ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.47.0-wmf.6
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
Event
Event talk
ဓမ္မကြေးမုံ
0
6371
22167
2026-06-16T02:36:07Z
Tejinda
173
"{{header | title = ဓမ္မကြေးမုံ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဓမ္မသံဝေဂနှင့် ဘဝဆ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22167
wikitext
text/x-wiki
{{header
| title = ဓမ္မကြေးမုံ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဓမ္မသံဝေဂနှင့် ဘဝဆည်းဆာ]]
| previous2 =
| next = [[နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁
''' အမှာစကား'''

ဤစာအုပ်သည် ဓမ္မကြေးမုံအမည်ဖြင့် ဟောကြားအပ်သော ဟောတရားကို ပြင်ဆင်တည်းဖြတ် အချောသတ်၍ ရေးသားအပ်သော စာအုပ်ဖြစ်သည်။

“ဓမ္မကြေးမုံ” ဟု အမည်ပေးထားသော်လည်း ဓမ္မာဒါသ ဓမ္မဒေသနာသုတ္တန် တိုက်ရိုက်မဟုတ်ပါ၊ ဓမ္မာဒါသ ဓမ္မဒေသနာနှင့် အလားတူဖြစ်သော ပထမ ဘယဝေရူပသန္တသုတ်ကို ဟောထားခြင်း ဖြစ်ပါသည်။ ပထမ ဘယဝေရူပသန္တသုတ္တန် မူရင်းကို သံယုတ္တနိကာယ် သောတာပတ္တိသံယုတ်တွင် ဖတ်ရှုနိုင်ပါသည်။ ဤသုတ္တန်တွင် ဓမ္မာဒါသ ဓမ္မဒေသနာနှင့်တူသော အချက်များပါသကဲ့သို့ မတူထူးခြားသော အချက်များလည်း ပါရှိပါသည်။

မိမိတို့၏ ဘဝပုံရိပ်ကို ဓမ္မကြေးမုံတွင် ကြည့်ရှုနိုင်ပါသည်။ ဓမ္မကြေးမုံတွင် ပေါ်ထင်နေသော ဘဝပုံရိပ်ကိုကြည့်၍ မိမိတို့၏ ဘဝအဆင့်အတန်းကို ဆုံးဖြတ်နိုင်ကြမည် ဖြစ်ပါသည်။

ဤစာအုပ်ကို ဖတ်ရှုလေ့လာပြီး လက်တွေ့လိုက်နာကျင့်သုံးခြင်းဖြင့် ဓမ္မကြေးမုံ၌ ကောင်းမွန်လှပသော ဘဝပုံရိပ်များ ပေါ်ထွက်ကြပါစေ။

ဓမ္မအသိရှိလျက်နေမည်။ အရှင်နန္ဒမာလာဘိဝံသ

ဗုဒ္ဓမြတ်စွာက သုတ္တန်တစ်ခုကို `ဓမ္မာဒါသ' ဆိုတဲ့ နာမည်ပေးပြီး ဟောကြားတော်မူခဲ့ပါတယ်။ “ဓမ္မာဒါသ” ကို မြန်မာလို ပြန်လို့ရှိရင် “ဓမ္မကြေးမုံ” လို့ ပြန်ရပါမယ်။ “ဓမ္မ” ဆိုတဲ့စကားလုံးက မြန်မာလို “တရား” လို့ ယေဘုယျအားဖြင့် ပြန်ဆိုကြပါသည်။ သို့သော် ဒီကနေ့ခေတ်မှာ “ဓမ္မ” ဆိုတဲ့အသုံးကို မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာပင် တွင်တွင်ကျယ်ကျယ် ဒီစကားလုံးအတိုင်း အသုံးပြုနေကြပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီစကားလုံးကို အလားတူ

စာမျက်နှာ-၂
စကားလုံးတစ်လုံးနှင့် အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားအခြားသော ဘာသာစကားဖြင့်ဖြစ်စေ ခြုံမိငုံမိအောင် ဘာသာပြန်ဖို့ ခဲယဉ်းလို့ပါပဲ။ ဒါကြောင့် ဒီကနေ့ ဒီစကားလုံးအတိုင်း “ဓမ္မ” လို့ပဲ သုံးကြမယ်။

ဗုဒ္ဓဝါဒကို အင်္ဂလိပ်ဘာသာဖြင့် Buddhism လို့ ခေါ်တယ်၊ အဲဒီ Buddhism နှင့်ပတ်သက်လို့ ရေးထားတဲ့ စာအုပ်တိုင်းမှာ “ဓမ္မ” ဆိုတဲ့စကားလုံးကို စာလုံးပေါင်းနှစ်မျိုးနဲ့ ရေးလေ့ရှိကြတယ်။ ဒီကနေ့ တရားပွဲကို စာကြည့်တိုက်အထိမ်းအမှတ်အဖြစ် ကျင်းပတယ်၊ စာကြည့်တိုက်ဆိုတာ စာပေဆိုင်ရာ ဗဟုသုတတွေ ဖြန့်ဖြူးတဲ့နေရာဖြစ်လို့ ဒီစကားလုံးလေးရဲ့ အဓိပ္ပါယ် သိဖို့လိုတာပေါ့နော်၊ ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး ရေးသားထားတဲ့ ထိုထိုကမ္ဘာ့နိုင်ငံအသီးသီးမှာရှိကြတဲ့ စာပေပညာရှင်တွေ ရေးသား

စာမျက်နှာ-၃
သုံးနှုန်းကြတဲ့အထဲမှာ ဒီစကားလုံးလေးကို တော်တော်များများ သုံးတယ်။ သုံးတဲ့အခါမှာ စာလုံးပေါင်းနှစ်မျိုးရှိတယ်။ Romanize လို့ခေါ်တဲ့ ရိုမန်စာလုံးပြောင်းပြီး ရေးတဲ့အခါမှာ “ဓရ်မ” ဆိုတဲ့အသုံးနဲ့ “ဓမ္မ” ဆိုတဲ့အသုံးပေါ့။ Roman စာလုံးနှင့် Sanskrit Language လို့ခေါ်တယ်ပေါ့။ အဲဒီအသုံးနဲ့ ရေးတဲ့အခါမှာ Dharma လို့ ရေးလေ့ရှိပါတယ်။

ပါဠိစစ်စစ်ရေးလိုတဲ့ပုဂ္ဂိုလ်တွေကျတော့ 'ဓ' ဆိုတဲ့စကားလုံးအစား 'ဓမ္မ' ဆိုတဲ့စကားလုံးတစ်လုံး ထပ်ထည့်ပြီးတော့ “Dhamma” လို့ ဒီလိုရေးတယ်နော်။ အဲဒါကို သိမထားလို့ရှိရင် “ဓမ္မ” မှာ စာလုံးပေါင်း (spelling) နှစ်မျိုးဖြစ်နေတယ်၊ အဓိပ္ပါယ်များ ကွဲနေသလားလို့ စိတ်ထဲမှာ စာဖတ်ရင်း တွေးတောလာနိုင်

စာမျက်နှာ-၄
စရာရှိပါတယ်။ အဓိပ္ပါယ်မကွဲပါဘူး၊ သက္ကတဘာသာအရ စာလုံးပေါင်းလျှင် Dharma၊ ပါဠိဘာသာအရ Dhamma ဒီလို ဖြစ်ပါတယ်၊ အဓိပ္ပါယ် အတူတူပါပဲ။

ဟိုအနောက်တိုင်းက ဗုဒ္ဓဘာသာကို လေ့လာတဲ့ပုဂ္ဂိုလ်တွေက Dhamma ဆိုတဲ့ ပါဠိစကားလုံးထက် Dharma ဆိုတဲ့ သက္ကတစကားလုံးကို ပိုပြီး သိကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဘာသာအကြောင်းအရာတွေကို စတင်ပြီးရေးတဲ့ပုဂ္ဂိုလ်တွေက အဲဒီစကားလုံးအသုံးပြုပြီး ရေးခဲ့တာဖြစ်သောကြောင့် ထိုစကားလုံးဟာ တွင်ကျယ်နေခဲ့တယ်။

သို့သော်လည်း ယနေ့ခေတ်နောက်ပိုင်းကျတော့ ပါဠိဘာသာဆိုတာ ဗုဒ္ဓမြတ်စွာ၏ ပိဋကတ်တော်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ဘာသာ၊

စာမျက်နှာ-၅
မြတ်စွာဘုရားကိုယ်တော်တိုင် တရားဟောတော်မူတဲ့အခါ အသုံးပြုခဲ့တဲ့ဘာသာစကားဖြစ်လို့ Sacred language ဖြစ်တယ်။ ဒါကြောင့် ပါဠိပိဋကတ်ကို လေ့လာတဲ့ပညာရှင်များအနေနဲ့ ပါဠိဘာသာကို အလေးအမြတ်ပြုလာတဲ့အခါ Dharma ဆိုတဲ့ သက္ကတစာလုံးပေါင်းထက် Dhamma ဆိုတဲ့ ပါဠိစာလုံးပေါင်းကို ပိုမိုနှစ်သက်လာကြတယ်။

ထို့အတူပဲ အလားတူလေးတစ်ခု ပြောရဦးမယ်။ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓမြတ်စွာလက်ထက်တုန်းက ပေါ်ပေါက်ခဲ့တဲ့ အယူဝါဒတွေ၊ ဘာသာတရားတွေ Philosophy တွေနဲ့ပတ်သက်ပြီး တွင်ကျယ်တဲ့ စကားလုံးတစ်လုံးရှိတယ်။ ဘာလဲဆိုရင် 'ကမ္မ' ဆိုတဲ့ စကားလုံးပဲ၊ အဲဒီမှာလည်း ဓမ္မစာလုံးပေါင်းအတိုင်း Karma နှင့် Kamma လို့ နှစ်မျိုးရှိတယ်။ Karma နှင့် Kamma အဓိပ္ပါယ် အတူတူပဲလို့ မှတ်ရမယ်။

စာမျက်နှာ-၆
ဒါကိုလည်း မြန်မာလူမျိုးတွေက ကံလို့ပဲ တိုက်ရိုက်သုံးလိုက်ပြန်တယ်။ ပါဠိဘာသာအပြည့်အစုံကတော့ ကမ္မ၊ သက္ကတဘာသာနဲ့ကျတော့ ကရ်မ (Karma) အဲဒီလိုသုံးတယ်။ အဲဒီတော့ ဒီအသုံးလေးတွေ မိမိတို့ ဗုဒ္ဓဘာသာစာပေကို လေ့လာတဲ့အခါမှာ အဓိပ္ပါယ် အတူတူပဲဆိုတာ သိထားဖို့ လိုတယ်ပေါ့။

နောက်တစ်ခု တရားချစ်ခင်သူတော်စင် ပရိသတ်တွေရဲ့ ရည်မှန်းချက်၊ ဦးတည်ချက်ပန်းတိုင်ဖြစ်ပြီး မည်သည့်ကုသိုလ်ပဲလုပ်လုပ် အမြဲတမ်း ဆုပန်လေ့ရှိကြတာ နိဗ္ဗာန်၊ ဒီစကားလုံးဟာလည်း နိဗ္ဗာန (Nibbana) ဆိုတဲ့ ပါဠိဘာသာစကားလုံးအတိုင်း အင်္ဂလိပ်လိုရေးတဲ့ ကျမ်းစာတွေမှာ ရေးသားကြတယ်။ အဲဒီမှာလည်း စာလုံးပေါင်းနှစ်မျိုးရှိတယ်၊ သက္ကတဘာသာနဲ့ Nirvana လို့ စာလုံးပေါင်းတယ်၊ ပါဠိဘာသာနဲ့ကျတော့ Nibbana လို့ပေါင်းတယ်။ အဓိပ္ပါယ် အတူတူပဲလို့ မှတ်ပါ။

စာမျက်နှာ-၇
Sanskrit' နှင့် “ပါဠိ” ဆိုတာ အိန္ဒိယနိုင်ငံရဲ့ ယှဉ်တွဲပြီးပေါ်လာတဲ့ ဘာသာစကားနှစ်ခု ဖြစ်တယ်။ ထိုဘာသာစကားနှစ်ခုအနက် Sanskrit ဆိုတဲ့ ဘာသာစကားက ဝေဒကျမ်းကို တတ်ကျွမ်းကြတဲ့ Brahman တွေ ဝေဒကျမ်းကို ရွတ်ဖတ်သရဇ္ဈာယ်တဲ့အခါ သုံးတဲ့ဘာသာစကားမျိုးလို့ အကြမ်းဖျင်းအားဖြင့် မှတ်ပါ။ ပါဠိဆိုတာကတော့ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေကို မှတ်တမ်းတင်တဲ့အချိန်ကျမှ ပါဠိဆိုတဲ့ စကားလုံးနှင့် ဝေါဟာရပြုပြီး ပေါ်လာတာ၊ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေကို မှတ်တမ်းမတင်ခင်က ဒီဘာသာစကားကို “မာဂဓိဘာသာ” လို့ ခေါ်ပါတယ်။ မဂဓတိုင်းက လူမျိုးတွေ သုံးစွဲတဲ့ ဘာသာစကားလို့ ဆိုလိုတာပေါ့။

ဗုဒ္ဓမြတ်စွာက သူ့ရဲ့တရားဓမ္မတွေ လူတိုင်းကို

စာမျက်နှာ-၈
သိစေချင်တဲ့အတွက် ဟိုအဆင့်မြင့်တဲ့ပုဂ္ဂိုလ်တွေ၊ ဇာတ်မြင့်တွေသုံးတဲ့ Sanskrit ကို မသုံးဘဲနဲ့ လူတိုင်းနားလည်တဲ့ မာဂဓိဘာသာကို အသုံးပြုပြီး တရားဟောတယ်။ ဗုဒ္ဓမြတ်စွာရဲ့ မဟာကရုဏာဟာ ဘယ်လောက်ကြီးမားသလဲဆိုတာ စဉ်းစားကြည့်ပါ။

အားလုံးသိကြတဲ့အတိုင်း မြတ်စွာဘုရားဟာ အဆင့်အတန်းမြင့်တဲ့ ခတ္တိယမျိုးကနေပြီးတော့ မွေးဖွားလာတဲ့ပုဂ္ဂိုလ်၊ သို့သော် ခတ္တိယမျိုးဆိုပြီးတော့ လူနားမလည်တဲ့ ထီးသုံးနန်းသုံး ဇာတ်မြင့်တွေသုံးတဲ့ ဘာသာစကားကို အသုံးပြုပြီးတော့ တရားကိုမဟောပါဘူး၊ လူတိုင်းလူတိုင်း ဘာသာမရွေး ဇာတ်မရွေး အားလုံးနားလည်နိုင်တဲ့ Common language လို့ခေါ်တဲ့ အများသုံးဘာသာစကားနဲ့ပဲ မြတ်စွာဘုရားဟာ တရားတွေကို ဟောခဲ့ပါတယ်။ လူတိုင်းကျင့်သုံးနိုင်တဲ့တရားကို ဇာတ်ဝါဒတွေနဲ့ တားဆီးခွဲခြားထားတာမျိုး မဖြစ်စေချင်ပါဘူး။

စာမျက်နှာ-၉
အိန္ဒိယနိုင်ငံမှာဆိုရင် ဇာတ်ခွဲခြားမှုစနစ်ဟာ အင်မတန်ကြီးမားတယ်။ မျိုးရိုးကိုလိုက်ပြီးတော့ ဇာတ်မြင့်တဲ့မိဘက မွေးလာတဲ့ပုဂ္ဂိုလ်ဟာ တစ်သက်လုံး အထက်တန်းမှာ နေရပါတယ်။ ဇာတ်နိမ့်က မွေးလာတဲ့သားသမီးဟာ တစ်သက်လုံး အောက်တန်းကျတယ်၊ ဘယ်လောက်ပဲပညာတော်တော်၊ ဘယ်လောက်ပဲ အကျင့်စာရိတ္တကောင်းကောင်း၊ ဒီပုဂ္ဂိုလ်ဟာ ဘယ်တော့မှ အထက်တန်းမရောက်ဘူး၊ ဇာတ်နိမ့်တဲ့မိဘက မွေးလို့ရှိရင် နိမ့်ကျတယ်၊ ဇာတ်မြင့်တဲ့မိဘက မွေးမှမြင့်တယ်၊ ဇာတ်မြင့်က မွေးလို့ရှိရင် ဘယ်လောက်ပဲဆိုးဆိုး လူကောင်းပဲ၊ ဒါကို-

မြတ်စွာဘုရားက “အေး လူရဲ့အဆင့်အတန်း၊ လူဆိုး လူကောင်း၊ လူမိုက် လူလိမ္မာ ခွဲခြားတဲ့နေရာမှာ မိဘမျိုးရိုး ဇာတ်နှင့်မဆိုင်ဘူး၊ သူလုပ်တဲ့အလုပ်ကို ကြည့်ပြီး ခွဲရမယ်” တဲ့။

စာမျက်နှာ-၁၀
န ဇစ္စာ ဝသလော ဟောတိ၊
န ဇစ္စာ ဟောတိ ဗြာဟ္မဏာ၊ လူယုတ်မာဆိုတာ ဇာတ်နဲ့မဆိုင်ဘူး၊ မျိုးရိုးနဲ့မဆိုင်ဘူး၊ လူတော်လူကောင်းဆိုတာလည်း မျိုးရိုးနှင့်မဆိုင်ဘူး။

ကမ္မုနာ ဝသလော ဟောတိ၊
ကမ္မုနာ ဟောတိ ဗြာဟ္မဏာ၊ သူလုပ်တဲ့အလုပ်ကို ကြည့်ပြီးတော့ ဒီပုဂ္ဂိုလ်ဟာ လူကောင်းလား လူဆိုးလားဆိုတာ သတ်မှတ်ရတယ်။

ဟော ဘယ်လောက် ယထာဘူတ ကျသလဲ။ မြတ်စွာဘုရားက ကောင်းတဲ့အလုပ်ကို လုပ်တဲ့ပုဂ္ဂိုလ်သာ လူကောင်း၊ ဘယ်လိုမိဘမျိုးက မွေးလာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ကောင်းတဲ့အလုပ်ကိုလုပ်မှ လူတော်လူကောင်း ဖြစ်တယ်။ မကောင်းတဲ့အလုပ်ကို လုပ်တဲ့ပုဂ္ဂိုလ်ဟာ လူယုတ်မာပဲ။

စာမျက်နှာ-၁၁
မြတ်စွာဘုရားက ရှင်းရှင်းလေးနားလည်အောင် “ဝါသေဋ္ဌသုတ္တန်” မှာ ဒီလိုဟောထားခဲ့တယ်။ အေး လူတစ်ယောက်ဟာ သူတစ်ပါးပစ္စည်းကို တိတ်တဆိတ် ခိုးဝှက်ယူငင်ပြီးတော့ အသုံးပြုတယ်ဆိုရင် ထိုပုဂ္ဂိုလ်ဟာ သူခိုးပဲတဲ့၊ သူများပစ္စည်းကို တိုက်ခိုက်လုယက်ပြီး သုံးတဲ့ပုဂ္ဂိုလ်ဆိုရင် ထိုပုဂ္ဂိုလ်ဟာ ဓားပြပဲတဲ့။ လုပ်ငန်းကို ကြည့်ပြီးတော့ ပြောတာ၊ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးလို့ရှိရင် လယ်သမား၊ အရောင်းအဝယ်နှင့် အသက်မွေးလို့ရှိရင် ကုန်သည်၊ ဒါတွေဟာ ဘယ်လိုမှ ငြင်းလို့မရပါဘူးတဲ့၊ အလုပ်ကိုကြည့်ပြီးတော့ ပြောရတယ်။

အဲဒီတော့ လူတစ်ယောက်ဟာ ကောင်းတဲ့အလုပ်ကို လုပ်နေတာလား၊ မကောင်းတဲ့အလုပ်ကို လုပ်နေတာလား၊ အလုပ်ကိုကြည့်ပြီးတော့ ထိုပုဂ္ဂိုလ်ရဲ့

စာမျက်နှာ-၁၂
Social status ကို သတ်မှတ်ရမယ်လို့ ဆိုလိုတာပါ။

ခုနတုန်းက ပြောခဲ့သလို မိဘမျိုးရိုး ဂုဏ်ဒြပ်တွေနဲ့ သတ်မှတ်စရာမလိုဘူးတဲ့၊ ဘယ်လောက်လက်တွေ့ကျသလဲ၊ မြတ်စွာဘုရားက ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ကောင်းတဲ့အလုပ်လုပ်လို့ရှိရင် လူတော်လူကောင်း၊ မကောင်းတဲ့အလုပ်လုပ်လို့ရှိရင် လူယုတ်မာ၊ ထိုမကောင်းတဲ့အလုပ်က သူ့ကို လူယုတ်မာလို့ နာမည်တပ်ပေးတာပဲ။

ကဲ ဘုန်းကြီးတို့ တရားချစ်ခင်သူတော်စင် ပရိသတ်တွေ ဘာလုပ်မလဲ၊ လူ့ဘဝရလာတဲ့အခါမှာ ဘာလုပ်သင့်လဲ။

မြတ်စွာဘုရားက လုပ်သင့်တဲ့အလုပ်၊ မလုပ်သင့်တဲ့အလုပ် ဒီနှစ်ခုကို လမ်းညွှန်ထားတယ်၊ ဘာလုပ်သင့်လဲ၊ ဘာမလုပ်သင့်ဘူးလဲ၊ ဒီနှစ်ခုသိဖို့

စာမျက်နှာ-၁၃
လိုတယ်။ အေး ဒါကြောင့်မို့ လုပ်သင့်တဲ့အလုပ်ကိုလုပ်ဖို့၊ မလုပ်သင့်တဲ့အလုပ်ကို မလုပ်ဖို့ တရားဓမ္မတွေကို နာကြရမယ်၊ စာအုပ်စာပေတွေကို ဖတ်ရှုလေ့လာကြရမယ်၊ ထိုမှရရှိလာတဲ့ အသိဉာဏ်တွေကသာ လုပ်သင့် မလုပ်သင့် ဒီနှစ်ခုကို ခွဲခြားပေးနိုင်တယ်။

မြတ်စွာဘုရားဟောတဲ့ တရားဓမ္မတွေဟာ လုပ်သင့် မလုပ်သင့် ဒီနှစ်ခုကို ခွဲခြားပြီးတော့ ပေးနေတာပဲ၊ လုပ်သင့်တာလုပ်ရင် ထိုပုဂ္ဂိုလ်ဟာ ထိုအလုပ်အားလျော်စွာ လုပ်အားရဲ့တန်ဖိုးကို အကျိုးခံစားရမှာဖြစ်တယ်၊ မလုပ်သင့်တာတွေ လုပ်မိပြီဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်ဟာ မလုပ်သင့်တာ လုပ်မိသည့်အတွက် အပြစ်အားလျော်စွာ ဆိုးကျိုးတွေကို ရရှိမှာဖြစ်ပါတယ်။ မိဘမျိုးရိုးနှင့်လည်း မဆိုင်ဘူး၊ ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့သာ ဆိုင်တယ်။

စာမျက်နှာ-၁၄
ဒါ ဗုဒ္ဓမြတ်စွာက ဟောကြားတော်မူခဲ့တဲ့တရား အလွန်လက်တွေ့ကြတယ်။ ဒါကြောင့် ဘုန်းကြီးတို့ တရားချစ်ခင်သူတော်စင် ပရိသတ်တို့ “ဓမ္မကြေးမုံ” ကို ဆောင်ထားကြရပါလိမ့်မယ်။

ကြေးမုံဆိုတာ မြန်မာစကားလုံး၊ ပါဠိဘာသာက အာဒါသ၊ ခုနက ဘုန်းကြီးပြောခဲ့တဲ့အထဲမှာ ဓမ္မာဒါသ၊ ဓမ္မ+အာဒါသ၊ ဓမ္မဆိုတာ ဓမ္မ၊ ဘာသာမပြန်ဘဲနဲ့ ထားတယ်၊ လူတွေ လိုက်နာကျင့်သုံးကြရမည့် စည်းကမ်းနည်းလမ်းပါပဲ၊ အာဒါသဆိုတာ ကြေးမုံ။

ရှေးခေတ်ကာလတုန်းက အခုလိုမှန်ကို ပြဒါးသုတ်ပြီး ကြည့်လို့ရတဲ့ဟာမျိုး မရှိသေးဘူး၊ ကြေးပြားကို အဝိုင်းခတ်ပြီးတော့ ထိုကြေးပြားကို ဝင်းနေအောင် ပွတ်ထားတယ်၊ အရောင်တွေ ဖိတ်ဖိတ်ထွက်နေအောင် ပွတ်ထားတဲ့ ကြေးဝိုင်းလေးကို ကြေးမုံလို့ခေါ်တယ်၊ ခုခေတ်ကြည့်မှန်ပေါ့။

စာမျက်နှာ-၁၅
မှန်ကြည့်ရသလိုပဲပေါ့၊ ကြေးပြားအဝိုင်းလေးကို ဝင်းပြောင်နေအောင် ပွတ်ထားလို့ရှိရင် လူ့အရိပ်ဟာ ထင်လာတယ်၊ အဲဒီအရိပ်ထင်လာတဲ့ ကြေးမုံကို ကြည့်ပြီးတဲ့အခါ မိမိရဲ့မျက်နှာမှာ အပြစ်အနာအဆာ ရှိသလား မရှိဘူးလားဆိုတာ သိအောင်၊ ရှိတယ်ဆိုရင် ပြင်နိုင်ကြတယ်။

အေး ထို့အတူပဲ ဒီကနေ့ည ဓမ္မကိုနာယူပြီးတဲ့အခါမှာ မိမိရဲ့လုပ်ရပ်တွေဟာ မှန်ကန်မှုရှိရဲ့လား၊ မရှိဘူးလား၊ အပြစ်ရှိသလား၊ မရှိဘူးလားဆိုတာ ဓမ္မကြေးမုံမှာကြည့်ပြီး ကိုယ့်ကိုယ်ကိုပြင်ဖို့ လိုပါတယ်။ ဒါကြောင့် ဓမ္မကြေးမုံကို လက်ဆောင်ပေးတဲ့အနေနဲ့ ဘုန်းကြီးတို့ ဒီကနေ့ည ဓမ္မာဒါသတရားကို ဟောပါ့မယ်။

ဘုရားရှင်ရဲ့ တရားတော်ဟာ လူတိုင်းလူတိုင်းအတွက် ဟောတာဖြစ်သောကြောင့် ထိုတရားကို

စာမျက်နှာ-၁၆
လိုက်နာကျင့်သုံးလို့ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးပဲဖြစ်ဖြစ် ကောင်းကျိုးချမ်းသာတွေ ရမှာပဲ၊ အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း မျှဝေခံစားနိုင်တဲ့ တရားတွေချည်း ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေသာ ဗုဒ္ဓရဲ့တရားကို ခံစားခွင့်ရှိတာ မဟုတ်ဘူး၊ တခြားနိုင်ငံက လူမျိုးတွေလည်း ခံစားခွင့်ရှိကြတယ်။ လူမျိုးတိုင်း လူမျိုးတိုင်းဟာ ဗုဒ္ဓတရားတော်ကို ကျင့်မယ်ဆိုလို့ရှိရင် စိတ်ငြိမ်းချမ်းမှုနှင့် ယဉ်ကျေးမှုကို တပြေးညီ ရသွားကြမှာဖြစ်ပါတယ်။

ဂျာမနီနိုင်ငံက လူ (၃၀) လောက် ငွေကြေးအကုန်အကျခံပြီးတော့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာတည်းပြီး မြန်မာနိုင်ငံမှာ ထွန်းကားနေတဲ့ ဓမ္မအသိဉာဏ်ကိုရဖို့အတွက် မနေ့က ရောက်ရှိလာကြပါတယ်။

ပြာသိုလဆန်း (၅) ရက်နေ့ ရောက်လာပြီး

စာမျက်နှာ-၁၇
သုံးပတ်တိတိ ဘုန်းကြီးတို့ သင်တန်းပို့ချပေးရမယ်၊ ဒီကနေ့ မနက် (၉) နာရီက (၁၀) နာရီထိ တစ်ကြိမ်၊ နေ့ (၂) နာရီကနေ (၃) နာရီအထိ တစ်ကြိမ်၊ ဘုန်းကြီးတာဝန်ကျတဲ့ အဘိဓမ္မာသင်တန်းကို ဒီကနေ့ စတင်ပြီး ပို့ချပေးခဲ့ပါတယ်။

ဓမ္မနဲ့ပတ်သက်ပြီး ပြောချင်လို့ပါ၊ သူတို့တစ်တွေဟာ အလွန်စိတ်ဝင်စားပြီးတော့ မြန်မာနိုင်ငံမှာ ထွန်းကားနေတဲ့ တရားဓမ္မကို သိချင်တတ်ချင်လွန်းလို့ ငွေကြေးမြောက်မြားစွာ အကုန်အကျခံပြီးတော့ သီတဂူ-ဂျာမန် Study Tour ဆိုပြီးတော့ အခုရောက်ရှိနေကြပါတယ်။ သုံးပတ်ကြာမျှ သူတို့လေ့လာကြမယ်၊ တရားအားထုတ်ကြမယ်၊ သင်ကြားကြမယ်၊ အထူးသဖြင့် မြတ်စွာဘုရားဟောကြားတော်မူတဲ့ တရားတွေထဲမှာ အင်မတန်မှ လေးနက်မှန်ကန်ပြီးတော့ လူ့ဘဝနှင့် စပ်ဟပ်လို့ရတဲ့ အဘိဓမ္မာတရားကို သူတို့တတ်ချင်သိချင်ကြတယ်။

စာမျက်နှာ-၁၈
ဘုန်းကြီးတို့ တရားချစ်ခင်သူတော်စင် ပရိသတ်တို့သိအောင် ပြောရမယ်ဆိုရင် ဒီကနေ့ ကမ္ဘာရှိ ထေရဝါဒနိုင်ငံတွေထဲမှာ အဘိဓမ္မာတရားကို ရှင်းလင်းစွာဟောကြားနိုင်တာ မြန်မာနိုင်ငံပဲ ရှိပါတယ်။ အဲဒါကြောင့်မို့လို့ ကိုယ့်နိုင်ငံမှာ ထွန်းကားနေတဲ့ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေကို ပေါ့ပေါ့ဆဆမနေဘဲနဲ့ လေ့လာလိုက်စားသင့်ပါတယ်။ အင်မတန်ဝေးလံတဲ့ဒေသ နိုင်ငံရပ်ခြား တိုင်းတစ်ပါးက လူတွေတောင် ဒီမှာလာပြီး လေ့လာနေကြပါတယ်။

အဘိဓမ္မာဆိုတာ တို့နဲ့မဆိုင်ဘူး နားလည်မှာမဟုတ်ဘူးဆိုပြီး ဇာတ်လမ်း ဇာတ်ကွက်ကလေးတွေကိုသာ နာယူကျေနပ်ပြီးတော့ မနေကြဘဲနဲ့ ဗုဒ္ဓမြတ်စွာဟောကြားတော်မူတဲ့ အင်မတန်မှ လေးနက်ပြီး လူ့ဘဝနှင့် အံဝင်ခွင်ကျ လူတိုင်းကျင့်သုံးနိုင်တဲ့ တရားတွေကို သိရှိနားလည်ဖို့ အင်မတန်မှ

စာမျက်နှာ-၁၉
လိုအပ်ပါတယ်၊ အဲဒီလိုတရားတွေကို သိရှိပြီးတော့ ထိုတရားတွေ မိမိတို့သန္တာန်မှာ လက်တွေ့ကျင့်သုံး နိုင်မှသာလျှင် လူဖြစ်ရကျိုးနပ်မှာ ဖြစ်ပါတယ်။

သောတာပန်ဖြစ်ချင်ရင် လူ့ဘဝ လူ့လောက ရောက်လာလို့ သာသနာ တော်ကြီးနဲ့တွေ့ကြုံတဲ့အခါမှာ ဘာဖြစ်ချင်ကြသလဲ လို့ မေးလျှင် အနည်းဆုံး သောတာပန်တော့ ဖြစ်ချင် ကြတယ် မဟုတ်လား၊ သောတာပန် ဖြစ်ချင်ကြတယ်၊ ဆုတောင်းတဲ့အခါမှာလည်း အမြဲတမ်း “ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု၊ နိဗ္ဗာန်ရဲ့ အကြောင်း ဖြစ်ပါစေလို့ ဆုတောင်းကြတယ်၊
သောတာပန် ဖြစ်ချင်ကြတယ်၊ ဘာကြောင့် ဖြစ်ချင်သလဲ၊ သောတာပန်ဖြစ်လျှင် အပါယ်တံခါး ပိတ်တယ်၊ ဒီလို သိထားကြတယ်နော်။

စာမျက်နှာ-၂၀
အေး သောတာပန်ဖြစ်အောင် လုပ်ဖို့ဆိုတာ မိမိသန္တာန်မှာ အခြေအနေကောင်းတွေ အများကြီး ရှိပါတယ်၊ ခု ဓမ္မကြေးမုံကို ကြည့်ပြီးတဲ့အခါမှာ ထို အခြေအနေကောင်းတွေ မိမိတို့သန္တာန်မှာ ရအောင် လုပ်ပါ၊ လုပ်လို့ ရရှိပြီးပြီဆိုရင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က ကိုယ့်ကိုယ်ကို သောတာပန်လို့ ကြေညာ နိုင်ပါတယ်တဲ့။

ဒီတရားဟာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် သာဝတ္ထိပြည်မွန်၊ ဇေတဝန်ရွှေကျောင်း ကိန်းအောင်း မွေ့လျော် စံပျော်တော်မူစဉ် ဇေတဝန်ကျောင်း ဒါယကာ အနာထပိဏ်သူဌေးကြီးကို ဟောခဲ့တဲ့ တရားဖြစ်တယ်၊ အေး မြတ်စွာဘုရား ဟောခဲ့တယ်ဆိုတာ ထင်ရှားအောင် ဘုန်းကြီးတို့ ပါဠိဘာသာနဲ့ နည်းနည်းပြောပြီး မြန်မာလို ရှင်းပြောမယ်ပေါ့နော်။

ယတော ခေါ ဂဟပတိ အရိယသာဝကဿ

စာမျက်နှာ-၂၁
ပဉ္စ ဘယာနိ ဝေရာနိ ဝူပသန္တာနိ ဟောန္တိ၊ စတူဟိ စ သောတာပတ္တိယင်္ဂေဟိ သမန္နာဂတော ဟောတိ၊ အရိယော စဿ ဉာယော ပညာယ သုဒိဋ္ဌော ဟောတိ သုပ္ပဋိဝိဒ္ဓေါ။

ဂဟပတိ- အနာထပိဏ်သူဌေးကြီး၊ အရိယသာဝကဿ- ဘုရားရဲ့ တပည့်သာဝကမှာ၊ ပဉ္စ- ငါးမျိုးကုန်သော၊ ဘယာနိ- ကြောက်စရာဘေးတို့သည်၊ ဝေရာနိ- ရန်တို့သည်၊ ဝူပသန္တာနိ- ပျောက်ငြိမ်း၍သွားကြကုန်၏၊ စတူဟိ- လေးမျိုးကုန်သော၊ သောတာပတ္တိယင်္ဂေဟိ- သောတာပန်၏အင်္ဂါတို့နှင့်၊ သမန္နာဂတော- ပြည့်စုံသည်၊ ဟောတိ- ဖြစ်ပါပေ၏၊ စဿ- ထိုသောတာပန် အရိယသာဝက ပုဂ္ဂိုလ်သည်၊ အရိယော- ဖြူစင်သော၊ ဉာယော- မဂ်တရားကိုလည်းပဲ၊ ပညာယ- အသိဉာဏ်ပညာဖြင့်၊ သုဒိဋ္ဌော- ကောင်းစွာ မြင်အပ်

စာမျက်နှာ-၂၂
သည်၊ သုပ္ပဋိဝိဒ္ဓေါ- ထိုးထွင်း၍ သိအပ်သည်။
ဟောတိ- ပင်စစ်မသွေ ဖြစ်ပါပေ၏။ ၊ တပည့်သားတွေကို မြတ်စွာဘုရား ကိုယ်တော်တိုင်က အရိယသာဝကလို့ ခေါ်ပါတယ်၊ အဲဒီ အရိယသာဝက ဖြစ်တဲ့ပုဂ္ဂိုလ်မှာ .. (၁) ဘေးငါးမျိုး၊ ရန်ငါးမျိုး ငြိမ်းအောင်လုပ်ရမယ်၊ (၂) သောတာပန်တွေ ပြည့်စုံရမည့် သောတာပန်ဖြစ်ပြီးသားပုဂ္ဂိုလ်တွေ ရရှိပြီးသား ဖြစ်ရမည့် အင်္ဂါလေးမျိုးနှင့် ပြည့်စုံစေရမယ်၊ (၃) ထူးခြားတဲ့ ဉာယလို့ခေါ်တဲ့ ဝိပဿနာပညာ၊ မဂ်ပညာများကို ထိုးထွင်းသိထားပြီး ဖြစ်ရမယ်၊ အဲဒီ အခြေအနေ (၃)ရပ်နှင့် ပြည့်စုံပြီဆိုရင် ကိုယ့်ကိုယ်ကို သောတာပန်လို့ ပြောချင်ရင် ပြောနိုင်ပါပြီတဲ့။

စာမျက်နှာ-၂၃
ဟော ဓမ္မကြေးမုံထဲမှာ ဒီအချက် (၃)ချက် ပေါ်လာလိမ့်မယ်နော်။

သော- ထို အရိယသာဝကသည်၊ အာကင်္ခမာနော- လိုလားသည်ရှိသော်၊ အတ္တနာ- မိမိကိုယ်တိုင်သာလျှင်၊ အတ္တာနံ- မိမိကိုယ်ကို၊ ခီဏနိရယော- ကုန်ပြီးသော ငရဲရှိသည်၊ အမှီ- ဖြစ်၏။

ကိုယ့်ကိုယ်ကို အတည်ပြုနိုင်တယ်၊ ငါ နောင်ဘဝမှာ ငရဲကျဖို့ မရှိတော့ဘူး၊ ငရဲတွေအားလုံး ငါ့အတွက်တော့ ကုန်သွားပြီ။ အပါယ်တံခါးကြီး ပိတ်သွားပြီပေါ့နော်။

ခီဏနိရယော- ကုန်ပြီးသော ငရဲရှိသည်၊ (ဝါ) ငရဲကို ရောက်စေတတ်တဲ့ ကံတရားတွေ ကုန်သွားသည်၊ ခီဏတိရစ္ဆာနယောနိ- တိရစ္ဆာန်ဘုံမှာဖြစ်စေတတ်တဲ့ ကံတွေကုန်သွားခြင်းကြောင့် တိရစ္ဆာန်ဘုံသည် ငါ့အတွက် ကုန်သွားပြီ၊ ခီဏပေတ္တိဝိသ

စာမျက်နှာ-၂၄
ယော- ပြိတ္တာဘုံမှာ ဖြစ်စေတတ်တဲ့ ကံတရားတွေ ကုန်သွားသည့်အတွက်ကြောင့် ပြိတ္တာဘုံသည် ငါ့အတွက် ကုန်ဆုံး၍ သွားလေပြီ၊ ခီဏာပါယဒုဂ္ဂတိဝိနိပါတော- အပါယ်ဒုဂ္ဂတိ၌ ဖရိုဖရဲ ကျစေတတ်သော ကံတရားတွေကုန်ဆုံးပြီး သွားသည့်အတွက် အပါယ်ဒုဂ္ဂတိ၌ ကျရောက်စေတတ်သော ကိလေသာနှင့် ကံတရားတွေ ကုန်ဆုံးသွားတဲ့အတွက် အပါယ်ဒုဂ္ဂတိ ကျရောက်စေတတ်တဲ့ တရားတွေ ငါ့သန္တာန်မှာ ကုန်ပြီးပြီ၊ အပါယ်တံခါးကြီး ပိတ်သွားပြီ။

ငရဲကျစရာ ငါ့မှာ မရှိဘူး၊ ငါ့အတွက် ငရဲအိုး မရှိတော့ဘူး၊ ငါ့အတွက် တိရစ္ဆာန်ဘုံ မရှိတော့ဘူး၊ ငါ့အတွက် ပြိတ္တာဘုံဆိုတာ မရှိတော့ဘူး၊ ငါ့အတွက် အပါယ်လေးဘုံဆိုတာ လုံးဝ ချုပ်ငြိမ်းသွားပြီ။

အဟံ- ငါသည်၊ သောတာပန္နော- သောတာပန်ပုဂ္ဂိုလ်သည်၊ အဝိနိပါတဓမ္မော- မိမိဆန္ဒ မပါဘဲ

စာမျက်နှာ-၂၅
သေသွားသည့်နောက်မှာ အပါယ်လေးဘုံသို့ ဖရိုဖရဲ ကျရောက်တတ်သောသဘော မရှိတဲ့ပုဂ္ဂိုလ်သည်၊ နိယတော- ခိုင်မြဲတဲ့ အနေအထားသို့ ရောက်ရှိပြီးသားဖြစ်တဲ့ပုဂ္ဂိုလ်သည်၊ သမ္ဗောဓိပရာယဏော- အထက်မဂ်လျှင် လဲလျောင်းရာရှိသော ပုဂ္ဂိုလ်သည်၊ အမှီ- ဖြစ်၏။

သူများသွားမေးမနေနဲ့၊ မှန်ကလေးတစ်ချပ် ရှေ့မှာထောင်ထားပြီး ကိုယ့်မျက်လုံးနဲ့ ကိုယ့်မျက်နှာရဲ့ အနေအထားကို ကိုယ့်ဟာကိုယ် ကြည့်ဆုံးဖြတ်လို့ မရဘူးလား၊ ရတယ်၊ သူများကို မေးစရာမလိုဘူး၊ မှန်ထဲကြည့်လိုက်လို့ရှိရင် ထိုမှန်ရိပ်ထဲမှာ မိမိရဲ့ မျက်နှာဟာ အထင်းသား ပေါ်လာတယ်နော်၊ ထို့အတူပဲ ဓမ္မကြေးမုံလို့ဆိုတဲ့ ဗုဒ္ဓမြတ်စွာ ဟောထားတဲ့ ဒီတရားကို နာယူပြီးတဲ့အခါမှာ မိမိတို့မှာ ဓမ္မကြေးမုံမှန်ကြီး ရထားပြီ။

စာမျက်နှာ-၂၆
ရထားတဲ့မှန်ပေါ်မှာ ကြည့်လိုက်၊ ကိုယ်ဘဝ ကိုယ့်အခြေအနေ ထင်ထင်ရှားရှား ပီပီပြင်ပြင်ကြီး ပေါ်လာမယ်၊ ပေါ်လာတဲ့အခါမှာ ကိုယ့်ကိုယ်ကို ဆုံးဖြတ်တဲ့၊ မဆုံးဖြတ်နိုင်ဘူးလား၊ မှန်ထဲမှာကြည့်ပြီးတော့ ကိုယ့်မျက်လုံးမှာ ဘာဖြစ်နေတယ်၊ မျက်နှာမှာ ဘာတွေရှိနေတယ်၊ မရှိရင် မရှိဘူး၊ သူများသွားမေးစရာ မလိုတော့သလို ဓမ္မကြေးမုံကို ကြည့်လိုက်တဲ့အခါမှာလည်းပဲ မိမိ၏သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်အားလုံးဟာ ဓမ္မကြေးမုံထဲမှာ ပေါ်လာတယ်၊ ပေါ်လာတဲ့အခါ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က ခုပြောခဲ့တဲ့အချက်အလက်တွေနဲ့ ပြည့်စုံလို့ရှိရင် ကိုယ့်ကိုယ်ကို သောတာပန်လို့ ပြောနိုင်ပြီတဲ့၊ ငါ့မှာ အပါယ်တံခါးပိတ်ပြီ၊ “ငါ သောတာပန်ဖြစ်ပြီ”လို့ ပြောနိုင်ပါတယ်တဲ့။

စာမျက်နှာ-၂၇
ဘေးငါးမျိုး ရန်ငါးမျိုး ငြိမ်းရမယ်။ ကဲ နံပါတ်(၁)က ဘာတွေတုန်းဆိုရင် အရိယသာဝကဿ- အရိယသာဝကပုဂ္ဂိုလ်အား၊ ပဉ္စ- ငါးမျိုးကုန်သော၊ ဘယာနိ- ဘေးတို့သည်၊ ဝေရာနိ- ရန်တို့သည်၊ ဝူပသန္တာနိ- ပျောက်ငြိမ်း၍ သွားကြကုန်၏။

လူ့လောကမှာ လူတွေဟာ ဘေးကင်းအောင် နေတတ်တဲ့ပုဂ္ဂိုလ်က အရှားသား၊ ရန်ကင်းအောင် နေတတ်တဲ့ ပုဂ္ဂိုလ်က အရှားသား၊ ဘေးဖြစ်အောင် ဘယ်သူလုပ်၊ ကိုယ့်ဟာကိုယ်လုပ်၊ ရန်ပွားအောင် ဘယ်သူလုပ်၊ ကိုယ့်ဟာကိုယ်ပဲလုပ်တယ်၊ ကိုယ်လုပ်လို့ ဘေးဖြစ်ပြီး၊ ကိုယ်လုပ်လို့ ရန်တွေပွားနေတာနော်၊ အဲဒါကြောင့်မို့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က ဘေးငါးမျိုး ရန်ငါးမျိုး ငြိမ်းရမယ်တဲ့၊ အေး ငါးမျိုး ရန်ငါးမျိုးဆိုတာ ဘာတွေတုန်း။

စာမျက်နှာ-၂၈
“ဂဟပတိ- အို အနာထပိဏ်သူဌေးကြီး၊ ဣဓ- ဤလောက၌၊ ပါဏာတိပါတီ- သူတစ်ပါး၏အသက်ကို သတ်လေ့ရှိတဲ့ပုဂ္ဂိုလ်သည်၊ ပိုးခြပုံလေးကစပြီးတော့ သူတစ်ပါးအသက်ကို သတ်ရဲဖြတ်ရဲတဲ့ ပုဂ္ဂိုလ်သည်။”

ဒီလိုပုဂ္ဂိုလ်မျိုးသည် ကိုယ့်အသက်လေးတော့ ကိုယ်နှမြောကြတယ်၊ မနှမြောဘူးလား၊ လူတိုင်းလူတိုင်း သေမှာကြောက်တယ်၊ ကိုယ့်အသက်လေးတော့ ကိုယ်နှမြောတယ်၊ ကိုယ့်အသက်ကို နှမြောပေမယ့်လို့ သူများအသက်ကိုတော့ မနှမြောဘူး။

“ပါဏာတိပါတီ- သူတစ်ပါးအသက်ကို ရက်ရက်စက်စက် သတ်လေ့ရှိသောပုဂ္ဂိုလ်သည်၊ ပါဏာတိပါတပစ္စယာ- သူတစ်ပါးအသက်ကို သတ်ခြင်းတည်းဟူသော အကြောင်းကြောင့်၊ သူတစ်ပါးအသက်ကို သတ်တာတွေကို အကြောင်းပြု

စာမျက်နှာ-၂၉
ပြီး၊ ဒိဋ္ဌဓမ္မိကံ- မျက်မှောက်ဘဝ၌လည်းဖြစ်သော၊ ဘယံ- ကြောက်စရာဘေးကို၊ ဝေရံ- ရန်ကို၊ ပသဝတိ- ဖြစ်ပွားစေလေတော့၏။”

သူများအသက်ကို သတ်တဲ့ပုဂ္ဂိုလ်ဟာ ထိုသတ်မှုကိုအကြောင်းပြုပြီးတော့ မျက်မှောက်ဘဝမှာလည်း ဘေးကြုံရတယ်၊ ရန်ကြုံရတယ်၊ သူများအသက်သတ်သည့်အတွက်ကြောင့် ကိုယ့်မှာ ဘေးရန်အန္တရာယ်တွေ ရောက်လာတယ်၊ ဒီဘဝမှာလည်း ဘေးရန်အမျိုးမျိုး ကြုံရတယ်၊ မကောင်းတာလုပ်လို့ မကောင်းတာလုပ်သည့်အတွက်ကြောင့် ချက်ချင်းမကောင်းတဲ့အကျိုး ခံစားရတယ်၊ စာပေဖတ်တဲ့အခါတွေ့ကြပါလိမ့်မယ်၊ (ခုခေတ်စာအုပ်တွေထဲမှာ တော်တော်ရေးကြတယ်နော်) အဲဒါဟာ သူတစ်ပါးအသက်သတ်ခြင်းကို အကြောင်းပြုပြီး ယခုဘဝမှာလည်းပဲ ဘေးတွေကြုံရတယ်၊ ရန်ကြုံရတယ်။

စာမျက်နှာ-၃၀
“သမ္ပရာယိကမ္ပိ ဘယံ ဝေရံ ပသဝတိ- သေသည်၏အခြားမဲ့၌ ဖြစ်ပေါ်လာနိုင်တဲ့ ရန်တွေကိုလည်း၊ ပသဝတိ- ဖြစ်ပွားစေတတ်၏။” သူတစ်ပါးအသက်ကို သတ်တယ်ဆိုတာ မျက်မှောက်ဘဝမှာလည်း ဘေးရန်တွေ ပွားစေတယ်၊ သေသွားတဲ့နောက် တမလွန်ဘဝရောက်တဲ့အခါမှာလည်းပဲ ဘေးတွေ ရန်တွေ တိုးပွားစေတယ်၊ ဒါတင်လားဆိုတော့

“စေတသိကံ- စိတ်၌ ဖြစ်ပေါ်၍လာသော၊ ဒုက္ခံ- ဆင်းရဲခြင်းကိုလည်း၊ ဒေါမနဿံ- ဝမ်းနည်းကြေကွဲရခြင်းကိုလည်း၊ ပဋိသံဝေဒေတိ- ခံစားရ၏။”

အကုသိုလ်အမှုတွေ လုပ်ထားတဲ့ လူတစ်ယောက်ဟာ တစ်နေ့ကြတော့ ထိုကိစ္စအတွက် ဝမ်းနည်းကြေကွဲမှုခံစားရတယ်၊ ဪ ငါမဟုတ်တာတွေ လုပ်မိပါလားဆိုပြီးတော့ ဝမ်းနည်းကြေကွဲမှုတွေ

စာမျက်နှာ-၃၁
ခံစားရတယ်၊ ပါဏာတိပါတကို အကြောင်းပြုပြီးတော့ မျက်မှောက်ဘဝမှာလည်း ဘေးတွေရန်တွေ ပွားတယ်၊ တမလွန်ဘဝမှာလည်း ဘေးတွေရန်တွေ ပွားတယ်၊ စဉ်းစားလိုက်တိုင်းတွေးမိလိုက်တိုင်း စိတ်မချမ်းမြေ့မှုဆိုတာ ခံစားရတယ်၊ ဝမ်းနည်းကြေကွဲရတယ်။

ကဲ ပါဏာတိပါတ အမှုက ရှောင်လိုက်တာနဲ့ တစ်ပြိုင်နက် ခုနကပြောခဲ့တဲ့ ဘေးတွေရန်တွေ လုံးဝ ငြိမ်းမသွားဘူးလား၊ ငြိမ်းသွားတယ်။

“ပါဏာတိပါတာ ပဋိဝိရတဿ- သတ်ခြင်းမှ ရှောင်ကြဉ်တဲ့ပုဂ္ဂိုလ်မှာ၊ ဧဝံ- ဤသို့၊ တံ ဘယံ- ထိုပြောခဲ့တဲ့ ဘေးသည်၊ တံ ဝေရံ- ထိုပြောခဲ့တဲ့ ရန်မျိုးသည်၊ ဝူပသန္တေ ဟောတိ- ပျောက်ငြိမ်း၍ သွား၏။” အကယ်၍ သူများအသက် မသတ်ဘူးဆိုရင်

စာမျက်နှာ-၃၂
သူများအသက်ကို သတ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးတွေရန်တွေရှိပါ့မလား၊ မရှိဘူး။

အေး ဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ပါဏာတိပါတကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးတွေရန်တွေ ငြိမ်းသွားအောင် သူတစ်ပါးအသက်သတ်ခြင်းမှ ရှောင်လိုက်ပါတဲ့။

ဒါ ဓမ္မကြေးမုံမှာ ကိုယ့်ကိုယ်ကို စစ်ဆေးရမယ့် အချက်တစ်ချက်၊ ငါဟာ သူတစ်ပါးအသက်သတ်ခြင်းမှ ရှောင်ရဲ့လား၊ ရှောင်လို့ရှိရင် ငါ့မှာ ပါဏာတိပါတကြောင့် ဖြစ်ပေါ်လာမယ့် ဘေးတွေရန်တွေ ငြိမ်းပြီ၊ ကိုယ့်ဟာကိုယ် မသိနိုင်ဘူးလား၊ သိနိုင်တယ်။

ထို့အတူပဲ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က - “ဂဟပတိ- အနာထပိဏ်သူဌေးကြီး၊ အဒိန္နာဒါယီ- သူတစ်ပါးမပေးတဲ့ပစ္စည်းကို နည်း

စာမျက်နှာ-၃၃
အမျိုးမျိုးနဲ့ မရိုးသားတဲ့စိတ်ဖြင့် ရယူလေ့ရှိတဲ့ ပုဂ္ဂိုလ်သည်”

အဒိန္နာဒါနဆိုတာ ခိုးတာတစ်ခုတည်း မဟုတ်ဘူးနော်၊ သူတစ်ပါးပစ္စည်းကို နည်းအမျိုးမျိုးနဲ့ ရယူတာ၊ အနိုင်ကျင့်ယူတာရှိတယ်၊ ခိုးယူတာရှိတယ်၊ လိမ်ယူတာရှိတယ်၊ ညာယူတာရှိတယ်နော်၊ အလေးတင်းတောင်း မမှန်မကန်လုပ်ပြီးတော့ ယူတာရှိတယ်၊ မရှိဘူးလား။

အတုနှင့်အစစ်လုပ်ပြီးတော့ ဟုတ်လား၊ အတုပေးပြီး အစစ်ယူလိုက်တာလည်းရှိတယ်၊ ဒါတွေအားလုံးဟာ အဒိန္နာဒါနပဲနော်။

“အဒိန္နာဒါနပစ္စယာ- မရိုးသားသောစိတ်နဲ့ သူတစ်ပါးပစ္စည်းကို ရအောင်ယူခြင်းတည်းဟူသော အကြောင်းတရားကြောင့်၊ ဒိဋ္ဌဓမ္မိကမ္ပိ- မျက်မှောက်မှာလည်းဖြစ်တဲ့၊ ဘယံ ဝေရံ- ဘေးနှင့်ရန်

စာမျက်နှာ-၃၄
ကို၊ ပသဝတိ- ဖြစ်ပွားစေတတ်၏၊ သမ္ပရာယိကံ ဘယံ ဝေရံ- တမလွန်ဘဝ၌ဖြစ်တဲ့ ဘေးနှင့်ရန်ကိုလည်း၊ ပသဝတိ- ဖြစ်ပွားစေ၏၊ စေတသိကံ ဒုက္ခံ ဒေါမနဿံ- ဆင်းရဲခြင်း၊ ဝမ်းနည်းခြင်းကိုလည်း၊ ပဋိသံဝေဒေတိ- ခံစားရ၏။”

ကိုယ်လုပ်တာ, မလုပ်တာ ကိုယ့်ဟာကိုယ် အသိဆုံးပဲနော်၊ အေး အဒိန္နာဒါန- လုပ်ထားလို့ရှိရင် အဒိန္နာဒါန-အမှုကို အကြောင်းပြုပြီးတော့ ဒီဘဝမှာလည်း ဘေးတွေ့တယ်၊ ရန်တွေ့တယ်။ ဟုတ်လား၊ မမှန်မကန်ပစ္စည်းနဲ့ယူလိုက်လျှင်၊ အို ဘယ်သူဖြင့် မမှန်မကန်လုပ်တယ်၊ ဘာပစ္စည်းကဖြင့် အတုကြီး၊ အတုကြီး ငါ့ကိုလိမ်ရောင်းလိုက်တယ်၊ ဟောဒီကနေ တုန့်ပြန်မှုတွေ မလာဘူးလား။ (လာပါတယ် ဘုရား)၊ အေး အဲဒါဟာ ဒိဋ္ဌဓမ္မိက ခေါ်တယ်၊ သမ္ပ

စာမျက်နှာ-၃၅
ရာယိက အကျိုးတွေတော့ မပြောနဲ့တော့၊ သေပြီးတဲ့နောက်မှာ ဘယ်သူကမှ ဘယ်လိုမှ အကာအကွယ်မပေးနိုင်ဘူး၊ ကံကြမ္မာဆိုတာ ဆိုက်လာလို့ရှိရင် ဘယ်လိုမှကာကွယ်လို့မရဘူး၊ အေး ဒါကြောင့်မို့ စိတ်ထဲမှာ အဲဒီမကောင်းမှု အကုသိုလ်အကြောင်းပြုပြီးတော့ ဝမ်းနည်းခြင်း၊ ကြေကွဲခြင်းဆိုတာ ခံစားရတယ်တဲ့။

“အဒိန္နာဒါနာ ပဋိဝိရတဿ- အဒိန္နာဒါနမှ ရှောင်ကြဉ်လိုက်တဲ့ပုဂ္ဂိုလ်မှာ၊ ဧဝံ- ဤနည်းအားဖြင့်၊ တံ ဘယံ ဝေရံ- ထိုဘေးနှင့်ရန်သည်၊ ဝူပသန္တေ- ငြိမ်း၍သွား၏။”

အဲဒီဘေးတွေ ရန်တွေ ငြိမ်းချင်ရင် ရှောင်လိုက်ရုံပါပဲတဲ့၊ အဒိန္နာဒါန မလုပ်ဘဲ နေလို့ရှိရင် အဒိန္နာဒါနလို့ခေါ်တဲ့ အကုသိုလ်ကြောင့် ဖြစ်မည့် ဘေးတို့ရန်တို့ စိတ်မချမ်းမြေ့မှုကို ဖြစ်ပါဦးမလား။

စာမျက်နှာ-၃၆
မဖြစ်ဘူး။ အေး ရှောင်လိုက်တာနဲ့ တစ်ပြိုင်နက် ထိုဘေးတွေရန်တွေ ငြိမ်းသွားတယ်၊ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က ဒီဘေး ဒီရန်တွေ ငြိမ်းအောင် လုပ်ပါတဲ့၊ ဒါ လူတိုင်းလူတိုင်း ကျင့်နိုင်တဲ့ အကျင့်မဟုတ်လား။

အေး ထို့အတူပဲ၊ “ဂဟပတိ- အနာထပိဏ်သူဌေးကြီး၊ ကာမေသုမိစ္ဆာစာရီ- ကာမတို့၌ မှောက်မှောက်မှားမှား ပြုကျင့်လေ့ရှိတဲ့ ပုဂ္ဂိုလ်သည်”

လူ့လောကမှာ အိမ်ထောင်ရက်သား ပြုကြတယ်၊ ဟုတ်လား၊ ကိုယ့်ဟာကိုယ် မယားမှတ်မှတ်၊ သားမှတ်မှတ်၊ ဒါကို Lawful လို့ ခေါ်တယ်၊ ဥပဒေအရ တရားဝင်တယ် legally ပေါ့နော်၊ တရားမဝင်ဘဲနဲ့ unlawful မဟုတ်မတရား သူတစ်ပါးသားမယားနဲ့ illegally မှောက်မှားတယ်ဆိုတာကြတော့

စာမျက်နှာ-၃၇
ကာမေသုမိစ္ဆာစာရ ဖြစ်တယ်၊ ကာမေသုမိစ္ဆာစာရ မှောက်မှားမိပြီ ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်ကို အများကဝိုင်းပြီးတော့ ကဲ့ရဲ့ရှုတ်ချကြတယ်၊ သူ့မှာ ရန်မပွားပေဘူးလား၊ ပွားတယ်။ ဒါကိုတော့ အထူးပြောစရာမလိုပါဘူး။

အေး “ကာမေသုမိစ္ဆာစာရီ- ကာမတို့၌ မှောက်မှောက်မှားမှား ကျင့်ကြံကြိုးကုတ် အားထုတ်လေ့ရှိတဲ့ပုဂ္ဂိုလ်သည်၊ မှားယွင်းလေ့ရှိတဲ့ပုဂ္ဂိုလ်သည်၊ ကာမေသုမိစ္ဆာစာရပစ္စယာ- ကာမတို့၌ မှားယွင်းစွာ ပြုကျင့်မှုတည်းဟူသော အကုသိုလ်ကြောင့်၊ ဒိဋ္ဌဓမ္မိကမ္ပိ ဘယံ ဝေရံ- မျက်မှောက်ဘဝမှာ ကြုံတွေ့ရသော ဘေးနှင့်ရန်ကိုလည်း၊ ပသဝတိ- ဖြစ်ပွားစေလေတော့၏။”

အနည်းဆုံး အောက်ထစ်ဆုံး သူတစ်ပါးတွေရဲ့ ရွံရှာမုန်းတီးမှု ခံရတယ်၊ ဒီထက်မက ဆိုးကျိုးတွေလည်း အများကြီးလာမှာပဲနော်။

စာမျက်နှာ-၃၈
“သမ္ပရာယိကံပိ ဘယံ ဝေရံ- တမလွန်ဘဝမှာ ဖြစ်ပေါ်လာတဲ့ ဘေးရန်အမျိုးမျိုးကိုလည်း၊ ပသဝတိ- ဖြစ်ပွားစေတတ်၏၊ စေတသိကံ ဒုက္ခ ဒေါမနဿ ပဋိသံဝေဒေတိ- စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဆင်းရဲခြင်း ဝမ်းနည်းခြင်းကိုလည်း၊ ပဋိသံဝေဒေတိ- ခံစားရ၏၊ ကာမေသု မိစ္ဆာစာရာ ပဋိဝိရတဿ- ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်အဖို့မှာ၊ ဧဝံ- ဤသို့လျှင်၊ တံ ဘယံ ဝေရံ- ထိုပြောခဲ့တဲ့ ဘေးနှင့်ရန်တွေသည်၊ ဝူပသန္တိ- ပျောက်ငြိမ်း၍ သွားသည်၊ ဟောတိ- စင်စစ်မသွေ ဖြစ်ပါပေတော့၏။”

ရှောင်လိုက်တာနဲ့ တစ်ပြိုင်နက် ခုနက ဘေးတွေနဲ့ရန်တွေ လာသေးလား၊ မလာပါဘူး။

သော် လူအားလုံးကနေ ဒီပုဂ္ဂိုလ်ဟာ လူတော် လူကောင်းလို့ အသိအမှတ်ပြုတယ်၊ ဘယ်သူကမှ

စာမျက်နှာ-၃၉
သူ့ကို မမုန်းကြဘူး၊ သိက္ခာရှိတယ်၊ သမာဓိ ရှိတယ် ဆိုပြီးတော့ လူတိုင်းက ချစ်ခင်ကြတယ်၊ လေးစားကြတယ်၊ ဘေးတွေ ရန်တွေ ကုန်သွားတယ်နော်။

အဲဒါကြောင့်မို့ ထိုဘေး ထိုရန်ဟာ ဘယ်သူလုပ် လို့ ရောက်တာလဲ၊ ကိုယ်လုပ်လို့ရောက်တာ၊ ကိုယ့် ကိုယ်ကို အကြောင်းပြုပြီးတော့ မိမိမှားယွင်းမှုကြောင့် မလုပ်သင့်တာ လုပ်မိသည့်အတွက်ကြောင့် ထိုဘေး ထိုရန်တွေ ဖြစ်လာတာ၊ မလုပ်သင့်တာတွေ မလုပ်ဘဲနဲ့ ရှောင်ကြဉ်လိုက်တာနဲ့ တစ်ပြိုင်နက်၊ ထို ဘေးတွေ ရန်တွေဟာ ပျောက်ငြိမ်းသွားပါတယ်တဲ့၊ မြတ်စွာဘုရား ဟောတဲ့တရားဟာ လူတွေကျင့်သုံး နိုင်တဲ့ လက်တွေ့တရား၊ ဟော ကြည့်

“မုသာဝါဒိနော- မုသားစကားကို ဆိုလေ့ ရှိတဲ့ ပုဂ္ဂိုလ်မှာ၊” ထိုမုသားဆိုတာ အဖြစ်မှန်ကို ဖုံးကွယ်ပြီးတော့ မဟုတ်တာကို ရှေ့တန်းတင်ပြီး

စာမျက်နှာ-၄၀
ပြောတာ၊ မုသာတိ အဘူတံ ဝတ္ထု- တကယ့် မဟုတ်တာကို ဆင်ပြီးတော့ ပြောတာ၊ အကြောင်း အရာဟာ ဖြစ်နေတာကတစ်မျိုး၊ ပြောတာက တစ် မျိုး၊ မုသာ မဟုတ်တဲ့ အကြောင်းအရာကို၊ ဝါဒ- တစ်ဖက်သားကို ပြောပြတယ်၊ သိစေတယ်။

“မုသာဝါဒီ- မဟုတ်မမှန် ပြောဆိုလေ့ရှိတဲ့ ပုဂ္ဂိုလ်သည်၊ မုသာဝါဒပစ္စယာ- မဟုတ်မမှန် ပြောဆို လိမ်လည်မှုကြောင့်၊ ဒိဋ္ဌဓမ္မိကံပိ ဘယံ ဝေရံ- မျက်မှောက်ကာလမှာ ဖြစ်ပေါ်လာတဲ့ ဘေး အမျိုးမျိုး ရန်အမျိုးမျိုးကိုလည်း၊ ပသဝတိ- ဖြစ်ပွား စေလေတော့၏၊ သမ္ပရာယိကံပိ ဘယံ ဝေရံ- တမလွန်ဘဝမှာ ကြုံတွေ့ရမယ့် ဘေးအမျိုးမျိုး ရန် အမျိုးမျိုးကိုလည်း၊ ပသဝတိ- ဖြစ်ပွားစေလေတော့ ၏၊ စေတသိကံပိ ဒုက္ခ ဒေါမနဿ ပဋိသံဝေဒေတိ- စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဆင်းရဲခြင်း ဝမ်းနည်းခြင်းကိုလည်း ခံစားရ၏။”

စာမျက်နှာ-၄၁
“မုသာဝါဒါ ပဋိဝိရတဿ- မုသားစကားကို ဆိုခြင်းမှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်မှာ၊ ဧဝံ- ဤနည်း အားဖြင့်၊ တံ ဝေရံ တံ ဘယံ- ထိုပြောခဲ့တဲ့ ဘေး အမျိုးမျိုး ရန်အမျိုးမျိုးသည်၊ ဝူပသန္တေ- ပျောက်ငြိမ်း ၍သွားသည်၊ ဟောတိ- စင်စစ်မသွေ၊ ဣတိ- ဤ သို့၊ ဘဂဝါ- ရွှေဘုန်းတော်သခင် ရှင်တော်မြတ် ဘုရားသည်၊ အဝေါစ- ကောင်းစွာမသွေ ဟော ကြားတော်မူခဲ့ ပါပေသတည်း။”

“သုရာမေရယမဇ္ဇပမာဒဋ္ဌာယီ- မေ့လျော့ ခြင်း၏ အကြောင်းဖြစ်သော မူးယစ်ဆေးဝါး အရက် သေစာ သောက်စားလေ့ရှိသော ပုဂ္ဂိုလ်သည်၊ သူရာမေရယမဇ္ဇပမာဒဋ္ဌာနပစ္စယာ- မေ့လျော့ ခြင်း၏အကြောင်းဖြစ်တဲ့ မူးယစ်စေတတ်တဲ့ အရက် သေစာသောက်စားခြင်းတည်းဟူသော အကြောင်း ကြောင့်၊ ဒိဋ္ဌဓမ္မိကံပိ ဘယံ ဝေရံ- မျက်မှောက်

စာမျက်နှာ-၄၂
ဘဝမှာကြုံတွေ့ရမယ့် ဘေးအမျိုးမျိုး ရန်အမျိုးမျိုး ကိုလည်း၊ ပသဝတိ- ဖြစ်ပွားစေတော့၏။ သမ္ပရာယိကံပိ ဘယံ ဝေရံ- တမလွန်ဘဝမှာ ကြုံတွေ့ရမည့် ဘေးအမျိုးမျိုး ရန်အမျိုးမျိုးကိုလည်း၊ ပသဝတိ- ဖြစ်ပွားစေလေတော့၏၊ စေတသိကံ- စိတ်၌လည်း ဖြစ်သော၊ ဒုက္ခ ဒေါမနဿ ပဋိသံဝေဒေတိ- ဆင်းရဲခြင်း ဝမ်းနည်းခြင်းကိုလည်း ခံစားရ၏။”

ဒါ အထူးပြောစရာမလိုဘူးနော်၊ ဪ ဒီကနေ့ ခေတ်မှာ လူငယ်လူရွယ်တွေ အရက်သေစာသောက် စားလို့ မိဘတွေ ဘယ်လောက်စိတ်ဆင်းရဲနေကြ လဲ၊ ရန်ကုန်မှာ ဘုန်းကြီးတို့နှင့် အင်မတန်ရင်းနှီးတဲ့ ဒါယကာကြီးတစ်ယောက်ရှိတယ်၊ သားလေးယောက် ရှိတယ်၊ အဲဒီ သားလေးယောက်ထဲက သားနှစ် ယောက်က အရက်သေစာ သောက်စားတယ်၊

စာမျက်နှာ-၄၃
ဘယ်ထိလောက်အောင် သောက်လဲဆိုတော့ အသက် ဆုံးသွားသည်ထိ သောက်သွားကြတယ်၊ အသက် မဆုံးခင်ကလည်း ဆင်းရဲဒုက္ခအမျိုးမျိုး ခံစားကြရတယ်၊ မိဘတွေမိသားစုတွေ စိတ်ဆင်းရဲကြရတယ်၊ နောက်ဆုံးတော့ သူတို့ကိုယ်တိုင်ပါ အသက်ဆုံး သွားရတယ်နော်။

အဲဒါ မူးယစ်တာတွေနဲ့ ပတ်သက်ပြီးတော့ ဒီ ဘဝမှာ ဒုက္ခသုက္ခ ရောက်ကြရတာတွေ အားလုံး အရပ်ထဲမှာ မမြင်ချင်အဆုံး၊ မကြားချင်အဆုံး ရှိနေ ကြတာပါနော်၊ ဝတ္ထုဇာတ်လမ်းတွေလည်း ပြည့်နေ တာပဲ၊ ဒုက္ခရောက်ကြတယ်ဆိုတာ လက်တွေ့အား ဖြင့် မထင်ရှားဘူးလား။

အေး တို့မိသားစုထဲမှာ အရက်သေစာ သောက် စားတဲ့လူ မရှိဘူး၊ မူးယစ်ဆေးဝါးစွဲတဲ့လူ မရှိဘူး၊ ထိုမိသားစု မချမ်းသာဘူးလား၊ (ချမ်းသာပါတယ် ဘုရား) ဒါ လက်တွေ့ပဲနော်။

စာမျက်နှာ-၄၄
“သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ပဋိဝိရတဿ- မူးယစ်စေတတ်တဲ့ မေ့လျော့ခြင်းကို ဖြစ်စေ တတ်တဲ့၊ အရက်သေစာ သောက်စားမူးယစ်ခြင်းမှ ရှောင်ကြဉ်တဲ့ပုဂ္ဂိုလ်မှာ၊ ဧဝံ- ဤသို့ ဆိုခဲ့ပြီးတဲ့၊ တံ ဝေရံ တံ ဘယံ- ထိုကဲ့သို့ ဘေးအမျိုးမျိုး ရန် အမျိုးမျိုးသည်၊ ဝူပသန္တေ- ပျောက်ငြိမ်း၍သွားသည်။ ဟောတိ- စင်စစ်မသွေ ဖြစ်ပါပေတော့၏။”

အားလုံး ပြန်ပေါင်းကြည့်လိုက်လို့ရှိရင် သူများ အသက်ကိုသတ်ရင် ဘေးအမျိုးမျိုး ရန် အမျိုးမျိုး ကြုံရတယ်၊ မသတ်ဘဲ ရှောင်ကြဉ်ရင် ဘေးရန်ငြိမ်းတယ်၊ သူများ ဥစ္စာကို မတရားသဖြင့် ယူလို့ရှိလျှင် ဘေးရန် ကြုံတတ်တယ်၊ ရှောင်ကြဉ်လိုက်လို့ရှိရင် ဘေးရန် ကင်းငြိမ်းတယ်၊ ကာမဂုဏ်၌ အမှောက်မှောက် အမှားမှား

စာမျက်နှာ-၄၅
ပြုရင် ဘေးရန်ကြုံတတ်တယ်၊ ရှောင်ကြဉ်ရင် ဘေးရန် ငြိမ်းတယ်၊ လိမ်လည် လှည့်စား ပြောကြားလို့ရှိရင် ဘေး ရန် ကြုံတတ်တယ်၊ လိမ်လည်လှည့်စား ပြော ကြားခြင်းမှ ရှောင်ကြဉ်လိုက်လို့ရှိရင် ဘေးရန် ငြိမ်းတယ်၊ မူးယစ်သေစာ သောက်စားလို့ရှိရင် ဘေးရန် အမျိုးမျိုး ကြုံတတ်တယ်၊ ရှောင်ကြဉ်လိုက်လို့ရှိရင် ဘေးရန်တွေ ငြိမ်းသွားတယ်၊

ပေါင်းလိုက်တဲ့အခါကျတော့ ဟောဒီ ဘေးငါး မျိုး ရန်ငါးမျိုး ငြိမ်းစေရမယ်တဲ့၊ ဒါ မြတ်စွာဘုရားက ဟောတာ၊ လူ့ဘဝ ရောက်လာလို့ရှိရင် ဟောဒီ ဘေးငါးမျိုး ရန်ငါးမျိုး အရင်ငြိမ်းအောင်လုပ်ပါတဲ့၊ ကဲ ဘေးငါးမျိုး ရန်ငါးမျိုး ငြိမ်းသွားတာနဲ့ တစ်ပြိုင် နက် လူ့လောကမှာ လူတော်လူကောင်းလို့ မခေါ်ကြဘူးလား။ ခေါ်ကြတယ်။

စာမျက်နှာ-၄၆
အေး ဒီအချက် ငါးမျိုးရှိတာနဲ့ ဘေးရန်ကင်း ကွာတဲ့ လူတော်လူကောင်း၊ ကိုယ်ကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်၊ ဒီ အဆင့်ကို ပထမရအောင်ယူ၊ ပြီးတဲ့အခါကြတော့ ကိုယ်ကျင့်တရားကောင်းတဲ့ ပုဂ္ဂိုလ်အဖြစ်ကနေ တစ်ဆင့်တိုး၊ ရတနာသုံးပါးနှင့် ဘာသာတရားကိုင်းရှိုင်းတဲ့ ပုဂ္ဂိုလ်အဆင့် ရောက် အောင် လုပ်ရမှာ။

ဗုဒ္ဓေ အဝေစ္စပသာဒ “ဂဟပတိ- အနာထပိဏ် သူဌေးကြီး၊ ဣဓ- ဤသာသနာ၌၊ အရိယာသာဝကော- အရိယာ၏ တပည့်သည်၊ ဗုဒ္ဓေ- မြတ်စွာဘုရား၌၊ အဝေစ္စပသာဒေန- အသိဉာဏ်သက်ဝင် ယုံကြည်ခြင်းဆိုတဲ့ သဒ္ဓါပညာနှင့်၊ သမန္နာဂတော- ပြည့်စုံသည်၊ ဟောတိ- ဖြစ်။”

စာမျက်နှာ-၄၇
အသိဉာဏ်နဲ့တွဲဖက်တဲ့ သဒ္ဓါတရားနှင့် ဘုရားကို နှစ်နှစ်ကာကာ ယုံကြည်တယ်၊ အရမ်းယုံကြည်တာ မဟုတ်ဘူးနော်။

အေး နည်းနည်းလေးတော့ စဉ်းစားကြည့်။ ဘုန်းကြီးတို့ တရားချစ်ခင်သူတော်စင် ပရိသတ်တွေ၊ ဒီဘုရားကို ကိုးကွယ်လို့ရှိရင် လာဘ်လာဘ ရွှင်တယ်ဆိုတာတစ်ခု၊ ဒီဘုရားဟာ အရဟံစသောဂုဏ်တော်တွေနှင့် ပြည့်စုံသည့်အတွက်ကြောင့် ပူဇော်ထိုက် ကိုးကွယ်ထိုက်သောဘုရား၊ ဒီဘုရားကို ကိုးကွယ်ခြင်း ပူဇော်ခြင်း အာရုံပြုခြင်းအားဖြင့် ငါ့သန္တာန်မှာ လော ဘတွေ၊ ဒေါသတွေ၊ မောဟတွေငြိမ်းပြီး စိတ်ငြိမ်း ချမ်းမှုရတယ်လို့ ကိုးကွယ်တာတစ်မျိုး၊ အဲဒီ နှစ်မျိုး ထဲမှာ ဘယ်ကိုးကွယ်မှုက ပိုတန်ဖိုးရှိမလဲ ပထမ မျိုးလား၊ ဒုတိယမျိုးလား။?

အေး၊ တော်တော်များများက ဘုရားကို ကိုး

စာမျက်နှာ-၄၈
ကွယ်တဲ့အခါမှာ ရုပ်တုတွင်အဆုံးသတ်ပြီး လာဘ် လာဘရွှင်ဖို့ ကိုးကွယ်တယ်၊ စီးပွားတက်ဖို့ ကိုးကွယ်တယ်ဆိုတဲ့ အမျိုးအစားတွေက များနေတယ်။ အဲဒါတွေဟာ ဓမ္မရဲ့ အနှောင့်အယှက်တွေလို့ မှတ် ထားပါ၊ ဓမ္မအစစ်ကိုတွေ့ဖို့အတွက် အဟန့်အတားတွေ ဖြစ်တယ်။

ကြေးမုံပြင်ဟာမှုံဝါးဝါးဖြစ်လာလို့ရှိလျှင် ကိုယ့် ရဲ့ ရုပ်ပုံလွှာ ထင်ထင်ရှားရှား ပေါ်မှာမဟုတ်ဘူး နော်။

ပုံတော်အသွင် ဂုဏ်တော်ထင်

အေး ဒါကြောင့်မို့ မြတ်စွာဘုရားကို ကိုးကွယ်တယ်ဆိုတာ ပုံတော်အသွင်မှာ ဂုဏ်တော်ထင် အောင်ကြည့်ပြီး ကိုးကွယ်ရမယ်။

ဘယ်ဘုရားပဲဖြစ်ဖြစ် မြတ်စွာဘုရားရဲ့ ကိုယ် စားတော်အနေနဲ့တည်ထား ပူဇော်ကြတာ၊ ဒါ

စာမျက်နှာ-၄၉
ကြောင့် ရုပ်ပုံတော်ကို ကြည့်ရှုဖူးမြင်ပြီးတဲ့အခါမှာ မြတ်စွာဘုရားရဲ့ အရဟံစသော ဂုဏ်တော်တွေကို အာရုံပြု၊ ထိုအာရုံပြုခြင်းဖြင့် မိမိရဲ့ သန္တာန်မှာ အာရုံပြုနေတဲ့အခိုက် လောဘငြိမ်းတယ်၊ ဒေါသ ငြိမ်းတယ်၊ မောဟ ငြိမ်းတယ်၊ ထို အငြိမ်းဓာတ်သည် သာလျှင် အနှစ်သာရ။

ဘုရားဂုဏ်ကိုအာရုံပြုပြီးတော့ စိတ်ငြိမ်းမှုရတာ၊ ဒါဟာ ရနေတာကို ရမှန်းမသိဘူး၊ ဟိုဘာမ ဟုတ်တဲ့ ပိုက်ဆံရချင်တာ၊ စီးပွားတွေ တက်ချင်တာဆိုတဲ့ လောဘတွေ ဖြစ်နေတာမဟုတ်ဘူးလား။?

ဘုရားကိုးကွယ်ရင်း လောဘတွေ တိုးနေတယ်၊ ဒါကြောင့်မို့ ဘုရားပုံတော်ကို ဒီ ဘုရားက လာဘ်ကောင်းတယ်၊ ဟိုဘုရားက လာဘ်ကောင်းတယ် အမျိုးမျိုးဆိုတော့ လာဘ်မကောင်းတဲ့ဘုရား အိမ်မှာတောင် ထားချင်မှထားမယ်၊ အဲဒီလို ဖြစ်နေတယ်၊ အဲဒီလို မဖြစ်ပါစေနဲ့။

စာမျက်နှာ-၅၀
အေး မြတ်စွာဘုရားရဲ့ ဘယ်လိုပုံတော်ပဲ ဖြစ် ဖြစ်၊ ထိုပုံတော်ကနေ ဂုဏ်တော်ထိအောင် စိတ်ကရောက်သွားပြီး ထိုဂုဏ်တော်ကို အာရုံပြုရသဖြင့် မိမိမှာရရှိတဲ့ အကျိုးကဘာလဲဆိုရင် ထိုအချိန်မှာ စိတ်ငြိမ်းတယ်၊ လောဘတွေ မဖြစ်ဘူး၊ ဒေါသတွေ မဖြစ်ဘူး၊ မောဟတွေမဖြစ်ဘူး၊ စိတ်ထဲမှာ ပူပန် တာတွေ ဆင်းရဲတာတွေမရှိဘူး၊ အဲဒီဟာ အင်မတန်မှ တန်ဖိုးရှိတယ်၊ ပူပန်မှုကင်းပြီး စိတ်နှလုံးအေး ချမ်းပြီးတဲ့အခါ ကိုယ့်ဆိုင်ရာအလုပ်ကို လုပ်လိုက်မယ်ဆိုရင် အရာရာ အောင်မြင်သွားမှာပါ၊ ဟုတ်ရဲ့လား။

ဘာသာပြန် ၂-မျိုး ဒီနေရာမှာ ဘာသာပြန်ပုံ interpretationနဲ့ စပ်ပြီး မှတ်စရာလေး ပြောဦးမယ်။

“သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု

စာမျက်နှာ-၅၁
တေ”ဆိုတဲ့ ဂါထာမှာ သဗ္ဗဗုဒ္ဓါနုဘာဝေန ပုဒ်ကို ဘာသာပြန်တာ နှစ်မျိုးရှိတယ်။

“သဗ္ဗဗုဒ္ဓါနုဘာဝေန - အလုံးစုံသော ဘုရား သခင်ကိုယ်တော်မြတ်တို့၏ အစွမ်းတေဇော် အာနု ဘော်ကြောင့်၊ သုခီ- ချမ်းသာခြင်းရှိသည်၊ ဟောတု- ဖြစ်ပါစေ” ဒါက ဘာသာပြန်ပုံတစ်မျိုး။

အဲဒီလိုဘာသာပြန်ရင် ဘုရားက အစွမ်းတန်ခိုးကို အသုံးပြုပြီးတော့ ချမ်းသာအောင် လုပ်ပေးတယ်။ ဘုရားကိုအားကိုးတဲ့ စိတ်တွေဖြစ်ပေါ်လာစေတယ်။ ဟုတ်လား၊ ဘာနဲ့ သွားတူတုန်းဆိုရင် ဟို နတ်ဘုရားတွေ Godတွေကို ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ မတူဘူးလား။

မြတ်စွာဘုရားက လူတစ်ယောက်ကို ချမ်းသာ အောင် အေး မင်းဆင်းရဲသားဘဝက လွတ်ပြီးတော့ ဒီကနေ့ ချမ်းသာစေရမယ်လို့ အစွမ်းတန်ခိုးကို

စာမျက်နှာ-၅၂
အသုံးပြုတာများ ကြားဖူးကြလား။? တကယ်ရော လက်တွေ့ ဖြစ်နိုင်ပါ့မလား။

အေး အကြောင်းတိုက်ဆိုင်ပြီး ဖြစ်လာလို့ရှိ ရင်လည်း ဘုရားက ပေးတာလို့ စိတ်ထဲက မှတ်သွားရော၊ အကယ်၍ မိမိဆန္ဒအတိုင်း ဖြစ်မလာဘူးဆိုရင် ဒီဘုရားက မ, မဘူးဆိုပြီး စွန့်ပစ်တော့မှာနော်၊ အဲဒီ တော့ ဒီ ဘာသာပြန်ပုံ မဟန်ဘူး။

ဘယ်လို မှန်မှန်ကန်ကန် ဘာသာပြန်ရမလဲလို့ ဆိုရင် “သဗ္ဗဗုဒ္ဓါနုဘာဝေန- အလုံးစုံသော ဘုရား ရှင်တို့၏ဂုဏ်ကို အာရုံပြုသဖြင့် ရရှိအပ်တဲ့ ကုသိုလ် စေတနာရဲ့ စွမ်းအားကြောင့်”

ဒီလို ဘာသာပြန်မျိုးဆိုရင် ဘုရားရဲ့ တန်ခိုး ကြောင့် မဟုတ်ဘူး၊ ဘုရားကို အာရုံပြုတဲ့အခါ ကုသိုလ်ရတယ်၊ ထိုကုသိုလ်တရားရဲ့ စွမ်းအား ကြောင့် မဟုတ်လား။

စာမျက်နှာ-၅၃
တကယ့်လက်တွေ့မှာ ထိုကုသိုလ်ရဲ့ စွမ်းအား ကသာ လူတွေကို ချမ်းသာစေတာ၊ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကလည်း ဒီအတိုင်းပဲ ဟောတာ။

မြတ်စွာဘုရားရှင်တိုင်းကလည်း

သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

မကောင်းမှုတွေရှောင်၊ ကောင်းမှုတွေ မိမိ သန္တာန်မှာ ဖြစ်အောင်လုပ်၊ ကိုယ့်စိတ်လေးကို ဖြူစင် အောင်လုပ်။

မင်းတို့ ငါ့ အားကိုးကြ၊ ဘယ်ရောက်ရောက် ငါ့ တိုင်တည်လိုက်ကြ၊ စီးပွားတက်ချင်ရင် ဘယ်နှစ် ကြိမ် ပန်းနဲ့၊ ဘာပန်းနဲ့ ငါ့ ပူဇော်လိုက်ကြဆိုတာ ပါရဲ့လား၊ မပါဘူးနော်၊ ဗေဒင်ဆရာတွေ ပြောသလို

စာမျက်နှာ-၅၄
စီးပွားတက်ချင်ရင် ထီးဖြူ (၇)လက်တို့ ထီးနီတို့ ထီးဝါတို့ ဟုတ်လား၊ ပန်း ဘယ်နှစ်ပွင့်တို့ သစ်သီး ဘယ်နှစ်မျိုးနဲ့ ပူဇော်ပါလို့ ဘုရားဟောတဲ့အထဲ ပါရဲ့လား။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က ကုသိုလ် ရအောင်လုပ်၊ ထိုကုသိုလ်သာလျှင် သင်တို့ကို အကျိုးပေးမှာ၊ ဒါ လက်တွေ့အားဖြင့်လည်း သိပ်ကိုက်တာပဲ။

သရက်သီးစားချင်တဲ့ ပုဂ္ဂိုလ်ဟာ သရက်စေ့ကို စိုက်ရင် သရက်ပင်ပေါက်မှာ မဟုတ်လား။?

အေး- သရက်ပင် ပေါက်လာလို့ရှိရင် ကိုယ်က သရက်သီးကို သီးခိုင်းနေစရာ လိုသေးလား။ အေးသရက်စေ့ကိုသာ စိုက်ပါ၊ သရက်ပင် ကြီးလာတာနဲ့ တစ်ပြိုင်နက် သရက်ပင်က အလိုလို သရက်သီး သီးပေးမှာပါ။ ထို့အတူပဲ မိမိသန္တာန်မှာ ကုသိုလ်

စာမျက်နှာ-၅၅
ဖြစ်အောင်သာ ကြိုးစား၊ ကုသိုလ်ဖြစ်ရင် ထိုကုသိုလ်က သူ့ဟာသူ အကျိုးပေးမှာပါ။ ။

ဒါကြောင့်မို့ ဒီ Interpretation နှစ်ခုကို သတိ ထားရမယ်၊ ဘာသာပြန်တာဟာလဲ အင်မတန်မှ အရေးကြီးပါတယ်၊ မြတ်စွာဘုရားရဲ့ အစွမ်းတန်ခိုးကြောင့် ချမ်းသာတယ်ဆိုတာထက် မြတ်စွာဘုရား ကိုယ်တော်မြတ်ကို အာရုံပြုပြီး ရရှိလာတဲ့ ကုသိုလ် စေတနာရဲ့ စွမ်းအားကြောင့်ဆိုတာကမှ မြတ်စွာ ဘုရား နှစ်သက်တော်မူတဲ့ ဘာသာပြန်မျိုး ဖြစ်တယ်နော်။ အဲဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်နဲ့ ပတ်သက်ပြီးတော့ အသိဉာဏ်ရှိရှိ “ဗုဒ္ဓေ အဝေစ္စပသာဒေန သမန္နာဂတော” ဘုရားကို အသိဉာဏ်နဲ့ ကြည်ညိုတဲ့အဆင့် ရောက်အောင် ကြိုးစားရမယ်နော်၊ အပေါ်ယံ ကြည်ညိုတာမျိုး

စာမျက်နှာ-၅၆
ဆိုလို့ရှိရင် ဒီအရည်အသွေး ကိုယ့်သန္တာန်မှာ ရဦးမှာ မဟုတ်သေးဘူး။

ဓမ္မေ အဝေစ္စပသာဒ နောက်တစ်ခုက “ဓမ္မေ အဝေစ္စပသာဒေန သမန္နာဂတော”တဲ့။ “ဓမ္မေ- ဓမ္မ၌၊ အဝေစ္စပသာဒေန- အသိဉာဏ်ပါတဲ့ သက်ဝင်ကြည်ညို ခြင်းဆိုတဲ့ သဒ္ဓါတရားနဲ့၊ သမန္နာဂတော- ပြည့်စုံ သည်၊ ဟောတိ- ဖြစ်၏။”

ဓမ္မရဲ့စွမ်းရည်တွေကို သိအောင် ကြိုးစားဖို့လိုတယ်၊ ဓမ္မဆိုတာ ဘာလုပ်ဖို့တုန်း၊ ကိုယ်တိုင်ကျင့်ဖို့ပဲ။ ကိုယ်တိုင်ကျင့်ရင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ရဲ့ ဓမ္မဟာ ကြားနာလိုက်တာနဲ့တင်ပဲ အပူတွေ ငြိမ်း သွားပြီး ကျင့်တဲ့အခါမှာလည်း ချမ်းသာတယ်တဲ့၊ ကျင့်ပြီးတဲ့နောက်မှာလည်း အင်မတန်မှ ငြိမ်းချမ်းတယ်တဲ့။

စာမျက်နှာ-၅၇
“ကြားနာရုံပင်၊ အပူစင်၍၊ ကျင့်လျှင် ချမ်းသာ၊ ကျင့်ပြီးခါလည်း၊ လွန်စွာငြိမ်းချမ်း” လို့ အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီးက ရေးသားခဲ့တယ် မဟုတ်လား။ ။

ဟော ဓမ္မရဲ့ အဆီအနှစ်က အဲဒီလို ကိုယ်တိုင် ကျင့်သုံးရမယ်။

ဒါကြောင့်မို့လို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က သန္ဒိဋ္ဌိက- ကိုယ်တိုင် မြင်နိုင်တဲ့ တရားပါ၊ သြပနေယို- မိမိစိတ်ထဲ မရောက်ရောက်အောင် နှလုံးသွင်းလိုက်ပါ၊ တရားကို ခက်တယ်လို့ တချို့က ထင်နေကြတယ်၊ မကျင့်တာက ခက်တာပါ၊ တရားက မခက်ပါဘူး။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က နှလုံးသွင်း တရားလေးတွေရှိဖို့ အမြဲတမ်း ဟောတယ်၊ ဆိုပါစို့၊ အသက်အရွယ်ကြီးရင့်တဲ့ ပုဂ္ဂိုလ်တွေကို မြင်တဲ့အခါ ဘယ်လို တရားနှလုံးသွင်းမလဲ?

စာမျက်နှာ-၅၈
“ဇရာ ဓမ္မာမိ ဇရံ အနတီတောတိ အဘိပစ္စဝေက္ခိတဗ္ဗ” အသက်အရွယ် ကြီးရင့်တဲ့ အဘိုးအဘွားတွေ မြင်လိုက်တဲ့အခါ အော် ငါမှာလည်း အိုခြင်းတရား ရှိနေပါလား၊ ငါလည်း အိုရမှာပါလားလို့ ဒီလိုတွေးလိုက်ပါတဲ့၊ ဒါ တရားကို ကျင့်တာပဲ။ ။

ဒီထက် တစ်ဆင့်တက်ပြီးတော့ ကြည့်လို့ရှိရင်၊ အော် လူ့လောကဟာ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ ဒုက္ခဘေးတွေမှ ပြေးမလွတ်ပါလား၊ တို့ရဲ့ ခန္ဓာကိုယ်ကြီးက တစ်နေ့တခြားရွေ့လျားပြီး အပျက်ဘက်ကို သွားနေပါလားဆိုတဲ့ မမြဲတဲ့သဘောတွေကို ဆင်ခြင်လိုက်တာဟာ တရားကို ကျင့်သုံးတာပဲနော်။

ကဲ-ဒီလိုဆိုရင် တချို့က ပြောကောင်းပြောကြလိမ့်မယ်၊ အဲဒီလိုနှလုံးသွင်းရင် အိုရမှာကို ကြောက်

စာမျက်နှာ-၅၉
စိတ်တွေဝင်ပြီးတော့ လောကကြီးမှာ နေရတာ မပျော်ဖြစ်မှာပေါ့တဲ့၊ ဟုတ်လား၊ မပျော်တော့ တပည့်တော်တို့ တရားနှလုံးသွင်းရတာဟာ စိတ်ညစ်စရာကြီး မဖြစ်ဘူးလားတဲ့။ ။

တချို့နိုင်ငံကလူတွေက ပြောကြတယ်၊ ဗုဒ္ဓဘာသာဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ဟောတယ်၊ ဒုက္ခကို ဟောတယ်၊ ဒါကြောင့် pessimism အဆိုးမြင်ဝါဒကြီး၊ ဒီလိုသတ်မှတ်ကြတယ်၊ တကယ်တော့ အဆိုးမြင်တာ မဟုတ်ဘူး၊ အမှန်အတိုင်းမြင်တာ။

အမှန်အတိုင်းမြင်ဖို့ လိုအပ်ပါတယ်၊ အမှန်အတိုင်း မမြင်ဘဲနဲ့ မျက်စိမှိတ်ယုံနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ တစ်နေ့ ထိုဒုက္ခနဲ့ရင်ဆိုင်တဲ့အခါမှာ ပိုပြီးတော့ဆင်းရဲရတယ်၊ ဒါလုပ်ရင် ဒါဖြစ်မယ်လို့ သိထားတဲ့ပုဂ္ဂိုလ်ဟာ ဆင်ဆင်ခြင်ခြင် မလုပ်ပေဘူးလား။

စာမျက်နှာ-၆၀
အေး- အဲဒါကြောင့်မို့ မြတ်စွာဘုရားကိုယ်တော်မြတ်ရဲ့ တရားတော်တွေထဲမှာ၊ မဂ္ဂင်ရှစ်ပါးကို Right understanding ဆိုတာ အရေးကြီးဆုံးလို့ ဟောထားတယ်၊ အစစ အရာရာ နားလည်အောင်လုပ်ရမယ်တဲ့။

နားမလည်ဘူးဆိုရင် ဘာဖြစ်လဲ၊ ပဋိစ္စသမုပ္ပါဒ် ကြည့်လေ၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာကို နားမလည်လို့ သံသရာလည်တာ၊ ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ လည်လမ်းကို ဟောတဲ့အခါမှာ အဝိဇ္ဇာကို ရှေ့တန်းတင်ပြီးဟောတယ်၊ အေး မသိတာကစခဲ့လို့ သံသရာလည်တာ။

ဟော မဂ္ဂင်ရှစ်ပါး သံသရာက ထွက်ရာလမ်း Right understanding ကို နားလည်ရမယ်၊ မှန်မှန်ကန်ကန် နားလည်ဖို့ရန် သမ္မာဒိဋ္ဌိကို ရှေ့တန်းတင် ဟောတယ်၊ ဒါကြောင့်မို့

စာမျက်နှာ-၆၁
တို့ အမှန်မြင်ဖို့ လိုတယ်၊ တို့တစ်နေ့ အိုရမယ်ဆိုတာ မသိသင့်ဘူးလား။

စိတ်ညစ်ဖို့ပြောတာ မဟုတ်ဘူး၊ အိုရမယ်ဆိုတာ သိလို့ရှိရင်၊ မအိုခင် တို့ ဘာတွေလုပ်မလဲ။

ဟော ပြင်ဖို့ဆင်ဖို့ အချိန်တွေမရဘူးလား၊ ပြင်ဖို့ဆင်ဖို့ အချိန်တွေရလာတယ်၊ ကုသိုလ်ကောင်းမှုတွေ များများ ကြိုးစားလုပ်လာတယ်။

အိုမယ်ဆိုတာသိတယ်၊ နာမယ်ဆိုတာသိတယ်၊ သေမယ်ဆိုတာသိတယ်၊ မအိုခင်၊ မနာခင်၊ မသေခင် ကောင်းမှုကုသိုလ်တွေ များများလုပ်ရမယ်ဆိုတဲ့ ဒီအသိဝင်ဖို့အတွက် ဆင်ခြင်စဉ်းစားရတာ၊ အဲဒါဟာ တရားရဲ့ကျေးဇူးပဲ၊ ဆင်ခြင်စဉ်းစားလိုက်သဖြင့် အိုမယ်ဆိုတာ သိနေသည့်အတွက်ကြောင့် အိုလာတဲ့အခါ အော် ငါ စဉ်းစားထားတာ၊ အိုတယ်ဆိုတာ လူ့သဘာဝပဲ၊ ဟော စိတ်ညစ်စရာ ရှိသေးလား။

စာမျက်နှာ-၆၂
နာတယ်ဆိုတာလူ့သဘာဝပဲ၊ သေတယ်ဆိုတာ လူ့သဘာဝပဲ၊ ဒီသဘာဝတရားကို ဘယ်သူမှ မကျော်လွှားနိုင်ဘူး၊ အားလုံးဟာ ရင်ဆိုင်ကြရမှာဆိုတဲ့ အသိလေးနဲ့ဆိုတော့ အန္တရာယ်ကို ပြုံးပြုံးလေးနဲ့ မရင်ဆိုင်နိုင်ဘူးလား။ ။

တစ်ခါတုန်းက ရောဂါသည် ဆရာဝန်တစ်ယောက်အကြောင်း ပြောရဦးမယ်၊ သူ့ရောဂါက သေးသေးမဟုတ်ဘူး၊ အသည်းခြောက်တဲ့ရောဂါ၊ အသည်းခြောက်ရင်တော့ နည်းနည်းပါးပါးကုစားလို့ ရသေးတယ်၊ သို့သော်လည်း အသည်းခြောက်တဲ့အဆင့်တွင်မကဘူး၊ အသည်းကင်ဆာအဆင့်ရောက်သွားတယ်၊ ထိုဆရာဝန်ကို မိသားစုက မပြောရက်လို့ မပြောကြဘူး၊ ဆရာဝန်ကလည်း ဆေးစားရင် ပြန်ကောင်းလာနိုးနဲ့ ဒီလိုနေတယ်၊ နောက်ပိုင်းရောက်တဲ့အခါကျတော့ အခြေအနေက ဆိုးသထက်ဆိုးလာတယ်၊ သူလည်း ဆရာဝန်ပဲ၊ ရိပ်မိတာပေါ့။ ငါဟာ

စာမျက်နှာ-၆၃
ရိုးရိုး အသည်းခြောက်တာ မဟုတ်ဘူး၊ အသည်းကင်ဆာ ဖြစ်နိုင်တယ်၊ အသည်းကင်ဆာဆိုရင် ဘယ်နှစ်ရက်လောက် ခံမယ်လို့ သူ့ကိုယ်သူ သိလာတယ်။

အဲဒီအခါ ဝမ်းနည်းစကား ပြောတယ်ဆိုတာ တခြားဆရာဝန်တစ်ဦးဆီက ဘုန်းကြီးတို့ တစ်ဆင့်ကြားခဲ့ရဖူးတယ်၊ ဘယ်လိုဝမ်းနည်းစကားပြောတုန်း၊ “ကျွန်တော် မသေချင်သေးဘူးဗျာ”တဲ့၊ “ကျွန်တော် ကုသိုလ်ကောင်းမှု ဘာမှမလုပ်ရသေးဘူး”တဲ့။ ဟုတ်လား၊ အဲဒီလို မဖြစ်စေရဘူး။

အိုဖို့၊ နာဖို့၊ သေဖို့ ever ready ဖြစ်နေရမယ်။ ဘာဖြစ်တုန်း၊ ကိုယ့်မှာ လုပ်ထားပြီးပြီ၊ အကုန်လုံး ကုသိုလ်တွေ အများကြီးရှိတယ်၊ ဟော အဲဒီလိုကြတော့ ကြောက်စရာ ရှိသေးရဲ့လား။ လုပ်စရာတွေအားလုံး လုပ်ထားပြီးပြီ၊ ကုသိုလ်

စာမျက်နှာ-၆၄
ကောင်းမှုတွေအားလုံး လုပ်ထားပြီးပြီ၊ ဘာမှကြောက်စရာ မရှိဘူး၊ မြတ်စွာဘုရားရဲ့ တရားတော်ဆိုတာ အဲဒီလို အားကိုးရတာပေါ့။

နောက်တစ်ခုက “သံဃေ အဝေစ္စပသာဒေန သမန္နာဂတော။ သံဃေ- သံဃာတော်၌၊ အဝေစ္စပသာဒေန- မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းလို့ဆိုတဲ့ သဒ္ဓါတရားနှင့်၊ သမန္နာဂတော- ပြည့်စုံသည်၊ ဟောတိ- ဖြစ်၏။”

ဘုရား၊ တရား၊ သံဃာနဲ့ပတ်သက်ပြီး လေးနက်မှန်ကန်စွာယုံကြည်တဲ့ သဒ္ဓါတရား၊ အသိဉာဏ်ပါတဲ့ သဒ္ဓါတရားမျိုး ရှိပါစေတဲ့။

နောက်တစ်ခုက “အရိယကန္တေဟိ- အရိယာတို့သည် မြတ်မြတ်နိုးနိုး ကျင့်သုံးအပ်သော၊ သီလေဟိ- ကိုယ်ကျင့်သီလတရားတို့နှင့်၊

စာမျက်နှာ-၆၅
သမန္နာဂတော- ပြည့်စုံသည်၊ ဟောတိ- ဖြစ်၏”

အရိယာတွေက မြတ်မြတ်နိုးနိုး စုံစုံမက်မက် ထိန်းသိမ်းစောင့်ရှောက်တဲ့ အရိယကန္တသီလ ဆိုသည်မှာ ငါးပါးသီလပါ။ အရိယာတွေ အလွန်မြတ်နိုးသည့်အတွက် “အရိယကန္တသီလ”လို့ ခေါ်တယ်။

သာမန်ဆောက်တည်မှုမျိုးနှင့်မတူဘူး၊ အရိယာပုဂ္ဂိုလ်တွေက ထိုငါးပါးသီလကို အသက်ပမာ အသက်နှင့်တန်းတူထားပြီးတော့ ထိန်းသိမ်းစောင့်ရှောက်တာ၊ အသက်ထက်တောင် တန်ဖိုးထားတယ်လို့ ပြောရမယ်။

အေး၊ “မင်း ဟောဒီ ငါးပါးသီလတစ်ခုခု ချိုးဖောက်မချိုးဖောက်ရင် မင်းကို အသေသတ်မယ်”ဆိုတာတောင် အေး သေချင်သေပစေ ငါးပါးသီလတော့ ငါမချိုးဘူးလို့ အသက်ထက်တောင်တန်ဖိုးထားပြီး စောင့်ရှောက်သည့်အတွက် “အရိယကန္တ”လို့ ခေါ်တယ်။

စာမျက်နှာ-၆၆
ရတနာသုံးပါးကိုလည်း နှစ်နှစ်ကာကာ အသိဉာဏ်ရှိရှိနဲ့ ကြည်ညိုတယ်၊ အရိယာတွေ မြတ်မြတ်နိုးနိုး လေးလေးမြတ်မြတ် ထိန်းသိမ်းစောင့်ရှောက်တဲ့ သီလနဲ့လည်း ပြည့်စုံတယ်ဆိုတာ ဘယ်ပုဂ္ဂိုလ်တွေလည်းလို့ဆိုရင် သောတာပန်ပုဂ္ဂိုလ်တွေပဲ၊ ဒါဟာ သောတာပန်ပုဂ္ဂိုလ်တွေမှာရှိတဲ့ အရည်အချင်းလေးမျိုးပဲ ဖြစ်တယ်။ ဘုန်းကြီးတို့ တရားချစ်ခင် သူတော်စင်ပရိသတ်တို့ ပထမအဆင့် ကိုယ်ကျင့်တရားကောင်းမွန်ခြင်းဖြင့် ဘေးကင်းရန်ကွာနေတတ်အောင် ကြိုးစားရမယ်။

ထိုအဆင့်ဟာ လူတော်လူကောင်းအဆင့်ကို ရောက်ပြီ၊ သို့သော် ထိုအဆင့်နဲ့ ကျေနပ်ပြီးတော့ မနေနဲ့၊ ဘုရား တရား သံဃာအပေါ်မှာ လေးလေးမြတ်မြတ် ယုံကြည်ခြင်းလို့ဆိုတဲ့ သဒ္ဓါတရားနှင့် ပြည့်

စာမျက်နှာ-၆၇
စုံပြီးရင်၊ အရိယကန္တသီလလို့ခေါ်တဲ့ အရိယာတွေ မြတ်နိုးတဲ့သီလမျိုးကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုတဲ့ ဒီဒုတိယအဆင့်ကို ရောက်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမယ်။

မှန်ကန်တဲ့ကျင့်စဉ် အေး ကောင်းပြီ၊ ဒီအဆင့်တွေရောက်သွားပြီးတဲ့နောက်မှာ ရောက်ရမယ့် တတိယအဆင့်က ဘာလဲဆိုတော့

“အရိယဉာယ စ ဉာယာ ပညာယ သုဒိဋ္ဌော ဟောတိ သုပ္ပဋိဝိဇ္ဈော”

အရိယဉာယ- မှန်ကန်ဖြူစင်တဲ့ကျင့်စဉ်တစ်ရပ်ကို အသိဉာဏ်နှင့် ထိုးထွင်းသိရမယ် Dhamma Knowledge လို့ခေါ်တယ်၊ တရားနှင့်ပတ်သက်တဲ့ အသိဉာဏ် မိမိမှာရှိဖို့ လိုသေးတယ်၊ အဲဒီတရားနှင့်ပတ်သက်တဲ့ အသိဉာဏ်ဆိုတာဘာလဲ။

စာမျက်နှာ-၆၈
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ပဋိစ္စသမုပ္ပါဒ်ကို ဟောတယ်၊ ပဋိစ္စသမုပ္ပါဒ်ကို ဟောတဲ့အခါမှာ တရားချစ်ခင် သူတော်စင်ပရိသတ်တို့ရဲ့ စိတ်ထဲမှာ စွဲထားရမယ့်အချက် (၄) ချက်ကို မြတ်စွာဘုရားက ရှင်းပြတယ်။

စွဲထားရမည့်အချက် (၄) ချက်က အကြောင်းအကျိုးကို ဆင်ခြင်သိမြင်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ်ကို ပြောတယ်၊ အကြောင်းအကျိုးကို ဆင်ခြင်တယ်ဆိုတာ အင်မတန်ရှင်းတယ်၊ ကိုယ်မသိတဲ့အကြောင်းတွေ ရှာစရာမလိုဘူး၊ အားလုံးသိနိုင်တဲ့ အားလုံးမြင်နိုင်တဲ့ အကြောင်းတရားတွေချည်းပဲ။

ဗုဒ္ဓဘာသာကိုလေ့လာတဲ့ ပုဂ္ဂိုလ်တွေဟာ မြတ်စွာဘုရားက ဟောထားတဲ့ ဒီဝါကျလေး (၄) ခုကို အလေးအနက်ထားကြတယ်၊ အဲဒီဝါကျလေး (၄) ခုကို မှတ်ထားကြရမယ်နော် -

စာမျက်နှာ-၆၉
(၁) ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဒါကဝါကျလေးတစ်ပုဒ်၊

ဣမသ္မိံ- ဤအကြောင်းတရားသည်၊ သတိ- ရှိနေခဲ့သော်၊ ဣဒံ- ဤအကျိုးတရားသည်၊ ဟောတိ- ရှိ၍နေ၏။

အဓိပ္ပာယ်က ဟောဒီအကြောင်းတရား ရှိနေလျှင် ဒီအကျိုးတရား ရှိနေမှာပဲ၊ သေချာမှတ်ထားဖို့ နော်၊ အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်၊ ဒီအချက်ကို တစ်ခုမှတ်၊ ကဲနောက် ဒုတိယက -

(၂) ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ၊

ဣမဿ ဥပ္ပါဒါ- ဤအကြောင်းတရား ဖြစ်ပေါ်မှုကြောင့်၊ ဣဒံ- ဤအကျိုးတရားသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်လာရ၏။

ဘယ်အရာပဲဖြစ်ဖြစ် အကြောင်းရှိတယ်၊ ဟော ဒါရှိနေလို့ ဟောဒါရှိတာ၊ ဟောဒါဖြစ်နေလို့

စာမျက်နှာ-၇၀
ဟောဒါဖြစ်တာ၊ လူ့ဘဝမှာလည်း ဒါနားလည်နေရမှာနော်၊ လောကီကိစ္စပဲဖြစ်ဖြစ်၊ ဘာကိစ္စပဲဖြစ်ဖြစ် အကြောင်းရှိနေတာချည်းပဲ၊ မရှိတာမဟုတ်ဘူး၊

ဟောဒီအကြောင်းတရား ရှိနေလို့ရှိရင် ဟောဒီအကျိုးတရား ရှိနေမယ်။ ဆိုလိုရင်းက၊ ဒါရှိရင် ဟိုဟာရှိမယ်၊ ဒါဖြစ်ရင် ဟိုဟာဖြစ်မယ်၊ အကြောင်းနှင့်အကျိုးကို ဆင်ခြင်တာ။

ကဲ နောက်တစ်ခုဖြစ်တဲ့ တတိယဝါကျက-

(၃) ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊

ဣမသ္မိံ- ဤအကြောင်းတရားသည်၊ အသတိ- မရှိခဲ့လို့ရှိရင်၊ ဣဒံ- ဤအကျိုးတရားသည်၊ န ဟောတိ- မရှိဘူး။

ဒါမရှိရင် ဟိုဟာမရှိဘူးနော်၊ ဒါဆန့်ကျင်ဘက် နှစ်ခု၊ ခုနက ဒါရှိလို့ ဒီဟာရှိနေတယ်၊ ဒါဖြစ်လို့ ဒီဟာဖြစ်နေတယ်၊ ဟော ဒါမရှိရင် ဟိုဟာ

စာမျက်နှာ-၇၁
မရှိဘူး၊ အကြောင်းနှင့်အကျိုးကို မြတ်စွာဘုရားက အကျဉ်းချုပ် ရှင်းပြနေတာ။

ထို့အတူပဲ၊ ရောဂါဖြစ်တယ်ဆိုတာ၊ ဒီအတိုင်းပဲ မဟုတ်လား၊ ဒီဟာရှိနေလို့ ဟိုဟာရှိနေတာ၊ ဆိုပါတော့ လောကမှာ ဥပမာအားဖြင့် ပြောမယ်ဆိုရင်၊ ဗိုက်ထဲမှာ ဘေလုံးရှိနေတယ်၊ အဲဒီဘေလုံးရှိနေသည့်အတွက်ကြောင့် ခဏခဏ နာတာတို့ အောင့်တာတို့ ဖြစ်နေတယ်၊ ဟော ဘေလုံးရှိနေလို့ ဒါရှိနေတယ်၊ အဲဒီဘေလုံးကို ခွဲထုတ်လိုက်ပြီ၊ ပျောက်သွားပြီဆိုရင် မရှိတော့ဘူး မဟုတ်လား။

အေး အဲဒီသဘောမျိုးပဲ၊ ဒီတစ်ခုရှိနေလို့ ဟိုတစ်ခုရှိနေတာ၊ ဒီတစ်ခုမရှိဘူးဆိုရင် ဟိုတစ်ခုမရှိဘူး၊ ဒီလိုအကြောင်းနှင့်အကျိုးကို ဆင်ခြင်တယ်။

နောက်တစ်ခု -

(၄) ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဇတိ၊

စာမျက်နှာ-၇၂
ဒါချုပ်ငြိမ်းသွားလို့ရှိရင်၊ ဟိုဟာချုပ်ငြိမ်းမှာပဲတဲ့၊

အဲဒီတော့ အဖြစ်နှင့်ပတ်သက်ပြီးတော့ နှစ်မျိုး၊ အပျက်နှင့်ပတ်သက်ပြီးတော့ နှစ်မျိုး၊ ဒါကို Philosophy အကြောင်းနဲ့ အကျိုးကို အကျဉ်းချုပ်ပြီး ဟောတဲ့စကား။

ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ။ ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဇတိ။

ဣမသ္မိံ- ဤအကြောင်းတရားသည်၊ သတိ- ရှိ၍နေခဲ့သော်၊ ဣဒံ- ဤအကျိုးသည်၊ ဟောတိ- ထင်ရှားဖြစ်ပေါ်၍ ရှိနေရလေတော့၏၊ ဣမဿ ဥပ္ပါဒါ- ဤအကြောင်းတရားသည်၊ ဖြစ်ပေါ်၍လာ

စာမျက်နှာ-၇၃
ခြင်းကြောင့်၊ ဣဒံ- ဤအကျိုးတရားသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်ပေါ်၍လာရလေတော့၏။

ဆင်ခြင်ဖို့ လိုအပ်တယ်၊ အရာရာမှာ ဒါရှိလို့ ဒါရှိနေတယ်၊ ဒါဖြစ်လို့ ဒါဖြစ်တယ်၊ ဆင်ခြင်ရမယ်၊ အကျိုးကို မလိုချင်ဘူးဆိုရင် အကြောင်းကို သတ်ရမယ်။

ဣမသ္မိံ အသတိ- ဤအကြောင်းတရားသည် မရှိခဲ့ဘူးဆိုလျှင်၊ ဣဒံ- ဤအကျိုးသည်၊ န ဟောတိ- မရှိနိုင်၊ ဣမဿ နိရောဓာ- ဤအကြောင်းတရား ချုပ်ငြိမ်းသွားခြင်းကြောင့်၊ ဣဒံ- ဤအကျိုးတရားသည်၊ နိရုဇ္ဈတိ- လုံးဝချုပ်ငြိမ်း၍ သွားရလေတော့၏၊

ကဲ ဘုန်းကြီးတို့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေ၊ မျက်စိရှိလို့ မမြင်ဘူးလား။ မြင်စရာအာရုံရှိလို့ မမြင်ဘူးလား?

