျက်နှာ-၄၈
ဗဟုသုတ အကြားအမြင်ရှိသည့်အတွက်ကြောင့် လေးနက်တဲ့ တရားစကားတွေ ဟောပြောနိုင်တယ်၊ အကယ်၍ ဗဟုသုတမရှိဘူးဆိုရင် အပေါ်ယံလေးပဲ ပြောနိုင်တယ်၊ အခက်အခဲနဲ့ ကြုံလာတဲ့အခါမှာ အတွင်းကျကျ လေးလေးနက်နက် ရှင်းမပြနိုင်ဘူး၊ လောကမှာ တရားအတုအယောင်ကလည်း အင်မတန်မှ များတယ်၊ တရားအတုအယောင် ဆိုသည်မှာ ကိုယ်ဉာဏ်ထဲ ဖြစ်လာတာကိုက တစ်ခါတစ်ခါ အစစ်နဲ့အတု ကွဲချင်မှကွဲတာ၊ အစစ်အတုဆိုတာ နေရာတိုင်းမှာ ရှိတယ်လေ။

ရွှေဆိုင်သွားကြည့်၊ ဝင်းဝင်းပြောင်ပြောင် အရောင်လတ်လတ်လေး မြင်တာနဲ့ ရွှေအစစ်ဆိုပြီးတော့ လုပ်လို့ရမလား၊ စိန်လိုလတ်လတ်လေး မြင်တာနဲ့ ကြည့်—ဒါစိန်အစစ်လို့ ပြောလို့မရဘူးလေ၊ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကသာ ဒါသိနိုင်တာကိုး။ အဲဒါကြောင့်မို့ အစစ်အတု ခွဲခြားနိုင်ဖို့ရာအတွက် အကြားအမြင် ဗဟုသုတဟာ အင်မတန်မှ အရေးကြီးတယ်၊

စာမျက်နှာ-၄၉
လောကီကိစ္စမှာတောင် အရေးကြီးတော့ ခုလို လေးနက်တဲ့ တရားဓမ္မတွေကို ရဖို့ဆိုတာ ပိုအရေးကြီးတာပေါ့။ ဒါကို ဆိုလိုတာနော်။

စာဂဆိုတဲ့ စွန့်လွှတ်အနစ်နာခံမှုရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးဟာ အပ္ပိစ္ဆ—ကိုယ့်အကြောင်း သူများကို မပြောဘူး၊ အလိုနည်းတယ်၊ အလိုနည်းတယ်ဆိုတာ ကိုယ်ဘယ်လို ဂုဏ်ရည်တွေ ရှိတယ်ဆိုတာ ဘယ်တော့မှ ထုတ်မပြောဘူး၊ ကိုယ့်အရည်အချင်းကို လျှို့ဝှက်ထားတယ်၊ ကြားဖူးတယ် မဟုတ်လား၊ စည်ကြီးဆိုတာ တီးမှမြည်တယ်၊ မတီးရင်မမြည်ဘူးလေ၊ ပညာရှိဆိုတာ စည်နဲ့တူတယ်တဲ့၊ တီးမှ အသံတုံ့ပြန်တာ၊ အဲဒီလို မဟုတ်ဘဲနဲ့ တပြပြနဲ့လုပ်နေရင်တော့ မဟုတ်လောက်ဘူး၊ ဆိုင်းဘုတ်ချိတ်ရင်တော့ သိပ်မဟုတ်ဘူးနော်၊ အဲတော့ စာဂဆိုတာ အပ္ပိစ္ဆ၊ သန္တုဋ္ဌ၊ ကိုယ့်ကိုယ်ကို စွန့်လွှတ်အနစ်နာခံတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ နာမည်ကြီးအောင်မလုပ်ဘူး၊ အဲဒါဟာ စာဂနဲ့ ပြည့်စုံလို့ မလုပ်တာ ဒီလိုဆိုလိုတာနော်။

စာမျက်နှာ-၅၀
နောက် ဝီရိယရှိတဲ့ ပုဂ္ဂိုလ်မှ ကောင်းကျိုးချမ်းသာရအောင် ဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ် ဖြစ်နိုင်တယ်၊ ကိုယ့်အကျိုး သူ့အကျိုးဆိုတာကို ကြိုးကြိုးစားစား အားထုတ်နိုင်မယ်၊ သတိရှိပြီဆိုတဲ့အခါမှာ အရာရာအမှတ်ထားပြီးတော့ သတိရှိတဲ့ပုဂ္ဂိုလ်ကမှ အသိဉာဏ်ဆိုတာ ဖြစ်ပေါ်လာနိုင်တယ်၊ နောက် သမာဓိရှိမှ စိတ်ဟာ တည်ငြိမ်တယ်၊ ပညာရှိတဲ့ ပုဂ္ဂိုလ်မှ အကောင်းနဲ့အဆိုး၊ အကြောင်းနဲ့အကျိုး၊ ဟိတ၊ အဟိတ ဒါတွေကိုခွဲခြားသိနိုင်တယ်လို့ ဆိုလိုတယ်။

ဒီလိုအရည်အချင်းတွေပြည့်မှ ကမ္မဋ္ဌာန်းဆရာကောင်းလို့ သတ်မှတ်ရတယ်၊ အခုပြောခဲ့တဲ့ ကမ္မဋ္ဌာန်းဆရာ ဆိုသည်မှာ ဝိသုဒ္ဓိမဂ်မှာလည်း ဖော်ပြထားတယ်၊ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ သုတ္တန်တွေမှာလည်းပဲ ဒီလို ကမ္မဋ္ဌာန်းဆရာမျိုးကို ရွေးချယ်ရမယ်၊ ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော—အမှန်အကန် သိဖို့ရာအတွက် ဒီလိုဆရာမျိုးကို ချဉ်းကပ်ရမယ်လို့ မြတ်စွာဘုရားက ဒီလို ဟောခဲ့တာ။

ဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးမှ ကမ္မဋ္ဌာန်းဆရာဖြစ်တယ်ဆိုတာ အားလုံးမှတ်သားထားပြီးတော့ ဘုန်းကြီးတို့တတွေ ဘဝသံသရာက လွတ်မြောက်ဖို့ ကြိုးပမ်းအားထုတ်တဲ့အခါမှာ ဒီလို အရည်အချင်းကောင်းတဲ့ ဆရာသမားမျိုးနဲ့ ထိုဆရာသမားမျိုးရဲ့ လမ်းညွှန်ချက်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ အရည်အချင်းကောင်းတဲ့ ကမ္မဋ္ဌာန်းဆရာထံ ချဉ်းကပ်လို့ ထိုကမ္မဋ္ဌာန်းဆရာရဲ့ အဆုံးအမအတိုင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရောက်အောင် မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။

သာဓု——သာဓု——သာဓု။
rr773n0mt55yj9t2qu86z9abq1gs80b
ကမ္မဋ္ဌာန်းအလုပ်နှင့် အိပ်ငိုက်ခြင်း
0
6354
22114
22080
2026-06-15T03:18:19Z
Tejinda
173
22114
wikitext
text/x-wiki
{{header
| title = ကမ္မဋ္ဌာန်းအလုပ်နှင့် အိပ်ငိုက်ခြင်း
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ကမ္မဋ္ဌာန်းဆရာ]]
| previous2 =
| next = [[ကုသိုလ်ဖြစ်အောင် သတိဆောင်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

ကမ္မဋ္ဌာန်းအလုပ်နှင့် အိပ်ငိုက်ခြင်း
မှတ်တမ်း သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃ miniature ခုနှစ်၊ တပေါင်းလဆန်း (၃) ရက်၊ ရန်ကုန်တိုင်း သာကေတမြို့နယ်၊ အမှတ် (၂) မြောက်ရပ်ကွက်၊ ထူပါရုံ (၂) လမ်း၊ အရှေ့ မိသားစုတို့၏ ဒုတိယအကြိမ်မြောက် ဆင်ယင် ကျင်းပ ပြုလုပ်အပ်သည့် ဆွမ်းအောင်ပွဲ ဓမ္မပူဇာသဘင် အခမ်းအနား၌ ဟောကြားတော်မူအပ်သော “ကမ္မဋ္ဌာန်းအလုပ် နှင့် အိပ်ငိုက်ခြင်း” တရားဒေသနာတော်။

အများအားဖြင့် ပျော်ရွှင်စရာ ရုပ်ရှင်ဇာတ်ကား များကို ကြည့်နေတဲ့အချိန်မှာ အိပ်ငိုက်တယ်ဆိုတာ မရှိသလောက်ပဲ။ သို့သော် တိတ်ဆိတ်ငြိမ်သက်စွာ ကမ္မဋ္ဌာန်းအလုပ်အားထုတ်နေပြီဆိုရင် အိပ်ငိုက်ခြင်းဆိုတာ ဝင်လာတတ်တာ ဓမ္မတာပဲ ဖြစ်နေတယ်။ အိပ်ငိုက်တာဟာ ဘာကြောင့်လဲ? ဘယ်အရာပဲဖြစ်ဖြစ်

စာမျက်နှာ-၂
အကြောင်းတရားဆိုတာရှိတယ်။ ဘာကြောင့် အိပ်ငိုက်တာလဲ၊ အိပ်ငိုက်ခြင်းရဲ့ အကြောင်းတရား ရှာရမယ်။ အိပ်ငိုက်တာဟာ ကုသိုလ်လား၊ အကုသိုလ်လားဆိုတာလည်း ခွဲခြားသိဖို့ လိုအပ်တယ်။ ကောင်းတဲ့အလုပ်တွေကို ဒီအိပ်ငိုက်ခြင်းက ဘာဖြစ်လို့ နှောင့်ယှက်မှု ပေးရသလဲ၊ အိပ်ငိုက်တယ်ဆိုတဲ့ သဘာဝတရားဟာ ရုပ်ခန္ဓာကိုယ်ကြီးမှာ ဖြစ်တာလား၊ စိတ်ထဲမှာ ဖြစ်တာလား၊ ဒါတွေကို ဆန်းစစ်လေ့လာကြည့်ဖို့လိုတယ်။

အဲဒီတော့ ရုပ်ခန္ဓာကိုယ်ကြီးမှာ ဖြစ်လာတဲ့ ငိုက်မြည်းမှုဆိုတာဟာ ဘယ်ကစလာတာတုန်း၊ အကုသိုလ်ဖြစ်စေတတ်တဲ့ အိပ်ငိုက်တယ်ဆိုတဲ့အရာကတော့ ထိနမိဒ္ဓလို့ခေါ်တယ်။ အားလုံးကြားဖူးကြတယ်။ ငိုက်မြည်းတတ်တဲ့ပုဂ္ဂိုလ်၊ အအိပ်များတဲ့ပုဂ္ဂိုလ်ကို ထိနမိဒ္ဓအားကြီးတယ်လို့ ပြောကြတယ်။ ထိနမိဒ္ဓဆိုတဲ့ တရားကို ဗုဒ္ဓမြတ်စွာက နီဝရဏတရားလို့ ဒီလို ဟောတယ်၊ နီဝရဏဆိုတာ ပိတ်ဆို့တတ်တဲ့တရား၊ ဘာကို ပိတ်ဆို့တတ်တာလဲဆိုရင် ကုသိုလ်စိတ်တွေ ဖြစ်မလာအောင် ပိတ်ဆို့တတ်တယ်။

စာမျက်နှာ-၃
ရေမြောင်းထဲ အမှိုက်သရိုက်တွေ ပိတ်ဆို့နေရင် ရေမစီးသလိုပဲ စိတ်ထဲမှာ ထိနမိဒ္ဓ ဝင်လာပြီဆိုရင် ကုသိုလ်ဖြစ်ဖို့ မရှိတော့ဘူး။ ထိနမိဒ္ဓသည် ကုသိုလ် ဖြစ်ဖို့ကို ဆို့ပိတ်တယ်လို့ ဒီလိုပြောတယ်။ အဲဒါကြောင့် နီဝရဏတဲ့၊ နီဝရဏဆိုတာ ကုသိုလ်ဖြစ်ဖို့ ဆို့ပိတ် တတ်ရုံမျှမကဘူး၊ စိတ်ရဲ့ အညစ်အကြေးတစ်မျိုးလည်း ဖြစ်တယ်။

မြတ်စွာဘုရားက နီဝရဏ တရားတွေဟာ “စေတသော ဥပက္ကိလေသ” စိတ်ကို ညစ်နွမ်းစေတတ်တဲ့ တရားတွေ။ ဖြူစင်နေတဲ့ သဘာဝတရားရှိတဲ့ စိတ်ကလေးဟာ ဒီ နီဝရဏတရားတွေ တစ်မျိုးမျိုး ပေါ်လာပြီဆိုလို့ရှိရင် ညစ်နွမ်းသွားတာပဲ၊ စိတ်ဖြူစင်မှု မရှိဘူး။ စိတ်ကြည်လင်မှု မရှိဘူး။ စိတ်ညစ်နွမ်းသွားပြီ ဆိုရင် ဘာဖြစ်မလဲ အသိပညာတွေလည်း အားပျော့သွားနိုင်တယ်။ “ပညာယ ဒုဗ္ဗလီကရဏ” အသိပညာတွေ

စာမျက်နှာ-၄
အားပျော့သွားအောင် လုပ်တယ်။ ပညာရဲ့စွမ်းအားတွေ လျော့ကျသွားပြီဆိုရင် သဘာဝ အစစ်အမှန်ကို သိနိုင်စွမ်းမရှိတော့ဘူးလို့ ဒီလိုပြောတယ်။ အဲဒီတော့ ထိနမိဒ္ဓဆိုတာ နီဝရဏ တရားဖြစ်သည့်အတွက် ပညာကိုအားပျော့ မှေးမှိန်စေတတ်တယ်၊ ကုသိုလ်စိတ် ဖြစ်မလာအောင် ပိတ်ဆို့တတ်တယ်၊ ဒါကြောင့် အကုသိုလ်တရားလို့ပဲ ခေါ်တယ်။ ဘယ်စိတ်တွေနဲ့ ယှဉ်တွဲပြီး ဖြစ်လဲဆိုရင် ထိနမိဒ္ဓဆိုတဲ့ သဘာဝတရားသည် လောဘစိတ်နဲ့လည်း ယှဉ်တွဲဖြစ်တယ်၊ ဒေါသစိတ်နဲ့လည်းယှဉ်တွဲဖြစ်တယ်။ လောဘအခြေခံတဲ့ စိတ်ကို လောဘမူလစိတ်၊ ဒေါသအခြေခံပြီးဖြစ်တဲ့စိတ်ကို ဒေါသမူလစိတ်၊ လောဘစိတ် ထက်သန်မှုမရှိတဲ့အခါမှာ ထိနမိဒ္ဓဖြစ်တယ်။ ဒေါသစိတ် လျော့ကျသွားတဲ့အခါမှာလည်း ထိနမိဒ္ဓဖြစ်တယ်။

ဒီ ထိနမိဒ္ဓသဘာဝတရားနှစ်ပါးကို ခွဲခြားပြီးတော့ ကြည့်ရမယ်။ ဓမ္မသင်္ဂဏီ ပါဠိတော်မှာ “စိတ္တဿ အကမ္မညတာ ထိနံ” စိတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းမရှိတဲ့

စာမျက်နှာ-၅
သဘာဝဟာ “ထိန”တဲ့၊ ဆိုလိုတာက ထိနဆိုတဲ့ သဘာဝတရားပေါ်လာတဲ့အခါ စိတ်အားတွေ လျော့ကျသွားတယ်၊ စိတ်ဟာ ကုသိုလ်ကောင်းမှုဘက်မှာ အားတက်သရောမရှိဘူး၊ အလုပ်မလုပ်ချင်ဘူး၊ အလုပ် မလုပ်နိုင်တော့ဘူး ဒီလိုဆိုတယ်။ ထိနဝင်လာရင် စိတ်ဝင်စားမှုတွေ လျော့ကျလာတယ်၊ ဒါကိုဆိုတယ်။ မိဒ္ဓကျတော့ “ကာယဿ အကမ္မညတာ မိဒ္ဓံ” လို့ ဆိုတယ်။ ဒီနေရာမှာ စာပေက ကာယဆိုတာ စေတသိက်အပေါင်းကို ဆိုလိုတယ်၊ သို့သော် ကာယအရ ရူပကာယကိုယူလို့ရဖွယ်ရှိတယ်၊ စိတ်နဲ့ရုပ်ဆိုတာ တွဲဖက်ပြီးနေတာ ဖြစ်သောကြောင့် စိတ်ပိုင်းဆိုင်ရာ အားပျော့သွားရင် ရုပ်တရားတွေဘက်ကလည်း အားပျော့သွားတယ်၊ လုပ်နိုင်စွမ်းမရှိဘူး။

ကြည့်လေ ဒီ ထိနမိဒ္ဓ ဝင်လာပြီဆိုလို့ရှိရင် ခန္ဓာကိုယ်ကြီး ထိန်းမထားနိုင်တော့ဘူး။ ငိုက်လာပြီဆိုရင် လူဟာ ခေါင်းတဆတ်ဆတ်ဖြစ်လာတယ်။ ငိုက်မှုတွေ အားကောင်းလာပြီဆိုရင် လဲကျသွားနိုင်တာပါ။ ခန္ဓာ

စာမျက်နှာ-၆
ကိုယ်ကို ထိန်းထားနိုင်စွမ်းမရှိဘူး။ တောင့်ထားနိုင်စွမ်း မရှိဘူး။ အဲဒါကြောင့်မို့ ငိုက်တဲ့လူဟာ ယိမ်းနေတာ၊ တည့်တည့်မတ်မတ် မနေနိုင်တာပေါ့။ ဒီသဘာဝတရား ဝင်လာရင် စိတ်အားတွေ လျော့ကျသွားပြီး တွန့်ဆုတ်သွားတယ်။ ခန္ဓာကိုယ်ကြီးကလည်း ယိမ်းယိုင်လာတယ်။ ဒါကိုပဲ လူတွေက အိပ်ငိုက်တယ်လို့ ပြောကြတယ်။ တချို့ဆို ထိုင်ရင်းကနေပြီးတော့ ဗုန်းကနဲ လဲကျသွားတာတောင်ရှိတယ်။

သုတ္တန်ပါဠိတော်တွေမှာ မိဒ္ဓကို အမြဲတမ်း ရုပ်ကာယနဲ့တွဲပြီး ဟောလေ့ရှိတယ်။ ရုပ်ကာယနဲ့ တွဲဟော သည့်အတွက်ကြောင့် မိဒ္ဓဆိုတဲ့ သဘောတရားကို ရုပ်တရားလို့တောင်ပြောတဲ့ အယူဝါဒတွေ အဘိဓမ္မာ သမိုင်းမှာ ပေါ်လာခဲ့ဖူးတယ်။ အဋ္ဌသာလိနီ အဋ္ဌကထာမှာ အကျယ်ဆွေးနွေးထားတာရှိတယ်။ သို့သော် ထိနမိဒ္ဓလို့ အမြဲလိုလိုတွဲပြီးပြောတဲ့ ဒီသဘာဝတရား

စာမျက်နှာ-၇
နှစ်ခုဟာစိတ်ထဲမှာ ဖြစ်တဲ့အတွက် စိတ်ကိုမှီပြီးဖြစ်တဲ့ စေတသိက်တရားမျိုးဖြစ်တယ်။ နာမ်တရားလို့ပဲ ပြောရမယ်။

ဒီတရားနှစ်ပါးဟာ ဖယ်ရှားပစ်လို့ရတယ်။ ဘာနဲ့ ဖယ်ရှားရမလဲဆိုရင် အာရုံတစ်ခုတည်းပေါ်မှာ တည်တည်ငြိမ်ငြိမ် စွမ်းဆောင်မှု သမာဓိစွမ်းအား၊ စိတ်အား၊ တင်းထားတဲ့ဝီရိယစွမ်းအား ဒီနှစ်ခုရှိမယ် ဆိုရင် ထိနမိဒ္ဓကို ဖယ်ရှားနိုင်တယ်။ ဒါကြောင့် တရား အမှတ်ကောင်းနေတဲ့ ယောဂီပုဂ္ဂိုလ်တွေဟာ မအိပ်ဘဲ နေနိုင်တယ်။ သမာဓိစွမ်းအားတွေ ဝီရိယစွမ်းအားတွေက ထက်မြက်ပြီဆိုရင် အိပ်ချင်စိတ် လုံးဝမရှိဘူး။ မိမိလုပ်တဲ့အလုပ်မှာ စိတ်ဓာတ်က ပျော်မွေ့ပြီးနေတယ်။

တစ်နည်းအားဖြင့် ကမ္မဋ္ဌာန်းအာရုံပေါ် ကြံတွေးနေတဲ့ ဝိတက်ရဲ့စွမ်းဆောင်မှုကြောင့် ထိနမိဒ္ဓဆိုတဲ့ အိပ်ချင်ငိုက်မြည်းမှုတွေ မလာဘူး။ ဒါကြောင့်မို့ ဈာန်

စာမျက်နှာ-၈
ဝင်စားတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်နေကုန် ဝင်စားလည်း အိပ်ချင်တာမရှိဘူး၊ နေနိုင်ကြတယ်။

ဘုန်းကြီးတို့ နောင်တော်တစ်ပါး ပြောဖူးတယ်။ တိပိဋကဓရ စာမေးပွဲမှာ ဝင်ပြီးပြန်နေတဲ့အချိန်မှာ ဖြစ်တယ်။ အဲဒီတုန်းက တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲက မဟာစည်သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီးမှာ ကျင်းပတယ်။ ပြန်ဆိုပြီးတဲ့အခါ ရက်အားရသည့်အတွက်ကြောင့် မဟာစည်သာသနာ့ရိပ်သာမှာ တရားဝင်ပြီး အားထုတ်တယ်။ တရားဝင်တဲ့နေ့ကနေ စပြီးတော့ ခြောက်ရက်မြောက်ညအထိ ၂၄ နာရီ လုံးဝ မအိပ်ဘူး။ ညလုံးပေါက် တရားအားထုတ်တယ်။ သမာဓိစွမ်းအားတွေ၊ ဝီရိယစွမ်းအားတွေ တက်ပြီးတော့ အိပ်ချင်စိတ်လည်း မရှိဘူးတဲ့။ အဲဒီတော့ ခြောက်ရက်တိတိ သူ၊ မအိပ်ဘဲ နေခဲ့တယ်ဆိုတာ ပြောပြီး ခုနစ်ရက်မြောက်တဲ့နေ့မှာ ထိန်းလို့မရတော့ဘူးတဲ့။ လုံးဝအိပ်ချင်သွားပြီ၊ ခုနစ်ရက်မြောက်တဲ့နေ့မှာ လုံးဝမနေနိုင်လောက်အောင် အိပ်ချင်တယ်လို့ ပြောတယ်။

စာမျက်နှာ-၉
နောက် မဟာစည် သာသနာ့ရိပ်သာမှာလည်း ၂၄ နာရီ လုံးဝမအိပ်ဘဲနဲ့ တစ်ခါတည်း မထ၊ မပြောင်းတဲ့ ဣရိယာပုတ်နဲ့ တရားထိုင်သူ နိုင်ငံခြားယောဂီတစ်ဦး အကြောင်း မှတ်တမ်းတင်ထားတာရှိတယ်။ အဲဒါကြောင့် ထိနမိဒ္ဓဆိုတာ သမာဓိစွမ်းအား၊ ဝီရိယစွမ်းအားနဲ့ တွန်းဖယ်ထားလို့ရတယ်။

ငယ်ငယ်က စာတွေထဲမှာ ဖတ်ဖူးတယ်။ အရှင်သာရိပုတ္တရာ မထေရ်မြတ် ၄၅ နှစ် မအိပ်ဘူးတဲ့၊ ဘုန်းကြီးတို့တော့ ငယ်ငယ်က အလွန်အိပ်ချင်တာ။ ည စာပြန်ရပြီဆိုရင် အလွန်အိပ်ချင်တယ်၊ အရှင်သာရိပုတ္တရာ ၄၅ နှစ် မအိပ်ဘဲနေတယ်ဆိုတော့ ဘယ်လိုများ နေပါလိမ့်ဆိုပြီး နားမလည်နိုင်ဖြစ်တယ်။ နောက် စာပေတွေ လေ့လာကြည့်တဲ့အခါ မအိပ်ဘဲနေတယ်ဆိုတာ သမာဓိစွမ်းအားတွေ ဈာန်စွမ်းအားတွေနဲ့နေရင် အိပ်ရသလို လန်းဆန်းပြီးနေတယ်၊ ခုနက နောင်တော်

စာမျက်နှာ-၁၀
ဘုန်းကြီးပြောတဲ့အတိုင်း ခြောက်ရက် မအိပ်ရပေမယ့် အိပ်ချင်စိတ်မရှိဘူး။ လူက ထိုင်းမှိုင်းတာလည်း မဖြစ်ဘူး၊ လန်းလန်းဆန်းဆန်းဖြစ်နိုင်တယ်ဆိုတာ သိရတယ်။ ဒါကြောင့် မအိပ်ဘဲနေလို့ရတာနေမှာပဲ။ သမာဓိ စွမ်းအား၊ ပညာစွမ်းအား၊ စိတ်စွမ်းအားတွေ ကောင်းနေပြီဆိုလို့ရှိရင် ขန္ဓာကိုယ်ကြီးက မအိပ်လည်း အပန်းပြေပြီး လန်းဆန်းနေမှာပဲ။

အရှင်သာရိပုတ္တရာမထေရ်မြတ်တို့ဟာ စိတ်ထဲမှာ အညစ်အကြေး ကိလေသာတွေ မရှိတဲ့အတွက်ကြောင့် သမာဓိစွမ်းအား၊ ဉာဏ်စွမ်းအားတွေနဲ့ ထိန်းထားတဲ့အခါ လုံးဝအိပ်စရာမလိုဘူး။ ဈာန်ဝင်စားရုံနဲ့ သမာပတ်တွေ ဝင်စားရုံနဲ့ စိတ်လည်းအပန်းပြေ၊ ကိုယ်လည်း အပန်းပြေ ဒီလိုနည်းနဲ့နေတယ်ဆိုတာ နောက်တော့ နားလည်လာတယ်။

အနောက်တိုင်းက လူတွေက ကျန်းမာရေးအတွက် လူတွေဟာ တစ်နေ့ကို ရှစ်နာရီအိပ်ဖို့လိုအပ်တယ်လို့ဆိုကြတယ်။ အဲဒီတော့ အရှင်သာရိပုတ္တရာ

စာမျက်နှာ-၁၁
မထေရ်မြတ်ကြီး ၄၅ နှစ်လုံး မအိပ်ဘဲနေတယ်ဆိုရင် ဘယ်လိုများပြောကြမလဲ။

အိပ်စက်ပြီး အပန်းပြေတဲ့နည်းရှိသလို ဈာနသမာပတ် ဖလသမာပတ်ဆိုတဲ့ သမာဓိစွမ်းအားတွေနဲ့ စိတ်ကိုထိန်းထားပြီး စိတ်ကို အနားပေးပြီးနေတဲ့ နည်းစနစ်တွေကလည်း ရှိတယ်။ ဒါ အိပ်တဲ့သဘောပဲ။ ဒါကြောင့် ဈာနသမာပတ်တွေကို “ဒိဋ္ဌဓမ္မသုခဝိဟာရ” မျက်မှောက်ဘဝမှာ ချမ်းသာစွာနေကြောင်းတရား လို့ဆိုတာ။ ချမ်းသာစွာနေထိုင်ဖို့ရာအတွက် ဒီ ဈာန်တရားတွေကို ပွားများအားထုတ်ကြရတယ်။ သမထ ကျင့်စဉ်ကြီးတစ်ခုကျင့်ပြီး စိတ်စွမ်းအားတွေကို ဖြည့်ပေးထားတဲ့အတွက်ကြောင့် လူတွေဟာ ကျန်းကျန်းမာမာနဲ့ မအိပ်စက်ဘဲ နေနိုင်ကြတယ်။ ကျန်းမာရေး ထိခိုက်မှုမရှိဘူး၊ စိတ်ကျန်းမာရေးလည်း ထိခိုက်မှု မရှိဘူး၊ ကိုယ်ကျန်းမာရေးလည်း ထိခိုက်မှု မရှိဘူး၊ အိပ်ရာက အိပ်စက်ပြီးထလာတဲ့ပုဂ္ဂိုလ်လို လန်းဆန်းပြီးတော့နေတယ်၊ တရားရဲ့ အစွမ်းပေါ့။

စာမျက်နှာ-၁၂
သို့သော် သမာဓိစွမ်းအား၊ ဝီရိယစွမ်းအားတွေ မထက်မြက်သေးဘူးဆိုလို့ရှိရင် အိပ်ချင်မှုဆိုတဲ့ ထိနမိဒ္ဓတွေဟာဖြစ်လာကြမှာပဲ။ ဝီရိယ လျော့ကျလာတာနဲ့ တပြိုင်နက် စိတ်ကိုပိတ်ဆို့လာကြမှာဖြစ်တယ်။

ပုထုဇဉ်တွေ ငိုက်မြည်းတယ် ဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ကြီး ပင်ပန်းနွမ်းနယ်ရင်လည်း ငိုက်မြည်းတတ်တယ်။ အာရုံပေါ်မှာ ပြေးလွှားလှုပ်ရှားနေသည့်အတွက် စိတ်တွေ ပင်ပန်းနွမ်းနယ်လာရင်လည်း ငိုက်မြည်းတတ်တယ်။ စဉ်းစားကြည့်ရမှာနော်၊ လူတွေဟာ လှုပ်လှုပ်ရှားရှားနဲ့ သွားလိုက်လာလိုက်၊ လုပ်လိုက်ကိုင်လိုက်နဲ့ အနားမယူဘဲနဲ့နေရင် ညောင်းညာပင်ပန်းလာတာပဲ။ ထို့အတူပဲ ဟိုအာရုံ၊ ဒီအာရုံ၊ အမြင်အာရုံ အကြားအာရုံ အာရုံတွေပေါ်မှာ ပြေးလွှားနေရတဲ့ စိတ်ကလေးဟာလည်း ကြာတော့ ညောင်းလာတာပဲ။

ညောင်းလာတဲ့အခါ အပန်းဖြေချင်လာတာ။ အဲဒါ ထိနမိဒ္ဓ ဝင်လာတယ်လို့ခေါ်တယ်။ အဲဒီလို ထိနမိဒ္ဓ ဝင်လာပြီဆိုလို့ရှိရင် အသိပညာတွေလည်း အားပျော့

စာမျက်နှာ-၁၃
သွားပြီး ကုသိုလ်စိတ်ဖြစ်ဖို့ အခွင့်အရေးတွေလည်း နည်းသွားတယ်။

ပုထုဇဉ်တွေအိပ်တဲ့အခါ ထိနမိဒ္ဓကြောင့် အိပ်တာများတယ်။ ဒါဖြင့် ထိနမိဒ္ဓ ပယ်ပြီးတဲ့ ရဟန္တာပုဂ္ဂိုလ်တွေ ကျတော့ ဘာဖြစ်လို့ အိပ်တာလဲ၊ ရဟန္တာပုဂ္ဂိုလ်တွေ ညကျိန်းစက်ကြတယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည်ပင်လျှင် ညအခါမှာ နှစ်နာရီလောက် ကျိန်းစက်မှုရှိတယ်။ ဘာဖြစ်လို့လဲ၊ Physical Body လို့ခေါ်တဲ့ ရုပ်ခန္ဓာကိုယ်ရဲ့ ညောင်းညာမှုကြောင့် အိပ်ချင်မှုဖြစ်တာ။ ထိနမိဒ္ဓကြောင့်ဖြစ်တာ မဟုတ်ဘူးတဲ့၊ တချို့သစ်ပင်တွေတောင်မှ (ကုက္ကိုပင်တို့လို အပင်မျိုးတွေ) ညနေပိုင်းရောက်လာရင် အရွက်ကလေးတွေကုတ်ပြီး အိပ်သေးတာပဲ။ ရဟန္တာတွေ အိပ်ချင်တယ်ဆိုတဲ့သဘောဟာ Physical Body ညောင်းညာမှုကြောင့် အိပ်ချင်မှုဖြစ်တာ။ ပုထုဇဉ်တွေ အိပ်ချင်မှုဖြစ်တာကျတော့ ခုနက ထိနမိဒ္ဓကြောင့်လည်း ဖြစ်တယ်၊ Physical Body ညောင်းညာမှုကြောင့်လည်း

စာမျက်နှာ-၁၄
ဖြစ်တယ်။ ပုထုဇဉ်တွေမှာ စိတ်ပိုင်းဆိုင်ရာ ပါလာတာပေါ့။ အဲဒီလို နားလည်ရမယ်။

ကမ္မဋ္ဌာန်းအလုပ် အားထုတ်ပြီဆိုလို့ရှိရင် အဲဒီ ထိနမိဒ္ဓဆိုတဲ့ အကုသိုလ်စေတသိက်တွေ (စိတ်ရဲ့ အညစ်အကြေးတွေက) ဝင်ရောက်နှောင့်ယှက်လာတတ်တယ်။ အရိယာပုဂ္ဂိုလ်တွေ၊ ရဟန္တာ မဖြစ်သေးတဲ့ ပုဂ္ဂိုလ်တွေတောင်မှ ထိနမိဒ္ဓက နှောင့်ယှက်တယ်။ စာပေကျမ်းဂန်မှာ မှတ်တမ်းတင်ထားတာ တစ်ခုက အရှင်မောဂ္ဂလ္လာန် မထေရ်မြတ် တရားအားထုတ်ရင် အိပ်ငိုက်မှုတွေဖြစ်ပေါ်ခဲ့ဖူးတာ ထင်ထင်ရှားရှားပဲ။

သူငယ်ချင်း နှစ်ယောက် အားလုံးသိကြတဲ့အတိုင်း အရှင်သာရိပုတ္တရာတို့ အရှင်မောဂ္ဂလ္လာန်တို့ဆိုတာ အင်မတန်မှ ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ။ အရှင်သာရိပုတ္တရာရဲ့ နာမည်က ဥပတိဿ၊ အရှင်မောဂ္ဂလ္လာန်ရဲ့ နာမည်က ကောလိတတဲ့။ သူငယ်ချင်းနှစ်ယောက် တရားရှာရင်း ဘယ်

စာမျက်နှာ-၁၅
ဂိုဏ်းထဲ ရောက်သွားသလဲဆိုတော့ ပရဗိုဇ်ဂိုဏ်းထဲ ရောက်သွားတယ်။ သူတို့ဆရာကြီးက သဉ္စယဗေလဋ္ဌပုတ္တ။ မြန်မာစာပေမှာ “သိဉ္စည်း ဆရာကြီး” လို့ ရေးတယ်။ သဉ္စယဆိုတဲ့ ဆရာကြီးက ဘာမှ ရေရေရာရာ ပြောနိုင်တာမဟုတ်ဘူး။ အားလုံးကို ငြင်းပယ်ထားတဲ့ဝါဒကို လက်ခံကျင့်သုံးတဲ့ပုဂ္ဂိုလ်၊ အဲဒီ ဆရာကြီးရဲ့ တပည့်အဖြစ် ခံယူပြီး တရားဓမ္မတွေကို သင်ယူတဲ့အခါမှာ ဘာမှ အနှစ်သာရမရှိဘူးဆိုတာ သူတို့သိလာကြတယ်။

တရားဓမ္မဆက်လက်ရှာဖွေတဲ့အခါ ပဉ္စဝဂ္ဂီငါးပါးထဲ အပါအဝင်ဖြစ်တဲ့ အရှင်အဿဇိဟာ သာသနာပြု ခရီးက ရာဇဂြိုဟ်ပြည် ပြန်ရောက်လာတယ်။ ဥပတိဿ ပရဗိုဇ်လို့ခေါ်တဲ့ အရှင်သာရိပုတ္တရာလောင်းဟာ ရှင်အဿဇိကို မြင်လိုက်တာနဲ့ အကဲခတ်တယ်။ အကဲခတ်တဲ့ ပညာရပ်ဟာလည်းပဲ စဉ်းစားဉာဏ်ရှိသူတိုင်းမှာ ရှိတတ်တယ်။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို မြင်လိုက်တဲ့အခါမှာ သွားတာလာတာ နေတာထိုင်တာ

စာမျက်နှာ-၁၆
စားတာသောက်တာ မျက်နှာအမူအရာကစပြီး ထိုပုဂ္ဂိုလ်ရဲ့ စိတ်နေသဘောထားကို အကဲခတ်လို့ရတယ်။

သာမန်အားဖြင့် အကဲခတ်လို့ရတာကတော့ ဒီလူဟာ စိတ်ဆိုးနေတာလား၊ စိတ်ကြည်နေတာလားတော့ အကဲခတ်လို့ရတာပေါ့။ စိတ်ဆိုးနေတယ်ဆိုရင် မျက်နှာကြော တင်းနေတယ်။ မျက်နှာကြီးစူအောင့်နေတယ်၊ စိတ်ဆိုးနေတယ်ဆိုတာ အကဲခတ်လို့ရတယ်။ အကဲခတ်ပညာတတ်တဲ့ ပုဂ္ဂိုလ်တွေက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုကြည့်လိုက်တာနဲ့ သူ့ရဲ့ အတွင်းစရိုက်ကို မြင်ရတယ်။ အရှင်သာရိပုတ္တရာအလောင်း အရှင်ဥပတိဿပရဗိုဇ်က ရှင်အဿဇိကို မြင်လိုက်တာနဲ့ “ဪ ဒီပုဂ္ဂိုလ်ရဲ့ ဣနြေတွေဟာ အင်မတန်မှ ငြိမ်သက်တယ်။ တရားထူး တရားမြတ်ရပြီးဖြစ်လောက်တယ်။ သူ့ရဲ့ နှလုံးသားဟာ အေးချမ်းနေတဲ့ နှလုံးသားပဲ” လို့ အကဲခတ်တယ်။ ချဉ်းကပ်ပြီး မေးမြန်းစုံစမ်းတဲ့အခါမှာ ရှင်အဿဇိက သစ္စာလေးပါးကို အတိုချုပ် ပြောပြတယ်။

စာမျက်နှာ-၁၇
အတိုချုပ် ပြောပြလိုက်တာနဲ့ပဲ သာရိပုတ္တရာအလောင်း ဥပတိဿပရဗိုဇ်ဟာ သောတာပန်ဖြစ်သွားတယ်။ ဓမ္မစက္ခုလို့ခေါ်တဲ့ အသိဉာဏ်မျက်စိ ရရှိလာတယ်။ သူကနေတဆင့် ဖောက်သည်ချတာနဲ့ အရှင်မောဂ္ဂလ္လာန် အလောင်း ကောလိတ ပရဗိုဇ်ဟာလည်းပဲ ဓမ္မစက္ခုလို့ခေါ်တဲ့ သောတာပတ္တိမဂ်ဉာဏ်ကို ရသွားတယ်။ သူတို့နှစ်ဦး သောတာပန်ဖြစ်သွားကြတယ်။

မြတ်စွာဘုရားဆီကို ရောက်သွားကြတယ်။ ဘုရားဆီ ရောက်တဲ့အခါ ရဟန်းပြုတယ်ဆိုပါစို့၊ သောတာပန် ဖြစ်ပြီးမှ သူတို့ရဟန်းပြုကြတယ်၊ ရဟန်းပြုပြီးမှ မြတ်စွာဘုရားထံက ကမ္မဋ္ဌာန်းတွေယူပြီး တရားအားထုတ်ကြတယ်။ ကောလိတ ပရဗိုဇ်ကိုသာသနာဘောင် ရောက်လာတဲ့အခါ အနွယ်ရဲ့ နာမည်နဲ့ အရှင်မောဂ္ဂလ္လာန်လို့ခေါ်လာကြတယ်။ ဥပတိဿပရဗိုဇ်ကိုတော့ သူ့ရဲ့ မယ်တော်နာမည်ကို အစွဲပြုပြီး သာရိပုတ္တ လို့ခေါ်ကြတယ်။ လေးစားတဲ့ အနေနဲ့ခေါ်ကြတာ။

စာမျက်နှာ-၁၈
ဒီနေရာမှာ သောတာပန်ဘဝ ရရှိထားတဲ့ အရှင်မောဂ္ဂလ္လာန်ဟာ မြတ်စွာဘုရားဆီက တရားဓမ္မကို ယူတယ်။ ဘယ်မှာအားထုတ်တုန်းဆိုတော့ မဂဓတိုင်းက ကလ္လဝါဠပုတ္တ လို့ခေါ်တဲ့ ရွာနားက တောကျောင်းမှာ တရားအားထုတ်တယ်။ တရားအားထုတ်တဲ့အခါ ဘာအခက်အခဲတွေ့တုန်းဆိုတော့ အိပ်ငိုက်တာ အခက်အခဲတွေ့တယ်။ အကြီးအကျယ်အိပ်ငိုက်တယ်၊ အရှင်မောဂ္ဂလ္လာန်ဟာ ဝိပဿနာ ကျင့်စဉ်တစ်ခုကို ကျင့်တဲ့အခါမှာ တရားထိုင်ရင်း အိပ်ငိုက်နေတာကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ ဘေသကဠာတောမှာ သီတင်းသုံး နေရင်းကနေ ဒိဗ္ဗစက္ခုနဲ့မြင်တယ်။ ချက်ချင်းပဲ အရှင်မဟာမောဂ္ဂလ္လာန်ဆီ ရောက်လာတယ်။

ရှေးတုန်းက ရဟန်းတွေက တရားအားထုတ်တဲ့အခါမှာ မိမိတို့ တရားအားထုတ်တဲ့ အနီးအပါးမှာ မြတ်စွာဘုရား ကြွလာရင် သီတင်းသုံးဖို့နေရာ အဆင်သင့်ပြင်ဆင်ပြီး ခင်းကျင်းထားလေ့ရှိကြတယ်။

စာမျက်နှာ-၁၉
အရှင်မောဂ္ဂလ္လာန်လည်း တရားအားထုတ်တဲ့အခါ ဘုရားထိုင်ဖို့ မြင့်မြတ်တဲ့နေရာလေးတစ်ခုမှာ ခင်းပြီးတော့ထားတယ်။

သူငိုက်နေတဲ့အချိန်မှာ မြတ်စွာဘုရား ရုတ်တရက် ဘွားကနဲ့ရောက်လာတယ်။ “ဟေ့ မောဂ္ဂလ္လာန်၊ ငိုက်နေတာလား” မြတ်စွာဘုရားကမေးတယ်။ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းတရား အားထုတ်တဲ့ပုဂ္ဂိုလ်တွေ ငိုက်ရင် ဘာလုပ်ရမလဲဆိုတဲ့ နည်းလမ်းကို အရှင်မောဂ္ဂလ္လာန်ကိုဟောတယ်။
ပစလာယနသုတ်
ငိုက်လို့ရှိရင် အငိုက်ဖျောက်ပုံနည်းလမ်း (၇) သွယ် ဒီသုတ္တန်မှာ မြတ်စွာဘုရားက ဟောတယ်။ ပစလာယနသုတ်လို့ခေါ်တယ်။ ပစလာယနဆိုတာ အိပ်ငိုက်ခြင်း ဆိုတဲ့အဓိပ္ပါယ်၊ ခေါင်းတဆက်ဆက်နဲ့ ငိုက်တယ်။ ကမ္မဋ္ဌာန်းအားထုတ်တဲ့အချိန်မှာ အိပ်ချင်လာတယ်

စာမျက်နှာ-၂၀
ဆိုရင် အဲဒီ ကမ္မဋ္ဌာန်းကိုစွန့်၊ တခြားနည်း ပြောင်း အားထုတ်ရတယ် ဒီလိုပြောတယ်။ အိပ်ငိုက်တဲ့ အမှတ်သညာမျိုးကို ဖယ်ရှားပစ်ရမယ်တဲ့။

နံပါတ် (၁) က တရားကို နှလုံးသွင်းလို့ အိပ်ငိုက်တယ်ဆိုလို့ရှိရင် အဲဒီ အိပ်ငိုက်စေတတ်တဲ့ အမှတ်သညာ တရားမျိုးကို ရပ်ထားလိုက်ပါတဲ့၊ အာရုံတစ်မျိုးပြောင်းပြီး ရှုပါတဲ့။

နံပါတ် (၂) အဲဒီလိုရှုလို့မှ အိပ်ငိုက်မပြေသေးဘူးဆိုရင် နောက်ထပ်တစ်ခု ပြောင်းလုပ်ရမယ်။ ဘာလဲဆိုတော့ ကိုယ်အာဂုံဆောင်ထားတဲ့ တရားဓမ္မတွေ၊ သင်ထားတဲ့ တရားဓမ္မတွေကို စိတ်ထဲကနေတွေးပါတဲ့။ ဥပမာ- ပရိတ်ကြီးရရင် ပရိတ်ကြီးပေါ့၊ နှုတ်ကထုတ် ရွတ်ဆိုတာ မဟုတ်ဘူး။ စိတ်နဲ့ကြံတွေးပြီး ရွတ်ဆိုကြည့်တာ၊ အဲဒီလိုဆိုလို့ရှိရင် အိပ်ငိုက်မှုဟာ ပျောက်သွားနိုင်တယ်တဲ့။

နံပါတ် (၃) ရတဲ့စာတွေတွေးနေတာမှ အိပ်ငိုက်မှုက မပျောက်သေးဘူး၊ အိပ်ချင်တုန်းပဲဆိုရင် ကိုယ်နှုတ်တက်အာဂုံဆောင်ထားတဲ့စာတွေကို ရွတ်ဖတ် သရဇ္ဈာယ်လိုက်ပါတဲ့၊ “ဣတိပိသော” ပဲဖြစ်ဖြစ်၊

စာမျက်နှာ-၂၁
ဘာပဲဖြစ်ဖြစ် ရွတ်ဖတ်သရဇ္ဈာယ်လိုက်၊ အသံထုတ်ပြီး အဲဒီလို ရွတ်ဖတ်သရဇ္ဈာယ်ပြီးလို့ရှိရင် အိပ်ငိုက်မှုဟာ ပျောက်သွားနိုင်တယ်တဲ့။

နံပါတ် (၄) မပျောက်ဘူးဆိုရင် ဘာဆက်လုပ်ဖို့ လိုတုန်းဆိုတော့ ကိုယ့်နားရွက်ကို ပူသွားအောင်ဆွဲတဲ့၊ ခန္ဓာကိုယ်ကို တစ်ကိုယ်လုံးပွတ်သပ်တဲ့၊ အညောင်းအညာတွေဖြေ၊ နားရွက်ဆွဲ တစ်ကိုယ်လုံးပွတ်သပ် အဲဒီလို လုပ်လိုက်လို့ရှိရင်လည်း လူဟာ လန်းဆန်းပြီးတော့ အိပ်ချင်ပြေသွားနိုင်တယ်ပေါ့။

နံပါတ် (၅) အဲဒီလိုလုပ်လို့မှ မပြေဘူးဆိုလို့ရှိရင် ဘာလုပ်ရမလဲ။ မျက်နှာသစ်၊ မျက်လုံးကိုရေဆွတ်တဲ့။ မျက်လုံးကို ရေဆွတ်ပြီး ကမ္မဋ္ဌာန်းကျောင်းထဲကထွက် ကောင်းကင်ကိုကြည့်၊ နက္ခတ်တွေရှိရင် နက္ခတ်ကြည့်၊ လရှိရင် လကြည့်ပေါ့။ ကောင်းကင်ကို မော့ကြည့် ဟိုကြည့် ဒီကြည့် အရပ်မျက်နှာတွေကိုကြည့်၊ လေကောင်းလေသန့်တွေကိုရှူ၊ အရပ်မျက်နှာတွေကို မော့ကြည့်လိုက်တဲ့အခါ အိပ်ချင်ပြေသွားနိုင်တယ်ပေါ့။

စာမျက်နှာ-၂၂
နံပါတ် (၆) အဲဒီလိုမှမရဘူး။ ဆက်ပြီး အိပ်ချင်နေသေးတယ်ဆိုလို့ရှိရင် အာလောကသညာ အလင်းကို နှလုံးသွင်းရမယ်တဲ့၊ အမှောင်ထဲမှာ မနေနဲ့၊ အလင်းထဲမှာနေ၊ အာလောကသညာကို နှလုံးသွင်း။ ညကို နေ့လို့စိတ်ထဲမှာထား၊ အလင်းရောင်ကြီးထဲမှာနေ၊ မှောင်နေတယ်ဆိုတာကို မေ့ထားလိုက်၊ လင်းနေတယ်ဆိုတာကို နှလုံးသွင်း။ အဲဒီလို နှလုံးသွင်း အားထုတ်လိုက်မယ် ဆိုလို့ရှိရင် အိပ်ချင်တာတွေ၊ ငိုက်မြည်းတာတွေ ပျောက်သွားနိုင်ပါတယ်တဲ့။

နံပါတ် (၇) အဲဒီလိုမှ မပျောက်သေးဘူး ဆိုလို့ရှိရင် စင်္ကြန်လမ်းလေးကို သတ်မှတ်ပြီး သဒ္ဓါတို့၊ ဝီရိယတို့၊ သတိတို့၊ သမာဓိတို့၊ ပညာတို့ဆိုတဲ့ ဣန္ဒြေစွမ်းအားတွေကို ထိန်းချုပ်ထားပြီး စင်္ကြန်လျှောက်လိုက်ပါတဲ့။

အဲဒီလို စင်္ကြန်လျှောက်တာတောင် အိပ်ချင်တာက မပြေသေးဘူးဆိုရင်တော့ ဘာလုပ်ရမတုန်း၊ အိပ်လိုက်တော့တဲ့။ နောက်ဆုံးကျတော့ အိပ်ချင်မပြေရင် အိပ်ရ

စာမျက်နှာ-၂၃
တယ်မြတ်စွာဘုရားက အငိုက်ဖျောက်ပုံ နည်းလမ်း ခုနစ်သွယ်ကို ပေးထားတာ။ မရဘူးဆိုရင် အိပ်တဲ့။ အိပ်ရင်လည်း စနစ်တကျ အိပ်ရမယ်။ ဘယ်လို စနစ်တကျ အိပ်ရမတုန်းဆိုရင် လက်ယာဘက်ကို စောင်းအိပ်၊ ခြေထောက်နှစ်ခု ခြေမျက်စိချင်းမထိစေနဲ့တဲ့၊ ထိရင် အရိုးချင်းထိသည့်အတွက်ကြောင့် နာကျင်မှု ဖြစ်လာတတ်တယ်။ ဒါကြောင့်မို့လို့ ခပ်လွှဲလွှဲလေး ထား။ ကြည့်နော် “ပါဒေ ပါဒံ အစ္စာဓာယ” အိပ်ပုံ အိပ်နည်းကို မြတ်စွာဘုရား လမ်းညွှန်ပေးတာ။

ပဲခူးရောက်လို့ရှိရင် ရွှေသာလျောင်းဘုရားကို သွားပြီးဖူးကြည့်။ ခြေဖဝါးနှစ်ခုဟာ တညီတည်းထားလို့ရှိရင် စာနဲ့မညီဘူး၊ ခြေဖဝါးနှစ်ခုက တစ်ဖက်ကအတို တစ်ဖက်ကအရှည်ထားပြီး ခြေမျက်စိချင်းမထိအောင် ထားရမှာ။ ရွှေသာလျောင်းဘုရားတွေမှာ စနစ်တကျ ထုရင် အောက်ခြေထောက်ပေါ် အထက်ခြေထောက်က ဒူးကွေးထား။ ခြေမျက်စိချင်း မထိဘူး၊ ဒါ စာနဲ့အညီ လက်ယာခြေပေါ်မှာ လက်ဝဲခြေထောက်ကလေး

စာမျက်နှာ-၂၄
တင်ပြီး “ဥဋ္ဌာနသညံ မနသိကရိတွာ”တဲ့၊ ဘယ်အချိန် ထမယ်ဆိုတာ အမှတ်သညာလေးထားပြီး အိပ်ပါတဲ့၊ မြတ်စွာဘုရားက စနစ်တကျ အိပ်ခိုင်းတယ်။

ဒီနေရာမှာ ဘာသွားသတိရတုန်းဆိုရင် America မှာနေတုန်းက Stop ဆိုတဲ့စာအုပ်ကို ကားမောင်း သင်တန်းတက်မယ့်ပုဂ္ဂိုလ်တိုင်း ကြေအောင် ဖတ်ရတယ်။ ဖတ်ပြီးရင် မေးခွန်းတွေ ဖြေရတယ်ပေါ့၊ အဲဒီထဲမှာ မေးခွန်းရဲ့ အဖြေတွေ ပေးထားတာရှိတယ်။ အဖြေအမျိုးမျိုး ပေးထားတယ်။

ကားမောင်းရင်း အိပ်ချင်ရင် ဘာလုပ်ရမလဲ? အဖြေတစ်ခုက ကားမောင်းရင်းအိပ်ချင်လာရင် ကော်ဖီသောက် ဆက်မောင်း၊ သီချင်း နားထောင်ပြီးတော့ ဆက်မောင်းတဲ့။ အဲဒီလို အဖြေမျိုး ပေးထားပြီး နောက်ဆုံးအဖြေက ဘာတုန်းဆိုရင် အိပ်စက် အပန်းဖြေပြီးမှ ဆက်မောင်းတဲ့။ အဲဒီ အဖြေတွေထဲက ကော်ဖီသောက်ပြီး ဆက်မောင်းဆိုတဲ့အဖြေက အမှန်မဟုတ်ဘူး၊ မှားတယ်။ သီချင်းဖွင့်ဆက်မောင်းဆိုတာကလည်း

စာမျက်နှာ-၂၅
မှားတယ်။ ဘာလုပ်ရမှာတုန်း၊ အိပ်ချင်လို့ရှိရင် အိပ်လိုက်တဲ့။ အိပ်ပြီးမှဆက်မောင်းတဲ့။ အဲဒီဟာကမှ အဖြေမှန်၊ ကားမောင်းတယ်ဆိုတာ အလွန်အန္တရာယ် များတာကို၊ အိပ်ချင်နေတဲ့အချိန်မှာ အိပ်ချင်စိတ် မပျောက်ဘဲနဲ့ ဆက်မောင်းရင် ဒုက္ခရောက်သွားနိုင်တယ်။ ဒါကြောင့်မို့ အိပ်ချင်လို့ရှိရင် အိပ်ပြီးမှမောင်းလို့ ပြောတာ။

မြတ်စွာဘုရားကလည်း တရားအားထုတ်လို့ ခုနကနည်းလမ်းတွေနဲ့ ဖြေပျောက်လို့မရဘူး၊ အိပ်ချင်ပြီဆိုလို့ရှိရင် အိပ်လိုက်ပါတဲ့၊ အိပ်တဲ့အခါမှာ လက်ယာစောင်းပြီးတော့အိပ်၊ လက်ယာခြေပေါ်မှာ လက်ဝဲခြေကလေးကို လွှဲပြီးတော့တင်ထား။ ဘယ်အချိန်ထမယ်ဆိုတဲ့ အမှတ်သညာလေး ထားပြီးတော့ အိပ်ပါတဲ့။

နိုးလာတာနဲ့တပြိုင်နက် ချက်ချင်းထတဲ့၊ ဇိမ်ခံမနေနဲ့။ လူတွေက အိပ်ပြီးလို့ရှိရင် နိုးလာပေမယ့် တော်ရုံနဲ့မထသေးဘူး၊ မှေးနေသေးတယ်၊ ဇိမ်ခံတာ

စာမျက်နှာ-၂၆
ခေါ်တယ်၊ “သေယျသုခံ” အိပ်ခြင်းကြောင့်ဖြစ်တဲ့ ချမ်းသာ၊ “ပဿသုခံ” ဟိုဘက်စောင်းလိုက် ဒီဘက်စောင်းလိုက် (ကလေးတွေဆို နိုးလည်း တော်ရုံမထဘူး။ ဇိမ်ခံနေတာ)။ အဲဒီအိပ်ရတဲ့ ဇိမ်ကတစ်မျိုး၊ အိပ်ရာထဲ မှေးနေရတဲ့ဇိမ်က တစ်မျိုးနဲ့တူတယ်၊ အားလုံး ဒီဇိမ်တော့ရဖူးကြမှာပါ။ အဲဒါကို သေယျသုခ၊ ပဿသုခ၊ မိဒ္ဓသုခတဲ့။ အဲဒီလိုဇိမ်ခံမနေနဲ့တဲ့၊ ချက်ချင်းထတဲ့။ ဖျက်ကနဲနိုးလိုက်တာနဲ့ လူးလဲထ၊ ထပြီးတော့ တရားအားထုတ်ပါတဲ့။

အရှင်မောဂ္ဂလ္လာန်ကို မြတ်စွာဘုရားက နည်းလမ်းတွေပေးတာ၊ ဒါ ကမ္မဋ္ဌ加န်းအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အိပ်ချင်ပြီဆိုရင် ဒီနည်းစနစ်ကို လိုက်နာကျင့်သုံးရမှာပါ၊ အင်္ဂုတ္တရနိကာယ် ပစလာယနသုတ္တန်ဆိုတာ ရှိတယ်၊ ခုနစ်ချက်ပေးထားတာ ဖြစ်သောကြောင့် (သတ္တကနိပါတ်) အချက် ခုနစ်မျိုးပါတဲ့ အပိုင်းကဏ္ဍမှာ ဒါကိုဖော်ပြထားတယ်။

စာမျက်နှာ-၂၇

ရှင်မောဂ္ဂလ္လာန်အားထုတ်တဲ့ဝိပဿနာ
အဲဒီတော့ အရှင်မောဂ္ဂလ္လာန် မထေရ်မြတ်ဟာ သောတာပန်ဖြစ်ပြီးတဲ့နောက် သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ဖို့ ဝိပဿနာကျင့်စဉ်တွေကို ဆက်ပြီးကျင့်ရတယ်၊ သောတာပန်ဖြစ်ဖို့ ဝိပဿနာကျင့်စဉ်နဲ့ သကဒါဂါမ်ဖြစ်ဖို့ ဝိပဿနာကျင့်စဉ်က မတူဘူး၊ မတူဘူးဆိုတာ စွမ်းရည်ချင်း မတူတာကိုပြောတာ။ သကဒါဂါမ်ဖြစ်ဖို့ ဝိပဿနာက အဆင့်မြင့်ပါတယ်။ အနာဂါမ်ဖြစ်ဖို့ ဝိပဿနာကလည်း အဆင့်မြင့်ပါတယ်။ စွမ်းအားတွေမြင့်တယ်၊ ရဟန္တာဖြစ်ဖို့ ဝိပဿနာဆိုတာ ပိုပြီးတော့ အဆင့်မြင့်တယ်ပေါ့။

ဝိပဿနာဆိုတဲ့ နာမည်ချင်းတော့ တူတယ်။ သို့သော် ပိုပြီးတော့ အသိက ထင်ရှားလာတယ်။ ပိုပြီးတော့ ရှင်းလင်းလာတယ်။ စာဖတ်သလိုပေါ့၊ ပထမ တစ်ခေါက်ဖတ်သွား၊ သိပ်မရှင်းလိုက်ဘူး။ ဒုတိယ တစ်ခေါက်ဖတ်၊ တတိယတစ်ခေါက်ဖတ်၊ စတုတ္ထ တစ်ခေါက်ဖတ် ပိုပိုရှင်းရှင်းလာတယ်ပေါ့။ အဲဒီလိုပဲ

စာမျက်နှာ-၂၈
သောတာပန်ရဲ့ ဝိပဿနာက ဒီလောက်မရှင်းဘူး။ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ဖို့ ဝိပဿနာ ကျတော့ ပိုပြီးတော့ရှင်းတယ်။ ပိုပြီးတော့ ပြတ်ပြတ်သားသား မြင်လာတယ်ပေါ့။

အရှင်မောဂ္ဂလ္လာန်မထေရ်မြတ်ဟာ သောတာပန် ဖြစ်ပြီးတဲ့နောက် သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်ဖို့အတွက် ဝိပဿနာအလုပ်အားထုတ်တာ ခုနစ်ရက် အားထုတ်ရတယ်တဲ့။ ခုနစ်ရက်အားထုတ်ရင်း ငိုက်နေတယ်။ အဲဒီလို ငိုက်နေလို့ မြတ်စွာဘုရားက သွားပြီး သတိပေးတယ်၊ အရှင်မောဂ္ဂလ္လာန်ကို ဩဝါဒ သုံးခွန်းပေးထားခဲ့တယ်။

မြတ်ဗုဒ္ဓ၏ဩဝါဒ ဘာပေးလဲလို့ဆိုရင် အကျဉ်းချုပ်အားဖြင့် “မောဂ္ဂလ္လာန်, မင်း ဒီအချက်တွေကို လိုက်နာကျင့်သုံး ရမယ်။ (၁) ဘယ်တော့ပဲဖြစ်ဖြစ် မြို့တွေ ရွာတွေထဲမှာ ဆွမ်းခံသွားလို့ရှိရင် မာန်မာနဆိုတဲ့ နှာမောင်းကြီးကို

စာမျက်နှာ-၂၉
ထောင်ပြီး မသွားနဲ့တဲ့။ ဆိုလိုတာက ဆင်ကြီးတွေဟာ နှာမောင်းကို ထောင်သွားသလို မာန်မာနကို ထောင်လွှားပြီးမသွားနဲ့တဲ့၊ ဆွမ်းခံသွားရင် မာန်မာနကို ချပြီးတော့သွား။

မာန်မာန ထောင်သွားလို့ရှိရင် ဘာဖြစ်တတ်တုန်း ဆိုတော့ ဒကာ၊ ဒကာမတွေအိမ်ရောက်တဲ့အခါ ဒကာ၊ ဒကာမတွေဆိုတာ တစ်ခါတစ်ခါ အလုပ်ကိစ္စတွေ အင်မတန်များကြတယ်ပေါ့။ ရဟန်းတော်တစ်ပါး ဆွမ်းရပ်လာတာကို မြင်ချင်မှမြင်မယ်။ တစ်ခါတစ်လေ သတိထားမိချင်မှ သတိထားမိမယ်။ အဲဒီအချိန်မှာ ရဟန်းတော်တစ်ပါးဟာ မာန်မာနတွေထောင်ပြီး မာနတရား ရှေ့ထားပြီးလာတဲ့အခါမှာ စိတ်အလိုမကျတာတွေ ဖြစ်တတ်တယ်။ အဲဒီအလိုမကျတာတွေ ဖြစ်လာလို့ရှိရင် ဘာဖြစ်လာလဲဆိုတော့ စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စဆိုတာ ဝင်လာတယ်။ စိတ်ပျံ့လွင့်မှုတွေ ဝင်လာပြီဆိုတာနဲ့ စောင့်စည်းမှုတွေ ကင်းလာတယ်။ စောင့်စည်းမှုတွေကင်းရင် သမာဓိလည်း ပျက်ပြားသွားနိုင်တယ်တဲ့။

စာမျက်နှာ-၃၀
ဒါကြောင့်မို့ မာန်မာနဆိုတဲ့ နှာမောင်းကြီး ထောင်ပြီးတော့ မသွားနဲ့၊ မာနကို ချသွားရမယ်။

(၂) နောက်တစ်ခုက စကားပြောတဲ့အခါမှာ ဆန့်ကျင်တဲ့ စကားမျိုး ဘယ်တော့မှ မပြောနဲ့တဲ့။ တစ်ယောက်ယောက်နဲ့တွေ့တဲ့အခါမှာ စကားပြောပြီဆိုရင် ဆန့်ကျင်တဲ့စကား ဘယ်တော့မှ မပြောနဲ့တဲ့။ ဆန့်ကျင်ဘက်စကားပြောလို့ရှိရင် စကားများမယ်တဲ့။ စကားများလို့ရှိရင် စိတ်ဓာတ်တွေ ပျံ့လွင့်လာမယ်။ စိတ်ဓာတ် ပျံ့လွင့်လာလို့ရှိရင် စောင့်စည်းမှုတွေ ပျက်ပြားပြီး သမာဓိမဖြစ်ဘဲ ရှိတတ်တယ်။

(တရားစခန်းဝင်တဲ့အခါမှာ မာနထောင်ပြီးတော့ မဝင်သင့်ဘူးပေါ့။ ဆန့်ကျင်ဘက် စကားတွေလည်း မပြောသင့်ဘူးပေါ့။ ပြောပြီဆိုရင် ခုနကလို အခြေအနေဆိုးတွေ ဖြစ်လာတတ်တယ်။ ဒါကိုဆိုလိုတာ) ဥဒ္ဓစ္စဆိုတဲ့ ပျံ့လွင့်မှုဟာ သမာဓိကို ပျက်စေတယ်။ သမာဓိမရှိဘူးဆိုရင် စောင့်စည်းမှုတွေ အားနည်းလာတယ်။ စောင့်စည်းမှုဆိုတာ အကုသိုလ်တွေ မဖြစ်

စာမျက်နှာ-၃၁
အောင် ပိတ်ဆို့မှု။ အဲဒီပိတ်ဆို့မှုမရှိရင် အကုသိုလ်တွေ ဝင်လာနိုင်တယ်လို့ ဒီလိုပြောတာ။

(၃) နောက်တစ်ခုဘာလဲဆိုရင် “မောဂ္ဂလ္လာန်တဲ့၊ တိတ်ဆိတ်ငြိမ်သက်တဲ့ တောရကျောင်းမှာနေပါတဲ့။ လူတွေ ရှင်တွေနဲ့ မရောနဲ့တဲ့။ တိတ်ဆိတ်ငြိမ်သက်တဲ့ တောရကျောင်းမှာ အမြဲနေပါ။”
တဏှာသင်္ခယ ဝိမုတ္တ
အဲဒီ ဩဝါဒ သုံးချက်ပေးတယ်။ အဲဒီအခါ ရှင်မောဂ္ဂလ္လာန်က မြတ်စွာဘုရားကို မေးခွန်းတစ်ခု မေးတယ်။ “အရှင်ဘုရားတဲ့ “တဏှာသင်္ခယ ဝိမုတ္တ” ဖြစ်အောင်ဘယ်လိုကျင့်ရပါမလဲ” တဏှာတွေ ကုန်သွားတဲ့ နိဗ္ဗာန်ကို အာရုံပြုလိုက်လို့ရှိရင် တွယ်တာမှုတွေ ကုန်ခမ်းသွားတယ်။ နိဗ္ဗာန်ကို မမြင်သေးသမျှ တွယ်တာမှုတွေက ရှိနေဦးမှာပဲ။ တွယ်တာမှုတွေ ရှိနေဦးမယ်။ နိဗ္ဗာန်ကိုမြင်လိုက်တာနဲ့ တပြိုင်နက် တွယ်တာမှုအားလုံးဟာ ကုန်ခမ်းသွားမယ်။

စာမျက်နှာ-၃၂
ဆိုလိုတာက တဏှာ လုံးဝကုန်သွားဖို့ဆိုတာ အရဟတ္တမဂ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မြင်တဲ့အခါမှ ဖြစ်တာ။ အဲဒီတဏှာအားလုံးကုန်သွားတဲ့ နိဗ္ဗာန်၊ အတွယ်အတာ အားလုံးကုန်သွားတဲ့ နိဗ္ဗာန်ကို တဏှာသင်္ခယလို့ ခေါ်တယ်၊ အဲဒီ နိဗ္ဗာန်ကို အာရုံပြုလိုက်တဲ့အခါမှာ လူ့ရဲ့စိတ်ဟာ အနှောင်အဖွဲ့တွေအားလုံးက လွတ်သွားတယ်၊ အဲဒါကို တဏှာသင်္ခယ ဝိမုတ္တ လို့ခေါ်တယ်။ အဲဒီတဏှာကုန်ရာ နိဗ္ဗာန်၌ စိတ်ဟာလုံးဝလွတ်မြောက်သွားတဲ့အခြေအနေဆိုတာ ဘယ်အတိုင်းအတာနဲ့မှ ဖြစ်ပါသလဲ။

ဆိုလိုတာက ရဟန္တာဖြစ်သွားတဲ့ ပုဂ္ဂိုလ်ရဲ့ အခြေအနေကို မေးလျှောက်လိုခြင်းပဲပေါ့။ ရဟန္တာဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ တဏှာတွေ လုံးဝ ကုန်ပြီးတော့ လွတ်မြောက်သွားအောင်ဘယ်လိုလုပ်ရမလဲ၊ ကမ္မဋ္ဌာန်းတရားကိုဟောဖို့ မြတ်စွာဘုရားကို လျှောက်တယ်။ “ဘယ်လိုအတိုင်းအတာနဲ့မှ တဏှာတွေ ကုန်ခမ်းပြီး

စာမျက်နှာ-၃၃
နိဗ္ဗာန်ကို အာရုံပြုလို့ လွတ်မြောက်တဲ့စိတ် ရရှိတဲ့ပုဂ္ဂိုလ်ဆိုတာ ဖြစ်နိုင်ပါလဲ” လို့မေးတယ်။
တဏှာသင်္ခယ မုတ္တ အကျင့်
မြတ်စွာဘုရားက ဝိပဿနာကျင့်စဉ် တစ်ခုကို ဖြေတယ်။ အဲဒီ ဝိပဿနာကျင့်စဉ်လေးက အင်မတန်မှ တိုတိုလေးပဲ။ မှတ်သားစရာ အလွန်ကောင်းတယ်။

ဝိပဿနာတရား အားထုတ်ထားတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း ဒါကို ရှေးဦးစွာ သင်ထားကြရမှာ ဖြစ်တယ်ပေါ့။ ဘာလဲဆိုရင် မြတ်စွာဘုရားက “သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေသာယ” ခန္ဓာငါးပါးဆိုတဲ့ တရားအားလုံးဟာ ငါ၊ ငါ့ဥစ္စာလို့ စိတ်ထဲမှာမှတ်ထားဖို့ မတော်ဘူးတဲ့။ ဆိုလိုတာက ရုပ်ပဲဖြစ်ဖြစ် နာမ်ပဲဖြစ်ဖြစ် ခန္ဓာငါးပါး အာယတနာ(၁၂)ပါး၊ ဓာတ်(၁၈)ပါးဆိုတဲ့ ဒီသဘာဝတရားတွေဟာ ငါပဲ၊ ငါ့ဥစ္စာပဲလို့ စိတ်ထဲမှာ စွဲမှတ်ထားဖို့ မသင့်တဲ့တရားတွေပါ။ ဒါကို ရှေးဦးစွာ သင်ထားရမယ်တဲ့။

စာမျက်နှာ-၃၄
ခန္ဓာငါးပါးကို သင်ထားတယ်ဆိုပါစို့၊ ရုပ်ခန္ဓာ၊ မျက်စိ၊ နား၊ လျှာ၊ ကိုယ်ဆိုတဲ့ ရုပ်ခန္ဓာကြီး။ ဝေဒနာလို့ဆိုတဲ့ ခံစားမှု၊ ချမ်းသာတာ ခံစားမှု၊ ဆင်းရဲတာ ခံစားမှု၊ ချမ်းသာ ဆင်းရဲမဟုတ်တဲ့ ခံစားမှု၊ သညာလို့ဆိုတဲ့ အာရုံကိုမှတ်သားမှု၊ သင်္ခါရလို့ဆိုတဲ့ စေ့ဆော်မှု ကြံစည်မှု ဝိညာဏလို့ဆိုတဲ့ အာရုံကိုရယူသိရှိမှု။ ဒီ ရုပ်၊ နာမ်သဘာဝတရားတွေဟာ ဘယ်ဟာမှ “ငါ၊ ငါ့ဟာ” လို့ စိတ်ထဲမှာ စွဲမှတ်ထားဖို့ မတော်ဘူးတဲ့။

ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် ကိုယ်စွဲမှတ်ထားတဲ့အတိုင်း မဖြစ်လို့ပါတဲ့။

ဟုတ်တယ်လေ၊ ရုပ်ကိုပဲဖြစ်ဖြစ် ငါလို့ ဆိုလိုက်လို့ရှိရင် သူက ငါမှမဟုတ်တာ၊ သူ့ဟာသူ သူ့သဘာဝအတိုင်း သူ့အကြောင်းနဲ့သူဖြစ်တာ အဲဒီလိုမဟုတ်ဘူး၊ ငါ့ဟာလို့သတ်မှတ်လိုက်လည်း သူက သူ့ဟန်အတိုင်း သွားနေတာ ဆိုပါစို့၊ မျက်စိကို ငါ့မျက်စိလို့ ကိုယ်သတ်မှတ်လိုက်တယ်၊ ငါ့မျက်စိလို့ သတ်မှတ်ထားတဲ့ မျက်လုံးဟာ တဖြည်းဖြည်းမှုန်မလာဘူးလား၊ မှုန်လာ

စာမျက်နှာ-၃၅
တယ်၊ အသက်အရွယ်အရ အချိန်တန်တော့ နာချင်တဲ့အခါ သူနာတာပဲ၊ ကိုယ်က နာခိုင်းတာမဟုတ်ဘူး။ မျက်စိနာတယ်၊ မျက်စိအောင့်တယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်။

နားလည်း ထို့အတူပဲ။ လျှာလည်း ထို့အတူပဲ။ နှာခေါင်းလည်း ထို့အတူပဲ ခန္ဓာကိုယ်ဟာ ငါ့ဟာဆိုတဲ့ အနေအထား တစ်ခုမှရောက်မလာဘူး။ ကိုယ်ထင်တဲ့အတိုင်း တစ်ခုမှမဖြစ်ဘူး၊ ကိုယ်ဖြစ်ချင်တာတွေနဲ့ တခြားပဲ ဖြစ်နေတယ်ဆိုတော့ ငါလို့လည်း သတ်မှတ်ဖို့ မသင့်တော်ဘူး၊ ငါ့ဟာလို့လည်း သတ်မှတ်ဖို့ မသင့်လျော်တဲ့ သဘာဝတရား၊ သူ့အကြောင်းနဲ့သူ ဖြစ်နေတာတွေတဲ့၊ လူတွေကသာ ငါလို့ထင်နေတာ၊ အထင်သက်သက်မျှသာ ဖြစ်တယ်ပေါ့။

ဒါကြောင့် ဝိပဿနာကျင့်ဖို့ရာအတွက် အတွေးကို အရင်သင်ယူရမယ်တဲ့ “သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေသာယ” တဲ့။ ရုပ်တရား၊ နာမ်တရားအားလုံးဟာ ငါလို့ စိတ်ထဲမှာ စွဲမှတ်ထားဖို့ မသင့်တဲ့၊ ငါ့ဟာလို့ စိတ်ထဲမှာ

စာမျက်နှာ-၃၆
စွဲမှတ်ထားဖို့ မသင့်တဲ့ တရားတွေသာ ဖြစ်တယ်၊ သူဖြစ်ချင်သလိုဖြစ် ငါဖြစ်ချင်သလိုဖြစ်တဲ့အရာမဟုတ်ဘူး၊ အချိန်တန်တော့ သူပျက်ချင် ပျက်သွားတယ်၊ ကိုယ်နဲ့ ဘာမှမဆိုင်သလိုပဲ နေရတယ်၊ ကိုယ့်ဆန္ဒကို လုံးဝ ဆန့်ကျင်ပြီး ဖြစ်တယ်၊ ကောင်းပြီ သဘာဝတရားတွေကို ဒီအသိကို အခြေခံပြီး ကိုယ်သန္တာန်မှာရှိတဲ့ ဒီသဘာဝတရားတွေကိုတွေ့အောင်ရှာ၊ တွေ့အောင်ရှာတယ်ဆိုတဲ့နေရာမှာ ဒါက ရုပ်ပဲ၊ ဒါက နာမ်ပဲ ဒီလိုတွေ့အောင်ရှာလို့ပြောတာ။

ဆိုပါစို့၊ ထွက်လေ ဝင်လေလေးကိုကြည့်၊ ထွက်လေ ဝင်လေလေးဟာ စိတ်တည်းဟူသော အကြောင်းကြောင့် ရှုလိုက်ရှိုက်လိုက်နဲ့ ဖြစ်နေတာ၊ စိတ္တဇဝါယောလို့ခေါ်တယ်။ စိတ်ကြောင့်ဖြစ်ပေါ်နေတဲ့အရာဖြစ်လို့ စိတ်မရှိတော့ဘူးဆိုရင် အသက်ရှူသေးရဲ့လား၊ မရှူတော့ဘူး၊ အဲဒါကြောင့် ဒီခန္ဓာကိုယ်ထဲ ရှူသွင်း ရှိုက်သွင်း ထုတ်လုပ်နေတဲ့လေဟာ စိတ်ကြောင့်ဖြစ်နေတာ။ အဲဒီတော့ စိတ်တည်းဟူသောအကြောင်းကြောင့်

စာမျက်နှာ-၃၇
ဖြစ်လာတဲ့ ဒီလေကို ငါလို့သတ်မှတ်မလားဆိုတော့ သတ်မှတ်လို့မရဘူး။ စိတ်ရှိတုန်းသာဖြစ်တာ၊ စိတ်မရှိတော့ရင် မဖြစ်တော့ဘူး။ အဲဒီတော့ ငါလို့ စွဲလန်းလို့လည်း မရဘူး။ အဲဒီလေဟာ ဝါယောရုပ်ပဲ။

အဲဒီ ဝါယောရုပ် နှာသီးဖျားကိုလာထိတယ်ပေါ့။ နှာသီးဖျားက ငါလားဆိုတော့ မဟုတ်ဘူး၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရားတွေ ပေါင်းစပ်ပြီး ထုတ်လုပ်လို့ ဖြစ်ပေါ်နေတဲ့အရာတွေသာဖြစ်တယ်။

ဝါယောရုပ်နဲ့ နှာသီးဖျားနဲ့ ကာယပသာဒနဲ့ ပေါင်းစုံလိုက်တဲ့အခါ ထိမှန်းသိလိုက်တဲ့ ထိသိစိတ်ဆိုတာလေး ပေါ်လာတယ်၊ အဲဒီ ထိသိစိတ်ကလေးကလည်း ငါလားဆိုတော့ ငါမဟုတ်ဘူး နာမ်တရား သက်သက်မျှသာဖြစ်တယ်၊ ရုပ်နှစ်ခုပေါင်းဆုံမှုကြောင့် ပေါ်လာတဲ့နာမ်တရားမျှသာဖြစ်တယ်။

အဲဒီလို ရှုမြင်မှုကို “ဉာတပရိညာ” လို့ခေါ်တယ်။ လေရယ်၊ နှာသီးဖျားကရှိတဲ့ ကာယပသာဒရယ်က

စာမျက်နှာ-၃၈
ရုပ်တရား၊ ထိလို့သိတဲ့ အသိတရားလေးက နာမ်တရားလို့ ကိုယ့်ဟာကိုယ် လေရှူရင်း စဉ်းစားကြည့်ပေါ့။

ထိုင်နေတဲ့အခါမှာလည်း စဉ်းစားလို့ရတာပဲ။ ကြမ်းပေါ်ထိုင်နေရင် ကြမ်းရဲ့ မာကျောမှု (သို့) Sofa ပေါ်ထိုင်နေရင် Sofa ရဲ့ အိညက်မှုရယ်၊ ထိတဲ့နေရာ ထိမှန်းသိတာရယ် ဒီသုံးမျိုးပဲ။ အသံက နားလာထိရင်လည်း အသံရယ်၊ နားရယ်၊ ကြားသိစိတ်ရယ်၊ အနံ့က နှာခေါင်းလာထိလို့ရှိရင်လည်း ထို့အတူပဲ၊ အနံ့ရယ်၊ နှာခေါင်းရယ်၊ နံသိစိတ်ရယ်၊ လျှာကနေ ထမင်းစားလို့ လာပြီးတော့ထိရင် လျှာရယ်၊ အရသာရယ် ဒီနှစ်ခု ထိလိုက်တဲ့အခါမှာ လျက်သိစိတ်ရယ်၊ အဲဒီတော့ ရုပ်ရယ်၊ နာမ်ရယ်လို့ ကွဲကွဲပြားခြားသိတယ်။

နှလုံးသွင်းဆင်ခြင်ပြီး ရုပ်နဲ့နာမ် ကွဲအောင်ကြည့်။ ကြည့်ပြီးတဲ့အခါ တစ်ဆင့်တက်ပြီး ဝင်လာတဲ့လေကလည်း ဝင်လာပြီး ပျောက်သွားတာပဲ။ ကာယပသာဒကို လာထိလိုက်တဲ့အချိန်မှာ သိတဲ့စိတ် ပေါ်လာပြီး ပျောက်သွားတာပဲ။ အဲဒီတော့ ထိတဲ့အခိုက်ကလေးမှာ

စာမျက်နှာ-၃၉
သိတဲ့စိတ်ကလေး ပေါ်လာတယ်။ ပြီးတာနဲ့ ပျောက်သွားပြန်တယ်၊ အဲဒီမမြဲတဲ့သဘောတွေကို စဉ်းစားသိရှိလာတဲ့အခါ မမြဲပါလား လို့ဆိုတဲ့ ဆုံးဖြတ်တဲ့ အသိဉာဏ်တစ်ခု ပေါ်လာတယ်၊ အဲဒါကို “တီရဏပရိညာ” လို့ ခေါ်တာပဲ။

“ဉာတပရိညာ” ဆိုတာ ဒါက ရုပ်၊ ဒါက နာမ် ဘာဖြစ်လို့ ရုပ်လို့၊ ဘာဖြစ်လို့နာမ်လို့ ပြောတာလည်း ဆိုတော့ နာမ်ဆိုတာ အာရုံကိုသိတဲ့သဘော၊ ခုနကလေကလေးကလည်း မသိဘူး။ ကာယပသာဒကလည်း မသိဘူး၊ သိတာက နာမ်တရားက သိတာ၊ မသိတဲ့သဘောက ရုပ်၊ သိတဲ့သဘောက နာမ်လို့ အကြမ်းဖျင်း ဒီလိုပြောလို့ရတယ်ပေါ့၊ အဲဒီတော့ သဘာဝခြင်း နှစ်ခု မတူဘူး၊ မတူတဲ့ သဘာဝနှစ်ခုကို ပိုင်းခြားပြီးတော့သိတာကိုခေါ်တာ။

အဲဒီ ဉာတပရိညာ ဆိုတဲ့အသိဉာဏ် ရပြီးတဲ့အခါမှာ မမြဲတဲ့သဘောတွေ၊ ထိုမမြဲမှုကြောင့် စိတ်ပျက်စရာ ကောင်းတဲ့သဘောတွေ၊ ကိုယ့်ဆန္ဒအတိုင်း မဖြစ်ဘူး

စာမျက်နှာ-၄၀
ဆိုတဲ့သဘောတွေကို ဆုံးဖြတ်နိုင်ရင် “တီရဏပရိညာ” လို့ခေါ်တယ်။ အဲဒီလို ဝိပဿနာဉာဏ်နဲ့ အခုလို သိရမယ်လို့ ဟောတယ်။
ဝေဒနာ ကမ္မဋ္ဌာန်း
အဲဒီနောက် ရှင်မောဂ္ဂလ္လာန်ကို ဝေဒနာကမ္မဋ္ဌာန်းကိုဟောတယ်။ ဘာဖြစ်လို့ ဝေဒနာကမ္မဋ္ဌာန်း ဟောလဲ ဆိုတော့ စိတ်ထဲမှာ အာရုံတစ်ခုပေါ်လာရင် ခံစားမှုလေးတွေရှိတယ်။ ထွက်လေဝင်လေကို ရှူလိုက်တဲ့အခါ ရှုကောင်းလို့ရှိရင် သုခဝေဒနာ၊ ရှုရတာမကောင်းဘူး၊ အသက်ရှူရတာလည်း ခက်တယ်၊ လေကြီးကလည်း မကောင်းဘူးဆိုရင် ဒုက္ခဝေဒနာ၊ ထိုင်ရတာ ပင်ပန်းတယ်၊ အောက်က မာတယ်၊ စလုံးစခုကြီးဖြစ်နေတယ် ဆိုရင် ဒုက္ခဝေဒနာ၊ အဲဒီဝေဒနာတွေကို ရှုရမယ်တဲ့။ ဝေဒနာတွေ ဖြစ်ပေါ်လာတာကိုလည်း မြင်ရမယ်၊ ချုပ်ငြိမ်းသွားတာကိုလည်းမြင်ရမယ်။ ဝေဒနာကမ္မဋ္ဌာန်း သို့မဟုတ် ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်းကို ဟောလိုက်

စာမျက်နှာ-၄၁
တာ။ အဲဒီလိုဝေဒနာရဲ့ ဖြစ်မှု ပျက်မှု သဘာဝလေးတွေကို မြင်လာတဲ့အခါ ဝေဒနာအပေါ်မှာ ရှုမြင်သလို အားလုံးသဘာဝတရားတွေပေါ်မှာလည်းပဲ ဖြစ်ပျက်မှု မြင်အောင်ကြည့်ရမယ်။ ဘာဖြစ်လို့တုန်းဆိုရင် ငါ့ဟာဆိုတဲ့ တဏှာစွဲလန်းမှု၊ ငါဆိုတဲ့ ဒိဋ္ဌိစွဲလန်းမှုဆိုတာတွေ ပျောက်ကင်းသွားနိုင်မယ်။ လောကမှာ စွဲလန်းစရာဆိုတာ ဘာတစ်ခုမှ မရှိတော့ဘူး။

တဏှာဒိဋ္ဌိနဲ့ကြည့်ပြီး စွဲမှတ်ထားစရာ တစ်ခုမှ မမြင်တော့ဘူး၊ မမြင်တဲ့အခါမှာ စွဲလန်းမှု မရှိသည့်အတွက်ကြောင့် တွယ်တာမှုတွေ ချုပ်ငြိမ်းသွားတယ်၊ တွယ်တာမှုတွေ ချုပ်ငြိမ်းသွားတာဟာ လွတ်မြောက်သွားခြင်းပါပဲလို့ မြတ်စွာဘုရားက ဝိပဿနာကျင့်စဉ်ကို ဝေဒနာကမ္မဋ္ဌာန်းနဲ့ ဟောကြားတော်မူတယ်။

အဲဒီလို တွယ်တာမှုတွေ ချုပ်ငြိမ်းသွားတဲ့ ပုဂ္ဂိုလ်ဟာ “ငါ့မှာ ပြစ်မှုဇာတိတရားတွေကုန်သွားပြီ၊ ကျင့်စရာတရားတွေလည်း ငါအကုန်ကျင့်ပြီးသွားပြီ၊ နောက်ထပ် ကျင့်စရာမလိုတော့ဘူး၊ အားလုံးအဆုံးတိုင်ပြီးသွားပြီ”

စာမျက်နှာ-၄၂
လို့ ကိုယ့်ကိုကိုယ် သိနိုင်ပါတယ်တဲ့။ အဲဒီအတိုင်း ကျင့်လို့သိသွားပြီ ဆိုလို့ရှိရင် ဒါ “တဏှာသင်္ခယ ဝိမုတ္တ” ပဲတဲ့၊ တဏှာကုန်ရာ အတွယ်အတာ ချုပ်ငြိမ်းသွားတဲ့ နိဗ္ဗာန်မှာ လုံးဝ လွတ်မြောက်သွားခြင်းပဲတဲ့။ လွတ်မြောက်သွားတဲ့ ပုဂ္ဂိုလ်ပဲလို့ မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါတယ်။
အဂ္ဂသာဝကနှစ်ပါးရဲ့ ဝိပဿနာတရား
ဝေဒနာကမ္မဋ္ဌာန်းကို ရှုမှတ်ပြီးတော့ ရှင်မဟာမောဂ္ဂလ္လာန်ဟာ ခုနစ်ရက်မြောက်တဲ့နေ့မှာ ရဟန္တာဖြစ်သွားတယ်။ ထူးဆန်းတာက ရှင်မောဂ္ဂလ္လာန်ဟာလည်း ဝေဒနာကမ္မဋ္ဌာန်းကို နားထောင်ပြီးတော့ ရဟန္တာဖြစ်သွားတာ။ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကလည်း တူတော်တဲ့ ဒီဃနခပရဗိုဇ်ကို ဟောတဲ့ ဝေဒနာကမ္မဋ္ဌာန်း နာရင်း ရဟန္တာဖြစ်တယ်။ အဲဒီတော့ ဒီစာနှစ်ခုကို ပေါင်းစပ်ကြည့်လိုက်မယ် ဆိုလို့ရှိရင် ရှင်မဟာမောဂ္ဂလ္လာန်လည်း ဝေဒနာကမ္မဋ္ဌာန်းနဲ့

စာမျက်နှာ-၄၃
ရဟန္တာဖြစ်တယ်လို့ပြောရမယ်။ ရှင်သာရိပုတ္တရာလည်း ဝေဒနာကမ္မဋ္ဌာန်းနဲ့ပဲ ရဟန္တာဖြစ်သွားတယ်လို့ ပြောရမယ်။ သုတ္တန်ချင်းတော့ တခြားစီပဲ။

ဒီသူငယ်ချင်းနှစ်ပါးဟာ သောတာပန် တစ်နေ့ထဲ ဖြစ်ကြပေမယ့် ရဟန္တာဖြစ်တဲ့အခါကျတော့ ရှင်မောဂ္ဂလ္လာန်က ရှင်သာရိပုတ္တရာထက် တစ်ပတ်စောပြီး ရဟန္တာဖြစ်တယ်လို့ ပြောရမယ်၊ ရှင်သာရိပုတ္တရာ မထေရ်မြတ်က သူ့ထက် တစ်ပတ်ပိုကြာသွားတယ်။ နှစ်ပတ်လောက် တရားအားထုတ်ရတယ်ပေါ့။

ရှင်မောဂ္ဂလ္လာန်ကတော့ တစ်ပတ်တည်းနဲ့ အားထုတ်ရပေမယ့်လို့ သူ့ရဲ့ ဝိပဿနာက “ဒုက္ခာ ပဋိပဒါ ခိပ္ပါဘိညာ” ပင်ပင်ပန်းပန်း ကျင့်ရတယ်လို့ ပြောရမယ်။ ဘာဖြစ်လို့ ပင်ပန်းတယ်လို့ ပြောရလဲ ဆိုတော့ အိပ်ချင်မှုကို နှိပ်စက်လို့ ပင်ပန်းတယ်။ ခုနစ်ရက်အတွင်း ရဟန္တာဖြစ်သည့်အတွက်ကြောင့် ခိပ္ပါဘိညာ လျင်လျင်မြန်မြန် သိတယ်။

စာမျက်နှာ-၄၄
ရှင်သာရိပုတ္တရာမထေရ်မြတ်ကျတော့ “သုခါ ပဋိပဒါ” လွယ်လွယ်ကူကူ အားထုတ်ရတယ် “ခိပ္ပါဘိညာ” လျင်လျင်မြန်မြန်သိတယ်။ တရားအားထုတ်ရက်က ရှင်သာရိပုတ္တရာက နှစ်ပတ် (၁၄)ရက်၊ ရှင်မောဂ္ဂလ္လာန်က တစ်ပတ်နဲ့ ရဟန္တာဖြစ်တယ်။

အဲဒီနေရာမှာ ဘာကြောင့် ရှင်သာရိပုတ္တရာက နောက်ကျရသလဲဆိုတော့ ဉာဏ်ကြီးတဲ့ ပုဂ္ဂိုလ်များဟာ အသေးစိတ် လေ့လာပြီး ကြည့်တတ်တယ်၊ ရှင်မောဂ္ဂလ္လာန်က အသေးစိတ်ကိုမလေ့လာဘူး၊ သိတာကို ဖမ်းပြီးကိုင်လိုက်တဲ့အခါမှာ ကိလေသာ မြန်မြန်ကုန်သွားတယ်ပေါ့၊ ရှင်သာရိပုတ္တရာ မထေရ်မြတ်က မဟုတ်ဘူး၊ တရားဓမ္မတွေအားလုံးကို လိုက်ပြီးရှုတယ်။ ကုန်စင်အောင်ရှုတယ်။ ဒါကြောင့် ရှင်သာရိပုတ္တရာရဲ့ ဝိပဿနာကို “အနုပဒဓမ္မဝိပဿနာ” လို့ခေါ်တယ်။ (တရားတိုင်း ရှိသမျှတရားတွေကို ကုန်စင်ရှုတဲ့ ဝိပဿနာမျိုး ဖြစ်သည်) ဖြစ်တယ်။

စာမျက်နှာ-၄၅
ရှင်သာရိပုတ္တရာ ရဟန္တာဖြစ်တဲ့နေ့ဟာ တပို့တွဲ လပြည့်နေ့ဖြစ်တယ်၊ အဲဒီ တပို့တွဲလပြည့်နေ့မှာ မြတ်စွာဘုရားက သံဃသန္နိပါတ ပထမဆုံးသံဃာ့ အစည်းအဝေး ကျင်းပပြီး ဩဝါဒပါတိမောက်ကို ဟောကြားတယ်။ အဲဒီ ဩဝါဒပါတိမောက်ပြုပြီး သံဃာ့ အစည်းအဝေးမှာ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလ္လာန်ကို လက်ယာရံ လက်ဝဲရံ အဂ္ဂသာဝကအဖြစ် အသိအမှတ်ပြု ကြေညာတယ်တဲ့။

ဒီ အရှင်မြတ်နှစ်ပါးတွင် ရှင်သာရိပုတ္တရာ မထေရ်မြတ်က ပညာအရာမှာ သူမတူအောင် စံထားရတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ပြီး ရှင်မောဂ္ဂလ္လာန်က သမထ ကျင့်စဉ်အောင်မြင်လို့ သမာဓိ စွမ်းအားကို အသုံးချပြီး တန်ခိုးအရာမှာ သူမတူအောင် စံထားရတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။

စာမျက်နှာ-၄၆

တန်ခိုးရှင် နှင့် ပညာရှင်
ဒါကြောင့်မို့ မြတ်စွာဘုရားမှာ ပညာဘက်က တစ်ပါး၊ တန်ခိုးဘက်က တစ်ပါး၊ ဒီနှစ်ပါးဟာ အလွန် ထူးချွန်တဲ့ နှစ်ပါးဖြစ်တယ်ပေါ့၊ အဲဒီနှစ်ပါးထဲမှာ ပညာသမားနဲ့ တန်ခိုးသမား ဘယ်သူကပိုပြီး ထင်ရှားသလဲ ဆိုတော့ တန်ခိုးသမားက ပိုထင်ရှားတယ်။ ရှင်သာရိပုတ္တရာက ရှင်မဟာမောဂ္ဂလ္လာန်ကို တောင်ကြီးနဲ့ ဥပမာပေးတယ်၊ “ရှင်မောဂ္ဂလ္လာန်တို့များ အင်မတန်မှ ကျော်ကြားပါပေတယ်၊ တောင်ကြီးလိုပဲ၊ တပည့်တော်တို့က ရှင်မောဂ္ဂလ္လာန်ဘေးက ကျောက်တုံးလောက်ပါပဲ” လို့ပြောတယ်။ ဘာကြောင့်လဲဆိုတော့ တောင်ကြီးက အဝေးက မြင်ရတယ်လေ၊ ကျောက်တုံးကလေး ဆိုတော့ အနီးလာမှ မြင်ရတာကို၊ ပညာသမားက အဲဒီလိုပဲ။

အဲဒီတော့ ရှင်မဟာမောဂ္ဂလ္လာန်က ဘာပြန်ပြီး လျှောက်တုန်းဆိုတော့ “ရှင်သာရိပုတ္တရာဟာ တကယ့်ကို ဆားခဲကြီးပါတဲ့၊ တပည့်တော်က ဆားခဲလေးနားက

စာမျက်နှာ-၄၇
တူ ဆားပွင့်လေး တစ်ပွင့်ပါတဲ့” ပညာသမားကိုတော့ ဆားနဲ့ ဥပမာပေးတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ဆားမပါ အရာရာပေါ့ရွှတ်ရွှတ် ဖြစ်တယ်၊ ပညာမပါလည်း အရာရာ ပေါ့ရွှတ်ရွှတ်ဖြစ်တယ်။

ဆားဟာ - တောင်ကြီးလိုတော့ လူမသိဘူး။ သို့သော်ဟင်းတိုင်းပါတယ်။ ဆားမပါလို့ရှိရင် အရာရာ ပေါ့ရွှတ်ရွှတ်ကြီး။ အဲဒီလိုပဲ ပညာမပါလို့ရှိရင် အရာရာ ပေါ့ရွှတ်ရွှတ်ဖြစ်တယ်၊ ဒါကြောင့်မို့ ရှင်မဟာမောဂ္ဂလ္လာန်က ရှင်သာရိပုတ္တရာကို ဥပမာပေးတဲ့အခါ “အရှင်ဘုရားက ဆားခဲကြီးပါတဲ့၊ တပည့်တော်က ဆားမှုန်အပွင့်ကလေးလောက်ပါ” တဲ့၊ တစ်ပါးနဲ့တစ်ပါး ဂုဏ်တင်ပြီးပြောကြတဲ့ “ဃဋသုတ်” ဆိုတဲ့ သုတ္တန် တစ်ခု သံယုတ္တနိကာယ်မှာရှိတယ်။

တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် ရှင်မဟာမောဂ္ဂလ္လာန် မထေရ်မြတ်ကို မြတ်ဘုရား ဟောကြားချီးမြှင့်ခဲ့တဲ့ “ကမ္မဋ္ဌာန်းအလုပ်နှင့် အိပ်ငိုက်ခြင်း” ပြဿနာကို ဘယ်ပုံဘယ်နည်း ဖြေရှင်းရတယ်။

စာမျက်နှာ-၄၈
တရားဓမ္မကျင့်တဲ့အခါ ဘယ်ပုံ ဘယ်နည်းကျင့်ပြီး ဘယ်ပုံဘယ်နည်း တဏှာ အတွယ်အတာတွေကုန်ရာ နိဗ္ဗာန်မှာ ဘယ်လို လွတ်မြောက်သွားတယ်ဆိုတာ မြတ်စွာဘုရား ဟောထားတဲ့အတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် ထိုအရှင်မြတ်ကြီးတို့ မျက်မှောက်ပြုသွားတဲ့ တရားထူး တရားမြတ်ကို မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။

သာဓု၊ သာဓု ၊ သာဓု
15rqtlomosondxdqem060b10k35e6kk
ကုသိုလ်ဖြစ်အောင် သတိဆောင်
0
6355
22113
22082
2026-06-15T03:18:08Z
Tejinda
173
22113
wikitext
text/x-wiki
{{header
| title = ကုသိုလ်ဖြစ်အောင် သတိဆောင်
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ကမ္မဋ္ဌာန်းအလုပ်နှင့် အိပ်ငိုက်ခြင်း]]
| previous2 =
| next = [[ချမ်းသာစွာအိပ်စက်ရခြင်း]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

ကုသိုလ်ဖြစ်အောင် သတိဆောင်
သာသနာတော်နှစ် ၂၅၅၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ပထမဝါဆိုလဆန်း (၂)ရက်၊ ရန်ကုန်တိုင်း သုဝဏ္ဏမြို့နယ် ကမာကြည်လမ်း၊ ဘိုးဘွားမိဘများနှင့် ဒေါ်ခင်မာကြိုင်တို့အား ရည်စူး၍ ဒုတိယဗိုလ်မှူးကြီးအောင်ကြီး(ငြိမ်း) မိသားစုနှင့် ဒေါ်ခင်စန်းရီ၊ ဒေါ်ခင်စန်းမြင့်တို့က ပြင်ဦးလွင်ရိပ်သာအတွက် နဝကမ္မအလှူငွေ ကျပ်(၁၀)သိန်းလှူဒါန်းခြင်း၊ သံဃာတော်အရှင်မြတ်တို့အား ဆွမ်းခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာအဖြာဖြာတို့ကို ဆက်ကပ်လှူဒါန်းခြင်း စသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်သည့် ကုသိုလ်မင်္ဂလာ အခမ်းအနား၌ ဟောကြားအပ်သော “ကုသိုလ်ဖြစ်အောင် သတိဆောင်” တရားတော်။

စာမျက်နှာ-၂
ဗုဒ္ဓမြတ်စွာက လူ့လောကရောက်လာရင် လူ့ဘဝမှာ ကြီးပွားတိုးတက်ဖို့အတွက် ဘယ်အရာဟာ အရေးအကြီးဆုံးလဲဆိုပြီး သတ္တဝါတွေရဲ့ လိုအင်ဆန္ဒနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ အရေးအကြီးဆုံးတရားကို မြတ်စွာဘုရား ဟောကြားထားတာ ရှိတယ်။

မြတ်စွာဘုရား ဟောကြားတဲ့ တရားတော်တွေဟာ သံသရာဝဋ်ကလွတ်ပြီး ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာအမှန် နိဗ္ဗာန်ကို ဦးတည်ထားတာ မှန်သော်လည်း သံသရာထဲမှာ ကျင်လည်ရတဲ့အခါ ဒုက္ခဆင်းရဲတွေနည်းနိုင်သမျှနည်းပြီး ချမ်းသာသုခများစွာနဲ့ သံသရာထဲမှာ ကျင်လည်ရပြီး နောက်ဆုံးမှာ ချမ်းသာသုခတို့ရဲ့ အထွတ်အထိပ် ချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာထိအောင် မြတ်စွာဘုရားက လမ်းညွှန်ပေးသွားတာ ဖြစ်တယ်။

ဘုရားဟောတဲ့တရားတော်တွေဟာ နိဗ္ဗာန်ကို ဦးတည်တယ်ဆိုပေမဲ့ လောကချမ်းသာရေးအတွက်လည်း အများကြီးပါတယ်။ ဒါကြောင့် ဘုရားဟောတဲ့ တရားတော်တွေအတိုင်း လိုက်နာ

စာမျက်နှာ-၃
ကျင့်သုံးမယ်ဆိုရင် သံသရာဝဋ်ဆင်းရဲဆိုတဲ့ ဆင်းရဲဒုက္ခတွေကို သက်တောင့်သက်သာနဲ့ တွေ့ကြုံရဖို့ နိဗ္ဗာန်မဂ်ဖိုလ်ကို မျက်မှောက်မပြုနိုင်သေးတဲ့ အချိန်ပိုင်းမှာလည်း ချမ်းချမ်းသာသာနဲ့ သတ္တဝါတွေ သံသရာကျင်လည်ရဖို့ လမ်းညွှန်မှု ပေးထားတာ ဖြစ်တယ်။

ဒေသနာတော်တစ်ပုဒ်မှာ “အာယုံ အရောဂျံ ဝဏ္ဏံ၊ သဂ္ဂံ ဥစ္စာကုလီနတံ။ ရတိယော ပတ္ထယန္တေန၊ ဥဠာရာ အပရာပရာ။ အပ္ပမာဒံ ပသံသန္တိ၊ ပုညကြိယာသု ပဏ္ဍိတာ” လို့ ပါတယ်။ ဒီဒေသနာတော်က မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောတော်မူခဲ့ပြီး သံယုတ္တနိကာယ်မှာ မှတ်တမ်းတင်ထားပါတယ်။

စာမျက်နှာ-၄
လောကလူတွေဟာ ဘဝတစ်ခုရလာပြီး ထိုဘဝမှာ နေလို့ထိုင်လို့ အဆင်ပြေပြီဆိုရင် အဲဒီဘဝမှာ အသက်ရှည်ချင်ကြတာ လူတွေရဲ့ ဆန္ဒတစ်ခုဖြစ်တယ်။ ဒီတော့ အသက်ရှည်ရှည်နေဖို့ ဘာတွေက အထောက်အကူပြုနေသလဲဆိုရင် အသက်ရှည်ဖို့ရာအတွက် ကောင်းမြတ်တဲ့ ရာသီဥတု၊ ကောင်းမြတ်တဲ့ အစာအာဟာရဆိုတဲ့ အရာတွေက အထောက်အကူပြုတာမှန်တယ်။
အသက်ရှည်ခြင်းရဲ့ အဓိကအကြောင်း
သို့သော် အသက်ရှည်ခြင်းရဲ့ အဓိကအကြောင်းတရားက ကုသိုလ်ကောင်းမှုပဲ ဖြစ်တယ်။ ဘာဖြစ်လို့တုန်းဆိုရင် လူရဲ့အသက်ကို ဘယ်အရာက ထုတ်လုပ်ထားသလဲဆိုရင် ကုသိုလ်ကံက

စာမျက်နှာ-၅
ထုတ်လုပ်ထားတာ ဖြစ်တယ်။ တကယ့်မူရင်းအကြောင်းက ကုသိုလ်တရားပဲ ဖြစ်တယ်။ အဲဒီကုသိုလ်တရားကို အားဖြည့်ပေးဖို့ရာ ပိုပြီးတော့ အဓိကကျတယ်။ အသက်ရှည်ဖို့ရာ လူတွေက ဆန္ဒပြုကြတာ မှန်တယ်။ တစ်ဦးနဲ့တစ်ဦး တွေ့တဲ့အခါမှာ “အသက်ရှည်ကြပါစေ၊ အသက်ရှည်ပါစေ” နဲ့ ဆုတောင်းဆုယူ ပြုကြတယ်။ မိမိကိုယ်တိုင်လည်း “အသက်ရှည်ရပါလို၏” လို့ ဆုတောင်းကြတယ်။ ဒီတော့ အသက်ရှည်ဖို့ရာ ဒီလိုဆန္ဒပြုရုံနဲ့ ဖြစ်နိုင်သလားလို့ဆိုတော့ ဆန္ဒပြုမှုဟာ အကြောင်းတစ်ခုမျှသာ ဖြစ်တယ်။ တကယ်အသက်ရှည်ဖို့ရာအတွက် ကုသိုလ်ကောင်းမှုပြုဖို့ လိုအပ်တယ်။

ဒါဖြင့် အသက်ရှည်ဖို့ရာအတွက် ကုသိုလ်

စာမျက်နှာ-၆
ကောင်းမှုလုပ်ရုံနဲ့ ပြီးသလား၊ ဆေးဝါးဓာတ်စာတွေ မလိုအပ်ဘူးလားဆိုတော့ လိုအပ်တာပေါ့။ ဆေးဝါးဓာတ်စာ အစာအာဟာရဆိုတာ အသက်ရှည်ဖို့ရာအတွက် အထောက်အကူပြုတဲ့ အရာတွေပဲ ဖြစ်တယ်။

လောကမှာ အကြောင်းနှစ်မျိုးရှိတယ်။ ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းကို “ဇနက” အကြောင်းလို့ ခေါ်တယ်။ ဒါက ထုတ်လုပ်တဲ့ အကြောင်းဖြစ်တယ်။ ထုတ်လုပ်ပြီးသားတစ်ခုကို ကြာရှည်ခိုင်ခန့်အောင် ထောက်ပံ့ကူညီတဲ့ အကြောင်းကို “ဥပတ္ထမ္ဘက” အကြောင်းလို့ ခေါ်တယ်။ ဒီတော့ အသက်ရှည်မှုကို အဓိကဖြစ်စေတာက ကုသိုလ်ကံ၊ အဲဒီကုသိုလ်ကံရဲ့ အကျိုး

စာမျက်နှာ-၇
တရားကိုမှ အခုပြောတဲ့ ဆေးဝါးဓာတ်စာ၊ ရာသီဥတု စသည်ဖြင့် မိမိတို့ရဲ့ ပြုမူနေထိုင်မှုကအစ၊ ကျန်းမာအောင် နေထိုင်မှုကအစ ထောက်ပံ့ကူညီတာ၊ ဒါတွေဟာ အသက်ရှည်ခြင်းအတွက် အထောက်အကူပဲ ဖြစ်တယ်တဲ့။
လူတွေမသိ ပညာရှိများချီးမွမ်းတဲ့ အပ္ပမာဒ
များသောအားဖြင့် လူတွေက အသက်ရှည်ဖို့အတွက် လိုအပ်တယ်ဆိုတာ သိကြတယ်၊ အထောက်အကူအကြောင်းတွေကို သိကြတယ်။ အသက်ရှည်ဖို့အတွက် ဆေးကောင်းဝါးကောင်း လိုအပ်တယ်၊ အစာအာဟာရကောင်းကောင်း စားရမယ်၊ ရာသီဥတုကောင်းတဲ့နေရာမှာ နေရမယ်ဆိုတာတွေက လူတိုင်းသိတဲ့ အရာပဲဖြစ်တယ်။

စာမျက်နှာ-၈
လူတွေ မသိတဲ့အရာကို မြတ်စွာဘုရားက ဟောတာ။ “အသက်ရှည်မှုကို လိုလားတောင့်တမယ်ဆိုရင် ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းဆိုတဲ့ “အပ္ပမာဒ” တရားကို ပညာရှိများက ချီးမွမ်းကြတယ်” တဲ့။ ကုသိုလ်ကောင်းမှုကို မမေ့ပါနဲ့၊ ကုသိုလ်ကောင်းမှုလုပ်ပါလို့ ဆိုလိုတာဖြစ်တယ်။ ဒါကြောင့် “အပ္ပမာဒ” ဆိုတာ မြန်မာလိုပြန်တော့ မမေ့မလျော့ခြင်းတဲ့။ ကုသိုလ်ကောင်းမှုပြုဖို့ အမှတ်ရတဲ့ သတိကို ပြောတာပေါ့။
ယစ်မူးမေ့လျော့ခြင်း ပမာဒ
ဒါဖြင့် အပ္ပမာဒရဲ့ ဆန့်ကျင်ဘက်က ဘာတုန်းဆိုရင် ပမာဒပဲ၊ “အ” ကို ဖြုတ်လိုက်တဲ့အခါ “ပမာဒ”၊ “ပမာဒ” ရဲ့ အဓိပ္ပာယ်က ယစ်မူးမေ့လျော့

စာမျက်နှာ-၉
ခြင်း။ လောကလူတွေဟာ ယစ်မူးတတ်ကြတယ်။ ယစ်မူးတယ်ဆိုတာ တချို့က အရက်သေစာတို့ ဆေးဝါးတို့သုံးမှ ယစ်မူးတယ်လို့ ထင်တာ။ လူတွေက စည်းစိမ်ဥစ္စာရှိရင်လည်း စည်းစိမ်ဥစ္စာဂုဏ်နဲ့ ယစ်မူးတာပဲ။ ရာထူးအာဏာရှိရင်လည်း ရာထူးအာဏာနဲ့ ယစ်မူးတာပဲ။ အလှအပရှိတဲ့ ပုဂ္ဂိုလ်ကလည်း အလှအပဆိုတဲ့ မာန်မာနနဲ့ ယစ်မူးတာပဲ။ ကျန်းမာလို့ရှိရင်လည်း ကျန်းမာမှုကို အခြေခံပြီး ယစ်မူးတာပဲ။

ယစ်မူးတယ်ဆိုတာ ကိုယ့်ဟာကိုယ် အထင်ကြီးတဲ့ မာနရယ်၊ ငါလုပ်ရင် ဘာမဆိုဖြစ်တယ်ဆိုတဲ့ မာနရယ်၊ ကုသိုလ်ကောင်းမှုအပေါ်မှာ လုံးဝသတိမရတာရယ်၊ ဒါတွေကို

စာမျက်နှာ-၁၀
ယစ်မူးတယ်လို့ ခေါ်တယ်၊ ယစ်မူးတယ်၊ မေ့လျော့တယ်ပေါ့။

လောကလူတွေကို သတိထားပြီး ကြည့်လေ၊ စီးပွားဥစ္စာ အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်ကလည်း “ငါလုပ်ရင် ဘာမဆိုဖြစ်တယ်” ဆိုတဲ့အတွေး ရောက်တယ်ပေါ့။ ရာထူးအာဏာရှိတဲ့ ပုဂ္ဂိုလ်ကလည်း “ငါလုပ်ရင် ဘာမဆိုဖြစ်တယ်” ဆိုတဲ့ အတွေးတွေ ရောက်လာတယ်။ ကျန်းမာတဲ့ ပုဂ္ဂိုလ်ဟာလည်း “ငါကျန်းမာတယ်၊ ဘာမဆို လုပ်နိုင်တယ်” ဆိုတဲ့ အတွေးရောက်လာတယ်။ အဲဒီအတွေးရောက်မှုတွေဟာ ယစ်မူးမှုတွေပဲ ဖြစ်တယ်။

စာမျက်နှာ-၁၁

ယစ်မူးမှု (၃) မျိုး
မြတ်စွာဘုရားက ယစ်မူးမှု(၃)မျိုးကို ဖော်ပြထားတာ ရှိတယ်။ နံပါတ်(၁) ယစ်မူးမှုက “ယောဗ္ဗနမဒ” တဲ့၊ ငယ်ရွယ်တဲ့ ပုဂ္ဂိုလ်တွေမှာ ဖြစ်တတ်တဲ့ မာန်မာန ယစ်မူးမှု။ လူငယ်လူရွယ်တွေဆိုတာ သူရဲ့ နုပျိုမှုနဲ့ အားခွန်ဗလတွေအပေါ်မှာ အထင်ကြီးပြီး ယစ်မူးနေတတ်တယ်။ ယစ်မူးနေပြီး ကုသိုလ်ကောင်းမှုလုပ်ရမှာကို မေ့လျော့နေတယ်၊ အဲဒါကို “ယောဗ္ဗနမဒ” လို့ ခေါ်တယ်၊ နုပျိုတဲ့အပေါ်မှာ ယစ်မူးမှုဖြစ်တယ်၊ “ငါလုပ်ရင် ဘာမဆိုဖြစ်တယ်၊ ငါဟာ ငယ်ရွယ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊ သန်စွမ်းတယ်၊ ကျန်းမာတယ်၊ ငါ့မှာ မကျန်းမာခြင်းဆိုတာ ဖြစ်လာမှာမဟုတ်ဘူး၊ အိုမင်းရင့်ရော်မှု

စာမျက်နှာ-၁၂
ဆိုတာ ဖြစ်လာမှာမဟုတ်ဘူး” ဆိုပြီး နုပျိုမှုအပေါ်အခြေခံပြီး ယစ်မူးမှုဖြစ်တယ်၊ ကုသိုလ်ကောင်းမှုလုပ်ရမှာကို မေ့လျော့နေတယ်။ အကုသိုလ်အမှုတွေ ပြုမိတတ်တယ်။ အဲဒါကို “ပမာဒ” လို့ ခေါ်တယ်။

နံပါတ်(၂) ယစ်မူးမှုက “အာရောဂျမဒ”။ ကျန်းမာသန်စွမ်းတဲ့ ပုဂ္ဂိုလ်ကလည်း ယစ်မူးတာပဲ။ “ဒို့ကတော့ ဆေးရုံဆေးခန်း ဘယ်တော့မှ မသွားရဘူး”၊ တချို့ပြောတတ်ကြတယ်၊ “လျက်ဆားတောင်မှ မလျက်ဖူးဘူး။ ခေါင်းဆို တစ်ခါမှ မကိုက်ဖူးဘူး။ ကျန်းမာတယ်။ ဘာစားစား အစာကြေသွားတာပဲ။ ဘာနဲ့စားရစားရ ဘယ်လိုနေရနေရ ကျန်းမာတယ်” ဆိုပြီး ကိုယ့်ရဲ့ ကျန်းမာမှုအပေါ်မှာ

စာမျက်နှာ-၁၃
ယစ်မူးပြီး “ငါလုပ်ရင် ဘာမဆိုဖြစ်တယ်” လို့ အတွေးရောက်ပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ဖို့ မေ့နေတတ်ကြတယ်။ တရားနှလုံးသွင်းရမှာ သတိမရဘူး၊ အဲဒါကို “အာရောဂျမဒ” လို့ ခေါ်တယ်။ အဲဒီ “အာရောဂျမဒ” နဲ့ ယစ်မူးတဲ့ ပုဂ္ဂိုလ်ဟာ မကောင်းမှုကိုလည်း ပြုလုပ်မိတတ်တယ်။ အနည်းဆုံးတော့ ကုသိုလ်ကောင်းမှုအပေါ်မှာ မမေ့မလျော့ဘဲ နေဖို့ မေ့နေတတ်တယ်။

နံပါတ်(၃) ယစ်မူးမှုက “ဇီဝိတမဒ”။ အသက်ရှည်တဲ့ပုဂ္ဂိုလ်ကလည်း အသက်ရှည်မှုအပေါ် ယစ်မူးတယ်။ “တချို့တလေဟာ လူ့ပြည်မရောက်သေးဘူး၊ သေသွားကြပြီ၊ တချို့ကျတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားကြပြီ၊ တို့မှာ အသက်

စာမျက်နှာ-၁၄
(၇၀) (၈၀) (၉၀) ဘာမှမဖြစ်သေးဘူး” ဆိုပြီး အသက်ရှည်မှုအပေါ် ယစ်မူးနေတတ်ကြတယ်။ ကိုယ်ကျတော့ မသေဘူးလို့ အထင်ရောက်တတ်တယ်။ အဲဒီလို ဇီဝိတမဒရှိပြီးတော့ ကုသိုလ်ကောင်းမှု မေ့လျော့တတ်တယ်။ ဒီယစ်မူးမှု သုံးမျိုးလုံးဟာ ပမာဒပဲ။ အဲဒီလို မယစ်မူးဘဲနဲ့ ကုသိုလ်ကောင်းမှုလုပ်ဖို့ရန် သတိရနေတာကို အပ္ပမာဒ လို့ ခေါ်တယ်။
အပ္ပမာဒ
အပ္ပမာဒဆိုတာ ယစ်မူးပြီးတော့ မနေဘူး၊ ဘဝဆိုတာ ငယ်လည်းငယ်တဲ့အလျောက် ယခုသန်စွမ်းကျန်းမာနေပေမဲ့ တော်ကြာ သန်ချင်မှသန်မယ်၊ ကျန်းမာချင်မှ ကျန်းမာမယ်။ ယခုရောဂါ

စာမျက်နှာ-၁၅
ကင်းနေပေမဲ့ တော်ကြာ ကင်းချင်မှကင်းမယ်။ ယခုအသက်ရှင်နေပေမယ့် တော်ကြာ အသက်ရှင်ချင်မှရှင်မယ် စသည်ဖြင့် တရားနှလုံးသွင်းရမယ်။ ကုသိုလ်ကောင်းမှုတွေလုပ်မှပဲလို့ ဆင်ခြင်စဉ်းစားပြီး ကုသိုလ်ကောင်းမှုတွေ လုပ်ဖြစ်တယ်။ လုပ်ဖြစ်အောင် ဘယ်သူက တိုက်တွန်းပေးတာလဲဆိုတော့ ခုနကပြောခဲ့တဲ့ သတိတရား အပ္ပမာဒတရားက တိုက်တွန်းပေးတာ ဖြစ်တယ်။
ဗုဒ္ဓရဲ့နောက်ဆုံးစကား
အဲဒီ အပ္ပမာဒတရားဟာ အလွန်အရေးကြီးလို့ မြတ်စွာဘုရားက နောက်ဆုံး ပရိနိဗ္ဗာန်စံခါနီးအချိန်မှာ “အပ္ပမာဒေန သမ္ပာဒေထ” အပ္ပမာဒနဲ့ မင်းတို့ရဲ့ သန္တာန်မှာ ကုသိုလ်တရားတွေ ပြည့်စုံ

စာမျက်နှာ-၁၆
အောင်လုပ်ကြ၊ အပ္ပမာဒရှိပြီးတော့ ကိုယ်ကျင့်ရမယ့် သီလ၊ သမာဓိ၊ ပညာတွေ မမေ့ကြနဲ့၊ လုပ်ရမယ့် ကုသိုလ်တရားတွေ လုပ်ကြ၊ ယစ်မူးမေ့လျော့ပြီး မနေကြနဲ့လို့ မှာထားခဲ့တာပေါ့။
လောကချမ်းသာရရေး
အခုလည်းပဲ လောကလူတွေဟာ အသက်ရှည်ချင်ကြတယ်၊ “အသက်ရှည်ကြပါစေ” လို့ ဆုတောင်းဆုယူ လုပ်ကြတယ်။ သို့သော် အသက်ရှည်ခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ ကုသိုလ်ကောင်းမှုကို မေ့လျော့နေရင်တော့ အသက်ရှည်ခြင်းဆိုတဲ့ အကျိုးတရားကို ရမှာမဟုတ်ဘူး။ ဒါကြောင့် မြတ်စွာဘုရားက “အာယုံ - အသက်ရှည်ခြင်းကို၊ ပတ္ထယန္တေန - လိုလားတောင့်တတဲ့ ပုဂ္ဂိုလ်ဟာ၊

စာမျက်နှာ-၁၇
ပုညကြိယာသု - ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းတို့၌၊ အပ္ပမာဒံ - မမေ့လျော့ခြင်းဆိုတဲ့ အပ္ပမာဒတရားကို၊ ပသံသန္တိ - ချီးမွမ်းကြတယ်” လို့ ဟောတော်မူတယ်။ ဆိုလိုတာဟာ အသက်ရှည်ဖို့ရာအတွက် ကုသိုလ်ကောင်းမှုကို မမေ့နဲ့လို့ ပြောတာဖြစ်တယ်။ ကုသိုလ်ကို မမေ့ရဘူး၊ ကုသိုလ်ကောင်းမှုကို အမြဲ ကြိုးစားအားထုတ်ရမယ်။

နောက်တစ်ခု လူတွေဟာ ကျန်းမာချင်ကြတယ်။ အာရောဂျံ - ရောဂါကင်းချင်တယ်။ ရောဂါကင်းချင်သည့်အတွက် “အနာရောဂါကင်းရပါလို၏။ အနာရောဂါ ကင်းကြပါစေ” လို့ ဆုတောင်းကြတယ်။ အနာရောဂါကင်းခြင်း၏ အကြောင်းတရားက ကုသိုလ်တရားပဲ။ ကုသိုလ်ကံ

စာမျက်နှာ-၁၈
ကောင်းနေတဲ့ ပုဂ္ဂိုလ်တွေဟာ အနာရောဂါ ကင်းနေတာပဲ။ ကံကြောင့်ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာဟာ တခြားအရာနဲ့ ကုစားလို့မရဘူး။ အခြားအကြောင်းကြောင့် ဖြစ်တဲ့ ရောဂါဝေဒနာဟာ ကုစားလို့ ရတယ်။

ဒါကြောင့် ကံကောင်းနေအောင် ကုသိုလ်ကောင်းမှုပြုဖို့ အမြဲတမ်း သတိရနေတဲ့ အပ္ပမာဒတရားဟာ အရေးပါဆုံးပဲလို့ ပြောတာဖြစ်တယ်။

အပ္ပမာဒတရားသည် ဘာကြောင့် အရေးပါသလဲဆိုရင် ကုသိုလ်ကို ပြုမိအောင် တိုက်တွန်းနှိုးဆော်ပေးတတ်တဲ့ သဘာဝတရား ဖြစ်လို့ပါပဲ။ အပ္ပမာဒတရားရှိရင် ကုသိုလ်လုပ်မိတယ်။ ကုသိုလ်လုပ်မိသည့်အတွက်ကြောင့်

စာမျက်နှာ-၁၉
ကုသိုလ်ကံကို အခြေခံပြီးတော့ ကျန်းမာမှုကို ရတယ်လို့ ဆိုလိုတယ်။ ဆေးဝါးဓာတ်စာ မှီဝဲလို့ ကျန်းမာတယ်၊ ရာသီဥတုကောင်းလို့ ကျန်းမာတယ်ဆိုတာတွေဟာ အထောက်အကူလောက်ပဲ ဖြစ်တယ်။ သဘာဝခန္ဓာကိုယ်ထဲမှာ ကံက ပေးလိုက်လို့ ရလာတဲ့ ရောဂါမျိုးစေ့ပါလာလို့ ဖြစ်လာတဲ့ ရောဂါကျတော့ ဘယ်လိုမှ ကာကွယ်မပေးနိုင်တော့ဘူး။ ရာသီဥတု၊ အစာအာဟာရက ပျောက်အောင် မတတ်နိုင်ဘူး။ ဒါကြောင့် တချို့က ပြောကြတယ်မဟုတ်လား၊ တရားအားထုတ်လိုက်တာ ရောဂါပျောက်သွားတယ်။ ကံကောင်းအောင် လုပ်ပေးလိုက်တာ ဖြစ်တယ်။ ရောဂါဝေဒနာကို ဖြစ်စေတတ်တဲ့

စာမျက်နှာ-၂၀
အကုသိုလ်ကံတွေကို ရှင်းသွားစေပြီးတော့ ကုသိုလ်ကံတွေ ဖြစ်လာတယ်။ ပစ္စုပ္ပန်မှာဖြစ်တဲ့ မိမိစိတ်မှာလည်းပဲ လောဘ၊ ဒေါသစတဲ့ အကုသိုလ်အညစ်အကြေးတွေ ကင်းစင်သွားပြီး အလောဘ၊ အဒေါသစတဲ့ ကုသိုလ်တရားတွေ တိုးပွားလာတယ်။ ထိုအလောဘ၊ အဒေါသစတဲ့ ငြိမ်းအေးတဲ့ ကုသိုလ်တရားတွေက ထုတ်လုပ်ပေးတဲ့ ရုပ်တရားဟာ သန့်စင်လာတယ်။ ကျန်းမာလာတယ်။ ကုသိုလ်တရားဟာ ကျန်းမာမှုကို ဖြစ်စေတယ်။ ဒါကြောင့် ကုသလရဲ့ အဓိပ္ပာယ်ကို “ကျန်းမာခြင်း” လို့လည်း ပြောတယ်။ ကုသလဆိုတာ ကျန်းမာခြင်း ဖြစ်တယ်။ ဒီသဘာဝတရားတွေ ရင်ထဲနှလုံးထဲမှာ ဖြစ်လို့

စာမျက်နှာ-၂၁
ရှိရင် ကျန်းမာတယ်တဲ့။ ဘာဖြစ်လို့တုန်းဆိုတော့ အလောဘဆိုတာ Generosity ပဲ။ ပေးချင်တယ်၊ ကမ်းချင်တယ်၊ လှူချင်တယ်၊ တန်းချင်တယ်။ ပေးကမ်းဖို့ အဆင်သင့် ဖြစ်တယ်။ အိမ်မှာ နေရင်းကလည်း မျှဝေသုံးစွဲတယ်။ ကိုယ်စားတဲ့အစာအာဟာရကို သူများ မျှဝေပေးတယ်ဆိုတာ အင်မတန်မွန်မြတ်တဲ့ အလုပ် ဖြစ်တယ်။

အဒေါသဆိုရင်လည်း ရင်ထဲမှာ အမုန်းတရားမထားဘဲနဲ့ တစ်ဦးပေါ်တစ်ဦး အကျိုးလိုလားတဲ့ စိတ်တွေမွေးတယ်။ အဲဒါလည်း အင်မတန်မွန်မြတ်တဲ့ စိတ်ပဲ။ အမောဟဆိုတာလည်း လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားသိပြီး မလုပ်သင့်တာကို ရှောင်တယ်၊ လုပ်သင့်တာကို လုပ်တယ်။ ဒီတရား

စာမျက်နှာ-၂၂
တွေ ကိုယ့်သန္တာန်မှာ ရှိနေပြီဆိုရင် ကောင်းကျိုးချမ်းသာတွေ ရလာပြီပေါ့။

လောဘ၊ ဒေါသ၊ မောဟတရားတွေ ဖြစ်လာပြီဆိုရင် အားလုံးဟာ အလွဲလွဲအချော်ချော်နဲ့ စိတ်ကို ပူလောင်စေတယ်။ ထိုစိတ်ပူလောင်မှုကြောင့် ကိုယ့်ရဲ့ရုပ်ကိုလည်း ပူလောင်စေတာပါပဲ၊ စိတ်ပူရင် ရုပ်ပူသွားတာပေါ့။

ဒါကြောင့် ကျန်းမာခြင်းရဲ့ အဓိကသည် ကုသိုလ်ကောင်းမှုပဲ ဖြစ်တယ်။ ကုသိုလ်စိတ်ဓာတ်တွေပဲပေါ့။ အခုလို ကုသိုလ်စိတ်ဓာတ်တွေ ဖြစ်လာပြီဆိုရင် စိတ်နှလုံး ဖြူစင်အေးချမ်းလာသည့်အတွက် ကျန်းမာမှုက ပိုကောင်းလာတာဖြစ်တယ်။ ဒါကြောင့် “ကုသိုလ်ကောင်းမှု မမေ့နဲ့” လို့ မြတ်စွာဘုရားက ဟောတာဖြစ်တယ်။

စာမျက်နှာ-၂၃
နောက်တစ်ခုကတော့ ဝဏ္ဏဆိုတဲ့ အသားအရေ စိုပြေမှုပဲ။ လူတွေဟာ ရလာတဲ့ဘဝလေးမှာ အသားအရေ ခြောက်ခြောက်ကပ်ကပ်နဲ့ မကျန်းမာတဲ့ ရုပ်မျိုးမဖြစ်ဘဲနဲ့ ကျန်းမာပြီး အသားအရေ စိုစိုပြေပြေ ဖြစ်နေအောင်လည်းပဲ ကုသိုလ်ကောင်းမှု လိုအပ်တယ်လို့ ပြောတာ။ အဲဒီလိုအပ်တဲ့ ကုသိုလ်ကောင်းမှုကို ပြုလုပ်ဆောင်ရွက်ပေးနိုင်တဲ့ အပ္ပမာဒဆိုတဲ့ သဘာဝတရားက ကုသိုလ်လုပ်မိအောင် တိုက်တွန်းနှိုးဆော်ပေးတာပေါ့။ ဒါကြောင့် အပ္ပမာဒတရား ရှိရမယ်လို့ ဟောတာ။

နောက်တစ်ခု သဂ္ဂဆိုတာ ဘယ်အရာပဲဖြစ်ဖြစ် အကောင်းနဲ့ချည်းပဲ ကြုံတာကိုခေါ်တယ်။ လူတွေဟာ ကောင်းတာချည်းနဲ့ပဲ ကြုံချင်ကြတယ်။

စာမျက်နှာ-၂၄
များသောအားဖြင့် (သို့) တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် နောင်ဘဝကောင်းရာသုဂတိဘုံကို ရောက်ချင်ကြတယ်။ ဒီဘဝရော နောင်ဘဝပါ ကောင်းတာတွေနဲ့ပဲ တွေ့ချင်ကြတယ်။ ဒါကြောင့် “အကောင်းတွေနဲ့သာ ကြုံပါစေ၊ ကောင်းကျိုး ချမ်းသာ မင်္ဂလာတွေနဲ့ ပြည့်စုံပါစေ” လို့ ဆုတောင်း ဆုယူ ပြုကြတယ်။ သို့သော် အဲဒီကောင်းကျိုး ချမ်းသာ မင်္ဂလာတွေကို ပေးစွမ်းနိုင်တာကတော့ ကုသိုလ်ပါပဲ။ ကုသိုလ်မလုပ်ဘဲနဲ့ ဒါတွေ ဆုတောင်းနေမယ်ဆိုရင် မရနိုင်ဘူး။ ဒါကြောင့် မြတ်စွာဘုရားက ကုသိုလ်တရားကို မမေ့နဲ့လို့ ဟောတာဖြစ်တယ်။

နောက်တစ်ခုက ဥစ္စာကုလီနတံ၊ ဥစ္စာကုလီနဆိုတာ မြင့်မြတ်တဲ့ အမျိုးမှာ ဖြစ်တယ်ဆိုတဲ့

စာမျက်နှာ-၂၅
အဓိပ္ပါယ် ရတယ်။ နောက်တစ်ခုက လူထဲမှာ ဖြစ်ရင် အဆင့်မြင့်တယ်။ လူလောကရောက်လာလို့ အဆင့်မြင့်တယ်ဆိုတာ ဘာပေါ်မှာ မူတည်ပြီး ပြောတာလဲ ဆိုရင် စိတ်ထားကို မူတည်ပြီး ပြောတာ၊ စိတ်ထား မြင့်မြတ်ရင် အဆင့်မြင့်သွားတယ်။ ကုသိုလ်စိတ် ကိန်းအောင်းတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ထားဟာ မြင့်မြတ်တယ်။ စိတ်ထားမြင့်မြတ်တဲ့ ပုဂ္ဂိုလ်ဟာ အဆင့်မြင့်တဲ့ ပုဂ္ဂိုလ် ဖြစ်သွားတယ်။

အရပ်ထဲမှာ ဒီလူကတော့ စိတ်ပုပ်တယ် စိတ်ယုတ်တယ်ဆိုရင် သူဟာ အလိုလို အောက်တန်းကျသွားတယ်။ ပိုက်ဆံရှိရှိ မရှိရှိ ဒီလူက စိတ်ထား သိပ်ကောင်းတာပဲဆိုရင် လူတကာရဲ့ ချစ်ခင်မှုနဲ့ မြင့်မြတ်တဲ့ နေရာကို ရတယ်၊ ဒါကိုကြည့်ရင် ဥစ္စာ

စာမျက်နှာ-၂၆
ကုလီနရဲ့ အကျိုးတရားဟာလည်း ကုသိုလ်ကပဲ ပေးနိုင်တာဖြစ်တယ်။ ဒါကြောင့် ကုသိုလ်ကို မမေ့နဲ့လို့ မြတ်စွာဘုရားက ဟောကြားတာ။ မြတ်စွာဘုရားက သံသရာအတွက် ဆုတောင်းဖို့ ကုသိုလ်လုပ်ခိုင်းတာ မဟုတ်ဘူး၊ ကုသိုလ်လုပ်ရင် ဒီအကျိုးတရားတွေ ရမယ်ဆိုတာကို ထောက်ပြတာသာ ဖြစ်တယ်။

မြတ်စွာဘုရားက သံသရာတွင်း အကျိုးတွေကို ဆုတောင်းခိုင်းတာ မဟုတ်ပါဘူး။ သို့သော် ဒါလုပ်ရင် ဒါရမယ်ဆိုတာကိုတော့ ဟောရတာ ဖြစ်တယ်။ ဒါကြောင့် အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ အသားအရေ စိုပြေဖို့၊ ကောင်းတာတွေနဲ့ချည်း ကြုံဖို့၊ လူ့လောကမှာ အဆင့်အတန်းမြင့်ဖို့ဆိုတဲ့ နှစ်သက်ပျော်မွေ့စရာကောင်းတဲ့ လူတိုင်းကြိုက်တဲ့ ဒီအကျိုးတရားတွေ

စာမျက်နှာ-၂၇
ကို ရချင်ပြီဆိုရင် ပညာရှိတွေက ကုသိုလ်ကောင်းမှု၌ မမေ့လျော့ခြင်းဆိုတဲ့ အပ္ပမာဒတရားကို ထောက်ပြကြတယ်။ အဲဒါကိုပဲ ချီးမွမ်းကြတယ်။ ချီးမွမ်းတယ်ဆိုတာ အပ္ပမာဒ ရှိအောင်လုပ်ရမယ်လို့ ပြောတာပဲ။

ဒီအကျိုးတရားတွေကို ရချင်လို့ရှိရင် ကုသိုလ်လုပ်၊ အဲဒီကုသိုလ်က ဘယ်သူကြောင့် လုပ်ဖြစ်တာလဲ ဆိုရင် အပ္ပမာဒဆိုတဲ့ ကုသိုလ်တရား၌ မမေ့မလျော့ခြင်း၊ ခုနကပြောတဲ့ ယစ်မူးမှုကင်းပြီးတော့ ကုသိုလ်ကောင်းမှုအပေါ်မှာ အမြဲတမ်း သတိရနေခြင်းဆိုတဲ့ (ကာရာပက အပ္ပမာဒ) ကုသိုလ်လုပ်စေတတ်တဲ့ အပ္ပမာဒတရားကြောင့် လုပ်ဖြစ်တာ ဖြစ်တယ်။ ဒီလိုလုပ်ရင် လူဟာ ဒီဘဝမှာလည်း ကောင်းကျိုးချမ်းသာတွေ ရနိုင်တယ်၊ နောင်ဘဝ

စာမျက်နှာ-၂၈
မှာလည်း ကောင်းကျိုးချမ်းသာတွေ ရနိုင်တယ်လို့ ဟောတာပါ။ “အာယုံ အရောယံ ဝဏ္ဏ၊ သဂ္ဂံ ဥစ္စာကုလီနတံ။ ရတိယော ပတ္တယန္တေန၊ ဥဠာရာ အပရာပရာ။ အပ္ပမာဒံ ပသံသန္တိ၊ ပုညကြိယာသုပဏ္ဍိတာ”။

မြတ်စွာဘုရားကသာ ဒါတွေကို ချီးမွမ်းတာ မဟုတ်ဘူး။ တကယ့် ပညာရှိ သူတော်ကောင်းတွေကလည်း ဒီအတိုင်းပဲ လမ်းညွှန်ကြတယ်။ ဘုရားမပွင့်တဲ့အခါမှာ ပစ္စေကဗုဒ္ဓတွေက လမ်းညွှန်တယ်။ ဒါလုပ်ကြ၊ ဒီအကျိုးတွေ လိုချင်ရင် ဒါလုပ်ရမယ်၊

စာမျက်နှာ-၂၉
ဒီလိုလမ်းညွှန်တာ။

သို့သော် လူတွေက အသက်ရှည်ချင်ရင် အသက်ရှည်တဲ့ဆေးကို ဖော်စားဆိုတာတော့ သိတယ်။ ဘုရားလမ်းညွှန်တဲ့အထဲမှာ “အသက်ရှည်ချင်ရင် ရသာယနဆေးတို့၊ အသက်ရှည်ဆေးတို့၊ ဒီဃာယုစသည်ဖြင့်ပေါ့၊ ဒါတွေကို ဖော်စားကြ” လို့တော့ မပါဘူး။ ပြီးတော့ “ကျန်းမာချင်ရင် ဆေးကောင်း ဝါးကောင်းတွေစားပြီး ကျန်းမာအောင် နေကြ” လို့ မပါဘူး။ ကုသိုလ်ကောင်းမှုလုပ်ကြလို့ပဲ ပါတယ်။

ကုသိုလ်တာ အဓိကအကြောင်း ဘာကြောင့် ဒီလိုဟောရတာလဲ ဆိုတော့ ကုသိုလ်ဟာ အဓိကအကြောင်း ဖြစ်လို့ပဲ။ ဒီအဓိက

စာမျက်နှာ-၃၀
အကြောင်းကို အများကမသိဘူး။ စဉ်းစားကြည့်ပါ၊ ကုသိုလ်ကောင်းမှု ရှိလာပြီဆိုရင် အသက်ရှည်ရာ ရှည်ကြောင်း နေရာဌာနမှာလည်း နေထိုင်ခွင့်ရတယ်။ ကုသိုလ်ကံက ပေးတာကိုး။ အသက်ရှည်စေတတ်တဲ့ ရာသီဥတု၊ အသက်ရှည်စေတတ်တဲ့ အစာအာဟာရ သူ့မှာ ပြည့်စုံလာမယ်။ ကုသိုလ်ကံက ပေးသည့်အတွက်ကြောင့် ကျန်းမာဖို့ရာ အလိုအလျောက် ပြည့်စုံလာမှာပဲ။ ဒါကြောင့် အဓိကအကြောင်းက ကုသိုလ်ကောင်းမှုပဲ ဖြစ်တယ်။ အဲဒီကုသိုလ်ကောင်းမှုကို မမေ့ဘဲ မပြုမိပြုမိအောင် အဓိကအကြောင်းကတော့ အပ္ပမာဒပဲ။ ကုသိုလ်ကောင်းမှုအပေါ်မှာ သတိရခြင်း၊ ကုသိုလ်ကောင်းမှု မပြတ်ပြုမိစေခြင်းဆိုတဲ့ သတိ

စာမျက်နှာ-၃၁
တရားဟာ အင်မတန်မှ အရေးကြီးတယ်။

ဘုရားမပွင့်တဲ့အချိန်မှာ ပစ္စေကဗုဒ္ဓတွေက ဒီစကားနဲ့ တိုက်တွန်းကြတယ်။ ပစ္စေကဗုဒ္ဓတွေ မရှိတဲ့အချိန်မှာဆိုရင် ဘုရားအလောင်းတို့၊ ပညာရှိ သူတော်ကောင်းတို့က ဒီအကျိုးတွေ လိုချင်ရင် ဒီဟာကို လုပ်ကြလို့ တိုက်တွန်းကြတယ်။ ဒါကြောင့် “အပ္ပမာဒံ ပသံသန္တိ ပုညကြိယာသု ပဏ္ဍိတာ” ပညာရှိပုဂ္ဂိုလ်တွေက ချီးမွမ်းတယ်လို့ ဟောထားတာ။

အခြေခံပိုင်းမှာ မြတ်စွာဘုရားရဲ့ ပညာရှိတို့တူတယ်

အခြေခံအကြောင်းတရားတွေ ဟောလို့ရှိရင် အကုန်လုံး အတူတူချည်းပဲ။ မြတ်စွာဘုရားက

စာမျက်နှာ-၃၂
ပညာရှိတွေနဲ့ တစ်ညီတည်း ဟောတာပဲ။ သုတ္တန်တစ်ခုမှာ ဘုရားက “နာဟံ လောကေန ဝိဝါဒ” တဲ့။ ငါဟာ လောကနဲ့ မငြင်းခုံပါဘူး၊ “လောကောဝ မယာ ဝိဝဒတိ” လောကကသာ ငါနဲ့ ငြင်းခုံနေတာတဲ့။ ပညာရှိတွေက ရှိတယ်ပြောရင် ငါလည်း ရှိတယ်လို့ပြောတာ၊ မရှိတဲ့အရာကို ငါလည်း မရှိဘူးလို့ပြောတယ်။ ပညာရှိတွေ ပြောတာနဲ့ ငါဟောတာ တစ်ထပ်တည်းပဲ။ လောကရေးရာ အခြေခံတရားတွေဟာ တကယ်တော့ ဘုရားဟောတဲ့ တရားတွေနဲ့ တစ်ထပ်တည်းပဲ။

တကယ်တော့ မြတ်စွာဘုရား ဟောတဲ့တရားတွေနဲ့ လောကပညာရှိတွေ ပြောတာ အခြေခံပိုင်းမှာ တစ်ထပ်တည်း ဖြစ်တယ်ဆိုတာ ဘာကြောင့်လဲ

စာမျက်နှာ-၃၃
ဆိုရင် ပညာရှိ သူတော်ကောင်းတွေကလည်း ကုသိုလ်ကောင်းမှုလုပ်ရင် ကုသိုလ်ကောင်းမှုကြောင့် ဒီအကျိုးတွေ ရတယ်ဆိုတာ သူတို့သိတယ်။ သူတို့မှာ ဒိဗ္ဗစက္ခုဆိုတဲ့ အဘိညာဉ်တွေရှိတယ်။ အဲဒီ ဒိဗ္ဗစက္ခုဆိုတဲ့ အဘိညာဉ်နဲ့ ကြည့်လိုက်တဲ့အခါမှာ ဒီသတ္တဝါတစ်ဦးဟာ အခုဒါတွေ လုပ်နေတယ်။ သေသွားတဲ့နောက် ဘယ်ရောက်သွားလဲဆိုတာ ကြည့်လိုက်ရင် တွေ့ရတယ်။ ဒါတွေလုပ်လို့ ဒါတွေရတယ်ဆိုတာ ဒိဗ္ဗစက္ခုဉာဏ်မှာပါတဲ့ ယထာကမ္မူပဂဉာဏ်နဲ့ သိတယ်။ ကိုယ်လုပ်တဲ့ကံကြောင့် ကိုယ်အကျိုးခံစားရတယ်ဆိုတာ အဘိညာဉ်တန်ခိုးနဲ့ ကြည့်ပြီး ကိုယ်တိုင်မြင်လို့ ဟောကြတာ ဖြစ်တယ်။

စာမျက်နှာ-၃၄
နောက်တဖန် ပြန်ပြီး ကြည့်တဲ့အခါမှာ လူ့ဘဝမှာ အသက်ရှည်ပြီး စည်းစိမ်ဥစ္စာတွေ ချမ်းချမ်းသာသာနဲ့ နေသွားကြတယ်။ တချို့ပုဂ္ဂိုလ်တွေက နတ်ဘုံမှာ နတ်ဗိမာန်ကြီးတွေနဲ့ စံစားပြီး နေကြတယ်။ ဒီလူတွေ ဒီနတ်တွေဟာ ဘာလုပ်ခဲ့ကြတာတုန်းလို့ သူတို့ရဲ့ အတိတ်ဘဝကို ဆင်ခြင်ကြည့်လိုက်တဲ့အခါ ဒီကုသိုလ်ကောင်းမှု လုပ်ခဲ့တာ တွေ့ရတာ ဖြစ်တယ်။ အဲဒီလို တကယ်တွေ့ပြီးတော့မှ ဟောတဲ့တရားတွေ ဖြစ်တယ်။

ဒါကြောင့် မြတ်စွာဘုရားက “သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေ” ကိုယ်တိုင်လည်း သိတယ်၊ ကိုယ်တိုင်လည်း လက်တွေ့အသုံးချပြီးမှ ဟောတာပါ။ စာအုပ်ထဲပါလို့ ဟောတာမျိုးလည်း မဟုတ်ဘူး၊

စာမျက်နှာ-၃၅
အစဉ်အလာ စကားအရလည်း ဟောတာ မဟုတ်ဘူး။ ကိုယ်တိုင်သိပြီးတော့ ဟောတာလို့ ပြောတာ။ ဒါကြောင့် အခြေခံပိုင်းမှာ ပညာရှိတွေ ဟောတာနဲ့ မြတ်စွာဘုရားဟောတာ တစ်ထပ်တည်းပဲ တူကြတယ်။

နိဗ္ဗာန်ချမ်းသာရရေးမှာတော့ မတူဘူး

မတူတာကတော့ မြတ်စွာဘုရားက မဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့် နိဗ္ဗာန်ချမ်းသာကို လမ်းညွှန်မှု ပြုတာ ဖြစ်တယ်။ အဲဒါကျတော့ ဘုရားပဲ ဟောနိုင်တယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေ မဟောနိုင်ဘူး။ ဘာဖြစ်လို့တုန်းဆိုရင် သံသရာထဲမှာ ကောင်းကျိုးချမ်းသာတွေ ရဖို့ရာအတွက် အခြေခံအကြောင်းတရားနဲ့ အကျိုးတရားတွေကို ပညာရှိ သူတော်ကောင်းတွေ

စာမျက်နှာ-၃၆
ဟောနိုင်ကြတယ်။ ဒီထက်ချမ်းသာတဲ့ နိဗ္ဗာန်ချမ်းသာကို ရဖို့ရာကျတော့ ဤမျှသော ကုသိုလ်ကောင်းမှုလေးနဲ့ မရဘူးတဲ့။ ဒီထက် အဆင့်မြင့်ပြီးတော့ ကျင့်ကြရဦးမယ်တဲ့။ အဲဒီအကျင့်တရား အမှန်က မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ ဖြစ်တယ်။ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို အကျဉ်းချုပ် ပြောရရင် သမ္မာဝါစာ စကားအပြောကို ထိန်းသိမ်းစောင့်ရှောက်ရမယ်၊ စကားပြောဆိုတဲ့အခါ အပြစ်ကင်းတဲ့ စကားမျိုးကိုပဲ ပြောရမယ်။ သမ္မာကမ္မန္တ အပြစ်ရှိတဲ့ အလုပ်ကနေ ရှောင်ကြဉ်ပြီးတော့ အပြစ်ကင်းတဲ့ အလုပ်မျိုးကို လုပ်ရမယ်။ သမ္မာအာဇီဝ အပြစ်ရှိတဲ့ အသက်မွေးမှုမျိုး မမွေးဘဲနဲ့ အပြစ်ကင်းတဲ့ အသက်မွေးမှုမျိုးကို မွေးရမယ်။ ဒါဟာ အခြေခံ

စာမျက်နှာ-၃၇
သီလပိုင်းဆိုပြီး မြတ်စွာဘုရား ဟောတာ ဖြစ်တယ်။

ဘာဖြစ်လို့ သီလကို လိုအပ်တာတုန်းဆိုတော့ ကိုယ့်ကျင့်တရား ပျက်ပြားထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အာရုံတစ်ခုအပေါ်မှာ စိတ်စိုက်ဖို့ မလွယ်ဘူး။ သမာဓိကျင့်စဉ် ကျင့်တဲ့အခါမှာ ကိုယ်ကျင့်သီလမပါရင် စိတ်ထဲမှာ အနှောက်အယှက်တွေ အများကြီး ဖြစ်တယ်။ သမာဓိ တည်ဆောက်ဖို့ရန် အင်မတန်မှ ခဲယဉ်းတယ်။ ဒါကြောင့် သီလကို အခြေခံထားရမယ်လို့ ပြောတာ ဖြစ်တယ်။

သီလရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ငါလုပ်ထားတာတွေဟာ အကုန် အကောင်းတွေချည်းပဲ ဆိုပြီး တွေးလိုက်ရင် ဝမ်းသာရတယ်။ ဝမ်းသာတယ်ဆိုတာ ပါမောဇ္ဇပဲ။ ဝမ်းသာတော့ ကြည်နူးမှု ပီတိ ဖြစ်လာ

စာမျက်နှာ-၃၈
တယ်၊ ကြည်နူးမှု ပီတိဖြစ်လာရင် ပဿဒ္ဓိ ငြိမ်းချမ်းလာတယ်။ ငြိမ်းချမ်းရင် ဘာဖြစ်တုန်း၊ သုခ စိတ်ကလေးအေးပြီး ချမ်းသာတယ်။ စိတ်အေးပြီး ငြိမ်းချမ်းနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်မှာ သမာဓိဆိုတာ ဖြစ်လာတာပဲ။ ဘာကိုပဲ အာရုံစိုက်လိုက်စိုက်လိုက် သမာဓိဆိုတာ ဖြစ်လာတယ်။ သမာဓိဖြစ်လာပြီဆိုရင် ယထာဘူတဉာဏဒဿန မှန်မှန်ကန်ကန် သိမြင်လာတဲ့ အသိဉာဏ်ဆိုတာ ရလာတာပဲ။ ဒါဟာ အကြောင်းအကျိုး ဆက်သွယ်နေတာ။ ဒါကြောင့်မို့ ကိုယ်ကျင့်တရားကို အခြေခံထားပြီးတော့ မဂ္ဂင်ရှစ်ပါးကို အားထုတ်ဖို့ မြတ်စွာဘုရားက ဟောတာ။ သီလ ဆောက်တည်ပြီးတဲ့အခါ သီလလုံပြီ

စာမျက်နှာ-၃၉
ဆိုရင် သမာဓိကျင့်စဉ်ကို ကျင့်ရမယ်။ သမာဓိကျင့်စဉ်ကို ကျင့်တဲ့အခါမှာ စိတ်ကို အာရုံတစ်ခုပေါ်မှာ ထားဖို့ဆိုတာ လုံ့လဝီရိယမပါဘဲ မရဘူး။ စေတသိက ဝီရိယ ခေါ်တယ်။ စိတ်အားကုန်စိုက်ပြီး လုပ်ဖို့လိုတယ်ပေါ့။ ဒါကြောင့် သမ္မာဝါယာမ ရှိရမယ်။ မိမိစိတ်ထဲ မဖြစ်သေးတဲ့ အကုသိုလ်တွေ ဝင်မလာအောင်၊ ဖြစ်ပြီးသား အကုသိုလ်တွေ ဖယ်ရှားနိုင်အောင်၊ ကုသိုလ်မဖြစ်သေးရင် ဖြစ်အောင်၊ ဖြစ်ပြီးသား ကုသိုလ်တွေ ထပ်တိုးအောင် လုပ်ခြင်းဆိုတဲ့ မှန်ကန်တဲ့ လုံ့လဝီရိယနဲ့ လေးဘက်လေးတန် ကြိုးစားအားထုတ်ဖို့ လိုတယ်။ အဲဒီ သမ္မာဝါယာမ ကြိုးစားအားထုတ်ပြီဆိုရင် သမ္မာသတိ သတိထားဖို့ လိုအပ်တယ်။

စာမျက်နှာ-၄၀
သတိ ဘယ်မှာ ထားရမလဲဆိုရင် အာရုံပေါ်မှာ စိတ်စိုက်ထားရမယ်။ ကာယ ဝေဒနာ စိတ္တ ဓမ္မ လို့ဆိုတဲ့ ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာကိုယ်ရယ်၊ ခံစားချက်ရယ်၊ အသိစိတ်လေးရယ်၊ ကျန်တဲ့ သဘာဝတရားလေးတွေရယ်၊ အဲဒါတွေအပေါ်မှာ စိတ်စိုက်ထားရမယ်။ ဒါကို သတိပဋ္ဌာန်လို့ ခေါ်တယ်။

အဲဒီအပေါ်မှာ စိတ်စိုက်ထားပြီး စိတ်ကို ငြိမ်အောင်လုပ်ရမယ်။ ငြိမ်အောင်ဆိုတာ စိတ်ကို စုစည်းတာပဲ။ စိတ်ဟာ စုမိသွားရင် ပါဝါ (power) ဖြစ်လာတယ်။ ဘယ်အရာပဲဖြစ်ဖြစ် စုမိသွားရင် ပါဝါ (အစွမ်းသတ္တိ) ဖြစ်တာပဲ။ မစုမိဘဲ တကွဲတပြား ဖြစ်နေရင် ပါဝါမဖြစ်ဘူး။ အစွမ်းသတ္တိဆိုတာ စုမိသွားတဲ့နေရာမှာ ဖြစ်တာ။ နေရောင်ခြည်ကို

စာမျက်နှာ-၄၁
မှန်ဘီလူးနဲ့ စုယူလိုက်ရင် စက္ကူတို့ ဘာတို့ကို မီးရှို့လို့ ရတယ်။ နေရောင်ခြည်ကို စုယူပြီး မီးလောင်စေတတ်တဲ့အထိ ပါဝါ ဖြစ်သွားစေတယ်ပေါ့။ ဒါကြောင့် ပါဝါဆိုတာ စုပေးလိုက်ရင် စွမ်းရည်သတ္တိ တက်လာတာကို ပြောတာ။ စိတ်ကို စုစည်းပေးလိုက်ရင် စွမ်းရည်တက်လာတာကို သမာဓိလို့ ခေါ်တယ်။ သမာဓိရလာရင် မှန်မှန်ကန်ကန် စဉ်းစားပြီး မှန်မှန်ကန်ကန် မြင်လာဖို့ အင်မတန်မှ လွယ်ကူသွားတယ်။ သမ္မာသမာဓိ ဖြစ်တယ်ပေါ့။ သီလကို အခြေခံပြီး သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိနဲ့ သမ္မာသင်္ကပ္ပဆိုတဲ့ မှန်ကန်တဲ့အတွေးပါတဲ့ မှန်ကန်တဲ့အလုပ်လုပ်လိုက်ရင် ကိုယ့်သန္တာန်မှာ သမ္မာဒိဋ္ဌိဆိုတဲ့ အသိဉာဏ်

စာမျက်နှာ-၄၂
ပေါ်လာတယ်။ အဲဒီ သမ္မာဒိဋ္ဌိဆိုတဲ့ အသိဉာဏ်က ဝိပဿနာအနေနဲ့ ပေါ်ရင် ဝိပဿနာဉာဏ်ပဲ။ ဝိပဿနာ ရင့်သန်သွားရင် မဂ်ဉာဏ်၊ မဂ်ဉာဏ်ပြီးရင် ဖိုလ်ဉာဏ်ဖြစ်တယ်။ အဲဒီ မဂ်အနေနဲ့ပေါ်လာတဲ့ သမ္မာဒိဋ္ဌိက နိဗ္ဗာန်ကို မြင်နိုင်သွားပြီ။ ဖိုလ်အနေနဲ့ ပေါ်လာတဲ့ သမ္မာဒိဋ္ဌိကျတော့ နိဗ္ဗာန်ရဲ့ အရသာကို ခံစားနိုင်သွားပြီ။

ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ ကုသိုလ်ကောင်းမှု၌ မမေ့လျော့ခြင်းဆိုတဲ့ အပ္ပမာဒတရားသည် လူ့လောကမှာ လူတွေ လိုချင်ကြတဲ့ ဆန္ဒပြုကြတဲ့ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း စတဲ့ ချမ်းသာသုခတွေကို ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ရမယ်။ ပြီးတော့ အဲဒီ အပ္ပမာဒတရားနဲ့

စာမျက်နှာ-၄၃
မဂ္ဂင်ရှစ်ပါးဆိုတဲ့ ဝိပဿနာ ကျင့်စဉ်ကို ကျင့်ဖို့ ဦးလှည့်ပေးလိုက်မယ်ဆိုရင် နိဗ္ဗာန်ချမ်းသာ ရတဲ့အထိ ကောင်းသောအကျိုး ပေးနိုင်တယ်လို့ သဘောကျပြီး ကိုယ်စီကိုယ်ငှ အပ္ပမာဒတရားကို လက်ကိုင်ထားကာ ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။ ။
6wvsskm8c5u86b4vwlfeuzmiuguci1t
ချမ်းသာစွာအိပ်စက်ရခြင်း
0
6356
22112
22084
2026-06-15T03:17:56Z
Tejinda
173
22112
wikitext
text/x-wiki
{{header
| title = ချမ်းသာစွာအိပ်စက်ရခြင်း
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ကုသိုလ်ဖြစ်အောင် သတိဆောင်]]
| previous2 =
| next = [[ခန္ဓသုတ် အနှစ်ချုပ်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁
ချမ်းသာစွာအိပ်စက်ရခြင်း

မှတ်တမ်း သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တန်ခူးလဆန်း(၆)ရက်၊ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက်လုံးဆိုင်ရာ မလွန် ဆန်လှူအသင်း အမှတ်(၃)၊ မလွန်ဆွမ်းဆန်တော်နှင့် ရွှေပြည်သာ ဆွမ်းဆန်တော် ရေစက်ချလှူဒါန်းသည့် ဓမ္မပူဇာ သဘင် အခမ်းအနားဝယ် ဟောကြားအပ်သော “ချမ်းသာစွာ အိပ်စက်ရခြင်း” တရားဒေသနာတော်။

“ချမ်းသာစွာ အိပ်စက်ရခြင်း”တဲ့။ လူတွေပြောနေ ကြတဲ့ ချမ်းသာစွာ အိပ်စက်ရခြင်းဆိုတာနဲ့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ချမ်းသာစွာ အိပ်စက်ရခြင်း ဒီ (၂)မျိုးမှာ ခြားနားသော ရှုထောင့်အမြင်များ ရှိကြတယ်။ ခြားနားသော ရည်ရွယ်ချက်များ ရှိကြတယ်။ လောက

စာမျက်နှာ-၂
လူတွေ ပြောနေတဲ့ ချမ်းသာစွာ အိပ်စက်ရခြင်းဟာ ဘယ်လိုအဓိပ္ပာယ်ရှိတယ်၊ ဗုဒ္ဓမြတ်စွာ ဆိုလိုတဲ့ ချမ်းသာ စွာ အိပ်စက်ရခြင်းဆိုတာ ဘယ်လိုအဓိပ္ပာယ်ရှိတယ်ဆိုတာ ဒီကနေ့ည ရှင်းလင်းပြီးတော့ ဟောပြောကြရ အောင်။

လောကလူတွေဟာ နေရေးထိုင်ရေးနှင့် ပတ်သက် ပြီး ချမ်းသာသုခကို လိုလားကြတယ်။ စားရေး သောက်တာနှင့် ပတ်သက်ပြီးတော့လည်း ချမ်းသာသုခကို လိုလားကြတယ်။ အလိုလားဆုံးကတော့ ချမ်းချမ်း သာသာ အိပ်စက်ရမှုဖြစ်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချမ်းချမ်းသာသာ အိပ်စက်ရမှုဟာ အင်မတန်မှ တန်ဖိုး ရှိတယ်လို့ ပြောရမှာပါ။ ဒါနဲ့ပတ်သက်ပြီး မြတ်စွာဘုရား ဟောကြားတဲ့ ချမ်းသာစွာ အိပ်စက်ရခြင်းရဲ့ အဓိပ္ပာယ်က အလွန်လေးနက်မှုရှိတယ်ဆိုတာကို ဟတ္ထကသုတ္တန်ကို လေ့လာကြည့်ခြင်းဖြင့် သိရှိနိုင်ကြပါတယ်။ ချမ်းသာစွာ အိပ်စက်ရခြင်းရဲ့ အဓိပ္ပာယ်ကို ဟတ္ထက သုတ္တန် မှာ မြတ်စွာဘုရားက ရှင်းလင်းဟောကြားထား

စာမျက်နှာ-၃
တာ ဖြစ်ပါတယ်။ အင်္ဂုတ္တရနိကာယ် မှာ ဟတ္ထကသုတ် ပါရှိတယ်။

တစ်ခုတုန်းက မြတ်စွာဘုရားသခင် ကိုယ်တော် မြတ် အာဠဝီပြည် အနီးနားက နွားအုပ်ကြီး ဖြတ်သန်း သွားလာတဲ့ တောတန်းတစ်နေရာ သိသပါဝန လို့ခေါ်တဲ့ ရင်းတိုက်တောထဲမှာ အရွက်ကျဲကျဲရှိတဲ့ ရင်းတိုက် ပင်ကြီး တစ်ပင်ရဲ့အောက်မှာ နားနေခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ရာသီဥတုကလည်း အင်မတန်အေးမြတဲ့ ဆောင်းရာသီ ဖြစ်ပါတယ်။ ဆောင်းရာသီဖြစ်တော့ ရင်းတိုက်ပင်က အရွက်တွေကလည်း ကြွေတဲ့အရွက်က ကြွေလာတော့ အပေါ်မှာကြည့်လိုက်ရင် ကျိုးတိုးကျဲတဲ အနေအထားမျိုးရှိတယ်။

မြတ်စွာဘုရား သီတင်းသုံးတဲ့ သစ်ပင်ပတ်ဝန်းကျင် မှာလည်း ဖြတ်သန်းသွားလာထားတဲ့ နွားအုပ်ခြေရာတွေဟာ ဆူးသဖွယ်မာကြောပြီး မို့မို့ချွန်ချွန်တွေဖြစ်နေတယ်။ ရင်းတိုက်ပင်အောက် လမ်းလျှောက်ဖို့ဆိုတာ ခဲယဉ်းတဲ့အနေအထားမှာ ရှိတယ်ပေါ့။ နွားခွာရာကြား

စာမျက်နှာ-၄
က ထွက်တဲ့ မာနေတဲ့မြေကို “နွားခွာရာဆူး” လို့ ခေါ်တယ်။ ဆူးကဲ့သို့ ချွန်ပြီးတော့နေတယ်၊ အဲဒီပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျှောက်မယ်ဆိုရင် အင်မတန် လျှောက်ရခက်မယ့် အနေအထားပေါ့။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကလည်း အရွက်ကျိုးတို့ကျဲတဲရှိတဲ့ ရင်းတိုက်ပင်ကြီးအောက်မှာ မြက်တွေခင်းပြီးတော့ ထိုင်နေတယ်။ တစ်ပါးတည်း အာဠဝီပြည်နားမှာ အဲဒီလို သီတင်းသုံးနေတဲ့အချိန် နံနက်စောစော အာဠဝီမြို့ထဲကထွက်ပြီးတော့ ရင်းတိုက်တောဘက်ကို ကျန်းမာရေးအတွက် လမ်းလျှောက်ကြတယ်။ တောတန်းကိုဖြတ်ပြီးတော့ လမ်းလျှောက်လာတဲ့ အထဲမယ် ဟတ္ထက အာဠာဝကဆိုတဲ့ မင်းသားလဲ ပါလာတယ်။ အေး၊ ဟတ္ထက အာဠာဝက မင်းသားဆိုတာ ဘယ်သူလဲလို့ဆိုရင် အားလုံးကြားဖူးကြတဲ့ ဇာတ်လမ်းတစ်ခုကိုပါ ပြောကြရအောင်။

အာဠဝီပြည်ကြီးရဲ့ အနီးအနားမှာ တောတန်း တစ်နေရာက ညောင်ပင်ကြီးတစ်ပင် အုပ်အုပ်

စာမျက်နှာ-၅
ဆိုင်းဆိုင်း ရှိတယ်၊ အဲဒီညောင်ပင်ကြီး အနီးအပါးမှာ အာဠာဝကဘီလူးကြီးရဲ့ ဗိမာန်ရှိတယ်လို့ပြောတယ်။ သို့သော် လူတွေမြင်ရတာကတော့ ညောင်ပင်ကြီးပဲ မြင်ရတယ်။ အာဠာဝကဘီလူးကြီးရဲ့ ဗိမာန်ကို မမြင်ရဘူး။ အာဠာဝကဘီလူးကြီးက ညောင်ပင်အောက် ဝင်ရောက်တဲ့ ပုဂ္ဂိုလ်တိုင်းကို သူက အပိုင်စားရထားတယ်။ ဒါကြောင့်မို့ ညောင်ပင်အောက် ဝင်လာရင် တော့ သူ့အစာဖြစ်ကြရတာ များတယ်ပေါ့။

ဖြစ်ပုံကတော့ တစ်နေ့မှာ အာဠဝီဘုရင်ကြီးက အခြံအရံတွေနဲ့ တောကစားထွက်တာ၊ တောကစား ထွက်တဲ့အခါမှာ သမင်တစ်ကောင်တွေ့တော့ ကိုယ်စီ ကိုယ့်စည်းနဲ့ကိုယ် တာဝန်ပေးထားပြီး ထိုသမင်ကို အမိ ဖမ်းဖို့အတွက် ဝိုင်းရံထားကြတယ်။ အဲဒီလို ဝိုင်းရံထား ပြီး သမင်ကိုခြောက်တဲ့အခါမှာ အင်မတန်အကင်းပါးတဲ့ သမင်က ဘယ်ဘက်ကထွက်ရမယ်ဆိုတာ ကြည့် လိုက်တဲ့အခါ ဘုရင်ကြီးဘက်က လူအုပ်နည်းနေတာ မြင်တော့ ဘုရင်ကြီးဘက်ကထွက်ဖို့ ကြိုးစားတယ်။

စာမျက်နှာ-၆
အဲဒီလို ကြိုးစားပြီးတော့ သမင်က ထွက်ပြေးတယ်ပေါ့။ ဘုရင်ကြီးတာဝန်ကျတဲ့အပိုင်းကနေပြီး သမင်က လွတ် သွားတယ်။ ဒါပဲ မြန်မာတွေပြောနေကြတာ “ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကထွက်”တဲ့။

အဲဒီလိုလွတ်သွားတဲ့အခါ ဘုရင်ကြီးက မာနတွေ တက်လာပြီး မခံနိုင်ဘူးပေါ့။ အများက သရော်မှာကို မခံနိုင်သည့်အတွက်ကြောင့်၊ ကြိတ်ပြီးပြုံးကြမှာကို မခံ နိုင်သည့်အတွက်ကြောင့် သူ့ရဲ့ ရဲစွမ်းသတ္တိဗလအစွမ်း ပြုပြီးတော့ သမင်ပြေးတဲ့နောက်က လိုက်တယ်။ နောက်ဆုံးတော့ သမင်ဟာ ပြေးနိုင်သမျှပြေးပြီး မပြေး နိုင်တဲ့အချိန်ကျတော့ လည်စင်းပြီးခံတာပေါ့။ အဲဒီ အချိန်မှာ ဘုရင်ကြီးက သမင်ကို အရဖမ်း သတ်ဖြတ် ယူခဲ့တယ်။ တစ်ကယ်တော့ သမင်သားစားချင်လို့ မဟုတ်ဘူး၊ အပျော်အပါး လုပ်ကြတာ။ အဲဒီ သမင် ကောင်ကို ပိုင်းပြီးတော့ ထမ်းလာခဲ့တယ်။

ဒီသမင် သူရအောင် ဖမ်းနိုင်တယ်ဆိုတဲ့ စွမ်းရည် သတ္တိကို ပြချင်လို့ သမင်ကို ထမ်းယူခဲ့ပြီး မောမော

စာမျက်နှာ-၇
ပမ်းပမ်းနဲ့ ခုနက ညောင်ပင်ကြီးအောက်မှာချပြီး ခဏ နားနေတာ။ ဒီအခါမှာ ဘုရင်ကြီး အန္တရာယ်ကြုံလာတယ်ပေါ့။ အာဠာဝကဘီလူးကြီးရဲ့ ပိုင်နက်ထဲ ရောက် သွားတော့ အာဠာဝကဘီလူးကြီးက ဘုရင်ကြီးကို ဖမ်း လိုက်တယ်ပေါ့။ ဖမ်းလိုက်တော့ ဘုရင်ကြီးက ကြောက် လန့်ပြီး “သူ့ကိုမစားပါနဲ့၊ သမင်သားပဲစားပါ” လို့ပြော တော့ အာဠာဝကဘီလူးကြီးက ရယ်တယ်တဲ့။ “ဘုရင် ကြီး ကိုယ်တိုင်ကလည်း သူ့ပစ္စည်းပဲတဲ့၊ သမင်ကြီးလည်း သူ့ပစ္စည်းပဲ၊ ငါ့ပစ္စည်းနဲ့ငါ့ကို အရောင်းအဝယ် မလုပ်နဲ့”တဲ့။

သမင်လည်း ငါပိုင်တာပဲ၊ မင်းလည်း ငါပိုင်တာပဲ ဆိုတော့ ဘုရင်ကြီးက အခက်ကြုံတယ်။ သူကပြောတယ် “ငါက သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး၊ ဟောဒီ အာဠဝီ ပြည်ကြီးကိုပိုင်တဲ့ ဘုရင်၊ ငါ့ကိုစားရင် မင်း ဒီတစ်နေ့ပဲ စားရမယ်၊ ငါ့ကို လွှတ်လိုက်မယ် ဆိုရင်တော့ ငါ နေ့စဉ်နဲ့အမျှ တစ်နေ့ကို လူတစ်ယောက် လူ တစ်ယောက် ထမင်းအုပ်နဲ့ပို့ပေးမယ်” လို့ဆိုတော့

စာမျက်နှာ-၈
အာဠာဝကဘီလူးကြီးက စဉ်းစားပြီး လက်ခံတယ်။ အင်း၊ သူပြောတာဟုတ်တယ်၊ နေ့စဉ်နဲ့အမျှ ပင်ပင် ပမ်းပမ်း မခံရဘဲနဲ့ လူသားစားနေရမယ်ဆိုရင် ပိုအဆင် ပြေတယ်။

သို့သော် သစ္စာတည်ရမယ်၊ သစ္စာဆိုခိုင်းတယ်။ “မင်းမှာသစ္စာ လူမှာကတိ” မင်းဆိုတာ သစ္စာရှိရတယ်၊ ပြောရင် ပြောတဲ့အတိုင်း လုပ်ရတယ်ပေါ့။ ဘုရင်ကြီးက သစ္စာဆိုတယ်၊ နေ့စဉ်နဲ့အမျှ သူ့နန်းတော်ကနေ ပြီးတော့ သူ စီမံခန့်ခွဲပေးတဲ့ ထမင်းအုပ်ရွက်လာတဲ့ သူကို စားပိုင်ခွင့်ပေးလိုက်တယ်။ အဲဒီလို စားပိုင်ခွင့် တစ်နေ့ကိုတစ်ယောက် တစ်ယောက် မှန်မှန်ပို့ဆက်ပြီး ပေးမယ်လို့ သူက အာမခံလိုက်တယ်။ အကယ်၍ မပေး နိုင်တဲ့နေ့ ဆိုလို့ရှိရင် သူကိုယ်တိုင် ဘီလူးရဲ့အစာ ဖြစ်ရမယ်။ အဲဒီလို သစ္စာပြုတော့ အာဠာဝကဘီလူးကြီးက လွှတ်လိုက်တယ်။

အာဠာဝကဘီလူးဆိုတာ အဲဒီအချိန်တုန်းက ဘုရား၊ တရား၊ သံဃာကို မကြည်ညိုသေးတဲ့ မိစ္ဆာ

စာမျက်နှာ-၉
ဘီလူးကြီးပေါ့။ အင်မတန်မှ ကြမ်းကြုတ်တယ်။ အဲဒီလို ဘုရင်ကြီးဆီက အခွင့်အရေးရလိုက်တဲ့အခါ ဘုရင်ကြီးကို လွှတ်လိုက်တယ်။ နန်းတော်ပြန်ရောက်တဲ့အခါ အမတ်ကြီးတွေနဲ့ အစည်းအဝေးခေါ်ပြီး ဘုရင်ကြီးက သူလုပ်ခဲ့တဲ့ ကိစ္စတစ်ခုကို ပြောပြတယ်။ ပညာရှိ အမတ်ကြီးတွေက စဉ်းစားကြတယ်။ “အရှင်မင်းကြီး၊ တစ်နေ့တစ်ယောက်ပို့မယ်ဆိုတာ ရက်အကန့်အသတ် ရှိရဲ့လား” ဘုရင်ကြီးကပြောတယ် “ငါ ရက်အကန့် အသတ် မပြောမိခဲ့ဘူး” ဒါ ဘုရင်ကြီးရဲ့ မေ့လျော့ ချွတ်ချော်မှုတစ်ခုပဲ။ ရက်ကန့်သတ်ချက် မပေးသည့် အတွက်ကြောင့် သူက တစ်သက်လုံး ပေးနေရမယ့် အဓိပ္ပာယ်ဖြစ်သွားတယ်။

အဲဒါနဲ့ ထောင်ထဲကလူတွေ ထုတ်ထုတ်ပြီးတော့ တစ်နေ့တစ်ယောက် အာဠာဝကဘီလူးကြီးဆီ ပို့ပေး နေတယ်။ ထောင်ထဲကလူတွေလည်းကုန်ရော ကုန်တဲ့အခါ တိုင်းပြည်မှာရှိတဲ့လူတွေ တိတ်တဆိတ် လမ်းမှာ ညထွက်တဲ့ပုဂ္ဂိုလ်တွေဖမ်း၊ ဘီလူးကြီးဆီသွားခိုင်း၊ အဲဒီ

စာမျက်နှာ-၁၀
လိုနဲ့ လုပ်လာလိုက်တာ နောက်ဆုံး ဘုရင်ကြီးက ဖမ်းပြီးတော့ ဘီလူးစာကျွေးတယ်ဆိုတဲ့သတင်း ထွက် လာတယ်။ လူတွေဟာ အိမ်ပြင် မထွက်ရဲအောင် ကြောက်လန့်နေကြတယ်။

နောက်ဆုံး လူရှာမရတဲ့အခါ ဘယ်လိုလုပ်ရတုန်း ဆိုတော့ ဘုရင့်နန်းတော်မှာ အဲဒီနေ့မှာ မွေးဖွားလာတဲ့ ဘုရင့်သားတော်လေးကိုပဲ ပေးရတော့မယ်။ လောက လူတွေဟာ ကိုယ်ကိုယ်ကို အချစ်ဆုံးပဲ။ သားတွေ သမီးတွေကို မိဘတွေကချစ်တယ်ဆိုတာ သားသမီးလေးကို မြင်နေရရင် ကြည်နူးနေလို့ချစ်တာ။ တကယ်တော့ လူတွေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးပဲ။ အဲဒါကြောင့် မို့လို့ မိမိကိုယ်ကို ကာကွယ်တဲ့အနေနဲ့ သားတော်လေး ကိုပဲ ဘီလူးစာအဖြစ်ကျွေးဖို့ ပို့ခိုင်းလိုက်တယ်။

ဒီ အာဠဝီဘုရင်ကြီးရဲ့ သားတော်လေးဟာ တကယ့်ပါရမီရှင်ကလေးပဲ၊ သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး၊ ပါရမီကုသိုလ်တွေ ဆည်းပူးခဲ့လို့ ထူးခြားတဲ့ မင်းသား လေးဖြစ်တော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်

စာမျက်နှာ-၁၁
က အဲဒီနေ့ တစ်ရက်ကြိုပြီးတော့ အာဠာဝကဘီလူးကြီး ရဲ့ ဘုံဗိမာန်ကို ရောက်ရှိနေတယ်။ အဲဒီအချိန်မှာ အာဠာဝကဘီလူးကြီးက သူ့ရဲ့ဘုံဗိမာန်မှာ မရှိဘူး၊ အစည်းအဝေးသွားနေတယ်။ ပြန်လာတဲ့အခါ မြတ်စွာ ဘုရား သူ့ဘုံဗိမာန်ထဲရောက်နေတာဖြစ်လို့ စိတ်တွေ တအားဆိုးတယ်။

တစ်ညလုံး ဘုရားကို လက်နက်အမျိုးမျိုးနဲ့ ထွက် သွားအောင်၊ ဒုက္ခရောက်အောင် တိုက်ခိုက်မောင်းထုတ် ပေမယ့် မြတ်စွာဘုရားကို လုံးဝအန္တရာယ်မပြုနိုင်ဘူး၊ အဲဒီလို မြတ်စွာဘုရားကိုတောင် မောင်းထုတ်ရ လောက်အောင် သူ့စိတ်က အင်မတန်မှ ကြမ်းတမ်းတယ်။ အဲဒီလောက် ကြမ်းတမ်းတဲ့ အာဠာဝကဘီလူး ကြီးကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က လိမ္မာ ယဉ်ကျေးအောင် ဆုံးမတော်မူခဲ့တယ်။

နောက်ဆုံးမှာ အာဠာဝကဘီလူးကြီးက သူ့ရှိသမျှ လက်နက်တွေ အသုံးချလို့မရတဲ့အခါ ဘာလုပ်သလဲ ဆိုရင် “အရှင်ဂေါတမ၊ သူများခွင့်မပြုတဲ့အိမ်ထဲ

စာမျက်နှာ-၁၂
ကျူးကျူးကျော်ကျော် ဝင်ရောက်နေတာ အခုပဲ ထွက်သွားလိုက်ပါ” ဆိုတော့ မြတ်စွာဘုရားက ဒီလို ကြမ်းတမ်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် စိတ်ဓာတ်နူးညံ့သွား အောင် နည်းစနစ်ကို အသုံးပြုတဲ့အနေနဲ့ သူ့စကားကို နားထောင်တယ်။ သူ့ကို ဆန့်ကျင်ဘက် မလုပ်ဘူး။ “အေး၊ မင်းက မနေစေချင်ဘူးဆိုရင် သွားတာပေါ့”ဆိုပြီး ဘုရားက ထသွားတယ်။ “ဪ၊ တစ်ညလုံး ငါ ထွက်သွားအောင် ကြိုးစားလိုက်ရတာ အမျိုးမျိုးကြိုးစားတာ မရဘူး၊ အခုကျတော့လည်း ပြောလို့ဆိုလို့ လွယ် သားပဲ၊ မနေနဲ့သွား ဆို ထသွားတာပဲ၊ အဲဒီတော့ ငါ ပြောတဲ့အတိုင်းလုပ်တာ ဟုတ်မဟုတ် သိရအောင်လို့ အရှင်ဂေါတမ၊ ပြန်ဝင်ခဲ့ပါဦး” ဆိုတော့ “မင်းက ဝင်စေ ချင်ရင် ဝင်ခဲ့တာပေါ့” ဆို မြတ်စွာဘုရားက ပြန်ဝင် လာတယ်။

နောက်တစ်ခါ “ထွက်သွားပါဦး” ဆို ထွက်သွား လိုက်တယ်၊ “ဝင်လာခဲ့ပါဦး” ဆို ဝင်လာတယ်။ ဘာဖြစ် လို့ မြတ်စွာဘုရားက ဘီလူးခိုင်းတာတွေ လုပ်နေရ

စာမျက်နှာ-၁၃
သလဲလို့ဆိုတော့ အင်မတန်ကြမ်းတမ်းတဲ့ ဘီလူးကြီးဟာ စိတ်ဓာတ်ကလေး နူးညံ့သွားအောင် လိုက်လျော တာဖြစ်တယ်။ ဒီနည်းစနစ်လေးတွေက တကယ် မှန်ကန်တဲ့ နည်းစနစ်လေးတွေပဲ။ သိပ်ကြမ်းတမ်းတဲ့ ပုဂ္ဂိုလ်တွေ စိတ်ဓာတ်နူးညံ့သွားအောင် လုပ်တဲ့နေရာ မှာ သူတို့နဲ့ ဆန့်ကျင်ဘက်မလုပ်ဘဲ လိုက်လျောညီထွေ နေတာထိုင်တာဟာ ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို နူးညံ့သွားစေတယ်တဲ့။

အေး၊ နောက်ကျတော့ ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်ဆိုတာ ကြမ်းတမ်းတဲ့စိတ်ကို သိပ်ပြီးတော့ မစွန့်နိုင်ဘူး။ အတော်အသင့် နူးညံ့သွားတဲ့အခါ နောက်တစ်ကြိမ် ကျတော့ သူ့အတွေးက ဘယ်လိုတွေးတုန်း၊ “ဒီတစ်ခါ ရဟန်းဂေါတမ ထွက်သွားရင် ခြေထောက်နှစ်ချောင်း ကိုကိုင်ပြီး ဂင်္ဂါမြစ်ဟိုဘက်ကမ်းရောက်အောင် ပစ် လိုက်မယ်” လို့ စိတ်ကူးတယ်။ အဲဒီလို စိတ်ကူးပြီးတော့ “ရဟန်းဂေါတမ၊ ငါ့ဗိမာန်ထဲက ထွက်သွားလိုက်ပါ” လို့ဆိုတော့ မြတ်စွာဘုရား “ငါမထွက်နိုင်ဘူး၊ ဘာဖြစ်

စာမျက်နှာ-၁၄
လို့တုန်းဆိုတော့ မင်းက ငါ့ကို ထွက်သွားလို့ရှိရင် ခြေ နှစ်ချောင်းကို ကိုင်ပြီးတော့ ဟိုဘက်ပစ်မယ်လို့ မင်း စိတ်ကူးနေတယ်” ဆိုတော့ သူအံ့သြသွားတယ်။

“ဪ၊ ငါတွေးတာတောင် သိပါလား၊ အင်မတန် တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်ပါလား” လို့ စိတ်ဝင်စားလာတာ ပေါ့။ အဲဒီအချိန်မှာ မြတ်စွာဘုရားက “ငါ့ကို ခြေ နှစ်ချောင်း ကိုင်ပြီးတော့ ဟိုဘက်ပစ်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာ လောကမှာမရှိဘူး” လို့ပြောတယ်။

ဒါဖြင့်ရင် “အရှင်ဂေါတမကို ပုစ္ဆာမေးမယ်၊ ပုစ္ဆာ မဖြေနိုင်လို့ရှိရင် အရှင်ဂေါတမ နှလုံးသားကို ခွဲပစ်မယ်” လို့ ကြမ်းတမ်းတဲ့စကား ဆိုပြန်တယ်။ မြတ်စွာ ဘုရားက “ငါ့ရဲ့နှလုံးသားကို ခွဲနိုင်လောက်အောင် မင်းမှာ အစွမ်းသတ္တိမရှိဘူး၊ အေး မင်းမေးချင်တယ် ဆိုရင်မေး၊ မင်းမေးတာတွေ ငါအကုန်ဖြေမယ်” လို့ အဲဒီလို ခွင့်ပြုတဲ့အခါမှာ မေးခွန်းတွေမေးတာ။

သူမေးတဲ့ မေးခွန်းတွေဟာ ကဿပဘုရား လက်ထက်တုန်းက မေးခွန်းတွေဖြစ်တယ်။ ကဿပ

စာမျက်နှာ-၁၅
မြတ်စွာဘုရား လက်ထက်တုန်းက အမေးနဲ့အဖြေ အပြည့်အစုံရှိခဲ့တာ။ အဲဒီအထဲမယ် မေးခွန်းတွေရဲ့ အဖြေက ပျောက်သွားတယ်။ မေးခွန်းတွေပဲကျန်တယ်၊ သူက မေးခွန်းတွေရဲ့အဖြေက ဘာတွေလဲဆိုတာ သိပ်သိချင်နေတယ်။ အဲဒါကြောင့်မို့ အဲဒီမှာမေးလိုက်တာ၊ မေးခွန်းနဲ့အဖြေကိုတော့ ဘုန်းကြီးတို့ မပြောတော့ပါဘူးနော်၊ “ဘဝအရေး စိတ်အေးရလေအောင်”ဆိုတဲ့ တရားထဲမှာ ဘုန်းကြီးတို့ဟောထားတာ ရှိပါတယ်။

ဒီနေရာမှာ ပြောချင်တာကတော့ ဘုရားဆုံးမလို့ ယဉ်ကျေးပြီး အာဠာဝကကြီး ဗုဒ္ဓဘာသာဖြစ်သွားတယ် လို့ ပြောရမယ်။ ဘယ်နေရာသွားသွား ဘုရား၊ တရား၊ သံဃာ ဦးထိပ်ထား ရှိခိုးလျက် သွားပါမယ်ဆိုတဲ့ ပဋိညာဉ်ပေးတယ်။

နံနက်မိုးသောက် အလင်းရောက်တာနဲ့ အာဠာဝီ ဘုရင်ကြီးက သားတော်လေးနဲ့ ထမင်းအုပ်ကိုပို့လိုက်တယ်။ ဘုရားရောက်ရှိနေတဲ့အချိန်ဖြစ်လို့ အင်မတန်မှ ကံကောင်းတယ်။ အကယ်၍သာ မြတ်စွာဘုရား

စာမျက်နှာ-၁၆
ရောက်ရှိမနေဘူးဆိုရင် ဘီလူးစားခံရမယ့်အချိန် ဖြစ်တယ်ပေါ့။ အေး၊ ဒီ မင်းသားလေး ပို့လိုက်တဲ့အခါ ဘီလူးကြီးက သောတာပန်ဖြစ်သွားပြီ၊ စိတ်ဓာတ်တွေက မကြမ်းတော့ဘူး၊ သတ္တဝါတွေအပေါ်မှာ ကြင်နာ တတ်တဲ့စိတ်တွေ။ သနားတဲ့စိတ်တွေ၊ မေတ္တာထားနိုင်တဲ့စိတ်တွေ ဝင်လာတယ်။ သောတာပန်ပုဂ္ဂိုလ် ဖြစ် သည့်အတွက်ကြောင့် ဘုရား၊ တရား၊ သံဃာကို ရိုသေ လေးစားမှုကလည်း ရှိလာပြီ၊ မိမိအသက်ပင်သေပါစေ သူတစ်ပါးရဲ့ အသက်ကို သတ်ဖြတ်မှု လုံးဝမပြုတော့ဘူးဆိုတဲ့ အနေအထားရောက်နေတယ်။

အဲဒီတော့ သူ့အတွက် အစာအဖြစ် လာပို့တဲ့ မင်းသားလေးကို သတ်ဖို့နေနေသာသာ ရှေ့ကလူတွေ ရဲ့အသက်ကို သတ်ဖြတ်ပြီးတော့ စားသောက်နေတယ်ဆိုတာကို သိသွားမှာတောင် အလွန်ရှက်နေတယ်။ ဒါသိမှာ သိပ်စိုးတယ်။ သို့သော် မြတ်စွာဘုရားနဲ့ အတူ တူ ထိုင်နေစဉ် လိမ္မာယဉ်ကျေးတဲ့အချိန်မှာ မင်းသား လေးနဲ့ ထမင်းအုပ် ဆက်သတဲ့အခါမှာ ဘီလူးကြီးက

စာမျက်နှာ-၁၇
မင်းသားလေးကို လှမ်းယူပြီးတော့ မြတ်စွာဘုရားကို လှူဒါန်းလိုက်တယ်တဲ့။

မင်းသားလေးဟာ မင်းချင်းယောက်ျားတွေလက်က ဘီလူးကြီးလက်ထဲ ရောက်သွားတယ်။ ဘီလူးကြီးလက်ကနေပြီးတော့ မြတ်စွာဘုရားလက်ထဲ ရောက်သွားတယ်။ ဘုရားကိုလှူလိုက်တာ၊ ဘုရားကိုလှူထားတဲ့ မင်းသားလေး ဖြစ်သွားတယ်။ ဒါကြောင့်မို့ “လက်ဆင့်ကမ်း မင်းသားလေး”ဆိုတဲ့ အဓိပ္ပာယ်နဲ့ “ဟတ္ထက” လို့ ဒီလိုခေါ်တာ။ ဟတ္ထဆိုတာက လက်၊ ကဆိုတာ ဂငယ်ကနေ ပြောင်းလာတာ၊ တစ်လက်မှ တစ်လက် ပြောင်းရွှေ့ပြီး အသက်ရှင်လာတဲ့ မင်းသားလေးလို့ ဒီလိုအဓိပ္ပာယ်ရတယ်။

မင်းချင်းတွေရဲ့လက်က ဘီလူးကြီးလက်၊ ဘီလူးကြီးလက်က ဘုရားလက်ထဲ ရောက်လာတယ်။ ဘုရားလက်ကမှ တစ်ခါ မင်းချင်းယောက်ျားတွေလက်ကို ပြန်ပြီးတော့ အပ်နှံပေးလိုက်တယ်။ ဒါကြောင့်မို့ ဒီမင်းသားလေး နန်းတော်ထဲ ပြန်ရောက်သွားတယ်ပေါ့။

စာမျက်နှာ-၁၈
သို့သော်လည်း ဘုရားကိုလှူထားတာ ဖြစ်သောကြောင့် ခုခေတ်စကားနဲ့ ပြောမယ်ဆိုရင် “မြတ်စွာဘုရားရဲ့ မွေးစားသား” ဖြစ်သွားပြီပေါ့။ အဲဒီလို ဘုရားရဲ့ မွေးစားသားဖြစ်တဲ့ “ဟတ္ထက”ဆိုတဲ့ ဒီမင်းသားလေးဟာ သာသနာတော်မှာ အလွန်ထင်ရှားလာတဲ့ မင်းသားတစ်ဦး ဖြစ်လာတယ်။

အရွယ်ရောက်လာတဲ့အခါမှာ သူ့ရဲ့နောက်က ဥပါသကာတွေ (၅၀၀)ရှိတယ်။ အင်မတန်မှ စည်းစည်းလုံးလုံးရှိတယ်။ “ဟတ္ထက”ဟာ သူ့နောက်လိုက်နောက်ပါ ဥပါသကာတွေ(၅၀၀)ကို သူက စည်းရုံးတဲ့နေရာမှာ အလွန်ထက်မြက်တယ်။ အခြား ပရိသတ်တွေထက် သူက စည်းလုံးညီညာမှုရှိတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက ဥပါသကာ ဒါယကာတွေကို သာသနိကဘွဲ့ထူးတွေ ပေးတဲ့အခါမှာ “ဟတ္ထက အာဠာဝက” ကိုလည်း ဘွဲ့ထူးတစ်ခုပေးတယ်။ အဲဒီဘွဲ့ထူးကတော့ ဘာလဲဆိုရင် “သင်္ဂဟဝတ္ထုလေးပါးဖြင့်

စာမျက်နှာ-၁၉
နောက်လိုက်နောက်ပါတို့ကို စည်းရုံးတဲ့နေရာမှာ အထူးချွန်ဆုံး”ဆိုတဲ့ ဘွဲ့ကိုပေးတယ်။

စည်းရုံးမှု ထူးချွန်သူပေါ့။ စည်းရုံးတဲ့နေရာမှာ အလွန်ထူးချွန်တယ်လို့ “ဟတ္ထကအာဠာဝက”ကို ဒီလိုဘွဲ့ပေးထားတယ်။ သူဟာ သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး၊ သောတာပန်၊ သကဒါဂါမ်၊ နောက်ဆုံး အနာဂါမ်အဆင့်ထိအောင် ရောက်သွားပြီးတော့ သာသနာတော်မှာ ထင်ရှားတဲ့ မင်းသားလေးတစ်ပါး ဖြစ်လာတယ်ပေါ့။
အံ့ဖွယ်ဂုဏ်ရည်များ
သူ့မှာ အံ့သြဖွယ်ကောင်းတဲ့ အရည်အသွေးတွေက ဘာတွေတုန်းဆိုရင် သူက သဒ္ဓါတရားသိပ်ကောင်းတယ်တဲ့။ သဒ္ဓါတရားကောင်းတဲ့နေရာမှာ အလွန်ထင်ရှားတယ်။ နောက် ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတယ်၊ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့နေရာမှာ အလွန်ထင်ရှားတယ်။ နောက်တစ်ခုက မကောင်းတာလုပ်ရမှာ၊ မဟုတ်တာပြောရမှာ၊ မဟုတ်တာကြံစည်ရမှာ အလွန်

စာမျက်နှာ-၂၀
ရှက်တတ်တယ်။ အလွန်စက်ဆုပ်တတ်တယ်တဲ့။ မကောင်းတာလုပ်ရမှာ၊ မကောင်းတာပြောရမှာ၊ မကောင်းတာကြံစည်ရမှာကို အလွန်ကြောက်တတ်တယ်၊ ဟိရီဩတ္တပ္ပနဲ့ ပြည့်စုံတယ်လို့ ဒီလိုပြောတယ်။

အေး၊ ဒါတင်မကသေးဘူး၊ ဟတ္ထကမင်းသားလေးဟာ မြတ်စွာဘုရားထံက တရားဓမ္မတွေနာယူပြီး ရဟန်းတော်အရှင်မြတ်တွေဆီက၊ ရဟန္တာအရှင်မြတ်တွေဆီက တရားဓမ္မကို နာယူထားလို့ တရားဓမ္မနဲ့ ပတ်သက်လာလို့ရှိရင် ဗဟုသုတတွေအများကြီးရှိတယ်တဲ့။ နောက်တစ်ခုကတော့ သဒ္ဓါတရားကောင်းတဲ့ ပုဂ္ဂိုလ်ဖြစ်သည့်အားလျော်စွာ အမြဲတမ်း စွန့်လွှတ်လှူဒါန်းမှု၊ ရက်ရောမှုဆိုတဲ့ စာဂဂုဏ်နဲ့လည်း ပြည့်စုံတယ်၊ နှမြောတွန့်တိုခြင်းမရှိဘူး၊ ဟတ္ထကမင်းသားလေးဟာ စွန့်ကြဲပေးကမ်းတဲ့နေရာမှာလည်းပဲ အင်မတန်မှရက်ရောတယ်၊ နောက်ဂုဏ်တစ်ခုကတော့ သူဟာ ပညာထက်မြက်တယ်လို့ ဒီလိုဆိုတယ်။

စာမျက်နှာ-၂၁
ထက်မြက်တဲ့ပညာဆိုတာ သာမန်အခြေခံပညာမျှသာ မကဘူး၊ သင်္ခါရတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ဖြစ်မှုပျက်မှုတွေကို ရှုမြင်တဲ့နေရာမှာလည်းပဲ သူ့ပညာဟာ အလွန်အဆင့်အတန်းမြင့်တယ်၊ သောတာပန်ကနေ သကဒါဂါမ်၊ သကဒါဂါမ်ကနေ အနာဂါမ်ဆိုတော့ ဝိပဿနာဉာဏ်ဟာ အလွန်ရင့်သန်တယ်ပေါ့။ ရဟန္တာအဆင့်ဖြစ်ဖို့ရာ ဝိပဿနာဉာဏ်မျိုးသာ သူ့မှာလိုနေသေးတာကိုး။ အဲတော့ ရဟန္တာဖြစ်ဖို့ ဝိပဿနာကျတော့ အနာဂါမ်ဖြစ်တဲ့ ဝိပဿနာထက် ပိုတယ်၊ အဆင့်မြင့်တယ်လို့ ပြောရမှာပေါ့။ အေး၊ အဲဒီလို ထူးချွန်တဲ့ ဟတ္ထကမင်းသားလေး အံ့ဩဖွယ် သူ့ရဲ့ဂုဏ်ရည်ဂုဏ်သွေးတွေ အမျိုးမျိုးနဲ့ ပြည့်စုံတဲ့နေရာမှာ သူဟာ ဒီလိုထူးခြားပေမယ့်လို့ ထူးခြားမှုကို ထုတ်ဖော်ပြောဆိုဖို့ အလွန်ဝန်လေးတဲ့ ပုဂ္ဂိုလ်တစ်ဦးတဲ့။ အဲဒါကို အပ္ပိစ္ဆ လို့ခေါ်တယ်။

လောကမှာ လူတွေက ကိုယ့်ရှိလို့ရှိရင် ရှိတာထက်ပိုပြီးတော့ ကြွားချင်ကြတယ်ပေါ့။ အေး၊ ဟောဒီက

စာမျက်နှာ-၂၂
ဟတ္ထကမင်းသားလေးကတော့ ဘယ်တော့မှ သူ့ရဲ့ဂုဏ်ရည်ဂုဏ်သွေးကို ထုတ်ဖော်မပြောဆိုဘူး။ သူ့ရဲ့ဂုဏ်ရည်ဂုဏ်သွေးကို သူများသိမှာစိုးတယ်။ ခပ်ကုပ်ကုပ် ရိုးရိုးလေးပဲနေတယ်။ သူ့ရဲ့ဂုဏ်ရည်ဂုဏ်သွေးကို ဘယ်တော့မှ ထုတ်ဖော်ပြောဆိုလေ့မရှိဘူး။ ဒါကြောင့်မို့ အပ္ပိစ္ဆ လို့ဆိုတဲ့၊ အလိုနည်းခြင်းလို့ဆိုတဲ့ ဂုဏ်အင်္ဂါနဲ့လည်း ပြည့်စုံတယ်လို့။ ဒါက ဒီပုဂ္ဂိုလ်နဲ့ ပတ်သက်တဲ့ အရည်အသွေးတွေ။ ဟောဒီ ဟတ္ထကမင်းသားလေးဟာ သင်္ဂဟဝတ္ထုတရားလေးပါးနဲ့ ပရိသတ်ကို စည်းရုံးတဲ့နေရာမှာ အင်မတန်မှထူးချွန်တယ်။

တစ်ခါတုန်းက သူ့နောက်လိုက်နောက်ပါ ပရိသတ်တွေဟာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ မြတ်စွာဘုရားဆီလာတော့ မြတ်စွာဘုရားက အင်မတန်ညီညွတ်တဲ့ သူ့ရဲ့နောက်လိုက်နောက်ပါတွေကိုကြည့်ပြီး ဘုရားက “ဟတ္ထကတဲ့၊ ဒီပရိသတ်တွေကို ဘယ်လိုလုပ်ပြီးတော့ စည်းရုံးထားတာတုန်း” လို့ မြတ်စွာဘုရား

စာမျက်နှာ-၂၃
ကမေးတယ်။ မေးတဲ့အခါကျတော့ “အရှင်ဘုရားတဲ့။ မြတ်စွာဘုရားဟောထားတဲ့ သင်္ဂဟဝတ္ထုတရားလေးပါးရဲ့ နည်းစနစ်အတိုင်း တပည့်တော် စည်းရုံးထားတာ”တဲ့။

အသင်းအဖွဲ့လုပ်ပြီးတော့ ဆောင်ရွက်တဲ့ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း သင်္ဂဟဝတ္ထုတရားလေးပါးဆိုတာ မှတ်သားပြီးတော့ စည်းရုံးတဲ့နေရာမှာ အင်မတန်မှအရေးကြီးပါတယ်နော်။ အေး၊ အစည်းအရုံးလုပ်ရုံတင်မကဘူး၊ မိသားစုထဲမှာလည်းပဲ စည်းရုံးဖို့ အင်မတန်မှအရေးကြီးတယ်ပေါ့။ မိသားစုဟာ အသေးငယ်ဆုံးသော society လို့ ပြောရမှာပါ။ ။

လူတွေရဲ့ society ထဲမှာ မိသားစုတစ်စုဟာ society လေးတစ်ခုပဲ။ ကိုယ့်မိသားစုအတွင်းတောင် တချို့ဟာ မစည်းရုံးနိုင်သည့်အတွက်ကြောင့် တစ်ယောက်နဲ့တစ်ယောက် မတည့်ကြဘူးလေ။ ညီအစ်ကိုမောင်နှမတွေ တစ်ယောက်နဲ့တစ်ယောက် မတည့်ဘူးတဲ့နော်။ အမေနဲ့သားသမီးတွေနဲ့ မတည့်ဘူးတဲ့၊ အဖေ

စာမျက်နှာ-၂၄
နဲ့သားသမီးတွေနဲ့ မတည့်ဘူးတဲ့၊ မစည်းရုံးနိုင်ကြဘူးပေါ့။ အဲဒီမစည်းရုံးနိုင်တာ ဘာကြောင့်လဲလို့ဆိုလို့ရှိရင် သင်္ဂဟဝတ္ထုတရားလေးပါး အသုံးမချလို့သာ ဖြစ်တယ်။

(Four conditions of unity) unity ဖြစ်ဖို့ရာအတွက် ဒီအကြောင်းလေးမျိုးဟာ အင်မတန်မှအရေးကြီးတယ်။ ဒါကြောင့်မို့ အသင်းအဖွဲ့ပဲဖြစ်စေ၊ မိသားစုပဲဖြစ်စေ တစ်စုတစ်ဝေးတည်းနေတဲ့ အချိန်ကာလမှာ ဟောဒီစည်းရုံးရေးတရားလေးမျိုး (သင်္ဂဟဝတ္ထုတရားလေးမျိုး)ဟာ အင်မတန်မှအရေးကြီးတယ်၊ သင်္ဂဟဆိုတာ စုစည်းပေးတာတဲ့၊ လူတွေစည်းလုံးညီညွတ်နေအောင် စုစည်းပေးနိုင်တဲ့ စွမ်းအားရှိတယ်။ အဲဒီလေးမျိုးက ဘာလဲလို့ဆိုရင် ဒါန-ပေးတာကမ်းတာ ရှိရမယ်၊ စည်းလုံးညီညွတ်မှုအတွက် ပေးမှုကမ်းမှုဟာ အင်မတန်မှအကောင်းဆုံးသော စည်းလုံးမှု ဒါကြောင့်မို့ ပေးကမ်းခြင်းသည် အောင်မြင်ရာ၏လို့ ပြောတာနော်။ အခုခေတ်လူတွေ ပိုပြီးတော့ သဘော

စာမျက်နှာ-၂၅
ပေါက်တာပေါ့။ ဘာဖြစ်ဖြစ် ပေးလိုက်လို့ရှိရင် အဆင်ချောတယ်ပေါ့။ မပေးရင် မချောဘူး မဟုတ်လား။ အရာရာဟာ ပေးလိုက်လို့ရှိရင် လုပ်ငန်းကိုင်တာချောမွေ့အောင်မြင်သွားနိုင်တယ်ပေါ့။ ဒါလည်း စည်းရုံးရေးတစ်ခုပဲ။ ဒါနဆိုတာ ပေးကမ်းရတယ်၊ မိသားစုအတွင်းမှာပဲဖြစ်စေ ပေးရကမ်းရတယ်နော်။ အမေအဖေလုပ်တဲ့ပုဂ္ဂိုလ်က ခရီးသွားတယ်၊ ပြန်လာတဲ့အခါ သားလေးအတွက်၊ သမီးလေးအတွက် ဝယ်လာတယ်၊ ပေးတယ်။ မွေးနေ့ဆိုရင် မွေးနေ့လက်ဆောင်ပေးတယ်။

သားသမီးတွေမွေးနေ့ဆိုရင် မွေးနေ့လက်ဆောင်ပေးတယ်၊ လိုချင်တာလေးတွေဝယ်ပေးတယ်၊ ဝယ်ပေးရင် ဪ၊ သားသမီးတွေကလည်း အမေကို ပိုချစ်လာတယ်၊ အဖေကို ပိုချစ်လာတယ်၊ သားသမီးဘက်က ကြည့်လို့ရှိရင်လည်း အမေအဖေကို ဘယ်တော့မှပစ်မထားဘူး၊ ဟင်းကောင်းလေးတစ်ခွက်ချက်ရင် အမေအိမ် ပို့ပေးတယ်၊ အဖေအိမ်ပို့ပေးတယ်၊ ဟော

စာမျက်နှာ-၂၆
အမေကြိုက်တတ်တဲ့အစာလေး၊ အဖေကြိုက်တတ်တဲ့အစာလေး ဟော ဒီလိုပေးတယ်။ ဒီအဝတ်လေးကတော့ အမေနဲ့တော်တယ်၊ ဒီအဝတ်ကလေးကတော့ အဖေနဲ့တော်တယ်၊ မိဘဆိုတာ သားသမီးကပေးပြီဆိုလို့ရှိရင် ဂုဏ်ယူပြီးတော့ တပြပြ၊ ဒါသားလေးက ပို့လိုက်တာ၊ ဒါကသမီးလေးက ပို့လိုက်တာနဲ့ဆိုပြီးတော့၊ ပေးလိုက်တာနဲ့ဆိုပြီးတော့ ဂုဏ်ယူလို့မဆုံးဘူး။ အေး၊ ဒါကြောင့်မို့လို့ ဒါဟာ စည်းရုံးရေးတစ်ခုပဲ။

စည်းရုံးတယ်ဆိုတာ မေတ္တာနှောင်ကြိုးတည်းပေးတာပဲ။ တစ်ယောက်နဲ့တစ်ယောက် မေတ္တာချင်း စည်းရုံးမိသွားတာ၊ ဒီအဓိပ္ပာယ်ကိုပြောတာ။ လူတွေဟာ တစ်ဦးနဲ့တစ်ဦး မေတ္တာနှောင်ကြိုးဖြင့် ထိန်းထားနိုင်မှသာလျှင် စည်းရုံးမှုဆိုတာ မပြိုကွဲနိုင်ဘူးတဲ့။ မိသားစုအတွင်းမှာလည်းပဲ ဒီမေတ္တာနှောင်ကြိုး မေတ္တာကြီးထွားလာအောင်လုပ်တဲ့ နည်းစနစ်ဟာ အခုလိုတန်ဖိုးတွေ မကြီးလှပေမယ့်လို့ ပေးမှုကမ်းမှုတွေကို မပြတ်လုပ်ပေးရတယ်တဲ့။

စာမျက်နှာ-၂၇
ဇနီးမောင်နှံနှစ်ဦးဆိုရင်လည်းနော်၊ အေး၊ ယောက်ျားလုပ်တဲ့လူက ဇနီးကို လက်ဆောင်ပဏ္ဍာလေးပေးတာ၊ သူကြိုက်တတ်တဲ့အစာလေး ပေးတာ၊ ဝယ်လာတာ၊ တစ်ဦးနဲ့တစ်ဦး မေတ္တာနှောင်ကြိုးဟာ ပိုပြီးတော့မြဲလာတယ်။ အဲဒီလို တစ်ဦးနဲ့တစ်ဦး ကြင်နာမှုတွေနဲ့ ပေးကမ်းကြပြီဆိုလို့ရှိရင် ဟောဒီ ဒါနဟာ “ပေးကမ်းခြင်းသည် အောင်မြင်ရာ၏” ဆိုတဲ့အတိုင်း အရေးအကြီးဆုံးသော စည်းရုံးရေးတစ်ခု ဖြစ်ပါတယ်။ အပေါင်းအသင်းထဲမှာ၊ အသင်းအဖွဲ့ထဲမှာ တစ်ဦးနဲ့တစ်ဦးဟာ ပေးရတယ်၊ ကမ်းရတယ်။ အဖွဲ့တစ်ခုလုပ်ထားလို့ရှိရင် ကိုယ့်အိမ်မှာစားစရာရှိရင် “ဟေ့၊ လာကြဟေ့” အဖွဲ့ဝင်တွေခေါ်ပြီးကျွေးတယ်။ မျှမျှတတ Share လုပ်ကြတယ်။ အဲဒီလိုလုပ်ခြင်းဖြင့် ပိုပြီးစည်းလုံးမှုတွေ ရလာနိုင်တယ်ပေါ့။

စာမျက်နှာ-၂၈

ပေယျဝဇ္ဇ
အေး၊ ဒါနဆိုတာရှိတယ်၊ တစ်ခါတစ်ရံ ဒါနလေးနဲ့ လုံလောက်ပြီလားဆိုတော့ မလုံလောက်သေးဘူး။ ပေးရုံကမ်းရုံလေးနဲ့ မလုံလောက်သေးဘူး။ ဒါကြောင့်မို့ ဒုတိယတစ်ခု မြတ်စွာဘုရားက ထပ်ဖြည့်ဟောတယ်။ ဒါကဘာလဲလို့ဆို ပေယျဝဇ္ဇ-ကြင်နာတဲ့စကားပြောဖို့၊ ယဉ်ကျေးတဲ့စကားပြောဖို့၊ ချစ်ခင်ဖွယ်ရာစကားပြောဖို့ လိုအပ်သေးတယ်။ အေး၊ တချို့က ပေးတာထက် ကြင်ကြင်နာနာ ယဉ်ယဉ်ကျေးကျေးပြောတာကို ပိုသဘောကျတယ်။ အဲဒီလို ယဉ်ယဉ်ကျေးကျေးပြောတာ သဘောကျသည့်အတွက်ကြောင့် မြတ်စွာဘုရားက ပေးမှုကမ်းမှုအပြင် ပြောဆိုဆက်ဆံတဲ့အခါ အစ်ကိုအရွယ်ဆိုရင် “အစ်ကို”လို့ခေါ်ရမယ်၊ ညီလေးအရွယ်ဆိုရင် “ညီလေး” လို့ခေါ်ရမယ်၊ အစ်မအရွယ်ဆိုရင် “အစ်မ”၊

တချို့ကျတော့ မတန်တဲ့အရွယ်ကြီးခေါ်တာရှိသေးတယ်။ ကိုယ့်ထက်ငယ်လျက်သားနဲ့ “အန်တီ”လို့

စာမျက်နှာ-၂၉
သွားခေါ်ရင် ရန်ဖြစ်ခံရမှာပဲ။ ကိုယ်နဲ့ရွယ်တူကို သွားပြီး “ဦးလေး” လို့ခေါ်လို့ရှိရင်လဲ ဒုက္ခပေးမှာပဲ။ အဲဒါမျိုးသော်၊ သူ့တန်ရာတန်ရာလေး ခေါ်ပြီးတော့ ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံမယ်ဆိုလို့ရှိရင် စည်းလုံးမှုဟာ ပိုပြီးအောင်မြင်လာနိုင်တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက ဒုတိယလုပ်ရမှာက ပေယျဝဇ္ဇ-စည်းရုံးရေးအတွက်နော်။ ချစ်ခင်ဖွယ်ရာ ယဉ်ကျေးတဲ့စကားမျိုးနဲ့ ပြောဆိုဆက်ဆံရမယ်။
အတ္ထစရိယာ
ဪ၊ နောက်တစ်ခု အသုံးပြုရမည့် စည်းရုံးရေးတစ်ခုက ဘာတုန်းဆို အတ္ထစရိယာ။ အတ္ထဆိုတာ အကျိုး(သို့မဟုတ်) ကိစ္စ၊ စရိယာဆိုတာ ပြုလုပ်ပေးတာ။ တစ်ဖက်သားမှာ ကိစ္စရှိရင် ကြည့်မနေဘူး။ “အေး တို့တော့ မအားသေးဘူး၊ မသွားနိုင်ဘူး”ဆိုတာ မလုပ်ဘူး။ ကိုယ့်အလုပ်ကို အသာဖယ်ထားပြီးတော့ သူ့တာဝန် သူ့အလုပ်၊ သူ့မှာ အရေးကြီးတဲ့ကိစ္စရှိရင်

စာမျက်နှာ-၃၀
ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြတယ်။ အေး၊ တစ်ဖက်သားရဲ့ကိစ္စကို မနေတတ်ဘူး၊ ဝိုင်းပြီးဆောင်ရွက်ပေးတယ်ဆိုရင် ဟိုလူက ကျေးဇူးတွေတင်လို့ မေတ္တာတွေသက်ဝင်လာတယ်ပေါ့။ အတ္ထစရိယာဆိုတာလည်း အင်မတန်အရေးကြီးတယ်ပေါ့။ ။

တချို့က ချိုသာတဲ့စကားကိုပြောပေမယ့်လို့ လက်မပါတာရှိသေးတယ်လေ။ အလုပ်လုပ်စရာရှိတဲ့အခါကျတော့ ရှောင်ဖယ်ရှောင်ဖယ်နေလို့ရှိရင် “အေး၊ ဒီလူက သူ့ကိစ္စရှိရင်သာ၊ သူများကိစ္စရှိရင် ဘယ်တော့မဆို မလုပ်ဘူး၊ ခေါင်းတိမ်းနေတတ်တယ်”ဆိုပြီး စည်းရုံးရေးဟာ ပျက်ပြားသွားနိုင်တယ်။ ဒါကြောင့် သူများကိစ္စရှိရင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှု အတ္ထစရိယာဆိုတာလည်းပဲ စည်းရုံးရေးအတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်တယ်ပေါ့။

စာမျက်နှာ-၃၁

သမာနတ္တတာ
နောက်ဆုံးတစ်ခုက ဘာလဲဆိုရင် သမာနတ္တတာ၊ လူတွေဟာ တစ်ဦးနဲ့တစ်ဦးဆက်ဆံတဲ့အခါမှာ တန်းတူဆက်ဆံဖို့ လိုအပ်တယ်တဲ့။ တချို့ကျတော့ မတူမတန်လုပ်တတ်တယ်။ မတူမတန်လုပ်ပြီး အထင်သေးပြီဆိုလို့ရှိရင် မေတ္တာတွေခန်းသွားနိုင်တယ်ပေါ့။ ကိုယ့်ထက်ဘယ်လောက်ပဲငယ်ငယ် မတူမတန်သဘောမထားရဘူး၊ အလေးထားတယ်၊ တန်ဖိုးထားတယ်။ တန်ဖိုးထားပြီးတော့ ဆက်ဆံတယ်။ မိမိနဲ့ကိုယ်တူထားတယ်။ ကြော်၊ အဲဒီလို မိမိနဲ့ကိုယ်တူထားပြီးတော့ ဆက်ဆံတတ်ပြီဆိုလို့ရှိရင် စည်းရုံးမှုဟာ အောင်မြင်တယ်တဲ့။

ဒါကြောင့်မို့ မြတ်စွာဘုရားက ဒါန၊ ပေယျဝဇ္ဇ၊ အတ္ထစရိယာ၊ သမာနတ္တတာတဲ့။ အဲဒီလေးမျိုးဟာ တကယ့်စည်းရုံးရေးကောင်းတဲ့ လေးမျိုးဖြစ်တယ်ပေါ့။

ဟောဒီစည်းရုံးရေးလေးမျိုးကို အသုံးမပြုဘူးဆိုလို့ရှိရင်တဲ့၊ မိသားစုအတွင်းတောင်မှ မိဘဟာ သားသမီး

စာမျက်နှာ-၃၂
ရဲ့အကျိုးမခံစားရတတ်ဘူး။ မိဘပင်ဖြစ်လင့်ကစား သားသမီးက မိဘကို ပစ်ထားတတ်တယ်။ သားသမီးက မိဘကို ပစ်ထားသလို မိဘကလည်း သားသမီးကို ပစ်ထားတယ်။ အချင်းချင်း အစီးမကူးကြဘူးနော်။ ဒီလိုဖြစ်တတ်တယ်တဲ့။ မြတ်စွာဘုရားက အဲဒီစည်းရုံးရေးလေးမျိုးဟာ ဘယ်လောက်အထိ အရေးပါသလဲဆိုလို့ရှိရင် မြင်းလှည်းတို့၊ လှည်းဘီးတို့ ဘီးကျွတ်မသွားအောင် ဘေးကနေပြီးတော့ ကလန့်ကလေးတပ်ထားတာ “နားပန်စောင့်” လို့ခေါ်တယ်။ အဲဒီနားပန်စောင့်လိုပဲ အင်မတန်မှအရေးကြီးတယ်တဲ့။ အခုခေတ်ကားဆိုရင်တော့ ဒါဟာ “နတ်” ပေါ့နော်။ ဘီးကျွတ်သွားပြီဆိုလို့ရှိရင် ဒီကားဟာ ဆက်သွားလို့မရတော့ဘူးပေါ့။

လောကကြီးမှာ စဉ်ဆက်မပြတ် စည်းရုံးရေးအောင်မြင်နိုင်ဖို့ရာအတွက် ဟောဒီလေးမျိုးဟာ အင်မတန်မှအရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိတယ်လို့ ဒီလိုဟောလိုတာ။

စာမျက်နှာ-၃၃
ဟတ္ထကမင်းသားလေးကို မြတ်စွာဘုရားက “ဒီလောက်များတဲ့ ပရိသတ်ကို ဘယ်လိုစုစည်းထားတာတုန်း၊ ဘယ်လိုစည်းရုံးထားတာတုန်း” မေးတော့ “အရှင်ဘုရားဟောထားတဲ့ ဒီသင်္ဂဟဝတ္ထုတရားလေးပါးအတိုင်း တပည့်တော် စည်းရုံးပါတယ်ဘုရား”တဲ့။ ။ သူစည်းရုံးပုံလေးက တစ်မျိုး။ လူတွေကို လေးမျိုးခွဲလိုက်တယ်။ တချို့က ပေးတာကမ်းတာကြိုက်တဲ့လူရှိတယ်၊ အဲဒီလို ပေးတာကမ်းတာကြိုက်တဲ့လူကို ဦးစားပေးပြီး ပေးကမ်းတယ်ပေါ့။ အဲဒီနည်းနဲ့ စည်းရုံးတယ်။ တချို့လူတွေက ပေးတာကမ်းတာကို သိပ်ပြီးတော့ တန်ဖိုးမထားဘူး၊ စကားပြောရင် မာမာပြောရင် မကြိုက်ဘူး၊ ချိုချိုသာသာပြောမှ ကြိုက်တဲ့လူမျိုးကျတော့ ချိုချိုသာသာပြောပြီးတော့ စည်းရုံးတယ်ပေါ့။ အေး၊ တချို့က ပေးတာကမ်းတာလည်း အဓိကမထားဘူး၊ ချိုချိုသာသာပြောတာလည်း အဓိကမထားဘူး၊ ကိစ္စဝိစ္စရှိလို့ရှိရင် ဝိုင်းကူလုပ်လို့ရှိရင် ကျေးဇူးတင်တတ်

စာမျက်နှာ-၃၄
တယ်။ အဲဒါကို တန်ဖိုးထားတဲ့လူဆိုလို့ရှိရင်လည်း သူ့ကိစ္စကို ဂရုတစိုက် ဝိုင်းဝန်းဆောင်ရွက်ပေးတယ်။ အဲဒီနည်းဖြင့် စည်းရုံးတယ်။ အေး၊ တချို့ကျတော့ ပေးတာကမ်းတာလည်း အဓိကမထားဘူး၊ ချိုချိုသာသာပြောတာလည်း အဓိကမထားဘူး၊ ကိစ္စဝိစ္စဆောင်ရွက်ပေးတာလည်း အဓိကမထားဘူး။ သူအဓိကထားတာ ဘာတုန်းဆိုရင် ကိုယ့်ကို အထင်သေး၊ အမြင်သေးနဲ့ ဆက်ဆံလာလို့ရှိရင် မခံနိုင်ဘူးတဲ့။ တန်းတူထားပြီး ဆက်ဆံတာကို သဘောကျတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကို တန်းတူထားပြီးတော့ ဆက်ဆံပါတယ်တဲ့။

ဟောဒါ ဟတ္ထက အာဠဝကမင်းသားလေးက ပရိသတ်ကို စုစည်းနည်း၊ စည်းရုံးနည်းပဲ၊ သူကအဲဒီလို လေးမျိုးခွဲပြီးတော့ လူတွေရဲ့အကြိုက်အတိုင်း စုစည်းလိုက်တာ၊ နောက်တစ်ခု သူဖြည့်စွက်ပြီးတော့ လျှောက်ထားတာလေးတစ်ခုရှိတယ်။ “အရှင်ဘုရားတဲ့ လောကလူတွေဟာ ဒီလိုစည်းရုံးရေးမျိုးတင်မကဘူးတဲ့၊ လူတွေဟာ တပည့်တော်စကားနားထောင်ဖို့ရန် နောက်တစ်ခု

စာမျက်နှာ-၃၅
အကြောင်းကတော့ တပည့်တော်ဟာ ပစ္စည်းဥစ္စာချမ်းသာတဲ့ မင်းသားတစ်ပါး”တဲ့။ ။

ဟုတ်တယ်၊ လောကလူတွေဟာ “ရွှေရှိမှအမျိုးတော်တာ”လေ။ ဆင်းရဲတဲ့လူရဲ့စကားဆိုရင် နားထောင်မှာမဟုတ်ဘူးတဲ့၊ တပည့်တော်က ချမ်းသာတဲ့မင်းသား၊ ဂုဏ်ရှိတဲ့မင်းသားဆိုတော့ တပည့်တော်ဘာပြောပြောရတယ်။ ဆင်းရဲပြီး ဘာမှစားစရာမရှိဘူး၊ ဆင်းရဲမွဲတေတဲ့လူတစ်ယောက်က ဦးဆောင်မယ်ဆိုရင် ဘယ်သူမှလိုက်မှာမဟုတ်ဘူး။ အဲဒီတော့ ချမ်းသာဖို့ဆိုတာလည်းပဲ လိုအပ်သေးတယ်တဲ့။ ဆိုလိုတာက ဓနဂုဏ်လေးကလည်းပဲ ရှိရဦးမယ်။

ဒါကြောင့်မို့လို့ လူတိုင်းလူတိုင်းဟာ ချမ်းသာအောင်လို့ ကြိုးစားကြရမယ်။ ပစ္စည်းဥစ္စာနဲ့ ပြည့်စုံအောင်လို့ ကြိုးစားကြရမယ်။ ပစ္စည်းဥစ္စာနဲ့ ပြည့်စုံပြီဆိုလို့ရှိရင် လူရာဝင်လာတယ်။ လူရာဝင်တယ်။ လူ့လောကကိုက ရွှေရှိမှအမျိုးတော်တယ်၊ “ဘူးသီးသီးမှအမျိုးတော်တယ်”ဆိုတာ ဒါတကယ်ပဲ။ စားစရာမရှိ

စာမျက်နှာ-၃၆
ဘူးဆိုရင် အမျိုးတောင်မှမတော်ပါဘူးလုပ်ချင်တယ်နော်။ အေး၊ စားစရာရှိပြီ၊ သိပ်ပြီးတော့အောင်မြင်လာပြီ၊ ကြီးပွားလာပြီ၊ ရာထူးကြီးလာပြီဆိုရင် ကြံဖန်ပြီးတော့ အမျိုးစပ်တယ်။ အဲဒီလို ရာထူးလည်းမရှိဘူး။ စည်းစိမ်ဥစ္စာလည်းမရှိဘူးဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ ကြံဖန်ပြီးတော့ အမျိုးထဲကနေ ပယ်ထုတ်တယ်။ ဒါလူတွေရဲ့သဘာဝကို ပြောပြတာနော်။

ဒါကြောင့်မို့လို့ ဟတ္ထကမင်းသားက လျှောက်တယ်၊ “အရှင်ဘုရားတဲ့၊ တပည့်တော်စကား လူတွေက နားထောင်မှာပေါ့တဲ့၊ တပည့်တော်က ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ၊ ပေးနိုင်ကမ်းနိုင်တဲ့လူတစ်ယောက်ပါ”တဲ့။ အဲဒါလည်းပဲ သူစည်းရုံးဖို့ အောင်မြင်ခြင်းရဲ့ အကြောင်းတစ်ခုပဲ။

ဒီတော့ အဲဒီမင်းသားဟာ တစ်ရက်ကျတော့ မြတ်စွာဘုရား ခုနက သီတင်းသုံးတဲ့နေရာ မနက်စောစော သူက အညောင်းပြေ အညာပြေ လမ်းလျှောက်နေရင်းကနေ ဘုရားသီတင်းသုံးတဲ့ သစ်ပင်အနီးကနေ

စာမျက်နှာ-၃၇
ဖြတ်သွားရင်း ဘုရားကိုမြင်တာပေါ့။ မြင်တဲ့အခါ “အရှင်ဘုရားတဲ့၊ ချမ်းချမ်းသာသာ အိပ်စက်ရပါရဲ့လား” လို့ မေးတာ။ အဲဒီနေ့ညက မြတ်စွာဘုရားက အဲဒီသစ်ပင်အောက်မှာပဲ သီတင်းသုံးတဲ့ အနေအထားရှိတယ်ပေါ့။ ဒါကြောင့်မို့ မနက်စောစော သူရောက်လာတဲ့အခါ တရားထိုင်နေတာတွေ့တော့ “အရှင်ဘုရား၊ ညက ချမ်းချမ်းသာသာ ကျိန်းရပါရဲ့လား” လို့ မေးလိုက်တာ နော်။

ကျိန်းတယ်၊ ကိန်းစက်တယ်ဆိုတဲ့ ဗမာစကားဟာ ကိန်းအောင်းတယ်ဆိုတာက လာတာ။ ကိန်းအောင်းတယ်ဆိုတာ ဘယ်လိုလုပ် “ကျိန်းတယ်”ကို ပြောင်းသွားသလဲ မသိဘူးနော်။ ကိန်းအောင်းမွေ့လျော်ဆိုတာက အာရုံအမျိုးမျိုးနောက် စိတ်တွေမလွင့်ပါးစေဘဲနဲ့ တစ်ဦးတည်းထိုင်နေတာကို ကိန်းအောင်းတယ်လို့ ဒီလိုအဓိပ္ပာယ်ရတယ်။ အဲဒီကနေဆက်ပြီးတော့ ဒီကိန်းတယ်၊ ကျိန်းတယ်ဆိုတဲ့ စကားလုံးကို ကြည့်ပြီးတော့ ဘုန်းကြီးတွေလည်း ဘယ်အချိန်ဖြစ်ဖြစ် ဒကာ

စာမျက်နှာ-၃၈
တွေက လာလို့ရှိရင် အရှင်ဘုရား၊ ကျိန်းနေသလား ချည်းမေးတာ။ ဒါပေမယ့် အဓိပ္ပာယ်က ကျိန်းနေသလားဆိုတော့ ဘုန်းကြီးတွေ တစ်နေကုန် အိပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်နေတယ်။

ဘယ်အချိန်လာလာ အဲဒါ တစ်ပါးတည်းနေရင်တော့ အရှင်ဘုရား၊ ကျိန်းနေသလားနဲ့ မေးကြတယ်နော်။ အဲဒီကျိန်းနေတယ်ဆိုတဲ့ အဓိပ္ပာယ်က အိပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။ တစ်ပါးတည်း ကိန်းအောင်းနေတယ်လို့ ဒီလိုပြောတာနော်။ ပဋိသလ္လာနဆိုတဲ့ စကားလုံးကလာတာ။ တစ်ပါးတည်း ကိန်းအောင်းတယ်ဆိုတာ အာရုံတစ်ပါး စိတ်တွေမလွင့်ပါးရအောင် ထိန်းသိမ်းပြီးတော့ ကမ္မဋ္ဌာန်းဘာဝနာနဲ့ နေမယ်၊ စိတ်ကို အာရုံတွေထဲမှာ ထွေပြားပြီးတော့ မသွားအောင် ကမ္မဋ္ဌာန်းအာရုံတစ်ခုတည်းနဲ့ သမာဓိလုပ်ငန်းတစ်ခု လုပ်ပြီးတော့နေတာမျိုးကို ကိန်းအောင်းတယ်လို့ ဒီလိုပြောတာနော်။ အဲ အခုလူတွေက ဒီအဓိပ္ပာယ်မဟုတ်တော့ဘူး၊ ဘုန်းကြီးတွေ ကျိန်းနေ

စာမျက်နှာ-၃၉
တယ်ဆိုတာ အိပ်နေတာလို့ အဓိပ္ပာယ်ယူတယ်၊ အဲဒီအဓိပ္ပာယ်ကတော့ မမှန်ဘူးနော်။

အေး၊ ကောင်းပြီ၊ ဒီမင်းသားလေးက မေးတယ်။ မြတ်စွာဘုရားကိုတွေ့တဲ့အခါ ရှိခိုးဦးချပြီး “အရှင်ဘုရား၊ ချမ်းချမ်းသာသာ အိပ်စက်ရပါရဲ့လား” မြတ်စွာဘုရားကဖြေတယ် “အေး၊ ငါ ချမ်းချမ်းသာသာ အိပ်ရပါတယ်”တဲ့။ “လောကမှာ ချမ်းချမ်းသာသာ အိပ်ရတဲ့အထဲမှာ ငါဟာ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်” အဲဒီတော့ သူကဖြေစေချင်တာဟာ အိပ်လို့မရဘူး၊ ညက အေးလိုက်တာ၊ နေရာကလည်း မကောင်းဘူး၊ လေလေးကလည်း တဟူးဟူးတိုက်တဲ့ ဆောင်းရာသီကြီးလည်း ဖြစ်တယ်။ သူဖြေစေချင်တာကတော့ ချမ်းချမ်းသာသာ မအိပ်ရဘူးလို့ထင်ပြီး မေးတဲ့အမေးကိုး၊ ဘုရားကဖြေလိုက်တာက “အေး၊ ချမ်းချမ်းသာသာ အိပ်ရတယ်”တဲ့။ “ချမ်းချမ်းသာသာ အိပ်ရတဲ့အထဲမယ် ငါလည်းတစ်ယောက်အပါအဝင် ဖြစ်တယ်”တဲ့။

စာမျက်နှာ-၄၀
ဒီလိုဖြေလိုက်တော့ မင်းသားလေးက ဒီအဖြေကို မကျေနပ်လို့ ဆက်ပြီးတော့မေးတယ်။ “အရှင်ဘုရားတဲ့၊ ရာသီဥတုကြီးကလည်း ဆောင်းရာသီကြီး”တဲ့။

ဆောင်းရာသီမှာ အအေးဆုံးရက်ဟာ (၈)ရက်ရှိတယ်လို့ ဆိုတယ်ပေါ့။ အဲဒီခေတ်ကပေါ့။ ဒီခေတ်တော့ ဒါတွေက မှန်ချင်မှမှန်တော့မှာပေါ့။ အန္တရဋ္ဌက လို့ခေါ်တယ်။ အန္တရဋ္ဌကက ကြား(၈)ရက်တဲ့။ ကြား(၈)ရက်ဆိုတာ တပို့တွဲ၊ တပေါင်း နှစ်လအကြား (၈)ရက်ဟာ အအေးဆုံးပဲလို့ဆိုတာ၊ ဒီနေရာမှာ တပို့တွဲ၊ တပေါင်းဆိုတဲ့နေရာမှာ ဒီဗမာတွေရဲ့ “လ” ရေတွက်ပုံနဲ့ ဗုဒ္ဓမြတ်စွာလက်ထက်က “လ” ရေတွက်ပုံဟာ မတူဘူးဆိုတာကို သတိထားဖို့လိုတယ်ပေါ့။ အအေးဆုံး(၈)ရက်ဟာ ဘယ်ဟာလဲလို့ဆိုရင် တပို့တွဲလမပြည့်မီ(၄)ရက်နေ့နဲ့ တပို့တွဲလပြည့်အပါအဝင် နောက်က(၄)ရက်၊ အဲဒီ(၈)ရက်ဟာ အအေးဆုံးလို့ ဒီလိုပြောတာနော်။

တပို့တွဲလပြည့်နေ့ဆိုရင် မီးပုံပွဲကျင်းပပြီးတော့ မြတ်စွာဘုရားကို လှူကြတယ်၊ ပူဇော်ကြတယ်။ ဒီအချိန်

စာမျက်နှာ-၄၁
မှာ ကျွဲချိုဖျားတောင်အေးလို့ ဘုရားလည်းအေးမှာပဲလို့ ဆိုပြီးတော့နော် နံ့သာထင်းတွေနဲ့ မီးကင်ဖို့ရာအတွက် ရည်မှန်းပြီးတော့ လှူဒါန်းလေ့ရှိကြတယ်ပေါ့။ မြန်မာပြည်မှာတော့ အခုပွဲတစ်ခုတိုးတာကတော့ ထမနဲပွဲပေါ့။ အဲဒီတော့ မီးပုံပွဲဆိုတာ ဒီနံ့သာထင်းတွေနဲ့ ဘုရားကို မီးပူဇော်တဲ့ဟာ၊ အင်မတန်မှအေးတဲ့ရက်ကို အသိအမှတ်ပြုတဲ့အနေနဲ့ မြတ်စွာဘုရားကို မီးအိုးကင်းတွေနဲ့ မီးဖိုပြီးတော့ လှူတဲ့သဘောပေါ့။

တပို့တွဲလပြည့်ဆိုတာ မြန်မာပြည်က တပို့တွဲလပြည့်လို့သုံးတာဟာ ကောင်းကင်က 'လ'ကြီးကတော့ ပြည့်တယ်၊ ဒါပေမယ့်လို့ ရက်(၃၀)ဖြစ်တဲ့ 'လ'က မပြည့်သေးဘူး။ လပြည့်ဆိုတဲ့ အဓိပ္ပာယ်ဟာ ကောင်းကင်က “လ”ပြည့်တာကို ပြောတာ။ မြတ်စွာဘုရားလက်ထက်တုန်းက 'လ'ပြည့်ဆိုတဲ့နေရာမှာ ကောင်းကင်က “လ”လည်း ပြည့်တယ်၊ ရက်(၃၀) 'လ'လည်းပြည့်တယ်၊ ဒီလိုယူရမယ်။ ကောင်းကင်က “လ”ပြည့်သလို ရက်(၃၀) 'လ'လည်း ပြည့်တယ်လို့ဆိုတော့ ဒီတပို့တွဲ၊ တပေါင်း

စာမျက်နှာ-၄၂
နှစ်လအကြား (၈)ရက်ကို ပြောတာ။ အဲဒီ(၈)ရက်ဟာ စံချိန်တင်လောက်အောင် အေးတဲ့ရာသီလို့၊ “အရဋ္ဌက” ဆောင်းရာသီမှာ အအေးဆုံးအချိန်လို့ ဒီလိုသတ်မှတ်တယ်။

သို့သော် ရာသီဥတုတွေဟာ ခေတ်ပြောင်းလာသည့်အတွက်ကြောင့် (ပြောင်းလာတာကိုတော့ သတိထားရမှာပေါ့) အဲဒီအချိန်တုန်းက အေးပေမယ့်လို့ အခုအချိန်ကျတော့ အေးချင်မှအေးမှာပေါ့။ အဲဒါတော့ ထည့်စဉ်းစားရမှာ။ ဟိုအချိန်တုန်းက ဒီရာသီဟာ အအေးဆုံးပဲလို့ဆိုတယ်။ အဲဒီတော့ မြတ်စွာဘုရား သီတင်းသုံးနေတဲ့အချိန်ကလည်းပဲ အဲဒီ(၈)ရက်ထဲက တစ်ရက်ရက်မှာသီတင်းသုံးနေတဲ့အချိန်ဖြစ်လို့ ဟတ္ထကမင်းသားကလျှောက်တယ်။

“အရှင်ဘုရားတဲ့၊ ရာသီကလည်း ဆောင်းရာသီကြီးတဲ့၊ အအေးဆုံးဖြစ်တဲ့ (၈)ရက်ထဲမှာလည်း ရောက်နေတယ်တဲ့။ ပြီးတော့ လေလေးကလည်း တဟူးဟူးတိုက်နေတယ်တဲ့၊ ပတ်ဝန်းကျင်ကလည်းပဲ နွားတွေက

စာမျက်နှာ-၄၃
ဖြတ်သန်းသွားလာထားလို့ မြေတွေကလည်း မညီမညာ နွားခွာဆူးတွေနဲ့ ချွန်တက်ပြီးတော့နေတယ်၊ အရှင်ဘုရား သီတင်းသုံးတဲ့ ရင်းတိုက်ပင်ရဲ့ အရွက်တွေကလည်း အင်မတန်ကျိုးတိုးကျဲတဲနဲ့ အုပ်အုပ်ဆိုင်းဆိုင်း မရှိဘူးတဲ့။ အောက်ကခင်းထားတဲ့ မြက်ခင်းလေးကလည်း ပါးပါးလေးရယ်၊ ဒီလိုနေရာမျိုးမှာ နေထိုင်တာဖြစ်ပါလျက်သားနဲ့ ချမ်းချမ်းသာသာ အိပ်ရရဲ့လား” ဆိုတော့ “အေး၊ ငါ ချမ်းချမ်းသာသာ အိပ်ရတယ်” လို့ဆိုတာ ဘယ်လိုအဓိပ္ပာယ်ပါလဲဘုရား။

သော်၊ သူ့အနေနဲ့ကတော့ မြတ်စွာဘုရားဟာ ချမ်းချမ်းသာသာအိပ်ရတယ်လို့ သူမထင်ဘူး၊ ဟုတ်တာပေါ့၊ ဆောင်းရာသီကြီးမှာ လေတဟူးဟူးတိုက်နေတဲ့ ဒေသ၊ အင်မတန်အေးတဲ့နေရာ၊ သင်္ကန်းကပါးတယ်၊ သင်္ကန်းကအင်မတန်အေးတယ်၊ မြောက်လေလေးကလည်း တိုက်နေတယ်။ အဲဒီအချိန်မှာ ဘယ်လိုလုပ် ချမ်းချမ်းသာသာ အိပ်မလဲ။ ဘုန်းကြီးတို့တစ်တွေ စဉ်းစားသာကြည့်တော့၊ ဆောင်းရာသီမှာ အိမ်အပြင်

စာမျက်နှာ-၄၄
ထွက်ပြီးတော့ အဝတ်ပါးလေးနဲ့ နေကြည့်ပါလား၊ ဘယ်လိုလုပ် ချမ်းသာမှာတုန်းနော်၊ ချမ်းလွန်းလို့ အိပ်လို့တောင်ရမှာမဟုတ်ဘူး။

သို့သော် မြတ်စွာဘုရားက “အေး၊ ငါ ချမ်းချမ်းသာသာ အိပ်ရတယ်၊ လောကမှာ ချမ်းချမ်းသာသာ အိပ်ရတဲ့ပုဂ္ဂိုလ်တွေထဲမှာ ငါတစ်ယောက်အပါအဝင်ပဲ” လို့ပြောလိုက်တာ အံ့ဩဖွယ်ရာဖြစ်လို့ ဒီမင်းသားလေးကမေးတယ်၊ အဲဒီတော့ မြတ်စွာဘုရားက “အေး၊ မင်းကမေးတော့ ငါဖြေရမယ်တဲ့၊ ငါပြောမယ်”တဲ့။

“အင်မတန် ချမ်းသာကြွယ်ဝတဲ့ သူဌေးသား (သို့မဟုတ်) သူဌေးတစ်ဦးဟာ လှပဆန်းကြယ်တဲ့ တိုက်ကြီးတစ်တိုက်ကို တည်ထားတယ်၊ တံခါးတွေလည်း တပ်ဆင်ထားတယ်။ လေသာပြတင်းတွေလည်း တပ်ဆင်ထားတယ်။ အဲဒီတိုက်အိမ်ထဲမှာ မွေးရှည်ကော်ဇောကြီးတွေ ခင်းထားပြီးတော့ အိပ်စက်ရာ သလွန်ညောင်စောင်းကလည်း အင်မတန်မှ ခမ်းနားတယ်။ ခုခေတ်လို ဆိုဖာကြီးတွေနဲ့ အင်မတန်မှ အိစက်

စာမျက်နှာ-၄၅
ညက်ညောတဲ့ အိပ်ရာပေါ်မှာ အခန်းက လေလုံမိုးလုံ၊ အိစက်ညက်ညောတဲ့ အဆင့်အတန်းမြင့်တဲ့ အိပ်ရာကြီးပေါ်မှာအိပ်၊ ဘေးကလည်း ဇနီးလေးယောက်က ခြံရံပြီးတော့ ပြုစုနေတယ်၊ တစ်ညလုံးလည်း ဆီမီးကလေးထွန်းထားတယ်၊ အဲဒီလိုအိပ်ယာမျိုးမှာ အိပ်စက်နေရတဲ့ သူဌေးသားကို မင်းဘယ်လိုထင်လဲတဲ့၊ အဲဒီလူဟာ သိပ်ချမ်းချမ်းသာသာ အိပ်ရမယ်လို့ မင်းထင်သလား” လို့ဆိုတော့ “အရှင်ဘုရားတဲ့၊ အဲဒီလိုစည်းစိမ်မျိုးနဲ့ သူဌေးဟာ ဒီလိုအခြေအနေမျိုးမှာ အိပ်ရမယ်ဆိုရင်တော့ အလွန်ချမ်းချမ်းသာသာ အိပ်ရမှာဖြစ်ပါတယ်” လို့ မင်းသားက လျှောက်တာပေါ့။ လောကလူတွေဟာ ဒါဟာ ဇိမ်ကျတယ်လို့ ယူဆမှာပေါ့။ အဲဒီလိုအိပ်ယာမျိုးမှာ အိပ်လိုက်ရလို့ရှိရင်တော့ ဇိမ်ကျတယ်လို့ပဲ ပြောကြမယ်။ ချမ်းချမ်းသာသာ အိပ်ရတယ်လို့ပဲ ပြောကြမှာပဲ။ သူလည်း အဲဒီအတိုင်းပဲပြောလိုက်တယ်။

စာမျက်နှာ-၄၆
အဲဒီတော့ မြတ်စွာဘုရားက “ချမ်းချမ်းသာသာ အိပ်စက်ရခြင်းရဲ့ အဓိပ္ပာယ်”ကို မင်းသားနားလည်အောင် ထပ်ပြီးတော့ ရှင်းပြတယ်။ ကျိုးတို့ကျဲတဲ သစ်ပင်အောက်မှာ ကျိန်းစက်ရတာနဲ့ ခုနက လေလုံမိုးလုံ တိုက်ကြီးထဲမှာ ခမ်းခမ်းနားနား အိပ်ယာကြီးတွေနဲ့ အိပ်စက်ရတာ ကြည့်မယ်ဆိုလို့ရှိရင် သစ်ပင်အောက် အိပ်စက်ရတာ ဆင်းရဲတယ်၊ ခုနက သူဌေးသား အိပ်စက်ရတဲ့နေရာက အင်မတန်မှ ချမ်းသာတယ်၊ ဒါ လောကလူတွေရဲ့ အမြင်။

မြတ်စွာဘုရားက ရှင်းပြတယ်။ “ကြည့်လေ၊ အဲဒီသူဌေးသားမှာတဲ့ ရာဂစိတ်တွေ ဖြစ်ပွားလာလို့ရှိရင် စိတ်နှလုံးဟာ ပူပန်လာလိမ့်မယ်၊ ရာဂဆိုတာ ဘယ်တော့မှ အလိုမကျဘူး၊ တဏှာရာဂဆိုတာ အလိုမကျဘူး၊ စိတ်နှလုံးကို ပူပန်စေတတ်တယ်၊ ကိုယ်ဆင်းရဲမှုကို ဖြစ်စေတတ်တယ်။ စိတ်ဆင်းရဲမှုကို ဖြစ်စေတတ်တယ်။ အဲဒီကိုယ်၊ နှုတ်၊ နှလုံးကို ပူပန်စေတတ်တဲ့ ရာဂကြောင့် ဖြစ်ပေါ်လာတဲ့အပူတွေ၊ အဲဒီအပူတွေ

စာမျက်နှာ-၄၇
ရှိနေမယ်ဆိုလို့ရှိရင် ဘယ်လောက်ကောင်းတဲ့ အိပ်ယာပေါ်အိပ်အိပ် ချမ်းချမ်းသာသာ အိပ်စက်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား”တဲ့။

“အဲဒီလို ရာဂဆိုတဲ့ အတွင်းအပူတွေ၊ စိတ်နှလုံးထဲမှာ ပူလောင်နေတဲ့ အပူတွေနဲ့ အိပ်စက်လို့ရှိရင် သူဟာ ဆင်းဆင်းရဲရဲ အိပ်စက်ရတာပဲ။ အဲဒီလို ဆင်းဆင်းရဲရဲ အိပ်စက်ရခြင်းအကြောင်းဖြစ်တဲ့ ရာဂဆိုတဲ့တရားကို ငါဟာ အလျဉ်းပယ်ထားပြီးသား ဖြစ်တယ်။ ငါ့မှာ စိတ်နှလုံးကို ပူပန်စေတတ်တဲ့ ရာဂဆိုတာ မရှိဘူး”တဲ့။

ဆိုလိုတာက မြတ်စွာဘုရားမှာ အတွင်းအပူမရှိဘူးပေါ့။ ခုနက အပြင်က ဘယ်လောက်ဇိမ်ကျကျ အတွင်းက အပူနဲ့ဆိုရင် ဘယ်တော့မှ ချမ်းသာမှာမဟုတ်ဘူးပေါ့။ စိတ်နှလုံးအေးချမ်းမှုဆိုတာ အပြင်နဲ့ သိပ်ပြီးမဆိုင်ဘူး။ အတွင်းနဲ့ပိုပြီးတော့ ဆိုင်တယ်ပေါ့။ အပြင်အနေအထားက ဘယ်လောက်ကောင်းနေနေ အတွင်းသားက ပူပန်မှုတွေရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်

စာမျက်နှာ-၄၈
ဟာ ဘယ်တော့မှ ချမ်းသာဖို့ရာဆိုတာ မရှိနိုင်ဘူးပေါ့။ အပေါ်ယံရွှေမှုန်ကြဲ အထဲက နွားချေးခံဆိုတာ အတွင်းထဲက အပူတွေစုနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့ နှလုံးသားဟာ ဘယ်တော့မှအေးချမ်းမှာမဟုတ်ဘူး။

မြတ်စွာဘုရားက “ငါ့ရဲ့နှလုံးသားဟာ ရာဂဆိုတဲ့ ပူပန်စေတတ်တဲ့တရားတွေ လုံးဝကင်းရှင်းပြီးပြီ၊ လုံးဝအကြွင်းအကျန်မရှိအောင် ပယ်ထားပြီးဖြစ်သည့်အတွက်ကြောင့် ငါဟာ ချမ်းချမ်းသာသာ အိပ်စက်ရတာဖြစ်တယ်”။

ရာဂဆိုတဲ့အပူမရှိလို့ ချမ်းချမ်းသာသာ အိပ်စက်ရတယ်။ ထို့အတူပဲ ဒေါသကြောင့်ဖြစ်ခဲ့တဲ့ ပူပန်ဆင်းရဲမှုတွေဆိုတာ ရှိတယ်၊ ကြည့်လေ၊ တစ်ယောက်နဲ့တစ်ယောက် မတည့်လို့ စိတ်ကောက်နေမယ်ဆိုလို့ရှိရင် အိပ်ပျော်မှာမဟုတ်ဘူးလေ။ အဲဒီနေ့ဟာ အိပ်မပျော်ဘူး၊ စိတ်ထဲမှာ အလိုမကျဖြစ်နေပြီ။ ဒေါသထွက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အိပ်လို့မရဘူး။ ဘယ်လောက်ကောင်းတဲ့ အိပ်ရာကြီးပေါ်တင်ပေး

စာမျက်နှာ-၄၉
တင်ပေး ဒီပုဂ္ဂိုလ် တအုံနွေးနွေးနဲ့ စိတ်ဆိုးပြီးတော့ စိတ်ထဲမှာ ဘယ်တော့မှ ချမ်းသာမှာမဟုတ်ဘူး။

အေး၊ မြတ်စွာဘုရားက “ငါ့မှာ ဒီလိုတအုံနွေးနွေး ရင်ကိုပူနွေးစေတတ်တဲ့၊ ပူလောင်စေတတ်တဲ့ ဒေါသဆိုတာ ငါ့မှာမရှိတော့ဘူးတဲ့။ လုံးဝဖယ်ရှားထားပြီးသားဖြစ်တယ်၊ ဒါကြောင့်မို့လို့ ငါ့ရဲ့ရင်ဟာ အေးနေတယ်ပေါ့။ အေးနေသည့်အတွက်ကြောင့် ငါဟာ ချမ်းချမ်းသာသာ အိပ်ရတယ်”တဲ့။

ထို့အတူပဲ မောဟ၊ အမှန်မသိတဲ့ မောဟကလည်းပဲ ပြဿနာတွေကို တက်စေတတ်တယ်။ ပြဿနာကို တက်စေတတ်သည့်အတွက်ကြောင့် မောဟကလည်း ပူလောင်မှုကို ဖြစ်ပေါ်စေတတ်တဲ့ သဘာဝတရားတစ်ခုပဲ။ အဲဒီပူလောင်မှုကို ဖြစ်စေတတ်တဲ့ မောဟရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်တော့မှ ချမ်းချမ်းသာသာ အိပ်စက်ရတယ်ဆိုတာ မဖြစ်နိုင်ဘူးတဲ့။ အဲဒီမောဟဆိုတဲ့တရားကို ငါ့သန္တာန်မှာ အကြွင်းအကျန်မရှိအောင် ငါဖယ်ရှားထားပြီးသားဖြစ်တယ်။ ငါ့ရဲ့

စာမျက်နှာ-၅၀
သန္တာန်မှာ နှလုံးသားကို ပူလောင်စေတတ်တဲ့ ရာဂဆိုတာလည်း မရှိဘူး။ ဒေါသဆိုတာလည်း မရှိဘူး။ မောဟဆိုတာလည်း မရှိဘူး။ တခြားအကုသိုလ်တွေလည်း မရှိဘူး။ ဒါကြောင့်မို့လို့ နှလုံးသားဟာ ကြည်လင်အေးမြပြီးတော့ ငြိမ်းချမ်းနေတာ။

“ငါ့ရဲ့ အိပ်စက်နားနေမှုဟာ ဘယ်နေရာဖြစ်ဖြစ် အတွင်းက နှလုံးသား အေးချမ်းနေသည့်အတွက်ကြောင့် ဘယ်တော့ပဲဖြစ်ဖြစ် ချမ်းသာနေတာပဲ” လို့ ဒီလိုဟောတာ။

အဲဒီတော့ ဘုန်းကြီးတို့တစ်တွေက အပြင်ကိုကြည့်ပြီးတော့ ချမ်းသာတယ်လို့ ပြောနေကြတာ။ အတွင်းက ပူလောင်နေတာကို လူတွေက မသိကြဘူး၊ အတွင်းပူနဲ့ အပြင်ပူဆိုတဲ့နေရာမှာ အပြင်ပူကို ခံနိုင်တယ်။ အတွင်းပူက မခံနိုင်ဘူး။ လောကလူတွေ ဒုက္ခရောက်နေတာဟာ အတွင်းအပူကြောင့် ဒုက္ခရောက်နေတာ၊ အတွင်းပူရှိလာလို့ရှိရင် အပြင်ပူထက် ဆိုးတယ်ပေါ့။ အပြင်ပူပူတာက တစ်ခဏမျှသာပူတာ၊

စာမျက်နှာ-၅၁
အတွင်းပူ ပူပြီဆိုလို့ရှိရင် တစ်သံသရာလုံး ဒုက္ခရောက်သွားနိုင်တယ်ပေါ့။

အေး၊ အဲဒီအခြေအနေကို ရည်ညွှန်းပြီးတော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က လောကမှာတဲ့၊ တွယ်တာမှုတွေ မရှိဘူး၊ မုန်းတီးမှုတွေ မရှိဘူး၊ တွေဝေမှုကြောင့် မှားမှားယွင်းယွင်း ချွတ်ချော်မှုတွေ မရှိဘူးဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အမြဲတမ်း ချမ်းချမ်းသာသာ အိပ်စက်ရတဲ့ ပုဂ္ဂိုလ်ပဲဖြစ်တယ်တဲ့။ နှလုံးသားကို ပူလောင်စေတတ်တဲ့၊ ကိလေသာတွေ မကင်းသေးတဲ့ ပုဂ္ဂိုလ်ဟာ ကိလေသာတွေ နှလုံးသားထဲမှာ မငြိမ်းသေးဘူးဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်ဟာ ဘယ်တော့မှ ချမ်းချမ်းသာသာ အိပ်စက်ရတဲ့ပုဂ္ဂိုလ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဟတ္ထကမင်းသားကို ရှင်းလင်းပြီး မြတ်စွာဘုရားက ဟောတာ။

အဲဒီတော့ မြတ်စွာဘုရားရဲ့ အဓိပ္ပာယ်က ချမ်းချမ်းသာသာ အိပ်စက်ရခြင်းဆိုသည်မှာ နှလုံးသားအပူငြိမ်းပြီးတော့ ကိလေသာခပ်သိမ်း ငြိမ်းနေတဲ့ပုဂ္ဂိုလ်

စာမျက်နှာ-၅၂
ရဲ့ အိပ်စက်မှုသာလျှင် ချမ်းချမ်းသာသာ အိပ်စက်ရခြင်းလို့ ဆိုနိုင်တယ်။ ကိလေသာအပူတွေရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့ အဆင့်အတန်းမြင့်တဲ့ အိပ်ရာကြီးတွေပေါ်မှာ အိပ်ခြင်းဟာ အပြင်ပန်းအားဖြင့် ဇိမ်ကျတယ်၊ ချမ်းသာတယ်လို့ ဒီလိုထင်ရသော်လည်း အတွင်းအပူတွေ နှိပ်စက်နေသည့်အတွက်ကြောင့် ပူလောင်မှုတွေနဲ့ လုံးပမ်းနေရလို့ သူ့ရဲ့စိတ်နှလုံးဟာ အေးချမ်းမှုမရှိဘူး၊ စိတ်နှလုံးအေးချမ်းမှုမရှိသည့်အတွက်ကြောင့် အဲဒီပုဂ္ဂိုလ်ဟာ ချမ်းချမ်းသာသာ အိပ်စက်ရတယ်ဆိုတဲ့အဓိပ္ပာယ် မရပါဘူးတဲ့၊ ဆင်းဆင်းရဲရဲပဲ အိပ်စက်ရပါတယ်။

တကယ်လည်းပဲ လောဘ၊ ဒေါသ၊ မောဟဆိုတာတွေရဲ့ အနှောင့်အယှက်ကြောင့် ထိုပုဂ္ဂိုလ်ဟာ ဘယ်တော့မှ ချမ်းချမ်းသာသာ အိပ်စက်ရမှာမဟုတ်ဘူး။ စိတ်ထဲမှာ အလိုမကျမှုတွေနဲ့ လုံးထွေးပြီးတော့ စိတ်နှလုံးဟာ ပူပန်နေသည့်အတွက်ကြောင့် စိတ်ငြိမ်းချမ်းမှုဆိုတာ လုံးဝမရနိုင်ဘူးတဲ့။

စာမျက်နှာ-၅၃
အေး၊ ဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ချမ်းသာစွာ အိပ်စက်ရတယ်ဆိုတဲ့ တကယ့်အဓိပ္ပာယ်ဟာ နှလုံးသားအေးချမ်းမှုရှိမှ ချမ်းသာစွာ အိပ်စက်ရတယ်။ ရာဂ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာတွေ ချုပ်ငြိမ်းမှသာလျှင် တကယ့်ကို အေးချမ်းတယ်ဆိုတာကို ပြောလို့ရမယ်။ ချမ်းသာစွာ အိပ်စက်ရတယ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ တကယ့်ကို ရာဂ၊ ဒေါသ၊ မောဟ ငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်မှသာ ဖြစ်နိုင်တယ်ပေါ့။

အေး၊ လောကမှာ အိပ်မရလို့ အိပ်ဆေးသောက် အိပ်ရတဲ့ လူတွေကော မရှိဘူးလား။ အေး၊ သောကတွေ ဖြစ်နေလို့ တစ်ညလုံးအိပ်မပျော်ဘူးတဲ့။ အဲဒီအပူတွေကြောင့် အိပ်မရလို့ အိပ်ဆေးသောက်ပြီးတော့ အိပ်နေကြရတယ်။ အိပ်ဆေးဟာ တကယ့်အဖြေမဟုတ်ဘူး၊ တကယ့်အိပ်ဆေးကတော့ မြတ်စွာဘုရားရဲ့ တရားတော်သာဖြစ်တယ်ပေါ့။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီတရားကို လိုက်နာကျင့်ကြံကြိုးကုတ် အားထုတ်မယ်

စာမျက်နှာ-၅၄
ဆိုလို့ရှိရင် လောဘတွေလျော့ချနိုင်မယ်၊ ဒေါသတွေလျော့ချနိုင်မယ်၊ မောဟတွေလျော့ချနိုင်မယ်။ နောက်ဆုံး လောဘ၊ ဒေါသ၊ မောဟတွေကင်းပြီးတော့ နှလုံးသားရဲ့ ပူလောင်မှုတွေ အကုန်ကင်းသွားရင် ဘယ်နေရာနေနေ စိတ်နှလုံးဟာ အေးချမ်းမှာပဲဖြစ်တယ်။ ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့၊ တို့တစ်တွေဟာ စိတ်နှလုံးအေးချမ်းသာယာမှုရှိမှသာလျှင် ချမ်းသာစွာအိပ်စက်ရတယ်ဆိုတဲ့ အဓိပ္ပာယ်ကို အပြည့်အဝရကြရမှာဖြစ်တယ်။ သာမန်အားဖြင့် ကြည့်ပြီးတော့ တို့တစ်တွေဟာ ချမ်းသာစွာအိပ်စက်ရတယ်လို့ ဖြေလို့ရှိရင် မပြည့်စုံတဲ့ စကားမျိုးသာဖြစ်တယ်ပေါ့။ အေး၊ အဲဒီလိုသဘောကျပြီးတော့ တို့တစ်တွေ ချမ်းချမ်းသာသာ အိပ်စက်ရခြင်းရဲ့ အဓိပ္ပာယ်ပြည့်စုံအောင် ဘာလုပ်ရမလဲ။ နှလုံးသားကို ပူလောင်စေတတ်တဲ့ ရာဂတွေ ဖယ်ရှားဖို့ ကြိုးစား

စာမျက်နှာ-၅၅
ရမယ်၊ ဒေါသတွေဖယ်ရှားဖို့ ကြိုးစားရမယ်၊ မောဟတွေဖယ်ရှားဖို့ ကြိုးစားရမယ်။

ကဲ၊ ကြိုးစားပြီဆိုတဲ့အခါမှာ ရာဂကို ဘာနဲ့ဖယ်ရှားမလဲ၊ ရာဂကို ဖယ်ရှားဖို့ရာအတွက် နံပါတ်(၁)က ဘုန်းကြီးတို့တစ်တွေ ရာဂဟာ ဘာကြောင့်ဖြစ်နေသလဲလို့ဆိုရင် တင့်တယ်မှုလို့ စိတ်ကအာရုံပြုနေသည့်အတွက်ကြောင့် “သုဘနိမိတ်”ကို အာရုံပြုထားသည့်အတွက်ကြောင့် ရာဂဟာ တိုးသည်ထက်တိုးလာတာဖြစ်တယ်။ ဒါကြောင့်မို့လို့ မတင့်တယ်ဘူးလို့ဆိုတဲ့ အသုဘကမ္မဋ္ဌာန်း (အေး၊ ဗမာစကားထဲမှာ အသုဘဆိုလို့ရှိရင် မသာသွားသွားပြီး သတိရနေတာမျိုး ဖြစ်တတ်တယ်နော်။ အဲဒါကိုပြောတာမဟုတ်ဘူး)ကို မိမိတို့အသက်ရှင်လျက်ဖြစ်သော်လည်း ခန္ဓာကိုယ်မှာ တင့်တယ်မှုမရှိတာတွေကို ဆင်ခြင်စဉ်းစားရမယ်တဲ့။

ရွံရှာဖွယ်သဘောတွေကို ဆင်ခြင်စဉ်းစားတတ်ရမယ်။ ဘယ်လိုဆင်ခြင်စဉ်းစားတတ်ရမလဲဆိုရင် ကြည့်လေ၊ ကိုယ့်ခန္ဓာကိုယ်ဟာ မတင့်တယ်ဘူး၊ ရွံစဖွယ်

စာမျက်နှာ-၅၆
ဆိုတာဟာ အလွယ်လေးနဲ့ စဉ်းစားလို့ရတယ်။ ကိုယ့်ကိုယ်ကို တစ်လ နှစ်လ ရေမချိုး မျက်နှာမသစ်ဘဲနဲ့ နေကြည့်ပေါ့၊ မွှေးကြိုင်တဲ့အနံ့ ထွက်မလား၊ နံစော်တဲ့အနံ့ ထွက်လာမလား စဉ်းစားကြည့်ပေါ့။ ခန္ဓာကိုယ်ရဲ့ သဘာဝဟာ တကယ်တော့ လှပတင့်တယ်တာမဟုတ်ဘူး၊ အပြင်က ဝတ်စားဆင်ယင်တာတို့၊ ဖီးလိမ်းတာတို့ ဒါတွေကြောင့်မို့လို့ လူတွေဟာ လူကြားထဲမှာ ဝင်လို့ရတာနော်။

အေး၊ အဲဒီလို မတင့်မတယ် ရွံစဖွယ်သဘောတွေကို ဆင်ခြင်စဉ်းစားရင်းဖြင့်၊ အသုဘသညာကို နှလုံးသွင်းခြင်းဖြင့် ရာဂကို ဖယ်ရှားနိုင်တယ်တဲ့။ ရာဂကို လျှော့ချနိုင်တယ်။ ရာဂ လျော့ကျသွားတာနဲ့တစ်ပြိုင်နက် နှလုံးသားရဲ့ ပူလောင်မှုတွေဟာ လျော့ကျသွားမယ်။ လျော့ကျသွားတာနဲ့တစ်ပြိုင်နက် ချမ်းချမ်းသာသာ အိပ်စက်ရဖို့ ဖြစ်ပေါ်လာလိမ့်မယ်။

ထို့အတူပဲ ဘုန်းကြီးတို့တစ်တွေရဲ့ နှလုံးသားထဲမှာ မုန်းတီးမှုတွေကို သိမ်းထားမယ်ဆိုလို့ရှိရင် နှလုံးသား

စာမျက်နှာ-၅၇
အမုန်းတရားတွေ လွှမ်းမိုးနေသည့်အတွက်ကြောင့် ဘယ်တော့မှချမ်းသာမှာ မဟုတ်ဘူးတဲ့။ အဲဒီအမုန်းတရားတွေကို ဖယ်ရှားနိုင်ဖို့အတွက် မေတ္တာသက်ဝင် ချစ်ခင်စေတတ်တဲ့ မေတ္တာတရားကို ပွားများအားထုတ်ကြရမယ်။ မေတ္တာနှလုံးသားနဲ့ အစားထိုးပြီး နေနိုင်မှသာလျှင် အမုန်းတရားတွေ ကင်းစင်သွားလိမ့်မယ်။ မေတ္တာသက်ဝင် ချစ်ခင်တဲ့၊ ကြည်လင်အေးမြတဲ့ စိတ်ဓာတ်ကို ရရှိလာတဲ့အခါမှာ ချမ်းချမ်းသာသာ အိပ်စက်ရမှုဆိုတာ ဖြစ်ပေါ်လာမှာပါ။ အဲဒီလိုမဟုတ်ဘဲနဲ့ အမုန်းတရားတွေ နှလုံးသားထဲမှာထားမယ်ဆိုလို့ရှိရင် ချမ်းချမ်းသာသာ အိပ်စက်ရမှုဆိုတာ ဘယ်တော့မှရမှာမဟုတ်ဘူးတဲ့။

ထို့အတူပဲ အသိဉာဏ်ကင်းမဲ့နေကြမယ်ဆိုလို့ရှိရင် လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားမသိဘူး။ မသိသည့်အတွက်ကြောင့် မလုပ်သင့်တာတွေ လုပ်လိမ့်မယ်။ လုပ်သင့်တာတွေကို မလုပ်ဘူးလို့ဆိုလို့ရှိရင် ပြဿနာတွေတက်မယ်။ ပြဿနာတွေတက်ရင် ထို

စာမျက်နှာ-၅၈
ပြဿနာကြောင့် စိတ်တွေက တည်ငြိမ်မှုမရဘူးတဲ့။

မောဟကြောင့် ဖြစ်ပေါ်လာတဲ့ ရင်ထဲမှာ ပူနွေးစေတဲ့ အခြေအနေမျိုးတွေ ရောက်လာတယ်။ ဒါကြောင့်မို့ အဲဒီမောဟကို ပယ်ဖျောက်ဖို့ရာအတွက် အသိပညာရအောင် ကြိုးစားကြရမယ်။ အသိပညာရဖို့ရာအတွက် တရားနာရမယ်၊ တရားစာအုပ်တွေ ဖတ်ရမယ်။ သုတမယဉာဏ်ရမယ်၊ ကမ္မဋ္ဌာန်းတရား အားထုတ်ရမယ်၊ အားထုတ်လို့ရှိရင် ဘာဝနာမယဉာဏ်တွေ ရလာမယ်။ သုတမယပညာ၊ ဘာဝနာမယပညာ ဒီပညာနှစ်ခုနဲ့ မောဟကို လျော့ချနိုင်တာပေါ့။ ။

နောက်ဆုံးမှာ သဘာဝတရားတွေရဲ့ အစစ်အမှန်ကို သိမြင်ခြင်းဖြင့် မှန်မှန်ကန်ကန် စဉ်းစားတွေးခေါ်နိုင်တဲ့ အသိဉာဏ်ကို ရရှိခြင်းဖြင့်၊ သင်္ခါရတရားတွေရဲ့ မမြဲတဲ့ သဘောတွေကို ဆင်ခြင်စဉ်းစားခြင်းဖြင့် ဘုန်းကြီးတို့တစ်တွေဟာ ပူလောင်မှုတွေရော၊ တပ်မက်မှုတွေရော အားလုံးကို လျော့ချသွားနိုင်ပါလိမ့်မယ်တဲ့။ အဲဒီလို ပူလောင်မှုတွေ၊ တပ်မက်မှုတွေ လျော့ချသွား

စာမျက်နှာ-၅၉
နိုင်တာနဲ့ တစ်ပြိုင်နက် ချမ်းသာစွာအိပ်စက်ရမှုဆိုတာ ရရှိလာမှာဖြစ်ပါတယ်။

ရာဂ၊ ဒေါသ၊ မောဟဆိုတဲ့ အခြေခံ အကုသိုလ်တရား (၃)ပါးကို ဖယ်ရှားပစ်ခြင်းဖြင့် အခြားအကုသိုလ် သဘာဝတရားတွေကိုလည်း ဖယ်ရှားနိုင်မှာဖြစ်တယ်။

တရားချစ်ခင် သူတော်စင် ပရိသတ်တို့၊ တို့တစ်တွေ ချမ်းချမ်းသာသာ အိပ်စက်ရဖို့အတွက် ဘာလုပ်ရမလဲဆိုရင် ရာဂ၊ ဒေါသ၊ မောဟဆိုတဲ့ ဒီတရားတွေကို ဖယ်ရှားဖို့ရာ အဓိကဖြစ်တယ်ဆိုတာ ကိုယ်စီကိုယ်ငှ သဘောကျပြီးတော့ ဟောဒီ ဟတ္ထကသုတ်မှာလာတဲ့ မြတ်စွာဘုရားရဲ့ အဖြေအတိုင်း ချမ်းသာစွာအိပ်စက်ရခြင်းရဲ့ အဓိပ္ပာယ်ကို အလေးအနက် စဉ်းစားပြီး လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာအပူတရားတွေကို ဖယ်ရှားနိုင်အောင် ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ကြပါစေကုန်သတည်း။
hulvejtby7g6ofk0zzedtz4rx20x9kt
ခန္ဓသုတ် အနှစ်ချုပ်
0
6357
22111
22085
2026-06-15T03:17:44Z
Tejinda
173
22111
wikitext
text/x-wiki
{{header
| title = ခန္ဓသုတ် အနှစ်ချုပ်
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ချမ်းသာစွာအိပ်စက်ရခြင်း]]
| previous2 =
| next = [[စံထားရမည့် ကိုယ်ကျင့်တရားရှိသူများ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

ခန္ဓသုတ် အနှစ်ချုပ် (အန္တရာယ် ကာကွယ်ခြင်း)
မှတ်တမ်း သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တန်ခူးလဆန်း(၄)ရက်၊ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဝါးရုံဆိပ်ရပ်ကွက်လုံးဆိုင်ရာ (၇၄)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်နှင့် စပ်လျဉ်း၍ ဒုတိယအကြိမ်မြောက် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မပူဇာ ဓမ္မသဘင်ပွဲဝယ် ဟောကြားအပ်သော ခန္ဓသုတ် အနှစ်ချုပ် (အန္တရာယ် ကာကွယ်ခြင်း) တရားဒေသနာတော်။

ခန္ဓသုတ် အနှစ်ချုပ် (အန္တရာယ်ကာကွယ်ခြင်း) အန္တရာယ်ဆိုတာ ကောင်းကျိုးချမ်းသာတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ ဝင်ရောက်နှောင့်ယှက်ပြီး ဆင်းရဲဒုက္ခတွေ ပေးတတ်တဲ့ အကြောင်းတရားမျိုးကို ခေါ်တယ်။ လူ့လောက လူ့ဘဝ ရောက်လာတဲ့အခါမှာ အန္တရာယ်ဆိုတာ ရှိတယ်ပေါ့။ ပါဠိစကား “အန္တရာယ” ကြားဖြတ်ဝင်လာတဲ့ မမျှော်လင့်တဲ့ မလိုလားအပ်တဲ့ အဖျက်အဆီးလို့ ဒီလို အဓိပ္ပါယ်ရတယ်။ ဒီကြားဖြတ်ဝင်လာတဲ့ အဖျက်အဆီး ကြုံနေလို့ရှိရင် အန္တရာယ်ကြုံတယ်လို့ လောကလူတွေ

စာမျက်နှာ-၂
က ပြောကြတယ်။ အဲဒီ အန္တရာယ်ကို ဘယ်လိုကာကွယ်မလဲဆိုတဲ့ ကာကွယ်တဲ့ နည်းစနစ်တွေကို မြတ်စွာဘုရားက ဟောကြားထားတယ်။

ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ဟာ ငယ်စဉ်တောင်ကျေး ကလေးဘဝကစပြီး ပရိတ်ကြီး (၁၁)သုတ်ဆိုတာ လေ့လာကျက်မှတ်ကြရတယ်။ အန္တရာယ်ကာကွယ်ဖို့အတွက် အဓိက ရည်ရွယ်ပြီး ဟောထားတဲ့သုတ္တန်တွေစုပေါင်းပြီး ပရိတ်ကြီး(၁၁)သုတ်ကို မြန်မာနိုင်ငံမှာ သင်ရိုးပြုကြတယ်။ ပရိတ် ဆိုတဲ့စကားက “ပရိတ္တ” ဆိုတဲ့ပါဠိကလာတဲ့စကား ဖြစ်တယ်။ “ကာကွယ်ခြင်း”လို့ ဒီလိုအဓိပ္ပါယ်ရတယ်။ ဘာကို ကာကွယ်တာတုန်းဆိုတော့ အန္တရာယ်ကို ကာကွယ်တယ်။ လောကလူတွေဟာ နေ့စဉ်နှင့်အမျှ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့အခါမှာ ကြားဖြတ်ပြီးတော့ နှောင့်ယှက်ဝင်ရောက်လာတဲ့

စာမျက်နှာ-၃
အန္တရာယ်တွေကို မကာကွယ်နိုင်ဘူးဆိုရင် ဘဝအောင်မြင်မှုဆိုတာကို ကြိုးပမ်းအားထုတ်နိုင်ကြမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ အန္တရာယ်ကင်းအောင် ကြိုးစားကြရတယ်။ ။

အန္တရာယ်ဆိုတာ မြင်ရတဲ့အန္တရာယ် ရှိသလို မမြင်ရတဲ့ အန္တရာယ်လည်းရှိတယ်။ မြင်ရတဲ့ အန္တရာယ်ကျတော့ ကြည့်ပြီးရှောင်လို့ရတယ်၊ မမြင်ရတဲ့ အန္တရာယ်တော့ မိမိမမြင်နိုင်သည့်အတွက် ကြုံလာတဲ့အခါမှာ ရုတ်တရက် ဆုံတွေ့ရတာ ဖြစ်သောကြောင့် မရှောင်လွဲနိုင်ကြဘူးတဲ့။ အန္တရာယ်နဲ့ ကြုံကြရတယ်။ အဲဒါတွေကို ကာကွယ်ဖို့နည်းစနစ်တွေ မြတ်စွာဘုရားက ဟောထားတယ်။

ဒီကနေ့ မြတ်စွာဘုရားဟောထားတဲ့ ပရိတ်တရားတော်တွေထဲမှာ အားလုံးကြားဖူးပြီးသားဖြစ်တဲ့ “ခန္ဓပရိတ္တ”၊ “ခန္ဓသုတ်”ဆိုတာ ရှိတယ်။ လယ်ယာ

စာမျက်နှာ-၄
ကိုင်းကျွန်း လုပ်ငန်းတွေနဲ့ အသက်မွေးနေကြတဲ့ တောင်သူလယ်သမား ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ မြွေဆိုးတွေရဲ့ အန္တရာယ်ကို မကြာခဏ ကြုံတွေ့ကြရလို့ မြန်မာနိုင်ငံအနှံ့အပြားမှာ နှစ်စဉ်နဲ့အမျှ မြွေကိုက်ခံကြရတယ်၊ အသက်ဆုံးသွားရတဲ့ပုဂ္ဂိုလ်တွေ နည်းတာမဟုတ်ဘူး။ အဲဒီလိုမြွေအန္တရာယ်နဲ့ ကြုံပြီး အသက်ဆုံးကြရတာမျိုးတွေ မဖြစ်အောင် ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မထဲမှာ ကာကွယ်တဲ့ နည်းစနစ်တွေ ရှိတယ်။

ပရိတ်ကြီး(၁၁)သုတ်ထဲမှာ ပါတဲ့ “ခန္ဓသုတ်”ဆိုတာ ဒီကနေ့ မှတ်သားနာယူပြီး မြွေဆိုးတွေရဲ့ အန္တရာယ်၊ အခြားအဆိပ်အတောက်ရှိတဲ့ သတ္တဝါတွေရဲ့ အန္တရာယ်၊ ဒါတင်မကဘူး လောကမှာ ကြုံတွေ့ရတဲ့အန္တရာယ်မျိုးစုံက ဟောဒီပရိတ်တရားတွေ

စာမျက်နှာ-၅
ကို ရွတ်ဖတ်သရဇ္ဈာယ်ပြီး ထိုပရိတ်တရားတော်အတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် အန္တရာယ်ကင်းရှင်းနိုင်တယ်တဲ့။ အဲဒါကြောင့်မို့ ယုံယုံကြည်ကြည်နဲ့ ဒီပရိတ်တရားတော်လာ ကျင့်စဉ်များကို ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့် အဆိပ်အတောက်ရှိတဲ့ သတ္တဝါတွေရဲ့ အန္တရာယ်ဟာ ကာကွယ်ပြီးသားဖြစ်တယ်။ အန္တရာယ်ကင်းပြီးတော့ မိမိတို့လုပ်ငန်းဆောင်တာတွေ ဖြောင့်ဖြောင့်ဖြူးဖြူး ဒီလိုဖြစ်နိုင်တယ်ပေါ့။

“ခန္ဓသုတ်”လို့ ပရိတ်ကြီး(၁၁)သုတ်မှာ ပါရှိသော်လည်း အင်္ဂုတ္တရနိကယ်မှာတော့ “အဟိရာဇကုလသုတ်” လို့ခေါ်တယ်။ “အဟိရာဇကုလ”ဆိုတာ “အဟိ”ဆိုတာ မြွေ၊ “ရာဇကုလ”မှာ မင်းမျိုး၊

စာမျက်နှာ-၆
မြွေမင်းမျိုးနဲ့ ပတ်သက်တဲ့သုတ်လို့ ဒီလိုဟောတယ်။ ၅၅၀-ဇာတ်ထဲမှာ ဒီသုတ္တန်ကို ခန္ဓဇာတ်ဆိုပြီး မြတ်စွာဘုရား ဟောထားတာရှိတယ်။ ကျင့်စဉ်ကတော့ အတူတူပါပဲ။ အဆိပ်အတောက်ရှိတဲ့မြွေတွေ ကိုက်လို့ရှိရင် သို့မဟုတ် မြွေတွေအကိုက်မခံရအောင်၊ မြွေကိုက်သော်လည်းပဲ အဆိပ်မတက်ရလေအောင် ဟောဒီ ခန္ဓသုတ်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ လိုက်နာကျင့်သုံးခြင်းဖြင့် မြွေအန္တရာယ်တွေ ကာကွယ်နိုင်မယ်၊ တခြားအန္တရာယ်တွေကိုလည်း ကာကွယ်နိုင်တယ်၊ အလွန်အစွမ်းထက်တယ်လို့ မြတ်စွာဘုရားက ဒီလိုဟောထားတာရှိတယ်။

ဒါကြောင့်မို့ ဒီသုတ်နဲ့ပတ်သက်ပြီးတော့ အားလုံးသိကြတဲ့အတိုင်း
သဗ္ဗာသီဝိသ ဇာတီနံ၊ ဒိဗ္ဗမန္တာဂဒံ ဝိယ။

စာမျက်နှာ-၇
ယံ နာသေတိ ဝိသံ ဃောရံ၊
သေသဉ္စာပိ ပရိဿယံ၊

အာသီဝိသ၊ “အာသီ”ဆိုတဲ့ အဓိပ္ပါယ်က “အာသု”ဆိုတဲ့ စကားလုံးက လာတာ။ “အာသု”ဆိုတာ လျှင်လျှင်မြန်မြန် တက်လာတတ်တဲ့၊ “ဝိသ” အဆိပ်တဲ့။ အဆိပ်တက်တာ အလွန်မြန်လို့ “အာသီဝိသ”။ မြွေများ လူကိုကိုက်လိုက်ပြီဆိုလို့ရှိရင် အဆိပ်က လူတွေရဲ့ သွေးကြောထဲရောက်ပြီးတော့ အဆိပ်တက်တာ အလွန်မြန်တယ်။ အဲဒီ အဆိပ်လျှင်မြန်တဲ့ မြွေဆိုးတွေကို “အာသီဝိသ”လို့ ခေါ်တယ်။

နောက်အဓိပ္ပါယ်တစ်နည်းက “အာသီ” ဆိုတာ မြွေစွယ်ကိုပြောတာ။ အဲဒီမြွေစွယ်ထဲမှာ အဆိပ်တွေ ရှိတယ်။ မြွေရဲ့ အစွယ်မှာ အခေါင်း

စာမျက်နှာ-၈
ကလေးတွေပါတယ်။ အဲဒီ အခေါင်းကလေးထဲမှာ အဆိပ်တွေပါတယ်။ မြွေက ကိုက်လိုက်ပြီဆိုလို့ရှိရင် လူရဲ့သွေးထဲ အဲဒီအဆိပ်တွေ ကျန်ရစ်တယ်။ အဲဒီအဆိပ်ဟာ လျှင်လျှင်မြန်မြန်နဲ့ အထက်ကိုတက်လာတတ်လို့ “အာသီဝိသ” လျှင်သော အဆိပ်ရှိတယ်။ အဆိပ်တက်လာပြီဆိုလို့ရှိရင် လူတွေဟာ အသက်ရှင်ဖို့ ခက်ခဲသွားတာပေါ့။ ဒါဖြင့် အဲဒီမြွေတွေ အကိုက်မခံရအောင် ဘာလုပ်ရမလဲ။ ဒီသုတ္တန်မှာ ကျင့်စဉ်တစ်ခုကို ပေးထားတယ်။

ဒီသုတ္တန်ကို ရွတ်ဖတ်သရဇ္ဈာယ်ပြီး လိုက်နာကျင့်သုံးမယ်ဆိုရင် “သဗ္ဗာသီဝိသဇာတီနံ” အဆိပ်ပြင်းထန်တဲ့ မြွေတွေအားလုံးရဲ့ ပြင်းထန်တဲ့ အဆိပ်တွေကို “ဒိဗ္ဗမန္တာဂဒံ ဝိယ” နတ်တွေ အသုံး

စာမျက်နှာ-၉
ပြုတဲ့ နတ်မန္တာန်လိုပဲ အလွန်အစွမ်းထက်တယ်တဲ့။ “အဂဒ”ဆိုတာ ဆေး၊ နတ်ဆေးကို အသုံးပြုမယ်ဆိုလို့ရှိရင်လည်း အဆိပ်တွေက ချက်ခြင်းပြေပျောက်သွားတယ်။ မန္တာန်ရွတ်ဖတ်လိုက်လို့ရှိရင်လည်း အဆိပ်တွေက ကျသွားတယ်။ ဒါကြောင့်မို့ နတ်မန္တာန်၊ နတ်ဆေးဝါးနဲ့ အလားတူတယ်လို့ ဒီလိုပြောတာ။ ပြင်းထန်တဲ့ အဆိပ်ကို ချက်ခြင်းဖယ်ရှားပစ်နိုင်တယ်။ အဲဒီလိုဖယ်ရှားပစ်နိုင်တာ ဘယ်နေရာမှာ ဖယ်ရှားပစ်နိုင်တာလဲဆိုတော့ ဒီသုတ္တန်မှာ

အာဏာက္ခေတ္တမှိ သဗ္ဗတ္ထ၊ သဗ္ဗဒါ သဗ္ဗပါဏိနံ။

အာဏာခေတ်ဆိုတာ မြတ်စွာဘုရားရဲ့ ပရိတ်တန်ခိုးတော်တွေလွှမ်းမိုးတည်တဲ့အရာ၊ အစွမ်းတန်ခိုးပျံ့နှံ့ရာနယ်ဟာ ဘယ်လောက်ကျယ်သလဲ

စာမျက်နှာ-၁၀
ဆိုရင် စကြာဝဠာ ကုဋေတစ်သိန်းကျယ်တယ်။ အဲဒီ စကြာဝဠာ ကုဋေတစ်သိန်းဟာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဘယ်မြို့မှာပဲဖြစ်ဖြစ်၊ ဘယ်ရွာမှာပဲဖြစ်ဖြစ်၊ ဘယ်ဒေသမှာပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ ဟောဒီပရိတ်တရားတော်ရဲ့ အစွမ်းတန်ခိုးဟာ ရှိတယ်လို့ ဒီလိုပြောတာ။

အာဏာခေတ်အတွင်းမှာ စကြဝဠာကုဋေတစ်သိန်းမှာရှိတဲ့ တိုင်းပြည်တွေ၊ မြို့ရွာတွေ၊ ဒေသတွေ မည်သည့်နေရာမှာပဲဖြစ်ဖြစ်၊ မည်သည့်အခါမှာပဲဖြစ်ဖြစ် ဟောဒီပရိတ်တရားရဲ့ အစွမ်းတန်ခိုးကြောင့် မြွေဆိုးတွေ မကိုက်နိုင်ဘူး။ မတော်တဆ ကိုက်မိသွားလို့ရှိရင်လည်း မြွေဆိပ်မတက်ဘူးလို့ မြတ်စွာဘုရားက ဟောထားတာနော်။ ဒီသုတ္တန်စကားကို ရွတ်ဖတ်ချင်အောင်လို့ ရှေ့ပိုင်းက အကျိုးကျေးဇူးကို ပြထားတယ်။

စာမျက်နှာ-၁၁
သဗ္ဗာသီဝိသ ဇာတီနံ၊ ဒိဗ္ဗမန္တာဂဒံ ဝိယ။
ယံ နာသေတိ ဝိသံ ဃာရံ၊ သေသဉ္စာပိ ပရိဿယံ။
အာဏာက္ခေတ္တမှိ သဗ္ဗတ္ထ၊ သဗ္ဗဒါ သဗ္ဗပါဏိနံ။
သဗ္ဗသောပိ နိဝါရေတိ၊

ဒါပရိတ်တရားရဲ့ အကျိုးတွေကို ပြောထားတာနော်။ မြွေဆိုးရဲ့ အန္တရာယ်၊ မြွေအဆိပ်ကိုသာ ပယ်နိုင်တာလားဆိုတော့ မဟုတ်ဘူးတဲ့။ “သေသဉ္စာပိ ပရိဿယံ” အခြားသောဘေးရန်တွေကိုလည်းပဲ ကာကွယ်ပေးတယ်လို့ဆိုတော့ ဒီပရိတ်ဟာ ပရိတ်တရားတော်တွေထဲမှာ အစွမ်းထက်ဆုံးလို့တောင် ဆိုနိုင်တယ်။ အဲဒီတော့ ဟောဒီ ခန္ဓသုတ်ဆိုတဲ့

စာမျက်နှာ-၁၂
ပရိတ်တရားဟာ လူတိုင်းကျက်မှတ်ပြီးတော့ လိုက်နာကျင့်သုံးသင့်တယ်၊ မေတ္တာပွားသင့်တယ်။ ပရိတ်တရားတော် ညွှန်ကြားတဲ့အတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်တယ်။

“သဗ္ဗသောပိ နိဝါရေတိ” ဘက်စုံ အန္တရာယ်တွေကို အကာအကွယ်ပေးတယ်လို့ဆိုတာ။ အဲဒါကြောင့်မို့ ဒီပရိတ်တရားကို သင်ယူပြီးတော့ ဘုန်းကြီးတို့တစ်တွေ အန္တရာယ်ကင်းဝေးမှုကို အကာအကွယ်ပြုကြရမှာ ဖြစ်တယ်တဲ့။ မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ အန္တရာယ်ကင်းချင်တယ်၊ အန္တရာယ်ခပ်သိမ်း၊ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းဖို့ ဆုတောင်းနေရုံနဲ့ မရဘူး။ လုပ်ဆောင်ရမယ့်ကိစ္စတစ်ခုကို လုပ်ဆောင်ဖို့လိုအပ်တယ်။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက ဒီ

စာမျက်နှာ-၁၃
ပရိတ်တရားကို ဟောတာ။

ကဲ ဒါဖြင့် အန္တရာယ်ကင်းဖို့အတွက် ဘာလုပ်ရမလဲဆိုတော့ ရှင်းရှင်းလေးပဲ။ ကိုယ့်ကို အန္တရာယ်ပေးတယ်ဆိုတဲ့ အရာတွေဟာ ကိုယ်နဲ့မတည့်ဘူး ရန်သူဖြစ်နေရင် ကိုယ့်ကို အန္တရာယ်ပေးတတ်တာ ဒါသဘာဝပဲ။ အဲဒီတော့ အန္တရာယ်ပေးမယ့်ပုဂ္ဂိုလ်ပဲဟာ ကိုယ်နဲ့မိတ်ဆွေဖြစ်သွားလို့ရှိရင် ကိုယ့်အတွက် အန္တရာယ်မရှိဘူးပေါ့။ အဆိပ်ပြင်းထန်တဲ့ သတ္တဝါတွေနဲ့ မိတ်ဆွေဖွဲ့ဖို့လိုအပ်တယ်တဲ့။

လောကမှာ အဆိပ်ပြင်းထန်တဲ့ မြွေမျိုး၊ နဂါးမျိုးဟာ လေးမျိုးရှိတယ်ဆိုပြီးတော့ မြတ်စွာဘုရားက ပထမစပြီးတော့ ဟောတယ်။

ဝိရူပက္ခေဟိ မေ မေတ္တံ၊

စာမျက်နှာ-၁၄
မေတ္တံ ဧရာပထေဟိ မေ။
ဆဗျာပုတ္တေဟိ မေ မေတ္တံ၊ မေတ္တီ ကဏှာဂေါတမကေဟိ စ။

ကြည့် ပထမအမျိုးအစားဖြစ်တဲ့ မြွေမျိုး၊ နဂါးမျိုးက “ဝိရူပက္ခ”တဲ့။ နောက် ဒုတိယအမျိုးအစားက “ဧရာပထ”တဲ့၊ ဧရာပထမြွေမျိုး။ တတိယအမျိုးအစားက “ဆဗျာပုတ္တ”တဲ့။ စတုတ္ထအမျိုးအစားက “ကဏှာဂေါတမ”တဲ့။ အဲဒီလို မြွေလေးမျိုးရှိတယ်။ “ဝိရူပက္ခ”ဆိုတဲ့ မြွေမျိုး၊ “ဧရာပထ”ဆိုတဲ့မြွေမျိုး၊ “ဆဗျာပုတ္တ”ဆိုတဲ့မြွေမျိုး၊ “ကဏှာဂေါတမ”ဆိုတဲ့မြွေမျိုး၊ ဒီမြွေမျိုးတွေဟာ အလွန်အဆိပ်ပြင်းထန်တဲ့ မြွေမျိုးတွေတဲ့။ မြန်မာပြည်မှာဆိုလို့ရှိရင် မြွေပွေး မြွေဟောက်လိုပေါ့။ အလွန်အဆိပ်ပြင်းတဲ့ မြွေ။

စာမျက်နှာ-၁၅
လူတွေက မြွေပွေးဆိုရင် မြွေပွေးလို့တောင် မပြောရဲဘူး။ ပိုးထိတယ်လို့ ပြောကြတယ်နော်။ မြွေပွေးတို့၊ မြွေဟောက်တို့ဆိုတာ အလွန်အဆိပ်ပြင်းတယ်တဲ့။ လောကမှာ မြွေကလည်း အမျိုးအစား အင်မတန်များတယ်။ တစ်ချို့မြွေက “ဒဋ္ဌဝိသ” တဲ့၊ ကိုက်လိုက်တဲ့အခါမှာ အဆိပ်တက်တဲ့ မြွေကတစ်မျိုး။ “ဒိဋ္ဌဝိသ” တဲ့၊ မြင်လိုက်တာနဲ့ အဆိပ်တက်တဲ့ မြွေမျိုး။ မကိုက်ရဘူး၊ မြင်လိုက်တာနဲ့ အဆိပ်တက်တယ်။ အဲဒီမြွေက အလွန်ကြောက်စရာကောင်းတယ်။ အဲဒီမြွေကို သွားကြည့်လိုက်တာနဲ့ လူမှာ အဆိပ်တက်သွားတယ်။ နောက်တစ်ခုက “ဖုဋ္ဌဝိသ” တဲ့၊ မြွေက ကိုက်တာမဟုတ်ဘူး၊ မြွေကိုယ်နဲ့ ထိလိုက်တာနဲ့ အဆိပ်တက်တယ်။ အဲဒီမြွေကလည်း အလွန်ကြောက်စရာကောင်းတဲ့မြွေ။ အဲဒီမြွေတွေထဲမှာ “ဒဋ္ဌဝိသ” ဆိုတဲ့ မြွေကတော့ မြန်မာပြည်မှာ

စာမျက်နှာ-၁၆
မကြာခဏ တွေ့ကြုံနေကြတာ။ “ဒိဋ္ဌဝိသ” မြွေဆိုတာတော့ မတွေ့ကြုံဖူးကြဘူး။ “ဖုဋ္ဌဝိသ” မြွေဆိုတာလည်း မတွေ့ကြုံဖူးကြဘူး။

သို့သော် ပါဠိစာပေမှာ မှတ်တမ်းတစ်ခုရှိတယ်။ ရှင်သာရိပုတ္တရာရဲ့ ညီတော် ရှင်ဥပသေနဆိုတာ ရှိတယ်။ ရှင်ဥပသေနက တောင်စောင်းလှိုဏ်ဂူတစ်ခုထဲမှာ ထိုင်ပြီးတော့ သင်္ကန်းချုပ်နေတာ၊ အဲဒီလိုချုပ်နေတဲ့အချိန်မှာ လှိုဏ်ဂူနံရံမျက်နှာကျက်က မြွေကလေးနှစ်ကောင်က တစ်ကောင်နဲ့တစ်ကောင် ဆော့ကစားနေရာက မြွေလေးတစ်ကောင်က ရှင်ဥပသေနရဲ့ ပုခုံးပေါ် ပြုတ်ကျလိုက်တာနဲ့ တပြိုင်နက် တစ်ကိုယ်လုံး အဆိပ်တက်သွားတယ်။ အဲဒီရှင်ဥပသေနဟာ ရဟန္တာကြီးပဲ။ မြွေကကိုက်တာမဟုတ်ဘူး၊ ပုခုံးပေါ် ဖျတ်ကနဲကျလာပြီး အသားနဲ့ မြွေရဲ့ခန္ဓာကိုယ်နဲ့ ထိလိုက်တာနဲ့ အဆိပ်

စာမျက်နှာ-၁၇
တက်ပြီး ပရိနိဗ္ဗာန်စံသွားရတယ်ဆိုတာ မှတ်တမ်းရှိတယ်။ ဒီမြွေမျိုးကတော့ မြန်မာပြည်မှာ မကြားဖူးဘူးပေါ့။ တစ်ချိန်တုန်းက အိန္ဒိယနိုင်ငံမှာ ရှိခဲ့တယ်လို့ ဒီလိုပြောတယ်။ အဲဒီမြွေတွေက အလွန်ကြောက်စရာကောင်းတဲ့ မြွေတွေပေါ့။

အဲဒီမြွေတွေ အမျိုးမျိုးရှိတဲ့အထဲက ဘယ်မြွေမျိုးပဲဖြစ်ဖြစ် အဓိကမြွေမျိုးကြီး (၄)မျိုးထဲက မြွေတွေကို အာရုံပြုပြီးတော့ မေတ္တာပွားဖို့လိုတယ်တဲ့။ မေတ္တာပွားတယ်ဆိုတာ မိတ်ဖွဲ့တာပဲ။ ဒါကြောင့် “ဝိရူပက္ခေဟိ မေ မေတ္တံ” ဆိုတာ ‘ဝိရူပက္ခမြွေတွေနဲ့လည်း မိတ်ဆွေဖွဲ့ပါတယ်။ မေတ္တာသက်ဝင်ပြီးတော့ ကျွန်ုပ်နဲ့အပြန်အလှန် မေတ္တာထားပြီးတော့ မိတ်ဆွေဖွဲ့ပါတယ်’ လို့ ဒီလိုမေတ္တာပို့ဖို့ လိုအပ်တယ်။ ထို့အတူပဲ “ဧရာပထေဟိ” ဆိုတဲ့မြွေမျိုးတွေ၊ “ဆဗျာပုတ္တေဟိ” ဆိုတဲ့မြွေမျိုးတွေ၊ “ကဏှာဂေါတမကေဟိ” ဆိုတဲ့မြွေမျိုး

စာမျက်နှာ-၁၈
တွေနဲ့လည်း မေတ္တာသက်ဝင် ချစ်ခင်ခြင်းဖြင့် မိတ်ဆွေဖွဲ့ပါတယ်လို့ မေတ္တာပို့ မိတ်ဆွေဖွဲ့ဖို့ လိုအပ်တယ်။

မေတ္တာရဲ့ အစွမ်းတန်ခိုးဟာ အလွန်မှထက်တယ်ပေါ့။ ထိုမြွေတွေ မိမိမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ လောကမှာရှိကြတဲ့ အဆိပ်ပြင်းထန်တဲ့ မြွေတွေနဲ့ မေတ္တာသက်ဝင် ချစ်ခင်ခြင်းဖြင့် ထိုမြွေတွေနဲ့ မိတ်ဆွေဖြစ်ပါစေ၊ မိတ်ဆွေဖြစ်ပါတယ်။ မြွေတွေအပေါ်မှာ မေတ္တာထားပါတယ်လို့ စိတ်ထဲက အာရုံပြုပြီးတော့ မေတ္တာပို့တယ်၊ နှုတ်ကလည်းပဲ ရွတ်ဆိုရတယ်။ ထိုပုဂ္ဂိုလ်ဟာ နှုတ်ကလည်း ရွတ်နေမယ်၊ စိတ်ကလည်း တကယ်မေတ္တာပို့နေမယ်ဆိုလို့ရှိရင် အဲဒီမြွေတွေဟာ မိမိကို အန္တရာယ်မပေးတော့ဘူးတဲ့။ ဘယ်သတ္တဝါပဲဖြစ်ဖြစ် ကိုယ့်ကိုအန္တရာယ်ပေးတဲ့ပုဂ္ဂိုလ်မှ ပြန်ပြီးအန္တရာယ်ပေးတတ်တယ်။

စာမျက်နှာ-၁၉
ကိုယ်က သူတို့အပေါ်မှာ မေတ္တာထားလို့ရှိရင် သတ္တဝါတွေကလည်း ကိုယ့်အပေါ်မှာ ပြန်ပြီးမေတ္တာထားလေ့ရှိတာ၊ ဒါ သဘာဝပါပဲပေါ့။

တစ်ခါတုန်းက သတင်းစာထဲမှာ ဖတ်လိုက်ရတဲ့ အကြောင်းအရာလေးတစ်ခုရှိတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တာပေါ့။ အိမ်တစ်အိမ်ပေါ်မှာ မြွေဟောက်တစ်ကောင်တွေ့တယ်၊ မြွေဟောက်ကို သူတို့နိုင်ငံက ဘာသာစကားနဲ့ဆိုရင် “နာဂ” လို့ခေါ်တယ်၊ နဂါးပေါ့။ မြွေဟောက်တစ်ကောင်တွေ့တော့ အိမ်ရှင်လုပ်တဲ့ပုဂ္ဂိုလ်က အဲဒီမြွေဟောက်ကို ခြောက်တဲ့အနေနဲ့ ကြောက်အားလန့်အားနဲ့ ဒုတ်နဲ့ရိုက်လိုက်တယ်။ အဲဒီမြွေဟာ သူမျက်စေ့အောက်ကနေ ပျောက်ပြီးသွားတယ်။ မြွေက ဒဏ်ရာရသွားတယ်ပေါ့။ ဒဏ်ရာရပြီးတော့ လွတ်သွားတယ်။ အဲဒီလိုဒဏ်ရာရသွားတဲ့မြွေဟာ

စာမျက်နှာ-၂၀
ဘယ်ရောက်သွားမှန်းမသိဘူး။ နောက်တစ်ရက်ကျတော့ မြွေဟောက်တွေ လေးငါးဆယ်ကောင် တန်းစီပြီးတော့ သူ့အိမ်ပေါ်တက်လာကြသတဲ့။ အဲဒါနဲ့ အိမ်ကလူတွေ ထွက်ပြေးကြတယ်။ မနေရဲကြတော့ဘူး။ သဘောကတော့ မြွေတစ်ကောင်ကို သူတို့ရိုက်လိုက်လို့ ဒီမြွေရဲ့ ဆွေမျိုးသားချင်းတွေက ဒီပုဂ္ဂိုလ်ကို အန္တရာယ်ပြုဖို့ ရောက်လာကြတဲ့ သဘောပဲ။ အဲဒါနဲ့ ထွက်ပြေးကြရတယ်။ ဒီလိုသတင်းစာထဲ ပါခဲ့ဖူးတယ်။ အဲဒီနိုင်ငံတွေမှာ မြွေဟောက်ကို “နာဂ” လို့ခေါ်တယ်။ အိန္ဒိယနိုင်ငံမှာလည်း မြွေဟောက်ကို “နာဂ” လို့ပဲခေါ်တယ်။ မြန်မာပြည်မှာကတော့ “နဂါး” ဆိုလို့ရှိရင် ပန်းချီဆရာတွေ ရေးချယ်ထားတဲ့အတိုင်း အမောက်ပါမှ “နဂါး” လို့ထင်တယ်။ အမှန်ကတော့ မြွေတွေဟာ “နဂါး” ပဲ။ အဲဒီမြွေမျိုးတွေဟာ မိမိကိုအန္တရာယ်ပြုပြီဆိုရင်

စာမျက်နှာ-၂၁
လူကိုပြန်ပြီးတော့ အန္တရာယ်ပြုတတ်တယ်။ ဒါကြောင့်မို့ မြန်မာပြည်မှာလည်း အတွေ့အကြုံရှိကြတယ်။ မြွေဥတွေ ဘာတွေများ ယူလာမိလို့ရှိရင် အနံ့ခံပြီး မြွေတွေက လိုက်လာတတ်တယ်တဲ့။

ရဟန်းတော်တွေကို မြတ်စွာဘုရားက ဝိနည်းမှာ မြွေသားမစားရဘူးလို့ ပညတ်ထားတာရှိတယ်။ ဘာဖြစ်လို့ မြွေသားမစားရသလဲဆိုရင် မြွေသားအနံ့ကို မြွေတွေကသိတယ်။ မြွေသားစားထားတဲ့ပုဂ္ဂိုလ်ဆိုရင် မြွေကအနံ့ရသည့်အတွက်ကြောင့် အဲဒီပုဂ္ဂိုလ်ကို အန္တရာယ်ပြုတယ်။ မည်သည့်သတ္တဝါပဲဖြစ်ဖြစ် သူတို့ရဲ့အန္တရာယ်ပုဂ္ဂိုလ်ဆိုရင် သူတို့ရဲ့ရန်သူလို့ သတ်မှတ်ပြီးတော့ ဒုက္ခပေးတတ်တယ်တဲ့။ အဲဒါကြောင့်မို့ မြတ်စွာဘုရားက မိမိကိုယ်တိုင် မေတ္တာထားကြဖို့၊ မြွေတွေတွေ့ရင် မသတ်ဘဲနဲ့ မေတ္တာထားဖို့၊ အဲဒီလို မေတ္တာထားခြင်းဖြင့် မြွေတွေရဲ့

စာမျက်နှာ-၂၂
မေတ္တာကိုလည်း မိမိတို့က ပြန်ရရှိမှာဖြစ်တယ်လို့ ဒီလိုဟောတာ။

“ဝိရူပက္ခေဟိ မေ မေတ္တံ” ဒါ ပထမမေတ္တာပွားရတာ။ “ဝိရူပက္ခ” ဆိုတဲ့ မြွေမျိုးတွေနဲ့ ကျွန်ုပ်ရဲ့မေတ္တာဖြစ်ပါစေ။ ကျွန်ုပ်ရဲ့မေတ္တာ “ဝိရူပက္ခ” မြွေမျိုးထံ ရောက်ရှိပါစေလို့ မေတ္တာပို့တာ။ ထို့အတူပဲ “မေတ္တံ ဧရာပထေဟိ မေ”၊ “ဧရာပထ” မြွေမျိုးတွေနဲ့လည်း ကျွန်ုပ်မေတ္တာဖွဲ့ပါတယ်။ ကျွန်ုပ်မေတ္တာဟာ “ဧရာပထ” မြွေမျိုးတွေထံ ရောက်ရှိပါစေ။ “ဆဗျာပုတ္တေဟိ မေ မေတ္တံ”၊ “ဆဗျာပုတ္တ” မြွေနဲ့လည်း မေတ္တာနှောင်ကြိုးဖွဲ့ပါတယ်။ ကျွန်ုပ်မေတ္တာ “ဆဗျာပုတ္တ” မြွေမျိုးတွေထံ ရောက်ရှိပါစေ။ “မေတ္တံ ကဏှာဂေါတမကေဟိ စ”၊ “ကဏှာဂေါတမက” မြွေမျိုးတွေနဲ့လည်း မေတ္တာဖွဲ့ပါတယ်။ မိတ်ဆွေဖွဲ့ပါတယ်။ ကျွန်ုပ်မေတ္တာ သက်ရောက်ပါစေလို့

စာမျက်နှာ-၂၃
မေတ္တာပွားပါတယ်တဲ့။ အဲဒီလို မေတ္တာပွားခြင်းဖြင့် မြွေတွေရဲ့ အန္တရာယ် ကာကွယ်ပြီးသားဖြစ်ပါတယ်တဲ့။

နေ့စဉ်နဲ့အမျှ ဒီပါဠိလေးကို ရွတ်ဖတ်ခြင်း၊ ဒီအတိုင်း စိတ်ကအာရုံစိုက်ပြီး မြွေမှန်သမျှကို မေတ္တာပို့ခြင်းဖြင့် မြွေဆိုးတွေရဲ့ အန္တရာယ်ကင်းရှင်းနိုင်တယ်။ သို့မဟုတ်ရင် နှစ်စဉ်နဲ့အမျှ မြန်မာနိုင်ငံမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်နေကြတဲ့ပုဂ္ဂိုလ်တွေ မြွေဆိုးအန္တရာယ်နဲ့ အသက်ဆုံးရှုံးရတာ အများကြီးပဲ။ ဒါကြောင့် အကာအကွယ်တစ်ခုဆိုတာ လူတိုင်းလူတိုင်းမှာ ရှိသင့်တယ်ပေါ့။ ဒါ မြွေတွေကို အဓိကထားပြီး ဟောတာ။

နောက်တစ်ခုက လောကမှာ မည်သည့်သတ္တဝါပဲဖြစ်ဖြစ် မိမိနဲ့ မေတ္တာသက်ဝင် ချစ်ခင်နေဖို့ လိုအပ်တယ်။ မေတ္တာခမ်းခြောက်သွားပြီဆိုရင်

စာမျက်နှာ-၂၄
တစ်ဦးနဲ့တစ်ဦး အန္တရာယ်ပြုနိုင်တယ်ပေါ့။ အန္တရာယ်ပြုတာနဲ့ တစ်ပြိုင်နက် အန္တရာယ်မကင်းဘူးဆိုတာ ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့ သတ္တဝါအမျိုးအစားလိုက် မေတ္တာပွားဖို့ကို မြတ်စွာဘုရားက ဆက်ပြီးဟောထားတာရှိတယ်။

“အပါဒကေဟိ မေ မေတ္တံ”၊ ခြေမရှိတဲ့သတ္တဝါ၊ ခြေထောက်မပါတဲ့ သတ္တဝါဆိုတာ မြွေကိုပြောတာပဲ။ ခြေထောက်မပါတဲ့ သတ္တဝါတွေမှန်သမျှ တခြားသတ္တဝါတွေလည်း အတူတူပေါ့။ ရင်နဲ့တွားသွားရတဲ့ သတ္တဝါတွေ ခြေထောက်မပါဘူး။ ခရုတို့၊ ပက်ကျိတို့လည်း ခြေထောက်မပါဘူး။ အဲဒီလို ခြေထောက်မပါတဲ့ သတ္တဝါတွေနဲ့လည်း ကျွန်ုပ်ရဲ့မေတ္တာ အတူတကွရှိပါစေ၊ သူတို့ပေါ်မှာလည်း မေတ္တာထားရတယ်။

“မေတ္တံ ဒွိပါဒကေဟိ မေ”၊ ခြေထောက်နဲ့

စာမျက်နှာ-၂၅
သတ္တဝါတွေကို ခွဲလိုက်တာ။ ခြေထောက် (၂)ချောင်းရှိတဲ့ သတ္တဝါတွေနဲ့လည်းပဲ မေတ္တာသက်ဝင်ချစ်ခင်မှုရှိပါစေ။ လူတွေဟာ ခြေနှစ်ချောင်းရှိတာပေါ့။ အဲဒါ ခြေနှစ်ချောင်းရှိတဲ့ ပုဂ္ဂိုလ်တွေကိုလည်းပဲ မေတ္တာပို့ပါတဲ့။ နောက်တစ်ခုက “စတုပ္ပဒေဟိ မေ မေတ္တံ” ခြေလေးချောင်းရှိတဲ့ သတ္တဝါတွေနဲ့လည်းပဲ မေတ္တာသက်ဝင်ချစ်ခင်မှုရှိပါစေ။ ကျွဲတို့၊ နွားတို့၊ ခွေးတို့ ခြေလေးချောင်းရှိတဲ့ သတ္တဝါတွေ၊ ခြေနှစ်ချောင်းရှိတာတွေဆိုတာ ကြက်တွေ၊ လူတွေ၊ ငှက်တွေ။

နောက်တစ်ခုက “မေတ္တံ ဗဟုပ္ပဒေဟိ မေ”၊ ခြေတွေများစွာရှိတဲ့ သတ္တဝါတွေနဲ့လည်းပဲ မေတ္တာသက်ဝင် ချစ်ခင်ပါစေလို့။ အခြေအများကြီးရှိတဲ့ သတ္တဝါဆိုတာ ခြေလေးချောင်းထက် ပိုတာကို အများလို့ သတ်မှတ်ရတယ်။ အဲဒါကြောင့်မို့ ပိတုန်း

စာမျက်နှာ-၂၆
ကောင်တို့၊ ဘာတို့ကျတော့ ခြေလေးချောင်းထက်ပိုတယ်ပေါ့။ ခြေခြောက်ချောင်းရှိတာတို့၊ ခြင်တွေမှာ ခြေဘယ်နှစ်ချောင်းရှိလဲ။ ခြင်တွေကလည်း ခြေထောက်လေးချောင်း ရှိတာပဲနော်။ အဲတော့ အခြေလေးချောင်းရှိတဲ့သတ္တဝါ၊ အခြေနှစ်ချောင်းရှိတဲ့ သတ္တဝါ၊ ခြေထောက်များစွာရှိတဲ့ သတ္တဝါ၊ ကင်းခြေများတို့ဆိုလို့ရှိရင် ခြေထောက်တွေ များစွာရှိတယ်။ အဲဒီလို သတ္တဝါတွေကို ခွဲလိုက်တဲ့အခါမှာ ခြေထောက်မပါတဲ့သတ္တဝါ၊ ခြေထောက်နှစ်ချောင်းပါတဲ့ သတ္တဝါ၊ ခြေထောက်လေးချောင်းပါတဲ့ သတ္တဝါ၊ ခြေထောက်များစွာပါတဲ့ သတ္တဝါလို့ ဒီလိုခွဲတယ်။

အဲဒီတော့ မြန်မာစကားပုံထဲမှာ “ငေါင်း ခြေထောက်တစ်ချောင်း မစားကောင်း” ဆိုရင် ခြေထောက်တစ်ချောင်းနဲ့ ‘ငေါင်း’ ဆိုတဲ့သတ္တဝါ ရှိတယ်လို့ ပြောတာ။ ဒီသုတ္တန်အရဆိုရင် ခြေထောက်

စာမျက်နှာ-၂၇
တစ်ချောင်းရှိတဲ့ သတ္တဝါလို့ ဖော်မပြသည့်အတွက် ခြေထောက်တစ်ချောင်းတည်းနဲ့ သတ္တဝါတော့ ရှိပုံမရဘူးပေါ့။ ခြေထောက်သုံးချောင်းနဲ့ သတ္တဝါလည်း ရှိပုံမရဘူး။ အဲတော့ ရှိနိုင်တာက ခြေထောက်မရှိတဲ့သတ္တဝါရယ်၊ ခြေထောက်နှစ်ချောင်းရှိတဲ့ သတ္တဝါရယ်၊ ခြေထောက်လေးချောင်းရှိတဲ့ သတ္တဝါရယ်၊ ခြေထောက်များစွာရှိတဲ့ သတ္တဝါရယ်၊ အဲဒီသတ္တဝါတွေနဲ့ မေတ္တာသက်ဝင် ချစ်ခင်မှုရှိပါစေလို့ မေတ္တာဘာဝနာပွားဖို့ မြတ်စွာဘုရားက ဒီပရိတ်တရားတော်ကို ဟောထားတယ်။

အဲဒီလို မေတ္တာပွားပြီဆိုရင် ကိုယ့်ကိုယ်ကို အန္တရာယ်ဟာ ကာကွယ်ပြီးသားဖြစ်သွားတယ်။ အဲဒီလို မေတ္တာပို့ပြီးတဲ့နောက်မှာ ကိုယ့်ရဲ့ဆန္ဒကို ဖော်ထုတ်ပြီးပြတယ်။ “မာ မံ အပါဒကော ဟိသိ” ခြေထောက်မရှိတဲ့ သတ္တဝါကလည်း ငါ့ကိုမညှင်းဆဲ

စာမျက်နှာ-၂၈
ပါနဲ့။ ကိုယ်ကလည်း သူ့ကိုမညှင်းဆဲဘူး။ ကိုယ်က သူ့ကိုမညှင်းဆဲသည့်အတွက်ကြောင့် သူကလည်း ကိုယ့်ကိုမညှင်းဆဲပါနဲ့လို့ ရွတ်ဆိုလို့ရတယ်ပေါ့။ ကိုယ်က ညှင်းဆဲနေမှတော့ ဒီလိုပြောလို့မရဘူး။ ဒါကြောင့်မို့ မေတ္တာပို့ဖို့သဘောတစ်ခုပဲ။

“မာ မံ ဟိသိ ဒွိပါဒကော” ခြေနှစ်ချောင်းရှိတဲ့ သတ္တဝါကလည်း ကျွန်ုပ်ကိုမညှင်းဆဲပါစေနဲ့။ “မာ မံ စတုပ္ပဒေါ ဟိသိ” ခြေလေးချောင်းရှိတဲ့ သတ္တဝါကလည်း ကျွန်ုပ်ကိုမညှင်းဆဲပါစေနဲ့။ “မာ မံ ဟိသိ ဗဟုပ္ပဒါ” ခြေထောက်တွေများစွာရှိတဲ့ သတ္တဝါကလည်း ကျွန်ုပ်ကိုမညှင်းဆဲပါစေနဲ့လို့ သတ္တဝါတွေကို အာရုံပြုပြီးတော့ မေတ္တာဘာဝနာပွားပုံကို မြတ်စွာဘုရားဟောတာ။

အဲဒါကြောင့်မို့ ယုံယုံကြည်ကြည်နဲ့ အခုလို အာရုံစိုက်ပြီးတော့ မေတ္တာပွားမယ်၊ ဒီပရိတ်တရား

စာမျက်နှာ-၂၉
တော်ကို ရွတ်ဖတ်သရဇ္ဈာယ်ပြီး မေတ္တာပွားမယ်ဆိုရင် မြွေဆိုးတွေရဲ့ အန္တရာယ်ဟာ ကင်းသွားမှာသေချာတယ်ပေါ့။ မြန်မာနိုင်ငံမှာ ဟောဒီခန္ဓသုတ်ကို ရွတ်ဖတ်ပြီး မြွေဆိပ်ကိုချပြီး ကုသပေးနေတဲ့ ဆရာတွေရှိတယ်။ အဲတော့ ကိုယ်တိုင်က နေ့စဉ်နဲ့မပျက် ပါဠိကိုမှန်မှန်ကန်ကန် သင်ကြားပြီး၊ အနက်အဓိပ္ပာယ်သိပြီး ရွတ်ဆိုပွားများ အားထုတ်မယ်ဆိုရင် မိမိကိုယ်တိုင်လည်း အန္တရာယ်ကင်းမှာပဲ။ မြွေဆိပ်တက်လို့၊ မြွေထိလို့ အန္တရာယ်ကြုံလာတဲ့ ပုဂ္ဂိုလ်မျိုးကိုလည်းပဲ အကူအညီပေးနိုင်မှာပဲပေါ့။

အဲတော့ လူတိုင်းလူတိုင်းဟာ မေတ္တာဘာဝနာပွားပြီး ဟောဒီပရိတ်တရားတော်ကို ရွတ်ဖတ်သရဇ္ဈာယ်နေမယ်ဆိုရင် အန္တရာယ်တွေ ကင်းလာကြမှာပေါ့။ ဒါကြောင့်မို့ လေ့ကျင့်အားထုတ်သင့်တဲ့အရာတစ်ခုဖြစ်တယ်။

စာမျက်နှာ-၃၀
နောက် သတ္တဝါအားလုံးကို မေတ္တာပို့ဖို့ရာ “သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊ သဗ္ဗေ ဘူတာ စ ကေဝလာ” တဲ့။ “သဗ္ဗေ သတ္တာ” သတ္တဝါမှန်သမျှ၊ “သဗ္ဗေ ပါဏာ” အသက်ရှူတဲ့သတ္တဝါမှန်သမျှ၊ “သဗ္ဗေ ဘူတာ စ ကေဝလာ” ကိုယ်ထင်ရှားရှိတဲ့ သတ္တဝါတွေမှန်သမျှ၊ “သဗ္ဗေ ဘဒ္ဒါနိ ပဿန္တု” တဲ့။ မေတ္တာပို့ပုံလေးတစ်ခု၊ သတ္တဝါတွေအားလုံးဟာ အကောင်းတွေနဲ့ပဲ တွေ့ဆုံကြပါစေလို့ ဒီလိုမေတ္တာပို့ပါ။ ကောင်းတာတွေကိုသာ မြင်တွေ့ကြပါစေ။ “မာ ကဉ္စိ ပါပမာဂမာ” ဘယ်ပုဂ္ဂိုလ်မှ၊ ဘယ်သတ္တဝါမှ ဆင်းရဲဒုက္ခအဆိုးတွေနဲ့ မကြုံတွေ့ကြပါစေနဲ့လို့ ဒီလိုမေတ္တာပို့ပါလို့ မေတ္တာပို့ပုံလေး ဒီသုတ္တန်မှာ နှစ်မျိုးဟောတယ်။ အားလုံး ကောင်းတာတွေနဲ့သာ တွေ့ကြုံကြပါစေ၊ မကောင်းတာတွေနဲ့ မဆုံဆည်းကြပါစေနဲ့လို့ အဲဒီလို မေတ္တာဘာဝနာပွားပါတဲ့။

စာမျက်နှာ-၃၁
မေတ္တာဆိုတာ ကိုယ်တိုင်သွားရမယ့်အရာဖြစ်တယ်။ တစ်ချို့က “တပည့်တော်ကို မေတ္တာပို့ပေးပါဘုရား” လို့ဆိုပြီးတော့ သူများမေတ္တာကို ခံယူချင်ပါတယ်လို့ လျှောက်ကြတယ်။ တကယ်တော့ မေတ္တာဆိုတာ ကိုယ်တိုင်ပွားရမယ့်အရာသာဖြစ်တယ်။ ကိုယ်က သူများရဲ့မေတ္တာကို ခံယူချင်တယ်ဆိုတာဟာ ကိုယ်တိုင်လုပ်ရမှာ ပျင်းသလိုဖြစ်နေတယ်ပေါ့။ မေတ္တာအကျိုး (၁၁)မျိုးဆိုတာ ကိုယ်တိုင်မေတ္တာပို့တဲ့ပုဂ္ဂိုလ်မှရတာ။ သူများမေတ္တာခံယူရုံနဲ့ မေတ္တာအကျိုး (၁၁)မျိုး ရမှာမဟုတ်ဘူး။ ဒါကြောင့်မို့ မေတ္တာဆိုတာ ကိုယ်တိုင်သွားရတာသာဖြစ်တယ်။

သို့သော် ဒကာ၊ ဒကာမတွေက ဆရာတော်တွေနဲ့တွေ့တဲ့အခါ လျှောက်လေ့ရှိတယ်။ “တပည့်တော်ကို မေတ္တာပို့ပေးပါဘုရား” တို့၊ “အရှင်ဘုရား မေတ္တာခံယူပါတယ်” တို့၊ အဲဒါ ကိုယ်တိုင်ပို့ရမှာကို

စာမျက်နှာ-၃၂
မေ့လျော့ပြီး ပြောတဲ့စကားမျိုးဖြစ်နေတယ်။ မေတ္တာဆိုတာ ကိုယ်တိုင်ပွားရမယ်လို့ မှတ်ထားပြီး ကိုယ်ကိုယ်တိုင်က မေတ္တာပွားဖို့ လိုအပ်ပါတယ်။ ကိုယ်ကိုယ်တိုင် မေတ္တာပွားမှ အန္တရာယ်ဟာ အပြည့်အဝကင်းမှာဖြစ်ပါတယ်။

နောက် မေတ္တာပွားပြီးတော့ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို အာရုံပြုပုံလေးတစ်ခု နောက်ဆက်တွဲက ဆက်ဟောထားတယ်။ “အပ္ပမာဏော ဗုဒ္ဓေါ” မြတ်စွာဘုရားဟာ အတိုင်းအတာ အကန့်အသတ်မရှိအောင် ကြီးမားသောဂုဏ်တော်၊ ကျေးဇူးတော်တွေနဲ့ ပြည့်စုံပါတယ်။ ဘုရားဆိုတာ ဂုဏ်အရည်အချင်းအားဖြင့် တိုင်းတာကန့်သတ်လို့ရတဲ့ ပုဂ္ဂိုလ်မျိုးမဟုတ်ဘူး။ အတိုင်းအတာကင်းမဲ့တဲ့ ပုဂ္ဂိုလ်မျိုးဖြစ်တယ်။ ဒါကြောင့် “အပ္ပမာဏာ” ဘုရားဂုဏ်တော်တွေဟာ အတိုင်းအဆမရှိအောင်ကြီး

စာမျက်နှာ-၃၃
ကျယ်များပြားလှတယ်လို့ ဘုရားကို ချီးမွမ်းတာ၊ ဘုရားဂုဏ်တော်ကို အာရုံပြုတာ။ ထို့အတူပဲ “အပ္ပမာဏော ဓမ္မော” ဓမ္မရဲ့ဂုဏ်တွေဟာလည်းပဲ အတိုင်းအတာ အကန့်အသတ်မရှိလောက်အောင် ကြီးကျယ်မြင့်မြတ်လှပါတယ်။ “အပ္ပမာဏော သံဃော” အရိယာသံဃာတော် အရှင်မြတ်တို့ရဲ့ ဂုဏ်ကျေးဇူးတွေဟာလည်း အတိုင်းအတာ အကန့်အသတ်မရှိအောင် ကြီးမြတ်လှပါတယ်လို့ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို အာရုံပြုတာ။ အဲဒီဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို အာရုံပြုတာလည်း အန္တရာယ်ကင်းခြင်းရဲ့ အကြောင်းတစ်ခုပဲ။ အန္တရာယ်ကင်းစေနိုင်တယ်ပေါ့။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနဲ့ ကျန်တဲ့သတ္တဝါတွေဟာ ဘယ်လောက်ကွာခြားတယ်ဆိုတာ နှိုင်းယှဉ်ပြီးတော့ပြတာ။ “ပမာဏဝန္တာနိ သရီသပါနိ” တွား

စာမျက်နှာ-၃၄
သွားတတ်တဲ့ သတ္တဝါတွေဟာ အတိုင်းအတာ အကန့်အသတ်ရှိတဲ့ ပုဂ္ဂိုလ်တွေပါတဲ့။ ဘုရား၊ တရား၊ သံဃာတွေလို အတိုင်းအတာ အကန့်အသတ်မရှိတာမဟုတ်ဘူး။

ဆိုလိုတာက လူတစ်ယောက်ဟာ အဆင့်အတန်းမြင့်တယ်၊ အဆင့်အတန်းနိမ့်တယ်ဆိုတာ ဘယ်အရာက ကန့်သတ်နေတာတုန်းဆိုရင် သူ့သန္တာန်မှာဖြစ်တဲ့ ကုသိုလ်စိတ်၊ အကုသိုလ်စိတ်တွေက ကန့်သတ်ပေးနေတာ။ ဥပမာ လောဘကြီးတဲ့ပုဂ္ဂိုလ်၊ ဒေါသကြီးတဲ့ပုဂ္ဂိုလ်၊ မောဟကြီးတဲ့ပုဂ္ဂိုလ်၊ အဲဒီ လောဘ၊ ဒေါသ၊ မောဟက သူ့ရဲ့အဆင့်အတန်းကို နှိမ့်ချကန့်သတ်ပေးတာပဲ။ လောဘ၊ ဒေါသ၊ မောဟမရှိဘူးဆိုရင် သူ့ရဲ့အဆင့်အတန်းဟာ မြင့်လာတယ်။ ဒါကြောင့်မို့ “ပမာဏဝန္တာနိ သရီသပါနိ” သတ္တဝါတွေဟာ အတိုင်းအတာ

စာမျက်နှာ-၃၅
အကန့်အသတ်ရှိတဲ့ သတ္တဝါတွေသာဖြစ်တယ်။

အဲဒီသတ္တဝါတွေဟာ ဘာတွေလည်းဆိုလို့ရှိရင် အဆိပ်ရှိတဲ့သတ္တဝါတွေကို ထုတ်ပြတယ်။ “အဟိ” မြွေတဲ့၊ “ဝိစ္ဆိကာ” ကင်းမြီးကောက်၊ လူတွေနဲ့နီးတဲ့ သတ္တဝါတွေကိုပြောတာ။ “သတပဒီ” ကင်းခြေများ၊ “ဥဏ္ဏနာဘီ” ပင့်ကူ။ ပင့်ကူဆိုတဲ့အကောင်တွေကလည်း တစ်ခါတစ်ရံ သိပ်ပြီးအဆိပ်ပြင်းတဲ့ပင့်ကူတွေရှိတယ်။ တစ်ခါတုန်းက နိုင်ငံခြားဇာတ်ကားတစ်ခုရိုက်ထားတဲ့ထဲမယ် ပင့်ကူတစ်ကောင်ပါလာတာ၊ အဲဒီတောထဲက ပင့်ကူတစ်ကောင် လေယာဉ်ပျံနဲ့ပါလာပြီးတော့ မြို့ရောက်တော့ ဂိုဒေါင်တစ်ခုထဲရောက်၊ အိမ်တစ်အိမ်ရောက်၊ အဲဒီကနေ အဲဒီပင့်ကူကိုက်လိုက်လို့ သေတဲ့လူတွေ နည်းတာမဟုတ်ဘူး။ အကောင်လည်း ရှာမရဘူး။ ပင့်ကူအဆိပ်တက်ပြီးတော့ သေသေ...