စာမျက်နှာ-၇၄
အေး အဲဒါကြောင့် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ- မျက်စိနှင့်အဆင်း ဒီနှစ်ခုကို အကြောင်းပြုပြီးတော့ မြင်သိစိတ် ပေါ်လာရတယ်၊ ဒါဖြင့် မျက်စိနှင့်အဆင်း မရှိဘူးဆိုရင် မြင်သိစိတ် ရှိနိုင်ပါ့မလား။

မရှိနိုင်ဘူး၊ မျက်စိနှင့်အဆင်း ရှိနေခြင်းကြောင့် မြင်သိစိတ် ရှိနေခြင်းဖြစ်သည်၊ ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ၊ ဣမဿ ဥပ္ပါဒါ- ဤမျက်စိနှင့်အဆင်း အာရုံရှိနေခြင်းကြောင့်၊ ဣမဿ- ဤမြင်သိစိတ်၏၊ ဥပ္ပါဒေါ- ဖြစ်၍လာရခြင်းသည်၊ ဟောတိ- ဖြစ်၏။

ဟော အကြောင်းနှင့်အကျိုးကို ရှင်းပြနေတာ နော်၊ ထို့အတူပဲ ဆင်ခြင်စဉ်းစားပြီးတော့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် သစ္စာလေးပါးနှင့် ကြည့်လိုက်မယ်ဆို

စာမျက်နှာ-၇၅
လို့ရှိရင် လိုချင်မှုတွယ်တာမှုတဏှာကြောင့် စိုးရိမ်ပူပန်မှုဆိုသော ဒုက္ခဖြစ်တယ်၊ တွယ်တာမှုရှိတဲ့နေရာဟာ စိုးရိမ်မှုရှိတာပဲ၊ ပိယတော ဇာယတိ သောကော၊ Where there is attachment, there is worry- ဒီအကြောင်းနဲ့ အကျိုးဆက်စပ်မှုပဲ၊ တဏှာ (attachment) ရှိရင် သောက (worry) ဖြစ်မှာပဲ။

ကဲ စဉ်းစားကြည့်လေ၊ ဘုန်းကြီးတို့ အမျိုးကောင်းသား အမျိုးသမီးတွေ ကိုယ့် family ကိုယ့်မိသားစုနဲ့ ကိုယ်နေကြတယ်၊ ကိုယ့်ရဲ့တွယ်တာမှုဟာ ဘယ်မှာအားကောင်းနေသလဲဆိုရင် ကိုယ့်ရဲ့မိသားစုအပေါ်မှာ တွယ်တာမှုတွေ ပြင်းထန်တယ်၊ တခြားမိသားစုအပေါ်မှာ ကိုယ့်ရဲ့တွယ်တာမှု မရှိဘူး။

မရှိသည့်အတွက်ကြောင့် တခြားမိသားစုမှာ တစ်စုံတစ်ခုကိစ္စ ဖြစ်ပေါ်လာလို့ရှိရင် ကိုယ့်မိသားစု

စာမျက်နှာ-၇၆
ထဲမှာ ဖြစ်သလို စိတ်ဆင်းရဲမှု မဖြစ်ဘူး၊ ဖြစ်ပါ့မလား?။

ဘာဖြစ်လို့တုန်းဆိုတော့ attachment ရှိမှမရှိတာ၊ မရှိတဲ့နေရာမှာ ဘာမှမဖြစ်ဘူးနော်၊ ဟိုအမေရိကားမှာ ဆွေမျိုးမရှိဘူး၊ နယူးယောက်မှာ ဆွေမျိုးမရှိဘူး World Trade Centre ကြီး လေယာဉ်ပျံနှင့် တိုက်ပြီး ဖြိုချခံလိုက်ရတဲ့အခါမှာ ကိုယ့်ဆွေမျိုးလည်း တစ်ယောက်မှမရှိဘူးဆိုတော့ ဘာမှသိပ်ပြီး မဖြစ်ပါဘူး၊ ဖြစ်သေးလား။ ။

ဘာလို့တုန်းဆိုတော့ attachment မရှိလို့၊ အကယ်၍သာ ငါ့ဆွေမျိုးတစ်ယောက် အဲဒီမှာ အလုပ်လုပ်နေတယ်ဆိုရင် ရင်ထဲမှာ ပူသွားဦးမယ်၊ ဘာကြောင့်ပူတာတုန်းလို့ကြည့်ရင် တွယ်တာမှုကြောင့်ပဲ၊ တွယ်တာမှု များလေလေ ပူပန်မှု များလေလေ၊ တွယ်တာမှု မရှိမှ ပူပန်မှုမရှိမှာ၊

စာမျက်နှာ-၇၇
အဲဒီတော့ သောကကင်းကင်းနေချင်ရင် သောကကို ပယ်ရမှာမဟုတ်ဘူး၊ ပယ်ရမှာက တွယ်တာမှု ဖြစ်တယ်၊ ဟုတ်ရဲ့လား။ ။

တွယ်တာမှုရှိနေလို့ သောကရှိနေတာ၊ ဣမသ္မိံ သတိ ဣဒံ ဟောတိ- တွယ်တာမှုရှိသည့်အတွက်ကြောင့် သောကရှိတာ၊ သောကကင်းချင်ပါတယ်လို့ ပါးစပ်ကပြောပြီးတော့ တွယ်တာမှုတွေက များနေတာ၊ တွယ်တာတာတွေ ရှိနေသမျှ သောကဘယ်တော့မှ ပယ်လို့မရဘူးသာ မှတ်ထား၊ ဟုတ်ရဲ့လား။

သောကကင်းချင်ပြီဆိုလို့ရှိရင် တွယ်တာမှုအားလုံးကို ဖြတ်လိုက်ပါ၊ ဖြတ်လိုက်လို့ရှိရင် သောက လုံးဝမလာတော့ဘူး၊ တွယ်နေသေးလို့ရှိရင် ပုဂ္ဂိုလ်ကို တွယ်တာတာပဲဖြစ်စေ၊ ပစ္စည်းကို တွယ်တာတာပဲဖြစ်စေ သောကလာနေမှာပဲ။

စာမျက်နှာ-၇၈
ဥပမာ ထင်ထင်ရှားရှားတစ်ခုပြောရရင် ကားမရှိတဲ့လူတစ်ယောက် လမ်းမှာကားတိုက်မှု ဖြစ်လည်း ဘာမှမဖြစ်ဘူး၊ ဒိပြင်ကားက တိုက်တာ၊ ကိုယ့်ကားမှမဟုတ်တာ၊ ဘာမှမဖြစ်ဘူး မဟုတ်လား။

အေး ကားရှိတဲ့လူတွေ ပြောဖူးတယ်၊ ကားလေးအပြင်ထွက်သွားရင် “ဟဲ အပြန်ကြ တိုက်များလာမလား၊ ဘာများဖြစ်လာမလဲ၊ မှောက်များလာမလားနဲ့ စိတ်ထဲမှာ ပူနေရတာတဲ့၊” ဘာကြောင့်တုန်း၊ တွယ်တာလို့နော်။

ပစ္စည်းလေးတစ်ခုကြည့်လေ၊ ဈေးဆိုင်သွား ဝယ်လိုချင်စရာတွေ အများကြီး၊ သို့သော်လည်း ပိုက်ဆံပေးပြီး ငွေမချေရသေးသမျှ အဲဒီဆိုင် မီးလောင်သွားလည်း ဘာမှမဖြစ်ဘူး၊ ကိုယ့်ပိုက်ဆံပေးပြီးသွားရင်တော့ မရဘူး၊ ဟုတ်လား၊ ပူလောင်သွားပြီ၊ ဘာလို့တုန်းဆိုတော့ ကိုယ်ကတွယ်လိုက်ပြီလေ၊

စာမျက်နှာ-၇၉
အဲဒီတော့ တွယ်တာမှုဆိုတဲ့ တဏှာ attachment မပယ်နိုင်ရင် သောကက လာနေမှာပဲ၊ အဲဒါကိုပြောတာ၊ ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ၊ တွယ်တာမှု ဖြစ်သောကြောင့် သောကဖြစ်တယ်။

ကဲ ဆန့်ကျင်ဘက်အားဖြင့် ပြောမယ်၊ ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊ တွယ်တာမှု မရှိရင် သောကမရှိဘူး၊ တွယ်တာမှု ချုပ်ငြိမ်းသွားရင် သောကချုပ်ငြိမ်းတယ်။

ပစ္စည်းတစ်ခု လှူလိုက်လို့ရှိရင် ထိုပစ္စည်းကို ကိုယ်မတွယ်တော့ဘူး၊ မတွယ်တဲ့ပစ္စည်းပတ်သက်ပြီး ဘာဖြစ်ဦးမလဲ၊ ဘာမှမဖြစ်တော့ဘူး၊ ဖြစ်သေးရဲ့လား။ ။

ကိုယ့်လက်မှ လွှတ်လိုက်တာနဲ့ တစ်ပြိုင်နက် လုံးဝ တွယ်တာမှုလွတ်သွားပြီ၊ လွတ်သွားတာနဲ့ သောကက တစ်ခါတည်း လွတ်သွားတာ။

စာမျက်နှာ-၈၀
ကိုယ့်အိမ်က ကားလေးတစ်စင်း ရောင်းကြည့်လိုက်ပါလား၊ အဲဒီကား ဘယ်နား ဘာဖြစ်ဖြစ် ဘာမှမဖြစ်တော့ဘူး၊ ကိုယ့်ပိုက်ဆံရပြီးနေပြီ၊ တွယ်တာမှုက ကားပေါ်မှာမဟုတ်ဘူး၊ ပိုက်ဆံပေါ် ရောက်သွားပြီ၊ အဲဒီတော့ အကုန်လုံးပေါ်မှာ ဒီတွယ်တာမှု ဖြတ်လိုက်လို့ရှိရင် သောကမရောက်တော့ဘူး၊ ဒါကို မြတ်စွာဘုရားက “ဣမဿ နိရောဓာ၊ ဣဒံ နိရုဇ္ဇတိ”တဲ့၊ ဒါချုပ်လို့ရှိရင် ဟိုဟာချုပ်သွားတယ်။

အဲဒီတော့ တရားချစ်ခင် သူတော်စင်ပရိသတ်တို့ သောကကင်းကင်းနဲ့ နေချင်လို့ရှိရင် ဘာကိုပယ်ရမယ်၊ အတွယ်အတာကို ပယ်ရမယ်တဲ့၊ တွယ်တာမှု definitely- Where there is attachment, there is worry ပဲ၊ ဒါ definitely နော်၊ ဘယ်သူမှ ငြင်းလို့မရဘူး၊ ပိယတော ဇာယတီ သောကော

စာမျက်နှာ-၈၁
ကာမတော ဇာယတိ သောကော၊ တဏှာယ ဇာယတီ သောကော- ဆိုတဲ့အတိုင်း ဖြစ်နေမှာပဲ။

အေး ဒါကြောင့်မို့လို့ မြတ်စွာဘုရားကိုယ်တော်မြတ်က ဒီအချက် (၄) ချက်ကို သဘောပေါက်နားလည်တဲ့ “အရိယဉာယ”ကို ထိုးထွင်းသိအောင် လုပ်ပါတဲ့။

အားလုံးပေါင်းလိုက်တဲ့အခါကျတော့ ဘေးကင်းရန်ကွာ သာယာငြိမ်းချမ်းတဲ့ဘဝမှာ နေနိုင်အောင်၊ ကိုယ်ကျင့်တရား ကောင်းမွန်အောင် လုပ်ပါတဲ့၊ ဘေးရန်တွေ ကျော်လွှားပါ၊ ဒါ ပထမအဆင့်။

ဒုတိယအဆင့်က ရတနာသုံးပါးကို လေးလေးမြတ်မြတ် အသိဉာဏ်ရှိရှိနဲ့ ယုံကြည်တဲ့သဒ္ဓါတရားနဲ့ ပြည့်စုံပြီး၊ အရိယာတွေ မြတ်မြတ်နိုးနိုး စောင့်ထိန်းတဲ့ သီလကို စောင့်ထိန်းပါတဲ့၊

စာမျက်နှာ-၈၂
တတိယအဆင့်က - ဓမ္မ knowledge တရားအသိဉာဏ် ရှိပါစေတဲ့၊ ကဲ ဟောဒီ (၃) ချက်နဲ့ ပြည့်သွားပြီဆိုရင် ငါအပါယ်တံခါးပိတ်ပြီလို့ ပြောတော့

မြတ်စွာဘုရားက “သော- ထိုအရိယသာဝကသည်၊ အာကင်္ခမာနာ- မိမိကိုယ်ကို ကြော်ငြာ၍ ပြောဆိုလိုသည်ရှိသော်၊ အဟံ- ငါသည်၊ သောတာပန္နော- သောတာပန်ပုဂ္ဂိုလ်သည်၊ အဝိနိပါတော- သေတဲ့အခါမှာ မိမိမဖြစ်ချင်ဘဲ အပါယ် (၄) ပါးသို့ ဖရိုဖရဲကျရောက်ရတဲ့ သဘောမျိုးမရှိသည်၊ နိယတော- မဂ္ဂနိယာမအားဖြင့် အမြဲထာဝရ ခိုင်မြဲတဲ့အသိဉာဏ်ကို ရရှိပြီးသည်၊ သမ္ဗောဓိပရာယဏော- သမ္ဗောဓိ လို့ဆိုတဲ့ အသိဉာဏ် အထက်မဂ်ဉာဏ်လျှင် တည်ရာရှိသည်၊ အသို့စင်စစ်မသွေ ဖြစ်ပါပေတော့၏၊ ဣတိ- ဤသို့၊

စာမျက်နှာ-၈၃
အတ္တနာဝ- မိမိကိုယ်တိုင်သာလျှင်၊ အတ္တာနံ- မိမိကိုယ်ကို၊ ဗျာကရေယျ- ထုတ်ဖော်ပြောဆိုနိုင်ပါသည်ဟူ၍၊ ဘဂဝါ- ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ- ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။”

အေး တရားချစ်ခင်သူတော်စင်ပရိသတ်တို့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ “ဓမ္မာဒါသ ဓမ္မကြေးမုံ” ကိုယ်စီကိုယ်စီ အသီးသီးရရှိကြပြီး အစဉ်ထာဝရ ကြည့်ရှုကြပြီးတော့ မိမိတို့သန္တာန်မှာ လိုအပ်တဲ့ အရည်အချင်းတွေပြည့်အောင် သတိထားပြီး မိမိရလာတဲ့ဘဝလေးမှာ ကောင်းကျိုးချမ်းသာတွေ ပြည့်ဝတဲ့ သောတာပန်ပုဂ္ဂိုလ်မြတ်တွေ ဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

စာမျက်နှာ-၈၄

နိဂုံးစကား
ကဲ မေတ္တာပို့ပြီး တရားပွဲသိမ်းရအောင်နော် သတ္တဝါများစွာ၊ ဘေးရန်ကွာ၊ ချမ်းသာကြပါစေ၊ မေတ္တာရေချမ်း၊ သွန်းကာဖျန်း၊ ငြိမ်းချမ်းကြပါစေ၊ သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာ၊ လိုရာဆန္ဒ ပြည့်ပါစေ။

ဓမ္မာသမံ ပိဝိတွာန၊ ဝိသာ သဗ္ဗေ သမူဟတာ။ အဇရာမရံ သီတိဘာဝံ၊ နိဗ္ဗာနံ ယန္တု သာဓဝေါ။

ဓမ္မဒေသနာ- လောဘ ဒေါသ မောဟ ဆိပ်တောက် ကင်းပျောက်ကြည်အေး တရားဆေးကို၊ ပိဝိတွာန- ဝမ်းသာရွှင်ပြ၊ သောက်ကြရ နာကြရကုန်သောကြောင့်၊ ဝိသာသဗ္ဗေ- ပူဆာညစ်နောက် ကိလေသာ အဆိပ်အတောက်ဟူသမျှတို့သည်။ သမူဟတာ- ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ ကင်းစင်လွင့်ပျောက် ဘေးမရောက်အောင် ပယ်ဖျောက်အုပ်ကုန်သည်၊ ဟောန္တု- စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း၊ အဇရာမရံ- အိုခြင်းလည်းကွာ နာခြင်းလည်းကင်း သေခြင်းလည်းရှင်းထသော၊ သီတိဘာဝံ- ကိလေသာဟူ အပူခပ်သိမ်း ကင်းငြိမ်းရာ အစစ်ဖြစ်ပေထသော၊ နိဗ္ဗာနံ- နိဗ္ဗာန်ဟုခေါ် အေးမြို့တော်သို့၊ သာဓဝေါ- တရားချစ်ခင် စိတ်ကောင်းဝင်ငြား သူတော်စင်အများတို့သည်၊ ယန္တု- ပါရမီအဆင့်ဆင့် မြင့်ထက်မြင့်၍ မလင့်ပုံသေ ဆိုက်ရောက်တော်မူကြပါစေကုန်သတည်း။

မျက်စိ နှင့် ဉာဏ်

* မျက်စိရှိမှ မြင်နိုင်တယ်။
* ဉာဏ်ရှိမှ သိနိုင်တယ်။
* မျက်စိက မြင်ရုံ မြင်နိုင်တယ် မသိဘူး။
* ဉာဏ်က မြင်လည်းမြင် သိလည်းသိတယ်။

ဗုဒ္ဓတရားတော်များသည် ပိုခြင်းလိုခြင်း မရှိ ...။

သည်းခံခြင်း

* သည်းခံတယ်ဆိုတာ အရာရာကို အပြုံးမပျက် ရင်ဆိုင်ရဲတဲ့သတ္တိကို ခေါ်တယ်။

စိတ်ငြိမ်းချမ်းမှု

* အတွယ်ရှိသမျှ စိတ်သောက၊ မုချရှိလိမ့်မည်။
* တွယ်တာကင်းမှ စိတ်သောက လုံးဝကင်းနိုင်သည်။
* သောက မလွှမ်း စိတ်ငြိမ်းချမ်း တက်လှမ်း နိဗ္ဗာန်ပြည်။

ဘဝတန်ဖိုး အရယူ

* အတိတ်ကိုတွေး၊ မဆွေးလေနဲ့၊ အတိတ်ဆိုတာ၊ ပြန်မလာဘူး။
* အနာဂတ်မှန်းဆ၊ မလွမ်းနဲ့၊ အနာဂတ်ဆိုတာ၊ မသေချာဘူး။
* ပစ္စုပ္ပန်မှာ၊ လုပ်သင့်ရာဝယ်၊ ပညာလုံ့လ၊ အသုံးချလျက်၊ ဘဝတန်ဖိုး၊ အားမာန်တိုး၍၊ မြတ်နိုးကြည်ဖြူး၊ အရယူလော့။
lezzw0ycbvmzkiar03mdfbc3mi73j2f
နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ
0
6372
22168
2026-06-16T02:37:58Z
Tejinda
173
"{{header | title = နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previou..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22168
wikitext
text/x-wiki
{{header
| title = နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဓမ္မကြေးမုံ]]
| previous2 =
| next = [[နိယျာနိကသာသနာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၃

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ထေရုပ္ပတ္တိအကျဉ်း
၁၃၀၁-ခုနှစ်၊ တပေါင်းလပြည့်၊ ၂၂ မတ်လ ၁၉၄၀ စနေနေ့တွင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ညောင်ပင်ရွာ၊ ခမည်းတော် ဦးစံလှ + မယ်တော် ဒေါ်ခင်တို့မှ ဖွားမြင်သည်။ ၁၃၀၅ ခုနှစ်၊ ၁၉၄၄ ခုနှစ် အသက် ၅ နှစ်သားအရွယ်တွင် စဉ့်ကူးမြို့နယ်၊ ညောင်ပင်ကျေးရွာ၊ ပေါ်တော်မူကျောင်း ဆရာတော် ဦးကေလာသ (ဦးလေးဘုန်းကြီး) ထံတွင် မြန်မာစာနှင့် ဗုဒ္ဓစာပေများကို စတင်သင်ကြားခဲ့သည်။

စာမျက်နှာ-၄
၁၉၄၉ ခုနှစ်၊ ဝါဆိုလဆန်း (၁၁) ရက်၊ အသက် (၁၀) နှစ်အရွယ်တွင် စစ်ကိုင်းတောင်ရိုး၊ ဝိပဿနာ ဂန္ဓာရုံကျောင်း၌ အဘိဓဇမဟာရဋ္ဌဂုရု နဝမရွှေကျင် သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေပြုခဲ့သည်။ ၁၃၁၄ ခုနှစ်၊ ၁၉၅၃ ခုနှစ်၊ အသက် (၁၃) နှစ်တွင် အဘိဓမ္မာ စာမေးပွဲသုံးဆင့် စတင်အောင်မြင်ခဲ့သည်။ ၁၃၁၅ ခုနှစ်၊ ၁၉၅၆ ခုနှစ်၊ အသက် (၁၆) နှစ်တွင် အစိုးရ ဓမ္မာစရိယ တန်းကို ဂုဏ်ထူးကျမ်း (၂) ကျမ်းနှင့်တကွ အောင်မြင်၍ သာသနဓဇ သိရီပဝရဓမ္မာစရိယဘွဲ့ ရရှိခဲ့သည်။ ၁၃၁၉ ခုနှစ်၊ ၁၉၅၅ ခုနှစ်တွင် သာသနာလင်္ကာရ သာမဏေကျော် ဘွဲ့ကို ရရှိခဲ့သည်။ ၁၃၂၀ ပြည့်နှစ်၊ ၁၉၅၈ ခုနှစ်တွင် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက်ကို နောင်တော်များနှင့်အတူ တည်ထောင်ကာ ပဓာနစာချ၊ တိုက်ကြပ်အဆင့်ဆင့် တာဝန်များ ထမ်းဆောင်ခဲ့သည်။

စာမျက်နှာ-၅
၁၃၂၁ ခုနှစ်၊ ၁၉၆၀ ပြည့်နှစ်တွင် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ ရောက်ရှိခဲ့သည်။ နောင်တော်ရင်း ဖြစ်သော ဘဒ္ဒန္တနာရဒထံ၌ သဒ္ဒါ၊ သင်္ဂဟ၊ ပိဋက အခြေခံစာများ၊ ပထမပြန်စာမေးပွဲဆိုင်ရာ ကျမ်းစာများသင်ယူခဲ့ပြီး၊ ဇယမေဒနီဝါဆိုကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဂိယ (ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု) ထံ ဓမ္မာစရိယတန်းဆိုင်ရာကျမ်းစာများကို သင်ယူခဲ့သည်။ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက်၌ နောင်တော်များဖြစ်ကြသည့် နာယက၊ တိုက်အုပ် တိုက်ကြပ်ဆရာတော်များထံ၌ သကျသီဟ၊ စေတိယင်္ဂဏတန်းဆိုင်ရာ ကျမ်းစာများကို သင်ယူခဲ့သည်။ ရန်ကုန်မြို့၊ ဇမ္ဗူဒီပကျောင်းဆောင်၌ တိပိဋက ပါဠိ+မြန်မာ အဘိဓာန်ကျမ်းပြုအဖြစ် ဆောင်ရွက်နေစဉ် ချမ်းမြေ့ရိပ်သာ ဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသထံတွင် အင်္ဂလိပ်ဘာသာကို စတင်သင်ယူခဲ့သည်။ ၁၃၂၄ ခုနှစ်၊ ၁၉၆၃ ခုနှစ်တွင် ရန်ကုန်စေတိယင်္ဂဏအဘိဝံသ ဘွဲ့ကို ရရှိခဲ့သည်။ ၁၃၂၅ ခုနှစ်၊ ၁၉၆၄ ခုနှစ်တွင် သာသနဓဇဓမ္မာစရိယ ဝိနယပါဠိ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။

စာမျက်နှာ-၆
၁၃၂၅ ခုနှစ်၊ ၁၉၆၄ ခုနှစ်တွင် မန္တလေး သကျသီဟ အဘိဝံသ ဘွဲ့ကို ရရှိခဲ့သည်။ ၁၃၃၂ ခုနှစ်၊ ၁၉၅၃ ခုနှစ်မှစတင်၍ ကျမ်းစာများရေးသား ပြုစုခဲ့ရာ အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ကျမ်းစာပေါင်းများစွာ ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၁၃၃၉ ခုနှစ်၊ ၁၉၈၀ ပြည့်နှစ်တွင် ပထမအကြိမ် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အတွက် စစ်ကိုင်း သံဃာ့နာယကအဖွဲ့ (ရွှေကျင်) အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဓမ္မာစရိယစာမေးပွဲ အကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် (ရွှေကျင်) အဖြစ်လည်းကောင်း၊ ပထမပြန် စာမေးပွဲ ပြဋ္ဌာန်းကျမ်းစာ ပြင်ဆင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိကာယ်စာမေးပွဲ စည်းမျဉ်းစည်းကမ်း ရေးဆွဲရေးအဖွဲ့ဝင်၊ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁/၉၈) ၏ ဝိနည်းဓိုရ်၊ ပထမပြန်စာမေးပွဲ ကျင်းပရေးအဖွဲ့ (စစ်ကိုင်း) ၏ ပုစ္ဆကအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၃၅[?] ခုနှစ်၊ ၁၉၈၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ အာသံနှင့် အရုဏာစလပရာဒေ့ရှ်မှ ရဟန်း၊ သာမဏေ၊ ကျောင်းသားငယ်များအား မြန်မာစာ

စာမျက်နှာ-၇
နှင့် အဘိဓမ္မာတို့ကို ပို့ချပေးခဲ့သည်။ ၁၃၄၈ ခုနှစ်၊ ၁၉၈၅ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၊ ဘော်ရဲလာမြို့၊ Y.M.B.A အသင်းသားများအား အဘိဓမ္မာကို အင်္ဂလိပ်ဘာသာဖြင့် ပို့ချပေးခဲ့သည်။ ၁၃၅၀ ပြည့်နှစ်၊ ၁၉၈၉ ခုနှစ်တွင် University of Kelaniya မှ M.A (Buddhist Studies) ဘွဲ့ကို ရရှိခဲ့သည်။ ၁၃၅၅ ခုနှစ်၊ ၁၉၉၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ စပရင်းမြို့၊ မင်္ဂလာရာမကျောင်း၌ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာဘာသာရပ်ကို ပို့ချပေးခဲ့သည်။ ၁၃၅၅ ခုနှစ်၊ ၁၉၉၆ ခုနှစ်တွင် နိုင်ငံတော်မှ “အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ” ဘွဲ့ကို ဆက်ကပ်ခဲ့သည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ်အဖြစ် Department of Language Studies ၌ English Diploma Classes နှင့် B.A တန်းများ၌ ဘာသာရပ်များကို လည်းကောင်း၊ အမေရိက၊ ကိုရီးယား၊ မက္ကဆီကို၊ ဂျာမနီ၊ ပြင်သစ်စသော နိုင်ငံများမှ ကျောင်းသား/

စာမျက်နှာ-၈
ကျောင်းသူများအား ပါဠိဘာသာ၊ အဘိဓမ္မာဘာသာရပ်များကို လည်းကောင်း သင်ကြားပို့ချပေးခဲ့သည်။ ၁၃၅၈ ခုနှစ်၊ ၁၉၉၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ ဘော်လ်တီမိုးမြို့၊ ကေလာသဝိဟာရကျောင်း၌ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာသင်တန်း ပို့ချပေးခဲ့သည်။ ၁၃၆၀ ပြည့်နှစ်၊ ၁၉၉၉ ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ သြဝါဒါစရိယ ဧည့်ပါမောက္ခချုပ်အဖြစ် ပြည်တွင်းပြည်ပ ကျောင်းသားများအား စာပေပို့ချပေးခဲ့သည်။ ၁၃၆၁ ခုနှစ်၊ ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံတော်မှ “အဂ္ဂမဟာ ပဏ္ဍိတ” ဘွဲ့ကို ဆက်ကပ်ခဲ့သည်။ ၁၃၆၄ ခုနှစ်၊ ၂၀၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ မဂဓတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်မှစတင်၍ ဂျာမနီ၊ နယ်သာလန်၊ သြစတြေးယား၊ အင်္ဂလန်၊ စင်ကာပူ၊ မလေးရှားနိုင်ငံများသို့ နှစ်စဉ်မပျက် ကြွရောက်၍ အဆိုပါ နိုင်ငံသားများအား အဘိဓမ္မာ သင်တန်းများ သင်ကြားပို့ချပေးလျက်ရှိသည်။

စာမျက်နှာ-၉
၁၃၆၅ ခုနှစ်၊ ၂၀၀၅ ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။

ယခုအခါ ဒေါက်တာနန္ဒမာလာဘိဝံသသည် စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ စာသင်တိုက်၌ စာသင်သား (၁၈၀) ကျော်တို့အား ငယ်၊ လတ်၊ ကြီး စာဝါများ၊ ဓမ္မာစရိယစာဝါများ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ်တာဝန်များကို ထမ်းဆောင်ရင်း Diploma သင်တန်းများနှင့် B.A ပထမ၊ ဒုတိယ၊ တတိယနှစ်များ၌ စာပေပို့ချပေးတော်မူခြင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၌လည်း ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ရင်း တက္ကသိုလ် စာသင်သား ပြည်တွင်းပြည်ပ ကျောင်းသားများစွာတို့အား စာပေများ ပို့ချတော်မူခြင်း၊ စစ်ကိုင်း မဟာသုဗောဓာရုံ ကျောင်းတိုက်၊ တိုက်အုပ် နာယက ဆရာတော်အဖြစ် ဆောင်ရွက်လုပ်ကိုင်ရင်း သာသနာပြုလျက်ရှိသည်။

စာမျက်နှာ-၁၀

ရှေးဦးစကား (ဝေမိုး-ကျွန်းလှ)
၁။ နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ (အပိုင်း-၁)

* အညတိတ္ထိယ ၆-ဦး
* ပုရဏကဿပဝါဒ
* မက္ခလိဂေါသာလဝါဒ
* အမိတကာသကမ္ဗလဝါဒ
* နိဂဏ္ဌနာဋပုတ္တဝါဒ
* သဉ္စယဝါဒ

၂။ နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ (အပိုင်း-၂)

* ဓမ္မစက္ကပဝတ္တနသုတ်
* ကာမချမ်းသာလမ်း
* အတ္တကိလမထလမ်း
* ဂေါဝတနှင့် ကုက္ကူရဝတ
* မဇ္ဈိမပဋိပဒါ

၃။ နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ (အပိုင်း-၃)

* သမ္မာဒိဋ္ဌိ
* မိစ္ဆာဒိဋ္ဌိဆိုတာဘာလဲ
* ကမ္မဿကတာ သမ္မာဒိဋ္ဌိ

၄။ နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ (အပိုင်း-၄)

စာမျက်နှာ-၁၁

စိတ်ငြိမ်းချမ်းမှု
* အတွယ်ရှိသမျှ၊ စိတ်သောက မုချ ရှိလိမ့်မည်။ တွယ်တာကင်းမှ၊ စိတ်သောက လုံးဝ ကင်းနိုင်သည်။
သောကမလွှမ်း၊ စိတ်ငြိမ်းချမ်း တက်လှမ်း နိဗ္ဗာန်ပြည်။

MIND IN PEACE
Where there is attachment, There is worry.
When attachment ceases, Worry absolutely ceases.
Mind will be in peace, If freed from worries. This is attainment of Nibbana.

ရှေးဦးစကား - ဝေမိုး (ကျွန်းလှ)

စာမျက်နှာ-၁၂
ပြောရလျှင် ပါမောက္ခချုပ်ဆရာတော် ဟောကြားရေးသား ပြုစုထားသော စာစုများ “သမုဒ္ဒရာကို ယုန်ခြေထောက်နဲ့ ထောက်ကြည့်သော ဥပမာကဲ့သို့” မမီမကမ်း ကြိုးစားဖတ်ကြည့်လိုက်သောအခါ “ကောင်းလိုက်တာ” ဆိုတဲ့စကားထက် ပိုမိုအဓိပ္ပာယ်လေးနက်ပြည့်စုံသော စကားလုံးများ ရှိလေမလားဆိုပြီး အဖန်ဖန် အထပ်ထပ် စဉ်းစားရှာဖွေမိပါတယ်။ အစားအစာဆိုတာ ကိုယ်တိုင်မစားဖူးဘဲ သို့မဟုတ် ကိုယ်တိုင်စားမကြည့်ဘဲ အရသာမှန်ကို သိနိုင်ဖို့ မဖြစ်နိုင်ပါ။

စာမျက်နှာ-၁၃
သို့အတွက် ဤစာအုပ်ကို စာဖတ်သူကိုယ်တိုင် အစအဆုံး တစ်လုံးမကျန် ဖတ်ကြည့်မြည်းစားကြည့်ပါက “ကောင်းလိုက်တာ” ဆိုတဲ့စကားလုံးလောက်နဲ့ အဓိပ္ပာယ်ပြီးပြည့်စုံမှု မရှိဘူးဆိုတာ ကိုယ်တိုင်သိသွားပါလိမ့်မည်။ တရားတော်ရဲ့ အမှန်သဘောကိုက “သန္ဒိဋ္ဌိက” ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်စစ်ဆေး လုပ်ဆောင်ကြည့်ရမည်ဆိုထားသည် မဟုတ်ပါလား။

“နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ” စာအုပ်မှ ဓမ္မရသ အဆီအနှစ်များကို အမြည်းသဘော သုံးဆောင်ခံစားနိုင်ရန် ထုတ်နုတ်ပြရလျှင်-

(၁) “ပညာနားမရှိဘူးဆိုရင် အသံလေးက ကောင်းလိုက်တာ၊ အပြောကကောင်းတယ်။ ဒီအဆင့်ပဲရှိမယ်။ ဘာမှသိမှာမဟုတ်။ ပညာနားရှိမှ ဒီသဘာဝတရားဟာ ဒီလောက်ထိ လေးနက်တယ်ဆိုတာ သဘောပေါက်မယ်။ အဲဒီတော့ ပညာနားဆိုတာ သိပ်အရေးကြီးတယ်။ ပကတိနားက လူတိုင်းလိုလိုရှိကြတယ်။ ထောင်တတ်တဲ့ ပညာနားရှိဖို့လိုတယ်”
(စာမျက်နှာ-၈၅)

စာမျက်နှာ-၁၄
(၂) “ယုံကြည်ချက်မထားရင် နားကိုမထောင်ဘူး။ လူတစ်ယောက်အပေါ်မှာ မယုံကြည်ဘူးဆိုရင် သူပြောတာ နားထောင်မှာမဟုတ်ဘူး။ ယုံကြည်ချက်ရှိဖို့ အင်မတန်မှ အရေးကြီးတယ်။ ယုံကြည်ချက်ရှိလာတဲ့အခါမှ နားထောင်မယ်။ နားထောင်တဲ့အခါမှ အကြောင်းအကျိုး အကောင်းအဆိုးသိမယ်။ ဒါကြောင့် မြတ်စွာဘုရားမှာတဲ့ အဓိပ္ပာယ်က သိပ်လေးနက်တယ်။”
(စာမျက်နှာ-၈၆)

(၃) “တချို့ကပြောသေးတယ်။ တပည့်တော်တို့က ဒီလိုချမ်းသာမှုမျိုးကို ရှာတာမဟုတ်ပါဘူး။ အလုပ်ရှာတာပါတဲ့။ အလုပ်က ဘာအတွက်တုံး၊ ပိုက်ဆံရဖို့၊ ပိုက်ဆံက ဘာအတွက်တုံးဆိုရင် ဒီဘက်ရောက်သွားတယ်။ လူတိုင်းလူတိုင်းဟာ အလုပ်ရှာတယ်။ အလုပ်က ငွေရဖို့ပဲ။ လူတွေရှာနေတာ ချမ်းသာ။ အဲဒီအပေါ်မှာ ရှာကြံပြီးတော့နေကြမယ်ဆိုရင် “ကာမသုခလ္လိကာနုယောဂ” လို့ခေါ်တယ်။”
(စာမျက်နှာ-၉၁)

စာမျက်နှာ-၁၅
(၄) “ဘယ်လောက်ချမ်းသာချမ်းသာ လူတွေဟာ သောကနဲ့နေကြရတယ်။ သူကြောင့်ဖြစ်ရတဲ့ နှစ်သက်စရာတွေကို ရှာနေသမျှကာလပတ်လုံး ထိုပုဂ္ဂိုလ် စိတ်ချမ်းသာမှုကို ဘယ်တော့မှမရဘူး၊ ထာဝရအငြိမ်းဓာတ်ကို မရနိုင်ဘူး၊ ဘယ်အရာကိုကြည့်ကြည့်၊ ကမ္ဘာ့သမိုင်းမှာ ဘယ်အရာပဲကြည့်ကြည့် သာယာငြိမ်းချမ်းတဲ့ နောက်ဆုံးအဆင့် ရောက်သွားတာ ဘယ်မှာမှမရှိဘူး။”
(စာမျက်နှာ-၉၄)

(၅) “အမှန်ကိုဖုံးကွယ်ပြီး အမှားကိုတင်ပြတာကို လိမ်တယ်လို့ပြောတာ၊ အမှန်က သူ့ရင်ထဲမှာရှိတယ်။ ဒါပေမဲ့ ဖုံးထားတယ်။ ထုတ်ပြောတော့ မဟုတ်တာပြောတယ်။ အဲဒါကို လိမ်တယ်လို့ခေါ်တာ၊ သူ့ရင်ထဲမှာရှိတာကတစ်ခု၊ ပြောတာကတစ်ခု။ ဒါကို မုသာဝါဒလို့ပြောတယ်။”
(စာမျက်နှာ-၁၀၀)

စာမျက်နှာ-၁၆
(၆) “မိစ္ဆာဝါစာနဲ့ အသက်မွေးပုံက ဆိုပါစို့၊ မုသာဝါဒနဲ့ ဘယ်လိုအသက်မွေးသလဲ၊ သူ့အတွက်သူ သက်သက်လိမ်ပြောတာ၊ ဒါ မိစ္ဆာအာဇီဝမဖြစ်ဘူး။ မုသာဝါဒ ဝစီဒုစရိုက်ပဲဖြစ်တယ်။ ပိုက်ဆံပေးပြီး သူများကလိမ်ခိုင်းလို့ လိမ်တာကျတော့ မိစ္ဆာအာဇီဝဖြစ်တယ်။ တရားရုံးတွေမှာ ငွေပေးလို့ လိမ်ပြီးထွက်ဆိုရင် မိစ္ဆာအာဇီဝ၊ သူက အသက်မွေးမှုနဲ့ ဆိုင်သွားပြီလေ။”
(စာမျက်နှာ-၁၁၂+၁၁၃)

(၇) “စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် ပြဿနာတစ်ခုကို ဖြေရှင်းတော့မယ်ဆိုရင် ထိုပြဿနာကို မှန်မှန်ကန်ကန် နားလည်ဖို့ဆိုတာ အရေးကြီးဆုံးပဲ။ ဘယ်အရာပဲဖြစ်ဖြစ် ပြဿနာတစ်ခုရှိလာပြီဆိုရင် (၁) ပြဿနာကို ပြဿနာလို့မြင်ရမယ်။ ပြဿနာကို ပြဿနာမဟုတ်ပါဘူးလို့ မြင်နေရင် ဖြေရှင်းဖို့ကြိုးစားမှာမဟုတ်ဘူး။ သစ္စာလေးပါးနဲ့ ပြောမယ်ဆိုလို့ရှိရင် ဘဝကို ဒုက္ခလို့မြင်ရမယ်၊ ဒုက္ခလို့မမြင်သေးသမျှ တွယ်တာနေဦးမှာပဲ။”
(စာမျက်နှာ-၁၁၉)

(၈) “မကောင်းမှုဆိုတာ ပုထုဇဉ်ဆိုတော့ လုပ်မိမှာပဲလေ။ လုပ်မိပြီး လွတ်လမ်းမရှိတော့ဘူး။ အဖြေမရှိဘူးဆို ဘယ်ဖြစ်မလဲ။ အဖြေဆိုတာကတော့ ရှိရမှာပေါ့။”
(စာမျက်နှာ-၁၃၄)

စာမျက်နှာ-၁၇
(၉) “သိပ်အရေးကြီးတဲ့ အခြေခံကျတဲ့ကံကို လက်မခံရင် သမ္မာဒိဋ္ဌိ လုံးဝမဖြစ်ဘူး။ ကံရှိလျက် ကံမရှိဘူးလို့ ငြင်းခြင်း၊ ကံရဲ့ အကျိုးတရားရှိလျက်သားနဲ့ အကျိုးတရားမရှိဘူးလို့ ငြင်းခြင်း၊ အကြောင်းတရားတွေရှိလျက်နဲ့ အကြောင်းတရားမရှိဘူးလို့ ငြင်းခြင်းဆိုတဲ့ ငြင်းပယ်တဲ့အမြင်ဟာ မိစ္ဆာဒိဋ္ဌိပဲ။”
(စာမျက်နှာ-၁၄၃)

(၁၀) “တချို့ပုဂ္ဂိုလ်တွေကျတော့ ကိုယ်ကျင့်တရားကလည်း မကောင်းဘူး၊ ကုသိုလ်ကောင်းမှုလည်း ဘာမှမလုပ်ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ အကုသိုလ်နည်းနည်းလုပ်ပေမယ့် အများကြီးခံရမယ်၊ သူများထက် ပြင်းပြင်းထန်ထန်ခံရမယ်။ ငွေတစ်မတ်နဲ့ ထောင်ကျချင်ကျတာ၊ ငွေတစ်သိန်းနဲ့ ထောင်ကျချင်မှကျတာ၊ ပိုက်ဆံရှိရင် မကျဘူး၊ ပိုက်ဆံရှိသူနဲ့ ပိုက်ဆံမရှိသူကလည်း ကွာသေးတယ်။ ပိုက်ဆံမရှိရင် ထောင်ကျမယ်၊ ပိုက်ဆံရှိရင် ထောင်မကျဘူး။”
(စာမျက်နှာ-၁၈၀)

စာမျက်နှာ-၁၈
(၁၁) “အပြင်ကလာတဲ့ အကြောင်းတရားတွေဟာ အတွင်းက အကြောင်းတရားမပါဘဲနဲ့ မဖြစ်နိုင်ဘူး၊ လောကမှာရှိတယ်လေ၊ အတွင်းလူ အပြင်လူဆိုတာ၊ အတွင်းနဲ့အပြင် ပေါင်းစပ်သွားရင် အလုပ်ဖြစ်သွားတယ်။ အဲဒီတော့ အပြင်ကတော့ လာနေတယ်။ အတွင်းက မပါသေးဘူးဆိုရင် သမ္မာဒိဋ္ဌိမဖြစ်သေးဘူး။”
(စာမျက်နှာ-၁၉၆)

(၁၂) “လောကမှာ မိစ္ဆာဝါဒဆိုတာ ခြုံငုံသုံးသပ်ခြင်းမရှိလို့ မှားယွင်းတဲ့ ဝါဒမျိုးဖြစ်တယ်။ တစ်ဖက်မြင်ကိုပဲ အစွဲအလမ်းကြီးပြီး ကိုယ့်ဘာသာကိုယ် “ဣဒမေဝ သစ္ចំ မောဃမညံ” - ငါဟာသာအမှန်၊ တခြားဟာအလကားဆိုတဲ့ ဆိုလိုချက်တွေနဲ့ ကိုယ့် Philosophy ကိုသာ အဟုတ်ထင်စွဲကိုင်ထားပြီး သူများ Philosophy ကိုတော့ ပယ်ချတယ်။ ဒီလိုနဲ့ မိစ္ဆာအယူဝါဒတွေ ပေါ်လာတယ်။”
(စာမျက်နှာ-၂၀၉+၂၁၀)

စာမျက်နှာ-၁၉
(၁၃) “အဲဒီလိုသဘောပေါက်သွားတာနဲ့ တစ်ပြိုင်နက် ဒိဋ္ဌိဝိသုဒ္ဓိဆိုတာ ဖြစ်လာမှာပါ။ အဲဒီဒိဋ္ဌိဝိသုဒ္ဓိဟာ ဘာအမြင်မှားကို ဖယ်ရှားသလဲဆိုရင် ခန္ဓာကိုယ်ကြီးကို ငါလို့ထင်နေတဲ့ အမြင်မှားကို ဖယ်ရှားပစ်မယ်၊ သက္ကာယဒိဋ္ဌိလို့ခေါ်တယ်။”
(စာမျက်နှာ-၂၄၀)

(၁၄) “သံသရာလည်တဲ့နေရာမှာ တစ်ခါတစ်ရံ အဝိဇ္ဇာက ဦးဆောင်တယ်။ တစ်ခါတစ်ရံတော့ တဏှာက ဦးဆောင်တယ်။ ဒီနှစ်ခုဟာ ဦးဆောင်မှုပေးတာချင်း မတူဘူး။ ရှင်းရှင်းလေးပြောပြမယ်။”
(စာမျက်နှာ-၂၅၄)

(၁၅) “နာမ်ရုပ်နှစ်ပါးကို ခွဲခြားသိမြင်တဲ့ နာမရူပပရိစ္ဆေဒဉာဏ်၊ နာမ်ရုပ်နှစ်ပါးရဲ့ မှန်ကန်တဲ့ အကြောင်းတရားကို သိမြင်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ်။ ဒီဉာဏ်နှစ်ပါးကို ရခဲ့ရင် နိဗ္ဗာန်တံခါးအနီး ရောက်ပြီပဲလို့ ပြောပါစို့။”
(စာမျက်နှာ-၂၅၅)

အထက်တွင် ထုတ်နုတ်တင်ပြခဲ့သော ဓမ္မရသ အမြည်းကို အနည်းငယ် ခံစားသုံးဆောင်ကြည့်ရုံမျှနဲ့ အလေး၊ အပေါ့၊ အရသာ ကောင်း၊ မကောင်း သိရှိတန်ကောင်းရဲ့လို့ ယုံကြည်ပါတယ်။

စာမျက်နှာ-၂၀
တန်ဖိုးအနဂ္ဃထိုက်သော ရတနာ (၇) ပါးရှိသော လိုဏ်ဂူတွင်းသို့ ရောက်သွားသူတစ်ယောက်သည် အရောင်တစ်ဖိတ်ဖိတ်တောက်နေသော ရွှေ၊ ငွေ၊ ကျောက်သံ၊ ပတ္တမြား စသော အဖိုးတန်သော ရတနာများထဲမှ မည်သည့်ရတနာကို ရွေးချယ်ယူရမှန်း ဝေခွဲမရဖြစ်နေသကဲ့သို့ စာဖတ်သူတို့လည်း ဤ “နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ” စာအုပ်ကို ဖတ်ကြည့်မိပါက ကဏ္ဍတိုင်း၊ ကဏ္ဍတိုင်း၊ စာမျက်နှာတိုင်း၊ စာမျက်နှာတိုင်းက အဖိုးအနဂ္ဃထိုက်တန်သည့် အသန့်စင်ဆုံး၊ အမှန်ကန်ဆုံး၊ အကောင်းဆုံးတွေချည်းဖြစ်နေတဲ့အတွက် ဘယ်အကြောင်းအရာ၊ ဘယ်စာမျက်နှာက စာဖတ်ရမှန်း မသိလောက်အောင် ဝေခွဲရခက်နေမည်လားမသိ။

အကောင်းဆုံး အကြံဉာဏ်ပေးလိုသည်မှာ သင့်လက်ဝယ်ရောက်ရှိနေသော “နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ” အမည်ရှိသော ဤစာအုပ်သည် ရှေးဦးစွာ အယူဝါဒရေးရာများကို နှိုက်နှိုက်ချွတ်ချွတ် ဆန်းစစ်တင်ပြထားပြီး ဗုဒ္ဓဝါဒ၏ လမ်းစဉ်နှင့် ပန်းတိုင်တို့ကို မီးမောင်းထိုးလမ်းညွှန်ထားပါတယ်။ အယူမှန်မှ လမ်းမှန်ရောက်၊ လမ်းမှန်ရောက်မှ ပန်းတိုင်ဆိုက်မှာမို့ အယူဝါဒရေးရာဆိုင်ရာတွေကို ဦးစွာတင်ပြထားတာဖြစ်ပါတယ်။ ဒီနေရာမှာ တိုက်ဆိုင်လို့ တစ်ခုပြောလိုသည်မှာ စာရေးသူလည်း “ဗုဒ္ဓခေတ်တွေးခေါ်ပညာရှင်ကြီးများ” ဆိုတဲ့

စာမျက်နှာ-၂၁
နာမည်နဲ့ စာအုပ်ရေးဖို့ စာပေတွေ လေ့လာစုဆောင်း ရှာဖွေဖတ်ရှုနေချိန်ဖြစ်ပါတယ်။

မှန်ကန်တိကျတဲ့ မဇ္ဈိမပဋိပဒါ ဗုဒ္ဓဝါဒလမ်းစဉ်ကို ယုံကြည်လက်ခံသူတစ်ဦးဟာ ကံနဲ့ကံရဲ့ အကျိုးဆက်၊ အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံ၊ ကောင်းကံနဲ့ မကောင်းကံ အစရှိတဲ့ ကံတရားဆိုင်ရာ အကြောင်းခြင်းရာတွေကို ဆန့်ကျင်ငြင်းပယ်လို့ မရစကောင်းပါ။ ဒါကြောင့်လည်း အယူဝါဒဆိုင်ရာတွေ တင်ပြအပြီးမှာ ကံပိုင်းဆိုင်ရာ အကြောင်းခြင်းရာတွေကို လေးလေးနက်နက် ကွက်ကွက်ကွင်းကွင်း ပေါ်လာအောင် ဖတ်မှတ်လေ့လာကြရမှာဖြစ်ပါတယ်။

ကံတရားတွေအကြောင်း တင်ပြအပြီးမှာတော့ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်တွေကို ပိတ်ပင်တားဆီးတတ်တဲ့ အတွေးမှား၊ အကြံမှား၊ အယူမှား၊ အလုပ်မှား အစရှိတဲ့ ကြောက်စရာကောင်းလှတဲ့ မိစ္ဆာဒိဋ္ဌိတွေအကြောင်း၊ အဲဒီလို အမှားသံသရာလည်စေတတ်တဲ့ မိစ္ဆာဒိဋ္ဌိတည်းဟူသော အမိုက်တိုက်ကြီးကို မဂ္ဂင်(၈)ပါးဆိုတဲ့ လေထုနှင့် တိုက်ခတ်ဖြိုခွင်းကာ သစ္စာလေးပါး အလင်းရောင်တို့နှင့် အပြီးတိုင်မောင်းထုတ်ဖယ်ရှားလျက် “နိဗ္ဗာန်တံခါး” ပွင့်သည်အထိ စာဖတ်သူတို့အား လမ်းပြခေါ်ဆောင်သွားမှာဖြစ်ပါတယ်။

စာမျက်နှာ-၂၂
“ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ” - ဓမ္မဆိုတာ ဓမ္မကို ကျင့်သုံးလိုက်နာသူကိုသာ ဘေးအန္တရာယ်တို့ကနေ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ အို နာ သေ ဝဋ်တို့ကနေ ကင်းလွတ်အောင် လမ်းညွှန်ပေးခြင်းများ ပြုလုပ်နိုင်ပါတယ်။ သို့အတွက် ဓမ္မကပေးတဲ့ အကျိုးတရားတွေ အလိုရှိပါက ဓမ္မရဲ့ လမ်းညွှန်ချက်အတိုင်း အတိအကျ လိုက်နာကျင့်သုံးကြဖို့ လိုအပ်ပါတယ်။

အချုပ်ဆိုရလျှင် ရေးသူက မည်မျှအားစိုက်ရေးရေး၊ ဟောသူကလည်း အပင်ပန်းခံဟောရေးတဲ့အတိုင်း မလိုက်နာ၊ ဟောတဲ့အတိုင်း မကျင့်သုံးပါက ကြိုးစားလုပ်ဆောင်ခဲ့သမျှ အရာအားလုံး “အဟောသိကံ” ဖြစ်သွားမည်သာ။

သို့ကြောင့် “နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ” စာအုပ်ဖတ်မှတ်နေကြသော စာရှုသူအပေါင်းတို့သည် ဖတ်တဲ့အတိုင်းသိ၊ သိတဲ့အတိုင်းလိုက်နာကျင့်သုံး၊ လိုက်နာကျင့်သုံးတဲ့အတိုင်းလည်း ဓမ္မရသအကျိုးထူးများ ရရှိခံစားနိုင်ကြပါစေဟု စေတနာဆန္ဒပြုလိုက်ရပါတယ်။

မေတ္တာဖြင့်
ဝေမိုး (ကျွန်းလှ)
၂၃-၅-၂၀၀၈ (ဗုဒ္ဓဟူးနေ့)

စာမျက်နှာ-၂၃

ဘဝတန်ဖိုး အရယူ
* အတိတ်ကိုတွေး၊ မဆွေးလေနဲ့။
အတိတ်ဆိုတာ ပြန်မလာဘူး။
* အနာဂတ်မှန်းဆ၊ မလွမ်းတနဲ့။
အနာဂတ်ဆိုတာ မသေချာဘူး။
* ပစ္စုပ္ပန်မှာ၊ လုပ်သင့်ရာဝယ်၊ ပညာလုံ့လ အသုံးချလျက်၊ ဘဝတန်ဖိုး၊ အားမာန်ကိုး၍၊ မြတ်နိုးကြည်ဖြူ အရယူလော့။

SEIZE LIFE'S VALUE
DON'T REGRET THE PAST, THE PAST HAS GONE. DON'T LONG FOR THE FUTURE, FUTURE IS NOT SURE. SEIZE THE VALUE OF LIFE, ENERGETICALLY AND FONDLY, WITH KNOWLEDGE AND EFFORT, DOING WHAT SHOULD BE DONE AT PRESENT.

စာမျက်နှာ-၂၄

နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

(အပိုင်း-၁)

သာသနာတော်နှစ် ၂၅၅၁-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၆၉-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ည၊ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ကံမြင့်ကျောင်းတိုက် ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနား၌ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၆)၊ အင်ကြင်းလမ်းနေ မြေးငယ်လေး မောင်နေပိုင်စွမ်းအတွက် အဘိုး ဦးခင်ရွှေ + ဒေါ်မေလှိုင် မိသားစုတို့၏ အမတဒါနဓမ္မဒါနအနေဖြင့် ဟောကြားအပ်သော နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ တရားဒေသနာတော်။

စာမျက်နှာ-၂၅
“နိဗ္ဗာန်တံခါးကြီးဖွင့် တော်မူပါ” ဟု လျှောက်ထားသူဟာ သဟမ္ပတိဗြဟ္မာကြီး ဖြစ်တယ်။ ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် (၄၉)ရက်မြောက်တဲ့နေ့မှာ မိမိကိုယ်တော်တိုင် သိတော်မူခဲ့တဲ့တရားဓမ္မတွေကို စဉ်းစားဆင်ခြင်လိုက်တဲ့အခါ တရားဓမ္မတွေဟာ အလွန်ခက်ခဲ နက်နဲပြီး တရားနာယူမယ့် သတ္တဝါတွေရဲ့အခြေအနေကို လေ့လာတဲ့အခါကာမဂုဏ်(၅)ပါး အာရုံတရား၌ ပျော်ပါးစိတ်တွေက လွှမ်းမိုးပြီးတော့နေတာတွေ့ရတယ်။

ခက်ခဲနက်နဲသော တရားဓမ္မတွေနဲ့ ကာမဂုဏ် အာရုံကို နှစ်သက်နေကြတဲ့ သတ္တဝါတွေဟာ အံဝင်ခွင်ကျမဖြစ်နိုင်တဲ့အတွက် မြတ်စွာဘုရားက “ငါသိတဲ့ တရားဓမ္မတွေကို သူတို့ကို ဟောလို့တော့ ဖြစ်မယ် မထင်ဘူး။ ဟောခဲ့မယ်ဆိုရင်လည်း ငါပဲ ပင်ပန်းရုံပဲ ရှိမယ်”လို့ တရားမဟောဖို့ စိတ်ညွှတ်သွားတယ်။ အဲဒီ အချိန်မှာ မြတ်စွာဘုရား စိတ်ထဲမှာ ပေါ်လာတဲ့အတွေးကို ချက်ချင်းသိသွားတဲ့၊ ဘုရားရဲ့ စိတ်ကို စောင့်ကြည့်နေတဲ့

စာမျက်နှာ-၂၆
သဟမ္ပတိဗြဟ္မာကြီးက မြတ်စွာဘုရားအား “တရား ဟောတော်မူပါ။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ” ဟု လျှောက်ထားခြင်းဖြစ်တယ်။

ရှေးရှေးက ပွင့်တော်မူခဲ့ကြတဲ့ ဝိပဿီ အစ ရှိသော ဘုရားများလည်း ထို့အတူပဲ တရားဓမ္မတော်တွေ ရဲ့လေးနက်ခက်ခဲမှုကို စဉ်းစားဆင်ခြင်လိုက်၊ သတ္တဝါတွေရဲ့ကာမဂုဏ်အာရုံပေါ်မှာ ပျော်မွေ့နေတဲ့ အနေအထားတွေကို ကြည့်လိုက်၊ အဲဒီလို ယှဉ်ကြည့်လိုက်တဲ့အခါတိုင်းမှာ စိတ်ပျက်ဖွယ်ရာတွေချည်းပဲတွေ့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တရားဓမ္မနှင့် တရားနာမည့် ပုဂ္ဂိုလ်တွေက အံဝင်ခွင်ကျ မဖြစ်လို့ဖြစ်တယ်၊ သို့ပေမယ့် ဝိပဿီစတဲ့မြတ်စွာဘုရားတွေကို ဗြဟ္မာတွေက လျှောက်ထားတဲ့အခါ တရားဟောဖို့သာ လျှောက်ထားခဲ့တယ်။ ဂေါတမမြတ်စွာဘုရားအား သဟမ္ပတိ ဗြဟ္မာကြီးက လျှောက်ထားတဲ့အခါ “တရားဟောတော်မူပါ"ဟု လျှောက်ထားတဲ့အပြင် “နိဗ္ဗာန်တံခါးကြီး ဖွင့်တော် မူပါ”ဟု ထည့်သွင်းလျှောက်ထားခဲ့တာကိုတွေ့ရတယ်။ အဲဒီလို ထည့်လျှောက်ရတာကတော့ ထိုခေတ် ထို ကာလရဲ့ အခြေအနေအရပ်ရပ်ကို ဆင်ခြင်သုံးသပ်ပြီး တော့ ဖြစ်တယ်။

စာမျက်နှာ-၂၇
ဗုဒ္ဓမြတ်စွာဟာ အားလုံး သိကြတဲ့အတိုင်း မဂဓတိုင်းမှာ ပွင့်တော်မူခဲ့တယ်။ ကနေ့ခေတ် ဗုဒ္ဓ ဂယာလို့သိကြတဲ့ ဒေသရဲ့တည်ရာ အိန္ဒိယနိုင်ငံ ဗီဟာ ပြည်နယ်ဖြစ်ပြီး၊ ရှေးဟောင်း အမည်ကတော့ မဂဓတိုင်း ဖြစ်တယ်၊ ထိုခေတ်အခါက အဲဒီမဂဓတိုင်းမှာ ဘာသာတရားအမျိုးမျိုး ထွန်းကားနေခဲ့တဲ့ အခြေ အနေကို ဗြဟ္မာကြီး သဟမ္ပတိက ယခုလို ထည့်သွင်းလျှောက်ထားခဲ့တယ်။

“ပါတုရဟောသိ မဂဓေသု ပုဗ္ဗေ၊ ဓမ္မာ အသုဒ္ဓေါ သမလေဟိ စိန္တိတော။ အပါပုရေတံ အမတဿ ဒွါရံ။ သုဏန္တု ဓမ္မံ ဝိမလေနာနုဗုဒ္ဓိ။”

ပုဗ္ဗေ၊ ရှင်တော်ဘုရား ထင်ရှားမပွင့်မီ ရှေးယခင်ဆီက။ မဂဓေသု၊ မဂဓတိုင်း အရပ်ဒေသတို့၌။ သမလေဟိ၊ ကိလေသာ အညစ်အကြေးရှိကြကုန်သော တိတ္ထိဆရာကြီးတို့သည်။ စိန္တိတော၊ ကြံစည်တွေးတော ၍ ဟောပြောအပ်သော အသုဒ္ဓေါ၊ စင်ကြယ်မှုကို မပေးနိုင်သော။ ဓမ္မာ၊ မိစ္ဆာဝါဒတရားသည်။ ပါတုရဟောသိ၊ ပေါ်ပေါက်၍နေခဲ့ပါပြီ။

စာမျက်နှာ-၂၈
သဟမ္ပတိ ဗြဟ္မာကြီးက ဒီစကားလေးကို ထည့်ပြီးတော့ လျှောက်တယ်၊ ရှေးရှေး ပွင့်တော်မူခဲ့တဲ့ ဘုရားတွေကိုလျှောက်ထားတဲ့အခါမှာ ဒီစကားလေး မပါဘူး။ ရှေးရှေး ဘုရားတွေ လျှောက်တဲ့အခါမှာ တရားဟောဖို့ပဲ ပါတယ်၊ ဂေါတမမြတ်စွာဘုရားကို လျှောက်ထားတော့ ဒီစကား ပါလာတယ်။

မဂဓတိုင်းမှာ ဘာသာတရား အမျိုးမျိုး ထွန်း ကားနေတဲ့အချိန် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူ ခဲ့တယ်။ လူ့သက်တမ်းတိုတဲ့ အချိန်မှာ ဘုရားရှင် ပွင့်ရလို့ အယူဝါဒတစ်ခုဟောရန် ခက်ခဲခြင်း၊ ဘုရားမပွင့်မီ ကတည်းက အယူဝါဒ အမှားတွေ ရှိနေခြင်းတို့ကြောင့် နိဗ္ဗာန်တံခါးကြီးဟာ ဖွင့်လို့ မရလောက်အောင် ပိတ်ဆို့နေတဲ့ အနေအထားလေးမှာ ရှိပါတယ်။ အဲဒီ အခြေအနေကို ဗြဟ္မာကြီးက ထည့်လျှောက်ထားတယ်။

“ပုဗ္ဗေ၊ ရှင်တော်ဘုရား ထင်ရှားမပွင့်မီ ရှေး ယခင်ဆီက။ မဂဓေသု၊ မဂဓတိုင်း အရပ်ဒေသတို့၌။ သမလေဟိ၊ ကိလေသာ အညစ်အကြေးရှိကြကုန်သော တိတ္ထိဆရာကြီးတို့သည်။ စိန္တိတော၊ ကြံစည်တွေးတော ၍ ဟောပြောအပ်သော။ အသုဒ္ဓေါ၊ စင်ကြယ်မှုကို မပေးနိုင်သော၊ ဓမ္မာ၊ မိစ္ဆာဝါဒ တရားသည်။ ပါတုရဟောသိ၊ ပေါ်ပေါက်၍နေခဲ့ပါပြီ။”

စာမျက်နှာ-၂၉
အရှင်ဘုရား မပွင့်ခင်ကတည်းက ဒီမဂဓတိုင်း မှာ မှားမှားယွင်းယွင်းနဲ့ အယူဝါဒမျိုးစုံ ထွန်းကားနေခဲ့ ပါတယ်ဘုရား။

“အပါပုရေတံ အမတဿ ဒွါရံ၊ ဘန္တေ၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၊ ဧတံ အမတဿ ဒွါရံ၊ ဤအမြိုက်နိဗ္ဗာန်တံခါးကြီးကို အပါပုရ-ဝိဝရ၊ ဖွင့်တော်မူလိုက်ပါ။”

အဲဒီလို အယူဝါဒတွေ မထွန်းကားဘူးဆိုရင် တရားတော်ကိုပဲ မြတ်စွာဘုရားက ဟောလိုက်တာနဲ့ လူတိုင်းလူတိုင်း နားလည်နေမှာပေါ့။ အခုတော့ ဒီလို မဟုတ်ဘဲ လူတွေရဲ့ ရင်ထဲ နှလုံးထဲ အသိဉာဏ်ထဲမှာ မိစ္ဆာဝါဒတရားတွေက လွှမ်းမိုးပြီးတော့နေတယ်။

ဥပမာ ပြောရရင် အဆောက်အအုံ ဆောက် မယ့်နေရာတစ်ခုမှာချုံနွယ်ပိတ်ပေါင်းတွေ ထူပြောနေမယ် ဆိုရင် ပထမဦးစွာ ထိုချုံနွယ်တွေကို အရင်ရှင်းပြီးမှ ဆောက်ရမယ်၊ မူလကတည်းက ရှင်းလင်းနေတဲ့ နေရာ ဆိုရင်အဆောက်အအုံ ကောက်ပြီးတော့ ဆောက် လိုက်ရုံပဲ၊ ရှင်းစရာမလိုဘူး။ တခြား ဗုဒ္ဓတွေ ပွင့်တော်မူ စဉ်မှာ ထိုကဲ့သို့ ရှင်းလင်းစရာမလိုဘဲနဲ့ တရားဓမ္မကို တန်းပြီးတော့ ဟောလို့ရတယ်။ ဂေါတမမြတ်စွာဘုရား

စာမျက်နှာ-၃၀
ကျတော့ ဟောဒီ မိစ္ဆာဝါဒတွေ ရှုပ်ထွေးနေလို့ ဒါတွေ ရှုပ်နေတာကို အရင် ရှင်းလင်းနိုင်မှ ဖြစ်မယ်။ မရှင်း နိုင်ရင် နိဗ္ဗာန်တံခါးကြီး ပိတ်နေမှာပဲ။

မြတ်စွာဘုရား မပွင့်ခင်ကတည်းက အဲဒီ မဂဓတိုင်းမှာ မိစ္ဆာဝါဒတွေ ပေါ်ပေါက်နေပါတယ်၊ အဲဒီ မိစ္ဆာဝါဒတရားတွေကို ဟောပြောနေတဲ့ ပုဂ္ဂိုလ်တွေဟာ သမလ ကိုယ်တိုင်က ကိလေသာ အညစ်အကြေးတွေ မကင်းတဲ့ပုဂ္ဂိုလ်တွေ၊ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားတဲ့ အယူဝါဒတွေ၊ အခုခေတ်လို ပြောကြရင် philosophyတွေပေါ့။ philosophyတွေ တစ်ဦးနဲ့တစ်ဦး ဆန့်ကျင်တဲ့ အတွေးအမြင်တွေနဲ့ လူ့လောကကြီးမှာ ဟောကြား ဖြန့်ဖြူးပြီးတော့ နေကြတယ်။ သူတို့ရဲ့ အယူဝါဒတွေ တစ်ခုနဲ့ တစ်ခု မတူကြလို့ လူတွေရဲ့ စိတ်ထဲမှာလည်း အမှန်တရားက ဘာလဲဆိုတာ မသိနိုင်ကြဘူး။ ဒါကြောင့် သဟမ္ပတိဗြဟ္မာကြီးက မြတ်စွာဘုရားအား ခေတ်အခြေအနေကိုပါ ထည့်ပြီး လျှောက်တယ်။

“ဘန္တေ၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ် ဘုရား၊ ပုဗ္ဗေ၊ ရှင်တော်ဘုရား ထင်ရှားမပွင့်မီ ကြိုတင်၍ ပင်။ မဂဓေသု၊ မဂဓတိုင်း အရပ်ဒေသတို့၌၊ သမလေဟိ၊ ကိလေသာ အညစ်အကြေးရှိကြကုန်သော တိတ္ထိဆရာကြီးတို့သည်။ စိန္တိတော၊ ကြံစည်ဟောပြော

စာမျက်နှာ-၃၁
အပ်တဲ့ အသုဒ္ဓေါ၊ စင်ကြယ်မှုကို မပေးစွမ်းနိုင်တဲ့။ ဓမ္မာ၊ မိစ္ဆာဝါဒ တရားသည်။ ပါတုရဟောသိ၊ ပေါ်ပေါက်၍ နေပါပြီ။

ဒါတွေ ပေါ်ပေါက်နေလို့ နိဗ္ဗာန်တံခါးကြီးဟာ ပိတ်နေပါတယ်။ လမ်းကြောင်းကြီးတစ်ခု ပိတ်ဆို့ ထားသလို ဖြစ်နေတယ်။

ဘန္တေ၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ် ဘုရား၊ ဧတံ အမတဿ ဒွါရံ၊ ဤအမြိုက် နိဗ္ဗာန် တံခါးကြီးကို အပါပုရ-ဝိဝရ၊ ဖွင့်တော်မူလိုက်ပါ။

နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူလိုက်ပါလို့ လျှောက် ထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိဗ္ဗာန်တံခါးကြီးဟာ မိစ္ဆာဝါဒတွေနဲ့ ဆို့ပိတ်ထားလို့ နိဗ္ဗာန်သွားရန် လမ်းစတောင်ပျောက်ပြီး မည်သူမှ နိဗ္ဗာန်ကို ဝင်ရောက် နိုင်မှာ မဟုတ်ဘူး။

“ဝိမလေန၊ အညစ်အကြေးကင်းတဲ့ ရှင် တော်မြတ်ဘုရားသည်။” ခုနပုဂ္ဂိုလ်တွေက “သမလ”တဲ့ သူတို့စိတ်တွေက မစင်ကြယ်ဘူး၊ မြတ်စွာဘုရား ကျတော့ “ဝိမလ” ကိလေသာ အညစ်အကြေးတွေ စင်ကြယ်နေတယ်၊ အဲဒီတော့ ကိုယ်တိုင်က ညစ်နွမ်းနေတဲ့ ပုဂ္ဂိုလ်တွေက စင်ကြယ်အောင် ဘယ်လိုလုပ်မှ မဟောနိုင်ဘူး၊ ကိုယ်တိုင်က ညစ်ပေနေတဲ့ ပုဂ္ဂိုလ်

စာမျက်နှာ-၃၂
တစ်ယောက်ဟာ သူများကို သန့်ရှင်းအောင် လုပ်မပေး နိုင်သလို ကိုယ်တိုင်က သန့်ရှင်းနေတဲ့ ပုဂ္ဂိုလ်မှသာလျှင် သူများကို သန့်ရှင်းအောင် လုပ်ပေးနိုင်မှာ။

မိစ္ဆာအယူဝါဒလွှမ်းမိုးပြီးတော့ နေကြတဲ့ တိတ္ထိ ဆရာကြီးတွေက သမလ၊ သူတို့ကိုယ်တိုင်ကိုက စိတ် အစဉ်မှာ သန့်ရှင်းမှု မရှိဘူး။ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ မာန်မာနတွေနဲ့၊ ကိလေသာ အညစ် အကြေးတွေနဲ့ ညစ်ထေးနေတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီတော့ သူတို့ ဟောပြောတဲ့တရားဟာ မှန်ကန်တဲ့ တရား မဖြစ်နိုင်ဘူး။

ဗုဒ္ဓမြတ်စွာကျတော့ “ဝိမလ” = ကိလေသာ အညစ်အကြေးတွေ ကင်းနေတယ်၊ စိတ်က အလွန် သန့်ရှင်းနေတယ်။ သန့်ရှင်းနေတဲ့ စိတ်အစဉ်မှာ ဉာဏ် အမြင်ကလည်း ကြည်လင်နေလို့ ဗုဒ္ဓမြတ်စွာဟောတဲ့ တရားကသာလျှင် လူတွေရဲ့စိတ်အစဉ်ကို ရှုပ်ထွေးမှုတွေ၊ အညစ်အကြေးတွေကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

“သုဏန္တု ဓမ္မံ ဝိမလေနာနုဗုဒ္ဓါ၊ ဝိမလေန၊ အညစ်အကြေးကင်းဝေးတော်မူတဲ့ မြတ်စွာဘုရား သည်။ အနုဗုဒ္ဓံ၊ လျော်စွာ သိတော်မူအပ်တဲ့။ ဓမ္မံ၊ သစ္စာလေးပါး မြတ်တရားကို သုဏန္တု၊ သတ္တဝါတွေ

စာမျက်နှာ-၃၃
ကြားနာခွင့် ရကြပါစေဘုရား ဟူ၍ အဝေါစ၊ ကောင်းစွာမသွေ လျှောက်ကြားခဲ့ပါပေသတည်း။”
(သာဓု သာဓု သာဓု)
အညတိတ္ထိယ ၆ ဦး
သဟမ္ပတိဗြဟ္မာကြီးက အခုလို ဗုဒ္ဓမြတ်စွာကို တရားဟောပြောဖို့ လျှောက်ထားတဲ့အခါမှာ မဂဓ တိုင်းမှာ မိစ္ဆာဝါဒတွေ ထွန်းကားနေပါတယ်တဲ့။ ဘယ် လိုဝါဒတွေ ထွန်းကားနေသလဲလို့ ပိဋကတ်စာပေမှာ လေ့လာပြီး ကြည့်လိုက်တော့ မြတ်စွာဘုရားရှင်နဲ့ ခေတ် ပြိုင်အတွေးအခေါ် ဘာသာတရား တည်ထောင်သူ ဆရာကြီး (၆)ဦး ရှိကြောင်း သိရတယ်။

ပထမပုဂ္ဂိုလ်ကြီးက ကျမ်းစာထဲမှာပါတဲ့ အစီ အစဉ်နဲ့ပြောမယ်ဆိုရင် ပူရဏကဿပ လို့ခေါ်တယ်။ အဲဒီပုဂ္ဂိုလ်ကြီးက သက်ကြီးဝါကြီး၊ သူ့ရဲ့ဝါဒကို ကြိုက်လို့ သူ့ရဲ့နောက်ကိုလိုက်တဲ့ နောက်လိုက်တွေ များစွာရှိတယ်။ သမဏဂိုဏ်းဝင်တစ်ဦးဖြစ်ပြီးတော့ အစေလကအဝတ်မဝတ်တဲ့ တက္ကတွန်း အမျိုးအစား ဖြစ်တယ်။

ဒုတိယပုဂ္ဂိုလ်က မက္ခလိဂေါသာလ လို့ခေါ်တယ်။ သူကလည်းပဲ အယူဝါဒတစ်ခုဦးဆောင်ပြီးဟော လာတာ အသက်အရွယ်ရလာပြီး၊ နောက်လိုက်နောက်

စာမျက်နှာ-၃၄
ပါတွေလည်း မြောက်များစွာရှိတယ်။ သူ့ကိုကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေလည်းများစွာရှိတယ်။ လူတွေက သူ့ကို “သာဓု” လို့ခေါ်ကြတယ်။ လူများစွာက သူ့ကို “သာဓု” သူတော် ကောင်းကြီးလို့ အသိမှတ်ပြုကြတယ်။ ခုခေတ်လိုဆိုရင် Saint ပေါ့။ အိန္ဒိယစကားအရ ဆာဒူးကြီးပေါ့။ ဆာဆိုတာ သူတော်ကောင်းကို ပြောတာ။ သာဓုလို့ ဗမာ လူမျိုးတွေ အသံထွက်တယ်၊ International pronunciation အသံထွက်အရ ဆိုရင် ဆာ လို့ ထွက်တယ်၊ ဒါပေမဲ့ ခုခေတ် ရေးနေကြတာကတော့ ဒထွေးနဲ့ ဆာဒူးပေါ့။ အမှန်ကတော့ ဆာဒူးဆိုတာ သူတော်ကောင်းလို့ ပြောတာ။

အဲဒီတော့ သာဓုသမ္မတော = သူ့ကို သူတော် ကောင်းကြီးလို့ လူအများက အသိအမှတ်ပြုထားကြတယ်၊ သူ့အပြင်နောက်လိုက်နောက်ပါတွေလည်းရှိတယ်။ ဘုရားမပွင့်ခင်ကတည်းက သူကကြိုတင်ပြီးတော့ မဂဓ တိုင်းမှာ လှည့်လည်ပြီးတော့ သူတို့ရဲ့ အယူဝါဒတွေကို ဟောပြောနေကြတယ်။ တစ်ဦးနဲ့တစ်ဦးလည်း တူတာ မဟုတ်ဘူး။ အဲဒီပုဂ္ဂိုလ် (၆)ဦးလုံးဟာ သူတို့ကိုယ်သူတို့ သဗ္ဗညုတ ရွှေဉာဏ်ရှင်၊ အားလုံးကိုသိတဲ့ဘုရားအဖြစ် ကြေညာထားတဲ့ ပုဂ္ဂိုလ်တွေချည်းပဲ။

စာမျက်နှာ-၃၅
တတိယပုဂ္ဂိုလ်ကတော့ အဇိတ ကေသကမ္ဗလ ဖြစ်ပြီး၊ အဇိတဆိုတာက ဘယ်သူမှ သူ့ကိုအနိုင် ယူလို့မရတဲ့ပုဂ္ဂိုလ်၊ သူကပဲ နိုင်တယ်ပေါ့။ ကေသကမ္ဗလဆိုတာက လူ့ဆံပင်အဝတ်၊ သူက သူများတွေနဲ့မတူဘူး၊ ခုန ပူရဏကဿပတို့၊ မက္ခလိဂေါသာလတို့ကတော့ အဝတ်မဝတ်ကြဘူး၊ ဒီ အဇိတ ဆရာကြီးကတော့ သူက အဝတ်ဝတ်တယ်၊ အဝတ်ဝတ်ပေမယ့်ချည်ထည်နဲ့ ရက်ထားတဲ့အဝတ်ကို မဝတ်ဘဲ လူ့ဆံပင်နဲ့ ရက် ထားတဲ့ အဝတ်ကို ဝတ်ဆင်ထားတယ်။ လူ့ဆံကမ္ဗလာ အဝတ်နဲ့၊ သူ့ရဲ့ ဖက်ရှင်က တစ်မျိုး၊ ဒီကနေ့ခေတ် တောင် ဒါမျိုးရှိမယ်မထင်ဘူး၊ လူ့ဆံပင်နဲ့ ရက်ထားတဲ့ အဝတ်ကြီးဆိုတော့ ဆံပင်အနက်ရောင်ဆိုရင်တော့ ဒါ အနက်ရောင်အဝတ်ကြီး ဝတ်ဆင်ထားတာဖြစ်မယ်၊ ဆံပင်ဖြူးနဲ့တော့ ရက်မယ် မထင်ပါဘူး။ ဆံပင်ဖြူးနဲ့ လုပ်ခဲ့ရင်တော့အဖြူရောင်ပေါ့။ ရွှေရောင်ဆံပင်နဲ့ ဆို ရင်တော့ သူ့အဝတ်က ရွှေရောင်အဝတ် ဖြစ်မှာ ပေါ့။

မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ ဟောထား တာက လူဆံပင်နှင့်ရက်ထားတဲ့အဝတ်ဟာ ရာသီဥတု ပူရင်လည်းအရမ်းပူပြီး၊ အေးရင်လည်းအရမ်းအေးတယ်။ ဆိုလိုတာက အအေးဒဏ်ကိုလည်း မကာကွယ်နိုင်ဘူး၊

စာမျက်နှာ-၃၆
အပူဒဏ်ကိုလည်း မကာကွယ်ဘူးလို့ပြောတာ။ ရာသီ ဥတုဒဏ်မခံနိုင်ဘူး။ ပြီးတော့ ဆံပင်ဆိုတာက လူ့ခန္ဓာ ကိုယ်နဲ့တွဲရက်ရှိနေတာတောင် အမြဲတမ်း ပြီးလိမ်း လျှော်ပြီးတော့ အမွှေးနံ့သာတွေဘာတွေ လုပ်မှ၊ မလုပ် ခဲ့ရင် အနံ့က ဆိုးသတဲ့၊ မကောင်းတဲ့ အနံ့ ထွက်တယ်။

မြတ်စွာဘုရားက အဲဒီ လူ့ဆံပင်နဲ့ ရက်လုပ် ထားတဲ့ အဝတ်ဟာ အဝတ်တွေထဲမှာတော့ အညံ့ဆုံး ပဲတဲ့။ ဒါကြောင့်မို့လည်း ဒီကနေ့ခေတ် မရှိတော့တာ ထင်ပါရဲ့၊ လူကြိုက်နည်းသွားတော့နော်၊ သို့သော် အဇိတ ဆရာကြီးကတော့ အဲဒီလူဆံပင်နဲ့ ရက်လုပ်ထားတဲ့ အဝတ်အထည်ကြီးကို ဝတ်ဆင်ပြီးတော့ သူက ခုခေတ် လိုပြောရင်တော့ စတန့်တစ်မျိုး၊ ဖက်ရှင်တစ်မျိုး ထွင်တာ ဖြစ်မယ်နော်၊ သူကလည်း အယူဝါဒတစ်ခုဖြန့်ဖြူးပြီးနေတယ်၊ သူ့ဝါဒကြိုက်တဲ့လူတွေအများကြီး၊ သူ့ဝါဒကြိုက်တဲ့ တပည့် သားမြေးတွေအများကြီးနဲ့ သူကလည်း ထင်ပေါ်ကျော်ကြားတဲ့ ဆရာကြီးတစ်ဦးဖြစ်တယ်။

အဲဒီနောက် စတုတ္ထပုဂ္ဂိုလ်ကတော့ ပကုဓ ကစ္စာယနတဲ့၊ ပကုဓဆိုတာကတော့ သူ့ရဲ့နာမည်ပဲ၊ ကစ္စာယနဆိုတာက သူတို့ရဲ့ အနွယ်က ရလာတဲ့ နာမည်ပေါ့။ ဂေါတမဗုဒ္ဓလို့ ဆိုတဲ့နေရာမှာ အားလုံး သိကြတဲ့အတိုင်း ဗုဒ္ဓမြတ်စွာရဲ့ ငယ်နာမည်က သိဒ္ဓတ္ထ

စာမျက်နှာ-၃၇
ပေါ့။ သို့သော် အမျိုးရဲ့အနွယ်ကို ပြောမယ်ဆိုလို့ရှိရင် ဂေါတမအနွယ်ဖြစ်လို့ ဂေါတမဗုဒ္ဓလို့ခေါ်တာအနွယ်နဲ့ ခေါ်တာ Surname ပေါ့။ မျိုးရိုးရဲ့ နာမည်။ ဒီကနေ့ အိန္ဒိယမှာလည်းပဲ ဂေါတမဆိုတဲ့ အယ်ရှိတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်။ ဒါက အနွယ်တစ်ခုပေါ့။ ဗုဒ္ဓမြတ်စွာ ကတော့ သကျလူ့မျိုးထဲက ဂေါတမအနွယ်ပေါ့။

အေး ... မြန်မာနိုင်ငံမှာဆိုရင်တော့ ဂေါတမ ထမင်းဆိုင်ဆိုတာ ဘယ်သူမှဖွင့်ရဲမယ် မထင်ဘူး။ သို့သော် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရောက်ဖူးတဲ့သူတွေတွေ့ ပါလိမ့်မယ်၊ ဗုဒ္ဓဂယာမှာရှိတဲ့ မြန်မာကျောင်းနဲ့ မျက်နှာ ချင်းဆိုင် ထမင်းဆိုင်တစ်ခုမှာ ရေးထားတာ Gautam Restaurant ဆိုပြီးတော့၊ အဲဒါ ဂေါတမ ထမင်းဆိုင် ပဲ၊ သူတို့အသံထွက်နဲ့ ဂေါက်တမ် Gautam လို့ထွက်တယ်၊ ဂေါတမပဲ၊ သက္ကတဘာသာနဲ့ ဂေါက်တမ (Gautama) လို့ ရေးတယ်၊ ပါဠိဘာသာနဲ့ကျတော့ (Gotama) ဂေါတမ၊ “မ”ကို အသံမထွက်ဘဲနဲ့ ဒါကို “ဂေါက်တမ်”၊ ဒီလို အသံထွက်တယ်၊ အေး... အဲဒီလို အနွယ်နဲ့ခေါ်တဲ့ နာမည်ပေါ့။

အဲဒီလိုပဲ ကစ္စာယနဆိုတာ အနွယ်ပဲ။ အဲဒီ ပကုဓကစ္စာယနဆိုတဲ့ ဆရာကြီးကလည်းသူ့ရဲ့အယူဝါဒ (philosophy)တွေကို ဟောပြောပြီးတော့ ဖြန့်ဖြူး

စာမျက်နှာ-၃၈
နေလေရဲ့၊ ကျန်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အယူဝါဒနဲ့မတူဘူး၊ သူကလည်း သူ့ကိုယ်သူ သဗ္ဗညုဘုရားအဖြစ် ဝန်ခံ ပြောကြားထားတဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်။

နောက်တစ်ဦး ပဉ္စမပုဂ္ဂိုလ်ကတော့ နိဂဏ္ဌ နာဋပုတ္တ ဖြစ်တယ်။ နိ-ဆိုတာက မရှိတာ၊ ဂဏ္ဌဆိုတာက အနှောင်အဖွဲ့၊ အထုံးအဖွဲ့။ နိဂဏ္ဌ = တို့မှာ ဘာ နှောင်ကြိုးမှ မရှိဘူး၊ “နှောင်ကြိုးမဲ့” လို့ သူ့ကိုယ်သူ ကြေညာတဲ့ ပုဂ္ဂိုလ်မျိုး၊ ကိလေသာဆိုတဲ့ အနှောင်အဖွဲ့တွေ တို့ကတော့ ကင်းတယ်၊ လောဘဆိုတာ တို့မှာ မရှိဘူးလို့ဆိုပြီးတော့ အဲဒီ နာဋပုတ္တဆိုတဲ့ ဆရာကြီး ကလည်းပဲ သူကနိဂဏ္ဌဂိုဏ်းကြီးကို တည်ထောင်ပြီး တော့နေတယ်။ လောဘကို ချိုးနှိမ်တဲ့အနေနဲ့ သူတို့ပိုင် ဆိုင်တာ ဘာပစ္စည်းမှ မရှိဘူးဆိုပြီး ဝတ်လစ်စလစ်နေ ကြတာ၊ အဝတ်တောင်မရှိဘူး၊ ဒီကနေ့တော့ သူတို့ကို “ဂျိန်း”လို့ခေါ်တယ်။

အိန္ဒိယနိုင်ငံမှာ ဒီဘာသာ ကျန်နေသေးတယ်။ “ဂျိန်း”ဆိုတဲ့ စကားလုံးက “ဂျိန” ဆိုတဲ့စကားကလာတာ။ ပါဠိလိုကျတော့ “ဇိန” ပေါ့။ ဒီက ဗုဒ္ဓဘာသာတွေ သိကြတာကတော့ “ဇိန” ဆိုတာ ဘုရားပေါ့၊ ငါးမာရ် အောင်မြင် ဘုရားရှင်ပေါ့၊ အဲဒီက သူတို့ အသံထွက် နဲ့ဆိုရင် “ဂျိန”၊ “ဂျိန” ကနေပြီး သူတို့ရဲ့ နောက်ပါ

စာမျက်နှာ-၃၉
တပည့်တွေကိုကျတော့ “ဂျိန်း”၊ “ဂျိန” ကအသံဖျောက် လိုက်တော့ ဂျိန်းလို့ အသံဖြစ်သွားတယ်။ အဲဒီတော့ အိန္ဒိယနိုင်ငံမှာ ဂျိန်းဘုရားကျောင်းတွေ အများကြီးရှိတယ်၊ ဒီဘာသာက ယနေ့အထိအောင် အိန္ဒိယနိုင်ငံမှာ ရှိနေသေးတယ် အဲဒီဆရာကြီးကလည်းပဲ သူ့ရဲ့ဘာသာ ဝါဒတွေကို မဂဓတိုင်းတစ်ခွင်မှာ ဟောပြောပြီးတော့ တပည့် ပရိသတ်တွေနဲ့ နေတယ်။ သူကလည်းပဲ လူကြိုက်တော်တော်များတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ။

နောက်တစ်ဦး ဆဋ္ဌမပုဂ္ဂိုလ်ကတော့ သဉ္စယ ဗေလဋ္ဌပုတ္တ ဖြစ်တယ်။ သူ့နာမည်ကတော့ သဉ္စယပဲ သူ့ရဲ့အဖေ ဒါမှမဟုတ် ဆရာက ဗေလဋ္ဌ၊ ဒါကြောင့် မို့လို့ ဗေလဋ္ဌရဲ့ သားတပည့်၊ သူကတော့ ပရိဗိုဇ်လို့ ခေါ်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်တယ်။ ပရိဗိုဇ်ဆိုတာက ပရိဗ္ဗာဇကဆိုတဲ့ ပါဠိကပြောင်းလာတာ၊ “ပရိသမန္တတော ဝဇတိတိပရိဗ္ဗာဇကော” လို့ဆိုတဲ့အတိုင်း တစ်နေရာ တည်းမှာမနေဘဲ နေရာအနှံ့လှည့်လည်နေပြီး အယူဝါဒ ရေးရာတွေကို ငြင်းခုံ ဟောပြောနေတဲ့သူတွေ ဖြစ်တယ်။ မြန်မာပြည်မှာ တစ်ခေတ်တုန်းက အရပ်ထဲမှာ အဘိဓမ္မာ စကားပြောပြီး ငြင်းခုံကြတာတွေ ပေါ်ခဲ့ဖူးတယ်။ အလှူမဏ္ဍပ်တွေ လိုက်ပြီးတော့ အဘိဓမ္မာစကားတွေ ပြောပြီး ငြင်းကြတယ်၊ ခုံကြတယ်။ ဒါကြောင့်မို့လို့

စာမျက်နှာ-၄၀
“သောမနဿသဟဂုတ်၊ လက်ဖက်သုပ်၊ ကြက်သွန် သုပ် အကုန်တုတ်”လို့ အဆိုတောင် ရှိသေးတယ်။”

အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန် တို့ဟာဗုဒ္ဓသာသနာနှင့် မတွေ့ခင်က အဲဒီ အယူဝါဒတွေကို လှည့်လည်ငြင်းခုံပြောကြားနေတဲ့ သဉ္စယ၏ တပည့်ဖြစ်ခဲ့ကြဖူးတယ်။ အရှင်သာရိပုတ္တရာနှင့် အရှင် မောဂ္ဂလာန်တို့ဟာ လူဝတ်ကြောင်ဘဝတုန်းက ပွဲကြည့် ပြီး ပျော်ပါး ရယ်မောနေခဲ့ကြတယ်။ တစ်နေ့မှာတော့ ပွဲကြည့်ရင်း စဉ်စားမိကြတယ်၊ တို့ လက်ခုပ်တီးလိုက်၊ ဆုပေးလိုက်နဲ့ဒီလိုပျော်ပါး ရယ်မောပြီး အချိန်ကုန်နေ လို့တော့ အကျိုးရှိမှာ မဟုတ်ဘူး။ ဒီလူတွေအားလုံး နောင် နှစ် ၁၀၀ အတွင်းမှာ အကုန်သေကြမှာပဲ။ တို့တစ်တွေသေရဦးမယ်ဆိုတဲ့ အတွေးကလေးဝင်လာ တော့ ဒီလိုနေလို့ မဖြစ်ဘူး၊ မသေတဲ့တရား ရှာရမယ် ဟုစဉ်းစားပြီး လူ့ဘောင်ကိုစွန့်ခွာ၍ ထွက်လာခဲ့ရာ သဉ္စယဗေလဋ္ဌပုတ္တ ဆရာကြီးနှင့် အရင်ဆုံးတွေ့တာပေါ့။ သူ့တပည့်အဖြစ်ခံယူကာ သူ့ရဲ့အယူဝါဒတွေကို သင်ယူခဲ့ ကြတယ်။ နောက်ပိုင်းမှ အရှင်အဿဇိနဲ့တွေ့တဲ့အခါ သစ္စာလေးပါးတရား အတိုချုပ်ကို နာကြားခွင့်ရရာမှ နှစ်သက်သဘောကျပြီး ပရိဗိုဇ် ဘာသာမှ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ကြတယ်။

စာမျက်နှာ-၄၁
အဲဒီ သဉ္စယဗေလဋ္ဌပုတ္တဆိုတဲ့ ဆရာကြီးကလည်း သူ့အယူဝါဒတွေကို ဟောပြောပြီးတော့ မဂဓတိုင်း တစ်ခွင်မှာ နာမည်ကြီးနေတယ်။

တို့ တရားချစ်ခင် သူတော်စင် ပရိသတ်တို့ ဒီပုဂ္ဂိုလ်ကြီးတွေရဲ့ တရားကို နည်းနည်းလောက် နာကြည့် ကြရအောင်။ အဲဒီခေတ်က သူတို့ ဘာတရားတွေများ ဟောခဲ့ကြသလဲ -
ပူရဏကဿပ ဝါဒ
ပူရဏကဿပဆိုတဲ့ ဆရာကြီးက ဘာတွေ ဟောသလဲ၊ သူဟောတဲ့တရားတွေတော့ မြောက်များစွာ ရှိနိုင်တယ်၊ ဒါပေမဲ့ သူ့ရဲ့ Philosophy အကျဉ်းချုပ်ကို သာမညဖလသုတ်မှာ အဇာတသတ်မင်းကြီးက ဘုရားကို လျှောက်ထားတဲ့အကြောင်း ပိဋကတ်တော်မှာ မှတ်တမ်းတင်ထားတာ ပါတယ်။ နောက် အင်္ဂုတ္တရ နိကာယ်မှာလည်း သူ့ရဲ့တရားအချို့ကို မှတ်တမ်းတင် ထားတာရှိတယ်၊ များများစားစားတော့ မရှိပါဘူး။ သူ့ရဲ့ ဝါဒက အကိရိယဝါဒ၊ ကံကို ငြင်းပယ်တဲ့ဝါဒ ဖြစ်တယ်။

အခု ဗုဒ္ဓဘာသာဝင်သူတော်စင်တွေက ကု သိုလ်ကံ၊ အကုသိုလ်ကံဆိုတာကို လက်ခံကြတယ် မဟုတ်လား။ အေး - ကုသိုလ်ကံဆိုတာ ရှိတယ်။ အကုသိုလ်

စာမျက်နှာ-၄၂
ကံဆိုတာ ရှိတယ်။ ထိုကုသိုလ်ကံ၊ အကုသိုလ်ကံရဲ့ အကျိုးတရားဆိုတာလည်း ရှိတယ်လို့ တို့ဗုဒ္ဓဘာသာဝင်တွေကျတော့ ကံ၊ ကံ၏အကျိုးကို ယုံကြည်လက်ခံခြင်းလို့ဆိုတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ရှိကြတယ်။ “ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီ စ ပါပကံ။ ယာဒိသံ ဝပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ”

ဒီအစေ့စိုက်ရင် ဒီအပင် ပေါက်တယ်၊ အချိုစေ့စိုက်ရင် အချိုပင် ပေါက်မယ်၊ အချိုသီး သီးမယ်။ အခါးစေ့ စိုက်ရင် အခါးပင် ပေါက်မယ်၊ အခါးသီး သီးမယ်ဆိုတဲ့သဘာဝအတိုင်း ကောင်းတာ လုပ်ရင် ကောင်းကျိုးရမယ်။ မကောင်းတာ လုပ်ရင် မကောင်းကျိုးရမယ်ဆိုတဲ့ ကံ၊ ကံ၏ အကျိုးကို လက်ခံယုံကြည်တာ၊ မှန်ကန်တဲ့အမြင်အဖြစ် ကမ္မဿကတာ သမ္မာဒိဋ္ဌိကို ဘုရားအဆူဆူ ဟောတော်မူခဲ့တယ်။

“သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။ သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ” ဆိုပြီးတော့ ဘုရားအဆူဆူက “အကုသိုလ်ဆိုတာ မလုပ်ကြနဲ့၊ ကုသိုလ်မှန်သမျှ ပြည့်စုံအောင် လုပ်ကြ” ဆိုတာကို ဟောတယ်။ ဒါဘုရားတိုင်း ဟောတဲ့ တရားဖြစ်တယ်။

စာမျက်နှာ-၄၃
အဲဒါနဲ့ဆန့်ကျင်ပြီးတော့ ပူရဏကဿပက ဘာဟောတုံး ဆိုရင် “နတ္ထိ ပါပံ၊ နတ္ထိ ပါပဿ အာဂမော။ နတ္ထိ ပုညံ၊ နတ္ထိ ပုညဿ အာဂမော” အကုသိုလ်ဆိုတာလုပ်လို့မရပါဘူးတဲ့၊ အကုသိုလ်ဆိုတာ မရှိဘူး။ ကောင်းမှုဆိုတာလည်း မရှိဘူး၊ မကောင်းမှုဆိုတာလည်း မရှိဘူး။ ကောင်းမှု၊ မကောင်းမှုတို့ရဲ့ အကျိုးတရားလည်း မရှိဘူး။ ကောင်းမှုလုပ်ရင်လည်း သူ့ရဲ့အကျိုးတရားဆိုတာလည်း ရလာမှာ မဟုတ်ဘူးတဲ့။ ဒီလိုဆိုတော့ သူ့ဝါဒက လူမိုက်ကို အားပေးတဲ့ဝါဒ ဖြစ်နေတယ်။

သူက ဘယ်ထိအောင် ပြောထားတုံးဆိုရင် “မင်း တတ်နိုင်လို့ရှိရင် သတ္တဝါတွေ အသက် သတ်ချင်သလောက်သတ်၊ သူများပစ္စည်းတွေ မတရား ယူချင်သလောက်ယူ၊ သူတစ်ပါး သားမယားကို ပြစ်မှားချင်သလောက်ပြစ်မှား၊ အဲဒီလုပ်ရပ်တွေကြောင့် မင်း ဘာမှ အပြစ်မခံရဘူး” လို့ ပြောတယ်။

အပြစ်ခံရတယ်၊ အပြစ်ရှိတယ်ဆိုတာ လက်တွေ့မှာပဲ အားလုံး သိနေကြတာပဲ၊ လူ့လောက ဥပဒေတောင်မှပဲ လူတစ်ယောက်ရဲ့ အသက်ကို သတ်မိတယ်ဆိုရင် ထိုပုဂ္ဂိုလ်ဟာ သေစားသေစေဆိုတဲ့ (Capital punishment) အပြစ်ဒဏ်ကို ခံရတာပဲ။

စာမျက်နှာ-၄၄
လောကကြီးရဲ့ အပြစ်ဒဏ်နဲ့ပဲကြည့်ကြည့်၊ လူ့လောက ဥပဒေနဲ့ပဲကြည့်ကြည့် အပြစ်လုပ်မိရင် ဥပဒေအရ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ခံကြရတယ်၊ သူက မခံရဘူး၊ အပြစ်ဆိုတာ မရှိဘူးဆိုတော့ လက်တွေ့နဲ့ ကိုက်ညီမှု ရှိပါ့မလား။ ဒါပေမဲ့ သူက အဲဒီအတိုင်းဟောတယ်။

မိမိတို့ကြိုက်တဲ့ အကုသိုလ်တွေ လုပ်ချင်သလောက်လုပ်တဲ့၊ ကရောတော န ကရိယတိ ပါပံ = အကုသိုလ်ဆိုတာ လုပ်လို့မရပါဘူး၊ လုပ်လို့ကို မရဘူးတဲ့။ လူတွေက လုပ်လို့ရတယ် ထင်နေတာ၊ ဘာဖြစ်လို့ လုပ်လို့မရသလဲဆိုရင် နတ္ထိ ပါပံ = အကုသိုလ်ဆိုတာရှိမှ မရှိတာတဲ့။ လုပ်မဖြစ်ဘူးလို့ ပြောတာကို အကိရိယ (Non-action) လို့ခေါ်တယ်။ ကောင်းတာဆိုတာလည်း လုပ်လို့မရဘူး၊ မကောင်းတာဆိုတာလည်း လုပ်လို့မရဘူး။

ငါးပါးသီလနှင့်ပတ်သက်ပြီး အကုသိုလ်မှန်သမျှ လုပ်ချင်သလောက်လုပ်၊ ထိုအကုသိုလ်ဆိုတာ မရှိဘူး၊ အကုသိုလ်ရဲ့အကျိုးတရားလည်း ဖြစ်မလာဘူးလို့ ဟောထားတယ်။ လက်တွေ့နဲ့မကိုက်ညီတဲ့ တရားကို ဟောတော့လူမိုက်တွေကတော့ သဘောကျတာပေါ့။ တကယ်တမ်းလက်တွေ့မှာ ကြည့်ရင် မှန်သလားဆိုတော့ မမှန်ဘူး၊ ကိုယ်က သူတစ်ပါးအသက်ကို သတ်ရင် ကိုယ်ပြန်

စာမျက်နှာ-၄၅
အသတ်ခံရတယ်။ သူတစ်ပါးပစ္စည်းခိုးရင်၊ သူတစ်ပါးသား၊ မယားပြစ်မှားရင် အပြစ်ပေးခံရမယ်။ လိမ်ပြောရင် လူတကာက မယုံကြည်ကြဘဲ၊ တန်ပြန်အပြုခံရတဲ့ Reaction ဆိုတာ လာတာပါပဲ။ အဲဒီလို လက်တွေ့သဘာဝနဲ့ မကိုက်ညီတဲ့တရားတွေကို သူကဟောတယ်။

သူပြောပုံက တတ်နိုင်လို့ လူသတ်လက်နက်စက်ကြီး တီထွင်ပြီး ကမ္ဘာမြေပြင်ပေါ်မှာရှိတဲ့ လူသားအားလုံးကို သတ်ပြီး အရိုးပုံ အသားပုံ ပုံထားရင်တောင်မှ မင်းမှာ ပါဏာတိပါတ အကုသိုလ်ကံ မဖြစ်ပါဘူးတဲ့။ အဲဒီလိုခံယူထားကြတော့ သူ့ရဲ့ဝါဒက ဘယ်လောက်ကြောက်စရာကောင်းလဲ။ နိဗ္ဗာန်ကို မပြောပါနဲ့၊ ကောင်းရာသုဂတိဘုံတောင် ရောက်ဖို့မလွယ်ဘူး။ အဲဒါတင်မကဘူး၊ သူပြောတဲ့အတိုင်းလုပ်ရင် ကမ္ဘာကြီးလည်း မငြိမ်းချမ်းနိုင်ပါဘူး။

အရပ်ထဲမှာ သူတစ်ပါးအသက်ကိုသတ်သူ၊ သူတစ်ပါးပစ္စည်းခိုးသူတွေ၊ သူတစ်ပါးသားမယား စော်ကားတဲ့ပုဂ္ဂိုလ်တွေ၊ လိမ်ပြောတဲ့ ပုဂ္ဂိုလ်တွေ၊ ဒီလိုပုဂ္ဂိုလ်တွေ ရှိနေရင် အဲဒီအရပ်ဟာ ငြိမ်းအေးတဲ့အရပ် မဖြစ်နိုင်ဘူး။ ငြိမ်းချမ်းရေး ပျက်စီးနေတယ်ဆိုတာ လက်တွေ့ပဲ၊ လူတိုင်းလူတိုင်းဟာ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်အသက် နှမြောကြတာချည်းပဲ။

စာမျက်နှာ-၄၆
မြတ်စွာဘုရား ဟောထားတာက ကိုယ်ချင်းစာ (အတ္တုပနာယိက) တရား ထားရမယ်။ လူတွေဟာ အသက်ရှင်ချင်ကြတယ်။ ပျော်ရွှင်မှုကို လိုလားကြတယ်။ ကျန်တဲ့လူတွေလည်း ဒီလိုပဲ အသက်ရှင်ချင်ကြတာချည်းပဲ။ ကိုယ့်အသက်တော့ ရှင်ချင်ပြီး သူတစ်ပါးအသက်ကို သတ်ချင်ရင်တော့ ဘယ်လိုမှ သဘာဝမကျနိုင်ဘူး။ ဒါ့ကြောင့်မို့ ပါဏာတိပါတကံဆိုတာ မတရားတဲ့အမှုပဲ။ သူတစ်ပါးကို ရပ်တည်ခွင့် ပေးရမယ်။ မိမိက အသက်ရှင်ရပ်တည်ချင်သလို သူတစ်ပါးကိုလည်း အသက်ရှင်ရပ်တည်ခွင့်ပေးမှ တရားမျှတတော့မှာပေါ့။ ကိုယ်ကတော့ နေချင်တယ်၊ သူများကိုတော့ သေစေဆိုတော့ ဟုတ်ပါ့မလား။ အဲဒီကတည်းက သူ့တရားဟာ “သမ” ညီညွတ်တဲ့တရား၊ မျှတတဲ့တရားဖြစ်ကို မဖြစ်ဘူး။

လူတိုင်းက ကိုယ့်ပစ္စည်းကို ခိုးမှာ စိုးရိမ်ကြတာပဲ၊ လုံခြုံမှုရှိချင်ကြတယ်။ သူဝါဒက သူတစ်ပါးပစ္စည်းခိုးလည်း ဘာမှမဖြစ်ဘူးလို့ ဟောထားလို့ လူမိုက်မြှောက်ပေးရာ မရောက်ပေဘူးလား။ လူတွေမှာ ကိုယ့်ပစ္စည်းအခိုးခံရတယ်ဆိုရင် ပျော်သလား၊ စိတ်ဆင်းရဲသလား၊ လူတွေစိတ်ဆင်းရဲစေတဲ့ တရားဆိုတာ ကောင်းတဲ့တရား ဘယ်ဖြစ်မလဲ၊ လက်တွေ့နဲ့ ကြည့်ရင်

စာမျက်နှာ-၄၇
သူ့တရားက ဟုတ်မှ မဟုတ်တာ။ ကမ္ဘာကြီးငြိမ်းချမ်းမှု၊ လူသားတွေငြိမ်းချမ်းမှု၊ လူတော်လူကောင်းများ ဖြစ်ထွန်းမှုဆိုတဲ့ အခြေအနေကောင်းတွေကို တစ်ခုမှ ဖန်တီးမပေးဘဲနဲ့ ဆိုးသွမ်းပြီးတော့ အင်မတန်မှ ကြောက်စရာကောင်းတဲ့ ကမ္ဘာကြီးတစ်ခု ဖန်တီးနေတာ ဖြစ်နေတယ်။

သူကပြောသေးတယ်။ ကုသိုလ်ကောင်းမှု ရှိတယ်ထင်ပြီး မလုပ်နဲ့တဲ့။ လုပ်ရင်လည်း ကုသိုလ်ဆိုတာ လုံးဝမရှိဘူးတဲ့။ “နတ္ထိ ပုညံ၊ နတ္ထိ ပုညဿ အာဂမော” = “ပုညံ-ကုသိုလ်ကောင်းမှုဆိုတာ၊ နတ္ထိ-လုံးဝမရှိဘူး”၊ လူတွေက ရှိတယ်ထင်နေကြတာတဲ့။ “ပုညဿ အာဂမော” = ကုသိုလ်ကောင်းမှုရဲ့ အကျိုးတရားဆိုတာလည်း မရှိဘူးတဲ့။ မင်းတတ်နိုင်လို့ရှိရင် သီလဆောက်တည်မယ်၊ ဒါနကောင်းမှုတွေ လုပ်မယ်၊ ကိုယ့်စိတ်လေးကို စောင့်စည်းမယ်၊ မှန်ကန်တဲ့စကားတွေပြောမယ်၊ အခု ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဆိုရင် ဒါနကောင်းမှု လုပ်ကြတယ်၊ သီလဆောက်တည်ကြတယ်၊ ကမ္မဋ္ဌာန်းဘာဝနာပွားများမှုဆိုတဲ့ ကိုယ့်စိတ်ကလေးကို ထိန်းသိမ်းစောင့်ရှောက်ကြတယ်၊ မှန်ကန်တဲ့စကား ပြောကြတယ် ဆိုတော့ ဒါတွေဟာ ကောင်းကျိုးချမ်းသာကို ဖြစ်စေနိုင်တယ်လို့ မြတ်စွာဘုရားက ဟောထားတာ။

စာမျက်နှာ-၄၈
သူကတော့ အဲဒါတွေလုပ်သည့်အတွက်ကြောင့် ဘာကုသိုလ်မှ မရပါဘူးလို့ ပြောတယ်။

လက်တွေ့နဲ့ ကိုက်ညီလား စဉ်းစားကြည့်ရအောင်၊ ဒါနကောင်းမှုလုပ်တဲ့အခါ ပေးလှူလိုက်တဲ့ ပုဂ္ဂိုလ်ကလည်း ကြည်နူးတယ်၊ ရတဲ့ ပုဂ္ဂိုလ်ကလည်း ပျော်တယ်၊ ဥပမာ-ကိုယ့်အိမ် ဧည့်သည်လာလို့ ကော်ဖီလေးတစ်ခွက်တိုက်လိုက်တယ်ဆိုရင် လာတဲ့သူကလည်း သောက်ရလို့ကျေနပ်တယ်၊ တိုက်ရတဲ့သူကလည်း ငါ့ဝတ္တရားကျေတယ်ဆိုပြီးတော့ ဝမ်းသာတယ်၊ ဒါနကောင်းမှုပြုလုပ်ခြင်းဖြင့် ပေးသူကလည်း ဝမ်းသာ၊ ရသူကလည်း ဝမ်းသာ။ ပေးလှူတဲ့ ပုဂ္ဂိုလ်၊ ရရှိတဲ့ပုဂ္ဂိုလ် (၂) ဦးလုံး အကျိုးရှိပြီး စိတ်ချမ်းသာမှု၊ ဝမ်းသာမှုတွေ ရရှိကြပြီး စိတ်ဓာတ်တွေ နူးညံ့လာကြတယ်။

“အဒန္တဒမနံ ဒါနံ၊ ဒါနံ သဗ္ဗတ္ထသာဓကံ” ဒါနဆိုတာ ပေးကမ်းခြင်း၊ ပေးကမ်းခြင်းသည် အောင်မြင်ရာ၏ လို့တောင် အဆိုရှိသေးတယ်၊ ဘယ်ကိစ္စမဆို ပေးလိုက်-ကမ်းလိုက်ရင် မအောင်မြင်ပေဘူးလား။ ဒါဟာ ဒါနအကျိုးပဲ၊ ဒီထက် ထင်ရှားတဲ့အကျိုးပေး ဘယ်ရှိမလဲ၊ နောက်ဘဝထားဦး၊ အခုလက်တွေ့ ပေးလိုက်ကမ်းလိုက်ရင် အောင်မြင်သွားတာပဲ၊ ဒါကို ဒါနအကျိုး မရှိဘူးလို့ဟောရင် ဘယ်မှန်ပါ့မတုံး၊ တကယ့်လက်

စာမျက်နှာ-၄၉
တွေ့နဲ့ အလွန်ဝေးနေတယ်။ နောက်ဘဝမှ ချမ်းသာတယ်၊ မချမ်းသာဘူးဆိုတာ နောက်မှ လာမယ့်အကျိုးကို ထားဦး၊ အခုလက်တွေ့ ပေးလှူသူ၊ အလှူခံရသူ နှစ်ဦးနှစ်ဝ စိတ်ချမ်းသာပြီး မေတ္တာပေါင်းကူးမိသွားတယ်။ ဒါဟာ အကျိုးပဲ။

ကဲ သီလဆောက်တည်လိုက်တယ်၊ သူများအသက်မသတ်ပါဘူး၊ သူတစ်ပါးဥစ္စာ မခိုးပါဘူးလို့၊ ကိုယ့်ရဲ့လက်နဲ့ ကိုယ့်ကြောင့် ဘယ်သူမှ အသက်မဆုံးရှုံးရဘူး၊ ကိုယ်က ဘယ်သူ့ကိုမှ အန္တရာယ်မပြုသည့်အတွက်ကြောင့် ကိုယ့်အတွက်နဲ့ အသက်သေရတဲ့ ပုဂ္ဂိုလ်မရှိဘူးဆိုတော့ ကိုယ့်ကိုလည်း အန္တရာယ်ပြုမယ့်သူမရှိဘူး၊ ဒါဟာ အကျိုးပဲ၊ တိရစ္ဆာန်ကလေးတွေတောင်မှ ကိုယ့်အန္တရာယ်မပြုဘူး ဆိုရင် ခင်တယ်၊ ကိုယ့်ကိုအန္တရာယ်ပြုမယ့်သူဆိုရင် ခွေးကလေးတွေကအစ မျက်စောင်းထိုးကြည့်တာ၊ သိတယ်၊ အန္တရာယ်မပြုဘူးဆိုရင် ချစ်ခင်မှုကိုပြတယ်၊ ဒါဟာ သီလဆောက်တည်တဲ့ အကျိုးတရားတွေပဲ။

လိမ်မပြောဘူးဆိုရင် “ဟာ ဒီလူဟာ ဘယ်တော့မှ လိမ်ပြောလေ့မရှိဘူး” ဆိုပြီး သူ့စကားကို အားလုံးက အလေးအနက်ထားကြတယ်။ လိမ်တဲ့သူဆိုရင် နောင်ဘဝရောက်မှ ငရဲကျမှာ မဟုတ်ဘူး။ ဒီဘဝ

စာမျက်နှာ-၅၀
တွင်ပင် “ဒီလူက လူလိမ်ကြီးပဲ” ဆိုပြီး သူ့စကားကို ဘယ်သူမှ လက်မခံဘူး၊ အပေါင်းအသင်း မလုပ်ဘူး၊ ယုံကြည်မှုမရှိဘူး။ အဲဒါတွေဟာ ရရှိလာတဲ့ အကျိုးတရားတွေပဲ။ သီလဆောက်တည်ခြင်းဖြင့် ရရှိမည့် အကျိုးတရားတွေကို အဝေးကြီးမှာ ကြည့်စရာ မလိုဘူး။ ပစ္စုပ္ပန်မှာ ရနိုင်တဲ့အကျိုးတွေတင် အများကြီးရှိတယ်၊ တမလွန်မှာ ရနိုင်တဲ့အကျိုးလည်းရှိတယ်။

မြတ်စွာဘုရားက “သီဟသုတ္တန်” မှာ ဒါနရဲ့ အကျိုးကို ပစ္စုပ္ပန်မှာရနိုင်တဲ့အကျိုး၊ တမလွန်မှာ ရနိုင်တဲ့အကျိုးဆိုပြီး ခွဲဟောထားတာ ရှိတယ်။ ဒါနရဲ့ ပစ္စုပ္ပန်မှာရနိုင်တဲ့အကျိုးတွေက လူချစ်လူခင် ပေါများမယ်။ မှန်တာပေါ့။ လှူတဲ့သူဟာ လူချစ်လူခင် များတာပေါ့၊ “လှူဖော်တန်းဖော်ရတယ်၊ ပေးဖော်ကမ်းဖော်ရတယ်” ဆိုပြီး သူ့ဆီကရတဲ့ ပုဂ္ဂိုလ်က သူ့ကို ခင်နေကြတာပေါ့။ စားရမဲ့သောက်ရမဲ့ ဖြစ်နေတဲ့ ခွေးလေးတွေ၊ တိရစ္ဆာန်လေးတွေ အစာပေးကျွေးထားရင် မြင်တာနဲ့ အမြီးနန့်မှာပဲ ကျေနပ်နေတာလေ၊ လူလည်း အတူတူပါပဲ။ ကိုယ်က ကျွေးမွေးစောင့်ရှောက်နေတယ်ဆိုရင် ကိုယ့်ကို ခင်နေတာပဲ၊ ဒါတွေက တကယ့်လက်တွေ့ပဲ။

ဒါ့အပြင် အခြားသီလတွေမှာလည်း အကျိုးတွေရှိနေတာပဲ။ မူးယစ်ဆေးဝါး သေရည်သေရက် မသောက်

စာမျက်နှာ-၅၁
မစားဘူးလို့ဆိုရင် အတွေးအခေါ်တွေ မှန်ကန်မယ်၊ အများကကိုယ့်ကိုလေးစားတယ်။ မူးယစ်သောက်စားတဲ့သူတွေဆိုရင် “သူက အရက်သမား၊ သိပ်အပေါင်းအသင်းမလုပ်ကြနဲ့” ဆိုပြီး လူအများက အလေးမထားတာ၊ အဖက်မလုပ်တာကို ခံရမယ်။ အမှားမှားအယွင်းယွင်းတွေလည်း ပြောဆိုလုပ်ကိုင်လာမယ်။ အဲဒါဟာ အပြစ်တွေပဲ။ နောင်ဘဝ ငရဲကျတာ၊ မကျတာ အသာထား၊ ဒီဘဝတင်ပဲ မကောင်းတဲ့အကျိုး ရနေတယ်။ ငါးပါးသီလဆိုတာ လူ့လောကကြီးကို လက်တွေ့အကျိုးပြုနေတဲ့ တရားတွေပဲ။

အဲဒါတွေကို ပူရဏကဿပက ဘာအကျိုးမှ မရှိဘူးလို့ ပြောခြင်းဟာ လက်တွေ့အကျိုးကို ငြင်းပယ်နေခြင်းဖြစ်တယ်။ ဒါ့ကြောင့် သူ့ရဲ့ အကိရိယဝါဒဟာ ဒီကနေ့ခေတ်မှာ ကြိုက်တဲ့သူ ရှိကောင်းရှိနိုင်ပေမယ့် အိန္ဒိယနိုင်ငံမှာတော့ သူ့ဒဿန ပျောက်ကွယ်သွားပါပြီ။ သို့သော် သူ့ရဲ့ အဆုံးအမဩဝါဒတွေက လူမိုက်တွေထဲမှာတော့ ရှိနေမှာပေါ့။ ဘုရားအဆူဆူက ဟောတော်မူတဲ့ ကုသိုလ်၊ အကုသိုလ်နှင့် ၎င်းတို့ရဲ့ အကျိုးတရား ရှိတယ်ဆိုတာကို ဆန့်ကျင်ပြီး အကိရိယဝါဒကြီးကို ဖြန့်ဖြူးခဲ့တာ ပူရဏကဿပ ဖြစ်ပါတယ်။ အဲဒီဝါဒက ကံကိုငြင်းပယ်တော့ ကံရဲ့အကျိုးကို ငြင်းပယ်

စာမျက်နှာ-၅၂
ရာလည်း ရောက်တယ်။ သူ့ဝါဒက လောကကို အကျိုးမပြုတဲ့ဝါဒ၊ ပျက်စီးစေတဲ့ဝါဒ ဖြစ်တယ်လို့ လက်တွေ့မှာ ပြောလို့ရတယ်။

မက္ခလိဂေါသာလ ဝါဒ

မက္ခလိဂေါသာလ ကလည်း ဟောပြန်တယ်။ ဘာတွေဟောလဲဆိုတော့ အကြောင်းတရားကို ငြင်းပယ်တဲ့ဝါဒကိုဟောတယ်။ “နတ္ထိ ဟေတု နတ္ထိပစ္စယော သတ္တာနံ သံကိလေသာယ၊ အဟေတူ အပစ္စယာ သတ္တာ သံကိလိဿန္တိ၊ နတ္ထိ ဟေတု နတ္ထိပစ္စယော သတ္တာနံ ဝိသုဒ္ဓိယာ၊ အဟေတူ အပစ္စယာ သတ္တာ ဝိသုဒ္ဓါ”

သူက သတ္တဝါတွေ ညစ်နွမ်းပြီး ဒုက္ခရောက်ကြတာ ဘာအကြောင်းမှ မရှိဘူး၊ သတ္တဝါတွေ စင်ကြယ်၊ ချမ်းသာကြတာလည်း ဘာအကြောင်းတရားမှ မရှိဘူး။ သူတို့ဘာသာ ဖြစ်ချင်လို့ ဖြစ်တာလို့ အကြောင်းကို ငြင်းပယ်တဲ့ဝါဒကို ဟောတယ်။

ဒီလိုဟောတော့ နိဗ္ဗာန်ရဖို့ ဘယ်သူမှ ကြိုးစားကြမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် သူက ဘာမှလုပ်လို့မရဘူးလို့ ပြောတဲ့သူကိုး။ သူက အကြောင်းတရားကို မရှိဘူးလို့ ဟောတယ်။ လောကမှာ အကြောင်း

စာမျက်နှာ-၅၃
တရားရှိတယ်ဆိုတာ အလွန်ထင်ရှားတယ်။ ဥပမာ-သရက်စေ့ကနေ သရက်ပင်လေးပေါက်လာတာ အကြောင်းရှိတာပဲ၊ သရက်စေ့ကို ဒီအတိုင်းထားရင် အပင်မပေါက်နိုင်။ မြေနဲ့ရေပေါင်းမှ အပင်ပေါက်နိုင်တယ်။ ဒီလိုအပင်ပေါက်လာတာဟာ မြေနဲ့ရေဟာ အကြောင်းတရားတွေပဲ။ လောကမှာ အကြောင်းတရားနှင့် အကျိုးတရား အမြဲတမ်းရှိတယ်။

ဆိုပါစို့၊ လူမှာ မျက်စိလည်းရှိတယ်၊ မြင်စရာ အဆင်းအာရုံတွေလည်း ရှိတယ်။ အဆင်းအာရုံနဲ့ မြင်တဲ့မျက်စိ၊ ဆုံမိတဲ့အခါ မြင်သိစိတ်ကလေး ပေါ်လာမယ်။ အဲဒီမှာ မျက်စိကလည်း အကြောင်းတစ်ခု၊ မြင်စရာ အာရုံကလေးလည်း အကြောင်းတစ်ခု၊ မြင်သိစိတ်ကလေးမှာ အကြောင်းတရား နှစ်ခုရှိနေတယ်။ အခု အလင်းရောင် ရနေတာ ဘာ့ကြောင့်လဲဆိုရင် လျှပ်စစ်မီး ဖွင့်လိုက်လို့၊ ဒါလည်း အကြောင်းတရားပဲ။ လျှပ်စစ်မီး ပြတ်တောက်သွားတာနဲ့ မှောင်သွားတာ၊ မီးမလင်းတာလည်း အကြောင်းတရားရှိတာပဲ။ ဒါ့ကြောင့် အလင်းဟာ အကြောင်းရှိတယ်၊ အကြောင်းမရှိဘဲ မရနိုင်ဘူး။ အဲဒါကို ထိုပုဂ္ဂိုလ်က လောကမှာ အကြောင်းတရားနှင့် အကျိုးတရားဆိုတာ ငြင်းပယ်ပြီးတော့ ဘာတွေဟောသလဲဆိုရင်

စာမျက်နှာ-၅၄
“နတ္ထိ အတ္တကာရေ”၊ ကိုယ့်ဟာကိုယ်လုပ်လို့ရတာ မရှိဘူး၊ ဒါကတော့ တကယ့်လက်တွေ့ကို ငြင်းပယ်လိုက်တာပဲ။ ကိုယ့်ကိုယ်ကိုယ် ဘာမှလုပ်လို့မရဘူးဆိုတော့ အတ္တကာရ မရှိဘူးဆိုတော့ လူတွေဟာ ကိုယ်သွားချင်တဲ့နေရာ ထသွားရင် မရောက်နိုင်ဘူးလား၊ ရောက်တာပဲ၊ အဲဒါ ကိုယ်လုပ်တာပဲ မဟုတ်လား။ ကိုယ်လုပ်လို့ရတာ ဘာလို့မရှိရမှာလဲ၊ ရှိတာပေါ့။

“နတ္ထိ ပရကာရေ” = သူတစ်ပါးလုပ်ပေးလို့လည်း မရဘူးတဲ့၊ လောကမှာ သူတစ်ပါးလုပ်ပေးလို့ ကြီးပွားတိုးတက်သွားတာတွေ၊ မိဘတွေက သားသမီးတွေကို ပြုစုထောက်ပံ့ပေးလို့ ကြီးပွားတိုးတက်တာတွေ ရှိတယ်၊ ဒါကို သူကငြင်းပယ်ပြီး နတ္ထိ ပရကာရေ = သူတစ်ပါး လုပ်လို့လည်း မရဘူးလို့ ဟောတယ်။

“နတ္ထိ ပုရိသထာမော၊ နတ္ထိ ဝီရိယံ”။ ဝီရိယရဲ့ အကျိုးမခံစားရဘူးတဲ့။ လူတွေရဲ့ လုံ့လဝီရိယကို အသိအမှတ်မပြုဘူး၊ လက်တွေ့နဲ့ လုံးဝ မကိုက်ညီဘူး။ လက်တွေ့မှာ ထမင်းစားချင်ရင် ကိုယ့်ဘာသာ ဆိုင်သွားပြီး ဝယ်စား၊ ရတယ်။ သို့မဟုတ် ကိုယ့်ဘာသာ ချက်စားရင် တကယ်စားရမယ်၊ ဒါ ဝီရိယရဲ့အကျိုးပဲ။ ထမင်းက သူ့ဘာသာ ပါးစပ်ထဲဝင်မလာဘူး။ ဒါ ကိုယ့်ရဲ့လုံ့လ အားထုတ်မှုလေးတွေ ရှိလို့ပါ။ ကျောင်းသူကျောင်းသား

စာမျက်နှာ-၅၅
တွေဆိုရင် စာကျက်မှ စာရမယ်၊ စာရမှ စာမေးပွဲအောင်မယ်၊ စာမေးပွဲအောင်တယ်ဆိုတာ လုံ့လဝီရိယရဲ့ အကျိုးတရားတွေပဲ။ မက္ခလိဂေါသာလရဲ့ ဝါဒကတော့ လုံ့လဝီရိယရဲ့ အကျိုးကို လုံးဝအသိအမှတ်မပြုပါဘူးတဲ့။

သတ္တဝါအားလုံးမှာ ကံကြမ္မာက ပုံသေသတ်မှတ်ထားပြီးသား ဖြစ်တယ်တဲ့၊ ဒါက သူ့ရဲ့ နိယတိဝါဒ ဖြစ်တယ်။ လူဖြစ်ရမယ်ဆိုရင်လည်း လူဖြစ်တယ်။ ခွေးဖြစ်ရမယ်ဆိုလည်း ခွေးဖြစ်တယ်တဲ့။ ဘာအပြောင်းအလဲမှ လုပ်ချင်လို့မရဘူးတဲ့။ လူစွမ်းအား လုံးဝမရှိဘူးတဲ့။ သတိစွမ်းအား၊ ဉာဏစွမ်းအားတွေ ဘာတစ်ခုမှ မရှိဘူးတဲ့။

လက်တွေ့မှာ လူ့စွမ်းအားတွေ အများကြီးရှိတာပဲ၊ “ယောက်ျားတံခွန်၊ လူရည်ချွန်က၊ မိုးစွန်တမွတ်၊ ကြယ်ကိုဆွတ်လည်း၊ မလွတ်စတမ်း၊ ရမြဲလမ်း” ဆိုတာကို သူက ငြင်းပယ်လိုက်တာ။ လုံ့လဝီရိယဆိုတာတွေရဲ့ စွမ်းအားတွေကို သူကတစ်ခုမှ အသိအမှတ်မပြုဘူး။ အဲဒီတော့ ဒီဝါဒက တိုးတက်မှုကို ဟန့်တားပယ်ဖျက်တဲ့ ဝါဒဖြစ်နေတယ်။ ပုံသေသတ်မှတ်ထားတော့ လူလောက လူသားတွေဟာ စီးပွားရေးတို့၊ ဓမ္မရေးတို့ တိုးတက်စရာ အကြောင်းမရှိဘူး၊

စာမျက်နှာ-၅၆
ဘာမှမလုပ်ဘူးဆိုရင် ဒီလောကကြီးဟာ ပျက်စီးခြင်းမက ပျက်စီးသွားနိုင်တာပေါ့။ ဒါဟာလဲပဲ နိဗ္ဗာန်တံခါးကြီးကို ဆို့ပိတ်ထားတဲ့ အယူဝါဒဆိုးကြီးတစ်ခုပဲ ဖြစ်နေတယ်။

သူကဘယ်လောက်ထိအောင် ပြောသလဲဆိုရင် လူတွေဟာ “နိယ” ပုံသေသတ်မှတ်ထားတဲ့အတိုင်း၊ “သင်္ဂ” ပေါင်းဆုံလာတဲ့အခါမှာ၊ “ဘာ” = ထင်ရှားပေါ်လာတာတဲ့။ ဘာမှလုပ်လို့မရဘူးတဲ့။ “ဒေါဏမိတေ သုခ ဒုက္ခ” = လောကမှာ ချမ်းသာ၊ ဆင်းရဲဆိုတာ အကန့်အသတ်ရှိတယ်။ လူတိုင်းမှာ ချမ်းသာ၊ ဆင်းရဲဆိုတာ အကန့်အသတ်ရှိတယ်။ လူတိုင်းမှာ သံသရာဆိုတာလဲ အကန့်အသတ်ရှိပြီးသားတဲ့။

“နတ္ထိ ဟာယန ဝုဒ္ဓိ” = အတိုအထွာ လုပ်လို့မရဘူး၊ “နတ္ထိ ဥက္ကံသာဝကံသေ” = အနိမ့်အမြင့် လုပ်လို့မရ။ ပုံသေကားချပ်အတိုင်းပဲ ရှိရမယ်။ ပညာရှိပဲဖြစ်ဖြစ်၊ လူမိုက်ပဲဖြစ်ဖြစ် မဟာကပ် ရှစ်သန်းလေးသောင်းလို့ ခေါ်တဲ့ အလွန်ရှည်ကြာတဲ့ အပိုင်းအခြားကြီးတစ်ခု ပြည့်တဲ့အခါ လူမိုက်ရော ပညာရှိပါအားလုံးဟာ ဘဝကို အဆုံးသတ်ကြရမှာပဲတဲ့။

ဒီအပိုင်းအခြား မပြည့်ခင် ပညာရှိကလည်း ငါပညာရှိဆိုပြီး သံသရာကို တိုအောင်လုပ်လို့မရဘူးတဲ့။

စာမျက်နှာ-၅၇
လူမိုက်ကလည်း ငါလူမိုက်ပဲကွာ၊ သံသရာကို အပိုင်းအခြားကျော်ပြီးတော့ နေချင်တယ်ဆိုပြီး သံသရာကို ရှည်အောင်လုပ်လို့မရဘူးတဲ့၊ အရှည်အတိုကို တစ်ခါတည်း အတိအကျဖြတ်ပြီးသားလို့ သူကဟောတယ်။ ဥပမာ လေးပေးထားသေးတယ်၊ အပ်ချည်လုံးလေးတစ်လုံးကို အမြင့်ကနေ ကြိုးစလေးကနေ ကိုင်ပြီး ချကြည့်လိုက်ရင် ကြိုးရှိသမျှတော့ အပ်ချည်လုံးလေးဟာ လိမ့်ဆင်းနေမှာပဲ၊ ကြိုးကုန်ရင် ရပ်သွားမယ်၊ ဆိုလိုတာက အတိုင်းအတာ အကန့်အသတ်တစ်ခုကုန်သွားတာနဲ့ ပြီးသွားမယ်လို့ ဒီလိုပြောတာ၊ ဒါ “နိယတိဝါဒ” လို့ခေါ်တယ်။

အဲဒီ နိယတိဝါဒကြီးကလည်း လောကမှာ ဘာမှအလုပ်မဖြစ်ဘဲနဲ့ လူတကာရဲ့ စိတ်ထဲမှာ ရှုပ်ထွေးရုံ ရှုပ်ထွေးစေပြီး အလကားသက်သက် ကန့်လန့်ကြီးဖြစ်နေလို့ သူ့ရဲ့ဝါဒဟာ အကြောင်းတရားကို ငြင်းပယ်တဲ့အတွက် အလွန်ဆိုးရွားတဲ့ဝါဒ ဖြစ်တယ်လို့ မြတ်စွာဘုရားက ဟောထားပါတယ်။ အဲဒီတော့ သူ့ဝါဒကလည်း ဘာမှလုပ်စရာမလိုဘူးဆိုတော့ လောကကြီး တိုးတက်ဖို့ရန် မဖြစ်နိုင်တဲ့ဝါဒ ဖြစ်နေတယ်။ သို့သော် ထိုခေတ် ထိုအခါကာလမှာ သူ့ဝါဒ၊ သူ့ Philosophy ကို လူတော်တော်များများက ကြိုက်ကြတယ်။

စာမျက်နှာ-၅၈
မြတ်စွာဘုရားကတော့ အရိုးကြေကြေ၊ အရေခန်းခန်း၊ ခန္ဓာကိုယ်မှာရှိတဲ့ အသားအသွေးတွေ ခြောက်လို့ အရိုးအရေပဲ ကျန်ပါစေ၊ တရားထူးတရားမြတ် မရမချင်း၊ မရပ်တန့်ဘူးဆိုတဲ့ လုံ့လဝီရိယရှိရမယ်လို့ ဟောတယ်၊ ဘုရားရှင်ကိုယ်တော်တိုင်လည်း (၆) နှစ်လုံးလုံး ပင်ပင်ပန်းပန်း ဒုက္ကရစရိယာ ကျင့်ပြီးမှ ဘုရားဖြစ်ခဲ့တာကို ကြည့်လျှင် ဝီရိယမထုတ်လျှင် ဘာမှမရနိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ ဘာမဆို ဝီရိယထုတ်ပြီးမှ ရကြတာပဲ။ ထိုပုဂ္ဂိုလ်ရဲ့ဝါဒက ဝီရိယကို အသိအမှတ်မပြုဘူးဆိုတဲ့ ဝါဒဖြစ်လို့ အလွန်အန္တရာယ်များတဲ့ ဝါဒကြီးတစ်ခုပါ။ အဲဒီဝါဒတွေဟာ မြတ်စွာဘုရား မပွင့်ခင်ကတည်းက ဟောခဲ့တဲ့ ဝါဒတွေ ဖြစ်တယ်။

အဇိတ ကေသကမ္ဗလ ဝါဒ

အဇိတ ကေသကမ္ဗလရဲ့ ဝါဒက အကျိုးကို ငြင်းပယ်တဲ့ “နတ္ထိကဝါဒ” ဖြစ်တယ်။ ကံကို ငြင်းပယ်တယ်ဆိုရင် ကံ၏အကျိုးကိုလည်း ငြင်းပယ်ရာရောက်တယ်။ ခုနတုန်းက ပူရဏကဿပက ကံကို ငြင်းပယ်တယ်၊ မက္ခလိဂေါသာလက အကြောင်းတရားကို ငြင်းပယ်တယ်။ ဒါပေမဲ့ အဇိတ ကေသကမ္ဗလကတော့ အကျိုးတရားတွေကို ငြင်းပယ်တဲ့ ဝါဒဖြစ်တယ်။

စာမျက်နှာ-၅၉
ဘယ်လိုငြင်းပယ်လဲဆိုတော့- “နတ္ထိ ဒိန်၊ နတ္ထိ ယိဋ္ဌိ၊ နတ္ထိ ဟုတံ” = လှူဒါန်းခြင်း၏ အကျိုးမရှိ၊ ပူဇော်ခြင်း၏ အကျိုးမရှိ၊ လက်ဆောင်ပေးခြင်း၏ အကျိုးမရှိ။ ဒိန္နဆိုတာ လှူတာ တန်းတာ၊ ဒီ ဒါနရဲ့ အကျိုးဆိုတာ မရှိဘူးတဲ့။ ဒါနမလုပ်နဲ့၊ လုပ်လဲ ဘာအကျိုးမှ မရဘူးလို့ ပြောတယ်။ “ယိဋ္ဌ” ဆိုတာ အကြီးအကျယ် ပူဇော်ပသမှုပြုတာ၊ အဲဒါအတွက်လည်း ဘာအကျိုးမှ မရဘူးတဲ့။ “ဟုတ” ဆိုတာ လက်ဆောင် ပဏ္ဏာပေးတာ၊ အဲဒါလည်း ဘာမှ အကျိုးမရှိဘူးတဲ့။ အကျိုးတရားတွေကို ငြင်းပယ်တာ၊ လက်တွေ့နဲ့တော့ မကိုက်ညီဘူး။ ခုနအရာတွေမှာ အကျိုးတရားတွေ ရှိတယ်။ ဒါတင်မကသေးဘူး။

“နတ္ထိ သုကတဒုက္ကဌာနံ ကမ္မာနံ ဖလံ ဝိပါကော” = ကောင်းတာ လုပ်မှု ကုသိုလ်၊ မကောင်းတာ လုပ်မှု အကုသိုလ်ဆိုတာတွေရဲ့ အကျိုးဆိုတာ မရှိဘူးလို့ ငြင်းပယ်တယ်။ “နတ္ထိ အယံ လောကော” = တမလွန်ဘဝမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေအတွက် ဒီလောကဆိုတာ မရှိဘူး။ “နတ္ထိ ပရော လောကော” = ဒီလောကမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေအတွက်လည်း တမလွန်လောကဆိုတာ မရှိဘူးတဲ့။

“နတ္ထိ မာတာ”: လောကကြီးမှာ အမေဆိုတာ မရှိဘူး၊ အမေကို အသိအမှတ် မပြုဘူး၊ အမေကို လုပ်ကျွေးပြုစုလို့လည်း အကျိုးမရှိဘူး၊ စော်ကားလို့လည်း

စာမျက်နှာ-၆၀
အပြစ်မရှိဘူး။ “နတ္ထိ ပိတာ” = အဖေဆိုတာ မရှိဘူး၊ အဖေကို အသိအမှတ် မပြုဘူး။ လုပ်ကျွေးလို့လည်း ဘာမှ အကျိုးမရှိဘူး၊ စော်ကားလို့လည်း အပြစ်မရှိဘူးလို့ ဟောတယ်။ သားအဖချင်း အပြန်အလှန် ပြုသင့်တဲ့ တာဝန်ဝတ္တရားတွေ ပျက်စီးအောင် လုပ်တဲ့ ဝါဒ၊ မေတ္တာပျက်အောင် ရန်တိုက်ပေးတဲ့ ဝါဒ ဖြစ်နေတယ်။

“နတ္ထိ သတ္တာ သြပပါတိကာ” = သေပြီးနောက် ပြန်ဖြစ်တာ တစ်ယောက်မှ မရှိဘူးတဲ့။ ဒါ့အပြင် လောကကြီးရဲ့ အကြောင်းကို ကောင်းမွန်စွာသိပြီး ဟောပြောနိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် လူ့လောကမှာ တစ်ယောက်မှ မရှိပါဘူးတဲ့။ အဲဒီလို အချက် (၁၀) ချက်ကို ငြင်းပယ်တယ်။ ဒါ နတ္ထိကဝါဒ လို့ခေါ်တယ်။

အခု ပြောခဲ့ပြီးတဲ့ ပုဂ္ဂိုလ် (၃) ဦးရဲ့ ဝါဒတွေကို လေ့လာကြည့်ရင် ပူရဏကဿပရဲ့ ဝါဒရယ်၊ မက္ခလိဂေါသာလရဲ့ ဝါဒရယ်၊ အဇိတကေသကမ္ဗလရဲ့ ဝါဒတွေရယ်၊ ဒီဝါဒတွေကို လက်ခံယုံကြည်သူတွေ အတွက်တော့ နိဗ္ဗာန်မဂ်ဖိုလ် ရောက်နိုင်ဖို့ မပြောနဲ့ ကောင်းရာ သုဂတိဘုံကိုတောင် မရောက်နိုင်ဘူး။

ကဲ ကြည့်၊ ပူရဏကဿပကလည်း သတ်ချင်သလောက်သတ်၊ ဘာမှမဖြစ်ဘူး၊ အကုသိုလ်ဆိုတာ မရှိဘူးလို့ပြောတာ။ ကုသိုလ်လုပ်လည်း ဘာမှအကျိုး

စာမျက်နှာ-၆၁
မရှိဘူး။ လူတွေဟာ ကုသိုလ်လည်းမလုပ်ဘူး၊ အကုသိုလ်လည်း မလုပ်ဘူးဆိုတော့ ပျက်စီးသွားတာ၊ လုပ်ချင်ရာတွေ လုပ်ပြီး၊ အကုသိုလ်တွေလုပ်ပြီး သေရင်ဘယ်သွားမှာလဲဆိုတော့ အပါယ်ကိုချည်း သွားကြမှာပေါ့။ ဒါကြောင့် သူတို့ဝါဒကြီးက အပါယ်တံခါးဖွင့်ထားတဲ့ ဝါဒကြီးပဲ။ အဲဒီဝါဒတွေကို လက်ခံယုံကြည်တဲ့ ပုဂ္ဂိုလ်တွေဟာ နိဗ္ဗာန်မဂ်ဖိုလ်ကို မျက်မှောက်ပြုဖို့ နေနေသာသာ ကောင်းရာသုဂတိဖြစ်တဲ့ နတ်ပြည်၊ လူ့ပြည်တောင် မရနိုင်ပါဘူး။ အဲဒီလောက်ထိအောင် အခြေအနေဆိုးစေတဲ့ ဝါဒကြီးပေါ့။

မက္ခလိဂေါသာလရဲ့ ဝါဒက အကြောင်းကို ပယ်တဲ့ ဝါဒ။ အဇိတရဲ့ ဝါဒက အကျိုးကို ငြင်းပယ်တဲ့ ဝါဒတွေဖြစ်လို့ အဲဒီဝါဒတွေကို လက်ခံယုံကြည်သူတွေ အတွက်တော့ နိဗ္ဗာန်ရောက်နိုင်ဖို့ မပြောနဲ့၊ ကောင်းရာ သုဂတိဘုံကိုတောင် မရောက်နိုင်ဘဲ၊ လောကမှာ ကောင်းကျိုးမရှိစေတဲ့ အခြေအနေဆိုးရွားစေတဲ့ ဝါဒ၊ အပါယ်တံခါးဖွင့်တဲ့ ဝါဒတွေသာ ဖြစ်နေတယ်။

အဇိတ ကေသကမ္ဗလက ဘာပြောသေးတုံးဆိုရင် လူရဲ့ခန္ဓာကိုယ်မှာ မဟာဘူတဆိုတဲ့ ဓာတ်ကြီးလေးပါး ရှိတယ်။ လူတစ်ယောက်သေသွားရင် အဲဒီ ဓာတ်ကြီးလေးပါးထဲက ရေဓာတ်က ရေနဲ့ပေါင်းတယ်။

စာမျက်နှာ-၆၂
မြေဓာတ်က မြေနဲ့ပေါင်းတယ်၊ လေဓာတ်က လေနဲ့ပေါင်းတယ်၊ တေဇောဓာတ်ကလည်း အပြင်မီးဓာတ်နဲ့ ပေါင်းသွားတယ်။ ခုခေတ်ပြောရင် သေရင်မြေကြီးဆိုတာမျိုးပေါ့၊ လူသေလို့ရှိရင် သူ့ခန္ဓာကိုယ်မှာရှိတဲ့ ဓာတ်တွေက အပြင်က ဓာတ်တွေနဲ့ ပေါင်းသွားတယ်တဲ့။ အသိစိတ်ဓာတ်က ကောင်းကင်ကို လွင့်ပျံသွားတယ်လို့ပြောတယ်။ လူဟာ သေပြီဆိုလို့ရှိရင် လူ့ရဲ့ဂုဏ်သိက္ခာက သင်္ချိုင်းအထိပဲရှိတယ်၊ သင်္ချိုင်းဟိုဘက် မရောက်ဘူးတဲ့။ ဆိုလိုတာက နောင်ဘဝမရှိဘူးလို့ ပြောချင်တာ။

နောက်ပြီးတော့ “ဒတ္တူပညတ္တံ ယဒိဒံ ဒါန” = သူက ဒါနကိုလည်း ပုတ်ခတ်သေးတယ်။ ဒါနကောင်းမှုပြုတယ်ဆိုတာလည်း လူမိုက်တွေ ထွင်ထားတာပါ။ မိုက်တဲ့သူတွေ လူအ၊ လူညံ့တွေပဲ ဒါနကောင်းမှုလုပ်ကြတာပါလို့ ပြောတယ်။ သူဆိုလိုတာက အ၊ တဲ့ နတဲ့ သူတွေက လှူပြီး လိမ္မာပါးနပ်တဲ့သူတွေက ယူကြတာလို့ ပြောချင်တာ။ “ဘဿန္တာ အာဟုတိယော” = အဲဒီတုန်းက အိန္ဒိယနိုင်ငံမှာ သူတို့ ယဇ်ပူဇော်တယ်ဆိုတဲ့ စနစ်ရှိတယ်။ အဲဒီယဇ်ပူဇော်တဲ့ ကုသိုလ်ကောင်းမှုတွေ အားလုံးဟာ၊ သူတို့က မီးပူဇော်တာနဲ့ အားလုံးဟာ မီးထဲထည့်တော့ ဘာဖြစ်တုံးဆိုတော့ ပြာပဲဖြစ်သွားကြ

စာမျက်နှာ-၆၃
တယ်လို့ သူကပြောတာ။ ဒါကြောင့် ဘာလုပ်လုပ် အလကားပဲပေါ့၊ ပြာပဲဖြစ်သွားတာ။

ဒါတင်မကဘူး၊ သူကပြောသေးတယ်၊ ဒါနကောင်းမှုရှိတယ်လို့၊ ကုသိုလ်ကောင်းမှုရဲ့ အကျိုးရှိတယ်လို့ ပြောတဲ့သူတွေ၊ အတ္ထိကဝါဒသမားတွေဟာ လူလိမ်လူညာတွေပဲလို့ စွပ်စွဲ ပြောဆိုလိုက်တယ်။ ဘယ်သူပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် သေပြီးသွားတာနဲ့ အားလုံးဟာ လုံးဝပြတ်သွားပြီး ဘယ်တော့မှ ပြန်ဖြစ်မလာတော့ဘူးတဲ့။ ဒါ ဥစ္ဆေဒဝါဒပဲ။ အဲဒီ လူ့ဆံပင် ကမ္ဗလာကြီးကို ဝတ်ရုံထားတဲ့ အဇိတကေသကမ္ဗလ ဆရာကြီးရဲ့ ဝါဒ “နတ္ထိကဝါဒ” ကလည်း အလွန်ကြောက်စရာကောင်းတယ်။ လူ့လောက ကြီးပွားဖို့ မဖြစ်နိုင်ဘူး၊ လူမိုက်တွေကို အားပေးတဲ့ အယူဝါဒကြီးတစ်ခု ဖြစ်နေတယ်။

မြတ်စွာဘုရား မပွင့်ခင်ကတည်းက မဂဓတိုင်းမှာ ဒီဝါဒတွေ ဖြန့်ဖြူးနေတော့ ဒီဝါဒတွေပဲ ခေတ်စားနေတယ်၊ ဒီမိစ္ဆာဝါဒတွေကို မြတ်စွာဘုရား ဘယ်လို ရှင်းလင်းမလဲ။ ဒီဝါဒတွေကို ရှင်းလင်းချိုးဖျက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။

ပကုဓ ကစ္စာယနက ဘာဟောသလဲဆိုရင် ကာယကြီး (၇) မျိုးရှိတယ်။ အဲဒီကာယကြီး

စာမျက်နှာ-၆၄
(၇) မျိုးကတော့ မြေ၊ ရေ၊ လေ၊ မီး၊ သုခ၊ ဒုက္ခနဲ့ ဇီဝလို့ဆိုတဲ့ အသက်တို့ ဖြစ်တယ်။ အဲဒီ ကာယကြီး (၇) ခုဟာ ဘယ်တော့မှ မပြောင်းလဲဘူး၊ ထာဝရ တည်နေတဲ့အရာ၊ ခိုင်မြဲနေတဲ့ အရာ၊ တစ်ခုနဲ့တစ်ခု ပျက်စီးအောင် လုပ်လို့မရ၊ ဘယ်တော့မှ မပျက်စီးတဲ့ အရာတွေ ဖြစ်တယ်။ ပြောင်းချင်လို့ မရဘူး။ အဲဒီကာယကြီး (၇) ခုက ဘာကိုမှလည်း မထုတ်လုပ်ဘူးတဲ့၊ လူ့ရဲ့သဏ္ဌာန်ဟာ ဒါနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ ပြီးတော့ သူကဟောတယ်၊ လူတစ်ဦးက တစ်ဦးကို ဓားနဲ့ထိုးလျှင် အဲဒီကာယကြီး (၇) ခုအကြား ဓားဝင်သွားတာ၊ ဘယ်သူကို ဘယ်သူကမှ သတ်တာ မဟုတ်ဘူးတဲ့။ မည်သူမှ အပြစ်မရှိဘူး ပြောလို့ လူမိုက်အားပေးတဲ့ ဝါဒ ဖြစ်တယ်။
နိဂဏ္ဏ နာဋပုတ္တဝါဒ
နောက်ဆရာကြီးတစ်ဦးက နိဂဏ္ဏဝါဒ၊ ဂျိန်းဝါဒကို စွဲကိုင်သူဖြစ်တယ်။ ဒီဝါဒက မိစ္ဆာဝါဒတွေထဲမှာတော့ ကောင်းတဲ့ဝါဒလို့ ပြောလို့ရတယ်။ ဒါကြောင့်မို့ ရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာ ဆရာကြီးက “ဧတဿ ဝါဒေ ကိဉ္စိ သာသနာနုလောမမ္မိ အတ္ထိ” လို့ ပြောတာ ဖြစ်တယ်။ သို့သော် သူ့ရဲ့ ဝါဒတွေထဲမှာ မြတ်ဗုဒ္ဓရဲ့

စာမျက်နှာ-၆၅
အဆုံးအမနဲ့ ကိုက်ညီတာတွေ ပါပေမယ့် မိစ္ဆာဝါဒပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ထာဝရတည်မြဲတဲ့အရာအဖြစ် “အတ္တ” ကို အခြေခံပြီးတော့ ဟောထားလို့ ဖြစ်တယ်။

သူကတော့ “စာတုယာမသံဝရ” = လေးဖက်လေးတန်က အကုသိုလ်ကို တိုက်ဖျက်ဟန့်တားရေးဆိုတဲ့ အယူဝါဒကို ဟောတာ။ သူ့နည်းက ဘယ်လိုတုံးဆိုလို့ရှိရင် လူတွေမှာ ကံဟောင်းတွေ ရှိကြတယ်။ အဲဒီကံဟောင်းတွေကို တပ-အကျင့်တရားကျင့်ပြီး ပြေပျောက်အောင် လုပ်ကြရမယ်။ ဒါကြောင့်မို့လို့ သူက အတ္တကိလမထာနုယောဂဆိုတဲ့ အကျင့်တွေကို ကျင့်တာ၊ ဂျိန်းဘုန်းကြီးတွေက အပင်ပန်းခံပြီး ကျင့်ရတယ်၊ ဒါတွေဟာ အတိတ်ဘဝက ပါလာတဲ့ ကံဟောင်းတွေ ကုန်အောင်လို့ တပအကျင့်နဲ့ ကံဟောင်းတွေ ကုန်အောင်လုပ်ရတယ်၊ ပစ္စုပ္ပန်ကံအသစ်ကိုလည်း ရှောင်ရမယ်တဲ့၊ ပစ္စုပ္ပန်ကံကို စောင့်စည်းခြင်းဖြင့် ပစ္စုပ္ပန်ကံကို မလုပ်ရဘူး။ ခံစားမှုကုန်အောင်၊ ကံကုန်အောင်ကျင့်ပြီး နောက်ဆုံးမှာ လုံးဝဖြူစင်တဲ့ အဖွဲ့သာ ကျန်ရှိပြီး moksha လို့ခေါ်တဲ့ လွတ်မြောက်မှုကို ရကြတယ်။

အကုသိုလ်ကို မလုပ်ရဘူးလို့ ပြောတယ်။ သူ့ကျတော့ အစွန်းရောက်သွားလိုက်တာ ဘယ်လောက်ထိအောင်လည်းဆိုရင် အဟံသာ လို့ဆိုတဲ့ မညှဉ်းဆဲရမယ့်

စာမျက်နှာ-၆၆
တရားကို ကျင့်သုံးတယ်။ သူ့ရဲ့ အယူဝါဒမှာ မြူမှုန်ကလေးကစပြီး ဇီဝအသက်ရှိတယ်လို့ သတ်မှတ်တယ်။ အခု Biology နဲ့ ခပ်ဆင်ဆင်ပေါ့။ သစ်ပင်ကလေးမှာလည်း အသက်ရှိတယ်လို့ သတ်မှတ်တယ်။ သစ်ပင်ခုတ်ရင် သူများအသက်သတ်တာပဲ၊ ပါဏာတိပါတကံထိုက်တယ်တဲ့။ ရေအစိမ်း၊ ကျိုချက်ထားတဲ့ရေ မဟုတ်တဲ့ Fresh Water လို့ခေါ်တဲ့ ရေအစိမ်းထဲမှာရော ဇီဝရှိတယ်ဆိုပြီး ရေကို အစိမ်းသုံးခွင့်မရှိဘူး။ ရေတင်မကဘူး မီးထဲမှာပါ ဇီဝရှိတယ်လို့ ယူဆကြတယ်။

ဒါကြောင့်မို့ ဂျိန်းဘုန်းကြီးတွေက မြူမှုန်လေးတွေမှာ ဇီဝရှိသည့်အတွက်ကြောင့် မိမိက အသက်ရှူလိုက်မယ်ဆိုရင် ထိုမြူမှုန်လေးက နှာခေါင်းထဲက ဝင်ပြီးတော့ လူရဲ့ကိုယ်ငွေ့နဲ့ ပျက်စီးသွားနိုင်တယ်၊ အဲဒါဆိုရင် သီလကျိုးတယ်၊ ဒါကြောင့်မို့လို့ နှာခေါင်းမှာ အဝတ်စီးထားကြတယ်။ ကျန်းမာရေးလိုက်စားလို့ မဟုတ်ဘဲ၊ မြူမှုန်လေးတွေကို သနားလို့ဖြစ်တယ်။ လမ်းလျှောက်ရင်လည်း ပိုးမွှားလေးတွေကို တက်နင်းရင် သေမှာစိုးလို့ဆိုပြီး၊ တံမျက်စည်းလေးတွေ ယူသွားကြတယ်။

မီးဖိုရင်လည်း ကိုယ်ကြောင့်မို့လို့ အခြားထင်းတို့လို ဇီဝတွေ ပျက်စီးလို့ မီးမွှေးတဲ့သူမှာ အပြစ်ရှိတယ်။ မီးငြိမ်းလိုက်ရင်လည်း မီးမှာအသက်ရှိလို့ သတ်ရာ

စာမျက်နှာ-၆၇
ရောက်သောကြောင့် သူ့မှာ အပြစ်ရှိပြန်တယ်။ ရေသောက်ရင်လည်း အပြစ်ရှိတယ်လို့ ယူဆကြတယ်။ အလွန်အကျွံကျင့်သုံးတဲ့၊ အစွန်းရောက်တဲ့ အဟံသာဝါဒ ဖြစ်တယ်။

အိန္ဒိယနိုင်ငံမှာတော့ ဂျိန်းဝါဒကို ကုန်သည်ပွဲစား၊ သူဌေးတွေပဲ ကိုးကွယ်ကြတယ်။ တောင်သူလယ်သမားတွေကတော့ ကိုးကွယ်လို့ မဖြစ်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ထွန်ယက်စိုက်ပျိုးဖို့ မြေကို ပေါက်တူးနဲ့ပေါက်ရင်တောင်မှ ပိုးမွှားတွေ သေစေလို့၊ မြေကြီးကို ဖျက်ဆီးလို့ ပါဏာတိပါတကံထိုက်တယ်လို့ ယူဆကြတယ်။ နိဂဏ္ဏဝါဒအရ ပါဏာတိပါတကံက လွတ်ဖို့ အလွန်ခက်ခဲတယ်။ ဒါကြောင့် အစွန်းရောက်ဝါဒ ဖြစ်တယ်။

မြတ်ဗုဒ္ဓရဲ့ တရားတော်က အစွန်းရောက်ဝါဒကို လက်မခံဘူး။ မြတ်ဗုဒ္ဓက သတ္တဝါတွေကို သေစေလိုတဲ့ စိတ်ဆန္ဒနဲ့လုပ်မှ ပါဏာတိပါတကံ ထိုက်ပါတယ်။

နောက်ဆုံးမှာ ရှောင်လို့မရတာ အများကြီးရှိတယ်။ ဒါကြောင့်မို့ ဗုဒ္ဓရဲ့ကံတရားက သူတို့နဲ့ မတူဘူး။ ဗုဒ္ဓရဲ့ကံတရားက Intention Action လို့ခေါ်တယ်။ ဥပမာအားဖြင့် သေစေလိုတဲ့ စိတ်ဓာတ်နဲ့ လုပ်မှ ပါဏာတိပါတကံထိုက်တယ်၊ သူ့ဘာသာသူ မတော်တဆ

စာမျက်နှာ-၆၈
သေသွားတာ ကိုယ်လည်း မသိလိုက်ဘူး၊ သေမှုပဲဖြစ်တယ်။ ပါဏာတိပါတကံ မထိုက်ဘူး၊ ကဲ... ပါဏာတိပါတကံထိုက်မယ်ဆိုလို့ရှိရင် လမ်းလျှောက်ရင်း မမြင်နိုင်တဲ့ ပုရွက်ဆိတ် ပိုးမွှားလေးတွေကို မတော်တဆ နင်းမိတိုင်း ပါဏာတိပါတကံတွေ အများကြီးပဲ၊ အဲဒါကို ရဟန္တာတောင်မှ ရှောင်လို့ မရနိုင်ဘူး။

ခြင်လာကိုက်လို့ သတ်တာကတော့ ဒါ အသေအချာလုပ်တာ၊ လမ်းလျှောက်လို့ မတော်တဆ နင်းမိတာနဲ့ မတူဘူး။ ထို့အတူပဲ။ လူသတ်မှု ကျူးလွန်တဲ့အခါမှာ လူသေမှုနဲ့ လူသတ်မှုက တခြားစီပဲ။ မတော်တဆ သေသွားတာက တစ်မျိုး၊ တမင်တကာ သတ်တာက တစ်မျိုး၊ ပြီးတော့ အပြစ်ကြီးတယ်၊ အဲဒီတော့ ဗုဒ္ဓရဲ့ကံက Intention Action ပဲ၊ စေတနာနဲ့ လှုံ့ဆော်ပြီးလုပ်မှ ကမ္မပထ မြောက်မယ်လို့ ဟောတယ်။ အဲဒီလိုမှ မဟုတ်ရင် ဘယ်သူ ပါဏာတိပါတကံလွတ်မလဲ၊ နိဂဏ္ဌနာဋပုတ္တရဲ့ဝါဒအရဆိုရင် ဘယ်သူမှ မလွတ်ဘူး၊ ဒါကြောင့် အစွန်းရောက်တယ် ပြောတာ။

မြတ်ဗုဒ္ဓက အစွန်းရောက်တဲ့ဝါဒတွေကို ဖယ်ရှားပြီး၊ မဇ္ဈိမပဋိပဒါ ဆိုတာ အလယ်လမ်းက သွားမှ နိဗ္ဗာန်ရောက်မယ်လို့ ဟောတယ်။ နိဂဏ္ဌနာဋပုတ္တရဲ့

စာမျက်နှာ-၆၉
ဂျိန်းသာသနာကြီးက အိန္ဒိယမှာ ယနေ့ထိ ရှိနေတုန်းပါပဲ။ ဗုဒ္ဓဘာသာက ကွယ်သွားပေမယ့် ဂျိန်းဘာသာကို ကုန်သည်၊ ပွဲစား၊ ပိုက်ဆံရှိတဲ့သူတွေက ကိုးကွယ်လို့ ဂျိန်းသာသနာကြီးက ယနေ့ထိ ရှင်သန်နေတုန်းပဲ။
သဉ္စယဝါဒ
နောက်တစ်ဦးကတော့ သဉ္စယ ဗေလဋ္ဌပုတ္တ ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ ဒီဆရာကြီးရဲ့ ဝါဒကို “အမရာ ဝိက္ခေပ” လို့ခေါ်တယ်။ အရှင်သာရိပုတ္တရာတို့ရဲ့ ဆရာကြီး ဖြစ်ခဲ့တယ်။ သူ့ရဲ့ဝါဒက တောင်မရောက် မြောက်မရောက် ဝါဒ၊ အယူဝါဒတစ်ခုကို တိတိကျကျ မပြောဘူး။ ပြောလိုက်ရင် သူမှားသွားမှာ ကြောက်တယ်။ မှားသွားရင် အပြစ်ဖြစ်မှာစိုးလို့တဲ့။ တမလွန်ဘဝ ရှိသလားလို့ တစ်ယောက်ယောက်က မေးလာရင် သူက တမလွန်ဘဝ ရှိတယ်လို့လည်း မပြောလိုဘူး၊ မရှိဘူးလို့လည်း မဟုတ်ဘူး၊ မရှိဘူးဆိုတာလည်း လက်မခံ၊ ရှိတယ်လို့လည်း လက်မခံလို့ မရေမရာဝါဒလို့ သတ်မှတ်လို့ရတယ်။ ဖမ်းလို့မရအောင် ရှောင်တိမ်းတဲ့ဝါဒ ဖြစ်တယ်။ အဇာတသတ်မင်းကြီးကတော့ တိတ္ထိဆရာကြီးတွေထဲမှာတော့ သဉ္စယဗေလဋ္ဌပုတ္တဟာ အမိုက်မဲဆုံးပဲ။ မရေရာတဲ့ ဝါဒကို ဟောသူလို့ မှတ်ချက်ချတယ်။

စာမျက်နှာ-၇၀
မြတ်စွာဘုရား မပွင့်ခင်ကတည်းက မဂဓတိုင်းမှာ ထင်ရှားတဲ့ ဘာသာဝါဒကြီးတွေဟာ ခေတ်စားနေတာကို သဟမ္ပတိဗြဟ္မာကြီးက ဘုရားကို လျှောက်တယ်။ “ဘန္တေ၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား။ ပုဗ္ဗေ၊ ရှင်တော်ဘုရား ပွင့်တော်မမူခင်ကတည်းကပင် မဂဓ၊ မဂဓတိုင်းအရပ်ဒေသတို့၌ သမဏေဟိ၊ ကိလေသာ အညစ်အကြေးတွေရှိတဲ့ ဂိုဏ်းဆရာကြီး (၆) ဦးတို့သည်။ စိန္တိတော၊ ကြံစည်တွေးတော၍

ဟောပြောအပ်တဲ့။ အသုဒ္ဓေါ၊ စင်ကြယ်မှုကို မပေးစွမ်းနိုင်တဲ့။ ဓမ္မာ၊ မိစ္ဆာဝါဒတရားသည်။ ပါတုရဟောသိ၊ ထင်ရှားပေါ်ပေါက်၍ နေပါပြီ”

အဲဒီ မိစ္ဆာဝါဒတရားတွေ ထွန်းကားနေသည့်အတွက်ကြောင့် ရှင်တော်ဘုရား ဟောကြားတော်မူမည့် နိဗ္ဗာန်တံခါးကြီးက ပိတ်မြဲပိတ်ပြီးတော့နေပါတယ်။

“ဘန္တေ၊ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား ဧတံ အမတဒွါရံ၊ အမြတ်နိဗ္ဗာန်တံခါးကြီးကို။ အပါပုရ ဝိဝရ၊ ဖွင့်တော်မူလိုက်ပါ။ ဝိမလေန၊ ကိလေသာ အညစ်အကြေးတွေ ကင်းဝေးတော်မူတဲ့ မြတ်စွာဘုရားသည်။ အနုဗုဒ္ဓါ၊ လျော်စွာ သိတော်မူအပ်တဲ့ ဓမ္မံ၊ သစ္စာ (၄) ပါး မြတ်တရားကို။ သုဏန္တု၊ သတ္တဝါတွေ နာခွင့်ရကြပါစေ ဘုရားရယ်လို့။ အဝေါစ၊ ကောင်းစွာမသွေ လျှောက်ကြားခဲ့ပါပေသတည်း”

(သာဓု ... သာဓု ... သာဓု)

စာမျက်နှာ-၇၁
အဲဒီလို မဂဓတိုင်းမှာ မိစ္ဆာဝါဒတွေ ထွန်းကားနေလို့ပဲ ပြောရမလားမသိဘူး။ မြတ်စွာဘုရားက first sermon လို့ခေါ်တဲ့ ပထမဆုံး ဒေသနာတော်ဟောရန် ကာသိတိုင်း၊ ဗာရာဏသီပြည်၊ ဣသိပတနတော မိဂဒါယကို ကြွတော်မူသည်။ အဲဒီအချိန်မှာ တရားနာမယ့် ပုဂ္ဂိုလ်တွေကလည်း မဂဓတိုင်းမှာ မရှိသေးဘူး။ ဒါကြောင့်မို့ သဟမ္ပတိဗြဟ္မာကြီးက လျှောက်ထားလိုက်တဲ့အခါကျတော့ တရားဟောတဲ့အခါ မဂဓတိုင်းကနေ ကာသိတိုင်း၊ ဗာရာဏသီပြည်ကို ကြွသွားတာ။

အဲဒီ ဗာရာဏသီမြို့အနားမှာ ရှိတဲ့ ဣသိပတနတောလို့ခေါ်တယ်။ မြန်မာတွေကတော့ မိဂဒါဝုန်လို့ခေါ်တယ်။ တကယ်တော့ အခေါ်လွဲနေတယ်၊ ဣသိပတနက နာမည်ရင်း၊ မိဂဒါယကို ကြည့်ပြီး မိဂဒါဝုန်လို့ သုံးလိုက်တာ၊ မိဂဒါယတွေက သုတ္တန်ထဲမှာ အများကြီးရှိတယ်။ ဘေးမဲ့တော sanctuary လို့ ပြောလို့ရတယ်။ ဣသိပတနလို့ခေါ်တဲ့ ဘေးမဲ့တော၊ မိဂဆိုတာ ခြေလေးချောင်းရှိ သတ္တဝါတွေအားလုံး၊ တောရိုင်းသား

စာမျက်နှာ-၇၂
ငှက်တိရစ္ဆာန်တွေအားလုံးကို ကိုယ်စားပြုတဲ့ စကားလုံး၊ သမင်တစ်မျိုးတည်း မဟုတ်ဘူး။ အဲဒီတော့ မိဂဒါယကို အင်္ဂလိပ်လို Deer Park လို့ အနောက်တိုင်းကလူတွေက ဘာသာပြန်တာလည်း သိပ်မမှန်ဘူး။ မိဂဒါယဆိုတာ သားငှက်တိရစ္ဆာန်တွေကို မဖမ်းရဘူး၊ မသတ်ရဘူးလို့ ဘေးမဲ့ပေးထားတဲ့တောလို့ အဓိပ္ပာယ်ရတယ်။ တောရဲ့နာမည်က ဣသိပတန ဖြစ်တယ်။

ဒီလိုအလားတူ စကားလုံး သုတ္တန်တစ်ခုမှာ ရှိသေးတယ်။ ခေမေ မိဂဒါယေဆိုတာ ခေမဆိုတဲ့တောကြီးကလည်းပဲ အခုလိုပဲ သားကောင်တွေကို ဘေးမဲ့ပေးထားတဲ့တော၊ “ဘေသကဠာဝနေ မိဂဒါယေ” = ဘေသကဠာဆိုတဲ့တောကြီးကလည်း သားကောင်တွေအတွက် ဘေးမဲ့ပေးထားတယ်။ မြန်မာနိုင်ငံမှာလည်း ဘေးမဲ့တောဆိုပြီး သတ်မှတ်ထားတာရှိတယ်၊ စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ သားငှက်တွေကို မဖမ်းရဘူး၊ ဘေးမဲ့ပေးထားတယ်၊ အဲဒါတွေ အကုန်လုံး မိဂဒါယတွေချည်းပဲပေါ့။

အရင်တုန်းက ဗုဒ္ဓဂယာ ဥရုဝေလတောမှာ ပဉ္စဝဂ္ဂီ (၅) ဦးဟာ ဘုရားအလောင်းတော် တောထွက်လာကတည်းက မြတ်ဘုရား၏ အနီးအပါးမှာ ပြုစုစောင့်ရှောက်နေကြတယ်။ နောက်ဆုံး မြတ်စွာဘုရားက သူ့ရဲ့ meditation technique ကို ပြောင်းလိုက်တယ်။ ပထမ

စာမျက်နှာ-၇၃
ဆုံးကတော့ ပင်ပင်ပန်းပန်း တပအကျင့်တွေကျင့်တာ မအောင်မြင်သည့်အတွက်ကြောင့် ဒီလမ်းကြောင်းဟာ မဟုတ်သေးဘူးလို့ဆိုပြီး နည်းပြောင်းလိုက်တဲ့အတွက် ပဉ္စဝဂ္ဂီ (၅) ဦး စိတ်ပျက်ပြီး ထွက်သွားကြတယ်။

ပထမပင်ပင်ပန်းပန်းကျင့်တာ အတ္တကိလမထာနုယောဂအကျင့်က အစွန်းရောက်တဲ့လမ်း ဖြစ်တယ်။ အဲဒီတုန်းက ပင်ပန်းစွာကျင့်တာက ခေတ်စားနေပြီး ဂုဏ်ယူနေကြတယ်။ မြတ်စွာဘုရား Technique ပြောင်းပြီး မဇ္ဈိမပဋိပဒါလမ်းစဉ်ကို ကျင့်တဲ့အခါမှ ပြောင်းပြီးကျင့်တဲ့လမ်းစဉ်က လမ်းမှန်ဖြစ်လို့ အောင်မြင်သွားတယ်။ မြတ်စွာဘုရားရှင်က စပြီးတော့ ဒီလမ်းစဉ်ကိုချတာ “မဇ္ဈိမပဋိပဒါ” လို့ခေါ်တယ်။

ပဉ္စဝဂ္ဂီ (၅) ဦးဟာ ဥရုဝေလတော ဘုရားအလောင်း အနီးအပါးမှာ မနေကြတော့ဘဲ ကာသိတိုင်း ဗာရာဏသီပြည်က ဣသိပတနလို့ခေါ်တဲ့ ဘေးမဲ့

စာမျက်နှာ-၇၄
တောကို ထွက်သွားခဲ့ကြတယ်။ သူတို့ထွက်သွားပြီး မကြာခင်မှာပဲ ဘုရားအလောင်းတော်ဟာ တရားထူး၊ တရားမြတ်ရတယ်။ တရားရပြီး ဗောဓိပင်အနီးမှာ သီတင်းသုံးနေတော်မူရာ (၉) ရက်အကြာမှာ တရားဓမ္မရဲ့ ခက်ခဲနက်နဲမှုနှင့် တရားနာယူမည်သူတို့ရဲ့ အရည်အသွေးကို နှိုင်းယှဉ်ကြည့်တော့ အံဝင်ခွင်ကျဖြစ်ပါ့မလားလို့ စဉ်းစားတယ်။ အဲဒီအခါ သဟမ္ပတိဗြဟ္မာကြီး လျှောက်ထားလို့ မြတ်ဘုရားက တရားဟောဖို့ ကြည့်လိုက်တယ်။

မဂဓတိုင်းမှာ တရားနာရင် တရားထူး တရားမြတ်ရဖို့ အာဠာရ ကာလာမ ရသေ့နှင့် ဥဒက ရာမပုတ္တ ရသေ့ (၂) ပါးကိုပဲ တွေ့တယ်။ သူတို့ (၂) ဦးမှာ မြတ်ဘုရား တရားဟောမယ်ဆိုလျှင် လက်ခံနိုင်တဲ့နား၊ အသိဉာဏ်တွေ ရှိကြတယ်။ သို့သော် အာဠာရ ကာလာမ ရသေ့က သေသွားတာ (၇) ရက်ရှိပြီ၊ ဥဒက ရာမပုတ္တက မနေ့ညက ဆုံးသွားရှာပြီ၊ အဲဒါကြောင့် မြတ်ဘုရားက တရားဟောလို့ရနိုင်မည့် ပုဂ္ဂိုလ်များကို ထပ်ကြည့်လိုက်တဲ့အခါ ပဉ္စဝဂ္ဂီ (၅) ပါးကတော့ တရားထူးတရားမြတ်ရနိုင်တာကို မြင်လို့ မဂဓတိုင်းမှာ တရားမဟောဘဲ ဣသိပတနတောကို တရားဟောရန် ကြွသွားတယ်။

ဘုရားကြွလာတဲ့အခါ ပဉ္စဝဂ္ဂီ (၅) ဦးက ချက်ချင်းလက်မခံ၊ ရဟန်းကြီးဂေါတမက ဘုန်းကြီးအောင်လုပ်နေတာလို့ ထင်ကြတယ်။ သူတို့က ဘုရားကြွလာတာမြင်တော့ မြတ်ဘုရားကို ခရီးမကြိုကြနဲ့၊ သူ့လက်က သပိတ်တွေ ဘာတွေ လှမ်းမယူကြနဲ့၊ ဝတ်ကြီးဝတ်ငယ် မပြုကြနဲ့လို့ ချိန်းချက်ထားကြတယ်။ သို့သော် ဘုရားအနီးနား ရောက်လာတော့ ခရီးဦး မကြိုဆိုဘဲ မနေနိုင်ကြဘူး။

စာမျက်နှာ-၇၅
မနေနိုင်တာကလည်း အကြောင်းရှိတယ်၊ သူတို့က ကပိလဝတ်သား ပုဏ္ဏားတွေလေ။ မြတ်ဘုရားက ကပိလဝတ်သား မင်းသားဆိုတော့ မနေဝံ့တော့ဘူး။ သူတို့ချိန်းချက်ထားတဲ့ ကတိတွေဖျက်ပြီး ဘုရားကို ခရီးဦး ကြိုဆိုပြီး နေရာထိုင်ခင်းပေးတယ်။ မြတ်စွာဘုရားက တရားထူး တရားမြတ်ရပြီလို့ ပြောတော့ သူတို့ လက်မခံကြဘူး။ မဖြစ်နိုင်ဘူးလို့ ငြင်းကြတယ်။ နောက်ဆုံး မြတ်စွာဘုရားက ရှင်းပြတော့မှ လက်ခံသွားကြလို့ ဓမ္မစကြာတရားကို ဟောတာနော်။

မြတ်စွာဘုရားသည် ပထမဦးဆုံးအနေဖြင့် မဂဓတိုင်းမှာ ထွန်းကားခဲ့တဲ့ အတ္တကိလမထဆိုတဲ့ အကျင့်ဆိုးတွေနဲ့ မိစ္ဆာဝါဒတရားတို့ကို ဖယ်ရှားတဲ့အနေနှင့် “ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ” ဆိုတဲ့ ဟောဒီလမ်း (၂) လမ်းကို မလိုက်ကြနဲ့။ ဤ (၂) လမ်းဟာ နိဗ္ဗာန်စခန်း မရောက်နိုင်ဘူး။ ကာမဂုဏ်အာရုံတွေကို နှစ်သက်ပျော်ပါး ခံစားတဲ့လမ်းကိုလည်း မလိုက်နဲ့။ နိဗ္ဗာန်သို့ မရောက်နိုင်ဘူး။ ဘုရားလောင်း ကိုယ်တော်တိုင် (၆) နှစ်လုံးလုံး အပင်ပန်းခံပြီး ကျင့်လာခဲ့တဲ့ အတ္တကိလမထာနုယောဂဆိုတဲ့ တပအကျင့်လမ်းကလည်း နိဗ္ဗာန် မရောက်နိုင်ဘူး။ အဲ့ဒီလမ်းကိုလည်း မလိုက်နဲ့ဆိုပြီး မြတ်ဘုရားက မဇ္ဈိမပဋိပဒါဆိုတဲ့ လမ်းကို ဟောပါတယ်။

စာမျက်နှာ-၇၆
မိစ္ဆာဝါဒတွေဟာ မဂဓတိုင်းမှာ ဖြန့်ကြက်ပြီးတော့ ထွန်းကားနေတဲ့အတွက် ဒီအယူဝါဒဆိုးတွေ ထွန်းကားနေတဲ့ ဒေသမှာ ဗုဒ္ဓမြတ်စွာက ရှေးဦးစွာ တရားဓမ္မ မဟောဘဲနဲ့ ဗာရာဏသီပြည်ဘက်ကို ခရီးထွက်ပြီးတော့ ဟောတယ်ဆိုတာ အဓိပ္ပာယ်တစ်မျိုးရှိတယ်လို့ ပြောနိုင်ပါတယ်။ တခြားနေရာတွေမှာ ဟောပြီးတော့မှ နောက်ဆုံး မဂဓတိုင်းကို ပြန်ကြွလာပြီးတော့ တရားဟောတာ။

ပြန်ကြားခြင်း

မြတ်စွာဘုရား ကိုယ်တော်မြတ်က သဟမ္ပတိ ဗြဟ္မာကြီး၏ တောင်းပန်မှုကို ဘယ်လို ပြန်ကြားသလဲဆိုရင် -

“အပါရုတာ တေသံ အမတဿ ဒွါရာ၊
ယေ သောတဝန္တာ ပမုဉ္စန္တ သဒ္ဓံ”။

“ယေ - အကြင်ပုဂ္ဂိုလ်သည်။ သောတဝန္တာ - ထောင်တတ်တဲ့နား ရှိကြကုန်၏၊ ဝါ - အသိဉာဏ်တည်းဟူသော နား ရှိကြကုန်၏၊ တေသံ - ထိုပုဂ္ဂိုလ်တို့အား။ အမတဿ ဒွါရာ - နိဗ္ဗာန်တံခါးကြီးကို။ အပါရုတာ - ငါ ဖွင့်ပါတော့မယ်။ တေ - ထိုပုဂ္ဂိုလ်တို့သည်။ သဒ္ဓံ - ယုံကြည်မှုဆိုတဲ့ သဒ္ဓါတရားကို၊ ပမုဉ္ဇန္တု - လွှတ်ကြကုန်လော့။ စေလွှတ်ကြကုန်လော့။”

စာမျက်နှာ-၇၇
ယုံကြည်မှုဆိုတဲ့ သဒ္ဓါတရား သူ့အပေါ်မှာ ထားကြ၊ မြတ်စွာဘုရားက သူ့အပေါ်မှာ ယုံကြည်ချက်ထားတဲ့၊ အမှန်တရားကို သိတော်မူလို့ အခုချိန်မှာ အမှန်တရားကို ဟောတော့မယ်တဲ့။ အဲဒီမှာတင်ပဲ နိဗ္ဗာန်တံခါးကြီးကို ဖွင့်တော်မူလိုက်ပြီဆိုတာကို ကြေညာတယ်။

“ယေ သောတဝန္တာ၊ အကြင် ပုဂ္ဂိုလ်တွေမှာ ထောင်နိုင်တဲ့နားရှိကြပေတယ်၊ တေသံ၊ ထိုထောင်တတ်တဲ့နားရှိတဲ့ ပုဂ္ဂိုလ်တွေအတွက်။ အမတဿ ဒွါရာ၊ မြတ်နိဗ္ဗာန်တံခါးကြီးကို။ အပါရုတာ၊ ဖွင့်လိုက်ပါပြီ။ သဒ္ဓံ၊ ယုံကြည်မှု သဒ္ဓါတရားကို ပမုဉ္စ၊ လွှတ်လိုက်ကြလေကုန်လော့ ဟူ၍။ ဘဂဝါ၊ ရွှေဘုန်းတော် သခင် ရှင်တော်မြတ်ဘုရားသည်။ အဝေါစ၊ ကောင်းစွာမသွေ မိန့်ကြားတော်မူခဲ့ပါပေသတည်း”

(သာဓု - သာဓု - သာဓု)

ဤတွင်ပါ
နိဗ္ဗာန်တံခါးကြီးပွင့်တော်မူပါ တရားအပိုင်း (၁)
နိဂုံးချုပ်ပါပြီ။

စာမျက်နှာ-၇၈
တရားနာပရိသတ်အပေါင်းတို့ မေတ္တာဘာဝနာ ပွားပြီး တရား သိမ်းကြရအောင်။

သတ္တဝါများစွာ၊ ဘေးရန်ကွာ၊ ချမ်းသာကြပါစေ။ မေတ္တာရေချမ်း၊ သွန်းကာဖြန်း၊ ငြိမ်းချမ်းကြပါစေ။ သက်ရှည်ကျန်းမာ စိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေ။

စာမျက်နှာ-၇၉
အလှဆင်ကြ တို့ဘဝ

ကောင်းဆိုး လောကဓံ၊ ကြံ့ကြံ့ခံလျက်၊ အားမာန်အပြည့်။ သတိမကွာ၊ ပညာမြော်မြင်၊ အလုပ်ဝင်၊ “အလှဆင်ကြ၊ တို့ဘဝ”။

LIFE IS BEAUTIFIED
Withstanding good and bad lokadham, Let's beautify our lives, Energetically, mindfully and wisely.

စာမျက်နှာ-၈၀

နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ
(အပိုင်း-၂)
သာသနာတော်နှစ် ၂၅၅၁-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၆၉-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ည ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်း၊ ကံမြင့်ကျောင်းတိုက် ညဦးယံဓမ္မသဘင် အခမ်းအနား၌ ဓမ္မစေတီလမ်း၊ ယုဇနစီးပွားရေးတာဝါ၊ အခန်းအမှတ် ၂၅၊ အခန်း ၅၀၅ (A)၊ ဦးကံထူး၊ ဒေါ်ခင်ခင်ငွေ၊ သား မောင်သူရိန်လင်း၊ မောင်မြတ်အေး၊ သမီး- မသူသူအောင် မိသားစုတို့၏ အမတဒါနဓမ္မဒါနအနေဖြင့် ဟောကြားအပ်သော နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ တရားဒေသနာတော်။

မဂဓတိုင်းတစ်ခွင်မှာ မိစ္ဆာဝါဒတွေ ထွန်းကားနေလို့ လောကသားတွေအတွက် နိဗ္ဗာန်တံခါးကြီး ပိတ်နေတယ်။ နိဗ္ဗာန်တံခါးကြီး ဖွင့်ဖို့ ပြောဆိုနိုင်တဲ့သူ လူသားထဲက တစ်ယောက်မှ မရှိဘူး။ ဘာဖြစ်လို့တုံးဆိုရင် ထိုခေတ် ထိုအခါက ဘုရားမပွင့်မီ ကြိုတင်ပြီး ပေါ်နေတဲ့ အယူဝါဒတွေ အလွန်ထွန်းကားနေသည်အတွက်ကြောင့် လူတွေဟာ ထိုဝါဒတည်းဟူသော ကန္တာရကြီးထဲမှာ တွေဝေနေကြတယ်။ ဘယ်ဟာ

စာမျက်နှာ-၈၁
မှန်သလဲ၊ ဘယ်ဟာ မှားသလဲဆိုတာ ဆုံးဖြတ်နိုင်ခြင်း မရှိကြဘူး။

သဟမ္ပတိဗြဟ္မာကြီးကတော့ သူကိုယ်တိုင် ဗြဟ္မာမဖြစ်ခင်က ကဿပ မြတ်စွာဘုရား၏တပည့် ဘုန်းတော်ကြီးတစ်ပါးပဲ။ သဟကပတိ ခေါ်တယ်။ သမထကျင့်စဉ်တွေ ကြိုးစားအားထုတ်လို့ ဈာန်ရပြီး ပျံလွန်တော်မူတဲ့အခါကျတော့ ပထမဈာန်ဗြဟ္မာဘုံမှာ မဟာဗြဟ္မာအနေနဲ့ သွားဖြစ်တယ်။ ဗြဟ္မာပြည် ရောက်တဲ့အခါ နာမည်လေးပြောင်းသွားတယ်။ သဟမ္ပတိလို့ သိကြတယ်။ ကဿပမြတ်စွာဘုရားလက်ထက်က တရားဓမ္မကျင့်ကြသည့် ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့် မိစ္ဆာဝါဒတွေဟာ မမှန်ဘူးလို့ဆိုတာ သူကိုယ်တိုင် သိရှိနားလည်တယ်။ ဒီမိစ္ဆာဝါဒတွေကို မဖြေရှင်းဘဲနဲ့ နိဗ္ဗာန်တံခါးဆိုတာ ပွင့်လာမှာ မဟုတ်ဘူး။

နိဗ္ဗာန်တံခါးကို ဖွင့်ပေးပါလို့ သူက လျှောက်ထားတော့ မြတ်စွာဘုရားက သူ့ကိုပြန်ကြားတဲ့ စကားလေးက “အပါရုတာ အမတဿ ဒွါရာ၊ ယေ သောတဝန္တာ ပမုဉ္စန္တ သဒ္ဓံ”။ သူ၏လျှောက်ထားချက်ကို လက်ခံလိုက်တယ်။ လက်ခံပြီးတော့ ငါဘုရား နိဗ္ဗာန်တံခါးကြီး ဖွင့်လိုက်ပါပြီတဲ့၊ သူ့ဘက်ကတော့ တံခါးဖွင့်ပေးနေပြီ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေဘက်က

စာမျက်နှာ-၈၂
တာဝန်ယူရမယ်။ လူဆိုတာက အပြန်အလှန်ဆိုတာ ရှိကြတယ်။ တစ်ဦးတည်း လုပ်လို့မရ။

မြတ်စွာဘုရားဘက်ကတော့ နိဗ္ဗာန်တံခါးကြီး ဖွင့်ပေးလိုက်ပြီ။ ကျန်တဲ့ ပုဂ္ဂိုလ်တွေဘက်က ဘာတဲ့ ပြန်မလဲဆိုတာ “ပမုဉ္စန္တု သဒ္ဓံ” = ယေ၊ အကြင် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့သည်။ သောတဝန္တော၊ ထောင်နိုင်စွမ်းရှိတဲ့ ပညာနားရှိကြကုန်၏။ နားမပါရင် မကြားရဘူး၊ ပကတိနားက ပကတိအသံကြားနိုင်တယ်။ တရားဓမ္မရဲ့ အနှစ်သာရကို သိနိုင်စွမ်းမရှိဘူး။ ဒီနေရာမှာ ခံယူစွမ်းရှိတဲ့၊ ကြားနိုင်စွမ်းရှိတဲ့ နားဆိုတာ ပညာကို ရည်ညွှန်းပြီးမိန့်တာပါ။ ပညာနားရှိမှ ပြောတာ နားလည်တယ်။ ပညာနားမရှိဘဲ ပကတိနားရှိတဲ့ပုဂ္ဂိုလ်ကျတော့ ပြောတာ နားလည်ချင်မှ နားလည်မယ်။

လူတွေက ရိုးရိုးစကားပြောတာတောင်မှ ဒီလူ နားကိုမလည်ဘူးပြောကြတယ်။ နားရှိတိုင်း နားလည်တယ်လို့ မအောက်မေ့နဲ့။ ဒီပုဂ္ဂိုလ် ပြောရခက်လိုက်တာ နားကိုမလည်ဘူးလို့ ပြောကြတယ်။ ပကတိနားက ပကတိအသံလောက်ပဲသိတယ်။ အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုး စသည်ခွဲခြားသိတာ ပညာမှသိ

စာမျက်နှာ-၈၃
“ယေ၊ အကြင်လူ နတ် ဗြဟ္မာ သတ္တဝါတို့သည်။ သောတဝန္တာ၊ ကြားပြီးတော့ သိနိုင်စွမ်းရှိတဲ့နားရှိကြကုန်၏။”

ဘုရားဟောတဲ့တရားကို မနာဘဲနဲ့ မည်သူတစ်ဦးတစ်ယောက်မှ အသိဉာဏ်ထူးမရနိုင်ဘူး။ သူများဆီက တရားဓမ္မကို မကြားနာဘဲနဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ ရနိုင်တာက သမ္မာသမ္ဗုဒ္ဓနဲ့ ပစ္စေကဗုဒ္ဓ (၂) ဆူပဲရှိတယ်။ သူများဆီက ကြားစရာမလိုဘူး။ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်ဉာဏ်နဲ့ အရာတစ်ခုကို ထိုးထွင်းပြီး သိမြင်နိုင်စွမ်းရှိတယ်။ ဒါလည်းပဲ အတိတ်ဘဝက ဖြည့်ဆည်းခဲ့တဲ့ ပါရမီစွမ်းအားကြောင့် အင်မတန်မှ ထူးခြားထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေ ဒီပုဂ္ဂိုလ်တွေမှာရှိတယ်။ ရှိလို့သာ သူများဆီက နားထောင်ပြီး စဉ်းစားစရာမလိုဘူး၊ ကျန်တဲ့ပုဂ္ဂိုလ်တွေက ဒီလိုနားထောင်မှုမပြုရင် ဉာဏ်ရည်ဉာဏ်သွေး မဖြစ်နိုင်ဘူး။

မြတ်စွာဘုရားပြီးရင် ပညာအတော်ဆုံး တံခွန်စိုက် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးတောင်မှ တရားလေးတစ်ပုဒ် မနာရရင် သောတာပန်ဖြစ်ဖို့ မရှိဘူး၊ ဗုဒ္ဓဘာသာကို မကူးပြောင်းနိုင်ဘူး။ အရှင်အဿဇိဆီကနေပြီးတော့ ဂါထာလေးတစ်ပုဒ်နာလိုက်ရမှ လေးပါဒရှိတဲ့ ဂါထာ တစ်ပုဒ်မှာ နှစ်ပါဒနာလိုက်ရတာနဲ့ ပညာဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ချက်ချင်းသဘော

စာမျက်နှာ-၈၄
ပေါက်ပြီး သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားတယ်။ မနာရရင် မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ နားဟာ အင်မတန်မှ အရေးကြီးတယ်။

ပညာနား၊ ပညာမျက်စိ၊ ပညာမျက်စိက မြင်ရုံမြင်တယ်။ ပညာနားကကြားနိုင်တယ်။ မြင်လည်းမြင်နိုင်စွမ်းရှိရမယ်။ ကြားလည်း ကြားနိုင်စွမ်းရှိရမယ်။ ဆိုလိုတာက မြင်ပြီးတော့ ဆုံးဖြတ်နိုင်တဲ့ဉာဏ်မျိုး၊ ကြားပြီးတော့ ဆုံးဖြတ်နိုင်တဲ့ဉာဏ်မျိုး။ “ယေ၊ အကြင်လူ နတ် ဗြဟ္မာ၊ သတ္တဝါတို့သည်။ သောတဝန္တော၊ ထောင်နိုင်စွမ်းရှိတဲ့ ပညာနား ရှိကြကုန်၏။ ပညာနား မရှိဘူးဆိုရင် အသံလေးက ကောင်းလိုက်တာ၊ အပြောက ကောင်းတယ်။ ဒီအဆင့်ပဲရှိမယ်။ ဘာမှ သိမှာမဟုတ်။ အတိမ်အနက် သိမှာမဟုတ်။ ပညာနားရှိမှ ဒီသဘာဝတရားဟာ ဒီလောက်ထိလေးနက်တယ်ဆိုတာ သဘောပေါက်မယ်။ အဲ့ဒီတော့ ပညာနားဆိုတာ သိပ်အရေးကြီးတယ်။ ပကတိနားက လူတိုင်းလိုလိုရှိကြတယ်။ ထောင်တတ်တဲ့ပညာနား ရှိဖို့လိုတယ်။

သတ္တဝါတွေမှာ ပညာနားရှိပေမယ့် သူ့မှာ ယုံကြည်ချက် မရှိဘူးဆိုရင် နားထောင်မှာ မဟုတ်ဘူး။ ဒါကြောင့် မြတ်စွာဘုရားက အရေးကြီးတဲ့ အချက်ကို ဗြဟ္မာကြီးကို မှာလိုက်တယ်။ တုံ့ပြန်လိုက်တယ်။ အေး -

စာမျက်နှာ-၈၅
နိဗ္ဗာန်တံခါးကြီးကို ငါဖွင့်မယ်။ သို့သော် ပညာနားရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်ရမလဲဆိုရင် သဒ္ဓါလို့ဆိုတဲ့ ယုံကြည်ချက် ရှိရမယ်၊ ငါ့အပေါ်မှာ ယုံကြည်ချက်ထားကြမယ်တဲ့။

ယုံကြည်ချက်မထားရင် နားကိုမထောင်ဘူး။ လူတစ်ယောက်အပေါ်မှာ မယုံကြည်ဘူးဆိုရင် သူပြောတာ နားထောင်မှာ မဟုတ်ဘူး၊ ယုံကြည်ချက်ရှိဖို့ အင်မတန်မှ အရေးကြီးတယ်။ ယုံကြည်ချက်ရှိလာတဲ့အခါမှာ နားထောင်မယ်။ နားထောင်တဲ့အခါမှ အကြောင်းအကျိုး၊ အကောင်းအဆိုး သိမယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားမှာတဲ့အဓိပ္ပာယ်က သိပ်ပြီး လေးနက်တယ်။

အေး - အသိပညာရှိတဲ့ပုဂ္ဂိုလ်တွေ၊ အသိပညာဘယ်လောက်ပဲရှိရှိ၊ ဘယ်လောက်ပဲ တတ်တတ်၊ သဒ္ဓါတရား မပါဘူးဆိုရင် ငါပြောတာ လက်ခံမှာ မဟုတ်ဘူး။ ငါ့အပေါ်မှာ ယုံကြည်စိတ် ထားရမယ်။ လူ့လောက ကိစ္စတွေတောင်မှ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုဆိုတာ ရှိရတယ်။ ယုံကြည်မှု မရှိရင် ဘာမှ အလုပ်မဖြစ်ဘူး။ မြတ်စွာဘုရား ကိုယ်တိုင်တောင်မှ ယုံကြည်မှုကို ထားကြလို့ ပြောတာ။

စာမျက်နှာ-၈၆
မြတ်စွာဘုရားအပေါ် ထူးခြားတဲ့ သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတယ်ဆိုတာကို ယုံကြည်မှုရှိရမယ်။ ဒါကြောင့်မို့ စာပေကျမ်းဂန်တွေမှာ သဒ္ဓါလို့ဆိုတဲ့ ယုံကြည်မှုနဲ့ပတ်သက်ပြီး ဖွင့်တိုင်းဖွင့်တိုင်း “သဒ္ဒဟတိ တထာဂတဿ ဗောဓိံ” လို့ဆိုတာ ဖြစ်တယ်။ မြတ်စွာဘုရား၏ ဉာဏ်တော်ကြီးကို လက်ခံယုံကြည်ဖို့ သိပ်အရေးကြီးတယ်။

ပါရမီပြည့်နေတဲ့ ပဉ္စဝဂ္ဂီတွေတောင်မှပဲ မြတ်စွာဘုရားက ငါ တရားထူး တရားမြတ်ရလာပြီလို့ ပြောတဲ့အခါ လက်မခံကြဘူး၊ မယုံကြဘူး၊ မဖြစ်နိုင်ဘူးလို့ ပြောကြတယ်။ တစ်ခါမက၊ နှစ်ခါမက၊ သုံးခါမက ငြင်းကြတယ်။ မြတ်စွာဘုရားက ငါပြောတာ နားထောင်ကြ၊ ငါတရားထူး တရားမြတ် ရလာပြီဆိုတာ တောင်မဖြစ်နိုင်ပါဘူးတဲ့။ အခုလို လျှောက်သွားနေတာ၊ ဘယ်လိုလုပ် တရားထူးရမှာတုံး၊ (၆) နှစ်ပတ်လုံး ပင်ပင်ပန်းပန်း အစာပြတ် ရေငတ်ခံပြီး ကျင့်တာတောင်မှ မရတာ၊ အခုလို အခြေအနေမျိုးနဲ့ ဘယ်ရမလဲ၊ မယုံဘူး၊ သူတို့က လုံးဝ လက်မခံဘူး။

နောက်ဆုံးကျတော့ ဘုရားက ရှင်းပြလိုက်တဲ့ စကားလေးတစ်ခုကြောင့် သူတို့ လက်ခံသွားတယ်။ စဉ်းစားကြည့်တဲ့၊ (၆) နှစ်ကာလ တရားအားထုတ်နေ

စာမျက်နှာ-၈၇
တုန်းက ငါ တရားထူး တရားမြတ်ရပြီ၊ ရတော့မယ်။ စိတ်မပျက်ကြနဲ့လို့၊ ဘယ်နှခါပြောဖူးလဲ ဆိုတော့ သူတို့ပြန်စဉ်းစားပြီး၊ အေး ဟုတ်တယ်။ ငါ တရားထူး တရားမြတ်ရပြီလို့ ဗုဒ္ဓဂေါတမက ငါတို့ကို တစ်ခါမှ မပြောဖူးဘူး။ အခု ဒီတစ်ခါ သူ တကယ်ရလို့ တကယ်ပြောတာ ဖြစ်မှာပဲဆိုပြီး စိတ်ဝင်စားလာကြတယ်။ ယုံကြည်မှုလေးပါလာတယ်။ အဲ့ဒီကျတော့မှ မြတ်စွာဘုရားက နားထောင်ကြဆိုပြီး ဓမ္မစကြာ ဒေသနာကို ဟောတော်မူတယ်။
ဓမ္မစက္ကပဝတ္တနသုတ်
ပထမဆုံးဓမ္မစကြာဒေသနာ အကျဉ်းချုပ်ကတော့ - လူ့လောက၊ လူ့ဘောင်ကို ခွာရှောင်လာတဲ့ ပုဂ္ဂိုလ်ကို “ပဗ္ဗဇိတ”လို့ခေါ်တယ်။ အိမ်ရာတည်ထောင် လူ့ဘောင်မှာ မနေတော့ဘဲနဲ့ တရားဓမ္မကိုသာ အားထုတ်တယ်။ လူ့လောက စီးပွားကိုပယ်ပြီး renounce လုပ်တာပေါ့။ အဲ့ဒီပုဂ္ဂိုလ်တွေပေါ့။ တောထွက်လာတဲ့ ပဗ္ဗဇိတ ပုဂ္ဂိုလ်တွေ မရွေးချယ်ရမယ့် လမ်းနဲ့၊ ရွေးချယ်ရမယ့် လမ်းကို ခွဲခြားပြတယ်၊

နိဗ္ဗာန်တံခါးကြီး ဘယ်လိုပဲ ဖွင့်ထားဖွင့်ထား နိဗ္ဗာန်တံခါးကြီးဆီ သွားမယ့်လမ်းက အရေးမကြီး

စာမျက်နှာ-၈၈
ဘူးလား၊ နိဗ္ဗာန်တံခါးကြီးဆီသွားမယ့်လမ်းက ဖြောင့်တန်းနေဖို့လိုတယ်။ အဲ့ဒီတော့ မြတ်စွာဘုရားက လမ်းစဉ်ကို ချမှတ်ပြီးတော့ ပြောတယ်။ “ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ” ပဗ္ဗဇိတလို့ခေါ်တဲ့ အိမ်ထောင်မှု၊ စီးပွားတွေပယ်ပြီးတော့ တရားဓမ္မ ရှာကြံမယ်ဆိုပြီး ထွက်လာတဲ့ပုဂ္ဂိုလ်အနေနဲ့ ဒီလမ်း (၂) ခုကို မလိုက်မှားမိစေနဲ့တဲ့။
ကာမချမ်းသာလမ်း
ဘယ်လမ်းတွေလဲဆိုရင် “ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ” ကာမဆိုတာ လိုချင်စရာအာရုံတွေကို ခေါ်တယ်။ လိုချင်စရာ အာရုံတွေဆိုတာ နေ့စဉ်နဲ့အမျှတွေ့နေတာ၊ စဉ်းစားကြည့်၊ မျက်စိနဲ့ကြည့်ပြီး မြင်ရလို့ လိုချင်စရာတွေ အများကြီးပဲ။ နားနဲ့ နားထောင်ပြီး လိုချင်စရာတွေ၊ နှာခေါင်းနဲ့ နမ်းရှုပ်ပြီး လိုချင်စရာတွေ၊ ဒါတွေကို ကာမလို့ခေါ်တယ်။ ကာမဆိုတာ လိုချင်စရာတွေ။

လိုချင်စရာတွေတွေ့တဲ့အခါ လိုချင်တယ်ဆိုတာ ပေါ်လာတယ်။ တဏှာ ရာဂ ဖြစ်လာတယ်။ လိုချင်စရာတွေ လိုချင်လာတယ်။ လိုချင်စရာကောင်းတဲ့ အာရုံတွေကို လိုချင်လာတယ်။ အဲဒီ လိုချင်စရာကောင်း

စာမျက်နှာ-၈၉
တဲ့ အာရုံတွေကို ရလိုက်တဲ့အခါ လူတွေမှာ ဘာဖြစ်တုံးဆိုရင် ပျော်ရွှင်မှု၊ ချမ်းသာမှုတွေ ဖြစ်လာတယ်။

မျက်စိက ကိုယ်ကြည့်ချင်တဲ့အဆင်းလေးကြည့်ပြီး ကျေနပ်နေ၊ ပီတိတွေဖြစ်၊ ဝမ်းသာ၊ နားက သာယာတဲ့ အသံလေး နားထောင်ရတဲ့အခါ ပီတိတွေဖြစ်၊ ကျေနပ်နေတယ်။ နှာခေါင်းကလည်း မွှေးကြိုင်တဲ့အနံ့လေး ရှုရှိုက်လိုက်ရရင် ကျေနပ်နေတယ်။ နောက်ထပ် ရှုချင်စိတ်ပေါက်၊ လျှာကလည်း ကိုယ်ကြိုက်တဲ့အရသာလေး စားလိုက်ရရင် နောက်ထပ် စားချင်စိတ်တွေ ပေါက်နေတယ်။ ကျေနပ်နေတယ်။ ဝမ်းသာနေတယ်။ ခန္ဓာကလည်း နူးညံ့တဲ့အထိအတွေ့ ထိရင် နောက်ထပ်လည်း ထိတွေ့ချင်တယ်။ ကျေနပ်တယ်။ အဲ့ဒါတွေကို ခံစားဖို့ကြိုးစားတာကို “ကာမသုခလ္လိကာနုယောဂ” လို့ ခေါ်တယ်။

မျက်စိက ကြည့်တာကို နောက်ထပ်ကြည့်ဖို့ ကြိုးစားတယ်။ ဒီပျော်ရွှင်မှုလေး နောက်ထပ်ကြည့်ဖို့ ကြိုးစားတယ်။ မျက်စိက လှပတဲ့အဆင်းလေး မြင်တဲ့အခါမှာ နောက်ထပ် ဒါမျိုးလေးရဖို့ မရရင် ရှာကြံမယ်၊ ရရင်ပျော်တယ်။ ဒါမျိုးလေးကို အမြဲတမ်းခံစားနေဖို့ စိတ်ထဲက ရည်မှန်းပြီး ကြိုးပမ်းတယ်။ အဲ့ဒါကို “ကာမသုခလ္လိကာနုယောဂ”၊ “အနုယောဂ” ဆိုတာ မပြတ်

စာမျက်နှာ-၉၀
ကြိုးပမ်းနေတယ်။

ဒီနေ့ လူတွေ လူ့ဘဝသက်တမ်းမှာ ဘာရှာနေကြတုံးဆိုရင် အဲ့ဒီပျော်ရွှင်မှုကို ရှာကြတယ်။ အနှစ်သာရကို ရှာမယ်ဆိုရင် ဘာတွေ ရှာနေကြလဲ၊ ပျော်ရွှင်မှုကို ရှာနေကြတယ်။ သူတို့သိတဲ့ ပျော်ရွှင်မှုဟာ လူတွေသိတဲ့ ပျော်ရွှင်မှုက ဘာတွေတုံး၊ မျက်စိနဲ့မြင်ပြီး ပျော်ရွှင်မှု၊ နားက နားထောင်ပြီး ပျော်ရွှင်မှု၊ နှာခေါင်းက နမ်းရှုပ်ပြီး ပျော်ရွှင်မှု၊ လျှာကအရသာခံပြီးတော့ ပျော်ရွှင်မှု၊ ခန္ဓာကိုယ်က ထိတွေ့ပြီး ပျော်ရွှင်မှု၊ အဲ့ဒီပျော်ရွှင်မှု ချမ်းသာကလေးက စိတ်ကလေးငြိမ်းချမ်းပြီးတော့၊ စိတ်ထဲ ကျေနပ်ပြီးတော့ ငြိမ်းချမ်းနေတာ။ အဲ့ဒါလေးကို ရချင်လို့ရှာနေတာ။

တချို့က ပြောသေးတယ်။ တပည့်တော်တို့က ဒီလို ချမ်းသာမှုမျိုးကို ရှာတာ မဟုတ်ပါဘူး။ အလုပ်ရှာတယ်။ အလုပ်က ဘာအတွက်တုံး။ ပိုက်ဆံရဖို့၊ ပိုက်ဆံက ဘာလုပ်ဖို့တုံးဆိုရင် ဒီဘက် ရောက်သွားတယ်။ လူတိုင်း လူတိုင်းဟာ အလုပ်ရှာတယ်။ အလုပ်က ငွေရဖို့ပဲ။ လူတွေ ရှာနေတာ ချမ်းသာ။ အဲ့ဒီပေါ်မှာ ရှာကြံနေပြီးတော့ နေကြမယ်ဆိုရင် “ကာမသုခလ္လိကာနုယောဂ” လို့ ခေါ်တယ်။

ဒီချမ်းသာလေးပေါ်မှာ မှိန်းပြီးနေလို့ရှိရင်

စာမျက်နှာ-၉၁
အသိဉာဏ်တွေ မဖြစ်လာနိုင်တော့ဘူး။ နိဗ္ဗာန်ဘက်ကို ကျောပေးတာနဲ့ တူနေတယ်။ နိဗ္ဗာန်သွားဖို့ လမ်းကြောင်းပေါ်မှာ မတည့်ဘူး၊ သွေဖည်သွားပြီ။ ဒါကြောင့် မြတ်စွာဘုရားက အဲဒီလမ်းကို မလိုက်နဲ့နော်။ အဲ့ဒီလမ်းလိုက်ရင် နိဗ္ဗာန်တံခါးဆီ ရောက်မှာမဟုတ်ဘူး။

လူ့လောကကြီး ကာမချမ်းသာတဲ့လမ်းရှာတာနဲ့ပတ်သက်ပြီး၊ မြတ်စွာဘုရားက ထောက်ပြထားတယ်။ ဘာဖြစ်လို့ မရှာနဲ့ ပြောရသလဲဆိုရင် - “ဟီနော”၊ အဆင့်အတန်း မမြင့်ပါဘူးတဲ့၊ ဒီလို ပျော်ရွှင်မှုတွေက လူတွေသာ ခံစားနိုင်တာ မဟုတ်ဘူး၊ တိရစ္ဆာန်တွေလည်း ခံစားတာပဲ။ အဲ့ဒီလိုဆိုတော့ အဆင့်အတန်း မမြင့်ပါဘူး။ တိရစ္ဆာန်တွေအဆင့်ပဲ။ ဘာထူးလို့လဲ။ တိရစ္ဆာန်တွေလည်း မျက်စိနဲ့ကြည့်ပြီး ပျော်ရွှင်မှုရကြတယ်။ နားနဲ့ နားထောင်ပြီး ပျော်ရွှင်မှုတွေရကြတာပဲ။ နှာခေါင်းကလည်း သူတို့ကြိုက်တဲ့ အနံ့လေးတွေရရင်၊ ကြောင်လေးတွေဆိုရင် ငါးကြော်နံ့ရရင် ရှူးရှဲရှူးရှဲလုပ်နေတာပဲ။ ပျော်ရွှင်မှုဆိုတာ ဒီလူသားတွေသာ ရနိုင်တာ မဟုတ်ဘူး။ တိရစ္ဆာန်လေးတွေတောင် ရနိုင်တာပဲ။ ဟီနော၊ မမြင့်မြတ်ဘူး။ အောက်တန်းကျတယ်။ အထက်တန်းမဟုတ်။ လူတွေသာမက တိရစ္ဆာန်တွေတောင်

စာမျက်နှာ-၉၂
ရတဲ့ အနေအထားကို ရှာမနေနဲ့။

“ဂမ္မာ”၊ ရပ်ထဲ ရွာထဲမှာ အိမ်ထောင်တွေနဲ့ နေတဲ့ပုဂ္ဂိုလ်တွေ ရှာတဲ့ဟာတဲ့။ အခုလို တောထွက်ပြီး တရားကျင့်တဲ့သူတွေ ဒါမျိုး မရှာနဲ့။ ဒါရှာရင် မှားလိမ့်မယ်။ “ပေါထုဇ္ဇနိကော” = လူအများစုလုပ်တဲ့ အလုပ်ဆိုတာ ဘာမှ ထူးခြားတာ မဟုတ်ဘူး။ သာမန်ပုဂ္ဂိုလ် အဆင့်မမြင့်တဲ့ သာမန် သူလို ကိုယ်လို လူတွေလုပ်တဲ့ လုပ်ငန်းပါတဲ့။ ဘာမှ ထူးလာမှာ မဟုတ်ပါဘူးတဲ့။ ဒီထဲမှာနေရင် ဒီပုပ်ထဲက ဒီပဲ အတိုင်းပဲလို့ ပြောတာ ဘာမှ ထူးလာမှာ မဟုတ်။

“အနရိယော” = တကယ့်ကို သူတော်စင်တွေဟာ ဒါတွေကို မရှာကြဘူး။ မျက်စိက ကြည့်ပြီး ပျော်ရွှင်မှု မရှာဘူး။ နားက နားထောင်ပြီး ပျော်ရွှင်မှုမရှာဘူး။ နှာခေါင်းက နမ်းရှုပ်ပြီး ပျော်ရွှင်မှု မရှာဘူး။ လျှာက လျက်ပြီး ပျော်ရွှင်မှု မရှာဘူး။ ခန္ဓာက ထိပြီး ပျော်ရွှင်မှု မရှာကြဘူး။ သူတို့ရှာတာ အသိဉာဏ်ထူး၊ မသေရာ တရား၊ နိဗ္ဗာန်ကိုရှာကြတာ။

နိဗ္ဗာန်ကို မျက်စိနဲ့ ရှာလို့မရဘူး။ နားနဲ့ ရှာလို့မရဘူး။ နှာခေါင်းနဲ့ ရှာလို့မရဘူး။ မျက်စိနဲ့ ရှာရင် မြင်စရာအာရုံပဲတွေ့မယ်။ နားနဲ့ ရှာရင် အသံပဲတွေ့မယ်။ နှာခေါင်းနဲ့ရှာရင် အနံ့ပဲတွေ့မယ်။ လျှာနဲ့ [?]

စာမျက်နှာ-၉၃
ရှာရင် အရသာပဲတွေ့မယ်။ ခန္ဓာကိုယ်နဲ့ ရှာရင်လည်း ကြမ်းတမ်းနူးညံ့တာပဲတွေ့မယ်။ ထူးခြားတဲ့အရာ မတွေ့နိုင်ဘူး။
ဒါပဲလားဆိုရင် မြတ်စွာဘုရားက အင်မတန် အရေးကြီးတဲ့အချက်ကို ပြောတယ်။ “အနတ္ထသံဟိတော” = ကောင်းကျိုးချမ်းသာတွေ ဖြစ်မလာဘူးနော်တဲ့။ ဒါလိုက်စားရင်၊ ဒီအကျင့်တွေ လိုက်နေရင် ကောင်းကျိုးချမ်းသာ ဘယ်လိုမှမရဘူး၊ မကောင်းကျိုးတွေပဲ ရလာမယ်။ လူ့လောကမှာ ကာမဂုဏ်အာရုံတွေနဲ့ ယောက်ယက်ခတ်ပြီး နေကြတဲ့ပုဂ္ဂိုလ်တွေဟာ လောဘနဲ့၊ ဒေါသနဲ့၊ မောဟနဲ့ တိုက်ကြ ခိုက်ကြ၊ ရန်ဖြစ်ကြ၊ ထိုးကြ၊ နှက်ကြနဲ့ လူ့လောကကြီးက ဒုက္ခရောက်နေကြတယ်။ ဒါတွေအတွက်နဲ့ ဒုက္ခရောက်နေကြတယ်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်ဖြစ်နေတယ်။ လူတွေ တစ်ဦးနဲ့တစ်ဦး စစ်ဖြစ်နေတယ်။ ယှဉ်ပြိုင်နေကြတယ်။ ဘာတွေအတွက်တုံးဆိုရင် ဒီကာမချမ်းသာအတွက်ပေါ့။ သေသေချာချာ စဉ်းစားကြည့်ရင် ဒီကာမဂုဏ်အာရုံတွေ ရဖို့အတွက် ယှဉ်ပြိုင်နေကြတာ။ ဒါတွေအတွက် မဟုတ်ပါဘူး၊ စီးပွားရေးအတွက် ယှဉ်ပြိုင်နေကြတာပါလို့ ပြောရင် စီးပွားရေး တိုးတက်လာလည်း နောက်ဆုံးက ဒါပဲ။ ဒီပျော်ရွှင်မှုအတွက် ယှဉ်ပြိုင်နေကြတာ။ သူကသာတယ်၊ ငါကသာတယ်။ လူ့လောက

စာမျက်နှာ-၉၄
ကြီးမှာ ပဋိပက္ခတွေမှန်သမျှကို သူကချည်း ထုတ်လုပ်တာ။

“ကာမသုခလ္လိကာနုယောဂ”၊ ဒီအကျင့်ချည်း လိုက်နေရင် နောက်ဆုံးမှာ အနတ္ထသံဟိတော = အကျိုးမဲ့တွေနဲ့ပဲတွေ့မယ်။ ကောင်းကျိုးချမ်းသာ ဘယ်တော့မှ ရမှာမဟုတ်ဘူးတဲ့။ ကြည်လေ ကာမဂုဏ်အာရုံတွေ နောက်ကိုလိုက်လို့ ကာမဂုဏ်အာရုံတွေ ရတဲ့အခါ ပျော်တယ်။ မရရင် ဝမ်းနည်းကြေကွဲကြတယ်။ ဒီ(၂) လမ်းပဲရှိတယ်။ ဒီလမ်းကြောကနေ မထွက်ရဘူး။ အဲ့ဒါတွေဟာ အနတ္ထပဲ။

ဘယ်လောက် ချမ်းသာချမ်းသာ လူတွေဟာ သောကနဲ့နေကြတယ်။ သူ့ကြောင့်ဖြစ်တဲ့ နှစ်သက်စရာ အာရုံတွေကို ရှာနေသမျှ ကာလပတ်လုံး ထိုပုဂ္ဂိုလ် စိတ်ချမ်းသာမှုကို ဘယ်တော့မှ မရနိုင်ဘူး။ ထာဝရ အငြိမ်းဓာတ်ကို မရနိုင်ဘူး။ ဘယ်အရာကို ကြည့်ကြည့် ကမ္ဘာ့သမိုင်းမှာ ဘယ်ဟာပဲကြည့်ကြည်၊ သာယာငြိမ်းချမ်းတဲ့ နောက်ဆုံးအဆင့်ရောက်သွားတာ ဘယ်မှာမှ မရှိဘူး။ နောက်ဆုံး ဇာတ်သိမ်းခန်း မကောင်းတာတွေချည်းပဲ။ ကာမသုခလ္လိကာနုယောဂကြောင့် အပါယ်ကျသွားတယ်။ ငရဲကျသွားတယ်။ အဆင့်အတန်းနိမ့်ကျသွား၊ ပြိတ္တာဖြစ်သွားတာတို့ နိမ့်ကျတဲ့အပိုင်းတွေပဲ ရောက်ကုန်ကြတယ်။ ဒါကြောင့်မို့ အနတ္ထသံဟိတော။

စာမျက်နှာ-၉၅
ဒီ ကာမသုခလ္လိကာနုယောဂလမ်း မလိုက်ကြနဲ့တဲ့။
အတ္တကိလမထလမ်း
နောက် ရှောင်ရမယ့်လမ်းက လက်ဝဲလမ်း၊ အစွန်းရောက် လက်ဝဲလမ်း ဖြစ်တယ်။ ချမ်းသာသုခတွေရဲ့ အပြစ်ကိုတော့မြင်တယ်။ ချမ်းသာခံစားနေလို့ ဇိမ်ခံနေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ကြိုးပမ်းရမယ်၊ ခန္ဓာကိုယ်ကို ညှဉ်းပန်းရမယ်၊ ဒါမှအသိဉာဏ်တွေ ထွက်လာမယ်ဆိုပြီးတော့ အတွေးဝင်လာပြီး အစွန်းရောက်တဲ့ အကျင့်ကို ကျင့်တယ်။

အတ္တကိလမထာနုယောဂ = ကိုယ်ခန္ဓာကြီးကို ပင်ပန်းအောင် ညှဉ်းဆဲတယ်၊ အစာပြတ်၊ ရေငတ်နေတယ်၊ ခန္ဓာကိုယ် ပင်ပန်းအောင် ညှဉ်းပန်းနှိပ်စက် အားထုတ်မှု (Self-mortification)။ ဘုန်းကြီးတို့ တစ်ခါက ရွှေတိဂုံဘုရား ရောက်သွားတော့ ဘုရားပေါ်မှာ အမျိုးသမီးကြီးတစ်ယောက် ဘာအကျင့်ရယ်တော့ မသိဘူး၊ နေလုံးကြီးကို စိုက်ကြည့်နေတယ်။ ဘယ်လိုအကျိုးရှိလဲတော့မသိဘူး။ သူ့မျက်လုံးကြီးကတော့ ရဲနေတယ်၊ အတ္တကိလမထာနုယောဂလို့ခေါ်တဲ့ “တပ” အကျင့်တွေဟာ မျိုးစုံအောင်ရှိတယ်။

စာမျက်နှာ-၉၆

ရေဝတနဲ့ ကုက္ကူရဝတ
မြတ်စွာဘုရား လက်ထက်တော်အခါကာလကလည်း နွားလိုကျင့်တဲ့ပရိဗိုဇ်နဲ့ ခွေးလိုကျင့်တဲ့ပရိဗိုဇ်၊ နွားအကျင့်ကျင့်တဲ့လူနဲ့၊ ခွေးအကျင့်ကျင့်တဲ့လူ (၂) ယောက် မိတ်ဆွေဖြစ်ကြတယ်။ အကျင့်ချင်းမတူပေမယ့် သူငယ်ချင်း အပေါင်းအသင်းဖြစ်နေကြတယ်။ သူတို့ ယုံကြည်ချက်က အလွန်ပြင်းထန်တယ်။ နွားလို၊ ခွေးလို ကျင့်လို့ရှိရင် ကိလေသာအာသဝေါတွေကုန်ပြီး သံသရာဝဋ်က လွတ်မယ်လို့ယုံကြည်တယ်။ ယုံကြည်ချက်နဲ့သူတို့ လုပ်ကြတယ်။ တစ်ယောက်ကို ပုဏ္ဏလို့ခေါ်တယ်။ နောက်တစ်ယောက်ကိုတော့ သေနိယလို့ ခေါ်တယ်။ အဲ့ဒီနှစ်ယောက်ဟာ မြတ်စွာဘုရားဆီ ရောက်လာကြတယ်။

သူတို့ပုံစံလည်း ကြည့်ဦးလေ။ နွားလိုကျင့်တဲ့လူကလည်း ဘုရားရှေ့ရောက်အောင် နွားလို လေးဖက်ထောက်လာတယ်။ ခွေးလိုကျင့်တဲ့လူကလည်း ခွေးပုံစံနဲ့ လာတယ်။ နွားအကျင့်တွေ အားလုံး လိုက်နာကျင့်သုံးတယ်။ ခွေးအကျင့်ကျင့်တဲ့ပုဂ္ဂိုလ်ကလည်း ခွေးစတိုင် အပြည့်ယူထားတယ်။ ခွေးလိုကျင့်သူကို ပါဠိလို ကုက္ကူရဝတိက၊ ခွေးအကျင့်ကို ကုက္ကူရဝတ (canine practice) လို့ခေါ်တယ်။ နွားလိုကျင့်တဲ့သူကို ဂေါဝတိက၊ နွားအကျင့်ကို ဂေါဝတ (bovine practice) လို့ခေါ်တယ်။

စာမျက်နှာ-၉၇
အဲဒီအကျင့်(၂)မျိုးကို ထူးထူးဆန်းဆန်း အံ့မခန်း ကျင့်ပြီးတော့ ဘုရားဆီ လာကြတယ်။ ဂေါတမဘုရားက နာမည်ကြီးတယ်ပေါ့။ မေးမယ်ပေါ့။ ဒီအကျင့်တွေနဲ့ ဘာရသလဲ မေးချင်တယ်။ ကိုယ့်အကျင့်ကို မမေးရဲဘူး။ ခွေးအကျင့်ကျင့်တဲ့လူက နွားအကျင့်ကျင့်တဲ့လူရဲ့အကြောင်း မေးတယ်။ နွားလိုကျင့်ရင် ဘာဖြစ်တုံး၊ တစ်ဆင့် မေးပေးတယ်။ ဘုရားက ဟေ့ မမေးနဲ့။ ဒီမေးခွန်း ငါမဖြေချင်ဘူးတဲ့။ မရဘူး၊ ဖြေပါဘုရားတဲ့၊ ထပ်မေး။

ဘုရားက မမေးနဲ့၊ ပြောလို့မရဘူးဆိုရင် ဖြေရတာပေါ့တဲ့။ နွားလိုကျင့်ရင် အမြဲတမ်း နွားစိတ်မွေးနေတာဖြစ်သောကြောင့် သေရင် နွားဖြစ်မှာပဲ။ ဘာဖြစ်လို့၊ သူ့စိတ်က နွားစိတ်မွေးနေတာကို၊ လူစင်စစ်က နွားစိတ်မွေးရင် သေရင် နွားပဲ ဖြစ်စရာရှိတာပဲ။ အဲ့ဒီလိုနွားအကျင့်ကျင့်လို့ သံသရာဝဋ်က လွတ်တယ်လို့ယုံရင် မိစ္ဆာဒိဋ္ဌိပဲ။ မှားယွင်းတဲ့အယူတစ်ခုဖြစ်တယ်။ မှားတယ်ဆိုတာ ကိုယ်ထင်တိုင်း မဟုတ်တာ အမှား၊ အဲ့ဒီမိစ္ဆာဒိဋ္ဌိကို လက်ခံထားမယ်ဆိုရင် သွားရာလမ်းက ငရဲနဲ့ တိရစ္ဆာန်ပဲ။

ဒီတော့ နွားလိုကျင့်တဲ့ကောင် ငိုသွားတာပေါ့။ ဘုရားက ကဲ-ငါဖြေလိုက်တာ ဟိုမှာ ငိုနေပြီ၊ မင်းမမေးနဲ့လို့ ပြောတာ မရဘူး ပြောတော့ နွားလို

စာမျက်နှာ-၉၈
ကျင့်တဲ့ကောင်က ငိုရင်းက ထပြီး အဲ့ဒါကြောင့် ငိုတာမဟုတ်ပါဘူးတဲ့။ နှစ်ပေါင်းများစွာ ကျင့်လာတာ အခုလိုဖြစ်ရမယ်ဆိုရင် ဝမ်းနည်းစရာချည်းပဲပေါ့တဲ့။

ငတ်ငတ်ပြတ်ပြတ်နဲ့ ခွေးလိုကျင့်တဲ့ကောင်အကြောင်းလည်း ဇွတ်မေးတယ်။ ဘုရားက မမေးပါနဲ့၊ ခွေးလိုကျင့်ရင် ခွေးစိတ်မွေးတာဖြစ်သောကြောင့် ခွေးပဲဖြစ်မှာပဲတဲ့။ ခွေးလိုကျင့်တဲ့အကျင့်ကြောင့် သံသရာဝဋ်က လွတ်နိုင်တယ်၊ ကိလေသာက စင်ကြယ်တယ်လို့ ယူဆရင် မိစ္ဆာဒိဋ္ဌိမိစ္ဆာဝါဒပဲ။ အဲ့ဒီဝါဒရှိရင် ငရဲနဲ့ တိရစ္ဆာန် ဒီ(၂)ခုပဲရှိတယ်။

ခွေးလိုကျင့်တဲ့ကောင်လည်း ငိုပြန်ရောတဲ့။ ကြည်၊ ဟိုကောင်ငိုနေပြီး မဟုတ်ပါဘူးဘုရား။ အဖြေကြောင့်မဟုတ်ပါဘူး။ သူလည်း နှစ်ပေါင်းများစွာကျင့်လာခဲ့ရတာ၊ ဒီအကျင့်ကြီးက ဒီလိုအကျိုးမဲ့ဖြစ်တာ ဝမ်းနည်းလို့ ငိုတာပါတဲ့။ ပြီးတော့ သူတို့(၂)ယောက်လုံး ခွေးအကျင့်၊ နွားအကျင့်တွေ စွန့်ပစ်ပြီး မြတ်စွာဘုရားဟောတဲ့ နိဗ္ဗာန်လမ်းကြောင်းပေါ်တက်ကာ ရဟန်းဘဝ ပြောင်းလိုက်ကြတယ်။

သူတို့ကျင့်တဲ့အကျင့်ဟာ တပခေါ်တဲ့ အတ္တကိလမထအကျင့်ထဲမှာပါတယ်။ ခန္ဓာကိုယ် ပင်ပန်းအောင် ကျင့်တဲ့အတ္တကိလမထအကျင့် ဒီနေရာမှာ အတ္တကိလမထ

စာမျက်နှာ-၉၉
အကျင့်ဆိုတာ ပင်ပန်းရုံသက်သက်ပဲ။ ဘာမှအကျိုးမရှိဘူးဆိုတဲ့ အကျင့်မျိုးကိုသာ အတ္တကိလမထလို့ခေါ်တယ်။

အေး-ကမ္မဋ္ဌာန်းအားထုတ်တဲ့အခါမှာ မရတာတွေကို အရိုးကျေကျေ၊ အရေခန်းခန်း၊ ဇွဲသန်သန်နဲ့ အားထုတ်တာမျိုးက အတ္တကိလမထ မဟုတ်ဘူးနော်။

လမ်းမှန်ပြီဆိုရင် ကြိုးစားဖို့လိုတယ်။ ခုနက ဘယ်လောက်ပဲ ကြိုးစားစား ဒီဘောင်က မကျော်နိုင်တဲ့ အကျင့်မျိုး၊ ခန္ဓာကိုယ် ပင်ပန်းရုံသက်သက်အပြင် ဘာအကျိုးမှ မရတဲ့ အကျင့်မျိုးကို အတ္တကိလမထလို့ခေါ်တာ။ မြတ်စွာဘုရားဟောကြားတဲ့ တရားတော်တွေ ကျင့်ရင် အရိုးကြေကြေ အရေခန်းခန်း အပင်ပန်းခံပြီးတော့ ကျင့်တန်ကျင့်ရတယ်၊ အဲဒီလို ကျင့်တာမျိုးကို မဆိုလိုဘူး၊ တရားကျင့်တဲ့နေရာမှာ သိပ်အပင်ပန်းခံပြီးမကျင့်နဲ့၊ အတ္တကိလမထ ဖြစ်မယ်လို့ မပြောထိုက်ဘူး။ သို့သော် မြတ်စွာဘုရားဟောကြားတဲ့ တရားတော်ပေမယ့်လို့ မလိုအပ်ဘဲနဲ့တော့ ဒုက္ခမခံရဘူး။

ဥပမာ-အင်မတန်ကြီးမားတဲ့ ကျောက်တုံးကြီးတစ်ခုကို ရွေ့ဖို့ လူ(၃)ယောက်လောက်နဲ့ ကြိုးစားရတယ်။ အင်မတန်ကြီးမားတဲ့၊ တောင်လောက်နီးနီးရှိတဲ့ ကျောက်တုံးကြီးဟာ လှုပ်တောင်လှုပ်မှာ မဟုတ်ဘူး။

စာမျက်နှာ-၁၀၀
ဒါပေမဲ့ အဲ့ဒီလူတွေ ချွေးဒီးဒီးကျအောင် တွန်းနေတယ်။ သူတို့လုပ်တဲ့ အလုပ်ဟာ အကျိုးရှိနိုင်ပါ့မလား။ ပင်ပန်းရုံသက်သက်ပဲ ဖြစ်မှာ။ အဲ့ဒါမျိုးကို အတ္တကိလမထလို့ဆိုလိုတာ။

အကျိုးရှိမယ်ဆိုရင် အပင်ပန်းခံပြီးလုပ်ရမယ်။ ပုရိသထာမ = လူ့ရဲ့စွမ်းအားသတ္တိတွေနဲ့ မရမချင်း ကြိုးစားအားထုတ်တယ်၊ အရိုးကြေကြေ အရေခန်းခန်း ကြိုးပမ်းအားထုတ်မှုဆိုတာ ရှိရမယ်။ တရားကောင်း၊ တရားမှန်ဆိုလို့ရှိရင် အတ္တကိလမထလို့ ပြောလို့မရဘူး။ အတ္တကိလမထထဲမှာ မပါဝင်ဘူး။

အတ္တကိလမထကို မြတ်စွာဘုရားက ဘာကြောင့် မလုပ်နဲ့လို့ ဟောရသလဲဆိုရင် “ဒုက္ခာ” ဆင်းရဲရုံသက်သက်ပဲ၊ ခန္ဓာကိုယ်ကြီး ပင်ပန်းရုံသက်သက်ပဲ၊ ဘာမှအကျိုးထွက်လာမှာ မဟုတ်ဘူး။ ကျောက်တုံးကြီး တွန်းနေသလို ဘာမှဖြစ်လာမှာမဟုတ်ဘူး၊ ရွေ့မှမရွေ့တာ။ အဲ့ဒီလိုချည်း တွန်းနေတာကို အလုပ်လို့ခေါ်တာမဟုတ်။ တစ်လက်မမှ မရွေ့တာကို အလုပ်လို့ပြောမရဘူး။ အဲဒီတော့ ဒုက္ခသက်သက်ပဲ၊ အပင်ပန်းခံတာသက်သက်ပဲ၊ မဖြစ်နိုင်တာ လုပ်နေတယ်။

“အနရိယော” = မြင့်မြတ်တဲ့ အလုပ်မဟုတ်ဘူး၊ တကယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ဟာ ဒီလိုအလုပ်မျိုး မလုပ်

စာမျက်နှာ-၁၀၁
ဘူး၊ ရှောင်တယ်။ အနတ္ထသံဟိတော = ကောင်းကျိုးချမ်းသာ ရမှာမဟုတ်ဘူး၊ မကောင်းတဲ့အကျိုးတွေပဲ ရမယ်။ ဒီအကျင့်ကို မကျင့်နဲ့တဲ့။ မြတ်စွာဘုရားက မလိုက်စားရမယ့် အကျင့်တွေကို သေသေချာချာ ဂဂနန ရှင်းပြတယ်။ အကြောင်းနဲ့အကျိုးနဲ့ ရှင်းပြတယ်။ ဘာကြောင့် မလိုက်စားနဲ့လို့ ပြောရသလဲဆိုတာ ရှင်းပြတယ်။ သာမန်ဟောတာ မဟုတ်ဘူး။

အဲ့ဒီလမ်း(၂)သွယ်ကို မရွေးချယ်ကြနဲ့။ ဒီလမ်း(၂)သွယ်ဟာ နိဗ္ဗာန်လမ်းကြောင်းကြီးက သွေဖည်နေတယ်။ ဒီလမ်းကြောင်း(၂)ကြောင်းကြားက လမ်းကမှ မဇ္ဈိမပဋိပဒါ အလယ်လမ်း။ အဲ့ဒီလမ်း(၂)သွယ်ကြားက အလယ်လမ်းဆိုတော့ ခံစားသင့်တဲ့ ချမ်းသာကို လက်မလွတ်စေနဲ့၊ ခံစားတဲ့။ အဆင်းရဲ ခံသင့်ရင်ခံ။ ဒီ(၂)ခုကို ပြောတာ။ ဈာန်ချမ်းသာတွေရရင် အလွန်ချမ်းသာတယ်။ သမာဓိစွမ်းအားနဲ့ ဈာန်ရထားတဲ့ ပုဂ္ဂိုလ်ဟာ အလွန်ချမ်းသာတယ်။ အဲ့ဒီချမ်းသာမျိုးကျတော့ အသိဉာဏ်ဖွံ့ဖြိုးမှုအတွက် အကျိုးဖြစ်တယ်။ မလိုအပ်ဘဲ ဒုက္ခမခံပါနဲ့။ လိုအပ်ရင် ဒုက္ခခံ၊ ချမ်းသာသုခမှန်သမျှကို စွန့်ပယ်ဖို့မလိုဘူး။ ကာမဂုဏ်အာရုံ ချမ်းသာမျိုးကိုတော့ ပယ်စွန့်ရမယ်။ ဓမ္မသုခကိုတော့ လက်ခံရမယ်။ ဒီလိုဆိုလိုတယ်။ အဲ့ဒီအဓိပ္ပာယ်ကို ပြောတာ။

စာမျက်နှာ-၁၀၂
အလယ်လမ်းကသွားလို့ဆိုတာ ဟိုဘက်ချည်းပဲ သက်သက်မလိုက်နဲ့။ ဒီဘက်ချည်းလည်း သက်သက်မလိုက်နဲ့။ ကာမသုခသာ မခံစားရမှာ၊ ဈာနသုခကို ခံစားရမယ်၊ ဓမ္မသုခဆိုတဲ့ တရားချမ်းသာကို ခံစားရမယ်၊ နေက္ခမ္မသုခဆိုတဲ့ ကာမဂုဏ်အာရုံက ထွက်လို့ပျော်ရွှင်ချမ်းမြေ့မှုကိုရတယ်။ ဒီလိုချမ်းသာမှုမျိုးကို ခံစားသင့်တယ်။ ချမ်းသာမှန်သမျှ လုံးဝမခံစားရဘူးလို့ ဟောတာမဟုတ်ဘူး။

ဓမ္မစကြာတရားတော်ဟာ အလွန်ကိုလေးနက်လို့ အမှန်အကန်နားလည်ဖို့လိုတယ်။ ချမ်းသာသုခကို အကုန်ပယ်ခိုင်းတာမဟုတ်ဘူး။ မျက်စိကမြင်စရာ အာရုံလေးကြည့်ပြီး၊ ချမ်းသာနေတာ။ နားက အသံလေးနားထောင်ပြီး ချမ်းသာပျော်ရွှင်နေတာ။ နှာခေါင်းက မွှေးကြိုင်တဲ့အနံ့လေးနမ်းရှုပ်ပြီး ချမ်းသာနေတာ။ လျှာကအရသာခံပြီး ချမ်းသာနေတာ။ ခန္ဓာကိုယ်က အထိအတွေ့လေးပေါ်မှာ သာယာပြီး ချမ်းသာခံစားနေတာ။ အဲ့ဒါမျိုးမလုပ်နဲ့လို့ ပြောတာ။ အဲ့ဒါကိုတော့ရှောင်။

တရားဓမ္မသိရလို့ ချမ်းမြေ့ပြီးနေတဲ့ ချမ်းသာသုခကို ခံစားပါတဲ့။ ရင်ထဲ၊ နှလုံးထဲမှာ ငြိမ်းချမ်းတဲ့ ချမ်းသာ။ နေက္ခမ္မသုခ = ကာမဂုဏ်အာရုံတွေကို လွှတ်လိုက်လို့ လူဟာပေါ့ပါးသွားတာ၊ ဘာသောကမှမရှိဘူး။ ငြိမ်း

စာမျက်နှာ-၁၀၃
ချမ်းလိုက်တာဆိုတဲ့ ချမ်းသာမျိုး။ လူတွေတစ်ခါတလေ ပူပင်သောကတွေ ဖြစ်နေတဲ့အခါ တရားသွားနာလိုက်ရင် စိတ်ထဲမှာ ငြိမ်းသွားတယ်။ အဲ့ဒီချမ်းသာမျိုးဟာ ကာမသုခလ္လိကာနုယောဂ မဟုတ်လို့ အဲ့ဒီချမ်းသာကို ခံစားခွင့်ရှိတယ်။ ဓမ္မနဲ့ပတ်သက်တဲ့ ချမ်းသာခံစားခွင့်ရှိတယ်။ ဒီလိုငြိမ်းချမ်းတဲ့နေက္ခမ္မသုခလို့ဆို ဒီလိုချမ်းသာမှုမျိုးခံစားပါတဲ့။ လိုအပ်ရင် အပင်ပန်းခံပြီးလုပ်ပါ။ မရမနေကြိုးပမ်းပါ၊ အဲဒီလမ်းကို မဇ္ဈိမပဋိပဒါလို့ခေါ်တယ်။

အကျိုးမဲ့ကို ဖြစ်စေတတ်တဲ့ ချမ်းသာမျိုးကို လက်ခံကျင့်သုံးတယ်။ အကျိုးမဲ့ကို ဖြစ်စေတတ်တဲ့၊ ဆင်းရဲကိုသာ ရစေနိုင်တဲ့ အပင်ပန်းခံမှုမျိုးကို လုပ်တယ်ဆိုတာသာ အစွန်းရောက်တဲ့လမ်း(၂)သွယ်။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာဘုရားက အစွန်းရောက်တဲ့လမ်းကို ဖယ်ရှားရမယ်။ အပြစ်ကင်းတဲ့ ချမ်းသာသုခ ခံစားသင့်တာခံစား၊ ဆင်းရဲဒုက္ခ ခံသင့်ရင်ခံဆိုတဲ့ ဒီလမ်းကြောင်းသာ မဇ္ဈိမပဋိပဒါ အလယ်အလတ်ကျတဲ့ လမ်းကြောင်း ဖြစ်တယ်။ အစွန်းမရောက်ဘူး။
မဇ္ဈိမပဋိပဒါဖွဲ့စည်းပုံ
အလယ်အလတ်ကျတဲ့ လမ်းကြောင်းဆိုတာ ဘာလဲဆိုရင် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာ

စာမျက်နှာ-၁၀၄
သမာဓိ၊ သမ္မာသတိ ဆိုတဲ့ မဂ္ဂင် ၈-ပါးပဲပေါ့။ မဂ္ဂလို့ဆိုတာ ဒီ(၈)ခုနဲ့ ဖွဲ့စည်းထားတဲ့ (unity of eight) လမ်း၊ (၁)ခုတည်းမဟုတ်ဘူး၊ ၈-ခုအပေါင်း။ အဲ့ဒီ(၈)ခုမှာ လျှော့စရာလည်းမရှိဘူး။ တိုးစရာလည်း မရှိဘူး။ အင်္ဂါရပ်တွေ လုံလုံလောက်လောက်ရှိတယ်။

မဂ္ဂကို Path လို့ အင်္ဂလိပ်လို ပြန်ကြတယ်။ စာပေကျမ်းဂန်ထဲလာတဲ့ အဓိပ္ပာယ်က အဲ့ဒီထက်ပိုလေးနက်တယ်။ မဂ္ဂဆိုတာ စကားလုံး(၂)လုံးပေါင်းထားတာ။ “မ” -ဆိုတာက ကိလေသာတွေကို ဖျက်ဆီးတယ်။ စိတ်ထဲက အညစ်ကြေးတွေကို ဖယ်ရှားလိုက်တယ်။ လောဘကိုဖယ်တယ်၊ ဒေါသကိုဖယ်တယ်၊ မောဟကိုဖယ်တယ်၊ မာန်မာနတွေ၊ ဣဿာမစ္ဆရိယတွေ၊ ထိုင်းမှိုင်းမှုတွေ အကုန်ဖယ်တယ်။ အဲ့ဒီလို ဖယ်လိုက်တာကို ခေါ်တာ။ “ဂ္ဂ”ရဲ့အဓိပ္ပာယ်က နိဗ္ဗာန်ရောက်အောင် သွားခြင်း။ စာလုံး ၂-လုံးပေါင်းလိုက်တော့ “မဂ္ဂ”ဆိုတာ ကိလေသာကို ဖယ်ရှားပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ လမ်းလို့ ပြောတာ။

“မဂ္ဂ”ဆိုတာ သာမန်အားဖြင့် လမ်းလို့အဓိပ္ပာယ်ရတယ်။ အဲ့ဒီ(၈)ခုနဲ့ဖွဲ့စည်းထားတဲ့ မဂ္ဂဆိုတာကတော့ အဲ့ဒီထက်ပိုလေးနက်တယ်။ အဓိပ္ပာယ်ရှိတယ်။ အလုပ်(၂)ခု ပြထားတယ်။ ကိလေသာကို ဖယ်ရှားခြင်းနဲ့

စာမျက်နှာ-၁၀၅
နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၊ ကိလေသာမဖယ်ဘဲ နိဗ္ဗာန်မရောက်ဘူးဆိုတာ မရှင်းဘူးလား။ ကိလေသာကို ဖယ်ကိုဖယ်ရမယ်။ ဒါမှ နိဗ္ဗာန်ရောက်နိုင်တယ်။

အဋ္ဌကထာမှာ နိဗ္ဗာန်တံခါးဆိုတာ အရိယမဂ်ကို ပြောတာတဲ့။ အရိယမဂ်ဆိုတာ ဘာကိုပြောတုံးဆိုရင် အဲဒီ(၈)ခုနဲ့ဖွဲ့စည်းထားတဲ့ ဒီတရားအစုကို ပြောတာ။ အဲဒီလမ်းကြောင်းအတိုင်း ကျင့်ရမယ်။ ဒါတွေက ဘာတွေတုန်းဆိုရင် လူတွေရဲ့သန္တာန်မှာရှိနေတဲ့ qualityတွေပဲ။ လူတိုင်းလူတိုင်းမှာ ဒီအရည်အချင်းတွေရဲ့ sourceတွေရှိတယ်။ sourceတွေ ကြီးပွားအောင် မလုပ်ဘူးဆိုရင် အစွမ်းမထက်လာဘူး။ ဓားလေးတစ်ချောင်းကို မသွေးရင် မထက်ဘူး၊ သွေးပေးမှ ထက်လာတယ်။

ထို့အတူ လူတွေရဲ့ quality ဖြစ်တဲ့ သမ္မာဒိဋ္ဌိ = မှန်မှန်ကန်ကန်နားလည်မှု၊ မှန်မှန်ကန်ကန်သိမြင်မှု၊ သမ္မာသင်္ကပ္ပ = အမှန်အကန်တွေးတောတတ်မှု၊ ဒီအရည်အချင်းတွေဟာ လူတွေရဲ့သန္တာန်မှာရှိတယ်။ လူတွေမှာ စဉ်းစားတာ(၂)မျိုးရှိတယ်။ မြင်တာလည်း(၂)မျိုးရှိတယ်။ မှန်မှန်ကန်ကန် စဉ်းစားတာရှိတယ်။ မှားမှားယွင်းယွင်း စဉ်းစားတာရှိတယ်။ မှန်မှန်ကန်ကန်

စာမျက်နှာ-၁၀၆
မြင်တာရှိတယ်။ မှားမှားယွင်းယွင်းမြင်တာရှိတယ်။ အဲဒီထဲမှာ မှားမှားယွင်းယွင်း မြင်တာတို့၊ မှားမှားယွင်းယွင်းစဉ်းစားတာတို့ကို ဖယ်ရှားပြီး မှန်မှန်ကန်ကန်စဉ်းစားဖို့၊ မှန်မှန်ကန်ကန်မြင်ဖို့ပဲ။

အဲ့ဒီလိုဖြစ်ဖို့ အထောက်အကူပြုဖို့ ဘာလိုအပ်သလဲဆိုရင် ကိုယ်ကျင့်တရား လိုအပ်တယ်။ ကိုယ်ကျင့်တရားဆိုသည်မှာ သမ္မာဝါစာ = ပြောဆိုတဲ့အခါ မှန်မှန်ပြောဆိုမှုပဲ။ မှန်မှန်ကန်ကန်ပြောတယ်ဆိုတာ မလိမ်ဘူး၊ ကြမ်းကြမ်းထမ်းထမ်း မပြောဘူး၊ တစ်ဦးနဲ့တစ်ဦး ကုန်းတိုက်တာတွေ မလုပ်ဘူး၊ အကျိုးမဲ့စကားတွေ မပြောဘူး။ နှုတ်နဲ့ပတ်သက်ပြီး limit လုပ်ထားတယ်။ ထိန်းသိမ်းတယ်။ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး limit လုပ်ထားတယ်။ လိမ်ညာနေတဲ့ လူတစ်ယောက်ဟာ မှန်မှန်ကန်ကန် မမြင်ဘူး။ မှန်မှန်ကန်ကန် မစဉ်းစားဘူး။ လိမ်တယ်ဆိုတာ သိရဲ့သားနဲ့ လိမ်တာ၊ ပြောင်းပြန်ပြောတယ်။ အမှန်ကိုဖုံးကွယ်ပြီး အမှားကိုတင်ပြတာကို လိမ်တယ်လို့ပြောတာ။ အမှန်က သူ့ရင်ထဲမှာရှိတယ်။ ဒါပေမဲ့ ဖုံးထားတယ်။ ထုတ်ပြောတော့ မဟုတ်တာပြောတယ်။ အဲ့ဒါကို လိမ်တယ်လို့ခေါ်တာ။ သူရင်ထဲမှာရှိတာက တစ်ခု၊ ပြောတာက တစ်ခု၊ ဒါကို မုသာဝါဒလို့ ပြောတာ။

စာမျက်နှာ-၁၀၇
ပိသုဏဝါစာ၊ “ပိ”က ပိယ၊ တစ်ဦးနဲ့တစ်ဦး ခင်မင်မှု၊ “သု”က သုည၊ ဆိတ်သုဉ်းသွားအောင်။ “ဏ”က ကရဏ၊ လုပ်တယ်။ မြန်မာလို ကုန်းတိုက်တယ်လို့ပြောတာ။ တည့်နေတဲ့ လူနှစ်ယောက် မတည့်အောင်လုပ်တယ်။ အထင်အမြင်တွေလွဲပြီး ကွဲသွားအောင်လုပ်တာကို ကုန်းတိုက်တာလို့ခေါ်တယ်။ ထိုသူတွေရဲ့ စိတ်ထားဟာ မွန်မြတ်တဲ့စိတ်ထားလား၊ ယုတ်ညံ့တဲ့စိတ်ထားလား။ (ယုတ်ညံ့တဲ့စိတ်ထားပါဘုရား။) တစ်ဦးနဲ့တစ်ဦး အဆင်ပြေနေတာကို အဆင်မပြေအောင် လုပ်တဲ့အဲ့ဒီလိုပုဂ္ဂိုလ်ရဲ့ စိတ်ထားဟာ ဘယ်လိုလုပ်ပြီး မွန်မြတ်တဲ့စိတ်ထား ဖြစ်မှာလဲ။ မဖြစ်နိုင်ဘူး။

ဖရုသဝါစာဆိုတာ ပြောတဲ့ပုဂ္ဂိုလ်ကလည်း ကြမ်းတမ်းတယ်။ နားထောင်တဲ့လူကိုလည်း ကြမ်းတမ်းစေတယ်။ နှုတ်ကြမ်းသည့်အတွက်ကြောင့် သူလည်း မေတ္တာပျက်၊ ကိုယ်လည်း မေတ္တာပျက်။ မေတ္တာပျက်နေတဲ့ ပုဂ္ဂိုလ်ရဲ့ နှလုံးသားဟာ ဘယ်တော့မှ မငြိမ်းချမ်းဘူးပေါ့။

သမ္ဖပ္ပလာပ = အကျိုးမရှိတဲ့ စကားတွေလျှောက်ပြောတာကို သမ္ဖပ္ပလာပ၊ တောင်စဉ်ရေမရ ပြောနေတယ်။ တရားမဲ့စကား၊ အချိန်အခါမဟုတ်တဲ့ စကားတွေပြောရင် သမ္ဖပ္ပလာပ။ “သံ” -ဆိုတာ လူတွေရဲ့

စာမျက်နှာ-၁၀၈
ကောင်းကျိုးချမ်းသာကို။ “ဖ” -ဆိုတာက ဖျက်ဆီးပစ်တဲ့ စကားမျိုး၊ “ပလာပ” -ဆိုတာက ပြောတာ၊ လူတွေကို လွဲမှားပြီး တစ်မျိုးတွေးစေတာမျိုးကို ခေါ်တယ်။ အဲ့ဒီစကားမျိုးပြောတဲ့ ပုဂ္ဂိုလ်ရဲ့ နှလုံးသားထဲကကော ကောင်းနိုင်ပါ့မလား။ (မကောင်းနိုင်ပါဘုရား)။ သမ္မာဝါစာဆိုတာ အဲ့ဒါမျိုးတွေကို မပြောဘဲ ရှောင်ကြဉ်တာကို ခေါ်တယ်။ ပါးစပ်ကပြောရင် မှန်တာပဲပြောမယ်။ ရင်ထဲရှိတဲ့အတိုင်း မှန်တာပဲပြောရမယ်။ တကယ်အဖြစ်မှန်ကိုပဲ ပြောရမယ်။ ဘူတဝါဒီ ဟုတ်တာပဲပြောတယ်။ နောက် သမဂ္ဂကရဏီဝါစာ၊ လူတွေတစ်ယောက်နဲ့တစ်ယောက် စေ့စပ်ပေးတာပဲပြောတယ်။ ကွဲသွားအောင် မပြောဘူး။ နှစ်ယောက် ခင်မင်နေတဲ့ကြားထဲက ကွဲသွားအောင်၊ မုန်းသွားအောင် ဘယ်တော့မှ မပြောဘူး။ စေ့စပ်ပေးတယ်။

စကားပြောရင် ချိုသာတဲ့စကားပဲ ပြောတယ်။ ကြင်နာတဲ့စကားပဲ ပြောတယ်။ မိသားစုထဲမှာတောင်မှ ကြင်ကြင်နာနာ စကားပြောတာနဲ့ ရိုင်းရိုင်းစိုင်းစိုင်းပြောတာ မတူဘူး။ တချို့မိသားစုထဲမှာလည်း ရိုင်းရိုင်းစိုင်းစိုင်းကြီးတွေ ပြောနေကြတယ်။ ကြားရတဲ့လူကလည်း နားမချမ်းသာဘူး၊ တစ်ဖက်သားလူကလည်း စိတ်မပျော့ဘဲ ပိုပြီးရိုင်းသွားတယ်။ စိတ်ပိုကြမ်းသွားတယ်။ အဲ့ဒီ

စာမျက်နှာ-၁၀၉
စကားမျိုးမပြောဘဲ ယာသာဝါစာနေလာ၊ အပြစ်ကင်းတယ်။ ကဏ္ဏသုခါ = နားချမ်းသာတယ်ကြားရတဲ့ပုဂ္ဂိုလ်၊ နားချမ်းသာတယ်။ ချစ်ခင်မှု ဖြစ်စေတယ်။ စိတ်ထဲ နှလုံးထဲ စိုက်ထိသွားတယ်။ ဒါတွေဟာ သမ္မာဝါစာလို့ ခေါ်တယ်။ လူတွေရဲ့ အခြေခံဖြစ်တယ်။ မှန်ကန်တဲ့ စကား၊ အကျိုးရှိတဲ့စကား၊ ဒါတွေပြောတယ်။ ပညာနဲ့ ဆင်ခြင်ပြီး တကယ်အကျိုးရှိတဲ့ စကားကို ပြောတယ်။ အားလုံး ပေါင်းလိုက်တဲ့အခါကျတော့ ဝစီဒုစရိုက်(၄)ပါးကို ရှောင်ရှားပြီး၊ ဝစီသုစရိုက်(၄)ပါးကို ပြောကြမယ်။ အဲ့ဒါ သမ္မာဝါစာ။

သမ္မာကမ္မန္တ၊ လူတွေဟာ ပြောပြီးရင် ပြောတဲ့အတိုင်း လုပ်သလား၊ လူတွေဟာ ပြောပြီးရင် ပြောတဲ့အတိုင်း လုပ်တဲ့သူ ရာခိုင်နှုန်းပြည့် မဟုတ်ဘူးနော်။ ပါးစပ်ကပြောတယ်။ လုပ်တော့ တစ်မျိုးလုပ်တယ်။

ပေဿဆိုတဲ့ဒကာတစ်ယောက် မြတ်စွာဘုရားဆီ လာတယ်။ သူက ဆင်တွေကို အတတ်သင်ပေးတဲ့ ဆရာ၊ သူက ဘာပြောသလဲဆိုရင် လူတွေနဲ့ တိရစ္ဆာန်တွေဟာ မတူဘူးတဲ့၊ မတူပုံ သူက ဘုရားကို ဘယ်လိုလျှောက်သလဲဆိုရင် “ဂုယှနဉ္စတံ ဘန္တေ ယဒိဒံ မနုဿာ၊ ဥတ္တာနကဉ္စတံ ဘန္တေ ယဒိဒံ ပသဝေါ” = လူတွေဟာ ဖုံးကွယ်တယ် ကောက်ကျစ်တယ်။ တိရစ္ဆာန်တွေဟာ

စာမျက်နှာ-၁၁၀
သိပ်ပြီးတော့ နှလုံးသား ပေါ်လွင်တယ်ဘုရား။ လျှို့ဝှက်တာမရှိဘူး။ ကောက်ကျစ်တဲ့စိတ် မရှိဘူး။

လူတွေက စိတ်ထဲရှိတာတစ်မျိုး၊ ပြောတော့ တစ်မျိုး၊ တိရစ္ဆာန်တွေက သူ့စိတ်ထဲမှာရှိတဲ့အတိုင်း အပြင်ဘက်မှာ ပေါ်လာတယ်။ တိရစ္ဆာန်က ရိုးဖြောင့်တယ်။ ဘယ်လောက် ဆိုးတဲ့ဆင်ဖြစ်ဖြစ် နှစ်ပြန် သုံးပြန်လောက် မောင်းကြည့်ရင်သိတယ်။ ဒီကောင်ရဲ့ ဉာဉ်တွေ အားလုံးပေါ်တယ်။ တပည့်တော်အိမ်မှာ ခိုင်းနေတဲ့ လူတွေကျတော့ သူတို့ရဲ့အကျင့်တွေ တစ်လနဲ့လည်း မပေါ်ဘူး၊ နှစ်လနဲ့လည်း မပေါ်ဘူးတဲ့၊ လူရှေ့ကျတော့ ဟုတ်ကဲ့ ဟုတ်ကဲ့ ကွယ်ရာကျတော့ သူတို့ လုပ်ချင်ရာ လုပ်တယ်။ သူပြောတာ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း (၂၅၀၀)က လူတွေအကြောင်းပြောတာ။ ဒီကနေ့ခေတ် လူတွေကို ပြောတာမဟုတ်ဘူး။ ဒီကနေ့ခေတ် လူတွေလည်း ဒီအတိုင်းပဲ ဘာမှ မထူးဘူး၊ မကောင်းတဲ့အကျင့်ဟာ မကောင်းဘူး။ လူတွေရှိနေသမျှ ဒါတွေရှိနေဦးမှာပဲ။ ။

သမ္မာဝါစာ = မှန်မှန်ကန်ကန်ပြောရမယ်။ သမ္မာကမ္မန္တ = မှန်မှန်ကန်ကန်လုပ်ရမယ်။ မှန်မှန်ကန်ကန် လုပ်တယ်ဆိုတာ ဘာလဲဆိုရင် သူများအသက်သတ်တာ မလုပ်ဘူး။ သူများပစ္စည်း ခိုးတာမလုပ်ဘူး။ သူများသားမယား စော်ကားတာ မလုပ်ဘူး။ အဲ့ဒါ သမ္မာကမ္မန္တ။