စာမျက်နှာ-၃၆
သွားကြတာ။ လူတွေဘာလို့ သေမှန်းမသိဘူး။ တော်တော်နဲ့ ရှာလို့မရဘူး။ အဲဒီပင့်ကူကနေ တစ်ခါ အကောင်တွေပွားလာတော့ အများကြီး ဖြစ်လာတယ်။ အတော့်ကိုအန္တရာယ်တွေများလို့နောက်ဆုံး ကျတော့ အဲဒီ ဂိုဒေါင်တစ်ခုလုံးကို မီးရှို့ပစ်လိုက်မှ ဒီပင့်ကူဇာတ်လမ်းက ရပ်သွားတော့တယ်။ တောထဲက ပင့်ကူအနီကြီးတွေက အင်မတန်မှ အဆိပ် ပြင်းထန်တယ်တဲ့။ ညအခါကျတော့ ရွရွ ရွရွနဲ့လာပြီးတော့ လူပေါ်ကနေ ဖြတ်သွားပြီး ကိုက်သွားလို့ရှိရင် အဲဒီလူဟာ သေတော့တာပဲ။ အဲဒါကြောင့်မို့ပင့်ကူကောင်ဟာ အဆိပ်ရှိတဲ့ သတ္တဝါမို့ မေတ္တာပို့ရတာ။

နောက် သရဖူ တက်တူဆိုတဲ့ အကောင်ကလည်း အဆိပ်ရှိတဲ့ တက်တူမျိုးကို ဆိုလိုတယ်။ “မူသိကာ” ကြွက်ကလည်း အဆိပ်အလွန်ပြင်းတယ်လို့ ပြောတယ်။ မြန်မာပြည်မှာ ကြွက်ကိုက်လို့ သေ

စာမျက်နှာ-၃၇
တာတော့ မကြားဖူးဘူး။ သီရိလင်္ကာနိုင်ငံမှာတော့ အဆိပ်ရှိတဲ့ကြွက် ရှိတယ်၊ နှုတ်သီး ချွန်ချွန်လေး။ အဲဒီကြွက် ကိုက်ထားလို့ရှိရင် သုံးနှစ်လောက်တော့ အဆိပ်ကမတက်သေးဘူး၊ သုံးနှစ်ကျော်လာလို့ရှိရင် အဆိပ်တက်တယ်။ အလွန်ကြောက်စရာကောင်းတဲ့ အဆိပ်။ လူတွေကတော့ မသိဘူးပေါ့။ ကြွက်က ကိုက်တုန်းကလွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ကိုက်ထားတာ၊ သေတဲ့အခါကျတော့ ကြွက်ကိုက်ပြီး နောက်သုံးနှစ်ကြာမှ သေတာဆိုတော့ ကြွက်ကိုက်လို့ သေတယ်လို့မထင်ကြဘူး။ အဲဒီလိုအဆိပ်ရှိတဲ့ ကြွက်မျိုးတွေဟာလည်း လူ့လောကမှာ ရှိတယ်တဲ့။ ဒါကြောင့်မို့ ကြွက်ကလည်း အန္တရာယ်ရှိတာပဲပေါ့။ ဒါကြောင့်မို့ ဒီထဲမှာ ထည့်ထားတာ။

“ကတာ မေ ရက္ခာ၊ ကတံ မေ ပရိတ္တံ” “ကတာ မေ ရက္ခာ” ဆိုတာ အဲဒီ တိရစ္ဆာန်တွေ

စာမျက်နှာ-၃၈
ဝင်ရောက်ပြီးတော့ မိမိကို မနှောင့်ယှက်အောင် အကာအကွယ် လုပ်ထားပါတယ်၊ အစောင့်အရှောက်လုပ်ထားပါတယ်။ “ကတံ မေ ပရိတ္တံ” အရံ အတား လုပ်ထားပါတယ်။

“ပဋိက္ကမန္တု ဘူတာနိ”၊ အန္တရာယ်ပေးတဲ့ သတ္တဝါတွေ ဝေးဝေးရှောင်ကြပါလို့ ဆန္ဒပြုတာ။ ကိုယ့်ကို အန္တရာယ်ပေးမယ်ဆိုရင် ကိုယ့်အနား မရောက်လာပါစေနဲ့၊ ဝေးဝေး ရှောင်နိုင်ကြပါစေလို့ ဒီလိုဆန္ဒပြုတာ။ လူရဲ့ စိတ်ဆန္ဒကလည်း အလွန် စွမ်းအားရှိတယ်။ ဒါကြောင့်မို့ အဲဒီလို ဆန္ဒပြုရမယ်။

နောက်ဆုံးကတော့ ဘုရားရှိခိုးလေးနဲ့နိဂုံးချုပ်တယ်။ “သော ဟံ နမော ဘဂဝတော” ဘုရား အဆူဆူကို ရှိခိုးပါတယ်။ ဘုရားကို ရှိခိုးခြင်းနဲ့ ဒီသုတ္တန်ကို အဆုံးသတ်ပြီးတော့ “နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ” ဘုရားခုနှစ်ဆူတို့အား ရှိခိုးပါတယ်။

စာမျက်နှာ-၃၉
ဘုရားခုနှစ်ဆူဆိုတာ ဘယ်ဘုရားတွေကို ပြောတာတုန်းဆိုတော့ “ဝိပဿီ မြတ်စွာဘုရား၊ သိခီ မြတ်စွာဘုရား၊ ဝေဿဘူ မြတ်စွာဘုရား”၊ အဲဒီဘုရားသုံးဆူရယ်၊ ဘဒ္ဒကမ္ဘာမှာပွင့်တဲ့ဘုရားလေးဆူ၊ ကကုသန္ဓ မြတ်စွာဘုရား၊ ကောဏာဂမန မြတ်စွာဘုရား၊ ကဿပ မြတ်စွာဘုရား၊ ဂေါတမ မြတ်စွာဘုရားလို့ ဒီကမ္ဘာမှာ ပွင့်တာ လေးဆူရယ်၊ ဒီအရင်ကပွင့်တဲ့ ဘုရားသုံးဆူရယ် ပေါင်းလိုက်တော့ ခုနှစ်ဆူ အဲဒီ ဘုရားခုနှစ်ဆူကို ရှိခိုးတယ်တဲ့။

စာထဲမှာပါရင် အမြဲတမ်း ဟောဒီဘုရားခုနှစ် ဆူပဲ ရှိခိုးတယ်။ နှစ်ကျိပ်ရှစ်ဆူဆိုတာကျတော့ ဂေါတမဘုရား ဗျာဒိတ်ခံခဲ့တာက (၂၄)ဆူ၊ အဲဒီ ဗျာဒိတ်ခံခဲ့တဲ့ (၂၄)ဆူထဲမှာ ဂေါတမဘုရားကို ထည့်လိုက်တဲ့အခါ (၂၅)ဆူ၊ အဲဒီ (၂၅) ဆူထဲမှာ

စာမျက်နှာ-၄၀
ဒီပင်္ကရာမြတ်စွာဘုရားနဲ့ တစ်ကမ္ဘာတည်းပွင့်တဲ့ ဒီပင်္ကရာမြတ်စွာဘုရားထက် အရင်ပွင့်သွားတဲ့ ဘုရားသုံးဆူကိုထည့်ပေါင်းလိုက်တယ်။ သရဏင်္ကရာ၊ တဏှင်္ကရာ၊ မေဓင်္ကရာဆိုတဲ့ ဘုရားသုံးဆူကို ထည့်ပေါင်းလိုက်တဲ့အခါ နှစ်ကျိပ်ရှစ်ဆူဆိုပြီး ဒီကနေ့ခေတ် ကိုးကွယ်မှု ပြုနေကြတယ်။ အဓိက ကတော့ ဂေါတမဘုရားဗျာဒိတ်ခံခဲ့တဲ့ဘုရားတွေက နှစ်ကျိပ်လေးဆူပေါ့၊ အဲဒီနှစ်ကျိပ်လေးဆူထဲမှာ ဂေါတမဘုရားထည့်တော့ နှစ်ကျိပ်ငါးဆူ၊ ဒီပင်္ကရာ မြတ်စွာဘုရားနဲ့ တစ်ကမ္ဘာတည်းပွင့်တဲ့ဘုရား သုံးဆူ ထပ်ပေါင်းတော့ နှစ်ကျိပ်ရှစ်ဆူ။ အဲဒါကို ကိုးကွယ်မှုပြုနေတာ။

သို့သော် ဒီသုတ္တန်မှာ နှစ်ကျိပ်ရှစ်ဆူသော ဘုရားများကို ရှိခိုးမှုမပြုဘဲနဲ့ ဘုရား(၇)ဆူကိုသာ ဘာဖြစ်လို့ ရှိခိုးသလဲ။ အားလုံးသိကြလိမ့်မယ်။

စာမျက်နှာ-၄၁
အာဋာနာဋိယပရိတ်ထဲမှာလည်းပဲ ဒီဘုရား(၇)ဆူကိုပဲ ရှိခိုးတာပဲ မဟုတ်လား။ “ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော” ကစပြီး ဝိပဿီ မြတ်စွာဘုရား၊ သိခီ မြတ်စွာဘုရား၊ ဝေဿဘူ မြတ်စွာဘုရား၊ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမ ဆိုတဲ့ ဘုရား(၇)ဆူကိုပဲ ရှိခိုးတာ။ ဘာဖြစ်လို့တုန်းလို့အကြောင်းရှာလို့ရှိရင် ဒီဘုရား(၇)ဆူရဲ့ သာသနာဟာ ဟောဒီစကြာဝဠာ ကမ္ဘာကြီးထဲမှာ ရှိနေသေးတယ်တဲ့။ တစ်ခြားဘုရားတွေရဲ့ သာသနာ မရှိတော့ဘူး။ ဘယ်လိုရှိတာတုန်းလို့ဆိုရင် ဝိပဿီ မြတ်စွာဘုရားရဲ့ တပည့်ဖြစ်တဲ့ ဗြဟ္မာတွေဟာ ဗြဟ္မာပြည်မှာ ရှိနေသေးတယ်။ ဗြဟ္မာပြည်မှာ ဝိပဿီမြတ်စွာဘုရားရဲ့ တပည့်တွေရှိနေသည့်အတွက်ကြောင့် သူ့သာသနာ ရှိနေသေးတယ်လို့ ဒီလိုပြောတာ။

စာမျက်နှာ-၄၂
အဲဒါကြောင့်မို့ (၃၁)ဘုံထဲက ဗြဟ္မာပြည်မှာ ထိုဘုရားတွေရဲ့ သာသနာရှိနေသေးသည့်အတွက်ကြောင့် ဒီဘုရား(၇)ဆူကိုပဲ ရှိခိုးတယ်။ ကျန်တဲ့ဘုရားတွေရဲ့ တပည့်ပရိသတ်အဆက်ဆိုတာ မရှိတော့ဘူးတဲ့။ ဒီတပည့် အကြွင်းအကျန် ရှိသေးတဲ့ ဘုရား(၇)ဆူကိုသာ အာရုံပြုပြီးတော့ ရှိခိုးတာပါလို့။

ဒီခန္ဓသုတ် ပရိတ်တရားတော်ဟာ မြွေဆိုးရဲ့ အန္တရာယ်မျှသာမက ကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေမှန်သမျှ အကုန်လုံး ပျောက်ကင်းစေနိုင်တယ်။ ဒါကြောင့် ဒီပရိတ်တရားတော်မှာ လာတဲ့အတိုင်း ပရိတ်တရားတော်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ ဒီလို ရွတ်ဖတ်သရဇ္ဈာယ်တဲ့အခါမှာ အဓိပ္ပါယ်ကို နားလည်အောင် ရွတ်ဖတ်သရဇ္ဈာယ်ပြီး၊ မေတ္တာဘာဝနာကို ကြိုးစားပွားများ အားထုတ်မယ်ဆိုရင် မြွေဆိုးအန္တရာယ်သာမက အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းနိုင်

စာမျက်နှာ-၄၃
တယ်ဆိုတာ ယုံယုံကြည်ကြည်နဲ့လုပ်ဖို့ အရေးကြီးပါတယ်။

အဲဒီမှာ ပြင်ပအန္တရာယ်တွေ ကာကွယ်တာထက် အတွင်းအန္တရာယ်ကိုလည်း သတိထားကြရမှာဖြစ်တယ်။ ပြင်ပအန္တရာယ်ကင်းပြီးတဲ့အခါမှာ အတွင်းအန္တရာယ်ဆိုတာ ဘာလဲဆိုရင် မိမိသန္တာန်မှာ ဖြစ်တတ်တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယဆိုတဲ့ ဒီအကုသိုလ် အန္တရာယ်တွေကလည်းပဲ အင်မတန်မှကြောက်စရာကောင်းတယ်။ ပြင်ပကလာတဲ့ အဆိပ်ရှိတဲ့သတ္တဝါ ကိုက်လို့သေရရင် တစ်ဘဝပဲသေရမယ်။ လောဘဆိုတဲ့ အဆိပ်၊ ဒေါသဆိုတဲ့ အဆိပ်၊ မောဟဆိုတဲ့ အဆိပ်၊ မာန်မာန၊ ဣဿာ၊ မစ္ဆရိယ စတဲ့အကုသိုလ် အဆိပ်တွေ တက်ပြီဆိုရင် တစ်ဘဝတင်မကဘူး တစ်သံသရာလုံး ဒုက္ခရောက်နိုင်တယ်။

စာမျက်နှာ-၄၄
ဒေါသအဆိပ်တက်လို့ ဒီဘဝက အဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်သွားပြီး ဒုက္ခခံကြသလဲဆိုရင် ငရဲသွားပြီးတော့ ဒုက္ခခံကြရတယ်။ လောဘအဆိပ်မိလို့ ဒီဘဝက သေဆုံးသွားတဲ့ ပုဂ္ဂိုလ်တွေဟာ ယေဘူယျ ဘယ်သွားပြီး ဒုက္ခခံကြရသလဲဆိုရင် ပြိတ္တာဘဝ သွားပြီးဒုက္ခခံကြရတယ်။ မောဟအဆိပ်တက်ပြီးတော့ သေတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ဒီဘဝက သေသွားရင် တိရစ္ဆာန်ဘဝ ရောက်ပြီးတော့ ဒုက္ခခံကြရတယ်။

ဒါကြောင့်လောဘနဲ့သေရင် ပြိတ္တာဖြစ်တယ်။ ဒေါသနဲ့သေရင် ငရဲကျတယ်။ မောဟနဲ့သေရင် တိရစ္ဆာန်ဖြစ်တယ်။ အဲဒီ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့အဆိပ်ကမှ ပိုပြီးတော့ဆိုးရွားတယ်။ ကြောက်စရာ ပိုကောင်းတယ်လို့ ဒီလို နှလုံးသွင်းဖို့ လိုအပ်တယ်ပေါ့။ အပြင်အန္တရာယ်တွေ ကင်းဖို့ကျတော့

စာမျက်နှာ-၄၅
မြတ်စွာဘုရားက မေတ္တာဘာဝနာပွားဖို့နည်းလမ်း ညွှန်ပြတယ်။ အတွင်းအန္တရာယ်တွေကင်းဖို့ကျတော့ ဘာလုပ်ရမလဲ။ မိမိသန္တာန်မှာရှိတဲ့ လောဘတွေကင်းသွားအောင်၊ ဒေါသတွေကင်းသွားအောင်၊ မောဟတွေကင်းသွားအောင် ဘာလုပ်ရမလဲဆိုရင် မဂ္ဂင်ရှစ်ပါးအကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ရကြမှာ ဖြစ်တယ်။ အဲဒီ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့် မိမိတို့သန္တာန်မှာရှိတဲ့ အတွင်းအန္တရာယ်တွေကင်းအောင် ဆောင်ရွက်နိုင်ပါတယ်တဲ့။ ။

ကောင်းပြီ အဲဒီမဂ္ဂင်ရှစ်ပါး အကျင့်တရားကို ဘယ်ပုံဘယ်နည်း အားထုတ်မလဲလို့ဆိုရင် ကမ္မဋ္ဌာန်းအားထုတ်တဲ့အခါ ပထမဆုံး ဘာလုပ်ဖို့ လိုအပ်သလဲဆိုရင် မဂ္ဂင်ရှစ်ပါးထဲမှာ ပါတဲ့အတိုင်း နေ့စဉ်ဘဝမှာ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာ

စာမျက်နှာ-၄၆
အာဇီဝ မှန်တာကိုသာပြောမယ်၊ မှန်တာကိုသာ လုပ်မယ်၊ အသက်မွေးမှန်ကန်မှုနဲ့ နေ့စဉ် အသက်မွေးဝမ်းကြောင်းပြုမယ်။ ဒါ ကိုယ်ကျင့်သီလ ပြည့်စုံတယ်လို့ပြောတာ။ “သမ္မာဝါစာ” ဆိုတာ လိမ်မပြောဘူး၊ မှန်တာကိုပဲပြောတယ်။ ဂုံးမတိုက်ဘူး၊ ညီညွတ်အောင်သာ လုပ်ပေးတယ်၊ မဆဲဘူး၊ ကြင်နာတဲ့ စကား၊ ချိုသာတဲ့ စကားကိုသာ ပြောတယ်၊ အကျိုးမဲ့တဲ့ စကားကို မပြောဘူး၊ အကျိုးရှိတဲ့ စကားကိုပြောတယ်ဆိုရင် ဟောဒါ သမ္မာဝါစာ ဖြစ်တယ်။ ကိုယ်ကျင့်တရားဘက်က လုံလောက်တယ်။

“သမ္မာကမ္မန္တ” ဆိုတာ သူများအသက်ကို မသတ်ဘူး၊ သူများဥစ္စာကို မခိုးဘူး၊ သူတစ်ပါးသားမယားကို မစော်ကားဘူး၊ ရှောင်ကြဉ်တယ်။ အဲဒီ ဝစီဒုစရိုက်လေးမျိုး၊ ကာယဒုစရိုက်သုံးမျိုးနဲ့ အသက်မွေးမှု မပြုဘူးဆိုရင် “သမ္မာအာဇီဝ” လို့

စာမျက်နှာ-၄၇
ခေါ်တယ်။ ကိုယ်ကျင့်တရားကောင်းအောင်ရှေးဦးစွာ ကျင့်ကြံကြိုးကုတ် အားထုတ်ရမယ်။ ဒါတွေ အရင်ပြည့်စုံပြီဆိုတဲ့အခါ ဘာလုပ်ရမလဲ။ တရားအားထုတ်တဲ့အခါ “တရားရှာ ကိုယ်မှာတွေ့” ဆိုတဲ့အတိုင်း မိမိရဲ့သန္တာန်မှာပဲ အာရုံစိုက်ဖို့လိုအပ်တယ်။

လွယ်တာတစ်ခုကို ပြောမယ်ဆိုလို့ရှိရင် လူတွေဟာ နေ့စဉ်နဲ့အမျှ (၂၄)နာရီ အသက်ရှူနေကြတယ်။ အဲဒီ နေ့စဉ်နဲ့အမျှ အသက်ရှူသွင်း၊ ရှူထုတ်နေတဲ့ ဒီလေလေးကိုပဲ အာရုံစိုက်ပြီးတော့ နှာသီးဖျားမှာ စိတ်ကလေးကိုထား၊ ရှူသွင်းလိုက်တဲ့အချိန်မှာလည်း ထိမှန်းသိရင်၊ သိတယ်ဆိုတာလေး မှတ်ဖို့၊ ရှူထုတ်လိုက်တဲ့အခါမှာလည်း နှာသီးဖျားမှာ လေလေးက ထိသွားတယ်၊ ထိသွားတာကိုလည်း ထိမှန်းသိဖို့ အဲဒီနေရာလေးကို အာရုံစိုက်ပြီးတော့ သိနေအောင် ကြိုးစားတာ၊ ဒါကမ္မဋ္ဌာန်းအားထုတ်

စာမျက်နှာ-၄၈
တာပဲ။

စိတ်ကလေး တည်ငြိမ်အောင် ပထမကြိုးစားတယ်။ အဲဒီလို ကြိုးစားနေတဲ့အခါမှာ ဘာတွေဖြစ်တုန်းလို့ဆိုတော့ ထိုထိမှန်းသိအောင် ကြိုးစားနေခြင်းဟာ “သမ္မာဝါယာမ” လို့ခေါ်တယ်။ အဲဒီထိတဲ့လေလေးကို စဉ်ဆက်မပြတ် အာရုံစိုက်ပြီးထားတာက “သမ္မာသတိ”၊ အဲဒီအာရုံလေးကိုသာ စိတ်ကလေးငြိမ်နေတာက “သမ္မာသမာဓိ” တဲ့။ အဲဒီလိုငြိမ်နေတာကို စဉ်ဆက်မပြတ်ဖြစ်နေအောင် ဒီအာရုံလေးပေါ်မှာသာ တွေးကြံနေတာ “သမ္မာသင်္ကပ္ပ”၊ အာရုံရဲ့ သဘာဝလေးကို အမှန်သိသွားတာက “သမ္မာဒိဋ္ဌိ” လို့ဆိုတော့ ဟောဒီ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ခြင်းဖြင့် မိမိတို့သန္တာန်မှာဖြစ်တဲ့ လောဘကိုလည်း ဖယ်ရှားနိုင်တယ်၊ ဒေါသကို ဖယ်ရှားနိုင်တယ်၊ မောဟကို ဖယ်ရှားနိုင်တယ်။

စာမျက်နှာ-၄၉
စဉ်းစားကြည့်လေ အသက်ရှူရှိုက်မှုလေးကို အာရုံပြုပြီး လေ့ကျင့်နေတဲ့အချိန်လေးမှာ လောဘဆိုတာလည်း ဖြစ်မလာဘူး၊ ဒေါသဆိုတာလည်း ဖြစ်မလာဘူး။ အသက်ရှူရှိုက်မှု မှန်မှန်ကန်ကန် သိနေတဲ့အတွက်ကြောင့် မောဟဆိုတာလည်း ဖြစ်မလာဘူးတဲ့၊ ဪ လောဘလည်း မဖြစ်ဘူး၊ ဒေါသလည်း မဖြစ်ဘူး၊ မောဟလည်း မဖြစ်ဘူးဆိုရင် လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အတွင်းအန္တရာယ်တွေဟာ ကင်းနေတာပေါ့။ နောက်ဆုံးမှာ မိမိရဲ့စွမ်းဆောင်မှုတွေ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဆိုတဲ့ ဒီသဘာဝတရားတွေရဲ့ စွမ်းဆောင်မှုက အလွန်ကြီးမားလာပြီဆိုရင် ဝိပဿနာဉာဏ်အဆင့်ဆင့်တက်လို့ နောက်ဆုံး မဂ်စိတ်တွေပေါ်မယ်၊ ဖိုလ်စိတ်တွေပေါ်လာမယ်ဆိုရင် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့

စာမျက်နှာ-၅၀
အဆင့်ထိအောင် ရောက်သွားတယ်၊ သံသရာဝဋ်ဆင်းရဲထဲမှာ ကြုံတွေ့ရမယ့် အန္တရာယ်တွေဟာ အားလုံးကင်းငြိမ်းသွားနိုင်ပါတယ်တဲ့။ ။

ဒါကြောင့်တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့ ပြင်ပကအန္တရာယ်ကင်းဖို့ရာအတွက် မေတ္တာဘာဝနာပွားခြင်း၊ ဘုရားဂုဏ်၊ တရားဂုဏ်တို့ကို အာရုံပြုခြင်း၊ ခန္ဓသုတ်လာ ကျင့်စဉ်ကိုကျင့်ခြင်းဖြင့် အန္တရာယ်ကို ကာကွယ်နိုင်တယ်။ အတွင်းအန္တရာယ်ကင်းဖို့ရာအတွက်ကျတော့ မဂ္ဂင်ရှစ်ပါးအကျင့်တရားကို ကျင့်ခြင်းဖြင့် အတွင်းအန္တရာယ်တွေကို ကာကွယ်နိုင်တယ်။

အန္တရာယ်ကို ကာကွယ်ခြင်းဆိုတဲ့နေရာမှာ အပြင်အန္တရာယ်ကာကွယ်တဲ့နည်းကိုလည်း သိဖို့လိုတယ်၊ အတွင်းအန္တရာယ်ကာကွယ်ဖို့ဆိုတဲ့နည်းကိုလည်း သိဖို့လိုတယ်။ အဲဒီလိုသိရှိပြီးတော့ ဗုဒ္ဓ

စာမျက်နှာ-၅၁
မြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်အတိုင်း ပြင်ပကအန္တရာယ်တွေကင်းအောင်လည်းပဲ ဆောင်ရွက်ဖို့လိုအပ်တယ်။ ပြင်ပအန္တရာယ်ကင်းရုံနဲ့ မပြီးသေးဘူး၊ အတွင်းမှာရှိတဲ့ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အန္တရာယ်တွေလည်းကင်းအောင် တို့တစ်တွေ ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ တရားဓမ္မအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။
XXXXXXXXXXXXXX
j08a3bb2ycy6ojhu7513nkzgtqzmslo
စံထားရမည့် ကိုယ်ကျင့်တရားရှိသူများ
0
6358
22110
22087
2026-06-15T03:17:32Z
Tejinda
173
22110
wikitext
text/x-wiki
{{header
| title = စံထားရမည့် ကိုယ်ကျင့်တရားရှိသူများ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ခန္ဓသုတ် အနှစ်ချုပ်]]
| previous2 =
| next = [[စရိုက်နှင့် ဝါသနာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စံထားရမည့် ကိုယ်ကျင့်တရားရှိသူများ

မှတ်တမ်း သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာသကရာဇ် ၁၃၇၁-ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက်၊ စစ်ကိုင်းမြို့ ကျောက်တာရွာ၊ ရွာလယ်ကျောင်း ကျောင်းတိုက်အတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဝါတွင်း ဓမ္မသဘင် (၁၂)ကြိမ်မြောက် ဓမ္မပူဇာပွဲဝယ် ဟောကြားအပ်သော “စံထားရမည့်ကိုယ်ကျင့်တရားရှိသူများ” တရားဒေသနာတော်။

လောကမှာကိုယ်ကျင့်တရားဆိုတာ အင်မတန်မှ အရေးကြီးတယ်။ ကိုယ်ကျင့်တရားဆိုတာ ဘယ်ခေတ် ဘယ်အခါ ဘယ်ဒေသ ဘယ်ကာလမှာပဲဖြစ်ဖြစ် လူသားတွေရှိနေသမျှ လိုက်နာကျင့်သုံးရမယ့် လူတို့ရဲ့ ကိုယ်ကျင့်တရားပေါ့။

တစ်ချိန်တစ်ခါတုန်းက လူ့လောကကြီးဟာ အင်မတန်မှငြိမ်းချမ်း သာယာပြီးတော့ လူတွေဟာ သက်တမ်း အလွန်ရှည်ကြာတဲ့ ခေတ်တစ်ခေတ်ကို ကြုံခဲ့ဖူးတယ်။

ခု ဒီကနေ့ခေတ်ကျတော့ လူတွေရဲ့ သက်တမ်းဟာ တိုလာတယ်။ အင်မတန်မှ တိုတောင်းတယ်လို့ ပြောရမယ်။ အသက် ငါးဆယ်ကျော် ခြောက်ဆယ် ဆိုရင် အဘိုးကြီး အမယ်ကြီး ဖြစ်ကုန်ကြပြီ။ ခုနစ်ဆယ် ရှစ်ဆယ်ဆိုလို့ရှိရင် ဘဝတစ်ခု ပြောင်းကြ ရတော့တဲ့ အနေအထားမျိုးကို ရောက်သွားပြီ။ လူ့ရဲ့ သက်တမ်းဟာ ရာဂဏန်းကို မရောက်နိုင်ကြဘူး။ ရာဂဏန်းရောက်တဲ့ ပုဂ္ဂိုလ်ဆိုတာ အလွန်ရှားတယ်။ မြတ်စွာဘုရားသည် ပင်လျှင် သက်တော်ရှစ်ဆယ်မှာ ပရိနိဗ္ဗာန်စံရတယ်။ ကိန်းဂဏန်းအားဖြင့် တွက်ကြည့်မယ်ဆိုရင် ဒီကနေ့ ခေတ် လူ့လောကကြီးမှာ လူဦးရေသန်းပေါင်း ငါးထောင်ကျော် ရှိတယ်လို့ပြောတယ်။ အဲဒီသန်းပေါင်း ငါးထောင် ကျော်သော လူဦးရေတွေရဲ့ ပျမ်းမျှခြင်း သက်တမ်းဟာ ဘယ်မှာပဲဖြစ်ဖြစ် တစ်ရာအောက် လျော့နဲပြီးတော့ ရှိတယ်။ အဲတော့ လူ့သက်တမ်းဟာ အလွန်တိုတယ်။

တစ်ကြိမ်တစ်ခါတုန်းကတော့ လူ့သက်တမ်း အလွန်ရှည်ခဲ့တယ်တဲ့။ ဘယ်လောက် ရှည်တုန်းဆိုလို့ရှိရင် တစ်ခေတ်တုန်းက ဆိုလို့ရှိရင် မန္ဓာတု စကြာမင်းကြီး လူ့ပြည်မှာ နှစ်ပေါင်းများစွာ စိုးစံပြီး မင်းလုပ်တယ်။ ဒါနဲ့ တင်းတိမ်အားရမှုမရှိတဲ့အခါ တာဝတိံသာ နတ်ပြည်တက်ပြီး သိကြားနဲ့ အာဏာ ခွဲဝေယူပြီး သိကြားနဲ့ ယှဉ်ပြိုင်ပြီး နတ်ပြည်ကို အုပ်ချုပ်ခဲ့တယ်။ သိကြားနတ်မင်း သုံးဆယ့်နဲ့ခြောက်ယောက် ပြောင်းသွားတောင်မှ သူက မသေသေးဘူးတဲ့။ သက်တမ်း အလွန်ရှည်တယ်ပေါ့။ အဲတော့ နတ်ထက် အသက် ရှည်တဲ့ခေတ်ဆိုတာ တစ်ခေတ် ကြုံခဲ့ဖူးတယ်။

အေး- လူ့လောကဟာ ရာဇဝတ်မှုတွေ ထူပြော ပြီးတော့ ဒုစရိုက်တွေ များလာသည့်အတွက်ကြောင့် သက်တမ်းတွေဟာ တဖြည်းဖြည်း ကျလာတယ်။ မထိန်းနိုင် မသိမ်းနိုင်လောက်အောင် ကျလာပြီး နောင်လည်းပဲ ဆက်ပြီးတော့ သက်တမ်းဟာ ကျဖို့ရှိသေးတယ်။

သို့သော် ထိုသက်တမ်းတွေကို ကျမသွားအောင် ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းကတော့ ကိုယ်ကျင့်တရား ပဲတဲ့။ ကိုယ်ကျင့်တရားဟာ ရှေးခေတ်ကလည်း ဒီကိုယ်ကျင့်တရားပဲ၊ ကနေ့ခေတ်မှာလည်းပဲ ဒီကိုယ်ကျင့်တရားပဲ။ သို့သော် သက်တမ်းရှည်တဲ့ ခေတ်မှာ ဟောဒီကိုယ်ကျင့်တရားကို အလေးအနက်ထားပြီး စောင့်ရှောက်ကြတယ်။ သက်တမ်းတိုတဲ့ ခေတ်မှာဆိုရင် ဟောဒီကိုယ်ကျင့်တရားကို အလေးမထားကြဘူးတဲ့။ အလေးမထားသည့်အတွက်ကြောင့် လူ့လောကကြီးဟာ ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့ပြီးတော့ နေကြရတယ်။

မြန်မာလူမျိုးတွေ ပြောလေ့ရှိကြတယ် “ဘယ်သူ မပြု မိမိမှု”တဲ့ ဟုတ်လား? ကိုယ်လုပ်ခဲ့တာတွေ၊ ကိုယ်လုပ်တာတွေကို ကိုယ်ခံနေကြရတယ်။ ဤကနေ့ ခေတ်ကြီးမှာ ပြောကြတယ်၊ Ozone လွှာကြီးပါးလို့ ရာသီဥတုတွေ ပူပြင်းလာတယ်လို့ ဒီလိုပြောကြတယ်။

ဘာဖြစ်လို့ Ozone လွှာ ပါးသလဲဆိုလို့ရှိရင် လူတွေကြောင့်ဖြစ်တယ်၊ အေး သူတို့ကတော့တွေးလို့ကြည့်လို့ မြင်တဲ့ အကြောင်းအရာတွေပဲ လိုက်ပြီးရှာတယ်။

တကယ် လူ့လောကကြီး ပူနွေးလာတာဟာ ဘာကြောင့်တုန်းဆိုရင် လူတွေရဲ့ သန္တာန် အတွင်း အဇ္ဈတ္ထမှာ လောဘမီးတွေကလည်းတောက်၊ ဒေါသ မီးတွေကလည်းတောက်၊ မောဟမီးတွေကလည်းတောက် ဟောဒီမီးတွေ တောက်နေလို့ လူ့ခန္ဓာကိုယ်ကထွက်တဲ့ အပူငွေ့တွေကလည်း အင်မတန်မှ ကြီးမားလာတယ်၊ လောကကြီး မပူဘဲနေမလား။ ပူမှာပဲနော်။

အေး လူသတ္တဝါတွေက ရာခိုင်နှုန်းနဲ့ ပြောရရင် ဘုန်းကြီးတို့ ကျောက်တာရွာမှာ ကိုယ့်ဟာကိုယ်ပဲ စဉ်းစားကြည့်၊ ရာခိုင်းနှုန်းနဲ့ တွက်ကြည့်ရအောင်။ ဒီရွာမှာ ကိုယ်ကျင့်တရားပျက်ပြားတဲ့လူကများသလား? ကိုယ်ကျင့်တရားကောင်းတဲ့လူကများသလား?ဆိုတာ ရာခိုင်နှုန်းနဲ့တွက်၊ တစ်ကမ္ဘာလုံးမှာလည်းပဲ ရာခိုင်နှုန်းနဲ့ တွက်။ ကိုယ်ကျင့်တရား ပျက်ပြားတဲ့ ပုဂ္ဂိုလ်တွေဟာ နေရာအနှံ့အပြားမှာ ရာခိုင်နှုန်း တိုးတက်လာတယ်တဲ့၊ ကိုယ်ကျင့်တရားကောင်းတဲ့လူ ရာခိုင်နှုန်း လျော့နဲလာတယ် ဒါကပြဿနာပဲ။

ဘုန်းကြီးတို့ တစ်တွေ ငယ်စဉ်ကာလတုန်းက အကြမ်းဖက်သမားဆိုတာ မကြားဖူးဘူးနော်၊ အပြစ် မရှိတဲ့လူတွေသေအောင် ဗုံးခွဲတိုက်ခိုက်တဲ့ အကြမ်းဖက် သမားဆိုတာ လုံးဝမကြားဖူးဘူး။ ဒီလူမုန်းရင် ဒီလူ သတ်တာတော့ရှိတယ်။ ဒီကနေ့ခေတ် သတင်းစာထဲတို့ Radio ထဲတို့ နားထောင်မယ်ဆိုရင် အကြမ်းဖက်သမားဆိုတာတွေရယ် ဟိုနိုင်ငံ ဒီနိုင်ငံမှာ ဗုံးခွဲတိုက်ခိုက် လူတွေမြောက်မြားစွာ သေတယ်ဆိုတာရော မကြားဘူးလား? ရှေးတုန်းက မကြားဖူးတာတွေကြားတယ်။

အဲတော့ မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ ဟောထားတယ်၊ အလွန့်အလွန်ပြင်းထန်တဲ့ ဒေါသ၊ အာဃာတတွေဟာ လူတွေရဲ့ ရင်ထဲနှလုံးထဲမှာ ရောက်လာပြီတဲ့။ အမှုမဲ့ အမှတ်မဲ့ မနေကြနဲ့ဟုတ်ကဲ့လား?

လူတွေရဲ့ ရင်ထဲနှလုံးသားထဲမှာ မေတ္တာအအေးဓာတ်တွေက တဖြည်းဖြည်း လျော့နဲလာပြီးတော့ ဒေါသဆိုတဲ့ အပူဓာတ်တွေ ကမ္ဘာကြီးတောင် ပူနွေးလာတဲ့အချိန် ရောက်လာပြီ၊ တော်တော်နဲ့ မအေးနိုင်တော့ဘူး ဟုတ်ကဲ့လား?

အေး ဒါကြောင့်မို့လို့ တစ်နေရာတစ်ဒေသ ဆိုလို့ရှိရင် “ဘယ်သူတွေ တရားပျက်ပျက် ကိုယ်မပျက်စေရဘူး”ဆိုတာမျိုးကို ကိုယ့်ရဲ့ ရင်ထဲ နှလုံးထဲမှာ ခေါင်းထဲမှာ စွဲထားဖို့တော့ လိုအပ်တယ်တဲ့။ လောကကြီးမှာ ဘယ်သူတွေတရားပျက်ပျက် ကိုယ်မပျက်စေရဘူး ဆိုတဲ့ဟာ ရှိကိုရှိရမယ်။

အေး- ခေတ်ကောင်းတဲ့ အချိန်အခါကာလတုန်းက တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ စကြဝတေးမင်းကြီးဆိုတာ ရှိတယ်။ တစ်ခေတ်တုန်းက စကြဝတေးမင်းတွေ ပေါ်ထွန်းခဲ့ဖူးတယ်။ အဲဒီစကြဝတေးမင်းက တိုင်းသူပြည်သားတွေကို အုပ်ချုပ်တဲ့အခါမှာ ဆုံးမဩဝါဒပေးတာ ငါးချက်ထဲပဲ။ လူတွေလိုက်နာရမှာက အများကြီးမဟုတ်ဘူး။ ငါးခုထဲပဲ။ အဲဒီငါးခုက ဘာတုန်းဆိုရင် သူတို့ပြောတဲ့စကားနဲ့ ပြောမယ်ဆိုရင် ပါဏာ န ဟန္တဗ္ဗာ = သက်ရှိသတ္တဝါတွေကို မသတ်ကြနဲ့တဲ့၊ ဟုတ်တဲ့လား။ သက်ရှိသတ္တဝါတွေကို မသတ်ထိုက်ဘူး၊ မင်းတို့ မသတ်ကြနဲ့တဲ့။ ဒါက လူတွေလိုက်နာရမယ့် အချက်တစ်ခုနော်။

အဒိန္နံ န အာဒါယိတဗ္ဗံ = သူတစ်ပါးမပေးတဲ့ ပစ္စည်းကို မင်းတို့ မရိုးမသားမယူချင်ကြနဲ့။

ကာမေသု မိစ္ဆာ န စရိတဗ္ဗာ = သူတစ်ပါး သားမယားတွေ မပစ်မှားကြနဲ့ မကျူးလွန်ကြနဲ့။

မုသာ န ဘဏိတဗ္ဗာ = လိမ်မပြောကြနဲ့၊ မှန်တာပဲ ပြောကြ။

မဇ္ဇပါနံ န ပါတဗ္ဗံ = မူးယစ်ဆေးဝါး သေရည်သေရက်၊ အရက် ဘီယာ မူးယစ်စေတတ်တဲ့ အရာတွေကို မသောက်ကြနဲ့၊ ဟုတ်တဲ့လား? ထန်းရည်ကစ မူးယစ်စေတတ်တဲ့ အရာတွေကို မသောက်ရဘူး။

စကြာမင်းကြီးက တိုင်းခန်းလှည့်လည်ပြီးတော့ တိုင်းသူပြည်သားတွေကို ဆုံးမ ဩဝါဒပေးတာ ဒီငါးခုထဲပဲ။ ဒီငါးခုလုံပြီးတော့ နေမယ်ဆိုလို့ရှိရင် လူ့လောကကြီးက တကယ့်ရွှေခေတ်ပဲ၊ ငြိမ်းချမ်းနေမှာပဲ၊ သာယာနေမှာပါ။

ကဲ-စဉ်းစားကြည့်၊ ဒီပြောတဲ့ စည်းကမ်းငါးချက် လိုက်နာတဲ့လူဟာ ဘယ်လောက်ရှိမလဲ၊ လူတိုင်း လိုက်နာကြရဲ့လား? သူများအသက် မသတ်နဲ့ ဒီစကားကို လူတိုင်းလိုက်နာရဲ့လား? မနာဘူးနော်၊ သူများ လိုက်နာတာ မလိုက်နာတာ မသိဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း ဆန်းစစ်ပြီးတော့ကြည့်၊ ငါရောလိုက်နာရဲ့လား ဒီအချက်လေးကို ဟုတ်ကဲ့လား? သူများအသက်လို့ဆိုတဲ့ နေရာမှာ ခြ၊ ပုန်း၊ ပုရွက်၊ ခြင်ကောင်ကစ ကြမ်းပိုးကအစ သူများအသက်ပဲ၊ ဟုတ်ကဲ့လား? ချွင်းချက် မရှိဘူး၊ သူများအသက် မသတ်ရဘူးဆိုတာ ဘာမှကို မသတ်ရတာနော်၊ လောကလူတွေဟာ ပါဏာတိပါတ အမှုရှောင်တဲ့ ပုဂ္ဂိုလ်နဲ့ မရှောင်တဲ့ပုဂ္ဂိုလ် ဘယ်ကများမယ်ထင်တုန်း? မရှောင်တဲ့ပုဂ္ဂိုလ်က များတယ်။ ရှောင်တဲ့ပုဂ္ဂိုလ်က အလွန်နဲတယ်တဲ့။ ရာခိုင်နှုန်းနည်းလာတော့ လူတွေရဲ့ ကိုယ်ကျင့်တရားဆိုတာ တဖြည်းဖြည်း ရှိပါဦးမလား? ကိုယ်ကျင့်တရားဆိုတာ ကိုယ်ကိုယ်တိုင် လိုက်နာကျင့်သုံးရမယ့်တရား။ ကိုယ့်လက်နဲ့ ဘယ်သူမှ အသက် မထွက်စေရဘူး၊ ဘယ်သတ္တဝါမှ ကိုယ့်လက်နဲ့ မသေဆုံးစေရဘူး။ အေး ကျောက်တာရွာက ဒကာဒကာမတွေ ဒီကနေ့ကစပြီး ပါဏာတိပါတ မကျူးလွန်ဘူးလို့ စိတ်ဆုံးဖြတ်ကြရမယ်။

ဘယ်သူတွေ တရားပျက်ပျက် တို့ကိုယ်ကျင့်တရား မပျက်စေရဘူးလို့ အဓိဋ္ဌာန် မသင့်ဘူးလား? အဓိဋ္ဌာန်သင့်တယ်နော်။

ဟော နောက်တစ်ခုကကြည့် အဒိန္နဒါနာ သူများမပေးတဲ့ပစ္စည်းကို မယူရဘူးလို့ ဆိုတဲ့နေရာမှာ ခိုးတာတစ်ခုတည်းမဟုတ်ဘူး။ လိမ်ပြီးတော့ယူတာ၊ ညာပြီးတော့ယူတာ၊ ဈေးရောင်းတဲ့အခါမှာ မကောင်းတာနဲ့ကောင်းတာ လဲထည့်တာတို့ အလေးခိုးတာတို့ ကစ ခိုးတာပဲ ဟုတ်ကဲ့လား? သူများမပေးတဲ့ပစ္စည်း မယူရဘူးဆိုတဲ့ ဒီကိုယ်ကျင့်တရားဟာလည်းပဲ ဒီကနေ့ ပျက်ပြားနေတာတွေက များလာတယ်။ ကိုယ်ကျင့်တရားကို ထိန်းသိမ်းစောင့်ရှောက်တဲ့ တစ်ခေတ်တစ်ခါတုန်းက မိမိတို့ နေအိမ်တွေဆိုတာ တံခါးပိတ်တာတို့ သော့ခတ်တာတို့ မရှိဘူး။ ဒီကနေ့ခေတ် တံခါးပိတ်ကြသလား? သော့ခတ်ကြသလား? ပိတ်တယ်နော် ဘာဖြစ်လို့ ပိတ်ရတာတုန်းလို့ အဖြေကိုကြည့်မယ်ဆိုရင် ဒီကိုယ်ကျင့်တရား ပျက်နေလို့တဲ့။ အေး ဒါကြောင့်မို့လို့ ဒီကိုယ်ကျင့်တရားရှိရင် ဒီကိုယ်ကျင့်တရားနဲ့ ပြည့်စုံလုံလောက်မယ်ဆိုလို့ရှိရင် ဘယ်လောက် ငြိမ်းချမ်းမလဲ စဉ်းစားကြည့်ပေါ့နော်။

နောက်တစ်ခု ကာမေသု မိစ္ဆာ န စရိတဗ္ဗာ ကာမဂုဏ်အာရုံတွေနဲ့ ကာမကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ မှားမှားယွင်းယွင်း မဖြစ်စေကြနဲ့။ လူ့လောက လူတွေ လိုက်နာရမယ့်ကျင့်ဝတ်ဆိုတာ ရှိတယ်။ ကိုယ့်သား ကိုယ့်သမီး ကိုယ့်ဇနီး ဒီလိုရှိကြတယ် ဟုတ်ကဲ့လား? အဲဒါမဟုတ်ဘဲနဲ့ စည်းကမ်းကလနားတွေ ဖောက်ဖျက်ပြီးတော့ ဖောက်ဖောက်ပြန်ပြန်တွေ ဖြစ်နေမယ်ဆိုလို့ရှိရင် ဖောက်ဖောက်ပြန်ပြန်ဖြစ်တဲ့ မိသားစုဟာ စိတ်ချမ်းသာမှု ရဦးမလား? မရတဲ့အခါကျလို့ရှိရင် ဘာဖြစ်မလဲ ဒေါသတွေ အာဃာတတွေ ဖြစ်လာမယ်။ အဲဒီကနေဆက်နွယ်ပြီးတော့ လူသတ်မှုတွေ ဖြစ်လာနိုင်တယ် ဟုတ်ကဲ့လား? အေး ဒါကြောင့်မို့လို့ ကာမကိစ္စတွေမှာလည်းပဲ မှားမှားယွင်းယွင်းဆိုတာ မဖြစ်စေကြနဲ့။

အကယ်၍သာ ဒီကျင့်ဝတ် လုံလုံလောက်လောက် ကိုယ်ကျင့်တရားနဲ့ ပြည့်စုံပြီဆိုရင် အဲဒီပြည့်စုံတဲ့ရွာ ပြည့်စုံတဲ့မြို့ ပြည့်စုံတဲ့နိုင်ငံဟာ ချမ်းသာနေမှာပဲ။ အဲဒီလိုမပြည့်စုံဘူးဆိုလို့ရှိရင် လူ့လောကရဲ့ လူ့အသိုင်းအဝိုင်း သူ့ရဲ့ အဖွဲ့အစည်းကြီးဟာ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး။ စိတ်မချရတဲ့ အဖွဲ့အစည်းကြီး ဖြစ်မနေဘူးလား? အေး ဒါကြောင့်မို့လို့ ဒီကိုယ်ကျင့်တရားဟာလည်း အင်မတန်မှ အရေးကြီးတယ်။

နောက်တစ်ခုက မုသာ န ဘဏိတဗ္ဗာ လိမ်လည်လှည့်စားမပြောနဲ့တဲ့၊ မှန်တာကိုပြော၊ ခုခေတ်ကျတော့ လူတွေကဘာပြော၊ မုသားမပါ လင်္ကာမချောဘူးတဲ့ ဟုတ်ကဲ့လား? လင်္ကာလေးချောချင်လို့ မုသားလေး နဲနဲ ထည့်လိုက်ဦးမယ်၊ နဲနဲတင်မကပါဘူး အတုံးလိုက်အတစ်လိုက် ဟုတ်လား? မုသားမပါလင်္ကာမချောဆိုတော့ အကုန်လုံးကို စင်းလုံးချော မုသားစကား ဖြစ်သွားတယ်။ အဲဒီကနေ ရှေ့ဆက်တဲ့အခါ ဘာတဲ့ “မိုးလုံးပြည့် မုသာဝါဒ”ဆိုတာ ဟုတ်လား? တစ်မိုးလုံးတောင် ပြည့်သွားတယ် မုသာဝါဒ ဖြစ်သွားတယ်။ အေး မမှန်မကန် ပြောတာလည်းပဲ လူတွေရဲ့ တစ်ဦးနဲ့တစ်ဦး လူ့လောက အဖွဲ့အစည်းကြီးဟာ စိတ်ဝမ်းကွဲစရာမဖြစ်ဘူးလား? လူတစ်ယောက်က ကိုယ့်ကိုလိမ်သွားတယ်ဆိုရင် ဘယ်လို ဘယ်လောက် ခံပြင်းကြမလဲ? ဟုတ်ကဲ့လား? “ငါ့ကို မဟုတ်ဘဲနဲ့ လိမ်ပြောရပါ့မလားဆိုပြီးတော့ စိတ်ဆိုးကြတယ် မဟုတ်လား? စိတ်ဆိုးတယ်ဆိုကတည်းက ညီညွတ်ရေးတွေ ပျက်ပြားသွားပြီတဲ့။ ဒါ့ကြောင့်မို့လို့ ဒီကိုယ်ကျင့်တရားကိုလည်း လုံဖို့ အင်မတန် အရေးကြီးတယ်နော်။

ဟော နောက်ဆုံးတစ်ခုက ဘာတုန်းဆိုရင် မဇ္ဇပါနံ မူးယစ်တဲ့ အရက်သေစာ ဘိန်းတို့ ကစော်တို့ ထန်းရည်တို့ Beer တို့ ဘာပဲဖြစ်ဖြစ် မူးယစ်စေတတ်တဲ့ အရာတွေကို မသောက်ရဘူးတဲ့။ အဲဒါတွေသောက်ပြီဆိုရင် ဘာဖြစ်ကြလဲ၊ လူ့လောကထဲမှာဟာ ဒီကောင်က အရက်သမား အပေါင်းအသင်းမလုပ်ကြနဲ့၊ ဒီကောင်က အသောက်အစားတွေ များတယ် မပြောကြဘူးလား? အိမ်ထောင်စုတစ်ခုမှာတောင်မှပဲ အရက်သမား တစ်ယောက်ပါလာပြီဆိုလို့ရှိရင် တော်တော်ဒုက္ခရောက်ကြတယ်နော်။ သူများတွေကလည်းပဲ သောက်တတ်စားတတ်တဲ့လူကို ကိုယ့်သားသမီးနဲ့ ထိမ်းမြားလက်ထပ်ပေးချင်တဲ့စိတ် ဘယ်သူမှ ရှိမှာမဟုတ်ဘူးနော်။ အေး ဒါ့ကြောင့်မို့လို့ မဇ္ဇပါနံဆိုတဲ့ ကိုယ်ကျင့်တရားဟာလည်း အင်မတန်မှ အရေးကြီးတယ်။

ဘာဖြစ်လို့ အရေးကြီးတာတုန်းလို့ ကြည့်လိုက်မယ်ဆိုရင် မူးယစ်တဲ့ လူတစ်ယောက်ဟာ အတွေးအခေါ်တွေ မှန်ပါဦးမလား? အတွေးအခေါ် မမှန်ဘူး ဆိုကတည်းက သူ့အတွက် ပညာရေး သူ့ပတ်ဝန်းကျင်ရဲ့ ကောင်းစားရေး စီးပွားရေး ပညာရေးဆိုတာမျိုးတွေကို သူဖြောင့်ဖြောင့်မတ်မတ် ဆောင်ရွက်နိုင်ပါ့မလား? မဆောင်ရွက်နိုင်သည့်အတွက်ကြောင့် သူ့ကိုယ်ကျိုးလည်း ပျက်ပြားတယ်၊ သူ့မိသားစု သူ့ပတ်ဝန်းကျင်ရဲ့ အကျိုးတရားတွေလည်း ပျက်စီးတယ်။ သော် ဒါကြောင့်မို့လို့ ဒီကိုယ်ကျင့်တရား ပျက်ပြားသွားပြီဆိုလို့ရှိရင် လူ့လောက လူ့အဖွဲ့အစည်းကြီးက ဆုတ်ယုတ်ဖို့ပဲနော်။

အရက်သေစာသောက်စားလို့ မူးယစ်နေသည့် ပုဂ္ဂိုလ်သည် ပါဏာတိပါတ အမှု ကျူးလွန်ဖို့လည်း လွယ်တယ်၊ သူများပစ္စည်း မတော်မတရားယူဖို့လည်း လွယ်တယ်။ ကြားဖူးတယ်မဟုတ်လား၊ ရှေးတုန်းက ဓားပြတိုက်တဲ့လူတွေ အရက်သောက်ပြီးမှ ဓားပြတိုက်ကြတာ၊ အရက်ကလေးဝင်လာမှ သူတို့ကလည်း ဟေးလားဝါးလား ဆဲဆိုပြီးတော့ ကြိမ်းမောင်း လူတွေဆီက လုယက်ကြတာ ဟုတ်ကဲ့လား? သူတစ်ပါးသားမယား စော်ကားမယ်ဆိုလို့ရှိရင်လည်း ရဲဆေးတင်တယ်တဲ့။ ရဲဆေးတင်မှ အကုသိုလ်အလုပ်လုပ်နိုင်တယ်၊ လိမ်ပြောတာလဲ ရဲဆေးတင်ပြီးတော့ပြောတာ ဖြစ်လောက်တယ်။ အေး- အားလုံးသည် သေရည်သေရက် မူးယစ်ဆေးဝါး မသောက်စားရဘူးဆိုတဲ့ ကိုယ်ကျင့်တရားပျက်ပြားသွားတာနဲ့ တပြိုင်နက် ကျန်တာတွေလည်း မလုံတော့ဘူးတဲ့၊ အဲလိုဆိုလိုတာ။

အဲတော့ စကြဝတေးမင်းကြီးတွေက တိုင်းပြည်အုပ်ချုပ်တဲ့အခါမှာ လူတွေကို ဆုံးမတာ ဟောဒီ(၅)ချက်တည်းပဲ၊ တခြားဟာမပါဘူး၊ စည်းမျဉ်းတွေ အများကြီးထုတ်စရာမလိုဘူး။ ဟောဒီကိုယ်ကျင့်တရားတွေ မပျက်ပြားစေနဲ့တဲ့။ အဲဒီ(၅)ချက်နဲ့ လူ့လောကကြီးဟာ ကြီးပွားတိုးတက်လာခဲ့ကြတယ်။ အဲဒီ(၅)ချက် ပျက်ပြားသွားပြီဆိုရင် လူ့လောကကြီးဟာ ဆုတ်ယုတ်ဖို့ပဲ ဒုက္ခသုက္ခတွေနဲ့ ကြုံကြရတယ်။ ဒီလိုကြုံတာလည်း ခုခေတ်မှ မဟုတ်ဘူး၊ ခေတ်အဆက်ဆက်ဟာ ဒီလိုကြုံခဲ့တယ်။

ဟောဒီကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီးတော့ စံထားရမယ့် ပုဂ္ဂိုလ်တွေ တစ်ခေတ်တစ်ခါတုန်းက ပေါ်ခဲ့တယ်။ မြန်မာပြည်မှာတော့ မဟုတ်ဘူး၊ အိန္ဒိယနိုင်ငံမှာ ပေါ်ခဲ့တယ်၊ မြန်မာပြည်မှာလည်း ရှိကောင်းရှိမယ်။

အဲဒီမှာ စံထားရမယ့်ပုဂ္ဂိုလ်တွေ မြတ်စွာဘုရား မပွင့်ခင် အချိန်တုန်းက အလွန်ရှေးကျတဲ့ ခေတ်ကာလတုန်းက ကုရုတိုင်းဆိုတာရှိတယ်။ ဒီကနေ့ခေတ်နဲ့ ပြောမယ်ဆိုရင် အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ကုရုတိုင်းလို့ခေါ်ရတဲ့ ဒေသတစ်ခုရှိတယ်ပေါ့။ ရှေးအခေါ်နဲ့။ အဲဒီမှာ ဣန္ဒပတ္ထဆိုတဲ့ မြို့မှာ နေယဆိုတဲ့ မင်းကြီး မင်းပြုခဲ့တယ်တဲ့။ အဲဒီမင်းကြီးမှာ သားတော် မွေးဖွားလာတဲ့အခါ အဲဒီသားတော်ဟာ ကိုယ်ကျင့်တရား အင်မတန်ကောင်းတဲ့ သားတစ်ပါး။ ဘုရားအလောင်း မွေးဖွားပြီးတော့ လာတယ်၊ အင်မတန် ကိုယ်ကျင့်ကောင်းတဲ့ သားတော်တစ်ပါး မွေးဖွားလာလို့ ဖခင်ဘုရင်ကြီး နတ်ရွာစံသွားတဲ့အခါ အဲဒီမင်းက တိုင်းပြည်အုပ်ချုပ် မင်းလုပ်တယ်။ တိုင်းပြည်က အင်မတန်မှ သာယာဝပြောတယ်။ ဘာဖြစ်လို့လဲ ကိုယ်ကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ် ဟုတ်ကဲ့လား? အင်မတန် သာယာဝပြောတယ်။

အဲဒီဘုရင်ကြီးစီးတဲ့ ဆင်ဟာလည်းပဲ အညိုရောင် အဆင်းရှိတယ်၊ အနုဝဏ္ဏလို့ ခေါ်တယ်၊ ဆင်ညိုကြီးပေါ့။ ဘုရင်ကြီးက ဘယ်လောက်စေတနာကောင်းလဲဆိုလို့ရှိရင် မြို့တံခါးလေးပေါက်မှာ မဏ္ဍပ်ကြီး(၄)ခု၊ မြို့လယ်ခေါင်မှာ မဏ္ဍပ်တစ်ခု၊ သူနေတဲ့ နန်းတော်တံခါးဝမှာ မဏ္ဍပ်တစ်ခုဆိုပြီး အားလုံး မဏ္ဍပ်(၆)ခု ရှိတယ်။ အဲဒီမဏ္ဍပ်ကြီး(၆)ခုနဲ့ နေ့စဉ်နဲ့အမျှ အလှူအတန်း ပေးတယ်။ အလှူအတန်းပေးလို့ ဒီကနေ့လိုမျိုး မအောက်မေ့နဲ့၊ အဲဒီခေတ်က ဘုန်းကြီး မရှိဘူးနော်။ လာသမျှလူတွေကိုကျွေးတာ၊ အရပ်လေးမျက်နှာက ရောက်လာတဲ့ ပုဂ္ဂိုလ်တွေ၊ အေး- တောင်ဘက်က ဝင်လာရင် တောင်ဘက်မဏ္ဍပ်က ကျွေးလွှတ်လိုက်တယ်၊ အနောက်ဘက်ကဝင်လာရင် အနောက်မုခ်မှာရှိတဲ့ အနောက်တံခါးမဏ္ဍပ်က ကျွေးလိုက်တယ်၊ မြောက်ဘက်ကလာတဲ့ပုဂ္ဂိုလ်တွေကို မြောက်တံခါးမဏ္ဍပ်က ကျွေးတယ်၊ အရှေ့ဘက်ကလာတဲ့လူတွေကို အရှေ့တံခါးက၊ မြို့ထဲရောက်နေတဲ့ ပုဂ္ဂိုလ်တွေကို အလယ်မြို့လယ်ခေါင်မှာရှိတဲ့ မဏ္ဍပ်က ကျွေးတယ်။ အဲဒီနားနေပြီးတော့ ဘုရင့်နန်းတော်ဘက် ရောက်လာပြီဆိုရင် နန်းတော်ရဲ့ တံခါးဝက မုခ်တံခါးကနေပြီးတော့ မဏ္ဍပ်ကနေ ကျွေးတယ်၊ အေး ဟုတ်ကဲ့လား? အဲဒီလို ကုသိုလ်ကောင်းမှုနေ့စဉ်နဲ့အမျှ စွန့်ကြပေးကမ်းလှူဒါန်းပြီးတော့နေတာ၊ အဲဒီလို ဣန္ဒပတ္ထဆိုတဲ့ ကုရုတိုင်းကမြို့ကြီးက အင်မတန်မှ သာတောင့်သာယာဖြစ်ပြီးတော့ ကိုယ်ကျင့်တရားလည်း အင်မတန်မှ ကောင်းကြတယ်။ ဘုရင်ကြီးကလည်း ကိုယ်ကျင့်တရား ကောင်းတယ်၊ ဘုရင့်မယ်တော်ကြီးကလည်း ကောင်းတယ်၊ မိဖုရားကြီးကလည်း ကိုယ်ကျင့်တရား ကောင်းတယ်၊ အိမ်ရှေ့မင်းကလည်း ကိုယ်ကျင့်တရားကောင်းတယ်၊ ဒါတင်မကဘူး ပုရောဟိတ်ပုဏ္ဏားကြီးကလည်း ကိုယ်ကျင့်တရားကောင်းတယ်တဲ့။ တိုင်းပြည်မှာ တာဝန်ထမ်းနေတဲ့ ပုဂ္ဂိုလ်တွေ၊ ဘုရင်နဲ့နီးစပ်တဲ့ ပုဂ္ဂိုလ်တွေ အားလုံးဟာ ကိုယ်ကျင့်တရားပြည့်စုံကြတယ်တဲ့နော်။ အဲဒါကြောင့်မို့လို့ မိုးလေဝသ မှန်ကန်ပြီးတော့ အင်မတန်မှ သာယာဖွံ့ဖြိုးနေတဲ့ သူတို့နိုင်ငံမှာ ချမ်းချမ်းသာသာ အဲလိုနေရတယ်။

တစ်ဖက်ကနေ ကြည့်လိုက်တဲ့အခါ အိန္ဒိယတောင်ပိုင်း ကနေ့ခေတ်မှာ ကာလိင်္ဂတိုင်းလို့ ခေါ်တယ်။ ကနေ့ခေတ်ကျတော့ ဩရိသပြည်နယ်လို့ ခေါ်တယ်ပေါ့။ ကလကတ္တားမြို့ကနေပြီးတော့ တောင်ဘက်ကို ထွက်သွားတဲ့အခါ မိုင်တော်တော်များများ ဝေးတဲ့နေရာမှာ ဩရိသဆိုတဲ့ ပြည်နယ်ရှိတယ်။ အဲဒီဩရိသပြည်နယ်ထဲမှာ ကာလိင်္ဂတိုင်းဆိုတာရှိတယ်။ အဲဒီကာလိင်္ဂတိုင်းက ဒန္တပူရမြို့မှာတော့ လူတွေမှာ အခက်အခဲတွေကြုံတွေ့နေကြတယ်၊ ဘာဖြစ်လို့လဲ၊ မိုးတွေတအားခေါင်နေတယ်။ မိုးတွေတအားခေါင်လာတဲ့အခါ စိုက်လို့ပျိုးလို့ ရပါ့မလား? စိုက်ပျိုးထားတဲ့ ဆန်ရေစပါးတွေ ကောက်ပင်တွေလည်း ညှိုးခြောက်၊ သီးနှံပင်တွေလည်း အကုန်လုံး ညှိုးခြောက်၊ မိုးတွေခေါင်ပြီးတော့ ဆင်းရဲဒုက္ခရောက်နေတယ်။

အဲဒီလို မိုးတွေခေါင်ပြီးတော့ ဆင်းရဲဒုက္ခရောက်တော့ ဘာဖြစ်တုန်းဆိုရင် မိုးခေါင်တာက ကပ်ဆိုးကြီးတစ်ခုပေါ့နော်၊ မိုးခေါင်လာတဲ့အခါ၊ စပါးတွေဘာတွေ စိုက်လို့ပျိုးလို့ မအောင်တဲ့အခါကျတော့ အစာရေစာ ရှားပါးပြီးတော့ မသွားဘူးလား? အေး- စားစရာ ရှားပါးလာတာ အခက်အခဲကြီးတစ်ခု၊ ဘေးရန်ကြီးတစ်ခု။ အစာအာဟာရ မပြည့်စုံကြတဲ့အခါကျတော့ လူ့လောက လူတွေမှာ ရောဂါဝေဒနာတွေ ထူပြောလာတယ်တဲ့။ အဲဒါက ရောဂါကပ်ဆိုးကြီး ဆိုက်တာကတစ်ခု ဆိုတော့ ကပ်သုံးပါးလို့ ပြောရမှာပေါ့။ မိုးခေါင်တာက အခက်အခဲတစ်ခု၊ မိုးခေါင်လို့ အစာရေစာ ရှားပါးတာ ပြဿနာတစ်ခု၊ ရောဂါတွေ ဖြစ်ကြတာက ပြဿနာတစ်ခု သူတို့နိုင်ငံမှာ အင်မတန်မှ ဆင်းရဲဒုက္ခရောက်ကြတယ်။

မိုးခေါင်ပြီဆိုလို့ရှိရင် ဘယ်နည်းနဲ့ ဖြေရှင်းကြမလဲ၊ အခုမြန်မာပြည်မှာတော့ မိုးခေါင်ပြီဆိုရင် ဘာလုပ်ကြလဲ? လွန်ဆွဲကြတယ်၊ လွန်ဆွဲတာနဲ့လည်း မိုးရွာတယ်လို့ လူတွေကထင်နေကြတာ၊ လွန်ဆွဲတာနဲ့တော့ မိုးကရွာမယ် မထင်ပါဘူး။ ဒါပေမယ့် ဒီကနေ့ထိ လွန်ဆွဲတာ မိုးရွာတယ်လို့ပဲ လူတွေက ယူဆနေတယ်။ အဲဒီခေတ်တုန်းကတော့ မိုးခေါင်ပြီဆိုရင် ဘာလုပ်ကြတုန်းဆိုတော့ တိုင်းပြည်အုပ်ချုပ်တဲ့မင်းရဲ့ နန်းတော်ကို ပြည်သူပြည်သားတွေကသွားပြီး “အရှင်မင်းကြီး၊ မိုးတွေခေါင်နေတယ်၊ မိုးတွေခေါင်လို့ စိုက်လို့ပျိုးလို့ စပါးပင်တွေစိုက်လို့မရဘူး၊ လူတွေလည်း ဒုက္ခရောက်တယ်၊ ရောဂါတွေလည်း ဖြစ်တယ် မိုးရွာအောင်လုပ်ပါ”တဲ့။ ဘယ်လိုလုပ်ရတုန်းဆို ကြည့်- မိုးရွာအောင်လုပ်တဲ့နည်း၊ လွန်ထဆွဲတာ မဟုတ်ဘူး အဲဒီမှာနော်။ ဘာလုပ်တုန်းလို့ဆိုတော့ ဘုရင်ကြီးက ဒါနကောင်းမှုလုပ်ပြီးတော့ ဥပုသ်သီလ ဆောက်တည်တယ်။ ဆောက်တည် ပြီးတော့ နန်းတော်ထဲမှာ သမန်းမြက်ခင်းပြီးတော့ (၇)ရက်တိတိ အဓိဌာန်ပြီးတော့ အိပ်ရတယ်တဲ့။

ကြည့်နော်- ရှေ့ပိုင်းမှာ အလှူအတန်း လှူဒါန်း ပေးကမ်းခြင်းဆိုတဲ့ ဒါနကိုလုပ်ရတယ်၊ ဥပုသ်သီလကို ဆောက်တည်ရတယ်။ ပြီးတော့မှ မိုးရွာဖို့ရန် အဓိဋ္ဌာန် ပြီးတော့ သမန်းမြက်ခင်းပြီးတော့ အိပ်တယ်တဲ့။ ဒါ အဲဒီခေတ်တုန်းက မိုးရွာအောင်လုပ်တဲ့ နည်းတစ်နည်းပေါ့နော်၊ လွန်ဆွဲတာမဟုတ်ဘူးနော်။ ။ “အဲလိုလုပ်တော့ မိုးကရွာလားလို့ဆို မရွာဘူးတဲ့။ အဲဒါလည်း မရွာတော့ တစ်ချို့ကအကြံပေးတယ်၊ ဟိုး မြောက်ပိုင်းက ကုရုတိုင်းဆို မိုးတွေ တအားကောင်းတယ်၊ သီးနှံတွေဖွံ့ဖြိုးလို့ မိုးရေတွေနဲ့ စပါးတွေ တစ်သီးမကဘူး နှစ်သီးသုံးသီး စိုက်လို့ရတယ်။

သူတို့နိုင်ငံမှာတော့ မိုးခေါင်နေလို့ ဘာမှစိုက်လို့မရဘူး၊ အဲတော့ ဟိုမှာ ဘာဖြစ်လို့ မိုးရွာတာတုန်း ဆိုတော့ လူဆိုတာ တစ်ယောက်တစ်ပေါက် ထင်ရာမြင်ရာ ပြောတတ်တဲ့ အကျင့်ကရှိတယ်။ ဒီကနေ့ခေတ်ရော မရှိဘူးလား? ထင်ရာမြင်ရာတွေလျှောက်ပြောတာ၊ အဲဒါကို ကောလဟလလို့ ခေါ်ကြတယ်နော်။

အဲ- ထင်ရာမြင်ရာတွေ ဘာပြောတုန်းဆိုတော့ “အဲဒီကုရုတိုင်းက မိုးကောင်းမှာပေါ့၊ ဟုတ်တယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ဘုရင်မှာ ဆင်ဖြူး၊ အဉ္ဇနဝဏ္ဏဆိုတဲ့ မင်္ဂလာဆင်တော်ကြီးရှိတယ်၊ အဲဒီဆင်ကြီးရဲ့ အစွမ်းကြောင့် ကိုယ်က မိုးတိမ်လိုပဲ ညိုနေတာ၊ ဆင်ကြီးရှိလို့ မိုးရွာတယ်” လို့ အကြံပြုတဲ့ ပုဂ္ဂိုလ်ကလည်းရှိတယ်။ ဖြစ်နိုင်ပါ့မလား၊ ဆင်ရှိတာနဲ့ မိုးရွာရမယ်ဆိုတာ၊ အကယ်၍ စစ်ကိုင်းမိုးခေါင်နေရင် ရှိသမျှဆင်တွေ စုခေါ်ထားရင် ဘယ့်နှယ့်နေမလဲ။ အဲ သူတို့က အဲသလို အကြံပေးတဲ့အခါကျတော့ ဘုရင်ကြီးကလည်း “ကဲ၊ မိုးရွာပြီးရော၊ မင်းတို့ အကြံဉာဏ်အတိုင်းလုပ်” ဆင်ဘယ်ကရမတုန်း၊ ကုရုတိုင်း ဘုရင်ကြီးဆီက ဆင်သွားတောင်းတဲ့။

“ဟ- ကုရုတိုင်းကဘုရင်ကြီးဆိုတော့ ဒို့ထက်လဲ စစ်အင်အားကောင်းတယ်၊ သူက လွယ်လွယ်နဲ့ပေးမှာမဟုတ်ဘူး” လို့ဆိုတော့ မဟုတ်ဘူးတဲ့၊ အဲဒီဘုရင်ကြီးက အင်မတန် သဒ္ဓါတရားကောင်းတယ်၊ ပေးလိမ့်မယ်။ သဒ္ဓါတရား အလွန်ကောင်းတယ်၊ သူ့ဆီသွားတောင်းပေါ့၊ အလှူခံရင်ရတယ်ပေါ့။

အေး ဒါဖြင့်ကောင်းပြီ ဆိုပြီးတော့ အဲဒီခေတ်က အလှူခံဆိုတာ ဘုန်းကြီးတွေမရှိဘူး၊ ပုဏ္ဏားတွေပဲရှိတယ်။ ဗြာဟ္မဏလို့ခေါ်တဲ့ ပုဏ္ဏားတွေကို ရွေးကောက်ပြီးတော့ ဘုရင်ကြီးက လွှတ်လိုက်တယ်။ ပုဏ္ဏားတော်တွေ အဝတ်အစားလဲပြီး ဆင်အလှူခံဖို့ဆိုပြီးတော့ ထွက်သွားကြလေရဲ့နော်။

ကာလိင်္ဂတိုင်းပြည်ကနေပြီးတော့ ကုရုတိုင်းဘက် သွားကြတယ်၊ အမြန်သွားတယ်။ သူတို့လမ်းမှာ တစ်ညပဲနားနားပြီးတော့ သွားလိုက်တာ နောက်ဆုံးကျတော့ ကုရုတိုင်းရောက်ပြီး ဘုရင်ကြီးနဲ့တွေ့ဖို့ကြိုးစားတယ်၊ အရှေ့မုခ်တံခါးမှာ ဘုရင်ကြီးက သူ့ရဲ့အလှူမဏ္ဍပ်တွေကို လှည့်လည်ပြီးတော့ ကြည့်တဲ့အခါ ဘုရင်ကြီးကိုယ်တိုင် လှူဒါန်းနေတဲ့အခါမှာ ဒီဘုရင်ကြီးနဲ့တွေ့ဖို့ သူတို့ကြိုးစားကြတယ်။ ဒါပေမယ့် မတွေ့ရဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် အစောင့်တွေက အထပ်ထပ် ချထားတာဆိုတော့ ဘုရင်နဲ့တွေ့ဖို့ ခက်တယ်မဟုတ်လား? အစောင့်တွေက အထပ်ထပ်ချထားလို့ ထူထပ်လို့ သူတို့ဘုရင်နဲ့ စကားပြောခွင့်မရဘူး။ (ဒါနဲ့ တောင်ဘက်မုခ်ကို သွားစောင့်ကြတယ်၊ တောင်ဘက်မုခ် သွားစောင့်တဲ့အခါကျတော့ တောင်ဘက်က ကုန်းမြင့်မြင့်လေးပေါ်မှာ တက်ပြီးတော့ သူတို့က စောင့်နေကြတယ်။

ဘုရင်ကြီး မဏ္ဍပ်နဲ့လည်းနီးနီး အဲဒီမှာ ထပ်စောင့်ရင်း ဘုရင်ကြီးလည်းလာရော အော်ကြတယ် “ဇေယျတု မဟာရာဇ် မင်းကြီး အောင်ပါစေ အောင်ပါစေ” အော်ကြတဲ့အခါ ဘုရင်ဆိုတာက မင်္ဂလာသတင်းတယ်ကြိုက်တာကိုး။

“အောင်ပါစေ”ဆိုတဲ့ အသံလည်းကြားရော အော်နေတဲ့ဆီကို “ဟေ့ ပုဏ္ဏားတွေ ဘာအော်နေတာလဲ” ဘုရင်ကြီးက တစ်ခါတည်း ပုဏ္ဏားတွေဆီ ဆင်ကြီးကို ချွန်းဖွင့်ပြီးတော့ ပုဏ္ဏားတွေနေတဲ့ ကုန်းဘက်ကို ကိုယ်တိုင်ထွက်လာတယ်။ ထွက်လာပြီး အနားရောက်တဲ့အခါ “မင်းတို့ ဘာလိုချင်တာတုန်း” လို့မေးတော့ ပုဏ္ဏားတွေက လျှောက်တာပေါ့။

“ကျွန်တော်မျိုးတို့ဟာ နှုတ်လွန်လာခဲ့ပါတယ်တဲ့၊ ဘုရင်မင်းကြီးရဲ့ ဆင်ကြီးနဲ့ ရွှေတွေငွေတွေပေးပြီးတော့ ထိုရွှေတွေငွေတွေကို ဘုရင်ကြီးရဲ့ ဆင်ရအောင် ယူခဲ့မယ် ဆိုပြီးတော့ ကာလိင်္ဂတိုင်းက ဘုရင်ကြီးကို ဟောဒီဆင်ရဖို့ရာအတွက် ရွှေတွေငွေတွေ ကျွန်တော်မျိုးတို့က ယူပြီးတော့သုံးခဲ့ပါတယ်။ ရှင်ဘုရင်ကြီးဆီက ဆင်ရမှဖြစ်မှာပါ၊ ဆင်မရရင် ကြွေးတွေတင်နေတော့မှာပဲ ဟုတ်ကဲ့လား? ဆင်ကြီးကို တောင်းကြတယ်။

တောင်းတော့ ဘုရင်က အင်မတန်မှ သူငယ်ငယ်လေးက သူ့မိဘက ဘယ်လိုသင်ထားတုန်းဆိုလို့ရှိရင် ဘယ်လိုလူကဖြစ်ဖြစ် မင်းကို လာတောင်းလို့ရှိရင် မင်း မငြင်းနဲ့တဲ့။ ခုခေတ် အဲလိုသင်ထား မကောင်းဘူးလား။

လာပြီးတော့အလှူခံရင် မငြင်းနဲ့တဲ့၊ အခုခေတ်တော့ အိမ်ပေါက်တွေမှာ ရေးထားတာတွေ့တယ် “အလှူခံခြင်းသည်းခံပါ” ဟုတ်လား၊ သင်တာခြင်းက မတူတော့ဘူးနော်၊ အလှူခံခြင်းသည်းခံပါဆိုပြီး တစ်ချို့ကျတော့လည်း အဲဒီစကားလုံးမရေးချင်လို့နဲ့ တူပါတယ်၊ “ခွေးကိုက်တတ်သည်” လို့တောင် ရေးထားတယ်၊ တကယ်ကတော့ ခွေးရှိချင်မှရှိမယ် ဟုတ်လား? ခွေးကလည်း ပါးစပ်ထဲသွားထည့်တောင် မကိုက်တဲ့ခွေး၊ ပျင်းတဲ့ကောင်။ အဲတော့ ခွေးကိုက်တတ်သည်လို့ ရေးထားတဲ့အိမ်လည်း ရှိတာပဲ၊ “အလှူခံမလာရ”ဆိုတဲ့ အိမ်တွေလည်း ရှိတာပဲနော်။

အဲဒီဘုရင်ကြီးကို သူ့အမေ အဖေက ဘယ်လိုသင်ထားတုန်းဆိုရင် “ငါ့သားတဲ့ မင်း ဘယ်လိုပုဂ္ဂိုလ်က လာတောင်းတောင်း မပေးနိုင်ဘူးလို့ မင်း ဘယ်တော့မှ မပြောနဲ့” ဒါ သူ့အမေ အဖေက သင်ထားတဲ့စကား။

မပေးနိုင်ဘူးလို့ မင်းဘယ်တော့မှ မပြောနဲ့၊ ဒါသူ့အမေ အဖေက သင်ထားတဲ့စကား။ မပေးနိုင်ဘူးလို့ မင်း ဘယ်တော့မှ မပြောရဘူးလို့ဆိုတော့ ခေါင်းထဲမှာ စွဲနေတယ်။

ဒါကြောင့်မို့လို့ ဆင်ကြီးလိုချင်တယ်ဆို “အေးရတယ်” ဆိုပြီးတော့ ဆင်ပေါ်ကဆင်းပြီးတော့ ဆင်မှာ တန်ဆာဆင်ထားတဲ့ ရတနာတွေများ လိုနေသေးလားလို့ စစ်ဆေးကြည့်တယ်။

အဲဒီနေရာမှာ ဆင်ကိုတင်လှူတာမဟုတ်ဘူး။ ဆင်ကိုမှီပြီးတော့ ဆင်ကိုအမှီပြုပြီးတော့နေကြတဲ့ ဆင်ဆေးဆရာတို့ ဆင်စောင့်တို့ ဆင်ထိန်းတို့ ဆင်ဦးစီးကြီးတို့ဆိုတာတွေ မိသားစုတွေပါ အကုန်လှူလိုက်တာ။ လူတစ်ရာလောက်ရှိတယ်၊ ဆင်နဲ့ပတ်သက်ပြီးတော့ လေ့ကျင့်သင်ကြားပေးတဲ့ ဆရာတွေရော အကုန်လုံး ဆင်ထိန်းတွေရော အားလုံးကို ပေါင်းပြီးတော့ ဆင်ကြီးရော တစ်ခါတည်း လှူလိုက်တယ်။

ပုဏ္ဏားတွေက ဝမ်းမြောက်ဝမ်းသာပေါ့၊ ဆင်ကြီးစီးပြီးတော့ ပြန်ကြတာ၊ ဟိုလည်းရောက်ရော ဆင်ကြီးရောက်လာတဲ့အခါကျတော့ တို့နိုင်ငံတော့ မိုးရွာတော့မှာပဲ။ မိုးက တစ်စက်မှမကျဘူး၊ ဆင်ရောက်သွားပြန်တော့လည်း မိုးကတစ်စက်မှမကျဘူး။ လွန်ဆွဲလည်း တစ်စက်မှမကျဘူးဆိုတာလို ဖြစ်နေတယ်။

ကဲ- အဲဒီတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ အစည်းအဝေးခေါ် အကြံဉာဏ်ထုတ်ကြပြန်တယ်။ အကြံဉာဏ်ထုတ်တော့ အဲဒီ ကုရုတိုင်းက မိုးသိပ်ကောင်းတယ်ကွ၊ ဘာဖြစ်လို့ကောင်းတာလဲဟ၊ “ကောင်းမှာပေါ့၊ ဘုရင်ကြီးကလည်း ကိုယ်ကျင့်တရားကောင်းတယ်၊ အဲဒီနိုင်ငံမှာရှိတဲ့ လူတွေလည်း ကိုယ်ကျင့်တရား အင်မတန်ကောင်းကြတယ်”

သူတို့ ဘာတွေကျင့်တာတုန်းဆိုတာ သူတို့ရဲ့ ကိုယ်ကျင့်တရားတွေကို သွားပြီးတော့ ရေးမှတ်ပြီး တို့လည်းကျင့်မယ်ဆိုရင် တို့နိုင်ငံမိုးရွာမှာပေါ့တဲ့၊ ဟုတ်ကဲ့လား? ဒါ ရှေးတုန်းက စာထဲပါတဲ့အတိုင်းပြောတာနော်။ အဲဒီကိုယ်ကျင့်တရား သွားပြီးတော့တောင်းကြရအောင်၊ ဆင်ကြီးတော့ ပြန်ပို့လိုက် အလကားပဲ။ ဒီမှာမြက်ကောင်းကောင်းတောင် ပေါက်တာမဟုတ်ဘူး၊ ဆင်စာလည်း မတတ်နိုင်တော့ဘူးဆိုပြီး ဆင်ကြီးကို ပြန်စီးသွားပြီး ဘုရင်ကြီးကို ပြန်အပ်တယ်။

ကျွန်တော်တို့နိုင်ငံမှာ မိုးခေါင်နေလို့ အရှင်မင်းကြီးရဲ့ ကိုယ်ကျင့်တရားကို ရေးမှတ်ပါရစေ ဆိုတော့ ဘုရင်ကြီးက ဘာပြောတုန်းဆို “အေး- ရေးတာပေါ့။ ရွှေပေလွှာကြီးနဲ့ ရွှေကညစ်နဲ့ ဘုရင်ကြီး ပြောတာကို ရေးတယ်။

ဘုရင်ကြီး - ဘုရင်ကြီးက ဘာပြောတုန်း “ငါ့ကိုယ်ကျင့်တရားကတော့ တစ်ခြားမဟုတ်ဘူးကွာတဲ့၊ ငါတို့နိုင်ငံမှာ ကျင့်သုံးတာ ဘာတုန်းဆိုရင် ပါဏာတိပါတာ - သူများအသက် မသတ်ရဘူး၊ ဒါမသတ်တာ ငါ့ရဲ့ကိုယ်ကျင့်တရားတစ်ခုပဲ။ အဒိန္နာဒါနာ - သူများဥစ္စာ မယူရဘူး။ ကာမေသု မိစ္ဆာစာရာ - သူတစ်ပါး သားမယား မပစ်မှားရဘူး။ မုသာဝါဒါ - လိမ်မပြောရဘူး။ မဇ္ဇပါန - မူးယစ်ဆေးဝါး မသောက်စားရဘူး၊ ငါ့ကိုယ်ကျင့်တရားကတော့ ဒါပဲ။

လိုက်ရေးတယ် ရေးပြီးတဲ့အခါ ဘုရင်ကြီးက “အေး ငါကျင့်တော့ ကျင့်တာပဲတဲ့၊ ဒါပေမယ့်လို့ ငါမကျေနပ်တာလေး၊ သံသယဖြစ်တာလေးတစ်ခုရှိတယ်။ အဲဒါကြောင့်မို့ ငါ့ရဲ့ကိုယ်ကျင့်တရားပေါ်မှာ သိပ်စိတ်မချရဘူး”တဲ့။ ကြည့်နော် ကိုယ်ကျင့်တရားကို ဘယ်လောက် အလေးအနက်ထားလဲဆိုရင်။ ငါကျင့်တော့ကျင့်တယ်တဲ့၊ ဒါပေမယ့်လို့ ငါ့ကိုယ်ကျင့်တရားကို လုံးဝဖြူစင်တယ်လို့ ငါမပြောနိုင်ဘူးတဲ့။ ။

ဒါဖြင့် ဘယ်လိုဖြစ်တာတုန်း အရှင်မင်းကြီးလို့ဆိုတော့ “အေး- တန်ဆောင်မုန်းလမှာ တို့နိုင်ငံမှာ ပွဲရှိတယ်၊ အဲဒီပွဲရှိတဲ့အခါ လပြည့်နေ့ ပွဲသဘင်မှာ ဘာလုပ်ကြတုန်းဆို သူတို့နိုင်ငံက ထုံးတမ်းစဉ်လာအတိုင်း စိတ္တရာဇဆိုတဲ့ ဘီလူးရဲ့ ဟိုနတ်ကွန်းကပေါ့လေ၊

စိတ္တရာဇ နတ်ကွန်းကနေပြီး အင်မတန်ဆန်းကြယ်တဲ့ ပန်းတွေနဲ့ တန်ဆာဆင်ထားတဲ့ မြားတွေနဲ့ပစ်ပြီး ကစားကြတယ်”တဲ့။

လူတွေက နတ်လိုအဝတ်အစားတွေဝတ်ပြီးတော့ ကစားတယ်။ အဲဒီပွဲသဘင်မှာ ထူးထူးခြားခြား အဲဒီလိုကစားတယ်၊ နတ်ကွန်းကနေပြီးတော့ မြားပစ်ပြီးတော့ကစားတဲ့ ကစားနည်းကိုး။ ။

“အေး- တန်ဆောင်မုန်းလမှာ မြားပစ်လိုက်တာ ငါပစ်လိုက်တဲ့မြားလေးစင်း၊ သုံးစင်းတော့ ရှာရတယ်၊ တစ်စင်းတော့ ရေထဲကျသွားတယ်” ကျန်တဲ့အစင်းတွေတော့ ငါပြန်ရတယ်၊ တစ်စင်းက ရေထဲကျသွားတော့ ငါသံသယဖြစ်တယ်ကွာ။ ရေထဲမှာ ငါးတွေရှိတယ်၊ ငါ့ကများ ဘယ်ငါးရဲ့ကျော သွားဖောက်လိမ့်မလဲဆိုတာ ငါမသိဘူးပေါ့”

ခုခေတ်ဆိုရင်တော့ ကင်တောင်စားရသေး အောက်မေ့မှာပေါ့ ဟုတ်လား။ “ငါပစ်လိုက်တဲ့မြားက ဘယ်ငါးရဲ့ကျော သွားစူးမှန်းမသိဘူးတဲ့၊ အဲဒါအတွက် ငါသံသယရှိနေတယ်၊ ဒါကြောင့်မို့လို့ ငါ့သီလငါစိတ်မချပါဘူးကွာ” ဘုရင်ကြီးကပြောတာနော်။

ဘယ်လောက် ကိုယ်ကျင့်တရားကောင်းသလဲဆိုတာ စဉ်းစားကြည့်၊ သူတို့ အဲဒါလေးကိုပဲ သံသယဖြစ်တာ။ “ကဲ- ငါကတော့ သံသယရှိတယ်တဲ့၊ ငါ့ရဲ့မယ်တော်ကြီးရှိတယ်၊ မင်းတို့ ငါ့ရဲ့မယ်တော်ကြီး ဖြူစင်လောက်တယ် မင်းတို့ သူ့ဆီသွားတောင်းကြဦး”

မယ်တော်ကြီးဆီ သွားတောင်းတော့လည်း မယ်တော်ကြီးက သူ့ရဲ့ခုနတုန်းက ကိုယ်ကျင့်တရား ကိုယ်ကျင့်တရားဆိုတာ တစ်ခြားဟာမဟုတ်ဘူး။ ခုနက ငါးပါးသီလနော်။ မယ်တော်ကြီးက ပေးပြီးတော့လည်းပဲ “အေး- ငါပေးတော့ပေးတာပဲတဲ့၊ ငါ့သီလနဲ့ပတ်သက်ပြီး သံသယရှိတယ်”တဲ့၊ သိပ်ပြီးတော့ စိတ်တိုင်းမကျဘူး။

ဘာဖြစ်လို့ စိတ်တိုင်းမကျတာတုန်းဆိုတော့ “ငါ့ရဲ့သားတော်ဘုရင်ထံ ပြည်ပမင်းတစ်ဦးကနေပြီးတော့ စန္ဒကူးတုံး လက်ဆောင်ပေးလိုက်တယ်၊ စန္ဒကူးတုံးက တစ်သိန်းတန်တယ်၊ ရွှေပန်းကြီးကလည်း တစ်ထောင်တန်တယ်၊ တစ်ထောင်တန်တဲ့ ရွှေပန်းရယ်၊ တစ်သိန်းတန်တဲ့ စန္ဒကူးနှစ်ရယ် အဲဒီလက်ဆောင်နှစ်ခုရတော့ ငါ့သားတော်ဘုရင်က ကဲ-မယ်တော်ကြီးသုံးဖို့ဆိုပြီးတော့ ငါ့ကိုပေးတယ်”။

“ပေးတဲ့အခါ ငါက ပန်းလည်းမပန်ဘူး၊ စန္ဒကူးနံ့သာလည်း မလိမ်းဘူး။ ငါ့ရဲ့ချွေးမနှစ်ယောက်ကို ငါပေးမှပဲ” ဘာဖြစ်လို့တုန်းလို့ ဘုရင်လုပ်တဲ့လူကလည်း သူ့သားတော်ပဲ၊ အိမ်ရှေ့မင်းလုပ်တာကလည်း သားတော်ဆိုတော့ ချွေးမနှစ်ယောက်ရှိတယ်ပေါ့။

မယ်တော်ကြီးက စဉ်းစားလိုက်တယ်၊ ချွေးမအကြီးကတော့ မိဖုရားရာထူးနဲ့ ရာထူးမြင့်တယ်၊ ရာထူးမြင့်တော့ သူလိုချင်ဟာ အကုန်ရတယ်၊ ငါ့ရဲ့ချွေးမငယ်လေးကတော့ အိမ်ရှေ့ကတော်ဆိုတော့ နဲနဲဆင်းရဲမယ်ပေါ့၊ သူ့ကိုတစ်သိန်းတန် စန္ဒကူးပေးပြီးတော့ ချွေးမအကြီးကို တစ်ထောင်တန် ရွှေပန်းပေးလိုက်တယ်။ ကဲ-တစ်သိန်းနဲ့ တစ်ထောင်ဆိုတော့ ဘယ်လောက် ကွာနေမယ်နော်၊ ချွေးမတစ်ယောက်ပေးတာ။

အဲလိုပေးပြီး သူပြန်စဉ်းစားမိတယ်၊ “သော်လောကရဲ့ထုံးစံက ကြီးတဲ့ပုဂ္ဂိုလ် ဦးစားပေးရတယ်”တဲ့။ အဲဒါလည်း မှတ်ထားဦးနော်၊ ခုခေတ်က အငယ်ကို ဦးစားပေးတယ်၊ ပြောင်းပြန်ကြီးဖြစ်သွားတယ်၊ တကယ် လူလောကမှာ အစဉ်အလာဟာ ကြီးတဲ့သူကို ဦးစားပေးရတာ၊ အဲ-အခုခေတ်ကတော့ “အငယ်လေး ဦးစားပေးလိုက်၊ အငယ်လေး ဦးစားပေးလိုက်နဲ့” ဟုတ်လား၊ လူတွေက အငယ်ကို သဘောကျနေတယ်။

အဲတော့ မယ်တော်ကြီးလည်း အငယ်သွားဦးစားပေးမိပြီးတော့ သူ့စိတ်ထဲမှာ ဘယ်လိုဖြစ်နေလဲ “သော်လောကရဲ့ ကျင့်ဝတ် ကြီးသူကိုလေးစားတယ်ဆိုတဲ့ ကိုယ်ကျင့်တရား ငါပျက်သွားတယ် လိုက်နာရမှာ၊ ငါမလိုက်နာမိဘူး သူ့ဟာသူဆင်းရဲတာ ငါနဲ့ဘာမှမဆိုင်ဘူး၊ ငါက ကိုယ်ကျင့်တရား မပျက်ထိုက်ဘူး” စဉ်းစားမိတယ် ဟုတ်လား။

သူ့ဟာသူ ရာထူးငယ်လို့ ဆင်းရဲချင် ဆင်းရဲပေ့စေ သူ့ဟာသူ ရာထူးမြင့်လို့ ရှိချင်ရှိပါစေ၊ ငါဦးစားပေးရမှာကတော့ ချွေးမကြီးကို ဦးစားပေးရမယ်၊ ငါက ချွေးမငယ်ကို ဦးစားမပေးရဘူး။ ဒါလောကရဲ့ ကျင့်ဝတ်အရနော်၊ အဲဒီလို အတွေးချော်ပြီးတော့ အငယ်ကို ဦးစားပေးမိတာလေးကြောင့်မို့လို့ သူ့ထဲမှာ သံသယဖြစ်နေတယ်တဲ့၊ ငါ့ကိုယ်ကျင့်တရား သိပ်မစင်ကြယ် မသန့်ရှင်းပါဘူး။

ဒါလေးနဲ့တင် သံသယဖြစ်နေတယ်ကြည့်နော်၊ ခုခေတ်တော့ ခြင်ကလေး ကြမ်းပိုးကလေးသတ်တောင် သံသယမဖြစ်ဘူးနော်၊ ခြင်ဘယ်နှစ်ကောင်သတ်သတ် သံသယမဖြစ်ဘူး၊ ကြမ်းပိုးဘယ်နှစ်ကောင်သတ်သတ် သံသယမဖြစ်ဘူး၊ ပါဏာတိပါတလို့တောင် မထင်ဘူး၊ ဟုတ်လား။ ။

ကြည့်- သူများ အဲဒီလို သံသယလေးတွေဖြစ်လာတော့ ပေးတော့ပေးတာပဲ ဒါပေမယ့် သူ့ရဲ့ကိုယ်ကျင့်တရားပေါ်မှာ သံသယရှိတယ်။ ငါ့ချွေးမဖြစ်တဲ့ မိဖုရားအကြီးက ငါ့ထက်ပိုပြီး ကိုယ်ကျင့်တရားကောင်းမှာပဲ။ သူ့ဆီသွားကြဦး။

မိဖုရား ခုနကကိုယ်ကျင့်တရားရေးမှတ်တဲ့ ကိုယ်စားလှယ်တွေက အဲဒီချွေးမဖြစ်တဲ့ မိဖုရားဆီ သွားကြပြန်ရော။ မိဖုရားဆီသွားတဲ့အခါကျတော့ မိဖုရားကလည်း “ကဲ လိုချင်တယ်ဆိုတော့ ပေးရတာပေါ့၊ ဒါပေမယ့်လို့ သူ့ရဲ့ကိုယ်ကျင့်တရားပေါ်မှာလည်း သူသိပ်ပြီးတော့ မကျေနပ်ဘူးတဲ့။ ဘာဖြစ်လို့ မကျေနပ်တာတုန်းဆိုတော့ တစ်ခါတုန်းက ဘုရင့်ရဲ့ညီတော် အိမ်ရှေ့မင်းသားက ဘုရင့်ရဲ့နောက်ကနေပြီးတော့ ဆင်ပေါ်မှာ တူတူထိုင်ပြီးတော့ လိုက်သွားတယ် တိုင်းပြည်လှည့်လည်တာပေါ့။ လေသာပြတင်းက လှမ်းကြည့်လိုက်တဲ့အခါကျတော့ မိဖုရားစိတ်ထဲမှာ ဘယ်လိုသွားပြီးထင်သတုန်းဆိုတော့ သော်-ဘုရင်ရဲ့ညီတော်ကလည်း တော်တော်ချောတာပဲ။ သူနဲ့ငါနဲ့ အဆက်အသွယ်ရလို့ရှိရင် အကယ်၍ သူဘုရင်ဖြစ်ရင်လည်း ငါ့ကိုမိဖုရားဆက်မြောက်မှာပဲ” လို့ အဲလိုတွေးကြည့်တယ်နော်။

သူလည်း အငယ်အနှောင်းကြိုက်တဲ့သဘောရှိတယ်၊ အဲဒီအတွေးလေးဝင်ပြီးတော့ သူ့စိတ်ထဲမှာ ကြော် ငါမတော်မတရားတွေးမိပြီ၊ ငါ့မှာ ကြင်ယာသက်ထား ဘုရင်မင်းတရားကြီးရှိရဲ့သားနဲ့ သွားပြီးတော့ ဒီလိုစဉ်းစားမိတာ အတော်မကောင်းတာပဲ၊ ကိုယ်ကျင့်တရားပေါ်မှာ သံသယရှိတယ်၊ အဲဒါကို သူဖွင့်ပြောတယ်၊ ဟုတ်ကဲ့လား? ဒါကြောင့်မို့လို့ သူ့ကိုယ်ကျင့်တရားပေါ်မှာ သိပ်ပြီးတော့ စိတ်မချဘူးတဲ့။ ဘယ်သူ့ဆီလွှတ်တုန်းဆိုတော့ အိမ်ရှေ့မင်းသားဆီ သွားလိုက်ပါ။ အိမ်ရှေ့မင်းသားက ကိုယ်ကျင့်တရား ပိုကောင်းပါလိမ့်မယ်၊ အိမ်ရှေ့မင်းသားဆီသွားတယ်။

အိမ်ရှေ့မင်းသား အိမ်ရှေ့မင်းသားဆီသွားတော့ အိမ်ရှေ့မင်းသားကလည်းပဲ သူ့ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ပြောတယ်။ “သူ တစ်ခါတုန်းက သူများကို ဆင်းရဲအောင် လုပ်ဖူးတယ်တဲ့၊ ဒါကြောင့်မို့လို့ သူ့ရဲ့ကိုယ်ကျင့်တရား သူအားမရဘူးပေါ့။ ဘယ်လိုဆင်းရဲအောင်လုပ်တုန်း ဆိုလို့ရှိရင် သူက သူ့နောင်တော် ဘုရင်ကြီးဆီ အခစားသွားလေ့ရှိတယ်၊ အခစားသွားတဲ့အခါကျတော့ သူ့နောက်ကလူတွေကို ပါးစပ်နဲ့မပြောဘူး။ တစ်ခါတစ်ရံကျတော့ သူ့နောင်တော်နဲ့အတူ ညအတူတူအိပ်တယ်၊ မနက်ကျမှ သူ့နန်းတော်သူ ပြန်တယ်။ တစ်ခါတစ်ခါကျတော့ သူ့နောင်တော်နဲ့စကားပြောပြီး ချက်ချင်းပြန်ထွက်တဲ့အခါလည်းရှိတယ်။ အဲဒါကို ပါးစပ်ကနေပြီးတော့ ငါချက်ချင်းပြန်လာခဲ့မယ်လို့ မပြောဘူး၊ ငါဒီမှာ ညအိပ်မယ်လို့မပြောဘူး။ ။

ဒါပေမယ့် သူလုပ်နေကျ သင်္ကေတလေးရှိတယ်။ မြင်းမောင်းတဲ့ကြိမ်လုံးလေးကို ရထားထဲမှာထည့်ထားလိုက်ပြီဆိုရင်တော့ သူချက်ချင်းပြန်လာမယ်လို့ဆိုတဲ့ အဓိပ္ပာယ်တဲ့၊ အဲလိုမဟုတ်ဘဲနဲ့ ရထားဦး ကန့်လန့်တင်ထားတယ်ဆိုရင် သူ ညအိပ်မယ်ဆိုတဲ့ အဓိပ္ပာယ်တဲ့။

တစ်ရက်ကျတော့ သူပြန်လာမယ်လို့ရည်ရွယ်ပြီး ရထားထဲမှာထည့်ထားတယ်, အပေါ်လည်းရောက်ရော မိုးတွေကရွာ, မိုးတွေကရွာတော့ နောင်တော်ဖြစ်တဲ့ဘုရင်က “မင်းဒီနေ့ မပြန်နဲ့တော့ကွာ ဒီမှာပဲအိပ်တော့”

သူ့နောက်ကလိုက်လာတဲ့ အခြံအရံတွေက မပြန်ရဲဘူး, တစ်ညဉ့်လုံး မိုးစိုထဲမှာ ဒီအတိုင်းရပ်စောင့်နေကြတယ်, လာနိုးလာနိုးနဲ့ အဲဒါ မနက်မိုးလင်းသည်အထိ ရပ်စောင့်နေကြရတယ်။ ။

အဲဒီလို မိုးလင်းသည်အထိအောင် စောင့်နေကြရတာကို သူကတွေ့တဲ့အခါကျတော့မှ သူ့ရဲ့ကိုယ်ရံတော်တွေဟာ သူ့ရဲ့လုပ်ရပ်ကြောင့် ဒုက္ခရောက်ရှာကြတယ်, ငါ့ရဲ့ကိုယ်ကျင့်တရားဟာ မစင်ကြယ်ဘူးလို့ ဒီလိုယူဆတယ် ဟုတ်ကဲ့လား? သူများကို ဒုက္ခပေးမိတယ်ပေါ့။

အဲဒါကြောင့်မို့လို့ သူက ညွှန်းလိုက်တယ်, ငါ့ရဲ့သီလ ငါအားမရဘူး, ကိုယ်ကျင့်တရားကို အားမရဘူး, ပုရောဟိတ် ပုဏ္ဏားကြီးဆီသွားလိုက်ပါ, သူက ပိုပြီး ကိုယ်ကျင့်တရားကောင်းလောက်တယ်” ပုရောဟိတ် ပုဏ္ဏားကြီးဆီ သွားကြတယ်။

ပုရောဟိတ်ပုဏ္ဏား ပုရောဟိတ်ပုဏ္ဏားကြီးက သူတို့လိုချင်တာပေးပြီး ပြောတယ် “ငါလည်း ငါ့ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး အားမရဘူးကွာ” ဒါဖြင့် ဘာလုပ်ဖူးလို့တုန်းလိုဆိုတော့ ဘုရင်ကြီးကို နိုင်ငံရပ်ခြားကနေပြီးတော့ အင်မတန်လှပသစ်လွင်တဲ့ ရထားလေးတစ်စီး ဆက်လိုက်တယ်။ ခုခေတ်လိုဆိုရင် ကားတစ်စီး လက်ဆောင်ရတယ်ပေါ့ နော်။

အဲဒီ ရထားတစ်စီး လက်ဆောင်ရလိုက်တဲ့အခါ ပုဏ္ဏားကြီးက ဘယ်လိုစဉ်းစားတုန်းဆို “ဟာ-ရထားလေးက လှလိုက်တာ, ငါက အသက်ကြီးပြီ, ဘုရင်က အဲဒီရထား ပေးရင်ကောင်းမှာပဲ” ဒီလိုသွားတွေးတယ်။

အတွေးအတွေး သူများပစ္စည်းကို ရချင်တဲ့အတွေးလေးတွေးလိုက်တယ်။ အဲလိုတွေးပြီးတော့သွားတော့ ဘုရင့်ဆီလည်းရောက်ရော ဘုရင်က “ဆရာပုဏ္ဏားကြီး အသက်ကြီးပါပြီ သူ့ပေးလိုက်ပါ”တဲ့။ အဲဒီကျတော့ မယူဘူး ရှက်တယ်နော်။

သူများပစ္စည်းကို မတော်လောဘနဲ့တွေးမိခဲ့တယ် မယူဘူး၊ အဲဒီမှာ သူ့ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး “ငါ့စိတ်ကို မထိန်းနိုင်ဘူး၊ သူများပစ္စည်းကို မတော်လောဘတက်မိတယ်၊ ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး အားမရဘူး” လို့ ပြောလိုက်တယ်နော်။

အေး- အဲဒီလို ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီးတော့ အလွန့်ကို စင်ကြယ်ခဲ့ကြတဲ့ခေတ်ပေါ့။ ဒီကနေ့ခေတ်ဆို နည်းတောင်နည်းသေးတယ် ပြောမယ် ဟုတ်လား? ကဲ-ကောင်းပြီ။

ပုရောဟိတ် ပုဏ္ဏားကြီးကလည်း ပြောတယ်၊ “ငါ့ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ငါစိတ်မချဘူးကွာ၊ မင်းတို့ လယ်မြေတွေကို တိုင်းတာတဲ့ ခုခေတ်ဆိုရင်တော့ မြေတိုင်းအရာရှိဆီ သွားကွာ၊ မြေတိုင်းအရာရှိကတော့ ပိုပြီးတော့ ကိုယ်ကျင့်တရား ကောင်းလောက်တယ်။”

မြေတိုင်းအရာရှိ ကောင်းပြီဆိုပြီး မြေတိုင်းအရာရှိဆီ သွားတဲ့အခါကျတော့ မြေတိုင်းအရာရှိကလည်း ပြောတယ်၊ သူ့ကိုယ်သူ အားမရဘူးတဲ့။ တစ်ခါတုန်းက သူကြုံခဲ့တာလေးကို ပြောပြတယ်။ ဘုရင်ကြီးက လယ်ယာမြေတစ်ခုကို ယူတဲ့အခါ တိုင်းတာမှုတစ်ခု လုပ်ကြတယ်၊ အဲဒီတိုင်းတာမှု လုပ်တဲ့အခါမှာ သူက သူကြိုးဆွဲတဲ့ဘက်မှာ ဘာတွေ့တုန်းဆိုရင် ပုစွန်တွင်းလေး သွားတွေ့တယ်၊ အဲဒီနေရာ ငုတ်စိုက်ရတယ်။ အကယ်၍ နေရာပြောင်း ငုတ်စိုက်လို့ရှိရင် ဘုရင့်ရဲ့မြေ တစ်လက်မလောက် နစ်နာသွားမယ် ဟုတ်ကဲ့လား? ပုစွန်တွင်းရဲ့ အပြင်ဘက် ဟိုဘက်ကို စိုက်မယ်ဆိုရင် လယ်မြေပိုင်ရှင်ရဲ့မြေ နစ်နာသွားမယ်။

အဲတော့ မတတ်နိုင်ဘူး၊ ပုစွန်တွင်းနေရာပဲ စိုက်မယ်ဆိုပြီးတော့ စိုက်လိုက်တဲ့အခါကျတော့ တွင်းထဲက ပုစွန်ကောင်က အော်လိုက်တာ။ ငုတ်စိုက်တော့ သူ့ကျောဖောက်မိထင်ပါရဲ့၊ အဲဒီမှာ သူစိတ်မကောင်း ဖြစ်သွားတယ်၊ “ဪ-ငါလုပ်မိလို့ ပုစွန်တစ်ကောင် ဒုက္ခရောက်သွားပြီ၊ ငါ့ကိုယ်ကျင့်တရား မသန့်ရှင်းဘူး” လို့ဆိုပြီး သူ့စိတ်ထဲမှာ အဲလိုဖြစ်တယ်နော်။ ခုခေတ်လိုဆိုရင်တော့ တူးပြီးတော့တောင် ထုတ်ပြီးဖုတ်စားမလားတောင် မသိဘူးနော်။

အဲဒါနဲ့ သူ့ကိုယ်ကျင့်တရားကို သူသိပ်ပြီးတော့ စိတ်မချဘူးတဲ့၊ ပိုပြီးတော့ကောင်းတဲ့ ပုဂ္ဂိုလ်ကတော့ ဘုရင့်ရဲ့ ရထားထိန်းကြီးဆီ သွားပါလား၊ အဲဒီရထားထိန်းရဲ့ ကိုယ်ကျင့်တရားက ပိုပြီးတော့ စင်ကြယ်လောက်တယ်ဆိုတော့ ရထားထိန်းကြီးဆီ သွားပြန်ရော။

ရထားထိန်းဆီ သွားလိုက်တဲ့အခါကျတော့ ရထားထိန်းက ပြောတယ်၊ သူ့မှာလည်း မကျေနပ်စရာလေးတစ်ခုရှိတယ်တဲ့။ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီးတော့ ဘာတုန်းလို့ဆိုတော့ ဘုရင်ကြီးဟာ ဥယျာဉ်ကိုထွက်တယ်၊ ဥယျာဉ်ထွက်ပြီးတော့ ညနေချိန်ကျတော့ ဥယျာဉ်ကနေ ပြန်လာတယ်၊ ပြန်လာတဲ့အချိန်မှာ မိုးတွေတက်လာတယ်၊ ရထားထိန်းက အေး မိုးတွေတက်လာရင် ဘုရင်ကို မိုးစိုမှာ ကြောက်လို့ မြင်းတွေကို ကြိမ်တို့ပြီးတော့ မောင်းလိုက်တာ အဲဒီနေ့က။

မြင်းတွေက ပြေးကြတာပေါ့၊ ဘုရင်ကြီးတော့ မိုးလွတ်သွားတယ်၊ မြင်းတွေက သင်ထားတဲ့မြင်းတွေဆိုတော့ ကြိမ်တို့တဲ့နေရာကို သူတို့ကမှတ်ထားတယ်၊ အဲဒီနေရာရောက်ရင် ဘယ်အချိန်ပဲဖြစ်ဖြစ် ပြေးကြတာပဲတဲ့၊ ဒီကောင်တွေကလည်း အမှတ်အသားက ကြိမ်တစ်ခါတို့ထားတာနဲ့ နောက်အဲဒီနားရောက်ရင် မြင်းတွေက ပြေးတော့တာပဲတဲ့။

အဲတော့ သူက စဉ်းစားတယ်၊ “ဪ-စနစ်တကျ သင်ထားတဲ့မြင်းတွေ မလိုအပ်ပဲနဲ့ ငါကြိမ်သွားတို့တယ်၊ သူတို့ပင်ပန်းရှာကြတယ်ပေါ့။ ဘုရင်ကြီး မိုးစိုစို မစိုစို ငါနဲ့ဘာမှမဆိုင်ဘူးပေါ့၊ မြင်းတွေ ငါ့ကြောင့် ပင်ပန်းဆင်းရဲရောက်ကြတယ်” ဆိုပြီးတော့ ငါ့ရဲ့ကိုယ်ကျင့်တရား မစင်ကြယ်ဘူးလို့ သူ့စိတ်ထဲမှာ ဒီလိုယူဆတယ်နော်။

အဲဒါနဲ့ “မင်းတို့ ငါ့သီလတော့ သိပ်ပြီးတော့ မကျေနပ်နိုင်ဘူးတဲ့၊ တို့နိုင်ငံက သူဌေးကြီးကတော့ ကိုယ်ကျင့်တရားကောင်းတယ်၊ အဲဒီသူဌေးကြီးဆီ သွားကြဦး” လို့ဆိုတော့ သူဌေးကြီးဆီ သွားကြပြန်တယ်။

သူဌေးကြီးဆီ ရောက်တဲ့အခါ သီလတောင်းတော့ သူဌေးကြီးကလည်း သူ့မှာ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး အားမလိုအားမရတစ်ခု ဖြစ်ဖူးတယ်တဲ့။ ဘာဖြစ်ဖူးတာတုန်း ပြောပါဦးဆိုတော့ သူ့ရဲ့စိုက်ခင်း သလေးစပါးခင်းကြီးဟာ အောင်မြင်ဖြစ်ထွန်းလာတဲ့အခါ သလေးသီးနှံတွေဟာ ရင့်ကာနီးမှာ ငိုက်ကျလာတယ်၊ အဲဒီအချိန်လေးမှာ သလေးအနှံတွေကို ခူးပြီးတော့ တိုင်တစ်တိုင်မှာ သူက အလှဆင်ချင်တာ။ အဲဒါနဲ့ သလေးစပါးခိုင်ကြီးကို ခူးပြီးတော့ တိုင်တစ်တိုင်မှာ ချည်ခိုင်းလိုက်တယ်၊ ချည်ခိုင်းပြီးတော့မှ သူက ပြန်စဉ်းစားတယ်။ “ဪ-ဒီသလေးခင်းကရတာ ဘုရင်ကြီးကို ငါပထမအခွန်ဆက်ရမယ်၊ အခွန်ဆက်ပြီးမှ ငါကျန်တာလုပ်ချင်တာလုပ်ရမယ်။ အခု ဘုရင်ကို အခွန်မဆက်ဘဲနဲ့ ငါကအရင်သုံးတယ်ဆို ငါ့ကိုယ်ကျင့်တရားပျက်တယ်” ပေါ့။ ဘုရင့်အခွန်တော်ကို အရင်ပေးသင့်တယ်ဆိုပြီး သူ့ရဲ့ကိုယ်ကျင့်တရားပေါ်မှာ အားမလိုအားမရတွေ ဖြစ်တယ်တဲ့။ ဒါကြောင့်မို့လို့ အားမရလို့ သူကနေတစ်ဆင့် တစ်ခါလွှတ်လိုက်ပြန်တယ် မြို့တံခါးစောင့်ကြီးဆီ လွှတ်လိုက်တယ်။

မြို့တံခါးမှူးကြီးကလည်း ကိုယ်ကျင့်တရားကောင်းတယ်၊ သူ့ဆီသွားလိုက်ပါဦးဆိုတော့ မြို့တံခါးမှူးဆီ ရောက်လာတဲ့အခါ သူပြောတယ်၊ “ကျုပ်လဲဗျာတဲ့ တစ်ခါတုန်းက နှုတ်မစောင့်စည်းမိလို့ ကျုပ်လဲ ကိုယ့်ကိုယ်ကျင့်တရားကိုယ် အားမလိုအားမရဖြစ်တယ်” တဲ့။

ပြောပါဦးလို့ဆိုတော့ “အေး- ညနေကျတော့ မြို့တံခါးပိတ်တော့မယ့်အချိန်ရောက်ပြီဆိုလို့ရှိရင် ကြော်ငြာရတယ်၊ လူတွေကြားအောင် မြို့ပြင်ထွက်နေတဲ့လူတွေ အကုန်လုံးကြားအောင် ကြော်ငြာရတယ်၊ အဲဒီကြော်ငြာတာ သုံးခါဟစ်အော်ပြီးတဲ့နောက်မှာ နောက်ကျရင်တော့ တံခါးပိတ်တာပဲ။”

အဲဒီလို တံခါးပိတ်ကာနီး ကြော်ငြာနေတဲ့အချိန်မှာ လူတစ်ယောက် သူ့ရဲ့နှမလေးကို လက်ဆွဲပြီးတော့ အပြေးလာတယ်၊ တံခါးမပိတ်ခင် မီအောင်လို့ဆိုပြီး ဟောဟဲတိုက်ပြီး အပြေးလာတယ်။ တံခါးက ပိတ်ကာနီးနေပြီ၊ အပြေးရောက်လာတဲ့အခါကျတော့ သူကဆဲပြီးငေါက်တယ်၊ ဒရဝမ်ဆိုတာ ဒေါက်တတ်တယ်နော်။ ဆေးရုံတွေဘာတွေ သွားရင် တံခါးစောင့် ဒေါက်တာတွေဘာတွေ ကြုံဖူးလိမ့်မယ်။

အဲဒီမှာ သူက ဘယ်လိုငေါက်တုန်းဆိုတော့ “မင်းက အမျိုးသမီးတစ်ယောက်ခေါ်ပြီး တစ်နေကုန် ပျော်ချင်ပါးချင်ရာသွားပြီးတော့ အချိန်မသိဘူးလားကွ၊ တိုင်းပြည်မှာ ဘုရင်ရှိနေတယ်ဆိုတာတောင် မင်းမသိဘူးလား” ဆိုပြီးတော့ အမျိုးသမီးနဲ့ အပြင်ဘက်မှာ ပျော်ပါးတယ်လို့ထင်ပြီး သူကပြောတယ်။ ဟိုလူက မျက်နှာငယ်လေးနဲ့ “မဟုတ်ပါဘူး ခင်ဗျာ၊ ဒါ ကျွန်တော့်နှမပါ”။

အား- ငါပြောမိတာမှားသွားပြီပေါ့လေ မောင်နှမကို သွားပြီးတော့ ပြောမိတယ်ဆိုပြီး သူ့ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး အားမလိုအားမရဖြစ်တယ်၊ ဒါနဲ့ သူက ဘယ်သူ့ညွှန်းလိုက်တုန်းဆိုတော့ သူ့ကိုယ်ကျင့်တရားလည်း အားမလိုအားမရ ဖြစ်သည့်အတွက်ကြောင့် ပြည့်တန်ဆာမထံ လွှတ်လိုက်တယ်။

တိုင်းပြည်ဘုရင်တွေက ခန့်ထားတဲ့ အဲဒီမြို့မှာ အချောဆုံးအမျိုးသမီးဆိုလို့ရှိရင် သူတို့က ပြည့်တန်ဆာမ ခန့်ထားလေ့ရှိတယ်။ အဲဒီပြည့်တန်ဆာမကလည်းပဲ သူလိုက်နာရတဲ့ စည်းကမ်းရှိတယ်။ ဒီတစ်ယောက်ဆီက အခကြေးငွေယူထားလို့ရှိရင် နောက်တစ်ယောက်ကို လက်မခံရဘူး၊ အဲဒီလိုရှိတယ်။ အဲဒီပြည့်တန်ဆာမကလည်း အလွန်ကို ကိုယ်ကျင့်တရားကောင်းတယ်တဲ့။

တစ်ရက်ကျတော့ လူတစ်ယောက်က ဗြုန်းခနဲ ပေါ်လာပြီး သူ့ကို ငွေတစ်ထောင်ပေးသွားတယ်။ ပေးသွားပြီး “သူပြန်လာမယ်” ဆိုပြီး ပြောသွားတယ်၊ အဲဒီလူက ပေါ်မလာဘူး၊ တစ်ရက်လည်း ပေါ်မလာ၊ နှစ်ရက်လည်း ပေါ်မလာ၊ တစ်လလည်း ပေါ်မလာဘူး၊ တစ်နှစ်လည်း ပေါ်မလာဘူး။

သူ့ရဲ့ကိုယ်ကျင့်တရားက တစ်ယောက်ရဲ့ငွေ လက်ခံထားလို့ရှိရင် နောက်တစ်ယောက် လက်မခံရဘူး။ လက်မခံရတော့ ငွေလေးတစ်ထောင်နဲ့ အဲဒီယောက်ျားက ဘယ်လောက်ထိအောင် ကြာတုန်းဆို သုံးနှစ်တဲ့။ သုံးနှစ်ဆိုတော့ သူ့ဝင်ငွေတွေ ဘယ်လောက်လျော့သွားတုန်း၊ ကဲ ဟုတ်လား? ဝင်ငွေတွေလျော့တော့ စားစရာ သောက်စရာ ဆင်းရဲဒုက္ခရောက်လာတယ်။

ရောက်လာတဲ့အခါကျတော့ တရားသူကြီးဆီ သွားတိုင်ပင်တယ်၊ “ဒီလိုပဲ ကျွန်မလက်ခံထားတာ အဲဒါ အဲဒီလူက ခုချိန်အထိ မလာဘူး၊ သုံးနှစ်ပြည့်ပြီး ကျွန်မလည်း စားဝတ်နေရေးဒုက္ခရောက်နေပြီ” ဆိုတော့ တရားသူကြီးက ဆုံးဖြတ်ပေးတယ်။ “သုံးနှစ်မှဆိုရင်တော့ ကဲ မင်းစောင့်နေတာ ကျေပြီ၊ မလာတော့ဘူး လက်ခံလိုက်တော့၊ နောက်လာတဲ့လူ လက်ခံလိုက်တော့” ဆိုတော့ လူတစ်ယောက်က ပိုက်ဆံလာပေးတယ်၊ ပေးလိုက်တဲ့အခါမှာ လက်လှမ်းလိုက်တာ ရှိသေးတယ် ခုနက ကိုယ်တော်ချောက ဘွားကနဲ ရောက်လာတယ်။

အဲဒီမှာ ဒီအမျိုးသမီးက “ဪ-ငါစည်းကမ်းပျက်တာပဲပေါ့၊ ဒီလူတစ်ယောက်ကို သုံးနှစ်စောင့်ရဲ့သားနဲ့ မလာလို့ ငါလက်ခံမိတာ၊ ငါကိုယ်ကျင့်တရားပျက်တာပဲ”။ ခုနက ဘွားကနဲ ပေါ်လာတဲ့လူက လူသားမဟုတ်ဘူးတဲ့၊ သိကြားမင်း ဖြစ်နေတယ်။ ဘာဖြစ်လို့ သူက ဒီလိုလုပ်တာတုန်းဆိုတော့ ဒီပြည့်တန်ဆာမရဲ့ ကိုယ်ကျင့်တရား ဘယ်လောက်ကောင်းသလဲဆိုတာကို သိစေလို၍ သူက လုပ်ပေးသွားတာ။ သိကြားရဲ့အသွင်သဏ္ဌာန် ပျောက်ပြီးတော့ သူ့အိမ်ကို ရတနာခုနစ်ပါးနဲ့ပြည့်အောင် ဖြည့်တင်းပေးပြီးတော့ ကိုယ်ကျင့်တရားကောင်းအောင် ကျင့်ကြဖို့ သိကြားမင်းက တရားဟောပြီးတော့ ပြန်သွားတယ်တဲ့။

ဒါက ငါးရာ့ငါးဆယ်မှာပါတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောပြတာ ဟုတ်ကဲ့လား? အဓိကပြောချင်တာကတော့ ဒီဇာတ်လမ်းထဲမှာပါတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ်ကျင့်တရား ချိုးဖောက်တဲ့ပုဂ္ဂိုလ် တစ်ယောက်မှမပါဘူး၊ လွန်လွန်ကျူးကျူး ချိုးဖောက်တဲ့ပုဂ္ဂိုလ် တစ်ယောက်မှမရှိဘူး။ မရှိပေမယ့်လို့ သူတို့စိတ်ထဲမှာ သူတို့ကိုယ်ကျင့်တရားကို အားမရကြဘူးတဲ့။ ဒီထက်ကောင်းအောင် သူတို့ကျင့်ချင်ကြတယ်၊ ဒါ အနှစ်သာရ ဟုတ်ကဲ့လား?

အေး အဲဒါကြောင့်မို့လို့ ကိုယ်ကျင့်သီလကောင်းဖို့ ငါးပါးသီလကို ဒီထက်ပိုပြီးတော့ ပြည့်ပြည့်စုံစုံ စင်ကြယ်အောင် ဆောက်တည်ဖို့ အင်မတန်မှ အရေးကြီးပါတယ်တဲ့။ ခုနက ရွှေပေလွှာနဲ့ ကုရုတိုင်းသူတိုင်းသားတွေ ကျင့်တဲ့ ငါးပါးသီလ- ပါဏာတိပါတာ = သူများအသက် မသတ်ရဘူးဆိုတဲ့ စည်းကမ်း၊ အဒိန္နာဒါနာ = သူများမပေးတာ မယူရဘူးဆိုတဲ့ စည်းကမ်း၊

ကာမေသု မိစ္ဆာစာရာ = သူတစ်ပါး သားမယား မှောက်မှားမှု မလုပ်ရဘူးဆိုတဲ့ စည်းကမ်း၊ မုသာဝါဒါ = လိမ်မပြောရဘူးဆိုတဲ့ စည်းကမ်းရယ်၊ သုရာမေရယ = သေရည်သေရက် မသောက်စားရဘူးဆိုတဲ့ ဒီစည်းကမ်းတွေကို အားလုံးရေးယူသွားကြတယ်။

သူတို့နိုင်ငံ ရောက်တဲ့အခါကျတော့ ရွှေပေလွှာနဲ့ ရေးလာတဲ့ ဒီစည်းကမ်းချက်တွေအတိုင်း ဘုရင်ကြီးက စပြီးတော့ ကျင့်သုံးလိုက်တဲ့အခါကျတော့မှ မိုးလေဝသတွေကောင်းပြီးတော့ ရောဂါဝေဒနာတွေ ပျောက်ကင်းကုန်သတဲ့။ ကဲ-လွန်မဆွဲနဲ့၊ ငါးပါးသီလ လုံအောင်ထိန်းတဲ့ ဟုတ်ကဲ့လား? ဒီဇာတ်လမ်းအရဆိုရင် မိုးခေါင်တာ ငါးပါးသီလ မလုံကြလို့။ ဒါက ငါးရာ့ငါးဆယ် ဇာတ်နိပါတ်ထဲက နှစ်ရာခုနှစ်ဆယ်နဲ့ခြောက်ခုမြောက်ဖြစ်တဲ့ ဇာတ်ကို ကုရုဓမ္မဇာတ် လို့ခေါ်တယ်။

အဲဒီ ကုရုဓမ္မဇာတ်ကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က အတိတ်က တကယ်ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ပြန်လှန်ပြီးတော့ ဟောတာ။ အဲဒီဟောထားတဲ့အတိုင်း နောက်ဆုံးကျတော့ မြတ်စွာဘုရားက အေး- လောကကြီးမှာ ဘယ်အရာမှ မတည်မြဲဘူး၊ အားလုံးဟာ ကျေနပ်စရာ မကောင်းလို့ ဒုက္ခသစ္စာ ချည်းပဲတဲ့၊ ဟုတ်ကဲ့လား?

အဲဒီဒုက္ခဆိုတဲ့ သဘာဝတရား ဘာ့ကြောင့်ရနေတာတုန်းဆိုရင် ရချင်တဲ့ တွယ်တာတဲ့ ခင်မင်တဲ့ လိုချင် လောဘ တဏှာ ကြောင့် ရနေတာ ဒါက ဒုက္ခသမုဒယ တဲ့၊ ဟုတ်ကဲ့လား? အဲဒီနှစ်ခု ရှိနေသေးလို့ရှိရင် သံသရာထဲမှာ ဒီလိုဒုက္ခတွေ အဆိုးနဲ့ကြုံလိုက်၊ အကောင်းနဲ့ကြုံလိုက်၊ အဆိုးနဲ့ကြုံလိုက်၊ အကောင်းနဲ့ကြုံလိုက် သံသရာထဲမှာ ဒီဒုက္ခနဲ့ သမုဒယ တဝဲလည်လည် ဒီလိုရှိနေကြဦးမှာတဲ့။

အဲဒီဒုက္ခတွေအားလုံး ငြိမ်းသွားတာက ဒုက္ခနိရောဓ လို့ခေါ်တဲ့ နိဗ္ဗာန်ပဲဖြစ်တယ်။ နိဗ္ဗာန်ရောက်သွားပြီဆိုရင် မိုးခေါင်တာလည်း မရှိတော့ဘူး၊ မိုးကောင်းတာလည်း မရှိတော့ဘူး၊ ဟုတ်ကဲ့လား? ရောဂါဖြစ်တာလည်း မရှိတော့ဘူးတဲ့။ အဲဒါဟာ ဒုက္ခနိရောဓ ဒုက္ခတွေအားလုံး ငြိမ်းသွားမှ၊ အဲဒီဒုက္ခတွေအားလုံး ငြိမ်းသွားဖို့ကတော့ ဘာတုန်းဆိုရင် နံပါတ်(၁) အမှန်မြင်ဖို့လိုတယ်၊ အမှန်မြင်တာကို သမ္မာဒိဋ္ဌိ လို့ခေါ်တယ်။ အမှန်မြင်ဖို့အတွက် ဘာလုပ်ဖို့လိုလဲဆိုရင် မှန်မှန်ကန်ကန် တွေးတတ်ဖို့လိုတယ်။

ကဲ-အမှန်မြင်ပြီ၊ အမှန်တွေးတတ်ပြီဆိုလို့ရှိရင် ကိုယ်ကျင့်တရားကောင်းဖို့ လိုတယ်တဲ့။ မှန်ကန်တဲ့စကားကိုပြောတယ်ဆိုတာ ဝစီဒုစရိုက် လေးပါးကို ရှောင်ရမယ်လို့ ပြောတာ၊ ဝစီဒုစရိုက်ဆိုတာ လိမ်ပြောတာကို ဝစီဒုစရိုက်၊ တစ်ယောက်နဲ့တစ်ယောက် မတည့်အောင် ကုန်းတိုက်တာ ဝစီဒုစရိုက်၊ အရပ်ထဲမှာ ဆဲတာဆိုတာ ဝစီဒုစရိုက်၊ ဟုတ်ကဲ့လား? တရားလက်လွတ်စကားတွေ လျှောက်ပြောတာ ဝစီဒုစရိုက်တဲ့။

အဲဒီ ဝစီဒုစရိုက်တွေ ကင်းပြီဆိုရင် သမ္မာဝါစာ ဖြစ်တယ်၊ မှန်ကန်သောစကားကိုပြောတာ။ မှန်ကန်သောအလုပ်ကိုလုပ်တယ်ဆိုတာ သူများအသတ်သတ်ရင်၊ သူများဥစ္စာခိုးရင်၊ သူတစ်ပါး သားမယား ပြစ်မှားတယ်ဆိုရင် မှားယွင်းတဲ့လုပ်ရပ်။ အဲဒီမှားယွင်းတဲ့ လုပ်ရပ်တွေကို ရှောင်လိုက်ပြီဆိုရင် သမ္မာကမ္မန္တ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်။ အဲဒီမှန်ကန်တဲ့စကားကိုပြောပြီးတော့ မှန်ကန်တဲ့လုပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုမယ်ဆိုရင် သမ္မာအာဇီဝ ဖြစ်တယ်။

သူများအသက် သတ်ပြီးတော့ အသက်မမွေးနဲ့၊ သူများဥစ္စာခိုးပြီးတော့ အသက်မမွေးနဲ့၊ သူတပါးသားမယား စော်ကားပြီး အသက်မမွေးနဲ့၊ လိမ်ပြောပြီးတော့ အသက်မမွေးနဲ့၊ ကုန်းတိုက်ပြီးတော့ အသက်မမွေးနဲ့၊ ဆဲရေးပြီးတော့ အသက်မမွေးနဲ့၊ မဟုတ်မတရား လျှောက်ပြောပြီးတော့ အသက်မမွေးနဲ့လို့ ဆိုလိုတယ်၊ ဟုတ်ကဲ့လား?

ဟော ကိုယ်ကျင့်သီလ ပြည့်စုံပြီ ဘာလုပ်ရမတုန်းဆို သမ္မာဝါယာမ = မှန်ကန်တဲ့ ကြိုးစားမှုရှိဖို့လိုတယ်တဲ့။ မှန်ကန်တဲ့ ကြိုးစားမှုဆိုတာဘာတုန်း။ ကိုယ့်သန္တာန်မှာ အကုသိုလ်မဖြစ်သေးရင် မဖြစ်ရအောင်၊ ဖြစ်လာတဲ့ အကုသိုလ်တွေကို ဖယ်ရှားနိုင်အောင်၊ ကုသိုလ်မဖြစ်သေးဘူးဆိုရင်ဖြစ်အောင်၊ ဖြစ်လာတဲ့ကုသိုလ် ကိုယ့်သန္တာန်မှာ တိုးပွားလာအောင် လေးဖက်လေးတန်က ကြိုးစားတာကို သမ္မာဝါယာမလို့ခေါ်တယ် ဟုတ်ကဲ့လား?

အကုသိုလ်မဝင်အောင် ဆို့ပိတ်ရမယ်၊ ဥပမာမယ် ဒေါသမထွက်သေးဘူးဆို မထွက်အောင်တား၊ ထွက်ပြီဆိုလို့ရှိရင်လည်း မြန်မြန်ဖယ်ရှားပစ်ရမယ်၊ ဒီလိုဆိုလိုတယ်။ မေတ္တာမပွားရသေးဘူးဆိုရင် မေတ္တာပွားဖို့ ကြိုးစားရမယ်၊ မေတ္တာပွားမိပြီဆိုရင် ပိုပြီးတော့ ပွားမိအောင် ကြိုးစားရမယ်။ ဒါကို သမ္မာဝါယာမ = မှန်ကန်တဲ့ အားထုတ်မှုလို့ ပြောတာနော်။

အဲ- မှန်ကန်တဲ့ အားထုတ်မှုလုပ်ပြီ ဆိုလို့ရှိရင် သမ္မာသတိ = မှန်ကန်တဲ့ သတိထားမှု လိုအပ်တယ်။ မှန်ကန်တဲ့ သတိထားမှုဆိုတာ ကိုယ့်ရဲ့ထွက်လေဝင်လေလေးကို အာရုံစိုက်နေတာ ဟုတ်ကဲ့လား? ကိုယ့်ရဲ့ခံစားချက်လေးကို အာရုံစိုက်နေတာ၊ ကိုယ့်ရဲ့အသိစိတ်လေးကို အာရုံစိုက်နေတာ၊ ကိုယ့်ရဲ့ကြံတွေးတာကို အာရုံစိုက်တယ်။ စာလိုပြောရင် ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ လို့ဆိုတဲ့ သတိပဋ္ဌာန်တရားလေးပါး ပွားတာလို့ ပြောတယ်နော်။

နောက် သမ္မာသမာဓိ ဆိုတာကျတော့ သမာဓိရအောင် သမထကျင့်စဉ်တစ်ခုကို ကျင့်ပြီးတော့ သမာဓိထူထောင်ပြီးတော့ ပေးတာ သမ္မာသမာဓိတဲ့။ အားလုံးပေါင်းလိုက်တဲ့အခါကျတော့ မဂ္ဂင်ရှစ်ပါး အကျင့်တရား။ အဲဒီမဂ္ဂင်ရှစ်ပါး အကျင့်တရားသည် ဒုက္ခနိရောဓ လို့ဆိုတဲ့ ဒုက္ခချုပ်ရာကို ရောက်စေတတ်တဲ့ အကျင့်ပဲတဲ့၊ အဲဒါကို ကျင့်ပါလို့ ဒီလိုပြောတာနော်။

မြတ်စွာဘုရားက ဟောဒီဇာတ်လမ်းကို ဟောပြီးတဲ့အခါကျတော့ သစ္စာလေးပါးမှာလာတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်မှ ဒုက္ခနိရောဓဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရမှာ။ ဒုက္ခနိရောဓဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုမှသာ မိုးခေါင်ခြင်း၊ ရေရှားခြင်း၊ ရောဂါဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ ရောဂါများခြင်းဆိုတဲ့ အပြစ်အနာအဆာတွေက လုံးဝလွတ်မှာဖြစ်ပါတယ်တဲ့။

ဒါကြောင့် ဟောဒီဇာတ်လမ်းအတိုင်း “စံထားရမည့် ကိုယ်ကျင့်တရားရှိသူများ”ကို စံပြုပြီးတော့ မိမိတို့ဘဝမှာ ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားခြင်းဖြင့် နောက်ဆုံးမှာ နိဗ္ဗာန်ချမ်းသာထိ ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။

သာဓု ... သာဓု ... သာဓု

1377nd2jcgl2drs1ekz51bc59s5eak0
စရိုက်နှင့် ဝါသနာ
0
6359
22109
22090
2026-06-15T03:17:20Z
Tejinda
173
22109
wikitext
text/x-wiki
{{header
| title = စရိုက်နှင့် ဝါသနာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[စံထားရမည့် ကိုယ်ကျင့်တရားရှိသူများ]]
| previous2 =
| next = [[စိတ်၏ အတွေးများ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

စရိုက်နှင့် ဝါသနာ
မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော်(၅)ရက်၊ ၂ဝ၁၁ ခုနှစ်၊ မတ်လ(၂၄)ရက်၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ထန်းပင်ကုန်း၊ ပိတောက်မြိုင် အနန္တဂုဏ်ရည် ကျောင်းတိုက် အတွင်း ဒုတိယအကြိမ်မြောက် ဆင်ယင်ကျင်းပ ပြုလုပ်အပ် သည့် ဓမ္မပူဇာ ဓမ္မသဘင်အခမ်းအနား၌ ဟောကြားအပ်သော “စရိုက်နှင့်ဝါသနာ” အကြောင်း တရားဒေသနာတော် သည်

အားလုံး ဗုဒ္ဓဘာသာဝင်တွေ သိတဲ့အတိုင်း စရိုက်ဆိုတာ တစ်ယောက်နှင့်တစ်ယောက်မတူညီတဲ့ စိတ်နေ သဘောထားတွေ၊ အပြုအမူတွေ၊ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ရဲ့ သန္တာန်မှာ အဖြစ်များတဲ့ အခြေအနေတွေကိုခေါ်တာ။ ပါဠိစာပေက စရိုက်ကို “စရိယာ”

စာမျက်နှာ-၂
လို့သုံးတယ်။ “စရိယာ”ဆိုတဲ့ စကားလုံးက ပြုကျင့်ခြင်း၊ ပြုလုပ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒီနေရာမှာ “စရိုက်”ဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်နေသဘောထားနဲ့ အပြုအမူဖြစ်တယ်။ စိတ်သဘောထားဟာ တစ်ယောက်နဲ့တစ်ယောက် တူညီမှုမရှိကြဘူး။ စိတ် သဘောထားအခြေခံပြီး ပြောဆိုခြင်း၊ လုပ်ဆောင်ခြင်းဆိုတဲ့ အပြုအမူကိစ္စတွေ တစ်ယောက်နဲ့တစ်ယောက် တူညီမှု မရှိကြဘူး။ အဓိကကတော့ “စရိုက်ဆိုတာ လူတွေရဲ့ စိတ်သဘောထားတွေကို ဆိုလိုတာပေါ့။ စိတ်ထဲမှာ အဖြစ်များနေတဲ့ အရာတစ်ခုကို “စရိုက်”လို့ ပြောလိုက်တာ။ ဒါကြောင့်မို့ “စရိုက်” အဓိပ္ပာယ်ကို ဖွင့်ဆိုတဲ့အခါမှာ “ပကတိ”တဲ့။ လူတွေရဲ့ စိတ်နေ သဘောထား၊ ပကတိအနေအထား ဥဿတာ အဖြစ် များတဲ့ စိတ်အခြေအနေ။ အဲဒါကို “စရိုက်” လို့ ခေါ်တယ်။

ကိုယ့်ကိုယ်ကိုပြန်ပြီး စစ်ဆေးကြည့်။ တို့စိတ်က ဘာတွေ အတွေးများသလဲ၊ တို့ရဲ့ စိတ်တွေထဲမှာ

စာမျက်နှာ-၃
ဘာတွေ အဖြစ်များသလဲ။ တစ်နေ့မှာ (၂၄)နာရီ ရှိတဲ့အထဲ အိပ်ချိန်ကိုဖယ်ထား၊ တခြားအချိန်တွေမှာ ကိုယ့်ကိုယ်ကို မည်သည့်စရိုက်ရှိသလဲဆိုတာ သိချင်ရင် ဒီတရားနာပြီးတဲ့အခါမှာ ကိုယ့်ကိုယ်ကို လေ့လာ အကဲခတ်ဖို့ပဲ။ ကိုယ့်အကြောင်းမှ ကိုယ်မသိဘူးဆိုရင် ကိုယ်ညံ့ရာ ရောက်မှာပေါ့။ လောကလူတွေက ကိုယ့် အကြောင်း ကိုယ်သိတယ်လို့ ထင်ကြတယ်၊ သို့သော် ကိုယ့်အကြောင်း ကိုယ်မသိတဲ့သူကများတယ်။ ကိုယ့် အကြောင်း ကိုယ်သိအောင် ကြိုးစားဖို့ဆိုတာ ဘာရှိမှ ကိုယ့်အကြောင်း ကိုယ်သိနိုင်သလဲလို့ဆိုရင် “သတိ”နဲ့ “သမ္ပဇည” ရှိမှ သိနိုင်တာ။ ဒါကြောင့်မို့ မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ “သတိ” “သမ္ပဇည”နဲ့ လေ့ကျင့်နည်းစနစ်တွေကို ဖော်ပြထားတယ်။

ဘုရားဟောထားတဲ့ လေ့ကျင့်နည်းစနစ်တွေဟာ ကိုယ်အမူအရာ အားလုံးပေါ်မှာ “သတိ” ထားတတ်ဖို့၊ အသိဉာဏ်ရှိဖို့ဖြစ်တယ်။ အသိဉာဏ်ဆိုတာ “သတိ” မပါဘဲ ဘယ်တော့မှမဖြစ်ဘူး။ သတိရှိမှ အသိဉာဏ်

စာမျက်နှာ-၄
ဆိုတာ ဖြစ်တယ်။ ဒါကို စာပေကျမ်းဂန်မှာ ဆိုတယ်။ “န ဟိ သတိဝိရဟိတာ ပညာ နာမ အတ္ထိ”တဲ့။ သတိကင်းတဲ့ ပညာဆိုတာ မရှိဘူး။ သတိဟာ အရေးကြီးတယ်။ “သတိထားမှ အသိပညာဆိုတာ ပေါ်လာတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက “သတိ”နဲ့ ‘သမ္ပဇည”ကို တွဲဖက်ပြီးတော့ဟောတာ။”

သတိမပါဘဲနဲ့ သမ္ပဇညဆိုတဲ့ အခြေအနေကို သိနိုင်တဲ့ပညာ မဖြစ်ဘူးတဲ့။ ဒါကြောင့်မို့ “သတိ” “သမ္ပဇည”နဲ့ ကိုယ့်ကိုယ်ကို မည်သည့်စိတ် အခြေ အနေတွေရှိတယ်၊ ကိုယ့်ရဲ့ စိတ်အခြေအနေတွေထဲမှာ မည်သည့်တရားတွေ အဖြစ်များတယ်ဆိုတာ လေ့လာ ဖို့၊ အကဲခတ်ဖို့ လိုအပ်တယ်။

မဟာသတိပဋ္ဌာနသုတ်မှာ မြတ်စွာဘုရားက ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လာလို့ရှိရင် သတိထားရမယ်၊ ဆင်ခြင်တုံ အသိဉာဏ်ထားရမယ်။ မျက်စိနှစ်လုံး အသုံးပြုပြီး ကြည့်တဲ့အခါမှာလည်း သတိ သမ္ပဇညဆိုတာ ရှိရမယ်။ ကိုယ်ဝတ်တဲ့ အဝတ်အစား

စာမျက်နှာ-၅
တွေကို ဝတ်ဆင်တဲ့အခါမှာလည်း သတိ သမ္ပဇည ရှိရမယ်။ နောက်ဆုံးမှာ ကိုယ့်ရဲ့ လက်ကလေး ကွေးတာ ဆန့်တာ၊ ခြေထောက်ကလေး ကွေးတာ ဆန့်တာက စပြီး သတိရှိဖို့၊ ဆင်ခြင်တုံတရားရှိဖို့ ဟောတာ။

အေး၊ စားတဲ့သောက်တဲ့အခါမှာလည်း ထို့အတူ ပဲ။ ကိုယ့်ကိုယ်ကိုမှာ ခန္ဓာကိုယ်မှာ သတိကပ်နေဖို့လိုတယ်။ လောကလူတွေက ထမင်းစားနေပေမယ့်တွေး ချင်ရာတွေးနေတာကိုး။ ထိုင်နေပေမယ့်လည်းတွေး ချင်ရာတွေးနေတာ။ လူနဲ့အသိစိတ်ဟာ ကပ်နေတာ အင်မတန်မှရှားတယ်။ တရားပွဲထဲရောက်လို့ တရားနာ နေတဲ့အချိန်တောင် လူက တရားပွဲထဲ ငုတ်တုတ်ထိုင် နေပေမယ့်လို့ စိတ်က အိမ်ရောက်ချင်ရောက်သွားတာ။ စိတ်နဲ့လူနဲ့ ကပ်နေဖို့ဆိုတာ ဒီ သတိရှိမှဖြစ်တယ်။ အရာရာမှာ မြတ်စွာဘုရားက ဘယ်လောက်ထိအောင် ဟောသလဲဆိုရင် စားတာပဲဖြစ်ဖြစ်၊ သောက်တာပဲ ဖြစ်ဖြစ်၊ နောက်ဆုံးမှာ အိပ်နေတဲ့အခါပဲဖြစ်ဖြစ်၊ နိုးတဲ့အခါပဲဖြစ်ဖြစ်၊ Toiletထဲ ဝင်တာပဲဖြစ်ဖြစ် သတိရှိဖို့

စာမျက်နှာ-၆
မြတ်စွာဘုရား ဟောကြားတယ်။ ဒါက ဘာလုပ်တာ တုန်းဆိုရင် သတိနဲ့ သမ္ပဇညကို လေ့ကျင့်မွေးမြူပေး တာ။ အဲဒီ သတိနဲ့ သမ္ပဇညကို လေ့ကျင့်မွေးမြူပေးမှ ကိုယ့်ရဲ့ စိတ်နေသဘောထားတွေကိုလည်း အကဲခတ် နိုင်မှာ၊ သိရှိနိုင်မှာဖြစ်တယ်။ အဲ၊ နို့မဟုတ်ဆိုလို့ရှိရင် ကိုယ့်ကိုယ်ကိုယ် တစ် ယောက်ယောက်က လာမေးကြည့်ရင် မင်းရဲ့ စိတ် သဘောထား၊ စိတ်အခြေအနေ၊ စိတ်ထဲမှာ ဘာတွေ အဖြစ်များသလဲလို့မေးရင် ရုတ်တရက် ဖြေနိုင်ဖို့ ခက်ခဲတယ်နော်။

“လောဘ”တွေ အဖြစ်များသလား၊ “ဒေါသတွေ အဖြစ်များသလား၊ “မောဟတွေ အဖြစ်များသလား၊ “သဒ္ဓါ”တွေ အဖြစ်များသလား၊ “စဉ်းစားဉာဏ်”တွေ အဖြစ်များသလား၊ “အတွေး”တွေ အဖြစ်များသလား ဆိုတာ သိရမယ်။

စာမျက်နှာ-၇

စရိုက်(၆)ပါး
ဒီနေရာမှာ စရိုက်လို့ပြောတာဟာ စာပေကျမ်းဂန် အရ စရိုက် (၆)မျိုးဖော်ပြတယ်။ မကောင်းတဲ့စရိုက် (၃)မျိုးနဲ့ ကောင်းတဲ့စရိုက် (၃)မျိုးလို့။ ဒါက ကမ္မဋ္ဌာန်း အလုပ် အားထုတ်တဲ့အခါမှာ အရေးကြီးတာမို့ ပြောတာ၊ တခြားဟာတွေကိုလည်း စရိုက်လို့ခေါ်မယ် ဆိုရင် ခေါ်နိုင်တာပဲ။ စိတ်ထဲမှာ အဖြစ်များတာ မှန်သမျှ စရိုက်ပဲ။

အဲဒီတော့ အကုသိုလ်နဲ့ပတ်သက်ပြီး ပြောမယ် ဆိုရင် ရာဂစရိယာတဲ့။ စရိုက်ဆိုတဲ့ စကားလုံးကို သုံးလို့ရှိရင် “စရိယာ”ဆိုတာကို သုံးရမယ်။ ဒါက အမူ အကျင့်ကို ရည်ညွှန်းပြီးပြောတဲ့အခါမှာ “စရိယ” လို့ပဲ ပြောတယ်။ ရာဂစရိယာ၊ ဒေါသစရိယာ၊ မောဟ စရိယာ။ အာရုံနဲ့တွေ့လာလို့ရှိရင် တပ်မက်တတ်တဲ့၊ နှစ်သက်စရာအာရုံ မြင်လိုက်ရင် တွယ်တာတယ်၊ နှစ်သက်တယ်ဆိုတဲ့ အကောင်းကြိုက်တယ်၊ အလှအပ မက်မောတယ်၊ ဒါက ရာဂစရိယာ။ စိတ်တိုတယ်။

စာမျက်နှာ-၈
ထစ်ခနဲရှိရင် ဒေါသထွက်တယ်၊ ဒေါသစရိယာ-ဒေါသ စရိုက်။ ပြောလိုက်ရင် ကိုးရိုးကားယား၊ လုပ်လိုက်ရင်လည်း ကိုးရိုးကားရား၊ ကြောင်းကျိုး ဆီလျော်မှုမရှိဘူး၊တွေးလိုက်ရင်လည်းပဲ ကိုးရိုးကားယား ဆိုလို့ရှိရင် ဒါ မောဟစရိယာ-မောဟစရိုက်။ ဒါ မကောင်းတဲ့ စရိုက်ရဲ့ အခြေခံ(၃)မျိုးအနေနဲ့ ကမ္မဋ္ဌာန်းတရား အားထုတ်ဖို့ အတွက် လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကို ဖော်ပြတာ။

ကောင်းတဲ့ဘက်ကပြောမယ်ဆိုလို့ရှိရင် သဒ္ဓါ စရိုက်တဲ့။ သဒ္ဓါစရိယာ၊ ကုသိုလ်ရေး စိတ်ဝင်စားတယ်၊ ကုသိုလ်လုပ်ချင်တယ်၊ အလှူအတန်း လုပ်ချင်တယ်၊ သီလစောင့်ချင်တယ်၊ တရားပွဲသွား တရားနာ ချင်တယ်၊ ကမ္မဌာန်းဘာဝနာ အားထုတ်ချင်တယ်၊ စိတ်ဝင်စားဆုံးက ကုသိုလ်ကိစ္စပဲ။ အဲဒီ သဒ္ဓါတရား အဖြစ်များလာတဲ့ပုဂ္ဂိုလ် သဒ္ဓါစရိုက်ရှိသူလို့ ခေါ်တယ်။ သဒ္ဓါစရိုက် ဖြစ်ပေါ်မှု အကြိမ်များသူ။

စာမျက်နှာ-၉
ဗုဒ္ဓါစရိုက်ဆိုတာ ဘယ်ကိစ္စပဲဖြစ်ဖြစ် အလေး အနက်ထားတယ်၊ စဉ်းစားတယ်၊ မဆင်မခြင်မလုပ်ဘူး။ ဘာပဲဖြစ်ဖြစ် သာမန်လိုမစဉ်းစားဘူး၊ အလေးအနက် ထား စဉ်းစားတယ်။ ဗုဒ္ဓါစရိုက်။ အေး- ဝိတက္ကစရိုက်ဆိုတာ ဘာဖြစ်ဖြစ်တွေးနေတာ၊ အတွေးတွေလွန်လို့ ညအိပ်မပျော်ဘူးဆိုတာ ဝိတက်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်ပဲ။တွေးတောမှုတွေက အလွန်များတယ်။ အကြောင်း အရာလေးတစ်ခု မျက်စိကမမြင်လိုက်နဲ့တွေးပြီ၊ နားက မကြားလိုက်နဲ့တွေးတယ်။ အဲဒီလို အတွေးတွေဟာ သူများထက်ပိုပြီးတော့များလာတယ်။ ဒါဝိတက္ကစရိုက် လို့၊ ဟော- မကောင်းတဲ့စရိုက်(၃)မျိုး။ ကောင်းတဲ့ စရိုက်(၃)မျိုး၊ စရိုက်(၆)မျိုးလို့ စာပေကျမ်းဂန်တွေမှာ ဆိုတယ်။

ပုဂ္ဂိုလ်ကိုရည်ညွှန်းတဲ့အခါကျတော့ “စရိတ”ဆိုတဲ့ စကားလုံးကိုသုံးတယ်။ “စရိတ”ဆိုတာ အမူအကျင့် ရှိသူ၊ စရိုက်ရှိတဲ့ပုဂ္ဂိုလ်ကို 'စရိတ'။ ဆိုပါစို့၊ ရာဂစရိုက် ရှိတဲ့ ပုဂ္ဂိုလ်ကို ရာဂစရိတ၊ ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကို

စာမျက်နှာ-၁၀
ဒေါသစရိတ၊ မောဟစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကို မောဟ စရိတ၊ သဒ္ဓါတရားအဖြစ်များတဲ့ ပုဂ္ဂိုလ်ကို သဒ္ဒါစရိတ၊တွေးတော ဆင်ခြင်မှုများတဲ့ပုဂ္ဂိုလ်၊ အလေးအနက် ထားပြီး ဆင်ခြင်တတ်တဲ့ ပုဂ္ဂိုလ်ကို ဗုဒ္ဓါစရိတ။ အတွေး တွေ, အကြံတွေများနေတဲ့ပုဂ္ဂိုလ်ကို ဝိတက္ကစရိတ။ ပုဂ္ဂိုလ်ကိုရည်ညွှန်းတဲ့အခါမှာ 'စရိတ'ဆိုတဲ့ စကားလုံး ကိုသုံးတယ်။

သို့သော် အဘိဓမ္မတ္ထသင်္ဂဟကျမ်းထဲမှာ စရိုက် ကိုလည်းပဲ “စရိတ” လို့ ဒီလိုသုံးထားတယ်။ တကယ် တော့ ဖြစ်သင့်တာက တရားကိုပြောလို့ရှိရင် “စရိတ”ဆိုတဲ့ စကားလုံးမသုံးဘဲနဲ့ “စရိယာ” ဆိုတဲ့စကားလုံးနဲ့ သုံးမှ ဒီစကားလုံးဟာ စာပေကျမ်းဂန်အရ မှန်ကန် ဖြစ်နိုင်တာမဟုတ်ဘူး၊ အသုံးများတာကြည့်မယ် ဆိုလို့ရှိရင် “စရိယာ”ဆိုတာက အမူအကျင့်စရိုက်ကို ပြောတာ၊ “စရိတ” ဆိုလို့ရှိရင် အမူအကျင့်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကိုပြောတာ။

စာမျက်နှာ-၁၁
(အဲဒီတော့ စာပေကျမ်းဂန်မှာ ဖော်ပြထားတဲ့ စရိုက်တွေထဲက တစ်ခုခုနဲ့ ကင်းတဲ့ပုဂ္ဂိုလ်ဆိုတာ တစ်ယောက်မှမရှိဘူး၊ ကိုယ့်ကိုယ်ကို သတိ သမ္ပဇည ထားပြီး ဆင်ခြင် စဉ်းစားကြည့်မယ်ဆိုရင် ငါ့မှာ ဘာ စရိုက်ရှိတယ်ဆိုတာ ထင်ရှားသိလာမှာပဲ။
ဝါသနာ
နောက်တစ်ခုက “ဝါသနာ”တဲ့။ “ဝါသနာ”ဆိုတဲ့ စကားလုံးကတော့ ပါဠိစကားလုံးပဲ။ ဒါပေမယ့် မြန်မာ လူမျိုးတွေ အသုံးပြု နေတာကြာလို့ မြန်မာစကားလုံးလို ဖြစ်နေတယ်။ အဓိပ္ပာယ်ကတော့ အထုံရနေတယ်၊ အကျင့်ပါနေတယ်၊ ဝါသနာ ထုံမွှမ်းခြင်းလို့ အဓိပ္ပာယ် ရတယ်။ “ဝါသနာ'ဆိုတာ ထုံမွှမ်းနေတယ်၊ အထုံရနေတယ်။ အဲတော့ “စရိုက်နဲ့ဝါသနာ” မှာ စရိုက်ဆိုတာ အဖြစ်များတဲ့အရာ။ အဲဒီ အဖြစ်များတဲ့အရာတွေက ဖြစ်ပါများလွန်းအားကြီးလာတဲ့အခါမှာ မပျောက်နိုင် လောက်အောင် စွဲသွားပြီ ဆိုလို့ရှိရင် ဒါ ဝါသနာ။

စာမျက်နှာ-၁၂
ဝါသနာကို အင်္ဂလိပ်လိုပြန်ရင်တော့ Habbitual practice of Geonsulu Habbit ဆိုတာမျိုး ကြီး ပါနေတယ်နော်။ မြန်မာစကား မြန်မာလူမျိုးတွေ ပြောကြတယ်၊ “သူက ဘာဝါသနာပါတယ်၊ ငါက ဘာ ဝါသနာပါတယ်”။ သီချင်းဆိုဝါသနာပါတဲ့သူက သီချင်း ဆိုတယ်၊ အက ဝါသနာပါတဲ့သူက ကတယ်နော်။ ကိုယ်ဝါသနာပါရာ လုပ်ကြတယ်။ ဒါကို ဝါသနာလို့ ပြောနေကြတယ်။ စိတ်ထဲမှာ လွှမ်းမိုးထားတဲ့အရာ တစ်ခုကို ဝါသနာလို့ ပြောရမယ်။

နောက် တစ်နည်းအားဖြင့်ပြောမယ် ဆိုလို့ရှိရင် ဝါသနာဆိုတာ ဘာလဲလို့ဆိုရင် ကိုယ့်စိတ်ထဲမှာ အဖြစ်များလာသည့်အတွက်ကြောင့် ခုနပြောတဲ့ ရာဂ တို့၊ ဒေါသတို့၊ မောဟတို့။ အကောင်းဘက်ကဆိုရင် သဒ္ဓါတို့၊ ဗုဒ္ဓတို့၊ ဝိတက်ကတို့။ မကောင်းတဲ့ဘက်က ရာဂ၊ ဒေါသ၊ မောဟ၊ ဒါတွေ အဖြစ်များလာတယ်။ အဖြစ်များလာတဲ့အခါမှာ စိတ်ထဲမှာ အထုံကြီး ရလာပြီ၊

စာမျက်နှာ-၁၃
အကျင့်ကြီးပါလာပြီ ဆိုလို့ရှိရင်တော့ ဒါ ဝါသနာ၊ ကိလေသာရဲ့ သတ္တိကို ဝါသနာလို့ခေါ်တာ။

ထင်ရှားအောင်ပြောရလို့ရှိရင် ထုံတယ်ဆိုတာ ဘီယာပုလင်းလေးမှာ ဘီယာထည့်တဲ့ ပုလင်းလေးကို ကြည့်။ ဘီယာထည့်တဲ့ ပုလင်းလေးမှာ ဘီယာတွေ ကုန်သွားတဲ့အခါ ပုလင်းကိုနမ်းကြည့်လို့ရှိရင် ဘီယာ အနံ့ကလေး ကျန်နေတယ်။ အဲဒီလိုပဲ လူရဲ့စိတ်ထဲမှာ လည်းပဲ ခုနက ကိလေသာလေးတွေ ကုန်သွားသော်လည်း ရဟန္တာဖြစ်လို့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်နဲ့ ပယ်ဖျက်လို့ ကိလေသာတွေ ကုန်သွားသော်လည်း အဲဒီ ကိလေသာရဲ့ သတ္တိတွေက ကျန်နေသေးတယ်တဲ့။ အထုံလေး ကျန်နေသေးတယ်၊ ဒါကို ဝါသနာလို့ ခေါ်တယ်။

အဲ- ပုထုဇဉ်တွေကျတော့ အထုံတင်မကဘူး၊ အတုံးလိုက် အတစ်လိုက် ကျန်နေသေးတယ်လို့ ပြောရ မှာပဲနော်။ အထုံရော၊ အတုံးရော၊ အတစ်ရော အကုန် ကျန်နေတယ်။ ကိလေသာကို ဖယ်ရှားတဲ့အခါမှာ

စာမျက်နှာ-၁၄
မြတ်စွာဘုရားတစ်ပါးသာလျှင် ကိလေသာကို ဖယ်ရှားရင် ဝါသနာပါ ဖယ်ရှားလို့ရတယ်။

ဆိုပါစို့၊ ရဟန္တာပုဂ္ဂိုလ်တွေလည်း “ရာဂ”ကို ပယ် တာပဲ၊ မြတ်စွာဘုရားလည်း “ရာဂ”ကို ပယ်တာပဲ။ ပယ်တဲ့အခါမှာ အရဟတ္တမဂ်နဲ့ ပယ်ကြတာပဲ။ သို့သော် ရဟန္တာပုဂ္ဂိုလ်တွေရဲ့ အရဟတ္တမဂ်က ကိလေသာတွေကို ပယ်နိုင်သော်လည်း ကိလေသာရဲ့ သတ္တိဆိုတဲ့ ဝါသနာကိုတော့ ပျောက်အောင်မလုပ်နိုင်ဘူး၊ ကျန်နေ သေးတယ်တဲ့။ မြတ်စွာဘုရားကျတော့ အဲဒီလို မဟုတ်ဘူး၊ ကိလေသာ ပယ်လိုက်လို့ရှိရင် အနံ့အသက် ဝါသနာပါ မကျန်အောင်၊ သဲလွန်စရှာမရအောင် ဝါသနာနဲ့တကွ ကိလေသာတွေကို ပယ်တယ်။

အဲဒီတော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ရဲ့ အရဟတ္တမဂ်က ကိလေသာကို ပယ်တဲ့နေရာမှာ ရဟန္တာပုဂ္ဂိုလ်တွေရဲ့ အရဟတ္တမဂ်ထက် အစွမ်းထက်တယ်လို့ပြောတာ။ အဲဒီလို အစွမ်းထက်လို့ အရဟတ္တ မဂ် ဖြစ်ပေါ်လာပြီးတဲ့နောက်မှာ ကိလေသာရဲ့ သတ္တိ

စာမျက်နှာ-၁၅
တွေဆိုတာ မြတ်စွာဘုရားရဲ့သန္တာန်မှာ သဲလွန်စ ရှာမရ လောက်အောင်၊ အနံ့အသက်ပါမကျန်အောင် ပျောက် ကင်းသွားတယ်။ အဲ- ရဟန္တာပုဂ္ဂိုလ်တွေကျတော့ ကိလေသာ အနံ့အသက်လေးတွေ ကျန်နေတော့ ပုထုဇဉ်ဘဝတုန်းက အမူအကျင့်လေးတွေပါတွေ့နေ ကြရတယ်တဲ့။

အဲဒီတော့ ဝါသနာဆိုတာ ကောင်းတာရှိသလို ဆိုးတာလည်းရှိတာပဲ။ စရိုက်နဲ့ဝါသနာ၊ မှတ်သားထားဖို့ လိုအပ်တဲ့အရာပဲ။ ငါ့မှာဘာစရိုက်ရှိလဲ၊ ငါ့မှာ ဘာ ဝါသနာတွေ ရှိနေသလဲ။ ကောင်းတဲ့ စရိုက်လား၊ ကောင်းတဲ့ဝါသနာလား သိဖို့လိုတယ်။ ပြုလုပ်ပါ များလာလို့ရှိရင် ဝါသနာအဆင့် ရောက်လာတယ်။ ဖယ်ရှားဖို့ ခက်ခဲလာတယ်ပေါ့။

စရိုက် (၆)မျိုးရှိကြတယ်။ အာရုံနဲ့တွေ့တဲ့အခါမှာ နှစ်သက်တဲ့၊ တပ်မက်တဲ့ ရာဂစရိုက်။ အာရုံနဲ့တွေ့တဲ့အခါမှာ မုန်းတီးတဲ့ ဒေါသစရိုက်၊ အာရုံနဲ့တွေ့တဲ့အခါမှာ မဆုံးဖြတ်နိုင်လို့တွေဝေတဲ့ မောဟစရိုက်၊

စာမျက်နှာ-၁၆
တစ်ခုမဟုတ်တစ်ခု (သို့မဟုတ်) နှစ်ခု လုံးလည်း ရှိချင်ရှိမယ်၊ သုံးခုလုံးလည်း ရှိချင်ရှိမယ်။ စရိုက်ဆိုတာ ရှိနိုင်တယ်။

ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုလို့ရှိရင် ကုသိုလ် ပြုဖို့ စိတ်အားထက်သန်နေတဲ့၊ စိတ်ဝင်စားတဲ့ သဒ္ဓါ စရိုက်။ ကုသိုလ်ကောင်းမှုလုပ်ပြီဆိုရင် စိတ်ထဲမှာ အမြဲ တမ်း ကြည်နူးတယ်၊ လုပ်ချင်နေတယ်။ သဒ္ဓါစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ဟာ တရားနာချင်တယ်၊ သူတော်ကောင်းတွေကို တွေ့ချင်တယ်၊ လှူချင်တယ်၊ တန်းချင်တယ်၊ ဒါ သဒ္ဓါ စရိုက်ရှိတာရဲ့ သွင်ပြင်လက္ခဏာတွေပဲ။ဘယ်ကိစ္စပဲ ဖြစ်ဖြစ် သွားတယ်၊ အလေးအနက်ထားတယ်၊ ပေါ့ပေါ့ မတွေးဘူး၊ သူက စဉ်းစားတယ်၊ ဗုဒ္ဓါစရိုက်။

ရှင်မောဂ္ဂလာန်နဲ့ ရှင်သာရိပုတ္တရာပဲ ကြည့်ဦး။ သောတာပန် ဖြစ်သွားပြီးတဲ့နောက်မှာ သကဒါဂါမ် ဖြစ်ဖို့၊ အနာဂါမ်ဖြစ်ဖို့၊ ရဟန္တာဖြစ်ဖို့ ဝိပဿနာကျင့်ရတယ်။ ရှင်မဟာမောဂ္ဂလာန်ကတော့ အသေးစိတ်တွေ မလိုက်ဘူး၊ ဝိပဿနာရှုတဲ့အခါမှာ သိသာထင်ရှားတာ

စာမျက်နှာ-၁၇
တစ်ခုတည်းကို အသေးစိတ်မလိုက်ဘဲနဲ့ တောင်ဝှေးနဲ့ ထောက်ပြီးသွားသလို ကိုယ့်မှာ ထင်ရှားပေါ်လာတာ၊ ကိုယ့်ဉာဏ်ထဲမှာသိတဲ့ အရာတစ်ခုကိုပဲ ဦးတည်ချက် ထားပြီး ကိလေသာ ကုန်အောင်လုပ်လို့ (၇)ရက်နဲ့ ရဟန္တာဖြစ်သွားတယ်၊ သောတာပန်ဖြစ်ပြီးတဲ့နောက်မှာ (၇)ရက်နဲ့ ရဟန္တာဖြစ်သွားတယ်။

ရှင်သာရိပုတ္တရာကျတော့ အဲလိုနဲ့ မကျေနပ်ဘူး၊ အသေးစိတ်လိုက်တယ်၊ တစ်ခုစီ တစ်ခုစီ တစ်ခုစီနော်၊ အသေးစိတ်တွေလိုက်ပြီးတော့ စူးစမ်းဆင်ခြင်နေတဲ့အခါကျတော့ ရဟန္တာဖြစ်ဖို့ (၂)ပတ် ကြာသွားတယ်။ ဘာဖြစ်လို့ (၂)ပတ် ကြာသွားတာတုန်းဆိုတော့ အသေးစိတ်တွေလိုက်နေလို့။ ဒီတစ်ခုသိရုံနဲ့ အားမရ သေးဘူး၊ နောက်တစ်ခု သိချင်တယ်။

ဆိုပါစို့၊ ဓာတ်ကြီးလေးပါးဆိုရင် ပထဝီဓာတ်သိရုံနဲ့ ရှင်မောဂ္ဂလာန်ကပြီးတယ်၊ ပထဝီဓာတ် မမြဲဘူးဆိုတာသိရင် ကျန်တာတွေလည်း မမြဲဘူးလို့သိတယ်။ ပစ္စက္ခနဲ့ အနုမာန တွဲသွားတယ်။ ရှင်သာရိပုတ္တရာ

စာမျက်နှာ-၁၈
ကတော့ အဲဒီလိုမဟုတ်ဘူး၊ ပထဝီဓာတ် မမြဲတာ သိပြီးရင် အာပေါဓာတ် မမြဲတတ်တာကိုလည်းကြည့်ဦး၊ သေချာအောင် ပစ္စက္ခဉာဏ်နဲ့ကြည့်တယ်။ တေဇော ဓာတ်မမြဲတာ၊ ဝါယောဓာတ် မမြဲတာ၊ အသေးစိတ် ကြည့်တယ်။ ထို ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောဆိုတဲ့ မဟာဘုတ်ကြီးလေးပါးကို မှီပြီးတော့ဖြစ်တဲ့ ဥပါဒါရုပ်တွေကို အသေးစိတ်လိုက်တယ်။ နာမ်တရား ကိုလည်း အသေးစိတ်လိုက်ပြီး ရှုတယ်။ သည့်အတွက် ကြောင့် ရှင်သာရိပုတ္တရာဟာ ရဟန္တာဖြစ်ဖို့ (၂)ပတ် လောက် ကြာသွားတယ်။ အဲဒီ ရှင်သာရိပုတ္တရာ၏ ဝိပဿနာကို အနုပဒဓမ္မ ဝိပဿနာ လို့ခေါ်တယ်။ အနုပဒဆိုတာ တရားတိုင်း တရားတိုင်း သဘာဝတရားတိုင်း တရားစဉ်အတိုင်း လိုက်ပြီးတော့ အသေးစိတ်ရှုတာ။ နောက်ဆုံးမှာ သူနဲ့တူအရီးတော်တဲ့ ဒီဃနခ'ဆိုတဲ့ ပရဗိုဇ်ကို မြတ်စွာ ဘုရားက ဝေဒနာပရိဂ္ဂဟ ကမ္မဋ္ဌာန်းကို ဟောတဲ့အချိန် မှာ ရှင်သာရိပုတ္တရာက ဘုရားကို ယပ်လေးခတ်ပေး

စာမျက်နှာ-၁၉
နေရင်း တရားထဲအာရုံစိုက်နေတယ်။ ဝေဒနာပရိဂ္ဂဟ ကမ္မဋ္ဌာန်းကို ဆင်ခြင်စဉ်းစားရင်းနဲ့ပဲ သူများအတွက် ခူးထားတဲ့ထမင်းကို ဝင်ပြီးစားလိုက်ရသလို ဒီဃနခါ ပရဗိုဇ်ကို ဟောတဲ့တရား နာရင်းနဲ့ပဲ ရဟန္တာဖြစ်သွားတယ်။ အသေးစိတ်သိချင်လို့၊ ဒါ ဗုဒ္ဓါစရိုက်လို့ ပြောလို့ ရတာပေါ့။

အေး၊ ဝိတက္ကစရိုက်ဆိုတာတော့ အတွေးတွေ များတာ၊ ဘယ်အရာပဲဖြစ်ဖြစ် လွယ်လွယ်နဲ့မဆုံးဖြတ် လိုက်ဘဲနဲ့တွေးတောမှုတွေ များလာတယ်။ အဲဒီ စရိုက်တွေက နောက်ဆုံးကျတော့ ဝါသနာအဆင့် ရောက်လာကြတယ်လို့ ဒီလိုပြောရမှာပေါ့။
စရိုက်ဖြစ်ကြောင်း
ဒါဖြင့် ကောင်းပြီ၊ ဘုန်းကြီးတို့တတွေ လူ့ဘဝ ရနေကြတာ ဒီစရိုက်တို့ ဝါသနာတို့ဆိုတာ တစ်ဘဝက လာတာမဟုတ်ဘူး၊ ဘဝပေါင်းများစွာက လာတာ။ ဒီစရိုက်တွေဟာ(ဆိုပါစို့)ရာဂစရိုက်ရှိရတာ ဘာကြောင့်

စာမျက်နှာ-၂၀
ရှိရတာလဲ၊ ဒေါသစရိုက်က ဘာကြောင့် ရှိရတာလဲ၊ ဘာကြောင့် ရှိရသလဲဆိုတဲ့ အကြောင်းကို ပြောတဲ့အခါ မှာ တရားဓမ္မကို ရှုမြင်သုံးသပ်တဲ့ပုဂ္ဂိုလ်၊ အဌကထာ ကျမ်းပြုပုဂ္ဂိုလ်တွေတို့၊ မြတ်စွာဘုရားတရားလေ့လာတဲ့ ပုဂ္ဂိုလ်တွေ အဖြေထုတ်တာချင်း မတူကြဘူး။

တချို့က ဘယ်လိုအဖြေထုတ်တုန်းဆိုရင် စရိယာ ပုဗ္ဗာစိဏ္ဏ။ အဲဒီစရိုက်တွေဆိုတာဟာ အတိတ်ဘဝက လေ့ကျင့်ခဲ့တာနဲ့ သက်ဆိုင်တယ်လို့။ အတိတ်ဘဝက အဖြစ်များခဲ့တာတွေနဲ့ သက်ဆိုင်တယ်။ ဆိုလိုတာက လွန်ခဲ့တဲ့ဘဝတွေက ရာဂ အဖြစ်များခဲ့လို့ ဒီဘဝမှာ ရာဂစရိုက်ရှိတာ ဒေါသ အဖြစ်များခဲ့လို့ ဒေါသစရိုက် ရှိတာ၊ မောဟအဖြစ်များခဲ့လို့ မောဟစရိုက်ရှိတာလို့ ပုဗ္ဗာစိဏ္ဏဆိုတဲ့ အတိတ်ဘဝက အလေ့အကျင့်ရလာတဲ့ အပေါ်မှာမူတည်ပြီးတော့ စရိုက်ဆိုတာ ဖြစ်လာတာလို့ ဒီလိုပြောတယ်။

စာမျက်နှာ-၂၁
အဲဒီအဖြေနဲ့ ပတ်သက်ပြီး ရှင်မဟာဗုဒ္ဓဃောသက “ဒါ မသေချာဘူးတဲ့၊ မဖြစ်နိုင်တာတော့ ပြောတာ မဟုတ်ဘူးနော်၊ ယေဘူယျစကားပဲ”တဲ့၊ မဖြစ်နိုင်တာ တော့ မဟုတ်ဘူး၊ ယေဘူယျစကား၊ ဘယ်အရာပဲ ဖြစ်ဖြစ် အတိတ်ဘဝက လေ့ကျင့်ခဲ့လို့လို့ဆိုတဲ့ ဖြေဆို ချက်က ပြည့်စုံတဲ့ ဖြေဆိုချက်တော့ မဟုတ်ဘူးလို့ဆိုပြီး တော့ အဋ္ဌကထာဆရာကြီးတွေ အကြောင်းပြခဲ့တဲ့ အကြောင်းတစ်ခုကို ထုတ်ဖော်ပြီး ရှင်မဟာဗုဒ္ဓဃောသက ပြောတာနော်။

ပဋိသန္ဓေကို ဖြစ်စေတတ်တဲ့ ကံတရားဟာ စရိုက်တွေ ဖြစ်ပေါ်လာခြင်းရဲ့ အဓိကအကြောင်းပါတဲ့။ ဆိုလို တာက အတိတ်ဘဝတုန်းက ကောင်းမှုတစ်ခုခုကို လုပ်တယ်၊ အဲဒီလုပ်နေတဲ့အချိန်ရဲ့ စိတ်နေသဘောထားကို ကြည့်ရမယ်။

ဆိုပါစို့၊ ဒါနပြုတဲ့အခါမှာ လိုချင်တောင့်တမှုဆိုတဲ့ တဏှာလွှမ်းနေသလား၊ သို့မဟုတ် ဒါနပြုတဲ့အချိန်မှာ ဒီလူတွေဟာ စိတ်တိုနေသလား၊ သို့မဟုတ် ဒါနပြုနေတဲ့အချိန်မှာ စိတ်တွေက ဇဝေဇဝါနဲ့ ဘာမှန်းမသိ၊ ညာမှန်းမသိ သူများလုပ်လို့ လုပ်တာလား။ ဟော-အဲဒီ

စာမျက်နှာ-၂၂
အခြေအနေတွေ မဖြစ်နိုင်ဘူးလား။ လှူဖို့တန်းဖို့ လုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စိတ်အခြေအနေ၊ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်အခြေအနေ သုံးသပ်ကြည့်လေ။ တချို့ပုဂ္ဂိုလ်က လှူတန်းနေတဲ့အချိန်မှာ ဒါနရဲ့ အကျိုးတရားကို ခံစားဖို့ မျှော်လင့်ပြီးတော့ “ရာဂ” လွှမ်းမိုးနေတဲ့၊ တဏှာလွှမ်းမိုးနေတဲ့စိတ် အခြေခံထားပြီး ကုသိုလ်ကောင်းမှုလုပ်တယ်။ အေး ဒါနကို တချို့က စိတ်တိုပြီးတော့ လှူတာလည်း ရှိသေးတယ်လေ။

သော်၊ တချို့ကျတော့ အသိဉာဏ်ကင်းမဲ့ပြီး သူများလုပ်လို့ ယောင်တောင်ယောင်ဝါး လိုက်လုပ်တာမျိုးလည်း ရှိသေးတယ်ပေါ့။ အဲဒီလို ကုသိုလ်လုပ်တဲ့အချိန်မှာ အနီးကပ်ဆုံး “ရာဂ” လွှမ်းမိုးတာရှိတယ်။ “ဒေါသ” လွှမ်းမိုးထားတာရှိတယ်၊ “မောဟ” လွှမ်းမိုးထားတာရှိတယ်။ အဲဒီလွှမ်းမိုးထားတဲ့ကံကနေ အကျိုးပေးတဲ့ စိတ်သဘောထားတွေဟာ “ရာဂ” လွှမ်းမိုးပြီး လုပ်ရင် ရာဂစရိုက်ရှိသူဆိုတာ ဖြစ်လာတယ်။

စာမျက်နှာ-၂၃
“ဒေါသ” စရိုက် နှင့် ဝါသနာ လွှမ်းမိုးပြီး လုပ်တဲ့ပုဂ္ဂိုလ်ဆိုရင် ဒေါသစရိုက်ရှိသူ ဖြစ်တယ်။ “မောဟ” လွှမ်းမိုးပြီး လုပ်တဲ့ပုဂ္ဂိုလ်က မောဟစရိုက်ရှိသူဖြစ်တယ်။ ကံပေါ်မှာ အဓိကထားပြီးတော့ ကံပြုတဲ့အချိန်မှာ ပါလာတဲ့ စိတ်အနေအထားတွေကို ရည်ညွှန်းပြီး ဒီလိုအဖြေထုတ်တယ်။ အနှစ်ချုပ်ပြီး ပြောမယ်ဆိုလို့ရှိရင် ကံတရားတွေဟာ လောဘ၊ ဒေါသ၊ မောဟတွေ ခြံရံပြီးတော့ လုပ်တဲ့ကံသည် ပဋိသန္ဓေအကျိုးကို ဖြစ်စေပြီး စရိုက်ကို ဖော်ဆောင်တယ်။

“ကံ”ဆိုတာလည်း အခုဒီဘဝ ဘုန်းကြီးတို့တတွေ လူ့ဘဝရလာအောင် ပို့လိုက်တဲ့ “ကံ” နော်။ တခြား “ကံ”ကို ပြောတာမဟုတ်ဘူး။ ဘုန်းကြီးတို့တတွေ အခု လူ့ဘဝကိုရလာတယ်၊ ဘယ်ကုသိုလ်ကံနဲ့ ရတာလဲ။ အဲဒီကံလုပ်စဉ်တုန်းက “လောဘ” လွှမ်းနေသလား၊ “ဒေါသ” လွှမ်းနေသလား၊ “မောဟ” လွှမ်းနေသလား။ အဲဒီပေါ်မှာ ကြည့်ပြီးတော့ ဒီဘဝမှာ စရိုက်ကို အကဲခတ်လို့ရတယ်တဲ့။ ဒါက ဒီလိုအဖြေထုတ်ထားတာနော်။ ဒါက စရိုက်ဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းတရားတွေရဲ့ တစ်ခုကိုပြောတာ။

စာမျက်နှာ-၂၄
နောက်တစ်ခုက ပုဗ္ဗာစိဏ္ဏ ခပ်ဆန်ဆန်ပေါ့။ ရာဂစရိုက်ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့။ ဘယ်သူက နတ်ဘဝကနေလာပြီးတော့ ချမ်းသာသုခ ကြီးမားတဲ့ နတ်ဘုံနတ်ဘဝက ရောက်လာလို့ရှိရင် ရာဂစရိုက်ပေါ်တတ်တယ်တဲ့၊ ရှိတတ်တယ်။ ယေဘူယျစကားနဲ့ ပြောမယ်ဆိုရင် ဆိုပါစို့၊ ချမ်းသာသုခ အလွန်များပြီးတော့ ချမ်းသာသုခကို မက်မောတဲ့၊ တဏှာရာဂ များတဲ့ ဘဝကနေ လာလို့ရှိရင် အဲဒီပုဂ္ဂိုလ်ဟာ သူ့ရဲ့အတိတ်ဘဝကိုကြည့်ပြီးတော့ ဒီပုဂ္ဂိုလ်ဟာ ရာဂစရိုက်ရှိတဲ့ပုဂ္ဂိုလ်လို့ ဒီလိုပြောလို့ရမယ်တဲ့။ ဒါက ဘဝနဲ့ ဆက်စပ်ပြီးတော့ပြောတဲ့ စကားပဲ။ ။

ဟော၊ နောက်တစ်ခုကျတော့ ဘာတုန်းဆိုရင် ငရဲကလာတဲ့သူရှိတယ်။ အဲဒီငရဲဘဝကလာတဲ့ ပုဂ္ဂိုလ်တွေကျတော့ အမြဲတမ်း သူက စိတ်တိုနေရတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ဒုက္ခရောက်ခဲ့တယ်၊ အကျင့်ကြီးပါလာလို့။ ငရဲကလာတဲ့သူက ဒေါသကြီးတယ်တဲ့။ ဒါလည်း ယုတ္တိရှိတာပဲနော်။ တိရစ္ဆာန်ဘဝက လာတဲ့ပုဂ္ဂိုလ်တွေကျတော့ မောဟစရိုက်တဲ့။ ဒါ ယေဘူယျအားဖြင့် သတ်မှတ်ချက်လို့ ဒီလိုပြောလို့ရမှာပေါ့နော်၊ ယေဘူယျအားဖြင့် သတ်မှတ်ချက်လို့ ဒီလိုပြောလို့ လူတိုင်းအတွက်တော့ ဟုတ်ချင်မှဟုတ်မှာပေါ့။ ။

စာမျက်နှာ-၂၅
အဲဒီစရိုက်တို့ ဝါသနာတို့နဲ့ ပတ်သက်လာလို့ရှိရင် ကိုယ့်ကိုယ်ကို သတိထားဖို့ လိုအပ်တယ်။ ဒီဘဝမှာ အလေ့အကျင့် အထုံအမွှမ်းတွေ များနေလို့ရှိရင် ဒီစရိုက်ကို ပြင်ရင်ပြင်၊ မပြင်လို့ရှိရင် နောက်ဘဝမှာလည်းပဲ ဆက်လက်ပြီးတော့ ပါသွားနိုင်တယ်ပေါ့။ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်မှုရှိဖို့ အင်မတန်မှလိုအပ်တယ်။

လောကလူရယ်လို့ ဖြစ်လာတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်နေသဘောထားချင်း အလွန်ကွာတယ်။ အလှအပကြိုက်တယ်၊ နေတာထိုင်တာ သပ်သပ်ရပ်ရပ်နေတယ်၊ တင့်တောင့်တင့်တယ်နေတယ်၊ သပ်သပ်ရပ်ရပ်ဝတ်စားတယ်၊ ဖီးလို့လိမ်းလို့ အမွှေးနံ့သာတွေကြိုက်တယ်နော်၊ အဆင်အပြင် အလှအပကြိုက်တယ်ဆိုတာ “ရာဂ” စရိုက်ရဲ့ အမူအကျင့်တွေပဲပေါ့။ ရာဂစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ရဲ့ အမူအကျင့်။

စာမျက်နှာ-၂၆
ဒေါသစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကတော့ စိတ်တိုတယ်၊ ကိုးလို့ကန့်လန့်နေတယ်၊ ပစ်စလက်ခတ်ထားတယ်။ လမ်းလျှောက်ရင်လည်း ဆောင့်ကြီးအောင့်ကြီးလျှောက်တယ်၊ ဖနောင့်သံပြင်းတယ်။ ဟော ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်က ဒီလိုပုံစံရှိတယ်။ ။

မောဟစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကတော့ ဘာလုပ်လုပ် သေသေသပ်သပ်မရှိဘူး၊ ကိုးရိုးကားယားတွေ များတယ်။ အဲဒီတော့ ဒီဘဝမှာ စရိုက်ကလေးတွေကို ကိုယ်က ပြင်ဖို့တော့လိုအပ်တယ်။ မပြင်လို့ရှိရင် ဘဝမှာ ဒီစရိုက်က လူဖြစ်ရင်လည်း ပုံပေါ်နေတယ်၊ တိရစ္ဆာန်ဖြစ်ရင်လည်း ပုံပေါ်နေတယ်။ ။

စစ်ကိုင်းက ဘုန်းကြီးတို့ကျောင်းမှာ ခွေးလေခွေးလွင့်တွေရှိတယ်။ ကျောင်းကမွေးထားတဲ့ခွေးမဟုတ်ဘူး၊ အကောင် (၃ဝ)ကျော်လောက်ရှိတယ်။ ဟိုကလာလွှတ်၊ ဒီကလာလွှတ်နဲ့။ ကျောင်းဆိုတော့ ထမင်းကျန်ဟင်းကျန်ပေါတာကိုး။ အဲလို လာကပ်စားပြီးတော့ နောက်ကျောင်းထဲမှာမွေးတဲ့ ဇာတိသားတွေလည်း ရှိတာပေါ့နော်။

စာမျက်နှာ-၂၇
အဲဒီခွေးတွေကို နည်းနည်းအကဲခတ်ကြည့်မိတယ်။ ခွေးတွေကို အကဲခတ်ကြည့်တဲ့အခါ တချို့ခွေးက နေတာထိုင်တာ သပ်သပ်ရပ်ရပ်ရှိတယ်၊ အညစ်အကြေးတွေဆိုရင် ပြောင်နေတဲ့လမ်းပေါ်မှာမစွန့်ဘူး၊ အမှိုက်ပုံတို့ တောထဲတို့ သွားစွန့်တယ်။ ဘယ်တော့မှ ပြောင်တလင်းနေတဲ့နေရာမှာ မစွန့်ဘူး၊ အဲဒီခွေးမျိုးကိုလည်းတွေ့ရတယ်။

အဲ၊ တချို့ခွေးကတော့ အဲဒီလိုမဟုတ်ဘူး၊ လမ်းဆိုလို့ရှိရင် အလယ်ခေါင်မှာ လာပုံတယ်၊ တစ်ခါတစ်လေကျတော့ လှေခါးအထက် ခြေသုတ်ခုံပေါ်မှာ လာပြီး မစင်စွန့်သွားတယ်။ တစ်ခါတစ်လေကျတော့ ဘုရားရင်ပြင်မှာလာပြီး မစင်စွန့်တယ်။ ကောင်းပေ့ဆိုတဲ့နေရာမှာ မစင်စွန့်တဲ့ခွေးမျိုးကလည်း ရှိတယ်၊ ဒါလည်း စရိုက်ပဲပေါ့နော်။

စာမျက်နှာ-၂၈
ကိုရင်တွေ ဆွမ်းခံသွားတဲ့အခါ နောက်ကပါလာတဲ့ ခွေးမလေးတစ်ကောင် ကျောင်းကိုလိုက်လာတယ်၊ အဲဒီခွေးမလေးကလှတယ်။ ခွေးပေမယ့်လို့ ရုပ်ချောတဲ့ခွေးရှိတယ်၊ ရုပ်ဆိုးတဲ့ခွေးရှိတယ်။ အဲဒီခွေးမလေးက ဝဝတုတ်တုတ် ဖြူနက်ကျားလေးဆိုတော့ သူ့ကို မိချောလို့ နာမည်ပေးထားကြတယ်။ အဲ-အဲဒီခွေးမလေးက သဘောအတော်ကောင်းတယ်။ ဘယ်သူ့တွေ့တွေ့ အမြီးပြုတ်ကျမတတ် ယမ်းရှာတယ်။ နားရွက်ကလေးစွင့်ပြီး အမြီးယမ်းပြီးတော့ လူတွေကို နှုတ်ဆက်တာ၊ မေတ္တာရှိကြောင်းပြတာ။ တစ်ရက်တော့ သူ့ကို ခွေးကြီးတွေကိုက်မှာစိုးလို့ သူထွက်လို့မရတဲ့၊ ဘေးကခွေးတွေလဲ ဝင်လို့မရတဲ့အထဲမှာ တံခါးပိတ်ပြီးတော့ထားတာ၊ အော်နေတယ်၊ တံခါးလည်း ဖွင့်ထုတ်လိုက်ရော ဘယ်ပြေးတုန်းဆိုတော့ တောထဲပြေးတာ။ နောက်ဖေးသွားချင်လို့။ ဪ-တချို့ခွေးဆိုလို့ရှိရင် အဲဒီထဲမှာပဲ စွန့်ပစ်လိုက်မှာပေါ့။ မစွန့်ဘူး၊ ဒါ ခွေးပေမယ့်လို့ စရိုက်မတူဘူးနော်။ ညစ်ပတ်တဲ့ခွေးရှိတယ်၊ မညစ်ပတ်တဲ့ခွေးရှိတယ်။ သဘောကောင်းတယ်၊ သန့်ရှင်းတယ်၊ နေတာထိုင်တာ လူတကာကို မျက်နှာချိုသွေးတယ်။

စာမျက်နှာ-၂၉
ကျောင်းတည်ကာစတုန်းက ခွေးနှစ်ကောင် ရောက်လာဖူးတယ်၊ တစ်ကောင်ကို မော်စီလို့ နာမည်ပေးပြီး တစ်ကောင်ကိုတော့ ဂျော်ကီလို့ နာမည်ပေးထားတယ်။ အဲဒီခွေးနှစ်ကောင်ဟာလည်းပဲ တစ်ကောင်နဲ့တစ်ကောင် စရိုက်ချင်းမတူဘူး။ မော်စီဆိုတဲ့ခွေးက ထမင်းဟင်းတွေ ချက်ထားပြီဆိုလို့ရှိရင် သူက အဲဒီထမင်းအိုးတွေနားမှာ အိပ်ပြီးတော့ စောင့်တာပဲ၊ ဒါ သူ့ဂျူတီပဲ။ ကျီးကန်းတွေ ဘာတွေငှက်တွေ မလာနဲ့၊ လူတွေမလာနဲ့၊ မဆိုင်တဲ့လူတွေ အနားကပ်ရင် သူက ဟိန်းတာ။ သူ့ကို ဘယ်သူမှတာဝန်ပေးတာမဟုတ်ဘူး၊ သူ့ဂျူတီ။ ဒါ ခွေးတွေရဲ့ အမူအကျင့်ကို အကဲခတ်ကြည့်တာနော်။ သင်ပေးထားတဲ့ခွေးမဟုတ်ဘူး။

စာမျက်နှာ-၃၀
နောက်ကျောင်းကို ဧည့်သည်တွေဘာတွေလာရင် သူက သိပ်ခင်တတ်တယ်။ ဧည့်သည်လာတဲ့အခါ ဧည့်သည်အပြန်ကို လိုက်ပို့ရမှ သူကကျေနပ်တာ။ ဒါလည်း သူ့စရိုက်ပဲ၊ သူ့ဝါသနာတစ်ခုပဲ။

တစ်ခုတုန်းကတော့ အဲဒီခွေးကို ဧည့်သည်တွေလာရင် လိုက်လိုက်ပို့လွန်းလို့ဆိုပြီးတော့ ဧည့်သည်ပြန်ခါနီးမှာ ကြိုးနဲ့ချည်ထားတယ်။ ဧည့်သည်ပြန်တဲ့အခါ လိုက်မပို့ရလို့ သူခုန်ပေါက်နေတာ။ ကြိုးလဲဖြုတ်လွှတ်လိုက်ရော ကျောင်းပေါက်ထိအောင် ပြေးသွားတယ်၊ ဧည့်သည်နောက် လိုက်သွားလိုက်သေးတယ်။ ဒါလည်း သူ့ရဲ့ဝါသနာစရိုက်လို့ပဲ ပြောရမှာပဲ။

နောက် ဂျော်ကီဆိုတဲ့ခွေးကတော့ ဘာလုပ်တုန်းဆိုတော့ အစာအာဟာရလေးစားလို့ သူစားနေတဲ့အခါမှာ တခြားခွေးလာစားရင် မကိုက်ဘူး၊ ဖယ်ပေးတယ်၊ သဘောကောင်းပုံက။ အဲ-သူဝနေတယ်ဆိုရင် ဘာလုပ်တတ်တုန်းဆိုရင် ထမင်းခဲလေးချီချီပြီးတော့ မြေကြီးကိုယက်ပြီး အဲဒီထမင်းခဲကို မြေကြီးထဲမြှုပ်ပစ်တယ်၊

စာမျက်နှာ-၃၁
သိမ်းတတ်တဲ့ အလေ့အကျင့်ရှိတယ်။ သူဆာရင် ဖော်စားဖို့ဆိုပြီး။ မတူညီတဲ့သဘောလေးတွေကို ပြောပြတာပါ။ ဒါ တိရစ္ဆာန်တောင်မှပဲ ဒီအမူအကျင့်လေးတွေရှိတယ်၊ ဒါ သတိထားမိတဲ့အချက်ပါ။

နောက်ကျောင်းမှာ ခွေးတစ်ကောင်ရှိသေးတယ်၊ ရုပ်တော်တော်ဆိုးတယ်။ ဘယ်အခါဖြစ်ဖြစ် သူကမြင်လို့ရှိရင် ကျောင်းကဘုန်းကြီးတွေလည်း ဟောင်တာပဲ၊ ဟိန်းတာပဲ။ ကျောင်းကမှန်းလည်းမသိ၊ အဝေးကလာမှန်းလည်းမသိ။ လူမြင်တာနဲ့သူက ဟောင်တယ်၊ ဟိန်းတယ်။ ကျောင်းမှာနေပြီး ကျောင်းဘုန်းကြီးကို ဟောင်တယ်ဆိုတဲ့ခွေးဟာ ဘယ်ဟုတ်တော့မလဲနော်။ အဲဒီခွေးကလည်း ရှိသေးတယ်။ အဲဒီတော့ သူက လူမြင်တိုင်း မျက်စောင်းထိုး၊ ဘယ်သူ့မြင်မြင် မြင်လိုက်တာနဲ့ မျက်စောင်းထိုးတယ်၊ ဟိန်းတယ်။ အဲဒီတော့ ခဲနဲ့ပဲအထုခံနေရတယ်။ အဲဒီခွေးက ဒေါသစရိုက်ရှိတဲ့ ခွေးတစ်ကောင်ပဲ။

စာမျက်နှာ-၃၂
အဲဒီတော့ ခွေးတွေကို အကဲခတ်ကြည့်မယ်ဆိုလို့ရှိရင် ဒါဟာ ဘဝါဘဝက အကျင့်ကြီးတစ်ခုတွေ ပါလာတဲ့သဘောရှိတယ်လို့ ဒီလိုယူဆရတယ်။ လူတွေလည်း တူတူပဲလေ၊ လူတွေလည်းကြည့်။ ခပ်တည်တည်နေတတ်တဲ့သူရှိသလို ပြောင်ချော်ချော်လုပ်တတ်တဲ့သူလည်း ရှိတာပဲနော်။ ပညာကြိုးစားတဲ့သူရှိသလို ပညာကို တန်ဖိုးမထားဘဲနဲ့နေတဲ့ ပုဂ္ဂိုလ်လည်းရှိတယ်။ ကြိုးစားတဲ့ပုဂ္ဂိုလ်ရှိသလို ပျင်းတဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်။ လူမှာလည်းပဲ အမူအကျင့်တွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူဘူးတဲ့။ စိတ်တိုတဲ့သူရှိတယ်၊ စိတ်ရှည်တဲ့သူရှိတယ်နော်။ တချို့ကျတော့ ထစ်ခနဲဆို စိတ်ကတိုပြီ၊ ထစ်ခနဲရှိ စိတ်ကတိုပြီ၊ စိတ်မတိုသင့်တဲ့နေရာတောင် စိတ်ကတိုသေးတယ်။ လူတွေမှာလည်းပဲ ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ဟာ အရာရာမှာ အင်မတန်မှ စိတ်တိုတယ်။

စစ်ကိုင်းမှာ ဆရာတော်ကြီးတစ်ပါးရှိတယ်၊ အဲဒီဆရာတော်ကြီးက စိတ်အင်မတန်တိုတယ်၊ သူစိတ်တိုတာက

စာမျက်နှာ-၃၃
ထိန်းလို့မရလောက်အောင်တိုတယ်၊ အိမ်တစ်အိမ်ကို ဆွမ်းစားကြွသွားတဲ့အခါကျတော့ အိမ်ကိုသူက အရင်ရောက်နေတယ်၊ ရောက်နေတော့ အချိန်တန်တဲ့အခါ ဒီပြင်ဘုန်းကြီးတွေက နောက်ကျနေတယ်၊ မရောက်နိုင်ဘူး။ မရောက်နိုင်တဲ့အခါကျတော့ မင်းတို့ဆွမ်းစားရမှလားဆို ထပြန်သွားတယ်နော်။ စောင့်ရလို့ စိတ်တိုတယ်၊ အဲဒါ တကယ်ရှိတာနော်။ တကယ်ရှိတာ။ ထစ်ခနဲ့ဆိုရင် စိတ်တိုပြီးသားပဲ။ ။

အဲဒီတော့ ဆိုလိုတာက ကိုယ့်ဘဝမှာ ကိုယ်ကိုယ်ကို စိတ်တိုတတ်သလား၊ စိတ်ရှည်တတ်သလား၊ လောဘတွေများသလား၊ လောဘတွေနည်းသလား၊ သို့မဟုတ် ကိုးရိုးကားယား စိတ်ရဲ့အတွေးတွေဟာ မသေမချာတွေဖြစ်သလားဆိုတာ ကိုယ့်ကိုယ်ကို အကဲခတ်ရတယ်။ အကဲခတ်ပြီးတော့ ဒီဘဝမှာ ဒေါသတွေများနေလို့ရှိရင် မေတ္တာပွားပြီးတော့ လျော့ချရတယ်၊ ကိုယ့်စရိုက်ကို ကိုယ်ပြင်မှပဲဖြစ်တယ်တဲ့။ ကိုယ့်စရိုက်ကို

စာမျက်နှာ-၃၄
ကိုယ်မပြင်ဘူးဆိုရင် ဘဝရောက်တိုင်း အကျင့်ပါသွားမှာပဲ။

တိရစ္ဆာန်တွေမှာလဲကြည့်လေ၊ တိရစ္ဆာန်ထဲမှာ သဘောကောင်းတဲ့အကောင်ရှိတယ်၊ နွားပဲကြည့်လိုက်ဦး၊ နွားတိုင်းသဘောကောင်းတယ်လို့ မအောက်မေ့လိုက်နဲ့၊ တချို့နွားက သဘောကောင်းတာရှိတယ်၊ တချို့နွားက တရှူးရှူးနဲ့ ဟိုတွေ့ချင် ဒီခွေ့ချင် တအားရှိတာ။ အနိုင်ကျင့်ချင်တဲ့နွားလည်း ရှိတာပဲ၊ ခွေးလည်းထို့အတူပဲ၊ သဘောကောင်းတဲ့ခွေးရှိတယ်၊ သဘောဆိုးတဲ့ခွေးရှိတယ်။ ဒါ အကျင့်တွေပါသွားတာ။

သို့သော် ကျားတွေ ခြင်္သေ့တွေကျတော့ သဘောကောင်းတဲ့ကောင် သိပ်ရှိပုံမပေါ်ဘူး။ နဂါးတွေကလည်း သဘောကောင်းတဲ့ကောင် သိပ်ရှိပုံမပေါ်ဘူး။ ဒေါသကြီးတဲ့သူတွေက သေလို့ရှိရင် နဂါးဖြစ်မယ်။ ကျားဖြစ်မယ်၊ ခြင်္သေ့ဖြစ်မယ်၊ မြွေဖြစ်မယ်နော်။ အမြဲတမ်း တရှူးရှူးနဲ့နေတဲ့ အကောင်တွေ။ ထစ်ခနဲရှိ ဒေါသ။

စာမျက်နှာ-၃၅
အဲသလိုဘဝမှာ အဖြစ်များတဲ့ ပုဂ္ဂိုလ်တွေလည်း လူဖြစ်လာလို့ရှိရင် အဲဒီအတိုင်းပဲနေမှာပဲ၊ ဒေါသစိတ်တွေများပြီးတော့ တရှူးရှူးနဲ့ဖြစ်တာ။ အဲဒါကြောင့်မို့လို့ အဋ္ဌကထာထဲမှာ နဂါးဘဝကလာတဲ့သူ၊ မြွေဘဝကလာတဲ့သူ၊ ခြင်္သေ့ဘဝကလာတဲ့သူ၊ ကျားဘဝကလာတဲ့သူ၊ ကျားသစ်ဘဝကလာတဲ့သူ။ သတ္တဝါတွေကို ကိုက်စားတတ်တဲ့ဘဝကလာတဲ့သူတွေဟာ ဒေါသစရိုက်ရှိတယ်လို့ ဒီလိုပြောတာ။ ဒါလည်း အလေ့အကျင့်ကြီးတစ်ခုရသွားတာ ဖြစ်နိုင်တယ်။

ဒီစရိုက်ဆိုတာ ကိုယ်သိတတ်တဲ့ဘဝမှာ ကိုယ့်စရိုက်ကို လျော့ချရတယ်။ မလျော့ချဘူး၊ မပြင်ဆင်ဘူးဆိုလို့ရှိရင် ဒီစရိုက်ကြီးဟာ သံသရာကြီးမှာ ပါသွားမှာပဲ။ ပါသွားလို့ရှိရင် ရုပ်ပျက်ဆင်းပျက်နဲ့ ဘဝမှာ ဒီစရိုက်ဆိုးကြီးနဲ့ပဲ ဒုက္ခတွေအမျိုးမျိုးတွေ့ကြရမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ အခုလို သိတတ်တဲ့ဘဝလေးမှာ စရိုက်တွေကို ပြင်ဖို့လိုအပ်တယ်လို့ “စရိုက်နဲ့ ဝါသနာ”။

စာမျက်နှာ-၃၆

ဝါသနာအား ပယ်ဖို့ခက်
ဝါသနာဆိုတာကျတော့ စရိုက်ကပြင်လို့ရပေမယ့် ဝါသနာဆိုတဲ့ ကိလေသာရဲ့သတ္တိကတော့ ဘုရားဖြစ်မှသာလျှင် အကြွင်းမဲ့ဖယ်ရှားပစ်လို့ရတယ်။ ရဟန္တာတောင်မှ ဝါသနာကို အကုန်ဖယ်ရှားလို့မရဘူးတဲ့။ ဝါသနာဟာ ရဟန္တာတွေ ဖယ်လို့မရဘူးဆိုတာနဲ့ ပတ်သက်ပြီးတော့ ဝတ္ထုဇာတ်လမ်းလေးတစ်ခုကို မှတ်သားဖို့လိုအပ်တယ်။

မြတ်စွာဘုရားလက်ထက်တုန်းက “ဒေဝတာပိယ” နတ်တွေက ချစ်ခင်ကြည်ညိုတဲ့နေရာမှာ အင်မတန်မှ ထူးချွန်တဲ့ ရဟန္တာကြီးတစ်ပါးရှိတယ်။ သူ့ရဲ့ဘွဲ့က “ပိလိန္ဒဝစ္ဆ” လို့ခေါ်တယ်။ အဲဒီကိုယ်တော်ကြီးဟာ ဗုဒ္ဓဘာသာမဖြစ်ခင် သို့မဟုတ် သာသနာ့ဘောင်မဝင်ခင်တုန်းက သူက ဝိဇ္ဇာဓိုရ်ကြီး။ ခုခေတ်စကားနဲ့ပြောရင် ဘိုးတော်ပေါ့နော်။ ဒါပေမယ့် အဲဒီဘိုးတော် ဝိဇ္ဇာဓိုရ်က တကယ်အစွမ်းသတ္တိရှိတယ်နော်။ မန္တန်အတတ်တွေကို သူကတတ်လို့ သူတစ်ပါးရဲ့စိတ်ကို

စာမျက်နှာ-၃၇
သိတယ်။ အကြံကိုသိတယ်။ သူတစ်ပါးရဲ့အကြံ၊ သူတစ်ပါးရဲ့စိတ်ကို အတတ်ဟောနိုင်တယ်။ အတတ်ဟောရုံတင်မကဘူး၊ သူက ကောင်းကင်ပျံနိုင်တယ်။ အဲဒီစွမ်းအား (၂)ခုရှိတယ်။ မြန်မာပြည်မှာလည်း ယုံချင်ယုံ မယုံချင်နေ သူများစိတ်သိတယ်ဆိုတာ တချို့ရှိတယ်နော်။

ဘုန်းကြီးတို့ စစ်ကိုင်းမှာ ဘိုးတော်တစ်ယောက်က သူတတ်တဲ့အတတ်က ဘာတုန်းဆိုတော့ လူတစ်ယောက် သူ့ဆီကိုလာပြီဆိုရင် အိမ်ရောက်တာနဲ့ သူက ဘာတန်းပြောလဲဆိုရင် “ဘယ်ခုနှစ်၊ ဘယ်နေ့ ဘယ်ရက် ဘယ်လမှာမွေးတာမဟုတ်လား”ဆိုတာ ပြောနိုင်တယ်နော်။ အဲဒါတော့ သူ့အတတ်ပဲလို့ ပြောရမယ်။ သူ့ကို ဘယ်သူကပြောပေးတယ်လို့ထင်လဲ။ များသောအားဖြင့် အဲဒါမျိုးတွေက မွေးထားတဲ့ အကောင်တွေရှိတတ်တယ်။ မွေးထားတဲ့အကောင်တွေက ကြိုတင်ပြီးတော့ သူ့ကို ဘယ်သူလာလိမ့်မယ်။ အဲဒီလူက ဘယ်ခုနှစ် ဘယ်လ ဘယ်နေ့ ဘယ်ရက်မှာ

စာမျက်နှာ-၃၈
မွေးတယ်ဆိုတော့ သူက အဲဒါလေးကို စာလေးနဲ့ရေးပြီးတော့ ဒါ ခင်ဗျားမွေးတဲ့နေ့မဟုတ်လားတဲ့။ ဟော ဟိုလူက အံ့ဩပြီး အထင်ကြီးကြီးသွားတယ်။ အဲဒီလိုဟာမျိုးလည်းရှိတယ်။ ဒီလိုထူးထူးခြားခြားတွေတော့ ရှိကြမှာပေါ့။ ဒီထက်တော့ ပိုပြီးထူးခြားမှာမဟုတ်ဘူး။ အံ့ဩဖွယ်ရာ လောကဟာ ထူးဆန်းတာတွေတော့ ရှိတာပဲ။ တချို့က ယုံစရာကောင်းတယ်၊ တချို့က ယုံစရာမကောင်းဘူး။

သို့သော် လောကလူတွေကတော့ သူပြောလူပြောကို ယုံကြတာ။ ကိုယ်တွေ့ကိုယုံတဲ့သူ အင်မတန်နည်းတယ်။ အများပြောလို့ရှိရင် ယုံလိုက်ကြတယ်၊ ဟုတ်တယ်လေ၊ ယုန်လေးတစ်ကောင်က မြေပြိုလို့ သူပြေးလာပါတယ်ဆိုရင် ကျန်တဲ့သူတွေကလည်း ဟာ-ဟုတ်တယ်၊ မြေပြိုတာပဲလို့ ယုံကြတယ်။ တကယ်ပြိုတာ ဟုတ်မဟုတ် လေ့လာဆန်းစစ်ဖို့ မလုပ်ကြဘူး။ မြေပြိုပြီဆိုတာနဲ့ မြေပြိုသတဲ့၊ မြေပြိုသတဲ့နဲ့ ပြေးကြတာပဲ။ ပြောရုံနဲ့ယုံကြတယ်။ ဒါ လူ့ရဲ့သဘာဝပဲ။ အများစုက

စာမျက်နှာ-၃၉
ပြောတာနဲ့ပဲယုံလေ့ရှိတယ်။ ဝေဖန်ဆန်းစစ်ပြီးတော့ အမှန်ကိုတွေ့အောင်ရှာနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာ အင်မတန်မှနည်းတယ်တဲ့။ ။

အဲဒီ “ပိလိန္ဒဝစ္ဆ”ဟာ ဂန္ဓာရီဝိဇ္ဇာအတတ်တတ်တယ်။ ဒီအတတ်ပညာတွေက အိန္ဒိယနိုင်ငံမှာ တစ်ချိန်တုန်းက ထွန်းကားခဲ့တယ်။ ဝိဇ္ဇာမယိဒ္ဓိဆိုတာ တကယ်ရှိခဲ့တာပေါ့နော်။ အဲဒီအတတ်ပညာတွေနဲ့ သူတစ်ပါးစိတ်ကို သိတယ်။ ကောင်းကင်ကိုပျံနိုင်တယ်။ အဲဒီအချိန်မှာ သူက ဘုန်းတန်ခိုးတွေကြီးပြီးတော့ သူ့ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေ အင်မတန်မှများတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားရောက်သွားတယ်။ ဘုရားလည်း ကြွလာရော သူကောင်းကင်ပျံလို့လည်းမရဘူး။ သူများစိတ်ကိုလည်း မသိတော့ဘူး။ အဲဒီမှာ သူစဉ်းစားတယ်၊ ရဟန်းဂေါတမ ရောက်လာကတည်းက ငါကောင်းကင်ပျံတက်လို့လည်း မရဘူး၊ လူတွေရဲ့စိတ်ကိုလည်း ငါမသိနိုင်တော့ဘူး။ ငါကြားဖူးတယ်၊ စူဠဂန္ဓာရီဝိဇ္ဇာအတတ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ မဟာဂန္ဓာရီ

စာမျက်နှာ-၄၀
ဝိဇ္ဇာကြီးတွေ ရောက်လာလို့ရှိရင် သူတို့က သူတို့အတတ်ပညာတွေဟာ အကုန်လုံး သိမ်းချုပ်ခြင်းခံလိုက်ရတယ်၊ သိမ်းယူခြင်းခံလိုက်ရလို့ အတတ်ပညာတွေဟာ သုံးလို့မရတော့ဘူး၊ ဆိုလိုတာကတော့ သူတို့ထက်စွမ်းတဲ့ပုဂ္ဂိုလ် ရောက်လာလို့ပေါ့။ ။

ရဟန်းဂေါတမဟာ မဟာဂန္ဓာရီဝိဇ္ဇာအတတ်တတ်တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်လိမ့်မယ်။ သူ့ဆီမှာ ငါက မဟာဂန္ဓာရီဝိဇ္ဇာအတတ် သွားသင်မယ်ဆိုပြီး သွားတာလေ။ ဘုရားဆီရောက်တဲ့အခါကျတော့ အေး-တို့လို သင်္ကန်းဝတ်ရင်တော့ ပေးမယ်လို့ပြောတော့ သူသင်္ကန်းဝတ်တာပေါ့။ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းတရားဟောတော့ အဲဒီကမ္မဋ္ဌာန်းကို မန္တန်ရဲ့ ကျင့်စဉ်တစ်ခုအနေနဲ့ သူကျင့်တာ ရဟန္တာဖြစ်သွားတယ်။ အဲဒီကိုယ်တော်ကို “ပိလိန္ဒဝစ္ဆ” လို့ခေါ်တယ်။

သူ့မှာ ဝါသနာအကျင့်ဆိုးကြီးတစ်ခုက ဘာတုန်းဆိုရင် လူမြင်လို့ရှိရင် ဝသလ လို့ခေါ်တဲ့ စကားလုံး၊ သူသုံးတဲ့စကားလုံးက အင်မတန်မှရိုင်းတယ်၊

စာမျက်နှာ-၄၁
ဝသလ ဆိုတာ သူယုတ်မာ၊ ငယုတ်မာလို့ပြောတာ၊ လူမြင်ရင် ဟေ့-လူယုတ်မာလို့ခေါ်တာ။ ကဲ-ကိုယ့်ကို လူယုတ်မာလို့လာခေါ်ရင် ဘယ့်နှယ်နေပါမလဲနော်။ လောကလူတွေဟာ အကျင့်ကြီးတွေပါနေတတ်တယ်၊ သတိထားစရာနော်။ ရဟန္တာဖြစ်ပေမယ့်လို့ သူဟာ နှုတ်ကျိုးနေတာ၊ လူမြင်လိုက်တာနဲ့တစ်ပြိုင်နက် ဟေ့-ငယုတ်မာလို့ ဒီလိုခေါ်တာ၊ ဘယ်သူ့ဖြစ်ဖြစ် နှုတ်ဆက်လို့ရှိရင် လူယုတ်မာလို့ခေါ်ပြီး နှုတ်ဆက်တယ်။ ။

အဲဒီလိုမဖြစ်နိုင်ဘူး မထင်နဲ့၊ ဘုန်းကြီးတို့ကိုယ်တိုင် စစ်ကိုင်းမှာ ဆရာတော်ကြီးတစ်ပါးတွေ့တယ်၊ တောအရပ်ကဆရာတော်ကြီးပေါ့။ အဲဒီဆရာတော်ကြီးလည်းပဲ ဒီလိုအကျင့်ရှိတယ်။ လူမြင်လိုက်တာနဲ့ သူက ဘာလုပ်လဲဆိုရင် ဆဲပြီးတော့ နှုတ်ဆက်တာ။ “ဟကောင်ကြီး၊ မသေသေးဘူးလား”တဲ့။ ဘယ်သူ့ဖြစ်ဖြစ် “ငါမသား” မသေသေးဘူးလားနဲ့ နှုတ်ဆက်တာ။ သူနှုတ်ဆက်တာက မသက်သာဘူးလေ။ ဘယ်သူ့ဖြစ်ဖြစ် သူနှုတ်ဆက်ရင် ဘယ်တော့မှ

စာမျက်နှာ-၄၂
ချိုချိုသာသာနှုတ်ဆက်တာ မမြင်ဘူး၊ ဆဲပြီးတော့ နှုတ်ဆက်တာ။ အဲဒီကိုယ်တော်ကြီးကိုတွေ့ဖူးတယ်။ ဆဲနှုတ်ဆက်တာ။

အဲဒီတော့ အဲဒီလို ဒီ ရှင်ပိလိန္ဒဝစ္ဆ ကလည်းပဲ လူမြင်လိုက်တာနဲ့ လူယုတ်မာလို့ သူကပြောတယ်။ တစ်ခါတုန်းက အဖြစ်အပျက်တစ်ခုရှိတယ်၊ လှည်းသမားတစ်ယောက် ဈေးသွားရောင်းမလို့ ပိတ်ချင်းသီးတွေကို လှည်းနဲ့တင်လာတယ်။ ရှင်ပိလိန္ဒဝစ္ဆနဲ့ တိုးတဲ့အခါကျတော့ ရဟန္တာပေမယ့်လို့ သူက အငြိမ်မနေဘူး၊ ဝါသနာ။ “ဟဲ-ငယုတ်မာ၊ လှည်းနဲ့ ဘာတွေတိုက်လာတုန်း”။ ဟိုလူကလည်း အချောင် “ယုတ်မာ” လို့ ခေါ်ခံလိုက်ရတော့ ဘယ်ကြိုက်မလဲ။ အဲဒါနဲ့ ဘုပြောတဲ့အနေနဲ့ သူက ပြောလိုက်တာ၊ “ကြွက်ချေးတွေ ကိုယ်တော်” လို့ ပြောလိုက်တယ်။ အဲဒီတော့ “ကြွက်ချေးဆိုလည်း ကြွက်ချေးပေါ့ဟယ်” တဲ့။ ဈေးရောက်တော့ အဲဒီပိတ်ချင်းသီးတွေက အကုန် ကြွက်ချေးတွေဖြစ်နေတယ်။ အဲဒီကျတော့မှ ငိုချင်းချပြီး “ဟာ-ငါသယ်လာ...

စာမျက်နှာ-၄၃
တုန်းက ပိတ်ချင်းသီးတွေပါ၊ အခု ဈေးရောက်တော့ ဘယ့်နှယ်ကြောင့် ကြွက်ချေးတွေ ဖြစ်ကုန်တာလဲ” ဆိုတော့ အကြောင်းသိတဲ့ ဒကာတစ်ယောက်နဲ့တွေ့တဲ့အခါမေးတယ်၊ “မင်း လမ်းမှာ ဘယ်သူနဲ့တွေ့ခဲ့တုန်း” ဆိုတော့ “ဟာ-ဟိုအပြောဆိုတဲ့ ကိုယ်တော်ကြီးတစ်ပါးနဲ့တွေ့ခဲ့တယ်၊ အဲဒီအပြောဆိုတဲ့ ကိုယ်တော်ကြီးက ဟဲ-ငယုတ်မာ၊ နင့်ပေါ် ဘာတွေတုန်းလို့ မေးတော့ ကျုပ်ကလည်း စိတ်တိုတာနဲ့ ကြွက်ချေးတွေလို့ ပြောလိုက်မိတယ်”။ “ဒါဆို ရှင်ပိလိန္ဒဝစ္ဆ နေမှာ၊ မင်း ဒီတစ်ခါမေးရင် ရိုရိုသေသေပြော၊ အဲဒီလမ်းအတိုင်း မှန်မှန်ကန်ကန် ပြန်မောင်းသွား”။ ရှင်ပိလိန္ဒဝစ္ဆနဲ့ ပြန်တိုးပြန်တယ်။ ပြန်တိုးတဲ့အခါမေးပြန်တယ်။ “ငယုတ်မာ၊ ဘာတွေသယ်လာတာလဲ” “မှန်ပါ့ဘုရား၊ ပိတ်ချင်းသီးတွေပါဘုရား” ဆိုတော့ “အေး-ပိတ်ချင်းသီးဆိုလည်း ပိတ်ချင်းသီးပေါ့” တဲ့။ အဲဒီတော့မှ ပိတ်ချင်းသီး ပြန်ဖြစ်သတဲ့။

စာမျက်နှာ-၄၄
ရဟန္တာတောင်မှပဲ ဝါသနာမစွန့်ဘူး။ ဒါက စာထဲမှာပါတာ။ စာထဲမှာ မပါဘဲနဲ့ လူပြောသူပြော ပြောနေကြတာလေးတစ်ခုရှိသေးတယ်၊ ရှင်သာရိပုတ္တရာနဲ့ ပတ်သက်တာ။ ဒါက စာထဲမှာပါတဲ့ဟာလည်း မဟုတ်ဘဲ ဘယ်သူက ကြံဖန်ပြီးတော့ ပြောသလဲမသိဘူး။

ဆွမ်းစားပင့်တာ၊ လမ်းမှာ ရေအိုင်လေးတွေ၊ ရေပွက်လေးတွေတွေ့တော့ ရှင်သာရိပုတ္တရာက “ခုန်-ခုန်” ပြီးတော့ သွားတယ်ဆိုလား။ ပထမရေတစ်ကွက် ခုန်သွားတယ်၊ နောက်ကလိုက်လာတဲ့ဒကာက “ဟင်၊ ရဟန္တာဆိုပြီး ဣန္ဒြေမရပါလား”။ နောက်တစ်ကွက်ထပ် ခုန်ပြန်တယ်၊ “ဟ-ရဟန္တာက ဣန္ဒြေမရပါလား၊ ဒီတစ်ခါ ခုန်ရင်တော့ ဆွမ်းစားမပင့်တော့ဘူး”၊ အဲဒီလိုစိတ်ပေါ်သွားတဲ့အခါကျတော့ နောက်တစ်ကွက်ကျတော့ မခုန်တော့ဘူးတဲ့။ ဒါကတော့ စာထဲပါတာမဟုတ်ပါဘူး၊ ဘယ်သူကနေ လျှောက်ပြောသလဲတော့မသိဘူး။ သို့သော် ရဟန္တာမပယ်ဘူးဆိုတာတော့ မှန်တယ်ပေါ့။

စာမျက်နှာ-၄၅
ရှင်သာရိပုတ္တရာနဲ့ပတ်သက်တဲ့ စာထဲမှာပါတဲ့ မှတ်တမ်းတွေက အင်မတန်ကောင်းပါတယ်။

ရှင်သာရိပုတ္တရာဟာ အများပေါ်မှာ အင်မတန်မှ ကြင်နာတယ်။ ရှင်သာရိပုတ္တရာဟာ ထိပ်တန်းသာဝကကြီးတစ်ပါးပဲ။ သို့သော် ရဟန်းတော်တွေပေါ်မှာ အလွန်ကြင်နာတယ်၊ နံနက်ဆွမ်းခံဝင်ပြီဆိုရင် တခြားပုဂ္ဂိုလ်တွေက ကိုယ့်ဘာသာကိုယ် ဆွမ်းခံဝင်သွားကြသော်လည်း ရှင်သာရိပုတ္တရာမထေရ်မြတ်က အဲဒီလိုမလုပ်ဘူး၊ တစ်ကျောင်းလုံး လှည့်ပတ်ကြည့်တယ်၊ လှည့်ပတ်ကြည့်ပြီး တံမြက်စည်းလှဲရသေးဘူးဆိုရင် လှဲထားခဲ့တယ်၊ သင်္ကန်းတွေ မခေါက်ဘဲနဲ့ ကိုးရိုးကားယား လုပ်ထားခဲ့တယ်ဆိုရင် ခေါက်ပေးထားခဲ့တယ်။ အဲ-နေမကောင်းထိုင်မသာတဲ့ ကိုယ်တော်တွေတွေ့လို့ရှိရင် ဝင်ပြီး နဖူးလေးစမ်းမေးလို့ ဘာစားချင်တုန်းမေးပြီး ဟော-ကျွေးမွေးစောင့်ရှောက်တယ်၊ ဒါ ရှင်သာရိပုတ္တရာ လုပ်ရိုးလုပ်စဉ်တစ်ခုပဲ။ အင်မတန်မှ စိတ်နေသဘောထား နူးညံ့တယ်။

စာမျက်နှာ-၄၆
ရှင်မောဂ္ဂလာန်ကျတော့ အဲဒီလိုမဟုတ်ဘူး၊ ဝါသနာပါတာကိုပဲကြည့်ဦး၊ ရှင်သာရိပုတ္တရာက ပညာမှာ ဝါသနာပါတယ်၊ ဘယ်အရာပဲဖြစ်ဖြစ် စူးစမ်းဆင်ခြင်စဉ်းစားတတ်တယ်။ ရှင်မောဂ္ဂလာန်ကျတော့ အဲဒီလိုမဟုတ်ဘူး၊ သမာပတ်တွေဝင်စားပြီး၊ သမာဓိစွမ်းအားတွေလုပ်ပြီး တန်ခိုးပဲ ဖန်ဆင်းနေတာ သူ့ဝါသနာ။ အဲဒီတော့ တန်ခိုးဖန်ဆင်းတယ်ဆိုတဲ့ ပုဂ္ဂိုလ်က အမျိုးမျိုးလုပ်ကြည့်နေတာပဲလေ။ ရှင်မောဂ္ဂလာန်ကတော့ နည်းနည်းစိတ်တိုတဲ့သဘောရှိတယ်ပေါ့။

ဒေါသနဲ့စိတ်တိုတာတော့မဟုတ်ဘူး၊ ဝါသနာအရ သူက စိတ်ဆတ်တဲ့ပုဂ္ဂိုလ်လို့ထင်ရတယ်။ တစ်ခါတုန်းက မြတ်စွာဘုရား ဩဝါဒပါတိမောက်ဂါထာတွေကို ရွတ်ဆိုပြီး ဩဝါဒပေးတယ်။ သံဃာတွေအားလုံး စုဝေးရောက်ရှိနေတယ်။ မြတ်စွာဘုရားက တရားပလ္လင်ပေါ်မှာထိုင်ရင်း ဩဝါဒမပေးဘဲနဲ့ ငြိမ်နေလိုက်တာ ပထမယာမ်ကုန်သွားတယ်၊ ရှင်အာနန္ဒာက “အရှင်ဘုရား၊ ထိုင်နေတာကြာပါပြီ၊ သံဃာတွေ ဩဝါဒ...

စာမျက်နှာ-၄၇
ထု ပေးတော်မူပါ” ဆိုတော့ ဘာမှမပြောဘူး၊ ငြိမ်နေတယ်။ သန်းခေါင်ကျော်သွားတယ်။

အဲဒီတော့ ရှင်အာနန္ဒာက တစ်ခါထပ်လျှောက်တယ်။ နောက်ဆုံး ပစ္ဆိမယာမ် မိုးလင်းခါနီးရောက်တဲ့အခါ ရှင်အာနန္ဒာက “အရှင်ဘုရား၊ မိုးလင်းတော့မှာပါဘုရား၊ သံဃာတွေ တစ်ညလုံးထိုင်နေရတာ ဩဝါဒပေးပါ” ဆိုတော့ တစ်ခွန်းတည်းပဲပြောတယ်။ “အာနန္ဒာ၊ ပရိသတ် မစင်ကြယ်ဘူး”။

အဲဒီတော့ ကျန်တဲ့ကိုယ်တော်တွေကတော့ ဒီအတိုင်း ငုတ်တုတ်ထိုင်နေကြတာ၊ ရှင်မောဂ္ဂလာန်က ထသွားလိုက်တယ်။ ပရိသတ်မစင်ကြယ်ဘူးလို့ ဆိုလိုက်တာနဲ့ သူက စေတောပရိယအဘိညာဉ်နဲ့ ကိုယ်တော်တွေရဲ့ စိတ်ကို လိုက်လံစူးစမ်းတယ်။ မဟုတ်တာ လုပ်ထားတဲ့ပုဂ္ဂိုလ်က “ဟာ-ငါ့ပြောနေပြီ” ဆိုပြီးတော့ ရင်ထဲမှာ ဒိတ်ခနဲဆိုတာလေးတော့ ရှိမှာပဲပေါ့။ ပရိသတ်မစင်ကြယ်ဘူးလို့ ဆိုလိုက်ကတည်းက သူ့စိတ်ထဲမှာတော့ ဟုတ်လား၊ ငါ့ကို ဘုရားသိသွားပြီလို့ဆိုပြီး ရင်ထဲမှာ...

စာမျက်နှာ-၄၈
ဖုတ်လှိုက်ဖုတ်လှိုက်တော့ ဖြစ်နေမှာပဲ။ အဲဒါ ရှင်မောဂ္ဂလာန်တွေ့သွားတယ်။ တွေ့သွားတော့ သူ့နားသွားပြီးတော့ ပခုံးကို လက်ကလေးနဲ့တို့ပြီးတော့ “ငါ့ရှင်၊ ဘုရားကမြင်နေပြီ၊ ဒီထဲမှာမနေနဲ့၊ ထွက်”။ ဟိုကိုယ်တော်က ငုတ်တုတ်ထိုင်နေတယ်၊ ဘာမှမပြောဘူး၊ မသိချင်ယောင်ဆောင်နေတယ်။ အဲဒီကျတော့ တံခါးပေါက်ထိအောင် ဆွဲခေါ်သွားတာ။ ဆွဲခေါ်သွားပြီးတော့ အပြင်ဘက်ကို တွန်းထုတ်ပြီး အထဲက ဂျက်ထိုးထားလိုက်တယ်။ ဂျက်ထိုးထားပြီးတော့မှ မြတ်စွာဘုရားကို “အရှင်ဘုရား၊ ပရိသတ် စင်ကြယ်ပါပြီဘုရား” တဲ့။ ဩဝါဒကထာ မိန့်ကြားတော်မူပါလို့။ ဒါလည်း မှတ်တမ်းထဲမှာရှိတာပဲ။ အဲဒီတော့ ရဟန္တာပုဂ္ဂိုလ်တွေကိုလဲ သူတို့ရဲ့ဝါသနာ စရိုက်ကလေးတွေနဲ့ အကဲခတ်လို့ရတယ်လို့ ပြောလို့ရတယ်ပေါ့နော်။

တစ်ပါးနဲ့တစ်ပါး ဝါသနာလေးတွေ မတူကြဘူး။ အဲဒီတော့ ကောင်းတဲ့ဝါသနာပါရင်တော့ ကောင်းတာပေါ့။ မကောင်းတဲ့ဝါသနာ၊ မကောင်းတဲ့စရိုက်ကြီးတွေ...

စာမျက်နှာ-၄၉
အကျင့်ပါလာရင် ရဟန္တာတောင် ရုပ်ပျက်ဆင်းပျက်ဖြစ်တတ်သေးတယ်နော်။ အဲဒါကြောင့်မို့ ကောင်းတဲ့စရိုက်ကလေးတွေကိုသာ မွေးမြူပြီးတော့ မကောင်းတဲ့စရိုက်တွေကို ဆက်လက်ပြီးတော့ ထိန်းသိမ်းမထားဘဲနဲ့ ဖယ်ရှားဖို့ အင်မတန်မှ အရေးကြီးပါတယ်တဲ့။ ဒါ ရဟန္တာတောင် ဝါသနာမစွန့်နိုင်ဘူးဆိုတာနဲ့ ပတ်သက်တဲ့ သာဓကတွေပေါ့။

စရိုက်ပြင်နည်း
ကဲ၊ ကောင်းပြီ၊ စရိုက်ကိုပြင်ချင်တယ်၊ ဘာနဲ့ပြင်မလဲ။ “ရာဂစရိုက်” အလှအပတွေ သိပ်ကြိုက်တယ်နော်၊ မက်မောတယ်။ အဆင်းလှတာသဘောကျတယ်၊ အသံကောင်းတာ သဘောကျတယ်၊ အနံ့မွှေးတာ သဘောကျတယ်။ ဟင်းကောင်းကြိုက်တယ်၊ တွယ်တာမှုတွေအားကြီးတယ်၊ လောဘတွေအားကြီးတယ်၊ ဒီစရိုက်တွေ များလာပြီဆိုလို့ရှိရင် ဘာနဲ့ဖျောက်ဖို့ကြိုးစားမလဲ။ အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ကမ္မဌာန်း(၄၀)လို့ဆိုပြီး...

စာမျက်နှာ-၅၀
ထိုထိုကျမ်းဂန်တွေကနေထုတ်ပြီးတော့ မှတ်တမ်းတင်ထားတယ်။ အဲဒီထဲမယ် ရာဂစရိုက်ရှိတဲ့ပုဂ္ဂိုလ်အတွက် အသုဘဘာဝနာ-မတင့်တယ်မှုကို ဆင်ခြင်စဉ်းစားမှု အရေးကြီးဆုံးပဲ။ သူက ဘာဖြစ်လို့တုန်းဆိုတော့ အမြဲတမ်း လှတယ်ချည့်ပဲတွေးနေတဲ့ပုဂ္ဂိုလ်ကိုး။ အဲဒီတော့ မလှဘူး၊ မစင်ကြယ်ဘူးဆိုတာကို မြင်အောင်ကြည့်ဖို့ပေါ့။ အဲဒါမှ သူ့ရဲ့တွယ်တာမှုတွေကို လျှော့ချနိုင်မှာ။ အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ-ရာဂစရိုက်ကို ဖယ်ရှားနိုင်ဖို့အတွက် အသုဘကမ္မဋ္ဌာန်းကို ပွားပါတဲ့။

အေး၊ လူတွေက အသုဘလို့ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် ဟို-မသာအိမ်သွား အောက်မေ့နေတယ်နော်။ အသုဘဆိုတာ အသက်ရှင်နေတုန်းလည်းပဲ “အသုဘ”၊ “အသုဘ” ဆိုတဲ့ စကားလုံးက မတင့်တယ်ဘူး၊ ရွံစရာကောင်းတယ်။ ကဲ-ကိုယ့်ကိုယ်ကို ရွံစရာကောင်းမကောင်း ကိုးပေါက်ဒွါရကနေ ထွက်နေတာ...

စာမျက်နှာ-၅၁
တွေကို နမ်းကြည့်ပေါ့၊ အတွင်းထဲမှာ မွှေးကြိုင်နေတယ်ဆိုတာ တစ်ခုမှမရှိဘူးနော်။

မျက်စိကထွက်ရင် မျက်ချေး၊ နှာခေါင်းကထွက်ရင် နှပ်ချေး။ (အမယ် နန်းတော်သူတွေကတော့ မျက်ချေးကို “မျက်ဝတ်” လို့ ခေါ်လိုက်သေးတာနော်။ နာမည်လေးကို လှလှပပထားပြီးတော့ ရွံစရာမကောင်းအောင်လို့။) နှာခေါင်းကထွက်တော့ နှပ်ချေး၊ နားကထွက်တော့ နားဖာချေးပေါ့။ အဲဒီလို ခန္ဓာကိုယ်က ထွက်သမျှအရာတွေဟာ သိမ်းထားလို့ရတဲ့ဟာ တစ်ခုမှမရှိဘူး၊ မွှေးကြိုင်တယ်ဆိုတာလည်း တစ်ခုမှမရှိဘူး။ လူတွေမွှေးကြိုင်တယ်ဆိုတာ ပြင်ပက ခေတ္တခဏ လိမ်းကျံထားတဲ့အနံ့ကမွှေးတာ၊ လူကမွှေးတာမဟုတ်ဘူး။ စနိုးလိမ်းထားရင် စနိုးက၊ ပေါင်ဒါလိမ်းထားရင် ပေါင်ဒါက မွှေးတာနော်။ ရေမွှေးဆွတ်ထားရင် ရေမွှေးကမွှေးတာ။ အဲဒါကို လူကမွှေးတယ်ထင်နေကြတာ။ အဲဒီတော့ လူ့ရဲ့ခန္ဓာကိုယ်ဟာ မွှေးတယ်၊ ကြိုင်တယ်ဆိုတာ တစ်ခုမှမရှိဘူး။ ဒါစဉ်းစားဖို့ပြောတာနော်။

စာမျက်နှာ-၅၂
အဲဒီလို စဉ်းစားဆင်ခြင်တတ်လာမယ်ဆိုရင် လှပတယ်၊ တင့်တယ်တယ်ဆိုတာ မရှိဘူးတဲ့။ ရွံစရာကောင်းတယ်ဆိုတာတွေ တွေ့လာမှာပဲ။ အဲဒီလို ရွံစရာကောင်းတာတွေကိုတွေးကြည့်ပြီးတော့ ရာဂစိတ်ကို ပယ်ဖျောက်ရမယ်တဲ့၊ တွယ်တာမှုတွေကို လျှော့ချရမယ်။ ဒါက ရာဂစရိုက်ကို ပြုပြင်တဲ့နည်းတစ်နည်းပေါ့နော်။

ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ ခန္ဓာကိုယ်ကြီးကို တစ်ခုစီ တစ်ခုစီ ဖျက်ချကြည့်လိုက်။ ဆံပင်ကလည်း ခေါင်းပေါ်နေတော့တယ်လေ၊ အဲဒီခေါင်းပေါ်က ဆံပင်လေးတစ်ခုဟာ ထမင်းပန်းကန်ထဲ ရောက်သွားရင် ရွံစရာကောင်းတယ်၊ လူက အဲဒီကျမှ ရွံရကောင်းမှန်းသိတာ၊ ခေါင်းပေါ်နေတုန်းကတော့ အရောင်အမျိုးမျိုးဆိုးပြီး အလှအပတွေလုပ်၊ အမွှေးအကြိုင်တွေလိမ်း၊ ဒီလိုလုပ်ကြတယ်။ အဲဒီတော့ ခေါင်းပေါ်မှာရှိတဲ့ ဆံပင်နဲ့ ကျွတ်လာတဲ့ဆံပင်ဟာ အတူတူပါပဲ၊ အတူတူပဲ။ အဲဒီလို ဆံပင်၊ မွေးညင်း၊

စာမျက်နှာ-၅၃
ခြေသည်းလက်သည်း၊ သွား၊ အရေ၊ ခန္ဓာကိုယ်မှာရှိတာတွေ သဘာဝရဲ့ မလှပ၊ မတင့်တယ်မှုတွေကို ဆင်ခြင်စဉ်းစားပေးခြင်းဖြင့် ရာဂစရိုက်ကို လျှော့ချပေးလို့ရပါတယ်တဲ့။

ဒါဖြင့် ဒေါသစရိုက်ကိုတော့ ဘာနဲ့လျှော့ချရမလဲ ဆိုလို့ရှိရင် ဒေါသဆိုတာ ဘယ်အာရုံပေါ်မှာမှ သူက ကြည်လင်တာမဟုတ်ဘူး၊ အမြဲတမ်း မုန်းတီးမှုနဲ့ ဆက်ဆံနေတယ်။ ဒါကြောင့်မို့ ဒေါသစရိုက်ကို ဖယ်ရှားဖို့ရာကျတော့ ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာ မေတ္တာတရားကို ဖြစ်ပွားအောင် ကြိုးစားရမယ်၊ မေတ္တာ ဘာဝေတဗ္ဗာ ဒေါသဿ ပဟာနာယ တဲ့။ အမုန်းတရားလို့ဆိုတဲ့ ဒေါသစရိုက်ပျောက်သွားအောင် မေတ္တာတရားကို မိမိရဲ့ရင်ထဲမှာ ဖြစ်ပွားအောင် ကြိုးစားပါတဲ့။ အများအကျိုးကို လိုလားခြင်းဆိုတဲ့ မေတ္တာကို တည်ဆောက်တဲ့အခါမှာ ခန္တီဟာ များစွာအကူအညီပေးတယ်။ ဒါကြောင့်မို့ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဖြင့် မေတ္တာ...

စာမျက်နှာ-၅၄
တရားကို ထိန်းသိမ်းထားပြီး ဒေါသတရားကို ဖယ်ရှားနိုင်အောင် ကြိုးစားရမယ်။

အဲဒီလို မကြိုးစားနိုင်လို့ အကျင့်ကြီးပါသွားပြီဆိုရင် လူဖြစ်ရင်လဲ လူစိတ်တိုကြီးဖြစ်တယ်၊ တိရစ္ဆာန်ဖြစ်ရင်လည်း ကျားတို့၊ ခြင်္သေ့တို့ ဒေါသကြီးတဲ့ အကောင်မျိုးတွေ သွားဖြစ်တယ်။ အဲဒီလို မဖြစ်ရအောင် သိတတ်တဲ့ဘဝမှာ မေတ္တာတရား များများပွားပြီးတော့ အဲဒီစရိုက်ပျောက်ဖို့ရာအတွက် ကိုယ့်ရဲ့နှလုံးသားကို မေတ္တာတရားတွေနဲ့ ဆွတ်ဖြန်းပေးဖို့ လိုအပ်တယ်တဲ့။

မောဟစရိုက်ပျောက်ဖို့ရာအတွက် ဘာလုပ်ရမလဲ၊ တရားနာရမယ်။ မောဟစရိုက်ပျောက်အောင် တရားနာတယ်၊ နှလုံးသွင်းတယ်၊ မြတ်စွာဘုရားဟောကြားထားတဲ့ တရားရေးသားထားတဲ့ စာအုပ်တွေ ဖတ်ရှုတယ်၊ လေ့လာတယ်၊ မေးမြန်းတယ်၊ ဆရာသမားတွေထံ ချဉ်းကပ်တယ်။ မသိတာတွေကို မေးတယ်။

စာမျက်နှာ-၅၅
အဲဒီလို မေးမြန်းစုံစမ်းခြင်း၊ သင်ယူခြင်း၊ မှတ်သားခြင်းဖြင့် မောဟစရိုက်ကို ပျောက်ကင်းစေနိုင်ပါတယ်။

အဲဒီလို ပညာရလာအောင် လုပ်တဲ့အခါမှာ အရေးကြီးတာက ဘာလဲလို့ဆိုရင် စိတ်ကလေးငြိမ်အောင်နဲ့ မိမိရဲ့သန္တာန်မှာ သတိတရားတွေ ခိုင်မာလာအောင် လေ့ကျင့်ရမယ်၊ သတိသမ္ပဇည ထားရမယ်၊ သတိရှိလာလို့ရှိရင် ပညာဟာ ရှိလာမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ သတိကို ထူထောင်ပေးရမယ်။ အာနာပါန မောဟစရိတဿ- မောဟစရိုက်ရှိတဲ့ပုဂ္ဂိုလ်ဟာ သတိလေးထားပြီး ထွက်လေဝင်လေလေးကို ရှုမှတ်ပွားများနေရမယ်၊ ဒီလိုနေမယ်ဆိုရင် မောဟစရိုက်နည်းပါးသွားမယ်၊ သတိရှိလာတာနဲ့တစ်ပြိုင်နက် အသိပညာလည်းရတယ်၊ အသိပညာရအောင်လည်း ရရာရကြောင်းတွေကို ဆည်းပူးရတယ်၊ လေ့လာရတယ်၊ နာယူရတယ်၊ မှတ်သားရတယ်။ ဟော-ဒီလိုနည်းနဲ့ မောဟစရိုက်တွေ ပျောက်ကွယ်ပြီးတော့ သွားနိုင်တယ်။

စာမျက်နှာ-၅၆
စရိုက်ဆိုးတွေကို ဒီဘဝမှာပြင်ရင်ပြင်၊ မပြင်လို့ရှိရင် သံသရာထဲမှာ စရိုက်ဆိုးတွေနဲ့ပဲ ကျင်လည်ကြရမှာဖြစ်တယ်။ လူ့ဘဝရောက်ရင်ပဲ စရိုက်ဆိုးတဲ့လူ၊ လောကလူတွေကြည့်လေ၊ တစ်ယောက်နဲ့တစ်ယောက် စရိုက်မှမတူတာ။ စရိုက်ဆိုးတဲ့လူတွေရှိတာပဲ၊ စရိုက်ကောင်းတဲ့လူတွေရှိသလို စရိုက်ဆိုးတဲ့သူတွေရှိတာပဲ။ ဒီဘဝမှာ မပြင်ဘူးဆိုလို့ရှိရင် နောင်ဘဝမှာလည်းပဲ အကျင့်ကြီးတွေပါသွားမှာပဲ။

အဲဒီမကောင်းတဲ့အကျင့်ကြီးတွေ ပါသွားပြီဆိုလို့ရှိရင် ဒီစရိုက်ဟာ နောက်ဆုံးမှာ ဖျောက်လို့မရနိုင်တဲ့ အဆင့်ထိအောင်ရောက်သွားပြီးတော့၊ အထုံဝါသနာကြီးပါပြီးတော့ ဘုရားတောင်မှ ချွတ်ဖို့ရာခက်သွားတယ်။ ဥပမာမယ် ဖွတ်ဖို့လျှော်ဖို့ မလွယ်ကူတဲ့ လက်နှီးစုတ်လို ဖြစ်သွားမှာပေါ့နော်။

မကောင်းတဲ့စရိုက်တွေ ကိုယ့်စိတ်ထဲမှာ လွှမ်းမိုးသွားပြီဆိုလို့ရှိရင် သံသရာထဲမှာ နစ်မွန်းသွားနိုင်တယ်တဲ့။ ဒါကြောင့်မို့လို့ ခုလို ဗုဒ္ဓမြတ်စွာရဲ့...

စာမျက်နှာ-၅၇
သာသနာတော်နဲ့ ကြုံတဲ့အခါမှာ ရာဂစရိုက်ကိုလဲ လျော့ချဖို့ ကြိုးစားရမယ်၊ ဒေါသစရိုက်ကိုလဲ လျော့ချဖို့ ကြိုးစားရမယ်၊ မကောင်းတဲ့ မောဟစရိုက်ကိုလဲ လျော့ချဖို့ ကြိုးစားရမယ်၊ ကောင်းတဲ့စရိုက်တွေကိုတော့ ကြီးထွားလာအောင် ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ ပေးရမယ်လို့ ဒီလို မြတ်စွာဘုရား ဟောကြားတော်မူခဲ့တယ်။ အခုလို တရားဓမ္မတွေကို နာယူမှတ်သားပြီးတဲ့အခါ မိမိတို့ရဲ့ဘဝမှာ ကောင်းမြတ်တဲ့စရိုက်တွေ မွေးမြူခြင်းဖြင့် ကောင်းမြတ်တဲ့ဝါသနာတွေနဲ့ နောက်ဆုံးမှာ ထာဝရချမ်းသာတဲ့ အငြိမ်းဓာတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့ အားလုံးသဘောကျပြီး ဝါသနာတို့ စရိုက်တို့ကို ဖယ်ရှားနိုင်ကြောင်း အကျင့်ကောင်းကို ကျင့်ကြံကြိုးကုတ်အားထုတ်ကာ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု
kr63zrpnm0ei3aoksqv8xsyrf3jciuo
စိတ်၏ အတွေးများ
0
6360
22108
22092
2026-06-15T03:17:09Z
Tejinda
173
22108
wikitext
text/x-wiki
{{header
| title = စိတ်၏ အတွေးများ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[စရိုက်နှင့် ဝါသနာ]]
| previous2 =
| next = [[ဆင်းရဲမွဲတေမှု လျှော့ချရေး]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

“စိတ်၏ အတွေးများ ”
မှတ်တမ်း သာသနာတော် ၂၅၅၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇ဝ ပြည့်နှစ်၊ တပို့တွဲလဆန်း (၁၀)ရက်နေ့ မန္တလေး မဟာအောင်မြေမြို့နယ်၊ ရတနာဈေး ကျောက်ဝိုင်း ရတနာလူငယ် မြတ်ဗုဒ္ဓဒေသနာတော်ပြန့်ပွားရေးအဖွဲ့ (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်အပ်သော ဓမ္မပူဇာ ဓမ္မသဘင်အခမ်းအနားဝယ် ဟောကြားအပ်သော

စာမျက်နှာ-၂
“စိတ်၏အတွေးများ”ဆိုတဲ့ ခေါင်းစဉ်ကို ကြည့်ရင် စိတ်နဲ့အတွေးဆိုတာ ဆောင်ရွက်မှုချင်း မတူဘူး။ စိတ်က တခြား၊ အတွေးက တခြားဆိုတာ ထင်ရှားတယ်။ လူအများက စိတ်နဲ့တွေးတာဟာ အတူတူပဲလို့ မှတ်ထင်ကြတယ်။ သို့သော် အဘိဓမ္မာ သဘောကို သေချာကြည့်မယ်ဆိုရင် အာရုံကို သိတတ်တဲ့စိတ်က တစ်မျိုး၊ ထိုစိတ်ကို မှီတွယ်ပြီး ဖြစ်ပေါ်လာတဲ့ စေတသိက်ဆိုတဲ့ သဘာဝတရားက တစ်မျိုးလို့ စိတ်နဲ့ စေတသိက် နှစ်မျိုး ခွဲခြားပြီး သိနိုင်တယ်။ စိတ်၏ အတွေးဆိုတဲ့ စကားလုံးထဲမှာ အတွေးဆိုတာ စေတသိက်တစ်ခုရဲ့ နာမည်ပဲလို့ မှတ်ရမယ် နော်။

အတွေးကို စိတ်က ဆောင်ရွက်တာ မဟုတ်ဘူး။ အတွေးဆိုတဲ့ စကားလုံးကို ပါဠိဘာသာဖြင့် အနီးစပ်ဆုံး ပြောရင် “ဝိတက္က”လို့ ပြောရတယ်။ ညက ဝိတက်တွေ များနေလို့ အိပ်မပျော်ဘူးလို့ လူကြီးတွေပြောတာ ကြားဖူးကြလိမ့်မယ်။ ဝိတက်ဆိုတာ အတွေးကို ပြောတာ၊ မဂ္ဂင်ရှစ်ပါးထဲမှာ သမ္မာသင်္ကပ္ပလို့ ပါတယ်။ သင်္ကပ္ပဆိုတာ အတွေးပဲ ဖြစ်တယ်။ မှန်ကန်စွာတွေးတောခြင်းကို သမ္မာသင်္ကပ္ပလို့ဆိုတာ ဖြစ်တယ်။

သင်္ကပ္ပနဲ့ ဝိတက္ကဆိုတာ စကားလုံးချင်း မတူပေမယ့် သဘာဝတရား တစ်ခုတည်းကိုသာ ဖော်ပြတာ ဖြစ်တယ်။ ဝိတက် (အတွေး) ကိုပဲ ပြောတာ။ ဘုန်းကြီးတို့တစ်တွေရဲ့ စိတ်မှာ အတွေးတွေ ရှိတယ်။ စိတ်က တခြား၊ အတွေးက တခြား ဒီလို ခွဲခြားပြီး သိဖို့လိုတယ်နော်။
စိတ်ကို ဖြူစင်အောင် လုပ်တဲ့အခါမှာ တချို့

စာမျက်နှာ-၃
အတွေးတွေကို ထိန်းချုပ်ဖို့ လိုအပ်တယ်။ တချို့ အတွေးတွေကို အားကောင်းလာအောင် လုပ်ပေးဖို့ လိုအပ်တယ်။ သို့သော် စိတ်တိုင်းမှာ အတွေးရှိတာ မဟုတ်ဘူး။ “အတွေးမဲ့စိတ်”လို့ ပြောရင် လူတွေဟာ ရုတ်တရက် လက်ခံချင်မှ လက်ခံမယ်။ စိတ်ဆိုတာတွေးတတ်တာပေါ့။ မတွေးတဲ့ စိတ် မရှိဘူးလို့ ထင်ကောင်း ထင်လိမ့်မယ်။
အတွေးစိတ်
သို့သော် “အတွေးမဲ့စိတ်”ဆိုတာ အဘိဓမ္မာ မှာ ရှိတယ်။ စာပေလိုပြောရင် အဝိတက္ကစိတ်။ အဝိတက္ကစိတ်ဆိုတာ အတွေးမပါတဲ့ စိတ်။ အဲဒီ အတွေးမပါတဲ့ စိတ်ကို ထပ်ပြီး ခွဲတဲ့အခါမှာ “သဘာဝ အဝိတက္က” ပင်ကိုက အတွေးမပါတဲ့ စိတ်နဲ့ “ဘာဝနာဗလ အဝိတက္က” ကျင့်ဆောင်တဲ့ ဘာဝနာ စွမ်းအားကြောင့် အတွေးမဲ့သွားတဲ့ စိတ်လို့ နှစ်မျိုး

စာမျက်နှာ-၄
ခွဲရတယ်။ အတွေးမဲ့စိတ် နှစ်မျိုးပေါ့။ စိတ်တိုင်း အတွေးရှိတယ်လို့ မထင်နဲ့။ မတွေးဘဲနဲ့ ငြိမ်နေတဲ့ စိတ်မျိုးကလည်း ရှိသေးတယ်။

အဘိဓမ္မာသဘောအရ ပြောမယ်ဆိုရင် တွေးတဲ့စိတ်၊ တွေးတောမှုနဲ့ ယှဉ်တွဲပြီး ဖြစ်တဲ့စိတ်ဟာ (၅၅)မျိုး ရှိတယ်။ အတွေးမဲ့စိတ်က (၆၆)မျိုး ရှိတယ်။ ဒီနှစ်ခု ပေါင်းလိုက်ရင် စိတ် (၁၂၁)ဆိုတဲ့ ဂဏန်းကို ရမယ်။

အတွေးမဲ့စိတ်ဆိုတာကို ဘာသာတိုင်းက လက်မခံဘူး။ ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါက ဗုဒ္ဓမြတ်စွာနဲ့ တစ်ခေတ်တည်းပေါ်တဲ့ နိဂဏ္ဌ နာဋပုတ္တဆိုတဲ့ ဆရာကြီး ရှိတယ်။ ဒီကနေ့ခေတ်မှာ သူ့ရဲ့ဝါဒကို ဂျိန်းဝါဒလို့ ခေါ်တယ်။ အိန္ဒိယမှာ ထွန်းကားနေဆဲ ဘာသာတရားတစ်ခုပဲ။ နာဋပုတ္တကို သူတို့ စာပေအရ “ဗမာန မဟာဝီရ” လို့ ခေါ်တယ်။ ပါဠိစာပေအရ နိဂဏ္ဌနာဋပုတ္တ လို့ ခေါ်တယ်။

စာမျက်နှာ-၅
နိဂဏ္ဌနာဋပုတ္တက “အတွေးမဲ့စိတ်”ဆိုတာကို လက်မခံဘူး။ စိတ်မှန်ရင် အတွေးရှိတယ်လို့ ယူဆတယ်။

တစ်ခါတုန်းက ဗုဒ္ဓမြတ်စွာရဲ့ ဥပါသကာ တစ်ဦးဖြစ်တဲ့ စိတ္တသူကြွယ်နဲ့ ဆုံတယ်။ စိတ္တသူကြွယ်ဟာ တရားဓမ္မနဲ့ ပတ်သက်ပြီး အဟောအပြော ကောင်းတယ်။ ပဋိဘာန်ဉာဏ်ရှိတယ်။ အဲဒီ စိတ္တ သူကြွယ်နဲ့ နိဂဏ္ဌနာဋပုတ္တတို့တွေ့တဲ့အခါ နိဂဏ္ဌနာဋပုတ္တက ပြောတယ်။ “ဂေါတမဘုရားက အဝိတက္က အဝိစာရ သမာဓိ အတွေးမပါတဲ့ သမာဓိ ရှိတယ်လို့ ဟောတယ်။ အတွေးမဲ့စိတ်ဆိုတာ မရှိနိုင်ဘူး။ စိတ်ဆိုတာ အတွေးနဲ့သာ ဖြစ်တယ်။ ဘယ်နဲ့လဲ စိတ္တသူကြွယ်၊ ဒကာကော အတွေးမဲ့စိတ်၊ အတွေးမဲ့သမာဓိဆိုတာကို ယုံသလား”လို့ မေးတယ်။ သူ မေးလိုက်တဲ့ စကားကိုသေချာကြည့်။ ယုံရဲ့လားလို့ မေးတာနော်။

အဲဒီအခါ စိတ္တသူကြွယ်က “အတွေးမဲ့စိတ်

စာမျက်နှာ-၆
ရှိတယ်ဆိုတာ သူ မယုံပါဘူး”လို့ ဖြေတယ်။ နိဂဏ္ဌနာဋပုတ္တက ခေါင်းလေးမော့ ခါးလေး ကော့ပြီး “ဂေါတမရဲ့ တပည့်ဖြစ်တဲ့ ဟောဒီ စိတ္တ သူကြွယ်တောင်မှ အတွေးမဲ့စိတ်ဆိုတာ လက်မခံဘူး။ သူ မယုံဘူးလို့ ပြောနေတယ်”လို့ ပရိသတ် ကြား အောင် အသံမြှင့်ပြောလိုက်တယ်။

အဲဒီအခါမှာ စိတ္တသူကြွယ်က ဘာရှင်းပြတုံး ဆိုရင် သူကိုယ်တိုင် သမထကျင့်စဉ်တွေကို ကျင့်ပြီး ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ဆိုတဲ့ ဒီဈာန်တွေကို ရရှိထားလို့ ဒီသမာဓိမျိုးတွေ သူကိုယ်တိုင် အကြိမ်ကြိမ် ရရှိ ခံစားဖူးတာ ဖြစ်တယ်။ ဒါကြောင့် အတွေးမဲ့သမာဓိ အတွေးမဲ့ စိတ်ဆိုတာ သူကိုယ်တိုင် သိတာ၊ ယုံလို့ပြောတာ မဟုတ်ဘူးလို့ ပြောတယ်။ သူ မယုံဘူးဆိုတာက သူကိုယ်တိုင် သိတယ်လို့ပြောတာ။

ကဲ လောကမှာ လူတွေက ကိုယ်ကိုယ်တိုင်

စာမျက်နှာ-၇
မသိရင် သူများပြောတာ လက်မခံရပေဘူးလား။ ကိုယ်သိတာ မဟုတ်ဘူး ဆိုရင် စာထဲမှာ ပါတယ်၊ ဘယ်သူက ပြောတာ၊ ဒါနဲ့ပဲ လက်ခံရတယ်လေ။ ဒီတော့ စိတ္တသူကြွယ်က အတွေးမဲ့စိတ်၊ အတွေးမဲ့ သမာဓိကို သူကိုယ်တိုင် အကြိမ်ကြိမ် ရရှိဖူးလို့ ကိုယ်တိုင်သိတာ။ ဒါကြောင့် မယုံဘူးလို့ ပြောတာ ပါ ဆိုတယ်။

အဲဒီတော့ နိဂဏ္ဌနာဋပုတ္တက “ကြည့်စမ်းပါ။ စိတ္တသူကြွယ်ဟာ အလွန်ကောက်ကျစ်တယ်။ နဂိုတုန်းက မယုံဘူးပြောပြီး အခုကျတော့ သူ ကိုယ်တိုင် သိတယ်လို့ ပြောပြန်တယ်”လို့ ပြောလိုက်တယ်။ စိတ္တသူကြွယ်က သူ့ကို စိန်ခေါ်တယ်။ အခုခေတ် ဆိုရင် Challenge လုပ်တယ်ပေါ့။ ယုံတာနဲ့ သိတာ တူ မတူ စိတ္တသူကြွယ်က မေးတယ်။ အစက နိဂဏ္ဌနာဋပုတ္တဟာ သူ့စကားကိုစိတ္တသူကြွယ် လက်ခံတယ် လို့ ထင်သွားတာကိုး။ သူ မျက်စိလည်သွားတာ။

စာမျက်နှာ-၈
ကဲ ယုံတာနဲ့ သိတာ တူသလား၊ မတူဘူးလား။ မတူဘူး။ ယုံတာဆိုတာ ကိုယ်တိုင်မသိဘဲ သူများ ပြောတာ လက်ခံရတာ။ ကိုယ်ကိုယ်တိုင် သိတာ ကျတော့ ယုံတာ မဟုတ်တော့ဘူးလေ။ ယုံတဲ့ အဆင့်ကို လွန်သွားပြီး ကိုယ်တိုင်သိတာ။

နိဂဏ္ဌနာဋပုတ္တ ဘာမှမဖြေရှင်းနိုင်ဘဲ နောက်ဆုံး အရှုံးပေးလိုက်ရတဲ့အကြောင်း သံယုတ်ပါဠိတော်ထဲ မှာ ရေးထားတာ ရှိတယ်။ ဒါကြောင့် အတွေးနဲ့စိတ် ရှိသလို အတွေးမဲ့စိတ်လည်း ရှိတယ်ဆိုတာကို မှတ်ထားရမယ်။
တွေးသင့်တာနဲ့ မတွေးသင့်တာ
ဘုန်းကြီးတို့တွေးသင့်တာရှိသလို မတွေးသင့် တာလည်း ရှိတယ်တဲ့။ ဒါကြောင့် စိတ်၏ အတွေးများဆိုတာကို လေ့လာဖို့လိုတယ်။ လူတိုင်း လူတိုင်းဟာတွေးဖူးကြတာချည်းပဲ။ မတွေးဖူးတဲ့ လူရယ်လို့

စာမျက်နှာ-၉
တစ်ယောက်မှမရှိဘူး။

ပင်ကိုယ် အတွေးမျိုးစိတ် (သဘာဝ အဝိတက္က)ဟာ ၁ဝ-ခုပဲ ရှိတယ်။ အဲဒီ ၁ဝ-ခုက ဘာတုံး ဆိုရင် မျက်စိကမြင်ပြီး သိတဲ့ စိတ်က ၂-မျိုး၊ နားက ကြားပြီး သိတဲ့စိတ်က ၂-မျိုး၊ နှာခေါင်းက အနံ့ရပြီး သိတဲ့ စိတ်က ၂-မျိုး၊ လျှာက အရသာတွေ့ပြီး သိတဲ့စိတ်က ၂-မျိုး၊ ခန္ဓာကိုယ်က ထိပြီး သိတဲ့စိတ်က ၂-မျိုး၊ ၂မျိုးစီ ဆိုတော့ ၅-နှစ်လီ ၁၀-ခု။ အဲဒါ အတွေးမဲ့ စိတ်တွေပဲ။ အတွေး မပါဘူး။ ကျန်တဲ့ စိတ်တွေကတော့ သဘာဝအားဖြင့် အတွေးနဲ့ စိတ်တွေချည်းပဲ။ ကဲတွေးတိုင်း ကောင်းသလား။

ဒီတရား နာပြီးတဲ့အခါ မကောင်းတဲ့ အတွေးတွေကိုဘယ်လိုဖျောက်ရမယ်ဆိုတာ မြတ်စွာဘုရားက “ဝိတက္ကသဏ္ဌာနသုတ်”မှာ ဟောထားတယ်။ အလွန် မှတ်သားစရာ ကောင်းပါတယ်။ ဗုဒ္ဓမြတ်စွာ ကိုယ်တော် တိုင်က လူ့ စိတ်ရဲ့ အတွေးများကို အလေးထားပြီး

စာမျက်နှာ-၁၀
ဟောကြားခဲ့တယ်။ အတွေးဆိုတာဟာ မှန်ကန်စွာတွေးတတ်ရင် မဂ္ဂင် ၈-ပါး အဝင် သမ္မာသင်္ကပ္ပ(မှန်ကန်သော အတွေး)ဖြစ်လို့ နိဗ္ဗာန်ရကြောင်း တစ်ခုပဲ။ အဲဒါနဲ့ ဆန့်ကျင်ဘက် မှားမှားယွင်းယွင်း သွားတဲ့ အတွေး ကျတော့ အပါယ်ငရဲ ကျစေတတ်တဲ့ အတွေးမျိုး ဖြစ်တယ်။ ဒါကြောင့်မို့ ဘုန်းကြီးတို့တစ်တွေ မှန်ကန်တဲ့ အတွေးနဲ့ မှားယွင်းတဲ့အတွေး ဒီနှစ်ခုကို ခွဲခြားသိဖို့ လိုတယ်။
မှန်ကန်တဲ့အတွေးနဲ့ မှားယွင်းတဲ့အတွေး
မှန်ကန်တဲ့ အတွေးကို မိမိရဲ့ စိတ်ထဲမှာ ထူ ထောင်ပေးပြီး မှားယွင်းတဲ့အတွေးကို ဖယ်ရှားပစ်ဖို့ လိုတယ်ပေါ့။ အဲဒီတော့ မှားယွင်းတဲ့ အတွေးဆိုတာ ဘာလဲ။ မှားယွင်းတဲ့ အတွေးဆိုတာ အပြစ်ရှိတဲ့ အတွေး။ ဆင်းရဲတဲ့အကျိုးကို ထုတ်လုပ်တတ်တဲ့ အတွေး။ ဟောဒီ မှားယွင်းတဲ့ အတွေးတွေဟာ အပြစ်

စာမျက်နှာ-၁၁
ရှိတယ်။ ဆင်းရဲတဲ့အကျိုးကို ပေးတတ်တယ်။ အဲဒီအတွေးမျိုးကို ဖယ်ရှားရမယ်။ မှန်ကန်တဲ့ အတွေးဆိုတာ အပြစ်ကင်းတယ်။ ကောင်းကျိုး ချမ်းသာကို ပေးတတ်တယ်။

လူ့စိတ်ထဲမှာ အတွေး (၂)မျိုး ကွဲပြားခြားနားမှု ရှိတယ်။ ဘုန်းကြီးတို့ တရားချစ်ခင် သူတော်စင် ပရိသတ်တို့ ဒါကို သိထားလို့ရှိရင် မှားယွင်းတဲ့ အတွေးတွေးမှာလား၊ မှန်ကန်တဲ့ အတွေးတွေးမှာလား။ မှန်ကန်တဲ့အတွေးကိုတွေးရလိမ့်မယ်။

မှန်ကန်တဲ့အတွေးကို မပြောမီ မှားယွင်းတဲ့ အတွေးကို အရင်ပြောရမယ်။ မမှားဖို့က အမှန်လုပ်ဖို့ထက် ပိုအရေးကြီးလို့ ဖြစ်တယ်။ မြတ်စွာဘုရားက လမ်းညွှန်တဲ့အခါမှာ မလိုက်ရမယ့်လမ်းကို အရင် ညွှန်တယ်။ လိုက်ရမယ့်လမ်းကို နောက်မှ ညွှန်တယ်။ ဒါဟာ reasonable ဖြစ်တယ်။ သဘာဝကျတယ်။ မလိုက်ရမယ့်လမ်းကို အရင်ညွှန်ဖို့ ပိုပြီး အရေးကြီး

စာမျက်နှာ-၁၂
တယ်။ မလိုက်ရမယ့် လမ်းကိုလိုက်ရင် ဒုက္ခအကြီး အကျယ် ရောက်သွားတတ်တယ်။ လိုက်ရမယ့်လမ်းကို မလိုက်ရင် အဆင်မပြေရုံပဲ ရှိမယ်၊ ခုနလောက် ဒုက္ခ မရောက်နိုင်ဘူး။

ဒါကြောင့်မို့ မင်္ဂလသုတ်မှာ ကြည့်လေ။ အသေဝနာ စ ဗာလာနံ - မပေါင်းရဘူးဆိုတာကို အရင်ပြောတယ်။ ပြီးတော့မှ ပေါင်းရမယ်ဆိုတာကို နောက်မှ ပြောတယ်။ မပေါင်းဖို့ရာက ပိုအရေးကြီးတယ်။ ဆိုပါစို့ အစာတစ်ခုက အဆိပ် ရှိနေတယ်။ အစာတစ်ခုက အဆိပ်မရှိဘူး။ သို့သော် ခန္ဓာကိုယ်ကို အကျိုးမပြုဘူး။ အဲဒီ နှစ်ခုကို မသိလို့ စားမယ့် ပုဂ္ဂိုလ် အတွက် ဘယ်ဟာကို အရင်တားဖို့ လိုအပ်သလဲ။ အဆိပ်ရှိတဲ့အစာကို မစားမိဖို့ ပို အရေးကြီးတယ်။ ခုနက အဆိပ်မရှိတဲ့ အစာက အကျိုးမပြုရုံ မပြုမှား၊ ဒုက္ခ ရောက်မသွားစေနိုင်ဘူး။ အဆိပ်ရှိတဲ့ အစာကို စားမိရင် ချက်ချင်းဒုက္ခရောက်သွား နိုင်တယ်။ ဒါကြောင့်

စာမျက်နှာ-၁၃
မလုပ်ရမယ့်ဟာကို အရင် ပြောရတယ်။
လောဘနဲ့တွေးတဲ့အတွေး
မြတ်စွာဘုရား ဟောတော်မူတဲ့ နည်းလမ်း အတိုင်း မတွေးရမယ့် အတွေးတွေက ဘာတွေပါလိမ့်ဆိုတာ စဉ်းစားကြည့်ရအောင်။ “ဆန္ဒူပသံဟိတ” - လောဘနဲ့တွေးတဲ့ အတွေးတွေ၊ လောဘနဲ့တွေးတဲ့ အတွေးတွေ မှန်သမျှဟာ ကောင်းတဲ့အတွေး မဖြစ်ဘူး။ လူတွေကတော့ ထင်ကောင်း ထင်မယ်။ လူဆိုတာ လောဘတော့ ရှိတာပေါ့။ လောဘနဲ့တွေးရင်လည်း ကောင်းကျိုးချမ်းသာတွေရနေတယ်လို့ ဒီလို ထင်ကောင်း ထင်လိမ့်မယ်။ သို့သော် လောဘနဲ့တွေးတဲ့ အတွေးဟာ ကောင်းကျိုးချမ်းသာ ပေးတာထက် ဆိုးကျိုးပေးတာက ပိုများတယ်။ အဲဒီ လောဘနဲ့တွေးတဲ့အတွေးကို စာပေလို ပြောရင် “ကာမဝိတက်” လို့ ခေါ်တယ်။

စာမျက်နှာ-၁၄
“ကာမဝိတက်”မှာ လိုချင်စရာအာရုံတွေက ကာမ၊ ထိုလိုချင်စရာအာရုံတွေကို လိုချင်တဲ့လောဘဆိုတာနဲ့ ယှဉ်တွဲလာတဲ့ အတွေးက “ဝိတက္က”၊ လောက လူတွေမှာတော့ ဒါတွေးနေကျအတွေး ဖြစ်တယ်။ ကာမဂုဏ် အာရုံနဲ့ ပတ်သက်တဲ့ အတွေးဆိုတာ လူ့ လောကမှာ ရိုးနေတဲ့ အတွေးတစ်ခု၊ မျက်စိက လှတာ ကြည့်ချင်တယ်။ နားက သာယာတဲ့အသံလေးကို နားထောင်ချင်တယ်။ နှာခေါင်းက မွှေးကြိုင်တဲ့ အနံ့လေးကို နမ်းချင်တယ်။ လျှာက အရသာရှိတာလေးကို စားချင်တယ်။ ခန္ဓာကိုယ်က အထိအတွေ့ သာယာတဲ့ အရာလေးကို ထိတွေ့ချင်တယ်။ ဟောဒီ အတွေးလေးတွေကို ကာမဝိတက်၊ ကာမဂုဏ် အာရုံနဲ့ ပတ်သက်တဲ့အတွေးတွေတဲ့။ ဒီအတွေးမျိုးကို အပြစ်ရှိတယ်လို့ ပြောတယ်။ ဘာဖြစ်လို့ အပြစ်ရှိတယ်လို့ ပြောတုန်းဆိုရင် ဟောဒီ အတွေးမျိုးတွေးနေတဲ့ ပုဂ္ဂိုလ်မှာ အနည်းဆုံး အသိဉာဏ်မဖြစ်ပေါ်လာနိုင်ဘူး။

စာမျက်နှာ-၁၅
ဒါ အနည်းဆုံးအပြစ်၊ အရပ်ပြော ပြောမယ်ဆိုရင် ဦးနှောက်မှာ ဆို့ပိတ်မှု (Block) ဖြစ်သွားတယ်။ အသိဉာဏ်ဖြစ်မလာနိုင်ဘူး။ ဒီအတွေးမျိုးတွေ ရှိနေရင် မှန်ကန်တဲ့ အသိဉာဏ်တစ်ခုမှ မရနိုင်ဘူး။ “ကာမစ္ဆန္ဒ နီဝရဏ” လို့ ခေါ်တယ်။ လောဘနဲ့ ယှဉ်တွဲနေသည့်အတွေးဖြစ်သည့်အတွက်ကြောင့် ကောင်းတဲ့ တရားတွေကို မဖြစ်ပေါ်နိုင်အောင် ဆို့ပိတ်ပြီး ထားတတ်တယ်။

ဒါတင်မကဘူး။ “ပညာယ ဒုဗ္ဗလီကရဏာ” အသိပညာတွေကို အားနည်းသွားစေတတ်တယ်။ ဒီ အတွေးတွေက ဉာဏ်ပညာကို အားပျော့သွားစေတယ်၊ ဒါ အနည်းဆုံး အပြစ်ပဲ။

အသိပညာရဖို့ရာက အင်မတန်မှ အရေးကြီးတယ်တဲ့၊ အသိပညာမရနိုင်အောင်ဟောဒီလောဘက ပိတ်ဆို့တတ်တာမို့ သူ့ကို “နီဝရဏ”။ အဲဒီလောဘနဲ့တွေးတဲ့အတွေးဟာ အသိဉာဏ်ကို အားပျော့စေတာပဲ။

စာမျက်နှာ-၁၆
ဒါကြောင့်မို့ ကာမဝိတက် လို့ဆိုတဲ့ လောဘနဲ့ ယှဉ်တွဲ လာတဲ့ အတွေးသည် မတွေးရမယ့် အတွေးမျိုး ဖြစ်တယ်။

ဒီအတွေးကို မထိန်းချုပ်နိုင်ဘူးဆိုရင် လောဘ ကြီးထွားလာတဲ့အခါ နောက်ဆုံးမှာ ရာဇဝတ်မှုတွေ ကျူးလွန်လာသည်အထိ ဖြစ်စေတတ်တယ်။ ကိုယ့်ပစ္စည်းတင်မက သူများပစ္စည်းပါ လိုချင်တယ်ဆိုတာ ထိအောင် ဖြစ်လာနိုင်တယ်။ လောကမှာ ဒီလိုချင်တဲ့ လောဘဟာ အတွေးကြောင့် ရှင်သန်ထွားကြိုင်းလာတာ ဖြစ်တယ်။ တွေးလေလေ ပိုလိုချင်လာလေလေပဲ။ စဉ်းစားလေလေ လောဘက အရှိန်တက်လေလေ။

ဒါကြောင့်မို့ ဒီလိုအတွေးမျိုးသည် “သာဝဇ္ဇ” အပြစ်ရှိတယ်။ “ဒုက္ခ ဝိပါက” ဆင်းရဲတဲ့ အကျိုးတွေကို ပေးနိုင်တယ်။ ဒုက္ခလို့ဆိုတဲ့နေရာမှာ ပြဿနာတွေ၊ အခက်အခဲတွေ ကြုံရတာ။ ဒါကို ဆိုလိုတာနော်။ အဲဒါတွေကို ဖြစ်ပေါ်စေနိုင်တယ်။

စာမျက်နှာ-၁၇
လောဘနဲ့ ယှဉ်တွဲလာတဲ့ အတွေးမျိုးဟာ မတွေးထိုက်တဲ့ အတွေးလို့ မှတ်ထားပါ။ ပစ္စည်းလိုချင်မှု၊ ပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး ခင်မင်မှု စသည်ဖြင့် လောဘနဲ့ ယှဉ်တွဲလာတဲ့ အတွေးမှန်သမျှသည် ကောင်းကျိုးချမ်းသာထက် ဆင်းရဲဒုက္ခ အကျိုးကို ပေးတယ်။
ဒေါသနဲ့တွေးတဲ့အတွေး
နောက် မတွေးသင့်တဲ့ အတွေးတစ်ခုက “ဒေါသူပသံဟိတ” ဒေါသနဲ့ယှဉ်တွဲလာတဲ့ အတွေးတဲ့။ ကိုယ့်ဟာကို စဉ်းစားကြည့်။ စိတ်ဆိုးတဲ့အခါတွေးတဲ့ အတွေးနဲ့ စိတ်ကြည်နေတဲ့အခါတွေးတဲ့ အတွေး တူရဲ့လား။ အေး-ဒေါသနဲ့တွေးနေတဲ့ အတွေးသည် လူ့ရဲ့ စိတ်ငြိမ်းချမ်းမှုကို မပေးနိုင်တဲ့အပြင် ကိုယ်မကျေနပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အမြဲတမ်း ရန်လုပ်ဖို့ပဲတွေးတယ်။ အဲဒီအတွေးမျိုးဟာ ကောင်းတဲ့

စာမျက်နှာ-၁၈
အတွေး ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီအတွေးကို “ဗျာပါဒဝိတက်”လို့ ခေါ်ပါတယ်။

အာရုံတစ်ခုခုကိုတွေးမိတဲ့အခါ မကျေမနပ်ဖြစ်တာ၊ မကျေမနပ်ဆိုတဲ့ နေရာမှာ ပုဂ္ဂိုလ်ကို မကျေနပ်တာက တစ်မျိုး၊ သက်မဲ့ကို မကျေနပ်တာက တစ်မျိုးလို့ နှစ်မျိုးရှိတယ်။ လူတွေရဲ့ စိတ်ဟာ အလွန်ဆန်းကြယ်တယ်။ သက်ရှိကိုမကျေနပ်တာ ဖြစ်သလိုပဲ၊ သက်မဲ့အပေါ်မှာလည်း မကျေမနပ် ဖြစ်တတ်သေးတယ်နော်။ ဒါကြောင့် အာဃာတဝတ္ထု (၉) မျိုးထဲ သက်မဲ့ ထည့်လိုက်ရင် ၁၀-မျိုး ဖြစ်သွားတယ်။

လူတွေရဲ့ စိတ်ထဲမှာ မကျေမနပ်ဖြစ်တဲ့ အတွေးတွေ၊ ဒေါသနဲ့ စိတ်ထဲမှာစွဲပြီး တေးထားတဲ့ အတွေးတွေကဘယ်နှစ်မျိုး ရှိတုံးဆိုရင် သက်ရှိနဲ့ ပတ်သက်ပြီး ၉-မျိုး ရှိတယ်။ ၉-မျိုးကို အလွယ်မှတ်ဖို့ရာပြောမယ်။

ဒီပုဂ္ဂိုလ်ဟာ ငါ့ရဲ့ အကျိုးမဲ့ကို အရင်ကလည်း လုပ်ခဲ့တယ်။ အခုလည်း လုပ်နေတယ်။ နောင်လည်း

စာမျက်နှာ-၁၉
လုပ်ဦးမှာပဲ။ မကျေနပ်မှု သုံးမျိုး ဖြစ်သွားတယ်။

ငါနဲ့ ခင်မင်တဲ့ပုဂ္ဂိုလ်ရဲ့ ပျက်စီးနစ်နာဆုံးရှုံးမှုကို အရင်ကလည်း လုပ်ခဲ့တယ်။ အခုလည်း လုပ်နေတယ်။ နောင်လည်း လုပ်ဦးမှာပဲ။ ဒါက သုံးမျိုး။

ငါနဲ့ မတည့်တဲ့ ပုဂ္ဂိုလ်ကို မြှောက်ပင့်ပေးပြီး ကောင်းကျိုးချမ်းသာတွေရအောင် ဒီလူက အရင်ကလည်း ကူညီခဲ့တယ်။ အခုလည်း ကူညီနေတုန်းပဲ။ နောက်လည်း ကူညီဦးမှာပဲ။ ဒါက သုံးမျိုး။ ဟော အားလုံးပေါင်းလိုက်တော့ (၉) မျိုး ဖြစ်သွားတယ်။

ဒေါသနဲ့တွေးတဲ့ အတွေးသည် ရန်ညှိုးထားမှုကို အခြေပြုသွားနိုင်တယ်။ အခြေတည်သွားနိုင်တယ်။ လူ့လောကမှာ တော်တော်များများ ပုထုဇဉ်တွေမှာ အတွေ့အကြုံ ရှိကြပြီးသားပဲ။ အဲဒီအတွေးတွေဟာ ဒေါသနဲ့ ပတ်သက်တဲ့ အတွေးတွေ၊ ဒါကို အာဃာတ ဝတ္ထု (၉) မျိုးလို့ ခေါ်တယ်။ (သက်မဲ့နဲ့ ပတ်သက်တာကျတော့ “အဌာန

စာမျက်နှာ-၂၀
ကောပါ” လို့ ခေါ်တယ်။ တချို့လူတွေက ခလုတ်တိုက်လို့ရှိရင် အဲဒီခလုတ်ကို စိတ်ဆိုးတယ်။ နေပူလို့ရှိရင်လည်း နေပူရမလား စိတ်ဆိုးတယ်။ လေတိုက်ရင်လည်း တိုက်ရမလား စိတ်ဆိုးတယ်။ မီးပူရင်လည်း ပူရမလား စိတ်ဆိုးတယ်။ စိတ်တိုတဲ့လူဟာ မြင်မြင်သမျှ စိတ်တိုနေတာပဲ။ ဒေါသနဲ့ ပတ်သက်လာတဲ့ အတွေးဟာ သက်မဲ့ပါ ထည့်ရင် (၁၀)မျိုး ရှိတယ်။

ဒကာကြီးတစ်ယောက် စိတ်တိုပုံလေးကို ပြောပြမယ်။ ရွက်လှေလေးတစ်စင်းနဲ့ ဧရာဝတီမြစ်ရိုး ဆန်တက်လျှင် လေလာမှ ရွက်လွှင့်လို့ရတာ။ လေငြိမ်နေတဲ့အခါ ရေစီးကသန်တော့ လှေကိုလှော်ပြီး မသွားနိုင်ဘူး။ မသွားနိုင်တော့ ဘာလုပ်ရတုံးဆိုရင် ကုန်းပေါ်တက်ပြီး လှေကို ကြိုးနဲ့ချီ၊ တစ်ဖက်က လူရဲ့ ခါးကို ကြိုးနဲ့ချီ၊ လမ်းလျှောက်လှေကိုဆွဲပြီး ဆန်တက်ရတယ်။ အဲဒီလို ပင်ပင်ပန်းပန်းနဲ့ ဧရာဝတီမြစ် ကောက်ကောက်ကွေ့ကွေ့ကို ဆန်တက်လာလိုက်တာ

စာမျက်နှာ-၂၁
တစ်လမ်းလုံး လေမတိုက်ဘဲ ရွာနား ရောက်မှ လေက တဖြူးဖြူးနဲ့ တိုက်လာသတဲ့။ မျှော်လိုက်ရတဲ့ လေ၊ တစ်လမ်းလုံး ပင်ပင်ပန်းပန်း ကြိုးနဲ့ဆွဲပြီး တက်လာခဲ့ရတာ၊ ရွာနားရောက်တဲ့အခါမှ လေလာတော့ ခုမှ တိုက်ရကောင်းလားဆိုပြီး ရွက်ထူကာ ရွာကျော်ပြီး ရွက်လွှင့်သွားသတဲ့၊ “ရွာကျော် ရွက်လွှင့်”ဆိုတာ အဲဒါပေါ့နော်။ သူ စိတ်တိုပုံက ကြည့်၊ ရွာရောက်နေပြီပဲ မနေနိုင်ဘူး။ လေကို စိတ်ဆိုးလို့တဲ့။ ရွက်လွှင့်ပြီး ရွာကျော်တက်သွားတယ်။

ဒါတင်မကဘူး။ ဒကာကြီးတစ်ယောက်က မဏ္ဍပ်ဆင်တယ်။ မဏ္ဍပ်ဆင်တဲ့အခါမှာ တပေါင်း တန်ခူးဆိုတော့ လေက မြူးတတ်တာကို။ အေးမဏ္ဍပ်ဆိုတာ အရင်တုန်းက စက္ကူလေးတွေနဲ့ ကပ်ပြီး လုပ်ရတာ။ လေတိုက်ရင် စက္ကူကလည်း လွယ်လွယ်နဲ့ လွင့်တတ်တာမို့ မဏ္ဍပ်ဆင်နေတဲ့အချိန် ဖိထားလိုက်၊ လေတိုက်တော့ လွင့်သွားလိုက်၊ ဖိထားလိုက် လေ

စာမျက်နှာ-၂၂
တိုက်လိုက် လွင့်သွားလိုက်နဲ့။ ကြာတော့ စိတ်တိုလာပြီး အနီးအနား ရှိတဲ့ ဓားမနဲ့ ထပြီး လေကို ခုတ်သတဲ့၊ စိတ်တိုပုံကို ပြောတာ။ အဲဒါကို “အဌာနကောပါ” လို့ ခေါ်တယ်။ အကြောင်းမဟုတ်တဲ့နေရာ စိတ်တိုတာ။ “ဗျာပါဒ ဝိတက်”ဆိုတာ အဲဒါမျိုးတွေကို ဖြစ်စေတတ်တာနော်။ အဲဒီအတွေးမျိုးဟာလည်း မတွေးသင့်တဲ့ အတွေးပဲ။

နောက်တစ်ခုက “ဝိဟံသာဝိတက်”။ ဝိဟံသာ ဝိတက်ဆိုတာ သူတစ်ပါးတွေကို ညှဉ်းဆဲဖို့၊ သတ်ဖြတ်ဖို့ အကျိုးမဲ့ဖြစ်အောင်လုပ်ဖို့၊ သူတစ်ပါး ဒုက္ခရောက်အောင် လုပ်ဖို့ဆိုတဲ့ အတွေးမျိုးတွေးတာ။ ခုခေတ်စကားနဲ့ ပြောမယ်ဆိုရင် အချွန်နဲ့ မဖို့တွေးတာမျိုးပေါ့နော်။ အေး သူများ ဒုက္ခရောက်အောင်တွေးတဲ့ အတွေးမျိုးတွေကို “ဝိဟံသာဝိတက်”လို့

စာမျက်နှာ-၂၃
ခေါ်တယ်။
ဒီအတွေးမျိုးဟာလည်း မတွေးသင့်တဲ့ အတွေးတွေပဲတဲ့။ ကဲ စိတ်ရဲ့ အတွေးမှာ ဒီလိုအတွေးမျိုးတွေ မရှိဘူးလား။ အေး ဒါက မတွေးသင့်၊ မတွေးထိုက်တဲ့ အပြစ်ရှိတဲ့အတွေးတဲ့။ ဆင်းရဲဒုက္ခကို ပေးတတ်တဲ့ အတွေး၊ ဒီအတွေးမျိုးတွေးလို့ရှိရင် တွေးသူကိုယ်တိုင်လည်း ဒုက္ခရောက်တယ်။ သူနဲ့ပတ်သက်လာတဲ့ ပုဂ္ဂိုလ်လည်း ဒုက္ခရောက်တယ်။ ကောင်းကျိုးချမ်းသာ ရဖို့ အကြောင်းမရှိဘူး။ ဒါကြောင့်မို့ ဒီအတွေးမျိုးကို “မိစ္ဆာဝိတက်” လို့ ခေါ်တာပေါ့။

ဒါဖြင့်ရင် အဲဒီအတွေးမျိုးကို ဖယ်ရှားဖို့ရာအတွက် တွေးသင့်တဲ့အတွေးနဲ့ အစားထိုးပေးရမယ်။ မှောင်နေရင် ဘာနဲ့ အစားထိုးတုံး။ အလင်းရောင်နဲ့ အစားထိုးရမယ်။ ဟော-အမှောင်ပျောက်ချင်ရင် အလင်းနဲ့ အစားထိုး။ အဲဒီလိုပဲ မှားယွင်းတဲ့ အတွေးတွေကို မှန်ကန်တဲ့အတွေးနဲ့ အစားထိုးပေးရမယ်။

စာမျက်နှာ-၂၄
ကာမဝိတက်ရဲ့ ဆန့်ကျင်ဘက်က ဘာတုံးဆိုရင် “နေက္ခမ္မဝိတက်”။ နေက္ခမ္မဝိတက်ဆိုတာ ကာမဂုဏ် အာရုံတွေ၊ မျက်စိက လှတာပတာတွေကို ကြည့်ဖို့ဆိုတဲ့ အတွေးတွေ၊ နားက သာယာတဲ့အသံကို နားထောင်ဖို့ဆိုတဲ့ အတွေးတွေ၊ နှာခေါင်းက မွှေးကြိုင်တာကိုပဲ နမ်းရှူလိုတဲ့ အတွေးတွေ၊ လျှာကလည်းပဲ အရသာခံစားလိုတဲ့ အတွေးတွေ၊ ခန္ဓာကိုယ်က ထိတွေ့လိုတဲ့ အတွေးတွေ၊ ဒီအတွေးမျိုးတွေ ဖယ်ရှားပြီး တရားနာသွားမယ်ဆိုတဲ့ အတွေးမျိုးကို ပြောတာ၊ ဒါနကောင်းမှုပြုမယ်ဆိုတဲ့ အတွေး၊ သီလစောင့်မယ်ဆိုတဲ့ အတွေး၊ ကမ္မဋ္ဌာန်းတရား အားထုတ်မယ်ဆိုတဲ့ အတွေးမျိုးရော မရှိဘူးလား။

လူမှာ အတွေးချင်း မတူဘူးနော်။ ဒီနေ့တော့ ဇာတ်လမ်းကောင်းလို့ ဇာတ်လမ်းပဲကြည့်မယ်၊ တရားပွဲ မသွားသေးဘူးဆိုတဲ့ အတွေးမျိုးတွေးတဲ့ လူလည်း ရှိ

စာမျက်နှာ-၂၅
မယ်။ အေး-ဇာတ်လမ်း ဘယ်လောက်ကောင်းကောင်း မကြည့်တော့ဘူး၊ ဒီနေ့ တရားပွဲ သွားနာမယ်ဆိုတဲ့ အတွေးမျိုးရှိတဲ့လူရော မရှိဘူးလား။ ဟော အတွေးချင်း မတူဘူးနော်။ အဲဒီတော့ တရားသွားနာပြီး တရားနာတဲ့လူက အသိဉာဏ်တွေ ချက်ချင်း ရသွားနိုင်တယ်ပေါ့။

ကောင်းပြီ။ မှန်ကန်တဲ့အတွေးဟာ အဲဒီလို အကျိုးပြုတယ်။ ဒါကြောင့် မှန်ကန်တဲ့အတွေးဟာ ကာမဂုဏ် အာရုံတွေထဲမှာ ပျော်လိုတဲ့အတွေး မဟုတ်ဘူး။ ကာမဂုဏ်အာရုံတွေကို မျက်နှာလွှဲပြီးတော့ ကောင်းတဲ့အလုပ်တွေ လုပ်မယ်ဆိုတဲ့ အတွေးမျိုးတွေ ဖြစ်တယ်။ ဒီအတွေးမျိုးတွေးလာရင် “အနဝဇ္ဇ” အပြစ်ကင်းရုံမက “သုခဝိပါက” ချမ်းသာတဲ့အကျိုးတွေကို ဟောဒီအတွေးက ထုတ်လုပ်ပေးလိမ့်မယ်တဲ့။ ဒါကြောင့် နေက္ခမ္မဝိတက်ဟာ ကောင်းတဲ့အတွေးတစ်ခုပဲတဲ့နော်။

စာမျက်နှာ-၂၆
သူက ဘာနဲ့ယှဉ်တွဲလာတုံးဆို “အလောဘ” ဆိုတဲ့ သဘာဝတရားနဲ့ ယှဉ်တွဲလာတယ်။ အလောဘဆိုတာ လောဘရဲ့ဆန့်ကျင်ဘက်၊ လောဘကို ဖယ်ရှားပစ်နိုင်တဲ့ သဘာဝတရားတစ်ခု။ အဲဒီသဘာဝတရားတစ်ခု မိမိစိတ်ထဲ ဝင်လာမယ်ဆိုရင် ဘာတွေစဉ်းစားတုံး။ လှူဖို့ တန်းဖို့တွေ စိတ်ကူးလာတယ်။ ကူညီချင်တဲ့ စိတ်တွေ ဝင်လာတယ်။ မိမိပစ္စည်းကို စွန့်လွှတ်ချင်တယ်။ အများနဲ့ ရှယ်ယာလုပ်ချင်တယ်ဆိုတဲ့ ကုသိုလ်စိတ်တွေ ဝင်လာတယ်။ Generosity လို့ ခေါ်တယ်။ အဲဒါက “နေက္ခမ္မဝိတက်”။

မေတ္တာနဲ့တွေးတဲ့အတွေး
နောက်ထပ်တွေးရမယ့် မှန်ကန်တဲ့အတွေးတစ်ခုက “အဗျာပါဒဝိတက်”၊ မေတ္တာနဲ့ယှဉ်တဲ့ အတွေးတဲ့။ မုန်းတီးတဲ့အတွေးမျိုးတွေးလာရင် လူကိုလည်း မုန်းတီးတာပဲ၊ သဘာဝသက်မဲ့တွေအပေါ်မှာလည်း

စာမျက်နှာ-၂၇
မုန်းတီးတာပဲ။ မုန်းတီးတဲ့အတွေးက “ဗျာပါဒဝိတက်”၊ အဲဒီအမုန်းကင်းတဲ့ နှလုံးသားပိုင်ရှင်ရဲ့ အတွေးကတော့ အများသတ္တဝါတွေ ချမ်းသာကြပါစေလို့ တွေးတယ်။ ဒုက္ခရောက်နေတဲ့သူတွေ ကူညီချင်တယ်၊ ကောင်းကျိုးချမ်းသာတွေ လိုလားတယ်ဆိုတဲ့ အတွေးမျိုးပေါ့။ ဒီလိုတွေးလိုက်တာဟာ မအေးချမ်းဘူးလား။ အေးချမ်းတယ်။

မေတ္တာနဲ့တွေးတဲ့ အတွေးကို “အဗျာပါဒဝိတက်” လို့ ခေါ်တယ်။ အများသတ္တဝါတွေရဲ့ ကောင်းကျိုးချမ်းသာကို မျှော်ကိုးပြီး သွားတဲ့အတွေး၊ သတ္တဝါအားလုံး ချမ်းသာကြပါစေ။ စိတ်ကလည်း တွေးတယ်။ နှုတ်ကလည်း ပြောတယ်။ လက်ကလည်း လုပ်ကိုင်ပေးတယ်။ ကောင်းကျိုးချမ်းသာတွေကို ရစေတယ်။ မိမိက ကောင်းတဲ့အတွေးကို တွေးသည့်အတွက် ကောင်းတဲ့စကား ပြောလာတယ်။ ကောင်းတဲ့အလုပ်တွေ လုပ်လာတယ်။ ဒါကြောင့် မိမိကိုယ်တိုင်ကလည်း

စာမျက်နှာ-၂၈
အပြစ်ကင်းတယ်။ ကောင်းကျိုးချမ်းသာတွေ ရတယ်။ သူတစ်ပါးလည်း ကောင်းကျိုးချမ်းသာတွေ ရသွားနိုင်တယ်။ ဒါက တွေးသင့်တဲ့အတွေးပဲ။

ကရုဏာနဲ့တွေးတဲ့အတွေး
နောက်တစ်ခုက “အဝိဟံသာဝိတက်”၊ ကရုဏာနဲ့တွေးတဲ့အတွေး၊ ကြင်နာစိတ်နဲ့တွေးတယ်။ သူတစ်ပါးကို ရက်ရက်စက်စက်လုပ်ဖို့၊ သူတစ်ပါး ဒုက္ခရောက်တာကို ကြည့်ချင်တဲ့ အတွေးမျိုး မဟုတ်ဘူး။ သူတစ်ပါးကို မညှဉ်းဆဲဘူး။ အားလုံး ဆင်းရဲဒုက္ခက လွတ်မြောက်ကြပါစေလို့ တွေးတယ်။ ဒုက္ခရောက်နေတဲ့လူကို ဘယ်လို ကယ်ရမလဲ၊ ဘယ်လို အားပေးရမလဲ၊ မဖြစ်သင့်တာ ဖြစ်နေတဲ့ပုဂ္ဂိုလ်ကို ဘယ်လို ကူညီရမလဲ၊ စိတ်ဓာတ်ကျနေတဲ့ ပုဂ္ဂိုလ်ကို ဘယ်လို အားပေးရမလဲ၊ စားသောက်စရာ ချို့တဲ့နေတဲ့၊ လိုအပ်နေတဲ့ ပုဂ္ဂိုလ်တွေကို ဘယ်လိုမျှဝေပြီး

စာမျက်နှာ-၂၉
ခံစားရမလဲဆိုတဲ့ ကောင်းတဲ့ အတွေးမျိုးတွေ တွေးတယ်။ ဒါ ကရုဏာနဲ့တွေးတဲ့အတွေးပဲ။

အဲဒီအတွေးရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်၊ လိုအပ်နေတဲ့ ပုဂ္ဂိုလ်တွေကို ကူညီဖို့ရာ ဝန်လေးပါ့မလား။ အေး-လောကမှာ ကူညီတယ်ဆိုတာ အဲဒီအဝိဟံသာဝိတက်ကြောင့် ကူညီတာ၊ တစ်ဦးနဲ့တစ်ဦး ကူညီတာ။ ဆိုကြပါစို့၊ မီးလောင်မှုနဲ့ ကြုံလို့ မီးဘေးဒုက္ခသည်တွေကို ကူညီကြတယ်။ ရေမျောလို့ ရေဘေးဒုက္ခသည်တွေကို ကူညီကြတယ်။ လေတိုက်လို့ လေဘေးဒုက္ခသည်တွေကို ကူညီကြတယ်။ ဟော-ဒီ အတွေးလေးတွေကြောင့် ကူညီတာနော်။ အေး-အဲဒါ အဝိဟံသာဝိတက်။ တွေးသင့်တဲ့အတွေး။

စိတ်ရဲ့ အတွေးတွေကို ပြန်ပြောလိုက်မယ်ဆိုရင် စိတ်ရဲ့ အတွေးများသည် မကောင်းတဲ့အတွေး သို့မဟုတ် မတွေးသင့်တဲ့အတွေးက (၃)မျိုး၊ ကောင်း

စာမျက်နှာ-၃၀
တဲ့အတွေး သို့မဟုတ် တွေးသင့်တဲ့အတွေးက (၃)မျိုး ရှိတယ်။

တရားချစ်ခင် သူတော်စင် ပရိသတ်တို့၊ ဒီမကောင်းတဲ့အတွေးတွေ မိမိသန္တာန်မှာ ဖြစ်ပေါ်လာလို့ရှိရင် ဖယ်ရှားပစ်ဖို့ မလိုဘူးလား။ ဆက်တွေးနေရင် သာဝဇ္ဇအပြစ်ရှိပြီး “ဒုက္ခဝိပါက” ဆင်းရဲတဲ့အကျိုးတွေ ပေါ်လာလိမ့်မယ်။ အေး ဒါကြောင့် မကောင်းတဲ့အတွေးတွေကို ဆက်မတွေးဖို့ လိုတယ်။

ကောင်းတဲ့အတွေးမျိုးနဲ့ အစားထိုးရမယ်။

ဝိတက္ကသဏ္ဌာနသုတ်
“ဝိတက္ကသဏ္ဌာန”သုတ်မှာ မြတ်စွာဘုရားက ဟောထားတာ ရှိတယ်။ “ဝိတက္ကသဏ္ဌာန”သုတ်မှာ အတွေးကို ထိန်းချုပ်တဲ့နည်းစနစ်ကို ပေးထားတယ်။ လွယ်လွယ်နဲ့တော့ ထိန်းချုပ်လို့ မရဘူးနော်။ စိတ်ထဲမှာ တွေးခဲ့တဲ့အတွေးတွေမှာ ဘယ်ဘက်က အလေ့အကျင့်

စာမျက်နှာ-၃၁
များနေတုံးဆို မကောင်းတဲ့ဘက်က များနေတယ်။ မကောင်းတဲ့ဘက်က အလေ့အကျင့်တွေ များနေတဲ့အတွက်ကြောင့် မကောင်းတဲ့အတွေးတွေကနေ လွယ်လွယ်ကူကူနဲ့ ရုန်းထွက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ဒါကြောင့် မြတ်စွာဘုရားက ဤသုတ္တန်မှာ မကောင်းတဲ့အတွေးတွေကနေပြီး ရုန်းထွက်ဖို့ရန်အတွက် နည်းစနစ်(၅)မျိုး ပေးထားတယ်။

မြတ်စွာဘုရား ဟောတုန်းကတော့ သမထကျင့်စဉ်တစ်ခုကို ကျင့်နေတဲ့ပုဂ္ဂိုလ်ကို ဦးတည်ပြီး ဟောထားတာ ဖြစ်လင့်ကစား ဘယ်ပုဂ္ဂိုလ်ပဲဖြစ်စေ မကောင်းတဲ့အတွေးတွေကို ထိန်းချုပ်ဖို့ရန်အတွက် ဒီလမ်းစဉ်အတိုင်း သွားရမယ်။ ကိုယ့်ရဲ့ မကောင်းတဲ့အတွေးတွေကို ထိန်းချုပ်နိုင်ဖို့ ဟောဒီလမ်းကြောင်းက လျှောက်ရမယ်။

ကဲ ကောင်းပြီ၊ အကြမ်းဖျင်း ပြန်ပြောမယ်...

စာမျက်နှာ-၃၂
ဆိုရင် စိတ်ရဲ့အတွေးတွေဟာ လောဘနဲ့တွေးလာတာ ရှိတယ်။ ဒေါသနဲ့တွေးလာတာ ရှိတယ်။ မောဟနဲ့တွေးလာတာ ရှိတယ်။ လောဘနဲ့တွေးတာ ထင်ရှားပါတယ်။ ဒေါသနဲ့တွေးတာလည်း ထင်ရှားတယ်။

မောဟနဲ့တွေးတာကျတော့ မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်တယ်။ လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ ထင်တယ်။ အဲဒါ မောဟနဲ့တွေးတဲ့အတွေးပဲ။ သူက ပိုအန္တရာယ်မကြီးပေဘူးလား၊ အေး-မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်တယ်။ လုပ်သင့်တာကျတော့ မလုပ်သင့်ဘူး ထင်တယ်။ အဲဒီလို လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ဒီတရားတွေ ဦးဆောင်လာတဲ့ အတွေးမျိုးတွေဟာ အန္တရာယ်ရှိတဲ့အတွေးတွေတဲ့။

ကောင်းပြီ၊ ဘုန်းကြီးတို့တတွေမှာ လောဘနဲ့ အတွေးတစ်ခု ပေါ်လာတယ်ဆိုပါစို့။ အဲဒီလောဘနဲ့တွေးတဲ့အတွေးကို ဘယ်လိုထိန်းချုပ်မလဲ။ ဒေါသနဲ့

စာမျက်နှာ-၃၃
ယှဉ်တွဲလာတဲ့ အတွေးပေါ်လာရင် ဘယ်လိုထိန်းချုပ်မလဲ။ မောဟလို့ဆိုတဲ့ တွေဝေမှုနဲ့ ယှဉ်တွဲလာတဲ့ အတွေးပေါ်လာရင် ဘယ်လိုထိန်းချုပ်မလဲ။ မြတ်စွာဘုရားက ထိန်းချုပ်ပုံထိန်းချုပ်နည်း(၅)မျိုး ဟောထားတယ်။

အာရုံပြောင်းရှင်းနည်း
ပဌမနည်းက မကောင်းတဲ့အတွေးပေါ်လာပြီဆိုရင် အာရုံပြောင်းလိုက်ပါတဲ့။ ဒါတစ်ခုနော်။ ဆက်မတွေးနဲ့။ ပြောင်းလိုက်။ ဒါက အာရုံပြောင်းဖြေရှင်းနည်းလို့ ခေါ်တယ်။ ကဲ ဘယ်လိုပြောင်းရမလဲ။ ဥပမာ-လူတစ်ယောက်အပေါ်မှာ သံယောဇဉ်ဖြစ်ပြီး ခင်တွယ်လာတယ်ဆိုပါစို့။ လောဘနဲ့တွေးတဲ့ အတွေးပဲ။ မိခင်က သားသမီးအပေါ်မှာ ချစ်ခင်တယ်၊ တွယ်တာတယ်၊ တစ်ဦးတစ်ဦး ချစ်ကြတယ်၊ ခင်ကြတယ်။ ကိုယ်မွေးတဲ့ ခွေးလေးတစ်ကောင်၊ ကြောင်လေးတစ်ကောင်

စာမျက်နှာ-၃၄
အပေါ်မှာ ခင်တွယ်တာကအစ သံယောဇဉ်နဲ့ လောဘ ဖြစ်လာပြီး၊ သက်ရှိသတ္တဝါအပေါ်မှာ သံယောဇဉ်ဖြစ်လာပြီး လောဘနဲ့တွေးတဲ့ အတွေးတွေ ဝင်လာရင် ဘယ်လို ရုန်းထွက်မလဲ။

နောက်တစ်ခုက ပစ္စည်းပေါ်မှာရော မခင်တွယ်ဘူးလား။ ဒီဇိုင်းလှလှလေးနဲ့ လက်ဝတ်တန်ဆာလေးဆိုရင် မကိုင်ရက်၊ မဝတ်ရက် ဖြစ်လာတယ်မဟုတ်လား။ အဝတ်အစားဆိုရင် ဖက်ရှင်အသစ်ထွင်ထားတာလေးဆိုရင် မဝတ်ရက်၊ မသုံးရက် ဖြစ်လာတယ်။ ပစ္စည်းမှာ လောဘဖြစ်လာတယ်၊ တချို့က ပစ္စည်းဥစ္စာပေါ်မှာ သိပ်ပြီး တွယ်တာတယ်။ သူများကိုင်ကြည့်တာတောင် မကြိုက်ဘူး။ ကိုယ့်ပစ္စည်းကို သိပ်နှမြောတဲ့လူတွေ ရှိတယ်။ ကိုင်ကြည့်ရုံနဲ့တင် မကြိုက်တာမျိုးတွေ ရှိသေးတယ်နော်။ အဲဒါက သင်္ခါရအပေါ်မှာ တွယ်တာတယ်လို့ ခေါ်တယ်။

ဒီတော့ ပိုပြီးရှင်းအောင် ပြောမယ်ဆိုရင်

စာမျက်နှာ-၃၅
သက်ရှိအပေါ်မှာ တွယ်တာတာနဲ့ သက်မဲ့အပေါ်မှာ တွယ်တာတဲ့ အတွေး။ အဲဒီ အတွေး(၂)မျိုး ဖြစ်လာနိုင်တယ်။

သက်ရှိအပေါ် တွယ်တာမှု
သက်ရှိအပေါ်မှာ တွယ်တာတဲ့ အတွေးကို ဘာနဲ့ဖျောက်မလဲ။ မြတ်စွာဘုရားက အာရုံပြောင်းပြီးတော့ ဖျောက်။ ကဲ-အာရုံပြောင်းဆိုတော့ ဘယ်လိုပြောင်းရမလဲ။ ဆိုပါစို့ တစ်ဦးတစ်ယောက်အပေါ်မှာ ချစ်ခင်တွယ်တာတဲ့စိတ်တွေ ပေါ်လာပြီဆိုရင် အသုဘကမ္မဋ္ဌာန်းအာရုံနဲ့ ဖျောက်ရမယ်၊ ဟုတ်လား။ မြန်မာပြည်မှာ အများစုက အသုဘဆိုတာ မသာချတာလို့ အောက်မေ့နေတာ။ အဲဒီလို ပြောတာမဟုတ်ဘူးနော်။

အသုဘကမ္မဋ္ဌာန်းနဲ့ ပျောက်တယ်ဆိုတာ - ဥပမာ လူတစ်ယောက်အပေါ် လှတယ်၊ ချောတယ်လို့

စာမျက်နှာ-၃၆
တွယ်တာလာပြီဆိုရင် မလှဘူး၊ မချောဘူး၊ ရွံစရာကောင်းတာတွေကို တွေးပါတဲ့။ ဒီအတွေးက တွယ်တာမှုကို နိုင်သွားပြီ။ ဆိုပါစို့ လူတစ်ယောက်အပေါ်မှာ သံယောဇဉ်ရှိရင် နေစမ်းပါဦး၊ မင်းတွယ်တာနေတာဟာ ဆံပင်ကို တွယ်တာတာလား၊ မွေးညှင်းကို တွယ်တာတာလား၊ ခြေသည်း လက်သည်းကို တွယ်တာတာလား၊ (၃၂)ကောဋ္ဌာသနဲ့ ခွဲခြမ်းစိတ်ဖြာကြည့်လိုက်၊ လူပုံသဏ္ဌာန် ပျောက်သွားမယ်။ ဆံပင်၊ မွေးညှင်း၊ ခြေသည်းလက်သည်း၊ သွား၊ အရေအသား၊ အကြော၊ အရိုး၊ ခြင်ဆီ တစ်ခုစီတစ်ခုစီ အသိဉာဏ်နဲ့ ကြည့်လိုက်မယ်ဆိုရင် တွယ်တာစရာ ရှာတွေ့မှာ မဟုတ်ဘူး။ လူတစ်ယောက်အပေါ်မှာ သံယောဇဉ်ဖြစ်ပြီး၊ တွယ်တာလာပြီဆိုရင် အဲဒီနည်းနဲ့ ဖျောက်ရမယ်။

အဲဒါနဲ့ မဖျောက်နိုင်ရင် သံယောဇဉ်မီးက ပူသထက် ပူလာတတ်တယ်။ လောကမှာ ကာမတဏှာဆိုတဲ့ မီးကို အပူဆုံးလို့ ပြောတာပေါ့။ အဲဒီမီးက

စာမျက်နှာ-၃၇
ဘယ်ကိုလောင်တုံးဆိုတော့ ကိုယ့်ရဲ့နှလုံးသားကို လောင်တာ။ မီးလောင်တာက အပြင်မှာ လောင်တာက တစ်ခုနော်။ အတွင်းမီးက မီးသတ်တွေမသိတဲ့ မီး။ ရင်ထဲမှာလောင်တဲ့မီး၊ ဒီမီးက နောက်ဆုံးဘယ်လောက်ထိအောင် အန္တရာယ်ပေးတုံးဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိ ဖြစ်စေတယ်။ ဘဝပျက်အောင် လောင်ကျွမ်းသွားနိုင်တယ်။ ဒါကြောင့် ဒီမီးက မပေါ့ဆနဲ့။ မြတ်စွာဘုရားက မီးငြိမ်းနည်းတွေ ပေးထားတယ်။

ဗုဒ္ဓမြတ်စွာလက်ထက်တော်အခါကာလတုန်းက ရှင်ဂီသဆိုတဲ့ ရဟန်းတော်လေးတစ်ပါး၊ ငယ်ငယ်ရွယ်ရွယ် သာသနာ့ဘောင်ဝင်လာခါစ မြို့ထဲရွာထဲ ဆွမ်းခံသွား။ ဆွမ်းခံသွားရင်း စက္ခုန္ဒြေဖျက်ပြီး ကြည့်လိုက်မိတဲ့အခါ အမျိုးသမီးကို မြင်တော့ စိတ်ထဲမှာ တွယ်တာစိတ်တွေ ပေါ်လာတယ်။ လိုချင်တဲ့ လောဘအတွေးတွေနဲ့ တွေးလာမိတယ်။

စာမျက်နှာ-၃၈
တွေးလာကတည်းက သူက သတိထားလိုက်တယ်။ ဪ ဒီအတွေးက ငါ့ကို ဒုက္ခပေးတော့မှာပဲ၊ ဒုက္ခပေးတော့မှာပဲဆိုပြီး သူ့ရဲ့ဆရာ အရှင်အာနန္ဒာဆီ သွားပြီး “အရှင်ဘုရား၊ တပည့်တော်ရဲ့ ရင်ထဲမှာ ရာဂမီးတွေ လောင်နေပါပြီ။ ဘာနဲ့လုပ်ရမတုံး၊ ဘာနဲ့ငြိမ်းရမတုံး” လို့ မေးလျှောက်တယ်။ အဲဒီလို မီးလောင်တာကို မီးလောင်မှန်းမသိရင် ဒုက္ခရောက်မှာနော်။ ရင်ထဲမှာ မီးလောင်နေပြီတဲ့။ အဲဒါကို ဘာနဲ့ငြိမ်းရမှာတုံး ဆိုတော့ -

အရှင်အာနန္ဒာက ပြောတယ်။ “နေပါဦး မင်းအမှတ်မှားနေလို့ ဒီလိုဖြစ်တာပါ။ “သညာယ ဝိပရိယေသာ စိတ္တံ တေ ပရိဒယှတိ” မင်းစိတ်ဟာ မီးလောင်ခံနေရတာ မင်းအတွေးမှားနေလို့ ဖြစ်တာ”တဲ့။

အတွေးမှားတယ်ဆိုတာ မလှတာကို လှတယ်ထင်တာ။ ဒါ အတွေးမှားတာပေါ့။ မလှဘူး ရွံစရာကောင်းတယ်။ လူရဲ့ခန္ဓာကိုယ်ဟာ ဘယ်လောက်

စာမျက်နှာ-၃၉
ရွံစရာကောင်းသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မညှာမတာ ကြည့်။ မနက်မိုးလင်းလို့ရှိရင် ဘယ်သွားတုံး။ Toilet သွားရတယ်၊ မျက်နှာသစ်ရတယ်။ သွားတိုက်ရတယ်။ အညစ်အကြေးတွေ စွန့်ရတယ်။ သိမ်းထားရတာများ ရှိသေးလား။ ကဲ ကောင်းတာဆိုလို့ ခန္ဓာကိုယ်က ထွက်လာပြီး သိမ်းထားစရာ တစ်ခုမှ မရှိဘူး။ သို့သော်လည်း တွယ်တာနေတာပဲ။ ဒီခန္ဓာကိုယ်ကြီး သေချာစဉ်းစားကြည့်လိုက်ရင် ခန္ဓာကိုယ်က ထွက်လာလို့ မွှေးလို့ ကြိုင်လို့။ ဒါလေးကတော့ ပုလင်းလေးနဲ့ ထည့်ပြီးထားဦးမှပဲ မူးလို့ရှူရအောင်ဆိုတာ တစ်ခုမှ မရှိဘူး။ တိတ်တိတ်ပုံး စွန့်ပစ်ရတာတွေချည်းပဲ။ အသုဘကမ္မဋ္ဌာန်းဆိုတာ မတင့်တယ်တာကို စဉ်းစားတာကို ပြောတာ။

ကြည့်လေ လူတွေဟာ ထမင်းစားတဲ့အခါ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စားကြသောက်ကြ လူလယ်ခေါင်မှာ အလှအပပြင်ဆင်ပြီး

စာမျက်နှာ-၄၀
စားကြတယ် မဟုတ်လား။ စားပြီးလို့ ဗိုက်ထဲရောက်တဲ့အခါ နောက်ဆုံးကျတော့ ဘာဖြစ်လို့ (၂)ယောက်၊ (၃)ယောက် မသွားတာလဲ။ တင့်တယ်လို့လား။ မတင့်တယ်လို့လား။ ဘယ်လောက် ထင်ရှားတုံး၊ ကြည့် အဲဒါဟာ နောက်ဆုံးအဆင့်ကို ပြောလိုက်တာ။

အစားလေးတစ်ခုကို ပါးစပ်ထဲ မထည့်ခင် အချိန်လေးလောက်သာ သန့်ရှင်းတယ်လို့ သတ်မှတ်တာ။ ပါးစပ်ထဲ ထည့်ပြီးရင် “ရော့ အင့် စားမလား” ဆိုရင် ဘယ်သူစားမတုံး။ အေး မသိတဲ့ကလေးလေးတွေပဲ စားမယ်။ သိရင် ဘယ်သူမှ ထမင်းခွံ့ကျွေးလို့ စားမှာ မဟုတ်ဘူးနော်။ ဘာဖြစ်လို့တုံး။ ရွံလို့လား၊ မကြိုက်လို့လား။ ရွံစရာကောင်းတယ်ဆိုတာ မထင်ရှားဘူးလား၊ “ပဋိကူလသညာ” ဆိုတာ အဲဒါတွေကို ကြည့်ခိုင်းတာ၊ တွေးခိုင်းတာ။

ကဲ ဒီထက် ထင်ရှားတာ ကြည့်ပါဦး။ လူတွေရဲ့ ပါးစပ်ထဲမှာ တံတွေးတွေ ရှိတယ်။ ပါးစပ်ထဲမှာ ရှိတာ

စာမျက်နှာ-၄၁
ဘယ်သူမှ မရွံဘူး၊ မျိုချနေကြတာပဲ။ ကိုယ့်တံတွေးကိုယ် ထွေးခံထဲ ထွေးကြည့်ပြီး ပြန်သောက်မလားဆိုရင် သောက်ပါ့မလား။ ခန္ဓာကိုယ်က လွတ်သွားတာနဲ့ တစ်ပြိုင်နက် အသုဘဖြစ်သွားတယ်။ ခေါင်းပေါ်က ဆံပင်လေးပဲ ကြည့်လိုက်ပါဦး။ ခေါင်းပေါ်မှာ ရှိတုန်း အရောင်အမျိုးမျိုး ဆိုးတယ်နော်။ အနက်ကနေပြီးတော့ ရွှေရောင်လိုချင်တာနဲ့၊ အနက်က အဖြူရောင်လိုချင်တာနဲ့ အရောင်အမျိုးမျိုး ဆိုးတယ်။

အဲဒီအရောင်အမျိုးမျိုး ဆိုးပြီးတော့ တသသလုပ်နေတဲ့ အဲဒီဆံပင်မွေးလေးတစ်ပင် ထမင်းပန်းကန်ထဲမှာ တွေ့ကြည့်။ ဘယ်လိုနေမတုံး၊ စားမလား၊ ပစ်မလား။ ဆံပင်ကလည်း သူ့နေရာသူနေရင်တော့ လှသယောင်တော့ ရှိတယ်၊ တခြားနေရာရောက်သွားရင် စွန့်ပစ်ပစ္စည်းထဲ ပါမသွားဘူးလား၊ ကဲ အဲဒီတော့ မတင့်တယ်ဘူးဆိုတာ မထင်ရှားပေဘူးလား။

လက်သည်းလေးကလည်း လက်ပေါ်မှာရှိ

စာမျက်နှာ-၄၂
နေတဲ့အချိန်မှာ အနီဆိုး၊ အညိုဆိုး၊ အမည်းဆိုး၊ အပြာဆိုး အရောင်မျိုးစုံ ဆိုးကြတယ်။ လက်ကနေပြီးတော့ ညှပ်ပစ်လိုက်တဲ့ လက်သည်းလေးတွေ ကျတော့ သိမ်းထားသေးလား။ လူ့ခန္ဓာကိုယ်က လွတ်သွားတာနဲ့ တစ်ပြိုင်နက် ရွံစရာဖြစ်သွားတယ်။ တကယ်တော့ ညှပ်ပစ်လိုက်တဲ့ လက်သည်းနဲ့ လက်မှာရှိတဲ့ လက်သည်းဟာ အတူတူပါပဲ။ သို့သော် လူတွေရဲ့ စိတ်မှာကျတော့ ကွာခြားသွားပြီ။ အဲဒီသဘောတွေကို ဆင်ခြင်စဉ်းစားပေးတာဟာ အာရုံပြောင်းတယ်လို့ ခေါ်တယ်။

လူတစ်ယောက်အပေါ်မှာ သံယောဇဉ်ဖြစ်လာပြီဆိုရင် အဲဒီအာရုံပြောင်းတဲ့နည်းသည် ထွက်ပေါက်ပဲ။ အတွေးကို ဖယ်ရှားပစ်တဲ့နည်းပဲ မြတ်စွာဘုရားက ဒီနည်းကို ဟောတာ။ “အညီ နိမိတ္တံ မနသိကာတဗ္ဗ” တဲ့။ အာရုံပြောင်းပြီး ကြည့်လိုက်ပါတဲ့၊ လှတယ်လို့ ထင်နေတဲ့ အတွေးကို မလှဘူးလို့

စာမျက်နှာ-၄၃
အာရုံပြောင်းပြီး ကြည့်လိုက်ပါတဲ့၊ လှတယ်လို့ ထင်နေတဲ့ အတွေးကို မလှဘူးဆိုတဲ့ အတွေးနဲ့ အစားထိုးလိုက်ရင် ခုနက လောဘသည် လုံးဝ နောက်ဆုတ်သွားပါလိမ့်မယ်။ ရင်ထဲကို ပူအောင်လုပ်နေတဲ့ လောဘဟာ ငြိမ်းသွားလိမ့်မယ်။ ဒါဆေးနော်။

လောကလူတွေဟာ နေမကောင်းရင်တော့ ဆေးသောက်တယ်။ အခု စိတ်နေမကောင်းတာလည်း ဆေးသောက်ဖို့လိုတယ်။ နိုင်ငံခြားတွေမှာ ဒီလိုဆေးမရှိဘူး။ သူတို့ဆီမှာ ဘာလုပ်တုံးဆို Psychotherapist & Psychiatrist စိတ်အထူးကု ဆရာဝန်တွေပေါ့။ စိတ်ကို ဆေးမကျွေးဘဲနဲ့ ဟိုလိုပြော ဒီလိုပြောနဲ့ ပြေလည်အောင် ပြောတာ Psychotherapy။

မြတ်စွာဘုရား တရားတော်က အဲဒီလို ပြောရုံတင်မဟုတ်ဘူး။ လုံးဝကောင်းသွားအောင် ကုစားပေးနိုင်တယ်။ ဒါလဲ Psychotherapy တစ်မျိုးပဲပေါ့။ ဒီ

စာမျက်နှာ-၄၄
Psychotherapy မျိုး သူတို့မသိဘူး။ သိလို့ရှိရင် သူတို့ Buddhist Psychotherapy လို့ ခေါ်ဆိုသုံးစွဲမှာ။

မကောင်းတဲ့အတွေးကို ကောင်းတဲ့အတွေးနဲ့ အစားထိုးလိုက်တယ်။ အာရုံပြောင်းပြီး အစားထိုးတယ်။ လောဘဖြစ်နေပြီဆိုရင် အဲဒီလောဘဖယ်ရှားဖို့အတွက် မိမိလောဘဖြစ်နေတဲ့ အာရုံအစား အခြားအာရုံတစ်ခုခုကို အစားထိုးပြီး စဉ်းစားလိုက်တယ်။

ခုနက ရှင်ဂီသကို ရှင်အာနန္ဒာက ပြောတယ်။ မင်းအတွေးမှားနေတာ။ ဒါ့ကြောင့် အတွေးကို ပြင်ပြီးတွေးလိုက်ပါတဲ့။ “အသုဘာယ စိတ္တံ ဘာဝေဟိ၊ မာနာနုသယမုဇ္ဈဟ” မတင့်တယ်ဘူးဆိုတာတွေကို မင်းသေချာစဉ်းစားကြည့်ပါ။ ကြည့်လိုက်ရင် ခုနက ရင်ထဲမှာ လောင်နေတဲ့ ကာမရာဂမီးလေးငြိမ်းသွားမယ်။ ဆက်လောင်လို့မရတော့ဘူး။ အဲလိုမဟုတ်ရင် ဆက်လောင်နေမှာပဲ။

စာမျက်နှာ-၄၅
ဒါက သက်ရှိသတ္တဝါအပေါ်မှာ သံယောဇဉ်နဲ့ အတွေးတွေတွေးပြီး လောဘတွေဖြစ်လာရင် ဒီလိုဖြေရှင်းပါတဲ့။

သက်မဲ့အပေါ် တွယ်တာမှု
ဒါဖြင့် သက်မဲ့သင်္ခါရတွေကော၊ ဥပမာဖြင့် လက်ဝတ်လက်စားတို့၊ အဝတ်အစားတို့၊ အိုးအိမ်တို့ စသည်ဖြင့် ကိုယ့်ရဲ့အသုံးအဆောင်ပစ္စည်းတွေအပေါ်မှာ သံယောဇဉ်တွေ သိပ်ကြီးနေတယ်။ လောဘတွေ သိပ်ဖြစ်လာပြီဆိုရင် ဘာနဲ့တားမလဲဆိုတော့ မြတ်စွာဘုရားက မမြဲဘူး၊ တခဏလေးပဲ သုံးရတာဆိုတဲ့ အတွေးလေးနဲ့ ဖယ်ရှားပစ်ပါတဲ့။

ကြည့်လေ ဘယ်လောက်ကောင်းတဲ့ အဝတ်အစားပဲဖြစ်ဖြစ် ဝတ်ထားရင် ဘယ်နှနှစ်ဝတ်ရမှာတုံး၊ ဟောင်းမသွားဘူးလား။ အင်မတန်လှပတဲ့ ပန်းကလေးတွေ တယုတယနဲ့ ပန်းအိုးထဲ ထိုးစိုက်ထား၊

စာမျက်နှာ-၄၆
ခေါင်းပေါ် ပန်ထား၊ ဘယ်လောက်ကြာမှာတုံး။ မကြာဘူး။ အဲဒါကိုတွေးလိုက်ပါတဲ့။ တွေးလိုက်ရင် ခုနက သူ့ပေါ်မှာ တွယ်တာနေတဲ့ သံယောဇဉ်ကြိုးဟာ လျော့ကျသွားမှာ သေချာတယ်။ သူများ အကိုင်မခံတာ တို့ ဘာတို့ ဒီစိတ်တွေ မရှိတော့ဘူး။ မကြာခင် ပျက်သွားမှာပဲဆိုတာ သိနေပြီ။ “တာဝကာလိက” အခိုက်အတန့်ကလေးပဲ ရှိတယ်။ အနိစ္စ မမြဲဘူး ဆိုတဲ့သဘောလေးကိုတွေးကြည့်ပါတဲ့။ ဒီပန်းလေးဟာ ထာဝရလှနေမှာ မဟုတ်ဘူး၊ မကြာခင် နွမ်းသွားမယ်။ မနွမ်းခင် ငါအသုံးချမှပဲဆိုတဲ့အတွေးပဲရှိမယ်။ အဲတော့ မကိုင်ရက်၊ မထိရက်၊ မစားရက်၊ မဝတ်ရက် မရှိတော့ဘူး။ သင်္ခါရအပေါ်မှာ ဖြစ်လို့ရှိရင် ဒီနည်းနဲ့ဖယ်ရှားပစ်ပါတဲ့။ ဒါက လောဘနဲ့တွေးတဲ့ အတွေးကို ဖယ်ရှားနည်း။ ။

သက်ရှိအပေါ် မုန်းတီးမှု တစ်ခါတလေ ဒေါသနဲ့ မုန်းတီးတဲ့အတွေးတွေ

စာမျက်နှာ-၄၇
တွေးတတ်သေးတယ်။ ဒေါသနဲ့တွေးတဲ့အခါမှာလည်း မုန်းတာက သက်ရှိအပေါ်မှာ မုန်းတာဖြစ်သလို သက်မဲ့အပေါ်မှာလည်း မုန်းတတ်တယ်တဲ့။ ကဲ ဒါဖြင့် သက်ရှိပေါ်မှာ မုန်းတဲ့စိတ် ပေါ်လာရင် ဘာနဲ့ ဖြေရှင်းမလဲ။

မြတ်စွာဘုရားက မေတ္တာပွားလိုက်ပါတဲ့။ သူ့အကျိုးလိုလားတဲ့ စိတ်ကို ထားနိုင်အောင် ကြိုးစားပါတဲ့။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေတ္တာထားခြင်းဖြင့် ကိုယ့်ရဲ့ ရင်ထဲနှလုံးထဲမှာ ပူလောင်နေတဲ့ ဗျာပါဒမီးကို ငြိမ်းပါလို့ ပြောတာ၊ ဒါက သက်ရှိမှာ မေတ္တာထားနိုင်အောင် ကြိုးစားတာ။

မေတ္တာထားဖို့ဆိုတာကလည်း လွယ်တာတော့ မဟုတ်ဘူးနော်။ အမုန်းစိတ်ဆိုတာ ဖျောက်ဖို့ တော်တော်ခက်တယ်၊ အမုန်းစိတ်ပြင်းထန်လာပြီဆိုရင် မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ နည်းပေးထားတယ်။ မေတ္တာပွားတဲ့။ မေတ္တာပွားလို့မရရင် ကရုဏာ

စာမျက်နှာ-၄၈
ထား။ မရရင် ကံကံ၏အကျိုးကိုတွေးလိုက်။ သူလည်း သူ့ကံနဲ့သူလာတာ ငါလည်း ငါ့ကံနဲ့ ငါလာတာ မုန်းနေရော ဘာဖြစ်မှာတုံး။ သူကံကောင်းရင် အကျိုးကြီးပွားမှာပဲ။ သူ့ကံနဲ့သူ၊ ငါလည်း ငါ့ကံနဲ့လို့ ကံကိုတွေးလိုက်တဲ့။ အဲဒီလိုမှ မရရင် ဘာလုပ်ရမတုံးဆိုတော့ မေ့ပစ်လိုက်တဲ့။ နောက်ဆုံးက မေ့ပစ်လိုက်တဲ့။ ဘယ်နည်းပဲဖြစ်ဖြစ် ပျောက်ဖို့ရာ အဓိက မဟုတ်လား။ ရင်ထဲနှလုံးထဲမှာ ပူလောင်စေတတ်တဲ့ ဒေါသရဲ့ အတွေးတွေကိုလည်း အဲဒီနည်းနဲ့ ဖြေဖျောက်ရမယ်။

သက်မဲ့အပေါ် မုန်းတီးမှု။ ဒါဖြင့် သက်မဲ့ဥစ္စာတွေပေါ်မှာ မုန်းတီးမှုဆိုတာ လူ့ရဲ့စိတ်ထဲမှာ တစ်ခါတစ်ရံ ပေါ်လာတတ်သေးတယ်။ ဥပမာ သစ်ပင်ကြီးက ဒီနားလေးမှာ ရှုပ်နေတယ်။ အရွက်တွေ ခဏခဏကြွေကျလို့ တံမျက်စည်း ခဏခဏလှည်းရလို့ အဲဒီသစ်ပင်ကြီးကို မုန်း

စာမျက်နှာ-၄၉
တယ်။ အဲဒီအခါ မြတ်စွာဘုရားက “ဓာတုမနသိကာရ” တဲ့ ဓာတ်သဘောတွေကိုတွေးကြည့်လိုက်ပါတဲ့။

မင်းမုန်းတာဟာ ပထဝီဓာတ်ကို မုန်းတာလား။ အာပေါဓာတ်ကို မုန်းတာလား၊ တေဇောဓာတ်ကို မုန်းတာလား စသဖြင့် ကိုယ့်ရဲ့အမုန်းရဲ့ တည်ရာကို သေသေချာချာ ရှာလိုက်တဲ့အခါကျတော့ အမုန်းတရားသည် တည်ရာမရှိဘဲနဲ့ ပျောက်လွင့်သွားနိုင်ပါတယ်။ လက်တွေ့စမ်းကြည့်ပေါ့နော်။ သက်မဲ့တွေအပေါ်မှာ အမုန်းစိတ်လေးတွေနဲ့ အတွေးဝင်လာလို့ရှိရင် အဲဒီနည်းနဲ့ ဖြေရှင်းပါတဲ့။

မောဟနဲ့တွေ့တဲ့ အတွေး။ ဒါဖြင့် မောဟနဲ့ပတ်သက်လာတဲ့ အတွေးတွေကျတော့ အဋ္ဌကထာဆရာကြီးက နည်းလမ်း ငါးသွယ်ပေးထားတယ်။ ။

နံပါတ် (၁) က ဆရာကောင်းသမားကောင်း

စာမျက်နှာ-၅၀
ထံ ဆည်းကပ်ပြီးတော့ ဗဟုသုတဆည်းပူးပါ။ တရားနာပါ။ မောဟကြီးနေတဲ့လူဟာ လုပ်သင့်တာကို မလုပ်သင့်၊ မလုပ်သင့်တာကို လုပ်သင့်တယ် ထင်နေတယ်။ တွေဝေမှုရှိတဲ့ပုဂ္ဂိုလ်သည် ထိုကဲ့သို့ မတွေဝေရအောင် ဆရာကောင်းသမားကောင်းထံ ချဉ်းကပ်ပါ။ ဒါနံပါတ် (၁)။

ဆရာကောင်းသမားကောင်းထံ ချဉ်းကပ်ပြီးတော့ အဲဒီဆရာကောင်းသမားကောင်းထံက ပညာသင်ပါတဲ့။ ဒါနံပါတ် (၂)။

နံပါတ် (၃) က ကိုယ်သင်ထားတဲ့ ပညာတွေကို ဖြေရှင်းဆုံးဖြတ်ဖို့ရာအတွက် ရှင်းလင်းအောင် အဓိပ္ပါယ်ရှင်းပြဖို့ မေးတဲ့မေးခွန်းထုတ်။

နံပါတ် (၄) က သင့်လျော်တဲ့အခါ တရားနာပါ။

နံပါတ် (၅) အကြောင်းဟုတ်မဟုတ် သိအောင် ဆုံးဖြတ်နိုင်အောင် လုပ်ပါ။

ဒါကတော့ ပညာတိုးတက်ခြင်း အကြောင်းတွေ

စာမျက်နှာ-၅၁
ပဲ။ ပညာတိုးတက်လာမှ မောဟပျောက်မှာ။ မောဟကို ဖယ်ရှားပစ်ချင်ရင် အသိပညာတွေ တိုးတက်တဲ့နည်းကို လုပ်ရမယ်တဲ့။ အဲဒီနည်းတွေနဲ့ ဖြေရှင်းရမယ်လို့ ဆိုလိုတယ်။ ကဲ-ကောင်းပြီ။ ဒါက အတွေးမှားနေတာတွေကို အာရုံပြောင်းပြီးတော့ ထွက်ပေါက်ရှာတဲ့နည်း။ ။

ဒုတိယနည်းက လောဘနဲ့တွေးနေမယ်၊ ဒေါသနဲ့တွေးနေမယ်၊ မောဟနဲ့တွေးနေမယ်ဆိုရင် ကိုယ်တွေးနေတဲ့အရာရဲ့ အပြစ်ကို ဆင်ခြင်ပါ။ သို့မဟုတ် တွေးနေတဲ့စိတ်ရဲ့ အပြစ်ကို ဆင်ခြင်ပါ။

ဥပမာအားဖြင့် လိုချင်တဲ့ကာမနဲ့ ပတ်သက်တဲ့ အတွေးတွေတွေးနေမယ်၊ မုန်းတီးတဲ့အတွေးတွေတွေးနေမယ်၊ လူတစ်ဖက်သားကို ရန်ရှာဖို့ အတွေးတွေတွေးနေမယ်ဆိုရင် - ဒီအတွေးတွေဟာ အပါယ်ငရဲကျနိုင်တဲ့ အတွေးတွေပါလား။ ငါဒုက္ခရောက်မယ့် အတွေးတွေပါလား။ ဟိုတစ်ဖက်သား

စာမျက်နှာ-၅၂
လည်း အကျိုးပျက်စီးသွားနိုင်တဲ့ အတွေးတွေပါလား။ အင်မတန်မှ ကြောက်စရာကောင်းတဲ့အတွေးတွေ၊ ဒီအတွေးတွေ ငါထပ်တွေးနေရင် ငါဒုက္ခရောက်လိမ့်မယ်။ ဒီလို ဆင်ခြင်လိုက်လို့ရှိရင် ခုနက အတွေးဟာ ထွက်ပေါက်ရသွားလိမ့်မယ်၊ မကောင်းတဲ့ အတွေးတွေကို ဖျောက်နိုင်ပါလိမ့်မယ်။ ဒါလက်တွေ့ကျင့်သုံးကြည့်ရမှာ၊ ဒါက ဒုတိယနည်း။ ။

ပထမနည်းက အာရုံပြောင်းတာ။ ဒုတိယနည်းက အပြစ်ကိုတွေးတာ၊ ထပ်ပြီးတော့ ကိုယ်တွေးတဲ့အတွေးရဲ့ အပြစ်ကို ဆင်ခြင်သုံးသပ်တာ။

တတိယနည်းကို မြတ်စွာဘုရားက ပေးတယ်။ တတိယနည်းက မေ့ပစ်ရမယ်၊ စိတ်ထဲမှာ မထားနဲ့၊ ဆက်မတွေးနဲ့လို့ ဆိုလိုတာ။ ကိုယ်တွေးတဲ့ အတွေးတစ်ခုဟာ ဖျောက်လို့မရဘူးဆိုရင် ဆက်မတွေးဘဲ စိတ်ထဲမှာကို ပေါ်မလာအောင် မေ့ထား။ အဲဒါက တတိယနည်း။

စာမျက်နှာ-၅၃
စတုတ္ထနည်းက ဒီအတွေး ဘယ်ကစသလဲ ဆိုတဲ့ အတွေးရဲ့ အခြေအမြစ်ကို လိုက်ရှာတဲ့နည်းပဲ။ ဥပမာ လောဘနဲ့တွေးတဲ့အတွေးတွေ၊ ဒေါသ၊ မောဟ အတွေးတွေ ရန်လိုချင်တဲ့အတွေးတွေ ဘယ်ကစနေတာတုံးဆိုတဲ့ အတွေးရဲ့ အခြေအမြစ်ကို သိအောင် လိုက်ရမယ်။ ရှာရင်းရှာရင်းနဲ့ ထွက်ပေါက်တွေ့သွားလိမ့်မယ်။ အတွေးဟာ ပျောက်ပြီးသား ဖြစ်သွားမယ်။ အကြောင်းရှာရင်းနဲ့ပဲ ထိုအတွေးရဲ့ ထွက်ပေါက်ကို ရသွားနိုင်တယ်။

နောက်ဆုံး ပဉ္စမနည်းကျတော့ မြတ်စွာဘုရားက မကောင်းတဲ့အတွေးတွေဟာ သာမန်နဲ့ ဖျောက်လို့မရဘူး။ (၁) အာရုံပြောင်းတဲ့ စနစ်နဲ့လည်း မအောင်မြင်ဘူး၊ (၂) အပြစ်ကို ဆင်ခြင်တွေးတောတဲ့နည်းနဲ့လည်း မအောင်မြင်ဘူး။ (၃) မေ့လို့လည်း မရဘူး။ (၄) အရင်းအမြစ်ကို ရှာလို့လည်း မရဘူးဆိုရင် စိတ်ကို စိတ်နဲ့ ဖိနှိပ်ပြီး မရရအောင် ကြိုးစားပါတဲ့။ နောက်ဆုံး

စာမျက်နှာ-၅၄
ကတော့ ဒါပဲ။ လက်လျှော့မပေးနဲ့တဲ့။ နောက်ဆုံးကျရင် မရရအောင် လုပ်ပါ။ မြတ်စွာဘုရား ဘယ်လောက်ထိအောင် ဟောထားတုန်းဆိုရင် “ဒန္တေ ဒန္တမာဓာယ၊ ဇိဝှါယ တာလုံ အာဟစ္စ” တဲ့၊ အံကြိတ်ပြီးတော့ လုပ်ရမယ်တဲ့။

မကောင်းတဲ့ အတွေးတွေးနေရင် အဲဒီအတွေးကို အံကြိတ်ပြီး ဖြေရှင်းရမယ်။ လောကလူတွေက အံတော့ ကြိတ်ပါတယ်။ ဘာနဲ့ ကြိတ်တာတုံး။ မခံချင်တဲ့ စိတ်နဲ့ ကြိတ်တာ။ လူတစ်ယောက်ကို မခံချင်ဘူးဆိုရင် အဲဒီမခံချင်တဲ့ စိတ်နဲ့ အံကြိတ်တာနော်။

“ဇိဝှါယ တာလုံ အာဟစ္စ” ဆိုတာ လျှာနဲ့ အာခေါင်ကို ထောက်၊ တက်ခေါက်ပြီးတော့ ဒါမျိုး ငါ့ဖြစ်ကို မဖြစ်စေရဘူးဆိုပြီး စိတ်ကို စိတ်နဲ့ဖိညှစ်ကာ မကောင်းတဲ့အတွေးတွေကို ဖယ်ရှားပစ်ပါတဲ့။ ဒါက “ဝိတက္ကသဏ္ဌာန” သုတ်မှာ မြတ်စွာဘုရားက ဟောတာနော်။

စာမျက်နှာ-၅၅
အဲတော့ စိတ်ရဲ့အတွေးတွေထဲက မကောင်းတဲ့အတွေးတွေကို ဟောဒီနည်းစနစ်ငါးမျိုး ပြန်ပြီးတော့ ပြောရအောင်။ နံပါတ် (၁) အာရုံပြောင်းပြီးတော့ ဖြေရှင်းတဲ့နည်းစနစ်။ နံပါတ် (၂) က အပြစ်ကို ဆင်ခြင်သုံးသပ်ပြီး ဖြေရှင်းတဲ့နည်း။ နံပါတ် (၃) က မေ့ပစ်တဲ့နည်း။ နံပါတ် (၄) က အရင်းအမြစ် ရှာဖွေပြီးတော့ ဖြေဖျောက်တဲ့နည်း၊ နံပါတ် (၅) က စိတ်နဲ့ ဖိညှစ်ပြီး မရရအောင် ကြိုးစားတဲ့နည်းတဲ့။ ဟောဒီ (၅) မျိုးပဲ။ ။

အဲဒီ (၅) မျိုးနဲ့ လုပ်ရင် စိတ်ရဲ့ အတွေးတွေ၊ မကောင်းတဲ့အတွေးတွေဟာ လုံးဝကင်းသွားပြီးတော့ အတွေးပေါ်မှာ ပိုင်နိုင်မှုဆိုတဲ့ စွမ်းရည်တစ်ခု ရလာနိုင်တယ်။ အဲဒီစွမ်းရည်က ကိုယ်တွေးချင်တဲ့ အတွေးကိုတွေးနိုင်တယ်။ ကိုယ်မတွေးချင်တဲ့ အတွေးကို ထိန်းချုပ်နိုင်တယ်။ ဘယ်လောက်ကောင်းလဲ၊ သာမန်အခြေအနေမှာ မတွေးချင်တဲ့အတွေးလည်း

စာမျက်နှာ-၅၆
တွေးနေရတယ် မဟုတ်လား။ ဒီအတွေး မကောင်းမှန်း သိပေမယ့် တွေးနေမိတယ်။

ဥပမာ သရဲကြောက်တတ်တဲ့လူက ညအခါ သရဲကြီးလာတယ် တွေးနေမိတာပဲ။ ကြောက်စရာ အတွေးတွေလည်း တွေးနေတာပဲ။ ဘာဖြစ်မှာ ညာဖြစ်မှာတွေးပြီးတော့ တွေးနေတဲ့အတွေးတွေက ကိုယ့်ကိုကိုယ် ပြန်ခြောက်နေတာ။ ကိုယ်မတွေးချင်တာလည်း တွေးနေရတာပဲ။ အချို့များ ကြောက်လွန်းအားကြီးတော့ စောင်ခေါင်းမြီးခြုံအိပ် ချွေးပြန်ရင်း မတွေးချင်တဲ့အတွေးတွေ တွေးမိပြီး အတွေးရဲ့နှိပ်စက်မှုကို ခံနေရတယ်။

အတွေးကို ထိန်းချုပ်နိုင်ခြင်း၊ အကျိုးမတွေးချင်တဲ့ အတွေးတွေတွေးနေမိတဲ့အခါ ဒီနည်းစနစ်တွေ ကျင့်သုံးပြီး အတွေးကို ပယ်ဖျောက်နိုင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ အတွေးပေါ်မှာ စွမ်း

စာမျက်နှာ-၅၇
ရည်သတ္တိတွေ ရသွားပြီး ကိုယ်တွေးချင်တဲ့အတွေးကို တွေးနိုင်မယ်။ ကိုယ်မတွေးချင်တဲ့အတွေးကို မတွေးဘဲနေလို့ ရသွားလိမ့်မယ်တဲ့။ လေ့ကျင့်ပြီး ယူကြည့်ကြ။

အဲဒီလို ရသွားပြီဆိုရင် တဏှာကို တွယ်တာမှုတွေအားလုံး ဖယ်ရှားနိုင်လိမ့်မယ်။ သံယောဇဉ်တွေလည်း ကင်းသွားလိမ့်မယ်။ အထင်အမြင်ဆိုတဲ့ မာန်မာနတွေလည်း အားလုံးကျသွားပြီး နောက်ဆုံးမှာ ဒုက္ခဟူသမျှ လုံးဝကင်းလွတ်သွားလိမ့်မယ်။ ဒါ မြတ်စွာဘုရားဟောထားတာ၊ နောက်ဆုံး ဒုက္ခအားလုံးက လွတ်သွားလိမ့်မယ်တဲ့။

ဒုက္ခတွေ ဘယ်ကရနေတာတုံးဆိုရင် ဟောဒီအတွေးတွေက ရနေတာ။ နေ့စဉ်နဲ့အမျှ လူတွေက တွေးနေကြတာ မဟုတ်လား။ အဲဒီအတွေးတွေကြောင့် ဒုက္ခရောက်နေတာ။ အဲဒီမကောင်းတဲ့ အတွေးတွေကို ဖယ်ရှားပစ်လိုက်နိုင်တာနဲ့ တစ်ပြိုင်

စာမျက်နှာ-၅၈
နက် တဏှာကိုလည်း ပယ်ရှားနိုင်မယ်။ သံယောဇဉ်တွေကိုလည်း ကင်းအောင်လုပ်နိုင်သွားမယ်။ မာနတွေကိုလည်း ဖယ်ရှားပစ်နိုင်မယ်တဲ့။ အဲဒီတဏှာတွေ၊ မာနတွေ၊ သံယောဇဉ်တွေ ကင်းသွားပြီဆိုရင် လူ့လောကမှာ ကြုံရတဲ့ ဒုက္ခမှန်သမျှ၊ သံသရာထဲမှာ ကြုံရတဲ့ ဒုက္ခမှန်သမျှ လုံးဝအဆုံးသတ်သွားပါလိမ့်မယ်။ ဒါဟာ စိတ်၏အတွေးများနဲ့ ပတ်သက်လို့ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ “ဝိတက္ကသဏ္ဌာနသုတ်” လာ တရားဒေသနာဖြစ်ပါတယ်။

ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် နေ့စဉ်နှင့်အမျှ မိမိတို့သန္တာန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ရဲ့အတွေးများ၊ အတွေးမဲ့စိတ်၊ အတွေးနဲ့စိတ် နှစ်ခုအနက် အတွေးနဲ့စိတ်တွေထဲက ထိုအတွေးတွေကို မှန်ကန်စွာတွေးခြင်းဖြင့်လည်းကောင်း၊ မှားယွင်းတဲ့ အတွေးတွေကို နည်းလမ်း (၅) သွယ်ဖြင့် ဖြေရှင်းခြင်းဖြင့်လည်းကောင်း ထိန်းချုပ်

စာမျက်နှာ-၅၉
နိုင်ပြီး ဆင်းရဲဒုက္ခတွေ ကိုယ်စီကိုယ်ငှ အဆုံးသတ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု • • • သာဓု • • • သာဓု
6bcs7v2ya87jpv23ff8oqiy1t4ohlls
ဆင်းရဲမွဲတေမှု လျှော့ချရေး
0
6361
22107
22093
2026-06-15T03:16:57Z
Tejinda
173
22107
wikitext
text/x-wiki
{{header
| title = ဆင်းရဲမွဲတေမှု လျှော့ချရေး
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[စိတ်၏ အတွေးများ]]
| previous2 =
| next = [[ဆဆက္က ဒေသနာနှင့် ဓမ္မဝိပဿနာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဆင်းရဲမွဲတေမှု လျှော့ချရေး

သာသနာတော်နှစ် ၂၅၅၅ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၈)ရက်၊ ၂၀-၉-၂၀၁၁၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ ကံမြင့်ကျောင်းတိုက် ဓမ္မာရုံအတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနား၌ အလုံမြို့နယ်၊ အလုံလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အောင်ဇေယျကွန်ပလက်စ်၊ အခန်း(၁၀၂)၊ တိုက်-ဘီ(၁)၊ နှစ်ဖက်မိဘများကို အမှူးထား၍ ဦးညီညီ + ဒေါ်မြင့်မြင့်ခင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ဆင်းရဲမွဲတေမှု လျှော့ချရေး” တရားဒေသနာတော်။

“ဆင်းရဲမွဲတေမှုလျှော့ချရေး” မြတ်စွာဘုရားဟောခဲ့တဲ့ ဣဏသုတ္တန်ဆိုတာ ရှိခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက မြတ်စွာဘုရားက ဆင်းရဲမွဲတေမှုများလာလို့ရှိရင် မည်သို့မည်ပုံ ဖြစ်လာတတ်တယ်လို့ဆိုတာ လူ့ဘဝ လူ့လောကရဲ့ သဘာဝနဲ့ ဓမ္မရေးရာ သဘာဝနှစ်ခုကို နှိုင်းယှဉ်ပြီးတော့ ဟောထားတာဖြစ်တယ်။ ဒီကနေ့ခေတ်မှာလဲ တချို့နိုင်ငံတွေမှာ "Poverty alleviation" လို့ဆိုပြီး Poverty alleviation ဆိုတာ ဆင်းရဲမွဲတေမှုကို လျှော့ချတာ၊ သက်သာစေတာ။ ဆင်းရဲမွဲတေမှုကို သက်သာအောင် လုပ်ပေးတာ၊ ဆင်းရဲမွဲတေမှု ပပျောက်အောင် ဆောင်ရွက်တယ်ဆိုတဲ့ အဓိပ္ပာယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေဟာလည်းပဲ ဆင်းရဲမွဲတေမှုတွေ ပပျောက်အောင် ကြိုးစားဆောင်ရွက်လာလို့ ချမ်းသာတဲ့ နိုင်ငံအဖြစ် ရောက်တာ။ ဒါ လောကမှာ ဆောင်ရွက်တဲ့ အနေအထားတစ်ခုကို ပြောပြတာ။

မြတ်စွာဘုရားကလည်းပဲ လောကမှာ ဆောင်ရွက်တဲ့ အနေအထားတစ်ခု မျက်မှောက်နဲ့သံသရာ (၂)ဖြာလုံးကို ဆင်ခြင်စဉ်းစားပြီးတော့ ကြည့်ဖို့လိုတယ်။ မျက်မှောက်ဘဝမှာ ဆင်းရဲမွဲတေမှုတွေများလာရင် ဘာတွေဖြစ်သလဲ။ သံသရာနဲ့ကြည့်ရင် ဆင်းရဲမွဲတေမှုဆိုတာ ဘာတွေလဲ။ ဆင်းရဲမွဲတေမှုတွေ ရှိလာလို့ရှိရင် ဘယ်အခြေဆိုက်သလဲလို့ဆိုတော့ ဆိုက်ပုံဆိုက်ချင်းက အတူတူပဲ။ လောကမှာ ပစ္စည်းဥစ္စာတွေ ရှားပါးပြီးတော့ မွဲတေလာလို့ရှိရင် လူ့လောကမှာ ပြဿနာမျိုးစုံတက်ပြီး ဒုက္ခရောက်ရသလိုပဲ ဓမ္မရေးရာနဲ့ ပတ်သက်ပြီးတော့လည်းပဲ ဆင်းရဲမွဲတေမှုတွေ များလာလို့ရှိရင် ဒီလိုဒုက္ခကြုံတာပဲ။ လောက ဆင်းရဲမွဲတေမှု မျက်မှောက်ဘဝမှာ လောကီဆိုင်ရာ ဆင်းရဲမွဲတေမှုက တစ်ဘဝပဲ ခံရတယ်။ သံသရာနဲ့ ပတ်သက်ပြီးတော့ ဓမ္မနဲ့ပတ်သက်တဲ့ ဆင်းရဲမွဲတေမှုကျတော့ သံသရာပါခံရတယ်။ ဒီနှစ်ခုဟာ အဓိပ္ပာယ်အတူတူပဲ။ ဒါကြောင့်မို့ မြတ်စွာဘုရားက ဣဏသုတ္တန်ကို ဟောထားတာ။ ဒါ ဘုန်းကြီးတို့က ရှာကြံပြီးတော့ ဟောတာမဟုတ်ဘူး။ "Poverty alleviation" ဆိုတာ ဘယ်ခေတ် ဘယ်အခါမှာမဆို လုပ်ကိုလုပ်ရတဲ့ဟာ။ မျက်မှောက်ဘဝလူတွေ ဆင်းရဲဒုက္ခရောက်လာရင် ပြဿနာတက်တယ်ဆိုတာ ဒါက ဘယ်ကမ္ဘာ၊ ဘယ်မြို့၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဒါက ဒီလိုပဲဖြစ်တယ်။ သံသရာနဲ့ပတ်သက်ပြီး ဓမ္မရေးရာမှာလည်းပဲ ဆင်းရဲမွဲတေလာပြီဆိုရင် ပြဿနာဖြစ်မယ်။

အဲဒီတော့ လောကလူသားတွေက "Poverty alleviation" ဆင်းရဲမွဲတေမှုကို လျှော့ချတယ်ဆိုတာ ဥစ္စာဓနနဲ့ပတ်သက်တဲ့ စိတ်ကူးသာ သူတို့မှာရှိကြတယ်။ ဓမ္မရေးရာနဲ့ပတ်သက်တဲ့စိတ်ကူး လုံးဝမရှိဘူး။ လုံးဝမရှိသည့်အတွက်ကြောင့် သံသရာမှာ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်စွမ်းမရှိကြဘူး။ အဲဒါကို မြတ်စွာဘုရားက သံသရာမှာပါ ဆင်းရဲမွဲတေမှုကို လျှော့ချတဲ့နည်းစနစ်တစ်ခုကို ဒီလိုဟောထားတာ။ မလျှော့ချနိုင်ဘူးဆိုရင် ပြဿနာတက်လာပုံခြင်းက အတူတူပဲ၊ ဘာမှမထူးဘူး။

မြတ်စွာဘုရားက ရဟန်းတော်တွေကို ဟောထားတဲ့သုတ်လေးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က ဟောခဲ့ပေမယ့်လို့ ဒီကနေ့ခေတ်ထိအောင် ခေတ်မီနေတုန်းပဲ။ မြတ်စွာဘုရား တရားတော်တွေက ဘာလို့ ခေတ်မီတာတုန်းဆို လူတွေရှိရင် မှန်နေမှာကိုး။ လူ့လောကမှာ လူတွေရှိနေသမျှ ကာလပတ်လုံး မြတ်စွာဘုရားတရားဟာ လူသားတွေနဲ့ အနီးစပ်ဆုံး လူ့ဘဝကို ဟောတာဖြစ်သည့်အတွက်ကြောင့် ဘုရားတရားတော်ဟာ ဘယ်တော့မှ date out သွားတာမရှိဘူး။ အဲဒါကြောင့်မို့လို့ ဘယ်ခေတ် ဘယ်အခါကာလမှာပဲဖြစ်ဖြစ် ဒီအခြေအနေကြီးတစ်ခုဟာ ဒီအတိုင်းပဲ လာမယ်ဆိုတာ သေချာတယ်။

လောကမှာ လူတွေ အကျင့်စာရိတ္တပျက်လာတာနဲ့ ပတ်သက်ပြီးတော့လည်း မြတ်စွာဘုရားက စက္ကဝတ္တိသုတ်မှာ ဟောထားတာ။ ဘုန်းကြီးတို့ “ယနေ့လူသားများရဲ့ မနက်ဖြန်ကမ္ဘာ” ဆိုပြီးတော့ ဟောထားတာရှိတယ်။ ရှင်းလင်းပြီးတော့ ဟောကြားထားတာ။ ယနေ့ခေတ် အခြေအနေတွေဟာ မနက်ဖြန် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို ရှင်းပြတာ ဒါလုပ်ရင် ဒီလိုပဲလာမှာပဲဆိုတာ အင်မတန်မှ ထင်ရှားတယ်။ အဲဒီမှာလည်းပဲ ရာဇဝတ်မှုတွေ ထူပြောလာခြင်းဟာ ဆင်းရဲမွဲတေမှုကစတာ။ အဲဒီ ဆင်းရဲမွဲတေမှုက ဘာကြောင့်ဖြစ်ရတာတုန်းဆိုတာကို ရှင်းပြတာ။ အတော်အံ့သြစရာကောင်းတယ်။ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေကနေ ငွေကြေးမရှိတဲ့ပုဂ္ဂိုလ်ကို ဓနကြေးငွေ ထောက်ပံ့ပေးခြင်း ပျက်ကွက်သွားလို့ဖြစ်တာ။ ဒါ စက္ကဝတ္တိသုတ်မှာ “အနာနံ ဓနမနုပ္ပာဒိတဗ္ဗ” (ကြွေးမြီမရှိသူတို့အား စည်းစိမ်ဥစ္စာကို မပေးအပ်သင့်သည်) ဆိုတာ တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေက ဒီစည်းကမ်းကိုလိုက်နာရတယ်။ စကြဝတေးမင်းတွေဆိုရင် ဒီစည်းကမ်းကို လိုက်နာရတယ်။ ဘာဖြစ်လို့တုန်းဆိုရင် ဆင်းရဲမွဲတေမှုကို ထိန်းထားတာ။ ဆင်းရဲမွဲတေမှု စလာတာနဲ့ တစ်ပြိုင်နက် ရာဇဝတ်မှု တိုးလာမှာပဲ။ အဲဒီတော့ ဒီဆင်းရဲမွဲတေမှု မဖြစ်ရအောင် ဖြစ်လာပြီးမှ ဖြေရှင်းတာထက် မဖြစ်ရအောင် အစကတည်းက ထိန်းပေးရတာ ပြောကြတာပဲ။ “မီးဘေးရှောင် မလောင်ခင်တား” ရမှာ။ သို့သော် လောင်မှချည်းပဲ ငြိမ်းနေကြရတာ။ အဲဒီတော့ ပြဿနာတစ်ခုဟာ မဖြစ်ခင်ကပဲ ဖြစ်လာနိုင်တဲ့ အနေအထားကို ကြည့်ပြီး ဖြစ်မယ့်ဘက်ကို မရောက်အောင် ကြိုးစားဖို့ ဒီလိုဆိုလိုတာ။

အဲဒီမှာ “အနာနံ ဓနမနုပ္ပာဒိတဗ္ဗ” - ဓနကြေးငွေ မလုံလောက်တဲ့ ပုဂ္ဂိုလ်တွေကို ဓနကြေးငွေ ထောက်ပံ့ပေးရမယ်ဆိုတဲ့ ဒီစည်းကမ်းချက်ကို တိုင်းပြည်အုပ်ချုပ်တဲ့ မင်းက မလိုက်နာလိုက်တဲ့အခါ ဘာဖြစ်လာတုန်းဆို သူ့နိုင်ငံမှာ ဆင်းရဲမွဲတေမှုတွေ ပေါလာတယ်။ အဲဒီအကြောင်းတွေကို သိချင်လို့ရှိရင် “ယနေ့လူသားများရဲ့ မနက်ဖြန်ကမ္ဘာ” ဆိုတဲ့တရားကို နာကြည့်လိုက်။ အဲဒီကနေပြီးတော့ ဖြေရှင်းလို့မရလောက်အောင် ဖြစ်လာတယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ပြဿနာတစ်ခုဟာ နောက်မှလိုက်ရှင်းတယ်ဆိုရင် ဘယ်တော့မှမလွယ်ဘူး။ ဒီတစ်ခုရှင်းရင် ဟိုတစ်ခုထွက်လာ၊ ဟိုတစ်ခုရှင်း ဒီတစ်ခုထွက်လာမှာပဲ၊ ဒီအတိုင်းပဲ။ အစမထွက်အောင် နဂိုကတည်းက လုပ်ထားရတယ်။ ကောက်ရိုးပုံကြီးကို ကြည့်လေ၊ တစ်စဆွဲရင် နောက်ကအစတွေ ထွက်နေမှာပဲ။ ဒီတစ်စဆွဲရင် နောက်ကလည်း တန်းလန်း၊ ဟိုကလည်း တန်းလန်း၊ တန်းလန်းဆိုတော့ ကောက်ရိုးပုံကြီးသာ ကုန်သွားရော၊ ဒီတန်းလန်းပဲ။ ကုန်မှပဲအေးမှာပဲဆိုတဲ့ဟာမျိုးဖြစ်တယ်။ အဲဒီတော့ ပြဿနာဆိုတာ မဖြစ်ခင် ဖြေရှင်းရတဲ့အရာတစ်ခုဖြစ်တယ်။

အဲဒီတော့ ဆင်းရဲမွဲတေမှုကို ပါဠိလို “ဒလိဒ္ဒ” လို့ခေါ်တယ်။ “ဒလိဒ္ဒ” ဆိုတာ လူမွဲ၊ ပစ္စည်းဥစ္စာမရှိဘူး၊ စားစရာမရှိဘူး၊ နေစရာမရှိဘူး၊ အဲဒီလို ပုဂ္ဂိုလ်မျိုးကို “ဒလိဒ္ဒ”၊ အဲဒီ “ဒလိဒ္ဒ” ရဲ့ ဆင်းရဲမွဲတေမှုကြတော့ “ဒါလိဒ္ဒိယ” လို့ခေါ်တယ်။ အဲဒါ ဆင်းရဲမွဲတေမှု၊ ဥစ္စာမဲ့မွဲ၊ ဆင်းရဲသူ၊ အသက - ကိုယ်ပိုင်ပစ္စည်းမရှိဘူး၊ ဘာမှမရှိဘူး။ မူးလို့တောင် ရှူစရာမရှိဘူးလို့ လူတွေက ပြောကြသေးတယ်။ အဲဒီလို ကိုယ်ပိုင်ဥစ္စာမရှိလို့ ဆင်းရဲမွဲတေတယ်။ အဲဒီ ဆင်းရဲမွဲတေတာ လောကကြီး ဖြစ်ပျက်ပုံလေးတစ်ခုကို မြတ်စွာဘုရား ဟောပြတယ်။