စာမျက်နှာ-၁၁၁
ပဲ။ သူများအသက်သတ်နေတဲ့လူဟာ စိတ်ငြိမ်းချမ်းမှု ဘယ်ရမလဲ။ သူများပစ္စည်းခိုးတဲ့သူလည်း စိတ်ငြိမ်းချမ်းမှု ဘယ်ရမလဲ။ သူများသားမယား စော်ကားတဲ့သူလည်း စိတ်ငြိမ်းချမ်းမှု ဘယ်ရမလဲ။ သူမရသလို သူ့ပတ်ဝန်းကျင်လည်း ဘယ်ရမလဲ။ ငြိမ်းချမ်းမှု မဖြစ်နိုင်ဘူး။ အဲ့ဒီလို ငြိမ်းချမ်းမှု ပျက်စီးစေတယ်။ အဲဒါကြောင့် သမ္မာကမ္မန္တဟာ အင်မတန်အရေးပါတယ်၊ မဂ္ဂင်(၈)ပါးထဲမှာ အဲ့ဒီအကျင့်တွေဟာ အရေးပါတယ်။ ။

သမ္မာအာဇီဝဆိုတာ ဘာလဲဆိုရင် လူတွေမှာ အသက်မွေးဝမ်းကျောင်းဆိုတာ ရှိကြတယ်။ ဘယ်နည်းနဲ့ အသက်မွေးဝမ်းကျောင်းနေကြသလဲ။ အသက်မွေးဝမ်းကျောင်းနည်း အမျိုးမျိုးရှိတယ်။ ကိုယ်တတ်တဲ့ ပညာနဲ့ အမျိုးမျိုး အသက်မွေးကြတယ်။ ပညာတတ်တဲ့သူက ပညာနဲ့အသက်မွေးတယ်၊ တောင်သူလုပ်တတ်တဲ့သူက တောင်သူအလုပ်နဲ့ အသက်မွေးတယ်၊ အရောင်းအဝယ်တတ်တဲ့သူက အရောင်းအဝယ်နဲ့ အသက်မွေးတယ်။ အဲဒီလို အသက်မွေးတဲ့အထဲမှာ မိစ္ဆာဝါစာလို့ဆိုတဲ့ ဝစီဒုစရိုက်၊ မိစ္ဆာကမ္မန္တဆိုတဲ့ ကာယဒုစရိုက်တွေနဲ့ အသက်မွေးရင် မိစ္ဆာအာဇီဝလို့ခေါ်တယ်။

ကဲ ဘယ်လို အသက်မွေးတာလဲဆိုရင် - မိစ္ဆာဝါစာနဲ့ အသက်မွေးပုံက ဆိုပါစို့၊ မုသာဝါဒနဲ့၊

စာမျက်နှာ-၁၁၂
ဘယ်လို အသက်မွေးသလဲ။ သူ့အတွက်သူ သက်သက် လိမ်ပြောတာ၊ ဒါ မိစ္ဆာအာဇီဝ မဖြစ်ဘူး၊ မုသာဝါဒ ဝစီဒုစရိုက်ပဲ ဖြစ်တယ်။ ပိုက်ဆံပေးပြီး သူများက လိမ်ခိုင်းလို့ လိမ်တာကျတော့ မိစ္ဆာအာဇီဝဖြစ်တယ်။ တရားရုံးတွေမှာ တက်ပြီး ငွေပေးလို့ လိမ်ပြီး ထွက်ဆိုရင် မိစ္ဆာအာဇီဝ။ သူက အသက်မွေးမှုနဲ့ ဆိုင်သွားပြီလေ။ ဒီမုသာဝါဒကို အသက်မွေးမှုအနေနဲ့သုံးတဲ့ နည်းလမ်းတစ်ခုအနေနဲ့ အသုံးချတာဖြစ်လို့ အဲ့ဒါ မိစ္ဆာအာဇီဝ ဖြစ်တယ်။

အေး- ဒီကောင်နှစ်ယောက် သိပ်တွဲနေတယ်။ ဒီကောင်နှစ်ယောက် ကွဲအောင် ကုန်းတိုက်စမ်း၊ ငွေပေးပြီး ခိုင်းလို့ ကွဲအောင်လုပ်ရင် ပိသုဏဝါစာ မိစ္ဆာအာဇီဝ ဖြစ်တယ်။ ဝါသနာအရဖြစ်စေ၊ တခြားအကြောင်းနဲ့ဖြစ်စေ ကုန်းတိုက်ရင် ဝစီဒုစရိုက်ပဲ ဖြစ်မယ်။ မိစ္ဆာအာဇီဝမဖြစ်ဘူး။ နောက်- ဖရုသဝါစာ၊ ငွေကြေးဓနယူပြီး ငွေရအောင် သွားဆဲရင် မိစ္ဆာအာဇီဝ ဖြစ်တယ်။ သက်သက် စိတ်ဆိုးလို့ ဆဲရင် ဝစီဒုစရိုက်သာဖြစ်တယ်။ သမ္မပ္ပလာပ = ဒီလူတွေ နဝေတိမ်တောင်ဖြစ်အောင် မင်းသွားပြောစမ်း၊ မင်းလိုချင်တာပေးမယ်ဆိုလို့ သွားပြောရင် မိစ္ဆာအာဇီဝဖြစ်တယ်၊ ဝါသနာပါလို့ မဟုတ်က ဟုတ်ကတွေ လျှောက်ပြောတာကတော့ သမ္မပ္ပလာပသာ ဖြစ်တယ်။

စာမျက်နှာ-၁၁၃
ပါဏာတိပါတ ကြည့်၊ သူများအသက် သတ်တာ မုန်းလို့ သတ်တာ။ မကျေနပ်လို့ သတ်တာဆိုရင် ကာယဒုစရိုက်ပဲ ဖြစ်တယ်။ အဲ့လိုမဟုတ်ဘဲ ရော့- ဒီလူကို သွားဖြောင်လိုက်စမ်း၊ နှုတ်ပိတ်လိုက်စမ်းဆိုပြီး ငွေပေးလို့ ငွေယူပြီး သွားသတ်ရင် မိစ္ဆာအာဇီဝဖြစ်တယ်။ ပါဏာတိပါတက သူ့အသက်မွေးဝမ်းကျောင်း ဖြစ်သွားတယ်။ စားဝတ်နေရေးအတွက် ကြက်တွေ ဝက်တွေ မွေးတယ်၊ သတ်ပြီး အသားရောင်းတယ်၊ ဒါကို အသက်မွေးဝမ်းကျောင်းလို့ ခေါ်တယ်။ အဲ့ဒီလို အသက်မွေးဝမ်းကျောင်းအတွက် သတ်တာတွေကျတော့ မိစ္ဆာအာဇီဝ ဖြစ်တယ်။

အဒိန္နာဒါနက မရှိလို့ သူ့ပစ္စည်းကို ခိုးတယ်၊ လိုချင်လို့ ခိုးတာ၊ အမြင်ကတ်လို့ ခိုးတယ်။ ဒါ ကာယဒုစရိုက် ဖြစ်တယ်၊ ပိုက်ဆံပေးပြီး ခိုးခိုင်းလို့ ခိုးတာတွေလည်း ရှိသေးတယ်။ အဲ့ဒါမျိုးကျတော့ သွားခိုးတဲ့သူမှာ မိစ္ဆာအာဇီဝဖြစ်တယ်။ ဒုစရိုက်ကို အာဇီဝနဲ့ ဆက်စပ်ပြီး ကြည့်ရတယ်။ ထို့အတူ ကာမေသုမိစ္ဆာစာရကျတော့ လူကိုမုန်းတာနဲ့ ကဲ-ဒီမိသားစုကို သွားပြီး ဒုက္ခရောက်အောင် လုပ်စမ်း၊ စော်ကားစမ်း။ ပိုက်ဆံရလို့ ဟိုကောင်က စော်ကားတယ်။ အဲ့ဒါ မိစ္ဆာအာဇီဝ ဖြစ်တယ်။ သက်သက် သူ့ဘာသာသူ စော်ကားတာကျတော့ ကာယဒုစရိုက်ပဲ ဖြစ်တယ်။ ဒါ လောကမှာ သိရမယ့်အချက်တွေ။

စာမျက်နှာ-၁၁၄
အဲ့ဒါတွေကို ရှောင်လိုက်တယ်ဆိုရင် လူ့ဘဝဟာ ဘယ်လောက်ငြိမ်းချမ်းသွားမလဲ။ မြတ်စွာဘုရားက နိဗ္ဗာန်ရောက်ဖို့ လမ်းကြောင်းကို အရင် ရှင်းပေးတယ်။ လမ်းတစ်ခုဖွင့်မယ်ဆိုရင် ခလုတ်ကန်သင်းတွေ ရှင်းမှ လမ်းကြောင်း ဖြောင့်ဖြူးမယ်။

ဒါကြောင့် နိဗ္ဗာန်သွားဖို့က အင်မတန် အရေးကြီးတယ်။ ဒါတွေ ရှင်းလိုက်ရင် သီလဆိုတဲ့ အခြေခံပိုင်း ပြည့်စုံသွားပြီ။ အဲဒီအခြေခံရှိမှ မှန်မှန်ကန်ကန် ကြိုးပမ်းအားထုတ်မှုဆိုတဲ့ သမ္မာဝါယာမ ဖြစ်တယ်။ မှန်မှန်ကန်ကန် ကြိုးပမ်းအားထုတ်မှုဆိုတဲ့ သမ္မာဝါယာမ ဖြစ်မှ သမ္မာသတိဆိုတဲ့ အမှတ်ရမှု ဖြစ်လာတယ်။ သမ္မာသမာဓိဆိုတဲ့ စိတ်တည်ငြိမ်မှု အခြေခံပိုင်းလေး ရလာတယ်။

ဆိုလိုတာက သီလမပြည့်ဝတဲ့ပုဂ္ဂိုလ်က သမာဓိ တည်ဆောက်ဖို့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့တုံးဆိုတော့ သူ့စိတ်ထဲမှာ သိနေတာတစ်ခု၊ လုပ်နေတာတစ်ခု၊ စိတ်နှစ်ခွကြီးဖြစ်နေတယ်၊ မငြိမ်ဘူး။ စိတ်နှစ်ခွကြီးနဲ့ သမာဓိ ဘယ်လိုမှမရနိုင်ဘူး။

ဒါကြောင့် “သီလ”က သမ္မာသမာဓိကို အထောက်အကူပြုတယ်။ အဲဒီလို အထောက်

စာမျက်နှာ-၁၁၅
အကူပြုတဲ့ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ သုံးခုကို သမာဓိ အုပ်စုလို့ခေါ်တယ်။

အဲ့ဒီ သမာဓိအုပ်စုကို အထောက်အကူပြုနေတာဟာ သမ္မာဝါစာ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဆိုတဲ့ သီလအုပ်စုဖြစ်တယ်။ အဲဒီလို သီလအုပ်စုက အထောက်အကူပြုလိုက်တဲ့အခါကျတော့ အတွေးမှန်လာမယ် သမ္မာသင်္ကပ္ပ။ အတွေးမှန်လာတော့မှ အမြင်မှန်တယ် နားလည်မှု မှန်ကန်လာတယ်ဆိုတဲ့ သမ္မာဒိဋ္ဌိဆိုတာ ဖြစ်လာတယ်။ ဒါက မဂ္ဂင်(၈)ပါး အကျဉ်းအားဖြင့် မှတ်သားဖို့၊ လက်တွေ့ကျင့်သုံးတဲ့ မဂ္ဂင်(၈)ပါး အခြေခံမဂ္ဂင်ကနေ စပြီးတော့ ပေါင်းလိုက်တဲ့အခါကျတော့ အဆင့်မြင့်တဲ့ မဂ္ဂင်(၈)ပါး ဖြစ်လာနိုင်တယ်။

အဲအခါကျတော့ တစ်လုံးတည်း၊ တစ်စုတည်း ဆောင်ရွက်သွားတယ်။ နိဗ္ဗာန်ကို အာရုံပြုတဲ့အခါကျတော့ မဂ္ဂဟာ တစ်လုံးတစ်စည်းတည်း unity ဖြစ်တယ်။ အခြေခံပိုင်းကျတော့ တစ်ခုနဲ့တစ်ခု unity မဟုတ်သေးဘူး။ တစ်ခုနဲ့တစ်ခု အထောက်အကူပြုသွားတယ်။ အပိုင်းလိုက်လေး အပိုင်းလိုက်လေး ဖြစ်ပေမယ့်လို့ ဒီအပိုင်းသုံးပိုင်းဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုမရှိဘဲ တည်နေတာမဟုတ်ဘူး၊ ဆက်စပ်ပြီး တည်နေကြတယ်။ တစ်ခုဖြတ်လိုက်လျှင် ကျန်တာ ပျက်သွားမယ်။

စာမျက်နှာ-၁၁၆
ဒီလိုဆိုလိုတယ်။ အဲဒီတော့ ပေါင်းလိုက်တဲ့အခါကျတော့ သီလပိုင်း၊ သမာဓိပိုင်း၊ ပညာပိုင်းလို့ သုံးပိုင်းရှိတယ်။ သီလပိုင်း ခိုင်လုံတဲ့အခါကျရင် သမာဓိပိုင်းရတယ်။ သမာဓိပိုင်းရရင် ပညာပိုင်းရတယ်။ ။

ဒါဖြင့် မြတ်စွာဘုရားက ပညာပိုင်းကို ဘာဖြစ်လို့ ရှေ့က ထားသလဲ ဆိုလို့ရှိရင် ပညာက သီလပိုင်းမှာလည်း control လုပ်ရမယ်။ သမာဓိပိုင်းမှာလည်း control လုပ်ရမယ်။ အတွေးမှန်နဲ့ အမြင်မှန်သာ မရှိဘူးဆိုရင် သီလလည်း ပြည့်စုံမှာ မဟုတ်ဘူး၊ ရှေ့ဆုံးထားပြီး ဟောလိုက်တာ၊ ကြည့်လေ။ သံသရာလည်စေတဲ့ ပဋိစ္စသမုပ္ပာဒ်ကျတော့ အဝိဇ္ဇာကို ရှေ့တန်းတင်ပြီး ဟောထားတယ်၊ သံသရာလည်တာက အမှန်မသိလို့လည်တာ၊ သံသရာကထွက်ဖို့ကျတော့ အမှန်သိတဲ့ သမ္မာဒိဋ္ဌိကို ရှေ့တန်းတင် ဟောထားတယ်။ ဒီနှစ်ခုဟာ၊ မြတ်စွာဘုရားရဲ့ တရားဒေသနာတော်ဟာ တကယ့်ကို reasonable ဖြစ်တာပဲ။ အမှတ်တမဲ့ ဟောတာမဟုတ်ဘူး။

မြတ်စွာဘုရား တကယ်ဟောတဲ့တရား၊ တကယ့်ကို စနစ်တကျဟောထားတယ်။ အေး-မဂ္ဂင်(၈)ပါး ဆိုတာ ဒီနိဗ္ဗာန်တံခါးပဲ။ နိဗ္ဗာန်ကိုသွားဖို့လမ်းချည်းပဲ၊ နိဗ္ဗာန်တံခါးဆိုတာ သမ္မာဒိဋ္ဌိစတဲ့ မဂ္ဂင် (၈)ပါး အစု

စာမျက်နှာ-၁၁၇
အစည်း (unity of Path) ပဲ။ အဆင့်မြင့်သွားရင် အရိယမဂ္ဂလို့ ဟောတာဟာ နိဗ္ဗာန်တံခါးကြီးပဲ။ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းကိုလည်း ဟောဒီ မဂ္ဂင် (၈)ပါးနဲ့ပဲ ဖွဲ့စည်းထားတယ်။

မဂ္ဂင်(၈)ပါးဟာ ဘယ်လောက်ထိအောင် အရေးပါသလဲဆိုရင် မြတ်စွာဘုရားကဟောတဲ့ ပထမဆုံး တရား ဓမ္မစကြာသုတ်မှာလည်း မဂ္ဂင်(၈)ပါးပဲ အဓိကဟောထားတယ်။ တခြားတခြား သုတ္တန်တွေမှာလည်းပဲ မဂ္ဂင်(၈)ပါးမပါတာ မရှိဘူး၊ နောက်ဆုံး ပရိနိဗ္ဗာန်စံမယ့်၊ ညောင်စောင်းမှာ လျောင်းစက်နေတဲ့ အချိန်၊ သုဘဒ္ဒပရိဗိုဇ်ကြီးက မေးတယ်။ အရှင်ဘုရားတဲ့- ပူရဏကဿပတို့ မက္ခလိဂေါသာလတို့၊ သူတို့ကိုယ်သူတို့ ဘုရားလို့ ဝန်ခံတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ဝါဒချင်းမတူကြဘူး။ သူတို့ပြောတဲ့အတိုင်း ဟုတ်ရဲ့လားလို့ မေးတော့ -

မြတ်စွာဘုရားက မင်း ဒါတွေမေးမနေနဲ့။ အချိန်မရှိဘူးတဲ့။ ငါပြောမယ်။ မဂ္ဂင်(၈)ပါးမှ မရှိဘူးဆိုရင် ဘယ်တော့မှ အောင်မြင်တဲ့သမဏဆိုတာ မဖြစ်နိုင်ဘူး။ ရဟန်းဆိုတာမရှိဘူး။ အောင်မြင်တဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဆိုတဲ့ သမဏမျိုး မရနိုင်ဘူး။ မဂ္ဂင်(၈)ပါးက အဓိကပဲလို့ ဆိုလိုတယ်။

စာမျက်နှာ-၁၁၈
မဂ္ဂင်(၈)ပါးမရှိတဲ့ သာသနာဟာ သာသနာအစစ်မဟုတ်ဘူး။ ဘယ်တော့မှ အောင်မြင်ပေါက်ရောက်မယ့် သာသနာမျိုးမဟုတ်ဘူး။ မဂ္ဂင်(၈)ပါးလမ်းစဉ်ချမှတ်ထားတဲ့ သာသနာသည်သာလျှင် တကယ့် ထာဝရငြိမ်းချမ်းမှုကိုပေးနိုင်တယ်လို့ မြတ်စွာဘုရားက အတိအလင်း ထုတ်ဖော်ဟောထားတာ ရှိတယ်နော်။

အေး-

ဒါကြောင့်မို့ ဒီမဂ္ဂင်(၈)ပါးဟာ နိဗ္ဗာန်တံခါးကြီးပါပဲ။ အဲဒီနိဗ္ဗာန်တံခါးကြီးဖြစ်တဲ့ မဂ္ဂင် (၈)ပါးထဲမှာ မြတ်စွာဘုရားက အဓိကထားပြီးတော့ ဟောလိုက်တာ ဘာတုံးဆိုလို့ရှိရင် သမ္မာဒိဋ္ဌိကို Right View မှန်ကန်တဲ့ အမြင်၊ မှန်မှန်ကန်ကန် နားလည်သဘောပေါက်ခြင်း အသိပညာကို ပြောတာ။

စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် ပြဿနာတစ်ခုကို ဖြေရှင်းတော့မယ်ဆိုရင် ထိုပြဿနာကို မှန်မှန်ကန်ကန် နားလည်မှုဆိုတာ အရေးကြီးဆုံးပဲ။ ဘယ်အရာပဲဖြစ်ဖြစ် ပြဿနာတစ်ခု ရှိလာပြီဆိုရင် (၁) ပြဿနာကို ပြဿနာလို့မြင်ရမယ်။ ပြဿနာကို ပြဿနာမဟုတ်ပါဘူးလို့ မြင်နေရင် ဖြေရှင်းဖို့ ကြိုးစားမှာ မဟုတ်ဘူး။ သစ္စာ(၄)ပါးနဲ့ ပြောမယ်ဆိုလို့ရှိရင် ဘဝကို ဒုက္ခလို့ မြင်ရမယ်။ ဒုက္ခလို့ မမြင်သေးသမျှ တွယ်တာနေဦးမှာပဲ။

စာမျက်နှာ-၁၁၉
အဲ့ဒီတော့ သမ္မာဒိဋ္ဌိဆိုတာ ပြဿနာကို ပြဿနာလို့မြင်တယ်။ မြင်လာတဲ့အခါကျတော့ အကြောင်းတရားက ဘာလဲဆိုတာ ရှာရတယ်။ ဘာကြောင့် ဒီပြဿနာဖြစ်သလဲဆိုတာ ရှာရမယ်။ ပြဿနာ ပြေသွားတာကိုလည်း မြင်တယ်။ ပြဿနာ ပြေလည်သွားဖို့ နည်းလမ်း (the way of solution) ဆိုတာကိုလည်း မြင်တယ်။ ပြဿနာနဲ့စပ်ပြီး ဒီအခြေခံအကြောင်းတရား (၄)မျိုးကို မြင်တယ်။

သစ္စာ(၄)ပါးဆိုတာ ဒါကိုပြောတာ၊ ဒုက္ခဆိုတာတွေ့ပြီးရင် ဒုက္ခရဲ့ အကြောင်းတရား ဘာလဲ ရှာရမယ်။ ဒုက္ခချုပ်ငြိမ်းသွားခြင်းရဲ့ အကြောင်းကိုလည်း သိရမယ်။ ဒုက္ခချုပ်ငြိမ်းခြင်းသို့ ရောက်စေတဲ့ အကြောင်းတရားကိုလည်း သိရမယ်။ ဒါကို “ဒုက္ခ၊ ဒုက္ခသမုဒယ၊ ဒုက္ခနိရောဓ၊ ဒုက္ခနိရောဓဂါမိနီပဋိပဒါ”လို့ ဟောတယ်။ မြတ်စွာဘုရားက ဘယ်နေရာဖြစ်ဖြစ် ဒီအတိုင်းသွားတယ်။ မြတ်စွာဘုရားက သံသရာကြီးထဲမှာ အင်မတန်ကြီးမားတဲ့ ဒီပြဿနာကြီးကို ဖြေရှင်းဖို့ရန်အတွက် ဒီ(၄)ချက်ပဲ။

လောကီကိစ္စတွေမှာလည်း တကယ်စဉ်းစားရင် ဒီ(၄)ချက်ပါပဲ။ ဥပမာ- ဆရာဝန်တွေ ဆေးကုမယ်ဆိုလို့ရှိရင် ရောဂါတွေ့သွားပြီတဲ့။ ဥပမာဆိုပါစို့ (၁) ဗိုက်ထဲက နာနေတယ် (problem) (၂) ဒီဗိုက်နာ

စာမျက်နှာ-၁၂၀
တာ ဘာကြောင့်လဲ (the cause of problem) ပြဿနာရဲ့အကြောင်း မရှာဘူးလား။ အဲဒါတွေ့ပြီဆိုတော့မှ (၃) ဒီရောဂါဟာ ပျောက်နိုင်တယ်၊ မပျောက်နိုင်ဘူးဆိုတာ (၄) ပျောက်မယ်ဆိုရင် ဘယ်နည်းနဲ့ပျောက်မှာလဲ (the way of treatment) ကုသနည်းကို ရှာရမယ်။ ဒါ သစ္စာ(၄)ပါးစနစ်ပဲ။

ပြဿနာတစ်ခုဖြစ်နေတယ်ဆိုရင် ထိုပြဿနာရဲ့အကြောင်းတရားရှိရမယ်။ ထိုပြဿနာငြိမ်းသွားတာ ရှိရမယ်။ ထိုပြေငြိမ်းမှုနည်းလမ်းဆိုတာ ရှိရမယ်။

ဟောဒီ(၄)ခုကို သိရမယ်။ သစ္စာ(၄)ပါးကိုသိတယ်၊ ဒါမျိုးကိုသိတာ။ ဒါမှ အမှန်အကန်။ မြတ်စွာဘုရားက သံသရာဝဋ်ကလွတ်ဖို့ရန်အတွက်၊ ဒုက္ခခပ်သိမ်းချုပ်ငြိမ်းဖို့ရာအတွက် ဟောဒီ(၄)ချက်သိတယ်။ သာမန်ကိစ္စတွေမှာလည်း ဟောဒီ(၄)ချက်နဲ့သွားတာပဲ။ အကုန်လုံးပဲ။ ။

အေး-ဒါကြောင့်မို့ သမ္မာဒိဋ္ဌိကို မြတ်စွာဘုရားက မှန်ကန်သောအမြင် Right Understanding ဆိုတာ ဘာပြောတာတုံးဆိုရင် ဒုက္ခကို သိတာ၊ နားလည်တာ။ ဒုက္ခရဲ့ အကြောင်းတရားကို သိတာ။ ဒုက္ခချုပ်ငြိမ်းမှုကို သိတာ။ ဒုက္ခချုပ်ငြိမ်းကြောင်း နည်းလမ်းကို သိတာ။ အဲဒီလို သိတာ မြင်တာကို အဆင့်မြင့်တဲ့သမ္မာဒိဋ္ဌိလို့

စာမျက်နှာ-၁၂၁
မြတ်စွာဘုရားကဟောတယ်။ အဲ့ဒီတော့ နိဗ္ဗာန်တံခါးကြီးဆီသွားမယ့် ပုဂ္ဂိုလ်၊ နိဗ္ဗာန်ကိုသွားမယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီလို မှန်မှန်ကန်ကန်မြင်ဖို့ အရေးကြီးပါတယ်တဲ့။ အဲဒီလိုမှ မမြင်ဘူးဆိုလို့ရှိရင် နိဗ္ဗာန်ကိုသွားဖို့ မဖြစ်နိုင်ပါဘူးတဲ့။

နိဗ္ဗာန်တံခါးကြီးဆိုတာ- မဂ္ဂင် (၈)ပါး အဖွဲ့အစည်းကြီးကိုပြောတာ။ အဲဒီလမ်းကြောင်းအတိုင်း လျှောက်၊ နိဗ္ဗာန်ရောက်မှာသေချာတယ်။ ဒီလမ်းကြောင်းက သွေဖည်လို့ကတော့ နိဗ္ဗာန်မရောက်နိုင်ဘူးတဲ့။

အေး-ဒါ့ကြောင်မို့ သမ္မာဒိဋ္ဌိဆိုတာနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီးတို့ အခြေခံအားဖြင့် ဘာပြောရမှာတုံးဆိုလို့ရှိရင် ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ သစ္စာနုလောမိကသမ္မာဒိဋ္ဌိ (၂)မျိုးကို အခြေခံအားဖြင့် မှတ်ထားရမယ်။ သမ္မာဒိဋ္ဌိ ၅မျိုးဆိုတာလည်းရှိပါတယ်။ ဘာလဲဆိုလို့ရှိရင် ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ ဈာနသမ္မာဒိဋ္ဌိ၊ ဝိပဿနာသမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိ၊ ပေါင်း (၅)မျိုး ရှိတယ်။ ဒီနေရာမှာ လောကီအခြေခံအားဖြင့် သမ္မာဒိဋ္ဌိမှာ ကမ္မဿကတာသမ္မာဒိဋ္ဌိဟာ အခြေခံအကျဆုံးပဲ။ ကမ္မဿကတာသမ္မာဒိဋ္ဌိမှ မရှိရင် ဒီပုဂ္ဂိုလ်သည် နိဗ္ဗာန်မပြောနဲ့၊ နတ်ပြည်တောင် မရောက်နိုင်ဘူး။

စာမျက်နှာ-၁၂၂
ကြည့်၊ မနေ့က ဟောခဲ့တဲ့ မက္ခလိဂေါသာလတို့ ပူရဏကဿပတို့၊ အဇိတတို့ဟာ ဟောဒီ သမ္မာဒိဋ္ဌိကို လုံးဝငြင်းပယ်ထားတယ်။ ကံတရားကို လုံးဝငြင်းပယ်ထားတယ်။ ပူရဏကဿပက အကျိုးတရားကို ငြင်းပယ်လိုက်တယ်။ နောက်ပြီး မက္ခလိဂေါသာလက အကြောင်းတရားကို ငြင်းပယ်လိုက်တယ်။ အဇိတက (၂)မျိုးလုံးငြင်းပယ်လိုက်တယ်ဆိုတော့ ဘုရားအဆူဆူက ကံဆိုတာ ရှိတယ် လက်ခံပြီး ဟောထားတာကို သူတို့က လုံးဝပယ်ဖျက်ပြီးတော့ ဟောတယ်။ လုံးဝကို ပြောင်းပြန်ဟောတယ်။ အဲဒါ တကယ့်ကို အရေးကြီးတဲ့ မိစ္ဆာဒိဋ္ဌိပဲ။ အဲ့ဒါတွေကို လက်ခံထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်တော့မှ ကောင်းရာသုဂတိကို မရောက်နိုင်ဘူး။ သူ့ရဲ့သွားလာလမ်းက အောက်လမ်းတစ်ခုပဲရှိတယ်။ အပေါ်မတက်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် သူရဲ့လုပ်ရပ်ကြောင့်ပဲ၊ သူ့အမြင်အတိုင်း သူသွားရတယ်။

အဲဒီတော့ ကမ္မဿကတာသမ္မာဒိဋ္ဌိဆိုတာနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ဘာဟောထားတုံး “ကမ္မဿကာ ဘိက္ခဝေ သတ္တာ ကမ္မဒါယာဒါ” = လူတိုင်းလူတိုင်းဟာ၊ သတ္တဝါမှန်သမျှဟာ ကိုယ်လုပ်တဲ့ ကံကို ပိုင်ဆိုင်မှုရှိကြတယ်။ ဒီမှာ စေတနာကို ကံလို့ခေါ်တယ်။ ထိုစေတနာသည် ကိုယ်ရဲရင်ထဲ၊ နှလုံးထဲမှာ

စာမျက်နှာ-၁၂၃
ဖြစ်သွားလို့ ထိုရင်ထဲ၊ နှလုံးထဲမှာ ဖြစ်တဲ့ ပုဂ္ဂိုလ်နဲ့သာ သက်ဆိုင်တယ်။ ကျန်တဲ့ပုဂ္ဂိုလ်နဲ့ မဆိုင်ဘူး၊ ကမ္မဿကတာသမ္မာဒိဋ္ဌိနဲ့ စပ်ပြီး ကံအကြောင်းပြောရင် တော်တော်ကျယ်ကျယ်ပြန့်ပြန့် ပြောဖို့လိုသေးတယ်။

ကမ္မဿကတာသမ္မာဒိဋ္ဌိကို အဋ္ဌကထာဆရာကြီးတွေက အဓိပ္ပာယ်တစ်မျိုးနဲ့ ဖွင့်ထားတာရှိတယ်။ သူတို့ဖွင့်တဲ့ အဓိပ္ပာယ်က ဘာတုံးဆိုရင် “ကမ္မံ သကံ ယေ သန္တိ ကမ္မဿကာ” = ကုသိုလ်ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ၊ အကုသိုလ်ကံဟာ ကိုယ့်ကို အကျိုးမပြုသည့်အတွက်ကြောင့် ကိုယ့်ဟာမဟုတ်ဘူး။ ကိုယ်ပိုင်မဟုတ်ဘူး။ ကုသိုလ်ကံသာလျှင် ကိုယ်ပိုင်ဆိုတဲ့အဓိပ္ပာယ်နဲ့ ဖွင့်တယ်။ သို့သော် မြတ်စွာဘုရား ဒီသုတ္တန်မှာ ဟောလိုတာက ကုသိုလ်ကံပဲဖြစ်ဖြစ်၊ အကုသိုလ်ကံပဲဖြစ်ဖြစ် လုပ်တဲ့သူနဲ့သာဆိုင်တယ်။ တခြားသူနဲ့ မဆိုင်ဘူး။

ကမ္မဒါယာဒါ = သတ္တဝါတွေဟာ ကံကပေးတဲ့ အမွေကိုသာ ရယူကြရတယ်။ ဘုန်းကြီးတို့တစ်တွေ လူဖြစ်လာတာ ဘယ်သူကပေးတုံး၊ ကံကပေးတာ ကံနဲ့ဆိုင်တယ်။ ကံက မင်းမျက်လုံးကောင်းကောင်းဆိုရင် မျက်လုံးကောင်းကောင်း၊ မျက်စိမပါနဲ့ဆို မျက်စိမပါဘူး။ ဦးနှောက်မကောင်းစေနဲ့ဆို ဦးနှောက်မကောင်းဘူး။

စာမျက်နှာ-၁၂၄
အရုပ်ဆိုးဆို အရုပ်ဆိုး၊ ကံက ပေးတဲ့ အမွေအတိုင်းကို ခံရတာ။ အဲ့ဒါပြောတာ။ ကံရဲ့ အမွေကိုခံရတာ၊ ဘယ်သူ့အမွေမှ ခံရတာမဟုတ်ဘူး။ မဟုတ်ပါဘူး။ တပည့်တော်တို့ အမေအဖေအတိုင်း ဖြစ်ရတာပါဆိုရင် အမေအဖေက အသားမည်းပြီး သားသမီးက ဖြူတာရှိတယ်။ အမေအဖေက ဉာဏ်မကောင်း၊ သားသမီးက ဉာဏ်ကောင်းတာရှိတယ်။ အမေအဖေက တော်တယ်၊ သားသမီးက ဉာဏ်လေးတယ်ဆိုတာရှိတယ်။ မျိုးစုံပဲ။ မတူဘူး။ ညီအစ်ကို မောင်နှမချင်းတောင်မှ မတူတာ။

သတ္တာ၊ သတ္တဝါတွေဟာ ကမ္မဿကာ၊ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြပါပေကုန်၏။ ကမ္မဒါယာဒါ၊ ကံက ပေးတဲ့အမွေကိုသာ ခံကြရကုန်၏။ ကမ္မယောနိ၊ ကံသာလျှင် ဒီဘဝရောက်လာစေတတ်တဲ့ အကြောင်းရှိကြပါကုန်၏။ ကမ္မဗန္ဓု၊ ကံသာလျှင် ဆွေမျိုးရှိကြပါကုန်၏၊ ကမ္မပ္ပဋိသရဏ၊ ကံသာလျှင် အားကိုးစရာ ရှိကြပါပေကုန်၏။

ဘုန်းကြီးတို့တစ်တွေ လူလောကထဲလာတုန်းက တစ်ယောက်တည်းလာတာလား၊ နှစ်ယောက်လာတာလား။ (တစ်ယောက်တည်းလာတာပါဘုရား)။ အမြွှာပူးတွေကျတော့ ဘယ်လိုပြောမလဲ။ (ရယ်ကြသည်)။ အမှန်တော့ သူတို့လည်း တစ်ယောက်နဲ့တစ်ယောက် သိတာမဟုတ်ပါဘူး။ လာတာတော့လည်း တစ်လမ်းစီက လာခဲ့။

စာမျက်နှာ-၁၂၅
ကြတာပဲ။ မတော်တဆ ဇရပ်တစ်ခုပေါ်မှာ ဝင်တည်းမိတာ၊ ဆုံမိတာမျိုး ဖြစ်တာပါ။ လာတဲ့လမ်းကြောင်းခြင်းတော့ တူမှာမဟုတ်ပါဘူး။ လူတွေဟာ ကံက မွေးဖွားပေးလိုက်တာ။ မွေးဖွားခြင်းရဲ့ အကြောင်းကလည်း ကံပဲ။

“ယံ ကမ္မံ ကရိဿန္တိ ကလျာဏံ ဝါ ပါပကံ၊ ဝါ၊ တဿ ကမ္မဿ ဒါယာဒါ ဘဝိဿန္တိ။” ကလျာဏံ ဝါ၊ ကောင်းတဲ့ ကုသိုလ်ကံပဲ ဖြစ်စေ။ ပါပကံ ဝါ၊ မကောင်းတဲ့ အကုသိုလ်ကံပဲ ဖြစ်စေ၊ ယံ ကမ္မံ၊ အကြင် ကံကို။ ကရိဿန္တိ၊ ပြုလုပ်ကြပေကုန်၏။ တဿ ကမ္မဿ ဒါယာဒါ ဘဝိဿန္တိ၊ အဲဒီ ကောင်းတဲ့ကံ၊ မကောင်းတဲ့ အကုသိုလ်ကံရဲ့ အမွေကို ခံရတဲ့ပုဂ္ဂိုလ် ဖြစ်ကြရလေကုန်၏။

ဒါက ကမ္မဝါဒကို ပြောတာ၊ ကိုယ်လုပ်တဲ့ ကံကို ကိုယ်ခံရတယ်။ ပုံမှန်အားဖြင့် ဒီအတိုင်း မှတ်ထား။ သတ္တဝါတွေဟာ ကံပေးတဲ့ အတိုင်း ဖြစ်ရတယ်ဆိုတဲ့ အမြင်ဟာ ကမ္မဿကတာသမ္မာဒိဋ္ဌိပဲ။

ပူရဏကဿပက ပြောတယ်၊ အကုသိုလ်ဆိုတာ မရှိဘူး။ အကုသိုလ်ရဲ့ အကျိုးလည်း မရှိပါဘူး။ ကုသိုလ်ဆိုတာ မရှိဘူး။ ကုသိုလ်အကျိုးလည်း မရှိဘူး။ မြတ်စွာဘုရားဟောတာနဲ့ ဆန့်ကျင်ဘက်ဖြစ်မနေဘူး

စာမျက်နှာ-၁၂၆
လား။ အနည်းဆုံး လူဖြစ်လာရင် ကံကို ယုံကြည်တဲ့သူ ဖြစ်ရမယ်။ ကံကို မယုံကြည်တဲ့ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာဝင်တွေသာ မဟုတ်ဘူး၊ တခြားလူတွေလည်း နတ်ပြည်ရောက်နိုင်တယ်။ ကံကို ယုံကြည်ပြီး ကုသိုလ်ကောင်းမှုပြုတာ၊ ဒါနပြုတာ ရင်ထဲနှလုံးထဲက တူမှ အကုန်တူတယ်ပြောတာ။

ယေဘုယျအားဖြင့်ပြောရင် ဗုဒ္ဓဘာသာဝင်မှ မဟုတ်ဘူး၊ အခြားဘာသာဝင်တွေလည်း ဒီအလုပ်မျိုး လုပ်ရင် အကောင်းဖြစ်မှာပဲ၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ ဓမ္မနဲ့ဆိုင်တယ်။ ဒါကြောင့် သူ့သဘော သူဆောင်တဲ့ အရာတွေကို ဓမ္မလို့ ပြောတာ။ အဲဒီလို ကမ္မဿကတာသမ္မာဒိဋ္ဌိ ရှိလာပြီဆိုရင် ဒီပုဂ္ဂိုလ်တွေဟာ အခြေခံ သမ္မာဒိဋ္ဌိဉာဏ်တစ်ခု ရလာပြီလို့ ပြောရမယ်။ မဂ္ဂင်(၈)ပါးထဲမှာ ဒါ အဆင့်အနိမ့်ဆုံး သမ္မာဒိဋ္ဌိပဲ။ ဒါလေးမှမရှိရင် အဆင့်မြင့်တဲ့ သမ္မာဒိဋ္ဌိ မရနိုင်ဘူး။ အဆင့်နိမ့်တဲ့ သမ္မာဒိဋ္ဌိ အစပျိုးလာရုံနဲ့ နိဗ္ဗာန်ပို့သလားဆိုရင် မပို့နိုင်ဘူး။ အစလေး၊ အခြေခံလေးပဲ ရှိသေးတယ်။

နိဗ္ဗာန်ရောက်ဖို့ရာအတွက် သမ္မာဒိဋ္ဌိ တစ်ဆင့် ရှိသေးတယ်။ ဒါကြောင့် သမ္မာဒိဋ္ဌိ (၂)မျိုး မှတ်ရမယ်။ ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ သစ္စာနုလောမိကသမ္မာဒိဋ္ဌိ (၂)မျိုးခွဲပြီး ဟောပါမယ်။ ဒါက အဋ္ဌကထာ တစ်စောင်ရဲ့

စာမျက်နှာ-၁၂၇
မိန့်ဆိုချက်၊ အေး-ကမ္မဿကတာသမ္မာဒိဋ္ဌိကို အကျဉ်းချုံးပြောရမယ်ဆိုလို့ရှိရင် လူ့လောကမှာ ဆူကြုံနိမ့်မြင့် ကွဲပြားခြားနားကြတယ်။ တချို့က အသက်တိုတယ်။ တချို့က အသက်ရှည်တယ်၊ ဒီလိုဖြစ်နေတာ ဘာကြောင့်ဆိုရင် ကံကနေပြီး ခွဲပေးနေတာ။ မိသားစုထဲမှာပဲ တချို့က အသက်ရှည်တယ်၊ တချို့က အသက်တိုတယ်၊ တချို့က ရောဂါများပြီး တချို့က ရောဂါနည်းတယ်၊ တချို့က လှတယ်၊ တချို့က အရုပ်ဆိုးတယ်။ တချို့က ချမ်းသာတယ်၊ တချို့က ဆင်းရဲတယ်၊ တချို့က သြဇာရှိတယ်။ တချို့က မရှိဘူး၊ တချို့က ဂုဏ်သရေမြင့်မားတယ်။ တချို့က မမြင့်မားဘူး။ တချို့က တော်တယ်။ တချို့က မတော်ဘူး။ မိသားစုထဲမှာပဲ ကြည့်လေ၊ ဒါ ဘယ်သူက လုပ်သလဲ၊ ကံက လုပ်တယ်။ မြတ်စွာဘုရားက စူဠကမ္မဝိဘင်္ဂသုတ်မှာ ဟောထားတယ်။

ပြည့်ပြည့်စုံစုံ စူဠကမ္မဝိဘင်္ဂသုတ်ကို ဟောရင်တော့ (၁)ရက်၊ (၂)ရက်လောက် ဟောရမယ်။ ဒါပေမဲ့ အားလုံးခြုံငုံပြီးပြောရရင် သူများအသက်သတ်တဲ့ပုဂ္ဂိုလ်တွေ အသက်တိုတယ် ငရဲကျပြီးနောက် လူဖြစ်လာရင် အသက်တိုတယ်။ အသက်ရှည်တာကျတော့ ပါဏာတိပါတ ရှောင်ကြဉ်တဲ့ပုဂ္ဂိုလ်တွေပေါ့။ ရှောင်ကြဉ်သည့်အတွက်

စာမျက်နှာ-၁၂၈
ကြောင့် ကောင်းရာသုဂတိ ရောက်တယ်။ လူဖြစ်ရင်လည်း အသက်ရှည်တယ်ပေါ့။ အဲဒီလို စူဠကမ္မဝိဘင်္ဂသုတ်မှာ ဘုရားက ကံနှင့်ပတ်သက်ပြီး ဟောထားတယ်။

မဟာကမ္မဝိဘင်္ဂသုတ်မှာ ဒီထက်စဉ်းစားစရာတွေ ပိုပြီးပါလာတယ်။ မဟာကမ္မဝိဘင်္ဂသုတ်နဲ့ ပတ်သက်ပြီး ကမ္မဿကတာသမ္မာဒိဋ္ဌိနဲ့ အခြေခံလေး ပြောရမယ်ဆိုရင်

လူတစ်ယောက်ဟာ မကောင်းတာလုပ်တယ်။ ဒုစရိုက်(၁၀)ပါးကိုလည်း အကျဉ်းမှတ်လိုက်နော်။ (၁) လူတစ်ယောက်ဟာ စိတ်နေစိတ်ထားကစပြီး မကောင်းဘူး။ မကောင်းတာချည်းပဲ လုပ်တယ်။ သေတဲ့အခါ ငရဲကျသွားတယ်။ ဒါတစ်ယောက်။ (၂) လူတစ်ယောက်ဟာ မကောင်းတာတွေလုပ်တယ်၊ သေတဲ့အခါကျတော့ နတ်ပြည်ရောက်တယ်။ ဒါတစ်ယောက်။ (၃) လူတစ်ယောက်ဟာ သုစရိုက်တွေပဲ လုပ်တယ်၊ သေတဲ့အခါ ကောင်းရာသုဂတိ ရောက်တယ်။ ဒါတစ်ယောက်။ (၄) လူတစ်ယောက်ဟာ အကျင့်ကောင်းတယ်၊ ကောင်းတာတွေချည်းပဲ လုပ်တယ်၊ သေတော့ ငရဲရောက်သွားတယ်။ ဒါတစ်ယောက်။

အဲဒီလေးမျိုးနဲ့ ပတ်သက်ပြီးတော့ တခြားဘာသာတွေက ဘယ်လိုတွေ့ရှိလဲ။ ဗုဒ္ဓမြတ်စွာမပွင့်ခင်

စာမျက်နှာ-၁၂၉
က အကြားအမြင်ဆရာတွေထက် အဆင့်မြင့်တဲ့ ဒိဗ္ဗစက္ခုဉာဏ်ရတဲ့ သမဏ ဗြာဟ္မဏတွေဟာ သူတို့မှာ မြင်နိုင်တဲ့ စွမ်းအားသတ္တိရှိပေမယ့် သူတို့ဟောပြောချက်က မပြည့်စုံဘူး။ ကံနဲ့ပတ်သက်ပြီး ဒီ(၄)ချက်မှာ မျက်စိလည်သွားတယ်။

ပထမပုဂ္ဂိုလ်တစ်ယောက်ဟာ မကောင်းတာတွေချည်းလုပ်တယ်။ မကောင်းတာလုပ်လို့ ငရဲကျသွားတယ်။ မကောင်းတဲ့ဘုံ ရောက်သွားတယ်။ အဲဒါကို သမာဓိစွမ်းအားရှင်က ဒိဗ္ဗစက္ခုနဲ့ ကြည့်လိုက်တဲ့အခါ ငရဲခံနေရတာတွေ့ရလို့ theory တစ်ခုကို ထုတ်ဖော်လိုက်တယ်။ မကောင်းမှု အကုသိုလ်ဆိုတာ ရှိတယ်။ မကောင်းမှု အကုသိုလ်ရဲ့ အကျိုးလည်း ရှိတယ်။ ကြည့်လေတဲ့၊ မကောင်းတာလုပ်တဲ့သူ ငရဲကျသွားပြီ။ ဒါကြောင့် ဒီအချက်ကိုကြည့်ပြီး မကောင်းတာလုပ်တဲ့သူမှန်သမျှ ငရဲသွားမယ်လို့ conclusion ဆွဲတယ်။ ဒါကို မြတ်စွာဘုရားက လက်မခံဘူး၊ ဝေဖန်ပြတယ်။

ဒုတိယအမျိုးအစားကျတော့ မကောင်းတာတွေလုပ်ပြီး နတ်ပြည်ရောက်နေသူ ဖြစ်တယ်။ ဒိဗ္ဗစက္ခုနဲ့ ကြည့်လိုက်တော့ နတ်ပြည်ရောက်နေတာ မြင်ရတယ်၊ ဟ-ဒီလူ မကောင်းတာတွေလုပ်ပြီး သေတော့ နတ်ပြည်ရောက်နေပါလား။ မကောင်းတာတွေလုပ်ပြီး

စာမျက်နှာ-၁၃၀
ဘာဖြစ်လို့ နတ်ပြည်ရောက်နေလဲဆိုတာ အကြောင်းရင်းကို သေချာမသိဘူး။ ဒါနဲ့ theory တစ်ခုထုတ်လိုက်တယ်။ မကောင်းမှု အကုသိုလ်ဆိုတာ မရှိဘူး။ မကောင်းမှု အကုသိုလ်ရဲ့ အကျိုးတရားလည်း မရှိဘူး။ ဒီလောက်ဆိုးတဲ့ကောင်တောင် နတ်ပြည်ရောက်နေတာပဲ။ ဒီ theory ထုတ်ပြီးတော့ မကောင်းတာလုပ်လည်း သူဖြစ်ချင်ရာဖြစ်မှာပဲဆိုတဲ့ conclusion ကို ဆွဲလိုက်တယ်။

ထိုအတူပဲ၊ ကောင်းတာလုပ်ပြီး ကောင်းတဲ့ဘုံရောက်တဲ့ပုဂ္ဂိုလ်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်လိုက်လို့မြင်ရင် အေး-ကုသိုလ်ကောင်းမှုဆိုတာရှိတယ်။ ကုသိုလ်အကျိုးတရားဆိုတာလည်း ရှိတယ်ဆိုတဲ့ theory ကို ဆွဲလိုက်တယ်။ ကြည့်-ဒီလူတစ်ယောက် ကောင်းတာတွေလုပ်ပြီး ကောင်းတဲ့ဘုံရောက်နေပြီလို့ ပြောပြီး သူက ဘာ conclusion ဆွဲသလဲဆိုရင် ကောင်းတာလုပ်တဲ့သူဟာ ကောင်းတဲ့ဘုံပဲ ရောက်နိုင်တယ်တဲ့။

ဒီ conclusion ဆွဲလိုက်တော့ စတုတ္ထပုဂ္ဂိုလ်နဲ့ လာငြိနေပြန်ရော။ စတုတ္ထပုဂ္ဂိုလ်ဟာ ကောင်းမှုကုသိုလ် လုပ်ပါလျက် ငရဲကျနေသူ ဖြစ်တယ်။ အဲဒါသွားတွေ့တဲ့အခါကျတော့ သူက ဘာပြန်ပြောသလဲဆိုရင် ကောင်းမှုကုသိုလ်ဆိုတာ မရှိဘူး။ ကောင်းမှုတွေလုပ်ပြီး ငရဲကျနေတာရှိတယ်လို့ ကောက်ချက်ချတယ်။

စာမျက်နှာ-၁၃၁
မြတ်စွာဘုရားက အဲဒီအချက်တွေနဲ့ ပတ်သက်ပြီး ဝေဖန်တာကတော့ မကောင်းတဲ့ အကုသိုလ်ဆိုတာ ရှိတယ်။ မကောင်းတဲ့အကုသိုလ်ရဲ့ အကျိုးရှိတယ်ဆိုတာ ဟုတ်တယ်။ အဲဒါကို ငါသဘောတူတယ်တဲ့။ သို့သော် မကောင်းတာလုပ်တဲ့သူမှန်သမျှ ငရဲကျတယ်ဆိုတဲ့ conclusion ကိုတော့ ငါလက်မခံဘူး။ ဘာဖြစ်လို့တုံးဆိုရင် ဒီလက်ရှိဘဝက ကံတစ်ခုတည်းတင် ကြည့်ပြီး ဆုံးဖြတ်လို့မရဘူး။ အတိတ်က ကံတွေလည်း ရှိသေးတယ်။

ဒီဘဝမှာ သူကဆိုးပေမယ့် အတိတ်ကကောင်းခဲ့တယ်။ အဲဒီအတိတ်က ကောင်းလာတဲ့ကံက nature ဖြစ်ပြီး ဝင်ရောက်အကျိုးပေးလိုက်တာ။ ဒါမှမဟုတ် သေခါနီးမှာ စိတ်ပြောင်းသွားတာမျိုး ရှိတယ်။ ဆိုပါစို့။ သရဏာနိဆိုတဲ့ သာကီဝင်မင်းသားတစ်ယောက်ဟာ တစ်သက်လုံး အရက်တမြမြနဲ့ နေသွားတယ်။ သေခါနီးကျတော့ သူပြင်သွားတာ ဘယ်မှ မသိလိုက်ဘူး၊ သူသေခါနီး သောတာပန်ဖြစ်သွားတယ်။

သူသေသွားတဲ့အခါ မြတ်စွာဘုရားက သရဏာနိကို သောတာပန်လို့ မိန့်တယ်။ ဒီတော့ ကြားတဲ့လူအများစုက ဟာ-နေ့တိုင်း အရက်ကလေးတမြမြနဲ့ နေတဲ့ သရဏာန်လိုအကောင်တောင် သောတာပန်ဖြစ်တယ်ဆိုရင် ဘယ်ကောင်သောတာပန်မဖြစ်ဘဲ

စာမျက်နှာ-၁၃၂
နေမှာတုံးလို့ ပြောကြတယ်။ သေခါနီးပြောင်းလဲသွားတာ သူတို့မသိကြဘူးလေ။ အဲဒီတော့ ပုထုဇဉ်ဆိုတာ အပြောင်းအလဲ သိပ်မြန်တယ်။ တစ်ခုလေးနဲ့သွားပြီး conclusion မဆွဲနဲ့တဲ့။ ကမ္မဝိဘင်္ဂဉာဏ်ဟာ မြတ်စွာဘုရားမှာသာ ရှိနိုင်တယ်။ အသေးစိတ်အကြောင်းအချက်အလက်ကို မြတ်စွာဘုရားက သိတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေ မသိနိုင်ဘူး။ ကြားထဲက လစ်လပ်နေတဲ့အကြောင်းလေးကို မသိလိုက်တဲ့အတွက်ကြောင့် လူတွေက မျက်စိလည်သွားတယ်။

ဒီကနေ့ခေတ်လည်း မျက်စိလည်တဲ့လူတွေ ရှိတယ်။ ဟာ-ဒီကောင် ဆိုးတဲ့အကောင်၊ သေတော့ ကောင်းရာရောက်တယ်။ ဘာတွေပြောကြလဲဆိုရင် ဒီကောင် မကောင်းတာတွေလုပ်တယ်။ ကြီးပွားနေတယ်။ ကောင်းတာလုပ်တဲ့ကောင်ကျတော့ ဆင်းရဲတယ်လို့ ပြောကြတယ်။ တချို့က ကံ၊ ကံ၏အကျိုးကိုတောင် မယုံချင်တော့ဘူးလို့ ပြောကြတယ်။ မဟုတ်တာလုပ်တဲ့အကောင် ကြီးပွားတယ်။ ဟုတ်တာလုပ်တဲ့အကောင် ဆင်းရဲတယ်လို့ မျက်စိလည်သွားတယ်။ မကောင်းတာတွေလုပ်နေပေမယ့် အတိတ်ကကောင်းတာတွေ လုပ်ခဲ့လို့ ဒီဘဝမှာ ကောင်းကျိုးပေးတယ်။ အခု မကောင်းတာတွေက mature မဖြစ်သေးဘူး။

စာမျက်နှာ-၁၃၃
ဥယျာဉ်ကြီးထဲမှာ ဟို ၄-၅၊ ၁၀နှစ်က စိုက်ထားတဲ့ အပင်တွေက အသီးတွေသီးနေတာ။ အခု ဒီကနေ့မှာ စိုက်တဲ့အပင်တွေက မသီးသေးဘူး။ အခုလုပ်တဲ့ ပစ္စုပ္ပန်ကံက mature မဖြစ်သေးဘူး။ အဲဒါ မြတ်စွာဘုရားရဲ့ ကမ္မဝါဒနဲ့ပတ်သက်ပြီး ကမ္မဝိဘင်္ဂသုတ်ကို နားလည်အောင် ဖတ်ရတယ်။ မြတ်စွာဘုရားက-ရှေးတုန်းက လုပ်လာတာလည်း ဖြစ်မယ်။ နောက်ကျမှ လုပ်တာလည်း ဖြစ်မယ်၊ သို့မဟုတ် သေခါနီးမှာ အယူဝါဒပြောင်း၊ စိတ်ပြောင်းသွားတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ ကောင်းတာလုပ်ပြီး မကောင်းတဲ့ဘဝ ရောက်သွားတာရှိတယ်။ မကောင်းတာလုပ်ပြီး ကောင်းတဲ့ဘဝ ရောက်သွားတာလည်း ရှိတယ်။

ကြည့်လေ၊ မြတ်စွာဘုရားလက်ထက်တုန်းက ထောင်ထဲမှာ ဘုရင်အမိန့်နဲ့ သေဒဏ်ကျတဲ့သူတွေ နှစ်ပေါင်း (၅၀)ကြာ သတ်ခဲ့တဲ့ တမ္ဗဒါဌိက လူသတ်သမားကြီး သေတော့ သုဂတိဘုံ ရောက်သွားတယ်။ ဘာဖြစ်လို့ ရောက်သွားတုံးဆိုရင် အရှင်သာရိပုတ္တရာနဲ့ တွေ့လိုက်တယ်။ အရှင်သာရိပုတ္တရာကိုမြင်တော့ သူက သဒ္ဒါတရားဖြစ်သွားတယ်။ သူစားမယ့် နို့ဃနာဆွမ်းကို လှူတော့ ရှင်သာရိပုတ္တရာက တရားဟောကြားတယ်။

စာမျက်နှာ-၁၃၄
သူ့စိတ်ထဲမှာ ဘယ်လိုဖြစ်သလဲ။ ဒီလောက် လူတွေသတ်လာတာ တရားနာလည်း မထူးတော့ပါဘူး၊ ငါ့ဘဝက တစ်လမ်းသွားပဲလို့တွေးပြီး စိတ်မငြိမ်ဘူး။ ဒီအခါ အရှင်သာရိပုတ္တရာက အကဲခတ်မိတယ်။ တရားဟောတာ ခဏရပ်နားပြီး မေးတယ်၊ ဒါယကာ ဘာတွေတွေးပြီး ပူပန်နေတာလဲတဲ့။ တပည့်တော်က လူတွေနှစ်ပေါင်းများစွာ သတ်လာတာဘုရား၊ တရားနာလည်း မထူးပါဘူးလို့ဆိုတော့ ရှင်သာရိပုတ္တရာက မေးလိုက်တယ်။ အဲဒီလူတွေ မင်းသတ်ချင်လို့ သတ်တာလား မေးလိုက်တယ်။ မဟုတ်ပါဘူး၊ ဘုရင်ကခိုင်းလို့ပါတဲ့။ အေး...သူများခိုင်းလို့ လုပ်ရတာ အပြစ်ရှိသလားလို့ မေးလိုက်တော့ သူ့စိတ်ထဲမှာ ပေါ့သွားပြီး ဟုတ်သားပဲ၊ သူများခိုင်းလို့ လုပ်တာ အပြစ်မရှိဘူးလို့ မှတ်ယူသွားတယ်။

တကယ်တော့ သူများခိုင်းလို့ လုပ်လည်း အပြစ်ရှိတယ်နော်။ ခိုင်းလို့သတ်တာပဲဖြစ်ဖြစ်၊ ကိုယ့်သဘောနဲ့ ကိုယ်သတ်တာပဲဖြစ်ဖြစ်၊ သတ်တာနဲ့ပတ်သက်ပြီး အတူတူပဲ။ ဘုန်းကြီးတွေမှာ ခိုင်းတဲ့ကိုယ်တော်လည်း ပါရာဇိကကျတယ်။ သတ်တဲ့ကိုယ်တော်လည်း ပါရာဇိကကျတယ်။ သူများခိုင်းလို့ လုပ်ရတာ အပြစ်ရှိသလားလို့ ရှင်သာရိပုတ္တရာက မေးလိုက်တော့ ဟုတ်သားပဲ သူများခိုင်းလို့ လုပ်ရတာပဲ၊ ငါလုပ်ချင်လို့လုပ်တာ

စာမျက်နှာ-၁၃၅
မဟုတ်ဘူးလို့တွေးမိပြီး ရင်ထဲမှာ ပေါ့သွားတယ်။ အဲဒီအချိန်မှာ ရှင်သာရိပုတ္တရာက ဆက်ပြီးတရားဟောတယ်။

အဲဒီမှာ ရှင်သာရိပုတ္တရာက အပြစ်မရှိဘူးလို့ မပြောဘူးနော်။ ဒါပေမဲ့ ရှင်သာရိပုတ္တရာရဲ့ အမေးစကားကြောင့် သူ့ရင်ထဲမှာ အတွေးတစ်မျိုးဝင်လို့ စိတ်ကလေးငြိမ်သွားတယ်၊ စိတ်ငြိမ်ငြိမ်နဲ့ တရားနာလိုက်တော့ တရားသဘောနားလည်ပြီး သစ္စာနုလောမိကသမ္မာဒိဋ္ဌိဆိုတဲ့ ဝိပဿနာဉာဏ်အဆင့်ထိအောင် ရောက်သွားတယ်။ အဲဒီအချိန်မှာ သေသွားလို့ နတ်ပြည်ရောက်သွားတာ၊ ဒီလျှို့ဝှက်ချက်လေးတွေ သဘောပေါက်ဖို့လိုတယ်ပေါ့။ မဟာကမ္မဝိဘင်္ဂသုတ်မှာ မြတ်စွာဘုရားက ဒီလျှို့ဝှက်ချက်ကလေးတွေကို ဖော်ထုတ်ပြီး ဟောထားတာ၊ ဒါ ကမ္မဿကတာသမ္မာဒိဋ္ဌိလို့ ခေါ်တယ်။

အဲဒီအခြေခံ ကံတွေနဲ့ စပ်ပြီး တို့တစ်တွေဟာ ဘဝတစ်ခုမှာ ကုသိုလ်ကံလုပ်မိတာရှိတယ်။ အကုသိုလ်ကံလုပ်မိတာရှိတယ်။ မကောင်းတဲ့ကံတွေလုပ်မိပြီး ပူပန်နေလို့လည်း ဒီလိုလုပ်မိတာဟာ ဖြေဖျောက်လို့ရမှာ မဟုတ်ဘူး။ အဲဒီတော့ လုပ်မိတဲ့ကံတွေ နောက်ထပ် ငါမလုပ်ဘူး၊ ရှောင်ကြဉ်မယ်၊ ကောင်းတာတွေချည်း လုပ်မယ်ဆိုရင် လွတ်သွားနိုင်တယ်။ ကောင်းတာတွေလုပ်ပြီး မကောင်းတဲ့ကံတွေကို isolated လုပ်ထား

စာမျက်နှာ-၁၃၆
လိုက်တယ်။ ကင်ဆာရောဂါလိုပေါ့။ မပျံ့အောင် လုပ်ထားလိုက်တယ်။ ကံတရားတွေ မပျံ့အောင် ဆို့ပိတ်ထားတယ်။ ကောင်းတာတွေ ဆက်လုပ်သွားတယ်။ ဒီလိုနည်းနဲ့ ဒီကံကို လွန်မြောက်နိုင်ပါတယ်တဲ့။

သင်္ခဓမ္မသုတ်ဆိုတာ သံယုတ်ထဲမှာ ကံတရားနဲ့ပတ်သက်ပြီး ဟောထားတာ ရှိတယ်။ ကံတရားနဲ့ပတ်သက်ပြီး မကောင်းတာကို မကောင်းဘူးလို့ မြင်ရမယ်၊ မြင်ပြီးရင် ရှောင်ကြဉ်ရမယ်။ ကောင်းတာတွေချည်း လုပ်မယ်ဆိုရင် အဲဒီမကောင်းတဲ့ကံက လွတ်မြောက်သွားမယ့် တစ်ခုတည်းသောနည်းလမ်းပဲ။ နို့မို့ဆိုရင် လူပေါင်းများစွာသတ်ထားတဲ့ အင်္ဂုလိမာလက ဘယ်လိုလုပ်ရဟန္တာဖြစ်မှာတုံး၊ ကံတွေအားလုံးသာ အကျိုးပေးနေမယ်ဆိုလို့ရှိရင် မကောင်းတဲ့ကံက လွတ်မြောက်စရာမရှိဘူး။

ဘုန်းကြီး အမေရိကမှာ နေတုန်းက ကံက လွတ်မြောက်ကြောင်းဟောတဲ့အခါ ဒကာကြီးတစ်ယောက်က ဘာပြောသလဲဆိုရင် အရှင်ဘုရားဟောတာက မကောင်းတဲ့လူတွေ မြှောက်ပေးသလို ဖြစ်နေမယ်တဲ့။ ဘုန်းကြီးက ဒါသဘာဝပြောတာပဲ ဒကာကြီး။ နို့မို့ဆို ဘုရားတရားတော်ဟာ ဘာတန်ဖိုးရှိတော့မှာလဲ။ မကောင်းမှုဆိုတာ ပုထုဇဉ်ဆိုတော့ လုပ်မိမှာပဲလေ။ လုပ်မိပြီး လွတ်လမ်းမရှိတော့ဘူး၊ အဖြေမရှိဘူးဆို

စာမျက်နှာ-၁၃၇
ဘယ်ဖြစ်မလဲ၊ အဖြေဆိုတာတော့ ရှိရမှာပေါ့ဗျာ။ အဲဒါ မြတ်စွာဘုရားက သင်္ခဓမ္မသုတ်မှာ အဲဒီလို ဟောထားတယ်။

အေး-ဒါကြောင့်မို့ ကမ္မဿကတာသမ္မာဒိဋ္ဌိဆိုတာ ဒိဋ္ဌိထဲမှာ အားလုံးပြည့်စုံရမဲ့ သမ္မာဒိဋ္ဌိဉာဏ် ဖြစ်ပါတယ်။ နောက်ရက်ကျမှ ဝိပဿနာသမ္မာဒိဋ္ဌိခေါ်တဲ့ သစ္စာနုလောမိကဉာဏ်အကြောင်း ဘုန်းကြီး ဆက်ဟောပါမယ်။ တရားချစ်ခင်ပရိသတ်တို့သည် မဂ္ဂင်(၈)ပါး အကျင့်တရားဆိုတဲ့ နိဗ္ဗာန်တံခါးကြီးမှာ အခြေခံဖြစ်တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိကို ပြည့်စုံစေပြီး နိဗ္ဗာန်တံခါးဆီ ဦးတည်ပြီး ကိုယ်စီကိုယ်ငှသွားရောက်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

စာမျက်နှာ-၁၃၈
နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ
(အပိုင်း-၃)

သာသနာတော်နှစ် ၂၅၅၁-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၆၉-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၂)ရက်နေ့ည ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ကံမြင့်ကျောင်းတိုက်၊ ညဉ့်ဦးယံ ဓမ္မသဘင်အခမ်းအနား၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်း၊ အမှတ် (၅) ဘီ၊ (၄)လွှာနေ ကွယ်လွန်သူ ဦးမောင်မောင်သိန်းကို ရည်စူး၍ ဇနီး ဒေါ်ထားကြည်၊ သား မောင်မောင်လတ်၊ သမီး မေသက်ထား၊ စုစုထား မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ တရားဒေသနာတော်၊

စာမျက်နှာ-၁၃၉
မြတ်စွာဘုရားက ဓမ္မစကြာတရားတော် ဟောကြားသည့်အချိန်မှစ၍ နိဗ္ဗာန်တံခါးကြီးကို ဖွင့်ထားတာ ဒီကနေ့လည်း ဖွင့်ထားလျက်ရှိပါတယ်။ နိဗ္ဗာန်သွားချင်ရင် ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဒီလမ်းကသွားပြီး ဒီတံခါးပေါက်ကပဲ ဝင်ရပါမယ်။ နိဗ္ဗာန်ရောက်ဖို့ ဒီလမ်း၊ ဒီတံခါးပေါက်ပဲရှိတယ်လို့ ပြောရမယ်။

မြတ်စွာဘုရားက မဟာသတိပဋ္ဌာန်သုတ်မှာဆိုရင် နိဗ္ဗာန်သွားရန် တစ်လမ်းပဲရှိတယ်လို့ အတိအလင်း ထုတ်ဖော်ဟောကြားထားတာရှိပါတယ်။ နိဗ္ဗာန်သွားရန် လမ်းကွဲလမ်းမြှားတွေ မရှိဘူး၊ တစ်ဖြောင့်တည်း ဒီတစ်လမ်းပဲပေါ့။ သို့သော် နိဗ္ဗာန်တံခါးကြီးဖွင့်ထားပြီး လမ်းကြောင်းကို ပြထားပါလျက် လူတိုင်းနိဗ္ဗာန်ရောက်ကြသလားလို့ မေးလျှင် မရောက်ကြဘူးနော်။

အဲဒါနဲ့ပတ်သက်ပြီး ပုဏ္ဏားတစ်ယောက်က မြတ်စွာဘုရားကို မေးဖူးတယ်။ အရှင်ဘုရားက နိဗ္ဗာန်တံခါးကြီးလည်း ဖွင့်ထားတယ်၊ သွားတဲ့လမ်းကြောင်းလည်း ပေးထားတယ်၊ ရောက်တဲ့သူရောက်တယ်၊ မရောက်တဲ့သူမရောက်ဘူးဆိုတော့ အဲဒါ ဘာဖြစ်လို့ မရောက်တာလဲလို့ လျှောက်တယ်။ မြတ်စွာဘုရားက

စာမျက်နှာ-၁၄၀
မင်းက ရာဇဂြိုဟ်ပြည်မှာနေတဲ့ ပုဂ္ဂိုလ်အနေနဲ့ ရာဇဂြိုဟ်မြို့ကို ဘယ်လိုသွားရမလဲလို့ လမ်းကြောင်းကို လူတစ်ဦးက မေးရင် မင်းပြောပြမှာပါ။ သွားလိုတဲ့ ရာဇဂြိုဟ်ပြည်လည်း ရှိနေတယ်။ လမ်းလည်းရှိနေတယ်။ လမ်းညွှန်ပြတဲ့ မင်းကိုယ်တိုင်လည်း ရှိနေပါလျက်နဲ့ ဘာကြောင့် ရာဇဂြိုဟ်ပြည်ကို ရောက်တဲ့သူက ရောက်ပြီး၊ မရောက်တဲ့သူက ဘာကြောင့်မရောက်တာလဲလို့ ပြန်မေးတယ်။

ဒီအခါ ပုဏ္ဏားက အရှင်ဘုရား၊ ဒါက တပည့်တော် အပြစ်မဟုတ်ဘူး။ သူမသွားလို့ မရောက်တာပေါ့ဘုရား။ အေး-အဲဒီအတိုင်းပဲ နိဗ္ဗာန်တံခါးကြီးလည်း ဖွင့်ထားတယ်။ လမ်းကြောင်းကိုလည်း ပြထားတယ်။ ဘယ်လိုသွားရင် ရောက်တယ်ဆိုတဲ့ လမ်းညွှန်ပြပေးတဲ့ ငါဘုရားကိုယ်တိုင်လည်း ရှိနေပါလျက် သွားတဲ့သူပဲ ရောက်ပြီး၊ မသွားတဲ့သူက မရောက်နိုင်ဘူး။ အဲဒါ လမ်းညွှန်တဲ့သူရဲ့ အပြစ်မဟုတ်ဘူး။ မသွားတဲ့သူနဲ့ပဲ ဆိုင်တယ်။

မြတ်စွာဘုရားက နိဗ္ဗာန်တံခါးကြီး ဖွင့်လိုက်ပါပြီလို့ ကြေညာထားတယ်။ ဖွင့်လိုက်တဲ့အခါ ယုံကြည်မှုကိုတော့ ထားကြ။ ယုံကြည်မှုမထားရင် ဒီလမ်း၊ ဒီစခန်းကို ရောက်မှာမဟုတ်ဘူး။ ဒါကြောင့် မြတ်စွာ

စာမျက်နှာ-၁၄၁
ဘုရားက ယုံကြည်ကြဆိုပြီး၊ ဒီနေ့အထိ နိဗ္ဗာန်တံခါးကြီးကို ဖွင့်ထားတာ။ နိဗ္ဗာန်ကို အရောက်သွားချင်သူတွေဟာ အခြားလမ်းတွေ လျှောက်ရွေးနေစရာ မလိုဘူး။ ဒီလမ်းကပဲ လျှောက်ဖို့ မဂ္ဂင်(၈)ပါး၊ အကျင့်တရားဆိုပြီး ဓမ္မစကြာမှာ မဇ္ဈိမပဋိပဒါတရား ဟောခဲ့တယ်။

ဒီနေ့ သမ္မာဒိဋ္ဌိ (၂) မျိုးကို ချဲ့ဟောရအောင်။ မနေ့က အခြေခံ သမ္မာဒိဋ္ဌိကို အချိန်မရလို့ အကျဉ်းပဲ ဟောခဲ့ရတယ်။ နောက်တစ်နေ့မှာ သမ္မာဒိဋ္ဌိ (၂) မျိုးထဲမှ အခြေခံမရှိမဖြစ်တဲ့ သမ္မာဒိဋ္ဌိတစ်မျိုးနဲ့ နိဗ္ဗာန်စခန်းသွားချင်ရင် အဲဒီ သမ္မာဒိဋ္ဌိနဲ့တင် မလုံလောက်သေးလို့ နောက်ထပ် သမ္မာဒိဋ္ဌိတစ်မျိုး ရှိရဦးမယ်။ အခြေခံ သမ္မာဒိဋ္ဌိမှ မရှိရင် နိဗ္ဗာန်တံခါးကြီးကို ကျောပေးနေတာနဲ့ တူတယ်။ နိဗ္ဗာန်တံခါးကြီးကို ပြောင်းပြန်လျှောက်နေတဲ့သူနဲ့ အတူတူပဲ။ နိဗ္ဗာန်တံခါးကို ပြောင်းပြန်လျှောက်နေရင် နိဗ္ဗာန်ကြီးနဲ့ ဝေးသထက်ဝေးသွားမှာပဲ၊ နိဗ္ဗာန်တံခါးကြီးကို ဘယ်လိုမှ ချဉ်းကပ်နိုင်မှာမဟုတ်ဘူး။
သမ္မာဒိဋ္ဌိ
သမ္မာဒိဋ္ဌိအကြောင်း သိချင်ရင် မိစ္ဆာဒိဋ္ဌိကို အရင်ကြည့်ရမယ်။ မိစ္ဆာဒိဋ္ဌိဆိုတာ မှားယွင်းသော

စာမျက်နှာ-၁၄၂
အမြင်၊ မြင်ထားတဲ့အတိုင်း ဘာတစ်ခုမှ မဖြစ်တဲ့အမြင်၊ တကယ်မဟုတ်တဲ့အမြင်ကို ခေါ်တာ။ အယထာဝဒိဋ္ဌိလို့ ခေါ်တယ်။ အစစ်အမှန်မဟုတ်တဲ့ အမြင်၊ တလွဲမြင်နေတဲ့အမြင်၊ မကောင်းကျိုးပေးတယ်။ မိစ္ဆာဒိဋ္ဌိဆိုတာ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိဆိုပြီး မနောစရိုက်ထဲမှာ ပါတယ်။
မိစ္ဆာဒိဋ္ဌိဆိုတာ ဘာလဲ
မိစ္ဆာဒိဋ္ဌိဆိုတာ ဘာလဲဆိုတော့ အဇိတကေသကမ္ဗလရဲ့ အယူဝါဒမျိုးကို မိစ္ဆာဒိဋ္ဌိလို့ ခေါ်တယ်။ ပူရဏကဿပက ကံကို ငြင်းတယ်။ ကံဆိုတာကို လက်မခံဘူး။ အဇိတကေသကမ္ဗလက ကံရဲ့အကျိုးတရားကို ငြင်းတယ်။ မက္ခလိဂေါသာလက အကြောင်းတရားကို ငြင်းပယ်တယ်။ အကြောင်းတရားကို ငြင်းပယ်ရင် အကျိုးတရားကိုပါ ငြင်းပယ်ရာရောက်လို့ ကံနှင့် ကမ္မဝိပါက ၂-ခုစလုံးကို ငြင်းပယ်ခြင်းပင် ဖြစ်တယ်။ သိပ်အရေးကြီးတဲ့ အခြေခံကျတဲ့ ကံကို လက်မခံရင် သမ္မာဒိဋ္ဌိ လုံးဝ မဖြစ်ဘူး။ ကံရှိလျက်နဲ့ ကံမရှိဘူးလို့ ငြင်းခြင်း၊ ကံရဲ့အကျိုးတရား ရှိလျက်သားနဲ့ အကျိုးတရားမရှိဘူးလို့ ငြင်းခြင်း၊ အကြောင်းတရားတွေရှိလျက်နဲ့ အကြောင်းတရားမရှိဘူးလို့ ငြင်းခြင်းဆိုတဲ့ ငြင်းပယ်တဲ့ အမြင်ဟာ မိစ္ဆာဒိဋ္ဌိပဲ။

စာမျက်နှာ-၁၄၃
ဒါကြောင့် မိစ္ဆာဒိဋ္ဌိနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်ကို “တတ္ထ ကတမာ မိစ္ဆာဒိဋ္ဌိ” စသည်ဖြင့် ဝိဘင်းပါဠိတော်မှာ ဖွင့်ဆိုထားတယ်။ လှူဒါန်းတာလည်း ဘာမှ အကျိုးမရှိဘူး၊ အကြီးအကျယ် လှူဒါန်းမှုဟာလည်း အကျိုးမရှိဘူး၊ လက်ဆောင်ပဏ္ဏာပေးခြင်းဟာလည်း အကျိုးမရှိဘူးဆိုပြီး ဒါန(၃)မျိုးကို ငြင်းပယ်တယ်၊ လက်မခံဘူး။ လူဆိုတာ ကောင်းတာလည်း လုပ်တယ်။ မကောင်းတာလည်း လုပ်တယ်။ ကောင်းတာ၊ မကောင်းတာတွေ လုပ်လို့လည်း အကျိုးမရှိဘူးလို့ ငြင်းပယ်တယ်။ ဒီဘဝမှာနေတဲ့သူတွေအတွက် ပရလောကလို့ခေါ်တဲ့ တမလွန်လောကမရှိဘူး၊ တမလွန်မှာနေတဲ့ ပုဂ္ဂိုလ်တွေအတွက်လည်း ဒီလောကမရှိဘူးတဲ့။ ဆိုလိုတာက သူ့လောကနဲ့သူပဲ၊ မည်သူမျှ လောက(၂)ခုကို မသွားနိုင်ဘူးလို့ ပြောတယ်။

ဘုရားအဆူဆူက ဟောတယ်။ မိဘတွေကို ပြုစုလုပ်ကျွေးရမယ်။ မိဘကို ပြုစုရင် ချမ်းသာသုခရတယ်၊ အကျိုးစီးပွားရနိုင်တဲ့ ကောင်းမှုကုသိုလ်ဖြစ်တယ်လို့ အကျိုးတရားကို မင်္ဂလာတရားတော်ထဲမှာ ဟောထားတယ်။ သူက မင်္ဂလာတရားကို ငြင်းပယ်တယ်။ မိဘမရှိဘူးလို့တော့ မပြောဘူး။ မိဘကို စော်ကားသဖြင့် ရရှိနိုင်သော အကျိုးတရားမရှိဘူး။ မိဘကို

စာမျက်နှာ-၁၄၄
ပြုစုလို့ ကောင်းကျိုးလည်း မရဘူးလို့ ပြောတယ်။ အဲဒီအမြင်ရှိတဲ့ မိသားစုကြီးဟာ ဘယ်မှာ ငြိမ်းချမ်းပါ့မလဲ။

လူ့လောကမှာ သူတော်ကောင်းတွေက ကောင်းတယ်လို့ သတ်မှတ်ထားတဲ့ အရာအားလုံးကို ငြင်းပယ်တယ်၊ ပြောင်းပြန်မြင်တာ မိစ္ဆာဒိဋ္ဌိပဲ။ သေပြီးနောက် ပြန်ဖြစ်တာ တစ်ယောက်မှမရှိ။ သေရင် မြေကြီးပဲ။ သေပြီး မီးရှို့လိုက်လျှင် ဘာမှမရှိတော့ဘူးလို့ ဆိုတယ်။ ဒါတင်မကဘူး “နတ္ထိ လောကေ သမဏဗြာဟ္မဏာ” အကျင့်ကောင်းကျင့်တဲ့ သမဏဗြာဟ္မဏတွေ၊ ဒီလောကနှင့် နောက်လောကအကြောင်းကို ကိုယ်တိုင်သိပြီး ဟောနိုင်၊ ပြောနိုင်တဲ့ သူတော်စင်၊ သူတော်မြတ်တွေဆိုတာ မရှိဘူးတဲ့။

မိစ္ဆာဒိဋ္ဌိအယူရှိနေတဲ့ ပုဂ္ဂိုလ်ဟာ သံသရာထဲမှာ နစ်မြှုပ်နေမယ်။ ကောင်းရာ သုဂတိဘုံသို့ မရောက်နိုင်ဘူး၊ နိဗ္ဗာန်ပြည်သွားရန် လမ်းကြောင်းပိတ်ဆို့နေလို့ နိဗ္ဗာန်ကိုမရောက်နိုင်ဘူး။ ဒိဋ္ဌိဗျသနတို့၊ ဒိဋ္ဌိဝိပတ္တိတို့ဆိုတာဟာ အဲဒီမိစ္ဆာအယူတွေကို ပြောတာပဲ။ အဲဒီအယူတွေဟာ ကမ္မဿကတာသမ္မာဒိဋ္ဌိရဲ့ ဆန့်ကျင်ဘက်တွေပဲ။

စာမျက်နှာ-၁၄၅
ဘုရားအဆူဆူ ဟောတော်မူတာက- ကံဆိုတာရှိတယ်။ ကံရဲ့အကျိုးတရားဆိုတာ ရှိတယ်။ ဒီလောက၊ နောက်လောကဆိုတာတွေလည်း ရှိတယ်။ အဖေ အမေတို့ကို စော်ကားရင်လည်း အပြစ်ဖြစ်တယ်။ လုပ်ကျွေးလျှင်လည်း ကောင်းကျိုးရမယ်။ သေပြီးလျှင် သတ္တဝါပြန်ဖြစ်တယ်။ တမလွန်လောကနှင့် ဒီလောကကို ကိုယ်တိုင် လက်တွေ့သိပြီး ဟောပြောနိုင်တဲ့ အကျင့်ကောင်းတဲ့ သူတော်စင်တွေဆိုတာ ရှိတယ်တဲ့။ အဲဒီဘုရားက ရှိတယ်လို့ ဟောတဲ့တရားတွေကို သူက ပြောင်းပြန်မြင်တယ်။ သူက ဒီ ၁၀-ချက်ကို Reject လုပ်ထားတယ်။

အဲဒီမိစ္ဆာဒိဋ္ဌိရှိနေတဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်သွားမယ့် လမ်းကြောင်းနဲ့ ပြောင်းပြန်ဖြစ်နေပြီး ကောင်းရာ သုဂတိဘုံတွေလည်း ပိတ်နေပြီး အပါယ်လမ်းပွင့်နေတဲ့ ပုဂ္ဂိုလ်ပဲ။ အဲဒါက အင်မတန်မှ အရေးကြီးတဲ့ Wrong view ပဲ။ အဲဒီ Wrong viewနဲ့ ဆန့်ကျင်ဘက်က သမ္မာဒိဋ္ဌိပဲ။ အခြေခံ သမ္မာဒိဋ္ဌိက ကမ္မဿကတာသမ္မာဒိဋ္ဌိပဲ။ မက္ခလိဂေါသာလတို့၊ ပူရဏကဿပတို့က မကောင်းမှုဆိုတာလည်း မရှိဘူး။ မကောင်းမှုလည်း ဘယ်တော့မှ မဖြစ်ဘူး။ ကုသိုလ်ဆိုတာလည်း မရှိဘူး။ ကုသိုလ်လည်း ဘယ်တော့မှ မဖြစ်ဘူးလို့ ကံကို အပြည့်အဝ Reject လုပ်ခဲ့ကြတယ်။

ကံကိုငြင်းပယ်တဲ့ဝါဒကို အကိရိယဝါဒ၊ အကိရိယဒိဋ္ဌိ၊ အကျိုးကို ငြင်းပယ်တဲ့ဝါဒကို နတ္ထိကဝါဒ၊ နတ္ထိက

စာမျက်နှာ-၁၄၆
ဒိဋ္ဌိ။ အကြောင်းကို ငြင်းပယ်တဲ့ ဝါဒကို အဟေတုကဝါဒ၊ အဟေတုကဒိဋ္ဌိလို့ ခေါ်တယ်။ အဲဒီအယူအဆ အမြင် ၃-မျိုးဟာ လုံးဝ နတ်ပြည်တောင် မဖြစ်စေဘဲ သံသရာမှ လွတ်လမ်းမရှိတဲ့ပုဂ္ဂိုလ်တွေ၊ သစ်ငုတ်ကြီးလို သံသရာထဲမှာ ငုတ်တုတ်ကြီးဖြစ်နေပြီး အပါယ်တံခါးပွင့်နေတဲ့ ပုဂ္ဂိုလ်မျိုးတွေပဲ။

ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကမ္မဿကတာသမ္မာဒိဋ္ဌိနဲ့ ပြည့်စုံတဲ့သူ၊ ကံကိုလက်ခံတဲ့သူဆိုရင် လူဖြစ်ကျိုးနပ်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အဲဒါနဲ့တင် ပြည့်စုံပြီလားဆိုရင် မပြည့်စုံသေးဘူး။ တစ်ပိုင်းသာ သမ္မာဒိဋ္ဌိဖြစ်ပြီး၊ ကျန်တစ်ပိုင်းက မိစ္ဆာဒိဋ္ဌိဖြစ်နေတယ်။ ဆိုပါစို့၊ ကံနှင့် ကံရဲ့အကျိုးကို ယုံကြည်ပြီး သဘာဝတရားတွေရဲ့ အစစ်အမှန်ကို မမြင်နိုင်သေးလျှင် အဲဒီပုဂ္ဂိုလ်ဟာ သံသရာမှာ ကောင်းရာသုဂတိရောက်နိုင်သော်လည်း သူ့အတွက် နိဗ္ဗာန်သွားရန် လမ်းကြောင်းပျောက်နေသေးတယ်။

ပထမနေ့က သမ္မာဒိဋ္ဌိနဲ့ပတ်သက်ပြီး၊ (၁) ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ (၂) သစ္စာနုလောမိကသမ္မာဒိဋ္ဌိ အားဖြင့် ၂-မျိုးရှိတယ်လို့ ပြောခဲ့တယ်။ သစ္စာနုလောမိကသမ္မာဒိဋ္ဌိဉာဏ်က သဘာဝတရားတွေကို ပရမတ်ဆိုက်သည်အထိ မြင်တာမို့ နိဗ္ဗာန်တံခါးကြီးနား

စာမျက်နှာ-၁၄၇
ကပ်နေပြီး နိဗ္ဗာန်ကို ဝင်လို့ရတဲ့ အနီးကပ်ဆုံးလမ်းကြောင်း ဖြစ်တယ်။ အဲဒါကိုတော့ မနက်ဖြန်မှ ဟောမယ်။
ကမ္မဿကတာသမ္မာဒိဋ္ဌိ
ဒီနေ့တော့ ကမ္မဿကတာသမ္မာဒိဋ္ဌိကို ဟောမယ်။ ဘာကြောင့်လဲဆိုတော့ ကမ္မဿကတာသမ္မာဒိဋ္ဌိဟာ အင်မတန်မှ အရေးကြီးတယ်။ အခြားဘာသာဝါဒ အယူရှိတဲ့ပုဂ္ဂိုလ်တွေ သာသနာဘောင်ဝင်ပြီး ရဟန်းဝတ်ချင်ရင် ၄-လ သင်တန်းယူပြီးမှ ဝတ်ခွင့်ပေးတယ်။ ကမ္မဝါဒီ: ကံကိုလက်ခံလာမှ ဝတ်ခွင့်ပေးတယ်။ ကံကိုငြင်းပယ်နေသေးလျှင် ရဟန်းဝတ်ခွင့်မပေးဘူး။ ကမ္မဝါဒီဆိုရင်တော့ ချက်ချင်းပဲ ရဟန်းဝတ်ခွင့်ပေးတယ်။

ရှေးဟောင်း အိန္ဒိယနိုင်ငံမှာ တောထွက်ပြီး မီးပူဇော်တဲ့ရသေ့တွေရှိတယ်၊ ဗြဟ္မာကြီးကို တမ်းတပြီး ထောပတ်လောင်းထည့်၊ မန္တန်ရွတ်ကာ မီးပူဇော်တဲ့အလေ့အထ ရှိကြတယ်။ အဲဒီလူတွေက ကံကိုယုံကြည်လို့ သူတို့ကို ၄-လ သင်တန်းမပေးဘဲ သင်္ကန်းဝတ်ခွင့်ပေးတယ်။ ဘုရားအဆူဆူက ကံကို လက်ခံပြီး ကံဆိုတာရှိတယ်၊ ကံရဲ့အကျိုးတရားလည်း ရှိတယ်လို့

စာမျက်နှာ-၁၄၈
ဟောတယ်။ ကမ္မဿကတာသမ္မာဒိဋ္ဌိရှိတဲ့သူဟာ သံသရာထဲမှာ ကောင်းရာဘုံမှ ကောင်းရာဘုံသို့လည်ပြီး ချမ်းသာသုခတစ်ခုမှ ချမ်းသာသုခတစ်ခုသို့ ခံစားရောက်နိုင်တယ်။ သို့သော် နိဗ္ဗာန်လမ်းကြောင်းပေါ်တော့ မတက်နိုင်ဘူး။ နိဗ္ဗာန်လမ်းကို တက်ဖို့ အခြေအနေတော့ ပေးတယ်။ နိဗ္ဗာန်ဝင်ဖို့ကျတော့ သစ္စာနုလောမိကသမ္မာဒိဋ္ဌိဉာဏ် (သို့မဟုတ်) ဝိပဿနာဉာဏ်အမြင်ရှိဖို့ လိုသေးတယ်။ ပရမတ်ဆိုက်တဲ့အမြင်၊ ပြည့်စုံတဲ့အမြင် ရှိဖို့လိုသေးတယ်။

ကမ္မဿကတာသမ္မာဒိဋ္ဌိနဲ့ ပတ်သက်ပြီးတော့ ကံဆိုတာဘာလဲလို့ မေးရင် “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” လို့ သုတ္တန်ထဲမှာ မြတ်စွာဘုရားက ဟောထားတယ်။ ကံကို စေတနာလို့ ခေါ်တယ်။ စေတနာဆိုတာ လူရဲ့စိတ်ထဲမှာ ဖြစ်တဲ့၊ စိတ်ကိုစွဲမှီပြီးဖြစ်တဲ့ တွန်းအား၊ စေတနာမှာ လှုံ့ဆော်တဲ့စွမ်းအားရှိတယ်။ လူအဖွဲ့အသင်းတွေထဲမှာ လှုံ့ဆော်ရေးမှူးဆိုတာ ရှိသလို သဘာဝတရားတွေထဲမှာလည်း လှုံ့ဆော်တဲ့ သဘာဝတရားတွေရှိတယ်။ အဲ့ဒါကို စေတနာလို့ ခေါ်တယ်။

သဘာဝတရားတွေထဲမှာ လူရဲ့စိတ်ဆိုတာ တစ်ခုတည်းဖြစ်တာမဟုတ်ဘူး။ စိတ်လို့ပြောလိုက်တာနဲ့

စာမျက်နှာ-၁၄၉
အနည်းဆုံး (၈)ခုနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ Unity of eight (8 in one)၊ အဲ့ဒီသဘောလေးက စိတ်၊ ထိုစိတ်ကို မှီပြီး အာရုံနှင့် ဆက်သွယ်ပေးတာက ဖဿ၊ အာရုံရဲ့ အရသာကို သိတာ၊ ခံစားတာက ဝေဒနာ၊ အာရုံကို မှတ်တမ်းတင်တာက သညာ၊ အားလုံးစုရုံးပြီး အလုပ်လုပ်ကြဖို့ လှုံ့ဆော်ပေးတာက စေတနာ၊ အာရုံတစ်ခုတည်းပေါ်မှာ စုစည်းပေးတာက ဧကဂ္ဂတာ၊ ဆိုင်ရာဆိုင်ရာ သက်တမ်းမှာ ခိုင်မြဲပြီးနောက် ထပ်ထပ်ဖြစ်အောင် လုပ်ပေးတာက ဇီဝိတိန္ဒြေ၊ နာမ်တရားရဲ့အသက်၊ အာရုံရှိတဲ့အပေါ်မှာ စိတ်ကို အမြဲတမ်း ဦးလှည့်ပေးနေတာက မနသိကာရ ဖြစ်တယ်။ အဲဒီသဘာဝတရား (၈)ခုကို နာမ်တရား(၈)ခု၊ Unity of eight, mental molecule လို့ ခေါ်နိုင်တယ်။

စိတ်လို့ ပြောလိုက်တာနဲ့ အဲဒီသဘာဝ(၈)ခုနဲ့ ပေါင်းပြီး အလုပ်လုပ်နေတာ။ အဲဒီသဘာဝ(၈)ခုကို တစ်စုတည်းအဖြစ် ဖွဲ့စည်းထားတာ၊ ဘယ်အရာပဲဖြစ်ဖြစ် တစ်ခုတည်းဆိုတာ မရှိဘူး။ ဘာမှလည်း မဖြစ်ဘူး။ ဥပမာ- အခု တရားပွဲလာကြတာကိုပဲ ကြည့်ပါ။ မျက်စိက ကြည့်ပေးရတယ်။ ခြေထောက်က လမ်း

စာမျက်နှာ-၁၅၀
လျှောက်တယ်။ လက်က လွှဲပေးလို့ ခန္ဓာကိုယ်ကြီးက ရှေ့ကိုအားယူပြီး ရောက်လာတာ။

နာရီလေးကိုပဲ ကြည့်ဦးမလား၊ အစိတ်အပိုင်းအားလုံးကို စုံစုံညီညီနဲ့ တပ်ဆင်ထားရင် တချက်ချက်နဲ့ အချိန်မှန်မှန်သွားနေပြီး သူ့အလုပ်သူလုပ်နေတယ်။ အဲဒါ Unity ပဲ။ ဘက်ထရီ သို့မဟုတ် လက်တံတစ်ခုခုကို ဖြုတ်ထားရင် မသွားတော့ဘူး။ အချိန်ကို မပြနိုင်တော့ဘူး။ လူ့စိတ်မှာလည်း တစ်ခုတည်း မဟုတ်ဘူး။ တစ်ခုတည်း မဟုတ်ဘူးဆိုတာ ဝိပဿနာဉာဏ်နဲ့ကျတော့ ပိုပြီးသိလာမယ်။

အဲဒီ(၈)ခုထဲက စေတနာဆိုတဲ့ သဘာဝတရားကို မြတ်စွာဘုရားက ကံလို့ ခေါ်တယ်။ ဘာကြောင့် စေတနာကို ကံလို့ခေါ်ရသလဲဆိုရင် အားလုံးကို စုပေးလို့ ကံလို့ခေါ်ပါတယ်တဲ့၊ စုလိုက်တဲ့အခါ Energy တွေ ဖြစ်လာတယ်။ မစုလိုက်ရင် Energy မရဘူးလေ။ စုလိုက်မှ Energy အင်အားရပြီး၊ လှုပ်ရှားမှုဆိုတာ ဖြစ်ပြီး အလုပ်လုပ်နိုင်မယ်။ အားလုံး အရေးကြီးတာချည်းပဲ။

ကွန်ပျူတာတို့ စက်ရုပ်တို့ဆိုတာလည်း အစိတ်အပိုင်းလေးတွေ စုလိုက်မှ အလုပ်လုပ်လို့ရတာ။ Computer မှာ လျှပ်စစ်မီးက အရေးကြီးသလို လျှပ်စစ်မီးရှိပေမယ့် ကြိုးလေးတစ်ပြုတ်နေပြန်ရင်လည်း အလုပ်မဖြစ်ဘူး။ အားလုံးဟာ တန်းတူညီတူ အရေးကြီး

စာမျက်နှာ-၁၅၁
တာပဲ၊ Equally important ပေါ့။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ရဲ့ function ချင်းက မတူလို့ သူ့အလုပ်နဲ့သူ စုပေါင်းပြီး လုပ်ရတယ်။ အခုလည်းပဲ အာရုံလေးတစ်ခုနဲ့တွေ့ဖို့ရန် သဘာဝတရားတွေ စုပေါင်းအလုပ်လုပ်တာပဲ။

အဲဒီထဲက စေတနာက အားလုံးကို စုပေးလို့ Energy ရစေတာမို့ စေတနာကို ကံ (Action) လို့ ခေါ်တာ။ သူကနေ တွန်းအားပေးလို့ ကိုယ်၊ နှုတ်၊ စိတ်တို့ကို အသုံးပြုပြီး အကောင်အထည်ဖော် လုပ်ဆောင်တယ်။ ကိုယ်ကိုအသုံးပြုပြီး အကောင်အထည်ဖော်တာကို ကာယကံ Physical action လို့ ခေါ်တယ်။ နှုတ်ကိုအသုံးပြုပြီးလုပ်ရင် ဝစီကံ Verbal action လို့ ခေါ်တယ်။ စိတ်သက်သက်ပဲ အလုပ်လုပ်ရင်တော့ မနောကံ Mental action လို့ ခေါ်တယ်။

အဲဒီမှာ ကာယကံ၊ ဝစီကံတွေမှာတော့ စေတနာက အဓိကတွန်းအားဖြစ်တယ်။ မနောကံရောက်တဲ့အခါကျတော့ စေတနာမဟုတ်ပြန်ဘူး။ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိရှိတယ်။ အဘိဇ္ဈာဆိုတာ လောဘ၊ ဗျာပါဒဆိုတာ ဒေါသ၊ မိစ္ဆာဒိဋ္ဌိဆိုတာ ဒိဋ္ဌိစေတသိက်ကို ပြောတာ။ ဒီစေတသိက်တွေကလည်း ကံလိုစွမ်းအားတွေ ထက်နေလို့ သူတို့ကိုလည်း ကံလို့ခေါ်

စာမျက်နှာ-၁၅၂
တယ်။ များသောအားဖြင့် ကံကို စေတနာလို့ခေါ်တာ သိကြတယ်။ မိစ္ဆာဒိဋ္ဌိမှာ အမြင်က ကံဖြစ်နေတယ်။ အကြောင်းညီညွတ်ရင် ဝိပါကဝဋ်ကို ထုတ်လုပ်တော့မှာပေါ့။ ဒါကြောင့် မိစ္ဆာဒိဋ္ဌိ (Wrong view) က အင်မတန် ကြောက်စရာကောင်းတယ်။

အေး... ကံဆိုတာဘာလဲလို့ မေးရင် အဖြေကတော့ စေတနာကို ကံလို့ခေါ်တယ်ပေါ့။ မနောကံဆိုရင်တော့ လောဘကို ကံလို့ခေါ်တယ်။ ဒေါသကို ကံလို့ခေါ်တယ်။ မိစ္ဆာဒိဋ္ဌိကို ကံလို့ခေါ်တယ်။ ကောင်းတဲ့ မနောကံကျတော့ အလောဘကို ကံလို့ခေါ်တယ်။ အဒေါသကို ကံလို့ခေါ်တယ်။ သမ္မာဒိဋ္ဌိလို့ခေါ်တဲ့ အသိဉာဏ်ကို ကံလို့ခေါ်တယ်။ ကံဆိုတာကို ဒီလို သဘောပေါက်ထားရမယ်။ ကမ္မဿကတာသမ္မာဒိဋ္ဌိ ရှိအောင်ပေါ့။ အဲဒါ ကံဆိုတာ ရှိသလား၊ မရှိဘူးလားလို့ သူတစ်ပါးကို သွားမမေးနဲ့။ ကိုယ့်ရဲ့သန္တာန်မှာ ဖြစ်သလား၊ မဖြစ်ဘူးလားပဲ ကြည့်။ ဒီသဘာဝလေးတွေ ကိုယ့်သန္တာန်မှာ ရှိနေရင် ကံရှိလို့ပေါ့။ ကံရှိတာကို မရှိဘူးလို့ Reject လုပ်ရင် မိစ္ဆာဒိဋ္ဌိပဲ။ ကံရှိတာကို မရှိဘူးဆိုရင် Wrong view ပဲ။ ရှိတဲ့အရာကို မရှိဘူးပြောရင် Wrong view ပဲ။ အမှန်မြင်မှ သမ္မာဒိဋ္ဌိလို့ ဆိုနိုင်တယ်။

စာမျက်နှာ-၁၅၃
ကံဆိုတာ လူ့သန္တာန်မှာ ဘယ်လိုဖြစ်ပေါ်လာသလဲ။ ဖြစ်ပေါ်လာပြီးနောက် ဘဝသံသရာမှာ ဘယ်လိုအကျိုးတွေ ဖြစ်ပေါ်လာကြသလဲလို့ စဉ်းစားပြီး သိချင်ရင် စိတ်ဖြစ်စဉ်ကလေးကို လေ့လာရမယ်။ ဆိုပါစို့၊ မျက်စိက အမြင်အာရုံလေးကို ကြည့်တယ်။ Mental process ဆိုတဲ့ စိတ်ဖြစ်စဉ်ကလေးတစ်ခုဟာ အမြင်အာရုံလေးနဲ့စပ်ပြီး ဖြစ်ပေါ်လာတယ်။

စိတ်ဖြစ်စဉ်ကလေးကို ပိုပြီးသဘောပေါက်အောင် ပြောရရင် တိုက်ခန်းမှာ တံခါးပိတ်ပြီးနေတဲ့အခါ ဧည့်သည်ရောက်လာပြီး တံခါးခေါက်တယ်။ တံခါးခေါက်သံကြားလို့ တံခါးဖွင့်တယ်။ တံခါးဖွင့်လိုက်တဲ့အခါ ဧည့်သည်ကို မြင်တယ်။ ဧည့်သည်ကို မြင်တဲ့အခါ မိတ်ဆွေဖြစ်နေလို့ လာပါလို့ ခေါ်တယ်။ ဘာကိစ္စရှိလဲလို့ မေးတယ်။ ကိစ္စသိရင် ဧည့်ခံတယ်။ ဧည့်ခံပြီးတဲ့အခါ ဧည့်သည်က နှုတ်ဆက်ပြီး ပြန်သွားတယ်။ တံခါးပိတ်လိုက်တယ်။ အဲဒါဟာ ဖြစ်စဉ်ပါပဲ။

စိတ်ဘယ်လိုဖြစ်တယ်ဆိုတာ သဘောပေါက်အောင် ပြောရရင် မျက်စိဖွင့်လိုက်လို့ အမြင်အာရုံလေး ရှိလျှင် မြင်ရမယ်။ ဆိုပါစို့၊ ပန်းပွင့်ဆိုတဲ့ ရူပါရုံအဆင်းလေးနဲ့ မျက်စိဆိုတဲ့ စက္ခုပသာဒရုပ်တို့ရဲ့ တိုက်ခိုက်မှုလေးတစ်ခု ဖြစ်တယ်။ နှိုင်းယှဉ်ပြီးပြောရရင် အဆင်း

စာမျက်နှာ-၁၅၄
က မျက်စိကို လာတိုက်တာဟာ တံခါးခေါက်လိုက်တာနဲ့တူတယ်။ စိတ်တံခါးကလေး ပွင့်သွားတာပေါ့။ တံခါးခေါက်သံကြားလို့ တံခါးဖွင့်တဲ့ စိတ်ကို အဘိဓမ္မာမှာ ပဉ္စဒွါရာဝဇ္ဇန်းစိတ်လို့ ခေါ်တယ်။ Attention လုပ်တာပေါ့။ ဘယ်သူပါလိမ့်၊ ဘာများပါလိမ့်လို့ သိချင်တဲ့စိတ်က အာရုံစိုက်တာ။ Attention ဟာ သိပ်အရေးကြီးတယ်။ ခရီးသွားလို့ လေယာဉ်စီးတဲ့အခါ "May I have your attention please" ကျေးဇူးပြု၍ နားထောင်ပါဆိုတာ၊ အာရုံစိုက်ခိုင်းတာ၊ Attention ပေါ်လာတာ သတိထားတာဟာ အာရုံတစ်ခုကို လက်ခံနိုင်ဖို့ရန် ဖြစ်လာတဲ့ စိတ်ဖြစ်တယ်။ အဲ့ဒီ ပဉ္စဒွါရာဝဇ္ဇန်းစိတ်မှာ စေတနာလေးလည်း ပါတယ်၊ ကံသဘောရှိတယ်။ စုပြီး အလုပ်လုပ်တယ်။ အဲဒီစိတ်ပေါ်လို့ တံခါးဖွင့်လိုက်တယ်။

တံခါးဖွင့်လိုက်လို့ မြင်တဲ့အခါ မြင်သိစိတ်ခေါ်တဲ့ စက္ခုဝိညာဏ်စိတ်လေး ပေါ်တယ်။ အဲဒီမြင်သိစိတ်ထဲမှာလည်း စေတနာလေးပါတယ်၊ လာပါလို့ခေါ်တဲ့အခါ သမ္ပဋိစ္ဆနခေါ် လက်ခံစိတ်လေး ဖြစ်တယ်လို့ ခေါ်တယ်။ စိတ်က တစ်ခုစီ၊ တစ်ကန့်စီ ဖြစ်ပြီး ပျက်နေတယ်။ ဧည့်သည်ရောက်လာလို့ တံခါးဖွင့်တဲ့အချိန်မှာ တံခါးခေါက်သံပျောက်သွားပြီး၊ တံခါးဖွင့်ပြီးတဲ့အခါ ပိတ်နေ

စာမျက်နှာ-၁၅၅
တာမရှိတော့ ဧည့်သည်ကိုပဲ မြင်ရတယ်။ မြင်ပြီး လာပါလို့ ခေါ်တဲ့အခါ သမ္ပဋိစ္ဆနစိတ် ဖြစ်တယ်။ အဲဒီအခါ မြင်သိစိတ်က မရှိတော့ဘူး။ ဘာကိစ္စလာတာလဲလို့ စုံစမ်းတဲ့အခါ သန္တီရဏစိတ် ဖြစ်တယ်။ အလည်လာတဲ့အကြောင်း သိအောင် စုံစမ်းတာက သန္တီရဏစိတ်။

ဘာကိစ္စလာတာလဲလို့ မေးလိုက်တဲ့အခါ အဖြေသိရလို့ ဆုံးဖြတ်ချက်ရတယ်။ ဒါက ဝေါဋ္ဌဗ္ဗနစိတ် ဖြစ်တာ။ ဆုံးဖြတ်ချက်ရလာတဲ့အခါ စကားစမြည်ပြောကြတာ၊ ကော်ဖီနဲ့ဧည့်ခံတာဟာ အာရုံရဲ့အရသာကို ခံစားတဲ့ ဇဝန (ဇော) စိတ်တွေ ဖြစ်တယ်။ ဇောဖြစ်ပြီး နှုတ်ဆက်တာဟာ တဒါရမ္မဏဆိုတဲ့ သဘာဝဖြစ်တာ။ ပြီးလို့ တံခါးပြန်ပိတ်တာဟာ ဘဝင်စိတ်ဖြစ်တာ၊ အာရုံတစ်ခုပြီးသွားပြီဆိုတဲ့ သဘောပဲ။

ဒီနေရာမှာ စေတနာဟာ တွန်းအားအနေနဲ့ ဝင်လာပြီး အရှိန်ကောင်းလာတယ်၊ ဇောရောက်တော့ ကံဖြစ်လာတာပါ။ တခြားအချိန်တွေမှာလည်း စေတနာဟာ ကံပါပဲ။ ပဋ္ဌာန်း ၂၄-ပစ္စည်းထဲမှာ ကမ္မပစ္စယောဆိုတာ အားလုံးကြားဖူးကြမှာပါ။ စေတနာမှန်သမျှ ဆိုင်ရာဆိုင်ရာဖြစ်တဲ့တရားကို စုစည်းပေးလို့ ကမ္မပါပဲ။ ဟိုဘဝ၊ ဒီဘဝရောက်အောင် အကျိုးပေးတဲ့ ကံက တစ်မျိုး၊ အတူတကွဖြစ်တဲ့ သဘာဝတရားတွေကို

စာမျက်နှာ-၁၅၆
စုစည်းပေးတဲ့ကံကို သဟဇာတကံလို့ ခေါ်တယ်။ Born together ဖြစ်တာ။ သဟဆိုတာ Together, ဇာတဆိုတာက ဖြစ်တာ။ အတူတကွ ဖြစ်ပေါ်ဖြစ်ဖက်တွေကို စုစည်းပေးလို့ သဟဇာတကမ္မလို့ ခေါ်တယ်။

ကုသိုလ်ကံ၊ အကုသိုလ်ကံ၊ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ အလောဘ၊ အဒေါသ၊ အမောဟတို့နဲ့ ယှဉ်တွဲပြီး Action လုပ်တဲ့ကံကျတော့ နာနာက္ခဏိကကမ္မလို့ ခေါ်တယ်။ အခုခေတ် လူတွေသိနေတဲ့ ကံက နာနာက္ခဏိကကံလေ။ ကုသိုလ်လုပ်တယ်၊ အကုသိုလ်လုပ်တယ်လို့ ပြောကြတယ်လေ။ အဲဒီကံက ချက်ချင်း အကျိုးမပေးဘူး၊ Mature ဖြစ်ဖို့ အချိန်ကို စောင့်တယ်။ အဲဒီကံက ဘယ်သူနဲ့သွားတွဲသလဲဆိုရင် ဇောနဲ့သွားတွဲတယ်၊ ဇောနဲ့သွားတွဲပြီဆိုရင် လူ့ရဲ့စိတ်အစဉ် Mental process ဟာ ဘယ်တော့မှ ပြတ်သွားတာမရှိဘူး။ ရှေ့စိတ်ချုပ်ရင် နောက်စိတ်ပေါ်လာတယ်။ နောက်စိတ်ချုပ်ရင် နောက်စိတ်ပေါ်လာတယ်။ တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာတာ။

ကြည့်လေ၊ ဘုရားလောင်း သုမေဓာရသေ့ ပါရမီတွေဖြည့်ခဲ့တယ်မဟုတ်လား။ စပြီး ဒီပင်္ကရာဘုရားနဲ့ တွေ့ပြီးကတည်းက ဘုရားဆုပန်လို့ ဘုရားဖြစ်ရန်

စာမျက်နှာ-၁၅၇
ဗျာဒိတ်ရပြီးတဲ့ အချိန်ကတည်းက ဒါနပါရမီတွေ ဖြည့်ခဲ့တယ်။ မေ့မေ့ပျောက်ပျောက်ဆို ဘုရားဖြစ်အောင် ဒါနပါရမီတွေ ဘယ်လိုစုဆောင်းပါ့မလဲ၊ ဘယ်ပြည့်ပါ့မလဲ။ ကိုယ့်ရဲ့ process တွေဟာ အခုခေတ်စကားအရဆိုရင် Online ဖြစ်သွားတာ။ ကိုယ့်ရဲ့နှလုံးသားထဲမှာ ဟောဒီကံတရားတွေတည်ပြီး Online ဖြစ်သွားတာ၊ ပြောင်းမသွားဘူး၊ အခြားကို ရောက်သွားမှာလည်း မပူနဲ့။ ကံတရားက ခိုင်မြဲလို့ လုပ်ပြီးတာနဲ့ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ရင်ထဲ၊ နှလုံးထဲမှာ တည်သွားတယ်။ တည်တယ်ဆိုတော့ နိစ္စလားလို့ မေးစရာရှိတယ်။ အဲဒီလို အကောင်အထည်ဖော်ပြီး တည်တာမဟုတ်ဘူး။ Energy ဖြစ်တာ၊ စွမ်းအင်တွေ တစ်ခုနဲ့တစ်ခု ကူးဆက်ပြီးသွားတာ။ ခုနကလို ရှေ့စိတ်ကပျက်၊ နောက်စိတ်မှာ သတ္တိလေးတွေ ကျန်၊ စွမ်းအားတွေ ကျန်ခဲ့တာ။

ကိုယ့်ကိုယ်ကိုယ် စဉ်းစားကြည့်ပေါ့။ ငယ်ငယ်တုန်းက မူလတန်းသင်ခဲ့တဲ့ပညာဟာ အလယ်တန်း၊ အထက်တန်းရောက်တဲ့အခါ အဲဒီပညာတွေက ကျေးဇူးပြုတယ်။ အထောက်အကူဖြစ်တယ်။ ပျောက်မသွားဘူး။ မူလတန်းတုန်းက သင်ခဲ့တဲ့စာတော့ မရှိတော့ဘူး။ စွမ်းအင်ကျန်ခဲ့တယ်။ စွမ်းအင်ကျန်ခဲ့လို့ နားလည်နိုင်တဲ့ အစွမ်းရှိတာ။ မူလတန်းစာမသင်ဘဲ အလယ်

စာမျက်နှာ-၁၅၈
တန်း၊ အထက်တန်း ကျော်ပြီးသင်ပါက နားမလည်နိုင်သလို အလယ်တန်း၊ အထက်တန်း စာတွေ မသင်ဘဲ တက္ကသိုလ်ပညာကို ကျော်သင်ပါက နားလည်နိုင်စွမ်းမရှိဘူး။

အေး-ကံတွေ accumulate ဖြစ်တယ်ဆိုတာ အဲဒီလိုဖြစ်တာလို့ မှတ်ရမယ်။ ပါရမီတွေ accumulate ဖြစ်ပြီး လူ့သန္တာန်မှာ စုစည်းပြီးလာတာ သုမေဓာရသေ့ ဘဝကတည်းက ပါရမီတွေဖြည့်ခဲ့တာ။ ဂေါတမဘုရားရှင် လက်ထက် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာတဲ့အခါ အဲဒီ ပါရမီပြည်လာခဲ့တယ်။ ပြည့်လာတဲ့အခါ စွမ်းအင်တွေဖြစ်လာပြီး ဘုရားအဖြစ်သို့ရောက်တာဟာ စုဆောင်းတာနော်။

ပညာသင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ တက္ကသိုလ်ပညာတွေ သင်ပြီးတဲ့အခါ ပညာတွေဆုံးပြီး ပညာတတ်ကြီးတစ်ယောက် ဖြစ်သွားသလိုပဲ ပျောက်သွားတာ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ အဲဒီနည်းနဲ့ ကံတွေဟာ မိမိတို့ရဲ့ ရင်ထဲ နှလုံးထဲမှာ mental process မှာ ကိန်းနေပြီး ဒီဘဝက သေပြီးရင် နောက်ဘဝမှာ ပြန်ဖြစ်တာ၊ နောက်ဘဝက သေရင် နောက်ဘဝတစ်ခုမှာ ထပ်ဖြစ်၊ ဒီစဉ်ဆက်မပြတ် ဖြစ်စဉ်ကြီးဟာ on line ဖြစ်နေပြီး သံသရာထဲမှ ပျောက်မသွားဘူး။

စာမျက်နှာ-၁၅၉
ကြည့်လေ၊ တစ်ခါတစ်ရံ ဘာမှမစဉ်းစားဘဲနဲ့ ငယ်ငယ်က အတွေ့အကြုံတွေ ရုတ်တရက် ပြန်ပေါ်လာတတ်တယ်။ ပြန်ပေါ်တယ်ဆိုတာ အကောင်အထည်ကြီးနဲ့တော့မဟုတ်ဘူး၊ အလားတူတစ်ခုခုတွေ့ရင် ပြန်ပေါ်လာတော့ လူတွေက မှတ်မိတယ်လို့ ပြောကြတယ်။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ပေါ့။ လုံးဝပျောက်သွားတယ်ဆိုရင် ပြန်ပေါ်နိုင်ပါ့မလား၊ မပေါ်နိုင်ဘူး နော်။ အဲဒါကံတရားဟာ လူ့သန္တာန်မှာ accumulate ဖြစ်နေတာလို့ ခေါ်တယ်။

အဲဒီလိုဖြစ်လာတဲ့ ကံတရားတွေကို ကမ္မဿကတာသမ္မာဒိဋ္ဌိအရ လက်ခံတယ်။ မနေ့ကဘုန်းကြီး ပြောခဲ့တာ ကံကိုကိုယ်ပိုင်ဥစ္စာအဖြစ် ပိုင်ဆိုင်သွားလို့ ကံရဲ့အမွေကိုပဲ လက်ခံကြရမှာပဲ။ ကံသာလျှင် ကိုယ်ရဲ့မွေးဖွားရာ အကြောင်းတရား၊ ကံသာလျှင် သွားရာလမ်းမှာ အားကိုးမှုပြုရမယ့် ဆွေမျိုး၊ ကောင်းကံ၊ ဆိုးကံရဲ့အမွေကိုသာ ခံရမှာပဲဆိုတာ ကမ္မဿကတာ သမ္မာဒိဋ္ဌိ အမြင်ဖြစ်တယ်။ ကံတွေဟာ ကိုယ့်သန္တာန်မှာ ဖြစ်ပြီးသွားပြီဆိုရင်တော့ ကံက function အနေနဲ့ ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ကံကို ခွဲခြားကြည့်ရမယ်။ ကံဆိုရုံနဲ့ အားလုံးမတူသေးဘူး။

စာမျက်နှာ-၁၆၀
ကံရဲ့ functionက ဘယ်လိုရှိသလဲဆိုတော့ တချို့ကံကို ဇနကကံလို့ ခေါ်တယ်။ ဇနကကံဆိုတာ producing အကျိုးတစ်ခုကို ထုတ်လုပ်တဲ့ကံ၊ စွမ်းအားသတ္တိပြည့်ဝလို့ အကျိုးပေးတဲ့ကံတစ်ခုဖြစ်တယ်။ ဒါဘယ်လိုလဲလို့ စဉ်းစားကြည့်ရအောင်၊ ဇနကကံဆိုတာ ဥပမာအားဖြင့် ပြောမယ်ဆိုရင် မျိုးစေ့နဲ့ အလားတူတယ်။ သစ်ပင်တစ်ပင်ကို ကြည့်လိုက်၊ သစ်ပင်တစ်ပင်ဟာ မျိုးစေ့က ရလာတဲ့ဟာတွေပဲ၊ အမြစ်ရှိတယ်။ အမြစ်က မျိုးစေ့နဲ့ မတူဘူး၊ ပင်စည်ကလည်း မျိုးစေ့နှင့် မတူဘူး၊ သစ်ကိုင်း၊ အပွင့်၊ အရွက်တို့ကလည်း မျိုးစေ့နဲ့ မတူကြဘူး၊ အသီးကျမှလာတူတယ်။ မျိုးစေ့မှ ထွက်လာတဲ့အရာတွေမှာ မတူတာ(၄)မျိုး၊ တူတာ(၁)မျိုးရှိတယ်။

အဲဒါတွေအားလုံးဟာ မျိုးစေ့မှ ရတာ၊ အပင်မှ ရတာမဟုတ်ဘူး။ အဲဒီတော့ တုံ့ပြန်ပြီး အကျိုးတရား ထုတ်လုပ်တဲ့ စွမ်းအင်ဟာ မျိုးစေ့နဲ့တူတဲ့ အသီးထဲမှာပဲ ရှိတယ်။ အပွင့်၊ အရွက်တို့မှာမရှိဘူး။ အကိုင်း၊ ပင်စည်နဲ့ အမြစ်မှာလည်း မရှိဘူး။ မျိုးကိုင်းကူးတာကတော့ ဘယ်လိုလုပ်မလဲလို့မေးရင် ဒါ ယေဘုယျအားဖြင့် ပြောပြတာ။ မျိုးကိုင်းကူးတာဟာ အကြောင်း(၁)ခု ဖန်တီးယူကာ ပေါင်းစပ်လို့ဖြစ်တာ။ အခြားနည်းနည်းတစ်နည်းကြောင့် ဖြစ်တာ။ ရိုးရာမဟုတ်ဘူး။

စာမျက်နှာ-၁၆၁
သစ်ပင်ရဲ့ reproductive power ဘယ်မှာရှိသလဲလို့ မေးရင် ပုံမှန်က မျိုးစေ့မှာရှိတယ်လို့ ပြောလို့ရမယ်။ ဒါကြောင့်မို့ တုံ့ပြန်ထုတ်လုပ်တဲ့သဘာဝဟာ မျိုးစေ့မှာပဲရှိတယ်။ ဒီမှာလည်းပဲ စိတ်အစဉ်ထဲက ဇောစေတနာမှာသာ reproductive power ရှိတယ်လို့ ပြောရမယ်။ အဲဒါဟာ ဇနကကံပဲ။ ပဋိသန္ဓေအကျိုးတစ်ခုကို ထုတ်လုပ်တဲ့ကံမျိုးကို ဇနကကံလို့ခေါ်တယ်။ ဒီဇနကကံဟာ ဘယ်အကျိုးတရားတွေကို ထုတ်လုပ်သလဲဆိုရင် ဘဝတစ်ခုမှာ အကျိုး ၂-မျိုး ရှိတယ်။ ဘဝတစ်ခု အစပြုတာကို ပဋိသန္ဓေလို့ခေါ်တယ်။ အစပြုပြီး မသေမချင်း ဆက်လက်ဖြစ်ပေါ်နေတာကို ပဝတ္တိလို့ခေါ်တယ်။ ဒီဇနကကံဟာ ပဋိသန္ဓေအကျိုးကိုလည်း ထုတ်လုပ်ပေးတယ်။ ပဝတ္တိလို့ခေါ်တဲ့ ဆက်လက်ဖြစ်ပေါ်မှုအကျိုးကိုလည်း ထုတ်လုပ်တယ်။ အကျိုး ၂-မျိုးကို ဖြစ်ပေါ်စေတဲ့ ကံလို့ခေါ်တယ်။ ဇနကကံဆိုတာ ကုသိုလ်ကံ၊ အကုသိုလ်ကံရှိတယ်။ ကုသိုလ်ကံက ကောင်းတဲ့အကျိုးကို ဖြစ်စေတယ်၊ အကုသိုလ်ကံက မကောင်းတဲ့အကျိုးကို ဖြစ်စေတယ်။

တချို့ကံကျတော့ အဲဒီလိုအကျိုးကို မထုတ်လုပ်ဘူး။ ဘာလုပ်လဲဆိုတော့ ဇနကကံကို supporting လုပ်တယ်၊ အကူအညီပေးတယ်။ ဥပတ္ထမ္ဘကကံလို့ခေါ်တယ်။ ဒီကံက အကျိုးဆက်ကို ခိုင်မာအောင်

စာမျက်နှာ-၁၆၂
ထောက်ပံ့ပေးတယ်။ လူဘဝရောက်ရင်လည်း အသက် ၇၀၊ ၈၀၊ ၉၀၊ ၁၀၀ နေရအောင် ဒီကံက ထောက်ပံ့ပေးတယ်။ ခွေးဘဝရောက်တော့လည်း ခွေးဘဝကြာရှည်အောင်လည်း ဒီကံက ထောက်ပံ့ပေးတယ်။ ဥပတ္ထမ္ဘကကံပဲ။ အကျိုးဆက်လေးတစ်ခု ပြိုလဲမသွားအောင် အဲဒီကံက ထောက်ပံ့ပေးတယ်။

အဲဒါလည်း စဉ်းစားကြည့်၊ သစ်ပင်တစ်ပင်ကို မျိုးစေ့မှရတယ်။ မျိုးစေ့တစ်ခုတည်းနဲ့ အပင်ပေါက်နိုင်တာမဟုတ်ဘူး။ မြေ၊ ရေ၊ လေ မပါဘဲ မျိုးစေ့မှ အပင်မပေါက်နိုင်ဘူး။ မျိုးစေ့က အပင်ပေါက်ပြီးရင် မရှိတော့ဘူး။ သူ့ကိစ္စပြီးသွားပြီ၊ ဒီအပင် ရှင်သန်အောင်လို့တော့ အလင်းရောင်၊ မြေတို့၊ ရေတို့၊ လေတို့ ပတ်ဝန်းကျင်တို့က လုပ်ပေးနေတော့ ဒီအတိုင်းပဲ ကံမှာလည်း ထို့အတူပဲ ထုတ်လုပ်တဲ့ကံက ပြီးသွားပြီ။ ဥပတ္ထမ္ဘကကံက ထိန်းသွားတာ။ ဥပတ္ထမ္ဘကကံဟာ မြေ၊ ရေ၊ လေ၊ အလင်းရောင်တို့နဲ့ အလားသဏ္ဌာန်တူတယ်လို့ ပြောလို့ရတယ်။ ကံမှာလည်း ဒီလိုခွဲခြားထားတယ်နော်။ သဘာဝတရားတွေဟာ အင်မတန်မှ လိုက်လို့မမီအောင် ဆန်းကြယ်တယ်နော်။ ကိုယ့်ဘဝ ကိုယ်ပြန်စဉ်းစားကြည့်ပါ။

ကဲ။ နောက်တစ်ခုက ဥပပီဠကကံလို့ခေါ်တယ်။ သူကတော့ မထောက်ဘူး။ ဒုက္ခတွေပေးနေတယ်။

စာမျက်နှာ-၁၆၃
ကုသိုလ်ကံက လူ့ဘဝပို့ပေးပေမယ့် အကုသိုလ်ကံက လိုက်လာပြီး နှောင့်ယှက်နေတယ်။ ဒါကြောင့် လူ့ဘဝရလာတဲ့အခါ ဒီဟာဖြစ်လိုက်၊ ဟိုဟာဖြစ်လိုက်နဲ့ အမျိုးမျိုးတွေ ဖြစ်နေရတာ။ ကောင်းတဲ့ကံရဲ့အကျိုးကို မကောင်းတဲ့ကံက လာပြီးနှိပ်စက်တယ်။ မကောင်းတဲ့ကံရဲ့အကျိုးကိုလည်း ကောင်းတဲ့ကံက လာပြီးနှိပ်စက်တယ်။ သူတို့က အပြန်အလှန်ပဲ။

ကုသိုလ်ကံနဲ့ အကုသိုလ်ကံတို့ဟာ အကျိုးပေးခြင်း ကွာတယ်။ အကုသိုလ်ဇနကကံကြောင့် ခွေးဖြစ်နေတဲ့အခါ ကုသိုလ်ဥပတ္ထမ္ဘကကံရဲ့အစွမ်းကြောင့် ခွေးဖြစ်ပေမယ့် သူဌေးအိမ်မှာ လာဖြစ်တယ်။ ကားနဲ့ တိုက်နဲ့ ကျကျနန နေရတယ်။ အစားကောင်းကောင်း စားရတယ်။ တချို့လူတောင်မှ ကားမစီးနိုင်ဘူး။ ခွေးက ကားစီးနိုင်တယ်။ ကံကြမ္မာက အလွန်ကိုဆန်းကြယ်တယ်။ အကျိုးပေးတွေ မတူကြဘူး။ ခွေးဖြစ်ပေမယ့် ခွေးအဆင့်အတန်းထက်ကျော်ပြီး လူ့အဆင့်အတန်း ရထားတယ်။ တချို့လူကျတော့ လူဖြစ်ပေမယ့် လူအဆင့်အတန်းမမီဘူး၊ အဲဒါ ဥပတ္ထမ္ဘကကံနဲ့ ဥပပီဠကကံတို့ရဲ့အစွမ်းတွေပဲ။

ဥပဃာတကကံ တာကံတစ်ခုက အကျိုးပေးတာကို သူက ကြားဖြတ်ပြီး reject လုပ်တဲ့ကံမျိုး။

စာမျက်နှာ-၁၆၄
လူဘဝရောက်ပေမယ့်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတာဟာ ဥပဃာတကကံက ဝင်ပြီး ဖျက်ဆီးတာ၊ အကျိုးပေးတာ။ ကုသိုလ်ကံပဲဖြစ်ဖြစ်၊ အကုသိုလ်ကံပဲဖြစ်ဖြစ် ကြားဖြတ်ပြီး နှောင့်ယှက်ဖျက်ဆီးတာတွေ အများကြီးပဲ။ ဥပဃာတကကံကို တားဖို့ဆိုပြီး ကုသိုလ်ကောင်းမှုတွေ ဆက်လုပ်ကြရတယ်၊ ယတြာတွေ ချေကြတယ်။ ကံက အားနည်းရင်တော့ ချေလို့ရတာပေါ့။ အားကောင်းရင်တော့ ချေလို့မရဘူး။ ကံကလည်း function အနေနဲ့ အကျိုးပေးတဲ့ကံ၊ အကူအညီပေးတဲ့ကံ၊ နှိပ်စက်တဲ့ကံ၊ ဖြတ်တောက်တဲ့ကံဆိုပြီး ၄-မျိုးရှိတယ်။

ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ထပ်ခွဲတာပါ။ အဲဒါကို ကိုယ့်လက်တွေ့ဘဝမှာ သေသေချာချာ စဉ်းစားကြည့်ပါ။

ကံဆိုတာ သူ့အချိန်နဲ့သူ အကျိုးပေးပြီး ဆိုင်ရာဆိုင်ရာ အကျိုးကိုသာ ပေးတယ်။ အဲဒီမှာ တချို့ကံက ဘဝတစ်ခုကို အကျိုးမပေးဘူး။ ဒီဘဝမှာ လုပ်ရင် ဒီဘဝမှာပဲ အကျိုးပေးတယ်။ နောက်ဘဝအကျိုးမပေးဘူး။ စွမ်းအားသိပ်မရှိဘူးပေါ့။ တချို့ကံက ဒီဘဝကသေပြီးမှ နောင်ဘဝမှာမှ အကျိုးပေးတယ်။ တချို့ကံက တတိယဘဝမှစ၍ နိဗ္ဗာန်ရတဲ့ဘဝအတွင်း ရေရှည်အကျိုးပေးတယ်။ ဒီဘဝမှာ အကျိုးပေးတဲ့

စာမျက်နှာ-၁၆၅
ကံဟာလည်း တခြားအကြောင်းတွေ အကူအညီရမှ အကျိုးပေးနိုင်တယ်။ မျိုးစေ့လေးတွေက ရေ၊ မြေ၊ လေ ရမှ အပင်ပေါက်နိုင်သလိုပေါ့။ ဒီဘဝမှာ အကျိုးပေးတဲ့ကံကို ဒိဋ္ဌဓမ္မဝေဒနိယကံလို့ ခေါ်တယ်။ အကယ်၍ အဲဒီကံဟာ ဒီဘဝမှာ အကျိုးမပေးနိုင်လို့ အချိန်လွန်သွားရင် expire ဖြစ်သွားတယ်၊ အကျိုးမပေးတော့ဘူး။ အဲဒါကို အဟောသိကံလို့ ခေါ်တယ်။ ခေတ်စကားအရ expire ဖြစ်သွားတယ်လို့ ပြောတယ်။ အဟောသိကံဆိုတာ ကံအနေနဲ့ ဖြစ်ခဲ့တာပဲရှိတယ်။ သူ့ရဲ့အကျိုးကို သူ မထုတ်လုပ်တော့ဘူး။

ဒုတိယဘဝမှာ အကျိုးပေးတဲ့ ကံကျတော့ ဥပပဇ္ဇဝေဒနိယကံလို့ ခေါ်တယ်။ အဲဒီကံက ဒီဘဝသေရင် နောင်ဘဝမှာ အကျိုးပေးတယ်။ အကယ်၍ နောင်ဘဝမှာ အခွင့်မရရင် expire ဖြစ်ပြီး နောက်ထပ် မလာတော့ဘူး။ တတိယဘဝမှ နိဗ္ဗာန်ရသည့်အထိ အကျိုးပေးတဲ့ကံကိုတော့ အပရာပရိယဝေဒနိယကံလို့ ခေါ်တယ်။ အဲဒီကံကတော့ နိဗ္ဗာန်ဝင်တော့မှပဲ expire ဖြစ်တယ်။ နိဗ္ဗာန်ရုံအပြင်မှာ နေရင်တော့ သူလိုက်နေမှာပဲ။ on line ဖြစ်နေတာပေါ့။ သူက သက်တမ်းအရှည်ဆုံးကံ ဖြစ်တယ်။ ဒါတွေက အချိန်ပိုင်းလိုက်ပြောတဲ့ ကံမျိုးတွေ ဖြစ်တယ်။

စာမျက်နှာ-၁၆၆
ကဲ-energy ဆိုတဲ့ စွမ်းအားနဲ့ ကြည့်ရအောင်။ ကံတွေဟာ တစ်ခုနဲ့တစ်ခု စွမ်းအားချင်း မတူကြဘူး။ စွမ်းအားအထက်ဆုံးကံကို ဂရုကကံလို့ ခေါ်တယ်။ စွမ်းအားအထက်ဆုံးဆိုတော့ သူ့ကို ဘယ်ကံမှ ကျော်လို့မရဘူး။ ဆောင်ရွက်လုပ်ကိုင်တဲ့ လူ့အခွင့်အရေးကို ဘယ်ကံကမှ ယူလို့မရဘူး။ သူပဲ အစအဆုံး ထုတ်လုပ်တယ်။ အဲဒါကို ဂရုကကံလို့ ခေါ်တယ်။

အကုသိုလ်ထဲမှာတော့ နိယတမိစ္ဆာဒိဋ္ဌိပဲ၊ ကံကို လက်မခံဘူး၊ Reject လုပ်မယ်။ ကံရဲ့ အကျိုးတရားဟူသမျှကို လက်မခံဘူး၊ reject လုပ်တယ်။ ကံ၊ ကံ၏အကျိုးကို လုံးဝအယုံအကြည်မရှိတဲ့ ပုဂ္ဂိုလ်တွေကို နိယတမိစ္ဆာဒိဋ္ဌိကလို့ ခေါ်တယ်။ အဲဒီ နိယတမိစ္ဆာဒိဋ္ဌိကို လက်ခံထားတဲ့သူကို ဘယ်ကံကမှ ဟန့်တားလို့မရဘူး။ အဲဒီကံကို မစွန့်မချင်း အပါယ်တံခါးက အမြဲပွင့်နေပြီး အပါယ်သွားဖို့ပဲရှိတယ်။

ပြီးတော့ အာနန္တရိယကံလို့ဆိုတဲ့ အမေ သတ်တဲ့ကံမျိုး၊ ဖအေသတ်တဲ့ကံမျိုး၊ ရဟန္တာသတ်တဲ့ကံမျိုး၊ မြတ်စွာဘုရား သွေးချေဥအောင်လုပ်တဲ့ကံမျိုး၊ မြတ်စွာဘုရား ခန္ဓာကိုယ်မှာ ဒဏ်ရာတစ်ခုခုရအောင်လုပ်တာ၊ ညီညွတ်နေတဲ့ သံဃာကို ကွဲအောင်လုပ်တဲ့ကံမျိုး၊ ဒီကံ ၅-မျိုးဟာ အကုသိုလ်တွေထဲမှာ အကြီးဆုံးပဲ။

စာမျက်နှာ-၁၆၇
အဲဒါကို အာနန္တရိယကံလို့ ခေါ်တယ်။ ဒီဘဝက သေတာနဲ့ အကျိုးပေးတော့တာပဲ။

အာနန္တရိယကံဆိုတဲ့ အဓိပ္ပာယ်က သေသည်၏ အခြားမဲ့မှာ အကျိုးပေးတာ၊ အခြားမဲ့ဆိုတာ အခြားမရှိတာကို ပြောတာ။ သေရင် အပါယ်ကိုပဲ သွားမှာပဲ။ ကင်ဆာရောဂါလို ဘယ်လိုမှ ကုစားလို့မရဘူး။ incurable ပေါ့။ ဘယ်လိုမှ ပယ်ဖျက်လို့လည်း မရဘူး။ နိယတမိစ္ဆာဒိဋ္ဌိကို စွဲကိုင်ထားတဲ့သူဟာ ဘယ်လိုမှ ကုစားလို့မရဘူး။ ဘယ်ကံကမှ သူ့ကိုဖယ်ရှားလို့ မရဘူးတဲ့။ သူ့စွမ်းအားက အပြင်းဆုံးပဲ။

ကုသိုလ်ကံဘက်ကျတော့ ဂရုကကံဆိုတာ ဈာန်တရားတွေပဲ။ မေတ္တာတရား အားထုတ်ပြီး ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်တွေရ၊ ကရုဏာတရား အားထုတ်ပြီး ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်တွေရ၊ ဥပေက္ခာဘာဝနာပွားလို့ စတုတ္ထဈာန်၊ ပဉ္စမဈာန်တွေရတယ်။ ဈာန်ရထားတဲ့ပုဂ္ဂိုလ်ကို ဈာန်စွမ်းအင်ကို ဖယ်ရှားပြီး ဘယ်စွမ်းအင်ကမှ အကျိုးမပေးနိုင်ဘူး။ သူကပဲ အကျိုးပေးတယ်။ အဲဒါကို ဂရုကကံလို့ ခေါ်တယ်။

ဂရုကကံကို လုံးဝဖယ်ရှားပစ်လို့မရပေမယ့် အခြေအနေတစ်ခုကိုတော့ ပြောင်းလဲပေးလို့ရတယ်။ အခြေအနေ condition တွေကို ပြောင်းလို့ရတယ်

စာမျက်နှာ-၁၆၈
ဆိုတာကိုတော့ လက်ခံရလိမ့်မယ်နော်။ တစ်ယောက်နဲ့တစ်ယောက် အခြေအနေပေးတာချင်းတော့ မတူဘူး။ အကြောင်းတစ်ခုတည်းလို့တော့ ပြောလို့မရဘူး၊ အကြောင်းတရားတွေက အများကြီးရှိတယ်။ ဆိုပါစို့၊ အကြောင်းတွေကို reduce လုပ်တဲ့နည်းတွေရှိတယ်။

အဇာတသတ်ဘုရင်ကြီးက အဖေသတ်ခဲ့တဲ့ကံကြောင့် သူဖြစ်ရမှာက အဝီစိငရဲမှာ။ သို့သော် မြတ်စွာဘုရားထံမှာ ရဟန်းဖြစ်ရခြင်း၏ လက်တွေ့အကျိုးဆိုတဲ့ သာမညဖလမေးခွန်းကို မေးပြီး မြတ်စွာဘုရားနဲ့ သာသနာတော်ကို သိပ်ကြည်ညိုမြတ်နိုးလွန်းလို့ မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို ထောက်ပံ့ခဲ့၊ လှူဒါန်းခဲ့ပါတယ်။ ပထမသင်္ဂါယနာကိုလည်း အဇာတသတ်မင်းကြီးက ဦးဆောင်ပြီး ဒါယကာခံတင်ပေးခဲ့တယ်။ အဲဒီ ကုသိုလ်ကောင်းမှုကြောင့် ငရဲခံရဖို့ လျှော့ရက်ရသွားတာပေါ့ဗျာ၊ reduce လုပ်လိုက်တယ်။ အဝီစိတော့ မရောက်တော့ဘူး။ အဝီစိနဲ့ ကပ်နေတဲ့ ငရဲငယ်တစ်ခုတော့ ရောက်သွားတယ်။ အကန့်အသတ်ရှိတယ်။ ဒီလိုတော့ လုပ်လို့ရတယ်လို့ ပြောရမယ်။ ဂရုကကံကို မဖြစ်အောင်တားတဲ့နည်း မရှိဘူး။

မြတ်စွာဘုရားက သာမညဖလသုတ္တန် ဟောပြီးတဲ့အခါကျတော့ အေး-ဒီဘုရင်ကြီးဟာ

စာမျက်နှာ-၁၆၉
သူ့ကိုယ်သူ ဖျက်ဆီးတာ။ အကယ်၍ အဖေမသတ်ဘူးဆိုရင် သောတာပန်ဖြစ်ရမှာ၊ အခုတော့ မဖြစ်နိုင်တော့ဘူး၊ သူ့အဖို့ အပါယ်တံခါးကြီးက ပွင့်လျက်ကြီး၊ နိဗ္ဗာန်တံခါးကြီးကလည်း ပိတ်သွားတယ်၊ ဂရုကကံကြောင့် ပိတ်သွားတာ။ သို့သော် သက်သာရာလေးတော့ ရသွားတယ်။ ဒီလိုလေးတော့ ရတယ်ဆိုတာ သဘောပေါက်ရမယ်။ ဒါက ဂရုကကံအကြောင်းပဲ။

ဂရုကကံပြီးရင်၊ ဂရုကကံမရှိရင် ဘယ်ကံအကျိုးပေးသလဲဆိုတော့ အာသန္နကံက အကျိုးပေးတယ်။ အာသန္နကံဆိုတာ အရင်တုန်းက လုပ်ထားပေမယ့် သေခါနီးဆဲဆဲမှာ သတိရတဲ့ကံ (သို့မဟုတ်) သေခါနီးဆဲဆဲမှာ အနီးကပ်လုပ်တဲ့ကံမျိုး ဖြစ်တယ်။ အာသန္နကံဆိုတာ ကုသိုလ်ကံလည်းရှိတယ်။ အကုသိုလ်ကံလည်းရှိတယ်။

သီဟိုဠ်ကျွန်း(သီရိလင်္ကာ)မှာ တံငါသည်တစ်ယောက် နေ့စဉ်နှင့်အမျှ ငါးတွေသတ်ဖြတ်ပြီး အသက်မွေးတယ်။ သေခါနီးရောက်တဲ့အခါကျတော့ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကြောင့် အိပ်မက်မက်သလို မကောင်းမှုတွေဟာ အရိပ်မည်းကြီးလိုပေါ်လာတယ်။ ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တွေ စိတ်ထဲမှာ ထင်လာတယ်။ ဥပမာ-ဝက်သတ်တဲ့သူက ဝက်သတ်ခဲ့တဲ့အတိုင်း ဝက်အော်သံတွေ ထင်

စာမျက်နှာ-၁၇၀
လာတယ်၊ ကြက်သတ်တဲ့သူကလည်း ကြက်သတ်ခဲ့တဲ့အတိုင်း မြင်လာတယ်။ အဲဒီလို ငါးသတ်ခဲ့တဲ့ အကုသိုလ်ရိပ်တွေ ထင်လာလို့ ငရဲနိမိတ်တွေပေါ်လာတဲ့အခါ ရဟန္တာတစ်ပါး ဆွမ်းခံကြွလာရင်း သူ့အခြေအနေကို ကြည့်ပြီး သနားလို့ သူ့အနားကြွသွားကာ အားပေးစကားပြောပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ကို လိုက်ဆိုခိုင်းတယ်။ ချပေးတာ လိုက်ဆိုတယ်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ရောက်တဲ့အခါ လိုက်ဆိုရင်း အဲဒီမှာပဲ သေဆုံးသွားတယ်။ သူဟာ ငရဲမှ လွတ်သွားပြီး ဘုမ္မစိုးနတ်သွားဖြစ်တယ်။

တကယ်ဆို သူဟာ ငရဲသွားရမှာ။ သူအားကိုးရာမရှိတဲ့အခါ ဘုရားကို အားကိုးရာလို့ လက်ခံလိုက်တာနော်။ ရဟန္တာက မင်း ဒါလေး လိုက်ဆို၊ မင်းအကြောက်တွေ ပြေလိမ့်မယ်ဆိုလို့ လိုက်ဆိုတာ။ ဆိုရင်းဆိုရင်းနဲ့ လျှာက လေးလာပြီး အသက်ထွက်သွားတယ်၊ ဘုမ္မစိုးနတ်သွားဖြစ်တယ်၊ အဲဒီအခါကျတော့ ကျေးဇူးတင်လွန်းလို့ ဆရာတော်ကြီးဆီလာပြီး ကိုယ်ထင်ပြတယ်။ ကြောက်တတ်တဲ့သူဆိုရင် တစ္ဆေခြောက်တယ်ထင်ပြီး ကြောက်မှာပဲ။ ကိုယ်ထင်ပြပြီး ဘာပြောလဲဆိုတော့ အရှင်ဘုရား၊ ပါဏာတိပါတာ ဝေရမဏိ ဆက်ချရင် အထက်နတ်ပြည် သွားဖြစ်မှာတဲ့။ အခု

စာမျက်နှာ-၁၇၁
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ဆိုလိုက်တာနဲ့ ဘုမ္မစိုးနတ်ဖြစ်ရတယ်တဲ့။

အဲဒါမျိုးက အာသန္နကံနော်။ ဒါကြောင့်မို့ သေခါနီးမှာ လိမ္မာပါးနပ်ဖို့ သိပ်လိုတယ်။ တချို့နိုင်ငံတွေက ဆေးရုံကြီးတွေမှာ ချက်ပလင် (Chaplain) ဆိုတာ ခန့်ထားတယ်။ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ ရှိဖို့ အင်မတန်ကောင်းတယ်။ ချက်ပလင်တာဝန်ရှိတဲ့သူက သေခါနီးပုဂ္ဂိုလ်တွေကို အသေဖြောင့်ဖို့အတွက် တရားဓမ္မသွားဟောတာ။ အားပေးစကားသွားပြောတာ။ ဘာသာတရားတွေအလိုက် အားပေးစကားပြောပြီး စိတ်ကောင်း၊ နှလုံးကောင်းရှိလာအောင်၊ စိတ်ကြည်ကြည်လင်လင် ဖြစ်လာအောင် ကူညီတာ။ ဆေးရုံတိုင်းမှာ ခန့်ထားတယ်။

ဒါမျိုးရှိရင် သေခါနီးပုဂ္ဂိုလ်တွေအတွက် သိပ်ကောင်းတာပေါ့။ ဒါပေမဲ့ ဘယ်လိုသေမလဲဆိုတာ မသိနိုင်တော့ အေးအေးဆေးဆေး သေမယ့်ပုဂ္ဂိုလ်တွေဆိုရင် ပြင်ပေးလို့ရနိုင်တဲ့ အနေအထားတွေ အများကြီးရှိတယ်။ သေခါနီးအချိန်ထိ စောင့်မနေကြနဲ့ဦးနော်။ ကြိုကြိုတင်တင် လုပ်ထားမှနော်။ ဘယ်အချိန်သေမလဲဆိုတာ မသိနိုင်ဘူး။ အဲဒီတော့ သေခါနီးမှာ လုပ်တဲ့ကံလေးတွေက ဝင်ပြီး အကျိုးပေးနိုင်တယ်။

စာမျက်နှာ-၁၇၂
ကံဆိုတာ အင်မတန် ဆန်းကြယ်တယ်။ တခြားအာရုံတွေနဲ့ ပူးပေါင်းပြီး လုပ်သွားတာ။ ပြီးတော့ ဒီဘဝက ကံတစ်မျိုးတည်းနဲ့လည်း ဆုံးဖြတ်လို့မရနိုင်ဘူး။ အတိတ်ဘဝက ကံတွေက အခွင့်ရချင်ရသွားမှာ။ ထီဖွင့်တာတွေ့ဖူးတယ်မို့လား။ ဘောလုံးတွေကို နံပါတ်တပ်ပြီး လှည့်တာလေ။ အဲဒါကို လှည့်တဲ့အခါ ဘယ်နံပါတ်ထွက်မလဲဆိုတာ မသိနိုင်ဘူး။ ထွက်ချင်ရာ ထွက်သွားမှာပဲ။ အဲဒီဘောလုံးမှာ နံပါတ်တပ်ထားသလိုပဲ ကံတွေကလည်း ကိုယ့်သန္တာန်မှာ အများကြီးရှိတယ်။ ဘယ်ဟာ ထွက်လာမလဲဆိုတာ မသိဘူး။

တစ်ခါတုန်းက စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ အဘိဓမ္မာသင်တန်းပို့ချတုန်းက ဦးပဉ္စင်းတစ်ပါးက မေးတယ်။ နောင်ဘဝကို စိတ်ချရအောင်၊ ဘဝကောင်းရောက်အောင် ဘယ်လိုလုပ်ရမလဲလို့ မေးတယ်။ နောင်ဘဝအတွက်ကတော့ သောတာပန်ဖြစ်မှပဲ စိတ်ချရမယ်။ ပုထုဇဉ်မှာကတော့ guarantee မရှိသေးဘူး။ သေချာအောင် guarantee ပေးလို့မရဘူး။ သောတာပန်ဆိုရင်တော့ အပါယ်တံခါးပိတ်သွားပြီ။ ကိစ္စမရှိဘူးလို့ ပြောလိုက်ပါတယ်။

အခုကလည်း အပါယ်တံခါးကြီးက ပွင့်နေလို့ နိဗ္ဗာန်မှတ်ပြီး ဝင်သွားမိမှာ ကြောက်ရတယ်။ ပုထုဇဉ်

စာမျက်နှာ-၁၇၃
တွေအတွက်ကတော့ guarantee မရှိသေးဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဘဝကောင်းပေမယ့် သေခါနီးမှာ နောက်ဘဝက အရိပ်မည်းကြီးတွေက ထိုးချင်ထိုးတာလေ။ အဲဒါကြောင့် ကိုယ့်ရဲ့စိတ်ကို သတိထားပြီး ကောင်းတဲ့ဘက် အမြဲညွတ်နေဖို့လိုတယ်။ အလေ့အကျင့်တစ်ခုခုလုပ်ရမယ်။ သေခါနီး မိန်းမောမေ့မြောသွားပြီဆိုရင် ကိုယ့်စိတ်ဟာ ဘယ်သွားမလဲဆိုတာ အလေ့အကျင့်လုပ်ဖို့လိုတယ်။ အဲ့ဒီအချိန်မှာ ကံသာလျှင် အားကိုးရာ တကယ်ဖြစ်တယ်။ ဘာမှမရှိတော့ဘူး။

ဒါကြောင့် မြတ်စွာဘုရားက "ကမ္မံ ခေတ္တံ" -တဲ့၊ နောင်ဘဝသွားဖို့အတွက် ကံသာလျှင် စိုက်ပျိုးရာမြေလွှာပဲ။ အဲဒီကံမှာသာ ဘဝအပင်ပေါက်မှာ၊ ကိုယ့်စိတ်ထဲ အရိပ်မည်းကြီးထိုးတဲ့နေရာမှာ ပေါက်မှာပဲ။

သေခါနီးမှာ ကိုယ်လုပ်ခဲ့တဲ့ကံတွေ ပေါ်လာမယ်။ (သို့မဟုတ်) ကံလုပ်ခဲ့စဉ်က ပတ်ဝန်းကျင်အခြေအနေတွေ ပေါ်လာမယ်။ (သို့မဟုတ်) သွားရမယ့် ဘုံဘဝတွေ ပေါ်လာမယ်။ တစ်ခုခုတော့ ပေါ်လာမှာပဲ။ အဲဒီပေါ်လာတဲ့အချိန်မှာ ပြောင်းလဲနိုင်ရင် ကောင်းတဲ့ဘုံ ရောက်နိုင်တယ်။ ဒီအချိန်မှာ အာသန္နကံဆိုတာ အင်မတန်အရေးကြီးတယ်။

စာမျက်နှာ-၁၇၄
သီဟိုဠ်(သီရိလင်္ကာ)ကျွန်းမှာ သောဏဆိုတဲ့ ရဟန္တာကြီးတစ်ပါး ရှိတယ်။ သူ့အဖေက ဟောလို့၊ ပြောလို့မရတဲ့မုဆိုးကြီး၊ ကျန်းမာတုန်းကတော့ တောထဲ လှည့်လည်ပြီး တိရစ္ဆာန်တွေကို သတ်ဖြတ်နေတာ။ အသက်အရွယ်ကြီးလာတဲ့အခါ အလုပ်မလုပ်နိုင်တော့မှ ကျောင်းကိုခေါ်ပြီး ဦးပဉ္စင်းကြီးဝတ်ပေးထားတယ်။ ဘုန်းကြီးဘဝနဲ့ နေတာပေါ့။

သေခါနီးကျတော့ သူ့စိတ်က ဘယ်ညွှတ်နေသလဲဆိုတော့ သူလုပ်ခဲ့တဲ့ဟာတွေ ပြန်မြင်နေတယ်။ အိပ်ရာထဲမှ ပက်လက်နဲ့ မောနေတဲ့ အချိန်မှာ သတိလည်တစ်ချက်၊ မလည်တစ်ချက်နဲ့ ဘာတွေမြင်သလဲဆိုတော့ ခွေးတွေနဲ့ သူတောလိုက်ခဲ့တာ မြင်တယ်။ အဲဒီမှာ ခွေးအုပ်ကြီးက ဝိုင်းကိုက်ကြမလို့ သွားမြင်တယ်။ အိပ်မက်မက်သလိုမျိုးပေါ့။ အဲဒီတော့ သူ့ပါးစပ်က ယောင်ပြီး လုပ်ကြပါဦးလို့ အော်တယ်။ ကိုယ့်ကျတော့ ကြောက်တယ်နော်။ အဲဒီခွေးတွေက ကိုယ့်ဘက် ပြန်လှည့်လာတာ။

ဒီလိုလည်း မြင်လိုက်ရော၊ သားဖြစ်တဲ့ရဟန္တာက ငရဲသွားတော့မှာပဲဆိုတာ သိတယ်။ ချက်ချင်းပဲ ပန်း၊ ရေချမ်းတွေနဲ့ မဟာစေတီလို့ခေါ်တဲ့ ဘုရားရင်ပြင်ပေါ် ပွေ့ခေါ်သွားတယ်။ ဘုရားရင်ပြင်ရောက်တဲ့အခါ ဟောဒါပန်း၊ ဟောဒါရေချမ်း၊ ဘုရားကို အာရုံပြုပါဆိုပြီး

စာမျက်နှာ-၁၇၅
အာရုံပြောင်းပေးလိုက်တယ်။ ဘုရားကို ဘယ်ခွေးမှ မလာနိုင်ဘူးဆိုပြီး ကြောက်တဲ့စိတ်တွေ ဖြေပေးလိုက်တာနဲ့ ကြောက်စိတ်တွေပြေသွားပြီး ဘာထပြီး ပြောပြန်သလဲဆိုတော့ ဟိုမှာ ဟိုမှာတဲ့ ဒကာမလေးတွေ လာနေကြပြီလို့ ပြောပြီး သေသွားတာ နတ်ပြည်ရောက်သွားတယ်တဲ့နော်။ အဲဒါက ဂတိနိမိတ်၊ ကမ္မနိမိတ်တွေကို ပြောင်းပေးလို့ ရတယ်လို့ဆိုတာပါပဲ။ ဒါကလည်း မိတ်ကောင်းဆွေကောင်းရှိမှ ဖြစ်နိုင်မယ်။

တစ်ခါတုန်းကလည်း မန္တလေးတိုင်း အမရပူရလို့ခေါ်တဲ့ တောင်မြို့မှာ ရေချမ်းစင်တည်ပြီး အမြဲတမ်းရေဖြည့်ပြီး လှူဒါန်းနေတဲ့ ရေချမ်းဒကာမကြီးဆိုတာ ရှိသတဲ့။ သူမ မကျန်းမာလို့ ရောဂါဝေဒနာခံစားရပြီး မေ့မြောနေတဲ့အချိန်မှာ သူမရဲ့သားသမီးတွေက သေပြီထင်ပြီး အော်ငိုကြသတဲ့၊ ငိုသံကြားရတော့ စိတ်မကောင်းဖြစ်ပြီး သေသွားတာ ပြိတ္တာမကြီး သွားဖြစ်တယ်။ ရေချမ်းအလှူကို သတိမရနိုင်ဘူး။

သေအံ့မူးမူးဖြစ်နေတဲ့ပုဂ္ဂိုလ်တွေအတွက် တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ ဘုရားသံ၊ တရားသံပေးပြီး၊ တရားတိတ်ခွေဖွင့်ပေးပြီး အေးအေးဆေးဆေးနဲ့၊ ပန်းနံ့သာတွေနဲ့ ဘုရားကို ပူဇော်ခိုင်းတာဟာ အကောင်းဆုံးပဲ။ တချို့က မသိတတ်ဘူး။ ဘဏ်စာအုပ် ဘယ်ရောက်

စာမျက်နှာ-၁၇၆
နေလဲ၊ စိန်နားကပ် ဘယ်နားထားသလဲလို့ မေးတတ်ကြတယ်။ အဲဒါဆိုရင် သေချာနေပြီ၊ အပါယ်တံခါးကြီးက ပွင့်နေတာပေါ့။ တချို့ကလည်း ပစ္စည်းတွေ ဘယ်သူ့ကို ပေးခဲ့မလဲ၊ ဘယ်ထားခဲ့သလဲ မေးကြတယ်။ အဲဒီမေးမြန်းနှောင့်ယှက်ရင် ကောင်းရာသုဂတိ မရောက်နိုင်တော့ဘူး။

သေအံ့မူးမူးဖြစ်နေတဲ့ပုဂ္ဂိုလ်တွေက သေခါနီးမှာ နားက ပိုကြားတယ်။ တချို့က ပိုဆိုးသေးတယ်။ လူမမာလာမေးရင်း တိတ်တိတ်ဆိတ်ဆိတ်မနေဘဲ ဒီတောင်က ကျော်နိုင်မှာ မဟုတ်ပါဘူးလို့ အားပေးစကားမဟုတ်တာတွေ ပြောတတ်ကြတယ်။ အဲဒီလိုပြောသံကြားရင် လူမမာ ဒုက္ခရောက်သွားပြီ မှတ်။ အဲဒီလိုနဲ့ ဒုက္ခရောက်သွားတဲ့သူတွေ အများကြီးရှိတယ်။ လူမမာလာမေးတဲ့သူတွေက ဘာမှမမေးသင့်ဘူး၊ မပြောသင့်ဘူး။ တိတ်တိတ်ဆိတ်ဆိတ်လေး နေသင့်တယ်။

ဖယောင်းတိုင်မီးတို့၊ ဆီမီးတို့ ကုန်ခါနီးမှာ ပိုတောက်လာသလို သေခါနီးပုဂ္ဂိုလ်က နားပိုကြားရတယ်။ ဒါ့ကြောင့် သေခါနီးပုဂ္ဂိုလ်နားမှာ တိုးတိုးတိုးတိုး မပြောကြနဲ့။ သူက စကားသာ မပြောနိုင်တာ၊ အကုန်ကြားရတယ်၊ စိတ်ညစ်စရာက အာသန္နကံဖြစ်သွားရင် မလွယ်ဘူး။ အဲ့ဒါနဲ့ပဲ ဒုက္ခရောက်သွားတတ်တယ်။

စာမျက်နှာ-၁၇၇
ဒါ့ကြောင့် အသံကို လုံးဝတိတ်ပေးရမယ်။ တောင်တောင်မြောက်မြောက် ပြောတဲ့သူဆိုရင် လုံးဝလက်မခံနဲ့။ ကောင်းတာလေး အာရုံပြုပြီး ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ဘဝတစ်ခုကူးသွားရင် ကောင်းရာသုဂတိ ရောက်နိုင်ဖို့ ရှိပါတယ်။

တကယ်တော့ ဒါကိုလည်း အားကိုးမနေကြနဲ့။ ကိုယ့်ဟာကို အခုကတည်းက ကြိုတင်ပြီး လုပ်ထားကြ။ ပုထုဇဉ်တွေအတွက် guarantee ဆိုတာ မရှိဘူး။ guarantee ရချင်ရင် သောတာပန်ဖြစ်အောင် လုပ်ထားကြ။ ကောင်းပြီ အာသန္နကံဆိုတာ အနီးကပ်အကျိုးပြုတဲ့ကံကို ခေါ်တယ်။ ဂရုကကံ မရှိရင် ဒီအာသန္နကံက အကျိုးပေးတယ်။

နောက်ကံတစ်ခုက အာစိဏ္ဏကံတဲ့၊ အာစိဏ္ဏကံဆိုတာ နေ့စဉ်ဆွမ်းလောင်း၊ နေ့စဉ်ဘုရားဝတ်တက်၊ နေ့စဉ်ပုတီးစိပ် စသဖြင့်ရှိတယ်။ သေခါနီး ကိုယ့်စိတ်ထဲမှာ ပုတီးစိပ်တာ တရားထိုင်တာ၊ ဆွမ်းလောင်းတာတွေ ခံစားနေရတယ်။ အဲဒီလို အာရုံကောင်းကောင်းလေးနဲ့ အမြဲလုပ်နေတာကို အာစိဏ္ဏကံလို့ ခေါ်တယ်။ မကောင်းတဲ့ အာစိဏ္ဏကံလုပ်တဲ့ပုဂ္ဂိုလ်ကျတော့ မကောင်းတဲ့ အာရုံတွေ လာထင်မှာပဲ။ သေခါနီး အင်မတန် အရေးကြီးတယ်။

စာမျက်နှာ-၁၇၈
အာစိဏ္ဏကံ မရှိဘူးဆိုရင် အမှတ်တမဲ့ပြုလုပ်ထားတဲ့ကံတွေက ဝင်ပြီး အကျိုးပေးတယ်။ အဲဒီကံမျိုးကို ကဋတ္တာကံလို့ ခေါ်တယ်၊ အဲဒါက ကံတွေရဲ့အကျိုးပေးတဲ့ အဆင့်ပဲ။ တစ်ခုနဲ့တစ်ခု မတူဘူး။ စေတနာပေါ် မူတည်ပြီး အကျိုးပေးတယ်။ ဒီလိုအကျိုးပေးပေမယ့် ကံတွေဟာ အကျိုးပေးပုံချင်း တစ်ယောက်နှင့်တစ်ယောက် တူနိုင်သလားလို့ မေးရင် မတူဘူး၊ လူရဲ့ qualification တွေက မတူကြတာ၊ ဒါ့ကြောင့် မတူဘူး။

ကုသိုလ်ကောင်းမှုကို စုပေါင်းပြီးပြုလုပ်တဲ့ ပုဂ္ဂိုလ်တွေမှာ ဆိုပါစို့၊ စုပေါင်းပြီး ကထိန်ခင်းတာ၊ စုပေါင်းပြီး တရားနာတာတွေမှာတောင် အလုပ်က တူကောင်းတူနိုင်ပေမယ့် စိတ်စေတနာချင်းကတော့ မတူလို့ အကျိုးပေးခြင်းလည်း မတူနိုင်ကြဘူး။ quality က ဘာလဲဆိုရင် ကံနှင့်ပတ်သက်လာရင် ကံမှတစ်ပါး အခြားအခြေခံကောင်းတွေကိုယ့်သန္တာန်မှာ ရှိနေဖို့လိုတယ်။

လူတွေထဲမှာလည်းကြည့်၊ မတူတာတွေ ပြောရရင် တချို့ပုဂ္ဂိုလ်တွေက လူတစ်ယောက်ကို သတ်တဲ့ ပါဏာတိပါတာကံ ကျူးလွန်လိုက်လို့ သေစားသေစေ (သို့မဟုတ်) ထောင်တစ်သက်တစ်ကျွန်း ကျသွားစေတယ်၊ တချို့ကျတော့ သူတစ်ပါးရဲ့အသက်ကို သတ်ပေမယ့်

စာမျက်နှာ-၁၇၉
အပြစ်မရရုံမျှမက ဆုတောင်ရသေးတယ်။ အဲဒါမျိုးရှိဘူးလား၊ ရှိတယ်၊ ဘာကြောင့်လဲဆိုတော့ condition ချင်း မတူဘူးလေ။ condition ဆိုတာ ရှိသေးတယ်။ ကံကလည်း လူတိုင်းမှာ ဖိဖိစီးစီး အကျိုးမပေးနိုင်ဘူး။ အခြားအကြောင်းတွေ ရှိသေးတယ်။

ဥပမာ-မြတ်စွာဘုရားဟောထားတဲ့ လောဏကပလ္လသုတ်ဟာ အင်မတန်မှ မှတ်သားစရာကောင်းတယ်။ ဆားခဲလေးယူပြီး ဖန်ခွက်ထဲရှိ ရေထဲထည့်ပြီး အဲ့ဒီရေကို သောက်ကြည့်ရင် အင်မတန်ငန်သွားမယ်။ အဲဒီပမာဏ ဆားခဲကိုပဲ ဂင်္ဂါမြစ်ထဲ၊ ဧရာဝတီမြစ်ထဲ၊ ရေကန်ကြီးထဲ ထည့်လိုက်ပါဦး။ ဆားရဲ့အရသာ ပေါ်ပါတော့မလားတဲ့။

အဲဒီလိုပဲ တချို့ပုဂ္ဂိုလ်တွေကျတော့ ကိုယ်ကျင့်တရားကလည်း မကောင်းဘူး၊ ကုသိုလ်ကောင်းမှုလည်း ဘာမှမလုပ်ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ အကုသိုလ်နည်းနည်းလုပ်ပေမယ့်လည်း အများကြီးခံရမယ်။ သူများထက် ပြင်းပြင်းထန်ထန် ခံရမယ်။ ငွေတစ်မတ်နဲ့ ထောင်ကျချင်ကျတာ၊ ငွေတစ်သိန်းနဲ့ ထောင်ကျချင်မှကျတာ။ ပိုက်ဆံရှိရင် မကျဘူး။ ပိုက်ဆံရှိသူနဲ့ ပိုက်ဆံမရှိသူကလည်း အခြေအနေကွာသေးတယ်။ ပိုက်ဆံမရှိရင် ထောင်ကျမယ်။ ပိုက်ဆံရှိရင် ထောင်မကျဘူး။

စာမျက်နှာ-၁၈၀
ပေးနိုင်လို့ လွတ်သွားတာတွေ အများကြီးရှိတယ်။ ဒါက လောကဖြစ်ရပ်ပဲလေ။ အဲဒီမှာ ပိုက်ဆံဟာ အရည်အချင်းတစ်ခုဖြစ်တယ်။ ဘုရားဟောတဲ့စာထဲမှာလည်း ပါပါတယ်။

ဒီအတိုင်းပဲ ကံအကျိုးပေးပုံချင်း မတူကြဘူး။ တချို့မှာ ကုသိုလ်စိတ်များတယ်။ ပုထုဇဉ်မို့လို့ မကောင်းမှုကို တစ်ခါတစ်ရံ လုပ်မိပေမယ့် ပျောက်သွားတယ်။ သိပ်အကျိုးမထင်ဘူး။ ကံက မျက်နှာလိုက်တာ မဟုတ်ဘူး။ ကံမှာလည်း အရည်အချင်းတွေရှိတယ်။ အခြား condition တွေ ရှိသေးတယ်။ သဘာဝတရားတွေမှာ ဆိုင်ရာဆိုင်ရာ အထောက်အကူ အကြောင်းတရားတွေ ရှိသေးတယ်။

မြတ်စွာဘုရား ဟောထားတာတစ်ခု ရှိသေးတယ်- ငါးသည်ထံက ဆင်းရဲသားက ငါးတစ်ကောင်ခိုးယူရင် အလေးနဲ့အထုခံရမှာနော်။ ကားနဲ့သူဌေးတစ်ယောက်က ယူရင်တော့ နောက်တစ်ကောင်တောင် ထပ်ပေးလိုက်ဦးမယ်။ ချမ်းသာတဲ့သူကို ဦးစားပေးပြီး မချမ်းသာတဲ့သူကိုတော့ ဦးစားမပေးဘူး။ ဒါက လောကရဲ့ဖြစ်စဉ်ပဲလေ။ ကံကျတော့ ပိုက်ဆံရှိတာ မရှိတာကို ပြောတာမဟုတ်ဘူး။ ကျန်တဲ့အရည်အချင်း

စာမျက်နှာ-၁၈၁
တွေရှိတာ၊ မရှိတာကို ပြောတာ။ ကျန်တဲ့အရည်အချင်းတွေရှိတဲ့သူက အပြစ်သက်သာသွားမယ်။

ဆိုပါစို့၊ ကိုယ်ကျင့်တရားပြည့်စုံပြီး၊ စိတ်ကောင်းနှလုံးကောင်းအမြဲထားပြီး ကုသိုလ်ကောင်းမှုတွေလုပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ တစ်ခါတစ်ရံ မကောင်းမှုလုပ်ပေမယ့် ထိုအကုသိုလ်က ပျောက်ပျက်သွားတယ်။ ဘာမှကောင်းမှုကုသိုလ်မရှိတဲ့ပုဂ္ဂိုလ်ကျတော့ အကုသိုလ်နည်းနည်းလုပ်တာနဲ့ များများခံရမှာပဲ။ လောကမှာလည်း ဖြစ်စဉ်က ဒီအတိုင်းပဲ။ သဘာဝတရားမှာလည်း ဒီအတိုင်းပဲ။ အဲဒီတော့ မကောင်းတဲ့ကံလုပ်မိရင် ထိုကံမှသက်သာဖို့ ကောင်းတာများများလုပ်ထားလို့ ဆိုလိုတဲ့ အဓိပ္ပာယ်ကို ပြောတာ။

အေး- ကံတရားဆိုတာ ပထမဘဝမှာ အကျိုးပေးတာရှိတယ်။ ဒုတိယဘဝမှာ အကျိုးပေးတာရှိတယ်။ တတိယဘဝမှာ အကျိုးပေးတာရှိတယ်။ ဒီကံတရားတွေဟာ အခြေခံအကြောင်းပေါ်မူတည်ပြီး ထိုကံတရားရဲ့အကျိုးဟာလည်း ထက်သန်မှု၊ နိမ့်ကျမှုဆိုတာ ဖြစ်သွားခဲ့တယ်။ ဘယ်လောက်ပဲ ကောင်းတဲ့ကံဖြစ်စေ၊ အထက်တန်းရောက်တဲ့ကံဖြစ်စေ အခြေခံတစ်ခုညံ့ရင် နိမ့်ကျတဲ့ဘဝကို ရသွားမှာပဲ။

စာမျက်နှာ-၁၈၂
ဥပမာတစ်ခုပြောမယ်၊ အားလုံးကြားဖူးတဲ့ ဗိမ္ဗိသာရမင်းကြီးဟာ ဘုရားလောင်းတောထွက်လာတဲ့အချိန်မှာ ခင်မင်တဲ့စိတ်နဲ့ သွားတွေ့ပြီး ဘုရားဖြစ်ရင် သူ့ကို ပထမဆုံးတရားဟောပါလို့ ဖိတ်ခဲ့တယ်။ ဒါကြောင့် ရာဇဂြိုဟ်ပြည် မြတ်စွာဘုရားကြွလာတော့ အခြံအရံတစ်သိန်းနှစ်သောင်းနဲ့အတူ ပထမအကြိမ်တွေ့ဆုံ တရားနာရလို့ သောတာပန်ဖြစ်သွားတယ်။ ဝေဠုဝန်ကျောင်းကြီးကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့တယ်။ သူသေတော့ စတုမဟာရာဇ်နတ်ပြည်က ဝေဿဝဏ်နတ်မင်းကြီးရဲ့ အခြံအရံ ဇနဝသဘနတ်ဘီလူးသွားဖြစ်တယ်။ သူပြုခဲ့တဲ့ ကုသိုလ်တွေက တာဝတိံသာနတ်ပြည်လို အဆင့်အတန်းမြင့်တဲ့နေရာမှာ ဖြစ်နိုင်တယ်။ သူ့ရဲ့ကံတွေက အဲ့ဒီအထိ အကျိုးပေးနိုင်တယ်။ သို့သော် ဘာဖြစ်လို့ နိမ့်ကျတဲ့ဘဝမှာ သွားဖြစ်သလဲဆိုရင် အတိတ်ဘဝတုန်းက အကြိမ်ကြိမ်ဖြစ်ဖူးတဲ့ နိကန္တိအစွဲရှိခဲ့တယ်။ အဲဒီအစွဲက ဆွဲချလိုက်တဲ့အတွက် ကံစွမ်းအားတွေ လျော့ကျသွားပြီး တာဝတိံသာနတ်ပြည်မှာ ဖြစ်ရမယ့်အစား နိမ့်ကျတဲ့ဘဝမှာ သွားဖြစ်ရတာ။ အဲဒီဘဝမှာ အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးပြီး အဲဒီဘဝကိုပဲ ကြိုက်နေလို့ ဖြစ်ရတာ။

စာမျက်နှာ-၁၈၃
မေဏ္ဍကသူဌေးကြီးမိသားစုကိုပဲ ကြည့်။ သူဌေးကြီးရယ်၊ သူဌေးကတော်ကြီး၊ သူ့ရဲ့သားရယ်၊ ချွေးမနဲ့ ကျွန်ရယ်ဆိုပြီး ၆-ယောက်ရှိတယ်။ တစ်နေ့မှာ သူတို့စားမယ့်ထမင်း မစားဘဲ ပစ္စေကဗုဒ္ဓကို လှူလိုက်ကြတယ်။ လှူပြီး ဆုတောင်းကြတယ်။ သူဌေးကြီးက သူဌေးဆုတောင်းတယ်။ စွမ်းအားသတ္တိတွေ အမျိုးမျိုးတောင်းကြတယ်။ ကျွန်က တခြားဆုတောင်းရင် ရနိုင်ပါလျက်နဲ့ မတောင်းပါဘဲ ကျွန်ဆုပြန်တောင်းတယ်။ ကောင်းတဲ့ဆုတောင်းရင် ရနိုင်လျက်နဲ့ သူတွယ်တာတဲ့ဘဝကို ပြန်တောင်းတယ်။ နောင်ဘဝရောက်တော့ အဲဒီသူဌေးကြီးရဲ့ လယ်ယာမှာ ထွန်ယက်ပြီး အလုပ်အကျွေးပြုရတဲ့ ကျွန်ပြန်ဖြစ်တယ်။ အဲဒါ သူစိတ်ဝင်စားတာ သူတွယ်တာတဲ့ဘဝလေးပဲ ပြန်ရတယ်။ ဒါ့ကြောင့် မတွယ်တာခဲ့။ ကောင်းတာတွယ်တာမိရင် တော်သေးတယ်။ မကောင်းတာတွယ်တာမိရင် ဒုက္ခရောက်မယ်။

တစ်ခါတုန်းက ဘုန်းကြီးတစ်ပါးလိုပေါ့။ ရွာတစ်ရွာမှာ အဲဒီဆရာတော်က ကျောင်းထိုင်ဘုန်းကြီးဖြစ်တယ်။ အဲဒီရွာက ဒကာမကြီးက လက်ပံခေါင်းချဉ်ရည်ဟင်း လာကပ်တော့ ဆွမ်းစားရတာ မြန်လိုက်တာလို့ ဘုန်းကြီးကပြောလိုက်လို့ အဲဒီဒကာမကြီးက လက်ပံ

စာမျက်နှာ-၁၈၄
ခေါင်းတွေ တစ်နှစ်စာဝယ်ထားပြီး နေ့တိုင်း ဆွမ်းဟင်းချက်ပို့တယ်တဲ့။ တစ်နေ့တော့ အဲဒီရွာမီးလောင်ပြီး ဒကာမကြီးအိမ် မီးထဲပါသွားပါလေရော၊ ဘုန်းကြီးက ဒီသတင်းကြားတော့ အင်း-ငါတော့ ဝဋ်ကျွတ်ပြီပေါ့။ လက်ပံခေါင်းချဉ်ရည်ဟင်း စားရတဲ့ဒုက္ခက လွတ်ပြီကျွတ်ပြီပေါ့။ နောက်နေ့ကျတော့ အဲဒီဒကာမကြီးက လက်ပံခေါင်းချဉ်ရည်နဲ့ ဆွမ်းအုပ်ကြီးရွက်လာပြီး တပည့်တော်အိမ် မီးလောင်တုန်းက တခြားဘာပစ္စည်းမှ သတိမရဘူးဘုရား၊ ကိုယ်တော်ကြိုက်တဲ့ လက်ပံခေါင်းထုပ်ပဲ ဆွဲပြီးဆင်းလာခဲ့တာတဲ့။ ကဲ-လက်ပံခေါင်းချဉ်ရည်ဟင်းနဲ့ ဘုဉ်းပေးပါတဲ့။ အဲဒါကြောင့် ကြိုက်လည်းကောင်းတာကြိုက်နော်၊ မကောင်းတာကြိုက်ရင် ဒုက္ခရောက်မယ်နော်။

အဲဒီအကြောင်းတရားတွေက ကံရဲ့အခန်းကဏ္ဍကို မြှုပ်သွားစေတတ်တယ်။ အေး-ဒါကလည်း သတိထားစရာပဲ။ ဘာပဲဖြစ်ဖြစ် ကံကြောင့်ချည်းလို့ မယူဆရဘူး။ ကံတစ်ခုတည်းကပဲ အကျိုးပေးတယ်၊ ကံတစ်ခုတည်းကပဲ ဆုံးဖြတ်တယ်ဆိုတဲ့ အစွန်းရောက်တဲ့ကမ္မဝါဒကို လက်မခံရဘူး။ အစွန်းရောက်တဲ့ကမ္မဝါဒဆိုတာ ပုဗ္ဗေကတဟေတုဒိဋ္ဌိလို့ခေါ်တယ်။ ဘာပဲဖြစ်ဖြစ် အတိတ်ကလုပ်ခဲ့လို့ ဒီဘဝကြုံရတာ ကံပဲလို့ ဆိုကြ

စာမျက်နှာ-၁၈၅
တယ်။ ကံကိုချည်းပုံမချရဘူး။ ကံက အကြောင်းတစ်ခုသာဖြစ်တယ်။ အခြားအကြောင်းတွေ အများကြီးရှိသေးတယ်။ လူလုပ်လို့ရတာတွေလည်း အများကြီးရှိတယ်။

ကံကိုပုံချပြီး ဘာမှမလုပ်ဘဲနေတာတော့ လုံးဝမှားတယ်။ မိစ္ဆာအယူဝါဒပဲ။ ပုဗ္ဗေကတဟေတုဒိဋ္ဌိလို့ခေါ်တယ်။ fatalism မျိုး။ ဘာပဲဖြစ်ဖြစ် ကံက အဆုံးအဖြတ်ပေးတယ်။ ဒီဘဝဆင်းရဲတာလည်း ကံပဲ။ ချမ်းသာတာလည်း ကံပဲ။ ဒီဘဝမှာ ဘာဖြစ်ဖြစ် ကံကြောင့်ဖြစ်တာလို့ ယူဆရင် ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်သွားပြီ။ အဲဒီအယူအဆတစ်ရပ်ဝင်သွားရင် ထိုပုဂ္ဂိုလ်ရဲ့ ကြီးပွားတိုးတက်ဖို့လမ်း ပိတ်သွားတယ်။ ဗုဒ္ဓရဲ့ကမ္မဝါဒနဲ့လည်း မညီဘူး။ မိစ္ဆာဝါဒဖြစ်သွားတယ်။ ကံကိုလက်ခံတဲ့ သမ္မာဒိဋ္ဌိ မဖြစ်ဘူး။

တစ်ခါတုန်းက ပုဗ္ဗေကတဟေတုဒိဋ္ဌိနဲ့ပတ်သက်ပြီး သိဝကဆိုတဲ့ ပရိဗိုဇ်ကြီးက မြတ်စွာဘုရားကို လျှောက်ထားဖူးတယ်။ အရှင်ဘုရား၊ တချို့က ဟောလေ့ပြောလေ့ရှိကြတယ်။ ဒီဘဝမှာ ရတဲ့သုခဒုက္ခ တွေ့ကြုံခံစားရသမျှဟာ အတိတ်ဘဝကပြုခဲ့တဲ့ ကံကြောင့်လို့ ပြောကြတယ်။ ဒီအချက်ကို အရှင်ဘုရား ဘယ်လိုပြောမတုံးတဲ့။

စာမျက်နှာ-၁၈၆
အဲဒီအခါ မြတ်စွာဘုရားက သိဝက၊ မင်းပဲစဉ်းစားကြည့်ပေါ့။ လောကမှာ ကိုယ်တိုင်လက်တွေ့မြင်ရတဲ့ အကြောင်းတရားတွေ အများကြီးရှိတယ်။ ဥပမာ- သည်းခြေကြောင့် ရောဂါဖြစ်တာရှိတယ်။ အအေးထဲထွက်မိလို့ နှာစေး၊ ချောင်းဆိုးတာရှိတယ်။ အပူမိလို့ဖျားတာရှိတယ်။ အဲ့ဒီလိုတွေ အမျိုးမျိုးရှိလျက်နဲ့ ဖျားတာဟာ ကံကြောင့်၊ အအေးမိချောင်းဆိုးတာကလည်း ကံကြောင့်လို့ပြောရင် လက်တွေ့ကို ငြင်းပယ်ရာရောက်တာပေါ့။ ကံဆိုတာ အကြောင်းတစ်ခုပဲ။ ဒီလူဟာ အအေးပတ်ပြီး ချောင်းဆိုးတာဟာ အအေးထဲထွက်လို့ပေါ့။ အပူမိပြီး ဖျားတာကလည်း အပူထဲထွက်လို့ပေါ့။ ဒါတွေဟာ ပြုလုပ်တာတွေ၊ ကံနဲ့ဘာဆိုင်လဲ။ မြတ်စွာဘုရားက တကယ့်လက်တွေ့သမားနော်။ အကြောင်းကို ကံတစ်ခုတည်းလို့ မယူဆရဘူး။ အကြောင်းတွေ အများကြီးရှိတယ်။

သရက်စေ့မှအပင်ပေါက်တာပဲကြည့်၊ မြေနဲ့ရေနဲ့ပေါင်းမှ အပင်ပေါက်တာ၊ အကြောင်းတရားတွေ အများကြီးရှိတယ်လို့ လက်ခံရမယ်။ အဲဒါကြောင့် ဘာကြောင့်ဖြစ်ဖြစ် ကံကြောင့်သာဆိုတာကို လက်မခံရဘူး။ မြတ်စွာဘုရားရဲ့ကမ္မဝါဒကို မဟာကမ္မဝိဘင်္ဂသုတ်မှာ ဟောထားတယ်။ သဘာဝအားဖြင့်

စာမျက်နှာ-၁၈၇
ပြောရရင် အကုသိုလ်ကံဟာ မကောင်းကျိုးကိုသာ ပေးပြီး၊ ကုသိုလ်ကံဟာ ကောင်းကျိုးကိုသာ ပေးတယ်။ ဒါဟာ natural law ပဲ။ ပေးတတ်တဲ့သဘာဝကို ပြောတာ။

ဆိုပါစို့၊ မြတ်စွာဘုရားက ဘယ်လိုဟောသလဲဆိုရင် ပါဏာတိပါတအမှုဟာ ငရဲ၌ဖြစ်စေနိုင်တယ်တဲ့။ ဒီစကားက ပါဏာတိပါတကံပြုလုပ်သူတိုင်း ငရဲကျတယ်လို့ပြောတာမဟုတ်ဘူးနော်။ သို့သော် ပါဏာတိပါတကံသည် အကျိုးပေးရင် အဆိုးဆုံးအနေနဲ့ ငရဲမှာ အကျိုးပေးနိုင်တယ်လို့ ဟောတာ။ ပါဏာတိပါတအမှုဟာ ငရဲ၌ဖြစ်စေနိုင်တယ်ဆိုတာနဲ့ ပါဏာတိပါတကံပြုလုပ်သူတိုင်း ငရဲကျတယ်လို့ဆိုတဲ့ ဒီစကားနှစ်ခုဟာ မတူဘူးနော်။

အေး - တခြားဘာသာတွေက ကံနဲ့ပတ်သက်ပြီး ဘယ်လိုဟောသလဲဆိုရင် “ယော ကောစိ ပါဏာတိပါတေတိ၊ သဗ္ဗေ သော အပါယိကော နေရယိကော” = သူတစ်ပါးအသက်ကို သတ်တိုင်း ငရဲကျတယ်လို့ ပြောတယ်။ definite ပေါ့။ မြတ်စွာဘုရားက အဲဒီလိုမဟောဘူး။ ပါဏာတိပါတကံသည် ငရဲ၌ဖြစ်စေနိုင်တယ်လို့ ဟောတာ။ ငရဲ၌ဖြစ်ရမယ်လို့ မဟောဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တခြားအကြောင်းတွေ

စာမျက်နှာ-၁၈၈
ရှိသေးတယ်။ ဒီပါဏာတိပါတကံတစ်ခုတည်းကို အကြောင်းလို့ ပြောလို့မရဘူး။ တခြားအကြောင်းတွေကြောင့် ငရဲကျတာတွေလည်း အများကြီးရှိသေးတယ်။

အဲဒီတော့ ပါဏာတိပါတကံလုပ်မိရင် ဒီမကောင်းတဲ့ ပါဏာတိပါတကံက လွတ်ရာလွတ်ကြောင်း နည်းလမ်းမရှိဘူးလားဆိုရင် - ရှိပါတယ်။ မြတ်စွာဘုရားက ဟောတယ်၊ မကောင်းမှုကို မလုပ်ရဘူး။ လုပ်ရင် မကောင်းမှုကံက ဆင်းရဲဒုက္ခအကျိုးကို ပေးတယ်။ မကောင်းမှုကို လုပ်မိတဲ့ပုဂ္ဂိုလ် စဉ်းစားရမှာက ငါသည် မကောင်းမှုတော့ လုပ်မိသွားပြီ၊ လုပ်မိပြီးသားကို ပြန်တွေးပြီး စိတ်လေးနေရုံနဲ့ အဲဒါကို ပယ်ဖျက်နိုင်တာ၊ ပြုပြင်လို့ရနိုင်တာ မဟုတ်ဘူး။ အဲဒီတော့ လုပ်မိပြီးသားတော့ ရှိစေတော့။ နောင်ကို ဒါမျိုးမလုပ်တော့ဘူး။ ကောင်းတာတွေပဲ လုပ်တော့မယ်။ ဒီလိုဆုံးဖြတ်ပြီး မကောင်းမှုရှောင်၊ ကောင်းမှုကိုသာ လုပ်ဆောင်သွားရမယ်။ အဲဒါကမှ မကောင်းကံက လွတ်မြောက်မယ့် စစ်မှန်တဲ့နည်းလမ်းပဲ။

ဒါကြောင့်မို့ ဩကာသနဲ့ကန်တော့တာကလည်း အဲဒီအဓိပ္ပာယ်ပဲ။ တစ်စုံတစ်ခုပြစ်မှားမိထားရင် တောင်းပန်ပြီး နောင်ကိုရှောင်ကြဉ်ရမယ်ဆိုတာ လာရမယ်၊ မကောင်းတာကို ရှောင်ကြဉ်ဖို့၊ ကောင်းတာလုပ်ဖို့

စာမျက်နှာ-၁၈၉
ဖြစ်တယ်။ မကောင်းတာ ရှောင်ကြဉ်ပြီး ကောင်းတာတွေ လုပ်နေရင် ထိုသူဟာ ထိုကံမှလွတ်မြောက်ပြီး ကောင်းကျိုးချမ်းသာတွေကို ဧကန်ရမှာ သေချာတာပဲ။ မည်သူပဲဖြစ်ဖြစ် မကောင်းမှုကို လုပ်မိတဲ့သူဟာ ထိုကံကိုတွေးပြီး ပူပန်နေဖို့ မလိုဘူး။ စိတ်လေးနေဖို့ မလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြင်လို့လည်းရတဲ့ဟာ မဟုတ်ဘူး။ မေ့လိုက်တော့။ နောင်ကို ဒါမျိုးမလုပ်ဖို့က အရေးကြီးတယ်၊ ရှောင်ကြဉ်မယ်၊ ကောင်းတာတွေပဲလုပ်မယ်၊ ဒီနည်းနဲ့ လုပ်မိပြီးသားကံတွေကို isolate လုပ်ထားလိုက်ရမယ်၊ ဘေးကိုတွန်းပစ်လိုက်တာပေါ့။ ဒါက ကံမှလွတ်မြောက်တဲ့နည်းလို့ သင်္ခဓမ္မသုတ်မှာ မြတ်စွာဘုရားက ဟောထားတယ်။ ကောင်းတာတွေပဲ လုပ်ဖို့ပါ။

ဒါ့ကြောင့်မို့လို့ ကမ္မဿကတာသမ္မာဒိဋ္ဌိနဲ့ ပြည့်စုံစေရမယ်။ ဘိက္ခဝေ = ချစ်သားရဟန်းတို့၊ သတ္တာ၊ လူနတ်ဗြဟ္မာ သတ္တဝါမှန်သမျှတို့သည်။ ကမ္မဿကာ = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါပေကုန်၏။ ကမ္မဒါယာဒါ = ကံပေးတဲ့အမွေကိုသာ ခံယူကြရတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပါကုန်၏။ ကမ္မယောနိ = ကံသာလျှင် ဖြစ်ပေါ်စေတဲ့ အကြောင်းတရား ရှိကြကုန်၏။ ကမ္မဗန္ဓု = ကံသာလျှင် အားကိုးရတဲ့ ဆွေမျိုးသားချင်း ရှိကြပါကုန်၏။

စာမျက်နှာ-၁၉၀
ကလျာဏံဝါ = ကောင်းတာပဲ ဖြစ်စေ။ ပါပကံဝါ = မကောင်းတာပဲ ဖြစ်စေ၊ ယံ ကမ္မံ = အကြင် ကုသိုလ်ကံ အကုသိုလ်ကံကို။ ကရိဿန္တိ = ပြုကြကုန်လတ္တံ့။ တဿ ကမ္မဿ = ထိုကောင်းမှု မကောင်းမှုဆိုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံရဲ့။ ဒါယာဒါ = အမွေကို ခံယူကြရတဲ့ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ = ဖြစ်ကြပေလိမ့်မည်ဟု၊ ဘဂဝါ = ရွှေဘုန်းတော်ရှင် ရှင်တော်မြတ်ဘုရားသည်။ အဝေါစ = ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါသတည်း။

(သာဓု၊ သာဓု၊ သာဓု)။ အဲဒီ ကမ္မဿကတာသမ္မာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ဟာ သမ္မာဒိဋ္ဌိအမြင်တစ်ခြမ်းတော့ ရသွားပြီ။ သို့သော် ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာ မရှိသေးဘူးဆိုရင် တစ်ပိုင်းက သမ္မာဒိဋ္ဌိ၊ တစ်ပိုင်းက မိစ္ဆာဒိဋ္ဌိ ရောနေသေးတယ်။

ဒါကြောင့် မနက်ဖြန်ကျရင် ပြီးပြည့်စုံတဲ့ သမ္မာဒိဋ္ဌိဖြစ်ပြီး မိစ္ဆာဒိဋ္ဌိက လုံးဝလွတ်ရန်အတွက် နောက်ထပ်လိုသေးတဲ့ ဝိပဿနာသမ္မာဒိဋ္ဌိအကြောင်း ဆက်ပြီးဟောပါ့မယ်။ နိဗ္ဗာန်တံခါးကြီးထဲ ဝင်ဖို့ရန်အတွက် ဝိပဿနာသမ္မာဒိဋ္ဌိဟာ အရေးအပါဆုံး ဖြစ်တယ်။

ဒီကနေ့ ဒီမျှနဲ့ပဲ ကျေနပ်ကြပါ။ ကဲ-မေတ္တာပို့ပြီး တရားသိမ်းကြရအောင်။

စာမျက်နှာ-၁၉၁
မုချ လှမည်မှတ်

* ကိုယ့်ကျိုး-သူ့ကျိုး၊
* တိုင်းပြည်ကျိုးနှင့်၊ အမျိုးဘာသာ၊ သာသနာအကျိုး ပွားတိုးစေမှု လုပ်ကျွေးပြုမှ တို့ဘဝ မုချ “လှ” မည်မှတ်။

ABSOLUTE BEAUTY
Our life will be in absolute beauty, If we work for the welfare of ourselves, of others, of the State, of the nation.

စာမျက်နှာ-၁၉၂

နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ
(အပိုင်း-၄)

သာသနာတော်နှစ် ၂၅၅၁-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၆၉-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ည ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်း၊ ကံမြင့်ကျောင်းတိုက် ညဦးယံဓမ္မသဘင် အခမ်းအနား၌ အဘွား ဒေါ်အုံကြည်အား ဦးထိပ်ထား၍ ကိုလှမိုး + မဝင်းမိုးဦး၊ သား ကောင်းကျော်ထက်၊ သမီးအေးပပ မိသားစု၊ အမှတ် ၂၀၁၊ ရွှေဘုံသာအလယ်လမ်း၊ ရန်ကုန်မြို့တို့၏ အမတဒါန ဓမ္မဒါနအနေဖြင့် ဟောကြားအပ်သော နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ တရားဒေသနာတော်

နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ ထိုနိဗ္ဗာန်တံခါးကြီးဆီ ဦးတည်ပြီးသွားတဲ့ လမ်းကြောင်းကြီးတွေမှာ သမ္မာဒိဋ္ဌိ (right understanding) ဆိုတာ အဆင့်ဆင့်ရှိတယ်၊ ကံ ကံ၏အကျိုးကို လက်ခံ

စာမျက်နှာ-၁၉၃
တာက အခြေခံအဆင့် သမ္မာဒိဋ္ဌိ ဖြစ်တယ်။ ကံ ကံ၏အကျိုးကို လက်ခံတဲ့ အခြေခံ သမ္မာဒိဋ္ဌိ ရှိပေမယ့် တစ်ပိုင်းက အမြင်မှန် မရသေးတာမျိုးလည်း ရှိနိုင်သေးတယ်။ ဒါ့ကြောင့် သမ္မာဒိဋ္ဌိကို ၂-ပိုင်းခွဲပြီး မှတ်ရမယ်။ မဇ္ဈိမနိကာယ်မှာ သမ္မာဒိဋ္ဌိသုတ္တန်ဆိုတာ ရှိတယ်။ သမ္မာဒိဋ္ဌိဆိုတာ ဘာလဲလို့ ရှင်းထားတယ်။

အဲဒီသုတ္တန်ကို ဖွင့်ဆိုတဲ့ အဋ္ဌကထာမှာ သမ္မာဒိဋ္ဌိကို လောကိယသမ္မာဒိဋ္ဌိ၊ လောကုတ္တရသမ္မာဒိဋ္ဌိလို့ အခြေခံအားဖြင့် ၂-မျိုးခွဲပြီးတော့ တစ်ဖန် လောကိယသမ္မာဒိဋ္ဌိကို ၂-မျိုး ထပ်ခွဲလိုက်ပြန်တယ်။ ကမ္မဿကတာသမ္မာဒိဋ္ဌိက ကံကို လက်ခံတယ်၊ ကံ၏အကျိုးကို လက်ခံတယ်။ နောက် သမ္မာဒိဋ္ဌိတစ်ခုက သစ္စာနုလောမိကသမ္မာဒိဋ္ဌိ၊ တချို့နေရာများမှာတော့ ဝိပဿနာသမ္မာဒိဋ္ဌိလို့ သုံးပါတယ်။ လွယ်လွယ်မှတ်လို့ ရအောင် ကမ္မဿကတာသမ္မာဒိဋ္ဌိနှင့် ဝိပဿနာသမ္မာဒိဋ္ဌိလို့ ပြောပါ့မယ်။

ကမ္မဿကတာသမ္မာဒိဋ္ဌိဆိုတာ ကံကံ၏အကျိုးကို လက်ခံတယ်။ ကမ္မဝါဒီ = ကံကို ရှိတယ်လို့ လက်ခံတယ်။ ကံ၏ အကျိုးတရား ရှိတယ်လို့ လက်ခံတယ်။ အဲဒါ မှန်ကန်တဲ့ အမြင်ပဲ။ သို့သော် ဒီမှန်ကန်တဲ့ အမြင်ဟာ ပြည့်စုံလုံလောက်တဲ့အမြင် မဖြစ်

စာမျက်နှာ-၁၉၄
သေးဘူး။ မျက်စိ တစ်ဖက်ပဲ ကောင်းသေးတယ်။ နောက်တစ်ဖက်က ပိတ်နေသေးတယ်ဆိုတဲ့ သဘောမျိုးပေါ့။ တစ်ပိုင်းက သမ္မာဒိဋ္ဌိ နောက်တစ်ပိုင်း ကြည့်လိုက်ပြန်တော့ သတ္တဝါတွေရှိတယ်၊ သတ္တဝါတွေကိုပဲ မြင်တယ်၊ ရုပ် နာမ် ဓမ္မ သင်္ခါရကို မမြင်သေးဘူးဆိုရင် အဲဒီအပိုင်းက မိစ္ဆာဒိဋ္ဌိ ဖြစ်နေသေးတယ်။ သမ္မာဒိဋ္ဌိ တစ်ပိုင်း၊ မိစ္ဆာဒိဋ္ဌိ တစ်ပိုင်းပေါ့။

ဒီကနေ့ ဒုတိယ သမ္မာဒိဋ္ဌိအပိုင်းလို့ ဆိုရမယ့် ဝိပဿနာသမ္မာဒိဋ္ဌိ အပိုင်းကို အကျဉ်းချုံးပြီး ဟောပြောပါ့မယ်။ သမ္မာဒိဋ္ဌိဆိုတဲ့ အမြင်မှန်ရဖို့ရန်အတွက် အခြေခံ အကြောင်း ၂-ချက် ရှိတယ်။ ဘာလဲဆိုရင် တစ်ချက်က ပရတောဃောသ-တဲ့၊ သမ္မာဒိဋ္ဌိ ဖြစ်ကြောင်း တရားများကို သို့မဟုတ် မှန်ကန်တဲ့ ဟောပြောချက်တွေကို နားထောင်ဖို့လိုတယ်၊ ဒါက အကြောင်းတစ်ခု။

ဘာဖြစ်လို့တုံးဆိုလို့ရှိရင် ဘုရားနဲ့ပစ္စေကဗုဒ္ဓ ကလွဲရင် ကျန်တဲ့ပုဂ္ဂိုလ်တွေက နားမထောင်ဘဲနဲ့ အသိဉာဏ်ရတာမရှိဘူး၊ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ် ကိုယ်တော်တိုင်ပဲ နားမထောင်ဘဲ အသိဉာဏ်မရဘူး၊ ပရတောဃောသကြောင့် ရလာတဲ့ အသိဉာဏ်ကို သုတမယဉာဏ်လို့ခေါ်တယ်၊ ဒါကြောင့် နားထောင်ဖို့ဆိုတာ သိပ်အရေးကြီးတယ်၊ နားထောင်ဖို့က အလွန်အရေး

စာမျက်နှာ-၁၉၅
ကြီးတယ်၊ ပရတောဃောသော၊ ပရတော၊ သူတစ်ပါးထံမှ။ ယောသော၊ ရှင်းလင်းပြောပြတဲ့ တရားစကားအသံ။ အဲဒါဟာ သမ္မာဒိဋ္ဌိ ဖြစ်ခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ဒါက အပြင်ဘက်က အကြောင်းတရား။

အပြင်ကလာတဲ့ အကြောင်းတရားဟာ အတွင်းက အကြောင်းတရား မပါဘဲနဲ့ မဖြစ်ဘူး၊ လောကမှာ ရှိတယ်လေ- အတွင်းလူ အပြင်လူဆိုတာ အတွင်းနဲ့ အပြင် ပေါင်းစပ်သွားရင် အလုပ်ဖြစ်သွားတယ်။ အဲဒီတော့ အပြင်ကတော့ လာနေတယ်၊ အတွင်းက မပါသေးဘူးဆိုရင် သမ္မာဒိဋ္ဌိ မဖြစ်သေးဘူး။

အဲဒီတော့ အတွင်းအကြောင်းတရားက ဘာလဲဆိုရင်-ယောနိသောမနသိကာရော = ယောနိသော၊ မှန်ကန်သော၊ သင့်လျော်သော၊ ယုတ္တိရှိသော။ မနသိကာရော၊ နှလုံးသွင်းမှု။ မှန်ကန်သော နှလုံးသွင်းမှု၊ ပညာပါတဲ့ နှလုံးသွင်းမှုလို့ဆိုတယ်။ စာပေနဲ့ ပြောမယ်ဆိုရင် သင့်လျော်အောင် နှလုံးသွင်းတတ်မှု။ အဲဒီ ပရတောဃောသဆိုတဲ့ အပြင်အကြောင်းတရားနဲ့ မိမိရဲ့ မှန်မှန်ကန်ကန် စဉ်းစားတတ်တယ်ဆိုတဲ့ ယောနိသောမနသိကာရ၊ ဒီ ၂-ခုပေါင်းစပ်လိုက်လျှင် အမြင်မှန် သမ္မာဒိဋ္ဌိဆိုတာ ဖြစ်လာပါတယ်။

စာမျက်နှာ-၁၉၆
ဘယ်အရာပဲဖြစ်ဖြစ် ဆိုင်ရာဆိုင်ရာ အကြောင်းတရားမရှိဘဲနဲ့ ဖြစ်လာတယ်ဆိုတာ မရှိဘူး။ ဒါကြောင့်မို့ အလိုချင်ရင် အကြောင်းကို ထူထောင်ရတယ်။ အကြောင်းမရှိဘဲ အကျိုးဆိုတာ မဖြစ်ဘူး။ အကြောင်းဆိုတဲ့ နေရာမှာလည်းပဲ တချို့အကြောင်းက ၂-ခုဆုံမှ ဖြစ်တယ်၊ တချို့အကြောင်းက ၃-ခု ဆုံမှ ဖြစ်တယ်၊ တချို့အကြောင်းက ၄-ခု ဆုံမှ ဖြစ်တယ်၊ တချို့က အကြောင်းပေါင်းများစွာ ဆုံမှ ဖြစ်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက အကြောင်းတွေ ပြည့်ပြည့်စုံစုံ ပဋ္ဌာန်းတရားတော်မှာ ဟောထားတယ်။ ပဋ္ဌာန်း ၂၄-ပစ္စည်းဆိုတာ အရေအတွက်အားဖြင့် ၂၄-ပစ္စည်း၊ တကယ်တော့ ၂၄ မျိုးသာမကဘူး၊ အကြောင်းတစ်ခုဟာ အများကြီးစုပြီးဖြစ်တာ။ အဲဒီလို စုပြီး အကြောင်းတရားတွေ စုံလာတဲ့အခါကျတော့မှ အကျိုးတစ်ခု ပေါ်လာတယ်။

အေး- သမ္မာဒိဋ္ဌိတဲ့ မှန်ကန်တဲ့အမြင်ကလေး ရဖို့ရန် (၁) ပရတောဃောသ = ပရတော၊ တကယ့်ပညာရှိ သူတော်ကောင်းလို့ဆိုတဲ့ သူတစ်ပါးထံမှ။ ဃောသ၊ မှန်ကန်စွာ ဟောပြတဲ့တရားသံ။ အဲဒါ နာခံမှုရှိရမယ်။ ဒါကြောင့်မို့ တရားနာတာဟာ သမ္မာဒိဋ္ဌိဉာဏ်ရဖို့ အကြောင်းတစ်ခုပဲ၊ သို့သော်လည်း ဒါကအကြောင်း

စာမျက်နှာ-၁၉၇
တစ်ခုလေးတင် ဆိုတော့ တရားနာရုံနဲ့ ရသလား ဆိုတော့ မရသေးဘူး။ ဘာလိုသေးလဲဆိုလို့ရှိရင် ပုဂ္ဂိုလ်ရဲ့အတွင်းသန္တာန်မှာရှိတဲ့ မှန်မှန်ကန်ကန် နှလုံးသွင်းတတ်ဖို့၊ မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့ လိုသေးတယ်။ တရားတော့ နာပါရဲ့၊ မှန်မှန်ကန်ကန် မစဉ်းစားတတ်ဘူး၊ တလွဲတွေးတယ်ဆိုရင် သမ္မာဒိဋ္ဌိ မဖြစ်ဘူး။ အဲဒီတော့ ယောနိသောမနသိကာရဆိုတာ သိပ်အရေးကြီးတယ်။

သဘောပေါက်ရုံ ပြောရမယ်ဆိုလို့ရှိရင် ယောနိသောမနသိကာရဆိုတာ ဘယ်လိုဟာတုံး ဆိုရင် ကောင်းတဲ့တရားတွေ ဖြစ်ပေါ်လာအောင် စဉ်းစားတဲ့ စဉ်းစားနည်းမျိုး ဆိုပါစို့။ လောကမှာ အချင်းချင်း အတူတကွနေကြတဲ့အခါမှာ တစ်ခါတစ်ရံ အဆင်မပြေလို့ တစ်ယောက်နဲ့တစ်ယောက် မုန်းတီးမှုဆိုတဲ့ ဒေါသတရားတွေ ဖြစ်ပေါ်လာတတ်တယ်။ အဲဒီလို ဒေါသတရားဖြစ်လာမယ်၊ မကျေမနပ်ဖြစ်လာမယ်၊ မုန်းတီးမှုတွေ ဖြစ်လာမယ်ဆိုလို့ရှိရင် ဘာကနေ ပေါက်ဖွားလာတာတုံး၊ အတွေးလွဲတာကနေ ပေါက်ဖွားလာတာ။

အတွေး ၂-မျိုးရှိတယ်၊ ဒီလူက တော်တော်ဆိုးတာပဲ၊ ငါ့ပေါ် ဘယ်လို ညစ်ပတ်တာပဲ၊ ဘယ်လို

စာမျက်နှာ-၁၉၈
မကောင်းတာဘဲဆိုပြီး အပြစ်တွေချည့် လျှောက်တွေးနေမယ်၊ စဉ်းစားနေမယ်ဆိုရင် ဒေါသမီးကတော့ ဓာတ်ဆီလောင်းပေးသလို နေမှာပေါ့။ ဟုန်းဟုန်းနဲ့ လောင်မှာပဲ။ ဒီတော့ အဲဒီလို စဉ်းစားလို့ ဒေါသတွေ ပိုဖြစ်လာရင် အဲဒီလို စဉ်းစားမှုမျိုးကို အယောနိသောမနသိကာရလို့ခေါ်တယ်။

အဲဒါ နောက်တစ်မျိုးတွေးကြည့်လိုက်ဦး၊ သူအထင်မှားတာ နေမှာပါ။ ဘယ်တုန်းက ငါ့အပေါ် တော်သားပဲ၊ ဒီလူကတော့ သူ့စိတ်ရင်းစိတ်ထား အလွန်ကောင်းတာပဲ၊ ဘယ်တုန်းက ဘယ်လိုဆိုတဲ့ သူရဲ့ ကောင်းကွက်ကလေးတွေ ရှာလိုက်ပြန်တော့ ခုနက ဒေါသမီးရှိန်က လျော့သွားပြန်ရော။ ဒါ လူတိုင်းလူတိုင်း ဒီလိုပဲ၊ ဒေါသထွက်ရင်တွေးကြည့်ပေါ့။ ဆိုးလိုက်တာလို့တွေးနေရင် ဒေါသမီးက ပိုတောက်လာတယ်။ ကောင်းတဲ့ဘက်လှည့်သွားရင် ငြိမ်းသွားပြန်ရော၊ ဒါအကြောင်းပဲလေ၊ လက်တွေ့သိရတဲ့အကြောင်း။

မြတ်စွာဘုရားက ရှည်ရှည်ဝေးဝေး မစဉ်းစားခိုင်းပါဘူး။ သန္ဒိဋ္ဌိကော = ကိုယ်တိုင်မြင်နိုင်တဲ့ အကြောင်းတရားတဲ့။ လူတိုင်းလူတိုင်း မြင်လို့ရတယ်။ ကြည့်၊ နှစ်သက်စရာ အာရုံလေးတွေ့တဲ့အခါ လှလိုက်တာ၊ လှလိုက်တာလို့ စဉ်းစားရင် လောဘတွေ

စာမျက်နှာ-၁၉၉
ပိုပိုများလာတယ်၊ ရချင်လိုက်တာ၊ ရချင်လိုက်တာတဲ့။ နောက်တစ်မျိုးကျတော့ သော် ဘယ်ဟာမှ မမြဲပါဘူး။ လှတယ်ဆိုတာ တစ်ခဏကလေးပါပဲလို့ တွေးလိုက်ပြန်တော့ ခုနက လောဘကလေး လျော့ကျသွားပြန်ရော။

မီးများလိုပေါ့။ ထင်းကလေးထည့်လိုက်တဲ့အခါ မီးက ပိုတောက်တာပေါ့။ ထင်းတွေဖယ်လိုက်တော့ မီးအရှိန်ကလေးက လျော့သွား၊ ဘယ်အရာပဲဖြစ်ဖြစ် သူ့အကြောင်းနဲ့သူ ရှိတယ်။ အကြောင်းနဲ့ အကျိုးကို သဘောပေါက်ရင် လူ့ဘဝဟာ အင်မတန်မှ နေပျော်ပါတယ်။ ဒေါသဖြစ်နေရင် ဘာ့ကြောင့်ဖြစ်တာတုံး၊ စဉ်းစား၊ ဖြစ်တဲ့အကြောင်းကို ဖယ်ရှားပစ်။ ဒါကြောင့် မေတ္တာဘာဝနာ ပွားဖို့ရန်အတွက်မှာ သတ္တာနံ မနာပဘာဝ ဒဿနပဒဋ္ဌာနာ၊ မနာပဘာဝ-ကောင်းကွက်ကလေးတွေကို၊ ဒဿန-ကြည့်ပါ။

လူတစ်ယောက်အပေါ်မှာ မေတ္တာထားချင်ရင် ကောင်းကွက်ကလေးတွေကို ကြည့်၊ ဆိုးကွက်တွေ သွားမကြည့်နဲ့။ လူဟာ အကောင်းနဲ့အဆိုး ရောနေတာပဲ။ ဘယ်သူ့မှ အကောင်းချည်းမရှိဘူး။ ဘယ်သူမှ အဆိုးချည်းလည်းမရှိဘူး။ ကောင်းကွက်ကိုရှာ၊ မေတ္တာ

စာမျက်နှာ-၂၀၀
ပွားဆိုတာ ယောနိသောမနသိကာရကို ပြောတာ။ ကောင်းကွက်ကို မရှာနိုင်ရင် မေတ္တာမပွားနိုင်ဘူး။

မေတ္တာမပွားနိုင်ရင် ချက်ချင်းဘယ်သူ ဒုက္ခဖြစ်သလဲဆိုရင် ကိုယ့်ရဲ့ နှလုံး ပူလောင်ခံရတယ်။ ကိုယ်အရင် ဒုက္ခဖြစ်တာပဲ။ ငရဲကျမှာတွေ နောက်ထား၊ အရုပ်ဆိုးမှာတွေ နောက်ထား၊ အရုပ်ကတော့ ဒေါသဖြစ်ရင် ခုဘဝတင် ဆိုးသွားတာပဲ။ စိတ်ဆိုးနေတဲ့ အချိန်မှာ မှန်သွားကြည့်။ ကိုယ့်ရုပ်တောင် ကိုယ်လန့်သွားမယ်။ အဲဒီတော့ ဒေါသရဲ့အရှိန်ကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာပဲ။ သဘာဝ မဟုတ်တော့ဘူး။ အကြောင်းတရားတွေ ရှိနေတယ်ဆိုတာ ထင်ရှားတယ်။

အဲဒီတော့ သမ္မာဒိဋ္ဌိ ဖြစ်ဖို့ရန်အတွက် ပရတောဃောသ = တရားဓမ္မနဲ့ ကောင်းတဲ့အကြံဉာဏ်တွေ အစထားမှန်ကန်တဲ့ သဘာဝတရားတွေကို ဟောပြောတာကို နာယူခြင်း၊ ယောနိသောမနသိကာရ = မိမိကိုက စဉ်းစားတတ်ခြင်းဆိုတဲ့ ဒီအကြောင်း ၂-ချက်ရှိလို့ရှိရင် မှန်ကန်တဲ့ အမြင် သမ္မာဒိဋ္ဌိ ဖြစ်ပေါ်လာမယ်။

ကဲ-ဒီမှာ ဆန့်ကျင်ဘက်ကို ကြည့်မယ်။ မိစ္ဆာဒိဋ္ဌိ = မှားယွင်းတဲ့ အမြင်တစ်ခု ဖြစ်ပေါ်ဖို့ရာမှာလည်း သူ့ဘာသာသူ ဖြစ်တာမဟုတ်ဘူး၊ သူ့မှာလည်း အကြောင်း

စာမျက်နှာ-၂၀၁
ရှိတယ်။ အဲဒီ အကြောင်းက ဘာတုံးဆိုလို့ရှိရင် ပရတောဃောသ = မဟုတ်မဟပ်လုပ်ဇာတ် philosophy တွေ နားထောင်တယ်၊ မှန်မှန်ကန်ကန် မဟုတ်ဘဲ တလွဲတချော်အတွေးအခေါ်တွေ ရေးထားတဲ့ စာအုပ်တွေ ဖတ်တယ်၊ ဘုရားဟောနဲ့ ဆန့်ကျင်တဲ့ စာအုပ်တွေ ဖတ်တယ်။ မှန်ကန်တဲ့ အကြောင်းတရားတွေနဲ့ လွဲချော်တဲ့ စာအုပ်တွေ ဖတ်တယ်။ ဒါ ပရတောဃောသပဲ။ မှားယွင်းတဲ့ တရားဓမ္မတွေ နာယူတယ်၊ ဒါ ပရတောဃောသပဲ။

ပြီးတော့ အယောနိသောမနသိကာရ၊ အသိဉာဏ်နဲ့ မတွေးတော့ဘူး။ မှန်ကန်စွာ မတွေးတတ်ဘူး။ မစဉ်းစားတတ်ဘူး။ အဲဒီလိုဆိုရင် မိစ္ဆာအယူဝါဒတွေ ပေါ်လာတတ်တယ်။ မပြည့်စုံရင် အဲဒီအတိုင်းပဲ။ လောကမှာ မိစ္ဆာအယူဝါဒဆိုသည်မှာ အားလုံးကို ခြုံပြီးတော့ မြင်တဲ့အမြင် မဟုတ်ဘူး။ တစ်ပိုင်းတစ်စမြင်တဲ့ အမြင်မျိုးဟာ မိစ္ဆာဒိဋ္ဌိကို ဖြစ်စေတတ်တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက ကိုယ့်အမြင်လေးကို ဆုပ်ကိုင်ထားတာမျိုးမလုပ်နဲ့၊ စွန့်လွှတ်ဖို့ ခဲယဉ်းလောက်အောင် ဆုပ်ကိုင်ထားမှု မဖြစ်စေနဲ့။ ဘက်စုံ ကြည့်တတ်ရမယ်။ ဒီဘက်ကြည့်ပြီးရင် ဒါဟုတ်လှပြီလို့ မပြောနဲ့။ ဟိုဘက်ကိုလည်း ကြည့်လိုက်ဦး၊ ဘက်စုံက ကြည့်ရမယ်။

စာမျက်နှာ-၂၀၂
တစ်ဖက် ကောင်းပေမယ့် နောက်တစ်ဖက်က ကောင်းချင်မှ ကောင်းမယ်။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက အင်္ဂလိပ်လိုရေးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖတ်ဖူးတာ ရှိတယ်။ သူက ဘက်စုံမကြည့်လို့ရှိရင် အမှန်မသိတဲ့ အကြောင်းလေး။ ပြဿနာတိုင်းမှာ (၂)ဖက် ရှိတယ်တဲ့။ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကလေးတစ်ခုပေါ့။

တောင်ကုန်းလေးတစ်ခုပေါ်မှာ စားသောက်ဆိုင်လေးတစ်ခု ဖွင့်ထားတယ်။ အဲဒီဆိုင်လေးမှာ တောင်ကလာတဲ့လူပဲဖြစ်ဖြစ်၊ မြောက်ကလာတဲ့လူပဲဖြစ်ဖြစ် ဝင်ပြီးနားကြတယ်။ လမ်းကြီးက တောင်မြောက်ဖောက်ထားတယ်။ အဲဒီတုန်းက လူတွေ မြင်းစီးတဲ့ခေတ်ဆိုတော့ မြင်းစီးပြီးတော့ သွားကြလာကြတယ်။ ခြောက်လုံးပူး ခါးချိတ်တဲ့ခေတ်မဟုတ်ဘူး၊ ဓားလွယ်လွယ်တဲ့ခေတ်။

အဲဒီတုန်းက မြောက်ဘက်က လူကြီးတစ်ယောက်က ဓားလွယ်နဲ့ မြင်းစီးပြီးတော့ လာတယ်။ တောင်ဘက်ကလူတစ်ယောက်ကလည်း မြောက်သွားဖို့ မြင်းစီးပြီးလာတယ်။ အဲဒီတောင်ကုန်းလေးကျတော့ ခဏနားကြတယ်၊ တောင်ကုန်းပေါ်အတက်ကလေးမှာ နှစ်ယောက်

စာမျက်နှာ-၂၀၃
သား မြင်းပေါ်က ခုန်ဆင်းလိုက်တယ်။ စားသောက်ဆိုင်လေးထဲ ဝင်ပြီးနားကြမယ်ပေါ့။

အဲဒီမှာ မြောက်ဘက်ကလာတဲ့လူက အပေါ်မော့ကြည့်တယ်။ မော့ကြည့်လိုက်တဲ့အခါကျတော့ သူက ဘာတွေ့တုံးဆိုရင် ရွှေခြင်္သေ့ရုပ်ကလေးကို တွေ့တယ်။ တွေ့တော့ သူက ပျော်ရွှေခြင်္သေ့ စားသောက်ဆိုင်ပဲလို့ ပြောလိုက်တယ်။ အဲဒီလို ပြောလိုက်တဲ့အချိန် တောင်ဘက်ကလူက အပေါ်မော့ကြည့်တယ်။ မော့ကြည့်ပြီး မိတ်ဆွေ ခင်ဗျားမှားနေပြီ၊ ရွှေခြင်္သေ့ စားသောက်ဆိုင် မဟုတ်ဘူးဗျာ။ ငွေခြင်္သေ့ စားသောက်ဆိုင်ပါ။

ဒီတော့ မြောက်ကလာတဲ့လူက ခင်ဗျားက ကျုပ်ကို ရွှေနဲ့ငွေ မကွဲဘူးလို့ ပြောချင်တာလားတဲ့။ မကျေနပ်တဲ့အသံနဲ့ မေးတယ်။ ဟိုလူက သော် ခင်ဗျား မှားနေတာပါ၊ ရွှေခြင်္သေ့ မဟုတ်ဘူး၊ ငွေခြင်္သေ့ပါလို့ ထပ်ပြောပြန်တယ်။ အဲဒီခေတ်က တစ်ယောက်နဲ့တစ်ယောက် မကျေနပ်ရင် ဓားချင်း ယှဉ်ခုတ်တဲ့ခေတ်။ အချင်းများကြတယ်။ ပထမလူက သူ့ကို ဒီလောက် အထင်သေးရမလား ဆိုပြီးတော့ ဓားဆွဲထုတ်တယ်။ ဒုတိယလူကလည်း ဓားဆွဲထုတ်တယ်။ ပြီးတော့

စာမျက်နှာ-၂၀၄
ဓားချင်း ယှဉ်ခုတ်ကြတယ်။ တချွမ်ချွမ်နဲ့။ အဲဒီနေရာမှာ နှစ်ယောက်စလုံး တစ်ဖက်မြင်နဲ့ ဆော်ကြတာလေ။

အငြင်းပွားပြီး ဓားချင်း ဆွဲခုတ်နေကြတုန်း အသံတစ်သံ ထွက်ပေါ်လာတယ်၊ ရပ်လိုက်ဆိုတဲ့အမိန့်ပေးသံ၊ သူတို့နှစ်ယောက်စလုံး ကြားတယ်။ သူတို့ အံ့အားသင့်ပြီး ရပ်လိုက်ကြတယ်။ အသံရှင် နတ်သမီးကလေး ရုတ်တရက် ပေါ်လာပြီး ရှင်တို့ ဘာလုပ်နေကြတာတုံးလို့ မေးလိုက်တယ်။ တို့ဟာ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတယ်လို့ ပြောကြတယ်။ တကယ်တော့ သူတို့ အမှန်တရားကို ပြည့်ပြည့်စုံစုံ မြင်ကြတာ မဟုတ်ဘူး။ ကိုယ်မြင်တာ အမှန်လုပ်ပြီး တိုက်ပွဲဝင်နေတာနော်။

ကဲ... ပြောပါဦး ဆိုတော့ မြောက်ဘက်မှ လာတဲ့လူကပြောတယ်၊ ငါက ရွှေခြင်္သေ့လို့ပြောတယ်။ ဒီလူက ငွေခြင်္သေ့တဲ့၊ ဒီလူက ငါ့ကို ရွှေနဲ့ငွေမကွဲဘူးလို့ ပြောချင်တယ်။ ဒါကြောင့် ငါက အမှန်တရားအတွက် တိုက်ပွဲဝင်နေတာ၊ ဒီတော့ အဲဒီနတ်သမီးက မြောက်ဘက်က လာတဲ့လူကြီးမင်း တောင်ဘက်သွားပြီးကြည့်ပါ။

တောင်ဘက်ကလာတဲ့ လူကြီးမင်းက မြောက်ဘက်ကို သွားကြည့်ပါဦးလို့ ပြောလိုက်တယ်။ ရွှေတစ်ဖက်

စာမျက်နှာ-၂၀၅
ငွေတစ်ဖက် လုပ်ထားတာကိုး။ ခြင်္သေ့ရုပ်လေးက ဟိုဘက်ကရွှေ၊ ဒီဘက်ကငွေ၊ နှစ်ယောက်လုံး မှန်တယ်။ နှစ်ယောက်လုံးလည်း မှားနေကြတယ်။ ဆိုလိုတာက တစ်ဖက်ပဲ သိတယ်။ အကုန်လုံးမသိဘူး။ ဒီပုံပြင်လေးက တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ အလွန်မှတ်သားစရာကောင်းတယ်။ တစ်ပိုင်းတစ်စ အမြင်လေးနဲ့ ပြည့်စုံတယ်မထင်နဲ့။

မြတ်စွာဘုရားက နာနာတိတ္ထိယသုတ်မှာ ဟောတယ်။ “ဝိဂ္ဂယှ နံ ဝိဝဒန္တိ၊ ဇနာ ကင်္ဂဒဿိနော” အေး... လူတွေဟာ တစ်ပိုင်းတစ်စကိုသာ သိပြီး၊ ဆုပ်ကိုင်ထားပြီး အငြင်းပွားနေကြတယ်။ ကိုယ်သိတာလေးကို ဆွဲကိုင်ပြီး အငြင်းပွားနေကြတယ်တဲ့။ အကုန်သိအောင် လုပ်ရမယ်။ အကုန်သိရင် အငြင်းပွားစရာ မရှိတော့ဘူးလေ။ ဒီသုတ်ထဲမှာ မျက်မမြင်သူကန်း ဆင်စမ်းပြီး

ဆင်သရုပ်ဖော်ခြင်းဆိုတဲ့ ပုံဝတ္ထုလေး ပါတာကိုတွေရတယ်။

လောကီစာအုပ်တွေထဲမှာလည်း မျက်မမြင် ပုဏ္ဏား(၆)ယောက်အကြောင်း ရေးထားကြတယ်။ အဲဒီပုံပြင်က ဘယ်ကစလာတာလဲ မသိဘူး။ အိန္ဒိယ ဟိန္ဒူဘာသာဖြင့် ရေးထားတဲ့ စာအုပ်တွေမှာလည်း ပါတာပဲ၊ အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေမှာလည်း

စာမျက်နှာ-၂၀၆
ပါတာပဲ၊ မြန်မာလိုလည်း ပြန်ရေးကြတယ်။ ထူးထူးဆန်းဆန်း မြတ်စွာဘုရားဟောတဲ့ သုတ္တန်ထဲမှာလည်း တွေ့တယ်။ မြတ်စွာဘုရားဟောတဲ့ ဥဒါန်းပါဠိတော်မှာ နာနာတိတ္ထိယသုတ်ဆိုတာ ရှိတယ်။ တိတ္ထိအမျိုးမျိုး အကြောင်းကို ဟောထားတာ။ အဲဒီ နာနာတိတ္ထိယသုတ်မှာ မျက်မမြင် ပုဏ္ဏား(၆)ယောက်တော့ မဟုတ်ဘူး၊ (၉)ယောက်၊ (၉)ယောက်ဆိုတာ လူကို ပြောတာ မဟုတ်ဘူး။ မျက်စိမမြင်တဲ့သူတွေကို အုပ်စု(၉)စုခွဲကာ ဆင်ကို စမ်းကြည့်စေပြီး ဆင်သရုပ်ဖော်ခိုင်းတာ။

အဲဒီဇာတ်လမ်းက ဘုရားဟောတဲ့ သုတ္တန်မှာ ဘယ်လိုပြထားသလဲဆိုရင်- သာဝတ္ထိပြည်က ဘုရင်ကြီးဟာ တစ်ခါတလေ အပျင်းဖြေတဲ့ သဘောပေါ့။ ရယ်စရာလုပ်တယ်။ ဘာလုပ်တုံးဆိုတော့ သာဝတ္ထိပြည်မှာရှိတဲ့၊ မျက်စိနှစ်ကွင်း အလင်းမရတဲ့သူအားလုံး ဆင့်ခေါ်ခိုင်းတယ်။ နန်းရင်ပြင်မှာ စုစေတယ်။ မျက်စိမမြင်တဲ့လူတွေ အများကြီးပဲ ရောက်လာကြတယ်။

ရောက်လာတဲ့အခါ (၉)စု ခွဲလိုက်တယ်။ ခွဲပြီးတဲ့အခါကျတော့ ဘုရင်က ဝန်ထမ်းတွေကို အမိန့်ပေးတယ်။ အဲဒီ(၉)စုကို တစ်စုစီ ခွဲပြီး တစ်မျိုးစီ ဆင်ကိုပြစေတယ်၊ ဆင်ဆိုတာ ဘယ်လိုလဲ၊ တချို့ကို ဆင့်ခြေ

စာမျက်နှာ-၂၀၇
ထောက်ကို ကိုင်စမ်းပြီးပြတယ်။ တချို့ကို အမြီးကို ကိုင်စမ်းပြတယ်၊ တချို့ကို နှာမောင်းပြတယ်၊ တချို့ကို အစွယ်ကိုပြတယ်၊ တချို့ကို ကိုယ်လုံးကိုပြတယ်၊ အဲဒီလို ခွဲပြီးပြတယ်၊ အမြီးမှာလည်း မြီးဆံလေးကို ပြတယ်။ တချို့ကို မြီးထူးရိုးကိုပြတယ်။ ခွဲပြီးတော့ ပြခိုင်းတယ်။

အုပ်စုလိုက် ပြပြီးပြီဆိုတဲ့အခါကျတော့ ဘုရင်ကြီးရှေ့တော်သွင်းတယ်။ ဘုရင်ကြီးက မေးတယ်။ မောင်ကန်းတို့၊ မင်းတို့ ဆင်မြင်ကြပြီလား။ ဘုန်းတော်ကြောင့် မြင်ရပါပြီတဲ့။ ကဲ... နံပါတ်တစ်အုပ်စုက ဆင်ဆိုတာ ဘယ်လိုဟာလဲ၊ ပြောပြစမ်းလို့ ဘုရင်ကြီးက မေးတယ်။ သူ့တို့ကို ပြထားအတိုင်း သူတို့ပြောတာပေါ့။ ဆင့်ကိုယ်စမ်းထားတဲ့လူစုက ဆင်ဆိုတာ အုတ်နံရံကြီးလိုပဲတဲ့။ ကျန်တဲ့လူတွေကလည်း ဟိုကြည့်ဒီကြည့်ပေါ့။ မြင်တော့မမြင်ရဘူးပေါ့။ အံ့သြတယ်။ ငါတို့တွေ့တာ အုတ်နံရံကြီးလို မဟုတ်ပါဘူး၊ တုတ်ချောင်းလိုကြီးပါ။ ဘာလို့လဲဆိုတော့ အစွယ်ပြထားတာကိုး။ မြီးဆံပြထားတဲ့လူက တံမျက်စည်းလိုဟာကြီးပါ။ ခြေထောက်ပြထားခြင်းခံရတဲ့လူကလည်း ဆင်ဆိုတာ တိုင်လိုကြီးပါတဲ့။

သူတို့အချင်းချင်း တစ်စုနဲ့တစ်စု မကျေမနပ် ဖြစ်နေကြတယ်။ ဆင်ဆိုတာ နံရံကြီးလိုဆိုတော့ တံ

စာမျက်နှာ-၂၀၈
မျက်စည်းလိုထင်တဲ့ကောင်က ဟား မင်းမှားနေတယ်။ ငါတွေ့တာက တံမျက်စည်းလိုပဲ။ ဆင့်ခြေထောက်စမ်းတဲ့ လူကလည်း ဟ . ဆင်ဆိုတဲ့ အကောင်ဟာ အဲဒီလိုမဟုတ်ဘူးတဲ့၊ တိုင်ကြီးလိုပဲ။ နားရွက်စမ်းတဲ့ကောင်က ဆင်ဆိုတာ ပြားချပ်ကြီး၊ ယပ်တောင်ကြီး လိုပဲ ပြောတယ်။ ပြောရင်းပြောရင်း အုပ်စုချင်း ငြင်းခုံကြ၊ ရန်ဖြစ်ကြပြီး ထသတ်ကြတယ်။ အဲဒီအခါမှာ ဘုရင်ကြီးက သဘောကျလွန်းလို့ ဟားတိုက်ပြီး ရယ်သတဲ့။ အတော် ကမြင်းတဲ့ ဘုရင်ပေါ့နော်။ ။

အဲဒီမှာ မြတ်စွာဘုရားက မျက်မမြင်သူကန်းတွေဟာ ကိုယ်မြင်တဲ့အပိုင်းလေးကို ဟုတ်လှပြီဆိုပြီး အခုလို အငြင်းပွားနေကြတာတဲ့။ အားလုံးပေါင်းလိုက်ရင် ဆင်ဆိုသည်မှာ ဒါတွေအားလုံးရှိတယ်ဆိုတာ သူတို့ လက်ခံမယ်ဆိုလို့ရှိရင် သူ့ဟာလည်းလက်ခံမယ်၊ ငါ့ဟာလည်း လက်ခံမယ်၊ အားလုံးကို လက်ခံလိုက်ရင် ဆင်သရုပ် ပေါ်လာမှာပါတဲ့၊ မြတ်စွာဘုရားက မိစ္ဆာဝါဒ ဟာလည်း ဒီအတိုင်းပဲ၊ ခြုံငုံမကြည့်ဘူး၊ စုံအောင်မကြည့်ဘူး၊ တစ်ဖက်မြင်လေးနဲ့ အငြင်းပွားနေကြတယ် လို့ဆိုလိုတယ်။

အေး .. ဒါကြောင့်မို့ လောကမှာ မိစ္ဆာဝါဒဆိုတာ ခြုံငုံသုံးသပ်ခြင်း မရှိလို့ မှားယွင်းတဲ့ ဝါဒမျိုး

စာမျက်နှာ-၂၀၉
ဖြစ်တယ်။ တစ်ဖက်မြင်ကိုပဲ အစွဲအလမ်းကြီးပြီး ကိုယ့်ဘာသာကိုယ် “ဣဒမေဝ သစ်၊ မောဃမညီ” = ငါ့ဟာသာ အမှန်၊ တခြားဟာ အလကား ဆိုတဲ့ ဆိုလိုချက်တွေနဲ့ ကိုယ့် philosophy ကိုသာ အဟုတ်ထင် စွဲကိုင်ထားပြီး သူများ philosophy ကိုတော့ ပယ်ချတယ်။ ဒီလိုနဲ့ မိစ္ဆာအယူဝါဒတွေ ပေါ်လာတယ်။

အမှန်တရားဆိုတာ တစ်ခုတည်းရှိတယ်။ အဲဒီအမှန်တရားနဲ့ ပတ်သက်ပြီး သိလာလို့ရှိရင် ဘာမှအငြင်းပွားစရာမရှိဘူး၊ အားလုံးအတူတူပဲ။ အေး ••• ဒါကြောင့်မို့လို့ မိစ္ဆာအယူဝါဒတွေ ထွန်းကားလာရတာတွေကျတော့ အယောနိသောမနသိကာရ = မသင့်မတင့် နှလုံးသွင်းလို့ မမှန်မကန် စဉ်းစားလို့ ဖြစ်တာ၊ သမ္မာဒိဋ္ဌိ ဖြစ်ဖို့ရာက အကြောင်း နှစ်ခု၊ မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ရာက အကြောင်း နှစ်ခု။

အဲဒီထဲမှာ အခြေခံဖြစ်တဲ့ သမ္မာဒိဋ္ဌိက မနေ့က ရှင်းပြတဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိ ပဲ၊ ဒါအခြေခံ သမ္မာဒိဋ္ဌိ။ ကမ္မဿကတာသမ္မာဒိဋ္ဌိ ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သံသရာထဲမှာ ဒါနကောင်းမှုပြုတယ်၊ သီလစောင့်တယ်၊ ကောင်းတာတွေလုပ်ပြီး မကောင်းတာတွေ ရှောင်တယ်၊ ကံ ကံ၏အကျိုးကို သိတယ်။ အဲဒီလောက်လေးနဲ့တော့ သံသရာက မထွက်နိုင်သေး

စာမျက်နှာ-၂၁၀
ဘူး။ ကမ္မဿကတာသမ္မာဒိဋ္ဌိ ရှိသော်လည်း တစ်ဖက်က မှားယွင်းနေတဲ့အမြင် ရှိနေသေးတယ်။ သတ္တဝါဆိုတာ ရှိတယ်၊ ငါဆိုတာ ရှိတယ်၊ သူတစ်ပါးဆိုတာ ရှိတယ်။ ထာဝရမြဲနေတယ်၊ မမြဲဘူးဆိုတဲ့ အယူအစွဲတွေ ကျန်နေသေးတယ်။ ကျန်နေသည့်အတွက်ကြောင့် အဲဒီဘက်ကနေ နိဗ္ဗာန်တံခါးကြီးကို မမြင်နိုင်ဘူး။ နိဗ္ဗာန်လမ်းကြောင်းပေါ် မရောက်သေးဘူး၊ ဒါကြောင့်မို့ နိဗ္ဗာန်လမ်းကြောင်းရောက်ဖို့ရာ ဘာလုပ်ရမှာလဲ။ ပညတ်တွေကိုဖယ်ပြီး အတွင်းပရမတ်ထိ မြင်အောင်ကြည့်တတ်တဲ့ ဝိပဿနာသမ္မာဒိဋ္ဌိ ရှိဖို့လိုလာပြန်ပြီတဲ့။

ကမ္မဿကတာသမ္မာဒိဋ္ဌိက ကံကို ပယ်တာတို့၊ ကံ၏အကျိုးကို ပယ်တာတို့၊ အကျိုးကို ပယ်တာတို့၊ အကြောင်းကို ပယ်တာတို့၊ ငြင်းပယ်တဲ့ မိစ္ဆာဝါဒတွေက လွတ်ရုံပဲ ရှိသေးတယ်။ သို့သော် သဘာဝကိုဆိုက်ထိပြီးတော့ မသိသည့်အတွက်ကြောင့် အဲဒီဘက်ကကြည့်ရင် သူ့မှာမှားနေသေးတယ်၊ မိစ္ဆာဒိဋ္ဌိ ဖြစ်နေသေးတယ်၊ ဒိဋ္ဌိဝိသုဒ္ဓိဆိုတဲ့ မှန်ကန်တဲ့ အမြင်ရဲ့ စင်ကြယ်မှုရှိဖို့ လိုတယ်။ ။

ကဲ .. ဘုန်းကြီးတို့တစ်တွေ စဉ်းစားကြည့်၊ တကယ့် ဗုဒ္ဓဘာသာဝင် သူတော်စင်တွေကျတော့ တစ်ဆင့်တက်လာတယ်၊ နောက် သမ္မာဒိဋ္ဌိတစ်မျိုးရှိလာ

စာမျက်နှာ-၂၁၁
တယ်။ မျက်စိနှစ်လုံးဆိုပါစို့၊ ကံ, ကံ၏အကျိုးကို မြင်တာက မျက်စိတစ်လုံးပဲ ရှိသေးတယ်။ ကံ, ကံ၏အကျိုးကို ယုံကြည်ပြီး နိဗ္ဗာန်ကိုမြင်ဖို့ရာ နောက်ထပ် မျက်စိတစ်လုံးလိုသေးတယ်။ အဲဒါ ဝိပဿနာသမ္မာဒိဋ္ဌိပဲ။ အဲဒီဝိပဿနာသမ္မာဒိဋ္ဌိ မရှိရင်တော့ သံသရာထဲမှာပဲ နေဦးမယ်တဲ့။ နိဗ္ဗာန်ကို မမြင်နိုင်သေးဘူး။ နိဗ္ဗာန်လမ်းကြောင်းပေါ် မရောက်သေးဘူးတဲ့။ ကပ်ကပ်ပြီးတော့ လွဲနေမှာပဲ။ ဒီလမ်းကြောင်းအနီးကိုတော့ရောက်ရောက်လာတယ်။ ဒါပေမဲ့ မဝင်ဘူး။ နိဗ္ဗာန်တံခါးကြီးကို ကျောပေး ကျောပေး ထွက်သွားမှာပဲ။ သံသရာ ရှည်နေဦးမှာပဲ။

ကဲ-အဲဒီလိုမြင်အောင်က ဘုန်းကြီးတို့တစ်တွေ ကိုယ့်ကိုယ်ကိုယ်စဉ်းစားကြည့်။ ဘာကိုမြင်အောင်ကြည့်ရမလဲ၊ အပြင်က အကာတွေကိုဖယ်ချ။ ပညတ်လို့ခေါ်တဲ့ label တွေကို ဖယ်ရှားပြီး အနှစ်အသား တကယ့်အစစ်ကို မြင်အောင်ကြည့်ဖို့လိုတယ်။ အဲဒါကမှ တကယ့် ဝိပဿနာသမ္မာဒိဋ္ဌိရဲ့ အခြေခံဖြစ်တယ်ဆိုပါစို့။ နေ့စဉ်နဲ့အမျှ ပြောနေတဲ့အထဲမှာ ကိုယ့်ကိုယ်ကိုယ် ငါလို့ထင်တယ်၊ ကိုယ့်ရှိတဲ့ဟာတွေကို ငါ့ဟာလို့ထင်တယ်၊ ငါ၊ ငါ့ဟာနဲ့ နေနေကြတယ်။

စာမျက်နှာ-၂၁၂
ငါဆိုတာဘာလဲလို့ ဆိုတော့ ကိုယ့်ခန္ဓာကိုယ်ကြီးကို ကြည့်ပြီး ငါ၊ ငါ့ဘဝ၊ ဒီလိုပဲပြောကြတယ်။ ယောက်ျားလို့ ထင်တယ်၊ မိန်းမလို့ ထင်တယ်။ ငါ သူတစ်ပါး ယောက်ျား မိန်းမဆိုတဲ့ အစွဲတွေလည်း ရှိကြတယ်။ အပေါ်ယံအကာလေးတင်ကြည့်ပြီး ပြောကြတာ၊ အတွင်းအနှစ်သာရက ဘာလဲဆိုပြီး မကြည့်နိုင်ဘူး၊ မသိဘူး။ မသိသည့်အတွက်ကြောင့် အမြင်မှားတာ၊ ဘာဖြစ်လို့လဲဆိုတော့ သတ္တဝါ မဟုတ်ဘဲ သတ္တဝါလို့ထင်ရင် မှားနေတယ်။ မဟုတ်ဘဲနဲ့ အဟုတ်ထင်ရင် မှားတယ်ပေါ့။

ဘုန်းကြီး အမေရိကန်ရောက်တုန်းက ဟောလိဝုဒ်မှာရှိတဲ့ မာ့ကက်တစ်ခုကို သွားတဲ့အခါ အဲဒီမှာသူတို့ စက်ရုပ်ကြီးတွေ လုပ်ထားတာရှိတယ်၊ ဆိုင်ထဲဝင်လိုက်တာနဲ့ Well come လုပ်တယ်။ စက်ရုပ်ကြီးကို တကယ့်လူလို့ထင်တယ်၊ မဟုတ်ဘူး။ လမ်းဘေးမှာ တကယ့်လူ အရုပ်လို ရပ်နေတာကျတော့ စက်ရုပ်ကြီးလို့ ထင်တယ်။ သေချာကြည့်လိုက်တဲ့အခါကျတော့ လူအစစ်ကြီး ဖြစ်နေတယ်။

ဂျာမနီနိုင်ငံမှာလည်း အတူတူပဲ၊ လူအစစ်က အထဲထဲဝင်နေပြီး အရုပ်ကြီးလို လုပ်နေတယ်။ အဲဒီ

စာမျက်နှာ-၂၁၃
လူရုပ်ကြီးနဲ့ သွားသွားပြီး ဓာတ်ပုံရိုက်ကြတယ်။ အထဲထဲမှာ လူအစစ်ရှိတယ်။ လူအစစ်ကနေ လှုပ်ရှားနေတယ်။ ဘေးကနေကြည့်လိုက်ရင် လူရုပ်ကြီးပဲ။ ရုပ်တုကြီးလို့ ထင်ရတယ်။ မျက်စိကို လှည့်စားထားတာ။ အတွင်းကို မသိလို့ရှိရင်နော်။

အဲဒါတွေကို အတွင်းဖောက်ပြီး မမြင်ဘဲ အပေါ်ယံလေးမှာတင် ကြည့်မယ်ဆိုလို့ရှိရင် လူအစစ်ကို လူရုပ်လို့ထင်တယ်၊ ရုပ်တုလို့ထင်တယ်။ ရုပ်တုကျတော့ လူအစစ်လို့ထင်တယ်။ မှန်တာလား မှားတာလား။ မှားတယ်။ အဲဒီလိုမှားသလိုပဲ တကယ့် သမ္မာဒိဋ္ဌိဆိုတာ ဘုန်းကြီးတို့တစ်တွေရဲ့ ခန္ဓာကိုယ်မှာ ရုပ်ကိုယ်ကာယနဲ့ စိတ်၊ ဒီနှစ်ခုပဲရှိတယ်။ ရုပ်ခန္ဓာကိုယ်ရှိတယ်၊ စိတ်ရှိတယ်။ အဲဒီနှစ်ခုကို ခွဲလိုက်မယ်ဆိုလို့ရှိရင် ပြောဆိုတာတွေ၊ လှုပ်ရှားတာတွေ၊ မြင်နိုင်တဲ့ စွမ်းအားတွေ ရှိသေးလား။ (မရှိတော့ပါဘုရား။) အဲဒီရုပ်နဲ့နာမ် နှစ်ခုပေါင်းစပ်ထားသည့်အတွက်ကြောင့် ဒါကြီးက လှုပ်ရှားနေလို့ ဒါကြီးက အသက်ရှိသယောင်ယောင်၊ အကောင်က အထဲထဲဝင်နေသယောင်ယောင် ရှိနေတယ်။ တကယ်ခွဲကြည့်လိုက်တဲ့အခါကျတော့ ဘာဆိုဘာမှ မရှိဘူး။

စာမျက်နှာ-၂၁၄
အခုခေတ် စက်ရုပ်လေးတွေ ကြည့်ပေါ့။ ဘက်ထရီလေးနဲ့လုပ်ထားတော့ စကားပြောတယ်၊ ဘာလုပ်တယ်၊ ညာလုပ်တယ်ပေါ့နော်။ တကယ်အဲဒါတွေ တစ်စစီဖြုတ်လိုက်ရင် စကားပြောနိုင်သေးရဲ့လား၊ ဘုန်းကြီးတို့တွေရဲ့ ခန္ဓာကိုယ်လည်း ဒီအတိုင်းပါပဲ၊ ပေါင်းစပ်နေသည့်အတွက်ကြောင့် လှုပ်ရှားနေတာ၊ တစ်ခုစီခွဲလိုက်တာနဲ့ ဘာတစ်ခုမှ လူဆိုတာ ပြောစရာမရှိဘူး။ ဘာတုံးမေးရင် ဖြေစရာမရှိဘူး။ ပေါင်းစပ်ထားတဲ့အခါသာ ပြောလို့ရ၊ ဖြေလို့ရတာ၊ အဲဒါကို ဘာနဲ့ကြည့်ရမယ်။ မှန်ကန်တဲ့အမြင် သမ္မာဒိဋ္ဌိဉာဏ်နဲ့ ကြည့်ရမယ်တဲ့။

ကံ, ကံ၏အကျိုးကို ယုံကြည်တဲ့သူက ကံ, ကံ၏အကျိုးကို လက်ခံရုံပဲ၊ မြင်ရုံပဲရှိတယ်။ အခုလို သဘာဝအစစ်အမှန်ကို ဆိုက်ထိအောင် မကြည့်နိုင်ဘူး။ ဒီသမ္မာဒိဋ္ဌိ၊ ဒီအမြင်ကျတော့ အဆင့်မြင့်သွားပြီ။ ဒါကြောင့်မို့ ဝိပဿနာသမ္မာဒိဋ္ဌိ လို့ခေါ်တယ်။

ကဲ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် လူတွေမှာ ရုပ်လို့ခေါ်တဲ့ အာရုံကို မသိတတ်တဲ့ အာရုံကို ရယူနိုင်စွမ်းမရှိတဲ့ ကာယကြီးရှိတယ်။ အာရုံသိတဲ့ နာမ်ဆိုတာရှိတယ်။ အဲဒီနှစ်ခုဟာ ပေါင်းစပ်နေသည့်အတွက်ကြောင့် ရုပ်ကဆာတယ်၊ နာမ်ကဆာတယ်

စာမျက်နှာ-၂၁၅
ဆိုတာ သိတယ်။ နှစ်ခုပေါင်းလိုက်လို့ သိတာနော်။ ရုပ်က အိပ်ချင်တယ်၊ နာမ်က အိပ်ချင်တယ်လို့ သိလာတယ်။ ရုပ်ကပြတဲ့ Information တွေ၊ နာမ်ကနေ လိုက်သိပေးနေတော့ သူတို့နှစ်ခုပေါင်းစပ်ထားတဲ့အခါ ဒါတွေပေါ်တယ်။ အကယ်၍ ရုပ်နဲ့နာမ် ကွဲသွားပြီဆိုရင် ဘာမှမရှိတော့ဘူး။

ဥပမာနဲ့ ထင်ရှားအောင်ပြောမယ်၊ ရုပ်နဲ့နာမ်ပေါင်းပြီး ဘယ်လိုအလုပ်လုပ်နေကြသလဲဆိုရင် သူကန်းနဲ့ သူဆွံ့လိုပဲ။ သူဆွံ့ဆိုတာ လမ်းမလျှောက်နိုင်တဲ့ ပုဂ္ဂိုလ်၊ သူကန်းဆိုတာ မျက်စိမမြင်တဲ့ပုဂ္ဂိုလ်၊ လမ်းမလျှောက်နိုင်တဲ့ ပုဂ္ဂိုလ်ရယ်၊ မျက်စိမမြင်တဲ့ပုဂ္ဂိုလ်ရယ်၊ လမ်းမလျှောက်နိုင်တဲ့ ပုဂ္ဂိုလ်က မျက်စိကတော့ မြင်တယ်၊ ခြေထောက်မပါလို့ ဟိုဟိုဒီဒီ မသွားနိုင်ဘူး။ မျက်စိကန်းတဲ့လူကျတော့ ခြေထောက်တော့ပါတယ်၊ မျက်စိကမမြင်လို့ ဟိုဟိုဒီဒီ မသွားနိုင်ဘူး။

တစ်ရက်ကျတော့ သူတို့နှစ်ယောက် ဆုံမိကြတယ်၊ ဆုံပြီးတော့ သူဆွံ့ကပြောတယ်၊ ငါ့မှာကွာ ခြေထောက်မပါဘူးတဲ့၊ မင်းမှာ ခြေထောက်ပါတယ်။ ငါ့မှာ မျက်စိရှိတယ်၊ မင်းမှာ မျက်စိမရှိဘူး၊ တို့နှစ်ယောက်ပေါင်းလိုက်ရင်တော့ အလုပ်ဖြစ်မှာပါ။ မင်းက