လောကမှာ ပစ္စည်းဥစ္စာမရှိလို့ ဆင်းရဲမွဲတေပါပြီတဲ့၊ ဆင်းရဲမွဲတေမှု ဖြစ်လာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘာလုပ်ရလဲ၊ စားစရာမရှိ၊ သောက်စရာမရှိဘူးဆိုတော့ ရှိအောင်လုပ်ကြရတော့တာပေါ့။ အဲဒီထဲမယ် ရိုးရိုးသားသား ရှိအောင်လုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘာလုပ်လဲလို့ ဆိုလို့ရှိရင် စားစရာမရှိဘူး၊ ကိုယ့်ပိုက်ဆံမရှိဘူးဆို ဘာလုပ်လဲ၊ ချေးတာပေါ့။ ဟိုလူ့ဆီကချေး၊ ဒီလူ့ဆီကချေး၊ အဲဒါ အစပဲ။ ပိုက်ဆံမရှိဘူးဆို ဘာလုပ်လဲ၊ ချေးတယ်၊ ကြွေးယူရတယ်။ ကြွေးကို ဣဏ လို့ခေါ်တယ်။ အဲဒီ ကြွေးယူလိုက်တယ်ဆိုကတည်းက ဒုက္ခက စပြီလို့သာ မှတ်ပေတော့၊ ဒါ မြတ်စွာဘုရားက သဘာဝကိုဟောတာ။ ဘုရားဟောတာကို ဘုန်းကြီးတို့က ပြန်ဟောပြတာ။ မယုံလို့ရှိရင် အင်္ဂုတ္တရနိကာယ် ဆက္ကနိပါတ် ဣဏသုတ်ဆိုတာ ရှာပြီးတော့ ဖတ်ကြည့်။

အဲဒီမှာ မြတ်စွာဘုရားက ဟောထားတာ။ လူ့ဘဝ မိသားစုနဲ့ ကာမဂုဏ်အာရုံတွေနဲ့ နေထိုင်တဲ့ပုဂ္ဂိုလ်အဖို့ မွဲတယ်ဆိုတာ၊ ဆင်းရဲမွဲတေတယ်ဆိုတာ ဒုက္ခချည်းပဲ။ အင်မတန် အဆင်မပြေတာ။ မိသားစုနဲ့ နေပြီးတော့ ငွေကြေးမလုံလောက်ဘူး၊ ဆင်းရဲမွဲတေတယ်ဆိုတာ ဒါ ဒုက္ခချည်းပဲ။ မြတ်စွာဘုရားက မဆင်းရဲဘူးလားလို့ ရဟန်းတွေကိုမေးတော့ “မှန်ပါ၊ ဆင်းရဲပါတယ်ဘုရား” လို့ လျှောက်တယ်။ အဲဒီလို ဆင်းရဲမွဲတေတဲ့ပုဂ္ဂိုလ်က ဒီအတိုင်းနေမလား၊ မနေဘူး။ ဘာလုပ်လဲ၊ သူများဆီက ငွေချေးရတယ်။ ကြွေးယူရတယ်။ ငွေချေးချင်ရင်လည်း ချေးမယ်၊ ဆန်ချေးချင်ရင်လည်း ချေးမယ်။ ဒီပြင်ဟာ ချေးချင်ရင်လည်း ချေးမယ်။ သူများဆီက ချေးငှားပြီးတော့ ယူရတဲ့ အနေအထားမျိုး၊ ဒါကို ဣဏာဒါန (ကြွေးမြီကို ယူခြင်း) လို့ခေါ်တယ်။ ချေးငှားပြီးတော့ အသုံးပြုရတယ်။ ပိုက်ဆံမချေးရင်လည်း ပစ္စည်းချေးရမှာပဲ။ တစ်ခုခုချေးငှားတယ်ဆိုတဲ့ဟာလည်းပဲ ကြွေးယူရတယ်ဆိုကတည်းကိုက ဒါလည်းပဲ ဒုက္ခကြီးတစ်ခုပဲ။ ဣဏာဒါန ကြွေးယူရတယ်ဆိုတာလည်း ဒုက္ခပဲ။ ဘာဖြစ်လို့တုန်းဆို ကြွေးက အိပ်နေတာမှ မဟုတ်တာ၊ ဘယ်သူက အလကားပေးမှာတုန်း၊ ကြွေးယူပြီဆိုကတည်းက သူဘာလုပ်ရမတုန်း။ အတိုးဘယ်လောက် ပေးပါ့မယ်ဆိုတာကို ဝန်ခံချက်ပေးရတယ်။

မြန်မာပြည်ကို ဗြိတိသျှတွေအုပ်စိုးသွားတဲ့ အချိန်တုန်းက မြန်မာလူမျိုးတွေအားလုံး ကြားဖူးကြပါလိမ့်မယ်။ တောင်သူလယ်သမားတွေ ဆင်းရဲဒုက္ခတွေရောက်ပြီးတော့ ချစ်တီးကုလားရဲ့ စာချုပ်အောက်မှာ ပြားပြားဝပ်ပြီး ဒုက္ခတွေရောက်သွားကြတာတွေ အများကြီးပဲရှိတယ်။ ဒါက ပုံပြင်တွေမဟုတ်ဘူး၊ true story တွေ။ ကြွေးတင်လာပြီဆိုလို့ရှိရင် ဒီပြဿနာဖြစ်လာမှာပဲ။ ဒါသေချာတယ်။ အဲဒီတော့ ကြွေးယူရတာလည်း ဒုက္ခ။ ကြွေးယူတဲ့အခါမှာ ကြွေးရှင်ဆီ မည်ရွေ့မည်မျှ တစ်လကို အတိုးဘယ်လောက်ဆပ်ပါ့မယ်ဆိုတဲ့ ဝန်ခံကတိပေးရတယ်။ စာချုပ်ချုပ်ရတယ်။ အလကား ဘယ်သူမှမပေးဘူး၊ စာချုပ်နဲ့ချုပ်ရတယ်။ အဲဒီလို အတိုးကို ဝန်ခံရတာကလည်းပဲ ဒါလည်း ဒုက္ခကြီးတစ်ခုပဲ။ ပြဿနာကြီးတစ်ခု၊ စိတ်ညစ်စရာကြီး၊ စိတ်ဆင်းရဲစရာကြီးလို့ ဒီလိုဆိုတယ်။ အဲဒီအတိုင်းပေးရတာကို ဗုဒ္ဓိ လို့ စာထဲမှာသုံးတယ်။ ဗုဒ္ဓိပိ ဒုက္ခံ (အတိုးပေးရခြင်းသည်လည်း ဒုက္ခဖြစ်၏) - ငွေကြေးချေးငှားပြီးတော့ အတိုးပေးရခြင်း၊ အတိုးကို ဝန်ခံရခြင်းဆိုတာလည်းပဲ အတော်ကို စိတ်ညစ်စရာကောင်းတဲ့ အရာကြီးတစ်ခုပဲ။

သူများဆီက ငွေချေးပြီးတော့ အတိုးအာမခံထားတယ်၊ တစ်လပြည့်ရင် ဘယ်လောက်ဆပ်ပါ့မယ်၊ နှစ်လပြည့်ရင် ဘယ်လောက်ဆပ်ပါ့မယ်၊ တစ်နှစ်ဆို ဘယ်လောက်ဆပ်ပါ့မယ်။ ခုခေတ်ဆိုရင်လည်း ဘဏ်တိုးတို့ ဘာတိုးတို့ ပြည့်နေတာပဲ။ အဲဒီထဲမယ် လောဘကြီးတဲ့လူက အမလေး “ဆုကြေး” ဆိုပြီး သွားလုပ်တာ ကုန်ရော၊ ရှိသမျှတွေ၊ အတိုးလေးမက်ပြီးတော့ သွားလုပ်လိုက်တာ ပါသွားရော။ ဒါမျိုးတွေကရှိတယ်။ မကြားချင်အဆုံးပဲ။ ဘုန်းကြီးတို့လည်း ဒီ story ကို ပြောရမယ်ဆိုရင်တော့ ခေါင်းထဲမှာ လေးငါးဆယ်ခုရှိတယ်။ အခုလောလောဆယ်ကို ဖြစ်နေတာတွေရှိတယ်။ ကိုယ်သိသလောက်ပဲ၊ ရန်ကုန်လည်းရှိတယ်၊ ဟိုလည်းရှိတယ်၊ ပြည့်နေတာပဲ။ ဒါတွေက ပြည့်နေတာဆိုတာ ကြားနေရတာ။ ဘုန်းကြီးတွေဆီလာတာ လူစုံတယ်။ လူစုံတဲ့အခါ ဟိုလူက ပြောသွားလိုက်၊ ဒီလူကပြောသွားလိုက်၊ ပိဋကတ်သုံးပုံထဲ ကြည့်စရာတောင်မလိုဘူး၊ တစ်ခါတစ်လေကျတော့ သတင်း အင်မတန်မှစုံတယ်။ မီဒီယာပါးစပ်ပေါက်တွေက များတယ်။ အဲဒီတော့ သတင်းစုံ အကုန်ကြားရတယ်။ လူက နယ်စုံက လာတာကိုး။ ဘယ်မှာဘာတဲ့၊ ဘယ်မှာဘာတဲ့နဲ့ ပြောသွားတာ။ အဲဒါမျိုးကျတော့လည်း လူက သိပ်ပြီးတော့ ပြောချင်တာ။ မပြောရဘူးဆိုတာတောင် ထီးလေးဆောင်းပြီးတော့ မိုးရွာတာတောင် လည်ပြီးတော့ ပြောချင်သေးတာ။ အဲဒါ လူကိုက ဝါသနာပါတာ။ ကိုယ်သိတဲ့ သတင်းလေးကို သွားပြောချင်တာ သိပ်ဝါသနာပါတယ်။ ဒါကြောင့်မို့ အခမဲ့မီဒီယာတွေ အများကြီးရှိတယ်။ ဗီဒီယို၊ သတင်းစာလိုတောင်မလိုဘူး။ ဒီလို အရပ်သတင်းနဲ့တင်ပဲ အကုန်သိတယ်။ “သတင်းစာများသည် သမိုင်းကို ပြောနေကြသည်” လို့သာပြောတာ၊ တစ်ခါတစ်လေကျတော့ မှန်မှန်ကန်ကန် ပြောချင်မှပြောတာ။ တစ်ခါတစ်လေကျတော့ မှန်မှန်ကန်ကန်ပြောတာ လူ့ပါးစပ်ကပြောတာ။

တစ်ခါတုန်းက သမိုင်းဆရာကြီးတစ်ယောက်က ပြောတယ်လေ။ ကျောက်စာထဲရေးတာသာ သမိုင်းအမှန်လို့ သူတို့က ယူဆတယ်။ သူပြောတဲ့အတိုင်းဆို ကျောက်စာထဲမပါတာတွေက အမှန်မဟုတ်ဘူးလို့ ဒီလိုအဓိပ္ပာယ်ရောက်သွားတယ်။ အထောက်အထားမရှိဘူးလို့ ပြောတယ်။ ဒီကနေ့ခေတ် သတင်းစာထဲမပါတာ အမှန်မဟုတ်ဘူးလို့ ပြောလို့ရှိရင် အဖြစ်အပျက်အမှန်တချို့ဟာ ပစ်ပယ်ရမလို ဖြစ်မနေဘူးလား။ မှတ်တမ်းတင်မခံရတဲ့ အမှန်တွေက အများကြီးရှိတယ်။ ဒီပြင်လူအကြောင်း မပြောနဲ့၊ ကိုယ့်အကြောင်းတောင် အကုန်အမှန်သိတာမှ မဟုတ်ဘဲနဲ့။ ကိုယ့်အကြောင်းတောင် အကုန်မှတ်တမ်းတင်ရဲ့လား။ ဖြစ်တာတော့ တကယ်ဖြစ်တယ်၊ သို့သော် မှတ်တမ်းတင်လားဆိုတော့ မတင်ဘူး။ အဲဒီလိုဟာမျိုးတွေရှိတော့ လူကိုက လူ့သမိုင်း ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ bio data ဆိုတာ ဘယ်တော့မှ မပြည့်စုံဘူးလို့သာ မှတ်ပေတော့။ သမိုင်းဆိုတာ မဖြစ်ခဲ့တာတော့မရှိဘူး၊ ဖြစ်ခဲ့တာတွေချည်းပဲ။ သို့သော် လူတွေက မေ့ပျောက်ပစ်လိုက်ကြတာပေါ့။

အခုလည်းပဲကြည့်၊ မြတ်စွာဘုရားက ဟောနေတာ၊ အတိုးပေးရတယ်တဲ့။ လူဆိုတာ မရှိလို့ချေးတာ၊ မရှိလို့ချေးတဲ့အထဲက အတိုးအာမခံလိုက်မှတော့ ဘယ်ကနေရှိလာမှာလဲ။ ရှိလို့ချေးပြီး အလုပ်လုပ်တဲ့လူက တစ်မျိုးလေ။ အလုပ်လုပ်ချင်လို့ ချေးပြီး အလုပ်လုပ်တဲ့လူတောင် ဒုက္ခရောက်တာရှိသေးတယ်။ အလုပ်က အဆင်မပြေဘူးဆိုရင် ဒုက္ခရောက်တာပဲ။ အခုဟာက မြတ်စွာဘုရားကဟောတာ၊ မရှိလို့ချေးတာ။ ရှိလို့ချေးတာတောင်မှပဲ လုပ်ငန်းပျက်စီးတာမျိုးကျတော့ ဒုက္ခရောက်ဦးမှာပဲ။ အချိန်တန်လို့ ကိုယ်ဝန်ခံထားတဲ့အတိုင်း အတိုးက မပေးနိုင်ဘူးဆိုလို့ရှိရင် ဟိုလူတွေက ဒီအတိုင်း ငြိမ်နေမလား၊ မငြိမ်ဘူး။ အဲဒီကျရင် တောင်းပြီ၊ တောင်းတာကို စောဒနာ လို့ခေါ်တယ်။ ဒီမှာ မြတ်စွာဘုရားဟောတာ စောဒနာပိ ဒုက္ခာ (ကြွေးတောင်းခံရခြင်းသည်လည်း ဒုက္ခဖြစ်၏) - လူတစ်ယောက်ဟာ ကြွေးတောင်းခံရပြီဆို အတော်ကြောက်စရာကောင်း၊ စိတ်ညစ်စရာကောင်းတဲ့ အရာတစ်ခုပဲ။

ငယ်ငယ်တုန်းက အင်္ဂလိပ်လိုရေးထားတဲ့ story လေးတစ်ခု ဖတ်ဖူးတယ်။ ချေးငှားတဲ့သူက သူဌေးပေါ့။ ချေးယူတဲ့သူက ဆင်းရဲသား။ သို့သော် အတိုးပေးချိန်တန်လို့ မပေးနိုင်တဲ့အခါကျတော့ သူက မဆုံမိအောင် အမြဲတမ်းရှောင်တယ်။ ပုန်းနေတယ်ပေါ့။ အိမ်ရှေ့က ဝင်လာတာ မြင်တာနဲ့ အနောက်ပေါက်က ထွက်သွားရော။ မရှိဘူးပြောတယ်။ ဒီလိုပဲ ရှောင်ရှောင်ထွက်ပြေးတယ်။ တစ်ရက်ကျတော့ အဲဒီငွေချေးတဲ့သူဌေးက မြင်းကြီးစီးပြီးတော့လာတယ်၊ လာတော့ လမ်းမှာသွားပြီးတော့ ဆုံမိတယ်။ ဟိုလူက သူ့ဆီကငွေချေးထားတဲ့လူ လာဆုံတော့ ပက်ပင်းပါသွားတိုးတာ။ တိုးတဲ့အခါကျတော့ ဟိုကောင်ကလည်း ဉာဏ်ကောင်းတယ်၊ သူက ဘယ်လိုလုပ်တုန်းဆို “သူဌေးမင်းရဲ့မြင်းကြီးက ချောလိုက်တာ၊ သူဌေးမင်းနဲ့မြင်းနဲ့က လိုက်လိုက်တာ” တဲ့။ သူဌေးက ခါးလေးကော့ပြီးတော့ “မင်း-ငါမြင်းစီးတာ မြင်ချင်လားကွ” ဆိုပြီး ကြာပွတ်နဲ့ရိုက်ပြီး အမြန်စီးသွားတယ်။ အဲဒီမှာ သူလွတ်သွားတယ်။ အမြှောက်ကြိုက်တဲ့သူနဲ့ သွားတွေ့တာ၊ မြှောက်ပေးလိုက်တဲ့အခါကျတော့ ကြွေးတောင်းမခံရတော့ဘူး။ ဒါ အဲဒီ story ထဲ ငယ်ငယ်က ဖတ်ဖူးတာလေး ပြောပြတာ။ အဲဒီလိုနဲ့ သူကလွတ်သွားတာ၊ အပြောကောင်းလိုက်တာနဲ့ ကြွေးတောင်းမခံလိုက်ရဘူး။ ဟိုသူဌေးကလည်း သူ့မြင်းမြန်ကြောင်းပြချင်တော့ ဒီမှာကြည့်ကွဆိုပြီး ဖနောင့်နဲ့ပေါက်ပြီး ကြာပွတ်လေးနဲ့တို့ပြီး အဝေးစီးသွားတော့ သူလွတ်သွားတယ်။ ဒီလိုဆိုတာ။

အဲဒီလို ကြွေးတောင်းခံရတယ်ဆိုတာလည်း အလွန်စိတ်ညစ်စရာကောင်းတဲ့ အခြေအနေဆိုးကြီးတစ်ခုပဲ။ အကြွေးမပေးနိုင်လို့ ပုန်းနေရတာ မျက်နှာမလှဘူး။ တောင်းတယ်ဆိုရင်၊ အတောင်းခံရရင်၊ တောင်းလို့မရဘူး ဆိုလို့ရှိရင် ဒီကောင်ဘယ်ပြေးမလဲ၊ နောက်ကနေလိုက်တယ်။ ဘယ်သွားသွား နောက်ကနေ မျက်ခြည်ပျက်မခံဘူး၊ လိုက်တယ်။ အဲဒီလို အလိုက်ခံနေရပြီ ဆိုလို့ရှိရင် ဘယ်လောက်ကြောက်စရာကောင်းလဲ။ နောက်ကနေ ကြွေးရှင်တွေက တကောက်ကောက်လိုက်နေပြီ၊ သူ့သတင်းနားထောင်ပြီး ဘယ်သွားတယ်ဆိုလဲလိုက်၊ ဘယ်မှာဆိုလဲသွားတယ်၊ အဲဒီတော့ သူဟာ ဘယ်တော့မှ မလွတ်လပ်တော့ဘူး။ နောက်ကနေ အလိုက်ခံရတာကိုး။ “အနုစရိယာ” လို့ခေါ်တယ်။ အနုစရိယာပိ ဒုက္ခာ (နောက်မှလိုက်၍ ကြွေးတောင်းခံရခြင်းသည်လည်း ဒုက္ခဖြစ်၏) - အဲဒါလဲ စိတ်ညစ်စရာကြီးတစ်ခုပဲ။

နောက်ကလိုက်ရုံတင်မကဘူး၊ နောက်ကျတော့ ဖမ်းမိသွားတယ်။ ကြွေးမပေးနိုင်လို့ ပုလိပ်လက်အပ်ပြီး ဖမ်းလိုက်တယ်၊ ဖမ်းလိုက်တဲ့အခါကျတော့ အချုပ်အနှောင် ထောင်ချခံလိုက်ရတယ်။ ဒါက ဒီအတိုင်းပဲ သွားတာပဲ။ လောကကြီးမှာ ဒီအတိုင်းပဲသွားမှာပဲ။ ဆင်းရဲမွဲတေခြင်းကနေပြီးတော့ ဦးတည်သွားလိုက်တာ နောက်ဆုံးမှာ အဖမ်းခံလိုက်ရတဲ့အဆင့် ရောက်သွားတယ်။ ဒါ ဘုရားဟောတာနော်၊ ဘုရားဟောတဲ့ပါဠိမှာ ကြည့်။ မြတ်စွာဘုရားက ကာမဂုဏ်အာရုံတွေနဲ့ ခံစားပြီးတော့ လူ့စည်းစိမ်ခံစားနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖို့ ဆင်းရဲမွဲတေမှုဟာ ဒုက္ခပဲ။ ဆင်းရဲမွဲတေတော့ အကြွေးယူရတာ။ ကြွေးယူရတာလဲ ဒုက္ခပဲ။ ကြွေးယူတဲ့အခါမှာ အတိုးကို အာမခံရတယ်၊ အတိုးပေးရတာလဲ ဒုက္ခပဲ။ အတိုးပေးရမယ့်အချိန်ကို မပေးနိုင်ဘူးဆိုရင် ကြွေးရှင်တွေက တောင်းလိမ့်မယ်။ အဲဒီ အတောင်းခံရတာ၊ ကိုယ့်ကို ကြွေးတောင်းခံရတာလဲ ဒုက္ခပဲ။

နောက်တစ်ခုက တောင်းလို့မပေးနိုင်ဘူးဆိုရင် မျက်ခြည်ပျက်မခံ ဒီလူ့နောက်က တကောက်ကောက် အလိုက်ခံနေရတာ၊ နောက်က တကောက်ကောက်လိုက်ခံရတာလဲ ဒုက္ခပဲ။ နောက်ဆုံးကျတော့ ခြေရာကောက်မိသွားတဲ့အခါ ချုပ်နှောင်ခံရတဲ့အဆင့် ရောက်သွားတယ်။ ဒါ လောကရဲ့သဘာဝ။ ဆင်းရဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာရဲ့ အထွေထွေ။ နောက်ဆုံးမှာ အဖမ်းခံလိုက်ရပြီး ချုပ်နှောင်ခံလိုက်ရတဲ့အဆင့် ရောက်သွားတယ်။ ဒါ လောကကြီးမှာ ဒီလိုရှိတယ်လို့ မြတ်စွာဘုရားက ဟောတာ။

ဘုရားဟောလိုရင်းက လောကရဲ့ သဘာဝကို မြတ်စွာဘုရား ပြောပြီးတဲ့အခါမှာ သံသရာမှာလည်းပဲ ဒီအတိုင်းပဲ။ သတိထားဖို့။ အဲဒါကျတော့ အားလုံးနဲ့ သက်ဆိုင်တယ်။ သူဌေးနဲ့လည်းဆိုင်တယ်၊ ဆင်းရဲသားနဲ့လည်းဆိုင်တယ်။ ငွေကြေးဓနနဲ့ မဆိုင်ဘူး။ ကုသိုလ်နဲ့ဆိုင်တယ် ဒီဟာ။ ဘုရားဟောတာကျတော့ သံသရာနဲ့ဆိုင်တယ်၊ အခုဟာက တစ်ဘဝတာနဲ့သာဆိုင်တယ်၊ မြတ်စွာဘုရားဟောတဲ့ကကျတော့ တစ်ဘဝတာနဲ့ မကဘူး၊ သံသရာနဲ့ဆိုင်တယ်။ ဒါက အင်မတန်မှ သတိထားရမယ်။ ဘုန်းကြီးနဲ့လည်းဆိုင်တယ်၊ လူနဲ့လည်းဆိုင်တယ်။ အားလုံးနဲ့သက်ဆိုင်တယ်၊ ဘယ်သူမှ မလွတ်ဘူး ဒီထဲမှာ။

အဲဒီမှာ မြတ်စွာဘုရားက ပြောပြတယ်။ အဲဒီအတိုင်းပဲတဲ့။ အပြစ်ကင်းတဲ့ တရားတွေနဲ့ ပတ်သက်ပြီးတော့ ဆင်းရဲမွဲတေရင် မကောင်းဘူးတဲ့။ ကိုယ့်သန္တာန်မှာ ရှိသင့်ရှိထိုက်တဲ့ ဓမ္မအရည်အချင်းတွေ ရှိရမယ်။ ကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာ ဖြစ်ရမယ်။ ဘာတွေလဲလို့ဆိုရင် သဒ္ဓါ၊ ကံ-ကံ၏အကျိုးကို ယုံကြည်ခြင်းဆိုတဲ့ သဒ္ဓါ၊ ကုသိုလ်ကောင်းမှုအပေါ်မှာ စိတ်ဝင်စားခြင်းဆိုတဲ့ သဒ္ဓါ၊ ဒါ အမှန်တရားပဲလို့ ဆုံးဖြတ်နိုင်ခြင်းရှိတဲ့ သဒ္ဓါ၊ ဒီသဒ္ဓါဆိုတာ မရှိရင် ဒါ မွဲတာပဲ။ ဆင်းရဲမွဲတေတာပဲ။ သူလည်းတစ်ခုပဲ။ ဘယ်လောက် ပစ္စည်းတွေချမ်းသာချမ်းသာ မီလျှံနာ၊ ဘီလျှံနာ၊ ထရီလျှံနာကြီးပဲဖြစ်ဖြစ် ကုသိုလ်နဲ့ပတ်သက်ပြီးတော့ သဒ္ဓါမရှိဘူးဆို ဒီကောင်အမွဲပဲ။ ဒီကနေ့ သူဌေး၊ မနက်ဖြန် လူမွဲ၊ နောက်တစ်ရက် ငရဲပဲ။ ဒီလိုသွားတာ။

သံသရာနဲ့ ပတ်သက်လာလို့ရှိရင် သဒ္ဓါတရားမရှိတော့ဘူးဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကုသိုလ်ရဖို့ရာအတွက် ခက်ခဲသွားတယ်။ ကုသိုလ်ဆိုတဲ့ ရတနာ သူ့သန္တာန်မှာမရှိဘူး၊ အလွန်မွဲသွားတဲ့ အနေအထားမျိုး ရောက်တယ်။

နောက်တစ်ခုက ဘာတုန်းဆို ဟီရိနဲ့ ဩတ္တပ္ပ၊ ဟီရိဆိုတာ မဟုတ်တာလုပ်ရမှာမရှက်ဘူး၊ မဟုတ်တာကို မရွံဘူး၊ ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက် အကုသိုလ်အလုပ်တွေနဲ့ ပတ်သက်ပြီး အရှက်မဲ့တာ၊ မရွံမုန်းတာ။ ဩတ္တပ္ပဆိုတာ အကုသိုလ်တွေကို မကြောက်တာ၊ ဒုစရိုက်တွေကိုမကြောက်တာ၊ အဲဒီတော့ အကုသိုလ်ကိုမရှက်ဘူး၊ မကြောက်ဘူး၊ မရွံဘူးဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အကုသိုလ်ကို လုပ်တာပေါ့။ အဲဒီတော့ ဟီရိဩတ္တပ္ပဆိုတာ သူ့မှာမရှိသည့်အတွက်ကြောင့် ဒီလူကလည်းပဲ မွဲတေခြင်းပဲ။

ဒီလိုမွဲနေလို့ရှိရင် ကုသိုလ်ဘယ်တော့မှမဖြစ်ဘူး။ ခုနတုန်းက ဆင်းရဲမွဲတေတဲ့ပုဂ္ဂိုလ်က ငွေကြေးမရှိဘူး၊ အဲဒီလိုပဲ သဒ္ဓါမရှိရင် ကုသိုလ်မရှိဘူး၊ ဟီရိမရှိရင် ကုသိုလ်မဖြစ်ဘူး၊ ဩတ္တပ္ပမရှိရင် ကုသိုလ်မဖြစ်ဘူး။ မဖြစ်ရင် မွဲတာပဲ။ ဘာမွဲတာတုန်း၊ ကုသိုလ်တရားမွဲတာ။ ကောင်းကျိုးချမ်းသာကို ပေးစွမ်းနိုင်တဲ့ ကုသိုလ်ဆိုတဲ့ ဒီစိတ်ဓာတ်မွဲတာ။

နောက်တစ်ခုက အကုသိုလ်တွေ ဖယ်ရှားပြီးတော့ ကုသိုလ်တွေ ကိုယ့်သန္တာန်မှာ တည်ဆောက်နိုင်တဲ့၊ ရအောင်လုပ်တဲ့ ဝီရိယဆိုတာ ကိုယ့်မှာမရှိဘူး။ မရှိသည့်အတွက်ကြောင့် ကုသိုလ်မရဘူး။ မရတော့ သူလည်း မွဲတာပဲ။ ဒါလဲ။

နောက်တစ်ခုက ပညာ၊ ပညာဆိုတဲ့ အသိပညာ မရှိသည့်အတွက်ကြောင့် ကုသိုလ်ရအောင် မလုပ်နိုင်ဘူး၊ မလုပ်နိုင်သည့်အတွက်ကြောင့် အဲဒီပုဂ္ဂိုလ် ကုသိုလ်မရတော့ဘူး။

ဒါကြောင့်မို့လို့ ကုသိုလ်နဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ သဒ္ဓါ၊ ဟီရိ၊ ဩတ္တပ္ပ၊ ဝီရိယ၊ ပညာ ဒီတရားတွေ ရှိရမယ်။ သမာပတ္တိသုတ်ကျတော့ မြတ်စွာဘုရားဟောထားတာ အကုသိုလ်ကို တားတဲ့ သဘာဝတရားတွေပဲ။ အကုသိုလ်ကို တားတယ်ဆိုကတည်းက ကုသိုလ်ဖြစ်စေတတ်တဲ့ တရားတွေလို့ ဒီလိုဆိုလိုတယ်။ ဒီတရားတွေ မရှိလို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ ကုသိုလ်ဆိုတဲ့ ရတနာတွေ မရဘူး။ ပိုက်ဆံမရှိရင် စားစရာမရှိဘူး၊ ဆင်းရဲမွဲတေပြီဆိုရင် စားစရာမရှိဘူး၊ ဝတ်စရာမရှိဘူး၊ နေစရာမရှိဘူး၊ ဟောဒီ သဒ္ဓါ၊ ဟီရိ၊ ဩတ္တပ္ပ၊ ဝီရိယ၊ ပညာ ဆိုတဲ့ ဒီတရားတွေမရှိလို့ရှိရင် ကုသိုလ်မရှိဘူး၊ ကုသိုလ်ကောင်းမှုလုပ်နိုင်စွမ်းမရှိဘူး။ အဲဒီတော့ ကုသိုလ်ကောင်းမှုမလုပ်ဘူးဆိုကတည်းက ဒီသဘာဝတရားတွေ သူ့သန္တာန်မှာမရှိလို့၊ မရှိသည့်အတွက် သူဘာလုပ်လဲဆို ကြွေးယူတာကို လုပ်ပြန်တယ်၊ အဲဒီတော့ သူကြွေးယူပုံ ကြွေးယူနည်းက ငွေချေးတာမဟုတ်ဘူး၊ ဘာလုပ်တုန်းဆို သဒ္ဓါမရှိဘူး၊ ဝီရိယမရှိဘူး၊ ဩတ္တပ္ပမရှိဘူး၊ ပညာမရှိဘူးဆိုတော့ ဘာလုပ်တုန်းဆို ဒုစရိုက်အလုပ်တွေ လုပ်တော့တာပဲ။ အဲဒီ ဒုစရိုက်အလုပ်ဟာ ပြန်ပြီးတော့ ပေးဆပ်ရမှာ။ ကြွေးယူတာပဲပေါ့။ ဒုစရိုက်အလုပ်ကို လုပ်တော့တာ။ ဒီလိုဆိုလိုတာ။

ဒုစရိုက်လုပ်ငန်းကို လုပ်သည့်အတွက်ကြောင့် သူဟာ ပြန်လည်ပေးဆပ်ရလိမ့်မယ်။ ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်၊ စိတ်နဲ့ပတ်သက်တဲ့ မကျင့်ရမယ့်အကျင့်တွေ ကျင့်တယ်။ မတွေးရမယ့်ဟာတွေတွေးတယ်။ နှုတ်နဲ့မပြောရမယ့်အမှုတွေ ပြောတယ်။ ကိုယ်ထိလက်ရောက် မလုပ်ရမယ့်ဟာတွေ လုပ်တယ်။ ဒုစရိုက် (၁၀) ပါး ကိုယ့်သန္တာန်မှာ ဖြစ်ပွားစေတာဟာ ကြွေးယူခြင်းပါပဲတဲ့။ ဘာဖြစ်လို့တုန်းဆို ဒုစရိုက်လုပ်လို့ရှိရင် သူက ကြွေးဆပ်ရမှာ။ ဆပ်ကိုဆပ်ရမှာ။ မဆပ်လို့မရဘူး။ ခုနက သူများဆီက ပိုက်ဆံယူထားလို့ရှိရင် ကြွေးဆပ်ရသလိုပဲ ဒုစရိုက်လုပ်ထားတဲ့ပုဂ္ဂိုလ်ဟာ ဒီဒုစရိုက်ရဲ့ ကြွေးကို ဆပ်ကိုဆပ်ရမယ်။ အဲဒါကို ဘာပြောကြတုန်းဆို မိုက်ကြွေးဆပ်တယ်လို့ ပြောကြတာပဲ။ မိုက်ကြွေးဆိုတာ ဆပ်ကိုဆပ်ရမယ်။ ဒီဟာ မဆပ်လို့မရဘူး။ မြတ်စွာဘုရားက နှိုင်းယှဉ်ပြီးဟောထားတာ အင်မတန်မှ သဘာဝကျတယ်။

ကဲ-ကောင်းပြီ အဲဒါမရှိလို့ ကြွေးယူရသလို ဒုစရိုက်တွေ လုပ်သည်၊ ဒုစရိုက်တွေလုပ်ပြီဆိုတာက ကြွေးယူလိုက်တာ။ အဲဒီ ကြွေးယူတဲ့ပုဂ္ဂိုလ်ဟာ ဒီအတိုးတက်လာတယ်။ အတိုးကို ဝန်ခံရမယ်။ မကောင်းတာလုပ်ပြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘာတွေနဲ့ အတိုးတက်တုန်းဆို စဉ်းစားကြည့်၊ လူဟာ လုပ်တော့သာ မကောင်းတာလုပ်တာ၊ လူသိမှာမကြိုက်ဘူး၊ လူမသိစေချင်ဘူး။ မကောင်းမှုဒုစရိုက် လုပ်တဲ့သူဟာ ပုန်းလျှိုးကွယ်လျှိုး လုပ်ကြတယ်။ တချို့ဆို ထမင်းဆိုင်လေး ဖွင့်ထားပြီး ရောင်းတာကအရက်၊ လောကမှာ ပုန်းပြီးလုပ်တာတွေ အများကြီးပဲ။ ရှေ့ကပြထားတာက တစ်ခု၊ နောက်က လုပ်နေတာက တစ်ခု။ ဒါက မကြားချင်အဆုံး၊ မမြင်ချင်အဆုံးတွေ အများကြီးရှိတာပဲ။ အဲဒါလိုပဲ သူက လူမမြင်စေချင်ဘူး၊ လူမသိစေချင်ဘူးဆိုတဲ့ အတွေးတွေ သူ့မှာရောက်လာတယ်။ ရောက်ရုံတင်မကဘူး၊ ငါလုပ်တာတွေ ဘယ်သူမှမသိပါစေနဲ့၊ ငါလုပ်တာတွေ ဘယ်သူမှ မသိပါစေနဲ့လို့တွေးတယ်။ ငါလုပ်တာတွေ မင်းတို့ ဘယ်သူမှမသိရဘူးနော်၊ နှုတ်ပိတ်တယ်။ ဘယ်သူမှ မပြောနဲ့နော် နှုတ်ပိတ်တယ်။ ကိုယ်ထိလက်ရောက်လည်းပဲ ဘယ်သူမှမသိအောင် သူကြိုးစားအားထုတ်တယ်၊ ဖုံးကွယ်တယ်။ အဲဒါဟာ အတိုးတက်ခြင်းပဲ ဖြစ်ပါတယ်။ ဒုစရိုက်လုပ်တာက ကြွေးယူခြင်း၊ အဲဒီဒုစရိုက်ကို ဘယ်သူမှ မသိစေချင်ဘူးဆိုပြီး ဖုံးကွယ်ဖို့ကြိုးစားတာ၊ ဖုံးကွယ်ဖို့ စိတ်ကူးတာ၊ ဖုံးကွယ်ဖို့ ပြောဆိုတာ၊ ဖုံးကွယ်ဖို့ ကြိုးစားအားထုတ်မှုတွေ၊ ဒါ အတိုးတက်ခြင်းပဲ။ အကုသိုလ်တွေ ထပ်ပြီးတော့တိုးလာတာ။

အဲဒါ အတိုးများလာပြီဆိုတဲ့အခါကျတော့ ဒီအတိုးကို ဆပ်ရမယ်လေ။ မဆပ်လို့မရဘူး။ အဲဒီအခါကျတော့ ဘာလုပ်လာတုန်းဆိုတော့ သူ့ကိုကြွေးတောင်းသလိုပဲ ဘေးကလူတွေက လက်ညှိုးထိုးလာတယ်။ ဘယ်သူတွေက လက်ညှိုးထိုးတုန်းဆိုတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ ရဟန်းသံဃာတွေဆိုလို့ရှိရင် သီတင်းသုံးဖော်တွေ၊ ကိုယ်ကျင့်တရားကောင်းတဲ့သံဃာ၊ ရဟန်းအချင်းချင်းဆို ဒီကိုယ်တော်မကောင်းဘူး၊ အကျင့်မကောင်းဘူး၊ မဟုတ်တာတွေလုပ်တယ်၊ လူလူချင်းဆိုလည်း ဒီကောင် မကောင်းဘူး၊ မဟုတ်တာတွေလုပ်တယ်၊ လက်ညှိုးထိုးမလာဘူးလား။ အဲဒါဟာ အကြွေးတောင်းတာနဲ့အတူတူပဲ။ အခံရခက်တဲ့ ကိစ္စတစ်ခုပဲ။ ကြွေးတောင်းခံရပြီ၊ မဟုတ်တာတွေလုပ်တယ်ဆိုပြီးတော့ စွပ်စွဲပြောဆိုမှုတွေ ခံလာရတယ်။ အဲဒါဟာ ကြွေးတောင်းတဲ့သဘော။

ဒီလို ကြွေးတောင်းတဲ့အခါကျတော့ မပေးနိုင်ဘူးလား၊ ကြွေးတောင်းပြီးတဲ့အခါ ဒီလိုအပြောအဆိုခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ စဉ်းစားကြည့်ပေါ့ လူတကာလက်ညှိုးထိုးပြီးတော့ မကောင်းဘူးလို့ ပြောခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သူဘယ်နေရာမှာနေနေ သစ်ပင်ရင်းအောက်မှာပဲနေနေ၊ တစ်ယောက်တည်းအခန်းထဲမှာပဲနေနေ နေတဲ့အခါ ဘာဖြစ်တုန်းဆိုရင် နဖူးပေါ်လက်တင်ပြီးတော့ ညအိပ်ရာဝင်လို့တွေးလိုက်တာနဲ့ တစ်ပြိုင်နက် ဒါတွေပဲပေါ်နေတယ်။ မကောင်းတဲ့ အတွေးတွေချည်းပဲ ပြန်ပေါ်လာတယ်။ သူလုပ်ထားတာ မဟုတ်တာတွေချည်းပဲ ပြန်ပေါ်နေတယ်။ ဒီလိုပြန်ပေါ်နေတာဟာ သူ့ကို နောက်ကနေ အလိုက်ခံနေရတာပဲ။ ရှောင်ပြေးလို့မရဘူး၊ သူလုပ်တာသူသိတယ်။ ဘေးကနေ ငါ့ကိုပြောကုန်ပြီ၊ အားလုံးက ငါ့ကိုသိနေကြပြီ၊ နှစ်ယောက်တိုးတိုးပြောတာနဲ့ ငါ့ကိုပြောပြီလို့ သူက ထင်တော့တာပဲလေ။ ဘယ်သူ့ကိုမှမယုံတော့ဘူး အဲဒီလူက။ အဲဒီတော့ ဒီအတွေးတွေက သူ့ကို ပြန်နှိပ်စက်နေတယ်။ လူတွေ သူ့အကြောင်းသူ ပြောပေမယ့်လို့၊ တခြားအကြောင်း ပြောပေမယ့်လို့ ငါ့အကြောင်း ပြောနေတယ်၊ အဲဒါနဲ့ စိတ်ဒုက္ခတွေ မရောက်ဘူးလား။ အဲဒီလို စိတ်ဒုက္ခတွေရောက်ပြီးတော့ အတွေးတွေက ကိုယ့်ကိုလွှမ်းမိုးပြီးတော့ နှိပ်စက်ခံနေရတာဟာ နောက်က အလိုက်ခံနေရတာနဲ့ အတူတူပဲ။ ကြွေးရှင်တွေကို ပုန်းနေရသလိုပဲ သူလည်းပဲ အဲဒီလို အတွေးတွေက သူ့ခေါင်းထဲမှာ ဝင်ရောက်နေတယ်။ ညလည်း အိပ်ကောင်းခြင်းမအိပ်ရ တစ်ယောက်တည်းနေရင် လာပြီ၊ ဒါတွေက အကုန်လုံး ခေါင်းထဲဝင်လာကုန်ပြီ။ ဒီလိုတွေ ဖြစ်လာတယ်။ ကြွေးလာတောင်းနေတဲ့ပုံစံမျိုးလို ဒုက္ခတွေရောက်ကုန်တယ်။

နောက်ဆုံးကျတော့ ဘာဖြစ်လဲဆို အဲဒီလို အလိုက်ခံရပြီးတဲ့အခါမှာ သူဟာ ချုပ်နှောင်ခြင်းကို ခံရတယ်၊ ဘယ်လိုဟာကိုပြောတာတုန်းဆိုတော့ အဲဒီစိတ်တွေနဲ့ မကောင်းတဲ့အတွေးတွေ၊ ကြောက်ကြောက်လန့်လန့်နဲ့ ကိုယ့်ကို အပြောအဆိုခံရတာတွေ၊ မဟုတ်တာတွေ၊ အဲဒီအတွေးတွေနဲ့ နောက်ဆုံးမှာ ဘဝတစ်ခုအဆုံးသတ်သွားပြီ ဆိုတဲ့အခါမှာ ဒီဘဝလွန်မြောက် သေသည်၏ အခြားမဲ့ရောက်တာနဲ့တစ်ပြိုင်နက် ဘယ်ရောက်သွားတုန်း၊ ငရဲကျသွားတယ်။ တိရစ္ဆာန်ဖြစ်သွားတယ်။ ငရဲကျသွားတယ်ဆိုတာ ငရဲကနေ ဖမ်းချုပ်လိုက်တဲ့ အဓိပ္ပာယ်ပဲ။ တိရစ္ဆာန်ဖြစ်သွားတယ်ဆိုတာလဲ ဖမ်းချုပ်ခံလိုက်ရတာပဲ။ ဘာတွေအတွက် ဆုံးရှုံးသွားတုန်းဆိုတော့ ငရဲကျနေတာတို့၊ တိရစ္ဆာန်ဖြစ်နေတာတို့ဟာ နိဗ္ဗာန်ရဖို့ ကြိုးစားဖို့ ဖြစ်နိုင်ပါတော့မလား။ မဖြစ်နိုင်တော့ဘူး။ ဘာမှကောင်းတာဆိုတာ လုပ်လို့မရတော့ဘူး။ အဲဒီတော့ ထောင်သွင်းအကျဉ်းချထားတာနဲ့ ဘာမှမထူးဘူး၊ ဒီလိုဆိုလိုတယ်။ ငရဲဘဝဆိုတဲ့ ချုပ်နှောင်မှုနဲ့ သူ့ကို ချုပ်နှောင်ပစ်လိုက်တယ်။ တိရစ္ဆာန်ဘဝဆိုတဲ့ ချုပ်နှောင်မှုမျိုးနဲ့ ချုပ်နှောင်ထားလိုက်တယ်ဆိုတော့ လောကမှာ ဘုရားပွင့်လည်း သူတရားမနာရတော့ဘူး။

သွားရော။ ဘုရားပွင့်လည်း တရားမနာရတော့ဘူး။ ဘုရားသာသနာ ထွန်းကားလည်း သူ့အတွက် ဘာမှအကျိုးမရှိတော့ဘူး။

မြတ်စွာဘုရားက ဓမ္မစကြာဟောတယ်၊ အနတ္တလက္ခဏသုတ်ကို ဟောတယ်။ ထိုထိုသုတ္တန်တွေဟာတယ်။ ငရဲကျနေတယ်၊ နာလည်းမနာလိုက်ရဘူး၊ တိရစ္ဆာန်ဖြစ်နေတယ်၊ ဘာမှမသိလိုက်ရဘူး၊ ချုပ်နှောင်ခံထားရတာနဲ့ အတူတူပဲလေ။ ချုပ်နှောင်ခံထားရတဲ့သူဟာ ပွဲရှိလည်း ကြည့်ရတာမှမဟုတ်ဘဲ။ ပြောစရာရော သူ့မှာရှိလို့လား။ ဘာမှမရှိတော့ဘူး။ အခွင့်အရေးတွေ အားလုံးဆုံးရှုံးသွားတယ်၊ ဒီလိုဆိုတာ။ အဲဒီတော့ သံသရာမှာ ငရဲဘဝနဲ့ ချုပ်နှောင်ခံလိုက်ရတယ်။ တိရစ္ဆာန်ဘဝနဲ့ ချုပ်နှောင်ထားခြင်းကို ခံလိုက်တယ်ဆိုတော့ ဘယ်လောက်နစ်နာလဲ။ ခုနက ထောင်သွင်းအကျဉ်းချတာကမှ လွတ်ရက်ရှိသေးတယ်၊ ငရဲတို့၊ တိရစ္ဆာန်တို့ဆိုတာ လွတ်ရက်က အင်မတန်မှဝေးတယ်၊ သံသရာထဲမှာ အဲဒီလို ချုပ်နှောင်ခံထားလိုက်ရလို့ရှိရင် ဒုက္ခတွေ အကုန်ရောက်တယ်။ ဒါ မြတ်စွာဘုရားက နှိုင်းယှဉ်ပြီးတော့ ဒီလိုဟောတာ။

အဲဒီလို ချုပ်နှောင်ခံထားရမှုဟာ သံသရာဝဋ်က လွတ်မြောက်မှုဆိုတဲ့ အနုတ္တရဝိမောက္ခ၊ သံသရာဝဋ်က လွတ်မြောက်စေတတ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့အတွက် အလွန်ကိုခက်ခဲတဲ့ အနေအထားတစ်ခုကို ရောက်သွားပါတယ်။ ဒီထက်ကြီးမားတဲ့ ချုပ်နှောင်မှုဆိုတာ လောကမှာမရှိဘူး။ အဆိုးဆုံးချုပ်နှောင်ခြင်းကို ခံရတယ်လို့ ဒီလိုဆိုလိုတာ။ ငရဲဘဝဆိုတာကြည့်လေ၊ ပိတ်ပိတ်ပိုင်းနေတာ ဘာမှန်းမသိတော့ဘူး။ တိရစ္ဆာန်ဘဝကိုလည်း ကြည့်၊ ဘာမှမသိတော့ဘူး။ လူတွေက ကျွဲပါးစောင်းတီးတဲ့၊ ဘာမှမသိဘူး။ တိရစ္ဆာန်ဘဝ ရောက်သွားပြီဆိုလို့ရှိရင် အကောင်းအဆိုး ဘာမှမသိတော့တဲ့ အနေအထားမျိုး၊ အဲဒီတော့ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတာ ဝေလာဝေး။ ဝိပဿနာအသံဆိုတာ ကြားတောင်မကြားဖူးဘူး။ ဘုရား၊ တရား၊ သံဃာဆိုတာလည်း ကြားဖူးမှာမဟုတ်ဘူး။ အဲဒီလောက်ထိအောင် အခွင့်အရေးတွေ တအားဆုံးရှုံးသွားနိုင်တယ်။

ဒါကြောင့်မို့လို့ ဆင်းရဲမွဲတေခြင်းဆိုတာ မဖြစ်စေရဘူး၊ ဘယ်ဘက်ကပဲဖြစ်ဖြစ် ဆင်းရဲမွဲတေခြင်း မဖြစ်စေရဘူး။ မြတ်စွာဘုရားဆိုလိုတာက ဥစ္စာဓန ဆင်းရဲမွဲတေမှုဟာ တစ်ဘဝသာခံရတယ်၊ အဲဒါလည်း ဖြေရှင်းလို့မရတာ မဟုတ်ဘူး၊ ဖြေရှင်းလို့ရနိုင်တယ်။ အခု ကုသိုလ်ရေးနဲ့ပတ်သက်တဲ့ သဒ္ဓါ၊ ဟီရိ၊ ဩတ္တပ္ပ၊ ဝီရိယ၊ ပညာလို့ဆိုတဲ့ ကုသိုလ်တွေနဲ့ ပတ်သက်လာတဲ့ ဒီမွဲတေမှုက ပိုပြီးတော့အရေးကြီးတယ်လို့ပြောတာ။ တကယ့်ကို အရေးပါတဲ့ အရာတစ်ခုဖြစ်တယ်။

ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေ အခုလို သာသနာတော်နဲ့ ကြုံတွေ့နေတဲ့အချိန် ကိုယ့်သန္တာန်မှာ ကုသိုလ်တရားနဲ့ပတ်သက်ပြီးတော့ သဒ္ဓါတရားဆိုတာလည်း ရှိဖို့လိုအပ်တယ်။ ဟီရိဆိုတာ ရှိရမယ်၊ ဩတ္တပ္ပဆိုတာ ရှိရမယ်၊ ဝီရိယဆိုတာ ရှိရမယ်၊ ပညာဆိုတာ ရှိရမယ်၊ ဒါတွေမရှိဘူးဆိုရင် ကုသိုလ်ဆိုတာ မလာနိုင်ဘူးတဲ့။

မြတ်စွာဘုရားက သမာပတ္တိသုတ်မှာဆိုရင် ဘယ်လိုဟောထားတုန်းဆိုလို့ရှိရင် သဒ္ဓါတရားရှိနေသမျှကာလပတ်လုံး အကုသိုလ်ဆိုတာ မဖြစ်ဘူး။ သဒ္ဓါတရားမရှိတော့ဘဲနဲ့ အဿဒ္ဓိယ မယုံကြည်မှုဆိုတာ လွှမ်းမိုးလာတာနဲ့ တစ်ပြိုင်နက် အကုသိုလ်တွေဖြစ်လာပြီသာ မှတ်ပေတော့။ ဟီရိဆိုတာ ရှိနေသမျှ ကာလပတ်လုံး၊ ဩတ္တပ္ပဆိုတာ ရှိနေသမျှ ကာလပတ်လုံး၊ ဝီရိယရှိနေသမျှ ကာလပတ်လုံး၊ ပညာရှိနေသမျှ ကာလပတ်လုံး အကုသိုလ်ဆိုတာ မဖြစ်ဘူး၊ ဟီရိမရှိရင် အဟီရိကဆိုတဲ့ အရှက်မဲ့မှု အကုသိုလ်လွှမ်းမိုးလာတယ်။ ဩတ္တပ္ပမရှိရင် အနောတ္တပ္ပဆိုတဲ့ အကြောက်အလန့်မရှိတဲ့ သဘာဝတရား လွှမ်းမိုးလာတယ်။ ဝီရိယမရှိဘူးဆိုရင် ပျင်းရိမှုဆိုတာလာတယ်။ ပညာဆိုတာ မရှိဘူးဆိုရင် ဒုပ္ပည ပညာကင်းမဲ့လာတယ်။ အဲဒါတွေလာပြီဆိုလိုက်တာနဲ့ တစ်ပြိုင်နက် အကုသိုလ်တွေဖြစ်ပြီလို့သာ မှတ်ပေတော့။ အဲဒီတော့ အကုသိုလ်တွေဖြစ်ပြီဆိုကတည်းက အခွင့်အရေးတွေ အများကြီး ဆုံးရှုံးသွားပြီး မြတ်စွာဘုရားက ဒီလိုဟောလိုတာ။ ဒါကြောင့်မို့ ဆင်းရဲမွဲတေမှုကို လျှော့ချလျော့ပါးအောင် ဆောင်ရွက်ရမယ်။ အဲဒီတော့ ဘုန်းကြီးတို့တစ်တွေ တစ်ခဏ ပစ္စည်းဥစ္စာ ဆင်းရဲမွဲတေတာတွေကို အဓိကမထားလေနဲ့။ ကိုယ့်သန္တာန်မှာ အခုပြောတဲ့ သဒ္ဓါတို့၊ ဟီရိတို့၊ ဩတ္တပ္ပတို့၊ ဝီရိယတို့၊ ပညာတို့ဆိုတဲ့ ကုသိုလ်တွေရှိရဲ့လားဆိုတာ ကိုယ့်ကိုကိုယ် ဆန်းစစ်ဖို့လိုတယ်။ အဲဒီလို ဆန်းစစ်လိုက်မှ သိနိုင်တယ်။ ဘယ်အရာပဲဖြစ်ဖြစ် မဆင်ခြင်မသုံးသပ်လို့ရှိရင် မသိနိုင်ဘူး၊ ဒါကြောင့်မို့ ဆင်ခြင်သုံးသပ်မှုဟာ သိပ်ပြီးအရေးပါတယ်လို့ပြောတာ။ ကိုယ့်ကိုကိုယ် အမြဲတမ်းသုံးသပ်ရမယ်။

အဲဒီလို သုံးသပ်လိုက်တဲ့အခါကျတော့ အဖြေထုတ်လို့ရသွားတယ်။ မရှိဘူးဆိုတဲ့အဖြေ ထွက်ချင်ထွက်မယ်၊ ရှိတယ်ဆိုတဲ့အဖြေ ထွက်ချင်ထွက်မယ်။ မရှိဘူးဆိုတဲ့အဖြေ ထွက်လာရင် ရှိအောင်လုပ်ဖို့ပဲ၊ ရှိတယ်ဆိုတဲ့အဖြေ ထွက်လာရင် ခိုင်မာအောင်ကြိုးစားဖို့ပဲ။ ဒီနှစ်ခုဟာ လုပ်ကိုလုပ်ရမယ့် ကိစ္စတွေပဲ။ အကယ်၍ မလုပ်ဘူးဆိုလို့ရှိရင် ခုနကပြောတဲ့ အခြေအနေမျိုးတွေ အားလုံးရင်ဆိုင်သွားရမယ်။ ဒီလို မြတ်စွာဘုရားက ဒီသုတ္တန်မှာဟောတာ။

ဘယ်တရားကိုဟောဟော မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ရဲ့ တရားတွေရဲ့ ဦးတည်ချက်ဟာ ဝိမုတ္တိ လို့ဆိုတဲ့ နောက်ဆုံး လုံးဝလွတ်မြောက်ခြင်းကို သွားတာချည်းပဲ။ လုံးဝလွတ်မြောက်ခြင်းဆိုတာ ဘာတွေက လွတ်မြောက်ရမှာလဲဆိုရင် ပထမ ကိလေသာတွေက လွတ်မြောက်ရမယ်၊ ကိလေသာတွေက လွတ်မြောက်မှ ကိလေသာနဲ့ကံ ထုတ်လုပ်ထားတဲ့ ဒုက္ခဆိုတဲ့ ရုပ်နာမ်ခန္ဓာတွေက လွတ်မြောက်မှာကိုး။ အဲဒီတော့ အဲဒီလွတ်မြောက်မှုနှစ်ခုကို ရအောင်ကြိုးစားရမယ့် လမ်းစဉ်တွေကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ထိုထိုသုတ္တန်တွေမှာ ဟောထားတယ်။ အဲဒီတော့ လောကမှာ ကြွေးကင်းတယ်ဆိုတာ အခုလို သဒ္ဓါ၊ ဟီရိ၊ ဩတ္တပ္ပ၊ ဝီရိယ၊ ပညာဆိုတဲ့ ဒီကုသိုလ်တရားတွေမှာ အခုလို စွမ်းဆောင်နိုင်တဲ့ တရားတွေရှိအောင် လုပ်ရမယ်။ တရားတွေမရှိဘူးဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်က ကြွေးယူရတယ်၊ အကုသိုလ်တွေလုပ်တယ်၊ အဲဒါတွေ မဖြစ်ရအောင် လုံးဝကြွေးကင်းသွားတယ်ဆိုတဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲလို့ဆို ရဟန္တာမှ တကယ်ကြွေးကင်းသွားတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေက အထိုက်အလျောက် ကြွေးတွေက တင်ရှိနေကြသေးတယ်။ ပုထုဇဉ်တွေဆိုရင်တော့ ပိုပြီးတော့ ပြည့်ပြည့်စုံစုံ တည်ရှိနေတုန်းပဲ။ သောတာပန်ဖြစ်သွားရင် ကြွေးနည်းနည်းလျော့သွားပြီး သကဒါဂါမ်ဖြစ်မယ်၊ အနာဂါမ်ဖြစ်မယ်ဆိုရင် ကြွေးနည်းနည်းလျော့သွားပြီ၊ ရဟန္တာဖြစ်သွားပြီဆိုရင် လုံးဝကြွေးကင်းသွားပြီ၊ ဒီလိုဆိုလိုတယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက ဒီ အရဟတ္တမဂ်ဟာ အမြတ်ဆုံးသော ကြွေးကင်းမှုပါတဲ့။ အဲဒီတော့ ဆင်းရဲမွဲတေမှုကိုလည်း အဆုံးသတ်တာလည်း အဲဒီကျမှ အဆုံးသတ်တယ်။ နို့မို့ဆိုရင် အဆုံးသတ်မှာမဟုတ်ဘူးတဲ့။ ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့၊ ကိုယ့်ကိုကိုယ် ဆင်ခြင်စဉ်းစားကြည့်၊ တို့တစ်တွေဟာ ကုသိုလ်တရားနဲ့ပတ်သက်တဲ့ ဆင်းရဲမွဲတေမှုတွေ မဖြစ်ရအောင် သဒ္ဓါတရားကို ထူထောင်ရမယ်၊ ထူထောင်တယ်ဆိုတာ ဘယ်လိုထူထောင်မလဲ။ သဒ္ဓါတရားမရှိသေးဘူးဆိုရင် ရှိအောင် ဘယ်လိုလုပ်ရမလဲ ဆိုလို့ရှိရင် သဒ္ဓါရှိတဲ့လူနဲ့ ပေါင်းတာဟာလည်းပဲ ဒီသဒ္ဓါတရားထူထောင်ခြင်းပဲ။ “ဗောဓိပက္ခိယ တရားကို လေ့လာသုံးသပ်ခြင်း” ဆိုတဲ့အထဲမယ် ဘုန်းကြီးတို့ တချို့ဒီအဓိပ္ပာယ်လေးတွေ ဟောထားတာရှိပါတယ်။

အဲဒီတော့ သဒ္ဓါတရားဖြစ်ချင်ပြီ၊ သဒ္ဓါကို စွမ်းဆောင်ဖို့ ကိုယ့်သန္တာန်မှာ တိုးတက်အောင်လုပ်ချင်တယ်ဆိုလို့ရှိရင် သဒ္ဓါရှိတဲ့လူနဲ့ပေါင်း၊ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို အာရုံပြု၊ သဒ္ဓါတရားရှိသည့်အတွက်ကြောင့် နတ်ဘဝရောက်သွားတဲ့ ပုဂ္ဂိုလ်တွေ story တွေဖတ်၊ ဖတ်ပြီးတဲ့အခါ အဲဒါနဲ့ ကိုယ့်စိတ်စွမ်းတွေ မြှင့်တင်ပေးရတယ်။ အဲဒါ သဒ္ဓါတရားမရှိသေးရင် ရှိအောင်လုပ်တဲ့နည်းက ဒါပဲ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီသဒ္ဓါတရားဟာ အင်မတန်မှ တန်ဖိုးရှိတယ်လို့ ဟောထားတယ်။ သဒ္ဓါတရားရှိအောင် ဆင်ခြင်စဉ်းစားရမယ်။ သဒ္ဓါတရားရဲ့တန်ဖိုးကို တာဝတိံသာနတ်ပြည်က နတ်တွေကတောင် ပိုသိတယ်လို့ပြောတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ သူတို့ရထားတဲ့ စည်းစိမ်တွေဟာ ဒီသဒ္ဓါစွမ်းအားကြောင့် ရထားတာကိုး။ တာဝတိံသာနတ်ပြည်မှာ နတ်သား နတ်သမီး စုတေတော့မယ်ဆိုတဲ့အခါမှာ သူက အခြေအနေလေးတွေ နိမိတ်ပြလာတယ်။ ဘယ်လိုနိမိတ်ပြတုန်းဆိုရင် သူတို့ဝတ်ထားတဲ့ အဝတ်ကလေးက နည်းနည်းနွမ်းလာတယ်၊ ဘယ်တော့မှ ဒိုဘီမပေးရဘူး။ တစ်ခါဝတ်ထားပေမယ့် အမြဲတမ်းစင်ကြယ်သန့်ရှင်းနေတယ်။ သူတို့ခန္ဓာကိုယ်က ညစ်ပတ်တာမရှိဘူး။ မရှိတော့ ဒီဇိုင်းလှလှဝတ်ချင်ရင်တော့လည်း ပြောင်းဝတ်မှာပေါ့။ သို့သော် သူတို့အနေနဲ့က အဝတ်ညစ်လို့လဲရတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။ ခေါင်းမှာပန်ထားတဲ့ ပန်းကလည်းပဲ အရောင်မကြိုက်လို့ လဲချင်လဲဦးမယ်၊ ပန်းက ဘယ်တော့မှညှိုးတာမရှိဘူးတဲ့။ နတ်ရဲ့ခန္ဓာကိုယ်ကလည်းပဲ ပူတာအိုက်တာမရှိတော့ ချွေးမထွက်ဘူး။ ယပ်တောင်လည်းမခတ်ရဘူး။

သို့သော် နတ်ဟာ သေတော့မယ်ဆိုလို့ရှိရင်တော့ ဒီအခြေအနေတွေပေါ်လာတယ်။ ခန္ဓာကိုယ်မှာ အသားအရည်လေးက နည်းနည်းညှိုးမှိန်လာတယ်၊ ချိုင်းကြားကချွေးတွေထွက်လာတယ်၊ ဝတ်ထားတဲ့ အဝတ်လေးကလည်း နွမ်းလာတယ်၊ ပန်းလေးတွေကလည်း ညှိုးလာတယ်ဆိုရင် ဒါက သူသေရတော့မယ်ဆိုတာ ပြတာ၊ ဒီအချိန်မှာ ဆေးရုံတက်လို့လဲမရတော့ဘူး၊ နတ်ပြည်မှာ ဆေးရုံလည်းမရှိဘူး။ အဲလိုဖြစ်ပြီဆိုရင် ဘာလုပ်ကြတုန်းဆိုတော့ အပေါင်းအသင်း နတ်သား နတ်သမီးတွေက သူ့ကိုဆွဲခေါ်သွားကြတယ်။ စိတ်ညစ်ပြီးတော့ မသေအောင်လို့ ဘယ်ခေါ်သွားတုန်းဆို သိပ်ပျော်စရာကောင်းတဲ့ နန္ဒဝန်ဥယျာဉ်ကြီးထဲ ခေါ်သွားတယ်။ အဲဒီဥယျာဉ်ကြီးထဲရောက်လို့ရှိရင် သေမယ့်နတ်တောင် မေ့မေ့သွားသတဲ့။ အဲဒီဥယျာဉ်ကလည်း ဒီလောက်လှတာ။ အင်မတန်မှလှတော့ အဲဒီထဲရောက်သွားရင် သူသေရမှာမေ့သွားပြီး ပျော်သွားတယ်။ အဲဒီထဲရောက်လို့ စိတ်ကလေးနည်းနည်းပျော်လာပြီဆိုရင် သူ့ကိုဝိုင်းပြောကြတယ်၊ “မင်းဘာမှမပူနဲ့၊ သုဂတိဘုံကိုရောက်အောင်သွား၊ ဟိုရောက်တဲ့အခါ အကောင်းဆုံးသော လာဘ်လာဘရအောင်ယူ၊ အဲဒီလာဘ်လာဘကို ခိုင်မြဲအောင် ကြိုးစား”ဆိုတဲ့ စကားသုံးခွန်းကို နတ်တွေကမှာလိုက်တယ်။

အဲဒီမှာ သုဂတိဘုံကိုသွားဆိုတာ မြတ်စွာဘုရားက နတ်တွေရဲ့ဆန္ဒအတိုင်း ရဟန်းတွေကို ရှင်းပြတာ၊ နတ်တွေက သုဂတိဘုံကိုသွားဆိုတာ တခြားပြောတာမဟုတ်ဘူးတဲ့၊ လူ့ပြည်သွားလို့ပြောတာ။ ခုခေတ်လူတွေကျတော့ စီးပွားရေးဖြစ်ချင်တော့ ဘယ်သွားလဲ၊ နိုင်ငံခြားသွား၊ ဘာဖြစ်လို့တုန်းဆို နိုင်ငံခြားမှာ ပိုက်ဆံပိုရမယ်လို့ ထင်တာကိုး။ မရတဲ့လူ ကုပ်ချောင်းကုပ်ချောင်း ပြန်ဝင်လာတာလဲရှိတယ်။ အဲဒီလို နတ်ပြည်က လူ့ပြည်ကိုသွားဆိုတာ နတ်တွေအဖို့ သုဂတိဘုံဆိုတာ လူ့ပြည်ပဲ။ ဘာဖြစ်လို့တုန်းဆို လူ့ပြည်ရောက်မှ ကုသိုလ်လုပ်လို့ရတာကိုး။ အဲဒါနဲ့ သုဂတိဘုံကိုသွား။

အကောင်းဆုံးသော လာဘ်ကိုယူဆိုတာ သဒ္ဓါ၊ မင်းသန္တာန်မှာ သဒ္ဓါတရား မရရအောင်လုပ်၊ မဖြစ်ဖြစ်အောင်ကြိုးစား၊ သဒ္ဓါတရားဖြစ်လာပြီဆိုလို့ရှိရင် အဲဒီသဒ္ဓါတရားပေါ်မှာ ခိုင်မာအောင်လုပ်ပါ။ အဲဒီလိုလုပ်ပြီဆိုလို့ရှိရင် မင်း နတ်ပြည်ပြန်ရောက်မှာ သေချာတယ်လို့ ဒီလိုမှာလိုက်ကြတာ။ အဲဒါ မြတ်စွာဘုရားဟောထားတဲ့ သုတ္တန်တစ်ခုရှိတယ်လေး၊ အဲဒီသုတ္တန်အရ ဘုန်းကြီးတို့ပြောတာ။ တကယ်လည်းပဲ နတ်တွေက အဲဒီလို သဒ္ဓါတရားရဲ့တန်ဖိုးကို သူတို့သိကြတယ်။ ဒါကြောင့်မို့ ဘုန်းကြီးတို့တစ်တွေ ခုချိန်မှာ သုဂတိဘုံလည်းရောက်နေတယ်၊ သဒ္ဓါတရားလည်း ရှိနေတယ်ဆိုတော့ ဒါတွေကို ကိုယ့်သန္တာန်မှာ တိုးတက်အောင် ကြိုးစားဖို့ပဲ အရေးကြီးတယ်။ သဒ္ဓါရှိသည့်အတွက်ကြောင့် ကုသိုလ်ကောင်းမှုတွေ များများရနေဖို့ပဲလိုတယ်။

နောက်တစ်ခု ဟီရိ၊ ဩတ္တပ္ပ၊ ဟီရိ၊ ဩတ္တပ္ပကို နတ်တွေက “ဒေဝဓမ္မ” လို့ခေါ်တယ်။ နတ်တွေကျင့်သုံးရတဲ့ တရား။ နောက် မြတ်စွာဘုရားက “လောကပါလ”တဲ့။ လောကကိုစောင့်ရှောက်တဲ့တရားလို့။ လောကလူတွေမှာ အရှက်နဲ့အကြောက်ဆိုတာ ရှိရတယ်။ အရှက်ဆိုတာ ကိုယ့်သိက္ခာကိုယ်ထိန်းတာ။ အကြောက်ဆိုတာ ပတ်ဝန်းကျင်ကိုလေးစားတာ။ ဒီလိုဆိုလိုတယ်။ ခုခေတ်လူတွေကတော့ အရှက်ဆိုတာ No၊ အကြောက်ဆိုတာကျတော့ I don't care ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတော့ ရှက်တာကြောက်တာတွေက ပျောက်ကုန်ပြီပေါ့။ အဲဒီတော့ အရှက်အကြောက်ဆိုတာ မရှိတော့ဘူး။ ဟီရိ၊ ဩတ္တပ္ပတွေ အနားယူသွားပြီ၊ ခေတ်မမီတော့ဘူး၊ ဒီလိုတွေဖြစ်လာတဲ့အခါကျတော့ ဆင်းရဲမှန်းမသိ ဆင်းရဲသွားပြီလေ။ ကုသိုလ်ရဖို့ တော်တော်ခက်သွားပြီ။

နောက်တစ်ခု ဝီရိယ၊ ဝီရိယဆိုတာ မနားမနေ စီးပွားရေးတော့ ကြိုးစားကြပါရဲ့၊ ဒီနေရာမှာ ကြိုးစားရမယ့် ဝီရိယက ဘာလဲလို့ဆိုရင် မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်ရလေအောင်၊ ဖြစ်ပြီးသား အကုသိုလ်တွေ ဖယ်ရှားနိုင်ဖို့ ကြိုးစားရမယ်။ မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်လာအောင်၊ ဖြစ်ပြီးသား ကုသိုလ်တွေ တိုးပွားအောင် ဆိုတဲ့ ဒီကြိုးစားမှု (၄) ရပ်ကို ဆိုလိုတယ်။

ပညာနဲ့ပတ်သက်လာတဲ့အခါကျတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို သိတာကအစ လောကမှာ လူဆိုတာ ရုပ်နာမ်ခန္ဓာ နှစ်ခုပေါင်းပြီးတော့ထားတာ။ သတ္တဝါဆိုတာ တကယ်မရှိဘူး၊ အထင်အမြင်မျှသာ ဖြစ်တယ်။ ရုပ်နဲ့နာမ် နှစ်မျိုးသာရှိတယ်။ အဲဒီ ရုပ်နာမ်နှစ်ခုဟာလည်းပဲ ဘယ်တော့မှမမြဲတဲ့အရာတွေဖြစ်လို့ အနိစ္စ-မမြဲမှုတွေ အမြဲကပ်ပြီးတော့ နှောင့်ယှက်နေလို့ ဒုက္ခ၊ ဒီလိုဖြစ်နေတာကို ကိုယ့်အနေနဲ့ ဘာမှလုပ်နိုင်စွမ်းမရှိသည့်အတွက်ကြောင့် အနတ္တဆိုတဲ့ သဘောတွေကို မြင်တဲ့ပညာမျိုး၊ ကိလေသာတွေကို ဖယ်ရှားပြီးတော့ တွယ်တာမှုတွေကို လျှော့ချနိုင်တဲ့ ပညာမျိုး၊ နောက်ဆုံးမှာ နိဗ္ဗာန်ကိုရှာတွေ့နိုင်တဲ့ပညာမျိုး၊ အဲဒီပညာမျိုးတွေရှိမှ၊ မရှိလို့ရှိရင် ခုနက အကောင်းဆုံးကြွေးကင်းခြင်းဆိုတဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ဘယ်ရမလဲ။ အဲဒီတော့ အကောင်းဆုံးဖြစ်တဲ့ ကြွေးကင်းခြင်းလို့ဆိုတဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ရဖို့ရာအတွက် ဘုန်းကြီးတို့တစ်တွေဟာ ဒီပညာဆိုတာရှိဖို့ လိုအပ်တာပါ။

ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ ဒီဦးတည်ချက် ကုသိုလ်တရားတွေနဲ့ ပညာလို့ဆိုသည်မှာ အဆင့်ဆင့်အဆင့်ဆင့် ပွားများ၊ လုပ်သင့်တာ မလုပ်သင့်တာ အခြေခံပညာ၊ လုပ်သင့်တာ မလုပ်သင့်တာကို ခွဲခြားသိတာ အခြေခံပညာ။ အဲဒီကနေ တဆင့်တက်သွားတယ်၊ ရုပ်နဲ့နာမ်ကိုသိတယ်၊ ရုပ်နဲ့နာမ်ရဲ့ သဘာဝကိုသိတယ်၊ နောက်ပြီးတော့ ရုပ်နဲ့နာမ် မမြဲတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကိုသိတယ်။ အဲဒီကနေ တဆင့်တက်ပြီးတော့ နောက်ဆုံးမှာ နိဗ္ဗာန်ကိုမြင်တယ်ဆိုတဲ့ ပညာသိအောင် ကိလေသာတွေကို ဖယ်ရှားပြီးတော့ နိဗ္ဗာန်ကိုတွေ့နိုင်တဲ့ ပညာမျိုးထိအောင်ရမှ နောက်ဆုံး အရဟတ္တမဂ်ဆိုတာကို ရပြီဆိုတဲ့အခါကျမှ ဒီကျမှ ကြွေးဆိုတာ လုံးဝကင်းသွားပြီ။ အဲဒီကြွေးကင်းတဲ့အဆင့်ထိအောင် ဘုန်းကြီးတို့တစ်တွေ ကြိုးစားအားထုတ်ကြရမှာ၊ အဲဒီကြွေးမကင်းဘဲနဲ့ ခုနကလို ဒါလိဒ္ဒိယ ဆင်းရဲမွဲတေမှု၊ ကုသိုလ်ရေးနဲ့ပတ်သက်တဲ့ ဆင်းရဲမွဲတေမှုတွေ ရှိနေပြီဆိုလို့ရှိရင် နောက်ဆုံးမှာ ငရဲဆိုတဲ့ အနှောင်အဖွဲ့၊ တိရစ္ဆာန်ဆိုတဲ့ အနှောင်အဖွဲ့နဲ့ သံသရာထဲမှာ နှောင်ကြိုးတုပ်ခံထားရလို့ လွတ်လမ်းမရှိတဲ့ အနေအထားမျိုး ရောက်သွားနိုင်တယ်။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်းတို့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ဒီ ဣဏသုတ္တန် တရားဒေသနာတော်ကို မှတ်သားနာယူကြပြီးတဲ့အခါမှာ လောကမှာ ပကတိစည်းစိမ်ဥစ္စာဓန မရှိရင် ပြဿနာမျိုးစုံ တက်လာတတ်သလိုပဲ ကုသိုလ်တရားတွေနဲ့ပတ်သက်ပြီး သဒ္ဓါ၊ ဟီရိ၊ ဩတ္တပ္ပ၊ ဝီရိယ၊ ပညာလို့ဆိုတဲ့ ဒီတရားတွေ မရှိလို့ရှိရင်လည်း ဆင်းရဲတူ မွဲတေမှုတစ်မျိုးပဲ။ ဒါကြောင့်မို့ တို့သန္တာန်မှာ ဆင်းရဲမွဲတေမှု မဖြစ်စေရအောင် ဒီတရားတွေ ကိုယ့်သန္တာန်မှာ ထူထောင်ပေးကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ဒီတရားတွေ ချမ်းသာကြွယ်ဝလာအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု ... သာဓု ... သာဓု

f0jtvwc0f4stjughm0cepebrwidzm8j
ဆဆက္က ဒေသနာနှင့် ဓမ္မဝိပဿနာ
0
6362
22096
2026-06-15T02:58:08Z
Tejinda
173
"{{header | title = ဆဆက္က ဒေသနာနှင့် ဓမ္မဝိပဿနာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဆင..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22096
wikitext
text/x-wiki
{{header
| title = ဆဆက္က ဒေသနာနှင့် ဓမ္မဝိပဿနာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဆင်းရဲမွဲတေမှု လျှော့ချရေး]]
| previous2 =
| next = [[]]
| next2 =
| year =
| notes =
| edition =
| categories = မြန်မာ တရားတော်များ
| shortcut =
| portal =

စာမျက်နှာ-၁
မှတ်တမ်း

သာသနာတော်နှစ်-၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ်-၁၃၇၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၃)ရက်၊ (၉-၁၁-၂၀၁၀) မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော် နှင့် တိုက်တန်းကြီး ဈေးသူဈေးသားများ၏ စုပေါင်းမဟာကထိန်တော် အထိမ်းအမှတ် အထူးတရားပွဲ၌ ဟောကြားအပ်သော “ဆဆက္က ဒေသနာနှင့် ဓမ္မဝိပဿနာ” တရားတော်။
ဆဆက္က ဒေသနာနှင့် ဓမ္မဝိပဿနာ
“ဆဆက္က ဒေသနာနှင့် ဓမ္မဝိပဿနာ” မြတ်စွာဘုရားကိုယ်တော်မြတ် ကိုယ်တော်တိုင် ဟောကြားထားတဲ့ သုတ္တန်တွေထဲမှာ “ဆဆက္ကသုတ်” ဆိုတာ ရှိတယ်။ ဆ ဆိုတာ (၆)မျိုး၊ ဆက္ကဆိုတာ (၆)ခု အစု၊ မြန်မာလိုပြောရင် ဆဆက္ကဆိုတာ ၆×၆ လီလို့ ဒီလိုပြောတာပဲ။ ဝိပဿနာတရား ရှုပွားဖို့အတွက် ၆ မျိုးလီသော တရားဓမ္မများကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဒီသုတ္တန်မှာ ရှင်းလင်းဟောကြားထားတယ်။ ၆×၆ လီ = ၃၆ ဆိုတာ တရားအမျိုးပေါင်း ၃၆ မျိုးကို ဝိပဿနာရှုဖို့အတွက် မြတ်စွာဘုရားက ဟောကြားထားတာ ဖြစ်တယ်။

စာမျက်နှာ-၂
ဒီသုတ္တန်ဟာ အလွန်ထူးခြားတဲ့ သုတ္တန်တစ်ခုလို့ ဒီလိုဆိုရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့တုန်း ဆိုလို့ရှိရင် ပထမဆုံး မြတ်စွာဘုရား ... ဒီသုတ္တန်ဟောပြီးတာနဲ့ တစ်ပြိုင်နက် တရားနာနေတဲ့ ရဟန်းတော်အပါး (၆၀) ဟာ အာသဝေါကင်းကွာ ရဟန္တာတွေ ဖြစ်သွားကြတယ်။ တရားနာရင်းပဲ ဝိပဿနာဉာဏ်တွေ အဆင့်ဆင့်တက်လို့ ထိုဝိပဿနာဉာဏ် ရင့်သန်လာတဲ့အခါ မဂ် ၄ ပါး ဖိုလ် ၄ ပါး အဆင့်ဆင့်တက်သွားပြီးတော့ ရဟန္တာပုဂ္ဂိုလ်တွေ ဖြစ်သွားကြတယ်။ တရားထူး တရားမြတ်ရတယ်ဆိုတာ ထူးခြားတဲ့ အသိဉာဏ်တွေ ရရှိသွားတာကို ပြောတာ၊ ပထမဆုံးဟောတဲ့ အကြိမ်မှာလည်း အပါး(၆၀) ရဟန္တာဖြစ်တယ်။

တရားဦးဖြစ်တဲ့ ဓမ္မစကြာတရားကို ဟောတုန်းက ပဉ္စဝဂ္ဂီ (၅)ပါး တရားနာကြတယ်။ အဲဒီတရားနာတဲ့ထဲက ရှင်ကောဏ္ဍညတစ်ပါးပဲ သစ္စာတရား သဘောပေါက်ပြီး အမှန်မြင်ခြင်းနဲ့ သံသယကင်းခြင်းဆိုတာ ရရှိပြီးတော့ ဓမ္မစက္ခုဆိုတဲ့ တရားမျက်စိကို လူသား

စာမျက်နှာ-၃
ထဲက တစ်ဦးတည်းပဲ သောတာပန်ဖြစ်တယ်။ အခု ဒီ ဆဆက္ကသုတ္တန် နာလိုက်တဲ့အဆုံးမှာတော့ ရဟန်းပေါင်း (၆၀) ရဟန္တာဖြစ်သွားကြတယ်။ ဒါကြောင့်မို့လို့ ထူးခြားတဲ့ သုတ္တန်တစ်ခုလို့ ဆိုရမှာပါ။ ဒါတင်လားလို့ဆိုတော့ ဒီသုတ္တန်ကို အကြိမ်ကြိမ် အထပ်ထပ် ဟောခဲ့တယ်ဆိုတာ အဋ္ဌကထာမှာ မှတ်တမ်းတင်ထားတာရှိတယ်။ ရှင်သာရိပုတ္တရာလည်း ဟောတယ်၊ ရှင်မဟာမောဂ္ဂလာန်လည်း ဟောတယ်၊ ရှင်အာနန္ဒာ စတဲ့ ရဟန္တာတွေလည်းပဲ ဟောကြတယ်။ ဟောတိုင်းဟောတိုင်း ဒီသုတ္တန်ကို နာပြီးရင် ရဟန္တာအပါး (၆၀) စီ တရားထူးတရားမြတ် ရသွားကြတယ်လို့ မှတ်တမ်းမှာ ဒီလိုဆိုထားတယ်။ ဒါ ထူးခြားချက်တွေပဲပေါ့နော်။ ဒါက မြတ်စွာဘုရားလက်ထက်က မှတ်တမ်း။

အသီတိ မဟာသာဝက။ မြတ်စွာဘုရားရဲ့ လက်ရွေးစင် မဟာသာဝကလို့ခေါ်ရတဲ့ တပည့်ကြီးဟာ အပါး(၈၀) ရှိတယ်၊ ယေဘုယျအားဖြင့် အဲဒီထဲမှာပါတဲ့

စာမျက်နှာ-၄
အပါး (၈၀) ထဲမှာပါတဲ့ ရဟန္တာတွေဟာ ဒီသုတ္တန်ကို ဟောဖူးကြတယ်၊ ဟောတိုင်းဟောတိုင်းလည်း တရားထူး တရားမြတ်တွေ ရသွားကြတယ်ဆိုတာ အဋ္ဌကထာမှာ ရေးထားတယ်။ အဋ္ဌကထာဆိုတာ tradition ပဲ၊ tradition ဆိုတာ အစဉ်အလာ မှတ်တမ်းအနေနဲ့ ပြောသွားတာပေါ့၊ သူထင်ရာရေးတာတော့ မဟုတ်ဘူး။ အဋ္ဌကထာဆိုသည်မှာ ဘုရားဟောတဲ့ တရားတွေကို မြတ်စွာဘုရား လက်ထက်မှာပဲ ဘုရားကိုယ်တိုင်ရှင်းပြတာရှိတယ်၊ ရှင်သာရိပုတ္တရာတို့က ရှင်းပြတာရှိတယ်၊ ရှင်အာနန္ဒာ ရှင်းပြတာရှိတယ်။ အဲဒီလို အသေးစိတ် အနက်အဓိပ္ပါယ်ကို ရှင်းလင်းပြသတယ်၊ ဒီရှင်းလင်းချက်တွေဟာ နောက်ပိုင်းကျတော့ အဋ္ဌကထာလို့ ဖြစ်လာတာ။ အဋ္ဌကထာဆိုတာ အနက်ကို ဖွင့်ဆိုပေးတာ၊ အဲဒီအဋ္ဌကထာဟာ မူလအဋ္ဌကထာ၊ အင်မတန်မှ ကျယ်လို့ မဟာအဋ္ဌကထာတဲ့၊ ပထမဆုံးက မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားဓမ္မတွေကို ဖွင့်ဆိုတာ။

စာမျက်နှာ-၅
ဒီ မဟာအဋ္ဌကထာကို အသောကမင်းကြီး လက်ထက်မှာ သားတော် ရှင်မဟာမဟိန္ဒက သီဟိုဠ်ကျွန်းကို ယူသွားတယ်၊ သီဟိုဠ်ရောက်သွားတဲ့အခါကျတော့ အဲဒီ မဟာအဋ္ဌကထာတွေကို ဘာသာပြောင်းပြီးတော့ သီဟိုဠ်ဘာသာနဲ့ ရေးထားတယ်လို့ဆိုတယ်။ အဲဒီ သီဟိုဠ်ဘာသာနဲ့ ရေးထားတဲ့ မဟာအဋ္ဌကထာကို အိန္ဒိယနိုင်ငံသား ရှင်မဟာဗုဒ္ဓဃောသက လေ့လာသင်ယူပြီးတဲ့အခါမှာ ပါဠိဘာသာနဲ့ ပြန်ပြီးတော့ အကျဉ်းချုံးပြီးတော့ ရေးထားတယ်၊ ဒီကနေ့ခေတ်မှာ သုံးထားတာ အကျဉ်းချုံးထားတဲ့ အဋ္ဌကထာပဲ။ အကျဉ်းချုံးတယ် ဆိုပေမယ့်လို့ လိုရင်းအဓိပ္ပါယ်တွေတော့ အကုန်လုံးပါတယ်၊ ထပ်တလဲလဲလာတဲ့ repetition တွေတော့ ရှောင်တာပေါ့။ ထပ်တလဲလဲ ဖွင့်ဆိုချက်တွေကို ချန်ထားခဲ့ပြီးတော့ အရေးကြီးတဲ့ အချက်တွေ ထည့်သွင်းပြီးတော့ စပ်ဆိုင်ရာ စပ်ဆိုင်ရာ မှတ်တမ်းလေးတွေပါ ထည့်ပြီးတော့ ပြောသွားတာ။

စာမျက်နှာ-၆
ရှင်မဟာဗုဒ္ဓဃောသက သီဟိုဠ်ကျွန်းမှာ သူကိုယ်တိုင်က ရေးတဲ့ ကျမ်းစာထဲမှာ ရှင်းရှင်းလေးပဲ ပြောခဲ့ပါတယ်။ သူဟာ ရှေးဟောင်းအဋ္ဌကထာကို ဘာသာပြောင်းတာပါတဲ့။ ဘာသာပြောင်းပြီးတော့ ထပ်တလဲလဲလာတာတွေကို သူ ချိုးရုံချုံးပြီးတော့ ရေးတာပါတဲ့၊ သူ့အနေနဲ့ ထည့်ချင်ရာထည့် ရေးချင်ရာရေးတာ တစ်ခုမှမလုပ်ဘူး။ ဒါကြောင့်မို့လို့ အဋ္ဌကထာတွေကို သေချာလေ့လာကြည့်တဲ့အခါ ရှင်မဟာဗုဒ္ဓဃောသက ရှေးဟောင်း အဋ္ဌကထာတွေနဲ့ မတူညီတဲ့ အတွေးတွေ သူ့သန္တာန်မှာ ရှိလာပြီဆိုလို့ရှိရင် စကားလေးခံပြီးတော့ ရေးတယ်၊ "... အဋ္ဌကထာမှာတော့ ဒီအတိုင်းဆိုတယ်။ ဒါပေမယ့် သူ့ထင်မြင်ချက်တော့ ဒီအတိုင်းရှိပါတယ်" လို့ဆိုပြီး တလေးတစား ဖော်ပြတယ်။ အနောက်တိုင်းက လူတွေက အဋ္ဌကထာဟာ ဘုရားဟောတာ မဟုတ်ဘူး၊ နောက်ပိုင်းမှ ပေါ်လာတာ ဆိုပြီးတော့ မလေးမစား ပြောကြတယ်ပေါ့။ သို့သော် မြန်မာနိုင်ငံမှာတော့ အဋ္ဌကထာဋီကာဆိုတာ

စာမျက်နှာ-၇
အလွန်လေးစားတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ အဋ္ဌကထာ ဋီကာ မပါဘဲနဲ့ တချို့ဟာတွေ အဓိပ္ပါယ်မဖော်နိုင်ဘူး။ အဋ္ဌကထာ ဋီကာ ကြည့်ပြီးမှသာ အဓိပ္ပါယ်ဖော်ရတယ်။

အေး- အနောက်တိုင်း စာရေးဆရာတချို့က အဋ္ဌကထာတွေဟာ၊ အဋ္ဌကထာထဲကအဆို ဆိုလို့ရှိရင် သူတို့က လက်မခံချင်ဘူး၊ အဲဒီလိုပုဂ္ဂိုလ်မျိုးနဲ့ ကြုံလို့ရှိရင်တော့ ဘုန်းကြီးတို့က ရှင်းပြရတယ်၊ အဋ္ဌကထာ လက်မခံဘူးဆိုရင် အဋ္ဌကထာ ဘယ်နှစ်အုပ် ဖတ်ဖူးလို့လဲ၊ ဖတ်ပြီးတဲ့အခါမှာ ဒီအချက် ဒီအချက်ဖြင့် မမှန်ဘူး၊ ဒီအချက် ဒီအချက်တော့ လက်မခံနိုင်ဘူးလို့ ပြောရင် ဒါရတယ်။ အဲဒီလိုမပြောဘဲနဲ့ လုံးပြီးတော့ ပြောတာကျတော့ ဒါ သဘာဝမကျဘူးပေါ့။ အဲတော့ အဋ္ဌကထာဆိုတာကို မဖတ်ဖူးဘဲနဲ့ အပြစ်ပြောနေတဲ့ ပုဂ္ဂိုလ်တွေရှိတယ် အများကြီး၊ ဒါ သတိထားစရာကို ပြောပြတာနော်၊ စာပေဆိုတာ လေ့လာတဲ့အခါ အလွန်သတိထားရတယ်ပေါ့။ အဋ္ဌကထာထဲမှာ မှားပြီးတော့

စာမျက်နှာ-၈
ရေးတာလည်း ရှိကောင်းရှိနိုင်တယ်၊ ဒါပေမယ့် တချို့ဟာတွေက အရေးကြီးတဲ့ဟာတွေ မဟုတ်ဘူး၊ history တော့ နည်းနည်းမှားချင်မှားမယ်၊ ပါဠိနဲ့ပတ်သက်ပြီး တချို့မူကွဲတွေရှိလို့ သူတွေ့တဲ့မူနဲ့ နောက်ထပ်တွေ့တဲ့မူ မတူတာလေးတွေ ဒီလိုဖွင့်ဆိုတာတော့ ရှိကောင်းရှိနိုင်တယ်ပေါ့။ ဒါ အင်မတန်နည်းပါးတယ်။ သို့သော် ရှင်မဟာဗုဒ္ဓဃောသက ရှေးဟောင်းအဋ္ဌကထာကို သူအကျဉ်းချုံးပြီးတော့ ဘာသာပြန်ရုံ ပြန်တာပါလို့ သူပြောသွားတယ်၊ လေးစားထိုက်တဲ့ဟာပေါ့။

အဲတော့ ဆဆက္ကသုတ်နဲ့ ပတ်သက်ပြီးတော့ သီဟိုဠ်ကျွန်းက အကြောင်းအရာတွေကိုလည်း ထည့်သွင်းပြီးတော့ ရေးထားတယ်၊ သီဟိုဠ်ကျွန်းမှာ မလိယဒေဝမထေရ်ဆိုတဲ့ မထေရ်တစ်ပါးရှိတယ်၊ စာတတ်ပေတတ် ရဟန္တာပုဂ္ဂိုလ်၊ အဲဒီ ရဟန္တာပုဂ္ဂိုလ်က ဟောဒီ ဆဆက္ကသုတ်ကို နေရာပေါင်း ၆၀-မှာ အကြိမ်ပေါင်း ၆၀ သူ ဟောခဲ့တယ်၊ ဟောတိုင်းဟောတိုင်း ရဟန်း ၆၀၊ ရဟန်း ၆၀ ကျွတ်တမ်းဝင်

စာမျက်နှာ-၉
တယ်လို့ စာထဲမှာ ဒီလိုမှတ်ထားတယ်။ အဲတော့ ဒီသုတ္တန်က ဒီမှတ်တမ်းတွေကို ကြည့်လိုက်တဲ့အခါ တော်တော်ထူးခြားတဲ့ သုတ္တန်တစ်ခုဖြစ်တာ တွေ့ရတယ်။

ဆဆက္က ၆×၆ လီ၊ ဒီနာမည်က မြတ်စွာဘုရား ကိုယ်တိုင်ပေးထားတာ၊ တချို့သုတ္တန်တွေက မြတ်စွာဘုရားပေးတဲ့နာမည် မဟုတ်ဘူး၊ နောက်ပိုင်း သံဂါယနာတင်တဲ့ မထေရ်တွေ နာမည်ပေးသွားတာ၊ အဲဒီထဲက စကားလုံးတစ်ခုကို ကြည့်ပြီးတော့ နာမည်ပေးသွားတာ။ ဟောဒီသုတ်ရဲ့ ထူးခြားချက်ကတော့ ဆဆက္က ဆိုတဲ့ နာမည်က ဘုရားကိုယ်တိုင်ပေးတာ၊ မြန်မာလိုပြောရင် ၆×၆ လီလို့ ပြောလိုက်တာပဲ၊ ဆ ဆိုတာ ၆၊ ဆက္က ဆိုတာ ၆ ခု အစု၊ ၆ ခု အစု ၆ မျိုး ဆိုတာ ၆×၆ လီ၊ အမျိုးအစားပေါင်း ၃၆ မျိုး၊ ဝိပဿနာရှုနည်း ရှုကွက်တွေကို မြတ်စွာဘုရားက အသေးစိတ် ဒီသုတ္တန်မှာ ဟောထားတယ်။

စာမျက်နှာ-၁၀
ဒီသုတ္တန် အစချီထားပုံက တော်တော်ထူးတယ်၊ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ ဘယ်တရားပဲဖြစ်ဖြစ် အားလုံးကို ခြုံပြီးတော့ ပြောမယ်ဆိုရင် အာဒိကလျာဏ အစမှာလည်း ကောင်းတယ်၊ မဇ္ဈေကလျာဏ အလယ်မှာလည်း ကောင်းတယ်၊ ပရိယောသာနကလျာဏ အဆုံးသတ်လည်း ကောင်းတယ်။ တချို့ဟာတွေက အစကောင်းပေမယ့် အလယ်မှာ ညံ့သွားတာရှိတယ်၊ သို့မဟုတ် အဆုံးသတ်မှာ ညံ့သွားတာရှိတယ်။ မြတ်စွာဘုရား တရားတော်တွေကတော့ အဲဒီလိုမဟုတ်ဘူး၊ စတာလည်း ကောင်းတာပဲ၊ အလယ်မှာလည်း ကောင်းတာပဲ၊ အဆုံးသတ်လည်း ကောင်းတယ်၊ ဒါတင်မကဘူး အနက်အဓိပ္ပါယ်ကလည်း အင်မတန်မှ ပြည့်စုံတယ်တဲ့၊ “သာတ္ထသ ဗျဉ္ဇန” စကားလုံးလည်း ကြွယ်ဝတယ်၊ ပြည့်ပြည့်စုံစုံ သုံးပြထားတယ်၊ ကေဝလပရိပုဏ္ဏ လိုလေသေးမရှိဘူး၊ ဘက်စုံက ပြည့်ပြည့်စုံစုံ ဟောထားတာဖြစ်တယ်၊ ပရိသုဒ္ဓ တကယ့်ကို ရှင်းလင်းပြတ်သားတယ်၊ စင်ကြယ်တယ်၊

စာမျက်နှာ-၁၁
ဗြဟ္မစရိယ ဒီထဲမှာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း အကျင့်မြတ်ကိုလည်းပဲ ထုတ်ဖော်တင်ပြထားတယ်တဲ့၊ ဒီသုတ္တန်နဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက အစမှာတင်ပဲ အဲဒီလို ဂုဏ်ရည်တွေနဲ့ ပြည့်စုံကြောင်း ရှင်းပြတယ်။ သူဟောမယ့် တရားဟာ အစမှာလည်း ကောင်းတယ်၊ အလယ်မှာလည်း ကောင်းတယ်၊ အဆုံးမှာလည်း ကောင်းတယ်၊ အနက်အဓိပ္ပါယ်နဲ့လည်း ပြည့်စုံတယ်၊ စကားလုံးတွေလည်း ကြွယ်ဝတယ်၊ လုံးဝ ပြည့်စုံပြီး စင်ကြယ်သန့်ရှင်းတဲ့ အကျင့်မြတ်ကိုလည်းပဲ ဖော်ပြထားတယ်လို့ ဒီ ဆဆက္ကသုတ်မှာ ကိုယ်တော်တိုင် ထုတ်ဖော်ပြီးတော့ ဟောထားတာ၊ ဒါလည်း ထူးခြားချက်တစ်ခုပဲပေါ့၊ တခြားသုတ်တွေမှာ ဒီလိုပါတာ တစ်နေရာမှ မတွေ့ရဘူး။

အေး- အဲဒီမှာ ၆×၆ လီ ဆိုတာ ဘာပြောတာလဲ၊ ဒီ ၆×၆ လီ ဆိုတဲ့ သဘာဝတရားတွေဟာ လူတိုင်းလူတိုင်းရဲ့ သန္တာန်မှာရှိတဲ့ တရားတွေချည်းပဲ၊ တခြားမှာ သွားရှာရမယ့် တရားတွေ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့

စာမျက်နှာ-၁၂
မြတ်စွာဘုရားဟောတဲ့ တရားဟာ သတ္တဝါတွေနဲ့ လူတွေနဲ့ အနီးစပ်ဆုံးတရားပဲ၊ ဒီကနေပြီးတော့ မမြင်နိုင်တာတွေကို ကျော်ပြီးတော့ တွေးစရာမလိုဘူး၊ လောကမှာ ဘာသာတရားတွေကို စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် ဟောပြောတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲလို့ လိုက်ရှာလိုက်လို့ရှိရင် ဟိုလိုလို ဒီလိုလို ဖြစ်သွားတယ်၊ သေချာရေရာခြင်း မရှိဘူး။ မြတ်စွာဘုရားဟောတဲ့ တရားကျတော့ အဲလိုမဟုတ်ဘူး၊ ဟောတဲ့ပုဂ္ဂိုလ် သေချာရှိတယ်၊ ပြီးတော့ ဒီဟောတဲ့ပုဂ္ဂိုလ်ကလည်းပဲ ဟိုနတ်က လာပြောသွားသလိုလို၊ မမြင်ရတဲ့ တန်ခိုးကြီးတဲ့ အရာကနေ လာပြီးတော့ ပြောသွားသလိုလို ဒီလိုဟာမျိုး မရှိဘူး။ “သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေမိ” တဲ့။ မြတ်စွာဘုရားက "ငါကိုယ်တိုင်သိ၊ သိပြီးတဲ့အခါမှာ ကိုယ်တိုင်လက်တွေ့လုပ်ပြီးမှ ပြောတာပါ" တဲ့၊ ဘယ်လောက်သေချာတုန်း။ မြတ်စွာဘုရား ဟောတဲ့တရားက ကိုယ်တိုင်ကျင့်သုံးတယ်၊ ကိုယ်တိုင်

စာမျက်နှာ-၁၃
သိတယ်၊ ကိုယ်တိုင်သိပြီး ကိုယ်တိုင်လက်တွေ့ကျင့်သုံးပြီးမှ ဟောတဲ့တရား၊ စိတ်ချရတယ်။

တရားကို ဘုရားသာသိတယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ မသိနိုင်ဘူးလို့ ... ဒီလိုပြောလို့မရဘူး၊ သန္ဒိဋ္ဌိကော- လုပ်ကြည့်တဲ့လူတိုင်း သိရမယ်၊ ဧဟိပဿိကော- စမ်းကြည့်ဆိုတာ ဖိတ်ခေါ်ပြီးပြရတဲ့တရား၊ အင်မတန်မှ သေချာတယ်၊ တခြားဟာတွေ ဆိုလို့ရှိရင်တော့ ဟိုလူက ပြောသွားတာလိုလို၊ ဒီလူက ပြောသွားတာလိုလို၊ ဟိုနားမှာ ရေးထားခဲ့သလိုလို ဒီနားမှာ ရေးထားခဲ့သလိုလိုနဲ့ သလိုလိုနဲ့ပဲ ပြီးသွားတဲ့တရားမျိုး၊ မြတ်စွာဘုရားတရားက အဲလိုမဟုတ်ဘူး၊ သူကိုယ်တိုင်သိပြီးတော့ ဟောတဲ့တရား၊ tradition လို့ခေါ်တဲ့ အစဉ်အလာကို ဟောတာလည်းမဟုတ်ဘူး၊ ကိုယ်တိုင်သိပြီး ဟောတာ၊ အင်မတန်မှ သဘာဝကျတယ်။ ပြီးတော့ တကယ်လည်း ကျင့်တဲ့ပုဂ္ဂိုလ်တွေ လူတိုင်းလူတိုင်းလည်း သိနိုင်တယ်။ မသိနိုင်လောက်အောင် ရှည်ရှည်ဝေးဝေးကို လှမ်းပြီးတော့ တွေးခိုင်းတာလည်း မပါဘူး၊

စာမျက်နှာ-၁၄
ဒီထဲမှာကြည့်၊ ဆဆက္က ၆×၆ လီ ဆိုတာ ၆ ခုကို အစု ၆ မျိုးနဲ့ မြတ်စွာဘုရားက ဟောထားတာ၊ အင်မတန်မှ ရိုးရိုးလေးရယ်။

ဘုန်းကြီးတို့ တရားချစ်ခင် သူတော်စင်ပရိသတ်တို့ရဲ့ ကိုယ်ပိုင် ကိုယ့်သန္တာန်မှာရှိတဲ့ အရာတွေချည်းပဲ အားလုံးဟာ။ ပထမ ၆ ခုက ဘာလဲလို့ဆိုရင် စက္ခု သောတ ဃာန ဇိဝှါ ကာယ မန အဇ္ဈတ္တိအာယတန ၆ ပါး လို့ခေါ်တယ်၊ အာယာတန ဆိုတာ base စိတ်ရဲ့ အခြေခံတွေလို့ ဆိုလိုတာ။ mental base စိတ်ရဲ့ အခြေခံ စိတ်ဖြစ်ရာဌာန၊ ဆိုပါစို့- မျက်စိရှိတယ်၊ နားရှိတယ်၊ နှာခေါင်းရှိတယ်၊ လျှာရှိတယ်၊ ကိုယ်ရှိတယ်၊ စိတ်ရှိတယ်၊ အဲဒါတွေဟာ အသိစိတ်တွေရဲ့ ဖြစ်ပွားရာ base တွေ၊ ဒါကြောင့်မို့လို့ အာယတနလို့ခေါ်တာ၊ အာယတန ဆိုတာ base ပဲ၊ အဲဒီမှာ မှီပြီးတော့ဖြစ်တာ၊ ဆိုပါစို့ မီးဆိုတာ ဘယ်မှာမှီပြီး ဖြစ်သလဲ၊ ဖယောင်းတိုင်မီးက မီးစာနဲ့ ဖယောင်းဆီကို မှီပြီးတော့ဖြစ်တာပဲ၊ ထင်းမီးဆိုတာ ထင်းကိုမှီပြီးတော့ဖြစ်တာပဲ၊ မှီစရာရှိရတယ်

စာမျက်နှာ-၁၅
ပေါ့၊ ဒါကြောင့် ဒီ မျက်စိဆိုတာက (စာလိုပြောရင်တော့ စက္ခုပသာဒရုပ်ကပေါ့လေ) သို့သော်လည်း အရပ်ပြောပဲ ပြောတာပေါ့၊ မျက်စိဆိုတာ ရှိသည့်အတွက်ကြောင့် မြင်သိတဲ့စိတ်ဖြစ်လာတယ်၊ အဲဒီ မြင်သိတဲ့စိတ်က ဘယ်မှာဖြစ်လာတာတုန်းဆိုတော့ မျက်လုံးမှာ ဖြစ်တာ၊ မျက်လုံးမရှိတဲ့ပုဂ္ဂိုလ်ဟာ မြင်သိစိတ် မဖြစ်နိုင်တော့ဘူး၊ မျက်လုံးပျက်စီးသွားပြီဆိုရင် မြင်သိစိတ်

မလာတော့ဘူး။

မြင်ပြီးတော့ သိတယ်ဆိုတာ ကြားပြီးတော့သိတာနဲ့လည်း တခြားစီပဲ၊ နံပြီးတော့သိတာနဲ့လည်း တခြားစီပဲ၊ လျက်ပြီး သိတာနဲ့လည်း တခြားစီပဲ၊ လိပြီး သိတာနဲ့လည်းပဲ တခြားစီပဲ၊ တွေးပြီးတော့ သိတာနဲ့လည်း တခြားစီပဲ၊ မတူဘူး။ ဒါကြောင့် မြင်သိစိတ်ကလေးရဲ့ မှီရာကို စက္ခာယတနလို့ခေါ်တယ်၊ အဲဒီ စက္ခာယတန ဆိုတာ ဘာတုန်းဆိုရင် မျက်စိထဲမှာရှိတဲ့ သူငယ်အိမ်လေးပေါ့လေ၊ ဗမာလိုပြောလို့ရှိရင် သူငယ်အိမ် အရိပ်လာထင်တဲ့ အကြည်ဓာတ်ကလေးနေရာ၊ အဲဒါကို

စာမျက်နှာ-၁၆
စက္ခုပသာဒရုပ်လို့ ခေါ်တာပေါ့။ ပသာဒ အကြည်လို့ ဆိုတာဟာ မျက်စိကျတော့... အကြည်ဟုတ်တယ်၊ နားကျတော့ ဘယ်လိုပြောမလဲ၊ နှာခေါင်း ဘယ်လိုလုပ်ပြောမလဲ၊ ပသာဒဆိုတဲ့ အဓိပ္ပါယ်က အပြင်ဘက်က အာရုံတွေ ထင်ဟပ်နိုင်တဲ့ နေရာလို့ ဒီလိုဆိုလိုတာ၊ ဒါကြောင့်မို့ အင်္ဂလိပ်လို ပြန်တဲ့အခါ sensitive လို့ပဲ ပြန်တယ်၊ sensitive အာရုံကို ရယူနိုင်တဲ့ နေရာတွေပေါ့၊ အာရုံတွေ ပေါ်လာနိုင်တဲ့နေရာ။

အဲတော့ ဘုန်းကြီးတို့တတွေ လူလို့ခေါ်နေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်၊ မြင်သိစိတ်ပေါ်တဲ့ မျက်စိဆိုတာရှိတယ်၊ အသံကိုကြားတဲ့ နားဆိုတာရှိတယ်၊ အနံ့ကို ရရှိနိုင်တဲ့ နှာခေါင်းဆိုတာရှိတယ်၊ အရသာကို သိနိုင်တဲ့ လျှာဆိုတာရှိတယ်၊ အရသာ ထိတွေ့ရမယ့် နေရာရှိတယ်၊ ခန္ဓာကိုယ်ထိလို့ သိရမယ့်နေရာ အထိ အာရုံလာပြီးတော့ ထိမယ့်နေရာ၊ အတွေးစိတ်တွေရဲ့ ဖြစ်ပေါ်လာမယ့်နေရာ။ ဟော- ကြည့်လိုက်တဲ့အခါကျတော့ sense လို့ခေါ်တဲ့ အာရုံခံတဲ့ ပစ္စည်းတွေ၊

စာမျက်နှာ-၁၇
အာရုံခံတဲ့သဘာဝတွေဟာ ဘုန်းကြီးတို့တတွေမှာ ရှိနေတယ်၊ မျက်စိ နား နှာ လျှာ ကိုယ် စိတ် အဲဒါကို အတွင်းအာယာတန ၆-ပါးလို့ခေါ်တယ်။ အဲဒီအတွင်း အာယတန ၆-ပါးကို အခုလိုသင်ပြီး သိတဲ့အသိမျိုး မဟုတ်ဘဲနဲ့ တကယ့်ကို သဘာဝစိုက်ထိပြီးတော့ သိရမယ်လို့ မြတ်စွာဘုရားက “ဆအဇ္ဈတ္တိကာယတနာနိ ဝေဒိတဗ္ဗာနိ” နံပါတ်(၁) ၆ ခုက အဲဒါ ဒီ ၆ ခုအစု။ ဒါဝိပဿနာရှုတော့မယ်ဆိုရင် ဘုန်းကြီးတို့တတွေ

မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတာ သိရမယ်တဲ့။ အာရုံပြုကြည့်လိုက်လို့ရှိရင် ကိုယ့်သန္တာန်မှာ ဒီသဘာဝတရားတွေ ရှိနေတယ်ဆိုတာ သိရမယ်။ သင်ထားလို့ သိတဲ့အသိက တစ်မျိုး၊ ဝိပဿနာနဲ့သိတဲ့ အသိက တစ်မျိုး။

ကောင်းပြီ- နောက် ၆ ခုက ဘာလဲလို့ဆိုလို့ရှိရင် အဲဒီမျက်စိမှာ လာပြီးတော့ ထင်ဟပ်တာ ရူပါရုံလို့ခေါ်တယ်။ အဆင်းအာရုံက မျက်စိကို လာပြီးတော့ ထင်ဟပ်တာ၊ ရူပလို့ ပါဠိလိုသုံးတယ်၊ အဲဒီ ရူပဟာ

စာမျက်နှာ-၁၈
တချို့ကပြောတယ် colour လား form လား၊ ပုံသဏ္ဌာန်လား အရောင်လားလို့ဆိုရင် ဓမ္မသင်္ဂဏီပါဠိတော်အတိုင်း ပြောရမယ်။ အဲဒီမျက်စိမှာ လာထင်ဟပ်တာ colour လည်း ဟုတ်တယ်၊ ပုံသဏ္ဌာန်လည်း ဟုတ်တယ်။ ၂-မျိုးလုံးကိုပဲ မြတ်စွာဘုရားက ဆိုလိုတယ်။ မျက်စိမှာလာပြီးတော့ ထင်ဟပ်တဲ့အရာတစ်ခု၊ မျက်စိမှာထင်တဲ့ဟာက နားမှာလာမထင်ဘူး၊ တစ်ခုတစ်မျိုးစီ မတူညီဘူး။ မျက်စိမှာလာထင်တဲ့ဟာက ရူပါရုံ အဆင်းအာရုံ၊ ဒါတွေက ဘယ်သူကမှ ဖန်တီးတာမဟုတ်ဘူး၊ သတ္တဝါတွေမှာ ... ဒါတွေရှိနေတာတွေပဲ ဖြစ်တယ်။ မျက်စိမှာထင်လာတဲ့အာရုံ၊ အဲဒါကို “ဗာဟိရာယတန” လို့ခေါ်တယ်။ အဆင်းရယ် ... အသံရယ် အနံ့ရယ် အရသာရယ် အထိအတွေ့ရယ် စိတ်ကူးထဲမှာ ပေါ်လာတဲ့ အာရုံတွေရယ်၊ စိတ်ကူးထဲမှာ ပေါ်လာတဲ့ အာရုံတွေကို ဓမ္မအာရုံလို့ ဒီလိုခေါ်လိုက်တာ။ ဓမ္မဆိုတဲ့ စကားလုံးကို သုံးလိုက်တာ။ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံလို့ စာမှာ ဒီလိုသုံးတာပေါ့။ အဲဒါက

စာမျက်နှာ-၁၉
ဗာဟိရာယတနလို့ ခေါ်တယ်၊ အပြင်အခြေခံတွေလို့ ဒီလိုပြောတာ။

ဟုတ်တာပေါ့၊ ဘုန်းကြီးတို့တတွေမှာ မျက်စိရှိတယ်၊ မျက်စိရှိလို့ မြင်စရာတွေမြင်တယ်၊ နားရှိတယ် နားရှိတော့ ကြားစရာတွေကြားတယ်၊ နှာခေါင်းရှိတယ် အနံ့တွေရတယ်၊ လျှာရှိတယ် ချို ချဉ် ငံ စပ် အရသာတွေ သိရတယ်၊ ခန္ဓာကိုယ်ရှိတယ် ... ပူတယ် အေးတယ် မာတယ် ပျော့တယ် ဟော-သိရတယ်၊ တွေးပြီးတော့ ကြည့်ရတဲ့အာရုံတွေကို သိရတယ်၊ ဟော- ဒါတွေက သူများသွားမေးစရာလည်း မလိုဘူး၊ သန္ဒိဋ္ဌိကော ကိုယ်တိုင်သိနိုင်တဲ့ဟာတွေချည်းပဲ။ ဟော- ဒုတိယ ၆ မျိုးက အဲဒီအပြင်က အာရုံ ၆ မျိုးကို ပြောတာ။ နောက်တစ်ခုက ဘာလဲလို့ဆိုလို့ရှိရင် “ဆ ဝိညာဏကာယ” တဲ့၊ ဝိညာဏ်အစုကလည်း ၆ မျိုးရှိတယ်တဲ့။ ဘာလဲလို့ရှိရင် စက္ခုဝိညာဏ် မြင်သိစိတ်၊ သောတဝိညာဏ် ကြားသိစိတ်၊ ဃာနဝိညာဏ် နံသိစိတ်၊ ဇိဝှါဝိညာဏ် လျက်သိစိတ်၊ ကာယဝိညာဏ်

စာမျက်နှာ-၂၀
ထိသိစိတ်၊ မနောဝိညာဏ် ကြံတွေးသိစိတ်လို့ ဟော ဝိညာဏ်ကလည်း ၆ မျိုးရှိတယ်၊ သူ့ဟာနဲ့သူပဲ အစဉ် ၆ မျိုး၊ ဒါ တတိယ ၆ မျိုး။

နောက် စတုတ္ထ(၆)မျိုးက ဘာရှိတုန်းဆိုတော့ ဒီဝိညာဏ်ဖြစ်လာတဲ့အခါမှာ ဘာပါလာတုန်းဆိုတော့ အာရုံနဲ့စိတ်နဲ့တွေ့တာ ပါလာတယ်။ ထိတွေ့မှ ထင်ထင်ရှားရှား ဖြစ်ပေါ်လာတယ် ဖဿ၊ “ဆ ဖဿကာယာ” ထိတွေ့မှု ၆ မျိုးတဲ့၊ ထိတွေ့မှု ၆ မျိုးက စက္ခုသမ္ဖဿ မျက်စိမှာ ထင်ဟပ်လာတဲ့ အာရုံနဲ့စိတ်နဲ့တွေ့တယ်၊ နားမှာ ထင်ဟပ်လာတဲ့ အာရုံနဲ့စိတ်နဲ့တွေ့တယ်၊ နှာခေါင်းမှာ ထင်လာတဲ့ အာရုံနဲ့စိတ်နဲ့တွေ့တယ်၊ လျှာမှာ ထင်လာတဲ့ အာရုံနဲ့စိတ်နဲ့တွေ့တယ်၊ ခန္ဓာကိုယ်မှာ ထင်လာတဲ့ အာရုံနဲ့စိတ်နဲ့တွေ့တယ်၊ စိတ်ကူးစိတ်သန်းထဲမှာ ပေါ်လာတဲ့ အာရုံနဲ့စိတ်နဲ့တွေ့တယ်လို့ ဟော- ထိတွေ့မှု ဆက်သွယ်မှု ၆ မျိုး၊ ဒါက စတုတ္ထမြောက် ၆ အုပ်စုတစ်စု။

စာမျက်နှာ-၂၁
အေး- အဲဒီလို ထိတွေ့လိုက်ပြီ ဆက်သွယ်မှုရသွားပြီဆိုရင် ဘာလာတုန်းဆိုတော့ အတွေ့အကြုံလေးတွေ ရသွားတယ်၊ အတွေ့အကြုံကို စာပေလို ဝေဒနာလို့ခေါ်တယ်။ အင်္ဂလိပ်လို feeling လို့ပြန်တယ်၊ ဆိုလိုတာကတော့ အတွေ့အကြုံပဲ၊ ဝေဒနာဆိုတာ တွေ့ကြုံမှုလေးပေါ့၊ မျက်စိက မြင်တဲ့အာရုံကို မြင်ပြီးလို့ရှိရင် ဒါ အတွေ့အကြုံတစ်ခုရတယ်၊ နားက အသံကြားလိုက်ရင်လည်း ဒါ အတွေ့အကြုံတစ်ခုပဲ၊ အတွေ့အကြုံလေး ဝေဒနာလေးတွေ ဖြစ်လာတယ်၊ ဒါကိုပြောတာ၊ ပဋိစ္စသမုပ္ပါဒ်မှာကျတော့ “ဖဿပစ္စယာ ဝေဒနာ” ပေါ့။ ဆက်သွယ်မှု ထိခိုက်မှု အားကောင်းလေလေ ဝေဒနာအားကောင်းလေလေ၊ ထိမှခံစားမှုလေးတွေ အတွေ့အကြုံလေးတွေရတာ၊ ဒါကြောင့်မို့ ဝေဒနာကလည်း ၆ မျိုးရှိတယ်တဲ့၊ မျက်စိမှာမှီပြီးတော့ ဖြစ်ပေါ်လာတဲ့ ရူပါရုံပေါ်မှာ ခံစားမှုဝေဒနာ၊ နားက အသံနဲ့ပတ်သက်ပြီး ခံစားမှုဝေဒနာ၊ နှာခေါင်းက အနံ့နဲ့ပတ်သက်ပြီး ခံစားမှုဝေဒနာ၊ လျှာက အရသာနဲ့

စာမျက်နှာ-၂၂
ပတ်သက်ပြီး ခံစားမှုဝေဒနာ၊ ခန္ဓာကိုယ်က ထိတွေ့ပြီးတော့ ခံစားမှုဝေဒနာ၊ စိတ်ထဲက ကြံတွေးပြီးတော့ ခံစားမှုဝေဒနာလို့ဆိုပြီးတော့ ဝေဒနာကလည်း ၆ မျိုးရှိတယ်။

ပဉ္စမ ၆ မျိုး (နောက်ဆုံး ၆ မျိုးက) ဘာတုန်းဆိုလို့ရှိရင် ဝေဒနာပစ္စယာ တဏှာ တဲ့၊ ပုထုဇဉ်သတ္တဝါတွေမှာ ခံစားမှုတစ်ခုခုလာလိုက်တာနဲ့ တစ်ပြိုင်နက် ကြိုက်တယ် မကြိုက်ဘူးဆိုတာ လာတော့တာပဲ၊ တောက်လျှောက် စိတ်ထဲမှာ ဖြစ်ပေါ်လာတယ်၊ အေး- ကြိုက်တယ်လို့ဆိုလို့ရှိရင် နောက်ထပ် ခံစားချင်လာတယ်၊ နောက်ထပ် ခံစားချင်တယ်ဆိုတာ ဘာလဲလို့ဆိုရင် တဏှာပဲပေါ့။ အဲဒီတဏှာကလည်းပဲ အဆင်းအာရုံနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ တဏှာ၊ အသံနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ တဏှာ၊ အနံ့နဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ တဏှာ၊ အရသာနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ တဏှာ၊ အထိအတွေ့နဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ တဏှာနဲ့ စိတ်ကူးထဲမှာ ရလာတဲ့ဟာနဲ့

စာမျက်နှာ-၂၃
ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ တဏှာဆိုပြီးတော့ တဏှာက ၆ မျိုး၊ ပေါင်းလိုက်တဲ့အခါ ၆ × ၆ = ၃၆။ ဒီတရားတွေဟာ ဘုန်းကြီးတို့ရဲ့ နေ့စဉ်ဘဝထဲမှာ ရှိနေတယ်။ အဲဒီသဘာဝတရားတွေရဲ့ အခြေအနေကို မှန်မှန်ကန်ကန်သိတာ ဒါ ဝိပဿနာဉာဏ်ပဲ။ တရားအားထုတ်တယ်ဆိုတာ ဒီသဘာဝတရားတွေ မှန်မှန်ကန်ကန်သိဖို့ပဲ။ တရားအားထုတ်တယ်ဆိုတာ contemplation ဆိုတာ တကယ့်ကို စူးစူးစိုက်စိုက်နဲ့ လေ့လာပြီးတော့ ကြည့်တာ။ ကဲ- အဲဒီမှာ မြတ်စွာဘုရားက ဆိုင်ရာအကြောင်းလေးတွေ အကြောင်းလေးတွေနဲ့ ရှင်းပြပုံလေးကို ကြည့်ရအောင်၊ ဒါတွေအဆင့်ဆင့် ဖြစ်ပေါ်လာပုံကြည့်ရအောင်။ ကဲ- အားလုံးပေါင်းလိုက်လို့ရှိရင် ဘုန်းကြီးတို့တတွေမှာ မျက်စိနဲ့ပတ်သက်ပြီးတော့ မျက်စိရယ် အဆင်းအာရုံရယ် မြင်သိစိတ်ရယ် ဆက်သွယ်မှုရယ် ခံစားမှုရယ် ခံစားမှုပေါ်မှာ တွယ်တာတဲ့ တဏှာရယ် ဟော ၆-ခု ဖြစ်သွားပြီ။ ဒါ ဘယ်သူပဲဖြစ်ဖြစ် ဒီ ၆ ခုပဲ၊ ဗုဒ္ဓဘာသာ

စာမျက်နှာ-၂၄
တွေလည်း ၆ ခုပဲ၊ ဗုဒ္ဓဘာသာမဟုတ်တဲ့ ပုဂ္ဂိုလ်တွေလည်း ၆ ခုပဲ၊ မြန်မာလူမျိုးတွေလည်း ၆ ခုပဲ၊ ဒီ့ပြင်လူတွေလည်း ၆ ခုပဲ၊ ဒီအတိုင်းပဲ သွားနေမှာ၊ ဒါ ငြင်းလို့မရတဲ့ တရားတွေပဲ၊ သဘာဝကိုပြောတာ။ ကဲကြည့်- မြတ်စွာဘုရားက ရှင်းရှင်းလေးဟောတာ၊ မျက်စိနဲ့အဆင်း ဆုံလိုက်ပြီတဲ့၊ ကိုယ့်မျက်စိက မြင်စရာအာရုံတစ်ခုကို မြင်လိုက်တယ်၊ ဆိုပါစို့ ပန်းပွင့်လေးတစ်ခု မျက်စိကမြင်လိုက်တယ်၊ ပန်းပွင့်လေးဟာ မျက်စိထဲမှာ လာပြီးတော့ ပေါ်လိုက်တယ်၊ ပေါ်လိုက်တာနဲ့တစ်ပြိုင်နက် ပန်းပွင့်ကိုမြင်ပြီးတော့ သိတဲ့ မြင်သိစိတ်ကလေး ပေါ်လာတယ်၊ ဒါဖြင့် မြင်သိစိတ်ကလေးကို ဘယ်သူကလုပ်တာလဲလို့ဆိုလို့ရှိရင် ပန်းပွင့်ရယ် မျက်စိရယ် ဒီနှစ်ခုပေါင်းလိုက်လို့ ပေါ်လာတာတဲ့၊ ဟော- အဲဒီနေရာမှာ တခြားပုဂ္ဂိုလ်တွေ ယုံကြည်ကြသလို ဒီမြင်သိစိတ်ကလေး ဘွားကနဲပေါ်လာရတာဟာ ဘယ်သူက ဖန်ဆင်းလိုက်လို့ ပေါ်ရတုန်းဆို ဘယ်သူကမှ မဖန်ဆင်းဘူး၊ ဒီအကြောင်းကြောင့်ပေါ်တာ၊

စာမျက်နှာ-၂၅
ဒီအကြောင်းနှစ်ခု ဆုံလို့ပေါ်တာ၊ ဒီအကြောင်းမရှိရင် မြင်သိစိတ် မပေါ်နိုင်ဘူး၊ ဒီအကြောင်းကြောင့်ပေါ်တာ၊ ဒါမှန်ကန်တဲ့ true cause ကိုသိတာ၊ true cause ကိုသိတာ၊ မျက်မှောက်မှာ ကိုယ်ကိုယ်တိုင်လည်း တွေ့ကြုံနေတာပဲ၊ မျက်စိလေးဖွင့်လိုက်ပြီး ကြည့်လိုက်တဲ့အခါမှာ မြင်သိတဲ့ စိတ်ကလေးပေါ်လာတယ်၊ ဟော- ဘယ်နှစ်မျိုး ဖြစ်သွားတုန်းဆို မျက်စိရယ် အဆင်းအာရုံရယ် မြင်သိစိတ်ရယ် သုံးမျိုးဖြစ်သွားတယ်။ အဲဒီသုံးမျိုး ဆုံဆည်းလိုက်ခြင်းဖြင့် ဆက်သွယ်မှုဆိုတာ ဖြစ်သွားတယ်၊ အဲဒါ “တိဏ္ဏ သင်္ဂတိ ဖဿ” ဆုံဆည်းမှုကြောင့် ဖဿဆိုတာ ပေါ်လာတယ်။ ဖဿဆိုတာ စိတ်နဲ့အာရုံနဲ့ တိုက်ရိုက်ဆက်သွယ်သွားတာ၊ ခုနတုန်းက ပထမလာဆက်သွယ်တာက ကြည့်လေ- အဆင်းအာရုံက မျက်စိကို လာဆက်သွယ်သွားတာ၊ ဆက်သွယ်တဲ့အခါမှာ မြင်သိစိတ်ပေါ်လာတယ်၊ အဲဒီမြင်သိစိတ်ပေါ်လာမှ စိတ်နဲ့အာရုံ ဆက်သွယ်မှုရသွားတာ၊ ကြည့်-ရသွားပြီဆိုတဲ့အချိန်

စာမျက်နှာ-၂၆
မှာ ဘာလာတုန်းဆိုရင် လှတာလေးဆိုရင် ကောင်းလိုက်တာ သုခဝေဒနာ ဖြစ်သွားတယ်။ မလှတာတို့ ကိုယ်မကြိုက်တာတို့ဆိုရင် စိတ်ထဲမှာ အဆင်မပြေဘူး၊ ဒုက္ခဝေဒနာ ဖြစ်သွားတယ်။ လှတာလည်းမဟုတ်ဘူး၊ မလှတာလည်းမဟုတ်ဘူး၊ ကိုယ်လိုချင်တာလည်းမဟုတ်ဘူး၊ မလိုချင်တာလည်းမဟုတ်ဘူးဆိုလို့ရှိရင် အဒုက္ခ မသုခ၊ သုခလည်းမဟုတ်ဘူး ဒုက္ခလည်းမဟုတ်ဘူးဆိုတဲ့ ခံစားချက်တွေ ဖြစ်လာတယ်။ ဟော ဆိုင်ရာဆိုင်ရာ သဘာဝအရ ဆက်သွယ်မှုကို အကြောင်းပြုပြီးတော့ ဘာဖြစ်လာတုန်းဆိုရင် ဝမ်းသာတယ် ဝမ်းမသာဘူး၊ ဝမ်းသာတာလည်းမဟုတ်ဘူး ဝမ်းနည်းတာလည်းမဟုတ်ဘူး ဆိုတာတွေ လာကုန်တယ်။

ဆိုပါစို့- မျက်စိက နှစ်သက်စရာ အာရုံလေးကို မြင်တဲ့အခါ စိတ်ကပျော်သွားတာ အဲဒါ ဝေဒနာဖြစ်တာပဲ၊ ဘာဝေဒနာတုန်း၊ ဗမာလူမျိုးတွေက ဝေဒနာဆိုရင် ရောဂါနဲ့ သွားသွားတွဲမှတ်တတ်တယ်။ ရောဂါနဲ့

စာမျက်နှာ-၂၇
ပြောတာမဟုတ်ဘူးနော်၊ ဝမ်းသာတာလည်း ဝေဒနာပဲ၊ ဝမ်းနည်းတာလည်း ဝေဒနာပဲ၊ ဝေဒနာဆိုတဲ့ စကားလုံးက mental state ကိုပြောတာ၊ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ သဘာဝတရားတစ်ခုကိုပြောတာ၊ ဝေဒနာအကြောင်းပြောနေကြတာ လူတွေဟာ ဒီကနေ့ ပျော်လိုက်တာဆိုတာလည်း ဝေဒနာကိုပြောတာ၊ ဒီနေ့တော့ စိတ်ညစ်လိုက်တာလို့ပြောရင်လည်း ဝေဒနာအကြောင်း ပြောနေတာပဲ၊ အဲတော့ ဝေဒနာက သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခ မသုခဝေဒနာလို့ အကျဉ်းအားဖြင့် သုံးမျိုးရှိတယ်၊ အဲတော့ အာရုံနဲ့စိတ်နဲ့ ဆက်သွယ်မိလိုက်တာနဲ့ တစ်ပြိုင်နက် ဒီခံစားမှုဆိုတဲ့ အတွေ့အကြုံလေးဟာ ကောင်းတယ် မကောင်းဘူး၊ ပျော်တယ် မပျော်ဘူး၊ ကြိုက်တယ် မကြိုက်ဘူး ဆိုတာလေးတွေ လာသွားတယ်၊ အဲဒါဟာ “ဖဿ ပစ္စယာ ဝေဒနာ” ပဲ၊ ဖဿရှိလို့ ဝေဒနာလာတာ၊ ဖဿမရှိရင် ဝေဒနာ လာကိုမလာဘူး၊ စိတ်နဲ့အာရုံနဲ့ ဆက်သွယ်ပေးတာ မရှိရင် ဝေဒနာ မလာနိုင်ဘူး၊ အဲဒီတော့ ဝေဒနာ

စာမျက်နှာ-၂၈
ဖြစ်တာဟာ စိတ်နဲ့အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿကြောင့် ဖြစ်တာဆိုတာ အင်မတန်မှ ထင်ရှားသွားတယ်ပေါ့။

ကဲ-ဟုတ်ပြီ “ဖဿပစ္စယာ ဝေဒနာ” ဆက်သွယ်မှုကြောင့် ဝေဒနာဖြစ်လာပါပြီတဲ့၊ ဒါလူတိုင်းလူတိုင်းမှာ ဝေဒနာဟာဖြစ်တယ်ဆိုတာ ကိုယ်ကြိုက်တာလေး တွေ့လိုက်လို့ရှိရင် ဟယ် ကောင်းလိုက်တာဆို စိတ်ထဲမှာ ကျေနပ်သွားတာ၊ အဲဒါကိုပြောတာ သုခဆိုတာ စိတ်ထဲမှာ ကျေနပ်သွားတာ၊ မကြိုက်တာကြီးကျတော့ စိတ်ထဲမှာ မကျေနပ်ဘူး ဒုက္ခ၊ ကြိုက်တာလည်းမဟုတ်ဘူး မကြိုက်တာလည်းမဟုတ်ဘူးဆိုရင် ဥပေက္ခာပေါ့၊ ဒီလိုသွားတာကို၊ ကဲ- အာရုံနဲ့စိတ်နဲ့ ဆက်သွယ်လို့ရလိုက်တဲ့အခါမှာ ကျေနပ်သွားတာတို့ မကျေမနပ်ဖြစ်သွားတာတို့ ... ကျေနပ်တာလည်းမဟုတ်ဘူး၊ မကျေနပ်တာလည်းမဟုတ်ဘူး၊ မထင်ရှားတဲ့ ခံစားမှုလေး ဖြစ်သွားတာတို့ ဒါကိုပြောတာ “ဖဿပစ္စယာ ဝေဒနာ” ဖဿရှိရင် ဝေဒနာရှိလာတယ်။

စာမျက်နှာ-၂၉
ဒီဖဿရဲ့ စွမ်းအားဟာ ဘယ်လောက်ကြီးမားသလဲဆိုတာ စဉ်းစားကြည့်နော်၊ အတွေ့အကြုံကလေးတွေပေါ်မှာ မူတည်ပြီးတော့ ဒါက ပြန်ပြန်လာတတ်တယ်၊ ပြန်ပြန်လာတယ်၊ သူ့ရဲ့ထိခိုက်မှုဟာ လှမ်းကြည့်လိုက်လို့ရှိရင်တော့ ဒီသဘာဝတရားရဲ့ တိုက်ခိုက်မှုဟာ အင်မတန်ကြီးမားတဲ့ အရာကြီးနှစ်ခု တိုက်လိုက်ရင်တော့ ပြင်းထန်တဲ့ အသံကြီးကြားရမှာပေါ့။ သို့သော် သဘာဝတရားတွေရဲ့ တိုက်ခိုက်မှုဟာ အသံမကြားရပေမယ့်လို့ ပြင်းထန်တယ်ဆိုတာ မှတ်ရမယ်။ ကြည့်လေ ဘယ်လိုပြင်းထန်တုန်းဆိုလို့ရှိရင် ကိုယ့်ရှေ့မှာ လာပြီးတော့ သံပုရာသီးကို စားနေမယ်ဆိုရင် ကိုယ်ဘယ်လိုဖြစ်မတုန်း။ မျက်စိနဲ့ သံပုရာသီးစားနေတဲ့လူကို မြင်လိုက်မယ် သို့မဟုတ် ဇီးဖြူသီး ကိုယ်ကအရင်တုန်းကလည်း အတွေ့အကြုံရှိထားတာ၊ ဒါချဉ်တယ်ဆိုတာ သိတယ်၊ အဲဒါ စားနေတဲ့လူ မြင်လိုက်တာနဲ့ပဲ ဒီကလူတွေက သွားရည်တွေ ကျကုန်တာ၊ ဒါဘာမှ လာထိတာတော့မဟုတ်ဘူး။ အတွေ့အကြုံဆိုတာ အဲဒါကို

စာမျက်နှာ-၃၀
ပြောတာနော်၊ ဖဿဖြစ်လို့ ဝေဒနာက လာဖြစ်နေပြီ ဒီမှာ။ ဖဿပစ္စယာ ဝေဒနာ၊ ကြောက်စရာအာရုံကို မြင်လိုက်တာနဲ့ ဒီက တုန်နေပြီ၊ ဟော “လှံဖျားပုစဉ်းနားတော့ ကျီးကန်းက ချေးပါ” ဆိုတာ ကျီးကန်းက ကြောက်တာကိုး၊ လှံကိုကြောက်တာ။ အဲတော့ သူက အလိုလိုကြောက်နေတာ၊ ဒီလိုဟာမျိုးကို ဆိုတာ၊ ဖဿရဲ့ထိခိုက်မှုဟာ အင်မတန်မှ ထင်ရှားတယ်၊ ဒါကိုပြောတာ ဖဿပစ္စယာ ဝေဒနာ။

ကဲကောင်းပြီ၊ ဝေဒနာဖြစ်လိုက်လို့ရှိရင် ဒီတိုင်းရပ်လားလို့ဆိုတော့ မရပ်ဘူး၊ ဘာလာတုန်းဆိုလို့ရှိရင် ဝေဒနာပစ္စယာ တဏှာ တဲ့၊ ကြိုက်မကြိုက် လာပြီလေ၊ ကြိုက်မကြိုက်လာတယ်၊ ကောင်းတာနဲ့တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ကောင်းတာကို လိုချင်တဲ့တဏှာလာတယ်၊ ဒါဖြင့် မကောင်းတာတွေ့ရင်တော့ရော ဆိုတော့ မကောင်းတာတွေ့ရင်လည်း ကောင်းတာလိုချင်တဲ့ တဏှာလာတာပဲနော်၊ မကောင်းတာကို ဖယ်ရှားပြီး ကောင်းတာကို မျှော်လင့်တဲ့တဏှာ

စာမျက်နှာ-၃၁
လာတာပဲ၊ ဒါကြောင့်မို့ ဝေဒနာပစ္စယာ တဏှာလို့ပဲ ဟောတယ်၊ ဝေဒနာပစ္စယာ ဒေါသောလို့ မဟောတော့ဘူး။ ဘာပြုလို့တုန်းဆို များတာက ဝေဒနာ တဏှာကပဲ များလို့။ ဟော- ပေါင်းလိုက်တဲ့အခါ ဘုန်းကြီးတို့တတွေရဲ့ မျက်စိနဲ့ပတ်သက်ပြီး ဒီသဘာဝတရား ၆ မျိုးဟာ ဖြစ်နေတာ၊ ကိုယ့်မှာဖြစ်နေတာ။ ကိုယ့်မှာဖြစ်တာကို မြင်အောင်ကြည့်ရမယ်။ ကိုယ့်သန္တာန်မှာ အာရုံပုံရိပ်ကလေး လာပြီးတော့ထင်တဲ့ စက္ခုပသာဒဆိုတာ ရှိတယ်၊ မျက်စိဆိုတာရှိတယ်၊ ပြင်ပအာရုံလေးရဲ့ လာထင်မှုရှိတယ်၊ ကိုယ့်မျက်စိထဲမှာ ကြည့်လိုက်ရင် မြင်နေရတဲ့အရာဟာ မျက်စိထဲမှာ လာထင်တာလေ၊ ထင်လို့မြင်တာ၊ အဲဒီလိုမြင်လိုက်တာနဲ့ တစ်ပြိုင်နက် မြင်ပြီးသိတဲ့စိတ်ဆိုတာ ပေါ်လာတယ်။ အဲဒီသုံးခု ပေါင်းဆုံခြင်းကြောင့် အာရုံနဲ့စိတ်နဲ့ ဆက်သွယ်သွားတဲ့ ဖဿဆိုတာ ပေါ်လာတယ်၊ ဖဿပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ဖဿရဲ့ အတိုင်းအတာအလိုက် ဝေဒနာဆိုတဲ့ ခံစားမှု ဟော-ပေါ်လာတယ်။

စာမျက်နှာ-၃၂
ဝေဒနာခံစားမှုကို အကြောင်းပြုပြီးတော့ ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ တွယ်တာတဲ့ တဏှာတစ်ခု ပေါ်လာတယ်တဲ့၊ ဒါသဘာဝပဲ။ အဲဒီ ၆ မျိုးဟာ ဘုန်းကြီးတို့တတွေ မျက်စိဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု သွားနေတာ ဘယ်သူကမှ ဖန်ဆင်းတာမဟုတ်ဘူး၊ အကြောင်းမဲ့ဖြစ်တာလည်းမဟုတ်ဘူး၊ ဆိုင်ရာဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်တာ။

ဘယ်လို ဆိုင်ရာဆိုင်ရာ အကြောင်းတွေတုန်းဆိုရင် မျက်စိမရှိဘူးဆိုရင် ... အဆင်းအာရုံ ထင်နိုင်ပါ့မလား၊ မထင်ဘူး။ အဆင်းအာရုံ မထင်လို့ရှိရင် မြင်သိစိတ် ဖြစ်ပါ့မလား၊ မဖြစ်ဘူး။ မြင်သိစိတ်မဖြစ်ရင် စိတ်နဲ့အာရုံ ဆုံစည်းမှု ဆက်သွယ်မှုဆိုတဲ့ ဖြစ်ပါ့မလား၊ မဖြစ်ဘူးဆိုလို့ရှိရင် အတွေ့အကြုံအာရုံနဲ့ ပတ်သက်ပြီးတော့ ကောင်းတယ် မကောင်းဘူးဆိုတဲ့ အတွေ့အကြုံ လာပါ့မလား၊ အဲဒါမလာရင် ကြိုက်မကြိုက်ဆိုတာ လာဦးမလား၊ မလာဘူး။ ဒါကြည့်

စာမျက်နှာ-၃၃
ဆက်သွယ်ပြီးတော့ လာပုံလေးတွေဟာ တကယ့်ကို သဘာဝ၊ လူတိုင်းလူတိုင်း သိနိုင်တယ်၊ ဒါကို ဒီဆဆက္ကသုတ်မှာ မြတ်စွာဘုရားက ဒီလိုဟောတာ၊ ဒါ ၆ × ၆ လီက ၆ ခုတစ်ခုပဲ၊ မျက်စိနဲ့ပတ်သက်တဲ့ ၆ ခုတစ်ခုပဲ၊ ဒါ ကိုယ့်ဟာကိုယ် နှလုံးသွင်းလို့ရတယ်။ ကိုယ့်မျက်စိမှာ မြင်လာတာနဲ့ ကြည့်လိုက်လို့ရှိရင် သဘာဝ ဘယ်နှစ်မျိုးတုန်းဆိုတာကို စဉ်းစားလို့ရတယ်နော်၊ မျက်စိထဲမှာ ထင်လာတဲ့ အဆင်းအာရုံလေး၊ အပြင်ဘက်မှာ ရှိတာကိုပြောတာမဟုတ်ဘူး၊ မျက်စိထဲမှာ ထင်လာတဲ့အာရုံကိုပြောတာ။ အဲဒီအာရုံရဲ့ သက်တမ်းဟာ ဘယ်လောက်မှ မကြာဘူး၊ စိတ်တစ်ခဏ၊ စိတ် ၁၇ ချက်နဲ့ညီမျှတဲ့ အတိုင်းအတာလေးတစ်ခုပေါ့၊ လွယ်အောင်ပြောရမယ်ဆိုလို့ရှိရင်တော့ ၁၇ စက္ကန့်လို့ ပြောချင်ပြောပေါ့။ ဒါကတော့ မှတ်လွယ်အောင်လို့ပြောတာ၊ ပြီးရင် သူက ပျက်သွားတာပဲ။ ဘယ်အရာမှ မြဲနေတာမရှိဘူး၊ အဲဒီမှာ မျက်စိက မြင်လိုက်တဲ့ အဆင်းအာရုံ မြင်လိုက်တဲ့အခါကျတော့မှ

စာမျက်နှာ-၃၄
စက္ခုပသာဒကို အမှီပြုပြီး မြင်သိစိတ်ကလေးက ပေါ်ရတာ၊ တခြားနေရာမှာ ပေါ်တာမဟုတ်ဘူး။ စက္ခုပသာဒမှာမှီပြီး မြင်သိစိတ်က ပေါ်တာ၊ အဲဒီပေါ်လာပြီးတဲ့အခါမှာ ဖဿဆိုတာလာတယ်၊ ဝေဒနာဆိုတာလာတယ်၊ တဏှာဆိုတာလာတယ်ပေါ့၊ အဲဒီသဘာဝတရားလေးတွေကို ရှုမှတ်ဆင်ခြင်ပွားနေမယ်ဆိုလို့ရှိရင် သဘာဝတရားတွေကို မှန်မှန်ကန်ကန်သိတယ်၊ မှန်မှန်ကန်ကန်သိတယ်ဆိုတာ ဝိဇ္ဇာပဲ၊ အဲဒါကို အမှန်ကိုမသိဘူးဆိုတာ အဝိဇ္ဇာပဲပေါ့၊ ဒီသဘာဝတရားတွေကို မသိဘူး၊ ဒီလိုဒီလို ဖြစ်လာတယ်ဆိုတာကို မသိဘူးဆိုလို့ရှိရင် ဒါ အဝိဇ္ဇာပဲပေါ့၊ အဲလိုဆိုလိုတာ။ အဲဒီမှာ ဝိပဿနာရှုကြည့်မယ်ဆိုလို့ရှိရင် မြင်သိစိတ်ကလေးကိုပြောမယ်။ မြင်သိစိတ်ကလေးဟာ နဂိုက မျက်လုံးထဲမှာ ရှိနေတာလား သို့မဟုတ် အကြောင်းဆုံမှ ပေါ်လာတာလားဆိုတာကို ဥပမာနဲ့ စဉ်းစားကြည့်ရအောင်။ ဘုန်းကြီးတို့ မြန်မာလူမျိုးတွေ အမြတ်တနိုး အနုပညာလောကမှာ တီးနေကြတဲ့ စောင်းကလေးပဲ။

စာမျက်နှာ-၃၅
ကြည့်- စောင်းကြိုးရှိတယ်၊ စောင်းအိုးရှိတယ်၊ စောင်းတီးတဲ့လက်ရှိတယ် သုံးခုဆိုပါစို့၊ စောင်းကြိုးနဲ့ စောင်းအိုး တပ်ထားပြီး လက်နဲ့မတီးသမျှ အသံထွက်ကဲ့လား၊ ဒါဖြင့် ထွက်လာတဲ့ အသံကရော လက်ကထွက်တာလား၊ ကြိုးကထွက်တာလား၊ စောင်းအိုးထဲက ထွက်လာတာလား။ နဂိုကတည်းက အဲဒီထဲမှာ ရှိနေတာလား။ မရှိဘူး၊ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာ၊ အကြောင်းဆိုတာ သုံးခုပေါင်းပြီးတော့ လုပ်လိုက်တာ၊ သုံးခုဆုံလိုက်တဲ့အခါကျ အကြောင်းဆုံလိုက်တဲ့အခါမှာ ပေါ်လာတာ၊ အဲဒါကိုကြည့် ဒီအသံဟာ ကြိုးထဲမှာလည်း မရှိဘူး၊ စောင်းအိုးထဲမှာလည်း မရှိဘူး၊ စောင်းတီးတဲ့လူရဲ့ လက်ထဲမှာလည်း မရှိဘူး၊ ရှိနေမယ်ဆို တစ်မျိုးပဲ ဖြစ်မှာပေါ့၊ အများကြီး သွင်းထားရမှာပေါ့၊ အဲဒါဟာ အကြောင်းတရားကို မှီပြီးတော့ ဒီအသံဖြစ်တယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်ပေါ့။

ဒီမြင်သိစိတ်ကလေးဟာ “ဝိညာဏံ ပဋိစ္စ သမုပ္ပန္နံ” တဲ့၊ အကြောင်းကို မှီပြီးတော့ ဖြစ်တာပါတဲ့၊

စာမျက်နှာ-၃၆
သူ့ဟာသူ ဖြစ်လာတာ မဟုတ်ဘူး၊ ဒါဖြင့် အကြောင်းက ဘာတုန်း “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” မျက်စိရယ် အဆင်းအာရုံရယ် ဒီနှစ်ခုကို အကြောင်းပြုပြီးတော့ မြင်သိစိတ်ကလေးတွေ ဖြစ်လာတာပါတဲ့၊ ကဲ-ဝိပဿနာနည်းနဲ့ ကြည့်ကြည့်လိုက်တော့ ဟောဒီ မြင်သိစိတ်ကလေးဟာ ဒီအကြောင်းနှစ်ခု ဆုံဆည်းလို့ ဖြစ်ရတယ်။

ကဲ-မျက်စိဆိုတာ ဘုန်းကြီးတို့တတွေရဲ့ သန္တာန်မှာ ရှိနေတဲ့ မျက်စိ၊ ဒီမျက်စိလေးဟာ စဉ်းစားကြည့်လို့ရှိရင် လူတိုင်းလူတိုင်းသိတယ်၊ အချိန်မရွေး ပြောင်းနေတာကိုတော့ မသိဘူး၊ သို့သော် အသက်ကြီးရင် မျက်စိမှုန်လာတာ သိတယ်၊ ဟုတ်ကဲ့လား၊ ကလေးငယ်လေးရဲ့ မျက်စိနဲ့ အသက်ကြီးလာတဲ့ပုဂ္ဂိုလ်ရဲ့ မျက်စိနဲ့ မတူဘူး၊ မတူတာဟာ ပြောင်းလဲမှုကြောင့်ပေါ့၊ ဝိပဿနာဉာဏ်နဲ့ ကြည့်မယ်ဆိုလို့ရှိရင် အခိုက်အတန့်အသေးလေးမှာပဲ ဒီမျက်စိဟာ အပြောင်းအလွဲရှိနေတယ်၊ အပြောင်းအလွဲရှိတယ်၊ အသစ်အသစ် ဖြစ်နေတာ၊

စာမျက်နှာ-၃၇
ပျက်ပြီးရင် အသစ်အသစ် ဖြစ်နေတာ၊ မျက်စိဆိုတဲ့ ဒီအကြည်ဓာတ်လေးဟာ အမြဲတမ်း ပြောင်းလွဲနေတာ၊ အသစ်ပေါ်လိုက် အဟောင်းတွေက ပျောက်သွားလိုက်၊ အသစ်က ထပ်ပေါ်လာလိုက်၊ အဟောင်းတွေက ပျောက်သွားလိုက်၊ အသစ်ကထပ်ပေါ်လာလိုက် ဒီလိုပုံစံနဲ့ သွားနေတာကိုး၊ အဲဒီလိုသွားနေတဲ့ ဒီမျက်စိဆိုတဲ့ အကြည်ရုပ်ကလေးဟာ မမြဲတဲ့သဘောပဲ၊ မမြဲဘူးနော်။

အဲဒီ မမြဲတဲ့ စက္ခုပသာဒရယ်၊ အဆင်းအာရုံဆိုတာ ဆုံမိလို့ ပေါ်လာတာ၊ ပေါ်လာပြီး ဒီအတိုင်းကြီး အကြာကြီးတည်နေတာ မဟုတ်ဘူး၊ သူကလည်း သူ့သက်တမ်းလေးနဲ့ ပျောက်သွားတာ၊ ပေါ်နေရင် မျက်စိထဲမှာ အဆင်းအာရုံတွေဟာ အများကြီး ရောက်လာပြီးတော့ ရှိနေမှာပေါ့၊ အခုရှိရဲ့လား၊ မရှိဘူး၊ မျက်စိထဲက ဒါတွေ မထွက်ဘူးဆိုရင် ရှုပ်ထွေးကုန်မှာပေါ့၊ သူကလည်း အချိန်တန်တော့ သူ့အတိုင်းအတာလေးတစ်ခုနဲ့သူ ပျောက်သွားတာပဲ၊ အဲတော့ စက္ခုဆိုတဲ့ မျက်လုံးကလည်း မမြဲဘူး။ မျက်စိထဲမှာ လာထင်ဟပ်တဲ့

စာမျက်နှာ-၃၈
ရူပါရုံကလည်း မမြဲဘူး။ အဆင်းအာရုံကလည်း အဲဒီမမြဲတဲ့အရာနှစ်ခုကို အကြောင်းပြုပြီး ပေါ်လာတဲ့ မြင်သိစိတ်ဆိုတာလေးက ဘယ်လိုလုပ် မြဲလို့ရမလဲတဲ့၊

မြတ်စွာဘုရားက ဟောထားတာ ရှင်းရှင်းလေးရယ်
“အနိစ္စသမ္ဘူတံ ကုတော နိစ္စံ ဘဝိဿတိ” တဲ့။ ဒီစကားလုံးလေး ရှိတယ်၊ အနိစ္စသမ္ဘူတံ- မမြဲတာကို အမှီပြုပြီးတော့ ဖြစ်လာတဲ့အရာဟာ၊ ကုတော နိစ္စံ ဘဝိဿတိ- ဘယ်မှာမြဲနိုင်မှာတုန်းတဲ့၊ ဟုတ်တာပေါ့၊ မမြဲတာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့အရာသည် ဘယ်မှာမြဲမလဲ၊ အရပ်စကားတစ်ခုနဲ့ ပြောမယ်ဆိုရင် သေတတ်တဲ့ အမေအဖေက မွေးထားတဲ့ သားသမီးဟာ ဘယ်မှာမသေဘဲ ရှိမလဲ၊ အမေအဖေတောင် သေသေးတာ သူလည်းသေမှာပေါ့၊ ဟော- ဒီသဘောကို ပြောတာနော်၊ အဲတော့ စက္ခုကလည်း မမြဲဘူး၊ ရူပါရုံကလည်း မမြဲဘူး၊ သူတို့မမြဲတဲ့ အရာနှစ်ခုကို မှီပြီးတော့ ဖြစ်လာတဲ့ စက္ခုဝိညာဏ်စိတ်ကလည်း မမြဲဘူး၊ အဲဒီ စက္ခုဝိညာဏ်စိတ်ဖြစ်မှ ပေါ်လာလို့ရတဲ့ ဖဿဆိုတာ

စာမျက်နှာ-၃၉
လည်း မမြဲဘူး၊ ဝေဒနာဆိုတာကလည်း မမြဲဘူး၊ တဏှာဆိုတာကလည်း မမြဲဘူး။ အခိုက်အတန့်လေးတွေဆိုတာ သဘောပေါက်လာတယ်။

အဲဒီလို သဘောပေါက်လာတဲ့အခါ ကြည့်- မမြဲတဲ့အရာတစ်ခုကို 'ငါ'လို့ပြောလို့ရမလား၊ ဘာပြုလို့ မရဘူးလို့ ပြောရတာတုန်းဆိုရင် ကိုယ်က “ငါ”လို့ သတ်မှတ်လိုက်တဲ့ အချိန်မှာ သူက ပြောင်းသွားပြီ မရှိတော့ဘူးနော်၊ ဘာပြုလို့တုန်းဆိုရင် သူက အချိန်တိုင်း ပြောင်းနေတာ၊ ဥပမာမယ်- ဒါကို ပြောလေ့ပြောထ ရှိကြတယ်ပေါ့လေ၊ မြစ်ထဲမှာ နှစ်ခါဆင်းပြီး ရေမချိုးနိုင်ဘူးဆိုတာ မြစ်ရေက အမြဲစီးနေတာကိုး၊ အဲတော့ မြစ်ရေက အမြဲစီးနေတာဆိုတော့ ရေလေးတစ်ခွက် ခပ်ယူလိုက်၊ နောက်တစ်ခါ ခပ်တဲ့အခါ အဲဒီရေဟုတ်ကဲ့လား၊ မဟုတ်တော့ဘူး၊ ခုနကရေ စီးသွားပြီ။ အဲဒီသဘောမျိုးပဲ မြတ်စွာဘုရားက ဟောတာ။

ဒီရူပါရုံနဲ့ စက္ခုပသာဒ ဆုံလိုက်တဲ့ အချိန်တုန်းကဖြစ်တဲ့ စက္ခုပသာဒဟာ သက်တမ်းစေ့ရင် မရှိတော့

စာမျက်နှာ-၄၀
ဘူး၊ နောက်တစ်ခါ ဆုံတာက နောက်ဟာ၊ ယခင်ဟာ မရှိတော့ဘူး၊ အဲတော့ စက္ခုပသာဒပေါင်းနှင့် မျက်စိထဲမှာဆုံတဲ့ အဆင်းပေါင်း မြောက်မြားစွာထဲမှာ ‘ငါလို့ သတ်မှတ်ဖို့ရာ ဘယ်သူ့သတ်မှတ်မတုန်း၊ ငါ့ရဲ့အတ္တလို့ ဘယ်သူ့ကို ပြောမလဲ၊ ပြောမယ်ဆိုရင် အများကြီးလေ၊ ပြောမယ်ဆိုရင် million ပေါ့၊ သန်းပေါင်းများစွာရှိတဲ့ထဲမယ် ဘယ်သူ့ကို ‘ငါ’လို့ ပြောမလဲ၊ ဒါပြောတာ။ မမြဲတဲ့ အရာတွေချည်းပဲ အကုန်လုံး၊ ဒီတစ်ခုကို “ငါ”လို့ သတ်မှတ်လိုက်တာနဲ့ သူကရှိသေးလား၊ မရှိတော့ဘူး၊ နောက်ထပ်လည်း ပေါ်မလာဘူး၊ နောက်ထပ်ပေါ်တာ copy ပဲ၊ သူမဟုတ်ဘူးနော်၊ သဘာဝတရားတွေက ပေါ်လာပြီးရင် နောက်ထပ်ပေါ်တာ copy ။ ယခင်ဟာ မဟုတ်ဘူး၊ အလားတူလို့ လူတွေက မျက်စိလည်နေတာ။

ဆိုပါစို့-ဖယောင်းတိုင်မီးလေး ထွန်းထားပြီး အဲဒီဖယောင်းတိုင်မီးလေး ငြိမ်းသွားတယ်၊ ငြိမ်းသွားတယ်၊ ငြိမ်းသွားတယ် ထပ်ထွန်းတယ်၊ ခုနက မီးတောက်

စာမျက်နှာ-၄၁
ကလေးဟုတ်ကဲ့လား၊ မဟုတ်တော့ဘူး၊ လုံးဝမဟုတ်ဘူး၊ သို့သော် ခုနဟာကလေးနဲ့တော့ မတူဘူးလား၊ အေး-တူလို့ လူတွေက မျက်စိလည်သွားတာ၊ ခုနကဟာ မဟုတ်တော့ဘူး၊ ဘုန်းကြီးတို့တတွေမှာလည်း အတူတူပဲ၊ ခုနတုန်းက တရားပွဲစခါစက ရုပ်တွေတစ်ခုမှ မရှိတော့ဘူး၊ သွားပြီ၊ သွားတာ တစ်ခါတည်းသွားတာ Has gone forever ပဲ၊ ဘယ်တော့မှ ပြန်မလာတဲ့အနေနဲ့သွားတာ၊ အခုဟာက နောက်က အသစ်အသစ်တွေ လာနေတာ၊ အသစ်အသစ်တွေ ရှိနေသေးလို့ ထပ်ဖြစ်နေလို့ လူတွေက မသိကြတာကိုး၊ အဲဒီသဘောလေးကို မြတ်စွာဘုရားက ဟောတာပါ။

ဒီစက္ခုပသာဒမှာရော၊ အဆင်းရူပါရုံမှာရော၊ မြင်သိစိတ်မှာရော၊ သုံးခုဆုံလို့ ပေါ်လာတဲ့ ဖဿမှာရော၊ ဖဿကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာမှာရော၊ ဝေဒနာကြောင့် ပေါ်လာနိုင်တဲ့ တဏှာမှာရော၊ ဒီ ၆ မျိုးစလုံးဟာတဲ့ “ငါ”လို့ သတ်မှတ်စရာတစ်ခုမှမရှိဘူး၊ အခိုက်အတန့်လေးမှာပေါ်ပြီးတော့ ဆိုင်ရာအကြောင်း

စာမျက်နှာ-၄၂
တွေကြောင့် ဖြစ်ပြီးတော့ ပျက်သွားတာတဲ့၊ ဖြစ်တယ် ပျက်တယ် ဖြစ်တယ် ပျက်တယ်နဲ့ သွားနေတာတဲ့။ အဲဒီထဲမှာ ဘယ်ဟာကိုသွားပြီးတော့ 'ငါ'လို့ ပြောလို့ရမလဲ၊ မရဘူး၊ မရသည့်အတွက်ကြောင့် မြတ်စွာဘုရားက မျက်စိဟာလည်း အနတ္တပဲ၊ ရူပါရုံကလည်း အနတ္တပဲ၊ မြင်သိစိတ်ကလည်း အနတ္တပဲ၊ ကိုယ့်အလိုအတိုင်းလည်း တစ်ခုမှ မဖြစ်ဘူး။

ဒီနေရာမှာ အနတ္တရဲ့အဓိပ္ပါယ်ကို ရှင်းတဲ့နေရာမှာ မြတ်စွာဘုရားက ရှုထောင့်သုံးမျိုးလို့ ဆိုပါစို့၊ ရှုထောင့်သုံးမျိုးက ရှင်းတယ်၊ ဘယ်လိုရှုထောင့်က ရှင်းသလဲလို့ဆိုရင် မမြဲတဲ့ဟာလည်းပဲ အနတ္တပဲ၊ ဒါ အနိစ္စရှုထောင့်က ကြည့်တာ၊ မမြဲဘူးဆိုရင် ‘ငါ့ဟာ’လို့ ဘယ်လိုလုပ် သတ်မှတ်မလဲ၊ ပြောင်းနေတာကိုး၊ ပြောင်းနေသည့်အတွက်ကြောင့် ‘ငါ့ဟာ’လို့ ပြောလို့မရဘူး။ ဒါက အနိစ္စရှုထောင့်က ကြည့်တာ။ ဒုက္ခရှုထောင့်က ကြည့်မယ်ဆိုရင် သူက အမြဲနှိပ်စက်နေတာ၊ နှိပ်စက်နေသည့်အတွက်ကြောင့် “ငါ”လို့ပြောလို့မရဘူး။ နောက်

စာမျက်နှာ-၄၃
တစ်ခုက ကြည့်မယ်ဆိုရင် ကိုယ့်ဆန္ဒအတိုင်းရော ဖြစ်ကဲ့လား၊ မဖြစ်ဘူး၊ လူတွေက ငါ့မျက်စိ ငါသုံးချင်သလို သုံးလို့ရတယ်၊ ငါ့ကိုယ် ငါ့ခန္ဓာနဲ့သာ ပြောနေတာ ထာဝရပြောင်းလွဲနေတဲ့ အရာကြီး၊ ပြောရင်းပြောရင်း ငါငါနဲ့ ပြောရင်းပြောရင်းနဲ့ ကုန်နေတာ၊ အသစ်အသစ်တွေ လာနေတာ၊ အဟောင်းတွေက ပျောက်နေပြီ၊ ပျောက်မှန်းမသိ ပျောက်နေတာ။

ဘာနဲ့တူတုန်းဆိုရင် ငါးရာ့ငါးဆယ်ဇာတ်ထဲမှာ မယှကဆိုတဲ့ငှက်ရှိတယ်၊ အဲဒီငှက်က သစ်ပင်မှာ အသီးတွေသီးနေပြီ ဆိုလို့ရှိရင် သူက လိုက်အော်နေတာ၊ အသီးတွေ လိုက်ကြည့်ပြီးတော့ သူက “ငါ့ဟာ ငါ့ဟာ ငါ့ဟာ”နဲ့ လိုက်အော်နေတာ၊ အဲဒီငှက်ရဲ့ အော်သံကိုက ငါ့ဟာ ငါ့ဟာနဲ့ လိုက်အော်နေတာ၊ ပျံပြီးတော့ ဟိုနားသွား ငါ့ဟာ၊ ဒီနားသွား ငါ့ဟာ၊ ငါ့ဟာ ငါ့ဟာ ငါ့ဟာနဲ့ အော်နေတာ၊ အဲဒါကို ပါဠိလို “မယှက မယှက မယှက” ငါ့ဟာ ငါ့ဟာ ငါ့ဟာနဲ့ အော်တာ၊ ကျန်တဲ့ငှက်တွေက လာပြီးတော့ အသီးတွေစားသွား

စာမျက်နှာ-၄၄
ကြတာ၊ သူကတော့ အော်တုန်းပဲ ငါ့ဟာ ငါ့ဟာ ငါ့ဟာနဲ့၊ ဘယ်ဟာ ငါ့ဟာမှန်းလဲ မသိတော့ဘူး၊ ဟုတ်ကဲ့လား၊ လောကလူတွေကလည်း အဲဒီပုံစံပဲ၊ ငါ့ဟာ ငါ့ဟာ ငါ့ဟာနဲ့က ငါ့ဟာ မဟုတ်တော့ဘူး။

ကြည့်လေ- ကိုယ်ပိုင်တဲ့ ဆံပင်လေးဟာ တစ်ချောင်းပြီး တစ်ချောင်းဖြူလာတာ၊ ဘယ်လိုလုပ် ငါ့ဟာ ဖြစ်တော့မလဲ၊ ကိုယ့်ပါးစပ်ထဲမှာရှိတဲ့ သွားကလေးတွေကလည်း တစ်ချောင်းပြီးတစ်ချောင်း ကျွတ်ကုန်ပြီ၊ သွားစိုက်ဆိုင် သွားသွားပြီးတော့ သွားအစားထိုးနေရတယ်၊ ဘယ်လိုလုပ် “ငါ့ဟာ”လို့ ဖြစ်တော့မလဲ၊ ဒါ ချက်ချင်းပြောင်းတာ မဟုတ်ဘူး၊ ဖြည်းဖြည်းချင်း ပြောင်းနေတာ၊ ဟော- အဲဒီသဘောတွေကို မြတ်စွာဘုရားက ဟောတာ၊ ဒါကြောင့်မို့လို့ မျက်စိဆိုတာလည်း အတ္တမဟုတ်ဘူး၊ ကိုယ့်အလိုအတိုင်း မဖြစ်ဘူး၊ အဆင်းအာရုံကလည်း ကိုယ့်အလိုအတိုင်း မဖြစ်ဘူး၊ မြင်သိစိတ်ကလည်း ကိုယ့်အလိုအတိုင်း မဖြစ်ဘူး၊ ဆက်သွယ်မှုဆိုတဲ့ ဖဿကလည်း ကိုယ့်အလိုအတိုင်း

စာမျက်နှာ-၄၅
မဟုတ်ဘူး၊ ဝေဒနာကလည်း ကိုယ့်အလိုအတိုင်း မဟုတ်ဘူး၊ တဏှာကလည်း ကိုယ့်အလိုအတိုင်း မဟုတ်ဘူး၊ ဒါကြောင့်မို့ ဒီသဘာဝတရားတွေအားလုံးဟာ အနတ္တပဲတဲ့။

အသံဘက်ကို ကြည့်လိုက်ကြဦးစို့၊ အဲဒီဟာလည်း ၆ ခုပဲ၊ နားရှိတယ်၊ နားထဲမှာ ကြားလိုက်ရတဲ့ အသံရှိတယ်၊ ကြည့်- ကြားလိုက်ရတဲ့ အသံဆိုတာ ပျောက်သွားတာ အင်မတန်ထင်ရှားတယ်။ မျက်စိက အဆင်းအာရုံက ပျောက်တယ်ဆိုတာ သိပ်မထင်ရှားချင်ဘူး၊ နားထဲက အသံပျောက်သွားတာ အင်မတန်မှ ထင်ရှားတယ်၊ တရားပွဲစတုန်းက အသံတွေ ရှိသေးလား၊ နားထဲမှာ လာပေါ်လာတာ ချက်ချင်းပျောက်တာနော်၊ အသံတွေဟာ ရှေ့ကအသံဖြစ်ပြီး ချက်ခြင်းပျောက်တယ်၊ နောက်က ဆက်တိုက်ဆက်တိုက် ပေါ်နေလို့သာ ဒီအသံတွေရှိနေတယ် ထင်နေတာ၊ မရှိဘူး။ ပျောက်သွားပြီ။ အဲတော့ အသံလာတိုက်တဲ့ နားကလည်း ပျက်သွားပြီ၊ နောက်အသံနဲ့ နောက်နားပဲ ဒါက၊ ကြည့်

စာမျက်နှာ-၄၆
ဒီမှာလည်း နားရယ်၊ အသံရယ်၊ ကြားသိစိတ်ရယ်၊ ကြားသိစိတ်ကလည်း ပျက်နေတာပဲဥစ္စာ၊ ကြားသိစိတ် ဒီသုံးခု ဆုံလိုက်တဲ့အခါ ဆက်သွယ်လာမှု၊ စိတ်နဲ့ ဆက်သွယ်မှု၊ စိတ်နဲ့ဆက်သွယ်မှုကြောင့် ကောင်းမကောင်း၊ ဒီချမ်းသာတယ် မချမ်းသာဘူးဆိုတဲ့ ခံစားမှု ဝေဒနာလာတဲ့အခါ ကြိုက်လို့ရှိရင် တဏှာ၊ ကြိုက်မကြိုက် တဏှာဆိုတာလာတယ်၊ ၆ ခုပဲ။ နားနဲ့ပတ်သက်ပြီးတော့ ၆ ခု။

အဲဒီ ၆ ခုကလည်း ကြားသိစိတ် ဖြစ်တယ်ဆိုတာ နားနဲ့အသံနဲ့တိုက်လို့ ကြားသိစိတ်ဖြစ်တာ၊ အဲဒီ ကြားသိစိတ်၊ နားကလည်း မြဲတာမဟုတ်ဘူး၊ အသံကလည်း မြဲတာမဟုတ်ဘူး၊ နှစ်ခုစလုံးက ပျောက်သွားတာ၊ မမြဲတာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ကြားသိစိတ်က ဘယ်မြဲမလဲ၊ ဟော သူ့ကိုအစွဲပြုပြီး ဖြစ်တဲ့ ဖဿတို့ ဝေဒနာတို့ တဏှာတို့ဆိုတာ ဘယ်မြဲမလဲ၊ မမြဲဘူးတဲ့၊ အားလုံးဟာ အမြဲတမ်း ခဏကလေးပဲ

ဖြစ်ပြီးတော့ ပျောက်သွားကြတယ်၊ နောက်ထပ်

စာမျက်နှာ-၄၇
ဆက်ဆက်လာနေတယ်၊ ဒါပဲ၊ အကြောင်းမကုန်သေးရင် ဆက်ဆက်လာနေမယ်။

ကဲ-နှာခေါင်းထဲက အနံ့ရလို့ရှိရင်လည်း ဒီအတိုင်းပဲ မှတ်ပါ။ နှာခေါင်းရှိတယ်၊ အနံ့နဲ့နှာခေါင်း လာဆုံတယ်၊ ဆုံတော့ နံသိစိတ်ဖြစ်တယ်၊ နံသိစိတ်ဆိုတာ ကြည့်လေ၊ ရှေ့တုန်းက ကြိုတင်ပြီး မှတ်ထားတာ ဒါကတော့ ငပိကြော်တဲ့ အနံ့ပဲ၊ ဒါကတော့ ပန်းနဲ့ စံပယ်ပန်းရဲ့အနံ့ပဲ၊ ဒါကတော့ ဒူးရင်းသီးရဲ့ အနံ့ပဲ၊ ဟော မဖြစ်ဘူးလား၊ ကိုယ်ကြိုက်တာဆိုရင် သူက သဘောကျသွားတယ်နော်၊ မကြိုက်တဲ့ဟာဆိုရင် နှာခေါင်းပိတ်သွားတယ်၊ ဟော- အနံ့လာလို့ရှိရင်လည်းပဲ ဒီအတိုင်းပဲ ဝိပဿနာရှုလို့ရတယ်၊ ဝိပဿနာရှုတယ်ဆိုတာ မျက်စိမှိတ်ပြီး ထိုင်နေရတာမျိုး ဒီလိုဆိုလိုတာ မဟုတ်ဘူး၊ အဲဒါက သမထကျင့်စဉ် သမာဓိရအောင် လုပ်တာ၊ မျက်စိမှိတ်ပြီး တရားထိုင်ပြီးတော့ စိတ်ကလေးငြိမ်အောင် ကြိုးစားနေတာ၊ ဒီဝိပဿနာဆိုတာ အဲလို မဟုတ်ဘူး၊ အသိဉာဏ်ရဲ့ကိစ္စ၊ သွားရင်းလဲရှုနိုင်တယ်၊

စာမျက်နှာ-၄၈
ထိုင်ရင်းလဲ ရှုနိုင်တယ်၊ လျောင်းရင်းလဲ ရှုနိုင်တယ်၊ အချိန်မရွေး ကိုယ့်စိတ်မှာ အမြဲတမ်း ever mindfulness အမြဲတမ်း သတိထားပြီးတော့ ရှုနေတာ ဝိပဿနာ။ concentration ဆိုတာ စိတ်ငြိမ်အောင် လုပ်တာ သမာဓိ။ contemplation ဆိုတာ စိတ်ငြိမ်အောင်လုပ်တာ မဟုတ်ဘူး၊ စိတ်နဲ့ အာရုံပေါ်မှာ ဆင်ခြင်သုံးသပ်နေတာ၊ အဲဒီဆင်ခြင်သုံးသပ်မှုဟာ ဝိပဿနာပဲပေါ့။ ပညာတွေ ပိုတိုးတက်လာတာ သိသိလာတယ်လေ၊ သေချာအာရုံစိုက်ပြီးကြည့်ရင် မသိပေဘူးလား၊ သိလာတယ်။

နှာခေါင်းထဲမှာ အနံ့လေးပေါ်လာလို့ နံသိစိတ် ပေါ်လာတယ်၊ ပြီးတဲ့အခါကျတော့ အာရုံနဲ့စိတ်နဲ့ ဆက်သွယ်မှုလာတယ်၊ ပြီးတော့ ကြိုက်မကြိုက်၊ စိတ်ထဲမှာ ပျော်သွားတယ်၊ စိတ်ထဲမှာ မပျော်ဘူးဆိုတဲ့ ခံစားချက်တွေလာတယ်၊ ခံစားပြီးလို့ရှိရင် နောက်ထပ် ရချင်တယ် မရချင်ဘူးဆိုတာလာတယ်လေ၊ ဒါတွေ ဒီသဘာဝတရားတွေ ဖြစ်နေတာ၊ အဲဒါတွေဟာ ဆိုင်ရာ

စာမျက်နှာ-၄၉
ဆိုင်ရာ အကြောင်းကြောင့် ဒီတိုင်းဖြစ်နေတာလို့ ဒီလိုသိရမယ်၊ ဒီသဘာဝတရားတွေဟာ သဘာဝတရားသက်သက်မျှသာ ဖြစ်တယ်၊ ‘ငါ’ဆိုတာလည်း မဟုတ်ဘူး၊ 'ငါ့ဥစ္စာ'လည်း မဟုတ်ဘူးလို့ ဒီလို ရှင်းရှင်းကြီး သိမြင်ရမယ်လို့ ဒီလိုပြောတာ။

အေး-အနံ့လိုပဲ မနက်စာ စားကြမယ်၊ နေ့လယ်စာ စားကြမယ်၊ ညစာ စားကြမယ်၊ အမှတ်တမဲ့ မစားလိုက်နဲ့၊ ထမင်းစားတဲ့အခါမှာကြည့်၊ ထမင်းစားရင် တချို့က အရည်သောက်ကလေးက စသောက်တယ်၊ တချို့ကလည်း ထမင်းကလေးက စဝါးတယ်ပေါ့၊ ဘာပဲစ လျှာနဲ့ အဲဒီအာဟာရနဲ့ ထိလိုက်တာနဲ့ အရသာလေး ပေါ်မလာဘူးလား၊ ပေါ်လာတယ်၊ အဲဒါလေးကို သတိထားလိုက်၊ ဇိဝှါပသာဒနဲ့ လျှာနဲ့ အာဟာရရဲ့ အရသာလေးတစ်ခု ပေါ်လာတယ်၊ ပေါ်လိုက်တဲ့အခါ ချိုတယ် ချဉ်တယ် ခါးတယ် ငံတယ်ဆိုတဲ့သိစိတ် ပေါ်လာတယ်၊ လျက်သိစိတ်ပေါ်တယ်၊ လျက်သိစိတ်ပေါ်တော့ အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿလာတယ်၊ လာသည့်

စာမျက်နှာ-၅၀
အတွက်ကြောင့် ကောင်းတယ် မကောင်းဘူး၊ ဟော- စိတ်ထဲမှာတွေ့တယ် ... မတွေ့ဘူးဆိုတဲ့ ဝေဒနာလာတယ်၊ လာတဲ့အခါမှာ နောက်ထပ်လိုချင်တယ်ဆိုတဲ့ တဏှာရော မလာဘူးလား၊ အဲဒီလိုပဲ သဘာဝအတိုင်း ဘုန်းကြီးတို့ သန္တာန်မှာ ဒီလိုပဲဖြစ်နေတာ၊ အစာစားရင်လည်း ဒီအတိုင်းဖြစ်တာပဲ၊ ဖြစ်တယ်ဆိုတာလည်း အမြဲတမ်းဖြစ်နေတာ မဟုတ်ဘူး၊ ဖြစ်ပြီး ပျက်သွားပြီ၊ ဖြစ်ပြီး ပျက်သွားပြီ၊ ဖြစ်သမျှဟာ ဒီအတိုင်းရပ်နေတာလည်း မဟုတ်ဘူး၊ အကုန်လုံး ဖြစ်ပြီးတော့ ပျက်နေတာတဲ့၊ ဒါကြောင့်မို့လို့ အတ္တလို့ ပြောစရာမရှိဘူး၊ အားလုံးဟာ အနတ္တပဲတဲ့၊ သဘာဝအတိုင်း သူ့ဟာသူ ဖြစ်ပြီး ပျက်သွားလို့ အနတ္တပဲတဲ့။

ထမင်းစားတဲ့အခါ သတိထားသလို ကုလားထိုင်ပေါ် ထိုင်နေတဲ့အခါပဲဖြစ်စေ၊ ကြမ်းပေါ် ထိုင်နေတဲ့အခါမှာပဲ ဖြစ်စေ၊ အိပ်ယာထဲ လှဲနေတဲ့အခါမှာပဲ ဖြစ်စေ အောက်က ပျော့ပျော့လေးလား မာမာကြီးလား ဟော ဒီလိုလာတယ်လေ၊ ခန္ဓာကိုယ်ကနေ ဝတ်ထားတဲ့

စာမျက်နှာ-၅၁
အဝတ်ကလေး နူးညံ့သလား မနူးညံ့ဘူးလား၊ လေအေးလေးက ကိုယ့်ကိုလာထိလို့ရှိရင် ကောင်းသလား မကောင်းဘူးလား၊ ဟော ဒီလိုလာမှာ။ အပူလေးက ကိုယ့်သန္တာန်မှာ လာထိရင် ကောင်းသလား မကောင်းဘူးလား၊ အထိအတွေ့တွေ ရှိနေတာနော်၊ လူတွေလေ အိုက်တဲ့အခါမှာ ယပ်တောင်လေးနဲ့ ခတ်တဲ့အခါမှာ လေလေးက လူလာမထိဘူးလား၊ အဲဒါ လေလေးရယ် ခန္ဓာကိုယ်ရယ် ဒီနှစ်ခု ဆုံမိလိုက်တဲ့အခါ ထိမှန်းသိတယ်၊ ထိမှန်းသိတဲ့ စိတ်ကလေး ပေါ်လာတာပဲ၊ အဲလိုပေါ်လာတဲ့အခါမှာ ဒီလေလေးက ကောင်းလိုက်တာလို့ ဒီလိုမြင်ချင်လည်း မြင်မယ်၊ ပူလိုက်တာလို့လည်း မြင်ချင်လည်း မြင်မယ်၊ ဟော- အတွေ့အကြုံ ဆက်သွယ်မှု လာပြီးတော့ အတွေ့အကြုံ ရသွားတယ်၊ အတွေ့အကြုံ ရသွားတဲ့အခါ ကောင်းတာလေးဆိုရင် ထပ်ခံချင်တယ်။ မကောင်းတာဆိုလို့ရှိရင် မျက်နှာလွှဲချင်တယ်၊ ဟော- ထိတာလည်း ဒီအတိုင်းပဲ လာတာပဲ၊ ဒီအတိုင်းပဲ လာတယ်။

စာမျက်နှာ-၅၂
နောက် မျက်စိကမြင်တာလည်းမဟုတ်ဘူး၊ နားက ကြားတာလည်း မဟုတ်ဘူး၊ နှာခေါင်းက အနံ့ရတာ လည်း မဟုတ်ဘူး၊ ခန္ဓာကိုယ်က ထိတွေ့တာလည်း မဟုတ်ဘူး၊ လျှာက လျက်နေတာလည်း မဟုတ်ဘူး၊ စိတ်ကူးကြည့်တာ၊ စိတ်ကူးကြည့်ရုံနဲ့ တချို့က စိတ်ထဲမှာကျေနပ်ပြီး ပြုံးနေတဲ့ လူတွေလည်း ရှိတာပဲ၊ တစ်ယောက်ထဲ ပြုံးတယ်ဆိုတာ အဲဒါ ပြောတာနော်၊ စိတ်ထဲမှာ ကောင်းတာလေး တွေးမိလို့ရှိရင် ပြုံးတယ်၊ မကောင်းတာ တွေးမိလို့ရှိရင် မဲ့တယ်၊ တစ်ယောက်ထဲ ဖြစ်နေတာ လူတွေမှာ၊ ဟော- အဲဒါ ဘာတုန်းဆိုရင် စိတ်နဲ့ ဓမ္မဆိုတဲ့ သဘာဝတရားတွေ စိတ်ကူးတဲ့အရာတွေ စိတ်ထဲမှာ လာပေါ်လာတယ်၊ ဒါလည်းပဲ စိတ်ကူးတဲ့ အာရုံနဲ့စိတ်နဲ့ ဆုံလိုက်တဲ့အခါမှာ တွေးသိစိတ်ဆိုတာ မလာဘူးလား၊ အေး- တွေးသိစိတ်လာလို့ရှိရင် အာရုံနဲ့ ဆက်သွယ်မှု ဖဿဆိုတာလာတယ်၊ ဝေဒနာဆိုတာ လာတယ်၊ နောက်ပြီးတော့ တဏှာဆိုတာ လာတယ်လို့ဆိုတာ ဘယ်အာရုံကပဲဖြစ်ဖြစ် တဏှာက...

စာမျက်နှာ-၅၃
ဒွါရ ၆ ပါးလုံးက အကုန်လုံး ဝင်နေတာပဲ၊ ကြည့်- အားလုံးက ဝင်နေတာ။ ပေါင်းလိုက်တော့ ၆ × ၆ လီ ၃၆ ပဲ။ ဒီဟာတွေက ဘုန်းကြီးတို့သန္တာန်မှာရှိတဲ့ တရားတွေချည်းပဲ အကုန်လုံးနော်။ မျက်စိ နား နှာ လျှာ ကိုယ် စိတ် တစ်ခုတစ်ခုမှာ ၆ မျိုး ၆ မျိုး ၆ မျိုး။ မြတ်စွာဘုရားက အဲဒီတရားတွေကို ဘယ်လို ရှုရမလဲဆိုတာ ဝိပဿနာ ရှုကွက်အနေနဲ့ ဟောတဲ့အခါ သက္ကာယ သမုဒယ ဂါမိနိ ပဋိပဒါ နှင့် သက္ကာယ နိရောဓ ဂါမိနိ ပဋိပဒါ အကျင့်နှစ်မျိုး ဖြစ်သွားတယ်၊ ဒီ သဘာဝတရားတွေကို သိတဲ့ပုဂ္ဂိုလ်နဲ့ မသိတဲ့ပုဂ္ဂိုလ်။ သိတဲ့ပုဂ္ဂိုလ်နဲ့ မသိတဲ့ပုဂ္ဂိုလ် အမြင်ချင်း မတူကြဘူး။ ဒီသဘာဝတရားတွေကိုပဲ တချို့ပုဂ္ဂိုလ်က ဘယ်လို ထင်လဲလို့ဆိုရင် “ဧတံမမ” ဒါငါ့ဟာပဲ၊ ငါ့ဟာလို့ သတ်မှတ်တယ်၊ ငါ့မျက်လုံးလို့ သတ်မှတ်တယ်၊ ငါ့စိတ်လို့ သတ်မှတ်တယ်၊ ငါ့ရဲ့ feeling လို့ သတ်မှတ်တယ်။ ဟော- ကြည့် လူတွေမှာ သတ်မှတ်တာနော်၊ “ဧတံမမ” ငါဆိုတာလည်း ဒါပဲလို့ အထင်တစ်ခုရတယ်၊ “သော...

စာမျက်နှာ-၅၄
ဟမသ္မိ” ငါ့ရဲ့ထာဝရ၊ ငါ့အလိုကျ ဖြစ်တဲ့အရာပဲလို့ “ဧသော မေ အတ္တာ”၊ ဘယ်သူတွေက ဒီလိုမြင်တာလဲလို့ ဆိုလို့ရှိရင် “ဧတံမမ” လို့ မြင်တာဟာ ကိုယ့်သန္တာန်မှာဖြစ်တဲ့ တဏှာကမြင်တာ၊ “ဧသောဟမသ္မိံ” လို့ မြင်တာက မာနကမြင်တာ၊ ဧသော မေ အတ္တာလို့ မြင်တာက ဒိဋ္ဌိကမြင်တာ။ ပေါင်းလိုက်တဲ့အခါကျတော့ ဘုန်းကြီးတို့ရဲ့ စိတ်သန္တာန်မှာ တဏှာရှိတယ်၊ မာနရှိတယ်၊ ဒိဋ္ဌိရှိတယ်၊ ဒီသဘာဝတရားတွေက သဘာဝလို့ မမြင်ဘဲနဲ့ ငါ့ဟာလို့မြင်တယ်၊ ငါလို့မြင်တယ်၊ ငါ့ရဲ့ အတ္တလို့ မြင်တယ်ဆိုတော့ ဟော အမြင်တစ်ခုရှိတယ်၊ အဲဒါကို “သက္ကာယသမုဒယဂါမိနိ ပဋိပဒါ” လို့ ခေါ်တယ်။ အဲဒီလို မြင်နေသမျှတော့ ဝဋ်ဆင်းရဲထဲမှာ တဝဲလည်လည် ဖြစ်နေမှာပဲတဲ့၊ သက္ကာယဆိုတာ ဒီနေရာမှာ ဝဋ်ဆင်းရဲကို ပြောတာ၊ ဝဋ်ဆင်းရဲထဲ ဖြစ်နေမှာပဲ၊ ဘယ်တော့မှ ဒုက္ခက အဆုံးမသတ်ဘူး။ ဒီထဲမှာ လည်နေမယ်လို့ ဆိုလိုတာ။

စာမျက်နှာ-၅၅
အဲဒီကနေ ထွက်ချင်ပြီဆိုရင် ဘာလုပ်ရမလဲဆိုတော့ အမြင်ပြောင်းရလိမ့်မယ်၊ ခုန သဘောတရားတွေကို ရှင်းရှင်းကြီး မြင်တယ်၊ အဆင်းအာရုံနဲ့ မျက်စိလာဆုံတဲ့အခါမှာ မြင်သိစိတ်ဖြစ်တယ်၊ အဆင်းအာရုံဟာလည်း တခဏလေးပဲ၊ မျက်စိကလည်းပဲ တခဏလေးရယ်၊ နှစ်ခုဆုံလိုက်လို့ ပေါ်လာတဲ့ မြင်သိစိတ်ကလေးကလည်း တခဏလေးပဲ၊ ဘယ်အရာမှ မမြဲဘူး၊ ငါ့ဟာလို့ပြောစရာ မရှိဘူးလို့မြင်တာ၊ နေတံ မမ ငါ့ဟာမဟုတ်ဘူး၊ နေသော ဟမသ္မိံ ငါလည်းမဟုတ်ဘူး သဘာဝတရား သက်သက်သာ ဖြစ်တယ်၊ န မေသော အတ္တာ ငါလည်း အတ္တလည်း မဟုတ်ဘူး၊ ငါ့အလိုကျ ဘာတစ်ခုမှ ဖြစ်တဲ့အရာတွေမဟုတ်ဘူး၊ သက်သက် သဘာဝတရားတွေပဲ ဖြစ်တယ်လို့ ဒီလို ကိုယ်နဲ့မဆိုင်သလို တကယ်လည်း မဆိုင်ပါဘူးလေ၊ ကိုယ်နဲ့မဆိုင်တဲ့ အနေအထားမျိုးကို မြင်လိုက်တယ်၊ မြင်လိုက်လို့ရှိရင် “သက္ကာယ နိရောဓ ဂါမိနီ ပဋိပဒါ” လို့ ခေါ်တယ်၊ ဝဋ်ဆင်းရဲရဲ့ ချုပ်ငြိမ်းတဲ့ ကျင့်စဉ်တစ်ခုပဲ။ ဒီလိုမြင်မှ...

စာမျက်နှာ-၅၆
ဝဋ်ဆင်းရဲချုပ်ငြိမ်းတဲ့ ထွက်ပေါက်ကို ရှာတွေ့မှာ၊ နို့မို့ဆိုရင် ဒီထဲမှာပဲ တဝဲလည်လည်နဲ့ပဲ ဖြစ်မယ်။ ဒီထဲကနေ ထွက်နိုင်မှာ မဟုတ်ဘူးတဲ့။

ဘုန်းကြီးတို့တတွေမှာ အားလုံး ဒီတိုင်းပဲ သွားနေကြတာ၊ မျက်စိက မြင်တယ်၊ နားက ကြားတယ်၊ နှာခေါင်းက အနံ့ရတယ်၊ လျှာက အရသာ၊ ခန္ဓာကိုယ်က အထိအတွေ့၊ စိတ်ထဲက စိတ်ကူး၊ ဒါတွေနဲ့ပဲ သွားနေကြတာ အကုန်လုံး၊ ဘဝဆိုတာ ဒါချည်းပဲ။

ကဲ-အဲဒီလို သွားနေတဲ့အခါမှာ မြတ်စွာဘုရားက ဘယ်နေရာကို ဘာကို ပယ်ဖျက်ရမလဲ၊ မျက်လုံးကို ဖယ်ပစ်ရမှာလား၊ အဆင်းအာရုံကို ဖယ်ပစ်ရမှာလား၊ မြင်သိစိတ်ကို ဖယ်ပစ်ရမှာလား၊ မြင်သိစိတ်ကြောင့် သုံးမျိုးဆုံလို့ ဖြစ်လာတဲ့ ဖဿဆိုတဲ့ ဆက်သွယ်မှု တရားကို ဖယ်ပစ်ရမှာလား၊ သို့မဟုတ် ဝေဒနာကို ဖယ်ပစ်ရမှာလားလို့ သိရမယ့်ဟာနဲ့ ဖယ်ရမယ့်ဟာ နှစ်မျိုးရှိတယ်နော်။ သိရမယ့်ဟာနဲ့ ဖယ်ရမယ့်ဟာ၊ အဲဒါကို စာလို့ပြောလို့ရှိရင် “ပရိညေယျ” ပိုင်းခြားသိရုံ...

စာမျက်နှာ-၅၇
သိရမယ့်ဟာ တစ်ခု၊ “ဟာတဗ္ဗ” ဖယ်ရှားပစ်ရမယ့်ဟာက တစ်ခု၊ နှစ်ခုရှိတယ်။

အဲဒီထဲမယ် ကြည့်လိုက် ဘယ်လိုဖြစ်လာတုန်း၊ မျက်စိကနေ အဆင်းအာရုံလေးကို မြင်လိုက်တယ် မြင်လိုက်တာနဲ့ တပြိုင်နက် မြင်သိစိတ် ပေါ်လာတယ်၊ မြင်သိစိတ် ပေါ်လာတဲ့အခါ ဆက်သွယ်မှု အာရုံနဲ့စိတ်နဲ့ ဆက်သွယ်ပေးတဲ့ ဖဿဆိုတာ လာတယ်၊ အဲဒီ ဖဿကို အကြောင်းပြုပြီးတော့ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခ ဝေဒနာဆိုတဲ့ ခံစားချက် (၃)မျိုး တစ်မျိုးမျိုး ဝင်လာတယ်၊ အဲဒီ ခံစားချက် (၃)မျိုးကို လူတွေကဘာဖြစ်လဲ၊ ဝမ်းသာတဲ့ ခံစားချက်ဆိုလို့ရှိရင် ဘာဖြစ်လဲ သဘောကျတယ်၊ ကျေနပ်တယ်၊ တွယ်တာတယ်၊ နှစ်သက်တယ်၊ နောက်ထပ် ခံစားချင်တယ်၊ အဲဒါကိုပြောတာ၊ လူတွေဟာ တဏှာဖြစ်တယ်ဆိုတာ အာရုံပေါ်ဖြစ်တယ်လို့သာ ပြောကြတာ၊ တကယ်ကတော့ ခံစားမှုပေါ်မှာ ဖြစ်တာနော်၊ ခံစားမှုပေါ်ဖြစ်တာ၊ အဲဒီ ဝေဒနာဆိုတဲ့ ခံစားမှုပေါ်မှာ “သုခါယ ဝေဒနာယ...

စာမျက်နှာ-၅၈
ရာဂါနုသယော အနုသေတိ” တဲ့၊ တပ်မက်တဲ့စိတ်ဟာ အဲဒီမှာပေါ်လာတော့မယ်။

ဥပမာမယ် - စံပယ်ပန်း ကြိုက်တတ်တဲ့ လူတစ်ယောက် ပထမဆုံး သူစပြီး စံပယ်ပန်းကို တွေ့တယ်၊ အနံ့လေးလည်း ကြိုက်တယ်၊ အပွင့်လေးလည်း သဘောကျတယ်၊ နောက်တစ်ခါ စံပယ်ပန်းတွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ကြိုက်တဲ့စိတ် ပြန်မပေါ်လာဘူးလား၊ ပေါ်လာတယ်နော်၊ ဒူးရင်းသီး မကြိုက်တဲ့လူက ဆိုပါစို့ ဒူးရင်းသီးအနံ့ကို မခံနိုင်တဲ့ လူတစ်ယောက်က ပထမ ဒူးရင်းသီးအနံ့ကို သူစပြီးတော့ တွေ့လိုက်တယ်၊ မကြိုက်ဘူး၊ ဆန့်ကျင်ဘက်တွေ ဖြစ်သွားတယ်၊ နောက်တစ်ခါ ဒူးရင်းသီးမြင်တာနဲ့ ဒီအနံ့ သူနှာခေါင်းထဲမှာ ရပြီး မကြိုက်တော့ဘူး ဟုတ်ကဲ့လား၊ မုန်းတီးတဲ့စိတ် ပေါ်မလာဘူးလား၊ ဒါကြောင့်မို့လို့ ဒီခံစားမှုတွေပေါ်မှာ လာပြီးတော့ ရာဂဆိုတဲ့ သဘောဟာ ကိန်းသွားတယ်လို့ ပြောတာ။ အနုသယ ကိန်းတယ်ဆိုတာ အကြောင်း...

စာမျက်နှာ-၅၉
တိုက်ဆိုင်လာလို့ရှိရင် ပေါ်လာတဲ့ အနေအထား ဖြစ်နေတာကို ကိန်းတယ်လို့ ခေါ်တာ။

ဆိုပါစို့ gas မီးခြစ်ကလေးထဲမှာ gas လည်းရှိမယ်၊ ကျန်တဲ့ ဘီးလုံးလေးတွေနဲ့ အောက်ကအမာရှိမယ် ဆိုပါစို့၊ ပြည့်စုံနေတဲ့အချိန်မှာ တစ်စုံတစ်ယောက်က သူ့လက်ကလေးနဲ့ ဖိပြီးတော့ ခြစ်လိုက်မယ်ဆိုရင် မီးလေးထွက်မလာဘူးလား၊ အဲဒီလို အခြေအနေ ပြည့်ပြည့်စုံစုံ ဖြစ်တာ၊ နောက်ထပ် အကြောင်းတစ်ခု ပေါင်းလိုက်တာနဲ့ တစ်ပြိုင်နက် ဖြစ်ပေါ်လာနိုင်တာမျိုး အနုသယလို့ ခေါ်တာ၊ အနုသယဆိုတာ “ကာရဏလာဘေ အကြောင်းတစ်ခု ထပ်ရလိုက်မယ်ဆိုလို့ရှိရင်၊ ဥပ္ပဇ္ဇတိ ဖြစ်ပေါ်လာနိုင်တဲ့ ဖြစ်ပေါ်လာထိုက်တဲ့ အခြေအနေမျိုး” ကို ပြောတာတဲ့၊ လောဘဆိုတာ ဒီတိုင်းနေရင်တော့မဖြစ်ဘူးလေ၊ ခုန ဖြစ်စရာလေးနဲ့လာဆုံပြီဆိုရင် ဘွားကနဲ ထွက်လာတာ၊ တားလို့မရဘူး ဘယ်က ရောက်လာမှန်း မသိအောင်ဖြစ်တာ၊ ဒေါသဆိုတာလည်း အတူတူပဲ၊ ဥပမာမယ် လူတစ်ယောက်ကို မုန်း...

စာမျက်နှာ-၆၀
တယ်၊ မတည့်တဲ့ လူတစ်ယောက် သူ့အသံကြားလိုက်တာနဲ့ ဒေါသက ဖြစ်လာတယ်၊ .. အဲဒါဘာတုန်း အနုသယကိန်းနေတာ၊ ဒီအသံပေါ်မှာ ဒီလူအပေါ်မှာ ကိန်းနေတာ။

အဲဒါလိုပဲ ဝေဒနာနဲ့ပတ်သက်ပြီး သုခဝေဒနာမှာဆိုရင် ရာဂဖြစ်တယ်၊ ဒုက္ခဝေဒနာဆိုရင် လူတွေက ဆန့်ကျင်တယ်၊ ဆန့်ကျင်တော့ ဘာဖြစ်လဲ ပဋိဃာနုသယ တဲ့၊ ဒေါသဆိုတဲ့ အနေအထား ကိန်းနေတယ်၊ အဒုက္ခမသုခ မထင်ရှားတဲ့ ဥပေက္ခာဝေဒနာမျိုးကျတော့ ဘာကိန်းတုန်းဆိုတော့ မသိလိုက်ဘူး၊ မသိလိုက်တဲ့အခါကျတော့ အဝိဇ္ဇာအနုသယ ကိန်းတယ်လို့ ပြောတာနော်၊ ဖြစ်တာတောင် မသိလိုက်ဘူးလေ၊ လူတွေ သိနေတာက ချမ်းသာတာနဲ့ ဆင်းရဲတာ နှစ်ခုပဲသိတာ၊ ခံစားချက်ဟာ ဒီနှစ်မျိုးပဲ သိနေကြတာ၊ ချမ်းသာတယ် ဆင်းရဲတယ် ဒါပဲပြောတာ၊ ချမ်းသာမှု ဆင်းရဲမှုရဲ့ နှစ်ခုရဲ့ စပ်ကြားလေးမှာ ရှိတာကျတော့ မသိလိုက်ဘူး၊ မသိရင်ဘာဖြစ်လဲ၊ အဝိဇ္ဇာ အနုသယ...

စာမျက်နှာ-၆၁
ကိန်းတယ်လို့ ပြောတာ။ မသိတာက နောင်ကျတော့ အကျင့်ကြီးပါပြီး မသိဘူး မသိဘူး မသိဘူးပဲ လာတော့မှာ။

ဖြစ်ကြောင်းတရားကိုလည်းသိရမယ်၊ ချုပ်ကြောင်းတရားကိုလည်း သိရမယ်။ အဲဒီ ဥပေက္ခာဆိုတဲ့ ဝေဒနာရဲ့ သာယာစရာကိုလည်း သိရမယ်၊ အပြစ်အနာအဆာကိုလည်း သိရမယ်၊ ထွက်ပေါက်ကိုလည်း သိရမယ်လို့ အဲဒီ မသိသေးလို့ရှိရင် အဝိဇ္ဇာ အနုသယဟာ ကိန်းနေမှာပဲ၊ ဟော ခံစားချက်ဝေဒနာတွေနဲ့ ပတ်သက်ပြီးတော့ မျက်စိက မြင်ပြီးတော့ ခံစားချက်ဝေဒနာ ပေါ်မယ်၊ နားက အသံကြားပြီးတော့ ခံစားချက်ဝေဒနာ ပေါ်မယ်၊ နှာခေါင်းက အနံ့ရပြီးတော့ ခံစားချက်ဝေဒနာတွေ ပေါ်မယ်၊ လျှာက အရသာခံပြီးတော့ ခံစားချက်ဝေဒနာတွေ ပေါ်မယ်၊ ခန္ဓာကိုယ်က ထိတွေ့ပြီးတော့ ခံစားချက်ဝေဒနာတွေ ပေါ်မယ်လို့ အဲဒီလို ပေါ်လာတဲ့ အပေါ်တွေမှာကြည့်ရင် သုခဝေဒနာဆိုလို့ရှိရင် ရာဂဖြစ်တယ်၊ ဒုက္ခဝေဒနာဆိုရင် ဒေါသဖြစ်တယ်။

စာမျက်နှာ-၆၂
ဥပေက္ခာဝေဒနာဆိုရင် အဝိဇ္ဇာဖြစ်တယ်၊ ထပ်တလဲလဲ လာနေမှာပဲ၊ အမှန်မသိသေးသမျှ လာနေမှာပဲ။ အဲတော့ ဘယ်လိုလုပ်ရမလဲဆိုရင် သုခဝေဒနာမှာဖြစ်မယ့် ရာဂကို မဖြစ်အောင်တားရမယ်၊ မဖြစ်အောင်ဆိုတာ သဘာဝကိုသိရင် မဖြစ်တော့ဘူးလေ။ ဘာပြုလို့တုန်းဆို သုခဝေဒနာတွေ့တာနဲ့ သူ မကျေနပ်တော့ဘူး၊ ဘာပြုလို့လဲ၊ မမြဲတဲ့ သဘောတရားလို့ သူက သိနေတယ်၊ ဒုက္ခဝေဒနာတွေ့တဲ့အခါမှာလည်း သူက ဆင်းရဲတဲ့ သဘောတရားဆိုတာ သိသွားပြီ၊ အဒုက္ခမသုခဆိုတဲ့ ဥပေက္ခာဝေဒနာ လာလို့ရှိရင်လည်းပဲ သူ့ရဲ့ ဖြစ်ခြင်းအကြောင်းတရားကိုလည်း သိတယ်၊ ချုပ်တဲ့ အကြောင်းတရားတွေကိုလည်း သိလာတယ်ပေါ့၊ သိလာသည့်အတွက်ကြောင့် အဝိဇ္ဇာမလာတော့ဘူး၊ ရှင်းရှင်းလင်းလင်းကြီး ဒီသဘာဝတရားတွေဟာ ဘယ်လိုဖြစ်ပြီး ဘယ်လိုပျက်သွားကြတယ်၊ ဘာကြောင့် ဖြစ်တယ်၊ ဘာကြောင့် ချုပ်ငြိမ်းသွားတယ်ဆိုတာကို ရှင်းရှင်းကြီး မြင်သွားကြတယ်တဲ့၊ အဲလို ရှင်းရှင်းကြီး...

စာမျက်နှာ-၆၃
မြင်သွားပြီဆိုလို့ရှိရင် ဘာဖြစ်လဲ၊ အဝိဇ္ဇာဆိုတဲ့ အမှန်မသိတဲ့ မောဟဟာ ပျောက်ကင်းသွားပြီးတော့ တကယ့်ကို အမှန်သိကြတဲ့ ဝိဇ္ဇာဆိုတဲ့ အသိဉာဏ်အလင်းတစ်ခု ရလာပါတယ်တဲ့၊ သိမြင်မှုတစ်ခု ရလိုက်တယ်။

အဲဒီလို ရလိုက်တာနဲ့ တစ်ပြိုင်နက် ဘာဖြစ်နိုင်တုန်းဆို မျက်မှောက်ဘဝမှာပဲ ဒုက္ခကို အဆုံးသတ်နိုင်တယ်တဲ့၊ အဆုံးသတ်နိုင်သွားပြီ၊ ဘာပြုလို့တုန်းဆိုရင် ကြည့်လေ- ဒါတွေကို အကြောင်းပြုပြီးတော့ လောဘဖြစ်ဦးမလား၊ သဘာဝအမှန် သိနေပြီဆိုတာနဲ့ တစ်ပြိုင်နက် လောဘဆိုတာလည်း မလာတော့ဘူး၊ ဒေါသဆိုတာလည်း မလာတော့ဘူး၊ မောဟဆိုတာလည်း မလာတော့ဘူး၊ အမှန်သိနေသည့်အတွက်ကြောင့် အဲဒီ ကိလေသာဆိုတဲ့ ဒုက္ခကို ဖြစ်စေတတ်တဲ့ အကြောင်းတရားတွေ မလာလို့ရှိရင် သူတို့က ထုတ်လုပ်မယ့် အကျိုးတရား ဒုက္ခတွေရော လာဦးမလား၊ အေး- ဒါကြောင့်မို့လို့မျက်မှောက်ဘဝမှာပဲ “ဒုက္ခဿန္တကရော”...

စာမျက်နှာ-၆၄
တဲ့ ဒုက္ခရဲ့အဆုံးကို အဆုံးသတ်လိုက်နိုင်တယ်လို့ ပြောတာ။

မြတ်စွာဘုရားရဲ့ တရားဓမ္မတွေဟာ ဘာလုပ်ဖို့လဲဆိုရင် ဒုက္ခတွေကို အဆုံးသတ်ဖို့ပဲ၊ ဒုက္ခတွေချည်းပဲ၊ ဘာဖြစ်လို့ ဒုက္ခလို့ ပြောရတာတုန်းဆိုရင် မြဲမှမမြဲတာကိုး၊ မမြဲလို့ ပြောင်းလဲတတ်လို့ ဒုက္ခလို့ ပြောတာ၊ အဲဒီ ဒုက္ခဖြစ်တဲ့ အရာအားလုံးဟာ ကိုယ့်အလိုအတိုင်း မဖြစ်လို့ အနတ္တတွေချည်းပဲ။ ဟော အဲဒီလို ဝိပဿနာ အမြင်နဲ့ မြင်လိုက်လို့ရှိရင် လောဘကိုလည်း ဖယ်နိုင်တယ်၊ ဒေါသကိုလည်း ဖယ်နိုင်တယ်၊ မောဟကိုလည်း ဖယ်နိုင်လိုက်သည့်အတွက်ကြောင့် နောက်ထပ်ဒုက္ခတွေ ဖြစ်ပွားလာမှုဟာ ရပ်တန့်သွားတယ်ပေါ့။ ဘယ်လိုအကျိုးတရားတွေ ဖြစ်လာတုန်းဆိုလို့ရှိရင် ကြည့်-ဒီလိုမှန်မှန်ကန်ကန်သိလာပြီဆိုလိုက်တာနဲ့ တစ်ပြိုင်နက် မျက်စိနဲ့ပတ်သက်ပြီးတော့လည်းပဲ တရား ၆ မျိုးပေါ်မှာ သာယာစရာဆိုတာ ရှာမတွေ့တော့ဘူး၊ မျက်စိပေါ်မှာလည်း သာယာစရာ မရှိတော့ဘူး၊

စာမျက်နှာ-၆၅
သူ့ဟာသူ ဖြစ်ပြီးပျက်သွားတဲ့ အရာတစ်ခုပဲ၊ မြင်လိုက်တဲ့ အဆင်းအာရုံပေါ်မှာလည်း သာယာစရာ မတွေ့တော့ဘူး၊ မြင်သိစိတ်ပေါ်မှာလည်း သာယာစရာဆိုတာ မတွေ့တော့ဘူး၊ မြင်သိစိတ်ကို အမှီပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ ဖဿဆိုတဲ့ ဆက်သွယ်မှုပေါ်မှာလည်း သာယာစရာ မတွေ့ဘူး၊ ဖဿကြောင့် ဖြစ်လာတဲ့ သုခဒုက္ခဆိုတဲ့ ဝေဒနာပေါ်မှာလည်း သာယာမှုဆိုတာ ရှာမတွေ့ဘူး၊ တဏှာဆိုတဲ့ အပေါ်မှာလည်း သာယာမှုဆိုတာ ရှာမတွေ့တော့ဘူး။ အားလုံး ဒီသဘာဝတရားတွေပေါ်မှာ စိတ်ပျက်ငြီးငွေ့သွားတယ်၊ ဒါ ငါနဲ့မဆိုင်ဘူး၊ သာယာစရာဆိုတာ ရှာမတွေ့တော့ဘူး၊ နိဗ္ဗိန္ဒတိ ငြီးငွေ့တယ်။ အဲဒါဟာ ဝိပဿနာဉာဏ် ဖြစ်ပုံကို ပြောတာ။

ဝိပဿနာဉာဏ် ဖြစ်လာပြီဆိုရင် ဒါတွေပေါ်မှာ အကုန်လုံး တွယ်တာမှုတွေပြတ်၊ သာယာမှုတွေ ရှာမတွေ့တော့ဘူး၊ သာယာမှုတွေ ရှာမတွေ့တော့ ဘာဖြစ်လဲ “နိဗ္ဗိန္ဒ ဝိရဇ္ဇတိ” တဲ့၊ တဏှာဟာ မလာနိုင်...

စာမျက်နှာ-၆၆
တော့ဘူး၊ ကြိုက်နေလို့ တဏှာဖြစ်တာကိုး၊ မကြိုက်တော့ဘူးဆိုရင် လာပါဦးမလား၊ ပစ္စည်းလေးတစ်ခုဟာ ကိုယ်မကြိုက်တော့ဘူးဆိုရင် အဲဒီပေါ်မှာ တွယ်တာမှု ရှိသေးလား၊ မရှိဘူး၊ ကိုယ့်သန္တာန်မှာလည်းပဲ ဒီလိုပဲ၊ ကြိုက်စရာ ရှာမတွေ့တော့ဘူးဆိုရင် မကြိုက်တော့ဘူး၊ မကြိုက်ဘူးဆိုရင် တဏှာပြတ်သွားပြီ၊ အဆက်အသွယ် ပြတ်သွားပြီ သူနဲ့၊ သူ့အတွက် စိုးရိမ်စရာ လာဦးမလား၊ မလာဘူး၊ နိဗ္ဗိန္ဒ ဝိရဇ္ဇတိ တဲ့။

အဲဒီလို တွယ်တာမှု ကင်းသွားတာနဲ့ တပြိုင်နက် ဘာဖြစ်တုန်းဆိုရင် “ဝိရာဂါ ဝိမုစ္စတိ” တဲ့၊ တဏှာနဲ့ အာရုံကို ဆက်သွယ်မှု မရှိတော့သည့်အတွက်ကြောင့် တွယ်တာမှုကနေ လွတ်ထွက်သွားတယ်၊ ဟော အဲဒါကို freedom လို့ ခေါ်တာနော်၊ liberation လွတ်ထွက်သွားပြီ၊ တဏှာရဲ့ အရင်ကအုပ်စိုးထားတဲ့ အောက်ကနေ သူလွတ်သွားတယ်၊ မျက်စိထဲ မြင်တဲ့အပေါ်မှာ တွယ်တာနေတဲ့ တဏှာကနေ လွတ်ထွက်သွားတာ။ တရားထူး တရားမြတ်ရတယ်ဆိုတာ အဲဒီလို ကိုယ့်...

စာမျက်နှာ-၆၇
စိတ်ရဲ့ အနေအထားတွေဟာ ပြောင်းသွားတယ်တဲ့နော်။

နံပါတ် (၁) ဝိပဿနာဖြစ်ရင် သာယာစရာ ရှာမတွေ့တော့ဘူး၊ သာယာစရာ ရှာမတွေ့လို့ရှိရင် တွယ်တာမှု ပြတ်သွားတယ်။ တွယ်တာမှုပြတ်သွားရင် စိတ်ကလေးဟာ လွတ်လပ်သွားတယ်၊ ဘယ်ပေါ်မှ သွားပြီးတော့ မငြိတော့ဘူး၊ လွတ်လပ်သွားပြီ။ အဲဒီဟာက ပြောမယ်ဆိုလို့ရှိရင် ဒါက ဝိပဿနာရပြီးတော့ မဂ်စိတ်ဖိုလ်စိတ် ဖြစ်ပေါ်လာခြင်းပဲ၊ မဂ်စိတ်ဖိုလ်စိတ် ဖြစ်ပေါ်တယ်ဆိုတာ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ ဖြစ်ပေါ်တာဖြစ်တယ်။ ဒါကြောင့်မို့လို့ နောက်ဆုံးမှာ အရဟတ္တမဂ် အရဟတ္တဖိုလ်ဉာဏ်ရလို့ ကိလေသာတွေ အားလုံးကုန်၊ တွယ်တာမှုတွေ အားလုံး ငြိမ်းသွားပြီဆိုတဲ့အခါမှာ ဘာသိလာတုန်းဆို “ငါ့ရဲ့ဒီဘဝ၊ ဘဝဆိုတာ မွေးဖွားမှုဆိုတာ ကုန်သွားပြီနော်၊ ကုန်သွားပြီ၊ ကျင့်စရာတွေလည်း အားလုံးကျင့်ပြီးသွားပြီ၊ လုပ်စရာတွေလည်း အားလုံးလုပ်ပြီးသွားပြီ၊ ကျင့်စရာတွေလည်း...

စာမျက်နှာ-၆၈
အားလုံးကျင့်ပြီးသွားပြီ၊ လုပ်စရာတွေလည်း အားလုံး လုပ်ပြီးသွားပြီ၊ ထပ်လုပ်စရာ ဘာမှ မရှိတော့ဘူး” လို့ ထူးခြားတဲ့ အသိဉာဏ်တစ်ခုနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ မြင်လာတယ်။

အဲဒီလို မြတ်စွာဘုရားက “ဆဆက္ကသုတ်” မှာ ရဟန္တာဖြစ်သွားပြီး စဉ်းစားဉာဏ် ဖြစ်ပေါ်လာပုံကို ပြရင်း ဒီသုတ်ကို နိဂုံးချုပ်လိုက်ပါတယ်။ အဲဒီလို နိဂုံးချုပ်လိုက်တဲ့အခါမှာ ရဟန်းတော်တွေဟာ အင်မတန်မှ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးတော့ ဟောဒီသုတ္တန်ရဲ့ အဆုံးမှာတဲ့ ရဟန်း ၆ဝ ဟာ ကိလေသာ အာသဝေါတွေမှ စိတ်ဟာ လုံးဝလွတ်သွားကြတယ်၊ ဘုရားဟောနေတဲ့ အချိန်မှာ ဂရုတစိုက် နားထောင်တယ်၊ မျက်စိနဲ့ ပတ်သက်တာ ၆ မျိုး၊ နားနဲ့ ပတ်သက်တာ ၆ မျိုး၊ နှာခေါင်းနဲ့ ပတ်သက်တာ ၆ မျိုး၊ လျှာနဲ့ ပတ်သက်တာ ၆ မျိုး၊ ခန္ဓာကိုယ်နဲ့ ပတ်သက်တာ ၆ မျိုး၊ စိတ်နဲ့ ပတ်သက်တာ ၆ မျိုး၊ အားလုံး ၆x၆ လီ ၃၆၊ ဆဆက္ကသုတ်မှာလာတဲ့ တရားဓမ္မတွေ ဝိပဿနာဉာဏ်နဲ့...

စာမျက်နှာ-၆၉
ရှုဆင်ခြင်လိုက်တဲ့အခါမှာ မဂ်ဖိုလ်ကို ရရှိပြီးတော့ သွားကြတယ်။

တရားချစ်ခင်သူတော်စင် ပရိသတ်တို့၊ ဝိပဿနာ ကျင့်စဉ်ကို ဆဆက္ကကျင့်စဉ်အတိုင်း မိမိတို့ကိုယ်တွေ့ မျက်စိ နား နှာ လျှာ ကိုယ်မှာဖြစ်လာတဲ့ အနေအထားတွေကို အားလုံး ယခုအခါမှာ ဘုရားဟောတဲ့အတိုင်း သိရှိကြပြီးတော့ လက်တွေ့ဘဝမှာ မိမိတို့ အသိဉာဏ်တွေ့ရအောင် လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။

သာဓု... သာဓု... သာဓု
j7kujmkro4lzfq1ieq5ipdr2dpwjv5o
22097
22096
2026-06-15T02:59:28Z
Tejinda
173
22097
wikitext
text/x-wiki
{{header
| title = ဆဆက္က ဒေသနာနှင့် ဓမ္မဝိပဿနာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဆင်းရဲမွဲတေမှု လျှော့ချရေး]]
| previous2 =
| next = [[ဆရာမြတ်ကို ဆည်းကပ်ရမည့်အခါ]]
| next2 =
| year =
| notes =
| edition =
| categories = မြန်မာ တရားတော်များ
| shortcut =
| portal =

စာမျက်နှာ-၁
မှတ်တမ်း

သာသနာတော်နှစ်-၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ်-၁၃၇၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၃)ရက်၊ (၉-၁၁-၂၀၁၀) မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော် နှင့် တိုက်တန်းကြီး ဈေးသူဈေးသားများ၏ စုပေါင်းမဟာကထိန်တော် အထိမ်းအမှတ် အထူးတရားပွဲ၌ ဟောကြားအပ်သော “ဆဆက္က ဒေသနာနှင့် ဓမ္မဝိပဿနာ” တရားတော်။
ဆဆက္က ဒေသနာနှင့် ဓမ္မဝိပဿနာ
“ဆဆက္က ဒေသနာနှင့် ဓမ္မဝိပဿနာ” မြတ်စွာဘုရားကိုယ်တော်မြတ် ကိုယ်တော်တိုင် ဟောကြားထားတဲ့ သုတ္တန်တွေထဲမှာ “ဆဆက္ကသုတ်” ဆိုတာ ရှိတယ်။ ဆ ဆိုတာ (၆)မျိုး၊ ဆက္ကဆိုတာ (၆)ခု အစု၊ မြန်မာလိုပြောရင် ဆဆက္ကဆိုတာ ၆×၆ လီလို့ ဒီလိုပြောတာပဲ။ ဝိပဿနာတရား ရှုပွားဖို့အတွက် ၆ မျိုးလီသော တရားဓမ္မများကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဒီသုတ္တန်မှာ ရှင်းလင်းဟောကြားထားတယ်။ ၆×၆ လီ = ၃၆ ဆိုတာ တရားအမျိုးပေါင်း ၃၆ မျိုးကို ဝိပဿနာရှုဖို့အတွက် မြတ်စွာဘုရားက ဟောကြားထားတာ ဖြစ်တယ်။

စာမျက်နှာ-၂
ဒီသုတ္တန်ဟာ အလွန်ထူးခြားတဲ့ သုတ္တန်တစ်ခုလို့ ဒီလိုဆိုရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့တုန်း ဆိုလို့ရှိရင် ပထမဆုံး မြတ်စွာဘုရား ... ဒီသုတ္တန်ဟောပြီးတာနဲ့ တစ်ပြိုင်နက် တရားနာနေတဲ့ ရဟန်းတော်အပါး (၆၀) ဟာ အာသဝေါကင်းကွာ ရဟန္တာတွေ ဖြစ်သွားကြတယ်။ တရားနာရင်းပဲ ဝိပဿနာဉာဏ်တွေ အဆင့်ဆင့်တက်လို့ ထိုဝိပဿနာဉာဏ် ရင့်သန်လာတဲ့အခါ မဂ် ၄ ပါး ဖိုလ် ၄ ပါး အဆင့်ဆင့်တက်သွားပြီးတော့ ရဟန္တာပုဂ္ဂိုလ်တွေ ဖြစ်သွားကြတယ်။ တရားထူး တရားမြတ်ရတယ်ဆိုတာ ထူးခြားတဲ့ အသိဉာဏ်တွေ ရရှိသွားတာကို ပြောတာ၊ ပထမဆုံးဟောတဲ့ အကြိမ်မှာလည်း အပါး(၆၀) ရဟန္တာဖြစ်တယ်။

တရားဦးဖြစ်တဲ့ ဓမ္မစကြာတရားကို ဟောတုန်းက ပဉ္စဝဂ္ဂီ (၅)ပါး တရားနာကြတယ်။ အဲဒီတရားနာတဲ့ထဲက ရှင်ကောဏ္ဍညတစ်ပါးပဲ သစ္စာတရား သဘောပေါက်ပြီး အမှန်မြင်ခြင်းနဲ့ သံသယကင်းခြင်းဆိုတာ ရရှိပြီးတော့ ဓမ္မစက္ခုဆိုတဲ့ တရားမျက်စိကို လူသား

စာမျက်နှာ-၃
ထဲက တစ်ဦးတည်းပဲ သောတာပန်ဖြစ်တယ်။ အခု ဒီ ဆဆက္ကသုတ္တန် နာလိုက်တဲ့အဆုံးမှာတော့ ရဟန်းပေါင်း (၆၀) ရဟန္တာဖြစ်သွားကြတယ်။ ဒါကြောင့်မို့လို့ ထူးခြားတဲ့ သုတ္တန်တစ်ခုလို့ ဆိုရမှာပါ။ ဒါတင်လားလို့ဆိုတော့ ဒီသုတ္တန်ကို အကြိမ်ကြိမ် အထပ်ထပ် ဟောခဲ့တယ်ဆိုတာ အဋ္ဌကထာမှာ မှတ်တမ်းတင်ထားတာရှိတယ်။ ရှင်သာရိပုတ္တရာလည်း ဟောတယ်၊ ရှင်မဟာမောဂ္ဂလာန်လည်း ဟောတယ်၊ ရှင်အာနန္ဒာ စတဲ့ ရဟန္တာတွေလည်းပဲ ဟောကြတယ်။ ဟောတိုင်းဟောတိုင်း ဒီသုတ္တန်ကို နာပြီးရင် ရဟန္တာအပါး (၆၀) စီ တရားထူးတရားမြတ် ရသွားကြတယ်လို့ မှတ်တမ်းမှာ ဒီလိုဆိုထားတယ်။ ဒါ ထူးခြားချက်တွေပဲပေါ့နော်။ ဒါက မြတ်စွာဘုရားလက်ထက်က မှတ်တမ်း။

အသီတိ မဟာသာဝက။ မြတ်စွာဘုရားရဲ့ လက်ရွေးစင် မဟာသာဝကလို့ခေါ်ရတဲ့ တပည့်ကြီးဟာ အပါး(၈၀) ရှိတယ်၊ ယေဘုယျအားဖြင့် အဲဒီထဲမှာပါတဲ့

စာမျက်နှာ-၄
အပါး (၈၀) ထဲမှာပါတဲ့ ရဟန္တာတွေဟာ ဒီသုတ္တန်ကို ဟောဖူးကြတယ်၊ ဟောတိုင်းဟောတိုင်းလည်း တရားထူး တရားမြတ်တွေ ရသွားကြတယ်ဆိုတာ အဋ္ဌကထာမှာ ရေးထားတယ်။ အဋ္ဌကထာဆိုတာ tradition ပဲ၊ tradition ဆိုတာ အစဉ်အလာ မှတ်တမ်းအနေနဲ့ ပြောသွားတာပေါ့၊ သူထင်ရာရေးတာတော့ မဟုတ်ဘူး။ အဋ္ဌကထာဆိုသည်မှာ ဘုရားဟောတဲ့ တရားတွေကို မြတ်စွာဘုရား လက်ထက်မှာပဲ ဘုရားကိုယ်တိုင်ရှင်းပြတာရှိတယ်၊ ရှင်သာရိပုတ္တရာတို့က ရှင်းပြတာရှိတယ်၊ ရှင်အာနန္ဒာ ရှင်းပြတာရှိတယ်။ အဲဒီလို အသေးစိတ် အနက်အဓိပ္ပါယ်ကို ရှင်းလင်းပြသတယ်၊ ဒီရှင်းလင်းချက်တွေဟာ နောက်ပိုင်းကျတော့ အဋ္ဌကထာလို့ ဖြစ်လာတာ။ အဋ္ဌကထာဆိုတာ အနက်ကို ဖွင့်ဆိုပေးတာ၊ အဲဒီအဋ္ဌကထာဟာ မူလအဋ္ဌကထာ၊ အင်မတန်မှ ကျယ်လို့ မဟာအဋ္ဌကထာတဲ့၊ ပထမဆုံးက မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားဓမ္မတွေကို ဖွင့်ဆိုတာ။

စာမျက်နှာ-၅
ဒီ မဟာအဋ္ဌကထာကို အသောကမင်းကြီး လက်ထက်မှာ သားတော် ရှင်မဟာမဟိန္ဒက သီဟိုဠ်ကျွန်းကို ယူသွားတယ်၊ သီဟိုဠ်ရောက်သွားတဲ့အခါကျတော့ အဲဒီ မဟာအဋ္ဌကထာတွေကို ဘာသာပြောင်းပြီးတော့ သီဟိုဠ်ဘာသာနဲ့ ရေးထားတယ်လို့ဆိုတယ်။ အဲဒီ သီဟိုဠ်ဘာသာနဲ့ ရေးထားတဲ့ မဟာအဋ္ဌကထာကို အိန္ဒိယနိုင်ငံသား ရှင်မဟာဗုဒ္ဓဃောသက လေ့လာသင်ယူပြီးတဲ့အခါမှာ ပါဠိဘာသာနဲ့ ပြန်ပြီးတော့ အကျဉ်းချုံးပြီးတော့ ရေးထားတယ်၊ ဒီကနေ့ခေတ်မှာ သုံးထားတာ အကျဉ်းချုံးထားတဲ့ အဋ္ဌကထာပဲ။ အကျဉ်းချုံးတယ် ဆိုပေမယ့်လို့ လိုရင်းအဓိပ္ပါယ်တွေတော့ အကုန်လုံးပါတယ်၊ ထပ်တလဲလဲလာတဲ့ repetition တွေတော့ ရှောင်တာပေါ့။ ထပ်တလဲလဲ ဖွင့်ဆိုချက်တွေကို ချန်ထားခဲ့ပြီးတော့ အရေးကြီးတဲ့ အချက်တွေ ထည့်သွင်းပြီးတော့ စပ်ဆိုင်ရာ စပ်ဆိုင်ရာ မှတ်တမ်းလေးတွေပါ ထည့်ပြီးတော့ ပြောသွားတာ။

စာမျက်နှာ-၆
ရှင်မဟာဗုဒ္ဓဃောသက သီဟိုဠ်ကျွန်းမှာ သူကိုယ်တိုင်က ရေးတဲ့ ကျမ်းစာထဲမှာ ရှင်းရှင်းလေးပဲ ပြောခဲ့ပါတယ်။ သူဟာ ရှေးဟောင်းအဋ္ဌကထာကို ဘာသာပြောင်းတာပါတဲ့။ ဘာသာပြောင်းပြီးတော့ ထပ်တလဲလဲလာတာတွေကို သူ ချိုးရုံချုံးပြီးတော့ ရေးတာပါတဲ့၊ သူ့အနေနဲ့ ထည့်ချင်ရာထည့် ရေးချင်ရာရေးတာ တစ်ခုမှမလုပ်ဘူး။ ဒါကြောင့်မို့လို့ အဋ္ဌကထာတွေကို သေချာလေ့လာကြည့်တဲ့အခါ ရှင်မဟာဗုဒ္ဓဃောသက ရှေးဟောင်း အဋ္ဌကထာတွေနဲ့ မတူညီတဲ့ အတွေးတွေ သူ့သန္တာန်မှာ ရှိလာပြီဆိုလို့ရှိရင် စကားလေးခံပြီးတော့ ရေးတယ်၊ "... အဋ္ဌကထာမှာတော့ ဒီအတိုင်းဆိုတယ်။ ဒါပေမယ့် သူ့ထင်မြင်ချက်တော့ ဒီအတိုင်းရှိပါတယ်" လို့ဆိုပြီး တလေးတစား ဖော်ပြတယ်။ အနောက်တိုင်းက လူတွေက အဋ္ဌကထာဟာ ဘုရားဟောတာ မဟုတ်ဘူး၊ နောက်ပိုင်းမှ ပေါ်လာတာ ဆိုပြီးတော့ မလေးမစား ပြောကြတယ်ပေါ့။ သို့သော် မြန်မာနိုင်ငံမှာတော့ အဋ္ဌကထာဋီကာဆိုတာ

စာမျက်နှာ-၇
အလွန်လေးစားတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ အဋ္ဌကထာ ဋီကာ မပါဘဲနဲ့ တချို့ဟာတွေ အဓိပ္ပါယ်မဖော်နိုင်ဘူး။ အဋ္ဌကထာ ဋီကာ ကြည့်ပြီးမှသာ အဓိပ္ပါယ်ဖော်ရတယ်။

အေး- အနောက်တိုင်း စာရေးဆရာတချို့က အဋ္ဌကထာတွေဟာ၊ အဋ္ဌကထာထဲကအဆို ဆိုလို့ရှိရင် သူတို့က လက်မခံချင်ဘူး၊ အဲဒီလိုပုဂ္ဂိုလ်မျိုးနဲ့ ကြုံလို့ရှိရင်တော့ ဘုန်းကြီးတို့က ရှင်းပြရတယ်၊ အဋ္ဌကထာ လက်မခံဘူးဆိုရင် အဋ္ဌကထာ ဘယ်နှစ်အုပ် ဖတ်ဖူးလို့လဲ၊ ဖတ်ပြီးတဲ့အခါမှာ ဒီအချက် ဒီအချက်ဖြင့် မမှန်ဘူး၊ ဒီအချက် ဒီအချက်တော့ လက်မခံနိုင်ဘူးလို့ ပြောရင် ဒါရတယ်။ အဲဒီလိုမပြောဘဲနဲ့ လုံးပြီးတော့ ပြောတာကျတော့ ဒါ သဘာဝမကျဘူးပေါ့။ အဲတော့ အဋ္ဌကထာဆိုတာကို မဖတ်ဖူးဘဲနဲ့ အပြစ်ပြောနေတဲ့ ပုဂ္ဂိုလ်တွေရှိတယ် အများကြီး၊ ဒါ သတိထားစရာကို ပြောပြတာနော်၊ စာပေဆိုတာ လေ့လာတဲ့အခါ အလွန်သတိထားရတယ်ပေါ့။ အဋ္ဌကထာထဲမှာ မှားပြီးတော့

စာမျက်နှာ-၈
ရေးတာလည်း ရှိကောင်းရှိနိုင်တယ်၊ ဒါပေမယ့် တချို့ဟာတွေက အရေးကြီးတဲ့ဟာတွေ မဟုတ်ဘူး၊ history တော့ နည်းနည်းမှားချင်မှားမယ်၊ ပါဠိနဲ့ပတ်သက်ပြီး တချို့မူကွဲတွေရှိလို့ သူတွေ့တဲ့မူနဲ့ နောက်ထပ်တွေ့တဲ့မူ မတူတာလေးတွေ ဒီလိုဖွင့်ဆိုတာတော့ ရှိကောင်းရှိနိုင်တယ်ပေါ့။ ဒါ အင်မတန်နည်းပါးတယ်။ သို့သော် ရှင်မဟာဗုဒ္ဓဃောသက ရှေးဟောင်းအဋ္ဌကထာကို သူအကျဉ်းချုံးပြီးတော့ ဘာသာပြန်ရုံ ပြန်တာပါလို့ သူပြောသွားတယ်၊ လေးစားထိုက်တဲ့ဟာပေါ့။

အဲတော့ ဆဆက္ကသုတ်နဲ့ ပတ်သက်ပြီးတော့ သီဟိုဠ်ကျွန်းက အကြောင်းအရာတွေကိုလည်း ထည့်သွင်းပြီးတော့ ရေးထားတယ်၊ သီဟိုဠ်ကျွန်းမှာ မလိယဒေဝမထေရ်ဆိုတဲ့ မထေရ်တစ်ပါးရှိတယ်၊ စာတတ်ပေတတ် ရဟန္တာပုဂ္ဂိုလ်၊ အဲဒီ ရဟန္တာပုဂ္ဂိုလ်က ဟောဒီ ဆဆက္ကသုတ်ကို နေရာပေါင်း ၆၀-မှာ အကြိမ်ပေါင်း ၆၀ သူ ဟောခဲ့တယ်၊ ဟောတိုင်းဟောတိုင်း ရဟန်း ၆၀၊ ရဟန်း ၆၀ ကျွတ်တမ်းဝင်

စာမျက်နှာ-၉
တယ်လို့ စာထဲမှာ ဒီလိုမှတ်ထားတယ်။ အဲတော့ ဒီသုတ္တန်က ဒီမှတ်တမ်းတွေကို ကြည့်လိုက်တဲ့အခါ တော်တော်ထူးခြားတဲ့ သုတ္တန်တစ်ခုဖြစ်တာ တွေ့ရတယ်။

ဆဆက္က ၆×၆ လီ၊ ဒီနာမည်က မြတ်စွာဘုရား ကိုယ်တိုင်ပေးထားတာ၊ တချို့သုတ္တန်တွေက မြတ်စွာဘုရားပေးတဲ့နာမည် မဟုတ်ဘူး၊ နောက်ပိုင်း သံဂါယနာတင်တဲ့ မထေရ်တွေ နာမည်ပေးသွားတာ၊ အဲဒီထဲက စကားလုံးတစ်ခုကို ကြည့်ပြီးတော့ နာမည်ပေးသွားတာ။ ဟောဒီသုတ်ရဲ့ ထူးခြားချက်ကတော့ ဆဆက္က ဆိုတဲ့ နာမည်က ဘုရားကိုယ်တိုင်ပေးတာ၊ မြန်မာလိုပြောရင် ၆×၆ လီလို့ ပြောလိုက်တာပဲ၊ ဆ ဆိုတာ ၆၊ ဆက္က ဆိုတာ ၆ ခု အစု၊ ၆ ခု အစု ၆ မျိုး ဆိုတာ ၆×၆ လီ၊ အမျိုးအစားပေါင်း ၃၆ မျိုး၊ ဝိပဿနာရှုနည်း ရှုကွက်တွေကို မြတ်စွာဘုရားက အသေးစိတ် ဒီသုတ္တန်မှာ ဟောထားတယ်။

စာမျက်နှာ-၁၀
ဒီသုတ္တန် အစချီထားပုံက တော်တော်ထူးတယ်၊ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ ဘယ်တရားပဲဖြစ်ဖြစ် အားလုံးကို ခြုံပြီးတော့ ပြောမယ်ဆိုရင် အာဒိကလျာဏ အစမှာလည်း ကောင်းတယ်၊ မဇ္ဈေကလျာဏ အလယ်မှာလည်း ကောင်းတယ်၊ ပရိယောသာနကလျာဏ အဆုံးသတ်လည်း ကောင်းတယ်။ တချို့ဟာတွေက အစကောင်းပေမယ့် အလယ်မှာ ညံ့သွားတာရှိတယ်၊ သို့မဟုတ် အဆုံးသတ်မှာ ညံ့သွားတာရှိတယ်။ မြတ်စွာဘုရား တရားတော်တွေကတော့ အဲဒီလိုမဟုတ်ဘူး၊ စတာလည်း ကောင်းတာပဲ၊ အလယ်မှာလည်း ကောင်းတာပဲ၊ အဆုံးသတ်လည်း ကောင်းတယ်၊ ဒါတင်မကဘူး အနက်အဓိပ္ပါယ်ကလည်း အင်မတန်မှ ပြည့်စုံတယ်တဲ့၊ “သာတ္ထသ ဗျဉ္ဇန” စကားလုံးလည်း ကြွယ်ဝတယ်၊ ပြည့်ပြည့်စုံစုံ သုံးပြထားတယ်၊ ကေဝလပရိပုဏ္ဏ လိုလေသေးမရှိဘူး၊ ဘက်စုံက ပြည့်ပြည့်စုံစုံ ဟောထားတာဖြစ်တယ်၊ ပရိသုဒ္ဓ တကယ့်ကို ရှင်းလင်းပြတ်သားတယ်၊ စင်ကြယ်တယ်၊

စာမျက်နှာ-၁၁
ဗြဟ္မစရိယ ဒီထဲမှာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း အကျင့်မြတ်ကိုလည်းပဲ ထုတ်ဖော်တင်ပြထားတယ်တဲ့၊ ဒီသုတ္တန်နဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက အစမှာတင်ပဲ အဲဒီလို ဂုဏ်ရည်တွေနဲ့ ပြည့်စုံကြောင်း ရှင်းပြတယ်။ သူဟောမယ့် တရားဟာ အစမှာလည်း ကောင်းတယ်၊ အလယ်မှာလည်း ကောင်းတယ်၊ အဆုံးမှာလည်း ကောင်းတယ်၊ အနက်အဓိပ္ပါယ်နဲ့လည်း ပြည့်စုံတယ်၊ စကားလုံးတွေလည်း ကြွယ်ဝတယ်၊ လုံးဝ ပြည့်စုံပြီး စင်ကြယ်သန့်ရှင်းတဲ့ အကျင့်မြတ်ကိုလည်းပဲ ဖော်ပြထားတယ်လို့ ဒီ ဆဆက္ကသုတ်မှာ ကိုယ်တော်တိုင် ထုတ်ဖော်ပြီးတော့ ဟောထားတာ၊ ဒါလည်း ထူးခြားချက်တစ်ခုပဲပေါ့၊ တခြားသုတ်တွေမှာ ဒီလိုပါတာ တစ်နေရာမှ မတွေ့ရဘူး။

အေး- အဲဒီမှာ ၆×၆ လီ ဆိုတာ ဘာပြောတာလဲ၊ ဒီ ၆×၆ လီ ဆိုတဲ့ သဘာဝတရားတွေဟာ လူတိုင်းလူတိုင်းရဲ့ သန္တာန်မှာရှိတဲ့ တရားတွေချည်းပဲ၊ တခြားမှာ သွားရှာရမယ့် တရားတွေ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့

စာမျက်နှာ-၁၂
မြတ်စွာဘုရားဟောတဲ့ တရားဟာ သတ္တဝါတွေနဲ့ လူတွေနဲ့ အနီးစပ်ဆုံးတရားပဲ၊ ဒီကနေပြီးတော့ မမြင်နိုင်တာတွေကို ကျော်ပြီးတော့ တွေးစရာမလိုဘူး၊ လောကမှာ ဘာသာတရားတွေကို စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် ဟောပြောတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲလို့ လိုက်ရှာလိုက်လို့ရှိရင် ဟိုလိုလို ဒီလိုလို ဖြစ်သွားတယ်၊ သေချာရေရာခြင်း မရှိဘူး။ မြတ်စွာဘုရားဟောတဲ့ တရားကျတော့ အဲလိုမဟုတ်ဘူး၊ ဟောတဲ့ပုဂ္ဂိုလ် သေချာရှိတယ်၊ ပြီးတော့ ဒီဟောတဲ့ပုဂ္ဂိုလ်ကလည်းပဲ ဟိုနတ်က လာပြောသွားသလိုလို၊ မမြင်ရတဲ့ တန်ခိုးကြီးတဲ့ အရာကနေ လာပြီးတော့ ပြောသွားသလိုလို ဒီလိုဟာမျိုး မရှိဘူး။ “သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေမိ” တဲ့။ မြတ်စွာဘုရားက "ငါကိုယ်တိုင်သိ၊ သိပြီးတဲ့အခါမှာ ကိုယ်တိုင်လက်တွေ့လုပ်ပြီးမှ ပြောတာပါ" တဲ့၊ ဘယ်လောက်သေချာတုန်း။ မြတ်စွာဘုရား ဟောတဲ့တရားက ကိုယ်တိုင်ကျင့်သုံးတယ်၊ ကိုယ်တိုင်

စာမျက်နှာ-၁၃
သိတယ်၊ ကိုယ်တိုင်သိပြီး ကိုယ်တိုင်လက်တွေ့ကျင့်သုံးပြီးမှ ဟောတဲ့တရား၊ စိတ်ချရတယ်။

တရားကို ဘုရားသာသိတယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ မသိနိုင်ဘူးလို့ ... ဒီလိုပြောလို့မရဘူး၊ သန္ဒိဋ္ဌိကော- လုပ်ကြည့်တဲ့လူတိုင်း သိရမယ်၊ ဧဟိပဿိကော- စမ်းကြည့်ဆိုတာ ဖိတ်ခေါ်ပြီးပြရတဲ့တရား၊ အင်မတန်မှ သေချာတယ်၊ တခြားဟာတွေ ဆိုလို့ရှိရင်တော့ ဟိုလူက ပြောသွားတာလိုလို၊ ဒီလူက ပြောသွားတာလိုလို၊ ဟိုနားမှာ ရေးထားခဲ့သလိုလို ဒီနားမှာ ရေးထားခဲ့သလိုလိုနဲ့ သလိုလိုနဲ့ပဲ ပြီးသွားတဲ့တရားမျိုး၊ မြတ်စွာဘုရားတရားက အဲလိုမဟုတ်ဘူး၊ သူကိုယ်တိုင်သိပြီးတော့ ဟောတဲ့တရား၊ tradition လို့ခေါ်တဲ့ အစဉ်အလာကို ဟောတာလည်းမဟုတ်ဘူး၊ ကိုယ်တိုင်သိပြီး ဟောတာ၊ အင်မတန်မှ သဘာဝကျတယ်။ ပြီးတော့ တကယ်လည်း ကျင့်တဲ့ပုဂ္ဂိုလ်တွေ လူတိုင်းလူတိုင်းလည်း သိနိုင်တယ်။ မသိနိုင်လောက်အောင် ရှည်ရှည်ဝေးဝေးကို လှမ်းပြီးတော့ တွေးခိုင်းတာလည်း မပါဘူး၊

စာမျက်နှာ-၁၄
ဒီထဲမှာကြည့်၊ ဆဆက္က ၆×၆ လီ ဆိုတာ ၆ ခုကို အစု ၆ မျိုးနဲ့ မြတ်စွာဘုရားက ဟောထားတာ၊ အင်မတန်မှ ရိုးရိုးလေးရယ်။

ဘုန်းကြီးတို့ တရားချစ်ခင် သူတော်စင်ပရိသတ်တို့ရဲ့ ကိုယ်ပိုင် ကိုယ့်သန္တာန်မှာရှိတဲ့ အရာတွေချည်းပဲ အားလုံးဟာ။ ပထမ ၆ ခုက ဘာလဲလို့ဆိုရင် စက္ခု သောတ ဃာန ဇိဝှါ ကာယ မန အဇ္ဈတ္တိအာယတန ၆ ပါး လို့ခေါ်တယ်၊ အာယာတန ဆိုတာ base စိတ်ရဲ့ အခြေခံတွေလို့ ဆိုလိုတာ။ mental base စိတ်ရဲ့ အခြေခံ စိတ်ဖြစ်ရာဌာန၊ ဆိုပါစို့- မျက်စိရှိတယ်၊ နားရှိတယ်၊ နှာခေါင်းရှိတယ်၊ လျှာရှိတယ်၊ ကိုယ်ရှိတယ်၊ စိတ်ရှိတယ်၊ အဲဒါတွေဟာ အသိစိတ်တွေရဲ့ ဖြစ်ပွားရာ base တွေ၊ ဒါကြောင့်မို့လို့ အာယတနလို့ခေါ်တာ၊ အာယတန ဆိုတာ base ပဲ၊ အဲဒီမှာ မှီပြီးတော့ဖြစ်တာ၊ ဆိုပါစို့ မီးဆိုတာ ဘယ်မှာမှီပြီး ဖြစ်သလဲ၊ ဖယောင်းတိုင်မီးက မီးစာနဲ့ ဖယောင်းဆီကို မှီပြီးတော့ဖြစ်တာပဲ၊ ထင်းမီးဆိုတာ ထင်းကိုမှီပြီးတော့ဖြစ်တာပဲ၊ မှီစရာရှိရတယ်

စာမျက်နှာ-၁၅
ပေါ့၊ ဒါကြောင့် ဒီ မျက်စိဆိုတာက (စာလိုပြောရင်တော့ စက္ခုပသာဒရုပ်ကပေါ့လေ) သို့သော်လည်း အရပ်ပြောပဲ ပြောတာပေါ့၊ မျက်စိဆိုတာ ရှိသည့်အတွက်ကြောင့် မြင်သိတဲ့စိတ်ဖြစ်လာတယ်၊ အဲဒီ မြင်သိတဲ့စိတ်က ဘယ်မှာဖြစ်လာတာတုန်းဆိုတော့ မျက်လုံးမှာ ဖြစ်တာ၊ မျက်လုံးမရှိတဲ့ပုဂ္ဂိုလ်ဟာ မြင်သိစိတ် မဖြစ်နိုင်တော့ဘူး၊ မျက်လုံးပျက်စီးသွားပြီဆိုရင် မြင်သိစိတ်

မလာတော့ဘူး။

မြင်ပြီးတော့ သိတယ်ဆိုတာ ကြားပြီးတော့သိတာနဲ့လည်း တခြားစီပဲ၊ နံပြီးတော့သိတာနဲ့လည်း တခြားစီပဲ၊ လျက်ပြီး သိတာနဲ့လည်း တခြားစီပဲ၊ လိပြီး သိတာနဲ့လည်းပဲ တခြားစီပဲ၊ တွေးပြီးတော့ သိတာနဲ့လည်း တခြားစီပဲ၊ မတူဘူး။ ဒါကြောင့် မြင်သိစိတ်ကလေးရဲ့ မှီရာကို စက္ခာယတနလို့ခေါ်တယ်၊ အဲဒီ စက္ခာယတန ဆိုတာ ဘာတုန်းဆိုရင် မျက်စိထဲမှာရှိတဲ့ သူငယ်အိမ်လေးပေါ့လေ၊ ဗမာလိုပြောလို့ရှိရင် သူငယ်အိမ် အရိပ်လာထင်တဲ့ အကြည်ဓာတ်ကလေးနေရာ၊ အဲဒါကို

စာမျက်နှာ-၁၆
စက္ခုပသာဒရုပ်လို့ ခေါ်တာပေါ့။ ပသာဒ အကြည်လို့ ဆိုတာဟာ မျက်စိကျတော့... အကြည်ဟုတ်တယ်၊ နားကျတော့ ဘယ်လိုပြောမလဲ၊ နှာခေါင်း ဘယ်လိုလုပ်ပြောမလဲ၊ ပသာဒဆိုတဲ့ အဓိပ္ပါယ်က အပြင်ဘက်က အာရုံတွေ ထင်ဟပ်နိုင်တဲ့ နေရာလို့ ဒီလိုဆိုလိုတာ၊ ဒါကြောင့်မို့ အင်္ဂလိပ်လို ပြန်တဲ့အခါ sensitive လို့ပဲ ပြန်တယ်၊ sensitive အာရုံကို ရယူနိုင်တဲ့ နေရာတွေပေါ့၊ အာရုံတွေ ပေါ်လာနိုင်တဲ့နေရာ။

အဲတော့ ဘုန်းကြီးတို့တတွေ လူလို့ခေါ်နေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်၊ မြင်သိစိတ်ပေါ်တဲ့ မျက်စိဆိုတာရှိတယ်၊ အသံကိုကြားတဲ့ နားဆိုတာရှိတယ်၊ အနံ့ကို ရရှိနိုင်တဲ့ နှာခေါင်းဆိုတာရှိတယ်၊ အရသာကို သိနိုင်တဲ့ လျှာဆိုတာရှိတယ်၊ အရသာ ထိတွေ့ရမယ့် နေရာရှိတယ်၊ ခန္ဓာကိုယ်ထိလို့ သိရမယ့်နေရာ အထိ အာရုံလာပြီးတော့ ထိမယ့်နေရာ၊ အတွေးစိတ်တွေရဲ့ ဖြစ်ပေါ်လာမယ့်နေရာ။ ဟော- ကြည့်လိုက်တဲ့အခါကျတော့ sense လို့ခေါ်တဲ့ အာရုံခံတဲ့ ပစ္စည်းတွေ၊

စာမျက်နှာ-၁၇
အာရုံခံတဲ့သဘာဝတွေဟာ ဘုန်းကြီးတို့တတွေမှာ ရှိနေတယ်၊ မျက်စိ နား နှာ လျှာ ကိုယ် စိတ် အဲဒါကို အတွင်းအာယာတန ၆-ပါးလို့ခေါ်တယ်။ အဲဒီအတွင်း အာယတန ၆-ပါးကို အခုလိုသင်ပြီး သိတဲ့အသိမျိုး မဟုတ်ဘဲနဲ့ တကယ့်ကို သဘာဝစိုက်ထိပြီးတော့ သိရမယ်လို့ မြတ်စွာဘုရားက “ဆအဇ္ဈတ္တိကာယတနာနိ ဝေဒိတဗ္ဗာနိ” နံပါတ်(၁) ၆ ခုက အဲဒါ ဒီ ၆ ခုအစု။ ဒါဝိပဿနာရှုတော့မယ်ဆိုရင် ဘုန်းကြီးတို့တတွေ

မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတာ သိရမယ်တဲ့။ အာရုံပြုကြည့်လိုက်လို့ရှိရင် ကိုယ့်သန္တာန်မှာ ဒီသဘာဝတရားတွေ ရှိနေတယ်ဆိုတာ သိရမယ်။ သင်ထားလို့ သိတဲ့အသိက တစ်မျိုး၊ ဝိပဿနာနဲ့သိတဲ့ အသိက တစ်မျိုး။

ကောင်းပြီ- နောက် ၆ ခုက ဘာလဲလို့ဆိုလို့ရှိရင် အဲဒီမျက်စိမှာ လာပြီးတော့ ထင်ဟပ်တာ ရူပါရုံလို့ခေါ်တယ်။ အဆင်းအာရုံက မျက်စိကို လာပြီးတော့ ထင်ဟပ်တာ၊ ရူပလို့ ပါဠိလိုသုံးတယ်၊ အဲဒီ ရူပဟာ

စာမျက်နှာ-၁၈
တချို့ကပြောတယ် colour လား form လား၊ ပုံသဏ္ဌာန်လား အရောင်လားလို့ဆိုရင် ဓမ္မသင်္ဂဏီပါဠိတော်အတိုင်း ပြောရမယ်။ အဲဒီမျက်စိမှာ လာထင်ဟပ်တာ colour လည်း ဟုတ်တယ်၊ ပုံသဏ္ဌာန်လည်း ဟုတ်တယ်။ ၂-မျိုးလုံးကိုပဲ မြတ်စွာဘုရားက ဆိုလိုတယ်။ မျက်စိမှာလာပြီးတော့ ထင်ဟပ်တဲ့အရာတစ်ခု၊ မျက်စိမှာထင်တဲ့ဟာက နားမှာလာမထင်ဘူး၊ တစ်ခုတစ်မျိုးစီ မတူညီဘူး။ မျက်စိမှာလာထင်တဲ့ဟာက ရူပါရုံ အဆင်းအာရုံ၊ ဒါတွေက ဘယ်သူကမှ ဖန်တီးတာမဟုတ်ဘူး၊ သတ္တဝါတွေမှာ ... ဒါတွေရှိနေတာတွေပဲ ဖြစ်တယ်။ မျက်စိမှာထင်လာတဲ့အာရုံ၊ အဲဒါကို “ဗာဟိရာယတန” လို့ခေါ်တယ်။ အဆင်းရယ် ... အသံရယ် အနံ့ရယ် အရသာရယ် အထိအတွေ့ရယ် စိတ်ကူးထဲမှာ ပေါ်လာတဲ့ အာရုံတွေရယ်၊ စိတ်ကူးထဲမှာ ပေါ်လာတဲ့ အာရုံတွေကို ဓမ္မအာရုံလို့ ဒီလိုခေါ်လိုက်တာ။ ဓမ္မဆိုတဲ့ စကားလုံးကို သုံးလိုက်တာ။ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံလို့ စာမှာ ဒီလိုသုံးတာပေါ့။ အဲဒါက

စာမျက်နှာ-၁၉
ဗာဟိရာယတနလို့ ခေါ်တယ်၊ အပြင်အခြေခံတွေလို့ ဒီလိုပြောတာ။

ဟုတ်တာပေါ့၊ ဘုန်းကြီးတို့တတွေမှာ မျက်စိရှိတယ်၊ မျက်စိရှိလို့ မြင်စရာတွေမြင်တယ်၊ နားရှိတယ် နားရှိတော့ ကြားစရာတွေကြားတယ်၊ နှာခေါင်းရှိတယ် အနံ့တွေရတယ်၊ လျှာရှိတယ် ချို ချဉ် ငံ စပ် အရသာတွေ သိရတယ်၊ ခန္ဓာကိုယ်ရှိတယ် ... ပူတယ် အေးတယ် မာတယ် ပျော့တယ် ဟော-သိရတယ်၊ တွေးပြီးတော့ ကြည့်ရတဲ့အာရုံတွေကို သိရတယ်၊ ဟော- ဒါတွေက သူများသွားမေးစရာလည်း မလိုဘူး၊ သန္ဒိဋ္ဌိကော ကိုယ်တိုင်သိနိုင်တဲ့ဟာတွေချည်းပဲ။ ဟော- ဒုတိယ ၆ မျိုးက အဲဒီအပြင်က အာရုံ ၆ မျိုးကို ပြောတာ။ နောက်တစ်ခုက ဘာလဲလို့ဆိုလို့ရှိရင် “ဆ ဝိညာဏကာယ” တဲ့၊ ဝိညာဏ်အစုကလည်း ၆ မျိုးရှိတယ်တဲ့။ ဘာလဲလို့ရှိရင် စက္ခုဝိညာဏ် မြင်သိစိတ်၊ သောတဝိညာဏ် ကြားသိစိတ်၊ ဃာနဝိညာဏ် နံသိစိတ်၊ ဇိဝှါဝိညာဏ် လျက်သိစိတ်၊ ကာယဝိညာဏ်

စာမျက်နှာ-၂၀
ထိသိစိတ်၊ မနောဝိညာဏ် ကြံတွေးသိစိတ်လို့ ဟော ဝိညာဏ်ကလည်း ၆ မျိုးရှိတယ်၊ သူ့ဟာနဲ့သူပဲ အစဉ် ၆ မျိုး၊ ဒါ တတိယ ၆ မျိုး။

နောက် စတုတ္ထ(၆)မျိုးက ဘာရှိတုန်းဆိုတော့ ဒီဝိညာဏ်ဖြစ်လာတဲ့အခါမှာ ဘာပါလာတုန်းဆိုတော့ အာရုံနဲ့စိတ်နဲ့တွေ့တာ ပါလာတယ်။ ထိတွေ့မှ ထင်ထင်ရှားရှား ဖြစ်ပေါ်လာတယ် ဖဿ၊ “ဆ ဖဿကာယာ” ထိတွေ့မှု ၆ မျိုးတဲ့၊ ထိတွေ့မှု ၆ မျိုးက စက္ခုသမ္ဖဿ မျက်စိမှာ ထင်ဟပ်လာတဲ့ အာရုံနဲ့စိတ်နဲ့တွေ့တယ်၊ နားမှာ ထင်ဟပ်လာတဲ့ အာရုံနဲ့စိတ်နဲ့တွေ့တယ်၊ နှာခေါင်းမှာ ထင်လာတဲ့ အာရုံနဲ့စိတ်နဲ့တွေ့တယ်၊ လျှာမှာ ထင်လာတဲ့ အာရုံနဲ့စိတ်နဲ့တွေ့တယ်၊ ခန္ဓာကိုယ်မှာ ထင်လာတဲ့ အာရုံနဲ့စိတ်နဲ့တွေ့တယ်၊ စိတ်ကူးစိတ်သန်းထဲမှာ ပေါ်လာတဲ့ အာရုံနဲ့စိတ်နဲ့တွေ့တယ်လို့ ဟော- ထိတွေ့မှု ဆက်သွယ်မှု ၆ မျိုး၊ ဒါက စတုတ္ထမြောက် ၆ အုပ်စုတစ်စု။

စာမျက်နှာ-၂၁
အေး- အဲဒီလို ထိတွေ့လိုက်ပြီ ဆက်သွယ်မှုရသွားပြီဆိုရင် ဘာလာတုန်းဆိုတော့ အတွေ့အကြုံလေးတွေ ရသွားတယ်၊ အတွေ့အကြုံကို စာပေလို ဝေဒနာလို့ခေါ်တယ်။ အင်္ဂလိပ်လို feeling လို့ပြန်တယ်၊ ဆိုလိုတာကတော့ အတွေ့အကြုံပဲ၊ ဝေဒနာဆိုတာ တွေ့ကြုံမှုလေးပေါ့၊ မျက်စိက မြင်တဲ့အာရုံကို မြင်ပြီးလို့ရှိရင် ဒါ အတွေ့အကြုံတစ်ခုရတယ်၊ နားက အသံကြားလိုက်ရင်လည်း ဒါ အတွေ့အကြုံတစ်ခုပဲ၊ အတွေ့အကြုံလေး ဝေဒနာလေးတွေ ဖြစ်လာတယ်၊ ဒါကိုပြောတာ၊ ပဋိစ္စသမုပ္ပါဒ်မှာကျတော့ “ဖဿပစ္စယာ ဝေဒနာ” ပေါ့။ ဆက်သွယ်မှု ထိခိုက်မှု အားကောင်းလေလေ ဝေဒနာအားကောင်းလေလေ၊ ထိမှခံစားမှုလေးတွေ အတွေ့အကြုံလေးတွေရတာ၊ ဒါကြောင့်မို့ ဝေဒနာကလည်း ၆ မျိုးရှိတယ်တဲ့၊ မျက်စိမှာမှီပြီးတော့ ဖြစ်ပေါ်လာတဲ့ ရူပါရုံပေါ်မှာ ခံစားမှုဝေဒနာ၊ နားက အသံနဲ့ပတ်သက်ပြီး ခံစားမှုဝေဒနာ၊ နှာခေါင်းက အနံ့နဲ့ပတ်သက်ပြီး ခံစားမှုဝေဒနာ၊ လျှာက အရသာနဲ့

စာမျက်နှာ-၂၂
ပတ်သက်ပြီး ခံစားမှုဝေဒနာ၊ ခန္ဓာကိုယ်က ထိတွေ့ပြီးတော့ ခံစားမှုဝေဒနာ၊ စိတ်ထဲက ကြံတွေးပြီးတော့ ခံစားမှုဝေဒနာလို့ဆိုပြီးတော့ ဝေဒနာကလည်း ၆ မျိုးရှိတယ်။

ပဉ္စမ ၆ မျိုး (နောက်ဆုံး ၆ မျိုးက) ဘာတုန်းဆိုလို့ရှိရင် ဝေဒနာပစ္စယာ တဏှာ တဲ့၊ ပုထုဇဉ်သတ္တဝါတွေမှာ ခံစားမှုတစ်ခုခုလာလိုက်တာနဲ့ တစ်ပြိုင်နက် ကြိုက်တယ် မကြိုက်ဘူးဆိုတာ လာတော့တာပဲ၊ တောက်လျှောက် စိတ်ထဲမှာ ဖြစ်ပေါ်လာတယ်၊ အေး- ကြိုက်တယ်လို့ဆိုလို့ရှိရင် နောက်ထပ် ခံစားချင်လာတယ်၊ နောက်ထပ် ခံစားချင်တယ်ဆိုတာ ဘာလဲလို့ဆိုရင် တဏှာပဲပေါ့။ အဲဒီတဏှာကလည်းပဲ အဆင်းအာရုံနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ တဏှာ၊ အသံနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ တဏှာ၊ အနံ့နဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ တဏှာ၊ အရသာနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ တဏှာ၊ အထိအတွေ့နဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ တဏှာနဲ့ စိတ်ကူးထဲမှာ ရလာတဲ့ဟာနဲ့

စာမျက်နှာ-၂၃
ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ တဏှာဆိုပြီးတော့ တဏှာက ၆ မျိုး၊ ပေါင်းလိုက်တဲ့အခါ ၆ × ၆ = ၃၆။ ဒီတရားတွေဟာ ဘုန်းကြီးတို့ရဲ့ နေ့စဉ်ဘဝထဲမှာ ရှိနေတယ်။ အဲဒီသဘာဝတရားတွေရဲ့ အခြေအနေကို မှန်မှန်ကန်ကန်သိတာ ဒါ ဝိပဿနာဉာဏ်ပဲ။ တရားအားထုတ်တယ်ဆိုတာ ဒီသဘာဝတရားတွေ မှန်မှန်ကန်ကန်သိဖို့ပဲ။ တရားအားထုတ်တယ်ဆိုတာ contemplation ဆိုတာ တကယ့်ကို စူးစူးစိုက်စိုက်နဲ့ လေ့လာပြီးတော့ ကြည့်တာ။ ကဲ- အဲဒီမှာ မြတ်စွာဘုရားက ဆိုင်ရာအကြောင်းလေးတွေ အကြောင်းလေးတွေနဲ့ ရှင်းပြပုံလေးကို ကြည့်ရအောင်၊ ဒါတွေအဆင့်ဆင့် ဖြစ်ပေါ်လာပုံကြည့်ရအောင်။ ကဲ- အားလုံးပေါင်းလိုက်လို့ရှိရင် ဘုန်းကြီးတို့တတွေမှာ မျက်စိနဲ့ပတ်သက်ပြီးတော့ မျက်စိရယ် အဆင်းအာရုံရယ် မြင်သိစိတ်ရယ် ဆက်သွယ်မှုရယ် ခံစားမှုရယ် ခံစားမှုပေါ်မှာ တွယ်တာတဲ့ တဏှာရယ် ဟော ၆-ခု ဖြစ်သွားပြီ။ ဒါ ဘယ်သူပဲဖြစ်ဖြစ် ဒီ ၆ ခုပဲ၊ ဗုဒ္ဓဘာသာ

စာမျက်နှာ-၂၄
တွေလည်း ၆ ခုပဲ၊ ဗုဒ္ဓဘာသာမဟုတ်တဲ့ ပုဂ္ဂိုလ်တွေလည်း ၆ ခုပဲ၊ မြန်မာလူမျိုးတွေလည်း ၆ ခုပဲ၊ ဒီ့ပြင်လူတွေလည်း ၆ ခုပဲ၊ ဒီအတိုင်းပဲ သွားနေမှာ၊ ဒါ ငြင်းလို့မရတဲ့ တရားတွေပဲ၊ သဘာဝကိုပြောတာ။ ကဲကြည့်- မြတ်စွာဘုရားက ရှင်းရှင်းလေးဟောတာ၊ မျက်စိနဲ့အဆင်း ဆုံလိုက်ပြီတဲ့၊ ကိုယ့်မျက်စိက မြင်စရာအာရုံတစ်ခုကို မြင်လိုက်တယ်၊ ဆိုပါစို့ ပန်းပွင့်လေးတစ်ခု မျက်စိကမြင်လိုက်တယ်၊ ပန်းပွင့်လေးဟာ မျက်စိထဲမှာ လာပြီးတော့ ပေါ်လိုက်တယ်၊ ပေါ်လိုက်တာနဲ့တစ်ပြိုင်နက် ပန်းပွင့်ကိုမြင်ပြီးတော့ သိတဲ့ မြင်သိစိတ်ကလေး ပေါ်လာတယ်၊ ဒါဖြင့် မြင်သိစိတ်ကလေးကို ဘယ်သူကလုပ်တာလဲလို့ဆိုလို့ရှိရင် ပန်းပွင့်ရယ် မျက်စိရယ် ဒီနှစ်ခုပေါင်းလိုက်လို့ ပေါ်လာတာတဲ့၊ ဟော- အဲဒီနေရာမှာ တခြားပုဂ္ဂိုလ်တွေ ယုံကြည်ကြသလို ဒီမြင်သိစိတ်ကလေး ဘွားကနဲပေါ်လာရတာဟာ ဘယ်သူက ဖန်ဆင်းလိုက်လို့ ပေါ်ရတုန်းဆို ဘယ်သူကမှ မဖန်ဆင်းဘူး၊ ဒီအကြောင်းကြောင့်ပေါ်တာ၊

စာမျက်နှာ-၂၅
ဒီအကြောင်းနှစ်ခု ဆုံလို့ပေါ်တာ၊ ဒီအကြောင်းမရှိရင် မြင်သိစိတ် မပေါ်နိုင်ဘူး၊ ဒီအကြောင်းကြောင့်ပေါ်တာ၊ ဒါမှန်ကန်တဲ့ true cause ကိုသိတာ၊ true cause ကိုသိတာ၊ မျက်မှောက်မှာ ကိုယ်ကိုယ်တိုင်လည်း တွေ့ကြုံနေတာပဲ၊ မျက်စိလေးဖွင့်လိုက်ပြီး ကြည့်လိုက်တဲ့အခါမှာ မြင်သိတဲ့ စိတ်ကလေးပေါ်လာတယ်၊ ဟော- ဘယ်နှစ်မျိုး ဖြစ်သွားတုန်းဆို မျက်စိရယ် အဆင်းအာရုံရယ် မြင်သိစိတ်ရယ် သုံးမျိုးဖြစ်သွားတယ်။ အဲဒီသုံးမျိုး ဆုံဆည်းလိုက်ခြင်းဖြင့် ဆက်သွယ်မှုဆိုတာ ဖြစ်သွားတယ်၊ အဲဒါ “တိဏ္ဏ သင်္ဂတိ ဖဿ” ဆုံဆည်းမှုကြောင့် ဖဿဆိုတာ ပေါ်လာတယ်။ ဖဿဆိုတာ စိတ်နဲ့အာရုံနဲ့ တိုက်ရိုက်ဆက်သွယ်သွားတာ၊ ခုနတုန်းက ပထမလာဆက်သွယ်တာက ကြည့်လေ- အဆင်းအာရုံက မျက်စိကို လာဆက်သွယ်သွားတာ၊ ဆက်သွယ်တဲ့အခါမှာ မြင်သိစိတ်ပေါ်လာတယ်၊ အဲဒီမြင်သိစိတ်ပေါ်လာမှ စိတ်နဲ့အာရုံ ဆက်သွယ်မှုရသွားတာ၊ ကြည့်-ရသွားပြီဆိုတဲ့အချိန်

စာမျက်နှာ-၂၆
မှာ ဘာလာတုန်းဆိုရင် လှတာလေးဆိုရင် ကောင်းလိုက်တာ သုခဝေဒနာ ဖြစ်သွားတယ်။ မလှတာတို့ ကိုယ်မကြိုက်တာတို့ဆိုရင် စိတ်ထဲမှာ အဆင်မပြေဘူး၊ ဒုက္ခဝေဒနာ ဖြစ်သွားတယ်။ လှတာလည်းမဟုတ်ဘူး၊ မလှတာလည်းမဟုတ်ဘူး၊ ကိုယ်လိုချင်တာလည်းမဟုတ်ဘူး၊ မလိုချင်တာလည်းမဟုတ်ဘူးဆိုလို့ရှိရင် အဒုက္ခ မသုခ၊ သုခလည်းမဟုတ်ဘူး ဒုက္ခလည်းမဟုတ်ဘူးဆိုတဲ့ ခံစားချက်တွေ ဖြစ်လာတယ်။ ဟော ဆိုင်ရာဆိုင်ရာ သဘာဝအရ ဆက်သွယ်မှုကို အကြောင်းပြုပြီးတော့ ဘာဖြစ်လာတုန်းဆိုရင် ဝမ်းသာတယ် ဝမ်းမသာဘူး၊ ဝမ်းသာတာလည်းမဟုတ်ဘူး ဝမ်းနည်းတာလည်းမဟုတ်ဘူး ဆိုတာတွေ လာကုန်တယ်။

ဆိုပါစို့- မျက်စိက နှစ်သက်စရာ အာရုံလေးကို မြင်တဲ့အခါ စိတ်ကပျော်သွားတာ အဲဒါ ဝေဒနာဖြစ်တာပဲ၊ ဘာဝေဒနာတုန်း၊ ဗမာလူမျိုးတွေက ဝေဒနာဆိုရင် ရောဂါနဲ့ သွားသွားတွဲမှတ်တတ်တယ်။ ရောဂါနဲ့

စာမျက်နှာ-၂၇
ပြောတာမဟုတ်ဘူးနော်၊ ဝမ်းသာတာလည်း ဝေဒနာပဲ၊ ဝမ်းနည်းတာလည်း ဝေဒနာပဲ၊ ဝေဒနာဆိုတဲ့ စကားလုံးက mental state ကိုပြောတာ၊ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ သဘာဝတရားတစ်ခုကိုပြောတာ၊ ဝေဒနာအကြောင်းပြောနေကြတာ လူတွေဟာ ဒီကနေ့ ပျော်လိုက်တာဆိုတာလည်း ဝေဒနာကိုပြောတာ၊ ဒီနေ့တော့ စိတ်ညစ်လိုက်တာလို့ပြောရင်လည်း ဝေဒနာအကြောင်း ပြောနေတာပဲ၊ အဲတော့ ဝေဒနာက သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခ မသုခဝေဒနာလို့ အကျဉ်းအားဖြင့် သုံးမျိုးရှိတယ်၊ အဲတော့ အာရုံနဲ့စိတ်နဲ့ ဆက်သွယ်မိလိုက်တာနဲ့ တစ်ပြိုင်နက် ဒီခံစားမှုဆိုတဲ့ အတွေ့အကြုံလေးဟာ ကောင်းတယ် မကောင်းဘူး၊ ပျော်တယ် မပျော်ဘူး၊ ကြိုက်တယ် မကြိုက်ဘူး ဆိုတာလေးတွေ လာသွားတယ်၊ အဲဒါဟာ “ဖဿ ပစ္စယာ ဝေဒနာ” ပဲ၊ ဖဿရှိလို့ ဝေဒနာလာတာ၊ ဖဿမရှိရင် ဝေဒနာ လာကိုမလာဘူး၊ စိတ်နဲ့အာရုံနဲ့ ဆက်သွယ်ပေးတာ မရှိရင် ဝေဒနာ မလာနိုင်ဘူး၊ အဲဒီတော့ ဝေဒနာ

စာမျက်နှာ-၂၈
ဖြစ်တာဟာ စိတ်နဲ့အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿကြောင့် ဖြစ်တာဆိုတာ အင်မတန်မှ ထင်ရှားသွားတယ်ပေါ့။

ကဲ-ဟုတ်ပြီ “ဖဿပစ္စယာ ဝေဒနာ” ဆက်သွယ်မှုကြောင့် ဝေဒနာဖြစ်လာပါပြီတဲ့၊ ဒါလူတိုင်းလူတိုင်းမှာ ဝေဒနာဟာဖြစ်တယ်ဆိုတာ ကိုယ်ကြိုက်တာလေး တွေ့လိုက်လို့ရှိရင် ဟယ် ကောင်းလိုက်တာဆို စိတ်ထဲမှာ ကျေနပ်သွားတာ၊ အဲဒါကိုပြောတာ သုခဆိုတာ စိတ်ထဲမှာ ကျေနပ်သွားတာ၊ မကြိုက်တာကြီးကျတော့ စိတ်ထဲမှာ မကျေနပ်ဘူး ဒုက္ခ၊ ကြိုက်တာလည်းမဟုတ်ဘူး မကြိုက်တာလည်းမဟုတ်ဘူးဆိုရင် ဥပေက္ခာပေါ့၊ ဒီလိုသွားတာကို၊ ကဲ- အာရုံနဲ့စိတ်နဲ့ ဆက်သွယ်လို့ရလိုက်တဲ့အခါမှာ ကျေနပ်သွားတာတို့ မကျေမနပ်ဖြစ်သွားတာတို့ ... ကျေနပ်တာလည်းမဟုတ်ဘူး၊ မကျေနပ်တာလည်းမဟုတ်ဘူး၊ မထင်ရှားတဲ့ ခံစားမှုလေး ဖြစ်သွားတာတို့ ဒါကိုပြောတာ “ဖဿပစ္စယာ ဝေဒနာ” ဖဿရှိရင် ဝေဒနာရှိလာတယ်။

စာမျက်နှာ-၂၉
ဒီဖဿရဲ့ စွမ်းအားဟာ ဘယ်လောက်ကြီးမားသလဲဆိုတာ စဉ်းစားကြည့်နော်၊ အတွေ့အကြုံကလေးတွေပေါ်မှာ မူတည်ပြီးတော့ ဒါက ပြန်ပြန်လာတတ်တယ်၊ ပြန်ပြန်လာတယ်၊ သူ့ရဲ့ထိခိုက်မှုဟာ လှမ်းကြည့်လိုက်လို့ရှိရင်တော့ ဒီသဘာဝတရားရဲ့ တိုက်ခိုက်မှုဟာ အင်မတန်ကြီးမားတဲ့ အရာကြီးနှစ်ခု တိုက်လိုက်ရင်တော့ ပြင်းထန်တဲ့ အသံကြီးကြားရမှာပေါ့။ သို့သော် သဘာဝတရားတွေရဲ့ တိုက်ခိုက်မှုဟာ အသံမကြားရပေမယ့်လို့ ပြင်းထန်တယ်ဆိုတာ မှတ်ရမယ်။ ကြည့်လေ ဘယ်လိုပြင်းထန်တုန်းဆိုလို့ရှိရင် ကိုယ့်ရှေ့မှာ လာပြီးတော့ သံပုရာသီးကို စားနေမယ်ဆိုရင် ကိုယ်ဘယ်လိုဖြစ်မတုန်း။ မျက်စိနဲ့ သံပုရာသီးစားနေတဲ့လူကို မြင်လိုက်မယ် သို့မဟုတ် ဇီးဖြူသီး ကိုယ်ကအရင်တုန်းကလည်း အတွေ့အကြုံရှိထားတာ၊ ဒါချဉ်တယ်ဆိုတာ သိတယ်၊ အဲဒါ စားနေတဲ့လူ မြင်လိုက်တာနဲ့ပဲ ဒီကလူတွေက သွားရည်တွေ ကျကုန်တာ၊ ဒါဘာမှ လာထိတာတော့မဟုတ်ဘူး။ အတွေ့အကြုံဆိုတာ အဲဒါကို

စာမျက်နှာ-၃၀
ပြောတာနော်၊ ဖဿဖြစ်လို့ ဝေဒနာက လာဖြစ်နေပြီ ဒီမှာ။ ဖဿပစ္စယာ ဝေဒနာ၊ ကြောက်စရာအာရုံကို မြင်လိုက်တာနဲ့ ဒီက တုန်နေပြီ၊ ဟော “လှံဖျားပုစဉ်းနားတော့ ကျီးကန်းက ချေးပါ” ဆိုတာ ကျီးကန်းက ကြောက်တာကိုး၊ လှံကိုကြောက်တာ။ အဲတော့ သူက အလိုလိုကြောက်နေတာ၊ ဒီလိုဟာမျိုးကို ဆိုတာ၊ ဖဿရဲ့ထိခိုက်မှုဟာ အင်မတန်မှ ထင်ရှားတယ်၊ ဒါကိုပြောတာ ဖဿပစ္စယာ ဝေဒနာ။

ကဲကောင်းပြီ၊ ဝေဒနာဖြစ်လိုက်လို့ရှိရင် ဒီတိုင်းရပ်လားလို့ဆိုတော့ မရပ်ဘူး၊ ဘာလာတုန်းဆိုလို့ရှိရင် ဝေဒနာပစ္စယာ တဏှာ တဲ့၊ ကြိုက်မကြိုက် လာပြီလေ၊ ကြိုက်မကြိုက်လာတယ်၊ ကောင်းတာနဲ့တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ကောင်းတာကို လိုချင်တဲ့တဏှာလာတယ်၊ ဒါဖြင့် မကောင်းတာတွေ့ရင်တော့ရော ဆိုတော့ မကောင်းတာတွေ့ရင်လည်း ကောင်းတာလိုချင်တဲ့ တဏှာလာတာပဲနော်၊ မကောင်းတာကို ဖယ်ရှားပြီး ကောင်းတာကို မျှော်လင့်တဲ့တဏှာ

စာမျက်နှာ-၃၁
လာတာပဲ၊ ဒါကြောင့်မို့ ဝေဒနာပစ္စယာ တဏှာလို့ပဲ ဟောတယ်၊ ဝေဒနာပစ္စယာ ဒေါသောလို့ မဟောတော့ဘူး။ ဘာပြုလို့တုန်းဆို များတာက ဝေဒနာ တဏှာကပဲ များလို့။ ဟော- ပေါင်းလိုက်တဲ့အခါ ဘုန်းကြီးတို့တတွေရဲ့ မျက်စိနဲ့ပတ်သက်ပြီး ဒီသဘာဝတရား ၆ မျိုးဟာ ဖြစ်နေတာ၊ ကိုယ့်မှာဖြစ်နေတာ။ ကိုယ့်မှာဖြစ်တာကို မြင်အောင်ကြည့်ရမယ်။ ကိုယ့်သန္တာန်မှာ အာရုံပုံရိပ်ကလေး လာပြီးတော့ထင်တဲ့ စက္ခုပသာဒဆိုတာ ရှိတယ်၊ မျက်စိဆိုတာရှိတယ်၊ ပြင်ပအာရုံလေးရဲ့ လာထင်မှုရှိတယ်၊ ကိုယ့်မျက်စိထဲမှာ ကြည့်လိုက်ရင် မြင်နေရတဲ့အရာဟာ မျက်စိထဲမှာ လာထင်တာလေ၊ ထင်လို့မြင်တာ၊ အဲဒီလိုမြင်လိုက်တာနဲ့ တစ်ပြိုင်နက် မြင်ပြီးသိတဲ့စိတ်ဆိုတာ ပေါ်လာတယ်။ အဲဒီသုံးခု ပေါင်းဆုံခြင်းကြောင့် အာရုံနဲ့စိတ်နဲ့ ဆက်သွယ်သွားတဲ့ ဖဿဆိုတာ ပေါ်လာတယ်၊ ဖဿပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ဖဿရဲ့ အတိုင်းအတာအလိုက် ဝေဒနာဆိုတဲ့ ခံစားမှု ဟော-ပေါ်လာတယ်။

စာမျက်နှာ-၃၂
ဝေဒနာခံစားမှုကို အကြောင်းပြုပြီးတော့ ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ တွယ်တာတဲ့ တဏှာတစ်ခု ပေါ်လာတယ်တဲ့၊ ဒါသဘာဝပဲ။ အဲဒီ ၆ မျိုးဟာ ဘုန်းကြီးတို့တတွေ မျက်စိဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု သွားနေတာ ဘယ်သူကမှ ဖန်ဆင်းတာမဟုတ်ဘူး၊ အကြောင်းမဲ့ဖြစ်တာလည်းမဟုတ်ဘူး၊ ဆိုင်ရာဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်တာ။

ဘယ်လို ဆိုင်ရာဆိုင်ရာ အကြောင်းတွေတုန်းဆိုရင် မျက်စိမရှိဘူးဆိုရင် ... အဆင်းအာရုံ ထင်နိုင်ပါ့မလား၊ မထင်ဘူး။ အဆင်းအာရုံ မထင်လို့ရှိရင် မြင်သိစိတ် ဖြစ်ပါ့မလား၊ မဖြစ်ဘူး။ မြင်သိစိတ်မဖြစ်ရင် စိတ်နဲ့အာရုံ ဆုံစည်းမှု ဆက်သွယ်မှုဆိုတဲ့ ဖြစ်ပါ့မလား၊ မဖြစ်ဘူးဆိုလို့ရှိရင် အတွေ့အကြုံအာရုံနဲ့ ပတ်သက်ပြီးတော့ ကောင်းတယ် မကောင်းဘူးဆိုတဲ့ အတွေ့အကြုံ လာပါ့မလား၊ အဲဒါမလာရင် ကြိုက်မကြိုက်ဆိုတာ လာဦးမလား၊ မလာဘူး။ ဒါကြည့်

စာမျက်နှာ-၃၃
ဆက်သွယ်ပြီးတော့ လာပုံလေးတွေဟာ တကယ့်ကို သဘာဝ၊ လူတိုင်းလူတိုင်း သိနိုင်တယ်၊ ဒါကို ဒီဆဆက္ကသုတ်မှာ မြတ်စွာဘုရားက ဒီလိုဟောတာ၊ ဒါ ၆ × ၆ လီက ၆ ခုတစ်ခုပဲ၊ မျက်စိနဲ့ပတ်သက်တဲ့ ၆ ခုတစ်ခုပဲ၊ ဒါ ကိုယ့်ဟာကိုယ် နှလုံးသွင်းလို့ရတယ်။ ကိုယ့်မျက်စိမှာ မြင်လာတာနဲ့ ကြည့်လိုက်လို့ရှိရင် သဘာဝ ဘယ်နှစ်မျိုးတုန်းဆိုတာကို စဉ်းစားလို့ရတယ်နော်၊ မျက်စိထဲမှာ ထင်လာတဲ့ အဆင်းအာရုံလေး၊ အပြင်ဘက်မှာ ရှိတာကိုပြောတာမဟုတ်ဘူး၊ မျက်စိထဲမှာ ထင်လာတဲ့အာရုံကိုပြောတာ။ အဲဒီအာရုံရဲ့ သက်တမ်းဟာ ဘယ်လောက်မှ မကြာဘူး၊ စိတ်တစ်ခဏ၊ စိတ် ၁၇ ချက်နဲ့ညီမျှတဲ့ အတိုင်းအတာလေးတစ်ခုပေါ့၊ လွယ်အောင်ပြောရမယ်ဆိုလို့ရှိရင်တော့ ၁၇ စက္ကန့်လို့ ပြောချင်ပြောပေါ့။ ဒါကတော့ မှတ်လွယ်အောင်လို့ပြောတာ၊ ပြီးရင် သူက ပျက်သွားတာပဲ။ ဘယ်အရာမှ မြဲနေတာမရှိဘူး၊ အဲဒီမှာ မျက်စိက မြင်လိုက်တဲ့ အဆင်းအာရုံ မြင်လိုက်တဲ့အခါကျတော့မှ

စာမျက်နှာ-၃၄
စက္ခုပသာဒကို အမှီပြုပြီး မြင်သိစိတ်ကလေးက ပေါ်ရတာ၊ တခြားနေရာမှာ ပေါ်တာမဟုတ်ဘူး။ စက္ခုပသာဒမှာမှီပြီး မြင်သိစိတ်က ပေါ်တာ၊ အဲဒီပေါ်လာပြီးတဲ့အခါမှာ ဖဿဆိုတာလာတယ်၊ ဝေဒနာဆိုတာလာတယ်၊ တဏှာဆိုတာလာတယ်ပေါ့၊ အဲဒီသဘာဝတရားလေးတွေကို ရှုမှတ်ဆင်ခြင်ပွားနေမယ်ဆိုလို့ရှိရင် သဘာဝတရားတွေကို မှန်မှန်ကန်ကန်သိတယ်၊ မှန်မှန်ကန်ကန်သိတယ်ဆိုတာ ဝိဇ္ဇာပဲ၊ အဲဒါကို အမှန်ကိုမသိဘူးဆိုတာ အဝိဇ္ဇာပဲပေါ့၊ ဒီသဘာဝတရားတွေကို မသိဘူး၊ ဒီလိုဒီလို ဖြစ်လာတယ်ဆိုတာကို မသိဘူးဆိုလို့ရှိရင် ဒါ အဝိဇ္ဇာပဲပေါ့၊ အဲလိုဆိုလိုတာ။ အဲဒီမှာ ဝိပဿနာရှုကြည့်မယ်ဆိုလို့ရှိရင် မြင်သိစိတ်ကလေးကိုပြောမယ်။ မြင်သိစိတ်ကလေးဟာ နဂိုက မျက်လုံးထဲမှာ ရှိနေတာလား သို့မဟုတ် အကြောင်းဆုံမှ ပေါ်လာတာလားဆိုတာကို ဥပမာနဲ့ စဉ်းစားကြည့်ရအောင်။ ဘုန်းကြီးတို့ မြန်မာလူမျိုးတွေ အမြတ်တနိုး အနုပညာလောကမှာ တီးနေကြတဲ့ စောင်းကလေးပဲ။

စာမျက်နှာ-၃၅
ကြည့်- စောင်းကြိုးရှိတယ်၊ စောင်းအိုးရှိတယ်၊ စောင်းတီးတဲ့လက်ရှိတယ် သုံးခုဆိုပါစို့၊ စောင်းကြိုးနဲ့ စောင်းအိုး တပ်ထားပြီး လက်နဲ့မတီးသမျှ အသံထွက်ကဲ့လား၊ ဒါဖြင့် ထွက်လာတဲ့ အသံကရော လက်ကထွက်တာလား၊ ကြိုးကထွက်တာလား၊ စောင်းအိုးထဲက ထွက်လာတာလား။ နဂိုကတည်းက အဲဒီထဲမှာ ရှိနေတာလား။ မရှိဘူး၊ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာ၊ အကြောင်းဆိုတာ သုံးခုပေါင်းပြီးတော့ လုပ်လိုက်တာ၊ သုံးခုဆုံလိုက်တဲ့အခါကျ အကြောင်းဆုံလိုက်တဲ့အခါမှာ ပေါ်လာတာ၊ အဲဒါကိုကြည့် ဒီအသံဟာ ကြိုးထဲမှာလည်း မရှိဘူး၊ စောင်းအိုးထဲမှာလည်း မရှိဘူး၊ စောင်းတီးတဲ့လူရဲ့ လက်ထဲမှာလည်း မရှိဘူး၊ ရှိနေမယ်ဆို တစ်မျိုးပဲ ဖြစ်မှာပေါ့၊ အများကြီး သွင်းထားရမှာပေါ့၊ အဲဒါဟာ အကြောင်းတရားကို မှီပြီးတော့ ဒီအသံဖြစ်တယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်ပေါ့။

ဒီမြင်သိစိတ်ကလေးဟာ “ဝိညာဏံ ပဋိစ္စ သမုပ္ပန္နံ” တဲ့၊ အကြောင်းကို မှီပြီးတော့ ဖြစ်တာပါတဲ့၊

စာမျက်နှာ-၃၆
သူ့ဟာသူ ဖြစ်လာတာ မဟုတ်ဘူး၊ ဒါဖြင့် အကြောင်းက ဘာတုန်း “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” မျက်စိရယ် အဆင်းအာရုံရယ် ဒီနှစ်ခုကို အကြောင်းပြုပြီးတော့ မြင်သိစိတ်ကလေးတွေ ဖြစ်လာတာပါတဲ့၊ ကဲ-ဝိပဿနာနည်းနဲ့ ကြည့်ကြည့်လိုက်တော့ ဟောဒီ မြင်သိစိတ်ကလေးဟာ ဒီအကြောင်းနှစ်ခု ဆုံဆည်းလို့ ဖြစ်ရတယ်။

ကဲ-မျက်စိဆိုတာ ဘုန်းကြီးတို့တတွေရဲ့ သန္တာန်မှာ ရှိနေတဲ့ မျက်စိ၊ ဒီမျက်စိလေးဟာ စဉ်းစားကြည့်လို့ရှိရင် လူတိုင်းလူတိုင်းသိတယ်၊ အချိန်မရွေး ပြောင်းနေတာကိုတော့ မသိဘူး၊ သို့သော် အသက်ကြီးရင် မျက်စိမှုန်လာတာ သိတယ်၊ ဟုတ်ကဲ့လား၊ ကလေးငယ်လေးရဲ့ မျက်စိနဲ့ အသက်ကြီးလာတဲ့ပုဂ္ဂိုလ်ရဲ့ မျက်စိနဲ့ မတူဘူး၊ မတူတာဟာ ပြောင်းလဲမှုကြောင့်ပေါ့၊ ဝိပဿနာဉာဏ်နဲ့ ကြည့်မယ်ဆိုလို့ရှိရင် အခိုက်အတန့်အသေးလေးမှာပဲ ဒီမျက်စိဟာ အပြောင်းအလွဲရှိနေတယ်၊ အပြောင်းအလွဲရှိတယ်၊ အသစ်အသစ် ဖြစ်နေတာ၊

စာမျက်နှာ-၃၇
ပျက်ပြီးရင် အသစ်အသစ် ဖြစ်နေတာ၊ မျက်စိဆိုတဲ့ ဒီအကြည်ဓာတ်လေးဟာ အမြဲတမ်း ပြောင်းလွဲနေတာ၊ အသစ်ပေါ်လိုက် အဟောင်းတွေက ပျောက်သွားလိုက်၊ အသစ်က ထပ်ပေါ်လာလိုက်၊ အဟောင်းတွေက ပျောက်သွားလိုက်၊ အသစ်ကထပ်ပေါ်လာလိုက် ဒီလိုပုံစံနဲ့ သွားနေတာကိုး၊ အဲဒီလိုသွားနေတဲ့ ဒီမျက်စိဆိုတဲ့ အကြည်ရုပ်ကလေးဟာ မမြဲတဲ့သဘောပဲ၊ မမြဲဘူးနော်။

အဲဒီ မမြဲတဲ့ စက္ခုပသာဒရယ်၊ အဆင်းအာရုံဆိုတာ ဆုံမိလို့ ပေါ်လာတာ၊ ပေါ်လာပြီး ဒီအတိုင်းကြီး အကြာကြီးတည်နေတာ မဟုတ်ဘူး၊ သူကလည်း သူ့သက်တမ်းလေးနဲ့ ပျောက်သွားတာ၊ ပေါ်နေရင် မျက်စိထဲမှာ အဆင်းအာရုံတွေဟာ အများကြီး ရောက်လာပြီးတော့ ရှိနေမှာပေါ့၊ အခုရှိရဲ့လား၊ မရှိဘူး၊ မျက်စိထဲက ဒါတွေ မထွက်ဘူးဆိုရင် ရှုပ်ထွေးကုန်မှာပေါ့၊ သူကလည်း အချိန်တန်တော့ သူ့အတိုင်းအတာလေးတစ်ခုနဲ့သူ ပျောက်သွားတာပဲ၊ အဲတော့ စက္ခုဆိုတဲ့ မျက်လုံးကလည်း မမြဲဘူး။ မျက်စိထဲမှာ လာထင်ဟပ်တဲ့

စာမျက်နှာ-၃၈
ရူပါရုံကလည်း မမြဲဘူး။ အဆင်းအာရုံကလည်း အဲဒီမမြဲတဲ့အရာနှစ်ခုကို အကြောင်းပြုပြီး ပေါ်လာတဲ့ မြင်သိစိတ်ဆိုတာလေးက ဘယ်လိုလုပ် မြဲလို့ရမလဲတဲ့၊

မြတ်စွာဘုရားက ဟောထားတာ ရှင်းရှင်းလေးရယ်
“အနိစ္စသမ္ဘူတံ ကုတော နိစ္စံ ဘဝိဿတိ” တဲ့။ ဒီစကားလုံးလေး ရှိတယ်၊ အနိစ္စသမ္ဘူတံ- မမြဲတာကို အမှီပြုပြီးတော့ ဖြစ်လာတဲ့အရာဟာ၊ ကုတော နိစ္စံ ဘဝိဿတိ- ဘယ်မှာမြဲနိုင်မှာတုန်းတဲ့၊ ဟုတ်တာပေါ့၊ မမြဲတာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့အရာသည် ဘယ်မှာမြဲမလဲ၊ အရပ်စကားတစ်ခုနဲ့ ပြောမယ်ဆိုရင် သေတတ်တဲ့ အမေအဖေက မွေးထားတဲ့ သားသမီးဟာ ဘယ်မှာမသေဘဲ ရှိမလဲ၊ အမေအဖေတောင် သေသေးတာ သူလည်းသေမှာပေါ့၊ ဟော- ဒီသဘောကို ပြောတာနော်၊ အဲတော့ စက္ခုကလည်း မမြဲဘူး၊ ရူပါရုံကလည်း မမြဲဘူး၊ သူတို့မမြဲတဲ့ အရာနှစ်ခုကို မှီပြီးတော့ ဖြစ်လာတဲ့ စက္ခုဝိညာဏ်စိတ်ကလည်း မမြဲဘူး၊ အဲဒီ စက္ခုဝိညာဏ်စိတ်ဖြစ်မှ ပေါ်လာလို့ရတဲ့ ဖဿဆိုတာ

စာမျက်နှာ-၃၉
လည်း မမြဲဘူး၊ ဝေဒနာဆိုတာကလည်း မမြဲဘူး၊ တဏှာဆိုတာကလည်း မမြဲဘူး။ အခိုက်အတန့်လေးတွေဆိုတာ သဘောပေါက်လာတယ်။

အဲဒီလို သဘောပေါက်လာတဲ့အခါ ကြည့်- မမြဲတဲ့အရာတစ်ခုကို 'ငါ'လို့ပြောလို့ရမလား၊ ဘာပြုလို့ မရဘူးလို့ ပြောရတာတုန်းဆိုရင် ကိုယ်က “ငါ”လို့ သတ်မှတ်လိုက်တဲ့ အချိန်မှာ သူက ပြောင်းသွားပြီ မရှိတော့ဘူးနော်၊ ဘာပြုလို့တုန်းဆိုရင် သူက အချိန်တိုင်း ပြောင်းနေတာ၊ ဥပမာမယ်- ဒါကို ပြောလေ့ပြောထ ရှိကြတယ်ပေါ့လေ၊ မြစ်ထဲမှာ နှစ်ခါဆင်းပြီး ရေမချိုးနိုင်ဘူးဆိုတာ မြစ်ရေက အမြဲစီးနေတာကိုး၊ အဲတော့ မြစ်ရေက အမြဲစီးနေတာဆိုတော့ ရေလေးတစ်ခွက် ခပ်ယူလိုက်၊ နောက်တစ်ခါ ခပ်တဲ့အခါ အဲဒီရေဟုတ်ကဲ့လား၊ မဟုတ်တော့ဘူး၊ ခုနကရေ စီးသွားပြီ။ အဲဒီသဘောမျိုးပဲ မြတ်စွာဘုရားက ဟောတာ။

ဒီရူပါရုံနဲ့ စက္ခုပသာဒ ဆုံလိုက်တဲ့ အချိန်တုန်းကဖြစ်တဲ့ စက္ခုပသာဒဟာ သက်တမ်းစေ့ရင် မရှိတော့

စာမျက်နှာ-၄၀
ဘူး၊ နောက်တစ်ခါ ဆုံတာက နောက်ဟာ၊ ယခင်ဟာ မရှိတော့ဘူး၊ အဲတော့ စက္ခုပသာဒပေါင်းနှင့် မျက်စိထဲမှာဆုံတဲ့ အဆင်းပေါင်း မြောက်မြားစွာထဲမှာ ‘ငါလို့ သတ်မှတ်ဖို့ရာ ဘယ်သူ့သတ်မှတ်မတုန်း၊ ငါ့ရဲ့အတ္တလို့ ဘယ်သူ့ကို ပြောမလဲ၊ ပြောမယ်ဆိုရင် အများကြီးလေ၊ ပြောမယ်ဆိုရင် million ပေါ့၊ သန်းပေါင်းများစွာရှိတဲ့ထဲမယ် ဘယ်သူ့ကို ‘ငါ’လို့ ပြောမလဲ၊ ဒါပြောတာ။ မမြဲတဲ့ အရာတွေချည်းပဲ အကုန်လုံး၊ ဒီတစ်ခုကို “ငါ”လို့ သတ်မှတ်လိုက်တာနဲ့ သူကရှိသေးလား၊ မရှိတော့ဘူး၊ နောက်ထပ်လည်း ပေါ်မလာဘူး၊ နောက်ထပ်ပေါ်တာ copy ပဲ၊ သူမဟုတ်ဘူးနော်၊ သဘာဝတရားတွေက ပေါ်လာပြီးရင် နောက်ထပ်ပေါ်တာ copy ။ ယခင်ဟာ မဟုတ်ဘူး၊ အလားတူလို့ လူတွေက မျက်စိလည်နေတာ။

ဆိုပါစို့-ဖယောင်းတိုင်မီးလေး ထွန်းထားပြီး အဲဒီဖယောင်းတိုင်မီးလေး ငြိမ်းသွားတယ်၊ ငြိမ်းသွားတယ်၊ ငြိမ်းသွားတယ် ထပ်ထွန်းတယ်၊ ခုနက မီးတောက်

စာမျက်နှာ-၄၁
ကလေးဟုတ်ကဲ့လား၊ မဟုတ်တော့ဘူး၊ လုံးဝမဟုတ်ဘူး၊ သို့သော် ခုနဟာကလေးနဲ့တော့ မတူဘူးလား၊ အေး-တူလို့ လူတွေက မျက်စိလည်သွားတာ၊ ခုနကဟာ မဟုတ်တော့ဘူး၊ ဘုန်းကြီးတို့တတွေမှာလည်း အတူတူပဲ၊ ခုနတုန်းက တရားပွဲစခါစက ရုပ်တွေတစ်ခုမှ မရှိတော့ဘူး၊ သွားပြီ၊ သွားတာ တစ်ခါတည်းသွားတာ Has gone forever ပဲ၊ ဘယ်တော့မှ ပြန်မလာတဲ့အနေနဲ့သွားတာ၊ အခုဟာက နောက်က အသစ်အသစ်တွေ လာနေတာ၊ အသစ်အသစ်တွေ ရှိနေသေးလို့ ထပ်ဖြစ်နေလို့ လူတွေက မသိကြတာကိုး၊ အဲဒီသဘောလေးကို မြတ်စွာဘုရားက ဟောတာပါ။

ဒီစက္ခုပသာဒမှာရော၊ အဆင်းရူပါရုံမှာရော၊ မြင်သိစိတ်မှာရော၊ သုံးခုဆုံလို့ ပေါ်လာတဲ့ ဖဿမှာရော၊ ဖဿကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာမှာရော၊ ဝေဒနာကြောင့် ပေါ်လာနိုင်တဲ့ တဏှာမှာရော၊ ဒီ ၆ မျိုးစလုံးဟာတဲ့ “ငါ”လို့ သတ်မှတ်စရာတစ်ခုမှမရှိဘူး၊ အခိုက်အတန့်လေးမှာပေါ်ပြီးတော့ ဆိုင်ရာအကြောင်း

စာမျက်နှာ-၄၂
တွေကြောင့် ဖြစ်ပြီးတော့ ပျက်သွားတာတဲ့၊ ဖြစ်တယ် ပျက်တယ် ဖြစ်တယ် ပျက်တယ်နဲ့ သွားနေတာတဲ့။ အဲဒီထဲမှာ ဘယ်ဟာကိုသွားပြီးတော့ 'ငါ'လို့ ပြောလို့ရမလဲ၊ မရဘူး၊ မရသည့်အတွက်ကြောင့် မြတ်စွာဘုရားက မျက်စိဟာလည်း အနတ္တပဲ၊ ရူပါရုံကလည်း အနတ္တပဲ၊ မြင်သိစိတ်ကလည်း အနတ္တပဲ၊ ကိုယ့်အလိုအတိုင်းလည်း တစ်ခုမှ မဖြစ်ဘူး။

ဒီနေရာမှာ အနတ္တရဲ့အဓိပ္ပါယ်ကို ရှင်းတဲ့နေရာမှာ မြတ်စွာဘုရားက ရှုထောင့်သုံးမျိုးလို့ ဆိုပါစို့၊ ရှုထောင့်သုံးမျိုးက ရှင်းတယ်၊ ဘယ်လိုရှုထောင့်က ရှင်းသလဲလို့ဆိုရင် မမြဲတဲ့ဟာလည်းပဲ အနတ္တပဲ၊ ဒါ အနိစ္စရှုထောင့်က ကြည့်တာ၊ မမြဲဘူးဆိုရင် ‘ငါ့ဟာ’လို့ ဘယ်လိုလုပ် သတ်မှတ်မလဲ၊ ပြောင်းနေတာကိုး၊ ပြောင်းနေသည့်အတွက်ကြောင့် ‘ငါ့ဟာ’လို့ ပြောလို့မရဘူး။ ဒါက အနိစ္စရှုထောင့်က ကြည့်တာ။ ဒုက္ခရှုထောင့်က ကြည့်မယ်ဆိုရင် သူက အမြဲနှိပ်စက်နေတာ၊ နှိပ်စက်နေသည့်အတွက်ကြောင့် “ငါ”လို့ပြောလို့မရဘူး။ နောက်

စာမျက်နှာ-၄၃
တစ်ခုက ကြည့်မယ်ဆိုရင် ကိုယ့်ဆန္ဒအတိုင်းရော ဖြစ်ကဲ့လား၊ မဖြစ်ဘူး၊ လူတွေက ငါ့မျက်စိ ငါသုံးချင်သလို သုံးလို့ရတယ်၊ ငါ့ကိုယ် ငါ့ခန္ဓာနဲ့သာ ပြောနေတာ ထာဝရပြောင်းလွဲနေတဲ့ အရာကြီး၊ ပြောရင်းပြောရင်း ငါငါနဲ့ ပြောရင်းပြောရင်းနဲ့ ကုန်နေတာ၊ အသစ်အသစ်တွေ လာနေတာ၊ အဟောင်းတွေက ပျောက်နေပြီ၊ ပျောက်မှန်းမသိ ပျောက်နေတာ။

ဘာနဲ့တူတုန်းဆိုရင် ငါးရာ့ငါးဆယ်ဇာတ်ထဲမှာ မယှကဆိုတဲ့ငှက်ရှိတယ်၊ အဲဒီငှက်က သစ်ပင်မှာ အသီးတွေသီးနေပြီ ဆိုလို့ရှိရင် သူက လိုက်အော်နေတာ၊ အသီးတွေ လိုက်ကြည့်ပြီးတော့ သူက “ငါ့ဟာ ငါ့ဟာ ငါ့ဟာ”နဲ့ လိုက်အော်နေတာ၊ အဲဒီငှက်ရဲ့ အော်သံကိုက ငါ့ဟာ ငါ့ဟာနဲ့ လိုက်အော်နေတာ၊ ပျံပြီးတော့ ဟိုနားသွား ငါ့ဟာ၊ ဒီနားသွား ငါ့ဟာ၊ ငါ့ဟာ ငါ့ဟာ ငါ့ဟာနဲ့ အော်နေတာ၊ အဲဒါကို ပါဠိလို “မယှက မယှက မယှက” ငါ့ဟာ ငါ့ဟာ ငါ့ဟာနဲ့ အော်တာ၊ ကျန်တဲ့ငှက်တွေက လာပြီးတော့ အသီးတွေစားသွား

စာမျက်နှာ-၄၄
ကြတာ၊ သူကတော့ အော်တုန်းပဲ ငါ့ဟာ ငါ့ဟာ ငါ့ဟာနဲ့၊ ဘယ်ဟာ ငါ့ဟာမှန်းလဲ မသိတော့ဘူး၊ ဟုတ်ကဲ့လား၊ လောကလူတွေကလည်း အဲဒီပုံစံပဲ၊ ငါ့ဟာ ငါ့ဟာ ငါ့ဟာနဲ့က ငါ့ဟာ မဟုတ်တော့ဘူး။

ကြည့်လေ- ကိုယ်ပိုင်တဲ့ ဆံပင်လေးဟာ တစ်ချောင်းပြီး တစ်ချောင်းဖြူလာတာ၊ ဘယ်လိုလုပ် ငါ့ဟာ ဖြစ်တော့မလဲ၊ ကိုယ့်ပါးစပ်ထဲမှာရှိတဲ့ သွားကလေးတွေကလည်း တစ်ချောင်းပြီးတစ်ချောင်း ကျွတ်ကုန်ပြီ၊ သွားစိုက်ဆိုင် သွားသွားပြီးတော့ သွားအစားထိုးနေရတယ်၊ ဘယ်လိုလုပ် “ငါ့ဟာ”လို့ ဖြစ်တော့မလဲ၊ ဒါ ချက်ချင်းပြောင်းတာ မဟုတ်ဘူး၊ ဖြည်းဖြည်းချင်း ပြောင်းနေတာ၊ ဟော- အဲဒီသဘောတွေကို မြတ်စွာဘုရားက ဟောတာ၊ ဒါကြောင့်မို့လို့ မျက်စိဆိုတာလည်း အတ္တမဟုတ်ဘူး၊ ကိုယ့်အလိုအတိုင်း မဖြစ်ဘူး၊ အဆင်းအာရုံကလည်း ကိုယ့်အလိုအတိုင်း မဖြစ်ဘူး၊ မြင်သိစိတ်ကလည်း ကိုယ့်အလိုအတိုင်း မဖြစ်ဘူး၊ ဆက်သွယ်မှုဆိုတဲ့ ဖဿကလည်း ကိုယ့်အလိုအတိုင်း

စာမျက်နှာ-၄၅
မဟုတ်ဘူး၊ ဝေဒနာကလည်း ကိုယ့်အလိုအတိုင်း မဟုတ်ဘူး၊ တဏှာကလည်း ကိုယ့်အလိုအတိုင်း မဟုတ်ဘူး၊ ဒါကြောင့်မို့ ဒီသဘာဝတရားတွေအားလုံးဟာ အနတ္တပဲတဲ့။

အသံဘက်ကို ကြည့်လိုက်ကြဦးစို့၊ အဲဒီဟာလည်း ၆ ခုပဲ၊ နားရှိတယ်၊ နားထဲမှာ ကြားလိုက်ရတဲ့ အသံရှိတယ်၊ ကြည့်- ကြားလိုက်ရတဲ့ အသံဆိုတာ ပျောက်သွားတာ အင်မတန်ထင်ရှားတယ်။ မျက်စိက အဆင်းအာရုံက ပျောက်တယ်ဆိုတာ သိပ်မထင်ရှားချင်ဘူး၊ နားထဲက အသံပျောက်သွားတာ အင်မတန်မှ ထင်ရှားတယ်၊ တရားပွဲစတုန်းက အသံတွေ ရှိသေးလား၊ နားထဲမှာ လာပေါ်လာတာ ချက်ချင်းပျောက်တာနော်၊ အသံတွေဟာ ရှေ့ကအသံဖြစ်ပြီး ချက်ခြင်းပျောက်တယ်၊ နောက်က ဆက်တိုက်ဆက်တိုက် ပေါ်နေလို့သာ ဒီအသံတွေရှိနေတယ် ထင်နေတာ၊ မရှိဘူး။ ပျောက်သွားပြီ။ အဲတော့ အသံလာတိုက်တဲ့ နားကလည်း ပျက်သွားပြီ၊ နောက်အသံနဲ့ နောက်နားပဲ ဒါက၊ ကြည့်

စာမျက်နှာ-၄၆
ဒီမှာလည်း နားရယ်၊ အသံရယ်၊ ကြားသိစိတ်ရယ်၊ ကြားသိစိတ်ကလည်း ပျက်နေတာပဲဥစ္စာ၊ ကြားသိစိတ် ဒီသုံးခု ဆုံလိုက်တဲ့အခါ ဆက်သွယ်လာမှု၊ စိတ်နဲ့ ဆက်သွယ်မှု၊ စိတ်နဲ့ဆက်သွယ်မှုကြောင့် ကောင်းမကောင်း၊ ဒီချမ်းသာတယ် မချမ်းသာဘူးဆိုတဲ့ ခံစားမှု ဝေဒနာလာတဲ့အခါ ကြိုက်လို့ရှိရင် တဏှာ၊ ကြိုက်မကြိုက် တဏှာဆိုတာလာတယ်၊ ၆ ခုပဲ။ နားနဲ့ပတ်သက်ပြီးတော့ ၆ ခု။

အဲဒီ ၆ ခုကလည်း ကြားသိစိတ် ဖြစ်တယ်ဆိုတာ နားနဲ့အသံနဲ့တိုက်လို့ ကြားသိစိတ်ဖြစ်တာ၊ အဲဒီ ကြားသိစိတ်၊ နားကလည်း မြဲတာမဟုတ်ဘူး၊ အသံကလည်း မြဲတာမဟုတ်ဘူး၊ နှစ်ခုစလုံးက ပျောက်သွားတာ၊ မမြဲတာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ကြားသိစိတ်က ဘယ်မြဲမလဲ၊ ဟော သူ့ကိုအစွဲပြုပြီး ဖြစ်တဲ့ ဖဿတို့ ဝေဒနာတို့ တဏှာတို့ဆိုတာ ဘယ်မြဲမလဲ၊ မမြဲဘူးတဲ့၊ အားလုံးဟာ အမြဲတမ်း ခဏကလေးပဲ

ဖြစ်ပြီးတော့ ပျောက်သွားကြတယ်၊ နောက်ထပ်

စာမျက်နှာ-၄၇
ဆက်ဆက်လာနေတယ်၊ ဒါပဲ၊ အကြောင်းမကုန်သေးရင် ဆက်ဆက်လာနေမယ်။

ကဲ-နှာခေါင်းထဲက အနံ့ရလို့ရှိရင်လည်း ဒီအတိုင်းပဲ မှတ်ပါ။ နှာခေါင်းရှိတယ်၊ အနံ့နဲ့နှာခေါင်း လာဆုံတယ်၊ ဆုံတော့ နံသိစိတ်ဖြစ်တယ်၊ နံသိစိတ်ဆိုတာ ကြည့်လေ၊ ရှေ့တုန်းက ကြိုတင်ပြီး မှတ်ထားတာ ဒါကတော့ ငပိကြော်တဲ့ အနံ့ပဲ၊ ဒါကတော့ ပန်းနဲ့ စံပယ်ပန်းရဲ့အနံ့ပဲ၊ ဒါကတော့ ဒူးရင်းသီးရဲ့ အနံ့ပဲ၊ ဟော မဖြစ်ဘူးလား၊ ကိုယ်ကြိုက်တာဆိုရင် သူက သဘောကျသွားတယ်နော်၊ မကြိုက်တဲ့ဟာဆိုရင် နှာခေါင်းပိတ်သွားတယ်၊ ဟော- အနံ့လာလို့ရှိရင်လည်းပဲ ဒီအတိုင်းပဲ ဝိပဿနာရှုလို့ရတယ်၊ ဝိပဿနာရှုတယ်ဆိုတာ မျက်စိမှိတ်ပြီး ထိုင်နေရတာမျိုး ဒီလိုဆိုလိုတာ မဟုတ်ဘူး၊ အဲဒါက သမထကျင့်စဉ် သမာဓိရအောင် လုပ်တာ၊ မျက်စိမှိတ်ပြီး တရားထိုင်ပြီးတော့ စိတ်ကလေးငြိမ်အောင် ကြိုးစားနေတာ၊ ဒီဝိပဿနာဆိုတာ အဲလို မဟုတ်ဘူး၊ အသိဉာဏ်ရဲ့ကိစ္စ၊ သွားရင်းလဲရှုနိုင်တယ်၊

စာမျက်နှာ-၄၈
ထိုင်ရင်းလဲ ရှုနိုင်တယ်၊ လျောင်းရင်းလဲ ရှုနိုင်တယ်၊ အချိန်မရွေး ကိုယ့်စိတ်မှာ အမြဲတမ်း ever mindfulness အမြဲတမ်း သတိထားပြီးတော့ ရှုနေတာ ဝိပဿနာ။ concentration ဆိုတာ စိတ်ငြိမ်အောင် လုပ်တာ သမာဓိ။ contemplation ဆိုတာ စိတ်ငြိမ်အောင်လုပ်တာ မဟုတ်ဘူး၊ စိတ်နဲ့ အာရုံပေါ်မှာ ဆင်ခြင်သုံးသပ်နေတာ၊ အဲဒီဆင်ခြင်သုံးသပ်မှုဟာ ဝိပဿနာပဲပေါ့။ ပညာတွေ ပိုတိုးတက်လာတာ သိသိလာတယ်လေ၊ သေချာအာရုံစိုက်ပြီးကြည့်ရင် မသိပေဘူးလား၊ သိလာတယ်။

နှာခေါင်းထဲမှာ အနံ့လေးပေါ်လာလို့ နံသိစိတ် ပေါ်လာတယ်၊ ပြီးတဲ့အခါကျတော့ အာရုံနဲ့စိတ်နဲ့ ဆက်သွယ်မှုလာတယ်၊ ပြီးတော့ ကြိုက်မကြိုက်၊ စိတ်ထဲမှာ ပျော်သွားတယ်၊ စိတ်ထဲမှာ မပျော်ဘူးဆိုတဲ့ ခံစားချက်တွေလာတယ်၊ ခံစားပြီးလို့ရှိရင် နောက်ထပ် ရချင်တယ် မရချင်ဘူးဆိုတာလာတယ်လေ၊ ဒါတွေ ဒီသဘာဝတရားတွေ ဖြစ်နေတာ၊ အဲဒါတွေဟာ ဆိုင်ရာ

စာမျက်နှာ-၄၉
ဆိုင်ရာ အကြောင်းကြောင့် ဒီတိုင်းဖြစ်နေတာလို့ ဒီလိုသိရမယ်၊ ဒီသဘာဝတရားတွေဟာ သဘာဝတရားသက်သက်မျှသာ ဖြစ်တယ်၊ ‘ငါ’ဆိုတာလည်း မဟုတ်ဘူး၊ 'ငါ့ဥစ္စာ'လည်း မဟုတ်ဘူးလို့ ဒီလို ရှင်းရှင်းကြီး သိမြင်ရမယ်လို့ ဒီလိုပြောတာ။

အေး-အနံ့လိုပဲ မနက်စာ စားကြမယ်၊ နေ့လယ်စာ စားကြမယ်၊ ညစာ စားကြမယ်၊ အမှတ်တမဲ့ မစားလိုက်နဲ့၊ ထမင်းစားတဲ့အခါမှာကြည့်၊ ထမင်းစားရင် တချို့က အရည်သောက်ကလေးက စသောက်တယ်၊ တချို့ကလည်း ထမင်းကလေးက စဝါးတယ်ပေါ့၊ ဘာပဲစ လျှာနဲ့ အဲဒီအာဟာရနဲ့ ထိလိုက်တာနဲ့ အရသာလေး ပေါ်မလာဘူးလား၊ ပေါ်လာတယ်၊ အဲဒါလေးကို သတိထားလိုက်၊ ဇိဝှါပသာဒနဲ့ လျှာနဲ့ အာဟာရရဲ့ အရသာလေးတစ်ခု ပေါ်လာတယ်၊ ပေါ်လိုက်တဲ့အခါ ချိုတယ် ချဉ်တယ် ခါးတယ် ငံတယ်ဆိုတဲ့သိစိတ် ပေါ်လာတယ်၊ လျက်သိစိတ်ပေါ်တယ်၊ လျက်သိစိတ်ပေါ်တော့ အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿလာတယ်၊ လာသည့်

စာမျက်နှာ-၅၀
အတွက်ကြောင့် ကောင်းတယ် မကောင်းဘူး၊ ဟော- စိတ်ထဲမှာတွေ့တယ် ... မတွေ့ဘူးဆိုတဲ့ ဝေဒနာလာတယ်၊ လာတဲ့အခါမှာ နောက်ထပ်လိုချင်တယ်ဆိုတဲ့ တဏှာရော မလာဘူးလား၊ အဲဒီလိုပဲ သဘာဝအတိုင်း ဘုန်းကြီးတို့ သန္တာန်မှာ ဒီလိုပဲဖြစ်နေတာ၊ အစာစားရင်လည်း ဒီအတိုင်းဖြစ်တာပဲ၊ ဖြစ်တယ်ဆိုတာလည်း အမြဲတမ်းဖြစ်နေတာ မဟုတ်ဘူး၊ ဖြစ်ပြီး ပျက်သွားပြီ၊ ဖြစ်ပြီး ပျက်သွားပြီ၊ ဖြစ်သမျှဟာ ဒီအတိုင်းရပ်နေတာလည်း မဟုတ်ဘူး၊ အကုန်လုံး ဖြစ်ပြီးတော့ ပျက်နေတာတဲ့၊ ဒါကြောင့်မို့လို့ အတ္တလို့ ပြောစရာမရှိဘူး၊ အားလုံးဟာ အနတ္တပဲတဲ့၊ သဘာဝအတိုင်း သူ့ဟာသူ ဖြစ်ပြီး ပျက်သွားလို့ အနတ္တပဲတဲ့။

ထမင်းစားတဲ့အခါ သတိထားသလို ကုလားထိုင်ပေါ် ထိုင်နေတဲ့အခါပဲဖြစ်စေ၊ ကြမ်းပေါ် ထိုင်နေတဲ့အခါမှာပဲ ဖြစ်စေ၊ အိပ်ယာထဲ လှဲနေတဲ့အခါမှာပဲ ဖြစ်စေ အောက်က ပျော့ပျော့လေးလား မာမာကြီးလား ဟော ဒီလိုလာတယ်လေ၊ ခန္ဓာကိုယ်ကနေ ဝတ်ထားတဲ့

စာမျက်နှာ-၅၁
အဝတ်ကလေး နူးညံ့သလား မနူးညံ့ဘူးလား၊ လေအေးလေးက ကိုယ့်ကိုလာထိလို့ရှိရင် ကောင်းသလား မကောင်းဘူးလား၊ ဟော ဒီလိုလာမှာ။ အပူလေးက ကိုယ့်သန္တာန်မှာ လာထိရင် ကောင်းသလား မကောင်းဘူးလား၊ အထိအတွေ့တွေ ရှိနေတာနော်၊ လူတွေလေ အိုက်တဲ့အခါမှာ ယပ်တောင်လေးနဲ့ ခတ်တဲ့အခါမှာ လေလေးက လူလာမထိဘူးလား၊ အဲဒါ လေလေးရယ် ခန္ဓာကိုယ်ရယ် ဒီနှစ်ခု ဆုံမိလိုက်တဲ့အခါ ထိမှန်းသိတယ်၊ ထိမှန်းသိတဲ့ စိတ်ကလေး ပေါ်လာတာပဲ၊ အဲလိုပေါ်လာတဲ့အခါမှာ ဒီလေလေးက ကောင်းလိုက်တာလို့ ဒီလိုမြင်ချင်လည်း မြင်မယ်၊ ပူလိုက်တာလို့လည်း မြင်ချင်လည်း မြင်မယ်၊ ဟော- အတွေ့အကြုံ ဆက်သွယ်မှု လာပြီးတော့ အတွေ့အကြုံ ရသွားတယ်၊ အတွေ့အကြုံ ရသွားတဲ့အခါ ကောင်းတာလေးဆိုရင် ထပ်ခံချင်တယ်။ မကောင်းတာဆိုလို့ရှိရင် မျက်နှာလွှဲချင်တယ်၊ ဟော- ထိတာလည်း ဒီအတိုင်းပဲ လာတာပဲ၊ ဒီအတိုင်းပဲ လာတယ်။

စာမျက်နှာ-၅၂
နောက် မျက်စိကမြင်တာလည်းမဟုတ်ဘူး၊ နားက ကြားတာလည်း မဟုတ်ဘူး၊ နှာခေါင်းက အနံ့ရတာ လည်း မဟုတ်ဘူး၊ ခန္ဓာကိုယ်က ထိတွေ့တာလည်း မဟုတ်ဘူး၊ လျှာက လျက်နေတာလည်း မဟုတ်ဘူး၊ စိတ်ကူးကြည့်တာ၊ စိတ်ကူးကြည့်ရုံနဲ့ တချို့က စိတ်ထဲမှာကျေနပ်ပြီး ပြုံးနေတဲ့ လူတွေလည်း ရှိတာပဲ၊ တစ်ယောက်ထဲ ပြုံးတယ်ဆိုတာ အဲဒါ ပြောတာနော်၊ စိတ်ထဲမှာ ကောင်းတာလေး တွေးမိလို့ရှိရင် ပြုံးတယ်၊ မကောင်းတာ တွေးမိလို့ရှိရင် မဲ့တယ်၊ တစ်ယောက်ထဲ ဖြစ်နေတာ လူတွေမှာ၊ ဟော- အဲဒါ ဘာတုန်းဆိုရင် စိတ်နဲ့ ဓမ္မဆိုတဲ့ သဘာဝတရားတွေ စိတ်ကူးတဲ့အရာတွေ စိတ်ထဲမှာ လာပေါ်လာတယ်၊ ဒါလည်းပဲ စိတ်ကူးတဲ့ အာရုံနဲ့စိတ်နဲ့ ဆုံလိုက်တဲ့အခါမှာ တွေးသိစိတ်ဆိုတာ မလာဘူးလား၊ အေး- တွေးသိစိတ်လာလို့ရှိရင် အာရုံနဲ့ ဆက်သွယ်မှု ဖဿဆိုတာလာတယ်၊ ဝေဒနာဆိုတာ လာတယ်၊ နောက်ပြီးတော့ တဏှာဆိုတာ လာတယ်လို့ဆိုတာ ဘယ်အာရုံကပဲဖြစ်ဖြစ် တဏှာက...

စာမျက်နှာ-၅၃
ဒွါရ ၆ ပါးလုံးက အကုန်လုံး ဝင်နေတာပဲ၊ ကြည့်- အားလုံးက ဝင်နေတာ။ ပေါင်းလိုက်တော့ ၆ × ၆ လီ ၃၆ ပဲ။ ဒီဟာတွေက ဘုန်းကြီးတို့သန္တာန်မှာရှိတဲ့ တရားတွေချည်းပဲ အကုန်လုံးနော်။ မျက်စိ နား နှာ လျှာ ကိုယ် စိတ် တစ်ခုတစ်ခုမှာ ၆ မျိုး ၆ မျိုး ၆ မျိုး။ မြတ်စွာဘုရားက အဲဒီတရားတွေကို ဘယ်လို ရှုရမလဲဆိုတာ ဝိပဿနာ ရှုကွက်အနေနဲ့ ဟောတဲ့အခါ သက္ကာယ သမုဒယ ဂါမိနိ ပဋိပဒါ နှင့် သက္ကာယ နိရောဓ ဂါမိနိ ပဋိပဒါ အကျင့်နှစ်မျိုး ဖြစ်သွားတယ်၊ ဒီ သဘာဝတရားတွေကို သိတဲ့ပုဂ္ဂိုလ်နဲ့ မသိတဲ့ပုဂ္ဂိုလ်။ သိတဲ့ပုဂ္ဂိုလ်နဲ့ မသိတဲ့ပုဂ္ဂိုလ် အမြင်ချင်း မတူကြဘူး။ ဒီသဘာဝတရားတွေကိုပဲ တချို့ပုဂ္ဂိုလ်က ဘယ်လို ထင်လဲလို့ဆိုရင် “ဧတံမမ” ဒါငါ့ဟာပဲ၊ ငါ့ဟာလို့ သတ်မှတ်တယ်၊ ငါ့မျက်လုံးလို့ သတ်မှတ်တယ်၊ ငါ့စိတ်လို့ သတ်မှတ်တယ်၊ ငါ့ရဲ့ feeling လို့ သတ်မှတ်တယ်။ ဟော- ကြည့် လူတွေမှာ သတ်မှတ်တာနော်၊ “ဧတံမမ” ငါဆိုတာလည်း ဒါပဲလို့ အထင်တစ်ခုရတယ်၊ “သော...

စာမျက်နှာ-၅၄
ဟမသ္မိ” ငါ့ရဲ့ထာဝရ၊ ငါ့အလိုကျ ဖြစ်တဲ့အရာပဲလို့ “ဧသော မေ အတ္တာ”၊ ဘယ်သူတွေက ဒီလိုမြင်တာလဲလို့ ဆိုလို့ရှိရင် “ဧတံမမ” လို့ မြင်တာဟာ ကိုယ့်သန္တာန်မှာဖြစ်တဲ့ တဏှာကမြင်တာ၊ “ဧသောဟမသ္မိံ” လို့ မြင်တာက မာနကမြင်တာ၊ ဧသော မေ အတ္တာလို့ မြင်တာက ဒိဋ္ဌိကမြင်တာ။ ပေါင်းလိုက်တဲ့အခါကျတော့ ဘုန်းကြီးတို့ရဲ့ စိတ်သန္တာန်မှာ တဏှာရှိတယ်၊ မာနရှိတယ်၊ ဒိဋ္ဌိရှိတယ်၊ ဒီသဘာဝတရားတွေက သဘာဝလို့ မမြင်ဘဲနဲ့ ငါ့ဟာလို့မြင်တယ်၊ ငါလို့မြင်တယ်၊ ငါ့ရဲ့ အတ္တလို့ မြင်တယ်ဆိုတော့ ဟော အမြင်တစ်ခုရှိတယ်၊ အဲဒါကို “သက္ကာယသမုဒယဂါမိနိ ပဋိပဒါ” လို့ ခေါ်တယ်။ အဲဒီလို မြင်နေသမျှတော့ ဝဋ်ဆင်းရဲထဲမှာ တဝဲလည်လည် ဖြစ်နေမှာပဲတဲ့၊ သက္ကာယဆိုတာ ဒီနေရာမှာ ဝဋ်ဆင်းရဲကို ပြောတာ၊ ဝဋ်ဆင်းရဲထဲ ဖြစ်နေမှာပဲ၊ ဘယ်တော့မှ ဒုက္ခက အဆုံးမသတ်ဘူး။ ဒီထဲမှာ လည်နေမယ်လို့ ဆိုလိုတာ။

စာမျက်နှာ-၅၅
အဲဒီကနေ ထွက်ချင်ပြီဆိုရင် ဘာလုပ်ရမလဲဆိုတော့ အမြင်ပြောင်းရလိမ့်မယ်၊ ခုန သဘောတရားတွေကို ရှင်းရှင်းကြီး မြင်တယ်၊ အဆင်းအာရုံနဲ့ မျက်စိလာဆုံတဲ့အခါမှာ မြင်သိစိတ်ဖြစ်တယ်၊ အဆင်းအာရုံဟာလည်း တခဏလေးပဲ၊ မျက်စိကလည်းပဲ တခဏလေးရယ်၊ နှစ်ခုဆုံလိုက်လို့ ပေါ်လာတဲ့ မြင်သိစိတ်ကလေးကလည်း တခဏလေးပဲ၊ ဘယ်အရာမှ မမြဲဘူး၊ ငါ့ဟာလို့ပြောစရာ မရှိဘူးလို့မြင်တာ၊ နေတံ မမ ငါ့ဟာမဟုတ်ဘူး၊ နေသော ဟမသ္မိံ ငါလည်းမဟုတ်ဘူး သဘာဝတရား သက်သက်သာ ဖြစ်တယ်၊ န မေသော အတ္တာ ငါလည်း အတ္တလည်း မဟုတ်ဘူး၊ ငါ့အလိုကျ ဘာတစ်ခုမှ ဖြစ်တဲ့အရာတွေမဟုတ်ဘူး၊ သက်သက် သဘာဝတရားတွေပဲ ဖြစ်တယ်လို့ ဒီလို ကိုယ်နဲ့မဆိုင်သလို တကယ်လည်း မဆိုင်ပါဘူးလေ၊ ကိုယ်နဲ့မဆိုင်တဲ့ အနေအထားမျိုးကို မြင်လိုက်တယ်၊ မြင်လိုက်လို့ရှိရင် “သက္ကာယ နိရောဓ ဂါမိနီ ပဋိပဒါ” လို့ ခေါ်တယ်၊ ဝဋ်ဆင်းရဲရဲ့ ချုပ်ငြိမ်းတဲ့ ကျင့်စဉ်တစ်ခုပဲ။ ဒီလိုမြင်မှ...

စာမျက်နှာ-၅၆
ဝဋ်ဆင်းရဲချုပ်ငြိမ်းတဲ့ ထွက်ပေါက်ကို ရှာတွေ့မှာ၊ နို့မို့ဆိုရင် ဒီထဲမှာပဲ တဝဲလည်လည်နဲ့ပဲ ဖြစ်မယ်။ ဒီထဲကနေ ထွက်နိုင်မှာ မဟုတ်ဘူးတဲ့။

ဘုန်းကြီးတို့တတွေမှာ အားလုံး ဒီတိုင်းပဲ သွားနေကြတာ၊ မျက်စိက မြင်တယ်၊ နားက ကြားတယ်၊ နှာခေါင်းက အနံ့ရတယ်၊ လျှာက အရသာ၊ ခန္ဓာကိုယ်က အထိအတွေ့၊ စိတ်ထဲက စိတ်ကူး၊ ဒါတွေနဲ့ပဲ သွားနေကြတာ အကုန်လုံး၊ ဘဝဆိုတာ ဒါချည်းပဲ။

ကဲ-အဲဒီလို သွားနေတဲ့အခါမှာ မြတ်စွာဘုရားက ဘယ်နေရာကို ဘာကို ပယ်ဖျက်ရမလဲ၊ မျက်လုံးကို ဖယ်ပစ်ရမှာလား၊ အဆင်းအာရုံကို ဖယ်ပစ်ရမှာလား၊ မြင်သိစိတ်ကို ဖယ်ပစ်ရမှာလား၊ မြင်သိစိတ်ကြောင့် သုံးမျိုးဆုံလို့ ဖြစ်လာတဲ့ ဖဿဆိုတဲ့ ဆက်သွယ်မှု တရားကို ဖယ်ပစ်ရမှာလား၊ သို့မဟုတ် ဝေဒနာကို ဖယ်ပစ်ရမှာလားလို့ သိရမယ့်ဟာနဲ့ ဖယ်ရမယ့်ဟာ နှစ်မျိုးရှိတယ်နော်။ သိရမယ့်ဟာနဲ့ ဖယ်ရမယ့်ဟာ၊ အဲဒါကို စာလို့ပြောလို့ရှိရင် “ပရိညေယျ” ပိုင်းခြားသိရုံ...

စာမျက်နှာ-၅၇
သိရမယ့်ဟာ တစ်ခု၊ “ဟာတဗ္ဗ” ဖယ်ရှားပစ်ရမယ့်ဟာက တစ်ခု၊ နှစ်ခုရှိတယ်။

အဲဒီထဲမယ် ကြည့်လိုက် ဘယ်လိုဖြစ်လာတုန်း၊ မျက်စိကနေ အဆင်းအာရုံလေးကို မြင်လိုက်တယ် မြင်လိုက်တာနဲ့ တပြိုင်နက် မြင်သိစိတ် ပေါ်လာတယ်၊ မြင်သိစိတ် ပေါ်လာတဲ့အခါ ဆက်သွယ်မှု အာရုံနဲ့စိတ်နဲ့ ဆက်သွယ်ပေးတဲ့ ဖဿဆိုတာ လာတယ်၊ အဲဒီ ဖဿကို အကြောင်းပြုပြီးတော့ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခ ဝေဒနာဆိုတဲ့ ခံစားချက် (၃)မျိုး တစ်မျိုးမျိုး ဝင်လာတယ်၊ အဲဒီ ခံစားချက် (၃)မျိုးကို လူတွေကဘာဖြစ်လဲ၊ ဝမ်းသာတဲ့ ခံစားချက်ဆိုလို့ရှိရင် ဘာဖြစ်လဲ သဘောကျတယ်၊ ကျေနပ်တယ်၊ တွယ်တာတယ်၊ နှစ်သက်တယ်၊ နောက်ထပ် ခံစားချင်တယ်၊ အဲဒါကိုပြောတာ၊ လူတွေဟာ တဏှာဖြစ်တယ်ဆိုတာ အာရုံပေါ်ဖြစ်တယ်လို့သာ ပြောကြတာ၊ တကယ်ကတော့ ခံစားမှုပေါ်မှာ ဖြစ်တာနော်၊ ခံစားမှုပေါ်ဖြစ်တာ၊ အဲဒီ ဝေဒနာဆိုတဲ့ ခံစားမှုပေါ်မှာ “သုခါယ ဝေဒနာယ...

စာမျက်နှာ-၅၈
ရာဂါနုသယော အနုသေတိ” တဲ့၊ တပ်မက်တဲ့စိတ်ဟာ အဲဒီမှာပေါ်လာတော့မယ်။

ဥပမာမယ် - စံပယ်ပန်း ကြိုက်တတ်တဲ့ လူတစ်ယောက် ပထမဆုံး သူစပြီး စံပယ်ပန်းကို တွေ့တယ်၊ အနံ့လေးလည်း ကြိုက်တယ်၊ အပွင့်လေးလည်း သဘောကျတယ်၊ နောက်တစ်ခါ စံပယ်ပန်းတွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ကြိုက်တဲ့စိတ် ပြန်မပေါ်လာဘူးလား၊ ပေါ်လာတယ်နော်၊ ဒူးရင်းသီး မကြိုက်တဲ့လူက ဆိုပါစို့ ဒူးရင်းသီးအနံ့ကို မခံနိုင်တဲ့ လူတစ်ယောက်က ပထမ ဒူးရင်းသီးအနံ့ကို သူစပြီးတော့ တွေ့လိုက်တယ်၊ မကြိုက်ဘူး၊ ဆန့်ကျင်ဘက်တွေ ဖြစ်သွားတယ်၊ နောက်တစ်ခါ ဒူးရင်းသီးမြင်တာနဲ့ ဒီအနံ့ သူနှာခေါင်းထဲမှာ ရပြီး မကြိုက်တော့ဘူး ဟုတ်ကဲ့လား၊ မုန်းတီးတဲ့စိတ် ပေါ်မလာဘူးလား၊ ဒါကြောင့်မို့လို့ ဒီခံစားမှုတွေပေါ်မှာ လာပြီးတော့ ရာဂဆိုတဲ့ သဘောဟာ ကိန်းသွားတယ်လို့ ပြောတာ။ အနုသယ ကိန်းတယ်ဆိုတာ အကြောင်း...

စာမျက်နှာ-၅၉
တိုက်ဆိုင်လာလို့ရှိရင် ပေါ်လာတဲ့ အနေအထား ဖြစ်နေတာကို ကိန်းတယ်လို့ ခေါ်တာ။

ဆိုပါစို့ gas မီးခြစ်ကလေးထဲမှာ gas လည်းရှိမယ်၊ ကျန်တဲ့ ဘီးလုံးလေးတွေနဲ့ အောက်ကအမာရှိမယ် ဆိုပါစို့၊ ပြည့်စုံနေတဲ့အချိန်မှာ တစ်စုံတစ်ယောက်က သူ့လက်ကလေးနဲ့ ဖိပြီးတော့ ခြစ်လိုက်မယ်ဆိုရင် မီးလေးထွက်မလာဘူးလား၊ အဲဒီလို အခြေအနေ ပြည့်ပြည့်စုံစုံ ဖြစ်တာ၊ နောက်ထပ် အကြောင်းတစ်ခု ပေါင်းလိုက်တာနဲ့ တစ်ပြိုင်နက် ဖြစ်ပေါ်လာနိုင်တာမျိုး အနုသယလို့ ခေါ်တာ၊ အနုသယဆိုတာ “ကာရဏလာဘေ အကြောင်းတစ်ခု ထပ်ရလိုက်မယ်ဆိုလို့ရှိရင်၊ ဥပ္ပဇ္ဇတိ ဖြစ်ပေါ်လာနိုင်တဲ့ ဖြစ်ပေါ်လာထိုက်တဲ့ အခြေအနေမျိုး” ကို ပြောတာတဲ့၊ လောဘဆိုတာ ဒီတိုင်းနေရင်တော့မဖြစ်ဘူးလေ၊ ခုန ဖြစ်စရာလေးနဲ့လာဆုံပြီဆိုရင် ဘွားကနဲ ထွက်လာတာ၊ တားလို့မရဘူး ဘယ်က ရောက်လာမှန်း မသိအောင်ဖြစ်တာ၊ ဒေါသဆိုတာလည်း အတူတူပဲ၊ ဥပမာမယ် လူတစ်ယောက်ကို မုန်း...

စာမျက်နှာ-၆၀
တယ်၊ မတည့်တဲ့ လူတစ်ယောက် သူ့အသံကြားလိုက်တာနဲ့ ဒေါသက ဖြစ်လာတယ်၊ .. အဲဒါဘာတုန်း အနုသယကိန်းနေတာ၊ ဒီအသံပေါ်မှာ ဒီလူအပေါ်မှာ ကိန်းနေတာ။

အဲဒါလိုပဲ ဝေဒနာနဲ့ပတ်သက်ပြီး သုခဝေဒနာမှာဆိုရင် ရာဂဖြစ်တယ်၊ ဒုက္ခဝေဒနာဆိုရင် လူတွေက ဆန့်ကျင်တယ်၊ ဆန့်ကျင်တော့ ဘာဖြစ်လဲ ပဋိဃာနုသယ တဲ့၊ ဒေါသဆိုတဲ့ အနေအထား ကိန်းနေတယ်၊ အဒုက္ခမသုခ မထင်ရှားတဲ့ ဥပေက္ခာဝေဒနာမျိုးကျတော့ ဘာကိန်းတုန်းဆိုတော့ မသိလိုက်ဘူး၊ မသိလိုက်တဲ့အခါကျတော့ အဝိဇ္ဇာအနုသယ ကိန်းတယ်လို့ ပြောတာနော်၊ ဖြစ်တာတောင် မသိလိုက်ဘူးလေ၊ လူတွေ သိနေတာက ချမ်းသာတာနဲ့ ဆင်းရဲတာ နှစ်ခုပဲသိတာ၊ ခံစားချက်ဟာ ဒီနှစ်မျိုးပဲ သိနေကြတာ၊ ချမ်းသာတယ် ဆင်းရဲတယ် ဒါပဲပြောတာ၊ ချမ်းသာမှု ဆင်းရဲမှုရဲ့ နှစ်ခုရဲ့ စပ်ကြားလေးမှာ ရှိတာကျတော့ မသိလိုက်ဘူး၊ မသိရင်ဘာဖြစ်လဲ၊ အဝိဇ္ဇာ အနုသယ...

စာမျက်နှာ-၆၁
ကိန်းတယ်လို့ ပြောတာ။ မသိတာက နောင်ကျတော့ အကျင့်ကြီးပါပြီး မသိဘူး မသိဘူး မသိဘူးပဲ လာတော့မှာ။

ဖြစ်ကြောင်းတရားကိုလည်းသိရမယ်၊ ချုပ်ကြောင်းတရားကိုလည်း သိရမယ်။ အဲဒီ ဥပေက္ခာဆိုတဲ့ ဝေဒနာရဲ့ သာယာစရာကိုလည်း သိရမယ်၊ အပြစ်အနာအဆာကိုလည်း သိရမယ်၊ ထွက်ပေါက်ကိုလည်း သိရမယ်လို့ အဲဒီ မသိသေးလို့ရှိရင် အဝိဇ္ဇာ အနုသယဟာ ကိန်းနေမှာပဲ၊ ဟော ခံစားချက်ဝေဒနာတွေနဲ့ ပတ်သက်ပြီးတော့ မျက်စိက မြင်ပြီးတော့ ခံစားချက်ဝေဒနာ ပေါ်မယ်၊ နားက အသံကြားပြီးတော့ ခံစားချက်ဝေဒနာ ပေါ်မယ်၊ နှာခေါင်းက အနံ့ရပြီးတော့ ခံစားချက်ဝေဒနာတွေ ပေါ်မယ်၊ လျှာက အရသာခံပြီးတော့ ခံစားချက်ဝေဒနာတွေ ပေါ်မယ်၊ ခန္ဓာကိုယ်က ထိတွေ့ပြီးတော့ ခံစားချက်ဝေဒနာတွေ ပေါ်မယ်လို့ အဲဒီလို ပေါ်လာတဲ့ အပေါ်တွေမှာကြည့်ရင် သုခဝေဒနာဆိုလို့ရှိရင် ရာဂဖြစ်တယ်၊ ဒုက္ခဝေဒနာဆိုရင် ဒေါသဖြစ်တယ်။

စာမျက်နှာ-၆၂
ဥပေက္ခာဝေဒနာဆိုရင် အဝိဇ္ဇာဖြစ်တယ်၊ ထပ်တလဲလဲ လာနေမှာပဲ၊ အမှန်မသိသေးသမျှ လာနေမှာပဲ။ အဲတော့ ဘယ်လိုလုပ်ရမလဲဆိုရင် သုခဝေဒနာမှာဖြစ်မယ့် ရာဂကို မဖြစ်အောင်တားရမယ်၊ မဖြစ်အောင်ဆိုတာ သဘာဝကိုသိရင် မဖြစ်တော့ဘူးလေ။ ဘာပြုလို့တုန်းဆို သုခဝေဒနာတွေ့တာနဲ့ သူ မကျေနပ်တော့ဘူး၊ ဘာပြုလို့လဲ၊ မမြဲတဲ့ သဘောတရားလို့ သူက သိနေတယ်၊ ဒုက္ခဝေဒနာတွေ့တဲ့အခါမှာလည်း သူက ဆင်းရဲတဲ့ သဘောတရားဆိုတာ သိသွားပြီ၊ အဒုက္ခမသုခဆိုတဲ့ ဥပေက္ခာဝေဒနာ လာလို့ရှိရင်လည်းပဲ သူ့ရဲ့ ဖြစ်ခြင်းအကြောင်းတရားကိုလည်း သိတယ်၊ ချုပ်တဲ့ အကြောင်းတရားတွေကိုလည်း သိလာတယ်ပေါ့၊ သိလာသည့်အတွက်ကြောင့် အဝိဇ္ဇာမလာတော့ဘူး၊ ရှင်းရှင်းလင်းလင်းကြီး ဒီသဘာဝတရားတွေဟာ ဘယ်လိုဖြစ်ပြီး ဘယ်လိုပျက်သွားကြတယ်၊ ဘာကြောင့် ဖြစ်တယ်၊ ဘာကြောင့် ချုပ်ငြိမ်းသွားတယ်ဆိုတာကို ရှင်းရှင်းကြီး မြင်သွားကြတယ်တဲ့၊ အဲလို ရှင်းရှင်းကြီး...

စာမျက်နှာ-၆၃
မြင်သွားပြီဆိုလို့ရှိရင် ဘာဖြစ်လဲ၊ အဝိဇ္ဇာဆိုတဲ့ အမှန်မသိတဲ့ မောဟဟာ ပျောက်ကင်းသွားပြီးတော့ တကယ့်ကို အမှန်သိကြတဲ့ ဝိဇ္ဇာဆိုတဲ့ အသိဉာဏ်အလင်းတစ်ခု ရလာပါတယ်တဲ့၊ သိမြင်မှုတစ်ခု ရလိုက်တယ်။

အဲဒီလို ရလိုက်တာနဲ့ တစ်ပြိုင်နက် ဘာဖြစ်နိုင်တုန်းဆို မျက်မှောက်ဘဝမှာပဲ ဒုက္ခကို အဆုံးသတ်နိုင်တယ်တဲ့၊ အဆုံးသတ်နိုင်သွားပြီ၊ ဘာပြုလို့တုန်းဆိုရင် ကြည့်လေ- ဒါတွေကို အကြောင်းပြုပြီးတော့ လောဘဖြစ်ဦးမလား၊ သဘာဝအမှန် သိနေပြီဆိုတာနဲ့ တစ်ပြိုင်နက် လောဘဆိုတာလည်း မလာတော့ဘူး၊ ဒေါသဆိုတာလည်း မလာတော့ဘူး၊ မောဟဆိုတာလည်း မလာတော့ဘူး၊ အမှန်သိနေသည့်အတွက်ကြောင့် အဲဒီ ကိလေသာဆိုတဲ့ ဒုက္ခကို ဖြစ်စေတတ်တဲ့ အကြောင်းတရားတွေ မလာလို့ရှိရင် သူတို့က ထုတ်လုပ်မယ့် အကျိုးတရား ဒုက္ခတွေရော လာဦးမလား၊ အေး- ဒါကြောင့်မို့လို့မျက်မှောက်ဘဝမှာပဲ “ဒုက္ခဿန္တကရော”...

စာမျက်နှာ-၆၄
တဲ့ ဒုက္ခရဲ့အဆုံးကို အဆုံးသတ်လိုက်နိုင်တယ်လို့ ပြောတာ။

မြတ်စွာဘုရားရဲ့ တရားဓမ္မတွေဟာ ဘာလုပ်ဖို့လဲဆိုရင် ဒုက္ခတွေကို အဆုံးသတ်ဖို့ပဲ၊ ဒုက္ခတွေချည်းပဲ၊ ဘာဖြစ်လို့ ဒုက္ခလို့ ပြောရတာတုန်းဆိုရင် မြဲမှမမြဲတာကိုး၊ မမြဲလို့ ပြောင်းလဲတတ်လို့ ဒုက္ခလို့ ပြောတာ၊ အဲဒီ ဒုက္ခဖြစ်တဲ့ အရာအားလုံးဟာ ကိုယ့်အလိုအတိုင်း မဖြစ်လို့ အနတ္တတွေချည်းပဲ။ ဟော အဲဒီလို ဝိပဿနာ အမြင်နဲ့ မြင်လိုက်လို့ရှိရင် လောဘကိုလည်း ဖယ်နိုင်တယ်၊ ဒေါသကိုလည်း ဖယ်နိုင်တယ်၊ မောဟကိုလည်း ဖယ်နိုင်လိုက်သည့်အတွက်ကြောင့် နောက်ထပ်ဒုက္ခတွေ ဖြစ်ပွားလာမှုဟာ ရပ်တန့်သွားတယ်ပေါ့။ ဘယ်လိုအကျိုးတရားတွေ ဖြစ်လာတုန်းဆိုလို့ရှိရင် ကြည့်-ဒီလိုမှန်မှန်ကန်ကန်သိလာပြီဆိုလိုက်တာနဲ့ တစ်ပြိုင်နက် မျက်စိနဲ့ပတ်သက်ပြီးတော့လည်းပဲ တရား ၆ မျိုးပေါ်မှာ သာယာစရာဆိုတာ ရှာမတွေ့တော့ဘူး၊ မျက်စိပေါ်မှာလည်း သာယာစရာ မရှိတော့ဘူး၊

စာမျက်နှာ-၆၅
သူ့ဟာသူ ဖြစ်ပြီးပျက်သွားတဲ့ အရာတစ်ခုပဲ၊ မြင်လိုက်တဲ့ အဆင်းအာရုံပေါ်မှာလည်း သာယာစရာ မတွေ့တော့ဘူး၊ မြင်သိစိတ်ပေါ်မှာလည်း သာယာစရာဆိုတာ မတွေ့တော့ဘူး၊ မြင်သိစိတ်ကို အမှီပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ ဖဿဆိုတဲ့ ဆက်သွယ်မှုပေါ်မှာလည်း သာယာစရာ မတွေ့ဘူး၊ ဖဿကြောင့် ဖြစ်လာတဲ့ သုခဒုက္ခဆိုတဲ့ ဝေဒနာပေါ်မှာလည်း သာယာမှုဆိုတာ ရှာမတွေ့ဘူး၊ တဏှာဆိုတဲ့ အပေါ်မှာလည်း သာယာမှုဆိုတာ ရှာမတွေ့တော့ဘူး။ အားလုံး ဒီသဘာဝတရားတွေပေါ်မှာ စိတ်ပျက်ငြီးငွေ့သွားတယ်၊ ဒါ ငါနဲ့မဆိုင်ဘူး၊ သာယာစရာဆိုတာ ရှာမတွေ့တော့ဘူး၊ နိဗ္ဗိန္ဒတိ ငြီးငွေ့တယ်။ အဲဒါဟာ ဝိပဿနာဉာဏ် ဖြစ်ပုံကို ပြောတာ။

ဝိပဿနာဉာဏ် ဖြစ်လာပြီဆိုရင် ဒါတွေပေါ်မှာ အကုန်လုံး တွယ်တာမှုတွေပြတ်၊ သာယာမှုတွေ ရှာမတွေ့တော့ဘူး၊ သာယာမှုတွေ ရှာမတွေ့တော့ ဘာဖြစ်လဲ “နိဗ္ဗိန္ဒ ဝိရဇ္ဇတိ” တဲ့၊ တဏှာဟာ မလာနိုင်...