စာမျက်နှာ-၂၁၆
ငါ့ကို ခြေထောက်ငှား၊ ငါက မင်းကို မျက်လုံးငှားမယ်၊ ကဲ .. လာဆိုပြီး သူဆွံ့ကို ပခုံးပေါ်ထမ်း။ အပေါ်ကနေပြီးတော့ သူဆွံ့ကလမ်းညွှန်တယ်။ အေး-ညာဘက်သွား၊ ဘယ်ဘက်မသွားနဲ့၊ ဘယ်ဘက်က ချောက်ရှိတယ်၊ ဟိုဘက်သွား၊ သူညွှန်တဲ့အတိုင်းကို သူကန်းကသွားရတယ်။ အဲဒီလို နှစ်ယောက်ပေါင်းလိုက်တဲ့အခါကျတော့ သူတို့ရောက်ချင်တဲ့နေရာတွေ ရောက်သွားကြတယ်။ ။

ရုပ်နဲ့နာမ်ကလည်း အဲဒီအတိုင်းပဲ။ နာမ်က သူဆွံ့နဲ့တူတယ်။ နာမ်က သူ့ချည်းဘာမှမလုပ်နိုင်ဘူး။ ရုပ်ကလည်း ဘာမှမမြင်သည့်အတွက်ကြောင့် သူကန်းနဲ့တူတယ်၊ ရုပ်ကမမြင်ဘူး၊ နာမ်ကသာ မြင်တယ်။ နာမ်က လမ်းမလျှောက်နိုင်ဘူး။ ရုပ်နဲ့ နာမ်နှစ်ရပ် ပေါင်းစပ်လိုက်တဲ့အခါကျတော့ အလုပ်ဖြစ်သွားတယ်။ ပြောနိုင်တယ်။ ဆိုနိုင်တယ်။ သွားချင်တဲ့နေရာ သွားနိုင်တယ်။ ခွဲလိုက်တာနဲ့ နှစ်ခုစလုံးဟာ တန်ခိုးပါဝါမရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် ပေါင်းမှဖြစ်မယ်။

မပေါင်းရင်မဖြစ်ဘူးဆိုတဲ့ သဘာဝတရားတွေကို ကိုယ့်သန္တာန်မှာ ဉာဏ်စိုက်ပြီးကြည့်၊ ခန္ဓာကိုယ်ရဲ့ သဘာဝလေးကို စဉ်းစားကြည့်၊ စဉ်းစားလိုက်ရင်

စာမျက်နှာ-၂၁၇
အဲဒီမတူတဲ့ သဘာဝတရားနှစ်ခုဟာ ပေါင်းစပ်ပြီးတော့ အလုပ်ဖြစ်နေတယ်ဆိုတာ သိလာမယ်။ ကိုယ်ကာယကြီးရယ်၊ အသိစိတ်ရယ်၊ အဲဒီနှစ်ရပ်ပေါင်းစပ်နေသည့်အတွက်ကြောင့် ဟိုဟိုဒီဒီ ကုသိုလ်ကံ-အကုသိုလ်ကံ၊ ကောင်းမှု-မကောင်းမှုပြုမူ လှုပ်ရှားပြီးတော့ နေနေကြတယ်။

အဲဒီလို သဘာဝတရားကို ကွဲကွဲပြားပြားသိလိုက်လို့ရှိရင် လောကကြီးမှာ “ငါ”လို့ပြောစရာမရှိဘူး၊ ရုပ်နဲ့နာမ်နှစ်ခု ပေါင်းထားတာပဲရှိတယ်။ ရုပ်က “ငါ”လားလို့ဆိုရင် မဟုတ်ဘူး။ ဒီနေရာမှာ ငါဆိုတာပျောက်အောင် ဘယ်လိုစဉ်းစားကြည့်မတုံးဆိုရင် ကိုယ့်ခန္ဓာကိုယ် အစိတ်အပိုင်းလေးတွေကိုကြည့်၊ ဆံပင်ကို ငါလို့ခေါ်သလား၊ (မခေါ်ပါဘုရား။) ဆံပင်က ဆံပင်ပဲ၊ သူ့နာမည်သူရှိတာပဲ။ ဆံပင်က အမျိုးသားလား၊ ဆံပင်က အမျိုးသမီးလား မေးရင်ကော၊ (မဟုတ်ပါဘူးဘုရား။) ဆံပင်က ဆံပင်ပဲလေ၊ ခေါင်းက ငါလား ဆို ခေါင်းက ခေါင်းပဲလေ ငါမဟုတ်ဘူး။ လက်ကလည်း လက်ပဲလေ၊ ငါမဟုတ်ဘူး။ တစ်ခုစီခွဲလိုက်တာနဲ့ ငါဆိုတာရှာမတွေ့တော့ဘူး။

ထို့အတူပဲ လူတွေက “ကား”လို့ခေါ်နေကြတဲ့အရာနဲ့ပတ်သက်ပြီး ကားဆိုတာဘာကိုခေါ်

စာမျက်နှာ-၂၁၈
တာတုံးထိုးပြလိုက်ရင် ဘာလေးထိုးပြလဲ၊ ဘီးကြီးပဲ။ ကားမှမဟုတ်ဘဲ၊ ဒါက ကားကိုယ်ဘော်ဒီကြီးပဲ၊ ဒါက အင်ဂျင်ကြီးပဲ၊ ကားမှမဟုတ်ဘဲ၊ ပစ္စည်းတွေက သူ့နာမည်နဲ့သူရှိတယ်၊ အကုန်လုံးအချိုးကျပေါင်းလိုက်တဲ့အခါကျမှ ကားဆိုတာပေါ်လာတာပဲ။ ကားဆိုတာအမည်ပဲ။ အမည်နာမလေး တပ်ဆင်ထားတာပဲရှိတယ်။ တကယ်ရှာတွေ့စရာ အကြောင်းမရှိဘူး။

လူတွေက သစ်ပင် သစ်ပင်နဲ့ ပြောကြတယ်။ သစ်ပင်ဆိုတာ ဘယ်ဟာကိုခေါ်တာတုံး စိစစ်ကြည့်၊ အမြစ်ကို သစ်ပင်ခေါ်တာလား၊ မဟုတ်ဘူး၊ အမြစ်က အမြစ်ပဲ။ ပင်စည်ကိုခေါ်တာလား၊ ပင်စည်က ပင်စည်ပဲ၊ အကိုင်းကိုခေါ်တာလား၊ အကိုင်းက အကိုင်းပဲ။ အရွက်ကိုခေါ်တာလား၊ မဟုတ်ဘူး၊ အခက်ကိုခေါ်တာလား၊ မဟုတ်ဘူး၊ အသီးကိုခေါ်တာလား၊ မဟုတ်ဘူး။ အဲဒီလိုဆို သစ်ပင်ပျောက်မသွားဘူးလား၊ ထို့အတူပဲ အေး.. ခန္ဓာကိုယ်မှာလည်း ကိုယ့်ကိုယ်ကိုပါ စဉ်းစားကြည့်၊ စဉ်းစားကြည့်လိုက်တော့ ငါလို့ပြောစရာပျောက်သွားပြီ၊ ကျန်တာတွေဟာ သူ့ဟာနဲ့သူချည်းပဲ။

စာမျက်နှာ-၂၁၉
နာရီလေးတစ်ခုကို ကြည့်လိုက်ရင် ချက်ချက်..ချက်ချက်နဲ့ သွားပြီးတော့ အချိန်ကိုပြနေတယ်။ တစ်စစီဖြုတ်လိုက်ရင် ခုနကလို အချိန်ကို ပြနိုင်သေးရဲ့လား။ ဘက်ထရီကလေး ထည့်ပြီး သူ့ဟာနဲ့သူ စနစ်တကျတပ်ဆင်လိုက်ရင် အို...သူကအသက်ရှိနေသလို လှုပ်ရှားမနေဘူးလား၊ အေး.. လူတွေလှုပ်ရှားနေတာဟာလည်း အဲဒီနာရီလေး ချက်ချက် လှုပ်ရှားနေသလိုပဲတဲ့။ အကြောင်းတွေ ပေါင်းစုထားသည့်အတွက်ကြောင့် လှုပ်ရှားသွားလာနိုင်တာ။ ဖြုတ်လိုက်ရင် တစ်ခုမှ စွမ်းအားမရှိဘူး။ ဘက်ထရီပါဝါရှိနေပေမယ့်လို့ သူ့နေရာသူမတပ်ဘဲ တခြားနေရာ ပြောင်းပြန်တပ်ထားလိုက်ရင်ရော ရပါမလား။ မရဘူး။ လက်တံလေးတွေလည်း ပြောင်းပြန်တပ်လိုက်မယ်။ ပြောင်းပြန်တပ်လိုက်ရင်ရော ရပါ့မလား။ မရဘူး။ ဖြုတ်လိုက်မယ်ဆိုတစ်ခုမှ လှုပ်ရှားနိုင်မှာမဟုတ်ဘူး၊ အကြောင်းအကျိုးညီညွတ်ပြီးတော့ အားလုံးတည်ရှိနေတဲ့အခါမှသာ လှုပ်ရှားနိုင်တယ်။

လူရဲ့ခန္ဓာကိုယ်ကြီးဟာလည်း စက်ရုပ်နဲ့ အင်မတန်တူတယ်လို့ပြောရမယ်။ စက်ရုပ်ကြီးလို မြင်လာပြီဆိုလို့ရှိရင် စက်ရဲ့ အစိတ်အပိုင်းတွေ မြင်လာသလို ခန္ဓာကိုယ်မှာလည်း အကြမ်းဖျင်းအားဖြင့်ကြည့်မယ်ဆိုရင်

စာမျက်နှာ-၂၂၀
ရုပ်ကိုယ်ကာယကြီးဟာ ဘာမှမြင်တာမဟုတ်ဘူး။ သူကဘာမှမသိရှာဘူး။ သိနေတာက စိတ်ကလေးကသိတယ်။ စိတ်ကိုဖယ်လိုက်ရင် သေသွားတဲ့ ကိုယ်ကာယမရှိဘူးလား။ ရှိပါတယ်။ စိတ်ကလေးမရှိတော့ဘူးဆိုရင် ကိုယ်ကာယကြီးက မလှုပ်ရှားနိုင်တော့ဘူး။ အဲဒီတော့ ဒီနှစ်ခုဟာ ပေါင်းစပ်နေမှ လှုပ်ရှားနေတဲ့ သဘောကဖြစ်တာ။

အဲဒီလို ရုပ်နဲ့နာမ် နှစ်မျိုးမြင်တာကို “နာမရူပါနံ ယာထာဝဒဿနံ ဒိဋ္ဌိဝိသုဒ္ဓိ နာမ” = ရုပ်နာမ်နှစ်ခု ဒီခန္ဓာကိုယ်မှာ သဘာဝနှစ်ခု၊ မတူညီတဲ့ သဘာဝကြီးနှစ်ခု ပေါင်းစပ်ထားတယ်ဆိုတာ သိရမယ်။ တစ်ခုနဲ့တစ်ခု သဘာဝချင်းမတူကြဘူး၊ မတူတဲ့အရာနှစ်ခု ပေါင်းစပ်ထားပြီး လှုပ်ရှားနေတာကို သိရမယ်။ ။

ဝိသုဒ္ဓိမဂ်အဋ္ဌကထာကြီးမှာ “နာမရူပါနံ ယာထာဝဒဿနံ ဒိဋ္ဌိဝိသုဒ္ဓိ နာမ” လို့ဆိုထားတယ် နာမရူပါနံ၊ နာမ်နဲ့ရုပ်တို့ကို။ နာမ်ဆိုတာ အာရုံလေးကိုသိပြီး အာရုံရှိရာကို ညွှတ်ညွှတ်ပြီးသွားတဲ့သဘော၊ ဆိုပါစို့ ကိုယ့်အိမ်ထဲမှာ ဟိုနေရာဒီနေရာက ဒုတ်ခနဲကျတဲ့ အသံလေးကြားလိုက်ရင် စိတ်ကလေးက အဲဒီရောက်မသွားဘူးလား။ (ရောက်သွားပါတယ်ဘုရား။) အဲဒါ အာရုံရှိတဲ့ဘက် စိတ်ညွတ်တာလို့ခေါ်တယ်။ နှာခေါင်း

စာမျက်နှာ-၂၂၁
ထဲမှာ အနံ့ကလေးရသွားရင်လည်း အဲဒီအနံ့ဘက် စိတ်ကရောက်မသွားဘူးလား၊ (ရောက်သွားပါတယ်ဘုရား။) အသံကြားရင် အသံကြားတဲ့ဘက် ရောက်သွားတယ်။ မျက်စိထဲမှာ မြင်လာရင်လည်း မြင်တဲ့ဘက်ရောက်သွားတယ်။ အာရုံရှိတဲ့ဘက်ကို ညွတ်ညွတ်ညွတ်ညွတ်သွားတာက စိတ်။ ရုပ်ကြီးကတော့ ဒီလို အာရုံရှိရာဘက် ညွတ်သွားတာမဟုတ်ဘူး။ စိတ်ကသာ အာရုံရှိရာကို ညွတ်တတ်သည့်အတွက်ကြောင့် စိတ်ကို နာမ လို့ခေါ်တယ်။ မြန်မာလို နာမ်လို့ပဲ ပြန်လိုက်တာ။ နာမဆိုတာ အာရုံရှိရာ ညွတ်ပြီးတော့သွားတယ်။ အာရုံရှိတဲ့ဘက်ကို လှည့်လှည့်သွားတယ်လို့ဆိုလိုတယ်။ ဘယ်အာရုံလာလာ သူကမျက်နှာလှည့်လှည့်သွားတယ်။ အဲဒီဘက်ကို လှည့်တယ်၊ အဲဒါကို နာမ (နာမ်)။

ရူပ (ရုပ်) ဆိုတာက ဒီလိုမဟုတ်ဘူး။ ဆန့်ကျင်ဘက် အကြောင်းတရားတွေနဲ့တွေ့တဲ့အခါ ပြောင်းလွှဲပြောင်းလွှဲသွားတတ်တဲ့သဘော၊ ဆိုင်ရာအကြောင်းတွေနဲ့ ပေါင်းမိဆုံမိတဲ့အခါ သူက တည်ငြိမ်ပြီးတော့မနေဘူး။ ပြောင်းလွှဲပျက်စီးတတ်တဲ့ သဘောရှိတယ်။ လျင်လျင်မြန်မြန်လည်း ပြောင်းတယ်။ ဖြည်းဖြည်းလည်း ပြောင်းတယ်၊ ရုပ်တရားဆိုတာ ပြောင်းလဲဖြစ်နေတာ၊ ကိုယ့်ခန္ဓာကိုယ်မှာ ခြင်ကလေးကိုက်သွားလို့ရှိရင် အဲဒီ

စာမျက်နှာ-၂၂၂
နေရာမှာပြောင်းမသွားဘူးလား၊ (ပြောင်းသွားပါတယ်ဘုရား)။ အသီးကလေးဖြစ်သွားတယ်။ ဒါကြောင့် ပြောင်းလွှဲသွားတဲ့ သဘောလေးဟာ ရုပ်ရုံအမှတ်အသားပဲ။ အအေးထဲထွက်ရင် အအေးနဲ့တွေ့ပြီး တစ်မျိုးဖြစ်တယ်၊ အပူနဲ့တွေ့တဲ့အခါ တစ်မျိုးဖြစ်တယ်၊ စိတ်ဆိုးတဲ့အခါ မျက်နှာလေးနီလာတယ်။ အဲဒါ ပြောင်းသွားတာ။ အဲဒီလို ထင်ထင်ရှားရှား ပြောင်းလဲမှုတွေဖြစ်လာတတ်တာ ရုပ်ပဲ။

အသက်အရွယ်ကြီးလာရင် ခေါင်းပေါ်က ဆံပင်လေးတွေဖြူဖြူလာတယ်။ ဒါလည်း ပြောင်းသွားတာပဲ၊ သွားလေးကလည်း တစ်ချောင်းတစ်ချောင်း ထွက်သွားတယ်။ သွားစိုက်ဆိုင် သွားစိုက်ရင် တစ်ချောင်းစိုက် တစ်ချောင်းထွက်သွား။ တစ်ချောင်းစိုက် ကြာတော့ အံကပ်ကြီးနဲ့ဖြစ်သွားတယ်။ ဆံပင်လည်း ဘယ်လိုပဲ ဆေးဆိုးဆေးဆိုး၊ အပေါ်ကဆိုး၊ အောက်ကဖြူလိုက်လာတယ်။ ပြောင်းနေတဲ့သဘောတွေ၊ ရုပ်ဆိုတာ ပြောင်းလဲသဘောကို ပြောတာ။

ခဇ္ဇနိယသုတ်ဆိုတာ သံယုတ်ထဲမှာရှိတယ်။ အဲဒီခဇ္ဇနိယသုတ်ထဲမှာ ရုပ်ကို အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ကိဉ္စ၊ အဘယ်အကြောင်းကြောင့်။ ရူပံ၊ ရုပ်ဟူ၍ ဆိုကြပါ

စာမျက်နှာ-၂၂၃
သနည်း။ ရုပ်ခန္ဓာကြီး ရုပ်ခန္ဓာကြီးလို့ပြောကြတယ်။ ဘာကြောင့်ပြောကြသလဲ၊ ပြောင်းပြောင်းနေလို့ ရုပ်လို့ခေါ်တာတဲ့။ ဒါဖြင့် ပြောင်းသွားတာဟာ သူ့ဘာသာသူပြောင်းသလား ဆိုတော့ မဟုတ်ဘူး၊ အကြောင်းတရားတွေကြောင့်ပြောင်းတာ။ အအေးနဲ့တွေ့တဲ့အခါ တစ်မျိုးဖြစ်တယ်၊ အပူနဲ့တွေ့တဲ့အခါ တစ်မျိုးဖြစ်တယ်။ ထမင်းဆာတဲ့အခါ တစ်မျိုးပြောင်းတယ်၊ ရေငတ်တဲ့အခါ တစ်မျိုးပြောင်းတယ်၊ ပြောင်းသွားတယ်၊ ပြောင်းလွှဲနေတယ်။ ခြင်ကိုက်ရင်လည်း ပြောင်းတယ်။ မှက်တို့၊ ခြင်တို့၊ လေပူနေပူတို့ကြောင့် ပြောင်းပြောင်းသွားတယ်။ အဲဒီလိုပြောင်းတတ်လို့ ရုပ်လို့ခေါ်တာတဲ့။ ထင်ထင်ရှားရှား ပြောင်းတတ်တဲ့ အပြောင်းမျိုးကို မြတ်စွာဘုရားက ပြောသွားတာ။

အဲဒီတော့ သေသေချာချာ စဉ်းစားကြည့်၊ သူ့ဘာသာသူ ဖြစ်နေတဲ့ သဘာဝတရားကြီးကို ငါလို့ပြောရအောင်၊ ငါ့ဟာလို့ပြောရအောင် ငါပိုင်ရဲ့လားလို့မေးရင် ငါမပိုင်ဘူး။ ကိုယ်ပိုင်လို့ရှိရင် ကိုယ့်အမိန့်နဲ့နေမှာပေါ့ဗျာ၊ ငါ့ဆံပင်လေးတွေ မဖြူစေနဲ့ဆိုရင် ရမလား။ (မရပါဘုရား)၊ ဆေးဆိုးလည်း ဖြူမှာပဲ၊ သွားလေးတွေ ပါးစပ်ထဲမှ ကျွတ်မသွားပါစေနဲ့ ပြောလို့ရမလား၊ (မရပါဘုရား။) သူ့အကြောင်းနဲ့သူပဲ။

စာမျက်နှာ-၂၂၄
ထာဝရပြောင်းနေတဲ့ သဘာဝတွေ။ ဒါကို ရူပ် လို့ခေါ်တာ၊ အဲဒီတော့ ရူပဟာ ငါလည်းမဟုတ်ဘူး။ တကယ်တော့ ကိုယ်ပိုင်တဲ့အရာငါ့ဟာလည်းမဟုတ်ဘူး။ လူတွေက ထင်နေတာ ငါပိုင်တယ်၊ ငါ့ရုပ်၊ ငါ့မျက်စိနဲ့ ပြောကြတယ်။ မျက်စိက ကိုယ်အုပ်ချုပ်လို့ ရတာမှမဟုတ်တာ မှုန်မှုန်လာတယ်လေး မျက်စိအထူးကုနဲ့ သွားပြရတယ်။ နောက်ဆုံးကျတော့ မမြင်ရတဲ့ အဆင့်ရောက်တဲ့လူလည်း ရောက်သွားတယ်။

ဘယ်အရာမှ ကိုယ့်သဘောအတိုင်း မဖြစ်ဘူး၊ ကံကဆုံးဖြတ်ပေးထားတဲ့အတိုင်း အကြောင်းတရားတွေက ဖန်တီးထားထားသည့်အတိုင်း ကံတရားတွေ အကြောင်းတရားတွေပေါ်မှာ တည်ပြီးတော့ တချို့ ပုဂ္ဂိုလ်မှာငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိမှုန်တယ်။ တချို့ ပုဂ္ဂိုလ်တွေက အသက်ကြီးမှ မျက်စိမှုန်တယ်။ တချို့ ပုဂ္ဂိုလ်တွေက အသက် ၈၀၊ ၉၀ နေရတာတောင် မျက်စိမမှုန်ဘူး။ ဘယ်သူက လုပ်နေတုံး၊ အကြောင်း တရားတွေက လုပ်နေတာတဲ့။ ကိုယ်ပိုင်လို့လား၊ မပိုင်ပါဘူး။ ဆန္ဒအတိုင်းဖြစ်တာရှိရဲ့လား။ (မရှိပါဘုရား။) ကိုယ့်ဆန္ဒအတိုင်း ဖြစ်မယ်ဆိုလို့ရှိရင်တော့ အလွန် ပျော်စရာ ကောင်းမှာပေါ့။ လောကကြီးဟာ ကိုယ့်

စာမျက်နှာ-၂၂၅
အကြိုက်တိုင်း ဖြစ်တာနည်းတယ်။ ကိုယ့်အကြိုက်နဲ့ ဆန့်ကျင်ဘက်တွေပဲ ဖြစ်တာ များတယ်။

အဲဒီလို ရုပ်သဘာဝတရားကြီးကို မြင်အောင် ကြည့်တယ်။ နာမ်သဘာဝတရားတွေကို မြင်အောင် ကြည့်တယ်။ တို့ရဲ့ သန္တာန်မှာ နာမ်နဲ့ရုပ်ကလွဲလို့ ဘာမှ မရှိဘူးလို့သိတာ ဒိဋ္ဌိဝိသုဒ္ဓိတဲ့၊ မှားယွင်းတဲ့ အမြင်ကြီးက လွတ်ကင်းသွားတယ်လို့ ပြောတာ၊ အယူဟာ စင်ကြယ် သွားပြီတဲ့။ နာမရူပါနံ၊ နာမ်ရုပ်တရားတို့ကို။ နာမရူပါနံ၊ ကိုယ်ကာယနဲ့ စိတ်တို့ကို။ ယာထာဝဒဿနံ၊ ဟုတ်တိုင်းမှန်စွာ မြင်ခြင်းသည်။ ရုပ်ကို မြင်အောင် ကြည့်မယ်၊ နာမ်ကို မြင်အောင်ကြည့်မယ်။ ရုပ်နဲ့ နာမ် ကွဲသွားပြီး၊ နာမရူပပရိစ္ဆေဒဉာဏ် ရသွားပြီ။ ငါဆိုတာ မရှိဘူး။ ရုပ်နဲ့နာမ် နှစ်ခုပေါင်းစပ်ထားတာသာ ဖြစ်တယ်။ ရုပ်ရဲ့သဘောကိုတွေ့တယ်၊ နာမ်ရဲ့သဘောကိုတွေ့တယ်။

ကဲ ကိုယ့်မှာရှိတဲ့ ရုပ်တွေကိုရှာကြည့်ရအောင်၊ စာထဲကဟာ မကြည့်နဲ့၊ ကိုယ့်သဏ္ဌာန်ကိုကြည့်၊ ရုပ်တွေထဲမှာ ဓာတ်ကြီး ၄-ပါးဆိုတာ ရှိတယ်။ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောတဲ့။ ပထဝီဆိုတာ မြေဓာတ်ပေါ့၊ မြေဆိုတာ အားလုံးကိုထမ်းဆောင်ထားတဲ့ အရာပေါ့။ အာပေါဆိုတာက ရေဓာတ်။ ရေဆိုတာ

စာမျက်နှာ-၂၂၆
ပျော်ဝင်တဲ့သဘော၊ စုစည်းတဲ့ သဘော၊ တေဇောဆိုတာက မီးဓာတ်၊ မီးဆိုတာ ရင့်ကျက်မာကျော စေတဲ့သဘော၊ ဝါယောဆိုတာက လေဓာတ်၊ လေဆိုတာ တွန်းကန် လှုပ်ရှားတဲ့သဘော။

ဘုန်းကြီးတို့ တစ်တွေ ကိုယ့်ခန္ဓာကိုယ်ကို စမ်း ကြည့်လိုက်။ ခေါင်းစမ်းကြည့်တဲ့အခါ မာမာကြီး မတွေ့ဘူးလား၊ မာမာကြီးတွေရဲ့သားနဲ့ ခေါင်းကြီးတွေ့တယ် လို့ပဲ ပြောမှာပဲ၊ အရပ်ပြောပေါ့။ တကယ်တွေ့တာ ပထဝီကိုတွေ့တာ။ မာတဲ့သဘောကြီးကိုတွေ့နေတာ။ အဲဒီမာတဲ့သဘောကြီးက သူ့မှာ အကြောင်းတွေရှိတယ်။ ကံဆိုတဲ့ အကြောင်းတရားရှိတယ်။ စိတ်ဆိုတဲ့ အကြောင်းတရားရှိတယ်၊ ဥတုဆိုတဲ့ အကြောင်း တရား ရှိတယ်၊ အာဟာရဆိုတဲ့အကြောင်းတရားရှိတယ်။ အဲဒီအကြောင်းတရားတွေဖယ်လိုက်ရင် ဒီသဘော ကြီးဟာ ရပ်တည်နိုင်စွမ်း မရှိတော့ဘူး။ သူ့ဆိုင်ရာ အကြောင်းတရားတွေကြောင့် ဖြစ်နေတာ။ လက်မောင်းတွေ ဘာတွေ စမ်းလိုက်တဲ့အခါကျတော့ ပျော့တဲ့သ ဘော၊ မာတယ် ပျော့တယ်ဆိုတဲ့ သဘာဝဓာတ်တွေဟာ ပထဝီဓာတ်တွေပဲ၊

အာပေါဆိုတာကို ကြည့်၊ အာပေါဆိုတာ စုစည်းတဲ့သဘော ပျော်ဝင်တဲ့သဘောနှစ်မျိုးရှိတယ်။

စာမျက်နှာ-၂၂၇
ရေကိုပြောတာ မဟုတ်ဘူး။ အရာဝတ္ထုထဲ ပျော်ဝင် သွားတယ်။ စီးဝင်သွားတယ်။ အဲဒါ အာပေါပဲ။ အား လုံးကိုစုစည်းပေးတာလည်းအာပေါပဲ။ မုန့်လုပ်တဲ့အခါမှာ စဉ်းစားကြည့်ပေါ့။ ပေါင်မုန့်ဟာ နဂိုတုန်းက အတုံး အခဲကြီး ဟုတ်ကဲ့လား၊ ဂျုံမှုန့်တွေ မဟုတ်လား။ အဲဒီ အမှုန့်တွေကိုအခဲဖြစ်သွားအောင်ရေနဲ့စုစည်းပေးရတယ်။ ရေကအမှုန့်လေးတွေကို အကုန်လုံးပေါင်း သွားအောင်၊ တစ်လုံးတစ်ခဲတည်းဖြစ်သွားအောင် စုစည်းပေးတာ၊ ဒါ အာပေါရဲ့ သဘာဝပဲ။ စုစည်းပေးတာ အာပေါ။ အမှုန့် လေးတွေ ပြန့်ကြဲမသွားအောင် စုစည်းပေးလိုက်တယ်။

ဘုန်းကြီးတို့ ခန္ဓာကိုယ်ကြီးကိုကြည့်၊ အသား စိုင်ကြီးတွေ၊ အရိုးကြီးတွေတွေ့ရမယ်၊ နဂိုက အမှုန်တွေပဲ၊ အဲဒီအမှုန်တွေ စုစည်းထားတဲ့အခါကျတော့ ခေါင်းပုံစံ၊ လက်ပုံစံ၊ နားရွက်ပုံစံ ဖြစ်မနေဘူးလား။ ပုံစံအမျိုးမျိုးနဲ့လေ။ အဲဒါ အာပေါက စုစည်းထားလို့ ဒီလို ပုံစံကြီးတွေ ပေါ်နေတာ။ အာပေါ မရှိဘူးဆိုရင် အမှုန့်ကလေးတွေ အကုန်ဖြစ်သွားမှာနော်။ စုစည်း ထားတဲ့အခါ ကျတော့ နားရွက်တို့၊ ခေါင်းတို့၊ နှာခေါင်း တို့၊ လက်တို့၊ ခြေတို့ဆိုတဲ့ ပုံစံတွေ ပေါ်လာတယ်။ ဆံပင်ဆိုလည်း ရှည်ရှည်မျောမျောလေးတွေပေါ့။ ပုံစံ

စာမျက်နှာ-၂၂၈
အမျိုးစုံနှင့် အာပေါက စုစည်းပေးထားတယ်။ မျက်စိ လည်စရာကြီးပေါ့။ အဲဒါ အာပေါ။

တေဇောရဲ့ သဘောက စုစည်းပေးထားတဲ့ ပထဝီတို့၊ အာပေါတို့ကို သူကရင့်ကျက်လာအောင် လုပ်တယ်။ မာကျောလာအောင်လုပ်တယ်၊ ခုနက ဂျုံမှုန့်တွေကို ရေနဲ့အချိုးကျထည့်ပြီးတော့ အတုံးလုပ်ပြီးတဲ့အခါကျတော့ မီးဖိုထဲထည့်ပြီး ဖုတ်လိုက်တော့ ပိုမာလာတယ်၊ အဲဒီတော့ တေဇောရဲ့ သဘောက ပိုပြီးမာကျောစေတတ်တာဖြစ်တယ်။

ထို့အတူပဲ ကြည့်လိုက်မယ် နောက်တစ်ခု၊ ဝါယောရဲ့သဘောက ဘာတုံးဆိုရင် ဒါတွေကို စုပြီးတော့ တွန်းကန်ထားတယ်၊ ဆွဲစုထားတယ်၊ ဒီလိုဖြစ်တာ ဝါယောရဲ့သဘောပဲ။ ဝါယောမပါရင် ဒါတွေဟာ ဒီလို တည်နိုင်မှာ မဟုတ်ဘူး။

အကြမ်းဖျင်းအားဖြင့်ပြောမယ်ဆိုရင် ခန္ဓာ ကိုယ်ထဲမှာကြည့် အရိုးတွေရယ်၊ အသားတွေရယ်၊ အကြောတွေရယ် ရှိတယ်၊ အဲဒီ အတုံးအခဲမှန်သမျှတွေက တစ်စု၊ ဒါက ပထဝီအစု၊ မာကျောတဲ့အစု အဲဒါနောက်က အရည်တစ်စု ထားလိုက် သွေးတွေက အရည်၊ တံတွေးက အရည်၊ နှပ်တို့ဘာတို့၊ ကျင်ငယ် တို့က အရည်၊ ဟောဒါတွေက ခန္ဓာကိုယ်ထဲက အစု

စာမျက်နှာ-၂၂၉
တစ်စု၊ ခန္ဓာကိုယ်ကြီး ပူနွေးတယ်၊ အေးတယ်၊ စားလိုက် သမျှဟာတွေက ကြေညက်ပြီး သွားတယ်။ ဆိုပါစို့၊ ထမင်းချက်တဲ့အခါမှာ ရေအေးနဲ့၊ လေနဲ့ချက်လို့ ရသလား၊ မရပါဘူးဘုရား။ မီးနဲ့ချက်တာနော်။ မချက် ခင်က ဆန်က မာမာကြီး ရေနဲ့ မီးနဲ့ ပေးတွေ့ လိုက်တဲ့အခါကျတော့ ဆန်လေးကပျော့ပြီး နပ်သွားတယ်။ စားလိုက်တဲ့အခါ ဗိုက်ထဲ ရောက်သွားပြီး အစာအိမ်ထဲ ရောက်သွားတော့ အဲဒီ အစာတွေဟာလည်း ခုနက တေဇောကနေပြီး အပူပေးလိုက်တော့ ကြေညက်ပြီး တစ်စုတည်း၊ တစ်မျိုးတည်း ဖြစ်သွားတယ်။ အိမ်သာထဲ ရောက်သွားတဲ့အခါ ကွဲတောင် မကွဲတော့ဘူး။ ဒါက ထမင်းလား ဒါက ဟင်းလားဆိုတာ မရှိတော့ဘူး။ တစ်မျိုးတည်း ဖြစ်သွားပြီလေ၊ မုန့်ဆိုတာလည်း မကွဲ တော့ဘူး၊ စားလိုက်တဲ့အရာတွေဟာ တစ်မျိုးတည်း ဖြစ်သွားတယ်။ ကြေညက်ပြီးသွားတယ်။ ဒါ ဘယ်သူက လုပ်တာတုံးဆိုရင် တေဇောက လုပ်တာ။

အေး ၈၀ အသက်ရှူနေတဲ့လေတွေခန္ဓာကိုယ်ထဲ သွေးတွေလည်ပတ်အောင် တွန်းပေနေတာတွေ၊ လှုပ် ရှားသွားလာလို့ ရအောင် လုပ်နေတာတွေဟာ ဝါ ယောက လုပ်နေတာလို့ ပြောတာနော်။

စာမျက်နှာ-၂၃၀
ကြည့်လိုက်လို့ရှိရင် လူရဲ့ ခန္ဓာကိုယ်ထဲက ပထဝီဆိုတာလည်း သူ့ သဘာဝအတိုင်း သူ့အကြောင်း နဲ့သူဖြစ်နေတာ၊ အာပေါကလည်း သူ့အကြောင်းနဲ့သူ ဖြစ်နေတာ၊ တေဇောကလည်း သူ့အကြောင်းနဲ့သူ ဖြစ် နေတာ၊ ဝါယောကလည်း သူ့အကြောင်းနဲ့သူဖြစ်နေတာ၊ ငါလို့ပြောစရာ တစ်ခုမှမရှိဘူး။ အားကိုးစရာကော ရှိရဲ့လား၊ မရှိဘူး။ သူဖြစ်ချိန်တန် ဖြစ်ပြီးတော့ ပျက်ချိန် တန်ရင် ပျက်သွားမှာပဲ။ ကိုယ့်မှာ ဘာမှ အာမခံချက် မရှိဘူး၊ အားကိုးလို့မရဘူး၊ ခန္ဓာကိုယ်ကြီးက ဒီလို အနေအထားမှာပဲလေ၊ ကိုယ်ပိုင်ဆိုင်တယ်ဆိုတာ ဆိုလို့ ဘာတစ်ခုမျှ မရှိဘူး။

ဒါကြောင့်မို့ မြတ်စွာဘုရားက အနတ္တလက္ခဏ သုတ်မှာ ဒီလိုဟောတာ-“န စ လဗ္ဘတိ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ”-“ငါ သဘောကျတဲ့အတိုင်း ဒီအတိုင်းဖြစ်၊ ဟိုအတိုင်း မဖြစ်စေနဲ့ရမလားတဲ့၊ မရဘူး၊ မရတဲ့အတွက် အနတ္တ လို့ ပြောတာ၊ အနတ္တဆိုတာ အတ္တမဟုတ်ဘူး။ ကိုယ်ပိုင်တဲ့ဟာ မဟုတ်ဘူး။ ကိုယ့်ဟာမဟုတ်ဘူး၊ ကိုယ်လည်း မဟုတ်ဘူး၊ သူ့သဘာဝအတိုင်းဖြစ်နေတာ။

ဆိုပါစို့၊ လမ်းဘေးမှာ ပေါက်နေတဲ့ သစ် ပင်ကြီးကို ကြည့်ပြီး ငါလို့ ဘယ်သူမှ မပြောပါဘူး။

စာမျက်နှာ-၂၃၁
အဲဒီကိုယ့်ခန္ဓာမှာ ရှိတဲ့ ရုပ်ကြီးကလည်း သစ်ပင်ကြီးလိုပဲ ဘာမှမထူးဘူး။ သစ်ပင်ကြီးဟာ သူ့ဆိုင်ရာ အကြောင်း တရားတွေကြောင့် လမ်းဘေးမှာ တည်နေတာ။ မြေနဲ့ ရေနဲ့သစ်ပင်ကြီးဟာ အပူငွေ့တွေနဲ့ ဒီလိုတည်နေတာ။ ဒီအကြောင်းတရားတွေ အကုန်လုံး ပျက်စီးသွားပြီဆိုရင် သစ်ပင်ကြီးလည်း ဗုန်းဗုန်းလဲ သွားမှာပဲ။

ထို့အတူပဲ ကိုယ့်ဘဝ ကိုယ့်ခန္ဓာကိုယ်ကြီးကို ကြည့်လိုက်ရင်လည်း သူဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတွေကြောင့် ဖြစ်နေတယ်ဆိုတာရှိတယ်။ ကံရှိနေရင် ကံက ထောက်ပံ့နေမယ်။ စိတ်ရှိရင် စိတ်ကထောက်ပံ့ နေမယ်။ ဥတုရှိရင် ဥတုကထောက်ပံ့နေမယ်။ အာဟာ ရရှိရင် အာဟာရက ထောက်ပံ့နေမယ်။ နောက်ဆုံး ကံတွေလည်းအရှိန်ကုန်သွားမယ်။ စိတ်ကလည်း အနားယူ သွားမယ်။ အာဟာရကလည်း မထောက်ပံ့တော့ဘူး။ အနားယူသွားမယ်။ နောက်ဆုံးတော့ ဘာကျန်တုံး။ ဥတုပဲ ကျန်တော့တယ်။ အဲဒီအခါ ရေဝေး(သုသာန်) ရောက်သွားတာပေါ့။ သဘောက ဒါပဲလေ။ ကိုယ်ပိုင်ဆိုတာ ဘာမှမရှိဘူးလေ။ အကြောင်းတရားတွေ အနား ယူသွားတာနဲ့ တစ်ပြိုင်နက် ဘာမှ မရှိတော့ဘူး။

နောက်ဆုံး ရန်ကုန်ကလူတွေ ရေဝေးမှာပဲ အဆုံးသတ် ရတာ။ ဒါ အသေချာဆုံးပဲလေး၊

စာမျက်နှာ-၂၃၂
အဲဒီလို ရုပ်နဲ့နာမ်သဘာဝကို မြင်လို့ရှိရင် ငါလို့၊ သတ္တဝါလို့၊ ပုဂ္ဂိုလ်လို့ဒီလိုမြင်စရာအကြောင်း ဘာ တစ်ခုမှ မရှိဘူး။ အဲဒီလို ရှင်းရှင်းလင်းလင်းမြင်ခြင်းက သတ္တဝါလို့ အနမတဂ္ဂသံသရာတစ်ခွင်မှာ အထင်မှား လာခဲ့တဲ့ အမှားကြီး ပျောက်မသွားဘူးလား။ (ပျောက် သွားပါတယ်ဘုရား။) အထင်အမြင်မှားတွေ ပျောက် သွားလို့ ငါလုပ်ရင်ဖြစ်တယ်၊ ငါ့ဟာ၊ ငါပိုင်တယ်လို့ ထင်နေတဲ့ အထင်ဟာလည်း အားလုံးကုန်စင်အောင် လွဲနေတယ်။ တစ်ခုမှ မဖြစ်ဘူးဆိုတာဟာ ထင်ရှား သွားတယ်။ အဲဒီတော့ ကိုယ်ထင်လာတာတွေ တစ်ခုမှ မဟုတ်သည့်အတွက်ကြောင့် ထင်လာတယ်၊ မြင်လာတယ်ဆိုတဲ့အရာတွေဟာ အမှားတွေကြီးပဲ။ အဲဒီ အမှားတွေစင်ကြယ်သွားတာကို ဒိဋ္ဌိဝိသုဒ္ဓိ လို့ခေါ်တယ်။

“နာမရူပါနံ ယာထာဝဒဿနံ ဒိဋ္ဌိဝိသုဒ္ဓိ နာမ”၊ နာမရူပါနံ၊ နာမ်နဲ့ ရုပ်တို့ကို။ လူတွေရဲ့ သန္တာန်မှာ ရုပ်နဲ့နာမ် နှစ်မျိုးကလွဲ၍ ဘာမှမရှိဘူး။ ယာထာဝ ဒဿနံ၊ ဟုတ်တိုင်းမှန်စွာ မြင်ခြင်းသည်။ ဒိဋ္ဌိဝိသုဒ္ဓိ နာမ အမြင်၏ စင်ကြယ်မှုပဲ။ ဒါ့ကြောင့် ရုပ်နဲ့ နာမ်နှစ်ခု ကွဲအောင်ကြည့်ရမယ်နော်။

အဲဒီလို ရုပ်နဲ့နာမ် ကွဲအောင်ကြည့်ပြီးတဲ့အခါကျတော့ ဒီရုပ်ထဲမှာ နာမ်တွေက ရှိနေတာလား၊

စာမျက်နှာ-၂၃၃
ဒီနာမ်မှာ ရုပ်တွေက ရှိနေတာလား ပြောရင်၊ မရှိဘူး။ ရုပ်ကလည်းနာမ်ကိုမမြင်ဘူး။ နာမ်ကလည်း ရုပ်ကိုမမြင်ဘူး။ နှစ်ခုပေါင်းမိတာပဲရှိတယ်။ ဆိုပါစို့၊ နာရီ လက်တံ လေးကနေပြီး ဂဏန်းလေးတွေ ညွှန်ပြနေတာ လက်တံ ရှည်က တစ်မျိုးပြတယ်၊ လက်တံတိုက တစ်မျိုး ပြတယ်၊ အဲဒီ လက်တံလေးတွေက သော် ... ငါက ၈း၃၀ အချိန်ကို ပြနေပါလားလို့ သိသလား။ (မသိပါဘုရား။) သော် ငါ့ လက်တံလေးက ၈ ဂဏန်း ပေါ်ရောက်နေပါလားလို့ သိသလား၊ (မသိ ပါဘုရား။) အဲဒီလိုပဲ လူရဲ့ ရုပ်က ဘာမှမသိဘူး။

ဆိုပါစို့၊ ဘုန်းကြီးတို့တစ်တွေ စဉ်းစားကြည့်ရ အောင်၊ ဒါလည်းကမ္မဋ္ဌာန်းပဲ။ အိပ်ရာပေါ် လှဲအိပ်နေတယ်၊ အိပ်နေတဲ့အခါကျတော့ အိပ်ရာကြီးက ဒီလူ ငါ့အပေါ်မှာ လှဲအိပ်နေပါလားလို့ သိရဲ့လား၊ (မသိပါ ဘုရား။) လူ့ခန္ဓာကိုယ်ကြီးကလည်း ငါ့အိပ်ရာပေါ်မှာလှဲ အိပ်နေပါလားလို့ သိရဲ့လား၊ (မသိပါဘုရား။) သိတာက နာမ်ကသိနေတာ။ အဲဒီတော့ ဒီသဘာဝနှစ်ခု မတူဘူးဆိုတာ ထင်ရှားတယ်။ ဒီနှစ်ခုပေါင်းစပ်ပြီး လှုပ်ရှားနေ တာလို့ မြင်ရမယ်။

အဲဒီတော့ နာမ်တရားတွေနဲ့ ပတ်သက်ပြီး ဘုန်းကြီးတို့တစ်တွေ စဉ်းစားကြည့်မယ်။ စိတ် ဘယ်မှာ

စာမျက်နှာ-၂၃၄
ရှိသလဲ မေးရင် ဗိုက်ထဲမှာရှိတယ်လို့ပြောကောင်းပြော ကြမယ်။ ရှိမရှိ စမ်းသပ်ကြည့်မယ်။ စိတ်တွေဟာ ရုပ်ထဲမှာ ရှိနေတာ ဟုတ်ရဲ့လားဆိုတာကို ဥပမာနဲ့ စဉ်းစားကြည့်။ ဥပမာ-piano တီးတဲ့လူတွေ၊ piano ထဲမှာ သီးချင်းသံတွေ သိမ်းထားသလား (မသိမ်းထား ပါဘုရား။) တီးမယ်ဆိုရင် သီးချင်းသံတွေ အမျိုးမျိုး ထွက်နိုင်တယ် ဟုတ်လား။ တီးတတ်တဲ့ ပုဂ္ဂိုလ်က တီးတယ်။ သီးချင်းမျိုးစုံတီးလို့ရတယ်နော်။ အဲဒါတွေဟာ ဒီခလုတ်ထဲမှာ ရှိနေသလား၊ (မရှိပါဘုရား။) မရှိဘဲနဲ့ ဘယ်က ရောက်လာတာလဲ။ အကြောင်းဆုံလို့ ရောက် လာတာနော်။ တီးတဲ့လူနဲ့သူအကြောင်းတရားဆုံပြီး ဖြစ်လာတာ။ အဲဒီသဘောပဲ၊ ဒီအသံလေးက အဲဒီ အထဲမှာရှိနေတာမဟုတ်ဘူး၊ ဖြစ်နိုင်တဲ့အနေအထားသာ ရှိတာ။ ရှိနေတာ မဟုတ်ဘူး။ ရှိနေတာ မဟုတ်ဘဲနဲ့ အကြောင်းကြောင့် ဖြစ်ပေါ်လာတာ။

“ဟေတုံ ပဋိစ္စ သမ္ဘူတာ” =အကြောင်းတရားတွေကြောင့် ဖြစ်လာတာတဲ့။ “ဟေတုဘင်္ဂါ နိရုဇ္ဇရေ” = အကြောင်းတွေ ပျက်သွားရင် သူတို့ပျက်သွားတယ်။ အဲဒီသဘောကို သေသေချာချာ စဉ်းစားကြည့်။ ဒါကြောင့်မို့ စိတ်နဲ့ ရုပ် ဖြစ်လာပုံကိုကြည့်ရအောင်၊ ဒါ စဉ်းစားကြည့်မယ်ဆိုရင် သိနိုင်ပါတယ်၊ မြတ်စွာဘုရား

စာမျက်နှာ-၂၃၅
က လက်တွေ့သိနိုင်တဲ့ တရားကိုသာ ဟောတာ။ လူတွေ သတိမမူလို့၊ မစဉ်းစားလို့ မသိတာ များပါတယ်။ လက်လှမ်းမမီတာမဟုတ်ဘူး။ လူ့အသိဉာဏ်နဲ့ လက်လှမ်းမီတယ်။

ဘုန်းကြီးတို့တစ်တွေ မျက်လုံးလေးဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် မြင်စရာအာရုံတွေကို မမြင်ဘူးလား။ (မြင်ပါတယ်ဘုရား။) မြင်တဲ့အခါကျတော့ မြင်တာကိုသိတဲ့ စိတ်ကလေးရော ပေါ်မလာဘူးလား။ (ပေါ်လာပါတယ်ဘုရား။) ဒါကို မြတ်စွာဘုရားက “စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ”လို့ ဟောတာပါ။ စက္ခု စ၊ မျက်စိလို့ဆိုတဲ့ ပသာဒရုပ်ကိုလည်းကောင်း၊ ရူပေ စ၊ မျက်စိဖြင့် မြင်ရတဲ့အဆင်း အာရုံတို့ကိုလည်းကောင်း။ ပဋိစ္စ၊ စွဲမှီ၍၊ စက္ခုဝိညာဏံ၊ မြင်သိစိတ်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်လာရပေ၏။ မြတ်စွာဘုရားက မြင်သိစိတ်ဟာ ဖြစ်လာတာတဲ့။ ရှိနေတာ မဟုတ်ဘူးတဲ့။

ဥပမာ- ဘာနဲ့တူသလဲဆိုရင် စည်ကလေးကို တုတ်နဲ့ရိုက်လိုက်တဲ့အခါ စည်သံထွက်လာသလိုပဲ။ စောင်းကလေးကို လက်ကလေးနဲ့ တီးလိုက်တဲ့အခါ စောင်းသံလေး ထွက်လာသလိုပဲ၊ မီးခြစ်ဘူးကလေးကို ကောက်ယူပြီး ခြစ်လိုက်တဲ့အခါ မီးပေါ်လာသလိုပဲ။ အကြောင်းကို အစွဲပြုပြီး ဖြစ်ပေါ်လာတယ်။ မျက်စိနဲ့

စာမျက်နှာ-၂၃၆
အဆင်းအာရုံ ဆုံလိုက်တာဟာ တိုက်ခိုက်မှုတစ်ခုပဲ။ တိုက်ခိုက်လိုက်တဲ့အခါ မီးပွင့်သွားသလိုပဲ အရာဝတ္ထု တစ်ခု ပေါ်လာတယ်။ စိတ် ဖြစ်ပေါ်လာတယ်ပေါ့။ အဲဒီကျမှ ပေါ်လာတယ်။ နောက်တစ်ခု ပြောမယ်ဆိုရင် မိုးချုန်းတဲ့အခါမှာ လျှပ်စစ်လက်တာ မြင်ဖူးကြတယ်၊ ဟုတ်လား။ အဲဒီမှာ ဓာတ်နှစ်ခု ပေါင်းဆုံတိုက်ခိုက်မိလို့ လျှပ်စစ် ပေါ်လာတာ။ အဲဒီ လျှပ်စစ်တွေက အဲဒီ ဓာတ်ထဲမှာ ရှိနေတာလား။ မဟုတ်ဘူး၊ သို့သော် တိုက်လို့ ပေါ်လာတာ။ အကြောင်းဆုံလို့ ပေါ်လာ တာ။

ထို့အတူပဲ မျက်စိထဲမှာ မြင်သိစိတ် နဂိုကရှိနေတာ မဟုတ်ဘူး၊ ရူပါရုံလေးနဲ့ မျက်စိဆုံလိုက်တဲ့အခါ မှာ ဒိုင်းခနဲဆို ပေါ်လာတာ၊ အဲဒါကို မြတ်စွာဘုရားက “စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ”လို့ ဟောတာ ဖြစ်တယ်။ ပြီးမှ ဆက်ပြီး “တိဏ္ဏ သင်္ဂတိ ဖဿ”-တဲ့၊ စက္ခုဝိညာဉ်စိတ်လေးပေါ်လာတဲ့အခါ အာရုံနဲ့ဆက်သွယ်မှုလေး ဖြစ်လာတယ်။ ဖဿ ဖြစ်တာ ကိုပြောတာ၊ ဖဿ ဖြစ်လာတဲ့အခါ “ဖဿပစ္စယာ ဝေဒနာ”-တဲ့၊ အတွေ့အကြုံလေးတစ်ခု၊ ခံစားမှုလေး တစ်ခုရသွားတယ်။ အတွေ့အကြုံရလို့၊ ခံစားမှုရလို့ရှိရင် ဝေဒနာပစ္စယာ တဏှာ၊ ဒီအတွေ့အကြုံလေးကို

စာမျက်နှာ-၂၃၇
သဘောကျသွားရင် နောက်တစ်ခါ လိုချင်လာတယ်။ တဏှာ ဖြစ်တယ်ပေါ့။ အကြောင်းအကျိုးတွေက အဲဒီလို ဆက်သွားတယ်နော်။

အဲဒီတော့ အဲဒီထဲမှာ မျက်စိဆိုတဲ့ စက္ခုပသာ ဒလေးရယ်၊ မျက်စိပေါ်မှာ လာပြီး ထင်ဟပ်သွားတဲ့ အဆင်းအာရုံလေးရယ်၊ နှစ်ခု ဆုံစည်းလိုက်လို့ ပေါ်လာတဲ့ စက္ခုဝိညာဏ်စိတ်လေးရယ်၊ ကြည့်လိုက်မယ် ဆိုလို့ရှိရင် မျက်စိဆိုတာက ရုပ်တရား၊ သူက ဘာမှ မမြင်ဘူး။ သူ့ထဲမှာ အရိပ်ထင်တာပဲ ရှိတယ်။ သူ မမြင်ဘူးဆိုတာ ဘာကြောင့် သိနိုင်တုံးဆိုရင် သူက မှန်လိုပဲ ဘာမှ မဟုတ်ဘူး။ မှန်ရှေ့ လူသွားရပ်ရင် မှန်ထဲမှာ လူရိပ်ထင်မှာပေါ့။ ဒါလောက်ပဲ၊ သူက အရိပ် ထင်တာပဲရှိတယ်။ အဲဒီထင်လာတဲ့အရိပ်ကို သိတာက စက္ခုဝိညာဏ်စိတ်က သိတယ်။ မြင်တာ စက္ခု ဝိညာဏ်စိတ်က မြင်တာ၊ မျက်စိက မြင်တာမဟုတ်ဘူး။ မျက်စိမှာ အရိပ်ထင်ရုံပဲ ထင်တယ်။

ဘုန်းကြီးတို့တစ်တွေ မှန်ရှေ့သွားရပ်တဲ့အခါ အရုပ်ကလေးပေါ်လာတယ်။ အရုပ်ကလေးပေါ်လာတာကို ကိုယ့်ခန္ဓာကိုယ်ကြီးက မသိဘူး။ သိတာက စိတ်ကပဲ သိတယ်။ ငါ့ထဲမှာ အရိပ်ကြီး ပေါ်လာပါလားလို့ မှန် ကလည်း မသိဘူး။ မှန်ထဲမှာ ပေါ်နေတဲ့အရိပ်ကြီးကလည်း

စာမျက်နှာ-၂၃၈
ငါမှန်ထဲမှာ ပေါ်နေပါလားလို့မသိဘူး။ သိတာလေးက စိတ်။ ထို့အတူပဲ မျက်စိလို့ခေါ်တဲ့ စက္ခုပသာဒရယ်၊ မျက်စိပေါ်မှာလာထင်တဲ့ ရူပါရုံဆိုတဲ့အဆင်း အာရုံရယ်၊ အဲဒီနှစ်ခုဆုံလိုက်တဲ့အခါကျတော့ မြင်သိစိတ်ကလေးက ဘွားခနဲဖြစ်လာတယ်။ အဲဒီမှာ မြင်သိစိတ်ကလေးက နာမ်တရား၊ မျက်လုံးလေးက ရုပ်တရား၊ မျက်စိနဲ့ မြင်ရတဲ့ အဆင်းအာရုံက ရုပ်တရား၊ ဟော-ရုပ်နဲ့နာမ် နှစ်ခုကွဲမသွားဘူးလား။ (ကွဲသွားပါတယ်ဘုရား။)

ထို့အတူပဲ၊ အသံနဲ့နား၊ နှာခေါင်းနဲ့အနံ့၊ လျာနဲ့အရသာ၊ ထမင်းစားရင်း စဉ်းစားကြည့်ပေါ့။ ဘာလေးဖြစ်ဖြစ် တစ်ခုခုစားလိုက်လို့ လျှာပေါ် ရောက် သွားရင်၊ ဆိုပါစို့၊ ကိတ်မုန့်လေး စားလိုက်မယ်၊ ချိုတယ်ဆိုတာကို ကိတ်မုန့်က မသိဘူး၊ လျှာကလည်း ကိတ်မုန့်လေးက ချိုပါလားလို့ မသိဘူး၊ ကိတ်မုန့်နဲ့ လျှာတွေ့တဲ့အခါ စိတ်ကလေး ပေါ်လာတယ်။ အဲဒီ စိတ်ကလေးကမှ ချိုတယ်ဆိုတာကို သိတယ်၊ ချိုတယ်။ ခါးတယ် စိတ်ကလေးက သိတာ။ လျှာက မသိဘူး။ ကိတ်မုန့်ကလည်း မသိဘူး။ သူတို့က ရုပ်တရားတွေကို ရုပ်တရားက မသိဘူး။ နာမ်တရားက သိတယ်။ အကယ်၍ လျှာက သိတယ်ဆိုလို့ရှိရင် သေသွားတဲ့ လူလည်း သိနေမှာပေါ့။ သူ့မှာလည်း လျှာရှိနေတာ

စာမျက်နှာ-၂၃၉
ပဲလေ၊ မသိဘူး၊ နာမ်တရားမရှိတော့ရင် မသိဘူး။ အဲဒီသဘော လေးတွေကိုနှလုံးသွင်းဆင်ခြင်တာဟာ သဘာဝတရားကို နှလုံးသွင်း ဆင်ခြင်စဉ်းစားနေ တာပဲ။ ဒါလည်း အနုပဿနာပဲပေါ့။ ဝိပဿနာ ကမ္မဋ္ဌာန်း တရား အားထုတ်တာပဲ၊ အသိဉာဏ်ရနိုင်တယ်။

အဲဒီလို ရုပ်နဲ့ နာမ် ကွဲသွားပြီ ဆိုလို့ရှိရင် ငါ၊သူတစ်ပါး၊ ယောက်ျား၊ မိန်းမဆိုတဲ့ မှားယွင်းတဲ့ အတွေးတွေ လုံးဝပျောက်သွားပြီး စိတ်က ဗိုက်ထဲမှာရှိနေတယ်လို့ထင်တဲ့ အတွေးလည်းပျောက်သွားတယ်။ အကြောင်းကြောင့် ပေါ်လာတယ်ဆိုတာ သဘောပေါက် သွားတယ်။

အဲဒီလို သဘောပေါက်သွားတာနဲ့ တစ်ပြိုင်နက် ဒိဋ္ဌိဝိသုဒ္ဓိဆိုတာ ဖြစ်လာမှာပါ။ အဲဒီ ဒိဋ္ဌိဝိသုဒ္ဓိဟာ ဘာအမြင်မှားကို ဖယ်ရှားသလဲဆိုရင် ခန္ဓာကိုယ်ကြီးကို ငါလို့ထင်နေတဲ့ အမြင်မှားကို ဖယ်ရှားပစ်တယ်။ သက္ကာ ယဒိဋ္ဌိလို့ခေါ်တယ်ပေါ့။ သက္ကာယဆိုတာ တကယ်ရှိ နေတဲ့ခန္ဓာငါးပါး၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကြီးပေါ့။ တကယ် ရှိနေတာက ခန္ဓာပဲလေး၊ ရှိနေတဲ့ ခန္ဓာကြီးပေါ်မှာ အတ္တလို့ အထင်လွဲနေတာ၊ အထင်မှားနေတာက ဒိဋ္ဌိ၊

စာမျက်နှာ-၂၄၀
အဲဒီသက္ကာယ စွဲပြီး အထင်လွဲနေတဲ့ အမြင်မှားကို ဖယ် ရှားပစ်တယ်။

“နာမရူပဝဝတ္ထာနေန သက္ကာယဒိဋ္ဌိယာ ပဟာနံ”။ နာမရူပဝဝတ္ထာနေန၊ နာမ်နဲ့ ရုပ်ကို ခွဲခြားတတ်သော ဉာဏ်ဖြင့်။ သက္ကာယဒိဋ္ဌိယာ ပဟာနံ၊ သက္ကာယဒိဋ္ဌိ လို့ဆိုတဲ့ ခန္ဓာနဲ့ပတ်သက်ပြီးတော့ မှားယွင်းတဲ့အမြင်ကို ပယ်ဖျောက်နိုင်ခြင်းသည်။ ဟောတိ၊ ဖြစ်ပါပေတော့၏။ သူ့ဟာနဲ့သူ အဲဒီ ဉာဏ်ရမှ ခုနက သက္ကာယဒိဋ္ဌိဆိုတာ ပျောက်မှာ။ ။

အဲဒီ သက္ကာယဒိဋ္ဌိ ရှိနေလို့ အပါယ်တော့ မကျဘူး။ ဘာလို့တုံး ဆိုလို့ရှိရင် သက္ကာယဒိဋ္ဌိက သဂ္ဂါဝရဏကို မလုပ်ဘူးတဲ့။ နတ်ပြည်ကိုတော့ မတားဘူးလို့ပြောတာ။ သို့သော် မဂ္ဂါဝရဏ = မဂ်ကိုတော့ မဖြစ်အောင် တားတယ်တဲ့။ ဒီနိဗ္ဗာန်တံခါးကြီးထဲ သူ မဝင်နိုင်ဘူး။ ဒီနေရာမှာ မိစ္ဆာဒိဋ္ဌိကို (၂)မျိုးမှတ်ထား။ သက္ကာယဒိဋ္ဌိနဲ့ နတ္ထိကဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိက အပါယ်ကိုတော့ မပို့ဘူး၊ ဒါပေမဲ့ နိဗ္ဗာန် မရောက်နိုင်ဘူး။ နတ္ထိကဒိဋ္ဌိ ရှိနေရင်တော့ အပါယ်ရောက်မှာ သေချာတယ်။

သက္ကာယဒိဋ္ဌိဆိုတာကတော့ သောတာပန်ဖြစ်မှ ပယ်လို့ရတယ်။ အဲဒါကြောင့်မို့လို့ သက္ကာယဒိဋ္ဌိ ရှိနေ

စာမျက်နှာ-၂၄၁
သေးတယ်ဆိုရင်တော့ တစ်ခါမဟုတ်တစ်ခါတော့ ဒုက္ခပေးတာပေါ့လေ။ ဒီ view က ပြန်ပြန်ပေါ်လာတာကိုး။ သောတာပန်ဖြစ်မှ ဒီ view ပျောက်သွားမယ်။ အခုချိန်မှာ တရားနာလို့ဖြစ်စေ၊ စာတွေဖတ်လို့ဖြစ်စေ အသိဉာဏ်တွေရလာတဲ့အခါကျတော့ ခဏတစ်ဖြုတ်တော့ ပျောက်မှာပေါ့။ သို့သော် ဒီသက္ကာယဒိဋ္ဌိဟာ ကောင်းရာသုဂတိဘုံဘဝကို မတားဘူး။ ရောက်နိုင်တယ်။ မဂ်ကိုတော့ မရနိုင်ဘူးတဲ့။ နိဗ္ဗာန်တံခါးကြီးနားကိုတော့ မချဉ်းကပ်နိုင်ဘူးလို့ ဆိုလိုတာပေါ့။

အဲဒါကြောင့်မို့လို့ ဒီမှားယွင်းတဲ့အမြင်တစ်ခုကို နာမ်ရုပ်ကွဲအောင် ကြည့်ပြီး ဖယ်ရှားရမယ်။ နောက်တစ်ခုက ရုပ်တွေ နာမ်တွေ ခွဲခြားသိလာပြီဆိုတဲ့အခါ တစ်ဆင့်တက်စဉ်းစားရမယ်။ ရုပ်က ဘာကြောင့်ဖြစ်သလဲ၊ နာမ်တွေကကော ဘာကြောင့်ဖြစ်သလဲဆိုတာ စဉ်းစားရမယ်။ ဆိုင်ရာဆိုင်ရာ အကြောင်းတရားကြောင့် ဖြစ်တာ။ ရုပ်စဖြစ်လာပုံလေးကို ကြည့်မယ်ဆိုလို့ရှိရင် ဒီလိုကြည့်ရမယ်။

ဘဝတစ်ခုဟာ ဘယ်တုန်းက စလဲဆိုလို့ရှိရင် ပဋိစ္စသမုပ္ပာဒ်ကို ကြည့်နော် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ” = ဝိညာဏဆိုတာဟာ ဘဝတစ်ခုရဲ့အစပဲပေါ့။ ဘဝအစဖြစ်တဲ့ ဝိညာဉ်ဆိုတဲ့

စာမျက်နှာ-၂၄၂
ပဋိသန္ဓေစိတ်ကလေးကို ဘယ်သူက ဖန်တီးပေးလိုက်တုံးဆိုတော့ သင်္ခါရဆိုတဲ့ ကံတရားက ဖန်တီးပေးလိုက်တာ။ ဘယ်လို ဖန်တီးတယ်ဆိုတာ သိရအောင် အကျဉ်းချုံးပြောရမယ်ဆိုလို့ရှိရင် ဒီလိုပါ။ လူတစ်ယောက်ဟာ သေခါနီးဆဲဆဲအချိန် စိတ်ထဲမှာ ပေါ်လာတတ်တယ်။ ကံတရားတွေ၊ ကိုယ်လုပ်ခဲ့ ကြုံခဲ့တာတွေ၊ နောက်ဘဝအခြေအနေတွေ ပေါ်လာတယ်ပေါ့။ အိပ်မက်မက်သလို၊ ဘာလိုလို ပေါ်လာတာ။ အဲဒီပေါ်လာတဲ့ အာရုံတွေက စိတ်ကို လွှမ်းမိုးနေမယ်။ ဆိုပါစို့၊ သေခါနီးဆဲဆဲမှာ မီးတောက်မီးလျှံကြီးတွေ ကိုယ့်အိမ်မှာ မီးလောင်နေသလို၊ ကိုယ့်ပတ်ဝန်းကျင်မှာ မီးလောင်နေသလိုလို ခံစားရပြီးတော့ မီးပုံတွေ ဝိုင်းနေသလို ခံစားရတာမျိုး ရှိတတ်တယ်။ အဲဒီ မီးဆိုတဲ့အာရုံကို ကြည့်ပြီးတော့ စုတိစိတ်ကျသွားတယ်။ အဲဒီအာရုံထဲ ကျသွားတော့ ဘယ်ရောက်သွားသလဲဆိုရင် အဝီစိငရဲရောက်သွားတယ်၊ ငရဲမီးကို မြင်နေတာလေ။

လယ်တီဆရာတော်ကြီး ရေးတဲ့ ပရမတ္ထဒီပနီကျမ်းထဲမှာ မီးပူဇော်တဲ့ ပုဏ္ဏားတစ်ယောက် သေခါနီးကျတော့ မီးတွေမြင်နေတယ်တဲ့။ သူ့ဆရာကြီးတွေက လာကြတာပေါ့။ မင်း ဘာတွေ့မြင်နေတုံး မေးတော့ မီးပုံကြီးမြင်နေတယ်လို့ ဖြေတယ်။ အေး... အဲဒါ

စာမျက်နှာ-၂၄၃
ဗြဟ္မာပြည်ပဲကွ၊ အဲဒီအာရုံသာ စိတ်မလွတ်စေနဲ့လို့ ပြောကြတယ်။ သေတော့ ငရဲကျသွားတယ်။

သေခါနီးမှာ အဲဒီလို အာရုံတစ်ခုအပေါ်မှာ စိတ်ရောက်နေတတ်တယ်။ အဲဒီစိတ်အစွဲလေးနဲ့ ဒီဘက်ဘဝအဆုံးသတ်သွားရင် လာမယ့်ဘဝမှာလည်း အဲဒီအာရုံလေးနဲ့ပဲ ဖြစ်သွားတယ်။ အဲဒီလို ဖြစ်သွားတဲ့အခါမှာ ဒီဘဝ ရုပ်ခန္ဓာကိုယ်ကြီးထဲက ဘာမှပါသွားတာမဟုတ်ဘူး၊ နာမ်ကလည်း ပါသွားတာတစ်ခုမှ မရှိဘူး၊ ဘာဖြစ်လို့တုံးဆိုလို့ရှိရင် ရုပ်ဆိုတာ အပိုင်းအပိုင်း အပြတ်ပြတ်နဲ့ သွားနေတာလေ။ နာမ်တရားဆိုတာကလည်း ဒီစိတ်ချုပ်မှ နောက်စိတ်ပေါ်တာ။ နောက်စိတ်ချုပ်မှ ဟိုနောက်စိတ်ပေါ်တာ။

ကဲ... စဉ်းစားကြည့်ပေါ့ဗျာ၊ ခြေလှမ်းလှမ်းတဲ့အခါ ဒုတိယခြေလှမ်းရောက်ရင် ပထမခြေလှမ်းရှိသေးရဲ့လား၊ မရှိဘူး။ တတိယခြေလှမ်းလှမ်းတဲ့အခါ ဒုတိယခြေလှမ်းရှိသေးလား၊ မရှိဘူး။ အဲဒီလိုပဲ နာမ်တရားတွေဟာလည်း ရှေ့ကပျက်သွားပြီးမှ နောက်ကပေါ်တာ။ ရှေ့စိတ်အကုန်လုံး ပျောက်သွားပြီးမှ နောက်စိတ်က ပေါ်လို့ရတယ်။ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော လို့ပြောတာ။ မရှိတော့

စာမျက်နှာ-၂၄၄
ဘူး၊ ရှေ့ကဟာတွေ ပျောက်မှ နောက်ကဟာတွေ ပေါ်လို့ရတယ်။

အခုဘုန်းကြီးဟောတဲ့ အသံကိုပဲကြည့်၊ ပြန်တွေးလို့ရလို့သာ လူတွေသိတာ။ အသံဟာ တစ်လုံးစီထွက်တယ်။ နောက်အသံပေါ်လာတာနဲ့ ရှေ့ကအသံတွေ ပျောက်နေတာ။ ရပ်မနေဘူး။ တစ်လုံးချင်းထွက်တာ။ ပြီးတော့မှ ပြန်စီပြီးတွေးနေတာ။ ထွက်တာက တစ်သံချင်းထွက်တာ၊ ပြောကြည့်လေ၊ တွေးနေတာလို့။ ဒီအသံလေးကို ကြားလိုက်ရင် "နေ" ဆိုတာ ကြားလိုက်ရင် "တွေး" ဆိုတာ မရှိတော့ဘူး။ "တာ" ဆိုတဲ့အသံ ထွက်လာတဲ့အခါ "နေ" ဆိုတာ မရှိတော့ဘူး။ ရှေ့ကဟာပျောက်မှ နောက်ကဟာပေါ်တာ။ နောက်ကဟာပေါ်လာရင် ရှေ့ကဟာတွေ ပျောက်သွားပြီး...

အဲဒီအတိုင်းပဲ၊ အားလုံးဟာ ပေါ်လာပြီး ပျောက်ပျောက်သွားနေတာ။ အဲဒီတော့ ဘဝကူးတဲ့အခါမှာ ဒီဘဝက ဘာမှပါမသွားဘူး။ သို့သော် ကံရဲ့အဟုန်ကြောင့် ကံကနေ အာရုံတစ်ခုကို ဖန်တီးထားလိုက်တဲ့အခါ သူသွားရမယ့်ဘဝတစ်ခုရဲ့ အာရုံတစ်ခုဟာ သူ့စိတ်ထဲမှာ ရောက်နေတယ်။ ငရဲမီးမြင်ရင်လည်း မြင်နေမယ်။ သို့မဟုတ် သူဟာ နွားတွေကြားထဲရောက်ချင်ရောက်နေမယ်။ သို့မဟုတ် တောအုပ်ကြီးထဲ

စာမျက်နှာ-၂၄၅
ရောက်ချင်လည်း ရောက်နေမယ်။ သူ့စိတ်ထဲမှာ နော်။ အဲဒီလိုတစ်ခုခု အာရုံရှိနေအောင် ကံကလမ်းခင်းပေးထားတယ်။

အဲဒီ ကံလမ်းခင်းထားတဲ့အတိုင်း ဘယ်သူက လျှောက်သွားသလဲဆိုရင် ပဋိသန္ဓေစိတ်ကလေးက လျှောက်သွားတာ၊ ဘွားခနဲပေါ်သွားတယ်။ အကြောင်းတိုက်ဆိုင်လိုက်လို့ ပေါ်သွားတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက “ကပ္ပံ ခေတ္တံ၊ ဝိညာဏံ ဗီဇံ” = ကံက အဲဒီအချိန်မှာ မြေကြီးပဲ။ ဒါပြင် ဘာမှမြေကြီးမရှိဘူး။ ကံပဲရှိတယ်။ ဘဝတစ်ခုစတဲ့အခါမှာ မြေကြီးပေါ်မှာ ဝိညာဏ်မျိုးစေ့လေး ကျတယ်လို့ပြောတာ။ ကံဆိုတာ လယ်မြေပဲ၊ အပင်ပေါက်တဲ့မြေကို ခေတ္တလို့ဆိုတာ၊ အပင်ပေါက်နိုင်တဲ့ ကံမြေလွှာမှာ ဝိညာဏ်ဆိုတဲ့ မျိုးစေ့ကလေး ကျရောက်ပေါက်ဖွားတာ။ တဏှာဆိုတဲ့ အတွယ်အတာကလေးက ပေါက်လို့ရအောင် အစိုဓာတ်ထည့်ပေးတာ။

သစ်စေ့ရဲ့သဘာဝအတိုင်း အစေ့လေးတစ်ခုက ပေါက်ဖို့ရာအတွက် ရှိရမယ်။ မြေနဲ့ရေ ပေါင်းလိုက်ရင် သူပေါက်မယ်။ အဲဒီလိုပဲ ဝိညာဉ်မျိုးစေ့လေးဟာ ကံဆိုတဲ့မြေလွှာပေါ်မှာ တဏှာဆိုတဲ့ ရေဖြန်းပေးလိုက်တာနဲ့ သူက အပင်လေးပေါက်သွားတယ်။ မျှော်

စာမျက်နှာ-၂၄၆
ဘဝတစ်ခုစပြီး ဝိညာဉ်မျိုးစေ့ အဲဒီဝိညာဉ်မျိုးစေ့လေး ကျလိုက်တာနဲ့ ဝိညာဉ်မျိုးစေ့လေးနဲ့ ဆက်သွယ်ပြီးတော့ နာမရူပဆိုတဲ့ နာမ်တွေ၊ ရုပ်တွေရလာတယ်။ ကြီးထွားလာတယ်။ တဖြည်းဖြည်း ကလလရေကြည်ကနေ စပြီးကြီးထွားလာတယ်။

ကြီးထွားလာတော့ ဘာတွေဆက်ဖြစ်သလဲဆိုရင် ပဋိစ္စသမုပ္ပာဒ်နဲ့ အကြမ်းဖျင်းပြောရအောင် ပဋိသန္ဓေစိတ်ကလေး စတည်လိုက်တာနဲ့ အဲဒီနာမ်ရုပ်အစဖြစ်ရာဌာနကို ကလလရေကြည်လို့ခေါ်တယ်။ အဲဒီကလလရေကြည်လေးဟာ တစ်ပတ်ကြာလာတဲ့အခါ အမြှုပ်လေး (အဗ္ဗဒ) ဖြစ်လာတယ်။ နောက်တစ်ပတ်ကြာတော့ သားတစ်ကလေး (ပေသိ) ဖြစ်လာတယ်။ နောက်တစ်ပတ်ကျော်တဲ့အခါ မာမာအတုံးကလေး (ဃန) ဖြစ်လာတယ်။ နောက် (၅)ပတ်မြောက်တဲ့အခါကျတော့ ခက်မ (ပသာခ) ပေါ်လာတယ်။ ဖုလေး(၅)ခုပေါ်လာတယ်။ အဖုလေးတစ်ခုက ခေါင်းပေါ့။ အပေါ်အဖုလေး (၂)ခုက လက်၊ အောက်အဖုလေး (၂)ခုက ခြေထောက်ဖြစ်ဖို့ အဖု(၅)ခုပေါ်လာတယ်။ ခက်မငါးဖြာခေါ်တယ်။ အဲဒါ (၅)ပတ်မြောက် ရက်ပေါင်း (၃၅) မှာပေါ်လာတယ်။

အဲဒီက ရင့်ကျက်လာလို့ ရက်သတ္တ (၈)ပတ်မြောက်၊ (၅၆)ရက်အတွင်းရှိ သန္ဓေသားကို embryo

စာမျက်နှာ-၂၄၇
လို့ခေါ်တယ်။ နောက်ပိုင်းကျတော့ သန္ဓေသားကို fetus (foetus) လို့ခေါ်တယ်၊ အဲဒီကနေပြီး ကျမ်းဂန်ထဲမှာ (၇)ရက်၊ သို့မဟုတ် (၁၁)ပတ်မြောက်မှာ မျက်လုံးတို့ နားတို့ တဖြည်းဖြည်းပေါ်လာတယ်။ (၄၂)ပတ် (၂၉၄ရက်)ကျတော့ ဆံပင်လေးတွေပေါက်လာတယ်။ ဒီဘဝကဟာထဲက နောက်ဘဝအတွက် ဘာမှပါမသွားဘူး။ ကံမြေလွှာပေါ်မှာ ဝိညာဉ်မျိုးစေ့လေးကျရာက အသစ်တဖန်ပြန်စရတာပါ။

ဥပမာ - သစ်စေ့တစ်ခုကို စိုက်လိုက်တဲ့အခါကျတော့ ပထမအမြစ်ကလေး ဆင်းလာတယ်။ အမြစ်ဆင်းတော့ အပေါ်မှာ အညှောက်လေးတက်လာတယ်။ အဲဒီကနေပြီးတော့ ပင်စည်ဖြစ်လာတယ်။ အကိုင်းအခက်ဖြစ်လာတယ်။ အရွက်ကလေးတွေပါလာတယ်။ အချိန်တန်တော့ အပွင့်ကလေးတွေနဲ့၊ နောက်တော့ အသီးသီးလေးတွေ ဖြစ်လာတယ်။ လူလည်း ဒီအတိုင်းပါပဲ။

ဘာတွေက အကူအညီပေးလို့ ကြီးထွားလာတာလဲဆိုတော့ အာဟာရက အထောက်အကူပြုတယ်။ ဥတုကလည်း အထောက်အကူပြုတယ်။ အသိစိတ်တွေကလည်း အထောက်အကူပြုတယ်။ ကံကလည်း အထောက်အကူပြုတယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ၊

စာမျက်နှာ-၂၄၈
ဒီအကြောင်းလေးပါးကြောင့် လူရဲ့ရုပ်ခန္ဓာကိုယ်ဟာ ကြီးထွားလာတယ်။

ဒါကြောင့်မို့ ရုပ်ခန္ဓာကိုယ်ဟာ ပြင်လို့ရတယ်၊ ကြည့်၊ မြန်မာပြည်မှာ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေဝင်လာတယ်။ အသက်အရွယ်ကြီးတဲ့သူတွေ မီပါလိမ့်မယ်။ အဲဒီတုန်းက ဂျပန်တွေဟာ ငပုတွေပဲ၊ လက်တံတွေကလည်း တိုတိုလေးတွေ၊ လူပုလေးတွေ၊ ဒုတိယကမ္ဘာစစ်ပြီးလို့ တိုင်းပြည်ပြန်လည်တည်ဆောက်တဲ့အခါကျတော့ အာဟာရကိုလည်း ပြင်လိုက်ရော ဂျပန်တွေထွားလာတယ်။ လူထွားကြီးတွေဖြစ်လာကြတယ်။

ဘာဖြစ်လို့တုံးဆိုတော့ ဒီခန္ဓာကိုယ်က ကံတစ်ခုတည်းမဟုတ်ဘူး၊ ဥတုနဲ့ အာဟာရပေါ်မှာ မှီပြီးတော့ ကြီးထွားလာတာ။ ဒါကြောင့်မို့ နားလည်တဲ့နိုင်ငံတွေကျတော့ အစာအာဟာရတွေ ပြောင်းပေးလိုက်တယ်။ ကိုယ်ကာယကြီးထွားစေတဲ့ အစာအာဟာရတွေ စားပေးတဲ့အတွက်ကြောင့် ကြီးထွားလာတယ်။ လူတွေစားတဲ့ အာဟာရ၊ လူတွေနေထိုင်ကြရတဲ့ ရာသီဥတုပေါ်မှာမှီပြီး အသက်ရှင်တည်နေရတာ။ အဲဒီတော့ ဘဝတစ်ခုဟာ ကံကချည်းပဲ အဆုံးအဖြတ်ပေးတာ

စာမျက်နှာ-၂၄၉
မဟုတ်ဘူး၊ ဥတုနဲ့ အာဟာရကလည်း အဆုံးအဖြတ်ပေးတယ်။

ဒီထက်သေချာတာလေး တစ်ခုပြောပြမယ်။ ကဿပမြတ်စွာဘုရားနဲ့ ဂေါတမမြတ်စွာဘုရား၊ ဘုရားဖြစ်ဖို့ ပါရမီဖြည့်ရတဲ့ ကံချင်းက အတူတူပဲလို့ပြောရမယ်၊ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းစီ ပါရမီဖြည့်ကြရတယ်။ ကံက အတူတူပါပဲ။ ကဿပမြတ်စွာဘုရားက (၂)သောင်းတမ်းမှာ အနှစ်(၂)သောင်း အသက်ရှည်ပြီး ဂေါတမမြတ်စွာဘုရားက တစ်ရာတမ်းမှာ အသက်(၈၀)ပဲနေရတယ်။ ကံလို့ပြောမလား၊ ပြောလို့မရဘူး။ ကံကြောင့်မဟုတ်ဘူး၊ ကံက အဆုံးအဖြတ်ပေးတာမဟုတ်ဘူး။

ကဲ... ကံမဟုတ်ရင် ဘာက အဆုံးအဖြတ်ပေးတာတုံး။ အသက်အတိုအရှည်ကို ဥတုနဲ့ အာဟာရက အဆုံးအဖြတ်ပေးတာ။ သက်တမ်းတစ်ခုရဲ့ ဥတုအာဟာရအရည်အသွေး အခြားသက်တမ်းတစ်ခုရဲ့ ဥတုအာဟာရအရည်အသွေးနဲ့ မတူဘူး၊ ဥတုရာသိ တောကို မှီ၏ လို့ပြောနေကြတယ်။ ကဿပမြတ်စွာဘုရားလက်ထက်မှာရှိတဲ့ ဥတုအာဟာရအရည်အသွေးက ပိုကောင်းတယ်။ ဥတုနဲ့အာဟာရဆိုတာ အပြန်အလှန်အကျိုးပြုနေကြတာ၊ ဥတုကိုမှီပြီးတော့ စားစရာ

စာမျက်နှာ-၂၅၀
သီးနှံတွေရတယ်။ ဥတုကောင်းရင် စားသီးနှံတွေက အဆီသြဇာပြည့်တော့ လူရဲ့အသက်ကို ပိုပြီးတော့ energy ဖြစ်စေရစေတယ်။ ဥတုမကောင်းရင် သိတဲ့အသီးအနှံတွေဟာလည်း အာဟာရဓာတ် မပြည့်ဝဘူး။ အာဟာရဓာတ်မပြည့်ဝတဲ့ အစာအာဟာရစားနေကြရတဲ့ လူတွေဟာ အသက်တိုကြတယ်။ ကံရှိတိုင်းလည်း အသက်ရှည်လို့မရဘူးပြောတာ။

ဒီခေတ်မှာရှိတဲ့ ဥတုနဲ့ ဒီဥတုကိုမှီပြီး ပေါက်ရတဲ့ သီးနှံတွေ အစာအာဟာရတွေဟာ လူရဲ့ခန္ဓာကိုယ်ကြီးကို အနှစ်တစ်ရာထက်ပိုပြီး မထိန်းနိုင်ဘူး။ ကဿပမြတ်စွာဘုရားရှင်လက်ထက် ဥတုနဲ့ အာဟာရက လူ့ခန္ဓာကိုယ်ကို နှစ်ပေါင်းနှစ်သောင်းကြာအောင် ထိန်းနိုင်တယ်။ ဒါကြောင့်မို့ “ဥတုနာ ဘောဇနေန အာယု ဟာယတိပိ ဝဍ္ဎတိပိ” = ဥတုနဲ့ အာဟာရကြောင့် လူတွေရဲ့သက်တမ်းဟာ ယုတ်သွားတဲ့အခါ ယုတ်လျော့သွားတယ်။ တိုးတဲ့အခါတိုးလာတယ်။ ကံကြောင့်လို့မပြောဘူးနော်။

ရုပ်တရားဟာ ခုလို ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်း(၄)ပါးကြောင့် ဖြစ်လာရတယ်။ ဒီလိုဆို နာမ်တရားကရော ဘာကြောင့်ဖြစ်တာတုံးလို့ မေးရင် ကံမြေလွှာမှာ ပေါက်လာရတဲ့ သန္ဓေစိတ်ကလေးက

စာမျက်နှာ-၂၅၁
စခဲ့တဲ့ဘဝမှာ ရုပ်အခြေခံလေးတွေပါတယ်။ အဲဒီရုပ်ကလေးတွေနဲ့ ကလလရေကြည်ကို ဖွဲ့စည်းထားတယ်။ အဲဒီထဲမှာ ပဋိသန္ဓေစိတ်တည်လာတယ်။ တည်လာတော့ ရုပ်တွေ နာမ်တွေ ဖြစ်လာတယ်ပေါ့။ ခုနက သစ်ပင်တွေမှာ အမြစ်ထွက်သလို အကိုင်းထွက်သလို ထွက်လာတယ်။

ထွက်လာတဲ့အခါ ဘာတွေပါလာတုံးဆိုရင် organ တွေ ပါလာတယ်။ အဲဒါကို သဠာယတန လို့ခေါ်တယ်။ အာယတန(၆)ပါးပေါ့။ လူရဲ့ခန္ဓာကိုယ်မှာ organ တွေပါလာတယ်။ organ တွေပါလာတော့ ပြင်ပနဲ့ဆက်သွယ်မှုတွေ လုပ်လာတယ်။ သဠာယတနပစ္စယာ ဖဿော - တဲ့၊ ပြင်ပအာရုံတွေနဲ့ အဆက်အသွယ်တွေရသွားတယ်။ မျက်စိလို့မြင်တယ်။ နားပါလို့ကြားတယ်။ အဆက်အသွယ်တွေရတော့ ဘာဖြစ်တုံး၊ အတွေ့အကြုံတွေရလာတယ်ပေါ့။

အတွေ့အကြုံတွေရလာတဲ့အခါကျတော့ မကောင်းတာကျတော့ မကြိုက်ဘူး။ ကောင်းတာကျတော့ ကြိုက်တယ်ဆိုတဲ့ ခံစားမှု ဝေဒနာတွေဖြစ်လာတယ်။ ခံစားမှုဝေဒနာ ဖြစ်လာတဲ့အခါကျတော့ ကြိုက်တယ် မကြိုက်ဘူးကွဲလာတယ်။ ကြိုက်တယ်

စာမျက်နှာ-၂၅၂
မကြိုက်ဘူးကွဲလာတဲ့အခါ ကြိုက်တာကို လိုချင်လာတယ်၊ “ဝေဒနာပစ္စယာ တဏှာ” ဖြစ်လာတယ်။

တဏှာဖြစ်လို့ လိုချင်လာတဲ့အခါ လူတွေရဲ့စိတ်ထဲမှာ စွဲနေတယ်။ ဒါလေးကို နောက်ထပ်ရချင်တယ်။ စိတ်ထဲမှာ စွဲလမ်းမှုတွေဖြစ်လာတယ်။ “တဏှာပစ္စယာ ဥပါဒါန” ပေါ့၊ စွဲလမ်းတော့ ဘာဖြစ်တုံးဆိုရင် ဘဝဆိုတာကို တည်ဆောက်လိုက်တယ်။ ဘဝတစ်ခုဖြစ်လာတယ်။ “ဥပါဒါနပစ္စယာ ဘဝေါ” တဲ့။ ဘဝဖြစ်လာတော့ ဘာဖြစ်တုံး၊ ဇာတိ တဲ့။ မွေးဖွားမှုဆိုတာ ရလာပြန်တယ်။

ဒါကြောင့် “ဘဝပစ္စယာ ဇာတိ” လို့ဟောတာပါ။ ဇာတိဖြစ်လာတော့ “ဇာတိပစ္စယာ ဇရာ” တဲ့၊ အိုရပြန်တယ်။ အဲ့တော့ ဘာဖြစ်တုံးဆို သေရခြင်းမှာ ဘဝတစ်ခု အဆုံးသတ်ရတာပေါ့။ ပဋိစ္စသမုပ္ပာဒ်က ဒါကိုပြောတာ၊ မြတ်စွာဘုရားက အကျိုးနဲ့အကြောင်းနဲ့ ဆက်ပြီး လူ့ဘဝကို သရုပ်ဖော်ထားတာ။

အဲဒီတော့ လူ့ဘဝကို ဘာကစတုံးဆိုရင် ပဋိစ္စသမုပ္ပာဒ်အရ အဝိဇ္ဇာကစတာ၊ အေး... မွေးလာတာကစပြီး လူတစ်ယောက်ဟာ လုပ်သင့်မလုပ်သင့် မသိဘူး၊ မသိတဲ့အခါ ရမ်းလုပ်တယ်။ ရမ်းလုပ်တော့ ပြဿနာတက်တယ်။ ဟော... ဒီနေရာမှာ မသိတာက အဝိဇ္ဇာ၊ ရမ်းလုပ်တာက သင်္ခါရ၊ ပြဿနာတက်တာက

စာမျက်နှာ-၂၅၃
ဝိညာဉ်ပေါ့။ ပြဿနာတက်လာတဲ့အခါ ထိုပြဿနာကို အကြောင်းပြုပြီး နောက်ထပ်ပြဿနာတွေ အများကြီး ဆက်ဆက်ဖြစ်လာတယ်။ အဲဒီပြဿနာတွေက ဖြေရှင်းဖို့ခက်တယ်၊ လွယ်လွယ်နဲ့ ဖြေရှင်းလို့မရဘူး။ အမယ်ဘုတ်ရဲ့ သူ့ချည်ခင်လို ရှုပ်ထွေးနေပြီး အစမထင်အောင် သံသရာလည်ရတော့တာပေါ့။

သံသရာလည်တဲ့နေရာမှာ တစ်ခါတစ်ရံ အဝိဇ္ဇာက ဦးဆောင်တယ်။ တစ်ခါတစ်ရံကျတော့ တဏှာက ဦးဆောင်တယ်။ ဒီနှစ်ခုဟာ ဦးဆောင်မှုပေးတာချင်း မတူဘူး။ ရှင်းရှင်းလေး သဘောပေါက်အောင် ပြောပြမယ်။ အဝိဇ္ဇာက ဦးဆောင်တယ်ဆိုတာ ဘယ်လိုတုံး၊ လူငယ်တစ်ယောက်ဆိုပါစို့၊ သူငယ်ချင်းတွေက မင်း ဒီဘိန်းဖြူလေးကို စမ်းကြည့်ပါလား။ အင်မတန်ဇိမ်ရှိတာလို့ ပြောကြတယ်။ ပြောတဲ့အခါကျတော့ ဘိန်းဖြူရဲ့အပြစ် ဆိုးကျိုးကို မသိမမြင်လို့ ကောင်းကျိုးရမယ်ထင်ပြီး စမ်းကြည့်လိုက်တယ်။ အဲဒီမှာ ဆိုးကျိုးမမြင်တာက အဝိဇ္ဇာ။ အဲဒီဆိုးကျိုးမမြင်တဲ့ အဝိဇ္ဇာက ဒီအလုပ်ကို ဦးဆောင်နေတာ။ မသိသည့်အတွက်ကြောင့် သုံးကြည့်လိုက်တယ်။ သုံးကြည့်လိုက်တော့ ဘာဖြစ်သွားသလဲ စွဲသွားတယ်။ စွဲသွားတဲ့အခါကျတော့ ဘိန်းဖြူမကောင်းမှန်း သူသိသွားပြီး၊ ဟာ

စာမျက်နှာ-၂၅၄
ဒုက္ခပဲ၊ မကောင်းမှန်းသိတော့ ဖြတ်ချင်တယ်။ ဖြတ်ချင်ပေမယ့် ဖြတ်လို့ရသေးလား။ (မရပါဘူးဘုရား။) အဲဒီကျတော့ သိလျက်နဲ့ လုပ်နေရပြီ၊ လုပ်ရတဲ့အခါ တွယ်တာမှုတဏှာက ဦးဆောင်နေပြန်တယ်။ ဒါကြောင့် အဝိဇ္ဇာနဲ့ တဏှာကို ဝဋ်မြစ်(၂)ခုလို့ပြောတာနော်။

တစ်ခါတစ်ရံ ဘဝကို အဝိဇ္ဇာက ဦးဆောင်သွားတယ်။ တစ်ခါတစ်ရံ တဏှာက ဦးဆောင်သွားတယ်။ တဏှာက ဦးဆောင်နေတဲ့အခိုက် လူတွေဟာ သိလျက်သားနဲ့ မိုက်နေကြတယ်။ တဏှာကို မတွန်းလှန်နိုင်လို့ မိုက်တာလေး အရက်သမားတွေ မေးကြည့် အရက်မကောင်းမှန်း တချို့သိတယ်၊ ဒါပေမဲ့ မဖြတ်နိုင်ဘူး။ အဲဒီကျတော့ တဏှာက ဦးဆောင်နေပြီလေ၊ အရက်ရဲ့ဆိုးကျိုးတွေကို သိတယ်။ မသိဘူးမဟုတ်ဘူး။ သို့သော် မဖြတ်နိုင်တော့ဘူး၊ တဏှာက ဦးဆောင်သွားပြီ။ ပထမတုန်းကတော့ ကောင်းမယ်ထင်လို့ လုပ်ကြည့်လိုက်တာ။ အဲဒီတုန်းက အဝိဇ္ဇာက ဦးဆောင်တာ၊

နာမ်နဲ့ရုပ်ကို ခွဲခြမ်းသိမြင်တဲ့ “နာမရူပပရိစ္ဆေဒဉာဏ်”၊ နာမ်ရုပ်(၂)ပါးရဲ့ မှန်ကန်တဲ့အကြောင်းတရားကို သိမြင်တဲ့ “ပစ္စယပရိဂ္ဂဟဉာဏ်”၊ ဒီဉာဏ်(၂)ပါးကို ရခဲ့ရင် နိဗ္ဗာန်တံခါးအနီးရောက်ပြီလို့ပဲ ပြောပါစို့။ ဝင်ဖို့တော့ ကိုယ့်ဘာသာကိုယ် ကြိုးစားကြပေါ့။ ဒီဉာဏ်

စာမျက်နှာ-၂၅၅
နှစ်ခုဟာ အင်မတန်မှ အရေးကြီးလို့ ဝိသုဒ္ဓိမဂ်မှာ အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်က ဘာပြောတုံးဆိုတော့ နာမရူပပရိစ္ဆေဒဉာဏ်လို့ဆိုတဲ့ ရုပ်နာမ်ကွဲတဲ့ဉာဏ်ရယ်။ ပစ္စယပရိဂ္ဂဟဉာဏ်လို့ဆိုတဲ့ အကြောင်းတရားကို ပိုင်းခြားသိတဲ့ဉာဏ်ရယ် နှစ်ခုနဲ့ ပြည့်စုံတဲ့သူဟာ မြတ်စွာဘုရားသာသနာမှာ ထောက်တည်ရာတွေရပြီတဲ့။ သောတာပန်အငယ်စားဖြစ်ပြီတဲ့။ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ပြီလို့ ပြောတာနော်။

အေး...

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင် ပရိသတ်တို့၊ ကမ္မဿကတာသမ္မာဒိဋ္ဌိ ဆိုတဲ့ ဒီသမ္မာဒိဋ္ဌိကိုလည်း မိမိတို့သန္တာန်မှာ ပြည့်စုံစေရမှာဖြစ်တယ်။

နောက်တစ်ဖက်က အရေးကြီးတဲ့ ဝိပဿနာသမ္မာဒိဋ္ဌိရဲ့အခြေခံဖြစ်တဲ့ နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်၊ ဒီဉာဏ်နှစ်ဉာဏ်ကို ရင့်သန်အောင်လည်း လုပ်ကြရမှာဖြစ်ပါတယ်။ ရင့်သန်မှသာလျှင် ဒီသာသနာတော်ကြီးနှင့် ကြုံတွေ့ရတဲ့အကျိုး သာသနာတော်ကြီးရဲ့အဓိပ္ပာယ်ဟာ ပြည့်ပြည့်စုံစုံဖြစ်မှာပါ။ လူဖြစ်ရတဲ့ လူရဲ့ဘဝအဓိပ္ပာယ်ဟာ ပြည့်စုံမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်စီနှလုံးထားပြီး ဒီဉာဏ်နှစ်ပါးနဲ့ ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ သာဓု --- သာဓု --- သာဓု။
h9w1qootjbj717iol1sd73zbie26vdv
နိယျာနိကသာသနာ
0
6373
22169
2026-06-16T02:39:15Z
Tejinda
173
"{{header | title = နိယျာနိကသာသနာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = နိဗ္ဗာန်တံခါးကြ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22169
wikitext
text/x-wiki
{{header
| title = နိယျာနိကသာသနာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ]]
| previous2 =
| next = [[အစွမ်းတန်ခိုးများနှင့် သာသနာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

နိယျာနိကသာသနာ

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၂) ရက်၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ပေါင်းလည်းတိုက်၊ မဟာအောင်မြင် ရွှေသာလျောင်း ဓမ္မဗိမာန်တော်အတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနား၌ မန်းမြို့ဈေး၊ သီရိရွှေစင် ရွှေဆိုင်၊ သုဓမ္မမဏိဇောတဓရ ဦးအောင်နိုင်ဆွေ၊ သီရိသုဓမ္မသိင်္ဂီ ဒေါ်မြင့်မြင့်နွယ်၊ သား မောင်ဟိန်းသူ၊ မောင်ငြိမ်းခန့်ကျော် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “နိယျာနိက သာသနာ” အကြောင်း တရားဒေသနာတော်။

ရှေးတုန်းက “နိယျာနိကသာသနာတော်မြတ်ကြီးနှင့် ကြုံတွေ့သည့်အခါမှာ” စသဖြင့် မြန်မာစာပေမှာ နိယျာနိက သာသနာဆိုတဲ့ အသုံးရှိတယ်။ ယနေ့ခေတ် ဘာသာတရားတွေမှာ သူကလည်း သာသနာ၊ ကိုယ်ကလည်း သာသနာဆိုပြီး သာသနာဆိုတဲ့နာမည်ကို အသုံးပြုဖော်ပြကြတယ်။

အဲဒီသာသနာလို့ ဖော်ပြကြတဲ့ ဘာသာတရားတွေထဲမှာ ဗုဒ္ဓမြတ်စွာရဲ့ သာသနာက တခြားဘာသာတွေနဲ့ မတူတဲ့ နိယျာနိကသာသနာ ဖြစ်တယ်လို့ ဒီလိုမှတ်ရမယ်။ နိယျာနိကနဲ့ အနိယျာနိကဆိုတဲ့ ဒီစကားလုံးနှစ်လုံးဟာ ပါဠိစကားဖြစ်သည့်အတွက်ကြောင့် မြန်မာလိုအဓိပ္ပာယ်ရှင်းအောင် ပြောကြားရမယ်ဆိုရင် နိယျာနိကဆိုတာ တကယ်လုပ်ရင် တကယ်ဖြစ်တဲ့ အဆုံးအမဩဝါဒလို့ ဒီလိုဆိုလိုတယ်။

အဲဒီတော့ မှန်ကန်တဲ့ အဆုံးအမဩဝါဒသည်သာလျှင် တကယ်လုပ်လျှင် တကယ်ဖြစ်တယ်။ မှားယွင်းတဲ့ အဆုံးအမဩဝါဒတွေ လိုက်နာပြီး လုပ်မိလို့ရှိရင် ကိုယ့်ရည်ရွယ်ချက်အတိုင်း ဖြစ်ချင်မှဖြစ်တယ်။ မြတ်စွာဘုရားသာသနာတော်ကတော့ ဒီလိုမဟုတ်ဘူး။ ဘုရားအဆုံးအမ၊ အေး ဒါနကောင်းမှုပြုရင် ဘယ်လိုအကျိုးရတယ်၊ သီလဆောက်တည်ရင် ဘယ်လိုအကျိုးရတယ်၊ ကမ္မဋ္ဌာန်းဘာဝနာပွားများအားထုတ်ရင် ဘယ်လိုအကျိုးရတယ်၊ ဘယ်ကုသိုလ်က ဘယ်လိုအကျိုးရတယ်ဆိုတာ ဟောပြထားတဲ့အတိုင်း တကယ်လိုက်နာပြီးလုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ တကယ်အကျိုးရနိုင်တယ်။ “နိယျာတီတိ နိယျာနိကာ” မြတ်စွာဘုရားရဲ့ သာသနာတော်ဟာ တကယ့်ကို သံသရာဝဋ်က သတ္တဝါတွေကို ထုတ်ဆောင်ကယ်တင်ပေးနိုင်မယ့် သာသနာဖြစ်တယ်။ လိုက်နာကျင့်သုံးရင် တကယ်ဖြစ်တယ်၊ ဒီအဓိပ္ပာယ်မျိုးရှိတယ်။

အနိယျာနိကသာသနာလို့ဆိုတာ သာသနာလို့ခေါ်ပေမယ့်လို့ တကယ်လုပ်လည်း ဖြစ်တာမဟုတ်ဘူး။ မျှော်မှန်းချက်အတိုင်း ဘယ်တော့မှရောက်မလာဘူး။ မှားယွင်းစွာ ညွှန်ပြထားတဲ့ အဆုံးအမတွေကျတော့ သူတို့ပြောတဲ့အတိုင်း ရောက်ချင်မှရောက်မယ်။ ဥပမာမယ် ဒီကောင်းမှုလုပ်ရင် ထာဝရဘုံဗိမာန်နဲ့ ထာဝရနိဗ္ဗာန်မှာ စံစားရမယ်လို့ ဒီလိုပြောထားတာ။ အဲဒီလိုပြောထားလို့ တကယ်လုပ်ပြီဆိုလို့ရှိရင် ထာဝရဗိမာန်မရောက်ဘဲနဲ့ ထာဝရငရဲရောက်သွားတာမျိုးတွေ ရှိသေးတယ်။

အဲဒီလိုပြောတဲ့အတိုင်း ထုတ်ဆောင်နိုင်စွမ်းမရှိတဲ့ သာသနာမျိုးကို “အနိယျာနိကသာသနာ”လို့ခေါ်တယ်။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာသာသနာတော်က သာသနာလို့ဆိုတဲ့အထဲမယ် နိယျာနိကသာသနာ။ မြတ်စွာဘုရားက ထိုထိုသုတ္တန်တွေထဲ ဟောလေ့ရှိတယ်။ “နိယျာတိ တက္ကရဿ သမ္မာ ဒုက္ခဿ အန္တကိရိယာယ” ဟောထားတဲ့အတိုင်း လိုက်နာကျင့်သုံးရင် တကယ့်ကို ဒုက္ခအဆုံးသတ်ဖို့၊ တကယ့်ကို စစ်မှန်တဲ့နည်းလမ်းအတိုင်း ကျင့်ကြံကြိုးကုတ်အားထုတ်လို့ရှိရင် တကယ့်ကို ဒုက္ခဟာ အဆုံးသတ်ဖို့အတွက် ဒီတရားတော်က ထုတ်ဆောင်ပေးနိုင်တယ်လို့ ဒီလိုဆိုတာနော်။

အဲဒီတော့ ထုတ်ဆောင်ပေးနိုင်ပုံ ကြည့်လေ။ အားလုံးသိကြတဲ့ ဇာတ်လမ်းကိုပြောမယ်။ “ပဋာစာရီ”ဆိုတဲ့ သူဌေးသမီးဟာ ကံမကောင်းအကြောင်းမလှဖြစ်ရှာတယ်။ အိမ်ထောင်ရေးလည်း ကံမကောင်းဘူး။ အိမ်ထောင်ရေးကံမကောင်းရုံတင်မကဘူး “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ”ဆိုတဲ့အတိုင်း တစ်လမ်းလုံး ဒုက္ခတွေရောက်ပြီး မိမိရဲ့အိမ်ထောင်ဘက်ကလည်း မြွေကိုက်လို့သေ၊ လမ်းမှာမွေးဖွားလာတဲ့ သားလေးနဲ့ လူမမယ်သားလေးနှစ်ယောက်ကလည်း လမ်းမှာတင်ဆုံးသွားတယ်။ အားကိုးစရာမဲ့လို့ အိမ်ပြန်လာတယ်။ အိမ်မှာရှိတဲ့ အားကိုးရမယ့် အဖေ၊ အမေ၊ မောင်ကလည်း ကံမကောင်းအကြောင်းမလှလို့ တစ်ရက်ထဲမှာ ဆုံးသွားကြတယ်။ သူ့ဘဝဟာ နောက်လှည့်ကြည့်ဘာမှမရှိတော့တဲ့ အနေအထား။ ဒီလိုအခြေအနေမျိုးကြုံသူမှ မရူးရင် ဘယ်သူရူးမလဲပေါ့။ အဲဒီလောက်ထိအောင် စိတ်ဆင်းရဲစရာတွေ ကြုံရတယ်။ အဲဒီလိုစိတ်ဆင်းရဲမှုတွေက လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်တယ်ဆိုတာ မြတ်စွာဘုရားသာသနာတစ်ခုပဲရှိတယ်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ရဲ့ တရားဓမ္မအတိုင်း ကျင့်ကြံကြိုးကုတ်အားထုတ်ဖို့ ပထမဘုရားနဲ့တွေ့တော့ စိတ်သက်သာရာရတယ်၊ နောက်တစ်ခါ မြတ်စွာဘုရားက စိတ်သက်သာရာရအောင် ဘယ်လိုတွေးခိုင်းတာလဲဆိုတော့ အားလုံးသိကြတဲ့အတိုင်း “ဒီဘဝမှာ ပျက်စီးဆုံးရှုံးရတယ်ဆိုတာတဲ့ တစ်အိမ်ထောင်ထဲလည်းမဟုတ်ဘူး၊ မိသားစုတစ်စုထဲလည်းမဟုတ်ဘူး၊ လောကကြီးတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့တရားဖြစ်တယ်ပေါ့။ ဒါတွေလိုက်တွေးပြီး စိုးရိမ်နေမယ်ဆိုရင် လောကကြီးမှာ မသေတဲ့ပုဂ္ဂိုလ်၊ အခုလို ဗျသနတရားတွေနဲ့ မကြုံတဲ့ပုဂ္ဂိုလ်လို့ လောကကြီးမှာရှိမှမရှိတာ။ မကြုံသေးတဲ့ပုဂ္ဂိုလ်သာရှိတာ၊ မကြုံရမယ့်ပုဂ္ဂိုလ်ဆိုတာ မရှိနိုင်ဘူးနော်။

အဲဒီတော့ မကြုံသေးတဲ့ပုဂ္ဂိုလ်သာရှိတာကိုကြည့်ပြီး လူတိုင်းလူတိုင်းဟာ ကြုံရတဲ့ဟာအတွက် စိုးရိမ်သောကရောက်နေမယ်ဆိုလို့ရှိရင် ဘယ်လိုလုပ်ပြီး စိတ်ချမ်းသာမှုရနိုင်မလဲလို့ဆိုတဲ့ မြတ်စွာဘုရားရဲ့ စိတ်ရဲ့ဖြေရာအဆုံးအမဩဝါဒလေးနဲ့ပဲ စိတ်ချမ်းသာမှုရသွားတယ်။ အဲဒီစိတ်ချမ်းသာမှုရသွားတာလေးကို အခြေခံပြီး သတိပဋ္ဌာန်တရား ကျင့်ကြံပွားများလိုက်တဲ့အခါမှာ နောက်ဆုံးမှာ သောကဆိုတာအမြစ်အငုတ်ပါမကျန်တော့ဘူး၊ လုံးဝချမ်းသာသွားတဲ့အဆင့် ရောက်သွားတယ်ပေါ့နော်။ ဘယ်လိုဒုက္ခတွေကြုံကြုံ သောကဆိုတာ မလာတော့ဘူး။

လောကမှာ ဘုန်းကြီးတို့တစ်တွေ စဉ်းစားထားရမှာ သောကဖြစ်စရာဆိုတာ လောကထဲမှာရှိရင် မကြုံဘူးလို့ပြောလို့မရဘူး၊ အဲဒီတော့ ကိုယ်လုပ်နိုင်တာကဘာလဲဆိုရင် ဖြစ်လာတဲ့သောက ဘယ်လိုဖြေဖျောက်မလဲ၊ ဒါက အဓိကကျတယ်ပေါ့။ ဖြစ်လာတဲ့သောကကို ဖြေဖျောက်ဖို့အဓိက။ ဘဝတစ်ခုရလာပြီဆိုရင် မအိုအောင်လည်းလုပ်လို့မရဘူး၊ မနာအောင်လည်းလုပ်လို့မရဘူး၊ မသေအောင်လည်းလုပ်လို့မရဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ဘုန်းကြီးတို့တစ်တွေရထားတဲ့ ခန္ဓာကိုယ်က အိုမယ့်ခန္ဓာ၊ နာမယ့်ခန္ဓာ၊ သေမယ့်ခန္ဓာပဲ။ အိုနာသေရေးလွတ်ဖို့ ကြိုးစားလို့ရှိရင် ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲဒီတော့ ဘာကိုကြိုးစားရမလဲဆိုရင် သဘာဝတရားကြီးပေါ်လိုက်ပြီး စိတ်ပူပန်နေတာကို ဘုန်းကြီးတို့တစ်တွေဟာ ဖျောက်နိုင်အောင်ကြိုးစားဖို့ပဲ။

အေး၊ ဒါကြောင့် မြတ်စွာဘုရားတရားတော်က တကယ်နှလုံးသွင်းလိုက်ပြီဆိုရင် တကယ်လုပ်ဆောင်ပေးတယ်၊ ဆွဲထုတ်ပေးတယ်။ စိတ်ရဲ့အခက်အခဲတွေ၊ စိတ်ရဲ့ပူပန်သောကတွေထဲက ဆွဲထုတ်ပေးတယ်။ ငိုကြွေးနေရတဲ့အနေအထားထဲက ဆွဲထုတ်ပေးတယ်။ ဒုက္ခ ဒေါမနဿတွေထဲက ဆွဲထုတ်ပေးတယ်တဲ့။ နှလုံးသားတွေဟာ ပူလောင်ပြီးတော့ တပူပူတပင်ပင်ဖြစ်နေတဲ့ အပူသည်ဘဝက ဆွဲထုတ်ပေးနိုင်တာ ဒါဘုရားတရားတော်ရဲ့ ခွန်အားပေါ့။ အဲဒါကိုပြောတာ၊ နိယျာနိကဆိုတာ။

ဒီဘဝမှာ စိတ်ဆင်းရဲမှုတွေက ဆွဲထုတ်လိုက်သလို နောက်ဆုံးမှာ အိုခြင်း၊ နာခြင်း၊ သေခြင်းလို့ဆိုတဲ့ ဒီခန္ဓဒုက္ခတွေက ဆွဲထုတ်လိုက်ပြီး နိဗ္ဗာန်ထိအောင် ပို့ဆောင်ပေးနိုင်သေးတယ်ပေါ့။ ခန္ဓာမရှိတော့ဘူးဆိုရင် ခန္ဓာနဲ့ပတ်သက်တဲ့ဒုက္ခ ရှိပါဦးမလား၊ မရှိဘူး။ အဲဒီဒုက္ခက လွတ်ချင်လို့ရရဲ့လားဆိုတော့ နည်းစနစ်အတိုင်း မကျင့်သုံးရင် ဘယ်လိုမှမရနိုင်ဘူးပေါ့။ မှန်ကန်တဲ့နည်းစနစ်နဲ့မှ ဒီခန္ဓာက လွတ်ကင်းနိုင်မယ်။ မြတ်စွာဘုရားက တိတိကျကျ ဒီသာသနာတော်မှာ ဟောထားတယ်။

“ဥပဓိ ဒုက္ခဿ မူလံ” ဒီနေရာမှာ ဥပဓိဆိုတာ ခန္ဓာပဲ။ ခန္ဓာရှိနေလို့ရှိရင် ဒုက္ခရှိမယ်ပေါ့။ အဲဒီခန္ဓာကို ဘယ်သူက ထုတ်လုပ်နေတာတုန်းဆိုတော့ နန္ဒီလို့ခေါ်တဲ့ တွယ်တာမှုတဏှာက ထုတ်လုပ်နေတာ။ အဲဒီတွယ်တာမှုတဏှာကို ဖယ်လိုက်လို့ရှိရင် ဒုက္ခအစုအဝေးကြီးဖြစ်တဲ့ ဒီခန္ဓာဟာ နောက်ထပ်မလာတော့ဘူး။ ဒုက္ခကလွတ်သွားတာတဲ့။ အဲဒီလိုထုတ်ဆောင်ပေးနိုင်တဲ့ သာသနာကို နိယျာနိကသာသနာလို့ခေါ်တယ်။

ဒီကနေ့ခေတ်မှာ ဘုန်းကြီးတို့တစ်တွေ နားမယောင်ကြဖို့ အရေးကြီးတယ်။ ဘုန်းကြီးတို့ငယ်ငယ်တုန်းက ဟောဒီမန္တလေးမှာပဲ မှတ်မိသေးတယ်။ မျက်စေ့အထူးကုဆရာဝန်တစ်ယောက်ကို သွားပြတယ်။ သူက ဗုဒ္ဓဘာသာမဟုတ်ဘူး၊ ဘာသာခြား။ ဘုန်းကြီးတို့က ငယ်သေးတော့ ဘာသာတရားအကြောင်းလည်း ကောင်းကောင်းမသိသေးဘူးပေါ့နော်။ သူကဘာတွေပြောတုန်းဆိုတော့ လောကမှာ ဘုရားဆိုတာတစ်ဆူပဲရှိတယ်။ သူပြောလိုတဲ့ဘုရားက ဂေါတမဗုဒ္ဓကိုပြောတာမဟုတ်ဘူးနော်။ ကမ္ဘာမှာ ဘုရားဆိုတာတစ်ဆူပဲရှိတယ်၊ ပြောချင်တဲ့ဘုရားက ဘာတုန်းဆို Godဆိုတဲ့ဘုရားပဲပေါ့။ အဲဒီ Godဆိုတဲ့ဘုရားကို မြင်ဖူးတဲ့ပုဂ္ဂိုလ် ဘယ်သူမှမရှိဘူးပေါ့နော်။ အဲဒီဘုရားကလည်း တစ်ခါမှ သူတို့ကို တရားဟောတာလည်းမရှိဘူး။

အေး၊ တမန်ကတစ်ဆင့် ဘုရားသခင်ကပြောတယ်လို့ဆိုတယ်။ ကဲ၊ ဘုရားသခင်ကပြောတာ ဘယ်သူကြားသလဲလို့ မေးလို့ရှိရင် ဘယ်သူမှကြားတဲ့လူမရှိဘူးနော်။ အဆင့်ဆင့်ပြောလာတာ ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုးနဲ့ နောက်ဆုံးကျတော့ မရှိတဲ့လမ်းကြောင်းပေါ် ရောက်သွားတာပဲ။ တရားခံလက်သည်ရှာမရတဲ့ လမ်းကြောင်းပေါ် ရောက်သွားတာပဲ။ ဘယ်တော့မှမဆုံးနိုင်တဲ့ အစဉ်အဆက်ကြီးတစ်ခုကိုပဲပြောမယ်၊ ဘယ်သူမှသိတာမဟုတ်ဘူး။

ဘုန်းကြီးတို့တစ်တွေ ကိုးကွယ်နေကြတဲ့ ဗုဒ္ဓမြတ်စွာဆိုတာ ဒါမျိုးမဟုတ်ဘူးလေ။ လူသားထဲက တရားကျင့်ပြီး ထူးထူးခြားခြား အသိဉာဏ်တွေရလို့ မှန်ကန်တဲ့လမ်းစဉ်တစ်ခုချမှတ်ပြီး ဒုက္ခတွေအဆုံးသတ်ရေးကို ဟောပြောတာ။ အဲဒီလိုယုံကြည်စိတ်ချရတယ်။ သူပြောတာလည်းမဟုတ်ဘူး၊ ကိုယ်ပြောတာလည်းမဟုတ်ဘူး၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က အတိအကျဟောထားတာရှိတယ်လေ။ “သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေ” ကိုယ်တိုင်သိပြီးတော့ ကိုယ်တိုင်လက်တွေ့ကျင့်သုံးပြီးတော့မှ အတွေ့အကြုံအတိုင်း ဟောပြောတာပါတဲ့။ အစဉ်အလာ traditionကို ဟောပြောတာလည်းမဟုတ်ဘူး၊ စာအုပ်ထဲပါလို့ဟောတာလည်းမဟုတ်ဘူး၊ စိတ်ကူးပြီးတော့ အကြံရလို့ဟောတာလည်းမဟုတ်ဘူးတဲ့။ ဟော၊ တစ်ဆင့်စကားဘယ်တမန်ကပြောလို့ဆိုတာလည်းမပါဘူး၊ အဲဒီတော့ လက်တွေ့ကျင့်သုံးတယ်၊ မြတ်စွာဘုရားကိုယ်တိုင်ကို အာမခံချက်ပေးတယ်လေ။ ငါဟောတဲ့အတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် “သန္ဒိဋ္ဌိကော” မင်းတို့ကိုယ်တိုင်သိနိုင်တယ်လို့ဟောတာ။ ဒီထက်ကောင်းတဲ့ warranty ဘယ်မှာရှိမလဲနော်။ ကိုယ်တိုင်လုပ်ကြည့်ရင် ကိုယ်တိုင်ရမယ်ဆိုတာ warrantyပဲပေါ့။ အဲဒါကြောင့် ဒီသာသနာကို “နိယျာနိကသာသနာ”လို့ခေါ်တာ။

တစ်ခါတလေ အသံတူတာတွေ ခုခေတ်မှာ တော်တော်များတယ်။ သူကလည်း သာသနာ၊ ငါကလည်း သာသနာ၊ သူကလည်း သာသနာရေး၊ ငါကလည်း သာသနာရေးနော်။ သူကလည်း ဘုရား၊ ငါကလည်း ဘုရား။ ဘုရားဆိုတာ အတူတူပါပဲလို့ ပြောတဲ့လူကလည်းပြောတယ်။ သူတို့လည်း ဥပုသ်စောင့်တယ်၊ ကိုယ်လည်း ဥပုသ်စောင့်တယ်။

ဘုန်းကြီးတို့တစ်တွေ သတိထားရမှာက “အသံတူပေမယ့် အဆံတူရဲ့လား”ဆိုတာကို သတိထားဖို့လိုတယ်။ အဲ၊ အသံကတော့ တူလိမ့်မယ်၊ သူကလည်း ကမ္မဋ္ဌာန်းအားထုတ်တယ်၊ ကိုယ်ကလည်း ကမ္မဋ္ဌာန်းအားထုတ်တယ်၊ သူကလည်း ပုတီးစိပ်မယ်၊ ကိုယ်ကလည်း ပုတီးစိပ်မယ်၊ သူကလည်း ဘုရားဂုဏ်တော်ပွားမယ်၊ ကိုယ်ကလည်း ဘုရားဂုဏ်တော်ပွားမယ်။

ဟော၊ သေသေချာချာကြည့်ရင် မသိတဲ့သာမန်ပုဂ္ဂိုလ်တွေကတော့ ဘာသာတရားဟာ အတူတူပဲလို့ ဒီလိုထင်သွားမယ်။ အင်မတန်မှ ကွဲပြားခြားနားမှုတွေရှိတယ်။ အခြေခံကွဲပြားခြားနားမှုကို မသိရင် ရောယောင်ပြီး ဘာသာတရားဆိုတာ အတူတူပဲလို့ ထင်မှာပဲ။ မဟုတ်တာကိုအဟုတ်ထင်ပြီး လုပ်မိလို့ရှိရင် ဒုက္ခရောက်မယ်၊ အဲဒီတော့ လုံးဝမတူဘူးဆိုတာ အနှစ်သာရပိုင်းကိုကြည့်ရမယ်။

ဥပုသ်စောင့်တာတစ်ခုပဲကြည့်လေ။ ဘုန်းကြီးတို့ “ဥပုသ်စောင့်ခြင်းအဓိပ္ပာယ်”ဆိုတာ အရင်တုန်းက ဟောထားဖူးတယ်။ အဲဒီဥပုသ်စောင့်တယ်ဆိုတာကိုက အင်မတန်မှကွာခြားတယ်။ ဗုဒ္ဓဘာသာတွေ ဥပုသ်စောင့်တယ်ဆိုတာက ကိုယ်ကျင့်တရားနဲ့နေထိုင်ခြင်းလို့ အဓိပ္ပာယ်ရတယ်။ ကိုယ်ကျင့်တရားကို ကျင့်သုံးပြီးနေထိုင်ခြင်းကသာ ဥပုသ်၊ အစားမစားရုံသက်သက်မဟုတ်ဘူး၊ လူတွေက ညနေစာထမင်းမစားတာလေးကို ဥပုသ်လို့ထင်နေတာနော်။ ကိုယ်တည်ဆောက်ထားတဲ့ ကိုယ်ကျင့်တရား၊ ကိုယ့်ရဲ့အဓိဋ္ဌာန်ချက်။ “ဒီကနေ့ ငါဘာမလုပ်ဘူး၊ ဘာလုပ်ခြင်းမှရှောင်မယ်”ဆိုတဲ့ အဲဒီရှောင်ကြဉ်တဲ့အချက်တွေက အဓိက။ ရှစ်ပါးသီလဥပုသ်စောင့်တယ်ဆိုတာ ကြည့်၊ “ဒီကနေ့ သူများအသက်သတ်ခြင်းမှရှောင်မယ်၊ သူများဥစ္စာခိုးခြင်းမှရှောင်မယ်၊ သူများသားမယားပြစ်မှားခြင်းမှရှောင်မယ်”ဆိုတဲ့ ဒီကျင့်စဉ်တွေဟာ အရေးကြီးတယ်။ ဒီအကျင့်တွေဟာ ရဟန္တာပုဂ္ဂိုလ်တွေကျင့်တဲ့ အကျင့်တွေပဲ။ ဒါတွေက သာမန်ပုဂ္ဂိုလ်တွေကျင့်ဖို့ခက်တယ်လေ။

“ရဟန္တာတွေကျင့်တဲ့ အကျင့်မျိုးကို ဒီကနေ့တစ်ရက်တာတို့တတွေ ကျင့်လိုက်ရပြီ”ဆိုတာဟာ ဘယ်လောက်မွန်မြတ်သလဲ၊ တစ်သက်လုံးမလုပ်နိုင်တောင်မှ တစ်ရက်လုပ်လိုက်ရတယ်ဆိုရင် အလွန်မွန်မြတ်တယ်လေ။ အေး၊ အစာငတ်ခံရုံသက်သက် ဥပုသ်စောင့်တာမဟုတ်ဘူး၊ ဗုဒ္ဓဘာသာတွေ ဥပုသ်စောင့်လို့ နေ့လွဲညစာ အစာမစားဘူးဆိုတာ အငတ်ခံတာမဟုတ်ဘူး၊ မနက်မှာဝအောင်စားထားတာ၊ (၁၂) နာရီဟိုဘက်မစားဘူးဆိုရင် မအိပ်ချင်တော့ဘူး၊ အစာအတွက် အလုပ်မရှုတ်တော့ဘူး၊ အလုပ်မရှုတ်တော့ ဘာလုပ်တုန်း၊ တရားနှလုံးသွင်းနိုင်တယ်၊ ပိုပြီးတော့ စိတ်ရဲ့အညစ်အကြေးတွေကို သန့်ရှင်းအောင်လုပ်နိုင်တယ်၊ တရားနှလုံးသွင်းခြင်းဖြင့် စိတ်ထဲမှာပေါ်လာတဲ့ စိတ်ရဲ့အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်တယ်။ အဲဒါ တကယ့်ဥပုသ်ရဲ့အနှစ်သာရပဲ။ အဲဒီတော့ သူလည်းဥပုသ်စောင့်တယ်၊ ကိုယ်လည်း ဥပုသ်စောင့်တယ်ပြောပေမယ့် အနှစ်သာရချင်းတူရဲ့လား တိုက်ကြည့်ပေါ့။ မတူဘူးဆိုရင် အသံသာတူတယ်ဆိုတာ သိရလိမ့်မယ်။