စာမျက်နှာ-၆၆
တော့ဘူး၊ ကြိုက်နေလို့ တဏှာဖြစ်တာကိုး၊ မကြိုက်တော့ဘူးဆိုရင် လာပါဦးမလား၊ ပစ္စည်းလေးတစ်ခုဟာ ကိုယ်မကြိုက်တော့ဘူးဆိုရင် အဲဒီပေါ်မှာ တွယ်တာမှု ရှိသေးလား၊ မရှိဘူး၊ ကိုယ့်သန္တာန်မှာလည်းပဲ ဒီလိုပဲ၊ ကြိုက်စရာ ရှာမတွေ့တော့ဘူးဆိုရင် မကြိုက်တော့ဘူး၊ မကြိုက်ဘူးဆိုရင် တဏှာပြတ်သွားပြီ၊ အဆက်အသွယ် ပြတ်သွားပြီ သူနဲ့၊ သူ့အတွက် စိုးရိမ်စရာ လာဦးမလား၊ မလာဘူး၊ နိဗ္ဗိန္ဒ ဝိရဇ္ဇတိ တဲ့။

အဲဒီလို တွယ်တာမှု ကင်းသွားတာနဲ့ တပြိုင်နက် ဘာဖြစ်တုန်းဆိုရင် “ဝိရာဂါ ဝိမုစ္စတိ” တဲ့၊ တဏှာနဲ့ အာရုံကို ဆက်သွယ်မှု မရှိတော့သည့်အတွက်ကြောင့် တွယ်တာမှုကနေ လွတ်ထွက်သွားတယ်၊ ဟော အဲဒါကို freedom လို့ ခေါ်တာနော်၊ liberation လွတ်ထွက်သွားပြီ၊ တဏှာရဲ့ အရင်ကအုပ်စိုးထားတဲ့ အောက်ကနေ သူလွတ်သွားတယ်၊ မျက်စိထဲ မြင်တဲ့အပေါ်မှာ တွယ်တာနေတဲ့ တဏှာကနေ လွတ်ထွက်သွားတာ။ တရားထူး တရားမြတ်ရတယ်ဆိုတာ အဲဒီလို ကိုယ့်...

စာမျက်နှာ-၆၇
စိတ်ရဲ့ အနေအထားတွေဟာ ပြောင်းသွားတယ်တဲ့နော်။

နံပါတ် (၁) ဝိပဿနာဖြစ်ရင် သာယာစရာ ရှာမတွေ့တော့ဘူး၊ သာယာစရာ ရှာမတွေ့လို့ရှိရင် တွယ်တာမှု ပြတ်သွားတယ်။ တွယ်တာမှုပြတ်သွားရင် စိတ်ကလေးဟာ လွတ်လပ်သွားတယ်၊ ဘယ်ပေါ်မှ သွားပြီးတော့ မငြိတော့ဘူး၊ လွတ်လပ်သွားပြီ။ အဲဒီဟာက ပြောမယ်ဆိုလို့ရှိရင် ဒါက ဝိပဿနာရပြီးတော့ မဂ်စိတ်ဖိုလ်စိတ် ဖြစ်ပေါ်လာခြင်းပဲ၊ မဂ်စိတ်ဖိုလ်စိတ် ဖြစ်ပေါ်တယ်ဆိုတာ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ ဖြစ်ပေါ်တာဖြစ်တယ်။ ဒါကြောင့်မို့လို့ နောက်ဆုံးမှာ အရဟတ္တမဂ် အရဟတ္တဖိုလ်ဉာဏ်ရလို့ ကိလေသာတွေ အားလုံးကုန်၊ တွယ်တာမှုတွေ အားလုံး ငြိမ်းသွားပြီဆိုတဲ့အခါမှာ ဘာသိလာတုန်းဆို “ငါ့ရဲ့ဒီဘဝ၊ ဘဝဆိုတာ မွေးဖွားမှုဆိုတာ ကုန်သွားပြီနော်၊ ကုန်သွားပြီ၊ ကျင့်စရာတွေလည်း အားလုံးကျင့်ပြီးသွားပြီ၊ လုပ်စရာတွေလည်း အားလုံးလုပ်ပြီးသွားပြီ၊ ကျင့်စရာတွေလည်း...

စာမျက်နှာ-၆၈
အားလုံးကျင့်ပြီးသွားပြီ၊ လုပ်စရာတွေလည်း အားလုံး လုပ်ပြီးသွားပြီ၊ ထပ်လုပ်စရာ ဘာမှ မရှိတော့ဘူး” လို့ ထူးခြားတဲ့ အသိဉာဏ်တစ်ခုနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ မြင်လာတယ်။

အဲဒီလို မြတ်စွာဘုရားက “ဆဆက္ကသုတ်” မှာ ရဟန္တာဖြစ်သွားပြီး စဉ်းစားဉာဏ် ဖြစ်ပေါ်လာပုံကို ပြရင်း ဒီသုတ်ကို နိဂုံးချုပ်လိုက်ပါတယ်။ အဲဒီလို နိဂုံးချုပ်လိုက်တဲ့အခါမှာ ရဟန်းတော်တွေဟာ အင်မတန်မှ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးတော့ ဟောဒီသုတ္တန်ရဲ့ အဆုံးမှာတဲ့ ရဟန်း ၆ဝ ဟာ ကိလေသာ အာသဝေါတွေမှ စိတ်ဟာ လုံးဝလွတ်သွားကြတယ်၊ ဘုရားဟောနေတဲ့ အချိန်မှာ ဂရုတစိုက် နားထောင်တယ်၊ မျက်စိနဲ့ ပတ်သက်တာ ၆ မျိုး၊ နားနဲ့ ပတ်သက်တာ ၆ မျိုး၊ နှာခေါင်းနဲ့ ပတ်သက်တာ ၆ မျိုး၊ လျှာနဲ့ ပတ်သက်တာ ၆ မျိုး၊ ခန္ဓာကိုယ်နဲ့ ပတ်သက်တာ ၆ မျိုး၊ စိတ်နဲ့ ပတ်သက်တာ ၆ မျိုး၊ အားလုံး ၆x၆ လီ ၃၆၊ ဆဆက္ကသုတ်မှာလာတဲ့ တရားဓမ္မတွေ ဝိပဿနာဉာဏ်နဲ့...

စာမျက်နှာ-၆၉
ရှုဆင်ခြင်လိုက်တဲ့အခါမှာ မဂ်ဖိုလ်ကို ရရှိပြီးတော့ သွားကြတယ်။

တရားချစ်ခင်သူတော်စင် ပရိသတ်တို့၊ ဝိပဿနာ ကျင့်စဉ်ကို ဆဆက္ကကျင့်စဉ်အတိုင်း မိမိတို့ကိုယ်တွေ့ မျက်စိ နား နှာ လျှာ ကိုယ်မှာဖြစ်လာတဲ့ အနေအထားတွေကို အားလုံး ယခုအခါမှာ ဘုရားဟောတဲ့အတိုင်း သိရှိကြပြီးတော့ လက်တွေ့ဘဝမှာ မိမိတို့ အသိဉာဏ်တွေ့ရအောင် လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။

သာဓု... သာဓု... သာဓု
axqluiex5l8xuc4eq5m6v8f69e2p8x3
22106
22097
2026-06-15T03:16:45Z
Tejinda
173
22106
wikitext
text/x-wiki
{{header
| title = ဆဆက္က ဒေသနာနှင့် ဓမ္မဝိပဿနာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဆင်းရဲမွဲတေမှု လျှော့ချရေး]]
| previous2 =
| next = [[ဆရာမြတ်ကို ဆည်းကပ်ရမည့်အခါ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁
မှတ်တမ်း

သာသနာတော်နှစ်-၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ်-၁၃၇၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၃)ရက်၊ (၉-၁၁-၂၀၁၀) မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော် နှင့် တိုက်တန်းကြီး ဈေးသူဈေးသားများ၏ စုပေါင်းမဟာကထိန်တော် အထိမ်းအမှတ် အထူးတရားပွဲ၌ ဟောကြားအပ်သော “ဆဆက္က ဒေသနာနှင့် ဓမ္မဝိပဿနာ” တရားတော်။
ဆဆက္က ဒေသနာနှင့် ဓမ္မဝိပဿနာ
“ဆဆက္က ဒေသနာနှင့် ဓမ္မဝိပဿနာ” မြတ်စွာဘုရားကိုယ်တော်မြတ် ကိုယ်တော်တိုင် ဟောကြားထားတဲ့ သုတ္တန်တွေထဲမှာ “ဆဆက္ကသုတ်” ဆိုတာ ရှိတယ်။ ဆ ဆိုတာ (၆)မျိုး၊ ဆက္ကဆိုတာ (၆)ခု အစု၊ မြန်မာလိုပြောရင် ဆဆက္ကဆိုတာ ၆×၆ လီလို့ ဒီလိုပြောတာပဲ။ ဝိပဿနာတရား ရှုပွားဖို့အတွက် ၆ မျိုးလီသော တရားဓမ္မများကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဒီသုတ္တန်မှာ ရှင်းလင်းဟောကြားထားတယ်။ ၆×၆ လီ = ၃၆ ဆိုတာ တရားအမျိုးပေါင်း ၃၆ မျိုးကို ဝိပဿနာရှုဖို့အတွက် မြတ်စွာဘုရားက ဟောကြားထားတာ ဖြစ်တယ်။

စာမျက်နှာ-၂
ဒီသုတ္တန်ဟာ အလွန်ထူးခြားတဲ့ သုတ္တန်တစ်ခုလို့ ဒီလိုဆိုရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့တုန်း ဆိုလို့ရှိရင် ပထမဆုံး မြတ်စွာဘုရား ... ဒီသုတ္တန်ဟောပြီးတာနဲ့ တစ်ပြိုင်နက် တရားနာနေတဲ့ ရဟန်းတော်အပါး (၆၀) ဟာ အာသဝေါကင်းကွာ ရဟန္တာတွေ ဖြစ်သွားကြတယ်။ တရားနာရင်းပဲ ဝိပဿနာဉာဏ်တွေ အဆင့်ဆင့်တက်လို့ ထိုဝိပဿနာဉာဏ် ရင့်သန်လာတဲ့အခါ မဂ် ၄ ပါး ဖိုလ် ၄ ပါး အဆင့်ဆင့်တက်သွားပြီးတော့ ရဟန္တာပုဂ္ဂိုလ်တွေ ဖြစ်သွားကြတယ်။ တရားထူး တရားမြတ်ရတယ်ဆိုတာ ထူးခြားတဲ့ အသိဉာဏ်တွေ ရရှိသွားတာကို ပြောတာ၊ ပထမဆုံးဟောတဲ့ အကြိမ်မှာလည်း အပါး(၆၀) ရဟန္တာဖြစ်တယ်။

တရားဦးဖြစ်တဲ့ ဓမ္မစကြာတရားကို ဟောတုန်းက ပဉ္စဝဂ္ဂီ (၅)ပါး တရားနာကြတယ်။ အဲဒီတရားနာတဲ့ထဲက ရှင်ကောဏ္ဍညတစ်ပါးပဲ သစ္စာတရား သဘောပေါက်ပြီး အမှန်မြင်ခြင်းနဲ့ သံသယကင်းခြင်းဆိုတာ ရရှိပြီးတော့ ဓမ္မစက္ခုဆိုတဲ့ တရားမျက်စိကို လူသား

စာမျက်နှာ-၃
ထဲက တစ်ဦးတည်းပဲ သောတာပန်ဖြစ်တယ်။ အခု ဒီ ဆဆက္ကသုတ္တန် နာလိုက်တဲ့အဆုံးမှာတော့ ရဟန်းပေါင်း (၆၀) ရဟန္တာဖြစ်သွားကြတယ်။ ဒါကြောင့်မို့လို့ ထူးခြားတဲ့ သုတ္တန်တစ်ခုလို့ ဆိုရမှာပါ။ ဒါတင်လားလို့ဆိုတော့ ဒီသုတ္တန်ကို အကြိမ်ကြိမ် အထပ်ထပ် ဟောခဲ့တယ်ဆိုတာ အဋ္ဌကထာမှာ မှတ်တမ်းတင်ထားတာရှိတယ်။ ရှင်သာရိပုတ္တရာလည်း ဟောတယ်၊ ရှင်မဟာမောဂ္ဂလာန်လည်း ဟောတယ်၊ ရှင်အာနန္ဒာ စတဲ့ ရဟန္တာတွေလည်းပဲ ဟောကြတယ်။ ဟောတိုင်းဟောတိုင်း ဒီသုတ္တန်ကို နာပြီးရင် ရဟန္တာအပါး (၆၀) စီ တရားထူးတရားမြတ် ရသွားကြတယ်လို့ မှတ်တမ်းမှာ ဒီလိုဆိုထားတယ်။ ဒါ ထူးခြားချက်တွေပဲပေါ့နော်။ ဒါက မြတ်စွာဘုရားလက်ထက်က မှတ်တမ်း။

အသီတိ မဟာသာဝက။ မြတ်စွာဘုရားရဲ့ လက်ရွေးစင် မဟာသာဝကလို့ခေါ်ရတဲ့ တပည့်ကြီးဟာ အပါး(၈၀) ရှိတယ်၊ ယေဘုယျအားဖြင့် အဲဒီထဲမှာပါတဲ့

စာမျက်နှာ-၄
အပါး (၈၀) ထဲမှာပါတဲ့ ရဟန္တာတွေဟာ ဒီသုတ္တန်ကို ဟောဖူးကြတယ်၊ ဟောတိုင်းဟောတိုင်းလည်း တရားထူး တရားမြတ်တွေ ရသွားကြတယ်ဆိုတာ အဋ္ဌကထာမှာ ရေးထားတယ်။ အဋ္ဌကထာဆိုတာ tradition ပဲ၊ tradition ဆိုတာ အစဉ်အလာ မှတ်တမ်းအနေနဲ့ ပြောသွားတာပေါ့၊ သူထင်ရာရေးတာတော့ မဟုတ်ဘူး။ အဋ္ဌကထာဆိုသည်မှာ ဘုရားဟောတဲ့ တရားတွေကို မြတ်စွာဘုရား လက်ထက်မှာပဲ ဘုရားကိုယ်တိုင်ရှင်းပြတာရှိတယ်၊ ရှင်သာရိပုတ္တရာတို့က ရှင်းပြတာရှိတယ်၊ ရှင်အာနန္ဒာ ရှင်းပြတာရှိတယ်။ အဲဒီလို အသေးစိတ် အနက်အဓိပ္ပါယ်ကို ရှင်းလင်းပြသတယ်၊ ဒီရှင်းလင်းချက်တွေဟာ နောက်ပိုင်းကျတော့ အဋ္ဌကထာလို့ ဖြစ်လာတာ။ အဋ္ဌကထာဆိုတာ အနက်ကို ဖွင့်ဆိုပေးတာ၊ အဲဒီအဋ္ဌကထာဟာ မူလအဋ္ဌကထာ၊ အင်မတန်မှ ကျယ်လို့ မဟာအဋ္ဌကထာတဲ့၊ ပထမဆုံးက မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားဓမ္မတွေကို ဖွင့်ဆိုတာ။

စာမျက်နှာ-၅
ဒီ မဟာအဋ္ဌကထာကို အသောကမင်းကြီး လက်ထက်မှာ သားတော် ရှင်မဟာမဟိန္ဒက သီဟိုဠ်ကျွန်းကို ယူသွားတယ်၊ သီဟိုဠ်ရောက်သွားတဲ့အခါကျတော့ အဲဒီ မဟာအဋ္ဌကထာတွေကို ဘာသာပြောင်းပြီးတော့ သီဟိုဠ်ဘာသာနဲ့ ရေးထားတယ်လို့ဆိုတယ်။ အဲဒီ သီဟိုဠ်ဘာသာနဲ့ ရေးထားတဲ့ မဟာအဋ္ဌကထာကို အိန္ဒိယနိုင်ငံသား ရှင်မဟာဗုဒ္ဓဃောသက လေ့လာသင်ယူပြီးတဲ့အခါမှာ ပါဠိဘာသာနဲ့ ပြန်ပြီးတော့ အကျဉ်းချုံးပြီးတော့ ရေးထားတယ်၊ ဒီကနေ့ခေတ်မှာ သုံးထားတာ အကျဉ်းချုံးထားတဲ့ အဋ္ဌကထာပဲ။ အကျဉ်းချုံးတယ် ဆိုပေမယ့်လို့ လိုရင်းအဓိပ္ပါယ်တွေတော့ အကုန်လုံးပါတယ်၊ ထပ်တလဲလဲလာတဲ့ repetition တွေတော့ ရှောင်တာပေါ့။ ထပ်တလဲလဲ ဖွင့်ဆိုချက်တွေကို ချန်ထားခဲ့ပြီးတော့ အရေးကြီးတဲ့ အချက်တွေ ထည့်သွင်းပြီးတော့ စပ်ဆိုင်ရာ စပ်ဆိုင်ရာ မှတ်တမ်းလေးတွေပါ ထည့်ပြီးတော့ ပြောသွားတာ။

စာမျက်နှာ-၆
ရှင်မဟာဗုဒ္ဓဃောသက သီဟိုဠ်ကျွန်းမှာ သူကိုယ်တိုင်က ရေးတဲ့ ကျမ်းစာထဲမှာ ရှင်းရှင်းလေးပဲ ပြောခဲ့ပါတယ်။ သူဟာ ရှေးဟောင်းအဋ္ဌကထာကို ဘာသာပြောင်းတာပါတဲ့။ ဘာသာပြောင်းပြီးတော့ ထပ်တလဲလဲလာတာတွေကို သူ ချိုးရုံချုံးပြီးတော့ ရေးတာပါတဲ့၊ သူ့အနေနဲ့ ထည့်ချင်ရာထည့် ရေးချင်ရာရေးတာ တစ်ခုမှမလုပ်ဘူး။ ဒါကြောင့်မို့လို့ အဋ္ဌကထာတွေကို သေချာလေ့လာကြည့်တဲ့အခါ ရှင်မဟာဗုဒ္ဓဃောသက ရှေးဟောင်း အဋ္ဌကထာတွေနဲ့ မတူညီတဲ့ အတွေးတွေ သူ့သန္တာန်မှာ ရှိလာပြီဆိုလို့ရှိရင် စကားလေးခံပြီးတော့ ရေးတယ်၊ "... အဋ္ဌကထာမှာတော့ ဒီအတိုင်းဆိုတယ်။ ဒါပေမယ့် သူ့ထင်မြင်ချက်တော့ ဒီအတိုင်းရှိပါတယ်" လို့ဆိုပြီး တလေးတစား ဖော်ပြတယ်။ အနောက်တိုင်းက လူတွေက အဋ္ဌကထာဟာ ဘုရားဟောတာ မဟုတ်ဘူး၊ နောက်ပိုင်းမှ ပေါ်လာတာ ဆိုပြီးတော့ မလေးမစား ပြောကြတယ်ပေါ့။ သို့သော် မြန်မာနိုင်ငံမှာတော့ အဋ္ဌကထာဋီကာဆိုတာ

စာမျက်နှာ-၇
အလွန်လေးစားတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ အဋ္ဌကထာ ဋီကာ မပါဘဲနဲ့ တချို့ဟာတွေ အဓိပ္ပါယ်မဖော်နိုင်ဘူး။ အဋ္ဌကထာ ဋီကာ ကြည့်ပြီးမှသာ အဓိပ္ပါယ်ဖော်ရတယ်။

အေး- အနောက်တိုင်း စာရေးဆရာတချို့က အဋ္ဌကထာတွေဟာ၊ အဋ္ဌကထာထဲကအဆို ဆိုလို့ရှိရင် သူတို့က လက်မခံချင်ဘူး၊ အဲဒီလိုပုဂ္ဂိုလ်မျိုးနဲ့ ကြုံလို့ရှိရင်တော့ ဘုန်းကြီးတို့က ရှင်းပြရတယ်၊ အဋ္ဌကထာ လက်မခံဘူးဆိုရင် အဋ္ဌကထာ ဘယ်နှစ်အုပ် ဖတ်ဖူးလို့လဲ၊ ဖတ်ပြီးတဲ့အခါမှာ ဒီအချက် ဒီအချက်ဖြင့် မမှန်ဘူး၊ ဒီအချက် ဒီအချက်တော့ လက်မခံနိုင်ဘူးလို့ ပြောရင် ဒါရတယ်။ အဲဒီလိုမပြောဘဲနဲ့ လုံးပြီးတော့ ပြောတာကျတော့ ဒါ သဘာဝမကျဘူးပေါ့။ အဲတော့ အဋ္ဌကထာဆိုတာကို မဖတ်ဖူးဘဲနဲ့ အပြစ်ပြောနေတဲ့ ပုဂ္ဂိုလ်တွေရှိတယ် အများကြီး၊ ဒါ သတိထားစရာကို ပြောပြတာနော်၊ စာပေဆိုတာ လေ့လာတဲ့အခါ အလွန်သတိထားရတယ်ပေါ့။ အဋ္ဌကထာထဲမှာ မှားပြီးတော့

စာမျက်နှာ-၈
ရေးတာလည်း ရှိကောင်းရှိနိုင်တယ်၊ ဒါပေမယ့် တချို့ဟာတွေက အရေးကြီးတဲ့ဟာတွေ မဟုတ်ဘူး၊ history တော့ နည်းနည်းမှားချင်မှားမယ်၊ ပါဠိနဲ့ပတ်သက်ပြီး တချို့မူကွဲတွေရှိလို့ သူတွေ့တဲ့မူနဲ့ နောက်ထပ်တွေ့တဲ့မူ မတူတာလေးတွေ ဒီလိုဖွင့်ဆိုတာတော့ ရှိကောင်းရှိနိုင်တယ်ပေါ့။ ဒါ အင်မတန်နည်းပါးတယ်။ သို့သော် ရှင်မဟာဗုဒ္ဓဃောသက ရှေးဟောင်းအဋ္ဌကထာကို သူအကျဉ်းချုံးပြီးတော့ ဘာသာပြန်ရုံ ပြန်တာပါလို့ သူပြောသွားတယ်၊ လေးစားထိုက်တဲ့ဟာပေါ့။

အဲတော့ ဆဆက္ကသုတ်နဲ့ ပတ်သက်ပြီးတော့ သီဟိုဠ်ကျွန်းက အကြောင်းအရာတွေကိုလည်း ထည့်သွင်းပြီးတော့ ရေးထားတယ်၊ သီဟိုဠ်ကျွန်းမှာ မလိယဒေဝမထေရ်ဆိုတဲ့ မထေရ်တစ်ပါးရှိတယ်၊ စာတတ်ပေတတ် ရဟန္တာပုဂ္ဂိုလ်၊ အဲဒီ ရဟန္တာပုဂ္ဂိုလ်က ဟောဒီ ဆဆက္ကသုတ်ကို နေရာပေါင်း ၆၀-မှာ အကြိမ်ပေါင်း ၆၀ သူ ဟောခဲ့တယ်၊ ဟောတိုင်းဟောတိုင်း ရဟန်း ၆၀၊ ရဟန်း ၆၀ ကျွတ်တမ်းဝင်

စာမျက်နှာ-၉
တယ်လို့ စာထဲမှာ ဒီလိုမှတ်ထားတယ်။ အဲတော့ ဒီသုတ္တန်က ဒီမှတ်တမ်းတွေကို ကြည့်လိုက်တဲ့အခါ တော်တော်ထူးခြားတဲ့ သုတ္တန်တစ်ခုဖြစ်တာ တွေ့ရတယ်။

ဆဆက္က ၆×၆ လီ၊ ဒီနာမည်က မြတ်စွာဘုရား ကိုယ်တိုင်ပေးထားတာ၊ တချို့သုတ္တန်တွေက မြတ်စွာဘုရားပေးတဲ့နာမည် မဟုတ်ဘူး၊ နောက်ပိုင်း သံဂါယနာတင်တဲ့ မထေရ်တွေ နာမည်ပေးသွားတာ၊ အဲဒီထဲက စကားလုံးတစ်ခုကို ကြည့်ပြီးတော့ နာမည်ပေးသွားတာ။ ဟောဒီသုတ်ရဲ့ ထူးခြားချက်ကတော့ ဆဆက္က ဆိုတဲ့ နာမည်က ဘုရားကိုယ်တိုင်ပေးတာ၊ မြန်မာလိုပြောရင် ၆×၆ လီလို့ ပြောလိုက်တာပဲ၊ ဆ ဆိုတာ ၆၊ ဆက္က ဆိုတာ ၆ ခု အစု၊ ၆ ခု အစု ၆ မျိုး ဆိုတာ ၆×၆ လီ၊ အမျိုးအစားပေါင်း ၃၆ မျိုး၊ ဝိပဿနာရှုနည်း ရှုကွက်တွေကို မြတ်စွာဘုရားက အသေးစိတ် ဒီသုတ္တန်မှာ ဟောထားတယ်။

စာမျက်နှာ-၁၀
ဒီသုတ္တန် အစချီထားပုံက တော်တော်ထူးတယ်၊ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ ဘယ်တရားပဲဖြစ်ဖြစ် အားလုံးကို ခြုံပြီးတော့ ပြောမယ်ဆိုရင် အာဒိကလျာဏ အစမှာလည်း ကောင်းတယ်၊ မဇ္ဈေကလျာဏ အလယ်မှာလည်း ကောင်းတယ်၊ ပရိယောသာနကလျာဏ အဆုံးသတ်လည်း ကောင်းတယ်။ တချို့ဟာတွေက အစကောင်းပေမယ့် အလယ်မှာ ညံ့သွားတာရှိတယ်၊ သို့မဟုတ် အဆုံးသတ်မှာ ညံ့သွားတာရှိတယ်။ မြတ်စွာဘုရား တရားတော်တွေကတော့ အဲဒီလိုမဟုတ်ဘူး၊ စတာလည်း ကောင်းတာပဲ၊ အလယ်မှာလည်း ကောင်းတာပဲ၊ အဆုံးသတ်လည်း ကောင်းတယ်၊ ဒါတင်မကဘူး အနက်အဓိပ္ပါယ်ကလည်း အင်မတန်မှ ပြည့်စုံတယ်တဲ့၊ “သာတ္ထသ ဗျဉ္ဇန” စကားလုံးလည်း ကြွယ်ဝတယ်၊ ပြည့်ပြည့်စုံစုံ သုံးပြထားတယ်၊ ကေဝလပရိပုဏ္ဏ လိုလေသေးမရှိဘူး၊ ဘက်စုံက ပြည့်ပြည့်စုံစုံ ဟောထားတာဖြစ်တယ်၊ ပရိသုဒ္ဓ တကယ့်ကို ရှင်းလင်းပြတ်သားတယ်၊ စင်ကြယ်တယ်၊

စာမျက်နှာ-၁၁
ဗြဟ္မစရိယ ဒီထဲမှာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း အကျင့်မြတ်ကိုလည်းပဲ ထုတ်ဖော်တင်ပြထားတယ်တဲ့၊ ဒီသုတ္တန်နဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက အစမှာတင်ပဲ အဲဒီလို ဂုဏ်ရည်တွေနဲ့ ပြည့်စုံကြောင်း ရှင်းပြတယ်။ သူဟောမယ့် တရားဟာ အစမှာလည်း ကောင်းတယ်၊ အလယ်မှာလည်း ကောင်းတယ်၊ အဆုံးမှာလည်း ကောင်းတယ်၊ အနက်အဓိပ္ပါယ်နဲ့လည်း ပြည့်စုံတယ်၊ စကားလုံးတွေလည်း ကြွယ်ဝတယ်၊ လုံးဝ ပြည့်စုံပြီး စင်ကြယ်သန့်ရှင်းတဲ့ အကျင့်မြတ်ကိုလည်းပဲ ဖော်ပြထားတယ်လို့ ဒီ ဆဆက္ကသုတ်မှာ ကိုယ်တော်တိုင် ထုတ်ဖော်ပြီးတော့ ဟောထားတာ၊ ဒါလည်း ထူးခြားချက်တစ်ခုပဲပေါ့၊ တခြားသုတ်တွေမှာ ဒီလိုပါတာ တစ်နေရာမှ မတွေ့ရဘူး။

အေး- အဲဒီမှာ ၆×၆ လီ ဆိုတာ ဘာပြောတာလဲ၊ ဒီ ၆×၆ လီ ဆိုတဲ့ သဘာဝတရားတွေဟာ လူတိုင်းလူတိုင်းရဲ့ သန္တာန်မှာရှိတဲ့ တရားတွေချည်းပဲ၊ တခြားမှာ သွားရှာရမယ့် တရားတွေ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့

စာမျက်နှာ-၁၂
မြတ်စွာဘုရားဟောတဲ့ တရားဟာ သတ္တဝါတွေနဲ့ လူတွေနဲ့ အနီးစပ်ဆုံးတရားပဲ၊ ဒီကနေပြီးတော့ မမြင်နိုင်တာတွေကို ကျော်ပြီးတော့ တွေးစရာမလိုဘူး၊ လောကမှာ ဘာသာတရားတွေကို စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် ဟောပြောတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲလို့ လိုက်ရှာလိုက်လို့ရှိရင် ဟိုလိုလို ဒီလိုလို ဖြစ်သွားတယ်၊ သေချာရေရာခြင်း မရှိဘူး။ မြတ်စွာဘုရားဟောတဲ့ တရားကျတော့ အဲလိုမဟုတ်ဘူး၊ ဟောတဲ့ပုဂ္ဂိုလ် သေချာရှိတယ်၊ ပြီးတော့ ဒီဟောတဲ့ပုဂ္ဂိုလ်ကလည်းပဲ ဟိုနတ်က လာပြောသွားသလိုလို၊ မမြင်ရတဲ့ တန်ခိုးကြီးတဲ့ အရာကနေ လာပြီးတော့ ပြောသွားသလိုလို ဒီလိုဟာမျိုး မရှိဘူး။ “သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေမိ” တဲ့။ မြတ်စွာဘုရားက "ငါကိုယ်တိုင်သိ၊ သိပြီးတဲ့အခါမှာ ကိုယ်တိုင်လက်တွေ့လုပ်ပြီးမှ ပြောတာပါ" တဲ့၊ ဘယ်လောက်သေချာတုန်း။ မြတ်စွာဘုရား ဟောတဲ့တရားက ကိုယ်တိုင်ကျင့်သုံးတယ်၊ ကိုယ်တိုင်

စာမျက်နှာ-၁၃
သိတယ်၊ ကိုယ်တိုင်သိပြီး ကိုယ်တိုင်လက်တွေ့ကျင့်သုံးပြီးမှ ဟောတဲ့တရား၊ စိတ်ချရတယ်။

တရားကို ဘုရားသာသိတယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ မသိနိုင်ဘူးလို့ ... ဒီလိုပြောလို့မရဘူး၊ သန္ဒိဋ္ဌိကော- လုပ်ကြည့်တဲ့လူတိုင်း သိရမယ်၊ ဧဟိပဿိကော- စမ်းကြည့်ဆိုတာ ဖိတ်ခေါ်ပြီးပြရတဲ့တရား၊ အင်မတန်မှ သေချာတယ်၊ တခြားဟာတွေ ဆိုလို့ရှိရင်တော့ ဟိုလူက ပြောသွားတာလိုလို၊ ဒီလူက ပြောသွားတာလိုလို၊ ဟိုနားမှာ ရေးထားခဲ့သလိုလို ဒီနားမှာ ရေးထားခဲ့သလိုလိုနဲ့ သလိုလိုနဲ့ပဲ ပြီးသွားတဲ့တရားမျိုး၊ မြတ်စွာဘုရားတရားက အဲလိုမဟုတ်ဘူး၊ သူကိုယ်တိုင်သိပြီးတော့ ဟောတဲ့တရား၊ tradition လို့ခေါ်တဲ့ အစဉ်အလာကို ဟောတာလည်းမဟုတ်ဘူး၊ ကိုယ်တိုင်သိပြီး ဟောတာ၊ အင်မတန်မှ သဘာဝကျတယ်။ ပြီးတော့ တကယ်လည်း ကျင့်တဲ့ပုဂ္ဂိုလ်တွေ လူတိုင်းလူတိုင်းလည်း သိနိုင်တယ်။ မသိနိုင်လောက်အောင် ရှည်ရှည်ဝေးဝေးကို လှမ်းပြီးတော့ တွေးခိုင်းတာလည်း မပါဘူး၊

စာမျက်နှာ-၁၄
ဒီထဲမှာကြည့်၊ ဆဆက္က ၆×၆ လီ ဆိုတာ ၆ ခုကို အစု ၆ မျိုးနဲ့ မြတ်စွာဘုရားက ဟောထားတာ၊ အင်မတန်မှ ရိုးရိုးလေးရယ်။

ဘုန်းကြီးတို့ တရားချစ်ခင် သူတော်စင်ပရိသတ်တို့ရဲ့ ကိုယ်ပိုင် ကိုယ့်သန္တာန်မှာရှိတဲ့ အရာတွေချည်းပဲ အားလုံးဟာ။ ပထမ ၆ ခုက ဘာလဲလို့ဆိုရင် စက္ခု သောတ ဃာန ဇိဝှါ ကာယ မန အဇ္ဈတ္တိအာယတန ၆ ပါး လို့ခေါ်တယ်၊ အာယာတန ဆိုတာ base စိတ်ရဲ့ အခြေခံတွေလို့ ဆိုလိုတာ။ mental base စိတ်ရဲ့ အခြေခံ စိတ်ဖြစ်ရာဌာန၊ ဆိုပါစို့- မျက်စိရှိတယ်၊ နားရှိတယ်၊ နှာခေါင်းရှိတယ်၊ လျှာရှိတယ်၊ ကိုယ်ရှိတယ်၊ စိတ်ရှိတယ်၊ အဲဒါတွေဟာ အသိစိတ်တွေရဲ့ ဖြစ်ပွားရာ base တွေ၊ ဒါကြောင့်မို့လို့ အာယတနလို့ခေါ်တာ၊ အာယတန ဆိုတာ base ပဲ၊ အဲဒီမှာ မှီပြီးတော့ဖြစ်တာ၊ ဆိုပါစို့ မီးဆိုတာ ဘယ်မှာမှီပြီး ဖြစ်သလဲ၊ ဖယောင်းတိုင်မီးက မီးစာနဲ့ ဖယောင်းဆီကို မှီပြီးတော့ဖြစ်တာပဲ၊ ထင်းမီးဆိုတာ ထင်းကိုမှီပြီးတော့ဖြစ်တာပဲ၊ မှီစရာရှိရတယ်

စာမျက်နှာ-၁၅
ပေါ့၊ ဒါကြောင့် ဒီ မျက်စိဆိုတာက (စာလိုပြောရင်တော့ စက္ခုပသာဒရုပ်ကပေါ့လေ) သို့သော်လည်း အရပ်ပြောပဲ ပြောတာပေါ့၊ မျက်စိဆိုတာ ရှိသည့်အတွက်ကြောင့် မြင်သိတဲ့စိတ်ဖြစ်လာတယ်၊ အဲဒီ မြင်သိတဲ့စိတ်က ဘယ်မှာဖြစ်လာတာတုန်းဆိုတော့ မျက်လုံးမှာ ဖြစ်တာ၊ မျက်လုံးမရှိတဲ့ပုဂ္ဂိုလ်ဟာ မြင်သိစိတ် မဖြစ်နိုင်တော့ဘူး၊ မျက်လုံးပျက်စီးသွားပြီဆိုရင် မြင်သိစိတ်

မလာတော့ဘူး။

မြင်ပြီးတော့ သိတယ်ဆိုတာ ကြားပြီးတော့သိတာနဲ့လည်း တခြားစီပဲ၊ နံပြီးတော့သိတာနဲ့လည်း တခြားစီပဲ၊ လျက်ပြီး သိတာနဲ့လည်း တခြားစီပဲ၊ လိပြီး သိတာနဲ့လည်းပဲ တခြားစီပဲ၊ တွေးပြီးတော့ သိတာနဲ့လည်း တခြားစီပဲ၊ မတူဘူး။ ဒါကြောင့် မြင်သိစိတ်ကလေးရဲ့ မှီရာကို စက္ခာယတနလို့ခေါ်တယ်၊ အဲဒီ စက္ခာယတန ဆိုတာ ဘာတုန်းဆိုရင် မျက်စိထဲမှာရှိတဲ့ သူငယ်အိမ်လေးပေါ့လေ၊ ဗမာလိုပြောလို့ရှိရင် သူငယ်အိမ် အရိပ်လာထင်တဲ့ အကြည်ဓာတ်ကလေးနေရာ၊ အဲဒါကို

စာမျက်နှာ-၁၆
စက္ခုပသာဒရုပ်လို့ ခေါ်တာပေါ့။ ပသာဒ အကြည်လို့ ဆိုတာဟာ မျက်စိကျတော့... အကြည်ဟုတ်တယ်၊ နားကျတော့ ဘယ်လိုပြောမလဲ၊ နှာခေါင်း ဘယ်လိုလုပ်ပြောမလဲ၊ ပသာဒဆိုတဲ့ အဓိပ္ပါယ်က အပြင်ဘက်က အာရုံတွေ ထင်ဟပ်နိုင်တဲ့ နေရာလို့ ဒီလိုဆိုလိုတာ၊ ဒါကြောင့်မို့ အင်္ဂလိပ်လို ပြန်တဲ့အခါ sensitive လို့ပဲ ပြန်တယ်၊ sensitive အာရုံကို ရယူနိုင်တဲ့ နေရာတွေပေါ့၊ အာရုံတွေ ပေါ်လာနိုင်တဲ့နေရာ။

အဲတော့ ဘုန်းကြီးတို့တတွေ လူလို့ခေါ်နေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်၊ မြင်သိစိတ်ပေါ်တဲ့ မျက်စိဆိုတာရှိတယ်၊ အသံကိုကြားတဲ့ နားဆိုတာရှိတယ်၊ အနံ့ကို ရရှိနိုင်တဲ့ နှာခေါင်းဆိုတာရှိတယ်၊ အရသာကို သိနိုင်တဲ့ လျှာဆိုတာရှိတယ်၊ အရသာ ထိတွေ့ရမယ့် နေရာရှိတယ်၊ ခန္ဓာကိုယ်ထိလို့ သိရမယ့်နေရာ အထိ အာရုံလာပြီးတော့ ထိမယ့်နေရာ၊ အတွေးစိတ်တွေရဲ့ ဖြစ်ပေါ်လာမယ့်နေရာ။ ဟော- ကြည့်လိုက်တဲ့အခါကျတော့ sense လို့ခေါ်တဲ့ အာရုံခံတဲ့ ပစ္စည်းတွေ၊

စာမျက်နှာ-၁၇
အာရုံခံတဲ့သဘာဝတွေဟာ ဘုန်းကြီးတို့တတွေမှာ ရှိနေတယ်၊ မျက်စိ နား နှာ လျှာ ကိုယ် စိတ် အဲဒါကို အတွင်းအာယာတန ၆-ပါးလို့ခေါ်တယ်။ အဲဒီအတွင်း အာယတန ၆-ပါးကို အခုလိုသင်ပြီး သိတဲ့အသိမျိုး မဟုတ်ဘဲနဲ့ တကယ့်ကို သဘာဝစိုက်ထိပြီးတော့ သိရမယ်လို့ မြတ်စွာဘုရားက “ဆအဇ္ဈတ္တိကာယတနာနိ ဝေဒိတဗ္ဗာနိ” နံပါတ်(၁) ၆ ခုက အဲဒါ ဒီ ၆ ခုအစု။ ဒါဝိပဿနာရှုတော့မယ်ဆိုရင် ဘုန်းကြီးတို့တတွေ

မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတာ သိရမယ်တဲ့။ အာရုံပြုကြည့်လိုက်လို့ရှိရင် ကိုယ့်သန္တာန်မှာ ဒီသဘာဝတရားတွေ ရှိနေတယ်ဆိုတာ သိရမယ်။ သင်ထားလို့ သိတဲ့အသိက တစ်မျိုး၊ ဝိပဿနာနဲ့သိတဲ့ အသိက တစ်မျိုး။

ကောင်းပြီ- နောက် ၆ ခုက ဘာလဲလို့ဆိုလို့ရှိရင် အဲဒီမျက်စိမှာ လာပြီးတော့ ထင်ဟပ်တာ ရူပါရုံလို့ခေါ်တယ်။ အဆင်းအာရုံက မျက်စိကို လာပြီးတော့ ထင်ဟပ်တာ၊ ရူပလို့ ပါဠိလိုသုံးတယ်၊ အဲဒီ ရူပဟာ

စာမျက်နှာ-၁၈
တချို့ကပြောတယ် colour လား form လား၊ ပုံသဏ္ဌာန်လား အရောင်လားလို့ဆိုရင် ဓမ္မသင်္ဂဏီပါဠိတော်အတိုင်း ပြောရမယ်။ အဲဒီမျက်စိမှာ လာထင်ဟပ်တာ colour လည်း ဟုတ်တယ်၊ ပုံသဏ္ဌာန်လည်း ဟုတ်တယ်။ ၂-မျိုးလုံးကိုပဲ မြတ်စွာဘုရားက ဆိုလိုတယ်။ မျက်စိမှာလာပြီးတော့ ထင်ဟပ်တဲ့အရာတစ်ခု၊ မျက်စိမှာထင်တဲ့ဟာက နားမှာလာမထင်ဘူး၊ တစ်ခုတစ်မျိုးစီ မတူညီဘူး။ မျက်စိမှာလာထင်တဲ့ဟာက ရူပါရုံ အဆင်းအာရုံ၊ ဒါတွေက ဘယ်သူကမှ ဖန်တီးတာမဟုတ်ဘူး၊ သတ္တဝါတွေမှာ ... ဒါတွေရှိနေတာတွေပဲ ဖြစ်တယ်။ မျက်စိမှာထင်လာတဲ့အာရုံ၊ အဲဒါကို “ဗာဟိရာယတန” လို့ခေါ်တယ်။ အဆင်းရယ် ... အသံရယ် အနံ့ရယ် အရသာရယ် အထိအတွေ့ရယ် စိတ်ကူးထဲမှာ ပေါ်လာတဲ့ အာရုံတွေရယ်၊ စိတ်ကူးထဲမှာ ပေါ်လာတဲ့ အာရုံတွေကို ဓမ္မအာရုံလို့ ဒီလိုခေါ်လိုက်တာ။ ဓမ္မဆိုတဲ့ စကားလုံးကို သုံးလိုက်တာ။ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံလို့ စာမှာ ဒီလိုသုံးတာပေါ့။ အဲဒါက

စာမျက်နှာ-၁၉
ဗာဟိရာယတနလို့ ခေါ်တယ်၊ အပြင်အခြေခံတွေလို့ ဒီလိုပြောတာ။

ဟုတ်တာပေါ့၊ ဘုန်းကြီးတို့တတွေမှာ မျက်စိရှိတယ်၊ မျက်စိရှိလို့ မြင်စရာတွေမြင်တယ်၊ နားရှိတယ် နားရှိတော့ ကြားစရာတွေကြားတယ်၊ နှာခေါင်းရှိတယ် အနံ့တွေရတယ်၊ လျှာရှိတယ် ချို ချဉ် ငံ စပ် အရသာတွေ သိရတယ်၊ ခန္ဓာကိုယ်ရှိတယ် ... ပူတယ် အေးတယ် မာတယ် ပျော့တယ် ဟော-သိရတယ်၊ တွေးပြီးတော့ ကြည့်ရတဲ့အာရုံတွေကို သိရတယ်၊ ဟော- ဒါတွေက သူများသွားမေးစရာလည်း မလိုဘူး၊ သန္ဒိဋ္ဌိကော ကိုယ်တိုင်သိနိုင်တဲ့ဟာတွေချည်းပဲ။ ဟော- ဒုတိယ ၆ မျိုးက အဲဒီအပြင်က အာရုံ ၆ မျိုးကို ပြောတာ။ နောက်တစ်ခုက ဘာလဲလို့ဆိုလို့ရှိရင် “ဆ ဝိညာဏကာယ” တဲ့၊ ဝိညာဏ်အစုကလည်း ၆ မျိုးရှိတယ်တဲ့။ ဘာလဲလို့ရှိရင် စက္ခုဝိညာဏ် မြင်သိစိတ်၊ သောတဝိညာဏ် ကြားသိစိတ်၊ ဃာနဝိညာဏ် နံသိစိတ်၊ ဇိဝှါဝိညာဏ် လျက်သိစိတ်၊ ကာယဝိညာဏ်

စာမျက်နှာ-၂၀
ထိသိစိတ်၊ မနောဝိညာဏ် ကြံတွေးသိစိတ်လို့ ဟော ဝိညာဏ်ကလည်း ၆ မျိုးရှိတယ်၊ သူ့ဟာနဲ့သူပဲ အစဉ် ၆ မျိုး၊ ဒါ တတိယ ၆ မျိုး။

နောက် စတုတ္ထ(၆)မျိုးက ဘာရှိတုန်းဆိုတော့ ဒီဝိညာဏ်ဖြစ်လာတဲ့အခါမှာ ဘာပါလာတုန်းဆိုတော့ အာရုံနဲ့စိတ်နဲ့တွေ့တာ ပါလာတယ်။ ထိတွေ့မှ ထင်ထင်ရှားရှား ဖြစ်ပေါ်လာတယ် ဖဿ၊ “ဆ ဖဿကာယာ” ထိတွေ့မှု ၆ မျိုးတဲ့၊ ထိတွေ့မှု ၆ မျိုးက စက္ခုသမ္ဖဿ မျက်စိမှာ ထင်ဟပ်လာတဲ့ အာရုံနဲ့စိတ်နဲ့တွေ့တယ်၊ နားမှာ ထင်ဟပ်လာတဲ့ အာရုံနဲ့စိတ်နဲ့တွေ့တယ်၊ နှာခေါင်းမှာ ထင်လာတဲ့ အာရုံနဲ့စိတ်နဲ့တွေ့တယ်၊ လျှာမှာ ထင်လာတဲ့ အာရုံနဲ့စိတ်နဲ့တွေ့တယ်၊ ခန္ဓာကိုယ်မှာ ထင်လာတဲ့ အာရုံနဲ့စိတ်နဲ့တွေ့တယ်၊ စိတ်ကူးစိတ်သန်းထဲမှာ ပေါ်လာတဲ့ အာရုံနဲ့စိတ်နဲ့တွေ့တယ်လို့ ဟော- ထိတွေ့မှု ဆက်သွယ်မှု ၆ မျိုး၊ ဒါက စတုတ္ထမြောက် ၆ အုပ်စုတစ်စု။

စာမျက်နှာ-၂၁
အေး- အဲဒီလို ထိတွေ့လိုက်ပြီ ဆက်သွယ်မှုရသွားပြီဆိုရင် ဘာလာတုန်းဆိုတော့ အတွေ့အကြုံလေးတွေ ရသွားတယ်၊ အတွေ့အကြုံကို စာပေလို ဝေဒနာလို့ခေါ်တယ်။ အင်္ဂလိပ်လို feeling လို့ပြန်တယ်၊ ဆိုလိုတာကတော့ အတွေ့အကြုံပဲ၊ ဝေဒနာဆိုတာ တွေ့ကြုံမှုလေးပေါ့၊ မျက်စိက မြင်တဲ့အာရုံကို မြင်ပြီးလို့ရှိရင် ဒါ အတွေ့အကြုံတစ်ခုရတယ်၊ နားက အသံကြားလိုက်ရင်လည်း ဒါ အတွေ့အကြုံတစ်ခုပဲ၊ အတွေ့အကြုံလေး ဝေဒနာလေးတွေ ဖြစ်လာတယ်၊ ဒါကိုပြောတာ၊ ပဋိစ္စသမုပ္ပါဒ်မှာကျတော့ “ဖဿပစ္စယာ ဝေဒနာ” ပေါ့။ ဆက်သွယ်မှု ထိခိုက်မှု အားကောင်းလေလေ ဝေဒနာအားကောင်းလေလေ၊ ထိမှခံစားမှုလေးတွေ အတွေ့အကြုံလေးတွေရတာ၊ ဒါကြောင့်မို့ ဝေဒနာကလည်း ၆ မျိုးရှိတယ်တဲ့၊ မျက်စိမှာမှီပြီးတော့ ဖြစ်ပေါ်လာတဲ့ ရူပါရုံပေါ်မှာ ခံစားမှုဝေဒနာ၊ နားက အသံနဲ့ပတ်သက်ပြီး ခံစားမှုဝေဒနာ၊ နှာခေါင်းက အနံ့နဲ့ပတ်သက်ပြီး ခံစားမှုဝေဒနာ၊ လျှာက အရသာနဲ့

စာမျက်နှာ-၂၂
ပတ်သက်ပြီး ခံစားမှုဝေဒနာ၊ ခန္ဓာကိုယ်က ထိတွေ့ပြီးတော့ ခံစားမှုဝေဒနာ၊ စိတ်ထဲက ကြံတွေးပြီးတော့ ခံစားမှုဝေဒနာလို့ဆိုပြီးတော့ ဝေဒနာကလည်း ၆ မျိုးရှိတယ်။

ပဉ္စမ ၆ မျိုး (နောက်ဆုံး ၆ မျိုးက) ဘာတုန်းဆိုလို့ရှိရင် ဝေဒနာပစ္စယာ တဏှာ တဲ့၊ ပုထုဇဉ်သတ္တဝါတွေမှာ ခံစားမှုတစ်ခုခုလာလိုက်တာနဲ့ တစ်ပြိုင်နက် ကြိုက်တယ် မကြိုက်ဘူးဆိုတာ လာတော့တာပဲ၊ တောက်လျှောက် စိတ်ထဲမှာ ဖြစ်ပေါ်လာတယ်၊ အေး- ကြိုက်တယ်လို့ဆိုလို့ရှိရင် နောက်ထပ် ခံစားချင်လာတယ်၊ နောက်ထပ် ခံစားချင်တယ်ဆိုတာ ဘာလဲလို့ဆိုရင် တဏှာပဲပေါ့။ အဲဒီတဏှာကလည်းပဲ အဆင်းအာရုံနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ တဏှာ၊ အသံနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ တဏှာ၊ အနံ့နဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ တဏှာ၊ အရသာနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ တဏှာ၊ အထိအတွေ့နဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ တဏှာနဲ့ စိတ်ကူးထဲမှာ ရလာတဲ့ဟာနဲ့

စာမျက်နှာ-၂၃
ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ တဏှာဆိုပြီးတော့ တဏှာက ၆ မျိုး၊ ပေါင်းလိုက်တဲ့အခါ ၆ × ၆ = ၃၆။ ဒီတရားတွေဟာ ဘုန်းကြီးတို့ရဲ့ နေ့စဉ်ဘဝထဲမှာ ရှိနေတယ်။ အဲဒီသဘာဝတရားတွေရဲ့ အခြေအနေကို မှန်မှန်ကန်ကန်သိတာ ဒါ ဝိပဿနာဉာဏ်ပဲ။ တရားအားထုတ်တယ်ဆိုတာ ဒီသဘာဝတရားတွေ မှန်မှန်ကန်ကန်သိဖို့ပဲ။ တရားအားထုတ်တယ်ဆိုတာ contemplation ဆိုတာ တကယ့်ကို စူးစူးစိုက်စိုက်နဲ့ လေ့လာပြီးတော့ ကြည့်တာ။ ကဲ- အဲဒီမှာ မြတ်စွာဘုရားက ဆိုင်ရာအကြောင်းလေးတွေ အကြောင်းလေးတွေနဲ့ ရှင်းပြပုံလေးကို ကြည့်ရအောင်၊ ဒါတွေအဆင့်ဆင့် ဖြစ်ပေါ်လာပုံကြည့်ရအောင်။ ကဲ- အားလုံးပေါင်းလိုက်လို့ရှိရင် ဘုန်းကြီးတို့တတွေမှာ မျက်စိနဲ့ပတ်သက်ပြီးတော့ မျက်စိရယ် အဆင်းအာရုံရယ် မြင်သိစိတ်ရယ် ဆက်သွယ်မှုရယ် ခံစားမှုရယ် ခံစားမှုပေါ်မှာ တွယ်တာတဲ့ တဏှာရယ် ဟော ၆-ခု ဖြစ်သွားပြီ။ ဒါ ဘယ်သူပဲဖြစ်ဖြစ် ဒီ ၆ ခုပဲ၊ ဗုဒ္ဓဘာသာ

စာမျက်နှာ-၂၄
တွေလည်း ၆ ခုပဲ၊ ဗုဒ္ဓဘာသာမဟုတ်တဲ့ ပုဂ္ဂိုလ်တွေလည်း ၆ ခုပဲ၊ မြန်မာလူမျိုးတွေလည်း ၆ ခုပဲ၊ ဒီ့ပြင်လူတွေလည်း ၆ ခုပဲ၊ ဒီအတိုင်းပဲ သွားနေမှာ၊ ဒါ ငြင်းလို့မရတဲ့ တရားတွေပဲ၊ သဘာဝကိုပြောတာ။ ကဲကြည့်- မြတ်စွာဘုရားက ရှင်းရှင်းလေးဟောတာ၊ မျက်စိနဲ့အဆင်း ဆုံလိုက်ပြီတဲ့၊ ကိုယ့်မျက်စိက မြင်စရာအာရုံတစ်ခုကို မြင်လိုက်တယ်၊ ဆိုပါစို့ ပန်းပွင့်လေးတစ်ခု မျက်စိကမြင်လိုက်တယ်၊ ပန်းပွင့်လေးဟာ မျက်စိထဲမှာ လာပြီးတော့ ပေါ်လိုက်တယ်၊ ပေါ်လိုက်တာနဲ့တစ်ပြိုင်နက် ပန်းပွင့်ကိုမြင်ပြီးတော့ သိတဲ့ မြင်သိစိတ်ကလေး ပေါ်လာတယ်၊ ဒါဖြင့် မြင်သိစိတ်ကလေးကို ဘယ်သူကလုပ်တာလဲလို့ဆိုလို့ရှိရင် ပန်းပွင့်ရယ် မျက်စိရယ် ဒီနှစ်ခုပေါင်းလိုက်လို့ ပေါ်လာတာတဲ့၊ ဟော- အဲဒီနေရာမှာ တခြားပုဂ္ဂိုလ်တွေ ယုံကြည်ကြသလို ဒီမြင်သိစိတ်ကလေး ဘွားကနဲပေါ်လာရတာဟာ ဘယ်သူက ဖန်ဆင်းလိုက်လို့ ပေါ်ရတုန်းဆို ဘယ်သူကမှ မဖန်ဆင်းဘူး၊ ဒီအကြောင်းကြောင့်ပေါ်တာ၊

စာမျက်နှာ-၂၅
ဒီအကြောင်းနှစ်ခု ဆုံလို့ပေါ်တာ၊ ဒီအကြောင်းမရှိရင် မြင်သိစိတ် မပေါ်နိုင်ဘူး၊ ဒီအကြောင်းကြောင့်ပေါ်တာ၊ ဒါမှန်ကန်တဲ့ true cause ကိုသိတာ၊ true cause ကိုသိတာ၊ မျက်မှောက်မှာ ကိုယ်ကိုယ်တိုင်လည်း တွေ့ကြုံနေတာပဲ၊ မျက်စိလေးဖွင့်လိုက်ပြီး ကြည့်လိုက်တဲ့အခါမှာ မြင်သိတဲ့ စိတ်ကလေးပေါ်လာတယ်၊ ဟော- ဘယ်နှစ်မျိုး ဖြစ်သွားတုန်းဆို မျက်စိရယ် အဆင်းအာရုံရယ် မြင်သိစိတ်ရယ် သုံးမျိုးဖြစ်သွားတယ်။ အဲဒီသုံးမျိုး ဆုံဆည်းလိုက်ခြင်းဖြင့် ဆက်သွယ်မှုဆိုတာ ဖြစ်သွားတယ်၊ အဲဒါ “တိဏ္ဏ သင်္ဂတိ ဖဿ” ဆုံဆည်းမှုကြောင့် ဖဿဆိုတာ ပေါ်လာတယ်။ ဖဿဆိုတာ စိတ်နဲ့အာရုံနဲ့ တိုက်ရိုက်ဆက်သွယ်သွားတာ၊ ခုနတုန်းက ပထမလာဆက်သွယ်တာက ကြည့်လေ- အဆင်းအာရုံက မျက်စိကို လာဆက်သွယ်သွားတာ၊ ဆက်သွယ်တဲ့အခါမှာ မြင်သိစိတ်ပေါ်လာတယ်၊ အဲဒီမြင်သိစိတ်ပေါ်လာမှ စိတ်နဲ့အာရုံ ဆက်သွယ်မှုရသွားတာ၊ ကြည့်-ရသွားပြီဆိုတဲ့အချိန်

စာမျက်နှာ-၂၆
မှာ ဘာလာတုန်းဆိုရင် လှတာလေးဆိုရင် ကောင်းလိုက်တာ သုခဝေဒနာ ဖြစ်သွားတယ်။ မလှတာတို့ ကိုယ်မကြိုက်တာတို့ဆိုရင် စိတ်ထဲမှာ အဆင်မပြေဘူး၊ ဒုက္ခဝေဒနာ ဖြစ်သွားတယ်။ လှတာလည်းမဟုတ်ဘူး၊ မလှတာလည်းမဟုတ်ဘူး၊ ကိုယ်လိုချင်တာလည်းမဟုတ်ဘူး၊ မလိုချင်တာလည်းမဟုတ်ဘူးဆိုလို့ရှိရင် အဒုက္ခ မသုခ၊ သုခလည်းမဟုတ်ဘူး ဒုက္ခလည်းမဟုတ်ဘူးဆိုတဲ့ ခံစားချက်တွေ ဖြစ်လာတယ်။ ဟော ဆိုင်ရာဆိုင်ရာ သဘာဝအရ ဆက်သွယ်မှုကို အကြောင်းပြုပြီးတော့ ဘာဖြစ်လာတုန်းဆိုရင် ဝမ်းသာတယ် ဝမ်းမသာဘူး၊ ဝမ်းသာတာလည်းမဟုတ်ဘူး ဝမ်းနည်းတာလည်းမဟုတ်ဘူး ဆိုတာတွေ လာကုန်တယ်။

ဆိုပါစို့- မျက်စိက နှစ်သက်စရာ အာရုံလေးကို မြင်တဲ့အခါ စိတ်ကပျော်သွားတာ အဲဒါ ဝေဒနာဖြစ်တာပဲ၊ ဘာဝေဒနာတုန်း၊ ဗမာလူမျိုးတွေက ဝေဒနာဆိုရင် ရောဂါနဲ့ သွားသွားတွဲမှတ်တတ်တယ်။ ရောဂါနဲ့

စာမျက်နှာ-၂၇
ပြောတာမဟုတ်ဘူးနော်၊ ဝမ်းသာတာလည်း ဝေဒနာပဲ၊ ဝမ်းနည်းတာလည်း ဝေဒနာပဲ၊ ဝေဒနာဆိုတဲ့ စကားလုံးက mental state ကိုပြောတာ၊ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ သဘာဝတရားတစ်ခုကိုပြောတာ၊ ဝေဒနာအကြောင်းပြောနေကြတာ လူတွေဟာ ဒီကနေ့ ပျော်လိုက်တာဆိုတာလည်း ဝေဒနာကိုပြောတာ၊ ဒီနေ့တော့ စိတ်ညစ်လိုက်တာလို့ပြောရင်လည်း ဝေဒနာအကြောင်း ပြောနေတာပဲ၊ အဲတော့ ဝေဒနာက သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခ မသုခဝေဒနာလို့ အကျဉ်းအားဖြင့် သုံးမျိုးရှိတယ်၊ အဲတော့ အာရုံနဲ့စိတ်နဲ့ ဆက်သွယ်မိလိုက်တာနဲ့ တစ်ပြိုင်နက် ဒီခံစားမှုဆိုတဲ့ အတွေ့အကြုံလေးဟာ ကောင်းတယ် မကောင်းဘူး၊ ပျော်တယ် မပျော်ဘူး၊ ကြိုက်တယ် မကြိုက်ဘူး ဆိုတာလေးတွေ လာသွားတယ်၊ အဲဒါဟာ “ဖဿ ပစ္စယာ ဝေဒနာ” ပဲ၊ ဖဿရှိလို့ ဝေဒနာလာတာ၊ ဖဿမရှိရင် ဝေဒနာ လာကိုမလာဘူး၊ စိတ်နဲ့အာရုံနဲ့ ဆက်သွယ်ပေးတာ မရှိရင် ဝေဒနာ မလာနိုင်ဘူး၊ အဲဒီတော့ ဝေဒနာ

စာမျက်နှာ-၂၈
ဖြစ်တာဟာ စိတ်နဲ့အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿကြောင့် ဖြစ်တာဆိုတာ အင်မတန်မှ ထင်ရှားသွားတယ်ပေါ့။

ကဲ-ဟုတ်ပြီ “ဖဿပစ္စယာ ဝေဒနာ” ဆက်သွယ်မှုကြောင့် ဝေဒနာဖြစ်လာပါပြီတဲ့၊ ဒါလူတိုင်းလူတိုင်းမှာ ဝေဒနာဟာဖြစ်တယ်ဆိုတာ ကိုယ်ကြိုက်တာလေး တွေ့လိုက်လို့ရှိရင် ဟယ် ကောင်းလိုက်တာဆို စိတ်ထဲမှာ ကျေနပ်သွားတာ၊ အဲဒါကိုပြောတာ သုခဆိုတာ စိတ်ထဲမှာ ကျေနပ်သွားတာ၊ မကြိုက်တာကြီးကျတော့ စိတ်ထဲမှာ မကျေနပ်ဘူး ဒုက္ခ၊ ကြိုက်တာလည်းမဟုတ်ဘူး မကြိုက်တာလည်းမဟုတ်ဘူးဆိုရင် ဥပေက္ခာပေါ့၊ ဒီလိုသွားတာကို၊ ကဲ- အာရုံနဲ့စိတ်နဲ့ ဆက်သွယ်လို့ရလိုက်တဲ့အခါမှာ ကျေနပ်သွားတာတို့ မကျေမနပ်ဖြစ်သွားတာတို့ ... ကျေနပ်တာလည်းမဟုတ်ဘူး၊ မကျေနပ်တာလည်းမဟုတ်ဘူး၊ မထင်ရှားတဲ့ ခံစားမှုလေး ဖြစ်သွားတာတို့ ဒါကိုပြောတာ “ဖဿပစ္စယာ ဝေဒနာ” ဖဿရှိရင် ဝေဒနာရှိလာတယ်။

စာမျက်နှာ-၂၉
ဒီဖဿရဲ့ စွမ်းအားဟာ ဘယ်လောက်ကြီးမားသလဲဆိုတာ စဉ်းစားကြည့်နော်၊ အတွေ့အကြုံကလေးတွေပေါ်မှာ မူတည်ပြီးတော့ ဒါက ပြန်ပြန်လာတတ်တယ်၊ ပြန်ပြန်လာတယ်၊ သူ့ရဲ့ထိခိုက်မှုဟာ လှမ်းကြည့်လိုက်လို့ရှိရင်တော့ ဒီသဘာဝတရားရဲ့ တိုက်ခိုက်မှုဟာ အင်မတန်ကြီးမားတဲ့ အရာကြီးနှစ်ခု တိုက်လိုက်ရင်တော့ ပြင်းထန်တဲ့ အသံကြီးကြားရမှာပေါ့။ သို့သော် သဘာဝတရားတွေရဲ့ တိုက်ခိုက်မှုဟာ အသံမကြားရပေမယ့်လို့ ပြင်းထန်တယ်ဆိုတာ မှတ်ရမယ်။ ကြည့်လေ ဘယ်လိုပြင်းထန်တုန်းဆိုလို့ရှိရင် ကိုယ့်ရှေ့မှာ လာပြီးတော့ သံပုရာသီးကို စားနေမယ်ဆိုရင် ကိုယ်ဘယ်လိုဖြစ်မတုန်း။ မျက်စိနဲ့ သံပုရာသီးစားနေတဲ့လူကို မြင်လိုက်မယ် သို့မဟုတ် ဇီးဖြူသီး ကိုယ်ကအရင်တုန်းကလည်း အတွေ့အကြုံရှိထားတာ၊ ဒါချဉ်တယ်ဆိုတာ သိတယ်၊ အဲဒါ စားနေတဲ့လူ မြင်လိုက်တာနဲ့ပဲ ဒီကလူတွေက သွားရည်တွေ ကျကုန်တာ၊ ဒါဘာမှ လာထိတာတော့မဟုတ်ဘူး။ အတွေ့အကြုံဆိုတာ အဲဒါကို

စာမျက်နှာ-၃၀
ပြောတာနော်၊ ဖဿဖြစ်လို့ ဝေဒနာက လာဖြစ်နေပြီ ဒီမှာ။ ဖဿပစ္စယာ ဝေဒနာ၊ ကြောက်စရာအာရုံကို မြင်လိုက်တာနဲ့ ဒီက တုန်နေပြီ၊ ဟော “လှံဖျားပုစဉ်းနားတော့ ကျီးကန်းက ချေးပါ” ဆိုတာ ကျီးကန်းက ကြောက်တာကိုး၊ လှံကိုကြောက်တာ။ အဲတော့ သူက အလိုလိုကြောက်နေတာ၊ ဒီလိုဟာမျိုးကို ဆိုတာ၊ ဖဿရဲ့ထိခိုက်မှုဟာ အင်မတန်မှ ထင်ရှားတယ်၊ ဒါကိုပြောတာ ဖဿပစ္စယာ ဝေဒနာ။

ကဲကောင်းပြီ၊ ဝေဒနာဖြစ်လိုက်လို့ရှိရင် ဒီတိုင်းရပ်လားလို့ဆိုတော့ မရပ်ဘူး၊ ဘာလာတုန်းဆိုလို့ရှိရင် ဝေဒနာပစ္စယာ တဏှာ တဲ့၊ ကြိုက်မကြိုက် လာပြီလေ၊ ကြိုက်မကြိုက်လာတယ်၊ ကောင်းတာနဲ့တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ကောင်းတာကို လိုချင်တဲ့တဏှာလာတယ်၊ ဒါဖြင့် မကောင်းတာတွေ့ရင်တော့ရော ဆိုတော့ မကောင်းတာတွေ့ရင်လည်း ကောင်းတာလိုချင်တဲ့ တဏှာလာတာပဲနော်၊ မကောင်းတာကို ဖယ်ရှားပြီး ကောင်းတာကို မျှော်လင့်တဲ့တဏှာ

စာမျက်နှာ-၃၁
လာတာပဲ၊ ဒါကြောင့်မို့ ဝေဒနာပစ္စယာ တဏှာလို့ပဲ ဟောတယ်၊ ဝေဒနာပစ္စယာ ဒေါသောလို့ မဟောတော့ဘူး။ ဘာပြုလို့တုန်းဆို များတာက ဝေဒနာ တဏှာကပဲ များလို့။ ဟော- ပေါင်းလိုက်တဲ့အခါ ဘုန်းကြီးတို့တတွေရဲ့ မျက်စိနဲ့ပတ်သက်ပြီး ဒီသဘာဝတရား ၆ မျိုးဟာ ဖြစ်နေတာ၊ ကိုယ့်မှာဖြစ်နေတာ။ ကိုယ့်မှာဖြစ်တာကို မြင်အောင်ကြည့်ရမယ်။ ကိုယ့်သန္တာန်မှာ အာရုံပုံရိပ်ကလေး လာပြီးတော့ထင်တဲ့ စက္ခုပသာဒဆိုတာ ရှိတယ်၊ မျက်စိဆိုတာရှိတယ်၊ ပြင်ပအာရုံလေးရဲ့ လာထင်မှုရှိတယ်၊ ကိုယ့်မျက်စိထဲမှာ ကြည့်လိုက်ရင် မြင်နေရတဲ့အရာဟာ မျက်စိထဲမှာ လာထင်တာလေ၊ ထင်လို့မြင်တာ၊ အဲဒီလိုမြင်လိုက်တာနဲ့ တစ်ပြိုင်နက် မြင်ပြီးသိတဲ့စိတ်ဆိုတာ ပေါ်လာတယ်။ အဲဒီသုံးခု ပေါင်းဆုံခြင်းကြောင့် အာရုံနဲ့စိတ်နဲ့ ဆက်သွယ်သွားတဲ့ ဖဿဆိုတာ ပေါ်လာတယ်၊ ဖဿပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ဖဿရဲ့ အတိုင်းအတာအလိုက် ဝေဒနာဆိုတဲ့ ခံစားမှု ဟော-ပေါ်လာတယ်။

စာမျက်နှာ-၃၂
ဝေဒနာခံစားမှုကို အကြောင်းပြုပြီးတော့ ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ တွယ်တာတဲ့ တဏှာတစ်ခု ပေါ်လာတယ်တဲ့၊ ဒါသဘာဝပဲ။ အဲဒီ ၆ မျိုးဟာ ဘုန်းကြီးတို့တတွေ မျက်စိဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု သွားနေတာ ဘယ်သူကမှ ဖန်ဆင်းတာမဟုတ်ဘူး၊ အကြောင်းမဲ့ဖြစ်တာလည်းမဟုတ်ဘူး၊ ဆိုင်ရာဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်တာ။

ဘယ်လို ဆိုင်ရာဆိုင်ရာ အကြောင်းတွေတုန်းဆိုရင် မျက်စိမရှိဘူးဆိုရင် ... အဆင်းအာရုံ ထင်နိုင်ပါ့မလား၊ မထင်ဘူး။ အဆင်းအာရုံ မထင်လို့ရှိရင် မြင်သိစိတ် ဖြစ်ပါ့မလား၊ မဖြစ်ဘူး။ မြင်သိစိတ်မဖြစ်ရင် စိတ်နဲ့အာရုံ ဆုံစည်းမှု ဆက်သွယ်မှုဆိုတဲ့ ဖြစ်ပါ့မလား၊ မဖြစ်ဘူးဆိုလို့ရှိရင် အတွေ့အကြုံအာရုံနဲ့ ပတ်သက်ပြီးတော့ ကောင်းတယ် မကောင်းဘူးဆိုတဲ့ အတွေ့အကြုံ လာပါ့မလား၊ အဲဒါမလာရင် ကြိုက်မကြိုက်ဆိုတာ လာဦးမလား၊ မလာဘူး။ ဒါကြည့်

စာမျက်နှာ-၃၃
ဆက်သွယ်ပြီးတော့ လာပုံလေးတွေဟာ တကယ့်ကို သဘာဝ၊ လူတိုင်းလူတိုင်း သိနိုင်တယ်၊ ဒါကို ဒီဆဆက္ကသုတ်မှာ မြတ်စွာဘုရားက ဒီလိုဟောတာ၊ ဒါ ၆ × ၆ လီက ၆ ခုတစ်ခုပဲ၊ မျက်စိနဲ့ပတ်သက်တဲ့ ၆ ခုတစ်ခုပဲ၊ ဒါ ကိုယ့်ဟာကိုယ် နှလုံးသွင်းလို့ရတယ်။ ကိုယ့်မျက်စိမှာ မြင်လာတာနဲ့ ကြည့်လိုက်လို့ရှိရင် သဘာဝ ဘယ်နှစ်မျိုးတုန်းဆိုတာကို စဉ်းစားလို့ရတယ်နော်၊ မျက်စိထဲမှာ ထင်လာတဲ့ အဆင်းအာရုံလေး၊ အပြင်ဘက်မှာ ရှိတာကိုပြောတာမဟုတ်ဘူး၊ မျက်စိထဲမှာ ထင်လာတဲ့အာရုံကိုပြောတာ။ အဲဒီအာရုံရဲ့ သက်တမ်းဟာ ဘယ်လောက်မှ မကြာဘူး၊ စိတ်တစ်ခဏ၊ စိတ် ၁၇ ချက်နဲ့ညီမျှတဲ့ အတိုင်းအတာလေးတစ်ခုပေါ့၊ လွယ်အောင်ပြောရမယ်ဆိုလို့ရှိရင်တော့ ၁၇ စက္ကန့်လို့ ပြောချင်ပြောပေါ့။ ဒါကတော့ မှတ်လွယ်အောင်လို့ပြောတာ၊ ပြီးရင် သူက ပျက်သွားတာပဲ။ ဘယ်အရာမှ မြဲနေတာမရှိဘူး၊ အဲဒီမှာ မျက်စိက မြင်လိုက်တဲ့ အဆင်းအာရုံ မြင်လိုက်တဲ့အခါကျတော့မှ

စာမျက်နှာ-၃၄
စက္ခုပသာဒကို အမှီပြုပြီး မြင်သိစိတ်ကလေးက ပေါ်ရတာ၊ တခြားနေရာမှာ ပေါ်တာမဟုတ်ဘူး။ စက္ခုပသာဒမှာမှီပြီး မြင်သိစိတ်က ပေါ်တာ၊ အဲဒီပေါ်လာပြီးတဲ့အခါမှာ ဖဿဆိုတာလာတယ်၊ ဝေဒနာဆိုတာလာတယ်၊ တဏှာဆိုတာလာတယ်ပေါ့၊ အဲဒီသဘာဝတရားလေးတွေကို ရှုမှတ်ဆင်ခြင်ပွားနေမယ်ဆိုလို့ရှိရင် သဘာဝတရားတွေကို မှန်မှန်ကန်ကန်သိတယ်၊ မှန်မှန်ကန်ကန်သိတယ်ဆိုတာ ဝိဇ္ဇာပဲ၊ အဲဒါကို အမှန်ကိုမသိဘူးဆိုတာ အဝိဇ္ဇာပဲပေါ့၊ ဒီသဘာဝတရားတွေကို မသိဘူး၊ ဒီလိုဒီလို ဖြစ်လာတယ်ဆိုတာကို မသိဘူးဆိုလို့ရှိရင် ဒါ အဝိဇ္ဇာပဲပေါ့၊ အဲလိုဆိုလိုတာ။ အဲဒီမှာ ဝိပဿနာရှုကြည့်မယ်ဆိုလို့ရှိရင် မြင်သိစိတ်ကလေးကိုပြောမယ်။ မြင်သိစိတ်ကလေးဟာ နဂိုက မျက်လုံးထဲမှာ ရှိနေတာလား သို့မဟုတ် အကြောင်းဆုံမှ ပေါ်လာတာလားဆိုတာကို ဥပမာနဲ့ စဉ်းစားကြည့်ရအောင်။ ဘုန်းကြီးတို့ မြန်မာလူမျိုးတွေ အမြတ်တနိုး အနုပညာလောကမှာ တီးနေကြတဲ့ စောင်းကလေးပဲ။

စာမျက်နှာ-၃၅
ကြည့်- စောင်းကြိုးရှိတယ်၊ စောင်းအိုးရှိတယ်၊ စောင်းတီးတဲ့လက်ရှိတယ် သုံးခုဆိုပါစို့၊ စောင်းကြိုးနဲ့ စောင်းအိုး တပ်ထားပြီး လက်နဲ့မတီးသမျှ အသံထွက်ကဲ့လား၊ ဒါဖြင့် ထွက်လာတဲ့ အသံကရော လက်ကထွက်တာလား၊ ကြိုးကထွက်တာလား၊ စောင်းအိုးထဲက ထွက်လာတာလား။ နဂိုကတည်းက အဲဒီထဲမှာ ရှိနေတာလား။ မရှိဘူး၊ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာ၊ အကြောင်းဆိုတာ သုံးခုပေါင်းပြီးတော့ လုပ်လိုက်တာ၊ သုံးခုဆုံလိုက်တဲ့အခါကျ အကြောင်းဆုံလိုက်တဲ့အခါမှာ ပေါ်လာတာ၊ အဲဒါကိုကြည့် ဒီအသံဟာ ကြိုးထဲမှာလည်း မရှိဘူး၊ စောင်းအိုးထဲမှာလည်း မရှိဘူး၊ စောင်းတီးတဲ့လူရဲ့ လက်ထဲမှာလည်း မရှိဘူး၊ ရှိနေမယ်ဆို တစ်မျိုးပဲ ဖြစ်မှာပေါ့၊ အများကြီး သွင်းထားရမှာပေါ့၊ အဲဒါဟာ အကြောင်းတရားကို မှီပြီးတော့ ဒီအသံဖြစ်တယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်ပေါ့။

ဒီမြင်သိစိတ်ကလေးဟာ “ဝိညာဏံ ပဋိစ္စ သမုပ္ပန္နံ” တဲ့၊ အကြောင်းကို မှီပြီးတော့ ဖြစ်တာပါတဲ့၊

စာမျက်နှာ-၃၆
သူ့ဟာသူ ဖြစ်လာတာ မဟုတ်ဘူး၊ ဒါဖြင့် အကြောင်းက ဘာတုန်း “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” မျက်စိရယ် အဆင်းအာရုံရယ် ဒီနှစ်ခုကို အကြောင်းပြုပြီးတော့ မြင်သိစိတ်ကလေးတွေ ဖြစ်လာတာပါတဲ့၊ ကဲ-ဝိပဿနာနည်းနဲ့ ကြည့်ကြည့်လိုက်တော့ ဟောဒီ မြင်သိစိတ်ကလေးဟာ ဒီအကြောင်းနှစ်ခု ဆုံဆည်းလို့ ဖြစ်ရတယ်။

ကဲ-မျက်စိဆိုတာ ဘုန်းကြီးတို့တတွေရဲ့ သန္တာန်မှာ ရှိနေတဲ့ မျက်စိ၊ ဒီမျက်စိလေးဟာ စဉ်းစားကြည့်လို့ရှိရင် လူတိုင်းလူတိုင်းသိတယ်၊ အချိန်မရွေး ပြောင်းနေတာကိုတော့ မသိဘူး၊ သို့သော် အသက်ကြီးရင် မျက်စိမှုန်လာတာ သိတယ်၊ ဟုတ်ကဲ့လား၊ ကလေးငယ်လေးရဲ့ မျက်စိနဲ့ အသက်ကြီးလာတဲ့ပုဂ္ဂိုလ်ရဲ့ မျက်စိနဲ့ မတူဘူး၊ မတူတာဟာ ပြောင်းလဲမှုကြောင့်ပေါ့၊ ဝိပဿနာဉာဏ်နဲ့ ကြည့်မယ်ဆိုလို့ရှိရင် အခိုက်အတန့်အသေးလေးမှာပဲ ဒီမျက်စိဟာ အပြောင်းအလွဲရှိနေတယ်၊ အပြောင်းအလွဲရှိတယ်၊ အသစ်အသစ် ဖြစ်နေတာ၊

စာမျက်နှာ-၃၇
ပျက်ပြီးရင် အသစ်အသစ် ဖြစ်နေတာ၊ မျက်စိဆိုတဲ့ ဒီအကြည်ဓာတ်လေးဟာ အမြဲတမ်း ပြောင်းလွဲနေတာ၊ အသစ်ပေါ်လိုက် အဟောင်းတွေက ပျောက်သွားလိုက်၊ အသစ်က ထပ်ပေါ်လာလိုက်၊ အဟောင်းတွေက ပျောက်သွားလိုက်၊ အသစ်ကထပ်ပေါ်လာလိုက် ဒီလိုပုံစံနဲ့ သွားနေတာကိုး၊ အဲဒီလိုသွားနေတဲ့ ဒီမျက်စိဆိုတဲ့ အကြည်ရုပ်ကလေးဟာ မမြဲတဲ့သဘောပဲ၊ မမြဲဘူးနော်။

အဲဒီ မမြဲတဲ့ စက္ခုပသာဒရယ်၊ အဆင်းအာရုံဆိုတာ ဆုံမိလို့ ပေါ်လာတာ၊ ပေါ်လာပြီး ဒီအတိုင်းကြီး အကြာကြီးတည်နေတာ မဟုတ်ဘူး၊ သူကလည်း သူ့သက်တမ်းလေးနဲ့ ပျောက်သွားတာ၊ ပေါ်နေရင် မျက်စိထဲမှာ အဆင်းအာရုံတွေဟာ အများကြီး ရောက်လာပြီးတော့ ရှိနေမှာပေါ့၊ အခုရှိရဲ့လား၊ မရှိဘူး၊ မျက်စိထဲက ဒါတွေ မထွက်ဘူးဆိုရင် ရှုပ်ထွေးကုန်မှာပေါ့၊ သူကလည်း အချိန်တန်တော့ သူ့အတိုင်းအတာလေးတစ်ခုနဲ့သူ ပျောက်သွားတာပဲ၊ အဲတော့ စက္ခုဆိုတဲ့ မျက်လုံးကလည်း မမြဲဘူး။ မျက်စိထဲမှာ လာထင်ဟပ်တဲ့

စာမျက်နှာ-၃၈
ရူပါရုံကလည်း မမြဲဘူး။ အဆင်းအာရုံကလည်း အဲဒီမမြဲတဲ့အရာနှစ်ခုကို အကြောင်းပြုပြီး ပေါ်လာတဲ့ မြင်သိစိတ်ဆိုတာလေးက ဘယ်လိုလုပ် မြဲလို့ရမလဲတဲ့၊

မြတ်စွာဘုရားက ဟောထားတာ ရှင်းရှင်းလေးရယ်
“အနိစ္စသမ္ဘူတံ ကုတော နိစ္စံ ဘဝိဿတိ” တဲ့။ ဒီစကားလုံးလေး ရှိတယ်၊ အနိစ္စသမ္ဘူတံ- မမြဲတာကို အမှီပြုပြီးတော့ ဖြစ်လာတဲ့အရာဟာ၊ ကုတော နိစ္စံ ဘဝိဿတိ- ဘယ်မှာမြဲနိုင်မှာတုန်းတဲ့၊ ဟုတ်တာပေါ့၊ မမြဲတာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့အရာသည် ဘယ်မှာမြဲမလဲ၊ အရပ်စကားတစ်ခုနဲ့ ပြောမယ်ဆိုရင် သေတတ်တဲ့ အမေအဖေက မွေးထားတဲ့ သားသမီးဟာ ဘယ်မှာမသေဘဲ ရှိမလဲ၊ အမေအဖေတောင် သေသေးတာ သူလည်းသေမှာပေါ့၊ ဟော- ဒီသဘောကို ပြောတာနော်၊ အဲတော့ စက္ခုကလည်း မမြဲဘူး၊ ရူပါရုံကလည်း မမြဲဘူး၊ သူတို့မမြဲတဲ့ အရာနှစ်ခုကို မှီပြီးတော့ ဖြစ်လာတဲ့ စက္ခုဝိညာဏ်စိတ်ကလည်း မမြဲဘူး၊ အဲဒီ စက္ခုဝိညာဏ်စိတ်ဖြစ်မှ ပေါ်လာလို့ရတဲ့ ဖဿဆိုတာ

စာမျက်နှာ-၃၉
လည်း မမြဲဘူး၊ ဝေဒနာဆိုတာကလည်း မမြဲဘူး၊ တဏှာဆိုတာကလည်း မမြဲဘူး။ အခိုက်အတန့်လေးတွေဆိုတာ သဘောပေါက်လာတယ်။

အဲဒီလို သဘောပေါက်လာတဲ့အခါ ကြည့်- မမြဲတဲ့အရာတစ်ခုကို 'ငါ'လို့ပြောလို့ရမလား၊ ဘာပြုလို့ မရဘူးလို့ ပြောရတာတုန်းဆိုရင် ကိုယ်က “ငါ”လို့ သတ်မှတ်လိုက်တဲ့ အချိန်မှာ သူက ပြောင်းသွားပြီ မရှိတော့ဘူးနော်၊ ဘာပြုလို့တုန်းဆိုရင် သူက အချိန်တိုင်း ပြောင်းနေတာ၊ ဥပမာမယ်- ဒါကို ပြောလေ့ပြောထ ရှိကြတယ်ပေါ့လေ၊ မြစ်ထဲမှာ နှစ်ခါဆင်းပြီး ရေမချိုးနိုင်ဘူးဆိုတာ မြစ်ရေက အမြဲစီးနေတာကိုး၊ အဲတော့ မြစ်ရေက အမြဲစီးနေတာဆိုတော့ ရေလေးတစ်ခွက် ခပ်ယူလိုက်၊ နောက်တစ်ခါ ခပ်တဲ့အခါ အဲဒီရေဟုတ်ကဲ့လား၊ မဟုတ်တော့ဘူး၊ ခုနကရေ စီးသွားပြီ။ အဲဒီသဘောမျိုးပဲ မြတ်စွာဘုရားက ဟောတာ။

ဒီရူပါရုံနဲ့ စက္ခုပသာဒ ဆုံလိုက်တဲ့ အချိန်တုန်းကဖြစ်တဲ့ စက္ခုပသာဒဟာ သက်တမ်းစေ့ရင် မရှိတော့

စာမျက်နှာ-၄၀
ဘူး၊ နောက်တစ်ခါ ဆုံတာက နောက်ဟာ၊ ယခင်ဟာ မရှိတော့ဘူး၊ အဲတော့ စက္ခုပသာဒပေါင်းနှင့် မျက်စိထဲမှာဆုံတဲ့ အဆင်းပေါင်း မြောက်မြားစွာထဲမှာ ‘ငါလို့ သတ်မှတ်ဖို့ရာ ဘယ်သူ့သတ်မှတ်မတုန်း၊ ငါ့ရဲ့အတ္တလို့ ဘယ်သူ့ကို ပြောမလဲ၊ ပြောမယ်ဆိုရင် အများကြီးလေ၊ ပြောမယ်ဆိုရင် million ပေါ့၊ သန်းပေါင်းများစွာရှိတဲ့ထဲမယ် ဘယ်သူ့ကို ‘ငါ’လို့ ပြောမလဲ၊ ဒါပြောတာ။ မမြဲတဲ့ အရာတွေချည်းပဲ အကုန်လုံး၊ ဒီတစ်ခုကို “ငါ”လို့ သတ်မှတ်လိုက်တာနဲ့ သူကရှိသေးလား၊ မရှိတော့ဘူး၊ နောက်ထပ်လည်း ပေါ်မလာဘူး၊ နောက်ထပ်ပေါ်တာ copy ပဲ၊ သူမဟုတ်ဘူးနော်၊ သဘာဝတရားတွေက ပေါ်လာပြီးရင် နောက်ထပ်ပေါ်တာ copy ။ ယခင်ဟာ မဟုတ်ဘူး၊ အလားတူလို့ လူတွေက မျက်စိလည်နေတာ။

ဆိုပါစို့-ဖယောင်းတိုင်မီးလေး ထွန်းထားပြီး အဲဒီဖယောင်းတိုင်မီးလေး ငြိမ်းသွားတယ်၊ ငြိမ်းသွားတယ်၊ ငြိမ်းသွားတယ် ထပ်ထွန်းတယ်၊ ခုနက မီးတောက်

စာမျက်နှာ-၄၁
ကလေးဟုတ်ကဲ့လား၊ မဟုတ်တော့ဘူး၊ လုံးဝမဟုတ်ဘူး၊ သို့သော် ခုနဟာကလေးနဲ့တော့ မတူဘူးလား၊ အေး-တူလို့ လူတွေက မျက်စိလည်သွားတာ၊ ခုနကဟာ မဟုတ်တော့ဘူး၊ ဘုန်းကြီးတို့တတွေမှာလည်း အတူတူပဲ၊ ခုနတုန်းက တရားပွဲစခါစက ရုပ်တွေတစ်ခုမှ မရှိတော့ဘူး၊ သွားပြီ၊ သွားတာ တစ်ခါတည်းသွားတာ Has gone forever ပဲ၊ ဘယ်တော့မှ ပြန်မလာတဲ့အနေနဲ့သွားတာ၊ အခုဟာက နောက်က အသစ်အသစ်တွေ လာနေတာ၊ အသစ်အသစ်တွေ ရှိနေသေးလို့ ထပ်ဖြစ်နေလို့ လူတွေက မသိကြတာကိုး၊ အဲဒီသဘောလေးကို မြတ်စွာဘုရားက ဟောတာပါ။

ဒီစက္ခုပသာဒမှာရော၊ အဆင်းရူပါရုံမှာရော၊ မြင်သိစိတ်မှာရော၊ သုံးခုဆုံလို့ ပေါ်လာတဲ့ ဖဿမှာရော၊ ဖဿကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာမှာရော၊ ဝေဒနာကြောင့် ပေါ်လာနိုင်တဲ့ တဏှာမှာရော၊ ဒီ ၆ မျိုးစလုံးဟာတဲ့ “ငါ”လို့ သတ်မှတ်စရာတစ်ခုမှမရှိဘူး၊ အခိုက်အတန့်လေးမှာပေါ်ပြီးတော့ ဆိုင်ရာအကြောင်း

စာမျက်နှာ-၄၂
တွေကြောင့် ဖြစ်ပြီးတော့ ပျက်သွားတာတဲ့၊ ဖြစ်တယ် ပျက်တယ် ဖြစ်တယ် ပျက်တယ်နဲ့ သွားနေတာတဲ့။ အဲဒီထဲမှာ ဘယ်ဟာကိုသွားပြီးတော့ 'ငါ'လို့ ပြောလို့ရမလဲ၊ မရဘူး၊ မရသည့်အတွက်ကြောင့် မြတ်စွာဘုရားက မျက်စိဟာလည်း အနတ္တပဲ၊ ရူပါရုံကလည်း အနတ္တပဲ၊ မြင်သိစိတ်ကလည်း အနတ္တပဲ၊ ကိုယ့်အလိုအတိုင်းလည်း တစ်ခုမှ မဖြစ်ဘူး။

ဒီနေရာမှာ အနတ္တရဲ့အဓိပ္ပါယ်ကို ရှင်းတဲ့နေရာမှာ မြတ်စွာဘုရားက ရှုထောင့်သုံးမျိုးလို့ ဆိုပါစို့၊ ရှုထောင့်သုံးမျိုးက ရှင်းတယ်၊ ဘယ်လိုရှုထောင့်က ရှင်းသလဲလို့ဆိုရင် မမြဲတဲ့ဟာလည်းပဲ အနတ္တပဲ၊ ဒါ အနိစ္စရှုထောင့်က ကြည့်တာ၊ မမြဲဘူးဆိုရင် ‘ငါ့ဟာ’လို့ ဘယ်လိုလုပ် သတ်မှတ်မလဲ၊ ပြောင်းနေတာကိုး၊ ပြောင်းနေသည့်အတွက်ကြောင့် ‘ငါ့ဟာ’လို့ ပြောလို့မရဘူး။ ဒါက အနိစ္စရှုထောင့်က ကြည့်တာ။ ဒုက္ခရှုထောင့်က ကြည့်မယ်ဆိုရင် သူက အမြဲနှိပ်စက်နေတာ၊ နှိပ်စက်နေသည့်အတွက်ကြောင့် “ငါ”လို့ပြောလို့မရဘူး။ နောက်

စာမျက်နှာ-၄၃
တစ်ခုက ကြည့်မယ်ဆိုရင် ကိုယ့်ဆန္ဒအတိုင်းရော ဖြစ်ကဲ့လား၊ မဖြစ်ဘူး၊ လူတွေက ငါ့မျက်စိ ငါသုံးချင်သလို သုံးလို့ရတယ်၊ ငါ့ကိုယ် ငါ့ခန္ဓာနဲ့သာ ပြောနေတာ ထာဝရပြောင်းလွဲနေတဲ့ အရာကြီး၊ ပြောရင်းပြောရင်း ငါငါနဲ့ ပြောရင်းပြောရင်းနဲ့ ကုန်နေတာ၊ အသစ်အသစ်တွေ လာနေတာ၊ အဟောင်းတွေက ပျောက်နေပြီ၊ ပျောက်မှန်းမသိ ပျောက်နေတာ။

ဘာနဲ့တူတုန်းဆိုရင် ငါးရာ့ငါးဆယ်ဇာတ်ထဲမှာ မယှကဆိုတဲ့ငှက်ရှိတယ်၊ အဲဒီငှက်က သစ်ပင်မှာ အသီးတွေသီးနေပြီ ဆိုလို့ရှိရင် သူက လိုက်အော်နေတာ၊ အသီးတွေ လိုက်ကြည့်ပြီးတော့ သူက “ငါ့ဟာ ငါ့ဟာ ငါ့ဟာ”နဲ့ လိုက်အော်နေတာ၊ အဲဒီငှက်ရဲ့ အော်သံကိုက ငါ့ဟာ ငါ့ဟာနဲ့ လိုက်အော်နေတာ၊ ပျံပြီးတော့ ဟိုနားသွား ငါ့ဟာ၊ ဒီနားသွား ငါ့ဟာ၊ ငါ့ဟာ ငါ့ဟာ ငါ့ဟာနဲ့ အော်နေတာ၊ အဲဒါကို ပါဠိလို “မယှက မယှက မယှက” ငါ့ဟာ ငါ့ဟာ ငါ့ဟာနဲ့ အော်တာ၊ ကျန်တဲ့ငှက်တွေက လာပြီးတော့ အသီးတွေစားသွား

စာမျက်နှာ-၄၄
ကြတာ၊ သူကတော့ အော်တုန်းပဲ ငါ့ဟာ ငါ့ဟာ ငါ့ဟာနဲ့၊ ဘယ်ဟာ ငါ့ဟာမှန်းလဲ မသိတော့ဘူး၊ ဟုတ်ကဲ့လား၊ လောကလူတွေကလည်း အဲဒီပုံစံပဲ၊ ငါ့ဟာ ငါ့ဟာ ငါ့ဟာနဲ့က ငါ့ဟာ မဟုတ်တော့ဘူး။

ကြည့်လေ- ကိုယ်ပိုင်တဲ့ ဆံပင်လေးဟာ တစ်ချောင်းပြီး တစ်ချောင်းဖြူလာတာ၊ ဘယ်လိုလုပ် ငါ့ဟာ ဖြစ်တော့မလဲ၊ ကိုယ့်ပါးစပ်ထဲမှာရှိတဲ့ သွားကလေးတွေကလည်း တစ်ချောင်းပြီးတစ်ချောင်း ကျွတ်ကုန်ပြီ၊ သွားစိုက်ဆိုင် သွားသွားပြီးတော့ သွားအစားထိုးနေရတယ်၊ ဘယ်လိုလုပ် “ငါ့ဟာ”လို့ ဖြစ်တော့မလဲ၊ ဒါ ချက်ချင်းပြောင်းတာ မဟုတ်ဘူး၊ ဖြည်းဖြည်းချင်း ပြောင်းနေတာ၊ ဟော- အဲဒီသဘောတွေကို မြတ်စွာဘုရားက ဟောတာ၊ ဒါကြောင့်မို့လို့ မျက်စိဆိုတာလည်း အတ္တမဟုတ်ဘူး၊ ကိုယ့်အလိုအတိုင်း မဖြစ်ဘူး၊ အဆင်းအာရုံကလည်း ကိုယ့်အလိုအတိုင်း မဖြစ်ဘူး၊ မြင်သိစိတ်ကလည်း ကိုယ့်အလိုအတိုင်း မဖြစ်ဘူး၊ ဆက်သွယ်မှုဆိုတဲ့ ဖဿကလည်း ကိုယ့်အလိုအတိုင်း

စာမျက်နှာ-၄၅
မဟုတ်ဘူး၊ ဝေဒနာကလည်း ကိုယ့်အလိုအတိုင်း မဟုတ်ဘူး၊ တဏှာကလည်း ကိုယ့်အလိုအတိုင်း မဟုတ်ဘူး၊ ဒါကြောင့်မို့ ဒီသဘာဝတရားတွေအားလုံးဟာ အနတ္တပဲတဲ့။

အသံဘက်ကို ကြည့်လိုက်ကြဦးစို့၊ အဲဒီဟာလည်း ၆ ခုပဲ၊ နားရှိတယ်၊ နားထဲမှာ ကြားလိုက်ရတဲ့ အသံရှိတယ်၊ ကြည့်- ကြားလိုက်ရတဲ့ အသံဆိုတာ ပျောက်သွားတာ အင်မတန်ထင်ရှားတယ်။ မျက်စိက အဆင်းအာရုံက ပျောက်တယ်ဆိုတာ သိပ်မထင်ရှားချင်ဘူး၊ နားထဲက အသံပျောက်သွားတာ အင်မတန်မှ ထင်ရှားတယ်၊ တရားပွဲစတုန်းက အသံတွေ ရှိသေးလား၊ နားထဲမှာ လာပေါ်လာတာ ချက်ချင်းပျောက်တာနော်၊ အသံတွေဟာ ရှေ့ကအသံဖြစ်ပြီး ချက်ခြင်းပျောက်တယ်၊ နောက်က ဆက်တိုက်ဆက်တိုက် ပေါ်နေလို့သာ ဒီအသံတွေရှိနေတယ် ထင်နေတာ၊ မရှိဘူး။ ပျောက်သွားပြီ။ အဲတော့ အသံလာတိုက်တဲ့ နားကလည်း ပျက်သွားပြီ၊ နောက်အသံနဲ့ နောက်နားပဲ ဒါက၊ ကြည့်

စာမျက်နှာ-၄၆
ဒီမှာလည်း နားရယ်၊ အသံရယ်၊ ကြားသိစိတ်ရယ်၊ ကြားသိစိတ်ကလည်း ပျက်နေတာပဲဥစ္စာ၊ ကြားသိစိတ် ဒီသုံးခု ဆုံလိုက်တဲ့အခါ ဆက်သွယ်လာမှု၊ စိတ်နဲ့ ဆက်သွယ်မှု၊ စိတ်နဲ့ဆက်သွယ်မှုကြောင့် ကောင်းမကောင်း၊ ဒီချမ်းသာတယ် မချမ်းသာဘူးဆိုတဲ့ ခံစားမှု ဝေဒနာလာတဲ့အခါ ကြိုက်လို့ရှိရင် တဏှာ၊ ကြိုက်မကြိုက် တဏှာဆိုတာလာတယ်၊ ၆ ခုပဲ။ နားနဲ့ပတ်သက်ပြီးတော့ ၆ ခု။

အဲဒီ ၆ ခုကလည်း ကြားသိစိတ် ဖြစ်တယ်ဆိုတာ နားနဲ့အသံနဲ့တိုက်လို့ ကြားသိစိတ်ဖြစ်တာ၊ အဲဒီ ကြားသိစိတ်၊ နားကလည်း မြဲတာမဟုတ်ဘူး၊ အသံကလည်း မြဲတာမဟုတ်ဘူး၊ နှစ်ခုစလုံးက ပျောက်သွားတာ၊ မမြဲတာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ကြားသိစိတ်က ဘယ်မြဲမလဲ၊ ဟော သူ့ကိုအစွဲပြုပြီး ဖြစ်တဲ့ ဖဿတို့ ဝေဒနာတို့ တဏှာတို့ဆိုတာ ဘယ်မြဲမလဲ၊ မမြဲဘူးတဲ့၊ အားလုံးဟာ အမြဲတမ်း ခဏကလေးပဲ

ဖြစ်ပြီးတော့ ပျောက်သွားကြတယ်၊ နောက်ထပ်

စာမျက်နှာ-၄၇
ဆက်ဆက်လာနေတယ်၊ ဒါပဲ၊ အကြောင်းမကုန်သေးရင် ဆက်ဆက်လာနေမယ်။

ကဲ-နှာခေါင်းထဲက အနံ့ရလို့ရှိရင်လည်း ဒီအတိုင်းပဲ မှတ်ပါ။ နှာခေါင်းရှိတယ်၊ အနံ့နဲ့နှာခေါင်း လာဆုံတယ်၊ ဆုံတော့ နံသိစိတ်ဖြစ်တယ်၊ နံသိစိတ်ဆိုတာ ကြည့်လေ၊ ရှေ့တုန်းက ကြိုတင်ပြီး မှတ်ထားတာ ဒါကတော့ ငပိကြော်တဲ့ အနံ့ပဲ၊ ဒါကတော့ ပန်းနဲ့ စံပယ်ပန်းရဲ့အနံ့ပဲ၊ ဒါကတော့ ဒူးရင်းသီးရဲ့ အနံ့ပဲ၊ ဟော မဖြစ်ဘူးလား၊ ကိုယ်ကြိုက်တာဆိုရင် သူက သဘောကျသွားတယ်နော်၊ မကြိုက်တဲ့ဟာဆိုရင် နှာခေါင်းပိတ်သွားတယ်၊ ဟော- အနံ့လာလို့ရှိရင်လည်းပဲ ဒီအတိုင်းပဲ ဝိပဿနာရှုလို့ရတယ်၊ ဝိပဿနာရှုတယ်ဆိုတာ မျက်စိမှိတ်ပြီး ထိုင်နေရတာမျိုး ဒီလိုဆိုလိုတာ မဟုတ်ဘူး၊ အဲဒါက သမထကျင့်စဉ် သမာဓိရအောင် လုပ်တာ၊ မျက်စိမှိတ်ပြီး တရားထိုင်ပြီးတော့ စိတ်ကလေးငြိမ်အောင် ကြိုးစားနေတာ၊ ဒီဝိပဿနာဆိုတာ အဲလို မဟုတ်ဘူး၊ အသိဉာဏ်ရဲ့ကိစ္စ၊ သွားရင်းလဲရှုနိုင်တယ်၊

စာမျက်နှာ-၄၈
ထိုင်ရင်းလဲ ရှုနိုင်တယ်၊ လျောင်းရင်းလဲ ရှုနိုင်တယ်၊ အချိန်မရွေး ကိုယ့်စိတ်မှာ အမြဲတမ်း ever mindfulness အမြဲတမ်း သတိထားပြီးတော့ ရှုနေတာ ဝိပဿနာ။ concentration ဆိုတာ စိတ်ငြိမ်အောင် လုပ်တာ သမာဓိ။ contemplation ဆိုတာ စိတ်ငြိမ်အောင်လုပ်တာ မဟုတ်ဘူး၊ စိတ်နဲ့ အာရုံပေါ်မှာ ဆင်ခြင်သုံးသပ်နေတာ၊ အဲဒီဆင်ခြင်သုံးသပ်မှုဟာ ဝိပဿနာပဲပေါ့။ ပညာတွေ ပိုတိုးတက်လာတာ သိသိလာတယ်လေ၊ သေချာအာရုံစိုက်ပြီးကြည့်ရင် မသိပေဘူးလား၊ သိလာတယ်။

နှာခေါင်းထဲမှာ အနံ့လေးပေါ်လာလို့ နံသိစိတ် ပေါ်လာတယ်၊ ပြီးတဲ့အခါကျတော့ အာရုံနဲ့စိတ်နဲ့ ဆက်သွယ်မှုလာတယ်၊ ပြီးတော့ ကြိုက်မကြိုက်၊ စိတ်ထဲမှာ ပျော်သွားတယ်၊ စိတ်ထဲမှာ မပျော်ဘူးဆိုတဲ့ ခံစားချက်တွေလာတယ်၊ ခံစားပြီးလို့ရှိရင် နောက်ထပ် ရချင်တယ် မရချင်ဘူးဆိုတာလာတယ်လေ၊ ဒါတွေ ဒီသဘာဝတရားတွေ ဖြစ်နေတာ၊ အဲဒါတွေဟာ ဆိုင်ရာ

စာမျက်နှာ-၄၉
ဆိုင်ရာ အကြောင်းကြောင့် ဒီတိုင်းဖြစ်နေတာလို့ ဒီလိုသိရမယ်၊ ဒီသဘာဝတရားတွေဟာ သဘာဝတရားသက်သက်မျှသာ ဖြစ်တယ်၊ ‘ငါ’ဆိုတာလည်း မဟုတ်ဘူး၊ 'ငါ့ဥစ္စာ'လည်း မဟုတ်ဘူးလို့ ဒီလို ရှင်းရှင်းကြီး သိမြင်ရမယ်လို့ ဒီလိုပြောတာ။

အေး-အနံ့လိုပဲ မနက်စာ စားကြမယ်၊ နေ့လယ်စာ စားကြမယ်၊ ညစာ စားကြမယ်၊ အမှတ်တမဲ့ မစားလိုက်နဲ့၊ ထမင်းစားတဲ့အခါမှာကြည့်၊ ထမင်းစားရင် တချို့က အရည်သောက်ကလေးက စသောက်တယ်၊ တချို့ကလည်း ထမင်းကလေးက စဝါးတယ်ပေါ့၊ ဘာပဲစ လျှာနဲ့ အဲဒီအာဟာရနဲ့ ထိလိုက်တာနဲ့ အရသာလေး ပေါ်မလာဘူးလား၊ ပေါ်လာတယ်၊ အဲဒါလေးကို သတိထားလိုက်၊ ဇိဝှါပသာဒနဲ့ လျှာနဲ့ အာဟာရရဲ့ အရသာလေးတစ်ခု ပေါ်လာတယ်၊ ပေါ်လိုက်တဲ့အခါ ချိုတယ် ချဉ်တယ် ခါးတယ် ငံတယ်ဆိုတဲ့သိစိတ် ပေါ်လာတယ်၊ လျက်သိစိတ်ပေါ်တယ်၊ လျက်သိစိတ်ပေါ်တော့ အာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿလာတယ်၊ လာသည့်

စာမျက်နှာ-၅၀
အတွက်ကြောင့် ကောင်းတယ် မကောင်းဘူး၊ ဟော- စိတ်ထဲမှာတွေ့တယ် ... မတွေ့ဘူးဆိုတဲ့ ဝေဒနာလာတယ်၊ လာတဲ့အခါမှာ နောက်ထပ်လိုချင်တယ်ဆိုတဲ့ တဏှာရော မလာဘူးလား၊ အဲဒီလိုပဲ သဘာဝအတိုင်း ဘုန်းကြီးတို့ သန္တာန်မှာ ဒီလိုပဲဖြစ်နေတာ၊ အစာစားရင်လည်း ဒီအတိုင်းဖြစ်တာပဲ၊ ဖြစ်တယ်ဆိုတာလည်း အမြဲတမ်းဖြစ်နေတာ မဟုတ်ဘူး၊ ဖြစ်ပြီး ပျက်သွားပြီ၊ ဖြစ်ပြီး ပျက်သွားပြီ၊ ဖြစ်သမျှဟာ ဒီအတိုင်းရပ်နေတာလည်း မဟုတ်ဘူး၊ အကုန်လုံး ဖြစ်ပြီးတော့ ပျက်နေတာတဲ့၊ ဒါကြောင့်မို့လို့ အတ္တလို့ ပြောစရာမရှိဘူး၊ အားလုံးဟာ အနတ္တပဲတဲ့၊ သဘာဝအတိုင်း သူ့ဟာသူ ဖြစ်ပြီး ပျက်သွားလို့ အနတ္တပဲတဲ့။

ထမင်းစားတဲ့အခါ သတိထားသလို ကုလားထိုင်ပေါ် ထိုင်နေတဲ့အခါပဲဖြစ်စေ၊ ကြမ်းပေါ် ထိုင်နေတဲ့အခါမှာပဲ ဖြစ်စေ၊ အိပ်ယာထဲ လှဲနေတဲ့အခါမှာပဲ ဖြစ်စေ အောက်က ပျော့ပျော့လေးလား မာမာကြီးလား ဟော ဒီလိုလာတယ်လေ၊ ခန္ဓာကိုယ်ကနေ ဝတ်ထားတဲ့

စာမျက်နှာ-၅၁
အဝတ်ကလေး နူးညံ့သလား မနူးညံ့ဘူးလား၊ လေအေးလေးက ကိုယ့်ကိုလာထိလို့ရှိရင် ကောင်းသလား မကောင်းဘူးလား၊ ဟော ဒီလိုလာမှာ။ အပူလေးက ကိုယ့်သန္တာန်မှာ လာထိရင် ကောင်းသလား မကောင်းဘူးလား၊ အထိအတွေ့တွေ ရှိနေတာနော်၊ လူတွေလေ အိုက်တဲ့အခါမှာ ယပ်တောင်လေးနဲ့ ခတ်တဲ့အခါမှာ လေလေးက လူလာမထိဘူးလား၊ အဲဒါ လေလေးရယ် ခန္ဓာကိုယ်ရယ် ဒီနှစ်ခု ဆုံမိလိုက်တဲ့အခါ ထိမှန်းသိတယ်၊ ထိမှန်းသိတဲ့ စိတ်ကလေး ပေါ်လာတာပဲ၊ အဲလိုပေါ်လာတဲ့အခါမှာ ဒီလေလေးက ကောင်းလိုက်တာလို့ ဒီလိုမြင်ချင်လည်း မြင်မယ်၊ ပူလိုက်တာလို့လည်း မြင်ချင်လည်း မြင်မယ်၊ ဟော- အတွေ့အကြုံ ဆက်သွယ်မှု လာပြီးတော့ အတွေ့အကြုံ ရသွားတယ်၊ အတွေ့အကြုံ ရသွားတဲ့အခါ ကောင်းတာလေးဆိုရင် ထပ်ခံချင်တယ်။ မကောင်းတာဆိုလို့ရှိရင် မျက်နှာလွှဲချင်တယ်၊ ဟော- ထိတာလည်း ဒီအတိုင်းပဲ လာတာပဲ၊ ဒီအတိုင်းပဲ လာတယ်။

စာမျက်နှာ-၅၂
နောက် မျက်စိကမြင်တာလည်းမဟုတ်ဘူး၊ နားက ကြားတာလည်း မဟုတ်ဘူး၊ နှာခေါင်းက အနံ့ရတာ လည်း မဟုတ်ဘူး၊ ခန္ဓာကိုယ်က ထိတွေ့တာလည်း မဟုတ်ဘူး၊ လျှာက လျက်နေတာလည်း မဟုတ်ဘူး၊ စိတ်ကူးကြည့်တာ၊ စိတ်ကူးကြည့်ရုံနဲ့ တချို့က စိတ်ထဲမှာကျေနပ်ပြီး ပြုံးနေတဲ့ လူတွေလည်း ရှိတာပဲ၊ တစ်ယောက်ထဲ ပြုံးတယ်ဆိုတာ အဲဒါ ပြောတာနော်၊ စိတ်ထဲမှာ ကောင်းတာလေး တွေးမိလို့ရှိရင် ပြုံးတယ်၊ မကောင်းတာ တွေးမိလို့ရှိရင် မဲ့တယ်၊ တစ်ယောက်ထဲ ဖြစ်နေတာ လူတွေမှာ၊ ဟော- အဲဒါ ဘာတုန်းဆိုရင် စိတ်နဲ့ ဓမ္မဆိုတဲ့ သဘာဝတရားတွေ စိတ်ကူးတဲ့အရာတွေ စိတ်ထဲမှာ လာပေါ်လာတယ်၊ ဒါလည်းပဲ စိတ်ကူးတဲ့ အာရုံနဲ့စိတ်နဲ့ ဆုံလိုက်တဲ့အခါမှာ တွေးသိစိတ်ဆိုတာ မလာဘူးလား၊ အေး- တွေးသိစိတ်လာလို့ရှိရင် အာရုံနဲ့ ဆက်သွယ်မှု ဖဿဆိုတာလာတယ်၊ ဝေဒနာဆိုတာ လာတယ်၊ နောက်ပြီးတော့ တဏှာဆိုတာ လာတယ်လို့ဆိုတာ ဘယ်အာရုံကပဲဖြစ်ဖြစ် တဏှာက...

စာမျက်နှာ-၅၃
ဒွါရ ၆ ပါးလုံးက အကုန်လုံး ဝင်နေတာပဲ၊ ကြည့်- အားလုံးက ဝင်နေတာ။ ပေါင်းလိုက်တော့ ၆ × ၆ လီ ၃၆ ပဲ။ ဒီဟာတွေက ဘုန်းကြီးတို့သန္တာန်မှာရှိတဲ့ တရားတွေချည်းပဲ အကုန်လုံးနော်။ မျက်စိ နား နှာ လျှာ ကိုယ် စိတ် တစ်ခုတစ်ခုမှာ ၆ မျိုး ၆ မျိုး ၆ မျိုး။ မြတ်စွာဘုရားက အဲဒီတရားတွေကို ဘယ်လို ရှုရမလဲဆိုတာ ဝိပဿနာ ရှုကွက်အနေနဲ့ ဟောတဲ့အခါ သက္ကာယ သမုဒယ ဂါမိနိ ပဋိပဒါ နှင့် သက္ကာယ နိရောဓ ဂါမိနိ ပဋိပဒါ အကျင့်နှစ်မျိုး ဖြစ်သွားတယ်၊ ဒီ သဘာဝတရားတွေကို သိတဲ့ပုဂ္ဂိုလ်နဲ့ မသိတဲ့ပုဂ္ဂိုလ်။ သိတဲ့ပုဂ္ဂိုလ်နဲ့ မသိတဲ့ပုဂ္ဂိုလ် အမြင်ချင်း မတူကြဘူး။ ဒီသဘာဝတရားတွေကိုပဲ တချို့ပုဂ္ဂိုလ်က ဘယ်လို ထင်လဲလို့ဆိုရင် “ဧတံမမ” ဒါငါ့ဟာပဲ၊ ငါ့ဟာလို့ သတ်မှတ်တယ်၊ ငါ့မျက်လုံးလို့ သတ်မှတ်တယ်၊ ငါ့စိတ်လို့ သတ်မှတ်တယ်၊ ငါ့ရဲ့ feeling လို့ သတ်မှတ်တယ်။ ဟော- ကြည့် လူတွေမှာ သတ်မှတ်တာနော်၊ “ဧတံမမ” ငါဆိုတာလည်း ဒါပဲလို့ အထင်တစ်ခုရတယ်၊ “သော...

စာမျက်နှာ-၅၄
ဟမသ္မိ” ငါ့ရဲ့ထာဝရ၊ ငါ့အလိုကျ ဖြစ်တဲ့အရာပဲလို့ “ဧသော မေ အတ္တာ”၊ ဘယ်သူတွေက ဒီလိုမြင်တာလဲလို့ ဆိုလို့ရှိရင် “ဧတံမမ” လို့ မြင်တာဟာ ကိုယ့်သန္တာန်မှာဖြစ်တဲ့ တဏှာကမြင်တာ၊ “ဧသောဟမသ္မိံ” လို့ မြင်တာက မာနကမြင်တာ၊ ဧသော မေ အတ္တာလို့ မြင်တာက ဒိဋ္ဌိကမြင်တာ။ ပေါင်းလိုက်တဲ့အခါကျတော့ ဘုန်းကြီးတို့ရဲ့ စိတ်သန္တာန်မှာ တဏှာရှိတယ်၊ မာနရှိတယ်၊ ဒိဋ္ဌိရှိတယ်၊ ဒီသဘာဝတရားတွေက သဘာဝလို့ မမြင်ဘဲနဲ့ ငါ့ဟာလို့မြင်တယ်၊ ငါလို့မြင်တယ်၊ ငါ့ရဲ့ အတ္တလို့ မြင်တယ်ဆိုတော့ ဟော အမြင်တစ်ခုရှိတယ်၊ အဲဒါကို “သက္ကာယသမုဒယဂါမိနိ ပဋိပဒါ” လို့ ခေါ်တယ်။ အဲဒီလို မြင်နေသမျှတော့ ဝဋ်ဆင်းရဲထဲမှာ တဝဲလည်လည် ဖြစ်နေမှာပဲတဲ့၊ သက္ကာယဆိုတာ ဒီနေရာမှာ ဝဋ်ဆင်းရဲကို ပြောတာ၊ ဝဋ်ဆင်းရဲထဲ ဖြစ်နေမှာပဲ၊ ဘယ်တော့မှ ဒုက္ခက အဆုံးမသတ်ဘူး။ ဒီထဲမှာ လည်နေမယ်လို့ ဆိုလိုတာ။

စာမျက်နှာ-၅၅
အဲဒီကနေ ထွက်ချင်ပြီဆိုရင် ဘာလုပ်ရမလဲဆိုတော့ အမြင်ပြောင်းရလိမ့်မယ်၊ ခုန သဘောတရားတွေကို ရှင်းရှင်းကြီး မြင်တယ်၊ အဆင်းအာရုံနဲ့ မျက်စိလာဆုံတဲ့အခါမှာ မြင်သိစိတ်ဖြစ်တယ်၊ အဆင်းအာရုံဟာလည်း တခဏလေးပဲ၊ မျက်စိကလည်းပဲ တခဏလေးရယ်၊ နှစ်ခုဆုံလိုက်လို့ ပေါ်လာတဲ့ မြင်သိစိတ်ကလေးကလည်း တခဏလေးပဲ၊ ဘယ်အရာမှ မမြဲဘူး၊ ငါ့ဟာလို့ပြောစရာ မရှိဘူးလို့မြင်တာ၊ နေတံ မမ ငါ့ဟာမဟုတ်ဘူး၊ နေသော ဟမသ္မိံ ငါလည်းမဟုတ်ဘူး သဘာဝတရား သက်သက်သာ ဖြစ်တယ်၊ န မေသော အတ္တာ ငါလည်း အတ္တလည်း မဟုတ်ဘူး၊ ငါ့အလိုကျ ဘာတစ်ခုမှ ဖြစ်တဲ့အရာတွေမဟုတ်ဘူး၊ သက်သက် သဘာဝတရားတွေပဲ ဖြစ်တယ်လို့ ဒီလို ကိုယ်နဲ့မဆိုင်သလို တကယ်လည်း မဆိုင်ပါဘူးလေ၊ ကိုယ်နဲ့မဆိုင်တဲ့ အနေအထားမျိုးကို မြင်လိုက်တယ်၊ မြင်လိုက်လို့ရှိရင် “သက္ကာယ နိရောဓ ဂါမိနီ ပဋိပဒါ” လို့ ခေါ်တယ်၊ ဝဋ်ဆင်းရဲရဲ့ ချုပ်ငြိမ်းတဲ့ ကျင့်စဉ်တစ်ခုပဲ။ ဒီလိုမြင်မှ...

စာမျက်နှာ-၅၆
ဝဋ်ဆင်းရဲချုပ်ငြိမ်းတဲ့ ထွက်ပေါက်ကို ရှာတွေ့မှာ၊ နို့မို့ဆိုရင် ဒီထဲမှာပဲ တဝဲလည်လည်နဲ့ပဲ ဖြစ်မယ်။ ဒီထဲကနေ ထွက်နိုင်မှာ မဟုတ်ဘူးတဲ့။

ဘုန်းကြီးတို့တတွေမှာ အားလုံး ဒီတိုင်းပဲ သွားနေကြတာ၊ မျက်စိက မြင်တယ်၊ နားက ကြားတယ်၊ နှာခေါင်းက အနံ့ရတယ်၊ လျှာက အရသာ၊ ခန္ဓာကိုယ်က အထိအတွေ့၊ စိတ်ထဲက စိတ်ကူး၊ ဒါတွေနဲ့ပဲ သွားနေကြတာ အကုန်လုံး၊ ဘဝဆိုတာ ဒါချည်းပဲ။

ကဲ-အဲဒီလို သွားနေတဲ့အခါမှာ မြတ်စွာဘုရားက ဘယ်နေရာကို ဘာကို ပယ်ဖျက်ရမလဲ၊ မျက်လုံးကို ဖယ်ပစ်ရမှာလား၊ အဆင်းအာရုံကို ဖယ်ပစ်ရမှာလား၊ မြင်သိစိတ်ကို ဖယ်ပစ်ရမှာလား၊ မြင်သိစိတ်ကြောင့် သုံးမျိုးဆုံလို့ ဖြစ်လာတဲ့ ဖဿဆိုတဲ့ ဆက်သွယ်မှု တရားကို ဖယ်ပစ်ရမှာလား၊ သို့မဟုတ် ဝေဒနာကို ဖယ်ပစ်ရမှာလားလို့ သိရမယ့်ဟာနဲ့ ဖယ်ရမယ့်ဟာ နှစ်မျိုးရှိတယ်နော်။ သိရမယ့်ဟာနဲ့ ဖယ်ရမယ့်ဟာ၊ အဲဒါကို စာလို့ပြောလို့ရှိရင် “ပရိညေယျ” ပိုင်းခြားသိရုံ...

စာမျက်နှာ-၅၇
သိရမယ့်ဟာ တစ်ခု၊ “ဟာတဗ္ဗ” ဖယ်ရှားပစ်ရမယ့်ဟာက တစ်ခု၊ နှစ်ခုရှိတယ်။

အဲဒီထဲမယ် ကြည့်လိုက် ဘယ်လိုဖြစ်လာတုန်း၊ မျက်စိကနေ အဆင်းအာရုံလေးကို မြင်လိုက်တယ် မြင်လိုက်တာနဲ့ တပြိုင်နက် မြင်သိစိတ် ပေါ်လာတယ်၊ မြင်သိစိတ် ပေါ်လာတဲ့အခါ ဆက်သွယ်မှု အာရုံနဲ့စိတ်နဲ့ ဆက်သွယ်ပေးတဲ့ ဖဿဆိုတာ လာတယ်၊ အဲဒီ ဖဿကို အကြောင်းပြုပြီးတော့ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခ ဝေဒနာဆိုတဲ့ ခံစားချက် (၃)မျိုး တစ်မျိုးမျိုး ဝင်လာတယ်၊ အဲဒီ ခံစားချက် (၃)မျိုးကို လူတွေကဘာဖြစ်လဲ၊ ဝမ်းသာတဲ့ ခံစားချက်ဆိုလို့ရှိရင် ဘာဖြစ်လဲ သဘောကျတယ်၊ ကျေနပ်တယ်၊ တွယ်တာတယ်၊ နှစ်သက်တယ်၊ နောက်ထပ် ခံစားချင်တယ်၊ အဲဒါကိုပြောတာ၊ လူတွေဟာ တဏှာဖြစ်တယ်ဆိုတာ အာရုံပေါ်ဖြစ်တယ်လို့သာ ပြောကြတာ၊ တကယ်ကတော့ ခံစားမှုပေါ်မှာ ဖြစ်တာနော်၊ ခံစားမှုပေါ်ဖြစ်တာ၊ အဲဒီ ဝေဒနာဆိုတဲ့ ခံစားမှုပေါ်မှာ “သုခါယ ဝေဒနာယ...

စာမျက်နှာ-၅၈
ရာဂါနုသယော အနုသေတိ” တဲ့၊ တပ်မက်တဲ့စိတ်ဟာ အဲဒီမှာပေါ်လာတော့မယ်။

ဥပမာမယ် - စံပယ်ပန်း ကြိုက်တတ်တဲ့ လူတစ်ယောက် ပထမဆုံး သူစပြီး စံပယ်ပန်းကို တွေ့တယ်၊ အနံ့လေးလည်း ကြိုက်တယ်၊ အပွင့်လေးလည်း သဘောကျတယ်၊ နောက်တစ်ခါ စံပယ်ပန်းတွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ကြိုက်တဲ့စိတ် ပြန်မပေါ်လာဘူးလား၊ ပေါ်လာတယ်နော်၊ ဒူးရင်းသီး မကြိုက်တဲ့လူက ဆိုပါစို့ ဒူးရင်းသီးအနံ့ကို မခံနိုင်တဲ့ လူတစ်ယောက်က ပထမ ဒူးရင်းသီးအနံ့ကို သူစပြီးတော့ တွေ့လိုက်တယ်၊ မကြိုက်ဘူး၊ ဆန့်ကျင်ဘက်တွေ ဖြစ်သွားတယ်၊ နောက်တစ်ခါ ဒူးရင်းသီးမြင်တာနဲ့ ဒီအနံ့ သူနှာခေါင်းထဲမှာ ရပြီး မကြိုက်တော့ဘူး ဟုတ်ကဲ့လား၊ မုန်းတီးတဲ့စိတ် ပေါ်မလာဘူးလား၊ ဒါကြောင့်မို့လို့ ဒီခံစားမှုတွေပေါ်မှာ လာပြီးတော့ ရာဂဆိုတဲ့ သဘောဟာ ကိန်းသွားတယ်လို့ ပြောတာ။ အနုသယ ကိန်းတယ်ဆိုတာ အကြောင်း...

စာမျက်နှာ-၅၉
တိုက်ဆိုင်လာလို့ရှိရင် ပေါ်လာတဲ့ အနေအထား ဖြစ်နေတာကို ကိန်းတယ်လို့ ခေါ်တာ။

ဆိုပါစို့ gas မီးခြစ်ကလေးထဲမှာ gas လည်းရှိမယ်၊ ကျန်တဲ့ ဘီးလုံးလေးတွေနဲ့ အောက်ကအမာရှိမယ် ဆိုပါစို့၊ ပြည့်စုံနေတဲ့အချိန်မှာ တစ်စုံတစ်ယောက်က သူ့လက်ကလေးနဲ့ ဖိပြီးတော့ ခြစ်လိုက်မယ်ဆိုရင် မီးလေးထွက်မလာဘူးလား၊ အဲဒီလို အခြေအနေ ပြည့်ပြည့်စုံစုံ ဖြစ်တာ၊ နောက်ထပ် အကြောင်းတစ်ခု ပေါင်းလိုက်တာနဲ့ တစ်ပြိုင်နက် ဖြစ်ပေါ်လာနိုင်တာမျိုး အနုသယလို့ ခေါ်တာ၊ အနုသယဆိုတာ “ကာရဏလာဘေ အကြောင်းတစ်ခု ထပ်ရလိုက်မယ်ဆိုလို့ရှိရင်၊ ဥပ္ပဇ္ဇတိ ဖြစ်ပေါ်လာနိုင်တဲ့ ဖြစ်ပေါ်လာထိုက်တဲ့ အခြေအနေမျိုး” ကို ပြောတာတဲ့၊ လောဘဆိုတာ ဒီတိုင်းနေရင်တော့မဖြစ်ဘူးလေ၊ ခုန ဖြစ်စရာလေးနဲ့လာဆုံပြီဆိုရင် ဘွားကနဲ ထွက်လာတာ၊ တားလို့မရဘူး ဘယ်က ရောက်လာမှန်း မသိအောင်ဖြစ်တာ၊ ဒေါသဆိုတာလည်း အတူတူပဲ၊ ဥပမာမယ် လူတစ်ယောက်ကို မုန်း...

စာမျက်နှာ-၆၀
တယ်၊ မတည့်တဲ့ လူတစ်ယောက် သူ့အသံကြားလိုက်တာနဲ့ ဒေါသက ဖြစ်လာတယ်၊ .. အဲဒါဘာတုန်း အနုသယကိန်းနေတာ၊ ဒီအသံပေါ်မှာ ဒီလူအပေါ်မှာ ကိန်းနေတာ။

အဲဒါလိုပဲ ဝေဒနာနဲ့ပတ်သက်ပြီး သုခဝေဒနာမှာဆိုရင် ရာဂဖြစ်တယ်၊ ဒုက္ခဝေဒနာဆိုရင် လူတွေက ဆန့်ကျင်တယ်၊ ဆန့်ကျင်တော့ ဘာဖြစ်လဲ ပဋိဃာနုသယ တဲ့၊ ဒေါသဆိုတဲ့ အနေအထား ကိန်းနေတယ်၊ အဒုက္ခမသုခ မထင်ရှားတဲ့ ဥပေက္ခာဝေဒနာမျိုးကျတော့ ဘာကိန်းတုန်းဆိုတော့ မသိလိုက်ဘူး၊ မသိလိုက်တဲ့အခါကျတော့ အဝိဇ္ဇာအနုသယ ကိန်းတယ်လို့ ပြောတာနော်၊ ဖြစ်တာတောင် မသိလိုက်ဘူးလေ၊ လူတွေ သိနေတာက ချမ်းသာတာနဲ့ ဆင်းရဲတာ နှစ်ခုပဲသိတာ၊ ခံစားချက်ဟာ ဒီနှစ်မျိုးပဲ သိနေကြတာ၊ ချမ်းသာတယ် ဆင်းရဲတယ် ဒါပဲပြောတာ၊ ချမ်းသာမှု ဆင်းရဲမှုရဲ့ နှစ်ခုရဲ့ စပ်ကြားလေးမှာ ရှိတာကျတော့ မသိလိုက်ဘူး၊ မသိရင်ဘာဖြစ်လဲ၊ အဝိဇ္ဇာ အနုသယ...

စာမျက်နှာ-၆၁
ကိန်းတယ်လို့ ပြောတာ။ မသိတာက နောင်ကျတော့ အကျင့်ကြီးပါပြီး မသိဘူး မသိဘူး မသိဘူးပဲ လာတော့မှာ။

ဖြစ်ကြောင်းတရားကိုလည်းသိရမယ်၊ ချုပ်ကြောင်းတရားကိုလည်း သိရမယ်။ အဲဒီ ဥပေက္ခာဆိုတဲ့ ဝေဒနာရဲ့ သာယာစရာကိုလည်း သိရမယ်၊ အပြစ်အနာအဆာကိုလည်း သိရမယ်၊ ထွက်ပေါက်ကိုလည်း သိရမယ်လို့ အဲဒီ မသိသေးလို့ရှိရင် အဝိဇ္ဇာ အနုသယဟာ ကိန်းနေမှာပဲ၊ ဟော ခံစားချက်ဝေဒနာတွေနဲ့ ပတ်သက်ပြီးတော့ မျက်စိက မြင်ပြီးတော့ ခံစားချက်ဝေဒနာ ပေါ်မယ်၊ နားက အသံကြားပြီးတော့ ခံစားချက်ဝေဒနာ ပေါ်မယ်၊ နှာခေါင်းက အနံ့ရပြီးတော့ ခံစားချက်ဝေဒနာတွေ ပေါ်မယ်၊ လျှာက အရသာခံပြီးတော့ ခံစားချက်ဝေဒနာတွေ ပေါ်မယ်၊ ခန္ဓာကိုယ်က ထိတွေ့ပြီးတော့ ခံစားချက်ဝေဒနာတွေ ပေါ်မယ်လို့ အဲဒီလို ပေါ်လာတဲ့ အပေါ်တွေမှာကြည့်ရင် သုခဝေဒနာဆိုလို့ရှိရင် ရာဂဖြစ်တယ်၊ ဒုက္ခဝေဒနာဆိုရင် ဒေါသဖြစ်တယ်။

စာမျက်နှာ-၆၂
ဥပေက္ခာဝေဒနာဆိုရင် အဝိဇ္ဇာဖြစ်တယ်၊ ထပ်တလဲလဲ လာနေမှာပဲ၊ အမှန်မသိသေးသမျှ လာနေမှာပဲ။ အဲတော့ ဘယ်လိုလုပ်ရမလဲဆိုရင် သုခဝေဒနာမှာဖြစ်မယ့် ရာဂကို မဖြစ်အောင်တားရမယ်၊ မဖြစ်အောင်ဆိုတာ သဘာဝကိုသိရင် မဖြစ်တော့ဘူးလေ။ ဘာပြုလို့တုန်းဆို သုခဝေဒနာတွေ့တာနဲ့ သူ မကျေနပ်တော့ဘူး၊ ဘာပြုလို့လဲ၊ မမြဲတဲ့ သဘောတရားလို့ သူက သိနေတယ်၊ ဒုက္ခဝေဒနာတွေ့တဲ့အခါမှာလည်း သူက ဆင်းရဲတဲ့ သဘောတရားဆိုတာ သိသွားပြီ၊ အဒုက္ခမသုခဆိုတဲ့ ဥပေက္ခာဝေဒနာ လာလို့ရှိရင်လည်းပဲ သူ့ရဲ့ ဖြစ်ခြင်းအကြောင်းတရားကိုလည်း သိတယ်၊ ချုပ်တဲ့ အကြောင်းတရားတွေကိုလည်း သိလာတယ်ပေါ့၊ သိလာသည့်အတွက်ကြောင့် အဝိဇ္ဇာမလာတော့ဘူး၊ ရှင်းရှင်းလင်းလင်းကြီး ဒီသဘာဝတရားတွေဟာ ဘယ်လိုဖြစ်ပြီး ဘယ်လိုပျက်သွားကြတယ်၊ ဘာကြောင့် ဖြစ်တယ်၊ ဘာကြောင့် ချုပ်ငြိမ်းသွားတယ်ဆိုတာကို ရှင်းရှင်းကြီး မြင်သွားကြတယ်တဲ့၊ အဲလို ရှင်းရှင်းကြီး...

စာမျက်နှာ-၆၃
မြင်သွားပြီဆိုလို့ရှိရင် ဘာဖြစ်လဲ၊ အဝိဇ္ဇာဆိုတဲ့ အမှန်မသိတဲ့ မောဟဟာ ပျောက်ကင်းသွားပြီးတော့ တကယ့်ကို အမှန်သိကြတဲ့ ဝိဇ္ဇာဆိုတဲ့ အသိဉာဏ်အလင်းတစ်ခု ရလာပါတယ်တဲ့၊ သိမြင်မှုတစ်ခု ရလိုက်တယ်။

အဲဒီလို ရလိုက်တာနဲ့ တစ်ပြိုင်နက် ဘာဖြစ်နိုင်တုန်းဆို မျက်မှောက်ဘဝမှာပဲ ဒုက္ခကို အဆုံးသတ်နိုင်တယ်တဲ့၊ အဆုံးသတ်နိုင်သွားပြီ၊ ဘာပြုလို့တုန်းဆိုရင် ကြည့်လေ- ဒါတွေကို အကြောင်းပြုပြီးတော့ လောဘဖြစ်ဦးမလား၊ သဘာဝအမှန် သိနေပြီဆိုတာနဲ့ တစ်ပြိုင်နက် လောဘဆိုတာလည်း မလာတော့ဘူး၊ ဒေါသဆိုတာလည်း မလာတော့ဘူး၊ မောဟဆိုတာလည်း မလာတော့ဘူး၊ အမှန်သိနေသည့်အတွက်ကြောင့် အဲဒီ ကိလေသာဆိုတဲ့ ဒုက္ခကို ဖြစ်စေတတ်တဲ့ အကြောင်းတရားတွေ မလာလို့ရှိရင် သူတို့က ထုတ်လုပ်မယ့် အကျိုးတရား ဒုက္ခတွေရော လာဦးမလား၊ အေး- ဒါကြောင့်မို့လို့မျက်မှောက်ဘဝမှာပဲ “ဒုက္ခဿန္တကရော”...

စာမျက်နှာ-၆၄
တဲ့ ဒုက္ခရဲ့အဆုံးကို အဆုံးသတ်လိုက်နိုင်တယ်လို့ ပြောတာ။

မြတ်စွာဘုရားရဲ့ တရားဓမ္မတွေဟာ ဘာလုပ်ဖို့လဲဆိုရင် ဒုက္ခတွေကို အဆုံးသတ်ဖို့ပဲ၊ ဒုက္ခတွေချည်းပဲ၊ ဘာဖြစ်လို့ ဒုက္ခလို့ ပြောရတာတုန်းဆိုရင် မြဲမှမမြဲတာကိုး၊ မမြဲလို့ ပြောင်းလဲတတ်လို့ ဒုက္ခလို့ ပြောတာ၊ အဲဒီ ဒုက္ခဖြစ်တဲ့ အရာအားလုံးဟာ ကိုယ့်အလိုအတိုင်း မဖြစ်လို့ အနတ္တတွေချည်းပဲ။ ဟော အဲဒီလို ဝိပဿနာ အမြင်နဲ့ မြင်လိုက်လို့ရှိရင် လောဘကိုလည်း ဖယ်နိုင်တယ်၊ ဒေါသကိုလည်း ဖယ်နိုင်တယ်၊ မောဟကိုလည်း ဖယ်နိုင်လိုက်သည့်အတွက်ကြောင့် နောက်ထပ်ဒုက္ခတွေ ဖြစ်ပွားလာမှုဟာ ရပ်တန့်သွားတယ်ပေါ့။ ဘယ်လိုအကျိုးတရားတွေ ဖြစ်လာတုန်းဆိုလို့ရှိရင် ကြည့်-ဒီလိုမှန်မှန်ကန်ကန်သိလာပြီဆိုလိုက်တာနဲ့ တစ်ပြိုင်နက် မျက်စိနဲ့ပတ်သက်ပြီးတော့လည်းပဲ တရား ၆ မျိုးပေါ်မှာ သာယာစရာဆိုတာ ရှာမတွေ့တော့ဘူး၊ မျက်စိပေါ်မှာလည်း သာယာစရာ မရှိတော့ဘူး၊

စာမျက်နှာ-၆၅
သူ့ဟာသူ ဖြစ်ပြီးပျက်သွားတဲ့ အရာတစ်ခုပဲ၊ မြင်လိုက်တဲ့ အဆင်းအာရုံပေါ်မှာလည်း သာယာစရာ မတွေ့တော့ဘူး၊ မြင်သိစိတ်ပေါ်မှာလည်း သာယာစရာဆိုတာ မတွေ့တော့ဘူး၊ မြင်သိစိတ်ကို အမှီပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ ဖဿဆိုတဲ့ ဆက်သွယ်မှုပေါ်မှာလည်း သာယာစရာ မတွေ့ဘူး၊ ဖဿကြောင့် ဖြစ်လာတဲ့ သုခဒုက္ခဆိုတဲ့ ဝေဒနာပေါ်မှာလည်း သာယာမှုဆိုတာ ရှာမတွေ့ဘူး၊ တဏှာဆိုတဲ့ အပေါ်မှာလည်း သာယာမှုဆိုတာ ရှာမတွေ့တော့ဘူး။ အားလုံး ဒီသဘာဝတရားတွေပေါ်မှာ စိတ်ပျက်ငြီးငွေ့သွားတယ်၊ ဒါ ငါနဲ့မဆိုင်ဘူး၊ သာယာစရာဆိုတာ ရှာမတွေ့တော့ဘူး၊ နိဗ္ဗိန္ဒတိ ငြီးငွေ့တယ်။ အဲဒါဟာ ဝိပဿနာဉာဏ် ဖြစ်ပုံကို ပြောတာ။

ဝိပဿနာဉာဏ် ဖြစ်လာပြီဆိုရင် ဒါတွေပေါ်မှာ အကုန်လုံး တွယ်တာမှုတွေပြတ်၊ သာယာမှုတွေ ရှာမတွေ့တော့ဘူး၊ သာယာမှုတွေ ရှာမတွေ့တော့ ဘာဖြစ်လဲ “နိဗ္ဗိန္ဒ ဝိရဇ္ဇတိ” တဲ့၊ တဏှာဟာ မလာနိုင်...

စာမျက်နှာ-၆၆
တော့ဘူး၊ ကြိုက်နေလို့ တဏှာဖြစ်တာကိုး၊ မကြိုက်တော့ဘူးဆိုရင် လာပါဦးမလား၊ ပစ္စည်းလေးတစ်ခုဟာ ကိုယ်မကြိုက်တော့ဘူးဆိုရင် အဲဒီပေါ်မှာ တွယ်တာမှု ရှိသေးလား၊ မရှိဘူး၊ ကိုယ့်သန္တာန်မှာလည်းပဲ ဒီလိုပဲ၊ ကြိုက်စရာ ရှာမတွေ့တော့ဘူးဆိုရင် မကြိုက်တော့ဘူး၊ မကြိုက်ဘူးဆိုရင် တဏှာပြတ်သွားပြီ၊ အဆက်အသွယ် ပြတ်သွားပြီ သူနဲ့၊ သူ့အတွက် စိုးရိမ်စရာ လာဦးမလား၊ မလာဘူး၊ နိဗ္ဗိန္ဒ ဝိရဇ္ဇတိ တဲ့။

အဲဒီလို တွယ်တာမှု ကင်းသွားတာနဲ့ တပြိုင်နက် ဘာဖြစ်တုန်းဆိုရင် “ဝိရာဂါ ဝိမုစ္စတိ” တဲ့၊ တဏှာနဲ့ အာရုံကို ဆက်သွယ်မှု မရှိတော့သည့်အတွက်ကြောင့် တွယ်တာမှုကနေ လွတ်ထွက်သွားတယ်၊ ဟော အဲဒါကို freedom လို့ ခေါ်တာနော်၊ liberation လွတ်ထွက်သွားပြီ၊ တဏှာရဲ့ အရင်ကအုပ်စိုးထားတဲ့ အောက်ကနေ သူလွတ်သွားတယ်၊ မျက်စိထဲ မြင်တဲ့အပေါ်မှာ တွယ်တာနေတဲ့ တဏှာကနေ လွတ်ထွက်သွားတာ။ တရားထူး တရားမြတ်ရတယ်ဆိုတာ အဲဒီလို ကိုယ့်...

စာမျက်နှာ-၆၇
စိတ်ရဲ့ အနေအထားတွေဟာ ပြောင်းသွားတယ်တဲ့နော်။

နံပါတ် (၁) ဝိပဿနာဖြစ်ရင် သာယာစရာ ရှာမတွေ့တော့ဘူး၊ သာယာစရာ ရှာမတွေ့လို့ရှိရင် တွယ်တာမှု ပြတ်သွားတယ်။ တွယ်တာမှုပြတ်သွားရင် စိတ်ကလေးဟာ လွတ်လပ်သွားတယ်၊ ဘယ်ပေါ်မှ သွားပြီးတော့ မငြိတော့ဘူး၊ လွတ်လပ်သွားပြီ။ အဲဒီဟာက ပြောမယ်ဆိုလို့ရှိရင် ဒါက ဝိပဿနာရပြီးတော့ မဂ်စိတ်ဖိုလ်စိတ် ဖြစ်ပေါ်လာခြင်းပဲ၊ မဂ်စိတ်ဖိုလ်စိတ် ဖြစ်ပေါ်တယ်ဆိုတာ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ ဖြစ်ပေါ်တာဖြစ်တယ်။ ဒါကြောင့်မို့လို့ နောက်ဆုံးမှာ အရဟတ္တမဂ် အရဟတ္တဖိုလ်ဉာဏ်ရလို့ ကိလေသာတွေ အားလုံးကုန်၊ တွယ်တာမှုတွေ အားလုံး ငြိမ်းသွားပြီဆိုတဲ့အခါမှာ ဘာသိလာတုန်းဆို “ငါ့ရဲ့ဒီဘဝ၊ ဘဝဆိုတာ မွေးဖွားမှုဆိုတာ ကုန်သွားပြီနော်၊ ကုန်သွားပြီ၊ ကျင့်စရာတွေလည်း အားလုံးကျင့်ပြီးသွားပြီ၊ လုပ်စရာတွေလည်း အားလုံးလုပ်ပြီးသွားပြီ၊ ကျင့်စရာတွေလည်း...

စာမျက်နှာ-၆၈
အားလုံးကျင့်ပြီးသွားပြီ၊ လုပ်စရာတွေလည်း အားလုံး လုပ်ပြီးသွားပြီ၊ ထပ်လုပ်စရာ ဘာမှ မရှိတော့ဘူး” လို့ ထူးခြားတဲ့ အသိဉာဏ်တစ်ခုနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ မြင်လာတယ်။

အဲဒီလို မြတ်စွာဘုရားက “ဆဆက္ကသုတ်” မှာ ရဟန္တာဖြစ်သွားပြီး စဉ်းစားဉာဏ် ဖြစ်ပေါ်လာပုံကို ပြရင်း ဒီသုတ်ကို နိဂုံးချုပ်လိုက်ပါတယ်။ အဲဒီလို နိဂုံးချုပ်လိုက်တဲ့အခါမှာ ရဟန်းတော်တွေဟာ အင်မတန်မှ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးတော့ ဟောဒီသုတ္တန်ရဲ့ အဆုံးမှာတဲ့ ရဟန်း ၆ဝ ဟာ ကိလေသာ အာသဝေါတွေမှ စိတ်ဟာ လုံးဝလွတ်သွားကြတယ်၊ ဘုရားဟောနေတဲ့ အချိန်မှာ ဂရုတစိုက် နားထောင်တယ်၊ မျက်စိနဲ့ ပတ်သက်တာ ၆ မျိုး၊ နားနဲ့ ပတ်သက်တာ ၆ မျိုး၊ နှာခေါင်းနဲ့ ပတ်သက်တာ ၆ မျိုး၊ လျှာနဲ့ ပတ်သက်တာ ၆ မျိုး၊ ခန္ဓာကိုယ်နဲ့ ပတ်သက်တာ ၆ မျိုး၊ စိတ်နဲ့ ပတ်သက်တာ ၆ မျိုး၊ အားလုံး ၆x၆ လီ ၃၆၊ ဆဆက္ကသုတ်မှာလာတဲ့ တရားဓမ္မတွေ ဝိပဿနာဉာဏ်နဲ့...

စာမျက်နှာ-၆၉
ရှုဆင်ခြင်လိုက်တဲ့အခါမှာ မဂ်ဖိုလ်ကို ရရှိပြီးတော့ သွားကြတယ်။

တရားချစ်ခင်သူတော်စင် ပရိသတ်တို့၊ ဝိပဿနာ ကျင့်စဉ်ကို ဆဆက္ကကျင့်စဉ်အတိုင်း မိမိတို့ကိုယ်တွေ့ မျက်စိ နား နှာ လျှာ ကိုယ်မှာဖြစ်လာတဲ့ အနေအထားတွေကို အားလုံး ယခုအခါမှာ ဘုရားဟောတဲ့အတိုင်း သိရှိကြပြီးတော့ လက်တွေ့ဘဝမှာ မိမိတို့ အသိဉာဏ်တွေ့ရအောင် လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။

သာဓု... သာဓု... သာဓု
coi3d0z5kli6kiixj5thpt38ehj5c8s
ဆရာမြတ်ကို ဆည်းကပ်ရမည့်အခါ
0
6363
22098
2026-06-15T03:00:46Z
Tejinda
173
"{{header | title = ဆရာမြတ်ကို ဆည်းကပ်ရမည့်အခါ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဆဆက..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22098
wikitext
text/x-wiki
{{header
| title = ဆရာမြတ်ကို ဆည်းကပ်ရမည့်အခါ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဆဆက္က ဒေသနာနှင့် ဓမ္မဝိပဿနာ]]
| previous2 =
| next = [[ဇာတိမြေမှ သာသနာ]]
| next2 =
| year =
| notes =
| edition =
| categories = မြန်မာ တရားတော်များ
| shortcut =
| portal =

စာမျက်နှာ-၁

ဆရာမြတ်ကို ဆည်းကပ်ရမည့်အခါ
မှတ်တမ်း သာသနာတော်နှစ် ၂၅၅၆-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၄-ခုနှစ်၊ ပြာသိုလဆန်း (၆)ရက်၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်။ ရမည်းသင်းမြို့ ရန်အောင်မြင် သာသနာ့ဗိမာန်အတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ရန်အောင်မြင်မြတ်စွာဘုရား ဂေါပကအဖွဲ့နှင့် ဝေယျာဝစ္စအဖွဲ့မှ ပူဇော်ကျင်းပသည့် ဓမ္မပူဇာသဘင်၌ ဟောကြားအပ်သော “ဆရာမြတ်ကို ဆည်းကပ်ရမည့်အခါ” အကြောင်း တရား ဒေသနာတော်။

မြတ်စွာဘုရားဟောကြားထားတဲ့ အင်္ဂုတ္တရ နိကာယ် သမယသုတ္တန်ကို အနှစ်ချုပ်ပြီးတော့ “ဆရာမြတ်ထံ ဆည်းကပ်ရမည့်အခါ တရားတော်” ကို

စာမျက်နှာ-၂
မှတ်သား နာယူကြမယ်။ တရားနာတယ်ဆိုတာ အသိဉာဏ်ရဖို့နာကြတာ၊ အသိဉာဏ်ဟာ အင်မတန်မှ အရေးကြီးတယ်။ ဘဝခရီး လျှောက်လှမ်းတဲ့အခါမှာ အမှားအယွင်းမရှိ မှန်ကန်တဲ့လမ်းကို လျှောက်နိုင်ဖို့ အတွက် လူတိုင်းလူတိုင်း အသိဉာဏ်တွေရရှိဖို့ ကြိုးစား ကြရမယ်။ တရားနာခြင်းဖြင့် မှန်ကန်တဲ့ အသိဉာဏ်တွေကို ရနိုင်တယ်။

လောကလူသားတွေဟာ ကမ္ဘာဦးကာလကစပြီး တော့ ကိုးကွယ်ရာကို ရှာလာခဲ့ကြတာ အခုထိပဲ။ ကိုးကွယ်ရာရှာလို့မပြီးသေးဘူး။ အဲဒီလို ကိုးကွယ်ရာ ရှာခြင်းဟာ အမှန်မသိခြင်း ပညာအားနည်းခြင်းကြောင့် ဖြစ်တယ်။ အသိဉာဏ် လုံလုံလောက်လောက် မရှိရင် လူတွေဟာ ကြောက်ရွံ့ကြတယ်။ သဘာဝစွမ်းအားကြီးတွေကို ထိတ်လန့်ကြောက်ရွံ့ကြတယ်။ အဖြေမထုတ် နိုင်သည့်အတွက် တန်ခိုးရှင်ကြီးတွေကို စိတ်ထဲမှာ

စာမျက်နှာ-၃
ဖန်တီးပြီး ကိုးကွယ်နေကြတယ်။ ကနေ့ထိအောင် ဒီ ကိုးကွယ်မှုဆိုတာ မကင်းသေးဘူးပေါ့၊ နာမည် အမျိုးမျိုးနဲ့ ခေါ်နေကြတယ်။

ဗုဒ္ဓမြတ်စွာလက်ထက်တော်အခါကာလတုန်းက “ဣဿရ” လို့ခေါ်တဲ့ ကမ္ဘာကြီးကို ဖန်ဆင်းသူ၊ ကောင်းကင်ဘုံက တန်ခိုးကြီးဗြဟ္မာကို ရည်မှန်းပြီး ကိုးကွယ်တာ။ သို့သော် ကမ္ဘာကြီးကိုဖန်ဆင်းသူ ဗြဟ္မာနဲ့ ဘယ်သူတွေ့ဖူးလဲဆိုရင် ဘယ်သူမှ မတွေ့ဖူးဘူး။ တဆင့်စကားကြားပြီး လူတွေအကြောက်ပြေဖို့အတွက် ကိုးကွယ်နေကြတာ။ တကယ်တော့ မှန်ကန်မှုရှိလား ဆိုတော့ ဘယ်လိုမှ မှန်ကန်မှုမရှိဘူး။ မှန်ကန်မှုမရှိသည့် အတွက် တန်ခိုးရှင်က “မစနိုး မစနိုး”နဲ့ ကိုးကွယ်ရာ ကနေ နောက်ဆုံးမှာ ဆင်းရဲတွင်းနက်သွားကြတဲ့သူတွေ အများကြီးပဲ။ တကယ်တော့ လူတွေရဲ့ အသိဉာဏ် လောက် တန်ဖိုးရှိတာ ဘယ်ဟာမှမရှိဘူး။ လူတွေကို

စာမျက်နှာ-၄
ကောင်းကျိုးချမ်းသာ ပေးနိုင်တယ်ဆိုတာ အစွမ်းတန်ခိုး ရှိရုံနဲ့မပြီးဘူး။ အစွမ်းတန်ခိုးနဲ့ မစလို့လဲ လူတိုင်းလူတိုင်းကို ကောင်းကျိုးချမ်းသာပေးနိုင်တာ မဟုတ်ဘူး။

လက်တွေ့အားဖြင့် စဉ်းစားကြည့်ပေါ့၊ “ဣဿရ” လို့ဆိုတဲ့ ထာဝရဘုရားသခင် (သို့မဟုတ်) God ဆိုတဲ့ ကောင်းကင်ဘုံက တန်ခိုးရှင်ကြီးက လူတွေကိုဖန်ဆင်းတယ်။ ကမ္ဘာကြီးကိုဖန်ဆင်းတယ်လို့ ယုံကြည်ပြီးတော့ အဲ့ဒီ God ဆိုတဲ့ ဣဿရ ဗြဟ္မာကြီးကို လူတွေဟာ ကိုးကွယ်ဆည်းကပ်နေကြတယ်။ ဒီလိုလုပ်ရင်ဖြင့် သူက ကျေနပ်ကောင်းရဲ့လို့ ရည်ရွယ်ချက်နဲ့ လူတွေက ဒီလို ကိုးကွယ်နေကြတယ်။ သို့သော်လည်း လူတွေမှာ စဉ်းစားတတ်တဲ့ အသိဉာဏ်နည်းပါးလို့ မစဉ်းစားနိုင်ကြဘူး ပေါ့။ ထာဝရဘုရားသခင်က ဖန်ဆင်းတယ် ဆိုလို့ရှိရင် ချမ်းသာပြီး ရုပ်အဆင်းလှတဲ့သူတွေချည်း ဖန်ဆင်းသင့် တာပေါ့။ ဘာဖြစ်လို့ ဆင်းရဲပြီးဒုက္ခရောက်တဲ့ ပုဂ္ဂိုလ်

စာမျက်နှာ-၅
တွေကို ဖန်ဆင်းတာလဲ။ နောက်တစ်ခါ သူ့ကိုအကျိုးပြု မယ့် ပုဂ္ဂိုလ်တွေချည်း ဖန်ဆင်းသင့်တာပေါ့။ ဘာဖြစ်လို့ သူ့ကိုဆန့်ကျင်ဘက်လုပ်တဲ့သူတွေကို ဖန်ဆင်းတာလဲ။

အားလုံးဟာ ဘုရားသခင်ရဲ့ ဖန်ဆင်းမှုကို ခံရတဲ့ သူတွေချည်းဆိုရင် ရုပ်အဆင်း တူညီသင့်တာပေါ့၊ အဲ့လို မတူညီဘဲနှင့် ဆင်းရဲတဲ့သူက ဆင်းရဲ၊ ချမ်းသာတဲ့သူက ချမ်းသာ၊ ရုပ်ဆိုးတဲ့သူကဆိုး၊ ရုပ်လှတဲ့သူကလှ၊ ဒုက္ခ ရောက်တဲ့သူက ရောက်၊ အမျိုးမျိုးအဖုံဖုံ ဖြစ်နေကြတာ ဘုရားသခင် ဖန်ဆင်းလို့တော့ မဟုတ်ဘူး။ အကြောင်း တစ်ခု ရှိနိုင်သေးတယ်လို့ စဉ်းစားပြီး ကြည့်ရမယ်။ အခုလို ဆူကြုံနိမ့်မြင့် မတူညီမှုတွေနဲ့ ဘဝကို ရောက်ရှိ လာကြတာ ဘာကြောင့်လဲဆိုတာကိုအဖြေထုတ်ကြည့်။

မြတ်စွာဘုရား ပွင့်လာတဲ့အခါ မြတ်စွာဘုရားက သူကိုယ်တိုင် တရားဓမ္မကို ကျင့်ကြံကြိုးကုတ် အားထုတ် ပြီး ကမ္ဘာလောကကြီးကို သမာဓိစွမ်းအား၊ ပညာ

စာမျက်နှာ-၆
စွမ်းအားဖြင့် စုစည်းပြီးကြည့်တယ်။ ကမ္ဘာကြီးတစ်ခုလုံး စုစည်းပြီး ဒိဗ္ဗစက္ခုဉာဏ် အဘိဉာဏ်နဲ့ ကြည့်တာ။ အဲ့ဒီ ဒိဗ္ဗစက္ခု အဘိဉာဏ်နဲ့ လူတွေရဲ့ ဆူကြုံနိမ့်မြင့် ကွဲပြား ခြားနားမှုတွေရဲ့ နောက်ခံအကြောင်းကို ရှာတွေ့တယ်။ မကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်တွေ မကောင်းတာ ခံစားရ တာကိုတွေ့ရတယ်။ ကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်တွေ ကောင်းကျိုးချမ်းသာ ခံစားရတာကိုတွေ့ရတယ်။ ကိုယ်တိုင်တွေ့ရှိပြီး သိမြင်ပြီးတဲ့အခါမှာ မြတ်စွာဘုရားက ကံတရားကိုဟောတယ်။

အဲ့ဒါကြောင့် ဘုရားဆိုတာ အစွမ်းတန်ခိုးရှိရုံနဲ့ မရဘူး။ “ကရုဏာ”ဆိုတဲ့ အကြင်နာတရားလည်း ရှိရမယ်။ အကယ်၍ “ကရုဏာ”ဆိုတဲ့ “အကြင်နာတရား” မရှိလို့ရှိရင် ကိုယ်ဖန်ဆင်းထားတဲ့ သတ္တဝါတွေကို ဒဏ် ခတ်ပြီး အပြစ်ပေးတာမျိုး ဖြစ်လာမယ်။ “ကရုဏာ” ရှိမှ သတ္တဝါတွေအားလုံးကို ညီတူညီမျှ သနားကြင်နာမှု

စာမျက်နှာ-၇
ဆိုတာ ရှိမယ်။ “ကရုဏာ”ဆိုတဲ့ သဘောတရားက ဆင်းရဲဒုက္ခမှ လွတ်မြောက်စေချင်တဲ့သဘော၊ ဒုက္ခ ရောက်နေတဲ့ သတ္တဝါတွေ မရောက်စေချင်တဲ့ သဘောကို ခေါ်တယ်။ အကယ်၍ “ကရုဏာ” မရှိဘူးဆိုလို့ရှိရင် ဒဏ်ခတ်ခြင်း၊ အပြစ်ပေးခြင်းတွေ ရှိလာမယ်။

ဗုဒ္ဓဘာသာတွေ ကိုးကွယ်တဲ့ မြတ်စွာဘုရားက ဒဏ်ခတ်တာတို့၊ အပြစ်ပေးတာတို့ ဘယ်တော့မှ မရှိဘူး။ တချို့က “ဘုရားစူးတယ်” “ဘုရားက ရိုက်တယ်” လို့ သုံးကြတယ်။ အဲ့ဒါ ဒီဘုရားမဟုတ်ဘူး၊ မြတ်စွာ ဘုရားက ရိုက်တယ်ဆိုတာ မရှိဘူး။ အားလုံးအပေါ်မှာ အကြင်နာတရားပဲရှိတယ်။ အကြင်နာတရားနဲ့ မှန်ကန်တဲ့ လမ်းကြောင်းကိုပြတယ်။ “ဂေါတမဗုဒ္ဓ”ဆိုတာ လူသားစစ်စစ်ပဲ၊ ပညာရှိတဲ့ ပုဂ္ဂိုလ်သူမြတ်ဖြစ်လို့ ဘယ်

စာမျက်နှာ-၈
တော့မှ ဒုက္ခရောက်အောင်မလုပ်ဘူး။ ဒုက္ခရောက်နေတဲ့ သတ္တဝါတွေကို ဒုက္ခမရောက်စေချင်လို့ ဆုံးမသွန်သင်ပေးတာပဲ ရှိတယ်။ ဒဏ်ခတ်တဲ့ ဘုရားက ဒီဘုရားမဟုတ်ဘူး။ စူးတဲ့ဘုရားလည်း ဒီဘုရားမဟုတ်ဘူး။ မြတ်စွာဘုရားဆိုတာ အကြင်နာတရားကြီးမားသူ သာ ဖြစ်တယ်။

ဘာသာတရားကို ဟောပြောတဲ့ ဘုရားဟာ အကြင်နာတရားရှိရုံနဲ့ မလုံလောက်ဘူး။ ပညာလည်း ရှိဖို့ လိုအပ်တယ်။ ပညာရှိမှ “လုပ်သင့်တာနဲ့ မလုပ်သင့် တာ” ဒီနှစ်ခုကိုခွဲခြားပြီး ဟောပြောနိုင်တယ်။ “မလုပ် သင့်တာကို” “လုပ်သင့်တယ်လို့ ဟောမယ်၊ “လုပ်သင့် တာကျတော့” “မလုပ်သင့်ဘူးလို့” ဟောမယ်ဆိုရင် သူ့ အဆုံးအမအတိုင်း လိုက်နာသူမှန်သမျှ ဒုက္ခရောက်မှာ ပေါ့။ ရောဂါရှိနေတာ အမှန်မသိလို့ ရောဂါနဲ့ မတည့်တဲ့ အစာကျွေးတယ်။ ရောဂါနဲ့ မတည့်တဲ့ဆေးကို ပေးမယ် ဆိုရင် ဒုက္ခရောက်မှာပဲလေ။ အဲတော့ ပညာ လုံလုံ လောက်လောက်ရှိဖို့လိုတယ်။ မြတ်စွာဘုရားက ပညာ

စာမျက်နှာ-၉
နဲ့ကြည့်ပြီး သတ္တဝါတွေရဲ့ အကျိုးစီးပွား ရှိရာရှိကြောင်း၊ ဆုံးမဩဝါဒပေးတယ်။ အဲ့ဒီ ဆုံးမဩဝါဒအတိုင်း လိုက်နာကြရမှာလို့ဆိုတယ်။

အဲ့ဒါတွေကိုသိဖို့ တရားပွဲတွေ ကျင်းပပြီး တရား နာကြရတယ်။ သို့မဟုတ်လို့ရှိရင် ဘာသာတရားဆိုတာ အတူတူပါပဲလို့ ရောပြီးပြောတတ်ကြတယ်။ “ဘုရားဆိုတာ တစ်ဆူပဲ” လို့ ရောပြီးတော့ ပြောတတ်ကြတယ်။ မတူဘူးဆိုတာလည်း သိရမယ်။ အစစ်အမှန်ကိုလည်း သိရမယ်။ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိရမယ်။ အပြစ်ရှိတာနဲ့ အပြစ်မရှိတာ ခွဲခြားသိရမယ်။ အပြစ်ရှိနေတာကို အပြစ်မရှိဘူးဆိုပြီးတော့ပြောလို့ လိုက်လုပ်ရင် ဒုက္ခရောက်မှာပေါ့။ ဆိုပါစို့ မူးယစ်ဆေးဝါးသုံးတဲ့ ပုဂ္ဂိုလ်တွေပဲကြည့်သူငယ်ချင်း အပေါင်းအသင်းတွေကနေ “ဒီဆေး စမ်းကြည့် သိပ်ကောင်းတာ” “ဒါလေး သောက်ကြည့်”

စာမျက်နှာ-၁၀
“ယောက်ျားဆိုတာ ဒီလိုမှဆိုပြီး တိုက်တွန်းတော့ စမ်းလိုက်တဲ့အခါ ဒုက္ခရောက်သွားတယ်။ တိုက်တွန်း တုန်းက ဒါတွေမပါဘူးလေ၊ တိုက်တွန်းတုန်းက မကောင်းဘူးဆိုတာ မပြောဘူး။ အကောင်းတွေချည်း ပြောတာ။ ဖြစ်လာတဲ့အခါကျတော့ မကောင်းတာတွေကများတာ- ခံရပြီ။ ကျန်းမာရေးထိခိုက်တာက အစ လူမှုရေးထိခိုက်တာ စီးပွားရေးထိခိုက်တာ၊ မိသားစုကိစ္စ ထိခိုက်တာ စီးပွားရေး ထိခိုက်တာ၊ နောက်ဆုံးမှာ ကိုယ့်ဘဝအနေအထား ပျက်စီးတဲ့အထိ ရောက်ကြတယ်။

အကောင်းနဲ့ အဆိုး၊ အကြောင်းနဲ့အကျိုး လုံလုံ လောက်လောက် ခွဲခြားသိတဲ့ ပညာဦးစီးပြီး လုပ်သွားပြီ ဆိုရင် ဒါမျိုးမဖြစ်ဘူး။ ပညာမဲ့သည့် အတွက်ကြောင့် အကောင်းကိုအဆိုးထင်တယ်။ အဆိုးကို အကောင်း ထင်တယ်။ မှားမှားယွင်းယွင်း လုပ်ကြတယ်၊ တချို့

စာမျက်နှာ-၁၁
ဘာသာတွေ ကြည့်လေ- သတ္တဝါတွေကို သတ်ပြီးတော့ ဘုရားသခင် ကျေနပ်အောင်လုပ်ရင် ကောင်းကျိုး ချမ်းသာတွေရမယ်လို့ ဒီလို ဟောကြ ပြောကြတယ်။ စဉ်းစားကြည့်၊ သူများကိုသတ်ပြီး ကိုယ်ကောင်းကျိုး ချမ်းသာရဖို့ဆိုတာ တရားတဲ့အလုပ် ဟုတ်ရဲ့လား၊ ဒါပဲ စဉ်းစားကြည့်၊ ကိုယ့်ဆန္ဒနဲ့ ကိုက်ညီတဲ့အလုပ် ဟုတ်ရဲ့လား၊ အကယ်၍ သတ္တဝါသတ်ပြီး ပူဇော်တော့ ဘုရား သခင်က ကျေနပ်တယ် ဆိုလို့ရှိရင် “ကိုယ့်ကိုယ်ကို သတ်ပြီးပူဇော်ရင် ပိုမကောင်းဘူးလားလို့” မေးစရာ ရှိတယ်။

အဲ့တော့ သူများကိုသတ်ပြီးတော့ ယဇ်နတ် ပူဇော်ရင် ကောင်းကျိုးချမ်းသာရတယ်ဆိုတဲ့ ဟောပြောမှုတွေဟာ ဗုဒ္ဓမြတ်စွာလက်ထက်တုန်းက အကြီးအကျယ် ပေါ်ခဲ့တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”

စာမျက်နှာ-၁၂
ကို ငါးပါးသီလမှာ ထိပ်ဆုံးကထားပြီး ဟောတာ။ God ဆိုတဲ့ ဘုရားသခင်ကြီး ကျေနပ်အောင် သတ္တဝါတွေ သတ်ပြီး ယဇ်နတ်ပူဇော်တာ ကောင်းကျိုးချမ်းသာ မပေးဘူးလို့ မြတ်စွာဘုရားက အတိအကျဟောတယ်။

ကောင်းကျိုးချမ်းသာ ပေးတယ်လို့ ပြောတဲ့ဟောတဲ့ အဆုံးအမမျိုးကို ယုံကြည်လက်ခံပြီး ကိုယ်ကိုယ်တိုင်က သတ္တဝါတွေရဲ့ အသက်ကို သတ်မယ်ဆိုလို့ရှိရင် အကြိမ် ကြိမ် အဖန်ဖန် သံသရာမှာ အသတ်ခံရပြီး ဆင်းရဲဒုက္ခတွေနဲ့ ကြုံရမှာပဲ။

အဲ့တော့ အသိဉာဏ်လည်းရှိဖို့လိုတယ်၊ မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးပေးနိုင်တဲ့ ပုဂ္ဂိုလ်မျိုးမှ တကယ့် ဆရာသမားကောင်းလို့ ပြောလို့ရတယ်။ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်ယုံကြည်တဲ့ မြတ်စွာဘုရားက အကြင်နာ လည်းရှိတယ် ပညာလည်းရှိတယ်။ အသိပညာနဲ့ ကိုယ်တိုင်သိပြီး ဟောထားတာဖြစ်လို့ “ဒါ အပြစ်

စာမျက်နှာ-၁၃
ရှိတယ်ဆိုရင် တကယ်အပြစ်ရှိတယ်။ ဒါ အပြစ်ကင်းတယ် ကောင်းကျိုးချမ်းသာပေးနိုင်တယ်ဆိုရင် တကယ် အပြစ်ကင်းပြီး ကောင်းကျိုးချမ်းသာပေးတယ်”။

ဘုရားအဆုံးအမတိုင်း လိုက်နာကျင့်သုံးကြတဲ့ အတွက် ကောင်းကျိုးချမ်းသာတွေရရှိပြီး တစ်ဘဝထက် တစ်ဘဝ မြင့်သွားတယ်၊ ဒီဘဝမှာလည်း စိတ်ချမ်းသာမှုတွေနဲ့ ပြည့်စုံတယ်။ ဘဝဆက်တိုင်း စိတ်ချမ်းသာမှုတွေရပြီး နောက်ဆုံးမှာ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ သေခြင်းဆင်းရဲဆိုတာတွေက လွတ်မြောက်သွားနိုင်တယ်။

အဲ့တော့ ဘာသာတရားကို ဟောပြောတဲ့ ပုဂ္ဂိုလ် (သို့မဟုတ်) ဘာသာဝါဒတစ်ခုကို တည်ထောင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်သည် အကြင်နာတရားလည်း ရှိရမယ် ပညာလည်း ရှိရမယ်။ “အကြင်နာနဲ့ ပညာ” နှစ်ခု ပေါင်းစပ်လိုက်တဲ့အခါမှာ သတ္တဝါအားလုံးရဲ့ အကျိုးကို

စာမျက်နှာ-၁၄
တိတိကျကျ လမ်းညွှန်နိုင်တယ်။ “ပညာရှိမှ မှန်ကန်တဲ့ တရားကို ဟောနိုင်တာ။ အကြင်နာရှိမှ သတ္တဝါတွေရဲ့ အကျိုးကို ဆောင်ရွက်နိုင်တာ”။ ဒီနှစ်ခုမရှိဘဲနဲ့ တန်ခိုးရှင်မို့ ဖန်ဆင်းရုံ ဖန်ဆင်းတယ် ဆိုလို့ရှိရင်က ကောင်းကျိုးချမ်းသာ ရဖို့မရှိဘူး။ ကောင်းအောင်လည်း ဖန်ဆင်းနိုင်ဖို့ မရှိဘူးပေါ့။

ဒါးကြောင့်မို့ ဘာသာတရားနဲ့ ပတ်သက်လာတဲ့အခါ အသိဉာဏ်နဲ့ ဆင်ခြင်သုံးသပ် ဆုံးဖြတ်ကြရမှာ ဖြစ်တယ်။ ကိုယ့်ဟာကိုယ် ဆုံးဖြတ်တတ်ရမယ်။ ဆုံးဖြတ်တတ်အောင်လို့ မြတ်စွာဘုရားဟောတဲ့ တရား ဓမ္မတွေကို နာယူကြရတယ်။ စာအုပ်စာတမ်းတွေ ဖတ်ရှုကြရတယ်။ လက်တွေ့နဲ့ကိုက်ညီအောင် စဉ်းစား တတ်ကြရတယ်။ လောကလူသားတွေက လက်တွေ့နဲ့ မကိုက်ညီတာတွေကို ယုံကြည်နေကြတာ အများကြီးပဲ။ အဲ့ဒီလို အသိဉာဏ်ကင်းမဲ့တဲ့ ယုံကြည်မှုဟာ မကောင်း

စာမျက်နှာ-၁၅
တဲ့ဘက်ကို ဦးဆောင်သွားနိုင်တယ်။ ဒါကြောင့်မို့ အသိဉာဏ်ဆိုတာ ဆည်းပူး အားထုတ်ကြရမယ်။ အသိဉာဏ်မရှိရင် ဘယ်အရာပဲဖြစ်ဖြစ် မှားယွင်းနိုင်တယ်။

ဒါကြောင့်မို့ တရားကို ကြိုးစားနာရတယ်။ တရား စာအုပ်တွေ ဖတ်ရတယ်။ ကိုယ့်လက်တွေ့ဘဝနဲ့ ဆင်ခြင်သုံးသပ်ကြည့်ရတယ်။ ကိုယ့်ဟာကိုယ်ပဲ ဆင်ခြင်သုံးသပ်ကြည့်၊ ချစ်လှပါတယ်ဆိုတဲ့ ကိုယ့်ရဲ့ သားသမီးတွေကို ပညာတတ်ကြီးဖြစ်အောင် “မ” လို့ ရသလားဆိုရင် မရဘူး။ ဘာလုပ်ပေးနိုင်တုန်းဆိုရင် ကျောင်းကောင်းကောင်း ထားပေးတာတို့၊ ဆရာ ကောင်းကောင်းထံ အပ်ပေးတာတို့ ဒါတွေပဲ လုပ်လို့ ရမယ်လေ။ အတိုင်းအတာတစ်ခုပဲ၊ ဒါလက်တွေ့ပဲ၊ သူတို့ကိုယ်တိုင်က မကြိုးစားလို့ရှိရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ထို့အတူပဲ ဘာသာတရား ကိုးကွယ်တယ်

စာမျက်နှာ-၁၆
ဆိုတာလည်း အဆုံးအမရဖို့ ကိုးကွယ်တာ၊ ရပြီးတဲ့အခါ လက်တွေ့ကျင့်သုံးရမှာက ကိုယ့်တာဝန်၊ ကိုယ်ကိုယ် တိုင်က မကျင့်သုံးဘူး၊ လက်တွေ့မလုပ်ဘူး ဆိုလို့ရှိရင် ဘာဖြစ်လဲ၊ ဘာမှမဖြစ်ဘူး၊ မသောက်တဲ့ ဆေးဝါးဟာ ရောဂါကို မပျောက်စေနိုင်ဘူး။ ဆရာဝန်က ရောဂါ ပျောက်ဖို့ ဆေးပေးထားတယ်၊ ဆေးမသောက်ရင် ဘယ်ရောဂါ ပျောက်မလဲ၊ ဒီလိုဆိုလိုတာပေါ့နော်။

အေး ဒါကြောင့်မို့ မြတ်စွာဘုရားဟာ အကြင်နာနဲ့ ပညာ၊ တနည်းအားဖြင့် ပြောမယ်ဆိုရင်၊ “ကရုဏာ”နဲ့ “ပညာ” ဘက်စုံပြည့်စုံတယ်။ ပညာပါသည့်အတွက် ကြောင့် အမှားမရှိဘူး၊ “အကြင်နာ”ဆိုတဲ့ “ကရုဏာ” တရား ရှိသည့်အတွက်ကြောင့် ရက်ရက်စက်စက် ချောက်တွန်းတာမျိုး မရှိဘူး။ ဒီလိုပြောတာနော်။ ဒါကြောင့်မို့ ဒီတရားမျိုးကို ကိုယ်တိုင်သိအောင် ကြိုးစားပြီး သိသလောက် လက်တွေ့ကျင့်သုံးဖို့ လိုအပ်

စာမျက်နှာ-၁၇
တယ်။ သိပြီး ကျင့်သုံးတာကိုပဲ “ဓမ္မာနု ဓမ္မ ပဋိပတ္တိ” လို့ဆိုတာ။ ဆင်းရဲဒုက္ခက ကယ်တင်ပေးနိုင်တဲ့ မဂ် တရား၊ ဖိုလ်တရားကို “ဓမ္မ” လို့ ခေါ်တယ်။ “ဓမ္မံ သရဏံ ဂစ္ဆာမိ” ဓမ္မကို ကိုးကွယ်ပါတယ်။ သံသရာဝဋ်က လွတ်ချင်တာပဲဖြစ်ဖြစ်၊ အပါယ်ငရဲက လွတ်ချင်တာပဲ ဖြစ်ဖြစ် ဆင်းရဲဒုက္ခတွေကနေ ကိုယ့်ကို ဆွဲထုတ် ကယ်တင်တာဟာ ဘုရားမဟုတ်ဘူး၊ မြတ်စွာဘုရားရဲ့ အဆုံးအမတရားသာဖြစ်တယ်၊ တရားကကယ်တာ။

ကြည့်လေ- ရောဂါပျောက်အောင် ဆရာဝန်က ကုတာမဟုတ်ဘူး၊ ဆေးကကုတာ၊ ဆေးမပါဘဲနဲ့ ဆရာဝန် ဘာတတ်နိုင်မှာလဲ၊ ဆရာဝန်က ဆေးပဲ ပေး တာလေ၊ အဲဒီအတိုင်းပဲ “တရား”ဟာ ဆေးနဲ့အလား တူတယ်၊ ကိုယ်ကိုယ်တိုင် လိုက်နာကျင့်သုံးရမယ်။ အဲ့ဒီ “ဓမ္မကို ကိုးကွယ်ဆည်းကပ်ပါတယ်”ဆိုတာ “ဓမ္မ”ကို လိုက်နာကျင့်သုံးခြင်းပဲပေါ့။ သံသရာဝဋ်က ဆွဲထုတ်

စာမျက်နှာ-၁၈
နိုင်တဲ့ “ဓမ္မ” သည် “ဓမ္မံ သရဏံ ဂစ္ဆာမိ” မှာပါတဲ့ မဂ်တရား၊ ဖိုလ်တရားပဲ ဖြစ်တယ်။ နောက်ဆုံး အထွဋ် အထိပ်ဖြစ်တဲ့ နိဗ္ဗာန်တရား၊ သံသရာဝဋ်က မလွတ်သေးခင်လည်းပဲ မဂ်တရား၊ ဖိုလ်တရား ရထားတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်ပင်ပမ်းမှုကို သက်သာသွားနိုင်တယ်။ စိတ်ပူလောင်မှုတွေကို သက်သာစေတယ်။

လောကလူတွေကြည့်လေ၊ ပြီးတဲ့အခါ ပြုံးနေ ပေမယ့်လို့ စိတ်ပူပန်မှုတွေ အများကြီးရှိကြတယ်။ “သောက” လို့ခေါ်တယ်။ တစ်ခါမဟုတ်တစ်ခါ “ဘဝ” ရလာရင် အကြိမ်ကြိမ် စိတ်ပူရတာတွေရှိတယ်။ မငိုဘူးတဲ့သူ၊ စိတ်မပူဘူးတဲ့သူ တစ်ယောက်မှ ရှိမှာမဟုတ် ပါဘူးနော်။ စိတ်ပူရတယ်ဆိုတဲ့ “သောက” စိတ်ဆင်းရဲ ရတယ်ဆိုတဲ့ “ဒေါမနဿ” စိတ်ပူလို့ ငိုရတယ်ဆိုတဲ့ “ပရိဒေဝ” ကိုယ်ဆင်းရဲမှု ခံစားရတယ်ဆိုတဲ့ ဒုက္ခ။ အဲ့ဒီ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ လို့ဆိုတဲ့

စာမျက်နှာ-၁၉
အရာတွေကို ဘယ်အရာက ပယ်ဖျောက်နိုင်သလဲဆိုရင် “ဓမ္မကသာ ပယ်ဖျောက်နိုင်တယ်။ အဲ့ဒီ ပယ်ဖျောက်နိုင်တဲ့ ဓမ္မကို မြတ်စွာဘုရားက ပေးထားတယ်။ ဆေးပေး သလို ပေးတာနော်။ ဒါတွေဒါတွေလုပ်လို့ရှိရင် သောက တွေ ပျောက်နိုင်တယ်။ ပရိဒေဝတွေ လွန်မြောက်နိုင်တယ်။ “ဒုက္ခ”ဆိုတဲ့ ကိုယ်ဆင်းရဲမှု၊ “ဒေါမနဿ”ဆိုတဲ့ စိတ်ဆင်းရဲမှုတွေ လျှော့ချနိုင်တယ်၊ ဖယ်ရှားနိုင်တယ်။

မြတ်စွာဘုရား နည်းလမ်းပေးတဲ့အတိုင်း ကိုယ် ကိုယ်တိုင် ဒီဓမ္မကို ကျင့်သုံးရမယ်။ ကိုယ့်ရဲ့ ရင်ထဲ နှလုံးထဲမှာရောက်အောင် လုပ်ခြင်းဟာ ဓမ္မကို ကျင့်သုံး ခြင်းပဲ ဖြစ်တယ်။ ဓမ္မကို ရယူတယ်ဆိုတာ စိတ်ထဲ ရောက်အောင် ရယူခြင်းပဲဖြစ်တယ်။ အပူက ဘယ်ထဲ မှာ ရှိတာတုန်းဆို လူတွေကပြောတော့ ရင်ထဲမှာ ရှိတယ်လို့ပြောတယ်။ ရင်ထဲမှာရှိတယ်ဆိုတာ အဓိက စိတ်ထဲမှာ ဖြစ်တာလေ။ လူတွေ သောကဖြစ်တယ်

စာမျက်နှာ-၂၀
ဆိုတာ စိတ်ထဲမှာဖြစ်တာ။ အဲ့ဒီ စိတ်ထဲမှာဖြစ်တဲ့ “သောက”ကို ဖယ်ချင်လို့ရှိရင် စိတ်ထဲမှာ အေးချမ်းစေတတ်တဲ့တရားကို ပြောင်းလဲနှလုံးသွင်းပေးဖို့လိုတယ်။ လောကမှာ ရေကြောင့်ဖြစ်ပေါ်လာတဲ့ “ရွှံ့ညွန်” စတဲ့ အညစ်အကြေးတွေကို ဘာနဲ့ဆေးရသလဲဆိုရင် ရေနဲ့ဆေးရတယ်။ ရေနဲ့ပဲပြန်ဆေးရတယ်။ အဲဒါကြောင့် စိတ်ကြောင့်ဖြစ်လာတဲ့ ပူပန်မှုတွေကို “စိတ်နဲ့ပဲ ပြန်ကုစားရတယ်။ “ဗုဒ္ဓ”ရဲ့ နည်းစနစ်တွေဟာ အင်မတန်မှ မှန်ကန်ပြီးတော့ တိကျတယ်။ ဗုဒ္ဓရဲ့နည်းစနစ်မရကြတဲ့ လူတွေဟာ စိတ်ပူပန်မှုတွေကိုပျောက်အောင် ဘာတွေ လုပ်ပေးကြတုန်းဆိုရင်တဲ့ စိတ်ရဲ့ ပင်ပန်းမှု လျှော့ချတဲ့ နည်းတွေကို အသုံးချပြီး စိတ်ကိုပြောင်းပေးနေကြတယ်။ ဖြေသိမ့်ပေးကြတယ်၊ ဒါကို Psychotherapy လို့ ခေါ်ကြတာ။ စိတ်ကိုစိတ်နဲ့ ပြန်ကုစားကြတာ။ သူတို့ကုစားတယ်ဆိုတဲ့နည်းဟာ လုံလောက် အောင်မြင်

စာမျက်နှာ-၂၁
တဲ့နည်းတော့ မဟုတ်ဘူး၊ သက်သာရုံပဲရှိတယ် Psychiatrist စိတ္တဇဆရာဝန်က ဆေးကျွေးတယ်၊ စိတ်ကို ပြောင်းလဲပေးတယ်၊ စိတ်အားတွေ ရလာအောင် လုပ်ပေးတယ်။

တကယ်တော့ စိတ်ကို ကုစားနိုင်လို့ Psychiatrist လို့ ခေါ်ချင်ရင် “ဗုဒ္ဓ” ကိုပဲ ခေါ်ရမယ်။ ဗုဒ္ဓကမှ တကယ့်ကို Supreme Psychiatrist ပဲနော်။ စိတ်အထူးကု သမားတော်ကြီးပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ ကြည့်လေ ပဋာစာရီတို့လို သောကကြောင့် ရူးသွပ်သွားတဲ့ အမျိုးသမီးတစ်ယောက်ကို ဘယ်တော့မှ သောက မဖြစ်တဲ့ အခြေအနေမျိုးရောက်အောင် လုပ်ပေးနိုင်တယ်။ အရူးပျောက်ရုံတင်မကဘူး၊ သူ့သောကတွေကို ရင်ထဲက အပြီးအပိုင် ထုတ်ပစ်နိုင်တဲ့အဆင့် ရောက်သွားတယ်၊ ဘယ်အရာက ထုတ်ပစ်တာတုန်းဆိုရင် မြတ်စွာဘုရားရဲ့ တရားဓမ္မက ထုတ်ပစ်လိုက်တာ။

စာမျက်နှာ-၂၂
ဘုရားက လမ်းညွှန်မှုပေးတယ်။ ဒီနည်းလမ်းအတိုင်း ကျင့်၊ ဒီနည်းလမ်းအတိုင်းလုပ် လုပ်ရင် ရင်ထဲက သောကတွေအကုန်လုံး အေးသွားမယ်။ နောက်ထပ်လဲ ဒီလိုမျိုးသောကဆိုတာ မဖြစ်တော့ဘူး။

သန္တတိ အမတ်ကြီးတို့လို စိတ်သောကတွေ ဖိစီးပြီးတော့ ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေ စိတ်ငြိမ်းချမ်းမှုကို ပေးနိုင်တာ မြတ်စွာဘုရားရဲ့ တရားပဲဖြစ်တယ်။ အေး ဒါကြောင့် စိတ်သောက ရောက်နေကြတဲ့ ပုဂ္ဂိုလ်တိုင်း၊ စိတ်ရဲ့ အညစ်အကြေးနဲ့ မကင်းကြသေးတဲ့ပုဂ္ဂိုလ်တိုင်း မြတ်ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း နှလုံးသွင်းတရားနဲ့ မိမိတို့ရဲ့ သန္တာန်မှာဖြစ်တဲ့ စိတ်သောကတွေကို လျော့ချနိုင်တယ်။ လျော့ချနိုင်တဲ့ နည်းစနစ်တွေကို မြတ်စွာဘုရားက ဟောထားတယ်။ အဲ့ဒီ နည်းစနစ်တွေအတိုင်း လိုက်နာကျင့်သုံးခြင်းဟာ လက်တွေ့လုပ်ခြင်း ဖြစ်တယ်ပေါ့။ အဲ့တော့ မြတ်စွာဘုရားရဲ့ အဆုံးအမဟာ စိတ်ကို

စာမျက်နှာ-၂၃
ဗဟိုထားပြီးတော့ ဆုံးမတဲ့ အဆုံးအမ၊ ကိုယ့်စိတ်ကို လေ့လာသုံးသပ်ပြီး ဆုံးဖြတ်ရမယ်။ ကိုယ့်စိတ်ကိုပဲ အမြဲတမ်း check up လုပ်ရမယ်နော်။

နေ့စဉ် လူတွေဟာ ဘာတွေ check up လုပ်တုန်းဆိုရင် မှန်လေးကြည့်ပြီး ကိုယ့်မျက်နှာကို check up လုပ်တယ်။ စိတ်ကိုတော့ check up မလုပ်ကြဘူး။ ကိုယ့်စိတ်ထဲမှာ “လောဘ”တွေ ရှိနေသလား?။ မကြာမကြာ “လောဘ” ဖြစ်သလား? “ဒေါသ”တွေ ရှိသလား? မကြာမကြာ စိတ်ဆိုးတတ်သလား? စိတ်တိုတတ်သလား? စိတ်ကောက်တတ်သလား? ကိုယ့်စိတ်ကို check up မလုပ်ကြဘူးနော်။ မှန်လေးကြည့်ပြီး မျက်နှာတော့ check up လုပ်တယ်။ ဆံပင်ကို check up လုပ်တယ်၊ မျက်ခုံးမွှေး check up လုပ်တယ်နော်။ စိတ်ကလေးကို check up လုပ်လိုက်မယ်ဆိုရင် ဒီထက် ပိုကောင်းသွားမယ်။ ရုပ်အဆင်း လှပတယ်ဆိုတာ

စာမျက်နှာ-၂၄
စိတ်အပေါ်မှာ မူတည်တာပါ။ ရုပ်က ဘယ်လောက်လှလှ စိတ်ပုပ်နေတယ်ဆိုရင် ဘယ်လိုမှ ကြည်လင်တဲ့ ရုပ် ဖြစ်မလာပါဘူး။

စိတ်ဆိုးနေတဲ့မျက်နှာ ကိုယ့်ဟာကိုယ် မှန်ထဲမှာ ကြည့်၊ လန့်တောင် လန့်သွားလိမ့်ဦးမယ်။ အေး ဒါကြောင့်မို့ စိတ်ကြည်နေတဲ့ မျက်နှာနဲ့ စိတ်တိုနေတဲ့ မျက်နှာ ဓာတ်ပုံနှစ်ခု ယှဉ်ရိုက်ကြည့်ထား၊ ယှဉ်ရိုက်ကြည့်ရင် ကွဲပြားခြားနားမှုတွေ ပေါ်လာလိမ့်မယ်။ ဒါကြောင့်မို့ စိတ်ဟာ အင်မတန်မှ အဓိကကျတယ်လို့ ပြောတာနော်၊ မြတ်စွာဘုရားဟာ စိတ်ကို ဦးတည်ပြီးတော့ ဆုံးမတယ်။ လူတိုင်းလူတိုင်းမှာ “စိတ်ပူတယ်၊ စိတ်ညစ်တယ်၊ စိတ်သောကရောက်တယ်”ဆိုတာတွေမှာ ထွက်ပေါက်အဖြေတွေ ရှိတယ်တဲ့။ အဲ့ဒီအဖြေနဲ့ ဖြေရှင်းသွားလို့ရှိရင် စိတ်ပူမှုကို လျှော့ချနိုင်တယ်။ စိတ်သောကကို လျှော့ချနိုင်တယ်။ နောက်ဆုံးမှာ

စာမျက်နှာ-၂၅
ဖယ်ရှားပစ်နိုင်တဲ့ နည်းစနစ်ကို မြတ်စွာဘုရားက ဟောတယ်။

စိတ်ကို စိတ်နဲ့ပဲ ပြန်လည်ကုစားတာ၊ ရေကြောင့် ဖြစ်တဲ့ အညစ်အကြေးကို ရေနဲ့ဆေးရင် ပျောက်သလိုပဲ။ စိတ်ကို စိတ်နဲ့ပြန်ပြီးတော့ ကုစားတဲ့ နည်းစနစ်ဆိုတာ အပြင်က ဘာတစ်ခုမှ မပါဘူးနော်။ ဆေးသောက်စရာ မလိုဘူး၊ စိတ်ကိုစိတ်နဲ့ ပြန်ကုစားတာ။ အဲ့ဒါကို နာမည် တစ်မျိုးနဲ့ ပြောလို့ရှိရင် ကမ္မဋ္ဌာန်း အားထုတ်တယ်လို့ ပြောတယ်။ ကမ္မဋ္ဌာန်းထိုင်တယ်၊ အခုခေတ်ပြောတဲ့ တရားစခန်းဝင်တယ်ပေါ့၊ (၁၀)ရက်စခန်းတို့ (၇)ရက်စခန်းတို့ ရိပ်သာမှာဝင်တယ်။ တရားအားထုတ်တယ်၊ စိတ်ကိုစိတ်နဲ့ ကုစားတဲ့အလုပ် လုပ်တာပဲ။ အဲ့ဒီလို ကုစားတဲ့အခါမှာ သမာဓိစွမ်းအားနဲ့ ကုစားတာက တစ်မျိုး၊ စိတ်ကို အာရုံတစ်ခုထဲမှာ စုစည်းတာ၊ စုစည်း

စာမျက်နှာ-၂၆
ထားတဲ့ အချိန်မှာတော့ စိတ်က ငြိမ်ကျသွားလို့ရှိရင် အေးချမ်းမှာတော့ သေချာတယ်။

ဒါကြောင့်မို့ သမာဓိကောင်းနေလို့ရှိရင် တရားထိုင်တဲ့နေရာမှာ တစ်နာရီလည်း ကြာတယ်မထင်ဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် စိတ်ကို အာရုံတစ်ခုတည်းမှာ စုစည်းထားတဲ့အတွက်ကြောင့် ညောင်းတာ၊ ကိုက်ခဲတာတွေကို အကုန်ကျော်လွှားပြီး အေးချမ်းတဲ့အနေအထားတစ်ခုရတယ်။ “သမာဓိ" ဖြုတ်လိုက်ရင်တော့ ဒါတွေမရှိပြန်ဘူး။

သမာဓိစွမ်းအားကို အခြေခံပြီး တဆင့်လုပ်ရမယ့် အရာက ဘာတုန်းဆိုတော့ contemplation လို့ခေါ်တယ်။ ရုပ် နာမ် ဓမ္မသဘာဝတရားတွေကို ဆင်ခြင်သုံးသပ်ရမယ်။ အမှန်အကန်သိအောင် check up လုပ်ရမယ်နော်။ မဟာသတိပဋ္ဌာနသုတ်မှာ မြတ်စွာဘုရား ဟောထားတဲ့ “စိတ္တာနုပဿနာ”ဆိုတာ စိတ်ကို

စာမျက်နှာ-၂၇
check up လုပ်တာပဲ။ အဲ့သလိုလုပ်မှလည်း အဖြေထုတ်လို့ရတယ်လေ၊ အဖြေထုတ်နိုင်မှ ဖြေရှင်းချက် ဖြေဆေးဆိုတာ ရှိမယ်။

ပြဿနာတစ်ခုကို မစူးစမ်းလို့ရှိရင် အဖြေထုတ်နိုင်မှာ မဟုတ်ဘူး၊ အဖြေမထုတ်နိုင်ရင် ဒီပြဿနာဟာ တန်းလန်းပဲနေမှာပေါ့။ အေး ဒါကြောင့်မို့ ဘယ်အရာပဲဖြစ်ဖြစ် အချက် (၃)ချက်နဲ့ ရှုမြင်သုံးသပ်ဖို့ လိုအပ်တယ်။ (၁) ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့အရာတွေဟာ ကျေနပ်စရာကောင်းတာတွေရှိတယ်။ အဿာဒ လို့ခေါ်တယ်။ ကျေနပ်စရာကောင်းတာက အဿာဒ။ (၂) အပြစ်အနာအဆာတွေရှိတယ်။ အာဒီနဝ။ (၃) ထွက်ပေါက်ရှိတယ်။ နိဿရဏ။ ဒီသုံးချက်ကို နားလည်ဖို့လိုတယ်။ ကဲ ကိုယ့်ရဲ့ ရုပ်ခန္ဓာကြီးဆိုပါစို့၊ မျက်လုံးကိုပဲ ကြည့်ရအောင်၊ မျက်လုံးရဲ့ ကျေနပ်စရာကဘာလဲ? မျက်လုံး

စာမျက်နှာ-၂၈
နဲ့ပတ်သက်ပြီးတော့ အပြစ်အနာအဆာက ဘာလဲ? အဲ့ဒီ မျက်လုံးမှ ထွက်မြောက်မှုက ဘာလဲ?။

(၁) မျက်လုံးနဲ့ ပတ်သက်ပြီး ကျေနပ်စရာက ဘာတုန်းဆိုရင် မျက်လုံးရှိလို့ မြင်စရာတွေ မြင်ရတယ်။ ပညာသင်လို့ရတယ်။ စာအုပ်စာတမ်းတွေ ဖတ်လို့ရတယ် ဘုရားဖူးလို့ရတယ်၊ စိတ်ပျော်စရာကောင်းတဲ့ အာရုံလေးတွေ ကြည့်ရတယ်၊ မြင်ရတယ်။ ဟော မျက်လုံးရဲ့ အသုံးက ကျေနပ်စရာ မကောင်းဘူးလား၊ ကောင်းတယ်နော်။ မျက်စိကောင်းနေတဲ့ ပုဂ္ဂိုလ်တွေဟာ ကမ္ဘာလောကကြီးရဲ့ အလှအပတွေ ခံစားနိုင်တယ်။ အကုန်လုံး ကြည့်နိုင်တယ်။ မျက်စိနဲ့ ပညာတွေ ရှာနိုင်တယ်။ စာအုပ်စာတမ်းတွေ ဖတ်နိုင်တယ်။ စေတီပုထိုး ဖူးမြင်နိုင်တယ်။ ဒါ မျက်လုံးရဲ့ အကျိုးကျေးဇူးတွေ၊ ကျေနပ်စရာလေးတွေ။

စာမျက်နှာ-၂၉
(၂) ဒါဖြင့် မျက်လုံးရဲ့ အပြစ်အနာအဆာ မကျေနပ်စရာက ဘာတုန်းဆိုရင် တဖြည်းဖြည်းမှုန်လာတတ်တာက မကျေနပ်စရာပဲ။ တခါတခါ မျက်စိကြီး နီရဲနေအောင် ကျိန်းတတ်တာက မကျေနပ်စရာပဲနော်၊ မျက်မှန်တပ်ရတာလည်း မကျေနပ်စရာပဲ။ မှုန်လာတော့ မျက်မှန်တပ်ရတယ်၊ နောက်ဆုံး တိမ်ဖုံးသွားတာလည်း မကျေနပ်စရာပဲ၊ အခု တိမ်က (၂)မျိုးတောင် ဖြစ်လာပြီ၊ အတွင်းတိမ်၊ ရေတိမ်တဲ့။ အဲဒီလို မျက်စိရဲ့ အပြစ်အနာအဆာ၊ မတည်မြဲတဲ့သဘော၊ ပြောင်းလဲဖောက်ပြန်တတ်တဲ့သဘော၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်တဲ့သဘောတွေက မျက်စိမှာ ကျေနပ်စရာမကောင်းဘူး၊ မျက်စိရဲ့ အပြစ်တွေပဲ။

ပစ္စည်းလေးတစ်ခုတွေ့တဲ့အခါ ကျေနပ်စရာ၊ မကျေနပ်စရာ (၂)ခုရှိတာပဲ။ ဘယ်အရာပဲဖြစ်ဖြစ်။ ကားတစ်စီးဝယ်လည်း ဒီအတိုင်းပဲပေါ့။ ကျေနပ်စရာ

စာမျက်နှာ-၃၀
ကောင်းတယ်၊ ဒီကားက ကျေနပ်စရာ မကောင်းဘူး၊ ခဏခဏပျက်တယ်နော်။ ဒီလိုဟာမျိုးပေါ့။

(၃) မျက်စိက ထွက်ပေါက်ဆိုတာတော့ ဘာလဲ? မျက်လုံးပေါ်မှာ တွယ်တာနေတဲ့ တွယ်တာနေမှု အဲ့ဒီ တွယ်တာမှု တဏှာကို မဖယ်နိုင်သေးသမျှ ဒီပြဿနာကို မရှင်းနိုင်ဘူး။ ဒါကြောင့်မို့ မျက်စိပေါ်မှာ တွယ်တာခြင်းဆိုတဲ့ တဏှာကို ဖယ်ရှားခြင်းသာ ထွက်ပေါက်ပဲ။

ဘယ်အရာပဲဖြစ်ဖြစ် ဒီအတိုင်းဆွဲကြည့်။ မြတ်စွာဘုရား ဟောတဲ့အခါမှာ အဿာဒဆိုတဲ့ စကားလုံးနဲ့ ဟောတယ်။ “ကျေနပ်စရာ” - အာဒီနဝဆိုတာနဲ့ ပတ်သတ်ပြီး ဟောတယ်၊ “အပြစ်အနာအဆာ” - နိဿရဏဆိုတဲ့စကားလုံးနဲ့ဟောတယ်။ “ထွက်ပေါက်”။ ဘယ်အရာပဲဖြစ်ဖြစ် ဒီလိုရှိနေတာကို မြင်တတ်ရတယ်။ အဲဒီလို မြင်တတ်လာတဲ့အခါ ဘယ်ကိစ္စပဲဖြစ်ဖြစ် “ထွက်ပေါက်”ဆိုတာ ရှိလာတယ်။ အဲ့ဒီ ရှိလာတဲ့

စာမျက်နှာ-၃၁
“ထွက်ပေါက်ကလေး”တွေကနေ ထွက်ဖို့လိုတာပဲ။ မထွက်ဘဲနဲ့ ဒီထဲနေရင် ဒီပြဿနာနဲ့ လုံးလည်ခတ်နေမှာပဲနော်၊ အဖြေမရှာနိုင်ဘူးတဲ့။

မြတ်စွာဘုရား တရားတော်ဟာ အကြင်နာနဲ့ ပညာပေါင်းစပ်ပြီး ဟောတဲ့တရားဖြစ်လို့ အင်မတန်မှ ယုံကြည်စိတ်ချရတဲ့ တရား။ ဘုရားကိုယ်တိုင်ကိုက “သွာက္ခာတော ဓမ္မာ” ငါဟောတဲ့တရားဟာ အလွဲအမှား မရှိဘူး။ မှန်တဲ့အတိုင်းဟောတာ။ “သန္ဒိဋ္ဌိကော” ကိုယ်တိုင် လက်တွေ့လုပ်လို့ရတယ်၊ လောကမှာ ကိုယ်တိုင်လည်း တစ်ခါမှတွေ့တာမဟုတ်ဘဲနဲ့ လက်ခံနေကြရတာ။

တရားဆိုတာ ကိုယ့်ရဲ့ ရင်ထဲနှလုံးထဲ ရောက်လာတာနဲ့ ကိုယ်တိုင်ခံစားရတာ၊ ကိုယ်တိုင်သိတာ၊ “ဟုတ်တယ် မဟုတ်ဘူး” ကိုယ့်ဟာကိုယ်သိတာ၊ သောကဖြစ်ရင် တရားနှလုံးသွင်းလိုက်တာနဲ့ အဲ့ဒီ

စာမျက်နှာ-၃၂
သောက ပျောက်မပျောက် ကိုယ့်ဟာကိုယ်သိတယ်။ ပျောက်တဲ့ နည်းစနစ်အတိုင်း ဆင်ခြင်သုံးသပ်ကြည့်ရင် နောက်ဆုံးမှာ လုံးဝပျောက်သွားတဲ့ အဆင့်အထိ ရောက်သွားတယ်။ ဒီလိုပြောတာ။ “သန္ဒိဋ္ဌိကော” ကိုယ်တိုင်မြင်နိုင်တယ်။ ဘယ်လောက် ကျေနပ်စရာကောင်းလဲ။ ကိုယ်တိုင်မြင်ဖို့ ဘယ်လောက်ထိ စောင့်ရမလဲဆိုရင် “အကာလိကော” စောင့်စရာမလိုဘူး၊ အခုလုပ် အခုသိတယ်။ ဟုတ်တယ်။ တရားဓမ္မကြားနာရင် အခုကြား အခုသိ။ အခုသင် အခုတတ်သွားတာ၊ “သိသွားတယ်”ဆိုတာ “မသိတာနဲ့” ကပ်နေတာပဲလေ။ “ဧဟိပဿိကော” ကိုယ်သိသွားသလို သူများသိအောင် ပြောပြလို့လည်းရတယ်။ “လာပါ၊ လုပ်ကြည့်စမ်းပါ”လို့ ပြောလို့ရတဲ့တရား။ “သြပနေယိကော”တဲ့၊ အချိန်မရွေး ကိုယ့်ရင်ထဲနှလုံးထဲရောက်သွားတာနဲ့ ရင်ကိုအေးစေ

စာမျက်နှာ-၃၃
တတ်တဲ့တရား၊ သောက ကင်းဝေးစေတတ်တဲ့တရား၊ ဒီလို ပြောတာနော်။

“ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” အဆင့်မြင့်တရားမျိုးဖြစ်တဲ့ “နိဗ္ဗာန် မဂ် ဖိုလ်”တို့ကျတော့ တကယ်ပညာရှိမှသိတာ။ အဲဒီတော့ ပညာကို တိုးတက်အောင် လုပ်ဦး၊ လူတိုင်းလူတိုင်းဟာ အသိပညာ အဆင့်မီတာမှ မဟုတ်တာလေ။

ကဲ-ကြည့်လေ၊ ရမည်းသင်းမြို့သူ မြို့သားတွေအားလုံး တက္ကသိုလ်ကို ရောက်ကြရဲ့လား၊ မရောက်ဘူးလေနော်။ လူတိုင်းလူတိုင်း ဆရာဝန်ပညာရော တတ်ရဲ့လား၊ မတတ်ဘူးလေ။ တချို့က မူလတန်းနဲ့ ပြီးတယ်၊ တချို့က အလယ်တန်းနဲ့ ပြီးတယ်၊ တချို့က အထက်တန်းရောက်တယ်။ ဟော-တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးလေ၊ အဲ့ဒါလိုပဲ မြတ်စွာဘုရား တရားတော်က အဆင့်ဆင့်ရှိတယ်။ အဆင့်မြင့်တဲ့

စာမျက်နှာ-၃၄
တရားကျတော့ “ပစ္စတ္တံ ဝေဒိတဗ္ဗာ” အသီးသီး ကိုယ်တိုင် လက်တွေ့သိနိုင်တယ်။ ဘယ်သူတွေမှ သိနိုင်တာတုန်းဆို “ဝိညူဟိ”တဲ့၊ ဉာဏ်ထက်မြက်သူမှ သိတာ၊ အဆင့်မီမှရတယ်လို့ပြောတာ။ ဒါက သိပ်သဘာဝကျတာနော်။

အဲ့တော့ ကိုယ်လုပ်ရမှာ ဘာတုန်းဆိုရင် ပညာရအောင် ရှာရမှာပေါ့။ အမှတ်တမဲ့ မနေရဘူး၊ လူတွေမှာ တခါတခါ မှားယွင်းနေတဲ့ အတွေးအခေါ်တွေ ရှိတယ်။ “အသက်ကြီးပြီ၊ ဘာမှလုပ်စရာမလိုတော့ဘူး။ အခုမှ ပညာသင်နေလို့မဖြစ်ဘူး” တို့ ဒီလိုထင်ကြတယ်နော်။ မဟုတ်ဘူး၊ ပညာဆိုတာ အချိန်မရွေး သင်သင့်တယ်ပေါ့။ အချိန်မရွေးလုပ်ရမယ်။ ဘာပညာပဲဖြစ်ဖြစ်၊ အကျိုးရှိတဲ့ ပညာရပ်များဟာ ဘယ်အချိန်ပဲသိသိ တန်ဖိုးရှိတယ်။ တရားအားထုတ်တာ ဘယ်အချိန်ပဲထုတ်ထုတ်၊ အခုထုတ် အခုရ။ ပညာသင်တာ

စာမျက်နှာ-၃၅
လည်း နောက်ကျတယ်ဆိုတာ မရှိဘူး။ ဘဝနေနည်းနဲ့ပတ်သက်တဲ့ ပညာမျိုး၊ ပညာလို့ဆိုတာ စားဝတ်နေရေး ပညာလည်း ပညာပဲ၊ သို့သော် “တကယ့်ပညာဆိုတာ သဘာဝရဲ့ အစစ်အမှန်ကိုသိတဲ့ ပညာမျိုး”ကို ဆိုလိုတာနော်။ အဲ့ဒီပညာမျိုးဟာ အခုသိ အခုအကျိုးရှိတာမျိုးဖြစ်လို့ လူတိုင်းလူတိုင်းဟာ လေ့လာဆည်းပူး အားထုတ်သင့်တဲ့ပညာမျိုး ဖြစ်တယ်။

အဲ့တော့ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ အခုလို ကြိုးပမ်းအားထုတ်ကြရတယ်။ ပညာကို အဓိကထားပြီးတော့ မြတ်စွာဘုရားက ဟောတာ။ အင်မတန်မှ ကျေနပ်စရာကောင်းတယ်။ “ငါ့ကို ယုံကြည်ကြလို့ဆိုတာထက် အမှန်သိအောင် ကြိုးစားကြ”ဆိုတာမှ အဓိကကျတယ်နော်။ ယုံခိုင်းတာ မဟုတ်ဘူး။ အမှန်သိအောင် လုပ်ခိုင်းတာ။ ဒါကြောင့်မို့ မဂ္ဂင်(၈)ပါး ပဲကြည့်၊ သမ္မာဒိဋ္ဌိ (အမှန်အကန်မြင်ရမယ်) အမှန်

စာမျက်နှာ-၃၆
အကန်မြင်တယ်ဆိုတာ ကိုယ့်ရဲ့ဘဝ၊ ကိုယ့်ရဲ့ အခြေအနေကစ မှန်မှန်ကန်ကန်မြင်ဖို့လိုတယ်။ မှန်မှန်ကန်ကန် မမြင်ဘူးဆိုလို့ရှိရင် ဘယ်လိုပြဿနာ ဖြေရှင်းမလဲ၊ ဖြေရှင်းလို့မရဘူးလေ။ ဘဝလမ်းကြောင်းကို လျှောက်လှမ်းတဲ့အခါမှာ အမှန်မမြင်ဘူးဆိုရင် ဘယ်ရမလဲ။

ဒါကြောင့်မို့ အမှန်မြင်ဖို့ အရေးကြီးလို့ မဂ္ဂင်(၈)ပါးထဲမှာ “သမ္မာဒိဋ္ဌိ”ကို ဦးဆောင်အနေနဲ့ထားတာ။ အမှန်မြင်မှ အမှန်တွေးနိုင်တယ်၊ မှန်တဲ့စကားပြောနိုင်တယ်နော်။ တွေးပြီးမှ စကားပြောတာလေ၊ ဒါကြောင့်မို့ “သမ္မာသင်္ကပ္ပ”၊ ပြီးတော့ “သမ္မာဝါစာ” လို့ ဟောတာ။

ပြောပြီးရင်လုပ်တယ်။ ဒါကြောင့်မို့ “သမ္မာကမ္မန္တ” အပြောမှန်မှ အလုပ်မှန်မယ်။ ကဲ-အပြောရော အလုပ်ရော မှန်ပြီဆိုတော့မှ အသက်မွေးမှု မှန်နိုင်မယ်။ “သမ္မာအာဇီဝ” ဒီလိုဟောတာ။

စာမျက်နှာ-၃၇
ဒါဖြင့် အသက်မွေးမှုရှိတဲ့ပုဂ္ဂိုလ်က ပျင်းနေလို့ရှိရင် မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်ပါ့မလား၊ မရောက်ဘူးတဲ့။ ဒါကြောင့်မို့ “သမ္မာဝါယာမ”တဲ့။ အေးအလုပ်လုပ်ပြီဆိုရင် သတိနဲ့လုပ်ရတယ်။ “သမ္မာသတိ”။ စိတ်တည်ငြိမ်ဖို့ အရေးကြီးတယ်၊ “သမ္မာသမာဓိ”။ သမာဓိရှိရင် ဘာဖြစ်လဲဆိုရင် Right Understanding ဆိုတဲ့ သမ္မာဒိဋ္ဌိဆိုတာ ဖြစ်လာမယ်။

မြတ်စွာဘုရား တရားတော်တွေဟာ ရင်ထဲနှလုံးထဲမှာ ရှိတာတွေချည်းပဲ။ သမ္မာဒိဋ္ဌိဆိုတာ အမှန်မြင်တာကို ခေါ်တာ။ အမှန်မြင်တယ်ဆိုတာ ဘယ်လိုတုန်း၊ လောဘကို လောဘလို့မြင်တယ်။ “ကုသိုလ်”ကို “ကုသိုလ်”လို့ မြင်တယ်။ “အကုသိုလ်”ကို “အကုသိုလ်”လို့မြင်တယ်။ “ဒေါသ”ကို “ဒေါသ”လို့မြင်တယ် “သမ္မာဒိဋ္ဌိ”ပဲ။ အမှန်မြင်တယ်လို့ ခေါ်တာ။ အဲ့ဒီ အမှန်

စာမျက်နှာ-၃၈
မြင်မှုဟာ အင်မတန်မှအရေးကြီးတယ်။ သမ္မာဒိဋ္ဌိသုတ်ကိုကြည့်။

ဒါကြောင့်မို့ ဗုဒ္ဓအဆုံးအမမှာ အသိဉာဏ်ဟာ ရှေ့တန်းမှာ ရှိတယ်ပေါ့။ လောကမှာ သာမန်ပညာတတ်ပုဂ္ဂိုလ်တစ်ယောက်တောင် “သူပြော ကိုယ်ပြော”ကို မယုံဘူး၊ ဘာဖြစ်လို့တုန်းဆို ကိုယ်တိုင်သိတာကိုး။ တရားနဲ့ပတ်သက်လာလျှင် ကိုယ်တိုင်သိအောင်လုပ်ရမှာ၊ အပြောလေးနဲ့တင် လက်မခံနဲ့။ ရှင်သာရိပုတ္တရာအား မြတ်စွာဘုရားက တစ်ခါတုန်းက မိန့်ဖူးတယ်။ “သာရိပုတ္တရာ၊ “ဝိတက်, ဝိစာရ ကင်းတဲ့ သမာဓိမျိုး ရှိတယ်ဆိုတာ ယုံသလား” လို့မေးတယ်။ “တပည့်တော် မယုံပါဘူး ဘုရား၊ ကိုယ်တိုင်သိတာပါ”တဲ့။ ယုံတာနဲ့ သိတာ တစ်ခြားစီနော်၊ ယုံတယ်ဆိုတာ သူများအပြောကို ယုံတာ၊ ကိုယ်တိုင်သိတာမဟုတ်ဘူး၊ ဒီလိုဆိုလိုတာ။

စာမျက်နှာ-၃၉
ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်သိအောင်လုပ်ရင် ယုံတဲ့အဆင့်ကို လွန်သွားတယ်။
ဆည်းကပ်သင့်တဲ့အခါ
အေး- ဒါကြောင့်မို့ “ဆရာမြတ်ထံ ဆည်းကပ်ရမယ့်အခါ”က ဘယ်လိုအခါမှာ ဆည်းကပ်သင့်သလဲ? အချိန်မရွေး ဆည်းကပ်သင့်တာလား (သို့မဟုတ်) ဘယ်လိုအခါမျိုးမှာ ဆည်းကပ်ရင် အသင့်တော်ဆုံးဖြစ်သလဲဆိုတာ မှတ်ရမယ်။ ဘာဖြစ်လို့တုန်း၊ ပညာရဖို့အတွက်လေ၊ လူတွေရဲ့ စိတ်အခြေအနေဆိုတာ တစ်ခါတစ်ခါ တူတာမဟုတ်ဘူး၊ ရဟန်းတစ်ပါးက မြတ်စွာဘုရားကို လျှောက်တယ်။ “အရှင်ဘုရား, ဆရာမြတ်တွေထံ ဆည်းကပ်ဖို့ သင့်တဲ့အချိန်ဟာ ဘယ်နှစ်မျိုးရှိပါသလဲ?” ဒီမေးခွန်းကိုမေးတာ၊ မြတ်စွာဘုရားက (၆)မျိုးရှိတယ်တဲ့၊

စာမျက်နှာ-၄၀
ဆရာမြတ်ထံ ဆည်းကပ်ရမယ့်အချိန်ဟာ (၆)မျိုး ရှိတယ်။

နံပါတ်(၁)က “ကိုယ့်စိတ်ကို လောဘတွေက လွှမ်းမိုးနေတယ်၊ ကာမရာဂစိတ်တွေက လွှမ်းမိုးနေတယ်၊ ခံစားချင်တဲ့စိတ်တွေ များလာတယ်။ တရားဓမ္မတွေ လက်လွတ်လာတယ်”ဆိုတဲ့ အချိန်မျိုး၊ လောဘရဲ့ လွှမ်းမိုးမှုခံရလို့ ထွက်ပေါက်မရဘူးဆိုတဲ့အခါမျိုးမှာ ဆရာသမားထံ ဆည်းကပ်ရမယ်တဲ့။

ဆည်းကပ်ပြီးတဲ့အခါမှာ ဘာလုပ်ရမလဲ။ “လျှောက်ထားရမယ်”တဲ့။ သူ့စိတ်ကို လောဘတွေ ကာမရာဂတွေ လွှမ်းမိုးနေပါတယ်။ ဘယ်လိုလုပ်ပြီး ထွက်ပေါက်ရှာရမယ်ဆိုတာ သူမသိဘူး။ ဒီလောဘတွေ ငြိမ်းသတ်နိုင်အောင် နည်းလမ်းပေးပါလို့ တောင်းရမယ်။ အဲ့ဒီလို အချိန်အခါမျိုးမှာ ဆရာမြတ်ကို

စာမျက်နှာ-၄၁
ဆည်းကပ်ရမယ်လို့ပြောတာ။ မဆည်းကပ်ဘူးဆိုလို့ရှိရင် လောဘရဲ့ အနှိပ်စက်ကို ခံရမှာပဲလေ။

ဒါက ရှင်းရှင်းလေးပဲ။ ဆရာဝန်ဆီသွားတာ ဘယ်အချိန်သွားတာတုန်းဆိုရင် “နေမကောင်းတဲ့အချိန်”မှာ သွားတာ။ နေကောင်းနေတဲ့အချိန် ဆေးရုံ၊ ဆေးခန်း ဘယ်သူမှ မသွားဘူး။ နေမကောင်းဘူးဆို သွားရတယ်လေ။ ရောဂါပျောက်ဖို့၊ အခုလည်း စိတ်နေမကောင်းဖြစ်တာ၊ စိတ်နေမကောင်းဖြစ်ရင် ကုနိုင်တဲ့ဆီကို သွားရတာပဲလေ။

ရှင်ဂီသအကြောင်း

တစ်ခါတုန်းက ရှင်ဂီသဆိုတဲ့ ရဟန်းတော်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သာသနာတော် ရောက်လာတယ်။ ရှင်အာနန္ဒာနဲ့ ဆွမ်းခံလိုက်သွားရင်း စက္ခုမထိန်းသိမ်းဘဲ တောင်ကြည့်မြောက်ကြည့် ကြည့်တဲ့အခါ

စာမျက်နှာ-၄၂
မလုံတလုံဝတ်တဲ့ အမျိုးသမီးကိုမြင်ပြီး ရာဂစိတ်ဖြစ်တယ်။

အဲ့ဒီမှာ ဒီ ရှင်ဂီသဟာ သူ့ရင်ထဲက ခံစားချက်ကို ဆွမ်းခံသွားရင်း ရှင်အာနန္ဒာ မထေရ်မြတ်ကို လျှောက်တယ်။ “ကာမရာဂေန သုဿာမိ၊ စိတ္တံ မေ ပရိယုဋ္ဌိတံ”

တပည့်တော်ရဲ့ ရင်ထဲမှာ ကာမရာဂစိတ်တွေ လွှမ်းမိုးနေပါတယ်။ ရာဂအပူတွေ ရင်ထဲမှာ ပူနေတယ်။

“သာဓု နိဗ္ဗာပနံ ဗြူဟိ၊ အနုကမ္ပါယ ဂေါတမ” သနားတဲ့အနေနဲ့ အဲ့ဒီရင်ထဲက ကာမရာဂအပူတွေကို ပျောက်အောင် တရားဟောပေးပါ”တဲ့နော်။

အဲဒီမှာ ရှင်အာနန္ဒာက ပြောတယ်။ “သညာယ ဝိပရိယေသာ၊ စိတ္တံ တေ ပရိယုဋ္ဌိတံ”

စာမျက်နှာ-၄၃
“မင်းအမှတ်မှားနေလို့ မင်းစိတ်တွေ ပူလောင်တာ။ မင်းက မလှတာကို လှတယ်ထင်နေတာ။ မလှတဲ့ ပုံသဏ္ဌာန်ကြီးကို လှတယ်ထင်လို့ မင်းမှာ ဒီကာမရာဂစိတ်တွေ ပေါ်တာ”တဲ့။

သညာယ ဝိပရိယေသာ = လူတွေဆိုတာ အထင်ပဲလေ။ စိတ်ရဲ့ အထင်ဆိုတာက အင်မတန်မှခက်တာ၊ တီကောင်တောင်မှ ခေါက်ဆွဲလို့ မြင်လိုက်လို့ရှိရင် ကောင်းတယ်ထင်သွားရော။ ဟုတ်တယ်လေ၊ ညကြီးမင်းကြီးမှာ တီကောင်ဟင်းချိုကို ခေါက်ဆွဲဟင်းချိုထင်ပြီးသောက်တာ၊ သညာယ ဝိပရိယေသာ ကိုယ့်အထင်က တစ်မျိုးဖြစ်သွားတာနဲ့ တပြိုင်နက် တွယ်တာမှုက ရောက်လာတာ။ အဲဒီတော့ အထင်တွေ လွဲနေလို့ မင်းစိတ်တွေ ဖောက်ပြန်တာတဲ့၊ စိတ္တံ တေ ပရိယုဋ္ဌိတံ သညာမှားနေလို့ အထင်မှားနေလို့ စိတ်ဟာ ပူလောင်တာပါတဲ့ ဆိုပြီးတော့ သညာကို ဖျောက်ခိုင်းတယ်။

စာမျက်နှာ-၄၄
“အသုဘာယ စိတ္တံ ဘာဝေဟိ၊ မာနာနုသယ မုဒ္ဓရ”

“လှတယ်လို့ မတွေးနဲ့၊ ရွံစရာတွေတွေးကြည့်လိုက်၊ သူ့မျက်စိက ထွက်တာတွေတွေးကြည့်လိုက်၊ နှာခေါင်းထဲက ထွက်တာတွေတွေးကြည့်လိုက်၊ ပါးစပ်က ထွက်လာမယ့်ဟာတွေတွေးကြည့်လိုက်။ ကိုးပေါက်ဒွါရက ထွက်တာတွေ အကုန်တွေးကြည့်နော်။ နှစ်သက်စရာ ရှိရဲ့လား၊ အိပ်ယာမှ ထတာနဲ့ ဘယ်သွားလည်း Toilet သွားတယ်နော်။ လူတွေရဲ့ ခန္ဓာကိုယ်က ထုတ်လိုက်တဲ့ အရာတစ်ခုဟာ ဘယ်ဟာ သိမ်းထားစရာ ရှိလို့တုန်း၊ နောက်ဆုံးမှာ အခုဝါးပြီး အခုထွေးလိုက်တဲ့ အစာတောင်မှ ဘယ်သူမှ မသိမ်းဘူးလေ။ အဖိုးတန်ရင် သိမ်းမှာပေါ့နော်။ မသိမ်းဘူး။ အဲ့တော့ ကောင်းသလားဆိုရင် ကောင်းတာ တစ်ခုမှမရှိဘူး။ အပေါ်ယံလေးကို ကောင်းတယ်ထင်နေတာ၊ အရေလေးဖုံးထားတော့

စာမျက်နှာ-၄၅
အဟုတ်လို့ထင်နေတာ။ အဲသလို သညာလွဲမှားနေသည့်အတွက် မတင့်မတယ် ရွံစဖွယ်တွေကို တင့်တယ်တယ်လို့ ထင်နေတာ။ အဲ့ဒါကြောင့် မတင့်တယ်ဘူးဆိုတဲ့ အတွေးကိုတွေးလိုက်ပါလို့ ပြောတာနော်။

နောက်တစ်ခါ တစ်ပိုင်းက မာနာနုသယ မုဒ္ဓရ = မင်းကိုယ်မင်း ငါငယ်တယ်ဆိုတဲ့ အတွေးတွေလည်း မတွေးနဲ့တဲ့နော်။ မာနကို မဖြစ်စေနဲ့။ အထင်ကြီးရောက်မနေနဲ့တဲ့။ “မာနာနုသယ မုဒ္ဓရ” ရင်ထဲမှာ ရှိနေတဲ့ မာနကို ဖယ်လိုက်ပါ။ အဲ့သလို လုပ်လို့ရှိရင် ရင်ထဲကအပူ ပျောက်သွားပါလိမ့်မယ်လို့ပြောတာ။

လူတိုင်းလူတိုင်းဟာ ရင်ထဲမှာ ကာမရာဂအပူတွေ ရောက်လာပြီဆိုရင်တဲ့ ဆရာမြတ်ထံ ဆည်းကပ်ပါ။ ဆည်းကပ်ပြီးတော့ တရားနာလို့ရှိရင် ရင်ထဲအေးသွားပါလိမ့်မယ်တဲ့။ ဒါ လက်တွေ့ဖြေရှင်းတဲ့နည်းကို ပြောတာ။

စာမျက်နှာ-၄၆
စိတ်အလိုမကျဖြစ်နေရင်
နံပါတ်(၂) ကာမရာဂကတင် ရင်ကိုပူစေတာလားဆိုတော့ မဟုတ်ဘူး။ ဗျာပါဒကလဲ ရင်ကိုပူစေတယ်၊ ကိုယ်မကြိုက်တာတွေ ဖြစ်လာတယ်။ ကိုယ်မကြိုက်တဲ့ အာရုံ၊ ကိုယ်မကြိုက်တဲ့ အပြော၊ ကိုယ်မကြိုက်တဲ့ အလုပ်တွေကို လုပ်တယ်။ မကြိုက်တော့ ဘာဖြစ်လဲ၊ ဒေါသတွေဖြစ်တယ်။ စိတ်တွေ ဖောက်ပြန်လာတယ်နော်။ ရိုက်ချင်, နှက်ချင်, ဆဲချင် ဖြစ်လာတယ်။ “စိတ်ဆိုးတယ်။ စိတ်တိုနေတယ်ဆိုရင်လည်း ဆရာမြတ်ထံ ဆည်းကပ်လိုက်ပါ”တဲ့။ ဆည်းကပ်ပြီး ဒေါသရဲ့ ထွက်ပေါက်ကို ရှင်းပြပေးပါလို့ မေးရမယ်။ “ဒေါသရဲ့ ထွက်ပေါက်ဆိုတာ တခြားမဟုတ်ဘူး။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေတ္တာထားခြင်း”ပဲ ဖြစ်တယ်။

လူတစ်ယောက်အပေါ် အမုန်းစိတ်တွေ များနေလို့ရှိရင် ကောင်းကွက်ကလေးကိုရှာပြီး မေတ္တာထားကြည့်

စာမျက်နှာ-၄၇
ပါ။ သူ့ရဲ့ ကောင်းတာလေးတော့ ရှိရမှာပေါ့၊ ဆိုပါစို့ “မှော်တွေဖုံးနေတဲ့ ရေအိုင်လေးတစ်ခု၊ ရေကလည်း အင်မတန်ဆာတယ်၊ သောက်ချင်တယ်ဆိုရင် မှော်လေးဖယ်ပြီး ရေသောက်သလို”ပဲပေါ့။ မကောင်းတာတွေ ဖယ်လိုက်။ လူဆိုတာ အကောင်းနဲ့အဆိုး ရောနေမှာပဲ။ အဆိုးကိုဖယ်လိုက်၊ မေ့ထားလိုက်။ အကောင်းလေးကိုတွေးလိုက်၊ အကောင်းလေးကိုတွေးလိုက်ခြင်းဟာ မေတ္တာပွားဖို့အတွက် လွယ်ကူသွားစေတယ်ပေါ့။ အဲ့ဒီလိုမှတွေးလို့မရဘူး၊ ကိုယ်က အကောင်းကို မမြင်ဘူးဆိုရင် “သနားလိုက်ပါ”တဲ့ နော်။ သနားဖို့ရာလည်း မဖြစ်ဘူးဆိုရင်တော့ “ဥပေက္ခာထားလိုက်ပါ” လို့ ပြောတာနော်။

ဘယ်အရာပဲဖြစ်ဖြစ် ထွက်ပေါက်ဆိုတာရှိတယ်။ အဲဒီ “ဗျာပါဒ”ဆိုတဲ့ ရင်ထဲကို ပူလောင်စေတတ်တဲ့ တရား ကိုယ့်သန္တာန်မှာ ရောက်လာပြီဆိုရင် ဆရာမြတ်

စာမျက်နှာ-၄၈
ထံ ချည်းကပ်ပြီး “ဖြေဆေးကို တောင်းရမယ်”တဲ့။ မေတ္တာပွား၊ သည်းခံစိတ်ထားပြီးတော့ အလိုမကျတဲ့ ဒေါသကို ဖြေလို့ရတယ်။ ဒေါသကို မဖြေဘဲထားလို့ရှိရင် တုတ်တပြတ် ဓားတပြတ်ကနေ နောက်ဆုံးမှာ ရာဇဝတ်မှုကျူးလွန်တဲ့အထိ ဖြစ်သွားရော။ အဲ့ဒီလို မဖြစ်ရအောင် ဒေါသဆိုတဲ့တရားကို ထိန်းချုပ်နိုင်ရမယ်။ ထိန်းချုပ်ဖို့ နည်းလမ်းရှာရမယ်။

ကုသိုလ်ရေးရာစိတ်မပါ ဖြစ်နေချိန်

နံပါတ်(၃) ဘယ်အချိန်မှာ ဆရာမြတ်ထံ ဆည်းကပ်ရမလဲဆိုရင် ကုသိုလ်ရေးရာ စိတ်မပါ ဖြစ်နေတဲ့အချိန်။ ဆိုပါစို့- “ကမ္မဋ္ဌာန်းထိုင်ခြင်းနဲ့ အိပ်ငိုက်ခြင်း”ဆိုတာ ရှိတယ်လေ။ မတည့်တာပေါ့။ ပွဲကြည့်ရင်တော့ မငိုက်ဘူး။ အဲ့တော့ ကမ္မဋ္ဌာန်းလေးထိုင်လို့ရှိရင် အိပ်ငိုက်တာကို ဘယ်လိုလုပ်ရမလဲ၊ အိပ်ငိုက်တာအတွက်

စာမျက်နှာ-၄၉
အဖြေကဘာတုန်းဆိုရင် စိတ်အားတင်းပေးဖို့ပဲလိုတယ်။ စိတ်ကိုတင်းပေးရမယ်၊ မဖြစ်မနေလုပ်မယ်ဆိုတဲ့စိတ်ကို ထားရမယ်။ အဲဒါကို စေတသိကဝီရိယလို့ခေါ်တယ်။ စိတ်အားကို မြှင့်တင်ပေးတဲ့သဘော၊ ထိနမိဒ္ဓဆိုတာ အိပ်ချင်တာစိတ် လျော့ကျသွားတဲ့သဘော။ အဲ့ဒီ လျော့ကျသွားတာကို တိုးမြှင့်ပေးရမယ်။

လျှပ်စစ်အား မပြည့်ဘူးဆိုလို့ရှိရင် ဘာလုပ်ရတုန်း၊ အားမြှင့်တဲ့စက်နဲ့ မြှင့်ပေးတာလေ။ အဲ့ဒါလိုပဲ ခုနက အားလျော့သွားလို့ရှိရင် ဝီရိယနဲ့ မြှင့်ပေးရမယ်၊ ဒါထွက်ပေါက်တစ်ခုပဲနော်။ အဲ့ဒါကို မြတ်စွာဘုရားက ဟောတာပဲနော်။ ကမ္မဋ္ဌာန်းထိုင်ရင် အိပ်ချင်တယ်။ ဘာလုပ်ရမလဲ အဖြေရှာရင် ကြိုးစားအားထုတ်ပါ။ “စေတသိက ဝီရိယ” စိတ်အားတင်းတဲ့။

ရှင်မောဂ္ဂလာန် ခဏခဏ အိပ်ငိုက်နေတုန်းက မြတ်စွာဘုရားက နည်းပေးတာရှိတယ်လေ။ ဘုန်းကြီးတို့

စာမျက်နှာ-၅၀
ဒီသုတ္တန်ကို ဟောထားတာရှိတယ်။ “ကမ္မဋ္ဌာန်းထိုင်ခြင်း နှင့် အိပ်ငိုက်ခြင်း”တဲ့။ ဘာလုပ်ရတုန်းဆို ပထမ အလင်းနဲ့ နေရမယ်၊ စိတ်ကလည်း လင်းနေတဲ့သဘောရအောင် “အာလောကသညာ” ပွားရမယ်။ မရဘူးဆိုလို့ရှိရင် ထပြီးလမ်းလျှောက်၊ မရဘူးဆိုရင် မျက်နှာသစ်၊ ခန္ဓာကိုယ်ကို ပွတ်သပ်၊ လန်းဆန်းလာအောင်လုပ်၊ အဲဒါမှ မရဘူးဆိုရင် နားရွက်တွေ ပူသွားအောင်ဆွဲ၊ နားရွက်ပူအောင် ဆွဲတာလည်း ဖြေဆေးတစ်ခုပဲ။ ကမ္မဋ္ဌာန်းထိုင်ရင်း အိပ်ငိုက်ရင် ကိုယ့်နားရွက်ကိုယ်ဆွဲ၊ အဲ့ဒါ ထိနမိဒ္ဓ ပျောက်တဲ့နည်းတွေကို မြတ်စွာဘုရားက ဟောတာ။ နောက်ဆုံး မရပါဘူးဆိုရင် အိပ်လိုက်တော့တဲ့။ ဟုတ်တယ်လေ၊ အိပ်မှ ပျောက်တာမျိုးကျတော့ အိပ်ရတယ်။ အိပ်ပြီးရင် လန်းဆန်းလာမှ ထပြီးတရားအားထုတ်။

စာမျက်နှာ-၅၁
ဒရိုင်ဘာလိုင်စင် လျှောက်တဲ့အခါမှာ မေးခွန်းတစ်ပုဒ်ရှိတယ်။ အဲ့ဒီမေးခွန်းကို အဖြေ(၃)မျိုး ပေးထားတယ်။ မေးခွန်းက ဘာတုန်းဆိုတော့ “ကားမောင်းနေတုန်း အိပ်ချင်တယ်တဲ့ ကော်ဖီတစ်ခွက်သောက်ပြီး ဆက်မောင်းမယ်၊ မျက်နှာသစ်ပြီး ဆက်မောင်းမယ်၊ အပန်းဖြေအနားယူ တရေးတမောအိပ်ပြီးမှ ဆက်မောင်းမယ်”တဲ့၊ ဘယ်ဟာက အဖြေမှန်လဲဆိုရင် တစ်ရေးတမောအိပ်ပြီးမှ ဆက်မောင်းတာက အဖြေမှန်၊ ကော်ဖီသောက်ပြီးတော့ ဆက်မောင်းရင် ငိုက်သွားနိုင်သေးတယ်နော်။

အဲ့ဒါလိုပဲ မြတ်စွာဘုရားက သိပ်အိပ်ချင်ပြီဆိုရင် အိပ်လိုက်ပါ။ ခုနကနည်းတွေနဲ့ ဖျောက်လို့မရဘူးဆိုရင် အိပ်လိုက်ပေါ့တဲ့၊ အဲ့ဒါ မြတ်စွာဘုရား ဟောတဲ့နည်းနော်။ ဘုရားက ဘယ်လောက် လက်တွေ့ကျလဲဆိုတာ

စာမျက်နှာ-၅၂
သိသာတယ်၊ အဲ့တော့ ‘ထိနမိဒ္ဓ” ဖြစ်နေတဲ့ အချိန်မှာလည်း ဆရာမြတ်ထံ ချည်းကပ်ပါတဲ့။

စိတ်မငြိမ်းချမ်းတဲ့အချိန်
နောက်နံပါတ်(၄) ဥဒ္ဓစ္စ ကုက္ကုစ္စ စိတ်တွေ ပျံ့လွင့်တယ်၊ စုစည်းလို့မရဘူး၊ စိတ်တွေက ပူပန်ပြီး လွင့်နေတယ်ဆိုတဲ့အချိန်မှာ ဆရာမြတ်ထံချည်းကပ်ပါတဲ့။ ဥဒ္ဓစ္စ စိတ်တွေစုစည်းလို့ မရဘူးဆိုရင် သမာဓိဘာဝနာတစ်ခုကို အားထုတ်ရမယ်။ ထွက်လေ၊ ဝင်လေ ရှုမှတ်မယ်။ စိတ်တည်ငြိမ်တဲ့ အာရုံတစ်ခုရှာပြီးတော့ လုပ်မယ်။ ဘုရားဂုဏ်ကို အာရုံပြုတာပဲ ဖြစ်ဖြစ်၊ တရားဂုဏ်ကို အာရုံပြုတာပဲ ဖြစ်ဖြစ်၊ သံဃာ့ဂုဏ်ကို အာရုံပြုတာပဲဖြစ်ဖြစ် စိတ်တည်ငြိမ်မယ့် အရာတစ်ခုနဲ့ နေမယ်။ ကုက္ကစ္စ လို့ခေါ်တဲ့ စိတ်ပူမှုတွေ ရှိလာလို့ရှိရင် အာရုံပြောင်းပစ်မယ်။ ပူနေတာက အဖြေမဟုတ်ဘူး၊

စာမျက်နှာ-၅၃
ပူနေခြင်းဖြင့် အဖြေမရနိုင်ဘူး။ နောင်မမှားအောင် ကြိုးစားမယ်လို့ စိတ်ထားပြီးတော့ လုပ်ရမယ်။ ဒါက ထွက်ပေါက်ပဲ။ စိတ်ကလေး မငြိမ်းချမ်းဘူးဆိုရင် ငြိမ်းချမ်းမယ့်တရားကို နှလုံးသွင်းပြီး နေရမယ်ပေါ့။ လူဆိုတာ ကိုယ့်ကိုယ်ကို စမ်းသပ်ကြည့်ပေါ့။ ပျော်စရာ အာရုံတွေ့ရင် စိတ်ကပျော်သွားတယ်။ စိတ်ညစ်စရာ သွားတွေးကြည့်ပါလား၊ စိတ်ညစ်သွားတာပဲ။ အဲတော့ စိတ်ညစ်စရာကို မတွေးနဲ့ပေါ့၊ ပျော်စရာအာရုံလေးတွေးကြည့် ဒီလို စိတ်ကို အပြောင်းလဲလုပ်ပေးခြင်း၊ အာရုံကို ပြောင်းပေးခြင်းအားဖြင့် ကိုယ့်ရဲ့ စိတ်အခြေအနေကို ပြောင်းပေးလို့ရတယ်နော်။ အဲ့ဒါလည်းပဲ လေးခုမြောက် ဆရာမြတ်ထံ ဆည်းကပ်ရမည့်အချိန်တစ်ခုပဲတဲ့။

စာမျက်နှာ-၅၄
သံသယဖြစ်တဲ့အချိန်
နောက်နံပါတ်(၅)က ဘာတုန်းဆို ဝိစိကိစ္ဆာ ဖြစ်နေရင် ဆည်းကပ်ပါ။ ဘုရား တရား သံဃာ ကိုယ်ကျင့်နေတဲ့အကျင့်နဲ့ပတ်သက်ပြီးတော့ သံသယဖြစ်နေတယ်။ အဲ့ဒီ သံသယဝင်လာလို့ရှိရင် ဝင်လာတဲ့အချိန်မှာ ဆရာမြတ်ထံ ချည်းကပ်ပြီး အဖြေရှာရမယ်တဲ့။ “ဝိစိကိစ္ဆာ”ဆိုတာ စဉ်းစားမှုတွေ မှားယွင်းနေလို့ သံသယပွားတာ။ အဲ့တော့ မှန်မှန်ကန်ကန် နှလုံးသွင်းမှုဆိုတဲ့ ယောနိသောမနသိကာရနဲ့ နှလုံးသွင်းဆင်ခြင်လျှင် သံသယပွားတာကို ဖယ်ရှားနိုင်တယ်။ ကိုယ့်ရင်ထဲ နှလုံးထဲမှာသံသယမရှိအောင် ယောနိသောမနသိကာရနဲ့ နှလုံးသွင်းပြီး ဖယ်ရှားပစ်ရမယ်တဲ့။

စာမျက်နှာ-၅၅
အာသဝကုန်ရေး သိလိုတဲ့အချိန်

နောက်ဆုံး နံပါတ်(၆)ကတော့ ဆရာမြတ်ထံ ဘယ်လိုအချိန် ဆည်းကပ်ရမလဲဆိုရင် ကိလေသာ အာသဝေါတွေ ကုန်သွားအောင် ဘယ်လိုအာရုံမျိုးကို အာရုံပြုရမှာလဲ၊ ဘယ်အာရုံမျိုးကို အာရုံပြုမှ အဲ့ဒီအာရုံပြုသည့် အခြားမဲ့မှ ကိလေသာအာသဝတွေ ကုန်သွားမှာဆိုတာကို သိဖို့အတွက် ဆရာမြတ်ထံ ချည်းကပ်ပြီးမေးပါ။

ဒါက ကမ္မဋ္ဌာန်းဘာဝနာပဲ။ ဝိပဿနာကျင့်စဉ်ကိုကျင့်၊ ဝိပဿနာကျင့်စဉ်ကျင့်တယ်ဆိုတာ ဝိပဿနာရဲ့ အာရုံက ရုပ်နဲ့နာမ်ပဲ။ ရုပ်နာမ်သဘာဝကို သိအောင် အသိဉာဏ်နဲ့ ဆင်ခြင်စဉ်းစားတာ၊ သုံးသပ်တာ။ သင်္ခါရတွေကို ပထမမြင်တာက သင်္ခါရတရားရဲ့ သဘာဝကို မြင်တာ၊ အဲ့ဒီသဘာဝတရား မြင်ရာကနေ သင်္ခါရတွေအပေါ်မှာ ရှုမြင်သုံးသပ်ပြီး မမြဲတဲ့ရှုထောင့်က ကြည့်

စာမျက်နှာ-၅၆
တယ်၊ ဆင်းရဲတဲ့ ရှုထောင့်ကကြည့်တယ်။ ကိုယ်မပိုင်တဲ့ ရှုထောင့်ကကြည့်တယ်။ ရှုထောင့်(၃)မျိုးကို လက္ခဏာ(၃)မျိုးလို့ခေါ်တယ်။ လက္ခဏာရမ္မဏိက ဝိပဿနာဆိုတဲ့အတိုင်း သင်္ခါရကို ရှာတွေ့တာက အနိစ္စအနေနဲ့တွေ့တယ်။ ဒုက္ခအနေနဲ့တွေ့တယ်။ အနတ္တအနေနဲ့တွေ့တယ်။

အနိစ္စဆိုတာ ပေါ်လာပြီးပျောက်သွားတဲ့သဘော၊ ဒုက္ခဆိုတာ ဖြစ်ပျက်မှုက အမြဲတမ်း နှောက်ယှက်နေတဲ့ သဘော၊ အနတ္တဆိုတာ ကိုယ့်အလိုကျ ဘာမှမဖြစ်ဘူးဆိုတဲ့ သဘော၊ တစ်နည်းအားဖြင့် “ငါ”လို့ ပြောစရာတစ်ခုမှ မရှိဘူး။ “ငါ့ဟာ” လို့ ပြောစရာလည်း တစ်ခုမှမရှိဘူး၊ “ငါ”ဆိုတဲ့ အတွေး၊ “ငါ့ဟာ”ဆိုတဲ့ အတွေးအရ ဘာတစ်ခုမှမရှိလို့ “သုည”ရှုထောင့်ကနေ ကြည့်တာ။ အဲ့ဒါ “အနတ္တ”မြင်တယ်လို့ ဒီလိုပြောတာနော်။

စာမျက်နှာ-၅၇
အဲ့ဒီလို သင်္ခါရတရားကို ဆင်ခြင်သုံးသပ်နိုင်ပြီဆိုရင် ဒီသင်္ခါရတရားတွေအပေါ်မှာ ကြောက်စရာကြီးလို့ မြင်လာတယ်။ အပြစ်တွေ မြင်လာတယ်။ စိတ်ပျက်လာတယ်။ ဒီသင်္ခါရကြီးကို စွန့်လွှတ်ချင်လာတယ်။ စွန့်လွှတ်ချင်လို့ ဘယ်လိုစွန့်ရပါ့မလဲလို့ စဉ်းစားလာတယ်။ နောက်ဆုံးကျတော့ သင်္ခါရတရားကြီးရဲ့ သဘာဝတရားကြီးကို သိပြီးတော့ ဒီသင်္ခါရတရားကို ရှုမှတ်နေရာမှ လျစ်လျူရှုလာနိုင်တယ်။

ဆိုပါစို့ - တစ်ချိန်တုန်းက ဇနီးမောင်နှံ၊ နောက်ဆုံးမှာ တစ်ယောက်နဲ့တစ်ယောက် မတည့်ကြတော့ ကွဲလိုက်ကြ၊ ကွဲလိုက်ပြီးတဲ့နောက်မှာ ကိုယ့်အတွက် သူ့အတွက် ပူကြသေးလား၊ မပူတော့ဘူး။ အဲ့ဒီလိုပဲ နောက်ဆုံးမှာ သင်္ခါရတွေအတွက် မပူတော့ဘူး၊ စိတ်က တည်ငြိမ်မှုရသွားတယ်။ အဲ့ဒါကို စာလိုပြောမယ်ဆိုရင်တော့ “သင်္ခါရုပေက္ခာဉာဏ်” လို့ခေါ်တယ်။ သင်္ခါရုပေက္ခာ

စာမျက်နှာ-၅၈
ဉာဏ်ဆိုတာ သင်္ခါရတွေကို လျစ်လျူရှုနိုင်တဲ့ဉာဏ်၊ အဲဒီဉာဏ် ထက်သန်လာပြီဆိုတဲ့အခါ သင်္ခါရတွေရဲ့ ချုပ်ဆုံးရာ နိဗ္ဗာန်ကို ရှာတွေ့တယ်။ နိဗ္ဗာန်ကိုမြင်တာနဲ့ ကိလေသာ အာသဝတွေ ကုန်ဆုံးသွားမှာ ဖြစ်တယ်ပေါ့။ အဲ့ဒီလို နည်းလမ်းတွေကို ရဖို့ရာလည်း ဆရာမြတ်ထံ ချည်းကပ်ပါလို့ ဒီသုတ္တန်မှာ ဒီလိုဟောတာဖြစ်တယ်။

အေး- ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိတ်သတ်အပေါင်းတို့ “ဆရာမြတ်ထံ ဆည်းကပ်ရမည့်အခါ”ကို ဗုဒ္ဓမြတ်စွာက (၆)မျိုးခွဲခြား ဟောကြားတာ ဖြစ်တယ်။ အဲ့ဒီလိုအခါမှာ ဆရာမြတ်ထံ ချည်းကပ်ပြီး မိမိရဲ့ အခက်အခဲကို ဖြေရှင်းနိုင်တဲ့ အသိဉာဏ်တိုးပွားအောင် ဆောင်ရွက်ခြင်းဟာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ရဲ့ အဆုံးအမပဲ ဖြစ်ပါတယ်။ အဲ့ဒီအဆုံးအမသည်သာလျှင် မှန်ကန်တဲ့အရာဖြစ်လို့ မိမိတို့ကိုယ်တိုင်လည်း ဒီလိုကြုံတွေ့လာတဲ့အခါတိုင်း

စာမျက်နှာ-၅၉
မှာ အဖြေရှာနိုင်အောင် ကြိုးစားခြင်းဖြင့် မိမိတို့ရင်ထဲ နှလုံးထဲမှာ ပူလောင်တဲ့အရာတွေကို ဖယ်ရှားနိုင်ပြီး အေးချမ်းတဲ့ စိတ်အနေအထားတစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်တယ်။ ဘဝမှာ ချမ်းချမ်းသာသာနေရပြီး နောက်ဆုံး သံသရာဝဋ်ကလွတ်နိုင်တဲ့ အနေအထားမျိုး ရောက်မှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ မြတ်စွာဘုရား အဆုံးအမတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေသတည်း။

သာဓု ... သာဓု ... သာဓု
kvms4csqcuuucw6qeln6ydqur37bi71
22105
22098
2026-06-15T03:16:33Z
Tejinda
173
22105
wikitext
text/x-wiki
{{header
| title = ဆရာမြတ်ကို ဆည်းကပ်ရမည့်အခါ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဆဆက္က ဒေသနာနှင့် ဓမ္မဝိပဿနာ]]
| previous2 =
| next = [[ဇာတိမြေမှ သာသနာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

ဆရာမြတ်ကို ဆည်းကပ်ရမည့်အခါ
မှတ်တမ်း သာသနာတော်နှစ် ၂၅၅၆-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၄-ခုနှစ်၊ ပြာသိုလဆန်း (၆)ရက်၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်။ ရမည်းသင်းမြို့ ရန်အောင်မြင် သာသနာ့ဗိမာန်အတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ရန်အောင်မြင်မြတ်စွာဘုရား ဂေါပကအဖွဲ့နှင့် ဝေယျာဝစ္စအဖွဲ့မှ ပူဇော်ကျင်းပသည့် ဓမ္မပူဇာသဘင်၌ ဟောကြားအပ်သော “ဆရာမြတ်ကို ဆည်းကပ်ရမည့်အခါ” အကြောင်း တရား ဒေသနာတော်။

မြတ်စွာဘုရားဟောကြားထားတဲ့ အင်္ဂုတ္တရ နိကာယ် သမယသုတ္တန်ကို အနှစ်ချုပ်ပြီးတော့ “ဆရာမြတ်ထံ ဆည်းကပ်ရမည့်အခါ တရားတော်” ကို

စာမျက်နှာ-၂
မှတ်သား နာယူကြမယ်။ တရားနာတယ်ဆိုတာ အသိဉာဏ်ရဖို့နာကြတာ၊ အသိဉာဏ်ဟာ အင်မတန်မှ အရေးကြီးတယ်။ ဘဝခရီး လျှောက်လှမ်းတဲ့အခါမှာ အမှားအယွင်းမရှိ မှန်ကန်တဲ့လမ်းကို လျှောက်နိုင်ဖို့ အတွက် လူတိုင်းလူတိုင်း အသိဉာဏ်တွေရရှိဖို့ ကြိုးစား ကြရမယ်။ တရားနာခြင်းဖြင့် မှန်ကန်တဲ့ အသိဉာဏ်တွေကို ရနိုင်တယ်။

လောကလူသားတွေဟာ ကမ္ဘာဦးကာလကစပြီး တော့ ကိုးကွယ်ရာကို ရှာလာခဲ့ကြတာ အခုထိပဲ။ ကိုးကွယ်ရာရှာလို့မပြီးသေးဘူး။ အဲဒီလို ကိုးကွယ်ရာ ရှာခြင်းဟာ အမှန်မသိခြင်း ပညာအားနည်းခြင်းကြောင့် ဖြစ်တယ်။ အသိဉာဏ် လုံလုံလောက်လောက် မရှိရင် လူတွေဟာ ကြောက်ရွံ့ကြတယ်။ သဘာဝစွမ်းအားကြီးတွေကို ထိတ်လန့်ကြောက်ရွံ့ကြတယ်။ အဖြေမထုတ် နိုင်သည့်အတွက် တန်ခိုးရှင်ကြီးတွေကို စိတ်ထဲမှာ

စာမျက်နှာ-၃
ဖန်တီးပြီး ကိုးကွယ်နေကြတယ်။ ကနေ့ထိအောင် ဒီ ကိုးကွယ်မှုဆိုတာ မကင်းသေးဘူးပေါ့၊ နာမည် အမျိုးမျိုးနဲ့ ခေါ်နေကြတယ်။

ဗုဒ္ဓမြတ်စွာလက်ထက်တော်အခါကာလတုန်းက “ဣဿရ” လို့ခေါ်တဲ့ ကမ္ဘာကြီးကို ဖန်ဆင်းသူ၊ ကောင်းကင်ဘုံက တန်ခိုးကြီးဗြဟ္မာကို ရည်မှန်းပြီး ကိုးကွယ်တာ။ သို့သော် ကမ္ဘာကြီးကိုဖန်ဆင်းသူ ဗြဟ္မာနဲ့ ဘယ်သူတွေ့ဖူးလဲဆိုရင် ဘယ်သူမှ မတွေ့ဖူးဘူး။ တဆင့်စကားကြားပြီး လူတွေအကြောက်ပြေဖို့အတွက် ကိုးကွယ်နေကြတာ။ တကယ်တော့ မှန်ကန်မှုရှိလား ဆိုတော့ ဘယ်လိုမှ မှန်ကန်မှုမရှိဘူး။ မှန်ကန်မှုမရှိသည့် အတွက် တန်ခိုးရှင်က “မစနိုး မစနိုး”နဲ့ ကိုးကွယ်ရာ ကနေ နောက်ဆုံးမှာ ဆင်းရဲတွင်းနက်သွားကြတဲ့သူတွေ အများကြီးပဲ။ တကယ်တော့ လူတွေရဲ့ အသိဉာဏ် လောက် တန်ဖိုးရှိတာ ဘယ်ဟာမှမရှိဘူး။ လူတွေကို

စာမျက်နှာ-၄
ကောင်းကျိုးချမ်းသာ ပေးနိုင်တယ်ဆိုတာ အစွမ်းတန်ခိုး ရှိရုံနဲ့မပြီးဘူး။ အစွမ်းတန်ခိုးနဲ့ မစလို့လဲ လူတိုင်းလူတိုင်းကို ကောင်းကျိုးချမ်းသာပေးနိုင်တာ မဟုတ်ဘူး။

လက်တွေ့အားဖြင့် စဉ်းစားကြည့်ပေါ့၊ “ဣဿရ” လို့ဆိုတဲ့ ထာဝရဘုရားသခင် (သို့မဟုတ်) God ဆိုတဲ့ ကောင်းကင်ဘုံက တန်ခိုးရှင်ကြီးက လူတွေကိုဖန်ဆင်းတယ်။ ကမ္ဘာကြီးကိုဖန်ဆင်းတယ်လို့ ယုံကြည်ပြီးတော့ အဲ့ဒီ God ဆိုတဲ့ ဣဿရ ဗြဟ္မာကြီးကို လူတွေဟာ ကိုးကွယ်ဆည်းကပ်နေကြတယ်။ ဒီလိုလုပ်ရင်ဖြင့် သူက ကျေနပ်ကောင်းရဲ့လို့ ရည်ရွယ်ချက်နဲ့ လူတွေက ဒီလို ကိုးကွယ်နေကြတယ်။ သို့သော်လည်း လူတွေမှာ စဉ်းစားတတ်တဲ့ အသိဉာဏ်နည်းပါးလို့ မစဉ်းစားနိုင်ကြဘူး ပေါ့။ ထာဝရဘုရားသခင်က ဖန်ဆင်းတယ် ဆိုလို့ရှိရင် ချမ်းသာပြီး ရုပ်အဆင်းလှတဲ့သူတွေချည်း ဖန်ဆင်းသင့် တာပေါ့။ ဘာဖြစ်လို့ ဆင်းရဲပြီးဒုက္ခရောက်တဲ့ ပုဂ္ဂိုလ်

စာမျက်နှာ-၅
တွေကို ဖန်ဆင်းတာလဲ။ နောက်တစ်ခါ သူ့ကိုအကျိုးပြု မယ့် ပုဂ္ဂိုလ်တွေချည်း ဖန်ဆင်းသင့်တာပေါ့။ ဘာဖြစ်လို့ သူ့ကိုဆန့်ကျင်ဘက်လုပ်တဲ့သူတွေကို ဖန်ဆင်းတာလဲ။

အားလုံးဟာ ဘုရားသခင်ရဲ့ ဖန်ဆင်းမှုကို ခံရတဲ့ သူတွေချည်းဆိုရင် ရုပ်အဆင်း တူညီသင့်တာပေါ့၊ အဲ့လို မတူညီဘဲနှင့် ဆင်းရဲတဲ့သူက ဆင်းရဲ၊ ချမ်းသာတဲ့သူက ချမ်းသာ၊ ရုပ်ဆိုးတဲ့သူကဆိုး၊ ရုပ်လှတဲ့သူကလှ၊ ဒုက္ခ ရောက်တဲ့သူက ရောက်၊ အမျိုးမျိုးအဖုံဖုံ ဖြစ်နေကြတာ ဘုရားသခင် ဖန်ဆင်းလို့တော့ မဟုတ်ဘူး။ အကြောင်း တစ်ခု ရှိနိုင်သေးတယ်လို့ စဉ်းစားပြီး ကြည့်ရမယ်။ အခုလို ဆူကြုံနိမ့်မြင့် မတူညီမှုတွေနဲ့ ဘဝကို ရောက်ရှိ လာကြတာ ဘာကြောင့်လဲဆိုတာကိုအဖြေထုတ်ကြည့်။

မြတ်စွာဘုရား ပွင့်လာတဲ့အခါ မြတ်စွာဘုရားက သူကိုယ်တိုင် တရားဓမ္မကို ကျင့်ကြံကြိုးကုတ် အားထုတ် ပြီး ကမ္ဘာလောကကြီးကို သမာဓိစွမ်းအား၊ ပညာ

စာမျက်နှာ-၆
စွမ်းအားဖြင့် စုစည်းပြီးကြည့်တယ်။ ကမ္ဘာကြီးတစ်ခုလုံး စုစည်းပြီး ဒိဗ္ဗစက္ခုဉာဏ် အဘိဉာဏ်နဲ့ ကြည့်တာ။ အဲ့ဒီ ဒိဗ္ဗစက္ခု အဘိဉာဏ်နဲ့ လူတွေရဲ့ ဆူကြုံနိမ့်မြင့် ကွဲပြား ခြားနားမှုတွေရဲ့ နောက်ခံအကြောင်းကို ရှာတွေ့တယ်။ မကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်တွေ မကောင်းတာ ခံစားရ တာကိုတွေ့ရတယ်။ ကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်တွေ ကောင်းကျိုးချမ်းသာ ခံစားရတာကိုတွေ့ရတယ်။ ကိုယ်တိုင်တွေ့ရှိပြီး သိမြင်ပြီးတဲ့အခါမှာ မြတ်စွာဘုရားက ကံတရားကိုဟောတယ်။

အဲ့ဒါကြောင့် ဘုရားဆိုတာ အစွမ်းတန်ခိုးရှိရုံနဲ့ မရဘူး။ “ကရုဏာ”ဆိုတဲ့ အကြင်နာတရားလည်း ရှိရမယ်။ အကယ်၍ “ကရုဏာ”ဆိုတဲ့ “အကြင်နာတရား” မရှိလို့ရှိရင် ကိုယ်ဖန်ဆင်းထားတဲ့ သတ္တဝါတွေကို ဒဏ် ခတ်ပြီး အပြစ်ပေးတာမျိုး ဖြစ်လာမယ်။ “ကရုဏာ” ရှိမှ သတ္တဝါတွေအားလုံးကို ညီတူညီမျှ သနားကြင်နာမှု

စာမျက်နှာ-၇
ဆိုတာ ရှိမယ်။ “ကရုဏာ”ဆိုတဲ့ သဘောတရားက ဆင်းရဲဒုက္ခမှ လွတ်မြောက်စေချင်တဲ့သဘော၊ ဒုက္ခ ရောက်နေတဲ့ သတ္တဝါတွေ မရောက်စေချင်တဲ့ သဘောကို ခေါ်တယ်။ အကယ်၍ “ကရုဏာ” မရှိဘူးဆိုလို့ရှိရင် ဒဏ်ခတ်ခြင်း၊ အပြစ်ပေးခြင်းတွေ ရှိလာမယ်။

ဗုဒ္ဓဘာသာတွေ ကိုးကွယ်တဲ့ မြတ်စွာဘုရားက ဒဏ်ခတ်တာတို့၊ အပြစ်ပေးတာတို့ ဘယ်တော့မှ မရှိဘူး။ တချို့က “ဘုရားစူးတယ်” “ဘုရားက ရိုက်တယ်” လို့ သုံးကြတယ်။ အဲ့ဒါ ဒီဘုရားမဟုတ်ဘူး၊ မြတ်စွာ ဘုရားက ရိုက်တယ်ဆိုတာ မရှိဘူး။ အားလုံးအပေါ်မှာ အကြင်နာတရားပဲရှိတယ်။ အကြင်နာတရားနဲ့ မှန်ကန်တဲ့ လမ်းကြောင်းကိုပြတယ်။ “ဂေါတမဗုဒ္ဓ”ဆိုတာ လူသားစစ်စစ်ပဲ၊ ပညာရှိတဲ့ ပုဂ္ဂိုလ်သူမြတ်ဖြစ်လို့ ဘယ်

စာမျက်နှာ-၈
တော့မှ ဒုက္ခရောက်အောင်မလုပ်ဘူး။ ဒုက္ခရောက်နေတဲ့ သတ္တဝါတွေကို ဒုက္ခမရောက်စေချင်လို့ ဆုံးမသွန်သင်ပေးတာပဲ ရှိတယ်။ ဒဏ်ခတ်တဲ့ ဘုရားက ဒီဘုရားမဟုတ်ဘူး။ စူးတဲ့ဘုရားလည်း ဒီဘုရားမဟုတ်ဘူး။ မြတ်စွာဘုရားဆိုတာ အကြင်နာတရားကြီးမားသူ သာ ဖြစ်တယ်။

ဘာသာတရားကို ဟောပြောတဲ့ ဘုရားဟာ အကြင်နာတရားရှိရုံနဲ့ မလုံလောက်ဘူး။ ပညာလည်း ရှိဖို့ လိုအပ်တယ်။ ပညာရှိမှ “လုပ်သင့်တာနဲ့ မလုပ်သင့် တာ” ဒီနှစ်ခုကိုခွဲခြားပြီး ဟောပြောနိုင်တယ်။ “မလုပ် သင့်တာကို” “လုပ်သင့်တယ်လို့ ဟောမယ်၊ “လုပ်သင့် တာကျတော့” “မလုပ်သင့်ဘူးလို့” ဟောမယ်ဆိုရင် သူ့ အဆုံးအမအတိုင်း လိုက်နာသူမှန်သမျှ ဒုက္ခရောက်မှာ ပေါ့။ ရောဂါရှိနေတာ အမှန်မသိလို့ ရောဂါနဲ့ မတည့်တဲ့ အစာကျွေးတယ်။ ရောဂါနဲ့ မတည့်တဲ့ဆေးကို ပေးမယ် ဆိုရင် ဒုက္ခရောက်မှာပဲလေ။ အဲတော့ ပညာ လုံလုံ လောက်လောက်ရှိဖို့လိုတယ်။ မြတ်စွာဘုရားက ပညာ

စာမျက်နှာ-၉
နဲ့ကြည့်ပြီး သတ္တဝါတွေရဲ့ အကျိုးစီးပွား ရှိရာရှိကြောင်း၊ ဆုံးမဩဝါဒပေးတယ်။ အဲ့ဒီ ဆုံးမဩဝါဒအတိုင်း လိုက်နာကြရမှာလို့ဆိုတယ်။

အဲ့ဒါတွေကိုသိဖို့ တရားပွဲတွေ ကျင်းပပြီး တရား နာကြရတယ်။ သို့မဟုတ်လို့ရှိရင် ဘာသာတရားဆိုတာ အတူတူပါပဲလို့ ရောပြီးပြောတတ်ကြတယ်။ “ဘုရားဆိုတာ တစ်ဆူပဲ” လို့ ရောပြီးတော့ ပြောတတ်ကြတယ်။ မတူဘူးဆိုတာလည်း သိရမယ်။ အစစ်အမှန်ကိုလည်း သိရမယ်။ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိရမယ်။ အပြစ်ရှိတာနဲ့ အပြစ်မရှိတာ ခွဲခြားသိရမယ်။ အပြစ်ရှိနေတာကို အပြစ်မရှိဘူးဆိုပြီးတော့ပြောလို့ လိုက်လုပ်ရင် ဒုက္ခရောက်မှာပေါ့။ ဆိုပါစို့ မူးယစ်ဆေးဝါးသုံးတဲ့ ပုဂ္ဂိုလ်တွေပဲကြည့်သူငယ်ချင်း အပေါင်းအသင်းတွေကနေ “ဒီဆေး စမ်းကြည့် သိပ်ကောင်းတာ” “ဒါလေး သောက်ကြည့်”

စာမျက်နှာ-၁၀
“ယောက်ျားဆိုတာ ဒီလိုမှဆိုပြီး တိုက်တွန်းတော့ စမ်းလိုက်တဲ့အခါ ဒုက္ခရောက်သွားတယ်။ တိုက်တွန်း တုန်းက ဒါတွေမပါဘူးလေ၊ တိုက်တွန်းတုန်းက မကောင်းဘူးဆိုတာ မပြောဘူး။ အကောင်းတွေချည်း ပြောတာ။ ဖြစ်လာတဲ့အခါကျတော့ မကောင်းတာတွေကများတာ- ခံရပြီ။ ကျန်းမာရေးထိခိုက်တာက အစ လူမှုရေးထိခိုက်တာ စီးပွားရေးထိခိုက်တာ၊ မိသားစုကိစ္စ ထိခိုက်တာ စီးပွားရေး ထိခိုက်တာ၊ နောက်ဆုံးမှာ ကိုယ့်ဘဝအနေအထား ပျက်စီးတဲ့အထိ ရောက်ကြတယ်။

အကောင်းနဲ့ အဆိုး၊ အကြောင်းနဲ့အကျိုး လုံလုံ လောက်လောက် ခွဲခြားသိတဲ့ ပညာဦးစီးပြီး လုပ်သွားပြီ ဆိုရင် ဒါမျိုးမဖြစ်ဘူး။ ပညာမဲ့သည့် အတွက်ကြောင့် အကောင်းကိုအဆိုးထင်တယ်။ အဆိုးကို အကောင်း ထင်တယ်။ မှားမှားယွင်းယွင်း လုပ်ကြတယ်၊ တချို့

စာမျက်နှာ-၁၁
ဘာသာတွေ ကြည့်လေ- သတ္တဝါတွေကို သတ်ပြီးတော့ ဘုရားသခင် ကျေနပ်အောင်လုပ်ရင် ကောင်းကျိုး ချမ်းသာတွေရမယ်လို့ ဒီလို ဟောကြ ပြောကြတယ်။ စဉ်းစားကြည့်၊ သူများကိုသတ်ပြီး ကိုယ်ကောင်းကျိုး ချမ်းသာရဖို့ဆိုတာ တရားတဲ့အလုပ် ဟုတ်ရဲ့လား၊ ဒါပဲ စဉ်းစားကြည့်၊ ကိုယ့်ဆန္ဒနဲ့ ကိုက်ညီတဲ့အလုပ် ဟုတ်ရဲ့လား၊ အကယ်၍ သတ္တဝါသတ်ပြီး ပူဇော်တော့ ဘုရား သခင်က ကျေနပ်တယ် ဆိုလို့ရှိရင် “ကိုယ့်ကိုယ်ကို သတ်ပြီးပူဇော်ရင် ပိုမကောင်းဘူးလားလို့” မေးစရာ ရှိတယ်။

အဲ့တော့ သူများကိုသတ်ပြီးတော့ ယဇ်နတ် ပူဇော်ရင် ကောင်းကျိုးချမ်းသာရတယ်ဆိုတဲ့ ဟောပြောမှုတွေဟာ ဗုဒ္ဓမြတ်စွာလက်ထက်တုန်းက အကြီးအကျယ် ပေါ်ခဲ့တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”

စာမျက်နှာ-၁၂
ကို ငါးပါးသီလမှာ ထိပ်ဆုံးကထားပြီး ဟောတာ။ God ဆိုတဲ့ ဘုရားသခင်ကြီး ကျေနပ်အောင် သတ္တဝါတွေ သတ်ပြီး ယဇ်နတ်ပူဇော်တာ ကောင်းကျိုးချမ်းသာ မပေးဘူးလို့ မြတ်စွာဘုရားက အတိအကျဟောတယ်။

ကောင်းကျိုးချမ်းသာ ပေးတယ်လို့ ပြောတဲ့ဟောတဲ့ အဆုံးအမမျိုးကို ယုံကြည်လက်ခံပြီး ကိုယ်ကိုယ်တိုင်က သတ္တဝါတွေရဲ့ အသက်ကို သတ်မယ်ဆိုလို့ရှိရင် အကြိမ် ကြိမ် အဖန်ဖန် သံသရာမှာ အသတ်ခံရပြီး ဆင်းရဲဒုက္ခတွေနဲ့ ကြုံရမှာပဲ။

အဲ့တော့ အသိဉာဏ်လည်းရှိဖို့လိုတယ်၊ မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးပေးနိုင်တဲ့ ပုဂ္ဂိုလ်မျိုးမှ တကယ့် ဆရာသမားကောင်းလို့ ပြောလို့ရတယ်။ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်ယုံကြည်တဲ့ မြတ်စွာဘုရားက အကြင်နာ လည်းရှိတယ် ပညာလည်းရှိတယ်။ အသိပညာနဲ့ ကိုယ်တိုင်သိပြီး ဟောထားတာဖြစ်လို့ “ဒါ အပြစ်

စာမျက်နှာ-၁၃
ရှိတယ်ဆိုရင် တကယ်အပြစ်ရှိတယ်။ ဒါ အပြစ်ကင်းတယ် ကောင်းကျိုးချမ်းသာပေးနိုင်တယ်ဆိုရင် တကယ် အပြစ်ကင်းပြီး ကောင်းကျိုးချမ်းသာပေးတယ်”။

ဘုရားအဆုံးအမတိုင်း လိုက်နာကျင့်သုံးကြတဲ့ အတွက် ကောင်းကျိုးချမ်းသာတွေရရှိပြီး တစ်ဘဝထက် တစ်ဘဝ မြင့်သွားတယ်၊ ဒီဘဝမှာလည်း စိတ်ချမ်းသာမှုတွေနဲ့ ပြည့်စုံတယ်။ ဘဝဆက်တိုင်း စိတ်ချမ်းသာမှုတွေရပြီး နောက်ဆုံးမှာ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ သေခြင်းဆင်းရဲဆိုတာတွေက လွတ်မြောက်သွားနိုင်တယ်။

အဲ့တော့ ဘာသာတရားကို ဟောပြောတဲ့ ပုဂ္ဂိုလ် (သို့မဟုတ်) ဘာသာဝါဒတစ်ခုကို တည်ထောင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်သည် အကြင်နာတရားလည်း ရှိရမယ် ပညာလည်း ရှိရမယ်။ “အကြင်နာနဲ့ ပညာ” နှစ်ခု ပေါင်းစပ်လိုက်တဲ့အခါမှာ သတ္တဝါအားလုံးရဲ့ အကျိုးကို

စာမျက်နှာ-၁၄
တိတိကျကျ လမ်းညွှန်နိုင်တယ်။ “ပညာရှိမှ မှန်ကန်တဲ့ တရားကို ဟောနိုင်တာ။ အကြင်နာရှိမှ သတ္တဝါတွေရဲ့ အကျိုးကို ဆောင်ရွက်နိုင်တာ”။ ဒီနှစ်ခုမရှိဘဲနဲ့ တန်ခိုးရှင်မို့ ဖန်ဆင်းရုံ ဖန်ဆင်းတယ် ဆိုလို့ရှိရင်က ကောင်းကျိုးချမ်းသာ ရဖို့မရှိဘူး။ ကောင်းအောင်လည်း ဖန်ဆင်းနိုင်ဖို့ မရှိဘူးပေါ့။

ဒါးကြောင့်မို့ ဘာသာတရားနဲ့ ပတ်သက်လာတဲ့အခါ အသိဉာဏ်နဲ့ ဆင်ခြင်သုံးသပ် ဆုံးဖြတ်ကြရမှာ ဖြစ်တယ်။ ကိုယ့်ဟာကိုယ် ဆုံးဖြတ်တတ်ရမယ်။ ဆုံးဖြတ်တတ်အောင်လို့ မြတ်စွာဘုရားဟောတဲ့ တရား ဓမ္မတွေကို နာယူကြရတယ်။ စာအုပ်စာတမ်းတွေ ဖတ်ရှုကြရတယ်။ လက်တွေ့နဲ့ကိုက်ညီအောင် စဉ်းစား တတ်ကြရတယ်။ လောကလူသားတွေက လက်တွေ့နဲ့ မကိုက်ညီတာတွေကို ယုံကြည်နေကြတာ အများကြီးပဲ။ အဲ့ဒီလို အသိဉာဏ်ကင်းမဲ့တဲ့ ယုံကြည်မှုဟာ မကောင်း

စာမျက်နှာ-၁၅
တဲ့ဘက်ကို ဦးဆောင်သွားနိုင်တယ်။ ဒါကြောင့်မို့ အသိဉာဏ်ဆိုတာ ဆည်းပူး အားထုတ်ကြရမယ်။ အသိဉာဏ်မရှိရင် ဘယ်အရာပဲဖြစ်ဖြစ် မှားယွင်းနိုင်တယ်။

ဒါကြောင့်မို့ တရားကို ကြိုးစားနာရတယ်။ တရား စာအုပ်တွေ ဖတ်ရတယ်။ ကိုယ့်လက်တွေ့ဘဝနဲ့ ဆင်ခြင်သုံးသပ်ကြည့်ရတယ်။ ကိုယ့်ဟာကိုယ်ပဲ ဆင်ခြင်သုံးသပ်ကြည့်၊ ချစ်လှပါတယ်ဆိုတဲ့ ကိုယ့်ရဲ့ သားသမီးတွေကို ပညာတတ်ကြီးဖြစ်အောင် “မ” လို့ ရသလားဆိုရင် မရဘူး။ ဘာလုပ်ပေးနိုင်တုန်းဆိုရင် ကျောင်းကောင်းကောင်း ထားပေးတာတို့၊ ဆရာ ကောင်းကောင်းထံ အပ်ပေးတာတို့ ဒါတွေပဲ လုပ်လို့ ရမယ်လေ။ အတိုင်းအတာတစ်ခုပဲ၊ ဒါလက်တွေ့ပဲ၊ သူတို့ကိုယ်တိုင်က မကြိုးစားလို့ရှိရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ထို့အတူပဲ ဘာသာတရား ကိုးကွယ်တယ်

စာမျက်နှာ-၁၆
ဆိုတာလည်း အဆုံးအမရဖို့ ကိုးကွယ်တာ၊ ရပြီးတဲ့အခါ လက်တွေ့ကျင့်သုံးရမှာက ကိုယ့်တာဝန်၊ ကိုယ်ကိုယ် တိုင်က မကျင့်သုံးဘူး၊ လက်တွေ့မလုပ်ဘူး ဆိုလို့ရှိရင် ဘာဖြစ်လဲ၊ ဘာမှမဖြစ်ဘူး၊ မသောက်တဲ့ ဆေးဝါးဟာ ရောဂါကို မပျောက်စေနိုင်ဘူး။ ဆရာဝန်က ရောဂါ ပျောက်ဖို့ ဆေးပေးထားတယ်၊ ဆေးမသောက်ရင် ဘယ်ရောဂါ ပျောက်မလဲ၊ ဒီလိုဆိုလိုတာပေါ့နော်။

အေး ဒါကြောင့်မို့ မြတ်စွာဘုရားဟာ အကြင်နာနဲ့ ပညာ၊ တနည်းအားဖြင့် ပြောမယ်ဆိုရင်၊ “ကရုဏာ”နဲ့ “ပညာ” ဘက်စုံပြည့်စုံတယ်။ ပညာပါသည့်အတွက် ကြောင့် အမှားမရှိဘူး၊ “အကြင်နာ”ဆိုတဲ့ “ကရုဏာ” တရား ရှိသည့်အတွက်ကြောင့် ရက်ရက်စက်စက် ချောက်တွန်းတာမျိုး မရှိဘူး။ ဒီလိုပြောတာနော်။ ဒါကြောင့်မို့ ဒီတရားမျိုးကို ကိုယ်တိုင်သိအောင် ကြိုးစားပြီး သိသလောက် လက်တွေ့ကျင့်သုံးဖို့ လိုအပ်

စာမျက်နှာ-၁၇
တယ်။ သိပြီး ကျင့်သုံးတာကိုပဲ “ဓမ္မာနု ဓမ္မ ပဋိပတ္တိ” လို့ဆိုတာ။ ဆင်းရဲဒုက္ခက ကယ်တင်ပေးနိုင်တဲ့ မဂ် တရား၊ ဖိုလ်တရားကို “ဓမ္မ” လို့ ခေါ်တယ်။ “ဓမ္မံ သရဏံ ဂစ္ဆာမိ” ဓမ္မကို ကိုးကွယ်ပါတယ်။ သံသရာဝဋ်က လွတ်ချင်တာပဲဖြစ်ဖြစ်၊ အပါယ်ငရဲက လွတ်ချင်တာပဲ ဖြစ်ဖြစ် ဆင်းရဲဒုက္ခတွေကနေ ကိုယ့်ကို ဆွဲထုတ် ကယ်တင်တာဟာ ဘုရားမဟုတ်ဘူး၊ မြတ်စွာဘုရားရဲ့ အဆုံးအမတရားသာဖြစ်တယ်၊ တရားကကယ်တာ။

ကြည့်လေ- ရောဂါပျောက်အောင် ဆရာဝန်က ကုတာမဟုတ်ဘူး၊ ဆေးကကုတာ၊ ဆေးမပါဘဲနဲ့ ဆရာဝန် ဘာတတ်နိုင်မှာလဲ၊ ဆရာဝန်က ဆေးပဲ ပေး တာလေ၊ အဲဒီအတိုင်းပဲ “တရား”ဟာ ဆေးနဲ့အလား တူတယ်၊ ကိုယ်ကိုယ်တိုင် လိုက်နာကျင့်သုံးရမယ်။ အဲ့ဒီ “ဓမ္မကို ကိုးကွယ်ဆည်းကပ်ပါတယ်”ဆိုတာ “ဓမ္မ”ကို လိုက်နာကျင့်သုံးခြင်းပဲပေါ့။ သံသရာဝဋ်က ဆွဲထုတ်

စာမျက်နှာ-၁၈
နိုင်တဲ့ “ဓမ္မ” သည် “ဓမ္မံ သရဏံ ဂစ္ဆာမိ” မှာပါတဲ့ မဂ်တရား၊ ဖိုလ်တရားပဲ ဖြစ်တယ်။ နောက်ဆုံး အထွဋ် အထိပ်ဖြစ်တဲ့ နိဗ္ဗာန်တရား၊ သံသရာဝဋ်က မလွတ်သေးခင်လည်းပဲ မဂ်တရား၊ ဖိုလ်တရား ရထားတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်ပင်ပမ်းမှုကို သက်သာသွားနိုင်တယ်။ စိတ်ပူလောင်မှုတွေကို သက်သာစေတယ်။

လောကလူတွေကြည့်လေ၊ ပြီးတဲ့အခါ ပြုံးနေ ပေမယ့်လို့ စိတ်ပူပန်မှုတွေ အများကြီးရှိကြတယ်။ “သောက” လို့ခေါ်တယ်။ တစ်ခါမဟုတ်တစ်ခါ “ဘဝ” ရလာရင် အကြိမ်ကြိမ် စိတ်ပူရတာတွေရှိတယ်။ မငိုဘူးတဲ့သူ၊ စိတ်မပူဘူးတဲ့သူ တစ်ယောက်မှ ရှိမှာမဟုတ် ပါဘူးနော်။ စိတ်ပူရတယ်ဆိုတဲ့ “သောက” စိတ်ဆင်းရဲ ရတယ်ဆိုတဲ့ “ဒေါမနဿ” စိတ်ပူလို့ ငိုရတယ်ဆိုတဲ့ “ပရိဒေဝ” ကိုယ်ဆင်းရဲမှု ခံစားရတယ်ဆိုတဲ့ ဒုက္ခ။ အဲ့ဒီ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ လို့ဆိုတဲ့

စာမျက်နှာ-၁၉
အရာတွေကို ဘယ်အရာက ပယ်ဖျောက်နိုင်သလဲဆိုရင် “ဓမ္မကသာ ပယ်ဖျောက်နိုင်တယ်။ အဲ့ဒီ ပယ်ဖျောက်နိုင်တဲ့ ဓမ္မကို မြတ်စွာဘုရားက ပေးထားတယ်။ ဆေးပေး သလို ပေးတာနော်။ ဒါတွေဒါတွေလုပ်လို့ရှိရင် သောက တွေ ပျောက်နိုင်တယ်။ ပရိဒေဝတွေ လွန်မြောက်နိုင်တယ်။ “ဒုက္ခ”ဆိုတဲ့ ကိုယ်ဆင်းရဲမှု၊ “ဒေါမနဿ”ဆိုတဲ့ စိတ်ဆင်းရဲမှုတွေ လျှော့ချနိုင်တယ်၊ ဖယ်ရှားနိုင်တယ်။

မြတ်စွာဘုရား နည်းလမ်းပေးတဲ့အတိုင်း ကိုယ် ကိုယ်တိုင် ဒီဓမ္မကို ကျင့်သုံးရမယ်။ ကိုယ့်ရဲ့ ရင်ထဲ နှလုံးထဲမှာရောက်အောင် လုပ်ခြင်းဟာ ဓမ္မကို ကျင့်သုံး ခြင်းပဲ ဖြစ်တယ်။ ဓမ္မကို ရယူတယ်ဆိုတာ စိတ်ထဲ ရောက်အောင် ရယူခြင်းပဲဖြစ်တယ်။ အပူက ဘယ်ထဲ မှာ ရှိတာတုန်းဆို လူတွေကပြောတော့ ရင်ထဲမှာ ရှိတယ်လို့ပြောတယ်။ ရင်ထဲမှာရှိတယ်ဆိုတာ အဓိက စိတ်ထဲမှာ ဖြစ်တာလေ။ လူတွေ သောကဖြစ်တယ်

စာမျက်နှာ-၂၀
ဆိုတာ စိတ်ထဲမှာဖြစ်တာ။ အဲ့ဒီ စိတ်ထဲမှာဖြစ်တဲ့ “သောက”ကို ဖယ်ချင်လို့ရှိရင် စိတ်ထဲမှာ အေးချမ်းစေတတ်တဲ့တရားကို ပြောင်းလဲနှလုံးသွင်းပေးဖို့လိုတယ်။ လောကမှာ ရေကြောင့်ဖြစ်ပေါ်လာတဲ့ “ရွှံ့ညွန်” စတဲ့ အညစ်အကြေးတွေကို ဘာနဲ့ဆေးရသလဲဆိုရင် ရေနဲ့ဆေးရတယ်။ ရေနဲ့ပဲပြန်ဆေးရတယ်။ အဲဒါကြောင့် စိတ်ကြောင့်ဖြစ်လာတဲ့ ပူပန်မှုတွေကို “စိတ်နဲ့ပဲ ပြန်ကုစားရတယ်။ “ဗုဒ္ဓ”ရဲ့ နည်းစနစ်တွေဟာ အင်မတန်မှ မှန်ကန်ပြီးတော့ တိကျတယ်။ ဗုဒ္ဓရဲ့နည်းစနစ်မရကြတဲ့ လူတွေဟာ စိတ်ပူပန်မှုတွေကိုပျောက်အောင် ဘာတွေ လုပ်ပေးကြတုန်းဆိုရင်တဲ့ စိတ်ရဲ့ ပင်ပန်းမှု လျှော့ချတဲ့ နည်းတွေကို အသုံးချပြီး စိတ်ကိုပြောင်းပေးနေကြတယ်။ ဖြေသိမ့်ပေးကြတယ်၊ ဒါကို Psychotherapy လို့ ခေါ်ကြတာ။ စိတ်ကိုစိတ်နဲ့ ပြန်ကုစားကြတာ။ သူတို့ကုစားတယ်ဆိုတဲ့နည်းဟာ လုံလောက် အောင်မြင်

စာမျက်နှာ-၂၁
တဲ့နည်းတော့ မဟုတ်ဘူး၊ သက်သာရုံပဲရှိတယ် Psychiatrist စိတ္တဇဆရာဝန်က ဆေးကျွေးတယ်၊ စိတ်ကို ပြောင်းလဲပေးတယ်၊ စိတ်အားတွေ ရလာအောင် လုပ်ပေးတယ်။

တကယ်တော့ စိတ်ကို ကုစားနိုင်လို့ Psychiatrist လို့ ခေါ်ချင်ရင် “ဗုဒ္ဓ” ကိုပဲ ခေါ်ရမယ်။ ဗုဒ္ဓကမှ တကယ့်ကို Supreme Psychiatrist ပဲနော်။ စိတ်အထူးကု သမားတော်ကြီးပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ ကြည့်လေ ပဋာစာရီတို့လို သောကကြောင့် ရူးသွပ်သွားတဲ့ အမျိုးသမီးတစ်ယောက်ကို ဘယ်တော့မှ သောက မဖြစ်တဲ့ အခြေအနေမျိုးရောက်အောင် လုပ်ပေးနိုင်တယ်။ အရူးပျောက်ရုံတင်မကဘူး၊ သူ့သောကတွေကို ရင်ထဲက အပြီးအပိုင် ထုတ်ပစ်နိုင်တဲ့အဆင့် ရောက်သွားတယ်၊ ဘယ်အရာက ထုတ်ပစ်တာတုန်းဆိုရင် မြတ်စွာဘုရားရဲ့ တရားဓမ္မက ထုတ်ပစ်လိုက်တာ။

စာမျက်နှာ-၂၂
ဘုရားက လမ်းညွှန်မှုပေးတယ်။ ဒီနည်းလမ်းအတိုင်း ကျင့်၊ ဒီနည်းလမ်းအတိုင်းလုပ် လုပ်ရင် ရင်ထဲက သောကတွေအကုန်လုံး အေးသွားမယ်။ နောက်ထပ်လဲ ဒီလိုမျိုးသောကဆိုတာ မဖြစ်တော့ဘူး။

သန္တတိ အမတ်ကြီးတို့လို စိတ်သောကတွေ ဖိစီးပြီးတော့ ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေ စိတ်ငြိမ်းချမ်းမှုကို ပေးနိုင်တာ မြတ်စွာဘုရားရဲ့ တရားပဲဖြစ်တယ်။ အေး ဒါကြောင့် စိတ်သောက ရောက်နေကြတဲ့ ပုဂ္ဂိုလ်တိုင်း၊ စိတ်ရဲ့ အညစ်အကြေးနဲ့ မကင်းကြသေးတဲ့ပုဂ္ဂိုလ်တိုင်း မြတ်ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း နှလုံးသွင်းတရားနဲ့ မိမိတို့ရဲ့ သန္တာန်မှာဖြစ်တဲ့ စိတ်သောကတွေကို လျော့ချနိုင်တယ်။ လျော့ချနိုင်တဲ့ နည်းစနစ်တွေကို မြတ်စွာဘုရားက ဟောထားတယ်။ အဲ့ဒီ နည်းစနစ်တွေအတိုင်း လိုက်နာကျင့်သုံးခြင်းဟာ လက်တွေ့လုပ်ခြင်း ဖြစ်တယ်ပေါ့။ အဲ့တော့ မြတ်စွာဘုရားရဲ့ အဆုံးအမဟာ စိတ်ကို

စာမျက်နှာ-၂၃
ဗဟိုထားပြီးတော့ ဆုံးမတဲ့ အဆုံးအမ၊ ကိုယ့်စိတ်ကို လေ့လာသုံးသပ်ပြီး ဆုံးဖြတ်ရမယ်။ ကိုယ့်စိတ်ကိုပဲ အမြဲတမ်း check up လုပ်ရမယ်နော်။

နေ့စဉ် လူတွေဟာ ဘာတွေ check up လုပ်တုန်းဆိုရင် မှန်လေးကြည့်ပြီး ကိုယ့်မျက်နှာကို check up လုပ်တယ်။ စိတ်ကိုတော့ check up မလုပ်ကြဘူး။ ကိုယ့်စိတ်ထဲမှာ “လောဘ”တွေ ရှိနေသလား?။ မကြာမကြာ “လောဘ” ဖြစ်သလား? “ဒေါသ”တွေ ရှိသလား? မကြာမကြာ စိတ်ဆိုးတတ်သလား? စိတ်တိုတတ်သလား? စိတ်ကောက်တတ်သလား? ကိုယ့်စိတ်ကို check up မလုပ်ကြဘူးနော်။ မှန်လေးကြည့်ပြီး မျက်နှာတော့ check up လုပ်တယ်။ ဆံပင်ကို check up လုပ်တယ်၊ မျက်ခုံးမွှေး check up လုပ်တယ်နော်။ စိတ်ကလေးကို check up လုပ်လိုက်မယ်ဆိုရင် ဒီထက် ပိုကောင်းသွားမယ်။ ရုပ်အဆင်း လှပတယ်ဆိုတာ

စာမျက်နှာ-၂၄
စိတ်အပေါ်မှာ မူတည်တာပါ။ ရုပ်က ဘယ်လောက်လှလှ စိတ်ပုပ်နေတယ်ဆိုရင် ဘယ်လိုမှ ကြည်လင်တဲ့ ရုပ် ဖြစ်မလာပါဘူး။

စိတ်ဆိုးနေတဲ့မျက်နှာ ကိုယ့်ဟာကိုယ် မှန်ထဲမှာ ကြည့်၊ လန့်တောင် လန့်သွားလိမ့်ဦးမယ်။ အေး ဒါကြောင့်မို့ စိတ်ကြည်နေတဲ့ မျက်နှာနဲ့ စိတ်တိုနေတဲ့ မျက်နှာ ဓာတ်ပုံနှစ်ခု ယှဉ်ရိုက်ကြည့်ထား၊ ယှဉ်ရိုက်ကြည့်ရင် ကွဲပြားခြားနားမှုတွေ ပေါ်လာလိမ့်မယ်။ ဒါကြောင့်မို့ စိတ်ဟာ အင်မတန်မှ အဓိကကျတယ်လို့ ပြောတာနော်၊ မြတ်စွာဘုရားဟာ စိတ်ကို ဦးတည်ပြီးတော့ ဆုံးမတယ်။ လူတိုင်းလူတိုင်းမှာ “စိတ်ပူတယ်၊ စိတ်ညစ်တယ်၊ စိတ်သောကရောက်တယ်”ဆိုတာတွေမှာ ထွက်ပေါက်အဖြေတွေ ရှိတယ်တဲ့။ အဲ့ဒီအဖြေနဲ့ ဖြေရှင်းသွားလို့ရှိရင် စိတ်ပူမှုကို လျှော့ချနိုင်တယ်။ စိတ်သောကကို လျှော့ချနိုင်တယ်။ နောက်ဆုံးမှာ

စာမျက်နှာ-၂၅
ဖယ်ရှားပစ်နိုင်တဲ့ နည်းစနစ်ကို မြတ်စွာဘုရားက ဟောတယ်။

စိတ်ကို စိတ်နဲ့ပဲ ပြန်လည်ကုစားတာ၊ ရေကြောင့် ဖြစ်တဲ့ အညစ်အကြေးကို ရေနဲ့ဆေးရင် ပျောက်သလိုပဲ။ စိတ်ကို စိတ်နဲ့ပြန်ပြီးတော့ ကုစားတဲ့ နည်းစနစ်ဆိုတာ အပြင်က ဘာတစ်ခုမှ မပါဘူးနော်။ ဆေးသောက်စရာ မလိုဘူး၊ စိတ်ကိုစိတ်နဲ့ ပြန်ကုစားတာ။ အဲ့ဒါကို နာမည် တစ်မျိုးနဲ့ ပြောလို့ရှိရင် ကမ္မဋ္ဌာန်း အားထုတ်တယ်လို့ ပြောတယ်။ ကမ္မဋ္ဌာန်းထိုင်တယ်၊ အခုခေတ်ပြောတဲ့ တရားစခန်းဝင်တယ်ပေါ့၊ (၁၀)ရက်စခန်းတို့ (၇)ရက်စခန်းတို့ ရိပ်သာမှာဝင်တယ်။ တရားအားထုတ်တယ်၊ စိတ်ကိုစိတ်နဲ့ ကုစားတဲ့အလုပ် လုပ်တာပဲ။ အဲ့ဒီလို ကုစားတဲ့အခါမှာ သမာဓိစွမ်းအားနဲ့ ကုစားတာက တစ်မျိုး၊ စိတ်ကို အာရုံတစ်ခုထဲမှာ စုစည်းတာ၊ စုစည်း

စာမျက်နှာ-၂၆
ထားတဲ့ အချိန်မှာတော့ စိတ်က ငြိမ်ကျသွားလို့ရှိရင် အေးချမ်းမှာတော့ သေချာတယ်။

ဒါကြောင့်မို့ သမာဓိကောင်းနေလို့ရှိရင် တရားထိုင်တဲ့နေရာမှာ တစ်နာရီလည်း ကြာတယ်မထင်ဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် စိတ်ကို အာရုံတစ်ခုတည်းမှာ စုစည်းထားတဲ့အတွက်ကြောင့် ညောင်းတာ၊ ကိုက်ခဲတာတွေကို အကုန်ကျော်လွှားပြီး အေးချမ်းတဲ့အနေအထားတစ်ခုရတယ်။ “သမာဓိ" ဖြုတ်လိုက်ရင်တော့ ဒါတွေမရှိပြန်ဘူး။

သမာဓိစွမ်းအားကို အခြေခံပြီး တဆင့်လုပ်ရမယ့် အရာက ဘာတုန်းဆိုတော့ contemplation လို့ခေါ်တယ်။ ရုပ် နာမ် ဓမ္မသဘာဝတရားတွေကို ဆင်ခြင်သုံးသပ်ရမယ်။ အမှန်အကန်သိအောင် check up လုပ်ရမယ်နော်။ မဟာသတိပဋ္ဌာနသုတ်မှာ မြတ်စွာဘုရား ဟောထားတဲ့ “စိတ္တာနုပဿနာ”ဆိုတာ စိတ်ကို

စာမျက်နှာ-၂၇
check up လုပ်တာပဲ။ အဲ့သလိုလုပ်မှလည်း အဖြေထုတ်လို့ရတယ်လေ၊ အဖြေထုတ်နိုင်မှ ဖြေရှင်းချက် ဖြေဆေးဆိုတာ ရှိမယ်။

ပြဿနာတစ်ခုကို မစူးစမ်းလို့ရှိရင် အဖြေထုတ်နိုင်မှာ မဟုတ်ဘူး၊ အဖြေမထုတ်နိုင်ရင် ဒီပြဿနာဟာ တန်းလန်းပဲနေမှာပေါ့။ အေး ဒါကြောင့်မို့ ဘယ်အရာပဲဖြစ်ဖြစ် အချက် (၃)ချက်နဲ့ ရှုမြင်သုံးသပ်ဖို့ လိုအပ်တယ်။ (၁) ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့အရာတွေဟာ ကျေနပ်စရာကောင်းတာတွေရှိတယ်။ အဿာဒ လို့ခေါ်တယ်။ ကျေနပ်စရာကောင်းတာက အဿာဒ။ (၂) အပြစ်အနာအဆာတွေရှိတယ်။ အာဒီနဝ။ (၃) ထွက်ပေါက်ရှိတယ်။ နိဿရဏ။ ဒီသုံးချက်ကို နားလည်ဖို့လိုတယ်။ ကဲ ကိုယ့်ရဲ့ ရုပ်ခန္ဓာကြီးဆိုပါစို့၊ မျက်လုံးကိုပဲ ကြည့်ရအောင်၊ မျက်လုံးရဲ့ ကျေနပ်စရာကဘာလဲ? မျက်လုံး

စာမျက်နှာ-၂၈
နဲ့ပတ်သက်ပြီးတော့ အပြစ်အနာအဆာက ဘာလဲ? အဲ့ဒီ မျက်လုံးမှ ထွက်မြောက်မှုက ဘာလဲ?။

(၁) မျက်လုံးနဲ့ ပတ်သက်ပြီး ကျေနပ်စရာက ဘာတုန်းဆိုရင် မျက်လုံးရှိလို့ မြင်စရာတွေ မြင်ရတယ်။ ပညာသင်လို့ရတယ်။ စာအုပ်စာတမ်းတွေ ဖတ်လို့ရတယ် ဘုရားဖူးလို့ရတယ်၊ စိတ်ပျော်စရာကောင်းတဲ့ အာရုံလေးတွေ ကြည့်ရတယ်၊ မြင်ရတယ်။ ဟော မျက်လုံးရဲ့ အသုံးက ကျေနပ်စရာ မကောင်းဘူးလား၊ ကောင်းတယ်နော်။ မျက်စိကောင်းနေတဲ့ ပုဂ္ဂိုလ်တွေဟာ ကမ္ဘာလောကကြီးရဲ့ အလှအပတွေ ခံစားနိုင်တယ်။ အကုန်လုံး ကြည့်နိုင်တယ်။ မျက်စိနဲ့ ပညာတွေ ရှာနိုင်တယ်။ စာအုပ်စာတမ်းတွေ ဖတ်နိုင်တယ်။ စေတီပုထိုး ဖူးမြင်နိုင်တယ်။ ဒါ မျက်လုံးရဲ့ အကျိုးကျေးဇူးတွေ၊ ကျေနပ်စရာလေးတွေ။

စာမျက်နှာ-၂၉
(၂) ဒါဖြင့် မျက်လုံးရဲ့ အပြစ်အနာအဆာ မကျေနပ်စရာက ဘာတုန်းဆိုရင် တဖြည်းဖြည်းမှုန်လာတတ်တာက မကျေနပ်စရာပဲ။ တခါတခါ မျက်စိကြီး နီရဲနေအောင် ကျိန်းတတ်တာက မကျေနပ်စရာပဲနော်၊ မျက်မှန်တပ်ရတာလည်း မကျေနပ်စရာပဲ။ မှုန်လာတော့ မျက်မှန်တပ်ရတယ်၊ နောက်ဆုံး တိမ်ဖုံးသွားတာလည်း မကျေနပ်စရာပဲ၊ အခု တိမ်က (၂)မျိုးတောင် ဖြစ်လာပြီ၊ အတွင်းတိမ်၊ ရေတိမ်တဲ့။ အဲဒီလို မျက်စိရဲ့ အပြစ်အနာအဆာ၊ မတည်မြဲတဲ့သဘော၊ ပြောင်းလဲဖောက်ပြန်တတ်တဲ့သဘော၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်တဲ့သဘောတွေက မျက်စိမှာ ကျေနပ်စရာမကောင်းဘူး၊ မျက်စိရဲ့ အပြစ်တွေပဲ။

ပစ္စည်းလေးတစ်ခုတွေ့တဲ့အခါ ကျေနပ်စရာ၊ မကျေနပ်စရာ (၂)ခုရှိတာပဲ။ ဘယ်အရာပဲဖြစ်ဖြစ်။ ကားတစ်စီးဝယ်လည်း ဒီအတိုင်းပဲပေါ့။ ကျေနပ်စရာ

စာမျက်နှာ-၃၀
ကောင်းတယ်၊ ဒီကားက ကျေနပ်စရာ မကောင်းဘူး၊ ခဏခဏပျက်တယ်နော်။ ဒီလိုဟာမျိုးပေါ့။

(၃) မျက်စိက ထွက်ပေါက်ဆိုတာတော့ ဘာလဲ? မျက်လုံးပေါ်မှာ တွယ်တာနေတဲ့ တွယ်တာနေမှု အဲ့ဒီ တွယ်တာမှု တဏှာကို မဖယ်နိုင်သေးသမျှ ဒီပြဿနာကို မရှင်းနိုင်ဘူး။ ဒါကြောင့်မို့ မျက်စိပေါ်မှာ တွယ်တာခြင်းဆိုတဲ့ တဏှာကို ဖယ်ရှားခြင်းသာ ထွက်ပေါက်ပဲ။

ဘယ်အရာပဲဖြစ်ဖြစ် ဒီအတိုင်းဆွဲကြည့်။ မြတ်စွာဘုရား ဟောတဲ့အခါမှာ အဿာဒဆိုတဲ့ စကားလုံးနဲ့ ဟောတယ်။ “ကျေနပ်စရာ” - အာဒီနဝဆိုတာနဲ့ ပတ်သတ်ပြီး ဟောတယ်၊ “အပြစ်အနာအဆာ” - နိဿရဏဆိုတဲ့စကားလုံးနဲ့ဟောတယ်။ “ထွက်ပေါက်”။ ဘယ်အရာပဲဖြစ်ဖြစ် ဒီလိုရှိနေတာကို မြင်တတ်ရတယ်။ အဲဒီလို မြင်တတ်လာတဲ့အခါ ဘယ်ကိစ္စပဲဖြစ်ဖြစ် “ထွက်ပေါက်”ဆိုတာ ရှိလာတယ်။ အဲ့ဒီ ရှိလာတဲ့

စာမျက်နှာ-၃၁
“ထွက်ပေါက်ကလေး”တွေကနေ ထွက်ဖို့လိုတာပဲ။ မထွက်ဘဲနဲ့ ဒီထဲနေရင် ဒီပြဿနာနဲ့ လုံးလည်ခတ်နေမှာပဲနော်၊ အဖြေမရှာနိုင်ဘူးတဲ့။

မြတ်စွာဘုရား တရားတော်ဟာ အကြင်နာနဲ့ ပညာပေါင်းစပ်ပြီး ဟောတဲ့တရားဖြစ်လို့ အင်မတန်မှ ယုံကြည်စိတ်ချရတဲ့ တရား။ ဘုရားကိုယ်တိုင်ကိုက “သွာက္ခာတော ဓမ္မာ” ငါဟောတဲ့တရားဟာ အလွဲအမှား မရှိဘူး။ မှန်တဲ့အတိုင်းဟောတာ။ “သန္ဒိဋ္ဌိကော” ကိုယ်တိုင် လက်တွေ့လုပ်လို့ရတယ်၊ လောကမှာ ကိုယ်တိုင်လည်း တစ်ခါမှတွေ့တာမဟုတ်ဘဲနဲ့ လက်ခံနေကြရတာ။

တရားဆိုတာ ကိုယ့်ရဲ့ ရင်ထဲနှလုံးထဲ ရောက်လာတာနဲ့ ကိုယ်တိုင်ခံစားရတာ၊ ကိုယ်တိုင်သိတာ၊ “ဟုတ်တယ် မဟုတ်ဘူး” ကိုယ့်ဟာကိုယ်သိတာ၊ သောကဖြစ်ရင် တရားနှလုံးသွင်းလိုက်တာနဲ့ အဲ့ဒီ

စာမျက်နှာ-၃၂
သောက ပျောက်မပျောက် ကိုယ့်ဟာကိုယ်သိတယ်။ ပျောက်တဲ့ နည်းစနစ်အတိုင်း ဆင်ခြင်သုံးသပ်ကြည့်ရင် နောက်ဆုံးမှာ လုံးဝပျောက်သွားတဲ့ အဆင့်အထိ ရောက်သွားတယ်။ ဒီလိုပြောတာ။ “သန္ဒိဋ္ဌိကော” ကိုယ်တိုင်မြင်နိုင်တယ်။ ဘယ်လောက် ကျေနပ်စရာကောင်းလဲ။ ကိုယ်တိုင်မြင်ဖို့ ဘယ်လောက်ထိ စောင့်ရမလဲဆိုရင် “အကာလိကော” စောင့်စရာမလိုဘူး၊ အခုလုပ် အခုသိတယ်။ ဟုတ်တယ်။ တရားဓမ္မကြားနာရင် အခုကြား အခုသိ။ အခုသင် အခုတတ်သွားတာ၊ “သိသွားတယ်”ဆိုတာ “မသိတာနဲ့” ကပ်နေတာပဲလေ။ “ဧဟိပဿိကော” ကိုယ်သိသွားသလို သူများသိအောင် ပြောပြလို့လည်းရတယ်။ “လာပါ၊ လုပ်ကြည့်စမ်းပါ”လို့ ပြောလို့ရတဲ့တရား။ “သြပနေယိကော”တဲ့၊ အချိန်မရွေး ကိုယ့်ရင်ထဲနှလုံးထဲရောက်သွားတာနဲ့ ရင်ကိုအေးစေ

စာမျက်နှာ-၃၃
တတ်တဲ့တရား၊ သောက ကင်းဝေးစေတတ်တဲ့တရား၊ ဒီလို ပြောတာနော်။

“ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” အဆင့်မြင့်တရားမျိုးဖြစ်တဲ့ “နိဗ္ဗာန် မဂ် ဖိုလ်”တို့ကျတော့ တကယ်ပညာရှိမှသိတာ။ အဲဒီတော့ ပညာကို တိုးတက်အောင် လုပ်ဦး၊ လူတိုင်းလူတိုင်းဟာ အသိပညာ အဆင့်မီတာမှ မဟုတ်တာလေ။

ကဲ-ကြည့်လေ၊ ရမည်းသင်းမြို့သူ မြို့သားတွေအားလုံး တက္ကသိုလ်ကို ရောက်ကြရဲ့လား၊ မရောက်ဘူးလေနော်။ လူတိုင်းလူတိုင်း ဆရာဝန်ပညာရော တတ်ရဲ့လား၊ မတတ်ဘူးလေ။ တချို့က မူလတန်းနဲ့ ပြီးတယ်၊ တချို့က အလယ်တန်းနဲ့ ပြီးတယ်၊ တချို့က အထက်တန်းရောက်တယ်။ ဟော-တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးလေ၊ အဲ့ဒါလိုပဲ မြတ်စွာဘုရား တရားတော်က အဆင့်ဆင့်ရှိတယ်။ အဆင့်မြင့်တဲ့

စာမျက်နှာ-၃၄
တရားကျတော့ “ပစ္စတ္တံ ဝေဒိတဗ္ဗာ” အသီးသီး ကိုယ်တိုင် လက်တွေ့သိနိုင်တယ်။ ဘယ်သူတွေမှ သိနိုင်တာတုန်းဆို “ဝိညူဟိ”တဲ့၊ ဉာဏ်ထက်မြက်သူမှ သိတာ၊ အဆင့်မီမှရတယ်လို့ပြောတာ။ ဒါက သိပ်သဘာဝကျတာနော်။

အဲ့တော့ ကိုယ်လုပ်ရမှာ ဘာတုန်းဆိုရင် ပညာရအောင် ရှာရမှာပေါ့။ အမှတ်တမဲ့ မနေရဘူး၊ လူတွေမှာ တခါတခါ မှားယွင်းနေတဲ့ အတွေးအခေါ်တွေ ရှိတယ်။ “အသက်ကြီးပြီ၊ ဘာမှလုပ်စရာမလိုတော့ဘူး။ အခုမှ ပညာသင်နေလို့မဖြစ်ဘူး” တို့ ဒီလိုထင်ကြတယ်နော်။ မဟုတ်ဘူး၊ ပညာဆိုတာ အချိန်မရွေး သင်သင့်တယ်ပေါ့။ အချိန်မရွေးလုပ်ရမယ်။ ဘာပညာပဲဖြစ်ဖြစ်၊ အကျိုးရှိတဲ့ ပညာရပ်များဟာ ဘယ်အချိန်ပဲသိသိ တန်ဖိုးရှိတယ်။ တရားအားထုတ်တာ ဘယ်အချိန်ပဲထုတ်ထုတ်၊ အခုထုတ် အခုရ။ ပညာသင်တာ

စာမျက်နှာ-၃၅
လည်း နောက်ကျတယ်ဆိုတာ မရှိဘူး။ ဘဝနေနည်းနဲ့ပတ်သက်တဲ့ ပညာမျိုး၊ ပညာလို့ဆိုတာ စားဝတ်နေရေး ပညာလည်း ပညာပဲ၊ သို့သော် “တကယ့်ပညာဆိုတာ သဘာဝရဲ့ အစစ်အမှန်ကိုသိတဲ့ ပညာမျိုး”ကို ဆိုလိုတာနော်။ အဲ့ဒီပညာမျိုးဟာ အခုသိ အခုအကျိုးရှိတာမျိုးဖြစ်လို့ လူတိုင်းလူတိုင်းဟာ လေ့လာဆည်းပူး အားထုတ်သင့်တဲ့ပညာမျိုး ဖြစ်တယ်။

အဲ့တော့ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ အခုလို ကြိုးပမ်းအားထုတ်ကြရတယ်။ ပညာကို အဓိကထားပြီးတော့ မြတ်စွာဘုရားက ဟောတာ။ အင်မတန်မှ ကျေနပ်စရာကောင်းတယ်။ “ငါ့ကို ယုံကြည်ကြလို့ဆိုတာထက် အမှန်သိအောင် ကြိုးစားကြ”ဆိုတာမှ အဓိကကျတယ်နော်။ ယုံခိုင်းတာ မဟုတ်ဘူး။ အမှန်သိအောင် လုပ်ခိုင်းတာ။ ဒါကြောင့်မို့ မဂ္ဂင်(၈)ပါး ပဲကြည့်၊ သမ္မာဒိဋ္ဌိ (အမှန်အကန်မြင်ရမယ်) အမှန်

စာမျက်နှာ-၃၆
အကန်မြင်တယ်ဆိုတာ ကိုယ့်ရဲ့ဘဝ၊ ကိုယ့်ရဲ့ အခြေအနေကစ မှန်မှန်ကန်ကန်မြင်ဖို့လိုတယ်။ မှန်မှန်ကန်ကန် မမြင်ဘူးဆိုလို့ရှိရင် ဘယ်လိုပြဿနာ ဖြေရှင်းမလဲ၊ ဖြေရှင်းလို့မရဘူးလေ။ ဘဝလမ်းကြောင်းကို လျှောက်လှမ်းတဲ့အခါမှာ အမှန်မမြင်ဘူးဆိုရင် ဘယ်ရမလဲ။

ဒါကြောင့်မို့ အမှန်မြင်ဖို့ အရေးကြီးလို့ မဂ္ဂင်(၈)ပါးထဲမှာ “သမ္မာဒိဋ္ဌိ”ကို ဦးဆောင်အနေနဲ့ထားတာ။ အမှန်မြင်မှ အမှန်တွေးနိုင်တယ်၊ မှန်တဲ့စကားပြောနိုင်တယ်နော်။ တွေးပြီးမှ စကားပြောတာလေ၊ ဒါကြောင့်မို့ “သမ္မာသင်္ကပ္ပ”၊ ပြီးတော့ “သမ္မာဝါစာ” လို့ ဟောတာ။

ပြောပြီးရင်လုပ်တယ်။ ဒါကြောင့်မို့ “သမ္မာကမ္မန္တ” အပြောမှန်မှ အလုပ်မှန်မယ်။ ကဲ-အပြောရော အလုပ်ရော မှန်ပြီဆိုတော့မှ အသက်မွေးမှု မှန်နိုင်မယ်။ “သမ္မာအာဇီဝ” ဒီလိုဟောတာ။

စာမျက်နှာ-၃၇
ဒါဖြင့် အသက်မွေးမှုရှိတဲ့ပုဂ္ဂိုလ်က ပျင်းနေလို့ရှိရင် မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်ပါ့မလား၊ မရောက်ဘူးတဲ့။ ဒါကြောင့်မို့ “သမ္မာဝါယာမ”တဲ့။ အေးအလုပ်လုပ်ပြီဆိုရင် သတိနဲ့လုပ်ရတယ်။ “သမ္မာသတိ”။ စိတ်တည်ငြိမ်ဖို့ အရေးကြီးတယ်၊ “သမ္မာသမာဓိ”။ သမာဓိရှိရင် ဘာဖြစ်လဲဆိုရင် Right Understanding ဆိုတဲ့ သမ္မာဒိဋ္ဌိဆိုတာ ဖြစ်လာမယ်။

မြတ်စွာဘုရား တရားတော်တွေဟာ ရင်ထဲနှလုံးထဲမှာ ရှိတာတွေချည်းပဲ။ သမ္မာဒိဋ္ဌိဆိုတာ အမှန်မြင်တာကို ခေါ်တာ။ အမှန်မြင်တယ်ဆိုတာ ဘယ်လိုတုန်း၊ လောဘကို လောဘလို့မြင်တယ်။ “ကုသိုလ်”ကို “ကုသိုလ်”လို့ မြင်တယ်။ “အကုသိုလ်”ကို “အကုသိုလ်”လို့မြင်တယ်။ “ဒေါသ”ကို “ဒေါသ”လို့မြင်တယ် “သမ္မာဒိဋ္ဌိ”ပဲ။ အမှန်မြင်တယ်လို့ ခေါ်တာ။ အဲ့ဒီ အမှန်

စာမျက်နှာ-၃၈
မြင်မှုဟာ အင်မတန်မှအရေးကြီးတယ်။ သမ္မာဒိဋ္ဌိသုတ်ကိုကြည့်။

ဒါကြောင့်မို့ ဗုဒ္ဓအဆုံးအမမှာ အသိဉာဏ်ဟာ ရှေ့တန်းမှာ ရှိတယ်ပေါ့။ လောကမှာ သာမန်ပညာတတ်ပုဂ္ဂိုလ်တစ်ယောက်တောင် “သူပြော ကိုယ်ပြော”ကို မယုံဘူး၊ ဘာဖြစ်လို့တုန်းဆို ကိုယ်တိုင်သိတာကိုး။ တရားနဲ့ပတ်သက်လာလျှင် ကိုယ်တိုင်သိအောင်လုပ်ရမှာ၊ အပြောလေးနဲ့တင် လက်မခံနဲ့။ ရှင်သာရိပုတ္တရာအား မြတ်စွာဘုရားက တစ်ခါတုန်းက မိန့်ဖူးတယ်။ “သာရိပုတ္တရာ၊ “ဝိတက်, ဝိစာရ ကင်းတဲ့ သမာဓိမျိုး ရှိတယ်ဆိုတာ ယုံသလား” လို့မေးတယ်။ “တပည့်တော် မယုံပါဘူး ဘုရား၊ ကိုယ်တိုင်သိတာပါ”တဲ့။ ယုံတာနဲ့ သိတာ တစ်ခြားစီနော်၊ ယုံတယ်ဆိုတာ သူများအပြောကို ယုံတာ၊ ကိုယ်တိုင်သိတာမဟုတ်ဘူး၊ ဒီလိုဆိုလိုတာ။

စာမျက်နှာ-၃၉
ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်သိအောင်လုပ်ရင် ယုံတဲ့အဆင့်ကို လွန်သွားတယ်။
ဆည်းကပ်သင့်တဲ့အခါ
အေး- ဒါကြောင့်မို့ “ဆရာမြတ်ထံ ဆည်းကပ်ရမယ့်အခါ”က ဘယ်လိုအခါမှာ ဆည်းကပ်သင့်သလဲ? အချိန်မရွေး ဆည်းကပ်သင့်တာလား (သို့မဟုတ်) ဘယ်လိုအခါမျိုးမှာ ဆည်းကပ်ရင် အသင့်တော်ဆုံးဖြစ်သလဲဆိုတာ မှတ်ရမယ်။ ဘာဖြစ်လို့တုန်း၊ ပညာရဖို့အတွက်လေ၊ လူတွေရဲ့ စိတ်အခြေအနေဆိုတာ တစ်ခါတစ်ခါ တူတာမဟုတ်ဘူး၊ ရဟန်းတစ်ပါးက မြတ်စွာဘုရားကို လျှောက်တယ်။ “အရှင်ဘုရား, ဆရာမြတ်တွေထံ ဆည်းကပ်ဖို့ သင့်တဲ့အချိန်ဟာ ဘယ်နှစ်မျိုးရှိပါသလဲ?” ဒီမေးခွန်းကိုမေးတာ၊ မြတ်စွာဘုရားက (၆)မျိုးရှိတယ်တဲ့၊

စာမျက်နှာ-၄၀
ဆရာမြတ်ထံ ဆည်းကပ်ရမယ့်အချိန်ဟာ (၆)မျိုး ရှိတယ်။

နံပါတ်(၁)က “ကိုယ့်စိတ်ကို လောဘတွေက လွှမ်းမိုးနေတယ်၊ ကာမရာဂစိတ်တွေက လွှမ်းမိုးနေတယ်၊ ခံစားချင်တဲ့စိတ်တွေ များလာတယ်။ တရားဓမ္မတွေ လက်လွတ်လာတယ်”ဆိုတဲ့ အချိန်မျိုး၊ လောဘရဲ့ လွှမ်းမိုးမှုခံရလို့ ထွက်ပေါက်မရဘူးဆိုတဲ့အခါမျိုးမှာ ဆရာသမားထံ ဆည်းကပ်ရမယ်တဲ့။

ဆည်းကပ်ပြီးတဲ့အခါမှာ ဘာလုပ်ရမလဲ။ “လျှောက်ထားရမယ်”တဲ့။ သူ့စိတ်ကို လောဘတွေ ကာမရာဂတွေ လွှမ်းမိုးနေပါတယ်။ ဘယ်လိုလုပ်ပြီး ထွက်ပေါက်ရှာရမယ်ဆိုတာ သူမသိဘူး။ ဒီလောဘတွေ ငြိမ်းသတ်နိုင်အောင် နည်းလမ်းပေးပါလို့ တောင်းရမယ်။ အဲ့ဒီလို အချိန်အခါမျိုးမှာ ဆရာမြတ်ကို

စာမျက်နှာ-၄၁
ဆည်းကပ်ရမယ်လို့ပြောတာ။ မဆည်းကပ်ဘူးဆိုလို့ရှိရင် လောဘရဲ့ အနှိပ်စက်ကို ခံရမှာပဲလေ။

ဒါက ရှင်းရှင်းလေးပဲ။ ဆရာဝန်ဆီသွားတာ ဘယ်အချိန်သွားတာတုန်းဆိုရင် “နေမကောင်းတဲ့အချိန်”မှာ သွားတာ။ နေကောင်းနေတဲ့အချိန် ဆေးရုံ၊ ဆေးခန်း ဘယ်သူမှ မသွားဘူး။ နေမကောင်းဘူးဆို သွားရတယ်လေ။ ရောဂါပျောက်ဖို့၊ အခုလည်း စိတ်နေမကောင်းဖြစ်တာ၊ စိတ်နေမကောင်းဖြစ်ရင် ကုနိုင်တဲ့ဆီကို သွားရတာပဲလေ။

ရှင်ဂီသအကြောင်း

တစ်ခါတုန်းက ရှင်ဂီသဆိုတဲ့ ရဟန်းတော်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သာသနာတော် ရောက်လာတယ်။ ရှင်အာနန္ဒာနဲ့ ဆွမ်းခံလိုက်သွားရင်း စက္ခုမထိန်းသိမ်းဘဲ တောင်ကြည့်မြောက်ကြည့် ကြည့်တဲ့အခါ

စာမျက်နှာ-၄၂
မလုံတလုံဝတ်တဲ့ အမျိုးသမီးကိုမြင်ပြီး ရာဂစိတ်ဖြစ်တယ်။

အဲ့ဒီမှာ ဒီ ရှင်ဂီသဟာ သူ့ရင်ထဲက ခံစားချက်ကို ဆွမ်းခံသွားရင်း ရှင်အာနန္ဒာ မထေရ်မြတ်ကို လျှောက်တယ်။ “ကာမရာဂေန သုဿာမိ၊ စိတ္တံ မေ ပရိယုဋ္ဌိတံ”

တပည့်တော်ရဲ့ ရင်ထဲမှာ ကာမရာဂစိတ်တွေ လွှမ်းမိုးနေပါတယ်။ ရာဂအပူတွေ ရင်ထဲမှာ ပူနေတယ်။

“သာဓု နိဗ္ဗာပနံ ဗြူဟိ၊ အနုကမ္ပါယ ဂေါတမ” သနားတဲ့အနေနဲ့ အဲ့ဒီရင်ထဲက ကာမရာဂအပူတွေကို ပျောက်အောင် တရားဟောပေးပါ”တဲ့နော်။

အဲဒီမှာ ရှင်အာနန္ဒာက ပြောတယ်။ “သညာယ ဝိပရိယေသာ၊ စိတ္တံ တေ ပရိယုဋ္ဌိတံ”

စာမျက်နှာ-၄၃
“မင်းအမှတ်မှားနေလို့ မင်းစိတ်တွေ ပူလောင်တာ။ မင်းက မလှတာကို လှတယ်ထင်နေတာ။ မလှတဲ့ ပုံသဏ္ဌာန်ကြီးကို လှတယ်ထင်လို့ မင်းမှာ ဒီကာမရာဂစိတ်တွေ ပေါ်တာ”တဲ့။

သညာယ ဝိပရိယေသာ = လူတွေဆိုတာ အထင်ပဲလေ။ စိတ်ရဲ့ အထင်ဆိုတာက အင်မတန်မှခက်တာ၊ တီကောင်တောင်မှ ခေါက်ဆွဲလို့ မြင်လိုက်လို့ရှိရင် ကောင်းတယ်ထင်သွားရော။ ဟုတ်တယ်လေ၊ ညကြီးမင်းကြီးမှာ တီကောင်ဟင်းချိုကို ခေါက်ဆွဲဟင်းချိုထင်ပြီးသောက်တာ၊ သညာယ ဝိပရိယေသာ ကိုယ့်အထင်က တစ်မျိုးဖြစ်သွားတာနဲ့ တပြိုင်နက် တွယ်တာမှုက ရောက်လာတာ။ အဲဒီတော့ အထင်တွေ လွဲနေလို့ မင်းစိတ်တွေ ဖောက်ပြန်တာတဲ့၊ စိတ္တံ တေ ပရိယုဋ္ဌိတံ သညာမှားနေလို့ အထင်မှားနေလို့ စိတ်ဟာ ပူလောင်တာပါတဲ့ ဆိုပြီးတော့ သညာကို ဖျောက်ခိုင်းတယ်။

စာမျက်နှာ-၄၄
“အသုဘာယ စိတ္တံ ဘာဝေဟိ၊ မာနာနုသယ မုဒ္ဓရ”

“လှတယ်လို့ မတွေးနဲ့၊ ရွံစရာတွေတွေးကြည့်လိုက်၊ သူ့မျက်စိက ထွက်တာတွေတွေးကြည့်လိုက်၊ နှာခေါင်းထဲက ထွက်တာတွေတွေးကြည့်လိုက်၊ ပါးစပ်က ထွက်လာမယ့်ဟာတွေတွေးကြည့်လိုက်။ ကိုးပေါက်ဒွါရက ထွက်တာတွေ အကုန်တွေးကြည့်နော်။ နှစ်သက်စရာ ရှိရဲ့လား၊ အိပ်ယာမှ ထတာနဲ့ ဘယ်သွားလည်း Toilet သွားတယ်နော်။ လူတွေရဲ့ ခန္ဓာကိုယ်က ထုတ်လိုက်တဲ့ အရာတစ်ခုဟာ ဘယ်ဟာ သိမ်းထားစရာ ရှိလို့တုန်း၊ နောက်ဆုံးမှာ အခုဝါးပြီး အခုထွေးလိုက်တဲ့ အစာတောင်မှ ဘယ်သူမှ မသိမ်းဘူးလေ။ အဖိုးတန်ရင် သိမ်းမှာပေါ့နော်။ မသိမ်းဘူး။ အဲ့တော့ ကောင်းသလားဆိုရင် ကောင်းတာ တစ်ခုမှမရှိဘူး။ အပေါ်ယံလေးကို ကောင်းတယ်ထင်နေတာ၊ အရေလေးဖုံးထားတော့

စာမျက်နှာ-၄၅
အဟုတ်လို့ထင်နေတာ။ အဲသလို သညာလွဲမှားနေသည့်အတွက် မတင့်မတယ် ရွံစဖွယ်တွေကို တင့်တယ်တယ်လို့ ထင်နေတာ။ အဲ့ဒါကြောင့် မတင့်တယ်ဘူးဆိုတဲ့ အတွေးကိုတွေးလိုက်ပါလို့ ပြောတာနော်။

နောက်တစ်ခါ တစ်ပိုင်းက မာနာနုသယ မုဒ္ဓရ = မင်းကိုယ်မင်း ငါငယ်တယ်ဆိုတဲ့ အတွေးတွေလည်း မတွေးနဲ့တဲ့နော်။ မာနကို မဖြစ်စေနဲ့။ အထင်ကြီးရောက်မနေနဲ့တဲ့။ “မာနာနုသယ မုဒ္ဓရ” ရင်ထဲမှာ ရှိနေတဲ့ မာနကို ဖယ်လိုက်ပါ။ အဲ့သလို လုပ်လို့ရှိရင် ရင်ထဲကအပူ ပျောက်သွားပါလိမ့်မယ်လို့ပြောတာ။

လူတိုင်းလူတိုင်းဟာ ရင်ထဲမှာ ကာမရာဂအပူတွေ ရောက်လာပြီဆိုရင်တဲ့ ဆရာမြတ်ထံ ဆည်းကပ်ပါ။ ဆည်းကပ်ပြီးတော့ တရားနာလို့ရှိရင် ရင်ထဲအေးသွားပါလိမ့်မယ်တဲ့။ ဒါ လက်တွေ့ဖြေရှင်းတဲ့နည်းကို ပြောတာ။

စာမျက်နှာ-၄၆
စိတ်အလိုမကျဖြစ်နေရင်
နံပါတ်(၂) ကာမရာဂကတင် ရင်ကိုပူစေတာလားဆိုတော့ မဟုတ်ဘူး။ ဗျာပါဒကလဲ ရင်ကိုပူစေတယ်၊ ကိုယ်မကြိုက်တာတွေ ဖြစ်လာတယ်။ ကိုယ်မကြိုက်တဲ့ အာရုံ၊ ကိုယ်မကြိုက်တဲ့ အပြော၊ ကိုယ်မကြိုက်တဲ့ အလုပ်တွေကို လုပ်တယ်။ မကြိုက်တော့ ဘာဖြစ်လဲ၊ ဒေါသတွေဖြစ်တယ်။ စိတ်တွေ ဖောက်ပြန်လာတယ်နော်။ ရိုက်ချင်, နှက်ချင်, ဆဲချင် ဖြစ်လာတယ်။ “စိတ်ဆိုးတယ်။ စိတ်တိုနေတယ်ဆိုရင်လည်း ဆရာမြတ်ထံ ဆည်းကပ်လိုက်ပါ”တဲ့။ ဆည်းကပ်ပြီး ဒေါသရဲ့ ထွက်ပေါက်ကို ရှင်းပြပေးပါလို့ မေးရမယ်။ “ဒေါသရဲ့ ထွက်ပေါက်ဆိုတာ တခြားမဟုတ်ဘူး။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေတ္တာထားခြင်း”ပဲ ဖြစ်တယ်။

လူတစ်ယောက်အပေါ် အမုန်းစိတ်တွေ များနေလို့ရှိရင် ကောင်းကွက်ကလေးကိုရှာပြီး မေတ္တာထားကြည့်

စာမျက်နှာ-၄၇
ပါ။ သူ့ရဲ့ ကောင်းတာလေးတော့ ရှိရမှာပေါ့၊ ဆိုပါစို့ “မှော်တွေဖုံးနေတဲ့ ရေအိုင်လေးတစ်ခု၊ ရေကလည်း အင်မတန်ဆာတယ်၊ သောက်ချင်တယ်ဆိုရင် မှော်လေးဖယ်ပြီး ရေသောက်သလို”ပဲပေါ့။ မကောင်းတာတွေ ဖယ်လိုက်။ လူဆိုတာ အကောင်းနဲ့အဆိုး ရောနေမှာပဲ။ အဆိုးကိုဖယ်လိုက်၊ မေ့ထားလိုက်။ အကောင်းလေးကိုတွေးလိုက်၊ အကောင်းလေးကိုတွေးလိုက်ခြင်းဟာ မေတ္တာပွားဖို့အတွက် လွယ်ကူသွားစေတယ်ပေါ့။ အဲ့ဒီလိုမှတွေးလို့မရဘူး၊ ကိုယ်က အကောင်းကို မမြင်ဘူးဆိုရင် “သနားလိုက်ပါ”တဲ့ နော်။ သနားဖို့ရာလည်း မဖြစ်ဘူးဆိုရင်တော့ “ဥပေက္ခာထားလိုက်ပါ” လို့ ပြောတာနော်။

ဘယ်အရာပဲဖြစ်ဖြစ် ထွက်ပေါက်ဆိုတာရှိတယ်။ အဲဒီ “ဗျာပါဒ”ဆိုတဲ့ ရင်ထဲကို ပူလောင်စေတတ်တဲ့ တရား ကိုယ့်သန္တာန်မှာ ရောက်လာပြီဆိုရင် ဆရာမြတ်

စာမျက်နှာ-၄၈
ထံ ချည်းကပ်ပြီး “ဖြေဆေးကို တောင်းရမယ်”တဲ့။ မေတ္တာပွား၊ သည်းခံစိတ်ထားပြီးတော့ အလိုမကျတဲ့ ဒေါသကို ဖြေလို့ရတယ်။ ဒေါသကို မဖြေဘဲထားလို့ရှိရင် တုတ်တပြတ် ဓားတပြတ်ကနေ နောက်ဆုံးမှာ ရာဇဝတ်မှုကျူးလွန်တဲ့အထိ ဖြစ်သွားရော။ အဲ့ဒီလို မဖြစ်ရအောင် ဒေါသဆိုတဲ့တရားကို ထိန်းချုပ်နိုင်ရမယ်။ ထိန်းချုပ်ဖို့ နည်းလမ်းရှာရမယ်။

ကုသိုလ်ရေးရာစိတ်မပါ ဖြစ်နေချိန်

နံပါတ်(၃) ဘယ်အချိန်မှာ ဆရာမြတ်ထံ ဆည်းကပ်ရမလဲဆိုရင် ကုသိုလ်ရေးရာ စိတ်မပါ ဖြစ်နေတဲ့အချိန်။ ဆိုပါစို့- “ကမ္မဋ္ဌာန်းထိုင်ခြင်းနဲ့ အိပ်ငိုက်ခြင်း”ဆိုတာ ရှိတယ်လေ။ မတည့်တာပေါ့။ ပွဲကြည့်ရင်တော့ မငိုက်ဘူး။ အဲ့တော့ ကမ္မဋ္ဌာန်းလေးထိုင်လို့ရှိရင် အိပ်ငိုက်တာကို ဘယ်လိုလုပ်ရမလဲ၊ အိပ်ငိုက်တာအတွက်

စာမျက်နှာ-၄၉
အဖြေကဘာတုန်းဆိုရင် စိတ်အားတင်းပေးဖို့ပဲလိုတယ်။ စိတ်ကိုတင်းပေးရမယ်၊ မဖြစ်မနေလုပ်မယ်ဆိုတဲ့စိတ်ကို ထားရမယ်။ အဲဒါကို စေတသိကဝီရိယလို့ခေါ်တယ်။ စိတ်အားကို မြှင့်တင်ပေးတဲ့သဘော၊ ထိနမိဒ္ဓဆိုတာ အိပ်ချင်တာစိတ် လျော့ကျသွားတဲ့သဘော။ အဲ့ဒီ လျော့ကျသွားတာကို တိုးမြှင့်ပေးရမယ်။

လျှပ်စစ်အား မပြည့်ဘူးဆိုလို့ရှိရင် ဘာလုပ်ရတုန်း၊ အားမြှင့်တဲ့စက်နဲ့ မြှင့်ပေးတာလေ။ အဲ့ဒါလိုပဲ ခုနက အားလျော့သွားလို့ရှိရင် ဝီရိယနဲ့ မြှင့်ပေးရမယ်၊ ဒါထွက်ပေါက်တစ်ခုပဲနော်။ အဲ့ဒါကို မြတ်စွာဘုရားက ဟောတာပဲနော်။ ကမ္မဋ္ဌာန်းထိုင်ရင် အိပ်ချင်တယ်။ ဘာလုပ်ရမလဲ အဖြေရှာရင် ကြိုးစားအားထုတ်ပါ။ “စေတသိက ဝီရိယ” စိတ်အားတင်းတဲ့။

ရှင်မောဂ္ဂလာန် ခဏခဏ အိပ်ငိုက်နေတုန်းက မြတ်စွာဘုရားက နည်းပေးတာရှိတယ်လေ။ ဘုန်းကြီးတို့

စာမျက်နှာ-၅၀
ဒီသုတ္တန်ကို ဟောထားတာရှိတယ်။ “ကမ္မဋ္ဌာန်းထိုင်ခြင်း နှင့် အိပ်ငိုက်ခြင်း”တဲ့။ ဘာလုပ်ရတုန်းဆို ပထမ အလင်းနဲ့ နေရမယ်၊ စိတ်ကလည်း လင်းနေတဲ့သဘောရအောင် “အာလောကသညာ” ပွားရမယ်။ မရဘူးဆိုလို့ရှိရင် ထပြီးလမ်းလျှောက်၊ မရဘူးဆိုရင် မျက်နှာသစ်၊ ခန္ဓာကိုယ်ကို ပွတ်သပ်၊ လန်းဆန်းလာအောင်လုပ်၊ အဲဒါမှ မရဘူးဆိုရင် နားရွက်တွေ ပူသွားအောင်ဆွဲ၊ နားရွက်ပူအောင် ဆွဲတာလည်း ဖြေဆေးတစ်ခုပဲ။ ကမ္မဋ္ဌာန်းထိုင်ရင်း အိပ်ငိုက်ရင် ကိုယ့်နားရွက်ကိုယ်ဆွဲ၊ အဲ့ဒါ ထိနမိဒ္ဓ ပျောက်တဲ့နည်းတွေကို မြတ်စွာဘုရားက ဟောတာ။ နောက်ဆုံး မရပါဘူးဆိုရင် အိပ်လိုက်တော့တဲ့။ ဟုတ်တယ်လေ၊ အိပ်မှ ပျောက်တာမျိုးကျတော့ အိပ်ရတယ်။ အိပ်ပြီးရင် လန်းဆန်းလာမှ ထပြီးတရားအားထုတ်။

စာမျက်နှာ-၅၁
ဒရိုင်ဘာလိုင်စင် လျှောက်တဲ့အခါမှာ မေးခွန်းတစ်ပုဒ်ရှိတယ်။ အဲ့ဒီမေးခွန်းကို အဖြေ(၃)မျိုး ပေးထားတယ်။ မေးခွန်းက ဘာတုန်းဆိုတော့ “ကားမောင်းနေတုန်း အိပ်ချင်တယ်တဲ့ ကော်ဖီတစ်ခွက်သောက်ပြီး ဆက်မောင်းမယ်၊ မျက်နှာသစ်ပြီး ဆက်မောင်းမယ်၊ အပန်းဖြေအနားယူ တရေးတမောအိပ်ပြီးမှ ဆက်မောင်းမယ်”တဲ့၊ ဘယ်ဟာက အဖြေမှန်လဲဆိုရင် တစ်ရေးတမောအိပ်ပြီးမှ ဆက်မောင်းတာက အဖြေမှန်၊ ကော်ဖီသောက်ပြီးတော့ ဆက်မောင်းရင် ငိုက်သွားနိုင်သေးတယ်နော်။

အဲ့ဒါလိုပဲ မြတ်စွာဘုရားက သိပ်အိပ်ချင်ပြီဆိုရင် အိပ်လိုက်ပါ။ ခုနကနည်းတွေနဲ့ ဖျောက်လို့မရဘူးဆိုရင် အိပ်လိုက်ပေါ့တဲ့၊ အဲ့ဒါ မြတ်စွာဘုရား ဟောတဲ့နည်းနော်။ ဘုရားက ဘယ်လောက် လက်တွေ့ကျလဲဆိုတာ

စာမျက်နှာ-၅၂
သိသာတယ်၊ အဲ့တော့ ‘ထိနမိဒ္ဓ” ဖြစ်နေတဲ့ အချိန်မှာလည်း ဆရာမြတ်ထံ ချည်းကပ်ပါတဲ့။

စိတ်မငြိမ်းချမ်းတဲ့အချိန်
နောက်နံပါတ်(၄) ဥဒ္ဓစ္စ ကုက္ကုစ္စ စိတ်တွေ ပျံ့လွင့်တယ်၊ စုစည်းလို့မရဘူး၊ စိတ်တွေက ပူပန်ပြီး လွင့်နေတယ်ဆိုတဲ့အချိန်မှာ ဆရာမြတ်ထံချည်းကပ်ပါတဲ့။ ဥဒ္ဓစ္စ စိတ်တွေစုစည်းလို့ မရဘူးဆိုရင် သမာဓိဘာဝနာတစ်ခုကို အားထုတ်ရမယ်။ ထွက်လေ၊ ဝင်လေ ရှုမှတ်မယ်။ စိတ်တည်ငြိမ်တဲ့ အာရုံတစ်ခုရှာပြီးတော့ လုပ်မယ်။ ဘုရားဂုဏ်ကို အာရုံပြုတာပဲ ဖြစ်ဖြစ်၊ တရားဂုဏ်ကို အာရုံပြုတာပဲ ဖြစ်ဖြစ်၊ သံဃာ့ဂုဏ်ကို အာရုံပြုတာပဲဖြစ်ဖြစ် စိတ်တည်ငြိမ်မယ့် အရာတစ်ခုနဲ့ နေမယ်။ ကုက္ကစ္စ လို့ခေါ်တဲ့ စိတ်ပူမှုတွေ ရှိလာလို့ရှိရင် အာရုံပြောင်းပစ်မယ်။ ပူနေတာက အဖြေမဟုတ်ဘူး၊

စာမျက်နှာ-၅၃
ပူနေခြင်းဖြင့် အဖြေမရနိုင်ဘူး။ နောင်မမှားအောင် ကြိုးစားမယ်လို့ စိတ်ထားပြီးတော့ လုပ်ရမယ်။ ဒါက ထွက်ပေါက်ပဲ။ စိတ်ကလေး မငြိမ်းချမ်းဘူးဆိုရင် ငြိမ်းချမ်းမယ့်တရားကို နှလုံးသွင်းပြီး နေရမယ်ပေါ့။ လူဆိုတာ ကိုယ့်ကိုယ်ကို စမ်းသပ်ကြည့်ပေါ့။ ပျော်စရာ အာရုံတွေ့ရင် စိတ်ကပျော်သွားတယ်။ စိတ်ညစ်စရာ သွားတွေးကြည့်ပါလား၊ စိတ်ညစ်သွားတာပဲ။ အဲတော့ စိတ်ညစ်စရာကို မတွေးနဲ့ပေါ့၊ ပျော်စရာအာရုံလေးတွေးကြည့် ဒီလို စိတ်ကို အပြောင်းလဲလုပ်ပေးခြင်း၊ အာရုံကို ပြောင်းပေးခြင်းအားဖြင့် ကိုယ့်ရဲ့ စိတ်အခြေအနေကို ပြောင်းပေးလို့ရတယ်နော်။ အဲ့ဒါလည်းပဲ လေးခုမြောက် ဆရာမြတ်ထံ ဆည်းကပ်ရမည့်အချိန်တစ်ခုပဲတဲ့။

စာမျက်နှာ-၅၄
သံသယဖြစ်တဲ့အချိန်
နောက်နံပါတ်(၅)က ဘာတုန်းဆို ဝိစိကိစ္ဆာ ဖြစ်နေရင် ဆည်းကပ်ပါ။ ဘုရား တရား သံဃာ ကိုယ်ကျင့်နေတဲ့အကျင့်နဲ့ပတ်သက်ပြီးတော့ သံသယဖြစ်နေတယ်။ အဲ့ဒီ သံသယဝင်လာလို့ရှိရင် ဝင်လာတဲ့အချိန်မှာ ဆရာမြတ်ထံ ချည်းကပ်ပြီး အဖြေရှာရမယ်တဲ့။ “ဝိစိကိစ္ဆာ”ဆိုတာ စဉ်းစားမှုတွေ မှားယွင်းနေလို့ သံသယပွားတာ။ အဲ့တော့ မှန်မှန်ကန်ကန် နှလုံးသွင်းမှုဆိုတဲ့ ယောနိသောမနသိကာရနဲ့ နှလုံးသွင်းဆင်ခြင်လျှင် သံသယပွားတာကို ဖယ်ရှားနိုင်တယ်။ ကိုယ့်ရင်ထဲ နှလုံးထဲမှာသံသယမရှိအောင် ယောနိသောမနသိကာရနဲ့ နှလုံးသွင်းပြီး ဖယ်ရှားပစ်ရမယ်တဲ့။

စာမျက်နှာ-၅၅
အာသဝကုန်ရေး သိလိုတဲ့အချိန်

နောက်ဆုံး နံပါတ်(၆)ကတော့ ဆရာမြတ်ထံ ဘယ်လိုအချိန် ဆည်းကပ်ရမလဲဆိုရင် ကိလေသာ အာသဝေါတွေ ကုန်သွားအောင် ဘယ်လိုအာရုံမျိုးကို အာရုံပြုရမှာလဲ၊ ဘယ်အာရုံမျိုးကို အာရုံပြုမှ အဲ့ဒီအာရုံပြုသည့် အခြားမဲ့မှ ကိလေသာအာသဝတွေ ကုန်သွားမှာဆိုတာကို သိဖို့အတွက် ဆရာမြတ်ထံ ချည်းကပ်ပြီးမေးပါ။

ဒါက ကမ္မဋ္ဌာန်းဘာဝနာပဲ။ ဝိပဿနာကျင့်စဉ်ကိုကျင့်၊ ဝိပဿနာကျင့်စဉ်ကျင့်တယ်ဆိုတာ ဝိပဿနာရဲ့ အာရုံက ရုပ်နဲ့နာမ်ပဲ။ ရုပ်နာမ်သဘာဝကို သိအောင် အသိဉာဏ်နဲ့ ဆင်ခြင်စဉ်းစားတာ၊ သုံးသပ်တာ။ သင်္ခါရတွေကို ပထမမြင်တာက သင်္ခါရတရားရဲ့ သဘာဝကို မြင်တာ၊ အဲ့ဒီသဘာဝတရား မြင်ရာကနေ သင်္ခါရတွေအပေါ်မှာ ရှုမြင်သုံးသပ်ပြီး မမြဲတဲ့ရှုထောင့်က ကြည့်

စာမျက်နှာ-၅၆
တယ်၊ ဆင်းရဲတဲ့ ရှုထောင့်ကကြည့်တယ်။ ကိုယ်မပိုင်တဲ့ ရှုထောင့်ကကြည့်တယ်။ ရှုထောင့်(၃)မျိုးကို လက္ခဏာ(၃)မျိုးလို့ခေါ်တယ်။ လက္ခဏာရမ္မဏိက ဝိပဿနာဆိုတဲ့အတိုင်း သင်္ခါရကို ရှာတွေ့တာက အနိစ္စအနေနဲ့တွေ့တယ်။ ဒုက္ခအနေနဲ့တွေ့တယ်။ အနတ္တအနေနဲ့တွေ့တယ်။

အနိစ္စဆိုတာ ပေါ်လာပြီးပျောက်သွားတဲ့သဘော၊ ဒုက္ခဆိုတာ ဖြစ်ပျက်မှုက အမြဲတမ်း နှောက်ယှက်နေတဲ့ သဘော၊ အနတ္တဆိုတာ ကိုယ့်အလိုကျ ဘာမှမဖြစ်ဘူးဆိုတဲ့ သဘော၊ တစ်နည်းအားဖြင့် “ငါ”လို့ ပြောစရာတစ်ခုမှ မရှိဘူး။ “ငါ့ဟာ” လို့ ပြောစရာလည်း တစ်ခုမှမရှိဘူး၊ “ငါ”ဆိုတဲ့ အတွေး၊ “ငါ့ဟာ”ဆိုတဲ့ အတွေးအရ ဘာတစ်ခုမှမရှိလို့ “သုည”ရှုထောင့်ကနေ ကြည့်တာ။ အဲ့ဒါ “အနတ္တ”မြင်တယ်လို့ ဒီလိုပြောတာနော်။