ကိုယ့်သာသနာရဲ့ အနှစ်သာရကိုသိဖို့ အင်မတန်မှအရေးကြီးတယ်ပေါ့။ အနှစ်သာရကိုမသိလို့ရှိရင် ဒီကနေ့ခေတ်မှာ ဘာသာတရားတွေ ရောယောင်ပြီးတော့ ဟိုလူကလည်းဒါ၊ ဒီလူကလည်းဒါဆိုတော့ အဟုတ်ထင်နေတတ်ကြတယ်ပေါ့။ မတူဘူး၊ သူတို့မှာလည်း ဘုရားရှိတယ်၊ သူတို့မှာလည်း တရားရှိတယ်၊ သူတို့မှာလည်း သံဃာရှိတယ်၊ ဘုန်းကြီးရှိတယ်နဲ့ဆိုပြီးတော့ ဟုတ်ကဲ့လား၊ အေး၊ တူလားလို့ဆိုရင် အနှစ်သာရချင်း အလွန်ကွာခြားတယ်။ ဒါကြောင့် အသံတူပြီး ဒီလိုအနှစ်သာရချင်းမတူတဲ့ အခြေအနေတွေကို အခုမှပြောပြရတာမဟုတ်ဘူး၊ မြတ်စွာဘုရားလက်ထက်ကလည်း ဒီလိုပဲ၊ တို့လည်းအတူတူပါပဲလို့ ပြောခဲ့တာတွေ အများကြီးရှိတယ်။

မြတ်စွာဘုရားက စူဠသီဟနာဒသုတ်ကို ဟောခဲ့တယ်။ ဒီမဇ္ဈိမနိကာယ်ထဲမှာ မှတ်တမ်းတင်ထားတာရှိတယ်။ အဲဒီစူဠသီဟနာဒသုတ်အရ သီဟနာဒဆိုတာ မကြောက်မရွံ့ ရဲရဲကြီးပြောရမယ့်စကား။ ရဲတင်းတဲ့စကားပြောရတယ်၊ ကိုယ့်ဖက်ကမသေချာဘူးဆိုရင် ရဲရဲမပြောရဲဘူးလေ။ ကြောက်ရွံ့ကြောက်ရွံ့နဲ့ပြောရတယ်။ ကိုယ့်ဖက်က သေချာပြီဆိုရင် ရဲရဲပြောရဲတာပေါ့။ အဲဒီလို ရဲရဲတင်းတင်း မကြောက်မရွံ့ပြောရမယ့်အချက်ဆိုပြီးတော့ မြတ်စွာဘုရား သွန်သင်ပေးထားတာရှိတယ်ပေါ့။

ဘာဖြစ်လို့ ဒီဟာကို သွန်သင်ပေးရသလဲ ဆိုလို့ရှိရင် မြတ်စွာဘုရားလက်ထက်က သာသနာတော်ဟာ အင်မတန်မှ ထွန်းကားတယ်။ ဘုရားဟောတဲ့ တရားတော်တွေကို လူတွေက သဘောကျပြီး လိုက်နာကျင့်သုံးကြလို့ အောင်မြင်ကြတယ်၊ အရက်သမားတွေလဲ အရက်ပြတ်ပြီး အကျွတ်တရား ရသွားကြတယ်။ လူ့အလွှာအဆင့်ဆင့် လူတွေဟာ လူကောင်း သူကောင်း ဖြစ်သွားကြတာ အများကြီးပဲနော်။

အဲဒီလို အများကြီးဖြစ်လာတော့ မြတ်စွာဘုရားသာသနာက တကယ်လုပ် အဟုတ်ဖြစ်တယ်ဆိုတော့ လူတွေရဲ့ စိတ်ဝင်စားမှုဟာ ပိုများလာတယ်။ ပိုများလာတဲ့အခါ ဘုရားသာသနာနဲ့ ယှဉ်ပြီး တစ်ဖက်က ဘာသာတရားလုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ယှဉ်ပြိုင်လာတယ်။ ဒါက သဘာဝအတိုင်းပဲ၊ ယှဉ်ပြိုင်လာပြီဆိုတဲ့အခါ ကိုယ့်ထက်သာလို့ရှိရင် လူဆိုတာ မနာလိုစိတ် ပေါ်လာတတ်တယ်ပေါ့။ ယှဉ်ပြိုင်မှုရလာလို့ ကိုယ်က ရှုံးနိမ့်သွားပြီဆိုရင် မနာလိုတဲ့အခါမှာ ဘယ်လိုပြောတုန်း၊ အရင်လူနဲ့နောက်လူဆိုရင် ပြောလေ့ရှိတယ်၊ “အမလေး၊ နောက်မှပေါ်တဲ့ ရွှေကြာပင်ကို အလေးပြုရမလား။ တို့က ရှေးတုန်းကတည်းက ပေါ်လာတာ တို့၊ သာသနာဆိုတာ ခေတ်ဦးကတည်းက၊ ကမ္ဘာဦးကတည်းက ပေါ်တာ၊ အခုမှ မနေ့တစ်နေ့ကမှ ဂေါတမသာသနာဆိုတာ ပေါ်လာတာ ဘာကြာသေးလို့တုန်း”နဲ့ ဒီလိုအပြောမျိုးတွေ ပြောလာတယ်။

ဒီကနေ့ခေတ် မြန်မာနိုင်ငံမှာလည်း ဒါမျိုးပြောတာ ရှိတာပေါ့။ “နောက်မှပေါက်တဲ့ရွှေကြာပင်”တဲ့။ နောက်မှပေါ်လာပြီး သာသွားရင် မကြိုက်ကြဘူး။ ဒါက ဒီလိုပြောတတ်ကြတယ်။ တခြားဘာသာဝင်တွေက အဲဒီလို အပြစ်စကား ပြောလာတဲ့အခါမှာ မြတ်စွာဘုရားက အေး၊ အသံတူပေမယ့်လို့ အနှစ်သာရချင်း မတူဘူးဆိုတာကိုပြောကြ။

ပြောဖို့ဆိုပြီးတော့ ဒီ စူဠသီဟနာဒသုတ်မှာ မြတ်စွာဘုရား သင်ပေးတဲ့ စကားလုံးက ဘာလဲဆိုရင် “ဣမေဝ သမဏာ၊ ဣဓ ဒုတိယော သမဏာ”။ မြတ်စွာဘုရားက ရဟန်းတော်တွေကို ရဲရဲတင်းတင်းပြောခိုင်းတဲ့ စကားတစ်ခု။ ဒီဗုဒ္ဓမြတ်စွာရဲ့ သာသနာအတွင်းမှာသာ တကယ့်ကို ကိလေသာငြိမ်းတယ်ဆိုတဲ့၊ ကိလေသာကို ငြိမ်းစေနိုင်တဲ့ သမဏဆိုတာရှိတယ်။

ဆိုလိုတာက ပထမသမဏဆိုတာက သောတာပန်ပုဂ္ဂိုလ်ကိုပြောတာ၊ ဒုတိယသမဏဆိုတာ သကဒါဂါမ်ကိုပြောတာ။ တတိယသမဏဆိုတာက အနာဂါမ်ကို ပြောတာ၊ စတုတ္ထသမဏဆိုတာ ရဟန္တာကိုပြောတာ။ သမဏဆိုတဲ့ အဓိပ္ပာယ်က “ပါပေ သမေတီတိ သမဏော”၊ စိတ်ထဲမှာ မကောင်းတဲ့ သဘောထားတွေ၊ စိတ်ရဲ့ စိတ်ယုတ်မာတွေ၊ မကောင်းတဲ့ သဘောထားတွေ၊ စိတ်ရဲ့ အညစ်အကြေးတွေ၊ အဲဒါတွေဟာ လုံးဝငြိမ်းသွားပြီ။ ငြိမ်းသွားတယ်ဆိုတာ နောက်ထပ်မပေါ်လာအောင် ငြိမ်းသွားတာနော်။ အဲဒါတွေကို ဖယ်ရှားပစ်လိုက်နိုင်လို့ စိတ်နှလုံးရဲ့ ပူလောင်မှုတွေ၊ ကိလေသာတွေ လုံးဝကင်းသွားတဲ့ ပုဂ္ဂိုလ်တွေကို (သို့မဟုတ်) ကင်းအောင်လုပ်နေတဲ့ပုဂ္ဂိုလ်တွေကို သမဏလို့ခေါ်တာ။

အဲဒီ ရာဂ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာတွေကင်းတဲ့ သမဏအစစ်ဆိုတာ ဒီသာသနာမှာသာ ရှိတယ်။ တခြားသာသနာမှာ နာမည်လောက်ပဲရှိတယ် ဒီလို ဆိုလိုတာပေါ့။ ဘာဖြစ်လို့တုန်းဆို ရှေးခေတ်က သူလည်း သမဏ၊ ငါလည်း သမဏလို့ ပြောကြတာရှိတာကိုး။ အဲဒီတော့ သမဏလို့ဆိုတိုင်း တကယ်ကိလေသာငြိမ်းသလားဆိုတော့ တကယ်ငြိမ်းတာ မဟုတ်ဘူး။ တကယ်ကိလေသာအာသဝတွေ တကယ်ငြိမ်းသွားတဲ့ သမဏအစစ်ဆိုတာ ဗုဒ္ဓမြတ်စွာသာသနာတော်တွင်းမှာသာ ရှိတယ်လို့ မြတ်စွာဘုရားက ရဲရဲဝံ့ဝံ့ပြောကြလို့ ရဟန်းတော်တွေကို အဲဒီသုတ္တန်မှာ ဟောကြားထားတာ ရှိတယ်ပေါ့။

ဘာဖြစ်လို့ ဒီလို မြတ်စွာဘုရားက အခုလိုပြောနိုင်ရတာလဲ၊ ဘာရည်ရွယ်ချက်နဲ့ ပြောရတာလဲ၊ အားကိုးကဘာလဲ၊ လောကမှာ လူတွေက ပြောပြီဆိုလို့ရှိရင်လည်း အားကိုးစရာတော့ ရှိရမယ်။ ယုံကြည်ချက်ဆိုတာ အားကိုးစရာလေးနဲ့မှ ပြောလို့ရတယ်၊ သေသေချာချာသိပြီ၊ အားကိုးစရာရှိပြီဆိုမှ လူတွေဟာ ပြောလို့ရတာကိုး။ အခုလိုပြောနိုင်တာဟာ ဘာအားကိုးနဲ့ ပြောတာတုန်းဆိုလို့ရှိရင် ဗုဒ္ဓသာသနာတော်မှာ ထူးခြားတဲ့ အချက်ကြီး (၄) ချက်ရှိတယ်။

ဘာလဲဆိုရင် မြတ်စွာဘုရားအပေါ်မှာ နှစ်နှစ်ကာကာ ယုံကြည်မှုဆိုတဲ့ သဒ္ဓါတရား၊ တရားဓမ္မအပေါ်မှာ နှစ်နှစ်ကာကာ ယုံကြည်မှုဆိုတဲ့ သဒ္ဓါတရား၊ ကိုယ်ကျင့်သီလနဲ့ ပတ်သက်ပြီး ပြည့်ပြည့်ဝဝ ဖြည့်ကျင့်မှုနဲ့ သီတင်းသုံးဖော်အချင်းချင်း၊ တရားဓမ္မ ကျင့်ဖော်အချင်းချင်းဟာ အမြဲတမ်း တစ်ဦးနဲ့တစ်ဦးခင်မင်မှု။ ဒီဘဝတင်ခင်မင်တာမဟုတ်ဘူး၊ ဘဝအဆက်ဆက် ခင်မင်မှုမပျက်ဘူး၊ စွဲမြဲတယ်လို့ဆိုတဲ့ ဒီအချက်လေးချက်ဟာ ဒီသာသနာမှာပဲရှိတယ်။ တခြားသာသနာမှာ မရှိနိုင်ဘူးတဲ့၊ ဒီလိုပြောတာနော်။ ဘာသာတရားတစ်ခုခုကို ဦးဆောင်ပြီးတော့ နေတဲ့ပုဂ္ဂိုလ်။ ဗုဒ္ဓသာသနာတော်မှာဆိုရင် မြတ်စွာဘုရား။ ဆုံးမသွန်သင်ပြီး တရားဓမ္မကို လမ်းညွှန်ပြတဲ့ ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်ပေါ်မှာ ယုံကြည်ချက်။

ဘုန်းကြီးတို့တစ်တွေဟာ ဘုရားပေါ်မှာ ယုံကြည်ချက် အပြည့်အဝရှိထားတယ်။ အဲဒီတော့ ပုထုဇဉ်ဆိုတာ ယုံကြည်ချက် အပြည့်အဝရှိတယ်လို့ ပြောရသော်လည်း သောတာပန်မှာရှိသလို ရှိတာတော့ မဟုတ်သေးဘူးနော်။ သောတာပန်ပုဂ္ဂိုလ်ကျတော့ လုံးဝပြည့်စုံတဲ့ ယုံကြည်ချက်ကြီးရှိတယ်။ ဒါကြောင့်မို့လို့ အဝေစ္စပသာဒလို့ခေါ်တာ။ အသိဉာဏ်နဲ့ သက်ဝင်ပြီးတော့ ယုံကြည်တာ၊ ဘုရားရဲ့အရည်အချင်းကို သိပြီး ယုံကြည်တာ။

တရားရဲ့အနှစ်သာရကို ကိုယ်တိုင်နှလုံးသွင်းဆင်ခြင် ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး ယုံကြည်တာ၊ ကိုယ်ကျင့်သီလပေါ်မှာ တန်ဖိုးထားတာ၊ သီတင်းသုံးဖော်ချင်းမှာ ချစ်ခင်မှုခိုင်မြဲတာ ဒီလေးချက်ဟာ ဗုဒ္ဓမြတ်စွာသာသနာတော်မှာသာ ရနိုင်တယ်လို့ ဒီလိုပြောတာနော်။

အဲဒီတော့ သူတို့ကပြောလိမ့်မယ်တဲ့။ သူတို့မှာလည်းပဲ သူတို့ဘုရားပေါ်မှာ သူတို့ယုံကြည်မှုရှိပါတယ်ပေါ့။ သူတို့တရားပေါ်မှာလည်း သူတို့ယုံကြည်မှုရှိပါတယ်ပေါ့။ သူတို့မှာလည်း ကိုယ်ကျင့်သီလဆိုတာ ရှိတယ်ပေါ့။ နောက် သူတို့လည်း ဘာသာဝင်အချင်းချင်း ရိုင်းပင်းမှုဆိုတာရှိတယ်ပေါ့။ ဒီလိုပြန်ပြောစရာတော့ ရတာပေါ့။

သို့သော် သူတို့ရဲ့ ယုံကြည်မှုဆိုတာ အရိယာဖြစ်သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို ခိုင်မြဲတာမဟုတ်ဘူး။ ဒီနေရာမှာ ဆိုလိုတာ ပုထုဇဉ်ရဲ့ သဒ္ဓါတရားက မခိုင်သေးဘူး။ အခု ဗုဒ္ဓဘာသာဝင် ဖြစ်ချင်ဖြစ်မယ်၊ တော်ကြာ တခြားဘာသာဝင် ဖြစ်ချင်ဖြစ်သွားတာနော်။ အဲ၊ သောတာပန်ဖြစ်သွားလို့ အမှန်အတိုင်းသိသွားပြီဆိုရင် ယုံကြည်ချက် ဘယ်တော့မှ မပြောင်းဘူး။ အဲဒါမျိုးကို အဝေစ္စပသာဒလို့ခေါ်တာ။

တရားဓမ္မသိတဲ့ ပုဂ္ဂိုလ်ကလည်း ကိုယ်တိုင်သိထားတဲ့ တရားဖြစ်သည့်အတွက်ကြောင့် တရားနဲ့ပတ်သက်ပြီး ယုံကြည်ချက်က ပြောင်းလွဲစရာအကြောင်း မရှိတော့ဘူး။

ကိုယ်ကျင့်သီလဆိုတာလည်း ဒီဘဝတင်လိုတာမဟုတ်ဘူး၊ ပုထုဇဉ်ဆိုတာ သီလ ဒီဘဝလုံကောင်းလုံမယ်၊ နောက်ဘဝလုံချင်မှလုံတာ။ ဒီဘဝမှာ ကိုယ်ကျင့်သီလလုံနေတာဟာ ပတ်ဝန်းကျင်အခြေအနေကောင်းလို့ လုံနေတာဖြစ်မယ်။ နောင်ဘဝရောက်လို့ရှိရင် မသေချာဘူး။ ဆိုပါစို့၊ ဗမာစကားပုံရှိသည့်အတိုင်း “တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး”တဲ့။ မုဆိုးအိမ်မှာ လူသွားဖြစ်ရင် အကောင်တွေဖမ်းဦးမှာပဲ။ တံငါအိမ်မှာ လူသွားဖြစ်လို့ရှိရင်လည်းပဲ ငါးဖမ်းဦးမှာပဲ။ ကိုယ်ကျင့်သီလဆိုတာ ပုထုဇဉ်တွေမှာ ခိုင်မြဲခြင်းမရှိဘူး။

အရိယာသူတော်စင် ဖြစ်သွားပြီဆိုလို့ရှိရင် မွေးလာကတည်းက ဘယ်လိုပတ်ဝန်းကျင် အခြေအနေထဲပဲဖြစ်ဖြစ် ပြောင်းလဲမှု မရှိတော့ဘူးလို့ ဒီလိုဆိုလိုတယ်။ ဒါကြောင့်မို့ အရိယကန္တသီလဆိုတာ ငါးပါးသီလကိုပြောတာ။ အဲဒီငါးပါးသီလကို ဘဝကူးသွားတောင်မှ၊ နောက်ဘဝရောက်သွားတောင်မှ လွန်ကျူးမှုမလုပ်တော့ဘူး။

အခုခေတ်လည်း ကလေးလေးတွေရှိတယ်။ မွေးလာကတည်းက အကောင်လေးတွေမသတ်ဘူး၊ အင်မတန်မှ အကျင့်သီလကောင်းပြီး ငယ်ငယ်လေးကတည်းက စိတ်ကောင်းနှလုံးကောင်းထားတဲ့ ပုဂ္ဂိုလ်လေးတွေရှိတယ်။ သောတာပန်ကလည်း လူပြန်ဖြစ်တာဆိုတော့ သောတာပန်လေး မွေးလာတာလို့ မပြောနိုင်ဘူးလား၊ ပြောနိုင်တယ်။ မဟုတ်ဘူးလို့ မပြောနိုင်ဘူးပေါ့။ အဲဒီတော့ ထူးခြားတဲ့အရည်အသွေး၊ ကိုယ်ကျင့်တရားကောင်းတဲ့ လူငယ်လေးတွေ လူ့လောကမှာ မွေးဖွားလာတာရှိတယ်။ ဒီဘဝမှာ ကိုယ်ကျင့်သီလမြဲတဲ့ ပုဂ္ဂိုလ်တွေ သောတာပန်ဖြစ်သွားပြီဆိုရင် နောင်ဘဝမှာလည်း ကိုယ်ကျင့်သီလမြဲတဲ့ ပုဂ္ဂိုလ်ဖြစ်တာပဲ။ ခိုင်မြဲတယ်။ ဒါကြောင့် အရိယကန္တ၊ အရိယာတွေက အလွန်နှစ်သက်တဲ့ သီလလို့ ဒီလိုပြောတာ။

တခြားဘာသာဝင်တွေမှာ သဒ္ဓါတရားရှိတယ်ဆိုပေမယ့် သဒ္ဓါတရားချင်း မတူဘူး၊ တရားအပေါ် ယုံကြည်မှုဆိုတာလည်း မတူဘူး၊ ကိုယ်ကျင့်သီလ ဖြည့်ကျင့်မှုလဲ မတူဘူး။ ဟော၊ ဘာသာဝင်အချင်းချင်း ချစ်ခင်ရင်းနှီးခြင်းဆိုတာလည်း မတူဘူး။

ဘာဖြစ်လို့ မတူတုန်းဆိုရင် ဒီဘဝမှာတော့ ဘာသာဝင်အချင်းချင်း ချစ်ခင်ကြတယ်၊ ရိုင်းပင်းကြတယ် ထား၊ (စာပေထဲမှာ ရေးထားတာကြည့်။) နောင်ဘဝရောက်တဲ့အခါမှာ သံသရာလည်ပြီဆိုလို့ရှိရင် အဲဒီဘာသာရေးခေါင်းဆောင် တစ်ယောက်က အကုသိုလ်ကံကြောင့် ကျားတစ်ကောင်ဖြစ်မယ်၊ သူ့ကိုကိုးကွယ်ယုံကြည်တဲ့ ဘာသာဝင်က သမင်ဖြစ်မယ်ဆိုလို့ရှိရင် သတ်စားမှာပဲ။ “ငါ့ကို တစ်ချိန်တုန်းက ကိုးကွယ်ခဲ့တာ”လို့ သူသိနိုင်ပါ့မလား၊ အေး အရင်တုန်းက ခင်မင်ခဲ့တဲ့စိတ်ဓာတ်ကော အဲဒီအချိန်မှာ ရှိနိုင်ပါ့မလား၊ အေး မရှိသည့်အတွက်ကြောင့် ဒီဘဝတုန်းက ဘာသာရေးခေါင်းဆောင်က နောင်ဘဝကျ သူ့ရဲ့နောက်လိုက်တွေကို ကိုက်သတ်စားသောက်တဲ့ အနေအထားမျိုး ရောက်သွားတယ်တဲ့။

ဗုဒ္ဓဘာသာကျတော့ မြတ်စွာဘုရားတရားကို ယုံကြည်လို့ သောတာပန်ဖြစ်သွားလို့ရှိရင် အဲဒီလို ကျားဘဝဆိုတာ ရောက်နိုင်ပါဦးမလား၊ ကျားဘဝမရောက်လို့ရှိရင် ကိုယ့်ကိုယုံကြည်ကိုးကွယ်တဲ့ ကိုယ့်နောက်လိုက်ပုဂ္ဂိုလ်တွေကို စားတဲ့သတ္တဝါမျိုး ဖြစ်ပါ့မလား၊ မဖြစ်ဘူးဆိုတော့ ချစ်ခင်မှုတွေ မေတ္တာဟာ အင်မတန်မှ ခိုင်မြဲတယ်လို့ ဒီလိုပြောတာနော်။ ဘဝဟာ တရားဓမ္မကိုသိသွားတဲ့ ဘဝမျိုးမှ ခိုင်မြဲတယ်၊ ကျန်တဲ့ဘာသာမှာ ဒီလို ပထမသမဏလို့ဆိုတဲ့ သောတာပန်ဖြစ်နိုင်တဲ့ပုဂ္ဂိုလ် ရှိကိုမရှိဘူး။ မရှိသည့်အတွက်ကြောင့် သံသရာကျင်လည်တဲ့အခါမှာ ဒီဘဝရဲ့ ခင်မင်မှုတွေဟာ နောင်ဘဝထိပါတာမဟုတ်ဘူးတဲ့။ အဲဒါကြောင့် မသေချာ မရေရာဘူးလို့ ဆိုလိုတာနော်။

ကဲ၊ ကောင်းပြီ၊ မြတ်စွာဘုရားက ကြွေးကြော်ခိုင်းတာက “သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဆိုတဲ့ ဒီသမဏလေးမျိုးဟာ တို့သာသနာမှာသာ ရှိနိုင်တယ်”လို့ ဒီလိုပြောတာဟာ ခုနက အချက်လေးချက် ခိုင်မာမှုကို အခြေခံပြီးပြောတာ။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်ကတည်းက နောင်ဘဝမှာ ရက်စက်တဲ့ပုဂ္ဂိုလ်သတ္တဝါဖြစ်စရာအကြောင်း မရှိဘူးလေ။

အဲဒီမှာ တခြားဘာသာဝင်တွေက သူတို့မှာလည်း သူတို့ဘုရားကို ယုံကြည်တာရှိမယ်၊ တရားကို ယုံကြည်တာရှိမယ်၊ သူတို့မှာလဲ ကိုယ်ကျင့်သီလရှိတယ်၊ သူတို့ဘာသာဝင်အချင်းချင်းလည်း ရိုင်းပင်းမှုတွေရှိတယ်လို့ ပြောလာမယ်ဆိုလို့ရှိရင် သူတို့ကို မေးခွန်းထုတ်ဖို့လိုအပ်တယ်။

ဘယ်လိုမေးခွန်းထုတ်မတုန်းဆိုရင် “မင်းတို့ရဲ့ပန်းတိုင်ဟာ တစ်ခုထဲလား၊ အမျိုးမျိုးရှိသလား”လို့မေးရင် သူတို့က သူတို့မှာ ပန်းတိုင်ဆိုတာတစ်ခုထဲရှိတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဘယ်သာသနာပဲဖြစ်ဖြစ် ပန်းတိုင်ဟာတစ်ခုပဲရှိတယ်။ ဗုဒ္ဓဘာသာတွေရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ဆိုပါစို့။ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ဆိုတဲ့ ဒီတရားထူးတရားမြတ်ရရင် ဒါဗုဒ္ဓဘာသာဝင်တွေရဲ့ လမ်းဆုံးခေါ်တာပေါ့နော်။ “အရဟတ္တဖလ ပရိယေသာနံ သာသနံ”၊ မြတ်စွာဘုရား သာသနာတော်ရဲ့ နောက်ဆုံးပန်းတိုင်ဟာ ဘာလဲဆိုရင် အရဟတ္တဖိုလ်ပဲပေါ့။ အရဟတ္တဖိုလ်ရပြီးတဲ့နောက်ပိုင်းမှာ တရားကျင့်စရာမရှိတော့ဘူး၊ ကုန်သွားပြီ၊ အပြီးသတ်ကျင့်ပြီးသွားပြီ။

ဒါကြောင့်မို့ အရဟတ္တဖိုလ်ရပြီးသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ “ကတံ ကရဏီယံ” လုပ်စရာတွေ လုပ်ပြီးပြီလို့ ပြောလို့ရတယ်။ “သိတံ ဗြဟ္မစရိယံ” မဂ္ဂင်ရှစ်ပါး အကျင့်တရားကို အပြည့်အစုံကျင့်ပြီးပြီလို့ ပြောလို့ရတယ်။ ကျန်တဲ့အချိန်မှာ ပြောလို့မရသေးဘူး။ သောတာပန်ပုဂ္ဂိုလ်တောင်မှ ပြောလို့မရသေးဘူး၊ ကျင့်စရာတွေ ကျန်သေးတယ်။ သကဒါဂါမ်၊ အနာဂါမ်ဆိုတာလည်း ပြောလို့မရသေးဘူး၊ ရဟန္တာဖြစ်ပြီဆိုမှ ပြည့်စုံပြီလို့ ပြောလို့ရတယ်ပေါ့။ အလုပ်ဆိုတာ မပြီးသေးတဲ့အလုပ်ရှိသလို ပြီးသွားတဲ့အလုပ်ရှိတယ်ပေါ့။ အဲဒါကြောင့်မို့ ဗုဒ္ဓဘာသာရဲ့ အလုပ်ပြီးတယ်ဆိုတာ ဘာကိုပြောတာတုန်းဆိုရင် နောက်ဆုံးအရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကိုပြောတယ်လို့ မှတ်ရတာပေါ့။ မပြီးမချင်း ဒီပန်းတိုင်ကို ရောက်အောင်သွားနေရတာပေါ့နော်။

အဲဒီတော့ ဘဝမှာ အဆုံးသတ်မှုတွေ၊ ပန်းတိုင်တွေက အမျိုးမျိုးရှိတယ်။ မြတ်စွာဘုရားလက်ထက်က (ဒီကနေ့လည်း အတူတူပဲ။) တခြားဘာသာဝင်တွေရဲ့ ပန်းတိုင်၊ သူတို့ရဲ့နောက်ဆုံးမျှော်မှန်းချက်ဆိုတာရှိတယ်။ ဗုဒ္ဓဘာသာဝင်တွေက ဘာကောင်းမှုလုပ်လုပ် “ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု”လို့ ဒီလိုဆိုကြတာလေ။ နောက်ဆုံးပန်းတိုင်တစ်ခုကို ရည်မှန်းပြီးလုပ်ကြတာ။

မြတ်စွာဘုရား လက်ထက်တုန်းက Bramanလို့ခေါ်တဲ့ ဗြဟ္မဏတွေပေါ့။ ဗမာလို ပုဏ္ဏားလို့ခေါ်တာပေါ့။ အဲဒီ Bramanတွေမှာလည်း ပန်းတိုင်ရှိတယ်၊ သူတို့ပန်းတိုင်၊ သူတို့ရဲ့နောက်ဆုံးမျှော်မှန်းချက်က ဘာလဲဆိုရင် ဗြဟ္မာပြည်ပဲ။ ဗြဟ္မာပြည်ဆိုတာ သက်တမ်းအင်မတန်မှရှည်တယ်ပေါ့။ ကမ္ဘာနဲ့ချီပြီးတော့နေရတယ်။ သူတို့ကိုယ်သူတို့လည်း ဗြဟ္မာမင်းကြီးရဲ့ခံတွင်းက မွေးဖွားလာတဲ့ပုဂ္ဂိုလ်တွေလို့ ယုံကြည်ကြတယ်။ ဗြဟ္မာမင်းကြီးက ဖန်ဆင်းလို့ ဗြဟ္မာခံတွင်းက သက်ဆင်းလာတဲ့ပုဂ္ဂိုလ်တွေလို့ ဗြဟ္မာကိုတန်ဖိုးထားပြီး ဗြဟ္မာဘုံကို ပန်းတိုင်အဖြစ်ထားတယ်။

ဗုဒ္ဓဘာသာတရားတော်အရ ဗြဟ္မာဆိုတာ သတ္တဝါတစ်မျိုးပဲပေါ့။ သမထကျင့်စဉ်တစ်ခုကိုကျင့်လို့ သမာဓိစွမ်းအားတွေနဲ့ ထိုဈာန်အဘိညာဉ်တွေ ရပြီးတော့ သက်ဆိုင်ရာဈာန်အားလျော်စွာ ဘုံဘဝတွေမှာ သွားဖြစ်တာ။ အဲဒီဈာန်အရှိန်တွေ၊ ကုသိုလ်တွေကုန်သွားတဲ့အခါကျတော့ ပြန်ရောက်လာတာပဲ။ ဒါကြောင့်မို့ ဗမာစကားမှာရှိတယ်လေ။ “ဗြဟ္မာပြည်မှာ တဝင်းဝင်း၊ ဝက်စာကျင်းမှာ တရှုတ်ရှုတ်”ဆိုတာနော်။ ဗြဟ္မာပြည်ရောက်ပေမယ့်လို့ တစ်ချိန် အပါယ်ငရဲ ပြန်ရောက်နိုင်တယ်လို့ပြောတာ။ အဲဒီအဓိပ္ပာယ်ကို ဆိုလိုတာ။ ဗြဟ္မာဘဝဟာ လမ်းဆုံးမဟုတ်သေးဘူးပေါ့။ သို့သော် သူတို့ရဲ့ရည်မှန်းချက် ဦးတည်ချက်ဟာ ဗြဟ္မာဘုံမှာ လမ်းဆုံးထားတယ်ပေါ့။

နောက်တစ်ခါ ရှေးတုန်းက တာပသဆိုတဲ့ ရသေ့တွေရှိတယ်။ အဲဒီရသေ့တွေရဲ့ မျှော်မှန်းချက်လမ်းဆုံးကလည်း ဗြဟ္မာဘုံပဲ။ ဒါပေမယ့် ဗြဟ္မာဘုံထဲက သူတို့ရဲ့ရည်မှန်းတဲ့ ဗြဟ္မာဘုံက အာဘဿရဆိုတဲ့ ဗြဟ္မာဘုံ။ အဲဒီဗြဟ္မာဘုံဟာ သူတို့ရဲ့လမ်းဆုံးပဲ။

နောက်ပြီးတော့ ပရိဗိုဇ်ဆိုတာ မြတ်စွာဘုရားလက်ထက်ကရှိတယ်။ သစ္စကပရဗိုဇ်တို့ တခြားပရဗိုဇ်တွေပေါ့လေ။ ရှင်သာရိပုတ္တရာတို့၊ ရှင်မဟာမောဂ္ဂလာန်တို့ဟာ သဉ္စယပရဗိုဇ်ကြီးရဲ့ တပည့်အဖြစ် ခံခဲ့ဖူးတာ။ အဲ၊ သူတို့ရဲ့လမ်းဆုံးက ဘာလဲဆိုရင် သုဘကိဏှာလို့ခေါ်တဲ့ ဗြဟ္မာဘုံပဲ။ အဲဒါ သူတို့ရဲ့လမ်းဆုံး။

နောက် အာဇီဝက လို့ဆိုတဲ့ အသက်မွေးမှု ပြင်းထန်ပြီး ပင်ပင်ပန်းပန်းကျင့်တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ဗမာတွေကတော့ တက္ကတွန်းလို့ခေါ်တာပေါ့နော်။ ဥပက တို့လို တက္ကတွန်းတွေ၊ ဟို နိဂဏ္ဌနာဋပုတ္တ လို ဂျိန်းတွေပေါ့။ သူတို့ရဲ့ပန်းတိုင်က ဘာတုန်းဆိုရင် အသညသတ်ဆိုတဲ့ဘုံပဲ။ အနန္တမာနသ လို့ ခေါ်တဲ့စိတ်ကို ဖယ်ခွာထားနိုင်ပြီး ရုပ်တရားချည်းသက်သက် ဖြစ်တဲ့ အသညသတ်ဘုံဟာ သူတို့ရဲ့ ပန်းတိုင်ပဲ။

ဗုဒ္ဓဘာသာဝင်တွေသတ်မှတ်တာကတော့ အရဟတ္တဖိုလ် ပဲ။ အရဟတ္တဖိုလ်ရောက်ရင် လမ်းဆုံးတယ်။ ဒီနောက် ကျင့်စရာ မရှိဘူးဆိုတာလို အဲဒီလို အမျိုးမျိုးပန်းတိုင်တွေကို သတ်မှတ်ပြီးတော့ ကျင့်ကြတယ်ပေါ့။ တခြားစကားလုံးနဲ့ပြောမယ်ဆိုရင် ဗုဒ္ဓဘာသာမှာတော့ နိဗ္ဗာန သို့မဟုတ် မောက္ခ လို့သုံးတယ်။ တခြားဘာသာမှာတော့ မောက္ခ နဲ့ဆင်ဆင်တူတဲ့ မောက်ခရု ဆိုတဲ့စကားလုံးကို သုံးတယ်။ လွတ်မြောက်ခြင်းပေါ့။

ဘဝလွတ်မြောက်ခြင်းဆိုတာ သူတို့က အခုပြောတဲ့ ပန်းတိုင်တွေကို ဘဝလွတ်မြောက်ခြင်းလို့ ဒီလိုပြောတာနော်။ ဒီကနေ့ခေတ် ဘာသာတွေလဲကြည့်လေ။ ဒီကနေ့ခေတ်ထင်ရှား ရှိတဲ့ ဘာသာကြီးတွေထဲက တချို့ဘာသာက သူတို့ရဲ့ လမ်းဆုံး ဘယ်မှာတုန်းဆိုရင် ကောင်းကင်ဘုံပဲလေ။ ဒီလိုပြောတာမို့လား။ ကောင်းကင်ဘုံလို့ ဒါတွေကိုရည်ညွှန်းပြီးတော့ ပြောကြတယ်။ အဲဒီလိုပဲ ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုယ့်ဘာသာတရားကို လုပ်ဆောင်ကြတယ်၊ ကျင့်ကြံကြတယ်။ ဒီလိုကျင့်ကြံတဲ့အခါမှာ ဘာသာတရားရဲ့ လမ်းဆုံး ရောက်တယ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ် မျိုးမှ ရောက်တာလဲလို့ လေ့လာကြည့်မယ်ဆိုရင် တကယ်ကိုယ့်ရည်ရွယ်ချက်လမ်းဆုံးကို ရောက်ဖို့ဆိုတာဟာ တွယ်တာမှု တဏှာမရှိမှ ရောက်တယ်။ တွယ်တာမှုတဏှာရှိတဲ့ ပုဂ္ဂိုလ်တွေ မရောက်နိုင်ဘူးနော်။

အဲဒီ နိဋ္ဌာဆိုတဲ့ ဘဝလမ်းဆုံးတစ်ခုကို သရာဂ လို့ခေါ်တဲ့ တဏှာအတွယ်အတာရှိတဲ့ ပုဂ္ဂိုလ်တွေ မရောက်ဘူး။ ဝီတရာဂ လို့ဆိုတဲ့ တဏှာကင်းတဲ့ပုဂ္ဂိုလ်မှရောက်တယ်။ သဒေါသဆိုတဲ့ စိတ်ထဲမှာ အလိုမကျတဲ့ ဒေါသရှိတဲ့ပုဂ္ဂိုလ်တွေ မရောက်ဘူး။ ဝီတဒေါသလို့ခေါ်တဲ့ ဒေါသကင်းစင်တဲ့ပုဂ္ဂိုလ်တွေမှ ရောက်တယ်။ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားမသိဘဲနဲ့တွေဝေ နေတယ်၊ မလုပ်သင့်တာ လုပ်သင့်တယ်ထင်တယ်၊ လုပ်သင့် တာကို မလုပ်သင့်ဘူးလို့ ထင်တယ်ဆိုတဲ့ အမှန်တရားကိုမမြင်တဲ့ သမောဟဆိုတဲ့ မောဟ ရှိတဲ့ပုဂ္ဂိုလ်တွေ မရောက်နိုင်ဘူးတဲ့။ ဝီတမောဟ ပုဂ္ဂိုလ်တွေမှရောက်မယ်။

အကယ်၍ ဒေါသ၊ မောဟ မရှိတဲ့ ရာဂ ရှိတဲ့ပုဂ္ဂိုလ်တွေ ရောက်မယ်ဆိုလို့ရှိရင် တိရစ္ဆာန်တွေမှာ ရာဂ ရှိတာပဲ၊ တိရစ္ဆာန်တွေမှာ ဒေါသ ရှိတာပဲ၊ မောဟ ရှိတာပဲ။ တိရစ္ဆာန်တွေကော မရောက်ပေဘူးလား။ ရောက်ကုန်မှာပေါ့။ ဟုတ်ကဲ့လား။ အဲဒါကြောင့်မို့လို့ ရာဂ၊ ဒေါသ၊ မောဟရှိတဲ့ ပုဂ္ဂိုလ်တွေ မရောက် နိုင်ဘူးတဲ့။

နောက်တစ်ခုက ဘဝကိုတွယ်တာတဲ့တဏှာရှိတဲ့ ပုဂ္ဂိုလ်တွေ မရောက်နိုင်ဘူး။ အစွဲအလမ်း ဥပါဒါန်ရှိတဲ့ပုဂ္ဂိုလ်တွေ မရောက်နိုင်ဘူး။ အသိဉာဏ်ပညာ ကင်းမဲ့တဲ့ ပုဂ္ဂိုလ်တွေ မရောက်နိုင်ဘူး။ အသိပညာရှိတဲ့ပုဂ္ဂိုလ်မှ ရောက်နိုင်တယ်။

လောကမှာ အကောင်းအဆိုးနဲ့ ပတ်သက်လာလို့ရှိရင် လူ့ရဲ့စိတ်ဟာ နှစ်မျိုးရှိတယ်နော်။ ကောင်းတာ ဆိုလို့ရှိရင် လိုက်လျောတယ်၊ မကောင်းတာဆိုရင် ဆန့်ကျင်တယ်။ ဆိုပါစို့၊ လောဘဖြစ်တယ်၊ ဒေါသ ဖြစ်တယ်ဆိုတဲ့ဘက် လိုက်နေတဲ့ စိတ်ရှိတဲ့ ပုဂ္ဂိုလ်မျိုး မရောက်နိုင်ဘူးတဲ့။ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် လိုက်လျောခြင်း၊ ဆန့်ကျင်ခြင်းဆိုတဲ့ စိတ် ပြောင်းလဲမှု မရှိတဲ့ ပုဂ္ဂိုလ်မျိုးမှသာ ရောက်နိုင်တယ်။

နောက်တစ်ခုက ပပဉ္စရတိ လို့ခေါ်တယ်။ ပပဉ္စတရားတွေ ပေါ်မှာ ပျော်မွေ့နေတဲ့ ပုဂ္ဂိုလ်မှန်သမျှဟာ လမ်းဆုံးကို မရောက် နိုင်ဘူးတဲ့။ ပပဉ္စရတိဆိုတာ ပပဉ္စဆိုတာ သံသရာကြီးကို ကျယ်သွားစေတယ်၊ ဘဝကို တာရှည်သွားစေနိုင်တဲ့တရား။ အဲဒီ တရားဆိုက သုံးမျိုးရှိတယ်။ တဏှာရယ်၊ မာနရယ်၊ ဒိဋ္ဌိရယ်။ တဏှာရဲ့ အတွေးက အမြဲတမ်း ဧတံ မမ “ငါ့ဟာ”ဆိုတဲ့ အတွေးနဲ့တွေးတယ်၊ ဘာကိုပဲဖြစ်ဖြစ် အပြင်က ပစ္စည်းကိုပဲ ဖြစ်ဖြစ်၊ ကိုယ့်ခန္ဓာနဲ့ ပတ်သက်တာပဲဖြစ်ဖြစ် ငါ့ဟာ၊ ခန္ဓာကိုယ်နဲ့ ပတ်သက်တာ ဆိုလို့ရှိရင် ငါ့မျက်လုံး၊ ငါ့နှာခေါင်း စသဖြင့် တွေးတယ်။ ပစ္စည်းကျတော့ ငါ့ဥစ္စာ၊ ငါ့ရွှေ၊ ငါ့ငွေ။ အဲဒီအမြင်ဟာ တဏှာရဲ့ အမြင်ဖြစ်တယ်။ အဲဒီအမြင် ရှိနေသေးသမျှ သံသရာကြီးဟာ မဆုံးနိုင်ဘူးလို့ပြောတာ။

နောက်တစ်ခုက မာနတဲ့။ မာနဆိုတာ အရာရာ “ငါ”လို့ ထင်တယ်။ ရုပ်တရားပဲဖြစ်ဖြစ်၊ နာမ်တရားပဲဖြစ်ဖြစ် ကိုယ့်ကို ကိုယ် “ငါ” လို့ ဒီလိုသတ်မှတ်တယ်။ “ငါ”ဆိုတာ အရည်အချင်း တစ်ခုပေါ်မှာ မူတည်ပြီးတော့ အထင်ရောက်မှုကိုပြောတာ။ တကယ်တော့ “ငါ”ဆိုတာ ဘယ်ဟာကိုပြောတာတုန်း၊ ရုပ်ကို ပြောတာလား၊ နာမ်ကိုပြောတာလား။ သဘာဝတရားနဲ့ ကြည့် လိုက်မယ်ဆိုရင် “ငါ” လို့ပြောစရာ တစ်ခုမှမရှိဘူး။

“ငါ” လို့ ပြောစရာမရှိဘူးဆိုတာ ဘာဖြစ်လို့တုန်းဆိုရင် သူ့အကြောင်းနဲ့သူ ဖြစ်နေတဲ့သဘော၊ သင်္ခါရသဘောတရား သက်သက်မျှသာဖြစ်တယ်၊ ဘယ်ဟာကိုမှ “ငါ” လို့ပြောလို့မရဘူး။ အဲဒီပြောလို့ မရတာကို အထင်အမြင်ရောက်ပြီး “ငါ” လို့ ထင်နေတာ မာနတဲ့။ တစ်ခါ “ငါ” ရဲ့ အတ္တ၊ ကိုယ်လုပ်ချင်တာ လုပ်လို့ ရတယ်၊ အဲဒီတော့ “ငါ” မှမရှိဘူးဆိုရင် “ငါ့ဟာ”ဆိုတာလည်း ရှိနိုင်တာ မဟုတ်ဘူးလေ။ “ငါ” မရှိရင် “ငါ့ဟာ” မရှိဘူး။ “ငါ့ဟာ” မရှိရင်လည်း “ငါ”ဆိုတာ မရှိနိုင်ဘူးပေါ့။ ငါ့ရဲ့ အတ္တ ကိုယ်လုပ်ချင်တိုင်း လုပ်လို့ရတယ်။ ကိုယ့်ရဲ့ အလိုကျဖြစ်တယ်၊ ထာဝရမြဲတယ်ဆိုတဲ့ အတွေးတွေနဲ့ ဒီလိုမှားယွင်းတဲ့အမြင်တွေ ရှိနေတာ ဒိဋ္ဌိ။ အဲဒီ ပပဉ္စ တရားတွေက စိတ်ကိုလွှမ်းမိုးထားရတဲ့ပုဂ္ဂိုလ်ဆိုရင် လမ်းဆုံးဆိုတာ မရောက်နိုင်ဘူး။

အဲဒီတော့ ဗုဒ္ဓတရားတော်အရ ဒီ ပပဉ္စ တရားကင်းတဲ့ ပုဂ္ဂိုလ်တွေမှသာလျှင် လမ်းဆုံးဆိုတာ ရောက်နိုင်တယ်တဲ့။ အဲဒီလို ထူးခြားတဲ့ အရည်အသွေးတွေ ကြည့်လိုက်တဲ့အခါမှာ အေး၊ တခြား ဘာသာတွေမှာ ဒါမျိုးက ရှိနိုင်မှာမဟုတ်ဘူးတဲ့။

အဲဒီမှာ မြတ်စွာဘုရားက သံသရာဝဋ်က လွတ်ခြင်း၊ မလွတ်ခြင်းနဲ့ပတ်သက်ပြီးတော့ အမြင်နှစ်မျိုးကို ရဟန်းတော်တွေကို ဟောကြားထားတာရှိတယ်။ လောကဟာ အမြင်နှစ်မျိုး ရှိတယ်။ မတူညီတဲ့ အမြင်နှစ်မျိုး။ ဘုန်းကြီးတို့တတွေဟာ ဘယ်အမြင်မျိုး ကိုယ့်မှာရှိသလဲဆိုတာ စဉ်းစားကြည့်ဖို့ လိုအပ်တယ်ပေါ့နော်။

အဲဒီအမြင်နှစ်မျိုးဆိုတာ ဘာကိုပြောတာတုန်းဆိုတော့ ဘဝဒိဋ္ဌိ အမြင်နဲ့ ဝိဘဝဒိဋ္ဌိ အမြင်ပဲ။ ဘဝဒိဋ္ဌိဆိုတာ ကိုယ် ဖြစ်တဲ့ဘဝဟာ ကိုယ်ရထားတဲ့ခန္ဓာ သို့မဟုတ် ကိုယ့်သန္တာန်မှာ ရှိတဲ့ သဘာဝတရားဟာ ထာဝရလို့ ယူဆလို့ရှိရင် ဒါ ဘဝဒိဋ္ဌိ ပဲပေါ့။ ဆိုပါစို့၊ မြန်မာလူမျိုးတွေ စွဲလမ်းပုံ ပြောမယ်ဆိုလို့ရှိရင် မြန်မာလူမျိုးတွေက သေရင် ဝိညာဉ်လေးက ထွက်သွားတယ်လို့ ယူဆတယ်။ ဒီဝိညာဉ်လေးက နောက်ခန္ဓာကိုယ်ထဲမှာ ဝင်စားတယ်လို့ယူဆတယ်။ အဲဒီတော့ သေလို့ရှိရင် ဝိညာဉ်လေး ကျန်နေတယ်လို့ မြင်တာကိုက ဘဝဒိဋ္ဌိပဲ။ သေသွားတယ်ဆိုတာ ရုပ်ရောနာမ်ရော ဒီဘဝမှာ ခေတ္တအတိုင်းအတာတစ်ခုအရ ဘဝဟောင်းတစ်ခု ချုပ်သွားတယ်လို့ မယူဘဲ ဝိညာဉ်လေးက နောင်ဘဝကိုကူးသွားတယ်လို့ ယူဆလို့ရှိရင် သဿတဒိဋ္ဌိလို့ ခေါ်တာပဲ။ အဲဒီ သဿတဒိဋ္ဌိဟာ ဘဝဒိဋ္ဌိပဲ။ အဲဒီတော့ များသောအားဖြင့် ဗုဒ္ဓဘာသာဝင်တွေဟာ သဿတဒိဋ္ဌိ၊ ဘဝဒိဋ္ဌိနဲ့ အင်မတန်မှနီးတယ်။ ဒီဘက်ကို ဦးလှည့်နေတာများတယ်ပေါ့။

သေသေချာချာ ဒီ သဘာဝတရားတွေကို လေ့လာ လိုက်စားထားခြင်း မပြုဘူးဆိုရင် ဒီ သဿတဒိဋ္ဌိ အယူအဆ တစ်ခုဟာ ရှိနေမယ်။ ဘာဖြစ်လို့သဿတဒိဋ္ဌိ အယူအဆရှိသလဲ ဆိုလို့ရှိရင် လောကမှာ ထာဝရမြဲတဲ့အရာကလေးတစ်ခုရှိတယ်၊ အတ္တလို့ခေါ် ရတဲ့ အရာလေးတစ်ခုရှိတယ်။ အဲဒီ အတ္တလို့ဆိုတာ ဘယ်လိုဟာကိုခေါ်တာတုန်းလို့ သာတိ ရဟန်းပြောတဲ့စကားနဲ့ ပြောမယ်ဆိုရင် သူက ဝဒေါ ဝေဒေယျာ တဲ့နော်။ စကား ပြောတတ်တဲ့အရာ၊ ကုသိုလ်ကံ အကုသိုလ်ကံရဲ့ အကျိုးတရားကို ခံစားတတ်တဲ့အရာ၊ လောကလူတွေက နာမည်အမျိုးမျိုး တပ်ပြီးတော့သာ ခေါ်နေတာလေ။ ဒီဘဝမှာ ကုသိုလ်ကောင်းမှုတွေ လုပ်ပြီးတော့ နောင်ဘဝကျတော့ ငါခံစားရမယ်ဆိုတဲ့ အတွေးတွေ မတွေးကြဘူးလား။ ကဲ၊ နောင်ဘဝ ခံစားမှာ ဘယ်သူလဲ မေးကြည့်လိုက်၊ ကိုယ့်ဟာကိုယ် သေချာစစ်ဆေး မေးကြည့်၊ ဒီဘဝ ကုသိုလ်ကောင်းမှုလုပ်တယ်၊ လုပ်တာ ဘယ်သူလဲ၊ နောက်ဘဝခံစားမယ်ဆိုတာ ခံစားမှာ ဘယ်သူလဲလို့ သေသေချာချာ မေးကြည့်လိုက်မယ်ဆိုရင်တွေ့လာမှာပဲ။ ကိုယ့်သန္တာန်မှာ အမြင်ရှင်းဖို့ လိုအပ်တယ်ပေါ့။

သမ္မာဒိဋ္ဌိ အမြင်နဲ့ ကြည့်မယ်ဆိုရင် ဒီဘဝလုပ်တာ ဘယ်သူလဲလို့မေးလို့ရှိရင် စေတနာနဲ့ သဘာဝတရားတွေက လုပ်တာ၊ “အကြောင်းတရားတွေ ဖြစ်ပေါ်တာကို ပြုလုပ်သူ”လို့ သတ်မှတ်တယ်။ “အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားပေါ်လာတာကို ခံစားသူ” လို့ သတ်မှတ်တယ်။ တကယ်တော့ ခံစားသူလည်းမရှိဘူး၊ ပြုလုပ်သူလည်းမရှိဘူးလို့ ဒီလိုဆိုလိုတယ်။ အဲဒါကြောင့် “ကမ္မဿ ကာရကော နတ္ထိ ဝိပါကဿ စ ဝေဒကော” တဲ့။ ကုသိုလ်ကံ အကုသိုလ်ကံကို ပြုလုပ်တဲ့ပုဂ္ဂိုလ်ဆိုတာ မရှိဘူး။ သဘာဝတရားတွေက ပြုလုပ် သွားတာ။ အဲဒီအထဲမယ် ဘယ်သူ့ကို “ငါ”လို့ပြောမှာလဲ။ ဥပမာမယ် အခုလို တရားဓမ္မနာကြတယ်၊ ဒါနကောင်းမှုတွေလုပ်ကြတယ်။ အရပ်စကားနဲ့ပြောမယ်ဆိုရင် နာမည်နဲ့ပေါ့လေ၊ ဘယ်သူက ကုသိုလ်ကောင်းမှုတွေလုပ်တယ်၊ ဘယ်သူကလှူတယ်ဆိုတဲ့ နာမည်လေးနဲ့တော့ ပြောတာပေါ့နော်။ တကယ်တော့ လှူသူဟာ ဘယ်သူလဲလို့ လိုက်ပြီးစစ်ကြည့်လိုက်မယ်ဆိုရင် သူ့ သန္တာန်မှာဖြစ်တဲ့ သဒ္ဓါစွမ်းအား၊ စေတနာ စွမ်းအားနော်။ သဘာဝတရားတွေက တွန်းအားပေးလို့ လှူတယ်ဆိုတာ ဖြစ်လာ တာလေ။

အဲဒီအထဲမယ် စေတနာကို လှူသူလို့ပြောမှာလား၊ သဒ္ဓါ တရားကို လှူသူလို့ပြောမှာလား၊ အလောဘကို လှူသူလို့ပြော မှာလားလို့ ဆိုလို့ရှိရင် ပြောလို့မရဘူးလေ။ အဲဒီသဘာဝတရားတွေက စုပြီးတော့ လှူမှုတစ်ခုကို ဖြစ်အောင်လုပ်လိုက်တာပဲပေါ့။

အကျိုးခံစားတော့ ဘယ်သူခံစားတာတုန်းလို့ မေးလိုက်တဲ့အခါ ဟော၊ အကျိုးခံစားတဲ့အချိန်မှာ ဒီဘဝချင်း ဆက်စပ်ပြီးတော့နေတဲ့ ဝေဒနာဆိုတဲ့ သဘာဝတရားက အကျိုးခံစား သွားတာ။ အဲဒါကြောင့် “ပြုလုပ်သူ”ဆိုတာလဲ တကယ်မရှိဘူး၊ သဘာဝတရားသက်သက်ပဲလို့ အဲဒီမှာ အကြောင်းတရား ဖြစ်ပေါ်တာကိုပဲ ပြုလုပ်တယ်လို့ပြောတယ်။ အကျိုးတရား ဖြစ်ပေါ်လာတာကိုပဲ ခံစားတယ်လို့ပြောရတယ်တဲ့။ ဒီကြားထဲမှာ ခံစားတတ်သူလို့ သီးသန့်ဘာတစ်ခုမှ မရှိဘူး။ အဲဒါကိုပြောတာ “ကမ္မဿ ကာရကာ နတ္ထိ၊ ဝိပါကဿ စ ဝေဒကော” တဲ့။

အဲဒါကြောင့် ဒီဘဝ ဒိဋ္ဌိဆိုတဲ့နေရာမှာ ခုနက ဒီမှန်ကန်တဲ့ အမြင်တစ်ခုကို မရလိုက်ဘူး၊ သဘာဝတရားကို သဘာဝတရား လို့ မမြင်ဘဲနဲ့ ကိုယ့်ရဲ့ အတ္တလို့ စိတ်ထဲမှာတွေးထင်ကြံစည်တဲ့ အရာလေးတစ်ခု သို့မဟုတ် ဝိညာဉ်၊ ဒီဝိညာဉ်လေးဟာ ဒီဘဝ မှာ ကုသိုလ်လည်း လုပ်တယ်၊ အကုသိုလ်လည်း လုပ်တယ်။ သေတဲ့အခါကျတော့ အဲဒီဝိညာဉ်လေးဟာ ထွက်သွားပြီးတော့ ကုသိုလ်ကံကြောင့် နတ်ပြည်ရောက်သွားတယ်၊ အကုသိုလ်ကံကြောင့် ငရဲပြည် ရောက်သွားတယ်ဆိုရင် ဒါ ဘဝဒိဋ္ဌိ လို့ ခေါ်တာပဲ။ ဘဝနဲ့ ပတ်သက်ပြီးတော့ မြဲတယ်ဆိုတဲ့ သဿတ အယူအဆနဲ့ အယူအဆတစ်ခု။

နောက်တစ်ခုက ဥစ္ဆေဒဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိဆိုတာ ဝိဘဝဒိဋ္ဌိ၊ အဲဒီတော့ ဝိဘဝဆိုတာ ဘဝပြတ်စဲခြင်းကိုပြောတာ။ တချို့က ဝိဘဝကို စည်းစိမ်ဥစ္စာလို့ အဓိပ္ပာယ်ဖော်တာ ရှိသေးတယ်။ အဲဒါ မမှန်ကန်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ပဲ။ ဝိဘဝဆိုတာ ဘဝကင်းပြတ်တာကိုပြောတာ။ ဝိဆိုတာ ကင်းပြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဒီဘဝသေသွားလို့ရှိရင် ပြတ်တာပဲ၊ နောက် ဘဝဖြစ်တာ သူမဟုတ်ဘူး၊ တစ်ဘဝဟာ တစ်ခါတည်းပဲလို့ ဒီလိုလက်ခံတဲ့ အယူအဆကို ဝိဘဝဒိဋ္ဌိလို့ခေါ်တယ်။

လောကမှာကြည့်လိုက်မယ်ဆိုရင် သဿတဒိဠိ ဘဝဒိဋ္ဌိ အယူရှိတဲ့ပုဂ္ဂိုလ်နဲ့ ဝိဘဝဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ အယူရှိတဲ့ပုဂ္ဂိုလ်၊ ဒါပဲရှိတယ်။ အဲဒီတော့ သဿတဒိဠိကို ဘဝဒိဋ္ဌိ လို့လည်း ခေါ်တယ်။ ဥစ္ဆေဒဒိဋ္ဌိကို ဝိဘဝဒိဋ္ဌိ လို့လည်း ခေါ်တယ်ပေါ့နော်။ လောကမှာ အဲဒီအမြင်နှစ်မျိုး သဿတ အမြင်နဲ့ ဥစ္ဆေဒ အမြင်၊ ဒီနှစ်ခုကို လက်ခံလိုက်ရင် တစ်ခုနဲ့တစ်ခု ဆန့်ကျင်မှုရှိသလား၊ မရှိဘူးလား၊ မြဲတယ်လို့ယူဆတဲ့ပုဂ္ဂိုလ်က မမြဲဘူးဆိုတဲ့ပုဂ္ဂိုလ်နဲ့ မဆန့်ကျင်ဘူးလား။ မမြဲဘူးလို့ယူဆတဲ့ပုဂ္ဂိုလ်က မြဲတယ်လို့ ယူဆတဲ့ပုဂ္ဂိုလ်နဲ့ မဆန့်ကျင်ပေဘူးလား။ အဲဒီလို ဆန့်ကျင်တယ် ဆိုကတည်းက ဒီအယူအဆနှစ်ခုဟာ ပဋိပက္ခဖြစ်နေတဲ့ အယူအဆနှစ်ခုပဲပေါ့။

အဲဒီအယူအဆနှစ်ခုကို ယူဆနေကြတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ် တိုင်းဟာ ဘာဖြစ်လို့ ဒီအယူအဆနှစ်ခုကို လက်ခံသလဲလို့ဆိုရင် ဒီအယူအဆဟာ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းတရားကို မသိလို့ပဲနော်။ ဖြစ်ကြောင်းတရားကို မသိဘူး၊ ချုပ်ကြောင်း တရားကိုမသိဘူး။ အဲဒီအယူအဆရဲ့ သာယာဖွယ်၊ အဲဒီ အယူအဆရဲ့ အပြစ်အနာအဆာ၊ အဲဒီ အယူအဆရဲ့ ထွက်ပေါက်ဆိုတာတွေကို အမှန်အကန် မသိသည့်အတွက် ကြောင့် ဒီမိစ္ဆာအယူဝါဒတွေဟာ ပေါ်လာရတာ။

အဲဒီတော့ လောကမှာ ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်၊ တခြား ဘာသာဝင်ပဲဖြစ်ဖြစ် ဒီနှစ်ခုကလွဲပြီး ဘယ်ဟာမှ မရှိဘူး။ ဒီနှစ်ခုထဲအကျုံးဝင်တယ်။ သတိထားဖို့ရာနော်။ မှန်မှန်ကန်ကန် တရားဓမ္မကိုမမြင်ဘူး၊ မဆင်ခြင်နိုင်ဘူးဆိုရင် ဒီနှစ်ခုထဲက တစ်ခုခုထဲ ဝင်သွားနိုင်တယ်ပေါ့။ အဲဒီလို ဝင်သွားပြီဆိုတာနဲ့ တစ်ပြိုင်နက် လမ်းလွဲပြီ။

အဲဒီအမြင်ရှိသမျှ ပုဂ္ဂိုလ်တွေဟာ ဘယ်တော့မှ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသဆိုတဲ့ ဆင်းရဲဒုက္ခတွေက မလွတ်နိုင်ဘူးတဲ့။ အဲဒါတွေကို လွတ်ဖို့ရန်အတွက် ဟောဒီ နှစ်ခုစလုံးကို ရှောင်ရှားဖို့ လိုအပ်တယ်လို့ မြတ်စွာဘုရားက ဒီလိုဟောတာနော်။

အဲဒီနှစ်ခုကို ရှောင်ရှားတယ်ဆိုတာ ဘယ်လိုနည်းနဲ့ ရှောင်ရှားရမလဲ၊ အဲဒီနှစ်ခုကို ရှောင်ရှားဖို့အတွက် ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်နှလုံးသွင်းရမယ်။ ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်နှလုံးသွင်းတယ်ဆိုတာ “ဒီအကြောင်းရှိရင် ဒီအကျိုးရှိလိမ့်မယ်။ ဒီ အကြောင်းမှ မရှိဘူးဆိုရင် ဒီအကျိုးမရှိနိုင်ဘူး” နော်။ ပဋိစ္စသမုပ္ပါဒ်နဲ့ ပတ်သက်လာလို့ရှိရင် စာပိုဒ်လေး လေးပိုဒ်ကို မှတ်ထားရမယ်။

စာပိုဒ်လေး လေးပိုဒ်က “ဣမသ္မိံ သတိ ဣဒံ ဟောတိ” တဲ့။ “ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ” တဲ့။ ဒါရှိနေလို့ ဟိုဟာ ရှိတယ်။ ဆိုပါစို့၊ ကြည့် အခု လျှပ်စစ်မီးရှိနေလို့ အလင်းရောင် ရှိမနေဘူးလား၊ အလင်းရောင်ရှိနေတယ်။ ဘာဖြစ်လို့ရှိနေလဲ။ လျှပ်စစ်မီးရှိနေလို့။ လျှပ်စစ်မီး မရှိဘူးဆိုရင် အလင်းရောင် မရှိတော့ဘူး။ ဒါ, ဒါရှိလို့ ဟိုဟာရှိတယ်ဆိုတာ အကြောင်းနဲ့ အကျိုးကို နားလည်တာ။ ဒါမရှိရင် ဟိုဟာမရှိတော့ဘူး၊ ဟော ထင်ရှားတယ်နော်။ “ဣမသ္မိံ သတိ ဣဒံ ဟောတိ” ဒီအကြောင်း ရှိနေသည့်အတွက်ကြောင့် ဒီအကျိုးတရားဟာ ရှိနေတာ။ ဒီအကြောင်းတရားဖြစ်ပေါ်လာသည့်အတွက်ကြောင့် ဒီအကျိုးဟာ ဖြစ်ပေါ်လာတယ်။ ဘယ်အရာပဲဖြစ်ဖြစ် အကြောင်းတရား ရှိနေသေးလို့ရှိရင် အကျိုးတရားက ပေါ်နေဦးမှာဆိုတာ ရှင်းတယ်။ အဲဒီတော့ အကြောင်းရှိလို့ အကျိုးရှိနေရတယ် ဆိုကတည်းက လုံးဝပျောက်ဆုံးကွယ်သွားတယ်ဆိုတဲ့ ဥစ္ဆေဒ အမြင်၊ သေပြီးနောက် ဘယ်တော့မှပြန်မဖြစ်ဘူးဆိုတဲ့ အယူ အဆ တစ်ခုဟာ မှန်ပါ့မလား၊ မမှန်ဘူး။ အကြောင်းရှိရင် အကျိုးရှိဦးမှာပဲ။ အကြောင်းဖြစ်ရင် အကျိုးဖြစ်ဦးမှာပဲ။ ဒီလိုပဲ ယူရမယ်။ ဟုတ်ကဲ့လား။

ကဲ၊ နောက်တစ်ခုက “ဣမသ္မီး အသတိ ဣဒံ န ဟောတိ” ဒါမရှိတော့ဘူးဆိုရင် ဟိုဟာမရှိတော့ဘူး။ အကြောင်းမရှိတော့ဘူးဆိုရင် အကျိုးတရားမရှိတော့ဘူး။ အကြောင်းဆိုတဲ့ လျှပ်စစ် မရှိတော့ဘူးဆိုရင် အလင်းရောင်ဆိုတဲ့ အကျိုးတရား မရှိတော့ဘူး။ “ဣမဿ နိရောဓာ ဣဒံနိရုဇ္ဇတိ” ဒါငြိမ်းသွားရင် ဟိုဟာလည်း ငြိမ်းသွားပြီ။ အဲလိုဆိုတော့ အကြောင်းငြိမ်းရင် အကျိုးငြိမ်းတာဖြစ်သောကြောင့် ထာဝရမြဲတယ်ဆိုတဲ့ သဿတ အယူအဆလည်း မမှန်ဘူး။ ဘာဖြစ်လို့လဲဆိုရင် အကြောင်း ချုပ်ရင် သူမရပ်တည်နိုင်ဘူးပေါ့။ ဥစ္ဆေဒဒိဋ္ဌိ, ဝိဘဝဒိဋ္ဌိဆိုတာ မမှန်ဘူး။ ဘာဖြစ်လို့လည်းဆိုရင် အကြောင်းရှိရင် ရှိဦးမှာပဲ။ ပြတ်သွားတယ်ဆိုတာ မဟုတ်ဘူးပေါ့နော်။

ဒါကြောင့် ဒီမှားယွင်းနေတဲ့ အမြင်နှစ်ခုကို ရှောင်ကွင်းဖို့ရာ အတွက် ပဋိစ္စသမုပ္ပါဒ်ကို မြတ်စွာဘုရား ဟောတာလေ။ ပဋိစ္စသမုပ္ပါဒ်ဟာ အလယ်လမ်းလို့ ဒီလိုပြောတာ။ အခုပြောတဲ့ ထာဝရရှိတယ်ဆိုတာကို ငြင်းပယ်တယ်၊ ထာဝရ မရှိတော့ဘူးဆိုတာကိုလည်း ငြင်းပယ်တယ်။ အကြောင်းရှိရင် ရှိဦးမယ်၊ အကြောင်းမရှိရင် မရှိတော့ဘူးပေါ့။ အကြောင်းပေါ်မှာ မှီတည် နေတယ်ဆိုတဲ့အဓိပ္ပာယ် ပြောတာနော်။ အဲဒီလို မမြင်လို့ရှိရင်တဲ့ ဆင်းရဲဒုက္ခက မလွတ်နိုင်ဘူးတဲ့။

အေး၊ ဗုဒ္ဓသာသနာတော်ရဲ့ ထူးခြားချက်က အဲဒီနှစ်ခုကို ရှောင်ကွင်းနိုင်တယ်ပေါ့။ ဒါကြောင့်မို့ သံသရာဝဋ်ဆင်းရဲက လွတ်နိုင်တယ်။

နောက်တစ်ခုကြည့်ဦးမယ်ဆိုရင် မြတ်စွာဘုရားက အစွဲ လေးမျိုးကိုဟောတယ်။ ဥပါဒါန် လို့ခေါ်တယ်။ ဥပါဒါန်ဆိုတာ ဥပအာဒါန၊ ဥပဆိုတာ ပြင်းပြင်းထန်ထန်၊ အာဒါနဆိုတာ ဆုပ်ကိုင်ထားတာ။ ဘုန်းကြီးတို့တတွေ စာလိုပြောနေလို့ ငါတို့မှာ ဥပါဒါန်မရှိဘူးလို့ မထင်နဲ့နော်။

ဥပါဒါန အပြင်းအထန် စွဲကိုင်ထားတယ်ဆိုတဲ့ သဘာဝ တရားဟာ နှစ်ခုရှိတယ်။ ဘာလဲလို့ဆိုရင် တွယ်တာမှုဆိုတဲ့ တဏှာနဲ့ ဒိဋ္ဌိဆိုတဲ့အမြင်။ လူတွေမှာ တွယ်တာမှုကလည်းပဲ ပြင်းထန်တယ်နော်။ အမြင်ကလဲ ပြင်းထန်တယ်။ တွယ်တာမှုကို ဖြတ်ဖို့ဆိုတာ အလွန်ခက်တယ်။ အမြင်ကိုစွန့်ဖို့ဆိုတာလည်း အလွန်ခက်တယ်။ အဲဒီနှစ်ခုဟာ ဥပါဒါန်နော်။ ပြင်းပြင်းထန်ထန် စွဲကိုင်ထားတဲ့ ဥပါဒါန်။

အဲဒီဥပါဒါန်ကို မြတ်စွာဘုရားက လေးမျိုးခွဲဟောတယ်။ ကာမဂုဏ်နဲ့ပတ်သက်ပြီးတော့ စွဲလန်းမှုကို ကာမုပါဒါန် လို့ ခေါ်တယ်။ ကိုယ့်ဘာသာကိုယ် ပြန်ပြီးတော့ စစ်ဆေးကြည့်၊ ကာမုပါဒါန်ဆိုတဲ့နေရာမှာ ကာမဆိုတာ လိုချင်စရာအာရုံတွေကို ဥပါဒါနက စွဲလမ်းနေတဲ့တဏှာ။ လိုချင်စရာအာရုံတွေကို စွဲလန်း နေတဲ့တဏှာ။

တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ကာမဆိုတာ လိုချင်စရာ အာရုံတွေကို လိုချင်နေတဲ့တဏှာသည်၊ ဥပါဒါန စွဲလမ်းနေတဲ့ အရာ ဖြစ်တယ်ပေါ့။ ကဲ၊ ဘုန်းကြီးတို့တတွေ လွယ်လွယ်လေးနဲ့ခွါလို့ရမလား ကိုယ့်ဟာကိုယ် စဉ်းစားကြည့်။ နှစ်သက်စရာ အာရုံလေးတစ်ခုကို နှစ်သက်တယ် ဆိုတဲ့နေရာမှာ အဲဒီ နှစ်သက်မှု မဖြစ်အောင် လွယ်လွယ်လေးနဲ့ခွါလို့ရမလား၊ မရဘူး။

မျက်စေ့က မြင်တဲ့ အာရုံပေါ်မှာ နှစ်သက်တယ်၊ နားက ကြားတဲ့အသံပေါ်မှာ နှစ်သက်တယ်။ နှာခေါင်းက ရှူရတဲ့အနံ့ ပေါ်မှာ၊ လျှာက ခံစားရတဲ့ အရသာပေါ်မှာ။ နေ့စဉ်နဲ့အမျှ ဘုန်းကြီးတို့တတွေရဲ့ သန္တာန်မှာ ကာမဂုဏ်အာရုံတွေနဲ့တွေ့တိုင်း မျက်စေ့ကမြင်၊ နားကကြား၊ အဲဒီအာရုံတွေပေါ်မှာ သွားပြီး တွယ်တာနေတာပေါ့။ အဲဒါတွေကို မစွန့်လွှတ်နိုင်ဘူး။ အဲဒါတွေကို ကာမုပါဒါန်လို့ခေါ်တယ်။

ကာမုပါဒါန်ကြောင့် ဒီအာရုံမြင်ရင် နောက်ထပ်ရဖို့အတွက် ကြိုးစားတယ်။ မျက်စေ့ကမြင်ရတဲ့အာရုံအတွက် နောက်ထပ်ရဖို့၊ နားက ကြားရတဲ့အသံအတွက် နောက်ထပ်ရဖို့၊ နှာခေါင်းက နမ်းရှူရတဲ့ အနံ့အတွက် နောက်ထပ်ရဖို့၊ ဘယ်လောက်များ စွဲလမ်းမှုရှိသလဲဆိုရင် ကြည့်လေ ရွှေဆိုင်တွေချမ်းသာနေတာ။ အဲဒါဘာလဲ၊ မျက်စေ့က မြင်တဲ့အပေါ်မှာ လိုချင်နေကြတာတွေ မို့လား။ အေး၊ ကက်ဆက်တွေတို့၊ Mp3တွေတို့၊ အခု သီချင်းတွေ ဟုတ်လား။ CDတွေ၊ DVDတွေ ထုတ်နေတာ ဘာကြောင့်တုန်း။ အသံကို တွယ်တာလို့လေ။ ရေမွှေးတွေတို့၊ မိတ်ကပ်တွေတို့ ဘာတို့၊ ဒီအနံ့နဲ့ ပတ်သက်လာတွေကော ဘယ်လောက် ရောင်းကောင်းနေလဲ။

လောကလူတွေမှာကြည့်၊ စားသောက်ဆိုင်တွေမှာဆို၊ ဟော၊ ရသနဲ့ ပတ်သက်လာရင် စားသောက်ဆိုင်တွေ ဘယ်လောက်ကြီးပွားနေတုန်းနော်။ မြန်မာပြည်ဆိုလို့ရှိရင် ပိုတောင်ပေါသေးတယ်။ ကိုယ့်နိုင်ငံက အစားအသောက်တင် မကဘူး၊ ကိုရီးယားတဲ့၊ ဗီယက်နမ်တဲ့၊ ဟိုက ဒီက အစား အသောက်တွေကို ပြည့်နေတာပဲ။

အဲဒီတော့ ဒါတွေအားလုံးကို ပေါင်းလိုက်တဲ့အခါမှာ တွယ်တာမှုဆိုတာ ရှိနေတယ်ဆိုတာ ထင်ရှားတယ်။ ကဲ၊ အဲဒီ လူတွေဟာ အစာမစားရင် ခန္ဓာကိုယ်မတည်တံ့မှာမို့ စားတာလား၊ ကြိုက်လို့စားတာလား။ ကြိုက်လို့စားတာ၊ ကာမုပါဒါန်ဆိုတာ လွယ်လွယ်နဲ့ခွါလို့ရတာ မဟုတ်ဘူးတဲ့နော်။

ကဲ၊ တခြားဘာသာတွေမှာလည်း ကာမုပါဒါန်ကို ပယ်ခွာဖို့ ဟောတာ ရှိပါတယ်။ ကာမုပါဒါန်ကို ပယ်ခွါနိုင်ကြတယ်၊ စွန့်လွှတ် နိုင်ကြတယ်။ တချို့များဆို အဝတ်တောင်မဝတ်ဘူး။ အိန္ဒိယ မှာဆို ဂျိန်းဘုန်းကြီးတွေဆိုတာ ပိုင်ဆိုင်မှုတွေ အကုန် စွန့်လွှတ် ပြီးတော့ အဝတ်တောင်မဝတ်ဘဲနဲ့နေတယ်။ ကာမုပါဒါန်ကိုတော့ သူတို့ ပယ်ခွါနိုင်တယ်ပေါ့။

ကဲ၊ နောက် ဥပါဒါန်တစ်ခုကိုကြည့်ရအောင်။ ဒိဋ္ဌုပါဒါန်၊ အမြင်နဲ့ပတ်သက်တဲ့ ဥပါဒါန်အစွဲအလမ်းတစ်ခု။ အဲဒီ ဒိဋ္ဌုပါဒါန်ဆိုတာ တခြားဟာ ပြောတာမဟုတ်ဘူး၊ ကံ,ကံ၏ အကျိုးကို ငြင်းပယ်တာ၊ နတ္ထိကဝါဒလို့ခေါ်တယ်။ ကုသိုလ်ကံရဲ့ အကျိုးဆိုတာ မရှိဘူး၊ လှူတာတန်းတာရဲ့ အကျိုးဆိုတာ မရှိဘူး။ ဒီလောက မရှိဘူး၊ တမလွန်လောက မရှိဘူး၊ အမေ မရှိဘူး၊ အဖေ မရှိဘူး၊ အမေတွေ အဖေတွေကို အသိအမှတ်မပြုဘူး ဆိုတဲ့သဘောပေါ့။ နတ္ထိမာတာ, နတ္ထိပိတာ။ အမေ အဖေကို အသိအမှတ်မပြုဘူးဆိုကတည်းက အမေ အဖေအပေါ်မှာ စော်ကားတာတို့၊ အမေ အဖေအပေါ်မှာ ပြုစုတာတို့ ကုသိုလ် မရဘူးဆိုတာ ငြင်းပယ်တာပဲ၊ အတူတူပဲ ဟုတ်ကဲ့လား။ အဲဒီလို မရှိဘူး ဆယ်ချက်နဲ့ ငြင်းပယ်တာကို ဒိဋ္ဌုပါဒါန်လို့ခေါ်တယ်။ အထူးသဖြင့် ရုပ်ဝါဒကို စွဲလမ်းတဲ့ပုဂ္ဂိုလ်တွေဟာ အဲဒီအယူအဆ ရှိတယ်။ အဲဒီ ဒိဋ္ဌုပါဒါန်ကလည်း လွယ်လွယ်နဲ့ဖြုတ်လို့မရတဲ့ ဥပါဒါန်တစ်ခုပဲ။

နောက်တစ်ခုက အဲဒီ ဒိဋ္ဌုပါဒါန် ဖြုတ်နိုင်တော့ ဘာကျန် သေးတုန်းဆိုတော့ သံသရာဝဋ်က လွတ်ရာလွတ်ကြောင်း၊ သံသရာဝဋ် အကျင့်တွေကျင့်တယ်၊ ဘာအကျင့်တွေ ကျင့်တုန်း ဆိုရင် ခွေးအကျင့်၊ နွားအကျင့် ကျင့်တယ်။ ဒီအကျင့်နဲ့ သံသရာဝဋ်ကလွတ်တယ်လို့ ယုံကြည်ယူဆတယ်။

ဒါကြောင့်မို့လို့ ခွေးလိုကျင့်တယ်၊ နွားလိုကျင့်တယ်၊ ဟော မျောက်လိုကျင့်တယ်၊ ဝက်လိုကျင့်တယ်၊ မျိုးစုံပေါ့လေ။ ဥဒေါင်း လို ကျင့်တာတို့၊ အဲဒီလိုကျင့်တာတွေ အများကြီးပဲ၊ မျိုးစုံပဲ။ အဲဒီလိုကျင့်တာတွေ လင်းနို့ကြီးလို တွဲလောင်းဆွဲပြီးတော့နေတဲ့ အကျင့်လည်းရှိတာပဲ။ ဝဂ္ဂလိဝတ လို့ခေါ်တယ်နော်။ အဲဒီလို အကျင့်မျိုးစုံတွေနဲ့ သံသရာဝဋ်က လွတ်နိုင်တယ်လို့ မှားမှား ယွင်းယွင်းမြင်တဲ့အမြင်က သီလဗ္ဗတပရာမာသ။

ဟော နောက်တစ်ခုက ဘာတုန်းဆိုရင် အတ္တဝါဒုပါဒါန၊ အတ္တဝါဒုပါဒါနဆိုတာ သက္ကာယဒိဋ္ဌိကိုပြောတာ။ သက္ကာယဒိဋ္ဌိဆိုတာ ခန္ဓာငါးပါးထဲက တစ်ပါးပါးပေါ်မှာ “အတ္တ”လို့ ယူဆတယ်။ အတ္တဆိုတာ “ငါ”လို့ယူဆတယ်ပေါ့။ ပြောမယ်ဆိုရင် တစ်ခါတစ်ခါ “အတ္တ”နဲ့ “အဟံ”တွဲပြီး ပြောတာရှိတယ်နော်။ “အဟံ မမ” ငါ သို့မဟုတ် ငါ့ဥစ္စာ။ ကဲ ဘုန်းကြီးတို့တတွေ ကိုယ့်ကိုယ်ကို စဉ်းစားကြည့်။ ငါဆိုတဲ့စကားကို အရပ်စကား အနေနဲ့သာ ငါလို့ပြောတာ၊ ကဲ ဘယ်ဟာကို ငါ ခေါ်တာလဲလို့ ကိုယ့်ဟာကိုယ်မေးကြည့်ပေါ့။ “ငါ့ဟာ”လို့ပြောတယ်၊ ဘယ်ဟာကို ငါ့ဟာလို့ပြောမှာလဲလို့ သေချာမေးကြည့်လိုက်ရင် ခန္ဓာ ငါးပါးထဲကလွတ်ပြီး ငါလို့ ပြောလို့ရရဲ့လား၊ မရဘူး။ အေး ခန္ဓာ ငါးပါးကလွဲပြီး ငါ့ဟာလို့ ပြောလို့ရရဲ့လား၊ မရဘူး။ အဲဒီတော့ ခန္ဓာငါးပါးထဲကတစ်ခုခုကိုပဲ ငါလို့လည်းပြောတယ်၊ ငါ့ဟာ လို့လည်းပြောတယ်ပေါ့။

အဲဒီတော့ တကယ် “ငါ”ဆိုတာ ဟုတ်ရဲ့လားဆိုတော့ မဟုတ်ဘူး။ သူ့သဘာဝအတိုင်း သူ့ဟာသူဖြစ်နေတာ။ “ငါ့ဟာ”ဆိုတာကော ဟုတ်ရဲ့လား၊ မဟုတ်ဘူး။ တကယ် ဝိပဿနာ ဉာဏ်အမြင်နဲ့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် အရာခပ်သိမ်းက ထာဝရရွေ့လျားနေတာ။ ဆိုပါစို့၊ မြစ်ရေတွေစီးနေတာ ကြည့် လိုက်မယ်ဆိုရင် အဲဒီ စီးနေတဲ့ရေကလေးကို သေသေချာချာ တည့်တည့်လေးချိန်ထား၊ ချိန်ထားပြီးတော့ “ငါရေ”လို့ပြောလိုက်၊ အဲဒီပြောပြီးတဲ့အချိန်လေးမှာ ဒီရေဟာ ရှိသေးလား၊ မရှိတော့ဘူး။ နောက်တစ်ခုဖြစ်သွားပြီ၊ ဟုတ်ကဲ့လား။ ပြောင်းသွားပြီ။

အဲဒီလို ပြောင်းတာထက်တောင် မြန်သေးတယ်။ ကိုယ့် ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်တွေနာမ်တွေက “ငါ”လို့ ပြောလိုက်တဲ့ အချိန်လေးမှာပဲ သူက နောက်တစ်ခုဖြစ်သွားပြီ။ ဒီတစ်ခုက ပျက်သွားပြီလေ။ အဲဒီတော့ “ငါ”လို့ပြောလိုက်တဲ့ဟာလေးက ပျက်သွားပြီ၊ နောက်တစ်ခါဖြစ်တဲ့ဟာလေးက “ငါ”လို့ပြောတဲ့ဟာ မဟုတ်တော့ဘူး၊ တခြားဟာဖြစ်ပြီ။ သို့သော် copy ဖြစ်တော့ လူတွေက မျက်စေ့လည်နေတာပေါ့။ ဒါလို့ပဲထင်တော့တာပေါ့ ဟုတ်ကဲ့လား။

အဲဒါကြောင့် ခန္ဓာငါးပါးထဲက တစ်ခုခုကို “ငါ”လို့ပြောရတဲ့ အတ္တဝါဒ။ သက္ကာယဒိဋ္ဌိ၊ သက္ကာယဆိုတာ တကယ်ထင်ရှားရှိတဲ့ ခန္ဓာ၊ အဲဒီခန္ဓာပေါ်မှာ လွဲမှားစွာထင်တာက ဒိဋ္ဌိ။ ခန္ဓာငါးပါးကို ခန္ဓာငါးပါးလို့မြင်ရင် မှန်တယ်နော်။ ရုပ်ကို ရုပ်လို့ပဲမြင်တယ်၊ နာမ်ကို နာမ်လို့ပဲ မြင်တယ်၊ “ငါ”လို့ မမြင်ဘူးဆိုရင်မှန်တယ်။ အဲဒီ ရုပ်နာမ်နှစ်ပါးထဲကတစ်ခုခုကို “ငါ” လို့မြင်တယ်ဆိုတဲ့ အမြင်ဟာ မှားတယ်ပေါ့။ အဲဒီလိုမြင်တာကို အတ္တ။ အဲဒီ အတ္တ အကြောင်းပြောတဲ့ဝါဒကို အတ္တဝါဒ။ အဲဒီ အတ္တဝါဒပေါ်မှာပဲ စွဲလမ်းမှုက ဥပါဒါန်။

ဘာသာတရားတွေ အားလုံးဟာ (မြတ်စွာဘုရားက ထောက်ပြတယ်) ဒီ ဥပါဒါန်တရားတွေကို ကျော်လွှားဖို့ ကြိုးစား ကြတယ်။ တချို့ဘာသာတွေက ကာမုပါဒါန်ကို ကျော်လွှားနိုင်တယ်၊ ကာမဂုဏ်အာရုံတွေကို ဖယ်ရှားနိုင်တယ်။ နောက် တချို့ ဘာသာတွေက ကာမဂုဏ်အာရုံတွေအပြင် ဒိဋ္ဌုပါဒါန် ကိုလဲ ကျော်လွှားနိုင်တယ်တဲ့။ နောက် တချို့ဘာသာတရားတွေက ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန် နှစ်ခုတင်မကဘူး၊ သီလဗ္ဗတုပါဒါန်ဆိုတဲ့ အကျင့်သီလနဲ့ ပတ်သက်တဲ့ မှားယွင်းတဲ့ အယူအဆပေါ်မှာလည်း ကျော်လွှားနိုင်တယ်တဲ့။

သူတို့မကျော်လွှားနိုင်တာကဘာတုန်းဆိုရင် အတ္တဝါဒုပါဒါန် ပဲ။ အတ္တဝါဒုပါဒါန်ကို မကျော်လွှားနိုင်ဘူးတဲ့။ ဆိုလိုတာက မြတ်စွာဘုရားလက်ထက်က ဘာသာတရားတွေ မှန်သမျှမှာ “ငါ”ဆိုတာ ပယ်ဖျက်လို့မရဘူး။ သူတို့မှာ နောက်ဆုံး အတ္တလေး ကျန်နေတယ်လို့ ဒီလိုပြောတာနော်။ အဲဒါလေးမှ မပျောက်ဘူး ဆိုရင်တဲ့ မြတ်စွာဘုရားက သံသရာဝဋ်ကလွတ်လို့ မရဘူးတဲ့။

အဲဒီတော့ တခြားဘာသာတရားတွေဟာ အဲဒီအဆင့်ကို ဘယ်ဘာသာမှ မကျော်နိုင်ဘူး။ ဆိုပါစို့၊ ပုရာဏ ကဿပတို့၊ မက္ခလိဂေါသာလတို့၊ အဇိတ ကေသကမ္ဗလ၊ နိဂဏ္ဍနာဋပုတ္တ တို့၊ သဉ္စယဗေလဋ္ဌပုတ္တ တို့ ဘုရားလက်ထက်တုန်းက ထင်ရှားတဲ့ ဘာသာရေးဂိုဏ်းဆရာကြီးတွေဟာ အမျိုးမျိုးသော အယူဝါဒတွေ ဟောနေပေမယ့် နောက်ဆုံးမှာ သူတို့ မကျော်လွှားနိုင်တာ အတ္တပဲ။ အဲဒီ အတ္တဆိုတဲ့ အယူအဆကို မကျော်ဖြတ်နိုင်သည့် အတွက်ကြောင့် ထာဝရငြိမ်းတဲ့ နိဗ္ဗာန်ဆိုတာ ဘယ်လိုမှ ရှာတွေ့ မသွားကြဘူးပေါ့။ ဒီ အတ္တဝါဒထဲမှာပဲ ပြန်နှစ်ပြီးတော့ အတ္တဝါဒ ထဲမှာပဲ ပြန်ပေါ်လာတာပဲ။

မြတ်စွာဘုရားသခင်ပွင့်ပြီ ဆိုတဲ့အခါကျတော့ ဟောဒီ အတ္တဆိုတဲ့ အယူအဆလေးတစ်ခုကို ငြင်းပယ်လိုက်တယ်။ “သဗ္ဗေ ဓမ္မာ အနတ္တာ” လို့ ဟောနိုင်တာ မြတ်စွာဘုရားတစ်ပါးပဲ ရှိတယ်ပေါ့။ ကျန်တဲ့ပုဂ္ဂိုလ်တွေက အနိစ္စ၊ ဒုက္ခ ဟောကောင်း ဟောလိမ့်မယ်။ အနတ္တဆိုတာ မဟောနိုင်ကြဘူးပေါ့။

အဲဒီတော့ ဘယ်လောက်ပဲကောင်းတဲ့ ဘာသာတရားပဲ ဖြစ်ဖြစ် နောက်ဆုံးမှာ အတ္တကို မပယ်ဖျက်နိုင်သမျှ၊ အတ္တဆိုတဲ့ အယူအစွဲကြီးကို မရှောင်ရှားနိုင်သေးသမျှ၊ မကျော်လွှားနိုင် သေးသမျှ သံသရာဝဋ်ဆင်းရဲက ဘယ်သူမှမလွတ်ဘူးတဲ့။ အဲဒီ အတ္တကို ကျော်ဖြတ်ဖို့၊ ဖယ်ရှားနိုင်ဖို့ အမှန်တရားကိုသိဖို့လိုတယ်။ အမှန်တရားကို မသိတဲ့ အဝိဇ္ဇာကို ဖယ်ရှားနိုင်ဖို့ အမှန်တရားကို သိတဲ့ အသိဉာဏ်ဝိဇ္ဇာ လိုတယ်။

ဗုဒ္ဓဘာသာတရားတော်မှာ ဝိဇ္ဇာဟာ အဆင့်ဆင့်ထားတာ နောက်ဆုံးမှာ ဒီ မဂ်ဉာဏ်တွေကို ဝိဇ္ဇာ လို့ခေါ်တယ်။ အရဟတ္တမဂ္ဂဝိဇ္ဇာလို့ဆိုတဲ့ အသိဉာဏ်ရလိုက်ပြီ ဆိုလို့ရှိရင်တော့ မောဟ ဆိုတဲ့တွေဝေတဲ့ အဝိဇ္ဇာဆိုတဲ့ အသိနဲ့ ဆန့်ကျင် ဘက် သဘာဝတရားတစ်ခုဟာ လုံးဝရှင်းသွားတယ်။ လုံးဝ ရှင်းသွားတော့ အဝိဇ္ဇာ ကင်းသွားလို့ ဝိဇ္ဇာ လဲ ပေါ်လာရော။ ဘာဖြစ်လဲဆိုရင် အဲဒီ အဝိဇ္ဇာကင်းသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက် အဝိဇ္ဇာ ပျောက်သွားပြီဆိုတာနဲ့ တစ်ပြိုင်နက် အမှန်တရားကို သိမြင်သွားပြီ။ သိမြင်သွားတဲ့အခါကျတော့ တွယ်တာမှုတွေ အားလုံးကို ဖယ်ရှားလို့ရသွားပြီ။ တွယ်တာမှုတွေအားလုံး ဖယ်ရှားသွားနိုင်တဲ့အချိန်မှာ ဘာဖြစ်လဲလို့ဆိုရင် တွယ်တာမှုတွေ ကုန်သွားတာနဲ့ တစ်ပြိုင်နက် သူ့ကိုယ်သူ သိလာတယ်။ ခဏာဇာတိ၊ ဘဝဆိုတာ၊ ဇာတိဆိုတာ နောက်ထပ် ပြန်လည် မွေးဖွားမှု ငါ့မှာ မရှိတော့ဘူး၊ “ဝုသိတံ ဗြဟ္မစရိယံ” ကျင့်စရာတွေ ကျင့်ပြီးပြီ။ “ကတံ ကရဏီယံ” လုပ်စရာတွေ လုပ်ပြီးပြီ။ “နတ္တိ” နောက်ထပ် ဘဝသစ်ဆိုတာ ငါ့မှာမရှိတော့ဘူး။ ဒီအကျင့်တရားအတွက် နောက်ထပ် ထပ်ပြီးတော့ ကျင့်စရာမရှိတော့ဘူးဆိုတာ လုံးဝ ရှင်းရှင်းကြီး မြင်လာပြီ။ အဲဒီအဆင့်ထိအောင် မပို့နိုင်တဲ့ သာသနာဟာ ပြည့်စုံတဲ့ သာသနာလို့ မခေါ်နိုင်ဘူးတဲ့နော်။ ဒါကြောင့်မို့လို့ ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်သည် “နိယျာနိက သာသနာ” တကယ့် သံသရာဝဋ်ဆင်းရဲကနေ ထုတ်ဆောင် ပေးနိုင်တဲ့ သာသနာ၊ တကယ်ပြည့်စုံတဲ့ အသိဉာဏ်တစ်ခုကို ပေးပြီးတော့ မသိမှုဆိုတဲ့ အဝိဇ္ဇာကို ဖယ်ရှားပစ်နိုင်တဲ့သာသနာ ဖြစ်တယ်ဆိုတာ ကိုယ်စီကိုယ်စီသဘောကျပြီးတော့ ဗုဒ္ဓမြတ်စွာ ရဲ့ သာသနာတော်မှာ အဓိကပန်းတိုင်ဟာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ဖြစ်တယ်။ ထို အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရဖို့ရာ အတွက် မှားယွင်းတဲ့ အမြင်တွေကို အဆင့်ဆင့် ဖယ်ရှားလို့ အသိဉာဏ် မိမိတို့သန္တာန်မှာရအောင် ကြိုးစားအားထုတ်ရမှာ ဖြစ်တယ်လို့ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြ ပါစေကုန်သတည်း။

သာဓု ၊ သာဓု၊ သာဓု

5qkouneqfblfk21v67dm8qfud3vsa93
အစွမ်းတန်ခိုးများနှင့် သာသနာ
0
6374
22170
2026-06-16T02:42:19Z
Tejinda
173
"{{header | title = အစွမ်းတန်ခိုးများနှင့် သာသနာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = န..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22170
wikitext
text/x-wiki
{{header
| title = အစွမ်းတန်ခိုးများနှင့် သာသနာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[နိယျာနိကသာသနာ]]
| previous2 =
| next = [[ဒက္ခိဏဝိဘင်္ဂသုတ်အနှစ်ချုပ်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

အစွမ်းတန်ခိုးများနှင့် သာသနာ

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၂ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ဒုတိယအကြိမ် ဝိသုဒ္ဓိ သံဃဒါန ဆွမ်းလောင်းအသင်း၊ အထူးဓမ္မပူဇာ ဓမ္မသဘင်အခမ်းအနားဝယ် ဟောကြားအပ်သော “အစွမ်းတန်ခိုးများနှင့် သာသနာ” တရားဒေသနာတော်။

မိမိတို့ ကြည်ညိုကိုးကွယ် မြတ်နိုးရာ ဘာသာတရား ထွန်းကားဖို့ရန်အတွက် ဆိုင်ရာဆိုင်ရာ ဘာသာတရားတွေမှာ ယုံကြည်မြတ်နိုးကြတဲ့ ပုဂ္ဂိုလ်အသီးသီးဟာ သူတို့ ဘာသာ သာသနာ ကြီးပွားတိုးတက်ရေးအတွက် အစွမ်းတန်ခိုးနဲ့ သာသနာပြုဖို့ စိတ်ကူးကြတယ်။ ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်မှာလည်း ထို့အတူပဲ။ အချို့အချို့သော ပုဂ္ဂိုလ်တွေရဲ့ စိတ်ထဲမှာ အစွမ်းတန်ခိုးပြပြီး သာသနာပြုရင် ကမ္ဘာလောကမှာရှိတဲ့ လူသားတွေအားလုံးကို စည်းရုံးနိုင်လိမ့်မယ်လို့ ယုံကြည်ကောင်း ယုံကြည်ကြလိမ့်မယ်။ ဒါ ရိုးသားတဲ့ ယုံကြည်မှုတစ်ခုပေါ့နော်။

သို့သော် အဲဒီအစွမ်းတန်ခိုးနဲ့ သာသနာပြုလို့ တကယ်ရနိုင်သလား။ အစွမ်းတန်ခိုးဆိုတာ ဘာကိုခေါ်တာလဲ၊ လူတွေ ထင်မြင်ယူဆထားတဲ့ တန်ခိုးအာဏာပါဝါတွေကို အစွမ်းတန်ခိုးခေါ်တာလားဆိုတာကို ဘုန်းကြီးတို့ ဒီနေ့ည ရှင်းရှင်းလင်းလင်း သိကြရအောင် ဗုဒ္ဓမြတ်စွာရဲ့ အာဘော်ကျ ဒီဃနိကာယ် ကေဝဋ္ဋသုတ်လာတဲ့အတိုင်း ဟောကြားမှာဖြစ်ပါတယ်။

တရားဟောသူများ သတိထားစရာ

အားလုံးသော တရားဓမ္မဟာ ဗုဒ္ဓမြတ်စွာ ဟောကြားထားတဲ့ တရားဓမ္မဖြစ်တယ်။ ဗုဒ္ဓမြတ်စွာ ဟောကြားထားတဲ့ ထိုတရားဓမ္မကိုပဲ လွယ်လွယ်ကူကူနဲ့ ရှင်းရှင်းလင်းလင်း နားလည်အောင် ဘုန်းကြီးတို့က ထပ်ဆင့်ဟောပြောကြရတယ်။ တစ်ခါတရံမှာ ကိုယ့်ရဲ့ အာဘော်နဲ့ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်ကို ညစ်နွမ်းမသွားစေဖို့ သိပ်သတိထားရပါတယ်။

လောကကြီးမှာ pollution(ညစ်ညမ်းခြင်း)ဆိုတာ ရှိတယ် မဟုတ်လား။ air pollution ဆိုတာ လေထုညစ်ညမ်းခြင်းပေါ့။ ရေညစ်ညမ်းခြင်းကို water pollution လို့ခေါ်တယ်။ အခုခေတ်တော့ pollution တွေ ထပ်တိုးလာတယ်။ အသံတွေ ဆူညံတာကို noise pollution လို့ခေါ်တယ်။ အခုတစ်ခါ ကမ္ဘာမှာ pollution တစ်ခု ထပ်တိုးနေတယ်၊ light pollution တဲ့။ လျှပ်စစ်မီးတွေ သိပ်ပြီးအသုံးပြုတဲ့အခါ တစ်ချို့နိုင်ငံတွေမှာ နေ့တွေ ညတွေ မကွဲတော့ဘူး။ အဲဒါကို light pollution လို့ခေါ်ကြတယ်။ အဲဒီ pollution စတဲ့ air pollution or water pollution တို့၊ light pollution တို့ဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်။

view pollution ဆိုတာကျတော့ ဘာသာတရားနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ရဲ့ အထင်အမြင် အယူအဆတွေ idea တွေထည့်လိုက်သည့်အတွက် တကယ့်အစစ်အမှန်တရားတွေဟာ ညစ်နွမ်းသွားနိုင်တယ်။ ဒါကြောင့် တရားဟောတယ်ဆိုတာ အလွန်သတိထားရတယ်။

ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါ ကာလတုန်းက ရာဇဂြိုဟ်မြို့နဲ့ မလှမ်းမကမ်းမှာ နာလန္ဒာ ဆိုတဲ့မြို့ကလေး တစ်မြို့ရှိတယ်။ နာလန္ဒာကို တက္ကသိုလ်အနေနဲ့ပဲ သိကြတယ်။ နာလန္ဒာမြို့နားမှာ ကြီးကြီးမားမား တက္ကသိုလ်ကြီးတစ်ခု တည်ထောင်ထားလို့ အခုထိ နာလန္ဒာတက္ကသိုလ်လို့ ခေါ်နေကြတယ်။

အဲဒီ နာလန္ဒာဆိုတဲ့ မြို့ကလေးမှာ မြတ်စွာဘုရားနဲ့ ခေတ်ပြိုင် နိဂဏ္ဌဝါဒဆိုတာရှိတယ်။ ဒီကနေ့ခေတ်တော့ ဂျိမ်းဝါဒလို့ခေါ်တယ်။ အိန္ဒိယမှာ ဗုဒ္ဓဝါဒနဲ့ ခေတ်ပြိုင် ပေါ်ထွန်းခဲ့တဲ့ ဝါဒတွေအနက် ယခုထိ အိန္ဒိယမှာ ထွန်းကားနေဆဲ ဝါဒသည် ဂျိန်းဝါဒပဲဖြစ်တယ်။ ပါဠိစာပေအရ နိဂဏ္ဌနာဋပုတ္တ၊ သူတို့စာပေအရ မဟာဝီရလို့ခေါ်တဲ့ နိဂဏ္ဌဘုရား (ဂျိန်းဘုရား)က နာလန္ဒာမှာ နှစ်ပေါင်းများစွာ သီတင်းသုံးနေထိုင်ခဲ့တယ်။ နာလန္ဒာဟာ သူအတွက် အားအကိုးရဆုံး မြို့တစ်မြို့ဖြစ်ခဲ့တယ်။

သို့သော်လည်း နောက်ပိုင်းမှာ နိဂဏ္ဌဘာသာဝင် (ဂျိန်းဘာသာဝင်) နာလန္ဒာရဲ့ သူဌေးကြီး ဥပါလိဟာ ဗုဒ္ဓကို ဝါဒပြိုင်ဖို့ သွားရင်း ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းသွားတယ်။ ဥပါလိ သူကြွယ် ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းသွားတဲ့အခါ အဲဒီ မဟာဝီရလို့ခေါ်တဲ့ နိဂဏ္ဌဘာသာရေးခေါင်းဆောင် ဂျိန်းဘုရားဟာ စိတ်ဓာတ်တွေကျပြီး ပါဝါမြို့ကို ပြောင်းရွှေ့သွားတယ်။ စိတ်ဆင်းရဲတော့ ရောဂါဝေဒနာတွေရပြီး မကြာခင် ပါဝါမှာပဲ ကွယ်လွန်အနိစ္စရောက်သွားခဲ့တယ်။

ဥပါလိသူကြွယ် ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ အချိန်ကနေစပြီး နာလန္ဒာတစ်မြို့လုံးနီးနီး ဂျိန်းဘာသာကိုးကွယ်ရာက ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲသွားကြတယ်။ မြတ်စွာဘုရားကိုလည်းပဲ အလွန်ကြည်ညိုကြတယ်။ အဲဒီအထဲမှာ ပစ္စည်းဥစ္စာ အတော်ကြွယ်ဝတဲ့ သူဌေးသားတစ်ယောက်ရှိခဲ့တယ်။ သူ့ရဲ့ အမည်က ကေဝဋ္ဋပုတ္တလို့ခေါ်တယ်။ အဲဒီသူဌေးသားကလည်း ဗုဒ္ဓဘာသာကို အလွန်ကြည်ညိုတယ်။ ဘာသာရေးကို အလွန်စိတ်ဝင်စားတော့ နာလန္ဒာမြို့ တစ်မြို့လုံး ဗုဒ္ဓဘာသာဘက်ကို ပိုပြီးစိတ်ဝင်စားစေချင်တယ်။ ဒါဟာ သူရဲ့ ဆန္ဒပဲ။

သာသနာပြုတဲ့အခါမှာ သဒ္ဓါတရားတစ်ခုတည်းနဲ့မဖြစ်ဘူး။ သူ့ရဲ့ သဒ္ဓါက သိပ်အားကောင်းသည့်အတွက် သူ့အတွေးတွေ ဘယ်လိုဝင်လာသလဲဆိုရင် “ဒီကနေ့ နာလန္ဒာမှာရှိတဲ့ ကိုယ်တော်တွေထဲက တစ်ပါးပါးက အစွမ်းတန်ခိုးတွေများ ပြမယ်ဆိုရင် ဟောဒီ နာလန္ဒာမြို့သူမြို့သားတွေ ဗုဒ္ဓဘာသာကို ပိုပြီးတော့ ကြည်ညိုကြမယ်၊ ဗုဒ္ဓဘာသာဝင်တွေ ပိုပြီးတော့ ခိုင်မြဲစွာဖြစ်လိမ့်မယ်”၊ ဒါ သူ့အတွေး။

ဒီကနေ့ခေတ်မှာလည်း ဒီလိုအတွေးမျိုး ရှိကောင်းရှိလိမ့်မယ်။ တစ်ခါတုန်းက ဒကာကြီးတစ်ယောက်က ပြောဖူးတယ်၊ ဘုန်းကြီးတွေ ကောင်းကင်မှာ ဈာန်ပျံပြနိုင်မယ်ဆိုရင် တစ်ကမ္ဘာလုံး ဗုဒ္ဓဘာသာဖြစ်သွားမှာပဲလို့ အဲဒီဒကာကြီးက ပြောဖူးတယ်။ ဒီအတွေးမျိုးက အခုမှပေါ်တာ မဟုတ်ဘူး။ ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါကာလတုန်းက ကေဝဋ္ဋပုတ္တဆိုတဲ့ သူဌေးသားလေးက ဒီစိတ်ကူးမျိုး ရလာတယ်။ သူက စိတ်ကူးရရုံတင် မဟုတ်ဘူး။ မြတ်စွာဘုရားကို သွားလျှောက်တယ်။ “အရှင်ဘုရား၊ တပည့်တော် သာသနာတော် ကြီးပွားထွန်းကားရေးအတွက် အကြံတစ်ခု လျှောက်ထားချင်ပါတယ်။ မြတ်စွာဘုရားက တန်ခိုးဣဒ္ဓိပါဒ်နဲ့ ပြည့်စုံတဲ့ ရဟန်းတစ်ပါးကို ဟောဒီနာလန္ဒာအနှံ့ တန်ခိုးပြဖို့ ခန့်ထားပါဘုရား”တဲ့။ အဲဒီလို ခန့်ထားမယ်၊ ဒီကိုယ်တော် တန်ခိုးပြမယ်ဆိုရင် နာလန္ဒာမြို့သူမြို့သားတွေက အတိုင်းထက်အလွန် ဗုဒ္ဓဘာသာကို ကြည်ညိုလာကြပါလိမ့်မယ်။ ဒါ သူ့အတွေး။

မြတ်စွာဘုရားက ဘာအမိန့်ရှိတုန်းဆိုရင် “ကေဝဋ္ဋ၊ ငါ ဒီလို တရားမျိုးကို မဟောဘူး၊ ရဟန်းတို့လာကြ၊ လူတွေကို တန်ခိုးပြကြဆိုတဲ့ ဆုံးမဩဝါဒမျိုး ငါဘယ်တော့မှ မပေးဘူး”တဲ့။ ဘုရားက အဲဒီလိုမိန့်တဲ့အခါမှာ သူက ဘာပြန်လျှောက်တုန်းဆိုတော့ “အရှင်ဘုရား တပည့်တော်က စိတ်ကောင်းစေတနာကောင်းနဲ့ ပြောတာပါ၊ အရှင်ဘုရားကို နစ်နာဆုံးရှုံးစေလို၍၊ အရှင်ဘုရားရဲ့ စည်းကမ်းချက်တွေကို ထိခိုက်စေလို၍ လျှောက်တာ မဟုတ်ပါဘူး”။ ဘာဖြစ်လို့တုန်းဆိုရင် မြတ်စွာဘုရားက ရာဇဂြိုဟ်ပြည်မှာ ဝိနည်းစည်းကမ်းတစ်ခု ချထားတာရှိတယ်။ တန်ခိုးမပြရဘူးဆိုတဲ့ ဝိနည်းစည်းကမ်း ချမှတ်ထားခဲ့တယ်။

တန်ခိုးမပြရ ဝိနည်းစည်းကမ်း ချမှတ်ရပုံ

ဘယ်တုန်းကစပြီး တန်ခိုးမပြရဘူးဆိုတာကို ချမှတ်ခဲ့သလဲဆိုရင် ဘယ်ဘာသာဝင်မှ မဟုတ်တဲ့ non-religious believer ရာဇဂြိုဟ်က သူဌေးတစ်ယောက်က စန္ဒကူးနှစ်ကို သပိတ်လုပ်ပြီး အတောင်(၆၀)ရှိတဲ့ ဝါးလုံးမှာ ဆွဲထားပြီး “ဘာသာအမျိုးမျိုး ထွန်းကားနေတယ်၊ ကဲ၊ ဘာသာရေးသမားတွေ တန်ခိုးရှိကြတယ်၊ အစွမ်းသတ္တိတွေ ရှိကြတယ်ဆိုရင် ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကောင်းကင်မှာ ချိတ်ဆွဲထားတဲ့ ဟောဒီ စန္ဒကူးသပိတ်ကို ယူပါ။ ယူနိုင်မယ်ဆိုရင် သားရော၊ မယားရော သူ့မှာရှိတဲ့ စည်းစိမ်တွေကိုပါ ပုံအပ်ပြီး အဲဒီဘာသာဝင်အဖြစ် ခံယူမယ်” လို့ ကြေညာလိုက်တယ်။ သူကလည်း တန်ခိုးပြတာ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်ပဲနော်။

အတောင်(၆၀)ရှိတဲ့ ဝါးလုံးထိပ်မှာ ချိတ်ဆွဲထားတဲ့ သပိတ်ကို ကောင်းကင်ပျံပြီး ယူနိုင်တဲ့ပုဂ္ဂိုလ်ရဲ့ ဘာသာကို သူက ဆည်းကပ်မယ်လို့ ကြေညာတာနော်။ ဒီလိုကြေညာတဲ့အခါ တခြားဘာသာဝင်ခေါင်းဆောင်တွေက သွားပြီးစည်းရုံးကြတယ်။ “ဒီသပိတ်ကလေးအတွက်နဲ့ တန်ခိုးပြဖို့ မတောင်းဆိုပါနဲ့။ ဒို့မှာ တန်ခိုးပါဝါတွေ ရှိနေတာမှန်တယ်။ ဒို့နဲ့ပဲထိုက်တန်ပါတယ်။ မင်းရဲ့ သပိတ်ကို ဒို့ကိုလှူပါ” လို့ သွားပြောတယ်။ သူဌေးက ခေါင်းမာမာပဲ။ အားလုံးကိုလှူတယ်။ “ဒီအတိုင်းတော့ ဘယ်သူ့မှ မပေးနိုင်ဘူး၊ ယူတဲ့သူက ကောင်းကင်ကို ပျံပြီးမှသာ ယူရမယ်”တဲ့။

နောက်ဆုံး ဘယ်သူတက်ပြီး ယူလိုက်တုန်းဆို ရှင်ပိဏ္ဍောလဘာရဒွါဇပဲ။ ဗြဟ္မဏအမျိုးကနေ ရဟန်းဝတ်လာတဲ့ ရှင်ပိဏ္ဍောလဘာရဒွါဇဆိုတဲ့ ရဟန္တာတစ်ပါးက ရှင်မဟာမောဂ္ဂလာန်နဲ့အတူ ဆွမ်းခံဝင်လာရင်း သတင်းကြားတယ်။ လမ်းမှာလူတွေက ပြောကြတယ်ပေါ့။ လမ်းမှာလူတွေက ပြောကြတယ်ပေါ့။ “သူဌေးက ကြေညာထားတာ (၇)ရက် ရောက်ပြီ၊ ဒီသပိတ်ကို ယူမယ့်သူ မရှိဘူး။ လောကမှာ သူကလည်း ရဟန္တာ၊ ငါကလည်း ရဟန္တာနဲ့၊ သူကလည်း တန်ခိုးရှင်၊ ငါကလည်း တန်ခိုးရှင်နဲ့ ပြောနေကြတာ အလကားပါ၊ လောကမှာ တကယ်စွမ်းတဲ့ တန်ခိုးရှင် မရှိပါဘူး”လို့ ပြောနေကြတယ်။ ရှင်မဟာမောဂ္ဂလာန်က ဒီစကား ကြားသွားတယ်။ ကြားသွားတော့ ရှင်ပိဏ္ဍောလကို တိုက်တွန်းတယ်။ “ငါ့ရှင်ပိဏ္ဍောလ ကြားလား၊ ငါ့ရှင်တတ်နိုင်ပါတယ်။ အစွမ်းတန်ခိုး ပြပြီးတော့ ဒီသပိတ်ကို တက်ယူပါ”လို့ဆိုတော့ ရှင်မောဂ္ဂလာန်ရဲ့ တိုက်တွန်းချက်အရ ရှင်ပိဏ္ဍောလက အဲဒီ စန္ဒကူးသပိတ်ကို ကောင်းကင်ကကြွပြီး ရယူသွားခဲ့တယ်။ အဲဒီဇာတ်လမ်းကလေး ရှိတယ်။

ကောင်းကင်ပျံပြီးတော့ စန္ဒကူးသပိတ်ကို ယူတဲ့အချိန်မှာ အုန်းအုန်းကျွတ်ကျွတ်ပေါ့။ အလုပ်ကိစ္စနဲ့ ခရီးသွားနေလို့ မကြည့်လိုက်ရတဲ့လူတွေ၊ တခြားရောက်နေလို့ မကြည့်လိုက်ရတဲ့ လူတွေက ရှင်ပိဏ္ဍောလနောက်က လိုက်လာပြီး “မမြင်လိုက်ရလို့ ပြပါဦး၊ ပြပါဦး”နဲ့ တကောက်ကောက် လိုက်လာကြတယ်။

ကျောင်းထိအောင် လိုက်လာတယ်။ မြတ်စွာဘုရားက ဆူဆူညံညံ လုပ်တာဆိုရင် လုံးဝကိုမကြိုက်ဘူး။ တိတ်ဆိတ်ငြိမ်သက်မှုကို မြတ်စွာဘုရားက အလွန်နှစ်သက်တယ်။

ရှင်ပိဏ္ဍောလနောက်က လူအုပ်ကြီးက တအုန်းအုန်းနဲ့ လိုက်လာတာ ကျောင်းတော်ထိအောင် ဆူဆူညံညံ ဖြစ်နေတော့ မြတ်စွာဘုရားက မေးတယ်။ မေးလို့ ဒီသတင်းကြားတော့ ရှင်ပိဏ္ဍောလကို ခေါ်ပြီးတော့ မြတ်စွာဘုရားက မှတ်လောက်သားလောက်အောင် ဆုံးမတယ်။ ဘာမှတန်ဖိုးမရှိတဲ့ ဒီသပိတ်ကလေးအတွက်နဲ့ တန်ခိုးပြရမလားလို့ မြတ်စွာဘုရားက ဆုံးမပြီးတော့ “ဒီကနေ့ကနေစပြီး ရဟန်းတွေ တန်ခိုးမပြရဘူး” လို့ ပညတ်ခဲ့ဘူးတယ်နော်။

ဒါကြောင့် ဒီကေဝဋ္ဋက ဘုရားကို လျှောက်တဲ့အခါ “အရှင်ဘုရားရဲ့ စည်းကမ်းဥပဒေတွေကို ဖျက်လို၍ တပည့်တော်က လျှောက်တာမဟုတ်ပါဘူးဘုရား။ ဟောဒီ နာလန္ဒာ မြို့သူမြို့သားတွေ ဗုဒ္ဓဘာသာကို ပိုပြီးတော့ စိတ်ဝင်စားလာအောင်၊ အရှင်ဘုရား သာသနာနဲ့ အရှင်ဘုရားအပေါ် ပိုပြီးတော့ ကြည်ညိုမှုတွေ ဖြစ်စေချင်လို့ တပည့်တော် လျှောက်တာပါ”တဲ့။ အဲဒီလို လျှောက်သော်လည်း မြတ်စွာဘုရားက “ငါဘယ်တော့မှ ရဟန်းတွေကို တန်ခိုးပြဖို့ မတိုက်တွန်းဘူး” လို့ ပြန်ပြီးမိန့်ကြားတယ်။

အစွမ်းတန်ခိုး(၃)မျိုး

အဲဒီလို မိန့်ကြားတဲ့အခါမှာ (၃)ကြိမ်တိုင်အောင် ထပ်ပြီး တောင်းပန်လျှောက်ထားတော့ မြတ်စွာဘုရားက မိန့်တယ်။ “ကဲ ကေဝဋ္ဋ ငါပြောမယ်။ လောကမှာ အစွမ်းတန်ခိုး(၃)မျိုးရှိတယ်။ အစွမ်းတန်ခိုး(၃)မျိုးက ဘာတုန်းဆိုရင် နံပါတ်(၁)က ဣဒ္ဓိပါဋိဟာရိယ၊ နံပါတ်(၂)က အာဒေသနာပါဋိဟာရိယ၊ နံပါတ်(၃)က အနုသာသနီပါဋိဟာရိယ။ ဣဒ္ဓိပါဋိဟာရိယဆိုတာက ပုံစံအမျိုးမျိုး ဖန်ဆင်းပြနိုင်တယ်။ အာဒေသနာပါဋိဟာရိယဆိုတာ လူတစ်ယောက်ရဲ့ စိတ်ကို အတတ်ဟောတာ။ အနုသာသနီပါဋိဟာရိယဆိုတာ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်တရားကိုကျင့်၊ ဘယ်လိုလိုက်နာရမလဲ ဆိုပြီးတော့ သွန်သင်ဆုံးမတာ”တဲ့။ အစွမ်းတန်ခိုး(၃)မျိုးတဲ့။

ဆုံးမတာလည်း တန်ခိုးပဲ။ လောကလူတွေက အမျိုးမျိုးလုပ်ပြ ဖန်ဆင်းပြမှ တန်ခိုးလို့ ထင်နေတယ်။ မြတ်စွာဘုရားက ဆုံးမတာလည်း တန်ခိုးပဲတဲ့။ ဆုံးမဩဝါဒပေးတာဟာ အစွမ်းတန်ခိုးလို့ မှတ်ထားရမယ်။ ဒီအစွမ်းတန်ခိုးတွေကို ပါဠိလို ပါဋိဟာရိယ၊ မြန်မာလိုကျတော့ ပြာဋိဟာလို့ သုံးလေ့ရှိတယ်။ ပြာဋိဟာဆိုတဲ့ စကားလုံးနဲ့ ပါဋိဟာရိယဆိုတာဟာ အတူတူပဲ။ မြန်မာလိုက ပါဠိနောက်လိုက်ပြီးတော့ ပြာဋိဟာ ပြာဋိဟာနဲ့ ဒီလိုခေါ်တယ်။ အဓိပ္ပါယ်က ဆန့်ကျင်ဘက်တွေကို တွန်းလှန်ဖယ်ရှားနိုင်တဲ့ အစွမ်းသတ္တိလို့ ပြောတာနော်။ ဆန့်ကျင်လာတဲ့အရာတွေကို တွန်းလှန်ဖယ်ရှားပစ်နိုင်တဲ့ အစွမ်းတန်ခိုးကို ပါဋိဟာရိယ လို့ခေါ်တယ်။ မြန်မာလို အစွမ်းတန်ခိုးလို့ပဲ မှတ်ထားပေါ့။ စကားလုံးရဲ့ အဓိပ္ပါယ်ရင်းက ဆန့်ကျင်ဘက်ကို တွန်းလှန်ဖယ်ရှားပစ်နိုင်တဲ့ အစွမ်းသတ္တိကို အစွမ်းတန်ခိုးလို့ခေါ်ပါတယ်။

အဲဒီလို အစွမ်းတန်ခိုးဟာ (၃)မျိုးရှိတယ်။ နံပါတ်(၁)က ဣဒ္ဓိပါဋိဟာရိယ၊ ခုခေတ်လည်း ပြောကြတယ် မဟုတ်လား၊ ဣဒ္ဓိတို့ မဟိဒ္ဓိတို့ဆိုတာလေ၊ အစွမ်းတန်ခိုးတွေပေါ့။ ဣဒ္ဓိတန်ခိုးဟာ မရှိဘူးမဟုတ်ဘူး၊ ရှိတယ်။ ဘယ်လိုလုပ်ရတုန်းဆိုရင် သမထကျင့်စဉ်တစ်ခုကို ပေါက်ပေါက်ရောက်ရောက် ကျင့်လိုက်လို့ ဈာန်(၄)ဆင့်(သို့)ဈာန်(၅)ဆင့် ရောက်တဲ့အခါမှာ ဖန်ဆင်းနိုင်တဲ့ ပညာရပ်တစ်ခုကို ဣဒ္ဓိလို့ခေါ်တယ်။ ပါဠိစာပေအရ အဘိညာဉ်လို့ခေါ်တယ်။ ထူးခြားတဲ့ ဣဒ္ဓိဝိဓ အဘိညာဉ်။

ဝိဓဆိုတာ အမျိုးမျိုးရှိတယ်တဲ့။ ဆိုပါစို့ တစ်ယောက်ထဲကနေပြီး တစ်ရာတစ်ထောင်ဖြစ်အောင် ဖန်ဆင်းလို့ရတယ်။ ရှင်စူဠပန်မထေရ်မြတ်က တစ်ပါးထဲကနေပြီး ရဟန်းတစ်ထောင် ဖြစ်အောင် ဖန်ဆင်းထားတယ်။ ဒီအစွမ်းတန်ခိုးနဲ့နော်။ မရှိမဟုတ်ဘူး၊ ရှိတယ်။ မရမဟုတ်ဘူး၊ လုပ်လို့ရတယ်။

ရှင်စူဠပန်က သူရဲ့ ကိုယ်ပွားတွေ တစ်ထောင် ဖန်ဆင်းပြထားတယ်။ ဘယ်ကိုယ်တော်ကိုပဲ မေးလိုက်မေးလိုက် အကုန်လုံး စူဠပန်ချည်းပဲ။ တစ်ပါးနဲ့တစ်ပါး မတူအောင်လည်း ဖန်ဆင်းထားတယ်။ တစ်ပါးက ကမ္မဌာန်းထိုင်နေတယ်။ တစ်ပါးက တံမြက်စည်းလှည်းနေတယ်။ တစ်ပါးက ရေခပ်နေတယ်။ မေးလိုက်ရင်တော့ အကုန်လုံး စူဠပန်ချည်းပဲ။

ဒါမျိုးကို ဣဒ္ဓိပါဋိဟာရိယ ဣဒ္ဓိအစွမ်းတန်ခိုးလို့ခေါ်တယ်။ ဒါက အဘိညာဉ်တန်ခိုးနဲ့မှ ဖန်ဆင်းလို့ရတာဖြစ်တယ်။ တစ်ပါးထဲကနေ ရာထောင်ထိအောင် ဖန်ဆင်းလို့ရသလို ရာထောင်ကို တစ်ဦးတည်းဖြစ်အောင် ပြီးတော့ယူလို့ရတယ်။ ဘွားခနဲ ပေါ်လာအောင်လည်း ဖန်ဆင်းလို့ရတယ်။ ဖျတ်ခနဲ ပျောက်သွားအောင်လို့လည်း ဖန်ဆင်းလို့ရတယ်။ ကိုယ့်မျက်စိအောက်မှာ ဘွားခနဲ ပေါ်လာနိုင်သလို ဖျတ်ခနဲလည်း ပျောက်သွားနိုင်တယ်။ ဟိုဘက်နံရံ၊ ဒီဘက်နံရံကို (တရုတ်ပြည်က မဟာတံတိုင်းကြီး ဖောက်ထွက်သွားသလိုမျိုး) လည်းပဲ ဖောက်ထွက်သွားနိုင်အောင် အစွမ်းတန်ခိုးတွေ ဖန်ဆင်းလို့ရတယ်။ ဒါတင်မကဘူး ရေပေါ်မှာ လမ်းလျှောက်ပြတာ၊ ကောင်းကင်ပေါ်မှာ ငှက်လိုပျံပြတာ တန်ခိုးအမျိုးမျိုး၊ မြေထဲမှာ လျှိုပြတာ၊ ကောင်းကင်ပေါ်မှာ ထိုင်ပြတယ် တက်ပြတယ်၊ အမျိုးစုံပေါ့။ ဒါတွေက အစွမ်းတန်ခိုးလို့ခေါ်တယ်။