စာမျက်နှာ-၅၇
အဲ့ဒီလို သင်္ခါရတရားကို ဆင်ခြင်သုံးသပ်နိုင်ပြီဆိုရင် ဒီသင်္ခါရတရားတွေအပေါ်မှာ ကြောက်စရာကြီးလို့ မြင်လာတယ်။ အပြစ်တွေ မြင်လာတယ်။ စိတ်ပျက်လာတယ်။ ဒီသင်္ခါရကြီးကို စွန့်လွှတ်ချင်လာတယ်။ စွန့်လွှတ်ချင်လို့ ဘယ်လိုစွန့်ရပါ့မလဲလို့ စဉ်းစားလာတယ်။ နောက်ဆုံးကျတော့ သင်္ခါရတရားကြီးရဲ့ သဘာဝတရားကြီးကို သိပြီးတော့ ဒီသင်္ခါရတရားကို ရှုမှတ်နေရာမှ လျစ်လျူရှုလာနိုင်တယ်။

ဆိုပါစို့ - တစ်ချိန်တုန်းက ဇနီးမောင်နှံ၊ နောက်ဆုံးမှာ တစ်ယောက်နဲ့တစ်ယောက် မတည့်ကြတော့ ကွဲလိုက်ကြ၊ ကွဲလိုက်ပြီးတဲ့နောက်မှာ ကိုယ့်အတွက် သူ့အတွက် ပူကြသေးလား၊ မပူတော့ဘူး။ အဲ့ဒီလိုပဲ နောက်ဆုံးမှာ သင်္ခါရတွေအတွက် မပူတော့ဘူး၊ စိတ်က တည်ငြိမ်မှုရသွားတယ်။ အဲ့ဒါကို စာလိုပြောမယ်ဆိုရင်တော့ “သင်္ခါရုပေက္ခာဉာဏ်” လို့ခေါ်တယ်။ သင်္ခါရုပေက္ခာ

စာမျက်နှာ-၅၈
ဉာဏ်ဆိုတာ သင်္ခါရတွေကို လျစ်လျူရှုနိုင်တဲ့ဉာဏ်၊ အဲဒီဉာဏ် ထက်သန်လာပြီဆိုတဲ့အခါ သင်္ခါရတွေရဲ့ ချုပ်ဆုံးရာ နိဗ္ဗာန်ကို ရှာတွေ့တယ်။ နိဗ္ဗာန်ကိုမြင်တာနဲ့ ကိလေသာ အာသဝတွေ ကုန်ဆုံးသွားမှာ ဖြစ်တယ်ပေါ့။ အဲ့ဒီလို နည်းလမ်းတွေကို ရဖို့ရာလည်း ဆရာမြတ်ထံ ချည်းကပ်ပါလို့ ဒီသုတ္တန်မှာ ဒီလိုဟောတာဖြစ်တယ်။

အေး- ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိတ်သတ်အပေါင်းတို့ “ဆရာမြတ်ထံ ဆည်းကပ်ရမည့်အခါ”ကို ဗုဒ္ဓမြတ်စွာက (၆)မျိုးခွဲခြား ဟောကြားတာ ဖြစ်တယ်။ အဲ့ဒီလိုအခါမှာ ဆရာမြတ်ထံ ချည်းကပ်ပြီး မိမိရဲ့ အခက်အခဲကို ဖြေရှင်းနိုင်တဲ့ အသိဉာဏ်တိုးပွားအောင် ဆောင်ရွက်ခြင်းဟာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ရဲ့ အဆုံးအမပဲ ဖြစ်ပါတယ်။ အဲ့ဒီအဆုံးအမသည်သာလျှင် မှန်ကန်တဲ့အရာဖြစ်လို့ မိမိတို့ကိုယ်တိုင်လည်း ဒီလိုကြုံတွေ့လာတဲ့အခါတိုင်း

စာမျက်နှာ-၅၉
မှာ အဖြေရှာနိုင်အောင် ကြိုးစားခြင်းဖြင့် မိမိတို့ရင်ထဲ နှလုံးထဲမှာ ပူလောင်တဲ့အရာတွေကို ဖယ်ရှားနိုင်ပြီး အေးချမ်းတဲ့ စိတ်အနေအထားတစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်တယ်။ ဘဝမှာ ချမ်းချမ်းသာသာနေရပြီး နောက်ဆုံး သံသရာဝဋ်ကလွတ်နိုင်တဲ့ အနေအထားမျိုး ရောက်မှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ မြတ်စွာဘုရား အဆုံးအမတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေသတည်း။

သာဓု ... သာဓု ... သာဓု
qgybnlbcfdtc6531ghj2y7ejp6hflmf
ဇာတိမြေမှ သာသနာ
0
6364
22099
2026-06-15T03:02:25Z
Tejinda
173
"{{header | title = ဇာတိမြေမှ သာသနာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဆရာမြတ်ကို ဆည်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22099
wikitext
text/x-wiki
{{header
| title = ဇာတိမြေမှ သာသနာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဆရာမြတ်ကို ဆည်းကပ်ရမည့်အခါ]]
| previous2 =
| next = [[တရားပလ္လင်ထက်က စကားအလင်္ကာများ]]
| next2 =
| year =
| notes =
| edition =
| categories = မြန်မာ တရားတော်များ
| shortcut =
| portal =

စာမျက်နှာ-၁

ဇာတိမြေမှ သာသနာ
သာသနာတော်နှစ် ၂၅၅၆-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၅၄-ခုနှစ်၊ ပထမဝါဆိုလဆန်း (၈)ရက်၊ (၂၆-၆-၂၀၁၂)၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ မဟာနန္ဒိယာရာမ ပေါ်တော်မူကျောင်းတိုက် ရာပြည့် ဓမ္မဗိမာန်တော်အတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် မတ္တရာမြို့၊ သာသနဇောတာရုံ (ရွှေအုန်းပင်) ကျောင်းတိုက်၊ နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိသုဒ္ဓါစာရာဘိဝံသ၏ အဂ္ဂသိပ္ပပူဇာ မင်္ဂလာသဘင်နှင့်စပ်လျဉ်း၍ ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် အကြိုဓမ္မသဘင်အခမ်းအနားတွင် ဟောကြားအပ်သော

“ဇာတိမြေမှ သာသနာ” တရားတော်။

ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမကို သာသနာလို့ ခေါ်တယ်။ အနှစ်သာရအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မတွေထဲမှာ သတိပဋ္ဌာန် (၄)ပါး၊ သမ္မပ္ပဓာန် (၄)ပါး၊ ဣဒ္ဓိပါဒ် (၄)ပါး၊ ဣန္ဒြေ (၅)ပါး၊ ဗိုလ် (၅)ပါး၊ ဗောဇ္ဈင်

စာမျက်နှာ-၂
(၇)ပါး၊ မဂ္ဂင် (၈)ပါးလို့ဆိုတဲ့ ဗောဓိပက္ခိယတရား (၃၇)ပါး ပါဝင်တယ်။ အင်မတန်မှ အနှစ်သာရပြည့်ဝပြီး ဘုရားပွင့်တော်မူမှ သိရတဲ့တရားတွေဖြစ်လို့ ဒါကို မြတ်စွာဘုရားရဲ့ သာသနာလို့ ဒီလိုဆိုပါတယ်။

အဲဒီသာသနာဟာ ဘယ်မှာတည်တာလဲဆိုရင် လိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ တည်တယ်။ လိုက်နာကျင့်သုံးမှုမရှိတဲ့ ပုဂ္ဂိုလ်တွေမှာ သာသနာဆိုတာ မရှိဘူး။ သာသနာဆိုတာ ဘုရားပုထိုးတွေ၊ ကျောင်းကန်တွေကို ခေါ်တာမဟုတ်ဘူး။ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကိုသာ ခေါ်တာ၊ ကိုယ့်သန္တာန်မှာ တည်ပြီဆိုရင် သာသနာတည်တယ်လို့ ဒီလိုပြောရမယ်။

ဇာတိမြေမှ သာသနာလို့ဆိုတာ ဗုဒ္ဓမြတ်စွာရဲ့ ဇာတိမြေဟာ သက္ကတိုင်း၊ ကပိလဝတ်မြို့တော်ဖြစ်တယ်။ ခမည်းတော်ဘက်က သာကိယ

စာမျက်နှာ-၃
နှင့် မယ်တော်ဘက်က ကောလိယ (သို့မဟုတ်) ကပိလဝတ္ထုနှင့် ဒေဝဒဟ။ မြတ်စွာဘုရား ဖွားတော်မူရာ သက္ကတိုင်း၊ ကပိလဝတ်ဒေသဟာ မြတ်စွာဘုရားရဲ့ ဇာတိမြေဖြစ်တယ်။ မြတ်စွာဘုရား ပွင့်ထွန်းပေါ်ပေါက်လာတဲ့အခါမှာ ဘုရားနောက်က လိုက်ပြီးတော့ တရားဓမ္မကျင့်သုံးကြတဲ့ ပဉ္စဝဂ္ဂီငါးဦးတို့ဟာ ကပိလဝတ် ဇာတိသားတွေလို့ ဒီလိုပြောရမယ်။ မြတ်စွာဘုရားရဲ့ ဇာတိမြေသားတွေ၊ ထို့နောက်မှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် နေပြည်တော်ကိုပြန်ကြွတဲ့အခါမှာ ဘုရားနောက်တော်က လိုက်ပါကြဖို့ဆိုပြီးတော့ သာကီဝင်မင်းသား (၅၀၀) သာသနာဘောင်ဝင်ကြတယ်။ ဗုဒ္ဓမြတ်စွာရဲ့ ဖတူမိကွဲ ညီတော်အရင်းဖြစ်တဲ့ နန္ဒမင်းသား သာသနာဘောင်ဝင်လာတယ်။ သားတော် ရာဟုလာ သာသနာဘောင်ဝင်လာတယ်။ အခုလို သာသနာဘောင်ဝင်လာတဲ့

စာမျက်နှာ-၄
ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓမြတ်စွာရဲ့ ဇာတိမြေက ပုဂ္ဂိုလ်တွေပဲ။

ဓမ္မစကြာတရားနာရလို့ အဦးဆုံး ဓမ္မစက္ခုလို့ဆိုတဲ့ သောတာပတ္တိမဂ်ဉာဏ်ကြီးကို ရသွားတဲ့ ရှင်ကောဏ္ဍညမထေရ်ရဲ့ တူအရင်းက ရှင်ပုဏ္ဏလို့ ခေါ်တယ်။ အဲဒီပုဏ္ဏဆိုတဲ့ မထေရ်မြတ်ဟာ ဇာတိမြေမှာ အလွန်နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ။ မြတ်စွာဘုရားရဲ့ အဆုံးအမကို လိုက်နာတဲ့ပုဂ္ဂိုလ်တွေ၊ ဇာတိမြေက ပေါ်ထွက်လာတဲ့ပုဂ္ဂိုလ်တွေ အင်မတန်မှများပြီး သာသနာတော်မှာ ထင်ရှားကြတယ်။ သာကီဝင်မင်းသား (၆)ယောက် ဘဒ္ဒိယ၊ အနုရုဒ္ဓါ၊ ကိမိလ၊ အာနန္ဒာ၊ ဘဂု၊ နောက် ဒေဝဒတ်၊ ဒီသာကီဝင်မင်းသား (၆)ယောက် သာသနာ့ဘောင်ဝင်လာကြတယ်။ တစ်ခြား အင်မတန်မှ ထင်ရှားပြီး သာသနာအဆုံးအမကို လိုက်နာကြတဲ့ ဗုဒ္ဓရဲ့ တပည့်သာဝက ပီသသူတွေ

စာမျက်နှာ-၅
ဖြစ်တယ်။ အရှင်အာနန္ဒာမထေရ်မြတ်ဆိုတာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားဓမ္မတွေကို နှုတ်တက်အာဂုံဆောင်ပြီးတော့ သာသနာတော် အရှည်တည်အောင် ကြိုးစားအားထုတ်ခဲ့တယ်။

အဲဒီအုပ်စုထဲမှာပါဝင်တဲ့ ရှင်ဒေဝဒတ်ကတော့ စိတ်နေသဘောထားတွေ ကွဲလွဲဖောက်ပြန်ပြီး နောက်ဆုံးမှာ မြတ်စွာဘုရားရဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး သူရဲ့သန္တာန်မှာ သာသနာကွယ်ပါသွားတာလည်းရှိတယ်၊ သံဝေဂယူစရာပေါ့။ သို့သော်လည်း ဒေဝဒတ်ဟာ မြတ်စွာဘုရားနဲ့ ဆွေမျိုးသားချင်း ညီအကိုဝမ်းကွဲတော်တဲ့ ဆွေမျိုးသားချင်း ဖြစ်ပေမယ်လို့ ဘဝါဘဝ သံသရာကပါလာတဲ့ အငြိုးအတေးတွေကြောင့် မြတ်စွာဘုရားကို ဆန့်ကျင်ဘက်လုပ်ပြီးတော့ သာသနာကို ဖျက်လိုဖျက်ဆီးလုပ်သွားတယ်။ နောက်ဆုံးအချိန်မှာတော့ မြတ်စွာဘုရားရဲ့ မေတ္တာကရုဏာ

စာမျက်နှာ-၆
တွေကို နားလည်ပြီး သူ့ရဲ့အမှားတွေကို ဝန်ချသွားတယ်။

ဒေဝဒတ်ဟာ လက်လွန်သွားလို့ အပါယ်ငရဲရောက်ရသော်လည်း နောက်ဆုံးထိအောင် နောင်တရမသွားတာမဟုတ်ဘူး။ နောင်တရပြီးတော့ စိတ်သဘောထားတွေ ပြင်သွားတယ်ဆိုတာ စာပေထဲမှာ အထင်အရှားရှိတယ်။ အဆိုးချည်းလည်း မကြည့်နဲ့၊ နောက်ဆုံးမှာ ဘုရားကို ဝန်ချတောင်းပန်ဖို့ ဇေတဝန်ကျောင်းကို လာခဲ့ပေမယ့်လို့ ဘုရားနဲ့တွေ့ခွင့်မရလောက်အောင် ပြစ်မှားကျူးလွန်မိတဲ့ ကံတွေက ကြီးမားတယ်။ အဝီစိငရဲရောက်သွားရတယ်။ သို့သော် မြတ်စွာဘုရားအပေါ် သူပြစ်မှားမိခဲ့သမျှတွေကို ဝန်ချတောင်းပန်ဖို့လာတာဖြစ်တော့ သူ့စိတ်သဘောထားတွေဟာ ပျော့ပျောင်းပြီး နောက်ဆုံးကန်တော့သွားတယ်ဆိုတာ မှတ်သားကြရတယ်။ အဲဒီတော့ မြတ်စွာဘုရားရဲ့

စာမျက်နှာ-၇
အဆုံးအမတွေဟာ ဒေဝဒတ်သန္တာန်မှာလည်း တည်သွားတယ်လို့ပဲ ပြောရမယ်။ ဒါက မြတ်စွာဘုရားလက်ထက်က ဇာတိမြေမှ သာသနာ့အခြေအနေပေါ့။

ဒီခေတ်လူတိုင်းလူတိုင်းဟာ မိမိတို့ရဲ့ ဇာတိမြေဆိုတာ ရှိကြတယ်။ ဘုန်းကြီးတို့တတွေလည်း ဒီမြို့နယ်၊ ဒီရပ်ရွာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀-ကျော်က (ဆိုပါစို့ ဘုန်းကြီးဆိုလို့ရှိရင် အခု ၇၃-နှစ်) ၁၃၀၁-ခုနှစ် ဒီမှာမွေးဖွားခဲ့တယ်။ ခေတ်အဆက်ဆက် ဖြတ်ကျော်လာခဲ့ရတယ်။ ဒီဇာတိမြေမှာမွေးဖွားပြီး ငယ်စဉ်က ဒီမှာနေခဲ့တယ် ၉-နှစ် ၁၀-နှစ်ပေါ့နော်၊ ၉-နှစ် ၁၀-နှစ်နေပြီး နောင်ပိုင်းကျတော့ စစ်ကိုင်းမှာနေတာများတယ်။ တရပ်တကျေး ရပ်ဝေးဒေသကို ရောက်ရှိပြီးတော့သွားတယ်။ သို့သော်လည်း ဒီမြေ၊ ဒီဒေသမှာ ဘုန်းကြီးတို့မွေးဖွားလာပြီး ဒီမြေ၊ ဒီဒေသမှာ

စာမျက်နှာ-၈
စတင်ပြီးတော့ အခြေချခဲ့ရတာဖြစ်တယ်ပေါ့။

ဟောဒီကျောင်းကြီးဟာ ငယ်စဉ်တောင်ကျေး ကလေးဘဝတုန်းက ကကြီး၊ ခခွေးသင်ခဲ့ရတဲ့ကျောင်းဖြစ်တယ်။ မှတ်မိသေးတယ်၊ မင်္ဂလသုတ်တို့၊ ရတနသုတ်တို့၊ မေတ္တသုတ်တို့ဆိုတာ ဒီမှာပဲ ကျောက်သင်ပုန်းနဲ့ရေးပြီးတော့ ကျက်ခဲ့ရတယ်။ ငယ်ငယ်က အကြောင်းအရာလေးတွေတွေးရင်တော့ တချို့တလေ ပျောက်ကုန်ပြီပေါ့။ မှတ်မိတာလေးတွေ ပြောရမယ်ဆိုရင် ဒီမှာ ဒီကျောင်းမှာနေတဲ့အချိန်မှာ ကျောင်းသားအဖော် သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးနဲ့နေခဲ့ရတဲ့အနေအထားတို့၊ မိမိရဲ့အကိုအရင်းတွေနဲ့ အတူတူကျောင်းတက်ခဲ့ရတာတွေ၊ ဒါတွေဟာ ပြန်တွေးလို့ရှိရင် မှီပြုပြမြင်ရတဲ့ အနေအထားမျိုးတွေမှာရှိတယ်။

နောက်ဆုံး ခေတ်ပျက်တဲ့အခါ ကျောင်း

စာမျက်နှာ-၉
တွေပိတ်ထားလို့ ကျောင်းထိုင်ဆရာတော်တွေ ကိုယ်တိုင် (သင်္ကန်းဝတ်နဲ့မနေနိုင်ပဲ) လူဝတ်ဝတ်ပြီး တောထဲမှာပုန်းနေရတဲ့ အခိုက်အတန့်လေးတွေ ဒုတိယကမ္ဘာစစ်တုန်းက ဖြစ်ခဲ့သေးတယ်။ ဘုန်းကြီးတို့တတွေလည်း ကိုင်းတောထဲသွားပြီး ပုန်းနေခဲ့ရတယ်။ စစ်ပြေးခေတ်ကာလတုန်းက ဒီလိုဒုက္ခသုက္ခတွေလည်း ကြုံခဲ့ရတယ်။ ဘဝရဲ့ အချိန်တိုတိုလေးအတွင်းမှာပဲ အကောင်းနဲ့အဆိုး ရောထွေးပြီးတော့ ကြုံခဲ့ရတယ်။ ဒါက ဘဝသံသရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေပဲပေါ့။

တစ်ခါတုန်းက ဒီကျောင်းရေဆိပ်မှာ ကလေးငယ်ဘဝက ရေမကူးတတ်မီ ရေနစ်ဖူးတယ်။ ဒီကျောင်းဆိပ်ကမ်းမှာ လှေတစ်စင်းဆိုက်ထားတယ်။ ကန့်လန့်ဆိုက်ထားတဲ့ လှေပဲ့ပိုင်းမှာ ထိုင်နေတယ်။ ကြိုးချည်ထားတာက ဦးပိုင်းမှာပဲချည်ထားတယ်။ ကျောင်းသားတွေ၊ ကိုရင်တွေ

စာမျက်နှာ-၁၀
ရေချိုးကြတဲ့အခါ လှိုင်းပုတ်ပြီးတော့ လှေပဲ့ပိုင်းက ရေနက်ပိုင်းကို ရောက်သွားတယ်။ အဲဒီလိုရောက်နေတဲ့အချိန် ရေထဲကူးခတ်ပြီးတော့ ကစားကြတဲ့ ကျောင်းသားငယ်တွေက လှေနံရံကို ဆောင့်ဆွဲလိုက်တယ်။ ပဲ့ပိုင်းမှာထိုင်နေတဲ့ အသက် (၅)နှစ်လောက်ပဲရှိဦးမယ့် ဘုန်းကြီးက ရေထဲထိုးကျသွားတယ်။ လုံးဝမြုပ်သွားတယ်။ အဲဒီမြုပ်သွားတာကို ကနေ့ထိမှတ်မိတယ်။ နှာခေါင်းထဲမှာ ရေမဝင်ဘူး၊ သို့သော် ရေမြုပ်သွားတာကိုလည်း သိတယ်။ မြုပ်သွားလို့ အပေါ်ပေါ်ဖို့ ကြိုးစားတယ်၊ နှစ်ကြိမ်၊ သုံးကြိမ်ကြိုးစားတယ် မရဘူး။ အောက်ကိုခြေထောက်မိဖို့ ကြိုးစားတယ် မမှီဘူး။ အဲဒီတော့ ရေနစ်တဲ့သူတွေ ဘယ်လိုနေတယ်ဆိုတာ မိနစ်ပိုင်းလောက်တော့ ကိုယ်တိုင်ခံစားကြည့်မိရတယ်ပေါ့။ အပေါ်တက်လို့လည်းမရဘူး၊ အောက်ဆင်းလို့လည်းမရဘူး။ ရေပြင်ပေါ်ရောက်လာသည်အထိ

စာမျက်နှာ-၁၁
အောင် မပေါ်နိုင်ဘူး။

အဲဒီအချိန်မှာ ဒီကျောင်းက ကိုရင်ပညာဘာသဆိုတဲ့ ကိုရင်ကြီးရောက်လာတယ်။ ရေနစ်သွားတယ်လို့ပြောတော့ ရေထဲထိုးဆင်းပြီး ရေငုပ်ရှာတယ်။ ပထမတစ်ကြိမ် ရှာမတွေ့ဘူး။ ဒုတိယတစ်ကြိမ်ငုပ်ပြီး ရှာတဲ့အခါကျတော့ သူ့ရဲ့ခြေထောက်နဲ့ ဘုန်းကြီးရဲ့ပေါင်ကို ခတ်မိသွားတယ်။ ဒါလည်းမှတ်မိတယ်။ အဲဒီလို ပေါင်ကိုခတ်မိသွားတဲ့အချိန်မှာ သူကတွေ့ပြီဆိုပြီး ပွေ့ချီအပေါ်တင်လိုက်တယ်။ ရေနစ်ပြီးသေဆုံးမယ့်ကံမပါလို့ သေဆုံးခြင်းကနေ လွတ်မြောက်ခဲ့တယ်ပေါ့။ ဒါတွေအားလုံးလည်း မှတ်မိနေတယ်။ အကယ်၍သာ ရေနစ်သေဆုံးသွားမယ်ဆိုလို့ရှိရင် ဒီကနေ့ တရားပွဲမှာ တရားဟောနိုင်မှာမဟုတ်ဘူး။ အဲဒီလို ဘဝမှာ အခက်အခဲတွေ ဖြတ်ကျော်ခဲ့ရတာတွေ ဒီနေရာမှာပဲ ဆုံခဲ့ရ၊ ကြုံခဲ့ရတယ်ပေါ့။

စာမျက်နှာ-၁၂
ဒီကနေ့ ဇာတိဒေသပြန်လာတဲ့အခါမှာ လာရောက်ကြိုဆိုကြတဲ့ ဒကာဒကာမတွေ၊ ဟိုအောက်ခြေမြစ်ကမ်းဘေးမှာ ကြိုဆိုနေကြတဲ့ ဒကာ၊ ဒကာမတွေအားလုံးကို မော်တော်ပေါ်ကနေ ကြည့်လိုက်တဲ့အခါ “ဪ... ဒို့ဇာတိမြေက ဒကာဒကာမတွေမှာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ ရှိနေပါသေးလား”လို့ စိတ်ထဲမှာ အားရကြည်နူးမှုတွေ ဖြစ်ခဲ့တယ်။

ဘာဖြစ်လို့တုန်းဆိုတော့ သူတို့ကိုယ်တိုင် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”လို့ သရဏဂုံဆောက်တည်ထားကြတဲ့ ဗုဒ္ဓဘာသာဝင်တွေဖြစ်သည့်အားလျော်စွာ ရဟန်းသံဃာကို ရိုသေလေးစားသောအားဖြင့် ကမ်းနဖူးမှာထိုင်ပြီး ဒူးတုပ်လို့ရှိခိုးဦးချနေကြတာမြင်တော့ “သူတို့စိတ်ထဲမှာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ တည်နေတာပါလား”လို့

စာမျက်နှာ-၁၃
တွေးမိတယ်။

သာသနာတည်တယ်ဆိုတာ လိုက်နာကျင့်သုံးပြီးတော့နေတာကို ပြောတာ။ ဘယ်လိုပဲ စေတီပုထိုးတွေတွေ့ရှိရှိ၊ ဘယ်လိုပဲကျောင်းကန်တွေရှိရှိ မြတ်စွာဘုရားရဲ့အဆုံးအမကို မလိုက်နာတော့ဘူးဆိုလို့ရှိရင် သာသနာကွယ်တယ်လို့ခေါ်တယ်။ အခု ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့နိုင်ငံတွေမှာ (ဥပမာ ပါကစ္စတန်နိုင်ငံ) စေတီပုထိုးတွေရှိတယ်။ ဗုဒ္ဓရုပ်ပွားတော်တွေလည်းရှိတယ်။ အားလုံးမြင်ဖူးကြလိမ့်မယ်၊ ဒုက္ကရစရိယာအကျင့်ဖြင့် အရိုးပြိုင်းပြိုင်းထနေတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးဟာ ပါကစ္စတန်က ဂန္ဓာရလက်ရာ ရုပ်ပွားတော်ကြီးပဲဖြစ်တယ်။ သို့သော် ပါကစ္စတန်နိုင်ငံမှာ ဗုဒ္ဓဘာသာမရှိတော့ဘူး။ အာဖဂန်နစ္စတန်ဆိုတာလည်း တစ်ချိန်က ဗုဒ္ဓဘာသာဝင်နိုင်ငံပဲ။ အင်မတန်မှ ကြီးမားတဲ့ ကျောက်တောင်မှာထွင်းထားတဲ့ ဘုရားရုပ်တု

စာမျက်နှာ-၁၄
တော်ကြီးရှိလို့ ထင်ရှားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ဒီနိုင်ငံမှာလည်းပဲ ဘုရားရဲ့အဆုံးအမတွေ လူတွေရဲ့နှလုံးသားထဲမှာ မတည်တော့ဘူး။ အဲဒီမတည်တာကိုပဲ သာသနာကွယ်တယ်လို့ခေါ်တာ။

အဲဒီတော့ ကိုယ့်ကိုယ်ကို ငါတို့သန္တာန်မှာ သာသနာတည်သလား၊ မတည်ဘူးလားဆိုတာ ဆန်းစစ်ကြည့်ရမယ်။ ဘယ်အတိုင်းအတာအထိ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ ကိုယ့်သန္တာန်မှာရှိသလဲဆိုတာနဲ့ သာသနာတည်မှု၊ မတည်မှုကို တိုင်းတာကြည့်ရမယ်။

“ဇာတိမြေက သာသနာ”ဆိုတာ အခြေခံကနေစပြီးတော့ ပြောရမယ်ဆိုရင် ဒီဒေသမှာရှိကြတဲ့ လူအားလုံးလိုလိုဟာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြတယ်။ အထိုက်အလျှောက် သာသနာဟာ ရင်ထဲနှလုံးထဲမှာ ရှိနေကြတယ်။

စာမျက်နှာ-၁၅
ဒီဒေသမှာ သာသနာပြုနေကြတဲ့ ဆရာတော်တွေရဲ့ အဆုံးအမကို နာခံပြီးတော့ လိမ္မာယဉ်ကျေးနေကြတဲ့ အားလုံးကလေးသူငယ်တွေကအစ အို... သံဃာမြင်လို့ရှိရင် လက်အုပ်ချီမိုးရှိခိုးကြတယ်။ ဒီအသိလေးဟာ နှလုံးသားထဲမှာရှိနေသေးသည့်အတွက်ကြောင့် သာသနာတည်တယ်လို့ ဒီလိုပြောတာနော်။ ဇာတိမြေက သာသနာအခြေခံရှိနေသေးတယ်ဆိုတာသိရလို့ ဘုန်းကြီးတို့ ကျေနပ်အားရမိတယ်။

သရဏဂုံ သာသနာ
အဲဒီတော့ ဒီထက်တိုးတက်ပြီးတော့ သာသနာတည်အောင် ကြိုးစားအားထုတ်ဖို့ အများကြီးကျန်သေးတယ်။ သရဏဂုံတည်ပြီးနောက်မှာ ငါးပါးသီလလုံအောင် ကြိုးစားအားထုတ်ရမယ်။ သရဏဂုံတည်သလို တို့တတွေရဲ့

စာမျက်နှာ-၁၆
သန္တာန်မှာ ငါးပါးသီလတည်အောင် ကြိုးစားရမယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်၊ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ဆည်းကပ်တယ်ဆိုတဲ့ သာသနာ ဒို့သန္တာန်မှာရှိတယ်၊ သရဏဂုံတည်တယ်။

ငါးပါးသီလ သာသနာ
သရဏဂုံတည်ပြီးတဲ့နောက်မှာ ပါဏာတိပါတာ ဝေရမဏိ - သတ္တဝါတွေရဲ့ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်တယ်ဆိုတဲ့ သာသနာရော ငါ့သန္တာန်မှာ တည်ရဲ့လား၊ အဒိန္နာဒါနာ ဝေရမဏိ - သူများဥစ္စာကို မတရားယူခြင်းမှ ရှောင်ကြဉ်မှုလို့ဆိုတဲ့ ဒီသီလသာသနာရော ငါ့သန္တာန်မှာ တည်သလား၊ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ - ကာမဂုဏ်ကိစ္စတွေမှာ မှားမှားယွင်းယွင်းပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်းဆိုတဲ့

စာမျက်နှာ-၁၇
ဒီကိုယ်ကျင့်သီလသာသနာရော ငါ့သန္တာန်မှာ ရှိရဲ့လား၊ မုသာဝါဒါ ဝေရမဏိ - လိမ်လည်လှည့်စားပြောကြားခြင်း၊ သူတစ်ပါးအကျိုးပျက်စီးအောင် လိမ်ခြင်းဆိုတာမျိုးမှ ရှောင်ကြဉ်မှုလို့ဆိုတဲ့ ကိုယ်ကျင့်သီလသာသနာမျိုးရော ငါ့သန္တာန်မှာ တည်သလားဆိုတာ ဆင်ခြင်စဉ်းစားရမယ်။ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ - မူးယစ်စေတတ်တဲ့အရာတွေ၊ အရက်တို့၊ ဘီယာတို့၊ အခြားမူးယစ်ဆေးဝါးတွေတို့ သုံးစွဲခြင်းမှ ရှောင်ကြဉ်မှုဆိုတဲ့ ဒီကိုယ်ကျင့်သီလရော ငါ့သန္တာန်မှာ တည်သလား။ ဟော... ကိုယ်သန္တာန်မှာ သာသနာဘယ်နှစ်ခုတည်သလဲဆိုတာ ဆန်းစစ်ကြည့်ရမယ်။ လူတိုင်းလူတိုင်းဟာ အကယ်၍ ကိုယ့်သန္တာန်မှာ ဥပမာ... ငါးပါးသီလထဲက တစ်ပါးမတည်ဘူးဆိုရင် သာသနာတစ်ပါးကွယ်တယ်လို့ပဲ ပြောရမှာ။

စာမျက်နှာ-၁၈
သာသနာ တည်၊ မတည်
အဲဒီတော့ သာသနာတည်တယ်၊ မတည်ဘူးဆိုတာ ကျင့်သုံးတဲ့ပုဂ္ဂိုလ်နဲ့ဆိုင်တယ်။ အဲဒါကို သတိထားကြဖို့လိုတယ်ပေါ့။ ကိုယ့်သန္တာန်မှာ သာသနာတည်အောင် ကြိုးစား၊ အဲ တချို့က သာသနာတည်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို မသိသည့်အတွက်ကြောင့် ကိုယ်ကျင့်တရားကောင်းအောင် မကြိုးစားပါဘဲနဲ့ အခြားကိစ္စတွေမှာ ပြိုင်ဆိုင်နေတာမျိုးကတော့ တလွဲဆံပင်ကောင်းနေတာမျိုးဖြစ်တယ်။ အဲဒီတော့ အခြားကိစ္စတွေမှာ ပြိုင်ဆိုင်မှုမပြုဘဲနဲ့ ကိုယ်ကျင့်သီလနဲ့ပတ်သက်ပြီး ကိုယ့်သန္တာန်မှာ ဘယ်လောက်တည်သလဲဆိုတာ ကိုယ့်ဟာကိုယ်စစ်ဆေးသင့်တယ်။ မတည်သေးလို့ရှိရင် တည်အောင်ကြိုးစား၊ တည်လို့ရှိရင် ခိုင်မာအောင်ကြိုးစား၊ ဒီလိုကြိုးစားရမယ်။ အဲဒီလိုကြိုးစားလို့ရှိရင် ကိုယ့်အတွက်က ကျေနပ်စရာချည်းပဲ၊ ငါ့သန္တာန်မှာ

စာမျက်နှာ-၁၉
သာသနာတည်နေတယ်လို့ ဒီလိုပြောရမယ်။

ရှေးကဆရာတော်ကြီးတွေရဲ့ အဆုံးအမကြောင့် ဒီကနေ့အထိအောင် ရပ်ရွာလူထုတွေ ဒီဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကြည်ညိုလေးစားနေကြတယ်၊ ငါးပါးသီလစောင့်ထိန်းကြတယ်။ ဒါဆိုရင် ဆရာတော်ကြီးတွေ အဆုံးအမဩဝါဒသာသနာ တည်နေတုန်းပဲလို့ပြောရမယ်။ ဘုန်းကြီးတို့အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဟိုနှစ်ပေါင်း (၅၀)လောက်က ဆရာတော်တွေရဲ့အဆုံးအမ ဒီကနေ့အထိအောင် လိုက်နာနေကြသေးတယ်ဆိုရင် ဒီသာသနာဟာ တည်ရှိနေသေးတယ် ဒီလိုပြောရမှာပေါ့။

သာသနာတည်အောင် လုပ်ကြ
အဲဒီတော့ ဒီဒေသမှာက ဒီထက်အဆင့်မြင့်တာကျတော့ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ

စာမျက်နှာ-၂၀
တရားတော်တွေ ဒို့ဘယ်နှစ်ဂါထာရသလဲ၊ သုတ္တန် ဘယ်နှစ်ခုရသလဲ၊ မြတ်စွာဘုရားရဲ့ အဆုံးအမစကားလုံးတွေကို ငါဘယ်လောက်သိသလဲ။ ငယ်ငယ်ကတည်းကတော့ ပရိတ်တော့ရတာပေါ့။ သို့သော် အဓိပ္ပါယ်မသိဘူး၊ လိုက်နာကျင့်သုံးမှုမပြုဘူးဆိုရင် ရတာပဲရှိမယ်၊ သာသနာတည်တယ်လို့ အပြည့်အစုံပြောလို့မရဘူး။ ယံမင်္ဂလံ ဒွါဒသဟိ-ကိုတော့ ငယ်ငယ်ကရလို့ ရွတ်နေတာ၊ ရွတ်တော့ရွတ်တယ်၊ ရွတ်တာနဲ့လုပ်တာနဲ့ တခြား၊ မဇ္ဇပါနာ စ သံယမော-လို့ ရွတ်ပေမဲ့လို့ အရက်ကမိုးမလင်းဘူးဆိုလို့ရှိရင် အဲဒီပုဂ္ဂိုလ်မှာ သာသနာကွယ်နေတာဘဲ၊ သူ့သန္တာန်မှာ သာသနာမတည်ဘူးလို့ပြောရမယ်။ အဲဒီတော့ သာသနာတည်အောင် ကြိုးစားရမယ်၊ မင်္ဂလသုတ်ကိုရထားလို့ရှိရင် ဒီမင်္ဂလသုတ်ထဲကအတိုင်း ကိုယ့်သန္တာန်မှာ တည်အောင်ကြိုးစား။

စာမျက်နှာ-၂၁
အဲဒီလိုတည်အောင်ကြိုးစားတာဟာ သာသနာပြုနေတာလို့ ဒီလိုပြောလို့ရတယ်။ ဘယ်မှာပြုတာလဲ၊ ကိုယ့်သန္တာန်မှာ သာသနာတည်အောင်လုပ်တာ။ နံပါတ်(၁)က ကိုယ့်သန္တာန်မှာ သာသနာတည်အောင်အရင်လုပ်ရမှာ၊ ပြီးတော့မှ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်တွေပေါ်မှာ သာသနာပြန့်ပွားအောင်ကြိုးစားရမှာ၊ ပထမဆုံး ကိုယ့်သန္တာန်မှာတည်အောင်ကြိုးစား၊ ကြိုးစားပြီးတော့မှ ပြန့်ပွားအောင်လုပ်ရမှာ။ အဲဒီလို သာသနာပြုမယ့်စိတ်ဓာတ်ကလေးတွေ များများမွေးပြီးတော့ သာသနာပြုဖို့လိုအပ်တယ်၊ အဲဒီလို သာသနာပြုမယ်ဆိုရင် ဒီဇာတိမြေမှာ သာသနာဟာ အများကြီးထွန်းကားနေမှာပဲ။

ဒီဇာတိမြေက သာသနာတော်နဲ့စပ်ပြီးတော့ ပြောမယ်ဆိုရင် ဒီဇာတိမြေမှာမွေးဖွားပြီးတော့ နိုင်ငံတော်အစိုးရက အမြင့်ဆုံးဘွဲ့တံဆိပ်၊

စာမျက်နှာ-၂၂
နဲ့ ပူဇော်ခြင်းကိုခံရတာဟာ မဟာသုဗောဓာရုံကျောင်းတိုက်ကြီးကို တည်ထောင်သွားတဲ့ လွန်တော်မူပြီးဖြစ်တဲ့ ပဓာနနာယကဆရာတော်ဘုရားကြီး၊ အဘိဓဇမဟာရဋ္ဌဂုရု-ဆိုပြီးတော့ နိုင်ငံတော်မှာ အမြင့်ဆုံးတံဆိပ်ကို ရရှိသွားတယ်။ အဲဒီတော့ ဒီဆရာတော်ကြီး ဘာဖြစ်လို့ ဒီအမြင့်ဆုံးတံဆိပ်ကိုရသလဲဆိုရင် သူ့သန္တာန်မှာ သာသနာတွေတည်လို့၊ တည်ရုံတင်မကဘူး တခြားပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာလည်း သာသနာတွေတည်အောင် သာသနာပြုတယ်၊ ဒါကြောင့်မို့ ဒီဘွဲ့တံဆိပ်ကိုပေးတာ။

ဘွဲ့တံဆိပ်ရဲ့အဓိပ္ပါယ်က အဘိဓဇဆိုတာ လွန်ကဲသောအောင်လံတံခွန်(သို့မဟုတ်) အမြင့်ဆုံးအောင်လံတံခွန်၊ မဟာရဋ္ဌဂုရု-ဆိုတာ နိုင်ငံတော်ရဲ့ဆရာလို့ ဒီလိုအဓိပ္ပါယ်ရတယ်။ အဲဒီလို ကြီးမားတဲ့ဂုဏ်ထူးဝိသေသနဲ့ နိုင်ငံတော်အစိုးရ၊

စာမျက်နှာ-၂၃
က ဆရာအဖြစ် ပူဇော်တယ်ဆိုတာ ဒီဇာတိမြေမှာမွေးပြီး သရဏဂုံကနေစပြီး ငါးပါးသီလ၊ ငါးပါးသီလကစပြီး ဒီထက်တိုးတက်သွားအောင် ကိုယ့်သန္တာန်မှာ သာသနာတွေတည်ဆောက်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ မိမိသန္တာန်မှာတည်ဆောက်ရုံမျှမက တခြားပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာလည်းပဲ သာသနာတည်တံ့အောင်ကြိုးပမ်းတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့် ဂုဏ်ပြုပူဇော်ခြင်းခံရတယ်လို့ ဒီလိုပြောရမယ်။

အနှစ်သာရပိုင်းကိုသိဖို့လိုအပ်တယ်၊ များသောအားဖြင့် လူတွေဟာ အကာပိုင်းမှာပဲ စိတ်ဝင်စားနေကြတယ်၊ အနှစ်သာရပိုင်းကို စိတ်ဝင်စားဖို့လိုအပ်တယ်။ အနှစ်သာရဆိုတာဘာလဲ။ အနှစ်နဲ့အကာ ဒီနှစ်ခုကိုခွဲခြားပြီးတော့သိဖို့လိုအပ်တယ်၊ မသိဘူးဆိုရင် အနှစ်မရဘူး အကာတွေပဲရမယ်။ ဆိုပါစို့- ဘုရားကျောင်းကန်တွေကို၊

စာမျက်နှာ-၂၄
သာသနာလို့ထင်ပြီးတော့ ဘုရားကျောင်းကန်တွေအတွက်သာ လုံးပမ်းနေမယ်ဆိုရင် ကိုယ့်ကျင့်တရားနဲ့ပတ်သက်ပြီး ပျက်ပြားလာမယ်ဆိုရင် အနှစ်သာရဖြစ်တဲ့ ကိုယ့်ကျင့်သီလမရဘဲ အကာပဲရမှာ၊ ဒီလိုဆိုလိုတာပေါ့။ အဲဒီတော့ ကိုယ့်သန္တာန်မှာ အနှစ်ကိုရှာဖို့လိုအပ်တယ်၊ အကာကိုပစ်ပြီးတော့ အနှစ်ကိုရှာ၊ ဘယ်ဟာကအကာ၊ ဘယ်ဟာကအနှစ်လဲဆိုတာ သိအောင်ကြိုးစားဖို့လိုတယ်ပေါ့။ အဲဒီလိုမှမသိဘူးဆိုရင်တော့ အနှစ်ရမှာမဟုတ်ဘူးနော်။

မြတ်စွာဘုရားဟောထားတာရှိတယ်လေ၊ အနှစ်ကို အနှစ်မှန်းသိဖို့ကြိုးစားရမယ်၊ အကာကို အကာမှန်းသိဖို့ကြိုးစားရမယ်၊ အနှစ်ကို အကာထင်၊ အကာကို အနှစ်ထင်နေတဲ့ပုဂ္ဂိုလ်ဟာ ဘယ်တော့မှအနှစ်မရဘူးတဲ့။ ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေ သာသနာဆိုတဲ့ အနှစ်သာရဟာ ဘာလဲ၊

စာမျက်နှာ-၂၅
အဲဒီအနှစ်သာရကို ကိုယ့်သန္တာန်မှာ တည်ဆောက်ဖို့ကြိုးစား၊ ကိုယ့်အတိုင်းအတာလေးနဲ့ကိုယ် တည်ဆောက်နိုင်အောင်ကြိုးစား။ ။

ကိုယ့်ကိုသူများနဲ့မတူအောင် ယှဉ်ပြိုင်မှုဆိုတာလေးရှိရတယ်၊ သလ္လသုတ္တန်မှာ မြတ်စွာဘုရားဟောထားတယ်၊ အများနဲ့နှိုင်းပြီးတော့ ယှဉ်ပြိုင်နိုင်မှုကို မြတ်စွာဘုရားက နည်းလမ်းတစ်ခုပေးထားတယ်၊ ဘာပေးထားတုန်း အေး... “သူများတွေက ပါဏာတိပါတမလုံဘူး၊ ငါကတော့ ပါဏာတိပါတလုံအောင်ကြိုးစားမယ်”၊ ဟောဒါသူများနဲ့ယှဉ်ပြိုင်မှုပဲ၊ “သူများတွေက အဒိန္နာဒါနမလုံကြဘူး၊ ငါကတော့ အဒိန္နာဒါနလုံအောင်လုပ်မယ်”၊ ဟော-ဒီလိုယှဉ်ပြိုင်မှုလေးတွေနဲ့ ကိုယ့်သန္တာန်မှာ သာသနာတည်အောင်လုပ်ပါလို့ သလ္လသုတ်မှာ မြတ်စွာဘုရားဟောထားတာ၊ အဲဒါ အနှစ်သာရတည်အောင်ကြိုးစား၊

စာမျက်နှာ-၂၆
နည်းအနေနဲ့ မြတ်စွာဘုရားဟောထားတာ။

သာသနာတည်အောင် ဘယ်လိုကြိုးစားရမလဲဆိုတော့ ကိုယ့်သန္တာန်မှာ ဒီလိုသီလဆိုတဲ့ အနှစ်သာရတွေ၊ ကိုယ်ကျင့်တရားတွေ၊ မြတ်စွာဘုရားဟောထားတဲ့ တရားဓမ္မတွေ၊ ဒါတွေသိရှိနားလည်အောင်ကြိုးစားအားထုတ်ရမယ်။

ဇာတိမြေဆိုတာ အခုဒီဇာတိမြေဆိုတာ ပြောမယ်ဆိုလို့ရှိရင် ပြန်ပြီးတော့ချဲ့ကားယူလို့ရတယ်။ ဇာတိမြေဆိုတာ ညောင်ပင်ရွာကိုခေါ်တာ၊ ညောင်ပင်ရွာကနေချဲ့လိုက်တဲ့အခါ စဉ့်ကူးမြို့နယ်ပေါ့၊ စဉ့်ကူးမြို့နယ်ကချဲ့လိုက်တဲ့အခါ မန္တလေးတိုင်းပေါ့၊ မန္တလေးတိုင်းကိုချဲ့လိုက်တဲ့အခါ မြန်မာပြည်ပေါ့။ ကိုယ့်ရဲ့ဇာတိမြေဟာ နိုင်ငံရပ်ခြားတွေနဲ့ တိုင်းတာကြည့်မယ်ဆိုရင် ဒို့ရဲ့ဇာတိမြေဟာဘာလဲ။

စာမျက်နှာ-၂၇
မြန်မာနိုင်ငံပဲပေါ့။ မြန်မာနိုင်ငံထဲက ဘယ်မှာလဲဆိုရင် မန္တလေးတိုင်းပေါ့၊ မန္တလေးတိုင်းကနေ ပြန်ကျဉ်းယူတဲ့အခါ စဉ့်ကူးမြို့နယ်ပေါ့၊ စဉ့်ကူးမြို့နယ်က ပြန်ကျဉ်းယူတဲ့အခါကျတော့ ဒီရွာ၊ ဒီဌာန၊ ဒီလိုဖြစ်လာတယ်ပေါ့။

သို့သော် ဇာတိမြေဆိုသည်မှာ ပြောမယ်ဆိုရင် မြန်မာတစ်နိုင်ငံလုံးကိုလည်း ဇာတိမြေလို့ခေါ်လို့ရတယ်၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် တိုင်းပြည်တွေနဲ့လူမျိုးတွေဆိုတာ ကမ္ဘာမှာအများကြီးရှိတယ်၊ အများကြီးရှိတဲ့အထဲမှာ ကိုယ့်ရဲ့ nationality ပေါ့၊ ဘယ်နိုင်ငံသားတုန်းဆိုရင် မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံသားဖြစ်သည့်အတွက်ကြောင့် ဒီဇာတိမြေဟာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးဖြစ်တယ်ပေါ့။ မြန်မာနိုင်ငံသားဆိုရင် မြန်မာနိုင်ငံဟာ ကိုယ့်ရဲ့ဇာတိမြေဖြစ်တယ်၊ ဇာတိမြေဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာတည်ရှိတယ်ဆိုတာ နိုင်ငံ၊

စာမျက်နှာ-၂၈
သားတွေမှာ တည်ရှိနေတဲ့ မြတ်စွာဘုရားရဲ့အဆုံးအမ သာသနာတွေပဲလို့ ဒီလိုဆိုလိုတယ်၊ သာသနာတည်ရှိနေသည့်အတွက်ကြောင့် သာသနာတော်ကို ကြည်ညိုလေးစားမှုကို ပြသတဲ့အနေနဲ့ ဘုရားကျောင်းကန်တွေ ပေါ်လာတာဖြစ်တယ်၊ ဘုရားကျောင်းကန်တွေဆိုတာ သာသနာတည်ရှိမှုရဲ့ အထိမ်းအမှတ်အနေနဲ့ ထားတာ။

တကယ့်သာသနာ၊ သို့သော် တကယ့်သာသနာ အနှစ်သာရပိုင်း တည်ရှိမှုဆိုတာ ကိုယ့်ရဲ့သန္တာန်မှာ ကိုယ်ကျင့်တရားတွေကောင်းတာကို ဆိုလိုတယ်၊ အဲဒါကို စိတ်ထဲနှလုံးထဲမှာမပြတ်ထားပြီးတော့ ကိုယ့်သာသနာကို ဂရုစိုက်ဖို့လိုအပ်တယ်။ အဲ-ကိုယ့်သာသနာဆိုပြီး သာသနာဆိုတာ ဘယ်ဟာမှန်းမသိဘဲနဲ့ တဖက်က ကိုယ်နဲ့ဘာသာမတူတဲ့၊

စာမျက်နှာ-၂၉
ပုဂ္ဂိုလ်တွေနဲ့ သွားပြီးတော့ရန်ဖြစ်နေလို့ မဖြစ်ဘူးနော်။ တကယ်က ကိုယ့်သာသနာဆိုတာဘာလဲ။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကြည်ညိုလေးစားတယ်၊ ထိုကြည်ညိုလေးစားမှုကို အကြောင်းပြုပြီးတော့ အနည်းဆုံး လူဝတ်ကြောင်တွေဆိုရင် ငါးပါးသီလ ကိုယ့်သန္တာန်မှာတည်တယ်၊ ရှစ်ပါးသီလတည်တယ်၊ ဒါတွေက သာသနာတည်တာပေါ့၊ ဒီထက်အဆင့်မြင့်မြင့်ကျင့်ချင်ရင် သမာဓိကျင့်စဉ်တစ်ခုကိုကျင့်ပေါ့၊ အဲဒီလို သာသနာကိုတိုးတက်တည်သွားအောင်လုပ်ရတယ်။

ဒေသရဲ့ သာသနာတည်ရှိမှု
အခုဒီဒေသမှာ သာသနာတည်ရှိမှုရဲ့ အနေအထားတစ်ခုကို သရုပ်ဖေါ်ပြီးတော့ကြည့်မယ်ဆိုရင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်၊

စာမျက်နှာ-၃၀
တော်နဲ့ ချီးကျူးခံရတဲ့ ကျေးဇူးတော်ရှင် မဟာသုဗောဓာရုံ ပဓာနနာယကဆရာတော်ဘုရားကြီးဟာ ဒေသသာသနာထွန်းကားအောင် သူကိုယ်တိုင်လည်း အင်မတန်ကြိုးစားလာခဲ့တာနော်၊ တပည့်အဆက်ဆက်တွေရဲ့သန္တာန်မှာလည်းပဲ သာသနာတော်တွေထွန်းကားအောင် ကြိုးစားအားထုတ်ပေးခဲ့တယ်။ ။

အေး..စဉ့်ကူးမြို့နယ်အနေနဲ့ကြည့်မယ်ဆိုရင် နိုင်ငံတော်ကနေဂုဏ်ပြုထားတဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးတွေရတဲ့ပုဂ္ဂိုလ်တွေ စဉ့်ကူးမြို့နယ်မှာ အထင်အရှားရှိတယ်၊ ဘုန်းကြီးတို့သိသလောက်ပြောရမယ်၊ ဆီသည်ရွာက အဂ္ဂမဟာပဏ္ဍိတဘွဲ့ရဆရာတော်၊ တောင်မြို့မဟာဂန္ဓာရုံမှာ ဆရာတော် ဒူးကုဏ္ဍလတို့ရှိတယ်ပေါ့၊ ဒီဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် ကောက်ရိုးပုံရွာက ဆရာတော် ဒူးမာနိတ အဂ္ဂမဟာပဏ္ဍိတ ရတယ်။

စာမျက်နှာ-၃၁
အခုဒီရွာမှာလည်းပဲ အဂ္ဂမဟာပဏ္ဍိတရတာ သုံးပါးရှိတယ်ပေါ့၊ စဉ့်ကူးမြို့နယ်ထဲမှာ တစ်ရွာတည်းနဲ့သုံးပါးရတယ်၊ ဒီရွာမှာ အခုနက်ဖန်ခါမှာ ဂုဏ်ပြုခံမယ့် သာသနဇောတာရုံ ပဓာနနာယကဆရာတော်ဆိုတာ အခုလက်ရှိမှာ နောက်ဆုံးလို့ပြောရမယ့် ဘွဲ့ရတဲ့ပုဂ္ဂိုလ်၊ နောက်ဆုံးဆိုတာ အခုရတဲ့ ၁-၂-၃ထဲမှာ နောက်ဆုံးလို့ပြောတာ၊ နောက်ထပ်ဘွဲ့ရတဲ့ပုဂ္ဂိုလ်တွေ ပေါ်ဦးမှာပေါ့။

အင်္ဂလိပ်စကားမှာ Latestနဲ့ Last ၂-ခုရှိတာ၊ Latest ဆိုလို့ရှိရင်တော့ နောက်ထပ်လာဦးမှာလို့ပြောတယ်၊ Last ဆိုရင်တော့ မလာတော့ဘူး၊ အခုဟာက Latest လို့ခေါ်တယ်။ အခုရတဲ့အထဲမှာ နောက်ဆုံးလို့ပြောတယ်။ နောက်ထပ်လာဦးမှာတွေရှိတယ်ပေါ့။

ဒီသာသနာတည်ရှိမှုကို အကြောင်းပြုပြီးတော့ ရှေးဦးစွာ မိမိတို့သန္တာန်မှာ သာသနာ၊

စာမျက်နှာ-၃၂
တည်တယ်၊ ကိုယ့်သန္တာန်မှာတည်တဲ့ သာသနာကို တခြားပုဂ္ဂိုလ်တွေပေါ်မှာ ပြန့်ပွါးအောင် တည်ရှိအောင်ကြိုးစားတဲ့ သာသနာပြုမှုဆိုတဲ့ ဒီအလုပ်တွေကို အကြောင်းပြုပြီးတော့ ဒီဂုဏ်ထူးဝိသေသဆိုတာ ဖြစ်ပေါ်လာတာ။

သာမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ နိုင်ငံတော်အစိုးရက ဘွဲ့တံဆိပ်နဲ့ပူဇော်လို့ ဘွဲ့ရတယ်၊ ဘွဲ့ရလို့ ဒီဂုဏ်ပြုပူဇော်ပွဲကြီးတွေ ကျင်းပတယ်လို့ ဒီလိုသာမန်အားဖြင့်ကြည့်မယ်ဆိုရင် အပေါ်ယံအားဖြင့် မြင်ရမယ်၊ အနှစ်သာရပိုင်းကကြည့်မယ်ဆိုရင်တော့ ဒီအရှင်မြတ်ရဲ့သန္တာန်မှာ မြတ်စွာဘုရားရဲ့အဆုံးအမတွေရှိတယ်၊ မိမိသန္တာန်မှာရှိရုံတင်မကဘူး၊ တခြားပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ တည်ရှိအောင်ကြိုးစားအားထုတ်ပြီး သာသနာပြန့်ပွါးအောင် ဆောင်ရွက်နေတယ်ဆိုတဲ့ ဒီအနှစ်သာရပိုင်းကို မြင်အောင်ကြည့်ဖို့လိုအပ်တယ်ပေါ့နော်၊

စာမျက်နှာ-၃၃
အဲဒါကို အလေးထားရမှာ၊ စဉ်ဆက်မပြတ် ဇာတိမြေက သာသနာတည်ရှိနေတဲ့ပုဂ္ဂိုလ်တွေ၊ သာသနာတည်ရှိအောင် ကြိုးစားနိုင်တဲ့ပုဂ္ဂိုလ်တွေ ပေါ်ထွန်းလာဖို့လိုအပ်တယ်ပေါ့။

အခုဒီရွာမှာ ခုနတင်ပဲ ဒကာတစ်ယောက်လာလို့လျှောက်တယ်။ ဒီရွာကတဲ့ ဘုန်းကြီးလူထွက်တော်တော်များတယ်ဆိုပဲ၊ ဘုန်းကြီးလူထွက်များတယ်ဆိုတာ ဘုန်းကြီးဝတ်တဲ့လူများမှ ဘုန်းကြီးလူထွက်များမှာပေါ့၊ အဲဒီတော့ ဒီရွာက ဘုန်းကြီးဝတ်တဲ့လူများတယ်လို့ ဒီလိုပြောတာပဲ။ အဲဒီတော့ ဘုန်းကြီးလူထွက်ဆိုတာကတော့ သာသနာပြုကိစ္စမှာ သူကအရှုံးပေးသွားတာပဲလို့ ဒီလိုပြောရမှာပဲနော်၊ ကိုယ့်သန္တာန်မှာ သာသနာတည်သလောက်တည်ပြီးတော့ နောက်ဆုံးမှာ ကျယ်ကျယ်ပြန့်ပြန့် သာသနာပြုဖို့ရာအတွက် လက်မြှောက်သွားတဲ့ပုဂ္ဂိုလ်လို့ ပြောရမှာပေါ့နော်၊

စာမျက်နှာ-၃၄
သို့သော်လည်း လူဝတ်ကြောင်နဲ့ သာသနာပြုလို့မရဘူးလားဆိုရင် ပြုလို့ရတယ်၊ အနှစ်သာရပိုင်းကပြုလို့ရတယ်၊ အဲဒီတော့ အနှစ်သာရပိုင်းက သာသနာပြုလို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ကို နားလည်ဖို့လိုအပ်တယ်။

သာသနာပြုတယ်ဆိုတဲ့ အဓိပ္ပါယ်က ကိုယ်တိုင်က သဒ္ဓါတရားရှိတယ်၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစုထဲ သဒ္ဓါတရားမရှိသေးဘူးဆိုရင် သဒ္ဓါတရားရှိအောင်လုပ်ပေးတာ၊ ဒါသာသနာပြုတာပဲ၊ ဒီထက်ကောင်းတဲ့ သာသနာပြုဘယ်ရှိမလဲနော်။ လှူတာတန်းတာရော သာသနာပြုမခေါ်နိုင်ဘူးလားဆိုရင် အထောက်အကူပြုတယ်လို့ပဲပြောရမယ်၊ တိုက်ရိုက်သာသနာပြုတော့မဟုတ်ဘူး၊ တိုက်ရိုက်သာသနာပြုတယ်ဆိုတာကတော့ ကိုယ့်မှာသီလရှိသလို သူများကို သီလရှိအောင်၊ ကိုယ့်မှာ၊

စာမျက်နှာ-၃၅
သဒ္ဓါတရားရှိသလို သူများကို သဒ္ဓါတရားရှိအောင်၊ ကိုယ့်မှာပညာရှိရင် သူများကို ပညာရှိအောင် ဒီလိုပြုတဲ့ပုဂ္ဂိုလ်ကမှ တိုက်ရိုက်သာသနာပြုတယ်၊ ကျန်တဲ့လှူတာတန်းတာ ထောက်ပံ့တာ သွယ်ဝိုက်ပြီးတော့ သာသနာပြုတယ်လို့ပြောရမယ်။

အဲဒီတော့ အမြဲတမ်းပဲ သွယ်ဝိုက်ပြီးတော့မနေကြနဲ့နော်၊ တိုက်ရိုက်သာသနာပြုဖို့လည်းလုပ်ပေါ့၊ လူတွေက များသောအားဖြင့်တော့တယ်ပြီးတော့ ဝေ့လည်ကြောင်ပတ်လုပ်တာများတယ်လေ၊ ဝေ့နေတာနေလို့ သံသရာထဲက ထွက်ကိုမထွက်နိုင်တာ၊ အဲဒီတော့ သံသရာထဲကထွက်နိုင်အောင် တိုက်ရိုက်ကြိုးစားဖို့လိုအပ်တယ်ပေါ့။ ကိုယ့်သန္တာန်မှာ သာသနာတည်အောင်ကြိုးစားသင့်တယ်၊ အဲဒီလိုကြိုးစားနိုင်မှုဟာ အင်မတန်မှ ကျေနပ်စရာဖြစ်လာတယ်။

စာမျက်နှာ-၃၆
ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့အဆုံးအမဟာ ဘယ်မှာတည်သလဲဆိုရင် ကျင့်သုံးတဲ့ပုဂ္ဂိုလ်မှာ တည်တာလေ၊ မကျင့်သုံးတဲ့ပုဂ္ဂိုလ်မှာ မတည်ဘူး။ အဲဒီတော့ သာသနာဆိုတာ မြေကြီးပေါ်တည်တာလည်းမဟုတ်ဘူး၊ ကျောင်းပေါ်တည်တာလည်းမဟုတ်ဘူး၊ စေတီပေါ်တည်တာလည်းမဟုတ်ဘူး၊ ဘယ်မှာတည်တုန်း၊ ကျင့်သုံးတဲ့ပုဂ္ဂိုလ်မှာ သာသနာတည်တယ်၊ ဘယ်လောက်တည်တယ်ဆိုတာ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုဖြစ်တယ်။ အဲဒီတော့ ဘုရားသာသနာနဲ့ကြုံပါလျက်သားနဲ့ ကိုယ့်သန္တာန်မှာ သာသနာတစ်ခုမှမရောက်ရင် မတည်ဘူး၊ မခိုင်မာဘူးဆိုရင် ဒီထက်ဆုံးရှုံးတာဘယ်ရှိမလဲ။

မသိလို့ဆုံးရှုံးသွားတဲ့ အနေအထားမျိုးမရှိအောင် ဘုန်းကြီးတို့တတွေ ဘယ်လိုကြိုးစားရမလဲ။

စာမျက်နှာ-၃၇
၁။ သီလနှင့်ပြည့်စုံအောင် ကြိုးစားရမယ်။
၂။ သီလကိုအခြေခံပြီး သမာဓိလုပ်ငန်းကျင့်စဉ်တွေကို ကြိုးစားရမယ်။
၃။ ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ပြီး နောက်ဆုံးပန်းတိုင်အထိရောက်အောင် ကြိုးစားရမယ်။ အဲဒီလို အဆင့်ဆင့်ကြိုးစားသွားတဲ့သဘောမျိုးကို သာသနာတည်အောင်ကြိုးစားတယ်လို့ခေါ်တယ်။

သာသနာပြုပုံ (ဒီနေရာမှာ မြတ်စွာဘုရားက ဟောထားတဲ့ သာသနာပြုပုံ ရှေးဦးစွာမှတ်သားဖို့လိုအပ်တယ်ပေါ့၊ သာသနာကို အဆင့်ဆင့်တည်အောင်ကြိုးစားရမယ်။ မြတ်စွာဘုရားက ကီဋာဂီရိသုတ္တန်မှာ “နာဟံ ဘိက္ခဝေ အာဒိကေနေဝ အညာရာဓနံ ဝဒါမိ- စစချင်း အရဟတ္တဖိုလ်ဆိုတဲ့

စာမျက်နှာ-၃၈
ဂုဏ်ထူးဝိသေသကိုရမယ်လို့ ငါမဟောဘူး၊ ဆိုလိုတာက စစချင်း ဘယ်သူမှပန်းတိုင်ကိုမရောက်နိုင်ဘူး၊ မြတ်စွာဘုရားသာသနာတော်ရဲ့ ပန်းတိုင်ဟာဘာလဲဆိုလို့ရှိရင် အရဟတ္တဖိုလ်ပဲ၊ အရဟတ္တဖလပရိယာသာနံ သာသနံလို့ဆိုတဲ့အတိုင်း မြတ်စွာဘုရားသာသနာတော်ရဲ့ ပန်းတိုင်ဟာ အရဟတ္တဖိုလ်ပဲ၊ အရဟတ္တဖိုလ်တာ အရဟတ္တမဂ်ရပြီးမှ ရလာတဲ့အရာဖြစ်တယ်။ အဲဒီအရဟတ္တမဂ်ဆိုတာ ရဖို့ရာအတွက် ဝိပဿနာကျင့်စဉ်၊ သမထကျင့်စဉ် (သို့မဟုတ်) သမာဓိ၊ ပညာတို့ကို သီလအခြေခံပြီး သမာဓိ၊ ပညာတို့ကို ကျင်မှ၊ ပွါးများအားထုတ်မှရတယ်။ ။

အဲဒီလို ပန်းတိုင်ကိုလှမ်းကိုင်နိုင်ဖို့အတွက် ဘာတွေလုပ်ဖို့လိုတုန်းဆိုတော့ အဆင့်ဆင့်ကျင့်ကြံ ကြိုးကုတ်အားထုတ်မှနော်၊ ဆိုပါစို့ ဘုန်းကြီးတို့တတွေ ပညာသင်တာတောင်မှ ကကြီးခခွေးကနေ

စာမျက်နှာ-၃၉
စပြီးတော့ သင်ရတယ်၊ အဲဒီလို သင်သလိုပဲ မြတ်စွာဘုရားရဲ့ သာသနာတော်နဲ့ ပတ်သက်တဲ့ ဒီကျင့်စဉ်ဟာလည်း အနုပုဗ္ဗ သိက္ခာ- အစဉ် အတိုင်း ကျင့်ရမယ်၊ အနုပုဗ္ဗ ပဋိပဒါ- အစဉ် အတိုင်း သွားရမယ်၊ အစဉ်အတိုင်းဆိုတာ သီလကို အခြေခံရမယ်၊ သီလနဲ့ပြည့်စုံအောင် အရင် ကြိုးစားရမယ်၊ သီလနဲ့ပြည့်စုံပြီးတဲ့အခါမှာ သမာဓိ ရအောင် ကြိုးစားရမယ်၊ သမာဓိနဲ့ပြည့်စုံတဲ့အခါမှာ ပညာဖြစ်အောင် ကြိုးစားရမယ်။ အဲဒီလို ကြိုးစားဖို့ အတွက် မြတ်စွာဘုရားက နည်းလမ်းအဆင့်ဆင့်ကို ချမှတ်ပြီးတော့ ပေးထားတယ်၊ အဆင့်ဆင့် ဖြစ်ပေါ်လာပုံကို အဲဒီ သုတ္တန်မှာ ဟောထားတာလေးကို မှတ်သားနာယူရမယ်။ လူတိုင်းလူတိုင်း အတွက် ကိုယ့်သန္တာန်မှာ သာသနာတည်ရှိအောင် ကြိုးစားအားထုတ်ဖို့ ဒီနည်းစနစ်ကို မြတ်စွာဘုရားက ဟောထားတယ်။

စာမျက်နှာ-၄၀
နည်းလမ်းအဆင့်ဆင့်
အဲဒီတော့ နံပါတ်(၁) အရေးကြီးဆုံးက ဘာတုန်းဆိုရင် သဒ္ဓါ၊ စိတ်ဝင်စားမှုပဲ၊ ဘာသာတရားနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားမှုသဒ္ဓါ၊ ကံ,ကံ၏အကျိုးကို ယုံကြည်တယ်၊ ရတနာသုံးပါး ဂုဏ်ကို ယုံကြည်တယ်၊ ဆိုလိုတာက ဘာသာတရားနဲ့ပတ်သက်ပြီး စိတ်ဝင်စားတယ်၊ စိတ်ဝင်စားတဲ့သူတွေ အများကြီးရှိတယ်လေ၊ သဒ္ဓါဆိုတာ ယုံကြည်တယ် စိတ်ဝင်စားတယ်၊ ဒါကိုဆိုလိုတာ၊ ဒါကြောင့်မို့ ဒီဘာသာ စကားနဲ့ ပတ်သက်လာရင် ယုံကြည်မှုလို့ပြောတာ၊ ယုံကြည်မှုဆိုတာ ကိုယ်ယုံကြည်တဲ့အရာကို လူတွေ စိတ်ဝင်စားတာပဲလေ၊ ကိုယ်ယုံကြည်ရာလို့ပြောရင် စိတ်ဝင်စားတဲ့ အရာပဲလို့ ဒီလိုဆိုရတာ၊ ပိုပြီးတော့ ရှင်းတာက ဘာတုန်း ဆိုလို့ရှိရင် သဒ္ဓါဆိုတာ ကိုယ်စိတ်ဝင်စားတာ၊ ဘယ်ဘက်စိတ်ဝင်စားလဲ၊ ဘာသာတရားနဲ့

စာမျက်နှာ-၄၁
ပတ်သက်ပြီးတော့ မြတ်စွာဘုရားအဆုံးအမနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားတာ။

စိတ်ဝင်စားတော့ ဘာဖြစ်လဲ၊ သဒ္ဓါ ဇာတော ဥပသင်္ကမတိ- စိတ်ဝင်စားမှု သဒ္ဓါ တရားဖြစ်လာရင် ဘာဖြစ်လာလဲဆိုတော့ ရတနာ သုံးပါးကို ဆည်းကပ်လာတယ်၊ ဘုရားတရား သံဃာကို ဆည်းကပ်လာတယ်၊ တရားဓမ္မ ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ကို ဆည်းကပ်လာတယ်။ သိချင်လာတယ်၊ ဘုရားကျောင်းကန်ဆီ ရောက်လာတယ်၊ ဟောပြောမယ့်ပုဂ္ဂိုလ်ဆီ ရောက်လာတယ်၊ ဟောဒီလိုဆိုလိုတာ၊ သဒ္ဓါတရားမရှိရင် ရောက်ကိုမရောက်နိုင်ဘူး၊ ယုံကြည်မှုမရှိရင် မရောက်နိုင်ဘူး၊ ဒါကြောင့်မို့ သဒ္ဓါဆိုတဲ့ စိတ်ဝင်စားမှုက ရှေးဦးစွာလာတယ်။ ။

စာမျက်နှာ-၄၂
အဲဒီတော့ လာရောက်ပြီဆိုတဲ့နောက်မှာ လာတော့လာပါရဲ့ တရားဟောဖို့ တရားနာဖို့ဆိုတဲ့ နေရာမှာ ရောက်မလာဘူး၊ ဘုန်းကြီးကျောင်းတော့ လာတယ်၊ ဝှေ့ပတ်ပြီးတော့ ပြန်သွားတယ် ဒီလိုဟာလည်း ရှိသေးတာ၊ အဲဒီတော့ တရားနာမယ့် အနေထားမျိုး မေးခွန်းမေးဖို့ အနေထားမျိုးထိအောင် ရောက်လာတာမျိုးမရှိဘူး၊ ရောက်လာရမယ်လို့ဆိုလိုတာ၊ ဥပသင်္ကမန္တာ ပယိရုပါသတိတဲ့၊ အနီးအကပ် ချဉ်းကပ်လာတယ်။ ။

ချဉ်းကပ်လာပြီးတော့ ဘာဖြစ်လာတုန်းဆိုတော့ ပယိရုပါသာ သောတံ သြဒဟတိတဲ့၊ အခုလို တရားပွဲကြီးကျင်းပလို့ တရားနာမယ့် နေရာအတွင်း ရောက်လာတယ်၊ ရောက်လာပြီး ဘာလုပ်လဲ၊ သောတံ သြဒဟတိ-တဲ့ နားစိုက်ပြီးတော့ ထောင်တယ်၊ ဘာတွေပြောလဲ ဘာတွေ ဟောလဲ နားစိုက်ပြီးတော့ ထောင်တယ်၊ နားစိုက်ထောင်တယ်ဆိုတာ အသံ ကြားရုံလေးတင် မဟုတ်ဘူး၊ တရားနာတယ်ဆိုတာ အသံ

စာမျက်နှာ-၄၃
ကြားပြီးလို့ရှိရင် မှတ်ထားပြီးတော့ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားတာ ဒီလိုလာရမှာ၊ အဲဒီတော့ သောတံ ဩဒဟတိ- နားထောင်တယ်။

နားထောင်ပြီးတော့ ဘာတွေလုပ်တုန်း ဆိုတော့ ဩဟိတသောတော ဓမ္မံ ပရိယာ ပုဏာတိ- နားထောင်ပြီးတော့ မှတ်တယ်။ စိတ်ကလိုက်ပြီးတော့ ပြောထားတာတွေ မှတ်ထားတာနော်၊ စိတ်ထဲနှလုံးထဲ မှတ်ထားတယ်၊ သုတွာ ဓမ္မံ ဓာရေတိ- ပြောသမျှတွေကို ကိုယ်မှတ်နိုင်သမျှ သင်ယူထားတာ၊ နားက ကြားနေတယ်ဆိုတာ သင်နေခြင်းတစ်မျိုးပဲပေါ့၊ စာသင်တယ်ဆိုတာလည်း နားထောင်ပြီးတော့ သင်ရတာပဲ၊ နားကကြားပြီးတော့ အဲဒီကြားတဲ့ အချက်အလက်တွေကို စိတ်ထဲမှာ မှတ်သားနေတယ်၊ ဒါ သုတွာ ဓမ္မံ ဓာရေတိတဲ့၊ ဒီလိုခေါ်တယ်။

အဲဒီတော့ ဒီလောက်နဲ့တင် ပြီးလားဆို

စာမျက်နှာ-၄၄
တော့ မပြီးသေးဘူး၊ ဓာတာနံ အညံ ဥပပရိက္ခတိ- မှတ်ထားတဲ့ အရာလေးကို အထပ်ထပ် စဉ်းစားတယ်။

"ကဲ... ခုနကပြောထားတဲ့ သာသနာဆိုတာ ဘယ်လိုဟာမျိုးကိုခေါ်လဲ၊ မှတ်ထားပြီးရင် မှတ်မိပြီ၊ သာသနာဆိုတာ ဘယ်လိုဟာကိုခေါ်လဲ၊ ကိုယ့်သန္တာန်မှာ သာသနာတည်အောင် ဘယ်လိုလုပ်ရမလဲ၊ သာသနာတည်တယ်ဆိုတာ ဘယ်လိုဟာမျိုးကိုခေါ်လဲ၊ ဘုရားတရားသံဃာ ရတနာသုံးပါးကို ဘယ်လိုဆည်းကပ်ပြီးရင် သရဏဂုံနဲ့ ပတ်သက်တဲ့သာသနာ ကိုယ့်သန္တာန်မှာ တည်ပြီ၊ ငါးပါးသီလ မလုံသေးရင် ငါးပါးသီလနဲ့ ပတ်သက်တဲ့ သာသနာ မတည်သေးဘူး၊ ငါးပါးသီလ လုံပြီဆိုရင် သီလနဲ့ ပတ်သက်တဲ့ သာသနာ တည်ပြီ၊ ငါးပါးသီလ မလုံသေးရင် ကိုယ့်မှာ သီလသာသနာ ကျိုးပျက်နေတယ်၊ ဒီလိုဆိုလိုတာနော်။ သာသနာတည်နေဖို့

စာမျက်နှာ-၄၅
ဓာတာနံ အညံ ဥပပရိက္ခတိ- မှတ်ထားတဲ့ အတိုင်း အမှတ်တမဲ့ မနေဘူး၊ အလေးအနက် ဆင်ခြင်စဉ်းစားတယ်။

အဲဒီလို အလေးအနက် ဆင်ခြင်စဉ်းစားတော့ ဘာဖြစ်တုန်းဆိုတော့ အညံ ဥပပရိက္ခတော ဓမ္မာ နိဇ္ဈာနံ ခမန္တိ- အလေးအနက် ဆင်ခြင်စဉ်းစားတဲ့အခါမှာ သူက ဆင်ခြင်စဉ်းစားထားတဲ့ တရားဓမ္မတွေဟာ အချိန်မရွေး ကိုယ်ဟာ နားလည်လာတယ်၊ သဘောပေါက်လာတယ်၊ စဉ်းစားလိုက်တိုင်း စဉ်းစားလိုက်တိုင်း အဖြေမှန်တွေ ထွက်လာနေတယ်။

ဓမ္မနိက္ခန္တိယာ သတိ ဆန္ဒာ ဇာယတိ-တဲ့ စဉ်းစားလို့ ရလာတယ်။ စဉ်းစားလို့ ရလာတဲ့အခါကျတော့ ဘာဖြစ်လာတုန်းဆိုရင် ဆန္ဒ ဖြစ်လာတယ်၊ အခုကြည့်လေ၊ သာသနာ ဘယ်လို တည်အောင် လုပ်ရတယ်၊ သာသနာပြုတယ်

စာမျက်နှာ-၄၆
ဆိုတာ ဘယ်လိုလုပ်ရတယ်လို့ ဒီစကား ကြားပြီးတော့ မှတ်ထားပြီးတော့ သာသနာပြုချင်စိတ် ပေါက်လာတယ်နော်၊ အဲဒါကို ဆန္ဒော ဇာယတိလို့ခေါ်တယ်၊ ဆန္ဒပေါ်လာတယ် ကိုယ့်သန္တာန်မှာ ငါးပါးသီလကို တည်အောင်ကြိုးစားမှ ဖြစ်မယ်။ ဒါမှ ငါ့မှာ သာသနာတည်မယ်၊ ငါဟာ သာသနာပျက်နေလို့ မဖြစ်ဘူးဆိုပြီး ဆန္ဒတွေ ဖြစ်လာတယ်၊

အဲဒီလို ဆန္ဒတွေဖြစ်လာတဲ့အခါ ဆန္ဒ ဇာတော ဥဿဟတိ- ဆန္ဒဖြစ်လာလို့ရှိရင် လက်တွေ့ကြိုးစားလာတယ်နော်၊ ဥဿာဟေတွာ တုလေတိ- ကြိုးစားပြီးတဲ့အခါ ဘယ်လောက် အတိုင်းအတာထိ တည်ပြီလဲလို့ ကိုယ့်ဟာကို အမြဲတမ်း ချင့်ချိန်ကြည့်တယ်၊ ငါ့သန္တာန်မှာ သာသနာတွေ ဘယ်လောက် တည်နေပြီလဲလို့ ကိုယ့်ကိုယ်ကို ချင့်ချိန်ပြီး ကြည့်တယ်။ တုလယိတွာ ပဒဟတိ-ချင့်ချိန်ပြီး ကြိုးစားတယ်။

စာမျက်နှာ-၄၇
သီလသာသနာ တည်အောင်

အဲဒီလို ကြိုးစားအားထုတ်ပြီး နောက်ဆုံးမှာ ဘာဖြစ်လာတုန်းဆိုတော့ ဒီလိုကြိုးစား အားထုတ်လာတဲ့အခါမှာ နောက်ဆုံးမှာ ပရမသစ္စ လို့ခေါ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်။ အေးချမ်းတဲ့ အတိုင်းအတာတစ်ခုကို ရောက်ရှိတယ်၊ ခုနကပြောတဲ့ အရဟတ္တဖိုလ်နိဗ္ဗာန်ထိအောင် သာသနာ ကိုယ့်သန္တာန်မှာ တည်အောင် ကြိုးစားရမယ်၊ ဒီလိုဆိုတာပေါ့နော်။

အဲဒီတော့ ကောင်းပြီ၊ သီလသာသနာ ကိုယ့်သန္တာန်မှာ တည်အောင်လုပ်ကြည့်၊ စဉ်းစား နေ့စဉ်နဲ့အမျှ၊ ပါဏာတိပါတာ ဝေရမဏိ-လို့ ငါးပါးသီလ ဆောက်တည်ထားပြီးတော့ ဒီတိုင်း မထားနဲ့၊ နေ့စဉ် ဆင်ခြင်စဉ်းစားကြည့်၊ နေ့တိုင်း အိပ်ယာဝင်တဲ့အခါ အလုပ်ကလေးလုပ်၊ (သို့မဟုတ်) အိပ်ယာနိုးလာတဲ့အခါ စဉ်းစား၊ ဒီကနေ့

စာမျက်နှာ-၄၈
၂၄-နာရီ အချိန်ကုန်သွားပြီ၊ (သို့မဟုတ်) ဒီကနေ့ တစ်နေ့တာ အချိန်ကုန်သွားပြီ ဒီကနေ့ တစ်ညတာ အချိန်ကုန်သွားပြီ၊ ဒီအထဲမှာ ပါဏာတိပါတ ကျူးလွန်တာများ ရှိသလား၊ ဆင်ခြင်စဉ်းစားကြည့် မရှိဘူးဆိုရင် ဝမ်းသာစရာကြီးပဲနော်။

အဲဒီလို ဝမ်းသာမှုမှ မဖြစ်ဘူးဆိုရင် ကိုယ့် သီလဟာ ဘာနဲ့ဥပမာတူတုန်းဆိုတော့ ဆောက်တည်ထားပြီး ဒီအတိုင်းထားမယ်ဆိုရင်တော့ မီးခံသေတ္တာထဲ ပိုက်ဆံသိမ်းထားမယ်ဆိုရင် အဲဒီပိုက်ဆံက တိုးပါ့မလား၊ အတိုးမရတာနဲ့ တူတယ်ပေါ့၊ အတိုးရချင်ရင် ဘာလုပ်ရမလဲဆိုရင် ဒီပိုက်ဆံ ထုတ်ပြီးတော့ အတိုးရအောင် လုပ်ရမယ်။ အဲဒါမျိုးလိုပဲ ငါးပါးသီလ ဆောက်တည်ထားပြီးတော့ အတိုးရအောင် လုပ်ရမယ်၊ ဘာတုန်း အကြိမ်ကြိမ် ပြန်လည်စဉ်းစား၊ ဒီကနေ့ ငါးပါးသီလထဲက ပါဏာတိပါတာ ဝေရမဏိ-ဆိုတာ ငါလုံခြုံတယ်၊

စာမျက်နှာ-၄၉
ရဟန္တာပုဂ္ဂိုလ်တွေဟာ တစ်သက်လုံး လုံသွားတယ်၊ ငါလည်း ဒီကနေ့လုံတယ်၊ သူတို့ အဆင့်တန်းမျိုးရောက်သွားအောင် ငါကြိုးစားနိုင်တယ်၊ ဝမ်းသာစရာကြီး၊ အဲဒီလို ဝမ်းသာအောင်လုပ်၊ ဝမ်းမသာသေးရင်၊ မဟုတ်သေးဘူးနော်၊ ဝမ်းသာအောင် ကြိုးစား၊ ဒီလိုတွေးနေတာကိုက အတိုးတက်နေတာ လို့ခေါ်တယ်၊ အဒိန္နာဒါနတွေးကြည့်လိုက်၊ ဒီကနေ့ငါ အဒိန္နာဒါနအမှုက ရှောင်ကြဉ်တယ်၊ ဒီလို ငါ့မှာ ပြည့်စုံတယ်၊ ကာမေသုမိစ္ဆာစာရ ရှောင်ကြဉ်တယ်၊ မုသာဝါဒက ရှောင်ကြဉ်တယ်၊ သုရာမေရယက ရှောင်ကြဉ်တယ်၊ ဒီကနေ့ငါ့မှာ ပြည့်စုံတယ်၊ ဒီထက်တိုးတက်ပြီး ဆောက်တည်တဲ့အခါကျတော့ အဗြဟ္မစရိယက ရှောင်ကြဉ်တယ် ဝိကာလဘောဇနက ရှောင်ကြဉ်တယ်ဆိုတော့ ရှစ်ပါးသီလ၊ အဲဒီလို ဆင်ခြင်စဉ်းစားပြီး အတိုးတက်အောင် မြတ်စွာဘုရားက ဥပုသ်စောင့်တဲ့

စာမျက်နှာ-၅၀
အခါမှာ အဲဒီနည်းကို ပေးထားတယ်၊ ဒါအတိုးတက်တယ်။

အဲဒီလိုမလုပ်ပဲနဲ့ ဥပုသ်သီလလေးကိုယူ တစ်နေကုန်ထိုင်၊ သားအကြောင်း အလုပ်အကြောင်းတွေပြော အချိန်တန်တော့ အိမ်ပြန်၊ အဲဒါဆိုရင်တော့ ဘာမှသိပ်ရမှာမဟုတ်ဘူး အတိုးမရတဲ့အပြင် အရင်းလေးတောင် မပျောက်အောင် မနည်းလုပ်ရမှာနော်၊ အရင်းလေးတောင် ပျောက်သွားနိုင်သေးတယ်၊ အဲဒီတော့ ကုသိုလ်ပဲ ဖြစ်ဖြစ် စီးပွားပဲဖြစ်ဖြစ် လုပ်တတ်တဲ့သူက ပိုရတယ်လို့ ဒီလိုပြောတာ၊ အဲဒီတော့ ငါးပါးသီလကို ကြိုးစားအားထုတ်ရမယ်၊ ဒီလို သီလသာသနာ ပြည့်စုံလာတယ်။

သီလဆိုတာ ဘာအတွက်လဲလို့ မေးစရာ ရှိလာတယ်နော်၊ သီလက ဘယ်လောက် အထောက်အကူပြုသလဲဆိုတာ မှတ်သားရမယ်၊

စာမျက်နှာ-၅၁
သီလနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကိုယ့်သီလကို ကိုယ်ပြန်ပြီးတော့ ဆင်ခြင်စဉ်းစားကြည့်တယ်၊ ဆင်ခြင်လိုက်တာနဲ့တပြိုင်နက် စိတ်ကကြည်နူးတယ် ဒါအမှန်ပဲ၊ “ငါမဟုတ်တာ မလုပ်ဘူး”ဆိုရင် စိတ်ကြည်နူးတယ်လေ၊ အဲဒီကြည်နူးမှုလေးကို အဝိပ္ပဋိသာရ-လို့ခေါ်တယ်၊ လူတိုင်း ဒီလိုကြည်နူးမှုရလိမ့်မယ်လို့ မအောက်မေ့လေနဲ့၊ မဟုတ်တာလုပ်တဲ့သူက စိတ်ကညစ်နေတာ၊ သူ့ဟာသူသာ ကြိတ်မှိတ်နေတာနော်၊ သူမဟုတ်တာလုပ်မှန်း သိတယ်၊ အပြစ်ရှိနေတယ်၊

ဟာ... ငါးပါးသီလလုံပြီ၊ သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သီလံ အဝိပ္ပဋိသာရာယ

ကိုယ်ကျင့်သီလသည် စိတ်နှလုံးကြည်သာဖို့အတွက် ဖြစ်တယ်၊ အကျိုးဆိုတာ အစဉ်အဆက် နောက်ဘဝအတွက် စောင့်နေရတာ

စာမျက်နှာ-၅၂
မဟုတ်ဘူး၊ အခုလုပ် အခုရတဲ့ အကျိုးလို့ခေါ်တယ်၊ သီလပြည့်စုံလို့ ကိုယ့်သီလကို ဆင်ခြင်လိုက်တာနဲ့ စိတ်ဟာကြည်နူးတယ်။

ကြည်နူးတော့ ဘာဖြစ်တုန်း၊ ဝမ်းမြောက်ရတယ်၊ ဝမ်းမြောက်ရင်ဘာဖြစ်လဲ နှစ်သက်ရတယ်၊ ဝမ်းမြောက်တာကို ပါမောဇ္ဇ၊ နှစ်သက်တာကို ပီတိ၊ အဲဒီတော့ နှစ်သက်မှုရတဲ့အခါ ဘာဖြစ်လဲဆိုရင် ကိုယ်စိတ်ငြိမ်းချမ်းတယ် ဒါကို ပဿဒ္ဓိလို့ခေါ်တယ်၊ ကိုယ်စိတ်ငြိမ်းချမ်းတဲ့အခါ ဘာဖြစ်တုန်း ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်တယ်၊ အဲဒါ သုခ၊ ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်တော့ ဘာဖြစ်လဲဆိုတော့ သမာဓိ-တဲ့၊ စိတ်တည်ငြိမ်တယ်။ ဒီအဆင့်ကို ပို့ပေးတာ သီလက ပို့ပေးတာ၊ အဲဒီလို သီလက ဒီတင် ပို့တာလား ဆိုတော့ သမာဓိဖြစ်လာရင် သမာဓိကနေ ထပ်ဆင့် ပို့လိုက်တာကတော့ ယထာဘူတဉာဏဒဿန

စာမျက်နှာ-၅၃
တဲ့၊ မှန်မှန်ကန်ကန် မြင်လာတယ်၊ နို့မို့ဆိုရင် မှန်မှန်ကန်ကန်မမြင်နိုင်ဘူး။

ဒါကြောင့်မို့ လုပ်ငန်းတစ်ခုလုပ်ပြီဆိုရင် ကိုယ်ကျင့်သီလကို ပြည့်စုံအောင် လုပ်ရတယ်။ ဘာအတွက် လုပ်တာတုန်းလို့မေးရင် စိတ်နှလုံးကြည်သာဖို့၊ စိတ်နှလုံးကြည်သာဖို့က ဘာအတွက်လဲဆိုရင် ဝမ်းမြောက်ဖို့၊ ဝမ်းမြောက်တာ ဘာအတွက်လဲဆိုရင် ပီတိဖြစ်ဖို့၊ ပီတိဖြစ်တာ ဘာအတွက်လဲလို့မေးလို့ရှိရင် ပဿဒ္ဓိဆိုတဲ့ ကိုယ်ရောစိတ်ရော ငြိမ်းချမ်းမှု၊ ကိုယ်ရောစိတ်ရော ငြိမ်းချမ်းတာ ဘာအတွက်လဲလို့ဆိုရင် သုခ ကိုယ်ချမ်းသာ စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာ စိတ်ချမ်းသာဟာ ဘာအတွက်တုန်းဆိုရင် သမာဓိ စိတ်တည်ငြိမ်ဖို့၊ ဟောဒီအကျိုးတွေကို ရတယ်၊ ဒါက သီလသာသနာ ကိုယ့်သန္တာန်မှာ တည်လိုက်တာနဲ့တပြိုင်နက် ဒီအကျိုးတရားတွေဟာ ဆင့်ကဲ

စာမျက်နှာ-၅၄
ဆင့်ကဲ ထွက်ပေါ်လာတယ်။ ဒါက အချိန်စောင့်ရတာ မဟုတ်ဘူးနော်၊ အခုလုပ် အခုရတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ အကျင့်ဟာ တကယ်လက်တွေ့ကျတယ်။ များသောအားဖြင့် လူတွေဟာ ကုသိုလ်ကောင်းမှုလုပ်ပြီး နောင်ဘဝ နောင်ဘဝ ချည်းပဲ မျှော်နေကြတာ၊ ယခုဘဝမှာ ရတဲ့အကျိုးကို မသိကြဘူး၊ အဲဒီတော့ အခုဘဝ ရတဲ့အကျိုးကို ကြည့်၊ နောင်ဘဝကို သိပ်မကြည့်နဲ့၊ ယခုဘဝတင်ဘဲ ဒီအကျိုးကတော့ နောင်ဘဝ မရပဲမရှိဘူး၊ ဒါကသီလ။
သမာဓိသာသနာ
ကဲ.. သမာဓိဖြစ်လာပြီ သမာဓိကျင့်စဉ် တစ်ခုကိုကျင့်တယ်၊ အဲဒီတော့ သမာဓိကျင့်စဉ်တစ်ခုဆိုတာ ဘယ်လိုလုပ်ကျင့်ရမလဲလို့ မေးရင် သီလရှိလာလို့ သီလဆင်ခြင်နေတာဟာလည်း

စာမျက်နှာ-၅၅
သမာဓိကျင့်စဉ်တစ်ခုပဲ၊ သီလာနုဿတိလို့ ခေါ်တယ်၊ နေ့စဉ်နဲ့အမျှ သံဃာတော်တွေ ဆွမ်းလောင်းတယ်၊ ဘုရားဆွမ်းတော်တင်တယ်၊ အဲဒါကို ဆင်ခြင်ပြီးတော့ စိတ်ထဲမှာ ကြည်နူးအောင်နေ သတိတွေထားပြီး စိတ်တည်ငြိမ်အောင် အဲဒါလေးနဲ့ပွါး၊ ဒါလည်းပဲ သမာဓိကျင့်စဉ်ပဲ တစ်ခြားသွားရှာစရာမလိုဘူး။ အားလုံးသော သတ္တဝါတွေကို အာရုံပြုပြီးတော့ မေတ္တာပို့နေလို့ရှိရင် ဒါလည်း သမာဓိကျင့်စဉ်တစ်ခုပဲပေါ့၊

အဲဒီတော့ သမာဓိကျင့်စဉ်ကျင့်ဖို့ရာ အဝေးကြီးသွားစရာမလိုဘူး။ ကိုယ့်အိမ်မှာကိုယ်နေရင်းလည်း သမာဓိရတယ် ကြိုးစားပြီးတော့ ကျင့်၊ ဘုရားဂုဏ်တော်ပွါးပြီးတော့လည်း သမာဓိဖြစ်အောင်လုပ်လို့ရတယ်။ နောက်ဆုံးမှာ တခြားဟာမရဘူးဆိုလို့ရှိရင် ကိုယ့်ဟာကိုယ် ထိုင်နေရင်းကနေပြီးတော့ ထွက်လေဝင်လေလေးကို မှတ်

စာမျက်နှာ-၅၆
နေရင် ဒါ သမာဓိတွေ ရနေတာပဲပေါ့၊ ထွက်လေဝင်လေအပေါ် အာရုံပြုပြီးတော့ သမာဓိတွေ ဖြစ်နေတယ်။

ဒီသမာဓိတွေက ဘာအတွက်တုန်းလို့မေးရင် ယထာဘူတဉာဏဒဿန အတွက်၊ ယထာဘူတဆိုတာ တကယ့်အရှိကို အရှိအတိုင်း၊ ဉာဏဒဿန- သိတယ်မြင်တယ်၊ အရှိကိုအရှိအတိုင်း မြင်တယ်ဆိုတဲ့ အသိဉာဏ်ရဖို့အတွက် ဖြစ်တယ်ပေါ့။ ဒါက အတိုင်းအတာတစ်ခုပဲ။ အဲဒီတော့ မြတ်စွာဘုရားရဲ့ ဒီတရားတော်ဟာ တကယ့်လက်တွေ့ကျင့်သုံးရမယ့် တရားတော်မျိုး ဖြစ်တယ်ပေါ့။ ဒါကြောင့်မို့ သမာဓိကျင့်စဉ်ကို ကျင့်လို့ သမာဓိသာသနာ ကိုယ့်သန္တာန်မှာ တည်နေပြီဆိုရင် ပညာဆိုတာလာတယ်။

စာမျက်နှာ-၅၇
ပညာသာသနာ
အဲဒီပညာဆိုတာ တစ်ဦးနဲ့တစ်ဦး မတူဘူး၊ တစ်ချို့ကျတော့ တရားနာရင်း တရားထူးရနိုင်တဲ့ ပုဂ္ဂိုလ်လည်းရှိတယ်၊ တစ်ချို့ကျတော့ စာပေအဆင့်ဆင့် သင်ယူပြီးတဲ့နောက်ပိုင်းမှာ တရားထူးရတဲ့ ပုဂ္ဂိုလ်လည်းရှိတယ်၊ တစ်ချို့လည်း နှစ်ပေါင်းများစွာ ကျင့်ပြီးမှ အသိဉာဏ်ရင့်လာတဲ့ ပုဂ္ဂိုလ်လည်းရှိတယ်၊ တစ်ယောက်နဲ့တစ်ယောက် မတူဘူး၊ အဲဒီတော့ တူတာမတူတာ ထား၊ ကိုယ်လုပ်ရမယ့်အလုပ်ကို ကိုယ်လုပ်နေဖို့ လိုတယ်။ ကိုယ်သွားရမယ့်လမ်းကို ကိုယ်သွားမှ ရောက်မှာပဲ၊ မသွားပဲနေရင်တော့ မရောက်ဘူးပေါ့။ ခြေလှမ်းတစ်ရာ လှမ်းရမည့်နေရာ ရောက်ဖို့ တစ်လှမ်းလှမ်းပြီးရင် ၉၉-လှမ်းပဲ ကျန်တော့တယ်နော်၊ တစ်လှမ်းမှ မလုပ်ရသေးတဲ့ ပုဂ္ဂိုလ်ကတော့ အလှမ်း ၁ဝဝ-လုံး ကျန်နေမှာပဲ၊ အဲဒါကြောင့်မို့ ပုံမှန်လေး

စာမျက်နှာ-၅၈
အလုပ်လုပ်နေဖို့ အရေးကြီးတယ်၊ ရတာက သူ့တာဝန်၊ လုပ်ရမှာက ကိုယ့်တာဝန်လို့ တာဝန်ကို ခွဲဝေပြီးတော့ ရလိုတဲ့စိတ်တွေ နင်းကန်ပြင်းထန်လို့ မရဘူး၊ သူ့အချိန်တန်ရင် ရလာမှာပဲ။ ။

အဲဒီတော့ ပညာကို တိုးတက်လာအောင် လုပ်ချင်ရင် သီလနဲ့သမာဓိ ဒီ ၂ ခုကို ထူထောင်ရမယ်၊ ထူထောင်ပြီးတဲ့အခါ ဘာလုပ်ရမလဲ၊ ကိုယ့်သန္တာန်မှာရှိတဲ့ ရုပ်နာမ်ကို မြင်အောင် နှလုံးသွင်းဆင်ခြင်ဖို့ လိုအပ်တယ်၊ ဒါက အကြမ်းဖျင်းအားဖြင့် တရားအားထုတ်နေတဲ့အချိန်မှာ တရားအာရုံပြုနေတာ သိနေတာက နာမ်တရားပဲ၊ ဒီလို အာရုံကိုယူတတ်တဲ့ သဘောမရှိတဲ့တရားက ရုပ်တရား၊ ဆိုပါစို့- မျက်စိမှာ အဆင်းအာရုံ လာထင်တယ်၊ မျက်လုံးဖွင့်ကြည့်လို့ အဆင်းအာရုံမြင်တယ်ဆိုရာမှာ မျက်လုံးက ရုပ်တရား၊ အဆင်းအာရုံကလည်း ရုပ်တရား၊ သို့သော်

စာမျက်နှာ-၅၉
အဆင်းအာရုံနဲ့ မျက်လုံးဆုံသည့်အတွက်ကြောင့် ပေါ်လာတဲ့ အသိစိတ်ကလေးက နာမ်တရား၊ အခုလိုမြင်တဲ့အပေါ်မှာလည်း ရုပ်နဲ့နာမ် ကွဲအောင်ကြည့်။

ကြားတဲ့အရာမှာလည်း ရုပ်နဲ့နာမ်ကွဲအောင် ကြည့်၊ နားနဲ့အသံဆုံမိလို့ အသံသိလိုက်တယ် ကြားမှန်းသိလိုက်တယ် သိတာလေးက နာမ်တရား၊ နားနဲ့အသံက ရုပ်တရား၊ နမ်းတာရှူတာလည်း ဒီအတိုင်းပဲ၊ နှာခေါင်းနဲ့အနံ့၊ လျှာနဲ့အရသာ၊ ခန္ဓာကိုယ်နဲ့အထိအတွေ့၊ အသိစိတ်နဲ့အာရုံ၊ ကြည့်လိုက်တဲ့အခါမှာ အသိစိတ်နဲ့အာရုံမှာနော်။ အာရုံက ရုပ်တရားဖြစ်ချင်ဖြစ်မယ်၊ နာမ်တရားဖြစ်ချင်ဖြစ်မယ်၊ အသိစိတ်က နာမ်တရားလို့ ဒီလိုဆင်ခြင်သုံးသပ်ပြီး နေမယ်ဆိုရင် သမာဓိစွမ်းအားနဲ့ ရလာတဲ့ ယထာဘူတဉာဏဒဿန-ဆိုတဲ့ အမှန်မြင်တာ ပေါ်လာနိုင်ပြီး သေချာပေါက်ကို ရုပ်နဲ့နာမ်

စာမျက်နှာ-၆၀
ကွဲသွားမှာ။ နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ဒိဋ္ဌိဝိသုဒ္ဓိ

အဲဒီလို ရုပ်နဲ့နာမ်ကွဲပြီဆိုရင် ဒီဉာဏ်ကို နာမရူပပရိစ္ဆေဒဉာဏ်လို့ ခေါ်တယ်၊ ဒါကရုပ် ဒါကနာမ်လို့ ၂ ခုကွဲသွားတာ၊ ဘယ်လောက်ထိအောင်ကွဲရမလဲဆိုရင် “ငါ”ဆိုတဲ့အစွဲကြီး ပျောက်သွားသည်ထိအောင် ကွဲရမယ်နော်၊ “ငါ့ဟာ”ဆိုတဲ့အစွဲလည်း မရှိရဘူး၊ သတ္တဝါဆိုတဲ့အမြင်လည်း မရှိတော့ဘူး၊ လောကလူတွေဟာ “ငါ”ဆိုတဲ့အစွဲလမ်းကြောင့် ကြောက်စရာတွေ ကြောက်တယ်၊ လန့်စရာတွေ လန့်တယ်၊ လိုချင်စရာတွေဖြစ်တယ်၊ ငါဆိုတာမရှိဘူးဆိုရင် ငါ့ဟာဆိုတာလည်း မရှိတော့ဘူး၊ ရုပ်နဲ့နာမ် သဘာဝအတိုင်း ဖြစ်တယ်လို့ဆိုတာကို မြင်အောင် သတ္တဝါဆိုတဲ့ အသွင်သဏ္ဌာန်အနေနဲ့ အထင်မှား

စာမျက်နှာ-၆၁
အမြင်မှားမှု ပျောက်သွားအောင် လုပ်လို့ရှိရင် ဒီဉာဏ်ဟာ နာမရူပပရိစ္ဆေဒဉာဏ်ပဲ၊ အမြင်မှန်သည့်အတွက် အမြင်စင်ကြယ်သွားလို့ ဒိဋ္ဌိဝိသုဒ္ဓိလို့ခေါ်တယ်၊ ဒါက ပထမဆုံးရတဲ့ ဉာဏ်လေးတစ်ခုပဲ။

ဝိပဿနာအလုပ်မှာ အဲဒီဉာဏ်က စတာ၊ ဒီဉာဏ်ကိုမှ မရသေးဘဲနဲ့ ရှေ့ကျော်တက်လို့မရဘူး။ ပထမခြေလှမ်း မလှမ်းဘဲနဲ့ ဒုတိယခြေလှမ်း ကျော်လှမ်းရင်တော့ မှောက်ရက်လဲမှာပဲ၊ အဲဒီလိုပဲ အခု ရုပ်နဲ့နာမ် ပထမကွဲခြင်းသည် နာမရူပပရိစ္ဆေဒဉာဏ်။

ပစ္စယပရိဂ္ဂဟဉာဏ်နှင့် ကင်္ခါဝိတရဏဝိသုဒ္ဓိ

အဲဒီ ရုပ်နာမ်တွေရဲ့သဘောကို ဆင်ခြင်စဉ်းစားရင်းကနေ ထိုရုပ်နာမ်တွေရဲ့ အကြောင်း

စာမျက်နှာ-၆၂
အကြောင်းတရားကို တွဲဖက်ပြီးတော့ သိလာတယ်၊ ဘာကြောင့်ဖြစ်တယ်ဆိုတာ သိလာတယ်၊ အဲဒီလို သိလာပြီဆိုလို့ရှိရင် ပစ္စယပရိဂ္ဂဟဉာဏ်လို့ခေါ်တယ်၊ အကြောင်းတရားကို သိလာတယ်။ ဘာ့ကြောင့် ရုပ်နဲ့နာမ်ဖြစ်တယ်ဆိုတာ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် မျက်စိနဲ့ အဆင်းအာရုံ ဆုံသည့်အတွက်ကြောင့် မြင်သိစိတ်လေးပေါ်လာတယ်၊ ဒါလည်း အကြောင်းနဲ့အကျိုးသိတာပဲ၊ နားနဲ့အသံ ဆုံမိလို့ ကြားသိစိတ်ဖြစ်တာပါလား၊ နှာခေါင်းနဲ့အနံ့ဆုံမိလို့ နံသိစိတ်ဖြစ်တာပါလားလို့ ဒီလိုမြင်လာတယ်၊ အဲဒီလို မြင်လာပြီဆိုလို့ရှိရင် ဒါဟာ အကြောင်းတရားကို မြင်တယ်လို့ပြောတာ။

အကြောင်းတရားကို မြင်တာနဲ့တပြိုင်နက် ကင်္ခါဝိတရဏဝိသုဒ္ဓိ-တဲ့၊ အကြောင်းတရားနဲ့ ပတ်သက်ပြီးတော့ “အရင်တုန်းကဖြစ်ခဲ့သလား၊ နောင်ဖြစ်ဦးမှာလား” အတွေးတွေတွေးတောပြီး

စာမျက်နှာ-၆၃
သံသယဖြစ်နေတာတွေ မရှိတော့ဘူးတဲ့၊ အဲဒီသံသယဖြစ်နေတာတွေကို ကျော်လွှားသွားနိုင်ပြီလို့ ဒီလိုဆိုလိုတာနော်၊ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်ရာဆိုင်ရာအကြောင်းနဲ့ တွဲဖက်ပြီး မြင်သည့်အတွက်ကြောင့် သံသယဆိုတာ မရှိတော့ဘူး။ ကင်္ခါဝိတရဏဝိသုဒ္ဓိ၊ ပစ္စယပရိဂ္ဂဟဉာဏ်နဲ့ ကင်္ခါဝိတရဏဝိသုဒ္ဓိ ဒီနှစ်ခုဟာ သမာဓိကနေ တဆင့်တက်လာတဲ့ဉာဏ်ပဲ။ ။

ဒီသမာဓိတွေရလာပြီ ဒီဉာဏ်တွေရလာပြီဆိုရင် ကိုယ့်သန္တာန်မှာ သာသနာဟာ အရင်ကထက် တိုးတက်လာတယ်လို့ ဒီလိုမျိုးပြောတာနော်၊ သီလသာသနာကနေ သမာဓိသာသနာအထိ ရောက်လာပြီ၊ သမာဓိသာသနာကနေ ပညာသာသနာအထိ ရောက်လာပြီလို့ သာသနာ ကိုယ့်သန္တာန်မှာ တည်လာတယ်၊ နို့မို့ဆို မတည်သေးဘူး၊ ဘုရားကျောင်းကန်သွားရုံနဲ့ ဒီသာသနာ

စာမျက်နှာ-၆၄
မျိုး ရမှာမဟုတ်ဘူး၊ ကိုယ့်သန္တာန်မှာ ဒီအရာတွေရသွားအောင် ကြိုးစားအားထုတ်တာ၊ ဒါမှ သာသနာတည်တယ်လို့ ပြောတာ။

အဲဒီတော့ သာသနာတည်တာနဲ့ မတည်တာ မသိဘဲနဲ့ ရမ်းလုပ်နေရင်တော့ သာသနာတည်မှုဆိုတဲ့ အနှစ်သာရကို ရမှာမဟုတ်ဘူး၊ အကာနဲ့တင် လမ်းဆုံးပြီး ဒီဘဝ ဇာတ်သိမ်းသွားမှာပဲ၊ အဲဒီတော့ ဘုရားသာသနာနဲ့ ကြုံရဲ့သားနဲ့ “အကာတောဝယ် ဗျာမာကြွယ်” ဆိုတဲ့အတိုင်း လူတွေဟာ အကာတောမှာပဲ လမ်းဆုံးသွားကြတယ်၊ အနှစ်သာရကို ရှာမတွေ့လိုက်ကြဘူး၊ တစ်ဘဝ ဇာတ်သိမ်းသွားပြန်ရောနော်၊ နောက်တစ်ခါ တစ်ဘဝ ဇာတ်ကကြပြန်ရော၊ ဒီအတိုင်းပဲ ဇာတ်သိမ်းကြပြန်ရော၊ အနှစ်သာရပိုင်းဆိုတာ ဝေလာဝေး ဖြစ်နေသေးတယ်၊ ဒါကြောင့်မို့ အခုလို သိတဲ့အချိန်မှာ ကြိုးစားအားထုတ်ကြရမှာ ဖြစ်တယ်

စာမျက်နှာ-၆၅
လို့ ပြောတာ။

သမ္မသနဉာဏ်

အဲဒီကနေ တဆင့်တက်တဲ့အခါကျတော့ ဘာဖြစ်လာတုန်း အခုသိထားတဲ့ ရုပ်နဲ့နာမ်၊ ဥပမာမယ်- မျက်စိ၊ အဆင်းအာရုံ ဒီနှစ်ခုလုံးဟာ ရုပ်တရား၊ ဒီရုပ်တရားနှစ်ခုလုံးဟာ ဖြစ်သွားပြီး ပျက်သွားတာ ထာဝရတည်မြဲနေတဲ့ အရာတွေမဟုတ်ဘူး၊ ဧရာဝတီမြစ်ရေကြီး ကြည့်လိုက်၊ အမြဲစီးနေတာ၊ မနေ့ကလည်း ဒီရေ ဒီနေ့လည်း ဒီရေ ဒီလိုမဟုတ်ဘူး၊ မနေ့ကရေတွေ မရှိတော့ဘူး၊ ဒီနေ့ကရေတစ်ခု၊ ကိုယ့်သန္တာန်မှာ အခုလည်း ပြန်ကြည့်၊ မနေ့ကလည်း ဒီရုပ် ဒီနေ့လည်း ဒီရုပ် ဒီလိုမဟုတ်ဘူး မြစ်ရေစီးသလို စီးသွားပြီ၊ ဒို့ခန္ဓာကိုယ်မှာ ဒီရုပ်တွေဟာ မရှိတော့ဘူး၊ ကော်ပီတွေပဲ ကျန်ရစ်တယ် ဒါတွေက နောက်ထပ်ဟာတွေပဲ

စာမျက်နှာ-၆၆
မနေ့ကရုပ် မဟုတ်တော့ဘူးလို့ ဒီလိုမြင်လာအောင် ကြည့်ဖို့လိုတယ်ပေါ့၊ အဲဒီလို မမြဲတဲ့သဘောတွေကို ရှုမှတ်လာနိုင်ပြီး သုံးသပ်ဆင်ခြင်လာနိုင်ပြီး သော်-မနှစ်တုန်းကရုပ်နဲ့ ဒီနှစ်ရုပ်နဲ့ မတူတော့ဘူး၊ သူများရုပ်ကိုကြည့်၊ သော်-ငယ်ငယ်တုန်းက ငါလိုပဲ အိုမင်းမစွမ်းဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေကိုကြည့် ငယ်ငယ်တုန်းကတော့ ငါလိုပဲ နုနုပျိုပျို အခုတော့ အိုမင်းမစွမ်း ဖြစ်သွားပြီလို့ အဲဒီလို ကိုယ့်ကိုယ်ကို စဉ်းစားကြည့်ခြင်းအားဖြင့် ရုပ်နာမ်တရားတွေရဲ့ မမြဲတဲ့သဘောတွေကို ဆင်ခြင်သုံးသပ်လာမိတယ်။ အဲဒါကို သမ္မသနဉာဏ်လို့ခေါ်တယ်။

ဝိပဿနာဉာဏ် အဆင့်ဆင့်

အဲဒီကနေပြီးတော့ ပစ္စုပ္ပန်ဆတ်ဆတ်ကို မမြဲတဲ့အနေအထားတွေကို ပစ္စုပ္ပန်အခိုက်လေးမှာပဲ မြင်လာနိုင်ပြီဆိုရင် ဥဒယဗ္ဗယဉာဏ်လို့ဆိုတာ

စာမျက်နှာ-၆၇
တက်လာတယ်၊ ဖြစ်ပျက်မှုကို သိလာတယ်၊ အဲဒီတော့ ပစ္စုပ္ပန်ဆတ်ဆတ်ဆိုတာ အဲဒီကျမှ ပစ္စုပ္ပန်ဆတ်ဆတ်ဖြစ်တာနော်၊ ကျော်ပြီးတော့ ပစ္စုပ္ပန်ဆတ်နေလို့မရဘူး၊ အဲဒီမှာ ဥဒယဗ္ဗယဉာဏ်ရပြီးတဲ့အခါ ဒီဖြစ်မှုတွေကို ကျော်လွှားပြီးတော့ ပျက်မှုကိုပဲ အာရုံထားတဲ့ အနေအထားမျိုး ဉာဏ်က ရင့်သန်လာလို့ရှိရင် ဘင်္ဂဉာဏ်လို့ခေါ်တာ။ အဲဒါ အနိစ္စလက္ခဏာ ဆုံးသွားတာပဲ၊ ဘင်္ဂဉာဏ်ရောက်ရင် ဘင်္ဂါနာမ အနိစ္စတာယ ပရမာကောဋိ-ဒီအပျက်ကို မြင်တာဟာ အနိစ္စလက္ခဏာ လမ်းဆုံးတာပဲလို့ ဒီလိုပြောလို့ရတယ်။

အဲဒီနောက်ပိုင်းရောက်တဲ့အခါကျတော့ ပျက်မှုတွေကို မြင်လာတဲ့အခါ လူတွေရဲ့ မြင်တဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ ဉာဏ်တွေ ဉာဏ်တွေ ဘယ်လိုတိုးတိုးလာလဲဆိုရင် သော်-ကြောက်စရာကြီးပါလားလို့လည်း တွေးမိလာတယ်၊ သိလာတယ်

စာမျက်နှာ-၆၈
ဘယဉာဏ်၊ သော်-ကြောက်စရာကြီး အန္တရာယ်များလာတယ်လို့ သိလာတယ် အာဒီနဝဉာဏ်၊ စိတ်ပျက်စရာကြီးလို့ မြင်လာတယ် နိဗ္ဗိဒါဉာဏ်၊ ဒါတွေတော့ လွှတ်လိုက်မှပဲနော် (သို့မဟုတ်) လွတ်ချင်တယ် ဒါတွေက လွတ်သွားချင်တယ် ရုပ်နာမ်ခန္ဓာတွေ ဒါတွေက လွှတ်လိုက်မှ ဖြစ်တော့မယ် တဏှာနဲ့ ဆုပ်ကိုင်မထားတော့ဘူး မုဉ္စိတုကမျတာဉာဏ်၊ လွတ်ချင်လို့ ပြန်ပြီး လွတ်ရာလွတ်ကြောင်းရှာတာ ပဋိသင်္ခါဉာဏ်။

ရုပ်နာမ်ဓမ္မ သင်္ခါရတွေပေါ်မှာ တွယ်တာမှုလည်း မရှိတော့ဘူး မုန်းတီးမှုလည်း မရှိတော့ဘူး တည်ငြိမ်တဲ့ အနေအထားနဲ့ ပညာဉာဏ်ဟာ ငြိမ်သက်ပြီးတော့ ဆင်ခြင်နိုင်တဲ့ အနေအထားမျိုး ရောက်သွားရင် သင်္ခါရုပေက္ခာဉာဏ်လို့ အဲဒီဝိပဿနာဉာဏ်အဆင့်ဆင့် တက်သွားတာဟာ ဒါ ကိုယ့်သန္တာန်မှာ ပညာသာသနာတည်တယ်လို့

စာမျက်နှာ-၆၉
ဒီလိုခေါ်တာနော်။ အဲဒီတော့ သာသနာဆိုတာ ဒီလိုတည်အောင် ကြိုးစားရတယ်။

ဝိပဿနာဉာဏ် အစိတ်အပိုင်းများ

အဲဒီလို တည်သွားပြီဆိုတဲ့အခါမှာ ဒီဝိပဿနာဉာဏ်ဆိုတာ ဘာတွေနဲ့ ဖွဲ့စည်းထားတုန်းဆိုတော့ မဂ္ဂင်ရှစ်ပါးနဲ့ ဖွဲ့စည်းထားတာ၊ မဂ္ဂင်ရှစ်ပါးဆိုတာ အားလုံးသိတဲ့အတိုင်း အမှန်မြင်ခြင်း သမ္မာဒိဋ္ဌိ၊ အမှန်တွေးနိုင်ခြင်း သမ္မာသင်္ကပ္ပ၊ ဟော- ဒါနဲ့တွဲထားပြီးတော့ အမှန်တွေးဖို့ အမှန်မြင်ဖို့အတွက် ဘာတွေလိုအပ်တုန်းဆိုတော့ အမှန်ပြောမှု သမ္မာဝါစာ၊ အမှန်ပြောပြီးရင် အမှန်လုပ်မှုဆိုတဲ့ သမ္မာကမ္မန္တ၊ ပြီးရင် အမှန်အသက်မွေးမှုဆိုတဲ့ သမ္မာအာဇီဝ လိုအပ်တယ်၊ အဲဒီလို လိုအပ်တဲ့အခါမှာ ကြိုးစားဖို့လည်းလိုတယ်

စာမျက်နှာ-၇၀
သမ္မာဝါယာမ၊ ကြိုးစားတဲ့အခါမှာ သတိထားဖို့လည်းလိုတယ် သမ္မာသတိ၊ စိတ်တည်ငြိမ်ဖို့လိုအပ်တယ် သမ္မာသမာဓိ ဆိုတော့ ဟောဒီမဂ္ဂင်ရှစ်ပါးနဲ့ ဖွဲ့စည်းထားတာ။

ဝိပဿနာမဂ်နှင့် လောကုတ္တရာမဂ်

အဲဒီမဂ္ဂင်ရှစ်ပါးဟာ ဝိပဿနာဉာဏ်အခိုက်မှာတော့ တစ်စထောင် တစ်စလွန် ဒီလိုဖြစ်နိုင်သေးတယ်၊ အဲဒီမဂ္ဂင်ရှစ်ပါးအားလုံးဟာ တစ်ခုတည်းလိုဖြစ်သွားပြီဆိုရင် စွမ်းအားတွေပြည့်သွားပြီ၊ စွမ်းအားတွေပြည့်သွားလို့ရှိရင် ကိလေသာအစိုင်အခဲကို ဖောက်ခွဲနိုင်တဲ့ မဂ်ဆိုတဲ့ဟာဖြစ်သွားပြီ၊ မဂ်ဆိုတာ တခြားကိုခေါ်တာမဟုတ်ဘူး၊ ဒီမဂ္ဂင်ရှစ်ပါးအပေါင်းကို ခေါ်တာနော်၊ လူတွေ ကုသိုလ်

စာမျက်နှာ-၇၁
ကောင်းမှုလုပ်တိုင်း ဆုတောင်းကြတယ် “နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏”တဲ့၊ တစ်ချို့က ရက်တိုတိုတောင် ထည့်လိုက်သေးတယ် ရှည်နေမှာကြောက်လို့၊ အဲဒီတော့ တကယ်နိဗ္ဗာန်ကို မျက်မှောက်ပြုချင်တယ်ဆိုရင် ဒီတရားတွေ ကိုယ့်သန္တာန်မှာဖြစ်အောင်ကြိုးစား၊ ဒီတရားတွေကမှ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ရတာ၊ ဒီအတိုင်း သွားပြီးတော့ မျက်မှောက်ပြုလို့မရဘူး။

အဲဒါကြောင့်မို့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ ဒီအရည်အချင်းတွေ ပေါင်းစပ်ပြီးတော့ စွမ်းအားတွေ ထက်လာပြီဆိုရင် ဒါကို လောကုတ္တရာမဂ်လို့ခေါ်တယ်၊ ဝိပဿနာဉာဏ်ရဲ့ အကျိုးဆက်ဟာ လောကုတ္တရာမဂ်ပဲ အဲဒီမဂ်ဆိုတာ ဒီမဂ္ဂင်ရှစ်ပါးပဲ။ ဝိပဿနာဉာဏ်တုန်းကလည်း ဒီမဂ္ဂင်ရှစ်ပါးပဲ။ မဂ်စိတ်ပေါ်လာတဲ့အခါမှာလည်းပဲ ဒီမဂ္ဂင်ရှစ်ပါးပဲပေါ့၊ ဒီမဂ္ဂင်ရှစ်ပါးဟာ တစ်ကြောင်းတည်း နိဗ္ဗာန်ကို

စာမျက်နှာ-၇၂
အာရုံပြုနိုင်သွားပြီ ဆိုလို့ရှိရင် ကိလေသာအစိုင်အခဲတွေကို ဖောက်ခွဲနိုင်တယ်။

မဂ္ဂအဓိပ္ပါယ်

ဒါကြောင့်မို့ သူ့ကို ဘာကြောင့် “မဂ္ဂ”လို့ခေါ်တာတုန်းဆိုတာ အဋ္ဌကထာတွေမှာ အဆင့်သုံးဆင့်နဲ့ ဖွင့်ပြထားတာ အလွန်အဓိပ္ပါယ်ရှိတယ်ပေါ့၊ ကိုယ်က အဓိပ္ပါယ်ဖော်ကြည့်၊ သူက အဆင့်သုံးဆင့်နဲ့ ဘယ်လိုဖွင့်တာတုန်းဆိုတော့ နိဗ္ဗာနတ္ထိကေဟိ မဂ္ဂီယတီတိ မဂ္ဂေါ-တဲ့။ နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေ ရအောင်ရှာရမယ့်တရား လို့ ဒီလိုပြောတာ၊ နိဗ္ဗာန်လိုချင်ပြီလား၊ လိုချင်ရင် ဒီမဂ္ဂင်ရှစ်ပါးကို ရအောင်ရှာ၊ မဂ္ဂင်ရှစ်ပါးရှာတယ်ဆိုတာ သီလ၊ သမာဓိ၊ ပညာ ကိုယ့်သန္တာန်မှာဖြစ်အောင်လုပ်တာကို ဆိုလိုတာ။

အဲဒီတော့ ဒီတရားတွေဟာ ရှာရမယ်

စာမျက်နှာ-၇၃
တရားဆိုတော့ အေး-ကောင်းပါပြီ သူ့ကိုရှာလိုက်ပြီ နိဗ္ဗာန်ကို ဘယ်သူကရှာပေးမှာတုန်းဆိုတော့ နိဗ္ဗာနံ မဂ္ဂတိ ဂဝေသတီတိ မဂ္ဂေါ-တဲ့၊ ဒုတိယဝိဂြိုဟ်ကျတော့ နိဗ္ဗာန်ကို သူကရှာမှာပဲ ကိုယ်က လိုက်ရှာစရာမလိုဘူးနော်၊ ရှာပေးမှာက ဘယ်သူလဲဆိုရင် ဟောဒီမဂ္ဂင်ရှစ်ပါးပဲ၊ နိဗ္ဗာန်ကိုရှာပေးမယ့် နိဗ္ဗာန်ကို ပို့ပေးမယ့်တရားကတော့ ဒီမဂ္ဂင်ရှစ်ပါးပဲ၊ မဂ္ဂင်ရှစ်ပါးမပါဘဲနဲ့ နိဗ္ဗာန်ကိုမရောက်ဘူးနော်၊ မော်တော်နဲ့သွားလို့လည်း မရောက်ဘူး၊ လေယာဉ်နဲ့သွားလို့လည်း မရောက်ဘူး၊ မဂ္ဂင်ရှစ်ပါးနဲ့ ကျင့်လို့ရှိရင် နိဗ္ဗာန်ရောက်သွားမှာပဲနော်၊ ဆုတောင်းနေလို့လည်း ရောက်မှာမဟုတ်ဘူး။

ကောင်းပြီ၊ ဒါဖြင့် အဲဒီနိဗ္ဗာန်ကို ပို့ပေးတဲ့အခါမှာ သူဘယ်ပုံပို့ပေးတာတုန်းဆိုတော့ မဂ္ဂင်ရှစ်ပါးက နိဗ္ဗာန်ကို ဘယ်လိုပို့တုန်းဆိုတော့ ကိလေသေ မာရေန္တာ နိဗ္ဗာနံ ဂစ္ဆတီတိ

စာမျက်နှာ-၇၄
မဂ္ဂေါ-တဲ့၊ သူက လုပ်ငန်းနှစ်ခုကိုလုပ်တယ်၊ တစ်ဖက်က ကိလေသာတွေကို ဖယ်ရှားပစ်လိုက်တယ်၊ နိဗ္ဗာန်ထဲကို ပြေးဝင်သွားတယ်၊ ဟောဒီနှစ်ခုနဲ့ပဲ၊ သူကိုယ်တိုင်က ကိလေသာတွေကို ဖယ်ထုတ်လိုက်ပြီး ကန်ထုတ်လိုက်ပြီး နိဗ္ဗာန်ဘက်ကို ကူးသွားတယ်၊ ဒါဘယ်သူကလုပ်တာတုန်း မဂ္ဂင်ရှစ်ပါးပဲလုပ်တာ၊ အဲဒါကိုပြောတာ၊ အစဉ်အတိုင်းကျင့်သွားလို့ရှိရင် နောက်ဆုံးဟာ ဒီလမ်းကိုရောက်သွားတယ်၊ အဲဒီလမ်းရောက်သွားမှ သာသနာဟာ ပြည့်ပြည့်စုံစုံ မိမိသန္တာန်မှာတည်တယ်လို့ ဒီလိုဆိုတာနော်၊ ကျန်တဲ့အနေအထားအရ သာသနာဟာ မပြည့်မစုံပဲ မိမိသန္တာန်မှာ တည်နေသေးတယ်။ ။

အဲဒါကြောင့်မို့ တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်းတို့ “ဇာတိမြေမှ သာသနာ”လို့ဆိုတဲ့အတိုင်းမှာ အတိုင်းအတာတစ်ခုအထိ

စာမျက်နှာ-၇၅
သာသနာဆိုတာ ဒီအထိရောက်အောင် ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်၊ အဲဒီလို ကြိုးစားအားထုတ်နိုင်မှ မိမိသန္တာန်မှာ သာသနာဟာ အပြည့်အဝတည်မှာဖြစ်တယ်။ ဒီလို သာသနာစဉ်ဆက်မပြတ် တည်ဖို့ရာအတွက် သာသနာကို တည်အောင်ပြုမယ့်ပုဂ္ဂိုလ်တွေ ပေါများလာအောင်လည်း မိမိတို့က အားပေးတိုက်တွန်းကြရမှာဖြစ်တယ်ပေါ့။

အေး- ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်းတို့ “ဇာတိမြေမှ သာသနာ”ကို ရှင်းလင်းဟောပြောလို့ ကြားနာကြရသဖြင့် သာသနာအစစ်အမှန် ဒို့သန္တာန်မှာ ဘယ်လိုတည်အောင် ကြိုးစားအားထုတ်ကြရမလဲဆိုတာ နားလည်ပြီး သာသနာတည်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။ ။

သာဓု...သာဓု...သာဓု။
tfj7orod5pn6j94u4wkxbdf9i66kg1y
22104
22099
2026-06-15T03:16:20Z
Tejinda
173
22104
wikitext
text/x-wiki
{{header
| title = ဇာတိမြေမှ သာသနာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဆရာမြတ်ကို ဆည်းကပ်ရမည့်အခါ]]
| previous2 =
| next = [[တရားပလ္လင်ထက်က စကားအလင်္ကာများ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

ဇာတိမြေမှ သာသနာ
သာသနာတော်နှစ် ၂၅၅၆-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၅၄-ခုနှစ်၊ ပထမဝါဆိုလဆန်း (၈)ရက်၊ (၂၆-၆-၂၀၁၂)၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ မဟာနန္ဒိယာရာမ ပေါ်တော်မူကျောင်းတိုက် ရာပြည့် ဓမ္မဗိမာန်တော်အတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် မတ္တရာမြို့၊ သာသနဇောတာရုံ (ရွှေအုန်းပင်) ကျောင်းတိုက်၊ နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိသုဒ္ဓါစာရာဘိဝံသ၏ အဂ္ဂသိပ္ပပူဇာ မင်္ဂလာသဘင်နှင့်စပ်လျဉ်း၍ ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် အကြိုဓမ္မသဘင်အခမ်းအနားတွင် ဟောကြားအပ်သော

“ဇာတိမြေမှ သာသနာ” တရားတော်။

ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမကို သာသနာလို့ ခေါ်တယ်။ အနှစ်သာရအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မတွေထဲမှာ သတိပဋ္ဌာန် (၄)ပါး၊ သမ္မပ္ပဓာန် (၄)ပါး၊ ဣဒ္ဓိပါဒ် (၄)ပါး၊ ဣန္ဒြေ (၅)ပါး၊ ဗိုလ် (၅)ပါး၊ ဗောဇ္ဈင်

စာမျက်နှာ-၂
(၇)ပါး၊ မဂ္ဂင် (၈)ပါးလို့ဆိုတဲ့ ဗောဓိပက္ခိယတရား (၃၇)ပါး ပါဝင်တယ်။ အင်မတန်မှ အနှစ်သာရပြည့်ဝပြီး ဘုရားပွင့်တော်မူမှ သိရတဲ့တရားတွေဖြစ်လို့ ဒါကို မြတ်စွာဘုရားရဲ့ သာသနာလို့ ဒီလိုဆိုပါတယ်။

အဲဒီသာသနာဟာ ဘယ်မှာတည်တာလဲဆိုရင် လိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ တည်တယ်။ လိုက်နာကျင့်သုံးမှုမရှိတဲ့ ပုဂ္ဂိုလ်တွေမှာ သာသနာဆိုတာ မရှိဘူး။ သာသနာဆိုတာ ဘုရားပုထိုးတွေ၊ ကျောင်းကန်တွေကို ခေါ်တာမဟုတ်ဘူး။ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကိုသာ ခေါ်တာ၊ ကိုယ့်သန္တာန်မှာ တည်ပြီဆိုရင် သာသနာတည်တယ်လို့ ဒီလိုပြောရမယ်။

ဇာတိမြေမှ သာသနာလို့ဆိုတာ ဗုဒ္ဓမြတ်စွာရဲ့ ဇာတိမြေဟာ သက္ကတိုင်း၊ ကပိလဝတ်မြို့တော်ဖြစ်တယ်။ ခမည်းတော်ဘက်က သာကိယ

စာမျက်နှာ-၃
နှင့် မယ်တော်ဘက်က ကောလိယ (သို့မဟုတ်) ကပိလဝတ္ထုနှင့် ဒေဝဒဟ။ မြတ်စွာဘုရား ဖွားတော်မူရာ သက္ကတိုင်း၊ ကပိလဝတ်ဒေသဟာ မြတ်စွာဘုရားရဲ့ ဇာတိမြေဖြစ်တယ်။ မြတ်စွာဘုရား ပွင့်ထွန်းပေါ်ပေါက်လာတဲ့အခါမှာ ဘုရားနောက်က လိုက်ပြီးတော့ တရားဓမ္မကျင့်သုံးကြတဲ့ ပဉ္စဝဂ္ဂီငါးဦးတို့ဟာ ကပိလဝတ် ဇာတိသားတွေလို့ ဒီလိုပြောရမယ်။ မြတ်စွာဘုရားရဲ့ ဇာတိမြေသားတွေ၊ ထို့နောက်မှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် နေပြည်တော်ကိုပြန်ကြွတဲ့အခါမှာ ဘုရားနောက်တော်က လိုက်ပါကြဖို့ဆိုပြီးတော့ သာကီဝင်မင်းသား (၅၀၀) သာသနာဘောင်ဝင်ကြတယ်။ ဗုဒ္ဓမြတ်စွာရဲ့ ဖတူမိကွဲ ညီတော်အရင်းဖြစ်တဲ့ နန္ဒမင်းသား သာသနာဘောင်ဝင်လာတယ်။ သားတော် ရာဟုလာ သာသနာဘောင်ဝင်လာတယ်။ အခုလို သာသနာဘောင်ဝင်လာတဲ့

စာမျက်နှာ-၄
ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓမြတ်စွာရဲ့ ဇာတိမြေက ပုဂ္ဂိုလ်တွေပဲ။

ဓမ္မစကြာတရားနာရလို့ အဦးဆုံး ဓမ္မစက္ခုလို့ဆိုတဲ့ သောတာပတ္တိမဂ်ဉာဏ်ကြီးကို ရသွားတဲ့ ရှင်ကောဏ္ဍညမထေရ်ရဲ့ တူအရင်းက ရှင်ပုဏ္ဏလို့ ခေါ်တယ်။ အဲဒီပုဏ္ဏဆိုတဲ့ မထေရ်မြတ်ဟာ ဇာတိမြေမှာ အလွန်နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ။ မြတ်စွာဘုရားရဲ့ အဆုံးအမကို လိုက်နာတဲ့ပုဂ္ဂိုလ်တွေ၊ ဇာတိမြေက ပေါ်ထွက်လာတဲ့ပုဂ္ဂိုလ်တွေ အင်မတန်မှများပြီး သာသနာတော်မှာ ထင်ရှားကြတယ်။ သာကီဝင်မင်းသား (၆)ယောက် ဘဒ္ဒိယ၊ အနုရုဒ္ဓါ၊ ကိမိလ၊ အာနန္ဒာ၊ ဘဂု၊ နောက် ဒေဝဒတ်၊ ဒီသာကီဝင်မင်းသား (၆)ယောက် သာသနာ့ဘောင်ဝင်လာကြတယ်။ တစ်ခြား အင်မတန်မှ ထင်ရှားပြီး သာသနာအဆုံးအမကို လိုက်နာကြတဲ့ ဗုဒ္ဓရဲ့ တပည့်သာဝက ပီသသူတွေ

စာမျက်နှာ-၅
ဖြစ်တယ်။ အရှင်အာနန္ဒာမထေရ်မြတ်ဆိုတာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားဓမ္မတွေကို နှုတ်တက်အာဂုံဆောင်ပြီးတော့ သာသနာတော် အရှည်တည်အောင် ကြိုးစားအားထုတ်ခဲ့တယ်။

အဲဒီအုပ်စုထဲမှာပါဝင်တဲ့ ရှင်ဒေဝဒတ်ကတော့ စိတ်နေသဘောထားတွေ ကွဲလွဲဖောက်ပြန်ပြီး နောက်ဆုံးမှာ မြတ်စွာဘုရားရဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး သူရဲ့သန္တာန်မှာ သာသနာကွယ်ပါသွားတာလည်းရှိတယ်၊ သံဝေဂယူစရာပေါ့။ သို့သော်လည်း ဒေဝဒတ်ဟာ မြတ်စွာဘုရားနဲ့ ဆွေမျိုးသားချင်း ညီအကိုဝမ်းကွဲတော်တဲ့ ဆွေမျိုးသားချင်း ဖြစ်ပေမယ်လို့ ဘဝါဘဝ သံသရာကပါလာတဲ့ အငြိုးအတေးတွေကြောင့် မြတ်စွာဘုရားကို ဆန့်ကျင်ဘက်လုပ်ပြီးတော့ သာသနာကို ဖျက်လိုဖျက်ဆီးလုပ်သွားတယ်။ နောက်ဆုံးအချိန်မှာတော့ မြတ်စွာဘုရားရဲ့ မေတ္တာကရုဏာ

စာမျက်နှာ-၆
တွေကို နားလည်ပြီး သူ့ရဲ့အမှားတွေကို ဝန်ချသွားတယ်။

ဒေဝဒတ်ဟာ လက်လွန်သွားလို့ အပါယ်ငရဲရောက်ရသော်လည်း နောက်ဆုံးထိအောင် နောင်တရမသွားတာမဟုတ်ဘူး။ နောင်တရပြီးတော့ စိတ်သဘောထားတွေ ပြင်သွားတယ်ဆိုတာ စာပေထဲမှာ အထင်အရှားရှိတယ်။ အဆိုးချည်းလည်း မကြည့်နဲ့၊ နောက်ဆုံးမှာ ဘုရားကို ဝန်ချတောင်းပန်ဖို့ ဇေတဝန်ကျောင်းကို လာခဲ့ပေမယ့်လို့ ဘုရားနဲ့တွေ့ခွင့်မရလောက်အောင် ပြစ်မှားကျူးလွန်မိတဲ့ ကံတွေက ကြီးမားတယ်။ အဝီစိငရဲရောက်သွားရတယ်။ သို့သော် မြတ်စွာဘုရားအပေါ် သူပြစ်မှားမိခဲ့သမျှတွေကို ဝန်ချတောင်းပန်ဖို့လာတာဖြစ်တော့ သူ့စိတ်သဘောထားတွေဟာ ပျော့ပျောင်းပြီး နောက်ဆုံးကန်တော့သွားတယ်ဆိုတာ မှတ်သားကြရတယ်။ အဲဒီတော့ မြတ်စွာဘုရားရဲ့

စာမျက်နှာ-၇
အဆုံးအမတွေဟာ ဒေဝဒတ်သန္တာန်မှာလည်း တည်သွားတယ်လို့ပဲ ပြောရမယ်။ ဒါက မြတ်စွာဘုရားလက်ထက်က ဇာတိမြေမှ သာသနာ့အခြေအနေပေါ့။

ဒီခေတ်လူတိုင်းလူတိုင်းဟာ မိမိတို့ရဲ့ ဇာတိမြေဆိုတာ ရှိကြတယ်။ ဘုန်းကြီးတို့တတွေလည်း ဒီမြို့နယ်၊ ဒီရပ်ရွာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀-ကျော်က (ဆိုပါစို့ ဘုန်းကြီးဆိုလို့ရှိရင် အခု ၇၃-နှစ်) ၁၃၀၁-ခုနှစ် ဒီမှာမွေးဖွားခဲ့တယ်။ ခေတ်အဆက်ဆက် ဖြတ်ကျော်လာခဲ့ရတယ်။ ဒီဇာတိမြေမှာမွေးဖွားပြီး ငယ်စဉ်က ဒီမှာနေခဲ့တယ် ၉-နှစ် ၁၀-နှစ်ပေါ့နော်၊ ၉-နှစ် ၁၀-နှစ်နေပြီး နောင်ပိုင်းကျတော့ စစ်ကိုင်းမှာနေတာများတယ်။ တရပ်တကျေး ရပ်ဝေးဒေသကို ရောက်ရှိပြီးတော့သွားတယ်။ သို့သော်လည်း ဒီမြေ၊ ဒီဒေသမှာ ဘုန်းကြီးတို့မွေးဖွားလာပြီး ဒီမြေ၊ ဒီဒေသမှာ

စာမျက်နှာ-၈
စတင်ပြီးတော့ အခြေချခဲ့ရတာဖြစ်တယ်ပေါ့။

ဟောဒီကျောင်းကြီးဟာ ငယ်စဉ်တောင်ကျေး ကလေးဘဝတုန်းက ကကြီး၊ ခခွေးသင်ခဲ့ရတဲ့ကျောင်းဖြစ်တယ်။ မှတ်မိသေးတယ်၊ မင်္ဂလသုတ်တို့၊ ရတနသုတ်တို့၊ မေတ္တသုတ်တို့ဆိုတာ ဒီမှာပဲ ကျောက်သင်ပုန်းနဲ့ရေးပြီးတော့ ကျက်ခဲ့ရတယ်။ ငယ်ငယ်က အကြောင်းအရာလေးတွေတွေးရင်တော့ တချို့တလေ ပျောက်ကုန်ပြီပေါ့။ မှတ်မိတာလေးတွေ ပြောရမယ်ဆိုရင် ဒီမှာ ဒီကျောင်းမှာနေတဲ့အချိန်မှာ ကျောင်းသားအဖော် သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးနဲ့နေခဲ့ရတဲ့အနေအထားတို့၊ မိမိရဲ့အကိုအရင်းတွေနဲ့ အတူတူကျောင်းတက်ခဲ့ရတာတွေ၊ ဒါတွေဟာ ပြန်တွေးလို့ရှိရင် မှီပြုပြမြင်ရတဲ့ အနေအထားမျိုးတွေမှာရှိတယ်။

နောက်ဆုံး ခေတ်ပျက်တဲ့အခါ ကျောင်း

စာမျက်နှာ-၉
တွေပိတ်ထားလို့ ကျောင်းထိုင်ဆရာတော်တွေ ကိုယ်တိုင် (သင်္ကန်းဝတ်နဲ့မနေနိုင်ပဲ) လူဝတ်ဝတ်ပြီး တောထဲမှာပုန်းနေရတဲ့ အခိုက်အတန့်လေးတွေ ဒုတိယကမ္ဘာစစ်တုန်းက ဖြစ်ခဲ့သေးတယ်။ ဘုန်းကြီးတို့တတွေလည်း ကိုင်းတောထဲသွားပြီး ပုန်းနေခဲ့ရတယ်။ စစ်ပြေးခေတ်ကာလတုန်းက ဒီလိုဒုက္ခသုက္ခတွေလည်း ကြုံခဲ့ရတယ်။ ဘဝရဲ့ အချိန်တိုတိုလေးအတွင်းမှာပဲ အကောင်းနဲ့အဆိုး ရောထွေးပြီးတော့ ကြုံခဲ့ရတယ်။ ဒါက ဘဝသံသရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေပဲပေါ့။

တစ်ခါတုန်းက ဒီကျောင်းရေဆိပ်မှာ ကလေးငယ်ဘဝက ရေမကူးတတ်မီ ရေနစ်ဖူးတယ်။ ဒီကျောင်းဆိပ်ကမ်းမှာ လှေတစ်စင်းဆိုက်ထားတယ်။ ကန့်လန့်ဆိုက်ထားတဲ့ လှေပဲ့ပိုင်းမှာ ထိုင်နေတယ်။ ကြိုးချည်ထားတာက ဦးပိုင်းမှာပဲချည်ထားတယ်။ ကျောင်းသားတွေ၊ ကိုရင်တွေ

စာမျက်နှာ-၁၀
ရေချိုးကြတဲ့အခါ လှိုင်းပုတ်ပြီးတော့ လှေပဲ့ပိုင်းက ရေနက်ပိုင်းကို ရောက်သွားတယ်။ အဲဒီလိုရောက်နေတဲ့အချိန် ရေထဲကူးခတ်ပြီးတော့ ကစားကြတဲ့ ကျောင်းသားငယ်တွေက လှေနံရံကို ဆောင့်ဆွဲလိုက်တယ်။ ပဲ့ပိုင်းမှာထိုင်နေတဲ့ အသက် (၅)နှစ်လောက်ပဲရှိဦးမယ့် ဘုန်းကြီးက ရေထဲထိုးကျသွားတယ်။ လုံးဝမြုပ်သွားတယ်။ အဲဒီမြုပ်သွားတာကို ကနေ့ထိမှတ်မိတယ်။ နှာခေါင်းထဲမှာ ရေမဝင်ဘူး၊ သို့သော် ရေမြုပ်သွားတာကိုလည်း သိတယ်။ မြုပ်သွားလို့ အပေါ်ပေါ်ဖို့ ကြိုးစားတယ်၊ နှစ်ကြိမ်၊ သုံးကြိမ်ကြိုးစားတယ် မရဘူး။ အောက်ကိုခြေထောက်မိဖို့ ကြိုးစားတယ် မမှီဘူး။ အဲဒီတော့ ရေနစ်တဲ့သူတွေ ဘယ်လိုနေတယ်ဆိုတာ မိနစ်ပိုင်းလောက်တော့ ကိုယ်တိုင်ခံစားကြည့်မိရတယ်ပေါ့။ အပေါ်တက်လို့လည်းမရဘူး၊ အောက်ဆင်းလို့လည်းမရဘူး။ ရေပြင်ပေါ်ရောက်လာသည်အထိ

စာမျက်နှာ-၁၁
အောင် မပေါ်နိုင်ဘူး။

အဲဒီအချိန်မှာ ဒီကျောင်းက ကိုရင်ပညာဘာသဆိုတဲ့ ကိုရင်ကြီးရောက်လာတယ်။ ရေနစ်သွားတယ်လို့ပြောတော့ ရေထဲထိုးဆင်းပြီး ရေငုပ်ရှာတယ်။ ပထမတစ်ကြိမ် ရှာမတွေ့ဘူး။ ဒုတိယတစ်ကြိမ်ငုပ်ပြီး ရှာတဲ့အခါကျတော့ သူ့ရဲ့ခြေထောက်နဲ့ ဘုန်းကြီးရဲ့ပေါင်ကို ခတ်မိသွားတယ်။ ဒါလည်းမှတ်မိတယ်။ အဲဒီလို ပေါင်ကိုခတ်မိသွားတဲ့အချိန်မှာ သူကတွေ့ပြီဆိုပြီး ပွေ့ချီအပေါ်တင်လိုက်တယ်။ ရေနစ်ပြီးသေဆုံးမယ့်ကံမပါလို့ သေဆုံးခြင်းကနေ လွတ်မြောက်ခဲ့တယ်ပေါ့။ ဒါတွေအားလုံးလည်း မှတ်မိနေတယ်။ အကယ်၍သာ ရေနစ်သေဆုံးသွားမယ်ဆိုလို့ရှိရင် ဒီကနေ့ တရားပွဲမှာ တရားဟောနိုင်မှာမဟုတ်ဘူး။ အဲဒီလို ဘဝမှာ အခက်အခဲတွေ ဖြတ်ကျော်ခဲ့ရတာတွေ ဒီနေရာမှာပဲ ဆုံခဲ့ရ၊ ကြုံခဲ့ရတယ်ပေါ့။

စာမျက်နှာ-၁၂
ဒီကနေ့ ဇာတိဒေသပြန်လာတဲ့အခါမှာ လာရောက်ကြိုဆိုကြတဲ့ ဒကာဒကာမတွေ၊ ဟိုအောက်ခြေမြစ်ကမ်းဘေးမှာ ကြိုဆိုနေကြတဲ့ ဒကာ၊ ဒကာမတွေအားလုံးကို မော်တော်ပေါ်ကနေ ကြည့်လိုက်တဲ့အခါ “ဪ... ဒို့ဇာတိမြေက ဒကာဒကာမတွေမှာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ ရှိနေပါသေးလား”လို့ စိတ်ထဲမှာ အားရကြည်နူးမှုတွေ ဖြစ်ခဲ့တယ်။

ဘာဖြစ်လို့တုန်းဆိုတော့ သူတို့ကိုယ်တိုင် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”လို့ သရဏဂုံဆောက်တည်ထားကြတဲ့ ဗုဒ္ဓဘာသာဝင်တွေဖြစ်သည့်အားလျော်စွာ ရဟန်းသံဃာကို ရိုသေလေးစားသောအားဖြင့် ကမ်းနဖူးမှာထိုင်ပြီး ဒူးတုပ်လို့ရှိခိုးဦးချနေကြတာမြင်တော့ “သူတို့စိတ်ထဲမှာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ တည်နေတာပါလား”လို့

စာမျက်နှာ-၁၃
တွေးမိတယ်။

သာသနာတည်တယ်ဆိုတာ လိုက်နာကျင့်သုံးပြီးတော့နေတာကို ပြောတာ။ ဘယ်လိုပဲ စေတီပုထိုးတွေတွေ့ရှိရှိ၊ ဘယ်လိုပဲကျောင်းကန်တွေရှိရှိ မြတ်စွာဘုရားရဲ့အဆုံးအမကို မလိုက်နာတော့ဘူးဆိုလို့ရှိရင် သာသနာကွယ်တယ်လို့ခေါ်တယ်။ အခု ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့နိုင်ငံတွေမှာ (ဥပမာ ပါကစ္စတန်နိုင်ငံ) စေတီပုထိုးတွေရှိတယ်။ ဗုဒ္ဓရုပ်ပွားတော်တွေလည်းရှိတယ်။ အားလုံးမြင်ဖူးကြလိမ့်မယ်၊ ဒုက္ကရစရိယာအကျင့်ဖြင့် အရိုးပြိုင်းပြိုင်းထနေတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးဟာ ပါကစ္စတန်က ဂန္ဓာရလက်ရာ ရုပ်ပွားတော်ကြီးပဲဖြစ်တယ်။ သို့သော် ပါကစ္စတန်နိုင်ငံမှာ ဗုဒ္ဓဘာသာမရှိတော့ဘူး။ အာဖဂန်နစ္စတန်ဆိုတာလည်း တစ်ချိန်က ဗုဒ္ဓဘာသာဝင်နိုင်ငံပဲ။ အင်မတန်မှ ကြီးမားတဲ့ ကျောက်တောင်မှာထွင်းထားတဲ့ ဘုရားရုပ်တု

စာမျက်နှာ-၁၄
တော်ကြီးရှိလို့ ထင်ရှားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ဒီနိုင်ငံမှာလည်းပဲ ဘုရားရဲ့အဆုံးအမတွေ လူတွေရဲ့နှလုံးသားထဲမှာ မတည်တော့ဘူး။ အဲဒီမတည်တာကိုပဲ သာသနာကွယ်တယ်လို့ခေါ်တာ။

အဲဒီတော့ ကိုယ့်ကိုယ်ကို ငါတို့သန္တာန်မှာ သာသနာတည်သလား၊ မတည်ဘူးလားဆိုတာ ဆန်းစစ်ကြည့်ရမယ်။ ဘယ်အတိုင်းအတာအထိ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ ကိုယ့်သန္တာန်မှာရှိသလဲဆိုတာနဲ့ သာသနာတည်မှု၊ မတည်မှုကို တိုင်းတာကြည့်ရမယ်။

“ဇာတိမြေက သာသနာ”ဆိုတာ အခြေခံကနေစပြီးတော့ ပြောရမယ်ဆိုရင် ဒီဒေသမှာရှိကြတဲ့ လူအားလုံးလိုလိုဟာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြတယ်။ အထိုက်အလျှောက် သာသနာဟာ ရင်ထဲနှလုံးထဲမှာ ရှိနေကြတယ်။

စာမျက်နှာ-၁၅
ဒီဒေသမှာ သာသနာပြုနေကြတဲ့ ဆရာတော်တွေရဲ့ အဆုံးအမကို နာခံပြီးတော့ လိမ္မာယဉ်ကျေးနေကြတဲ့ အားလုံးကလေးသူငယ်တွေကအစ အို... သံဃာမြင်လို့ရှိရင် လက်အုပ်ချီမိုးရှိခိုးကြတယ်။ ဒီအသိလေးဟာ နှလုံးသားထဲမှာရှိနေသေးသည့်အတွက်ကြောင့် သာသနာတည်တယ်လို့ ဒီလိုပြောတာနော်။ ဇာတိမြေက သာသနာအခြေခံရှိနေသေးတယ်ဆိုတာသိရလို့ ဘုန်းကြီးတို့ ကျေနပ်အားရမိတယ်။

သရဏဂုံ သာသနာ
အဲဒီတော့ ဒီထက်တိုးတက်ပြီးတော့ သာသနာတည်အောင် ကြိုးစားအားထုတ်ဖို့ အများကြီးကျန်သေးတယ်။ သရဏဂုံတည်ပြီးနောက်မှာ ငါးပါးသီလလုံအောင် ကြိုးစားအားထုတ်ရမယ်။ သရဏဂုံတည်သလို တို့တတွေရဲ့

စာမျက်နှာ-၁၆
သန္တာန်မှာ ငါးပါးသီလတည်အောင် ကြိုးစားရမယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်၊ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ဆည်းကပ်တယ်ဆိုတဲ့ သာသနာ ဒို့သန္တာန်မှာရှိတယ်၊ သရဏဂုံတည်တယ်။

ငါးပါးသီလ သာသနာ
သရဏဂုံတည်ပြီးတဲ့နောက်မှာ ပါဏာတိပါတာ ဝေရမဏိ - သတ္တဝါတွေရဲ့ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်တယ်ဆိုတဲ့ သာသနာရော ငါ့သန္တာန်မှာ တည်ရဲ့လား၊ အဒိန္နာဒါနာ ဝေရမဏိ - သူများဥစ္စာကို မတရားယူခြင်းမှ ရှောင်ကြဉ်မှုလို့ဆိုတဲ့ ဒီသီလသာသနာရော ငါ့သန္တာန်မှာ တည်သလား၊ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ - ကာမဂုဏ်ကိစ္စတွေမှာ မှားမှားယွင်းယွင်းပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်းဆိုတဲ့

စာမျက်နှာ-၁၇
ဒီကိုယ်ကျင့်သီလသာသနာရော ငါ့သန္တာန်မှာ ရှိရဲ့လား၊ မုသာဝါဒါ ဝေရမဏိ - လိမ်လည်လှည့်စားပြောကြားခြင်း၊ သူတစ်ပါးအကျိုးပျက်စီးအောင် လိမ်ခြင်းဆိုတာမျိုးမှ ရှောင်ကြဉ်မှုလို့ဆိုတဲ့ ကိုယ်ကျင့်သီလသာသနာမျိုးရော ငါ့သန္တာန်မှာ တည်သလားဆိုတာ ဆင်ခြင်စဉ်းစားရမယ်။ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ - မူးယစ်စေတတ်တဲ့အရာတွေ၊ အရက်တို့၊ ဘီယာတို့၊ အခြားမူးယစ်ဆေးဝါးတွေတို့ သုံးစွဲခြင်းမှ ရှောင်ကြဉ်မှုဆိုတဲ့ ဒီကိုယ်ကျင့်သီလရော ငါ့သန္တာန်မှာ တည်သလား။ ဟော... ကိုယ်သန္တာန်မှာ သာသနာဘယ်နှစ်ခုတည်သလဲဆိုတာ ဆန်းစစ်ကြည့်ရမယ်။ လူတိုင်းလူတိုင်းဟာ အကယ်၍ ကိုယ့်သန္တာန်မှာ ဥပမာ... ငါးပါးသီလထဲက တစ်ပါးမတည်ဘူးဆိုရင် သာသနာတစ်ပါးကွယ်တယ်လို့ပဲ ပြောရမှာ။

စာမျက်နှာ-၁၈
သာသနာ တည်၊ မတည်
အဲဒီတော့ သာသနာတည်တယ်၊ မတည်ဘူးဆိုတာ ကျင့်သုံးတဲ့ပုဂ္ဂိုလ်နဲ့ဆိုင်တယ်။ အဲဒါကို သတိထားကြဖို့လိုတယ်ပေါ့။ ကိုယ့်သန္တာန်မှာ သာသနာတည်အောင် ကြိုးစား၊ အဲ တချို့က သာသနာတည်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို မသိသည့်အတွက်ကြောင့် ကိုယ်ကျင့်တရားကောင်းအောင် မကြိုးစားပါဘဲနဲ့ အခြားကိစ္စတွေမှာ ပြိုင်ဆိုင်နေတာမျိုးကတော့ တလွဲဆံပင်ကောင်းနေတာမျိုးဖြစ်တယ်။ အဲဒီတော့ အခြားကိစ္စတွေမှာ ပြိုင်ဆိုင်မှုမပြုဘဲနဲ့ ကိုယ်ကျင့်သီလနဲ့ပတ်သက်ပြီး ကိုယ့်သန္တာန်မှာ ဘယ်လောက်တည်သလဲဆိုတာ ကိုယ့်ဟာကိုယ်စစ်ဆေးသင့်တယ်။ မတည်သေးလို့ရှိရင် တည်အောင်ကြိုးစား၊ တည်လို့ရှိရင် ခိုင်မာအောင်ကြိုးစား၊ ဒီလိုကြိုးစားရမယ်။ အဲဒီလိုကြိုးစားလို့ရှိရင် ကိုယ့်အတွက်က ကျေနပ်စရာချည်းပဲ၊ ငါ့သန္တာန်မှာ

စာမျက်နှာ-၁၉
သာသနာတည်နေတယ်လို့ ဒီလိုပြောရမယ်။

ရှေးကဆရာတော်ကြီးတွေရဲ့ အဆုံးအမကြောင့် ဒီကနေ့အထိအောင် ရပ်ရွာလူထုတွေ ဒီဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကြည်ညိုလေးစားနေကြတယ်၊ ငါးပါးသီလစောင့်ထိန်းကြတယ်။ ဒါဆိုရင် ဆရာတော်ကြီးတွေ အဆုံးအမဩဝါဒသာသနာ တည်နေတုန်းပဲလို့ပြောရမယ်။ ဘုန်းကြီးတို့အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဟိုနှစ်ပေါင်း (၅၀)လောက်က ဆရာတော်တွေရဲ့အဆုံးအမ ဒီကနေ့အထိအောင် လိုက်နာနေကြသေးတယ်ဆိုရင် ဒီသာသနာဟာ တည်ရှိနေသေးတယ် ဒီလိုပြောရမှာပေါ့။

သာသနာတည်အောင် လုပ်ကြ
အဲဒီတော့ ဒီဒေသမှာက ဒီထက်အဆင့်မြင့်တာကျတော့ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ

စာမျက်နှာ-၂၀
တရားတော်တွေ ဒို့ဘယ်နှစ်ဂါထာရသလဲ၊ သုတ္တန် ဘယ်နှစ်ခုရသလဲ၊ မြတ်စွာဘုရားရဲ့ အဆုံးအမစကားလုံးတွေကို ငါဘယ်လောက်သိသလဲ။ ငယ်ငယ်ကတည်းကတော့ ပရိတ်တော့ရတာပေါ့။ သို့သော် အဓိပ္ပါယ်မသိဘူး၊ လိုက်နာကျင့်သုံးမှုမပြုဘူးဆိုရင် ရတာပဲရှိမယ်၊ သာသနာတည်တယ်လို့ အပြည့်အစုံပြောလို့မရဘူး။ ယံမင်္ဂလံ ဒွါဒသဟိ-ကိုတော့ ငယ်ငယ်ကရလို့ ရွတ်နေတာ၊ ရွတ်တော့ရွတ်တယ်၊ ရွတ်တာနဲ့လုပ်တာနဲ့ တခြား၊ မဇ္ဇပါနာ စ သံယမော-လို့ ရွတ်ပေမဲ့လို့ အရက်ကမိုးမလင်းဘူးဆိုလို့ရှိရင် အဲဒီပုဂ္ဂိုလ်မှာ သာသနာကွယ်နေတာဘဲ၊ သူ့သန္တာန်မှာ သာသနာမတည်ဘူးလို့ပြောရမယ်။ အဲဒီတော့ သာသနာတည်အောင် ကြိုးစားရမယ်၊ မင်္ဂလသုတ်ကိုရထားလို့ရှိရင် ဒီမင်္ဂလသုတ်ထဲကအတိုင်း ကိုယ့်သန္တာန်မှာ တည်အောင်ကြိုးစား။

စာမျက်နှာ-၂၁
အဲဒီလိုတည်အောင်ကြိုးစားတာဟာ သာသနာပြုနေတာလို့ ဒီလိုပြောလို့ရတယ်။ ဘယ်မှာပြုတာလဲ၊ ကိုယ့်သန္တာန်မှာ သာသနာတည်အောင်လုပ်တာ။ နံပါတ်(၁)က ကိုယ့်သန္တာန်မှာ သာသနာတည်အောင်အရင်လုပ်ရမှာ၊ ပြီးတော့မှ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်တွေပေါ်မှာ သာသနာပြန့်ပွားအောင်ကြိုးစားရမှာ၊ ပထမဆုံး ကိုယ့်သန္တာန်မှာတည်အောင်ကြိုးစား၊ ကြိုးစားပြီးတော့မှ ပြန့်ပွားအောင်လုပ်ရမှာ။ အဲဒီလို သာသနာပြုမယ့်စိတ်ဓာတ်ကလေးတွေ များများမွေးပြီးတော့ သာသနာပြုဖို့လိုအပ်တယ်၊ အဲဒီလို သာသနာပြုမယ်ဆိုရင် ဒီဇာတိမြေမှာ သာသနာဟာ အများကြီးထွန်းကားနေမှာပဲ။

ဒီဇာတိမြေက သာသနာတော်နဲ့စပ်ပြီးတော့ ပြောမယ်ဆိုရင် ဒီဇာတိမြေမှာမွေးဖွားပြီးတော့ နိုင်ငံတော်အစိုးရက အမြင့်ဆုံးဘွဲ့တံဆိပ်၊

စာမျက်နှာ-၂၂
နဲ့ ပူဇော်ခြင်းကိုခံရတာဟာ မဟာသုဗောဓာရုံကျောင်းတိုက်ကြီးကို တည်ထောင်သွားတဲ့ လွန်တော်မူပြီးဖြစ်တဲ့ ပဓာနနာယကဆရာတော်ဘုရားကြီး၊ အဘိဓဇမဟာရဋ္ဌဂုရု-ဆိုပြီးတော့ နိုင်ငံတော်မှာ အမြင့်ဆုံးတံဆိပ်ကို ရရှိသွားတယ်။ အဲဒီတော့ ဒီဆရာတော်ကြီး ဘာဖြစ်လို့ ဒီအမြင့်ဆုံးတံဆိပ်ကိုရသလဲဆိုရင် သူ့သန္တာန်မှာ သာသနာတွေတည်လို့၊ တည်ရုံတင်မကဘူး တခြားပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာလည်း သာသနာတွေတည်အောင် သာသနာပြုတယ်၊ ဒါကြောင့်မို့ ဒီဘွဲ့တံဆိပ်ကိုပေးတာ။

ဘွဲ့တံဆိပ်ရဲ့အဓိပ္ပါယ်က အဘိဓဇဆိုတာ လွန်ကဲသောအောင်လံတံခွန်(သို့မဟုတ်) အမြင့်ဆုံးအောင်လံတံခွန်၊ မဟာရဋ္ဌဂုရု-ဆိုတာ နိုင်ငံတော်ရဲ့ဆရာလို့ ဒီလိုအဓိပ္ပါယ်ရတယ်။ အဲဒီလို ကြီးမားတဲ့ဂုဏ်ထူးဝိသေသနဲ့ နိုင်ငံတော်အစိုးရ၊

စာမျက်နှာ-၂၃
က ဆရာအဖြစ် ပူဇော်တယ်ဆိုတာ ဒီဇာတိမြေမှာမွေးပြီး သရဏဂုံကနေစပြီး ငါးပါးသီလ၊ ငါးပါးသီလကစပြီး ဒီထက်တိုးတက်သွားအောင် ကိုယ့်သန္တာန်မှာ သာသနာတွေတည်ဆောက်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ မိမိသန္တာန်မှာတည်ဆောက်ရုံမျှမက တခြားပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာလည်းပဲ သာသနာတည်တံ့အောင်ကြိုးပမ်းတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့် ဂုဏ်ပြုပူဇော်ခြင်းခံရတယ်လို့ ဒီလိုပြောရမယ်။

အနှစ်သာရပိုင်းကိုသိဖို့လိုအပ်တယ်၊ များသောအားဖြင့် လူတွေဟာ အကာပိုင်းမှာပဲ စိတ်ဝင်စားနေကြတယ်၊ အနှစ်သာရပိုင်းကို စိတ်ဝင်စားဖို့လိုအပ်တယ်။ အနှစ်သာရဆိုတာဘာလဲ။ အနှစ်နဲ့အကာ ဒီနှစ်ခုကိုခွဲခြားပြီးတော့သိဖို့လိုအပ်တယ်၊ မသိဘူးဆိုရင် အနှစ်မရဘူး အကာတွေပဲရမယ်။ ဆိုပါစို့- ဘုရားကျောင်းကန်တွေကို၊

စာမျက်နှာ-၂၄
သာသနာလို့ထင်ပြီးတော့ ဘုရားကျောင်းကန်တွေအတွက်သာ လုံးပမ်းနေမယ်ဆိုရင် ကိုယ့်ကျင့်တရားနဲ့ပတ်သက်ပြီး ပျက်ပြားလာမယ်ဆိုရင် အနှစ်သာရဖြစ်တဲ့ ကိုယ့်ကျင့်သီလမရဘဲ အကာပဲရမှာ၊ ဒီလိုဆိုလိုတာပေါ့။ အဲဒီတော့ ကိုယ့်သန္တာန်မှာ အနှစ်ကိုရှာဖို့လိုအပ်တယ်၊ အကာကိုပစ်ပြီးတော့ အနှစ်ကိုရှာ၊ ဘယ်ဟာကအကာ၊ ဘယ်ဟာကအနှစ်လဲဆိုတာ သိအောင်ကြိုးစားဖို့လိုတယ်ပေါ့။ အဲဒီလိုမှမသိဘူးဆိုရင်တော့ အနှစ်ရမှာမဟုတ်ဘူးနော်။

မြတ်စွာဘုရားဟောထားတာရှိတယ်လေ၊ အနှစ်ကို အနှစ်မှန်းသိဖို့ကြိုးစားရမယ်၊ အကာကို အကာမှန်းသိဖို့ကြိုးစားရမယ်၊ အနှစ်ကို အကာထင်၊ အကာကို အနှစ်ထင်နေတဲ့ပုဂ္ဂိုလ်ဟာ ဘယ်တော့မှအနှစ်မရဘူးတဲ့။ ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေ သာသနာဆိုတဲ့ အနှစ်သာရဟာ ဘာလဲ၊

စာမျက်နှာ-၂၅
အဲဒီအနှစ်သာရကို ကိုယ့်သန္တာန်မှာ တည်ဆောက်ဖို့ကြိုးစား၊ ကိုယ့်အတိုင်းအတာလေးနဲ့ကိုယ် တည်ဆောက်နိုင်အောင်ကြိုးစား။ ။

ကိုယ့်ကိုသူများနဲ့မတူအောင် ယှဉ်ပြိုင်မှုဆိုတာလေးရှိရတယ်၊ သလ္လသုတ္တန်မှာ မြတ်စွာဘုရားဟောထားတယ်၊ အများနဲ့နှိုင်းပြီးတော့ ယှဉ်ပြိုင်နိုင်မှုကို မြတ်စွာဘုရားက နည်းလမ်းတစ်ခုပေးထားတယ်၊ ဘာပေးထားတုန်း အေး... “သူများတွေက ပါဏာတိပါတမလုံဘူး၊ ငါကတော့ ပါဏာတိပါတလုံအောင်ကြိုးစားမယ်”၊ ဟောဒါသူများနဲ့ယှဉ်ပြိုင်မှုပဲ၊ “သူများတွေက အဒိန္နာဒါနမလုံကြဘူး၊ ငါကတော့ အဒိန္နာဒါနလုံအောင်လုပ်မယ်”၊ ဟော-ဒီလိုယှဉ်ပြိုင်မှုလေးတွေနဲ့ ကိုယ့်သန္တာန်မှာ သာသနာတည်အောင်လုပ်ပါလို့ သလ္လသုတ်မှာ မြတ်စွာဘုရားဟောထားတာ၊ အဲဒါ အနှစ်သာရတည်အောင်ကြိုးစား၊

စာမျက်နှာ-၂၆
နည်းအနေနဲ့ မြတ်စွာဘုရားဟောထားတာ။

သာသနာတည်အောင် ဘယ်လိုကြိုးစားရမလဲဆိုတော့ ကိုယ့်သန္တာန်မှာ ဒီလိုသီလဆိုတဲ့ အနှစ်သာရတွေ၊ ကိုယ်ကျင့်တရားတွေ၊ မြတ်စွာဘုရားဟောထားတဲ့ တရားဓမ္မတွေ၊ ဒါတွေသိရှိနားလည်အောင်ကြိုးစားအားထုတ်ရမယ်။

ဇာတိမြေဆိုတာ အခုဒီဇာတိမြေဆိုတာ ပြောမယ်ဆိုလို့ရှိရင် ပြန်ပြီးတော့ချဲ့ကားယူလို့ရတယ်။ ဇာတိမြေဆိုတာ ညောင်ပင်ရွာကိုခေါ်တာ၊ ညောင်ပင်ရွာကနေချဲ့လိုက်တဲ့အခါ စဉ့်ကူးမြို့နယ်ပေါ့၊ စဉ့်ကူးမြို့နယ်ကချဲ့လိုက်တဲ့အခါ မန္တလေးတိုင်းပေါ့၊ မန္တလေးတိုင်းကိုချဲ့လိုက်တဲ့အခါ မြန်မာပြည်ပေါ့။ ကိုယ့်ရဲ့ဇာတိမြေဟာ နိုင်ငံရပ်ခြားတွေနဲ့ တိုင်းတာကြည့်မယ်ဆိုရင် ဒို့ရဲ့ဇာတိမြေဟာဘာလဲ။

စာမျက်နှာ-၂၇
မြန်မာနိုင်ငံပဲပေါ့။ မြန်မာနိုင်ငံထဲက ဘယ်မှာလဲဆိုရင် မန္တလေးတိုင်းပေါ့၊ မန္တလေးတိုင်းကနေ ပြန်ကျဉ်းယူတဲ့အခါ စဉ့်ကူးမြို့နယ်ပေါ့၊ စဉ့်ကူးမြို့နယ်က ပြန်ကျဉ်းယူတဲ့အခါကျတော့ ဒီရွာ၊ ဒီဌာန၊ ဒီလိုဖြစ်လာတယ်ပေါ့။

သို့သော် ဇာတိမြေဆိုသည်မှာ ပြောမယ်ဆိုရင် မြန်မာတစ်နိုင်ငံလုံးကိုလည်း ဇာတိမြေလို့ခေါ်လို့ရတယ်၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် တိုင်းပြည်တွေနဲ့လူမျိုးတွေဆိုတာ ကမ္ဘာမှာအများကြီးရှိတယ်၊ အများကြီးရှိတဲ့အထဲမှာ ကိုယ့်ရဲ့ nationality ပေါ့၊ ဘယ်နိုင်ငံသားတုန်းဆိုရင် မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံသားဖြစ်သည့်အတွက်ကြောင့် ဒီဇာတိမြေဟာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးဖြစ်တယ်ပေါ့။ မြန်မာနိုင်ငံသားဆိုရင် မြန်မာနိုင်ငံဟာ ကိုယ့်ရဲ့ဇာတိမြေဖြစ်တယ်၊ ဇာတိမြေဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာတည်ရှိတယ်ဆိုတာ နိုင်ငံ၊

စာမျက်နှာ-၂၈
သားတွေမှာ တည်ရှိနေတဲ့ မြတ်စွာဘုရားရဲ့အဆုံးအမ သာသနာတွေပဲလို့ ဒီလိုဆိုလိုတယ်၊ သာသနာတည်ရှိနေသည့်အတွက်ကြောင့် သာသနာတော်ကို ကြည်ညိုလေးစားမှုကို ပြသတဲ့အနေနဲ့ ဘုရားကျောင်းကန်တွေ ပေါ်လာတာဖြစ်တယ်၊ ဘုရားကျောင်းကန်တွေဆိုတာ သာသနာတည်ရှိမှုရဲ့ အထိမ်းအမှတ်အနေနဲ့ ထားတာ။

တကယ့်သာသနာ၊ သို့သော် တကယ့်သာသနာ အနှစ်သာရပိုင်း တည်ရှိမှုဆိုတာ ကိုယ့်ရဲ့သန္တာန်မှာ ကိုယ်ကျင့်တရားတွေကောင်းတာကို ဆိုလိုတယ်၊ အဲဒါကို စိတ်ထဲနှလုံးထဲမှာမပြတ်ထားပြီးတော့ ကိုယ့်သာသနာကို ဂရုစိုက်ဖို့လိုအပ်တယ်။ အဲ-ကိုယ့်သာသနာဆိုပြီး သာသနာဆိုတာ ဘယ်ဟာမှန်းမသိဘဲနဲ့ တဖက်က ကိုယ်နဲ့ဘာသာမတူတဲ့၊

စာမျက်နှာ-၂၉
ပုဂ္ဂိုလ်တွေနဲ့ သွားပြီးတော့ရန်ဖြစ်နေလို့ မဖြစ်ဘူးနော်။ တကယ်က ကိုယ့်သာသနာဆိုတာဘာလဲ။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကြည်ညိုလေးစားတယ်၊ ထိုကြည်ညိုလေးစားမှုကို အကြောင်းပြုပြီးတော့ အနည်းဆုံး လူဝတ်ကြောင်တွေဆိုရင် ငါးပါးသီလ ကိုယ့်သန္တာန်မှာတည်တယ်၊ ရှစ်ပါးသီလတည်တယ်၊ ဒါတွေက သာသနာတည်တာပေါ့၊ ဒီထက်အဆင့်မြင့်မြင့်ကျင့်ချင်ရင် သမာဓိကျင့်စဉ်တစ်ခုကိုကျင့်ပေါ့၊ အဲဒီလို သာသနာကိုတိုးတက်တည်သွားအောင်လုပ်ရတယ်။

ဒေသရဲ့ သာသနာတည်ရှိမှု
အခုဒီဒေသမှာ သာသနာတည်ရှိမှုရဲ့ အနေအထားတစ်ခုကို သရုပ်ဖေါ်ပြီးတော့ကြည့်မယ်ဆိုရင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်၊

စာမျက်နှာ-၃၀
တော်နဲ့ ချီးကျူးခံရတဲ့ ကျေးဇူးတော်ရှင် မဟာသုဗောဓာရုံ ပဓာနနာယကဆရာတော်ဘုရားကြီးဟာ ဒေသသာသနာထွန်းကားအောင် သူကိုယ်တိုင်လည်း အင်မတန်ကြိုးစားလာခဲ့တာနော်၊ တပည့်အဆက်ဆက်တွေရဲ့သန္တာန်မှာလည်းပဲ သာသနာတော်တွေထွန်းကားအောင် ကြိုးစားအားထုတ်ပေးခဲ့တယ်။ ။

အေး..စဉ့်ကူးမြို့နယ်အနေနဲ့ကြည့်မယ်ဆိုရင် နိုင်ငံတော်ကနေဂုဏ်ပြုထားတဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးတွေရတဲ့ပုဂ္ဂိုလ်တွေ စဉ့်ကူးမြို့နယ်မှာ အထင်အရှားရှိတယ်၊ ဘုန်းကြီးတို့သိသလောက်ပြောရမယ်၊ ဆီသည်ရွာက အဂ္ဂမဟာပဏ္ဍိတဘွဲ့ရဆရာတော်၊ တောင်မြို့မဟာဂန္ဓာရုံမှာ ဆရာတော် ဒူးကုဏ္ဍလတို့ရှိတယ်ပေါ့၊ ဒီဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် ကောက်ရိုးပုံရွာက ဆရာတော် ဒူးမာနိတ အဂ္ဂမဟာပဏ္ဍိတ ရတယ်။

စာမျက်နှာ-၃၁
အခုဒီရွာမှာလည်းပဲ အဂ္ဂမဟာပဏ္ဍိတရတာ သုံးပါးရှိတယ်ပေါ့၊ စဉ့်ကူးမြို့နယ်ထဲမှာ တစ်ရွာတည်းနဲ့သုံးပါးရတယ်၊ ဒီရွာမှာ အခုနက်ဖန်ခါမှာ ဂုဏ်ပြုခံမယ့် သာသနဇောတာရုံ ပဓာနနာယကဆရာတော်ဆိုတာ အခုလက်ရှိမှာ နောက်ဆုံးလို့ပြောရမယ့် ဘွဲ့ရတဲ့ပုဂ္ဂိုလ်၊ နောက်ဆုံးဆိုတာ အခုရတဲ့ ၁-၂-၃ထဲမှာ နောက်ဆုံးလို့ပြောတာ၊ နောက်ထပ်ဘွဲ့ရတဲ့ပုဂ္ဂိုလ်တွေ ပေါ်ဦးမှာပေါ့။

အင်္ဂလိပ်စကားမှာ Latestနဲ့ Last ၂-ခုရှိတာ၊ Latest ဆိုလို့ရှိရင်တော့ နောက်ထပ်လာဦးမှာလို့ပြောတယ်၊ Last ဆိုရင်တော့ မလာတော့ဘူး၊ အခုဟာက Latest လို့ခေါ်တယ်။ အခုရတဲ့အထဲမှာ နောက်ဆုံးလို့ပြောတယ်။ နောက်ထပ်လာဦးမှာတွေရှိတယ်ပေါ့။

ဒီသာသနာတည်ရှိမှုကို အကြောင်းပြုပြီးတော့ ရှေးဦးစွာ မိမိတို့သန္တာန်မှာ သာသနာ၊

စာမျက်နှာ-၃၂
တည်တယ်၊ ကိုယ့်သန္တာန်မှာတည်တဲ့ သာသနာကို တခြားပုဂ္ဂိုလ်တွေပေါ်မှာ ပြန့်ပွါးအောင် တည်ရှိအောင်ကြိုးစားတဲ့ သာသနာပြုမှုဆိုတဲ့ ဒီအလုပ်တွေကို အကြောင်းပြုပြီးတော့ ဒီဂုဏ်ထူးဝိသေသဆိုတာ ဖြစ်ပေါ်လာတာ။

သာမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ နိုင်ငံတော်အစိုးရက ဘွဲ့တံဆိပ်နဲ့ပူဇော်လို့ ဘွဲ့ရတယ်၊ ဘွဲ့ရလို့ ဒီဂုဏ်ပြုပူဇော်ပွဲကြီးတွေ ကျင်းပတယ်လို့ ဒီလိုသာမန်အားဖြင့်ကြည့်မယ်ဆိုရင် အပေါ်ယံအားဖြင့် မြင်ရမယ်၊ အနှစ်သာရပိုင်းကကြည့်မယ်ဆိုရင်တော့ ဒီအရှင်မြတ်ရဲ့သန္တာန်မှာ မြတ်စွာဘုရားရဲ့အဆုံးအမတွေရှိတယ်၊ မိမိသန္တာန်မှာရှိရုံတင်မကဘူး၊ တခြားပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ တည်ရှိအောင်ကြိုးစားအားထုတ်ပြီး သာသနာပြန့်ပွါးအောင် ဆောင်ရွက်နေတယ်ဆိုတဲ့ ဒီအနှစ်သာရပိုင်းကို မြင်အောင်ကြည့်ဖို့လိုအပ်တယ်ပေါ့နော်၊

စာမျက်နှာ-၃၃
အဲဒါကို အလေးထားရမှာ၊ စဉ်ဆက်မပြတ် ဇာတိမြေက သာသနာတည်ရှိနေတဲ့ပုဂ္ဂိုလ်တွေ၊ သာသနာတည်ရှိအောင် ကြိုးစားနိုင်တဲ့ပုဂ္ဂိုလ်တွေ ပေါ်ထွန်းလာဖို့လိုအပ်တယ်ပေါ့။

အခုဒီရွာမှာ ခုနတင်ပဲ ဒကာတစ်ယောက်လာလို့လျှောက်တယ်။ ဒီရွာကတဲ့ ဘုန်းကြီးလူထွက်တော်တော်များတယ်ဆိုပဲ၊ ဘုန်းကြီးလူထွက်များတယ်ဆိုတာ ဘုန်းကြီးဝတ်တဲ့လူများမှ ဘုန်းကြီးလူထွက်များမှာပေါ့၊ အဲဒီတော့ ဒီရွာက ဘုန်းကြီးဝတ်တဲ့လူများတယ်လို့ ဒီလိုပြောတာပဲ။ အဲဒီတော့ ဘုန်းကြီးလူထွက်ဆိုတာကတော့ သာသနာပြုကိစ္စမှာ သူကအရှုံးပေးသွားတာပဲလို့ ဒီလိုပြောရမှာပဲနော်၊ ကိုယ့်သန္တာန်မှာ သာသနာတည်သလောက်တည်ပြီးတော့ နောက်ဆုံးမှာ ကျယ်ကျယ်ပြန့်ပြန့် သာသနာပြုဖို့ရာအတွက် လက်မြှောက်သွားတဲ့ပုဂ္ဂိုလ်လို့ ပြောရမှာပေါ့နော်၊

စာမျက်နှာ-၃၄
သို့သော်လည်း လူဝတ်ကြောင်နဲ့ သာသနာပြုလို့မရဘူးလားဆိုရင် ပြုလို့ရတယ်၊ အနှစ်သာရပိုင်းကပြုလို့ရတယ်၊ အဲဒီတော့ အနှစ်သာရပိုင်းက သာသနာပြုလို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ကို နားလည်ဖို့လိုအပ်တယ်။

သာသနာပြုတယ်ဆိုတဲ့ အဓိပ္ပါယ်က ကိုယ်တိုင်က သဒ္ဓါတရားရှိတယ်၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစုထဲ သဒ္ဓါတရားမရှိသေးဘူးဆိုရင် သဒ္ဓါတရားရှိအောင်လုပ်ပေးတာ၊ ဒါသာသနာပြုတာပဲ၊ ဒီထက်ကောင်းတဲ့ သာသနာပြုဘယ်ရှိမလဲနော်။ လှူတာတန်းတာရော သာသနာပြုမခေါ်နိုင်ဘူးလားဆိုရင် အထောက်အကူပြုတယ်လို့ပဲပြောရမယ်၊ တိုက်ရိုက်သာသနာပြုတော့မဟုတ်ဘူး၊ တိုက်ရိုက်သာသနာပြုတယ်ဆိုတာကတော့ ကိုယ့်မှာသီလရှိသလို သူများကို သီလရှိအောင်၊ ကိုယ့်မှာ၊

စာမျက်နှာ-၃၅
သဒ္ဓါတရားရှိသလို သူများကို သဒ္ဓါတရားရှိအောင်၊ ကိုယ့်မှာပညာရှိရင် သူများကို ပညာရှိအောင် ဒီလိုပြုတဲ့ပုဂ္ဂိုလ်ကမှ တိုက်ရိုက်သာသနာပြုတယ်၊ ကျန်တဲ့လှူတာတန်းတာ ထောက်ပံ့တာ သွယ်ဝိုက်ပြီးတော့ သာသနာပြုတယ်လို့ပြောရမယ်။

အဲဒီတော့ အမြဲတမ်းပဲ သွယ်ဝိုက်ပြီးတော့မနေကြနဲ့နော်၊ တိုက်ရိုက်သာသနာပြုဖို့လည်းလုပ်ပေါ့၊ လူတွေက များသောအားဖြင့်တော့တယ်ပြီးတော့ ဝေ့လည်ကြောင်ပတ်လုပ်တာများတယ်လေ၊ ဝေ့နေတာနေလို့ သံသရာထဲက ထွက်ကိုမထွက်နိုင်တာ၊ အဲဒီတော့ သံသရာထဲကထွက်နိုင်အောင် တိုက်ရိုက်ကြိုးစားဖို့လိုအပ်တယ်ပေါ့။ ကိုယ့်သန္တာန်မှာ သာသနာတည်အောင်ကြိုးစားသင့်တယ်၊ အဲဒီလိုကြိုးစားနိုင်မှုဟာ အင်မတန်မှ ကျေနပ်စရာဖြစ်လာတယ်။

စာမျက်နှာ-၃၆
ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့အဆုံးအမဟာ ဘယ်မှာတည်သလဲဆိုရင် ကျင့်သုံးတဲ့ပုဂ္ဂိုလ်မှာ တည်တာလေ၊ မကျင့်သုံးတဲ့ပုဂ္ဂိုလ်မှာ မတည်ဘူး။ အဲဒီတော့ သာသနာဆိုတာ မြေကြီးပေါ်တည်တာလည်းမဟုတ်ဘူး၊ ကျောင်းပေါ်တည်တာလည်းမဟုတ်ဘူး၊ စေတီပေါ်တည်တာလည်းမဟုတ်ဘူး၊ ဘယ်မှာတည်တုန်း၊ ကျင့်သုံးတဲ့ပုဂ္ဂိုလ်မှာ သာသနာတည်တယ်၊ ဘယ်လောက်တည်တယ်ဆိုတာ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုဖြစ်တယ်။ အဲဒီတော့ ဘုရားသာသနာနဲ့ကြုံပါလျက်သားနဲ့ ကိုယ့်သန္တာန်မှာ သာသနာတစ်ခုမှမရောက်ရင် မတည်ဘူး၊ မခိုင်မာဘူးဆိုရင် ဒီထက်ဆုံးရှုံးတာဘယ်ရှိမလဲ။

မသိလို့ဆုံးရှုံးသွားတဲ့ အနေအထားမျိုးမရှိအောင် ဘုန်းကြီးတို့တတွေ ဘယ်လိုကြိုးစားရမလဲ။

စာမျက်နှာ-၃၇
၁။ သီလနှင့်ပြည့်စုံအောင် ကြိုးစားရမယ်။
၂။ သီလကိုအခြေခံပြီး သမာဓိလုပ်ငန်းကျင့်စဉ်တွေကို ကြိုးစားရမယ်။
၃။ ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ပြီး နောက်ဆုံးပန်းတိုင်အထိရောက်အောင် ကြိုးစားရမယ်။ အဲဒီလို အဆင့်ဆင့်ကြိုးစားသွားတဲ့သဘောမျိုးကို သာသနာတည်အောင်ကြိုးစားတယ်လို့ခေါ်တယ်။

သာသနာပြုပုံ (ဒီနေရာမှာ မြတ်စွာဘုရားက ဟောထားတဲ့ သာသနာပြုပုံ ရှေးဦးစွာမှတ်သားဖို့လိုအပ်တယ်ပေါ့၊ သာသနာကို အဆင့်ဆင့်တည်အောင်ကြိုးစားရမယ်။ မြတ်စွာဘုရားက ကီဋာဂီရိသုတ္တန်မှာ “နာဟံ ဘိက္ခဝေ အာဒိကေနေဝ အညာရာဓနံ ဝဒါမိ- စစချင်း အရဟတ္တဖိုလ်ဆိုတဲ့

စာမျက်နှာ-၃၈
ဂုဏ်ထူးဝိသေသကိုရမယ်လို့ ငါမဟောဘူး၊ ဆိုလိုတာက စစချင်း ဘယ်သူမှပန်းတိုင်ကိုမရောက်နိုင်ဘူး၊ မြတ်စွာဘုရားသာသနာတော်ရဲ့ ပန်းတိုင်ဟာဘာလဲဆိုလို့ရှိရင် အရဟတ္တဖိုလ်ပဲ၊ အရဟတ္တဖလပရိယာသာနံ သာသနံလို့ဆိုတဲ့အတိုင်း မြတ်စွာဘုရားသာသနာတော်ရဲ့ ပန်းတိုင်ဟာ အရဟတ္တဖိုလ်ပဲ၊ အရဟတ္တဖိုလ်တာ အရဟတ္တမဂ်ရပြီးမှ ရလာတဲ့အရာဖြစ်တယ်။ အဲဒီအရဟတ္တမဂ်ဆိုတာ ရဖို့ရာအတွက် ဝိပဿနာကျင့်စဉ်၊ သမထကျင့်စဉ် (သို့မဟုတ်) သမာဓိ၊ ပညာတို့ကို သီလအခြေခံပြီး သမာဓိ၊ ပညာတို့ကို ကျင်မှ၊ ပွါးများအားထုတ်မှရတယ်။ ။

အဲဒီလို ပန်းတိုင်ကိုလှမ်းကိုင်နိုင်ဖို့အတွက် ဘာတွေလုပ်ဖို့လိုတုန်းဆိုတော့ အဆင့်ဆင့်ကျင့်ကြံ ကြိုးကုတ်အားထုတ်မှနော်၊ ဆိုပါစို့ ဘုန်းကြီးတို့တတွေ ပညာသင်တာတောင်မှ ကကြီးခခွေးကနေ

စာမျက်နှာ-၃၉
စပြီးတော့ သင်ရတယ်၊ အဲဒီလို သင်သလိုပဲ မြတ်စွာဘုရားရဲ့ သာသနာတော်နဲ့ ပတ်သက်တဲ့ ဒီကျင့်စဉ်ဟာလည်း အနုပုဗ္ဗ သိက္ခာ- အစဉ် အတိုင်း ကျင့်ရမယ်၊ အနုပုဗ္ဗ ပဋိပဒါ- အစဉ် အတိုင်း သွားရမယ်၊ အစဉ်အတိုင်းဆိုတာ သီလကို အခြေခံရမယ်၊ သီလနဲ့ပြည့်စုံအောင် အရင် ကြိုးစားရမယ်၊ သီလနဲ့ပြည့်စုံပြီးတဲ့အခါမှာ သမာဓိ ရအောင် ကြိုးစားရမယ်၊ သမာဓိနဲ့ပြည့်စုံတဲ့အခါမှာ ပညာဖြစ်အောင် ကြိုးစားရမယ်။ အဲဒီလို ကြိုးစားဖို့ အတွက် မြတ်စွာဘုရားက နည်းလမ်းအဆင့်ဆင့်ကို ချမှတ်ပြီးတော့ ပေးထားတယ်၊ အဆင့်ဆင့် ဖြစ်ပေါ်လာပုံကို အဲဒီ သုတ္တန်မှာ ဟောထားတာလေးကို မှတ်သားနာယူရမယ်။ လူတိုင်းလူတိုင်း အတွက် ကိုယ့်သန္တာန်မှာ သာသနာတည်ရှိအောင် ကြိုးစားအားထုတ်ဖို့ ဒီနည်းစနစ်ကို မြတ်စွာဘုရားက ဟောထားတယ်။

စာမျက်နှာ-၄၀
နည်းလမ်းအဆင့်ဆင့်
အဲဒီတော့ နံပါတ်(၁) အရေးကြီးဆုံးက ဘာတုန်းဆိုရင် သဒ္ဓါ၊ စိတ်ဝင်စားမှုပဲ၊ ဘာသာတရားနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားမှုသဒ္ဓါ၊ ကံ,ကံ၏အကျိုးကို ယုံကြည်တယ်၊ ရတနာသုံးပါး ဂုဏ်ကို ယုံကြည်တယ်၊ ဆိုလိုတာက ဘာသာတရားနဲ့ပတ်သက်ပြီး စိတ်ဝင်စားတယ်၊ စိတ်ဝင်စားတဲ့သူတွေ အများကြီးရှိတယ်လေ၊ သဒ္ဓါဆိုတာ ယုံကြည်တယ် စိတ်ဝင်စားတယ်၊ ဒါကိုဆိုလိုတာ၊ ဒါကြောင့်မို့ ဒီဘာသာ စကားနဲ့ ပတ်သက်လာရင် ယုံကြည်မှုလို့ပြောတာ၊ ယုံကြည်မှုဆိုတာ ကိုယ်ယုံကြည်တဲ့အရာကို လူတွေ စိတ်ဝင်စားတာပဲလေ၊ ကိုယ်ယုံကြည်ရာလို့ပြောရင် စိတ်ဝင်စားတဲ့ အရာပဲလို့ ဒီလိုဆိုရတာ၊ ပိုပြီးတော့ ရှင်းတာက ဘာတုန်း ဆိုလို့ရှိရင် သဒ္ဓါဆိုတာ ကိုယ်စိတ်ဝင်စားတာ၊ ဘယ်ဘက်စိတ်ဝင်စားလဲ၊ ဘာသာတရားနဲ့

စာမျက်နှာ-၄၁
ပတ်သက်ပြီးတော့ မြတ်စွာဘုရားအဆုံးအမနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားတာ။

စိတ်ဝင်စားတော့ ဘာဖြစ်လဲ၊ သဒ္ဓါ ဇာတော ဥပသင်္ကမတိ- စိတ်ဝင်စားမှု သဒ္ဓါ တရားဖြစ်လာရင် ဘာဖြစ်လာလဲဆိုတော့ ရတနာ သုံးပါးကို ဆည်းကပ်လာတယ်၊ ဘုရားတရား သံဃာကို ဆည်းကပ်လာတယ်၊ တရားဓမ္မ ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ကို ဆည်းကပ်လာတယ်။ သိချင်လာတယ်၊ ဘုရားကျောင်းကန်ဆီ ရောက်လာတယ်၊ ဟောပြောမယ့်ပုဂ္ဂိုလ်ဆီ ရောက်လာတယ်၊ ဟောဒီလိုဆိုလိုတာ၊ သဒ္ဓါတရားမရှိရင် ရောက်ကိုမရောက်နိုင်ဘူး၊ ယုံကြည်မှုမရှိရင် မရောက်နိုင်ဘူး၊ ဒါကြောင့်မို့ သဒ္ဓါဆိုတဲ့ စိတ်ဝင်စားမှုက ရှေးဦးစွာလာတယ်။ ။

စာမျက်နှာ-၄၂
အဲဒီတော့ လာရောက်ပြီဆိုတဲ့နောက်မှာ လာတော့လာပါရဲ့ တရားဟောဖို့ တရားနာဖို့ဆိုတဲ့ နေရာမှာ ရောက်မလာဘူး၊ ဘုန်းကြီးကျောင်းတော့ လာတယ်၊ ဝှေ့ပတ်ပြီးတော့ ပြန်သွားတယ် ဒီလိုဟာလည်း ရှိသေးတာ၊ အဲဒီတော့ တရားနာမယ့် အနေထားမျိုး မေးခွန်းမေးဖို့ အနေထားမျိုးထိအောင် ရောက်လာတာမျိုးမရှိဘူး၊ ရောက်လာရမယ်လို့ဆိုလိုတာ၊ ဥပသင်္ကမန္တာ ပယိရုပါသတိတဲ့၊ အနီးအကပ် ချဉ်းကပ်လာတယ်။ ။

ချဉ်းကပ်လာပြီးတော့ ဘာဖြစ်လာတုန်းဆိုတော့ ပယိရုပါသာ သောတံ သြဒဟတိတဲ့၊ အခုလို တရားပွဲကြီးကျင်းပလို့ တရားနာမယ့် နေရာအတွင်း ရောက်လာတယ်၊ ရောက်လာပြီး ဘာလုပ်လဲ၊ သောတံ သြဒဟတိ-တဲ့ နားစိုက်ပြီးတော့ ထောင်တယ်၊ ဘာတွေပြောလဲ ဘာတွေ ဟောလဲ နားစိုက်ပြီးတော့ ထောင်တယ်၊ နားစိုက်ထောင်တယ်ဆိုတာ အသံ ကြားရုံလေးတင် မဟုတ်ဘူး၊ တရားနာတယ်ဆိုတာ အသံ

စာမျက်နှာ-၄၃
ကြားပြီးလို့ရှိရင် မှတ်ထားပြီးတော့ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားတာ ဒီလိုလာရမှာ၊ အဲဒီတော့ သောတံ ဩဒဟတိ- နားထောင်တယ်။

နားထောင်ပြီးတော့ ဘာတွေလုပ်တုန်း ဆိုတော့ ဩဟိတသောတော ဓမ္မံ ပရိယာ ပုဏာတိ- နားထောင်ပြီးတော့ မှတ်တယ်။ စိတ်ကလိုက်ပြီးတော့ ပြောထားတာတွေ မှတ်ထားတာနော်၊ စိတ်ထဲနှလုံးထဲ မှတ်ထားတယ်၊ သုတွာ ဓမ္မံ ဓာရေတိ- ပြောသမျှတွေကို ကိုယ်မှတ်နိုင်သမျှ သင်ယူထားတာ၊ နားက ကြားနေတယ်ဆိုတာ သင်နေခြင်းတစ်မျိုးပဲပေါ့၊ စာသင်တယ်ဆိုတာလည်း နားထောင်ပြီးတော့ သင်ရတာပဲ၊ နားကကြားပြီးတော့ အဲဒီကြားတဲ့ အချက်အလက်တွေကို စိတ်ထဲမှာ မှတ်သားနေတယ်၊ ဒါ သုတွာ ဓမ္မံ ဓာရေတိတဲ့၊ ဒီလိုခေါ်တယ်။

အဲဒီတော့ ဒီလောက်နဲ့တင် ပြီးလားဆို

စာမျက်နှာ-၄၄
တော့ မပြီးသေးဘူး၊ ဓာတာနံ အညံ ဥပပရိက္ခတိ- မှတ်ထားတဲ့ အရာလေးကို အထပ်ထပ် စဉ်းစားတယ်။

"ကဲ... ခုနကပြောထားတဲ့ သာသနာဆိုတာ ဘယ်လိုဟာမျိုးကိုခေါ်လဲ၊ မှတ်ထားပြီးရင် မှတ်မိပြီ၊ သာသနာဆိုတာ ဘယ်လိုဟာကိုခေါ်လဲ၊ ကိုယ့်သန္တာန်မှာ သာသနာတည်အောင် ဘယ်လိုလုပ်ရမလဲ၊ သာသနာတည်တယ်ဆိုတာ ဘယ်လိုဟာမျိုးကိုခေါ်လဲ၊ ဘုရားတရားသံဃာ ရတနာသုံးပါးကို ဘယ်လိုဆည်းကပ်ပြီးရင် သရဏဂုံနဲ့ ပတ်သက်တဲ့သာသနာ ကိုယ့်သန္တာန်မှာ တည်ပြီ၊ ငါးပါးသီလ မလုံသေးရင် ငါးပါးသီလနဲ့ ပတ်သက်တဲ့ သာသနာ မတည်သေးဘူး၊ ငါးပါးသီလ လုံပြီဆိုရင် သီလနဲ့ ပတ်သက်တဲ့ သာသနာ တည်ပြီ၊ ငါးပါးသီလ မလုံသေးရင် ကိုယ့်မှာ သီလသာသနာ ကျိုးပျက်နေတယ်၊ ဒီလိုဆိုလိုတာနော်။ သာသနာတည်နေဖို့

စာမျက်နှာ-၄၅
ဓာတာနံ အညံ ဥပပရိက္ခတိ- မှတ်ထားတဲ့ အတိုင်း အမှတ်တမဲ့ မနေဘူး၊ အလေးအနက် ဆင်ခြင်စဉ်းစားတယ်။

အဲဒီလို အလေးအနက် ဆင်ခြင်စဉ်းစားတော့ ဘာဖြစ်တုန်းဆိုတော့ အညံ ဥပပရိက္ခတော ဓမ္မာ နိဇ္ဈာနံ ခမန္တိ- အလေးအနက် ဆင်ခြင်စဉ်းစားတဲ့အခါမှာ သူက ဆင်ခြင်စဉ်းစားထားတဲ့ တရားဓမ္မတွေဟာ အချိန်မရွေး ကိုယ်ဟာ နားလည်လာတယ်၊ သဘောပေါက်လာတယ်၊ စဉ်းစားလိုက်တိုင်း စဉ်းစားလိုက်တိုင်း အဖြေမှန်တွေ ထွက်လာနေတယ်။

ဓမ္မနိက္ခန္တိယာ သတိ ဆန္ဒာ ဇာယတိ-တဲ့ စဉ်းစားလို့ ရလာတယ်။ စဉ်းစားလို့ ရလာတဲ့အခါကျတော့ ဘာဖြစ်လာတုန်းဆိုရင် ဆန္ဒ ဖြစ်လာတယ်၊ အခုကြည့်လေ၊ သာသနာ ဘယ်လို တည်အောင် လုပ်ရတယ်၊ သာသနာပြုတယ်

စာမျက်နှာ-၄၆
ဆိုတာ ဘယ်လိုလုပ်ရတယ်လို့ ဒီစကား ကြားပြီးတော့ မှတ်ထားပြီးတော့ သာသနာပြုချင်စိတ် ပေါက်လာတယ်နော်၊ အဲဒါကို ဆန္ဒော ဇာယတိလို့ခေါ်တယ်၊ ဆန္ဒပေါ်လာတယ် ကိုယ့်သန္တာန်မှာ ငါးပါးသီလကို တည်အောင်ကြိုးစားမှ ဖြစ်မယ်။ ဒါမှ ငါ့မှာ သာသနာတည်မယ်၊ ငါဟာ သာသနာပျက်နေလို့ မဖြစ်ဘူးဆိုပြီး ဆန္ဒတွေ ဖြစ်လာတယ်၊

အဲဒီလို ဆန္ဒတွေဖြစ်လာတဲ့အခါ ဆန္ဒ ဇာတော ဥဿဟတိ- ဆန္ဒဖြစ်လာလို့ရှိရင် လက်တွေ့ကြိုးစားလာတယ်နော်၊ ဥဿာဟေတွာ တုလေတိ- ကြိုးစားပြီးတဲ့အခါ ဘယ်လောက် အတိုင်းအတာထိ တည်ပြီလဲလို့ ကိုယ့်ဟာကို အမြဲတမ်း ချင့်ချိန်ကြည့်တယ်၊ ငါ့သန္တာန်မှာ သာသနာတွေ ဘယ်လောက် တည်နေပြီလဲလို့ ကိုယ့်ကိုယ်ကို ချင့်ချိန်ပြီး ကြည့်တယ်။ တုလယိတွာ ပဒဟတိ-ချင့်ချိန်ပြီး ကြိုးစားတယ်။

စာမျက်နှာ-၄၇
သီလသာသနာ တည်အောင်

အဲဒီလို ကြိုးစားအားထုတ်ပြီး နောက်ဆုံးမှာ ဘာဖြစ်လာတုန်းဆိုတော့ ဒီလိုကြိုးစား အားထုတ်လာတဲ့အခါမှာ နောက်ဆုံးမှာ ပရမသစ္စ လို့ခေါ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်။ အေးချမ်းတဲ့ အတိုင်းအတာတစ်ခုကို ရောက်ရှိတယ်၊ ခုနကပြောတဲ့ အရဟတ္တဖိုလ်နိဗ္ဗာန်ထိအောင် သာသနာ ကိုယ့်သန္တာန်မှာ တည်အောင် ကြိုးစားရမယ်၊ ဒီလိုဆိုတာပေါ့နော်။

အဲဒီတော့ ကောင်းပြီ၊ သီလသာသနာ ကိုယ့်သန္တာန်မှာ တည်အောင်လုပ်ကြည့်၊ စဉ်းစား နေ့စဉ်နဲ့အမျှ၊ ပါဏာတိပါတာ ဝေရမဏိ-လို့ ငါးပါးသီလ ဆောက်တည်ထားပြီးတော့ ဒီတိုင်း မထားနဲ့၊ နေ့စဉ် ဆင်ခြင်စဉ်းစားကြည့်၊ နေ့တိုင်း အိပ်ယာဝင်တဲ့အခါ အလုပ်ကလေးလုပ်၊ (သို့မဟုတ်) အိပ်ယာနိုးလာတဲ့အခါ စဉ်းစား၊ ဒီကနေ့

စာမျက်နှာ-၄၈
၂၄-နာရီ အချိန်ကုန်သွားပြီ၊ (သို့မဟုတ်) ဒီကနေ့ တစ်နေ့တာ အချိန်ကုန်သွားပြီ ဒီကနေ့ တစ်ညတာ အချိန်ကုန်သွားပြီ၊ ဒီအထဲမှာ ပါဏာတိပါတ ကျူးလွန်တာများ ရှိသလား၊ ဆင်ခြင်စဉ်းစားကြည့် မရှိဘူးဆိုရင် ဝမ်းသာစရာကြီးပဲနော်။

အဲဒီလို ဝမ်းသာမှုမှ မဖြစ်ဘူးဆိုရင် ကိုယ့် သီလဟာ ဘာနဲ့ဥပမာတူတုန်းဆိုတော့ ဆောက်တည်ထားပြီး ဒီအတိုင်းထားမယ်ဆိုရင်တော့ မီးခံသေတ္တာထဲ ပိုက်ဆံသိမ်းထားမယ်ဆိုရင် အဲဒီပိုက်ဆံက တိုးပါ့မလား၊ အတိုးမရတာနဲ့ တူတယ်ပေါ့၊ အတိုးရချင်ရင် ဘာလုပ်ရမလဲဆိုရင် ဒီပိုက်ဆံ ထုတ်ပြီးတော့ အတိုးရအောင် လုပ်ရမယ်။ အဲဒါမျိုးလိုပဲ ငါးပါးသီလ ဆောက်တည်ထားပြီးတော့ အတိုးရအောင် လုပ်ရမယ်၊ ဘာတုန်း အကြိမ်ကြိမ် ပြန်လည်စဉ်းစား၊ ဒီကနေ့ ငါးပါးသီလထဲက ပါဏာတိပါတာ ဝေရမဏိ-ဆိုတာ ငါလုံခြုံတယ်၊

စာမျက်နှာ-၄၉
ရဟန္တာပုဂ္ဂိုလ်တွေဟာ တစ်သက်လုံး လုံသွားတယ်၊ ငါလည်း ဒီကနေ့လုံတယ်၊ သူတို့ အဆင့်တန်းမျိုးရောက်သွားအောင် ငါကြိုးစားနိုင်တယ်၊ ဝမ်းသာစရာကြီး၊ အဲဒီလို ဝမ်းသာအောင်လုပ်၊ ဝမ်းမသာသေးရင်၊ မဟုတ်သေးဘူးနော်၊ ဝမ်းသာအောင် ကြိုးစား၊ ဒီလိုတွေးနေတာကိုက အတိုးတက်နေတာ လို့ခေါ်တယ်၊ အဒိန္နာဒါနတွေးကြည့်လိုက်၊ ဒီကနေ့ငါ အဒိန္နာဒါနအမှုက ရှောင်ကြဉ်တယ်၊ ဒီလို ငါ့မှာ ပြည့်စုံတယ်၊ ကာမေသုမိစ္ဆာစာရ ရှောင်ကြဉ်တယ်၊ မုသာဝါဒက ရှောင်ကြဉ်တယ်၊ သုရာမေရယက ရှောင်ကြဉ်တယ်၊ ဒီကနေ့ငါ့မှာ ပြည့်စုံတယ်၊ ဒီထက်တိုးတက်ပြီး ဆောက်တည်တဲ့အခါကျတော့ အဗြဟ္မစရိယက ရှောင်ကြဉ်တယ် ဝိကာလဘောဇနက ရှောင်ကြဉ်တယ်ဆိုတော့ ရှစ်ပါးသီလ၊ အဲဒီလို ဆင်ခြင်စဉ်းစားပြီး အတိုးတက်အောင် မြတ်စွာဘုရားက ဥပုသ်စောင့်တဲ့

စာမျက်နှာ-၅၀
အခါမှာ အဲဒီနည်းကို ပေးထားတယ်၊ ဒါအတိုးတက်တယ်။

အဲဒီလိုမလုပ်ပဲနဲ့ ဥပုသ်သီလလေးကိုယူ တစ်နေကုန်ထိုင်၊ သားအကြောင်း အလုပ်အကြောင်းတွေပြော အချိန်တန်တော့ အိမ်ပြန်၊ အဲဒါဆိုရင်တော့ ဘာမှသိပ်ရမှာမဟုတ်ဘူး အတိုးမရတဲ့အပြင် အရင်းလေးတောင် မပျောက်အောင် မနည်းလုပ်ရမှာနော်၊ အရင်းလေးတောင် ပျောက်သွားနိုင်သေးတယ်၊ အဲဒီတော့ ကုသိုလ်ပဲ ဖြစ်ဖြစ် စီးပွားပဲဖြစ်ဖြစ် လုပ်တတ်တဲ့သူက ပိုရတယ်လို့ ဒီလိုပြောတာ၊ အဲဒီတော့ ငါးပါးသီလကို ကြိုးစားအားထုတ်ရမယ်၊ ဒီလို သီလသာသနာ ပြည့်စုံလာတယ်။

သီလဆိုတာ ဘာအတွက်လဲလို့ မေးစရာ ရှိလာတယ်နော်၊ သီလက ဘယ်လောက် အထောက်အကူပြုသလဲဆိုတာ မှတ်သားရမယ်၊

စာမျက်နှာ-၅၁
သီလနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကိုယ့်သီလကို ကိုယ်ပြန်ပြီးတော့ ဆင်ခြင်စဉ်းစားကြည့်တယ်၊ ဆင်ခြင်လိုက်တာနဲ့တပြိုင်နက် စိတ်ကကြည်နူးတယ် ဒါအမှန်ပဲ၊ “ငါမဟုတ်တာ မလုပ်ဘူး”ဆိုရင် စိတ်ကြည်နူးတယ်လေ၊ အဲဒီကြည်နူးမှုလေးကို အဝိပ္ပဋိသာရ-လို့ခေါ်တယ်၊ လူတိုင်း ဒီလိုကြည်နူးမှုရလိမ့်မယ်လို့ မအောက်မေ့လေနဲ့၊ မဟုတ်တာလုပ်တဲ့သူက စိတ်ကညစ်နေတာ၊ သူ့ဟာသူသာ ကြိတ်မှိတ်နေတာနော်၊ သူမဟုတ်တာလုပ်မှန်း သိတယ်၊ အပြစ်ရှိနေတယ်၊

ဟာ... ငါးပါးသီလလုံပြီ၊ သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သီလံ အဝိပ္ပဋိသာရာယ

ကိုယ်ကျင့်သီလသည် စိတ်နှလုံးကြည်သာဖို့အတွက် ဖြစ်တယ်၊ အကျိုးဆိုတာ အစဉ်အဆက် နောက်ဘဝအတွက် စောင့်နေရတာ

စာမျက်နှာ-၅၂
မဟုတ်ဘူး၊ အခုလုပ် အခုရတဲ့ အကျိုးလို့ခေါ်တယ်၊ သီလပြည့်စုံလို့ ကိုယ့်သီလကို ဆင်ခြင်လိုက်တာနဲ့ စိတ်ဟာကြည်နူးတယ်။

ကြည်နူးတော့ ဘာဖြစ်တုန်း၊ ဝမ်းမြောက်ရတယ်၊ ဝမ်းမြောက်ရင်ဘာဖြစ်လဲ နှစ်သက်ရတယ်၊ ဝမ်းမြောက်တာကို ပါမောဇ္ဇ၊ နှစ်သက်တာကို ပီတိ၊ အဲဒီတော့ နှစ်သက်မှုရတဲ့အခါ ဘာဖြစ်လဲဆိုရင် ကိုယ်စိတ်ငြိမ်းချမ်းတယ် ဒါကို ပဿဒ္ဓိလို့ခေါ်တယ်၊ ကိုယ်စိတ်ငြိမ်းချမ်းတဲ့အခါ ဘာဖြစ်တုန်း ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်တယ်၊ အဲဒါ သုခ၊ ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်တော့ ဘာဖြစ်လဲဆိုတော့ သမာဓိ-တဲ့၊ စိတ်တည်ငြိမ်တယ်။ ဒီအဆင့်ကို ပို့ပေးတာ သီလက ပို့ပေးတာ၊ အဲဒီလို သီလက ဒီတင် ပို့တာလား ဆိုတော့ သမာဓိဖြစ်လာရင် သမာဓိကနေ ထပ်ဆင့် ပို့လိုက်တာကတော့ ယထာဘူတဉာဏဒဿန

စာမျက်နှာ-၅၃
တဲ့၊ မှန်မှန်ကန်ကန် မြင်လာတယ်၊ နို့မို့ဆိုရင် မှန်မှန်ကန်ကန်မမြင်နိုင်ဘူး။

ဒါကြောင့်မို့ လုပ်ငန်းတစ်ခုလုပ်ပြီဆိုရင် ကိုယ်ကျင့်သီလကို ပြည့်စုံအောင် လုပ်ရတယ်။ ဘာအတွက် လုပ်တာတုန်းလို့မေးရင် စိတ်နှလုံးကြည်သာဖို့၊ စိတ်နှလုံးကြည်သာဖို့က ဘာအတွက်လဲဆိုရင် ဝမ်းမြောက်ဖို့၊ ဝမ်းမြောက်တာ ဘာအတွက်လဲဆိုရင် ပီတိဖြစ်ဖို့၊ ပီတိဖြစ်တာ ဘာအတွက်လဲလို့မေးလို့ရှိရင် ပဿဒ္ဓိဆိုတဲ့ ကိုယ်ရောစိတ်ရော ငြိမ်းချမ်းမှု၊ ကိုယ်ရောစိတ်ရော ငြိမ်းချမ်းတာ ဘာအတွက်လဲလို့ဆိုရင် သုခ ကိုယ်ချမ်းသာ စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာ စိတ်ချမ်းသာဟာ ဘာအတွက်တုန်းဆိုရင် သမာဓိ စိတ်တည်ငြိမ်ဖို့၊ ဟောဒီအကျိုးတွေကို ရတယ်၊ ဒါက သီလသာသနာ ကိုယ့်သန္တာန်မှာ တည်လိုက်တာနဲ့တပြိုင်နက် ဒီအကျိုးတရားတွေဟာ ဆင့်ကဲ

စာမျက်နှာ-၅၄
ဆင့်ကဲ ထွက်ပေါ်လာတယ်။ ဒါက အချိန်စောင့်ရတာ မဟုတ်ဘူးနော်၊ အခုလုပ် အခုရတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ အကျင့်ဟာ တကယ်လက်တွေ့ကျတယ်။ များသောအားဖြင့် လူတွေဟာ ကုသိုလ်ကောင်းမှုလုပ်ပြီး နောင်ဘဝ နောင်ဘဝ ချည်းပဲ မျှော်နေကြတာ၊ ယခုဘဝမှာ ရတဲ့အကျိုးကို မသိကြဘူး၊ အဲဒီတော့ အခုဘဝ ရတဲ့အကျိုးကို ကြည့်၊ နောင်ဘဝကို သိပ်မကြည့်နဲ့၊ ယခုဘဝတင်ဘဲ ဒီအကျိုးကတော့ နောင်ဘဝ မရပဲမရှိဘူး၊ ဒါကသီလ။
သမာဓိသာသနာ
ကဲ.. သမာဓိဖြစ်လာပြီ သမာဓိကျင့်စဉ် တစ်ခုကိုကျင့်တယ်၊ အဲဒီတော့ သမာဓိကျင့်စဉ်တစ်ခုဆိုတာ ဘယ်လိုလုပ်ကျင့်ရမလဲလို့ မေးရင် သီလရှိလာလို့ သီလဆင်ခြင်နေတာဟာလည်း

စာမျက်နှာ-၅၅
သမာဓိကျင့်စဉ်တစ်ခုပဲ၊ သီလာနုဿတိလို့ ခေါ်တယ်၊ နေ့စဉ်နဲ့အမျှ သံဃာတော်တွေ ဆွမ်းလောင်းတယ်၊ ဘုရားဆွမ်းတော်တင်တယ်၊ အဲဒါကို ဆင်ခြင်ပြီးတော့ စိတ်ထဲမှာ ကြည်နူးအောင်နေ သတိတွေထားပြီး စိတ်တည်ငြိမ်အောင် အဲဒါလေးနဲ့ပွါး၊ ဒါလည်းပဲ သမာဓိကျင့်စဉ်ပဲ တစ်ခြားသွားရှာစရာမလိုဘူး။ အားလုံးသော သတ္တဝါတွေကို အာရုံပြုပြီးတော့ မေတ္တာပို့နေလို့ရှိရင် ဒါလည်း သမာဓိကျင့်စဉ်တစ်ခုပဲပေါ့၊

အဲဒီတော့ သမာဓိကျင့်စဉ်ကျင့်ဖို့ရာ အဝေးကြီးသွားစရာမလိုဘူး။ ကိုယ့်အိမ်မှာကိုယ်နေရင်းလည်း သမာဓိရတယ် ကြိုးစားပြီးတော့ ကျင့်၊ ဘုရားဂုဏ်တော်ပွါးပြီးတော့လည်း သမာဓိဖြစ်အောင်လုပ်လို့ရတယ်။ နောက်ဆုံးမှာ တခြားဟာမရဘူးဆိုလို့ရှိရင် ကိုယ့်ဟာကိုယ် ထိုင်နေရင်းကနေပြီးတော့ ထွက်လေဝင်လေလေးကို မှတ်

စာမျက်နှာ-၅၆
နေရင် ဒါ သမာဓိတွေ ရနေတာပဲပေါ့၊ ထွက်လေဝင်လေအပေါ် အာရုံပြုပြီးတော့ သမာဓိတွေ ဖြစ်နေတယ်။

ဒီသမာဓိတွေက ဘာအတွက်တုန်းလို့မေးရင် ယထာဘူတဉာဏဒဿန အတွက်၊ ယထာဘူတဆိုတာ တကယ့်အရှိကို အရှိအတိုင်း၊ ဉာဏဒဿန- သိတယ်မြင်တယ်၊ အရှိကိုအရှိအတိုင်း မြင်တယ်ဆိုတဲ့ အသိဉာဏ်ရဖို့အတွက် ဖြစ်တယ်ပေါ့။ ဒါက အတိုင်းအတာတစ်ခုပဲ။ အဲဒီတော့ မြတ်စွာဘုရားရဲ့ ဒီတရားတော်ဟာ တကယ့်လက်တွေ့ကျင့်သုံးရမယ့် တရားတော်မျိုး ဖြစ်တယ်ပေါ့။ ဒါကြောင့်မို့ သမာဓိကျင့်စဉ်ကို ကျင့်လို့ သမာဓိသာသနာ ကိုယ့်သန္တာန်မှာ တည်နေပြီဆိုရင် ပညာဆိုတာလာတယ်။

စာမျက်နှာ-၅၇
ပညာသာသနာ
အဲဒီပညာဆိုတာ တစ်ဦးနဲ့တစ်ဦး မတူဘူး၊ တစ်ချို့ကျတော့ တရားနာရင်း တရားထူးရနိုင်တဲ့ ပုဂ္ဂိုလ်လည်းရှိတယ်၊ တစ်ချို့ကျတော့ စာပေအဆင့်ဆင့် သင်ယူပြီးတဲ့နောက်ပိုင်းမှာ တရားထူးရတဲ့ ပုဂ္ဂိုလ်လည်းရှိတယ်၊ တစ်ချို့လည်း နှစ်ပေါင်းများစွာ ကျင့်ပြီးမှ အသိဉာဏ်ရင့်လာတဲ့ ပုဂ္ဂိုလ်လည်းရှိတယ်၊ တစ်ယောက်နဲ့တစ်ယောက် မတူဘူး၊ အဲဒီတော့ တူတာမတူတာ ထား၊ ကိုယ်လုပ်ရမယ့်အလုပ်ကို ကိုယ်လုပ်နေဖို့ လိုတယ်။ ကိုယ်သွားရမယ့်လမ်းကို ကိုယ်သွားမှ ရောက်မှာပဲ၊ မသွားပဲနေရင်တော့ မရောက်ဘူးပေါ့။ ခြေလှမ်းတစ်ရာ လှမ်းရမည့်နေရာ ရောက်ဖို့ တစ်လှမ်းလှမ်းပြီးရင် ၉၉-လှမ်းပဲ ကျန်တော့တယ်နော်၊ တစ်လှမ်းမှ မလုပ်ရသေးတဲ့ ပုဂ္ဂိုလ်ကတော့ အလှမ်း ၁ဝဝ-လုံး ကျန်နေမှာပဲ၊ အဲဒါကြောင့်မို့ ပုံမှန်လေး

စာမျက်နှာ-၅၈
အလုပ်လုပ်နေဖို့ အရေးကြီးတယ်၊ ရတာက သူ့တာဝန်၊ လုပ်ရမှာက ကိုယ့်တာဝန်လို့ တာဝန်ကို ခွဲဝေပြီးတော့ ရလိုတဲ့စိတ်တွေ နင်းကန်ပြင်းထန်လို့ မရဘူး၊ သူ့အချိန်တန်ရင် ရလာမှာပဲ။ ။

အဲဒီတော့ ပညာကို တိုးတက်လာအောင် လုပ်ချင်ရင် သီလနဲ့သမာဓိ ဒီ ၂ ခုကို ထူထောင်ရမယ်၊ ထူထောင်ပြီးတဲ့အခါ ဘာလုပ်ရမလဲ၊ ကိုယ့်သန္တာန်မှာရှိတဲ့ ရုပ်နာမ်ကို မြင်အောင် နှလုံးသွင်းဆင်ခြင်ဖို့ လိုအပ်တယ်၊ ဒါက အကြမ်းဖျင်းအားဖြင့် တရားအားထုတ်နေတဲ့အချိန်မှာ တရားအာရုံပြုနေတာ သိနေတာက နာမ်တရားပဲ၊ ဒီလို အာရုံကိုယူတတ်တဲ့ သဘောမရှိတဲ့တရားက ရုပ်တရား၊ ဆိုပါစို့- မျက်စိမှာ အဆင်းအာရုံ လာထင်တယ်၊ မျက်လုံးဖွင့်ကြည့်လို့ အဆင်းအာရုံမြင်တယ်ဆိုရာမှာ မျက်လုံးက ရုပ်တရား၊ အဆင်းအာရုံကလည်း ရုပ်တရား၊ သို့သော်

စာမျက်နှာ-၅၉
အဆင်းအာရုံနဲ့ မျက်လုံးဆုံသည့်အတွက်ကြောင့် ပေါ်လာတဲ့ အသိစိတ်ကလေးက နာမ်တရား၊ အခုလိုမြင်တဲ့အပေါ်မှာလည်း ရုပ်နဲ့နာမ် ကွဲအောင်ကြည့်။

ကြားတဲ့အရာမှာလည်း ရုပ်နဲ့နာမ်ကွဲအောင် ကြည့်၊ နားနဲ့အသံဆုံမိလို့ အသံသိလိုက်တယ် ကြားမှန်းသိလိုက်တယ် သိတာလေးက နာမ်တရား၊ နားနဲ့အသံက ရုပ်တရား၊ နမ်းတာရှူတာလည်း ဒီအတိုင်းပဲ၊ နှာခေါင်းနဲ့အနံ့၊ လျှာနဲ့အရသာ၊ ခန္ဓာကိုယ်နဲ့အထိအတွေ့၊ အသိစိတ်နဲ့အာရုံ၊ ကြည့်လိုက်တဲ့အခါမှာ အသိစိတ်နဲ့အာရုံမှာနော်။ အာရုံက ရုပ်တရားဖြစ်ချင်ဖြစ်မယ်၊ နာမ်တရားဖြစ်ချင်ဖြစ်မယ်၊ အသိစိတ်က နာမ်တရားလို့ ဒီလိုဆင်ခြင်သုံးသပ်ပြီး နေမယ်ဆိုရင် သမာဓိစွမ်းအားနဲ့ ရလာတဲ့ ယထာဘူတဉာဏဒဿန-ဆိုတဲ့ အမှန်မြင်တာ ပေါ်လာနိုင်ပြီး သေချာပေါက်ကို ရုပ်နဲ့နာမ်

စာမျက်နှာ-၆၀
ကွဲသွားမှာ။ နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ဒိဋ္ဌိဝိသုဒ္ဓိ

အဲဒီလို ရုပ်နဲ့နာမ်ကွဲပြီဆိုရင် ဒီဉာဏ်ကို နာမရူပပရိစ္ဆေဒဉာဏ်လို့ ခေါ်တယ်၊ ဒါကရုပ် ဒါကနာမ်လို့ ၂ ခုကွဲသွားတာ၊ ဘယ်လောက်ထိအောင်ကွဲရမလဲဆိုရင် “ငါ”ဆိုတဲ့အစွဲကြီး ပျောက်သွားသည်ထိအောင် ကွဲရမယ်နော်၊ “ငါ့ဟာ”ဆိုတဲ့အစွဲလည်း မရှိရဘူး၊ သတ္တဝါဆိုတဲ့အမြင်လည်း မရှိတော့ဘူး၊ လောကလူတွေဟာ “ငါ”ဆိုတဲ့အစွဲလမ်းကြောင့် ကြောက်စရာတွေ ကြောက်တယ်၊ လန့်စရာတွေ လန့်တယ်၊ လိုချင်စရာတွေဖြစ်တယ်၊ ငါဆိုတာမရှိဘူးဆိုရင် ငါ့ဟာဆိုတာလည်း မရှိတော့ဘူး၊ ရုပ်နဲ့နာမ် သဘာဝအတိုင်း ဖြစ်တယ်လို့ဆိုတာကို မြင်အောင် သတ္တဝါဆိုတဲ့ အသွင်သဏ္ဌာန်အနေနဲ့ အထင်မှား

စာမျက်နှာ-၆၁
အမြင်မှားမှု ပျောက်သွားအောင် လုပ်လို့ရှိရင် ဒီဉာဏ်ဟာ နာမရူပပရိစ္ဆေဒဉာဏ်ပဲ၊ အမြင်မှန်သည့်အတွက် အမြင်စင်ကြယ်သွားလို့ ဒိဋ္ဌိဝိသုဒ္ဓိလို့ခေါ်တယ်၊ ဒါက ပထမဆုံးရတဲ့ ဉာဏ်လေးတစ်ခုပဲ။

ဝိပဿနာအလုပ်မှာ အဲဒီဉာဏ်က စတာ၊ ဒီဉာဏ်ကိုမှ မရသေးဘဲနဲ့ ရှေ့ကျော်တက်လို့မရဘူး။ ပထမခြေလှမ်း မလှမ်းဘဲနဲ့ ဒုတိယခြေလှမ်း ကျော်လှမ်းရင်တော့ မှောက်ရက်လဲမှာပဲ၊ အဲဒီလိုပဲ အခု ရုပ်နဲ့နာမ် ပထမကွဲခြင်းသည် နာမရူပပရိစ္ဆေဒဉာဏ်။

ပစ္စယပရိဂ္ဂဟဉာဏ်နှင့် ကင်္ခါဝိတရဏဝိသုဒ္ဓိ

အဲဒီ ရုပ်နာမ်တွေရဲ့သဘောကို ဆင်ခြင်စဉ်းစားရင်းကနေ ထိုရုပ်နာမ်တွေရဲ့ အကြောင်း

စာမျက်နှာ-၆၂
အကြောင်းတရားကို တွဲဖက်ပြီးတော့ သိလာတယ်၊ ဘာကြောင့်ဖြစ်တယ်ဆိုတာ သိလာတယ်၊ အဲဒီလို သိလာပြီဆိုလို့ရှိရင် ပစ္စယပရိဂ္ဂဟဉာဏ်လို့ခေါ်တယ်၊ အကြောင်းတရားကို သိလာတယ်။ ဘာ့ကြောင့် ရုပ်နဲ့နာမ်ဖြစ်တယ်ဆိုတာ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် မျက်စိနဲ့ အဆင်းအာရုံ ဆုံသည့်အတွက်ကြောင့် မြင်သိစိတ်လေးပေါ်လာတယ်၊ ဒါလည်း အကြောင်းနဲ့အကျိုးသိတာပဲ၊ နားနဲ့အသံ ဆုံမိလို့ ကြားသိစိတ်ဖြစ်တာပါလား၊ နှာခေါင်းနဲ့အနံ့ဆုံမိလို့ နံသိစိတ်ဖြစ်တာပါလားလို့ ဒီလိုမြင်လာတယ်၊ အဲဒီလို မြင်လာပြီဆိုလို့ရှိရင် ဒါဟာ အကြောင်းတရားကို မြင်တယ်လို့ပြောတာ။

အကြောင်းတရားကို မြင်တာနဲ့တပြိုင်နက် ကင်္ခါဝိတရဏဝိသုဒ္ဓိ-တဲ့၊ အကြောင်းတရားနဲ့ ပတ်သက်ပြီးတော့ “အရင်တုန်းကဖြစ်ခဲ့သလား၊ နောင်ဖြစ်ဦးမှာလား” အတွေးတွေတွေးတောပြီး

စာမျက်နှာ-၆၃
သံသယဖြစ်နေတာတွေ မရှိတော့ဘူးတဲ့၊ အဲဒီသံသယဖြစ်နေတာတွေကို ကျော်လွှားသွားနိုင်ပြီလို့ ဒီလိုဆိုလိုတာနော်၊ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်ရာဆိုင်ရာအကြောင်းနဲ့ တွဲဖက်ပြီး မြင်သည့်အတွက်ကြောင့် သံသယဆိုတာ မရှိတော့ဘူး။ ကင်္ခါဝိတရဏဝိသုဒ္ဓိ၊ ပစ္စယပရိဂ္ဂဟဉာဏ်နဲ့ ကင်္ခါဝိတရဏဝိသုဒ္ဓိ ဒီနှစ်ခုဟာ သမာဓိကနေ တဆင့်တက်လာတဲ့ဉာဏ်ပဲ။ ။

ဒီသမာဓိတွေရလာပြီ ဒီဉာဏ်တွေရလာပြီဆိုရင် ကိုယ့်သန္တာန်မှာ သာသနာဟာ အရင်ကထက် တိုးတက်လာတယ်လို့ ဒီလိုမျိုးပြောတာနော်၊ သီလသာသနာကနေ သမာဓိသာသနာအထိ ရောက်လာပြီ၊ သမာဓိသာသနာကနေ ပညာသာသနာအထိ ရောက်လာပြီလို့ သာသနာ ကိုယ့်သန္တာန်မှာ တည်လာတယ်၊ နို့မို့ဆို မတည်သေးဘူး၊ ဘုရားကျောင်းကန်သွားရုံနဲ့ ဒီသာသနာ

စာမျက်နှာ-၆၄
မျိုး ရမှာမဟုတ်ဘူး၊ ကိုယ့်သန္တာန်မှာ ဒီအရာတွေရသွားအောင် ကြိုးစားအားထုတ်တာ၊ ဒါမှ သာသနာတည်တယ်လို့ ပြောတာ။

အဲဒီတော့ သာသနာတည်တာနဲ့ မတည်တာ မသိဘဲနဲ့ ရမ်းလုပ်နေရင်တော့ သာသနာတည်မှုဆိုတဲ့ အနှစ်သာရကို ရမှာမဟုတ်ဘူး၊ အကာနဲ့တင် လမ်းဆုံးပြီး ဒီဘဝ ဇာတ်သိမ်းသွားမှာပဲ၊ အဲဒီတော့ ဘုရားသာသနာနဲ့ ကြုံရဲ့သားနဲ့ “အကာတောဝယ် ဗျာမာကြွယ်” ဆိုတဲ့အတိုင်း လူတွေဟာ အကာတောမှာပဲ လမ်းဆုံးသွားကြတယ်၊ အနှစ်သာရကို ရှာမတွေ့လိုက်ကြဘူး၊ တစ်ဘဝ ဇာတ်သိမ်းသွားပြန်ရောနော်၊ နောက်တစ်ခါ တစ်ဘဝ ဇာတ်ကကြပြန်ရော၊ ဒီအတိုင်းပဲ ဇာတ်သိမ်းကြပြန်ရော၊ အနှစ်သာရပိုင်းဆိုတာ ဝေလာဝေး ဖြစ်နေသေးတယ်၊ ဒါကြောင့်မို့ အခုလို သိတဲ့အချိန်မှာ ကြိုးစားအားထုတ်ကြရမှာ ဖြစ်တယ်

စာမျက်နှာ-၆၅
လို့ ပြောတာ။

သမ္မသနဉာဏ်

အဲဒီကနေ တဆင့်တက်တဲ့အခါကျတော့ ဘာဖြစ်လာတုန်း အခုသိထားတဲ့ ရုပ်နဲ့နာမ်၊ ဥပမာမယ်- မျက်စိ၊ အဆင်းအာရုံ ဒီနှစ်ခုလုံးဟာ ရုပ်တရား၊ ဒီရုပ်တရားနှစ်ခုလုံးဟာ ဖြစ်သွားပြီး ပျက်သွားတာ ထာဝရတည်မြဲနေတဲ့ အရာတွေမဟုတ်ဘူး၊ ဧရာဝတီမြစ်ရေကြီး ကြည့်လိုက်၊ အမြဲစီးနေတာ၊ မနေ့ကလည်း ဒီရေ ဒီနေ့လည်း ဒီရေ ဒီလိုမဟုတ်ဘူး၊ မနေ့ကရေတွေ မရှိတော့ဘူး၊ ဒီနေ့ကရေတစ်ခု၊ ကိုယ့်သန္တာန်မှာ အခုလည်း ပြန်ကြည့်၊ မနေ့ကလည်း ဒီရုပ် ဒီနေ့လည်း ဒီရုပ် ဒီလိုမဟုတ်ဘူး မြစ်ရေစီးသလို စီးသွားပြီ၊ ဒို့ခန္ဓာကိုယ်မှာ ဒီရုပ်တွေဟာ မရှိတော့ဘူး၊ ကော်ပီတွေပဲ ကျန်ရစ်တယ် ဒါတွေက နောက်ထပ်ဟာတွေပဲ

စာမျက်နှာ-၆၆
မနေ့ကရုပ် မဟုတ်တော့ဘူးလို့ ဒီလိုမြင်လာအောင် ကြည့်ဖို့လိုတယ်ပေါ့၊ အဲဒီလို မမြဲတဲ့သဘောတွေကို ရှုမှတ်လာနိုင်ပြီး သုံးသပ်ဆင်ခြင်လာနိုင်ပြီး သော်-မနှစ်တုန်းကရုပ်နဲ့ ဒီနှစ်ရုပ်နဲ့ မတူတော့ဘူး၊ သူများရုပ်ကိုကြည့်၊ သော်-ငယ်ငယ်တုန်းက ငါလိုပဲ အိုမင်းမစွမ်းဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေကိုကြည့် ငယ်ငယ်တုန်းကတော့ ငါလိုပဲ နုနုပျိုပျို အခုတော့ အိုမင်းမစွမ်း ဖြစ်သွားပြီလို့ အဲဒီလို ကိုယ့်ကိုယ်ကို စဉ်းစားကြည့်ခြင်းအားဖြင့် ရုပ်နာမ်တရားတွေရဲ့ မမြဲတဲ့သဘောတွေကို ဆင်ခြင်သုံးသပ်လာမိတယ်။ အဲဒါကို သမ္မသနဉာဏ်လို့ခေါ်တယ်။

ဝိပဿနာဉာဏ် အဆင့်ဆင့်

အဲဒီကနေပြီးတော့ ပစ္စုပ္ပန်ဆတ်ဆတ်ကို မမြဲတဲ့အနေအထားတွေကို ပစ္စုပ္ပန်အခိုက်လေးမှာပဲ မြင်လာနိုင်ပြီဆိုရင် ဥဒယဗ္ဗယဉာဏ်လို့ဆိုတာ

စာမျက်နှာ-၆၇
တက်လာတယ်၊ ဖြစ်ပျက်မှုကို သိလာတယ်၊ အဲဒီတော့ ပစ္စုပ္ပန်ဆတ်ဆတ်ဆိုတာ အဲဒီကျမှ ပစ္စုပ္ပန်ဆတ်ဆတ်ဖြစ်တာနော်၊ ကျော်ပြီးတော့ ပစ္စုပ္ပန်ဆတ်နေလို့မရဘူး၊ အဲဒီမှာ ဥဒယဗ္ဗယဉာဏ်ရပြီးတဲ့အခါ ဒီဖြစ်မှုတွေကို ကျော်လွှားပြီးတော့ ပျက်မှုကိုပဲ အာရုံထားတဲ့ အနေအထားမျိုး ဉာဏ်က ရင့်သန်လာလို့ရှိရင် ဘင်္ဂဉာဏ်လို့ခေါ်တာ။ အဲဒါ အနိစ္စလက္ခဏာ ဆုံးသွားတာပဲ၊ ဘင်္ဂဉာဏ်ရောက်ရင် ဘင်္ဂါနာမ အနိစ္စတာယ ပရမာကောဋိ-ဒီအပျက်ကို မြင်တာဟာ အနိစ္စလက္ခဏာ လမ်းဆုံးတာပဲလို့ ဒီလိုပြောလို့ရတယ်။

အဲဒီနောက်ပိုင်းရောက်တဲ့အခါကျတော့ ပျက်မှုတွေကို မြင်လာတဲ့အခါ လူတွေရဲ့ မြင်တဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ ဉာဏ်တွေ ဉာဏ်တွေ ဘယ်လိုတိုးတိုးလာလဲဆိုရင် သော်-ကြောက်စရာကြီးပါလားလို့လည်း တွေးမိလာတယ်၊ သိလာတယ်

စာမျက်နှာ-၆၈
ဘယဉာဏ်၊ သော်-ကြောက်စရာကြီး အန္တရာယ်များလာတယ်လို့ သိလာတယ် အာဒီနဝဉာဏ်၊ စိတ်ပျက်စရာကြီးလို့ မြင်လာတယ် နိဗ္ဗိဒါဉာဏ်၊ ဒါတွေတော့ လွှတ်လိုက်မှပဲနော် (သို့မဟုတ်) လွတ်ချင်တယ် ဒါတွေက လွတ်သွားချင်တယ် ရုပ်နာမ်ခန္ဓာတွေ ဒါတွေက လွှတ်လိုက်မှ ဖြစ်တော့မယ် တဏှာနဲ့ ဆုပ်ကိုင်မထားတော့ဘူး မုဉ္စိတုကမျတာဉာဏ်၊ လွတ်ချင်လို့ ပြန်ပြီး လွတ်ရာလွတ်ကြောင်းရှာတာ ပဋိသင်္ခါဉာဏ်။

ရုပ်နာမ်ဓမ္မ သင်္ခါရတွေပေါ်မှာ တွယ်တာမှုလည်း မရှိတော့ဘူး မုန်းတီးမှုလည်း မရှိတော့ဘူး တည်ငြိမ်တဲ့ အနေအထားနဲ့ ပညာဉာဏ်ဟာ ငြိမ်သက်ပြီးတော့ ဆင်ခြင်နိုင်တဲ့ အနေအထားမျိုး ရောက်သွားရင် သင်္ခါရုပေက္ခာဉာဏ်လို့ အဲဒီဝိပဿနာဉာဏ်အဆင့်ဆင့် တက်သွားတာဟာ ဒါ ကိုယ့်သန္တာန်မှာ ပညာသာသနာတည်တယ်လို့

စာမျက်နှာ-၆၉
ဒီလိုခေါ်တာနော်။ အဲဒီတော့ သာသနာဆိုတာ ဒီလိုတည်အောင် ကြိုးစားရတယ်။

ဝိပဿနာဉာဏ် အစိတ်အပိုင်းများ

အဲဒီလို တည်သွားပြီဆိုတဲ့အခါမှာ ဒီဝိပဿနာဉာဏ်ဆိုတာ ဘာတွေနဲ့ ဖွဲ့စည်းထားတုန်းဆိုတော့ မဂ္ဂင်ရှစ်ပါးနဲ့ ဖွဲ့စည်းထားတာ၊ မဂ္ဂင်ရှစ်ပါးဆိုတာ အားလုံးသိတဲ့အတိုင်း အမှန်မြင်ခြင်း သမ္မာဒိဋ္ဌိ၊ အမှန်တွေးနိုင်ခြင်း သမ္မာသင်္ကပ္ပ၊ ဟော- ဒါနဲ့တွဲထားပြီးတော့ အမှန်တွေးဖို့ အမှန်မြင်ဖို့အတွက် ဘာတွေလိုအပ်တုန်းဆိုတော့ အမှန်ပြောမှု သမ္မာဝါစာ၊ အမှန်ပြောပြီးရင် အမှန်လုပ်မှုဆိုတဲ့ သမ္မာကမ္မန္တ၊ ပြီးရင် အမှန်အသက်မွေးမှုဆိုတဲ့ သမ္မာအာဇီဝ လိုအပ်တယ်၊ အဲဒီလို လိုအပ်တဲ့အခါမှာ ကြိုးစားဖို့လည်းလိုတယ်

စာမျက်နှာ-၇၀
သမ္မာဝါယာမ၊ ကြိုးစားတဲ့အခါမှာ သတိထားဖို့လည်းလိုတယ် သမ္မာသတိ၊ စိတ်တည်ငြိမ်ဖို့လိုအပ်တယ် သမ္မာသမာဓိ ဆိုတော့ ဟောဒီမဂ္ဂင်ရှစ်ပါးနဲ့ ဖွဲ့စည်းထားတာ။

ဝိပဿနာမဂ်နှင့် လောကုတ္တရာမဂ်

အဲဒီမဂ္ဂင်ရှစ်ပါးဟာ ဝိပဿနာဉာဏ်အခိုက်မှာတော့ တစ်စထောင် တစ်စလွန် ဒီလိုဖြစ်နိုင်သေးတယ်၊ အဲဒီမဂ္ဂင်ရှစ်ပါးအားလုံးဟာ တစ်ခုတည်းလိုဖြစ်သွားပြီဆိုရင် စွမ်းအားတွေပြည့်သွားပြီ၊ စွမ်းအားတွေပြည့်သွားလို့ရှိရင် ကိလေသာအစိုင်အခဲကို ဖောက်ခွဲနိုင်တဲ့ မဂ်ဆိုတဲ့ဟာဖြစ်သွားပြီ၊ မဂ်ဆိုတာ တခြားကိုခေါ်တာမဟုတ်ဘူး၊ ဒီမဂ္ဂင်ရှစ်ပါးအပေါင်းကို ခေါ်တာနော်၊ လူတွေ ကုသိုလ်

စာမျက်နှာ-၇၁
ကောင်းမှုလုပ်တိုင်း ဆုတောင်းကြတယ် “နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏”တဲ့၊ တစ်ချို့က ရက်တိုတိုတောင် ထည့်လိုက်သေးတယ် ရှည်နေမှာကြောက်လို့၊ အဲဒီတော့ တကယ်နိဗ္ဗာန်ကို မျက်မှောက်ပြုချင်တယ်ဆိုရင် ဒီတရားတွေ ကိုယ့်သန္တာန်မှာဖြစ်အောင်ကြိုးစား၊ ဒီတရားတွေကမှ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ရတာ၊ ဒီအတိုင်း သွားပြီးတော့ မျက်မှောက်ပြုလို့မရဘူး။

အဲဒါကြောင့်မို့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ ဒီအရည်အချင်းတွေ ပေါင်းစပ်ပြီးတော့ စွမ်းအားတွေ ထက်လာပြီဆိုရင် ဒါကို လောကုတ္တရာမဂ်လို့ခေါ်တယ်၊ ဝိပဿနာဉာဏ်ရဲ့ အကျိုးဆက်ဟာ လောကုတ္တရာမဂ်ပဲ အဲဒီမဂ်ဆိုတာ ဒီမဂ္ဂင်ရှစ်ပါးပဲ။ ဝိပဿနာဉာဏ်တုန်းကလည်း ဒီမဂ္ဂင်ရှစ်ပါးပဲ။ မဂ်စိတ်ပေါ်လာတဲ့အခါမှာလည်းပဲ ဒီမဂ္ဂင်ရှစ်ပါးပဲပေါ့၊ ဒီမဂ္ဂင်ရှစ်ပါးဟာ တစ်ကြောင်းတည်း နိဗ္ဗာန်ကို

စာမျက်နှာ-၇၂
အာရုံပြုနိုင်သွားပြီ ဆိုလို့ရှိရင် ကိလေသာအစိုင်အခဲတွေကို ဖောက်ခွဲနိုင်တယ်။

မဂ္ဂအဓိပ္ပါယ်

ဒါကြောင့်မို့ သူ့ကို ဘာကြောင့် “မဂ္ဂ”လို့ခေါ်တာတုန်းဆိုတာ အဋ္ဌကထာတွေမှာ အဆင့်သုံးဆင့်နဲ့ ဖွင့်ပြထားတာ အလွန်အဓိပ္ပါယ်ရှိတယ်ပေါ့၊ ကိုယ်က အဓိပ္ပါယ်ဖော်ကြည့်၊ သူက အဆင့်သုံးဆင့်နဲ့ ဘယ်လိုဖွင့်တာတုန်းဆိုတော့ နိဗ္ဗာနတ္ထိကေဟိ မဂ္ဂီယတီတိ မဂ္ဂေါ-တဲ့။ နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေ ရအောင်ရှာရမယ့်တရား လို့ ဒီလိုပြောတာ၊ နိဗ္ဗာန်လိုချင်ပြီလား၊ လိုချင်ရင် ဒီမဂ္ဂင်ရှစ်ပါးကို ရအောင်ရှာ၊ မဂ္ဂင်ရှစ်ပါးရှာတယ်ဆိုတာ သီလ၊ သမာဓိ၊ ပညာ ကိုယ့်သန္တာန်မှာဖြစ်အောင်လုပ်တာကို ဆိုလိုတာ။

အဲဒီတော့ ဒီတရားတွေဟာ ရှာရမယ်

စာမျက်နှာ-၇၃
တရားဆိုတော့ အေး-ကောင်းပါပြီ သူ့ကိုရှာလိုက်ပြီ နိဗ္ဗာန်ကို ဘယ်သူကရှာပေးမှာတုန်းဆိုတော့ နိဗ္ဗာနံ မဂ္ဂတိ ဂဝေသတီတိ မဂ္ဂေါ-တဲ့၊ ဒုတိယဝိဂြိုဟ်ကျတော့ နိဗ္ဗာန်ကို သူကရှာမှာပဲ ကိုယ်က လိုက်ရှာစရာမလိုဘူးနော်၊ ရှာပေးမှာက ဘယ်သူလဲဆိုရင် ဟောဒီမဂ္ဂင်ရှစ်ပါးပဲ၊ နိဗ္ဗာန်ကိုရှာပေးမယ့် နိဗ္ဗာန်ကို ပို့ပေးမယ့်တရားကတော့ ဒီမဂ္ဂင်ရှစ်ပါးပဲ၊ မဂ္ဂင်ရှစ်ပါးမပါဘဲနဲ့ နိဗ္ဗာန်ကိုမရောက်ဘူးနော်၊ မော်တော်နဲ့သွားလို့လည်း မရောက်ဘူး၊ လေယာဉ်နဲ့သွားလို့လည်း မရောက်ဘူး၊ မဂ္ဂင်ရှစ်ပါးနဲ့ ကျင့်လို့ရှိရင် နိဗ္ဗာန်ရောက်သွားမှာပဲနော်၊ ဆုတောင်းနေလို့လည်း ရောက်မှာမဟုတ်ဘူး။

ကောင်းပြီ၊ ဒါဖြင့် အဲဒီနိဗ္ဗာန်ကို ပို့ပေးတဲ့အခါမှာ သူဘယ်ပုံပို့ပေးတာတုန်းဆိုတော့ မဂ္ဂင်ရှစ်ပါးက နိဗ္ဗာန်ကို ဘယ်လိုပို့တုန်းဆိုတော့ ကိလေသေ မာရေန္တာ နိဗ္ဗာနံ ဂစ္ဆတီတိ

စာမျက်နှာ-၇၄
မဂ္ဂေါ-တဲ့၊ သူက လုပ်ငန်းနှစ်ခုကိုလုပ်တယ်၊ တစ်ဖက်က ကိလေသာတွေကို ဖယ်ရှားပစ်လိုက်တယ်၊ နိဗ္ဗာန်ထဲကို ပြေးဝင်သွားတယ်၊ ဟောဒီနှစ်ခုနဲ့ပဲ၊ သူကိုယ်တိုင်က ကိလေသာတွေကို ဖယ်ထုတ်လိုက်ပြီး ကန်ထုတ်လိုက်ပြီး နိဗ္ဗာန်ဘက်ကို ကူးသွားတယ်၊ ဒါဘယ်သူကလုပ်တာတုန်း မဂ္ဂင်ရှစ်ပါးပဲလုပ်တာ၊ အဲဒါကိုပြောတာ၊ အစဉ်အတိုင်းကျင့်သွားလို့ရှိရင် နောက်ဆုံးဟာ ဒီလမ်းကိုရောက်သွားတယ်၊ အဲဒီလမ်းရောက်သွားမှ သာသနာဟာ ပြည့်ပြည့်စုံစုံ မိမိသန္တာန်မှာတည်တယ်လို့ ဒီလိုဆိုတာနော်၊ ကျန်တဲ့အနေအထားအရ သာသနာဟာ မပြည့်မစုံပဲ မိမိသန္တာန်မှာ တည်နေသေးတယ်။ ။

အဲဒါကြောင့်မို့ တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်းတို့ “ဇာတိမြေမှ သာသနာ”လို့ဆိုတဲ့အတိုင်းမှာ အတိုင်းအတာတစ်ခုအထိ

စာမျက်နှာ-၇၅
သာသနာဆိုတာ ဒီအထိရောက်အောင် ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်၊ အဲဒီလို ကြိုးစားအားထုတ်နိုင်မှ မိမိသန္တာန်မှာ သာသနာဟာ အပြည့်အဝတည်မှာဖြစ်တယ်။ ဒီလို သာသနာစဉ်ဆက်မပြတ် တည်ဖို့ရာအတွက် သာသနာကို တည်အောင်ပြုမယ့်ပုဂ္ဂိုလ်တွေ ပေါများလာအောင်လည်း မိမိတို့က အားပေးတိုက်တွန်းကြရမှာဖြစ်တယ်ပေါ့။

အေး- ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်းတို့ “ဇာတိမြေမှ သာသနာ”ကို ရှင်းလင်းဟောပြောလို့ ကြားနာကြရသဖြင့် သာသနာအစစ်အမှန် ဒို့သန္တာန်မှာ ဘယ်လိုတည်အောင် ကြိုးစားအားထုတ်ကြရမလဲဆိုတာ နားလည်ပြီး သာသနာတည်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။ ။

သာဓု...သာဓု...သာဓု။
cp39d5e5eo6i6z1wqu210bhtx6kaklq
တရားပလ္လင်ထက်က စကားအလင်္ကာများ
0
6365
22100
2026-06-15T03:03:27Z
Tejinda
173
"{{header | title = တရားပလ္လင်ထက်က စကားအလင်္ကာများ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous =..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22100
wikitext
text/x-wiki
{{header
| title = တရားပလ္လင်ထက်က စကားအလင်္ကာများ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဇာတိမြေမှ သာသနာ]]
| previous2 =
| next = [[တရားသိလျက် အကျင့်ခက်]]
| next2 =
| year =
| notes =
| edition =
| categories = မြန်မာ တရားတော်များ
| shortcut =
| portal =

စာမျက်နှာ-၁

တရားပလ္လင်ထက်က စကားအလင်္ကာများ
စီစဉ်သူ၏ နိဒါန်းစကား

မဟာသုဗောဓာရုံကျောင်းတိုက်များ၏ သာသနဝံသ ဂဏာဓိပတိ ပဓာနနာယက၊ ကျေးဇူးတော်ရှင် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး လျှောက်လှမ်းခဲ့သည့် ဘဝစာမျက်နှာများကို ဖတ်ရှုကြည်ညိုခဲ့ရာ ယခုနှစ် ၁၃၇၆-ခု တပေါင်းလပြည့်နေ့တွင် ဆရာတော်ကြီး၏ ဘဝစာမျက်နှာသစ် ၇၅ ကို ဖွင့်လှစ်ကြည်ညိုကြရပေတော့မည်။ ။

ဆရာတော်ကြီး၏ ဘဝစာမျက်နှာ တစ်စိတ်တစ်ဒေသကို ဖတ်ရှုကြည်ညိုရလျှင် ငယ်ရွယ်စဉ်ကစ၍ တစ်အူတုံဆင်း နောင်တော်ရင်း (၅)ပါးနှင့်အတူ လက်တွဲကာ ၁၃၂၀-ခုနှစ် နယုန်လပြည့် မဟာသမယအခါတော်နေ့တွင် “ခြောက်ပါးညီနောင် ကျောင်းတည်ထောင် ငါးထောင်သာသနာ တည်စေသော်”ဟူသည့် အဓိဌာန်ချက်ဖြင့် စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်ကြီးကို တည်ထောင်ဖွင့်လှစ်ကာ သာသနာပြုခဲ့သည်။ ယင်းပင်မကျောင်းတိုက်မှ တပည့်ကြီးများကို မွေးထုတ်၍ မုံရွာမြို့ သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက်၊ သန်လျင်မြို့ ဓမ္မဝိဇ္ဇာလယသုဗောဓာရုံကျောင်းတိုက်ဟူသည့် သုဗောဓာရုံတိုက်ခွဲ အမှတ်-၁/၂ အဖြစ် စာသင်တိုက်များကို တည်ထောင်ဖွင့်လှစ်၍ ပရိယတ္တိသာသနာကို ပြန့်ပွါးစေခဲ့သည်။ တိုက်ခွဲအမှတ်-၃ ဖြစ်သည့် ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာ။

စာမျက်နှာ-၂
ဓမ္မသဟာယသာသနစင်တာ သာသနာပြုဌာနကို ပြည်တွင်းပြည်ပမှ ဓမ္မကို လေ့လာလိုက်စားလိုလားသူများအတွက် INSTITUTE OF DHAMMA EDUCATION (I-D-E) ဓမ္မသင်တန်းကျောင်း ဖွင့်လှစ်ကာ သာသနာပြုလျက်ရှိသည်။

စာပေကိုမြတ်နိုး၍ ရှေးဟောင်းပေစာပုရပိုက်များကိုလည်း ရှာဖွေစုစည်းထိန်းသိမ်းတတ်သည်မှာ ဆရာတော်ကြီး၏ အရင်းခံဝါသနာတစ်ရပ် ဖြစ်လေသည်။ သို့အတွက်ကြောင့် အဟောအပြောတွင်သာမက အရေးအသားလည်း ထက်မြက်လှသည်။ ငယ်စဉ်ကလောင်သွေးစအရွယ်မှစ၍ ရတုကဗျာ၊ ဩဘာစာ၊ ဆောင်းပါး၊ အဋ္ဌုပ္ပတ္တိ၊ ဂါထာဗန္ဓများစွာကို ရေးသားထုတ်ဝေခဲ့သည်။ ယင်းငယ်လက်ရာ စာပေအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပူဇော်လိုသည့် မတ္တရာမြို့ သာသနဇောတာရုံဆရာတော်အမှူးပြုသည့် တပည့်ကြီးများက စိန်ရတုမွေးနေ့ပွဲတွင် ထုတ်ဝေနိုင်ရန် စည်းဝေးဆုံးဖြတ်ကြပြီး၊ တပည့်ကြီးဖြစ်သည့် ဒွါဒသမတိပိဋကဓရဆရာတော်မှ တာဝန်ယူ၍ ရနိုင်သမျှ ရှာဖွေစုဆောင်းကာ “ဓမ္မဂီတိကာ” “ဓမ္မစာပေအထွေထွေ”ဟူသည့်အမည်ဖြင့် စီစဉ်ပူဇော်ခဲ့သည်။

ပရိယတ္တိစာပေကို သင်ကြားပို့ချနေရင်းမှ ပြည်တွင်းပြည်ပ သာသနာပြုလုပ်ငန်း သာသနာရေးတာဝန်အသီးသီးကို ဆောင်ရွက်ခဲ့ရာ ခေတ်ကာလ၏ တောင်းဆိုမှုအရ လူသားများအတွက် လိုအပ်လျက်ရှိသည့် ဓမ္မအသိဉာဏ်များကို လမ်းကြောင်းဖွင့်ရင်း မြတ်ဗုဒ္ဓဟောကြားခဲ့သည့် ဒေသနာတော်များကို အများသူငါ နားလည်လွယ်အောင် ရိုးရှင်း၍ ပီပြင်အေးချမ်းသည့် ဓမ္မအသံဖြင့် ဓမ္မရေစင်များကို ပက်ဖြန်းကာ ဟောကြားဖြန့်ဝေလျက် သာသနာကို ပြန့်ပွါးစေခဲ့သည်။

စာမျက်နှာ-၃
ဆရာတော်သည် ဟောကြားသည့်တရားတိုင်းတွင် ဓမ္မအမြင် လောကအမြင်များကို ခေတ်အသွင်ဖြင့် လိုက်လျောညီထွေစွာ ထည့်သွင်းဟောပြောတတ်သည်ဖြစ်ရာ ကြားနာရသူအဖို့ မှတ်သားနားလည်လွယ်နိုင်သည်။ ဟောကြားခဲ့သည့် ဓမ္မစွမ်းရည်ကြောင့် ဘဝလမ်းကြောင်း ပြောင်းလဲသွားသူ၊ အတွေးအခေါ်ဖြောင့်မှန်သွားသူ အများစုမှာ ဓမ္မအပေါ် ကိုယ်တွေ့ဖြစ်ရပ်ခံစားချက်များနှင့် တရားတော်၏ကျေးဇူး၊ ရှင်းလင်းဟောပြောသည့် ဆရာတော်၏ကျေးဇူးကို ထပ်ခါတလဲလဲ လာရောက်လျှောက်တင်နေကြသည်ကို မကြာခဏ မြင်တွေ့ခဲ့ရသည်။

ယခုစာရှုသူလက်ဝယ် ရောက်ရှိနေသည့် ဓမ္မဒဿနစကားစုများသည် ဆရာတော်ကြီး၏ များစွာသော ဟောတရားမှတဆင့် စာမူအဆင့်ရောက်ရှိကာ ထွက်ရှိပြီးစာအုပ်များမှ စိန်ရတုပူဇာဖြစ်စေဖို့ ၇၅-ပုဒ်စာ စကားအလင်္ကာများကို ရွေးချယ်စုစည်း၍ ကျေးဇူးတော်ရှင် ဆရာတော်ကြီး၏ ဘဝစာမျက်နှာ ၇၅-သို့ရောက်ရှိသည့် စိန်ရတုမွေးနေ့ပွဲတွင် တပည့်ဖြစ်သူ ဤအရှင်မှ ပူဇော်ထားခြင်း ဖြစ်သည်။ တရားပလ္လင်မှ ပျံ့ဝဲလာသည့် အလင်္ကာမြောက် ဓမ္မစကားများ လူသားအားလုံး၏ ရင်တွင်းနှလုံးသားသို့ စိမ့်ဝင်ရောက်ရှိခဲ့ပါလျှင် လူးလာခေါက်ပြန် စုံဆန်နေရသည့် ဘဝသံသရာခရီးတစ်ထောက်ဝယ် အားထားရာတစ်ခု ဖြစ်နေမည်မှာ မလွဲဧကန်ပင် ဖြစ်ပေသည်။

စာမျက်နှာ-၄
ဓမ္မကိုမြတ်နိုး၍ ဓမ္မကိုလိုလားကြသည့် သူတော်စင်အများ ဆရာတော်ဘုရားဟောကြားခဲ့သည့် “တရားပလ္လင်ထက်က စကားအလင်္ကာများ”ကို ဖတ်ရှုလိုက်နာပြီး ဓမ္မအသိဖြင့် အကျိုးရှိရှိနေထိုင်ကာ ငြိမ်းချမ်းသောနှလုံးလှပိုင်ရှင်များ ဖြစ်နိုင်ကြပါစေဟူ၍...။

ဝီရိယာနန္ဒ (တပည့်)
ဓမ္မသဟာယသာသနစင်တာ
အောင်ချမ်းသာရွာ၊ ပြင်ဦးလွင်မြို့။
၁၈-၂-၂၀၁၅

စာမျက်နှာ-၅

၁။ မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ
စီးပွါးရေးနဲ့ပတ်သက်ပြီး ကြီးပွါးတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေ၊ ကြီးပွါးတိုးတက်နေတဲ့နိုင်ငံတွေ၊ ကြီးပွါးတိုးတက်နေတဲ့ကုမ္ပဏီကြီးတွေဟာ မြတ်ဗုဒ္ဓဟောထားတဲ့တရားကို မသိသော်လည်း မြတ်ဗုဒ္ဓဟောထားတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံတယ်လို့ ပြောနိုင်ပါတယ်။ သူတို့မှာ ဥဋ္ဌာနသမ္ပဒါ ရှိတယ်။

၁။ လုပ်ငန်းကျွမ်းကျင်တယ်။
၂။ နည်းပညာကောင်း ရှိတယ်။
၃။ ကြိုးစားအားထုတ်တယ်။

ဟောဒီအချက်အလက်တွေဟာ ငြင်းလို့မရတဲ့အချက်အလက်တွေပဲ။ ။

နောက်ပြီး သူတို့မှာ အာရက္ခသမ္ပဒါ ရှိတယ်၊ အလေအလွင့်မရှိအောင် ထိန်းသိမ်းတယ်။

ကလျာဏမိတ္တတာခေါ်တဲ့ မိတ်ကောင်းဆွေကောင်း ရှိတယ်၊ စီးပွါးရေးအကြံပေးမယ့်ပုဂ္ဂိုလ်တွေ၊ အကျင့်ကောင်းတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ။

သမဇီဝိတာလို့ခေါ်တဲ့ ဝင်ငွေထွက်ငွေ မျှတအောင် သုံးတယ်၊ ဒီအချက်အလက်တွေနဲ့ ပြည့်စုံလို့ ကြီးပွါးတိုးတက်တာပါ။

စာမျက်နှာ-၆

၂။ ဓမ္မကြေးမုံ
နည်းနည်းလေး စဉ်းစားကြည့်ပါ။ တရားချစ်ခင်သူတော်စင်တွေ ဘုရားကိုကိုးကွယ်လို့ရှိရင် လာဘ်လာဘရွှင်တယ်ဆိုတာတစ်ခု၊ ဒီဘုရားဟာ အရဟံစသော ဂုဏ်တော်တွေနဲ့ ပြည့်စုံသည့်အတွက်ကြောင့် ပူဇော်ထိုက် ကိုးကွယ်ထိုက်သောဘုရား၊ ဒီဘုရားကို ကိုးကွယ်ခြင်း၊ ပူဇော်ခြင်း၊ အာရုံပြုခြင်းအားဖြင့် ငါ့သန္တာန်မှာ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေငြိမ်းပြီး စိတ်ငြိမ်းချမ်းမှုရတယ်လို့ စဉ်းစားပြီးကိုးကွယ်တာတစ်မျိုး။ ဒီနှစ်မျိုးထဲမှာ ဘယ်ကိုးကွယ်မှုက ပိုတန်ဖိုးရှိမလဲ စဉ်းစားကြည့်။ ကိုယ်ကိုးကွယ်နေတာ ပထမမျိုးနဲ့လား၊ ဒုတိယမျိုးနဲ့လား ဒါကို စဉ်းစားနှိုင်းယှဉ်ကြည့်ရမယ်။

စာမျက်နှာ-၇

၃။ ဓမ္မမှတ်ကျောက်
မိမိတို့လက်တွေ့ကျင့်သုံးရမယ့် တရားဓမ္မ၊ သိထားရမယ့် တရားဓမ္မတွေ နာရလို့ ကိုယ့်ရဲ့အမူအကျင့်တွေ၊ စိတ်နေသဘောထားတွေ ပြောင်းလဲလာပြီး သူတော်စင်၊ သူတော်မြတ်အဖြစ် ရောက်လာပြီဆိုရင် ဗုဒ္ဓမြတ်စွာရဲ့တရား မှန်ကန်တယ်လို့ ဒီလိုမှတ်ကြရမှာပါ။ တရားကိုအကြောင်းပြုပြီး မာနတွေတက်လာမယ်၊ မလိုမုန်းထားတဲ့ ဣဿာ၊ မစ္ဆရိယတွေ များလာမယ်။ သူတစ်ပါးသိတာရှိတာကို မနာလိုတာက ဣဿာ၊ ကိုယ်သိတာကို သူများမသိစေချင်တာ၊ ကိုယ်ရှိတာကို သူများမရှိစေချင်တာက မစ္ဆရိယ။ အဲဒါမျိုးတွေ တိုးပွါးလာရင် ဒါဟာ မမှန်ကန်သေးဘူးလို့ ဒီလိုမှတ်ရမယ်။

စာမျက်နှာ-၈

၄။ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ်
“ဥပုသ်စောင့်တယ်”ဆိုတာ ကိုယ်ကျင့်တရားတွေနဲ့ နေတာ၊ ကိုယ်ကျင့်တရားတွေ၊ ကိုယ်ကျင့်သီလတွေကို “ဥပုသ်”လို့ခေါ်တယ်။ စောင့်တယ်ဆိုတာ အဲဒီကိုယ်ကျင့်သီလတွေကို ထိန်းသိမ်းတာ၊ မကျိုးမပေါက် မပျောက်မကြားရအောင် ထိန်းသိမ်းစောင့်ရှောက်တာ၊ ဒီလိုအဓိပ္ပါယ်ရတယ်။

နာမည်အားဖြင့် ဥပုသ်စောင့်တယ်လို့ဆိုပေမယ့် အနှစ်သာရပိုင်း ကွာခြားသွားလို့ရှိရင် အကျိုးပေးခြင်းကလည်း ကွာခြားသွားနိုင်တယ်။ ဒါကြောင့်မို့ မှန်ကန်တဲ့နည်းလမ်းနဲ့ အဓိပ္ပါယ်ရှိရှိ ဥပုသ်စောင့်တတ်ဖို့ ပိုအရေးကြီးပါတယ်။

ဥပုသ်စောင့်တယ်ဆိုပြီးတော့ မှန်ကန်တဲ့ရည်ရွယ်ချက်တွေ မရှိဘူးဆိုရင် ထိုဥပုသ်စောင့်ခြင်းရဲ့ အကျိုးဟာ များစွာရမှာမဟုတ်ပါဘူး။

စာမျက်နှာ-၉

၅။ ယနေ့လူသားများရဲ့ မနက်ဖြန်ကမ္ဘာ
ဒုစရိုက်တွေလုပ်တာနဲ့ သူ့ရဲ့သက်တမ်းဟာ ဘာကြောင့်လျော့ကျရသလဲ၊ ကြောင်းကျိုးဆီလျော်မှုရှိရဲ့လားလို့ စဉ်းစားကောင်း စဉ်းစားမိကြပါလိမ့်မယ်။

လူနဲ့ပြင်ပကမ္ဘာဆိုတာ အမြဲတမ်းဆက်စပ်ပြီးတော့ နေတာပါ။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျဆင်းသွားတာနဲ့ တစ်ပြိုင်နက် ရာသီဥတုကို သွားထိခိုက်ပါတယ်။ လူတွေရဲ့ စိတ်အပေါ်မှာမူတည်ပြီးတော့ ရာသီဥတုတွေ ဖောက်ပြန်လာတယ်။ ထိုအခါ ရာသီဥတုပေါ်မှာမှီပြီး စိုက်ပျိုးရတဲ့သီးနှံတွေ၊ သီးပင်စားပင်တွေမှာ အဆီဩဇာတွေ ယုတ်လျော့သွားတယ်။ ထိုအဆီဩဇာ ယုတ်လျော့သွားတဲ့အာဟာရတွေကို စားသုံးရတဲ့လူတွေရဲ့ သက်တမ်းဟာ ကျဆင်းပြီးတော့ သွားတာပါ။

ကုသိုလ်တရားတွေကို ဆောက်တည်ခြင်းဖြင့် လူတွေရဲ့ သက်တမ်းဟာ တိုးတက်နိုင်သလို၊ အကုသိုလ်တရားတွေကို ဆက်လက်လုပ်ကိုင်နေခြင်းဖြင့် လူတွေရဲ့ သက်တမ်းဟာ ကျဆင်းသွားနိုင်တယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက “မိမိသည်သာလျှင် မိမိ၏ကိုးကွယ်ရာ ဖြစ်ကြပါစေ၊ မိမိကျင့်သုံးတဲ့တရားသည်သာ မိမိရဲ့ကိုးကွယ်ရာ ဖြစ်ကြပါစေ”လို့ ဟောတော်မူထားပါတယ်။

စာမျက်နှာ-၁၀

၆။ မင်္ဂလသုတ် အနှစ်ချုပ်
ဒီကနေ့ကမ္ဘာမှာ ရှိကြတဲ့လူတွေ၊ လူမျိုးအသီးသီးမှာ အယူအဆအမျိုးမျိုး၊ ပေါင်းသင်းဆက်ဆံမှုတွေ အမျိုးမျိုးရှိကြပါတယ်။ အဲဒီကြားထဲသွားပြီး လူဖြစ်လို့ရှိရင် ဆိုင်ရာအသိုင်းအဝိုင်းအလိုက် အတွေးအခေါ်တွေအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ နေကြရတယ်။ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကြောင့် ကောင်းကျိုးချမ်းသာတွေ ရကြတာရှိသလို မကောင်းတဲ့အကျိုးတွေ ခံစားကြရတာလည်း ရှိတာပေါ့။

တရားကိုကျင့်သုံးတဲ့သူဟာ ဘဝခရီးကိုလျှောက်လှမ်းရာမှာ အောက်တန်းနောက်တန်းကျသွားမှာ မဟုတ်ပါဘူး။ မင်္ဂလသုတ်မှာ ဘဝခရီးကိုလျှောက်လှမ်းသွားတဲ့ပုဂ္ဂိုလ်တိုင်း တစ်ဆင့်ပြီးတစ်ဆင့် တက်ပြီးကျင့်သွားပုံကို မြတ်စွာဘုရားက ဟောထားတာ ဖြစ်တယ်။

ဒါကြောင့် သူတော်စင်အပေါင်းအားလုံး မင်္ဂလာတရားလက်ကိုင်ထားပြီး မိမိတို့ဘဝခရီးကို မင်္ဂလာလမ်းမပေါ်မှ လျှောက်လှမ်းနိုင်ကြပါစေ။

စာမျက်နှာ-၁၁

၇။ ခုခံစွမ်းအား
လောကလူတွေရဲ့ စိတ်ဓာတ်အခြေအနေတွေက အဆင်ပြေနေရင်လည်း တစ်မျိုးတစ်မည်ပြောင်းတယ်၊ ပင်ကိုယ်စိတ်အခြေအနေဆိုတာလေးကို ထိန်းသိမ်းဖို့လိုတယ်။ လူ့ရဲ့စိတ်ဆိုတာ လျှပ်စစ်မီးလိုပဲ၊ မီးအားကျသွားရင် မီးကောင်းကောင်းမလင်းတော့ဘူး၊ မီးအားတွေမြင့်သွားပြန်ရင်လည်း ဖန်ချောင်းတွေ၊ မီးသီးတွေ ပေါက်ကွဲကုန်တယ်။

လူ့ရဲ့စိတ်ထဲမှာလည်း တစ်ခါတစ်ရံ စိတ်ဓာတ်ကျနေရင် ပုံမှန်မဖြစ်ဘူး၊ စိတ်ဓာတ်က သိပ်တက်သွားလို့ရှိရင်လည်း ပေါက်ကွဲသွားနိုင်ပြန်တယ်။ အဲဒီနှစ်ခုကို ညှိပြီးတော့နေဖို့ရန်အတွက် စိတ်ဓာတ်ခွန်အားတွေ၊ ခုခံအားတွေကို လေ့ကျင့်ယူကြရမယ်။

စာမျက်နှာ-၁၂

၈။ အခွင့်ကောင်းကို ရအောင်ယူ
အခွင့်ကောင်းဆိုတာ ကြုံတောင့်ကြုံခဲ အရာတစ်ခုပါ။ ကြုံမှန်းမသိကြဘဲ (သို့မဟုတ်) အခွင့်ကောင်းကို အသုံးမချဘဲ ဘဝတစ်ခုကို လက်လွတ်ဆုံးရှုံးသွားကြတာတွေ လူ့လောကမှာ အများကြီးပဲ။

အခွင့်ကောင်းကြုံနေတာကို သိလျက်သားနဲ့ အခြားကိစ္စဝိစ္စတွေနဲ့ မအားဘူးဆိုတာကို အကြောင်းပြပြီးတော့ ဘဝတစ်ခုပြီးဆုံးသွားကြတာ။

အခွင့်ကောင်းဆိုတာ အမြဲမရှိနိုင်ဘူး၊ ဘဝဆိုတာ ခဏလေးပဲ၊ ကိုယ့်မျက်စိအောက်မှာတင် ချမ်းသာပြီးတော့မှ ဆင်းရဲသွားတဲ့လူတွေလည်း အများကြီးရှိတယ်။

အဲဒီတော့ အချိန်ပိုင်းလေးအနေနဲ့ တိုတောင်းလှပါတယ်၊ ရရှိနေတဲ့အခွင့်ကောင်းကို မရယူနိုင်ဘူးဆိုရင် ဒီထက်အရေးကြီးတဲ့ အခွင့်ကောင်းတွေ၊ အကျိုးကျေးဇူးတွေ ဆုံးရှုံးနစ်နာသွားနိုင်တယ်။

စာမျက်နှာ-၁၃

၉။ ရှာဖွေခြင်းနှင့် ရရှိခြင်း
“မြင့်မြတ်သူတို့၏ ရှာဖွေခြင်းနဲ့ သာမန်ပုဂ္ဂိုလ်တို့၏ ရှာဖွေခြင်း” လို့ ရှာဖွေခြင်းနှစ်ရပ်ထဲမှာ တို့ရှာဖွေနေတဲ့နေ့စဉ်ရှာဖွေမှုတွေဟာ မြင့်မြတ်တဲ့ရှာဖွေမှုလား၊ မမြင့်မြတ်တဲ့ရှာဖွေမှုလားလို့ ဆင်ခြင်သုံးသပ်ကြည့်ဖို့လိုတယ်။

မမြင့်မြတ်တဲ့ရှာဖွေခြင်းဆိုတာ မိမိကိုယ်တိုင်က အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောရှိသူ ဖြစ်ပါလျက် အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောရှိတဲ့အရာတွေကိုသာ ရှာဖွေနေခြင်း၊ နောက်တစ်ခုက မိမိကိုယ်တိုင်က ပူပန်တတ်တဲ့သဘောရှိပြီး ပူပန်တတ်တဲ့သဘောရှိတာတွေကိုသာ ရှာဖွေနေခြင်းဟာ မမြင့်မြတ်တဲ့ရှာဖွေခြင်းပဲ။

ကမ္ဘာမှာ သန်း(၆၀၀၀)ကျော်ရှိတဲ့လူတွေကို ကြည့်လိုက်ရင် ဒီအထဲပဲ ရှာနေကြတာ၊ ရှာတာတွေမှန်သမျှ အများစုက ဒီအထဲချည်းပဲ။

မြင့်မြတ်တဲ့ရှာဖွေခြင်းဆိုတာ ကိုယ်တိုင်က အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောရှိလို့ ယင်းတရားတွေအပေါ်မှာ အပြစ်မြင်တယ်၊ အပြစ်မြင်လာပြီး အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းတဲ့ နိဗ္ဗာန်ကို ရှာတယ်။ နောက်တစ်ခုက ကိုယ်တိုင်က ကိလေသာတွေနဲ့ ပူပန်မှုသဘောရှိလို့ ကိလေသာပူပန်မှုတွေ လုံးဝကင်းစင်တဲ့ နိဗ္ဗာန်ကို ရှာတယ်၊ ဒီလိုရှာတာကမှ မြင့်မြတ်တဲ့ရှာဖွေခြင်း ဖြစ်တယ်။

စာမျက်နှာ-၁၄

၁၀။ အလုပ်ရှင်နှင့် အလုပ်သမား စိတ်ကောင်းထား
အလုပ်ရှင်နှင့် အလုပ်သမားဆိုရာ အလုပ်ရှင်ကလည်း အလုပ်သမားရှိမှ ရပ်တည်နိုင်သလို၊ အလုပ်သမားတွေကလည်း အလုပ်ရှင်ကိုအမှီပြုမှ ရပ်တည်နိုင်တယ်။ အပြန်အလှန်မှီခိုနေကြတယ်။

* အလုပ်ရှင်နှင့် အလုပ်သမား အပြန်အလှန် မေတ္တာနဲ့ကူးယှက်ထားမယ်၊ မေတ္တာနဲ့ပေါင်းစပ်ထားမယ်ဆိုရင် ဒီလုပ်ငန်းတစ်ခုထဲမှာ Problem ဆိုတာ ဘာမှမဖြစ်နိုင်ဘူး။ အလုပ်ရှင်ကလည်း အလုပ်သမားကို ကျေးဇူးတင်တယ်၊ အလုပ်သမားကလည်း အလုပ်ရှင်ကို ကျေးဇူးတင်တယ်။ ဒီလိုအပြန်အလှန်မေတ္တာ ရှိနေရင် ဒီမေတ္တာဓာတ်ရဲ့ အစွမ်းသတ္တိထက်မှုဟာ အောင်မြင်ကြီးပွါးလာနိုင်တယ်ပေါ့။

ဒီထဲကမှ ကိုယ့်လုပ်ဖေါ်ကိုင်ဖက်ဖြစ်စေ၊ တစ်ဦးတစ်ယောက် နိမ့်ကျသွားရင် “မကောင်းတဲ့အခြေအနေလေးတွေ ပြန်ကောင်းပါစေ”လို့ဆိုတဲ့ အခက်အခဲတွေက လွတ်မြောက်စေချင်တဲ့ အတွေးအခေါ်စိတ်ဓာတ်ရှိခြင်းဟာ “ကရုဏာ”လို့ခေါ်တယ်။ အောင်မြင်ကြီးပွါးသွားလို့ ဝမ်းသာနိုင်ရင် “မုဒိတာ”ဖြစ်တယ်ပေါ့၊ မေတ္တာကတော့ အားလုံးကိုခြုံထားတာ။ ဒါကြောင့် အလုပ်ရှင်နှင့် အလုပ်သမား အပြန်အလှန် မေတ္တာ၊ ကရုဏာ၊ မုဒိတာ ထားနိုင်ကြမယ်ဆိုရင် အောင်မြင်မှုတွေ ရရှိလာကြမှာပဲဖြစ်ပါတယ်။

စာမျက်နှာ-၁၅

၁၁။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ
လုပ်တာကတော့ ကုသိုလ်ရေးလုပ်ငန်းကို လုပ်တယ်၊ (သို့သော်) အကုသိုလ်တွေပါလာတဲ့အခါ ရလိုက်တဲ့ကုသိုလ်က တစ်ပဲသားလောက်ရပြီးတော့ ငရဲမှာဖြစ်စေတတ်တဲ့ အကုသိုလ်တွေကပဲ များနေတယ်။

လောကကြီးမှာ ကုသိုလ်လုပ်ပေမယ့်လို့ လုပ်တတ်မှ ကုသိုလ်ဖြစ်တယ်၊ မလုပ်တတ်ရင် အကုသိုလ်တွေဖြစ်တတ်တယ်။ ဒါကြောင့်မို့ မလုပ်ခင်မှာ ဒါဟာ ကုသိုလ်လား၊ အကုသိုလ်လားဆိုတာကို သိဖို့လိုအပ်တယ်။

လောကလူတွေက ဒါလုပ်ရင် ငရဲကြီးသလားလို့ပဲ မေးပြီး အကုသိုလ်ဖြစ်သလားလို့ မေးတဲ့သူ အလွန်နည်းတယ်။ ငရဲမကြီးဘူးဆိုရင် လုပ်ကောင်းလိမ့်မယ်ထင်နေတာ၊ ငရဲကြီးတယ်ဆိုတာ အပြစ်ကြီးတာကိုပြောတာ၊ အပြစ်ကြီးတာဆိုတော့ အကုသိုလ်ဖြစ်တာပဲပေါ့။

အကုသိုလ်ဖြစ်တိုင်းတော့ ငရဲကျတာ မဟုတ်ပါဘူး၊ ဘယ်အရာပဲဖြစ်ဖြစ် သူ့အတိုင်းအတာနဲ့သူရှိတယ်၊ လုပ်ဆောင်ချက်တိုင်းမှာ အကုသိုလ်ချင်းတူပေမယ့်လို့ အကျိုးပေးခြင်းမတူဘူး။ ဒီအကုသိုလ်ဟာ ဘယ်အထိအောင် အကျိုးပေးတယ်ဆိုတာ မြတ်စွာဘုရားမှ သိနိုင်တဲ့အရာဖြစ်ပါတယ်။

စာမျက်နှာ-၁၆

၁၂။ သာရဏီယတရား
“သာရဏီယတရား”ဆိုတာ ညီညွတ်ရေးကို များစွာအကျိုးပြုတဲ့တရားဖြစ်တယ်၊ အစဉ်ထာဝရ မှတ်ထားကြရမည့်တရား၊ အစဉ်အောက်မေ့ကြရမည့်တရား ဖြစ်တယ်။

ပိယကရဏ - တစ်ဦးနဲ့တစ်ဦး ချစ်ခင်မှုကို ဖြစ်စေတယ်။
ဂရုကရဏ - တစ်ဦးနဲ့တစ်ဦး လေးစားမှုကို ဖြစ်စေတယ်။
သင်္ဂဟာယ - စုစည်းထားဖို့အတွက်၊
အဝိဝါဒါယ - အငြင်းအခုံကင်းဖို့အတွက်၊
သာမဂ္ဂီယာ - ကိုယ်စိတ်ညီညွတ်ဖို့အတွက်၊
ဧကီဘာဝါယ - တစ်ခုတည်းဖြစ်ဖို့အတွက်၊
ဟောဒီတရားခြောက်မျိုးဟာ အကျိုးပြုပါလိမ့်မယ်လို့ မြတ်စွာဘုရားက ဟောထားတာ။

ကုသိုလ်ကောင်းမှုလုပ်ပြီး ဘာသာရေးအသင်းအဖွဲ့တွေ လုပ်တဲ့အခါမှာ ဒီသာရဏီယတရားကို မလိုက်နာဘဲ လုပ်မယ်ဆိုရင် အကုသိုလ်တွေ တိုးပွါးလာနိုင်တယ်။ ဘာကြောင့်လဲ၊ အငြင်းအခုံဖြစ်မှုကို အကြောင်းပြုသွားလို့ ဖြစ်ရတာ။

တစ်ဦးနဲ့တစ်ဦး မတည့်တာကို အကြောင်းပြုပြီးတော့ အကုသိုလ်တွေဖြစ်လာတယ်၊ ကုသိုလ်ရရမယ့်အစား အကုသိုလ်တွေပဲ တိုးပွါးလာနိုင်တယ်ပေါ့။ ဒါကြောင့် ဒီသာရဏီယတရားဟာ အစဉ်ထာဝရ လေးစားပြီး လိုက်နာကျင့်ကြံရမည့်တရားတွေ ဖြစ်တယ်ဆိုတာ မှတ်သားထားဖို့လိုအပ်ပါတယ်။

စာမျက်နှာ-၁၇

၁၃။ အလေးထား၍ စဉ်းစားဆင်ခြင်ကောင်းအောင်မြင်
၁။ ကိုယ့်ကိုယ်ကို အလေးထားပြီး ဆင်ခြင်ရမယ်။
၂။ ကိုယ့်ပတ်ဝန်းကျင် လောကကြီးကို အလေးထားပြီး ဆင်ခြင်ရမယ်။
၃။ တရားဓမ္မကို အလေးထားပြီး ဆင်ခြင်ရမယ်။

ဘယ်လိုစဉ်းစားဆင်ခြင်ရမလဲ။

၁။ အသိဉာဏ်ရှိတဲ့ လူ့ဘဝရလာခိုက် ကိုယ်ကျင့်သီလကောင်းအောင် ငါကြိုးစားမယ်၊ ဥပုသ်နေ့တိုင်း ရှစ်ပါးသီလဆောက်တည်မယ်၊ နေ့စဉ်နဲ့အမျှ ဒါနကောင်းမှုပြုနိုင်အောင် သတိထားကြိုးစားမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုအလေးထားကာ ကိုယ့်သန္တာန်မှာ အကုသိုလ်တရားတွေ ဖယ်ရှားဖို့၊ ကုသိုလ်တရားတွေ တိုးပွါးလာဖို့ ဆင်ခြင်စဉ်းစားအားထုတ်ရမယ်။

၂။ “လောကကြီးမှာ ငါတစ်ယောက်တည်းမဟုတ်ဘူး၊ လောကကြီးမှာ တန်ခိုးရှင်တွေရှိတယ်၊ ဖုံးကွယ်ထားတဲ့အရာတွေကို သူတို့က မြင်နိုင်စွမ်းရှိတယ်၊ သူတို့မြင်သွားရင် ငါလုပ်တဲ့အလုပ်တွေဟာ အရှက်ကွဲစရာဖြစ်လိမ့်မယ်”ဆိုပြီး ကိုယ့်ရဲ့ပတ်ဝန်းကျင်လောကကို အလေးထားပြီး ဆင်ခြင်သုံးသပ်ကာ အကုသိုလ်ကိုရှောင်ရမယ်၊ ကုသိုလ်ကိုသာ လုပ်ရမယ်။

၃။ ကိုယ်ကျင့်တရားတွေအပေါ်မှာ အလေးထားတယ်။ “တရားဓမ္မတွေဟာ ကျင့်ရင် ကျန်တဲ့အတိုင်း ဖြစ်နိုင်စွမ်းရှိတယ်”ဆိုတဲ့ ဓမ္မစွမ်းရည်အပေါ်မှာ အလေးထားပြီး အကုသိုလ်တွေ ဖယ်ရှားကာ ကုသိုလ်တွေ တိုးပွါးအောင် ကြိုးစားကြရမယ်။

စာမျက်နှာ-၁၈

၁၄။ နှစ်ဦးမေတ္တာ
လူတိုင်းမှာ တစ်နှစ်တာကာလပတ်လုံး ပြောသမျှ ဆိုသမျှ စိတ်ကူးသမျှတွေဟာ မေတ္တာနဲ့ လုပ်ဆောင်သွားကြမယ်ဆိုရင် အားလုံးအတွက် အကျိုးဖြစ်ထွန်းမယ်ဆိုတာ သေချာပါတယ်။

လူတိုင်းရဲ့နှလုံးသားမှာ မေတ္တာတရား ကိန်းဝပ်နေအောင် ကြိုးစားရမယ်။

မေတ္တာဆိုတဲ့တရားဟာ လူတွေရဲ့ နှလုံးသားမှာ အခြေခံအားဖြင့် ပါရှိနေသော်လည်း တိုးတက်လာအောင် မလုပ်ဘူးဆိုရင် မေတ္တာအကျိုးဟာ သက်ရောက်မှာ မဟုတ်ပါဘူး။

မေတ္တာတရားနဲ့ ဆက်ဆံခြင်းဟာ လူမျိုးမရွေး ဘာသာမရွေးအတွက် အဆင်ပြေချောမွေ့စေတယ်၊ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် မေတ္တာနဲ့ဆက်ဆံနေရင် ကိုယ့်ရဲ့ရင်ထဲ နှလုံးသားထဲမှာ အပြစ်ကင်းပြီး အကုသိုလ်မဖြစ်တော့ဘူးပေါ့။

စာမျက်နှာ-၁၉

၁၅။ ဓမ္မကို အဖေါ်ပြုမှ ထာဝရချမ်းသာမည်
လောကလူ့သဘာဝကိုက အဖေါ်မဲ့မနေတတ်ဘူး၊ အဖေါ်နဲ့နေတတ်တယ်၊ “ပုဂ္ဂလ”လို့ခေါ်တဲ့ အဖေါ်က ဘဝအတွက် အထောက်အကူ အများကြီးမပေးနိုင်ဘူး၊ “ဓမ္မ”ဆိုတဲ့ တရားကို အဖေါ်ပြုမှ ထာဝရချမ်းသာမှုကို ရနိုင်တယ်။

ဓမ္မကို အဖေါ်ပြုတယ်ဆိုရာမှာ သေခါနီးကာလ နောက်ဆုံးအချိန်ကျမှ အဖေါ်ပြုလို့ကတော့ ကိုယ့်သန္တာန်မှာ ဓမ္မဟာ ရောက်ရှိလာမှာ မဟုတ်ဘူး၊ ဓမ္မဆိုတာ လူတိုင်းအတွက် အသုံးဝင်တာ မှန်သော်လည်း လွယ်လွယ်ကူကူနဲ့ ရင်ထဲနှလုံးထဲ ရောက်လာတာ မဟုတ်ပါဘူး၊ အချိန်ယူပြီး ကြိုးစားအားထုတ်မှုတွေ လုပ်ထားကြရတယ်၊ အဲဒီလိုမှ လုပ်မထားရင် နောက်ဆုံးအချိန်မှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်သွားရတတ်တယ်။

လောကမှာ ဓမ္မကို အဖေါ်မပြုတဲ့ပုဂ္ဂိုလ်တွေဟာ ဝမ်းနည်းခြင်း ကြေကွဲခြင်းနဲ့ပဲ အဆုံးသတ်သွားရတယ်၊ လူဆိုတာ မျှော်လင့်ချက်လေးတွေ ရှိတယ်။

နောက်ဆုံး ဝင်သက်ကလေးနဲ့ ထွက်သက်ကလေး မရောက်ခင် ကိုယ်လုပ်ရမယ့်ဓမ္မကို အခုကတည်းက အဖေါ်ပြုနိုင်အောင် ကြိုးစားအားထုတ်မယ်ဆိုရင် နောက်ကျတယ်လို့ မပြောနိုင်ပါဘူး။

စာမျက်နှာ-၂၀

၁၆။ ဘဝအရေး စိတ်အေးရလေအောင်
လူတိုင်းလူတိုင်းဟာ ဘဝရထားလို့ ဘဝအရေးမှာ စိတ်အေးကြရပြီလား? ဘဝအရေး စိတ်အေးဖို့ ဘာတွေလိုအပ်သလဲ? ဗုဒ္ဓမြတ်စွာက လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅၀၀) ကျော်က ဟောကြားထားတဲ့ တရားဓမ္မတွေ ရှိတယ်၊ ဘဝတစ်ခုရထားတဲ့ပုဂ္ဂိုလ်တွေ ဘဝအရေး စိတ်အေးဖို့ ဘာလုပ်ရမလဲဆိုတာ မှန်ကန်တဲ့နည်းလမ်းကို ချမှတ်ပြီးတော့ ဟောပြောထားတာ ရှိတယ်။

စီးပွါးဥစ္စာတွေ လိုလေသေးမရှိအောင် ပြည့်စုံတဲ့ဘဝတစ်ခု ရရှိထားပြီဆိုရင် လူတွေက ပြောကြတယ် “ဘဝအရေးတော့ စိတ်အေးရပြီ”တဲ့၊ တကယ်ကော စိတ်အေးရတာ ဟုတ်ရဲ့လား။

ဘဝအရေးအတွက် စိတ်အေးရအောင် လိုအပ်တဲ့အချက်တွေကတော့ ၁။ မှန်တာကိုပြောဖို့ လိုတယ်၊ ၂။ ကိုယ့်ဘဝ ကိုယ့်အကြောင်း အကောင်းအဆိုး အကြောင်းအကျိုးသိတဲ့ပညာ လိုတယ်၊ ၃။ ကြိုးပမ်းအားထုတ်မှု လုံ့လဝီရိယ လိုတယ်၊ ၄။ စာဂဆိုတဲ့ ကိုယ်တစ်ယောက်ထဲမသုံးစွဲဘဲနဲ့ ကိုယ့်ရှိတဲ့ပစ္စည်းကို မျှဝေသုံးစွဲတတ်တဲ့ စွန့်ကြဲမှုဆိုတာ လိုတယ်၊ အဲဒီလေးမျိုးနဲ့ ပြည့်စုံရင် နောက်ဘဝအရေး စိတ်အေးရပါတယ်တဲ့။

စာမျက်နှာ-၂၁

၁။ အစွမ်းတန်ခိုးများနှင့် သာသနာ
“ဣဒ္ဓိ”ခေါ်တဲ့ အစွမ်းတန်ခိုးတွေပြပြီး စည်းရုံးတာမျိုးတို့၊ “အာဒေသနာ”ခေါ်တဲ့ လူတစ်ယောက်ရဲ့စိတ်ကို ရည်ညွန်းပြောဆိုတဲ့ အတတ်ဟောတာမျိုးတွေ ဟောပြီးတော့ စည်းရုံးတာမျိုးတို့ဟာ တကယ်မအောင်မြင်နိုင်ပါဘူး။

“အနုသာသနီ”လို့ခေါ်တဲ့ တကယ့်အစစ်အမှန် ဆုံးမဩဝါဒပေးခြင်း၊ တကယ့်တရားဓမ္မ သင်ပြပေးခြင်းကသာလျှင် စစ်မှန်တဲ့ သာသနာပြုစည်းရုံးတာ ဖြစ်ပါတယ်။

ဝိဇ္ဇာအတတ်တွေတတ်ပေမယ့် ကိုယ့်စိတ်လေးကို ဖြူစင်အောင်မထားနိုင်ရင် လောဘ, ဒေါသ, မောဟတွေ ဖြစ်နေမှာပဲ၊ အဲဒါနဲ့သေရင် သံသရာထဲမှာ လည်ဦးမယ်၊ ဒုက္ခသုက္ခတွေ ရောက်ဦးမယ်၊ မန္တာန်တန်ခိုး အစွမ်းတန်ခိုးတွေမှီပြီး မဟုတ်တာလုပ်ရင် ငရဲကျဦးမယ်။

ဂန္ဓာရီဝိဇ္ဇာဆိုတဲ့ အတတ်ပညာတွေက တကယ်ရှိပါတယ်၊ သို့သော် မယုံကြည်တဲ့သူက လောကီအတတ်ပညာ မျက်လှည့်အတတ်ပညာတွေပါဆိုပြီး ဘယ်လိုပဲ စည်းရုံးစည်းရုံး စည်းရုံးလို့ရမှာ မဟုတ်ပါဘူး။

ဒါကြောင့် “ဣဒ္ဓိ”ဆိုတဲ့ အစွမ်းတန်ခိုးပြုပြီးတော့ သာသနာပြုတာဟာ မှန်ကန်တဲ့နည်းလမ်း မဟုတ်လို့ မြတ်စွာဘုရားကလည်း ခွင့်ပြုမထားခဲ့ပါဘူး။

စာမျက်နှာ-၂၂

၁၈။ လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား
ကောင်းတဲ့ လောကဓံနဲ့ကြုံရင် လောဘဖြစ်တယ်၊ လောဘဖြစ်ရင် စိတ်မငြိမ်မသက်ဖြစ်မယ်၊ မကောင်းတဲ့ လောကဓံနဲ့ကြုံရင် ဒေါသဖြစ်မယ်၊ ဒေါသဖြစ်ရင် စိတ်မငြိမ်မသက် ဖြစ်မယ်။

အဲဒီတော့ လောဘ, ဒေါသ ဝင်လာတာနဲ့တစ်ပြိုင်နက် စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ မရှိတော့ဘူး၊ လောဘက အရောင်ဆိုးလိုက်၊ ဒေါသက အရောင်ဆိုးလိုက်နဲ့ လောကဓံတရားတွေအပေါ်မှာ လောဘနဲ့ဒေါသ လိုက်လျောလိုက် ဆန့်ကျင်လိုက်နဲ့ မည်သူပဲဖြစ်ဖြစ် လောကဓံရဲ့ဒဏ်ကို ခံနေရတယ်။

လောကဓံဆိုတာကတော့ ရှောင်ကွင်းလို့မရနိုင်ဘူး၊ လောကဓံကြောင့် စိတ်ဓာတ်တွေ ကြံ့ခိုင်ခြင်းမရှိဘဲ တုန်လှုပ်နေတဲ့ပုဂ္ဂိုလ်ဟာ ဘာဖြစ်နိုင်တုန်းဆိုရင် အဆိုးလောကဓံတွေကို ဆန့်ကျင်ပြီး အကောင်းလောကဓံတွေနဲ့ ကျေနပ်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ပဋိသန္ဓေနေခြင်းကလည်း မလွတ်နိုင်ဘူး၊ အိုခြင်း, နာခြင်း, သေခြင်းကလည်း မလွတ်နိုင်ဘူး၊ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿဆိုတဲ့ ဘဝမှာ ကြုံတွေ့ရမယ့် အဆိုးတရားတွေကို မလွန်မြောက်နိုင်ဘူး၊ ကုန်ကုန်ပြောရလို့ရှိရင် ဒုက္ခကလွတ်လမ်းမရှိဘူးလို့ ဒီလိုဆိုလိုတယ်။

စာမျက်နှာ-၂၃

၁၉။ အထင်မှား အမြင်မှား
ကုသိုလ်ကံက အကျိုးပေးလိုက်လို့ တစ်ခဏတာ အချိန်ပိုင်းလေးမှာ လူဖြစ်လာကြတယ်၊ များသောအားဖြင့် လူတွေဟာ “တို့ဘာကြောင့် လူဖြစ်လာရသလဲ”ဆိုတာကို မစဉ်းစားကြဘူး၊ စဉ်းစားတဲ့အခါမှာလည်း ဉာဏ်မမီဘူး၊ ဉာဏ်မမီသည့်အတွက် ဘာကြောင့် လူဖြစ်လာရတယ်ဆိုတဲ့ အကြောင်းတရားကိုတွေ့အောင် မရှာနိုင်ဘူး၊ မရှာနိုင်သည့်အတွက် အကြောင်းအမျိုးမျိုးကို ထင်ကြေးပေးကြတယ်၊ တကယ့်စစ်မှန်တဲ့ အကြောင်းတရားကို လုပ်ဆောင်ဖို့ရာ မသိဘဲဖြစ်ကြရတယ်။ အထင်မှား အမြင်မှား ဆိုရာမှာ ထင်မှားမှု ၃-မျိုးရှိတယ်။

၁။ တဏှာမညနာ - တဏှာနဲ့ အထင်မှားမှု၊ ၂။ မာနမညနာ - ကိုယ့်ရဲ့အရည်အချင်းအပေါ် မာန်တက်တဲ့မာနနဲ့ အထင်မှားမှု၊ ၃။ ဒိဋ္ဌိမညနာ - အယူအဆနဲ့ပတ်သက်ပြီး အထင်မှားမှုဆိုပြီး ၃-မျိုးရှိတယ်။

အဲဒီလို အထင်အမြင်မှားသည့်အတွက်ကြောင့် လုပ်သင့်တာ မလုပ်သင့်တာကို မသိဘူး၊ လုပ်ချင်တာတွေပဲလုပ်တဲ့အခါ အကောင်းလည်း လုပ်မိတယ်၊ အဆိုးလည်း လုပ်မိတယ်၊ အကောင်းလုပ်တဲ့အခါ ကုသိုလ်ဖြစ်ပြီး အဆိုးလုပ်မိတဲ့အခါ အကုသိုလ်တွေ ဖြစ်တတ်တယ်။

စာမျက်နှာ-၂၄

၂၁။ အကာကိုပစ်၍ အနှစ်ကိုရှာ
အနှစ်သာရလို့ပြောစရာ ခန္ဓာကိုယ်ကြီးမှာတစ်ခုမှမရှိဘူး၊ နာမ်ထဲမှာလည်း ဖြစ်တာမြန်လို့ အနှစ်သာရဆိုတာ ဘာမှမရှိဘူး၊ သို့သော် နာမ်တရားကိုမှီပြီးဖြစ်တဲ့ အနှစ်သာရလေးကို ရအောင်ယူနိုင်မယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲက အနှစ်ကို ထုတ်ယူလို့ရနိုင်သေးတယ်။ အနှစ်နဲ့အကာကို ခွဲခြားပြီးသိမယ်ဆိုလို့ရှိရင် အကာအတွက် အချိန်များများ မပေးတော့ဘူး၊ အနှစ်သာရရဖို့အတွက် အချိန်များများ ပေးလိမ့်မယ်။

ဘဝမှာ ရနိုင်တဲ့အနှစ်တွေက ဘာတွေလဲဆိုရင် “သဒ္ဓါ”ဆိုတဲ့ အနှစ်၊ “သီလ”ဆိုတဲ့ အနှစ်၊ “သုတ”ဆိုတဲ့ ဘုရားဟောထားတဲ့ တရားဒေသနာနာကြားမှုအနှစ်၊ “စာဂ”လို့ဆိုတဲ့ စွန့်လွှတ်မှု လှူဒါန်းပေးကမ်းနိုင်မှုအနှစ်၊ “ပညာ”လို့ဆိုတဲ့ အနှစ်၊ နာမ်တရားထဲမှာ ဒီအနှစ်သာရတွေ ရှိပြီးတော့နေတယ်၊ သို့သော် အနှစ်ကို ထုတ်မယူတတ်လို့ရှိရင် အကာပဲရသွားနိုင်ပါတယ်။

လူတွေ အထင်ကြီးနေကြတာက အကာတွေပါ၊ လောကမှာ လူအများက ပစ္စည်းဥစ္စာ ရာထူးအာဏာ ပါဝါတွေအပေါ်မှာ အထင်ကြီးကြတယ်၊ စည်းစိမ်ဥစ္စာ ရာထူးအာဏာတွေဆိုတာ တစ်ခဏပဲ၊ အကန့်အသတ်တွေနဲ့ချည်းပဲ၊ ခိုင်မြဲတာမရှိဘူး၊ အဲဒါတွေအပေါ်မှာ လူတွေက နေ့စဉ်နဲ့အမျှ ရှာဖွေပြီး တပ်မက်နေကြတာ၊ သဒ္ဓါတရားပျက်သွားလို့ ကိုယ်ကျင့်တရားပျက်သွားလို့ဆိုတာမျိုးကို စိုးရိမ်သောကရောက်ရမှာမှန်း မသိကြဘူး၊ တကယ်စိုးရိမ်သင့်တာကတော့ ကိုယ်ကျင့်တရားပျက်ခြင်း အသိအမြင်ပျက်ခြင်းသည်သာ တကယ်စိုးရိမ်စရာကောင်းတဲ့အရာပါ။

စာမျက်နှာ-၂၅

၂၁။ အားပေးစကား
လူတိုင်းလူတိုင်း မွေးလာတဲ့အချိန်ကနေစပြီး တစ်နေ့တစ်နေ့ ဘယ်ကိုသွားနေတာတုန်းဆိုရင် အိုခြင်း, နာခြင်း, သေခြင်းဆီ သွားနေတာ၊ ဒါကြောက်စရာစကား မဟုတ်ဘူး၊ တချို့က သေစကားပြောရင် မင်္ဂလာမရှိဘူး၊ နိမိတ်မရှိဘူး ဒီလိုထင်တယ်၊ မသေမှာကျနေတာပဲနော်။

လူတွေဟာ အနေတတ်ဖို့လိုသလို အသေတတ်ဖို့လည်း လိုသေးတယ်၊ ဒါကြောင့် မြတ်ဗုဒ္ဓက “နေမကောင်းထိုင်မသာဖြစ်ပြီးတော့ ရောဂါဝေဒနာ ခံစားနေရတဲ့ ပညာရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို ပညာရှိတဲ့မိတ်ဆွေတစ်ယောက်က အားပေးစကားပြောသင့်တယ်”လို့ ဟောထားတယ်၊ ဒါဟာ အကျိုးတရားရှိလို့ ဟောတာပါ။ တစ်ချို့ကတော့ ဘုန်းကြီးတွေပင့်ပြီး ပရိတ်ရွတ်ကြတယ်၊ လူတွေက မျိုးစုံလုပ်ကြတယ်၊ မြတ်စွာဘုရားကတော့ အားပေးစကားပြောရမယ်တဲ့။

ဒီနေရာမှာ သတိထားဖို့ရာက အားပေးစကားပြောတဲ့သူကလည်း ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်၊ အပြောခံရတဲ့သူကလည်း ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်၊ လူမိုက်ကိုသွားပြီး အားပေးစကားပြောလို့မရဘူး၊ ဒါကိုသိထားဖို့ လိုအပ်တယ်။

စာမျက်နှာ-၂၆

၂၂။ ကုသိုလ်ဖြစ်အောင် သတိဆောင်
များသောအားဖြင့် လူတွေက အသက်ရှည်ဖို့အတွက် လိုအပ်တယ်ဆိုတာ သိကြတယ်၊ အထောက်အကူအကြောင်းတွေကို သိကြတယ်၊ အသက်ရှည်ဖို့အတွက် ဆေးကောင်းဝါးကောင်း လိုအပ်တယ်၊ အစာအာဟာရကောင်းကောင်း စားရမယ်၊ ရာသီဥတုကောင်းတဲ့နေရာမှာ နေရမယ်ဆိုတာတွေက လူတိုင်းသိတဲ့အရာပဲဖြစ်တယ်။

လူတွေမသိတဲ့အရာကို မြတ်စွာဘုရားက ဟောတာ၊ “အသက်ရှည်မှုကို လိုလားတောင့်တမယ်ဆိုရင် ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းဆိုတဲ့ “အပ္ပမာဒတရားကို ပညာရှိများက ချီးမွမ်းကြတယ်”တဲ့၊ အပ္ပမာဒကို ဘာသာပြန်တော့ မမေ့မလျော့ခြင်း၊ ကုသိုလ်ကောင်းမှုပြုဖို့ အမှတ်ရတဲ့သတိကို ပြောတာပေါ့။

အဲဒီအပ္ပမာဒတရားဟာ အလွန်အရေးကြီးလို့ မြတ်စွာဘုရားက နောက်ဆုံး ပရိနိဗ္ဗာန်စံခါနီးမှာ “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” - အပ္ပမာဒတရားနဲ့ ချစ်သားတို့ရဲ့သန္တာန်မှာ ကုသိုလ်တရားတွေ ပြည့်စုံအောင်လုပ်ကြ၊ အပ္ပမာဒရှိပြီးတော့ ကိုယ်ကျင့်ရမယ့် သီလ, သမာဓိ, ပညာတွေ မမေ့ကြနဲ့၊ ကိုယ်လုပ်ရမယ့် ကုသိုလ်တရားတွေလုပ်ကြ၊ ယစ်မူးမေ့လျော့ပြီး မနေကြနဲ့လို့ မှာထားခဲ့ခြင်း ဖြစ်ပါတယ်။

စာမျက်နှာ-၂၇

၂၃။ သူ့အမြင် ကိုယ့်အမြင် ဓမ္မအမြင်
သူ့အမြင် ကိုယ့်အမြင်ဆိုတာ လွဲမှားတာတွေ အများကြီးရှိတယ်၊ ဟုတ်ချင်လည်းဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး၊ ဓမ္မအမြင်ကျတော့ အလွဲအမှားမရှိဘူး၊ မှန်ကန်တဲ့အမြင် ဖြစ်တယ်။

ဓမ္မအမြင် တရားအမြင်ဆိုတာ “သဗ္ဗေသင်္ခါရာ အနိစ္စာ” ပဲ၊ အကြောင်းတရားကြောင့်ဖြစ်လာတဲ့ တရားမှန်သမျှ အနိစ္စ၊ အနိစ္စမှန်လို့ရှိရင် ဒုက္ခ၊ အဲဒီဒုက္ခဆိုတဲ့တရားကို “ငါ”လို့လည်း မမြင်ဘူး၊ “ငါ့ဟာ”လို့လည်း မမြင်ဘူး၊ “ငါ့ရဲ့အတ္တ”လို့လည်း မမြင်ဘူးဆိုရင် ဒါမှန်ကန်တဲ့အမြင်ပဲ။

ဒါတင်မကဘူး၊ အဲဒီဒုက္ခဟာ ဘယ်မှာအဆုံးသတ်တုန်းဆို နိဗ္ဗာန်မှာ အဆုံးသတ်တယ်၊ ဒီအမြင်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ မှန်ကန်တဲ့ “ဓမ္မအမြင်”သာ ဖြစ်ပါတယ်။

စာမျက်နှာ-၂၈

၂၄။ မြတ်သောဥစ္စာ စုဆောင်းပါ
ပကတိဥစ္စာလို့ခေါ်တဲ့ လောကလူသားတွေ ရှာဖွေနေကြတဲ့ ပစ္စည်းဥစ္စာတွေက အဖျက်အမျိုးမျိုးနဲ့လည်း ဆက်နွှယ်နေတယ်၊ ရေ, မီး, မင်း, သူခိုး, မချစ်မနှစ်သက်အပ်တဲ့ သားဆိုးသမီးဆိုးတွေကြောင့်လည်း ထိုပစ္စည်းတွေဟာ ဆုံးရှုံးပျက်စီးရတယ်။ ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ရှာထားရှာထား ထိုပစ္စည်းတွေဟာ တစ်နည်းနည်းနဲ့ ကုန်ဆုံးသွားမှာဖြစ်သည့်အတွက်ကြောင့် ခိုင်မာမှုဆိုတာ အလွန်နည်းတယ်လို့ ဆိုရမယ်။

မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ မြတ်သောဥစ္စာဆိုတာက ဘာတွေလဲဆိုရင် သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့ သူ့ရဲ့အရည်အချင်းတွေပဲဖြစ်တယ်။

ပကတိဥစ္စာနဲ့ မြတ်သောဥစ္စာဟာ တန်ဖိုးချင်း အလွန်ကွာခြားတယ်၊ ကားကြီးနဲ့ လေးငါးစီးတိုက်ထားတဲ့ လမ်းဘေးက ကျောက်တွေရဲ့ စုစုပေါင်းတန်ဖိုးဟာ စိန်ကလေးတစ်ပွင့်ရဲ့ တန်ဖိုးနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အလွန်ကွာခြားနေသလိုပဲ။ ပကတိဥစ္စာတွေနဲ့ မိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာဖြစ်တဲ့ သူတော်ကောင်းဥစ္စာ ၇-ဖြာဆိုတဲ့ မြတ်သောဥစ္စာဟာ အလွန်ကွာခြားတယ်၊ ဒါကြောင့် မြတ်စွာဘုရားက “မြတ်သောဥစ္စာ စုဆောင်းပါ”လို့ ပြောတာနော်။

စာမျက်နှာ-၂၉

၂၅။ ရောဂါကုစား စိတ်စွမ်းအား
စိတ်စွမ်းအားက ရောဂါကို ကုစားပေးနိုင်တယ်၊ ဒီကနေ့ခေတ်ပညာကလည်း ဒါကိုလက်ခံထားတယ်၊ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေထဲမှာလည်း တရားဓမ္မကို နာယူခြင်းဖြင့် စိတ်ဓာတ်အေးငြိမ်းပြီး ရောဂါပျောက်သွားတဲ့ မှတ်တမ်းတွေရှိတယ်။

ရောဂါနဲ့ပတ်သက်လာရင် စိတ်ရောဂါတင်မကဘူး၊ ရုပ်ခန္ဓာကိုယ်ပေါ်မှာဖြစ်တဲ့ ရောဂါကိုပင်လျှင် စိတ်စွမ်းအားနဲ့ ကုစားကြတာတွေရှိတယ်။

ဗုဒ္ဓဘာသာနိုင်ငံတွေမှာ နေမကောင်းတဲ့အခါ သံဃာတော်တွေကို ပင့်ပြီး ဗောဇ္ဈင်္ဂသုတ်တို့ ပရိတ်တို့နာကြတယ်၊ [?] မဟုတ်ပေမယ့်လို့ ဗောဇ္ဈင်သုတ်နာကြားရလို့ ရောဂါပျောက်သွားတယ်ဆိုတာ Psychotherapy ပဲ။ စိတ်ဓာတ်ရေးရာကို ပြုပြင်ပေးလိုက်သည့်အတွက် ရောဂါဝေဒနာဟာ ပျောက်ကင်းသက်သာသွားတဲ့ အခြေအနေတစ်ရပ်ပါ။

စာမျက်နှာ-၃၀

၂၆။ ဘာသာတရားကို လိုက်နာကျင့်သုံးခြင်း၏ ရည်ရွယ်ချက်
“ဗြဟ္မစရိယ” ဆိုတဲ့အသုံးကို ဒီခေတ်နားလည်လွယ်အောင် “ဘာသာတရားလိုက်နာကျင့်သုံးခြင်း”လို့ ပြင်ဆင်သုံးလိုက်တယ်၊ ဘာသာတရားကို လိုက်နာကျင့်သုံးခြင်းဟာ အခြေအနေတွေ ကံတရားတွေကို ပြောင်းပစ်ဖို့မဟုတ်ဘူး၊ ဒီကနေ့ခေတ်ပုဂ္ဂိုလ်တွေဟာ အခြေအနေတစ်ခု ပြောင်းပစ်ဖို့ လုပ်နေကြတယ်။

ဘာအတွက် လိုက်နာကျင့်သုံးတာလဲဆိုရင် သံသရာမှာ ဘယ်တုန်းကမှ မသိခဲ့ဘူးတဲ့၊ မမြင်ခဲ့ဘူးတဲ့၊ ဘယ်တုန်းကမှ ကိုယ့်ရဲ့စိတ်ထဲ နှလုံးထဲရောက်မလာခဲ့ဘူးတဲ့၊ မျက်မှောက်မပြုခဲ့ဘူးတဲ့၊ ဘယ်တုန်းကမှ ကိုယ့်အသိစိတ်ထဲမှာ ပေါ်မလာခဲ့ဘူးတဲ့ အကြောင်းအရာတစ်ခုကို သိဖို့၊ မြင်ဖို့၊ ရောက်ရှိလာဖို့၊ မျက်မှောက်ပြုနိုင်ဖို့၊ ထိုးထွင်းသိနိုင်ဖို့ ဘာသာတရားဆိုတာ ကျင့်သုံးရတာပါတဲ့။ ဆိုလိုတာက မသိတာတွေသိဖို့ ဘာသာတရားကျင့်သုံးတယ်လို့ ဒီလိုပြောတာ။

ဒါဖြင့် ဘယ်တုန်းကမှ မမြင်ခဲ့သေးတာတွေ၊ မရခဲ့သေးတာတွေဆိုတာ ဘာတွေလဲဆိုတော့ “သစ္စာ ၄-ပါး”ပဲ၊ သစ္စာ ၄-ပါးမသိလို့ ဘုန်းကြီးတို့တစ်တွေဟာ သံသရာလည်နေကြတာ၊ သစ္စာ ၄-ပါးတရားကို သိသွားတာနဲ့တစ်ပြိုင်နက် သံသရာလည်ခြင်းအကြောင်းတွေ အကုန်ဖယ်ရှားသွားနိုင်ပြီတဲ့။

စာမျက်နှာ-၃၁

၂၅။ ဘဝ၏ ဝန်ထုပ်ဝန်ပိုးများ
ခန္ဓာငါးပါးရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာ ဝန်ထုပ်ဝန်ပိုးကြီးကို ရင်ဝယ်ပိုက်ထားတာနဲ့ အတူတူပဲတဲ့။

မသေခင် ဘဝခရီးလျှောက်နေတဲ့ပုဂ္ဂိုလ်တွေမှာ အန္တရာယ်တွေ အများကြီးပဲ၊ အိုခြင်း, နာခြင်းဆိုတဲ့ အန္တရာယ်လည်းတွေ့မယ်၊ နောက်ဆုံးမှာ သေခြင်းဆိုတာနဲ့လည်း ရင်ဆိုင်ပြီး ဘဝတစ်ခုအဆုံးသတ်သွားမယ်၊ အကောင်းဆိုတာ ရှိရဲ့လား၊ မရှိပါဘူး၊ မအို, မနာ, မသေခင်လေး ပျော်စရာတွေ့ကောင်းတွေ့မယ်၊ တစ်ခဏလေးတွေ့ရတဲ့ အပျော်လေးမှာ လူတွေက ထာဝရကြီးလို့ ထင်နေကြတာ၊ မေ့နေကြတာ၊ ရှေ့မျှော်ကြည့်လိုက် အန္တရာယ်ကြီး၊ နောက်ပြန်ကြည့်လိုက် အန္တရာယ်ကြီး၊ ကြုံလာမယ့်စခန်းတွေက အန္တရာယ်တွေနဲ့ချည်းပဲနော်။

ဒါဖြင့် ဒီခန္ဓာငါးပါးဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ဘယ်သူကယူတာလဲ၊ လက်သည်ကိုရှာကြည့်လိုက်လို့ရှိရင် “တဏှာ”ပဲ၊ ဒီတဏှာက ဝန်ထုပ်ဝန်ပိုးကြီးကို ယူလာတာ။

တဏှာက တွယ်တာတယ်၊ တွယ်တာသည့်အတွက် ဘဝကိုရနေတော့ ဒီဘဝက ကိုယ့်ကိုဒုက္ခပြန်ပေးနေတာပေါ့။

စာမျက်နှာ-၃၂

၂၈။ ကုသိုလ်ဖြစ်ပွါး နှလုံးသွင်းတရား
လူ့ဘဝရလာလို့ရှိရင် နံပါတ်တစ်အရေးကြီးဆုံးလို့ ပြောရမယ့်အရာက ကုသိုလ်ရအောင် စိတ်ကိုပြုပြင်တတ်ဖို့ ဒါဟာ အရေးကြီးဆုံးပဲ၊ စိတ်ထားမတတ်လို့ရှိရင် ကုသိုလ်မဖြစ်ဘူး၊ စိတ်ထားတတ်မှ ကုသိုလ်ဆိုတာ ဖြစ်တယ်။

ကုသိုလ်ဖြစ်အောင် ဘယ်လိုနှလုံးသွင်းရမှာတုန်း? မျက်စိကမြင်လိုက်တဲ့ အာရုံလေးတစ်ခုဟာ လောဘဖြစ်စရာဆိုရင် ကိုယ့်မှာ ဆင်ခြင်တုံတရားရှိရမယ်၊ သူများပိုင်တဲ့ပစ္စည်းဆိုရင် “သူများပိုင်တဲ့ပစ္စည်းနဲ့ပတ်သက်ပြီး ငါလောဘဖြစ်လို့ မကောင်းဘူး၊ ငါ့မှာ လောဘမဖြစ်စေရဘူး”လို့ ဒီအတွေးမျိုးတွေးလိုက်တာနဲ့ လောဘငြိမ်းပြီး ကုသိုလ်ဖြစ်သွားတယ်၊ ဒါဟာ “ယောနိသောမနသိကာရ”ပဲ။

မုန်းစရာလူတစ်ယောက်ကိုတွေ့လိုက်ရင်လည်း “အေး ငါမုန်းလို့ သူ့မှာ ဘာမှဖြစ်မှာ မဟုတ်ဘူး၊ ငါ့မှာသာ ငါ့ရဲ့နှလုံးသားမှာ ညစ်နွမ်းသွားမယ်၊ ငါ့မှာပဲ အကုသိုလ်ဖြစ်တယ်၊ မုန်းနေခြင်းဟာ အကျိုးမရှိဘူး”လို့ နှလုံးသွင်းလိုက်လို့ရှိရင်လည်း ဒါဟာ “ယောနိသောမနသိကာရ”ပဲ။

ယောနိသောမနသိကာရဆိုတာ သင့်တင့်မျှတစွာ တွေးတောဆင်ခြင်ပြီး ကုသိုလ်ဖြစ်ဖို့ ဦးလှည့်ပေးတာ ဖြစ်တယ်။

စာမျက်နှာ-၃၃

၂၉။ အတ္တာ ဟိ အတ္တနော နာထော
“အတ္တာ ဟိ အတ္တနော နာထော” ဆိုတာ “မိမိသာလျှင် မိမိ၏ကိုးကွယ်ရာ ဖြစ်တယ်”လို့ အဓိပ္ပါယ်ရတယ်။

လောကလူတွေက ဒီအတိုင်း မိမိသာလျှင် ကိုးကွယ်ရာ လို့ ဒီလိုသတ်မှတ်ကြသလားဆိုတော့ မဟုတ်ဘူး၊ မိမိမှတစ်ပါး အားကိုးတစ်ခုရှာပြီး ထားကြတယ်၊ ဘယ်သူ့ကို အားကိုးကြသလဲ?။

မိဘ သားသမီး ဆွေမျိုးသားချင်း မိတ်ဆွေသင်္ဂဟ ကိုယ်နဲ့ ခင်ရာမင်ရာပုဂ္ဂိုလ်တွေကို အားကိုးကြတယ်။ ပုဂ္ဂိုလ်ဆိုတာ တကယ်အားကိုးအားထားပြုရာ မဟုတ်ပါဘူး၊ ထာဝရ အားကိုးရာဟာ ကိုယ့်ကိုယ်ကိုသာ ဖြစ်တယ်လို့ မြတ်စွာဘုရားက ထိုထိုသုတ္တန်တွေမှာ ဟောကြားထားတာပဲ။

“အတ္တဒီပါ” ဆိုတာ ကိုယ့်ကိုယ်ကို အားကိုးကြ၊ သူများကို အားမကိုးကြနဲ့လို့ ပြောတာ၊ လောကကြီးမှာ လူရယ်လို့ ဖြစ်လာရင် ကိုယ့်ဝန်ကိုယ်ထမ်းပြီး ကိုယ့်လမ်းကိုယ်လျှောက်ကာ ကိုယ့်စခန်း ကိုယ်ရောက်ကြတာပဲ မဟုတ်လား။

စာမျက်နှာ-၃၄

၃၀။ ဟောသူနာသူ စိတ်ထားဖြူ
ဓမ္မပူဇာဆိုတာ လှူချင်တဲ့စေတနာရှိတဲ့ပုဂ္ဂိုလ်သာ လှူပါစေ၊ “လှူကြပါ ဒါန်းကြပါ”လို့ ပြောစရာ မလိုဘူး၊ လှူချင်လို့ရှိရင် လှူချင်တဲ့ပုဂ္ဂိုလ်တွေ အဆင်ပြေအောင် အလှူလက်ခံတဲ့နေရာလေးသာ ရှိသင့်တယ်၊ အလှူခံဖလားဆိုတာကို မထားသင့်ဘူး။ တစ်ချို့ဆို လမ်းပိတ်ပြီးတော့တောင် အလှူခံကြတာ။

တရားပွဲကျင်းပတယ်ဆိုတာ အင်မတန်မှ ကုသိုလ်ရပါတယ်၊ တရားနာခွင့်ရအောင် ဖန်တီးပြီး လုပ်ဆောင်ပေးတယ်ဆိုတာ အင်မတန်ကောင်းတဲ့ကုသိုလ်တစ်ခုပဲ၊ အင်မတန် မွန်မြတ်တဲ့ကုသိုလ်ကို လုပ်ရာမှာ လုပ်ပုံလုပ်နည်း မမှန်သည့်အတွက်ကြောင့် အပြစ်တွေဖြစ်လာတယ်ဆိုရင် မကောင်းဘူးပေါ့၊ ဒီတော့ “သန့်သန့်ရှင်းရှင်း ဖြစ်အောင်လုပ်ဖို့ အင်မတန် အရေးကြီးတယ်” ဆိုတဲ့ သတိတရား ရှိသင့်ပါတယ်။

တရားဟောတဲ့ပုဂ္ဂိုလ်ကလည်း စိတ်ထားဖြူစင်ရမယ်၊ တရားနာတဲ့ပုဂ္ဂိုလ်ကလည်း စိတ်ထားဖြူစင်ရမယ်၊ နှစ်ဦးနှစ်ဝ စိတ်ထားဖြူပြီး တရားဟောကြ နာကြမယ်ဆိုရင် မိမိတို့ ရည်ရွယ်ချက်ဖြစ်တဲ့ တရားဓမ္မကို သိရှိခြင်း ကျင့်သုံးခြင်းဖြင့် သံသရာဝဋ်ဆင်းရဲက ထွက်ပေါက်ကို ရရှိကြမှာ ဖြစ်ပါတယ်။

စာမျက်နှာ-၃၅

၃၁။ သေချာစသောလမ်းမှ လျှောက်လှမ်းပါ
တရားဓမ္မနှင့်ပတ်သက်ပြီး လွဲချော်မှုမရှိတဲ့ အကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး မလွဲတဲ့လမ်းက လျှောက်တာကို သေချာတဲ့လမ်းက လျှောက်တယ်လို့ ဒီလိုပြောတာ။

မြတ်စွာဘုရားက နိဗ္ဗာန်ခရီးကို လျှောက်လှမ်းတဲ့ ပုဂ္ဂိုလ်တွေမှာ သေချာတဲ့လမ်းဆိုတာ ရှိတယ်၊ အင်္ဂုတ္တရနိကာယ်မှာ “အပဏ္ဏက ပဋိပဒါ” ဆိုပြီး ဟောထားတယ်။

နိဗ္ဗာန်လမ်းမပေါ် တက်ပြီး တရားထူးတရားမြတ်ကို ရချင်တယ်၊ (သို့မဟုတ်) သံသရာခရီးမှာ ဖြောင့်တန်းတဲ့လမ်းကို သွားချင်တယ်ဆိုရင် “အပဏ္ဏကကျင့်စဉ်” ဆိုတဲ့ အဲဒီလမ်းကြောင်းဟာ တစ်ခုတည်းသော သေချာသောလမ်းပဲ။

အပဏ္ဏကကျင့်စဉ်ဆိုသည်မှာ -
၁။ ဣန္ဒြိယသံဝရ = ဣန္ဒြေကို စောင့်ထိန်းခြင်း။
၂။ ဘောဇနမတ္တညု = အစားအစာနှင့်ပတ်သက်ပြီး အတိုင်းအတာပမာဏကို သိခြင်း။
၃။ ဇာဂရိယာနုယောဂ = တရားဓမ္မနှင့်ပတ်သက်ပြီး နိုးနိုးကြားကြား ရှိခြင်းဆိုတဲ့ ဒီအပဏ္ဏက ပဋိပဒါဟာ သေချာတဲ့ လမ်းပဲ ဖြစ်ပါတယ်။

စာမျက်နှာ-၃၆

၃၂။ ဘဝအသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း
လူတိုင်းလူတိုင်း ဘဝတစ်ခုစီ ရရှိထားကြလို့ လူတိုင်းလူတိုင်းမှာ ကိုယ်စီဘဝကလေးတွေ ရှိနေကြတယ်၊ သို့သော် ဘဝနဲ့ ပတ်သက်ပြီးတော့ တစ်ဦးနှင့်တစ်ဦး အမြင်ချင်း မတူကြပေဘူး။ တစ်ချို့က ဘဝကို ပျော်စရာလို့ မြင်ကြတယ်၊ တစ်ချို့က ဘဝကို ငြီးငွေ့စရာလို့ မြင်ကြတယ်။

လောကကြုံတွေ့ရာမှာ အကောင်းချည်းလည်း မဟုတ်သလို အဆိုးချည်းပဲတော့လည်း မဟုတ်ဘူး၊ “အဿာဒ” လို့ဆိုတဲ့ သာယာစရာတွေ နှစ်သက်စရာတွေ ရှိသလို “အာဒီနဝ” လို့ဆိုတဲ့ အပြစ်တွေ ငြီးငွေ့စရာတွေလည်း ရှိတယ်။ ဒီနှစ်ခုကို ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိမြင်တာမှ “ဓမ္မအမြင်” လို့ ပြောရမယ်၊ realism ပေါ့၊ ဒါကြောင့်မို့ ဘဝအသွင်ကို အမြင်အမျိုးမျိုးနဲ့ ကြည့်တဲ့အခါမှာ ဓမ္မအမြင်နဲ့ ကြည့်ဖို့ လိုပါတယ်။

ဓမ္မဆိုတာ အမှန်တရားကို ပြောတာ၊ The Law of Nature ပေါ့၊ “ဓမ္မ” ဆိုတဲ့ စကားလုံးကိုက “အတ္တနော သဘာဝံ ဓာရေတီတိ ဓမ္မာ” သူ့သဘာဝအတိုင်း သူဖြစ်နေတာကို “ဓမ္မ” လို့ ဒီလိုပြောတာ။ ဘဝရဲ့အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်တဲ့အခါ လူတိုင်းလူတိုင်းမှာ ကိုယ်စီရထားတဲ့ဘဝလေးတွေဟာ ဘယ်လိုအခြေအနေ ရှိသလဲလို့ ဆန်းစစ်ပြီး ကြည့်ရမယ်၊ ကိုယ်ရထားတဲ့ ဘဝရဲ့ အခြေအနေ ကိုယ်မသိဘူးဆိုရင် ဒီပုဂ္ဂိုလ်လောက် နမော်နမဲ့နိုင်တာ မရှိတော့ဘူး၊ ဒါကြောင့် ကိုယ့်ရဲ့ အခြေအနေ ဘဝအသွင်အပြင်ကို ဓမ္မအမြင်နဲ့ ရှုကြည့်ပြီး အမှန်သိအောင် အားထုတ်ပါ။

စာမျက်နှာ-၃၇

၃၃။ ဖြစ်နိုင်တာနှင့် မဖြစ်နိုင်တာ
မဖြစ်နိုင်တဲ့အရာကို မဖြစ်နိုင်ဘူးလို့ မှတ်သားပြီး၊ ဖြစ်နိုင်တဲ့အရာကို ဖြစ်နိုင်တယ်လို့ မှတ်သားကာ လုပ်သင့်တဲ့အလုပ်ကို လုပ်ဖို့ပါပဲ။

မှန်ကန်တဲ့အမြင် ရှိလာလို့ရှိရင် ထိုအမြင်ကို အခြေခံပြီးတော့ လုပ်တဲ့အလုပ်ဟာ မှားယွင်းမှုမရှိနိုင်ဘူး၊ လောကီကိစ္စပဲဖြစ်ဖြစ် လောကုတ္တရာကိစ္စပဲဖြစ်ဖြစ် မည်သည့်ကိစ္စမှာမဆို ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို ကွဲကွဲပြားပြား သိဖို့လိုတယ်။

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို ခွဲခြားပြီးတော့ မသိဘူးဆိုရင် မဖြစ်နိုင်တာကို ဖြစ်နိုင်မယ် ထင်ပြီးတော့ ပြောနေမယ် လုပ်နေမယ်၊ ဖြစ်နိုင်တာကျတော့ မဖြစ်နိုင်ဘူးထင်ပြီး ဘေးဖယ်ထားမယ်ဆိုရင် လွဲမှားမှုတွေ အများကြီး ဖြစ်လာနိုင်တယ်ပေါ့။

စာမျက်နှာ-၃၈

၃၄။ မေတ္တာနှလုံး အစဉ်သုံး
အသက်ရှင်နေသမျှ ကာလပတ်လုံးမှာ မိမိရော မိမိနဲ့ ဆက်ဆံနေကြတဲ့ ပတ်ဝန်းကျင်က လူတွေအားလုံးဟာ မေတ္တာနှလုံး အစဉ်သုံးပြီး နေထိုင်သွားကြမယ်ဆိုရင် ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာနေမှာ ဖြစ်ပါတယ်။

ဒီကနေ့ခေတ်ကြီးမှာ အားလုံးခြုံကြည့်လိုက်မယ်ဆိုရင် မေတ္တာတရား ခြောက်ခန်းလာတာကိုတွေ့ရမှာ ဖြစ်တယ်၊ မေတ္တာတရားတွေ လျော့ပါးလာသည့်အတွက်ကြောင့် ကမ္ဘာကြီး ပူနွေးလာရတာကလည်း ဖြစ်ကောင်းဖြစ်နိုင်စရာ ရှိတယ်၊ အိုဇုန်းလွှာကြီးပေါက်လို့ဆိုတာတွေက ပြင်ပကိုကြည့်ပြီး ပြောတာ ဖြစ်တယ်။

တကယ်တော့ သတ္တဝါတွေရဲ့နှလုံးသားမှာ မေတ္တာအငြိမ်းဓာတ်တွေ ခန်းခြောက်လာလို့ သတ္တဝါတွေရဲ့ ခန္ဓာက ထွက်တဲ့ ပူလောင်တဲ့စိတ်က ထုတ်လုပ်လိုက်တဲ့အရာတွေဟာ အပူတွေချည်း ဖြစ်တယ်။

ဒါကြောင့်မို့ လူတွေရဲ့ စိတ်အစဉ် ငြိမ်းချမ်းစေဖို့ မေတ္တာနှလုံးကို အစဉ်သုံးကြရမှာ ဖြစ်ပါတယ်။

စာမျက်နှာ-၃၉

၃၅။ သံသရာခရီးသွား အမှားမလုပ်မိစေနှင့်
သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခရောက်ကြတယ်ဆိုတာ မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ပါ။

သံသရာခရီးသွားနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အမှားလုပ်မိတတ်ကြတယ်၊ ဘာကြောင့် အမှားလုပ်မိသလဲဆိုရင် အမှားလုပ်မိခြင်းရဲ့ အကြောင်းတရားတွေထဲမှာ အမှန်တရားကို မသိတာက အဓိကပဲပေါ့။

လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားပြီးမသိဘူး၊ ခွဲခြားပြီးမသိသည့်အတွက်ကြောင့် မလုပ်သင့်တာကို လုပ်မိခြင်း၊ လုပ်သင့်တာကျတော့ မလုပ်မိခြင်းဆိုတာ အကြောင်းတစ်ခုပဲ။ မသိတော့ အဆိုးကို အကောင်းထင်ပြီး ရံဖန်ရံခါ လူတွေဟာ လုပ်မိတတ်ကြတယ်။

မှားမှားယွင်းယွင်း တစ်ခုခုလုပ်မိသွားပြီဆိုရင် ခံရတဲ့ အကျိုးဆက်ဟာ သက်သာလှတယ်လို့ မရှိဘူးပေါ့၊ ဗုဒ္ဓမြတ်စွာရဲ့ လက်ထက်တော်အခါမှာ ကြုံတွေ့ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို အမှားမလုပ်မိအောင် သတိထားဖို့ပါ။

စာမျက်နှာ-၄၀

၃၆။ သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း
တစ်ကမ္ဘာလုံး အတိုင်းတာနဲ့ ကြည့်လိုက်မယ်ဆိုရင် လောကလူသားတွေဟာ နေ့စဉ်နဲ့အမျှ ရုန်းကန်နေကြရတယ်ဆိုတာ အင်မတန် ထင်ရှားပါတယ်၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးကိစ္စတွေနဲ့ ရုန်းကန်နေကြရတယ်၊ ထိုရုန်းကန်နေရတဲ့အခါမှာ အဆင်ပြေတဲ့အခါ ရှိသလို အဆင်မပြေတဲ့အခါလည်း ရှိတယ်၊ အခြေအနေအရပ်ရပ်ကို ထောက်ထားပြီး အဆင်မပြေတဲ့အခါမှာ လူတွေဟာ စိတ်ဖိစီးမှုဒဏ်တွေကို ခံစားကြရတယ်။

ချမ်းမြေ့သာယာတဲ့ဘဝကို နေချင်ရင် “သတိမကွာ အသိပညာဖြင့် နေခြင်း” ဆိုတဲ့ ဒီစနစ်ကို လိုက်နာကျင့်သုံးကြရမယ်။

အခုပြောတဲ့ “သတိမကွာ” ဆိုတဲ့ သတိဟာ ပစ္စုပ္ပန်တည့်တည့် ကိုယ်ဘာလုပ်နေတယ်ဆိုတဲ့အပေါ်မှာ ကိုယ့်ရဲ့ action ပေါ်မှာ mindful ဖြစ်တဲ့ သတိကို ပြောတာ၊ ဘာပဲလုပ်နေလုပ်နေ လုပ်နေတဲ့အပေါ်မှာ သတိရှိဖို့ လိုတယ်၊ ပစ္စုပ္ပန်ကျတဲ့ သတိကမှ စိတ်ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်တာ။

စာမျက်နှာ-၄၁

၃၇။ စိတ်၏ အတွေးများ
လူအများက “စိတ်”နဲ့ “တွေးတာ”ကို အတူတူပဲလို့ မှတ်ထင်ကြတယ်၊ သို့သော် အဘိဓမ္မာသဘောကို သေချာကြည့်မယ်ဆိုရင် အာရုံကိုသိတတ်တဲ့စိတ်က တစ်မျိုး၊ ထိုစိတ်ကို မှီတွယ်ပြီး ဖြစ်ပေါ်လာတဲ့ စေတသိက်ဆိုတဲ့သဘာဝက တစ်မျိုးလို့ “စိတ်”နဲ့ “စေတသိက်” နှစ်မျိုးခွဲပြီး သိနိုင်တယ်။

“စိတ်၏အတွေး” ဆိုတဲ့ စကားလုံးထဲမှာ အတွေးဆိုတာ စေတသိက်တစ်ခုရဲ့ နာမည်ပဲလို့ မှတ်ရမယ်။ စိတ်ကိုဖြူစင်အောင် လုပ်တဲ့အခါမှာ တစ်ချို့အတွေးတွေကို အားကောင်းလာအောင် လုပ်ပေးဖို့ လိုအပ်တယ်။

စိတ်ရဲ့ အတွေးတွေထဲက မကောင်းတဲ့အတွေးတွေကို -
၁။ အာရုံပြောင်းပြီး ဖြေရှင်းတဲ့နည်း။
၂။ အပြစ်ကို ဆင်ခြင်သုံးသပ်ပြီး ဖြေရှင်းတဲ့နည်း။
၃။ မေ့ပစ်တဲ့နည်း။
၄။ အရင်းအမြစ်ကို ရှာဖွေပြီးတော့ ဖြေဖျောက်တဲ့နည်း။
၅။ စိတ်နဲ့ဖိညှစ်ပြီး မရ, ရအောင် ကြိုးစားတဲ့နည်း။

ဒီငါးမျိုးနဲ့လုပ်ရင် စိတ်ရဲ့ မကောင်းတဲ့အတွေးတွေဟာ လုံးဝကင်းသွားပြီးတော့ အတွေးပေါ်မှာ ပိုင်နိုင်မှုဆိုတဲ့ စွမ်းရည်တစ်ခု ရလာနိုင်တယ်၊ အဲဒီစွမ်းရည်က ကိုယ်တွေးချင်တဲ့အတွေးကိုတွေးနိုင်၊ ကိုယ်မတွေးချင်တဲ့အတွေးကို ထိန်းချုပ်သွားနိုင်တယ်။

စာမျက်နှာ-၄၂

၃၈။ စိတ်၏အညစ်ကြေးများကို ဖယ်ရှားခြင်း
“စိတ္တေ သံကိလိဋ္ဌေ ဒုဂ္ဂတိပါဋိကင်္ခါ” စိတ်ညစ်နွမ်းရင် ဒုဂ္ဂတိဘုံရောက်မယ်၊ ဒုက္ခနဲ့ ရင်ဆိုင်ရမယ်။

“စိတ္တေ ဝိသုဒ္ဓေ သုဂတိပါဋိကင်္ခါ” စိတ်စင်ကြယ်သန့်ရှင်းနေရင် သုဂတိဘုံရောက်မယ်၊ ချမ်းသာသုခနဲ့ ရင်ဆိုင်ရမယ်။

လောကလူတွေမှာ စိတ်ကူးနေရုံနဲ့ ဘာမှတော့ ဖြစ်လာမှာ မဟုတ်ဘူး၊ စိတ်ကူးတဲ့နောက်မှာ လုပ်ဆောင်ချက်ဆိုတာ ရှိရမယ်၊ ကြံရွယ်ချက်ရှိလာပြီဆိုရင် လုပ်ဆောင်ချက်က နောက်က လိုက်ရမှာ၊ မလိုက်ဘူးဆိုရင် ကြံရွယ်ချက်ဟာ အထမြောက်မှာ မဟုတ်ဘူး၊ ဒါ လက်တွေ့အနေနဲ့ အင်မတန်မှ ထင်ရှားတယ်။

ဒီတော့ စိတ်ရဲ့ အညစ်ကြေးတွေထဲက ကြွေးနဲ့တူတဲ့ ကာမစ္ဆန္ဒ၊ ရောဂါနဲ့တူတဲ့ ဗျာပါဒ၊ ထောင်နဲ့တူတဲ့ ထိန, မိဒ္ဓ၊ ကျွန်ဘဝနဲ့တူတဲ့ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ကန္တာရခရီးကြီးကို သွားရတာနဲ့ တူတဲ့ ဝိစိကိစ္ဆာ၊ အဲဒီစိတ်ရဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်အောင် ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်၊ ဒါတွေကို မဖယ်ရှားဘဲနဲ့ နိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ် လောကမှာ တစ်ယောက်မှ မရှိပါဘူး။

စာမျက်နှာ-၄၃

၃၉။ လွတ်မြောက်တဲ့စိတ်
“လွတ်မြောက်တဲ့စိတ်” ဆိုတာ “အရဟတ္တဖိုလ်စိတ်” ပဲ။ နောက်ဆုံး ဒီထိရောက်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမှာ ဖြစ်ပါတယ်၊ ထိုလွတ်မြောက်မှုဆိုတဲ့ စိတ်ကိုရဖို့ရာအတွက် -

၁။ မိတ်ကောင်း, ဆွေကောင်း, ဆရာကောင်း, သမားကောင်း ရှာရမယ်။
၂။ မိတ်ကောင်း, ဆွေကောင်း, ဆရာကောင်း, သမားကောင်း အကြောင်းပြုပြီးတော့ ကိုယ်ကျင့်သီလ မြဲရမယ်။
၃။ တရားဓမ္မ နာယူရမယ်။
၄။ လုံ့လဝီရိယ ရှိရမယ်။
၅။ ပညာ ရှိရမယ်။

အဲဒီအခြေအနေကောင်း ငါးမျိုးရှိလာပြီဆိုရင် စိတ်ကလေး လွတ်အောင် ဘာလုပ်ရမလဲ?။

လောဘကလွတ်ဖို့ အသုဘကို ပွါးပါ၊ ဒေါသကလွတ်ဖို့ မေတ္တာကို ပွါးပါ၊ အတွေးတွေကနေ လွတ်မြောက်ဖို့ အာနာပါနဿတိကို ပွါးပါ၊ ငါဆိုတဲ့မာနကို ဖယ်ရှားပစ်ဖို့ အနိစ္စသညာကို ပွါးပါ၊ အနိစ္စသညာကို ပွါးလိုက်ရင် အနတ္တသညာ ဝင်လာမှာ ဖြစ်တယ်၊ အနတ္တသညာ ဝင်လာလို့ရှိရင် ငါဆိုတဲ့မာန ကင်းသွားလိမ့်မယ်၊ အဲဒီအချိန်မှာ လုံးဝလွတ်မြောက်တဲ့ စိတ်ရဲ့ အခြေအနေတစ်ခုကို ရရှိပိုင်ဆိုင်ကြမှာ ဖြစ်ပါတယ်။

စာမျက်နှာ-၄၄

၄၀။ လူ့ဖြစ်ကျိုး နပ်ပါစေ
လူ့ဘဝလာတယ်ဆိုတာ ခဏလေး အလည်လာသလိုပဲ၊ “ပမတ္တဿ စ နာမ စတ္တာရော အပါယာ သကဂေဟ သဒိသာ” ကုသိုလ်ကောင်းမှုမှာ မေ့မေ့လျော့လျော့နေတဲ့ပုဂ္ဂိုလ်အဖို့ အပါယ်လေးဘုံဟာ ကိုယ့်အိမ်နဲ့ အလားတူတယ်တဲ့၊ ဘယ်နေရာပဲ သွားသွား ပြန်လာရင် ကိုယ့်အိမ်မှာပဲ နေကြရတာပါပဲ။

မေ့မေ့လျော့လျော့မနေဘဲ ရုပ်တရား နာမ်တရားတွေရဲ့ သဘာဝတရားတွေကို သိရှိပြီး တွယ်တာမှုတွေ အမြင်မှားမှုတွေ အားလုံးကို ဖယ်ရှားပစ်နိုင်တဲ့အဆင့်ရောက်လာရင် လောကကြီးအတွက် သောကမဖြစ်တော့ဘဲ ငြိမ်းချမ်းတဲ့ဘဝမျိုးကို ရရှိသွားနိုင်တယ်၊ အဲဒီလို ငြိမ်းချမ်းတဲ့ဘဝမျိုးနဲ့ ငြိမ်းအေးသွားတဲ့ စိတ်မျိုး ရလာပြီဆိုမှ အပြည့်အဝ လူဖြစ်ရကျိုးနပ်တာပါ။

အခြေခံအားဖြင့် ကုသိုလ်ကမ္မပထတရား ၁၀-ပါးကို ကျင့်သုံးရင် လူဖြစ်ရကျိုးနပ်ပါတယ်၊ ဒီထက်အဆင့်တက်ပြီးတော့ ဝိပဿနာကျင့်စဉ်ကိုကျင့်လို့ မဂ်တရား ဖိုလ်တရားတွေ ရသွားပြီဆိုရင်တော့ တကယ့်ကို လူဖြစ်ကျိုးနပ်ပြီလို့ မှတ်ရမယ်၊ လူဖြစ်ကျိုးနပ်ဖို့အတွက် တို့တစ်တွေ ကြိုးစားအားထုတ်ဖို့ လိုမယ်နော်။

စာမျက်နှာ-၄၅

၄၁။ ကျေးဇူးသိခြင်း
ကျေးဇူးဆိုတာ တစ်စုံတစ်ယောက် ကိုယ့်အပေါ်မှာ ကူညီစောင့်ရှောက်ဖူးတာ, လုပ်ကိုင်ပေးဖူးတာ, ကိုယ့်မှာအကျိုးဖြစ်မယ့်အရာတစ်ခု ဖြစ်ပေါ်စေခဲ့တာကို “ကျေးဇူး”၊ သူ့ရဲ့လုပ်ဆောင်မှုကို အသိအမှတ်ပြုခြင်း သိခြင်းကိုပဲ “ကျေးဇူးသိခြင်း” လို့ ခေါ်တာပါ၊ လူတစ်ယောက်က ကိုယ့်အပေါ် လုပ်ပေးခဲ့တာကို အသိမှတ်ပြုဖို့ဆိုတာ အင်မတန်မှ အရေးကြီးတယ်။

လောကလူတွေထဲမှာ အသိအမှတ်မပြုတဲ့သူတွေက များတယ်၊ အသိအမှတ်မပြုဘူးဆိုကတည်းက မသိတာလည်း ပါတယ်၊ မသိဘူးဆိုကတည်းက အကောင်းမမြင်နိုင်ဘူးပေါ့။ သိတယ်ဆိုတာ လိမ္မာယဉ်ကျေးသူတို့ရဲ့ အရည်အချင်းတစ်ခုပဲ။

“ကျေးဇူးသိတယ်” ဆိုတဲ့နေရာမှာ ကိုယ့်အပေါ်မှာ တစ်စုံတစ်ဦးက အကျိုးဖြစ်ထွန်းအောင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ကူညီစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးကို အသိအမှတ်ပြုတယ် သိတယ်ဆိုတာ တကယ်ကို စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ နှလုံးသားမှာရှိတဲ့ သဘာဝတရားတစ်ခုပဲ။

ဒါကြောင့်မို့ မြတ်စွာဘုရားက “ကျေးဇူးသိတယ်ဆိုတာ သူတော်ကောင်းတွေရဲ့ အရည်အချင်းတစ်ခုပဲ” လို့ ဟောထားတယ်၊ လူတော်လူကောင်းမှ ဒီလိုတစ်ဦးတစ်ယောက်ရဲ့ ကျေးဇူးရှိမှုကို အသိအမှတ်ပြုနိုင်တာပါ။

စာမျက်နှာ-၄၆

၄၂။ သူတော်ကောင်းတို့၏ စိတ်နေသဘောထား
ကိုယ်ကျင့်သီလလည်း ကောင်းတယ်၊ ပညာလည်း တော်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ သူတော်ကောင်းပဲ၊ သို့သော် အဆင့်အမြင့်ဆုံး သူတော်ကောင်းဆိုတာကတော့ ဘုရားရဟန္တာသာ ဖြစ်တယ်၊ အခြေခံအားဖြင့် သီလနဲ့ ပညာရှိသူကို သူတော်ကောင်းလို့ ပြောရတယ်၊ ဒီနေရာမှာ သီလဆိုတာ သုစရိုက်တရား ၁၀-ပါးကို ကျင့်သုံးခြင်းပဲ၊ ဒီတရား ၁၀-ပါးကို ကျင့်သုံးတဲ့သူကို “လူကောင်း” လို့ ပြောရမယ်၊ ကံ, ကံ၏အကျိုးကို သိမြင်တဲ့ “ကမ္မဿကတာ သမ္မာဒိဋ္ဌိ”၊ ၎င်းသမ္မာဒိဋ္ဌိထက် အဆင့်မြင့်တဲ့ “ဝိပဿနာသမ္မာဒိဋ္ဌိ” ဆိုတဲ့ အသိဉာဏ်မျိုးရှိရင်တော့ “လူတော်” လို့ ပြောရမယ့်အဆင့်ရောက်တယ်၊ အခြေခံအားဖြင့် ဒီလိုသတ်မှတ်တာ။

ဒီလို သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားနဲ့ ကျန်တဲ့သူတွေရဲ့ စိတ်နေသဘောထားက အများကြီးကွာတယ်၊ များသောအားဖြင့် လူတွေဟာ ငါ့ထိမခံဘူး, ငါ့ဥစ္စာထိမခံဘူး ဆိုသူက များတယ်၊ ကိုယ်ကျင့်တရားထိရင် မခံဘူးဆိုသူက အင်မတန်ရှားတယ်၊ ကိုယ်ကျင့်တရားကို လွယ်လွယ်ကူကူ စွန့်လွှတ်ကြတယ်၊ သူတော်ကောင်းတွေကျတော့ ကိုယ်ကျင့်တရားကို တန်ဖိုးထားပြီး အသက်ထက်မြတ်နိုးတယ်၊ ထိန်းသိမ်းစောင့်ရှောက်တယ်၊ အဲဒီလို အသက်ကိုစွန့်ပြီး ကိုယ်ကျင့်တရားကို တန်ဖိုးထားတာဟာ သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားပဲ။

စာမျက်နှာ-၄၇

၄၃။ တရားသိလျက် အကျင့်ခက်
သင်ထားလို့သိတဲ့အသိက လက်တွေ့ကျင့်သုံးပြီးတော့ သိတဲ့အသိလောက် ခိုင်မာမှု, ရင့်ကျက်မှု မရှိဘူး၊ ဘာဖြစ်လို့ သတ္တဝါတွေဟာ သိလျက်သားနဲ့ မကျင့်နိုင်ကြတာလဲဆိုတော့ မကျင့်နိုင်ခြင်းရဲ့ အကြောင်းဖြစ်တဲ့ လောဘ, ဒေါသ, မောဟစတဲ့ ကိလေသာတွေ လွှမ်းမိုးမှုက အင်မတန်မှ အားကောင်းပြီးတော့ အသိဉာဏ်က အားပျော့သေးသိမ်နေလို့ပဲဖြစ်တယ်၊ အကယ်၍သာ အသိဉာဏ်လွှမ်းမိုးသွားမယ်ဆိုရင် လောဘစတဲ့ ကိလေသာတွေက အင်အားပျော့ညံ့သွားပြီး တရားသိလျက် အကျင့်ခက်စရာ မရှိတော့ဘူး၊ အားထုတ်နေမှာ ဖြစ်တယ်။

တရားနာလို့ ကုသိုလ်ဆိုတာ မိမိသန္တာန်မှာ ပြည့်စုံအောင် လုပ်ရမယ်ဆိုတဲ့အသိလေး ရလာတယ်၊ သိထားတဲ့အတိုင်း ဒါနကောင်းမှုလုပ်တယ်၊ သီလလည်း ဆောက်တည်တယ်၊ ဘာဝနာလည်း ပွါးများအားထုတ်တယ်၊ ကုသိုလ်တွေရအောင် ယူတယ်ဆိုရင် ကျင့်သုံးတယ်လို့ ခေါ်တယ်၊ အကယ်၍ ဒီအသိမျိုးရှိသော်လည်း ကုသိုလ်ကောင်းမှုမလုပ်ဘူး, မလုပ်ဖြစ်ဘူးဆိုရင် ဒါဟာ “တရားသိလျက် အကျင့်ခက်” ဆိုတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။

စာမျက်နှာ-၄၈

၄၄။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်
“ဓမ္မအသိ” ဆိုတဲ့နေရာမှာ ဓမ္မဆိုတာ အမှားအမှန်ကို ခွဲခြားသိနိုင်အောင် ဟောပြောထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ သွန်သင်ဆုံးမချက်တွေကို ခေါ်တယ်၊ ကောင်းဆိုးနှစ်မျိုးကို ပေးတတ်တဲ့ သဘာဝအကြောင်းတွေရဲ့ အကျိုးအကြောင်း အဆိုးအကောင်းတွေကို သိတာလည်း ဓမ္မကိုသိတယ်လို့ ဒီလို ပြောလို့ရတယ်။

ဓမ္မအသိနဲ့ ဘဝမှာ အကျိုးရှိရှိနေဖို့ အသိဉာဏ်ရှိရမယ်။ လောကမှာ ဘဝတစ်ခုရလာတဲ့အခါမှာ နေပုံထိုင်ပုံက အမျိုးမျိုးရှိတယ်၊ အကျိုးရှိတဲ့နေနည်းရှိသလို အကျိုးမဲ့စေတတ်တဲ့ နေနည်းလည်း ရှိတယ်၊ အချို့အချို့သော နေနည်းတွေက ပစ္စုပ္ပန်ဘဝမှာတော့ အကျိုးရှိပြီး တမလွန်ဘဝမှာ အကျိုးမရှိတဲ့ နေနည်းမျိုးလည်း ရှိတယ်၊ ပစ္စုပ္ပန်သံသရာနှစ်ဖြာလုံး အကျိုးရှိမယ့် နေနည်းမျိုးကို ဗုဒ္ဓမြတ်စွာက ဆုံးမဩဝါဒပေးထားတယ်။

အဲဒီလိုနေတတ်ဖို့ဆိုတာ လူတွေမှာ မျက်စိနှစ်လုံးရှိရသလို အသိဉာဏ်လည်းပဲ နှစ်မျိုးရှိဖို့ လိုအပ်တယ်တဲ့၊ အမ္မသုတ္တန်မှာ ဒွိစက္ခ = မျက်စိနှစ်လုံးရှိတဲ့ပုဂ္ဂိုလ်ကို အကောင်းဆုံးပုဂ္ဂိုလ်လို့ ဒီလိုဟောထားတယ်၊ အသိဉာဏ်ဆိုတာ နှစ်ဖက်မြင်ရမယ်၊ တစ်ဖက်တည်းမမြင်ရဘူးလို့ ဒီလိုဆိုလိုတာ။

စာမျက်နှာ-၄၉

၄၅။ ရသတဏှာ
တဏှာဆိုရင် ဘယ်တဏှာမှ မကောင်းဘူး၊ ထပ်တလဲလဲ ဘဝတွေကို ဖြစ်ပေါ်စေတာဟာ ဒီတဏှာပဲ၊ တဏှာဟာ ရူပတဏှာ စသည်အားဖြင့် ၆-မျိုးရှိတဲ့အထဲမယ် ရသတဏှာဟာ ကျန်တဲ့တဏှာတွေထက် ပိုဆိုးတယ်၊ တစ်ချို့ မြင်တာ ကြားတာကို တွယ်တာမှုရှိချင်မှရှိမယ်၊ ရသတဏှာကျတော့ ရှောင်နိုင်တဲ့ပုဂ္ဂိုလ် အလွန်နည်းတယ်၊ မျက်စိကွယ်ရာ နားကွယ်ရာမှာ အေးအေးဆေးဆေး နေနိုင်သော်လည်း ကိုယ်ကြိုက်တာလေးမှ မစားရဘူးဆိုရင် လူတွေဟာ မနေနိုင်ကြဘူးတဲ့။ ဒါကြောင့် မြန်မာလူမျိုးတွေဟာ နိုင်ငံခြားသွားရင် ငါးပိကြော်လေးတွေ ယူသွားကြတာပေါ့။

အသက်ရှင်ရပ်တည်ရေးဟာ အာဟာရနဲ့ကင်းပြီးတော့ မဖြစ်နိုင်ဘူး၊ မျက်စိကမကြည့်ဘဲ နားမထောင်ဘဲ အနံ့မရှူဘဲ အသက်ရှင်နေထိုင်နိုင်တယ်၊ သို့သော် နေ့စဉ်စားသုံးနေကြတဲ့ အာဟာရမရှိဘဲနဲ့ ရပ်တည်ဖို့ မဖြစ်နိုင်ဘူး၊ သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ = သတ္တဝါမှန်သမျှ အာဟာရကြောင့် ဘဝမှာရပ်တည်နိုင်ခြင်း ဖြစ်ပါတယ်။

စာမျက်နှာ-၅၀

၄၆။ ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်
အာသီဝိသောပမသုတ်ဆိုတာ ဝိပဿနာကျင့်စဉ်ကို ဦးတည်ပြီးဟောတာဖြစ်သည့်အတွက် မြွေကြီး ၄-ကောင်ဆိုတဲ့ ဓာတ်ကြီး ၄-ပါး အဆိုးတရား၊ ခန္ဓာ ၅-ပါးဆိုတဲ့ လူသတ်သမား၊ အတွင်းရန်သူဆိုတဲ့ နန္ဒီရာဂက ဒုက္ခပေးပုံ၊ ခြောက်အိမ်စုရွာလို့ခေါ်တဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ အနှစ်မဲ့တဲ့ အဇ္ဈတ္တိကာယတန ၆-ပါး၊ ဓားပြ ၆-ယောက်လို့ခေါ်တဲ့ အိမ်တွေကို ဝင်ဝင်ဖျက်ဆီးနေတဲ့ ဗာဟိရာယတန ၆-ပါးဆိုတာတွေကို မြင်အောင်ကြည့်နိုင်ဖို့ လိုအပ်တယ်၊ ဒီတရားတွေဟာ ဝိပဿနာရှုဖို့ အာရုံတွေပဲလို့ မြတ်စွာဘုရားဟောထားတာ။

ဒီအာရုံတွေကို ရှုပြီးတော့ သြဃ ၄-ဖြာဆိုတဲ့ ကျယ်ဝန်းတဲ့မြစ်ပင်လယ်ကြီးကို မဂ္ဂင်ရှစ်ပါးဆိုတဲ့ လှေဖောင်နဲ့ ဖြတ်ကူးရမယ်၊ ကူးတဲ့အခါမှာ လက်ရောရော အားစိုက်ပြီး ဟိုဘက်ကမ်းရောက်အောင် သွားရသလို လုံ့လဝီရိယနဲ့ ကြိုးပမ်းပြီးဖြတ်ကူးရမယ်၊ ကုန်းပေါ်ရောက်လို့ ခြေချမိပြီဆိုရင် ခုနကပြောခဲ့တဲ့ အန္တရာယ်တွေမှန်သမျှ အကုန်လွတ်သွားမယ်။

ဒါကြောင့် “ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်” ဆိုတာ နိဗ္ဗာန်ချမ်းသာကို ရည်ညွှန်းပြီး ဟောထားတာပါ။ မငြိမ်းချမ်းတဲ့ ဒီဘက်ကမ်းရဲ့ ပြဿနာတွေကို မြင်အောင်ရှုပြီး ငြိမ်းချမ်းတဲ့ဟိုဘက်ကမ်းကို တက်လှမ်းနိုင်ကြပါစေ။

စာမျက်နှာ-၅၁

၄၇။ ဘုရားသော်မှပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ
ရံဖန်ရံခါ ပုထုဇဉ်တွေဟာ မကောင်းတဲ့ကံတွေတွေကို ပြစ်မှားကျူးလွန်မိခဲ့ကြတာရှိတယ်၊ အဲဒီကံက ပြုလုပ်သူပုဂ္ဂိုလ်ရဲ့သန္တာန်မှာ စွမ်းရည်သတ္တိအနေနဲ့ တည်ရှိပြီးနေတယ်။

ကံနဲ့ကိလေသာ နှစ်ရပ်ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ ခန္ဓာကိုယ်ထဲမှာ ကိလေသာတွေကုန်သွားလင့်ကစား သူ့ရဲ့အကျိုးဆက် ခန္ဓာကြီးရှိနေသမျှ ဟောဒီကံကြမ္မာက အကျိုးပေးနိုင်သေးတယ်။

“ဝဋ်ကြွေး”တဲ့၊ တစ်ချိန်က ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တွေက Reaction တုန့်ပြန်ပြုလုပ်လာတာတွေ ရှိလာတယ်၊ အဲဒီတုန့်ပြန်မှုလေးတွေက ဘုရားပဲဖြစ်စေ ရဟန္တာပုဂ္ဂိုလ်ပဲဖြစ်စေ မည်သူ့သန္တာန်မှာပဲဖြစ်ဖြစ် ကံကြမ္မာဝဋ်ကြွေးတွေက အကြောင်းညီညွတ်ရင် တုန့်ပြန်လာတတ်သေးတယ်တဲ့၊ အကြွေးဆိုတာ ရှိနေရင် မဆပ်ဘဲနေလို့မရဘူး၊ ဆပ်ရတယ်နော်။

စာမျက်နှာ-၅၂

၄၈။ ဘဝဆည်းဆာ ကရုဏာ
“ဆည်းဆာ” ဆိုတာ နေဝင်ချိန်ကာလလေးကို ခေါ်တာဖြစ်တယ်၊ ပုဂ္ဂိုလ်သတ္တဝါအားလုံးတို့ရဲ့ ဘဝမှာလည်းပဲ ဘဝဆည်းဆာနေဝင်ချိန် (သို့မဟုတ်) နောက်ဆုံးနေ့ဆိုတာရှိတယ်၊ ဘဝဆည်းဆာအချိန် ရောက်လာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ နေဝင်တော့မယ့်ဆဲဆဲမှာ မသိတဲ့ခရီးတစ်ခုကို သွားရမှာမို့လို့ စိုးရိမ်သောက ရောက်နေရတယ်။

“ကရုဏာ” ဆိုတာ ဒုက္ခိတသတ္တဝါ (သို့မဟုတ်) အခက်အခဲကြုံနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မြင်ရရင် မြင်သူမှာခံစားရတဲ့ နှလုံးသားရဲ့လှုံ့ဆော်မှု၊ စိတ်နှလုံးကို ငြိမ်အောင်ထားလို့မရဘဲ တစ်ဖက်သား ဒုက္ခရောက်နေတာကို မကြည့်နိုင် မရှုနိုင် ကူညီဖြေရှင်းလိုတဲ့ သဘာဝတရားဟာ ကရုဏာဖြစ်တယ်။

ဒါကြောင့် “ကျန်းမာရေးနဲ့ လူမှုကူညီရေး” ဆိုတဲ့ ဒီအရေးနှစ်ခုဟာ ကရုဏာကိုအခြေခံပြီးတော့ လုပ်တဲ့အရေးတွေဖြစ်လို့ ဘဝဆည်းဆာမှာ အင်မတန်မှအရေးပါတဲ့ ကရုဏာတရားဖြစ်တယ်၊ မြင့်မြတ်တဲ့နှလုံးသားရှိတဲ့ ပုဂ္ဂိုလ်တိုင်းဟာ ကရုဏာထားပြီး အများရဲ့ဒုက္ခကို ဝိုင်းဝန်းကူညီဖြည့်ဆည်းပေးတယ်ဆိုတာ အင်မတန်မှ မွန်မြတ်လှပါတယ်။

စာမျက်နှာ-၅၃

၄၉။ ဘဝခရီးဝယ် ရွေးချယ်ရမယ့်လမ်း
ဒီကနေ့ခေတ်မှာ ကိုးကွယ်ရာဘာသာတရားတွေက အမျိုးမျိုးရှိတယ်၊ ဘာသာတရားတစ်ခုနဲ့တစ်ခု ယုံကြည်ချက်တွေ ဟောပြောချက်တွေ ကွဲပြားခြားနားနေတယ်၊ ဘာသာတစ်ခုက အမှန်ပြောတဲ့အရာဟာ အခြားဘာသာတစ်ခုမှာ အမှားဖြစ်နေပြန်တယ်။

အဲဒီလို အမှားအမှန်ရွေးချယ်ဖို့ခက်နေတဲ့ ပုဂ္ဂိုလ်တွေအတွက် လျှောက်လှမ်းစရာလမ်းကြောင်းကို ဗုဒ္ဓမြတ်စွာက “ကာလာမသုတ်”မှာ ဟောထားခဲ့ပါတယ်၊ ဒီကာလာမသုတ်ကို ခြုံငုံကြည့်မယ်ဆိုရင် -

၁။ အစဉ်အလာယုံကြည်မှုစသည့် အချက် (၁၀) ချက်ကို အခြေခံပြီး မမှတ်ယူရ။
၂။ ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်အသိကိုသာ အခြေခံရမည်။
၃။ ကိုယ်ပိုင်ဉာဏ်ဖြင့် အဖြေထုတ်ပြီး မှားတာကိုစွန့်၍ မှန်တာကို လက်ခံကျင့်သုံးရမည်။
၄။ ဖြူစင်သောစိတ် မြင့်မြတ်သောသဘောထားဖြင့် အများနှင့်ဆက်ဆံနေထိုင်ရမည်။
၅။ ကိုယ်ပိုင်ဉာဏ်ဖြင့် အဖြေမထုတ်နိုင်သော ပြဿနာများ၌ နှစ်ဖက်ကောင်းပြီး သေချာသည့်လမ်းကို ရွေးရမည်။

ဒါကြောင့် ဗုဒ္ဓမြတ်စွာရွေးချယ်ပေးထားတဲ့ သေချာတဲ့လမ်းကြောင်းကို လျှောက်လှမ်းပြီး နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေ။

စာမျက်နှာ-၅၄

၅၀။ နိုင်သူနှင့် ရှုံးသူ
လောကလူတွေမှာ အနိုင်အရှုံးသတ်မှတ်တဲ့နေရာ အယူအဆချင်း မတူညီကြဘူး၊ လောကရှုထောင့်ကကြည့်တဲ့အခါ အနိုင်လို့ထင်ရပေမယ့်လို့ ဓမ္မရှုထောင့်ကကြည့်တဲ့အခါ အရှုံးဖြစ်နေတာတွေတွေ့ရတယ်၊ မြတ်စွာဘုရားက အနိုင်ယူနည်း ၄-မျိုး ဟောထားတာရှိတယ်။

၁။ အက္ကောဓေန ဇိနေ ကောဓံ = ဒေါသခက်ထန်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို မိမိက ဒေါသခက်ထန်ခြင်းမပြု သည်းခံခြင်း မေတ္တာထားခြင်း အေးငြိမ်းတဲ့စိတ်ဓာတ်မျိုးဖြင့် အနိုင်ယူပါ။
၂။ အသာဓု သာဓုနာ ဇိနေ = မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ကို သူနဲ့အတုလိုက်ပြီး မကောင်းတာမလုပ်ဘဲ ကိုယ်ကကောင်းတာကိုလုပ်ပြီး အနိုင်ယူပါ။
၃။ ဇိနေ ကဒရိယံ ဒါနေန = နှမြောတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို မိမိက ပေးကမ်းစွန့်ကြဲခြင်းဖြင့် အနိုင်ယူပါ။
၄။ သစ္စေနာလိကဝါဒိနာ = မမှန်တာကို အမြဲပြောနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို မိမိက မှန်တာကိုသာပြောခြင်းဖြင့် အနိုင်ယူပါ။

ဒါကြောင့် လောကအမြင်နဲ့ကြည့်ရင် “နိုင်သူနဲ့ ရှုံးသူ” ဟာ ပုံစံတစ်မျိုးစီ မြင်ရမှာဖြစ်သော်လည်း ဓမ္မအမြင်နဲ့ကြည့်မှ နိုင်သူအစစ်နဲ့ ရှုံးသူအစစ်ကို မြင်တွေ့ကြရမှာပါ။

စာမျက်နှာ-၅၅

၅၁။ လူဆိုး လူမိုက်
အမူအကျင့်ဆိုးသွမ်းတဲ့ပုဂ္ဂိုလ်မျိုးကို “လူဆိုး”လို့ခေါ်ကြတယ်၊ ကြောင်းကျိုးဆင်ခြင်နိုင်မှုမရှိ အသိဉာဏ်မဲ့ပြီး အမှန်မသိလို့ မိုက်ကန်းနေသူကို “လူမိုက်”လို့ခေါ်တယ်။

လောကမှာ ဆိုးသွမ်းပြီးတော့ အကြောင်းအကျိုးဆင်ခြင်မှုမရှိ အသိဉာဏ်မရှိသည့်အတွက် လုပ်သင့်မလုပ်သင့်ကို ခွဲခြားမသိဘူး၊ မသိသည့်အတွက် လုပ်ချင်ရာရာတွေကို လုပ်နေတဲ့ပုဂ္ဂိုလ်ကို “လူဆိုးလူမိုက်”လို့ မြန်မာစကားအရ သရုပ်ဖေါ်လို့ရတယ်။ လူဆိုးလူမိုက်တွေဟာ -

၁။ ဒုစ္ဆိန္တိတစိန္တီ = ကောင်းတာဘယ်တော့မှ စိတ်မကူးဘူး၊ လူတကာဒုက္ခပေးမယ့်စိတ်ကူးပဲ ကူးတယ်။
၂။ ဒုဗ္ဗာသိတဘာသီ = ကောင်းတဲ့စကားမပြောဘူး၊ အများဒုက္ခရောက်မယ့် မကောင်းတဲ့စကားပဲပြောတယ်။
၃။ ဒုက္ကဋကမ္မကာရီ = လုပ်တဲ့အခါမှာလည်း မကောင်းတဲ့အလုပ်ကိုပဲလုပ်တယ်။

ဒါတွေဟာ လူဆိုးလူမိုက်ရဲ့ သွင်ပြင်လက္ခဏာတွေ ဖြစ်ပါတယ်။

စာမျက်နှာ-၅၆

၅၂။ ဆင်းရဲမွဲတေမှု လျှော့ချရေး
လောကမှာ ပစ္စည်းဥစ္စာတွေရှားပါးပြီး မွဲတေလာလို့ရှိရင် လူ့လောကမှာ ပြဿနာမျိုးစုံတက်ပြီး ဒုက္ခရောက်ရသလိုပဲ ဓမ္မရေးရာနဲ့ပတ်သက်ပြီး ဆင်းရဲမွဲတေမှုတွေများလာမယ်ဆိုရင် ဒီလိုဒုက္ခကြုံရတာပဲ။

ကိုယ့်သန္တာန်မှာ ရှိသင့်တဲ့တရားတွေ ဓမ္မအရည်အချင်းတွေမရှိဘူးဆိုရင် အဲဒီလူဟာ လူမွဲပဲ၊ ရှိသင့်တဲ့တရားတွေက -

* ကံ, ကံ၏အကျိုးကို ယုံကြည်မှု၊ ကုသိုလ်ကောင်းမှုအပေါ်မှာ စိတ်ဝင်စားမှု သဒ္ဓါ။
* မဟုတ်တာလုပ်ရမှာကို ရှက်ရွံ့တဲ့ ဟိရီ။
* မကောင်းမှုအကုသိုလ်ကို ကြောက်ရွံ့တဲ့ ဩတ္တပ္ပ။
* အကုသိုလ်တွေဖယ်ရှားပြီး ကုသိုလ်တွေရအောင်လုပ်တဲ့ ဝီရိယ။
* အကောင်းအဆိုးကို ခွဲခြားသိနိုင်တဲ့ ပညာ။

ဒီတရားတွေမရှိရင် ဆင်းရဲမွဲတေပြီတဲ့၊ ဒါကြောင့်မို့ မိမိတို့ဟာ ဆင်းရဲမွဲတေမှုဆိုတာကို မဖြစ်စေရဘူး၊ ဥစ္စာဓန ဆင်းရဲမွဲတေမှုဟာ တစ်ဘဝသာခံရတယ်၊ ကုသိုလ်ရေးနဲ့ပတ်သက်တဲ့ သဒ္ဓါ၊ ဟိရီ၊ ဩတ္တပ္ပ၊ ဝီရိယ၊ ပညာလို့ဆိုတဲ့ အရေးကြီးတဲ့တရားတွေ ဆင်းရဲမွဲတေမှုမဖြစ်အောင် လျော့ပါးသွားအောင် ဆောင်ရွက်ကြဖို့လိုပါတယ်။

စာမျက်နှာ-၅၇

၅၃။ မွေးနေ့လက်ဆောင်
မွေးနေ့မှာ ကောင်းမြတ်တဲ့ကုသိုလ်တရားတွေ ဆည်းပူးအားထုတ်မယ်ဆိုရင် “မွေးနေ့ကိုယ်တိုင်က တန်ဖိုးမရှိသော်လည်း မွေးနေ့ကို အကြောင်းပြုပြီးတော့ ရလာတဲ့တရားတွေဟာ တန်ဖိုးရှိပါတယ်” လို့ ခွဲခြားသိဖို့လိုတာပေါ့။

ဆိုလိုတာက မွေးဖွားလာခြင်းဟာ မကောင်းဘူး၊ မကောင်းတဲ့ထဲကမှ အကောင်းကဘာလဲဆိုရင် မိမိသန္တာန်မှာဖြစ်ပေါ်လာတဲ့ ကုသိုလ်တရားတွေက ကောင်းတယ်၊ အများကိုအကျိုးပြုနိုင်တဲ့ အလုပ်တွေက ကောင်းတယ်၊ ကိုယ့်ကိုယ်အမှီပြုပြီးတော့ အများချမ်းသာတယ်ဆိုရင် ကောင်းတယ်၊ အဲဒီကောင်းတာတွေများများရမှ တို့တစ်တွေဟာ ကြီးမားတဲ့အကျိုးကျေးဇူးကို ရမှာဖြစ်ပါတယ်၊ ဒီတော့ “ဇာတိ” ဆိုတဲ့ မွေးဖွားခြင်း (မွေးနေ့) ကို အရင်းတည်ပြီးတော့ ပါရမီကုသိုလ်တွေဖြစ်အောင် လုပ်လို့ရတယ်။

ဒါကြောင့်မို့ happy birthday to you လို့ဆိုပြီးတော့ ဘာနဲ့ happy ကြမှာလဲ၊ မွေးနေ့တိုင်း မွေးနေ့တိုင်းမှာ ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ ရလာတဲ့ ကုသိုလ်တရားသည်သာလျှင် မွေးနေ့ရဲ့အမြတ် ဖြစ်ပါတယ်။

စာမျက်နှာ-၅၈

၅၄။ စရိုက်နှင့် ဝါသနာ
စိတ်ထဲမှာ အဖြစ်များနေတဲ့အရာတစ်ခု၊ လူတွေရဲ့စိတ်နေသဘောထား ပကတိအနေအထား ဥဿန္တာ အဖြစ်များတဲ့ စိတ်အခြေအနေကို “စရိုက်” လို့ခေါ်တယ်။

ဒီနေရာမှာ စာပေကျမ်းဂန်အရ စရိုက် (၆) မျိုးရှိတယ်၊ ကောင်းတဲ့စရိုက် (၃) မျိုးနဲ့ မကောင်းတဲ့စရိုက် (၃) မျိုး၊ ဒီစရိုက်တွေက ကမ္မဋ္ဌာန်းအလုပ်အားထုတ်တဲ့အခါ အရေးကြီးတယ်၊ အကုသိုလ်နဲ့ပတ်သက်တဲ့ စရိုက် (၃) မျိုးက ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ ကုသိုလ်နဲ့ပတ်သက်တဲ့ စရိုက် (၃) မျိုးက သဒ္ဓါစရိုက်၊ ဗုဒ္ဓစရိုက်၊ ဝိတက္ကစရိုက်ဆိုပြီး (၃) မျိုးရှိတယ်။

ဝါသနာဆိုတာကျ အထုံရနေခြင်း၊ အကျင့်ပါနေခြင်း၊ ဝါသနာဖြင့်ထုံမွမ်းခြင်းလို့ အဓိပ္ပါယ်ရတယ်၊ စရိုက်ဆိုတာ အဖြစ်များတဲ့အရာ၊ အဲဒီအဖြစ်များတဲ့အရာတွေက ဖြစ်ပါများလွန်းအားကြီးလာတဲ့အခါမှာ မပျောက်နိုင်လောက်အောင် စွဲသွားပြီဆိုလို့ရှိရင် ဒါ ဝါသနာ။

တစ်ချို့က အဲဒီစရိုက်တွေဟာ အတိတ်ဘဝက လေ့ကျင့်ခဲ့တာနဲ့ သက်ဆိုင်တယ်တဲ့၊ အဲဒီအဖြေကို ရှင်မဟာဗုဒ္ဓဃောသက “ဒါမသေချာဘူး ယေဘုယျစကားပဲ၊ အတိတ်ဘဝတုန်းက ကံတစ်ခုခုကိုလုပ်နေတဲ့ စိတ်နေသဘောထားကိုကြည့်ရမယ်၊ ပဋိသန္ဓေကို ဖြစ်စေတတ်တဲ့ ကံတရားဟာ စရိုက်တွေဖြစ်ပေါ်လာခြင်းရဲ့ အဓိကအကြောင်းဖြစ်တယ်” လို့ ဆိုလိုတယ်။

စာမျက်နှာ-၅၉

၅၅။ ချမ်းသာစွာ အိပ်စက်ခြင်း
တိုက်ခန်းထဲမှာအိပ်နေတဲ့ပုဂ္ဂိုလ်မှာ ရာဂစိတ်တွေ ဒေါသစိတ်တွေဖြစ်ပွါးလာလို့ရှိရင်မယ်၊ တဏှာရာဂဆိုတာ အလိုမကျဘူး၊ စိတ်နှလုံးကိုပူပန်စေတယ်၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကိုဖြစ်စေတယ်၊ အဲဒီအပူတွေရှိနေမယ်ဆိုရင် ဘယ်လောက်ကောင်းတဲ့အိပ်ယာပေါ်အိပ်အိပ် ချမ်းချမ်းသာသာအိပ်စက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

မြတ်ဗုဒ္ဓဆိုလိုတဲ့ ချမ်းသာစွာအိပ်စက်ရခြင်းဆိုသည်မှာ နှလုံးသားအပူငြိမ်းပြီးတော့ ကိလေသာခပ်သိမ်းငြိမ်းနေတဲ့ပုဂ္ဂိုလ်ရဲ့ အိပ်စက်မှုသာလျှင် ချမ်းချမ်းသာသာအိပ်စက်ရခြင်းလို့ ဆိုနိုင်တယ်။

စာမျက်နှာ-၆၀

၅၆။ ရင်းနှီးမြှုပ်နှံ့ခြင်း
ကုသိုလ်ကောင်းမှုပြုတယ်ဆိုတာ ရင်းနှီးမြှုပ်နှံခြင်းတစ်မျိုးဖြစ်ပါတယ်၊ သေချာတဲ့ရင်းနှီးမြှုပ်နှံမှုကို မြတ်ဗုဒ္ဓက ယခုလိုရှင်းပြတယ်၊ လိမ္မာပါးနပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ တကယ်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်ချင်ပြီဆိုရင် မိမိပိုင်ဆိုင်တဲ့ပစ္စည်းကိုအကြောင်းပြုပြီး ကုသိုလ်ပြုကာ ဒါနကောင်းမှုလုပ်တာ၊ ကိုယ်ကျင့်တရားထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သမာဓိတရားကြိုးစားအားထုတ်ခြင်း၊ လောကီ လောကုတ္တရာပညာရပ်တွေ မိမိသန္တာန်မှာရအောင် ကြိုးစားအားထုတ်ခြင်းဟာ သေချာတဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်တဲ့။

စီးပွါးရေးနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်ကတော့ မိမိရှိတဲ့ပစ္စည်းကို လေးပုံပုံ၊ တစ်ပုံကို emergency အတွက်သိမ်းထား၊ တစ်ပုံကိုစား၊ ကျန်တဲ့တစ်ပုံကိုတော့ အတိုးအပွါးရအောင် အရောင်းအဝယ်ကိစ္စတွေမှာ ဆောင်ရွက်သင့်တယ်လို့ ဩဝါဒပေးထားတယ်၊ ဒါက လောကမှာ လူတွေဒုက္ခမရောက်အောင် လမ်းညွှန်ထားတဲ့ စီးပွါးရေးစီမံချက်တစ်ခုဖြစ်တယ်။

စာမျက်နှာ-၆၁

၅၇။ ကမ္မဋ္ဌာန်းဆရာ
နိဗ္ဗာန်ရောက်ချင်တဲ့ပုဂ္ဂိုလ်တိုင်း ကမ္မဋ္ဌာန်းတရားအားထုတ်တဲ့အခါ မှန်ကန်တဲ့လမ်းကြောင်းပေါ် လျှောက်နိုင်ဖို့အတွက် အရည်အချင်းရှိတဲ့ ကမ္မဋ္ဌာန်းဆရာကို ရှာတွေ့ဖို့ အရေးကြီးတယ်၊ ဘယ်လိုအရည်အချင်းနဲ့ ပြည့်စုံမှ “ကမ္မဋ္ဌာန်းဆရာ” ဖြစ်ရမှာလဲဆိုတာ စာပေကျမ်းဂန်မှာ မှတ်တမ်းတင်ထားတာရှိတယ်။

၁။ ပိယော စ ဟောတိ = ကိုယ်ကျင့်သီလနဲ့ပြည့်စုံပြီး ကြည်ညိုစရာကောင်းရမယ်၊ အပြစ်အနာအဆာမရှိစေရဘူး။
၂။ ဂရု = ကြည်ညိုစရာကောင်းရုံတင်မကဘူး၊ လေးစားလောက်တဲ့ ဂုဏ်အရည်အချင်းတွေလည်း ရှိရမယ်။
၃။ ဘာဝနီယော = အများကလည်း တော်လိုက်တာလို့ ချီးမွမ်းထိုက်တဲ့ ဂုဏ်အရည်အချင်းလည်း ရှိရမယ်။
၄။ ဝတ္တာ = မိမိနဲ့ပတ်သက်လာတဲ့ပုဂ္ဂိုလ်ကို ပြောသင့်ပြောထိုက်တဲ့စကားဆိုရင် ပြောကိုပြောရမယ်။
၅။ ဝစနက္ခမော = တစ်ဖက်ကနေ ထောက်ပြပြောဆိုလာလို့ရှိရင် လက်ခံနိုင်တဲ့ပုဂ္ဂိုလ် သည်းခံနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။
၆။ ဂမ္ဘီရဉ္စ ကထံ ကတ္တာ = လေးနက်တဲ့ ရုပ်နာမ်အကြောင်း မဂ် ဖိုလ် နိဗ္ဗာန်အကြောင်းများ ဟောပြောနိုင်ရမယ်။
၇။ နော စ အဌာနေ နိယောဇေတိ = အရာမဟုတ်တဲ့ကိစ္စ မမှန်ကန်တဲ့လမ်းကြောင်းပေါ် တွန်းမတင်ဘူး၊ ဒီအရည်အချင်းတွေပြည့်စုံမှ ကမ္မဋ္ဌာန်းဆရာကောင်းလို့ သတ်မှတ်ရမယ်။

စာမျက်နှာ-၆၂

၅၈။ သာသနာပြု စွမ်းအားစု
သာသနာဆိုတာ ဗုဒ္ဓမြတ်စွာဟောကြားတဲ့ တရားတော်တွေကို ရည်ညွှန်းတာဖြစ်ပေမယ့်လို့ အဓိကက ဘာတွေလဲဆိုရင် မဂ္ဂင်ရှစ်ပါးတရားကို သာသနာလို့ခေါ်တယ်၊ “မဇ္ဈိမပဋိပဒါ” လို့ခေါ်တဲ့ အလယ်လမ်းမဂ္ဂင်ရှစ်ပါးကို သာသနာလို့သတ်မှတ်တယ်၊ ဒီထက်နည်းနည်းအကျယ်ချဲ့ကြည့်လိုက်မယ်ဆိုရင် ထိုမဂ္ဂင်ရှစ်ပါးထဲမှာ အကြုံးဝင်တဲ့ သတိပဋ္ဌာန်စတဲ့ ဗောဓိပက္ခိယတရား (၃၇) ပါးဟာ ဗုဒ္ဓမြတ်စွာရဲ့သာသာနာပါလို့ ဒီလိုမှတ်ရမယ်။

အဲဒီတော့ သာသနာပြုတယ်ဆိုတာ ဗုဒ္ဓဟောကြားတဲ့ တရားဓမ္မတွေကို သင်ယူခြင်းနဲ့ ထိုတရားဓမ္မတွေအတိုင်း လိုက်နာကျင့်သုံးခြင်းကို ခေါ်တယ်၊ ဒါဟာ တကယ့်အစစ်အမှန် သာသနာပြုတာပဲ၊ ကျန်တဲ့ ဘုရားတည်တာ၊ ကျောင်းဆောက်တာတွေဟာ သာသနာပြုနိုင်အောင် အထောက်အပံ့ပေးတဲ့ အကူအညီတွေသာဖြစ်တယ်၊ ဒီလိုအထောက်အပံ့အကူအညီတွေ မပေးလို့ရှိရင်လည်းပဲ သာသနာပြုနိုင်တဲ့အဆင့်ကို မရောက်နိုင်ပါဘူး။

စာမျက်နှာ-၆၃

၅၉။ သုံးပါးရတနာ ကိုးကွယ်ရာ
မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ဖြစ်လာကြတဲ့ပုဂ္ဂိုလ်တွေက အများလုပ်လို့ လိုက်လုပ်နေကြတာ များတယ်၊ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားပြီး အလေးအနက်လုပ်တာ နည်းတယ်၊ လေးနက်မှု မရှိသည့်အတွက်ကြောင့် တစ်ချို့မြန်မာလူမျိုးတွေရဲ့ အိမ်မှာ ရတနာသုံးပါးတင်မကဘူး၊ တခြားနတ်တွေပါ ရောက်လာကြတယ်၊ ဒါဟာ လေးနက်မှုမရှိလို့ ဖြစ်ရတာ။

မြတ်ဗုဒ္ဓက ဟောတယ်၊ “သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ” လောကမှာ ဗုဒ္ဓလို့ခေါ်တဲ့ အမှန်တရားသိတဲ့ပုဂ္ဂိုလ် ပေါ်ထွန်းလာတာဟာ သတ္တဝါတွေ ချမ်းသာဖို့အတွက်ပဲတဲ့၊ ဗုဒ္ဓက သတ္တဝါတွေ ဒုက္ခက လွတ်ပြီး ချမ်းသာသုခရအောင် တန်ခိုးတော်နဲ့ မစကယ်တင်သလားဆိုတော့ မဟုတ်ပါဘူး၊ မစကယ်တင်ဖို့ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြည့်ပေါ့။

မိမိသန္တာန်မှာ ဖြစ်လာတဲ့ ကုသိုလ်တရားကသာလျှင် ကယ်တင်နိုင်တဲ့အရာ ဖြစ်တယ်၊ ဒီသဘောတွေကို ဆင်ခြင်စဉ်းစားပြီး ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့ မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ စစ်မှန်တဲ့ကိုးကွယ်မှုရှိဖို့ အင်မတန်မှ အရေးကြီးပါတယ်။

စာမျက်နှာ-၆၄

၆။ သမုဒ္ဒရာ ဝမ်းတစ်ထွာ
လူ့ဘဝရောက်လာတဲ့ လူသားတွေအနေနဲ့ နေ့စဉ်နဲ့အမျှ အာဟာရတွေ စားကြရတယ်၊ တစ်ရက်လည်း မပြီးနိုင် နှစ်ရက်လည်း မပြီးနိုင်၊ တစ်သက်လုံး ဖြည့်တင်းနေကြရလို့ လူတွေရဲ့ တစ်ထွာတစ်မိုက်လောက်ရှိတဲ့ ဝမ်းဗိုက်လေးဟာ ပင်လယ်သမုဒ္ဒရာကြီးလောက် ဖြည့်တင်းရခက်ပါလားဆိုတဲ့ အဓိပ္ပါယ်နဲ့ “သမုဒ္ဒရာ ဝမ်းတစ်ထွာ”လို့ ဆိုကြတာပေါ့။

လောကမှာ သမုဒ္ဒရာ ဝမ်းတစ်ထွာလေး ဖြည့်ဖို့ရာအတွက် ဒုစရိုက်နဲ့ အသက်မွေးပြီဆိုလို့ရှိရင်တော့ ဝမ်းတစ်ထွာလေး ပြည့်မယ်လို့ ထင်ပြီး ကြိုးစားလိုက်တာနဲ့ ပြည့်လာမယ့် အရာကတော့ သံသရာထဲနစ်မွန်းမယ့် ဆင်းရဲဒုက္ခတွေသာ ဖြစ်တယ်ပေါ့၊ ဘဝတစ်ခုရလာလို့ရှိရင် ဝမ်းတစ်ထွာဆိုတာ သေသည်အထိ ဖြည့်နေကြရမှာပဲ၊ အဲဒါကို မြန်မြန်ဖြည့်ချင်လို့ မမှန်ကန်တဲ့ စီးပွားရေးတွေ ပြုလုပ်ပြီးတော့ ဒုစရိုက်လုပ်ငန်းနဲ့ အသက်မွေးမယ်ဆိုလို့ရှိရင်တော့ အကုသိုလ်တွေသာ ပြည့်ပြီး သံသရာဆိုတဲ့ ပင်လယ်ကြီးထဲမှာ နစ်မွန်းမယ်၊ အပါယ်ငရဲကနေ ဘယ်တော့မှ တက်လာနိုင်မှာ မဟုတ်တော့ဘူးလို့ ဒီလိုဆိုနိုင်ပါတယ်။

စာမျက်နှာ-၆၅

၆၁။ ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း
မြန်မာနိုင်ငံမှာရှိတဲ့ ပရိယတ္တိကျောင်းတိုက်တွေ အားလုံးဟာ အဆင့်ဆင့် လက်ဆင့်ကမ်းပြီးနေကြတယ်၊ လွန်ခဲ့တဲ့ နှစ် (၂၆၀၀) ပြန်ကြည့်လိုက်မယ်ဆိုရင် ဒီပုံစံနဲ့ လာခဲ့တယ်ဆိုတာ ထင်ရှားတယ်၊ ကိုယ့်အလှည့်ရောက်တဲ့အခါမှာ အမှတ်တမဲ့ မနေဘဲနဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို တစ်လုံးပဲဖြစ်ဖြစ် နှစ်လုံးပဲဖြစ်ဖြစ် သင်ယူမှတ်သားကြရမှာ ဖြစ်ပါတယ်၊ မှန်ကန်ပြီး လောကအကျိုး သံသရာအကျိုးကို ဆောင်ရွက်နိုင်စွမ်းရှိတဲ့ အဆုံးအမတွေကို လက်ဆင့်ကမ်းကြရမယ်။

မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်ကလည်း “ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ” ဓမ္မကိုတွေ့မှ ငါ့ကိုတွေ့မယ်လို့ ဟောတာ၊ ပရိနိဗ္ဗာန်စံခါနီးမှာလည်း “ငါဟောထားတဲ့ ဓမ္မ ဝိနယတွေဟာ သင်တို့ဆရာပဲ”လို့ ပြောထားတာ၊ ဒီစကားနှစ်ရပ်ကို ကြည့်မယ်ဆိုရင် မြတ်စွာဘုရားက တရားကျင့်သုံးရေး အဆုံးအမတွေကို လိုက်နာရေးက အဓိကပဲဆိုတာ ထင်ရှားတယ်၊ ဒါကြောင့် တစ်လုံးသိသိ နှစ်လုံးသိသိ လက်ဆင့်ကမ်းသွားကြဖို့ လိုအပ်တယ်။

ဒီလိုလက်ဆင့်ကမ်းသွားခြင်းအားဖြင့် ဗုဒ္ဓအဆုံးအမတွေဟာ လူသားတွေရဲ့ နှလုံးသားထဲ ရောက်ရှိပြီး အေးချမ်းမှုကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

စာမျက်နှာ-၆၆

၆၂။ စိတ်၏ ထွက်ပေါက်များ
ရံဖန်ရံခါ စိတ်ထဲမှာ အလိုမကျမှုဆိုတာ ဖြစ်တယ်၊ ထိုအလိုမကျမှုဟာ ကြီးထွားလာလို့ရှိရင် ပေါက်ကွဲလာတတ်ပြီး ငြိမ်းချမ်းတဲ့စိတ်ကလေး ပျက်စီးလာတယ်၊ ဒေါသဖြစ်လာပြီဆိုရင် သူ့ရဲ့ မျက်နှာကလည်း ကြည်လင်မှု မရှိတော့ဘူး၊ ပြုံးချိုခြင်း မရှိတော့ဘူး၊ မျက်နှာအနေအထားပါ ပြောင်းလာတယ်။

အဲဒီလို စိတ်အလိုမကျတဲ့ ဗျာပါဒတို့ ဒေါသတို့ ဖြစ်လာပြီဆိုရင် ထိုဒေါသရဲ့ ထွက်ပေါက်ကို ရှာကြတယ်၊ တစ်ချို့က ကိုယ်မကျေနပ်တဲ့အရာကို တခြားအရာနဲ့ အစားထိုးတယ်၊ သို့မဟုတ် မကျေနပ်တဲ့လူကို တစ်ခုခုနဲ့ အနိုင်ယူလိုက်တယ်၊ အဲဒီလို အနိုင်ယူလိုက်တာဟာ ထွက်ပေါက်မဟုတ်ဘူး၊ သို့သော် လူတွေက ဒါကိုပဲ ထွက်ပေါက်ထင်ပြီး ထွက်နေကြတယ်၊ မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာတတ်တယ်ပေါ့၊ မြတ်ဗုဒ္ဓက စိတ်ထဲမှာ အလိုမကျတဲ့ ဗျာပါဒရဲ့ ထွက်ပေါက်အစစ်က မေတ္တာတရားပါတဲ့၊ မေတ္တာပွားခြင်းဖြင့် ဗျာပါဒရဲ့ ထွက်ပေါက်ကို ရရှိနိုင်ပါတယ်တဲ့၊ ဒါဟာ မှန်ကန်တဲ့နည်းစနစ်ပဲ။

စာမျက်နှာ-၆၇

၆၃။ ယောဂီပုဂ္ဂိုလ်ရှိရမည့် အရည်အချင်းများ
ယောဂအလုပ်ကို စွဲမြဲစွာ ကြိုးစားအားထုတ်မှု ရှိသူကို “ယောဂီ”လို့ ခေါ်တယ်၊ ကြိုးပမ်းအားထုတ်မှုရှိမှ ယောဂီလို့ ခေါ်နိုင်တာ၊ အပျင်းပြေလုပ်နေတာကို ယောဂီလို့ မခေါ်နိုင်ဘူး။ ပဓာနိယင်္ဂသုတ်အရ ယောဂီပုဂ္ဂိုလ်ရှိရမည့် အရည်အချင်း ငါးမျိုးရှိတယ်။

၁။ ယုံကြည်မှုရှိရမယ်။
၂။ ရောဂါကင်းပြီး ကျန်းမာရမယ်။
၃။ ရိုးသားဖြောင့်မတ်ရမယ်။
၄။ ကြိုးစားအားထုတ်မှု ရှိရမယ်။
၅။ အခြေခံအသိပညာ ခိုင်လုံမှု ရှိရမယ်။

ဒီငါးမျိုးရှိပြီး ဆရာကောင်းနဲ့တွေ့တယ်ဆိုရင် ခုနှစ်ရက်အတွင်း တရားထူးရပါတယ်တဲ့၊ ဒီအရည်အချင်းတွေနဲ့သာ ပြည့်စုံရင် မနက်နည်းပေးလို့ အားထုတ်ရင် ညနေမှာ ရဟန္တာဖြစ်ပါတယ်တဲ့၊ ဒီလိုဟောထားတာ ရှိပါတယ်။

စာမျက်နှာ-၆၈

၆၄။ မေတ္တသုတ် အနှစ်ချုပ်
မေတ္တသုတ်ကို နေ့စဉ်ရွတ်လို့ရှိရင် အန္တရာယ်တွေ ကင်းတယ်လို့ ဒီမေတ္တသုတ်ထဲမှာ ပြဆိုထားတဲ့စကား တစ်လုံးမှ မပါဘူး၊ သို့သော် အများက ဒီအတိုင်းပဲ ယုံကြည်နေကြတယ်၊ မိုးကုတ်ဆရာတော်ကြီးပြောတဲ့ စကားလုံးနဲ့ ပြောရမယ်ဆိုရင် “တို့လူတွေက သောက်ဆေးကို လိမ်းဆေးလုပ်နေကြတယ်”တဲ့။

သောက်ရမှာကို မသောက်ဘဲနဲ့ လိမ်းဆေးအဖြစ် အသုံးပြုနေလို့ရှိရင် အကျိုးသက်ရောက်မှု အားနည်းမယ်၊ သောက်ရမယ့်ဆေးက သောက်ကိုသောက်မှ အကျိုးသက်ရောက်မှာ၊ ဒါကြောင့် မေတ္တာဆိုတာ ဘာဝနာတရားဖြစ်လို့ ပွားများကြရမယ်။

မေတ္တာဆိုတဲ့တရားက ရွတ်ဖတ်ရမယ့်တရား မဟုတ်ဘူး၊ ပွားများရမယ့်တရား ဖြစ်တယ်၊ မေတ္တာဟာ ကမ္မဋ္ဌာန်းပဲ။ များသောအားဖြင့် ဝိပဿနာတရားအားထုတ်တာမှ ကမ္မဋ္ဌာန်းလို့ ယူဆနေကြတယ်၊ မေတ္တာပို့နေတာ ပွားများတာဟာလည်း ကမ္မဋ္ဌာန်းပါပဲ၊ သမထကမ္မဋ္ဌာန်းထဲမှာ ပါတယ်၊ ဒါကြောင့် မေတ္တသုတ်နဲ့ ပတ်သက်လာလို့ရှိရင် ရွတ်ရမှာ သက်သက်မဟုတ်ဘူး၊ နာရမှာ သက်သက်မဟုတ်ဘူး၊ ပွားများကြရမှာ ဖြစ်ပါတယ်။

စာမျက်နှာ-၆၉

၆၅။ နှစ်ဦးကာလ ဓမ္မလက်ဆောင်
ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေဟာ အကြောင်းနဲ့ အကျိုးကို ဟောတာဖြစ်လို့ လူ့လောကမှာ ကောင်းကျိုးချမ်းသာရဖို့ မျှော်လင့်ကြတယ်၊ စီးပွားဥစ္စာတိုးတက်ချင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊ ကျန်းမာပြီးတော့ အသက်ရှည်ချင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊ ဒီဘဝကုန်လို့ နောက်ဘဝရောက်တဲ့အခါမှာလည်း ကောင်းရာသုဂတိကို ရချင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊ ဒီလေးမျိုးသည် “အတ္တသမ္မာပဏိဓိ”လို့ခေါ်တဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံမှု၊ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံမှု၊ စာဂတရားနဲ့ ပြည့်စုံမှု၊ အသိဉာဏ်ပညာနဲ့ ပြည့်စုံမှုဆိုတဲ့ ဒီအကြောင်းလေးမျိုး ကင်းနေရင် ခုနက မျှော်လင့်ချက်တွေ မအောင်မြင်နိုင်ပါဘူး။

နှစ်သစ်အခါသမယမှာ နှစ်ဟောင်းကထက် ပိုပြီးတော့ ကောင်းလာစေချင်ရင် သဒ္ဓါတရားတွေ ကောင်းလာအောင် ကိုယ်ကျင့်တရားတွေ ပိုပြီးလုံခြုံလာအောင် စွန့်လွှတ်မှုတွေ ပိုပြီးခိုင်မာလာအောင် အသိဉာဏ်တွေ ပိုပြီးကြွယ်ဝလာအောင် လုပ်ဖို့ လိုပါတယ်၊ ဒီအကြောင်းတရားတွေ ပြည့်စုံမှသာလျှင် မိမိတို့ရဲ့ မျှော်လင့်ချက်နဲ့ ချမ်းသာသုခတွေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေဆိုတဲ့ ဆုတောင်းတွေ တောင်းဆိုမှုတွေဟာ တစ်လုံးတစ်ဝကြီး ပြည့်စုံလာမှာပါ။

စာမျက်နှာ-၇၀

၆၆။ တရားထူး ရနိုင်သူ
တရားထူးတရားမြတ် ရဖို့ရန်အတွက် အခြေအနေဆိုးတွေ မကျူးလွန်မိဖို့ လိုတယ်၊ ပဉ္စာနန္တရိယကံ ကင်းရှင်းရမယ်၊ နိယတမိစ္ဆာဒိဋ္ဌိဆိုတဲ့ အယူမှားလက်ခံထားတာ ကင်းရှင်းရမယ်၊ အဲဒီနှစ်ခု ကင်းရှင်းသွားပြီဆိုရင် ကိုယ့်သန္တာန်မှာ အားဖြည့်ပေးရမှာတွေက ဘာတွေတုန်းဆို သဒ္ဓါစွမ်းအား၊ တရားထူးတရားမြတ်ကို ရလိုတဲ့ ဆန္ဒစွမ်းအား၊ အဲဒီ သဒ္ဓါစွမ်းအား၊ ဆန္ဒစွမ်းအားအပေါ်မှာ အခြေခံပြီးတော့ တရားဓမ္မကို သိလိုတဲ့ ဉာဏ်စွမ်းအားတွေ၊ တရားဓမ္မနဲ့ပတ်သက်ပြီးတော့ သိလာအောင် ကြိုးစားတဲ့ ဉာဏ်စွမ်းအားတွေ ရှိဖို့လိုအပ်တယ်။

အဲဒါတွေနဲ့ ပြည့်စုံလာပြီဆိုရင် တရားထူးတရားမြတ် ရနိုင်ပါတယ်၊ မြတ်စွာဘုရားက သူတော်ကောင်းတရားကို ကြားနာလို့ “သမ္မတ္တနိယာမ”ဆိုတဲ့ မဂ်တရားကို ရထိုက်တဲ့ပုဂ္ဂိုလ်ဟာ အခုလို အခြေအနေကောင်းတွေနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ် ဖြစ်တယ်လို့ ဟောပါတယ်။

စာမျက်နှာ-၇၁

၆၇။ ယှဉ်ပြိုင်ခြင်း၏ နိဂုံး
လောကလူတွေ ယှဉ်ပြိုင်နေတာက မမှန်မကန် ယှဉ်ပြိုင်ကြတာ များတယ်၊ ယှဉ်ပြိုင်သင့်တဲ့နေရာမှာ မယှဉ်ပြိုင်ဘဲနဲ့ မယှဉ်ပြိုင်သင့်တဲ့နေရာမှာ ယှဉ်ပြိုင်နေသည့်အတွက်ကြောင့် ပြဿနာတွေ တစ်ခုပြီးတစ်ခု တက်လာပြီးတော့ ထိုပြဿနာတွေရဲ့ အဖြေကို ရှာမတွေ့ဘဲ မြတ်စွာဘုရား နိဂုံးဆွဲပြသလို “နိုင်သူ ရန်ပွား၊ ရှုံးကား စိတ်ဆင်းရဲမှု”ဆိုတာနဲ့ ကြုံတယ်၊ နောက်ဆုံးမှာ ဒီအကျိုးပဲ ရလိုက်တယ်။

“တသာတိဟ ဘိက္ခဝေ ဧဝံသိက္ခိတဗ္ဗ” ဒါကြောင့်မို့ ချစ်သားရဟန်းတို့ ဒီလိုကျင့်ရမယ်တဲ့၊ “ဥတ္တရုတ္တရိ ပဏီတ ပဏီတံ ဝါယမမာနာ” သူများထက် သာသည်ထက်သာအောင် ကောင်းသည်ထက်ကောင်းအောင် ကြိုးစားအားထုတ်ခြင်းဖြင့် “အနုတ္တရံ ဝိမုတ္တိသုခံ” အကောင်းဆုံးသော လွတ်မြောက်တဲ့ ချမ်းသာကို “သစ္ဆိကရိဿမ” တို့တစ်တွေ ရယူနိုင်အောင် မျက်မှောက်ပြုနိုင်အောင် ကြိုးစားကြမယ်လို့ ဒီလိုသာ ယှဉ်ပြိုင်သင့်တယ် ယှဉ်ပြိုင်ရမယ်လို့ ဆုံးမပေးတာပါ။

ဒါကြောင့် ယှဉ်ပြိုင်မှုရဲ့ နိဂုံးဆိုတာဟာ ရဟန္တာဖြစ်မှ နိဂုံးဆွဲနိုင်တာ၊ ဒီနောက်တော့ ပြိုင်စရာမရှိတော့ဘူးတဲ့၊ လူတွေရဲ့ ယှဉ်ပြိုင်လိုတဲ့စိတ်က အရဟတ္တဖိုလ်မှာပဲ အဆုံးသတ်သွားပါပြီတဲ့။

စာမျက်နှာ-၇၂

၆၈။ မဟာဒါန
မဟာဆိုတဲ့ စကားလုံးက မြတ်သော သို့မဟုတ် ကြီးကျယ်သောလို့ အဓိပ္ပါယ်ရတယ်၊ ကြီးကျယ်သောအလှူ သို့မဟုတ် မြတ်သောအလှူ၊ အဲဒီမြတ်သောအလှူဆိုတာ မြတ်စွာဘုရားက ငါးပါးသီလကို ပြောတာ၊ သီလကို ဒီဒေသနာတော်မှာ ဒါနလို့ ဟောထားခြင်းဖြစ်တယ်၊ ငါးပါးသီလဆောက်တည်တိုင်း တို့တစ်တွေ မဟာဒါန ကြီးကျယ်တဲ့အလှူကြီးတစ်ခု လှူနေတယ်လို့ ကိုယ့်ကိုယ်ကို သတိထားပြီး စေတနာစွမ်းအား တိုးမြှင့်ထားဖို့ လိုအပ်တယ်။

ဒါဖြင့် “ပါဏာတိပါတာ ဝေရမဏိ” သူများအသက် သတ်ခြင်းမှရှောင်တာနဲ့ ဘာဖြစ်လို့ မဟာဒါနဖြစ်တာတုန်းဆိုတော့ ကိုယ်က သူများအသက်မသတ်လို့ရှိရင် ပတ်ဝန်းကျင်မှာ သတ္တဝါတွေ အများကြီးရှိတယ်၊ မရေတွက်နိုင်အောင် များပြားတဲ့ သတ္တဝါတွေကို ကိုယ်လက်နဲ့ ဘယ်တော့မှ အသက်မထွက်စေဘူးဆိုတဲ့ ရှောင်ကြဉ်မှုလေးဟာ သာမန်ကြည့်တော့ဖြင့် သေးသေးလေးလို့ ထင်ရမယ်၊ သို့သော် သတ္တဝါတွေအားလုံးကို ကိုယ်က အဘယံ ဒေတိ - ဘေးမဲ့ပေးလိုက်တယ်၊ အဝေရံ ဒေတိ - ရန်ကင်းမှုကို ပေးတယ်၊ အဗျာဗျ ဒေတိ - ဆင်းရဲဒုက္ခ လွတ်ကင်းအောင် ပေးလိုက်တယ်၊ ဒါဟာ ကြီးမားတဲ့ကုသိုလ်ကြီးတစ်ခု ဖြစ်ပါတယ်။

စာမျက်နှာ-၇၃

၆၉။ နန္ဒီ ဒုက္ခဿ မူလံ
မြတ်စွာဘုရားဟောတဲ့ ဒေသနာလေးတစ်ပုဒ် လူတွေရဲ့နှုတ်ထဲ ရောက်သွားလို့ရှိရင် ဒီဘဝတင်မကဘူး နောက်ဘဝတွေမှာပါ အကျိုးရှိနိုင်တယ်၊ ပဉ္စဂ္ဂပုဏ္ဏား ဇနီးမောင်နှံလိုပဲ “နာမရူပံ”ဆိုတဲ့ စကားလုံးလေး ကြားလိုက်တာနဲ့ ကြားဖူးတဲ့ စကားလုံးဆိုပြီး အဓိပ္ပါယ်ထွင်းဖောက် သိရှိကာ တရားတစ်ပုဒ်အဆုံးမှာ အနာဂါမ်ဖြစ်သွားကြသလိုပေါ့၊ ဗုဒ္ဓမြတ်စွာရဲ့ စကားလုံးလေးအတိုင်း “နန္ဒီ ဒုက္ခဿ မူလံ”ဆိုတာကို မှတ်ထားကြ၊ သိပ်ခဲယဉ်းတဲ့ ပါဠိစကား မဟုတ်ပါဘူး။

နန္ဒီ = နှစ်သက်တဲ့ တဏှာရာဂဟာ ဒုက္ခဿ = ဆင်းရဲဒုက္ခရဲ့ မူလံ = အကြောင်းပဲတဲ့။

စာမျက်နှာ-၇၄

၇၀။ မိတ်ကောင်း ဆွေကောင်း
ဘုရားရှင်ဟောပြောခဲ့တဲ့ မိတ်ဆွေကောင်းတို့ရဲ့ အင်္ဂါလေးရပ်ဆိုတာ—

၁။ ပေးနိုင်ခဲတဲ့အရာကို ပေးတတ်သူ၊
၂။ လုပ်နိုင်ခဲတဲ့အရာကို လုပ်ပေးတတ်သူ၊
၃။ သည်းခံနိုင်ခဲတဲ့အရာကို သည်းခံပေးတတ်သူ၊
၄။ ဒုက္ခကြုံတွေ့ရချိန်မှာ စွန့်လွှတ်ပြီး ထွက်ပြေးမသွားတတ်သူ။

ဒီအင်္ဂါလေးချက်ရှိတဲ့ပုဂ္ဂိုလ်ဟာ အပေါင်းအသင်းလုပ်ထိုက်တဲ့ မိတ်ကောင်းဆွေကောင်း ဖြစ်တယ်။

စာမျက်နှာ-၇၅

၇၁။ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ခြင်း
ချမ်းသာမှုဆိုတာ ဘာသာနဲ့ မဆိုင်ဘူး၊ မချမ်းသာဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လိုက်နာရဲ့လား မလိုက်နာဘူးလား၊ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်၊ ဘုရားက ဒီဘဝချမ်းသာဖို့အတွက် အလုပ်ကြိုးစားရမယ်၊ ဇွဲကောင်းရမယ်၊ နည်းစနစ်သိရမယ်၊ ဒီသုံးခုနဲ့ ကြိုးစားတာ။ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်၊ ဝင်ငွေထွက်ငွေ မျှတအောင် သုံးတတ်ရမယ်၊ နောက်တစ်ချက်က မိတ်ကောင်းဆွေကောင်း ရှိရမယ်။

ဒီအချက်လေးချက်နဲ့ ပြည့်စုံပြီးတော့ လိုက်နာကျင့်သုံးမယ်ဆိုရင် ဘဝမှာ ချမ်းသာသုခရနိုင်ပါတယ်၊ ဒါက မြတ်ဗုဒ္ဓရဲ့ ဘဝမှာ နေနည်းတစ်ခုပေါ့၊ ဗုဒ္ဓဘာသာဝင် လူငယ်လူရွယ်တွေ မှတ်သားလိုက်နာပြီးတော့ ကိုယ့်ကိုယ်ကို ကြီးပွားတိုးတက်အောင်လုပ်ဖို့ လိုအပ်တယ်။

စာမျက်နှာ-၇၆

၇၂။ မှတ်ဉာဏ်ကောင်းအောင် ကျင့်ဆောင်ခြင်း
လောဘစိတ်နဲ့ တစ်စုံတစ်ခုကို တွယ်တာပြီးတော့ လိုချင်နေပြီဆိုတဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ကြည့်ရင် သိပ်ကို လိုချင်တယ်ဆိုတဲ့စိတ်မျိုးတွေ ဖြစ်နေပြီဆိုရင် ကိုယ့်စိတ်လေးဟာ အရောင်ဆိုးခံထားရပြီ၊ အရောင်ဆိုးခံထားရရင် ဒီပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ မှတ်ဉာဏ်တွေ မှတ်ထားတဲ့အရာတွေဟာ အားပျော့ပြီး ပျက်ပြယ်သွားတယ်၊ စာကျက်လို့လည်း မရဘူး၊ မှတ်လို့လည်း မရဘူး။

ဒါဖြင့် မှတ်ဉာဏ်ကောင်းလာအောင် ဘာလုပ်ရမလဲဆိုတော့ “ကာမစ္ဆန္ဒ”စတဲ့ နီဝရဏတရားတွေကို လျှော့ချရမယ်၊ နီဝရဏဆိုတာ စိတ်ရဲ့ အဟန့်အတား ကုသိုလ်စိတ်တွေ မဖြစ်နိုင်အောင် အသိဉာဏ်တွေ ပေါ်မလာနိုင်အောင် တားမြစ်ထားတာ၊ ဒီနီဝရဏတရားတွေကို လျှော့ချနိုင်သေးသမျှ ကာလပတ်လုံး မှတ်ဉာဏ်တွေဟာ ကောင်းလာကြမှာ မဟုတ်ပါဘူး။

စာမျက်နှာ-၇၇

၇၃။ စံထားရမည့်ကိုယ်ကျင့်တရား ရှိသူများ
ကိုယ်ကျင့်တရားဆိုတာ ကိုယ်တိုင်လိုက်နာကျင့်သုံးရမယ့်တရားဖြစ်တယ်၊ လူ့လောကမှာ လူတွေလိုက်နာရမယ့် ကျင့်ဝတ်ဆိုတာ ရှိတယ်၊ ကျင့်ဝတ်မလိုက်နာဘဲ စည်းကမ်းကလနားတွေ ဖောက်ပြန်နေမယ်ဆိုရင် ဖောက်ပြန်တဲ့မိသားစုဟာ စိတ်ချမ်းသာမှု မရတဲ့အပြင် ဒေါသတွေ အာဃာတတွေ ဖြစ်လာမယ်။

အကယ်၍ ကိုယ်ကျင့်ရမယ့်ကျင့်ဝတ် လုံလုံလောက်လောက်နဲ့ ပြည့်စုံပြီဆိုရင် အဲဒီပြည့်စုံတဲ့နိုင်ငံ ပြည့်စုံတဲ့မြို့ ပြည့်စုံတဲ့မိသားစုဟာ ချမ်းသာနေမှာပဲ၊ ကျင့်ဝတ်မပြည့်စုံဘူးဆိုရင် သူ့ရဲ့ အသိုင်းအဝိုင်း သူ့ရဲ့ အဖွဲ့အစည်းကြီးဟာ ဘယ်တော့မှ ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။

စာမျက်နှာ-၇၈

၇၄။ ဓမ္မသံဝေဂနှင့် ဘဝဆည်းဆာ
ရှင်အာနန္ဒာက ဘုရားကို လျှောက်တယ်၊ “အရှင်ဘုရား၊ အံ့ဩဖွယ်ရာ အရှင်ဘုရားကိုယ်လေးက ရှေ့နည်းနည်းကိုင်းလာပြီ၊ အရေလေးတွေ တွန့်လာပြီ”ဆိုတော့ “အာနန္ဒာ အခုလိုပဲတဲ့၊ ဇရာတရားက နုပျိုမှုတွေကို လုယက်သွားတယ်၊ ဗျာဓိတရားက ကျန်းမာမှုတွေကို လုယက်သွားတယ်၊ နောက်ဆုံးကျတော့ မရဏတရားက အသက်ကို လုယက်ပြီး သွားလိမ့်မယ်”ဆိုပြီး မြတ်စွာဘုရားက ဥဒါန်းကျူးတယ်။

ဘယ်လောက်ပဲ ရာထူးအာဏာကြီးတဲ့ပုဂ္ဂိုလ်ဖြစ်စေ၊ ဘယ်လောက်ပဲ စည်းစိမ်ဥစ္စာ ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ အားလုံးကို ဇရာ, ဗျာဓိ, မရဏဆိုတဲ့ ဒီတရားတွေဟာ လွှမ်းမိုးပြီးတော့ ဖျက်ဆီးသွားတယ်၊ ဒါတွေကို ဆင်ခြင်သုံးသပ်ကြည့်ဖို့ မြတ်စွာဘုရားက ဟောကြားထားတာ ဖြစ်ပါတယ်။

စာမျက်နှာ-၇၉

၇၅။ ယမမင်းကြီးရဲ့ ဆန္ဒ
ကံတရားတွေဆိုတာ အလွန်စွမ်းအားရှိတယ်၊ ကံမကောင်း အကြောင်းမလှလို့ ငရဲကျသွားပေမယ်လို့ ကုသိုလ်ကံရှိရင် အဲဒီကုသိုလ်ကံက ပြန်ကယ်သွားနိုင်တယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ငရဲအသက်နဲ့ လူ့အသက်က မတူဘူး၊ ငရဲရဲ့ အသက်ဟာ ကံပဲ၊ ကံရှိသမျှ ဘယ်တော့မှ မသေဘူး၊ သူက ကံပေါ်မှာ မူတည်တယ်၊ လူ့ရဲ့ အသက်က ကံပေါ်မှာ မူမတည်ဘူး၊ “အသက်ဉာဏ်စောင့်”လို့ ပြောကြတယ်မဟုတ်လား။

ငရဲမှာခံနေရတဲ့ ငရဲသားတွေကိုကြည့်ပြီး ယမမင်းကြီးက ခုလိုဆန္ဒဖြစ်တယ်တဲ့၊ လူ့ဘဝရလိုက်ရင် ဘယ်လောက်ကောင်းမလဲ၊ ဒီဒုက္ခတွေ သူက မြင်နေတော့ သနားတယ်၊ လူ့ဘဝရမှ ဒီဒုက္ခတွေက လွတ်နိုင်မှာကိုး၊ လူ့ဘဝရတဲ့အချိန်မှာ ဘုရားများပွင့်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ၊ ဘုရားကို ဆည်းကပ်ကိုးကွယ်ခွင့်ရရင် ဘယ်လောက်ကောင်းမလဲ။ အဲဒီဘုရားက ငါ့ကို တရားဟောရင် ဘယ်လောက်ကောင်းမလဲ၊ ဘုရားဟောတဲ့တရားကို သိရှိနားလည်ရရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ ဒီဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
jjpu73n89ng4znptlpiwlj6ztfc11ig
22101
22100
2026-06-15T03:06:13Z
Tejinda
173
22101
wikitext
text/x-wiki
{{header
| title = တရားပလ္လင်ထက်က စကားအလင်္ကာများ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဇာတိမြေမှ သာသနာ]]
| previous2 =
| next = [[တရားသိလျက် အကျင့်ခက်]]
| next2 =
| year =
| notes =
| edition =
| categories = မြန်မာ တရားတော်များ
| shortcut =
| portal =

စာမျက်နှာ-၁

တရားပလ္လင်ထက်က စကားအလင်္ကာများ
စီစဉ်သူ၏ နိဒါန်းစကား

မဟာသုဗောဓာရုံကျောင်းတိုက်များ၏ သာသနဝံသ ဂဏာဓိပတိ ပဓာနနာယက၊ ကျေးဇူးတော်ရှင် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး လျှောက်လှမ်းခဲ့သည့် ဘဝစာမျက်နှာများကို ဖတ်ရှုကြည်ညိုခဲ့ရာ ယခုနှစ် ၁၃၇၆-ခု တပေါင်းလပြည့်နေ့တွင် ဆရာတော်ကြီး၏ ဘဝစာမျက်နှာသစ် ၇၅ ကို ဖွင့်လှစ်ကြည်ညိုကြရပေတော့မည်။ ။

ဆရာတော်ကြီး၏ ဘဝစာမျက်နှာ တစ်စိတ်တစ်ဒေသကို ဖတ်ရှုကြည်ညိုရလျှင် ငယ်ရွယ်စဉ်ကစ၍ တစ်အူတုံဆင်း နောင်တော်ရင်း (၅)ပါးနှင့်အတူ လက်တွဲကာ ၁၃၂၀-ခုနှစ် နယုန်လပြည့် မဟာသမယအခါတော်နေ့တွင် “ခြောက်ပါးညီနောင် ကျောင်းတည်ထောင် ငါးထောင်သာသနာ တည်စေသော်”ဟူသည့် အဓိဌာန်ချက်ဖြင့် စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်ကြီးကို တည်ထောင်ဖွင့်လှစ်ကာ သာသနာပြုခဲ့သည်။ ယင်းပင်မကျောင်းတိုက်မှ တပည့်ကြီးများကို မွေးထုတ်၍ မုံရွာမြို့ သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက်၊ သန်လျင်မြို့ ဓမ္မဝိဇ္ဇာလယသုဗောဓာရုံကျောင်းတိုက်ဟူသည့် သုဗောဓာရုံတိုက်ခွဲ အမှတ်-၁/၂ အဖြစ် စာသင်တိုက်များကို တည်ထောင်ဖွင့်လှစ်၍ ပရိယတ္တိသာသနာကို ပြန့်ပွါးစေခဲ့သည်။ တိုက်ခွဲအမှတ်-၃ ဖြစ်သည့် ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာ။

စာမျက်နှာ-၂
ဓမ္မသဟာယသာသနစင်တာ သာသနာပြုဌာနကို ပြည်တွင်းပြည်ပမှ ဓမ္မကို လေ့လာလိုက်စားလိုလားသူများအတွက် INSTITUTE OF DHAMMA EDUCATION (I-D-E) ဓမ္မသင်တန်းကျောင်း ဖွင့်လှစ်ကာ သာသနာပြုလျက်ရှိသည်။

စာပေကိုမြတ်နိုး၍ ရှေးဟောင်းပေစာပုရပိုက်များကိုလည်း ရှာဖွေစုစည်းထိန်းသိမ်းတတ်သည်မှာ ဆရာတော်ကြီး၏ အရင်းခံဝါသနာတစ်ရပ် ဖြစ်လေသည်။ သို့အတွက်ကြောင့် အဟောအပြောတွင်သာမက အရေးအသားလည်း ထက်မြက်လှသည်။ ငယ်စဉ်ကလောင်သွေးစအရွယ်မှစ၍ ရတုကဗျာ၊ ဩဘာစာ၊ ဆောင်းပါး၊ အဋ္ဌုပ္ပတ္တိ၊ ဂါထာဗန္ဓများစွာကို ရေးသားထုတ်ဝေခဲ့သည်။ ယင်းငယ်လက်ရာ စာပေအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပူဇော်လိုသည့် မတ္တရာမြို့ သာသနဇောတာရုံဆရာတော်အမှူးပြုသည့် တပည့်ကြီးများက စိန်ရတုမွေးနေ့ပွဲတွင် ထုတ်ဝေနိုင်ရန် စည်းဝေးဆုံးဖြတ်ကြပြီး၊ တပည့်ကြီးဖြစ်သည့် ဒွါဒသမတိပိဋကဓရဆရာတော်မှ တာဝန်ယူ၍ ရနိုင်သမျှ ရှာဖွေစုဆောင်းကာ “ဓမ္မဂီတိကာ” “ဓမ္မစာပေအထွေထွေ”ဟူသည့်အမည်ဖြင့် စီစဉ်ပူဇော်ခဲ့သည်။

ပရိယတ္တိစာပေကို သင်ကြားပို့ချနေရင်းမှ ပြည်တွင်းပြည်ပ သာသနာပြုလုပ်ငန်း သာသနာရေးတာဝန်အသီးသီးကို ဆောင်ရွက်ခဲ့ရာ ခေတ်ကာလ၏ တောင်းဆိုမှုအရ လူသားများအတွက် လိုအပ်လျက်ရှိသည့် ဓမ္မအသိဉာဏ်များကို လမ်းကြောင်းဖွင့်ရင်း မြတ်ဗုဒ္ဓဟောကြားခဲ့သည့် ဒေသနာတော်များကို အများသူငါ နားလည်လွယ်အောင် ရိုးရှင်း၍ ပီပြင်အေးချမ်းသည့် ဓမ္မအသံဖြင့် ဓမ္မရေစင်များကို ပက်ဖြန်းကာ ဟောကြားဖြန့်ဝေလျက် သာသနာကို ပြန့်ပွါးစေခဲ့သည်။

စာမျက်နှာ-၃
ဆရာတော်သည် ဟောကြားသည့်တရားတိုင်းတွင် ဓမ္မအမြင် လောကအမြင်များကို ခေတ်အသွင်ဖြင့် လိုက်လျောညီထွေစွာ ထည့်သွင်းဟောပြောတတ်သည်ဖြစ်ရာ ကြားနာရသူအဖို့ မှတ်သားနားလည်လွယ်နိုင်သည်။ ဟောကြားခဲ့သည့် ဓမ္မစွမ်းရည်ကြောင့် ဘဝလမ်းကြောင်း ပြောင်းလဲသွားသူ၊ အတွေးအခေါ်ဖြောင့်မှန်သွားသူ အများစုမှာ ဓမ္မအပေါ် ကိုယ်တွေ့ဖြစ်ရပ်ခံစားချက်များနှင့် တရားတော်၏ကျေးဇူး၊ ရှင်းလင်းဟောပြောသည့် ဆရာတော်၏ကျေးဇူးကို ထပ်ခါတလဲလဲ လာရောက်လျှောက်တင်နေကြသည်ကို မကြာခဏ မြင်တွေ့ခဲ့ရသည်။

ယခုစာရှုသူလက်ဝယ် ရောက်ရှိနေသည့် ဓမ္မဒဿနစကားစုများသည် ဆရာတော်ကြီး၏ များစွာသော ဟောတရားမှတဆင့် စာမူအဆင့်ရောက်ရှိကာ ထွက်ရှိပြီးစာအုပ်များမှ စိန်ရတုပူဇာဖြစ်စေဖို့ ၇၅-ပုဒ်စာ စကားအလင်္ကာများကို ရွေးချယ်စုစည်း၍ ကျေးဇူးတော်ရှင် ဆရာတော်ကြီး၏ ဘဝစာမျက်နှာ ၇၅-သို့ရောက်ရှိသည့် စိန်ရတုမွေးနေ့ပွဲတွင် တပည့်ဖြစ်သူ ဤအရှင်မှ ပူဇော်ထားခြင်း ဖြစ်သည်။ တရားပလ္လင်မှ ပျံ့ဝဲလာသည့် အလင်္ကာမြောက် ဓမ္မစကားများ လူသားအားလုံး၏ ရင်တွင်းနှလုံးသားသို့ စိမ့်ဝင်ရောက်ရှိခဲ့ပါလျှင် လူးလာခေါက်ပြန် စုံဆန်နေရသည့် ဘဝသံသရာခရီးတစ်ထောက်ဝယ် အားထားရာတစ်ခု ဖြစ်နေမည်မှာ မလွဲဧကန်ပင် ဖြစ်ပေသည်။

စာမျက်နှာ-၄
ဓမ္မကိုမြတ်နိုး၍ ဓမ္မကိုလိုလားကြသည့် သူတော်စင်အများ ဆရာတော်ဘုရားဟောကြားခဲ့သည့် “တရားပလ္လင်ထက်က စကားအလင်္ကာများ”ကို ဖတ်ရှုလိုက်နာပြီး ဓမ္မအသိဖြင့် အကျိုးရှိရှိနေထိုင်ကာ ငြိမ်းချမ်းသောနှလုံးလှပိုင်ရှင်များ ဖြစ်နိုင်ကြပါစေဟူ၍...။

ဝီရိယာနန္ဒ (တပည့်)
ဓမ္မသဟာယသာသနစင်တာ
အောင်ချမ်းသာရွာ၊ ပြင်ဦးလွင်မြို့။
၁၈-၂-၂၀၁၅

စာမျက်နှာ-၅

၁။ မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ
စီးပွါးရေးနဲ့ပတ်သက်ပြီး ကြီးပွါးတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေ၊ ကြီးပွါးတိုးတက်နေတဲ့နိုင်ငံတွေ၊ ကြီးပွါးတိုးတက်နေတဲ့ကုမ္ပဏီကြီးတွေဟာ မြတ်ဗုဒ္ဓဟောထားတဲ့တရားကို မသိသော်လည်း မြတ်ဗုဒ္ဓဟောထားတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံတယ်လို့ ပြောနိုင်ပါတယ်။ သူတို့မှာ ဥဋ္ဌာနသမ္ပဒါ ရှိတယ်။

၁။ လုပ်ငန်းကျွမ်းကျင်တယ်။
၂။ နည်းပညာကောင်း ရှိတယ်။
၃။ ကြိုးစားအားထုတ်တယ်။

ဟောဒီအချက်အလက်တွေဟာ ငြင်းလို့မရတဲ့အချက်အလက်တွေပဲ။ ။

နောက်ပြီး သူတို့မှာ အာရက္ခသမ္ပဒါ ရှိတယ်၊ အလေအလွင့်မရှိအောင် ထိန်းသိမ်းတယ်။

ကလျာဏမိတ္တတာခေါ်တဲ့ မိတ်ကောင်းဆွေကောင်း ရှိတယ်၊ စီးပွါးရေးအကြံပေးမယ့်ပုဂ္ဂိုလ်တွေ၊ အကျင့်ကောင်းတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ။

သမဇီဝိတာလို့ခေါ်တဲ့ ဝင်ငွေထွက်ငွေ မျှတအောင် သုံးတယ်၊ ဒီအချက်အလက်တွေနဲ့ ပြည့်စုံလို့ ကြီးပွါးတိုးတက်တာပါ။

စာမျက်နှာ-၆

၂။ ဓမ္မကြေးမုံ
နည်းနည်းလေး စဉ်းစားကြည့်ပါ။ တရားချစ်ခင်သူတော်စင်တွေ ဘုရားကိုကိုးကွယ်လို့ရှိရင် လာဘ်လာဘရွှင်တယ်ဆိုတာတစ်ခု၊ ဒီဘုရားဟာ အရဟံစသော ဂုဏ်တော်တွေနဲ့ ပြည့်စုံသည့်အတွက်ကြောင့် ပူဇော်ထိုက် ကိုးကွယ်ထိုက်သောဘုရား၊ ဒီဘုရားကို ကိုးကွယ်ခြင်း၊ ပူဇော်ခြင်း၊ အာရုံပြုခြင်းအားဖြင့် ငါ့သန္တာန်မှာ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေငြိမ်းပြီး စိတ်ငြိမ်းချမ်းမှုရတယ်လို့ စဉ်းစားပြီးကိုးကွယ်တာတစ်မျိုး။ ဒီနှစ်မျိုးထဲမှာ ဘယ်ကိုးကွယ်မှုက ပိုတန်ဖိုးရှိမလဲ စဉ်းစားကြည့်။ ကိုယ်ကိုးကွယ်နေတာ ပထမမျိုးနဲ့လား၊ ဒုတိယမျိုးနဲ့လား ဒါကို စဉ်းစားနှိုင်းယှဉ်ကြည့်ရမယ်။

စာမျက်နှာ-၇

၃။ ဓမ္မမှတ်ကျောက်
မိမိတို့လက်တွေ့ကျင့်သုံးရမယ့် တရားဓမ္မ၊ သိထားရမယ့် တရားဓမ္မတွေ နာရလို့ ကိုယ့်ရဲ့အမူအကျင့်တွေ၊ စိတ်နေသဘောထားတွေ ပြောင်းလဲလာပြီး သူတော်စင်၊ သူတော်မြတ်အဖြစ် ရောက်လာပြီဆိုရင် ဗုဒ္ဓမြတ်စွာရဲ့တရား မှန်ကန်တယ်လို့ ဒီလိုမှတ်ကြရမှာပါ။ တရားကိုအကြောင်းပြုပြီး မာနတွေတက်လာမယ်၊ မလိုမုန်းထားတဲ့ ဣဿာ၊ မစ္ဆရိယတွေ များလာမယ်။ သူတစ်ပါးသိတာရှိတာကို မနာလိုတာက ဣဿာ၊ ကိုယ်သိတာကို သူများမသိစေချင်တာ၊ ကိုယ်ရှိတာကို သူများမရှိစေချင်တာက မစ္ဆရိယ။ အဲဒါမျိုးတွေ တိုးပွါးလာရင် ဒါဟာ မမှန်ကန်သေးဘူးလို့ ဒီလိုမှတ်ရမယ်။

စာမျက်နှာ-၈

၄။ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ်
“ဥပုသ်စောင့်တယ်”ဆိုတာ ကိုယ်ကျင့်တရားတွေနဲ့ နေတာ၊ ကိုယ်ကျင့်တရားတွေ၊ ကိုယ်ကျင့်သီလတွေကို “ဥပုသ်”လို့ခေါ်တယ်။ စောင့်တယ်ဆိုတာ အဲဒီကိုယ်ကျင့်သီလတွေကို ထိန်းသိမ်းတာ၊ မကျိုးမပေါက် မပျောက်မကြားရအောင် ထိန်းသိမ်းစောင့်ရှောက်တာ၊ ဒီလိုအဓိပ္ပါယ်ရတယ်။

နာမည်အားဖြင့် ဥပုသ်စောင့်တယ်လို့ဆိုပေမယ့် အနှစ်သာရပိုင်း ကွာခြားသွားလို့ရှိရင် အကျိုးပေးခြင်းကလည်း ကွာခြားသွားနိုင်တယ်။ ဒါကြောင့်မို့ မှန်ကန်တဲ့နည်းလမ်းနဲ့ အဓိပ္ပါယ်ရှိရှိ ဥပုသ်စောင့်တတ်ဖို့ ပိုအရေးကြီးပါတယ်။

ဥပုသ်စောင့်တယ်ဆိုပြီးတော့ မှန်ကန်တဲ့ရည်ရွယ်ချက်တွေ မရှိဘူးဆိုရင် ထိုဥပုသ်စောင့်ခြင်းရဲ့ အကျိုးဟာ များစွာရမှာမဟုတ်ပါဘူး။

စာမျက်နှာ-၉

၅။ ယနေ့လူသားများရဲ့ မနက်ဖြန်ကမ္ဘာ
ဒုစရိုက်တွေလုပ်တာနဲ့ သူ့ရဲ့သက်တမ်းဟာ ဘာကြောင့်လျော့ကျရသလဲ၊ ကြောင်းကျိုးဆီလျော်မှုရှိရဲ့လားလို့ စဉ်းစားကောင်း စဉ်းစားမိကြပါလိမ့်မယ်။

လူနဲ့ပြင်ပကမ္ဘာဆိုတာ အမြဲတမ်းဆက်စပ်ပြီးတော့ နေတာပါ။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျဆင်းသွားတာနဲ့ တစ်ပြိုင်နက် ရာသီဥတုကို သွားထိခိုက်ပါတယ်။ လူတွေရဲ့ စိတ်အပေါ်မှာမူတည်ပြီးတော့ ရာသီဥတုတွေ ဖောက်ပြန်လာတယ်။ ထိုအခါ ရာသီဥတုပေါ်မှာမှီပြီး စိုက်ပျိုးရတဲ့သီးနှံတွေ၊ သီးပင်စားပင်တွေမှာ အဆီဩဇာတွေ ယုတ်လျော့သွားတယ်။ ထိုအဆီဩဇာ ယုတ်လျော့သွားတဲ့အာဟာရတွေကို စားသုံးရတဲ့လူတွေရဲ့ သက်တမ်းဟာ ကျဆင်းပြီးတော့ သွားတာပါ။

ကုသိုလ်တရားတွေကို ဆောက်တည်ခြင်းဖြင့် လူတွေရဲ့ သက်တမ်းဟာ တိုးတက်နိုင်သလို၊ အကုသိုလ်တရားတွေကို ဆက်လက်လုပ်ကိုင်နေခြင်းဖြင့် လူတွေရဲ့ သက်တမ်းဟာ ကျဆင်းသွားနိုင်တယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက “မိမိသည်သာလျှင် မိမိ၏ကိုးကွယ်ရာ ဖြစ်ကြပါစေ၊ မိမိကျင့်သုံးတဲ့တရားသည်သာ မိမိရဲ့ကိုးကွယ်ရာ ဖြစ်ကြပါစေ”လို့ ဟောတော်မူထားပါတယ်။

စာမျက်နှာ-၁၀

၆။ မင်္ဂလသုတ် အနှစ်ချုပ်
ဒီကနေ့ကမ္ဘာမှာ ရှိကြတဲ့လူတွေ၊ လူမျိုးအသီးသီးမှာ အယူအဆအမျိုးမျိုး၊ ပေါင်းသင်းဆက်ဆံမှုတွေ အမျိုးမျိုးရှိကြပါတယ်။ အဲဒီကြားထဲသွားပြီး လူဖြစ်လို့ရှိရင် ဆိုင်ရာအသိုင်းအဝိုင်းအလိုက် အတွေးအခေါ်တွေအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ နေကြရတယ်။ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကြောင့် ကောင်းကျိုးချမ်းသာတွေ ရကြတာရှိသလို မကောင်းတဲ့အကျိုးတွေ ခံစားကြရတာလည်း ရှိတာပေါ့။

တရားကိုကျင့်သုံးတဲ့သူဟာ ဘဝခရီးကိုလျှောက်လှမ်းရာမှာ အောက်တန်းနောက်တန်းကျသွားမှာ မဟုတ်ပါဘူး။ မင်္ဂလသုတ်မှာ ဘဝခရီးကိုလျှောက်လှမ်းသွားတဲ့ပုဂ္ဂိုလ်တိုင်း တစ်ဆင့်ပြီးတစ်ဆင့် တက်ပြီးကျင့်သွားပုံကို မြတ်စွာဘုရားက ဟောထားတာ ဖြစ်တယ်။

ဒါကြောင့် သူတော်စင်အပေါင်းအားလုံး မင်္ဂလာတရားလက်ကိုင်ထားပြီး မိမိတို့ဘဝခရီးကို မင်္ဂလာလမ်းမပေါ်မှ လျှောက်လှမ်းနိုင်ကြပါစေ။

စာမျက်နှာ-၁၁

၇။ ခုခံစွမ်းအား
လောကလူတွေရဲ့ စိတ်ဓာတ်အခြေအနေတွေက အဆင်ပြေနေရင်လည်း တစ်မျိုးတစ်မည်ပြောင်းတယ်၊ ပင်ကိုယ်စိတ်အခြေအနေဆိုတာလေးကို ထိန်းသိမ်းဖို့လိုတယ်။ လူ့ရဲ့စိတ်ဆိုတာ လျှပ်စစ်မီးလိုပဲ၊ မီးအားကျသွားရင် မီးကောင်းကောင်းမလင်းတော့ဘူး၊ မီးအားတွေမြင့်သွားပြန်ရင်လည်း ဖန်ချောင်းတွေ၊ မီးသီးတွေ ပေါက်ကွဲကုန်တယ်။

လူ့ရဲ့စိတ်ထဲမှာလည်း တစ်ခါတစ်ရံ စိတ်ဓာတ်ကျနေရင် ပုံမှန်မဖြစ်ဘူး၊ စိတ်ဓာတ်က သိပ်တက်သွားလို့ရှိရင်လည်း ပေါက်ကွဲသွားနိုင်ပြန်တယ်။ အဲဒီနှစ်ခုကို ညှိပြီးတော့နေဖို့ရန်အတွက် စိတ်ဓာတ်ခွန်အားတွေ၊ ခုခံအားတွေကို လေ့ကျင့်ယူကြရမယ်။

စာမျက်နှာ-၁၂

၈။ အခွင့်ကောင်းကို ရအောင်ယူ
အခွင့်ကောင်းဆိုတာ ကြုံတောင့်ကြုံခဲ အရာတစ်ခုပါ။ ကြုံမှန်းမသိကြဘဲ (သို့မဟုတ်) အခွင့်ကောင်းကို အသုံးမချဘဲ ဘဝတစ်ခုကို လက်လွတ်ဆုံးရှုံးသွားကြတာတွေ လူ့လောကမှာ အများကြီးပဲ။

အခွင့်ကောင်းကြုံနေတာကို သိလျက်သားနဲ့ အခြားကိစ္စဝိစ္စတွေနဲ့ မအားဘူးဆိုတာကို အကြောင်းပြပြီးတော့ ဘဝတစ်ခုပြီးဆုံးသွားကြတာ။

အခွင့်ကောင်းဆိုတာ အမြဲမရှိနိုင်ဘူး၊ ဘဝဆိုတာ ခဏလေးပဲ၊ ကိုယ့်မျက်စိအောက်မှာတင် ချမ်းသာပြီးတော့မှ ဆင်းရဲသွားတဲ့လူတွေလည်း အများကြီးရှိတယ်။

အဲဒီတော့ အချိန်ပိုင်းလေးအနေနဲ့ တိုတောင်းလှပါတယ်၊ ရရှိနေတဲ့အခွင့်ကောင်းကို မရယူနိုင်ဘူးဆိုရင် ဒီထက်အရေးကြီးတဲ့ အခွင့်ကောင်းတွေ၊ အကျိုးကျေးဇူးတွေ ဆုံးရှုံးနစ်နာသွားနိုင်တယ်။

စာမျက်နှာ-၁၃

၉။ ရှာဖွေခြင်းနှင့် ရရှိခြင်း
“မြင့်မြတ်သူတို့၏ ရှာဖွေခြင်းနဲ့ သာမန်ပုဂ္ဂိုလ်တို့၏ ရှာဖွေခြင်း” လို့ ရှာဖွေခြင်းနှစ်ရပ်ထဲမှာ တို့ရှာဖွေနေတဲ့နေ့စဉ်ရှာဖွေမှုတွေဟာ မြင့်မြတ်တဲ့ရှာဖွေမှုလား၊ မမြင့်မြတ်တဲ့ရှာဖွေမှုလားလို့ ဆင်ခြင်သုံးသပ်ကြည့်ဖို့လိုတယ်။

မမြင့်မြတ်တဲ့ရှာဖွေခြင်းဆိုတာ မိမိကိုယ်တိုင်က အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောရှိသူ ဖြစ်ပါလျက် အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောရှိတဲ့အရာတွေကိုသာ ရှာဖွေနေခြင်း၊ နောက်တစ်ခုက မိမိကိုယ်တိုင်က ပူပန်တတ်တဲ့သဘောရှိပြီး ပူပန်တတ်တဲ့သဘောရှိတာတွေကိုသာ ရှာဖွေနေခြင်းဟာ မမြင့်မြတ်တဲ့ရှာဖွေခြင်းပဲ။

ကမ္ဘာမှာ သန်း(၆၀၀၀)ကျော်ရှိတဲ့လူတွေကို ကြည့်လိုက်ရင် ဒီအထဲပဲ ရှာနေကြတာ၊ ရှာတာတွေမှန်သမျှ အများစုက ဒီအထဲချည်းပဲ။

မြင့်မြတ်တဲ့ရှာဖွေခြင်းဆိုတာ ကိုယ်တိုင်က အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောရှိလို့ ယင်းတရားတွေအပေါ်မှာ အပြစ်မြင်တယ်၊ အပြစ်မြင်လာပြီး အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းတဲ့ နိဗ္ဗာန်ကို ရှာတယ်။ နောက်တစ်ခုက ကိုယ်တိုင်က ကိလေသာတွေနဲ့ ပူပန်မှုသဘောရှိလို့ ကိလေသာပူပန်မှုတွေ လုံးဝကင်းစင်တဲ့ နိဗ္ဗာန်ကို ရှာတယ်၊ ဒီလိုရှာတာကမှ မြင့်မြတ်တဲ့ရှာဖွေခြင်း ဖြစ်တယ်။

စာမျက်နှာ-၁၄

၁၀။ အလုပ်ရှင်နှင့် အလုပ်သမား စိတ်ကောင်းထား
အလုပ်ရှင်နှင့် အလုပ်သမားဆိုရာ အလုပ်ရှင်ကလည်း အလုပ်သမားရှိမှ ရပ်တည်နိုင်သလို၊ အလုပ်သမားတွေကလည်း အလုပ်ရှင်ကိုအမှီပြုမှ ရပ်တည်နိုင်တယ်။ အပြန်အလှန်မှီခိုနေကြတယ်။

* အလုပ်ရှင်နှင့် အလုပ်သမား အပြန်အလှန် မေတ္တာနဲ့ကူးယှက်ထားမယ်၊ မေတ္တာနဲ့ပေါင်းစပ်ထားမယ်ဆိုရင် ဒီလုပ်ငန်းတစ်ခုထဲမှာ Problem ဆိုတာ ဘာမှမဖြစ်နိုင်ဘူး။ အလုပ်ရှင်ကလည်း အလုပ်သမားကို ကျေးဇူးတင်တယ်၊ အလုပ်သမားကလည်း အလုပ်ရှင်ကို ကျေးဇူးတင်တယ်။ ဒီလိုအပြန်အလှန်မေတ္တာ ရှိနေရင် ဒီမေတ္တာဓာတ်ရဲ့ အစွမ်းသတ္တိထက်မှုဟာ အောင်မြင်ကြီးပွါးလာနိုင်တယ်ပေါ့။

ဒီထဲကမှ ကိုယ့်လုပ်ဖေါ်ကိုင်ဖက်ဖြစ်စေ၊ တစ်ဦးတစ်ယောက် နိမ့်ကျသွားရင် “မကောင်းတဲ့အခြေအနေလေးတွေ ပြန်ကောင်းပါစေ”လို့ဆိုတဲ့ အခက်အခဲတွေက လွတ်မြောက်စေချင်တဲ့ အတွေးအခေါ်စိတ်ဓာတ်ရှိခြင်းဟာ “ကရုဏာ”လို့ခေါ်တယ်။ အောင်မြင်ကြီးပွါးသွားလို့ ဝမ်းသာနိုင်ရင် “မုဒိတာ”ဖြစ်တယ်ပေါ့၊ မေတ္တာကတော့ အားလုံးကိုခြုံထားတာ။ ဒါကြောင့် အလုပ်ရှင်နှင့် အလုပ်သမား အပြန်အလှန် မေတ္တာ၊ ကရုဏာ၊ မုဒိတာ ထားနိုင်ကြမယ်ဆိုရင် အောင်မြင်မှုတွေ ရရှိလာကြမှာပဲဖြစ်ပါတယ်။

စာမျက်နှာ-၁၅

၁၁။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ
လုပ်တာကတော့ ကုသိုလ်ရေးလုပ်ငန်းကို လုပ်တယ်၊ (သို့သော်) အကုသိုလ်တွေပါလာတဲ့အခါ ရလိုက်တဲ့ကုသိုလ်က တစ်ပဲသားလောက်ရပြီးတော့ ငရဲမှာဖြစ်စေတတ်တဲ့ အကုသိုလ်တွေကပဲ များနေတယ်။

လောကကြီးမှာ ကုသိုလ်လုပ်ပေမယ့်လို့ လုပ်တတ်မှ ကုသိုလ်ဖြစ်တယ်၊ မလုပ်တတ်ရင် အကုသိုလ်တွေဖြစ်တတ်တယ်။ ဒါကြောင့်မို့ မလုပ်ခင်မှာ ဒါဟာ ကုသိုလ်လား၊ အကုသိုလ်လားဆိုတာကို သိဖို့လိုအပ်တယ်။

လောကလူတွေက ဒါလုပ်ရင် ငရဲကြီးသလားလို့ပဲ မေးပြီး အကုသိုလ်ဖြစ်သလားလို့ မေးတဲ့သူ အလွန်နည်းတယ်။ ငရဲမကြီးဘူးဆိုရင် လုပ်ကောင်းလိမ့်မယ်ထင်နေတာ၊ ငရဲကြီးတယ်ဆိုတာ အပြစ်ကြီးတာကိုပြောတာ၊ အပြစ်ကြီးတာဆိုတော့ အကုသိုလ်ဖြစ်တာပဲပေါ့။

အကုသိုလ်ဖြစ်တိုင်းတော့ ငရဲကျတာ မဟုတ်ပါဘူး၊ ဘယ်အရာပဲဖြစ်ဖြစ် သူ့အတိုင်းအတာနဲ့သူရှိတယ်၊ လုပ်ဆောင်ချက်တိုင်းမှာ အကုသိုလ်ချင်းတူပေမယ့်လို့ အကျိုးပေးခြင်းမတူဘူး။ ဒီအကုသိုလ်ဟာ ဘယ်အထိအောင် အကျိုးပေးတယ်ဆိုတာ မြတ်စွာဘုရားမှ သိနိုင်တဲ့အရာဖြစ်ပါတယ်။

စာမျက်နှာ-၁၆

၁၂။ သာရဏီယတရား
“သာရဏီယတရား”ဆိုတာ ညီညွတ်ရေးကို များစွာအကျိုးပြုတဲ့တရားဖြစ်တယ်၊ အစဉ်ထာဝရ မှတ်ထားကြရမည့်တရား၊ အစဉ်အောက်မေ့ကြရမည့်တရား ဖြစ်တယ်။

ပိယကရဏ - တစ်ဦးနဲ့တစ်ဦး ချစ်ခင်မှုကို ဖြစ်စေတယ်။
ဂရုကရဏ - တစ်ဦးနဲ့တစ်ဦး လေးစားမှုကို ဖြစ်စေတယ်။
သင်္ဂဟာယ - စုစည်းထားဖို့အတွက်၊
အဝိဝါဒါယ - အငြင်းအခုံကင်းဖို့အတွက်၊
သာမဂ္ဂီယာ - ကိုယ်စိတ်ညီညွတ်ဖို့အတွက်၊
ဧကီဘာဝါယ - တစ်ခုတည်းဖြစ်ဖို့အတွက်၊
ဟောဒီတရားခြောက်မျိုးဟာ အကျိုးပြုပါလိမ့်မယ်လို့ မြတ်စွာဘုရားက ဟောထားတာ။

ကုသိုလ်ကောင်းမှုလုပ်ပြီး ဘာသာရေးအသင်းအဖွဲ့တွေ လုပ်တဲ့အခါမှာ ဒီသာရဏီယတရားကို မလိုက်နာဘဲ လုပ်မယ်ဆိုရင် အကုသိုလ်တွေ တိုးပွါးလာနိုင်တယ်။ ဘာကြောင့်လဲ၊ အငြင်းအခုံဖြစ်မှုကို အကြောင်းပြုသွားလို့ ဖြစ်ရတာ။

တစ်ဦးနဲ့တစ်ဦး မတည့်တာကို အကြောင်းပြုပြီးတော့ အကုသိုလ်တွေဖြစ်လာတယ်၊ ကုသိုလ်ရရမယ့်အစား အကုသိုလ်တွေပဲ တိုးပွါးလာနိုင်တယ်ပေါ့။ ဒါကြောင့် ဒီသာရဏီယတရားဟာ အစဉ်ထာဝရ လေးစားပြီး လိုက်နာကျင့်ကြံရမည့်တရားတွေ ဖြစ်တယ်ဆိုတာ မှတ်သားထားဖို့လိုအပ်ပါတယ်။

စာမျက်နှာ-၁၇

၁၃။ အလေးထား၍ စဉ်းစားဆင်ခြင်ကောင်းအောင်မြင်
၁။ ကိုယ့်ကိုယ်ကို အလေးထားပြီး ဆင်ခြင်ရမယ်။
၂။ ကိုယ့်ပတ်ဝန်းကျင် လောကကြီးကို အလေးထားပြီး ဆင်ခြင်ရမယ်။
၃။ တရားဓမ္မကို အလေးထားပြီး ဆင်ခြင်ရမယ်။

ဘယ်လိုစဉ်းစားဆင်ခြင်ရမလဲ။

၁။ အသိဉာဏ်ရှိတဲ့ လူ့ဘဝရလာခိုက် ကိုယ်ကျင့်သီလကောင်းအောင် ငါကြိုးစားမယ်၊ ဥပုသ်နေ့တိုင်း ရှစ်ပါးသီလဆောက်တည်မယ်၊ နေ့စဉ်နဲ့အမျှ ဒါနကောင်းမှုပြုနိုင်အောင် သတိထားကြိုးစားမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုအလေးထားကာ ကိုယ့်သန္တာန်မှာ အကုသိုလ်တရားတွေ ဖယ်ရှားဖို့၊ ကုသိုလ်တရားတွေ တိုးပွါးလာဖို့ ဆင်ခြင်စဉ်းစားအားထုတ်ရမယ်။

၂။ “လောကကြီးမှာ ငါတစ်ယောက်တည်းမဟုတ်ဘူး၊ လောကကြီးမှာ တန်ခိုးရှင်တွေရှိတယ်၊ ဖုံးကွယ်ထားတဲ့အရာတွေကို သူတို့က မြင်နိုင်စွမ်းရှိတယ်၊ သူတို့မြင်သွားရင် ငါလုပ်တဲ့အလုပ်တွေဟာ အရှက်ကွဲစရာဖြစ်လိမ့်မယ်”ဆိုပြီး ကိုယ့်ရဲ့ပတ်ဝန်းကျင်လောကကို အလေးထားပြီး ဆင်ခြင်သုံးသပ်ကာ အကုသိုလ်ကိုရှောင်ရမယ်၊ ကုသိုလ်ကိုသာ လုပ်ရမယ်။

၃။ ကိုယ်ကျင့်တရားတွေအပေါ်မှာ အလေးထားတယ်။ “တရားဓမ္မတွေဟာ ကျင့်ရင် ကျန်တဲ့အတိုင်း ဖြစ်နိုင်စွမ်းရှိတယ်”ဆိုတဲ့ ဓမ္မစွမ်းရည်အပေါ်မှာ အလေးထားပြီး အကုသိုလ်တွေ ဖယ်ရှားကာ ကုသိုလ်တွေ တိုးပွါးအောင် ကြိုးစားကြရမယ်။

စာမျက်နှာ-၁၈

၁၄။ နှစ်ဦးမေတ္တာ
လူတိုင်းမှာ တစ်နှစ်တာကာလပတ်လုံး ပြောသမျှ ဆိုသမျှ စိတ်ကူးသမျှတွေဟာ မေတ္တာနဲ့ လုပ်ဆောင်သွားကြမယ်ဆိုရင် အားလုံးအတွက် အကျိုးဖြစ်ထွန်းမယ်ဆိုတာ သေချာပါတယ်။

လူတိုင်းရဲ့နှလုံးသားမှာ မေတ္တာတရား ကိန်းဝပ်နေအောင် ကြိုးစားရမယ်။

မေတ္တာဆိုတဲ့တရားဟာ လူတွေရဲ့ နှလုံးသားမှာ အခြေခံအားဖြင့် ပါရှိနေသော်လည်း တိုးတက်လာအောင် မလုပ်ဘူးဆိုရင် မေတ္တာအကျိုးဟာ သက်ရောက်မှာ မဟုတ်ပါဘူး။

မေတ္တာတရားနဲ့ ဆက်ဆံခြင်းဟာ လူမျိုးမရွေး ဘာသာမရွေးအတွက် အဆင်ပြေချောမွေ့စေတယ်၊ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် မေတ္တာနဲ့ဆက်ဆံနေရင် ကိုယ့်ရဲ့ရင်ထဲ နှလုံးသားထဲမှာ အပြစ်ကင်းပြီး အကုသိုလ်မဖြစ်တော့ဘူးပေါ့။

စာမျက်နှာ-၁၉

၁၅။ ဓမ္မကို အဖေါ်ပြုမှ ထာဝရချမ်းသာမည်
လောကလူ့သဘာဝကိုက အဖေါ်မဲ့မနေတတ်ဘူး၊ အဖေါ်နဲ့နေတတ်တယ်၊ “ပုဂ္ဂလ”လို့ခေါ်တဲ့ အဖေါ်က ဘဝအတွက် အထောက်အကူ အများကြီးမပေးနိုင်ဘူး၊ “ဓမ္မ”ဆိုတဲ့ တရားကို အဖေါ်ပြုမှ ထာဝရချမ်းသာမှုကို ရနိုင်တယ်။

ဓမ္မကို အဖေါ်ပြုတယ်ဆိုရာမှာ သေခါနီးကာလ နောက်ဆုံးအချိန်ကျမှ အဖေါ်ပြုလို့ကတော့ ကိုယ့်သန္တာန်မှာ ဓမ္မဟာ ရောက်ရှိလာမှာ မဟုတ်ဘူး၊ ဓမ္မဆိုတာ လူတိုင်းအတွက် အသုံးဝင်တာ မှန်သော်လည်း လွယ်လွယ်ကူကူနဲ့ ရင်ထဲနှလုံးထဲ ရောက်လာတာ မဟုတ်ပါဘူး၊ အချိန်ယူပြီး ကြိုးစားအားထုတ်မှုတွေ လုပ်ထားကြရတယ်၊ အဲဒီလိုမှ လုပ်မထားရင် နောက်ဆုံးအချိန်မှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်သွားရတတ်တယ်။

လောကမှာ ဓမ္မကို အဖေါ်မပြုတဲ့ပုဂ္ဂိုလ်တွေဟာ ဝမ်းနည်းခြင်း ကြေကွဲခြင်းနဲ့ပဲ အဆုံးသတ်သွားရတယ်၊ လူဆိုတာ မျှော်လင့်ချက်လေးတွေ ရှိတယ်။

နောက်ဆုံး ဝင်သက်ကလေးနဲ့ ထွက်သက်ကလေး မရောက်ခင် ကိုယ်လုပ်ရမယ့်ဓမ္မကို အခုကတည်းက အဖေါ်ပြုနိုင်အောင် ကြိုးစားအားထုတ်မယ်ဆိုရင် နောက်ကျတယ်လို့ မပြောနိုင်ပါဘူး။

စာမျက်နှာ-၂၀

၁၆။ ဘဝအရေး စိတ်အေးရလေအောင်
လူတိုင်းလူတိုင်းဟာ ဘဝရထားလို့ ဘဝအရေးမှာ စိတ်အေးကြရပြီလား? ဘဝအရေး စိတ်အေးဖို့ ဘာတွေလိုအပ်သလဲ? ဗုဒ္ဓမြတ်စွာက လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅၀၀) ကျော်က ဟောကြားထားတဲ့ တရားဓမ္မတွေ ရှိတယ်၊ ဘဝတစ်ခုရထားတဲ့ပုဂ္ဂိုလ်တွေ ဘဝအရေး စိတ်အေးဖို့ ဘာလုပ်ရမလဲဆိုတာ မှန်ကန်တဲ့နည်းလမ်းကို ချမှတ်ပြီးတော့ ဟောပြောထားတာ ရှိတယ်။

စီးပွါးဥစ္စာတွေ လိုလေသေးမရှိအောင် ပြည့်စုံတဲ့ဘဝတစ်ခု ရရှိထားပြီဆိုရင် လူတွေက ပြောကြတယ် “ဘဝအရေးတော့ စိတ်အေးရပြီ”တဲ့၊ တကယ်ကော စိတ်အေးရတာ ဟုတ်ရဲ့လား။

ဘဝအရေးအတွက် စိတ်အေးရအောင် လိုအပ်တဲ့အချက်တွေကတော့ ၁။ မှန်တာကိုပြောဖို့ လိုတယ်၊ ၂။ ကိုယ့်ဘဝ ကိုယ့်အကြောင်း အကောင်းအဆိုး အကြောင်းအကျိုးသိတဲ့ပညာ လိုတယ်၊ ၃။ ကြိုးပမ်းအားထုတ်မှု လုံ့လဝီရိယ လိုတယ်၊ ၄။ စာဂဆိုတဲ့ ကိုယ်တစ်ယောက်ထဲမသုံးစွဲဘဲနဲ့ ကိုယ့်ရှိတဲ့ပစ္စည်းကို မျှဝေသုံးစွဲတတ်တဲ့ စွန့်ကြဲမှုဆိုတာ လိုတယ်၊ အဲဒီလေးမျိုးနဲ့ ပြည့်စုံရင် နောက်ဘဝအရေး စိတ်အေးရပါတယ်တဲ့။

စာမျက်နှာ-၂၁

၁၇။ အစွမ်းတန်ခိုးများနှင့် သာသနာ
“ဣဒ္ဓိ”ခေါ်တဲ့ အစွမ်းတန်ခိုးတွေပြပြီး စည်းရုံးတာမျိုးတို့၊ “အာဒေသနာ”ခေါ်တဲ့ လူတစ်ယောက်ရဲ့စိတ်ကို ရည်ညွန်းပြောဆိုတဲ့ အတတ်ဟောတာမျိုးတွေ ဟောပြီးတော့ စည်းရုံးတာမျိုးတို့ဟာ တကယ်မအောင်မြင်နိုင်ပါဘူး။

“အနုသာသနီ”လို့ခေါ်တဲ့ တကယ့်အစစ်အမှန် ဆုံးမဩဝါဒပေးခြင်း၊ တကယ့်တရားဓမ္မ သင်ပြပေးခြင်းကသာလျှင် စစ်မှန်တဲ့ သာသနာပြုစည်းရုံးတာ ဖြစ်ပါတယ်။

ဝိဇ္ဇာအတတ်တွေတတ်ပေမယ့် ကိုယ့်စိတ်လေးကို ဖြူစင်အောင်မထားနိုင်ရင် လောဘ, ဒေါသ, မောဟတွေ ဖြစ်နေမှာပဲ၊ အဲဒါနဲ့သေရင် သံသရာထဲမှာ လည်ဦးမယ်၊ ဒုက္ခသုက္ခတွေ ရောက်ဦးမယ်၊ မန္တာန်တန်ခိုး အစွမ်းတန်ခိုးတွေမှီပြီး မဟုတ်တာလုပ်ရင် ငရဲကျဦးမယ်။

ဂန္ဓာရီဝိဇ္ဇာဆိုတဲ့ အတတ်ပညာတွေက တကယ်ရှိပါတယ်၊ သို့သော် မယုံကြည်တဲ့သူက လောကီအတတ်ပညာ မျက်လှည့်အတတ်ပညာတွေပါဆိုပြီး ဘယ်လိုပဲ စည်းရုံးစည်းရုံး စည်းရုံးလို့ရမှာ မဟုတ်ပါဘူး။

ဒါကြောင့် “ဣဒ္ဓိ”ဆိုတဲ့ အစွမ်းတန်ခိုးပြုပြီးတော့ သာသနာပြုတာဟာ မှန်ကန်တဲ့နည်းလမ်း မဟုတ်လို့ မြတ်စွာဘုရားကလည်း ခွင့်ပြုမထားခဲ့ပါဘူး။

စာမျက်နှာ-၂၂

၁၈။ လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား
ကောင်းတဲ့ လောကဓံနဲ့ကြုံရင် လောဘဖြစ်တယ်၊ လောဘဖြစ်ရင် စိတ်မငြိမ်မသက်ဖြစ်မယ်၊ မကောင်းတဲ့ လောကဓံနဲ့ကြုံရင် ဒေါသဖြစ်မယ်၊ ဒေါသဖြစ်ရင် စိတ်မငြိမ်မသက် ဖြစ်မယ်။

အဲဒီတော့ လောဘ, ဒေါသ ဝင်လာတာနဲ့တစ်ပြိုင်နက် စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ မရှိတော့ဘူး၊ လောဘက အရောင်ဆိုးလိုက်၊ ဒေါသက အရောင်ဆိုးလိုက်နဲ့ လောကဓံတရားတွေအပေါ်မှာ လောဘနဲ့ဒေါသ လိုက်လျောလိုက် ဆန့်ကျင်လိုက်နဲ့ မည်သူပဲဖြစ်ဖြစ် လောကဓံရဲ့ဒဏ်ကို ခံနေရတယ်။

လောကဓံဆိုတာကတော့ ရှောင်ကွင်းလို့မရနိုင်ဘူး၊ လောကဓံကြောင့် စိတ်ဓာတ်တွေ ကြံ့ခိုင်ခြင်းမရှိဘဲ တုန်လှုပ်နေတဲ့ပုဂ္ဂိုလ်ဟာ ဘာဖြစ်နိုင်တုန်းဆိုရင် အဆိုးလောကဓံတွေကို ဆန့်ကျင်ပြီး အကောင်းလောကဓံတွေနဲ့ ကျေနပ်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ပဋိသန္ဓေနေခြင်းကလည်း မလွတ်နိုင်ဘူး၊ အိုခြင်း, နာခြင်း, သေခြင်းကလည်း မလွတ်နိုင်ဘူး၊ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿဆိုတဲ့ ဘဝမှာ ကြုံတွေ့ရမယ့် အဆိုးတရားတွေကို မလွန်မြောက်နိုင်ဘူး၊ ကုန်ကုန်ပြောရလို့ရှိရင် ဒုက္ခကလွတ်လမ်းမရှိဘူးလို့ ဒီလိုဆိုလိုတယ်။

စာမျက်နှာ-၂၃

၁၉။ အထင်မှား အမြင်မှား
ကုသိုလ်ကံက အကျိုးပေးလိုက်လို့ တစ်ခဏတာ အချိန်ပိုင်းလေးမှာ လူဖြစ်လာကြတယ်၊ များသောအားဖြင့် လူတွေဟာ “တို့ဘာကြောင့် လူဖြစ်လာရသလဲ”ဆိုတာကို မစဉ်းစားကြဘူး၊ စဉ်းစားတဲ့အခါမှာလည်း ဉာဏ်မမီဘူး၊ ဉာဏ်မမီသည့်အတွက် ဘာကြောင့် လူဖြစ်လာရတယ်ဆိုတဲ့ အကြောင်းတရားကိုတွေ့အောင် မရှာနိုင်ဘူး၊ မရှာနိုင်သည့်အတွက် အကြောင်းအမျိုးမျိုးကို ထင်ကြေးပေးကြတယ်၊ တကယ့်စစ်မှန်တဲ့ အကြောင်းတရားကို လုပ်ဆောင်ဖို့ရာ မသိဘဲဖြစ်ကြရတယ်။ အထင်မှား အမြင်မှား ဆိုရာမှာ ထင်မှားမှု ၃-မျိုးရှိတယ်။

၁။ တဏှာမညနာ - တဏှာနဲ့ အထင်မှားမှု၊ ၂။ မာနမညနာ - ကိုယ့်ရဲ့အရည်အချင်းအပေါ် မာန်တက်တဲ့မာနနဲ့ အထင်မှားမှု၊ ၃။ ဒိဋ္ဌိမညနာ - အယူအဆနဲ့ပတ်သက်ပြီး အထင်မှားမှုဆိုပြီး ၃-မျိုးရှိတယ်။

အဲဒီလို အထင်အမြင်မှားသည့်အတွက်ကြောင့် လုပ်သင့်တာ မလုပ်သင့်တာကို မသိဘူး၊ လုပ်ချင်တာတွေပဲလုပ်တဲ့အခါ အကောင်းလည်း လုပ်မိတယ်၊ အဆိုးလည်း လုပ်မိတယ်၊ အကောင်းလုပ်တဲ့အခါ ကုသိုလ်ဖြစ်ပြီး အဆိုးလုပ်မိတဲ့အခါ အကုသိုလ်တွေ ဖြစ်တတ်တယ်။

စာမျက်နှာ-၂၄

၂၀။ အကာကိုပစ်၍ အနှစ်ကိုရှာ
အနှစ်သာရလို့ပြောစရာ ခန္ဓာကိုယ်ကြီးမှာတစ်ခုမှမရှိဘူး၊ နာမ်ထဲမှာလည်း ဖြစ်တာမြန်လို့ အနှစ်သာရဆိုတာ ဘာမှမရှိဘူး၊ သို့သော် နာမ်တရားကိုမှီပြီးဖြစ်တဲ့ အနှစ်သာရလေးကို ရအောင်ယူနိုင်မယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲက အနှစ်ကို ထုတ်ယူလို့ရနိုင်သေးတယ်။ အနှစ်နဲ့အကာကို ခွဲခြားပြီးသိမယ်ဆိုလို့ရှိရင် အကာအတွက် အချိန်များများ မပေးတော့ဘူး၊ အနှစ်သာရရဖို့အတွက် အချိန်များများ ပေးလိမ့်မယ်။

ဘဝမှာ ရနိုင်တဲ့အနှစ်တွေက ဘာတွေလဲဆိုရင် “သဒ္ဓါ”ဆိုတဲ့ အနှစ်၊ “သီလ”ဆိုတဲ့ အနှစ်၊ “သုတ”ဆိုတဲ့ ဘုရားဟောထားတဲ့ တရားဒေသနာနာကြားမှုအနှစ်၊ “စာဂ”လို့ဆိုတဲ့ စွန့်လွှတ်မှု လှူဒါန်းပေးကမ်းနိုင်မှုအနှစ်၊ “ပညာ”လို့ဆိုတဲ့ အနှစ်၊ နာမ်တရားထဲမှာ ဒီအနှစ်သာရတွေ ရှိပြီးတော့နေတယ်၊ သို့သော် အနှစ်ကို ထုတ်မယူတတ်လို့ရှိရင် အကာပဲရသွားနိုင်ပါတယ်။

လူတွေ အထင်ကြီးနေကြတာက အကာတွေပါ၊ လောကမှာ လူအများက ပစ္စည်းဥစ္စာ ရာထူးအာဏာ ပါဝါတွေအပေါ်မှာ အထင်ကြီးကြတယ်၊ စည်းစိမ်ဥစ္စာ ရာထူးအာဏာတွေဆိုတာ တစ်ခဏပဲ၊ အကန့်အသတ်တွေနဲ့ချည်းပဲ၊ ခိုင်မြဲတာမရှိဘူး၊ အဲဒါတွေအပေါ်မှာ လူတွေက နေ့စဉ်နဲ့အမျှ ရှာဖွေပြီး တပ်မက်နေကြတာ၊ သဒ္ဓါတရားပျက်သွားလို့ ကိုယ်ကျင့်တရားပျက်သွားလို့ဆိုတာမျိုးကို စိုးရိမ်သောကရောက်ရမှာမှန်း မသိကြဘူး၊ တကယ်စိုးရိမ်သင့်တာကတော့ ကိုယ်ကျင့်တရားပျက်ခြင်း အသိအမြင်ပျက်ခြင်းသည်သာ တကယ်စိုးရိမ်စရာကောင်းတဲ့အရာပါ။

စာမျက်နှာ-၂၅

၂၁။ အားပေးစကား
လူတိုင်းလူတိုင်း မွေးလာတဲ့အချိန်ကနေစပြီး တစ်နေ့တစ်နေ့ ဘယ်ကိုသွားနေတာတုန်းဆိုရင် အိုခြင်း, နာခြင်း, သေခြင်းဆီ သွားနေတာ၊ ဒါကြောက်စရာစကား မဟုတ်ဘူး၊ တချို့က သေစကားပြောရင် မင်္ဂလာမရှိဘူး၊ နိမိတ်မရှိဘူး ဒီလိုထင်တယ်၊ မသေမှာကျနေတာပဲနော်။

လူတွေဟာ အနေတတ်ဖို့လိုသလို အသေတတ်ဖို့လည်း လိုသေးတယ်၊ ဒါကြောင့် မြတ်ဗုဒ္ဓက “နေမကောင်းထိုင်မသာဖြစ်ပြီးတော့ ရောဂါဝေဒနာ ခံစားနေရတဲ့ ပညာရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို ပညာရှိတဲ့မိတ်ဆွေတစ်ယောက်က အားပေးစကားပြောသင့်တယ်”လို့ ဟောထားတယ်၊ ဒါဟာ အကျိုးတရားရှိလို့ ဟောတာပါ။ တစ်ချို့ကတော့ ဘုန်းကြီးတွေပင့်ပြီး ပရိတ်ရွတ်ကြတယ်၊ လူတွေက မျိုးစုံလုပ်ကြတယ်၊ မြတ်စွာဘုရားကတော့ အားပေးစကားပြောရမယ်တဲ့။

ဒီနေရာမှာ သတိထားဖို့ရာက အားပေးစကားပြောတဲ့သူကလည်း ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်၊ အပြောခံရတဲ့သူကလည်း ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်၊ လူမိုက်ကိုသွားပြီး အားပေးစကားပြောလို့မရဘူး၊ ဒါကိုသိထားဖို့ လိုအပ်တယ်။

စာမျက်နှာ-၂၆

၂၂။ ကုသိုလ်ဖြစ်အောင် သတိဆောင်
များသောအားဖြင့် လူတွေက အသက်ရှည်ဖို့အတွက် လိုအပ်တယ်ဆိုတာ သိကြတယ်၊ အထောက်အကူအကြောင်းတွေကို သိကြတယ်၊ အသက်ရှည်ဖို့အတွက် ဆေးကောင်းဝါးကောင်း လိုအပ်တယ်၊ အစာအာဟာရကောင်းကောင်း စားရမယ်၊ ရာသီဥတုကောင်းတဲ့နေရာမှာ နေရမယ်ဆိုတာတွေက လူတိုင်းသိတဲ့အရာပဲဖြစ်တယ်။

လူတွေမသိတဲ့အရာကို မြတ်စွာဘုရားက ဟောတာ၊ “အသက်ရှည်မှုကို လိုလားတောင့်တမယ်ဆိုရင် ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းဆိုတဲ့ “အပ္ပမာဒတရားကို ပညာရှိများက ချီးမွမ်းကြတယ်”တဲ့၊ အပ္ပမာဒကို ဘာသာပြန်တော့ မမေ့မလျော့ခြင်း၊ ကုသိုလ်ကောင်းမှုပြုဖို့ အမှတ်ရတဲ့သတိကို ပြောတာပေါ့။

အဲဒီအပ္ပမာဒတရားဟာ အလွန်အရေးကြီးလို့ မြတ်စွာဘုရားက နောက်ဆုံး ပရိနိဗ္ဗာန်စံခါနီးမှာ “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” - အပ္ပမာဒတရားနဲ့ ချစ်သားတို့ရဲ့သန္တာန်မှာ ကုသိုလ်တရားတွေ ပြည့်စုံအောင်လုပ်ကြ၊ အပ္ပမာဒရှိပြီးတော့ ကိုယ်ကျင့်ရမယ့် သီလ, သမာဓိ, ပညာတွေ မမေ့ကြနဲ့၊ ကိုယ်လုပ်ရမယ့် ကုသိုလ်တရားတွေလုပ်ကြ၊ ယစ်မူးမေ့လျော့ပြီး မနေကြနဲ့လို့ မှာထားခဲ့ခြင်း ဖြစ်ပါတယ်။

စာမျက်နှာ-၂၇

၂၃။ သူ့အမြင် ကိုယ့်အမြင် ဓမ္မအမြင်
သူ့အမြင် ကိုယ့်အမြင်ဆိုတာ လွဲမှားတာတွေ အများကြီးရှိတယ်၊ ဟုတ်ချင်လည်းဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး၊ ဓမ္မအမြင်ကျတော့ အလွဲအမှားမရှိဘူး၊ မှန်ကန်တဲ့အမြင် ဖြစ်တယ်။

ဓမ္မအမြင် တရားအမြင်ဆိုတာ “သဗ္ဗေသင်္ခါရာ အနိစ္စာ” ပဲ၊ အကြောင်းတရားကြောင့်ဖြစ်လာတဲ့ တရားမှန်သမျှ အနိစ္စ၊ အနိစ္စမှန်လို့ရှိရင် ဒုက္ခ၊ အဲဒီဒုက္ခဆိုတဲ့တရားကို “ငါ”လို့လည်း မမြင်ဘူး၊ “ငါ့ဟာ”လို့လည်း မမြင်ဘူး၊ “ငါ့ရဲ့အတ္တ”လို့လည်း မမြင်ဘူးဆိုရင် ဒါမှန်ကန်တဲ့အမြင်ပဲ။

ဒါတင်မကဘူး၊ အဲဒီဒုက္ခဟာ ဘယ်မှာအဆုံးသတ်တုန်းဆို နိဗ္ဗာန်မှာ အဆုံးသတ်တယ်၊ ဒီအမြင်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ မှန်ကန်တဲ့ “ဓမ္မအမြင်”သာ ဖြစ်ပါတယ်။

စာမျက်နှာ-၂၈

၂၄။ မြတ်သောဥစ္စာ စုဆောင်းပါ
ပကတိဥစ္စာလို့ခေါ်တဲ့ လောကလူသားတွေ ရှာဖွေနေကြတဲ့ ပစ္စည်းဥစ္စာတွေက အဖျက်အမျိုးမျိုးနဲ့လည်း ဆက်နွှယ်နေတယ်၊ ရေ, မီး, မင်း, သူခိုး, မချစ်မနှစ်သက်အပ်တဲ့ သားဆိုးသမီးဆိုးတွေကြောင့်လည်း ထိုပစ္စည်းတွေဟာ ဆုံးရှုံးပျက်စီးရတယ်။ ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ရှာထားရှာထား ထိုပစ္စည်းတွေဟာ တစ်နည်းနည်းနဲ့ ကုန်ဆုံးသွားမှာဖြစ်သည့်အတွက်ကြောင့် ခိုင်မာမှုဆိုတာ အလွန်နည်းတယ်လို့ ဆိုရမယ်။

မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ မြတ်သောဥစ္စာဆိုတာက ဘာတွေလဲဆိုရင် သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့ သူ့ရဲ့အရည်အချင်းတွေပဲဖြစ်တယ်။

ပကတိဥစ္စာနဲ့ မြတ်သောဥစ္စာဟာ တန်ဖိုးချင်း အလွန်ကွာခြားတယ်၊ ကားကြီးနဲ့ လေးငါးစီးတိုက်ထားတဲ့ လမ်းဘေးက ကျောက်တွေရဲ့ စုစုပေါင်းတန်ဖိုးဟာ စိန်ကလေးတစ်ပွင့်ရဲ့ တန်ဖိုးနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အလွန်ကွာခြားနေသလိုပဲ။ ပကတိဥစ္စာတွေနဲ့ မိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာဖြစ်တဲ့ သူတော်ကောင်းဥစ္စာ ၇-ဖြာဆိုတဲ့ မြတ်သောဥစ္စာဟာ အလွန်ကွာခြားတယ်၊ ဒါကြောင့် မြတ်စွာဘုရားက “မြတ်သောဥစ္စာ စုဆောင်းပါ”လို့ ပြောတာနော်။

စာမျက်နှာ-၂၉

၂၅။ ရောဂါကုစား စိတ်စွမ်းအား
စိတ်စွမ်းအားက ရောဂါကို ကုစားပေးနိုင်တယ်၊ ဒီကနေ့ခေတ်ပညာကလည်း ဒါကိုလက်ခံထားတယ်၊ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေထဲမှာလည်း တရားဓမ္မကို နာယူခြင်းဖြင့် စိတ်ဓာတ်အေးငြိမ်းပြီး ရောဂါပျောက်သွားတဲ့ မှတ်တမ်းတွေရှိတယ်။

ရောဂါနဲ့ပတ်သက်လာရင် စိတ်ရောဂါတင်မကဘူး၊ ရုပ်ခန္ဓာကိုယ်ပေါ်မှာဖြစ်တဲ့ ရောဂါကိုပင်လျှင် စိတ်စွမ်းအားနဲ့ ကုစားကြတာတွေရှိတယ်။

ဗုဒ္ဓဘာသာနိုင်ငံတွေမှာ နေမကောင်းတဲ့အခါ သံဃာတော်တွေကို ပင့်ပြီး ဗောဇ္ဈင်္ဂသုတ်တို့ ပရိတ်တို့နာကြတယ်၊ [?] မဟုတ်ပေမယ့်လို့ ဗောဇ္ဈင်သုတ်နာကြားရလို့ ရောဂါပျောက်သွားတယ်ဆိုတာ Psychotherapy ပဲ။ စိတ်ဓာတ်ရေးရာကို ပြုပြင်ပေးလိုက်သည့်အတွက် ရောဂါဝေဒနာဟာ ပျောက်ကင်းသက်သာသွားတဲ့ အခြေအနေတစ်ရပ်ပါ။

စာမျက်နှာ-၃၀

၂၆။ ဘာသာတရားကို လိုက်နာကျင့်သုံးခြင်း၏ ရည်ရွယ်ချက်
“ဗြဟ္မစရိယ” ဆိုတဲ့အသုံးကို ဒီခေတ်နားလည်လွယ်အောင် “ဘာသာတရားလိုက်နာကျင့်သုံးခြင်း”လို့ ပြင်ဆင်သုံးလိုက်တယ်၊ ဘာသာတရားကို လိုက်နာကျင့်သုံးခြင်းဟာ အခြေအနေတွေ ကံတရားတွေကို ပြောင်းပစ်ဖို့မဟုတ်ဘူး၊ ဒီကနေ့ခေတ်ပုဂ္ဂိုလ်တွေဟာ အခြေအနေတစ်ခု ပြောင်းပစ်ဖို့ လုပ်နေကြတယ်။

ဘာအတွက် လိုက်နာကျင့်သုံးတာလဲဆိုရင် သံသရာမှာ ဘယ်တုန်းကမှ မသိခဲ့ဘူးတဲ့၊ မမြင်ခဲ့ဘူးတဲ့၊ ဘယ်တုန်းကမှ ကိုယ့်ရဲ့စိတ်ထဲ နှလုံးထဲရောက်မလာခဲ့ဘူးတဲ့၊ မျက်မှောက်မပြုခဲ့ဘူးတဲ့၊ ဘယ်တုန်းကမှ ကိုယ့်အသိစိတ်ထဲမှာ ပေါ်မလာခဲ့ဘူးတဲ့ အကြောင်းအရာတစ်ခုကို သိဖို့၊ မြင်ဖို့၊ ရောက်ရှိလာဖို့၊ မျက်မှောက်ပြုနိုင်ဖို့၊ ထိုးထွင်းသိနိုင်ဖို့ ဘာသာတရားဆိုတာ ကျင့်သုံးရတာပါတဲ့။ ဆိုလိုတာက မသိတာတွေသိဖို့ ဘာသာတရားကျင့်သုံးတယ်လို့ ဒီလိုပြောတာ။

ဒါဖြင့် ဘယ်တုန်းကမှ မမြင်ခဲ့သေးတာတွေ၊ မရခဲ့သေးတာတွေဆိုတာ ဘာတွေလဲဆိုတော့ “သစ္စာ ၄-ပါး”ပဲ၊ သစ္စာ ၄-ပါးမသိလို့ ဘုန်းကြီးတို့တစ်တွေဟာ သံသရာလည်နေကြတာ၊ သစ္စာ ၄-ပါးတရားကို သိသွားတာနဲ့တစ်ပြိုင်နက် သံသရာလည်ခြင်းအကြောင်းတွေ အကုန်ဖယ်ရှားသွားနိုင်ပြီတဲ့။

စာမျက်နှာ-၃၁

၂၇။ ဘဝ၏ ဝန်ထုပ်ဝန်ပိုးများ
ခန္ဓာငါးပါးရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာ ဝန်ထုပ်ဝန်ပိုးကြီးကို ရင်ဝယ်ပိုက်ထားတာနဲ့ အတူတူပဲတဲ့။

မသေခင် ဘဝခရီးလျှောက်နေတဲ့ပုဂ္ဂိုလ်တွေမှာ အန္တရာယ်တွေ အများကြီးပဲ၊ အိုခြင်း, နာခြင်းဆိုတဲ့ အန္တရာယ်လည်းတွေ့မယ်၊ နောက်ဆုံးမှာ သေခြင်းဆိုတာနဲ့လည်း ရင်ဆိုင်ပြီး ဘဝတစ်ခုအဆုံးသတ်သွားမယ်၊ အကောင်းဆိုတာ ရှိရဲ့လား၊ မရှိပါဘူး၊ မအို, မနာ, မသေခင်လေး ပျော်စရာတွေ့ကောင်းတွေ့မယ်၊ တစ်ခဏလေးတွေ့ရတဲ့ အပျော်လေးမှာ လူတွေက ထာဝရကြီးလို့ ထင်နေကြတာ၊ မေ့နေကြတာ၊ ရှေ့မျှော်ကြည့်လိုက် အန္တရာယ်ကြီး၊ နောက်ပြန်ကြည့်လိုက် အန္တရာယ်ကြီး၊ ကြုံလာမယ့်စခန်းတွေက အန္တရာယ်တွေနဲ့ချည်းပဲနော်။

ဒါဖြင့် ဒီခန္ဓာငါးပါးဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ဘယ်သူကယူတာလဲ၊ လက်သည်ကိုရှာကြည့်လိုက်လို့ရှိရင် “တဏှာ”ပဲ၊ ဒီတဏှာက ဝန်ထုပ်ဝန်ပိုးကြီးကို ယူလာတာ။

တဏှာက တွယ်တာတယ်၊ တွယ်တာသည့်အတွက် ဘဝကိုရနေတော့ ဒီဘဝက ကိုယ့်ကိုဒုက္ခပြန်ပေးနေတာပေါ့။

စာမျက်နှာ-၃၂

၂၈။ ကုသိုလ်ဖြစ်ပွါး နှလုံးသွင်းတရား
လူ့ဘဝရလာလို့ရှိရင် နံပါတ်တစ်အရေးကြီးဆုံးလို့ ပြောရမယ့်အရာက ကုသိုလ်ရအောင် စိတ်ကိုပြုပြင်တတ်ဖို့ ဒါဟာ အရေးကြီးဆုံးပဲ၊ စိတ်ထားမတတ်လို့ရှိရင် ကုသိုလ်မဖြစ်ဘူး၊ စိတ်ထားတတ်မှ ကုသိုလ်ဆိုတာ ဖြစ်တယ်။

ကုသိုလ်ဖြစ်အောင် ဘယ်လိုနှလုံးသွင်းရမှာတုန်း? မျက်စိကမြင်လိုက်တဲ့ အာရုံလေးတစ်ခုဟာ လောဘဖြစ်စရာဆိုရင် ကိုယ့်မှာ ဆင်ခြင်တုံတရားရှိရမယ်၊ သူများပိုင်တဲ့ပစ္စည်းဆိုရင် “သူများပိုင်တဲ့ပစ္စည်းနဲ့ပတ်သက်ပြီး ငါလောဘဖြစ်လို့ မကောင်းဘူး၊ ငါ့မှာ လောဘမဖြစ်စေရဘူး”လို့ ဒီအတွေးမျိုးတွေးလိုက်တာနဲ့ လောဘငြိမ်းပြီး ကုသိုလ်ဖြစ်သွားတယ်၊ ဒါဟာ “ယောနိသောမနသိကာရ”ပဲ။

မုန်းစရာလူတစ်ယောက်ကိုတွေ့လိုက်ရင်လည်း “အေး ငါမုန်းလို့ သူ့မှာ ဘာမှဖြစ်မှာ မဟုတ်ဘူး၊ ငါ့မှာသာ ငါ့ရဲ့နှလုံးသားမှာ ညစ်နွမ်းသွားမယ်၊ ငါ့မှာပဲ အကုသိုလ်ဖြစ်တယ်၊ မုန်းနေခြင်းဟာ အကျိုးမရှိဘူး”လို့ နှလုံးသွင်းလိုက်လို့ရှိရင်လည်း ဒါဟာ “ယောနိသောမနသိကာရ”ပဲ။

ယောနိသောမနသိကာရဆိုတာ သင့်တင့်မျှတစွာ တွေးတောဆင်ခြင်ပြီး ကုသိုလ်ဖြစ်ဖို့ ဦးလှည့်ပေးတာ ဖြစ်တယ်။

စာမျက်နှာ-၃၃

၂၉။ အတ္တာ ဟိ အတ္တနော နာထော
“အတ္တာ ဟိ အတ္တနော နာထော” ဆိုတာ “မိမိသာလျှင် မိမိ၏ကိုးကွယ်ရာ ဖြစ်တယ်”လို့ အဓိပ္ပါယ်ရတယ်။

လောကလူတွေက ဒီအတိုင်း မိမိသာလျှင် ကိုးကွယ်ရာ လို့ ဒီလိုသတ်မှတ်ကြသလားဆိုတော့ မဟုတ်ဘူး၊ မိမိမှတစ်ပါး အားကိုးတစ်ခုရှာပြီး ထားကြတယ်၊ ဘယ်သူ့ကို အားကိုးကြသလဲ?။

မိဘ သားသမီး ဆွေမျိုးသားချင်း မိတ်ဆွေသင်္ဂဟ ကိုယ်နဲ့ ခင်ရာမင်ရာပုဂ္ဂိုလ်တွေကို အားကိုးကြတယ်။ ပုဂ္ဂိုလ်ဆိုတာ တကယ်အားကိုးအားထားပြုရာ မဟုတ်ပါဘူး၊ ထာဝရ အားကိုးရာဟာ ကိုယ့်ကိုယ်ကိုသာ ဖြစ်တယ်လို့ မြတ်စွာဘုရားက ထိုထိုသုတ္တန်တွေမှာ ဟောကြားထားတာပဲ။

“အတ္တဒီပါ” ဆိုတာ ကိုယ့်ကိုယ်ကို အားကိုးကြ၊ သူများကို အားမကိုးကြနဲ့လို့ ပြောတာ၊ လောကကြီးမှာ လူရယ်လို့ ဖြစ်လာရင် ကိုယ့်ဝန်ကိုယ်ထမ်းပြီး ကိုယ့်လမ်းကိုယ်လျှောက်ကာ ကိုယ့်စခန်း ကိုယ်ရောက်ကြတာပဲ မဟုတ်လား။

စာမျက်နှာ-၃၄

၃၀။ ဟောသူနာသူ စိတ်ထားဖြူ
ဓမ္မပူဇာဆိုတာ လှူချင်တဲ့စေတနာရှိတဲ့ပုဂ္ဂိုလ်သာ လှူပါစေ၊ “လှူကြပါ ဒါန်းကြပါ”လို့ ပြောစရာ မလိုဘူး၊ လှူချင်လို့ရှိရင် လှူချင်တဲ့ပုဂ္ဂိုလ်တွေ အဆင်ပြေအောင် အလှူလက်ခံတဲ့နေရာလေးသာ ရှိသင့်တယ်၊ အလှူခံဖလားဆိုတာကို မထားသင့်ဘူး။ တစ်ချို့ဆို လမ်းပိတ်ပြီးတော့တောင် အလှူခံကြတာ။

တရားပွဲကျင်းပတယ်ဆိုတာ အင်မတန်မှ ကုသိုလ်ရပါတယ်၊ တရားနာခွင့်ရအောင် ဖန်တီးပြီး လုပ်ဆောင်ပေးတယ်ဆိုတာ အင်မတန်ကောင်းတဲ့ကုသိုလ်တစ်ခုပဲ၊ အင်မတန် မွန်မြတ်တဲ့ကုသိုလ်ကို လုပ်ရာမှာ လုပ်ပုံလုပ်နည်း မမှန်သည့်အတွက်ကြောင့် အပြစ်တွေဖြစ်လာတယ်ဆိုရင် မကောင်းဘူးပေါ့၊ ဒီတော့ “သန့်သန့်ရှင်းရှင်း ဖြစ်အောင်လုပ်ဖို့ အင်မတန် အရေးကြီးတယ်” ဆိုတဲ့ သတိတရား ရှိသင့်ပါတယ်။

တရားဟောတဲ့ပုဂ္ဂိုလ်ကလည်း စိတ်ထားဖြူစင်ရမယ်၊ တရားနာတဲ့ပုဂ္ဂိုလ်ကလည်း စိတ်ထားဖြူစင်ရမယ်၊ နှစ်ဦးနှစ်ဝ စိတ်ထားဖြူပြီး တရားဟောကြ နာကြမယ်ဆိုရင် မိမိတို့ ရည်ရွယ်ချက်ဖြစ်တဲ့ တရားဓမ္မကို သိရှိခြင်း ကျင့်သုံးခြင်းဖြင့် သံသရာဝဋ်ဆင်းရဲက ထွက်ပေါက်ကို ရရှိကြမှာ ဖြစ်ပါတယ်။

စာမျက်နှာ-၃၅

၃၁။ သေချာစသောလမ်းမှ လျှောက်လှမ်းပါ
တရားဓမ္မနှင့်ပတ်သက်ပြီး လွဲချော်မှုမရှိတဲ့ အကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး မလွဲတဲ့လမ်းက လျှောက်တာကို သေချာတဲ့လမ်းက လျှောက်တယ်လို့ ဒီလိုပြောတာ။

မြတ်စွာဘုရားက နိဗ္ဗာန်ခရီးကို လျှောက်လှမ်းတဲ့ ပုဂ္ဂိုလ်တွေမှာ သေချာတဲ့လမ်းဆိုတာ ရှိတယ်၊ အင်္ဂုတ္တရနိကာယ်မှာ “အပဏ္ဏက ပဋိပဒါ” ဆိုပြီး ဟောထားတယ်။

နိဗ္ဗာန်လမ်းမပေါ် တက်ပြီး တရားထူးတရားမြတ်ကို ရချင်တယ်၊ (သို့မဟုတ်) သံသရာခရီးမှာ ဖြောင့်တန်းတဲ့လမ်းကို သွားချင်တယ်ဆိုရင် “အပဏ္ဏကကျင့်စဉ်” ဆိုတဲ့ အဲဒီလမ်းကြောင်းဟာ တစ်ခုတည်းသော သေချာသောလမ်းပဲ။

အပဏ္ဏကကျင့်စဉ်ဆိုသည်မှာ -
၁။ ဣန္ဒြိယသံဝရ = ဣန္ဒြေကို စောင့်ထိန်းခြင်း။
၂။ ဘောဇနမတ္တညု = အစားအစာနှင့်ပတ်သက်ပြီး အတိုင်းအတာပမာဏကို သိခြင်း။
၃။ ဇာဂရိယာနုယောဂ = တရားဓမ္မနှင့်ပတ်သက်ပြီး နိုးနိုးကြားကြား ရှိခြင်းဆိုတဲ့ ဒီအပဏ္ဏက ပဋိပဒါဟာ သေချာတဲ့ လမ်းပဲ ဖြစ်ပါတယ်။

စာမျက်နှာ-၃၆

၃၂။ ဘဝအသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း
လူတိုင်းလူတိုင်း ဘဝတစ်ခုစီ ရရှိထားကြလို့ လူတိုင်းလူတိုင်းမှာ ကိုယ်စီဘဝကလေးတွေ ရှိနေကြတယ်၊ သို့သော် ဘဝနဲ့ ပတ်သက်ပြီးတော့ တစ်ဦးနှင့်တစ်ဦး အမြင်ချင်း မတူကြပေဘူး။ တစ်ချို့က ဘဝကို ပျော်စရာလို့ မြင်ကြတယ်၊ တစ်ချို့က ဘဝကို ငြီးငွေ့စရာလို့ မြင်ကြတယ်။

လောကကြုံတွေ့ရာမှာ အကောင်းချည်းလည်း မဟုတ်သလို အဆိုးချည်းပဲတော့လည်း မဟုတ်ဘူး၊ “အဿာဒ” လို့ဆိုတဲ့ သာယာစရာတွေ နှစ်သက်စရာတွေ ရှိသလို “အာဒီနဝ” လို့ဆိုတဲ့ အပြစ်တွေ ငြီးငွေ့စရာတွေလည်း ရှိတယ်။ ဒီနှစ်ခုကို ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိမြင်တာမှ “ဓမ္မအမြင်” လို့ ပြောရမယ်၊ realism ပေါ့၊ ဒါကြောင့်မို့ ဘဝအသွင်ကို အမြင်အမျိုးမျိုးနဲ့ ကြည့်တဲ့အခါမှာ ဓမ္မအမြင်နဲ့ ကြည့်ဖို့ လိုပါတယ်။

ဓမ္မဆိုတာ အမှန်တရားကို ပြောတာ၊ The Law of Nature ပေါ့၊ “ဓမ္မ” ဆိုတဲ့ စကားလုံးကိုက “အတ္တနော သဘာဝံ ဓာရေတီတိ ဓမ္မာ” သူ့သဘာဝအတိုင်း သူဖြစ်နေတာကို “ဓမ္မ” လို့ ဒီလိုပြောတာ။ ဘဝရဲ့အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်တဲ့အခါ လူတိုင်းလူတိုင်းမှာ ကိုယ်စီရထားတဲ့ဘဝလေးတွေဟာ ဘယ်လိုအခြေအနေ ရှိသလဲလို့ ဆန်းစစ်ပြီး ကြည့်ရမယ်၊ ကိုယ်ရထားတဲ့ ဘဝရဲ့ အခြေအနေ ကိုယ်မသိဘူးဆိုရင် ဒီပုဂ္ဂိုလ်လောက် နမော်နမဲ့နိုင်တာ မရှိတော့ဘူး၊ ဒါကြောင့် ကိုယ့်ရဲ့ အခြေအနေ ဘဝအသွင်အပြင်ကို ဓမ္မအမြင်နဲ့ ရှုကြည့်ပြီး အမှန်သိအောင် အားထုတ်ပါ။

စာမျက်နှာ-၃၇

၃၃။ ဖြစ်နိုင်တာနှင့် မဖြစ်နိုင်တာ
မဖြစ်နိုင်တဲ့အရာကို မဖြစ်နိုင်ဘူးလို့ မှတ်သားပြီး၊ ဖြစ်နိုင်တဲ့အရာကို ဖြစ်နိုင်တယ်လို့ မှတ်သားကာ လုပ်သင့်တဲ့အလုပ်ကို လုပ်ဖို့ပါပဲ။

မှန်ကန်တဲ့အမြင် ရှိလာလို့ရှိရင် ထိုအမြင်ကို အခြေခံပြီးတော့ လုပ်တဲ့အလုပ်ဟာ မှားယွင်းမှုမရှိနိုင်ဘူး၊ လောကီကိစ္စပဲဖြစ်ဖြစ် လောကုတ္တရာကိစ္စပဲဖြစ်ဖြစ် မည်သည့်ကိစ္စမှာမဆို ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို ကွဲကွဲပြားပြား သိဖို့လိုတယ်။

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို ခွဲခြားပြီးတော့ မသိဘူးဆိုရင် မဖြစ်နိုင်တာကို ဖြစ်နိုင်မယ် ထင်ပြီးတော့ ပြောနေမယ် လုပ်နေမယ်၊ ဖြစ်နိုင်တာကျတော့ မဖြစ်နိုင်ဘူးထင်ပြီး ဘေးဖယ်ထားမယ်ဆိုရင် လွဲမှားမှုတွေ အများကြီး ဖြစ်လာနိုင်တယ်ပေါ့။

စာမျက်နှာ-၃၈

၃၄။ မေတ္တာနှလုံး အစဉ်သုံး
အသက်ရှင်နေသမျှ ကာလပတ်လုံးမှာ မိမိရော မိမိနဲ့ ဆက်ဆံနေကြတဲ့ ပတ်ဝန်းကျင်က လူတွေအားလုံးဟာ မေတ္တာနှလုံး အစဉ်သုံးပြီး နေထိုင်သွားကြမယ်ဆိုရင် ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာနေမှာ ဖြစ်ပါတယ်။

ဒီကနေ့ခေတ်ကြီးမှာ အားလုံးခြုံကြည့်လိုက်မယ်ဆိုရင် မေတ္တာတရား ခြောက်ခန်းလာတာကိုတွေ့ရမှာ ဖြစ်တယ်၊ မေတ္တာတရားတွေ လျော့ပါးလာသည့်အတွက်ကြောင့် ကမ္ဘာကြီး ပူနွေးလာရတာကလည်း ဖြစ်ကောင်းဖြစ်နိုင်စရာ ရှိတယ်၊ အိုဇုန်းလွှာကြီးပေါက်လို့ဆိုတာတွေက ပြင်ပကိုကြည့်ပြီး ပြောတာ ဖြစ်တယ်။

တကယ်တော့ သတ္တဝါတွေရဲ့နှလုံးသားမှာ မေတ္တာအငြိမ်းဓာတ်တွေ ခန်းခြောက်လာလို့ သတ္တဝါတွေရဲ့ ခန္ဓာက ထွက်တဲ့ ပူလောင်တဲ့စိတ်က ထုတ်လုပ်လိုက်တဲ့အရာတွေဟာ အပူတွေချည်း ဖြစ်တယ်။

ဒါကြောင့်မို့ လူတွေရဲ့ စိတ်အစဉ် ငြိမ်းချမ်းစေဖို့ မေတ္တာနှလုံးကို အစဉ်သုံးကြရမှာ ဖြစ်ပါတယ်။

စာမျက်နှာ-၃၉

၃၅။ သံသရာခရီးသွား အမှားမလုပ်မိစေနှင့်
သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခရောက်ကြတယ်ဆိုတာ မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ပါ။

သံသရာခရီးသွားနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အမှားလုပ်မိတတ်ကြတယ်၊ ဘာကြောင့် အမှားလုပ်မိသလဲဆိုရင် အမှားလုပ်မိခြင်းရဲ့ အကြောင်းတရားတွေထဲမှာ အမှန်တရားကို မသိတာက အဓိကပဲပေါ့။

လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားပြီးမသိဘူး၊ ခွဲခြားပြီးမသိသည့်အတွက်ကြောင့် မလုပ်သင့်တာကို လုပ်မိခြင်း၊ လုပ်သင့်တာကျတော့ မလုပ်မိခြင်းဆိုတာ အကြောင်းတစ်ခုပဲ။ မသိတော့ အဆိုးကို အကောင်းထင်ပြီး ရံဖန်ရံခါ လူတွေဟာ လုပ်မိတတ်ကြတယ်။

မှားမှားယွင်းယွင်း တစ်ခုခုလုပ်မိသွားပြီဆိုရင် ခံရတဲ့ အကျိုးဆက်ဟာ သက်သာလှတယ်လို့ မရှိဘူးပေါ့၊ ဗုဒ္ဓမြတ်စွာရဲ့ လက်ထက်တော်အခါမှာ ကြုံတွေ့ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို အမှားမလုပ်မိအောင် သတိထားဖို့ပါ။

စာမျက်နှာ-၄၀

၃၆။ သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း
တစ်ကမ္ဘာလုံး အတိုင်းတာနဲ့ ကြည့်လိုက်မယ်ဆိုရင် လောကလူသားတွေဟာ နေ့စဉ်နဲ့အမျှ ရုန်းကန်နေကြရတယ်ဆိုတာ အင်မတန် ထင်ရှားပါတယ်၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးကိစ္စတွေနဲ့ ရုန်းကန်နေကြရတယ်၊ ထိုရုန်းကန်နေရတဲ့အခါမှာ အဆင်ပြေတဲ့အခါ ရှိသလို အဆင်မပြေတဲ့အခါလည်း ရှိတယ်၊ အခြေအနေအရပ်ရပ်ကို ထောက်ထားပြီး အဆင်မပြေတဲ့အခါမှာ လူတွေဟာ စိတ်ဖိစီးမှုဒဏ်တွေကို ခံစားကြရတယ်။

ချမ်းမြေ့သာယာတဲ့ဘဝကို နေချင်ရင် “သတိမကွာ အသိပညာဖြင့် နေခြင်း” ဆိုတဲ့ ဒီစနစ်ကို လိုက်နာကျင့်သုံးကြရမယ်။

အခုပြောတဲ့ “သတိမကွာ” ဆိုတဲ့ သတိဟာ ပစ္စုပ္ပန်တည့်တည့် ကိုယ်ဘာလုပ်နေတယ်ဆိုတဲ့အပေါ်မှာ ကိုယ့်ရဲ့ action ပေါ်မှာ mindful ဖြစ်တဲ့ သတိကို ပြောတာ၊ ဘာပဲလုပ်နေလုပ်နေ လုပ်နေတဲ့အပေါ်မှာ သတိရှိဖို့ လိုတယ်၊ ပစ္စုပ္ပန်ကျတဲ့ သတိကမှ စိတ်ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်တာ။

စာမျက်နှာ-၄၁

၃၇။ စိတ်၏ အတွေးများ
လူအများက “စိတ်”နဲ့ “တွေးတာ”ကို အတူတူပဲလို့ မှတ်ထင်ကြတယ်၊ သို့သော် အဘိဓမ္မာသဘောကို သေချာကြည့်မယ်ဆိုရင် အာရုံကိုသိတတ်တဲ့စိတ်က တစ်မျိုး၊ ထိုစိတ်ကို မှီတွယ်ပြီး ဖြစ်ပေါ်လာတဲ့ စေတသိက်ဆိုတဲ့သဘာဝက တစ်မျိုးလို့ “စိတ်”နဲ့ “စေတသိက်” နှစ်မျိုးခွဲပြီး သိနိုင်တယ်။

“စိတ်၏အတွေး” ဆိုတဲ့ စကားလုံးထဲမှာ အတွေးဆိုတာ စေတသိက်တစ်ခုရဲ့ နာမည်ပဲလို့ မှတ်ရမယ်။ စိတ်ကိုဖြူစင်အောင် လုပ်တဲ့အခါမှာ တစ်ချို့အတွေးတွေကို အားကောင်းလာအောင် လုပ်ပေးဖို့ လိုအပ်တယ်။

စိတ်ရဲ့ အတွေးတွေထဲက မကောင်းတဲ့အတွေးတွေကို -
၁။ အာရုံပြောင်းပြီး ဖြေရှင်းတဲ့နည်း။
၂။ အပြစ်ကို ဆင်ခြင်သုံးသပ်ပြီး ဖြေရှင်းတဲ့နည်း။
၃။ မေ့ပစ်တဲ့နည်း။
၄။ အရင်းအမြစ်ကို ရှာဖွေပြီးတော့ ဖြေဖျောက်တဲ့နည်း။
၅။ စိတ်နဲ့ဖိညှစ်ပြီး မရ, ရအောင် ကြိုးစားတဲ့နည်း။

ဒီငါးမျိုးနဲ့လုပ်ရင် စိတ်ရဲ့ မကောင်းတဲ့အတွေးတွေဟာ လုံးဝကင်းသွားပြီးတော့ အတွေးပေါ်မှာ ပိုင်နိုင်မှုဆိုတဲ့ စွမ်းရည်တစ်ခု ရလာနိုင်တယ်၊ အဲဒီစွမ်းရည်က ကိုယ်တွေးချင်တဲ့အတွေးကိုတွေးနိုင်၊ ကိုယ်မတွေးချင်တဲ့အတွေးကို ထိန်းချုပ်သွားနိုင်တယ်။

စာမျက်နှာ-၄၂

၃၈။ စိတ်၏အညစ်ကြေးများကို ဖယ်ရှားခြင်း
“စိတ္တေ သံကိလိဋ္ဌေ ဒုဂ္ဂတိပါဋိကင်္ခါ” စိတ်ညစ်နွမ်းရင် ဒုဂ္ဂတိဘုံရောက်မယ်၊ ဒုက္ခနဲ့ ရင်ဆိုင်ရမယ်။

“စိတ္တေ ဝိသုဒ္ဓေ သုဂတိပါဋိကင်္ခါ” စိတ်စင်ကြယ်သန့်ရှင်းနေရင် သုဂတိဘုံရောက်မယ်၊ ချမ်းသာသုခနဲ့ ရင်ဆိုင်ရမယ်။

လောကလူတွေမှာ စိတ်ကူးနေရုံနဲ့ ဘာမှတော့ ဖြစ်လာမှာ မဟုတ်ဘူး၊ စိတ်ကူးတဲ့နောက်မှာ လုပ်ဆောင်ချက်ဆိုတာ ရှိရမယ်၊ ကြံရွယ်ချက်ရှိလာပြီဆိုရင် လုပ်ဆောင်ချက်က နောက်က လိုက်ရမှာ၊ မလိုက်ဘူးဆိုရင် ကြံရွယ်ချက်ဟာ အထမြောက်မှာ မဟုတ်ဘူး၊ ဒါ လက်တွေ့အနေနဲ့ အင်မတန်မှ ထင်ရှားတယ်။

ဒီတော့ စိတ်ရဲ့ အညစ်ကြေးတွေထဲက ကြွေးနဲ့တူတဲ့ ကာမစ္ဆန္ဒ၊ ရောဂါနဲ့တူတဲ့ ဗျာပါဒ၊ ထောင်နဲ့တူတဲ့ ထိန, မိဒ္ဓ၊ ကျွန်ဘဝနဲ့တူတဲ့ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ကန္တာရခရီးကြီးကို သွားရတာနဲ့ တူတဲ့ ဝိစိကိစ္ဆာ၊ အဲဒီစိတ်ရဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်အောင် ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်၊ ဒါတွေကို မဖယ်ရှားဘဲနဲ့ နိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ် လောကမှာ တစ်ယောက်မှ မရှိပါဘူး။

စာမျက်နှာ-၄၃

၃၉။ လွတ်မြောက်တဲ့စိတ်
“လွတ်မြောက်တဲ့စိတ်” ဆိုတာ “အရဟတ္တဖိုလ်စိတ်” ပဲ။ နောက်ဆုံး ဒီထိရောက်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမှာ ဖြစ်ပါတယ်၊ ထိုလွတ်မြောက်မှုဆိုတဲ့ စိတ်ကိုရဖို့ရာအတွက် -

၁။ မိတ်ကောင်း, ဆွေကောင်း, ဆရာကောင်း, သမားကောင်း ရှာရမယ်။
၂။ မိတ်ကောင်း, ဆွေကောင်း, ဆရာကောင်း, သမားကောင်း အကြောင်းပြုပြီးတော့ ကိုယ်ကျင့်သီလ မြဲရမယ်။
၃။ တရားဓမ္မ နာယူရမယ်။
၄။ လုံ့လဝီရိယ ရှိရမယ်။
၅။ ပညာ ရှိရမယ်။

အဲဒီအခြေအနေကောင်း ငါးမျိုးရှိလာပြီဆိုရင် စိတ်ကလေး လွတ်အောင် ဘာလုပ်ရမလဲ?။

လောဘကလွတ်ဖို့ အသုဘကို ပွါးပါ၊ ဒေါသကလွတ်ဖို့ မေတ္တာကို ပွါးပါ၊ အတွေးတွေကနေ လွတ်မြောက်ဖို့ အာနာပါနဿတိကို ပွါးပါ၊ ငါဆိုတဲ့မာနကို ဖယ်ရှားပစ်ဖို့ အနိစ္စသညာကို ပွါးပါ၊ အနိစ္စသညာကို ပွါးလိုက်ရင် အနတ္တသညာ ဝင်လာမှာ ဖြစ်တယ်၊ အနတ္တသညာ ဝင်လာလို့ရှိရင် ငါဆိုတဲ့မာန ကင်းသွားလိမ့်မယ်၊ အဲဒီအချိန်မှာ လုံးဝလွတ်မြောက်တဲ့ စိတ်ရဲ့ အခြေအနေတစ်ခုကို ရရှိပိုင်ဆိုင်ကြမှာ ဖြစ်ပါတယ်။

စာမျက်နှာ-၄၄

၄၀။ လူ့ဖြစ်ကျိုး နပ်ပါစေ
လူ့ဘဝလာတယ်ဆိုတာ ခဏလေး အလည်လာသလိုပဲ၊ “ပမတ္တဿ စ နာမ စတ္တာရော အပါယာ သကဂေဟ သဒိသာ” ကုသိုလ်ကောင်းမှုမှာ မေ့မေ့လျော့လျော့နေတဲ့ပုဂ္ဂိုလ်အဖို့ အပါယ်လေးဘုံဟာ ကိုယ့်အိမ်နဲ့ အလားတူတယ်တဲ့၊ ဘယ်နေရာပဲ သွားသွား ပြန်လာရင် ကိုယ့်အိမ်မှာပဲ နေကြရတာပါပဲ။

မေ့မေ့လျော့လျော့မနေဘဲ ရုပ်တရား နာမ်တရားတွေရဲ့ သဘာဝတရားတွေကို သိရှိပြီး တွယ်တာမှုတွေ အမြင်မှားမှုတွေ အားလုံးကို ဖယ်ရှားပစ်နိုင်တဲ့အဆင့်ရောက်လာရင် လောကကြီးအတွက် သောကမဖြစ်တော့ဘဲ ငြိမ်းချမ်းတဲ့ဘဝမျိုးကို ရရှိသွားနိုင်တယ်၊ အဲဒီလို ငြိမ်းချမ်းတဲ့ဘဝမျိုးနဲ့ ငြိမ်းအေးသွားတဲ့ စိတ်မျိုး ရလာပြီဆိုမှ အပြည့်အဝ လူဖြစ်ရကျိုးနပ်တာပါ။

အခြေခံအားဖြင့် ကုသိုလ်ကမ္မပထတရား ၁၀-ပါးကို ကျင့်သုံးရင် လူဖြစ်ရကျိုးနပ်ပါတယ်၊ ဒီထက်အဆင့်တက်ပြီးတော့ ဝိပဿနာကျင့်စဉ်ကိုကျင့်လို့ မဂ်တရား ဖိုလ်တရားတွေ ရသွားပြီဆိုရင်တော့ တကယ့်ကို လူဖြစ်ကျိုးနပ်ပြီလို့ မှတ်ရမယ်၊ လူဖြစ်ကျိုးနပ်ဖို့အတွက် တို့တစ်တွေ ကြိုးစားအားထုတ်ဖို့ လိုမယ်နော်။

စာမျက်နှာ-၄၅

၄၁။ ကျေးဇူးသိခြင်း
ကျေးဇူးဆိုတာ တစ်စုံတစ်ယောက် ကိုယ့်အပေါ်မှာ ကူညီစောင့်ရှောက်ဖူးတာ, လုပ်ကိုင်ပေးဖူးတာ, ကိုယ့်မှာအကျိုးဖြစ်မယ့်အရာတစ်ခု ဖြစ်ပေါ်စေခဲ့တာကို “ကျေးဇူး”၊ သူ့ရဲ့လုပ်ဆောင်မှုကို အသိအမှတ်ပြုခြင်း သိခြင်းကိုပဲ “ကျေးဇူးသိခြင်း” လို့ ခေါ်တာပါ၊ လူတစ်ယောက်က ကိုယ့်အပေါ် လုပ်ပေးခဲ့တာကို အသိမှတ်ပြုဖို့ဆိုတာ အင်မတန်မှ အရေးကြီးတယ်။

လောကလူတွေထဲမှာ အသိအမှတ်မပြုတဲ့သူတွေက များတယ်၊ အသိအမှတ်မပြုဘူးဆိုကတည်းက မသိတာလည်း ပါတယ်၊ မသိဘူးဆိုကတည်းက အကောင်းမမြင်နိုင်ဘူးပေါ့။ သိတယ်ဆိုတာ လိမ္မာယဉ်ကျေးသူတို့ရဲ့ အရည်အချင်းတစ်ခုပဲ။

“ကျေးဇူးသိတယ်” ဆိုတဲ့နေရာမှာ ကိုယ့်အပေါ်မှာ တစ်စုံတစ်ဦးက အကျိုးဖြစ်ထွန်းအောင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ကူညီစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးကို အသိအမှတ်ပြုတယ် သိတယ်ဆိုတာ တကယ်ကို စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ နှလုံးသားမှာရှိတဲ့ သဘာဝတရားတစ်ခုပဲ။

ဒါကြောင့်မို့ မြတ်စွာဘုရားက “ကျေးဇူးသိတယ်ဆိုတာ သူတော်ကောင်းတွေရဲ့ အရည်အချင်းတစ်ခုပဲ” လို့ ဟောထားတယ်၊ လူတော်လူကောင်းမှ ဒီလိုတစ်ဦးတစ်ယောက်ရဲ့ ကျေးဇူးရှိမှုကို အသိအမှတ်ပြုနိုင်တာပါ။

စာမျက်နှာ-၄၆

၄၂။ သူတော်ကောင်းတို့၏ စိတ်နေသဘောထား
ကိုယ်ကျင့်သီလလည်း ကောင်းတယ်၊ ပညာလည်း တော်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ သူတော်ကောင်းပဲ၊ သို့သော် အဆင့်အမြင့်ဆုံး သူတော်ကောင်းဆိုတာကတော့ ဘုရားရဟန္တာသာ ဖြစ်တယ်၊ အခြေခံအားဖြင့် သီလနဲ့ ပညာရှိသူကို သူတော်ကောင်းလို့ ပြောရတယ်၊ ဒီနေရာမှာ သီလဆိုတာ သုစရိုက်တရား ၁၀-ပါးကို ကျင့်သုံးခြင်းပဲ၊ ဒီတရား ၁၀-ပါးကို ကျင့်သုံးတဲ့သူကို “လူကောင်း” လို့ ပြောရမယ်၊ ကံ, ကံ၏အကျိုးကို သိမြင်တဲ့ “ကမ္မဿကတာ သမ္မာဒိဋ္ဌိ”၊ ၎င်းသမ္မာဒိဋ္ဌိထက် အဆင့်မြင့်တဲ့ “ဝိပဿနာသမ္မာဒိဋ္ဌိ” ဆိုတဲ့ အသိဉာဏ်မျိုးရှိရင်တော့ “လူတော်” လို့ ပြောရမယ့်အဆင့်ရောက်တယ်၊ အခြေခံအားဖြင့် ဒီလိုသတ်မှတ်တာ။

ဒီလို သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားနဲ့ ကျန်တဲ့သူတွေရဲ့ စိတ်နေသဘောထားက အများကြီးကွာတယ်၊ များသောအားဖြင့် လူတွေဟာ ငါ့ထိမခံဘူး, ငါ့ဥစ္စာထိမခံဘူး ဆိုသူက များတယ်၊ ကိုယ်ကျင့်တရားထိရင် မခံဘူးဆိုသူက အင်မတန်ရှားတယ်၊ ကိုယ်ကျင့်တရားကို လွယ်လွယ်ကူကူ စွန့်လွှတ်ကြတယ်၊ သူတော်ကောင်းတွေကျတော့ ကိုယ်ကျင့်တရားကို တန်ဖိုးထားပြီး အသက်ထက်မြတ်နိုးတယ်၊ ထိန်းသိမ်းစောင့်ရှောက်တယ်၊ အဲဒီလို အသက်ကိုစွန့်ပြီး ကိုယ်ကျင့်တရားကို တန်ဖိုးထားတာဟာ သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားပဲ။

စာမျက်နှာ-၄၇

၄၃။ တရားသိလျက် အကျင့်ခက်
သင်ထားလို့သိတဲ့အသိက လက်တွေ့ကျင့်သုံးပြီးတော့ သိတဲ့အသိလောက် ခိုင်မာမှု, ရင့်ကျက်မှု မရှိဘူး၊ ဘာဖြစ်လို့ သတ္တဝါတွေဟာ သိလျက်သားနဲ့ မကျင့်နိုင်ကြတာလဲဆိုတော့ မကျင့်နိုင်ခြင်းရဲ့ အကြောင်းဖြစ်တဲ့ လောဘ, ဒေါသ, မောဟစတဲ့ ကိလေသာတွေ လွှမ်းမိုးမှုက အင်မတန်မှ အားကောင်းပြီးတော့ အသိဉာဏ်က အားပျော့သေးသိမ်နေလို့ပဲဖြစ်တယ်၊ အကယ်၍သာ အသိဉာဏ်လွှမ်းမိုးသွားမယ်ဆိုရင် လောဘစတဲ့ ကိလေသာတွေက အင်အားပျော့ညံ့သွားပြီး တရားသိလျက် အကျင့်ခက်စရာ မရှိတော့ဘူး၊ အားထုတ်နေမှာ ဖြစ်တယ်။

တရားနာလို့ ကုသိုလ်ဆိုတာ မိမိသန္တာန်မှာ ပြည့်စုံအောင် လုပ်ရမယ်ဆိုတဲ့အသိလေး ရလာတယ်၊ သိထားတဲ့အတိုင်း ဒါနကောင်းမှုလုပ်တယ်၊ သီလလည်း ဆောက်တည်တယ်၊ ဘာဝနာလည်း ပွါးများအားထုတ်တယ်၊ ကုသိုလ်တွေရအောင် ယူတယ်ဆိုရင် ကျင့်သုံးတယ်လို့ ခေါ်တယ်၊ အကယ်၍ ဒီအသိမျိုးရှိသော်လည်း ကုသိုလ်ကောင်းမှုမလုပ်ဘူး, မလုပ်ဖြစ်ဘူးဆိုရင် ဒါဟာ “တရားသိလျက် အကျင့်ခက်” ဆိုတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။

စာမျက်နှာ-၄၈

၄၄။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်
“ဓမ္မအသိ” ဆိုတဲ့နေရာမှာ ဓမ္မဆိုတာ အမှားအမှန်ကို ခွဲခြားသိနိုင်အောင် ဟောပြောထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ သွန်သင်ဆုံးမချက်တွေကို ခေါ်တယ်၊ ကောင်းဆိုးနှစ်မျိုးကို ပေးတတ်တဲ့ သဘာဝအကြောင်းတွေရဲ့ အကျိုးအကြောင်း အဆိုးအကောင်းတွေကို သိတာလည်း ဓမ္မကိုသိတယ်လို့ ဒီလို ပြောလို့ရတယ်။

ဓမ္မအသိနဲ့ ဘဝမှာ အကျိုးရှိရှိနေဖို့ အသိဉာဏ်ရှိရမယ်။ လောကမှာ ဘဝတစ်ခုရလာတဲ့အခါမှာ နေပုံထိုင်ပုံက အမျိုးမျိုးရှိတယ်၊ အကျိုးရှိတဲ့နေနည်းရှိသလို အကျိုးမဲ့စေတတ်တဲ့ နေနည်းလည်း ရှိတယ်၊ အချို့အချို့သော နေနည်းတွေက ပစ္စုပ္ပန်ဘဝမှာတော့ အကျိုးရှိပြီး တမလွန်ဘဝမှာ အကျိုးမရှိတဲ့ နေနည်းမျိုးလည်း ရှိတယ်၊ ပစ္စုပ္ပန်သံသရာနှစ်ဖြာလုံး အကျိုးရှိမယ့် နေနည်းမျိုးကို ဗုဒ္ဓမြတ်စွာက ဆုံးမဩဝါဒပေးထားတယ်။

အဲဒီလိုနေတတ်ဖို့ဆိုတာ လူတွေမှာ မျက်စိနှစ်လုံးရှိရသလို အသိဉာဏ်လည်းပဲ နှစ်မျိုးရှိဖို့ လိုအပ်တယ်တဲ့၊ အမ္မသုတ္တန်မှာ ဒွိစက္ခ = မျက်စိနှစ်လုံးရှိတဲ့ပုဂ္ဂိုလ်ကို အကောင်းဆုံးပုဂ္ဂိုလ်လို့ ဒီလိုဟောထားတယ်၊ အသိဉာဏ်ဆိုတာ နှစ်ဖက်မြင်ရမယ်၊ တစ်ဖက်တည်းမမြင်ရဘူးလို့ ဒီလိုဆိုလိုတာ။

စာမျက်နှာ-၄၉

၄၅။ ရသတဏှာ
တဏှာဆိုရင် ဘယ်တဏှာမှ မကောင်းဘူး၊ ထပ်တလဲလဲ ဘဝတွေကို ဖြစ်ပေါ်စေတာဟာ ဒီတဏှာပဲ၊ တဏှာဟာ ရူပတဏှာ စသည်အားဖြင့် ၆-မျိုးရှိတဲ့အထဲမယ် ရသတဏှာဟာ ကျန်တဲ့တဏှာတွေထက် ပိုဆိုးတယ်၊ တစ်ချို့ မြင်တာ ကြားတာကို တွယ်တာမှုရှိချင်မှရှိမယ်၊ ရသတဏှာကျတော့ ရှောင်နိုင်တဲ့ပုဂ္ဂိုလ် အလွန်နည်းတယ်၊ မျက်စိကွယ်ရာ နားကွယ်ရာမှာ အေးအေးဆေးဆေး နေနိုင်သော်လည်း ကိုယ်ကြိုက်တာလေးမှ မစားရဘူးဆိုရင် လူတွေဟာ မနေနိုင်ကြဘူးတဲ့။ ဒါကြောင့် မြန်မာလူမျိုးတွေဟာ နိုင်ငံခြားသွားရင် ငါးပိကြော်လေးတွေ ယူသွားကြတာပေါ့။

အသက်ရှင်ရပ်တည်ရေးဟာ အာဟာရနဲ့ကင်းပြီးတော့ မဖြစ်နိုင်ဘူး၊ မျက်စိကမကြည့်ဘဲ နားမထောင်ဘဲ အနံ့မရှူဘဲ အသက်ရှင်နေထိုင်နိုင်တယ်၊ သို့သော် နေ့စဉ်စားသုံးနေကြတဲ့ အာဟာရမရှိဘဲနဲ့ ရပ်တည်ဖို့ မဖြစ်နိုင်ဘူး၊ သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ = သတ္တဝါမှန်သမျှ အာဟာရကြောင့် ဘဝမှာရပ်တည်နိုင်ခြင်း ဖြစ်ပါတယ်။

စာမျက်နှာ-၅၀

၄၆။ ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်
အာသီဝိသောပမသုတ်ဆိုတာ ဝိပဿနာကျင့်စဉ်ကို ဦးတည်ပြီးဟောတာဖြစ်သည့်အတွက် မြွေကြီး ၄-ကောင်ဆိုတဲ့ ဓာတ်ကြီး ၄-ပါး အဆိုးတရား၊ ခန္ဓာ ၅-ပါးဆိုတဲ့ လူသတ်သမား၊ အတွင်းရန်သူဆိုတဲ့ နန္ဒီရာဂက ဒုက္ခပေးပုံ၊ ခြောက်အိမ်စုရွာလို့ခေါ်တဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ အနှစ်မဲ့တဲ့ အဇ္ဈတ္တိကာယတန ၆-ပါး၊ ဓားပြ ၆-ယောက်လို့ခေါ်တဲ့ အိမ်တွေကို ဝင်ဝင်ဖျက်ဆီးနေတဲ့ ဗာဟိရာယတန ၆-ပါးဆိုတာတွေကို မြင်အောင်ကြည့်နိုင်ဖို့ လိုအပ်တယ်၊ ဒီတရားတွေဟာ ဝိပဿနာရှုဖို့ အာရုံတွေပဲလို့ မြတ်စွာဘုရားဟောထားတာ။

ဒီအာရုံတွေကို ရှုပြီးတော့ သြဃ ၄-ဖြာဆိုတဲ့ ကျယ်ဝန်းတဲ့မြစ်ပင်လယ်ကြီးကို မဂ္ဂင်ရှစ်ပါးဆိုတဲ့ လှေဖောင်နဲ့ ဖြတ်ကူးရမယ်၊ ကူးတဲ့အခါမှာ လက်ရောရော အားစိုက်ပြီး ဟိုဘက်ကမ်းရောက်အောင် သွားရသလို လုံ့လဝီရိယနဲ့ ကြိုးပမ်းပြီးဖြတ်ကူးရမယ်၊ ကုန်းပေါ်ရောက်လို့ ခြေချမိပြီဆိုရင် ခုနကပြောခဲ့တဲ့ အန္တရာယ်တွေမှန်သမျှ အကုန်လွတ်သွားမယ်။

ဒါကြောင့် “ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်” ဆိုတာ နိဗ္ဗာန်ချမ်းသာကို ရည်ညွှန်းပြီး ဟောထားတာပါ။ မငြိမ်းချမ်းတဲ့ ဒီဘက်ကမ်းရဲ့ ပြဿနာတွေကို မြင်အောင်ရှုပြီး ငြိမ်းချမ်းတဲ့ဟိုဘက်ကမ်းကို တက်လှမ်းနိုင်ကြပါစေ။

စာမျက်နှာ-၅၁

၄၇။ ဘုရားသော်မှပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ
ရံဖန်ရံခါ ပုထုဇဉ်တွေဟာ မကောင်းတဲ့ကံတွေတွေကို ပြစ်မှားကျူးလွန်မိခဲ့ကြတာရှိတယ်၊ အဲဒီကံက ပြုလုပ်သူပုဂ္ဂိုလ်ရဲ့သန္တာန်မှာ စွမ်းရည်သတ္တိအနေနဲ့ တည်ရှိပြီးနေတယ်။

ကံနဲ့ကိလေသာ နှစ်ရပ်ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ ခန္ဓာကိုယ်ထဲမှာ ကိလေသာတွေကုန်သွားလင့်ကစား သူ့ရဲ့အကျိုးဆက် ခန္ဓာကြီးရှိနေသမျှ ဟောဒီကံကြမ္မာက အကျိုးပေးနိုင်သေးတယ်။

“ဝဋ်ကြွေး”တဲ့၊ တစ်ချိန်က ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တွေက Reaction တုန့်ပြန်ပြုလုပ်လာတာတွေ ရှိလာတယ်၊ အဲဒီတုန့်ပြန်မှုလေးတွေက ဘုရားပဲဖြစ်စေ ရဟန္တာပုဂ္ဂိုလ်ပဲဖြစ်စေ မည်သူ့သန္တာန်မှာပဲဖြစ်ဖြစ် ကံကြမ္မာဝဋ်ကြွေးတွေက အကြောင်းညီညွတ်ရင် တုန့်ပြန်လာတတ်သေးတယ်တဲ့၊ အကြွေးဆိုတာ ရှိနေရင် မဆပ်ဘဲနေလို့မရဘူး၊ ဆပ်ရတယ်နော်။

စာမျက်နှာ-၅၂

၄၈။ ဘဝဆည်းဆာ ကရုဏာ
“ဆည်းဆာ” ဆိုတာ နေဝင်ချိန်ကာလလေးကို ခေါ်တာဖြစ်တယ်၊ ပုဂ္ဂိုလ်သတ္တဝါအားလုံးတို့ရဲ့ ဘဝမှာလည်းပဲ ဘဝဆည်းဆာနေဝင်ချိန် (သို့မဟုတ်) နောက်ဆုံးနေ့ဆိုတာရှိတယ်၊ ဘဝဆည်းဆာအချိန် ရောက်လာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ နေဝင်တော့မယ့်ဆဲဆဲမှာ မသိတဲ့ခရီးတစ်ခုကို သွားရမှာမို့လို့ စိုးရိမ်သောက ရောက်နေရတယ်။

“ကရုဏာ” ဆိုတာ ဒုက္ခိတသတ္တဝါ (သို့မဟုတ်) အခက်အခဲကြုံနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မြင်ရရင် မြင်သူမှာခံစားရတဲ့ နှလုံးသားရဲ့လှုံ့ဆော်မှု၊ စိတ်နှလုံးကို ငြိမ်အောင်ထားလို့မရဘဲ တစ်ဖက်သား ဒုက္ခရောက်နေတာကို မကြည့်နိုင် မရှုနိုင် ကူညီဖြေရှင်းလိုတဲ့ သဘာဝတရားဟာ ကရုဏာဖြစ်တယ်။

ဒါကြောင့် “ကျန်းမာရေးနဲ့ လူမှုကူညီရေး” ဆိုတဲ့ ဒီအရေးနှစ်ခုဟာ ကရုဏာကိုအခြေခံပြီးတော့ လုပ်တဲ့အရေးတွေဖြစ်လို့ ဘဝဆည်းဆာမှာ အင်မတန်မှအရေးပါတဲ့ ကရုဏာတရားဖြစ်တယ်၊ မြင့်မြတ်တဲ့နှလုံးသားရှိတဲ့ ပုဂ္ဂိုလ်တိုင်းဟာ ကရုဏာထားပြီး အများရဲ့ဒုက္ခကို ဝိုင်းဝန်းကူညီဖြည့်ဆည်းပေးတယ်ဆိုတာ အင်မတန်မှ မွန်မြတ်လှပါတယ်။

စာမျက်နှာ-၅၃

၄၉။ ဘဝခရီးဝယ် ရွေးချယ်ရမယ့်လမ်း
ဒီကနေ့ခေတ်မှာ ကိုးကွယ်ရာဘာသာတရားတွေက အမျိုးမျိုးရှိတယ်၊ ဘာသာတရားတစ်ခုနဲ့တစ်ခု ယုံကြည်ချက်တွေ ဟောပြောချက်တွေ ကွဲပြားခြားနားနေတယ်၊ ဘာသာတစ်ခုက အမှန်ပြောတဲ့အရာဟာ အခြားဘာသာတစ်ခုမှာ အမှားဖြစ်နေပြန်တယ်။

အဲဒီလို အမှားအမှန်ရွေးချယ်ဖို့ခက်နေတဲ့ ပုဂ္ဂိုလ်တွေအတွက် လျှောက်လှမ်းစရာလမ်းကြောင်းကို ဗုဒ္ဓမြတ်စွာက “ကာလာမသုတ်”မှာ ဟောထားခဲ့ပါတယ်၊ ဒီကာလာမသုတ်ကို ခြုံငုံကြည့်မယ်ဆိုရင် -

၁။ အစဉ်အလာယုံကြည်မှုစသည့် အချက် (၁၀) ချက်ကို အခြေခံပြီး မမှတ်ယူရ။
၂။ ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်အသိကိုသာ အခြေခံရမည်။
၃။ ကိုယ်ပိုင်ဉာဏ်ဖြင့် အဖြေထုတ်ပြီး မှားတာကိုစွန့်၍ မှန်တာကို လက်ခံကျင့်သုံးရမည်။
၄။ ဖြူစင်သောစိတ် မြင့်မြတ်သောသဘောထားဖြင့် အများနှင့်ဆက်ဆံနေထိုင်ရမည်။
၅။ ကိုယ်ပိုင်ဉာဏ်ဖြင့် အဖြေမထုတ်နိုင်သော ပြဿနာများ၌ နှစ်ဖက်ကောင်းပြီး သေချာသည့်လမ်းကို ရွေးရမည်။

ဒါကြောင့် ဗုဒ္ဓမြတ်စွာရွေးချယ်ပေးထားတဲ့ သေချာတဲ့လမ်းကြောင်းကို လျှောက်လှမ်းပြီး နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေ။

စာမျက်နှာ-၅၄

၅၀။ နိုင်သူနှင့် ရှုံးသူ
လောကလူတွေမှာ အနိုင်အရှုံးသတ်မှတ်တဲ့နေရာ အယူအဆချင်း မတူညီကြဘူး၊ လောကရှုထောင့်ကကြည့်တဲ့အခါ အနိုင်လို့ထင်ရပေမယ့်လို့ ဓမ္မရှုထောင့်ကကြည့်တဲ့အခါ အရှုံးဖြစ်နေတာတွေတွေ့ရတယ်၊ မြတ်စွာဘုရားက အနိုင်ယူနည်း ၄-မျိုး ဟောထားတာရှိတယ်။

၁။ အက္ကောဓေန ဇိနေ ကောဓံ = ဒေါသခက်ထန်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို မိမိက ဒေါသခက်ထန်ခြင်းမပြု သည်းခံခြင်း မေတ္တာထားခြင်း အေးငြိမ်းတဲ့စိတ်ဓာတ်မျိုးဖြင့် အနိုင်ယူပါ။
၂။ အသာဓု သာဓုနာ ဇိနေ = မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ကို သူနဲ့အတုလိုက်ပြီး မကောင်းတာမလုပ်ဘဲ ကိုယ်ကကောင်းတာကိုလုပ်ပြီး အနိုင်ယူပါ။
၃။ ဇိနေ ကဒရိယံ ဒါနေန = နှမြောတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို မိမိက ပေးကမ်းစွန့်ကြဲခြင်းဖြင့် အနိုင်ယူပါ။
၄။ သစ္စေနာလိကဝါဒိနာ = မမှန်တာကို အမြဲပြောနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို မိမိက မှန်တာကိုသာပြောခြင်းဖြင့် အနိုင်ယူပါ။

ဒါကြောင့် လောကအမြင်နဲ့ကြည့်ရင် “နိုင်သူနဲ့ ရှုံးသူ” ဟာ ပုံစံတစ်မျိုးစီ မြင်ရမှာဖြစ်သော်လည်း ဓမ္မအမြင်နဲ့ကြည့်မှ နိုင်သူအစစ်နဲ့ ရှုံးသူအစစ်ကို မြင်တွေ့ကြရမှာပါ။

စာမျက်နှာ-၅၅

၅၁။ လူဆိုး လူမိုက်
အမူအကျင့်ဆိုးသွမ်းတဲ့ပုဂ္ဂိုလ်မျိုးကို “လူဆိုး”လို့ခေါ်ကြတယ်၊ ကြောင်းကျိုးဆင်ခြင်နိုင်မှုမရှိ အသိဉာဏ်မဲ့ပြီး အမှန်မသိလို့ မိုက်ကန်းနေသူကို “လူမိုက်”လို့ခေါ်တယ်။

လောကမှာ ဆိုးသွမ်းပြီးတော့ အကြောင်းအကျိုးဆင်ခြင်မှုမရှိ အသိဉာဏ်မရှိသည့်အတွက် လုပ်သင့်မလုပ်သင့်ကို ခွဲခြားမသိဘူး၊ မသိသည့်အတွက် လုပ်ချင်ရာရာတွေကို လုပ်နေတဲ့ပုဂ္ဂိုလ်ကို “လူဆိုးလူမိုက်”လို့ မြန်မာစကားအရ သရုပ်ဖေါ်လို့ရတယ်။ လူဆိုးလူမိုက်တွေဟာ -

၁။ ဒုစ္ဆိန္တိတစိန္တီ = ကောင်းတာဘယ်တော့မှ စိတ်မကူးဘူး၊ လူတကာဒုက္ခပေးမယ့်စိတ်ကူးပဲ ကူးတယ်။
၂။ ဒုဗ္ဗာသိတဘာသီ = ကောင်းတဲ့စကားမပြောဘူး၊ အများဒုက္ခရောက်မယ့် မကောင်းတဲ့စကားပဲပြောတယ်။
၃။ ဒုက္ကဋကမ္မကာရီ = လုပ်တဲ့အခါမှာလည်း မကောင်းတဲ့အလုပ်ကိုပဲလုပ်တယ်။

ဒါတွေဟာ လူဆိုးလူမိုက်ရဲ့ သွင်ပြင်လက္ခဏာတွေ ဖြစ်ပါတယ်။

စာမျက်နှာ-၅၆

၅၂။ ဆင်းရဲမွဲတေမှု လျှော့ချရေး
လောကမှာ ပစ္စည်းဥစ္စာတွေရှားပါးပြီး မွဲတေလာလို့ရှိရင် လူ့လောကမှာ ပြဿနာမျိုးစုံတက်ပြီး ဒုက္ခရောက်ရသလိုပဲ ဓမ္မရေးရာနဲ့ပတ်သက်ပြီး ဆင်းရဲမွဲတေမှုတွေများလာမယ်ဆိုရင် ဒီလိုဒုက္ခကြုံရတာပဲ။

ကိုယ့်သန္တာန်မှာ ရှိသင့်တဲ့တရားတွေ ဓမ္မအရည်အချင်းတွေမရှိဘူးဆိုရင် အဲဒီလူဟာ လူမွဲပဲ၊ ရှိသင့်တဲ့တရားတွေက -

* ကံ, ကံ၏အကျိုးကို ယုံကြည်မှု၊ ကုသိုလ်ကောင်းမှုအပေါ်မှာ စိတ်ဝင်စားမှု သဒ္ဓါ။
* မဟုတ်တာလုပ်ရမှာကို ရှက်ရွံ့တဲ့ ဟိရီ။
* မကောင်းမှုအကုသိုလ်ကို ကြောက်ရွံ့တဲ့ ဩတ္တပ္ပ။
* အကုသိုလ်တွေဖယ်ရှားပြီး ကုသိုလ်တွေရအောင်လုပ်တဲ့ ဝီရိယ။
* အကောင်းအဆိုးကို ခွဲခြားသိနိုင်တဲ့ ပညာ။

ဒီတရားတွေမရှိရင် ဆင်းရဲမွဲတေပြီတဲ့၊ ဒါကြောင့်မို့ မိမိတို့ဟာ ဆင်းရဲမွဲတေမှုဆိုတာကို မဖြစ်စေရဘူး၊ ဥစ္စာဓန ဆင်းရဲမွဲတေမှုဟာ တစ်ဘဝသာခံရတယ်၊ ကုသိုလ်ရေးနဲ့ပတ်သက်တဲ့ သဒ္ဓါ၊ ဟိရီ၊ ဩတ္တပ္ပ၊ ဝီရိယ၊ ပညာလို့ဆိုတဲ့ အရေးကြီးတဲ့တရားတွေ ဆင်းရဲမွဲတေမှုမဖြစ်အောင် လျော့ပါးသွားအောင် ဆောင်ရွက်ကြဖို့လိုပါတယ်။

စာမျက်နှာ-၅၇

၅၃။ မွေးနေ့လက်ဆောင်
မွေးနေ့မှာ ကောင်းမြတ်တဲ့ကုသိုလ်တရားတွေ ဆည်းပူးအားထုတ်မယ်ဆိုရင် “မွေးနေ့ကိုယ်တိုင်က တန်ဖိုးမရှိသော်လည်း မွေးနေ့ကို အကြောင်းပြုပြီးတော့ ရလာတဲ့တရားတွေဟာ တန်ဖိုးရှိပါတယ်” လို့ ခွဲခြားသိဖို့လိုတာပေါ့။

ဆိုလိုတာက မွေးဖွားလာခြင်းဟာ မကောင်းဘူး၊ မကောင်းတဲ့ထဲကမှ အကောင်းကဘာလဲဆိုရင် မိမိသန္တာန်မှာဖြစ်ပေါ်လာတဲ့ ကုသိုလ်တရားတွေက ကောင်းတယ်၊ အများကိုအကျိုးပြုနိုင်တဲ့ အလုပ်တွေက ကောင်းတယ်၊ ကိုယ့်ကိုယ်အမှီပြုပြီးတော့ အများချမ်းသာတယ်ဆိုရင် ကောင်းတယ်၊ အဲဒီကောင်းတာတွေများများရမှ တို့တစ်တွေဟာ ကြီးမားတဲ့အကျိုးကျေးဇူးကို ရမှာဖြစ်ပါတယ်၊ ဒီတော့ “ဇာတိ” ဆိုတဲ့ မွေးဖွားခြင်း (မွေးနေ့) ကို အရင်းတည်ပြီးတော့ ပါရမီကုသိုလ်တွေဖြစ်အောင် လုပ်လို့ရတယ်။

ဒါကြောင့်မို့ happy birthday to you လို့ဆိုပြီးတော့ ဘာနဲ့ happy ကြမှာလဲ၊ မွေးနေ့တိုင်း မွေးနေ့တိုင်းမှာ ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ ရလာတဲ့ ကုသိုလ်တရားသည်သာလျှင် မွေးနေ့ရဲ့အမြတ် ဖြစ်ပါတယ်။

စာမျက်နှာ-၅၈

၅၄။ စရိုက်နှင့် ဝါသနာ
စိတ်ထဲမှာ အဖြစ်များနေတဲ့အရာတစ်ခု၊ လူတွေရဲ့စိတ်နေသဘောထား ပကတိအနေအထား ဥဿန္တာ အဖြစ်များတဲ့ စိတ်အခြေအနေကို “စရိုက်” လို့ခေါ်တယ်။

ဒီနေရာမှာ စာပေကျမ်းဂန်အရ စရိုက် (၆) မျိုးရှိတယ်၊ ကောင်းတဲ့စရိုက် (၃) မျိုးနဲ့ မကောင်းတဲ့စရိုက် (၃) မျိုး၊ ဒီစရိုက်တွေက ကမ္မဋ္ဌာန်းအလုပ်အားထုတ်တဲ့အခါ အရေးကြီးတယ်၊ အကုသိုလ်နဲ့ပတ်သက်တဲ့ စရိုက် (၃) မျိုးက ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ ကုသိုလ်နဲ့ပတ်သက်တဲ့ စရိုက် (၃) မျိုးက သဒ္ဓါစရိုက်၊ ဗုဒ္ဓစရိုက်၊ ဝိတက္ကစရိုက်ဆိုပြီး (၃) မျိုးရှိတယ်။

ဝါသနာဆိုတာကျ အထုံရနေခြင်း၊ အကျင့်ပါနေခြင်း၊ ဝါသနာဖြင့်ထုံမွမ်းခြင်းလို့ အဓိပ္ပါယ်ရတယ်၊ စရိုက်ဆိုတာ အဖြစ်များတဲ့အရာ၊ အဲဒီအဖြစ်များတဲ့အရာတွေက ဖြစ်ပါများလွန်းအားကြီးလာတဲ့အခါမှာ မပျောက်နိုင်လောက်အောင် စွဲသွားပြီဆိုလို့ရှိရင် ဒါ ဝါသနာ။

တစ်ချို့က အဲဒီစရိုက်တွေဟာ အတိတ်ဘဝက လေ့ကျင့်ခဲ့တာနဲ့ သက်ဆိုင်တယ်တဲ့၊ အဲဒီအဖြေကို ရှင်မဟာဗုဒ္ဓဃောသက “ဒါမသေချာဘူး ယေဘုယျစကားပဲ၊ အတိတ်ဘဝတုန်းက ကံတစ်ခုခုကိုလုပ်နေတဲ့ စိတ်နေသဘောထားကိုကြည့်ရမယ်၊ ပဋိသန္ဓေကို ဖြစ်စေတတ်တဲ့ ကံတရားဟာ စရိုက်တွေဖြစ်ပေါ်လာခြင်းရဲ့ အဓိကအကြောင်းဖြစ်တယ်” လို့ ဆိုလိုတယ်။

စာမျက်နှာ-၅၉

၅၅။ ချမ်းသာစွာ အိပ်စက်ခြင်း
တိုက်ခန်းထဲမှာအိပ်နေတဲ့ပုဂ္ဂိုလ်မှာ ရာဂစိတ်တွေ ဒေါသစိတ်တွေဖြစ်ပွါးလာလို့ရှိရင်မယ်၊ တဏှာရာဂဆိုတာ အလိုမကျဘူး၊ စိတ်နှလုံးကိုပူပန်စေတယ်၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကိုဖြစ်စေတယ်၊ အဲဒီအပူတွေရှိနေမယ်ဆိုရင် ဘယ်လောက်ကောင်းတဲ့အိပ်ယာပေါ်အိပ်အိပ် ချမ်းချမ်းသာသာအိပ်စက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

မြတ်ဗုဒ္ဓဆိုလိုတဲ့ ချမ်းသာစွာအိပ်စက်ရခြင်းဆိုသည်မှာ နှလုံးသားအပူငြိမ်းပြီးတော့ ကိလေသာခပ်သိမ်းငြိမ်းနေတဲ့ပုဂ္ဂိုလ်ရဲ့ အိပ်စက်မှုသာလျှင် ချမ်းချမ်းသာသာအိပ်စက်ရခြင်းလို့ ဆိုနိုင်တယ်။

စာမျက်နှာ-၆၀

၅၆။ ရင်းနှီးမြှုပ်နှံ့ခြင်း
ကုသိုလ်ကောင်းမှုပြုတယ်ဆိုတာ ရင်းနှီးမြှုပ်နှံခြင်းတစ်မျိုးဖြစ်ပါတယ်၊ သေချာတဲ့ရင်းနှီးမြှုပ်နှံမှုကို မြတ်ဗုဒ္ဓက ယခုလိုရှင်းပြတယ်၊ လိမ္မာပါးနပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ တကယ်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်ချင်ပြီဆိုရင် မိမိပိုင်ဆိုင်တဲ့ပစ္စည်းကိုအကြောင်းပြုပြီး ကုသိုလ်ပြုကာ ဒါနကောင်းမှုလုပ်တာ၊ ကိုယ်ကျင့်တရားထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သမာဓိတရားကြိုးစားအားထုတ်ခြင်း၊ လောကီ လောကုတ္တရာပညာရပ်တွေ မိမိသန္တာန်မှာရအောင် ကြိုးစားအားထုတ်ခြင်းဟာ သေချာတဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်တဲ့။

စီးပွါးရေးနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်ကတော့ မိမိရှိတဲ့ပစ္စည်းကို လေးပုံပုံ၊ တစ်ပုံကို emergency အတွက်သိမ်းထား၊ တစ်ပုံကိုစား၊ ကျန်တဲ့တစ်ပုံကိုတော့ အတိုးအပွါးရအောင် အရောင်းအဝယ်ကိစ္စတွေမှာ ဆောင်ရွက်သင့်တယ်လို့ ဩဝါဒပေးထားတယ်၊ ဒါက လောကမှာ လူတွေဒုက္ခမရောက်အောင် လမ်းညွှန်ထားတဲ့ စီးပွါးရေးစီမံချက်တစ်ခုဖြစ်တယ်။

စာမျက်နှာ-၆၁

၅၇။ ကမ္မဋ္ဌာန်းဆရာ
နိဗ္ဗာန်ရောက်ချင်တဲ့ပုဂ္ဂိုလ်တိုင်း ကမ္မဋ္ဌာန်းတရားအားထုတ်တဲ့အခါ မှန်ကန်တဲ့လမ်းကြောင်းပေါ် လျှောက်နိုင်ဖို့အတွက် အရည်အချင်းရှိတဲ့ ကမ္မဋ္ဌာန်းဆရာကို ရှာတွေ့ဖို့ အရေးကြီးတယ်၊ ဘယ်လိုအရည်အချင်းနဲ့ ပြည့်စုံမှ “ကမ္မဋ္ဌာန်းဆရာ” ဖြစ်ရမှာလဲဆိုတာ စာပေကျမ်းဂန်မှာ မှတ်တမ်းတင်ထားတာရှိတယ်။

၁။ ပိယော စ ဟောတိ = ကိုယ်ကျင့်သီလနဲ့ပြည့်စုံပြီး ကြည်ညိုစရာကောင်းရမယ်၊ အပြစ်အနာအဆာမရှိစေရဘူး။
၂။ ဂရု = ကြည်ညိုစရာကောင်းရုံတင်မကဘူး၊ လေးစားလောက်တဲ့ ဂုဏ်အရည်အချင်းတွေလည်း ရှိရမယ်။
၃။ ဘာဝနီယော = အများကလည်း တော်လိုက်တာလို့ ချီးမွမ်းထိုက်တဲ့ ဂုဏ်အရည်အချင်းလည်း ရှိရမယ်။
၄။ ဝတ္တာ = မိမိနဲ့ပတ်သက်လာတဲ့ပုဂ္ဂိုလ်ကို ပြောသင့်ပြောထိုက်တဲ့စကားဆိုရင် ပြောကိုပြောရမယ်။
၅။ ဝစနက္ခမော = တစ်ဖက်ကနေ ထောက်ပြပြောဆိုလာလို့ရှိရင် လက်ခံနိုင်တဲ့ပုဂ္ဂိုလ် သည်းခံနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။
၆။ ဂမ္ဘီရဉ္စ ကထံ ကတ္တာ = လေးနက်တဲ့ ရုပ်နာမ်အကြောင်း မဂ် ဖိုလ် နိဗ္ဗာန်အကြောင်းများ ဟောပြောနိုင်ရမယ်။
၇။ နော စ အဌာနေ နိယောဇေတိ = အရာမဟုတ်တဲ့ကိစ္စ မမှန်ကန်တဲ့လမ်းကြောင်းပေါ် တွန်းမတင်ဘူး၊ ဒီအရည်အချင်းတွေပြည့်စုံမှ ကမ္မဋ္ဌာန်းဆရာကောင်းလို့ သတ်မှတ်ရမယ်။

စာမျက်နှာ-၆၂

၅၈။ သာသနာပြု စွမ်းအားစု
သာသနာဆိုတာ ဗုဒ္ဓမြတ်စွာဟောကြားတဲ့ တရားတော်တွေကို ရည်ညွှန်းတာဖြစ်ပေမယ့်လို့ အဓိကက ဘာတွေလဲဆိုရင် မဂ္ဂင်ရှစ်ပါးတရားကို သာသနာလို့ခေါ်တယ်၊ “မဇ္ဈိမပဋိပဒါ” လို့ခေါ်တဲ့ အလယ်လမ်းမဂ္ဂင်ရှစ်ပါးကို သာသနာလို့သတ်မှတ်တယ်၊ ဒီထက်နည်းနည်းအကျယ်ချဲ့ကြည့်လိုက်မယ်ဆိုရင် ထိုမဂ္ဂင်ရှစ်ပါးထဲမှာ အကြုံးဝင်တဲ့ သတိပဋ္ဌာန်စတဲ့ ဗောဓိပက္ခိယတရား (၃၇) ပါးဟာ ဗုဒ္ဓမြတ်စွာရဲ့သာသာနာပါလို့ ဒီလိုမှတ်ရမယ်။

အဲဒီတော့ သာသနာပြုတယ်ဆိုတာ ဗုဒ္ဓဟောကြားတဲ့ တရားဓမ္မတွေကို သင်ယူခြင်းနဲ့ ထိုတရားဓမ္မတွေအတိုင်း လိုက်နာကျင့်သုံးခြင်းကို ခေါ်တယ်၊ ဒါဟာ တကယ့်အစစ်အမှန် သာသနာပြုတာပဲ၊ ကျန်တဲ့ ဘုရားတည်တာ၊ ကျောင်းဆောက်တာတွေဟာ သာသနာပြုနိုင်အောင် အထောက်အပံ့ပေးတဲ့ အကူအညီတွေသာဖြစ်တယ်၊ ဒီလိုအထောက်အပံ့အကူအညီတွေ မပေးလို့ရှိရင်လည်းပဲ သာသနာပြုနိုင်တဲ့အဆင့်ကို မရောက်နိုင်ပါဘူး။

စာမျက်နှာ-၆၃

၅၉။ သုံးပါးရတနာ ကိုးကွယ်ရာ
မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ဖြစ်လာကြတဲ့ပုဂ္ဂိုလ်တွေက အများလုပ်လို့ လိုက်လုပ်နေကြတာ များတယ်၊ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားပြီး အလေးအနက်လုပ်တာ နည်းတယ်၊ လေးနက်မှု မရှိသည့်အတွက်ကြောင့် တစ်ချို့မြန်မာလူမျိုးတွေရဲ့ အိမ်မှာ ရတနာသုံးပါးတင်မကဘူး၊ တခြားနတ်တွေပါ ရောက်လာကြတယ်၊ ဒါဟာ လေးနက်မှုမရှိလို့ ဖြစ်ရတာ။

မြတ်ဗုဒ္ဓက ဟောတယ်၊ “သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ” လောကမှာ ဗုဒ္ဓလို့ခေါ်တဲ့ အမှန်တရားသိတဲ့ပုဂ္ဂိုလ် ပေါ်ထွန်းလာတာဟာ သတ္တဝါတွေ ချမ်းသာဖို့အတွက်ပဲတဲ့၊ ဗုဒ္ဓက သတ္တဝါတွေ ဒုက္ခက လွတ်ပြီး ချမ်းသာသုခရအောင် တန်ခိုးတော်နဲ့ မစကယ်တင်သလားဆိုတော့ မဟုတ်ပါဘူး၊ မစကယ်တင်ဖို့ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြည့်ပေါ့။

မိမိသန္တာန်မှာ ဖြစ်လာတဲ့ ကုသိုလ်တရားကသာလျှင် ကယ်တင်နိုင်တဲ့အရာ ဖြစ်တယ်၊ ဒီသဘောတွေကို ဆင်ခြင်စဉ်းစားပြီး ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့ မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ စစ်မှန်တဲ့ကိုးကွယ်မှုရှိဖို့ အင်မတန်မှ အရေးကြီးပါတယ်။

စာမျက်နှာ-၆၄

၆၀။ သမုဒ္ဒရာ ဝမ်းတစ်ထွာ
လူ့ဘဝရောက်လာတဲ့ လူသားတွေအနေနဲ့ နေ့စဉ်နဲ့အမျှ အာဟာရတွေ စားကြရတယ်၊ တစ်ရက်လည်း မပြီးနိုင် နှစ်ရက်လည်း မပြီးနိုင်၊ တစ်သက်လုံး ဖြည့်တင်းနေကြရလို့ လူတွေရဲ့ တစ်ထွာတစ်မိုက်လောက်ရှိတဲ့ ဝမ်းဗိုက်လေးဟာ ပင်လယ်သမုဒ္ဒရာကြီးလောက် ဖြည့်တင်းရခက်ပါလားဆိုတဲ့ အဓိပ္ပါယ်နဲ့ “သမုဒ္ဒရာ ဝမ်းတစ်ထွာ”လို့ ဆိုကြတာပေါ့။

လောကမှာ သမုဒ္ဒရာ ဝမ်းတစ်ထွာလေး ဖြည့်ဖို့ရာအတွက် ဒုစရိုက်နဲ့ အသက်မွေးပြီဆိုလို့ရှိရင်တော့ ဝမ်းတစ်ထွာလေး ပြည့်မယ်လို့ ထင်ပြီး ကြိုးစားလိုက်တာနဲ့ ပြည့်လာမယ့် အရာကတော့ သံသရာထဲနစ်မွန်းမယ့် ဆင်းရဲဒုက္ခတွေသာ ဖြစ်တယ်ပေါ့၊ ဘဝတစ်ခုရလာလို့ရှိရင် ဝမ်းတစ်ထွာဆိုတာ သေသည်အထိ ဖြည့်နေကြရမှာပဲ၊ အဲဒါကို မြန်မြန်ဖြည့်ချင်လို့ မမှန်ကန်တဲ့ စီးပွားရေးတွေ ပြုလုပ်ပြီးတော့ ဒုစရိုက်လုပ်ငန်းနဲ့ အသက်မွေးမယ်ဆိုလို့ရှိရင်တော့ အကုသိုလ်တွေသာ ပြည့်ပြီး သံသရာဆိုတဲ့ ပင်လယ်ကြီးထဲမှာ နစ်မွန်းမယ်၊ အပါယ်ငရဲကနေ ဘယ်တော့မှ တက်လာနိုင်မှာ မဟုတ်တော့ဘူးလို့ ဒီလိုဆိုနိုင်ပါတယ်။

စာမျက်နှာ-၆၅

၆၁။ ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း
မြန်မာနိုင်ငံမှာရှိတဲ့ ပရိယတ္တိကျောင်းတိုက်တွေ အားလုံးဟာ အဆင့်ဆင့် လက်ဆင့်ကမ်းပြီးနေကြတယ်၊ လွန်ခဲ့တဲ့ နှစ် (၂၆၀၀) ပြန်ကြည့်လိုက်မယ်ဆိုရင် ဒီပုံစံနဲ့ လာခဲ့တယ်ဆိုတာ ထင်ရှားတယ်၊ ကိုယ့်အလှည့်ရောက်တဲ့အခါမှာ အမှတ်တမဲ့ မနေဘဲနဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို တစ်လုံးပဲဖြစ်ဖြစ် နှစ်လုံးပဲဖြစ်ဖြစ် သင်ယူမှတ်သားကြရမှာ ဖြစ်ပါတယ်၊ မှန်ကန်ပြီး လောကအကျိုး သံသရာအကျိုးကို ဆောင်ရွက်နိုင်စွမ်းရှိတဲ့ အဆုံးအမတွေကို လက်ဆင့်ကမ်းကြရမယ်။

မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်ကလည်း “ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ” ဓမ္မကိုတွေ့မှ ငါ့ကိုတွေ့မယ်လို့ ဟောတာ၊ ပရိနိဗ္ဗာန်စံခါနီးမှာလည်း “ငါဟောထားတဲ့ ဓမ္မ ဝိနယတွေဟာ သင်တို့ဆရာပဲ”လို့ ပြောထားတာ၊ ဒီစကားနှစ်ရပ်ကို ကြည့်မယ်ဆိုရင် မြတ်စွာဘုရားက တရားကျင့်သုံးရေး အဆုံးအမတွေကို လိုက်နာရေးက အဓိကပဲဆိုတာ ထင်ရှားတယ်၊ ဒါကြောင့် တစ်လုံးသိသိ နှစ်လုံးသိသိ လက်ဆင့်ကမ်းသွားကြဖို့ လိုအပ်တယ်။

ဒီလိုလက်ဆင့်ကမ်းသွားခြင်းအားဖြင့် ဗုဒ္ဓအဆုံးအမတွေဟာ လူသားတွေရဲ့ နှလုံးသားထဲ ရောက်ရှိပြီး အေးချမ်းမှုကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

စာမျက်နှာ-၆၆

၆၂။ စိတ်၏ ထွက်ပေါက်များ
ရံဖန်ရံခါ စိတ်ထဲမှာ အလိုမကျမှုဆိုတာ ဖြစ်တယ်၊ ထိုအလိုမကျမှုဟာ ကြီးထွားလာလို့ရှိရင် ပေါက်ကွဲလာတတ်ပြီး ငြိမ်းချမ်းတဲ့စိတ်ကလေး ပျက်စီးလာတယ်၊ ဒေါသဖြစ်လာပြီဆိုရင် သူ့ရဲ့ မျက်နှာကလည်း ကြည်လင်မှု မရှိတော့ဘူး၊ ပြုံးချိုခြင်း မရှိတော့ဘူး၊ မျက်နှာအနေအထားပါ ပြောင်းလာတယ်။

အဲဒီလို စိတ်အလိုမကျတဲ့ ဗျာပါဒတို့ ဒေါသတို့ ဖြစ်လာပြီဆိုရင် ထိုဒေါသရဲ့ ထွက်ပေါက်ကို ရှာကြတယ်၊ တစ်ချို့က ကိုယ်မကျေနပ်တဲ့အရာကို တခြားအရာနဲ့ အစားထိုးတယ်၊ သို့မဟုတ် မကျေနပ်တဲ့လူကို တစ်ခုခုနဲ့ အနိုင်ယူလိုက်တယ်၊ အဲဒီလို အနိုင်ယူလိုက်တာဟာ ထွက်ပေါက်မဟုတ်ဘူး၊ သို့သော် လူတွေက ဒါကိုပဲ ထွက်ပေါက်ထင်ပြီး ထွက်နေကြတယ်၊ မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာတတ်တယ်ပေါ့၊ မြတ်ဗုဒ္ဓက စိတ်ထဲမှာ အလိုမကျတဲ့ ဗျာပါဒရဲ့ ထွက်ပေါက်အစစ်က မေတ္တာတရားပါတဲ့၊ မေတ္တာပွားခြင်းဖြင့် ဗျာပါဒရဲ့ ထွက်ပေါက်ကို ရရှိနိုင်ပါတယ်တဲ့၊ ဒါဟာ မှန်ကန်တဲ့နည်းစနစ်ပဲ။

စာမျက်နှာ-၆၇

၆၃။ ယောဂီပုဂ္ဂိုလ်ရှိရမည့် အရည်အချင်းများ
ယောဂအလုပ်ကို စွဲမြဲစွာ ကြိုးစားအားထုတ်မှု ရှိသူကို “ယောဂီ”လို့ ခေါ်တယ်၊ ကြိုးပမ်းအားထုတ်မှုရှိမှ ယောဂီလို့ ခေါ်နိုင်တာ၊ အပျင်းပြေလုပ်နေတာကို ယောဂီလို့ မခေါ်နိုင်ဘူး။ ပဓာနိယင်္ဂသုတ်အရ ယောဂီပုဂ္ဂိုလ်ရှိရမည့် အရည်အချင်း ငါးမျိုးရှိတယ်။

၁။ ယုံကြည်မှုရှိရမယ်။
၂။ ရောဂါကင်းပြီး ကျန်းမာရမယ်။
၃။ ရိုးသားဖြောင့်မတ်ရမယ်။
၄။ ကြိုးစားအားထုတ်မှု ရှိရမယ်။
၅။ အခြေခံအသိပညာ ခိုင်လုံမှု ရှိရမယ်။

ဒီငါးမျိုးရှိပြီး ဆရာကောင်းနဲ့တွေ့တယ်ဆိုရင် ခုနှစ်ရက်အတွင်း တရားထူးရပါတယ်တဲ့၊ ဒီအရည်အချင်းတွေနဲ့သာ ပြည့်စုံရင် မနက်နည်းပေးလို့ အားထုတ်ရင် ညနေမှာ ရဟန္တာဖြစ်ပါတယ်တဲ့၊ ဒီလိုဟောထားတာ ရှိပါတယ်။

စာမျက်နှာ-၆၈

၆၄။ မေတ္တသုတ် အနှစ်ချုပ်
မေတ္တသုတ်ကို နေ့စဉ်ရွတ်လို့ရှိရင် အန္တရာယ်တွေ ကင်းတယ်လို့ ဒီမေတ္တသုတ်ထဲမှာ ပြဆိုထားတဲ့စကား တစ်လုံးမှ မပါဘူး၊ သို့သော် အများက ဒီအတိုင်းပဲ ယုံကြည်နေကြတယ်၊ မိုးကုတ်ဆရာတော်ကြီးပြောတဲ့ စကားလုံးနဲ့ ပြောရမယ်ဆိုရင် “တို့လူတွေက သောက်ဆေးကို လိမ်းဆေးလုပ်နေကြတယ်”တဲ့။

သောက်ရမှာကို မသောက်ဘဲနဲ့ လိမ်းဆေးအဖြစ် အသုံးပြုနေလို့ရှိရင် အကျိုးသက်ရောက်မှု အားနည်းမယ်၊ သောက်ရမယ့်ဆေးက သောက်ကိုသောက်မှ အကျိုးသက်ရောက်မှာ၊ ဒါကြောင့် မေတ္တာဆိုတာ ဘာဝနာတရားဖြစ်လို့ ပွားများကြရမယ်။

မေတ္တာဆိုတဲ့တရားက ရွတ်ဖတ်ရမယ့်တရား မဟုတ်ဘူး၊ ပွားများရမယ့်တရား ဖြစ်တယ်၊ မေတ္တာဟာ ကမ္မဋ္ဌာန်းပဲ။ များသောအားဖြင့် ဝိပဿနာတရားအားထုတ်တာမှ ကမ္မဋ္ဌာန်းလို့ ယူဆနေကြတယ်၊ မေတ္တာပို့နေတာ ပွားများတာဟာလည်း ကမ္မဋ္ဌာန်းပါပဲ၊ သမထကမ္မဋ္ဌာန်းထဲမှာ ပါတယ်၊ ဒါကြောင့် မေတ္တသုတ်နဲ့ ပတ်သက်လာလို့ရှိရင် ရွတ်ရမှာ သက်သက်မဟုတ်ဘူး၊ နာရမှာ သက်သက်မဟုတ်ဘူး၊ ပွားများကြရမှာ ဖြစ်ပါတယ်။

စာမျက်နှာ-၆၉

၆၅။ နှစ်ဦးကာလ ဓမ္မလက်ဆောင်
ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေဟာ အကြောင်းနဲ့ အကျိုးကို ဟောတာဖြစ်လို့ လူ့လောကမှာ ကောင်းကျိုးချမ်းသာရဖို့ မျှော်လင့်ကြတယ်၊ စီးပွားဥစ္စာတိုးတက်ချင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊ ကျန်းမာပြီးတော့ အသက်ရှည်ချင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊ ဒီဘဝကုန်လို့ နောက်ဘဝရောက်တဲ့အခါမှာလည်း ကောင်းရာသုဂတိကို ရချင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊ ဒီလေးမျိုးသည် “အတ္တသမ္မာပဏိဓိ”လို့ခေါ်တဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံမှု၊ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံမှု၊ စာဂတရားနဲ့ ပြည့်စုံမှု၊ အသိဉာဏ်ပညာနဲ့ ပြည့်စုံမှုဆိုတဲ့ ဒီအကြောင်းလေးမျိုး ကင်းနေရင် ခုနက မျှော်လင့်ချက်တွေ မအောင်မြင်နိုင်ပါဘူး။

နှစ်သစ်အခါသမယမှာ နှစ်ဟောင်းကထက် ပိုပြီးတော့ ကောင်းလာစေချင်ရင် သဒ္ဓါတရားတွေ ကောင်းလာအောင် ကိုယ်ကျင့်တရားတွေ ပိုပြီးလုံခြုံလာအောင် စွန့်လွှတ်မှုတွေ ပိုပြီးခိုင်မာလာအောင် အသိဉာဏ်တွေ ပိုပြီးကြွယ်ဝလာအောင် လုပ်ဖို့ လိုပါတယ်၊ ဒီအကြောင်းတရားတွေ ပြည့်စုံမှသာလျှင် မိမိတို့ရဲ့ မျှော်လင့်ချက်နဲ့ ချမ်းသာသုခတွေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေဆိုတဲ့ ဆုတောင်းတွေ တောင်းဆိုမှုတွေဟာ တစ်လုံးတစ်ဝကြီး ပြည့်စုံလာမှာပါ။

စာမျက်နှာ-၇၀

၆၆။ တရားထူး ရနိုင်သူ
တရားထူးတရားမြတ် ရဖို့ရန်အတွက် အခြေအနေဆိုးတွေ မကျူးလွန်မိဖို့ လိုတယ်၊ ပဉ္စာနန္တရိယကံ ကင်းရှင်းရမယ်၊ နိယတမိစ္ဆာဒိဋ္ဌိဆိုတဲ့ အယူမှားလက်ခံထားတာ ကင်းရှင်းရမယ်၊ အဲဒီနှစ်ခု ကင်းရှင်းသွားပြီဆိုရင် ကိုယ့်သန္တာန်မှာ အားဖြည့်ပေးရမှာတွေက ဘာတွေတုန်းဆို သဒ္ဓါစွမ်းအား၊ တရားထူးတရားမြတ်ကို ရလိုတဲ့ ဆန္ဒစွမ်းအား၊ အဲဒီ သဒ္ဓါစွမ်းအား၊ ဆန္ဒစွမ်းအားအပေါ်မှာ အခြေခံပြီးတော့ တရားဓမ္မကို သိလိုတဲ့ ဉာဏ်စွမ်းအားတွေ၊ တရားဓမ္မနဲ့ပတ်သက်ပြီးတော့ သိလာအောင် ကြိုးစားတဲ့ ဉာဏ်စွမ်းအားတွေ ရှိဖို့လိုအပ်တယ်။

အဲဒါတွေနဲ့ ပြည့်စုံလာပြီဆိုရင် တရားထူးတရားမြတ် ရနိုင်ပါတယ်၊ မြတ်စွာဘုရားက သူတော်ကောင်းတရားကို ကြားနာလို့ “သမ္မတ္တနိယာမ”ဆိုတဲ့ မဂ်တရားကို ရထိုက်တဲ့ပုဂ္ဂိုလ်ဟာ အခုလို အခြေအနေကောင်းတွေနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ် ဖြစ်တယ်လို့ ဟောပါတယ်။

စာမျက်နှာ-၇၁

၆၇။ ယှဉ်ပြိုင်ခြင်း၏ နိဂုံး
လောကလူတွေ ယှဉ်ပြိုင်နေတာက မမှန်မကန် ယှဉ်ပြိုင်ကြတာ များတယ်၊ ယှဉ်ပြိုင်သင့်တဲ့နေရာမှာ မယှဉ်ပြိုင်ဘဲနဲ့ မယှဉ်ပြိုင်သင့်တဲ့နေရာမှာ ယှဉ်ပြိုင်နေသည့်အတွက်ကြောင့် ပြဿနာတွေ တစ်ခုပြီးတစ်ခု တက်လာပြီးတော့ ထိုပြဿနာတွေရဲ့ အဖြေကို ရှာမတွေ့ဘဲ မြတ်စွာဘုရား နိဂုံးဆွဲပြသလို “နိုင်သူ ရန်ပွား၊ ရှုံးကား စိတ်ဆင်းရဲမှု”ဆိုတာနဲ့ ကြုံတယ်၊ နောက်ဆုံးမှာ ဒီအကျိုးပဲ ရလိုက်တယ်။

“တသာတိဟ ဘိက္ခဝေ ဧဝံသိက္ခိတဗ္ဗ” ဒါကြောင့်မို့ ချစ်သားရဟန်းတို့ ဒီလိုကျင့်ရမယ်တဲ့၊ “ဥတ္တရုတ္တရိ ပဏီတ ပဏီတံ ဝါယမမာနာ” သူများထက် သာသည်ထက်သာအောင် ကောင်းသည်ထက်ကောင်းအောင် ကြိုးစားအားထုတ်ခြင်းဖြင့် “အနုတ္တရံ ဝိမုတ္တိသုခံ” အကောင်းဆုံးသော လွတ်မြောက်တဲ့ ချမ်းသာကို “သစ္ဆိကရိဿမ” တို့တစ်တွေ ရယူနိုင်အောင် မျက်မှောက်ပြုနိုင်အောင် ကြိုးစားကြမယ်လို့ ဒီလိုသာ ယှဉ်ပြိုင်သင့်တယ် ယှဉ်ပြိုင်ရမယ်လို့ ဆုံးမပေးတာပါ။

ဒါကြောင့် ယှဉ်ပြိုင်မှုရဲ့ နိဂုံးဆိုတာဟာ ရဟန္တာဖြစ်မှ နိဂုံးဆွဲနိုင်တာ၊ ဒီနောက်တော့ ပြိုင်စရာမရှိတော့ဘူးတဲ့၊ လူတွေရဲ့ ယှဉ်ပြိုင်လိုတဲ့စိတ်က အရဟတ္တဖိုလ်မှာပဲ အဆုံးသတ်သွားပါပြီတဲ့။

စာမျက်နှာ-၇၂

၆၈။ မဟာဒါန
မဟာဆိုတဲ့ စကားလုံးက မြတ်သော သို့မဟုတ် ကြီးကျယ်သောလို့ အဓိပ္ပါယ်ရတယ်၊ ကြီးကျယ်သောအလှူ သို့မဟုတ် မြတ်သောအလှူ၊ အဲဒီမြတ်သောအလှူဆိုတာ မြတ်စွာဘုရားက ငါးပါးသီလကို ပြောတာ၊ သီလကို ဒီဒေသနာတော်မှာ ဒါနလို့ ဟောထားခြင်းဖြစ်တယ်၊ ငါးပါးသီလဆောက်တည်တိုင်း တို့တစ်တွေ မဟာဒါန ကြီးကျယ်တဲ့အလှူကြီးတစ်ခု လှူနေတယ်လို့ ကိုယ့်ကိုယ်ကို သတိထားပြီး စေတနာစွမ်းအား တိုးမြှင့်ထားဖို့ လိုအပ်တယ်။

ဒါဖြင့် “ပါဏာတိပါတာ ဝေရမဏိ” သူများအသက် သတ်ခြင်းမှရှောင်တာနဲ့ ဘာဖြစ်လို့ မဟာဒါနဖြစ်တာတုန်းဆိုတော့ ကိုယ်က သူများအသက်မသတ်လို့ရှိရင် ပတ်ဝန်းကျင်မှာ သတ္တဝါတွေ အများကြီးရှိတယ်၊ မရေတွက်နိုင်အောင် များပြားတဲ့ သတ္တဝါတွေကို ကိုယ်လက်နဲ့ ဘယ်တော့မှ အသက်မထွက်စေဘူးဆိုတဲ့ ရှောင်ကြဉ်မှုလေးဟာ သာမန်ကြည့်တော့ဖြင့် သေးသေးလေးလို့ ထင်ရမယ်၊ သို့သော် သတ္တဝါတွေအားလုံးကို ကိုယ်က အဘယံ ဒေတိ - ဘေးမဲ့ပေးလိုက်တယ်၊ အဝေရံ ဒေတိ - ရန်ကင်းမှုကို ပေးတယ်၊ အဗျာဗျ ဒေတိ - ဆင်းရဲဒုက္ခ လွတ်ကင်းအောင် ပေးလိုက်တယ်၊ ဒါဟာ ကြီးမားတဲ့ကုသိုလ်ကြီးတစ်ခု ဖြစ်ပါတယ်။

စာမျက်နှာ-၇၃

၆၉။ နန္ဒီ ဒုက္ခဿ မူလံ
မြတ်စွာဘုရားဟောတဲ့ ဒေသနာလေးတစ်ပုဒ် လူတွေရဲ့နှုတ်ထဲ ရောက်သွားလို့ရှိရင် ဒီဘဝတင်မကဘူး နောက်ဘဝတွေမှာပါ အကျိုးရှိနိုင်တယ်၊ ပဉ္စဂ္ဂပုဏ္ဏား ဇနီးမောင်နှံလိုပဲ “နာမရူပံ”ဆိုတဲ့ စကားလုံးလေး ကြားလိုက်တာနဲ့ ကြားဖူးတဲ့ စကားလုံးဆိုပြီး အဓိပ္ပါယ်ထွင်းဖောက် သိရှိကာ တရားတစ်ပုဒ်အဆုံးမှာ အနာဂါမ်ဖြစ်သွားကြသလိုပေါ့၊ ဗုဒ္ဓမြတ်စွာရဲ့ စကားလုံးလေးအတိုင်း “နန္ဒီ ဒုက္ခဿ မူလံ”ဆိုတာကို မှတ်ထားကြ၊ သိပ်ခဲယဉ်းတဲ့ ပါဠိစကား မဟုတ်ပါဘူး။

နန္ဒီ = နှစ်သက်တဲ့ တဏှာရာဂဟာ ဒုက္ခဿ = ဆင်းရဲဒုက္ခရဲ့ မူလံ = အကြောင်းပဲတဲ့။

စာမျက်နှာ-၇၄

၇၀။ မိတ်ကောင်း ဆွေကောင်း
ဘုရားရှင်ဟောပြောခဲ့တဲ့ မိတ်ဆွေကောင်းတို့ရဲ့ အင်္ဂါလေးရပ်ဆိုတာ—

၁။ ပေးနိုင်ခဲတဲ့အရာကို ပေးတတ်သူ၊
၂။ လုပ်နိုင်ခဲတဲ့အရာကို လုပ်ပေးတတ်သူ၊
၃။ သည်းခံနိုင်ခဲတဲ့အရာကို သည်းခံပေးတတ်သူ၊
၄။ ဒုက္ခကြုံတွေ့ရချိန်မှာ စွန့်လွှတ်ပြီး ထွက်ပြေးမသွားတတ်သူ။

ဒီအင်္ဂါလေးချက်ရှိတဲ့ပုဂ္ဂိုလ်ဟာ အပေါင်းအသင်းလုပ်ထိုက်တဲ့ မိတ်ကောင်းဆွေကောင်း ဖြစ်တယ်။

စာမျက်နှာ-၇၅

၇၁။ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ခြင်း
ချမ်းသာမှုဆိုတာ ဘာသာနဲ့ မဆိုင်ဘူး၊ မချမ်းသာဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လိုက်နာရဲ့လား မလိုက်နာဘူးလား၊ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်၊ ဘုရားက ဒီဘဝချမ်းသာဖို့အတွက် အလုပ်ကြိုးစားရမယ်၊ ဇွဲကောင်းရမယ်၊ နည်းစနစ်သိရမယ်၊ ဒီသုံးခုနဲ့ ကြိုးစားတာ။ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်၊ ဝင်ငွေထွက်ငွေ မျှတအောင် သုံးတတ်ရမယ်၊ နောက်တစ်ချက်က မိတ်ကောင်းဆွေကောင်း ရှိရမယ်။

ဒီအချက်လေးချက်နဲ့ ပြည့်စုံပြီးတော့ လိုက်နာကျင့်သုံးမယ်ဆိုရင် ဘဝမှာ ချမ်းသာသုခရနိုင်ပါတယ်၊ ဒါက မြတ်ဗုဒ္ဓရဲ့ ဘဝမှာ နေနည်းတစ်ခုပေါ့၊ ဗုဒ္ဓဘာသာဝင် လူငယ်လူရွယ်တွေ မှတ်သားလိုက်နာပြီးတော့ ကိုယ့်ကိုယ်ကို ကြီးပွားတိုးတက်အောင်လုပ်ဖို့ လိုအပ်တယ်။

စာမျက်နှာ-၇၆

၇၂။ မှတ်ဉာဏ်ကောင်းအောင် ကျင့်ဆောင်ခြင်း
လောဘစိတ်နဲ့ တစ်စုံတစ်ခုကို တွယ်တာပြီးတော့ လိုချင်နေပြီဆိုတဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ကြည့်ရင် သိပ်ကို လိုချင်တယ်ဆိုတဲ့စိတ်မျိုးတွေ ဖြစ်နေပြီဆိုရင် ကိုယ့်စိတ်လေးဟာ အရောင်ဆိုးခံထားရပြီ၊ အရောင်ဆိုးခံထားရရင် ဒီပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ မှတ်ဉာဏ်တွေ မှတ်ထားတဲ့အရာတွေဟာ အားပျော့ပြီး ပျက်ပြယ်သွားတယ်၊ စာကျက်လို့လည်း မရဘူး၊ မှတ်လို့လည်း မရဘူး။

ဒါဖြင့် မှတ်ဉာဏ်ကောင်းလာအောင် ဘာလုပ်ရမလဲဆိုတော့ “ကာမစ္ဆန္ဒ”စတဲ့ နီဝရဏတရားတွေကို လျှော့ချရမယ်၊ နီဝရဏဆိုတာ စိတ်ရဲ့ အဟန့်အတား ကုသိုလ်စိတ်တွေ မဖြစ်နိုင်အောင် အသိဉာဏ်တွေ ပေါ်မလာနိုင်အောင် တားမြစ်ထားတာ၊ ဒီနီဝရဏတရားတွေကို လျှော့ချနိုင်သေးသမျှ ကာလပတ်လုံး မှတ်ဉာဏ်တွေဟာ ကောင်းလာကြမှာ မဟုတ်ပါဘူး။

စာမျက်နှာ-၇၇

၇၃။ စံထားရမည့်ကိုယ်ကျင့်တရား ရှိသူများ
ကိုယ်ကျင့်တရားဆိုတာ ကိုယ်တိုင်လိုက်နာကျင့်သုံးရမယ့်တရားဖြစ်တယ်၊ လူ့လောကမှာ လူတွေလိုက်နာရမယ့် ကျင့်ဝတ်ဆိုတာ ရှိတယ်၊ ကျင့်ဝတ်မလိုက်နာဘဲ စည်းကမ်းကလနားတွေ ဖောက်ပြန်နေမယ်ဆိုရင် ဖောက်ပြန်တဲ့မိသားစုဟာ စိတ်ချမ်းသာမှု မရတဲ့အပြင် ဒေါသတွေ အာဃာတတွေ ဖြစ်လာမယ်။

အကယ်၍ ကိုယ်ကျင့်ရမယ့်ကျင့်ဝတ် လုံလုံလောက်လောက်နဲ့ ပြည့်စုံပြီဆိုရင် အဲဒီပြည့်စုံတဲ့နိုင်ငံ ပြည့်စုံတဲ့မြို့ ပြည့်စုံတဲ့မိသားစုဟာ ချမ်းသာနေမှာပဲ၊ ကျင့်ဝတ်မပြည့်စုံဘူးဆိုရင် သူ့ရဲ့ အသိုင်းအဝိုင်း သူ့ရဲ့ အဖွဲ့အစည်းကြီးဟာ ဘယ်တော့မှ ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။

စာမျက်နှာ-၇၈

၇၄။ ဓမ္မသံဝေဂနှင့် ဘဝဆည်းဆာ
ရှင်အာနန္ဒာက ဘုရားကို လျှောက်တယ်၊ “အရှင်ဘုရား၊ အံ့ဩဖွယ်ရာ အရှင်ဘုရားကိုယ်လေးက ရှေ့နည်းနည်းကိုင်းလာပြီ၊ အရေလေးတွေ တွန့်လာပြီ”ဆိုတော့ “အာနန္ဒာ အခုလိုပဲတဲ့၊ ဇရာတရားက နုပျိုမှုတွေကို လုယက်သွားတယ်၊ ဗျာဓိတရားက ကျန်းမာမှုတွေကို လုယက်သွားတယ်၊ နောက်ဆုံးကျတော့ မရဏတရားက အသက်ကို လုယက်ပြီး သွားလိမ့်မယ်”ဆိုပြီး မြတ်စွာဘုရားက ဥဒါန်းကျူးတယ်။

ဘယ်လောက်ပဲ ရာထူးအာဏာကြီးတဲ့ပုဂ္ဂိုလ်ဖြစ်စေ၊ ဘယ်လောက်ပဲ စည်းစိမ်ဥစ္စာ ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ အားလုံးကို ဇရာ, ဗျာဓိ, မရဏဆိုတဲ့ ဒီတရားတွေဟာ လွှမ်းမိုးပြီးတော့ ဖျက်ဆီးသွားတယ်၊ ဒါတွေကို ဆင်ခြင်သုံးသပ်ကြည့်ဖို့ မြတ်စွာဘုရားက ဟောကြားထားတာ ဖြစ်ပါတယ်။

စာမျက်နှာ-၇၉

၇၅။ ယမမင်းကြီးရဲ့ ဆန္ဒ
ကံတရားတွေဆိုတာ အလွန်စွမ်းအားရှိတယ်၊ ကံမကောင်း အကြောင်းမလှလို့ ငရဲကျသွားပေမယ်လို့ ကုသိုလ်ကံရှိရင် အဲဒီကုသိုလ်ကံက ပြန်ကယ်သွားနိုင်တယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ငရဲအသက်နဲ့ လူ့အသက်က မတူဘူး၊ ငရဲရဲ့ အသက်ဟာ ကံပဲ၊ ကံရှိသမျှ ဘယ်တော့မှ မသေဘူး၊ သူက ကံပေါ်မှာ မူတည်တယ်၊ လူ့ရဲ့ အသက်က ကံပေါ်မှာ မူမတည်ဘူး၊ “အသက်ဉာဏ်စောင့်”လို့ ပြောကြတယ်မဟုတ်လား။

ငရဲမှာခံနေရတဲ့ ငရဲသားတွေကိုကြည့်ပြီး ယမမင်းကြီးက ခုလိုဆန္ဒဖြစ်တယ်တဲ့၊ လူ့ဘဝရလိုက်ရင် ဘယ်လောက်ကောင်းမလဲ၊ ဒီဒုက္ခတွေ သူက မြင်နေတော့ သနားတယ်၊ လူ့ဘဝရမှ ဒီဒုက္ခတွေက လွတ်နိုင်မှာကိုး၊ လူ့ဘဝရတဲ့အချိန်မှာ ဘုရားများပွင့်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ၊ ဘုရားကို ဆည်းကပ်ကိုးကွယ်ခွင့်ရရင် ဘယ်လောက်ကောင်းမလဲ။ အဲဒီဘုရားက ငါ့ကို တရားဟောရင် ဘယ်လောက်ကောင်းမလဲ၊ ဘုရားဟောတဲ့တရားကို သိရှိနားလည်ရရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ ဒီဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
gum6u9icmt1arxlrxj917z13bpi4pwf
22102
22101
2026-06-15T03:09:00Z
Tejinda
173
22102
wikitext
text/x-wiki
{{header
| title = တရားပလ္လင်ထက်က စကားအလင်္ကာများ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဇာတိမြေမှ သာသနာ]]
| previous2 =
| next = [[တရားသိလျက် အကျင့်ခက်]]
| next2 =
| year =
| notes =
| edition =
| categories = မြန်မာ တရားတော်များ
| shortcut =
| portal =

စာမျက်နှာ-၁

တရားပလ္လင်ထက်က စကားအလင်္ကာများ
စီစဉ်သူ၏ နိဒါန်းစကား

မဟာသုဗောဓာရုံကျောင်းတိုက်များ၏ သာသနဝံသ ဂဏာဓိပတိ ပဓာနနာယက၊ ကျေးဇူးတော်ရှင် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး လျှောက်လှမ်းခဲ့သည့် ဘဝစာမျက်နှာများကို ဖတ်ရှုကြည်ညိုခဲ့ရာ ယခုနှစ် ၁၃၇၆-ခု တပေါင်းလပြည့်နေ့တွင် ဆရာတော်ကြီး၏ ဘဝစာမျက်နှာသစ် ၇၅ ကို ဖွင့်လှစ်ကြည်ညိုကြရပေတော့မည်။ ။

ဆရာတော်ကြီး၏ ဘဝစာမျက်နှာ တစ်စိတ်တစ်ဒေသကို ဖတ်ရှုကြည်ညိုရလျှင် ငယ်ရွယ်စဉ်ကစ၍ တစ်အူတုံဆင်း နောင်တော်ရင်း (၅)ပါးနှင့်အတူ လက်တွဲကာ ၁၃၂၀-ခုနှစ် နယုန်လပြည့် မဟာသမယအခါတော်နေ့တွင် “ခြောက်ပါးညီနောင် ကျောင်းတည်ထောင် ငါးထောင်သာသနာ တည်စေသော်”ဟူသည့် အဓိဌာန်ချက်ဖြင့် စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်ကြီးကို တည်ထောင်ဖွင့်လှစ်ကာ သာသနာပြုခဲ့သည်။ ယင်းပင်မကျောင်းတိုက်မှ တပည့်ကြီးများကို မွေးထုတ်၍ မုံရွာမြို့ သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက်၊ သန်လျင်မြို့ ဓမ္မဝိဇ္ဇာလယသုဗောဓာရုံကျောင်းတိုက်ဟူသည့် သုဗောဓာရုံတိုက်ခွဲ အမှတ်-၁/၂ အဖြစ် စာသင်တိုက်များကို တည်ထောင်ဖွင့်လှစ်၍ ပရိယတ္တိသာသနာကို ပြန့်ပွါးစေခဲ့သည်။ တိုက်ခွဲအမှတ်-၃ ဖြစ်သည့် ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာ။

စာမျက်နှာ-၂
ဓမ္မသဟာယသာသနစင်တာ သာသနာပြုဌာနကို ပြည်တွင်းပြည်ပမှ ဓမ္မကို လေ့လာလိုက်စားလိုလားသူများအတွက် INSTITUTE OF DHAMMA EDUCATION (I-D-E) ဓမ္မသင်တန်းကျောင်း ဖွင့်လှစ်ကာ သာသနာပြုလျက်ရှိသည်။

စာပေကိုမြတ်နိုး၍ ရှေးဟောင်းပေစာပုရပိုက်များကိုလည်း ရှာဖွေစုစည်းထိန်းသိမ်းတတ်သည်မှာ ဆရာတော်ကြီး၏ အရင်းခံဝါသနာတစ်ရပ် ဖြစ်လေသည်။ သို့အတွက်ကြောင့် အဟောအပြောတွင်သာမက အရေးအသားလည်း ထက်မြက်လှသည်။ ငယ်စဉ်ကလောင်သွေးစအရွယ်မှစ၍ ရတုကဗျာ၊ ဩဘာစာ၊ ဆောင်းပါး၊ အဋ္ဌုပ္ပတ္တိ၊ ဂါထာဗန္ဓများစွာကို ရေးသားထုတ်ဝေခဲ့သည်။ ယင်းငယ်လက်ရာ စာပေအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပူဇော်လိုသည့် မတ္တရာမြို့ သာသနဇောတာရုံဆရာတော်အမှူးပြုသည့် တပည့်ကြီးများက စိန်ရတုမွေးနေ့ပွဲတွင် ထုတ်ဝေနိုင်ရန် စည်းဝေးဆုံးဖြတ်ကြပြီး၊ တပည့်ကြီးဖြစ်သည့် ဒွါဒသမတိပိဋကဓရဆရာတော်မှ တာဝန်ယူ၍ ရနိုင်သမျှ ရှာဖွေစုဆောင်းကာ “ဓမ္မဂီတိကာ” “ဓမ္မစာပေအထွေထွေ”ဟူသည့်အမည်ဖြင့် စီစဉ်ပူဇော်ခဲ့သည်။

ပရိယတ္တိစာပေကို သင်ကြားပို့ချနေရင်းမှ ပြည်တွင်းပြည်ပ သာသနာပြုလုပ်ငန်း သာသနာရေးတာဝန်အသီးသီးကို ဆောင်ရွက်ခဲ့ရာ ခေတ်ကာလ၏ တောင်းဆိုမှုအရ လူသားများအတွက် လိုအပ်လျက်ရှိသည့် ဓမ္မအသိဉာဏ်များကို လမ်းကြောင်းဖွင့်ရင်း မြတ်ဗုဒ္ဓဟောကြားခဲ့သည့် ဒေသနာတော်များကို အများသူငါ နားလည်လွယ်အောင် ရိုးရှင်း၍ ပီပြင်အေးချမ်းသည့် ဓမ္မအသံဖြင့် ဓမ္မရေစင်များကို ပက်ဖြန်းကာ ဟောကြားဖြန့်ဝေလျက် သာသနာကို ပြန့်ပွါးစေခဲ့သည်။

စာမျက်နှာ-၃
ဆရာတော်သည် ဟောကြားသည့်တရားတိုင်းတွင် ဓမ္မအမြင် လောကအမြင်များကို ခေတ်အသွင်ဖြင့် လိုက်လျောညီထွေစွာ ထည့်သွင်းဟောပြောတတ်သည်ဖြစ်ရာ ကြားနာရသူအဖို့ မှတ်သားနားလည်လွယ်နိုင်သည်။ ဟောကြားခဲ့သည့် ဓမ္မစွမ်းရည်ကြောင့် ဘဝလမ်းကြောင်း ပြောင်းလဲသွားသူ၊ အတွေးအခေါ်ဖြောင့်မှန်သွားသူ အများစုမှာ ဓမ္မအပေါ် ကိုယ်တွေ့ဖြစ်ရပ်ခံစားချက်များနှင့် တရားတော်၏ကျေးဇူး၊ ရှင်းလင်းဟောပြောသည့် ဆရာတော်၏ကျေးဇူးကို ထပ်ခါတလဲလဲ လာရောက်လျှောက်တင်နေကြသည်ကို မကြာခဏ မြင်တွေ့ခဲ့ရသည်။

ယခုစာရှုသူလက်ဝယ် ရောက်ရှိနေသည့် ဓမ္မဒဿနစကားစုများသည် ဆရာတော်ကြီး၏ များစွာသော ဟောတရားမှတဆင့် စာမူအဆင့်ရောက်ရှိကာ ထွက်ရှိပြီးစာအုပ်များမှ စိန်ရတုပူဇာဖြစ်စေဖို့ ၇၅-ပုဒ်စာ စကားအလင်္ကာများကို ရွေးချယ်စုစည်း၍ ကျေးဇူးတော်ရှင် ဆရာတော်ကြီး၏ ဘဝစာမျက်နှာ ၇၅-သို့ရောက်ရှိသည့် စိန်ရတုမွေးနေ့ပွဲတွင် တပည့်ဖြစ်သူ ဤအရှင်မှ ပူဇော်ထားခြင်း ဖြစ်သည်။ တရားပလ္လင်မှ ပျံ့ဝဲလာသည့် အလင်္ကာမြောက် ဓမ္မစကားများ လူသားအားလုံး၏ ရင်တွင်းနှလုံးသားသို့ စိမ့်ဝင်ရောက်ရှိခဲ့ပါလျှင် လူးလာခေါက်ပြန် စုံဆန်နေရသည့် ဘဝသံသရာခရီးတစ်ထောက်ဝယ် အားထားရာတစ်ခု ဖြစ်နေမည်မှာ မလွဲဧကန်ပင် ဖြစ်ပေသည်။

စာမျက်နှာ-၄
ဓမ္မကိုမြတ်နိုး၍ ဓမ္မကိုလိုလားကြသည့် သူတော်စင်အများ ဆရာတော်ဘုရားဟောကြားခဲ့သည့် “တရားပလ္လင်ထက်က စကားအလင်္ကာများ”ကို ဖတ်ရှုလိုက်နာပြီး ဓမ္မအသိဖြင့် အကျိုးရှိရှိနေထိုင်ကာ ငြိမ်းချမ်းသောနှလုံးလှပိုင်ရှင်များ ဖြစ်နိုင်ကြပါစေဟူ၍...။

ဝီရိယာနန္ဒ (တပည့်)
ဓမ္မသဟာယသာသနစင်တာ
အောင်ချမ်းသာရွာ၊ ပြင်ဦးလွင်မြို့။
၁၈-၂-၂၀၁၅

စာမျက်နှာ-၅

၁။ မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ
စီးပွါးရေးနဲ့ပတ်သက်ပြီး ကြီးပွါးတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေ၊ ကြီးပွါးတိုးတက်နေတဲ့နိုင်ငံတွေ၊ ကြီးပွါးတိုးတက်နေတဲ့ကုမ္ပဏီကြီးတွေဟာ မြတ်ဗုဒ္ဓဟောထားတဲ့တရားကို မသိသော်လည်း မြတ်ဗုဒ္ဓဟောထားတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံတယ်လို့ ပြောနိုင်ပါတယ်။ သူတို့မှာ ဥဋ္ဌာနသမ္ပဒါ ရှိတယ်။

၁။ လုပ်ငန်းကျွမ်းကျင်တယ်။
၂။ နည်းပညာကောင်း ရှိတယ်။
၃။ ကြိုးစားအားထုတ်တယ်။

ဟောဒီအချက်အလက်တွေဟာ ငြင်းလို့မရတဲ့အချက်အလက်တွေပဲ။ ။

နောက်ပြီး သူတို့မှာ အာရက္ခသမ္ပဒါ ရှိတယ်၊ အလေအလွင့်မရှိအောင် ထိန်းသိမ်းတယ်။

ကလျာဏမိတ္တတာခေါ်တဲ့ မိတ်ကောင်းဆွေကောင်း ရှိတယ်၊ စီးပွါးရေးအကြံပေးမယ့်ပုဂ္ဂိုလ်တွေ၊ အကျင့်ကောင်းတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ။

သမဇီဝိတာလို့ခေါ်တဲ့ ဝင်ငွေထွက်ငွေ မျှတအောင် သုံးတယ်၊ ဒီအချက်အလက်တွေနဲ့ ပြည့်စုံလို့ ကြီးပွါးတိုးတက်တာပါ။

စာမျက်နှာ-၆

၂။ ဓမ္မကြေးမုံ
နည်းနည်းလေး စဉ်းစားကြည့်ပါ။ တရားချစ်ခင်သူတော်စင်တွေ ဘုရားကိုကိုးကွယ်လို့ရှိရင် လာဘ်လာဘရွှင်တယ်ဆိုတာတစ်ခု၊ ဒီဘုရားဟာ အရဟံစသော ဂုဏ်တော်တွေနဲ့ ပြည့်စုံသည့်အတွက်ကြောင့် ပူဇော်ထိုက် ကိုးကွယ်ထိုက်သောဘုရား၊ ဒီဘုရားကို ကိုးကွယ်ခြင်း၊ ပူဇော်ခြင်း၊ အာရုံပြုခြင်းအားဖြင့် ငါ့သန္တာန်မှာ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေငြိမ်းပြီး စိတ်ငြိမ်းချမ်းမှုရတယ်လို့ စဉ်းစားပြီးကိုးကွယ်တာတစ်မျိုး။ ဒီနှစ်မျိုးထဲမှာ ဘယ်ကိုးကွယ်မှုက ပိုတန်ဖိုးရှိမလဲ စဉ်းစားကြည့်။ ကိုယ်ကိုးကွယ်နေတာ ပထမမျိုးနဲ့လား၊ ဒုတိယမျိုးနဲ့လား ဒါကို စဉ်းစားနှိုင်းယှဉ်ကြည့်ရမယ်။

စာမျက်နှာ-၇

၃။ ဓမ္မမှတ်ကျောက်
မိမိတို့လက်တွေ့ကျင့်သုံးရမယ့် တရားဓမ္မ၊ သိထားရမယ့် တရားဓမ္မတွေ နာရလို့ ကိုယ့်ရဲ့အမူအကျင့်တွေ၊ စိတ်နေသဘောထားတွေ ပြောင်းလဲလာပြီး သူတော်စင်၊ သူတော်မြတ်အဖြစ် ရောက်လာပြီဆိုရင် ဗုဒ္ဓမြတ်စွာရဲ့တရား မှန်ကန်တယ်လို့ ဒီလိုမှတ်ကြရမှာပါ။ တရားကိုအကြောင်းပြုပြီး မာနတွေတက်လာမယ်၊ မလိုမုန်းထားတဲ့ ဣဿာ၊ မစ္ဆရိယတွေ များလာမယ်။ သူတစ်ပါးသိတာရှိတာကို မနာလိုတာက ဣဿာ၊ ကိုယ်သိတာကို သူများမသိစေချင်တာ၊ ကိုယ်ရှိတာကို သူများမရှိစေချင်တာက မစ္ဆရိယ။ အဲဒါမျိုးတွေ တိုးပွါးလာရင် ဒါဟာ မမှန်ကန်သေးဘူးလို့ ဒီလိုမှတ်ရမယ်။

စာမျက်နှာ-၈

၄။ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ်
“ဥပုသ်စောင့်တယ်”ဆိုတာ ကိုယ်ကျင့်တရားတွေနဲ့ နေတာ၊ ကိုယ်ကျင့်တရားတွေ၊ ကိုယ်ကျင့်သီလတွေကို “ဥပုသ်”လို့ခေါ်တယ်။ စောင့်တယ်ဆိုတာ အဲဒီကိုယ်ကျင့်သီလတွေကို ထိန်းသိမ်းတာ၊ မကျိုးမပေါက် မပျောက်မကြားရအောင် ထိန်းသိမ်းစောင့်ရှောက်တာ၊ ဒီလိုအဓိပ္ပါယ်ရတယ်။

နာမည်အားဖြင့် ဥပုသ်စောင့်တယ်လို့ဆိုပေမယ့် အနှစ်သာရပိုင်း ကွာခြားသွားလို့ရှိရင် အကျိုးပေးခြင်းကလည်း ကွာခြားသွားနိုင်တယ်။ ဒါကြောင့်မို့ မှန်ကန်တဲ့နည်းလမ်းနဲ့ အဓိပ္ပါယ်ရှိရှိ ဥပုသ်စောင့်တတ်ဖို့ ပိုအရေးကြီးပါတယ်။

ဥပုသ်စောင့်တယ်ဆိုပြီးတော့ မှန်ကန်တဲ့ရည်ရွယ်ချက်တွေ မရှိဘူးဆိုရင် ထိုဥပုသ်စောင့်ခြင်းရဲ့ အကျိုးဟာ များစွာရမှာမဟုတ်ပါဘူး။

စာမျက်နှာ-၉

၅။ ယနေ့လူသားများရဲ့ မနက်ဖြန်ကမ္ဘာ
ဒုစရိုက်တွေလုပ်တာနဲ့ သူ့ရဲ့သက်တမ်းဟာ ဘာကြောင့်လျော့ကျရသလဲ၊ ကြောင်းကျိုးဆီလျော်မှုရှိရဲ့လားလို့ စဉ်းစားကောင်း စဉ်းစားမိကြပါလိမ့်မယ်။

လူနဲ့ပြင်ပကမ္ဘာဆိုတာ အမြဲတမ်းဆက်စပ်ပြီးတော့ နေတာပါ။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျဆင်းသွားတာနဲ့ တစ်ပြိုင်နက် ရာသီဥတုကို သွားထိခိုက်ပါတယ်။ လူတွေရဲ့ စိတ်အပေါ်မှာမူတည်ပြီးတော့ ရာသီဥတုတွေ ဖောက်ပြန်လာတယ်။ ထိုအခါ ရာသီဥတုပေါ်မှာမှီပြီး စိုက်ပျိုးရတဲ့သီးနှံတွေ၊ သီးပင်စားပင်တွေမှာ အဆီဩဇာတွေ ယုတ်လျော့သွားတယ်။ ထိုအဆီဩဇာ ယုတ်လျော့သွားတဲ့အာဟာရတွေကို စားသုံးရတဲ့လူတွေရဲ့ သက်တမ်းဟာ ကျဆင်းပြီးတော့ သွားတာပါ။

ကုသိုလ်တရားတွေကို ဆောက်တည်ခြင်းဖြင့် လူတွေရဲ့ သက်တမ်းဟာ တိုးတက်နိုင်သလို၊ အကုသိုလ်တရားတွေကို ဆက်လက်လုပ်ကိုင်နေခြင်းဖြင့် လူတွေရဲ့ သက်တမ်းဟာ ကျဆင်းသွားနိုင်တယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက “မိမိသည်သာလျှင် မိမိ၏ကိုးကွယ်ရာ ဖြစ်ကြပါစေ၊ မိမိကျင့်သုံးတဲ့တရားသည်သာ မိမိရဲ့ကိုးကွယ်ရာ ဖြစ်ကြပါစေ”လို့ ဟောတော်မူထားပါတယ်။

စာမျက်နှာ-၁၀

၆။ မင်္ဂလသုတ် အနှစ်ချုပ်
ဒီကနေ့ကမ္ဘာမှာ ရှိကြတဲ့လူတွေ၊ လူမျိုးအသီးသီးမှာ အယူအဆအမျိုးမျိုး၊ ပေါင်းသင်းဆက်ဆံမှုတွေ အမျိုးမျိုးရှိကြပါတယ်။ အဲဒီကြားထဲသွားပြီး လူဖြစ်လို့ရှိရင် ဆိုင်ရာအသိုင်းအဝိုင်းအလိုက် အတွေးအခေါ်တွေအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ နေကြရတယ်။ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကြောင့် ကောင်းကျိုးချမ်းသာတွေ ရကြတာရှိသလို မကောင်းတဲ့အကျိုးတွေ ခံစားကြရတာလည်း ရှိတာပေါ့။

တရားကိုကျင့်သုံးတဲ့သူဟာ ဘဝခရီးကိုလျှောက်လှမ်းရာမှာ အောက်တန်းနောက်တန်းကျသွားမှာ မဟုတ်ပါဘူး။ မင်္ဂလသုတ်မှာ ဘဝခရီးကိုလျှောက်လှမ်းသွားတဲ့ပုဂ္ဂိုလ်တိုင်း တစ်ဆင့်ပြီးတစ်ဆင့် တက်ပြီးကျင့်သွားပုံကို မြတ်စွာဘုရားက ဟောထားတာ ဖြစ်တယ်။

ဒါကြောင့် သူတော်စင်အပေါင်းအားလုံး မင်္ဂလာတရားလက်ကိုင်ထားပြီး မိမိတို့ဘဝခရီးကို မင်္ဂလာလမ်းမပေါ်မှ လျှောက်လှမ်းနိုင်ကြပါစေ။

စာမျက်နှာ-၁၁

၇။ ခုခံစွမ်းအား
လောကလူတွေရဲ့ စိတ်ဓာတ်အခြေအနေတွေက အဆင်ပြေနေရင်လည်း တစ်မျိုးတစ်မည်ပြောင်းတယ်၊ ပင်ကိုယ်စိတ်အခြေအနေဆိုတာလေးကို ထိန်းသိမ်းဖို့လိုတယ်။ လူ့ရဲ့စိတ်ဆိုတာ လျှပ်စစ်မီးလိုပဲ၊ မီးအားကျသွားရင် မီးကောင်းကောင်းမလင်းတော့ဘူး၊ မီးအားတွေမြင့်သွားပြန်ရင်လည်း ဖန်ချောင်းတွေ၊ မီးသီးတွေ ပေါက်ကွဲကုန်တယ်။

လူ့ရဲ့စိတ်ထဲမှာလည်း တစ်ခါတစ်ရံ စိတ်ဓာတ်ကျနေရင် ပုံမှန်မဖြစ်ဘူး၊ စိတ်ဓာတ်က သိပ်တက်သွားလို့ရှိရင်လည်း ပေါက်ကွဲသွားနိုင်ပြန်တယ်။ အဲဒီနှစ်ခုကို ညှိပြီးတော့နေဖို့ရန်အတွက် စိတ်ဓာတ်ခွန်အားတွေ၊ ခုခံအားတွေကို လေ့ကျင့်ယူကြရမယ်။

စာမျက်နှာ-၁၂

၈။ အခွင့်ကောင်းကို ရအောင်ယူ
အခွင့်ကောင်းဆိုတာ ကြုံတောင့်ကြုံခဲ အရာတစ်ခုပါ။ ကြုံမှန်းမသိကြဘဲ (သို့မဟုတ်) အခွင့်ကောင်းကို အသုံးမချဘဲ ဘဝတစ်ခုကို လက်လွတ်ဆုံးရှုံးသွားကြတာတွေ လူ့လောကမှာ အများကြီးပဲ။

အခွင့်ကောင်းကြုံနေတာကို သိလျက်သားနဲ့ အခြားကိစ္စဝိစ္စတွေနဲ့ မအားဘူးဆိုတာကို အကြောင်းပြပြီးတော့ ဘဝတစ်ခုပြီးဆုံးသွားကြတာ။

အခွင့်ကောင်းဆိုတာ အမြဲမရှိနိုင်ဘူး၊ ဘဝဆိုတာ ခဏလေးပဲ၊ ကိုယ့်မျက်စိအောက်မှာတင် ချမ်းသာပြီးတော့မှ ဆင်းရဲသွားတဲ့လူတွေလည်း အများကြီးရှိတယ်။

အဲဒီတော့ အချိန်ပိုင်းလေးအနေနဲ့ တိုတောင်းလှပါတယ်၊ ရရှိနေတဲ့အခွင့်ကောင်းကို မရယူနိုင်ဘူးဆိုရင် ဒီထက်အရေးကြီးတဲ့ အခွင့်ကောင်းတွေ၊ အကျိုးကျေးဇူးတွေ ဆုံးရှုံးနစ်နာသွားနိုင်တယ်။

စာမျက်နှာ-၁၃

၉။ ရှာဖွေခြင်းနှင့် ရရှိခြင်း
“မြင့်မြတ်သူတို့၏ ရှာဖွေခြင်းနဲ့ သာမန်ပုဂ္ဂိုလ်တို့၏ ရှာဖွေခြင်း” လို့ ရှာဖွေခြင်းနှစ်ရပ်ထဲမှာ တို့ရှာဖွေနေတဲ့နေ့စဉ်ရှာဖွေမှုတွေဟာ မြင့်မြတ်တဲ့ရှာဖွေမှုလား၊ မမြင့်မြတ်တဲ့ရှာဖွေမှုလားလို့ ဆင်ခြင်သုံးသပ်ကြည့်ဖို့လိုတယ်။

မမြင့်မြတ်တဲ့ရှာဖွေခြင်းဆိုတာ မိမိကိုယ်တိုင်က အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောရှိသူ ဖြစ်ပါလျက် အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောရှိတဲ့အရာတွေကိုသာ ရှာဖွေနေခြင်း၊ နောက်တစ်ခုက မိမိကိုယ်တိုင်က ပူပန်တတ်တဲ့သဘောရှိပြီး ပူပန်တတ်တဲ့သဘောရှိတာတွေကိုသာ ရှာဖွေနေခြင်းဟာ မမြင့်မြတ်တဲ့ရှာဖွေခြင်းပဲ။

ကမ္ဘာမှာ သန်း(၆၀၀၀)ကျော်ရှိတဲ့လူတွေကို ကြည့်လိုက်ရင် ဒီအထဲပဲ ရှာနေကြတာ၊ ရှာတာတွေမှန်သမျှ အများစုက ဒီအထဲချည်းပဲ။

မြင့်မြတ်တဲ့ရှာဖွေခြင်းဆိုတာ ကိုယ်တိုင်က အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောရှိလို့ ယင်းတရားတွေအပေါ်မှာ အပြစ်မြင်တယ်၊ အပြစ်မြင်လာပြီး အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းတဲ့ နိဗ္ဗာန်ကို ရှာတယ်။ နောက်တစ်ခုက ကိုယ်တိုင်က ကိလေသာတွေနဲ့ ပူပန်မှုသဘောရှိလို့ ကိလေသာပူပန်မှုတွေ လုံးဝကင်းစင်တဲ့ နိဗ္ဗာန်ကို ရှာတယ်၊ ဒီလိုရှာတာကမှ မြင့်မြတ်တဲ့ရှာဖွေခြင်း ဖြစ်တယ်။

စာမျက်နှာ-၁၄

၁၀။ အလုပ်ရှင်နှင့် အလုပ်သမား စိတ်ကောင်းထား
အလုပ်ရှင်နှင့် အလုပ်သမားဆိုရာ အလုပ်ရှင်ကလည်း အလုပ်သမားရှိမှ ရပ်တည်နိုင်သလို၊ အလုပ်သမားတွေကလည်း အလုပ်ရှင်ကိုအမှီပြုမှ ရပ်တည်နိုင်တယ်။ အပြန်အလှန်မှီခိုနေကြတယ်။

* အလုပ်ရှင်နှင့် အလုပ်သမား အပြန်အလှန် မေတ္တာနဲ့ကူးယှက်ထားမယ်၊ မေတ္တာနဲ့ပေါင်းစပ်ထားမယ်ဆိုရင် ဒီလုပ်ငန်းတစ်ခုထဲမှာ Problem ဆိုတာ ဘာမှမဖြစ်နိုင်ဘူး။ အလုပ်ရှင်ကလည်း အလုပ်သမားကို ကျေးဇူးတင်တယ်၊ အလုပ်သမားကလည်း အလုပ်ရှင်ကို ကျေးဇူးတင်တယ်။ ဒီလိုအပြန်အလှန်မေတ္တာ ရှိနေရင် ဒီမေတ္တာဓာတ်ရဲ့ အစွမ်းသတ္တိထက်မှုဟာ အောင်မြင်ကြီးပွါးလာနိုင်တယ်ပေါ့။

ဒီထဲကမှ ကိုယ့်လုပ်ဖေါ်ကိုင်ဖက်ဖြစ်စေ၊ တစ်ဦးတစ်ယောက် နိမ့်ကျသွားရင် “မကောင်းတဲ့အခြေအနေလေးတွေ ပြန်ကောင်းပါစေ”လို့ဆိုတဲ့ အခက်အခဲတွေက လွတ်မြောက်စေချင်တဲ့ အတွေးအခေါ်စိတ်ဓာတ်ရှိခြင်းဟာ “ကရုဏာ”လို့ခေါ်တယ်။ အောင်မြင်ကြီးပွါးသွားလို့ ဝမ်းသာနိုင်ရင် “မုဒိတာ”ဖြစ်တယ်ပေါ့၊ မေတ္တာကတော့ အားလုံးကိုခြုံထားတာ။ ဒါကြောင့် အလုပ်ရှင်နှင့် အလုပ်သမား အပြန်အလှန် မေတ္တာ၊ ကရုဏာ၊ မုဒိတာ ထားနိုင်ကြမယ်ဆိုရင် အောင်မြင်မှုတွေ ရရှိလာကြမှာပဲဖြစ်ပါတယ်။

စာမျက်နှာ-၁၅

၁၁။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ
လုပ်တာကတော့ ကုသိုလ်ရေးလုပ်ငန်းကို လုပ်တယ်၊ (သို့သော်) အကုသိုလ်တွေပါလာတဲ့အခါ ရလိုက်တဲ့ကုသိုလ်က တစ်ပဲသားလောက်ရပြီးတော့ ငရဲမှာဖြစ်စေတတ်တဲ့ အကုသိုလ်တွေကပဲ များနေတယ်။

လောကကြီးမှာ ကုသိုလ်လုပ်ပေမယ့်လို့ လုပ်တတ်မှ ကုသိုလ်ဖြစ်တယ်၊ မလုပ်တတ်ရင် အကုသိုလ်တွေဖြစ်တတ်တယ်။ ဒါကြောင့်မို့ မလုပ်ခင်မှာ ဒါဟာ ကုသိုလ်လား၊ အကုသိုလ်လားဆိုတာကို သိဖို့လိုအပ်တယ်။

လောကလူတွေက ဒါလုပ်ရင် ငရဲကြီးသလားလို့ပဲ မေးပြီး အကုသိုလ်ဖြစ်သလားလို့ မေးတဲ့သူ အလွန်နည်းတယ်။ ငရဲမကြီးဘူးဆိုရင် လုပ်ကောင်းလိမ့်မယ်ထင်နေတာ၊ ငရဲကြီးတယ်ဆိုတာ အပြစ်ကြီးတာကိုပြောတာ၊ အပြစ်ကြီးတာဆိုတော့ အကုသိုလ်ဖြစ်တာပဲပေါ့။

အကုသိုလ်ဖြစ်တိုင်းတော့ ငရဲကျတာ မဟုတ်ပါဘူး၊ ဘယ်အရာပဲဖြစ်ဖြစ် သူ့အတိုင်းအတာနဲ့သူရှိတယ်၊ လုပ်ဆောင်ချက်တိုင်းမှာ အကုသိုလ်ချင်းတူပေမယ့်လို့ အကျိုးပေးခြင်းမတူဘူး။ ဒီအကုသိုလ်ဟာ ဘယ်အထိအောင် အကျိုးပေးတယ်ဆိုတာ မြတ်စွာဘုရားမှ သိနိုင်တဲ့အရာဖြစ်ပါတယ်။

စာမျက်နှာ-၁၆

၁၂။ သာရဏီယတရား
“သာရဏီယတရား”ဆိုတာ ညီညွတ်ရေးကို များစွာအကျိုးပြုတဲ့တရားဖြစ်တယ်၊ အစဉ်ထာဝရ မှတ်ထားကြရမည့်တရား၊ အစဉ်အောက်မေ့ကြရမည့်တရား ဖြစ်တယ်။

ပိယကရဏ - တစ်ဦးနဲ့တစ်ဦး ချစ်ခင်မှုကို ဖြစ်စေတယ်။
ဂရုကရဏ - တစ်ဦးနဲ့တစ်ဦး လေးစားမှုကို ဖြစ်စေတယ်။
သင်္ဂဟာယ - စုစည်းထားဖို့အတွက်၊
အဝိဝါဒါယ - အငြင်းအခုံကင်းဖို့အတွက်၊
သာမဂ္ဂီယာ - ကိုယ်စိတ်ညီညွတ်ဖို့အတွက်၊
ဧကီဘာဝါယ - တစ်ခုတည်းဖြစ်ဖို့အတွက်၊
ဟောဒီတရားခြောက်မျိုးဟာ အကျိုးပြုပါလိမ့်မယ်လို့ မြတ်စွာဘုရားက ဟောထားတာ။

ကုသိုလ်ကောင်းမှုလုပ်ပြီး ဘာသာရေးအသင်းအဖွဲ့တွေ လုပ်တဲ့အခါမှာ ဒီသာရဏီယတရားကို မလိုက်နာဘဲ လုပ်မယ်ဆိုရင် အကုသိုလ်တွေ တိုးပွါးလာနိုင်တယ်။ ဘာကြောင့်လဲ၊ အငြင်းအခုံဖြစ်မှုကို အကြောင်းပြုသွားလို့ ဖြစ်ရတာ။

တစ်ဦးနဲ့တစ်ဦး မတည့်တာကို အကြောင်းပြုပြီးတော့ အကုသိုလ်တွေဖြစ်လာတယ်၊ ကုသိုလ်ရရမယ့်အစား အကုသိုလ်တွေပဲ တိုးပွါးလာနိုင်တယ်ပေါ့။ ဒါကြောင့် ဒီသာရဏီယတရားဟာ အစဉ်ထာဝရ လေးစားပြီး လိုက်နာကျင့်ကြံရမည့်တရားတွေ ဖြစ်တယ်ဆိုတာ မှတ်သားထားဖို့လိုအပ်ပါတယ်။

စာမျက်နှာ-၁၇

၁၃။ အလေးထား၍ စဉ်းစားဆင်ခြင်ကောင်းအောင်မြင်
၁။ ကိုယ့်ကိုယ်ကို အလေးထားပြီး ဆင်ခြင်ရမယ်။
၂။ ကိုယ့်ပတ်ဝန်းကျင် လောကကြီးကို အလေးထားပြီး ဆင်ခြင်ရမယ်။
၃။ တရားဓမ္မကို အလေးထားပြီး ဆင်ခြင်ရမယ်။

ဘယ်လိုစဉ်းစားဆင်ခြင်ရမလဲ။

၁။ အသိဉာဏ်ရှိတဲ့ လူ့ဘဝရလာခိုက် ကိုယ်ကျင့်သီလကောင်းအောင် ငါကြိုးစားမယ်၊ ဥပုသ်နေ့တိုင်း ရှစ်ပါးသီလဆောက်တည်မယ်၊ နေ့စဉ်နဲ့အမျှ ဒါနကောင်းမှုပြုနိုင်အောင် သတိထားကြိုးစားမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုအလေးထားကာ ကိုယ့်သန္တာန်မှာ အကုသိုလ်တရားတွေ ဖယ်ရှားဖို့၊ ကုသိုလ်တရားတွေ တိုးပွါးလာဖို့ ဆင်ခြင်စဉ်းစားအားထုတ်ရမယ်။

၂။ “လောကကြီးမှာ ငါတစ်ယောက်တည်းမဟုတ်ဘူး၊ လောကကြီးမှာ တန်ခိုးရှင်တွေရှိတယ်၊ ဖုံးကွယ်ထားတဲ့အရာတွေကို သူတို့က မြင်နိုင်စွမ်းရှိတယ်၊ သူတို့မြင်သွားရင် ငါလုပ်တဲ့အလုပ်တွေဟာ အရှက်ကွဲစရာဖြစ်လိမ့်မယ်”ဆိုပြီး ကိုယ့်ရဲ့ပတ်ဝန်းကျင်လောကကို အလေးထားပြီး ဆင်ခြင်သုံးသပ်ကာ အကုသိုလ်ကိုရှောင်ရမယ်၊ ကုသိုလ်ကိုသာ လုပ်ရမယ်။

၃။ ကိုယ်ကျင့်တရားတွေအပေါ်မှာ အလေးထားတယ်။ “တရားဓမ္မတွေဟာ ကျင့်ရင် ကျန်တဲ့အတိုင်း ဖြစ်နိုင်စွမ်းရှိတယ်”ဆိုတဲ့ ဓမ္မစွမ်းရည်အပေါ်မှာ အလေးထားပြီး အကုသိုလ်တွေ ဖယ်ရှားကာ ကုသိုလ်တွေ တိုးပွါးအောင် ကြိုးစားကြရမယ်။

စာမျက်နှာ-၁၈

၁၄။ နှစ်ဦးမေတ္တာ
လူတိုင်းမှာ တစ်နှစ်တာကာလပတ်လုံး ပြောသမျှ ဆိုသမျှ စိတ်ကူးသမျှတွေဟာ မေတ္တာနဲ့ လုပ်ဆောင်သွားကြမယ်ဆိုရင် အားလုံးအတွက် အကျိုးဖြစ်ထွန်းမယ်ဆိုတာ သေချာပါတယ်။

လူတိုင်းရဲ့နှလုံးသားမှာ မေတ္တာတရား ကိန်းဝပ်နေအောင် ကြိုးစားရမယ်။

မေတ္တာဆိုတဲ့တရားဟာ လူတွေရဲ့ နှလုံးသားမှာ အခြေခံအားဖြင့် ပါရှိနေသော်လည်း တိုးတက်လာအောင် မလုပ်ဘူးဆိုရင် မေတ္တာအကျိုးဟာ သက်ရောက်မှာ မဟုတ်ပါဘူး။

မေတ္တာတရားနဲ့ ဆက်ဆံခြင်းဟာ လူမျိုးမရွေး ဘာသာမရွေးအတွက် အဆင်ပြေချောမွေ့စေတယ်၊ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် မေတ္တာနဲ့ဆက်ဆံနေရင် ကိုယ့်ရဲ့ရင်ထဲ နှလုံးသားထဲမှာ အပြစ်ကင်းပြီး အကုသိုလ်မဖြစ်တော့ဘူးပေါ့။

စာမျက်နှာ-၁၉

၁၅။ ဓမ္မကို အဖေါ်ပြုမှ ထာဝရချမ်းသာမည်
လောကလူ့သဘာဝကိုက အဖေါ်မဲ့မနေတတ်ဘူး၊ အဖေါ်နဲ့နေတတ်တယ်၊ “ပုဂ္ဂလ”လို့ခေါ်တဲ့ အဖေါ်က ဘဝအတွက် အထောက်အကူ အများကြီးမပေးနိုင်ဘူး၊ “ဓမ္မ”ဆိုတဲ့ တရားကို အဖေါ်ပြုမှ ထာဝရချမ်းသာမှုကို ရနိုင်တယ်။

ဓမ္မကို အဖေါ်ပြုတယ်ဆိုရာမှာ သေခါနီးကာလ နောက်ဆုံးအချိန်ကျမှ အဖေါ်ပြုလို့ကတော့ ကိုယ့်သန္တာန်မှာ ဓမ္မဟာ ရောက်ရှိလာမှာ မဟုတ်ဘူး၊ ဓမ္မဆိုတာ လူတိုင်းအတွက် အသုံးဝင်တာ မှန်သော်လည်း လွယ်လွယ်ကူကူနဲ့ ရင်ထဲနှလုံးထဲ ရောက်လာတာ မဟုတ်ပါဘူး၊ အချိန်ယူပြီး ကြိုးစားအားထုတ်မှုတွေ လုပ်ထားကြရတယ်၊ အဲဒီလိုမှ လုပ်မထားရင် နောက်ဆုံးအချိန်မှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်သွားရတတ်တယ်။

လောကမှာ ဓမ္မကို အဖေါ်မပြုတဲ့ပုဂ္ဂိုလ်တွေဟာ ဝမ်းနည်းခြင်း ကြေကွဲခြင်းနဲ့ပဲ အဆုံးသတ်သွားရတယ်၊ လူဆိုတာ မျှော်လင့်ချက်လေးတွေ ရှိတယ်။

နောက်ဆုံး ဝင်သက်ကလေးနဲ့ ထွက်သက်ကလေး မရောက်ခင် ကိုယ်လုပ်ရမယ့်ဓမ္မကို အခုကတည်းက အဖေါ်ပြုနိုင်အောင် ကြိုးစားအားထုတ်မယ်ဆိုရင် နောက်ကျတယ်လို့ မပြောနိုင်ပါဘူး။

စာမျက်နှာ-၂၀

၁၆။ ဘဝအရေး စိတ်အေးရလေအောင်
လူတိုင်းလူတိုင်းဟာ ဘဝရထားလို့ ဘဝအရေးမှာ စိတ်အေးကြရပြီလား? ဘဝအရေး စိတ်အေးဖို့ ဘာတွေလိုအပ်သလဲ? ဗုဒ္ဓမြတ်စွာက လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅၀၀) ကျော်က ဟောကြားထားတဲ့ တရားဓမ္မတွေ ရှိတယ်၊ ဘဝတစ်ခုရထားတဲ့ပုဂ္ဂိုလ်တွေ ဘဝအရေး စိတ်အေးဖို့ ဘာလုပ်ရမလဲဆိုတာ မှန်ကန်တဲ့နည်းလမ်းကို ချမှတ်ပြီးတော့ ဟောပြောထားတာ ရှိတယ်။

စီးပွါးဥစ္စာတွေ လိုလေသေးမရှိအောင် ပြည့်စုံတဲ့ဘဝတစ်ခု ရရှိထားပြီဆိုရင် လူတွေက ပြောကြတယ် “ဘဝအရေးတော့ စိတ်အေးရပြီ”တဲ့၊ တကယ်ကော စိတ်အေးရတာ ဟုတ်ရဲ့လား။

ဘဝအရေးအတွက် စိတ်အေးရအောင် လိုအပ်တဲ့အချက်တွေကတော့ ၁။ မှန်တာကိုပြောဖို့ လိုတယ်၊ ၂။ ကိုယ့်ဘဝ ကိုယ့်အကြောင်း အကောင်းအဆိုး အကြောင်းအကျိုးသိတဲ့ပညာ လိုတယ်၊ ၃။ ကြိုးပမ်းအားထုတ်မှု လုံ့လဝီရိယ လိုတယ်၊ ၄။ စာဂဆိုတဲ့ ကိုယ်တစ်ယောက်ထဲမသုံးစွဲဘဲနဲ့ ကိုယ့်ရှိတဲ့ပစ္စည်းကို မျှဝေသုံးစွဲတတ်တဲ့ စွန့်ကြဲမှုဆိုတာ လိုတယ်၊ အဲဒီလေးမျိုးနဲ့ ပြည့်စုံရင် နောက်ဘဝအရေး စိတ်အေးရပါတယ်တဲ့။

စာမျက်နှာ-၂၁

၁၇။ အစွမ်းတန်ခိုးများနှင့် သာသနာ
“ဣဒ္ဓိ”ခေါ်တဲ့ အစွမ်းတန်ခိုးတွေပြပြီး စည်းရုံးတာမျိုးတို့၊ “အာဒေသနာ”ခေါ်တဲ့ လူတစ်ယောက်ရဲ့စိတ်ကို ရည်ညွန်းပြောဆိုတဲ့ အတတ်ဟောတာမျိုးတွေ ဟောပြီးတော့ စည်းရုံးတာမျိုးတို့ဟာ တကယ်မအောင်မြင်နိုင်ပါဘူး။

“အနုသာသနီ”လို့ခေါ်တဲ့ တကယ့်အစစ်အမှန် ဆုံးမဩဝါဒပေးခြင်း၊ တကယ့်တရားဓမ္မ သင်ပြပေးခြင်းကသာလျှင် စစ်မှန်တဲ့ သာသနာပြုစည်းရုံးတာ ဖြစ်ပါတယ်။

ဝိဇ္ဇာအတတ်တွေတတ်ပေမယ့် ကိုယ့်စိတ်လေးကို ဖြူစင်အောင်မထားနိုင်ရင် လောဘ, ဒေါသ, မောဟတွေ ဖြစ်နေမှာပဲ၊ အဲဒါနဲ့သေရင် သံသရာထဲမှာ လည်ဦးမယ်၊ ဒုက္ခသုက္ခတွေ ရောက်ဦးမယ်၊ မန္တာန်တန်ခိုး အစွမ်းတန်ခိုးတွေမှီပြီး မဟုတ်တာလုပ်ရင် ငရဲကျဦးမယ်။

ဂန္ဓာရီဝိဇ္ဇာဆိုတဲ့ အတတ်ပညာတွေက တကယ်ရှိပါတယ်၊ သို့သော် မယုံကြည်တဲ့သူက လောကီအတတ်ပညာ မျက်လှည့်အတတ်ပညာတွေပါဆိုပြီး ဘယ်လိုပဲ စည်းရုံးစည်းရုံး စည်းရုံးလို့ရမှာ မဟုတ်ပါဘူး။

ဒါကြောင့် “ဣဒ္ဓိ”ဆိုတဲ့ အစွမ်းတန်ခိုးပြုပြီးတော့ သာသနာပြုတာဟာ မှန်ကန်တဲ့နည်းလမ်း မဟုတ်လို့ မြတ်စွာဘုရားကလည်း ခွင့်ပြုမထားခဲ့ပါဘူး။

စာမျက်နှာ-၂၂

၁၈။ လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား
ကောင်းတဲ့ လောကဓံနဲ့ကြုံရင် လောဘဖြစ်တယ်၊ လောဘဖြစ်ရင် စိတ်မငြိမ်မသက်ဖြစ်မယ်၊ မကောင်းတဲ့ လောကဓံနဲ့ကြုံရင် ဒေါသဖြစ်မယ်၊ ဒေါသဖြစ်ရင် စိတ်မငြိမ်မသက် ဖြစ်မယ်။

အဲဒီတော့ လောဘ, ဒေါသ ဝင်လာတာနဲ့တစ်ပြိုင်နက် စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ မရှိတော့ဘူး၊ လောဘက အရောင်ဆိုးလိုက်၊ ဒေါသက အရောင်ဆိုးလိုက်နဲ့ လောကဓံတရားတွေအပေါ်မှာ လောဘနဲ့ဒေါသ လိုက်လျောလိုက် ဆန့်ကျင်လိုက်နဲ့ မည်သူပဲဖြစ်ဖြစ် လောကဓံရဲ့ဒဏ်ကို ခံနေရတယ်။

လောကဓံဆိုတာကတော့ ရှောင်ကွင်းလို့မရနိုင်ဘူး၊ လောကဓံကြောင့် စိတ်ဓာတ်တွေ ကြံ့ခိုင်ခြင်းမရှိဘဲ တုန်လှုပ်နေတဲ့ပုဂ္ဂိုလ်ဟာ ဘာဖြစ်နိုင်တုန်းဆိုရင် အဆိုးလောကဓံတွေကို ဆန့်ကျင်ပြီး အကောင်းလောကဓံတွေနဲ့ ကျေနပ်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ပဋိသန္ဓေနေခြင်းကလည်း မလွတ်နိုင်ဘူး၊ အိုခြင်း, နာခြင်း, သေခြင်းကလည်း မလွတ်နိုင်ဘူး၊ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿဆိုတဲ့ ဘဝမှာ ကြုံတွေ့ရမယ့် အဆိုးတရားတွေကို မလွန်မြောက်နိုင်ဘူး၊ ကုန်ကုန်ပြောရလို့ရှိရင် ဒုက္ခကလွတ်လမ်းမရှိဘူးလို့ ဒီလိုဆိုလိုတယ်။

စာမျက်နှာ-၂၃

၁၉။ အထင်မှား အမြင်မှား
ကုသိုလ်ကံက အကျိုးပေးလိုက်လို့ တစ်ခဏတာ အချိန်ပိုင်းလေးမှာ လူဖြစ်လာကြတယ်၊ များသောအားဖြင့် လူတွေဟာ “တို့ဘာကြောင့် လူဖြစ်လာရသလဲ”ဆိုတာကို မစဉ်းစားကြဘူး၊ စဉ်းစားတဲ့အခါမှာလည်း ဉာဏ်မမီဘူး၊ ဉာဏ်မမီသည့်အတွက် ဘာကြောင့် လူဖြစ်လာရတယ်ဆိုတဲ့ အကြောင်းတရားကိုတွေ့အောင် မရှာနိုင်ဘူး၊ မရှာနိုင်သည့်အတွက် အကြောင်းအမျိုးမျိုးကို ထင်ကြေးပေးကြတယ်၊ တကယ့်စစ်မှန်တဲ့ အကြောင်းတရားကို လုပ်ဆောင်ဖို့ရာ မသိဘဲဖြစ်ကြရတယ်။ အထင်မှား အမြင်မှား ဆိုရာမှာ ထင်မှားမှု ၃-မျိုးရှိတယ်။

၁။ တဏှာမညနာ - တဏှာနဲ့ အထင်မှားမှု၊ ၂။ မာနမညနာ - ကိုယ့်ရဲ့အရည်အချင်းအပေါ် မာန်တက်တဲ့မာနနဲ့ အထင်မှားမှု၊ ၃။ ဒိဋ္ဌိမညနာ - အယူအဆနဲ့ပတ်သက်ပြီး အထင်မှားမှုဆိုပြီး ၃-မျိုးရှိတယ်။

အဲဒီလို အထင်အမြင်မှားသည့်အတွက်ကြောင့် လုပ်သင့်တာ မလုပ်သင့်တာကို မသိဘူး၊ လုပ်ချင်တာတွေပဲလုပ်တဲ့အခါ အကောင်းလည်း လုပ်မိတယ်၊ အဆိုးလည်း လုပ်မိတယ်၊ အကောင်းလုပ်တဲ့အခါ ကုသိုလ်ဖြစ်ပြီး အဆိုးလုပ်မိတဲ့အခါ အကုသိုလ်တွေ ဖြစ်တတ်တယ်။

စာမျက်နှာ-၂၄

၂၀။ အကာကိုပစ်၍ အနှစ်ကိုရှာ
အနှစ်သာရလို့ပြောစရာ ခန္ဓာကိုယ်ကြီးမှာတစ်ခုမှမရှိဘူး၊ နာမ်ထဲမှာလည်း ဖြစ်တာမြန်လို့ အနှစ်သာရဆိုတာ ဘာမှမရှိဘူး၊ သို့သော် နာမ်တရားကိုမှီပြီးဖြစ်တဲ့ အနှစ်သာရလေးကို ရအောင်ယူနိုင်မယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲက အနှစ်ကို ထုတ်ယူလို့ရနိုင်သေးတယ်။ အနှစ်နဲ့အကာကို ခွဲခြားပြီးသိမယ်ဆိုလို့ရှိရင် အကာအတွက် အချိန်များများ မပေးတော့ဘူး၊ အနှစ်သာရရဖို့အတွက် အချိန်များများ ပေးလိမ့်မယ်။

ဘဝမှာ ရနိုင်တဲ့အနှစ်တွေက ဘာတွေလဲဆိုရင် “သဒ္ဓါ”ဆိုတဲ့ အနှစ်၊ “သီလ”ဆိုတဲ့ အနှစ်၊ “သုတ”ဆိုတဲ့ ဘုရားဟောထားတဲ့ တရားဒေသနာနာကြားမှုအနှစ်၊ “စာဂ”လို့ဆိုတဲ့ စွန့်လွှတ်မှု လှူဒါန်းပေးကမ်းနိုင်မှုအနှစ်၊ “ပညာ”လို့ဆိုတဲ့ အနှစ်၊ နာမ်တရားထဲမှာ ဒီအနှစ်သာရတွေ ရှိပြီးတော့နေတယ်၊ သို့သော် အနှစ်ကို ထုတ်မယူတတ်လို့ရှိရင် အကာပဲရသွားနိုင်ပါတယ်။

လူတွေ အထင်ကြီးနေကြတာက အကာတွေပါ၊ လောကမှာ လူအများက ပစ္စည်းဥစ္စာ ရာထူးအာဏာ ပါဝါတွေအပေါ်မှာ အထင်ကြီးကြတယ်၊ စည်းစိမ်ဥစ္စာ ရာထူးအာဏာတွေဆိုတာ တစ်ခဏပဲ၊ အကန့်အသတ်တွေနဲ့ချည်းပဲ၊ ခိုင်မြဲတာမရှိဘူး၊ အဲဒါတွေအပေါ်မှာ လူတွေက နေ့စဉ်နဲ့အမျှ ရှာဖွေပြီး တပ်မက်နေကြတာ၊ သဒ္ဓါတရားပျက်သွားလို့ ကိုယ်ကျင့်တရားပျက်သွားလို့ဆိုတာမျိုးကို စိုးရိမ်သောကရောက်ရမှာမှန်း မသိကြဘူး၊ တကယ်စိုးရိမ်သင့်တာကတော့ ကိုယ်ကျင့်တရားပျက်ခြင်း အသိအမြင်ပျက်ခြင်းသည်သာ တကယ်စိုးရိမ်စရာကောင်းတဲ့အရာပါ။

စာမျက်နှာ-၂၅

၂၁။ အားပေးစကား
လူတိုင်းလူတိုင်း မွေးလာတဲ့အချိန်ကနေစပြီး တစ်နေ့တစ်နေ့ ဘယ်ကိုသွားနေတာတုန်းဆိုရင် အိုခြင်း, နာခြင်း, သေခြင်းဆီ သွားနေတာ၊ ဒါကြောက်စရာစကား မဟုတ်ဘူး၊ တချို့က သေစကားပြောရင် မင်္ဂလာမရှိဘူး၊ နိမိတ်မရှိဘူး ဒီလိုထင်တယ်၊ မသေမှာကျနေတာပဲနော်။

လူတွေဟာ အနေတတ်ဖို့လိုသလို အသေတတ်ဖို့လည်း လိုသေးတယ်၊ ဒါကြောင့် မြတ်ဗုဒ္ဓက “နေမကောင်းထိုင်မသာဖြစ်ပြီးတော့ ရောဂါဝေဒနာ ခံစားနေရတဲ့ ပညာရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို ပညာရှိတဲ့မိတ်ဆွေတစ်ယောက်က အားပေးစကားပြောသင့်တယ်”လို့ ဟောထားတယ်၊ ဒါဟာ အကျိုးတရားရှိလို့ ဟောတာပါ။ တစ်ချို့ကတော့ ဘုန်းကြီးတွေပင့်ပြီး ပရိတ်ရွတ်ကြတယ်၊ လူတွေက မျိုးစုံလုပ်ကြတယ်၊ မြတ်စွာဘုရားကတော့ အားပေးစကားပြောရမယ်တဲ့။

ဒီနေရာမှာ သတိထားဖို့ရာက အားပေးစကားပြောတဲ့သူကလည်း ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်၊ အပြောခံရတဲ့သူကလည်း ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်၊ လူမိုက်ကိုသွားပြီး အားပေးစကားပြောလို့မရဘူး၊ ဒါကိုသိထားဖို့ လိုအပ်တယ်။

စာမျက်နှာ-၂၆

၂၂။ ကုသိုလ်ဖြစ်အောင် သတိဆောင်
များသောအားဖြင့် လူတွေက အသက်ရှည်ဖို့အတွက် လိုအပ်တယ်ဆိုတာ သိကြတယ်၊ အထောက်အကူအကြောင်းတွေကို သိကြတယ်၊ အသက်ရှည်ဖို့အတွက် ဆေးကောင်းဝါးကောင်း လိုအပ်တယ်၊ အစာအာဟာရကောင်းကောင်း စားရမယ်၊ ရာသီဥတုကောင်းတဲ့နေရာမှာ နေရမယ်ဆိုတာတွေက လူတိုင်းသိတဲ့အရာပဲဖြစ်တယ်။

လူတွေမသိတဲ့အရာကို မြတ်စွာဘုရားက ဟောတာ၊ “အသက်ရှည်မှုကို လိုလားတောင့်တမယ်ဆိုရင် ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းဆိုတဲ့ “အပ္ပမာဒတရားကို ပညာရှိများက ချီးမွမ်းကြတယ်”တဲ့၊ အပ္ပမာဒကို ဘာသာပြန်တော့ မမေ့မလျော့ခြင်း၊ ကုသိုလ်ကောင်းမှုပြုဖို့ အမှတ်ရတဲ့သတိကို ပြောတာပေါ့။

အဲဒီအပ္ပမာဒတရားဟာ အလွန်အရေးကြီးလို့ မြတ်စွာဘုရားက နောက်ဆုံး ပရိနိဗ္ဗာန်စံခါနီးမှာ “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” - အပ္ပမာဒတရားနဲ့ ချစ်သားတို့ရဲ့သန္တာန်မှာ ကုသိုလ်တရားတွေ ပြည့်စုံအောင်လုပ်ကြ၊ အပ္ပမာဒရှိပြီးတော့ ကိုယ်ကျင့်ရမယ့် သီလ, သမာဓိ, ပညာတွေ မမေ့ကြနဲ့၊ ကိုယ်လုပ်ရမယ့် ကုသိုလ်တရားတွေလုပ်ကြ၊ ယစ်မူးမေ့လျော့ပြီး မနေကြနဲ့လို့ မှာထားခဲ့ခြင်း ဖြစ်ပါတယ်။

စာမျက်နှာ-၂၇

၂၃။ သူ့အမြင် ကိုယ့်အမြင် ဓမ္မအမြင်
သူ့အမြင် ကိုယ့်အမြင်ဆိုတာ လွဲမှားတာတွေ အများကြီးရှိတယ်၊ ဟုတ်ချင်လည်းဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး၊ ဓမ္မအမြင်ကျတော့ အလွဲအမှားမရှိဘူး၊ မှန်ကန်တဲ့အမြင် ဖြစ်တယ်။

ဓမ္မအမြင် တရားအမြင်ဆိုတာ “သဗ္ဗေသင်္ခါရာ အနိစ္စာ” ပဲ၊ အကြောင်းတရားကြောင့်ဖြစ်လာတဲ့ တရားမှန်သမျှ အနိစ္စ၊ အနိစ္စမှန်လို့ရှိရင် ဒုက္ခ၊ အဲဒီဒုက္ခဆိုတဲ့တရားကို “ငါ”လို့လည်း မမြင်ဘူး၊ “ငါ့ဟာ”လို့လည်း မမြင်ဘူး၊ “ငါ့ရဲ့အတ္တ”လို့လည်း မမြင်ဘူးဆိုရင် ဒါမှန်ကန်တဲ့အမြင်ပဲ။

ဒါတင်မကဘူး၊ အဲဒီဒုက္ခဟာ ဘယ်မှာအဆုံးသတ်တုန်းဆို နိဗ္ဗာန်မှာ အဆုံးသတ်တယ်၊ ဒီအမြင်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ မှန်ကန်တဲ့ “ဓမ္မအမြင်”သာ ဖြစ်ပါတယ်။

စာမျက်နှာ-၂၈

၂၄။ မြတ်သောဥစ္စာ စုဆောင်းပါ
ပကတိဥစ္စာလို့ခေါ်တဲ့ လောကလူသားတွေ ရှာဖွေနေကြတဲ့ ပစ္စည်းဥစ္စာတွေက အဖျက်အမျိုးမျိုးနဲ့လည်း ဆက်နွှယ်နေတယ်၊ ရေ, မီး, မင်း, သူခိုး, မချစ်မနှစ်သက်အပ်တဲ့ သားဆိုးသမီးဆိုးတွေကြောင့်လည်း ထိုပစ္စည်းတွေဟာ ဆုံးရှုံးပျက်စီးရတယ်။ ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ရှာထားရှာထား ထိုပစ္စည်းတွေဟာ တစ်နည်းနည်းနဲ့ ကုန်ဆုံးသွားမှာဖြစ်သည့်အတွက်ကြောင့် ခိုင်မာမှုဆိုတာ အလွန်နည်းတယ်လို့ ဆိုရမယ်။

မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ မြတ်သောဥစ္စာဆိုတာက ဘာတွေလဲဆိုရင် သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့ သူ့ရဲ့အရည်အချင်းတွေပဲဖြစ်တယ်။

ပကတိဥစ္စာနဲ့ မြတ်သောဥစ္စာဟာ တန်ဖိုးချင်း အလွန်ကွာခြားတယ်၊ ကားကြီးနဲ့ လေးငါးစီးတိုက်ထားတဲ့ လမ်းဘေးက ကျောက်တွေရဲ့ စုစုပေါင်းတန်ဖိုးဟာ စိန်ကလေးတစ်ပွင့်ရဲ့ တန်ဖိုးနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အလွန်ကွာခြားနေသလိုပဲ။ ပကတိဥစ္စာတွေနဲ့ မိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာဖြစ်တဲ့ သူတော်ကောင်းဥစ္စာ ၇-ဖြာဆိုတဲ့ မြတ်သောဥစ္စာဟာ အလွန်ကွာခြားတယ်၊ ဒါကြောင့် မြတ်စွာဘုရားက “မြတ်သောဥစ္စာ စုဆောင်းပါ”လို့ ပြောတာနော်။

စာမျက်နှာ-၂၉

၂၅။ ရောဂါကုစား စိတ်စွမ်းအား
စိတ်စွမ်းအားက ရောဂါကို ကုစားပေးနိုင်တယ်၊ ဒီကနေ့ခေတ်ပညာကလည်း ဒါကိုလက်ခံထားတယ်၊ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေထဲမှာလည်း တရားဓမ္မကို နာယူခြင်းဖြင့် စိတ်ဓာတ်အေးငြိမ်းပြီး ရောဂါပျောက်သွားတဲ့ မှတ်တမ်းတွေရှိတယ်။

ရောဂါနဲ့ပတ်သက်လာရင် စိတ်ရောဂါတင်မကဘူး၊ ရုပ်ခန္ဓာကိုယ်ပေါ်မှာဖြစ်တဲ့ ရောဂါကိုပင်လျှင် စိတ်စွမ်းအားနဲ့ ကုစားကြတာတွေရှိတယ်။

ဗုဒ္ဓဘာသာနိုင်ငံတွေမှာ နေမကောင်းတဲ့အခါ သံဃာတော်တွေကို ပင့်ပြီး ဗောဇ္ဈင်္ဂသုတ်တို့ ပရိတ်တို့နာကြတယ်၊ [?] မဟုတ်ပေမယ့်လို့ ဗောဇ္ဈင်သုတ်နာကြားရလို့ ရောဂါပျောက်သွားတယ်ဆိုတာ Psychotherapy ပဲ။ စိတ်ဓာတ်ရေးရာကို ပြုပြင်ပေးလိုက်သည့်အတွက် ရောဂါဝေဒနာဟာ ပျောက်ကင်းသက်သာသွားတဲ့ အခြေအနေတစ်ရပ်ပါ။

စာမျက်နှာ-၃၀

၂၆။ ဘာသာတရားကို လိုက်နာကျင့်သုံးခြင်း၏ ရည်ရွယ်ချက်
“ဗြဟ္မစရိယ” ဆိုတဲ့အသုံးကို ဒီခေတ်နားလည်လွယ်အောင် “ဘာသာတရားလိုက်နာကျင့်သုံးခြင်း”လို့ ပြင်ဆင်သုံးလိုက်တယ်၊ ဘာသာတရားကို လိုက်နာကျင့်သုံးခြင်းဟာ အခြေအနေတွေ ကံတရားတွေကို ပြောင်းပစ်ဖို့မဟုတ်ဘူး၊ ဒီကနေ့ခေတ်ပုဂ္ဂိုလ်တွေဟာ အခြေအနေတစ်ခု ပြောင်းပစ်ဖို့ လုပ်နေကြတယ်။

ဘာအတွက် လိုက်နာကျင့်သုံးတာလဲဆိုရင် သံသရာမှာ ဘယ်တုန်းကမှ မသိခဲ့ဘူးတဲ့၊ မမြင်ခဲ့ဘူးတဲ့၊ ဘယ်တုန်းကမှ ကိုယ့်ရဲ့စိတ်ထဲ နှလုံးထဲရောက်မလာခဲ့ဘူးတဲ့၊ မျက်မှောက်မပြုခဲ့ဘူးတဲ့၊ ဘယ်တုန်းကမှ ကိုယ့်အသိစိတ်ထဲမှာ ပေါ်မလာခဲ့ဘူးတဲ့ အကြောင်းအရာတစ်ခုကို သိဖို့၊ မြင်ဖို့၊ ရောက်ရှိလာဖို့၊ မျက်မှောက်ပြုနိုင်ဖို့၊ ထိုးထွင်းသိနိုင်ဖို့ ဘာသာတရားဆိုတာ ကျင့်သုံးရတာပါတဲ့။ ဆိုလိုတာက မသိတာတွေသိဖို့ ဘာသာတရားကျင့်သုံးတယ်လို့ ဒီလိုပြောတာ။

ဒါဖြင့် ဘယ်တုန်းကမှ မမြင်ခဲ့သေးတာတွေ၊ မရခဲ့သေးတာတွေဆိုတာ ဘာတွေလဲဆိုတော့ “သစ္စာ ၄-ပါး”ပဲ၊ သစ္စာ ၄-ပါးမသိလို့ ဘုန်းကြီးတို့တစ်တွေဟာ သံသရာလည်နေကြတာ၊ သစ္စာ ၄-ပါးတရားကို သိသွားတာနဲ့တစ်ပြိုင်နက် သံသရာလည်ခြင်းအကြောင်းတွေ အကုန်ဖယ်ရှားသွားနိုင်ပြီတဲ့။

စာမျက်နှာ-၃၁

၂၇။ ဘဝ၏ ဝန်ထုပ်ဝန်ပိုးများ
ခန္ဓာငါးပါးရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာ ဝန်ထုပ်ဝန်ပိုးကြီးကို ရင်ဝယ်ပိုက်ထားတာနဲ့ အတူတူပဲတဲ့။

မသေခင် ဘဝခရီးလျှောက်နေတဲ့ပုဂ္ဂိုလ်တွေမှာ အန္တရာယ်တွေ အများကြီးပဲ၊ အိုခြင်း, နာခြင်းဆိုတဲ့ အန္တရာယ်လည်းတွေ့မယ်၊ နောက်ဆုံးမှာ သေခြင်းဆိုတာနဲ့လည်း ရင်ဆိုင်ပြီး ဘဝတစ်ခုအဆုံးသတ်သွားမယ်၊ အကောင်းဆိုတာ ရှိရဲ့လား၊ မရှိပါဘူး၊ မအို, မနာ, မသေခင်လေး ပျော်စရာတွေ့ကောင်းတွေ့မယ်၊ တစ်ခဏလေးတွေ့ရတဲ့ အပျော်လေးမှာ လူတွေက ထာဝရကြီးလို့ ထင်နေကြတာ၊ မေ့နေကြတာ၊ ရှေ့မျှော်ကြည့်လိုက် အန္တရာယ်ကြီး၊ နောက်ပြန်ကြည့်လိုက် အန္တရာယ်ကြီး၊ ကြုံလာမယ့်စခန်းတွေက အန္တရာယ်တွေနဲ့ချည်းပဲနော်။

ဒါဖြင့် ဒီခန္ဓာငါးပါးဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ဘယ်သူကယူတာလဲ၊ လက်သည်ကိုရှာကြည့်လိုက်လို့ရှိရင် “တဏှာ”ပဲ၊ ဒီတဏှာက ဝန်ထုပ်ဝန်ပိုးကြီးကို ယူလာတာ။

တဏှာက တွယ်တာတယ်၊ တွယ်တာသည့်အတွက် ဘဝကိုရနေတော့ ဒီဘဝက ကိုယ့်ကိုဒုက္ခပြန်ပေးနေတာပေါ့။

စာမျက်နှာ-၃၂

၂၈။ ကုသိုလ်ဖြစ်ပွါး နှလုံးသွင်းတရား
လူ့ဘဝရလာလို့ရှိရင် နံပါတ်တစ်အရေးကြီးဆုံးလို့ ပြောရမယ့်အရာက ကုသိုလ်ရအောင် စိတ်ကိုပြုပြင်တတ်ဖို့ ဒါဟာ အရေးကြီးဆုံးပဲ၊ စိတ်ထားမတတ်လို့ရှိရင် ကုသိုလ်မဖြစ်ဘူး၊ စိတ်ထားတတ်မှ ကုသိုလ်ဆိုတာ ဖြစ်တယ်။

ကုသိုလ်ဖြစ်အောင် ဘယ်လိုနှလုံးသွင်းရမှာတုန်း? မျက်စိကမြင်လိုက်တဲ့ အာရုံလေးတစ်ခုဟာ လောဘဖြစ်စရာဆိုရင် ကိုယ့်မှာ ဆင်ခြင်တုံတရားရှိရမယ်၊ သူများပိုင်တဲ့ပစ္စည်းဆိုရင် “သူများပိုင်တဲ့ပစ္စည်းနဲ့ပတ်သက်ပြီး ငါလောဘဖြစ်လို့ မကောင်းဘူး၊ ငါ့မှာ လောဘမဖြစ်စေရဘူး”လို့ ဒီအတွေးမျိုးတွေးလိုက်တာနဲ့ လောဘငြိမ်းပြီး ကုသိုလ်ဖြစ်သွားတယ်၊ ဒါဟာ “ယောနိသောမနသိကာရ”ပဲ။

မုန်းစရာလူတစ်ယောက်ကိုတွေ့လိုက်ရင်လည်း “အေး ငါမုန်းလို့ သူ့မှာ ဘာမှဖြစ်မှာ မဟုတ်ဘူး၊ ငါ့မှာသာ ငါ့ရဲ့နှလုံးသားမှာ ညစ်နွမ်းသွားမယ်၊ ငါ့မှာပဲ အကုသိုလ်ဖြစ်တယ်၊ မုန်းနေခြင်းဟာ အကျိုးမရှိဘူး”လို့ နှလုံးသွင်းလိုက်လို့ရှိရင်လည်း ဒါဟာ “ယောနိသောမနသိကာရ”ပဲ။

ယောနိသောမနသိကာရဆိုတာ သင့်တင့်မျှတစွာ တွေးတောဆင်ခြင်ပြီး ကုသိုလ်ဖြစ်ဖို့ ဦးလှည့်ပေးတာ ဖြစ်တယ်။

စာမျက်နှာ-၃၃

၂၉။ အတ္တာ ဟိ အတ္တနော နာထော
“အတ္တာ ဟိ အတ္တနော နာထော” ဆိုတာ “မိမိသာလျှင် မိမိ၏ကိုးကွယ်ရာ ဖြစ်တယ်”လို့ အဓိပ္ပါယ်ရတယ်။

လောကလူတွေက ဒီအတိုင်း မိမိသာလျှင် ကိုးကွယ်ရာ လို့ ဒီလိုသတ်မှတ်ကြသလားဆိုတော့ မဟုတ်ဘူး၊ မိမိမှတစ်ပါး အားကိုးတစ်ခုရှာပြီး ထားကြတယ်၊ ဘယ်သူ့ကို အားကိုးကြသလဲ?။

မိဘ သားသမီး ဆွေမျိုးသားချင်း မိတ်ဆွေသင်္ဂဟ ကိုယ်နဲ့ ခင်ရာမင်ရာပုဂ္ဂိုလ်တွေကို အားကိုးကြတယ်။ ပုဂ္ဂိုလ်ဆိုတာ တကယ်အားကိုးအားထားပြုရာ မဟုတ်ပါဘူး၊ ထာဝရ အားကိုးရာဟာ ကိုယ့်ကိုယ်ကိုသာ ဖြစ်တယ်လို့ မြတ်စွာဘုရားက ထိုထိုသုတ္တန်တွေမှာ ဟောကြားထားတာပဲ။

“အတ္တဒီပါ” ဆိုတာ ကိုယ့်ကိုယ်ကို အားကိုးကြ၊ သူများကို အားမကိုးကြနဲ့လို့ ပြောတာ၊ လောကကြီးမှာ လူရယ်လို့ ဖြစ်လာရင် ကိုယ့်ဝန်ကိုယ်ထမ်းပြီး ကိုယ့်လမ်းကိုယ်လျှောက်ကာ ကိုယ့်စခန်း ကိုယ်ရောက်ကြတာပဲ မဟုတ်လား။

စာမျက်နှာ-၃၄

၃၀။ ဟောသူနာသူ စိတ်ထားဖြူ
ဓမ္မပူဇာဆိုတာ လှူချင်တဲ့စေတနာရှိတဲ့ပုဂ္ဂိုလ်သာ လှူပါစေ၊ “လှူကြပါ ဒါန်းကြပါ”လို့ ပြောစရာ မလိုဘူး၊ လှူချင်လို့ရှိရင် လှူချင်တဲ့ပုဂ္ဂိုလ်တွေ အဆင်ပြေအောင် အလှူလက်ခံတဲ့နေရာလေးသာ ရှိသင့်တယ်၊ အလှူခံဖလားဆိုတာကို မထားသင့်ဘူး။ တစ်ချို့ဆို လမ်းပိတ်ပြီးတော့တောင် အလှူခံကြတာ။

တရားပွဲကျင်းပတယ်ဆိုတာ အင်မတန်မှ ကုသိုလ်ရပါတယ်၊ တရားနာခွင့်ရအောင် ဖန်တီးပြီး လုပ်ဆောင်ပေးတယ်ဆိုတာ အင်မတန်ကောင်းတဲ့ကုသိုလ်တစ်ခုပဲ၊ အင်မတန် မွန်မြတ်တဲ့ကုသိုလ်ကို လုပ်ရာမှာ လုပ်ပုံလုပ်နည်း မမှန်သည့်အတွက်ကြောင့် အပြစ်တွေဖြစ်လာတယ်ဆိုရင် မကောင်းဘူးပေါ့၊ ဒီတော့ “သန့်သန့်ရှင်းရှင်း ဖြစ်အောင်လုပ်ဖို့ အင်မတန် အရေးကြီးတယ်” ဆိုတဲ့ သတိတရား ရှိသင့်ပါတယ်။

တရားဟောတဲ့ပုဂ္ဂိုလ်ကလည်း စိတ်ထားဖြူစင်ရမယ်၊ တရားနာတဲ့ပုဂ္ဂိုလ်ကလည်း စိတ်ထားဖြူစင်ရမယ်၊ နှစ်ဦးနှစ်ဝ စိတ်ထားဖြူပြီး တရားဟောကြ နာကြမယ်ဆိုရင် မိမိတို့ ရည်ရွယ်ချက်ဖြစ်တဲ့ တရားဓမ္မကို သိရှိခြင်း ကျင့်သုံးခြင်းဖြင့် သံသရာဝဋ်ဆင်းရဲက ထွက်ပေါက်ကို ရရှိကြမှာ ဖြစ်ပါတယ်။

စာမျက်နှာ-၃၅

၃၁။ သေချာစသောလမ်းမှ လျှောက်လှမ်းပါ
တရားဓမ္မနှင့်ပတ်သက်ပြီး လွဲချော်မှုမရှိတဲ့ အကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး မလွဲတဲ့လမ်းက လျှောက်တာကို သေချာတဲ့လမ်းက လျှောက်တယ်လို့ ဒီလိုပြောတာ။

မြတ်စွာဘုရားက နိဗ္ဗာန်ခရီးကို လျှောက်လှမ်းတဲ့ ပုဂ္ဂိုလ်တွေမှာ သေချာတဲ့လမ်းဆိုတာ ရှိတယ်၊ အင်္ဂုတ္တရနိကာယ်မှာ “အပဏ္ဏက ပဋိပဒါ” ဆိုပြီး ဟောထားတယ်။

နိဗ္ဗာန်လမ်းမပေါ် တက်ပြီး တရားထူးတရားမြတ်ကို ရချင်တယ်၊ (သို့မဟုတ်) သံသရာခရီးမှာ ဖြောင့်တန်းတဲ့လမ်းကို သွားချင်တယ်ဆိုရင် “အပဏ္ဏကကျင့်စဉ်” ဆိုတဲ့ အဲဒီလမ်းကြောင်းဟာ တစ်ခုတည်းသော သေချာသောလမ်းပဲ။

အပဏ္ဏကကျင့်စဉ်ဆိုသည်မှာ -
၁။ ဣန္ဒြိယသံဝရ = ဣန္ဒြေကို စောင့်ထိန်းခြင်း။
၂။ ဘောဇနမတ္တညု = အစားအစာနှင့်ပတ်သက်ပြီး အတိုင်းအတာပမာဏကို သိခြင်း။
၃။ ဇာဂရိယာနုယောဂ = တရားဓမ္မနှင့်ပတ်သက်ပြီး နိုးနိုးကြားကြား ရှိခြင်းဆိုတဲ့ ဒီအပဏ္ဏက ပဋိပဒါဟာ သေချာတဲ့ လမ်းပဲ ဖြစ်ပါတယ်။

စာမျက်နှာ-၃၆

၃၂။ ဘဝအသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း
လူတိုင်းလူတိုင်း ဘဝတစ်ခုစီ ရရှိထားကြလို့ လူတိုင်းလူတိုင်းမှာ ကိုယ်စီဘဝကလေးတွေ ရှိနေကြတယ်၊ သို့သော် ဘဝနဲ့ ပတ်သက်ပြီးတော့ တစ်ဦးနှင့်တစ်ဦး အမြင်ချင်း မတူကြပေဘူး။ တစ်ချို့က ဘဝကို ပျော်စရာလို့ မြင်ကြတယ်၊ တစ်ချို့က ဘဝကို ငြီးငွေ့စရာလို့ မြင်ကြတယ်။

လောကကြုံတွေ့ရာမှာ အကောင်းချည်းလည်း မဟုတ်သလို အဆိုးချည်းပဲတော့လည်း မဟုတ်ဘူး၊ “အဿာဒ” လို့ဆိုတဲ့ သာယာစရာတွေ နှစ်သက်စရာတွေ ရှိသလို “အာဒီနဝ” လို့ဆိုတဲ့ အပြစ်တွေ ငြီးငွေ့စရာတွေလည်း ရှိတယ်။ ဒီနှစ်ခုကို ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိမြင်တာမှ “ဓမ္မအမြင်” လို့ ပြောရမယ်၊ realism ပေါ့၊ ဒါကြောင့်မို့ ဘဝအသွင်ကို အမြင်အမျိုးမျိုးနဲ့ ကြည့်တဲ့အခါမှာ ဓမ္မအမြင်နဲ့ ကြည့်ဖို့ လိုပါတယ်။

ဓမ္မဆိုတာ အမှန်တရားကို ပြောတာ၊ The Law of Nature ပေါ့၊ “ဓမ္မ” ဆိုတဲ့ စကားလုံးကိုက “အတ္တနော သဘာဝံ ဓာရေတီတိ ဓမ္မာ” သူ့သဘာဝအတိုင်း သူဖြစ်နေတာကို “ဓမ္မ” လို့ ဒီလိုပြောတာ။ ဘဝရဲ့အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်တဲ့အခါ လူတိုင်းလူတိုင်းမှာ ကိုယ်စီရထားတဲ့ဘဝလေးတွေဟာ ဘယ်လိုအခြေအနေ ရှိသလဲလို့ ဆန်းစစ်ပြီး ကြည့်ရမယ်၊ ကိုယ်ရထားတဲ့ ဘဝရဲ့ အခြေအနေ ကိုယ်မသိဘူးဆိုရင် ဒီပုဂ္ဂိုလ်လောက် နမော်နမဲ့နိုင်တာ မရှိတော့ဘူး၊ ဒါကြောင့် ကိုယ့်ရဲ့ အခြေအနေ ဘဝအသွင်အပြင်ကို ဓမ္မအမြင်နဲ့ ရှုကြည့်ပြီး အမှန်သိအောင် အားထုတ်ပါ။

စာမျက်နှာ-၃၇

၃၃။ ဖြစ်နိုင်တာနှင့် မဖြစ်နိုင်တာ
မဖြစ်နိုင်တဲ့အရာကို မဖြစ်နိုင်ဘူးလို့ မှတ်သားပြီး၊ ဖြစ်နိုင်တဲ့အရာကို ဖြစ်နိုင်တယ်လို့ မှတ်သားကာ လုပ်သင့်တဲ့အလုပ်ကို လုပ်ဖို့ပါပဲ။

မှန်ကန်တဲ့အမြင် ရှိလာလို့ရှိရင် ထိုအမြင်ကို အခြေခံပြီးတော့ လုပ်တဲ့အလုပ်ဟာ မှားယွင်းမှုမရှိနိုင်ဘူး၊ လောကီကိစ္စပဲဖြစ်ဖြစ် လောကုတ္တရာကိစ္စပဲဖြစ်ဖြစ် မည်သည့်ကိစ္စမှာမဆို ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို ကွဲကွဲပြားပြား သိဖို့လိုတယ်။

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို ခွဲခြားပြီးတော့ မသိဘူးဆိုရင် မဖြစ်နိုင်တာကို ဖြစ်နိုင်မယ် ထင်ပြီးတော့ ပြောနေမယ် လုပ်နေမယ်၊ ဖြစ်နိုင်တာကျတော့ မဖြစ်နိုင်ဘူးထင်ပြီး ဘေးဖယ်ထားမယ်ဆိုရင် လွဲမှားမှုတွေ အများကြီး ဖြစ်လာနိုင်တယ်ပေါ့။

စာမျက်နှာ-၃၈

၃၄။ မေတ္တာနှလုံး အစဉ်သုံး
အသက်ရှင်နေသမျှ ကာလပတ်လုံးမှာ မိမိရော မိမိနဲ့ ဆက်ဆံနေကြတဲ့ ပတ်ဝန်းကျင်က လူတွေအားလုံးဟာ မေတ္တာနှလုံး အစဉ်သုံးပြီး နေထိုင်သွားကြမယ်ဆိုရင် ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာနေမှာ ဖြစ်ပါတယ်။

ဒီကနေ့ခေတ်ကြီးမှာ အားလုံးခြုံကြည့်လိုက်မယ်ဆိုရင် မေတ္တာတရား ခြောက်ခန်းလာတာကိုတွေ့ရမှာ ဖြစ်တယ်၊ မေတ္တာတရားတွေ လျော့ပါးလာသည့်အတွက်ကြောင့် ကမ္ဘာကြီး ပူနွေးလာရတာကလည်း ဖြစ်ကောင်းဖြစ်နိုင်စရာ ရှိတယ်၊ အိုဇုန်းလွှာကြီးပေါက်လို့ဆိုတာတွေက ပြင်ပကိုကြည့်ပြီး ပြောတာ ဖြစ်တယ်။

တကယ်တော့ သတ္တဝါတွေရဲ့နှလုံးသားမှာ မေတ္တာအငြိမ်းဓာတ်တွေ ခန်းခြောက်လာလို့ သတ္တဝါတွေရဲ့ ခန္ဓာက ထွက်တဲ့ ပူလောင်တဲ့စိတ်က ထုတ်လုပ်လိုက်တဲ့အရာတွေဟာ အပူတွေချည်း ဖြစ်တယ်။

ဒါကြောင့်မို့ လူတွေရဲ့ စိတ်အစဉ် ငြိမ်းချမ်းစေဖို့ မေတ္တာနှလုံးကို အစဉ်သုံးကြရမှာ ဖြစ်ပါတယ်။

စာမျက်နှာ-၃၉

၃၅။ သံသရာခရီးသွား အမှားမလုပ်မိစေနှင့်
သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခရောက်ကြတယ်ဆိုတာ မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ပါ။

သံသရာခရီးသွားနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အမှားလုပ်မိတတ်ကြတယ်၊ ဘာကြောင့် အမှားလုပ်မိသလဲဆိုရင် အမှားလုပ်မိခြင်းရဲ့ အကြောင်းတရားတွေထဲမှာ အမှန်တရားကို မသိတာက အဓိကပဲပေါ့။

လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားပြီးမသိဘူး၊ ခွဲခြားပြီးမသိသည့်အတွက်ကြောင့် မလုပ်သင့်တာကို လုပ်မိခြင်း၊ လုပ်သင့်တာကျတော့ မလုပ်မိခြင်းဆိုတာ အကြောင်းတစ်ခုပဲ။ မသိတော့ အဆိုးကို အကောင်းထင်ပြီး ရံဖန်ရံခါ လူတွေဟာ လုပ်မိတတ်ကြတယ်။

မှားမှားယွင်းယွင်း တစ်ခုခုလုပ်မိသွားပြီဆိုရင် ခံရတဲ့ အကျိုးဆက်ဟာ သက်သာလှတယ်လို့ မရှိဘူးပေါ့၊ ဗုဒ္ဓမြတ်စွာရဲ့ လက်ထက်တော်အခါမှာ ကြုံတွေ့ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို အမှားမလုပ်မိအောင် သတိထားဖို့ပါ။

စာမျက်နှာ-၄၀

၃၆။ သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း
တစ်ကမ္ဘာလုံး အတိုင်းတာနဲ့ ကြည့်လိုက်မယ်ဆိုရင် လောကလူသားတွေဟာ နေ့စဉ်နဲ့အမျှ ရုန်းကန်နေကြရတယ်ဆိုတာ အင်မတန် ထင်ရှားပါတယ်၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးကိစ္စတွေနဲ့ ရုန်းကန်နေကြရတယ်၊ ထိုရုန်းကန်နေရတဲ့အခါမှာ အဆင်ပြေတဲ့အခါ ရှိသလို အဆင်မပြေတဲ့အခါလည်း ရှိတယ်၊ အခြေအနေအရပ်ရပ်ကို ထောက်ထားပြီး အဆင်မပြေတဲ့အခါမှာ လူတွေဟာ စိတ်ဖိစီးမှုဒဏ်တွေကို ခံစားကြရတယ်။

ချမ်းမြေ့သာယာတဲ့ဘဝကို နေချင်ရင် “သတိမကွာ အသိပညာဖြင့် နေခြင်း” ဆိုတဲ့ ဒီစနစ်ကို လိုက်နာကျင့်သုံးကြရမယ်။

အခုပြောတဲ့ “သတိမကွာ” ဆိုတဲ့ သတိဟာ ပစ္စုပ္ပန်တည့်တည့် ကိုယ်ဘာလုပ်နေတယ်ဆိုတဲ့အပေါ်မှာ ကိုယ့်ရဲ့ action ပေါ်မှာ mindful ဖြစ်တဲ့ သတိကို ပြောတာ၊ ဘာပဲလုပ်နေလုပ်နေ လုပ်နေတဲ့အပေါ်မှာ သတိရှိဖို့ လိုတယ်၊ ပစ္စုပ္ပန်ကျတဲ့ သတိကမှ စိတ်ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်တာ။

စာမျက်နှာ-၄၁

၃၇။ စိတ်၏ အတွေးများ
လူအများက “စိတ်”နဲ့ “တွေးတာ”ကို အတူတူပဲလို့ မှတ်ထင်ကြတယ်၊ သို့သော် အဘိဓမ္မာသဘောကို သေချာကြည့်မယ်ဆိုရင် အာရုံကိုသိတတ်တဲ့စိတ်က တစ်မျိုး၊ ထိုစိတ်ကို မှီတွယ်ပြီး ဖြစ်ပေါ်လာတဲ့ စေတသိက်ဆိုတဲ့သဘာဝက တစ်မျိုးလို့ “စိတ်”နဲ့ “စေတသိက်” နှစ်မျိုးခွဲပြီး သိနိုင်တယ်။

“စိတ်၏အတွေး” ဆိုတဲ့ စကားလုံးထဲမှာ အတွေးဆိုတာ စေတသိက်တစ်ခုရဲ့ နာမည်ပဲလို့ မှတ်ရမယ်။ စိတ်ကိုဖြူစင်အောင် လုပ်တဲ့အခါမှာ တစ်ချို့အတွေးတွေကို အားကောင်းလာအောင် လုပ်ပေးဖို့ လိုအပ်တယ်။

စိတ်ရဲ့ အတွေးတွေထဲက မကောင်းတဲ့အတွေးတွေကို -
၁။ အာရုံပြောင်းပြီး ဖြေရှင်းတဲ့နည်း။
၂။ အပြစ်ကို ဆင်ခြင်သုံးသပ်ပြီး ဖြေရှင်းတဲ့နည်း။
၃။ မေ့ပစ်တဲ့နည်း။
၄။ အရင်းအမြစ်ကို ရှာဖွေပြီးတော့ ဖြေဖျောက်တဲ့နည်း။
၅။ စိတ်နဲ့ဖိညှစ်ပြီး မရ, ရအောင် ကြိုးစားတဲ့နည်း။

ဒီငါးမျိုးနဲ့လုပ်ရင် စိတ်ရဲ့ မကောင်းတဲ့အတွေးတွေဟာ လုံးဝကင်းသွားပြီးတော့ အတွေးပေါ်မှာ ပိုင်နိုင်မှုဆိုတဲ့ စွမ်းရည်တစ်ခု ရလာနိုင်တယ်၊ အဲဒီစွမ်းရည်က ကိုယ်တွေးချင်တဲ့အတွေးကိုတွေးနိုင်၊ ကိုယ်မတွေးချင်တဲ့အတွေးကို ထိန်းချုပ်သွားနိုင်တယ်။

စာမျက်နှာ-၄၂

၃၈။ စိတ်၏အညစ်ကြေးများကို ဖယ်ရှားခြင်း
“စိတ္တေ သံကိလိဋ္ဌေ ဒုဂ္ဂတိပါဋိကင်္ခါ” စိတ်ညစ်နွမ်းရင် ဒုဂ္ဂတိဘုံရောက်မယ်၊ ဒုက္ခနဲ့ ရင်ဆိုင်ရမယ်။

“စိတ္တေ ဝိသုဒ္ဓေ သုဂတိပါဋိကင်္ခါ” စိတ်စင်ကြယ်သန့်ရှင်းနေရင် သုဂတိဘုံရောက်မယ်၊ ချမ်းသာသုခနဲ့ ရင်ဆိုင်ရမယ်။

လောကလူတွေမှာ စိတ်ကူးနေရုံနဲ့ ဘာမှတော့ ဖြစ်လာမှာ မဟုတ်ဘူး၊ စိတ်ကူးတဲ့နောက်မှာ လုပ်ဆောင်ချက်ဆိုတာ ရှိရမယ်၊ ကြံရွယ်ချက်ရှိလာပြီဆိုရင် လုပ်ဆောင်ချက်က နောက်က လိုက်ရမှာ၊ မလိုက်ဘူးဆိုရင် ကြံရွယ်ချက်ဟာ အထမြောက်မှာ မဟုတ်ဘူး၊ ဒါ လက်တွေ့အနေနဲ့ အင်မတန်မှ ထင်ရှားတယ်။

ဒီတော့ စိတ်ရဲ့ အညစ်ကြေးတွေထဲက ကြွေးနဲ့တူတဲ့ ကာမစ္ဆန္ဒ၊ ရောဂါနဲ့တူတဲ့ ဗျာပါဒ၊ ထောင်နဲ့တူတဲ့ ထိန, မိဒ္ဓ၊ ကျွန်ဘဝနဲ့တူတဲ့ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ကန္တာရခရီးကြီးကို သွားရတာနဲ့ တူတဲ့ ဝိစိကိစ္ဆာ၊ အဲဒီစိတ်ရဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်အောင် ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်၊ ဒါတွေကို မဖယ်ရှားဘဲနဲ့ နိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ် လောကမှာ တစ်ယောက်မှ မရှိပါဘူး။

စာမျက်နှာ-၄၃

၃၉။ လွတ်မြောက်တဲ့စိတ်
“လွတ်မြောက်တဲ့စိတ်” ဆိုတာ “အရဟတ္တဖိုလ်စိတ်” ပဲ။ နောက်ဆုံး ဒီထိရောက်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမှာ ဖြစ်ပါတယ်၊ ထိုလွတ်မြောက်မှုဆိုတဲ့ စိတ်ကိုရဖို့ရာအတွက် -

၁။ မိတ်ကောင်း, ဆွေကောင်း, ဆရာကောင်း, သမားကောင်း ရှာရမယ်။
၂။ မိတ်ကောင်း, ဆွေကောင်း, ဆရာကောင်း, သမားကောင်း အကြောင်းပြုပြီးတော့ ကိုယ်ကျင့်သီလ မြဲရမယ်။
၃။ တရားဓမ္မ နာယူရမယ်။
၄။ လုံ့လဝီရိယ ရှိရမယ်။
၅။ ပညာ ရှိရမယ်။

အဲဒီအခြေအနေကောင်း ငါးမျိုးရှိလာပြီဆိုရင် စိတ်ကလေး လွတ်အောင် ဘာလုပ်ရမလဲ?။

လောဘကလွတ်ဖို့ အသုဘကို ပွါးပါ၊ ဒေါသကလွတ်ဖို့ မေတ္တာကို ပွါးပါ၊ အတွေးတွေကနေ လွတ်မြောက်ဖို့ အာနာပါနဿတိကို ပွါးပါ၊ ငါဆိုတဲ့မာနကို ဖယ်ရှားပစ်ဖို့ အနိစ္စသညာကို ပွါးပါ၊ အနိစ္စသညာကို ပွါးလိုက်ရင် အနတ္တသညာ ဝင်လာမှာ ဖြစ်တယ်၊ အနတ္တသညာ ဝင်လာလို့ရှိရင် ငါဆိုတဲ့မာန ကင်းသွားလိမ့်မယ်၊ အဲဒီအချိန်မှာ လုံးဝလွတ်မြောက်တဲ့ စိတ်ရဲ့ အခြေအနေတစ်ခုကို ရရှိပိုင်ဆိုင်ကြမှာ ဖြစ်ပါတယ်။

စာမျက်နှာ-၄၄

၄၀။ လူ့ဖြစ်ကျိုး နပ်ပါစေ
လူ့ဘဝလာတယ်ဆိုတာ ခဏလေး အလည်လာသလိုပဲ၊ “ပမတ္တဿ စ နာမ စတ္တာရော အပါယာ သကဂေဟ သဒိသာ” ကုသိုလ်ကောင်းမှုမှာ မေ့မေ့လျော့လျော့နေတဲ့ပုဂ္ဂိုလ်အဖို့ အပါယ်လေးဘုံဟာ ကိုယ့်အိမ်နဲ့ အလားတူတယ်တဲ့၊ ဘယ်နေရာပဲ သွားသွား ပြန်လာရင် ကိုယ့်အိမ်မှာပဲ နေကြရတာပါပဲ။

မေ့မေ့လျော့လျော့မနေဘဲ ရုပ်တရား နာမ်တရားတွေရဲ့ သဘာဝတရားတွေကို သိရှိပြီး တွယ်တာမှုတွေ အမြင်မှားမှုတွေ အားလုံးကို ဖယ်ရှားပစ်နိုင်တဲ့အဆင့်ရောက်လာရင် လောကကြီးအတွက် သောကမဖြစ်တော့ဘဲ ငြိမ်းချမ်းတဲ့ဘဝမျိုးကို ရရှိသွားနိုင်တယ်၊ အဲဒီလို ငြိမ်းချမ်းတဲ့ဘဝမျိုးနဲ့ ငြိမ်းအေးသွားတဲ့ စိတ်မျိုး ရလာပြီဆိုမှ အပြည့်အဝ လူဖြစ်ရကျိုးနပ်တာပါ။

အခြေခံအားဖြင့် ကုသိုလ်ကမ္မပထတရား ၁၀-ပါးကို ကျင့်သုံးရင် လူဖြစ်ရကျိုးနပ်ပါတယ်၊ ဒီထက်အဆင့်တက်ပြီးတော့ ဝိပဿနာကျင့်စဉ်ကိုကျင့်လို့ မဂ်တရား ဖိုလ်တရားတွေ ရသွားပြီဆိုရင်တော့ တကယ့်ကို လူဖြစ်ကျိုးနပ်ပြီလို့ မှတ်ရမယ်၊ လူဖြစ်ကျိုးနပ်ဖို့အတွက် တို့တစ်တွေ ကြိုးစားအားထုတ်ဖို့ လိုမယ်နော်။

စာမျက်နှာ-၄၅

၄၁။ ကျေးဇူးသိခြင်း
ကျေးဇူးဆိုတာ တစ်စုံတစ်ယောက် ကိုယ့်အပေါ်မှာ ကူညီစောင့်ရှောက်ဖူးတာ, လုပ်ကိုင်ပေးဖူးတာ, ကိုယ့်မှာအကျိုးဖြစ်မယ့်အရာတစ်ခု ဖြစ်ပေါ်စေခဲ့တာကို “ကျေးဇူး”၊ သူ့ရဲ့လုပ်ဆောင်မှုကို အသိအမှတ်ပြုခြင်း သိခြင်းကိုပဲ “ကျေးဇူးသိခြင်း” လို့ ခေါ်တာပါ၊ လူတစ်ယောက်က ကိုယ့်အပေါ် လုပ်ပေးခဲ့တာကို အသိမှတ်ပြုဖို့ဆိုတာ အင်မတန်မှ အရေးကြီးတယ်။

လောကလူတွေထဲမှာ အသိအမှတ်မပြုတဲ့သူတွေက များတယ်၊ အသိအမှတ်မပြုဘူးဆိုကတည်းက မသိတာလည်း ပါတယ်၊ မသိဘူးဆိုကတည်းက အကောင်းမမြင်နိုင်ဘူးပေါ့။ သိတယ်ဆိုတာ လိမ္မာယဉ်ကျေးသူတို့ရဲ့ အရည်အချင်းတစ်ခုပဲ။

“ကျေးဇူးသိတယ်” ဆိုတဲ့နေရာမှာ ကိုယ့်အပေါ်မှာ တစ်စုံတစ်ဦးက အကျိုးဖြစ်ထွန်းအောင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ကူညီစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးကို အသိအမှတ်ပြုတယ် သိတယ်ဆိုတာ တကယ်ကို စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ နှလုံးသားမှာရှိတဲ့ သဘာဝတရားတစ်ခုပဲ။

ဒါကြောင့်မို့ မြတ်စွာဘုရားက “ကျေးဇူးသိတယ်ဆိုတာ သူတော်ကောင်းတွေရဲ့ အရည်အချင်းတစ်ခုပဲ” လို့ ဟောထားတယ်၊ လူတော်လူကောင်းမှ ဒီလိုတစ်ဦးတစ်ယောက်ရဲ့ ကျေးဇူးရှိမှုကို အသိအမှတ်ပြုနိုင်တာပါ။

စာမျက်နှာ-၄၆

၄၂။ သူတော်ကောင်းတို့၏ စိတ်နေသဘောထား
ကိုယ်ကျင့်သီလလည်း ကောင်းတယ်၊ ပညာလည်း တော်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ သူတော်ကောင်းပဲ၊ သို့သော် အဆင့်အမြင့်ဆုံး သူတော်ကောင်းဆိုတာကတော့ ဘုရားရဟန္တာသာ ဖြစ်တယ်၊ အခြေခံအားဖြင့် သီလနဲ့ ပညာရှိသူကို သူတော်ကောင်းလို့ ပြောရတယ်၊ ဒီနေရာမှာ သီလဆိုတာ သုစရိုက်တရား ၁၀-ပါးကို ကျင့်သုံးခြင်းပဲ၊ ဒီတရား ၁၀-ပါးကို ကျင့်သုံးတဲ့သူကို “လူကောင်း” လို့ ပြောရမယ်၊ ကံ, ကံ၏အကျိုးကို သိမြင်တဲ့ “ကမ္မဿကတာ သမ္မာဒိဋ္ဌိ”၊ ၎င်းသမ္မာဒိဋ္ဌိထက် အဆင့်မြင့်တဲ့ “ဝိပဿနာသမ္မာဒိဋ္ဌိ” ဆိုတဲ့ အသိဉာဏ်မျိုးရှိရင်တော့ “လူတော်” လို့ ပြောရမယ့်အဆင့်ရောက်တယ်၊ အခြေခံအားဖြင့် ဒီလိုသတ်မှတ်တာ။

ဒီလို သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားနဲ့ ကျန်တဲ့သူတွေရဲ့ စိတ်နေသဘောထားက အများကြီးကွာတယ်၊ များသောအားဖြင့် လူတွေဟာ ငါ့ထိမခံဘူး, ငါ့ဥစ္စာထိမခံဘူး ဆိုသူက များတယ်၊ ကိုယ်ကျင့်တရားထိရင် မခံဘူးဆိုသူက အင်မတန်ရှားတယ်၊ ကိုယ်ကျင့်တရားကို လွယ်လွယ်ကူကူ စွန့်လွှတ်ကြတယ်၊ သူတော်ကောင်းတွေကျတော့ ကိုယ်ကျင့်တရားကို တန်ဖိုးထားပြီး အသက်ထက်မြတ်နိုးတယ်၊ ထိန်းသိမ်းစောင့်ရှောက်တယ်၊ အဲဒီလို အသက်ကိုစွန့်ပြီး ကိုယ်ကျင့်တရားကို တန်ဖိုးထားတာဟာ သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားပဲ။

စာမျက်နှာ-၄၇

၄၃။ တရားသိလျက် အကျင့်ခက်
သင်ထားလို့သိတဲ့အသိက လက်တွေ့ကျင့်သုံးပြီးတော့ သိတဲ့အသိလောက် ခိုင်မာမှု, ရင့်ကျက်မှု မရှိဘူး၊ ဘာဖြစ်လို့ သတ္တဝါတွေဟာ သိလျက်သားနဲ့ မကျင့်နိုင်ကြတာလဲဆိုတော့ မကျင့်နိုင်ခြင်းရဲ့ အကြောင်းဖြစ်တဲ့ လောဘ, ဒေါသ, မောဟစတဲ့ ကိလေသာတွေ လွှမ်းမိုးမှုက အင်မတန်မှ အားကောင်းပြီးတော့ အသိဉာဏ်က အားပျော့သေးသိမ်နေလို့ပဲဖြစ်တယ်၊ အကယ်၍သာ အသိဉာဏ်လွှမ်းမိုးသွားမယ်ဆိုရင် လောဘစတဲ့ ကိလေသာတွေက အင်အားပျော့ညံ့သွားပြီး တရားသိလျက် အကျင့်ခက်စရာ မရှိတော့ဘူး၊ အားထုတ်နေမှာ ဖြစ်တယ်။

တရားနာလို့ ကုသိုလ်ဆိုတာ မိမိသန္တာန်မှာ ပြည့်စုံအောင် လုပ်ရမယ်ဆိုတဲ့အသိလေး ရလာတယ်၊ သိထားတဲ့အတိုင်း ဒါနကောင်းမှုလုပ်တယ်၊ သီလလည်း ဆောက်တည်တယ်၊ ဘာဝနာလည်း ပွါးများအားထုတ်တယ်၊ ကုသိုလ်တွေရအောင် ယူတယ်ဆိုရင် ကျင့်သုံးတယ်လို့ ခေါ်တယ်၊ အကယ်၍ ဒီအသိမျိုးရှိသော်လည်း ကုသိုလ်ကောင်းမှုမလုပ်ဘူး, မလုပ်ဖြစ်ဘူးဆိုရင် ဒါဟာ “တရားသိလျက် အကျင့်ခက်” ဆိုတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။

စာမျက်နှာ-၄၈

၄၄။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်
“ဓမ္မအသိ” ဆိုတဲ့နေရာမှာ ဓမ္မဆိုတာ အမှားအမှန်ကို ခွဲခြားသိနိုင်အောင် ဟောပြောထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ သွန်သင်ဆုံးမချက်တွေကို ခေါ်တယ်၊ ကောင်းဆိုးနှစ်မျိုးကို ပေးတတ်တဲ့ သဘာဝအကြောင်းတွေရဲ့ အကျိုးအကြောင်း အဆိုးအကောင်းတွေကို သိတာလည်း ဓမ္မကိုသိတယ်လို့ ဒီလို ပြောလို့ရတယ်။

ဓမ္မအသိနဲ့ ဘဝမှာ အကျိုးရှိရှိနေဖို့ အသိဉာဏ်ရှိရမယ်။ လောကမှာ ဘဝတစ်ခုရလာတဲ့အခါမှာ နေပုံထိုင်ပုံက အမျိုးမျိုးရှိတယ်၊ အကျိုးရှိတဲ့နေနည်းရှိသလို အကျိုးမဲ့စေတတ်တဲ့ နေနည်းလည်း ရှိတယ်၊ အချို့အချို့သော နေနည်းတွေက ပစ္စုပ္ပန်ဘဝမှာတော့ အကျိုးရှိပြီး တမလွန်ဘဝမှာ အကျိုးမရှိတဲ့ နေနည်းမျိုးလည်း ရှိတယ်၊ ပစ္စုပ္ပန်သံသရာနှစ်ဖြာလုံး အကျိုးရှိမယ့် နေနည်းမျိုးကို ဗုဒ္ဓမြတ်စွာက ဆုံးမဩဝါဒပေးထားတယ်။

အဲဒီလိုနေတတ်ဖို့ဆိုတာ လူတွေမှာ မျက်စိနှစ်လုံးရှိရသလို အသိဉာဏ်လည်းပဲ နှစ်မျိုးရှိဖို့ လိုအပ်တယ်တဲ့၊ အမ္မသုတ္တန်မှာ ဒွိစက္ခ = မျက်စိနှစ်လုံးရှိတဲ့ပုဂ္ဂိုလ်ကို အကောင်းဆုံးပုဂ္ဂိုလ်လို့ ဒီလိုဟောထားတယ်၊ အသိဉာဏ်ဆိုတာ နှစ်ဖက်မြင်ရမယ်၊ တစ်ဖက်တည်းမမြင်ရဘူးလို့ ဒီလိုဆိုလိုတာ။

စာမျက်နှာ-၄၉

၄၅။ ရသတဏှာ
တဏှာဆိုရင် ဘယ်တဏှာမှ မကောင်းဘူး၊ ထပ်တလဲလဲ ဘဝတွေကို ဖြစ်ပေါ်စေတာဟာ ဒီတဏှာပဲ၊ တဏှာဟာ ရူပတဏှာ စသည်အားဖြင့် ၆-မျိုးရှိတဲ့အထဲမယ် ရသတဏှာဟာ ကျန်တဲ့တဏှာတွေထက် ပိုဆိုးတယ်၊ တစ်ချို့ မြင်တာ ကြားတာကို တွယ်တာမှုရှိချင်မှရှိမယ်၊ ရသတဏှာကျတော့ ရှောင်နိုင်တဲ့ပုဂ္ဂိုလ် အလွန်နည်းတယ်၊ မျက်စိကွယ်ရာ နားကွယ်ရာမှာ အေးအေးဆေးဆေး နေနိုင်သော်လည်း ကိုယ်ကြိုက်တာလေးမှ မစားရဘူးဆိုရင် လူတွေဟာ မနေနိုင်ကြဘူးတဲ့။ ဒါကြောင့် မြန်မာလူမျိုးတွေဟာ နိုင်ငံခြားသွားရင် ငါးပိကြော်လေးတွေ ယူသွားကြတာပေါ့။

အသက်ရှင်ရပ်တည်ရေးဟာ အာဟာရနဲ့ကင်းပြီးတော့ မဖြစ်နိုင်ဘူး၊ မျက်စိကမကြည့်ဘဲ နားမထောင်ဘဲ အနံ့မရှူဘဲ အသက်ရှင်နေထိုင်နိုင်တယ်၊ သို့သော် နေ့စဉ်စားသုံးနေကြတဲ့ အာဟာရမရှိဘဲနဲ့ ရပ်တည်ဖို့ မဖြစ်နိုင်ဘူး၊ သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ = သတ္တဝါမှန်သမျှ အာဟာရကြောင့် ဘဝမှာရပ်တည်နိုင်ခြင်း ဖြစ်ပါတယ်။

စာမျက်နှာ-၅၀

၄၆။ ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်
အာသီဝိသောပမသုတ်ဆိုတာ ဝိပဿနာကျင့်စဉ်ကို ဦးတည်ပြီးဟောတာဖြစ်သည့်အတွက် မြွေကြီး ၄-ကောင်ဆိုတဲ့ ဓာတ်ကြီး ၄-ပါး အဆိုးတရား၊ ခန္ဓာ ၅-ပါးဆိုတဲ့ လူသတ်သမား၊ အတွင်းရန်သူဆိုတဲ့ နန္ဒီရာဂက ဒုက္ခပေးပုံ၊ ခြောက်အိမ်စုရွာလို့ခေါ်တဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ အနှစ်မဲ့တဲ့ အဇ္ဈတ္တိကာယတန ၆-ပါး၊ ဓားပြ ၆-ယောက်လို့ခေါ်တဲ့ အိမ်တွေကို ဝင်ဝင်ဖျက်ဆီးနေတဲ့ ဗာဟိရာယတန ၆-ပါးဆိုတာတွေကို မြင်အောင်ကြည့်နိုင်ဖို့ လိုအပ်တယ်၊ ဒီတရားတွေဟာ ဝိပဿနာရှုဖို့ အာရုံတွေပဲလို့ မြတ်စွာဘုရားဟောထားတာ။

ဒီအာရုံတွေကို ရှုပြီးတော့ သြဃ ၄-ဖြာဆိုတဲ့ ကျယ်ဝန်းတဲ့မြစ်ပင်လယ်ကြီးကို မဂ္ဂင်ရှစ်ပါးဆိုတဲ့ လှေဖောင်နဲ့ ဖြတ်ကူးရမယ်၊ ကူးတဲ့အခါမှာ လက်ရောရော အားစိုက်ပြီး ဟိုဘက်ကမ်းရောက်အောင် သွားရသလို လုံ့လဝီရိယနဲ့ ကြိုးပမ်းပြီးဖြတ်ကူးရမယ်၊ ကုန်းပေါ်ရောက်လို့ ခြေချမိပြီဆိုရင် ခုနကပြောခဲ့တဲ့ အန္တရာယ်တွေမှန်သမျှ အကုန်လွတ်သွားမယ်။

ဒါကြောင့် “ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်” ဆိုတာ နိဗ္ဗာန်ချမ်းသာကို ရည်ညွှန်းပြီး ဟောထားတာပါ။ မငြိမ်းချမ်းတဲ့ ဒီဘက်ကမ်းရဲ့ ပြဿနာတွေကို မြင်အောင်ရှုပြီး ငြိမ်းချမ်းတဲ့ဟိုဘက်ကမ်းကို တက်လှမ်းနိုင်ကြပါစေ။

စာမျက်နှာ-၅၁

၄၇။ ဘုရားသော်မှပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ
ရံဖန်ရံခါ ပုထုဇဉ်တွေဟာ မကောင်းတဲ့ကံတွေတွေကို ပြစ်မှားကျူးလွန်မိခဲ့ကြတာရှိတယ်၊ အဲဒီကံက ပြုလုပ်သူပုဂ္ဂိုလ်ရဲ့သန္တာန်မှာ စွမ်းရည်သတ္တိအနေနဲ့ တည်ရှိပြီးနေတယ်။

ကံနဲ့ကိလေသာ နှစ်ရပ်ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ ခန္ဓာကိုယ်ထဲမှာ ကိလေသာတွေကုန်သွားလင့်ကစား သူ့ရဲ့အကျိုးဆက် ခန္ဓာကြီးရှိနေသမျှ ဟောဒီကံကြမ္မာက အကျိုးပေးနိုင်သေးတယ်။

“ဝဋ်ကြွေး”တဲ့၊ တစ်ချိန်က ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တွေက Reaction တုန့်ပြန်ပြုလုပ်လာတာတွေ ရှိလာတယ်၊ အဲဒီတုန့်ပြန်မှုလေးတွေက ဘုရားပဲဖြစ်စေ ရဟန္တာပုဂ္ဂိုလ်ပဲဖြစ်စေ မည်သူ့သန္တာန်မှာပဲဖြစ်ဖြစ် ကံကြမ္မာဝဋ်ကြွေးတွေက အကြောင်းညီညွတ်ရင် တုန့်ပြန်လာတတ်သေးတယ်တဲ့၊ အကြွေးဆိုတာ ရှိနေရင် မဆပ်ဘဲနေလို့မရဘူး၊ ဆပ်ရတယ်နော်။

စာမျက်နှာ-၅၂

၄၈။ ဘဝဆည်းဆာ ကရုဏာ
“ဆည်းဆာ” ဆိုတာ နေဝင်ချိန်ကာလလေးကို ခေါ်တာဖြစ်တယ်၊ ပုဂ္ဂိုလ်သတ္တဝါအားလုံးတို့ရဲ့ ဘဝမှာလည်းပဲ ဘဝဆည်းဆာနေဝင်ချိန် (သို့မဟုတ်) နောက်ဆုံးနေ့ဆိုတာရှိတယ်၊ ဘဝဆည်းဆာအချိန် ရောက်လာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ နေဝင်တော့မယ့်ဆဲဆဲမှာ မသိတဲ့ခရီးတစ်ခုကို သွားရမှာမို့လို့ စိုးရိမ်သောက ရောက်နေရတယ်။

“ကရုဏာ” ဆိုတာ ဒုက္ခိတသတ္တဝါ (သို့မဟုတ်) အခက်အခဲကြုံနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မြင်ရရင် မြင်သူမှာခံစားရတဲ့ နှလုံးသားရဲ့လှုံ့ဆော်မှု၊ စိတ်နှလုံးကို ငြိမ်အောင်ထားလို့မရဘဲ တစ်ဖက်သား ဒုက္ခရောက်နေတာကို မကြည့်နိုင် မရှုနိုင် ကူညီဖြေရှင်းလိုတဲ့ သဘာဝတရားဟာ ကရုဏာဖြစ်တယ်။

ဒါကြောင့် “ကျန်းမာရေးနဲ့ လူမှုကူညီရေး” ဆိုတဲ့ ဒီအရေးနှစ်ခုဟာ ကရုဏာကိုအခြေခံပြီးတော့ လုပ်တဲ့အရေးတွေဖြစ်လို့ ဘဝဆည်းဆာမှာ အင်မတန်မှအရေးပါတဲ့ ကရုဏာတရားဖြစ်တယ်၊ မြင့်မြတ်တဲ့နှလုံးသားရှိတဲ့ ပုဂ္ဂိုလ်တိုင်းဟာ ကရုဏာထားပြီး အများရဲ့ဒုက္ခကို ဝိုင်းဝန်းကူညီဖြည့်ဆည်းပေးတယ်ဆိုတာ အင်မတန်မှ မွန်မြတ်လှပါတယ်။

စာမျက်နှာ-၅၃

၄၉။ ဘဝခရီးဝယ် ရွေးချယ်ရမယ့်လမ်း
ဒီကနေ့ခေတ်မှာ ကိုးကွယ်ရာဘာသာတရားတွေက အမျိုးမျိုးရှိတယ်၊ ဘာသာတရားတစ်ခုနဲ့တစ်ခု ယုံကြည်ချက်တွေ ဟောပြောချက်တွေ ကွဲပြားခြားနားနေတယ်၊ ဘာသာတစ်ခုက အမှန်ပြောတဲ့အရာဟာ အခြားဘာသာတစ်ခုမှာ အမှားဖြစ်နေပြန်တယ်။

အဲဒီလို အမှားအမှန်ရွေးချယ်ဖို့ခက်နေတဲ့ ပုဂ္ဂိုလ်တွေအတွက် လျှောက်လှမ်းစရာလမ်းကြောင်းကို ဗုဒ္ဓမြတ်စွာက “ကာလာမသုတ်”မှာ ဟောထားခဲ့ပါတယ်၊ ဒီကာလာမသုတ်ကို ခြုံငုံကြည့်မယ်ဆိုရင် -

၁။ အစဉ်အလာယုံကြည်မှုစသည့် အချက် (၁၀) ချက်ကို အခြေခံပြီး မမှတ်ယူရ။
၂။ ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်အသိကိုသာ အခြေခံရမည်။
၃။ ကိုယ်ပိုင်ဉာဏ်ဖြင့် အဖြေထုတ်ပြီး မှားတာကိုစွန့်၍ မှန်တာကို လက်ခံကျင့်သုံးရမည်။
၄။ ဖြူစင်သောစိတ် မြင့်မြတ်သောသဘောထားဖြင့် အများနှင့်ဆက်ဆံနေထိုင်ရမည်။
၅။ ကိုယ်ပိုင်ဉာဏ်ဖြင့် အဖြေမထုတ်နိုင်သော ပြဿနာများ၌ နှစ်ဖက်ကောင်းပြီး သေချာသည့်လမ်းကို ရွေးရမည်။

ဒါကြောင့် ဗုဒ္ဓမြတ်စွာရွေးချယ်ပေးထားတဲ့ သေချာတဲ့လမ်းကြောင်းကို လျှောက်လှမ်းပြီး နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေ။

စာမျက်နှာ-၅၄

၅၀။ နိုင်သူနှင့် ရှုံးသူ
လောကလူတွေမှာ အနိုင်အရှုံးသတ်မှတ်တဲ့နေရာ အယူအဆချင်း မတူညီကြဘူး၊ လောကရှုထောင့်ကကြည့်တဲ့အခါ အနိုင်လို့ထင်ရပေမယ့်လို့ ဓမ္မရှုထောင့်ကကြည့်တဲ့အခါ အရှုံးဖြစ်နေတာတွေတွေ့ရတယ်၊ မြတ်စွာဘုရားက အနိုင်ယူနည်း ၄-မျိုး ဟောထားတာရှိတယ်။

၁။ အက္ကောဓေန ဇိနေ ကောဓံ = ဒေါသခက်ထန်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို မိမိက ဒေါသခက်ထန်ခြင်းမပြု သည်းခံခြင်း မေတ္တာထားခြင်း အေးငြိမ်းတဲ့စိတ်ဓာတ်မျိုးဖြင့် အနိုင်ယူပါ။
၂။ အသာဓု သာဓုနာ ဇိနေ = မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ကို သူနဲ့အတုလိုက်ပြီး မကောင်းတာမလုပ်ဘဲ ကိုယ်ကကောင်းတာကိုလုပ်ပြီး အနိုင်ယူပါ။
၃။ ဇိနေ ကဒရိယံ ဒါနေန = နှမြောတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို မိမိက ပေးကမ်းစွန့်ကြဲခြင်းဖြင့် အနိုင်ယူပါ။
၄။ သစ္စေနာလိကဝါဒိနာ = မမှန်တာကို အမြဲပြောနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို မိမိက မှန်တာကိုသာပြောခြင်းဖြင့် အနိုင်ယူပါ။

ဒါကြောင့် လောကအမြင်နဲ့ကြည့်ရင် “နိုင်သူနဲ့ ရှုံးသူ” ဟာ ပုံစံတစ်မျိုးစီ မြင်ရမှာဖြစ်သော်လည်း ဓမ္မအမြင်နဲ့ကြည့်မှ နိုင်သူအစစ်နဲ့ ရှုံးသူအစစ်ကို မြင်တွေ့ကြရမှာပါ။

စာမျက်နှာ-၅၅

၅၁။ လူဆိုး လူမိုက်
အမူအကျင့်ဆိုးသွမ်းတဲ့ပုဂ္ဂိုလ်မျိုးကို “လူဆိုး”လို့ခေါ်ကြတယ်၊ ကြောင်းကျိုးဆင်ခြင်နိုင်မှုမရှိ အသိဉာဏ်မဲ့ပြီး အမှန်မသိလို့ မိုက်ကန်းနေသူကို “လူမိုက်”လို့ခေါ်တယ်။

လောကမှာ ဆိုးသွမ်းပြီးတော့ အကြောင်းအကျိုးဆင်ခြင်မှုမရှိ အသိဉာဏ်မရှိသည့်အတွက် လုပ်သင့်မလုပ်သင့်ကို ခွဲခြားမသိဘူး၊ မသိသည့်အတွက် လုပ်ချင်ရာရာတွေကို လုပ်နေတဲ့ပုဂ္ဂိုလ်ကို “လူဆိုးလူမိုက်”လို့ မြန်မာစကားအရ သရုပ်ဖေါ်လို့ရတယ်။ လူဆိုးလူမိုက်တွေဟာ -

၁။ ဒုစ္ဆိန္တိတစိန္တီ = ကောင်းတာဘယ်တော့မှ စိတ်မကူးဘူး၊ လူတကာဒုက္ခပေးမယ့်စိတ်ကူးပဲ ကူးတယ်။
၂။ ဒုဗ္ဗာသိတဘာသီ = ကောင်းတဲ့စကားမပြောဘူး၊ အများဒုက္ခရောက်မယ့် မကောင်းတဲ့စကားပဲပြောတယ်။
၃။ ဒုက္ကဋကမ္မကာရီ = လုပ်တဲ့အခါမှာလည်း မကောင်းတဲ့အလုပ်ကိုပဲလုပ်တယ်။

ဒါတွေဟာ လူဆိုးလူမိုက်ရဲ့ သွင်ပြင်လက္ခဏာတွေ ဖြစ်ပါတယ်။

စာမျက်နှာ-၅၆

၅၂။ ဆင်းရဲမွဲတေမှု လျှော့ချရေး
လောကမှာ ပစ္စည်းဥစ္စာတွေရှားပါးပြီး မွဲတေလာလို့ရှိရင် လူ့လောကမှာ ပြဿနာမျိုးစုံတက်ပြီး ဒုက္ခရောက်ရသလိုပဲ ဓမ္မရေးရာနဲ့ပတ်သက်ပြီး ဆင်းရဲမွဲတေမှုတွေများလာမယ်ဆိုရင် ဒီလိုဒုက္ခကြုံရတာပဲ။

ကိုယ့်သန္တာန်မှာ ရှိသင့်တဲ့တရားတွေ ဓမ္မအရည်အချင်းတွေမရှိဘူးဆိုရင် အဲဒီလူဟာ လူမွဲပဲ၊ ရှိသင့်တဲ့တရားတွေက -

* ကံ, ကံ၏အကျိုးကို ယုံကြည်မှု၊ ကုသိုလ်ကောင်းမှုအပေါ်မှာ စိတ်ဝင်စားမှု သဒ္ဓါ။
* မဟုတ်တာလုပ်ရမှာကို ရှက်ရွံ့တဲ့ ဟိရီ။
* မကောင်းမှုအကုသိုလ်ကို ကြောက်ရွံ့တဲ့ ဩတ္တပ္ပ။
* အကုသိုလ်တွေဖယ်ရှားပြီး ကုသိုလ်တွေရအောင်လုပ်တဲ့ ဝီရိယ။
* အကောင်းအဆိုးကို ခွဲခြားသိနိုင်တဲ့ ပညာ။

ဒီတရားတွေမရှိရင် ဆင်းရဲမွဲတေပြီတဲ့၊ ဒါကြောင့်မို့ မိမိတို့ဟာ ဆင်းရဲမွဲတေမှုဆိုတာကို မဖြစ်စေရဘူး၊ ဥစ္စာဓန ဆင်းရဲမွဲတေမှုဟာ တစ်ဘဝသာခံရတယ်၊ ကုသိုလ်ရေးနဲ့ပတ်သက်တဲ့ သဒ္ဓါ၊ ဟိရီ၊ ဩတ္တပ္ပ၊ ဝီရိယ၊ ပညာလို့ဆိုတဲ့ အရေးကြီးတဲ့တရားတွေ ဆင်းရဲမွဲတေမှုမဖြစ်အောင် လျော့ပါးသွားအောင် ဆောင်ရွက်ကြဖို့လိုပါတယ်။

စာမျက်နှာ-၅၇

၅၃။ မွေးနေ့လက်ဆောင်
မွေးနေ့မှာ ကောင်းမြတ်တဲ့ကုသိုလ်တရားတွေ ဆည်းပူးအားထုတ်မယ်ဆိုရင် “မွေးနေ့ကိုယ်တိုင်က တန်ဖိုးမရှိသော်လည်း မွေးနေ့ကို အကြောင်းပြုပြီးတော့ ရလာတဲ့တရားတွေဟာ တန်ဖိုးရှိပါတယ်” လို့ ခွဲခြားသိဖို့လိုတာပေါ့။

ဆိုလိုတာက မွေးဖွားလာခြင်းဟာ မကောင်းဘူး၊ မကောင်းတဲ့ထဲကမှ အကောင်းကဘာလဲဆိုရင် မိမိသန္တာန်မှာဖြစ်ပေါ်လာတဲ့ ကုသိုလ်တရားတွေက ကောင်းတယ်၊ အများကိုအကျိုးပြုနိုင်တဲ့ အလုပ်တွေက ကောင်းတယ်၊ ကိုယ့်ကိုယ်အမှီပြုပြီးတော့ အများချမ်းသာတယ်ဆိုရင် ကောင်းတယ်၊ အဲဒီကောင်းတာတွေများများရမှ တို့တစ်တွေဟာ ကြီးမားတဲ့အကျိုးကျေးဇူးကို ရမှာဖြစ်ပါတယ်၊ ဒီတော့ “ဇာတိ” ဆိုတဲ့ မွေးဖွားခြင်း (မွေးနေ့) ကို အရင်းတည်ပြီးတော့ ပါရမီကုသိုလ်တွေဖြစ်အောင် လုပ်လို့ရတယ်။

ဒါကြောင့်မို့ happy birthday to you လို့ဆိုပြီးတော့ ဘာနဲ့ happy ကြမှာလဲ၊ မွေးနေ့တိုင်း မွေးနေ့တိုင်းမှာ ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ ရလာတဲ့ ကုသိုလ်တရားသည်သာလျှင် မွေးနေ့ရဲ့အမြတ် ဖြစ်ပါတယ်။

စာမျက်နှာ-၅၈

၅၄။ စရိုက်နှင့် ဝါသနာ
စိတ်ထဲမှာ အဖြစ်များနေတဲ့အရာတစ်ခု၊ လူတွေရဲ့စိတ်နေသဘောထား ပကတိအနေအထား ဥဿန္တာ အဖြစ်များတဲ့ စိတ်အခြေအနေကို “စရိုက်” လို့ခေါ်တယ်။

ဒီနေရာမှာ စာပေကျမ်းဂန်အရ စရိုက် (၆) မျိုးရှိတယ်၊ ကောင်းတဲ့စရိုက် (၃) မျိုးနဲ့ မကောင်းတဲ့စရိုက် (၃) မျိုး၊ ဒီစရိုက်တွေက ကမ္မဋ္ဌာန်းအလုပ်အားထုတ်တဲ့အခါ အရေးကြီးတယ်၊ အကုသိုလ်နဲ့ပတ်သက်တဲ့ စရိုက် (၃) မျိုးက ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ ကုသိုလ်နဲ့ပတ်သက်တဲ့ စရိုက် (၃) မျိုးက သဒ္ဓါစရိုက်၊ ဗုဒ္ဓစရိုက်၊ ဝိတက္ကစရိုက်ဆိုပြီး (၃) မျိုးရှိတယ်။

ဝါသနာဆိုတာကျ အထုံရနေခြင်း၊ အကျင့်ပါနေခြင်း၊ ဝါသနာဖြင့်ထုံမွမ်းခြင်းလို့ အဓိပ္ပါယ်ရတယ်၊ စရိုက်ဆိုတာ အဖြစ်များတဲ့အရာ၊ အဲဒီအဖြစ်များတဲ့အရာတွေက ဖြစ်ပါများလွန်းအားကြီးလာတဲ့အခါမှာ မပျောက်နိုင်လောက်အောင် စွဲသွားပြီဆိုလို့ရှိရင် ဒါ ဝါသနာ။

တစ်ချို့က အဲဒီစရိုက်တွေဟာ အတိတ်ဘဝက လေ့ကျင့်ခဲ့တာနဲ့ သက်ဆိုင်တယ်တဲ့၊ အဲဒီအဖြေကို ရှင်မဟာဗုဒ္ဓဃောသက “ဒါမသေချာဘူး ယေဘုယျစကားပဲ၊ အတိတ်ဘဝတုန်းက ကံတစ်ခုခုကိုလုပ်နေတဲ့ စိတ်နေသဘောထားကိုကြည့်ရမယ်၊ ပဋိသန္ဓေကို ဖြစ်စေတတ်တဲ့ ကံတရားဟာ စရိုက်တွေဖြစ်ပေါ်လာခြင်းရဲ့ အဓိကအကြောင်းဖြစ်တယ်” လို့ ဆိုလိုတယ်။

စာမျက်နှာ-၅၉

၅၅။ ချမ်းသာစွာ အိပ်စက်ခြင်း
တိုက်ခန်းထဲမှာအိပ်နေတဲ့ပုဂ္ဂိုလ်မှာ ရာဂစိတ်တွေ ဒေါသစိတ်တွေဖြစ်ပွါးလာလို့ရှိရင်မယ်၊ တဏှာရာဂဆိုတာ အလိုမကျဘူး၊ စိတ်နှလုံးကိုပူပန်စေတယ်၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကိုဖြစ်စေတယ်၊ အဲဒီအပူတွေရှိနေမယ်ဆိုရင် ဘယ်လောက်ကောင်းတဲ့အိပ်ယာပေါ်အိပ်အိပ် ချမ်းချမ်းသာသာအိပ်စက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

မြတ်ဗုဒ္ဓဆိုလိုတဲ့ ချမ်းသာစွာအိပ်စက်ရခြင်းဆိုသည်မှာ နှလုံးသားအပူငြိမ်းပြီးတော့ ကိလေသာခပ်သိမ်းငြိမ်းနေတဲ့ပုဂ္ဂိုလ်ရဲ့ အိပ်စက်မှုသာလျှင် ချမ်းချမ်းသာသာအိပ်စက်ရခြင်းလို့ ဆိုနိုင်တယ်။

စာမျက်နှာ-၆၀

၅၆။ ရင်းနှီးမြှုပ်နှံ့ခြင်း
ကုသိုလ်ကောင်းမှုပြုတယ်ဆိုတာ ရင်းနှီးမြှုပ်နှံခြင်းတစ်မျိုးဖြစ်ပါတယ်၊ သေချာတဲ့ရင်းနှီးမြှုပ်နှံမှုကို မြတ်ဗုဒ္ဓက ယခုလိုရှင်းပြတယ်၊ လိမ္မာပါးနပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ တကယ်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်ချင်ပြီဆိုရင် မိမိပိုင်ဆိုင်တဲ့ပစ္စည်းကိုအကြောင်းပြုပြီး ကုသိုလ်ပြုကာ ဒါနကောင်းမှုလုပ်တာ၊ ကိုယ်ကျင့်တရားထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သမာဓိတရားကြိုးစားအားထုတ်ခြင်း၊ လောကီ လောကုတ္တရာပညာရပ်တွေ မိမိသန္တာန်မှာရအောင် ကြိုးစားအားထုတ်ခြင်းဟာ သေချာတဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်တဲ့။

စီးပွါးရေးနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်ကတော့ မိမိရှိတဲ့ပစ္စည်းကို လေးပုံပုံ၊ တစ်ပုံကို emergency အတွက်သိမ်းထား၊ တစ်ပုံကိုစား၊ ကျန်တဲ့တစ်ပုံကိုတော့ အတိုးအပွါးရအောင် အရောင်းအဝယ်ကိစ္စတွေမှာ ဆောင်ရွက်သင့်တယ်လို့ ဩဝါဒပေးထားတယ်၊ ဒါက လောကမှာ လူတွေဒုက္ခမရောက်အောင် လမ်းညွှန်ထားတဲ့ စီးပွါးရေးစီမံချက်တစ်ခုဖြစ်တယ်။

စာမျက်နှာ-၆၁

၅၇။ ကမ္မဋ္ဌာန်းဆရာ
နိဗ္ဗာန်ရောက်ချင်တဲ့ပုဂ္ဂိုလ်တိုင်း ကမ္မဋ္ဌာန်းတရားအားထုတ်တဲ့အခါ မှန်ကန်တဲ့လမ်းကြောင်းပေါ် လျှောက်နိုင်ဖို့အတွက် အရည်အချင်းရှိတဲ့ ကမ္မဋ္ဌာန်းဆရာကို ရှာတွေ့ဖို့ အရေးကြီးတယ်၊ ဘယ်လိုအရည်အချင်းနဲ့ ပြည့်စုံမှ “ကမ္မဋ္ဌာန်းဆရာ” ဖြစ်ရမှာလဲဆိုတာ စာပေကျမ်းဂန်မှာ မှတ်တမ်းတင်ထားတာရှိတယ်။

၁။ ပိယော စ ဟောတိ = ကိုယ်ကျင့်သီလနဲ့ပြည့်စုံပြီး ကြည်ညိုစရာကောင်းရမယ်၊ အပြစ်အနာအဆာမရှိစေရဘူး။
၂။ ဂရု = ကြည်ညိုစရာကောင်းရုံတင်မကဘူး၊ လေးစားလောက်တဲ့ ဂုဏ်အရည်အချင်းတွေလည်း ရှိရမယ်။
၃။ ဘာဝနီယော = အများကလည်း တော်လိုက်တာလို့ ချီးမွမ်းထိုက်တဲ့ ဂုဏ်အရည်အချင်းလည်း ရှိရမယ်။
၄။ ဝတ္တာ = မိမိနဲ့ပတ်သက်လာတဲ့ပုဂ္ဂိုလ်ကို ပြောသင့်ပြောထိုက်တဲ့စကားဆိုရင် ပြောကိုပြောရမယ်။
၅။ ဝစနက္ခမော = တစ်ဖက်ကနေ ထောက်ပြပြောဆိုလာလို့ရှိရင် လက်ခံနိုင်တဲ့ပုဂ္ဂိုလ် သည်းခံနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။
၆။ ဂမ္ဘီရဉ္စ ကထံ ကတ္တာ = လေးနက်တဲ့ ရုပ်နာမ်အကြောင်း မဂ် ဖိုလ် နိဗ္ဗာန်အကြောင်းများ ဟောပြောနိုင်ရမယ်။
၇။ နော စ အဌာနေ နိယောဇေတိ = အရာမဟုတ်တဲ့ကိစ္စ မမှန်ကန်တဲ့လမ်းကြောင်းပေါ် တွန်းမတင်ဘူး၊ ဒီအရည်အချင်းတွေပြည့်စုံမှ ကမ္မဋ္ဌာန်းဆရာကောင်းလို့ သတ်မှတ်ရမယ်။

စာမျက်နှာ-၆၂

၅၈။ သာသနာပြု စွမ်းအားစု
သာသနာဆိုတာ ဗုဒ္ဓမြတ်စွာဟောကြားတဲ့ တရားတော်တွေကို ရည်ညွှန်းတာဖြစ်ပေမယ့်လို့ အဓိကက ဘာတွေလဲဆိုရင် မဂ္ဂင်ရှစ်ပါးတရားကို သာသနာလို့ခေါ်တယ်၊ “မဇ္ဈိမပဋိပဒါ” လို့ခေါ်တဲ့ အလယ်လမ်းမဂ္ဂင်ရှစ်ပါးကို သာသနာလို့သတ်မှတ်တယ်၊ ဒီထက်နည်းနည်းအကျယ်ချဲ့ကြည့်လိုက်မယ်ဆိုရင် ထိုမဂ္ဂင်ရှစ်ပါးထဲမှာ အကြုံးဝင်တဲ့ သတိပဋ္ဌာန်စတဲ့ ဗောဓိပက္ခိယတရား (၃၇) ပါးဟာ ဗုဒ္ဓမြတ်စွာရဲ့သာသာနာပါလို့ ဒီလိုမှတ်ရမယ်။

အဲဒီတော့ သာသနာပြုတယ်ဆိုတာ ဗုဒ္ဓဟောကြားတဲ့ တရားဓမ္မတွေကို သင်ယူခြင်းနဲ့ ထိုတရားဓမ္မတွေအတိုင်း လိုက်နာကျင့်သုံးခြင်းကို ခေါ်တယ်၊ ဒါဟာ တကယ့်အစစ်အမှန် သာသနာပြုတာပဲ၊ ကျန်တဲ့ ဘုရားတည်တာ၊ ကျောင်းဆောက်တာတွေဟာ သာသနာပြုနိုင်အောင် အထောက်အပံ့ပေးတဲ့ အကူအညီတွေသာဖြစ်တယ်၊ ဒီလိုအထောက်အပံ့အကူအညီတွေ မပေးလို့ရှိရင်လည်းပဲ သာသနာပြုနိုင်တဲ့အဆင့်ကို မရောက်နိုင်ပါဘူး။

စာမျက်နှာ-၆၃

၅၉။ သုံးပါးရတနာ ကိုးကွယ်ရာ
မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ဖြစ်လာကြတဲ့ပုဂ္ဂိုလ်တွေက အများလုပ်လို့ လိုက်လုပ်နေကြတာ များတယ်၊ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားပြီး အလေးအနက်လုပ်တာ နည်းတယ်၊ လေးနက်မှု မရှိသည့်အတွက်ကြောင့် တစ်ချို့မြန်မာလူမျိုးတွေရဲ့ အိမ်မှာ ရတနာသုံးပါးတင်မကဘူး၊ တခြားနတ်တွေပါ ရောက်လာကြတယ်၊ ဒါဟာ လေးနက်မှုမရှိလို့ ဖြစ်ရတာ။

မြတ်ဗုဒ္ဓက ဟောတယ်၊ “သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ” လောကမှာ ဗုဒ္ဓလို့ခေါ်တဲ့ အမှန်တရားသိတဲ့ပုဂ္ဂိုလ် ပေါ်ထွန်းလာတာဟာ သတ္တဝါတွေ ချမ်းသာဖို့အတွက်ပဲတဲ့၊ ဗုဒ္ဓက သတ္တဝါတွေ ဒုက္ခက လွတ်ပြီး ချမ်းသာသုခရအောင် တန်ခိုးတော်နဲ့ မစကယ်တင်သလားဆိုတော့ မဟုတ်ပါဘူး၊ မစကယ်တင်ဖို့ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြည့်ပေါ့။

မိမိသန္တာန်မှာ ဖြစ်လာတဲ့ ကုသိုလ်တရားကသာလျှင် ကယ်တင်နိုင်တဲ့အရာ ဖြစ်တယ်၊ ဒီသဘောတွေကို ဆင်ခြင်စဉ်းစားပြီး ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့ မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ စစ်မှန်တဲ့ကိုးကွယ်မှုရှိဖို့ အင်မတန်မှ အရေးကြီးပါတယ်။

စာမျက်နှာ-၆၄

၆၀။ သမုဒ္ဒရာ ဝမ်းတစ်ထွာ
လူ့ဘဝရောက်လာတဲ့ လူသားတွေအနေနဲ့ နေ့စဉ်နဲ့အမျှ အာဟာရတွေ စားကြရတယ်၊ တစ်ရက်လည်း မပြီးနိုင် နှစ်ရက်လည်း မပြီးနိုင်၊ တစ်သက်လုံး ဖြည့်တင်းနေကြရလို့ လူတွေရဲ့ တစ်ထွာတစ်မိုက်လောက်ရှိတဲ့ ဝမ်းဗိုက်လေးဟာ ပင်လယ်သမုဒ္ဒရာကြီးလောက် ဖြည့်တင်းရခက်ပါလားဆိုတဲ့ အဓိပ္ပါယ်နဲ့ “သမုဒ္ဒရာ ဝမ်းတစ်ထွာ”လို့ ဆိုကြတာပေါ့။

လောကမှာ သမုဒ္ဒရာ ဝမ်းတစ်ထွာလေး ဖြည့်ဖို့ရာအတွက် ဒုစရိုက်နဲ့ အသက်မွေးပြီဆိုလို့ရှိရင်တော့ ဝမ်းတစ်ထွာလေး ပြည့်မယ်လို့ ထင်ပြီး ကြိုးစားလိုက်တာနဲ့ ပြည့်လာမယ့် အရာကတော့ သံသရာထဲနစ်မွန်းမယ့် ဆင်းရဲဒုက္ခတွေသာ ဖြစ်တယ်ပေါ့၊ ဘဝတစ်ခုရလာလို့ရှိရင် ဝမ်းတစ်ထွာဆိုတာ သေသည်အထိ ဖြည့်နေကြရမှာပဲ၊ အဲဒါကို မြန်မြန်ဖြည့်ချင်လို့ မမှန်ကန်တဲ့ စီးပွားရေးတွေ ပြုလုပ်ပြီးတော့ ဒုစရိုက်လုပ်ငန်းနဲ့ အသက်မွေးမယ်ဆိုလို့ရှိရင်တော့ အကုသိုလ်တွေသာ ပြည့်ပြီး သံသရာဆိုတဲ့ ပင်လယ်ကြီးထဲမှာ နစ်မွန်းမယ်၊ အပါယ်ငရဲကနေ ဘယ်တော့မှ တက်လာနိုင်မှာ မဟုတ်တော့ဘူးလို့ ဒီလိုဆိုနိုင်ပါတယ်။

စာမျက်နှာ-၆၅

၆၁။ ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း
မြန်မာနိုင်ငံမှာရှိတဲ့ ပရိယတ္တိကျောင်းတိုက်တွေ အားလုံးဟာ အဆင့်ဆင့် လက်ဆင့်ကမ်းပြီးနေကြတယ်၊ လွန်ခဲ့တဲ့ နှစ် (၂၆၀၀) ပြန်ကြည့်လိုက်မယ်ဆိုရင် ဒီပုံစံနဲ့ လာခဲ့တယ်ဆိုတာ ထင်ရှားတယ်၊ ကိုယ့်အလှည့်ရောက်တဲ့အခါမှာ အမှတ်တမဲ့ မနေဘဲနဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို တစ်လုံးပဲဖြစ်ဖြစ် နှစ်လုံးပဲဖြစ်ဖြစ် သင်ယူမှတ်သားကြရမှာ ဖြစ်ပါတယ်၊ မှန်ကန်ပြီး လောကအကျိုး သံသရာအကျိုးကို ဆောင်ရွက်နိုင်စွမ်းရှိတဲ့ အဆုံးအမတွေကို လက်ဆင့်ကမ်းကြရမယ်။

မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်ကလည်း “ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ” ဓမ္မကိုတွေ့မှ ငါ့ကိုတွေ့မယ်လို့ ဟောတာ၊ ပရိနိဗ္ဗာန်စံခါနီးမှာလည်း “ငါဟောထားတဲ့ ဓမ္မ ဝိနယတွေဟာ သင်တို့ဆရာပဲ”လို့ ပြောထားတာ၊ ဒီစကားနှစ်ရပ်ကို ကြည့်မယ်ဆိုရင် မြတ်စွာဘုရားက တရားကျင့်သုံးရေး အဆုံးအမတွေကို လိုက်နာရေးက အဓိကပဲဆိုတာ ထင်ရှားတယ်၊ ဒါကြောင့် တစ်လုံးသိသိ နှစ်လုံးသိသိ လက်ဆင့်ကမ်းသွားကြဖို့ လိုအပ်တယ်။

ဒီလိုလက်ဆင့်ကမ်းသွားခြင်းအားဖြင့် ဗုဒ္ဓအဆုံးအမတွေဟာ လူသားတွေရဲ့ နှလုံးသားထဲ ရောက်ရှိပြီး အေးချမ်းမှုကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

စာမျက်နှာ-၆၆

၆၂။ စိတ်၏ ထွက်ပေါက်များ
ရံဖန်ရံခါ စိတ်ထဲမှာ အလိုမကျမှုဆိုတာ ဖြစ်တယ်၊ ထိုအလိုမကျမှုဟာ ကြီးထွားလာလို့ရှိရင် ပေါက်ကွဲလာတတ်ပြီး ငြိမ်းချမ်းတဲ့စိတ်ကလေး ပျက်စီးလာတယ်၊ ဒေါသဖြစ်လာပြီဆိုရင် သူ့ရဲ့ မျက်နှာကလည်း ကြည်လင်မှု မရှိတော့ဘူး၊ ပြုံးချိုခြင်း မရှိတော့ဘူး၊ မျက်နှာအနေအထားပါ ပြောင်းလာတယ်။

အဲဒီလို စိတ်အလိုမကျတဲ့ ဗျာပါဒတို့ ဒေါသတို့ ဖြစ်လာပြီဆိုရင် ထိုဒေါသရဲ့ ထွက်ပေါက်ကို ရှာကြတယ်၊ တစ်ချို့က ကိုယ်မကျေနပ်တဲ့အရာကို တခြားအရာနဲ့ အစားထိုးတယ်၊ သို့မဟုတ် မကျေနပ်တဲ့လူကို တစ်ခုခုနဲ့ အနိုင်ယူလိုက်တယ်၊ အဲဒီလို အနိုင်ယူလိုက်တာဟာ ထွက်ပေါက်မဟုတ်ဘူး၊ သို့သော် လူတွေက ဒါကိုပဲ ထွက်ပေါက်ထင်ပြီး ထွက်နေကြတယ်၊ မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာတတ်တယ်ပေါ့၊ မြတ်ဗုဒ္ဓက စိတ်ထဲမှာ အလိုမကျတဲ့ ဗျာပါဒရဲ့ ထွက်ပေါက်အစစ်က မေတ္တာတရားပါတဲ့၊ မေတ္တာပွားခြင်းဖြင့် ဗျာပါဒရဲ့ ထွက်ပေါက်ကို ရရှိနိုင်ပါတယ်တဲ့၊ ဒါဟာ မှန်ကန်တဲ့နည်းစနစ်ပဲ။

စာမျက်နှာ-၆၇

၆၃။ ယောဂီပုဂ္ဂိုလ်ရှိရမည့် အရည်အချင်းများ
ယောဂအလုပ်ကို စွဲမြဲစွာ ကြိုးစားအားထုတ်မှု ရှိသူကို “ယောဂီ”လို့ ခေါ်တယ်၊ ကြိုးပမ်းအားထုတ်မှုရှိမှ ယောဂီလို့ ခေါ်နိုင်တာ၊ အပျင်းပြေလုပ်နေတာကို ယောဂီလို့ မခေါ်နိုင်ဘူး။ ပဓာနိယင်္ဂသုတ်အရ ယောဂီပုဂ္ဂိုလ်ရှိရမည့် အရည်အချင်း ငါးမျိုးရှိတယ်။

၁။ ယုံကြည်မှုရှိရမယ်။
၂။ ရောဂါကင်းပြီး ကျန်းမာရမယ်။
၃။ ရိုးသားဖြောင့်မတ်ရမယ်။
၄။ ကြိုးစားအားထုတ်မှု ရှိရမယ်။
၅။ အခြေခံအသိပညာ ခိုင်လုံမှု ရှိရမယ်။

ဒီငါးမျိုးရှိပြီး ဆရာကောင်းနဲ့တွေ့တယ်ဆိုရင် ခုနှစ်ရက်အတွင်း တရားထူးရပါတယ်တဲ့၊ ဒီအရည်အချင်းတွေနဲ့သာ ပြည့်စုံရင် မနက်နည်းပေးလို့ အားထုတ်ရင် ညနေမှာ ရဟန္တာဖြစ်ပါတယ်တဲ့၊ ဒီလိုဟောထားတာ ရှိပါတယ်။

စာမျက်နှာ-၆၈

၆၄။ မေတ္တသုတ် အနှစ်ချုပ်
မေတ္တသုတ်ကို နေ့စဉ်ရွတ်လို့ရှိရင် အန္တရာယ်တွေ ကင်းတယ်လို့ ဒီမေတ္တသုတ်ထဲမှာ ပြဆိုထားတဲ့စကား တစ်လုံးမှ မပါဘူး၊ သို့သော် အများက ဒီအတိုင်းပဲ ယုံကြည်နေကြတယ်၊ မိုးကုတ်ဆရာတော်ကြီးပြောတဲ့ စကားလုံးနဲ့ ပြောရမယ်ဆိုရင် “တို့လူတွေက သောက်ဆေးကို လိမ်းဆေးလုပ်နေကြတယ်”တဲ့။

သောက်ရမှာကို မသောက်ဘဲနဲ့ လိမ်းဆေးအဖြစ် အသုံးပြုနေလို့ရှိရင် အကျိုးသက်ရောက်မှု အားနည်းမယ်၊ သောက်ရမယ့်ဆေးက သောက်ကိုသောက်မှ အကျိုးသက်ရောက်မှာ၊ ဒါကြောင့် မေတ္တာဆိုတာ ဘာဝနာတရားဖြစ်လို့ ပွားများကြရမယ်။

မေတ္တာဆိုတဲ့တရားက ရွတ်ဖတ်ရမယ့်တရား မဟုတ်ဘူး၊ ပွားများရမယ့်တရား ဖြစ်တယ်၊ မေတ္တာဟာ ကမ္မဋ္ဌာန်းပဲ။ များသောအားဖြင့် ဝိပဿနာတရားအားထုတ်တာမှ ကမ္မဋ္ဌာန်းလို့ ယူဆနေကြတယ်၊ မေတ္တာပို့နေတာ ပွားများတာဟာလည်း ကမ္မဋ္ဌာန်းပါပဲ၊ သမထကမ္မဋ္ဌာန်းထဲမှာ ပါတယ်၊ ဒါကြောင့် မေတ္တသုတ်နဲ့ ပတ်သက်လာလို့ရှိရင် ရွတ်ရမှာ သက်သက်မဟုတ်ဘူး၊ နာရမှာ သက်သက်မဟုတ်ဘူး၊ ပွားများကြရမှာ ဖြစ်ပါတယ်။

စာမျက်နှာ-၆၉

၆၅။ နှစ်ဦးကာလ ဓမ္မလက်ဆောင်
ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေဟာ အကြောင်းနဲ့ အကျိုးကို ဟောတာဖြစ်လို့ လူ့လောကမှာ ကောင်းကျိုးချမ်းသာရဖို့ မျှော်လင့်ကြတယ်၊ စီးပွားဥစ္စာတိုးတက်ချင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊ ကျန်းမာပြီးတော့ အသက်ရှည်ချင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊ ဒီဘဝကုန်လို့ နောက်ဘဝရောက်တဲ့အခါမှာလည်း ကောင်းရာသုဂတိကို ရချင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊ ဒီလေးမျိုးသည် “အတ္တသမ္မာပဏိဓိ”လို့ခေါ်တဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံမှု၊ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံမှု၊ စာဂတရားနဲ့ ပြည့်စုံမှု၊ အသိဉာဏ်ပညာနဲ့ ပြည့်စုံမှုဆိုတဲ့ ဒီအကြောင်းလေးမျိုး ကင်းနေရင် ခုနက မျှော်လင့်ချက်တွေ မအောင်မြင်နိုင်ပါဘူး။

နှစ်သစ်အခါသမယမှာ နှစ်ဟောင်းကထက် ပိုပြီးတော့ ကောင်းလာစေချင်ရင် သဒ္ဓါတရားတွေ ကောင်းလာအောင် ကိုယ်ကျင့်တရားတွေ ပိုပြီးလုံခြုံလာအောင် စွန့်လွှတ်မှုတွေ ပိုပြီးခိုင်မာလာအောင် အသိဉာဏ်တွေ ပိုပြီးကြွယ်ဝလာအောင် လုပ်ဖို့ လိုပါတယ်၊ ဒီအကြောင်းတရားတွေ ပြည့်စုံမှသာလျှင် မိမိတို့ရဲ့ မျှော်လင့်ချက်နဲ့ ချမ်းသာသုခတွေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေဆိုတဲ့ ဆုတောင်းတွေ တောင်းဆိုမှုတွေဟာ တစ်လုံးတစ်ဝကြီး ပြည့်စုံလာမှာပါ။

စာမျက်နှာ-၇၀

၆၆။ တရားထူး ရနိုင်သူ
တရားထူးတရားမြတ် ရဖို့ရန်အတွက် အခြေအနေဆိုးတွေ မကျူးလွန်မိဖို့ လိုတယ်၊ ပဉ္စာနန္တရိယကံ ကင်းရှင်းရမယ်၊ နိယတမိစ္ဆာဒိဋ္ဌိဆိုတဲ့ အယူမှားလက်ခံထားတာ ကင်းရှင်းရမယ်၊ အဲဒီနှစ်ခု ကင်းရှင်းသွားပြီဆိုရင် ကိုယ့်သန္တာန်မှာ အားဖြည့်ပေးရမှာတွေက ဘာတွေတုန်းဆို သဒ္ဓါစွမ်းအား၊ တရားထူးတရားမြတ်ကို ရလိုတဲ့ ဆန္ဒစွမ်းအား၊ အဲဒီ သဒ္ဓါစွမ်းအား၊ ဆန္ဒစွမ်းအားအပေါ်မှာ အခြေခံပြီးတော့ တရားဓမ္မကို သိလိုတဲ့ ဉာဏ်စွမ်းအားတွေ၊ တရားဓမ္မနဲ့ပတ်သက်ပြီးတော့ သိလာအောင် ကြိုးစားတဲ့ ဉာဏ်စွမ်းအားတွေ ရှိဖို့လိုအပ်တယ်။

အဲဒါတွေနဲ့ ပြည့်စုံလာပြီဆိုရင် တရားထူးတရားမြတ် ရနိုင်ပါတယ်၊ မြတ်စွာဘုရားက သူတော်ကောင်းတရားကို ကြားနာလို့ “သမ္မတ္တနိယာမ”ဆိုတဲ့ မဂ်တရားကို ရထိုက်တဲ့ပုဂ္ဂိုလ်ဟာ အခုလို အခြေအနေကောင်းတွေနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ် ဖြစ်တယ်လို့ ဟောပါတယ်။

စာမျက်နှာ-၇၁

၆၇။ ယှဉ်ပြိုင်ခြင်း၏ နိဂုံး
လောကလူတွေ ယှဉ်ပြိုင်နေတာက မမှန်မကန် ယှဉ်ပြိုင်ကြတာ များတယ်၊ ယှဉ်ပြိုင်သင့်တဲ့နေရာမှာ မယှဉ်ပြိုင်ဘဲနဲ့ မယှဉ်ပြိုင်သင့်တဲ့နေရာမှာ ယှဉ်ပြိုင်နေသည့်အတွက်ကြောင့် ပြဿနာတွေ တစ်ခုပြီးတစ်ခု တက်လာပြီးတော့ ထိုပြဿနာတွေရဲ့ အဖြေကို ရှာမတွေ့ဘဲ မြတ်စွာဘုရား နိဂုံးဆွဲပြသလို “နိုင်သူ ရန်ပွား၊ ရှုံးကား စိတ်ဆင်းရဲမှု”ဆိုတာနဲ့ ကြုံတယ်၊ နောက်ဆုံးမှာ ဒီအကျိုးပဲ ရလိုက်တယ်။

“တသာတိဟ ဘိက္ခဝေ ဧဝံသိက္ခိတဗ္ဗ” ဒါကြောင့်မို့ ချစ်သားရဟန်းတို့ ဒီလိုကျင့်ရမယ်တဲ့၊ “ဥတ္တရုတ္တရိ ပဏီတ ပဏီတံ ဝါယမမာနာ” သူများထက် သာသည်ထက်သာအောင် ကောင်းသည်ထက်ကောင်းအောင် ကြိုးစားအားထုတ်ခြင်းဖြင့် “အနုတ္တရံ ဝိမုတ္တိသုခံ” အကောင်းဆုံးသော လွတ်မြောက်တဲ့ ချမ်းသာကို “သစ္ဆိကရိဿမ” တို့တစ်တွေ ရယူနိုင်အောင် မျက်မှောက်ပြုနိုင်အောင် ကြိုးစားကြမယ်လို့ ဒီလိုသာ ယှဉ်ပြိုင်သင့်တယ် ယှဉ်ပြိုင်ရမယ်လို့ ဆုံးမပေးတာပါ။

ဒါကြောင့် ယှဉ်ပြိုင်မှုရဲ့ နိဂုံးဆိုတာဟာ ရဟန္တာဖြစ်မှ နိဂုံးဆွဲနိုင်တာ၊ ဒီနောက်တော့ ပြိုင်စရာမရှိတော့ဘူးတဲ့၊ လူတွေရဲ့ ယှဉ်ပြိုင်လိုတဲ့စိတ်က အရဟတ္တဖိုလ်မှာပဲ အဆုံးသတ်သွားပါပြီတဲ့။

စာမျက်နှာ-၇၂

၆၈။ မဟာဒါန
မဟာဆိုတဲ့ စကားလုံးက မြတ်သော သို့မဟုတ် ကြီးကျယ်သောလို့ အဓိပ္ပါယ်ရတယ်၊ ကြီးကျယ်သောအလှူ သို့မဟုတ် မြတ်သောအလှူ၊ အဲဒီမြတ်သောအလှူဆိုတာ မြတ်စွာဘုရားက ငါးပါးသီလကို ပြောတာ၊ သီလကို ဒီဒေသနာတော်မှာ ဒါနလို့ ဟောထားခြင်းဖြစ်တယ်၊ ငါးပါးသီလဆောက်တည်တိုင်း တို့တစ်တွေ မဟာဒါန ကြီးကျယ်တဲ့အလှူကြီးတစ်ခု လှူနေတယ်လို့ ကိုယ့်ကိုယ်ကို သတိထားပြီး စေတနာစွမ်းအား တိုးမြှင့်ထားဖို့ လိုအပ်တယ်။

ဒါဖြင့် “ပါဏာတိပါတာ ဝေရမဏိ” သူများအသက် သတ်ခြင်းမှရှောင်တာနဲ့ ဘာဖြစ်လို့ မဟာဒါနဖြစ်တာတုန်းဆိုတော့ ကိုယ်က သူများအသက်မသတ်လို့ရှိရင် ပတ်ဝန်းကျင်မှာ သတ္တဝါတွေ အများကြီးရှိတယ်၊ မရေတွက်နိုင်အောင် များပြားတဲ့ သတ္တဝါတွေကို ကိုယ်လက်နဲ့ ဘယ်တော့မှ အသက်မထွက်စေဘူးဆိုတဲ့ ရှောင်ကြဉ်မှုလေးဟာ သာမန်ကြည့်တော့ဖြင့် သေးသေးလေးလို့ ထင်ရမယ်၊ သို့သော် သတ္တဝါတွေအားလုံးကို ကိုယ်က အဘယံ ဒေတိ - ဘေးမဲ့ပေးလိုက်တယ်၊ အဝေရံ ဒေတိ - ရန်ကင်းမှုကို ပေးတယ်၊ အဗျာဗျ ဒေတိ - ဆင်းရဲဒုက္ခ လွတ်ကင်းအောင် ပေးလိုက်တယ်၊ ဒါဟာ ကြီးမားတဲ့ကုသိုလ်ကြီးတစ်ခု ဖြစ်ပါတယ်။

စာမျက်နှာ-၇၃

၆၉။ နန္ဒီ ဒုက္ခဿ မူလံ
မြတ်စွာဘုရားဟောတဲ့ ဒေသနာလေးတစ်ပုဒ် လူတွေရဲ့နှုတ်ထဲ ရောက်သွားလို့ရှိရင် ဒီဘဝတင်မကဘူး နောက်ဘဝတွေမှာပါ အကျိုးရှိနိုင်တယ်၊ ပဉ္စဂ္ဂပုဏ္ဏား ဇနီးမောင်နှံလိုပဲ “နာမရူပံ”ဆိုတဲ့ စကားလုံးလေး ကြားလိုက်တာနဲ့ ကြားဖူးတဲ့ စကားလုံးဆိုပြီး အဓိပ္ပါယ်ထွင်းဖောက် သိရှိကာ တရားတစ်ပုဒ်အဆုံးမှာ အနာဂါမ်ဖြစ်သွားကြသလိုပေါ့၊ ဗုဒ္ဓမြတ်စွာရဲ့ စကားလုံးလေးအတိုင်း “နန္ဒီ ဒုက္ခဿ မူလံ”ဆိုတာကို မှတ်ထားကြ၊ သိပ်ခဲယဉ်းတဲ့ ပါဠိစကား မဟုတ်ပါဘူး။

နန္ဒီ = နှစ်သက်တဲ့ တဏှာရာဂဟာ ဒုက္ခဿ = ဆင်းရဲဒုက္ခရဲ့ မူလံ = အကြောင်းပဲတဲ့။

စာမျက်နှာ-၇၄

၇၀။ မိတ်ကောင်း ဆွေကောင်း
ဘုရားရှင်ဟောပြောခဲ့တဲ့ မိတ်ဆွေကောင်းတို့ရဲ့ အင်္ဂါလေးရပ်ဆိုတာ—

၁။ ပေးနိုင်ခဲတဲ့အရာကို ပေးတတ်သူ၊
၂။ လုပ်နိုင်ခဲတဲ့အရာကို လုပ်ပေးတတ်သူ၊
၃။ သည်းခံနိုင်ခဲတဲ့အရာကို သည်းခံပေးတတ်သူ၊
၄။ ဒုက္ခကြုံတွေ့ရချိန်မှာ စွန့်လွှတ်ပြီး ထွက်ပြေးမသွားတတ်သူ။

ဒီအင်္ဂါလေးချက်ရှိတဲ့ပုဂ္ဂိုလ်ဟာ အပေါင်းအသင်းလုပ်ထိုက်တဲ့ မိတ်ကောင်းဆွေကောင်း ဖြစ်တယ်။

စာမျက်နှာ-၇၅

၇၁။ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ခြင်း
ချမ်းသာမှုဆိုတာ ဘာသာနဲ့ မဆိုင်ဘူး၊ မချမ်းသာဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လိုက်နာရဲ့လား မလိုက်နာဘူးလား၊ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်၊ ဘုရားက ဒီဘဝချမ်းသာဖို့အတွက် အလုပ်ကြိုးစားရမယ်၊ ဇွဲကောင်းရမယ်၊ နည်းစနစ်သိရမယ်၊ ဒီသုံးခုနဲ့ ကြိုးစားတာ။ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်၊ ဝင်ငွေထွက်ငွေ မျှတအောင် သုံးတတ်ရမယ်၊ နောက်တစ်ချက်က မိတ်ကောင်းဆွေကောင်း ရှိရမယ်။

ဒီအချက်လေးချက်နဲ့ ပြည့်စုံပြီးတော့ လိုက်နာကျင့်သုံးမယ်ဆိုရင် ဘဝမှာ ချမ်းသာသုခရနိုင်ပါတယ်၊ ဒါက မြတ်ဗုဒ္ဓရဲ့ ဘဝမှာ နေနည်းတစ်ခုပေါ့၊ ဗုဒ္ဓဘာသာဝင် လူငယ်လူရွယ်တွေ မှတ်သားလိုက်နာပြီးတော့ ကိုယ့်ကိုယ်ကို ကြီးပွားတိုးတက်အောင်လုပ်ဖို့ လိုအပ်တယ်။

စာမျက်နှာ-၇၆

၇၂။ မှတ်ဉာဏ်ကောင်းအောင် ကျင့်ဆောင်ခြင်း
လောဘစိတ်နဲ့ တစ်စုံတစ်ခုကို တွယ်တာပြီးတော့ လိုချင်နေပြီဆိုတဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ကြည့်ရင် သိပ်ကို လိုချင်တယ်ဆိုတဲ့စိတ်မျိုးတွေ ဖြစ်နေပြီဆိုရင် ကိုယ့်စိတ်လေးဟာ အရောင်ဆိုးခံထားရပြီ၊ အရောင်ဆိုးခံထားရရင် ဒီပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ မှတ်ဉာဏ်တွေ မှတ်ထားတဲ့အရာတွေဟာ အားပျော့ပြီး ပျက်ပြယ်သွားတယ်၊ စာကျက်လို့လည်း မရဘူး၊ မှတ်လို့လည်း မရဘူး။

ဒါဖြင့် မှတ်ဉာဏ်ကောင်းလာအောင် ဘာလုပ်ရမလဲဆိုတော့ “ကာမစ္ဆန္ဒ”စတဲ့ နီဝရဏတရားတွေကို လျှော့ချရမယ်၊ နီဝရဏဆိုတာ စိတ်ရဲ့ အဟန့်အတား ကုသိုလ်စိတ်တွေ မဖြစ်နိုင်အောင် အသိဉာဏ်တွေ ပေါ်မလာနိုင်အောင် တားမြစ်ထားတာ၊ ဒီနီဝရဏတရားတွေကို လျှော့ချနိုင်သေးသမျှ ကာလပတ်လုံး မှတ်ဉာဏ်တွေဟာ ကောင်းလာကြမှာ မဟုတ်ပါဘူး။

စာမျက်နှာ-၇၇

၇၃။ စံထားရမည့်ကိုယ်ကျင့်တရား ရှိသူများ
ကိုယ်ကျင့်တရားဆိုတာ ကိုယ်တိုင်လိုက်နာကျင့်သုံးရမယ့်တရားဖြစ်တယ်၊ လူ့လောကမှာ လူတွေလိုက်နာရမယ့် ကျင့်ဝတ်ဆိုတာ ရှိတယ်၊ ကျင့်ဝတ်မလိုက်နာဘဲ စည်းကမ်းကလနားတွေ ဖောက်ပြန်နေမယ်ဆိုရင် ဖောက်ပြန်တဲ့မိသားစုဟာ စိတ်ချမ်းသာမှု မရတဲ့အပြင် ဒေါသတွေ အာဃာတတွေ ဖြစ်လာမယ်။

အကယ်၍ ကိုယ်ကျင့်ရမယ့်ကျင့်ဝတ် လုံလုံလောက်လောက်နဲ့ ပြည့်စုံပြီဆိုရင် အဲဒီပြည့်စုံတဲ့နိုင်ငံ ပြည့်စုံတဲ့မြို့ ပြည့်စုံတဲ့မိသားစုဟာ ချမ်းသာနေမှာပဲ၊ ကျင့်ဝတ်မပြည့်စုံဘူးဆိုရင် သူ့ရဲ့ အသိုင်းအဝိုင်း သူ့ရဲ့ အဖွဲ့အစည်းကြီးဟာ ဘယ်တော့မှ ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။

စာမျက်နှာ-၇၈

၇၄။ ဓမ္မသံဝေဂနှင့် ဘဝဆည်းဆာ
ရှင်အာနန္ဒာက ဘုရားကို လျှောက်တယ်၊ “အရှင်ဘုရား၊ အံ့ဩဖွယ်ရာ အရှင်ဘုရားကိုယ်လေးက ရှေ့နည်းနည်းကိုင်းလာပြီ၊ အရေလေးတွေ တွန့်လာပြီ”ဆိုတော့ “အာနန္ဒာ အခုလိုပဲတဲ့၊ ဇရာတရားက နုပျိုမှုတွေကို လုယက်သွားတယ်၊ ဗျာဓိတရားက ကျန်းမာမှုတွေကို လုယက်သွားတယ်၊ နောက်ဆုံးကျတော့ မရဏတရားက အသက်ကို လုယက်ပြီး သွားလိမ့်မယ်”ဆိုပြီး မြတ်စွာဘုရားက ဥဒါန်းကျူးတယ်။

ဘယ်လောက်ပဲ ရာထူးအာဏာကြီးတဲ့ပုဂ္ဂိုလ်ဖြစ်စေ၊ ဘယ်လောက်ပဲ စည်းစိမ်ဥစ္စာ ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ အားလုံးကို ဇရာ, ဗျာဓိ, မရဏဆိုတဲ့ ဒီတရားတွေဟာ လွှမ်းမိုးပြီးတော့ ဖျက်ဆီးသွားတယ်၊ ဒါတွေကို ဆင်ခြင်သုံးသပ်ကြည့်ဖို့ မြတ်စွာဘုရားက ဟောကြားထားတာ ဖြစ်ပါတယ်။

စာမျက်နှာ-၇၉

၇၅။ ယမမင်းကြီးရဲ့ ဆန္ဒ
ကံတရားတွေဆိုတာ အလွန်စွမ်းအားရှိတယ်၊ ကံမကောင်း အကြောင်းမလှလို့ ငရဲကျသွားပေမယ်လို့ ကုသိုလ်ကံရှိရင် အဲဒီကုသိုလ်ကံက ပြန်ကယ်သွားနိုင်တယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ငရဲအသက်နဲ့ လူ့အသက်က မတူဘူး၊ ငရဲရဲ့ အသက်ဟာ ကံပဲ၊ ကံရှိသမျှ ဘယ်တော့မှ မသေဘူး၊ သူက ကံပေါ်မှာ မူတည်တယ်၊ လူ့ရဲ့ အသက်က ကံပေါ်မှာ မူမတည်ဘူး၊ “အသက်ဉာဏ်စောင့်”လို့ ပြောကြတယ်မဟုတ်လား။

ငရဲမှာခံနေရတဲ့ ငရဲသားတွေကိုကြည့်ပြီး ယမမင်းကြီးက ခုလိုဆန္ဒဖြစ်တယ်တဲ့၊ လူ့ဘဝရလိုက်ရင် ဘယ်လောက်ကောင်းမလဲ၊ ဒီဒုက္ခတွေ သူက မြင်နေတော့ သနားတယ်၊ လူ့ဘဝရမှ ဒီဒုက္ခတွေက လွတ်နိုင်မှာကိုး၊ လူ့ဘဝရတဲ့အချိန်မှာ ဘုရားများပွင့်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ၊ ဘုရားကို ဆည်းကပ်ကိုးကွယ်ခွင့်ရရင် ဘယ်လောက်ကောင်းမလဲ။ အဲဒီဘုရားက ငါ့ကို တရားဟောရင် ဘယ်လောက်ကောင်းမလဲ၊ ဘုရားဟောတဲ့တရားကို သိရှိနားလည်ရရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ ဒီဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
83ilpdjeqrbu3su8zjlfm4vqile6eab
22103
22102
2026-06-15T03:16:06Z
Tejinda
173
22103
wikitext
text/x-wiki
{{header
| title = တရားပလ္လင်ထက်က စကားအလင်္ကာများ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဇာတိမြေမှ သာသနာ]]
| previous2 =
| next = [[တရားသိလျက် အကျင့်ခက်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

တရားပလ္လင်ထက်က စကားအလင်္ကာများ
စီစဉ်သူ၏ နိဒါန်းစကား

မဟာသုဗောဓာရုံကျောင်းတိုက်များ၏ သာသနဝံသ ဂဏာဓိပတိ ပဓာနနာယက၊ ကျေးဇူးတော်ရှင် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး လျှောက်လှမ်းခဲ့သည့် ဘဝစာမျက်နှာများကို ဖတ်ရှုကြည်ညိုခဲ့ရာ ယခုနှစ် ၁၃၇၆-ခု တပေါင်းလပြည့်နေ့တွင် ဆရာတော်ကြီး၏ ဘဝစာမျက်နှာသစ် ၇၅ ကို ဖွင့်လှစ်ကြည်ညိုကြရပေတော့မည်။ ။

ဆရာတော်ကြီး၏ ဘဝစာမျက်နှာ တစ်စိတ်တစ်ဒေသကို ဖတ်ရှုကြည်ညိုရလျှင် ငယ်ရွယ်စဉ်ကစ၍ တစ်အူတုံဆင်း နောင်တော်ရင်း (၅)ပါးနှင့်အတူ လက်တွဲကာ ၁၃၂၀-ခုနှစ် နယုန်လပြည့် မဟာသမယအခါတော်နေ့တွင် “ခြောက်ပါးညီနောင် ကျောင်းတည်ထောင် ငါးထောင်သာသနာ တည်စေသော်”ဟူသည့် အဓိဌာန်ချက်ဖြင့် စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်ကြီးကို တည်ထောင်ဖွင့်လှစ်ကာ သာသနာပြုခဲ့သည်။ ယင်းပင်မကျောင်းတိုက်မှ တပည့်ကြီးများကို မွေးထုတ်၍ မုံရွာမြို့ သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက်၊ သန်လျင်မြို့ ဓမ္မဝိဇ္ဇာလယသုဗောဓာရုံကျောင်းတိုက်ဟူသည့် သုဗောဓာရုံတိုက်ခွဲ အမှတ်-၁/၂ အဖြစ် စာသင်တိုက်များကို တည်ထောင်ဖွင့်လှစ်၍ ပရိယတ္တိသာသနာကို ပြန့်ပွါးစေခဲ့သည်။ တိုက်ခွဲအမှတ်-၃ ဖြစ်သည့် ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာ။

စာမျက်နှာ-၂
ဓမ္မသဟာယသာသနစင်တာ သာသနာပြုဌာနကို ပြည်တွင်းပြည်ပမှ ဓမ္မကို လေ့လာလိုက်စားလိုလားသူများအတွက် INSTITUTE OF DHAMMA EDUCATION (I-D-E) ဓမ္မသင်တန်းကျောင်း ဖွင့်လှစ်ကာ သာသနာပြုလျက်ရှိသည်။

စာပေကိုမြတ်နိုး၍ ရှေးဟောင်းပေစာပုရပိုက်များကိုလည်း ရှာဖွေစုစည်းထိန်းသိမ်းတတ်သည်မှာ ဆရာတော်ကြီး၏ အရင်းခံဝါသနာတစ်ရပ် ဖြစ်လေသည်။ သို့အတွက်ကြောင့် အဟောအပြောတွင်သာမက အရေးအသားလည်း ထက်မြက်လှသည်။ ငယ်စဉ်ကလောင်သွေးစအရွယ်မှစ၍ ရတုကဗျာ၊ ဩဘာစာ၊ ဆောင်းပါး၊ အဋ္ဌုပ္ပတ္တိ၊ ဂါထာဗန္ဓများစွာကို ရေးသားထုတ်ဝေခဲ့သည်။ ယင်းငယ်လက်ရာ စာပေအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပူဇော်လိုသည့် မတ္တရာမြို့ သာသနဇောတာရုံဆရာတော်အမှူးပြုသည့် တပည့်ကြီးများက စိန်ရတုမွေးနေ့ပွဲတွင် ထုတ်ဝေနိုင်ရန် စည်းဝေးဆုံးဖြတ်ကြပြီး၊ တပည့်ကြီးဖြစ်သည့် ဒွါဒသမတိပိဋကဓရဆရာတော်မှ တာဝန်ယူ၍ ရနိုင်သမျှ ရှာဖွေစုဆောင်းကာ “ဓမ္မဂီတိကာ” “ဓမ္မစာပေအထွေထွေ”ဟူသည့်အမည်ဖြင့် စီစဉ်ပူဇော်ခဲ့သည်။

ပရိယတ္တိစာပေကို သင်ကြားပို့ချနေရင်းမှ ပြည်တွင်းပြည်ပ သာသနာပြုလုပ်ငန်း သာသနာရေးတာဝန်အသီးသီးကို ဆောင်ရွက်ခဲ့ရာ ခေတ်ကာလ၏ တောင်းဆိုမှုအရ လူသားများအတွက် လိုအပ်လျက်ရှိသည့် ဓမ္မအသိဉာဏ်များကို လမ်းကြောင်းဖွင့်ရင်း မြတ်ဗုဒ္ဓဟောကြားခဲ့သည့် ဒေသနာတော်များကို အများသူငါ နားလည်လွယ်အောင် ရိုးရှင်း၍ ပီပြင်အေးချမ်းသည့် ဓမ္မအသံဖြင့် ဓမ္မရေစင်များကို ပက်ဖြန်းကာ ဟောကြားဖြန့်ဝေလျက် သာသနာကို ပြန့်ပွါးစေခဲ့သည်။

စာမျက်နှာ-၃
ဆရာတော်သည် ဟောကြားသည့်တရားတိုင်းတွင် ဓမ္မအမြင် လောကအမြင်များကို ခေတ်အသွင်ဖြင့် လိုက်လျောညီထွေစွာ ထည့်သွင်းဟောပြောတတ်သည်ဖြစ်ရာ ကြားနာရသူအဖို့ မှတ်သားနားလည်လွယ်နိုင်သည်။ ဟောကြားခဲ့သည့် ဓမ္မစွမ်းရည်ကြောင့် ဘဝလမ်းကြောင်း ပြောင်းလဲသွားသူ၊ အတွေးအခေါ်ဖြောင့်မှန်သွားသူ အများစုမှာ ဓမ္မအပေါ် ကိုယ်တွေ့ဖြစ်ရပ်ခံစားချက်များနှင့် တရားတော်၏ကျေးဇူး၊ ရှင်းလင်းဟောပြောသည့် ဆရာတော်၏ကျေးဇူးကို ထပ်ခါတလဲလဲ လာရောက်လျှောက်တင်နေကြသည်ကို မကြာခဏ မြင်တွေ့ခဲ့ရသည်။

ယခုစာရှုသူလက်ဝယ် ရောက်ရှိနေသည့် ဓမ္မဒဿနစကားစုများသည် ဆရာတော်ကြီး၏ များစွာသော ဟောတရားမှတဆင့် စာမူအဆင့်ရောက်ရှိကာ ထွက်ရှိပြီးစာအုပ်များမှ စိန်ရတုပူဇာဖြစ်စေဖို့ ၇၅-ပုဒ်စာ စကားအလင်္ကာများကို ရွေးချယ်စုစည်း၍ ကျေးဇူးတော်ရှင် ဆရာတော်ကြီး၏ ဘဝစာမျက်နှာ ၇၅-သို့ရောက်ရှိသည့် စိန်ရတုမွေးနေ့ပွဲတွင် တပည့်ဖြစ်သူ ဤအရှင်မှ ပူဇော်ထားခြင်း ဖြစ်သည်။ တရားပလ္လင်မှ ပျံ့ဝဲလာသည့် အလင်္ကာမြောက် ဓမ္မစကားများ လူသားအားလုံး၏ ရင်တွင်းနှလုံးသားသို့ စိမ့်ဝင်ရောက်ရှိခဲ့ပါလျှင် လူးလာခေါက်ပြန် စုံဆန်နေရသည့် ဘဝသံသရာခရီးတစ်ထောက်ဝယ် အားထားရာတစ်ခု ဖြစ်နေမည်မှာ မလွဲဧကန်ပင် ဖြစ်ပေသည်။

စာမျက်နှာ-၄
ဓမ္မကိုမြတ်နိုး၍ ဓမ္မကိုလိုလားကြသည့် သူတော်စင်အများ ဆရာတော်ဘုရားဟောကြားခဲ့သည့် “တရားပလ္လင်ထက်က စကားအလင်္ကာများ”ကို ဖတ်ရှုလိုက်နာပြီး ဓမ္မအသိဖြင့် အကျိုးရှိရှိနေထိုင်ကာ ငြိမ်းချမ်းသောနှလုံးလှပိုင်ရှင်များ ဖြစ်နိုင်ကြပါစေဟူ၍...။

ဝီရိယာနန္ဒ (တပည့်)
ဓမ္မသဟာယသာသနစင်တာ
အောင်ချမ်းသာရွာ၊ ပြင်ဦးလွင်မြို့။
၁၈-၂-၂၀၁၅

စာမျက်နှာ-၅

၁။ မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ
စီးပွါးရေးနဲ့ပတ်သက်ပြီး ကြီးပွါးတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေ၊ ကြီးပွါးတိုးတက်နေတဲ့နိုင်ငံတွေ၊ ကြီးပွါးတိုးတက်နေတဲ့ကုမ္ပဏီကြီးတွေဟာ မြတ်ဗုဒ္ဓဟောထားတဲ့တရားကို မသိသော်လည်း မြတ်ဗုဒ္ဓဟောထားတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံတယ်လို့ ပြောနိုင်ပါတယ်။ သူတို့မှာ ဥဋ္ဌာနသမ္ပဒါ ရှိတယ်။

၁။ လုပ်ငန်းကျွမ်းကျင်တယ်။
၂။ နည်းပညာကောင်း ရှိတယ်။
၃။ ကြိုးစားအားထုတ်တယ်။

ဟောဒီအချက်အလက်တွေဟာ ငြင်းလို့မရတဲ့အချက်အလက်တွေပဲ။ ။

နောက်ပြီး သူတို့မှာ အာရက္ခသမ္ပဒါ ရှိတယ်၊ အလေအလွင့်မရှိအောင် ထိန်းသိမ်းတယ်။

ကလျာဏမိတ္တတာခေါ်တဲ့ မိတ်ကောင်းဆွေကောင်း ရှိတယ်၊ စီးပွါးရေးအကြံပေးမယ့်ပုဂ္ဂိုလ်တွေ၊ အကျင့်ကောင်းတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ။

သမဇီဝိတာလို့ခေါ်တဲ့ ဝင်ငွေထွက်ငွေ မျှတအောင် သုံးတယ်၊ ဒီအချက်အလက်တွေနဲ့ ပြည့်စုံလို့ ကြီးပွါးတိုးတက်တာပါ။

စာမျက်နှာ-၆

၂။ ဓမ္မကြေးမုံ
နည်းနည်းလေး စဉ်းစားကြည့်ပါ။ တရားချစ်ခင်သူတော်စင်တွေ ဘုရားကိုကိုးကွယ်လို့ရှိရင် လာဘ်လာဘရွှင်တယ်ဆိုတာတစ်ခု၊ ဒီဘုရားဟာ အရဟံစသော ဂုဏ်တော်တွေနဲ့ ပြည့်စုံသည့်အတွက်ကြောင့် ပူဇော်ထိုက် ကိုးကွယ်ထိုက်သောဘုရား၊ ဒီဘုရားကို ကိုးကွယ်ခြင်း၊ ပူဇော်ခြင်း၊ အာရုံပြုခြင်းအားဖြင့် ငါ့သန္တာန်မှာ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေငြိမ်းပြီး စိတ်ငြိမ်းချမ်းမှုရတယ်လို့ စဉ်းစားပြီးကိုးကွယ်တာတစ်မျိုး။ ဒီနှစ်မျိုးထဲမှာ ဘယ်ကိုးကွယ်မှုက ပိုတန်ဖိုးရှိမလဲ စဉ်းစားကြည့်။ ကိုယ်ကိုးကွယ်နေတာ ပထမမျိုးနဲ့လား၊ ဒုတိယမျိုးနဲ့လား ဒါကို စဉ်းစားနှိုင်းယှဉ်ကြည့်ရမယ်။

စာမျက်နှာ-၇

၃။ ဓမ္မမှတ်ကျောက်
မိမိတို့လက်တွေ့ကျင့်သုံးရမယ့် တရားဓမ္မ၊ သိထားရမယ့် တရားဓမ္မတွေ နာရလို့ ကိုယ့်ရဲ့အမူအကျင့်တွေ၊ စိတ်နေသဘောထားတွေ ပြောင်းလဲလာပြီး သူတော်စင်၊ သူတော်မြတ်အဖြစ် ရောက်လာပြီဆိုရင် ဗုဒ္ဓမြတ်စွာရဲ့တရား မှန်ကန်တယ်လို့ ဒီလိုမှတ်ကြရမှာပါ။ တရားကိုအကြောင်းပြုပြီး မာနတွေတက်လာမယ်၊ မလိုမုန်းထားတဲ့ ဣဿာ၊ မစ္ဆရိယတွေ များလာမယ်။ သူတစ်ပါးသိတာရှိတာကို မနာလိုတာက ဣဿာ၊ ကိုယ်သိတာကို သူများမသိစေချင်တာ၊ ကိုယ်ရှိတာကို သူများမရှိစေချင်တာက မစ္ဆရိယ။ အဲဒါမျိုးတွေ တိုးပွါးလာရင် ဒါဟာ မမှန်ကန်သေးဘူးလို့ ဒီလိုမှတ်ရမယ်။

စာမျက်နှာ-၈

၄။ ဥပုသ်စောင့်ခြင်း အဓိပ္ပါယ်
“ဥပုသ်စောင့်တယ်”ဆိုတာ ကိုယ်ကျင့်တရားတွေနဲ့ နေတာ၊ ကိုယ်ကျင့်တရားတွေ၊ ကိုယ်ကျင့်သီလတွေကို “ဥပုသ်”လို့ခေါ်တယ်။ စောင့်တယ်ဆိုတာ အဲဒီကိုယ်ကျင့်သီလတွေကို ထိန်းသိမ်းတာ၊ မကျိုးမပေါက် မပျောက်မကြားရအောင် ထိန်းသိမ်းစောင့်ရှောက်တာ၊ ဒီလိုအဓိပ္ပါယ်ရတယ်။

နာမည်အားဖြင့် ဥပုသ်စောင့်တယ်လို့ဆိုပေမယ့် အနှစ်သာရပိုင်း ကွာခြားသွားလို့ရှိရင် အကျိုးပေးခြင်းကလည်း ကွာခြားသွားနိုင်တယ်။ ဒါကြောင့်မို့ မှန်ကန်တဲ့နည်းလမ်းနဲ့ အဓိပ္ပါယ်ရှိရှိ ဥပုသ်စောင့်တတ်ဖို့ ပိုအရေးကြီးပါတယ်။

ဥပုသ်စောင့်တယ်ဆိုပြီးတော့ မှန်ကန်တဲ့ရည်ရွယ်ချက်တွေ မရှိဘူးဆိုရင် ထိုဥပုသ်စောင့်ခြင်းရဲ့ အကျိုးဟာ များစွာရမှာမဟုတ်ပါဘူး။

စာမျက်နှာ-၉

၅။ ယနေ့လူသားများရဲ့ မနက်ဖြန်ကမ္ဘာ
ဒုစရိုက်တွေလုပ်တာနဲ့ သူ့ရဲ့သက်တမ်းဟာ ဘာကြောင့်လျော့ကျရသလဲ၊ ကြောင်းကျိုးဆီလျော်မှုရှိရဲ့လားလို့ စဉ်းစားကောင်း စဉ်းစားမိကြပါလိမ့်မယ်။

လူနဲ့ပြင်ပကမ္ဘာဆိုတာ အမြဲတမ်းဆက်စပ်ပြီးတော့ နေတာပါ။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျဆင်းသွားတာနဲ့ တစ်ပြိုင်နက် ရာသီဥတုကို သွားထိခိုက်ပါတယ်။ လူတွေရဲ့ စိတ်အပေါ်မှာမူတည်ပြီးတော့ ရာသီဥတုတွေ ဖောက်ပြန်လာတယ်။ ထိုအခါ ရာသီဥတုပေါ်မှာမှီပြီး စိုက်ပျိုးရတဲ့သီးနှံတွေ၊ သီးပင်စားပင်တွေမှာ အဆီဩဇာတွေ ယုတ်လျော့သွားတယ်။ ထိုအဆီဩဇာ ယုတ်လျော့သွားတဲ့အာဟာရတွေကို စားသုံးရတဲ့လူတွေရဲ့ သက်တမ်းဟာ ကျဆင်းပြီးတော့ သွားတာပါ။

ကုသိုလ်တရားတွေကို ဆောက်တည်ခြင်းဖြင့် လူတွေရဲ့ သက်တမ်းဟာ တိုးတက်နိုင်သလို၊ အကုသိုလ်တရားတွေကို ဆက်လက်လုပ်ကိုင်နေခြင်းဖြင့် လူတွေရဲ့ သက်တမ်းဟာ ကျဆင်းသွားနိုင်တယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက “မိမိသည်သာလျှင် မိမိ၏ကိုးကွယ်ရာ ဖြစ်ကြပါစေ၊ မိမိကျင့်သုံးတဲ့တရားသည်သာ မိမိရဲ့ကိုးကွယ်ရာ ဖြစ်ကြပါစေ”လို့ ဟောတော်မူထားပါတယ်။

စာမျက်နှာ-၁၀

၆။ မင်္ဂလသုတ် အနှစ်ချုပ်
ဒီကနေ့ကမ္ဘာမှာ ရှိကြတဲ့လူတွေ၊ လူမျိုးအသီးသီးမှာ အယူအဆအမျိုးမျိုး၊ ပေါင်းသင်းဆက်ဆံမှုတွေ အမျိုးမျိုးရှိကြပါတယ်။ အဲဒီကြားထဲသွားပြီး လူဖြစ်လို့ရှိရင် ဆိုင်ရာအသိုင်းအဝိုင်းအလိုက် အတွေးအခေါ်တွေအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ နေကြရတယ်။ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကြောင့် ကောင်းကျိုးချမ်းသာတွေ ရကြတာရှိသလို မကောင်းတဲ့အကျိုးတွေ ခံစားကြရတာလည်း ရှိတာပေါ့။

တရားကိုကျင့်သုံးတဲ့သူဟာ ဘဝခရီးကိုလျှောက်လှမ်းရာမှာ အောက်တန်းနောက်တန်းကျသွားမှာ မဟုတ်ပါဘူး။ မင်္ဂလသုတ်မှာ ဘဝခရီးကိုလျှောက်လှမ်းသွားတဲ့ပုဂ္ဂိုလ်တိုင်း တစ်ဆင့်ပြီးတစ်ဆင့် တက်ပြီးကျင့်သွားပုံကို မြတ်စွာဘုရားက ဟောထားတာ ဖြစ်တယ်။

ဒါကြောင့် သူတော်စင်အပေါင်းအားလုံး မင်္ဂလာတရားလက်ကိုင်ထားပြီး မိမိတို့ဘဝခရီးကို မင်္ဂလာလမ်းမပေါ်မှ လျှောက်လှမ်းနိုင်ကြပါစေ။

စာမျက်နှာ-၁၁

၇။ ခုခံစွမ်းအား
လောကလူတွေရဲ့ စိတ်ဓာတ်အခြေအနေတွေက အဆင်ပြေနေရင်လည်း တစ်မျိုးတစ်မည်ပြောင်းတယ်၊ ပင်ကိုယ်စိတ်အခြေအနေဆိုတာလေးကို ထိန်းသိမ်းဖို့လိုတယ်။ လူ့ရဲ့စိတ်ဆိုတာ လျှပ်စစ်မီးလိုပဲ၊ မီးအားကျသွားရင် မီးကောင်းကောင်းမလင်းတော့ဘူး၊ မီးအားတွေမြင့်သွားပြန်ရင်လည်း ဖန်ချောင်းတွေ၊ မီးသီးတွေ ပေါက်ကွဲကုန်တယ်။

လူ့ရဲ့စိတ်ထဲမှာလည်း တစ်ခါတစ်ရံ စိတ်ဓာတ်ကျနေရင် ပုံမှန်မဖြစ်ဘူး၊ စိတ်ဓာတ်က သိပ်တက်သွားလို့ရှိရင်လည်း ပေါက်ကွဲသွားနိုင်ပြန်တယ်။ အဲဒီနှစ်ခုကို ညှိပြီးတော့နေဖို့ရန်အတွက် စိတ်ဓာတ်ခွန်အားတွေ၊ ခုခံအားတွေကို လေ့ကျင့်ယူကြရမယ်။

စာမျက်နှာ-၁၂

၈။ အခွင့်ကောင်းကို ရအောင်ယူ
အခွင့်ကောင်းဆိုတာ ကြုံတောင့်ကြုံခဲ အရာတစ်ခုပါ။ ကြုံမှန်းမသိကြဘဲ (သို့မဟုတ်) အခွင့်ကောင်းကို အသုံးမချဘဲ ဘဝတစ်ခုကို လက်လွတ်ဆုံးရှုံးသွားကြတာတွေ လူ့လောကမှာ အများကြီးပဲ။

အခွင့်ကောင်းကြုံနေတာကို သိလျက်သားနဲ့ အခြားကိစ္စဝိစ္စတွေနဲ့ မအားဘူးဆိုတာကို အကြောင်းပြပြီးတော့ ဘဝတစ်ခုပြီးဆုံးသွားကြတာ။

အခွင့်ကောင်းဆိုတာ အမြဲမရှိနိုင်ဘူး၊ ဘဝဆိုတာ ခဏလေးပဲ၊ ကိုယ့်မျက်စိအောက်မှာတင် ချမ်းသာပြီးတော့မှ ဆင်းရဲသွားတဲ့လူတွေလည်း အများကြီးရှိတယ်။

အဲဒီတော့ အချိန်ပိုင်းလေးအနေနဲ့ တိုတောင်းလှပါတယ်၊ ရရှိနေတဲ့အခွင့်ကောင်းကို မရယူနိုင်ဘူးဆိုရင် ဒီထက်အရေးကြီးတဲ့ အခွင့်ကောင်းတွေ၊ အကျိုးကျေးဇူးတွေ ဆုံးရှုံးနစ်နာသွားနိုင်တယ်။

စာမျက်နှာ-၁၃

၉။ ရှာဖွေခြင်းနှင့် ရရှိခြင်း
“မြင့်မြတ်သူတို့၏ ရှာဖွေခြင်းနဲ့ သာမန်ပုဂ္ဂိုလ်တို့၏ ရှာဖွေခြင်း” လို့ ရှာဖွေခြင်းနှစ်ရပ်ထဲမှာ တို့ရှာဖွေနေတဲ့နေ့စဉ်ရှာဖွေမှုတွေဟာ မြင့်မြတ်တဲ့ရှာဖွေမှုလား၊ မမြင့်မြတ်တဲ့ရှာဖွေမှုလားလို့ ဆင်ခြင်သုံးသပ်ကြည့်ဖို့လိုတယ်။

မမြင့်မြတ်တဲ့ရှာဖွေခြင်းဆိုတာ မိမိကိုယ်တိုင်က အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောရှိသူ ဖြစ်ပါလျက် အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောရှိတဲ့အရာတွေကိုသာ ရှာဖွေနေခြင်း၊ နောက်တစ်ခုက မိမိကိုယ်တိုင်က ပူပန်တတ်တဲ့သဘောရှိပြီး ပူပန်တတ်တဲ့သဘောရှိတာတွေကိုသာ ရှာဖွေနေခြင်းဟာ မမြင့်မြတ်တဲ့ရှာဖွေခြင်းပဲ။

ကမ္ဘာမှာ သန်း(၆၀၀၀)ကျော်ရှိတဲ့လူတွေကို ကြည့်လိုက်ရင် ဒီအထဲပဲ ရှာနေကြတာ၊ ရှာတာတွေမှန်သမျှ အများစုက ဒီအထဲချည်းပဲ။

မြင့်မြတ်တဲ့ရှာဖွေခြင်းဆိုတာ ကိုယ်တိုင်က အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောရှိလို့ ယင်းတရားတွေအပေါ်မှာ အပြစ်မြင်တယ်၊ အပြစ်မြင်လာပြီး အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းတဲ့ နိဗ္ဗာန်ကို ရှာတယ်။ နောက်တစ်ခုက ကိုယ်တိုင်က ကိလေသာတွေနဲ့ ပူပန်မှုသဘောရှိလို့ ကိလေသာပူပန်မှုတွေ လုံးဝကင်းစင်တဲ့ နိဗ္ဗာန်ကို ရှာတယ်၊ ဒီလိုရှာတာကမှ မြင့်မြတ်တဲ့ရှာဖွေခြင်း ဖြစ်တယ်။

စာမျက်နှာ-၁၄

၁၀။ အလုပ်ရှင်နှင့် အလုပ်သမား စိတ်ကောင်းထား
အလုပ်ရှင်နှင့် အလုပ်သမားဆိုရာ အလုပ်ရှင်ကလည်း အလုပ်သမားရှိမှ ရပ်တည်နိုင်သလို၊ အလုပ်သမားတွေကလည်း အလုပ်ရှင်ကိုအမှီပြုမှ ရပ်တည်နိုင်တယ်။ အပြန်အလှန်မှီခိုနေကြတယ်။

* အလုပ်ရှင်နှင့် အလုပ်သမား အပြန်အလှန် မေတ္တာနဲ့ကူးယှက်ထားမယ်၊ မေတ္တာနဲ့ပေါင်းစပ်ထားမယ်ဆိုရင် ဒီလုပ်ငန်းတစ်ခုထဲမှာ Problem ဆိုတာ ဘာမှမဖြစ်နိုင်ဘူး။ အလုပ်ရှင်ကလည်း အလုပ်သမားကို ကျေးဇူးတင်တယ်၊ အလုပ်သမားကလည်း အလုပ်ရှင်ကို ကျေးဇူးတင်တယ်။ ဒီလိုအပြန်အလှန်မေတ္တာ ရှိနေရင် ဒီမေတ္တာဓာတ်ရဲ့ အစွမ်းသတ္တိထက်မှုဟာ အောင်မြင်ကြီးပွါးလာနိုင်တယ်ပေါ့။

ဒီထဲကမှ ကိုယ့်လုပ်ဖေါ်ကိုင်ဖက်ဖြစ်စေ၊ တစ်ဦးတစ်ယောက် နိမ့်ကျသွားရင် “မကောင်းတဲ့အခြေအနေလေးတွေ ပြန်ကောင်းပါစေ”လို့ဆိုတဲ့ အခက်အခဲတွေက လွတ်မြောက်စေချင်တဲ့ အတွေးအခေါ်စိတ်ဓာတ်ရှိခြင်းဟာ “ကရုဏာ”လို့ခေါ်တယ်။ အောင်မြင်ကြီးပွါးသွားလို့ ဝမ်းသာနိုင်ရင် “မုဒိတာ”ဖြစ်တယ်ပေါ့၊ မေတ္တာကတော့ အားလုံးကိုခြုံထားတာ။ ဒါကြောင့် အလုပ်ရှင်နှင့် အလုပ်သမား အပြန်အလှန် မေတ္တာ၊ ကရုဏာ၊ မုဒိတာ ထားနိုင်ကြမယ်ဆိုရင် အောင်မြင်မှုတွေ ရရှိလာကြမှာပဲဖြစ်ပါတယ်။

စာမျက်နှာ-၁၅

၁၁။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ
လုပ်တာကတော့ ကုသိုလ်ရေးလုပ်ငန်းကို လုပ်တယ်၊ (သို့သော်) အကုသိုလ်တွေပါလာတဲ့အခါ ရလိုက်တဲ့ကုသိုလ်က တစ်ပဲသားလောက်ရပြီးတော့ ငရဲမှာဖြစ်စေတတ်တဲ့ အကုသိုလ်တွေကပဲ များနေတယ်။

လောကကြီးမှာ ကုသိုလ်လုပ်ပေမယ့်လို့ လုပ်တတ်မှ ကုသိုလ်ဖြစ်တယ်၊ မလုပ်တတ်ရင် အကုသိုလ်တွေဖြစ်တတ်တယ်။ ဒါကြောင့်မို့ မလုပ်ခင်မှာ ဒါဟာ ကုသိုလ်လား၊ အကုသိုလ်လားဆိုတာကို သိဖို့လိုအပ်တယ်။

လောကလူတွေက ဒါလုပ်ရင် ငရဲကြီးသလားလို့ပဲ မေးပြီး အကုသိုလ်ဖြစ်သလားလို့ မေးတဲ့သူ အလွန်နည်းတယ်။ ငရဲမကြီးဘူးဆိုရင် လုပ်ကောင်းလိမ့်မယ်ထင်နေတာ၊ ငရဲကြီးတယ်ဆိုတာ အပြစ်ကြီးတာကိုပြောတာ၊ အပြစ်ကြီးတာဆိုတော့ အကုသိုလ်ဖြစ်တာပဲပေါ့။

အကုသိုလ်ဖြစ်တိုင်းတော့ ငရဲကျတာ မဟုတ်ပါဘူး၊ ဘယ်အရာပဲဖြစ်ဖြစ် သူ့အတိုင်းအတာနဲ့သူရှိတယ်၊ လုပ်ဆောင်ချက်တိုင်းမှာ အကုသိုလ်ချင်းတူပေမယ့်လို့ အကျိုးပေးခြင်းမတူဘူး။ ဒီအကုသိုလ်ဟာ ဘယ်အထိအောင် အကျိုးပေးတယ်ဆိုတာ မြတ်စွာဘုရားမှ သိနိုင်တဲ့အရာဖြစ်ပါတယ်။

စာမျက်နှာ-၁၆

၁၂။ သာရဏီယတရား
“သာရဏီယတရား”ဆိုတာ ညီညွတ်ရေးကို များစွာအကျိုးပြုတဲ့တရားဖြစ်တယ်၊ အစဉ်ထာဝရ မှတ်ထားကြရမည့်တရား၊ အစဉ်အောက်မေ့ကြရမည့်တရား ဖြစ်တယ်။

ပိယကရဏ - တစ်ဦးနဲ့တစ်ဦး ချစ်ခင်မှုကို ဖြစ်စေတယ်။
ဂရုကရဏ - တစ်ဦးနဲ့တစ်ဦး လေးစားမှုကို ဖြစ်စေတယ်။
သင်္ဂဟာယ - စုစည်းထားဖို့အတွက်၊
အဝိဝါဒါယ - အငြင်းအခုံကင်းဖို့အတွက်၊
သာမဂ္ဂီယာ - ကိုယ်စိတ်ညီညွတ်ဖို့အတွက်၊
ဧကီဘာဝါယ - တစ်ခုတည်းဖြစ်ဖို့အတွက်၊
ဟောဒီတရားခြောက်မျိုးဟာ အကျိုးပြုပါလိမ့်မယ်လို့ မြတ်စွာဘုရားက ဟောထားတာ။

ကုသိုလ်ကောင်းမှုလုပ်ပြီး ဘာသာရေးအသင်းအဖွဲ့တွေ လုပ်တဲ့အခါမှာ ဒီသာရဏီယတရားကို မလိုက်နာဘဲ လုပ်မယ်ဆိုရင် အကုသိုလ်တွေ တိုးပွါးလာနိုင်တယ်။ ဘာကြောင့်လဲ၊ အငြင်းအခုံဖြစ်မှုကို အကြောင်းပြုသွားလို့ ဖြစ်ရတာ။

တစ်ဦးနဲ့တစ်ဦး မတည့်တာကို အကြောင်းပြုပြီးတော့ အကုသိုလ်တွေဖြစ်လာတယ်၊ ကုသိုလ်ရရမယ့်အစား အကုသိုလ်တွေပဲ တိုးပွါးလာနိုင်တယ်ပေါ့။ ဒါကြောင့် ဒီသာရဏီယတရားဟာ အစဉ်ထာဝရ လေးစားပြီး လိုက်နာကျင့်ကြံရမည့်တရားတွေ ဖြစ်တယ်ဆိုတာ မှတ်သားထားဖို့လိုအပ်ပါတယ်။

စာမျက်နှာ-၁၇

၁၃။ အလေးထား၍ စဉ်းစားဆင်ခြင်ကောင်းအောင်မြင်
၁။ ကိုယ့်ကိုယ်ကို အလေးထားပြီး ဆင်ခြင်ရမယ်။
၂။ ကိုယ့်ပတ်ဝန်းကျင် လောကကြီးကို အလေးထားပြီး ဆင်ခြင်ရမယ်။
၃။ တရားဓမ္မကို အလေးထားပြီး ဆင်ခြင်ရမယ်။

ဘယ်လိုစဉ်းစားဆင်ခြင်ရမလဲ။

၁။ အသိဉာဏ်ရှိတဲ့ လူ့ဘဝရလာခိုက် ကိုယ်ကျင့်သီလကောင်းအောင် ငါကြိုးစားမယ်၊ ဥပုသ်နေ့တိုင်း ရှစ်ပါးသီလဆောက်တည်မယ်၊ နေ့စဉ်နဲ့အမျှ ဒါနကောင်းမှုပြုနိုင်အောင် သတိထားကြိုးစားမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုအလေးထားကာ ကိုယ့်သန္တာန်မှာ အကုသိုလ်တရားတွေ ဖယ်ရှားဖို့၊ ကုသိုလ်တရားတွေ တိုးပွါးလာဖို့ ဆင်ခြင်စဉ်းစားအားထုတ်ရမယ်။

၂။ “လောကကြီးမှာ ငါတစ်ယောက်တည်းမဟုတ်ဘူး၊ လောကကြီးမှာ တန်ခိုးရှင်တွေရှိတယ်၊ ဖုံးကွယ်ထားတဲ့အရာတွေကို သူတို့က မြင်နိုင်စွမ်းရှိတယ်၊ သူတို့မြင်သွားရင် ငါလုပ်တဲ့အလုပ်တွေဟာ အရှက်ကွဲစရာဖြစ်လိမ့်မယ်”ဆိုပြီး ကိုယ့်ရဲ့ပတ်ဝန်းကျင်လောကကို အလေးထားပြီး ဆင်ခြင်သုံးသပ်ကာ အကုသိုလ်ကိုရှောင်ရမယ်၊ ကုသိုလ်ကိုသာ လုပ်ရမယ်။

၃။ ကိုယ်ကျင့်တရားတွေအပေါ်မှာ အလေးထားတယ်။ “တရားဓမ္မတွေဟာ ကျင့်ရင် ကျန်တဲ့အတိုင်း ဖြစ်နိုင်စွမ်းရှိတယ်”ဆိုတဲ့ ဓမ္မစွမ်းရည်အပေါ်မှာ အလေးထားပြီး အကုသိုလ်တွေ ဖယ်ရှားကာ ကုသိုလ်တွေ တိုးပွါးအောင် ကြိုးစားကြရမယ်။

စာမျက်နှာ-၁၈

၁၄။ နှစ်ဦးမေတ္တာ
လူတိုင်းမှာ တစ်နှစ်တာကာလပတ်လုံး ပြောသမျှ ဆိုသမျှ စိတ်ကူးသမျှတွေဟာ မေတ္တာနဲ့ လုပ်ဆောင်သွားကြမယ်ဆိုရင် အားလုံးအတွက် အကျိုးဖြစ်ထွန်းမယ်ဆိုတာ သေချာပါတယ်။

လူတိုင်းရဲ့နှလုံးသားမှာ မေတ္တာတရား ကိန်းဝပ်နေအောင် ကြိုးစားရမယ်။

မေတ္တာဆိုတဲ့တရားဟာ လူတွေရဲ့ နှလုံးသားမှာ အခြေခံအားဖြင့် ပါရှိနေသော်လည်း တိုးတက်လာအောင် မလုပ်ဘူးဆိုရင် မေတ္တာအကျိုးဟာ သက်ရောက်မှာ မဟုတ်ပါဘူး။

မေတ္တာတရားနဲ့ ဆက်ဆံခြင်းဟာ လူမျိုးမရွေး ဘာသာမရွေးအတွက် အဆင်ပြေချောမွေ့စေတယ်၊ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် မေတ္တာနဲ့ဆက်ဆံနေရင် ကိုယ့်ရဲ့ရင်ထဲ နှလုံးသားထဲမှာ အပြစ်ကင်းပြီး အကုသိုလ်မဖြစ်တော့ဘူးပေါ့။

စာမျက်နှာ-၁၉

၁၅။ ဓမ္မကို အဖေါ်ပြုမှ ထာဝရချမ်းသာမည်
လောကလူ့သဘာဝကိုက အဖေါ်မဲ့မနေတတ်ဘူး၊ အဖေါ်နဲ့နေတတ်တယ်၊ “ပုဂ္ဂလ”လို့ခေါ်တဲ့ အဖေါ်က ဘဝအတွက် အထောက်အကူ အများကြီးမပေးနိုင်ဘူး၊ “ဓမ္မ”ဆိုတဲ့ တရားကို အဖေါ်ပြုမှ ထာဝရချမ်းသာမှုကို ရနိုင်တယ်။

ဓမ္မကို အဖေါ်ပြုတယ်ဆိုရာမှာ သေခါနီးကာလ နောက်ဆုံးအချိန်ကျမှ အဖေါ်ပြုလို့ကတော့ ကိုယ့်သန္တာန်မှာ ဓမ္မဟာ ရောက်ရှိလာမှာ မဟုတ်ဘူး၊ ဓမ္မဆိုတာ လူတိုင်းအတွက် အသုံးဝင်တာ မှန်သော်လည်း လွယ်လွယ်ကူကူနဲ့ ရင်ထဲနှလုံးထဲ ရောက်လာတာ မဟုတ်ပါဘူး၊ အချိန်ယူပြီး ကြိုးစားအားထုတ်မှုတွေ လုပ်ထားကြရတယ်၊ အဲဒီလိုမှ လုပ်မထားရင် နောက်ဆုံးအချိန်မှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်သွားရတတ်တယ်။

လောကမှာ ဓမ္မကို အဖေါ်မပြုတဲ့ပုဂ္ဂိုလ်တွေဟာ ဝမ်းနည်းခြင်း ကြေကွဲခြင်းနဲ့ပဲ အဆုံးသတ်သွားရတယ်၊ လူဆိုတာ မျှော်လင့်ချက်လေးတွေ ရှိတယ်။

နောက်ဆုံး ဝင်သက်ကလေးနဲ့ ထွက်သက်ကလေး မရောက်ခင် ကိုယ်လုပ်ရမယ့်ဓမ္မကို အခုကတည်းက အဖေါ်ပြုနိုင်အောင် ကြိုးစားအားထုတ်မယ်ဆိုရင် နောက်ကျတယ်လို့ မပြောနိုင်ပါဘူး။

စာမျက်နှာ-၂၀

၁၆။ ဘဝအရေး စိတ်အေးရလေအောင်
လူတိုင်းလူတိုင်းဟာ ဘဝရထားလို့ ဘဝအရေးမှာ စိတ်အေးကြရပြီလား? ဘဝအရေး စိတ်အေးဖို့ ဘာတွေလိုအပ်သလဲ? ဗုဒ္ဓမြတ်စွာက လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅၀၀) ကျော်က ဟောကြားထားတဲ့ တရားဓမ္မတွေ ရှိတယ်၊ ဘဝတစ်ခုရထားတဲ့ပုဂ္ဂိုလ်တွေ ဘဝအရေး စိတ်အေးဖို့ ဘာလုပ်ရမလဲဆိုတာ မှန်ကန်တဲ့နည်းလမ်းကို ချမှတ်ပြီးတော့ ဟောပြောထားတာ ရှိတယ်။

စီးပွါးဥစ္စာတွေ လိုလေသေးမရှိအောင် ပြည့်စုံတဲ့ဘဝတစ်ခု ရရှိထားပြီဆိုရင် လူတွေက ပြောကြတယ် “ဘဝအရေးတော့ စိတ်အေးရပြီ”တဲ့၊ တကယ်ကော စိတ်အေးရတာ ဟုတ်ရဲ့လား။

ဘဝအရေးအတွက် စိတ်အေးရအောင် လိုအပ်တဲ့အချက်တွေကတော့ ၁။ မှန်တာကိုပြောဖို့ လိုတယ်၊ ၂။ ကိုယ့်ဘဝ ကိုယ့်အကြောင်း အကောင်းအဆိုး အကြောင်းအကျိုးသိတဲ့ပညာ လိုတယ်၊ ၃။ ကြိုးပမ်းအားထုတ်မှု လုံ့လဝီရိယ လိုတယ်၊ ၄။ စာဂဆိုတဲ့ ကိုယ်တစ်ယောက်ထဲမသုံးစွဲဘဲနဲ့ ကိုယ့်ရှိတဲ့ပစ္စည်းကို မျှဝေသုံးစွဲတတ်တဲ့ စွန့်ကြဲမှုဆိုတာ လိုတယ်၊ အဲဒီလေးမျိုးနဲ့ ပြည့်စုံရင် နောက်ဘဝအရေး စိတ်အေးရပါတယ်တဲ့။

စာမျက်နှာ-၂၁

၁၇။ အစွမ်းတန်ခိုးများနှင့် သာသနာ
“ဣဒ္ဓိ”ခေါ်တဲ့ အစွမ်းတန်ခိုးတွေပြပြီး စည်းရုံးတာမျိုးတို့၊ “အာဒေသနာ”ခေါ်တဲ့ လူတစ်ယောက်ရဲ့စိတ်ကို ရည်ညွန်းပြောဆိုတဲ့ အတတ်ဟောတာမျိုးတွေ ဟောပြီးတော့ စည်းရုံးတာမျိုးတို့ဟာ တကယ်မအောင်မြင်နိုင်ပါဘူး။

“အနုသာသနီ”လို့ခေါ်တဲ့ တကယ့်အစစ်အမှန် ဆုံးမဩဝါဒပေးခြင်း၊ တကယ့်တရားဓမ္မ သင်ပြပေးခြင်းကသာလျှင် စစ်မှန်တဲ့ သာသနာပြုစည်းရုံးတာ ဖြစ်ပါတယ်။

ဝိဇ္ဇာအတတ်တွေတတ်ပေမယ့် ကိုယ့်စိတ်လေးကို ဖြူစင်အောင်မထားနိုင်ရင် လောဘ, ဒေါသ, မောဟတွေ ဖြစ်နေမှာပဲ၊ အဲဒါနဲ့သေရင် သံသရာထဲမှာ လည်ဦးမယ်၊ ဒုက္ခသုက္ခတွေ ရောက်ဦးမယ်၊ မန္တာန်တန်ခိုး အစွမ်းတန်ခိုးတွေမှီပြီး မဟုတ်တာလုပ်ရင် ငရဲကျဦးမယ်။

ဂန္ဓာရီဝိဇ္ဇာဆိုတဲ့ အတတ်ပညာတွေက တကယ်ရှိပါတယ်၊ သို့သော် မယုံကြည်တဲ့သူက လောကီအတတ်ပညာ မျက်လှည့်အတတ်ပညာတွေပါဆိုပြီး ဘယ်လိုပဲ စည်းရုံးစည်းရုံး စည်းရုံးလို့ရမှာ မဟုတ်ပါဘူး။

ဒါကြောင့် “ဣဒ္ဓိ”ဆိုတဲ့ အစွမ်းတန်ခိုးပြုပြီးတော့ သာသနာပြုတာဟာ မှန်ကန်တဲ့နည်းလမ်း မဟုတ်လို့ မြတ်စွာဘုရားကလည်း ခွင့်ပြုမထားခဲ့ပါဘူး။

စာမျက်နှာ-၂၂

၁၈။ လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား
ကောင်းတဲ့ လောကဓံနဲ့ကြုံရင် လောဘဖြစ်တယ်၊ လောဘဖြစ်ရင် စိတ်မငြိမ်မသက်ဖြစ်မယ်၊ မကောင်းတဲ့ လောကဓံနဲ့ကြုံရင် ဒေါသဖြစ်မယ်၊ ဒေါသဖြစ်ရင် စိတ်မငြိမ်မသက် ဖြစ်မယ်။

အဲဒီတော့ လောဘ, ဒေါသ ဝင်လာတာနဲ့တစ်ပြိုင်နက် စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ မရှိတော့ဘူး၊ လောဘက အရောင်ဆိုးလိုက်၊ ဒေါသက အရောင်ဆိုးလိုက်နဲ့ လောကဓံတရားတွေအပေါ်မှာ လောဘနဲ့ဒေါသ လိုက်လျောလိုက် ဆန့်ကျင်လိုက်နဲ့ မည်သူပဲဖြစ်ဖြစ် လောကဓံရဲ့ဒဏ်ကို ခံနေရတယ်။

လောကဓံဆိုတာကတော့ ရှောင်ကွင်းလို့မရနိုင်ဘူး၊ လောကဓံကြောင့် စိတ်ဓာတ်တွေ ကြံ့ခိုင်ခြင်းမရှိဘဲ တုန်လှုပ်နေတဲ့ပုဂ္ဂိုလ်ဟာ ဘာဖြစ်နိုင်တုန်းဆိုရင် အဆိုးလောကဓံတွေကို ဆန့်ကျင်ပြီး အကောင်းလောကဓံတွေနဲ့ ကျေနပ်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ပဋိသန္ဓေနေခြင်းကလည်း မလွတ်နိုင်ဘူး၊ အိုခြင်း, နာခြင်း, သေခြင်းကလည်း မလွတ်နိုင်ဘူး၊ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿဆိုတဲ့ ဘဝမှာ ကြုံတွေ့ရမယ့် အဆိုးတရားတွေကို မလွန်မြောက်နိုင်ဘူး၊ ကုန်ကုန်ပြောရလို့ရှိရင် ဒုက္ခကလွတ်လမ်းမရှိဘူးလို့ ဒီလိုဆိုလိုတယ်။

စာမျက်နှာ-၂၃

၁၉။ အထင်မှား အမြင်မှား
ကုသိုလ်ကံက အကျိုးပေးလိုက်လို့ တစ်ခဏတာ အချိန်ပိုင်းလေးမှာ လူဖြစ်လာကြတယ်၊ များသောအားဖြင့် လူတွေဟာ “တို့ဘာကြောင့် လူဖြစ်လာရသလဲ”ဆိုတာကို မစဉ်းစားကြဘူး၊ စဉ်းစားတဲ့အခါမှာလည်း ဉာဏ်မမီဘူး၊ ဉာဏ်မမီသည့်အတွက် ဘာကြောင့် လူဖြစ်လာရတယ်ဆိုတဲ့ အကြောင်းတရားကိုတွေ့အောင် မရှာနိုင်ဘူး၊ မရှာနိုင်သည့်အတွက် အကြောင်းအမျိုးမျိုးကို ထင်ကြေးပေးကြတယ်၊ တကယ့်စစ်မှန်တဲ့ အကြောင်းတရားကို လုပ်ဆောင်ဖို့ရာ မသိဘဲဖြစ်ကြရတယ်။ အထင်မှား အမြင်မှား ဆိုရာမှာ ထင်မှားမှု ၃-မျိုးရှိတယ်။

၁။ တဏှာမညနာ - တဏှာနဲ့ အထင်မှားမှု၊ ၂။ မာနမညနာ - ကိုယ့်ရဲ့အရည်အချင်းအပေါ် မာန်တက်တဲ့မာနနဲ့ အထင်မှားမှု၊ ၃။ ဒိဋ္ဌိမညနာ - အယူအဆနဲ့ပတ်သက်ပြီး အထင်မှားမှုဆိုပြီး ၃-မျိုးရှိတယ်။

အဲဒီလို အထင်အမြင်မှားသည့်အတွက်ကြောင့် လုပ်သင့်တာ မလုပ်သင့်တာကို မသိဘူး၊ လုပ်ချင်တာတွေပဲလုပ်တဲ့အခါ အကောင်းလည်း လုပ်မိတယ်၊ အဆိုးလည်း လုပ်မိတယ်၊ အကောင်းလုပ်တဲ့အခါ ကုသိုလ်ဖြစ်ပြီး အဆိုးလုပ်မိတဲ့အခါ အကုသိုလ်တွေ ဖြစ်တတ်တယ်။

စာမျက်နှာ-၂၄

၂၀။ အကာကိုပစ်၍ အနှစ်ကိုရှာ
အနှစ်သာရလို့ပြောစရာ ခန္ဓာကိုယ်ကြီးမှာတစ်ခုမှမရှိဘူး၊ နာမ်ထဲမှာလည်း ဖြစ်တာမြန်လို့ အနှစ်သာရဆိုတာ ဘာမှမရှိဘူး၊ သို့သော် နာမ်တရားကိုမှီပြီးဖြစ်တဲ့ အနှစ်သာရလေးကို ရအောင်ယူနိုင်မယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲက အနှစ်ကို ထုတ်ယူလို့ရနိုင်သေးတယ်။ အနှစ်နဲ့အကာကို ခွဲခြားပြီးသိမယ်ဆိုလို့ရှိရင် အကာအတွက် အချိန်များများ မပေးတော့ဘူး၊ အနှစ်သာရရဖို့အတွက် အချိန်များများ ပေးလိမ့်မယ်။

ဘဝမှာ ရနိုင်တဲ့အနှစ်တွေက ဘာတွေလဲဆိုရင် “သဒ္ဓါ”ဆိုတဲ့ အနှစ်၊ “သီလ”ဆိုတဲ့ အနှစ်၊ “သုတ”ဆိုတဲ့ ဘုရားဟောထားတဲ့ တရားဒေသနာနာကြားမှုအနှစ်၊ “စာဂ”လို့ဆိုတဲ့ စွန့်လွှတ်မှု လှူဒါန်းပေးကမ်းနိုင်မှုအနှစ်၊ “ပညာ”လို့ဆိုတဲ့ အနှစ်၊ နာမ်တရားထဲမှာ ဒီအနှစ်သာရတွေ ရှိပြီးတော့နေတယ်၊ သို့သော် အနှစ်ကို ထုတ်မယူတတ်လို့ရှိရင် အကာပဲရသွားနိုင်ပါတယ်။

လူတွေ အထင်ကြီးနေကြတာက အကာတွေပါ၊ လောကမှာ လူအများက ပစ္စည်းဥစ္စာ ရာထူးအာဏာ ပါဝါတွေအပေါ်မှာ အထင်ကြီးကြတယ်၊ စည်းစိမ်ဥစ္စာ ရာထူးအာဏာတွေဆိုတာ တစ်ခဏပဲ၊ အကန့်အသတ်တွေနဲ့ချည်းပဲ၊ ခိုင်မြဲတာမရှိဘူး၊ အဲဒါတွေအပေါ်မှာ လူတွေက နေ့စဉ်နဲ့အမျှ ရှာဖွေပြီး တပ်မက်နေကြတာ၊ သဒ္ဓါတရားပျက်သွားလို့ ကိုယ်ကျင့်တရားပျက်သွားလို့ဆိုတာမျိုးကို စိုးရိမ်သောကရောက်ရမှာမှန်း မသိကြဘူး၊ တကယ်စိုးရိမ်သင့်တာကတော့ ကိုယ်ကျင့်တရားပျက်ခြင်း အသိအမြင်ပျက်ခြင်းသည်သာ တကယ်စိုးရိမ်စရာကောင်းတဲ့အရာပါ။

စာမျက်နှာ-၂၅

၂၁။ အားပေးစကား
လူတိုင်းလူတိုင်း မွေးလာတဲ့အချိန်ကနေစပြီး တစ်နေ့တစ်နေ့ ဘယ်ကိုသွားနေတာတုန်းဆိုရင် အိုခြင်း, နာခြင်း, သေခြင်းဆီ သွားနေတာ၊ ဒါကြောက်စရာစကား မဟုတ်ဘူး၊ တချို့က သေစကားပြောရင် မင်္ဂလာမရှိဘူး၊ နိမိတ်မရှိဘူး ဒီလိုထင်တယ်၊ မသေမှာကျနေတာပဲနော်။

လူတွေဟာ အနေတတ်ဖို့လိုသလို အသေတတ်ဖို့လည်း လိုသေးတယ်၊ ဒါကြောင့် မြတ်ဗုဒ္ဓက “နေမကောင်းထိုင်မသာဖြစ်ပြီးတော့ ရောဂါဝေဒနာ ခံစားနေရတဲ့ ပညာရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို ပညာရှိတဲ့မိတ်ဆွေတစ်ယောက်က အားပေးစကားပြောသင့်တယ်”လို့ ဟောထားတယ်၊ ဒါဟာ အကျိုးတရားရှိလို့ ဟောတာပါ။ တစ်ချို့ကတော့ ဘုန်းကြီးတွေပင့်ပြီး ပရိတ်ရွတ်ကြတယ်၊ လူတွေက မျိုးစုံလုပ်ကြတယ်၊ မြတ်စွာဘုရားကတော့ အားပေးစကားပြောရမယ်တဲ့။

ဒီနေရာမှာ သတိထားဖို့ရာက အားပေးစကားပြောတဲ့သူကလည်း ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်၊ အပြောခံရတဲ့သူကလည်း ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်၊ လူမိုက်ကိုသွားပြီး အားပေးစကားပြောလို့မရဘူး၊ ဒါကိုသိထားဖို့ လိုအပ်တယ်။

စာမျက်နှာ-၂၆

၂၂။ ကုသိုလ်ဖြစ်အောင် သတိဆောင်
များသောအားဖြင့် လူတွေက အသက်ရှည်ဖို့အတွက် လိုအပ်တယ်ဆိုတာ သိကြတယ်၊ အထောက်အကူအကြောင်းတွေကို သိကြတယ်၊ အသက်ရှည်ဖို့အတွက် ဆေးကောင်းဝါးကောင်း လိုအပ်တယ်၊ အစာအာဟာရကောင်းကောင်း စားရမယ်၊ ရာသီဥတုကောင်းတဲ့နေရာမှာ နေရမယ်ဆိုတာတွေက လူတိုင်းသိတဲ့အရာပဲဖြစ်တယ်။

လူတွေမသိတဲ့အရာကို မြတ်စွာဘုရားက ဟောတာ၊ “အသက်ရှည်မှုကို လိုလားတောင့်တမယ်ဆိုရင် ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းဆိုတဲ့ “အပ္ပမာဒတရားကို ပညာရှိများက ချီးမွမ်းကြတယ်”တဲ့၊ အပ္ပမာဒကို ဘာသာပြန်တော့ မမေ့မလျော့ခြင်း၊ ကုသိုလ်ကောင်းမှုပြုဖို့ အမှတ်ရတဲ့သတိကို ပြောတာပေါ့။

အဲဒီအပ္ပမာဒတရားဟာ အလွန်အရေးကြီးလို့ မြတ်စွာဘုရားက နောက်ဆုံး ပရိနိဗ္ဗာန်စံခါနီးမှာ “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” - အပ္ပမာဒတရားနဲ့ ချစ်သားတို့ရဲ့သန္တာန်မှာ ကုသိုလ်တရားတွေ ပြည့်စုံအောင်လုပ်ကြ၊ အပ္ပမာဒရှိပြီးတော့ ကိုယ်ကျင့်ရမယ့် သီလ, သမာဓိ, ပညာတွေ မမေ့ကြနဲ့၊ ကိုယ်လုပ်ရမယ့် ကုသိုလ်တရားတွေလုပ်ကြ၊ ယစ်မူးမေ့လျော့ပြီး မနေကြနဲ့လို့ မှာထားခဲ့ခြင်း ဖြစ်ပါတယ်။

စာမျက်နှာ-၂၇

၂၃။ သူ့အမြင် ကိုယ့်အမြင် ဓမ္မအမြင်
သူ့အမြင် ကိုယ့်အမြင်ဆိုတာ လွဲမှားတာတွေ အများကြီးရှိတယ်၊ ဟုတ်ချင်လည်းဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး၊ ဓမ္မအမြင်ကျတော့ အလွဲအမှားမရှိဘူး၊ မှန်ကန်တဲ့အမြင် ဖြစ်တယ်။

ဓမ္မအမြင် တရားအမြင်ဆိုတာ “သဗ္ဗေသင်္ခါရာ အနိစ္စာ” ပဲ၊ အကြောင်းတရားကြောင့်ဖြစ်လာတဲ့ တရားမှန်သမျှ အနိစ္စ၊ အနိစ္စမှန်လို့ရှိရင် ဒုက္ခ၊ အဲဒီဒုက္ခဆိုတဲ့တရားကို “ငါ”လို့လည်း မမြင်ဘူး၊ “ငါ့ဟာ”လို့လည်း မမြင်ဘူး၊ “ငါ့ရဲ့အတ္တ”လို့လည်း မမြင်ဘူးဆိုရင် ဒါမှန်ကန်တဲ့အမြင်ပဲ။

ဒါတင်မကဘူး၊ အဲဒီဒုက္ခဟာ ဘယ်မှာအဆုံးသတ်တုန်းဆို နိဗ္ဗာန်မှာ အဆုံးသတ်တယ်၊ ဒီအမြင်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ မှန်ကန်တဲ့ “ဓမ္မအမြင်”သာ ဖြစ်ပါတယ်။

စာမျက်နှာ-၂၈

၂၄။ မြတ်သောဥစ္စာ စုဆောင်းပါ
ပကတိဥစ္စာလို့ခေါ်တဲ့ လောကလူသားတွေ ရှာဖွေနေကြတဲ့ ပစ္စည်းဥစ္စာတွေက အဖျက်အမျိုးမျိုးနဲ့လည်း ဆက်နွှယ်နေတယ်၊ ရေ, မီး, မင်း, သူခိုး, မချစ်မနှစ်သက်အပ်တဲ့ သားဆိုးသမီးဆိုးတွေကြောင့်လည်း ထိုပစ္စည်းတွေဟာ ဆုံးရှုံးပျက်စီးရတယ်။ ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ရှာထားရှာထား ထိုပစ္စည်းတွေဟာ တစ်နည်းနည်းနဲ့ ကုန်ဆုံးသွားမှာဖြစ်သည့်အတွက်ကြောင့် ခိုင်မာမှုဆိုတာ အလွန်နည်းတယ်လို့ ဆိုရမယ်။

မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ မြတ်သောဥစ္စာဆိုတာက ဘာတွေလဲဆိုရင် သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့ သူ့ရဲ့အရည်အချင်းတွေပဲဖြစ်တယ်။

ပကတိဥစ္စာနဲ့ မြတ်သောဥစ္စာဟာ တန်ဖိုးချင်း အလွန်ကွာခြားတယ်၊ ကားကြီးနဲ့ လေးငါးစီးတိုက်ထားတဲ့ လမ်းဘေးက ကျောက်တွေရဲ့ စုစုပေါင်းတန်ဖိုးဟာ စိန်ကလေးတစ်ပွင့်ရဲ့ တန်ဖိုးနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အလွန်ကွာခြားနေသလိုပဲ။ ပကတိဥစ္စာတွေနဲ့ မိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာဖြစ်တဲ့ သူတော်ကောင်းဥစ္စာ ၇-ဖြာဆိုတဲ့ မြတ်သောဥစ္စာဟာ အလွန်ကွာခြားတယ်၊ ဒါကြောင့် မြတ်စွာဘုရားက “မြတ်သောဥစ္စာ စုဆောင်းပါ”လို့ ပြောတာနော်။

စာမျက်နှာ-၂၉

၂၅။ ရောဂါကုစား စိတ်စွမ်းအား
စိတ်စွမ်းအားက ရောဂါကို ကုစားပေးနိုင်တယ်၊ ဒီကနေ့ခေတ်ပညာကလည်း ဒါကိုလက်ခံထားတယ်၊ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေထဲမှာလည်း တရားဓမ္မကို နာယူခြင်းဖြင့် စိတ်ဓာတ်အေးငြိမ်းပြီး ရောဂါပျောက်သွားတဲ့ မှတ်တမ်းတွေရှိတယ်။

ရောဂါနဲ့ပတ်သက်လာရင် စိတ်ရောဂါတင်မကဘူး၊ ရုပ်ခန္ဓာကိုယ်ပေါ်မှာဖြစ်တဲ့ ရောဂါကိုပင်လျှင် စိတ်စွမ်းအားနဲ့ ကုစားကြတာတွေရှိတယ်။

ဗုဒ္ဓဘာသာနိုင်ငံတွေမှာ နေမကောင်းတဲ့အခါ သံဃာတော်တွေကို ပင့်ပြီး ဗောဇ္ဈင်္ဂသုတ်တို့ ပရိတ်တို့နာကြတယ်၊ [?] မဟုတ်ပေမယ့်လို့ ဗောဇ္ဈင်သုတ်နာကြားရလို့ ရောဂါပျောက်သွားတယ်ဆိုတာ Psychotherapy ပဲ။ စိတ်ဓာတ်ရေးရာကို ပြုပြင်ပေးလိုက်သည့်အတွက် ရောဂါဝေဒနာဟာ ပျောက်ကင်းသက်သာသွားတဲ့ အခြေအနေတစ်ရပ်ပါ။

စာမျက်နှာ-၃၀

၂၆။ ဘာသာတရားကို လိုက်နာကျင့်သုံးခြင်း၏ ရည်ရွယ်ချက်
“ဗြဟ္မစရိယ” ဆိုတဲ့အသုံးကို ဒီခေတ်နားလည်လွယ်အောင် “ဘာသာတရားလိုက်နာကျင့်သုံးခြင်း”လို့ ပြင်ဆင်သုံးလိုက်တယ်၊ ဘာသာတရားကို လိုက်နာကျင့်သုံးခြင်းဟာ အခြေအနေတွေ ကံတရားတွေကို ပြောင်းပစ်ဖို့မဟုတ်ဘူး၊ ဒီကနေ့ခေတ်ပုဂ္ဂိုလ်တွေဟာ အခြေအနေတစ်ခု ပြောင်းပစ်ဖို့ လုပ်နေကြတယ်။

ဘာအတွက် လိုက်နာကျင့်သုံးတာလဲဆိုရင် သံသရာမှာ ဘယ်တုန်းကမှ မသိခဲ့ဘူးတဲ့၊ မမြင်ခဲ့ဘူးတဲ့၊ ဘယ်တုန်းကမှ ကိုယ့်ရဲ့စိတ်ထဲ နှလုံးထဲရောက်မလာခဲ့ဘူးတဲ့၊ မျက်မှောက်မပြုခဲ့ဘူးတဲ့၊ ဘယ်တုန်းကမှ ကိုယ့်အသိစိတ်ထဲမှာ ပေါ်မလာခဲ့ဘူးတဲ့ အကြောင်းအရာတစ်ခုကို သိဖို့၊ မြင်ဖို့၊ ရောက်ရှိလာဖို့၊ မျက်မှောက်ပြုနိုင်ဖို့၊ ထိုးထွင်းသိနိုင်ဖို့ ဘာသာတရားဆိုတာ ကျင့်သုံးရတာပါတဲ့။ ဆိုလိုတာက မသိတာတွေသိဖို့ ဘာသာတရားကျင့်သုံးတယ်လို့ ဒီလိုပြောတာ။

ဒါဖြင့် ဘယ်တုန်းကမှ မမြင်ခဲ့သေးတာတွေ၊ မရခဲ့သေးတာတွေဆိုတာ ဘာတွေလဲဆိုတော့ “သစ္စာ ၄-ပါး”ပဲ၊ သစ္စာ ၄-ပါးမသိလို့ ဘုန်းကြီးတို့တစ်တွေဟာ သံသရာလည်နေကြတာ၊ သစ္စာ ၄-ပါးတရားကို သိသွားတာနဲ့တစ်ပြိုင်နက် သံသရာလည်ခြင်းအကြောင်းတွေ အကုန်ဖယ်ရှားသွားနိုင်ပြီတဲ့။

စာမျက်နှာ-၃၁

၂၇။ ဘဝ၏ ဝန်ထုပ်ဝန်ပိုးများ
ခန္ဓာငါးပါးရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာ ဝန်ထုပ်ဝန်ပိုးကြီးကို ရင်ဝယ်ပိုက်ထားတာနဲ့ အတူတူပဲတဲ့။

မသေခင် ဘဝခရီးလျှောက်နေတဲ့ပုဂ္ဂိုလ်တွေမှာ အန္တရာယ်တွေ အများကြီးပဲ၊ အိုခြင်း, နာခြင်းဆိုတဲ့ အန္တရာယ်လည်းတွေ့မယ်၊ နောက်ဆုံးမှာ သေခြင်းဆိုတာနဲ့လည်း ရင်ဆိုင်ပြီး ဘဝတစ်ခုအဆုံးသတ်သွားမယ်၊ အကောင်းဆိုတာ ရှိရဲ့လား၊ မရှိပါဘူး၊ မအို, မနာ, မသေခင်လေး ပျော်စရာတွေ့ကောင်းတွေ့မယ်၊ တစ်ခဏလေးတွေ့ရတဲ့ အပျော်လေးမှာ လူတွေက ထာဝရကြီးလို့ ထင်နေကြတာ၊ မေ့နေကြတာ၊ ရှေ့မျှော်ကြည့်လိုက် အန္တရာယ်ကြီး၊ နောက်ပြန်ကြည့်လိုက် အန္တရာယ်ကြီး၊ ကြုံလာမယ့်စခန်းတွေက အန္တရာယ်တွေနဲ့ချည်းပဲနော်။

ဒါဖြင့် ဒီခန္ဓာငါးပါးဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ဘယ်သူကယူတာလဲ၊ လက်သည်ကိုရှာကြည့်လိုက်လို့ရှိရင် “တဏှာ”ပဲ၊ ဒီတဏှာက ဝန်ထုပ်ဝန်ပိုးကြီးကို ယူလာတာ။

တဏှာက တွယ်တာတယ်၊ တွယ်တာသည့်အတွက် ဘဝကိုရနေတော့ ဒီဘဝက ကိုယ့်ကိုဒုက္ခပြန်ပေးနေတာပေါ့။

စာမျက်နှာ-၃၂

၂၈။ ကုသိုလ်ဖြစ်ပွါး နှလုံးသွင်းတရား
လူ့ဘဝရလာလို့ရှိရင် နံပါတ်တစ်အရေးကြီးဆုံးလို့ ပြောရမယ့်အရာက ကုသိုလ်ရအောင် စိတ်ကိုပြုပြင်တတ်ဖို့ ဒါဟာ အရေးကြီးဆုံးပဲ၊ စိတ်ထားမတတ်လို့ရှိရင် ကုသိုလ်မဖြစ်ဘူး၊ စိတ်ထားတတ်မှ ကုသိုလ်ဆိုတာ ဖြစ်တယ်။

ကုသိုလ်ဖြစ်အောင် ဘယ်လိုနှလုံးသွင်းရမှာတုန်း? မျက်စိကမြင်လိုက်တဲ့ အာရုံလေးတစ်ခုဟာ လောဘဖြစ်စရာဆိုရင် ကိုယ့်မှာ ဆင်ခြင်တုံတရားရှိရမယ်၊ သူများပိုင်တဲ့ပစ္စည်းဆိုရင် “သူများပိုင်တဲ့ပစ္စည်းနဲ့ပတ်သက်ပြီး ငါလောဘဖြစ်လို့ မကောင်းဘူး၊ ငါ့မှာ လောဘမဖြစ်စေရဘူး”လို့ ဒီအတွေးမျိုးတွေးလိုက်တာနဲ့ လောဘငြိမ်းပြီး ကုသိုလ်ဖြစ်သွားတယ်၊ ဒါဟာ “ယောနိသောမနသိကာရ”ပဲ။

မုန်းစရာလူတစ်ယောက်ကိုတွေ့လိုက်ရင်လည်း “အေး ငါမုန်းလို့ သူ့မှာ ဘာမှဖြစ်မှာ မဟုတ်ဘူး၊ ငါ့မှာသာ ငါ့ရဲ့နှလုံးသားမှာ ညစ်နွမ်းသွားမယ်၊ ငါ့မှာပဲ အကုသိုလ်ဖြစ်တယ်၊ မုန်းနေခြင်းဟာ အကျိုးမရှိဘူး”လို့ နှလုံးသွင်းလိုက်လို့ရှိရင်လည်း ဒါဟာ “ယောနိသောမနသိကာရ”ပဲ။

ယောနိသောမနသိကာရဆိုတာ သင့်တင့်မျှတစွာ တွေးတောဆင်ခြင်ပြီး ကုသိုလ်ဖြစ်ဖို့ ဦးလှည့်ပေးတာ ဖြစ်တယ်။

စာမျက်နှာ-၃၃

၂၉။ အတ္တာ ဟိ အတ္တနော နာထော
“အတ္တာ ဟိ အတ္တနော နာထော” ဆိုတာ “မိမိသာလျှင် မိမိ၏ကိုးကွယ်ရာ ဖြစ်တယ်”လို့ အဓိပ္ပါယ်ရတယ်။

လောကလူတွေက ဒီအတိုင်း မိမိသာလျှင် ကိုးကွယ်ရာ လို့ ဒီလိုသတ်မှတ်ကြသလားဆိုတော့ မဟုတ်ဘူး၊ မိမိမှတစ်ပါး အားကိုးတစ်ခုရှာပြီး ထားကြတယ်၊ ဘယ်သူ့ကို အားကိုးကြသလဲ?။

မိဘ သားသမီး ဆွေမျိုးသားချင်း မိတ်ဆွေသင်္ဂဟ ကိုယ်နဲ့ ခင်ရာမင်ရာပုဂ္ဂိုလ်တွေကို အားကိုးကြတယ်။ ပုဂ္ဂိုလ်ဆိုတာ တကယ်အားကိုးအားထားပြုရာ မဟုတ်ပါဘူး၊ ထာဝရ အားကိုးရာဟာ ကိုယ့်ကိုယ်ကိုသာ ဖြစ်တယ်လို့ မြတ်စွာဘုရားက ထိုထိုသုတ္တန်တွေမှာ ဟောကြားထားတာပဲ။

“အတ္တဒီပါ” ဆိုတာ ကိုယ့်ကိုယ်ကို အားကိုးကြ၊ သူများကို အားမကိုးကြနဲ့လို့ ပြောတာ၊ လောကကြီးမှာ လူရယ်လို့ ဖြစ်လာရင် ကိုယ့်ဝန်ကိုယ်ထမ်းပြီး ကိုယ့်လမ်းကိုယ်လျှောက်ကာ ကိုယ့်စခန်း ကိုယ်ရောက်ကြတာပဲ မဟုတ်လား။

စာမျက်နှာ-၃၄

၃၀။ ဟောသူနာသူ စိတ်ထားဖြူ
ဓမ္မပူဇာဆိုတာ လှူချင်တဲ့စေတနာရှိတဲ့ပုဂ္ဂိုလ်သာ လှူပါစေ၊ “လှူကြပါ ဒါန်းကြပါ”လို့ ပြောစရာ မလိုဘူး၊ လှူချင်လို့ရှိရင် လှူချင်တဲ့ပုဂ္ဂိုလ်တွေ အဆင်ပြေအောင် အလှူလက်ခံတဲ့နေရာလေးသာ ရှိသင့်တယ်၊ အလှူခံဖလားဆိုတာကို မထားသင့်ဘူး။ တစ်ချို့ဆို လမ်းပိတ်ပြီးတော့တောင် အလှူခံကြတာ။

တရားပွဲကျင်းပတယ်ဆိုတာ အင်မတန်မှ ကုသိုလ်ရပါတယ်၊ တရားနာခွင့်ရအောင် ဖန်တီးပြီး လုပ်ဆောင်ပေးတယ်ဆိုတာ အင်မတန်ကောင်းတဲ့ကုသိုလ်တစ်ခုပဲ၊ အင်မတန် မွန်မြတ်တဲ့ကုသိုလ်ကို လုပ်ရာမှာ လုပ်ပုံလုပ်နည်း မမှန်သည့်အတွက်ကြောင့် အပြစ်တွေဖြစ်လာတယ်ဆိုရင် မကောင်းဘူးပေါ့၊ ဒီတော့ “သန့်သန့်ရှင်းရှင်း ဖြစ်အောင်လုပ်ဖို့ အင်မတန် အရေးကြီးတယ်” ဆိုတဲ့ သတိတရား ရှိသင့်ပါတယ်။

တရားဟောတဲ့ပုဂ္ဂိုလ်ကလည်း စိတ်ထားဖြူစင်ရမယ်၊ တရားနာတဲ့ပုဂ္ဂိုလ်ကလည်း စိတ်ထားဖြူစင်ရမယ်၊ နှစ်ဦးနှစ်ဝ စိတ်ထားဖြူပြီး တရားဟောကြ နာကြမယ်ဆိုရင် မိမိတို့ ရည်ရွယ်ချက်ဖြစ်တဲ့ တရားဓမ္မကို သိရှိခြင်း ကျင့်သုံးခြင်းဖြင့် သံသရာဝဋ်ဆင်းရဲက ထွက်ပေါက်ကို ရရှိကြမှာ ဖြစ်ပါတယ်။

စာမျက်နှာ-၃၅

၃၁။ သေချာစသောလမ်းမှ လျှောက်လှမ်းပါ
တရားဓမ္မနှင့်ပတ်သက်ပြီး လွဲချော်မှုမရှိတဲ့ အကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး မလွဲတဲ့လမ်းက လျှောက်တာကို သေချာတဲ့လမ်းက လျှောက်တယ်လို့ ဒီလိုပြောတာ။

မြတ်စွာဘုရားက နိဗ္ဗာန်ခရီးကို လျှောက်လှမ်းတဲ့ ပုဂ္ဂိုလ်တွေမှာ သေချာတဲ့လမ်းဆိုတာ ရှိတယ်၊ အင်္ဂုတ္တရနိကာယ်မှာ “အပဏ္ဏက ပဋိပဒါ” ဆိုပြီး ဟောထားတယ်။

နိဗ္ဗာန်လမ်းမပေါ် တက်ပြီး တရားထူးတရားမြတ်ကို ရချင်တယ်၊ (သို့မဟုတ်) သံသရာခရီးမှာ ဖြောင့်တန်းတဲ့လမ်းကို သွားချင်တယ်ဆိုရင် “အပဏ္ဏကကျင့်စဉ်” ဆိုတဲ့ အဲဒီလမ်းကြောင်းဟာ တစ်ခုတည်းသော သေချာသောလမ်းပဲ။

အပဏ္ဏကကျင့်စဉ်ဆိုသည်မှာ -
၁။ ဣန္ဒြိယသံဝရ = ဣန္ဒြေကို စောင့်ထိန်းခြင်း။
၂။ ဘောဇနမတ္တညု = အစားအစာနှင့်ပတ်သက်ပြီး အတိုင်းအတာပမာဏကို သိခြင်း။
၃။ ဇာဂရိယာနုယောဂ = တရားဓမ္မနှင့်ပတ်သက်ပြီး နိုးနိုးကြားကြား ရှိခြင်းဆိုတဲ့ ဒီအပဏ္ဏက ပဋိပဒါဟာ သေချာတဲ့ လမ်းပဲ ဖြစ်ပါတယ်။

စာမျက်နှာ-၃၆

၃၂။ ဘဝအသွင်ကို ဓမ္မအမြင်ဖြင့် ရှုကြည့်ခြင်း
လူတိုင်းလူတိုင်း ဘဝတစ်ခုစီ ရရှိထားကြလို့ လူတိုင်းလူတိုင်းမှာ ကိုယ်စီဘဝကလေးတွေ ရှိနေကြတယ်၊ သို့သော် ဘဝနဲ့ ပတ်သက်ပြီးတော့ တစ်ဦးနှင့်တစ်ဦး အမြင်ချင်း မတူကြပေဘူး။ တစ်ချို့က ဘဝကို ပျော်စရာလို့ မြင်ကြတယ်၊ တစ်ချို့က ဘဝကို ငြီးငွေ့စရာလို့ မြင်ကြတယ်။

လောကကြုံတွေ့ရာမှာ အကောင်းချည်းလည်း မဟုတ်သလို အဆိုးချည်းပဲတော့လည်း မဟုတ်ဘူး၊ “အဿာဒ” လို့ဆိုတဲ့ သာယာစရာတွေ နှစ်သက်စရာတွေ ရှိသလို “အာဒီနဝ” လို့ဆိုတဲ့ အပြစ်တွေ ငြီးငွေ့စရာတွေလည်း ရှိတယ်။ ဒီနှစ်ခုကို ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိမြင်တာမှ “ဓမ္မအမြင်” လို့ ပြောရမယ်၊ realism ပေါ့၊ ဒါကြောင့်မို့ ဘဝအသွင်ကို အမြင်အမျိုးမျိုးနဲ့ ကြည့်တဲ့အခါမှာ ဓမ္မအမြင်နဲ့ ကြည့်ဖို့ လိုပါတယ်။

ဓမ္မဆိုတာ အမှန်တရားကို ပြောတာ၊ The Law of Nature ပေါ့၊ “ဓမ္မ” ဆိုတဲ့ စကားလုံးကိုက “အတ္တနော သဘာဝံ ဓာရေတီတိ ဓမ္မာ” သူ့သဘာဝအတိုင်း သူဖြစ်နေတာကို “ဓမ္မ” လို့ ဒီလိုပြောတာ။ ဘဝရဲ့အသွင်ကို ဓမ္မအမြင်နဲ့ ကြည့်တဲ့အခါ လူတိုင်းလူတိုင်းမှာ ကိုယ်စီရထားတဲ့ဘဝလေးတွေဟာ ဘယ်လိုအခြေအနေ ရှိသလဲလို့ ဆန်းစစ်ပြီး ကြည့်ရမယ်၊ ကိုယ်ရထားတဲ့ ဘဝရဲ့ အခြေအနေ ကိုယ်မသိဘူးဆိုရင် ဒီပုဂ္ဂိုလ်လောက် နမော်နမဲ့နိုင်တာ မရှိတော့ဘူး၊ ဒါကြောင့် ကိုယ့်ရဲ့ အခြေအနေ ဘဝအသွင်အပြင်ကို ဓမ္မအမြင်နဲ့ ရှုကြည့်ပြီး အမှန်သိအောင် အားထုတ်ပါ။

စာမျက်နှာ-၃၇

၃၃။ ဖြစ်နိုင်တာနှင့် မဖြစ်နိုင်တာ
မဖြစ်နိုင်တဲ့အရာကို မဖြစ်နိုင်ဘူးလို့ မှတ်သားပြီး၊ ဖြစ်နိုင်တဲ့အရာကို ဖြစ်နိုင်တယ်လို့ မှတ်သားကာ လုပ်သင့်တဲ့အလုပ်ကို လုပ်ဖို့ပါပဲ။

မှန်ကန်တဲ့အမြင် ရှိလာလို့ရှိရင် ထိုအမြင်ကို အခြေခံပြီးတော့ လုပ်တဲ့အလုပ်ဟာ မှားယွင်းမှုမရှိနိုင်ဘူး၊ လောကီကိစ္စပဲဖြစ်ဖြစ် လောကုတ္တရာကိစ္စပဲဖြစ်ဖြစ် မည်သည့်ကိစ္စမှာမဆို ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို ကွဲကွဲပြားပြား သိဖို့လိုတယ်။

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို ခွဲခြားပြီးတော့ မသိဘူးဆိုရင် မဖြစ်နိုင်တာကို ဖြစ်နိုင်မယ် ထင်ပြီးတော့ ပြောနေမယ် လုပ်နေမယ်၊ ဖြစ်နိုင်တာကျတော့ မဖြစ်နိုင်ဘူးထင်ပြီး ဘေးဖယ်ထားမယ်ဆိုရင် လွဲမှားမှုတွေ အများကြီး ဖြစ်လာနိုင်တယ်ပေါ့။

စာမျက်နှာ-၃၈

၃၄။ မေတ္တာနှလုံး အစဉ်သုံး
အသက်ရှင်နေသမျှ ကာလပတ်လုံးမှာ မိမိရော မိမိနဲ့ ဆက်ဆံနေကြတဲ့ ပတ်ဝန်းကျင်က လူတွေအားလုံးဟာ မေတ္တာနှလုံး အစဉ်သုံးပြီး နေထိုင်သွားကြမယ်ဆိုရင် ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာနေမှာ ဖြစ်ပါတယ်။

ဒီကနေ့ခေတ်ကြီးမှာ အားလုံးခြုံကြည့်လိုက်မယ်ဆိုရင် မေတ္တာတရား ခြောက်ခန်းလာတာကိုတွေ့ရမှာ ဖြစ်တယ်၊ မေတ္တာတရားတွေ လျော့ပါးလာသည့်အတွက်ကြောင့် ကမ္ဘာကြီး ပူနွေးလာရတာကလည်း ဖြစ်ကောင်းဖြစ်နိုင်စရာ ရှိတယ်၊ အိုဇုန်းလွှာကြီးပေါက်လို့ဆိုတာတွေက ပြင်ပကိုကြည့်ပြီး ပြောတာ ဖြစ်တယ်။

တကယ်တော့ သတ္တဝါတွေရဲ့နှလုံးသားမှာ မေတ္တာအငြိမ်းဓာတ်တွေ ခန်းခြောက်လာလို့ သတ္တဝါတွေရဲ့ ခန္ဓာက ထွက်တဲ့ ပူလောင်တဲ့စိတ်က ထုတ်လုပ်လိုက်တဲ့အရာတွေဟာ အပူတွေချည်း ဖြစ်တယ်။

ဒါကြောင့်မို့ လူတွေရဲ့ စိတ်အစဉ် ငြိမ်းချမ်းစေဖို့ မေတ္တာနှလုံးကို အစဉ်သုံးကြရမှာ ဖြစ်ပါတယ်။

စာမျက်နှာ-၃၉

၃၅။ သံသရာခရီးသွား အမှားမလုပ်မိစေနှင့်
သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခရောက်ကြတယ်ဆိုတာ မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ပါ။

သံသရာခရီးသွားနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အမှားလုပ်မိတတ်ကြတယ်၊ ဘာကြောင့် အမှားလုပ်မိသလဲဆိုရင် အမှားလုပ်မိခြင်းရဲ့ အကြောင်းတရားတွေထဲမှာ အမှန်တရားကို မသိတာက အဓိကပဲပေါ့။

လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားပြီးမသိဘူး၊ ခွဲခြားပြီးမသိသည့်အတွက်ကြောင့် မလုပ်သင့်တာကို လုပ်မိခြင်း၊ လုပ်သင့်တာကျတော့ မလုပ်မိခြင်းဆိုတာ အကြောင်းတစ်ခုပဲ။ မသိတော့ အဆိုးကို အကောင်းထင်ပြီး ရံဖန်ရံခါ လူတွေဟာ လုပ်မိတတ်ကြတယ်။

မှားမှားယွင်းယွင်း တစ်ခုခုလုပ်မိသွားပြီဆိုရင် ခံရတဲ့ အကျိုးဆက်ဟာ သက်သာလှတယ်လို့ မရှိဘူးပေါ့၊ ဗုဒ္ဓမြတ်စွာရဲ့ လက်ထက်တော်အခါမှာ ကြုံတွေ့ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို အမှားမလုပ်မိအောင် သတိထားဖို့ပါ။

စာမျက်နှာ-၄၀

၃၆။ သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း
တစ်ကမ္ဘာလုံး အတိုင်းတာနဲ့ ကြည့်လိုက်မယ်ဆိုရင် လောကလူသားတွေဟာ နေ့စဉ်နဲ့အမျှ ရုန်းကန်နေကြရတယ်ဆိုတာ အင်မတန် ထင်ရှားပါတယ်၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးကိစ္စတွေနဲ့ ရုန်းကန်နေကြရတယ်၊ ထိုရုန်းကန်နေရတဲ့အခါမှာ အဆင်ပြေတဲ့အခါ ရှိသလို အဆင်မပြေတဲ့အခါလည်း ရှိတယ်၊ အခြေအနေအရပ်ရပ်ကို ထောက်ထားပြီး အဆင်မပြေတဲ့အခါမှာ လူတွေဟာ စိတ်ဖိစီးမှုဒဏ်တွေကို ခံစားကြရတယ်။

ချမ်းမြေ့သာယာတဲ့ဘဝကို နေချင်ရင် “သတိမကွာ အသိပညာဖြင့် နေခြင်း” ဆိုတဲ့ ဒီစနစ်ကို လိုက်နာကျင့်သုံးကြရမယ်။

အခုပြောတဲ့ “သတိမကွာ” ဆိုတဲ့ သတိဟာ ပစ္စုပ္ပန်တည့်တည့် ကိုယ်ဘာလုပ်နေတယ်ဆိုတဲ့အပေါ်မှာ ကိုယ့်ရဲ့ action ပေါ်မှာ mindful ဖြစ်တဲ့ သတိကို ပြောတာ၊ ဘာပဲလုပ်နေလုပ်နေ လုပ်နေတဲ့အပေါ်မှာ သတိရှိဖို့ လိုတယ်၊ ပစ္စုပ္ပန်ကျတဲ့ သတိကမှ စိတ်ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်တာ။

စာမျက်နှာ-၄၁

၃၇။ စိတ်၏ အတွေးများ
လူအများက “စိတ်”နဲ့ “တွေးတာ”ကို အတူတူပဲလို့ မှတ်ထင်ကြတယ်၊ သို့သော် အဘိဓမ္မာသဘောကို သေချာကြည့်မယ်ဆိုရင် အာရုံကိုသိတတ်တဲ့စိတ်က တစ်မျိုး၊ ထိုစိတ်ကို မှီတွယ်ပြီး ဖြစ်ပေါ်လာတဲ့ စေတသိက်ဆိုတဲ့သဘာဝက တစ်မျိုးလို့ “စိတ်”နဲ့ “စေတသိက်” နှစ်မျိုးခွဲပြီး သိနိုင်တယ်။

“စိတ်၏အတွေး” ဆိုတဲ့ စကားလုံးထဲမှာ အတွေးဆိုတာ စေတသိက်တစ်ခုရဲ့ နာမည်ပဲလို့ မှတ်ရမယ်။ စိတ်ကိုဖြူစင်အောင် လုပ်တဲ့အခါမှာ တစ်ချို့အတွေးတွေကို အားကောင်းလာအောင် လုပ်ပေးဖို့ လိုအပ်တယ်။

စိတ်ရဲ့ အတွေးတွေထဲက မကောင်းတဲ့အတွေးတွေကို -
၁။ အာရုံပြောင်းပြီး ဖြေရှင်းတဲ့နည်း။
၂။ အပြစ်ကို ဆင်ခြင်သုံးသပ်ပြီး ဖြေရှင်းတဲ့နည်း။
၃။ မေ့ပစ်တဲ့နည်း။
၄။ အရင်းအမြစ်ကို ရှာဖွေပြီးတော့ ဖြေဖျောက်တဲ့နည်း။
၅။ စိတ်နဲ့ဖိညှစ်ပြီး မရ, ရအောင် ကြိုးစားတဲ့နည်း။

ဒီငါးမျိုးနဲ့လုပ်ရင် စိတ်ရဲ့ မကောင်းတဲ့အတွေးတွေဟာ လုံးဝကင်းသွားပြီးတော့ အတွေးပေါ်မှာ ပိုင်နိုင်မှုဆိုတဲ့ စွမ်းရည်တစ်ခု ရလာနိုင်တယ်၊ အဲဒီစွမ်းရည်က ကိုယ်တွေးချင်တဲ့အတွေးကိုတွေးနိုင်၊ ကိုယ်မတွေးချင်တဲ့အတွေးကို ထိန်းချုပ်သွားနိုင်တယ်။

စာမျက်နှာ-၄၂

၃၈။ စိတ်၏အညစ်ကြေးများကို ဖယ်ရှားခြင်း
“စိတ္တေ သံကိလိဋ္ဌေ ဒုဂ္ဂတိပါဋိကင်္ခါ” စိတ်ညစ်နွမ်းရင် ဒုဂ္ဂတိဘုံရောက်မယ်၊ ဒုက္ခနဲ့ ရင်ဆိုင်ရမယ်။

“စိတ္တေ ဝိသုဒ္ဓေ သုဂတိပါဋိကင်္ခါ” စိတ်စင်ကြယ်သန့်ရှင်းနေရင် သုဂတိဘုံရောက်မယ်၊ ချမ်းသာသုခနဲ့ ရင်ဆိုင်ရမယ်။

လောကလူတွေမှာ စိတ်ကူးနေရုံနဲ့ ဘာမှတော့ ဖြစ်လာမှာ မဟုတ်ဘူး၊ စိတ်ကူးတဲ့နောက်မှာ လုပ်ဆောင်ချက်ဆိုတာ ရှိရမယ်၊ ကြံရွယ်ချက်ရှိလာပြီဆိုရင် လုပ်ဆောင်ချက်က နောက်က လိုက်ရမှာ၊ မလိုက်ဘူးဆိုရင် ကြံရွယ်ချက်ဟာ အထမြောက်မှာ မဟုတ်ဘူး၊ ဒါ လက်တွေ့အနေနဲ့ အင်မတန်မှ ထင်ရှားတယ်။

ဒီတော့ စိတ်ရဲ့ အညစ်ကြေးတွေထဲက ကြွေးနဲ့တူတဲ့ ကာမစ္ဆန္ဒ၊ ရောဂါနဲ့တူတဲ့ ဗျာပါဒ၊ ထောင်နဲ့တူတဲ့ ထိန, မိဒ္ဓ၊ ကျွန်ဘဝနဲ့တူတဲ့ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ကန္တာရခရီးကြီးကို သွားရတာနဲ့ တူတဲ့ ဝိစိကိစ္ဆာ၊ အဲဒီစိတ်ရဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်အောင် ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်၊ ဒါတွေကို မဖယ်ရှားဘဲနဲ့ နိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ် လောကမှာ တစ်ယောက်မှ မရှိပါဘူး။

စာမျက်နှာ-၄၃

၃၉။ လွတ်မြောက်တဲ့စိတ်
“လွတ်မြောက်တဲ့စိတ်” ဆိုတာ “အရဟတ္တဖိုလ်စိတ်” ပဲ။ နောက်ဆုံး ဒီထိရောက်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမှာ ဖြစ်ပါတယ်၊ ထိုလွတ်မြောက်မှုဆိုတဲ့ စိတ်ကိုရဖို့ရာအတွက် -

၁။ မိတ်ကောင်း, ဆွေကောင်း, ဆရာကောင်း, သမားကောင်း ရှာရမယ်။
၂။ မိတ်ကောင်း, ဆွေကောင်း, ဆရာကောင်း, သမားကောင်း အကြောင်းပြုပြီးတော့ ကိုယ်ကျင့်သီလ မြဲရမယ်။
၃။ တရားဓမ္မ နာယူရမယ်။
၄။ လုံ့လဝီရိယ ရှိရမယ်။
၅။ ပညာ ရှိရမယ်။

အဲဒီအခြေအနေကောင်း ငါးမျိုးရှိလာပြီဆိုရင် စိတ်ကလေး လွတ်အောင် ဘာလုပ်ရမလဲ?။

လောဘကလွတ်ဖို့ အသုဘကို ပွါးပါ၊ ဒေါသကလွတ်ဖို့ မေတ္တာကို ပွါးပါ၊ အတွေးတွေကနေ လွတ်မြောက်ဖို့ အာနာပါနဿတိကို ပွါးပါ၊ ငါဆိုတဲ့မာနကို ဖယ်ရှားပစ်ဖို့ အနိစ္စသညာကို ပွါးပါ၊ အနိစ္စသညာကို ပွါးလိုက်ရင် အနတ္တသညာ ဝင်လာမှာ ဖြစ်တယ်၊ အနတ္တသညာ ဝင်လာလို့ရှိရင် ငါဆိုတဲ့မာန ကင်းသွားလိမ့်မယ်၊ အဲဒီအချိန်မှာ လုံးဝလွတ်မြောက်တဲ့ စိတ်ရဲ့ အခြေအနေတစ်ခုကို ရရှိပိုင်ဆိုင်ကြမှာ ဖြစ်ပါတယ်။

စာမျက်နှာ-၄၄

၄၀။ လူ့ဖြစ်ကျိုး နပ်ပါစေ
လူ့ဘဝလာတယ်ဆိုတာ ခဏလေး အလည်လာသလိုပဲ၊ “ပမတ္တဿ စ နာမ စတ္တာရော အပါယာ သကဂေဟ သဒိသာ” ကုသိုလ်ကောင်းမှုမှာ မေ့မေ့လျော့လျော့နေတဲ့ပုဂ္ဂိုလ်အဖို့ အပါယ်လေးဘုံဟာ ကိုယ့်အိမ်နဲ့ အလားတူတယ်တဲ့၊ ဘယ်နေရာပဲ သွားသွား ပြန်လာရင် ကိုယ့်အိမ်မှာပဲ နေကြရတာပါပဲ။

မေ့မေ့လျော့လျော့မနေဘဲ ရုပ်တရား နာမ်တရားတွေရဲ့ သဘာဝတရားတွေကို သိရှိပြီး တွယ်တာမှုတွေ အမြင်မှားမှုတွေ အားလုံးကို ဖယ်ရှားပစ်နိုင်တဲ့အဆင့်ရောက်လာရင် လောကကြီးအတွက် သောကမဖြစ်တော့ဘဲ ငြိမ်းချမ်းတဲ့ဘဝမျိုးကို ရရှိသွားနိုင်တယ်၊ အဲဒီလို ငြိမ်းချမ်းတဲ့ဘဝမျိုးနဲ့ ငြိမ်းအေးသွားတဲ့ စိတ်မျိုး ရလာပြီဆိုမှ အပြည့်အဝ လူဖြစ်ရကျိုးနပ်တာပါ။

အခြေခံအားဖြင့် ကုသိုလ်ကမ္မပထတရား ၁၀-ပါးကို ကျင့်သုံးရင် လူဖြစ်ရကျိုးနပ်ပါတယ်၊ ဒီထက်အဆင့်တက်ပြီးတော့ ဝိပဿနာကျင့်စဉ်ကိုကျင့်လို့ မဂ်တရား ဖိုလ်တရားတွေ ရသွားပြီဆိုရင်တော့ တကယ့်ကို လူဖြစ်ကျိုးနပ်ပြီလို့ မှတ်ရမယ်၊ လူဖြစ်ကျိုးနပ်ဖို့အတွက် တို့တစ်တွေ ကြိုးစားအားထုတ်ဖို့ လိုမယ်နော်။

စာမျက်နှာ-၄၅

၄၁။ ကျေးဇူးသိခြင်း
ကျေးဇူးဆိုတာ တစ်စုံတစ်ယောက် ကိုယ့်အပေါ်မှာ ကူညီစောင့်ရှောက်ဖူးတာ, လုပ်ကိုင်ပေးဖူးတာ, ကိုယ့်မှာအကျိုးဖြစ်မယ့်အရာတစ်ခု ဖြစ်ပေါ်စေခဲ့တာကို “ကျေးဇူး”၊ သူ့ရဲ့လုပ်ဆောင်မှုကို အသိအမှတ်ပြုခြင်း သိခြင်းကိုပဲ “ကျေးဇူးသိခြင်း” လို့ ခေါ်တာပါ၊ လူတစ်ယောက်က ကိုယ့်အပေါ် လုပ်ပေးခဲ့တာကို အသိမှတ်ပြုဖို့ဆိုတာ အင်မတန်မှ အရေးကြီးတယ်။

လောကလူတွေထဲမှာ အသိအမှတ်မပြုတဲ့သူတွေက များတယ်၊ အသိအမှတ်မပြုဘူးဆိုကတည်းက မသိတာလည်း ပါတယ်၊ မသိဘူးဆိုကတည်းက အကောင်းမမြင်နိုင်ဘူးပေါ့။ သိတယ်ဆိုတာ လိမ္မာယဉ်ကျေးသူတို့ရဲ့ အရည်အချင်းတစ်ခုပဲ။

“ကျေးဇူးသိတယ်” ဆိုတဲ့နေရာမှာ ကိုယ့်အပေါ်မှာ တစ်စုံတစ်ဦးက အကျိုးဖြစ်ထွန်းအောင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ကူညီစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးကို အသိအမှတ်ပြုတယ် သိတယ်ဆိုတာ တကယ်ကို စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ နှလုံးသားမှာရှိတဲ့ သဘာဝတရားတစ်ခုပဲ။

ဒါကြောင့်မို့ မြတ်စွာဘုရားက “ကျေးဇူးသိတယ်ဆိုတာ သူတော်ကောင်းတွေရဲ့ အရည်အချင်းတစ်ခုပဲ” လို့ ဟောထားတယ်၊ လူတော်လူကောင်းမှ ဒီလိုတစ်ဦးတစ်ယောက်ရဲ့ ကျေးဇူးရှိမှုကို အသိအမှတ်ပြုနိုင်တာပါ။

စာမျက်နှာ-၄၆

၄၂။ သူတော်ကောင်းတို့၏ စိတ်နေသဘောထား
ကိုယ်ကျင့်သီလလည်း ကောင်းတယ်၊ ပညာလည်း တော်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ သူတော်ကောင်းပဲ၊ သို့သော် အဆင့်အမြင့်ဆုံး သူတော်ကောင်းဆိုတာကတော့ ဘုရားရဟန္တာသာ ဖြစ်တယ်၊ အခြေခံအားဖြင့် သီလနဲ့ ပညာရှိသူကို သူတော်ကောင်းလို့ ပြောရတယ်၊ ဒီနေရာမှာ သီလဆိုတာ သုစရိုက်တရား ၁၀-ပါးကို ကျင့်သုံးခြင်းပဲ၊ ဒီတရား ၁၀-ပါးကို ကျင့်သုံးတဲ့သူကို “လူကောင်း” လို့ ပြောရမယ်၊ ကံ, ကံ၏အကျိုးကို သိမြင်တဲ့ “ကမ္မဿကတာ သမ္မာဒိဋ္ဌိ”၊ ၎င်းသမ္မာဒိဋ္ဌိထက် အဆင့်မြင့်တဲ့ “ဝိပဿနာသမ္မာဒိဋ္ဌိ” ဆိုတဲ့ အသိဉာဏ်မျိုးရှိရင်တော့ “လူတော်” လို့ ပြောရမယ့်အဆင့်ရောက်တယ်၊ အခြေခံအားဖြင့် ဒီလိုသတ်မှတ်တာ။

ဒီလို သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားနဲ့ ကျန်တဲ့သူတွေရဲ့ စိတ်နေသဘောထားက အများကြီးကွာတယ်၊ များသောအားဖြင့် လူတွေဟာ ငါ့ထိမခံဘူး, ငါ့ဥစ္စာထိမခံဘူး ဆိုသူက များတယ်၊ ကိုယ်ကျင့်တရားထိရင် မခံဘူးဆိုသူက အင်မတန်ရှားတယ်၊ ကိုယ်ကျင့်တရားကို လွယ်လွယ်ကူကူ စွန့်လွှတ်ကြတယ်၊ သူတော်ကောင်းတွေကျတော့ ကိုယ်ကျင့်တရားကို တန်ဖိုးထားပြီး အသက်ထက်မြတ်နိုးတယ်၊ ထိန်းသိမ်းစောင့်ရှောက်တယ်၊ အဲဒီလို အသက်ကိုစွန့်ပြီး ကိုယ်ကျင့်တရားကို တန်ဖိုးထားတာဟာ သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားပဲ။

စာမျက်နှာ-၄၇

၄၃။ တရားသိလျက် အကျင့်ခက်
သင်ထားလို့သိတဲ့အသိက လက်တွေ့ကျင့်သုံးပြီးတော့ သိတဲ့အသိလောက် ခိုင်မာမှု, ရင့်ကျက်မှု မရှိဘူး၊ ဘာဖြစ်လို့ သတ္တဝါတွေဟာ သိလျက်သားနဲ့ မကျင့်နိုင်ကြတာလဲဆိုတော့ မကျင့်နိုင်ခြင်းရဲ့ အကြောင်းဖြစ်တဲ့ လောဘ, ဒေါသ, မောဟစတဲ့ ကိလေသာတွေ လွှမ်းမိုးမှုက အင်မတန်မှ အားကောင်းပြီးတော့ အသိဉာဏ်က အားပျော့သေးသိမ်နေလို့ပဲဖြစ်တယ်၊ အကယ်၍သာ အသိဉာဏ်လွှမ်းမိုးသွားမယ်ဆိုရင် လောဘစတဲ့ ကိလေသာတွေက အင်အားပျော့ညံ့သွားပြီး တရားသိလျက် အကျင့်ခက်စရာ မရှိတော့ဘူး၊ အားထုတ်နေမှာ ဖြစ်တယ်။

တရားနာလို့ ကုသိုလ်ဆိုတာ မိမိသန္တာန်မှာ ပြည့်စုံအောင် လုပ်ရမယ်ဆိုတဲ့အသိလေး ရလာတယ်၊ သိထားတဲ့အတိုင်း ဒါနကောင်းမှုလုပ်တယ်၊ သီလလည်း ဆောက်တည်တယ်၊ ဘာဝနာလည်း ပွါးများအားထုတ်တယ်၊ ကုသိုလ်တွေရအောင် ယူတယ်ဆိုရင် ကျင့်သုံးတယ်လို့ ခေါ်တယ်၊ အကယ်၍ ဒီအသိမျိုးရှိသော်လည်း ကုသိုလ်ကောင်းမှုမလုပ်ဘူး, မလုပ်ဖြစ်ဘူးဆိုရင် ဒါဟာ “တရားသိလျက် အကျင့်ခက်” ဆိုတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။

စာမျက်နှာ-၄၈

၄၄။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်
“ဓမ္မအသိ” ဆိုတဲ့နေရာမှာ ဓမ္မဆိုတာ အမှားအမှန်ကို ခွဲခြားသိနိုင်အောင် ဟောပြောထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ သွန်သင်ဆုံးမချက်တွေကို ခေါ်တယ်၊ ကောင်းဆိုးနှစ်မျိုးကို ပေးတတ်တဲ့ သဘာဝအကြောင်းတွေရဲ့ အကျိုးအကြောင်း အဆိုးအကောင်းတွေကို သိတာလည်း ဓမ္မကိုသိတယ်လို့ ဒီလို ပြောလို့ရတယ်။

ဓမ္မအသိနဲ့ ဘဝမှာ အကျိုးရှိရှိနေဖို့ အသိဉာဏ်ရှိရမယ်။ လောကမှာ ဘဝတစ်ခုရလာတဲ့အခါမှာ နေပုံထိုင်ပုံက အမျိုးမျိုးရှိတယ်၊ အကျိုးရှိတဲ့နေနည်းရှိသလို အကျိုးမဲ့စေတတ်တဲ့ နေနည်းလည်း ရှိတယ်၊ အချို့အချို့သော နေနည်းတွေက ပစ္စုပ္ပန်ဘဝမှာတော့ အကျိုးရှိပြီး တမလွန်ဘဝမှာ အကျိုးမရှိတဲ့ နေနည်းမျိုးလည်း ရှိတယ်၊ ပစ္စုပ္ပန်သံသရာနှစ်ဖြာလုံး အကျိုးရှိမယ့် နေနည်းမျိုးကို ဗုဒ္ဓမြတ်စွာက ဆုံးမဩဝါဒပေးထားတယ်။

အဲဒီလိုနေတတ်ဖို့ဆိုတာ လူတွေမှာ မျက်စိနှစ်လုံးရှိရသလို အသိဉာဏ်လည်းပဲ နှစ်မျိုးရှိဖို့ လိုအပ်တယ်တဲ့၊ အမ္မသုတ္တန်မှာ ဒွိစက္ခ = မျက်စိနှစ်လုံးရှိတဲ့ပုဂ္ဂိုလ်ကို အကောင်းဆုံးပုဂ္ဂိုလ်လို့ ဒီလိုဟောထားတယ်၊ အသိဉာဏ်ဆိုတာ နှစ်ဖက်မြင်ရမယ်၊ တစ်ဖက်တည်းမမြင်ရဘူးလို့ ဒီလိုဆိုလိုတာ။

စာမျက်နှာ-၄၉

၄၅။ ရသတဏှာ
တဏှာဆိုရင် ဘယ်တဏှာမှ မကောင်းဘူး၊ ထပ်တလဲလဲ ဘဝတွေကို ဖြစ်ပေါ်စေတာဟာ ဒီတဏှာပဲ၊ တဏှာဟာ ရူပတဏှာ စသည်အားဖြင့် ၆-မျိုးရှိတဲ့အထဲမယ် ရသတဏှာဟာ ကျန်တဲ့တဏှာတွေထက် ပိုဆိုးတယ်၊ တစ်ချို့ မြင်တာ ကြားတာကို တွယ်တာမှုရှိချင်မှရှိမယ်၊ ရသတဏှာကျတော့ ရှောင်နိုင်တဲ့ပုဂ္ဂိုလ် အလွန်နည်းတယ်၊ မျက်စိကွယ်ရာ နားကွယ်ရာမှာ အေးအေးဆေးဆေး နေနိုင်သော်လည်း ကိုယ်ကြိုက်တာလေးမှ မစားရဘူးဆိုရင် လူတွေဟာ မနေနိုင်ကြဘူးတဲ့။ ဒါကြောင့် မြန်မာလူမျိုးတွေဟာ နိုင်ငံခြားသွားရင် ငါးပိကြော်လေးတွေ ယူသွားကြတာပေါ့။

အသက်ရှင်ရပ်တည်ရေးဟာ အာဟာရနဲ့ကင်းပြီးတော့ မဖြစ်နိုင်ဘူး၊ မျက်စိကမကြည့်ဘဲ နားမထောင်ဘဲ အနံ့မရှူဘဲ အသက်ရှင်နေထိုင်နိုင်တယ်၊ သို့သော် နေ့စဉ်စားသုံးနေကြတဲ့ အာဟာရမရှိဘဲနဲ့ ရပ်တည်ဖို့ မဖြစ်နိုင်ဘူး၊ သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ = သတ္တဝါမှန်သမျှ အာဟာရကြောင့် ဘဝမှာရပ်တည်နိုင်ခြင်း ဖြစ်ပါတယ်။

စာမျက်နှာ-၅၀

၄၆။ ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်
အာသီဝိသောပမသုတ်ဆိုတာ ဝိပဿနာကျင့်စဉ်ကို ဦးတည်ပြီးဟောတာဖြစ်သည့်အတွက် မြွေကြီး ၄-ကောင်ဆိုတဲ့ ဓာတ်ကြီး ၄-ပါး အဆိုးတရား၊ ခန္ဓာ ၅-ပါးဆိုတဲ့ လူသတ်သမား၊ အတွင်းရန်သူဆိုတဲ့ နန္ဒီရာဂက ဒုက္ခပေးပုံ၊ ခြောက်အိမ်စုရွာလို့ခေါ်တဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ အနှစ်မဲ့တဲ့ အဇ္ဈတ္တိကာယတန ၆-ပါး၊ ဓားပြ ၆-ယောက်လို့ခေါ်တဲ့ အိမ်တွေကို ဝင်ဝင်ဖျက်ဆီးနေတဲ့ ဗာဟိရာယတန ၆-ပါးဆိုတာတွေကို မြင်အောင်ကြည့်နိုင်ဖို့ လိုအပ်တယ်၊ ဒီတရားတွေဟာ ဝိပဿနာရှုဖို့ အာရုံတွေပဲလို့ မြတ်စွာဘုရားဟောထားတာ။

ဒီအာရုံတွေကို ရှုပြီးတော့ သြဃ ၄-ဖြာဆိုတဲ့ ကျယ်ဝန်းတဲ့မြစ်ပင်လယ်ကြီးကို မဂ္ဂင်ရှစ်ပါးဆိုတဲ့ လှေဖောင်နဲ့ ဖြတ်ကူးရမယ်၊ ကူးတဲ့အခါမှာ လက်ရောရော အားစိုက်ပြီး ဟိုဘက်ကမ်းရောက်အောင် သွားရသလို လုံ့လဝီရိယနဲ့ ကြိုးပမ်းပြီးဖြတ်ကူးရမယ်၊ ကုန်းပေါ်ရောက်လို့ ခြေချမိပြီဆိုရင် ခုနကပြောခဲ့တဲ့ အန္တရာယ်တွေမှန်သမျှ အကုန်လွတ်သွားမယ်။

ဒါကြောင့် “ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်” ဆိုတာ နိဗ္ဗာန်ချမ်းသာကို ရည်ညွှန်းပြီး ဟောထားတာပါ။ မငြိမ်းချမ်းတဲ့ ဒီဘက်ကမ်းရဲ့ ပြဿနာတွေကို မြင်အောင်ရှုပြီး ငြိမ်းချမ်းတဲ့ဟိုဘက်ကမ်းကို တက်လှမ်းနိုင်ကြပါစေ။

စာမျက်နှာ-၅၁

၄၇။ ဘုရားသော်မှပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ
ရံဖန်ရံခါ ပုထုဇဉ်တွေဟာ မကောင်းတဲ့ကံတွေတွေကို ပြစ်မှားကျူးလွန်မိခဲ့ကြတာရှိတယ်၊ အဲဒီကံက ပြုလုပ်သူပုဂ္ဂိုလ်ရဲ့သန္တာန်မှာ စွမ်းရည်သတ္တိအနေနဲ့ တည်ရှိပြီးနေတယ်။

ကံနဲ့ကိလေသာ နှစ်ရပ်ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ ခန္ဓာကိုယ်ထဲမှာ ကိလေသာတွေကုန်သွားလင့်ကစား သူ့ရဲ့အကျိုးဆက် ခန္ဓာကြီးရှိနေသမျှ ဟောဒီကံကြမ္မာက အကျိုးပေးနိုင်သေးတယ်။

“ဝဋ်ကြွေး”တဲ့၊ တစ်ချိန်က ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တွေက Reaction တုန့်ပြန်ပြုလုပ်လာတာတွေ ရှိလာတယ်၊ အဲဒီတုန့်ပြန်မှုလေးတွေက ဘုရားပဲဖြစ်စေ ရဟန္တာပုဂ္ဂိုလ်ပဲဖြစ်စေ မည်သူ့သန္တာန်မှာပဲဖြစ်ဖြစ် ကံကြမ္မာဝဋ်ကြွေးတွေက အကြောင်းညီညွတ်ရင် တုန့်ပြန်လာတတ်သေးတယ်တဲ့၊ အကြွေးဆိုတာ ရှိနေရင် မဆပ်ဘဲနေလို့မရဘူး၊ ဆပ်ရတယ်နော်။

စာမျက်နှာ-၅၂

၄၈။ ဘဝဆည်းဆာ ကရုဏာ
“ဆည်းဆာ” ဆိုတာ နေဝင်ချိန်ကာလလေးကို ခေါ်တာဖြစ်တယ်၊ ပုဂ္ဂိုလ်သတ္တဝါအားလုံးတို့ရဲ့ ဘဝမှာလည်းပဲ ဘဝဆည်းဆာနေဝင်ချိန် (သို့မဟုတ်) နောက်ဆုံးနေ့ဆိုတာရှိတယ်၊ ဘဝဆည်းဆာအချိန် ရောက်လာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ နေဝင်တော့မယ့်ဆဲဆဲမှာ မသိတဲ့ခရီးတစ်ခုကို သွားရမှာမို့လို့ စိုးရိမ်သောက ရောက်နေရတယ်။

“ကရုဏာ” ဆိုတာ ဒုက္ခိတသတ္တဝါ (သို့မဟုတ်) အခက်အခဲကြုံနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မြင်ရရင် မြင်သူမှာခံစားရတဲ့ နှလုံးသားရဲ့လှုံ့ဆော်မှု၊ စိတ်နှလုံးကို ငြိမ်အောင်ထားလို့မရဘဲ တစ်ဖက်သား ဒုက္ခရောက်နေတာကို မကြည့်နိုင် မရှုနိုင် ကူညီဖြေရှင်းလိုတဲ့ သဘာဝတရားဟာ ကရုဏာဖြစ်တယ်။

ဒါကြောင့် “ကျန်းမာရေးနဲ့ လူမှုကူညီရေး” ဆိုတဲ့ ဒီအရေးနှစ်ခုဟာ ကရုဏာကိုအခြေခံပြီးတော့ လုပ်တဲ့အရေးတွေဖြစ်လို့ ဘဝဆည်းဆာမှာ အင်မတန်မှအရေးပါတဲ့ ကရုဏာတရားဖြစ်တယ်၊ မြင့်မြတ်တဲ့နှလုံးသားရှိတဲ့ ပုဂ္ဂိုလ်တိုင်းဟာ ကရုဏာထားပြီး အများရဲ့ဒုက္ခကို ဝိုင်းဝန်းကူညီဖြည့်ဆည်းပေးတယ်ဆိုတာ အင်မတန်မှ မွန်မြတ်လှပါတယ်။

စာမျက်နှာ-၅၃

၄၉။ ဘဝခရီးဝယ် ရွေးချယ်ရမယ့်လမ်း
ဒီကနေ့ခေတ်မှာ ကိုးကွယ်ရာဘာသာတရားတွေက အမျိုးမျိုးရှိတယ်၊ ဘာသာတရားတစ်ခုနဲ့တစ်ခု ယုံကြည်ချက်တွေ ဟောပြောချက်တွေ ကွဲပြားခြားနားနေတယ်၊ ဘာသာတစ်ခုက အမှန်ပြောတဲ့အရာဟာ အခြားဘာသာတစ်ခုမှာ အမှားဖြစ်နေပြန်တယ်။

အဲဒီလို အမှားအမှန်ရွေးချယ်ဖို့ခက်နေတဲ့ ပုဂ္ဂိုလ်တွေအတွက် လျှောက်လှမ်းစရာလမ်းကြောင်းကို ဗုဒ္ဓမြတ်စွာက “ကာလာမသုတ်”မှာ ဟောထားခဲ့ပါတယ်၊ ဒီကာလာမသုတ်ကို ခြုံငုံကြည့်မယ်ဆိုရင် -

၁။ အစဉ်အလာယုံကြည်မှုစသည့် အချက် (၁၀) ချက်ကို အခြေခံပြီး မမှတ်ယူရ။
၂။ ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်အသိကိုသာ အခြေခံရမည်။
၃။ ကိုယ်ပိုင်ဉာဏ်ဖြင့် အဖြေထုတ်ပြီး မှားတာကိုစွန့်၍ မှန်တာကို လက်ခံကျင့်သုံးရမည်။
၄။ ဖြူစင်သောစိတ် မြင့်မြတ်သောသဘောထားဖြင့် အများနှင့်ဆက်ဆံနေထိုင်ရမည်။
၅။ ကိုယ်ပိုင်ဉာဏ်ဖြင့် အဖြေမထုတ်နိုင်သော ပြဿနာများ၌ နှစ်ဖက်ကောင်းပြီး သေချာသည့်လမ်းကို ရွေးရမည်။

ဒါကြောင့် ဗုဒ္ဓမြတ်စွာရွေးချယ်ပေးထားတဲ့ သေချာတဲ့လမ်းကြောင်းကို လျှောက်လှမ်းပြီး နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေ။

စာမျက်နှာ-၅၄

၅၀။ နိုင်သူနှင့် ရှုံးသူ
လောကလူတွေမှာ အနိုင်အရှုံးသတ်မှတ်တဲ့နေရာ အယူအဆချင်း မတူညီကြဘူး၊ လောကရှုထောင့်ကကြည့်တဲ့အခါ အနိုင်လို့ထင်ရပေမယ့်လို့ ဓမ္မရှုထောင့်ကကြည့်တဲ့အခါ အရှုံးဖြစ်နေတာတွေတွေ့ရတယ်၊ မြတ်စွာဘုရားက အနိုင်ယူနည်း ၄-မျိုး ဟောထားတာရှိတယ်။

၁။ အက္ကောဓေန ဇိနေ ကောဓံ = ဒေါသခက်ထန်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို မိမိက ဒေါသခက်ထန်ခြင်းမပြု သည်းခံခြင်း မေတ္တာထားခြင်း အေးငြိမ်းတဲ့စိတ်ဓာတ်မျိုးဖြင့် အနိုင်ယူပါ။
၂။ အသာဓု သာဓုနာ ဇိနေ = မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ကို သူနဲ့အတုလိုက်ပြီး မကောင်းတာမလုပ်ဘဲ ကိုယ်ကကောင်းတာကိုလုပ်ပြီး အနိုင်ယူပါ။
၃။ ဇိနေ ကဒရိယံ ဒါနေန = နှမြောတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို မိမိက ပေးကမ်းစွန့်ကြဲခြင်းဖြင့် အနိုင်ယူပါ။
၄။ သစ္စေနာလိကဝါဒိနာ = မမှန်တာကို အမြဲပြောနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို မိမိက မှန်တာကိုသာပြောခြင်းဖြင့် အနိုင်ယူပါ။

ဒါကြောင့် လောကအမြင်နဲ့ကြည့်ရင် “နိုင်သူနဲ့ ရှုံးသူ” ဟာ ပုံစံတစ်မျိုးစီ မြင်ရမှာဖြစ်သော်လည်း ဓမ္မအမြင်နဲ့ကြည့်မှ နိုင်သူအစစ်နဲ့ ရှုံးသူအစစ်ကို မြင်တွေ့ကြရမှာပါ။

စာမျက်နှာ-၅၅

၅၁။ လူဆိုး လူမိုက်
အမူအကျင့်ဆိုးသွမ်းတဲ့ပုဂ္ဂိုလ်မျိုးကို “လူဆိုး”လို့ခေါ်ကြတယ်၊ ကြောင်းကျိုးဆင်ခြင်နိုင်မှုမရှိ အသိဉာဏ်မဲ့ပြီး အမှန်မသိလို့ မိုက်ကန်းနေသူကို “လူမိုက်”လို့ခေါ်တယ်။

လောကမှာ ဆိုးသွမ်းပြီးတော့ အကြောင်းအကျိုးဆင်ခြင်မှုမရှိ အသိဉာဏ်မရှိသည့်အတွက် လုပ်သင့်မလုပ်သင့်ကို ခွဲခြားမသိဘူး၊ မသိသည့်အတွက် လုပ်ချင်ရာရာတွေကို လုပ်နေတဲ့ပုဂ္ဂိုလ်ကို “လူဆိုးလူမိုက်”လို့ မြန်မာစကားအရ သရုပ်ဖေါ်လို့ရတယ်။ လူဆိုးလူမိုက်တွေဟာ -

၁။ ဒုစ္ဆိန္တိတစိန္တီ = ကောင်းတာဘယ်တော့မှ စိတ်မကူးဘူး၊ လူတကာဒုက္ခပေးမယ့်စိတ်ကူးပဲ ကူးတယ်။
၂။ ဒုဗ္ဗာသိတဘာသီ = ကောင်းတဲ့စကားမပြောဘူး၊ အများဒုက္ခရောက်မယ့် မကောင်းတဲ့စကားပဲပြောတယ်။
၃။ ဒုက္ကဋကမ္မကာရီ = လုပ်တဲ့အခါမှာလည်း မကောင်းတဲ့အလုပ်ကိုပဲလုပ်တယ်။

ဒါတွေဟာ လူဆိုးလူမိုက်ရဲ့ သွင်ပြင်လက္ခဏာတွေ ဖြစ်ပါတယ်။

စာမျက်နှာ-၅၆

၅၂။ ဆင်းရဲမွဲတေမှု လျှော့ချရေး
လောကမှာ ပစ္စည်းဥစ္စာတွေရှားပါးပြီး မွဲတေလာလို့ရှိရင် လူ့လောကမှာ ပြဿနာမျိုးစုံတက်ပြီး ဒုက္ခရောက်ရသလိုပဲ ဓမ္မရေးရာနဲ့ပတ်သက်ပြီး ဆင်းရဲမွဲတေမှုတွေများလာမယ်ဆိုရင် ဒီလိုဒုက္ခကြုံရတာပဲ။

ကိုယ့်သန္တာန်မှာ ရှိသင့်တဲ့တရားတွေ ဓမ္မအရည်အချင်းတွေမရှိဘူးဆိုရင် အဲဒီလူဟာ လူမွဲပဲ၊ ရှိသင့်တဲ့တရားတွေက -

* ကံ, ကံ၏အကျိုးကို ယုံကြည်မှု၊ ကုသိုလ်ကောင်းမှုအပေါ်မှာ စိတ်ဝင်စားမှု သဒ္ဓါ။
* မဟုတ်တာလုပ်ရမှာကို ရှက်ရွံ့တဲ့ ဟိရီ။
* မကောင်းမှုအကုသိုလ်ကို ကြောက်ရွံ့တဲ့ ဩတ္တပ္ပ။
* အကုသိုလ်တွေဖယ်ရှားပြီး ကုသိုလ်တွေရအောင်လုပ်တဲ့ ဝီရိယ။
* အကောင်းအဆိုးကို ခွဲခြားသိနိုင်တဲ့ ပညာ။

ဒီတရားတွေမရှိရင် ဆင်းရဲမွဲတေပြီတဲ့၊ ဒါကြောင့်မို့ မိမိတို့ဟာ ဆင်းရဲမွဲတေမှုဆိုတာကို မဖြစ်စေရဘူး၊ ဥစ္စာဓန ဆင်းရဲမွဲတေမှုဟာ တစ်ဘဝသာခံရတယ်၊ ကုသိုလ်ရေးနဲ့ပတ်သက်တဲ့ သဒ္ဓါ၊ ဟိရီ၊ ဩတ္တပ္ပ၊ ဝီရိယ၊ ပညာလို့ဆိုတဲ့ အရေးကြီးတဲ့တရားတွေ ဆင်းရဲမွဲတေမှုမဖြစ်အောင် လျော့ပါးသွားအောင် ဆောင်ရွက်ကြဖို့လိုပါတယ်။

စာမျက်နှာ-၅၇

၅၃။ မွေးနေ့လက်ဆောင်
မွေးနေ့မှာ ကောင်းမြတ်တဲ့ကုသိုလ်တရားတွေ ဆည်းပူးအားထုတ်မယ်ဆိုရင် “မွေးနေ့ကိုယ်တိုင်က တန်ဖိုးမရှိသော်လည်း မွေးနေ့ကို အကြောင်းပြုပြီးတော့ ရလာတဲ့တရားတွေဟာ တန်ဖိုးရှိပါတယ်” လို့ ခွဲခြားသိဖို့လိုတာပေါ့။

ဆိုလိုတာက မွေးဖွားလာခြင်းဟာ မကောင်းဘူး၊ မကောင်းတဲ့ထဲကမှ အကောင်းကဘာလဲဆိုရင် မိမိသန္တာန်မှာဖြစ်ပေါ်လာတဲ့ ကုသိုလ်တရားတွေက ကောင်းတယ်၊ အများကိုအကျိုးပြုနိုင်တဲ့ အလုပ်တွေက ကောင်းတယ်၊ ကိုယ့်ကိုယ်အမှီပြုပြီးတော့ အများချမ်းသာတယ်ဆိုရင် ကောင်းတယ်၊ အဲဒီကောင်းတာတွေများများရမှ တို့တစ်တွေဟာ ကြီးမားတဲ့အကျိုးကျေးဇူးကို ရမှာဖြစ်ပါတယ်၊ ဒီတော့ “ဇာတိ” ဆိုတဲ့ မွေးဖွားခြင်း (မွေးနေ့) ကို အရင်းတည်ပြီးတော့ ပါရမီကုသိုလ်တွေဖြစ်အောင် လုပ်လို့ရတယ်။

ဒါကြောင့်မို့ happy birthday to you လို့ဆိုပြီးတော့ ဘာနဲ့ happy ကြမှာလဲ၊ မွေးနေ့တိုင်း မွေးနေ့တိုင်းမှာ ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ ရလာတဲ့ ကုသိုလ်တရားသည်သာလျှင် မွေးနေ့ရဲ့အမြတ် ဖြစ်ပါတယ်။

စာမျက်နှာ-၅၈

၅၄။ စရိုက်နှင့် ဝါသနာ
စိတ်ထဲမှာ အဖြစ်များနေတဲ့အရာတစ်ခု၊ လူတွေရဲ့စိတ်နေသဘောထား ပကတိအနေအထား ဥဿန္တာ အဖြစ်များတဲ့ စိတ်အခြေအနေကို “စရိုက်” လို့ခေါ်တယ်။

ဒီနေရာမှာ စာပေကျမ်းဂန်အရ စရိုက် (၆) မျိုးရှိတယ်၊ ကောင်းတဲ့စရိုက် (၃) မျိုးနဲ့ မကောင်းတဲ့စရိုက် (၃) မျိုး၊ ဒီစရိုက်တွေက ကမ္မဋ္ဌာန်းအလုပ်အားထုတ်တဲ့အခါ အရေးကြီးတယ်၊ အကုသိုလ်နဲ့ပတ်သက်တဲ့ စရိုက် (၃) မျိုးက ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ ကုသိုလ်နဲ့ပတ်သက်တဲ့ စရိုက် (၃) မျိုးက သဒ္ဓါစရိုက်၊ ဗုဒ္ဓစရိုက်၊ ဝိတက္ကစရိုက်ဆိုပြီး (၃) မျိုးရှိတယ်။

ဝါသနာဆိုတာကျ အထုံရနေခြင်း၊ အကျင့်ပါနေခြင်း၊ ဝါသနာဖြင့်ထုံမွမ်းခြင်းလို့ အဓိပ္ပါယ်ရတယ်၊ စရိုက်ဆိုတာ အဖြစ်များတဲ့အရာ၊ အဲဒီအဖြစ်များတဲ့အရာတွေက ဖြစ်ပါများလွန်းအားကြီးလာတဲ့အခါမှာ မပျောက်နိုင်လောက်အောင် စွဲသွားပြီဆိုလို့ရှိရင် ဒါ ဝါသနာ။

တစ်ချို့က အဲဒီစရိုက်တွေဟာ အတိတ်ဘဝက လေ့ကျင့်ခဲ့တာနဲ့ သက်ဆိုင်တယ်တဲ့၊ အဲဒီအဖြေကို ရှင်မဟာဗုဒ္ဓဃောသက “ဒါမသေချာဘူး ယေဘုယျစကားပဲ၊ အတိတ်ဘဝတုန်းက ကံတစ်ခုခုကိုလုပ်နေတဲ့ စိတ်နေသဘောထားကိုကြည့်ရမယ်၊ ပဋိသန္ဓေကို ဖြစ်စေတတ်တဲ့ ကံတရားဟာ စရိုက်တွေဖြစ်ပေါ်လာခြင်းရဲ့ အဓိကအကြောင်းဖြစ်တယ်” လို့ ဆိုလိုတယ်။

စာမျက်နှာ-၅၉

၅၅။ ချမ်းသာစွာ အိပ်စက်ခြင်း
တိုက်ခန်းထဲမှာအိပ်နေတဲ့ပုဂ္ဂိုလ်မှာ ရာဂစိတ်တွေ ဒေါသစိတ်တွေဖြစ်ပွါးလာလို့ရှိရင်မယ်၊ တဏှာရာဂဆိုတာ အလိုမကျဘူး၊ စိတ်နှလုံးကိုပူပန်စေတယ်၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကိုဖြစ်စေတယ်၊ အဲဒီအပူတွေရှိနေမယ်ဆိုရင် ဘယ်လောက်ကောင်းတဲ့အိပ်ယာပေါ်အိပ်အိပ် ချမ်းချမ်းသာသာအိပ်စက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

မြတ်ဗုဒ္ဓဆိုလိုတဲ့ ချမ်းသာစွာအိပ်စက်ရခြင်းဆိုသည်မှာ နှလုံးသားအပူငြိမ်းပြီးတော့ ကိလေသာခပ်သိမ်းငြိမ်းနေတဲ့ပုဂ္ဂိုလ်ရဲ့ အိပ်စက်မှုသာလျှင် ချမ်းချမ်းသာသာအိပ်စက်ရခြင်းလို့ ဆိုနိုင်တယ်။

စာမျက်နှာ-၆၀

၅၆။ ရင်းနှီးမြှုပ်နှံ့ခြင်း
ကုသိုလ်ကောင်းမှုပြုတယ်ဆိုတာ ရင်းနှီးမြှုပ်နှံခြင်းတစ်မျိုးဖြစ်ပါတယ်၊ သေချာတဲ့ရင်းနှီးမြှုပ်နှံမှုကို မြတ်ဗုဒ္ဓက ယခုလိုရှင်းပြတယ်၊ လိမ္မာပါးနပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ တကယ်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်ချင်ပြီဆိုရင် မိမိပိုင်ဆိုင်တဲ့ပစ္စည်းကိုအကြောင်းပြုပြီး ကုသိုလ်ပြုကာ ဒါနကောင်းမှုလုပ်တာ၊ ကိုယ်ကျင့်တရားထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သမာဓိတရားကြိုးစားအားထုတ်ခြင်း၊ လောကီ လောကုတ္တရာပညာရပ်တွေ မိမိသန္တာန်မှာရအောင် ကြိုးစားအားထုတ်ခြင်းဟာ သေချာတဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်တဲ့။

စီးပွါးရေးနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်ကတော့ မိမိရှိတဲ့ပစ္စည်းကို လေးပုံပုံ၊ တစ်ပုံကို emergency အတွက်သိမ်းထား၊ တစ်ပုံကိုစား၊ ကျန်တဲ့တစ်ပုံကိုတော့ အတိုးအပွါးရအောင် အရောင်းအဝယ်ကိစ္စတွေမှာ ဆောင်ရွက်သင့်တယ်လို့ ဩဝါဒပေးထားတယ်၊ ဒါက လောကမှာ လူတွေဒုက္ခမရောက်အောင် လမ်းညွှန်ထားတဲ့ စီးပွါးရေးစီမံချက်တစ်ခုဖြစ်တယ်။

စာမျက်နှာ-၆၁

၅၇။ ကမ္မဋ္ဌာန်းဆရာ
နိဗ္ဗာန်ရောက်ချင်တဲ့ပုဂ္ဂိုလ်တိုင်း ကမ္မဋ္ဌာန်းတရားအားထုတ်တဲ့အခါ မှန်ကန်တဲ့လမ်းကြောင်းပေါ် လျှောက်နိုင်ဖို့အတွက် အရည်အချင်းရှိတဲ့ ကမ္မဋ္ဌာန်းဆရာကို ရှာတွေ့ဖို့ အရေးကြီးတယ်၊ ဘယ်လိုအရည်အချင်းနဲ့ ပြည့်စုံမှ “ကမ္မဋ္ဌာန်းဆရာ” ဖြစ်ရမှာလဲဆိုတာ စာပေကျမ်းဂန်မှာ မှတ်တမ်းတင်ထားတာရှိတယ်။

၁။ ပိယော စ ဟောတိ = ကိုယ်ကျင့်သီလနဲ့ပြည့်စုံပြီး ကြည်ညိုစရာကောင်းရမယ်၊ အပြစ်အနာအဆာမရှိစေရဘူး။
၂။ ဂရု = ကြည်ညိုစရာကောင်းရုံတင်မကဘူး၊ လေးစားလောက်တဲ့ ဂုဏ်အရည်အချင်းတွေလည်း ရှိရမယ်။
၃။ ဘာဝနီယော = အများကလည်း တော်လိုက်တာလို့ ချီးမွမ်းထိုက်တဲ့ ဂုဏ်အရည်အချင်းလည်း ရှိရမယ်။
၄။ ဝတ္တာ = မိမိနဲ့ပတ်သက်လာတဲ့ပုဂ္ဂိုလ်ကို ပြောသင့်ပြောထိုက်တဲ့စကားဆိုရင် ပြောကိုပြောရမယ်။
၅။ ဝစနက္ခမော = တစ်ဖက်ကနေ ထောက်ပြပြောဆိုလာလို့ရှိရင် လက်ခံနိုင်တဲ့ပုဂ္ဂိုလ် သည်းခံနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။
၆။ ဂမ္ဘီရဉ္စ ကထံ ကတ္တာ = လေးနက်တဲ့ ရုပ်နာမ်အကြောင်း မဂ် ဖိုလ် နိဗ္ဗာန်အကြောင်းများ ဟောပြောနိုင်ရမယ်။
၇။ နော စ အဌာနေ နိယောဇေတိ = အရာမဟုတ်တဲ့ကိစ္စ မမှန်ကန်တဲ့လမ်းကြောင်းပေါ် တွန်းမတင်ဘူး၊ ဒီအရည်အချင်းတွေပြည့်စုံမှ ကမ္မဋ္ဌာန်းဆရာကောင်းလို့ သတ်မှတ်ရမယ်။

စာမျက်နှာ-၆၂

၅၈။ သာသနာပြု စွမ်းအားစု
သာသနာဆိုတာ ဗုဒ္ဓမြတ်စွာဟောကြားတဲ့ တရားတော်တွေကို ရည်ညွှန်းတာဖြစ်ပေမယ့်လို့ အဓိကက ဘာတွေလဲဆိုရင် မဂ္ဂင်ရှစ်ပါးတရားကို သာသနာလို့ခေါ်တယ်၊ “မဇ္ဈိမပဋိပဒါ” လို့ခေါ်တဲ့ အလယ်လမ်းမဂ္ဂင်ရှစ်ပါးကို သာသနာလို့သတ်မှတ်တယ်၊ ဒီထက်နည်းနည်းအကျယ်ချဲ့ကြည့်လိုက်မယ်ဆိုရင် ထိုမဂ္ဂင်ရှစ်ပါးထဲမှာ အကြုံးဝင်တဲ့ သတိပဋ္ဌာန်စတဲ့ ဗောဓိပက္ခိယတရား (၃၇) ပါးဟာ ဗုဒ္ဓမြတ်စွာရဲ့သာသာနာပါလို့ ဒီလိုမှတ်ရမယ်။

အဲဒီတော့ သာသနာပြုတယ်ဆိုတာ ဗုဒ္ဓဟောကြားတဲ့ တရားဓမ္မတွေကို သင်ယူခြင်းနဲ့ ထိုတရားဓမ္မတွေအတိုင်း လိုက်နာကျင့်သုံးခြင်းကို ခေါ်တယ်၊ ဒါဟာ တကယ့်အစစ်အမှန် သာသနာပြုတာပဲ၊ ကျန်တဲ့ ဘုရားတည်တာ၊ ကျောင်းဆောက်တာတွေဟာ သာသနာပြုနိုင်အောင် အထောက်အပံ့ပေးတဲ့ အကူအညီတွေသာဖြစ်တယ်၊ ဒီလိုအထောက်အပံ့အကူအညီတွေ မပေးလို့ရှိရင်လည်းပဲ သာသနာပြုနိုင်တဲ့အဆင့်ကို မရောက်နိုင်ပါဘူး။

စာမျက်နှာ-၆၃

၅၉။ သုံးပါးရတနာ ကိုးကွယ်ရာ
မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ဖြစ်လာကြတဲ့ပုဂ္ဂိုလ်တွေက အများလုပ်လို့ လိုက်လုပ်နေကြတာ များတယ်၊ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားပြီး အလေးအနက်လုပ်တာ နည်းတယ်၊ လေးနက်မှု မရှိသည့်အတွက်ကြောင့် တစ်ချို့မြန်မာလူမျိုးတွေရဲ့ အိမ်မှာ ရတနာသုံးပါးတင်မကဘူး၊ တခြားနတ်တွေပါ ရောက်လာကြတယ်၊ ဒါဟာ လေးနက်မှုမရှိလို့ ဖြစ်ရတာ။

မြတ်ဗုဒ္ဓက ဟောတယ်၊ “သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ” လောကမှာ ဗုဒ္ဓလို့ခေါ်တဲ့ အမှန်တရားသိတဲ့ပုဂ္ဂိုလ် ပေါ်ထွန်းလာတာဟာ သတ္တဝါတွေ ချမ်းသာဖို့အတွက်ပဲတဲ့၊ ဗုဒ္ဓက သတ္တဝါတွေ ဒုက္ခက လွတ်ပြီး ချမ်းသာသုခရအောင် တန်ခိုးတော်နဲ့ မစကယ်တင်သလားဆိုတော့ မဟုတ်ပါဘူး၊ မစကယ်တင်ဖို့ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြည့်ပေါ့။

မိမိသန္တာန်မှာ ဖြစ်လာတဲ့ ကုသိုလ်တရားကသာလျှင် ကယ်တင်နိုင်တဲ့အရာ ဖြစ်တယ်၊ ဒီသဘောတွေကို ဆင်ခြင်စဉ်းစားပြီး ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့ မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ စစ်မှန်တဲ့ကိုးကွယ်မှုရှိဖို့ အင်မတန်မှ အရေးကြီးပါတယ်။

စာမျက်နှာ-၆၄

၆၀။ သမုဒ္ဒရာ ဝမ်းတစ်ထွာ
လူ့ဘဝရောက်လာတဲ့ လူသားတွေအနေနဲ့ နေ့စဉ်နဲ့အမျှ အာဟာရတွေ စားကြရတယ်၊ တစ်ရက်လည်း မပြီးနိုင် နှစ်ရက်လည်း မပြီးနိုင်၊ တစ်သက်လုံး ဖြည့်တင်းနေကြရလို့ လူတွေရဲ့ တစ်ထွာတစ်မိုက်လောက်ရှိတဲ့ ဝမ်းဗိုက်လေးဟာ ပင်လယ်သမုဒ္ဒရာကြီးလောက် ဖြည့်တင်းရခက်ပါလားဆိုတဲ့ အဓိပ္ပါယ်နဲ့ “သမုဒ္ဒရာ ဝမ်းတစ်ထွာ”လို့ ဆိုကြတာပေါ့။

လောကမှာ သမုဒ္ဒရာ ဝမ်းတစ်ထွာလေး ဖြည့်ဖို့ရာအတွက် ဒုစရိုက်နဲ့ အသက်မွေးပြီဆိုလို့ရှိရင်တော့ ဝမ်းတစ်ထွာလေး ပြည့်မယ်လို့ ထင်ပြီး ကြိုးစားလိုက်တာနဲ့ ပြည့်လာမယ့် အရာကတော့ သံသရာထဲနစ်မွန်းမယ့် ဆင်းရဲဒုက္ခတွေသာ ဖြစ်တယ်ပေါ့၊ ဘဝတစ်ခုရလာလို့ရှိရင် ဝမ်းတစ်ထွာဆိုတာ သေသည်အထိ ဖြည့်နေကြရမှာပဲ၊ အဲဒါကို မြန်မြန်ဖြည့်ချင်လို့ မမှန်ကန်တဲ့ စီးပွားရေးတွေ ပြုလုပ်ပြီးတော့ ဒုစရိုက်လုပ်ငန်းနဲ့ အသက်မွေးမယ်ဆိုလို့ရှိရင်တော့ အကုသိုလ်တွေသာ ပြည့်ပြီး သံသရာဆိုတဲ့ ပင်လယ်ကြီးထဲမှာ နစ်မွန်းမယ်၊ အပါယ်ငရဲကနေ ဘယ်တော့မှ တက်လာနိုင်မှာ မဟုတ်တော့ဘူးလို့ ဒီလိုဆိုနိုင်ပါတယ်။

စာမျက်နှာ-၆၅

၆၁။ ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း
မြန်မာနိုင်ငံမှာရှိတဲ့ ပရိယတ္တိကျောင်းတိုက်တွေ အားလုံးဟာ အဆင့်ဆင့် လက်ဆင့်ကမ်းပြီးနေကြတယ်၊ လွန်ခဲ့တဲ့ နှစ် (၂၆၀၀) ပြန်ကြည့်လိုက်မယ်ဆိုရင် ဒီပုံစံနဲ့ လာခဲ့တယ်ဆိုတာ ထင်ရှားတယ်၊ ကိုယ့်အလှည့်ရောက်တဲ့အခါမှာ အမှတ်တမဲ့ မနေဘဲနဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို တစ်လုံးပဲဖြစ်ဖြစ် နှစ်လုံးပဲဖြစ်ဖြစ် သင်ယူမှတ်သားကြရမှာ ဖြစ်ပါတယ်၊ မှန်ကန်ပြီး လောကအကျိုး သံသရာအကျိုးကို ဆောင်ရွက်နိုင်စွမ်းရှိတဲ့ အဆုံးအမတွေကို လက်ဆင့်ကမ်းကြရမယ်။

မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်ကလည်း “ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ” ဓမ္မကိုတွေ့မှ ငါ့ကိုတွေ့မယ်လို့ ဟောတာ၊ ပရိနိဗ္ဗာန်စံခါနီးမှာလည်း “ငါဟောထားတဲ့ ဓမ္မ ဝိနယတွေဟာ သင်တို့ဆရာပဲ”လို့ ပြောထားတာ၊ ဒီစကားနှစ်ရပ်ကို ကြည့်မယ်ဆိုရင် မြတ်စွာဘုရားက တရားကျင့်သုံးရေး အဆုံးအမတွေကို လိုက်နာရေးက အဓိကပဲဆိုတာ ထင်ရှားတယ်၊ ဒါကြောင့် တစ်လုံးသိသိ နှစ်လုံးသိသိ လက်ဆင့်ကမ်းသွားကြဖို့ လိုအပ်တယ်။

ဒီလိုလက်ဆင့်ကမ်းသွားခြင်းအားဖြင့် ဗုဒ္ဓအဆုံးအမတွေဟာ လူသားတွေရဲ့ နှလုံးသားထဲ ရောက်ရှိပြီး အေးချမ်းမှုကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

စာမျက်နှာ-၆၆

၆၂။ စိတ်၏ ထွက်ပေါက်များ
ရံဖန်ရံခါ စိတ်ထဲမှာ အလိုမကျမှုဆိုတာ ဖြစ်တယ်၊ ထိုအလိုမကျမှုဟာ ကြီးထွားလာလို့ရှိရင် ပေါက်ကွဲလာတတ်ပြီး ငြိမ်းချမ်းတဲ့စိတ်ကလေး ပျက်စီးလာတယ်၊ ဒေါသဖြစ်လာပြီဆိုရင် သူ့ရဲ့ မျက်နှာကလည်း ကြည်လင်မှု မရှိတော့ဘူး၊ ပြုံးချိုခြင်း မရှိတော့ဘူး၊ မျက်နှာအနေအထားပါ ပြောင်းလာတယ်။

အဲဒီလို စိတ်အလိုမကျတဲ့ ဗျာပါဒတို့ ဒေါသတို့ ဖြစ်လာပြီဆိုရင် ထိုဒေါသရဲ့ ထွက်ပေါက်ကို ရှာကြတယ်၊ တစ်ချို့က ကိုယ်မကျေနပ်တဲ့အရာကို တခြားအရာနဲ့ အစားထိုးတယ်၊ သို့မဟုတ် မကျေနပ်တဲ့လူကို တစ်ခုခုနဲ့ အနိုင်ယူလိုက်တယ်၊ အဲဒီလို အနိုင်ယူလိုက်တာဟာ ထွက်ပေါက်မဟုတ်ဘူး၊ သို့သော် လူတွေက ဒါကိုပဲ ထွက်ပေါက်ထင်ပြီး ထွက်နေကြတယ်၊ မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာတတ်တယ်ပေါ့၊ မြတ်ဗုဒ္ဓက စိတ်ထဲမှာ အလိုမကျတဲ့ ဗျာပါဒရဲ့ ထွက်ပေါက်အစစ်က မေတ္တာတရားပါတဲ့၊ မေတ္တာပွားခြင်းဖြင့် ဗျာပါဒရဲ့ ထွက်ပေါက်ကို ရရှိနိုင်ပါတယ်တဲ့၊ ဒါဟာ မှန်ကန်တဲ့နည်းစနစ်ပဲ။

စာမျက်နှာ-၆၇

၆၃။ ယောဂီပုဂ္ဂိုလ်ရှိရမည့် အရည်အချင်းများ
ယောဂအလုပ်ကို စွဲမြဲစွာ ကြိုးစားအားထုတ်မှု ရှိသူကို “ယောဂီ”လို့ ခေါ်တယ်၊ ကြိုးပမ်းအားထုတ်မှုရှိမှ ယောဂီလို့ ခေါ်နိုင်တာ၊ အပျင်းပြေလုပ်နေတာကို ယောဂီလို့ မခေါ်နိုင်ဘူး။ ပဓာနိယင်္ဂသုတ်အရ ယောဂီပုဂ္ဂိုလ်ရှိရမည့် အရည်အချင်း ငါးမျိုးရှိတယ်။

၁။ ယုံကြည်မှုရှိရမယ်။
၂။ ရောဂါကင်းပြီး ကျန်းမာရမယ်။
၃။ ရိုးသားဖြောင့်မတ်ရမယ်။
၄။ ကြိုးစားအားထုတ်မှု ရှိရမယ်။
၅။ အခြေခံအသိပညာ ခိုင်လုံမှု ရှိရမယ်။

ဒီငါးမျိုးရှိပြီး ဆရာကောင်းနဲ့တွေ့တယ်ဆိုရင် ခုနှစ်ရက်အတွင်း တရားထူးရပါတယ်တဲ့၊ ဒီအရည်အချင်းတွေနဲ့သာ ပြည့်စုံရင် မနက်နည်းပေးလို့ အားထုတ်ရင် ညနေမှာ ရဟန္တာဖြစ်ပါတယ်တဲ့၊ ဒီလိုဟောထားတာ ရှိပါတယ်။

စာမျက်နှာ-၆၈

၆၄။ မေတ္တသုတ် အနှစ်ချုပ်
မေတ္တသုတ်ကို နေ့စဉ်ရွတ်လို့ရှိရင် အန္တရာယ်တွေ ကင်းတယ်လို့ ဒီမေတ္တသုတ်ထဲမှာ ပြဆိုထားတဲ့စကား တစ်လုံးမှ မပါဘူး၊ သို့သော် အများက ဒီအတိုင်းပဲ ယုံကြည်နေကြတယ်၊ မိုးကုတ်ဆရာတော်ကြီးပြောတဲ့ စကားလုံးနဲ့ ပြောရမယ်ဆိုရင် “တို့လူတွေက သောက်ဆေးကို လိမ်းဆေးလုပ်နေကြတယ်”တဲ့။

သောက်ရမှာကို မသောက်ဘဲနဲ့ လိမ်းဆေးအဖြစ် အသုံးပြုနေလို့ရှိရင် အကျိုးသက်ရောက်မှု အားနည်းမယ်၊ သောက်ရမယ့်ဆေးက သောက်ကိုသောက်မှ အကျိုးသက်ရောက်မှာ၊ ဒါကြောင့် မေတ္တာဆိုတာ ဘာဝနာတရားဖြစ်လို့ ပွားများကြရမယ်။

မေတ္တာဆိုတဲ့တရားက ရွတ်ဖတ်ရမယ့်တရား မဟုတ်ဘူး၊ ပွားများရမယ့်တရား ဖြစ်တယ်၊ မေတ္တာဟာ ကမ္မဋ္ဌာန်းပဲ။ များသောအားဖြင့် ဝိပဿနာတရားအားထုတ်တာမှ ကမ္မဋ္ဌာန်းလို့ ယူဆနေကြတယ်၊ မေတ္တာပို့နေတာ ပွားများတာဟာလည်း ကမ္မဋ္ဌာန်းပါပဲ၊ သမထကမ္မဋ္ဌာန်းထဲမှာ ပါတယ်၊ ဒါကြောင့် မေတ္တသုတ်နဲ့ ပတ်သက်လာလို့ရှိရင် ရွတ်ရမှာ သက်သက်မဟုတ်ဘူး၊ နာရမှာ သက်သက်မဟုတ်ဘူး၊ ပွားများကြရမှာ ဖြစ်ပါတယ်။

စာမျက်နှာ-၆၉

၆၅။ နှစ်ဦးကာလ ဓမ္မလက်ဆောင်
ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေဟာ အကြောင်းနဲ့ အကျိုးကို ဟောတာဖြစ်လို့ လူ့လောကမှာ ကောင်းကျိုးချမ်းသာရဖို့ မျှော်လင့်ကြတယ်၊ စီးပွားဥစ္စာတိုးတက်ချင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊ ကျန်းမာပြီးတော့ အသက်ရှည်ချင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊ ဒီဘဝကုန်လို့ နောက်ဘဝရောက်တဲ့အခါမှာလည်း ကောင်းရာသုဂတိကို ရချင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊ ဒီလေးမျိုးသည် “အတ္တသမ္မာပဏိဓိ”လို့ခေါ်တဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံမှု၊ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံမှု၊ စာဂတရားနဲ့ ပြည့်စုံမှု၊ အသိဉာဏ်ပညာနဲ့ ပြည့်စုံမှုဆိုတဲ့ ဒီအကြောင်းလေးမျိုး ကင်းနေရင် ခုနက မျှော်လင့်ချက်တွေ မအောင်မြင်နိုင်ပါဘူး။

နှစ်သစ်အခါသမယမှာ နှစ်ဟောင်းကထက် ပိုပြီးတော့ ကောင်းလာစေချင်ရင် သဒ္ဓါတရားတွေ ကောင်းလာအောင် ကိုယ်ကျင့်တရားတွေ ပိုပြီးလုံခြုံလာအောင် စွန့်လွှတ်မှုတွေ ပိုပြီးခိုင်မာလာအောင် အသိဉာဏ်တွေ ပိုပြီးကြွယ်ဝလာအောင် လုပ်ဖို့ လိုပါတယ်၊ ဒီအကြောင်းတရားတွေ ပြည့်စုံမှသာလျှင် မိမိတို့ရဲ့ မျှော်လင့်ချက်နဲ့ ချမ်းသာသုခတွေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေဆိုတဲ့ ဆုတောင်းတွေ တောင်းဆိုမှုတွေဟာ တစ်လုံးတစ်ဝကြီး ပြည့်စုံလာမှာပါ။

စာမျက်နှာ-၇၀

၆၆။ တရားထူး ရနိုင်သူ
တရားထူးတရားမြတ် ရဖို့ရန်အတွက် အခြေအနေဆိုးတွေ မကျူးလွန်မိဖို့ လိုတယ်၊ ပဉ္စာနန္တရိယကံ ကင်းရှင်းရမယ်၊ နိယတမိစ္ဆာဒိဋ္ဌိဆိုတဲ့ အယူမှားလက်ခံထားတာ ကင်းရှင်းရမယ်၊ အဲဒီနှစ်ခု ကင်းရှင်းသွားပြီဆိုရင် ကိုယ့်သန္တာန်မှာ အားဖြည့်ပေးရမှာတွေက ဘာတွေတုန်းဆို သဒ္ဓါစွမ်းအား၊ တရားထူးတရားမြတ်ကို ရလိုတဲ့ ဆန္ဒစွမ်းအား၊ အဲဒီ သဒ္ဓါစွမ်းအား၊ ဆန္ဒစွမ်းအားအပေါ်မှာ အခြေခံပြီးတော့ တရားဓမ္မကို သိလိုတဲ့ ဉာဏ်စွမ်းအားတွေ၊ တရားဓမ္မနဲ့ပတ်သက်ပြီးတော့ သိလာအောင် ကြိုးစားတဲ့ ဉာဏ်စွမ်းအားတွေ ရှိဖို့လိုအပ်တယ်။

အဲဒါတွေနဲ့ ပြည့်စုံလာပြီဆိုရင် တရားထူးတရားမြတ် ရနိုင်ပါတယ်၊ မြတ်စွာဘုရားက သူတော်ကောင်းတရားကို ကြားနာလို့ “သမ္မတ္တနိယာမ”ဆိုတဲ့ မဂ်တရားကို ရထိုက်တဲ့ပုဂ္ဂိုလ်ဟာ အခုလို အခြေအနေကောင်းတွေနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ် ဖြစ်တယ်လို့ ဟောပါတယ်။

စာမျက်နှာ-၇၁

၆၇။ ယှဉ်ပြိုင်ခြင်း၏ နိဂုံး
လောကလူတွေ ယှဉ်ပြိုင်နေတာက မမှန်မကန် ယှဉ်ပြိုင်ကြတာ များတယ်၊ ယှဉ်ပြိုင်သင့်တဲ့နေရာမှာ မယှဉ်ပြိုင်ဘဲနဲ့ မယှဉ်ပြိုင်သင့်တဲ့နေရာမှာ ယှဉ်ပြိုင်နေသည့်အတွက်ကြောင့် ပြဿနာတွေ တစ်ခုပြီးတစ်ခု တက်လာပြီးတော့ ထိုပြဿနာတွေရဲ့ အဖြေကို ရှာမတွေ့ဘဲ မြတ်စွာဘုရား နိဂုံးဆွဲပြသလို “နိုင်သူ ရန်ပွား၊ ရှုံးကား စိတ်ဆင်းရဲမှု”ဆိုတာနဲ့ ကြုံတယ်၊ နောက်ဆုံးမှာ ဒီအကျိုးပဲ ရလိုက်တယ်။

“တသာတိဟ ဘိက္ခဝေ ဧဝံသိက္ခိတဗ္ဗ” ဒါကြောင့်မို့ ချစ်သားရဟန်းတို့ ဒီလိုကျင့်ရမယ်တဲ့၊ “ဥတ္တရုတ္တရိ ပဏီတ ပဏီတံ ဝါယမမာနာ” သူများထက် သာသည်ထက်သာအောင် ကောင်းသည်ထက်ကောင်းအောင် ကြိုးစားအားထုတ်ခြင်းဖြင့် “အနုတ္တရံ ဝိမုတ္တိသုခံ” အကောင်းဆုံးသော လွတ်မြောက်တဲ့ ချမ်းသာကို “သစ္ဆိကရိဿမ” တို့တစ်တွေ ရယူနိုင်အောင် မျက်မှောက်ပြုနိုင်အောင် ကြိုးစားကြမယ်လို့ ဒီလိုသာ ယှဉ်ပြိုင်သင့်တယ် ယှဉ်ပြိုင်ရမယ်လို့ ဆုံးမပေးတာပါ။

ဒါကြောင့် ယှဉ်ပြိုင်မှုရဲ့ နိဂုံးဆိုတာဟာ ရဟန္တာဖြစ်မှ နိဂုံးဆွဲနိုင်တာ၊ ဒီနောက်တော့ ပြိုင်စရာမရှိတော့ဘူးတဲ့၊ လူတွေရဲ့ ယှဉ်ပြိုင်လိုတဲ့စိတ်က အရဟတ္တဖိုလ်မှာပဲ အဆုံးသတ်သွားပါပြီတဲ့။

စာမျက်နှာ-၇၂

၆၈။ မဟာဒါန
မဟာဆိုတဲ့ စကားလုံးက မြတ်သော သို့မဟုတ် ကြီးကျယ်သောလို့ အဓိပ္ပါယ်ရတယ်၊ ကြီးကျယ်သောအလှူ သို့မဟုတ် မြတ်သောအလှူ၊ အဲဒီမြတ်သောအလှူဆိုတာ မြတ်စွာဘုရားက ငါးပါးသီလကို ပြောတာ၊ သီလကို ဒီဒေသနာတော်မှာ ဒါနလို့ ဟောထားခြင်းဖြစ်တယ်၊ ငါးပါးသီလဆောက်တည်တိုင်း တို့တစ်တွေ မဟာဒါန ကြီးကျယ်တဲ့အလှူကြီးတစ်ခု လှူနေတယ်လို့ ကိုယ့်ကိုယ်ကို သတိထားပြီး စေတနာစွမ်းအား တိုးမြှင့်ထားဖို့ လိုအပ်တယ်။

ဒါဖြင့် “ပါဏာတိပါတာ ဝေရမဏိ” သူများအသက် သတ်ခြင်းမှရှောင်တာနဲ့ ဘာဖြစ်လို့ မဟာဒါနဖြစ်တာတုန်းဆိုတော့ ကိုယ်က သူများအသက်မသတ်လို့ရှိရင် ပတ်ဝန်းကျင်မှာ သတ္တဝါတွေ အများကြီးရှိတယ်၊ မရေတွက်နိုင်အောင် များပြားတဲ့ သတ္တဝါတွေကို ကိုယ်လက်နဲ့ ဘယ်တော့မှ အသက်မထွက်စေဘူးဆိုတဲ့ ရှောင်ကြဉ်မှုလေးဟာ သာမန်ကြည့်တော့ဖြင့် သေးသေးလေးလို့ ထင်ရမယ်၊ သို့သော် သတ္တဝါတွေအားလုံးကို ကိုယ်က အဘယံ ဒေတိ - ဘေးမဲ့ပေးလိုက်တယ်၊ အဝေရံ ဒေတိ - ရန်ကင်းမှုကို ပေးတယ်၊ အဗျာဗျ ဒေတိ - ဆင်းရဲဒုက္ခ လွတ်ကင်းအောင် ပေးလိုက်တယ်၊ ဒါဟာ ကြီးမားတဲ့ကုသိုလ်ကြီးတစ်ခု ဖြစ်ပါတယ်။

စာမျက်နှာ-၇၃

၆၉။ နန္ဒီ ဒုက္ခဿ မူလံ
မြတ်စွာဘုရားဟောတဲ့ ဒေသနာလေးတစ်ပုဒ် လူတွေရဲ့နှုတ်ထဲ ရောက်သွားလို့ရှိရင် ဒီဘဝတင်မကဘူး နောက်ဘဝတွေမှာပါ အကျိုးရှိနိုင်တယ်၊ ပဉ္စဂ္ဂပုဏ္ဏား ဇနီးမောင်နှံလိုပဲ “နာမရူပံ”ဆိုတဲ့ စကားလုံးလေး ကြားလိုက်တာနဲ့ ကြားဖူးတဲ့ စကားလုံးဆိုပြီး အဓိပ္ပါယ်ထွင်းဖောက် သိရှိကာ တရားတစ်ပုဒ်အဆုံးမှာ အနာဂါမ်ဖြစ်သွားကြသလိုပေါ့၊ ဗုဒ္ဓမြတ်စွာရဲ့ စကားလုံးလေးအတိုင်း “နန္ဒီ ဒုက္ခဿ မူလံ”ဆိုတာကို မှတ်ထားကြ၊ သိပ်ခဲယဉ်းတဲ့ ပါဠိစကား မဟုတ်ပါဘူး။

နန္ဒီ = နှစ်သက်တဲ့ တဏှာရာဂဟာ ဒုက္ခဿ = ဆင်းရဲဒုက္ခရဲ့ မူလံ = အကြောင်းပဲတဲ့။

စာမျက်နှာ-၇၄

၇၀။ မိတ်ကောင်း ဆွေကောင်း
ဘုရားရှင်ဟောပြောခဲ့တဲ့ မိတ်ဆွေကောင်းတို့ရဲ့ အင်္ဂါလေးရပ်ဆိုတာ—

၁။ ပေးနိုင်ခဲတဲ့အရာကို ပေးတတ်သူ၊
၂။ လုပ်နိုင်ခဲတဲ့အရာကို လုပ်ပေးတတ်သူ၊
၃။ သည်းခံနိုင်ခဲတဲ့အရာကို သည်းခံပေးတတ်သူ၊
၄။ ဒုက္ခကြုံတွေ့ရချိန်မှာ စွန့်လွှတ်ပြီး ထွက်ပြေးမသွားတတ်သူ။

ဒီအင်္ဂါလေးချက်ရှိတဲ့ပုဂ္ဂိုလ်ဟာ အပေါင်းအသင်းလုပ်ထိုက်တဲ့ မိတ်ကောင်းဆွေကောင်း ဖြစ်တယ်။

စာမျက်နှာ-၇၅

၇၁။ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ခြင်း
ချမ်းသာမှုဆိုတာ ဘာသာနဲ့ မဆိုင်ဘူး၊ မချမ်းသာဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လိုက်နာရဲ့လား မလိုက်နာဘူးလား၊ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်၊ ဘုရားက ဒီဘဝချမ်းသာဖို့အတွက် အလုပ်ကြိုးစားရမယ်၊ ဇွဲကောင်းရမယ်၊ နည်းစနစ်သိရမယ်၊ ဒီသုံးခုနဲ့ ကြိုးစားတာ။ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်၊ ဝင်ငွေထွက်ငွေ မျှတအောင် သုံးတတ်ရမယ်၊ နောက်တစ်ချက်က မိတ်ကောင်းဆွေကောင်း ရှိရမယ်။

ဒီအချက်လေးချက်နဲ့ ပြည့်စုံပြီးတော့ လိုက်နာကျင့်သုံးမယ်ဆိုရင် ဘဝမှာ ချမ်းသာသုခရနိုင်ပါတယ်၊ ဒါက မြတ်ဗုဒ္ဓရဲ့ ဘဝမှာ နေနည်းတစ်ခုပေါ့၊ ဗုဒ္ဓဘာသာဝင် လူငယ်လူရွယ်တွေ မှတ်သားလိုက်နာပြီးတော့ ကိုယ့်ကိုယ်ကို ကြီးပွားတိုးတက်အောင်လုပ်ဖို့ လိုအပ်တယ်။

စာမျက်နှာ-၇၆

၇၂။ မှတ်ဉာဏ်ကောင်းအောင် ကျင့်ဆောင်ခြင်း
လောဘစိတ်နဲ့ တစ်စုံတစ်ခုကို တွယ်တာပြီးတော့ လိုချင်နေပြီဆိုတဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ကြည့်ရင် သိပ်ကို လိုချင်တယ်ဆိုတဲ့စိတ်မျိုးတွေ ဖြစ်နေပြီဆိုရင် ကိုယ့်စိတ်လေးဟာ အရောင်ဆိုးခံထားရပြီ၊ အရောင်ဆိုးခံထားရရင် ဒီပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ မှတ်ဉာဏ်တွေ မှတ်ထားတဲ့အရာတွေဟာ အားပျော့ပြီး ပျက်ပြယ်သွားတယ်၊ စာကျက်လို့လည်း မရဘူး၊ မှတ်လို့လည်း မရဘူး။

ဒါဖြင့် မှတ်ဉာဏ်ကောင်းလာအောင် ဘာလုပ်ရမလဲဆိုတော့ “ကာမစ္ဆန္ဒ”စတဲ့ နီဝရဏတရားတွေကို လျှော့ချရမယ်၊ နီဝရဏဆိုတာ စိတ်ရဲ့ အဟန့်အတား ကုသိုလ်စိတ်တွေ မဖြစ်နိုင်အောင် အသိဉာဏ်တွေ ပေါ်မလာနိုင်အောင် တားမြစ်ထားတာ၊ ဒီနီဝရဏတရားတွေကို လျှော့ချနိုင်သေးသမျှ ကာလပတ်လုံး မှတ်ဉာဏ်တွေဟာ ကောင်းလာကြမှာ မဟုတ်ပါဘူး။

စာမျက်နှာ-၇၇

၇၃။ စံထားရမည့်ကိုယ်ကျင့်တရား ရှိသူများ
ကိုယ်ကျင့်တရားဆိုတာ ကိုယ်တိုင်လိုက်နာကျင့်သုံးရမယ့်တရားဖြစ်တယ်၊ လူ့လောကမှာ လူတွေလိုက်နာရမယ့် ကျင့်ဝတ်ဆိုတာ ရှိတယ်၊ ကျင့်ဝတ်မလိုက်နာဘဲ စည်းကမ်းကလနားတွေ ဖောက်ပြန်နေမယ်ဆိုရင် ဖောက်ပြန်တဲ့မိသားစုဟာ စိတ်ချမ်းသာမှု မရတဲ့အပြင် ဒေါသတွေ အာဃာတတွေ ဖြစ်လာမယ်။

အကယ်၍ ကိုယ်ကျင့်ရမယ့်ကျင့်ဝတ် လုံလုံလောက်လောက်နဲ့ ပြည့်စုံပြီဆိုရင် အဲဒီပြည့်စုံတဲ့နိုင်ငံ ပြည့်စုံတဲ့မြို့ ပြည့်စုံတဲ့မိသားစုဟာ ချမ်းသာနေမှာပဲ၊ ကျင့်ဝတ်မပြည့်စုံဘူးဆိုရင် သူ့ရဲ့ အသိုင်းအဝိုင်း သူ့ရဲ့ အဖွဲ့အစည်းကြီးဟာ ဘယ်တော့မှ ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။

စာမျက်နှာ-၇၈

၇၄။ ဓမ္မသံဝေဂနှင့် ဘဝဆည်းဆာ
ရှင်အာနန္ဒာက ဘုရားကို လျှောက်တယ်၊ “အရှင်ဘုရား၊ အံ့ဩဖွယ်ရာ အရှင်ဘုရားကိုယ်လေးက ရှေ့နည်းနည်းကိုင်းလာပြီ၊ အရေလေးတွေ တွန့်လာပြီ”ဆိုတော့ “အာနန္ဒာ အခုလိုပဲတဲ့၊ ဇရာတရားက နုပျိုမှုတွေကို လုယက်သွားတယ်၊ ဗျာဓိတရားက ကျန်းမာမှုတွေကို လုယက်သွားတယ်၊ နောက်ဆုံးကျတော့ မရဏတရားက အသက်ကို လုယက်ပြီး သွားလိမ့်မယ်”ဆိုပြီး မြတ်စွာဘုရားက ဥဒါန်းကျူးတယ်။

ဘယ်လောက်ပဲ ရာထူးအာဏာကြီးတဲ့ပုဂ္ဂိုလ်ဖြစ်စေ၊ ဘယ်လောက်ပဲ စည်းစိမ်ဥစ္စာ ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ အားလုံးကို ဇရာ, ဗျာဓိ, မရဏဆိုတဲ့ ဒီတရားတွေဟာ လွှမ်းမိုးပြီးတော့ ဖျက်ဆီးသွားတယ်၊ ဒါတွေကို ဆင်ခြင်သုံးသပ်ကြည့်ဖို့ မြတ်စွာဘုရားက ဟောကြားထားတာ ဖြစ်ပါတယ်။

စာမျက်နှာ-၇၉

၇၅။ ယမမင်းကြီးရဲ့ ဆန္ဒ
ကံတရားတွေဆိုတာ အလွန်စွမ်းအားရှိတယ်၊ ကံမကောင်း အကြောင်းမလှလို့ ငရဲကျသွားပေမယ်လို့ ကုသိုလ်ကံရှိရင် အဲဒီကုသိုလ်ကံက ပြန်ကယ်သွားနိုင်တယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ငရဲအသက်နဲ့ လူ့အသက်က မတူဘူး၊ ငရဲရဲ့ အသက်ဟာ ကံပဲ၊ ကံရှိသမျှ ဘယ်တော့မှ မသေဘူး၊ သူက ကံပေါ်မှာ မူတည်တယ်၊ လူ့ရဲ့ အသက်က ကံပေါ်မှာ မူမတည်ဘူး၊ “အသက်ဉာဏ်စောင့်”လို့ ပြောကြတယ်မဟုတ်လား။

ငရဲမှာခံနေရတဲ့ ငရဲသားတွေကိုကြည့်ပြီး ယမမင်းကြီးက ခုလိုဆန္ဒဖြစ်တယ်တဲ့၊ လူ့ဘဝရလိုက်ရင် ဘယ်လောက်ကောင်းမလဲ၊ ဒီဒုက္ခတွေ သူက မြင်နေတော့ သနားတယ်၊ လူ့ဘဝရမှ ဒီဒုက္ခတွေက လွတ်နိုင်မှာကိုး၊ လူ့ဘဝရတဲ့အချိန်မှာ ဘုရားများပွင့်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ၊ ဘုရားကို ဆည်းကပ်ကိုးကွယ်ခွင့်ရရင် ဘယ်လောက်ကောင်းမလဲ။ အဲဒီဘုရားက ငါ့ကို တရားဟောရင် ဘယ်လောက်ကောင်းမလဲ၊ ဘုရားဟောတဲ့တရားကို သိရှိနားလည်ရရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ ဒီဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
26ze38dwfeiih2zlpplc3o862bovvz4
ကဏ္ဍ:ဒေါက်တာနန္ဒမာလာဘိဝံသ
14
6366
22161
2026-06-15T03:29:11Z
Tejinda
173
ဗလာစာမျက်နှာကို ဖန်တီးခဲ့သည်
22161
wikitext
text/x-wiki
phoiac9h4m842xq45sp7s6u21eteeq1
တရားသိလျက် အကျင့်ခက်
0
6367
22162
2026-06-15T04:30:18Z
Tejinda
173
"{{header | title = တရားသိလျက် အကျင့်ခက် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = တရားပလ္လင..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22162
wikitext
text/x-wiki
{{header
| title = တရားသိလျက် အကျင့်ခက်
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[တရားပလ္လင်ထက်က စကားအလင်္ကာများ]]
| previous2 =
| next = [[ဓမ္မကိုအဖော်ပြုမှ ထာဝရချမ်းသာမည်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁
မှတ်တမ်း
သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တပေါင်းလဆန်း(၉)ရက် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ရတနာလမ်း ဝိသုဒ္ဓိဆွမ်းလောင်း အသင်း၏ စတုတ္ထအကြိမ်မြောက် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်းအနားဝယ် ဟောကြားအပ်သော “တရားသိလျက် အကျင့်ခက်” တရားဒေသနာတော်။

“တရားသိလျက် အကျင့်ခက်”ဆိုတာ သိတော့ သိတယ်။ သိတဲ့အတိုင်း လိုက်နာကျင့်သုံးဖို့ မလွယ်ကူဘူးတဲ့။ သိတယ်ဆိုတဲ့နေရာမှာ သင်ထားလို့ သိတဲ့ အသိက တစ်မျိုးပေါ့။ လက်တွေ့ကျင့်သုံးပြီး သိတဲ့အသိက တစ်မျိုးဖြစ်တယ်။ အဲဒီ (၂)မျိုးထဲမှာ သင်ထားလို့သိတဲ့ အသိက လက်တွေ့ကျင့်သုံးပြီးတော့ သိတဲ့ အသိလောက် ခိုင်မာမှု၊ ရင့်ကျက်မှု မရှိဘူးတဲ့။

စာမျက်နှာ-၂
ဘာဖြစ်လို့ သတ္တဝါတွေဟာ သိလျက်သားနဲ့ မကျင့်နိုင်ကြတာလဲဆိုတော့ မကျင့်နိုင်ခြင်းရဲ့ အကြောင်းဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာတွေလွှမ်းမိုးမှုက အင်မတန်မှ အားကောင်းပြီးတော့ အသိဉာဏ်က အားပျော့သိမ်ငယ်နေလို့ပဲ ဖြစ်တယ်။ အကယ်၍သာ အသိဉာဏ်က လွှမ်းမိုးသွားမယ်ဆိုရင် လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာတွေက အင်အားပျော့ညံ့သွားပြီး တရားသိလျက် အကျင့်ခက်စရာ မရှိတော့ဘူးတဲ့။ သိတဲ့အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုန်းကြီးတို့တစ်တွေ သတိထားဖို့ရာက ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးနဲ့ ကြုံတွေ့တဲ့

စာမျက်နှာ-၃
အခါမှာ သိအောင် သင်ယူကြရမှာက နံပါတ်တစ် အရေးကြီးဆုံး ဖြစ်တယ်။ မြတ်စွာဘုရားကလည်း သာသနာတော်မြတ်ကြီးကို “ပရိယတ္တိသာသနာ”လို့ နံပါတ်တစ် ဟောထားတယ်။ “ပရိယတ္တိဆိုတာ သင်ယူခြင်း”လို့ အဓိပ္ပါယ်ရတယ်။ မသင်ယူဘဲနဲ့ မည်သူတစ်ဦးတစ်ယောက်မျှ တရားဓမ္မကိုသိတယ်ဆိုတာ မရှိဘူး။ တရားနာတာဟာ သင်နေတာပဲ။ နားနဲ့ကြားနာနေတာဟာ သင်ယူခြင်းပဲ၊ သင်ယူပြီးတဲ့နောက်မှာ လက်တွေ့ကျင့်သုံးမှုဆိုတာ နောက်က လိုက်ရတယ်။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေ ဆိုပါစို့ ဘုရားအဆူဆူရဲ့ အဆုံးအမ ဩဝါဒ။ “သဗ္ဗပါပဿ အကရဏံ”တဲ့။ “ယုတ်မာညစ်ကျ အကုသိုလ်အမှုမှန်သမျှ မလုပ်နဲ့”တဲ့။ ဒါက

စာမျက်နှာ-၄
ဘုရားဟောတာ။ ဘုန်းကြီးတို့တစ်တွေက အဲဒါကို သင်ရမယ်။ ယုတ်မာညစ်ကျ အကုသိုလ်အမှုမှန်သမျှ မလုပ်နဲ့ဆိုတာကို သင်ယူပြီးတဲ့နောက်မှာ အကုသိုလ်ဆိုတာ မလုပ်ရဘူးဆိုတာကိုသိတဲ့ အသိကလေး ကိုယ့်သန္တာန်မှာ ရှိလာတယ်။ ရှိလာတဲ့အတိုင်း အကုသိုလ်ကို ရှောင်ရမယ်။ မရှောင်ဘူးဆိုရင် တရားသိလျက် အကျင့်ခက် ဖြစ်သွားပြီ။ “ကုသလဿပ သမ္ပဒါ” ကုသိုလ်တရားတွေ မိမိသန္တာန်မှာ ပြည့်စုံစေရမယ်တဲ့။ ကုသိုလ်တရားဆိုတာ အဆင့်ဆင့်ရှိတယ်။ ဒါနကုသိုလ်ရှိတယ်။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းဖြင့် ဖြစ်ပေါ်လာတဲ့ ကုသိုလ်ကို ဒါနကုသိုလ်၊ ကျင့်သုံးဆောက်တည်ခြင်းဖြင့် ဖြစ်ပေါ်လာတာ သီလကုသိုလ်။ မိမိစိတ်

စာမျက်နှာ-၅
ကလေး ကောင်းတဲ့အာရုံနဲ့ လေ့ကျင့်ပြီးတော့ ပွားများတာ ဘာဝနာကုသိုလ် ဖြစ်တယ်။ ဒါနကုသိုလ်လည်း ပြည့်စုံစေရမယ်။ သီလကုသိုလ်လည်း ပြည့်စုံစေရမယ်။ ဘာဝနာကုသိုလ်လည်း ပြည့်စုံစေရမယ်။ ဒီကုသိုလ်တွေ ပြည့်စုံစေရမယ်ဆိုတာကို မြတ်စွာဘုရားက ဟောထားတာ။ အဲဒီတရားကို ရှေးဦးစွာ သင်လိုက်ရမယ်။ ကုသိုလ်ဆိုတာ မိမိသန္တာန်မှာ ပြည့်စုံအောင် လုပ်ရမယ်ဆိုတဲ့ အသိလေး ရလာတယ်။ အဲဒီ သိထားတဲ့အတိုင်း ဒါနကောင်းမှုလည်း လုပ်တယ်၊ သီလလည်း ဆောက်တည်တယ်၊ ဘာဝနာလည်း ပွားများအားထုတ်တယ်၊ ကုသိုလ်တွေ ရအောင်ယူတယ်ဆိုရင် ကျင့်သုံးတယ်လို့ ခေါ်တယ်။ အကယ်၍ ကုသိုလ်ဆိုတာ မိမိသန္တာန်မှာ

စာမျက်နှာ-၆
ပြည့်စုံစေရမယ်ဆိုတဲ့ အသိလေး ရှိသော်လည်း ကုသိုလ်ကောင်းမှုကို မလုပ်ဘူး၊ မလုပ်ဖြစ်ဘူးဆိုရင် ဒါလည်း “တရားသိလျက် အကျင့်ခက်”ပဲ ဖြစ်တယ်။

နောက်တစ်ခု မြတ်စွာဘုရားဟောတယ်။ “သစိတ္တ ပရိယောဒပနံ” ကိုယ့်စိတ်ကလေးကို ဖြူစင်အောင်ထားတဲ့။ စိတ်ဖြူစင်တယ်ဆိုတာ ညစ်နွမ်းတဲ့စိတ်တွေ မရှိသင့်ဘူး။ ညစ်နွမ်းတဲ့စိတ်ဆိုတာ ဘာတုန်း? လောဘဆိုတဲ့ အညစ်အကြေး၊ ဒေါသဆိုတဲ့ အညစ်အကြေး၊ မောဟဆိုတဲ့ အညစ်အကြေး၊ မာန်မာနဆိုတဲ့ အညစ်အကြေး၊ ဣဿာဆိုတဲ့ အညစ်အကြေး၊ မစ္ဆရိယဆိုတဲ့ အညစ်အကြေး၊ အဲဒီတရားတွေ စိတ်ထဲမှာ ပေါ်လာပြီဆိုရင် စိတ်ဟာ ညစ်နွမ်းသွားတယ်လို့ ခေါ်တယ်။

စာမျက်နှာ-၇
အဲဒီ ညစ်နွမ်းသွားတဲ့ စိတ်ကို ဖြူစင်အောင် လုပ်ရမယ်။ (စိတ်ဆိုတာ သဘာဝအားဖြင့် ဖြူစင်နေတာ ဖြစ်လို့ ညစ်နွမ်းသွားတဲ့စိတ်ကို ပြန်ဖြူအောင်လုပ်လို့ရတယ်) ဆိုပါစို့ အဝတ်ဟာ နဂိုကတည်းက အမဲရောင်ဆိုးထားတဲ့ အဝတ်၊ အဲဒီ အမဲရောင်၊ အနက်ရောင် ဆိုးထားတဲ့ အဝတ်ကို ဖြူအောင်လုပ်ပါလို့ ဆိုလို့ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ စိတ်က နဂိုက အဖြူရောင်၊ အဲဒီ အဖြူပေါ်မှာ တခြားအရောင်တွေကြောင့် ညစ်နွမ်းလာတယ်၊ မဖြူစင်ဘူးဆိုရင် နောက်မှပေါ်လာတဲ့ အရောင်တွေကို အရောင်ချွတ်ဆေး၊ ဆပ်ပြာစသည်ဖြင့် ဖွတ်လျှော်လိုက်မယ်ဆိုရင် နောက်မှပေါ်လာတဲ့အရောင်တွေဟာ ကျွတ်သွားပြီးတော့ ပကတိအရောင်ဖြစ်တဲ့ ဖြူစင်မှုကိုရတယ်။

စာမျက်နှာ-၈
မြတ်စွာဘုရားက စိတ်ဟာ ပင်ကိုယ်က အနက်မဟုတ်ဘူး၊ ပင်ကိုယ်သဘာဝအားဖြင့် ဖြူစင်တယ်။ “ပဘဿရမိဒံ ဘိက္ခဝေ စိတ္တ”တဲ့။ စိတ်ဆိုတာ သန့်ပြန့်ဖြူစင်နေတဲ့ သဘာဝတရားတဲ့။ ဘာဖြစ်လို့လဲဆိုရင် သူက အာရုံကို သိရုံသိတာ။ စိတ်ရဲ့ သဘာဝက အာရုံကို သိရုံပဲသိတယ်။ တွယ်တာမှုဆိုတာ မဖြစ်ဘူး။ မုန်းတီးမှုဆိုတာလည်း မဖြစ်ဘူး။ သိရုံမျှသက်သက်သာ သိတာဆိုတော့ ဖြူစင်တယ်။ အဲဒီသဘာဝအားဖြင့် ဖြူစင်နေတဲ့စိတ်ကလေးဟာ “တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌိ”။ အခိုက်အတန့် ဖြစ်ပေါ်လာတဲ့ လောဘကြောင့် စိတ်ကလေးဟာ ညစ်နွမ်းသွားရတယ်။ ဒေါသကြောင့် စိတ်ကလေးဟာ ညစ်နွမ်း

စာမျက်နှာ-၉
သွားရတယ်။ မာန်မာနတွေ၊ ဣဿာ မစ္ဆရိယတွေကြောင့် အဲဒီအညစ်အကြေးတွေကို စနစ်တကျ သန့်စင်ဆေးကြောပစ်လိုက်မယ်ဆိုရင် ပင်ကိုယ်က အနေအထားအတိုင်း ပြန်ရောက်သွားနိုင်သည်။ ကိုယ့်စိတ်ကလေးကို စင်ကြယ်အောင် လုပ်ရမယ်ဆိုတာ ဒါကိုပြောတာဖြစ်တယ်။

စဉ်းစားကြည့်လေ လူတွေဟာ စိတ်ကြည်နေတဲ့အချိန် ဒေါသဆိုတာလာမှ မလာတာပဲ။ ဒေါသဆိုတာ အာရုံကြောင့် မိမိရဲ့ နှလုံးသွင်းမှု မှားယွင်းမှုကြောင့် အခိုက်အတန့်ပေါ်လာတဲ့ သဘောတရားပဲ ဖြစ်တယ်။ ဒါကိုသန့်စင်အောင် ဆေးကြောပစ်ရမှာပေါ့။ ဆေးကြောပစ်လိုက်တဲ့အခါကျတော့ ဒေါသမရှိတဲ့စိတ်ဟာ တည်ငြိမ်တဲ့စိတ်၊ ဖြူစင်တဲ့

စာမျက်နှာ-၁၀
စိတ် ပြန်ပြီးတော့ ဖြစ်လာတယ်။ ထို့အတူပဲ လောဘဆိုတာ အမြဲဖြစ်နေတာမဟုတ်ဘူး။ အာရုံနဲ့တွေ့လို့ လိုချင်မှုတွေ တပ်မက်မှုတွေ လွှမ်းမိုးလာတဲ့အခါ တရားနည်းလမ်းကျတဲ့ ဖြေဆေးနဲ့ ဖြေပေးပြီးတော့ သန့်စင်ပေးလိုက်မယ်ဆိုရင် နဂိုငြိမ်းအေး ငြိမ်သက်တဲ့ ဖြူစင်တဲ့ စိတ်ကလေးကို ပြန်ပြီးတော့ ရနိုင်တာပေါ့။

လူတွေရဲ့ စိတ်ထဲမှာ အမြဲတမ်း သူများအပေါ်မှာ မနာလိုတဲ့စိတ်တွေ ဖြစ်တာမှမဟုတ်ဘဲ။ ကိုယ်သာရချင်တယ်ဆိုတဲ့စိတ်ဟာလည်း အမြဲတမ်းဖြစ်တာမှမဟုတ်ဘဲ။ သူများစည်းစိမ်ကို စဉ်းစားလိုက်တဲ့အခါကျမှ မနာလိုစိတ်ဆိုတာ ဝင်လာတာဖြစ်တယ်။ ကိုယ့်ထက်သာ မနာလို၊ ကိုယ့်ထက်သာသွား

စာမျက်နှာ-၁၁
မှာမကျေနပ်တဲ့စိတ်ကလေးက တွေးကြည့်လိုက်မှ ပေါ်လာတာ။ ကိုယ်ရထားတဲ့ အခွင့်အရေးတစ်ခုကို သူတပါးကို မပေးလိုတဲ့ မစ္ဆရိယစိတ်ကလေးဟာလည်း မတွေးဘဲနေတဲ့အခါ ပေါ်တာမှမဟုတ်ဘဲ၊ တွေးလိုက်တဲ့အခါကျမှ ပေါ်လာတာဖြစ်တယ်။ အဲဒီတော့ အကြောင်းရှိမှ ဝင်လာတဲ့ ဒီစိတ်ရဲ့ အညစ်အကြေးတွေကို မှန်ကန်တဲ့အတွေးတစ်ခုနဲ့ သန့်စင်ဆေးကြောလိုက်မယ်ဆိုရင် ဖြူစင်သွားမယ်တဲ့။

အဲဒါကြောင့်မို့ မြတ်စွာဘုရားက စိတ်ကို ပင်ကိုယ်အနေအထားအတိုင်း ဖြစ်အောင် အညစ်အကြေးတွေကို ဆေးကြောသန့်စင်ပေးရမယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဘုန်းကြီးတို့တစ်တွေ သင်ယူကြရတယ်။ သင်လိုက်တဲ့အခါကျတော့ ဒီတရားလေးကို

စာမျက်နှာ-၁၂
သိသွားတယ်။

သင်ယူလိုက်တဲ့အခါကျတော့ ကြည့်၊ အကုသိုလ်မှန်သမျှ မလုပ်ရဘူးဆိုတာ သိသွားပြီ။ ကုသိုလ်မှန်သမျှ ပြည့်စုံစေရမယ်ဆိုတာလည်း သိသွားပြီ။ ကိုယ့်စိတ်ကလေးကို ဖြူစင်အောင်၊ သန့်ရှင်းအောင် လုပ်ရမယ်ဆိုတာလည်း သိသွားပြီ။ သိသွားပြီးရင် ဘာလုပ်ရမလဲ၊ လက်တွေ့ အကုသိုလ်ကို ရှောင်ဖို့နဲ့ ကုသိုလ်ကို ပြည့်စုံအောင်လုပ်ဖို့၊ ညစ်နွမ်းတဲ့စိတ်ကလေးကို ညစ်နွမ်းမှုမရှိရအောင်၊ ဖြူစင်အောင်လုပ်ဖို့၊ ဒါက ကျင့်သုံးတာပေါ့။ သိပြီးလျှက်နဲ့ မကျင့်သုံးတာဟာ “တရားသိလျက် အကျင့်ခက်”ပဲ ဖြစ်တယ်။

လောကလူတွေဟာ သိတိုင်း ကျင့်နိုင်ကြ

စာမျက်နှာ-၁၃
သလားဆိုတော့ မကျင့်နိုင်ကြဘူး။ အဲဒီတော့ မကျင့်နိုင်တာဟာ ဘာကြောင့်လဲဆိုရင် ကိလေသာလွှမ်းမိုးမှု အကြိမ်တွေက များတယ်။ သတိထားမိတဲ့ အကြိမ်က နည်းတယ်။ သိတဲ့ အသိတရားက အားပျော့ပြီးတော့ ကိလေသာတွေ အားကောင်းနေသည့်အတွက်ကြောင့် ဘာနဲ့ အလားတူလဲဆိုရင် မီးဖိုချောင်မှာ သုံးတဲ့ အညစ်အကြေးပေနေတဲ့ လက်နှီးစုတ်လို ဖြစ်နေတယ်။ သို့မဟုတ် ပန်းချီဆရာရဲ့ လက်သုတ်ပုဝါလို (ပန်းချီဆရာက ဆေးစုပ်ရင်းကနေ ဆေးစက်တွေကို သုတ်လိုက် ကိုင်လိုက် လုပ်တဲ့အခါမှာ အဝတ်ကလေးမှာ အရောင်မျိုးစုံစွဲပြီးတော့နေတဲ့ ပန်းချီဆရာကိုင်တဲ့ လက်သုတ်ပုဝါ) အနေအထားမျိုး ရောက်နေတယ်။ ကိလေသာတွေက

စာမျက်နှာ-၁၄
ထူပြောလို့ သန့်ရှင်းစင်ကြယ်မှုဆိုတာ အလွန်အားနည်းလာတယ်။ ဒါကြောင့်မို့ တရားသိလျက် အကျင့်ခက်လို့ ဒီလိုပြောတာ။ အဲဒီတော့ သိအောင် သင်ရမယ်ဆိုတဲ့နေရာမှာ အခုလိုတရားနာလိုက်တဲ့အခါမှာ တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ ရှောင်ရမှာလည်း သိလိုက်တယ်၊ ဆောင်ရမှာလည်း သိလိုက်တယ်။ လက်တွေ့ကျင့်သုံးတဲ့အခါမှာ ဆောင်ရမှာကို ဆောင်ဖို့နဲ့ ရှောင်ရမှာကို ရှောင်ဖို့လိုအပ်တယ်။

အေး ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မတွေ၊ ယခုကဲ့သို့သော ဆုံးမဩဝါဒတွေ မြောက်များစွာရှိတယ်။ မှတ်တမ်းတင်ထားတာ “ပိဋကတ်သုံးသွယ်၊ နိကာယ်ငါးဖြာ၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်လို့ခေါ်တယ်။ အဲဒီလောက်

စာမျက်နှာ-၁၅
များလှတဲ့ တရားဓမ္မတွေထဲက ဓမ္မက္ခန္ဓာလေးတစ်ခုပဲ သိရသိရ၊ ပြောရမယ်ဆိုရင် “သဗ္ဗပါပဿ အကရဏံ”ဆိုတာ ဓမ္မက္ခန္ဓာလေးတစ်ခုပဲ။ “ကုသလဿပ သမ္ပဒါ” ကုသိုလ်ပြည့်စုံပါစေဆိုတာလည်း ဓမ္မက္ခန္ဓာလေးတစ်ခုပဲ။ “သစိတ္တ ပရိယောဒပနံ”ဆိုတာလည်း ဓမ္မက္ခန္ဓာလေးတစ်ခုပဲ။ ဪ ရှစ်သောင်းလေးထောင်သော ဓမ္မက္ခန္ဓာတွေထဲက မိမိသိရှိလိုက်တာ ဓမ္မက္ခန္ဓာ (၃)ခု သိလိုက်ပြီလို့ ဒီလိုပြောတာ။

အဲဒီလို သိလာတဲ့ အသိကလေးတွေဟာ လက်တွေ့ကျင့်သုံးလိုက်ပြီဆိုလို့ရှိရင် အင်မတန်မှ တန်ဖိုးရှိသွားတယ်။ လောကမှာ အရသာရှိတဲ့ အစာအာဟာရပင် ဖြစ်လင့်ကစား လျှာပေါ်မရောက်

စာမျက်နှာ-၁၆
သေးသမျှ အရသာဆိုတာ မှန်းကြည့်ရုံမျှသာ ဖြစ်တယ်။ တကယ်လက်တွေ့ စားသုံးလိုက်ပြီဆိုတဲ့အခါ လျှာပေါ်ရောက်ပြီဆိုတော့မှ ထိုအရသာကို ခံစားမှုဆိုတာ ဖြစ်ပေါ်လာတယ်။ တရားဟာလည်း ထို့အတူပဲ လက်တွေ့ကျင့်သုံးကြည့်တဲ့အခါမှ တရားရဲ့အရသာ ခံစားနိုင်တယ်။ အေးချမ်းမှုတွေ၊ ငြိမ်းချမ်းမှုတွေ ရလာမယ်။

တရားဆိုတာ နာကြားလိုက်ရုံနဲ့ပဲ ပူပင်သောကတွေ ပျောက်ကင်းသွားလို့ ကျင့်လိုက်မယ်ဆိုရင် တကယ့်ကို ငြိမ်းချမ်းတဲ့ အရသာ ခံစားရမယ်။ ဒါကြောင့်မို့ ပရိယတ္တိနဲ့ ပဋိပတ္တိကို လိုက်လျောညီထွေရှိရမယ်တဲ့။ သင်လည်းသင်၊ ကျင့်လည်းကျင့်၊ သင်တဲ့အတိုင်းလည်း ကျင့်ရမယ်၊ ကျင့်တဲ့အတိုင်း

စာမျက်နှာ-၁၇
လည်း သင်။ ပရိယတ်၊ ပဋိပတ် စုံညီသွားပြီဆိုရင် ပဋိဝေဓဆိုတဲ့ ထူးခြားတဲ့ ထိုးထွင်းသိမြင်တဲ့ အဆင့်မြင့်တဲ့ အသိမျိုးကို ထပ်ဆင့်ပြီးတော့ ရလာမှာဖြစ်တယ်။

အေး သင်ရုံသင်ပြီးတော့ မကျင့်ဘူး၊ သင်ထားတဲ့ အသိကလေးတစ်ခုတည်းနဲ့ မကျင့်ဘူးဆိုရင် ဘာတွေဝင်လာတတ်သလဲဆိုရင် သင်ထားတဲ့ တရားဓမ္မကို အကြောင်းပြုပြီးတော့ (ရဟန်းတစ်ပါးအနေနဲ့ ပြောမယ်ဆိုရင်ပေါ့) စာသင်လိုက်လို့ ဘာစာမေးပွဲတွေ အောင်တယ်၊ ဘွဲ့ထူးဂုဏ်ထူးတွေရတယ်။ စာပေတွေတတ်တယ်လို့ နာမည်လေးတစ်ခု ရလာတဲ့အခါ ကြည်ညိုကိုးကွယ်တဲ့ ဒကာ၊ ဒကာမတွေကလည်း များလာတယ်၊ များလာတော့

စာမျက်နှာ-၁၈
လာဘ်လာဘတွေ များလာတယ်။ များလာတော့ ဘာဝင်လာတုန်းဆိုရင် စိတ်ကြီးဝင်လာတတ်တယ်။ မာန်မာန ဖြစ်လာတတ်တယ်တဲ့။ ဒါက ပုထုဇဉ်တွေရဲ့ သဘောတရားအရ ပြောတာ။ သင်ထားတဲ့ စာပေကို အကြောင်းပြုပြီးတော့ ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေများလာတယ်။ များလာတာကို အကြောင်းပြုပြီးတော့ လာဘ်လာဘတွေ ပေါ်လာတယ်။ လာဘ်လာဘတွေ ပေါများလာတာကို အကြောင်းပြုပြီးတော့ ငါသိတယ်၊ ငါတော်တယ်၊ ငါတတ်တယ်၊ ဘေးကဝိုင်းပြီးတော့ မြှောက်တာတွေပါလာတဲ့အခါ မာန်တက်လာတယ်တဲ့။ မာန်တက်လာပြီဆိုကတည်းက သိတော့သိပြီ၊ မကျင့်ဘူး၊ အောက်ခြေလွတ်လာပြီလို့ ဆိုရမယ်။ ပြောချင်ရာပြောတာတို့၊

စာမျက်နှာ-၁၉
လုပ်ချင်ရာလုပ်တာတို့၊ သူပြောသမျှ ပရိသတ်က လက်ခံနေတဲ့အခါ ပြောချင်ရာပြောတယ်။ သူလုပ်သမျှ ပရိသတ်က လက်ခံနေပြီဆိုရင်လည်း လုပ်ချင်ရာလုပ်တယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်ပေါ်လာတတ်တယ်။ ဒါကိုပြောတာနော် “တရားသိလျက် အကျင့်ခက်”။

တရားသိလို့ရှိရင် ကျင့်မှသာလျှင် လမ်းမှန်ပေါ်ရောက်တယ်။ သိရုံသိလို့ရှိရင် ခုနက မလိုလားအပ်တဲ့၊ ကြားဖြတ်ပြီးတော့ ဝင်ရောက်လာတဲ့ အညစ်အကြေးတွေ “ဗဟုသုတမဒ” လို့ခေါ်တယ်။ စာပေကျမ်းဂန်တတ်မှု၊ အသိပညာဉာဏ်ပညာ ကြွယ်ဝမှုကို အကြောင်းပြုပြီးတော့ မာန်တက်လာတယ်။ မာန်တက်တယ်ဆိုတာ “မဒ”

စာမျက်နှာ-၂၀
ယစ်မူးတတ်တယ်။

ဂုဏ်ပကာသနဆိုတာ လူကိုမာန်ယစ်စေတတ်တယ်။ အာဏာကလည်း ယစ်မူးစေတတ်တယ်။ ပစ္စည်းဥစ္စာတွေကလည်း ယစ်မူးစေတတ်တယ်။ အသိပညာတွေကလည်း ယစ်မူးစေတတ်တယ်တဲ့။ အဲဒီယစ်မူးစေတတ်တဲ့ တရားတွေကို လက်ခံထားလို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ မာနတွေကြီးပြီးတော့ အမှန်အကန်မမြင်တော့ဘဲနဲ့ သူပြောသမျှ၊ သူလုပ်သမျှ အားလုံးက လက်ခံတယ်ဆိုပြီးတော့ မှားမှားယွင်းယွင်းတွေ ဖြစ်လာတတ်တယ်လို့ ဒီလိုပြောတာနော်။ ဒါက အလွန်သတိထားရမယ့် အချက်ပဲ။

မြတ်စွာဘုရားသာသနာတော်ကြီးနဲ့ ကြုံတွေ့တဲ့အခါမှာ တရားဓမ္မအတိုင်း မှန်ကန်မှုရှိအောင်

စာမျက်နှာ-၂၁
လုပ်ရမယ်၊ မိမိကိုယ်တိုင် မှန်ကန်တဲ့အတိုင်း သိရှိဖို့လိုတယ်။ ထိုသိရှိထားတဲ့အတိုင်း တရားနာပရိသတ်တွေ၊ မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ပုဂ္ဂိုလ်တွေကို ဟောပြောဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဘုရားဟောတာကို မဟောဘူးလို့ပြောမယ်၊ မဟောတာကိုတော့ အဟောလုပ်ပြီး ပြောမယ်ဆိုရင် မှန်ကန်ပါ့မလား? မမှန်ကန်ဘူး။ မမှန်ကန်ရုံတင်မကဘူး၊ မြတ်စွာဘုရားက “ဘုရားဟောတာကို မဟောဘူးလို့ပြောလို့ရှိရင် အဲဒီပုဂ္ဂိုလ်ဟာ လူအများရဲ့ အကျိုးစီးပွားမဲ့အောင် ပြုလုပ်ရာရောက်တယ်”တဲ့။ ဒါ နံပါတ်(၁) အချက်။ နံပါတ်(၂)က အဲဒီပုဂ္ဂိုလ်ဟာ အကုသိုလ်တွေ များစွာဖြစ်ပွားစေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ နံပါတ်(၃)က မြတ်စွာဘုရား

စာမျက်နှာ-၂၂
သာသနာတော်ကြီးကို ကွယ်ပျောက်အောင် လုပ်ရာရောက်တယ်။ အပြစ်အင်မတန်မှ ကြီးတယ်လို့ ပြောတာနော်။ တချို့က သာမန်လေးပဲ အောက်မေ့နေကြတာ၊ မဟုတ်ဘူး။ ဘုရားဟောလျက်သားနဲ့ မဟောဘူးလို့ပြောတာဟာ ဒါမှားယွင်းမှုတစ်ခုပဲ။ ဘုရားဟောတာကို မဟောဘူးလို့ မပြောရဘူး။ ဘုရားဟောတာကို မဟောဘူးလို့ မပြောရသလိုပဲ ဘုရားမဟောတာကိုလည်း ဘုရားဟောတယ်လို့ မပြောကောင်းဘူး။ ပြောပြီဆိုရင် ဒီပုဂ္ဂိုလ်ဟာ အများအကျိုးမဲ့လုပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ အကုသိုလ်တွေ အများကြီးဖြစ်စေတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ သာသနာတော်ကြီး ကွယ်ပျောက်အောင် လုပ်တဲ့ တရားခံတစ်ယောက် ဖြစ်နိုင်တယ်လို့။

စာမျက်နှာ-၂၃
“အင်္ဂုတ္တရနိကာယ်”မှာ မြတ်စွာဘုရားက ဟောထားတာ။

ဒါကြောင့်မို့ ဘုရား မဟောတာကို ဟောတယ်လို့ မပြောမိဖို့၊ ဘုရားဟောတာကို မဟောဘူးလို့ မပြောမိဖို့၊ ဓမ္မကို အဓမ္မလို့ မပြောမိဖို့ လိုတယ်။ ဆိုပါစို့၊ သူများအသက် သတ်ခြင်းဟာ အဓမ္မပဲ။ အဲဒီ အဓမ္မကို ကိုယ့်ကို အန္တရာယ်ပြုလာရင်တော့ သတ်ကောင်းတယ်လို့ ပြောလို့ရှိရင် အဓမ္မကို ဓမ္မလို့ ပြောရာ မရောက်ပေဘူးလား? ရောက်တယ်။ တစ်ခါ ဓမ္မကို အဓမ္မလို့ ပြောပြန်တယ်။ ကုသိုလ်ကောင်းမှုကိုတော့ မလုပ်ကောင်းဘူးလို့ ပြောပြန်တယ်၊ ဒါနကို မလုပ်ကောင်းဘူး သံသရာရှည်မယ်လို့ ပြောမယ်ဆိုရင် ဒါ ဓမ္မကို အဓမ္မလို့ ပြောတာ

စာမျက်နှာ-၂၄
ဖြစ်တယ်။

အေး ဒါကြောင့်မို့ အမှုမဲ့ အမှတ်မဲ့ မလုပ်နဲ့။ ဒီလိုပြောခြင်းဖြင့် ဘာဖြစ်လဲဆိုရင် အများရဲ့ အကျိုးစီးပွားမဲ့ရာကို လုပ်ရာရောက်ခြင်း၊ အကုသိုလ်တွေ မြောက်များစွာ ဆည်းပူးမိခြင်း၊ သာသနာတော်ကြီးကို ကွယ်ပျောက်စေခြင်း ဟောဒီအချက်(၃)မျိုးကို အဲဒီပုဂ္ဂိုလ်ဟာ ကျူးလွန်ရာ ရောက်သွားတယ်။ ဒါ အင်္ဂုတ္တရနိကာယ်မှာ မြတ်စွာဘုရား ဟောထားတဲ့ သုတ္တန်တွေအရ ဖြစ်တယ်။ ထို့အတူပဲ “ဝိနယ” မြတ်စွာဘုရား ဟောထားတဲ့ အဆုံးအမတွေကို အဆုံးအမ မဟုတ်ဘူးလို့ ပြောမယ်၊ မြတ်စွာဘုရား ဆုံးမထားတာတွေကို ဆုံးမထားတာ မဟုတ်ဘူးလို့ ပြောမယ်ဆိုရင်လည်းပဲ ဒီအခြေအနေမျိုး ရောက်

စာမျက်နှာ-၂၅
တာပါပဲ။ မြတ်စွာဘုရား ကျင့်သုံးတဲ့တရားကိုလည်း မြတ်စွာဘုရား မကျင့်သုံးဘူးလို့ ပြောမယ်၊ မြတ်စွာဘုရား မကျင့်သုံးတာကို ကျင့်သုံးတယ်လို့ ပြောမယ် ဆိုရင်လည်း အမှားကိုတင်ပြတာဖြစ်တယ်။ မြတ်စွာဘုရားရှင် ပညတ်တော်မူခဲ့တာတွေကိုလည်းပဲ မပညတ်ဘူးလို့ ပြောမယ်။ မပညတ်တဲ့ အရာကိုလည်းပဲ ဘုရားပညတ်သယောင် ပြောမယ်ဆိုရင်လည်း ခုနက ပြစ်မှု(၃)ခုကို ကျူးလွန်တာပဲတဲ့။ အဲဒါက အင်မတန်မှ အပြစ်ကြီးတယ်လို့ ဒီလိုဆိုလိုတယ်။ အဲဒါတွေက မသိလို့ ကျူးလွန်တာထက် သိလျက်သားနဲ့ ကျူးလွန်တာ ပိုဆိုးတယ်။ “တရား သိလျက် အကျင့်ခက်”တဲ့။ ကျင့်သုံးဖို့ပြောတဲ့အခါ

စာမျက်နှာ-၂၆
မှာ မှန်မှန်ကန်ကန်ပဲ ပြောသင့်တယ်။ ဟောတဲ့အခါမှာလည်းပဲ မှန်မှန်ကန်ကန်ပဲ ဟောသင့်တယ်။ ဘုရားဟောထားတဲ့ တရားတွေအတိုင်း အဓိပ္ပါယ် အပြောင်းအလဲ မရှိစေဘဲနဲ့ မှန်မှန်ကန်ကန် ပြောရမယ်။ မှန်မှန်ကန်ကန် ဟောရမယ်။

အဲဒီလို မလုပ်လို့ သံသရာထဲမှာ ဒုက္ခရောက်သွားတဲ့ ပုဂ္ဂိုလ်တွေ မြောက်များစွာ ရှိတယ်။ ဓမ္မကို အဓမ္မ၊ အဓမ္မကို ဓမ္မဖြစ်အောင် ပြုလုပ်သွားလို့ သံသရာထဲမှာ ဒုက္ခရောက်သွားတယ်ဆိုတာ ထင်ရှားတဲ့ သာဓကက ဘယ်သူလဲဆိုရင် ဂေါတမ မြတ်စွာဘုရားရဲ့ အရင် ဟောဒီကမ္ဘာမှာ ပွင့်တာ ကဿပ မြတ်စွာဘုရား ဖြစ်တယ်။ အားလုံး သိတဲ့အတိုင်း ဒီကမ္ဘာမှာ ဘုရားငါးဆူပွင့်မယ်။ ပထမဆုံး

စာမျက်နှာ-၂၇
ပွင့်တာက ကကုသန္ဓ မြတ်စွာဘုရား၊ ကကုသန္ဓ မြတ်စွာဘုရားက လူတွေရဲ့ သက်တမ်း လေးသောင်းတမ်းမှာ ပွင့်တယ်။ အဲဒီအချိန်က လူတွေအသက် လေးသောင်း ရှည်တဲ့အချိန်မှာ ပွင့်တယ်။ အဲဒီဘုရားပွင့်ပြီးတဲ့နောက်မှာ လူရဲ့သက်တမ်းတွေဟာ ဆုတ်ယုတ်သွားလိုက်တာ (၁၀) နှစ်တမ်း အခြေအနေမျိုးထိအောင် ရောက်သွားတယ်။ အဲဒီကနေ တစ်ခါပြန်တက်လိုက်တဲ့အခါ အသက်တွေ အသင်္ချေယျထိအောင် ရှည်တယ်။ ရှည်ပြီးနောက်မှာ လူတွေရဲ့ သက်တမ်းဟာ ပြန်ဆုတ်လာလိုက်တာ အသက် သုံးသောင်းတမ်း ရောက်တဲ့အခါကျတော့ ကောဏာဂုံ မြတ်စွာဘုရား ပွင့်တယ်။ အဲဒီဘုရားနှစ်ဆူရဲ့အကြားမှာ မြေကြီးဟာ

စာမျက်နှာ-၂၈
အပေါ်ကို တစ်ယူဇနာ မြင့်တက်လာတယ်လို့ ပြောတယ်။ ဘာဖြစ်လို့ မြေကြီးက အပေါ်ကို မြင့်တက်လာရသလဲဆိုတော့ ကြည့်လေ နေ့စဉ်နှင့်အမျှ သစ်ပင်က သစ်ရွက်တွေ ကြွေတာမရှိဘူးလား။ အေး သစ်ရွက်တွေကြွေတာတို့၊ ရေတိုက်စားပြီးတော့ တောင်တွေကနေ ကျလာတဲ့ မြေတွေတို့၊ ဒီပေါ်မှာ လူသေတွေ မြုပ်တာကအစ၊ သတ္တဝါတွေမြုပ်တာက အစ မြေကြီးက တိုးမလာဘူးလား။ မြေကြီးက လျော့မသွားဘူး၊ တိုးတိုးလာတာ။ ဘုရားတစ်ဆူနဲ့ တစ်ဆူကြားမှာ တစ်ယူဇနာ မြင့်တက်လာတယ်။ တစ်ယူဇနာဆိုတာ ခန့်မှန်းပြောဆိုချက်အရ (အယူအဆကတော့ အမျိုးမျိုး ရှိတယ်ပေါ့။) ၈-မိုင် (သို့မဟုတ်) ၁၂-မိုင်၊ ၈-မိုင်ပဲ ထားပါတော့။ ဘုရား

စာမျက်နှာ-၂၉
တစ်ဆူနဲ့ တစ်ဆူကြားမှာ မြေကြီးဟာ ၈-မိုင်လောက် အပေါ်မြင့်တက်လာတယ်လို့ ဒီလိုပြောတာနော်။

ဒါ မှန်ကန်တယ်။ သုတ္တန်တစ်ခုမှာ မြတ်စွာဘုရားက ဟောထားတာ ကကုသန္ဓ မြတ်စွာဘုရား လက်ထက်တုန်းကတဲ့ (အခုဗုဒ္ဓဂယာကို ဘုရားဖူးသွားတဲ့ ပုဂ္ဂိုလ်တွေ ရောက်ဖူးလိမ့်မယ်။ “တောင်ငါးလုံးကာခို ရာဇဂြိုဟ်” ဆိုပြီးတော့ ရာဇဂြိုဟ်က ဂိဇ္ဈကုဋ်တောင်၊ ဝေပုလ္လတောင်၊ ဝေဘာရတောင်၊ ပဏ္ဍဝတောင်၊ ဣသိဂိလိတောင် တောင်ငါးလုံး ရှိတယ်) အဲဒီတောင်တွေထဲမှာ ဂိဇ္ဈကုဋ်တောင်ရဲ့ မြောက်ဘက်မှာ ဝေပုလ္လတောင်ဆိုတာ ရှိတယ်။ အဲဒီ ဝေပုလ္လတောင်ဟာ ကကုသန္ဓ

စာမျက်နှာ-၃၀
မြတ်စွာဘုရား လက်ထက်တော်အခါက တောင်ထိပ်ရောက်ဖို့ရာ တစ်လလောက် တက်ရတယ်။ အခုခေတ်မှာတော့ အခုတက် အခုဆင်းရတယ်။ တစ်လထိအောင် မကြာတော့ဘူး။ အဲဒါ ဘာပြောတာလဲဆိုရင် မြေကြီးက မြင့်တက်လာပြီး တောင်တွေဟာ နိမ့်ဆင်းသွားတယ်ပေါ့။ အဲဒီလို ဟောထားတဲ့ သုတ္တန်ရှိတယ်။

သမိုင်းနဲ့ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ သရေခေတ္တရာ။ ပါဠိအသံနဲ့ “သရေ”ဆိုတာ သိရီ၊ “ခေတ္တရာ”ဆိုတာ ခေတ္တ၊ “သိရိခေတ္တရာ”ဆိုတာ ကျက်သရေရှိတဲ့ မြေလွှာ၊ (ဒီကနေ့ခေတ်တော့ “ပြည်”လို့ ခေါ်တယ်ပေါ့။) အဲဒီ သရေခေတ္တရာဆိုတဲ့ မြို့ပဲ ကြည့်ဦးပေါ့။ ရှေးဟောင်းပစ္စည်းတွေဟာ မြေကြီး

စာမျက်နှာ-၃၁
အောက်ရောက်သွားလို့ တူးဖော်ကြရတယ်။ အဲဒီလို ပုဂံမှာလည်းပဲ တူးဖော်ကြရတယ်။ တကောင်းမှာလည်း တူးဖော်ကြရတယ်။ မြေကြီးအောက်ရောက်နေလို့ပေါ့။ ဗုဒ္ဓဂယာ ဘုရားဖူးရောက်တဲ့သူတွေ တွေ့ကြပါလိမ့်မယ်။ ဗောဓိပင်ဘက် ဆင်းတဲ့အခါမှာ အနိမ့်လား အမြင့်လားဆိုရင် နိမ့်သွားတာနော်။ ဗုဒ္ဓဂယာ ဘုရားကြီးဟာ အပေါ်က ကုန်းမြေထက် နိမ့်နေတာဖြစ်လို့ တူးဖော်ထားတယ်ဆိုတာ အများကြီး ထင်ရှားတယ်။ အောက်ကိုဆင်းရတာ အမှတ်တမဲ့သွားရင် မသိဘူး။ အမှန်က အောက်ကိုဆင်းရတာ နိမ့်သွားလို့ပဲ။ ဘယ်နေရာဖြစ်ဖြစ် တူးဖော်ထားရတယ်။ ဘာဖြစ်လို့တုန်းဆိုရင် နှစ်ပေါင်း ၂၅၀၀ ကျော်သွားပြီလေ၊ မြေကြီးက မြင့်တက်လာတာ။

စာမျက်နှာ-၃၂
အေး ဒါကြောင့်မို့ ဘုရားတစ်ဆူနဲ့ တစ်ဆူကြားမှာ မြေကြီးက တစ်ယူဇနာလောက် (သို့) ၈ မိုင်လောက် အပေါ်ကို မြင့်တက်လာတယ်ဆိုတာ တောင်တွေဟာ တဖြည်းဖြည်း နိမ့်လာတဲ့သဘောပေါ့။ တော်ရုံတောင်ဆိုရင်တော့ ပျောက်သွားပြီပေါ့။ မြေပြင်အတိုင်း ဖြစ်သွားပြီ။

ရန်ကုန်မြို့တည်ရာကိုပဲ ကြည့်ဦး၊ တစ်ချိန်တုန်းက ရေလွှမ်းနေတဲ့ ပင်လယ်အောက်က နေရာတစ်ခုပဲ။ ဟော တဖြည်းဖြည်း မြေပြင်ဖြစ်လာတယ်။ ပဲခူးရာဇဝင် ကြည့်မယ်ဆိုရင် ဟံသာဝတီ ကုန်းမြေလေးက ဟင်္သာတစ်ကောင်သာ နားလောက်တဲ့ ကုန်းကလေးပေါ်တယ်လို့ ဆိုတာပဲ။ အခုကျတော့ ပဲခူးနားမှာ ပင်လယ်ဆိုတာ မရှိဘူး၊ ပဲခူးမြစ်ကလေးပဲ

စာမျက်နှာ-၃၃
ရှိတော့တယ်။ ကုန်းမြေက များလာတယ်။ မြေကြီးတွေ မြင့်တက်လာတယ်လို့ ဒီလိုပြောတာ။

အဲဒီလို ဘုရားတစ်ဆူနဲ့ တစ်ဆူကြားဟာ အဲဒီလောက် ကွာခြားပြီးတော့မှ ဘုရားတစ်ဆူတစ်ဆူ ပွင့်တာ။ ဒီကမ္ဘာမှာ ငါးဆူပွင့်မှာ၊ အခု ပထမဆုံး ကကုသန္ဓ မြတ်စွာဘုရား ပွင့်ပြီးပြီ။ ပွင့်ပြီးတဲ့အခါမှာ လူတွေရဲ့ သက်တမ်း ဆုတ်တယ်။ ဆုတ်ပြီးတဲ့အခါမှာ ကောဏာဂမဏ မြတ်စွာဘုရား ပွင့်တယ်။ သက်တမ်းဟာ ဆုတ်သွားဦးမယ်။ ဆုတ်ပြီးရင် ပြန်တက်မယ်။ ပြန်တက်ပြီး ပြန်ဆုတ်မယ်။ လူတွေရဲ့ သက်တမ်း နှစ်သောင်းတမ်း ရောက်တဲ့အခါမှာ ကဿပ မြတ်စွာဘုရား ပွင့်တယ်။ ကဿပဘုရားပွင့်ပြီးတဲ့အခါမှာလည်း ဒီလိုပဲ သက်တမ်း

စာမျက်နှာ-၃၄
ဆုတ်လာတယ်။ ကဿပမြတ်စွာဘုရားပွင့်ပြီးတော့ ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန်စံသွားတယ်။ ကဿပမြတ်စွာဘုရားက အနှစ်နှစ်သောင်းတမ်း၊ ကကုသန္ဓမြတ်စွာဘုရားတို့၊ ကောဏာဂမဏမြတ်စွာဘုရားတို့က လေးသောင်းတမ်း၊ သုံးသောင်းတမ်း။ အဲဒီတော့ လေးသောင်း၊ သုံးသောင်း၊ နှစ်သောင်းဆိုတာ တော်တော် သက်တမ်းရှည်တယ်လို့ ဒီလိုပြောရမယ်။ ကဿပမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတဲ့အခါကျတော့ သက်တမ်းရှည်တဲ့ ဘုရားတွေ ပရိနိဗ္ဗာန်စံလို့ တေဇောဓာတ်ခန့်တဲ့အခါမှာ ဓာတ်တော်ဟာ တစ်ခုတည်းပဲ ကြွင်းတယ်။ အရိုးဓာတ်တွေ၊ အသားဓာတ်တွေဟာ အကုန်လုံး စုပြီးတော့

စာမျက်နှာ-၃၅
ဓာတ်တော်အလုံးကြီး တစ်ဆူတည်းပဲ ဖြစ်တယ်။

ကဿပမြတ်စွာဘုရားပွင့်ပြီးတဲ့နောက် ဂေါတမမြတ်စွာဘုရားရှင် လက်ထက်ရောက်တဲ့အခါကျတော့ သက်တမ်းတိုသည့်အတွက်ကြောင့် သတ္တဝါတွေဟာ ဘုရားဓာတ်တော်တွေကို ကိုးကွယ်လို့ရှိရင် ပိုပြီးတော့ ကုသိုလ်တွေ ရကြပါစေဆိုတဲ့ အဓိဋ္ဌာန်ချက်နဲ့ ဂေါတမမြတ်စွာဘုရားရဲ့ ဓာတ်တော်တွေကျတော့ အစိတ်စိတ်အမွှာမွှာတွေ ကွဲတယ်။ တမင်အဓိဋ္ဌာန်ထားခဲ့လို့ ကွဲတာဖြစ်တယ်။ ကဿပမြတ်စွာဘုရားကျတော့ ဓာတ်တော်ဟာ တစ်ဆူတည်းပဲတဲ့။ ဒါကြောင့်မို့ စေတီဟာ တစ်ဆူပဲ တည်ရတယ်။ ထူပလို့ခေါ်တဲ့ အရိုးဓာတ်ထည့်ပြီးတော့ ကိုးကွယ်တဲ့ စေတီတစ်ဆူပဲ ရှိတယ်။

စာမျက်နှာ-၃၆
ကဿပမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံသွားလို့ သာသနာတော် ကျန်ရစ်တဲ့အချိန်လေးမှာ သာသနာကို ကြည်ညိုတဲ့ မိသားစုတစ်စု သာသနာဘောင်ဝင်လာခဲ့တယ်။ ပြောမှာပေါ့ “မနုဿတ္တဘာဝေါ ဒုလ္လဘော” လူဖြစ်ဖို့လည်း ခဲယဉ်းတယ်၊ ရဟန်းဖြစ်ဖို့အတွက်လည်း ခဲယဉ်းတယ်ဆိုပြီး ရဟန်းဘောင်ကို ဝင်လာကြတယ်။ အကိုကြီးလည်း သာသနာဘောင်ကို ဝင်လာတယ်။ အကိုကြီးရဲ့ နာမည်က “သာဂတ”တဲ့။ သူ့ညီရဲ့ နာမည်က “ကပိလ”တဲ့။ သာသနာဘောင် ဝင်လာကြတယ်။ ညီအစ်ကို (၂) ယောက်တင်မကဘူး နောက်ဆုံး နှမလေးကလည်း သာသနာ့ဘောင်ဝင်လာခဲ့တယ်။ နှမလေးနာမည်က “တာပနာ”တဲ့။ အမေကြီးကလည်း အကျွတ်တရား

စာမျက်နှာ-၃၇
ရပြီးတော့ သာသနာ့ဘောင် ဝင်လာတယ်။ အဖေကတော့ ပါမလာဘူး။ အဖေက သေသွားပြီလားတော့ မသိဘူး။ အမေကြီးကတော့ “သာဓိနီ”ဆိုတဲ့ နာမည်နဲ့ သာသနာဘောင်ကို မိသားစုလိုက် ဝင်လာကြတယ်။ သာသနာဘောင် ဝင်လာတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း လုပ်ရမယ့်အလုပ် (၂) ခု ရှိတယ်။ တစ်ခုက ဘုရားဟောတဲ့ တရားတော်တွေကို သင်ကြားမှုဆိုတဲ့အလုပ် “ပရိယတ္တိအလုပ်” တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် “ဂန္ထဓူရ” စာပေကျမ်းဂန်တာဝန်ကို ထမ်းဆောင်ရမယ်။ ဒါက သာသနာတော် ပြန့်ပွားရေးအတွက် လိုအပ်ချက်တစ်ခု ဖြစ်တယ်။ ဘုရားဟောတဲ့တရားတွေကို သင်ကြားလို့ တစ်ဆင့်ဖြန့်ဖြူး

စာမျက်နှာ-၃၈
လို့ ဒီလိုကြိုးစားရတယ်။ နောက်တစ်ခုက “ပဋိပတ္တိ”၊ စာပေသင်ယူမှုကို မလုပ်တော့ဘူးတဲ့။ ဒါက အကျယ်မသင်တာကို ပြောတာ။ စာပေသင်ကြားမှု ပိဋိကတ်သုံးပုံ သင်ကြားမှုကို မလုပ်တော့ဘဲနဲ့ ကမ္မဋ္ဌာန်းတရား အားထုတ်တဲ့အလုပ်ကို လုပ်တယ်။ ဒါက “ဝါသနာ”လို့ ခေါ်တယ်။ သို့မဟုတ် “ဝိပဿနာဓူရ”။

ဒီကနေ့ မြန်မာနိုင်ငံမှာလည်းပဲ ပရိယတ္တိ စာသင်တိုက်တွေဆိုတာ ရှိတယ်။ ကမ္မဋ္ဌာန်းရိပ်သာဆိုတာ ရှိတယ်ပေါ့။ အသက်အရွယ်ရတဲ့ ပုဂ္ဂိုလ်တွေကတော့ ပရိယတ္တိ စာသင်တိုက်မှာ စာမသင်တော့ဘူး။ ကမ္မဋ္ဌာန်းရိပ်သာ သွားပြီးတော့ တရားလေးနာ။ ကမ္မဋ္ဌာန်းနည်းစနစ်ကလေး နားထောင်ပြီး

စာမျက်နှာ-၃၉
တော့ တရားကျင့်တယ်ပေါ့။

အစ်ကိုကြီးလုပ်တဲ့ “သာဂတ” ကလည်း အတူတူပဲ။ ရဟန်းဖြစ်ပြီးတော့ အသက်အရွယ်လေး နည်းနည်းရလာတော့ စာပေသင်ယူဖို့ကို သူစိတ်မဝင်စားတော့ဘူး။ ကမ္မဋ္ဌာန်းပဲ အားထုတ်တော့မယ်ဆိုပြီးတော့ ကမ္မဋ္ဌာန်းကို သင်ယူပြီးတဲ့အခါမှာ တောရကျောင်းတစ်ကျောင်း သွားပြီး ကမ္မဋ္ဌာန်းအားထုတ်လိုက်တာ သူက ရဟန္တာဖြစ်သွားတယ်။ ညီလုပ်တဲ့ “ကပိလ” ကတော့ အသက်ငယ်သေးတယ်၊ စာသင်ဦးမယ်ဆိုပြီးတော့ စာတွေသင်လိုက်တာ ပိဋိကတ်သုံးပုံ ကုန်သွားပြီ။ စာတွေတတ်တယ်၊ စာတတ်တဲ့အခါကျတော့ တပည့်ပရိသတ်တွေ များလာတယ်။ စာတတ်ပုဂ္ဂိုလ်ဆိုတော့ တပည့်ခံ

စာမျက်နှာ-၄၀
ချင်တဲ့ ပုဂ္ဂိုလ်တွေ များလာတယ်။ ဒကာ၊ ဒကာမတွေကလည်း ပေါတော့ လာဘ်လာဘတွေ များလာတယ်။ အဲဒီလို အခြံအရံပရိသတ်က များလာခြင်း၊ တပည့်တွေ ဒကာတွေ များလာခြင်း၊ လာဘ်လာဘတွေ များလာခြင်းဆိုတာကို အကြောင်းပြုပြီးတော့ တရားကို သိပြီးတော့ ကျင့်ရမယ့်အစား ဘာဖြစ်သွားလဲဆိုရင် ခုနက ပညာမာန်တွေ တက်လာတယ်။ ကပိလက ပညာမာန်တွေ တက်လာပြီး ကျန်တဲ့ရဟန်းတွေအပေါ် အထင်သေး အမြင်သေး ဖြစ်လာတယ်။ သူ့လောက် မတတ်ဘူး၊ ဘာမှမတတ်ဘူး နလပိန်းတုံးတွေဆိုပြီး နှိမ့်ချဆက်ဆံလာတယ်။ ကြည့်နော် သူက တရားသိပေမယ့်လို့ ကျင့်နိုင်ခြင်း မရှိဘူးပေါ့။ ဒီလိုမာန်မာန မထားရဘူး

စာမျက်နှာ-၄၁
လို့ မြတ်စွာဘုရားက ဟောထားတဲ့ စာပေတွေ အများကြီးရှိတာပဲ။

ဒါကြောင့်မို့ ဘုရားက “အလဂဒ္ဒူပမာ ပရိယတ္တိ” စာသင်တဲ့အခါမှာ မြွေဖမ်းတတ်တဲ့သူ ဖမ်းသလို စာမသင်ရဘူးတဲ့။ မြွေဖမ်းတဲ့အခါမှာ မဖမ်းတတ်လို့ရှိရင် မြွေကိုက်တာနဲ့ပဲ သေရတယ်။ ထို့အတူပဲ စာသင်ပြီး မကျင့်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ မြွေကိုက်ပြီး သေရသလိုပဲ ကိုယ်တတ်တဲ့ ပညာက ကိုယ့်ကိုပြန်သတ်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ပြောတာဖြစ်တယ်။ မြွေဖမ်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မြွေရဲ့ လည်ပင်းကို ဆုတ်ကိုင်ပြီးတော့ ဖမ်းမှ မြွေကိုက်မခံရမှာ။ မြွေဖမ်းတဲ့အခါ မဖမ်းတတ်ဘဲ အမြီးကနေ သွားဖမ်းလို့ရှိရင် မြွေကိုက်တာနဲ့ သေ

စာမျက်နှာ-၄၂
တာပဲလေ။ အဲဒီလိုပဲ စာသင်ပြီး မကျင့်တဲ့ပုဂ္ဂိုလ်ဟာ မြွေကို အမြီးက ဖမ်းတဲ့ပုဂ္ဂိုလ်နဲ့ အတူတူပဲတဲ့။ သင်ထားတဲ့ ပရိယတ္တိစာပေ ပညာတွေကလာတဲ့ အကျင့်တရားကို မကျင့်ဘဲနဲ့ တတ်သိလိမ္မာတဲ့ ဗဟုသုတကို အထင်ကြီးပြီး မာန်ယစ်လာတဲ့အခါမှာ သူတစ်ပါးတွေကို အထင်သေး အမြင်သေး ဖြစ်လာတယ်။ မောက်မာလာတယ်တဲ့။ ကပိလက အဲဒီလို အခြေအနေကို ရောက်သွားတယ်။

မောင်ဖြစ်တဲ့ ကပိလရဟန်းက စာတတ်တော့ ပိဋကတ်သုံးပုံဆောင် တိပိဋကဓရတဲ့ဆိုပြီးတော့ ဒီလိုမာန်ယစ်လာတဲ့အခါကျတော့ သူ့ရဲ့ နှမတော် “တာပနာ” ကလည်းပဲ သူ့မောင်က စာတတ်တယ်ဆိုတော့ သူကလည်းပဲ ဂုဏ်ယူတာပေါ့။ သူ့မောင်

စာမျက်နှာ-၄၃
အတွက် သူက ဂုဏ်ယူတယ်။ အမေလုပ်တဲ့ “သာဓိနီ” ကလည်းပဲ သူ့သားအတွက် ဂုဏ်ယူမဆုံးပေါ့။ သူတို့ကလည်း ရောယောင်ပြီးတော့ အဲဒီမှာ မာန်မာနတွေ တက်လာကြတယ်။ ကပိလအမေတဲ့၊ ကပိလနှမတဲ့ဆိုပြီးတော့ ရောယောင်ပြီးတော့ သူတို့ကလည်း တတ်တတ် မတတ်တတ် ‘နားတောင်းရောင်ကြောင့် ပါးပြောင်တယ်’ လို့ ခေါ်တာပေါ့။ ပါးက နဂိုက မပြောင်ဘဲနဲ့ နားတောင်းရောင်လေးကြောင့် ပါးပြောင်နေတာကို ပါးကပြောင်တယ် မှတ်နေတယ်။ ကပ္ပလီပါးက ဘယ်ပြောင်မှာလဲနော်။ မဲနေတာပဲ။

အေး အဲဒီလို မာန်မာနတွေ ဝင်လာကြတော့ ကျန်တဲ့ပုဂ္ဂိုလ်တွေအပေါ်၊ ရဟန်းတွေအပေါ်မှာ

စာမျက်နှာ-၄၄
အထင်သေး အမြင်သေး ဖြစ်လာတယ်။ အထင်သေး အမြင်သေး ဖြစ်ရုံတင်မကဘူး ရှုတ်ချတဲ့စကား၊ ဆဲရေးတိုင်းထွာတဲ့ စကားတွေ ပြောလာကြတယ်။ ဆဲတယ်ဆိုတာ အမျိုးမျိုးရှိတယ်နော်။ ဘာမှမသိတဲ့ဟာတွေလို့ ပြောရင်လည်း ဆဲတာပဲ။ ဆဲရေးခြင်း (၁၀) မျိုးဆိုတဲ့ အထဲမှာ နလပိန်းတုံးတွေလို့ ပြောရင်လည်း ဆဲတာပဲ။ ဟိုလိုဘာမှ၊ ညာမှ ဆဲတာမှ ဆဲတာမဟုတ်ဘူး။ အဲဒီလို ရဟန်းသံဃာတွေကို ဆဲရေးတိုင်းထွာတဲ့ အလုပ်တွေကိုပါ လုပ်လာပြီးတော့ အထင်သေး အမြင်သေးတွေ ဖြစ်လာတယ်။ ကဿပမြတ်စွာဘုရား လက်ထက်မှာ ဖြစ်နေတာနော်။

ကပိလရဟန်း အဲဒီလို ဖြစ်လာတဲ့အခါကျ

စာမျက်နှာ-၄၅
တော့ ရဟန်းတွေက ပြောကြတယ်။ “ကိုယ်တော် စာတတ်ပေတတ် အင်မတန်နှမြောစရာကောင်းတယ်။ သူများကို အထင်သေး အမြင်သေး မလုပ်ပါနဲ့”၊ နောက်ဆုံး သူက ဘာတွေထိ ပြောလာတုန်းဆိုရင် ဘုရားဟောတာကိုလည်းပဲ မဟောဘူးလို့ ပြောချင်ပြောတယ်။ ဘုရားမဟောတာကိုလည်း ဟောတယ်လို့ ပြောချင်ပြောတယ်။ ဓမ္မကိုလည်း အဓမ္မလို့ ပြောချင်ပြောတယ်။ အဓမ္မကိုလည်း ဓမ္မလို့ ပြောချင်ပြောတယ်။ သူက စာတတ်တာကိုး။ စာတတ်တော့ စာထဲမပါဘဲနဲ့လည်း ပါတယ်လို့ ပြောချင်ပြောတယ်။ မပါတာကျတော့ ပါတယ်လုပ်တယ်။

ဘေးက ရဟန်းတွေက သတိပေးတယ်။

စာမျက်နှာ-၄၆
ကိုယ်တော် ဒါမျိုး မလုပ်ပါနဲ့၊ မရဘူး။ မရတော့ သူ့အစ်ကိုကြီးကို သွားတိုင်ကြတယ်။ “ကိုယ်တော် ညီကို ပြောပါဦး၊ သူ့အစ်ကိုကြီးက ရဟန္တာကြီးပဲ။ လာပြီးတော့ ပြောတယ်၊ “ငါ့ညီတဲ့ ပညာတတ်တယ်ဆိုတာ အင်မတန်မှ တန်ဖိုးရှိပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်တွေကို တတ်သိလိမ္မာတာဟာ အင်မတန်မှ ကောင်းပါတယ်။ အမှန်အကန် ပြောပါ။ သူများအတွက် ကိုယ်တတ်သိလိမ္မာတာတွေကို သူများကို တစ်ဆင့်မှန်မှန်ကန်ကန် ပြောပါ။ မာန်မာနတွေ မထားပါနဲ့” လို့ ဆုံးမတယ်။ တစ်ခါဆုံးမတယ်၊ မရဘူး။ နှစ်ခါဆုံးမတယ်၊ မရဘူး။

လောကလူတွေဟာ မာန်မာန တက်နေတဲ့အချိန်မှာ ပြောလို့မရဘူး။ ဒါအမှန်ပဲ။

စာမျက်နှာ-၄၇
စီးပွားတွေ သိပ်တက်လို့ အောင်မြင်နေတဲ့ လူတစ်ယောက်ကို ဆုံးမလို့မရဘူး။ ရာထူးတွေ သိပ်မြင့်နေရင်လည်း ဆုံးမလို့ မရဘူး။ လူတွေဟာ တစ်ခုခု အောင်မြင်လာပြီဆိုရင် ဘယ်သူပြောတာမှ သိပ်နားမထောင်တော့ဘူး။ မာန်မာနတက်တယ်လို့ ခေါ်တယ်။ အခုလည်း သူ့အစ်ကိုက ဆုံးမလို့မရတဲ့အခါ တစ်ခါပြော၊ နှစ်ခါပြော မရတဲ့အခါ မပြောတော့ဘူးပေါ့။ ပြောမကောင်းဘူး ဆိုပြီးတော့ လက်လျော့လိုက်တယ်။

စာမျက်နှာ-၄၈
နောက်ပိုင်း ဘယ်လောက်ထိအောင် ဆိုးတုန်း၊ ဘယ်လောက်ထိအောင် ပြောလာတုန်း ဆိုရင် ကျန်တဲ့ရဟန်းတွေကို “ကိုယ်တော်တို့ ဒီစာရလား” ဆိုတော့ ကျန်တဲ့ကိုယ်တော်တွေကလည်း အဖက်လုပ်ပြီး စကားမပြောချင်တော့ ငြိမ်နေကြတယ်။ ငြိမ်နေတဲ့အခါ သူက “အလကား နလပိန်းတုံးတွေ” လို့ ဆဲတယ်။ ဆဲပြီးတော့ “ဒီတရားတွေဟာ အလကားပဲ ဘာမှအသုံးမကျဘူး၊ ဝိနည်းတရားတွေ ကျက်နေလည်း အပိုပဲ၊ ကျင့်နေလည်း အပိုပဲ” နဲ့ တရားရဲ့ အပြစ်တွေကို ပြောတယ်။ ပြောတဲ့အချိန်ကစပြီး ကဿပဘုရားရဲ့ သာသနာတော်ကို ဆုတ်ယုတ်သွားတယ်။

သူက ဂုဏ်သတင်းကြီးတဲ့ ပုဂ္ဂိုလ်၊ ဒကာ၊ ဒကာမ ကိုးကွယ်မှုများတဲ့ ပုဂ္ဂိုလ်ဆိုတော့ သူ့နောက် လိုက်ကြတဲ့ လူတွေ အများကြီး ရှိမှာပေါ့။ အဓိက ကတော့ သူ့အမေနဲ့ သူ့နှမကတော့ ဘာမဆို သူပြောတာ အမှန်ပဲ။ သူက စာတတ်တယ်၊ သူသိတယ်

စာမျက်နှာ-၄၉
ဆိုပြီးတော့ အကုန်လုံး သူ့နောက်ကို လိုက်ကြတာ။ အေး အဲဒီလို ပြောလိုက်တဲ့အခါကျတော့ သူက အကုသိုလ်တွေ အများကြီး ဖြစ်တယ်။ အကုသိုလ်တွေ ဖြစ်ရုံမကဘူး၊ ကဿပ မြတ်စွာဘုရားရဲ့ သာသနာမှာ သင်ကြားပို့ချမယ့် ဆရာမရှိအောင် သာသနာတော်ကို ကွယ်ပျောက်သွားအောင် သူလုပ်တဲ့ သဘောပဲ ဖြစ်တယ်။

သေတဲ့အခါကျတော့ အဝီစိငရဲ ကျသွားတယ်။ သူ့ကို အားပေးအားမြှောက်ပြုပြီးတော့ သူနဲ့ အလိုတူအလိုပါဖြစ်တဲ့ မယ်တော် ဘိက္ခုနီတို့၊ နှမတော် ဘိက္ခုနီတို့လည်းပဲ တစ်ခါတည်း အဝီစိငရဲပါ သွားကြတယ်။ သူတို့လည်း အဲဒီထိအောင် လိုက်ပြီးတော့ အားပေးကြတယ်ပေါ့နော်။ အဲဒါ သတိထား။

စာမျက်နှာ-၅၀
ဘုန်းကြီးတစ်ပါးကို ကြည်ညိုလို့ရှိရင်လည်း အဝီစိထိအောင် လိုက်ပြီးတော့လည်း အားမပေးကြလေနဲ့ဦး။ ဖြစ်တတ်တယ်။ သတိထားရမှာက ဆရာက မီးပုံထဲ ဆင်းတိုင်း တပည့်က လိုက်ပြီးတော့ ဆင်းသင့်သလား၊ မဆင်းသင့်ဘူးလား? ဆရာက ဆူးကိုနင်းတိုင်း တပည့်က လိုက်ပြီးတော့ ဆူးကို နင်းရမလား၊ မနင်းရဘူး။ ဒါမျိုးက မလုပ်ရဘူး။

သာဂတမထေရ်ကြီးကတော့ ရဟန္တာ ဖြစ်ပြီးတော့ ဓမ္မသံဝေဂရကာ ပရိနိဗ္ဗာန်စံသွားပြီ။ ညီလုပ်တဲ့ ပုဂ္ဂိုလ်က သာသနာတော်ကို ဖျက်လိုဖျက်ဆီး လုပ်သွားတာကို အမေနဲ့ နှမက အားပေးအားမြှောက် လုပ်တာကြောင့် သေသွားတဲ့အခါ အကုန်လုံး အဝီစိငရဲ ရောက်သွားကြတယ်။ သူတို့လုပ်တဲ့ အကုသိုလ်

စာမျက်နှာ-၅၁
ကံကြောင့် သူတို့ အဝီစိ ရောက်သွားတာ။ ကဿပမြတ်စွာဘုရား လက်ထက်က ဂေါတမမြတ်စွာဘုရား မပွင့်မီစပ်ကြား ဆိုတော့ မြေကြီးဟာ အပေါ်ကို တစ်ယူဇနာ မြင့်တက်လာသည်အထိ အဝီစိငရဲမှာ သူတို့ရှိတယ်။

ဂေါတမမြတ်စွာဘုရား ပွင့်တော်မူလာတဲ့အခါ ကပိလဟာ အဝီစိငရဲကနေ လွတ်လာပြီးတော့ ဂင်္ဂါမြစ်ထဲမှာ ငါးကြီးတစ်ကောင် လာဖြစ်တယ်။ အဲဒီ ငါးကြီးရဲ့ အရောင်က ရွှေရောင်တောက်နေတယ်။ ရွှေငါးကြီး လာဖြစ်တယ်ပေါ့။ သို့သော် အပြင်က ကြည့်လိုက်မယ်ဆိုရင်တော့ အလွန်လှတဲ့ ငါးကြီးဖြစ်တယ်။ အဲဒီငါးကြီး ပင်လယ်ထဲ ကျက်စားနေတဲ့အချိန်မှာ ဇာတ်လမ်းလေးတစ်ခု

စာမျက်နှာ-၅၂
ပြောစရာ ကျန်သေးတယ်။ အဲဒီငါးကြီးကို ဖမ်းမယ့် တံငါတွေ အကြောင်းကို ပြောရဦးမယ်။ ကဿပမြတ်စွာဘုရားရဲ့ နောက်ပိုင်း သာသနာမှာပဲ သူများအိမ်ကို ခိုးဆိုးတိုက်ခိုက် လုယက်ပြီးတော့ ဓါးမြတိုက်ကြတဲ့ အဖွဲ့ပေါ့။ လူငါးရာ ရှိတယ်။ တစ်နေ့ကျတော့ ရွာတစ်ရွာ ဝင်တိုက်ရာကနေ ရွာလူထုက ညီညီညွတ်ညွတ်နဲ့ အဲဒီ ဓါးမြတွေကို လိုက်ဖမ်းလို့ တောထဲကို ထွက်ပြေးကြတယ်။ ထွက်ပြေးပေမယ်လို့ မလွတ်ကြဘူး။ လိုက်လာတဲ့ လူအုပ်က တောကြီးတစ်ခုလုံး ဝိုင်းထားပြီးတော့ ဓါးမြတွေဟာ ထွက်ပြေးပေါက် မရှိတော့ဘူး။ တောရကျောင်း တစ်ကျောင်းမှာ နေထိုင်တဲ့ ရဟန်းတစ်ပါးဆီကို အားကိုးတကြီးနဲ့ “အရှင်ဘုရား တပည့်တော်တို့ကို

စာမျက်နှာ-၅၃
ကယ်ပါဦးပေါ့”။ ဒုက္ခရောက်လို့ရှိရင်တော့ “ကယ်ပါဦး” တဲ့နော်။ သူတို့ကို အဲဒီရဟန်းက ဘာပြောတုန်းဆိုတော့ “အေး မင်းတို့မှာ အားကိုးစရာဆိုလို့ ဘာမှမရှိတော့ဘူး။ ဒါပေမယ့် ဘာမှအားမငယ်ကြပါနဲ့၊ မင်းတို့ ဘုရား၊ တရား၊ သံဃာ ရတနာ (၃) ပါးနဲ့ ကိုယ်ကျင့်တရားကိုသာ အားကိုးပါ။ ကျန်တာတွေ အားကိုးမနေနဲ့။ ကဲ အားလုံး လိုက်ဆိုကြ” ဆိုပြီးတော့ သရဏဂုံ (၃) ပါးနှင့်တကွ ငါးပါးသီလကို ချပေးတယ်။ မင်းတို့ ဟောဒီ ငါးပါးသီလကို အသက်သေခံပြီး စောင့်ထိန်းကြလို့ ဆုံးမဩဝါဒ ပေးလိုက်တယ်။ သူတို့မှာ ရွေးစရာလမ်း မရှိတော့ဘူး။ လူတွေက ဝိုင်းပြီးတော့ သူတို့ကို အကုန်လုံး သတ်ပစ်လိုက်ကြတယ်။ သရဏဂုံ (၃) ပါးနှင့်တကွ ငါးပါးသီလကို

စာမျက်နှာ-၅၄
ခံယူ ဆောက်တည်ထားသည့်အတွက်ကြောင့် သူတို့ ငါးပါးသီလကို မဖောက်ဖျက်ဘဲနဲ့ အသက် အသေခံလိုက်ကြတယ်၊ သေပြီးတော့ အကုန်လုံး နတ်ပြည်ရောက်ကြတယ်။

သရဏဂုံဆိုတာ တကယ် အားကိုးရတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားရှင်က ဟောထားတာ။ “ယေ ကေစိ ဗုဒ္ဓံသရဏံ ဂတာသေ၊ န တေ ဂမိဿန္တိ အပါယဘူမိ”။ ဘုရားကို ကိုးကွယ်တဲ့သူ ငရဲမကျဘူးတဲ့။ တရားကို ကိုးကွယ်တဲ့သူ ငရဲမကျဘူးတဲ့။ သံဃာကို ကိုးကွယ်တဲ့ပုဂ္ဂိုလ် ငရဲမကျဘူးတဲ့။ ကိုးကွယ်တယ်ဆိုတာ မှန်ကန်တဲ့အနေနဲ့ ကိုးကွယ်ဖို့ လိုတယ်။ အေး သူတို့မှာ တခြား အားကိုးစရာ မရှိသည့်အတွက်ကြောင့် အသက်ကို စွန့်ပြီးတော့

စာမျက်နှာ-၅၅
ဘုရား၊ တရား၊ သံဃာ ရတနာ (၃) ပါးကို မြတ်မြတ်နိုးနိုး ကိုးကွယ်ကြတယ်။ ငါးပါးသီလ ဆောက်တည်ပြီး အသက်အသေခံလိုက်ကြတာ နတ်ပြည်ရောက်သွားကြတယ်။

ခိုးဆိုးတိုက်ခိုက်တဲ့ အကုသိုလ်ဟာ အကျိုးပေးချိန် မရလိုက်ဘူး။ ခုနက ဆောက်တည်လိုက်တဲ့ ကုသိုလ်ကံ အကျိုးပေးလို့ နတ်ပြည် ရောက်သွားတာပေါ့။ နတ်ပြည်ကနေ လူ့ပြည်၊ လူ့ပြည်ကနေ နတ်ပြည် စုံချည်ဆန်ချည်နဲ့ ဘုရားတစ်ဆူရဲ့ အကြားမှာ ကျင်လည်ကြရတယ်။

ဂေါတမဘုရား ပွင့်တဲ့အခါမှာ သူတို့လည်း လူ့ပြည် ရောက်လာကြတယ်။ သာဝတ္ထိမြို့နားက မြို့တံခါးအနီးမှာ တံငါရွာလေးတစ်ရွာ ရှိတယ်။ အဲဒီ

စာမျက်နှာ-၅၆
ရွာက အိမ်ခြေငါးရာ ရှိတယ်။ အခုခေတ်လို တံငါဆိုတာ ရေလုပ်သားပေါ့။ တံငါလို့ဆိုရင် နည်းနည်း ရိုင်းသလားလို့။ အဲဒီရွာမှာ ခုနက ဓါးမြငါးရာစလုံး လူလာဖြစ်ကြတယ်။ ဓါးမြခေါင်းဆောင်က အဲဒီရွာမှာ ခေါင်းဆောင်ပဲ ပြန်ဖြစ်တယ်။ တပြိုင်နက် သေလာကြပြီး တပြိုင်နက်တည်း လူ့ပြည် ရောက်လာကြတယ်။ တပြိုင်နက်တည်း မွေးကြတယ်။

ခေါင်းဆောင်ဖြစ်တဲ့ အိမ်က တံငါသည် ခေါင်းဆောင်ကြီးက သူ့သားလေး မွေးတဲ့နေ့မှာပဲ ဒိပြင်အိမ်က မွေးတဲ့ကလေးတွေ လိုက်ရှာလိုက်တဲ့အခါ ငါးရားရတယ်။ သူတို့အတွက်ပါ သူက မွေးစရိတ်တွေ ထုတ်ပေးပြီးတော့ သူ့သားလေး အဖော်ရအောင်ဆိုပြီးတော့ ကျွေးမွေးထားတယ်။ အားလုံး

စာမျက်နှာ-၅၇
ကို ပျော်ပျော်ပါးပါးနဲ့ လူ့ဘဝ ရောက်လာစေတယ်ပေါ့။ ဝင်ငွေကလည်း ကောင်းတယ် ထင်ပါရဲ့။

ဒီကလေးတွေ လူပျိုပေါက်အရွယ် ရောက်လာတဲ့အခါကျတော့ သူတို့ကို သင်တန်းပေးတာ။ ဘာပေးလဲဆိုရင် ကွန်ပစ်တာတို့ ပိုက်ချတာတို့ပေါ့။ တံငါရဲ့လုပ်ငန်း သင်တန်းပေးတာပေါ့။ လှေကလေးနဲ့ ပင်လယ်ထဲ ထွက်တယ်။ သာဝတ္ထိနဲ့ နီးတယ်ဆိုတော့ အစိရဝတီမြစ် ရှိတယ်ပေါ့။ ဂင်္ဂါမြစ် ရှိတယ်ပေါ့။ အဲဒီ ဂင်္ဂါမြစ်ထဲမှာ လှေကလေးနဲ့ ကွန်ပစ်ထွက်ကြတယ်။ အဲဒီလို ကွန်ပစ်ထွက်တဲ့အခါမှာ ပထမဆုံး သူတို့ပစ်လိုက်တဲ့ ပိုက်ကွန်ထဲမှာ ခုနက ရွှေငါးကြီး မိလာတယ်။ ရွှေငါးကြီး မိလာတယ်ဆိုတော့ ဝမ်းသာတာပေါ့။ မိဘတွေကလည်း

စာမျက်နှာ-၅၈
ဝမ်းသာကြတယ်။ တို့သားတွေ သိပ်တော်တာပဲ။ ကြည့်စမ်း ပထမဆုံး ကွန်ပစ်လိုက်တာ ရွှေငါးကြီး မိလာတယ်၊ တို့တော့ ဘုရင်ဆီက ဆုရတော့မှာပဲ ဆိုပြီးတော့ ငါးကြီးမသေရအောင် လှေထဲမှာ ရေတွေထည့်ပြီး အဲဒီငါးကြီးကို လှေထဲထည့်တယ်ပေါ့။ လှေက ရေကန်ကြီးလို ဖြစ်နေတယ်။

အဲဒီငါးထည့်ထားတဲ့လှေကြီးကို ဘုရင့်ဆီကို ထမ်းပြီးယူသွားကြတယ်။ ပသေနဒီ ကောသလမင်းကြီးကို သွားဆက်သကြတယ်။ သွားဆက်တော့ တစ်မြို့လုံး အုတ်အုတ်ကျတ်ကျတ်နဲ့ “ရွှေငါးကြီး မိသတဲ့၊ ရွှေငါးကြီး မိသတဲ့” ဆိုပြီးတော့ လာကြည့်ကြတယ်။ ဘုရင့်နန်းတော် ရောက်တဲ့အခါ လှေကို ချပြီး ဘုရင်ကို သံတော်ဦးတင်တယ်။ ဘုရင်က ရွှေငါး

စာမျက်နှာ-၅၉
ကြီးဆိုတော့ ထူးထူးဆန်းဆန်း ဆင်းကြည့်တာပေါ့။ ကြည့်လိုက်တဲ့အချိန်မှာ အရောင်ကတော့ အင်မတန်လှတယ်၊ ရွှေငါးကြီး။ သို့သော် ငါးကြီးရဲ့ ပါးစပ်ကြီးကို ဟလိုက်တဲ့အချိန်မှာ နန်းတော်ကြီးတစ်ခုလုံးဟာ အပုပ်နံ့ထောင်းကနဲ့ နံသွားတယ်။ အကုန်လုံး နှာခေါင်းပိတ်ကုန်ကြတယ်။ ငါးကြီး ပါးစပ်ဟလိုက်တာနဲ့ တပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး အပုပ်နံ့တွေလှိုင်သွားတယ်။ ဘယ်သူမှမနေနိုင်ဘူး။ နှာခေါင်းတွေ အကုန်ပိတ်ကြတယ်။

ဘုရင်ကြီးက “ဟာ ငါးကဖြင့် အင်မတန်လှတယ်၊ ပုပ်စော်က နံလိုက်တာ၊ ဘာကြောင့်ပါလိမ့်။ ဘုရားဆီကို သွားမေးကြမယ်။ ကဲ ဒီငါကြီးထည့်ထားတဲ့ လှေကို ကျောင်းတော်ကို မခဲ့ဆိုပြီးတော့

စာမျက်နှာ-၆၀
ဘုရားထံကို ဒီငါးကြီး ယူသွားပြန်တယ်။ ဇေတဝန်ကျောင်း ရောက်သွားတယ်။ ငါးပြပွဲကြီး ကျင်းပနေတာကျနေတာပဲ။

ဇေတဝန်ကျောင်း ရောက်သွားတဲ့အခါကျတော့ ကောသလမင်းကြီးက ဘုရားရှင်ကို မေးလျှောက်တယ်။ “အရှင်ဘုရား ဟောဒီရွှေငါးကြီးက အတော်ထူးဆန်းတယ်၊ ဒါပေမယ့် သူ့ပါးစပ် ဟလိုက်လို့ရှိရင် ပုပ်စော်အင်မတန်နံတယ်။ အားလုံးဟာ နှာခေါင်းတွေပိတ်ပြီးတော့ ကျောင်းတော်ကို ရောက်လာရတယ်။ အရှင်ဘုရား သူဘာကြောင့် ရွှေငါးဖြစ်ရတာပါလဲဘုရား” လို့ မေးလျှောက်တော့ မြတ်စွာဘုရားက အနာဂတံသဉာဏ်နဲ့ သူ့ရဲ့ အတိတ်ဘဝကို ကြည့်တော်မူတယ်။

စာမျက်နှာ-၆၁
ကဿပမြတ်စွာဘုရား လက်ထက်တော်တုန်းက သူဟာ ကပိလဆိုတဲ့ ရဟန်းပဲ၊ သင်္ကန်းဝတ်ပြီးတော့ မြတ်စွာဘုရားရဲ့ တရားတော်တွေကို ဟောပြော ပြသခဲ့သည့်အတွက်ကြောင့် သူ့ခန္ဓာကိုယ်ဟာ ရွှေရောင်တောက်နေတာဖြစ်တယ်။

ကောင်းတာလေးလုပ်လို့ ကောင်းကျိုးတော့ ရတာပေါ့နော်။ သို့သော်လည်း တကယ့် သူတော်စင်တွေ၊ ရဟန်းတော်တွေကို ဆဲခဲ့လို့ ပါးစပ်က ပုပ်စော်နံနေတာ ဖြစ်တယ်။

အဲဒီတော့ အရပ်ထဲမှာ ဆဲတဲ့သူတွေလည်း သတိထားရမယ်နော်။ ဆဲလို့ရှိရင် ပါးစပ်ပုပ်စော်နံတယ်တဲ့။ အေး အဲဒီလိုပဲ မြတ်စွာဘုရားက အတိတ်ဘဝကို ဟောပြရုံတင်မကဘူး၊ သက်သေထူတဲ့

စာမျက်နှာ-၆၂
အနေနဲ့ အဲဒီငါးကြီးကို မြတ်စွာဘုရားက မေးတယ်။ မေးတော့ ငါးကြီးက သူ့ဘာသာစကားနဲ့ ပြောတယ်တဲ့။ “ကပိလပါဘုရား”။ ဘယ်က လာတာလဲလို့ မေးတဲ့အခါ “အဝီစိငရဲကြီးက လာခဲ့တာပါ” တဲ့။ သူလုပ်ခဲ့တဲ့ အကုသိုလ်တွေက ကျန်နေသေးလို့ အဆစ်ရတာဖြစ်တယ်။ ဈေးဝယ်ရင်သာ အဆစ်တောင်းလို့ ရတာမဟုတ်ဘူး၊ အကုသိုလ်ကလည်းပဲ အဆစ်ပေးသေးတယ်။ သတိထား။ အကုသိုလ်ကံတွေကလည်း အဆစ်တော့ ပေးတတ်သေးတယ်နော်။ ဈေးဝယ်ရင်သာ အဆစ်ရချင်မှ ရတာ။ နာရီအကြီးကြီး ဝယ်ပြီး နာရီသေးသေး အဆစ်တောင်းတာမျိုး ဖြစ်နေဦးမယ်။

အဲဒီမှာ အကုသိုလ်ကြောင့် အဝီစိငရဲမှာ

စာမျက်နှာ-၆၃
အပြည့်အဝ ခံရပြီးတဲ့အပြင် အဆစ်ရတဲ့အနေနဲ့ သူဟာ ငါးလာဖြစ်ပြန်တယ်ပေါ့။ အဲဒီလို ဖြစ်တဲ့အချိန်မှာ ကုသိုလ်၊ အကုသိုလ်တွေက ရောပြီး အကျိုးပေးတော့ ကုသိုလ်ရဲ့ အရှိန်ကြောင့် ရွှေငါးကြီး ဖြစ်ရပေမယ့်၊ ဆဲရေးခဲ့တဲ့ မကောင်းမှု အကုသိုလ်ကြောင့် ပုပ်စော်နံနေရတယ်တဲ့။ အဲဒါ မြတ်စွာဘုရားက မေးတယ် “မင်းဘယ်သူလဲ” ဆိုတော့ “ကပိလပါဘုရား” သူပြောလိုက်ရင် နှာခေါင်းတွေကတော့ အကုန်ပိတ်ထားရတယ်။ “ဘယ်ကလာတာတုန်း” ဆိုတော့ အဝီစိငရဲက၊ “ဘာဖြစ်လို့ အဝီစိငရဲကျတာတုန်း” ရဟန်းတွေကို ဆဲခဲ့လို့ပါ။ ဒါဖြင့် “ဘယ်ပြန်သွားမှာတုန်းဆိုတော့ အဝီစိငရဲပဲ သူပြန်သွားရမှာပါ။ သူသွားရမယ့် လမ်းကြောင်းကြီးကို သူသိတယ်။

စာမျက်နှာ-၆၄
အဲဒီလိုပြောရင်း သူ့အကြောင်းတွေ လူသိကုန်ပြီ။ ရှက်လည်းရှက်၊ စိတ်လည်းညစ်ပြီးတော့ အဲဒီငါးကြီးဟာ သူ့ကိုယ်သူ ခေါင်းနဲ့လှေနဲ့ ဆောင့်ပြီး သေဆုံးသွားတယ်။ အဝီစိငရဲ ပြန်ရောက်သွားသတဲ့။

ခုနကတုန်းက သရဏဂုံတည်ပြီးတော့ သေဆုံးသွားတဲ့ ဓါးမြဘဝက လူတွေက နတ်ပြည်ရောက်တယ်။ နတ်ပြည်ကနေ လူ့ပြည်ရောက်၊ အပြန်ပြန် အစုန်အဆန်သွားပြီးတော့ နောက်ဆုံးမှာ တံငါသည်ဘဝကို ရောက်လာပြီး တံငါသည်ရဲ့ သားသမီးတွေဖြစ်ပြီး ကပိလငါးကြီးကို ဖမ်းမိတော့ ဘုရားဆီ ရောက်တဲ့အခါ ဘုရားရှင်ရဲ့ တရားနာပြီးတော့

စာမျက်နှာ-၆၅
သူတို့ကလည်း သံဝေဂတွေ ရသွားကြတယ်။

အဲဒီ တံငါသည်သား ငါးရာဟာ တကယ့် အဖြစ်အပျက်ကိုတွေ့ပြီးတော့ အကျွတ်တရားရပြီး အဲဒီမှာ သာသနာဘောင်ဝင်ပြီးတော့ ရဟန်းခံကြတယ်။ နောက်ဆုံးမှာ သူတို့လည်းပဲ ရဟန္တာတွေ ဖြစ်သွားကြတယ်ပေါ့။ အကြီးဆုံးလူရဲ့ နာမည်တော့ ပါတယ်။ “ယသောဇ” လို့ခေါ်တယ်။ အဲဒီယသောဇ အမှူးရှိတဲ့ ရဟန်းငါးရာဟာ ကပိလငါးကြီးကို တွေ့ကြုံရလို့ သံဝေဂတွေဖြစ်ပြီးတော့ သာသနာဘောင်ဝင်ပြီးတော့ တရားကျင့်ကြတာတဲ့။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က “ကပိလသုတ်” ဆိုပြီးတော့ ဟောသေးတယ်။ “လောကမှာ မြတ်သောအကျင့်ကျင့်နေတဲ့အခါမှာ

စာမျက်နှာ-၆၆
စိတ်နေသဘောထား မကောင်းလို့ နှုတ်ကြမ်းလျှောကြမ်းနဲ့ သူတော်ကောင်းတွေကို ဆဲရေးမယ်ဆိုရင် အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့နိုင်တယ်။ စိတ်ကောင်း နှလုံးကောင်းရှိဖို့ အင်မတန်မှ အရေးကြီးတယ်။ တရားဟာ တရားသိပြီးတော့ ကျင့်မှ အကျိုးရနိုင်တယ်။ တရားသိပြီးတော့ မကျင့်ဘူးဆိုရင် ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့နိုင်တယ်” လို့ မြတ်စွာဘုရားက ဒီလိုဟောပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့ဟာ “တရားသိလျက် အကျင့်ခက်” ဆိုတာလို မဖြစ်စေဘဲနဲ့ မိမိတို့ သိရင်သိတဲ့အတိုင်း တရားဓမ္မဆိုတာ လိုက်နာကျင့်သုံးမှသာလျှင် အကျိုးရှိတယ်။ မိမိတို့ဘဝ အကျိုးရှိဖို့ရာ

စာမျက်နှာ-၆၇
သိအောင်လည်း ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။ သိတဲ့အတိုင်းလည်း ကျင့်ကြံကြိုးကုတ် အားထုတ်ကြဖို့ အရေးကြီးတယ်ဆိုတာကို အားလုံး သဘောပေါက်ပြီး နိဗ္ဗာန်ချမ်းသာကို မျှော်မှန်းလျက် သာသနာတော်နဲ့ ကြုံတွေ့နေတဲ့ အချိန်မှာ တရားဓမ္မကို သိရှိနားလည်လို့ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။
l6au201ebpngkpws3yh278voih9m4vt
ဓမ္မကိုအဖော်ပြုမှ ထာဝရချမ်းသာမည်
0
6368
22163
2026-06-15T04:31:38Z
Tejinda
173
"{{header | title = ဓမ္မကိုအဖော်ပြုမှ ထာဝရချမ်းသာမည် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | prev..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22163
wikitext
text/x-wiki
{{header
| title = ဓမ္မကိုအဖော်ပြုမှ ထာဝရချမ်းသာမည်
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[တရားသိလျက် အကျင့်ခက်]]
| previous2 =
| next = [[ဓမ္မမှတ်ကျောက်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

ဓမ္မကိုအဖော်ပြုမှ ထာဝရချမ်းသာမည်
ကွန်ပျူတာစာစီ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်
ထုတ်ဝေသူ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်
ညွှန်ကြားရေးမှူး ဦးဘဟိန်း မှတ်ပုံတင်အမှတ်(၁၄၃၇၂/၂၀၁၁)က ပုံနှိပ်ထုတ်ဝေသည်။
တရားစာအုပ်များကို ဓမ္မစာပေ အလှူငွေဖြင့် ပုံနှိပ်ဖြန့်ဝေသည်

မှတ်တမ်း သာသနာတော်နှစ် ၂၅၅၅ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ တပို့တွဲလဆန်း(၆)ရက်၊ ၂၉-၁-၂၀၁၂ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ပုလဲ ကွန်ဒိုအိမ်ရာ၊ တိုက် A, B ရှေ့ ကားပါကင်၌ ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ပုလဲ ကွန်ဒို အိမ်ရာ၊ တိုက် A, B, C, D, E မိသားစုများ၏ ပထမအကြိမ် ဓမ္မပူဇာသဘင်၌ ဟောကြားအပ်သော “ဓမ္မကိုအဖော်ပြုမှ ထာဝရချမ်းသာမည်” တရားဒေသနာတော်

“ဓမ္မကိုအဖော်ပြုမှ ထာဝရချမ်းသာမည်” ဒီ တရား ခေါင်းစဉ်ကို မှတ်ထားပြီး ဘဝခရီး လျှောက်လှမ်းတဲ့အခါ ထာဝရချမ်းသာဖို့အရေး ဘာကို အဖော်ပြုရမလဲ။

လောကလူသားတွေ ဘာကို အဖော်ပြုနေကြသလဲလို့ တစ်ကမ္ဘာလုံးမှာရှိကြတဲ့ သတ္တဝါတွေကို အာရုံပြုကြည့်

စာမျက်နှာ-၂
ပေါ့။ အားလုံးလူတွေဟာ အဖော်မဲ့နေကြတာတော့ မဟုတ်ဘူး၊ အဖော်နဲ့နေကြတာ မိသားစုနဲ့နေကြတယ်။ မိတ်ဆွေသင်္ဂဟ အပေါင်းအသင်းတွေနဲ့ နေကြတယ်၊ သူငယ်ချင်းတွေနဲ့ နေကြတယ်။ လူ့ရဲ့ သဘာဝအရ ပြောရမယ်ဆိုရင် လူဟာ အဖော်မရှိဘဲ မနေတတ်တဲ့ သတ္တဝါမျိုးလို့ ပြောရမှာပဲ။ တခြား သတ္တဝါတွေ ကြည့် လိုက်မယ်ဆိုရင်လဲ .. အဖော်နဲ့ နေကြတာပဲ။ ဒီလို အဖော်နဲ့နေတာရဲ့ အကျိုးကျေးဇူးက ဘာလဲ၊ ဘယ် အဖော်မျိုးကို ရှာဖွေမှ တကယ့်အရေးကြုံလာတဲ့အခါ မှာ ကောင်းတဲ့အခြေအနေမျိုးတွေ ဖြစ်နိုင်သလဲဆိုတာ ဘဝအရေးနဲ့ ပတ်သက်ပြီး သေသေချာချာ စဉ်းစား ဆင်ခြင် သုံးသပ်ကြည့်ကြရမှာဖြစ်တယ်။

ဘဝတစ်ခုဟာ အဆင်ပြေနေတဲ့အချိန်မှာဆိုရင် သူငယ်ချင်း အပေါင်းအသင်းနဲ့နေနေ၊ မိသားစုနဲ့ပဲ နေနေ၊ ကိုယ်နှစ်သက်ရာ ပုဂ္ဂိုလ်တွေနဲ့ပဲနေနေ ဘဝ ခရီးမှာ အဆင်ပြေနေကြမှာပဲ။ ဒီလိုနေတိုင်း မကောင်းဘူးလို့ ပြောလို့မရဘူး။ အပေါင်းအသင်းတိုင်း မကောင်း

စာမျက်နှာ-၃
တာ မဟုတ်ဘူး။ ကောင်းတဲ့ အပေါင်းအသင်းတွေ အများကြီးရှိတယ်။ တစ်ဦးတစ်ဦး အပြန်အလှန် အကျိုး ပြုပြီးတော့နေကြတာ။ ဘဝရပ်တည်ဖို့အတွက် တစ်ဦး တစ်ဦး အဖော်ပြုပြီးတော့နေကြတာ။ သို့သော် အပေါင်းအသင်း အဖော်ပြုမှုတွေဟာ ထာဝရချမ်းသာမှုကို ပေးနိုင်သလား၊ မပေးနိုင်ဘူးလားဆိုတာ အလေးအနက်စဉ်းစားရမှာဖြစ်တယ်။ မြတ်စွာ ဘုရားဟောတဲ့ တရားတော်ကို နာယူပြီး လေ့လာ သုံးသပ်ကြည့်မယ်ဆိုရင် မြတ်စွာဘုရားရဲ့ ဆုံးမ သွန်သင်ချက်တွေဟာ အင်မတန်မှ မှတ်သားစရာ ကောင်းတယ်။ ဘုရားဆုံးမတဲ့ တရားတွေဟာ တကယ် တော့ ဒီကနေ့ခေတ်ပြောတဲ့ Religion ဆိုတဲ့ ဘာသာ တရားမျိုး မဟုတ်ဘူး၊ အဆုံးအမဩဝါဒသာဖြစ်တယ်။ ဘဝမှာ နေနည်းထိုင်နည်းတစ်ခု။ Way of life လို့ ဆိုရမယ့် ပညာရပ်တစ်မျိုးပေါ့။ သို့မဟုတ် Art of living in a life ပေါ့။ ဘဝမှာ ဘယ်လိုနေရမယ်ဆိုတဲ့ ပညာရပ်တစ်မျိုးပဲ။ အဲဒီတော့ ဘဝမှာ နည်းအမျိုးမျိုးနဲ့

စာမျက်နှာ-၄
နေထိုင်ကြတဲ့အခါမှာ တစ်သက်လုံး အဆင်ပြေမှုတွေနဲ့ ချမ်းသာသုခရသွားတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်။

သို့သော် နောက်ဆုံးအချိန်ကလေးမှာ လူဟာ လိုအင်ဆန္ဒမပြည့်ကြတာ များတယ်ပေါ့။ ဘဝရဲ့ အစ အဆုံးမှာ မိမိရဲ့ အပေါင်းအသင်း ရောင်းရင်းတွေ၊ ဆွေမျိုးတွေ ကောင်းကြတယ်။ အပြန်အလှန် အကျိုးပြု ပြီး နေကြတယ်။ နောက်ဆုံး ဒုက္ခရောက်လာတဲ့အချိန် ကျတော့၊ ဆိုပါစို့၊ အိုခြင်းတရားနဲ့ရင်ဆိုင်လာပြီဆိုတဲ့ အချိန်မှာ ဘယ်သူကကယ်တုန်းဆိုတော့ ဘယ်သူမှ မကယ်နိုင်ဘူး။ နာခြင်းတရားနဲ့ ကြုံတွေ့လာပြီဆိုရင် ဘယ်သူကကယ်တုန်း။ ဘယ်သူမှ မကယ်နိုင်ဘူး။ Individual ကိုယ်ဖြစ် ကိုယ်ခံ ပုံစံမျိုးပဲ။ သေခြင်း တရားနဲ့ ရင်ဆိုင်တဲ့အခါမှာလည်းပဲ မိမိကိုယ်တိုင်ပဲ ကြိတ်မှိတ်ခံစားကြရတယ်။ အဲဒီလို မျှဝေခံစားလို့မရတဲ့ ဒုက္ခတွေ ကြုံလာလို့ရှိရင် ဘယ်သူ့ကို အဖော်ပြုရမှာလဲ လို့ စဉ်းစားဖို့လိုတယ်ပေါ့နော်။

စာမျက်နှာ-၅
သာမန်အားဖြင့်တော့ အဖော်မရှိဘဲနေလို့ မဖြစ်ဘူးပေါ့။ အားလုံး တစ်ဦးတစ်ဦး အကျိုးပြုပြီး နေကြ တာ။ အကျိုးပြုပြီးနေတဲ့အတွက်ကြောင့် “ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော” ကောင်းမြတ်တဲ့ မိတ်ဆွေသင်္ဂဟဆိုတဲ့ အပေါင်းအသင်းတွေကလည်း ကိုယ့်အတွက် ကောင်းကျိုးချမ်းသာတွေကို ပေးနိုင်တာ ပဲ။ ဆရာကောင်း သမားကောင်းတွေက ကိုယ့်အတွက် အထောက်အကူပြုတယ်၊ မိကောင်းဖခင်တွေက ကိုယ့် အတွက် ကောင်းတယ်၊ ဆွေကောင်း မျိုးကောင်းတွေ ကိုယ့်အတွက် ကောင်းတယ်၊ သူငယ်ချင်းကောင်း အပေါင်းအသင်းတွေ ကိုယ့်အတွက်ကောင်းကြတယ်။ အားလုံးကို အမှီပြုပြီးတော့ ဘဝမှာ ကြီးပွားတိုးတက် ကြတယ်။ အဲဒီတော့ ဒီပုဂ္ဂိုလ်တွေကို အဖော်ပြုပြီး နေတာဟာ ဘဝဆုံးခန်းတိုင်ထိအောင် ချမ်းသာသုခ ရနိုင်သလားဆိုရင် ဘဝတစ်ခုအဆုံးသတ်ရမယ့် အချိန် မျိုးမှာ ကိုယ်တစ်ယောက်တည်း ခံစားရတဲ့ ဒုက္ခမျိုးနဲ့ ကြုံလာပြီဆိုရင် ဘယ်သူမှ ကိုယ့်အတွက် အားကိုးရာ

စာမျက်နှာ-၆
အဖြစ် ရပ်တည်မပေးနိုင်ဘူးပေါ့။ မိမိတို့ သားသမီးနဲ့ ပတ်သက်ပြီး အင်မတန်မှ ချစ်လှပါတယ်ဆိုတဲ့ မိဘတွေဟာ ဘယ်လိုပြောကြတုန်းဆိုရင် ငါခံစားလို့ရရင် တော့ ငါပဲဖြစ်လိုက်ပါတော့၊ သူ ဒုက္ခခံစားနေရတာ မကြည့်နိုင်ဘူး၊ သူ့ဒုက္ခတွေ ခံစားလို့ရရင် ငါပဲခံလိုက် ချင်ပါတယ်နဲ့ ဒီလိုပြောကြတယ်။ သို့သော်လည်း တစ်ဖက်သားအပေါ်မှာ ကရုဏာထားလို့သာ ပြောတာ၊ အဲဒီလို သူများအစား ဝင်ပြီးတော့ ဒုက္ခခံလို့ရတာ မဟုတ်ဘူး၊ မရနိုင်ဘူး။ အဲဒီတော့ ခန္ဓာကိုယ် ရထားတဲ့ ပုဂ္ဂိုလ်တိုင်းဟာ ဒုက္ခဆိုတာ မလွဲမသွေတွေ့ကြုံကြရမှာ ဖြစ်တယ်။ အဲဒီလိုတွေ့ကြုံလာရပြီဆိုတဲ့အခါမှာ ပုဂ္ဂလ လို့ခေါ်တဲ့ အပေါင်းအဖော်တွေဟာ အထောက်အကူ အများကြီး မပေးနိုင်ဘူး၊ ပြည့်ပြည့်ဝဝ မပေးနိုင်ဘူး။ ဓမ္မဆိုတဲ့ တရားကို အဖော်ပြုမှ ထာဝရချမ်းသာမှုရတယ်လို့ ဒီလိုဆိုတာ။ ဒါ အင်မတန်မှ မှန်ကန်တယ်။ ဓမ္မကို အဖော်ပြုတယ်ဆိုတာ သေခါနီးကာလ နောက်ဆုံး

စာမျက်နှာ-၇
အချိန်ကျမှ အဖော်ပြုလို့ကတော့ ကိုယ့်သန္တာန်ထဲမှာ ဓမ္မက ရောက်လာမှာမဟုတ်ဘူး။ ဒါကြောင့်မို့ ဓမ္မဆိုတာဟာ လူတိုင်းအတွက် အသုံးဝင်တာမှန်သော်လည်း ဓမ္မက လွယ်လွယ်ကူကူနဲ့ ရင်ထဲနှလုံးထဲတော့ ရောက်မလာနိုင်ဘူးပေါ့။ ရောက်မလာသည့်အတွက် အဖော်ပြုဖို့ရာအတွက် အချိန်ယူပြီး ကြိုးစားအားထုတ်မှုတွေ လုပ်ထားကြရတယ်။ အဲဒီလို လုပ်မထားလို့ရှိရင် နောက်ဆုံးအချိန်မှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်သွားရတတ်တယ်၊ အဲဒီလို ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်။ အဲဒီလို မဖြစ်ကြရ အောင် ဘုန်းကြီးတို့တတွေဟာ ကြိုတင်ပြင်ဆင်မှု ပြုတဲ့အနေနဲ့ ကိုယ့်အတွက် တကယ့်ကို အဖော်ပြုရ မယ့် အရာဟာ ဘာလဲဆိုတာ ရွေးချယ်ထားဖို့လိုတယ်။

ကောင်းပြီ၊ လောကကြီးရဲ့ သဘာဝကို ကြည့်။ သက်ရှိသတ္တဝါတွေ မှန်သမျှ ဒွယံ ဒ္ဓယာ ရာမော ဟိ အယံ လောကော တဲ့။ “ဒီ သတ္တလောကကြီးတစ်ခုလုံးဟာ အဖော်လေးနဲ့ပဲ ပျော်ကြတယ်” အနည်းဆုံး

စာမျက်နှာ-၈
နှစ်ယောက်ရှိရမယ်၊ အပေါင်းအသင်းလေးနဲ့ပဲ ပျော်နေ ကြတယ်၊ ဒီလိုဆိုတာ တစ်ယောက်တည်း ဆိုလို့ရှိရင် ဘယ်သတ္တဝါပဲဖြစ်ဖြစ် ပျင်းတယ်။ ကမ္ဘာဦးကာလက ဗြဟ္မာပြည်ကို ပထမဦးဆုံးရောက်သွားတဲ့ ဗြဟ္မာကြီး တောင်မှပဲ နှစ်ပေါင်းများစွာကြာလာတော့ သူတစ်ဦး တည်းနေရတာ Lonely ဖြစ်လာတယ်။ နောက် တစ်ယောက် ရောက်လာရင်ကောင်းမှာပဲ ဆိုတဲ့အတွေးတွေ ဝင်လာခဲ့တယ်ပေါ့။ အဲဒီလို အတွေးဝင်ရာက စပြီးတော့ လောကကြီးကို သူဖန်ဆင်းတယ်ဆိုတဲ့ ဒုတိယအတွေးပါ ဝင်လာခဲ့တယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ သူတွေးလိုက်တဲ့အချိန်မှာ အခြား သတ္တဝါ တစ်ဦးဟာ သူ့အနီးအနားမှာ ပေါ်လာတယ်။ သူ ဖန်ဆင်းလိုက်တာလို့ စိတ်က ထင်မှတ်သွားတယ်။ ဒီ ဖန်ဆင်းရှင်ဝါဒဟာ အဲဒီလိုနဲ့ လောကကြီးထဲ ရောက် လာတာ။ တကယ်ကတော့ ဖန်ဆင်းရှင်အစစ်ဆိုတာ ကိုယ်လုပ်တဲ့ ကံတရားသာ ဖြစ်ပါတယ်တဲ့။ ကိုယ် လုပ်တဲ့ ကံတရားသာဖြစ်တယ်။ သို့သော်လည်း ကိုယ်

စာမျက်နှာ-၉
လုပ်တဲ့ ကံတရားကိုကျော်ပြီး ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဖန်ဆင်းရှင်အဖြစ် ယုံကြည်လက်ခံကြတာဟာ ဒီကနေ့မှာ အင်မတန်မှ များတယ်လို့ ပြောရမယ်။

လောကကြီးဟာ အပေါင်းအသင်း အဖော်သဟဲ သဟာယ လို့ဆိုတဲ့ ကိုယ်နဲ့အတူ နေဖော်တွေ မရှိဘူး ဆိုရင် ကြာကြာမနေနိုင်ကြဘူး။ တစ်ခါတစ်ရံကျတော့လည်း အပေါင်းအသင်းနဲ့နေရတာ ငြီးငွေ့ပြီးတော့ ပြောတတ်ကြတယ်၊ Leave me alone ငါတစ်ယောက် တည်း နေစမ်းပါရစေ၊ ငါ့နားမလာစမ်းနဲ့၊ Leave me alone လို့အော်ပြီး ကျန်တဲ့လူတွေ မောင်းထုတ်လေ့ ရှိကြတယ်။ သို့သော် ကြာကြာနေလိုက်တာနဲ့ တစ်ပြိုင် နက် ဘာဖြစ်တုန်းဆိုရင် Lonely ဖြစ်လာပြန်တယ်။ တစ်ယောက်တည်းနေရတဲ့ စိတ်ဓာတ်ကျတဲ့ ခံစားမှု မျိုးကိုခံစားကြရတယ်ပေါ့။ အဲဒါကြောင့်မို့ တစ်ယောက် တည်း မနေတတ်လို့ တစ်ယောက်တည်းနေရတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်ကြတုန်းဆိုတော့တယ်လီဖုန်းနဲ့ လှမ်း စကားပြောတယ်။ ဟိုလူ့ခေါ်တယ်၊ ဒီလူ့ခေါ်တယ်။

စာမျက်နှာ-၁၀
လူချင်းမတွေ့ရတဲ့အခါ ဖုန်းနဲ့စကားပြောတယ်ဆိုတာ ဒါမျိုးတွေဖြစ်လာတယ်။ အဲဒါ ဘာဖြစ်လို့ဖြစ်တာ တုန်းဆို ကိစ္စရှိလို့တယ်လီဖုန်းခေါ်တာ ထား၊ တစ်ယောက်တည်းနေရတာပျင်းလို့ လှမ်းစကားပြော တာမျိုးကျတော့ ဒါ Lonely ဖြစ်တယ်လို့ ခေါ်တယ် ပေါ့နော်။

လူတွေမှာ စိတ်ဓာတ်အကျဆုံးအချိန်ဟာ ဘယ် အချိန်လဲလို့ဆိုရင် ရောဂါဝေဒနာ ခံစားရပြီးတော့ Hopeless ဖြစ်နေပြီ ဆိုတဲ့အချိန် စိတ်ဓာတ်အကျဆုံးပဲ။ အဲဒီအချိန် ဘေးကလူတွေက အားပေးကြရတယ်။ အားပေးပေမယ့်လို့ ရောဂါဝေဒနာက သက်သာချင်မှ သက်သာတာ၊ ဓမ္မ ဆိုတဲ့အဖော် မရှိဘူးဆိုရင် ထိုပုဂ္ဂိုလ် ဘာဖြစ်လဲဆိုရင် Depression ဖြစ်တယ်။ စိတ်ဓာတ် ကျတဲ့ ရောဂါပါ ဝင်လာတယ်။ စိတ်ဓာတ်ကျပြီဆိုရင် မြန်မြန်ဒုက္ခရောက်တာပဲ။ အဲဒါကြောင့်မို့ အားပေး စကားဆိုတာလဲ ပြောကြရတယ်၊ အကူအညီတွေ၊ အထောက်အကူတွေ ပေးကြရတယ်။ အဲဒီတော့

စာမျက်နှာ-၁၁
လူ့သဘာဝကိုက အဖော်မဲ့ မနေတတ်ဘူး၊ အဖော်နဲ့ နေတတ်တယ်။

အဲဒီတော့ ဒါ သာမန်အနေအထားဖြင့် ပြောမယ် ဆိုရင် ကိုယ်နဲ့အဆင်ပြေမယ့် နေဖော်ထိုင်ဖက် အပေါင်းအသင်းကိုရှာပြီးတော့ နေလို့ရှိရင် ကိုယ့်စိတ် ထဲမှာ လုံခြုံတယ်၊ အေးချမ်းတယ်လို့ ဒီလိုယူဆ လာတာ။ သို့သော် နောက်ဆုံးအချိန် ရောက်တဲ့အခါ ကျတော့ ဒါတွေဟာ တကယ် အထောက်အကူ မဖြစ်ဘူးဆိုတာ သိလာတယ်။ အေး ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေဟာ ဓမ္မကို အဖော်ပြုဖို့၊ အခုချိန် ကနေ စပြီးတော့ ဓမ္မနဲ့ ရင်းနှီးနေဖို့လိုတယ်။ ဒုက္ခ ရောက်လာပြီ ဆိုတဲ့အချိန်ကျမှ ဓမ္မကို မှီတွယ်ဖို့ ခက်တယ်။ ဘာဖြစ်လို့တုန်းဆိုရင် ရောဂါဝေဒနာ ဖိစီး လာပြီဆိုရင် ဘာမှမတတ်နိုင်တော့ဘူးလေ ဖြစ်ပေါ် လာတဲ့ ဒုက္ခဝေဒနာကို တွန်းလှန်နိုင်စွမ်း မရှိဘူး။ တွန်းလှန်နိုင်စွမ်းမရှိတော့ ဘာဖြစ်လဲ၊ ဝမ်းနည်းကြေကွဲတယ်၊ စိတ်တိုလာတယ်၊ ဒေါသတွေ ဖြစ်လာတယ်။

စာမျက်နှာ-၁၂
ဖြစ်ရကောင်းလားလို့ ဆိုပြီးတော့ ဒေါသတွေ၊ အကုသိုလ်တွေ ပြန်ဖြစ်လာတယ်။ ဒုက္ခပေါ်မှာ အကုသိုလ်တွေ ပြန်ဆင်းလာတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက ပုထုဇဉ်သတ္တဝါတွေရဲ့ အခြေအနေကို ဘယ်လိုပြောတုန်းဆိုရင် တစ်စုံတစ်ခု ခန္ဓာကိုယ်မှာ ရောဂါဝေဒနာဖြစ်လာပြီ ဆိုတဲ့အချိန်မှာ ဘာဖြစ်လာ တုန်းဆိုရင် ရောဂါဝေဒနာဖြစ်လို့ ကာယိကဒုက္ခကို ခံစားနေရတဲ့အချိန်မှာ ဖြစ်ရလေခြင်းဆိုတဲ့ စိတ် ဆင်းရဲမှုက ထပ်ပိုးလာတယ်။ အဲဒီလို ထပ်ပိုးလာတဲ့အခါ ကာယိကဒုက္ခ လို့ခေါ်တဲ့ ကိုယ်ဆင်းရဲမှုအပြင် စေတသိကဒုက္ခ လို့ဆိုတဲ့ စိတ်ဆင်းရဲမှုက ထပ်တိုး လာတယ်။ ဘာနဲ့တူတုန်းဆိုရင် ပထမ မြားတံတစ်ချက် စူးတာကို ဒုတိယတစ်ခါ မြားတံတစ်ချက် ထပ်စူးတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ရောက်သွားတယ်တဲ့။ မြားနှစ်ချက် စူးလိုက်တာ။ “အဲဒီလို မြားနှစ်ချက်စူးလိုက်တာနဲ့ တစ်ပြိုင်နက် ဘာဖြစ်သွားတုန်း၊ ဒုက္ခက လွတ်ရာလွတ်ကြောင်း

စာမျက်နှာ-၁၃
စဉ်းစားလာတယ်။ ဒီဒုက္ခကြီးက ဘယ်လို သက်သာ အောင် လုပ်ရမလဲ။ ဒေါသတွေဖြစ်တယ်။ ဒုက္ခ သက်သာအောင် ဘယ်လိုလုပ်ရမလဲ။ သုခကိုမျှော်လင့်တဲ့ အတွေးတွေ ထပ်ပြီးတော့ ဝင်လာတတ်တယ်။ အဲဒီတော့ ထပ်ဝင်လာလို့ တောင့်တသွားပြန်တဲ့အခါ ကျတော့ ဒီ တဏှာရာဂဆိုတဲ့ မြားတံတစ်ချက် ထပ်စူးလာပြန်တယ်၊ ပုထုဇဉ်တွေမှာနော်။ တစ်ခု မသက်သာလို့ တစ်ခုထပ်ပြီးလုပ်တဲ့အခါမှာ သူက လုပ်ခြင်းကြောင့် ဝန်ဟာ ပိုပိုပြီး ပိပိသွားတယ်လို့ ဆိုရမယ်။ နောက်တစ်ခုသက်သာမလားလို့ စဉ်းစားရင် ပိုပြီး တော့ ဝန်ပိသွားတတ်တယ်တဲ့။ ဒီလိုဆိုတာပေါ့။

အေး၊ ဒါကြောင့်မို့ ကာယိကဒုက္ခ လို့ခေါ်တဲ့ ကိုယ်ဆင်းရဲမှု ဘုရား ရဟန္တာမှာ မရှိမဟုတ်ဘူး၊ ရှိတယ်။ ရှိတဲ့အခါမှာ ကိုယ်ဆင်းရဲမှုအပေါ်မှာ ဆင်ခြင် သုံးသပ်ပြီး အောင့်အီးသည်းခံနိုင်စွမ်း ရှိသည့်အတွက် ကြောင့် “ငါ့မှ ဖြစ်ရလေခြင်း” ဆိုတဲ့အတွေး သူတို့မှာ မဝင်ဘူး။ “ဒါ သဘာဝ တရားပဲ၊ ဒုက္ခဝေဒနာဆိုတာ

စာမျက်နှာ-၁၄
ဒါပဲ” လို့ ဆင်ခြင်သုံးသပ်တယ်။ သဘာဝတရားကို ရှုဆင်ခြင်ခြင်းဖြင့် ဆင်းရဲဒုက္ခကြံ့ကြံ့ခံပြီး ဆင်းရဲဒုက္ခ နောက် စိတ်က လိုက်မသွားဘူး။ စိတ်ကို ဆင်းရဲဒုက္ခနဲ့ ခွာထားလိုက်နိုင်တယ်။ အဲဒါဟာ ဓမ္မကို အဖော်ပြုလို့ပဲ ဖြစ်တယ်ပေါ့။

အကယ်၍သာ တခြားပုဂ္ဂိုလ်ကို အဖော်ပြုမယ် ဆိုလို့ရှိရင် အဖော်ပြုတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လေ၊ ဒါလေး လုပ်ပေးစမ်းပါ၊ လုပ်ပေးလည်း အဆင်မပြေဘူး ဆိုရင် စိတ်တွေကတို၊ ဒီလိုတွေဖြစ်ပြီးတော့ ဒေါသတွေဖြစ်၊ ဒေါမနဿတွေ ခံစားရ၊ ဒီလိုနဲ့ ဘဝတစ်ခုဟာ အဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိတယ် မဟုတ်လား။ တဖန် ကြည့်မယ်ဆိုလို့ရှိရင် လူဟာ ဘဝမှာ အဆင်ပြေနေတဲ့အခါ ဘာနဲ့အဖော်ပြုပြီးတော့ နေကြတုန်းဆိုတော့ တွယ်တာမှုလေးနဲ့ အဖော်ပြုနေ ကြတယ်။

သံသရာခရီးသွားတဲ့အခါမှာလည်းပဲ တွယ်တာမှု လေးနဲ့ပဲ အဖော်ပြုနေကြတယ်။ လူတွေက ပြောကြ

စာမျက်နှာ-၁၅
တယ်၊ သူ တစ်ယောက်တည်းနေတာပါလို့ ပြောကြတယ်။ သို့သော် တစ်ယောက်တည်းနေတယ်ဆိုတဲ့ ပုဂ္ဂိုလ်မှာ သူက အတွေးကလေးနဲ့ စိတ်ထဲမှာ ကျေနပ် နေတာလေးတွေ ရှိတယ်။ တစ်ယောက်တည်းနေရတဲ့ အပေါ်မှာ သူက ကျေနပ်နေရခြင်းရဲ့ အကြောင်းတစ်ခု ရှိတယ်၊ အဲဒါကိုပဲ သူတွယ်တာနေတဲ့ သဘောလေး တစ်ခုရှိတယ်။ ဆိုလိုတာက သူ့မှာ ပြင်အဖော် မဟုတ်ဘူး၊ တဏှာအဖော်ရှိတယ်လို့ ဒီလိုပြောတာ။ အဲဒီ တဏှာ အဖော်က ဘယ်သူ့ကို ဖိတ်ခေါ်လာတတ်တုန်း၊ တစ်ခါ တစ်ရံကျတော့နော်၊ ကိုယ့်မှာ ဒီ အဖော်ပြုဖို့ဆိုပြီးတော့၊ အဖော်ရအောင်လို့ ဆိုပြီးတော့ တစ်ဦးတစ်ယောက်ကို ကိုယ့်ဆီမှာ ခေါ်ထားတတ်ကြတယ်။ အဲဒီ ကိုယ်နဲ့အတူ နေတဲ့ ပုဂ္ဂိုလ်က မကောင်းတဲ့သူကို ဖိတ်ခေါ်လာတတ်တာ ရှိသေးတယ်ဆိုတာ လောကကြီးမှာ အထင်အရှား ရှိတာပေါ့။

စာမျက်နှာ-၁၆
အဲဒီလိုပဲ တဏှာဆိုတဲ့ ဒီသဘာဝတရားက မိမိ စိတ်ထဲမှာ ကျေနပ်မှု၊ တွယ်တာမှုလေးနဲ့ နေတဲ့ပုဂ္ဂိုလ်ဟာ ဘာကိုဖိတ်ခေါ်လာတတ်တုန်းဆိုတော့ သောကကို ဖိတ်ခေါ်လာတတ်တယ်။ သူက တွယ်တာမှုနဲ့ နေတာကိုး။ လူကို တွယ်တာတယ်၊ ပစ္စည်းကို တွယ်တာတယ်။ ဘယ်ဟာကိုပဲ တွယ်တာတွယ်တာ တွယ်တာမှု ရှိလာရင် စွန့်လွှတ်ရမယ့်အချိန်ကိုတွေးလိုက်တာနဲ့ တစ်ပြိုင်နက် သောက ဖြစ်သွားတယ်၊ ဆုံးရှုံးတဲ့အခါ မှာလည်း သောက ဖြစ်သွားတယ်။ အဲဒီသောကကို ဘယ်သူက ဖိတ်ခေါ်လာတာတုန်းလို့ဆိုရင် တွယ်တာမှုက ဖိတ်ခေါ်လာတာ။ ဒါက လက်တွေ့ ရှုဆင်ခြင် ကြည့်လို့ရတဲ့ အနေအထားတစ်ခုပေါ့။

ဘုန်းကြီးတို့တတွေ သံသရာထဲမှာ ခရီးသွားနေ ကြတာ၊ “ကိုယ်ဝန်ကိုယ်ထမ်း၊ ကိုယ့်လမ်း ကိုယ်သွား” တစ်ယောက်တည်းသွားကြတာ၊ မှန်တယ်။ သို့သော် တစ်ယောက်တည်းလို့ ပုဂ္ဂိုလ်အနေနဲ့ ပြောရသော် လည်းပဲ ဘာကနေ ရှေ့ဆောင်လမ်းပြနဲ့ သွားသလဲ

စာမျက်နှာ-၁၇
ဟု ဆိုရင် တဏှာကလမ်းပြနေတာ။ ဘဝတဏှာလို့ခေါ်တဲ့ ဘဝအပေါ်မှာ တွယ်တာမှုက ခေါင်းဆောင်သွားတယ်။ သူလမ်းပြတဲ့နောက် လိုက်သွားကြတယ်။ နှစ်သက်မှု၊ တွယ်တာမှုကို အခြေပြုပြီး ကံတရားတွေလုပ်ကြတယ်။ အမှန်မသိတဲ့ အဝိဇ္ဇာက လွဲမှားသွားအောင် ဖန်တီးပေးတယ်။ တဏှာက ကျေနပ်မှုတွေဖြစ်အောင် လုပ်ပေးတယ်။ ကံတရားကနေပြီးတော့ တွန်းထုတ်ပေးလိုက်တယ်။ ဟော တဏှာရယ်၊ အဝိဇ္ဇာရယ်၊ ကံရယ်၊ ဒီ(၃)ခုက ပေါင်းပြီးတော့ ဘုန်းကြီးတို့ ဘဝကို ရှေ့ဆောင်ပေးနေတာ။ ဘယ်ဘဝဖြင့် ကောင်းလိမ့် မယ်လို့ထင်တယ်။ ဘာဖြစ်လို့ ကောင်းလိမ့်မယ်လို့ ထင်တုန်းဆိုတော့ အဝိဇ္ဇာက ကောင်းတယ်လို့ မြင်အောင် လုပ်ပေးထားတာ။ ဆိုပါစို့၊ ကုသိုလ် ကောင်းမှု လုပ်တဲ့အခါမှာ ကြည့်၊ လူ့ဘဝမှာ ပစ္စည်း ဥစ္စာ ချမ်းသာတဲ့လူ ဖြစ်ရပါလို၏တို့၊ မတောင်းမတ မကြောင့်မကျ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေရတဲ့

စာမျက်နှာ-၁၈
ပုဂ္ဂိုလ် ဖြစ်ရပါလို၏ စသည်ဖြင့် ဆုတောင်းကြတယ်။ အေး၊ နတ်ပြည်၌ ဖြစ်ရပါလို၏နဲ့ ဆုတောင်းကြတယ်။

ဒါက ဘယ်သူက တောင်းခိုင်းတာတုန်းဆိုတော့ အမှန်မသိခြင်းဆိုတဲ့ အဝိဇ္ဇာ။ အဲဒီ အဝိဇ္ဇာက မျက်လှည့်ပြထားတဲ့အတွက် တဏှာက လိုချင်လာတယ်။ အဲဒီ လိုချင်မှုကြောင့် ဒီလို ဆန္ဒတွေ ထုတ်ဖော် လာတယ်။ ဆန္ဒတွေ ထုတ်ဖော်ပြီး ရဖို့ကြိုးစားမှုဆိုတဲ့ ကံတရားတွေကို လုပ်လာမယ်။ လုပ်လာတဲ့အတွက် ဘဝရကြတယ်။ ကဲ၊ လူ့ဘဝ ရလာပါပြီ၊ သူထင်တဲ့ အတိုင်း ပစ္စည်းဥစ္စာ ပြည့်ပြည့်စုံစုံနဲ့ သူဌေးအိမ် လူလာဖြစ်ပါပြီတဲ့၊ မချမ်းသာဘူးလား၊ ချမ်းသာတယ်။ ငယ်ငယ်လေးကတည်းက မိသားစု ပြည့်ပြည့်စုံစုံနဲ့ နေရတယ်၊ ပျော်ပျော်ရွှင်ရွှင် နေရတယ်။ အေး၊ နောက်ဆုံးအချိန်ရောက်လာတဲ့အခါ ဒီပျော်ရွှင်မှုလေးတွေဟာ အဆုံးသတ်သွားပြန်တယ်။ ဘာနဲ့ ရင်ဆိုင် ရတုန်းဆိုရင် အိုခြင်းတရားနဲ့လည်း ရင်ဆိုင်ရပြန်တယ်။ ကိုယ်လိုချင်တဲ့ဘဝလေးမှာ ဘာနဲ့ အဆုံးသတ်တုန်း

စာမျက်နှာ-၁၉
ဆိုရင် အိုခြင်းနဲ့အဆုံးသတ်တယ်၊ နာခြင်းနဲ့ အဆုံး သတ်တယ်၊ သေခြင်းနဲ့ အဆုံးသတ်တယ်။

အဲဒီတော့ ဘဝတစ်ခုဟာ ဒီ ပျော်စရာအကွက် ကလေးတင် ကြည့်မယ်ဆိုရင် ပျော်စရာချည့်ပဲ။ ဒါကြောင့်မို့ ဘဝနဲ့ ပတ်သက်ပြီးတော့ “အဿာဒ” ကျေနပ်စရာ၊ ပျော်စရာ ရှိတယ်၊ ဘဝကို အကြောင်း ပြုပြီးတော့ ဒီ ပျော်ရွှင်မှုတွေရတယ်၊ ခံစားရတယ်။ အတွေ့အကြုံတွေရတယ်၊ ပညာတွေ ဆည်းပူးရတယ်၊ နိုင်ငံရပ်ခြား တိုင်းတစ်ပါးတွေ သွားရတယ်၊ အတွေ့ အကြုံတွေ မြောက်မြားစွာနဲ့ ထင်ပေါ် ကျော်ကြားမှုတွေ ရတယ် စသည်ဖြင့် ဘဝမှာ ကျေနပ်စရာတွေ ရှိကြတယ်။ ဒါကြောင့်မို့ ဘဝမှာ တစ်ဦးတစ်ဦး အားကျ နေကြတယ်နော်။ ဒါက ကျေနပ်စရာတွေရှိလို့၊ သို့သော် ဘဝမှာ ကျေနပ်စရာချည်းပဲလား။ မကျေနပ်စရာ မရှိဘူးလားလို့ သေချာစဉ်းစားကြည့်တော့ ဘယ်လိုပုဂ္ဂိုလ် မျိုး၊ ဘယ်လောက်လှတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ ဘယ်လောက် ချမ်းသာတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ တဖြည်းဖြည်း အိုမင်း

စာမျက်နှာ-၂၀
ပြီးတော့ လာကြတယ်။ အဲဒီအချိန်မှာ ဘာတတ်နိုင် တုန်းဆိုရင် ဘာမှမတတ်နိုင်ဘူး။

ဘုန်းကြီးတို့လည်း အသက်(၇၀)ကျော်လာတဲ့အခါမှာ ကိုယ့်ကိုယ်ကို သံဝေဂတွေ အများကြီး ဖြစ်လာတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ငယ်ငယ်တုန်းကဆိုလို့ရှိရင် ဒါတွေ မစဉ်းစားမိဘူး၊ မစဉ်းစားမိရုံတင် မကဘူး၊ အဖိုးအို၊ အဖွားအိုတွေတွေ့တဲ့အခါ အင်း၊ သူတို့ မွေးကတည်းက အိုအိုကြီးတွေပဲထင်ပါရဲ့ လို့တောင် စိတ်ကအောက်မေ့မိတယ်။ စဉ်းစားဖို့ နေနေသာသာနော်။ တစ်ခါတစ်ရံကျတော့ ကိုယ် အိုတာကို သိပ်မမြင်ဘူး၊ သူများအိုရင်တော့မြင်တယ်။ ဒါလည်း သဘာဝပဲ။ သူများအိုတာကို မြင်ပြီးတဲ့အခါ ကြည့်၊ ကြည့်စမ်းပါး အိုသွားလိုက်တာ၊ ဟော ပြောကြတယ်။

ဘုန်းကြီးတို့ဆီမှာ မကြာမကြာ ရောက်လာကြတယ်။ အဖိုးအိုတွေ၊ အဖွားအိုတွေ၊ ကိုယ်ချင်းစာတယ်၊ ငယ်ငယ်တုန်းက နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ နာမည်ကြီး ရုပ်ရှင်မင်းသမီးကြီးတွေတို့၊ မင်းသားကြီးတွေတို့

စာမျက်နှာ-၂၁
ကြည့်လိုက်လို့ရှိရင် ဪ၊ အိုမင်းရွတ်တွသွားလိုက်တာ။ ရာထူးကြီးကြီးနဲ့ ပုဂ္ဂိုလ်ကြီးတွေ ရောက်လာတယ်၊ သံဝေဂဖြစ်စရာကောင်းလိုက်တာ။ “ဟယ်၊ တစ်ချိန်တုန်းက ရင်ကော့ပြီးတော့ အထက်တန်းလွှာအနေနဲ့ နေလာတာ။ ဒီနေ့ကျတော့ကြည့်စမ်းပါ” ဇရာရဲ့ ထုထောင်းမှုကိုခံရလို့ ပုံပျက်ပန်းပျက်၊ ထူပေးမှထနိုင်ရှာတယ်၊ အောက်မှာမထိုင်နိုင်တော့ဘူး။ ကုလားထိုင်လေးနဲ့မှ ထိုင်လို့ရတယ်၊ တွဲမှထနိုင်တယ်ဆိုတဲ့ အနေအထားမျိုးတွေ ရောက်လာတယ်။ ။ ဘုန်းကြီးတို့လည်း ဒီလိုဖြစ်နေတာ။ ကဲ၊ အဲဒါဟာ ဘဝမှာ မကျေနပ်စရာတွေပဲပေါ့။ လူတိုင်းလူတိုင်းဟာ ဒီစခန်းရှောင်သွားချင်လို့မရဘူး။ ဒီစခန်းကိုရောက်ကြမှာချည့်ပဲ။ “အိုခြင်း” ဆိုတဲ့စခန်း ရောက်လာတာနဲ့ လူတွေဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်တယ်၊ ဘယ်လိုရုပ်ပျက်ဆင်းပျက်ဖြစ်လဲ၊ သွားတွေကျိုးကုန်တယ်နော်။ မေးတွေထိုးကုန်တယ်၊ နားတွေလေးကုန်တယ်၊ မျက်စိတွေမှုန်လာတယ်။ ဇရာဆိုတာဟာ လူကို အရုပ်ဆိုး

စာမျက်နှာ-၂၂
အကျည်းတန်စေတယ်။ ဇရာတရားရဲ့ ထုထောင်းမှုကြောင့် လူဟာ ဘယ်လောက်လှတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အရုပ်ဆိုးအကျည်းတန်တယ်။ ငယ်ငယ်တုန်းက လှတယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလားလို့ မယုံကြည်နိုင်အောင်လောက် ဖြစ်လာတယ်။ ဒါဘဝရဲ့ အပြစ်အနာအဆာတွေပဲပေါ့။ နောင်ကျလို့ရှိရင် အေး၊ ဆေးရုံဆေးခန်းတွေရောက်သွားလို့ရှိရင်လည်း အို၊ နှာခေါင်းပိုက်ကြီးတွေတပ်ထားပြီးတော့နော်၊ ဘေးကလူတွေက စိုးရိမ်တကြီးနဲ့ကြည့်နေကြတယ်၊ အသက်အပေါ်မှာသံသယဖြစ်ကြတယ်၊ ဆေးကုလို့ကောင်းမှကောင်းပါ့မလားနဲ့ သံသယမျက်လုံးတွေနဲ့ကြည့်ပြီးတော့ ဆေးရုံတက်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ဆေးရုံကပြန်ဆင်းသွားတဲ့ ပုဂ္ဂိုလ်ရှိသလို အသက်မပါဘဲနဲ့ ဆေးရုံကနေ တိတ်တဆိတ်ပြန်ပြီး ဆင်းသွားရတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးပဲပေါ့။
ကဲ၊ အဲဒီအချိန်မျိုး ရောက်လာတာ ဒါဘဝရဲ့ အပြစ်အနာအဆာတွေပဲ။ ဒီလိုဟာမျိုးကို ကြိုတင်

စာမျက်နှာ-၂၃
မွေကိုအဖော်ပြုမှ ထာဝရချမ်းသာမည်။ ပြီးတော့သိရင် ဒီလိုဘဝမျိုး ဘယ်သူလိုချင်မှာတုန်း၊ မလိုချင်ဘူး။ မသိလို့လုပ်ကြတာ။ အဲဒီတော့ မသိအောင် ဘယ်သူကနေပြီးတော့ ဖန်တီးပေးထားတုန်းဆိုတော့ အဝိဇ္ဇာက ဖန်တီးပေးထားတယ်။ အဝိဇ္ဇာက ဖန်တီးပေးထားတော့ တဏှာက ကြိုက်တာပေါ့။ ကြိုက်တဲ့အခါ ရအောင်ဆိုပြီးကြိုးစားတဲ့ ကံတရားတွေလုပ်ကြတယ်၊ အဲဒီလိုလုပ်တဲ့အခါမှာ ဘဝတစ်ခုကိုရလာတယ်။ ရလာလို့ ပျော်မလို့အားခဲတုန်းပဲ နောက်ဆုံးမှာ အိုမင်းရင့်ရော်မှုနဲ့ ကြုံတွေ့လာတယ်၊ ဇရာနဲ့ကြုံတွေ့လာတယ်။ ပျော်လို့မှအားမရခင် ဇရာနဲ့ကြုံတွေ့သွားတယ်တဲ့။ အမျိုးမျိုးတွေ့ခဲ့ဖူးတယ်၊ ရာထူးအာဏာကြီးတဲ့ ပုဂ္ဂိုလ်တွေတို့၊ ငယ်စဉ်က နာမည်ကြီးတဲ့ ပညာတတ်ကြီးတွေတို့နော်။ ငယ်စဉ်က အင်မတန်ချောလှပြီးတော့ လူတိုင်းကကြည့်ချင်လို့ကြည့်ရတဲ့ ပုဂ္ဂိုလ်တွေတို့၊ နောက်ဆုံးမှာ ရှုံ့တွတ်ယို အဖိုးအို၊ အဖွားအိုဘဝရောက်သွားကြတာတွေ မျက်စိအောက်မှာပဲ နည်းတာမှမဟုတ်ဘဲ။

စာမျက်နှာ-၂၄
အဲဒီတော့ သူသာရောက်တာ၊ ကိုယ်မရောက်ဘူးလို့ မစဉ်းစားလေနဲ့။ ဪ၊ တစ်နေ့ကျတော့ အားလုံး ဒီလိုဖြစ်ကြရမှာပဲလို့ဆိုတဲ့ အတွေးလေးဟာ အင်မတန်မှမှန်ကန်တဲ့ အတွေးဖြစ်တယ်။ ဒါဟာ ဓမ္မအတွေးပဲပေါ့။ မြတ်စွာဘုရားကိုယ်တိုင်က ဘဝနဲ့ပတ်သက်တဲ့ ဓမ္မအတွေးတွေကိုတွေးဖို့ရာ လမ်းညွှန်မှုပြုထားတယ်၊ ဆုံးမဩဝါဒပေးထားတယ်။ အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်တွေတွေ့ရင် “အေး၊ ငါလည်း တစ်နေ့ကိုဦးမှာပဲ၊ အိုခြင်းသဘောတရားကို ငါလည်းမလွန်မြောက်နိုင်သေးဘူး” ဆိုတဲ့ အတွေးလေးကိုတွေးထားပါတဲ့။ မတွေးဘဲမနေပါနဲ့။ ဒီတွေးတာက ဘာအကျိုးရှိတုန်းဆိုရင် ငါငယ်သေးတယ်ဆိုတဲ့ မာန်မာနတက်ကြွမှုတွေကို ချိုးနှိမ်ပြီးသားဖြစ်ပါတယ်တဲ့။ ဒီလိုတွေးလိုက်တာနဲ့ ငယ်သေးတယ်ဆိုတဲ့ ငယ်မာန်တစ်ခုဟာ လန်းဆန်းတက်ကြွခြင်းမရှိတော့ဘူး။ တစ်နေ့ကျ ငါဒီလိုဖြစ်ဦးမှာလို့ဆိုတဲ့ သံဝေဂအသိစိတ်ကလေးကိုပေးတယ်တဲ့။ ငယ်မာန်တက်တော့ ဘာဖြစ်လဲဆိုရင် အေး၊ ငယ်သေး

စာမျက်နှာ-၂၅
တယ်၊ လုပ်ချင်ရာလုပ်မယ်၊ ပျော်မယ်ပါးမယ်နော်။ ဒီလိုဟာမျိုးဖြစ်လာတတ်တယ်တဲ့။
ဟော၊ မှန်မှန်ကန်ကန်တွေးတတ်တဲ့အခါကျတော့ ဘာဖြစ်လာတုန်းဆိုတော့ ဪ၊ မအိုခင်တော့ ငါကောင်းတာတွေလုပ်မှဖြစ်မယ်၊ တစ်နေ့ကျတော့ ငါအိုလာလိမ့်မယ်။ အိုတဲ့အခါမှာ တရားဓမ္မတွေကျင့်နိုင်မှာမဟုတ်ဘူး။ ငယ်တုန်းကလုပ်မှပဲဆိုတဲ့ ကောင်းမြတ်တဲ့အတွေးတွေဝင်လာလို့ အကျိုးရှိရာရှိကြောင်း အသိပညာရပ်တွေ၊ သတိတရားတွေရရှိပြီးတော့ လာနိုင်တယ်လို့ ဒီလိုဆိုတာ။ တစ်ခါ ဆေးရုံဆေးခန်းသွားကြည့်လို့ လူမမာတွေ၊ လူနာတွေမြင်လိုက်တာနဲ့ တစ်ပြိုင်နက် “ဪ၊ ငါ့ခန္ဓာကိုယ်ကြီးဟာလည်း နာတတ်တဲ့သဘောရှိတာပဲ။ တစ်နေ့ကျတော့ နာခြင်းတရားနဲ့ ငါလည်းရင်ဆိုင်ရဦးမှာပဲ” လို့မပြတ်ဆင်ခြင်စဉ်းစားပါတဲ့။ စိတ်ပျက်စရာ၊ ငြီးငွေ့စရာကိုပြောတာမဟုတ်ဘူး။ အဲဒီလိုဆင်ခြင်စဉ်းစားခြင်းဖြင့် ဘာဖြစ်တုန်း၊ ငါကျန်းမာတယ်ဆိုတဲ့

စာမျက်နှာ-၂၆
မာန်ယစ်မှု အာရောဂျမဒနဲ့ လူတွေဟာ ယစ်မူးတတ်တယ်၊ ယစ်မူးလာလို့ရှိရင် မကောင်းတာတွေလုပ်မိတတ်တယ်တဲ့။ ။ ကျန်းမာနေတဲ့အချိန်မှာ ငါကောင်းတာတွေလုပ်မှဖြစ်မယ်။ မကျန်းမာမှုဆိုတာ လူတိုင်းဆီရောက်လာနိုင်တယ်၊ ရောက်လာမှာဖြစ်တယ်။ ကျန်းမာတုန်း ကောင်းတာတွေလုပ်မှ၊ ကောင်းတဲ့ဘက်ကို အသုံးချမယ်ဆိုတဲ့ အတွေးတွေဝင်လာတော့ ကောင်းကျိုးချမ်းသာတွေရတာပေါ့။
နောက်တစ်ခါ လူတွေဟာ အသက်ရှင်မှုပေါ်မှာလည်း မာန်တက်တယ်။ ငါဟာ အသက်ရှည်တယ်၊ အသက်ရှင်တယ်၊ အဲဒီအသက်ရှည်မှုအပေါ်မှာ မာန်တက်နေတဲ့အခါမှာလည်း ငါမသေဘူး၊ ကျန်တဲ့သူတွေသာသေတာလို့ ဒီလိုစိတ်ထဲမှာဖြစ်တတ်တယ်။ အသက်ရှင်မှုကို အကြောင်းပြုပြီးတော့ မသေနိုင်သေးဘူးလို့ဆိုတဲ့ မာန်တင်းမှုတွေကြောင့် မဟုတ်တာတွေလုပ်မိတတ်တယ်တဲ့။ “ငါဟာ အချိန်မရွေးသေနိုင်

စာမျက်နှာ-၂၇
တယ်၊ မသေခင်ကောင်းတာတွေလုပ်မှ” ဆိုတဲ့မှန်ကန်တဲ့အတွေးတွေးဖို့လိုတယ်တဲ့။ အဲဒီလိုတွေးမှ ကောင်းမြတ်တဲ့အတွေးမျိုးဖြစ်မယ်။ ကောင်းကျိုးချမ်းသာကိုပေးနိုင်တယ်တဲ့။ ဒီလိုဆိုတာနော်။
အဲဒီတော့ မှန်ကန်တဲ့အတွေးတွေကိုတွေးဖို့ မြတ်စွာဘုရားကဟောတာ။ ဆိုလိုတာက မြတ်စွာဘုရားတရားတော်ဟာ အင်မတန်မှလက်တွေ့ကျတယ်။ အခုလိုတွေးတာဟာ တရားမဟုတ်ဘူးလို့မထင်နဲ့။ ဒါတရား၊ တရားဆိုတာ အဝေးသွားရှာစရာမလိုဘူး။ မှန်မှန်ကန်ကန်စဉ်းစားတာ တရားပဲ။ အဲဒီမှန်မှန်တွေးတာကိုပဲ မဂ္ဂင်ရှစ်ပါးထဲက သမ္မာသင်္ကပ္ပလို့ပြောတာ မှန်မှန်ကန်ကန်မြင်ပြီဆိုရင် သမ္မာဒိဋ္ဌိပဲ။ ဒီလိုဆိုလိုတာ။ အမှန်တွေးတဲ့အခါမှာ အမှန်မြင်လာတယ်။ အမှန်မြင်လာတော့ အမှန်လုပ်လာတယ်။ ဒီလိုဆိုလိုတာပေါ့။ တစ်ခုနဲ့တစ်ခုဟာ ဆက်စပ်နေတယ်။ အေး၊ ဒါကြောင့်မို့လို့ အမှတ်တမဲ့မနေဘဲ ဘဝဆိုတာဟာ ကျေနပ်စရာကောင်းတာတွေရှိသော်လည်း မကျေနပ်

စာမျက်နှာ-၂၈
စရာတွေနဲ့ နောက်ဆုံးမှာရင်ဆိုင်ရတာပဲလို့ ဒီလိုရှုမြင်သုံးသပ်နိုင်လို့ရှိရင် ဘဝရဲ့ အာဒီနဝ အပြစ်အနာအဆာတွေ၊ ဒုက္ခသုက္ခတွေ သိရှိလာနိုင်တယ်ပေါ့။ သိရှိလာလို့ရှိရင် ဘဝဟာ ပျော်စရာချည်းပဲမဟုတ်ဘူး၊ မကျေနပ်စရာတွေလည်း အများကြီးရှိတယ်ဆိုတာ သိလာတယ်။ ဒီဘဝကြီးက တို့တတွေလွတ်မြောက်မှသာလျှင် ချမ်းသာသုခရမှာဖြစ်တယ်လို့ ဒီအတွေးမျိုးလည်းတွေးမိလာတတ်တယ်။ အဲဒီတော့ နောက်ဆုံးမှာ ဘဝကလွတ်မြောက်မှုဆိုတဲ့ အကျိုးတရားကိုရအောင် ကြိုးစားအားထုတ်ချင်တယ်ဆိုတဲ့ စိတ်ကလေးဟာ ပေါ်လာတယ်။ နိဿရဏ Exit လို့ခေါ်တယ်။ ဘယ်နေရာပဲဖြစ်ဖြစ် ထွက်ပေါက်ဆိုတာရှိတယ်။ ထွက်ပေါက်မရဘဲ ပိတ်မိနေလို့ရှိရင်နော် ဘယ်ပုဂ္ဂိုလ်မှထွက်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့်မို့ အကျဉ်းအကြပ်က ထွက်နိုင်တဲ့ ထွက်ပေါက်တွေရှိတယ်။ အဲဒီထွက်ပေါက်ကဘာလဲဆိုလို့ရှိရင် တွယ်တာမှုတွေကို လျှော့ချခြင်းဟာ ထွက်ပေါက်ပဲတဲ့။ ဘဝအပေါ်မှာတွယ်တာ

စာမျက်နှာ-၂၉
နေတာကို လျှော့ချလိုက်တာဟာ ဘဝရဲ့ ထွက်ပေါက်တစ်ခုကိုတွေ့တာပဲလို့ ဒီလိုဆိုတာ။
အေး၊ ဒါကြောင့်မို့ ဘဝတစ်ခုကိုရထားပြီး မှန်မှန်ကန်ကန်တွေးတောဆင်ခြင်တတ်ဖို့ ဒါအရေးကြီးဆုံး။
သတ္တဝါတွေအားလုံးရဲ့ သဘာဝကိုက တစ်ယောက်တည်းမနေတတ်ဘူး။ အဖော်နဲ့ပဲနေတယ်။ တစ်ယောက်တည်းနေတယ်ဆိုတဲ့ ပုဂ္ဂိုလ်တောင်မှ အတွေးလေးကို အဖော်ပြုပြီးတော့နေတယ်နော်။ တဏှာကို အဖော်ပြုပြီးတော့နေတယ်။ မာနကို အဖော်ပြုပြီးတော့နေတယ်။ နောက်ဆုံးမှာ ပစ္စည်းပေါ်မှာတွယ်တာတဲ့တဏှာ၊ လူပေါ်မှာတွယ်တာတဲ့တဏှာ၊ ဥစ္စာပေါ်မှာတွယ်တာတဲ့တဏှာနဲ့ ဒါတွေကို အခြေပြုပြီး ငါ၊ ငါ့ဟာဆိုတဲ့ အတွေးကို အကြောင်းပြုပြီးဖြစ်တဲ့ မာန်မာနတွေနဲ့ ဒီလိုနေသွားကြတာပဲ။
ကဲ၊ အဲဒီလိုနေသွားတဲ့အခါမှာ နောက်ဆုံးအချိန်ရောက်လာပြီဆိုတဲ့အခါ ရောဂါတွေဖြစ်လာပါပြီတဲ့။

စာမျက်နှာ-၃၀
တကယ့်ကို ရောဂါတွေဖြစ်လာပြီ၊ ဆေးရုံဆေးခန်းရောက်လို့ မသက်သာတဲ့ရောဂါဝေဒနာတစ်ခု ခံစားရပါပြီ၊ ဆွေတွေမျိုးတွေက အဲဒီအချိန်ကျတော့ ဘာလေးလုပ်ကြတုန်းဆိုတော့ ဘုန်းကြီးပင့်ပြီးတော့ ပရိတ်ရွတ်ပေးတာတို့၊ သင်္ကန်းလေးလှူခိုင်းတာတို့၊ ကဲ၊ သူ့အချိန်မှာ စဉ်းစားကြည့်လိုက်လို့ရှိရင် သူကိုယ်တိုင်ကိုက ရောဂါကြောင့် ဒုက္ခရောက်နေတဲ့အချိန်မှာ ပရိတ်ရွတ်ပေးလည်း သူ့စိတ်ထဲက စိတ်ချမ်းသာမှုရချင်မှရမယ်နော်။ သင်္ကန်းလေးလှူခိုင်းလို့လှူတာ သူက စိတ်ချမ်းသာမှုရချင်မှရမယ်၊ အဲဒီတော့ ဒါမလုပ်ရဘူးမဟုတ်ဘူး၊ လုပ်ရမယ်။ သို့သော် အဲဒီထက်ပိုပြီးတော့ ကိုယ့်ကိုယ်ကိုသတိထားဖို့က ပိုအရေးကြီးတယ်ပေါ့။ ဆိုလိုတာက သူများအလှည့်တုန်းက ကိုယ်ကလုပ်ပေးတယ်၊ ကိုယ့်အလှည့်ကျတော့ ဘာလိုအပ်သလဲ၊ ဆိုလိုတာက လုပ်မယ့်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငါဟာ ဓမ္မကိုအဖော်ပြုပြီးတော့နေမယ်

စာမျက်နှာ-၃၁
လို့ ဘုန်းကြီးတို့တတွေ ကြိုတင်ပြီးတော့လုပ်သင့်တယ်။
လောကကြီးထဲမှာကြည့်၊ လူတိုင်းလူတိုင်း မွေးရာပါအဖော်ကောင်းတွေရှိတာမဟုတ်ဘူး၊ တချို့ဆိုရင် တစ်ဦးတည်း တစ်ကောင်ကြွက်နေရတာတွေရှိတယ်ပေါ့။ အဲဒီလို တစ်ကောင်ကြွက်နေရတဲ့အခါမှာ မည်သည့်အဖော်ကိုမှလည်း မထားနိုင်ဘူး၊ အဲဒီအချိန်မှာ ဘယ်အရာဟာ ကိုယ့်အတွက် အကောင်းဆုံးလည်းဆိုရင် တရားဓမ္မဟာ ကိုယ့်အဖို့ အကောင်းဆုံးပဲတဲ့။ ရှင်သီဝလိရဲ့ မယ်တော်ကြီး စဉ်းစားပုံလေးကို စဉ်းစားကြည့်။ ရှင်သီဝလိရဲ့ မယ်တော်ဟာ အမျိုးသမီးလောကမှာ ဒုက္ခအရောက်ဆုံး အမျိုးသမီးတစ်ဦးပဲ။ ရှင်သီဝလိလေး ကိုယ်ဝန်ရတဲ့အခါမှာ ကိုယ်ဝန်ဟာ ဘယ်လောက်ထိအောင်ကြာတုန်းဆိုရင် ခုနစ်နှစ်ကြာတယ်နော်။ ခုနစ်နှစ် ပဋိသန္ဓေနေရတာလို့ရှိမှမရှိတာနော်။ ကိုးလလွယ် ဆယ်လဖွားဆိုတာ ဒါအများဆုံးပြောကြတာနော်။ လမစေ့၊ ရက်မစေ့မွေးတာတွေလည်းရှိတာပဲ။

စာမျက်နှာ-၃၂
အဲဒီတော့ ရှင်သီဝလိရဲ့ မယ်တော်ကျတော့ ခုနစ်နှစ်တဲ့၊ နည်းတာမှမဟုတ်ဘဲ။ ဒီသန္ဓေသားက မဖွားနိုင်ဘဲနဲ့ ခုနစ်နှစ်ဖြစ်နေတာနော်။ အဲဒီတော့ ဘယ်လောက်ဒုက္ခခံရမယ်ဆိုတာ စဉ်းစားကြည့်ပေါ့။
အေး၊ ခုနစ်နှစ်သန္ဓေတည်ပြီးတဲ့အခါမှာ ဘာဖြစ်ပြန်တုန်းဆိုတော့ မမွေးနိုင်လို့ ဒုက္ခရောက်နေတာ ခုနစ်ရက်တဲ့။ အဲ၊ ခုခေတ်ကတော့ နည်းပညာတွေတိုးတက်လာတယ်၊ ဗိုက်ခွဲပြီးတော့ မွေးတာမျိုးတွေတော့ရှိတာပေါ့နော်။ အများကြီးတိုးတက်လာတယ်၊ သက်သာတယ်လို့ပြောကောင်းပြောရမယ်။
သို့သော် မရှိတဲ့ခေတ်ရောက်သွားရင် ကံကြမ္မာရဲ့ အလှည့်အပြောင်းမှာ ခံကြရတာပေါ့။ ခံရတာကို ကိုယ်ချင်းစာကြည့်လိုက်မယ်ဆိုရင် အင်မတန်မှ ကြောက်စရာကောင်းတဲ့ ဆင်းရဲဒုက္ခကြီးပဲ။ အဲဒီလို ခုနစ်ရက်တိတိ သူ့ခမျာ ဂဗ္ဘ (Gabbha) လို့ခေါ်တဲ့ မဖွားနိုင်ဘဲနဲ့ ဒုက္ခတွေရောက်နေတာ၊ ကဲ၊ အဲဒီဒုက္ခကိုစဉ်းစားကြည့်၊ သွားကိုက်တာတောင် မနည်းခံရတာ၊ သွား

စာမျက်နှာ-၃၃
ကိုက်ဖူးတယ်၊ တစ်ညလုံးကိုက်တာ၊ ဆေးသောက်လဲမပျောက်ဘူးနော်။ ခေါင်းကိုက်ဖူးတယ်၊ တစ်ညလုံးကိုက်တယ်၊ အိပ်ပျော်တစ်ချက်၊ နိုးတစ်ချက်နဲ့ ကိုက်နေတာ။ ဘယ်နေရာမှမသက်သာဘူး၊ ကာယိကဒုက္ခ ခံစားလိုက်ရတာ။ အဲဒီလို ဒုက္ခရောက်နေတဲ့အချိန်မှာ ဘာကအကူအညီဖြစ်တုန်း စဉ်းစားကြည့်ရမှာ။ ကိုယ့်အတွက် ဘာကအကူအညီဖြစ်နိုင်လဲ။ အဲဒီအချိန်မှာ တရားနှလုံးသွင်းလို့ရလားဆို မရဘူး၊ အတော်ခက်တယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဘုန်းကြီးတို့နေမကောင်းလို့ ဆရာဝန်ကဆေးပေးထားတယ်၊ အဲဒီဆေးကိုသောက်တော့ တစ်ညလုံးမျက်စိကြောင်ပြီးတော့ အိပ်လို့မရဘူး၊ အိပ်ဖို့ကြိုးစားတယ်၊ အိပ်လို့မရဘူး။ ဒီလိုနဲ့ပဲမိုးလင်းသွားတယ်။ အိပ်ပျော်သလိုလို၊ မပျော်သလိုလို၊ အိပ်မှန်းလဲမသိရတဲ့ အနေအထားမျိုး။
နောက် ဆရာဝန်တစ်ဦးမေးကြည့်တော့ ဒီဆေးကြောင့်ဖြစ်တာလို့ဆိုပြီး အဲဒီဆေးဖြတ်လိုက်မှ သက်သာသွားတယ်။ အဲဒီလိုဒုက္ခခံစားခဲ့ရတာတွေလည်း ဘဝ

စာမျက်နှာ-၃၄
မှာ အတွေ့အကြုံတွေရှိတယ်။ နောက် ဂေါက်ရောဂါဆိုတာလည်း ခံစားဖူးတာပဲ။ ဂေါက်ရောဂါဖြစ်ပြီဆိုလို့ရှိရင် ခြေထောက်ကို ဘယ်ထားရမှန်းမသိဘူး၊ ဘယ်နေရာထားလို့မှမသက်သာဘူး။ ခေါင်းအုံးပေါ်တင်ထားလည်း နာတာပဲ၊ အောက်ချထားလည်း နာတာပဲ၊ ဘယ်လိုထားထား အမြဲတမ်းနာနေတာပဲ။ အဲဒီနာနေတဲ့ဒုက္ခ ကြိတ်မှိတ်ခံတယ်။ ဒီလိုပဲ ဆေးလေးသောက်လိုက်၊ ကြိတ်မှိတ်ပြီးတော့နေလိုက်၊ ဒီလိုနော်။ ဓမ္မအဖော်နဲ့မလုပ်နိုင်ရင် ဒီဒုက္ခကြီးတန်းလန်းနဲ့ပဲ မိုးလင်းရတာပဲပေါ့။ ကဲ၊ အဲဒီလို ဒုက္ခတစ်ခု ဘုန်းကြီးတို့ခံစားရဖူးတယ်။ မှတ်သလားလို့ဆိုတော့ မမှတ်ဘူးနော်။ ဒုက္ခရောက်တုန်း မဲ့ရွဲ့ပြီးတော့နေတယ်၊ ပြီးတော့ ပြုံးပြုံးပြုံးပြုံးနဲ့လုပ်နေပြန်ရော၊ အမှတ်သညာမရှိဘူး။ ဒီတစ်ခါ ဒုက္ခကလွတ်သွားရင် နောက်တစ်ခါကျတော့ ဒီလိုပဲနေဦးမှာပဲလို့ထင်တယ်။ အမှတ်သညာရှိလား၊ မရှိဘူး၊ ဒီခန္ဓာကိုယ်ကြီးနဲ့ ပြန်ပျော်နေပြန်ရော။

စာမျက်နှာ-၃၅
အဲဒီလို ဒုက္ခရောက်ပါပြီတဲ့၊ ရောက်လာတဲ့အခါမှာ ဘယ်လိုနှလုံးသွင်းရမလဲဆိုတာကို ရှင်သီဝလိရဲ့ မယ်တော်ဟာ ဒုက္ခရောက်တဲ့အခါမှာ သူနှလုံးသွင်းပုံလေးကလဲ အတုခိုးစရာကောင်းတယ်ပေါ့။ သူ့ဒုက္ခက အင်မတန်မှကြီးတယ်။ သူဟာ သာမန်ပုထုဇဉ်ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ဘူး၊ သောတာပန်ပုဂ္ဂိုလ်ဖြစ်နေပြီ။ သူ့နာမည်က သုပ္ပဝါသာ လို့ခေါ်တယ်။ ကောလိယမင်းမျိုးထဲက သာကိယနဲ့ ကောလိယဆိုတာ ဆွေမျိုးတွေပဲ။ ကောလိယမင်းသမီး သုပ္ပဝါသာဟာ အိမ်ထောင်ရက်သားကျတဲ့အခါမှာ ရှင်သီဝလိကိုယ်ဝန်နဲ့ ခုနစ်နှစ်တိတိ ကိုယ်ဝန်ဆောင်ရပြီး ခုနစ်ရက်တိတိ မမွေးနိုင်ဘဲ ဒုက္ခခံနေရတယ်။ အဲဒီလိုဒုက္ခခံနေရတဲ့အချိန်မှာ သူဘာတွေတွေးတုန်း။ သူတွေးပုံလေးက အင်မတန်မှကောင်းတယ် “မြတ်စွာဘုရားဟာ တကယ့်ကို သမ္မာသမ္ဗုဒ္ဓအစစ်ဖြစ်ပါပေတယ်၊ ငါခံနေရတဲ့ ဒုက္ခမျိုးတွေကို ဖယ်ရှားဖို့ မြတ်စွာဘုရားတရားကိုဟောပေးတာ တကယ့်ကို သမ္မာသမ္ဗုဒ္ဓ

စာမျက်နှာ-၃၆
ပဲ၊ ဒီလိုဒုက္ခမျိုးတွေ မြင်ပါပေတယ်။ သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ မြတ်စွာဘုရားဟာ တကယ့်သမ္မာသမ္ဗုဒ္ဓ အမှန်သိတဲ့ဘုရားဖြစ်ပါပေတယ်။ ယော ဣမဿ ဒုက္ခဿ ပဟာနာယ ဓမ္မံ ဒေသေတိ ဒီလိုဒုက္ခမျိုးတွေ မဖြစ်ပေါ်ဖို့ မြတ်စွာဘုရားကတရားတွေဟောတာ၊ ဘုရားတရားအတိုင်း လိုက်နာကျင့်သုံးလို့ သံသရာဝဋ်ထဲမှာ ခန္ဓာကြီးမရတော့ဘူးဆိုရင် ဒီဒုက္ခကြီး မတွေ့တော့ဘူးလေ။ အဲဒီလို ဒုက္ခတွေမရောက်စေချင်လို့ မြတ်စွာဘုရားက မဂ္ဂင်ရှစ်ပါးအကျင့်တရားနဲ့ ရနိုင်တဲ့ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်ဆိုတာတွေဟောတာတဲ့။ အဲဒီတော့ ခန္ဓာကိုယ်ရထားလို့ရှိရင် ဒုက္ခတွေခံရမှာပဲ။ ၊ မြတ်စွာဘုရားက ဒီလိုဒုက္ခတွေ့မြင်လို့ တို့ကို ဒီဒုက္ခတွေကို ဖယ်ရှားဖို့ရာအတွက် ဒီတရားတွေကိုဟောတာပါလားဆိုပြီး ဘုရားကိုအာရုံပြုပြီး သူ့ဒုက္ခကိုအောင့်ခံတယ်၊ တစ်ခု။
နောက်တစ်ခုကျတော့ သံဃာတွေရဲ့ ဂုဏ်ကိုအာရုံပြုလိုက်တယ်။ သုပ္ပဋိပန္နော ဝတ

စာမျက်နှာ-၃၇
ဘဂဝတော သာဝကသံဃော မြတ်စွာဘုရားရဲ့ တပည့်သာဝက အရိယာပုဂ္ဂိုလ်တွေဟာ တကယ့်ကိုမှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းပြီးဖြစ်ကြပါတယ်။ ဘာဖြစ်လို့တုန်း၊ သူတို့ဟာ အခုလို ဒုက္ခမျိုးတွေနဲ့မကြုံအောင် ကျင့်နေကြတာ။
ဟုတ်တယ်၊ ဘုန်းကြီးတို့တစ်တွေဟာ ဒီဒုက္ခကိုပဲ သဘောကျနေလို့ မကျင့်နိုင်ကြသေးတာပေါ့။ မကျင့်နိုင်ကြသေးလို့ရှိရင် ဒီဒုက္ခတွေပြန်ရနေဦးမှာပဲ။ ဪ၊ အရိယာသူတော်စင်တွေကျတော့ ဒီဒုက္ခတွေမျှော်တွေးပြီး ဒီဒုက္ခတွေကို နောက်ထပ်မရချင်တော့ဘူး၊ မရချင်လို့ ဒုက္ခတွေက လွတ်ရာလွတ်ကြောင်းအကျင့်ကိုကျင့်တယ်။
ရှင်သာရိပုတ္တရာမထေရ်မြတ်က ဘယ်လိုပြောလဲဆိုရင် ဘာရိတော ဘဝဘာရေန - ဘဝရဲ့ဝန်ထုပ်ဝန်ပိုးကြီးဟာ အလွန်ကိုဝန်ပိပါတယ်၊ အင်မတန်မှလေးလံလှတယ်။ ဂိရိ ဥစ္စာရိတော ယထာ - တောင်ကြီးကိုရွက်ထားရသလိုကို ဘဝကြီးဟာ လေးလံ

စာမျက်နှာ-၃၈
လှတယ်လို့ ညည်းညူပြီးတော့ကိုပြောတာ။ ဘဝကြီးဟာ ကြောက်စရာကောင်းတယ်။
ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာလဲ ပရိနိဗ္ဗာန်စံတဲ့အခါမှာ ရောဂါမဖြစ်ဘဲနဲ့ အေးအေးချမ်းချမ်း ပရိနိဗ္ဗာန်စံရတာမဟုတ်ဘူး၊ သူ့ကိုယ်သူ ပရိနိဗ္ဗာန်စံရတော့မယ်၊ အသက်အကြွင်းဟာ ခုနစ်ရက်ပဲကျန်တော့တယ်ဆိုတာ သိတဲ့နေ့ဟာ တန်ဆောင်မုန်းလဆန်း (၉) ရက်နေ့ပဲ၊ လပြည့်မတိုင်ခင် ခုနစ်ရက်ကြိုပြီးတော့သိတယ်။ အဲဒီလိုသိတာနဲ့ ဘုရားဆီခွင့်တောင်းပြီး မယ်တော်ကြီးကို တရားဟောချင်လို့ တစ်နေ့တစ်ယူဇနာ၊ တစ်နေ့တစ်ယူဇနာ ကုန်းကြောင်းလျှောက်ပြီး သူ့ဇာတိရွာကိုသွားတာ။ သူ့ဇာတိရွာက နာလကရွာလို့ခေါ်တယ်။ (အခု နာလန္ဒတက္ကသိုလ်ကြီးရှိတဲ့နေရာ မဟုတ်ဘူး။ အဲဒီနဲ့အနီးအပါး ဖြစ်ကောင်းဖြစ်လိမ့်မယ်။) နာလကရွာကို ကြွသွားတာ။ အဲဒီလိုကြွသွားတာဟာ တစ်နေ့တစ်ယူဇနာ နားနားနေနေနဲ့ ကြွသွားတာ။ အဲဒီတုန်းက ကျန်းကျန်းမာမာကြီးပဲ။

စာမျက်နှာ-၃၉
အေး၊ တန်ဆောင်မုန်းလပြည့် ညနေပိုင်းကျတော့ ရောက်သွားတယ်။ ရောက်သွားပြီး တခြားနေရာမှာမတည်းဘူး၊ သူ့မွေးတဲ့အခန်း၊ အဲဒီအခန်းကို သန့်ရှင်းရေးလုပ်ပြီးတော့ အဲဒီမှာ သူတစ်ညကျိန်းတယ်၊ အိမ်မှာပဲပြန်တစ်ညအိပ်မယ်ပြောတာ။ အဲဒါနဲ့ သူ့တူတွေ၊ ဆွေတွေမျိုးတွေက အဲဒီအခန်းကို ကျကျနနပြင်ဆင်ပေးကြတယ်။ ရှင်သာရိပုတ္တရာက အဲဒီကိုကြွသွားပြီး တစ်ညကျိန်းတယ်။ မယ်တော်ကြီးက ဘုရား၊ တရား၊ သံဃာ မယုံကြည်ဘူး။ ဗြဟ္မာကိုးကွယ်နေတာ။ သူက ဗြဟ္မာမင်းကြီးကိုပဲ အထင်ကြီးတယ်၊ ကောင်းကင်ကိုပဲမော့ပြီး ဆုတောင်းနေတုန်းပဲရှိတယ်နော်။ အဲဒီနေ့ညမှာ ရဟန်းသံဃာတွေကို ဆုံးမဩဝါဒပေးလို့ ပထမယာမ်ကုန်တာနဲ့ သံဃာတွေကို သီတင်းသုံးတဲ့နေရာပြန်လွှတ်လိုက်တယ်။ အဲဒီအချိန်မှာ ဘာဖြစ်လာလဲဆို ရောဂါဖောက်လာတယ်။ ဝမ်းစလျှောတော့တာပဲ၊ သွေးဝမ်းတွေသွားတာ။ သက်သက်သာသာသွားတာမဟုတ်။

စာမျက်နှာ-၄၀
ဘူး၊ ခဏခဏ။ ညီတော် စုန္ဒက တစ်အိုးပြီးတစ်အိုး၊ တစ်အိုးပြီးတစ်အိုး၊ ဝမ်းက တရစပ်သွားနေတာ ဆိုတော့ သွေးတွေပါ ပါလာတယ်။ သွေးဝမ်းသွန်တဲ့ ရောဂါမျိုး ဖြစ်လာတယ်။ ။

အဲဒီမှာ ညသန်းခေါင် ရောက်တဲ့အခါ ဝင်းဝင်း ဝါဝါနဲ့ အရပ်လေးမျက်နှာက အလင်းရောင်ကြီးတွေ ပေါ်လာကြတယ်။ လာပြီးတော့ ဦးခိုက်ကြတယ်၊ ရှိခိုးကြတယ်။ နတ်မင်းကြီးလေးပါး လာတယ်၊ သိကြားမင်းကြီး လာတယ်၊ ဗြဟ္မာမင်းကြီးတွေ လာတယ်။ မယ်တော်ကြီးက စိုးရိမ်တကြီးကြည့်နေတယ်၊ ငါ့သားရဲ့ အခြေအနေ သိပ်မကောင်းဘူး၊ သောကရောက်နေတယ်၊ နေမကောင်းဘူးဆိုတာ သိတယ်နော်။ သို့သော် ဒီအလင်းရောင်ကြီးတွေ ခါတိုင်းမဖြစ်ဖူးဘူး။ အိမ်ထဲမှာ လာလိုက်တာ အလင်းရောင်ကြီးတွေ ခဏခဏ ဖြစ်တယ်၊ ဘာတွေလဲလို့၊ တစ်ညလုံး မအိပ်ရဘူး၊ သူကလည်း စိုးရိမ်သောကနဲ့ ကြည့်နေတယ်၊ အရိပ်ကြည့်နေတယ်။

စာမျက်နှာ-၄၁
နံနက်မိုးလင်းခါနီး ရောက်တဲ့အခါ ညက လာတာတွေကို မယ်တော်ကြီးက လာစုံစမ်းတာ၊ ဘယ်သူတွေ လာလဲ၊ ဘာတွေလဲ၊ အလင်းရောင်တွေတွေ့တယ် ဆိုတော့ ပြောပြတယ်၊ သိကြားမင်းကြီးလည်းလာတယ်၊ နောက်ဆုံးအနေနဲ့ လာပြီးတော့ ကန်တော့ကြတယ်၊ ဗြဟ္မာမင်းကြီးလည်း လာတယ်။ အဲဒီကျတော့မှ ငါ့သားက တန်ခိုးကြီးလှချည်လားပေါ့၊ သူကိုးကွယ်တဲ့ ဗြဟ္မာကြီးကတောင် လာတွေ့ရတယ်၊ သူ့ကို လာကန်တော့ရတယ် ဆိုတော့မှ အဲဒီအချိန်မှာ အထင်ကြီးလာပြီဆိုတော့မှ သူ သူ့သားတရားနာတော့တာ။ လူဆိုတာ တော်တော်ခက်တယ်၊ သူက နဂိုတုန်းက အထင်ကိုမကြီးတာ၊ သူ့သားကို အထင်မကြီးရုံတင်မကဘူး၊ တော်တော်ဆိုးတယ်ပေါ့။ အိမ်က ကလေးတွေလဲ အကုန်ခေါ်သွားတယ်၊ အမြင်ကတ်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ရှင်သာရိပုတ္တရာက သူ့ညီတွေ ညီမတွေ အကုန်ခေါ်ပြီး သင်္ကန်းဝတ်ပေးထားတာကိုး။ တစ်ယောက်မှ မကျန်ဘူးတဲ့၊ ခုနစ်ယောက်ရှိတယ်၊

စာမျက်နှာ-၄၂
ခုနစ်ယောက်လုံး အကုန်လုံး သာသနာ့ဘောင် ရောက်သွားကြတယ်။ အဲဒီတော့ အဖွားကြီးက မကျေနပ်ဘူး၊ အိမ်ပြန်လာတော့တောင်မှ အသက်ကြီးမှ ဘာလာလုပ်ပြန်တာတုန်းနဲ့ စိတ်က အဲဒီလိုထင်တာ။

အဲဒီအချိန်မှာ ရှင်သာရိပုတ္တရာရဲ့ အသက်ဟာ (၇၅)နှစ်ရှိပြီး၊ (၇၅)နှစ်အရွယ်လောက် ရောက်လာပြီ။ မြတ်စွာဘုရားထက် (၅)နှစ်လောက် ငယ်တယ်ပေါ့။ မြတ်စွာဘုရားက သက်တော်(၈၀) ရှိပြီ။ အဲဒီမှာ အသက်ကြီးခါနီးမှ ဘာလို့ အိမ်ပြန်လာတာတုန်းလို့ အပြစ်တင်ချင်သေးတာ။ နောက်ဆုံးမှာ ဗြဟ္မာတွေ လာတယ်ဆိုတာကို သူကိုယ်တိုင်လည်း မျက်စိနဲ့ အလင်းရောင်တွေ မြင်ရတယ်၊ အဲဒါတွေကို ပြောပြတဲ့အခါ စိတ်ဝင်စားလာတယ်။ မယ်တော်ကြီးကို တရားဟောတာ။ အဲဒီတော့မှ မယ်တော်ကြီးဟာ အရုဏ်မတက်ခင် သောတာပန် ဖြစ်သွားတယ်။ ။

ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာလည်း တစ်ညလုံး ရောဂါဒဏ် ခံစားရပြီးတဲ့အခါ နံနက်မိုးသောက်

စာမျက်နှာ-၄၃
အလင်းလည်းရောက်ရော ဒီရောဂါဒဏ်ကို ဘာနဲ့ ကြိတ်မှိတ်ခံမလဲဆိုတဲ့အခါမှာကြည့်၊ သမာပတ် ဝင်စားတယ်၊ သမာဓိစွမ်းအားနဲ့ ရောဂါကို မေ့ထားတာ၊ သမာဓိစွမ်းအားနဲ့ ရောဂါကို ဖယ်ထားတာ။ အဲဒီ သမာဓိစွမ်းအားနဲ့ နေသည့်အတွက်ကြောင့် အင်မတန် ပြင်းထန်တဲ့ ရောဂါဝေဒနာဟာ သူ့အတွက် ပြင်းထန်တယ်လို့ မထင်ရလောက်အောင် နေနိုင်ထိုင်နိုင် ရှိသွားတယ်ပေါ့။ အဲဒါဟာ ဓမ္မကို အဖော်ပြုထားလို့၊ ဒီလိုနေရာမျိုးမှာ ဓမ္မကို အဖော်ပြုပြီးတော့နေလို့ ချမ်းသာတာ။ အဲဒီတော့ နောက်ဆုံး ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ နံနက်မိုးသောက် အလင်းလည်းရောက်ရော ပရိနိဗ္ဗာန်စံသွားတယ်။ အဲဒီတော့ လူတိုင်းလူတိုင်းဟာ နောက်ဆုံးအချိန်ဆိုတဲ့ ဒီလိုဒုက္ခတွေ ရောက်နေတဲ့အချိန်မှာ အခုလို တရားဓမ္မတွေကို ကျင့်ကြံကြိုးကုတ် အားထုတ်တာဟာ ဒီလိုဒုက္ခတွေ ခံနိုင်အောင်လို့ တရားအားထုတ်တာ။ ဒီတရားကလွဲပြီးတော့ အဲဒီအချိန်မှာ ခံနိုင်စရာ ဘာ

စာမျက်နှာ-၄၄
တစ်ခုမှမရှိဘူး။ အဲဒီအချိန်မှာ သိကြားမင်းကြီးလာလို့ အားကိုးရမလား၊ ဆေးပေးသွားလား၊ မပေးဘူး။ ဗြဟ္မာမင်းကြီးတွေလာလို့ မန်းမှုတ်သွားလား၊ မမှုတ်ဘူး။ ဘယ်သူမှ မကူနိုင်ဘူးနော်။ အဲဒီတော့ ကိုယ့်တရားသာလျှင် ကိုယ်အားကိုးရတယ်၊ ကျန်တဲ့အဖော်တွေက လာပြီးတော့ ရောဂါမေးရုံလောက်သာ မေးနိုင်တာ။ ဘယ်သူကမှ ဝင်မျှပြီးတော့ မခံဘူး။ နောက်ဆုံးအချိန်မှာ ဒီဒုက္ခတွေသက်သာအောင် လုပ်မပေးနိုင်ဘူး။ နောက်ဆုံးအချိန် ဓမ္မကို အဖော်ပြုရမယ်ဆိုတာ အဲဒါပြောတာပေါ့နော်။ အဲဒီတော့ ရှင်သီဝလိရဲ့ မယ်တော်နဲ့ ရှင်သာရိပုတ္တရာ တို့လို စံနမူနာယူရမယ့် သံဃာတွေကိုကြည့်ပြီးတော့ မျှော်၊ သုပ္ပဋိပန္နော ဝတ ဘဂဝတော သာဝကသံဃော = မြတ်စွာဘုရားရဲ့ တပည့် သာဝကသံဃာတွေဟာ တကယ့်ကို မှန်ကန်တဲ့ အကျင့်ကျင့်ပါပေတယ်။ ဒီလိုဒုက္ခတွေကင်းအောင် သူတို့ ကျင့်နေကြတာပါလား၊ ယော ဣမဿ ဒုက္ခဿ ပဟာနာယ ပဋိပန္နော = ဒီလိုဒုက္ခတွေ ကင်းသွား

စာမျက်နှာ-၄၅
အောင် ကျင့်တယ်၊ ငါ့လိုဒုက္ခတွေ မရောက်တော့ဘူး၊ ဟော သံဃာ့ဂုဏ်ကို အာရုံပြုတယ်။

ဟော၊ နောက်တစ်ခု၊ သူအာရုံပြုပြီးတော့ သူတွေးတဲ့အတွေးလေးတစ်ခုက ဘာတုန်းဆို သု သုခံ ဝတ တံ နိဗ္ဗာနံ၊ ယတ္ထ ဤဒိသံ ဒုက္ခံ န ဝိဇ္ဇတိ = နိဗ္ဗာန်ဆိုတာ ဒီလိုဒုက္ခမျိုးမရှိဘူး၊ ခု ငါခံစားနေရတဲ့ ဒုက္ခမျိုးဟာ နိဗ္ဗာန်မှာမရှိဘူး၊ နိဗ္ဗာန်ဟာ သိပ်ချမ်းသာတာပဲလို့ နိဗ္ဗာန်ရဲ့ ဂုဏ်ကို အာရုံပြုတယ်။ ကဲ အဲဒီတော့ ဘုန်းကြီးတို့ သုပ္ပဝါသာရဲ့ ဒီနှလုံးသွင်းတရားဟာ ဘယ်လောက်ကောင်းတုန်း၊ ကိုယ်ရောဂါဝေဒနာဖြစ်လာတဲ့အခါမှာလည်း ဒီလိုနှလုံးသွင်းနိုင်ဖို့ပဲ၊ ဒါက အရေးကြီးတာ ဒါကြောင့် အမြဲမပြတ် နှလုံးသွင်းနေရမယ်၊ ရောဂါဆိုတာ တစ်ခါတစ်ရံကျလို့ရှိရင် တချို့ရောဂါတွေဟာ incurable လေ၊ ကုလို့မရဘူး။ တစ်ချို့ရောဂါတွေက မျှော်လင့်ချက်ရှိသေးတယ်၊ ကုလို့ရတယ်လို့ပြောတယ်။ အဲဒီတော့ incurable ဖြစ်နေပြီဆိုရင် ဘယ်လိုနေမလဲ၊ ကိုယ်ကလည်း သိနေပြီ၊ ဒီရောဂါကို

စာမျက်နှာ-၄၆
သိနေပြီဆိုရင် စိတ်ညစ်နေမလား၊ မိသားစုနဲ့ ခွဲရမှာအတွက် ဝမ်းနည်းနေမလား၊ ကြေကွဲနေမလား။ ဒီလို ဝမ်းနည်းကြေကွဲပြီး ဘဝတစ်ခုကို အဆုံးသတ်သွားမယ်ဆိုရင် ကိုယ့်အတွက် ဆုံးရှုံးသွားတာပဲ။ အဲဒါဘာဖြစ်လို့တုန်းဆိုတော့ ဓမ္မကို အဖော်မပြုသည့်အတွက်ကြောင့် ဒီအရှုံးတွေနဲ့ ရင်ဆိုင်ကြရတာတဲ့။ ဒါကြောင့် ဓမ္မကိုသာ အဖော်ပြုမယ်ဆိုလို့ရှိရင် အခု သုပ္ပဝါသာ စဉ်းစားသလို ဓမ္မကို စဉ်းစားရမှာနော်။ အဲဒီလို စဉ်းစားဖို့လိုတယ်ပေါ့။ စဉ်းစားမှုစွမ်းအားကောင်းလာအောင် ကြိုတင်ပြီးတော့ စဉ်းစားရမယ်။

သော် ခန္ဓာကြီး ရထားရင် ဒုက္ခတွေဟာ ခံရမှာပါလားလို့ ဒီလိုအတွေးမျိုးတွေနဲ့တွေးပြီးတော့ ရောဂါရဲ့ ဝေဒနာသက်သာမှုကို ရရှိမယ်၊ ဒါက သာမန်အတွေးလေးနဲ့ ရောဂါကိုခုခံတာ။ ဒီထက် ကိုယ်ကိုယ်တိုင် လေ့ကျင့်ထားလို့ သမာဓိစွမ်းအားတွေ မြင့်လာပြီဆိုတဲ့ အချိန်မှာဆိုရင် ရှင်သာရိပုတ္တရာ မထေရ်မြတ်တို့လို ရောဂါဝေဒနာရဲ့ ဒဏ်ကို သမာပတ်စွမ်းအားနဲ့ ခုခံပြီး

စာမျက်နှာ-၄၇
တော့ နေလို့ရတယ်၊ ဘယ်လောက် ရောဂါဖြစ်ဖြစ် ရောဂါမရအောင် သမာပတ်စွမ်းအားနဲ့ ခံထားတယ်။ ခံထားသည့်အတွက်ကြောင့် ရောဂါဝေဒနာဟာ နာကျင်နှိပ်စက်မှုမရှိတော့ဘူး၊ နာကျင်နှိပ်စက်မှု မရှိတော့ရင် နိဗ္ဗာန်ကို အာရုံပြုပြီးတော့ အေးချမ်းစွာ နေနိုင်သွားတယ်ပေါ့။

လောကမှာ ဓမ္မကို အဖော်မပြုတဲ့ ပုဂ္ဂိုလ်တွေဟာ ဝမ်းနည်းခြင်း၊ ကြေကွဲခြင်းနဲ့ပဲ အဆုံးသတ်သွားတယ်ပေါ့။ လူဆိုတာ မျှော်လင့်ချက်ကလေးတွေရှိတယ်။ ကိုယ့်ကိုယ်ကို အသက်ရှင်မယ်လို့ မျှော်လင့်ပေမယ့်လို့ ရှင်ချင်မှရှင်တာလေ။ အဲဒီတော့ နောက်ဆုံးအချိန် မရောက်ခင် ဘုန်းကြီးတို့တတွေဟာ နောက်ဆုံးဝင်သက်ကလေးနဲ့ ထွက်သက်ကလေး မရောက်ခင် ကိုယ်လုပ်ရမယ့် ဓမ္မကို အခုကတည်းက အဖော်ပြုထားရမယ်။ ဘယ်သူမဆို အသက်ရှင်နေသေးတယ်ဆိုရင် နောက်ကျတယ်လို့ ပြောလို့မရဘူးပေါ့။

စာမျက်နှာ-၄၈
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကို ကြည့်ဦးမလား၊ စံနမူနာတစ်ခုအနေနဲ့ ကြည့်မယ်၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ သက်တော်(၈၀)၊ ပရိနိဗ္ဗာန်စံဖို့အတွက် (၁၀)လလောက်ပဲ ကျန်တော့တဲ့ အချိန်မှာ ရောဂါဝေဒနာ အကြီးအကျယ် ဖြစ်လာတယ်။ အင်မတန်မှ ပြင်းထန်တဲ့ ရောဂါဝေဒနာ၊ သေဆုံးခြင်းဆိုတဲ့ အနေအထားမျိုးကို ကပ်သွားတဲ့ ရောဂါမျိုးလို့ ဒီလိုဆိုလိုတာ။ အဲဒီလို ရောဂါဖြစ်တဲ့အခါ မြတ်စွာဘုရား ဘာစဉ်းစားတုန်းဆိုရင် “အခုအချိန် ငါပရိနိဗ္ဗာန်စံလိုက်လို့ရှိရင် နောင်(၁၀)လကြာမှ တရားထူးတရားမြတ်ရနိုင်တဲ့ သုဘဒ္ဒါရှိတယ်၊ ငါပရိနိဗ္ဗာန်စံသွားရင် သူတရားထူးတရားမြတ်ရဖို့ ခက်သွားမယ်။ အဲဒီတော့ အခုဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာကို ငါဟန့်တားထားမယ်”တဲ့။ ဘာနဲ့ဟန့်တားသလဲ၊ အာယုသင်္ခါရဖလသမာပတ်နဲ့ ဟန့်တားတာ။ အာယုသင်္ခါရဖလသမာပတ်ဆိုတာ အသေးစိတ် ဝိပဿနာရှုပြီး ဝင်စားတာ။ ထက်ထက်မြက်မြက်

စာမျက်နှာ-၄၉
ဝိပဿနာတွေရှုပြီး သမာပတ်ဝင်စားလိုက်တဲ့အခါ ရောဂါဝေဒနာတွေဟာ လုံးဝပျောက်သွားတယ်၊ မြန်မြန်ကြီးကို နာလန်ထသွားတယ်။ အဲဒါကို အာယုသင်္ခါရဖလသမာပတ် ခေါ်တယ်။ အဲဒီ အသက်ကိုပြုပြင်ထိန်းကျောင်းနိုင်တဲ့ ဖလသမာပတ်။ ။

ဘာပြုလို့ အသက်ကို ထိန်းထားရသလဲဆိုရင် သုဘဒ္ဒအတွက်ငဲ့တာ၊ အခုချိန် ပရိနိဗ္ဗာန်စံလိုက်လို့ရှိရင် သုဘဒ္ဓ တရားထူးနဲ့လွဲသွားမယ်။ သုဘဒ္ဒကို အခုချိန် တရားဟောလို့လဲ အကျွတ်တရားရမှာမဟုတ်ဘူး။ လူဆိုတာ အချိန်တန်မှရတာလေ။ အေး၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ ဣဒ္ဓိပါဒ်(၄)ပါးလို့ဆိုတဲ့ ဆန္ဒ၊ ဝီရိယ၊ ဝီမံသ၊ စိတ္တ လို့ဆိုတဲ့ စိတ်စွမ်းအားတွေ တိုးမြှင့်တယ်၊ ရောဂါတွေ သက်သာအောင် လုပ်ထားပြီးတော့ (၁၀)လတိတိ နောက်ထပ်နေသွားတာတဲ့။

စာမျက်နှာ-၅၀
ဘုန်းကြီးတို့တတွေ ဘာလုပ်ရမလဲ၊ ခုနက ရောဂါဝေဒနာနဲ့ ကြုံလာတဲ့အခါမှာ သုပ္ပဝါသာ မင်းသမီးရဲ့ နှလုံးသွင်းနည်းမျိုးလို နှလုံးသွင်းမလား သို့မဟုတ် ထွက်လေ၊ ဝင်လေလေး မှတ်ပြီးတော့ ထွက်လေ၊ ဝင်လေလေးပေါ်မှာ သတိကပ်ပြီး သမာဓိစွမ်းအားတွေရအောင် ကြိုးစားပြီးနေမလား၊ တစ်ခုခုတော့ ဘုန်းကြီးတို့ ရှာထားကြရမှာ ဖြစ်ပါတယ်။ စဉ်းစားဆင်ခြင်ဖို့။

ဘယ်လိုဟာမျိုးကျမှ သောကဖြစ်တာလဲဆိုရင် “ငါ၊ ငါသေရတော့မှာ” ဆိုတဲ့ ငါဆိုတဲ့ အတွေးနဲ့၊ “ငါ့ဘဝကြီး ပြီးတော့မှာ”လို့ ငါ့ဘဝ၊ ဆိုတဲ့အတွေးတွေ၊ ငါနဲ့ ငါ့ဟာ၊ ဆိုတာကို မတွေးတော့ဘဲနဲ့ “အခု ခန္ဓာငါးပါးပဲ၊ ခန္ဓာငါးပါးဟာ ဒုက္ခတွေခံနေရပြီ၊ ဒီခန္ဓာငါးပါးကြီးဟာ မကြာခင် ချုပ်ပျောက်သွားတော့မယ်။ အစိရံ ဝတ ယံကာယော၊ ပထဝီ အဓိသေဿတိ” = ဒီခန္ဓာကိုယ်ကြီးဟာ မကြာခင်ပဲ မြေကြီးထဲရောက်ရ

စာမျက်နှာ-၅၁
တော့မယ်၊ ဟော ဒီလိုတွေးတယ်။ ခန္ဓာပဲ၊ ငါသေရမယ်လို့ မတွေးဘူးနော်၊ တရားနဲ့ကျတော့ ငါဆိုတာတစ်ခုမှမရှိပါလား၊ ခန္ဓာပဲရှိတာပဲ၊ မြတ်စွာဘုရားဟောထားတယ်။ သင်္ခါရတရားဆိုတာ ဖြစ်ပြီးပျက်သွားမှာပဲ။ အဲဒီတော့ ငါလို့ထင်နေတာ၊ ငါရောဂါခံနေရတယ်လို့ထင်တယ်။ ငါ့သား၊ ငါ့သမီးတွေ၊ ငါ့ပစ္စည်းတွေနဲ့ ခွဲရမယ်လို့ ထင်နေတယ်။ မဟုတ်ဘူး၊ ငါဆိုတာတစ်ခုမှမရှိဘူး၊ ငါမရှိသည့်အတွက်ကြောင့် ငါ့ဟာ၊ ဆိုတာမရှိဘူးဆိုတဲ့။ ဒီအတွေးလေးတွေတွေးနေတာကိုက ဒါ ဝိပဿနာနဲ့ ဆက်စပ်တဲ့အတွေးလေးတွေ၊ အဲဒီအတွေးတွေကလဲ သောကကို လျော့ကျစေနိုင်ပါတယ်တဲ့နော်။ သောကကို လျော့ကျစေတတ်တဲ့ အတွေးတွေပဲ။ ။ အဲဒီလိုမဟုတ်ဘဲနဲ့ ငါမှခံစားရလေခြင်းဆိုရင် သောကလာပြီ၊ ငါမှဖြစ်ရလေခြင်းဆိုရင် သောကလာပြီ။ ငါဒီတောင်ကကျော်တော့မှာမဟုတ်ပါဘူးဆိုရင်လဲ သောကတွေဝင်လာပြန်ရော။ ငါဆိုတဲ့ အတွေးကိုမတွေးဘဲနဲ့ ရုပ်နာမ်ခန္ဓာဆိုတာ ဘဝတစ်ခု အဆုံးသတ်မှာချည်းပဲ၊ ငါလဲမရှိဘူး၊ ငါ့ဟာလဲမရှိဘူး၊ သူ့သဘာဝအတိုင်း သူဖြစ်တာ။ ဖြစ်နေတဲ့အရာ

စာမျက်နှာ-၅၂
ပေါ်မှာ ငါက ဂရုစိုက်စရာမလိုဘူး၊ ငါဂရုစိုက်ရမှာက ဘာလဲဆိုရင် ငါ့ရဲ့သန္တာန်မှာရှိတဲ့ သတိတရားတွေ၊ ဝီရိယတရားတွေ၊ ပညာတရားတွေ ထက်သန်အောင် ဂရုစိုက်ရမှာလို့၊ ဒီလိုအတွေးမျိုးနဲ့တွေးလို့ရှိရင်လဲ ဒါ ဓမ္မကို အဖော်ပြုတယ်လို့ ဒီလိုဆိုရတာပဲ။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ခုနက အင်မတန်မှ ကြောက်စရာကောင်းတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံရတတ်တယ်။ တစ်ခါတစ်ရံ ဘဝဆိုတာ အင်မတန်မှ ကြောက်စရာကောင်းတယ်၊ သတိကောင်းကောင်းနဲ့ အေးအေးချမ်းချမ်းနဲ့ သေသွားတဲ့ပုဂ္ဂိုလ်တွေ မရှိဘူးလား၊ ရှိတယ်နော်။ တရားလေး နှလုံးသွင်းပြီးတော့ အေးအေးချမ်းချမ်း သေသွားတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ သို့သော် တစ်ခါတစ်ရံကျလို့ရှိရင် သတိလက်လွတ် ဖြစ်ပြီး သေသွားတဲ့ပုဂ္ဂိုလ်လဲရှိတယ်။ ။

စာမျက်နှာ-၅၃
စစ်ကိုင်းတောင်ရိုးမှာ ဆိုလို့ရှိရင် ဆရာတော်တစ်ပါးဟာ (၂)နှစ်နီးပါး အယ်ဇိုင်းမားဖြစ်ပြီးတော့ ဘာမှကိုမသိတဲ့ အနေအထားမျိုး၊ ဒီလိုဖြစ်ပြီးတော့မှ နောက်ဆုံး ဘဝတစ်ခုကို အဆုံးသတ်သွားတယ်။ ဘဝဆိုတာ ဘယ်လိုမှ ပြောလို့မရဘူး၊ ကြောက်စရာ အင်မတန်ကောင်းတယ်။ အဲဒီဆရာတော်ဆိုတာ နိုင်ငံကျော် ဓမ္မကထိကပဲနော်။ မြန်မာနိုင်ငံအနှံ့လှည့်ပြီးတော့ တရားဓမ္မတွေ ဟောပြောခဲ့တယ်။

နောက်တစ်ခါ တစ်ခါထပ်တွေ့သေးတယ်။ စစ်ကိုင်းမြို့မှာ ဒကာကြီးတစ်ယောက်၊ လူကြည့်တော့ ကျန်းကျန်းမာမာ၊ ဘာဖြစ်လဲဆိုရင် လျှာကို လေဖြတ်ထားတာ၊ စကားမပြောနိုင်ဘူး၊ အဲဒါမျိုးကလဲပဲ ဘာကိုဖြစ်စေတုန်းဆိုရင် ဒေါသကို ဖြစ်စေတယ်။ သူက ပြောချင်တယ်၊ ပြောလို့မရဘူး၊ ဘေးကလူတွေကို အားမလိုအားမရဖြစ်တယ်၊ ဒုက္ခတွေရောက်တယ်။ အဲဒီလေဖြတ်တာဟာ ကိုယ်ပြောချင်လျက်သားနဲ့ ပြောလို့မရဘူး၊ လှုပ်ချင်ရဲ့သားနဲ့ လှုပ်လို့မရဘူးဆိုတဲ့ အချိန်မှာ ဓမ္မကို အဖော်မပြုနိုင်ဘူးဆိုရင် တော်တော့်ကို စိတ်သောကရောက်မယ့် အဖြစ်မျိုးတွေပဲ။ ဘာဖြစ်လို့တုန်းဆိုရင် ကိုယ်က လုပ်ချင်တာက တခြားနော်၊

စာမျက်နှာ-၅၄
ဘေးကလူတွေက နားမလည်တော့ လုပ်ပေးတာက တခြားဆိုတော့ ဟာ၊ ဒုက္ခတွေ ဘယ်လောက်ရောက်မလဲဆိုတာ။

အဲဒီအချိန်မှာ ကိုယ့်ဆန္ဒတွေ ဦးစားမပေးနဲ့တော့နော်။ ဘာကြီးပဲဖြစ်ဖြစ် ဓမ္မနဲ့ပဲနေမယ်၊ အချိန်မရွေး သေချင်တဲ့အချိန်သေပါစေ၊ တရားကိုပဲ နှလုံးသွင်းနေမယ်ဆိုတဲ့ အနေအထားမျိုး ကိုယ့်ကိုယ်ကို စိတ်ဒုံဒုံချနိုင်မှ၊ မချနိုင်ဘူးဆိုရင် ဒေါသတွေဖြစ်မယ်။ တချို့ဆို ဒေါသတွေဖြစ်ပြီး အဲဒီလိုနေတယ်။ ဟိုး အမေရိကမှာနေတဲ့ ဒကာကြီးတစ်ယောက်ဆိုရင် ဘယ်လောက် ဝမ်းနည်းစရာကောင်းတုန်းဆိုတော့ လေဖြတ်သွားတယ်၊ ပထမ ခြေထောက်တွေ လက်တွေ လေဖြတ်သွားတယ်၊ နောက်ဆုံး ဖြတ်သွားတာ ဘယ်အထိရောက်သွားလဲဆိုတော့ ပုတ်ခတ်ပုတ်ခတ်နဲ့ မျက်တောင်လေးပဲ ခတ်နေတယ်၊ ဘာမှမပြောနိုင်တော့ဘူး။ မိတ်ဆွေသင်္ဂဟတွေက သွားပြီးတော့ လူမမာမေးတဲ့အခါကျတော့ မျက်တောင်လေးခတ်ပြီး

စာမျက်နှာ-၅၅
ကြည့်ရင်းက အဲဒီမျက်တောင်လေးကြားထဲက မျက်ရည်လေးတွေက ပေါက်ကနဲ ပေါက်ကနဲ ထွက်လာတယ်။ ကဲ၊ သူဘယ်လိုခံစားနေရမလဲဆိုတာ စဉ်းစားကြည့်။

ကဲ၊ ဘုန်းကြီးတို့တတွေ မပြောနိုင်မဆိုနိုင် အဲဒီလိုအသိလဲရှိနေသေးတယ်။ ခံစားနေရတယ်ဆိုရင် ဘာနဲ့နေကြမလဲ၊ အဲဒီလိုဘာကြောင့် မျက်ရည်ကျနေရတာလဲ စဉ်းစားကြည့်ရအောင်နော်။ အဲဒီတော့ ဘာဖြစ်ဖို့ရာကတော့ အရေးအကြီးဆုံးက ဘာလဲဆိုရင် တရားနဲ့ပဲ နှလုံးသွင်းပြီးတော့နေမယ်၊ မသေခင်ကပဲ တရားကို နှလုံးသွင်းပြီးတော့ အကယ်၍များနေနိုင်မယ်၊ ကိုယ့်ဆန္ဒတွေကို ရှေ့တန်းမတင်ဘဲနဲ့ ကိုယ့်ရဲ့ ပြုစုတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာ ဘာမှဒေါသတွေ၊ မကျေနပ်တာတွေ မဖြစ်စေဘဲနဲ့နော်၊ ဘာဆန္ဒမှ အဲဒီအချိန်မှာ မထားတော့ဘဲနဲ့ တရားကိုပဲ နှလုံးသွင်းမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ နေနိုင်မှ ဘုန်းကြီးတို့တစ်တွေဟာ ထာဝရချမ်းသာမှုဆိုတာ ရနိုင်ပါတယ်။

စာမျက်နှာ-၅၆
စစ်ကိုင်းတောင်ရိုးမှာ ဘုန်းကြီးတို့နဲ့ အနီးကပ် ဆရာတော်ကြီးတစ်ပါးရှိတယ်။ အဲဒီဘုန်းကြီး နေမကောင်းတဲ့အခါ ဆရာဝန်ခေါ်ပြီးတော့ နေကောင်းလိုကောင်းငြားဆိုပြီး အားဆေးပုလင်း ချိတ်ပေးတယ်ပေါ့၊ အားဆေးသွင်းပေးတယ်။ ဘာပြောတုန်းဆိုတော့ ဆရာတော်ကြီးက သူ့ကို မလုပ်နဲ့တဲ့၊ မလုပ်နဲ့လို့ ပြောပေမယ့်လို့ ပြုစုတဲ့ပုဂ္ဂိုလ်တွေက အတင်းလုပ်ကြတယ်။ သူက ဘာမှမပြောနိုင်တော့ အတင်းလုပ်ကြတယ်။ ကောင်းစေချင်လို့လုပ်တာ၊ အဲဒီတော့ မျက်နှာနည်းနည်းတင်းသွားပြီး ဘာမှမပြောတော့ဘူး၊ မျက်နှာကြောတင်းသွားတယ်။ ဒါဘုန်းကြီးတို့ ကိုယ်တိုင်မြင်လိုက်တာပေါ့နော်။ မကျေနပ်ဘူးဆိုတာတော့သိတယ်၊ သို့သော် ရောဂါပျောက်လိုပျောက်ငြား ဆရာဝန်ကလည်း သွင်းပေးချင်တယ်။ အဲဒီတော့ သွင်းလိုက်ကြတယ်။ သူ့စိတ်တိုင်းကျ မဖြစ်ဘူး။ အဲဒီလိုနဲ့ ပျံတော်မူသွားတယ်။ ဒေါသဖြစ်ပုံရတယ်နော်။ မကျေနပ်တာတွေ။ ကဲ၊ မင်းတို့ဟာ

စာမျက်နှာ-၅၇
မင်းတို့လုပ်ချင်တာ လုပ်ကြတော့ကွာ၊ မပြောတော့ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ သေသွားတာ။

ဘယ်ရောက်တယ်ဆိုတာတော့ မသိဘူးပေါ့။ သို့သော် သိတဲ့ပုဂ္ဂိုလ်ကလဲ ရှိသေးတယ်။ ဟုတ်မဟုတ်တော့ မသိဘူး၊ ဒါ တောင်ကြီးကလာတဲ့ ဒကာကြီးတစ်ယောက်ကပြောတယ်၊ သင်္ကန်းတစ်ထည်လှူပြီးတော့တဲ့ အမျှပေးဝေပါတဲ့၊ ဒီအထဲမှာ နေသွားတဲ့ ဆရာတော်ကြီးတစ်ပါးဟာတဲ့ သေခါနီးမှာ သူ့ကို ပြုစုတဲ့အခါမှာ ပြုစုတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာ မကျေမနပ်ဖြစ်သွားလို့ သူဟာ ဒီအနီးအပါးမှာ မကျွတ်မလွတ်ဖြစ်နေတယ်။ မကျွတ်မလွတ်ဆိုတာ တစ္ဆေ၊ သူရဲ၊ ပြိတ္တာပေါ့။ ဒီလိုဆိုလိုတာပေါ့။ ဖြစ်နေတယ်။ အခုကျတော့ သူ့ကို သင်္ကန်းလှူပြီးတော့ အမျှဝေပေးပါပြောတယ်။ အဲဒါပြီးရင် သူက နတ်ပြည်မှာ နတ်ဖြစ်တော့မှာပေါ့၊ ဟုတ်မဟုတ်တော့ မသိဘူး။ အဲဒီဒကာကြီးက မသေခင်က အခြေအနေကို သူသိတာတော့ မဟုတ်ဘူး၊ သူပြောတဲ့အတိုင်း မဟုတ်ဘူးလား

စာမျက်နှာ-၅၈
ဆိုတော့ ဟုတ်နေတယ်။ ဟုတ်နေတာက ဘာဟုတ်တုန်းဆို သေခါနီးမှာ ပြုစုတဲ့ပုဂ္ဂိုလ်တွေအပေါ် မကျေမနပ်ဖြစ်သွားတယ်တဲ့။ ဒါလဲဖြစ်တော့ဖြစ်နိုင်တဲ့ အနေအထားတစ်ခုပဲ။ အေး၊ ဒါကြောင့်မို့လို့ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့၊ ဘဝခရီးကို လျှောက်လှမ်းနေကြတဲ့အခါမှာ အခုလို ကျန်းကျန်းမာမာနဲ့ အရွယ်ကောင်းတဲ့အချိန်ကစပြီးတော့ တို့တတွေ ဘာနဲ့နေကြမလဲဆိုတာကို ကိုယ့်ကိုယ်ကို ရွေးချယ်ပြီးတော့ သာမန်အဖော်တွေနဲ့ နေတာဟာ အားမကိုးရဘူး မဟုတ်ဘူး၊ အားကိုးရတယ်နော်။ သူတို့အပြင် တို့ဘာတစ်ခု ရှာထားရမလဲ။ နောက်ဆုံးအချိန်အတွက် အကောင်းဆုံး အဖော်ပြုဖို့က ဘာလဲဆိုတာကို ရှာထားဖို့ လိုအပ်တယ်။ အဲဒီရှာထားလိုက်လို့ရှိရင် တကယ်တွေ့ရမှာတော့ တရားဓမ္မအဖော်ပဲ ဖြစ်ပါတယ်။ ။

တရားဓမ္မအဖော် ဖြစ်လာလို့ရှိရင် တရားဓမ္မကို နှလုံးသွင်းဆင်ခြင်မှုဟာ အင်မတန်မှအရေးကြီးတယ်။

စာမျက်နှာ-၅၉
သုပ္ပဝါသာ ဆင်ခြင်သလို ဆင်ခြင်၍ဖြစ်စေ၊ ငါဆိုတာမရှိဘူး၊ ငါ့ဟာဆိုတာ မရှိဘူးဆိုတဲ့ ဝိပဿနာဉာဏ်နဲ့ ဆင်ခြင်၍ဖြစ်စေ၊ ဘဝဆိုတာ ဒီလိုပဲ အဆုံးသတ်ရတာပဲ၊ မိမိကိုယ်ကို သောကမဖြစ်အောင် ထိန်းသိမ်းတဲ့ ဆင်ခြင်နည်းနဲ့ဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် ယောနိသော မနသိကာရ ဆိုတဲ့ တရားဓမ္မကို လက်ကိုင်ထားပြီးနေမှသာလျှင် ထာဝရချမ်းသာသုခကို ရနိုင်တာဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ဓမ္မကိုအဖော်ပြုပြီး ထာဝရချမ်းသာကိုရအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု .. သာဓု .. သာဓု
kecjqu6s64l6u5vpk5y4l8rz2b572md
ဓမ္မမှတ်ကျောက်
0
6369
22164
2026-06-15T04:34:08Z
Tejinda
173
"{{header | title = ဓမ္မမှတ်ကျောက် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဓမ္မကိုအဖော်ပြ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22164
wikitext
text/x-wiki
{{header
| title = ဓမ္မမှတ်ကျောက်
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဓမ္မကိုအဖော်ပြုမှ ထာဝရချမ်းသာမည်]]
| previous2 =
| next = [[ဓမ္မသံဝေဂနှင့် ဘဝဆည်းဆာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

ဓမ္မမှတ်ကျောက်
“ မှတ်တမ်း ” သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ် သီတင်းကျွတ်လဆန်း ၇-ရက်နေ့၊ မုံရွာမြို့ အေးသာယာရပ် ရဟန်းဒါယကာဦးတင်ထွန်း + ရဟန်းဒါယိကာမဒေါ်ကျင်မိသားစုတို့၏ သုတာရာမကျောင်းတိုက် နှင့် မုံရွာမြို့ အောင်မင်္ဂလာရပ် စန်းသရဖူ ပွဲရုံပိုင်ရှင် ဦးသိန်းမြင့် + ဒေါ်စန်းစန်းဝင်း မိသားစုတို့၏ ရေစင်တော် ရေစက်ချ အလှူမင်္ဂလာ အကြိုဓမ္မသဘင်၌ ဟောကြားအပ်သော ဓမ္မမှတ်ကျောက် ဒေသနာတော်။

ဓမ္မမှတ်ကျောက်-မှတ်ကျောက်ဆိုတာ ရွှေစစ်၊ မစစ်ဆိုတာကို စစ်ဆေးတဲ့အခါမှာ အသုံးပြုတယ်၊ အင်္ဂလိပ်လို criteria လို့ ခေါ်တယ်၊ ရွှေစစ်၊ မစစ် မှတ်ကျောက်တင်ပြီး ကြည့်ရသလို ဓမ္မနဲ့ ပတ်သက်လို့ရှိရင် မြတ်စွာဘုရား ဟောတဲ့တရား ဟုတ်မဟုတ် ဓမ္မမှတ်ကျောက်မှာ တင်ပြီးတော့ ကြည့်ရတယ်၊ မြတ်စွာဘုရားကိုယ်တော်တိုင်က ဓမ္မမှတ်ကျောက်အနေနဲ့ ဟောထားတဲ့ သုတ္တန်တွေ ရှိတယ်။

စာမျက်နှာ-၂
တရားဓမ္မနဲ့ ပတ်သက်ပြီး ဒီတရားဟာ ဘုရားဟောတဲ့ တရား သူကိုယ်တိုင် ဘုရားဆီက နာခဲ့ရတာ၊ သို့မဟုတ် ဘယ်စာထဲမှာ ပါတယ်၊ ဘယ်စာအုပ်ထဲမှာ ရေးထားတာလို့ ပြောဆိုကြတဲ့အခါ ကျန်တစ်ဖက်သားကလည်း မဟုတ်ဘူးလို့ ငြင်းကြတယ်၊ ငြင်းကြတဲ့အခါမှာ ဓမ္မနဲ့ ပတ်သက်ပြီး ငြင်းခုံမှုတွေ ဖြစ်ပွားကြတယ်၊ ဖြစ်လည်း ဖြစ်ပွားခဲ့ဖူးတယ်။ မြတ်စွာဘုရား လက်ထက်တော်တုန်းက အမှန်တရားနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ အမြောက်အမြား ရှိခဲ့တယ်၊ အဲဒီလို အငြင်းပွားတာဟာ ကောင်းလား? မကောင်းဘူးလား ဆိုတော့ မြတ်စွာဘုရားက မကောင်းဘူးတဲ့၊ ဘာဖြစ်လဲဆိုတော့ အငြင်းပွားလို့ရှိရင် အကုသိုလ် ဖြစ်တယ်၊ အဲဒီတော့ မငြင်းနဲ့၊ ဓမ္မမှတ်ကျောက်လေး ကိုယ်စီ ကိုင်ထားပြီးတော့ ရွှေစစ်၊ မစစ် သိချင်ရင် မှတ်ကျောက်တင်ပြီးတော့ ကြည့်ရသလို မြတ်စွာဘုရား ဟောထားတဲ့ တရားဓမ္မတွေကို ကြည့်ပြီးတော့ တို့သိထားတဲ့ တရားဟာ ဘုရားဟောကြားထားတဲ့ တရားလား၊ တို့သိထားတဲ့ အကြောင်းအရာဟာ ပိဋကတ် ၃-ပုံထဲမှာ ပါတဲ့ ဓမ္မစစ်လားဆိုတာ သိချင်ရင် ဒီမှတ်ကျောက်လေးနဲ့ တိုက်

စာမျက်နှာ-၃
ကြည့်ရတယ်၊ ကိုယ့်ရဲ့ အရည်အသွေးကို သိချင်ရင်လည်း ဒီဓမ္မမှတ်ကျောက်ပေါ်တင်ပြီး ကြည့်ရတယ်။

မြတ်စွာဘုရားက “ဝိဝါဒံ ဘယတော ဒိသာ အဝိဝါဒဉ္စ ခေမတော”။ “ဝိဝါဒ”ဆိုတာ ကိုယ်က တစ်မျိုးပြောတယ်၊ သူက တစ်မျိုးပြောတယ်၊ အဲဒီလို သူတစ်မျိုး ကိုယ်တစ်မျိုးပြောလို့ မတူညီတော့ဘူးဆိုတာနဲ့ မတူညီတဲ့ အပြော ၂-ခုပေါ်မူတည်ပြီး သူ့ဟာမှန်တယ် ငါ့ဟာမှန်တယ်ဆိုပြီး ဖြစ်ပေါ်မလာဘူးလား၊ အဲဒီလို ဖြစ်ပေါ်လာတဲ့အခါမှာ တစ်ဦးနှင့်တစ်ဦး သူမှန်တယ်၊ ငါမှန်တယ်လို့ အငြင်းပွားနေရင် ဘာဖြစ်လဲဆိုရင် အကုသိုလ်တွေ ဖြစ်တယ်တဲ့။

ဒါကြောင့်မို့လို့ ဝိဝါဒမှာ “ဝိ”ဆိုတာ- ထူးခြားပြီး တစ်ဦးနဲ့တစ်ဦးမတူတဲ့၊ “ဝါဒ”ဆိုတာ ပြောတာ၊ အဲဒီတစ်ဦးနဲ့တစ်ဦး မတူညီတဲ့ ပြောဆိုချက်တွေဟာ၊ “ဘယ” ကြောက်စရာကောင်းတယ်၊ ဘာပြုလို့ ကြောက်စရာကောင်းလဲ ဆိုရင် အကုသိုလ် ဖြစ်လာနိုင်လို့၊ ဓမ္မနဲ့ ပတ်သက်ပြီး အကုသိုလ် မဖြစ်သင့်ဘူး၊ ဘာကို အကြောင်းပြုပြု အကုသိုလ် မဖြစ်သင့်ဘူး၊ တချို့လူတွေက ပြောတယ်- ကရုဏာနဲ့ပြောတဲ့ ဒေါသ၊ စေတနာနဲ့ပြောတဲ့ ဒေါသ၊ အပြစ်မရှိသယောင်ယောင် ပြောတယ်၊ ကောင်းကျိုးလိုလား

စာမျက်နှာ-၄
တဲ့ စေတနာထားပေမယ့် ဒေါသဟာ ဒေါသပဲ၊ မကောင်းဘူး။

နှစ်ပိုင်းခွဲပြီး မှတ်ရမယ်၊ ကရုဏာဒေါသ-ကရုဏာကို အခြေခံပြီးတော့ ဖြစ်ပေါ်လာတဲ့ ဒေါသ၊ ကရုဏာက ကောင်းတယ် ဒေါသက မကောင်းဘူး၊ အကောင်းအဆိုး ရောမနေဘူးလား၊ ဒေါသဆိုတာ ဘယ်နေရာပဲ ဖြစ်ဖြစ် အကောင်းတရား မဟုတ်ဘူး အဆိုးတရား၊ ဒေါသဆိုတဲ့ အဓိပ္ပါယ်က ဖျက်ဆီးခြင်းလို့ အဓိပ္ပါယ်ရတယ်၊ ဘာတွေကို ဖျက်ဆီးပစ်တာလဲဆိုတော့ “ဒေါသဖြစ်လာတဲ့ ပုဂ္ဂိုလ်ရဲ့ အခြေအနေတွေဟာ ပျက်စီးမသွားဘူးလား၊ နဂိုက ငြိမ်သက်အေးချမ်း တည်ငြိမ်နေတဲ့စိတ်ကို ဖျက်ဆီးပစ်လိုက်တာဟာ ဘယ်ကောင်းမလဲ၊ ဒါကြောင့်မို့ ဒေါသဆိုတာ မကောင်းဘူး၊ စိတ်ဓာတ်ကိုသာ ဖျက်ဆီးတာမဟုတ်ဘူး၊ ရုပ်ကိုလည်း ဖျက်ဆီးတယ်၊ ဒေါသဖြစ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ မျက်နှာကို ကြည့်ပေါ့၊ ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့ မျက်နှာသည် အရုပ်ဆိုး အကျည်းတန်သွားတယ်၊ ပင်ကိုယ်က ကြည့်ပျော်ရှုပျော်ရှိတဲ့ ပုဂ္ဂိုလ်ပင် ဖြစ်လင့်ကစား စိတ်ဆိုးနေတဲ့ မျက်နှာက ကြည့်ပျော်ရှုပျော် ရှိပါ့မလား၊ မရှိဘူးဆိုတော့ ဒေါသဟာ ရုပ်ကိုလည်း ပျက်စီးစေတယ်၊ ဒီထက်ပိုဆိုးရင် ရုပ်ပျက်ဆင်းပျက်ဖြစ်တယ်၊ ပြောတဲ့စကားကလည်း မကြား

စာမျက်နှာ-၅
ဝံ့မနာသာဖြစ်တယ်၊ လုပ်တဲ့အလုပ်ကလည်း ကြောက်စရာကောင်းတယ်၊ ဒါ့ကြောင့်မို့ အကုသိုလ်ဆိုတာ ဘယ်အကုသိုလ်မှ မကောင်းဘူး။

ဘုန်းကြီးတို့ ပဋ္ဌာန်း ၂၄-ပစ္စည်းမှာ ဥပနိဿယ ပစ္စယောလို့ ဟောထားတာ ရှိတယ်၊ ကုသိုလ်ကလည်း အကုသိုလ်ကို ဖြစ်စေတယ်၊ အကုသိုလ်ကလည်း ကုသိုလ်ကို ဖြစ်စေတယ်၊ ဖြစ်စေတယ်ဆိုတာ အကြောင်းပြုတာကို ပြောတာ၊ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်တယ်၊ အကုသိုလ်ကို အကြောင်းပြုပြီးတော့လည်း ကုသိုလ်ဖြစ်တယ်၊ အကုသိုလ်ကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်ရင် ကောင်းတယ်၊ ဘာကိုအကြောင်းပြုပြီးဖြစ်ဖြစ် ကုသိုလ်ဖြစ်တာ ကောင်းတယ်၊ ဥပမာ- ဒေါသဖြစ်ပြီး ကိုယ့်စိတ်ကိုယ် မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး သတိရလာရင် ဒေါသဟာ မကောင်းပါလားလို့ ပြန်တွေးလာမယ်၊ ဒေါသကို ပြန်တွေးပြီး ဒေါသမဖြစ်အောင် ထိန်းမှပဲလို့ ကုသိုလ်စိတ်ဖြစ်သွားတယ်၊ ဒေါသကတော့ အကုသိုလ်စိတ်ပဲ၊ အဲဒါကတော့ အကုသိုလ်ကို အကြောင်းပြုပြီးတော့ ကုသိုလ်ဖြစ်တယ်လို့ ပြောတာ၊ အကြမ်းဖျဉ်းပေါ့။

ကုသိုလ်ကို အကြောင်းပြုပြီးတော့ အကုသိုလ်ဖြစ်တာ ရှိတယ်၊ ဒါနကောင်းမှုလုပ်ပြီးတော့ “အော် လှူမိတာ

စာမျက်နှာ-၆
ငါမှားလိုက်လေခြင်း”လို့ စိတ်ဖြစ်တယ်၊ “ဒါန”က ကုသိုလ်၊ “လှူမိတာ ငါမှားလိုက်လေခြင်း”ဆိုတာက အကုသိုလ်၊ ကုသိုလ်ကို အကြောင်းပြုပြီးတော့လည်း အကုသိုလ်ဖြစ်တယ်၊ အကုသိုလ်ကို အကြောင်းပြုပြီးတော့လည်း ကုသိုလ်ဖြစ်တယ်။

သို့သော် ဘုန်းကြီးတို့တတွေ မှတ်သားရမှာကတော့ ကုသိုလ်ဖြစ်တာ ကောင်းတယ်၊ အကုသိုလ်ဖြစ်တာ ဘာကို အကြောင်းပြုပြီးဖြစ်ဖြစ် မကောင်းဘူး၊ တချို့က ကရုဏာဒေါသကို အကောင်းပြောချင်တယ်၊ ဘာဒေါသမှ မကောင်းဘူး၊ အကျိုးလိုလားလို့ ပြောတဲ့ ဒေါသလည်း မကောင်းဘူး၊ အကျိုးလိုလားတာက မေတ္တာစိတ်၊ တစ်ဖက်သားအပေါ်မှာ ငဲ့ညှာတယ်၊ ကြင်နာတယ်ဆိုတာက ကရုဏာ၊ အားမလိုအားမရဖြစ်တာက ဒေါသ၊ ဒေါသထွက်ရင် မကောင်းဘူးပေါ့။ အဲဒီတော့ ကိုယ့်သန္တာန်မှာ မဖြစ်အောင် ထိန်းရမှာက ဘာလဲဆိုရင် အကုသိုလ်ပဲ၊ အမှန်တရားတစ်ခုပေါ်မှာ အငြင်းပွားပြီ၊ သူနိုင်ငါရှုံး ငြင်းလာကြပြီဆိုရင် အကုသိုလ်တွေ ဆက်တိုက် ဆက်တိုက် ဖြစ်လာကြတယ်၊ မကျေနပ်တဲ့ အတိုင်းအတာအလိုက် အကုသိုလ်တွေ ဖြစ်လာတယ်။ အသိုင်းအဝိုင်းနဲ့ ဖြစ်လာတယ်၊ အဲဒီလို အငြင်းပွားလာကြ

စာမျက်နှာ-၇
ပြီဆိုရင် သူ့ဘက်ကိုယ့်ဘက်ဆိုတာမျိုးတွေ ဖြစ်လာကြတယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားက “ဝိဝါဒ - မတူညီတဲ့ အပြောတွေဟာ၊ “ဘယ”ကြောက်ဖို့ကောင်းတယ်၊ ဘာဖြစ်လို့ ကြောက်ဖို့ကောင်းလဲဆိုရင် ပြဿနာတွေ နောက်က တသီကြီးလိုက်လာလို့ပဲ၊ ဒါကြောင့် ဝိဝါဒဆိုတာကို ရှောင်ရမယ်။

“အဝိဝါဒဉ္စ ခေမတော” “ဝိဝါဒကင်းပြီ ဆိုရင် အင်မတန်မှ ငြိမ်းချမ်းတယ်” ဒါကြောင့်မို့ မြတ်စွာဘုရားက “သမဂ္ဂ” - ညီညွတ်ကြ၊ “သခိလာ” - တစ်ဦးနှင့်တစ်ဦး ပြေပြေပြစ်ပြစ် ဆက်ဆံကြ၊ “သမဂ္ဂါ သခိလာ ဟောထ” - “ညီညီညွတ်ညွတ် ပြေပြေပြစ်ပြစ် ဆက်ဆံရမယ်” လို့၊ ဧသာ ဗုဒ္ဓါနုသာသနီ - “ဒါဟာ ဘုရားသခင်ရဲ့ အဆုံးအမပဲ” လို့၊ ဘယ်လောက်ကောင်းတဲ့တရားလဲ - စဉ်းစားကြည့်ကြပေါ့။ ဘုန်းကြီးတို့တတွေ အငြင်းပွားစရာ ကြုံလာလို့ရှိရင် မငြင်းကြဖို့ ဒါပါပဲ၊ အငြင်းပွားစရာကတော့ မကြုံဘဲ မနေဘူး ကြုံလာမှာပဲလေ၊ ကိုယ်သိထားတာနဲ့ ကိုယ့်ကိုပြောလာတဲ့ပုဂ္ဂိုလ်က အမှန်တရားလို့ပြောတာနဲ့ တိုက်ဆိုင်ကြည့်ဖို့ ကိုယ့်မှာ မှတ်ကျောက်လေးတော့ ရှိထားသင့်တယ်၊ ပြောတဲ့လူကလည်း သူ့ရွှေကို ရွှေအစစ်ပါလို့ ပြောလိမ့်မယ်။

စာမျက်နှာ-၈
အဲဒီလို ပြောလာလို့ရှိရင် သူ့စကားကို လက်မခံနဲ့ဦး၊ မယုံနဲ့ဦး၊ မင်းရွှေကြီးက အတုကြီးပါလို့လည်း မငြင်းနဲ့၊ ဘာလုပ်မလဲ၊ မှတ်ကျောက်ပေါ် တင်ကြည့်လိုက်၊ မှတ်ကျောက်ကနေ အဖြေထုတ်ပေးလိမ့်မယ်။ ဟုတ်တယ်မို့လား၊ အဲဒီ ရတဲ့အဖြေအတိုင်းပဲပေါ့၊ ရွှေမစစ်ဘူးဆိုရင် လက်မခံနဲ့ပေါ့။ ရွှေစစ်ရင် လက်ခံလိုက်ရုံပေါ့။

အဲဒီသဘောမျိုးပဲ တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ ခေတ်အဆက်ဆက်မှာ အငြင်းပွားနေကြတာတွေ ရှိတယ်။ အငြင်းမပွားစေချင်ဘူး၊ ဓမ္မနဲ့ပတ်သက်ပြီးတော့ အငြင်းပွားတာ ပိုဆိုးတယ်၊ ကုသိုလ်ဖြစ်ရမယ့်အစား အကုသိုလ်ဖြစ်တယ်၊ အဓမ္မနဲ့ ပတ်သက်ပြီး အငြင်းပွားတာကတော့ နဂိုကတည်းက မကောင်းတာ။

အငြင်းပွားတာဟာ ခုမှ ရှိတာ မဟုတ်ဘူး၊ မြတ်စွာဘုရား လက်ထက်ကတည်းက ရှိတာ၊ သာသနာတော်မှာ အယူအဆတွေ ကွဲလွဲပြီး အငြင်းပွားခဲ့တာတွေ မြောက်မြားစွာ ရှိတယ်၊ အဘိဓမ္မာ ၇-ကျမ်းထဲမှာ ကထာဝတ္ထုဆိုတဲ့ ကျမ်းကြီးတစ်ကျမ်း ပါတယ်၊ ကထာဝတ္ထုဆိုတာ “ကထာ - ပြောစရာစကားတွေ၊ “ဝတ္ထု - အကြောင်းတရား၊ ပြောစရာစကားတွေရဲ့ အကြောင်းဆိုတာ ဘာဖြစ်လို့ ပြောစရာတွေ ဖြစ်သလဲဆိုရင် ခုနက အငြင်းပွားမှုပဲ။

စာမျက်နှာ-၉
ကထာဝတ္ထုကျမ်းကြီးကို အင်္ဂလိပ်ဘာသာပြန်သူက မြန်မာပြည်က ဦးရွှေဇံအောင်တဲ့၊ အင်္ဂလိပ်စာပေ ကောင်းကောင်းတတ်တဲ့ ရှေးတုန်းက အမှုထမ်းကြီးပေါ့။ ယစ်မျိုးမင်းကြီးလို့ ခေါ်တယ်။ အဲဒီ ဦးရွှေဇံအောင်က ကထာဝတ္ထုကျမ်းကြီးကို အင်္ဂလိပ်လို ဘာသာပြန်ထားတာ၊ သူပေးထားတဲ့ အမည်က Points of Controversy။ controversyက အငြင်းပွားတာ၊ pointsဆိုတာ အချက်အလက်တွေ၊ အငြင်းပွားနေတဲ့ အချက်အလက်တွေလို့ အဓိပ္ပါယ်ရတယ်။ ဒါသာသနာတော်မှာ အထင်အရှားပေါ်ခဲ့တာ၊ ခုမှ အငြင်းပွားတာ မဟုတ်ဘူးနော်။

အဲဒီ points of controversyဆိုတာကို အကြောင်းပြုပြီးတော့ ဗုဒ္ဓမြတ်စွာသာသနာတော်မှာလည်း အငြင်းပွားပြီးတော့ အခုခေတ်မှာဆို ဘာသာရေးမှာ ထေရဝါဒ၊ မဟာယာနလို့ ကွဲပြားသွားတယ်၊ မြန်မာပြည်က ကိုးကွယ်တဲ့ သာသနာကို ထေရဝါဒလို့ ခေါ်တယ်။ တိဗက်တို့ တရုတ်ပြည်တို့ ကိုးရီးယားတို့ ဂျပန်ပြည်တို့ ဗီယက်နမ်တို့ အဲဒီနိုင်ငံတွေမှာ ထွန်းကားတာကို မဟာယာနလို့ ခေါ်တယ်၊ ဒါ ဒီကနေ့ခေတ်မှာရှိတဲ့ ဗုဒ္ဓဘာသာ ဂိုဏ်းကွဲကြီး ၂-ခုပဲ၊ ဗုဒ္ဓဘာသာဂိုဏ်းကြီးဟာ ဘာကြောင့် ၂-ခု ကွဲသွားသလဲဆိုရင် ခုနက points of controversy

စာမျက်နှာ-၁၀
အငြင်းပွားစရာ အချက်ကလေးတွေကို ကြည့်ပြီးတော့ အငြင်းပွားကြလို့ ဖြစ်တယ်။

အခြေခံအချက်အားဖြင့် ပြောရရင် ထေရဝါဒ - “ထေရ” - ဆိုတာ လူကြီးတွေ ခေါင်းဆောင်တွေ၊ သာသနာတော်မှာဆိုရင် အရွယ်ရောက်တာက အငယ်ဆုံး ၁၀-ဝါ၊ ကြီးလာတော့ ဝါ-၂၀ဆိုရင် မဟာထေရ ခေါင်းဆောင်ကြီးတွေကို ထေရလို့ ပြောတာ၊ မြတ်စွာဘုရားလက်ထက်က ဘုရားပရိနိဗ္ဗာန်စံတဲ့ ကုသိနာရုံမှာ သံဃာပေါင်း ၇-သိန်း အစည်းအဝေး ကျင်းပတယ်၊ စုမိသွားတယ်၊ ဘုရားပရိနိဗ္ဗာန်စံတဲ့ပွဲကို တက်လာကြတယ်။ အဲဒီ ၇-သိန်းထဲမှာ အကြီးအကဲက ရှင်မဟာကဿပ။

ရှင်မဟာကဿပက အခုလို သာသနာတော်မှာ အငြင်းပွားမှုတွေ ပေါ်လာလို့ရှိရင် ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေနဲ့ပတ်သက်ပြီး အငြင်းပွားပြီး အမှတ်မှားကုန်ကြလိမ့်မယ်၊ စုစုစည်းစည်းရှိအောင် သံဂါယနာတင်မယ်၊ သံဂါယနာဆိုတာ ကိုယ်ရတဲ့စာနဲ့ သူရတဲ့စာ၊ သူမှတ်တဲ့ အကြောင်းအရာနဲ့ ကိုယ်မှတ်တဲ့အကြောင်းအရာ၊ အသံချင်း တိုက်ဆိုင်ညှိနှိုင်းတာကို သံဂါယနာတင်တယ်လို့ ခေါ်တယ်။

စာမျက်နှာ-၁၁
ဥပမာ- ရဟန်းတစ်ပါးကလည်း သူ ဘုရားဆီက သင်ထားတာလို့ဆိုပြီး သုတ္တန်လေးတစ်ခု ရွတ်ပြတယ်၊ ကျန်တဲ့ရဟန်းတစ်ပါးကလည်း ရွတ်ပြတယ်၊ အဲဒီလို ရွတ်ပြလို့ သူ့အသံထွက်နဲ့ တခြားသူ ရွတ်တဲ့အသံဟာ တစ်သံတည်း တစ်ညီတည်း ဖြစ်ရမယ်၊ အဲဒီလို မဖြစ်ဘဲနဲ့ ကွဲလွဲနေရင် အဓိပ္ပါယ်တွေ ကွဲလွဲမနေဘူးလား၊ အဓိပ္ပါယ်တွေ အများကြီး ကွဲသွားနိုင်တယ်။

ဆိုပါစို့- ဥပမာတစ်ခုပြောမယ် “ဥဒယဗ္ဗယ”ဆိုတဲ့ ပါဠိစကား၊ ဥဒယ-ဆိုတာ ဖြစ်ပေါ်လာခြင်း၊ ဝယ- ပျက်စီးသွားခြင်း၊ ဖြစ်ပျက်ပဲ။

အဲဒီစကားလုံးကို နောက်တစ်ဦးက မှားပြီး ရွတ်တယ်၊ ဘာရွတ်လဲဆိုတော့ “ဥဒကဗက” လို့ ရွတ်တယ်၊ “ယ” ကနေ 'က' ဖြစ်မသွားဘူးလား၊ ဥဒက-ဆိုတာ ရေ၊ ဗက-ဆိုတာ ဗျိုင်း၊ ဟော ရေနဲ့ ဗျိုင်း ဖြစ်သွားတယ်၊ အဲဒီတော့ ဖြစ်တာနဲ့ ပျက်တာ ၂-ခု အမှန်ထွက်ရမှာကို ဥဒကဗကလို့ သွားထွက်တော့ ရေနဲ့ ဗျိုင်း ဖြစ်မသွားဘူးလား၊

သူရွတ်တာက မှန်တယ်၊ ငါရွတ်တာက မှန်တယ်လို့- တစ်ဘက်က “သင်္ခါရတွေရဲ့ မတည်မြဲမှု ဖြစ်ပြီးပျက်”ဆိုတဲ့ အနက်မှန်က ရေနဲ့ ဗျိုင်း ဖြစ်သွားတယ်၊ ရေဗျိုင်းဆိုတာ ဘာအဓိပ္ပါယ်ရှိလဲ၊ ဘာမှ အဓိပ္ပါယ်မရှိဘူး၊ ပြော

စာမျက်နှာ-၁၂
လိမ့်မယ်-ရေထဲမှာ ဗျိုင်းကငါးချောင်းနေတယ်၊ ဒါပဲ ရှိမှာပေါ့၊ တရားမဟုတ်တော့ဘူး။

အဲဒီလို ကွဲလွဲမသွားအောင် သံဂါယနာ- အသံကို ညှိပြီး မှန်ကန်တဲ့ စကားလုံးကို ရွေးချယ်ရတယ်၊ အဲဒီလို ရွေးချယ်တဲ့ပွဲ မလုပ်ခင် ၃-လလောက်အလိုမှာ ရှင်မဟာကဿပတို့က မူချမှတ်ပြီ။

ဘာလဲဆိုတော့ “အပညတ္တိ န ပညပေတံ” - “ဘုရားမဟောတာတွေ၊ ဘုရားမပညတ်တာတွေကို မလုပ်ရဘူး”၊ လူဆိုတာ အသစ်လုပ်ချင်တယ်၊ အသစ်တီထွင်ချင်တယ်၊ အဲဒီမှာ ရှင်မဟာကဿပတို့က “အပညတ္တံ န ပညပေတဗ္ဗ” - “ဘုရားက မပညတ်တာကို ထပ်ပြီး မပညတ်ရဘူး။

နောက်တစ်ခုက “ပညတ္တံ န သမုစ္ဆိတံ” - “ဘုရား ပညတ်ပြီးသားကို မပယ်ဖျက်ရဘူး၊ ဒါတွေဟာ ရှေးကျသွားပြီ out of date ဖြစ်သွားပြီ၊ ခေတ်မမှီတော့ပါဘူး ဆိုပြီးတော့ အသစ်ပြောင်းမပစ်ရဘူး၊ အဲဒါမျိုးလည်း မလုပ်ရဘူး။ နံပါတ်-၃က “ယထာပညတ္တေသု သိက္ခာပဒေသု သိက္ခိတဗ္ဗ” - “မြတ်စွာဘုရား ပညတ်တဲ့အတိုင်း လိုက်နာကျင့်သုံးရမယ်” စည်းမျဉ်းစည်းကမ်း မူချမှတ်ပြီးတော့

စာမျက်နှာ-၁၃
ဘုရားဟောတဲ့အတိုင်း လိုက်နာတဲ့ဂိုဏ်းကို ထေရဝါဒလို့ ခေါ်တယ်၊ အဲဒီတော့ ထေရဝါဒမှာ ဘာမှ မပြင်ရဘူး။

မဟာယာနဆိုတာကျတော့ အဲဒီလို မဟုတ်တော့ဘူး၊ တရားအသစ်တွေ တီထွင်လာကြတယ်၊ ဘုရားဟောသယောင်ယောင် လုပ်ပြီးတော့ သူတို့ကြိုက်တာတွေထည့် မကြိုက်တာတွေဖြုတ် လုပ်လာကြတယ်၊ စကားလုံးကစပြီးတော့ ဟိုပြောင်းသည်ပြောင်း လျှောက်ပြောင်းလာကြတယ်။ ပြောင်းလာသည့်အတွက်ကြောင့် မြတ်စွာဘုရား ဟောတဲ့တရားအမှန်ဆိုတာ မရှိတော့ဘူး၊ အဲဒါမျိုးတွေ ဖြစ်လာတယ်၊ ဆင်တူရိုးမှားတွေ လုပ်လာတယ်။

ဆိုလိုတာကဘာလဲဆိုတော့ လူတွေသုံးတဲ့ စိန်အတုဆိုတာ မရှိဘူးလား၊ ရွှေအတုဆိုတာ မရှိဘူးလား၊ ရွှေအတုတွေ ပေါ်လာတော့ ဈေးချိုချိုနဲ့ ဝင်းဝင်းလက်လက်နဲ့၊ စိန်အတုတွေ အရောင်တောက်တောက်နဲ့ အတုဆိုတော့ ဈေးက သိပ်မများဘူး၊ လူတကာဝယ်နိုင်တယ်၊ အတုတွေ ပေါ်လာတော့ အစစ်တွေက ဘယ်ရောက်သွားလဲ? ဆိုတော့ အစစ်တွေက သိမ်းထားရတဲ့အဆင့် ရောက်သွားရတယ်၊ အတုတွေက လူတကာဝတ်ဆင်နိုင်ပြီး ခေတ်စားလာတယ်၊ အတုတွေများလာရင် အစစ်တွေ ကွယ်ပျောက်မသွားတတ်ဘူးလား၊ ဘာဖြစ်လို့ အစစ်က ကွယ်ပျောက်ရ

စာမျက်နှာ-၁၄
လဲဆိုတော့ တန်ဖိုးက ကြီးတာကိုး၊ ဒါကြောင့်မို့ ရွှေအတုတွေပေါ်လာရင် ရွှေအစစ် ပျောက်သွားတတ်တယ်၊ စိန်အတုပေါ်လာရင် စိန်အစစ်ပျောက်သွားတတ်တယ်၊ တရားအတုပေါ်လာရင် တရားအစစ် ပျောက်သွားတတ်တယ် ဒါ သတိထားရမယ်။

မြတ်စွာဘုရားလက်ထက်က တရားတော်တွေကို ရှင်မဟာကဿပတို့က မူချပြီး ထိန်းသိမ်းခဲ့တဲ့ တရားတွေ ဖြစ်တယ်၊ လုံးဝပြုပြင်မှု မရှိဘူး၊ ဘုရားတရားတော်အတိုင်း ထားခဲ့တယ်၊ အကယ်၍သာ ပြင်ခဲ့ရင် လူတွေဟာ အစစ်ဆိုတာတွေ့ဖူးမှာ မဟုတ်တော့ဘူး။

မဟာယာနသာသနာ ထွန်းကားတဲ့ ကိုးရီးယားနိုင်ငံတို့ ဘာတို့မှာ ရှိကြတဲ့ပုဂ္ဂိုလ်တွေ မြန်မာပြည်ကိုလာပြီး စာပေလေ့လာတယ်၊ မြန်မာပြည်က တရားဓမ္မတွေကိုလာ အားထုတ်ကြလို့ သဘောပေါက်ကြတယ်၊ သဘောပေါက်ကြသည့်အတွက်ကြောင့် တကယ့်သာသနာအစစ်ပါလို့ တချို့ပုဂ္ဂိုလ်တွေက ပွင့်ပွင့်လင်းလင်းပြောတယ်၊ တချို့ပုဂ္ဂိုလ်...

စာမျက်နှာ-၁၅
တွေကတော့ ကိုယ့်အစွဲလေးနဲ့ကိုယ်၊ ကိုယ့်ဟာလေးကိုယ် အထင်ကြီးနေကြတာပဲ၊ လူဆိုတာက စွန့်နိုင်ခဲတယ်လေ၊ ကိုယ့်အယူအဆလေး အစဉ်အလာလေးတစ်ခုကို စွန့်နိုင်ခဲတယ်။

ဘုန်းကြီးတို့ ဧပြီလသင်္ကြန်မှာ ကိုးရီးယားကို သွားတယ်၊ ကိုးရီးယားက ထေရဝါဒဘုန်းကြီးတစ်ပါးက ပင့်တာနဲ့ အဘိဓမ္မာသင်တန်း သွားပို့ချတယ်၊ အဲဒီလို သွားပို့ချတဲ့အခါ အားလပ်တဲ့ရက်မှာ ကိုးရီးယားလူမျိုး မြန်မာပြည်မှာ ရဟန်းခံထားတဲ့ ဘုန်းတော်ကြီး ၈-ပါး ဘုန်းကြီးဆီ ရောက်လာကြတယ်၊ ဩဝါဒခံယူကြတယ်။

* ကိုးရီးယားနိုင်ငံဟာ အကုန်လုံး မဟာယာနဘုန်းကြီးချည်းပဲ၊ မဟာယာနဘုန်းကြီးဆိုတာ မြင်ဖူးကြပါလိမ့်မယ်။ အဝတ်က မတူဘူး၊ အဝတ်အစားကစပြီး ပြောင်းထားတယ်။ ဘောင်းဘီရှည်နဲ့ အင်္ကျီနဲ့၊ ဂျပန်ဘုန်းကြီးဆိုရင် ဘိုကေတောင် ပါလိုက်သေး၊ ဒါတင်မဟုတ်ဘူး ဂျပန်ဘုန်းကြီးတွေက အိမ်ထောင်တောင် ပြုသေးတယ်၊ ဘာသာရေးကိစ္စဆောင်ရွက်စရာရှိရင် ဘုန်းကြီးလို အပေါ်က အဝတ်လေး ပတ်ထားလိုက်တယ်၊ ဘုန်းကြီးဖြစ်လိုက်၊ လူဖြစ်လိုက်နဲ့။

တစ်လောက ဂျပန်က ဘုန်းကြီးတစ်ပါး၊ သူက မြန်မာအမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ထားတယ်၊ မြန်မာ

စာမျက်နှာ-၁၆
ပြည်မှာလာပြီးတော့ ရန်ကုန်မှာ ရဟန်းခံပွဲလေး လုပ်တယ်။ ဘုန်းကြီးတို့သွားပြီး တရားဟောပေးတယ်၊ အဲဒီမှာ ဂျပန်ဘုန်းကြီး ပါလာတယ်၊ ဂျပန်ဘုန်းကြီးက ရဟန်းခံတဲ့ပွဲမှာတော့ သူမပါရဘူးပေါ့၊ ထေရဝါဒပွဲမှာ သူမပါရဘူး၊ မပါရတော့ သူက မဟာယာနသင်္ကန်းကို ဝတ်ပြီးတော့ ခပ်လှမ်းလှမ်း ဘေးနားမှာထိုင်နေတယ်၊ အဲဒီမှာ ဘုန်းကြီးတို့နဲ့ ပါလာတဲ့ ဒကာတစ်ယောက်က ရဟန်းခံပြီးတဲ့အခါ ဆွမ်းကပ်တယ်၊ ဆွမ်းကပ်တဲ့အခါ အဲဒီဂျပန်ဘုန်းကြီး မြင်လိုက်ပါတယ်၊ အခုဘယ်ရောက်သွားလဲ မေးတော့ လူတွေနဲ့ အတူတူ ထမင်းစားနေတယ်တဲ့၊ အဲဒီပုံစံမျိုး ဖြစ်သွားတယ်ပေါ့။

ခု ကိုးရီးယားနိုင်ငံမှာလည်း မဟာယာနတွေများတယ်၊ အဲဒီ မဟာယာနပုဂ္ဂိုလ်တွေထဲက ထေရဝါဒကို နှစ်သက်တဲ့ပုဂ္ဂိုလ်တွေက ထေရဝါဒရဟန်းအဖြစ်ကို ခံယူတယ်၊ ခံယူပြီးတော့ ဘုန်းကြီးနဲ့တွေ့တဲ့အခါကျတော့ “ဆရာတော်”တို့ “တပည့်တော်တို့ ဒီနိုင်ငံမှာ မဟာယာနတွေက အင်အားကောင်းတယ်၊ တပည့်တော်တို့က လူနည်းစု ဖြစ်တယ်' သို့သော် ကျောင်း ၄-ကျောင်း ရှိတယ်၊ သူတို့ကို ကိုးရီးယားအစိုးရက အသိအမှတ်ပြုပေးထားတာ၊ ကိုးရီးယားနိုင်ငံမှာ ထေရဝါဒကျောင်း အသိအမှတ်

စာမျက်နှာ-၁၇
ဓမ္မမှတ်ကျောက် ပြုသွားပြီ၊ ထေရဝါဒဂိုဏ်းဆိုပြီးတော့ လက်ခံထားတယ်၊ “အသိအမှတ်ပြုထားတော့ တပည့်တော် ရှေ့ဆက်ပြီး ဘာလုပ်ရမလဲ အဲဒါကို လာပြီး ဩဝါဒခံတာ။

ဘုန်းကြီးတို့က ပြောတယ်၊ “ကိုယ်တော်တို့ စာမသင်ဘဲ နေလို့တော့ မရဘူး၊ စာမသင်လို့ရှိရင် မတည်မြဲဘူး၊ ဟိုလူပြော ဟုတ်နိုးနိုး ဒီလူပြော ဟုတ်နိုးနိုး၊ တရားဝင် အားထုတ်လို့ရှိရင် ကိုယ်တွေ့တာလေးတင် အဟုတ်ထင်မှာ၊ တစ်ယောက်နဲ့တစ်ယောက် အတွေ့ဆိုတာ တူတာမဟုတ်ဘူး၊ မတူသည့်အတွက်ကြောင့် သူတွေ့တာ သူပြောလိမ့်မယ်၊ ကိုယ်တွေ့တာ ကိုယ်ပြောလို့ရှိရင် -

ကိသုကောပမသုတ္တန်လိုပဲ၊ ပေါက်ပင်ကြီးကို မြင်တာက တစ်ချိန်စီ မြင်ထားတာဆိုတော့ - ပေါက်ပင်ကြီးက ဘာကြီးလဲဆိုရင် - ပေါက်ပင်ကြီးက မီးလောင်ပြင်ကြီးထဲက သစ်ပင်ကြီးလိုပါပဲ၊ အရွက်မရှိ ချောက်ကပ်ကပ်နဲ့ - ဒီလိုပြောတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်၊ ပေါက်ပင်ကြီးဟာ အရွက်တွေနဲ့ စိမ်းနေတာပါလို့ ပြောတဲ့ပုဂ္ဂိုလ်လည်း ရှိတယ်၊ အပွင့်ပွင့်တဲ့အချိန်မြင်ရင် ပေါက်ပင်ကြီးဟာ ရဲနေတာပဲလို့ ပြောတယ်၊ ကိုယ်မြင်တာ ကိုယ်ပြောကြတယ်။ သူတို့ပြောတာက ပေါက်ပင်တော့ ပေါက်ပင်ပါပဲ၊ သို့သော် အကုန်လုံး ပြည့်ပြည့်စုံစုံ ဟုတ်ရဲ့လား? မဟုတ်ပါဘူး။

စာမျက်နှာ-၁၈
ဘာနဲ့ဥပမာတူလဲဆိုတော့ မျက်မမြင်တွေ ဆင်ကို စမ်းပြီးတော့ ဆင်ကိုညွှန်းကြ၊ သရုပ်ဖော်ကြတာ၊ အဲဒီဇာတ်လမ်းလေးကလည်း မြတ်စွာဘုရားဟောတဲ့ တရားတော်ထဲမှာပါတယ်၊ မြတ်စွာဘုရားဟောတဲ့ “နာနာတိတ္ထိယ” ဆိုတဲ့ သုတ္တန်ထဲမှာ ပါတယ်။

ငယ်ငယ်တုန်းကဖတ်ဖူးတဲ့ ပုံပြင်လေးကတော့ ဆင်စမ်းတဲ့ မျက်မမြင်ပုဏ္ဏား ၆-ယောက်အကြောင်းတဲ့၊ ဖတ်ဖူးကြပါလိမ့်မယ်၊ ယခုစာပေထဲမှာတော့ မျက်မမြင်ပုဏ္ဏား ၆-ယောက် မဟုတ်ဘူး၊

အတိုချုပ်ပြောရရင် သာဝတ္ထိပြည်က ဘုရင်ကြီးတစ်ပါး အပျင်းဖြေတဲ့အနေနဲ့ သာဝတ္ထိပြည်ရှိ မျက်စိနှစ်ကွင်း အလင်းမရတဲ့သူတွေကို နန်းရင်ပြင်မှာ စုခိုင်းထားတယ်၊ မျက်မမြင်တွေ နန်းရင်ပြင်ရောက်လာကြတော့ မင်းမှုထမ်းတွေက အစု ၉-စု ခွဲထားတယ်၊ အစု ၉-စု ခွဲပြီးတော့ ဆင်ယဉ်ကြီးတစ်ကောင် ခေါ်ထားပြီး အဲဒီ ၉-စုမှာ တစ်စုနှင့်တစ်စု မတူအောင် ဆင်ကို ပြလိုက်တယ်။

“တစ်စုကိုတော့ ဘာကိုင်ပြလဲ ဆိုတော့ အစွယ်ကိုကိုင်ပြတယ်၊ ဆင်ဆိုတာ ဟောဒါကွလို့ အစွယ်ကိုကိုင်ပြတော့ ဆင်ဆိုတာ သံချောင်းကြီးလိုပါလားလို့ အစွယ်ကိုကိုင်ပြီး ပြောတယ်၊ နောက်တစ်စုကိုကျတော့ နားရွက်ကို

စာမျက်နှာ-၁၉
ဓမ္မမှတ်ကျောက် ကိုင်ပြတာ၊ ဆင်ဆိုတာ ဇကောကြီးလိုပါလား၊ အဲဒီလို မှတ်ထားတယ်၊ နောက်တစ်စုကျတော့ နှာမောင်းကြီးကို ကိုင်ပြတယ်၊ ထွန်သံကြီးလိုပါလား၊ ဒီလိုပြောကြတယ်။ ခြေထောက်ကိုင်ပြတဲ့ အစုကျတော့ ဆင်ဆိုတာ တိုင်လိုဟာကြီးပါလား၊ ဆင်ရဲ့ကိုယ်လုံးကို ကိုင်ပြတဲ့အခါကျတော့ ဆင်ဆိုတာ နံရံကြီးလိုပါလားလို့ အဲဒီလို ပြောကြတယ်။ အမြီးရိုးကိုပြတဲ့အခါ ဆင်ဆိုတာ သံချောင်းကြီးလိုပါလား၊ မြီးဖျားကို ပြတဲ့အခါကျတော့ ဆင်က တံမြက်စည်းကြီးနဲ့ တူတယ်၊ အမျိုးမျိုး ပြောကြတယ်။

အဲဒီလို တစ်မျိုးစီ မတူအောင် ပြုပြီးတဲ့အခါကျတော့ ဘုရင်ကြီးက ထွက်လာတယ်၊ ထွက်လာပြီး အုပ်စု ၉-စုကို မေးလိုက်တယ်၊ ကဲ မင်းတို့ ဆင်မြင်ကြပြီလား၊ ဆင်ကို မင်းတို့ မြင်တဲ့အတိုင်း ပြောကြစမ်း၊ ဆင်က ဘာနဲ့တူလဲဆိုတော့ - မှန်လှပါဘုရား ဆင်ဆိုတာ သံချောင်းကြီးလိုပါဘုရား၊ အဲဒီလို ပြောတဲ့အခါကျတော့ ကျန်တဲ့ကောင်တွေက ဘာသံချောင်းရမှာလည်းကွ- တချို့က တံမြက်စည်းလိုဟာကြီး၊ တချို့က တိုင်လိုဟာကြီးနဲ့ ထပြီး ငြင်းကြတာ၊ ငြင်းပြီးတော့ ထိုးကြကြိတ်ကြ၊ ရန်ဖြစ်ကြတယ်။ ဘုရင်ကြီးက သဘောကျပြီး ခွက်ထိုးခွက်လန် ရယ်သတဲ့။

စာမျက်နှာ-၂၀
ဘာပြောလိုတာတုန်းဆိုတော့ သူတို့ကို ဆင်ကိုတော့ ပြတာချည်းပဲ၊ သို့သော် ဆင်တစ်ကိုယ်လုံးပြတာ မဟုတ်ဘူး၊ အကယ်၍ တစ်ကိုယ်လုံးကို တစ်ပြိုင်နက်သာ ပြမယ်ဆိုရင် ဆက်စပ်ပြီးတော့ အစွယ်လည်း ပါတယ်၊ နားရွက်လည်း ပါတယ်၊ နှာမောင်းလည်း ပါတယ်၊ ခြေထောက်လည်း ပါတယ်၊ အမြီးလည်းပါတယ်၊ ကိုယ်လည်းပါတယ်။ အဲဒါတွေ အကုန်လုံးပေါင်းမှ ဆင်ဆိုရင် ငြင်းစရာလိုသေးလား။

ဒါကြောင့်မို့ ငြင်းနေတယ်ဆိုတဲ့လူတွေဟာ အကုန်မမြင်လို့ ငြင်းနေတာပါ၊ အကုန်မြင်ရင် မငြင်းပါဘူး၊ ဒီကြောင့် ငြင်းတယ်ဆိုတာ တစိတ်တဒေသသာ သိတဲ့လူက ငြင်းတာ၊ အကုန်သိတဲ့လူက မငြင်းဘူး၊ မင်းပြောတာလည်း ဟုတ်တယ်၊ အေး မင်းပြောတာလည်း ဟုတ်တယ်၊ ဒီလို လက်ခံရမယ်။

ဟုတ်တယ်၊ အစွယ်ကို ပြောတာဟာ သံချောင်းလိုပဲ၊ ခြေထောက်ကို ပြောတာဆိုရင် ဟုတ်တယ် တိုင်ကြီးလိုပဲ၊ လက်ခံရမှာပဲပေါ့၊ အကုန်လုံးကို မမြင်သည့်အတွက်ကြောင့် လူတွေဟာ ငြင်းနေကြတယ်၊ အဲဒီလို အငြင်းပွားနေကြတာဟာ ပြည့်ပြည့်ဝဝ မမြင်ကြလို့ အငြင်းပွားနေကြတာ။

စာမျက်နှာ-၂၁
ဒီလို အငြင်းပွားမှုမျိုး မဖြစ်အောင်၊ အပြည့်အဝ မသိတာ မဖြစ်ရအောင်၊ ကိုးရီးယားဘုန်းကြီးတွေကို ပြောရတယ်၊ ပိဋကတ်ကို ပြည့်ပြည့်ဝဝသင်လို့၊ ကိုယ့်သန္တာန်မှာ သိလာပြီဆိုလို့ရှိရင် စာပေဆိုတဲ့ ဓမ္မမှတ်ကျောက်ရှိလာပြီဆိုရင် ငြင်းစရာ ရှိဦးမလား၊ မရှိတော့ဘူး၊ ဒါကြောင့်မို့ ဓမ္မမှတ်ကျောက်ဆိုတာ စာပေထဲမှာပါတယ်လို့-အဲဒီအတိုင်း မှတ်သားပြီးတဲ့အခါ ငြင်းစရာ မရှိတော့ဘူး၊ ဒါကြောင့်မို့ ပရိယတ်ကို သင်ရမယ်လို့ တိုက်တွန်းထားခဲ့တယ်။

ဆိုလိုရင်းကတော့ အားလုံးဟာ အမှန်တရားသိဖို့အတွက် ရွှေအစစ်နဲ့ ရွှေအတုကို မှတ်ကျောက်တင်ပြီး ဆုံးဖြတ်ရမယ်၊ ဒါဟာ ဘုရားဟောတဲ့ တရားအစစ်ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ သိချင်ရင် ဓမ္မမှတ်ကျောက်နဲ့ တင်ရမယ်။

မြတ်စွာဘုရားက မဟာပဒေသသုတ္တန်မှာ ဟောထားတာ ရှိတယ်၊ မဟာပဒေသဆိုတဲ့ အဓိပ္ပါယ်က “မဟာ” ဆိုတာ ကြီးမြတ်တဲ့အရာကို “အပဒေသ” - ညွှန်းပြီးတော့ ပြောတာတဲ့၊ လူတွေလည်း ပြောတတ်ကြတယ်လေ၊ မင်း ဒီသတင်း ဘယ်ကရတာလဲ၊ ဘယ်သူပြောတာလဲလို့ မညွှန်းဘူးလား၊ ဘယ်စာထဲပါတာ၊ ဘယ်ဆရာတော်ဟောတာလို့ မညွှန်းကြဘူးလား၊ အဲဒီလိုညွှန်းလာတာရှိလို့ မြတ်စွာ

စာမျက်နှာ-၂၂
ဘုရားက မဟာပဒေသဆိုတာနဲ့ ပတ်သက်ပြီးတော့ မှတ်ကျောက်တစ်ခု ပေးထားတယ်၊ မှတ်မှတ်သားသားဖြစ်ပြီးတော့ အငြင်းပွားစရာရှိရင် အကုသိုလ်မဖြစ်အောင် နေတတ်ရမယ်၊ အမှန်တရားဆိုတာ ကိုယ်တိုင်သိရမှာ ဖြစ်တယ်၊ တစိတ်တဒေသ ကြည့်ရင်၊ တစိတ်တဒေသသိရင် ခုနက ဆင်စမ်းသလို အငြင်းပွားကြတော့မှာပဲ။

ဒါကြောင့်မို့ မဟာပဒေသ ၄-ပါးဆိုတာ အကျဉ်းအားဖြင့် မှတ်သားရမယ်၊ နံပါတ်(၁)က တစ်ယောက်ယောက်က ကိုယ့်ကိုလာပြောတယ်၊ “ဟောဒီတရားက ဘုရားကိုယ်တိုင်ဟောတာကို သူနာခဲ့ရပါတယ်”လို့ - ဘုရားပွင့်တုန်းက ဒါမျိုးဖြစ်နိုင်တယ်နော်၊ ဘုရားရှင်ကိုမှီတဲ့ပုဂ္ဂိုလ်က ပြောတာ၊ “ငါ ဘုရားဆီက ကိုယ်တိုင်နာခဲ့ရတဲ့တရားပါ”လို့ ပြောရင်တဲ့ လက်မခံလိုက်နဲ့ ပြန်ပြီးတော့လည်း မငြင်းလိုက်နဲ့တဲ့၊ လက်ခံခြင်း၊ ငြင်းပယ်ခြင်း မလုပ်ပါနဲ့တဲ့၊ ဒါမှတ်ထားရမှာနော်။

ဘာလုပ်ရမလဲဆိုရင် မြတ်စွာဘုရားဟောတဲ့ သုတ္တန်တွေ၊ ဘုရားရဲ့ အဆုံးအမတွေနဲ့ တိုက်ဆိုင်ကြည့်ပါတဲ့၊ ဒါတော့ နဲနဲစာတတ်ဖို့ လိုတာပေါ့။ စာမတတ်ရင် ဘုရားဟောတဲ့တရားနဲ့ သွားပြီးတိုက်ဆိုင်ပါ၊ စာတတ်တဲ့ပုဂ္ဂိုလ်နဲ့ ကြည့်ရမှာပေါ့၊ သုတ္တန္တ၊ ဝိနယ၊

စာမျက်နှာ-၂၃
တိုက်ဆိုင်လိုက်တဲ့အခါ အဲဒီပုဂ္ဂိုလ်ပြောတဲ့စကားဟာ ဘုရားဟောတဲ့ထဲမှာ ဘောင်မဝင်ဘူး၊ ထော်လော်ကန့်လန့်ဖြစ်တယ်၊ မှားယွင်းနေတယ်ဆိုရင် လက်မခံနဲ့တဲ့၊ စွန့်ပစ်လိုက်၊ အဲဒီကျမှ စွန့်ပစ်ရမှာ၊ ဒါဘယ်လောက်ကောင်းတဲ့ မှတ်ကျောက်လဲ၊ မြတ်စွာဘုရား ဟောထားတာ၊ အကယ်၍ သူပြောတဲ့စကားဟာ သုတ္တန်တွေနဲ့ ညီညွတ်ရင် လက်ခံလိုက်ပါ။ လက်ခံတာက ချက်ချင်းလက်ခံဖို့ မဟုတ်ဘူး၊ တိုက်ဆိုင်ပြီး ကြည့်ရမယ်၊ တိုက်ဆိုင်ပြီးကြည့်လို့ မှန်ကန်မှ လက်ခံ၊ မမှန်ဘူးဆိုရင် ပယ်လိုက်၊ ဒါပြောတာ၊ ဒါက ဘုရားဆိုတဲ့ အင်မတန်ကြီးမြတ်တဲ့ပုဂ္ဂိုလ်ကို ရည်ညွှန်းပြီးတော့ ပြောတဲ့ မဟာပဒေသတစ်ခု။

နံပတ်(၂)ကျတော့ “ဟောဒါ ဘုရားဟောပါ”လို့ ဆိုပြီးတော့ သံဃာတွေအားလုံးက လက်ခံထားတာ ဖြစ်ပါတယ်လို့ တစ်ယောက်က ပြောလာခဲ့ရင် နားထောင်တဲ့ပုဂ္ဂိုလ်က ဘာလုပ်ရမလဲဆိုရင် လက်လည်း မခံလိုက်နဲ့ဦး၊ ငြင်းလည်း မငြင်းလိုက်နဲ့ဦး၊ ဘာလုပ်ရမလဲ၊ ဘုရားဟောထားတဲ့ အခြားသုတ္တန်တွေ၊ ဝိနည်းတွေနဲ့ တိုက်ကြည့်လိုက်ပါ၊ တိုက်ကြည့်လို့ သံဃာတွေပြောတဲ့ စကားပဲဖြစ်လင့်ကစား ဘုရားဟောတဲ့ သုတ္တန္တ၊ ဝိနယတွေနဲ့ တိုက်ဆိုင်လို့မရဘူး၊ မှားယွင်းနေတယ်ဆိုရင် ဒါဟာ သူတို့ရဲ့အမှတ်

စာမျက်နှာ-၂၄
မှားမှုပဲ၊ အကယ်၍ တိုက်ဆိုင်လို့ ညီညွတ်တယ်ဆိုရင်တော့ လက်ခံလိုက်ပါ၊ ငြင်းစရာရှိသေးလား (မရှိတော့ပါဘူး)၊ အငြင်းပွားမှုမလုပ်ရဘူးလို့ မြတ်စွာဘုရားက ဒီနည်းလမ်းတွေ ပေးထားတာ။

နောက် နံပါတ်(၃)က သံဃာတော်ကိုတော့ မရည်ညွှန်းဘူး၊ ဘာကိုရည်ညွှန်းလဲဆိုရင် ဘယ်ကျောင်းတိုက်က စာတတ်ပေတတ် ဆရာတော်ကြီးတွေ၊ ပါမောက္ခဆရာတော်ကြီးတွေ၊ သံဃာ့ဦးဆောင်ဆရာတော်ကြီးတွေ၊ သံဃာ့အဖွဲ့အစည်းတွေက ဒါဘုရားဟောတရားလို့ ပြောလာတယ်ဆိုရင် လက်ခံရမလား၊ လက်မခံနဲ့ဦး၊ ငြင်းပယ်ရမလားဆိုရင်လည်း မငြင်းပယ်နဲ့ဦး၊ ဘုရားဟောတဲ့ ဝိနည်းတို့ သုတ္တန်တို့နဲ့ တိုက်ဆိုင်ကြည့်ပါဦး၊ တိုက်ဆိုင်ကြည့်လို့ မမှန်ဘူးဆိုရင် ဒါသူတို့ရဲ့အမှတ်မှားတာပဲလို့ စွန့်ပယ်လိုက်ပါ။ ညီညွတ်တယ်ဆိုမှ လက်ခံပါတဲ့။

နောက်ဆုံးတစ်ခု နံပါတ်(၄)က ဘာလဲဆိုလို့ရှိရင် ဘယ်ကျောင်းတိုက်က နံမည်ကျော် ဘယ်ဆရာတော်ကြီးကနေပြီးတော့ ဒါဘုရားဟောလို့ ဟောလိုက်တယ်၊ ဘယ်တရားပွဲမှာ ဟောလိုက်တယ် စသည်ဖြင့်ပေါ့၊ ဘုရားဟောဆိုပြီး ဟောသွားတယ်ဆိုလို့ရှိရင် ချက်ချင်းကြီး လက်မခံလိုက်နဲ့၊ ငြင်းလည်း မငြင်းလိုက်နဲ့တဲ့၊ ဟုတ်တယ်၊ မဟုတ်

စာမျက်နှာ-၂၅
ဘူး မလုပ်နဲ့ဦး၊ ဘုရားဟောထားတဲ့ ဓမ္မအစစ်တွေ၊ ဝိနည်းအစစ်တွေနဲ့သာ တိုက်ကြည့်လို့ မှားယွင်းနေပြီ၊ ကိုက်ညီမှုမရှိဘူးဆိုလို့ရှိရင် ဒါသူမှားယွင်းပြီးပြောတာပဲဆိုပြီးတော့ လက်မခံဘဲ ထားပါတဲ့၊ အကယ်၍ တရားတော်တွေနဲ့ ညီညွတ်တယ်ဆိုလို့ရှိရင် လက်ခံပါ။ ဒါကို မဟာပဒေသ ၄-ပါးလို့ ခေါ်တယ်။

ဒီစည်းကမ်းအတိုင်း သွားမယ်ဆိုလို့ရှိရင် ဘုန်းကြီးတို့ အငြင်းပွားစရာလိုသေးလား? မလိုဘူး၊ အမှန်တရားကို စွန့်ပယ်ပြီး အမှားကိုရော မှတ်မိစရာရှိသေးလား? မရှိတော့ဘူး၊ အဲဒါကို ဓမ္မမှတ်ကျောက်လို့ ပြောတာ၊ မြတ်စွာဘုရားကိုယ်တော်တိုင်က အဲဒီလိုလုပ်ဖို့မှာခဲ့တာ၊ ဘယ်အရာကိုမှ အရမ်းလက်မခံနဲ့၊ သံဃာကိုကြည့်ပြီးတော့လည်း လက်မခံနဲ့၊ မှန်တယ်၊ မှားတယ်ဆိုတာ ကိုယ့်ဖာသာကိုယ် လေ့လာပြီးတော့ ဆုံးဖြတ်ရမယ်တဲ့၊ ဒါက မှတ်ကျောက်တစ်ခုပဲ။

နောက်ထပ် ရှင်ဥပါလိမထေရ်ကို ဟောကြားပေးခဲ့တဲ့ ဓမ္မမှတ်ကျောက်တစ်ခုကတော့ ကိုယ့်ကိုယ်နဲ့ တိုက်ကြည့်ပြီးတော့ တိုင်းတာရမယ်၊ အဲဒါ ပိုအရေးကြီးတယ် မှတ်ရမယ်၊ ခုဟာက စာပေကျမ်းဂန်တွေ တတ်သိဖို့ လိုသေးတယ်။ အခုပြောမှာက စာပေကျမ်းဂန်တတ်သိဖို့

စာမျက်နှာ-၂၆
မလိုဘဲနဲ့ ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ တိုင်းတာကြည့်ရမယ်။

မြတ်စွာဘုရားက ရှင်ဥပါလိကို ဟောခဲ့တယ်၊ “ဒါက မြတ်စွာဘုရားရဲ့ အဆုံးအမ၊ ဒါက ဘုရားဟောခဲ့တဲ့ ဓမ္မ၊ ဒါက ဘုရားဆုံးမခဲ့တဲ့ ဝိနယ၊ ဓမ္မရယ်၊ ဝိနယရယ်၊ မြတ်စွာဘုရားရဲ့ အဆုံးအမရယ်” လို့ ဘာနဲ့စံထားကြမလဲ၊ ဘုရားတရားအစစ်ပါလို့ ဆိုမှတော့ ဒီကျင့်စဉ်က မှန်ပါတယ်လို့ ဘာနဲ့စံထားရမလဲ။

ခုခေတ်မှာလည်း အငြင်းပွားတာတွေ ရှိတယ်နော်၊ မြန်မာပြည်တင်မကဘူး၊ တခြားမှာလည်း အငြင်းပွားတာ ရှိတယ်၊ တရားကျင့်တဲ့သူတွေ အသိုင်းအဝန်းမှာလည်း တရားကျင့်တဲ့သူတွေ အချင်းချင်း ငြင်းနေကြတာပဲ၊ မငြင်းသင့်ဘူး၊ အမှန်တရားဆိုတာ ကိုယ်တိုင်ရှာရမယ်၊ ငြင်းရင် ဘာဖြစ်မလဲ၊ အကုသိုလ်ဖြစ်မယ်၊ အကုသိုလ်ဖြစ်ရင် ကောင်းသလား? မကောင်းပါဘူး၊ အဲဒီတော့ အငြင်းပွားမှုမရှိအောင် ဒီဓမ္မမှတ်ကျောက်လေးကို ကိုယ်စီကိုင်ထားဖို့ လိုတယ်၊ ဒါက ဓမ္မစစ်ပါ။ ဒီလိုလုပ်ရပါတယ်ဆိုလို့ရှိရင် ဘာနဲ့ စစ်ဆေးကြည့်ရမလဲဆိုရင် ဟောဒီအချက် ၇-ချက်နဲ့ စစ်ဆေးကြည့်ရမယ်။

စာမျက်နှာ-၂၇
မြတ်စွာဘုရား တရားတော်ဆိုတာ ကျင့်ကြံကြိုးကုတ် အားထုတ်တဲ့ပုဂ္ဂိုလ်ဟာ သံသရာဝဋ်တွင်း၌ ငြီးငွေ့ပြီး သင်္ခါရတရားတွေပေါ်မှာ သာယာမှုနည်းပါးလာတယ်၊ တရားဓမ္မကျင့်လျက်သားနဲ့ သံသရာကလည်း မငြီးငွေ့ဘူး၊ သင်္ခါရတရားတွေပေါ်မှာ သာယာမှုကလည်း တိုးပွားနေသေးတယ်။ ဒီအခြေအနေနှစ်ခု မဖြစ်နိုင်ဘူးလား- တရားအားထုတ်တဲ့အခါ သံသရာထဲမှာပိုပျော်လာတာနဲ့ သံသရာထဲမှာ ငြီးငွေ့လာတာ။

အဲဒီလို ဖြစ်လာလို့ရှိရင် စံပေးထားတယ်၊ ဘုရားဟောတဲ့တရားဟာ လက်တွေ့ကျင့်သုံးလိုက်မယ်ဆိုလို့ရှိရင် “ဧကန္တနိဗ္ဗဒါယ” - သင်္ခါရတရားတွေအပေါ်မှာ သာယာစရာဆိုတာ မတွေ့တော့ဘဲနဲ့ သံသရာဝဋ်ဆင်းရဲကြီးကို ငြီးငွေ့လာရမယ်၊ ငြီးငွေ့မှုကို မဖြစ်စေဘူးဆိုရင် ကိုယ်ကျင့်နေတဲ့တရားဟာ တရားစစ်မဟုတ်သေးဘူးလို့ ဒီလိုပြောတာ၊ ငြီးငွေ့မှုကို ဦးတည်သွားရမယ်၊ ဒါ နံပါတ်(၁) အချက်နော်။ နောက်တစ်ခုက ဘာလဲဆိုရင် “ဝိရာဂ” - မြတ်စွာဘုရားဟောထားတဲ့ တရားတော်ဟာ ကာမဂုဏ်အာရုံဆိုတဲ့ တပ်မက်မှုတွေ ကင်းသွားရမယ်၊ သံသရာမှာ တွယ်တာမှုတွေ လျော့နည်းသွားရမယ်၊ နောက်ဆုံး ကင်းသွားနိုင်။

စာမျက်နှာ-၂၈
တဲ့အနေအထား ရှိရမယ်၊ ကျင့်လေလေ တပ်မက်မှု တွယ်တာမှုတွေ လျော့လာလေလေ၊ အကယ်၍ တွယ်တာမှုတွေ လျော့မလာဘဲနဲ့ တိုးလာပြီဆိုရင် တရားစစ် မဟုတ်ဘူး၊ တွယ်တာမှုတွေ လျော့သွားမှ တရားစစ်ဖြစ်တာ၊ ဒါ နံပါတ်(၂)။

နံပါတ်(၃)က “နိရောဓ - ကိလေသာတွေ ချုပ်ငြိမ်းသွားရမယ်၊ ကိလေသာဆိုတဲ့ လောဘတွေ ချုပ်ငြိမ်းသွားရမယ်၊ ဒေါသတွေ ချုပ်ငြိမ်းသွားရမယ်၊ မာန်မာနတွေ ချုပ်ငြိမ်းသွားရမယ်၊ မငြိမ်းဘဲနဲ့ တိုးလာတယ်ဆိုရင် မဟုတ်သေးဘူး၊ တိုးလာပြီဆိုရင် ဒီတရားဟာ တရားစစ် တရားမှန် မဟုတ်ဘူးတဲ့။ တချို့ကျတော့ တရားအားထုတ်လိုက်တဲ့အခါကျတော့ - ကြားဖူးတာလေး ပြောတာပါ၊ တရားအားထုတ်ပြီး ရိပ်သာကပြန်လာတဲ့အခါကျတော့ အိမ်နားချင်းတွေနဲ့ မခေါ်နိုင်၊ မပြောနိုင် ဖြစ်တယ်၊ ငါက တရားထူး၊ တရားမြတ်တွေ ရလာတာ၊ နင်တို့က သံသရာထဲ လည်ဦးမှာ၊ ငါကတော့ လည်စရာမရှိတော့ဘူး၊ လူချင်းမပြောနဲ့ ဘုန်းကြီးတွေတောင် ဒီကိုယ်တော်တွေက တရားထူး တရားမြတ် မရသေးဘူး၊ တို့ထက် နိမ့်တယ်လို့ ထင်သွားတယ်၊ ဟုတ်တယ်မို့လား၊ အေး ဒါတွေ ဝင်လာရင် ဒါတရားစစ် မဟုတ်ဘူး၊ ကိုယ့်သန္တာန်မှာ မာန်မာနတွေ

စာမျက်နှာ-၂၉
တက်လာတာဟာ တရားစစ် မဟုတ်ဘူး၊ ဒါတွေ မဖြစ်အောင် ဖယ်ရှားပစ်မှ တရားစစ်ဖြစ်မှာ။

ဟော ၃-ချက်ရှိပြီ၊ နံပါတ်(၁)က ဧကန္တနိဗ္ဗဒါယ - တကယ့်ကို သာယာမှုတွေ ငြီးငွေ့သွားတာ၊ လျော့ကျသွားတာ၊ နံပါတ်(၂)က ဝိရာဂ - တွယ်တာမှုတွေ ပြတ်တောက်သွားတာ၊ နံပါတ်(၃)က နိရောဓ - ကိလေသာတွေ ချုပ်ငြိမ်းသွားတာ။

နံပါတ်(၄)က တရားတစ်ခုဟာ ကျင့်ကြံလိုက်တာနဲ့ ငြိမ်းအေးသွားတယ်၊ တရားကိုအကြောင်းပြုပြီးတော့ စိတ်ထဲမှာ ပူပန်တာတွေ၊ သောကတွေ နည်းသွားတယ်၊ ဘယ်လိုပြဿနာမျိုးနဲ့ တွေ့တွေ့ စိတ်ထဲမှာ မပူပင်တော့ဘူး၊ ငြိမ်းနေတယ်၊ တရားနှလုံးသွင်းပြီး နေနိုင်တယ်။

ဆိုပါစို့ - ပဋာစာရီတို့ သောကဖြစ်ပြီး ရူးသွားတယ်၊ တရားတွေနဲ့တွေ့တဲ့အခါ ဒါတွေ ငြိမ်းပြီး အေးမသွားဘူးလား? စိတ်တွေ ငြိမ်းအေးသွားတယ်၊ အခါတိုင်းလို ပူပန်တာတွေ မရှိတော့ဘူး၊ အော် ငါ့ရဲ့ အိမ်သား လမ်းမှာဆုံးသွားတယ်၊ ငါ့ကလေးနှစ်ယောက်လည်း လမ်းမှာသေသွားတယ်၊ အမေတွေ အဖေတွေ မောင်တွေလည်း မရှိတော့ဘူး၊ အားလုံးသေကုန်ပြီး စိုးရိမ်သောကတွေဖြစ်ပြီး အရူးမဘဝ ရောက်သွားတယ်၊ အဲဒီအရူးမဘဝ ရောက်သွားတဲ့

စာမျက်နှာ-၃၀
သောကသည်မ ပဋာစာရီဟာ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မကို ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်တဲ့အခါ “ဥပသမ - ရင်ထဲမှာ အပူတွေပျောက်ပြီး ငြိမ်းသွားပါတယ်”၊ တရားအားထုတ်ပြီး အဲဒီလိုငြိမ်းအေးမှုတွေ ရရဲ့လားတဲ့၊ အတိုင်းအတာလေးတွေ ရှိရမယ်။

ဆိုပါစို့ - “ကိုယ်ဟာကိုယ် တိုင်းတာကြည့်ပေါ့။ အရင်တုန်းက သိပ်ပူပန်တတ်တယ်၊ အခုတော့ မပူတော့ဘူးဆိုတာ ဖြစ်လာရတယ်၊ ဓမ္မလမ်းကြောင်းကိုတွေ့ပြီး မပူတာမျိုး ဖြစ်ရမယ်၊ တရားအသိကို သိလာပြီးတော့ ပူပန်သောကတွေ လျော့ပြီး နောက်ဆုံးမှာ ပူပန်သောကတွေ လုံးဝမရှိတော့ဘူး၊ အေး ဒီအငြိမ်းဓာတ်လေး ရလာပြီဆိုမှ ဘုရားရဲ့တရားအစစ်လို့ မှတ်ပါ။”

နောက်တစ်ခု နံပါတ်(၅)က “အဘိညာ”တဲ့၊ သိမြင်မှုတွေက ထူးခြားလာတယ်၊ အရင်က သိတာတွေနဲ့ မတူဘူး၊ ရှင်းရှင်းလင်းလင်း သိလာတယ်၊ ဒုက္ခသစ္စာကိုလည်း ကောင်းကောင်းကြီး သိလာတယ်၊ နိဗ္ဗာန်ရဲ့ သဘောသဘာဝကိုလည်း ကောင်းကောင်းကြီး သိလာတယ်၊ အဘိညာဉ်ဆိုတာ ထူးခြားတဲ့အသိဉာဏ်ကို ရတယ်၊ နံပါတ်(၆)က သမ္ဗောဓ - သစ္စာ ၄-ပါးကို မှန်မှန်ကန်ကန် သိလာတယ်။

စာမျက်နှာ-၃၁
အဲဒီလို ထူးခြားတဲ့ဓမ္မအသိတွေ ဖြစ်လာပြီဆိုလို့ရှိရင် ကြည့် - တရားနာတဲ့အချိန်နဲ့ တရားမနာရသေးတဲ့အချိန် - ပြောရမယ်ဆိုရင် ဆေးစားပြီးတဲ့ပုံနဲ့ ဆေးမစားမီပုံ မတူဘူးဆိုတာ ရှိတယ်မဟုတ်လား၊ အဲဒါမျိုးတွေလိုပဲ တရားအသိမရှိခင်တုန်းက တစ်မျိုး၊ တရားအသိ ရှိပြီးတဲ့အချိန်က တစ်မျိုးဆိုပြီး မပြောင်းသင့်ဘူးလား? တရားမသိခင်တုန်းက ပုံစံမျိုးပဲ၊ ရိပ်သာတွေသွား တရားစခန်းတွေ အကြိမ်ကြိမ်ဝင် ပုံမပျက်ဘူး၊ ဒီပုံစံပဲ ရှိသေးတယ်၊ အရပ်ထဲနေလို့ရှိရင် ပုံစံပြောင်းမသွားသေးဘူး၊ အချိုးအစားက ဒီအတိုင်းပဲဆိုရင် တရားမရသေးဘူးလို့ မှတ်ရမှာပဲ၊ အချိုးအစားတွေ ပြောင်းသွားပြီ၊ သိမ်မွေ့လာတယ်။ ဒီလိုဖြစ်လာတယ်၊ တရားရှင် ဖြစ်လာရင် သိမ်မွေ့လာတယ်၊ နူးညံ့လာတယ်၊ အပြောအဆိုတွေကလည်း အင်မတန်ယဉ်ကျေးလာတယ်၊ ဒီလို တိုးတက်မှုတွေ ရှိလာတယ်။

နောက်ဆုံး နံပါတ်(၇)ကတော့ “နိဗ္ဗာနာယ” - နိဗ္ဗာန်ကို လက်ရှိတွေ့သွားတဲ့ အနေအထားမျိုး ရှိရမယ်၊ ဒါ အဆင့်အလွန်မြင့်သွားပြီးပေါ့။

အားလုံးပေါင်းလိုက်တဲ့အခါ မြတ်စွာဘုရားတရားတော်ဟာ ဘယ်ကိုဆောင်ကြဉ်းသွားလဲဆိုတော့ အခြေအနေ ၇-ခု ရောက်သွားအောင် ဆောင်ကြဉ်းသွားတယ်။

စာမျက်နှာ-၃၂
ဘုရားတရားတော် ဆောင်ကြဉ်းသွားတာက သံသရာဝဋ်ဒုက္ခ သင်္ခါရတရားတွေကို ငြီးငွေ့လာတဲ့သဘော ရှိရမယ်၊ ဒီတရားကျင့်လိုက်တဲ့အခါ ခါတိုင်းလို ကာမဂုဏ်အာရုံတွေနဲ့ မပျော်တော့ဘူး၊ ဆိုပါစို့ - အရင်က တီဗွီနားက မခွာဘူး၊ ယခု ဒါတွေဟာ အပိုပဲလို့ ကြည့်ချင်စိတ်မရှိတော့ဘူး၊ လူတွေဆိုတာ စိတ်ဓာတ်ကအမျိုးမျိုးလေ - ပွဲကြိုက်တဲ့လူက ပွဲပဲ ကြိုက်တာပဲ၊ သူတို့က ထင်ကောင်းထင်လိမ့်မယ်၊ ရိပ်သာတွေသွားပြီး တရားစခန်းမှာ တရားထိုင်နေတာကို ပွဲကြိုက်တဲ့သူအနေနဲ့ မြင်ရင် ဘယ်လိုနေမလဲ၊ “အမလေး ပျင်းစရာကြီး သွားပြီးငုတ်တုတ်ကြီး ထိုင်နေတယ်လို့ မထင်ပေဘူးလား?” အဲဒီလို ထင်မှာပဲ၊ ပွဲကြိုက်တဲ့သူကတော့ “ဒို့တော့ ပျော်လိုက်တာ၊ ရယ်လို့မောလို့ စားလို့သောက်လို့” သူကလည်း ဒါကြိုက်တာပဲလေ။ တရားအားထုတ်သူရဲ့ ကြည်နူးမှု ပီတိ, အသိဉာဏ်တို့ကို သူသဘောမပေါက်ဘူးလေ၊ အဲဒီတော့ သဘာဝချင်း တူရဲ့လား၊ မတူဘူး။

တရားတော်ကိုသိရင် အခြေအနေက ပြောင်းလဲသွားတယ်၊ အရင်တုန်းက ပွဲကြိုက်တယ်၊ အခု ပွဲမကြိုက်တော့ဘူး၊ ဒါပြောင်းလဲမှုတစ်ခု မဖြစ်ပေဘူးလား၊ အရင်တုန်းက အရပ်ထဲမှာ ကျယ်ကျယ်လောင်လောင် ပြောတယ်။

စာမျက်နှာ-၃၃
ကြမ်းကြမ်းတမ်းတမ်းပြောတယ်၊ အခု အဲဒီလို မပြောတော့ဘူး၊ ပြောင်းလဲမှု မဖြစ်ဘူးလား၊ ဖြစ်လာတယ်၊ အရင်တုန်းက သံယောဇဉ်တွေ သိပ်ကြီးတယ်၊ အခုတော့ သိပ်မထားတော့ဘူး၊ မဖြစ်ပေဘူးလား၊ အဲဒီလို ကွဲပြားခြားနားမှုတွေ ရှိလာလို့ရှိရင် ဗုဒ္ဓမြတ်စွာက တကယ့်တရားအစစ်လို့ ဒီလိုဟောထားတာ။

* ဧကန္တနိဗ္ဗဒါယ - သံသရာဝဋ်ဆင်းရဲကြီးက လွတ်ကင်းလိုတဲ့ စိတ်ဆန္ဒတွေ၊ သံသရာဝဋ်ဆင်းရဲကို ပျော်ရွှင်စရာလို့ မမြင်တော့ဘူး၊ ပျော်ရွှင်စရာလို့ မမြင်တော့ဘဲ စိတ်ပျက်စရာ စိတ်ဓာတ်ကျတယ်ဆိုရင်တော့ အဲဒီ ၂-ခုက depression ဖြစ်တာ၊ တရားက depression ဖြစ်စေတာ မဟုတ်ဘူး၊ စိတ်ဓာတ်တွေ depression ဝင်သွားရင် မဟုတ်သေးဘူး၊ ဝိရာဂ - မြတ်စွာဘုရားတရားတော်က အမှန်မြင်ပြီးတဲ့အခါ လူက ဒီသဘာဝတရားတွေပေါ်မှာ တွယ်တာမှုကင်းပြတ်သွားတာ ဖြစ်တယ်၊ စိတ်ဓာတ်ကျတာမျိုး မဖြစ်ဘူး၊ နေရထိုင်ရတာ ငြိမ်းချမ်းသွားတာမျိုး ဖြစ်တယ်၊ တွယ်တာမှုတွေ မက်မောမှုတွေ အခု မရှိတော့ဘူး။

နိရောဓ - ကျန်တဲ့စိတ်ဓာတ်ဆိုင်ရာ အညစ်အကြေးတွေ ရှိတယ်၊ အခုတော့ မရှိတော့ဘူး၊ ဥပသမ - ငြိမ်းချမ်းလာတယ်၊ အဘိညာ - အသိဉာဏ်တွေလည်း ထူးခြားလာ

စာမျက်နှာ-၃၄
တယ်၊ သမ္ဗောဓ - အမှန်တရားနဲ့ ပတ်သက်ပြီး သစ္စာ ၄-ပါးနဲ့ပတ်သက်ပြီး ကောင်းကောင်းကြီး သဘောပေါက်လာတယ်၊ နိဗ္ဗာန - တကယ့်သူတော်စင်တွေ ရောက်သွားတဲ့ နိဗ္ဗာန်ကို စိတ်ဝင်စားတယ်၊ ဒီလို တိုးတက်မှု အခြေအနေတွေကို ရရှိစေမှ၊ အဲဒါတွေကို ဆောင်ကြဉ်းသွားတဲ့တရားမှ တကယ့်စစ်မှန်တဲ့တရားပါလို့ မြတ်စွာဘုရားက ရှင်ဥပါလိကို ဟောတဲ့ “သတ္ထုသာသနသုတ္တန်”ဆိုတာ ရှိတယ်။

ဘုန်းကြီးတို့ အခုဟောတာက အင်္ဂုတ္တရနိကာယ်မှာ ပါတဲ့ မဟာပဒေသသုတ်နဲ့ အဲဒီအင်္ဂုတ္တရနိကာယ်ထဲမှာပဲ ပါတဲ့ သတ္ထုသာသနသုတ္တန်ကို မြန်မာလိုရှင်းပြီး ပြောတာဖြစ်တယ်၊ ဘုန်းကြီးတို့ပြောတာ မဟုတ်ဘူး။ အကျဉ်းချုပ်နားလည်ရမှာကတော့ 'ဓမ္မမှတ်ကျောက်'ဆိုတာ စာပေနဲ့တင်ပြီး ကြည့်တာလည်း ဓမ္မမှတ်ကျောက်ပဲ၊ ကိုယ့်ရဲ့ခံစားချက် ကိုယ့်ရဲ့အဆင့်နဲ့ ကြည့်တာလည်း ဓမ္မမှတ်ကျောက်ပဲ၊ ယောဂီပုဂ္ဂိုလ်တစ်ယောက်ဟာ ကိုယ်သိလာတဲ့အသိ ကိုယ့်ဖာသာ မသိပေဘူးလား၊ ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘ, ကိုယ့်သန္တာန်မှာဖြစ်တဲ့ ဒေါသ, ကိုယ့်သန္တာန်မှာဖြစ်တဲ့ မာန်မာနတွေ၊ ဣဿာ မစ္ဆရိယတွေကို မသိနိုင်ဘူးလား? ကိုယ့်သန္တာန်မှာ ဒီသဘာဝတရားတွေ ရှိနေသေးတယ်ဆိုရင် နည်းလာသလား, ပိုဆိုးလာသလား

စာမျက်နှာ-၃၅
ကိုယ့်ကိုယ်ကို မသိနိုင်ဘူးလား? ကျင့်လို့ရှိရင် တဖြည်းဖြည်း နည်းလာတယ်၊ လျော့လာတယ်၊ ၁ဝ-ကြိမ်ဖြစ်တာဟာ ၇-ကြိမ်၊ ၅-ကြိမ်၊ ၃-ကြိမ်လောက်ပဲ ဖြစ်တော့တယ်၊ ဒါမျိုးပြောတာ၊ လုံးဝမဖြစ်ဘူးဆိုရင် ဒါ လုံးဝငြိမ်းသွားတယ်။

* တရားနဲ့ပတ်သက်လာရင် အနုရုဒ္ဓသုတ်ကို သတိထားသင့်တာပေါ့၊ ရှင်အနုရုဒ္ဓါမထေရ်မြတ်ဟာ သာသနာ့ဘောင်ဝင်လာပြီးတော့ ပထမ ၃-လ ဝါတွင်းကာလမှာ သမထကျင့်စဉ်တစ်ခုကို ကျင့်လိုက်တာ ဈာန်အဘိညာဉ်တွေ ရသွားတယ်၊ ဘာထူးထူးကဲကဲ အောင်မြင်လဲဆိုရင် ဒိဗ္ဗစက္ခုအဘိညာဉ်မှာ ထူးထူးကဲကဲ အောင်မြင်တယ်။

ဒိဗ္ဗစက္ခုအဘိညာဉ်ဆိုတာ ဒီစကြဝဠာတစ်ခု မပြောနဲ့ စကြဝဠာတစ်ထောင်ကို တစ်ထိုင်တည်းနဲ့ အာရုံပြုကြည့်လိုက်လို့ရှိရင် အကုန်မြင်နေရတယ်၊ အကုန်မြင်တယ်ဆိုတာ ဘာလဲ၊ သေသွားတဲ့လူ မြင်ရတယ်၊ သေပြီး ဘယ်ရောက်သွားတယ်ဆိုတာ မြင်ရတယ်၊ သေခါနီးဆဲဆဲပုဂ္ဂိုလ်တွေ ဘာဖြစ်နေတယ်ဆိုတာ အကုန်မြင်ရတယ်၊ သေသွားပြီး အခြားမဲ့ဘဝမှာ ဘယ်ရောက်နေတယ်ဆိုတာ မြင်ရတယ်၊ အဲဒါအားလုံး television ထဲကပုံကို ထိုင်ကြည့်နေရသလို မြင်ရတယ်၊ မြင်နေရလို့ စကြဝဠာတစ်ထောင်မှာ ရှိတာတွေကို အကုန်လုံး မြင်နိုင်စွမ်းရှိတယ်၊ ဒိဗ္ဗစက္ခုလို့

စာမျက်နှာ-၃၆
ခေါ်တယ်၊ ကိုယ့်အနီးနားမှာပဲရှိရှိ အဝေးမှာပဲရှိရှိ သေးတာပဲဖြစ်ဖြစ် ကြီးတာပဲဖြစ်ဖြစ် ကြည့်ချင်လို့ရှိရင် ကြည့်ချင်တဲ့ဘက်ကို ဦးလှည့်လိုက်တာနဲ့ အကုန်မြင်ရတယ်၊ ဒါ ရှင်အနုရုဒ္ဓါ ရခဲ့တဲ့စွမ်းရည်ပဲ။

အဲဒီလို သမထကျင့်စဉ်အောင်လို့ အဘိညာဉ်ရတဲ့ပုဂ္ဂိုလ်ဟာ မသိမသာ အကုသိုလ်တရားတွေ ဖြစ်လာတယ်၊ ရှေ့ဆက်ပြီး တရားကျင့်ပေမယ့် ရဟန္တာမဖြစ်ဘူး၊ မဖြစ်တဲ့အခါ ရှင်သာရိပုတ္တရာဆီ သွားမေးတယ်၊ “အရှင်ဘုရား တပည့်တော်မှာ စကြဝဠာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်၊ တပည့်တော်မှာ သတိတွေလည်း ကောင်းတယ်, ဝီရိယတွေလည်း ကောင်းတယ်၊ သမာဓိစွမ်းအားတွေလည်းကောင်းတယ်၊ ဒါပေမယ့် ရဟန္တာမဖြစ်ဘူးဘုရား၊ ကိလေသာကင်းကွာတဲ့သူ မဖြစ်ဘူးဘုရား” - စကားက ၃-ခွန်းနော်။

အဲဒီလိုပြောတော့ ရှင်သာရိပုတ္တရာမထေရ်မြတ်က ဘာပြောလဲဆိုတော့ “ငါ့ရှင်အနုရုဒ္ဓါ - စကြဝဠာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်လို့ ထင်နေတာကိုက မာနပဲ”၊ ကြည့် - မာနဆိုတာ အကုသိုလ်၊ ယောဂီပုဂ္ဂိုလ်တွေ “တရားထိုင်တာ တစ်နေ့ကို ဘယ်နှစ်ကြိမ် ထိုင်နိုင်တယ်၊ ငါ့သမာဓိ ဘယ်လောက်ကောင်းတယ်၊ မထဘဲနဲ့ ဘယ်လောက်ထိုင်နိုင်တယ်၊ ၅-နာရီ ထိုင်နိုင်တယ်၊ ၆

စာမျက်နှာ-၃၇
နာရီ ထိုင်နိုင်တယ်၊ အဲဒီလို သွားမတွေးနဲ့၊ အဲဒါ မာနပဲ။ ရှေ့ကို တရားထူးတရားမြတ် မတက်နိုင်ဘူး။

သူပြောတာ မဟုတ်ဘူးလားဆို ဟုတ်တယ်၊ စကြဝဠာတစ်ထောင်ကို တစ်ထိုင်တည်းနဲ့ ကြည့်နိုင်တယ်၊ ဟုတ်ပေမယ့် အဲဒီမာနလေး ခံနေသည့်အတွက်ကြောင့် ရဟန္တာ မဖြစ်ဘူး။

နောက်တစ်ခါ ရှင်သာရိပုတ္တရာက ထောက်ပြတယ်၊ “ငါ့မှာ သမာဓိတွေကောင်းတယ်, သတိလည်းကောင်းတယ်, ဝီရိယတွေလည်း ကြိုးစားအားထုတ်တယ်၊ အဲဒီလိုတွေးတာက ဥဒ္ဓစ္စ စိတ်တွေလေလွင့်နေတာ၊ ဒီလိုတွေးတာကိုက သမာဓိပျက်ပြားတာပဲ၊ အဲဒီအတွေးတွေ မဖျောက်လို့ရှိရင် ရဟန္တာမဖြစ်ဘူး။”

နောက်ဆုံးအဆင့် “ငါ ကိလေသာကုန်တဲ့ ရဟန္တာ ဘာဖြစ်လို့ မဖြစ်ရသလဲ” လို့ပြောတာ ကုက္ကုစ္စပဲ၊ အများသိနေတဲ့ ကုက္ကုစ္စက မလုပ်သင့်တဲ့အလုပ်ကို လုပ်မိပြီး ပူပန်တာ ကုက္ကုစ္စ၊ လုပ်သင့်တာ မလုပ်မိလို့ ပူပန်တာလည်း ကုက္ကုစ္စ၊ ယခုကုက္ကုစ္စဆိုတာ တခြားမဟုတ်ဘူး၊ “ကိလေသာကုန်တဲ့ ရဟန္တာ ဘာလို့ မဖြစ်တာလဲ”လို့တွေးတာ၊ ဒါလည်း ကုက္ကုစ္စပဲ။

စာမျက်နှာ-၃၈
မာနဆိုတာလည်း အကုသိုလ်တရား၊ ဥဒ္ဓစ္စလည်း အကုသိုလ်တရား၊ ကုက္ကုစ္စလည်း အကုသိုလ်တရား၊ အင်မတန်မှ သိမ်မွေ့တယ်၊ ဒီဥဒ္ဓစ္စတို့၊ ကုက္ကုစ္စတို့၊ မာနတို့ဆိုတဲ့ အကုသိုလ်တွေ ခံနေတဲ့အတွက်ကြောင့် ရှင်အနုရုဒ္ဓါ ရဟန္တာအဖြစ်ကို မရောက်ဘူးတဲ့။

ရှင်သာရိပုတ္တရာက အကြံပေးတယ် “ကိုယ်တော် ဒါတွေတွေးမနေနဲ့၊ နိဗ္ဗာန်တစ်ခုထဲကို ဦးတည်ပြီး ကျင့်ပါ” လို့ အကြံပေးလိုက်တဲ့အခါကျမှ ရှင်အနုရုဒ္ဓါ ရဟန္တာဖြစ်သွားတယ်၊ တရားဆိုတာ အလွန်သိမ်မွေ့တယ်။

ဥပမာလေးတစ်ခုနဲ့ ကြည့် - ကိုယ့်လက်ဖဝါးထဲမှာ မြူမှုန်ကလေးတစ်ခုရှိလို့ အဲဒီမြူမှုန်ကလေးကို လက်ဖဝါးထဲမှာ ပွတ်ကြည့် - ဘာမှမဖြစ်ဘူး၊ သို့သော် အဲဒီမြူမှုန်လေးကို မျက်လုံးထဲထည့်လိုက်ရင် ဘယ်လိုနေမလဲ၊ မျက်ရည်တွေ မထွက်ပေဘူးလား? လက်ဖဝါးထဲမှာရှိတုန်းက ဘာမှမဖြစ်ပေမယ့် မျက်လုံးထဲရောက်တော့ ဒုက္ခမရောက်ပေဘူးလား။

ထို့အတူပဲ ခုနကပြောတဲ့ မာနလေးဟာ မြူမှုန်လေးလောက်ပဲရှိတာ၊ သူရလို့ရတယ် ပြောတာပဲ၊ ထို့အတူပဲ သတိ, ဝီရိယ, သမာဓိတွေ ကောင်းတယ်လို့တွေးတာလည်း သူဟုတ်လို့တွေးတာပဲ။ အဲဒါကလည်း မြူမှုန်လေး

စာမျက်နှာ-၃၉
လိုပါပဲ၊ သိပ်ကြီးတာ မဟုတ်ပါဘူး၊ ဘာဖြစ်လို့ ရဟန္တာ မဖြစ်ပါလိမ့်လို့တွေးတဲ့အတွေးဟာလည်း မြူမှုန်လေးလိုပါပဲ၊ သို့သော် အဲဒီမြူမှုန်လေးဟာ မျက်လုံးထဲရောက်ရင် ခိုးလိုးခုလုဖြစ်သလို အရဟတ္တမဂ်ဖိုလ်ဆိုတဲ့ အင်မတန် သိမ်မွေ့တဲ့တရား ရဖို့ကျတော့ အကြီးအကျယ် အဟန့်အတား မဖြစ်ပေဘူးလား? ဒါလည်း သတိထားရမယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က 'ဓမ္မမှတ်ကျောက်' လို့ မဟာပဒေသသုတ်နဲ့ သတ္ထုသာသနသုတ်တွေကို ဟောခဲ့ပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်တွေ မိမိတို့ လက်တွေ့ကျင့်သုံးရမယ့် တရားဓမ္မ, သိထားရမယ့် တရားဓမ္မတွေ နာရလို့ ကိုယ့်ရဲ့ အမူအကျင့်တွေ စိတ်နေသဘောထားတွေ ပြောင်းလဲလာပြီး သူတော်စင်သူတော်မြတ်အဖြစ် ရောက်လာပြီဆိုရင် ဗုဒ္ဓမြတ်စွာရဲ့တရား မှန်ကန်တယ်လို့ ဒီလိုမှတ်ကြရမှာပါ၊ တရားကိုအကြောင်းပြုပြီး မာနတွေ တက်လာမယ်, မလိုမုန်းထားတဲ့ ဣဿာတွေ များလာမယ်၊ သူတစ်ပါးသိတာကို မနာလိုတာက ဣဿာ, ကိုယ်သိတာကို သူများမသိစေချင်တာက မစ္ဆရိယ၊ အဲဒါတွေ တိုးပွားလာရင် ဒါမမှန်ကန်သေးဘူးလို့ ဒီလိုမှတ်ရမယ်။

စာမျက်နှာ-၄၀
အရှင်နမာလာဘိဝံသ ဒါကြောင့်မို့ ဓမ္မမှတ်ကျောက်ကို ကိုယ်စီဆောင်ထားပြီး ဗုဒ္ဓမြတ်စွာဟောကြားထားတဲ့ တရားဓမ္မတွေနဲ့ ပတ်သက်လို့ အကုသိုလ်ဖြစ်ပွားစေတတ်တဲ့ အငြင်းပွားမှုတွေကို ရှောင်ရှားပြီးတော့ မှန်ကန်တဲ့လမ်းကြောင်းက လျှောက်လှမ်းကာ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေသတည်း။

ပြီးပါပြီ။
28whatu39v7yn8c7ga9lgel8v5ityz8
22165
22164
2026-06-15T04:35:21Z
Tejinda
173
22165
wikitext
text/x-wiki
{{header
| title = ဓမ္မမှတ်ကျောက်
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဓမ္မကိုအဖော်ပြုမှ ထာဝရချမ်းသာမည်]]
| previous2 =
| next = [[ဓမ္မသံဝေဂနှင့် ဘဝဆည်းဆာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

ဓမ္မမှတ်ကျောက်
“ မှတ်တမ်း ” သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ် သီတင်းကျွတ်လဆန်း ၇-ရက်နေ့၊ မုံရွာမြို့ အေးသာယာရပ် ရဟန်းဒါယကာဦးတင်ထွန်း + ရဟန်းဒါယိကာမဒေါ်ကျင်မိသားစုတို့၏ သုတာရာမကျောင်းတိုက် နှင့် မုံရွာမြို့ အောင်မင်္ဂလာရပ် စန်းသရဖူ ပွဲရုံပိုင်ရှင် ဦးသိန်းမြင့် + ဒေါ်စန်းစန်းဝင်း မိသားစုတို့၏ ရေစင်တော် ရေစက်ချ အလှူမင်္ဂလာ အကြိုဓမ္မသဘင်၌ ဟောကြားအပ်သော ဓမ္မမှတ်ကျောက် ဒေသနာတော်။

ဓမ္မမှတ်ကျောက်-မှတ်ကျောက်ဆိုတာ ရွှေစစ်၊ မစစ်ဆိုတာကို စစ်ဆေးတဲ့အခါမှာ အသုံးပြုတယ်၊ အင်္ဂလိပ်လို criteria လို့ ခေါ်တယ်၊ ရွှေစစ်၊ မစစ် မှတ်ကျောက်တင်ပြီး ကြည့်ရသလို ဓမ္မနဲ့ ပတ်သက်လို့ရှိရင် မြတ်စွာဘုရား ဟောတဲ့တရား ဟုတ်မဟုတ် ဓမ္မမှတ်ကျောက်မှာ တင်ပြီးတော့ ကြည့်ရတယ်၊ မြတ်စွာဘုရားကိုယ်တော်တိုင်က ဓမ္မမှတ်ကျောက်အနေနဲ့ ဟောထားတဲ့ သုတ္တန်တွေ ရှိတယ်။

စာမျက်နှာ-၂
တရားဓမ္မနဲ့ ပတ်သက်ပြီး ဒီတရားဟာ ဘုရားဟောတဲ့ တရား သူကိုယ်တိုင် ဘုရားဆီက နာခဲ့ရတာ၊ သို့မဟုတ် ဘယ်စာထဲမှာ ပါတယ်၊ ဘယ်စာအုပ်ထဲမှာ ရေးထားတာလို့ ပြောဆိုကြတဲ့အခါ ကျန်တစ်ဖက်သားကလည်း မဟုတ်ဘူးလို့ ငြင်းကြတယ်၊ ငြင်းကြတဲ့အခါမှာ ဓမ္မနဲ့ ပတ်သက်ပြီး ငြင်းခုံမှုတွေ ဖြစ်ပွားကြတယ်၊ ဖြစ်လည်း ဖြစ်ပွားခဲ့ဖူးတယ်။ မြတ်စွာဘုရား လက်ထက်တော်တုန်းက အမှန်တရားနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ အမြောက်အမြား ရှိခဲ့တယ်၊ အဲဒီလို အငြင်းပွားတာဟာ ကောင်းလား? မကောင်းဘူးလား ဆိုတော့ မြတ်စွာဘုရားက မကောင်းဘူးတဲ့၊ ဘာဖြစ်လဲဆိုတော့ အငြင်းပွားလို့ရှိရင် အကုသိုလ် ဖြစ်တယ်၊ အဲဒီတော့ မငြင်းနဲ့၊ ဓမ္မမှတ်ကျောက်လေး ကိုယ်စီ ကိုင်ထားပြီးတော့ ရွှေစစ်၊ မစစ် သိချင်ရင် မှတ်ကျောက်တင်ပြီးတော့ ကြည့်ရသလို မြတ်စွာဘုရား ဟောထားတဲ့ တရားဓမ္မတွေကို ကြည့်ပြီးတော့ တို့သိထားတဲ့ တရားဟာ ဘုရားဟောကြားထားတဲ့ တရားလား၊ တို့သိထားတဲ့ အကြောင်းအရာဟာ ပိဋကတ် ၃-ပုံထဲမှာ ပါတဲ့ ဓမ္မစစ်လားဆိုတာ သိချင်ရင် ဒီမှတ်ကျောက်လေးနဲ့ တိုက်

စာမျက်နှာ-၃
ကြည့်ရတယ်၊ ကိုယ့်ရဲ့ အရည်အသွေးကို သိချင်ရင်လည်း ဒီဓမ္မမှတ်ကျောက်ပေါ်တင်ပြီး ကြည့်ရတယ်။

မြတ်စွာဘုရားက “ဝိဝါဒံ ဘယတော ဒိသာ အဝိဝါဒဉ္စ ခေမတော”။ “ဝိဝါဒ”ဆိုတာ ကိုယ်က တစ်မျိုးပြောတယ်၊ သူက တစ်မျိုးပြောတယ်၊ အဲဒီလို သူတစ်မျိုး ကိုယ်တစ်မျိုးပြောလို့ မတူညီတော့ဘူးဆိုတာနဲ့ မတူညီတဲ့ အပြော ၂-ခုပေါ်မူတည်ပြီး သူ့ဟာမှန်တယ် ငါ့ဟာမှန်တယ်ဆိုပြီး ဖြစ်ပေါ်မလာဘူးလား၊ အဲဒီလို ဖြစ်ပေါ်လာတဲ့အခါမှာ တစ်ဦးနှင့်တစ်ဦး သူမှန်တယ်၊ ငါမှန်တယ်လို့ အငြင်းပွားနေရင် ဘာဖြစ်လဲဆိုရင် အကုသိုလ်တွေ ဖြစ်တယ်တဲ့။

ဒါကြောင့်မို့လို့ ဝိဝါဒမှာ “ဝိ”ဆိုတာ- ထူးခြားပြီး တစ်ဦးနဲ့တစ်ဦးမတူတဲ့၊ “ဝါဒ”ဆိုတာ ပြောတာ၊ အဲဒီတစ်ဦးနဲ့တစ်ဦး မတူညီတဲ့ ပြောဆိုချက်တွေဟာ၊ “ဘယ” ကြောက်စရာကောင်းတယ်၊ ဘာပြုလို့ ကြောက်စရာကောင်းလဲ ဆိုရင် အကုသိုလ် ဖြစ်လာနိုင်လို့၊ ဓမ္မနဲ့ ပတ်သက်ပြီး အကုသိုလ် မဖြစ်သင့်ဘူး၊ ဘာကို အကြောင်းပြုပြု အကုသိုလ် မဖြစ်သင့်ဘူး၊ တချို့လူတွေက ပြောတယ်- ကရုဏာနဲ့ပြောတဲ့ ဒေါသ၊ စေတနာနဲ့ပြောတဲ့ ဒေါသ၊ အပြစ်မရှိသယောင်ယောင် ပြောတယ်၊ ကောင်းကျိုးလိုလား

စာမျက်နှာ-၄
တဲ့ စေတနာထားပေမယ့် ဒေါသဟာ ဒေါသပဲ၊ မကောင်းဘူး။

နှစ်ပိုင်းခွဲပြီး မှတ်ရမယ်၊ ကရုဏာဒေါသ-ကရုဏာကို အခြေခံပြီးတော့ ဖြစ်ပေါ်လာတဲ့ ဒေါသ၊ ကရုဏာက ကောင်းတယ် ဒေါသက မကောင်းဘူး၊ အကောင်းအဆိုး ရောမနေဘူးလား၊ ဒေါသဆိုတာ ဘယ်နေရာပဲ ဖြစ်ဖြစ် အကောင်းတရား မဟုတ်ဘူး အဆိုးတရား၊ ဒေါသဆိုတဲ့ အဓိပ္ပါယ်က ဖျက်ဆီးခြင်းလို့ အဓိပ္ပါယ်ရတယ်၊ ဘာတွေကို ဖျက်ဆီးပစ်တာလဲဆိုတော့ “ဒေါသဖြစ်လာတဲ့ ပုဂ္ဂိုလ်ရဲ့ အခြေအနေတွေဟာ ပျက်စီးမသွားဘူးလား၊ နဂိုက ငြိမ်သက်အေးချမ်း တည်ငြိမ်နေတဲ့စိတ်ကို ဖျက်ဆီးပစ်လိုက်တာဟာ ဘယ်ကောင်းမလဲ၊ ဒါကြောင့်မို့ ဒေါသဆိုတာ မကောင်းဘူး၊ စိတ်ဓာတ်ကိုသာ ဖျက်ဆီးတာမဟုတ်ဘူး၊ ရုပ်ကိုလည်း ဖျက်ဆီးတယ်၊ ဒေါသဖြစ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ မျက်နှာကို ကြည့်ပေါ့၊ ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့ မျက်နှာသည် အရုပ်ဆိုး အကျည်းတန်သွားတယ်၊ ပင်ကိုယ်က ကြည့်ပျော်ရှုပျော်ရှိတဲ့ ပုဂ္ဂိုလ်ပင် ဖြစ်လင့်ကစား စိတ်ဆိုးနေတဲ့ မျက်နှာက ကြည့်ပျော်ရှုပျော် ရှိပါ့မလား၊ မရှိဘူးဆိုတော့ ဒေါသဟာ ရုပ်ကိုလည်း ပျက်စီးစေတယ်၊ ဒီထက်ပိုဆိုးရင် ရုပ်ပျက်ဆင်းပျက်ဖြစ်တယ်၊ ပြောတဲ့စကားကလည်း မကြား

စာမျက်နှာ-၅
ဝံ့မနာသာဖြစ်တယ်၊ လုပ်တဲ့အလုပ်ကလည်း ကြောက်စရာကောင်းတယ်၊ ဒါ့ကြောင့်မို့ အကုသိုလ်ဆိုတာ ဘယ်အကုသိုလ်မှ မကောင်းဘူး။

ဘုန်းကြီးတို့ ပဋ္ဌာန်း ၂၄-ပစ္စည်းမှာ ဥပနိဿယ ပစ္စယောလို့ ဟောထားတာ ရှိတယ်၊ ကုသိုလ်ကလည်း အကုသိုလ်ကို ဖြစ်စေတယ်၊ အကုသိုလ်ကလည်း ကုသိုလ်ကို ဖြစ်စေတယ်၊ ဖြစ်စေတယ်ဆိုတာ အကြောင်းပြုတာကို ပြောတာ၊ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်တယ်၊ အကုသိုလ်ကို အကြောင်းပြုပြီးတော့လည်း ကုသိုလ်ဖြစ်တယ်၊ အကုသိုလ်ကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်ရင် ကောင်းတယ်၊ ဘာကိုအကြောင်းပြုပြီးဖြစ်ဖြစ် ကုသိုလ်ဖြစ်တာ ကောင်းတယ်၊ ဥပမာ- ဒေါသဖြစ်ပြီး ကိုယ့်စိတ်ကိုယ် မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး သတိရလာရင် ဒေါသဟာ မကောင်းပါလားလို့ ပြန်တွေးလာမယ်၊ ဒေါသကို ပြန်တွေးပြီး ဒေါသမဖြစ်အောင် ထိန်းမှပဲလို့ ကုသိုလ်စိတ်ဖြစ်သွားတယ်၊ ဒေါသကတော့ အကုသိုလ်စိတ်ပဲ၊ အဲဒါကတော့ အကုသိုလ်ကို အကြောင်းပြုပြီးတော့ ကုသိုလ်ဖြစ်တယ်လို့ ပြောတာ၊ အကြမ်းဖျဉ်းပေါ့။

ကုသိုလ်ကို အကြောင်းပြုပြီးတော့ အကုသိုလ်ဖြစ်တာ ရှိတယ်၊ ဒါနကောင်းမှုလုပ်ပြီးတော့ “အော် လှူမိတာ

စာမျက်နှာ-၆
ငါမှားလိုက်လေခြင်း”လို့ စိတ်ဖြစ်တယ်၊ “ဒါန”က ကုသိုလ်၊ “လှူမိတာ ငါမှားလိုက်လေခြင်း”ဆိုတာက အကုသိုလ်၊ ကုသိုလ်ကို အကြောင်းပြုပြီးတော့လည်း အကုသိုလ်ဖြစ်တယ်၊ အကုသိုလ်ကို အကြောင်းပြုပြီးတော့လည်း ကုသိုလ်ဖြစ်တယ်။

သို့သော် ဘုန်းကြီးတို့တတွေ မှတ်သားရမှာကတော့ ကုသိုလ်ဖြစ်တာ ကောင်းတယ်၊ အကုသိုလ်ဖြစ်တာ ဘာကို အကြောင်းပြုပြီးဖြစ်ဖြစ် မကောင်းဘူး၊ တချို့က ကရုဏာဒေါသကို အကောင်းပြောချင်တယ်၊ ဘာဒေါသမှ မကောင်းဘူး၊ အကျိုးလိုလားလို့ ပြောတဲ့ ဒေါသလည်း မကောင်းဘူး၊ အကျိုးလိုလားတာက မေတ္တာစိတ်၊ တစ်ဖက်သားအပေါ်မှာ ငဲ့ညှာတယ်၊ ကြင်နာတယ်ဆိုတာက ကရုဏာ၊ အားမလိုအားမရဖြစ်တာက ဒေါသ၊ ဒေါသထွက်ရင် မကောင်းဘူးပေါ့။ အဲဒီတော့ ကိုယ့်သန္တာန်မှာ မဖြစ်အောင် ထိန်းရမှာက ဘာလဲဆိုရင် အကုသိုလ်ပဲ၊ အမှန်တရားတစ်ခုပေါ်မှာ အငြင်းပွားပြီ၊ သူနိုင်ငါရှုံး ငြင်းလာကြပြီဆိုရင် အကုသိုလ်တွေ ဆက်တိုက် ဆက်တိုက် ဖြစ်လာကြတယ်၊ မကျေနပ်တဲ့ အတိုင်းအတာအလိုက် အကုသိုလ်တွေ ဖြစ်လာတယ်။ အသိုင်းအဝိုင်းနဲ့ ဖြစ်လာတယ်၊ အဲဒီလို အငြင်းပွားလာကြ

စာမျက်နှာ-၇
ပြီဆိုရင် သူ့ဘက်ကိုယ့်ဘက်ဆိုတာမျိုးတွေ ဖြစ်လာကြတယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားက “ဝိဝါဒ - မတူညီတဲ့ အပြောတွေဟာ၊ “ဘယ”ကြောက်ဖို့ကောင်းတယ်၊ ဘာဖြစ်လို့ ကြောက်ဖို့ကောင်းလဲဆိုရင် ပြဿနာတွေ နောက်က တသီကြီးလိုက်လာလို့ပဲ၊ ဒါကြောင့် ဝိဝါဒဆိုတာကို ရှောင်ရမယ်။

“အဝိဝါဒဉ္စ ခေမတော” “ဝိဝါဒကင်းပြီ ဆိုရင် အင်မတန်မှ ငြိမ်းချမ်းတယ်” ဒါကြောင့်မို့ မြတ်စွာဘုရားက “သမဂ္ဂ” - ညီညွတ်ကြ၊ “သခိလာ” - တစ်ဦးနှင့်တစ်ဦး ပြေပြေပြစ်ပြစ် ဆက်ဆံကြ၊ “သမဂ္ဂါ သခိလာ ဟောထ” - “ညီညီညွတ်ညွတ် ပြေပြေပြစ်ပြစ် ဆက်ဆံရမယ်” လို့၊ ဧသာ ဗုဒ္ဓါနုသာသနီ - “ဒါဟာ ဘုရားသခင်ရဲ့ အဆုံးအမပဲ” လို့၊ ဘယ်လောက်ကောင်းတဲ့တရားလဲ - စဉ်းစားကြည့်ကြပေါ့။ ဘုန်းကြီးတို့တတွေ အငြင်းပွားစရာ ကြုံလာလို့ရှိရင် မငြင်းကြဖို့ ဒါပါပဲ၊ အငြင်းပွားစရာကတော့ မကြုံဘဲ မနေဘူး ကြုံလာမှာပဲလေ၊ ကိုယ်သိထားတာနဲ့ ကိုယ့်ကိုပြောလာတဲ့ပုဂ္ဂိုလ်က အမှန်တရားလို့ပြောတာနဲ့ တိုက်ဆိုင်ကြည့်ဖို့ ကိုယ့်မှာ မှတ်ကျောက်လေးတော့ ရှိထားသင့်တယ်၊ ပြောတဲ့လူကလည်း သူ့ရွှေကို ရွှေအစစ်ပါလို့ ပြောလိမ့်မယ်။

စာမျက်နှာ-၈
အဲဒီလို ပြောလာလို့ရှိရင် သူ့စကားကို လက်မခံနဲ့ဦး၊ မယုံနဲ့ဦး၊ မင်းရွှေကြီးက အတုကြီးပါလို့လည်း မငြင်းနဲ့၊ ဘာလုပ်မလဲ၊ မှတ်ကျောက်ပေါ် တင်ကြည့်လိုက်၊ မှတ်ကျောက်ကနေ အဖြေထုတ်ပေးလိမ့်မယ်။ ဟုတ်တယ်မို့လား၊ အဲဒီ ရတဲ့အဖြေအတိုင်းပဲပေါ့၊ ရွှေမစစ်ဘူးဆိုရင် လက်မခံနဲ့ပေါ့။ ရွှေစစ်ရင် လက်ခံလိုက်ရုံပေါ့။

အဲဒီသဘောမျိုးပဲ တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ ခေတ်အဆက်ဆက်မှာ အငြင်းပွားနေကြတာတွေ ရှိတယ်။ အငြင်းမပွားစေချင်ဘူး၊ ဓမ္မနဲ့ပတ်သက်ပြီးတော့ အငြင်းပွားတာ ပိုဆိုးတယ်၊ ကုသိုလ်ဖြစ်ရမယ့်အစား အကုသိုလ်ဖြစ်တယ်၊ အဓမ္မနဲ့ ပတ်သက်ပြီး အငြင်းပွားတာကတော့ နဂိုကတည်းက မကောင်းတာ။

အငြင်းပွားတာဟာ ခုမှ ရှိတာ မဟုတ်ဘူး၊ မြတ်စွာဘုရား လက်ထက်ကတည်းက ရှိတာ၊ သာသနာတော်မှာ အယူအဆတွေ ကွဲလွဲပြီး အငြင်းပွားခဲ့တာတွေ မြောက်မြားစွာ ရှိတယ်၊ အဘိဓမ္မာ ၇-ကျမ်းထဲမှာ ကထာဝတ္ထုဆိုတဲ့ ကျမ်းကြီးတစ်ကျမ်း ပါတယ်၊ ကထာဝတ္ထုဆိုတာ “ကထာ - ပြောစရာစကားတွေ၊ “ဝတ္ထု - အကြောင်းတရား၊ ပြောစရာစကားတွေရဲ့ အကြောင်းဆိုတာ ဘာဖြစ်လို့ ပြောစရာတွေ ဖြစ်သလဲဆိုရင် ခုနက အငြင်းပွားမှုပဲ။

စာမျက်နှာ-၉
ကထာဝတ္ထုကျမ်းကြီးကို အင်္ဂလိပ်ဘာသာပြန်သူက မြန်မာပြည်က ဦးရွှေဇံအောင်တဲ့၊ အင်္ဂလိပ်စာပေ ကောင်းကောင်းတတ်တဲ့ ရှေးတုန်းက အမှုထမ်းကြီးပေါ့။ ယစ်မျိုးမင်းကြီးလို့ ခေါ်တယ်။ အဲဒီ ဦးရွှေဇံအောင်က ကထာဝတ္ထုကျမ်းကြီးကို အင်္ဂလိပ်လို ဘာသာပြန်ထားတာ၊ သူပေးထားတဲ့ အမည်က Points of Controversy။ controversyက အငြင်းပွားတာ၊ pointsဆိုတာ အချက်အလက်တွေ၊ အငြင်းပွားနေတဲ့ အချက်အလက်တွေလို့ အဓိပ္ပါယ်ရတယ်။ ဒါသာသနာတော်မှာ အထင်အရှားပေါ်ခဲ့တာ၊ ခုမှ အငြင်းပွားတာ မဟုတ်ဘူးနော်။

အဲဒီ points of controversyဆိုတာကို အကြောင်းပြုပြီးတော့ ဗုဒ္ဓမြတ်စွာသာသနာတော်မှာလည်း အငြင်းပွားပြီးတော့ အခုခေတ်မှာဆို ဘာသာရေးမှာ ထေရဝါဒ၊ မဟာယာနလို့ ကွဲပြားသွားတယ်၊ မြန်မာပြည်က ကိုးကွယ်တဲ့ သာသနာကို ထေရဝါဒလို့ ခေါ်တယ်။ တိဗက်တို့ တရုတ်ပြည်တို့ ကိုးရီးယားတို့ ဂျပန်ပြည်တို့ ဗီယက်နမ်တို့ အဲဒီနိုင်ငံတွေမှာ ထွန်းကားတာကို မဟာယာနလို့ ခေါ်တယ်၊ ဒါ ဒီကနေ့ခေတ်မှာရှိတဲ့ ဗုဒ္ဓဘာသာ ဂိုဏ်းကွဲကြီး ၂-ခုပဲ၊ ဗုဒ္ဓဘာသာဂိုဏ်းကြီးဟာ ဘာကြောင့် ၂-ခု ကွဲသွားသလဲဆိုရင် ခုနက points of controversy

စာမျက်နှာ-၁၀
အငြင်းပွားစရာ အချက်ကလေးတွေကို ကြည့်ပြီးတော့ အငြင်းပွားကြလို့ ဖြစ်တယ်။

အခြေခံအချက်အားဖြင့် ပြောရရင် ထေရဝါဒ - “ထေရ” - ဆိုတာ လူကြီးတွေ ခေါင်းဆောင်တွေ၊ သာသနာတော်မှာဆိုရင် အရွယ်ရောက်တာက အငယ်ဆုံး ၁၀-ဝါ၊ ကြီးလာတော့ ဝါ-၂၀ဆိုရင် မဟာထေရ ခေါင်းဆောင်ကြီးတွေကို ထေရလို့ ပြောတာ၊ မြတ်စွာဘုရားလက်ထက်က ဘုရားပရိနိဗ္ဗာန်စံတဲ့ ကုသိနာရုံမှာ သံဃာပေါင်း ၇-သိန်း အစည်းအဝေး ကျင်းပတယ်၊ စုမိသွားတယ်၊ ဘုရားပရိနိဗ္ဗာန်စံတဲ့ပွဲကို တက်လာကြတယ်။ အဲဒီ ၇-သိန်းထဲမှာ အကြီးအကဲက ရှင်မဟာကဿပ။

ရှင်မဟာကဿပက အခုလို သာသနာတော်မှာ အငြင်းပွားမှုတွေ ပေါ်လာလို့ရှိရင် ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေနဲ့ပတ်သက်ပြီး အငြင်းပွားပြီး အမှတ်မှားကုန်ကြလိမ့်မယ်၊ စုစုစည်းစည်းရှိအောင် သံဂါယနာတင်မယ်၊ သံဂါယနာဆိုတာ ကိုယ်ရတဲ့စာနဲ့ သူရတဲ့စာ၊ သူမှတ်တဲ့ အကြောင်းအရာနဲ့ ကိုယ်မှတ်တဲ့အကြောင်းအရာ၊ အသံချင်း တိုက်ဆိုင်ညှိနှိုင်းတာကို သံဂါယနာတင်တယ်လို့ ခေါ်တယ်။

စာမျက်နှာ-၁၁
ဥပမာ- ရဟန်းတစ်ပါးကလည်း သူ ဘုရားဆီက သင်ထားတာလို့ဆိုပြီး သုတ္တန်လေးတစ်ခု ရွတ်ပြတယ်၊ ကျန်တဲ့ရဟန်းတစ်ပါးကလည်း ရွတ်ပြတယ်၊ အဲဒီလို ရွတ်ပြလို့ သူ့အသံထွက်နဲ့ တခြားသူ ရွတ်တဲ့အသံဟာ တစ်သံတည်း တစ်ညီတည်း ဖြစ်ရမယ်၊ အဲဒီလို မဖြစ်ဘဲနဲ့ ကွဲလွဲနေရင် အဓိပ္ပါယ်တွေ ကွဲလွဲမနေဘူးလား၊ အဓိပ္ပါယ်တွေ အများကြီး ကွဲသွားနိုင်တယ်။

ဆိုပါစို့- ဥပမာတစ်ခုပြောမယ် “ဥဒယဗ္ဗယ”ဆိုတဲ့ ပါဠိစကား၊ ဥဒယ-ဆိုတာ ဖြစ်ပေါ်လာခြင်း၊ ဝယ- ပျက်စီးသွားခြင်း၊ ဖြစ်ပျက်ပဲ။

အဲဒီစကားလုံးကို နောက်တစ်ဦးက မှားပြီး ရွတ်တယ်၊ ဘာရွတ်လဲဆိုတော့ “ဥဒကဗက” လို့ ရွတ်တယ်၊ “ယ” ကနေ 'က' ဖြစ်မသွားဘူးလား၊ ဥဒက-ဆိုတာ ရေ၊ ဗက-ဆိုတာ ဗျိုင်း၊ ဟော ရေနဲ့ ဗျိုင်း ဖြစ်သွားတယ်၊ အဲဒီတော့ ဖြစ်တာနဲ့ ပျက်တာ ၂-ခု အမှန်ထွက်ရမှာကို ဥဒကဗကလို့ သွားထွက်တော့ ရေနဲ့ ဗျိုင်း ဖြစ်မသွားဘူးလား၊

သူရွတ်တာက မှန်တယ်၊ ငါရွတ်တာက မှန်တယ်လို့- တစ်ဘက်က “သင်္ခါရတွေရဲ့ မတည်မြဲမှု ဖြစ်ပြီးပျက်”ဆိုတဲ့ အနက်မှန်က ရေနဲ့ ဗျိုင်း ဖြစ်သွားတယ်၊ ရေဗျိုင်းဆိုတာ ဘာအဓိပ္ပါယ်ရှိလဲ၊ ဘာမှ အဓိပ္ပါယ်မရှိဘူး၊ ပြော

စာမျက်နှာ-၁၂
လိမ့်မယ်-ရေထဲမှာ ဗျိုင်းကငါးချောင်းနေတယ်၊ ဒါပဲ ရှိမှာပေါ့၊ တရားမဟုတ်တော့ဘူး။

အဲဒီလို ကွဲလွဲမသွားအောင် သံဂါယနာ- အသံကို ညှိပြီး မှန်ကန်တဲ့ စကားလုံးကို ရွေးချယ်ရတယ်၊ အဲဒီလို ရွေးချယ်တဲ့ပွဲ မလုပ်ခင် ၃-လလောက်အလိုမှာ ရှင်မဟာကဿပတို့က မူချမှတ်ပြီ။

ဘာလဲဆိုတော့ “အပညတ္တိ န ပညပေတံ” - “ဘုရားမဟောတာတွေ၊ ဘုရားမပညတ်တာတွေကို မလုပ်ရဘူး”၊ လူဆိုတာ အသစ်လုပ်ချင်တယ်၊ အသစ်တီထွင်ချင်တယ်၊ အဲဒီမှာ ရှင်မဟာကဿပတို့က “အပညတ္တံ န ပညပေတဗ္ဗ” - “ဘုရားက မပညတ်တာကို ထပ်ပြီး မပညတ်ရဘူး။

နောက်တစ်ခုက “ပညတ္တံ န သမုစ္ဆိတံ” - “ဘုရား ပညတ်ပြီးသားကို မပယ်ဖျက်ရဘူး၊ ဒါတွေဟာ ရှေးကျသွားပြီ out of date ဖြစ်သွားပြီ၊ ခေတ်မမှီတော့ပါဘူး ဆိုပြီးတော့ အသစ်ပြောင်းမပစ်ရဘူး၊ အဲဒါမျိုးလည်း မလုပ်ရဘူး။ နံပါတ်-၃က “ယထာပညတ္တေသု သိက္ခာပဒေသု သိက္ခိတဗ္ဗ” - “မြတ်စွာဘုရား ပညတ်တဲ့အတိုင်း လိုက်နာကျင့်သုံးရမယ်” စည်းမျဉ်းစည်းကမ်း မူချမှတ်ပြီးတော့

စာမျက်နှာ-၁၃
ဘုရားဟောတဲ့အတိုင်း လိုက်နာတဲ့ဂိုဏ်းကို ထေရဝါဒလို့ ခေါ်တယ်၊ အဲဒီတော့ ထေရဝါဒမှာ ဘာမှ မပြင်ရဘူး။

မဟာယာနဆိုတာကျတော့ အဲဒီလို မဟုတ်တော့ဘူး၊ တရားအသစ်တွေ တီထွင်လာကြတယ်၊ ဘုရားဟောသယောင်ယောင် လုပ်ပြီးတော့ သူတို့ကြိုက်တာတွေထည့် မကြိုက်တာတွေဖြုတ် လုပ်လာကြတယ်၊ စကားလုံးကစပြီးတော့ ဟိုပြောင်းသည်ပြောင်း လျှောက်ပြောင်းလာကြတယ်။ ပြောင်းလာသည့်အတွက်ကြောင့် မြတ်စွာဘုရား ဟောတဲ့တရားအမှန်ဆိုတာ မရှိတော့ဘူး၊ အဲဒါမျိုးတွေ ဖြစ်လာတယ်၊ ဆင်တူရိုးမှားတွေ လုပ်လာတယ်။

ဆိုလိုတာကဘာလဲဆိုတော့ လူတွေသုံးတဲ့ စိန်အတုဆိုတာ မရှိဘူးလား၊ ရွှေအတုဆိုတာ မရှိဘူးလား၊ ရွှေအတုတွေ ပေါ်လာတော့ ဈေးချိုချိုနဲ့ ဝင်းဝင်းလက်လက်နဲ့၊ စိန်အတုတွေ အရောင်တောက်တောက်နဲ့ အတုဆိုတော့ ဈေးက သိပ်မများဘူး၊ လူတကာဝယ်နိုင်တယ်၊ အတုတွေ ပေါ်လာတော့ အစစ်တွေက ဘယ်ရောက်သွားလဲ? ဆိုတော့ အစစ်တွေက သိမ်းထားရတဲ့အဆင့် ရောက်သွားရတယ်၊ အတုတွေက လူတကာဝတ်ဆင်နိုင်ပြီး ခေတ်စားလာတယ်၊ အတုတွေများလာရင် အစစ်တွေ ကွယ်ပျောက်မသွားတတ်ဘူးလား၊ ဘာဖြစ်လို့ အစစ်က ကွယ်ပျောက်ရ

စာမျက်နှာ-၁၄
လဲဆိုတော့ တန်ဖိုးက ကြီးတာကိုး၊ ဒါကြောင့်မို့ ရွှေအတုတွေပေါ်လာရင် ရွှေအစစ် ပျောက်သွားတတ်တယ်၊ စိန်အတုပေါ်လာရင် စိန်အစစ်ပျောက်သွားတတ်တယ်၊ တရားအတုပေါ်လာရင် တရားအစစ် ပျောက်သွားတတ်တယ် ဒါ သတိထားရမယ်။

မြတ်စွာဘုရားလက်ထက်က တရားတော်တွေကို ရှင်မဟာကဿပတို့က မူချပြီး ထိန်းသိမ်းခဲ့တဲ့ တရားတွေ ဖြစ်တယ်၊ လုံးဝပြုပြင်မှု မရှိဘူး၊ ဘုရားတရားတော်အတိုင်း ထားခဲ့တယ်၊ အကယ်၍သာ ပြင်ခဲ့ရင် လူတွေဟာ အစစ်ဆိုတာတွေ့ဖူးမှာ မဟုတ်တော့ဘူး။

မဟာယာနသာသနာ ထွန်းကားတဲ့ ကိုးရီးယားနိုင်ငံတို့ ဘာတို့မှာ ရှိကြတဲ့ပုဂ္ဂိုလ်တွေ မြန်မာပြည်ကိုလာပြီး စာပေလေ့လာတယ်၊ မြန်မာပြည်က တရားဓမ္မတွေကိုလာ အားထုတ်ကြလို့ သဘောပေါက်ကြတယ်၊ သဘောပေါက်ကြသည့်အတွက်ကြောင့် တကယ့်သာသနာအစစ်ပါလို့ တချို့ပုဂ္ဂိုလ်တွေက ပွင့်ပွင့်လင်းလင်းပြောတယ်၊ တချို့ပုဂ္ဂိုလ်...

စာမျက်နှာ-၁၅
တွေကတော့ ကိုယ့်အစွဲလေးနဲ့ကိုယ်၊ ကိုယ့်ဟာလေးကိုယ် အထင်ကြီးနေကြတာပဲ၊ လူဆိုတာက စွန့်နိုင်ခဲတယ်လေ၊ ကိုယ့်အယူအဆလေး အစဉ်အလာလေးတစ်ခုကို စွန့်နိုင်ခဲတယ်။

ဘုန်းကြီးတို့ ဧပြီလသင်္ကြန်မှာ ကိုးရီးယားကို သွားတယ်၊ ကိုးရီးယားက ထေရဝါဒဘုန်းကြီးတစ်ပါးက ပင့်တာနဲ့ အဘိဓမ္မာသင်တန်း သွားပို့ချတယ်၊ အဲဒီလို သွားပို့ချတဲ့အခါ အားလပ်တဲ့ရက်မှာ ကိုးရီးယားလူမျိုး မြန်မာပြည်မှာ ရဟန်းခံထားတဲ့ ဘုန်းတော်ကြီး ၈-ပါး ဘုန်းကြီးဆီ ရောက်လာကြတယ်၊ ဩဝါဒခံယူကြတယ်။

* ကိုးရီးယားနိုင်ငံဟာ အကုန်လုံး မဟာယာနဘုန်းကြီးချည်းပဲ၊ မဟာယာနဘုန်းကြီးဆိုတာ မြင်ဖူးကြပါလိမ့်မယ်။ အဝတ်က မတူဘူး၊ အဝတ်အစားကစပြီး ပြောင်းထားတယ်။ ဘောင်းဘီရှည်နဲ့ အင်္ကျီနဲ့၊ ဂျပန်ဘုန်းကြီးဆိုရင် ဘိုကေတောင် ပါလိုက်သေး၊ ဒါတင်မဟုတ်ဘူး ဂျပန်ဘုန်းကြီးတွေက အိမ်ထောင်တောင် ပြုသေးတယ်၊ ဘာသာရေးကိစ္စဆောင်ရွက်စရာရှိရင် ဘုန်းကြီးလို အပေါ်က အဝတ်လေး ပတ်ထားလိုက်တယ်၊ ဘုန်းကြီးဖြစ်လိုက်၊ လူဖြစ်လိုက်နဲ့။

တစ်လောက ဂျပန်က ဘုန်းကြီးတစ်ပါး၊ သူက မြန်မာအမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ထားတယ်၊ မြန်မာ

စာမျက်နှာ-၁၆
ပြည်မှာလာပြီးတော့ ရန်ကုန်မှာ ရဟန်းခံပွဲလေး လုပ်တယ်။ ဘုန်းကြီးတို့သွားပြီး တရားဟောပေးတယ်၊ အဲဒီမှာ ဂျပန်ဘုန်းကြီး ပါလာတယ်၊ ဂျပန်ဘုန်းကြီးက ရဟန်းခံတဲ့ပွဲမှာတော့ သူမပါရဘူးပေါ့၊ ထေရဝါဒပွဲမှာ သူမပါရဘူး၊ မပါရတော့ သူက မဟာယာနသင်္ကန်းကို ဝတ်ပြီးတော့ ခပ်လှမ်းလှမ်း ဘေးနားမှာထိုင်နေတယ်၊ အဲဒီမှာ ဘုန်းကြီးတို့နဲ့ ပါလာတဲ့ ဒကာတစ်ယောက်က ရဟန်းခံပြီးတဲ့အခါ ဆွမ်းကပ်တယ်၊ ဆွမ်းကပ်တဲ့အခါ အဲဒီဂျပန်ဘုန်းကြီး မြင်လိုက်ပါတယ်၊ အခုဘယ်ရောက်သွားလဲ မေးတော့ လူတွေနဲ့ အတူတူ ထမင်းစားနေတယ်တဲ့၊ အဲဒီပုံစံမျိုး ဖြစ်သွားတယ်ပေါ့။

ခု ကိုးရီးယားနိုင်ငံမှာလည်း မဟာယာနတွေများတယ်၊ အဲဒီ မဟာယာနပုဂ္ဂိုလ်တွေထဲက ထေရဝါဒကို နှစ်သက်တဲ့ပုဂ္ဂိုလ်တွေက ထေရဝါဒရဟန်းအဖြစ်ကို ခံယူတယ်၊ ခံယူပြီးတော့ ဘုန်းကြီးနဲ့တွေ့တဲ့အခါကျတော့ “ဆရာတော်”တို့ “တပည့်တော်တို့ ဒီနိုင်ငံမှာ မဟာယာနတွေက အင်အားကောင်းတယ်၊ တပည့်တော်တို့က လူနည်းစု ဖြစ်တယ်' သို့သော် ကျောင်း ၄-ကျောင်း ရှိတယ်၊ သူတို့ကို ကိုးရီးယားအစိုးရက အသိအမှတ်ပြုပေးထားတာ၊ ကိုးရီးယားနိုင်ငံမှာ ထေရဝါဒကျောင်း အသိအမှတ်

စာမျက်နှာ-၁၇
ဓမ္မမှတ်ကျောက် ပြုသွားပြီ၊ ထေရဝါဒဂိုဏ်းဆိုပြီးတော့ လက်ခံထားတယ်၊ “အသိအမှတ်ပြုထားတော့ တပည့်တော် ရှေ့ဆက်ပြီး ဘာလုပ်ရမလဲ အဲဒါကို လာပြီး ဩဝါဒခံတာ။

ဘုန်းကြီးတို့က ပြောတယ်၊ “ကိုယ်တော်တို့ စာမသင်ဘဲ နေလို့တော့ မရဘူး၊ စာမသင်လို့ရှိရင် မတည်မြဲဘူး၊ ဟိုလူပြော ဟုတ်နိုးနိုး ဒီလူပြော ဟုတ်နိုးနိုး၊ တရားဝင် အားထုတ်လို့ရှိရင် ကိုယ်တွေ့တာလေးတင် အဟုတ်ထင်မှာ၊ တစ်ယောက်နဲ့တစ်ယောက် အတွေ့ဆိုတာ တူတာမဟုတ်ဘူး၊ မတူသည့်အတွက်ကြောင့် သူတွေ့တာ သူပြောလိမ့်မယ်၊ ကိုယ်တွေ့တာ ကိုယ်ပြောလို့ရှိရင် -

ကိသုကောပမသုတ္တန်လိုပဲ၊ ပေါက်ပင်ကြီးကို မြင်တာက တစ်ချိန်စီ မြင်ထားတာဆိုတော့ - ပေါက်ပင်ကြီးက ဘာကြီးလဲဆိုရင် - ပေါက်ပင်ကြီးက မီးလောင်ပြင်ကြီးထဲက သစ်ပင်ကြီးလိုပါပဲ၊ အရွက်မရှိ ချောက်ကပ်ကပ်နဲ့ - ဒီလိုပြောတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်၊ ပေါက်ပင်ကြီးဟာ အရွက်တွေနဲ့ စိမ်းနေတာပါလို့ ပြောတဲ့ပုဂ္ဂိုလ်လည်း ရှိတယ်၊ အပွင့်ပွင့်တဲ့အချိန်မြင်ရင် ပေါက်ပင်ကြီးဟာ ရဲနေတာပဲလို့ ပြောတယ်၊ ကိုယ်မြင်တာ ကိုယ်ပြောကြတယ်။ သူတို့ပြောတာက ပေါက်ပင်တော့ ပေါက်ပင်ပါပဲ၊ သို့သော် အကုန်လုံး ပြည့်ပြည့်စုံစုံ ဟုတ်ရဲ့လား? မဟုတ်ပါဘူး။

စာမျက်နှာ-၁၈
ဘာနဲ့ဥပမာတူလဲဆိုတော့ မျက်မမြင်တွေ ဆင်ကို စမ်းပြီးတော့ ဆင်ကိုညွှန်းကြ၊ သရုပ်ဖော်ကြတာ၊ အဲဒီဇာတ်လမ်းလေးကလည်း မြတ်စွာဘုရားဟောတဲ့ တရားတော်ထဲမှာပါတယ်၊ မြတ်စွာဘုရားဟောတဲ့ “နာနာတိတ္ထိယ” ဆိုတဲ့ သုတ္တန်ထဲမှာ ပါတယ်။

ငယ်ငယ်တုန်းကဖတ်ဖူးတဲ့ ပုံပြင်လေးကတော့ ဆင်စမ်းတဲ့ မျက်မမြင်ပုဏ္ဏား ၆-ယောက်အကြောင်းတဲ့၊ ဖတ်ဖူးကြပါလိမ့်မယ်၊ ယခုစာပေထဲမှာတော့ မျက်မမြင်ပုဏ္ဏား ၆-ယောက် မဟုတ်ဘူး၊

အတိုချုပ်ပြောရရင် သာဝတ္ထိပြည်က ဘုရင်ကြီးတစ်ပါး အပျင်းဖြေတဲ့အနေနဲ့ သာဝတ္ထိပြည်ရှိ မျက်စိနှစ်ကွင်း အလင်းမရတဲ့သူတွေကို နန်းရင်ပြင်မှာ စုခိုင်းထားတယ်၊ မျက်မမြင်တွေ နန်းရင်ပြင်ရောက်လာကြတော့ မင်းမှုထမ်းတွေက အစု ၉-စု ခွဲထားတယ်၊ အစု ၉-စု ခွဲပြီးတော့ ဆင်ယဉ်ကြီးတစ်ကောင် ခေါ်ထားပြီး အဲဒီ ၉-စုမှာ တစ်စုနှင့်တစ်စု မတူအောင် ဆင်ကို ပြလိုက်တယ်။

“တစ်စုကိုတော့ ဘာကိုင်ပြလဲ ဆိုတော့ အစွယ်ကိုကိုင်ပြတယ်၊ ဆင်ဆိုတာ ဟောဒါကွလို့ အစွယ်ကိုကိုင်ပြတော့ ဆင်ဆိုတာ သံချောင်းကြီးလိုပါလားလို့ အစွယ်ကိုကိုင်ပြီး ပြောတယ်၊ နောက်တစ်စုကိုကျတော့ နားရွက်ကို

စာမျက်နှာ-၁၉
ဓမ္မမှတ်ကျောက် ကိုင်ပြတာ၊ ဆင်ဆိုတာ ဇကောကြီးလိုပါလား၊ အဲဒီလို မှတ်ထားတယ်၊ နောက်တစ်စုကျတော့ နှာမောင်းကြီးကို ကိုင်ပြတယ်၊ ထွန်သံကြီးလိုပါလား၊ ဒီလိုပြောကြတယ်။ ခြေထောက်ကိုင်ပြတဲ့ အစုကျတော့ ဆင်ဆိုတာ တိုင်လိုဟာကြီးပါလား၊ ဆင်ရဲ့ကိုယ်လုံးကို ကိုင်ပြတဲ့အခါကျတော့ ဆင်ဆိုတာ နံရံကြီးလိုပါလားလို့ အဲဒီလို ပြောကြတယ်။ အမြီးရိုးကိုပြတဲ့အခါ ဆင်ဆိုတာ သံချောင်းကြီးလိုပါလား၊ မြီးဖျားကို ပြတဲ့အခါကျတော့ ဆင်က တံမြက်စည်းကြီးနဲ့ တူတယ်၊ အမျိုးမျိုး ပြောကြတယ်။

အဲဒီလို တစ်မျိုးစီ မတူအောင် ပြုပြီးတဲ့အခါကျတော့ ဘုရင်ကြီးက ထွက်လာတယ်၊ ထွက်လာပြီး အုပ်စု ၉-စုကို မေးလိုက်တယ်၊ ကဲ မင်းတို့ ဆင်မြင်ကြပြီလား၊ ဆင်ကို မင်းတို့ မြင်တဲ့အတိုင်း ပြောကြစမ်း၊ ဆင်က ဘာနဲ့တူလဲဆိုတော့ - မှန်လှပါဘုရား ဆင်ဆိုတာ သံချောင်းကြီးလိုပါဘုရား၊ အဲဒီလို ပြောတဲ့အခါကျတော့ ကျန်တဲ့ကောင်တွေက ဘာသံချောင်းရမှာလည်းကွ- တချို့က တံမြက်စည်းလိုဟာကြီး၊ တချို့က တိုင်လိုဟာကြီးနဲ့ ထပြီး ငြင်းကြတာ၊ ငြင်းပြီးတော့ ထိုးကြကြိတ်ကြ၊ ရန်ဖြစ်ကြတယ်။ ဘုရင်ကြီးက သဘောကျပြီး ခွက်ထိုးခွက်လန် ရယ်သတဲ့။

စာမျက်နှာ-၂၀
ဘာပြောလိုတာတုန်းဆိုတော့ သူတို့ကို ဆင်ကိုတော့ ပြတာချည်းပဲ၊ သို့သော် ဆင်တစ်ကိုယ်လုံးပြတာ မဟုတ်ဘူး၊ အကယ်၍ တစ်ကိုယ်လုံးကို တစ်ပြိုင်နက်သာ ပြမယ်ဆိုရင် ဆက်စပ်ပြီးတော့ အစွယ်လည်း ပါတယ်၊ နားရွက်လည်း ပါတယ်၊ နှာမောင်းလည်း ပါတယ်၊ ခြေထောက်လည်း ပါတယ်၊ အမြီးလည်းပါတယ်၊ ကိုယ်လည်းပါတယ်။ အဲဒါတွေ အကုန်လုံးပေါင်းမှ ဆင်ဆိုရင် ငြင်းစရာလိုသေးလား။

ဒါကြောင့်မို့ ငြင်းနေတယ်ဆိုတဲ့လူတွေဟာ အကုန်မမြင်လို့ ငြင်းနေတာပါ၊ အကုန်မြင်ရင် မငြင်းပါဘူး၊ ဒီကြောင့် ငြင်းတယ်ဆိုတာ တစိတ်တဒေသသာ သိတဲ့လူက ငြင်းတာ၊ အကုန်သိတဲ့လူက မငြင်းဘူး၊ မင်းပြောတာလည်း ဟုတ်တယ်၊ အေး မင်းပြောတာလည်း ဟုတ်တယ်၊ ဒီလို လက်ခံရမယ်။

ဟုတ်တယ်၊ အစွယ်ကို ပြောတာဟာ သံချောင်းလိုပဲ၊ ခြေထောက်ကို ပြောတာဆိုရင် ဟုတ်တယ် တိုင်ကြီးလိုပဲ၊ လက်ခံရမှာပဲပေါ့၊ အကုန်လုံးကို မမြင်သည့်အတွက်ကြောင့် လူတွေဟာ ငြင်းနေကြတယ်၊ အဲဒီလို အငြင်းပွားနေကြတာဟာ ပြည့်ပြည့်ဝဝ မမြင်ကြလို့ အငြင်းပွားနေကြတာ။

စာမျက်နှာ-၂၁
ဒီလို အငြင်းပွားမှုမျိုး မဖြစ်အောင်၊ အပြည့်အဝ မသိတာ မဖြစ်ရအောင်၊ ကိုးရီးယားဘုန်းကြီးတွေကို ပြောရတယ်၊ ပိဋကတ်ကို ပြည့်ပြည့်ဝဝသင်လို့၊ ကိုယ့်သန္တာန်မှာ သိလာပြီဆိုလို့ရှိရင် စာပေဆိုတဲ့ ဓမ္မမှတ်ကျောက်ရှိလာပြီဆိုရင် ငြင်းစရာ ရှိဦးမလား၊ မရှိတော့ဘူး၊ ဒါကြောင့်မို့ ဓမ္မမှတ်ကျောက်ဆိုတာ စာပေထဲမှာပါတယ်လို့-အဲဒီအတိုင်း မှတ်သားပြီးတဲ့အခါ ငြင်းစရာ မရှိတော့ဘူး၊ ဒါကြောင့်မို့ ပရိယတ်ကို သင်ရမယ်လို့ တိုက်တွန်းထားခဲ့တယ်။

ဆိုလိုရင်းကတော့ အားလုံးဟာ အမှန်တရားသိဖို့အတွက် ရွှေအစစ်နဲ့ ရွှေအတုကို မှတ်ကျောက်တင်ပြီး ဆုံးဖြတ်ရမယ်၊ ဒါဟာ ဘုရားဟောတဲ့ တရားအစစ်ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ သိချင်ရင် ဓမ္မမှတ်ကျောက်နဲ့ တင်ရမယ်။

မြတ်စွာဘုရားက မဟာပဒေသသုတ္တန်မှာ ဟောထားတာ ရှိတယ်၊ မဟာပဒေသဆိုတဲ့ အဓိပ္ပါယ်က “မဟာ” ဆိုတာ ကြီးမြတ်တဲ့အရာကို “အပဒေသ” - ညွှန်းပြီးတော့ ပြောတာတဲ့၊ လူတွေလည်း ပြောတတ်ကြတယ်လေ၊ မင်း ဒီသတင်း ဘယ်ကရတာလဲ၊ ဘယ်သူပြောတာလဲလို့ မညွှန်းဘူးလား၊ ဘယ်စာထဲပါတာ၊ ဘယ်ဆရာတော်ဟောတာလို့ မညွှန်းကြဘူးလား၊ အဲဒီလိုညွှန်းလာတာရှိလို့ မြတ်စွာ

စာမျက်နှာ-၂၂
ဘုရားက မဟာပဒေသဆိုတာနဲ့ ပတ်သက်ပြီးတော့ မှတ်ကျောက်တစ်ခု ပေးထားတယ်၊ မှတ်မှတ်သားသားဖြစ်ပြီးတော့ အငြင်းပွားစရာရှိရင် အကုသိုလ်မဖြစ်အောင် နေတတ်ရမယ်၊ အမှန်တရားဆိုတာ ကိုယ်တိုင်သိရမှာ ဖြစ်တယ်၊ တစိတ်တဒေသ ကြည့်ရင်၊ တစိတ်တဒေသသိရင် ခုနက ဆင်စမ်းသလို အငြင်းပွားကြတော့မှာပဲ။

ဒါကြောင့်မို့ မဟာပဒေသ ၄-ပါးဆိုတာ အကျဉ်းအားဖြင့် မှတ်သားရမယ်၊ နံပါတ်(၁)က တစ်ယောက်ယောက်က ကိုယ့်ကိုလာပြောတယ်၊ “ဟောဒီတရားက ဘုရားကိုယ်တိုင်ဟောတာကို သူနာခဲ့ရပါတယ်”လို့ - ဘုရားပွင့်တုန်းက ဒါမျိုးဖြစ်နိုင်တယ်နော်၊ ဘုရားရှင်ကိုမှီတဲ့ပုဂ္ဂိုလ်က ပြောတာ၊ “ငါ ဘုရားဆီက ကိုယ်တိုင်နာခဲ့ရတဲ့တရားပါ”လို့ ပြောရင်တဲ့ လက်မခံလိုက်နဲ့ ပြန်ပြီးတော့လည်း မငြင်းလိုက်နဲ့တဲ့၊ လက်ခံခြင်း၊ ငြင်းပယ်ခြင်း မလုပ်ပါနဲ့တဲ့၊ ဒါမှတ်ထားရမှာနော်။

ဘာလုပ်ရမလဲဆိုရင် မြတ်စွာဘုရားဟောတဲ့ သုတ္တန်တွေ၊ ဘုရားရဲ့ အဆုံးအမတွေနဲ့ တိုက်ဆိုင်ကြည့်ပါတဲ့၊ ဒါတော့ နဲနဲစာတတ်ဖို့ လိုတာပေါ့။ စာမတတ်ရင် ဘုရားဟောတဲ့တရားနဲ့ သွားပြီးတိုက်ဆိုင်ပါ၊ စာတတ်တဲ့ပုဂ္ဂိုလ်နဲ့ ကြည့်ရမှာပေါ့၊ သုတ္တန္တ၊ ဝိနယ၊

စာမျက်နှာ-၂၃
တိုက်ဆိုင်လိုက်တဲ့အခါ အဲဒီပုဂ္ဂိုလ်ပြောတဲ့စကားဟာ ဘုရားဟောတဲ့ထဲမှာ ဘောင်မဝင်ဘူး၊ ထော်လော်ကန့်လန့်ဖြစ်တယ်၊ မှားယွင်းနေတယ်ဆိုရင် လက်မခံနဲ့တဲ့၊ စွန့်ပစ်လိုက်၊ အဲဒီကျမှ စွန့်ပစ်ရမှာ၊ ဒါဘယ်လောက်ကောင်းတဲ့ မှတ်ကျောက်လဲ၊ မြတ်စွာဘုရား ဟောထားတာ၊ အကယ်၍ သူပြောတဲ့စကားဟာ သုတ္တန်တွေနဲ့ ညီညွတ်ရင် လက်ခံလိုက်ပါ။ လက်ခံတာက ချက်ချင်းလက်ခံဖို့ မဟုတ်ဘူး၊ တိုက်ဆိုင်ပြီး ကြည့်ရမယ်၊ တိုက်ဆိုင်ပြီးကြည့်လို့ မှန်ကန်မှ လက်ခံ၊ မမှန်ဘူးဆိုရင် ပယ်လိုက်၊ ဒါပြောတာ၊ ဒါက ဘုရားဆိုတဲ့ အင်မတန်ကြီးမြတ်တဲ့ပုဂ္ဂိုလ်ကို ရည်ညွှန်းပြီးတော့ ပြောတဲ့ မဟာပဒေသတစ်ခု။

နံပတ်(၂)ကျတော့ “ဟောဒါ ဘုရားဟောပါ”လို့ ဆိုပြီးတော့ သံဃာတွေအားလုံးက လက်ခံထားတာ ဖြစ်ပါတယ်လို့ တစ်ယောက်က ပြောလာခဲ့ရင် နားထောင်တဲ့ပုဂ္ဂိုလ်က ဘာလုပ်ရမလဲဆိုရင် လက်လည်း မခံလိုက်နဲ့ဦး၊ ငြင်းလည်း မငြင်းလိုက်နဲ့ဦး၊ ဘာလုပ်ရမလဲ၊ ဘုရားဟောထားတဲ့ အခြားသုတ္တန်တွေ၊ ဝိနည်းတွေနဲ့ တိုက်ကြည့်လိုက်ပါ၊ တိုက်ကြည့်လို့ သံဃာတွေပြောတဲ့ စကားပဲဖြစ်လင့်ကစား ဘုရားဟောတဲ့ သုတ္တန္တ၊ ဝိနယတွေနဲ့ တိုက်ဆိုင်လို့မရဘူး၊ မှားယွင်းနေတယ်ဆိုရင် ဒါဟာ သူတို့ရဲ့အမှတ်

စာမျက်နှာ-၂၄
မှားမှုပဲ၊ အကယ်၍ တိုက်ဆိုင်လို့ ညီညွတ်တယ်ဆိုရင်တော့ လက်ခံလိုက်ပါ၊ ငြင်းစရာရှိသေးလား (မရှိတော့ပါဘူး)၊ အငြင်းပွားမှုမလုပ်ရဘူးလို့ မြတ်စွာဘုရားက ဒီနည်းလမ်းတွေ ပေးထားတာ။

နောက် နံပါတ်(၃)က သံဃာတော်ကိုတော့ မရည်ညွှန်းဘူး၊ ဘာကိုရည်ညွှန်းလဲဆိုရင် ဘယ်ကျောင်းတိုက်က စာတတ်ပေတတ် ဆရာတော်ကြီးတွေ၊ ပါမောက္ခဆရာတော်ကြီးတွေ၊ သံဃာ့ဦးဆောင်ဆရာတော်ကြီးတွေ၊ သံဃာ့အဖွဲ့အစည်းတွေက ဒါဘုရားဟောတရားလို့ ပြောလာတယ်ဆိုရင် လက်ခံရမလား၊ လက်မခံနဲ့ဦး၊ ငြင်းပယ်ရမလားဆိုရင်လည်း မငြင်းပယ်နဲ့ဦး၊ ဘုရားဟောတဲ့ ဝိနည်းတို့ သုတ္တန်တို့နဲ့ တိုက်ဆိုင်ကြည့်ပါဦး၊ တိုက်ဆိုင်ကြည့်လို့ မမှန်ဘူးဆိုရင် ဒါသူတို့ရဲ့အမှတ်မှားတာပဲလို့ စွန့်ပယ်လိုက်ပါ။ ညီညွတ်တယ်ဆိုမှ လက်ခံပါတဲ့။

နောက်ဆုံးတစ်ခု နံပါတ်(၄)က ဘာလဲဆိုလို့ရှိရင် ဘယ်ကျောင်းတိုက်က နံမည်ကျော် ဘယ်ဆရာတော်ကြီးကနေပြီးတော့ ဒါဘုရားဟောလို့ ဟောလိုက်တယ်၊ ဘယ်တရားပွဲမှာ ဟောလိုက်တယ် စသည်ဖြင့်ပေါ့၊ ဘုရားဟောဆိုပြီး ဟောသွားတယ်ဆိုလို့ရှိရင် ချက်ချင်းကြီး လက်မခံလိုက်နဲ့၊ ငြင်းလည်း မငြင်းလိုက်နဲ့တဲ့၊ ဟုတ်တယ်၊ မဟုတ်

စာမျက်နှာ-၂၅
ဘူး မလုပ်နဲ့ဦး၊ ဘုရားဟောထားတဲ့ ဓမ္မအစစ်တွေ၊ ဝိနည်းအစစ်တွေနဲ့သာ တိုက်ကြည့်လို့ မှားယွင်းနေပြီ၊ ကိုက်ညီမှုမရှိဘူးဆိုလို့ရှိရင် ဒါသူမှားယွင်းပြီးပြောတာပဲဆိုပြီးတော့ လက်မခံဘဲ ထားပါတဲ့၊ အကယ်၍ တရားတော်တွေနဲ့ ညီညွတ်တယ်ဆိုလို့ရှိရင် လက်ခံပါ။ ဒါကို မဟာပဒေသ ၄-ပါးလို့ ခေါ်တယ်။

ဒီစည်းကမ်းအတိုင်း သွားမယ်ဆိုလို့ရှိရင် ဘုန်းကြီးတို့ အငြင်းပွားစရာလိုသေးလား? မလိုဘူး၊ အမှန်တရားကို စွန့်ပယ်ပြီး အမှားကိုရော မှတ်မိစရာရှိသေးလား? မရှိတော့ဘူး၊ အဲဒါကို ဓမ္မမှတ်ကျောက်လို့ ပြောတာ၊ မြတ်စွာဘုရားကိုယ်တော်တိုင်က အဲဒီလိုလုပ်ဖို့မှာခဲ့တာ၊ ဘယ်အရာကိုမှ အရမ်းလက်မခံနဲ့၊ သံဃာကိုကြည့်ပြီးတော့လည်း လက်မခံနဲ့၊ မှန်တယ်၊ မှားတယ်ဆိုတာ ကိုယ့်ဖာသာကိုယ် လေ့လာပြီးတော့ ဆုံးဖြတ်ရမယ်တဲ့၊ ဒါက မှတ်ကျောက်တစ်ခုပဲ။

နောက်ထပ် ရှင်ဥပါလိမထေရ်ကို ဟောကြားပေးခဲ့တဲ့ ဓမ္မမှတ်ကျောက်တစ်ခုကတော့ ကိုယ့်ကိုယ်နဲ့ တိုက်ကြည့်ပြီးတော့ တိုင်းတာရမယ်၊ အဲဒါ ပိုအရေးကြီးတယ် မှတ်ရမယ်၊ ခုဟာက စာပေကျမ်းဂန်တွေ တတ်သိဖို့ လိုသေးတယ်။ အခုပြောမှာက စာပေကျမ်းဂန်တတ်သိဖို့

စာမျက်နှာ-၂၆
မလိုဘဲနဲ့ ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ တိုင်းတာကြည့်ရမယ်။

မြတ်စွာဘုရားက ရှင်ဥပါလိကို ဟောခဲ့တယ်၊ “ဒါက မြတ်စွာဘုရားရဲ့ အဆုံးအမ၊ ဒါက ဘုရားဟောခဲ့တဲ့ ဓမ္မ၊ ဒါက ဘုရားဆုံးမခဲ့တဲ့ ဝိနယ၊ ဓမ္မရယ်၊ ဝိနယရယ်၊ မြတ်စွာဘုရားရဲ့ အဆုံးအမရယ်” လို့ ဘာနဲ့စံထားကြမလဲ၊ ဘုရားတရားအစစ်ပါလို့ ဆိုမှတော့ ဒီကျင့်စဉ်က မှန်ပါတယ်လို့ ဘာနဲ့စံထားရမလဲ။

ခုခေတ်မှာလည်း အငြင်းပွားတာတွေ ရှိတယ်နော်၊ မြန်မာပြည်တင်မကဘူး၊ တခြားမှာလည်း အငြင်းပွားတာ ရှိတယ်၊ တရားကျင့်တဲ့သူတွေ အသိုင်းအဝန်းမှာလည်း တရားကျင့်တဲ့သူတွေ အချင်းချင်း ငြင်းနေကြတာပဲ၊ မငြင်းသင့်ဘူး၊ အမှန်တရားဆိုတာ ကိုယ်တိုင်ရှာရမယ်၊ ငြင်းရင် ဘာဖြစ်မလဲ၊ အကုသိုလ်ဖြစ်မယ်၊ အကုသိုလ်ဖြစ်ရင် ကောင်းသလား? မကောင်းပါဘူး၊ အဲဒီတော့ အငြင်းပွားမှုမရှိအောင် ဒီဓမ္မမှတ်ကျောက်လေးကို ကိုယ်စီကိုင်ထားဖို့ လိုတယ်၊ ဒါက ဓမ္မစစ်ပါ။ ဒီလိုလုပ်ရပါတယ်ဆိုလို့ရှိရင် ဘာနဲ့ စစ်ဆေးကြည့်ရမလဲဆိုရင် ဟောဒီအချက် ၇-ချက်နဲ့ စစ်ဆေးကြည့်ရမယ်။

စာမျက်နှာ-၂၇
မြတ်စွာဘုရား တရားတော်ဆိုတာ ကျင့်ကြံကြိုးကုတ် အားထုတ်တဲ့ပုဂ္ဂိုလ်ဟာ သံသရာဝဋ်တွင်း၌ ငြီးငွေ့ပြီး သင်္ခါရတရားတွေပေါ်မှာ သာယာမှုနည်းပါးလာတယ်၊ တရားဓမ္မကျင့်လျက်သားနဲ့ သံသရာကလည်း မငြီးငွေ့ဘူး၊ သင်္ခါရတရားတွေပေါ်မှာ သာယာမှုကလည်း တိုးပွားနေသေးတယ်။ ဒီအခြေအနေနှစ်ခု မဖြစ်နိုင်ဘူးလား- တရားအားထုတ်တဲ့အခါ သံသရာထဲမှာပိုပျော်လာတာနဲ့ သံသရာထဲမှာ ငြီးငွေ့လာတာ။

အဲဒီလို ဖြစ်လာလို့ရှိရင် စံပေးထားတယ်၊ ဘုရားဟောတဲ့တရားဟာ လက်တွေ့ကျင့်သုံးလိုက်မယ်ဆိုလို့ရှိရင် “ဧကန္တနိဗ္ဗဒါယ” - သင်္ခါရတရားတွေအပေါ်မှာ သာယာစရာဆိုတာ မတွေ့တော့ဘဲနဲ့ သံသရာဝဋ်ဆင်းရဲကြီးကို ငြီးငွေ့လာရမယ်၊ ငြီးငွေ့မှုကို မဖြစ်စေဘူးဆိုရင် ကိုယ်ကျင့်နေတဲ့တရားဟာ တရားစစ်မဟုတ်သေးဘူးလို့ ဒီလိုပြောတာ၊ ငြီးငွေ့မှုကို ဦးတည်သွားရမယ်၊ ဒါ နံပါတ်(၁) အချက်နော်။ နောက်တစ်ခုက ဘာလဲဆိုရင် “ဝိရာဂ” - မြတ်စွာဘုရားဟောထားတဲ့ တရားတော်ဟာ ကာမဂုဏ်အာရုံဆိုတဲ့ တပ်မက်မှုတွေ ကင်းသွားရမယ်၊ သံသရာမှာ တွယ်တာမှုတွေ လျော့နည်းသွားရမယ်၊ နောက်ဆုံး ကင်းသွားနိုင်။

စာမျက်နှာ-၂၈
တဲ့အနေအထား ရှိရမယ်၊ ကျင့်လေလေ တပ်မက်မှု တွယ်တာမှုတွေ လျော့လာလေလေ၊ အကယ်၍ တွယ်တာမှုတွေ လျော့မလာဘဲနဲ့ တိုးလာပြီဆိုရင် တရားစစ် မဟုတ်ဘူး၊ တွယ်တာမှုတွေ လျော့သွားမှ တရားစစ်ဖြစ်တာ၊ ဒါ နံပါတ်(၂)။

နံပါတ်(၃)က “နိရောဓ - ကိလေသာတွေ ချုပ်ငြိမ်းသွားရမယ်၊ ကိလေသာဆိုတဲ့ လောဘတွေ ချုပ်ငြိမ်းသွားရမယ်၊ ဒေါသတွေ ချုပ်ငြိမ်းသွားရမယ်၊ မာန်မာနတွေ ချုပ်ငြိမ်းသွားရမယ်၊ မငြိမ်းဘဲနဲ့ တိုးလာတယ်ဆိုရင် မဟုတ်သေးဘူး၊ တိုးလာပြီဆိုရင် ဒီတရားဟာ တရားစစ် တရားမှန် မဟုတ်ဘူးတဲ့။ တချို့ကျတော့ တရားအားထုတ်လိုက်တဲ့အခါကျတော့ - ကြားဖူးတာလေး ပြောတာပါ၊ တရားအားထုတ်ပြီး ရိပ်သာကပြန်လာတဲ့အခါကျတော့ အိမ်နားချင်းတွေနဲ့ မခေါ်နိုင်၊ မပြောနိုင် ဖြစ်တယ်၊ ငါက တရားထူး၊ တရားမြတ်တွေ ရလာတာ၊ နင်တို့က သံသရာထဲ လည်ဦးမှာ၊ ငါကတော့ လည်စရာမရှိတော့ဘူး၊ လူချင်းမပြောနဲ့ ဘုန်းကြီးတွေတောင် ဒီကိုယ်တော်တွေက တရားထူး တရားမြတ် မရသေးဘူး၊ တို့ထက် နိမ့်တယ်လို့ ထင်သွားတယ်၊ ဟုတ်တယ်မို့လား၊ အေး ဒါတွေ ဝင်လာရင် ဒါတရားစစ် မဟုတ်ဘူး၊ ကိုယ့်သန္တာန်မှာ မာန်မာနတွေ

စာမျက်နှာ-၂၉
တက်လာတာဟာ တရားစစ် မဟုတ်ဘူး၊ ဒါတွေ မဖြစ်အောင် ဖယ်ရှားပစ်မှ တရားစစ်ဖြစ်မှာ။

ဟော ၃-ချက်ရှိပြီ၊ နံပါတ်(၁)က ဧကန္တနိဗ္ဗဒါယ - တကယ့်ကို သာယာမှုတွေ ငြီးငွေ့သွားတာ၊ လျော့ကျသွားတာ၊ နံပါတ်(၂)က ဝိရာဂ - တွယ်တာမှုတွေ ပြတ်တောက်သွားတာ၊ နံပါတ်(၃)က နိရောဓ - ကိလေသာတွေ ချုပ်ငြိမ်းသွားတာ။

နံပါတ်(၄)က တရားတစ်ခုဟာ ကျင့်ကြံလိုက်တာနဲ့ ငြိမ်းအေးသွားတယ်၊ တရားကိုအကြောင်းပြုပြီးတော့ စိတ်ထဲမှာ ပူပန်တာတွေ၊ သောကတွေ နည်းသွားတယ်၊ ဘယ်လိုပြဿနာမျိုးနဲ့ တွေ့တွေ့ စိတ်ထဲမှာ မပူပင်တော့ဘူး၊ ငြိမ်းနေတယ်၊ တရားနှလုံးသွင်းပြီး နေနိုင်တယ်။

ဆိုပါစို့ - ပဋာစာရီတို့ သောကဖြစ်ပြီး ရူးသွားတယ်၊ တရားတွေနဲ့တွေ့တဲ့အခါ ဒါတွေ ငြိမ်းပြီး အေးမသွားဘူးလား? စိတ်တွေ ငြိမ်းအေးသွားတယ်၊ အခါတိုင်းလို ပူပန်တာတွေ မရှိတော့ဘူး၊ အော် ငါ့ရဲ့ အိမ်သား လမ်းမှာဆုံးသွားတယ်၊ ငါ့ကလေးနှစ်ယောက်လည်း လမ်းမှာသေသွားတယ်၊ အမေတွေ အဖေတွေ မောင်တွေလည်း မရှိတော့ဘူး၊ အားလုံးသေကုန်ပြီး စိုးရိမ်သောကတွေဖြစ်ပြီး အရူးမဘဝ ရောက်သွားတယ်၊ အဲဒီအရူးမဘဝ ရောက်သွားတဲ့

စာမျက်နှာ-၃၀
သောကသည်မ ပဋာစာရီဟာ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မကို ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်တဲ့အခါ “ဥပသမ - ရင်ထဲမှာ အပူတွေပျောက်ပြီး ငြိမ်းသွားပါတယ်”၊ တရားအားထုတ်ပြီး အဲဒီလိုငြိမ်းအေးမှုတွေ ရရဲ့လားတဲ့၊ အတိုင်းအတာလေးတွေ ရှိရမယ်။

ဆိုပါစို့ - “ကိုယ်ဟာကိုယ် တိုင်းတာကြည့်ပေါ့။ အရင်တုန်းက သိပ်ပူပန်တတ်တယ်၊ အခုတော့ မပူတော့ဘူးဆိုတာ ဖြစ်လာရတယ်၊ ဓမ္မလမ်းကြောင်းကိုတွေ့ပြီး မပူတာမျိုး ဖြစ်ရမယ်၊ တရားအသိကို သိလာပြီးတော့ ပူပန်သောကတွေ လျော့ပြီး နောက်ဆုံးမှာ ပူပန်သောကတွေ လုံးဝမရှိတော့ဘူး၊ အေး ဒီအငြိမ်းဓာတ်လေး ရလာပြီဆိုမှ ဘုရားရဲ့တရားအစစ်လို့ မှတ်ပါ။”

နောက်တစ်ခု နံပါတ်(၅)က “အဘိညာ”တဲ့၊ သိမြင်မှုတွေက ထူးခြားလာတယ်၊ အရင်က သိတာတွေနဲ့ မတူဘူး၊ ရှင်းရှင်းလင်းလင်း သိလာတယ်၊ ဒုက္ခသစ္စာကိုလည်း ကောင်းကောင်းကြီး သိလာတယ်၊ နိဗ္ဗာန်ရဲ့ သဘောသဘာဝကိုလည်း ကောင်းကောင်းကြီး သိလာတယ်၊ အဘိညာဉ်ဆိုတာ ထူးခြားတဲ့အသိဉာဏ်ကို ရတယ်၊ နံပါတ်(၆)က သမ္ဗောဓ - သစ္စာ ၄-ပါးကို မှန်မှန်ကန်ကန် သိလာတယ်။

စာမျက်နှာ-၃၁
အဲဒီလို ထူးခြားတဲ့ဓမ္မအသိတွေ ဖြစ်လာပြီဆိုလို့ရှိရင် ကြည့် - တရားနာတဲ့အချိန်နဲ့ တရားမနာရသေးတဲ့အချိန် - ပြောရမယ်ဆိုရင် ဆေးစားပြီးတဲ့ပုံနဲ့ ဆေးမစားမီပုံ မတူဘူးဆိုတာ ရှိတယ်မဟုတ်လား၊ အဲဒါမျိုးတွေလိုပဲ တရားအသိမရှိခင်တုန်းက တစ်မျိုး၊ တရားအသိ ရှိပြီးတဲ့အချိန်က တစ်မျိုးဆိုပြီး မပြောင်းသင့်ဘူးလား? တရားမသိခင်တုန်းက ပုံစံမျိုးပဲ၊ ရိပ်သာတွေသွား တရားစခန်းတွေ အကြိမ်ကြိမ်ဝင် ပုံမပျက်ဘူး၊ ဒီပုံစံပဲ ရှိသေးတယ်၊ အရပ်ထဲနေလို့ရှိရင် ပုံစံပြောင်းမသွားသေးဘူး၊ အချိုးအစားက ဒီအတိုင်းပဲဆိုရင် တရားမရသေးဘူးလို့ မှတ်ရမှာပဲ၊ အချိုးအစားတွေ ပြောင်းသွားပြီ၊ သိမ်မွေ့လာတယ်။ ဒီလိုဖြစ်လာတယ်၊ တရားရှင် ဖြစ်လာရင် သိမ်မွေ့လာတယ်၊ နူးညံ့လာတယ်၊ အပြောအဆိုတွေကလည်း အင်မတန်ယဉ်ကျေးလာတယ်၊ ဒီလို တိုးတက်မှုတွေ ရှိလာတယ်။

နောက်ဆုံး နံပါတ်(၇)ကတော့ “နိဗ္ဗာနာယ” - နိဗ္ဗာန်ကို လက်ရှိတွေ့သွားတဲ့ အနေအထားမျိုး ရှိရမယ်၊ ဒါ အဆင့်အလွန်မြင့်သွားပြီးပေါ့။

အားလုံးပေါင်းလိုက်တဲ့အခါ မြတ်စွာဘုရားတရားတော်ဟာ ဘယ်ကိုဆောင်ကြဉ်းသွားလဲဆိုတော့ အခြေအနေ ၇-ခု ရောက်သွားအောင် ဆောင်ကြဉ်းသွားတယ်။

စာမျက်နှာ-၃၂
ဘုရားတရားတော် ဆောင်ကြဉ်းသွားတာက သံသရာဝဋ်ဒုက္ခ သင်္ခါရတရားတွေကို ငြီးငွေ့လာတဲ့သဘော ရှိရမယ်၊ ဒီတရားကျင့်လိုက်တဲ့အခါ ခါတိုင်းလို ကာမဂုဏ်အာရုံတွေနဲ့ မပျော်တော့ဘူး၊ ဆိုပါစို့ - အရင်က တီဗွီနားက မခွာဘူး၊ ယခု ဒါတွေဟာ အပိုပဲလို့ ကြည့်ချင်စိတ်မရှိတော့ဘူး၊ လူတွေဆိုတာ စိတ်ဓာတ်ကအမျိုးမျိုးလေ - ပွဲကြိုက်တဲ့လူက ပွဲပဲ ကြိုက်တာပဲ၊ သူတို့က ထင်ကောင်းထင်လိမ့်မယ်၊ ရိပ်သာတွေသွားပြီး တရားစခန်းမှာ တရားထိုင်နေတာကို ပွဲကြိုက်တဲ့သူအနေနဲ့ မြင်ရင် ဘယ်လိုနေမလဲ၊ “အမလေး ပျင်းစရာကြီး သွားပြီးငုတ်တုတ်ကြီး ထိုင်နေတယ်လို့ မထင်ပေဘူးလား?” အဲဒီလို ထင်မှာပဲ၊ ပွဲကြိုက်တဲ့သူကတော့ “ဒို့တော့ ပျော်လိုက်တာ၊ ရယ်လို့မောလို့ စားလို့သောက်လို့” သူကလည်း ဒါကြိုက်တာပဲလေ။ တရားအားထုတ်သူရဲ့ ကြည်နူးမှု ပီတိ, အသိဉာဏ်တို့ကို သူသဘောမပေါက်ဘူးလေ၊ အဲဒီတော့ သဘာဝချင်း တူရဲ့လား၊ မတူဘူး။

တရားတော်ကိုသိရင် အခြေအနေက ပြောင်းလဲသွားတယ်၊ အရင်တုန်းက ပွဲကြိုက်တယ်၊ အခု ပွဲမကြိုက်တော့ဘူး၊ ဒါပြောင်းလဲမှုတစ်ခု မဖြစ်ပေဘူးလား၊ အရင်တုန်းက အရပ်ထဲမှာ ကျယ်ကျယ်လောင်လောင် ပြောတယ်။

စာမျက်နှာ-၃၃
ကြမ်းကြမ်းတမ်းတမ်းပြောတယ်၊ အခု အဲဒီလို မပြောတော့ဘူး၊ ပြောင်းလဲမှု မဖြစ်ဘူးလား၊ ဖြစ်လာတယ်၊ အရင်တုန်းက သံယောဇဉ်တွေ သိပ်ကြီးတယ်၊ အခုတော့ သိပ်မထားတော့ဘူး၊ မဖြစ်ပေဘူးလား၊ အဲဒီလို ကွဲပြားခြားနားမှုတွေ ရှိလာလို့ရှိရင် ဗုဒ္ဓမြတ်စွာက တကယ့်တရားအစစ်လို့ ဒီလိုဟောထားတာ။

* ဧကန္တနိဗ္ဗဒါယ - သံသရာဝဋ်ဆင်းရဲကြီးက လွတ်ကင်းလိုတဲ့ စိတ်ဆန္ဒတွေ၊ သံသရာဝဋ်ဆင်းရဲကို ပျော်ရွှင်စရာလို့ မမြင်တော့ဘူး၊ ပျော်ရွှင်စရာလို့ မမြင်တော့ဘဲ စိတ်ပျက်စရာ စိတ်ဓာတ်ကျတယ်ဆိုရင်တော့ အဲဒီ ၂-ခုက depression ဖြစ်တာ၊ တရားက depression ဖြစ်စေတာ မဟုတ်ဘူး၊ စိတ်ဓာတ်တွေ depression ဝင်သွားရင် မဟုတ်သေးဘူး၊ ဝိရာဂ - မြတ်စွာဘုရားတရားတော်က အမှန်မြင်ပြီးတဲ့အခါ လူက ဒီသဘာဝတရားတွေပေါ်မှာ တွယ်တာမှုကင်းပြတ်သွားတာ ဖြစ်တယ်၊ စိတ်ဓာတ်ကျတာမျိုး မဖြစ်ဘူး၊ နေရထိုင်ရတာ ငြိမ်းချမ်းသွားတာမျိုး ဖြစ်တယ်၊ တွယ်တာမှုတွေ မက်မောမှုတွေ အခု မရှိတော့ဘူး။

နိရောဓ - ကျန်တဲ့စိတ်ဓာတ်ဆိုင်ရာ အညစ်အကြေးတွေ ရှိတယ်၊ အခုတော့ မရှိတော့ဘူး၊ ဥပသမ - ငြိမ်းချမ်းလာတယ်၊ အဘိညာ - အသိဉာဏ်တွေလည်း ထူးခြားလာ

စာမျက်နှာ-၃၄
တယ်၊ သမ္ဗောဓ - အမှန်တရားနဲ့ ပတ်သက်ပြီး သစ္စာ ၄-ပါးနဲ့ပတ်သက်ပြီး ကောင်းကောင်းကြီး သဘောပေါက်လာတယ်၊ နိဗ္ဗာန - တကယ့်သူတော်စင်တွေ ရောက်သွားတဲ့ နိဗ္ဗာန်ကို စိတ်ဝင်စားတယ်၊ ဒီလို တိုးတက်မှု အခြေအနေတွေကို ရရှိစေမှ၊ အဲဒါတွေကို ဆောင်ကြဉ်းသွားတဲ့တရားမှ တကယ့်စစ်မှန်တဲ့တရားပါလို့ မြတ်စွာဘုရားက ရှင်ဥပါလိကို ဟောတဲ့ “သတ္ထုသာသနသုတ္တန်”ဆိုတာ ရှိတယ်။

ဘုန်းကြီးတို့ အခုဟောတာက အင်္ဂုတ္တရနိကာယ်မှာ ပါတဲ့ မဟာပဒေသသုတ်နဲ့ အဲဒီအင်္ဂုတ္တရနိကာယ်ထဲမှာပဲ ပါတဲ့ သတ္ထုသာသနသုတ္တန်ကို မြန်မာလိုရှင်းပြီး ပြောတာဖြစ်တယ်၊ ဘုန်းကြီးတို့ပြောတာ မဟုတ်ဘူး။ အကျဉ်းချုပ်နားလည်ရမှာကတော့ 'ဓမ္မမှတ်ကျောက်'ဆိုတာ စာပေနဲ့တင်ပြီး ကြည့်တာလည်း ဓမ္မမှတ်ကျောက်ပဲ၊ ကိုယ့်ရဲ့ခံစားချက် ကိုယ့်ရဲ့အဆင့်နဲ့ ကြည့်တာလည်း ဓမ္မမှတ်ကျောက်ပဲ၊ ယောဂီပုဂ္ဂိုလ်တစ်ယောက်ဟာ ကိုယ်သိလာတဲ့အသိ ကိုယ့်ဖာသာ မသိပေဘူးလား၊ ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘ, ကိုယ့်သန္တာန်မှာဖြစ်တဲ့ ဒေါသ, ကိုယ့်သန္တာန်မှာဖြစ်တဲ့ မာန်မာနတွေ၊ ဣဿာ မစ္ဆရိယတွေကို မသိနိုင်ဘူးလား? ကိုယ့်သန္တာန်မှာ ဒီသဘာဝတရားတွေ ရှိနေသေးတယ်ဆိုရင် နည်းလာသလား, ပိုဆိုးလာသလား

စာမျက်နှာ-၃၅
ကိုယ့်ကိုယ်ကို မသိနိုင်ဘူးလား? ကျင့်လို့ရှိရင် တဖြည်းဖြည်း နည်းလာတယ်၊ လျော့လာတယ်၊ ၁ဝ-ကြိမ်ဖြစ်တာဟာ ၇-ကြိမ်၊ ၅-ကြိမ်၊ ၃-ကြိမ်လောက်ပဲ ဖြစ်တော့တယ်၊ ဒါမျိုးပြောတာ၊ လုံးဝမဖြစ်ဘူးဆိုရင် ဒါ လုံးဝငြိမ်းသွားတယ်။

* တရားနဲ့ပတ်သက်လာရင် အနုရုဒ္ဓသုတ်ကို သတိထားသင့်တာပေါ့၊ ရှင်အနုရုဒ္ဓါမထေရ်မြတ်ဟာ သာသနာ့ဘောင်ဝင်လာပြီးတော့ ပထမ ၃-လ ဝါတွင်းကာလမှာ သမထကျင့်စဉ်တစ်ခုကို ကျင့်လိုက်တာ ဈာန်အဘိညာဉ်တွေ ရသွားတယ်၊ ဘာထူးထူးကဲကဲ အောင်မြင်လဲဆိုရင် ဒိဗ္ဗစက္ခုအဘိညာဉ်မှာ ထူးထူးကဲကဲ အောင်မြင်တယ်။

ဒိဗ္ဗစက္ခုအဘိညာဉ်ဆိုတာ ဒီစကြဝဠာတစ်ခု မပြောနဲ့ စကြဝဠာတစ်ထောင်ကို တစ်ထိုင်တည်းနဲ့ အာရုံပြုကြည့်လိုက်လို့ရှိရင် အကုန်မြင်နေရတယ်၊ အကုန်မြင်တယ်ဆိုတာ ဘာလဲ၊ သေသွားတဲ့လူ မြင်ရတယ်၊ သေပြီး ဘယ်ရောက်သွားတယ်ဆိုတာ မြင်ရတယ်၊ သေခါနီးဆဲဆဲပုဂ္ဂိုလ်တွေ ဘာဖြစ်နေတယ်ဆိုတာ အကုန်မြင်ရတယ်၊ သေသွားပြီး အခြားမဲ့ဘဝမှာ ဘယ်ရောက်နေတယ်ဆိုတာ မြင်ရတယ်၊ အဲဒါအားလုံး television ထဲကပုံကို ထိုင်ကြည့်နေရသလို မြင်ရတယ်၊ မြင်နေရလို့ စကြဝဠာတစ်ထောင်မှာ ရှိတာတွေကို အကုန်လုံး မြင်နိုင်စွမ်းရှိတယ်၊ ဒိဗ္ဗစက္ခုလို့

စာမျက်နှာ-၃၆
ခေါ်တယ်၊ ကိုယ့်အနီးနားမှာပဲရှိရှိ အဝေးမှာပဲရှိရှိ သေးတာပဲဖြစ်ဖြစ် ကြီးတာပဲဖြစ်ဖြစ် ကြည့်ချင်လို့ရှိရင် ကြည့်ချင်တဲ့ဘက်ကို ဦးလှည့်လိုက်တာနဲ့ အကုန်မြင်ရတယ်၊ ဒါ ရှင်အနုရုဒ္ဓါ ရခဲ့တဲ့စွမ်းရည်ပဲ။

အဲဒီလို သမထကျင့်စဉ်အောင်လို့ အဘိညာဉ်ရတဲ့ပုဂ္ဂိုလ်ဟာ မသိမသာ အကုသိုလ်တရားတွေ ဖြစ်လာတယ်၊ ရှေ့ဆက်ပြီး တရားကျင့်ပေမယ့် ရဟန္တာမဖြစ်ဘူး၊ မဖြစ်တဲ့အခါ ရှင်သာရိပုတ္တရာဆီ သွားမေးတယ်၊ “အရှင်ဘုရား တပည့်တော်မှာ စကြဝဠာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်၊ တပည့်တော်မှာ သတိတွေလည်း ကောင်းတယ်, ဝီရိယတွေလည်း ကောင်းတယ်၊ သမာဓိစွမ်းအားတွေလည်းကောင်းတယ်၊ ဒါပေမယ့် ရဟန္တာမဖြစ်ဘူးဘုရား၊ ကိလေသာကင်းကွာတဲ့သူ မဖြစ်ဘူးဘုရား” - စကားက ၃-ခွန်းနော်။

အဲဒီလိုပြောတော့ ရှင်သာရိပုတ္တရာမထေရ်မြတ်က ဘာပြောလဲဆိုတော့ “ငါ့ရှင်အနုရုဒ္ဓါ - စကြဝဠာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်လို့ ထင်နေတာကိုက မာနပဲ”၊ ကြည့် - မာနဆိုတာ အကုသိုလ်၊ ယောဂီပုဂ္ဂိုလ်တွေ “တရားထိုင်တာ တစ်နေ့ကို ဘယ်နှစ်ကြိမ် ထိုင်နိုင်တယ်၊ ငါ့သမာဓိ ဘယ်လောက်ကောင်းတယ်၊ မထဘဲနဲ့ ဘယ်လောက်ထိုင်နိုင်တယ်၊ ၅-နာရီ ထိုင်နိုင်တယ်၊ ၆

စာမျက်နှာ-၃၇
နာရီ ထိုင်နိုင်တယ်၊ အဲဒီလို သွားမတွေးနဲ့၊ အဲဒါ မာနပဲ။ ရှေ့ကို တရားထူးတရားမြတ် မတက်နိုင်ဘူး။

သူပြောတာ မဟုတ်ဘူးလားဆို ဟုတ်တယ်၊ စကြဝဠာတစ်ထောင်ကို တစ်ထိုင်တည်းနဲ့ ကြည့်နိုင်တယ်၊ ဟုတ်ပေမယ့် အဲဒီမာနလေး ခံနေသည့်အတွက်ကြောင့် ရဟန္တာ မဖြစ်ဘူး။

နောက်တစ်ခါ ရှင်သာရိပုတ္တရာက ထောက်ပြတယ်၊ “ငါ့မှာ သမာဓိတွေကောင်းတယ်, သတိလည်းကောင်းတယ်, ဝီရိယတွေလည်း ကြိုးစားအားထုတ်တယ်၊ အဲဒီလိုတွေးတာက ဥဒ္ဓစ္စ စိတ်တွေလေလွင့်နေတာ၊ ဒီလိုတွေးတာကိုက သမာဓိပျက်ပြားတာပဲ၊ အဲဒီအတွေးတွေ မဖျောက်လို့ရှိရင် ရဟန္တာမဖြစ်ဘူး။”

နောက်ဆုံးအဆင့် “ငါ ကိလေသာကုန်တဲ့ ရဟန္တာ ဘာဖြစ်လို့ မဖြစ်ရသလဲ” လို့ပြောတာ ကုက္ကုစ္စပဲ၊ အများသိနေတဲ့ ကုက္ကုစ္စက မလုပ်သင့်တဲ့အလုပ်ကို လုပ်မိပြီး ပူပန်တာ ကုက္ကုစ္စ၊ လုပ်သင့်တာ မလုပ်မိလို့ ပူပန်တာလည်း ကုက္ကုစ္စ၊ ယခုကုက္ကုစ္စဆိုတာ တခြားမဟုတ်ဘူး၊ “ကိလေသာကုန်တဲ့ ရဟန္တာ ဘာလို့ မဖြစ်တာလဲ”လို့တွေးတာ၊ ဒါလည်း ကုက္ကုစ္စပဲ။

စာမျက်နှာ-၃၈
မာနဆိုတာလည်း အကုသိုလ်တရား၊ ဥဒ္ဓစ္စလည်း အကုသိုလ်တရား၊ ကုက္ကုစ္စလည်း အကုသိုလ်တရား၊ အင်မတန်မှ သိမ်မွေ့တယ်၊ ဒီဥဒ္ဓစ္စတို့၊ ကုက္ကုစ္စတို့၊ မာနတို့ဆိုတဲ့ အကုသိုလ်တွေ ခံနေတဲ့အတွက်ကြောင့် ရှင်အနုရုဒ္ဓါ ရဟန္တာအဖြစ်ကို မရောက်ဘူးတဲ့။

ရှင်သာရိပုတ္တရာက အကြံပေးတယ် “ကိုယ်တော် ဒါတွေတွေးမနေနဲ့၊ နိဗ္ဗာန်တစ်ခုထဲကို ဦးတည်ပြီး ကျင့်ပါ” လို့ အကြံပေးလိုက်တဲ့အခါကျမှ ရှင်အနုရုဒ္ဓါ ရဟန္တာဖြစ်သွားတယ်၊ တရားဆိုတာ အလွန်သိမ်မွေ့တယ်။

ဥပမာလေးတစ်ခုနဲ့ ကြည့် - ကိုယ့်လက်ဖဝါးထဲမှာ မြူမှုန်ကလေးတစ်ခုရှိလို့ အဲဒီမြူမှုန်ကလေးကို လက်ဖဝါးထဲမှာ ပွတ်ကြည့် - ဘာမှမဖြစ်ဘူး၊ သို့သော် အဲဒီမြူမှုန်လေးကို မျက်လုံးထဲထည့်လိုက်ရင် ဘယ်လိုနေမလဲ၊ မျက်ရည်တွေ မထွက်ပေဘူးလား? လက်ဖဝါးထဲမှာရှိတုန်းက ဘာမှမဖြစ်ပေမယ့် မျက်လုံးထဲရောက်တော့ ဒုက္ခမရောက်ပေဘူးလား။

ထို့အတူပဲ ခုနကပြောတဲ့ မာနလေးဟာ မြူမှုန်လေးလောက်ပဲရှိတာ၊ သူရလို့ရတယ် ပြောတာပဲ၊ ထို့အတူပဲ သတိ, ဝီရိယ, သမာဓိတွေ ကောင်းတယ်လို့တွေးတာလည်း သူဟုတ်လို့တွေးတာပဲ။ အဲဒါကလည်း မြူမှုန်လေး

စာမျက်နှာ-၃၉
လိုပါပဲ၊ သိပ်ကြီးတာ မဟုတ်ပါဘူး၊ ဘာဖြစ်လို့ ရဟန္တာ မဖြစ်ပါလိမ့်လို့တွေးတဲ့အတွေးဟာလည်း မြူမှုန်လေးလိုပါပဲ၊ သို့သော် အဲဒီမြူမှုန်လေးဟာ မျက်လုံးထဲရောက်ရင် ခိုးလိုးခုလုဖြစ်သလို အရဟတ္တမဂ်ဖိုလ်ဆိုတဲ့ အင်မတန် သိမ်မွေ့တဲ့တရား ရဖို့ကျတော့ အကြီးအကျယ် အဟန့်အတား မဖြစ်ပေဘူးလား? ဒါလည်း သတိထားရမယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က 'ဓမ္မမှတ်ကျောက်' လို့ မဟာပဒေသသုတ်နဲ့ သတ္ထုသာသနသုတ်တွေကို ဟောခဲ့ပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်တွေ မိမိတို့ လက်တွေ့ကျင့်သုံးရမယ့် တရားဓမ္မ, သိထားရမယ့် တရားဓမ္မတွေ နာရလို့ ကိုယ့်ရဲ့ အမူအကျင့်တွေ စိတ်နေသဘောထားတွေ ပြောင်းလဲလာပြီး သူတော်စင်သူတော်မြတ်အဖြစ် ရောက်လာပြီဆိုရင် ဗုဒ္ဓမြတ်စွာရဲ့တရား မှန်ကန်တယ်လို့ ဒီလိုမှတ်ကြရမှာပါ၊ တရားကိုအကြောင်းပြုပြီး မာနတွေ တက်လာမယ်, မလိုမုန်းထားတဲ့ ဣဿာတွေ များလာမယ်၊ သူတစ်ပါးသိတာကို မနာလိုတာက ဣဿာ, ကိုယ်သိတာကို သူများမသိစေချင်တာက မစ္ဆရိယ၊ အဲဒါတွေ တိုးပွားလာရင် ဒါမမှန်ကန်သေးဘူးလို့ ဒီလိုမှတ်ရမယ်။

စာမျက်နှာ-၄၀
ဒါကြောင့်မို့ ဓမ္မမှတ်ကျောက်ကို ကိုယ်စီဆောင်ထားပြီး ဗုဒ္ဓမြတ်စွာဟောကြားထားတဲ့ တရားဓမ္မတွေနဲ့ ပတ်သက်လို့ အကုသိုလ်ဖြစ်ပွားစေတတ်တဲ့ အငြင်းပွားမှုတွေကို ရှောင်ရှားပြီးတော့ မှန်ကန်တဲ့လမ်းကြောင်းက လျှောက်လှမ်းကာ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေသတည်း။

ပြီးပါပြီ။
d06gqrdfindi07zrt2t7neqo6vfmn9a
ဓမ္မသံဝေဂနှင့် ဘဝဆည်းဆာ
0
6370
22166
2026-06-15T04:43:46Z
Tejinda
173
"{{header | title = ဓမ္မသံဝေဂနှင့် ဘဝဆည်းဆာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဓမ္မမှ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22166
wikitext
text/x-wiki
{{header
| title = ဓမ္မသံဝေဂနှင့် ဘဝဆည်းဆာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဓမ္မမှတ်ကျောက်]]
| previous2 =
| next = [[ဓမ္မကြေးမုံ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

ဓမ္မသံဝေဂနှင့် ဘဝဆည်းဆာ
မှတ်တမ်း နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီး၊ ၁၃၇၅ ခုနှစ်၊ ပြာသို လကွယ်၊ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက် (ကြာသပတေး နေ့) နံနက် (၈းဝဝ) နာရီအချိန်တွင် သီရိရတနာ ဓမ္မာရုံ၌ ကျင်းပသော ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသ ဆရာတော်ဘုရားကြီးအား ပူဇော်သည့် ပူဇော်ပွဲ မင်္ဂလာ အခမ်းအနားတွင် ဟောကြားတော်မူသော “ဓမ္မသံဝေဂနှင့် ဘဝဆည်းဆာ” တရား ဒေသနာတော်။

ယခုလို ဝယဗုဒ္ဓိ အသက်အရွယ်ကြီးမားသည့် ဘိုးဘွားမိဘများကို ပြုစုစောင့်ရှောက်တယ်ဆိုတာ ဗုဒ္ဓမြတ်စွာရဲ့ အလိုတော်ကျ ကြီးမားသော ကုသိုလ် ကောင်းမှု ဖြစ်ရုံမျှမက လူသားတို့ရဲ့ ယဉ်ကျေးတဲ့

စာမျက်နှာ-၂
အမွေအနှစ်တစ်ခုလဲ ဖြစ်ပါတယ်။ မြတ်စွာဘုရား အလောင်းတော်ဘဝကပင်လျှင် ဝယအရွယ် အားဖြင့် ကြီးတဲ့ပုဂ္ဂိုလ်တွေကို ရိုသေခြင်း၊ လေးစားခြင်းကို ပြုလုပ်ခဲ့တယ်။ စောင့်ရှောက်ခြင်း၊ ပြုစုခြင်းဆိုတဲ့ လုပ်ငန်းဟာ လုပ်သင့်လုပ်ထိုက်တဲ့ လူ့ကျင့်ဝတ် ယဉ်ကျေးသူတို့ရဲ့ အမူအရာတစ်ခုဖြစ်ကြောင်း သိသာ ပါတယ်။

တာဝတိံသာ နတ်ပြည်မှာ သိကြားမင်းကြီးက လူ့ဘဝမှာ သူကိုယ်တိုင် ဆောက်တည်ခဲ့တဲ့၊ စွဲစွဲမြဲမြဲ လုပ်ဆောင်ခဲ့တဲ့ ကုသိုလ်ကျင့်ဝတ် (၇) မျိုးကို ပြောဆို ခဲ့တယ်။ အဲဒီအထဲမှာ ဥပစာယိ ဆိုတဲ့ တရားတစ်ခု ပါတယ်။ ဥပစာယိ ဆိုတာ အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်ကို ရိုသေလေးစားခြင်း၊ ပြုစုစောင့်ရှောက်ခြင်း လို့ဆိုတဲ့ ဒီကုသိုလ်ကောင်းမှုပဲဖြစ်တယ်။ အဲဒီ ကုသိုလ်ကောင်းမှု ပြုခဲ့တဲ့အတွက်ကြောင့် သိကြားမင်းဟာ တာဝတိံသာ နတ်ပြည်မှာ နတ်ပြည် နှစ်ပြည်ထောင်ကို အုပ်စိုးနိုင်တဲ့ သိကြားမင်း အဖြစ်ကို ရရှိခဲ့တယ်။

စာမျက်နှာ-၃
ကုသိုလ်ကောင်းမှုရဲ့ စွမ်းဆောင်ချက်တွေကို မြတ်စွာ ဘုရားက ယေ ဓမ္မံ ပစာယန္တိ နရာ ဓမ္မဿ ကောဝိဒါ လူသားဖြစ်ပြီး တရားဓမ္မ၌ လိမ္မာကျွမ်းကျင်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိတို့ထက် အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်တွေကို အရိုအသေပြု လေးစားတယ်၊ စောင့်ရှောက်တယ်၊ ကူညီတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ဒိဋ္ဌေဝ ဓမ္မေ ပါသံသာ၊ သမ္ပရာယေ စ သုဂ္ဂတိ မျက်မှောက်ဘဝ မှာလဲပဲ ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ရုံမျှမက သံသရာ မှာလဲ ကောင်းရာဘုံကို ရောက်နိုင်တယ်လို့ တိတိ လင်းလင်း ဟောထားပါတယ်။ ဒီဘဝလဲ ချီးမွမ်းခံ ထိုက်တယ်၊ နောင်ဘဝလဲ ကောင်းရာသုဂတိ ရောက် နိုင်တဲ့ ကုသိုလ်တစ်ခုဖြစ်လို့ အင်မတန်မှ လုပ်သင့် လုပ်ထိုက်တဲ့ ကောင်းမှုကုသိုလ်တစ်ခုပဲ၊ လူ့ယဉ်ကျေးတဲ့ အသိုင်းအဝိုင်းမှာ ဒီလုပ်ငန်းဟာ အင်မတန်မှ မွန်မြတ်တယ်လို့ပြောရမယ်။

ကုလသံပစာယီ မှာ ကုလ ဆိုတာ မြန်မာ နိုင်ငံမှာရှိတဲ့ မြန်မာပြည်သူပြည်သား အားလုံးဟာ

စာမျက်နှာ-၄
ဆွေမျိုးတွေဖြစ်လို့ ဒါတွေအားလုံးဟာ ကုလ ပဲ၊ ကိုယ်ရဲ့ ဉာတိတွေ၊ မိသားစုတွေလို့ ဆိုရမယ်၊ အဲဒီ ဉာတိကုလ မိမိတို့ရဲ့ လူမျိုးအသိုင်းအဝိုင်းထဲမှာ ငယ်ရွယ်တဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ ဝုဍ္ဎ လို့ဆိုတဲ့ အရွယ်အားဖြင့် ကြီးတဲ့ပုဂ္ဂိုလ်တွေကို စောင့်ရှောက်ဖို့ လူတိုင်းအသီးအသီးမှာ တာဝန်ရှိတယ်။ အဲဒီတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခြင်းဟာလဲ လူ့ဘဝမှာ ချီးမွမ်းဖို့ကောင်းတယ်။ ကြီးတဲ့ပုဂ္ဂိုလ်တွေကို ရိုသေ လေးစားခြင်း၊ ကူညီစောင့်ရှောက်ခြင်းဆိုတာဟာ မေတ္တာအခြေခံတဲ့ ကရုဏာတရား ကြီးမားစွာထားပြီး ဆောင်ရွက်ကြရတာဖြစ်တယ်။ မေတ္တာ ကရုဏာဆိုတဲ့ သန့်ရှင်းစင်ကြယ် မြင့်မြတ်တဲ့ စိတ်ဓာတ်ဟာလည်းပဲ ထူးခြားတဲ့ ကုသိုလ်ကောင်းမှုတစ်ခု ဖြစ်သည့်အတွက် ကြောင့် သမ္ပရာယေ စ သုဂတိ တမလွန်ဘဝမှာလဲ ကောင်းကျိုးချမ်းသာရှိတဲ့ဘဝ ရနိုင်တယ်လို့ အင်မတန်မှ ကြီးမြတ်တဲ့ လုပ်ငန်းတစ်ခု ဒို့တတွေလုပ်ရတယ်၊

စာမျက်နှာ-၅
ကြီးမြတ်ရုံမျှမက လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ရတယ်လို့ ဝမ်းမြောက်ဖွယ် ဖြစ်ပါတယ်။

အေး-တစ်ဖက်ကလဲ အခု ဒီမှာလို အပြုအစု အစောင့်အရှောက်နဲ့ အများရဲ့ အကူအညီနဲ့မှ မိမိတို့ အရွယ်အားလျော်စွာ နေထိုင်နိုင်ကြတဲ့ ဘိုးဘွားတွေ အနေနဲ့ကလဲပဲ မိမိတို့ရရှိထားတဲ့ဘဝ၊ ရရှိနေတဲ့ အခွင့် အရေးလေးမှာ ကြီးမားတဲ့ အမြတ်တစ်ခုရအောင် ကြိုးစားအားထုတ်ဖို့ဆိုတာ သတိထားကြရမှာ ဖြစ်တယ် ပေါ့နော်။ ဘဝဆိုတာ (၁၀)နှစ်၊ (၁၀)နှစ်နဲ့ ပိုင်းခြားပြီး တော့ အသက်ရှည်သလောက် မိမိတို့ရဲ့ ပြောင်းလဲတဲ့ အနေအထားတွေကို ဆင်ခြင်သုံးသပ်ပြီးတော့ ကြည့်ဖို့ ပေါ့။

ဘုန်းကြီးတို့တစ်တွေ လူ့ဘဝရလာတဲ့အချိန်မှာ တစ်နှစ်သားကနေပြီးတော့ (၁၀)နှစ်သား အထိကို မန္ဒဒသက လို့ခေါ်တယ်။ ဒီ (၁၀)နှစ်ဟာ အင်မတန်မှ နုနယ်တယ်၊ ကိုယ်ကာယအနေနဲ့လဲ အင်မတန် နုနယ်တယ်၊ စိတ်ဓာတ်အနေနဲ့လဲ အင်မတန် နုနယ်တယ်။

စာမျက်နှာ-၆
နုနယ်တဲ့အရွယ် (၁၀)နှစ်လို့ခေါ်တာပေါ့နော်။ အဲဒီ အချိန်မှာ မိမိမှာ ကာယအားဖြင့်လဲ စောင့်ရှောက်မှုတွေ ပျော့တယ်၊ စိတ်ဓာတ်အားဖြင့်လဲ စောင့်ရှောက်မှုတွေ ပျော့တယ်၊ မိဘတွေရဲ့ ကူညီမှုနဲ့ ရှင်သန်ကြရမယ့် အချိန်ပေါ့။ တစ်နှစ်သားကနေ (၁၀)နှစ်သားအထိပဲ။ မန္ဒဒသက ဆယ်စုနှစ်တစ်စု။ တစ်ခါ (၁၁)နှစ်သားကနေ အနှစ်(၂၀) ရောက်တဲ့အခါကျတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှုလေးတွေ များလာပြီး စိတ်ဓာတ်လဲ အင်အားလေးတွေ ရလာတဲ့အခါကျတော့ ပျော်ချင်ပါးချင်တဲ့ အရွယ်ဖြစ်လို့ ကီဠနဒသက လို့ခေါ်တယ်။ အပျော်အပါးများလာတဲ့ အရွယ်ပိုင်းလို့ ဒီလိုဆိုတာပေါ့နော်။

တစ်ခါ (၂၁)နှစ်ကနေ အနှစ်(၃၀) ကျတော့ ဒီထက်ခန္ဓာကိုယ်ဟာ ဖွံ့ဖြိုးလာတယ်၊ အင်္ဂါရပ်တွေ ပြည့်ပြည့်စုံစုံနဲ့ ဖွံ့ဖြိုးတိုးတက်လာသည့်အတွက်ကြောင့် အဆင်းအရေ လှပလာတယ်။ အမျိုးသားပဲဖြစ်စေ၊ အမျိုးသမီးပဲဖြစ်စေ (၂၁)နှစ်ကနေပြီး (၃ဝ)နှစ်အတွင်း

စာမျက်နှာ-၇
မှာ အလှဆုံးအရွယ်ဖြစ်လို့ ဝဏ္ဏဒသက လို့ခေါ်တယ်၊ နုပျိုလှပပြီးတော့နေတဲ့အချိန်။

ဆယ်စုနှစ် (၃၁) နှစ်ကနေပြီးတော့ အသက် (၄၀) ထိအောင်ကျတော့ ဗလဒသက ခွန်အားတွေ ပိုတက် လာတယ်၊ ကာယစွမ်းအားတွေ မြင့်မားလာတယ်၊ ကိုယ်ကာယ ခွန်အားတွေ အလွန်မြင့်မားလာတဲ့ အရွယ် ဖြစ်လို့ အဲဒီအရွယ်ကိုတော့ ဗလဒသက လို့ခေါ်တယ်။ ခွန်အားပြည့်တဲ့အရွယ်။ တစ်ခါ (၄၁) နှစ်ကနေပြီးတော့ (၅၀) ထိအောင် ကျတော့ ပညာဒသက ဒီအချိန်မှာ ဘယ်အလုပ် လုပ်လုပ် စဉ်းစဉ်းစားစား ချင့်ချိန်တတ်တဲ့၊ အသိဉာဏ်တွေဟာ တိုးတက်လာတယ်၊ ဘာပြောပြော၊ ဘာလုပ် လုပ်၊ ဘာတွေးတွေး အသိဉာဏ်နဲ့ စဉ်းစားမှုတွေ၊ ဆင်ခြင်မှုတွေနဲ့ လာတာဖြစ်လို့ အသိပညာဟာ အဲဒီ အချိန်မှာ မြင့်မားလာတာ ဖြစ်တယ်။ ပညာဒသက လို့ခေါ်တယ်။ အဲဒီတော့ လူ့လောကရဲ့ ဘဝမှာ

စာမျက်နှာ-၈
ပြောင်းလဲလာပုံလေးတွေကိုကြည့် - ဒီထိအောင်ဟာ တိုးတက်တဲ့ အပိုင်းလို့ ဒီလိုပြောရတယ်။

(၅၁) နှစ်ကနေ (၆၀) ရောက်သွားပြီ ဆိုတော့ ဘာဖြစ်တုံး၊ (၅၀) ထိအောင်က အတိုးတက်ဆုံးအချိန်ပဲ။ (၅၁) နှစ်ကနေပြီးတော့ (၆၀) အထိ ဆယ်စုနှစ် ကျတော့ ဟာနိဒသက လျော့လာပြီ၊ ရှေ့တက်ဖို့ဆိုတာ မရှိတော့ဘူး။ ဒီဂရီမှာ အလျော့ပိုင်းကို ပြလာတယ် ပေါ့နော်။ မြန်မြန်လျော့သွားတာရှိတယ်၊ ဖြေးဖြေးလေး လျော့သွားတာရှိတယ်၊ သို့သော် မတက်တော့ဘူး၊ မတက်တော့ပဲနဲ့ ပြန်ကျလာတဲ့ အပိုင်းတစ်ခု၊ ဒါကြောင့် မို့ ဟာနိဒသက၊ ဟာနိ ဆိုတာ လျော့သွားတဲ့ ဆုတ်ယုတ် လာတဲ့ အပိုင်းတစ်ခုလို့၊ ဒီဆယ်စုနှစ်က ဆုတ်ယုတ်တဲ့ အပိုင်းတစ်ခု၊ (၅၁)နှစ်ကနေ (၆၀) ထိမှာကို စတင် ပြီးတော့ ဆုတ်ယုတ်လာတယ်။ သို့သော် သိပ်မသိသာ သေးဘူးပေါ့။ သူ့ဆီမှာ စွမ်းအားတွေ ရှိနေသေးတော့ သိပ်မသိသာသေးဘူး။ စွမ်းအားတွေ ရှိနေသေးသည့်

စာမျက်နှာ-၉
အတွက်ကြောင့် သိပ်မသိသာသေးဘူး၊ အသက်ကြီးတယ်လို့ ဒီလိုမရှိကြသေးဘူး။

အေး- တစ်ခါ (၆၁) နှစ်ကနေ (၇၀)ဆိုတာ ကျတော့ ပဗ္ဘာရဒသက နဲနဲလေး ကိုင်းလာတယ်။ သူက အရပ်က ဖြောင့်ဖြောင့်မတ်မတ် မရှိချင်ဘူး၊ ကိုင်းလာတယ်။ အဲဒီ ခပ်ကိုင်းကိုင်း ဖြစ်လာတဲ့ အရွယ်ဟာ ယုတ်လျော့၊ ဆုတ်ယုတ်သွားတဲ့ နောက်ပိုင်းမှာ ခန္ဓာ ကိုယ်ရဲ့ အင်အားက လျော့ကျလာလို့ လူဟာ ခပ်ကိုင်း ကိုင်း ဖြစ်လာတယ်လို့ ဒီလိုဆိုတာပေါ့၊ ပဗ္ဘာရဒသက။

တစ်ခါ (၇၁)နှစ်ကနေ (၈၀)ကျတော့ နဲနဲကုန်းလာတယ်၊ အရိုးတွေ ဘာတွေကအခါတိုင်းလို စွမ်းဆောင်မှု မရှိတော့ဘူး၊ ခဇ္ဇဒသက ဆုတ်ယုတ်တဲ့အပိုင်း ရောက် လာပြီး၊ တစ်ခါ (၈၁)နှစ်ကနေ (၉၀)ကျတော့ မောဟဒသက ဟိုဟာလေးမေ့၊ ဒါလေးမေ့ မေ့လာပြီး တွေဝေမှုတွေ များလာတာ၊ စိတ်တွေက လန်းဆန်းမှု မရှိဘူး၊ တွေဝေမှုဆိုတဲ့အဆင့် ရောက်လာပြီ။

စာမျက်နှာ-၁၀
တစ်ခါ (၉၁)နှစ်ကနေပြီးတော့ (၁၀၀) ကျတော့ သယနဒသက တဲ့၊ အိပ်ရာထဲမှာ လဲနေရတဲ့ အခြေ အနေ၊ အိပ်ရာက မထနိုင်ဘူး၊ ဒါ ယေဘုယျအားဖြင့် ပြောတာ။ အင်မတန်မှ ကံကောင်းတဲ့ အဘိုးတွေ အဘွားတွေ ခုနက (၉၉)နှစ်အရွယ် သွားနိုင်လာနိုင်တယ်ဆိုတာ အလွန်ကံကောင်းမွန်တဲ့ဟာပေါ့နော်။ တစ်ကယ်တော့ သယနဒသက ဆိုတာ အိပ်ရာထဲမှာ ခွေနေတဲ့အချိန်ရောက်ပြီ။ အဲဒီလို သက်တမ်းရှိတဲ့ လူတွေရဲ့ နှစ်(၁၀၀)ကို အပိုင်း(၁၀) မျိုးနဲ့ ပိုင်းပြီးတော့ ဝိသုဒ္ဓိမဂ်ကျမ်း မှာ ဖော်ပြထားတာရှိတယ်။ အဲဒီ ဖော်ပြထားခြင်းဟာ အကြမ်းဖျဉ်းအားဖြင့် မိမိတို့ရဲ့ ခန္ဓာကိုယ်ရဲ့ ဆုတ်ယုတ် လာမှုကို ဒီဆင်ခြင်သုံးသပ်ဖို့ပြောတာ ဆင်ခြင်သုံးသပ် ကြည့်ရမယ်၊ ဆင်ခြင်သုံးသပ်တယ်ဆိုတာ အမှန်သိ အောင် ဆင်ခြင်သုံးသပ်ခြင်းဖြစ်တယ်။ လောကလူတွေက အမှန်ကို သိပ်မသိချင်ဘူးနော်၊ ဖုံးကွယ်ပြီး မေ့ထား ချင်တာ များတယ်လေ။ ဒါကြောင့်မို့ တချို့ဆိုလို့ရှိရင်

စာမျက်နှာ-၁၁
ရောဂါသွားမစမ်းဘူး၊ ရောဂါတွေ့နေမှာစိုးလို့ဆိုပြီး ဆေးစစ်တာ Medical Checkup လုပ်ရမှာ ဝန်လေးတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အတွေးက ဘာတုံးဆိုရင် အေးကိုယ့်ဟာကိုယ် မသိတာကောင်းတယ်၊ သိလိုက်လို့ ဆိုရင်စိတ်ဓာတ်ကျတယ်၊ တကယ်ကတော့ စိတ်ဓာတ် ကျဖို့မဟုတ်ဘူး၊ လောကရဲ့ သဘာဝကို သိဖို့ပါ။ ယထာဘူတဉာဏဒဿန အဖြစ်မှန်ကို သိနေဖို့ အရေးကြီးတယ်ပေါ့။

အဖြစ်မှန်ကိုသိတဲ့အခါမှာ အခုလိုသိရခြင်းဖြင့် ဘာအကျိုးရှိတုံးလို့ ဆိုလို့ရှိရင် လုပ်သင့်လုပ်ထိုက် တာတွေ လုပ်ပြီးတော့ ဘဝမှာတန်ဖိုးရှိတဲ့အရာတွေကို ရအောင်ယူနိုင်တယ်။ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ လူ့ရဲ့သဘာဝဟာ တဖြေးဖြေးလျော့ပြီး ကျဆင်းသွား မှာပဲ၊ ဒါသဘာဝပဲ။ အဲဒီသဘာဝတိုင်းမှာ ဒီမသိလိုက် မသိဖာသာနေတဲ့ ပုဂ္ဂိုလ်၊ မသိကျိုးကျွံပြုနေတဲ့ ပုဂ္ဂိုလ် ကျတော့ ရသင့်ရထိုက်တာတွေ မရနိုင်တော့ဘူး၊ ဆုံးရှုံးမှုတွေ အများကြီး ဖြစ်တတ်တယ် ဘဝတစ်ခုမှာ

စာမျက်နှာ-၁၂
ဆုံးရှုံးသွားတယ်ဆိုတာ ဘာအနှစ်သာရမှ မရလိုက်ဘဲနဲ့ ဘဝတစ်ခုပြီးသွားတာ၊ ဒါ ဆုံးရှုံးမှုပဲ ခေါ်တာပေါ့။ အဲဒီထဲက အနှစ်သာရတွေ အများကြီးရလိုက်လို့ရှိရင် ဆုံးရှုံးမှုလို့ မခေါ်နိုင်ဘူး။ အမြတ်တွေ ရလိုက်တာ၊ အမြတ်ဆိုတာကိုရအောင်ယူနိုင်ဖို့ ဒီလိုဆိုတာပေါ့နော်။

အေး - ဒါကြောင့်မို့ အကြောင်းအရင်းသိအောင် ဝိပဿနာဉာဏ်နဲ့ ဆင်ခြင်စဉ်းစားကြည့်တာ သမ္မသနဉာဏ် လို့ခေါ်တယ်။ ဆင်ခြင်သုံးသပ်တာ၊ ဘဝကို သုံးသပ်ကြည့်တယ်။ အေး တစ်နှစ်သားကနေ ပြီးတော့ ဆယ်နှစ်သားအထိ ငါ့ဘဝငါ ဖြတ်သန်းခဲ့ပြီ။ အဲဒီအချိန်မှာ ဖြတ်သန်းခဲ့တဲ့ ရုပ်တွေနာမ်တွေကနေ အခုအချိန်မှာ တစ်ခုမှ မရှိတော့ဘူး၊ ဒီဆယ်နှစ် အတွင်း မှာပဲ အကုန်လုံး ချုပ်ငြိမ်းသွားပြီ။ တစ်ခါ (၁၁)နှစ်က နေပြီး အနှစ်(၂၀) အသက် (၂၀)ထိအောင်၊ ဆယ်နှစ်ကို ဖြတ်သန်းတဲ့အခါမှာလည်းပဲ အဲဒီ ဆယ်နှစ်အတွင်းမှာ ရှိတဲ့ ရုပ်တွေ၊ နာမ်တွေဟာ အဲဒီ အတွင်းမှာပဲ ကုန်ဆုံးပြီး ပျက်သွားပြီ၊ နောက်ထပ် အသစ်အသစ်တွေ ထပ်ပေါ်

စာမျက်နှာ-၁၃
လာပြီ၊ (၃၁)နှစ်ကနေ (၄ဝ)၊ (၄၁) နှစ်ကနေ(၅၀)၊ (၅၁)နှစ်ကနေ (၆၀)ဆယ်နှစ်၊ ဆယ်နှစ်ဖြစ်ပေါ်လာတဲ့ အရာတွေဟာ တစ်ခုမှ မရှိတော့ဘူး၊ အားလုံးဟာ တစ်ကန့်စီ၊ တစ်ကန့်စီ သူ့ဟာသူ ပျက်စီးပြီးတော့ သွားတာ။ ဘယ်ဟာမှ မတည်ငြိမ်ဘူး၊ အားလုံးဟာ ပြောင်းလဲနေတဲ့ ဖြစ်စဉ်ကြီးတစ်ခုသာ ဖြစ်တယ်လို့ ဒီလို ဆင်ခြင်စဉ်းစားပြီး သုံးသပ်ပြီး နေခြင်းဟာ သမ္မသနဉာဏ် လို့ခေါ်တာပဲ။

သမ္မသနဉာဏ်ဆိုတာ ပစ္စုပ္ပန် အဆတ်ဆတ်ကို ကြည့်ရတာ မဟုတ်ဘူး၊ ဘဝတစ်ခုကို ခြုံငုံပြီးတော့ သုံးသပ်တဲ့ဉာဏ်ကို ဆိုလိုတာ။ ဒီ မမြဲတဲ့သဘောတွေဆိုတာ အင်မတန်မှ ထင်ရှားတယ်။ ငါအခု ကနေ့ ရောက်နေတဲ့ ကိုယ့်အရွယ်အားလျော်စွာ ငယ်ငယ် တုံးက ရုပ်ရည်တွေ ငါတို့မှာ မရှိတော့ဘူး။ ငယ်ငယ်တုံးက အင်အားတွေ ခုချိန်မှာ မရှိတော့ဘူး။ ဒို့တတွေဟာ အခုလို ပြောင်းလဲမှုတွေနဲ့ ဖြစ်စဉ်ကြီးတစ်ခုမှာ သွားနေ ကြတာ။ ငါတို့ ဘာတွေရပြီးပြီလဲ ဆင်ခြင်သုံးသပ်ဖို့၊

စာမျက်နှာ-၁၄
ဒီဖြစ်စဉ်ကြီးတစ်ခုထဲက ငါဘာလုပ်ရမလဲ၊ ဘာတွေ ရအောင်ယူလိုက်ရမလဲ၊ သူကတော့ သွားနေမှာပဲ။ သူသွားနေတဲ့အထဲမယ် ငါဘာတွေရအောင် လုပ်ရမလဲဆိုတာ အနှစ်သာရကို ဆင်ခြင်သုံးသပ်ဖို့ လိုအပ်တယ် ပေါ့။

အဲဒီမှာ ဘုရားအလောင်းတွေကတော့ ဆင်ခြင် သုံးသပ်တယ်။ ဘာဆင်ခြင်သုံးသပ်တုန်းဆိုရင် လူ့ဘဝ အသက်ရှင်နေတဲ့အချိန်မှာ အသက်ထဲကနေ အမြတ် ထုတ်ဖို့ဆိုရင် ဘာလည်းလို့ဆိုရင် ဝိပဿနာကျင့်စဉ် တစ်ခုဖြစ်စေ၊ သမထ ကျင့်စဉ်တစ်ခုဖြစ်စေ စိတ်ထဲမှာ ကောင်းမြတ်တဲ့ သမာဓိစွမ်းအား၊ ပညာစွမ်းအားကို တိုးအောင်လုပ်နေခြင်းဟာ ဒါ အမြတ်ထုတ်နေခြင်းပဲ။ ဘာဖြစ်လို့လဲဆိုရင် ဒီစွမ်းအားတွေဟာ သဘာဝအား ဖြင့် ဖြစ်ပြီး ပြန်ပြီးပျက်သွားသော်လည်းပဲ သတ္တိတွေက တက်လာတယ်။ အဲဒီ တက်လာတဲ့ စွမ်းရည်သတ္တိတွေဟာ နောက်ဖြစ်လာမဲ့ စိတ်စွမ်းအားတွေကိုပါ အားပြု လာသည့် အတွက်ကြောင့် နောက်ဆုံးမှာ စွမ်းအားပြည့်

စာမျက်နှာ-၁၅
တဲ့အချိန်မှာ ကြီးမားတဲ့ အသိဉာဏ်နဲ့ မြင်ရခဲ့တဲ့ နိဗ္ဗာန် ချမ်းသာထိအောင် မျက်မှောက်ပြုနိုင်လိမ့်မယ်။ ဒီ စွမ်းအားတွေကို အသုံးချပြီးနောက် နောက်ဆုံးမှာ ကိလေသာအားလုံးကို ဖယ်ရှားပစ်နိုင်တဲ့ မဂ်ချမ်းသာ ဖိုလ်ချမ်းသာနဲ့ နိဗ္ဗာန်ချမ်းသာဆိုတာကို မျက်မှောက်ပြု နိုင်တယ်လို့ ဒီလို မှန်ကန်တဲ့အမြင်တစ်ခုနဲ့ ကိုယ့်ရဲ့ အလုပ်ကို ဆက်လက်ပြီးတော့ ဆက်လုပ်ကြရမှာ ဖြစ်တယ်။

အဲဒါမှမဟုတ်လို့ရှိရင် အသက်ထဲက ကိုယ်ဘာမှ ရလိုက်မှာမဟုတ်ဘူး။ အိုခြင်းတရားဆိုတာ လူတိုင်းနဲ့ သက်ဆိုင်တဲ့တရားပဲ။ မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်ကြီးတောင်မှပဲ သက်တော်(၈၀)အရွယ် သာဝတ္ထိ မြို့၊ ပုဗ္ဗာရုံကျောင်း၊ မိဂါရမာတာရဲ့ ပြဿဒ်ဆောင်အနီး မှာ ထိုင်နေတဲ့အခါ ရှင်အာနန္ဒာမထေမြတ်က မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်ရဲ့ ကျောလေးကို နှိပ်ပေးတယ်၊ မြတ်စွာဘုရားက အရှေ့ဘက်ကို မျက်နှာလှည့်ပြီး အနောက်ဘက်ကို ထိုင်နေတဲ့အချိန် နေရောင်လေးက

စာမျက်နှာ-၁၆
မြတ်စွာဘုရားရဲ့ ကျောကို လာဟပ်နေတယ်။ အဲဒီ အချိန်မှာ အရှင်အာနန္ဒာက ကျောလေးကို နှိပ်ပေး ရင်းက ဘာလျှောက်တုန်းဆိုတော့ “အရှင်ဘုရားတဲ့၊ ဒါလောက်တောင် ထူးခြားတဲ့ ပါရမီရှင်ကြီး၊ ပါရမီ ကုသိုလ်တွေက ဖန်ဆင်းထားတဲ့ မြတ်စွာဘုရားရဲ့ ရူပကာယတော်ဟာ အလွန်မှ ထူးခြားတဲ့ မဟာပုရိသ လက္ခဏာတွေနဲ့ပြည့်ပြီး အလွန်တင့်တယ်တဲ့ ခန္ဓာကိုယ် ကြီးတောင်မှပဲ ကျောကလေးဟာ နဲနဲကိုင်းလာတဲ့ သဘောကလေးတွေ့ရတယ်၊ ခါးလေး နဲနဲ ကုန်းလာတယ်၊ အရေလေးတွေလဲ အနီးကပ် ကြည့်လိုက်တဲ့အခါ တွန့်လာတယ်” မြတ်စွာဘုရားက ဘာအမိန့်ရှိတုံးဆိုရင် “အေး- ဇရာတရားဆိုတာ နုပျိုခြင်းမှန်သမျှကို လုယူ သွားတတ်တယ်”တဲ့။

ဟုတ်တယ်၊ ခုဒီမှာ ရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေ၊ ဘိုးဘွားတွေ ငယ်ငယ်တုံးကတော့ နုနုပျိုပျို လှလှပပပဲ၊ တင့်တောင့်တင့်တယ်တွေချည်းပဲ။ အကုန်လုံး ဇရာ တရားက နုပျိုမှုအားလုံးကို လုယူသွားတယ်၊ ဖျက်စီး

စာမျက်နှာ-၁၇
သွားတယ်။ နုပျိုခြင်းမှန်သမျှကို လုယူဖျက်စီးသွားတာ။ မီးလောင်တာလိုပဲ၊ မီးလောင်တဲ့နေရာဟာဘာဖြစ်လဲ မည်းကျန်ရစ်တာပဲ၊ ပြာဖြစ်ကျန်ရစ်တယ်၊ မီးသွေးဖြစ် ကျန်ရစ်တယ်၊ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီးတော့ ကျန်ရစ်တယ်။

ဒါ့ကြောင့်မို့ ဇရာဓမ္မာ ဇရာတိန္န နုပျိုမှုအားလုံးကို ဇရာတရားက လုယူဖျက်စီးသွားတယ်။ ဖျက်စီးခံလိုက် ရပြီ၊ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်တာပေါ့။ ဒီလို ဆင်ခြင်သုံးသပ်၊ ငါ့ရဲ့ နုပျိုမှုတွေအားလုံးဟာ ဇရာ တရားရဲ့လက်တွင်း အကုန်လုံးသက်ဆင်းသွားပြီ၊ ငါ မေ့လျော့နေလို့တော့ မဖြစ်ဘူး။ နောက် ဗျာဓိဓမ္မာ အာဇရာ ကျန်းမာတယ်၊ အလွန်ကျန်းမာတယ်၊ သန်စွမ်းတယ်၊ ဘာမှတော့မဖြစ်ဘူးလို့ဆိုတဲ့ ကျန်းမာမှုတွေကပဲ ဗျာဓိတရားရဲ့ ဖျက်စီးမှုခံရတဲ့အတွက်ကြောင့် အေး- မကျန်းမာတော့ ဟိုနားကနာ၊ ဒီနားကနာ ခန္ဓာကိုယ်က မသန်စွမ်းတော့ဘူး၊ မသွားနိုင်တော့ဘူး၊ မစားနိုင်တော့ဘူး ဖြစ်လာတယ်။ ဗျာဓိတရားက

စာမျက်နှာ-၁၈
လုယက်ဖျက်စီးသွားတာ ခံလိုက်ရတာပါ။ နောက်ဆုံး ကျတော့ မရဏဓမ္မာ ဇီဝိတ နောက်ဆုံး အဆုံးသတ် မှာ သေခြင်းတရားက လူ့ရဲ့အသက်ကို လုယူဖျက်စီး သွားတာပဲ။ ဒီမှာတင် ဘဝတစ်ခုဟာ နိဂုံးချုပ်သွားရော၊ ဘဝဆိုတာ ဒီပုံစံအတိုင်း သွားနေတာပဲ။

အဲတော့ ဒီပုံစံအတိုင်း သွားနေတဲ့ ဘဝကို မိမိက ကြိုတင်သိရှိနားလည်ပြီးတော့ ဘာလုပ်ရမလဲ ပစ္စဝေက္ခဏာ ဗဟုကာရာ ကုသလေသု ဓမ္မေသု ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရမယ်တဲ့ မြတ်စွာ ဘုရားက၊ မြတ်စွာဘုရားရဲ့ အဆုံးအမတွေဟာ Mind Centred Teaching စိတ်ကိုဗဟိုပြု ဆုံးမတာ၊ ရုပ်ကိုပြင်ဖို့ ဒါလောက် မြတ်စွာဘုရားက မဟောဘူး။ အသီးသီး မိမိတို့ရဲ့ စိတ်ဓာတ်ပြင်လို့ရှိရင် ပြီးပြီ၊ စိတ်ဓာတ်ကိုပြင်ဖို့ စိတ်ကိုဗဟိုပြု ဆုံးမတာ ဆိုတော့ အသီးသီးသော ပုဂ္ဂိုလ်တွေ မိမိရဲ့ စိတ်ကို ပြင်ရမယ်။ ကိုယ့်စိတ်လေးကို အမြဲတမ်းသတိထား အကဲခတ်ဖို့ သုတ္တန်တစ်ခုမှာ မြတ်စွာဘုရားက ဟောတယ်။

စာမျက်နှာ-၁၉
“သူများစိတ် မသိချင်နေပါစေတဲ့၊ ကိုယ်စိတ်လေး သိအောင်လုပ်ပါ။” ကိုယ့်စိတ် အခြေအနေကို သိအောင် လုပ်ပါတဲ့။ ဒီလိုဟောတယ်။

ရုပ်နဲ့ပတ်သက်ပြီးတော့လည်း “ဒီရုပ်ခန္ဓာကိုယ်ကြီး အိုမင်းရင့်ရော်ပြီးနာချင်နာပါစေ၊ ဘာဖြစ်ဖြစ် ဖြစ်ပါစေ။ စိတ်ကလေးတော့ နာကျင်ခြင်း မဖြစ်ပါစေနဲ့”၊ မြတ်စွာ ဘုရားက ဒီလိုအဆုံးအမပေးတာ ကိုယ်တိုင် လိုက်နာ ကျင့်သုံးရမှာပါ။ ရူပကာယဆိုတာ အချိန်တန်ရင် ဇရာရဲ့ အထောင်းအထု၊ ဗျာဓိရဲ့ အထောင်းအထုနဲ့ သွားတာ ပဲ။ သို့သော် ငါ့စိတ်ကလေးကိုတော့ အနာမခံဘူး။ စိတ်ကလေးကို လွှမ်းမိုးသွားမယ့် ကိလေသာတွေရဲ့ လွှမ်းမိုးမှုကို ငါမခံဘူးလို့ စိတ်အားတင်းပြီးတော့ ကျင့်ပါတဲ့။ စိတ်ကလေး သန့်ရှင်းစင်ကြယ်နေအောင် ဂရုစိုက် ပါလို့ ဒီလိုဟောတာနော်။

ဒါကြောင့်မို့ ကိုယ့်စိတ်ကို သိပြီးတဲ့အခါ နေ့စဉ်နဲ့ အမျှ Mental Check Up ဆိုတာ လုပ်ရတယ်။ Check Up လုပ်တယ်ဆိုတာ စိတ္တာနုပဿနာ တရားပွားတာ

စာမျက်နှာ-၂၀
ပဲ။ ကိုယ့်စိတ်ကို စစ်ဆေးတာပဲ၊ မနက်အိပ်ရာထတဲ့ အချိန်ကစပြီး ညနေအထိ ငါ့စိတ်ကလေးထဲမှာ ဒီနေ့ လောဘ ဘယ်နှစ်ခါ ဖြစ်လည်း၊ ဒေါသ ဘယ်နှစ်ခါ ဖြစ်လဲ၊ မာန်မာနတွေ ဘယ်နှစ်ခါဖြစ်လဲ သိသာတဲ့ အကုသိုလ်တွေ အမြဲတမ်း စစ်ဆေးကြည့်ဖို့လိုတယ်။

စစ်ဆေးကြည့်တဲ့အခါမှာ လောဘဖြစ်တဲ့အကြိမ် နည်းတယ်၊ ဒေါသဖြစ်တဲ့ အချိန်နည်းတယ်၊ မောဟ ဖြစ်တဲ့ အချိန်တွေနည်းလာတယ်ဆိုရင် ဝမ်းသာရမယ်။ အေး- လောဘတွေဖြစ်တယ်၊ ဒေါသတွေဖြစ်တယ်။ မောဟတွေ ဖြစ်တယ်။

တွေးတယ်တောတယ် ဆိုတဲ့နေရာမှာ အာဝဇ္ဇနဝိတက္က ပျော်ချင်တဲ့ အာရုံတွေ ပြန်တွေးတယ်။ အသက် အရွယ် ကြီးလာတဲ့ပုဂ္ဂိုလ်ဆိုတာ တစ်ခါတစ်ရံ ငယ်ငယ် တုန်းက ဓာတ်ပုံလေးကြည့်ပြီးတော့ ငယ်ငယ်တုန်းက နုပျိုလှပတာလေးကို ပြန်အားကျတယ်။ အဲဒါ လောဘ ဖြစ်တာပဲ။ တချို့ဆို ငယ်ငယ်တုန်းက ဓာတ်ပုံလေးကို သိမ်းထားပြီး ပြန်ပြန်ကြည့်ပြီး ကျေနပ်နေတယ်။

စာမျက်နှာ-၂၁
အဲဒီကျေနပ်မှုဟာ အတိတ်ကို ပြန်ပြီးလွမ်းနေတဲ့ လောဘပဲ။ အဲဒီလောဘမျိုးဟာ ကောင်းလားဆိုတော့ မကောင်းဘူး။ သူလည်းပဲ အကုသိုလ်တစ်ခုပဲ၊ စိတ်ရဲ့ အညစ်အကြေးတစ်ခုပဲ။ အေး ငယ်ငယ်တုန်းက ဓာတ်ပုံနဲ့ အခုဓာတ်ပုံ ယှဉ်ကြည့်ပြီး စိတ်ညစ်သွားတယ် ဆိုရင်လည်း ကောင်းလား၊ မကောင်းဘူး။ အကုသိုလ် ဖြစ်တာပဲ။

အဲတော့ ဆင်ခြင်စဉ်းစားဖို့ရာ ဘာတုန်းဆိုရင် ဒီငယ်ငယ်တုန်းက ဓာတ်ပုံနဲ့ အခုဓာတ်ပုံ ယှဉ်ကြည့် ပြီးတော့ စိတ်ညစ်သွားတယ်ဆိုရင် မကောင်းဘူး။ အကုသိုလ်ဖြစ်တာ။ အဲဒီတော့ ဆင်ခြင်စဉ်းစားဖို့ရာက ဘာတုန်းဆိုရင် ငယ်ငယ်တုန်းက ဒီရုပ်ရည်ရှိရင် ခုချိန်မှာ ဒီရုပ်ရည် မရှိဘူးဆိုတာ ဒါ လောကရဲ့ သဘာဝကြီးပဲ။ ဇရာတရားဟာ ဘယ်လောက်ဆိုးလဲ၊ ဒီ ဇရာတရား တွေက လွတ်မြောက်ဖို့ ငါလုပ်မှဖြစ်မယ်၊ မလုပ်ရင် ငါ ဒီလမ်းကြီးအတိုင်း ဒီလိုပဲ သွားနေမှာပဲဆိုတဲ့ အတွေးပဲတွေးပါတဲ့။

စာမျက်နှာ-၂၂
မြတ်စွာဘုရားက မှန်ကန်တဲ့ အတွေးတွေကိုတွေးခိုင်းတယ်။ ဇရာဓမ္မာမှိ ဇရံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ ငါဟာ အိုခြင်းသဘောရှိတယ် အိုခြင်းသဘောက မလွန်မြောက်နိုင်သေးဘူး။ အဲဒီလို အမြဲမပြတ် ဆင်ခြင်စဉ်းစားရမယ်တဲ့။ ဆင်ခြင်စဉ်းစား ပေးခြင်းအားဖြင့် အကျိုးက ဘာဖြစ်သလဲဆိုတော့ အေး နုပျိုတဲ့အပေါ်မှာ ငါနုပျိုတယ်ဆိုပြီး ယစ်မူးတတ်တဲ့ မာနကို ဖယ်ရှားနိုင်တယ်။

လောကလူတွေဆိုတာ ဘုန်းကြီးတို့ အပါအဝင် သော် အသက်အရွယ်ကြီးတယ် မထင်ရဘူး နုပျိုတယ် ဆိုရင် သဘောကျတယ်။ အဲဒါကောင်းတာမဟုတ်ဘူး။ လောဘမကင်းတဲ့သဘောကို ဖော်ပြနေတာ။ သူများက နုပျိုလိုက်တာ ပြောရင်ကို ကျေနပ်တယ်။ အမှန်က ကျေနပ်စရာ မဟုတ်ဘူး။ လူ့ရဲ့ သဘာဝကို ကိုယ်ကိုယ် တိုင်က သိအောင်လုပ်ရမယ်။ အဲတော့ မြတ်စွာဘုရား ကတော့ အိုခြင်းတရား ငါမကင်းသေးဘူး၊ အိုခြင်း တရားကို ငါမကျော်လွှားနိုင်သေးဘူးလို့ ဒါကို ဆင်ခြင်

စာမျက်နှာ-၂၃
သုံးသပ်ခြင်းဖြင့် အကုသိုလ်ဖြစ်စေနိုင်တဲ့ ယောဗ္ဗနမဒ ဆိုတဲ့ မာန်ယစ်မူးမှုတစ်ခုကို ဖယ်ရှားပစ်လိုက်နိုင်တယ်။ ဒီမာန်ယစ်မူးမှုဟာ အကုသိုလ်ကို ဖြစ်ပေါ်စေနိုင်တယ်။ ဒါ့ကြောင့်မို့ ယောဗ္ဗနမဒ ဆိုတဲ့ မာန်တက်တဲ့ဟာကို ဖယ်ရှားနိုင်တယ်။

ထို့အတူပဲ ဗျာဓိဓမ္မာမှိ ဗျာဓိံ အနတီတော ဗျာဓိ တရား၊ ဖျားနာတတ်တဲ့၊ နာကျင်တတ်တဲ့ ရောဂါ ဝေဒနာဖြစ်တတ်တဲ့သဘောရှိတယ်။ ရောဂါဝေဒနာကို ငါမလွန်မြောက်နိုင်သေးဘူးလို့ ဆင်ခြင် စဉ်းစားပေးရမယ်။ ဆင်ခြင်စဉ်းစားပေးခြင်းဖြင့် အာရောဂျမဒ ငါတို့တော့ ဘာမှမဖြစ်ဘူး ကျန်းမာတယ်ဆိုတဲ့ အတွေး တွေတွေးပြီးတော့ မာန်ရစ်တာမျိုး မဖြစ်စေအောင် ဒီဟာအတွက် မြတ်စွာဘုရားက ဆင်ခြင်သုံးသပ် ခိုင်းတာ၊ ဆင်ခြင်သုံးသပ်မှု မှန်သမျှဟာ အကျိုးရှိတာ ပဲ။ ဒါကြောင့်မို့ ပစ္စဝေက္ခဏာ ဗဟုကာရာ ကုသလေသု ဓမ္မေသု ကောင်းမြတ်တဲ့ လုပ်ငန်းတွေထဲမှာ ဆင်ခြင်

စာမျက်နှာ-၂၄
သုံးသပ်မှုဟာ အလွန်တန်ဖိုးရှိတယ်လို့ မြတ်စွာဘုရား ဟောတာ။

ရှင်အာနန္ဒာက “အရှင်ဘုရား၊ အံ့ဩဖွယ်ရာ အရှင်ဘုရား ကိုယ်လေးက ရှေ့နည်းနည်း ကိုင်းလာပြီ၊ အရေလေးတွေ တွန့်လာပြီ”ဆိုတော့ မြတ်စွာဘုရားက ဘာပြောတုန်းဆို “အာနန္ဒာ အခုလိုပဲတဲ့ ဇရာတရားက နုပျိုမှုတွေ လုယက်သွားတယ်။ ဒီ ဗျာဓိတရားက ကျန်းမာမှုတွေကို လုယက်သွားတယ်။ နောက်ဆုံး ကျတော့ မရဏတရားက အသက်ကို လုယက်ပြီး သွားလိမ့်မယ်”ဆိုပြီး မြတ်စွာဘုရားက ဥဒါန်ကျူးတယ်။

ဓိတံ ဇမ္ဗိ ဇရာတ္ထု၊ ဒုဗ္ဗဏ္ဏကရဏီ ဧဟိ လောကကြီး တစ်ခုလုံးကို လွှမ်းမိုးပြီးတော့ အလွန် ဆိုးဝါးတဲ့ ဇရာတရား၊ မြတ်စွာဘုရားက ဓိတံ ဇမ္ဗိ ဇရာတ္ထု ကဲ့ရဲ့ ရှုံ့ချလိုက်တာ။ ကဲ့ရဲ့ရှုံ့ချတဲ့ နေရာမှာသုံးတာ။ ဗမာလိုခေါ်တော့ တံတွေးထွေးတဲ့ အသံကို “ထီ” လို့ လုပ်တာပေါ့။ “ထီ၊ ရွံစရာကောင်းလိုက်တာ၊ ဒီဇရာ တရားဟာ ဘယ်လောက်လှပတဲ့ ရုပ်ပဲမြင်မြင် ရုပ်ဆိုး

စာမျက်နှာ-၂၅
အောင် လုပ်နိုင်တယ်။” သူ့စွမ်းရည်သတ္တိက အလွန် ကြီးမားလို့ပေါ့။ ဘယ်လောက်ချောတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ ဘယ်လောက်ခန်ငြားတဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ် ပုံပျက်ပန်းပျက် ဖြစ်သွားအောင်လုပ်တာ အတော်ဆိုးတယ်။ ဇရာတရားကို ဆိုးတယ်လို့မြင်မှ ဇရာတရားက လွတ်ရာ လွတ်ကြောင်းကို ကြိုးစားမှာလေ။ ဇရာတရားကို မိတ်ဆွေ ထင်နေရင်တော့ လွတ်အောင်ကြိုးစားမှာမဟုတ်ဘူး။ ပြဿနာတစ်ခုအနေနဲ့ မြင်ဖို့လိုတာပေါ့။ ဒုဗ္ဗဏ္ဏကရဏီ ဆိုတာ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်တတ်တယ်တဲ့။ ဘဒ္ဒရူပံ ဒဟန္တိ၊ ဇရာယ အဘိမဒ္ဒိတံ အလွန်လှပတဲ့ ရုပ်ခန္ဓာကြီးပဲ ဖြစ်စေ၊ ဇရာကလွှမ်းမိုးသွားရင် ရုပ်ပျက်ဆင်းပျက်တွေ အကုန်ဖြစ်သွားရော။ မြတ်စွာ ဘုရားကိုယ်တိုင် ရှင်အာနန္ဒာကို မိန့်တာနော်။

အဲဒီနောက်မှာ မြတ်စွာဘုရားက ဇရာ ဝဿသတံ ဇီဝေ နောက်ဆုံးမှာတဲ့ အသက်(၁၀၀) ရှည်တဲ့ ပုဂ္ဂိုလ်ပဲဖြစ်စေ သေခြင်းတရားနဲ့ ရင်ဆိုင်ရတယ်။ ဘယ်လောက်ပဲ အသက်ရှည်ရှည် သေခြင်း

စာမျက်နှာ-၂၆
တရားနဲ့ ရင်ဆိုင်ရမယ်။ သဗ္ဗော မစ္စုဝသံ သေခြင်း တရားဆီမှာ ရောက်မယ်။ ဒါ့ကြောင့် သေခြင်းဆိုတဲ့ တရားဟာလဲပဲ သဗ္ဗမေဝါဘိမဒ္ဒတိ အားလုံးကို ကမ္ဘာလောကကြီး တစ်ခုလုံးကို လွှမ်းမိုးသွားတယ်။ ဘယ်လောက်ပဲ ရာထူးအာဏာကြီးတဲ့ ပုဂ္ဂိုလ်ပဲဖြစ်စေ၊ ဘယ်လောက်ပဲ စည်းစိမ်ဥစ္စာ ချမ်းသာတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် အားလုံးကို ဇရာဗျာဓိမရဏဆိုတဲ့ ဒီတရားတွေ ဟာ လွှမ်းမိုးပြီးတော့ အကုန်လုံး ဖျက်စီးသွားတယ်။ ဒါတွေကို ဆင်ခြင်သုံးသပ်ကြည့်ဖို့ မြတ်စွာဘုရားက ဟောကြားတာ ဖြစ်ပါတယ်။

မြတ်စွာဘုရားက ဟောကြားတဲ့ ဒေသနာတော် အတိုင်း ဘိုးဘွားရိပ်သာမှာ အင်မတန်မှ ဘဝ အခြေ အနေကောင်းတဲ့ အနေအထားတစ်ခုကို ဒို့တတွေ ရထားတဲ့အချိန်မှာ ဒီထက်တန်ဖိုးရှိတဲ့၊ မြင့်မြတ်တဲ့ တရားတစ်ခုကို ကြိုးစားအားထုတ်ကြရမယ်။ ကြိုးစား အားထုတ်တယ်ဆိုတာ ခုနကပြောသလိုပဲ ကိုယ့်စိတ် ကလေးကို ကိုယ်အမြဲတမ်း သုံးသပ်ပြီး အဲဒီစိတ်လေး

စာမျက်နှာ-၂၇
စင်ကြယ်အောင်၊ သန့်ရှင်းနေအောင် နေထိုင်ရင်း စိတ္တာနုပဿနာ Contemplation of Mind စိတ်ကိုပဲ အမြဲတမ်း ဆင်ခြင်သုံးသပ်ပြီး ငါ့စိတ်လေးမှာ လောဘ ရှိနေသလား၊ ဒေါသရှိနေသလား၊ မောဟရှိနေသလား၊ ရှိနေရင် ပယ်ဖို့ကြိုစားရမယ်။ မရှိဘူးဆိုရင် မရှိတဲ့ အနေအထား တစ်ခုကို ထိန်းထားရမယ်။ ပိုပြီးတော့ စင်အောင် လုပ်ရမယ်။ ဒီလိုလက်တွေ့ကျင့်သုံးသွားပြီ ဆိုလို့ရှိရင် အခုလို အိုရခြင်းဆင်းရဲ၊ နာရခြင်းဆင်းရဲ၊ သေရခြင်းဆင်းရဲဆိုတာတွေရဲ့ လွန်မြောက်ရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်လာမှာဖြစ်တယ်လို့ ဒီလမ်းကို ယုံကြည်ပြီး ဗုဒ္ဓမြတ်စွာဟောကြားတဲ့ အဆုံး အမအတိုင်း လိုက်နာကျင့်သုံး နိုင်ကြပါစေကုန် သတည်း။

သာဓု ... သာဓု .. သာဓု
bzfc49wkdialmkgy5lrwxdjz7sz1lxe