အဲဒီ အစွမ်းတန်ခိုးတွေ ဖန်ဆင်းတဲ့အခါမှာလည်း သဘာဝကို ဆန့်ကျင်ပြီး လုပ်လို့မရဘူး။ စနစ်တကျ သဘာဝအတိုင်း လုပ်ရတယ်၊ သဘာဝနဲ့ ဆန့်ကျင်လို့ရှိရင် မအောင်မြင်ဘူး။ အစွမ်းတန်ခိုးဆိုပေမယ့်လို့ လုပ်ချင်တာ လုပ်လို့မရဘူးနော်။ ဒါကြောင့် super natural power(သဘာဝလွန်စွမ်းအား) မဟုတ်ဘူး၊ super natural power (ပုံမှန်ထက်သာသောစွမ်းအား) (သာမန်ထက်သာသောစွမ်းအား) ဖြစ်တယ်၊ nature (သဘာဝ)ကိုတော့ ကျော်လွန်လို့ မရဘူး။ nature ကို ကျော်လို့ မရဘူးဆိုတာကြည့်၊ မြေလျှိုးချင်တယ်ဆိုရင် မြေဆိုတာ အပေါက်ရှိမှ လျှိုးလို့ရတယ် မဟုတ်လား၊ အပေါက်မရှိရင် လျှိုးလို့မရဘူးလေ၊ အဲဒီတော့ မြေလျှိုးချင်တယ်ဆိုရင် ပထမဆုံး ကိုယ်သွားမယ့်မြေကြီးမှာ လမ်းကြောင်းတစ်ခု ဖန်တီးရမယ်၊ သဘောက လိုဏ်ဂူကြီးဖြစ်အောင် အရင်ဖန်တီးရမယ်၊ ပြီးမှ သွားလို့ရမယ်။

ကောင်းကင်မှာ လမ်းလျှောက်သွားချင်တယ်ဆိုရင် သဘာဝက လေဟာပြင်မှာ လမ်းလျှောက်လို့မရဘူး၊ အဲဒီတော့ လမ်းလျှောက်လို့ရအောင် အရင်ဆုံး လမ်းကိုဖန်ဆင်းရတယ်။ ဖန်ဆင်းပြီးတဲ့အခါမှ ကောင်းကင်မှာ လမ်းလျှောက်လို့ရမယ်။ သဘာဝကို ဆန့်ကျင်ပြီးလုပ်ရင် တန်ခိုးက မအောင်မြင်ဘူး။ ဆိုပါစို့ ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ တံတိုင်းကြီးခြားနေတဲ့ ဟိုဘက်ကို လှမ်းကြည့်ချင်တယ်၊ ဒါမှမဟုတ် မြေကြီးထဲကို လှမ်းကြည့်ချင်တယ်။ ဘယ်လိုလုပ်ရမလဲ။ ပကတိမျက်စိရဲ့ သဘောက မှောင်နေရင် မမြင်ရဘူး၊ ထို့အတူပဲ ဒိဗ္ဗစက္ခုကလည်း မှောင်နေတာ ကြည့်လို့မရဘူး။

ဒါကြောင့် ကိုယ်ကြည့်ချင်တဲ့နေရာကို အာလောကသိုဏ်းဆိုတဲ့ အလင်းရောင် ကသိုဏ်းကို အရင်ဝင်စားရတယ်၊ ဝင်စားပြီးတော့ ကိုယ်ကြည့်မယ့်နေရာကို မီးထိုးသလိုပဲ အလင်းရောင်နဲ့ အရင်ထိုးပေးရတယ်။ အဲဒီအလင်းရောင် ဖြန့်ကျက်ထားတဲ့နေရာကိုသာ ကြည့်လို့ရတယ်တဲ့၊ ဖြန့်ကျက်ထားတဲ့ ဧရိယာအတိုင်းအတာတစ်ခုသာ မြင်နိုင်တယ်။ အလင်းရောင်မရောက်တဲ့နေရာကို ကြည့်လို့မရဘူး၊ ညမှောင်ထဲ ခရီးသွားတဲ့အခါ ဓာတ်မီးလေးနဲ့ ထိုးသွားကြတယ်မဟုတ်လား၊ ဒိဗ္ဗစက္ခုကလည်း အဲဒီသဘောပဲဖြစ်တယ်။

ရှေးတုန်းက ရှင်သံဃရက္ခိတဆိုတဲ့ ကိုရင်လေးတစ်ပါး သမထကျင့်စဉ်တွေကျင့်လို့ တန်ခိုးအဘိညာဉ်တွေ ရတယ်၊ ဝိပဿနာကျင့်စဉ်တွေကျင့်လို့ ရဟန္တာဖြစ်သွားတယ်၊ ခုနစ်နှစ်သား ကိုရင်လေးက သာသနာတော်ရဲ့ အစွမ်းအစကို စနစ်တကျမဟုတ်ဘဲနဲ့ သွားလုပ်ပြတာ သိကြားမင်းကြီးရဲ့ ဝေဇယန္တာ နန်းပြဿဒ်ဆောင်ကြီးကို လှုပ်ခါအောင်လုပ်တယ်၊ လုံးဝ လှုပ်လို့မရဘူး၊ တန်ခိုးတော့ရှိတယ် လှုပ်လို့မရဘူး၊ လှုပ်မရတော့မှ အရှက်ကွဲပြီး ပြန်လာတာ။ သူရဲ့ဆရာထံ ပြန်လာမေးတဲ့အခါ သူ့ဆရာက ဥပမာနဲ့ ပြောလိုက်တယ်၊ သူသဘောပေါက်သွားပြီး တစ်ခါပြန်သွားပြီး လှုပ်ဖို့ကြိုးစားတယ်။

အဲဒီလောက်ကြီးမားတဲ့ အရာဝတ္ထုတစ်ခုလုံးကို လှုပ်ဖို့ဆိုရင် ပထမ သူ့ရဲ့ foundation (အောက်ခြေ)ကြီး တစ်ခုလုံးကို ရေအဖြစ် ဖန်ဆင်းရဦးမယ်တဲ့၊ ရေပြင်ပေါ် ရောက်နေတဲ့ အရာက လွယ်လွယ်ကူကူနဲ့ လှုပ်လို့ရတယ်၊ ဒါလည်းဟုတ်တာပဲ၊ ရေပြင်ပေါ်မှာ ရှိနေမယ်ဆိုရင် ဘယ်လောက်ကြီးမားတဲ့ သင်္ဘောကြီးပဲဖြစ်ဖြစ် လှုပ်လို့ရတာပဲ၊ ကုန်းပေါ်မှာဆို လှုပ်လို့မရဘူးလေ။ ဒါကြောင့် အာပေါကသိုဏ်း ဝင်စားပြီးတော့ သိကြားမင်းကြီးရဲ့ ဝေဇယန္တာ နန်းပြဿဒ်ဆောင်ကြီးရဲ့ အောက်ခြေကို ရေအဖြစ်ဖန်ဆင်းလိုက်တာ၊ အဲဒီကျတော့မှ လွယ်လွယ်ကူကူနဲ့ လှုပ်လို့ရတယ်။

ဒါဘာပြောတာလဲဆိုရင် ဘာလုပ်လုပ် စနစ်တကျလုပ်ရမှာကိုပြောတာ။ တန်ခိုးဆိုပေမဲ့လို့ စနစ်တကျမလုပ်ရင် မအောင်မြင်ဘူးပေါ့။ ဒီလိုပြတဲ့ တန်ခိုးမှန်သမျှကို ဣဒ္ဓိပါဋိဟာရိယလို့ ခေါ်ပါတယ်တဲ့။ အဲဒီအစွမ်းတန်ခိုးဟာ မရှိမဟုတ်ဘူး၊ ရှိတယ်၊ အဲဒီနည်းနဲ့ သာသနာပြုမယ်ဆိုရင် မြတ်စွာဘုရားက အေး၊ ကောင်းပြီ၊ ရဟန်းတစ်ပါးက အခုလို မြေလျှိုးမိုးပျံ တန်ခိုးဈာန်တွေနဲ့ လုပ်ပြနေမယ်ဆိုရင် လူတိုင်းက ယုံမလား၊ ယုံကြည်မှု သဒ္ဓါစွမ်းအားကြီးတဲ့ သူတွေကတော့ လက်ခံတာပေါ့တဲ့၊ တန်ခိုးကြီးလိုက်တာ တန်ခိုးကြီးလိုက်တာဆိုပြီးတော့ သိပ်တအံ့တဩဖြစ်ကြမှာပဲ။

အခုခေတ်မှာလည်းရှိတာပဲလေ၊ အစွမ်းတန်ခိုးလေးတစ်ခု လုပ်ပြလိုက်လို့ရှိရင် အကုန်လုံးက အထင်ကြီးကြတာပဲ။ ဘုန်းကြီးတို့ငယ်ငယ်တုန်းက မြင်ဖူးတယ်၊ ဆရာတော်ကြီး တစ်ပါးက ရေကပ်စမ်းဟေ့ဆိုတော့ ဖန်ခွက်ကလေးနဲ့ ရေကပ်လိုက်တဲ့အခါ အဲဒီရေဖန်ခွက်ထဲမှာ ဓါတ်လုံးလေးတွေ၊ လက်ဖွဲ့ကလေးတွေ ဘယ်ကရောက်လာမှန်းမသိဘူး။ “ဟာ ဓါတ်လုံးလေးတွေ၊ လက်ဖွဲ့ကလေးတွေ ဘယ်ကရောက်လာမှန်းမသိဘူး”ဆိုပြီး လူတွေက သိပ်အထင်ကြီးသွားတာပေါ့။ ကန်တော့ပွဲထိုးထားတဲ့အထဲ ဓါတ်လုံးလေးတွေရောက်တာတွေ့တော့လည်း သိပ်အထင်ကြီးတာပဲ။ ဘယ်ကရောက်လာမှန်းမသိဘူး။ အဲဒီလိုဟာမျိုးလေးတွေက သာမန်ပုဂ္ဂိုလ်တွေကို စည်းရုံးလို့ရတယ်တဲ့။ ယုံကြည်မှုမရှိတဲ့ လူတွေကျတော့ စည်းရုံးလို့မရပြန်ဘူးနော်။

တန်ခိုးရှိတိုင်း လုပ်ပေးလို့မရ

အဲဒီတော့ ဒီအစွမ်းတန်ခိုးတွေပြပြီး သာသနာပြုနည်းစနစ်ဟာ မမှန်ဘူး။ အဲဒီအစွမ်းတန်ခိုးပြတဲ့ ဆရာတော်ကြီးဟာ အင်မတန်မှ ရိုးသားဖြောင့်မတ်တဲ့ ဆရာတော်ကြီးဆိုတော့ ဘုန်းကြီးတို့နဲ့လည်း ရင်းနှီးပါတယ်။ အဲဒီဆရာတော်ကြီးက အမိန့်ရှိတယ်။ “ကိုယ်တော်၊ တပည့်တော်က ဒါလေးပြပြီး လူစုရတာပါ။ ဒါမှဘုရားတည်လို့ရတာ၊ လူက ဒီလိုစုမှလာတာ၊ နို့မို့ဆိုမလာဘူး”တဲ့။ သူ့အစွမ်းတန်ခိုးက ဒါပဲလေ။ ဒီလိုဟာလေးပြလိုက်ရင် ကျန်တဲ့လူတွေက အကုန်လုံးပြီးတယ်ထင်ပြီး ဒီတန်ခိုးအာဏာပါဝါနောက် တကောက်ကောက်လိုက်တယ်။ ဒီလိုဟာမျိုးတွေ အများကြီးရှိတယ်နော်။

ဒါပေမယ့် ဒီထက်ပိုပြီး ဘာလုပ်ပေးနိုင်တုန်းဆိုတော့ ဘာမှလုပ်မပေးနိုင်ဘူး။ တန်ခိုးက မရှိမဟုတ်ဘူး၊ ရှိတယ်။ ရှိတိုင်းလည်း လုပ်ပေးလို့ရတာမဟုတ်ဘူး။ သို့သော် လူတွေက အဲဒီတန်ခိုးအာဏာ၊ ပါဝါနောက်ကိုပဲ လိုက်ကြတယ်။ အစွမ်းတန်ခိုးကြီးတယ်၊ ဒီကနေ့ပဲ ဘာဖြစ်တော့မယ်။ မနက်ဖြန်ပဲ ဘာဖြစ်တော့မယ်ဆိုတဲ့ အထင်တွေဖြစ်လာတတ်တယ်တဲ့။ မြတ်စွာဘုရားက အဲဒီနည်းနဲ့ သာသနာပြုမယ်ဆိုရင် မမှန်ကန်ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတန်ခိုးအာဏာပါဝါတွေကိုပြပြီး စည်းရုံးမယ်ဆိုရင် ယုံကြည်တဲ့လူစုက နောက်ကလိုက်လာပြီး မယုံကြည်တဲ့လူစုက ဒါတွေက မျက်လှည့်တွေပါလို့ ပြောမှာပဲ။

ဂန္ဓာရီဝိဇ္ဇာဆိုတဲ့ အတတ်ပညာတစ်ခုရှိတယ်။ ဂန္ဓာရတိုင်းကလာတဲ့ ပညာပဲ၊ သို့မဟုတ် ဂန္ဓာရဆိုတဲ့ ရသေ့က သူကိုယ်တိုင် ကျင့်ကြံအားထုတ်ရင်းကနေပြီး မန္တရားအတတ်ပညာတစ်ခု၊ ဝိဇ္ဇာအတတ်ပညာတစ်ခု တတ်သွားတယ်။ အဲဒီအတတ်ပညာတစ်ခုက တော်တော်လေး စွမ်းဆောင်နိုင်မှု၊ အံ့ဩသွားအောင် လုပ်ဆောင်နိုင်မှုတွေရှိတယ်။ အဲဒီအတတ်ပညာကို “ဂန္ဓာရီ” လို့ခေါ်တယ်။ မြန်မာပြည်မှာလည်း “ဂန္ဓာရီဝိဇ္ဇာလိုင်း” လိုက်နေတဲ့သူတွေရှိပါတယ်။

မြတ်စွာဘုရား လက်ထက်တော်အခါ ကာလတုန်းက ပိလိန္ဒဝစ္ဆဆိုတဲ့ မထေရ်ကြီး ဗုဒ္ဓဘာသာဝင်မဖြစ်ခင်က သူက “စူဠဂန္ဓာရီဝိဇ္ဇာကြီး” အခုခေတ်အခေါ်နဲ့ခေါ်ရင် ဘိုးတော်ပေါ့နော်။ သူတစ်ပါးစိတ်ကိုသိတယ်၊ ကောင်းကင်ပျံနိုင်တယ်၊ သူက အကုန်လက်တွေ့ပြနိုင်တယ်။ မြတ်စွာဘုရား ကြွလာတဲ့အခါကျတော့ သူ့အတတ်ပညာတွေ ဘာမှလုပ်လို့မရတော့ဘူး။ သူ့ထက်အစွမ်းတန်ခိုးထက်တဲ့ မဟာဂန္ဓာရီဝိဇ္ဇာ ရောက်လာလို့ သူ့ရဲ့တန်ခိုးတွေ မစွမ်းတော့ဘူးလို့ထင်တာ၊ ဘုရားကို ဂန္ဓာရီဝိဇ္ဇာလို့ ယုံမှတ်ပြီး ဝိဇ္ဇာအကျင့်ကို နည်းခံဖို့ ဘုရားထံကို ရောက်လာတာဖြစ်တယ်။ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းပေးလိုက်တဲ့အခါမှာ ရဟန္တာဖြစ်သွားတယ်။ ရဟန္တာဖြစ်တဲ့အခါမှာ ဒီဂန္ဓာရီဝိဇ္ဇာအတတ်တွေဟာ ဘာမှမဟုတ်ဘူးဆိုတာ သိသွားတယ်နော်။

ဂန္ဓာရီဝိဇ္ဇာအတတ်တွေကို တတ်ပေမယ့် ကိုယ့်စိတ်လေးကို ဖြူစင်အောင်မထားနိုင်ရင် လောဘ၊ ဒေါသတွေဖြစ်မယ်။ သေရင် သံသရာထဲမှာ လည်ဦးမယ်။ ဒုက္ခ၊ သုက္ခတွေ ရောက်ဦးမယ်။ မန္တာန်တန်ခိုး၊ အစွမ်းတန်ခိုးကိုမှီပြီး မဟုတ်တာလုပ်ရင် ငရဲကျဦးမယ်။ ဒါကြောင့် ဂန္ဓာရီဝိဇ္ဇာဆိုတဲ့ အတတ်ပညာတွေရှိပါတယ်။ သို့သော် ဒီအတတ်ပညာတွေကို မယုံကြည်တဲ့သူက လောကီအတတ်ပညာ၊ မျက်လှည့်အတတ်ပညာတွေပါဆိုပြီး ဘယ်လိုပဲ စည်းရုံးစည်းရုံး၊ စည်းရုံးလို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဣဒ္ဓိဆိုတဲ့ အစွမ်းတန်ခိုးပြပြီးတော့ သာသနာပြုတာ မမှန်ဘူးလို့ ဒီလိုပြောတာ။ မြတ်စွာဘုရားက ဒါကြောင့် ခွင့်မပြုတာ။

တချို့က တန်ခိုးအမျိုးမျိုးလုပ်ပြရင်တော့ အကုန်လုံး ဗုဒ္ဓဘာသာတွေဖြစ်သွားလိမ့်မယ်လို့ ထင်လိမ့်မယ်။ မြတ်စွာဘုရားက ဒါဟာ မဖြစ်နိုင်ဘူးတဲ့။ လူရဲ့သန္တာန်မှာ သဒ္ဓါတရားအစစ်ဆိုတာ ဖြစ်မလာနိုင်ဘူး၊ ကံကံရဲ့အကျိုးကို ယုံကြည်လာတဲ့ သဒ္ဓါတရားမဖြစ်ဘူး၊ ထိုသူ့အပေါ်မှာ ယုံကြည်လာတဲ့ သဒ္ဓါတော့ ဖြစ်ကောင်းဖြစ်မယ်ပေါ့၊ တန်ခိုးအာဏာပါဝါကို ယုံကြည်လာတာမျိုးတော့ ဖြစ်မယ်ပေါ့။ ကံကံရဲ့အကျိုးကို တကယ်ယုံကြည်ပြီး တကယ့်အနှစ်သာရကိုရအောင် အားထုတ်လိုတဲ့စိတ်ရှိမှာမဟုတ်ဘူး။ ထိုတန်ခိုးကို အမှီပြုပြီးတော့ အသုံးချချင်တဲ့စိတ်တွေတောင် ပေါ်ကောင်းပေါ်လာနိုင်တယ်။ ဒါကြောင့် ဣဒ္ဓိပါဋိဟာရိယလို့ခေါ်တဲ့ အဲဒီအစွမ်းတန်ခိုးနဲ့ သာသနာပြုတဲ့နည်းက မမှန်ဘူးလို့ မြတ်စွာဘုရားက ဟောခဲ့တာဖြစ်တယ်။

(၂) နောက်တစ်ခုက အာဒေသနာ ပါဋိဟာရိယ။ အာဒေသနာဆိုတာ လူတစ်ယောက်ရဲ့ အတွေးကိုသိနိုင်တာ။ အခုခေတ်မှာလည်းရှိပါတယ်။ အံ့ဩစရာတွေပေါ့။ တချို့ ဝိဇ္ဇာလိုင်းလိုက်တဲ့ ပုဂ္ဂိုလ်တွေက “မင်းအခု ဘာကိစ္စနဲ့ ငါ့ဆီကိုလာတာ မဟုတ်လား” ဆိုပြီးတော့ ကြိုပြောနိုင်ကြတယ်၊ ကြိုပြီးတော့ သိနေကြတယ်၊ ကြားရသူက သိပ်အံ့သြသွားတယ်။ တကယ်တော့ ကြိုသိတာပဲရှိတယ်။ သူဘာလုပ်ပေးနိုင်သလဲဆိုတော့ ဘာမှတော့လုပ်မပေးနိုင်ပါဘူး။ သို့သော် လူတွေက ထင်တယ်လေ၊ ဒီလိုအကုန်ကြိုပြောနေတယ်ဆိုရင် အကုန်လုပ်ပေးနိုင်လိမ့်မယ်လို့ လူတွေက ယုံသွားကြပြန်ရော၊ တန်ခိုးအာဏာပါဝါဟာနော်၊ ဘာမှလုပ်ပေးနိုင်တာ မရှိဘူး။

သိတာတစ်ခုပါပဲ၊ ဘာမှမတတ်နိုင်ပါဘူး။ လူဟာ ကိုယ့်ကံကြမ္မာနဲ့ကိုယ်ပဲ၊ ဒါတွေကို အကုန်လုံး လုပ်ပေးလို့ရတာမဟုတ်ဘူး။ ဒါပေမယ့် ကံကံ၏ အကျိုးကို မယုံကြည်တော့ဘူး၊ တန်ခိုးအာဏာပါဝါကိုပဲ ယုံကြည်တော့တယ်၊ အာဒေသနာပါဋိဟာရိယဆိုတာ “မင်းဘာတွေတွေးနေတာ မဟုတ်လား၊ ငါ့ဆီလာတာ မင်းဘာကိစ္စနဲ့လာတာမဟုတ်လား၊ မင်းလမ်းမှာ ဘယ်သူနဲ့တွေ့ခဲ့တယ်၊ မင်းလမ်းမှာ ဘာတွေစိတ်ကူးခဲ့တယ်” ဒါတွေပဲ ပြောနိုင်တယ်။

ဘုန်းကြီးတို့ စစ်ကိုင်းမှာပဲ ဘိုးတော်တစ်ယောက်ရှိတယ်၊ သူ့ဆီလာရင် သူကကြိုတင်ပြီး စာရွက်ကလေးတစ်ခု ရေးလိုက်တယ်၊ ဒီလူကိုတစ်ခါမှ မတွေ့ဘူးပေမယ့်လို့ ဘယ်ခုနှစ်၊ ဘယ်ရက်၊ ဘယ်လမှာ မွေးတာမဟုတ်လားဆိုပြီး Date of Birth အဲဒီလူရဲ့ မွေးလ၊ မွေးရက်၊ မွေးနှစ်ကို သူကပြောပြနိုင်တယ်။ ဒါသူ့ရဲ့အစွမ်း မရှိဘူးမဟုတ်ဘူး၊ ရှိတယ်၊ ဒါပဲ၊ ဒီထက်ပိုပြီးမသိဘူး၊ အဲဒီလို သိတာကိုပဲအထင်ကြီးပြီး နောက်ဆုံးကျတော့ စိန်လက်စွပ်တွေပါသွား၊ ရွှေတွေပါသွား ဘာတွေပါသွားနဲ့ ပါသွားကြတာ အများကြီးပဲ။ လူတွေက အပေါ်ယံလေးလောက်ပဲ ယုံကြည်ကြတာများတာကိုး၊ အတွင်းအနှစ်သာရကို မသိကြဘူး။

အာဒေသနာပါဋိဟာရိယနဲ့ သူ့ရဲ့စိတ်ကို သူတို့သိနိုင်တယ်၊ သိတယ်ဆိုတာ တကယ်ထူးခြားတဲ့ စေတောပရိယ အဘိညာဉ်မျိုးနဲ့ သိတာမဟုတ်ဘူး၊ တချို့ကျတော့ ဘာနဲ့သိသလဲဆိုရင် သူတို့မွေးထားတဲ့ မမြင်ရတဲ့ သတ္တဝါတွေအကူအညီနဲ့ တဆင့်ပြောနေတာဖြစ်တယ်၊ တစ်ခါပြောသံကြားဖူးတယ်၊ ဓါတ်လုံးပေးတာတို့ လက်ဖွဲ့ပေးတာတို့ဆိုတာ၊ ဓါတ်လုံးတွေ လက်ဖွဲ့တွေကို တစ်နေရာရာမှာ ကြိုတင်စုထားရတာ၊ မရှိတဲ့နေရာကပေးလို့မရဘူး၊ ရှိတဲ့ဆီကနေ ယူပေးတာ၊ ယူတဲ့သူက ကိုယ်မမြင်ရတဲ့သူဖြစ်နေတယ်၊ ဒါပေမဲ့လို့ လက်ထဲရောက်တဲ့အခါကျမှ ဒီဓါတ်လုံးကိုမြင်ရတာ၊ ဒီဓါတ်လုံးကို ဆောင်ထားရင် ဘာဖြစ်လဲဆိုတော့ ဘာမှမဖြစ်ဘူး၊ သို့သော် လူ့စိတ်မှာတော့ တကယ်ကို အစွမ်းသတ္တိရှိတယ်လို့ သူကထင်သွားရော။ ထင်သွားတဲ့အခါ ဒါလေးအားကိုးပြီးနေတဲ့အခါကျတော့ ကျန်တဲ့အစွမ်းအစတွေ လူမှာမရှိတော့ဘူး၊ ကိုယ်လုပ်ရမယ့် ကုသိုလ်တွေမေ့သွားတယ်။ ကိုယ်လုပ်ရမယ့် အလုပ်တွေ၊ အစွမ်းသတ္တိတွေ အကုန်အသုံးမချတော့ဘူး၊ လူဟာ ဘာဖြစ်သွားသလဲဆိုရင် ရုပ်သေးဖြစ်သွားတယ်။ အစွမ်းတန်ခိုးနောက်လိုက်တဲ့ ရုပ်သေးဖြစ်သွားတယ်။

ဘုန်းကြီးတို့ကိုယ်တိုင်ကိုပဲ အာရုံကြောရောဂါစပြီးဖြစ်ခါစ အင်မတန်သဒ္ဓါတရားကောင်းတဲ့ ဒကာမကြီးတစ်ဦးက ရောဂါပျောက်စေချင်လို့ ဆရာတစ်ယောက်ကို ပင့်ပေးတယ်။ ဓါတ်နဲ့ကု နတ်နဲ့ကုပေါ့လေ။ ဘုန်းကြီးတို့ကလည်း ယုံတာမယုံတာ အသာထား၊ ကဲ ကုချင်ရင်ကုပေါ့။ ကျောင်းခေါ်ကုရင် သူ့ကို တစ်သိန်းခွဲပေးရတယ်။ အဲဒီဒကာမကြီးကလည်း ရက်ရက်ရောရော တစ်သိန်းခွဲပေးပြီး ကျောင်းခေါ်ကုတယ်။ အဲဒီဆရာက စကားပီအောင်မပြောနိုင်ဘူး။ ဘိုးတော်ပေါ့လေ၊ သူ့မှာစကားပြန်ပါတယ်၊ သူဘာပြောချင်တယ်ဆိုတာ စကားပြန်တဲ့လူကသိတယ်၊ ဘာပြောပြတုန်းဆိုတော့ သူပြောတာကတော့ လည်ချောင်းထဲမှာ ပညာသည်ကတစ်ခုခုထည့်ထားတယ်၊ အဲဒါကို ထုတ်လိုက်ရင် ပျောက်ပါတယ်ပေါ့။

ကဲ ကောင်းပြီ၊ ထွေးခံလေးတစ်လုံးယူပြီး ပါးစပ်ဟ၊ အာခေါင်ကို တူကလေးနဲ့ကလိတယ်၊ အာခေါင်ကိုကလိတော့ အန်ချင်တာပေါ့။ ဒါတော့သဘာဝပဲ၊ ဒါနဲ့အန်ချင်စိတ်ပေါက်တဲ့အခါ အန်ချလိုက် အန်ချလိုက်ဆိုတော့ အန်ချလိုက်တာပဲ။ ဘာထွက်လာသလဲဆိုတော့ ထွေးခံထဲမှာ ဝါးမျှင်ဖတ်ကြီးတွေတွေ့တယ်၊ ဝါးအမျှင်အထွေးတွေပေါ့။

သို့သော် ဘုန်းကြီးက သတိထားနေတာဆိုတော့ “ပါးစပ်ထဲက ထွက်တာမဟုတ်ဘူး” လို့သိတယ်။ အန်ထုတ်လိုက်ဆိုပေမယ့် လွယ်လွယ်ကူကူပဲ ထွေးခံထဲရောက်သွားတယ်၊ ဘယ်ကရောက်လာတာလဲဆိုတာတော့ မသိလိုက်ဘူး၊ သို့သော် ကိုယ်ကယုံကြည်စိတ် သိပ်ရှိတာမဟုတ်ဘူး၊ ထွေးခံထဲမှာတော့တွေ့တယ်၊ လည်ချောင်းထဲက ထွက်သွားတာမဟုတ်ဘူးဆိုတာ သေချာတယ်၊ အဲဒီဆရာက ဝါးဖတ်လေးကိုကြည့်ပြီး ဒါက အသည်းကိုစူးသွားနိုင်တယ်၊ စူးသွားရင် ကုလို့မရတော့ဘူး၊ ဒါတွေက သူတို့ရဲ့စကားတွေပေါ့။ ဒါဟာ ကိုယ်တွေ့။

နောက်ဓါတ်လုံးလေးတစ်လုံး ပေးသွားတယ်။ ဘုရားစင်မှာတော့ တင်ထားလိုက်ပါတယ်။ အခုတော့ ရှိသေးလား မသိတော့ဘူး၊ အဲဒီတုန်းက သေတ္တာထဲမှာ ပိုးချည်ထွေးတစ်ခုပါလာတယ်။ အဲဒီချည်ခင်ကို တစ်ပတ်လျှိုလေးထုံးပြီး ခါလိုက်တဲ့အခါမှာ လက်ဖွဲ့တွေဖြစ်သွားတယ်။ ဒါကတော့ တကယ့်မျက်လှည့်ပေါ့။ ရှင်းရှင်းလင်းလင်းပဲပြသွားတယ်။ နောက်တစ်ခါ ထပ်ခါလိုက်တဲ့အခါကျတော့ လက်ဖွဲ့တွေက အရောင်ပြောင်းသွားတယ်။ အဝါရောင်လေး၊ အဲဒီအဝါရောင်လက်ဖွဲ့က အစိတ်၊ ဘုန်းကြီးအတွက် စပါယ်ရှယ်ပေးတာ၊ တစ်ခါမှလည်း မသုံးဖြစ်ပါဘူး။ ကျန်တဲ့လူတွေကိုတော့ လက်ဖွဲ့တစ်ကုံးတစ်ကုံးကို ငွေအစိတ်စီနဲ့ ရောင်းသွားတယ်။ တော်တော်လေး ရောင်းကောင်းလိုက်တာ၊ လက်ဖွဲ့ရတဲ့သူတွေ ဘာအကျိုးရသွားသလဲတော့ မသိဘူး၊ ဘုန်းကြီးတော့ ဘာမှမရပါဘူး။ ရောဂါကလည်း ဒီအတိုင်းပါပဲ။ အစွမ်းအစတစ်ခုလေးပဲပြနိုင်တာ၊ မပြနိုင်တာမဟုတ်ပါဘူး ပြနိုင်တယ်။ အဲဒီအစွမ်းအစတစ်ခုပေါ်မှာ ယုံကြည်လိုက်လို့ရှိရင် ကျန်တာတွေအကုန်လုံးကို ကိုယ်ကယုံကြည်သွားရော။ လူတွေမှာ အဲဒီလိုဖြစ်တယ်။

ကိုယ့်သတ္တိမဟုတ်ဘူး သူ့သတ္တိ

အဲဒီ ဣဒ္ဓိပါဋိဟာရိယတို့ အာဒေသနာပါဋိဟာရိယတို့နောက် လိုက်နေမယ်ဆိုရင် ဘာဖြစ်မှာတုန်းဆိုတော့ ဘာမှမဖြစ်ဘူး။ ဒါကသေချာတယ်။ ဒါဖြင့် စွမ်းရည်သတ္တိမရှိဘူးဆိုတော့ ရှိပါတယ်။ သူတို့မှာ ရှိသင့်သလောက်ရှိပါတယ်။ ဒါပေမယ့် ကိုယ့်သတ္တိမဟုတ်ဘူး။ သူ့သတ္တိလေ။ ကိုယ်ဒီလိုသတ္တိမျိုးရချင်ရင် ကိုယ့်ဘာသာကျင့်ရမယ်။ ဒါကို လူတွေကမေ့နေကြတယ်။ မေ့တာမှ ဘယ်လောက်ထိအောင် မေ့လည်းဆိုရင် ဘုန်းကြီးတို့ကိုတွေ့တဲ့အခါ ဒကာ၊ ဒကာမတွေက ဘာလျှောက်တုန်းဆိုတော့ “အရှင်ဘုရား၊ တပည့်တော်ကို မေတ္တာပို့ပေးပါဘုရား”။ ဘုန်းကြီးတို့ စာထဲမှာပါတာက “မေတ္တာဆိုတာ ကိုယ်တိုင်သွားမှ မေတ္တာရဲ့အကျိုးကိုခံစားရတယ်။ သူများကပို့ပေးတဲ့ မေတ္တာနဲ့ အကျိုးခံစားရတယ်လို့ မကြားဖူးဘူး”။

မြတ်စွာဘုရား ဟောကြားထားတာက မေတ္တာအကျိုး (၁၁)မျိုးဆိုတာ ကိုယ်တိုင်ပွားများအားထုတ်ထားပြီး ကိုယ့်နှလုံးသားထဲ မေတ္တာရောက်မှ အဲဒီမေတ္တာက အကျိုးပြုတာဖြစ်တယ်။ သူများကပို့ပေးတဲ့ မေတ္တာက အကျိုးပြုတယ်လို့ မဟောပါဘူး။ အကျိုးမရှိဘူးလို့ပြောတာမဟုတ်ဘူး၊ ရှိသင့်သလောက်တော့ ရှိပါတယ်။ သူများဆီက တောင်းယူတာကျတော့ နည်းနည်းပဲရမှာပေါ့။ ကိုယ်ကိုယ်တိုင်ပွားရမှာကို မေ့နေပြီး “အရှင်ဘုရား မေတ္တာလေး ပို့ပေးပါဦးဆိုတော့ ဘယ်လောက်ရမှာတုန်း။ ဘယ်လောက်မှမရဘူးနော်။

မေတ္တာက တော်တော်ကြီးကြီးကျယ်ကျယ် ပို့ပေးရင်တောင်မှပဲ ကိုယ့်ရဲ့နှလုံးသားထဲက ပူနေရင် ပူနေမှာပဲ။ အဲဒီလူဟာ မေတ္တာဘယ်ရမလဲ။ မေတ္တာပို့တဲ့ပုဂ္ဂိုလ်ရဲ့ အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရိုက်ခတ်မှုမရှိဘူးလားဆိုတော့ ရှိပါတယ်။ ဥပမာ တောထဲမှာနေရင်း မေတ္တာဘာဝနာ ပွားနေမယ်ဆိုရင် တိရစ္ဆာန်တွေဟာ တစ်ကောင်နဲ့တစ်ကောင် မညှင်းဆဲကြဘူး၊ အေးအေးချမ်းချမ်းဖြစ်သွားကြတယ်၊ အနိုင်မကျင့်ကြဘူး၊ ဒီလိုအကျိုးသက်ရောက်မှုလေးတော့ ဖြစ်တယ်၊ ဒါက ဥပနိဿယပစ္စည်းလို့ခေါ်တယ်၊ ပတ်ဝန်းကျင်ရဲ့ အကျိုးပြုမှုလို့ခေါ်တယ်။

ဥပမာ ဘုန်းကြီးကျောင်းတစ်ကျောင်း ရောက်သွားတယ်၊ ကျောင်းကလည်း သာသာယာယာ၊ သံဃာတွေအများကြီး မြင်ရတဲ့အခါ စိတ်ထဲမှာကြည်နူးသွားတယ်၊ ဒါမျိုးသာယာလှပတဲ့နေရာ ရောက်ရင် လူ့စိတ်ကတစ်မျိုးလေ၊ ရှုပ်ထွေးပွေလိမ်နေတဲ့နေရာ ရောက်သွားရင် လူ့စိတ်ကတစ်မျိုး၊ ဒါက ပတ်ဝန်းကျင်ရဲ့ အကျိုးပြုမှုလို့ခေါ်တာ။ ဥပနိဿယပစ္စည်းပဲ။

အစွမ်းတန်ခိုးဆိုတာ မရှိဘူးလို့ပြောလိုတာမဟုတ်ဘူး၊ ရှိတယ်၊ အဲဒီအစွမ်းတန်ခိုးက ကိုယ်နဲ့ဆိုင်တာမဟုတ်ဘူး။ ကိုယ့်အတွက် အကျိုးဖြစ်ချင်မှဖြစ်မယ်၊ အပေါ်ယံလေးလောက်ပဲ အကျိုးဖြစ်တယ်၊ ဘယ်အရာပဲဖြစ်ဖြစ် အစွမ်းသတ္တိက မရှိမဟုတ်ဘူး၊ ရှိတယ်၊ ဝမ်းလျောတတ်တဲ့အရွက် သွားစား ဝမ်းလျောမှာပဲ၊ ဒါက အဲဒီအရွက်ရဲ့ အစွမ်းတန်ခိုးပဲလေ၊ အဆိပ်ဖြစ်တဲ့အစာ သွားစားရင် အဆိပ်သင့်မှာပဲ။ ဒါက organism, non-organism တွေတောင်မှပဲ အစွမ်းတန်ခိုးက ရှိတာပဲလေ။ သို့သော် အစွမ်းတန်ခိုးတွေဟာ သံသရာကလွတ်ဖို့အတွက် ဘာအသုံးကျသလဲဆိုတော့ ဘာမှအသုံးမကျဘူး၊ ဒါတွေကိုယုံကြည်ပြီး လိုက်ကြည့်ရင် အသုံးကျတာကို မတွေ့ရဘူးတဲ့။

ဒါကြောင့် မြတ်စွာဘုရားက အာဒေသနာပါဋိဟာရိယ “မင်းဘာတွေတွေးနေတာ မဟုတ်လား” ဆိုပြီးတော့ ဒီအစွမ်းတန်ခိုးတွေကို အသုံးချပြီး သာသနာပြုတာဟာလည်း မအောင်မြင်ပါဘူးတဲ့၊ ဘာဖြစ်လို့လည်းဆိုရင် ယုံတဲ့သူရှိတယ် မယုံတဲ့သူရှိတယ်၊ မယုံတဲ့သူကို သွားစည်းရုံးလို့မရဘူးတဲ့။ မဏိကာဝိဇ္ဇာ လူရဲ့စိတ်ကိုသိတာဟာ သိတာကသိတာပဲလေ၊ သူဘာမှလုပ်လို့မရဘူးလေ၊ ဒီထက်ပိုပြီးတော့ အစွမ်းသတ္တိမရှိပါဘူး။

ဒီလိုအစွမ်းတန်ခိုးထက်တဲ့ ဘိုးတော်လို ဆရာတော်ကြီးတစ်ပါးနဲ့အတူ ဘုန်းကြီးတို့နောင်တော်တစ်ပါး လိုက်သွားဖူးတာရှိတယ်၊ ဆရာတော်ကြီးရဲ့ ဝေယျာဝစ္စလုပ်ပေးဖို့ လိုက်သွားရင်း ဘုန်းကြီးနောင်တော်က ပြန်ပြောပြတယ်၊ “ဆရာတော်ကြီးက ထူးထူးဆန်းဆန်းတွေ လုပ်ပြတယ်တဲ့၊ ဥပမာ ဖန်ခွက်ထဲ ဓါတ်လုံးရောက်နေတာတို့၊ လက်ဖွဲ့ရောက်နေတာတို့၊ မမြင်ရပဲ ဖျတ်ခနဲပေါ်လာတာတို့၊ ဒါတွေကိုကြည့်ပြီး ဘုန်းကြီးရဲ့နောင်တော်က စဉ်းစားတယ်၊ “ဆရာတော်ကြီး မျက်လှည့်တွေလုပ်ပြနေတာ ထင်ပါရဲ့”၊ အဲဒီလိုတွေးနေတာကို ဆရာတော်ကြီးက စိတ်အကြံသိသွားတယ်၊ ဘာပြောတုန်းဆိုရင် “ဘုန်းကြီးလေး၊ ဘုန်းကြီးလေး၊ မယုံမရှိနဲ့ဗျ၊ လောကီဟာ အကုန်လုပ်လို့ရတယ်” လို့ ပြောတယ်၊ ဒါလောကီနဲ့လုပ်တာ။ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ အဲဒီဆရာတော်ကြီးက “ကျုပ်ဗျာ ဒီနည်းနဲ့ လူစုရတာပါတဲ့၊ ခင်ဗျားတို့ရဲ့ ပရိယတ် ပဋိပတ်အလုပ်တွေကမှ တကယ့်သာသနာပြုတာပါ” လို့ အမိန့်ရှိတယ်၊ ဒါကလည်း အင်မတန် ရိုးသားတဲ့ ဆရာတော်ကြီးနော်၊ “ကျုပ်တို့က ဘုရားတည်ချင်တာကိုးဗျတဲ့။ ဘုရားတည်ချင်တာ အဲဒီလိုမှလုပ်မပြရင် လူမလာဘူးတဲ့။ ဒါဟာ လူလာအောင်လုပ်ရတာ”တဲ့၊ ဒါအမှန်ပဲလေ။

အဲဒီတော့ ဒီအလုပ်လုပ်လို့ ကုသိုလ်မရဘူးလား ဆိုတော့ ရတယ်၊ လှူကြတန်းကြတော့ ကုသိုလ်ရပါတယ်။ သို့သော် လောဘနဲ့လှူရင်တော့ ကုသိုလ်က ညံ့သွားနိုင်တယ်။ စည်းစိမ်ဥစ္စာတွေ တိုးမယ်၊ ငါဒီလိုလှူလိုက်သည့်အတွက်ကြောင့် ငါ့ကို မလိမ့်မယ်၊ ငါစီးပွားဥစ္စာတွေတိုးပွားအောင် လုပ်ပေးလိမ့်မယ်လို့ အဲဒီလိုယုံကြည်နေရင်တော့ ဒါဖြစ်ချင်မှဖြစ်မှာပေါ့။ အတိတ်ကံရှိရင်တော့ ဖြစ်နိုင်တာပဲ။

ကံပါမှဖြစ်တာ ဆိုပါစို့၊ သင်္ကန်း သပိတ် ပရိက္ခရာ လှူခဲ့ပြီး ဧဟိဘိက္ခု ရဟန်းအဖြစ်နဲ့ ကျွတ်တန်းဝင်လိုပါတယ်လို့ ဆုပန်လာတဲ့ ပုဂ္ဂိုလ်များကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က လက်ယာလက်တော်ဆန့်တန်းပြီးတော့ ဧဟိဘိက္ခု ခေါ်လိုက်တာနဲ့ တစ်ပြိုင်နက် လူ့အသွင်ပျောက်ပြီး ရဟန်းအသွင်ရောက်သွားတယ်ဆိုတာရှိတယ်။ ဒါဖြင့် မြတ်စွာဘုရားက လူတိုင်းကို အဲဒီလိုခေါ်ပေးလို့ရသလားဆိုတော့၊ မရဘူး။ ဆုပန်ခဲ့တဲ့ ပုဂ္ဂိုလ်ကိုသာ ခေါ်လို့ရတယ်။ ဆုမပန်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ဟိဘိက္ခု ခေါ်မပေးနိုင်ဘူး။ ခေါ်မပေးဘူးဆိုတာ မရနိုင်လို့။ ဆိုလိုတာက သူ့ကံကိုပွင့်သွားအောင်ပဲ မြတ်စွာဘုရားက လုပ်ပေးတာရှိတယ်၊ သာမန်အားဖြင့်ပြောမယ်ဆိုရင် ဘုရားက တန်ခိုးနဲ့ဖန်ဆင်းပေးတယ်လို့ ထင်ကောင်းထင်ကြမယ်၊ အမှန်ကတော့ မဟုတ်ဘူး။ ကံအကျိုးပေးခွင့်ရအောင် မြတ်စွာဘုရားက ဖွင့်ပေးတာပဲရှိတယ်။ အကျိုးပေးလိုက်တာက ဘယ်သူကပေးသလဲဆိုရင် သူ့ကံကပေးတာနော်။ သူ့မှာ ကံမပါဘူးဆိုရင် ဘာမှလုပ်ပေးလို့မရဘူး။

သိကြားမင်းကတောင် ‘မ’ လို့မရဘူးလေ။ အတိတ်ဘဝတုန်းက သူ့သား ဆိုးတေနေလိုက်တာ အရက်အိုး၊ အရက်သောက် မွဲတေပြီးတော့ ရှိသမျှပစ္စည်းတွေကုန်ပြီ၊ သူ့သားဆင်းရဲနေတော့ သိကြားဘဝရောက်ပေမဲ့လို့ မကြည့်ရက်နိုင်ဘူး၊ သူ့သားကို သိကြားမင်းကချစ်တော့ “မ” “စ” ချင်တယ်။ ဒါနဲ့ အိုးလေးတစ်လုံးလာပေးထားပြီးတော့ “မင်း ဂရုစိုက်နော်၊ မင်း ဒီအိုးလေးရှိနေရင် စားစရာလည်း ရှိနေမှာပဲ၊ နေစရာတွေလည်း ရှိနေမှာပဲ အိုးကွဲသွားရင်တော့ ငါမတတ်နိုင်ဘူး”ဆိုပြီး ဣစ္ဆာသယအိုးလေး ပေးထားတယ်၊ သူ့သားက အရက်မူးပြီးတော့ မြှောက်မြှောက်ပြီးကစားလိုက်တာ အိုးကကျကွဲသွားရော။ သိကြားမင်းတောင် လက်မြှောက်ရတယ်၊ “မ” ချင်ပေမဲ့လို့ အကုန်လုံးကို ‘မ’လို့မရဘူးဆိုတဲ့သဘော။

အများစုကတော့ ဒီလိုအစွမ်းတန်ခိုး ရှိလာပြီဆိုရင် အကုန်လုံးလုပ်လို့ရတယ်ထင်ပြီး ပိုယုံကြတယ်။ ဒါဟာ သတိထားစရာပဲပေါ့။ မြတ်စွာဘုရားက ကေဝဋ္ဋသုတ်မှာ ဒါကိုဟောထားတာ။ သာသနာပြုပြီဆိုရင် အစွမ်းတန်ခိုးပြပြီး သာသနာပြုလို့ ရာခိုင်နှုန်းပြည့် မအောင်မြင်ဘူးတဲ့။

(၃) နောက် အစွမ်းတန်ခိုးတစ်ခုက အနုသာသနီ ပါဋိဟာရိယ ဆုံးမဩဝါဒပေးတာ၊ ဘယ်လိုနေရတယ် ဘယ်လို ထိုင်ရတယ် ဘယ်လိုတွေးရတယ် မတွေးရဘူး ဆိုပြီးတော့ နေပုံထိုင်ပုံ သင်ပေးတာပေါ့၊ တရားအားထုတ်နည်း သင်ပေးတယ်၊ လှူနည်းတန်းနည်း သင်ပေးတယ်စသဖြင့် သင်ပေးတယ်၊ သင်ပေးလို့ အသိဉာဏ်တွေရလာပြီးတော့ လက်တွေ့ခံစားရတဲ့အခါမှာ ဒါကတော့ တကယ့်ပါဝါပဲ၊ တကယ့် အစွမ်းတန်ခိုးပဲ။

ဒါကြောင့် မြတ်စွာဘုရားက ဣဒ္ဓိဆိုတဲ့ အစွမ်းတန်ခိုးကိုလည်း အသုံးမပြုနဲ့တဲ့၊ အာဒေသနာဆိုတဲ့ အစွမ်းတန်ခိုးကိုလည်း အသုံးမပြုနဲ့တဲ့။ တကယ့် အနှစ်သာရကတော့ အနုသာသနီ ဆုံးမဩဝါဒပေးတာ အကောင်းဆုံးပါပဲတဲ့။ မြတ်စွာဘုရားဟောတဲ့ တရားဒေသနာတော်တွေ မှန်သမျှကို အနုသာသနီ ပါဋိဟာရိယ လို့ ခေါ်တယ်။

ဆုံးမဩဝါဒကြောင့် အရူးဘဝမှ ရဟန္တာဖြစ် - လောကကြီးမှာ ဆုံးရှုံးမှုတွေအားလုံးနဲ့ ကြုံရလို့ (ယောက်ျားလည်းဆုံးတယ်၊ သားသမီးတွေလည်း ဆုံးကုန်တယ်၊ မိဘဆွေမျိုးတွေ အားလုံးလည်း ဆုံးကုန်တယ်) အရူးမဘဝ ရောက်သွားတဲ့ ပဋာစာရီ၊ အရူးဘဝကနေ ကယ်တင်ပြီးတော့ ရဟန္တာဘဝ ရောက်သွားအောင် ဆုံးမဩဝါဒ ပေးလိုက်တာ။ တန်ခိုးပါဝါနဲ့လုပ်တာ မဟုတ်ဘူးနော်၊ စဉ်းစားလို့ရအောင် မြတ်စွာဘုရားက ဟောတာ၊ တရားပြလိုက်တဲ့ လုံးဝစိတ်ငြိမ်းချမ်းတဲ့ ပုဂ္ဂိုလ်ဘဝ ရောက်သွားခဲ့တယ်၊ ဒါ အနုသာသနီ ပါဋိဟာရိယ ပဲ၊ ဒီထက်အစွမ်းထက်တာ ဘယ်ရှိမလဲ၊ ဒီလိုပဲ မြတ်စွာဘုရား လက်ထက်မှာ ဆင်းရဲဒုက္ခရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်ချမ်းသာမှု အပြည့်အဝ ရသွားကြတာဟာ အနုသာသနီပါဋိဟာရိယကြောင့်ပဲ။

အေး မြတ်စွာဘုရား တန်ခိုးမပြဘူးလားဆိုတော့ ပြတယ်၊ ဘာအတွက် ပြလည်းဆိုရင် စည်းရုံးဖို့ ပြတာမဟုတ်ဘူး၊ တို့သန္တာန်မှာ ဒီလိုအစွမ်းသတ္တိတွေရှိတယ်၊ တို့သာသနာဟာ တို့တရားဟာ မှန်ကန်တယ်ဆိုတာပြတာ၊ အဓိကကတော့ တရားကျင့်ဖို့ရာအတွက်ပဲ၊ မြတ်စွာဘုရား တန်ခိုးပြတယ်ဆိုတာ ဒါကြောင့်ပါ။

ရှင်မဟာမောဂ္ဂလာန်ဟာ တန်ခိုးအရာမှာ ဧတဒဂ်ရတယ်ဆိုပေမယ့် အားလုံးသိကြတဲ့အတိုင်း ကာဠသိလာဆိုတဲ့ ကျောက်နက်တောင်ပေါ်မှာ သူခိုးဓားပြတွေ ဝိုင်းရိုက်လို့ ပရိနိဗ္ဗာန်စံသွားရတာပဲ၊ တန်ခိုးနဲ့ ကာကွယ်ဟန့်တားခြင်း မလုပ်ဘူး။ လုပ်ရင် မလွတ်ဘူးလားဆိုတော့ နှစ်ကြိမ်တိုင်တိုင် လွတ်ခဲ့တယ်၊ သုံးကြိမ်မြောက်မှာ ဘာကြောင့် ကွင်းလုံးကျွတ် မလွတ်သလဲဆိုတော့ ကံကြမ္မာ ဖိစီးလာပြီဆိုရင်တော့ တန်ခိုးကလည်း ကံကြမ္မာကို မလွန်ဆန်နိုင်လို့ လက်လျော့လိုက်ရတာပဲ။ အစွမ်းတန်ခိုးဆိုတာ ကံကြမ္မာကို မကျော်လွှားနိုင်ဘူး။ အဲဒီတော့ ကံရဲ့ အစွမ်းတန်ခိုးသာလျှင် ကိုယ့်ရဲ့ တကယ့်အစွမ်းတန်ခိုးပဲ။ ကံကောင်းအောင် လုပ်ဖို့သာလျှင် အရေးကြီးတယ်၊ အခုနက အနုသာသနီပါဋိဟာရိယ ဆုံးမဩဝါဒကို နားလည်ပြီး ကျင့်သုံးလိုက်နာရင် ကံကောင်းနိုင်တယ်။

ဒီကနေ့ ကမ္ဘာမှာ ဗုဒ္ဓဘာသာဝင်ဦးရေဟာ တဖြည်းဖြည်း တိုးလာတယ်၊ ဘုန်းကြီးတို့ နှစ်စဉ်နှစ်တိုင်း ဂျာမနီတို့ နယ်သာလန်တို့ စသည့်နိုင်ငံတွေသွားပြီး အဘိဓမ္မာသင်တန်းတွေ ပို့ချတဲ့အခါ ဗုဒ္ဓဘာသာဦးရေ တိုးလာတာကိုတွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ဖိစီးမှုတွေ တော်တော်များလာတဲ့အခါ ထိုစိတ်ဖိစီးမှုတွေကို Psycho therapist (စိတ်ကုထုံး)၊ Psychiatrist (စိတ်ကုဆရာဝန်)၊ Psychology (စိတ်ပညာ) နည်းတွေနဲ့ ကုစားလို့မရတော့ဘူး။

မရတော့ ဗုဒ္ဓဘာသာကဟောတဲ့ Meditation ဆိုတာ ကောင်းမလားဆိုပြီး တရားထိုင်ကြည့်ကြတယ်၊ တရားထိုင်ကြည့်တဲ့အခါမှာ အထိုက်အလျောက် သူတို့ရဲ့ စိတ်ဖိစီးမှုတွေဟာ ပျောက်လာတယ်၊ ကမ္မဋ္ဌာန်းဆရာ သွန်သင်ဆုံးမတဲ့အတိုင်း လိုက်နာကျင့်သုံးပြီး တရားအားထုတ်လိုက်တဲ့အခါ စိတ်ဖိစီးမှုတွေပျောက်ပြီး စိတ်ချမ်းသာမှုတွေ ရကြတယ်ပေါ့။ စိတ်ချမ်းသာမှု ရလာသည့်အတွက်ကြောင့် မိရိုးဖလာ ဘာသာတစ်ခုကို စွန့်ပယ်ပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလာကြတယ်။ ဒါ အနုသာသနီပါဋိဟာရိယ ရဲ့ အစွမ်းပါပဲ။ လူက တန်ခိုးပြတာ မဟုတ်ဘူးနော်၊ တရားက တန်ခိုးပြတာလို့ ပြောချင်ပြောပေါ့။

လမ်းမှန်ဖို့ အရေးကြီးတယ် - မြတ်စွာဘုရား ဟောတဲ့တရားဟာ လုံးဝမှန်တယ်၊ သွာက္ခာတော တကယ့်အမှန်အတိုင်း ဟောထားတာ။ တကယ်လုပ်ရင် အဟုတ်ဖြစ်တယ်။ လုပ်သူတိုင်း ဗုဒ္ဓဘာသာကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ဒီလမ်းကြောင်းအတိုင်းလျှောက်ရင် ဒီလမ်းရောက်တာပဲ၊ ဆိုပါစို့၊ ဒီလမ်းက သွားရင် ရွှေတိဂုံဘုရား ရောက်တယ်လို့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ရွှေတိဂုံဘုရားကို ဦးတည်ပြီး ဖောက်ထားတဲ့ လမ်းကြီးအတိုင်း လျှောက်ရင် ရွှေတိဂုံဘုရားကို ကျိန်းသေရောက်မှာပဲ။ ဆိုလိုတာက “လမ်းမှန်ဖို့ အရေးကြီးတယ်” လို့ ပြောတာနော်။

ဘုရားကိုယ်တော်တိုင်က ဗုဒ္ဓဘာသာကို ကူးပြောင်းပါလို့ မတိုက်တွန်းပါဘူး။ ဥဒုမ္ဗရိကသုတ်မှာ မြတ်စွာဘုရား အတိအလင်း ဟောထားတာရှိတယ်။ ပရိဗိုဇ်တွေကို တရားဟောရင်း မြတ်စွာဘုရားက “ငါပြောတဲ့အတိုင်း လုပ်ကြည့်၊ အသင်တို့က ထင်လိမ့်မယ် ငါတရားဟောနေတာ ငါ့ဘာသာဘက်ဝင်အောင် စည်းရုံးတယ်လို့၊ ငါတပည့်ရှာတယ်လို့ ထင်နေလိမ့်မယ်၊ မင်းတို့ရဲ့ ဘာသာတရားအတိုင်းထား၊ မင်းတို့ဆရာနဲ့ မင်းတို့တပည့်အတိုင်းထား၊ ပြောင်းစရာမလိုဘူး၊ သို့သော် ငါပြောတာလေးကို မင်းတို့ (၇)ရက်လောက် စမ်းကြည့်”။ ဒီနေရာမှာ မြတ်စွာဘုရားက တရားကိုသာ စမ်းပြီးအားထုတ်ခိုင်းတာ၊ ဘာသာမပြောင်းခိုင်းဘူး။ ဥဒုမ္ဗရိကသုတ်မှာရှိတယ်။

အမှန်တရားဆိုတာ စည်းရုံးစရာ သိပ်မလိုဘူး၊ အသိဉာဏ်ရှိရင် သူ့ဟာသူ လက်ခံတယ်။ အခုနိုင်ငံခြားတွေ ဗုဒ္ဓဘာသာ ဖြစ်လာတယ်ဆိုတာ သူ့ဟာသူ လက်ခံလာတာ ဘယ်သူကမှ သွားစည်းရုံးပြီး လှုံ့ဆော်နေကြတာ မဟုတ်ဘူး။ သူတို့ကိုယ်တိုင် ကမ္မဋ္ဌာန်းတရားကို အားထုတ်ရင်း ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာကြတာ။ စိတ်ဝင်စားရာကနေပြီး တကယ့်ဗုဒ္ဓဘာသာဝင် ဖြစ်လာတာ။ ဘုန်းကြီးတို့ထံ အကြိမ်ကြိမ် အဘိဓမ္မာသင်တန်း လာတက်တဲ့ ဂျာမန်အမျိုးသမီးကြီးတစ်ယောက်ဆိုရင် သင်တန်းတက်ရင်း ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာတယ်။ သူကိုယ်တိုင် တရားအားထုတ်တယ်။ တရားအားထုတ်တော့ တရားရဲ့ အရသာတွေကို သိလာတယ်။ သိလာတဲ့အခါ ဗမာပြည်မှာ ရောက်နေခိုက် သီလရှင်ဝတ်တယ်။ ဟိုပြန်သွားတဲ့အခါ လူဝတ်ပြန်လဲတယ်။ သို့သော် ရှစ်ပါးသီလကို မချဘူး။ အဲဒီတုန်းက ဘုန်းကြီးဆီ စာရေးတာ “သူဟာ ကနေ့အထိ ရှစ်ပါးသီလ စောင့်တုန်းပါ”တဲ့။

နောက်တော့ ရှစ်ပါးသီလ မချရုံတင်မကဘူး ဘယ်သူတွေက ထူးဆန်းတဲ့မျက်လုံးတွေနဲ့ ကြည့်ကြည့် ဘယ်သူကြည့်တာပဲဖြစ်ဖြစ် သူက ဂရုမစိုက်တော့ဘူး၊ သီလရှင်ဝတ်နဲ့ပဲ နေတော့တာ။ ယုံကြည်သွားပြီလေ။ လက်ခံသွားပြီ။ ယုံကြည်တယ်ဆိုတာ သဒ္ဓါစွမ်းအားတစ်ခုထဲနဲ့ မဟုတ်ဘူး။ သူကိုယ်တိုင် အသိဉာဏ်နဲ့ ယုံကြည်တာ။ သဒ္ဓါတစ်မျိုးထဲ စိတ်မချရဘူး။ အသိပညာပါမှ။ ဒါကြောင့် “ပညာမဲ့သဒ္ဓါ” ဆိုတာ အန္တရာယ်အလွန်များတယ်။ ပညာမပါပဲနဲ့ သဒ္ဓါတရားသက်သက်ဆိုရင် မှန်ကန်ဖို့ မဖြစ်နိုင်ဘူး။

ခုနက အစွမ်းတန်ခိုးတွေပြလို့ လက်ခံတယ်ဆိုတာ ပညာမဲ့သဒ္ဓါမျိုးနဲ့သာ ဖြစ်နိုင်တယ်တဲ့။ ပညာအပြည့်အဝရှိတဲ့ သဒ္ဓါတရားမျိုးလိုအပ်တယ်။ အဝေစ္စပသာဒဆိုတာ အသိဉာဏ်နဲ့ ကြည်ညိုတာ။ ဘုရား တရား သံဃာကို အသိဉာဏ်နဲ့ ကြည်ညိုတာ။ ဒီကနေ့ ဗုဒ္ဓဘာသာအဖြစ် ကူးပြောင်းလာကြတဲ့ နိုင်ငံခြားသားတွေဟာ ဘုရား တရား သံဃာကို ကြည်ညိုတာ သူတို့ကိုယ်တိုင် လေ့လာအားထုတ်ပြီးမှ ကြည်ညိုလာကြတာ များတယ်။

၂၀၀၃-ခုနှစ်က ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ Buddhism House ဆိုတဲ့ သီဟိုဠ်ဂျာမန် ဓမ္မဒူတကျောင်းမှာ (၃)ပတ် အဘိဓမ္မာသင်တန်း ပို့ချတယ်။ နောက်ဆုံးနေ့မှာ သူတို့ရဲ့ Feedback တွေကို တင်ပြကြတယ်။ အမျိုးသမီးတစ်ယောက်က “ဒီသင်တန်း တက်လိုက်ရတာ သူ့ဘဝ လုံးဝပြောင်းလဲသွားပါတယ်” လို့ လျှောက်တယ်။ နောက်အမျိုးသမီးတစ်ယောက်က “သူ ဒီနေ့ကစပြီး တိဘက်ဗုဒ္ဓဘာသာဝင်အဖြစ်ကနေ ထေရဝါဒ ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းလိုက်ပါပြီ” လို့ လျှောက်တယ်။ ဒါဟာ ထူးခြားချက်တွေပေါ့။

ကျန်တဲ့သူတွေကတော့ အထူးအထွေ မလျှောက်ကြဘူး။ မလျှောက်ကြပေမယ့်လို့ တရားကိုရှင်းပြပြီး သူတို့တရားကို သိလိုက်ရတဲ့အချိန်မှာ ကျေနပ်မှုတွေ အများကြီးရတယ်ဆိုတာ သိရတယ်။ ဒါတွေက အနုသာသနီ ပါဋိဟာရိယပဲ။ တန်ခိုးပြပြီး စည်းရုံးတာ မဟုတ်ဘူး၊ အမှန်တရားကို ထုတ်ဖော်ပြပြီး ဗုဒ္ဓသာသနာ ပြန့်ပွားအောင်လုပ်တာ။ ဒါကို အနုသာသနီ ပါဋိဟာရိယ လို့ခေါ်တယ်။

မြတ်စွာဘုရားက ဣဒ္ဓိခေါ်တဲ့ အစွမ်းတန်ခိုးတွေပြပြီး စည်းရုံးတာမျိုးတို့၊ အာဒေသနာဆိုတဲ့ လူတစ်ယောက်ရဲ့ စိတ်ကို ရည်ညွှန်းပြောဆိုတဲ့ အတတ်ဟောတာမျိုးတွေ ဟောပြီးတော့ စည်းရုံးတာမျိုးတို့ တကယ် မအောင်မြင်နိုင်ဘူးတဲ့။ အနုသာသနီလို့ခေါ်တဲ့ တကယ့်အစစ်အမှန် ဆုံးမဩဝါဒပေးခြင်း၊ တကယ့်တရားဓမ္မကို သင်ပြပေးခြင်းကသာလျှင် သာသနာပြုတာ စည်းရုံးတာဖြစ်တယ်။

ဘာကြောင့်လဲဆိုရင် ဒီလိုဟောပြောဆုံးမတာကြောင့် ပညာရသွားတယ်လေ။ ခုနကလိုဟာမျိုးတွေက သဒ္ဓါလောက်ပဲ ရနိုင်တယ်။ ပညာမရဘူး။ မြတ်စွာဘုရားရဲ့ တရားတော်တွေကို ဟောပြောဆုံးမပေးတဲ့အခါကျတော့ သူ့ဟာသူ စဉ်းစားတတ်လာတယ်။ သူ့ဟာသူ စဉ်းစားတတ်လာတဲ့အခါမှာ ယုံကြည်မှုခိုင်မာလာတယ်၊ ပညာမပါတဲ့ ယုံကြည်မှုသည် မခိုင်မာဘူးတဲ့။ ခိုင်မာတဲ့ယုံကြည်မှုရဖို့အတွက် မြတ်စွာဘုရားက “အေး ကေဝဋ၊ ဣဒ္ဓိဝိဓ လို့ခေါ်တဲ့နည်းနဲ့ သာသနာပြုလည်းပဲ မအောင်မြင်နိုင်ဘူး။ ငါခွင့်ပြုတာက အနုသာသနီတစ်ခုထဲပဲ။ ဒို့လည်းပဲ အခုတန်ခိုးပြနေတာပဲ” လို့ မိန့်တော်မူတယ်။ နာလန္ဒာမြို့မှာ မြေလျှိုးမိုးပျံဆိုတဲ့ တန်ခိုးတွေ လုပ်မပြပေမယ့်လို့ ဘယ်လိုနေရတယ် ဘယ်လိုထိုင်ရတယ်ဆိုတာ တရားဓမ္မတွေဟောနေတာဟာ အစွမ်းတန်ခိုးတွေ ပြနေတာပဲလို့ ပြောတာနော်။ ဒါကြောင့် ဒီလိုတရားဓမ္မတွေဟောပြီး အစွမ်းတန်ခိုးပြခြင်းကသာလျှင် အလွန်ခိုင်မြဲတဲ့ စည်းရုံးမှုဖြစ်တယ်။ ဘာဖြစ်လို့တုန်းဆိုရင် တစ်ဖက်သားကို အသိဉာဏ်တွေ ပေးပြီးသားဖြစ်သွားလို့ပါပဲတဲ့။

တန်ခိုးရှိပေမယ့် အသိဉာဏ်နည်းရင် တလွဲဖြစ်

အဲဒီလို အသိဉာဏ်မပေးဘူးဆိုရင် ဘာဖြစ်နိုင်တုန်း။ အသိဉာဏ်မပါတဲ့ ယုံကြည်မှု ပညာမဲ့သဒ္ဓါဆိုတာ အရာရာယုံကြည်ပြီး လမ်းမှားသွားတတ်တယ်။ လမ်းမှားကို ရောက်သွားနိုင်တယ်။ အဲဒီသုတ္တန်မှာ မြတ်စွာဘုရားက ဆက်ဟောထားသေးတယ်။ တန်ခိုးအဘိညာဉ်တွေ ဘယ်လောက်ရှိရှိ အသိဉာဏ်အားနည်းရင် ပုစ္ဆာတစ်ခုရဲ့ အဖြေမှန်ကို မထုတ်နိုင်ဘူး။ တန်ခိုးရှင် ရဟန်းတစ်ပါးဟာ ဓာတ်ကြီးလေးပါး ဘယ်မှာချုပ်ငြိမ်းသလဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေကို သိချင်လို့ နတ်တွေကို လိုက်မေးသတဲ့။

နတ်တွေက “တပည့်တော်တို့ မသိဘူး၊ ဒီဟာ တပည့်တော်တို့ထက် တန်ခိုးကြီးတဲ့ နတ်မင်းကြီး (၄)ယောက်ကို မေးကြည့်ပါ။ အဲဒါနဲ့ နတ်မင်းကြီး (၄)ယောက်ဆီသွားတယ်။ ဓာတ်ကြီး (၄)ပါး ဘယ်မှာချုပ်သလဲ မေးတယ်။ နတ်မင်းကြီး (၄)ယောက်ကလည်း မဖြေနိုင်ဘူး၊ “တပည့်တော်တို့ ဘယ်သိမလဲ၊ တပည့်တော်တို့ထက် တန်ခိုးကြီးတဲ့ တာဝတိံသာနတ်တွေဆိုတာ ရှိတယ်။ အဲဒီသွားမေးပါ” တဲ့။ လွှဲချလိုက်ကြတယ်။

တစ်ဖန် တာဝတိံသာ သွားရောက်ပြီး နတ်တွေကို မေးတယ်၊ တာဝတိံသာနတ်တွေက “တပည့်တော်တို့လည်း မသိဘူး၊ တပည့်တော်တို့ထက် တန်ခိုးကြီးတဲ့ သိကြားမင်း ရှိတယ်။ သူ့မေးကြည့်ပါ” ဆိုတော့ သွားမေးတယ်။ သိကြားမင်းကလည်း ဒီအဖြေ သူမသိပါဘူးတဲ့။ အဲဒီလိုနဲ့ပဲ အထက်ကို တက်သွားလိုက်တာ တာဝတိံသာကနေ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီ နတ်ပြည်ခြောက်ထပ် ကုန်ရော၊ သူ့ရဲ့မေးခွန်းဟာ အဖြေမထွက်ဘူး။

အဲဒီကနေ တစ်ခါထပ်ပြီး ဗြဟ္မာပြည်ရောက်သွားတော့ ဗြဟ္မာတွေကလည်း အဲဒီအဖြေ သူတို့မသိဘူးတဲ့။ ဒါပေမယ့် သူတို့ထက် တန်ခိုးကြီးတဲ့ ဗြဟ္မာမင်းကြီးဆိုတာ ရှိတယ်တဲ့။ အဲဒါနဲ့ အဲဒီကိုယ်တော်က နေပါဦး၊ အဲဒီ ဗြဟ္မာမင်းကြီးက ဘယ်မှာနေတာတုန်းဆိုတော့ ဗြဟ္မာမင်းကြီး ဘယ်နေတယ်ဆိုတာ သူတို့ မသိပါဘူး။ ဘယ်တော့လာမှာလဲ ဆိုတော့လည်း သူတို့မသိပါဘူးတဲ့။ “အလင်းရောင်ကြီးတွေ ပေါ်လာရင်တော့ မကြာခင်မှာ သူပေါ်လာတတ်တယ်” လို့ ပြောကြတယ်။

အဲဒီလို ပြောနေတုန်း မကြာခင်မှာပဲ အလင်းရောင်ကြီးတွေ ပေါ်လာတယ်။ ဗြဟ္မာမင်းကြီးက ဘွားခနဲ ပေါ်လာတယ်၊ ဟန်ကျပြီဆိုပြီးတော့ အဲဒီကိုယ်တော်က ဗြဟ္မာမင်းကြီးဆီ ချဉ်းကပ်ပြီးတော့ မေးတယ်။ “ဓာတ်ကြီး (၄)ပါး ဘယ်မှာချုပ်လဲ”

ဗြဟ္မာမင်းကြီးက ဒီမေးခွန်းကို မဖြေဘဲနဲ့ မကြားချင်ယောင်ဆောင်ပြီး “ကိုယ်တော် တပည့်တော်က လောကကြီးကို ဖန်ဆင်းတဲ့ဗြဟ္မာမင်းကြီးပါ၊ အရာခပ်သိမ်းကိုသိတယ်၊ အားလုံးကိုမြင်တယ်၊ အားလုံးကို လွှမ်းမိုးနိုင်တယ်” လို့ ပြောတယ်။ အဲဒီကိုယ်တော်က “ဗြဟ္မာမင်းကြီး၊ ကျုပ်က ခင်ဗျားရဲ့ အစွမ်းတန်ခိုး အစွမ်းသတ္တိတွေကို မေးတာမဟုတ်ဘူး။ ကျုပ်သိချင်တာက ဓာတ်ကြီး (၄)ပါး ဘယ်မှာချုပ်သလဲဆိုတာ သိချင်တာ”။

ဗြဟ္မာမင်းကြီးက မဖြေနိုင်ဘူး၊ သူက ဗြဟ္မာမင်းကြီးဖြစ်တဲ့အကြောင်းကိုပဲ ထပ်ထပ်ပြောတယ်။ (၃)ခါတိတိ မေးတယ်။ အလိုက်မသိဘဲ ထပ်မေးနေတော့ ဗြဟ္မာမင်းကြီးက သူ့ကို လက်မောင်းဆွဲခေါ်သွားတယ်။ ဗြဟ္မာတွေကြားထဲမှာ သူ့ကို အထင်သေးမှာ ကြောက်တယ်။ အဲဒီကိုယ်တော်ကို အဝေးကို ခေါ်သွားပြီး “ကိုယ်တော် ဒီပုစ္ဆာရဲ့ အဖြေကို တပည့်တော်လည်း မသိဘူး။ ဒါပေမဲ့လို့ ဒီနားရှိတဲ့ ဗြဟ္မာပရိသတ်တွေဟာ တပည့်တော်ကို တန်ခိုးအကြီးဆုံး၊ မသိတာမရှိဘူးလို့ သူတို့ကထင်တာ၊ ဒါကြောင့် သူတို့ရှေ့မှာ မသိဘူးလို့ မပြောတာ” တဲ့။

လူတွေမှာ မဟုတ်ဘူး၊ ဗြဟ္မာတွေလည်း အထင်သေးခံရမှာ ကြောက်ကြတယ်။ အဲဒီဗြဟ္မာကြီးက ဘာပြောလဲဆိုတော့ အဲဒါကိုယ်တော့်အမှားပဲ ဒီပုစ္ဆာရဲ့ အဖြေက ဘုရားကလွဲပြီး ဘယ်သူမှမဖြေနိုင်ဘူးတဲ့။ ကိုယ်တော်က ဘုရားကို မမေးပဲနဲ့ ဒီအထိရောက်လာတာဟာ ကိုယ်တော့်အမှားပဲတဲ့။ သူက “ဘုရားကိုမေးပါ” လို့ လမ်းညွှန်လိုက်တာ။ ဘုရားရှင်ဆီကို အဲဒီကိုယ်တော် ရောက်သွားပြီးတော့ “အရှင်ဘုရား ဓာတ်ကြီး (၄)ပါး ဘယ်နေရာမှာ အကြွင်းမဲ့ချုပ်ပါသလဲ” လို့ မေးတယ်။

မြတ်စွာဘုရားက “ရဟန်း မင်းမေးတဲ့ပုစ္ဆာ မှားနေတယ်” ဓာတ်ကြီး (၄)ပါးဆိုတာ မပြည့်စုံဘူး၊ သူက Organism, non-organism မခွဲဘူး၊ သက်ရှိသက်မဲ့ မခွဲဘဲနဲ့ ဓာတ်ကြီး (၄)ပါး ဘယ်မှာချုပ်သလဲမေးတာ၊ သူ့မေးခွန်းက သိပ်ကျယ်ပြန့်လွန်းအားကြီးနေတယ်၊ သက်မဲ့ဓာတ်ကြီးလေးပါးတွေပါ မေးရာရောက်နေတယ်၊ သူ့မေးခွန်းက မှားနေတယ်၊ မေးရမှာက သက်ရှိသတ္တဝါတွေရဲ့ သန္တာန်မှာဖြစ်နေတဲ့ ဓာတ်ကြီး (၄)ပါး ဘယ်နေရာမှာချုပ်လဲဆိုတာ မေးရမှာဖြစ်တယ်။ ဒါ့ကြောင့် မြတ်စွာဘုရားက အဲဒီမေးခွန်းကို ပြင်ပေးလိုက်တယ်။

မေးခွန်းက မှားနေလို့ မြတ်စွာဘုရားက “ရဟန်း အဲဒီလို မေးရမှာ မဟုတ်ဘူး၊ ဓာတ်ကြီး (၄)ပါးနဲ့ ဓာတ်ကြီး (၄)ပါးကို အမှီပြုပြီး ဖြစ်နေတဲ့ ဒီဥပါဒါရုပ်တွေ၊ အရှည်အတို၊ အဆင်း၊ လှမလှဆိုတဲ့ ဥပါဒါရုပ်တွေ၊ နာမ်တွေ ဘယ်မှာချုပ်ငြိမ်းသလဲ” လို့ မေးရမှာတဲ့။ မေးခွန်းကို ပြင်ပေးပြီးတော့ “အဖြေက ဒီလို” ဆိုပြီး မြတ်စွာဘုရားက ဟောတယ်။

“ဝိညာဏံ အနိဒဿနံ အနန္တ သဗ္ဗတောပဘံ” ဆိုတာ ထူးခြားသော အသိဉာဏ်နဲ့သာ သိနိုင်သော နိဗ္ဗာန်။ နိဗ္ဗာန်ဆိုတာ ထူးခြားတဲ့အသိဉာဏ်နဲ့ သိလို့မရဘူးတဲ့။ အနိဒဿန = နိဗ္ဗာန်ဆိုတာဟာ ပုံပန်းသဏ္ဍာန်နဲ့ ဖော်ပြလို့မရဘူးတဲ့။ အနန္တ = နိဗ္ဗာန်မှာ ဖြစ်တဲ့အစဆိုတာမရှိဘူး၊ ချုပ်တဲ့အစွန်းဆိုတာမရှိဘူး၊ အဆုံးအစမရှိဘူးတဲ့။ အန္တ လို့ခေါ်တဲ့ ဖြစ်တဲ့အစ ချုပ်တဲ့အစွန်း၊ ထိုအစွန်း (၂)ခုရဲ့ အလယ်စပ်ကြား မရှိဘူးတဲ့။ သဗ္ဗတောပဘံ = နိဗ္ဗာန်ဆိုတာ ဘယ်လမ်းကနေဝင်ဝင် ကမ္မဋ္ဌာန်း (၄၀) (သို့) (၃၈) ပါးဆိုတဲ့ ဘယ်လမ်းကနေ လျှောက်လျှောက် နိဗ္ဗာန်ရောက်တာချည်းပဲ။ အဲဒီနိဗ္ဗာန်ဆိုတဲ့ တရားမှာသာလျှင် ဟောဒီဓာတ်ကြီး (၄)ပါးရော ဓာတ်ကြီး (၄)ပါးကို မှီပြီးဖြစ်တဲ့ ရုပ်တရား နာမ်တရားတွေ အားလုံးချုပ်တယ်လို့ မြတ်စွာဘုရားက ဟောတယ်။

ကဲ ဒီကိုယ်တော် တန်ခိုးတော့ရှိပါရဲ့၊ တရားဓမ္မကို စေ့စေ့ငုငု မသိသည့်အတွက်ကြောင့် ဟောဒီပုစ္ဆာရဲ့ အဖြေကို မရှာရမယ့်နေရာ လိုက်ရှာတယ်။ မရှာရမယ့်နေရာ လိုက်ရှာလို့ သူ့ရဲ့ အစွမ်းတန်ခိုးသည် လမ်းဆုံးကို မပို့နိုင်ဘူးဆိုတာ ဒါကိုပြောတာနော်။ အစွမ်းတန်ခိုး ခုနကပြောတဲ့ တန်ခိုးဣဒ္ဓိပါဒ်တွေဟာ တကယ့်အစစ်အမှန် အသိဉာဏ်ကို ဘာမှမပေးနိုင်ဘူး၊ အဆုံးအဖြတ် မပေးနိုင်ဘူး။ ဒါကြောင့် တန်ခိုးဆိုတာ အားကိုးစရာမဟုတ်ဘူး ယုံကြည်စရာမဟုတ်ဘူး။ တကယ့်အစွမ်းတန်ခိုး အစစ်သည် တရားဓမ္မကို မှန်ကန်စွာ သိခြင်းသာလျှင်ဖြစ်တယ်။ ဒါကြောင့် မြတ်စွာဘုရားက အနုသာသနီပါဋိဟာရိယဆိုတဲ့ အစွမ်းတန်ခိုးနဲ့သာလျှင် သာသနာပြုတာ အကောင်းဆုံးတဲ့နော်။

မြေလျှိုးမိုးပျံဆိုတဲ့ တန်ခိုးတွေနဲ့ သာသနာပြုနေရင်လည်း မအောင်မြင်နိုင်ဘူးတဲ့။ သူတစ်ပါးရဲ့ စိတ်တွေ အတွေးအကြံတွေကိုသိပြီး ရည်ညွှန်းပြောရုံနဲ့ လူအထင်ကြီးအောင်လုပ်ပြီး သာသနာပြုလို့လည်း မအောင်မြင်နိုင်ဘူးတဲ့။ သာသနာပြုတယ်ဆိုတာ စစ်မှန်တဲ့တရားဓမ္မတွေကို ဟောပြောပြသပြီး ထိုစစ်မှန်တဲ့ တရားတွေကို လူတွေနားလည်အောင် အသိဉာဏ်ပေးပြီး သာသနာပြုမှ တကယ့်အစစ်အမှန်ပါ။ လူတွေဟာ အသိဉာဏ်ရသွားပြီးတော့ ပညာပါတဲ့ သဒ္ဓါစွမ်းအားတွေနဲ့မှ အမှန်တရားကိုတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် “အစွမ်းတန်ခိုးများနဲ့ သာသနာ” ဆိုတဲ့စကားမှာ တကယ့်အစွမ်းတန်ခိုးဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမတရားတွေကို လေ့လာသင်ယူခြင်းပဲဖြစ်တယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမ တရားတော်တွေကို ကိုယ်တိုင်သိရှိအောင် လေ့လာခြင်း၊ ဖတ်ရှုခြင်း၊ ကျင့်သုံးခြင်း၊ နာယူခြင်းကသာလျှင် တကယ့်အစွမ်းတန်ခိုး၊ တန်ခိုးပါဝါ၊ တကယ့်ကြီးမားတဲ့ အစွမ်းတန်ခိုး၊ နိဗ္ဗာန်ထိအောင် မျက်မှောက်ပြုနိုင်တဲ့ အစွမ်းရှိတဲ့တန်ခိုးအစစ် ဖြစ်တယ်ဆိုတာ ကေဝဋသုတ်အရ ဆုံးဖြတ်ချက်ချပြီး ဘုရားရဲ့ တရားတော်တွေကို သိရှိအောင် လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။ ။

rw5lzz0ta4ovrdh3tb1j3e31ykk11q4
ဒက္ခိဏဝိဘင်္ဂသုတ်အနှစ်ချုပ်
0
6375
22171
2026-06-16T02:43:17Z
Tejinda
173
"{{header | title = ဒက္ခိဏဝိဘင်္ဂသုတ်အနှစ်ချုပ် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = အ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22171
wikitext
text/x-wiki
{{header
| title = ဒက္ခိဏဝိဘင်္ဂသုတ်အနှစ်ချုပ်
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[အစွမ်းတန်ခိုးများနှင့် သာသနာ]]
| previous2 =
| next = [[ပါရမီပုံရိပ် အမှတ်တံဆိပ်များ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဒက္ခိဏဝိဘင်္ဂသုတ်အနှစ်ချုပ်

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း(၁၄)ရက်၊ ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့၊ ရန်ကုန်မြို့၊ Shwegonedine Special Clinic (S.S.C) မိသားစု၏ ဝါဆိုသင်္ကန်း ကပ်လှူသည့် အလှူတော်မင်္ဂလာ အခမ်းအနား၌ ဟောကြားတော်မူအပ်သော “ဒက္ခိဏဝိဘင်္ဂသုတ် အနှစ်ချုပ်” တရားဒေသနာတော်။

“ဒက္ခိဏဝိဘင်္ဂ” မှာ ဒက္ခိဏ ဆိုတာ ဒါနကောင်းမှုကို ခေါ်တာဖြစ်တယ်။ သံဃာ့ဂုဏ်တော်တွေထဲမှာ ဒက္ခိဏေယျာ ဆိုတဲ့စကား ပါတယ်။ တစ်စုံတစ်ခုကို ရည်စူးပြီးတော့လှူတဲ့ အလှူမျိုးကို ဒက္ခိဏ လို့ခေါ်တယ်။ ဒါနဆိုတဲ့ စကားလုံးလောက်တော့ လူသိမများဘူး။ သို့သော် “ဒက္ခိဏ” စကားလုံးရဲ့ အဓိပ္ပာယ်အရင်းအမြစ်က လှူတန်းမှုဆိုတဲ့ ဒါနကုသိုလ်ဟာ သတ္တဝါတွေကို အဆင့်မြင့် ကြီးပွားတိုးတက်စေတယ်ဆိုတာ ဖြစ်တယ်။

ဘဝမှာလည်း အဆင့်နိမ့်တဲ့ဘဝ၊ အဆင့်မြင့်တဲ့ဘဝဆိုတာ ရှိတယ်။ အပါယ်လေးဘုံမှာ ရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ အဆင့်နိမ့်ကြတယ်၊ ဆင်းရဲဒုက္ခတွေများကြတယ်။ လူ့ပြည်ဆိုရင် အဆင့်ကမြင့်တယ်။ တစ်ခါ လူ့ပြည်ထက် နတ်ပြည်ခြောက်ထပ်က ချမ်းသာသုခအရာ အဆင့်မြင့်တယ်။ တစ်ခါ နတ်ပြည်ထက် ဗြဟ္မာပြည်နှစ်ဆယ်က အဆင့်မြင့်တယ်။ ဒီတော့ ကုသိုလ်ကံ အားလျော်စွာ တစ်ဦးနဲ့တစ်ဦး မတူတဲ့အဆင့်တွေရှိတယ်။

လူ့လောက ကြည့်မယ်ဆိုရင် အဆင့်အတန်းချင်းက အလိုလို ခွဲခြားထားပြီးသား ဖြစ်နေတယ်။ ခွဲခြားထားတယ်ဆိုတာ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကံတွေရဲ့ အခြေအနေပေါ်မှာ အမှီပြုပြီး လူဆိုတဲ့အနေအားဖြင့် တူညီသော်လည်းပဲ အဆင့်အတန်းချင်း ကွာခြားနေကြတယ်။ တမင်ခွဲတဲ့ အဆင့်အတန်းတော့ မဟုတ်ဘူး။ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေကနေ အဆင့်အတန်းကွဲစေတာ။

ဥပမာ ပညာတတ်တဲ့ပုဂ္ဂိုလ် ပညာမတတ်တဲ့ပုဂ္ဂိုလ်၊ ရုပ်လှတဲ့ပုဂ္ဂိုလ် ရုပ်မလှတဲ့ပုဂ္ဂိုလ်၊ ပစ္စည်းဥစ္စာပေါများတဲ့ပုဂ္ဂိုလ် ပစ္စည်းဥစ္စာမပေါများတဲ့ပုဂ္ဂိုလ်၊ ကျန်းမာတဲ့ပုဂ္ဂိုလ် မကျန်းမာတဲ့ပုဂ္ဂိုလ် စသည်ဖြင့် ကွဲပြားကြတယ်။ ဒါတွေက တမင်တကာ ခွဲခြားထားတာ မဟုတ်ဘူး။ လူတွေက လူချင်းအတူတူပဲလို့ ပြောကြသော်လည်းပဲ ဒါတွေက သဘာဝက ခွဲခြားထားတဲ့ ခွဲခြားမှုတွေကတော့ ရှိနေတာပဲဖြစ်တယ်။

နိမ့်ရာက မြင့်သွားစေတာ ကုသိုလ်

ဒီခွဲခြားမှုတွေမှာ ကိုယ်က နိမ့်ကျနေလို့ရှိရင် မြင့်သွားစေတဲ့ ကုသိုလ်ကောင်းမှုတွေကို ဒက္ခိဏ လို့ခေါ်တယ်။ ဥပမာ မကျန်းမာတဲ့အဆင့်ကနေ ကျန်းမာတဲ့အဆင့်၊ ရုပ်ဆိုးတဲ့အဆင့်ကနေ ရုပ်လှတဲ့အဆင့်၊ ဥစ္စာဓန မပြည့်စုံတဲ့အဆင့်ကနေ ဥစ္စာဓန ပြည့်စုံတဲ့အဆင့်ဆိုတဲ့ အဆင့်ကို တိုးမြှင့်ပေးနိုင်တဲ့ စွမ်းရည်သတ္တိဟာ ကုသိုလ်မှာပဲရှိတယ်။

ကုသိုလ်မှာပဲရှိတယ်ဆိုရင် တပည့်တော်တို့ အလုပ်ကြိုးစားရင်ရော မဖြစ်ဘူးလားဆိုရင် အလုပ်ကြိုးစားလို့ ဖြစ်တဲ့အရာရှိတယ်။ အလုပ်ကြိုးစားလို့ ဘဝမှာ တိုးတက်လာတယ်ဆိုတာ အထောက်အကူပဲဖြစ်တယ်။ ကံပေးလို့ရတာကမှ ပြည့်ပြည့်ဝဝ ရတာ။ ကံပေါ်မှာ အများကြီးမူတည်တယ်။ ဒါကြောင့် ဒက္ခိဏ ဆိုတဲ့ ကုသိုလ်ကောင်းမှုကို လုပ်ကြရတယ်။

ဒက္ခိဏ ဆိုတဲ့ အလှူဒါနနဲ့ပတ်သက်တဲ့ ကုသိုလ်ကောင်းမှုကို လုပ်ကြတဲ့အခါမှာ ဘယ်ကုသိုလ်က ပိုပြီးအကျိုးများနိုင်သလဲ။ “ဝိဘင်္ဂ” ဆိုတာ ခွဲခြမ်းစိတ်ဖြာ ဝေဖန်ပြီးတော့ပြတာဖြစ်တယ်။ analyse လုပ်တယ်ခေါ်တယ်။ အလှူဒါနတွေ လုပ်ပြီဆိုရင် analyse လုပ်ကြရတယ်။ ကုသိုလ်ကောင်းမှုကိုလည်း analyse လုပ်ကြရတယ်။ analyse လုပ်ရင် ကုသိုလ်ကောင်းမှုဟာ တစ်ခုနဲ့တစ်ခု တူညီမှုရှိရဲ့လား၊ တူညီမှုမရှိနိုင်ဘူး။

တူညီမှုမရှိဘူးဆိုရင် ပိုပြီးတော့ ကောင်းကျိုးချမ်းသာတွေ ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မြတ်စွာဘုရားက ဒီသုတ္တန်မှာ လမ်းညွှန်ပြတာ။ ဒါကြောင့် “ဒက္ခိဏဝိဘင်္ဂ” ဆိုတာ “analysis of ဒက္ခိဏ”၊ ဒက္ခိဏ ဆိုတဲ့ အလှူဒါနနဲ့ပတ်သက်တဲ့ ကုသိုလ်ကောင်းမှုကို analyse (ခွဲခြမ်းစိတ်ဖြာဝေဖန်မှု) လုပ်ပြတာ။ ဒီလို analyse လုပ်ပြတဲ့အခါမှာ အလှူခံပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး ဘယ်လိုပုဂ္ဂိုလ်မျိုးကိုလှူမှ ပိုပြီးအကျိုးရှိသလဲ။ ဒါဟာ အလှူခံပုဂ္ဂိုလ်ဘက်က analyse လုပ်တာဖြစ်တယ်။ နောက်တစ်ခါ အလှူခံပုဂ္ဂိုလ်ရော၊ အလှူဒါယကာတွေရော အခြေအနေ ဘယ်လိုရှိရမလဲဆိုတာကိုရော analyse လုပ်ပြတယ်။

အလှူရဲ့ အကျိုးကျေးဇူးဟာ လုပ်တတ်လို့ရှိရင် ပိုပြီးများများ ရတယ်။ အခြံအရံ အခြေအနေတွေကောင်းဖို့ အင်မတန်မှ အရေးကြီးတယ်။ လောကမှာ အားလုံးဟာ အခြေအနေပေါ်မှာ မူတည်ပြီး လုပ်ကြရတာ။ စီးပွားရေးဆိုတာလည်း အခြေအနေကောင်းမှ၊ နိုင်ငံရေးဆိုတာလည်း အခြေအနေကောင်းမှ၊ လူမှုရေးဆိုတာလည်း အခြေအနေကောင်းမှ၊ လူတွေရဲ့ ကျန်းမာရေးဆိုတာလည်း အခြေအနေပေါ်မှာ မူတည်တာ။ အခြေအနေဆိုတာ condition တွေပေါ့။ ရာသီဥတုပေါ်မှာလည်း မှီတည်တယ်။ weather condition (မိုးလေဝသအခြေအနေ) မကောင်းဘူးဆိုရင် ဥပမာ- နွေတုန်းက အလွန်ပူတယ်။ လူတွေဒုက္ခရောက်ကြတယ်။ ဒီလိုအခြေအနေတွေ ရှိသလိုပဲ ဒါနကောင်းမှုလုပ်တယ်ဆိုတဲ့နေရာမှာ အခြေအနေကောင်းတွေ အင်မတန်မှ အရေးကြီးတယ်။

အဲဒီ အခြေအနေကောင်း ဆိုတဲ့အထဲမယ် အတွင်းက အခြေအနေကောင်းလား၊ အပြင်က အခြေအနေကောင်းလား၊ ဒါကိုလည်း ထပ်ပြီးခွဲရလိမ့်မယ်။ အပြင်က အခြေအနေကောင်းဆိုတာဟာ အလှူခံပုဂ္ဂိုလ်ရဲ့ အခြေအနေကောင်းမှု၊ အတွင်းက အခြေအနေကောင်းဆိုတာ လှူသူအလှူရှင်ကိုယ်တိုင် အခြေအနေကောင်းမှု၊ အဲဒီလို အခြေအနေကောင်းတွေ ဆုံစည်းမိပြီဆိုရင် လှူတဲ့အလှူဒါနဟာ အလွန်ကျေးဇူးများတယ်။ အလွန်အကျိုးကြီးတယ်လို့ မြတ်စွာဘုရားက “ဒက္ခိဏဝိဘင်္ဂ” သုတ်မှာ analyse လုပ်ပြထားတယ်။ အဲဒါကို အနှစ်ချုပ်ပြီး ဟောမှာဖြစ်တယ်။

ဒီသုတ္တန် ဖြစ်ပေါ်လာပုံက မြတ်စွာဘုရား နေပြည်တော် ကပ္ပိလဝတ်ကို ကြွရောက်တဲ့အခါ ကပ္ပိလဝတ်အနီး နိဂြောဓသာကီဝင်မင်းပိုင်တဲ့ ဥယျာဉ်ကြီးထဲမှာ ဆွေတော်မျိုးတော်တို့ စုပေါင်းဆောက်လုပ်လှူဒါန်းထားတဲ့ နိဂြောဓါရုံကျောင်းဆိုတာ ရှိတယ်။ နိဂြောဓဆိုတဲ့ သာကီဝင်မင်းပိုင်တဲ့ ဥယျာဉ်ထဲမှာ ဆောက်လို့ ကျောင်းနာမည်ကိုလည်း “နိဂြောဓါရာမ”လို့ နာမည်ပေးထားတယ်။ မြတ်စွာဘုရားရှင် ကပ္ပိလဝတ်ကို ကြွတဲ့အခါ အဲဒီကျောင်းမှာ သီတင်းသုံးတယ်။

ဘုရား သီတင်းသုံးနေတဲ့အချိန်မှာ ဘုရားရဲ့ မယ်တော်လည်း ဟုတ်တယ်ပေါ့၊ မယ်တော်လို့လည်း ပြောလို့ရတယ်၊ မွေးစားမယ်တော်လို့လည်း ပြောချင်ပြော (သို့မဟုတ်) တချို့အရပ်တွေကတော့ အမေရဲ့ညီမဆိုရင် အဒေါ်လို့ခေါ်တယ်။ တချို့အရပ်တွေမှာတော့ အရီးလေးလို့ ခေါ်တာလည်းရှိတယ်။ အဲဒီအခေါ်တော့ ထားလိုက်။ အမေရဲ့ညီမဆိုရင် ပါဠိလို မာတုစ္ဆာ = မိထွေး လို့ခေါ်တယ်။ မိထွေးဆိုတာ အခုခေတ် နားလည်နေတဲ့ မိထွေးက တစ်မျိုးဖြစ်တယ်။ မာတုစ္ဆာ ဆိုတာ “မာတုဘဂိနီ မာတုစ္ဆာ” ဆိုတဲ့အတိုင်း အမေရဲ့ညီမကိုခေါ်တဲ့ မိထွေး၊ မိကြီး၊ မိထွေးဆိုတဲ့ အဓိပ္ပာယ်ကိုခေါ်တာ။ အမေ့ရဲ့ နောက်မိန်းမကို ခေါ်တာမဟုတ်ဘူး။ မိထွေးတော် ဂေါတမီကတော့ နှစ်မျိုးစလုံး ပြောလို့ရတယ်ပေါ့။

သို့သော် မာတုစ္ဆာ ဆိုတဲ့ စကားလုံးက အမေရဲ့ညီမလို့ ဆိုလိုတာ။ မြတ်စွာဘုရားရဲ့ မိခင်အရင်းက မယ်တော်မာယာ၊ သူက မယ်တော်မာယာရဲ့ ညီမအရင်းဖြစ်လို့ မာတုစ္ဆာ ဆိုတဲ့ အခေါ်နဲ့ခေါ်တာ။ မြန်မာလိုပြန်တဲ့အခါကျတော့ မိထွေး။ သူ့ရဲ့ အမည်ရင်းက မဟာပဇာပတိ ဖြစ်တယ်။ ဘုရားလောင်းလေး မွေးဖွားလာပြီး ၃၊ ၄ ရက်လောက် နောက်ကျပြီး မဟာပဇာပတိက သားလေးတစ်ဦးမွေးတယ်။ သူ့ကို နန္ဒမင်းသားလို့ခေါ်တယ်။ အာနန္ဒနဲ့ မတူဘူး၊ နန္ဒမင်းသားဆိုတာ သီးခြားရှိတယ်။ မယ်တော်မာယာက ဘုရားလောင်း မွေးဖွားပြီးလို့ (၇)ရက်မြောက်မှာ ကံကုန်သွားတယ်။ မိထွေးတော်ဂေါတမီက သူ့ရဲ့ သားအရင်းလေး နန္ဒမင်းသားကို နို့ထိန်းတွေလက်အပ်ပြီး သိဒ္ဓတ္ထမင်းသားကို သူကိုယ်တိုင် နို့တိုက်ပြီးမွေးခဲ့တယ်။ အဲဒီကျေးဇူးတရားတွေရှိတယ်။ ဘုရားလောင်း တိုင်းပြည်မှာ ရှိနေသမျှအချိန် အသက်(၂၉)နှစ်ထိအောင် အနားက စောင့်ရှောက်တယ်။ သူကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးတယ်။ သူကိုယ်တိုင် အဝတ်ဆင်မြန်းပေးတယ်။ သူ့ရဲ့ “မွေးစားသား” လို့ ပြောလို့ရတယ်။ “တူ” လို့လည်း ပြောမယ်ဆိုရတယ်ပေါ့။ အဲဒီ ဘုရားလောင်းလေးပေါ်မှာ သူက အဲဒီလိုပြုစုတယ်။ နောက် ဘုရားလောင်း တောထွက်သွားပြီး ၇ နှစ်၊ ၈ နှစ်လောက်ကြာမှ ဘုရားအဖြစ်နဲ့ နေပြည်တော်ကို ပြန်ရောက်လာတယ်။ မိထွေးတော် ဘိက္ခုနီဝတ်တာ ဘုရား(၅)ဝါရမှဆိုတော့ ဘုရားရှင် (၅)ဝါမရမီ (ဘုရားဖြစ်ပြီး ၅ နှစ်မကြာခင်အတွင်း) နေပြည်တော်ပြန်ရောက်လာတဲ့ တစ်ကြိမ်မှာ ကပ္ပိလဝတ်ပြည်၊ နိဂြောဓါရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီက မြတ်စွာဘုရားဝတ်ဖို့ သင်္ကန်းကို ချည်ကအစ သူကိုယ်တိုင် ရွေးတယ်။ ကိုယ်တိုင် ချည်ငင်တယ်။

ကိုယ်တိုင် ချည်ငင်၊ ကိုယ်တိုင် ရက်ကန်းစင်တင်ပြီးတော့ ကိုယ်တိုင်ရက်တယ်။ ဘုရားကိုလှူဖို့သင်္ကန်းကို အဲဒီလို မြတ်မြတ်နိုးနိုး ရက်လုပ်ပြီးတဲ့အခါမှာ သင်္ကန်းတစ်စုံစာရတယ်။

သံဃာကိုလှူပါ ဂေါတမီ

ရှေးတုန်းကတော့ ယခုခေတ်လို Ready made မရှိဘူး။ သင်္ကန်းတစ်စုံစာ အတိုင်းအတာအတွက် ပိတ်စ ပိတ်အုပ်ကို အခြံအရံ ပရိသတ်နဲ့ယူလာပြီး မြတ်စွာဘုရားကိုလျှောက်တယ်၊ “အရှင်ဘုရား၊ ဒီအဝတ်အထည်ဟာ တပည့်တော်ကိုယ်တိုင် ချည်ငင်ပြီး ကိုယ်တိုင်ရက်လုပ်တာပါ။ အရှင်ဘုရားကို လှူချင်လွန်းလို့၊ ကပ်ချင်လွန်းလို့ ကိုယ်တိုင် ရက်လုပ်ထားတဲ့ ဒီသင်္ကန်းလျာ အဝတ်ကို တပည့်တော်မအား ကရုဏာထားသောအားဖြင့် အလှူခံတော်မူပါလို့ လျှောက်တယ်။ ဒီလိုလျှောက်တော့ မြတ်စွာဘုရားက “သံဃေ ဂေါတမီ ဒေဟိ” လို့ မိန့်တော်မူတယ်။

သူ့ရဲ့ မိထွေးတော်ကိုခေါ်တာ ဂေါတမီလို့ပဲခေါ်တယ်။ ဒါက အနွယ်နဲ့ခေါ်တာ။ မြန်မာပြည်မှာတော့ ဒီလို (အနွယ်နာမည်) surname ဆိုတာ မရှိဘူး။ အဲဒီအခါက အမည်မှည့်တဲ့အခါ surname တွေရှိတယ်။ မြတ်စွာဘုရားရဲ့ အမျိုးအနွယ်က ဂေါတမအနွယ်ဆိုတော့ ဂေါတမလို့ အနွယ်နဲ့ခေါ်တာ၊ အမည်နဲ့ခေါ်တာ မဟုတ်ဘူး။ နာမည်နှစ်မျိုးရှိတယ်လို့ ပြောရမှာပေါ့။ တခြားနိုင်ငံတွေမှာလည်း အနွယ်တွေရှိတယ်လို့ သိရတယ်။ တရုတ်တို့၊ ကိုရီးယားတို့မှာ အနွယ်တွေရှိတယ်။ “လီ” ဆိုရင် သူတို့အကုန်လုံးက လီနဲ့စတဲ့ အနွယ်တွေ။ “ကျောက်” ဆိုရင် ကျောက်နဲ့စတဲ့ အနွယ်တွေ၊ ဒီလိုဟာမျိုးပေါ့။ မြန်မာပြည်မှာတော့ အဲဒီလိုဟာမျိုးတွေ မရှိဘူး၊ ကိုယ်မှည့်ချင်တာ မှည့်ကြတယ်။

သံဃာကိုလှူလိုက်တာနဲ့ ဘုရားကိုလည်း လှူပြီးသားဖြစ်တယ်

ဂေါတမီလို့ ခေါ်လိုက်တာဟာ အနွယ်နဲ့ခေါ်လိုက်တာပဲ။ “ဂေါတမီ သံဃာကို လှူလိုက်ပါ”တဲ့။ “သံဃာကို လှူလိုက်မယ်ဆိုရင် ငါ့ကိုလည်း လှူပြီးသားဖြစ်တယ်၊ သံဃာကိုလည်း လှူပြီးသားဖြစ်တယ်”။ မြတ်စွာဘုရားက သူကိုယ်တိုင် လက်မခံဘဲနဲ့ သံဃာကိုလှူခိုင်းတယ်။ သံဃာကို လှူလိုက်တာနဲ့ ဘုရားကိုလည်း လှူပြီးသားဖြစ်တယ်တဲ့။

မိထွေးတော်ကြီးက ဇွဲမလျော့ဘူး။ “အရှင်ဘုရား၊ ဒါ တပည့်တော်ကိုယ်တိုင် ရက်ထားတာပါ၊ အရှင်ဘုရားအတွက် တပည့်တော်ကိုယ်တိုင် ချည်ကအစ ငင်ပြီး ကိုယ်တိုင် ရက်ကန်းစင်တင်ပြီး ရက်ထားတာဖြစ်ပါတယ်။ တပည့်တော်ကို သနားတဲ့အနေနဲ့ အရှင်ဘုရားကိုယ်တိုင် ဝတ်ရုံပါ”တဲ့။ အခုခေတ် ဒကာ၊ ဒကာမတွေလည်း ဒီလိုလျှောက်ကြတယ်။ “ဒီသင်္ကန်းလေး ကိုယ်တိုင်ဝတ်ပါဘုရား”။ ဒါ စိတ်ဆန္ဒကို ဖော်ပြတာပေါ့။ မိထွေးတော်ကြီးကလည်း အဲဒီလိုပဲ ဒီစကားကို လျှောက်တော့ မြတ်စွာဘုရားကလည်း သံဃာကိုလှူပါလို့ ဒါပဲထပ်ပြောတယ်။ သံဃာလှူရင် သံဃာကိုလည်း လှူပြီးသားဖြစ်တယ်၊ ငါ့ကိုလည်း ပူဇော်ပြီးသားဖြစ်တယ်။ မိထွေးတော်က မလျော့ဘူး၊ (၃)ကြိမ်ထိအောင်လျှောက်တယ်။ မြတ်စွာဘုရားကလည်း (၃)ကြိမ်ထိအောင်ပယ်တယ်။ သံဃာကိုပဲ လှူဖို့ခိုင်းတယ်။

ဒီနေရာမှာ တချို့က “သံဃာက ဘုရားထက်မြတ်လို့လား” ဆိုတဲ့ မေးခွန်းတွေ မေးတတ်ကြတယ်။ ဒီလိုအဓိပ္ပာယ် မဟုတ်ဘူး။ မြတ်စွာဘုရားက ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာ လုပ်တဲ့ပုဂ္ဂိုလ်ကို ပိုပြီးအကျိုးကျေးဇူးတွေ ရစေချင်တယ်။ ဒီလိုရစေချင်တဲ့ ရည်ရွယ်ချက်နဲ့ သံဃာကိုလှူခိုင်းတာဖြစ်တယ်။

“ပါဠိပုဂ္ဂလိကဒါန” နှင့် “သံဃိကဒါန” လို့ (စာထဲမှာ ပါဠိပုဂ္ဂလိကဒက္ခိဏာနဲ့ သံဃဂတဒက္ခိဏာ ဆိုပြီးသုံးတယ်) နှစ်မျိုးရှိတယ်။ အခုခေတ် လွယ်လွယ်ပြောရင် ပုဂ္ဂလိကဒါနနဲ့ သံဃိကဒါနပေါ့။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို လှူတဲ့အလှူနဲ့ သံဃာကိုလှူတဲ့အလှူ၊ ဒီနှစ်ခုကို မြတ်စွာဘုရားက ခွဲခြားပြီးပြတယ်။ ပုဂ္ဂိုလ်ကိုလှူတဲ့ အလှူဆိုတာ ဥပမာ-မြတ်စွာဘုရားကို လှူတဲ့အလှူမျိုး၊ ဒါပုဂ္ဂိုလ်ကို လှူတယ်လို့ ခေါ်တယ်။

သံဃာဆိုတာ အဖွဲ့အစည်းကိုပြောတာ။ “သံဃ” ဆိုတဲ့ အဓိပ္ပာယ်က အဖွဲ့အစည်းပဲ။ ဘုန်းကြီးတစ်ပါးတည်းဆိုရင် “သံဃာ” လို့မခေါ်ဘူး။ သို့သော် လွယ်လွယ်ပဲ ဘုန်းကြီးမြင်ရင် သံဃာလို့ပဲခေါ်ကြတယ်။ သံဃ ဆိုတဲ့ စကားလုံးကို ပါဠိစာပေမှာ Plural (အများကိန်း) သုံးစွဲတယ်၊ Singular (ဧကဝုစ်) မထားဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖွဲ့တည်း၊ တစ်စုတည်း၊ တစ်ခုတည်းဖြစ်လို့။ Unity ပေါ့။ Community (အစုအစည်း)၊ တစ်ခုတည်းပဲရှိတယ်။ ဒီအဓိပ္ပာယ်နဲ့ Singular ပဲသုံးတယ်။ Plural မသုံးဘူး။ သံဃာတွေလို့ မသုံးရဘူး။ သံဃာဆိုရင် အစုအစည်းတစ်ခုပဲ၊ ဘာတွေနဲ့ စုစည်းထားတာလဲဆိုရင် ကိုယ်ကျင့်တရားချင်း၊ အမြင်ချင်း တူတဲ့ တူညီမှုနဲ့ စုစည်းထားတာ။ အမြင်ချင်း၊ ကိုယ်ကျင့်တရားချင်းတူတဲ့ ပုဂ္ဂိုလ်တွေရဲ့ အစုအစည်းကို သံဃာလို့ ခေါ်တာ။

ပုဂ္ဂလိကဒါန(၁၄)မျိုး

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုလှူတဲ့ ပုဂ္ဂလိကဒါနမျိုးကိုလည်း မြတ်စွာဘုရားက ခွဲခြားပြတယ်။ သမ္မာသမ္ဗုဒ္ဓ သဗ္ဗညု ဘုရားကို လှူတယ်ဆိုတာ ပုဂ္ဂလိကဒါနဖြစ်တယ်။ ပစ္စေကဗုဒ္ဓကို လှူတာလည်း ပုဂ္ဂလိကဒါနပဲ။ မြတ်စွာဘုရားရဲ့ တပည့်သား ရဟန္တာကို လှူတာလည်း ပုဂ္ဂလိကဒါနပဲတဲ့။ နောက် ရဟန္တာဖြစ်ဖို့ ကျင့်နေတဲ့ပုဂ္ဂိုလ်ကို လှူတာ၊ အနာဂါမ်ပုဂ္ဂိုလ်ကို လှူတာ၊ အနာဂါမ်ဖြစ်ဖို့ ကျင့်နေတဲ့ပုဂ္ဂိုလ်ကို လှူတာ၊ သကဒါဂါမ်ပုဂ္ဂိုလ်ကို လှူတာ၊ သကဒါဂါမ်ဖြစ်ဖို့ ကျင့်နေတဲ့ပုဂ္ဂိုလ်ကို လှူတာ၊ သောတာပန်ပုဂ္ဂိုလ်ကို လှူတာ၊ သောတာပန်ဖြစ်ဖို့ ကျင့်နေတဲ့ပုဂ္ဂိုလ်ကို လှူတာ အားလုံးဟာ ပုဂ္ဂလိကဒါနတွေပဲ။

သာသနာပအခါမှာ ကာမဂုဏ်အာရုံတွေက လွတ်ကင်းပြီး ဈာန်အဘိညာဉ်နဲ့နေတဲ့၊ ကာမရာဂတွေ ဝိက္ခမ္ဘနပဟာန်အားဖြင့် ဖယ်ရှားထားပြီး ကာမဂုဏ်အာရုံစိတ်တွေ ကင်းနေတဲ့ လူသူတော်ကောင်းကြီးတွေ၊ ရသေ့သူတော်ကောင်းကြီးတွေ ရှိတယ်။ သူတို့ကို လှူလို့ရှိရင်လည်း ပုဂ္ဂလိကဒါနပဲ။ တစ်ခါ ငါးပါးသီလလုံမယ်၊ ရှစ်ပါးသီလလုံမယ်၊ ဆယ်ပါးသီလလုံမယ် စသည်ဖြင့် သီလနဲ့ပြည့်စုံတဲ့ ပုထုဇဉ်ကို လှူရင်လည်း ပုဂ္ဂလိကဒါနပဲ။ သီလမရှိတဲ့ ပုထုဇဉ်နဲ့ နောက်ဆုံး တိရစ္ဆာန်တစ်ကောင်ကိုလှူတဲ့ ပုဂ္ဂလိကဒါနလို့ ပုဂ္ဂလိကဒါနက (၁၄)မျိုးရှိတယ်။

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဆိုတာ ထိပ်ဆုံး သမ္မာသမ္ဗုဒ္ဓ သဗ္ဗညုဘုရားကနေပြီး ရေတွက်လိုက်ရင် အောက်ဆုံး တိရစ္ဆာန်ထိအောင်လှူတဲ့ ပါဠိပုဂ္ဂလိကဒါနက (၁၄)မျိုးတဲ့။ အဲဒီ(၁၄)မျိုးကို မြတ်စွာဘုရားက ဒက္ခိဏဆိုတဲ့အလှူကို လှူလိုက်လို့ တစ်ခုနဲ့တစ်ခု အကျိုးရတာချင်း မတူဘူးတဲ့။ အနိမ့်ဆုံးကစပြီးတော့ ပြတယ်။

တိရစ္ဆာန်ကိုလှူရင် ကိုယ်လှူတာထက် အဆတစ်ရာ ကောင်းကျိုးချမ်းသာရမယ်။ တချို့က ထင်ကောင်းထင်မယ်။ ကိုယ်ကတစ်ခါလှူတာ သူတို့က အဆတစ်ရာ ဘယ်လိုလုပ် အကျိုးပေးမတုန်းဆိုတော့ ဒါက လက်တွေ့ပြဖို့ရန် လွယ်ပါတယ်။ မျိုးစေ့လေးတစ်စေ့၊ ဥပမာ သရက်ပင်လေး စိုက်လိုက်တယ်။ ကိုယ်က တစ်စေ့ပဲစိုက်ရတယ်၊ သီးတဲ့အခါကျတော့ အများကြီးသုံးတယ်။ ကိုယ်စိုက်တာ၊ ရင်းလိုက်တာက တစ်စေ့ပဲ ရင်းလိုက်တာပေါ့။ ရလာတဲ့အခါကျတော့ အသီးပေါင်းမြောက်များစွာ။ အဲဒါလိုပဲ ဒါနကောင်းမှုဟာ ကိုယ်လှူလိုက်တာကတော့ တစ်ခါပဲ၊ သို့သော် ဒီအလှူပေါ်မှာရှိတဲ့ စေတနာစွမ်းအားတွေဟာ မျိုးစေ့တွေဖြစ်တာ။ ဒါကြောင့် မြန်မာစကားမှာ “ညောင်စေ့လောက်လှူရင် ညောင်ပင်ကြီးလောက် အကျိုးရှိတယ်”ဆိုတာ ဒါပြောတာ။

အဲဒီမှာ မြတ်စွာဘုရားက တိရစ္ဆာန်တစ်ကောင်ကိုလှူတယ်ဆိုတဲ့နေရာမှာ တိရစ္ဆာန်ကိုသနားလို့ ကျွေးတဲ့အလှူမျိုးဖြစ်တယ်၊ အိမ်မှာမွေးတဲ့ တိရစ္ဆာန်တစ်ကောင်ကို ဥပမာ- အန္တရာယ်ကာကွယ်ဖော်ရတဲ့ ခွေးတွေဘာတွေ ကျွေးတာမျိုးကျတော့ ဒါက give and take (အပေးအယူ) ပုံစံမျိုးဖြစ်တယ်။ အိမ်မွေးထားလို့ ကျွေးတာမျိုးက ရည်ရွယ်ချက်နဲ့ကျွေးတာ၊ ဒါမျိုးကျတော့ အလှူလို့ ခေါ်လို့မရဘူးပေါ့။ သနားလို့ တိရစ္ဆာန်တစ်ကောင်ကို ကျွေးလိုက်မွေးလိုက်တယ်။ အဲဒီလို ကျွေးလိုက်မွေးလိုက်လို့ ရလာတဲ့ ဒက္ခိဏဆိုတဲ့ ဒါနကုသိုလ်ရဲ့ အကျိုးဟာ အဆတစ်ရာလောက် ရတယ်တဲ့။

ပုထုဇဉ်ဒုဿီလဆိုတာ တိရစ္ဆာန်ထက် နည်းနည်းအဆင့်မြင့်တဲ့ လူပဲ။ ကိုယ်ကျင့်တရားတော့ မရှိဘူး။ ဒါပေမဲ့ သူဟာ လူသားဖြစ်တယ်။ အဲဒီလို လူသားဖြစ်ပြီးတော့ ကိုယ်ကျင့်တရားမကောင်းတဲ့ပုဂ္ဂိုလ်ကို လှူလို့ရှိရင် အဆတစ်ထောင် အကျိုးပေးတယ်။ သူက တိရစ္ဆာန်ထက်တော့ သာတာပေါ့။ ရလာတဲ့အကျိုးက အဆတစ်ထောင် အကျိုးပေးတယ်။ တစ်ခါ သီလရှိတဲ့ ပုထုဇဉ်ကို လှူမယ်ဆိုရင် သီလရှိသည့်အတွက်ကြောင့် တန်ဖိုးက တက်သွားတယ်၊ အဆတစ်သိန်း အကျိုးပေးတယ်။

တစ်ခါ သီလရှိရုံတင်မကဘူး၊ အောင်အောင်မြင်မြင်နဲ့ သမာဓိကျင့်စဉ်တွေကျင့်လို့ ကာမဂုဏ်စိတ်တွေကင်းပြီးနေတဲ့ တကယ့်သူတော်စင်ကြီးတွေကို လှူတဲ့အခါ အဆပေါင်း ကုဋေတစ်သိန်း အကျိုးပေးတယ်တဲ့။ ကုသိုလ်ကောင်းမှုရဲ့ အကျိုးကျေးဇူးကို analyse လုပ်ပြတယ်။

ဒီနောက် သောတာပန်ဖြစ်အောင် ကျင့်နေတဲ့ပုဂ္ဂိုလ်၊ တစ်နည်းအားဖြင့် သောတာပန်မဖြစ်သေးပေမယ့် သောတာပန်ဖြစ်အောင် ကျင့်နေတဲ့ပုဂ္ဂိုလ်၊ တစ်နည်းအားဖြင့် သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ်၊ မဂ္ဂဋ္ဌပုဂ္ဂိုလ်ဆိုတာ ပြောရုံပြောရတာပါ။ အဲဒီအချိန်ကို လှူလို့မှမရဘဲ။ သောတာပန်ဖြစ်အောင် ကျင့်နေတဲ့ပုဂ္ဂိုလ်လို့ပဲ ပြောမယ်။ သောတာပန်ဖြစ်အောင် ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်နေတယ်၊ သောတာပန်တော့ မဖြစ်သေးဘူး၊ အဲဒီပုဂ္ဂိုလ်ကို လှူလို့ရှိရင် မရေမတွက်နိုင်အောင် အကျိုးရတယ်။ အကျိုးကျေးဇူးတွေဟာ ဘယ်လောက်ရတယ်လို့ ဂဏန်းနဲ့ သတ်မှတ်ပြီး ပြောလို့မရဘူး၊ အပ္ပမေယျ အသင်္ချေယျ ရေတွက်လို့မရဘူး၊ အတိုင်းအတာ အကန့်အသတ်မရှိဘူးလို့ ဒီလိုဟောတယ်။

နောက် သောတာပန်ပုဂ္ဂိုလ်ကို လှူလို့ရှိရင် အကျိုးပေး အတိုင်းအတာ အကန့်အသတ်မရှိဘူးဆိုတာ ပြောစရာမလိုဘူး။ သောတာပန်ထက်မြင့်တဲ့ သကဒါဂါမ်ဖြစ်အောင် ကျင့်နေတဲ့ပုဂ္ဂိုလ်၊ အဲဒီထက်မြင့်တဲ့ သကဒါဂါမ်ပုဂ္ဂိုလ်၊ အဲဒီထက်မြင့်တဲ့ အနာဂါမ်ဖြစ်အောင် ကျင့်နေတဲ့ပုဂ္ဂိုလ်၊ အနာဂါမ်ဖြစ်အောင် ကျင့်နေတဲ့ပုဂ္ဂိုလ်ထက်မြင့်တဲ့ အနာဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာဖြစ်အောင် ကျင့်နေတဲ့ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်၊ သူ့ထက်မြင့်တဲ့ ပစ္စေကဗုဒ္ဓါ၊ ပစ္စေကဗုဒ္ဓါထက်မြင့်တဲ့ သမ္မာသမ္ဗုဒ္ဓဘုရား၊ အဲဒီပုဂ္ဂိုလ်တွေကို လှူတဲ့အခါ မရေမတွက်နိုင်အောင် အကျိုးကျေးဇူးတွေများတယ်။ ဒါက ပုဂ္ဂလိကဒါနနဲ့ ပတ်သက်ပြီး ရရှိမယ့် အကျိုးကျေးဇူးတွေကို ခွဲခြမ်းဝေဖန်ပြတာဖြစ်တယ်။

မြတ်စွာဘုရားကဟောတယ်၊ ပုဂ္ဂလိကဒါနဟာ သံဃိကဒါနကိုတော့ ဘယ်နည်းနဲ့မှ မကျော်လွှားနိုင်ဘူးတဲ့။ ပုဂ္ဂိုလ်ကို လှူတဲ့ဒါနက သံဃိကဒါနကို မကျော်လွှားနိုင်သည့်အတွက် သံဃာကို ရည်စူးလှူတာက ဒီထက်ပိုအကျိုးများတယ်တဲ့။

သံဃိကဒါန(၆)မျိုး

သံဃိကဒါန ဘယ်နှစ်မျိုးရှိသလဲဆိုတာ မြတ်စွာဘုရားက ခွဲပြီးတော့ဟောတယ်။ သံဃဂတာဒက္ခိဏ = သံဃာကို ဦးတည်ပြီးလှူတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိနေတဲ့အချိန်မှာ ဘုရားအမှူးရှိတဲ့သံဃာ “ဗုဒ္ဓပ္ပမုခဥဘတောသံဃ”၊ ဘုရားအမှူးရှိတဲ့ ဥဘတောသံဃာ၊ ဘိက္ခုသံဃာနဲ့ ဘိက္ခုနီသံဃာကို ဥဘတောသံဃ လို့ခေါ်တယ်။

ယခု ဘုရားမရှိတော့ဘူး။ ဗုဒ္ဓပ္ပမုခဥဘတောသံဃ အလှူမျိုး ရနိုင်သလားလို့ဆိုတော့ မြန်မာပြည်မှာတော့ မကြိုးစားကြဘူး။ သီဟိုဠ်မှာတော့ ဗုဒ္ဓပ္ပမုခဥဘတောသံဃိကဒါနဖြစ်အောင် အိမ်မှာဆွမ်းစားပင့်တိုင်း ဘုရားဓာတ်တော်ကြုတ်ကလေးကို ခေါင်းပေါ်တင်ပြီးတော့ ပင့်သွားတယ်။ သူတို့က ဗုဒ္ဓပ္ပမုခ ဘုရား

အမှူးရှိတဲ့သံဃာ ဆိုပြီးတော့ပင့်တာ။ ပင့်သွားပြီးတဲ့အခါမှာ အိမ်မှာကျကျနန ယာယီစံကျောင်းကလေးလုပ်ပြီးတော့ ယာယီစံကျောင်းလေးပေါ် တင်ထားတယ်။ ဘုရားကို ဆွမ်းတော်ကပ်တာတွေဘာတွေ လုပ်ပြီးမှ ဘုန်းကြီးတွေကို ဆွမ်းကပ်တယ်။ ဗုဒ္ဓပ္ပမုခသံဃာကို ဆွမ်းကပ်တာပေါ့။ သူတို့ဆီမှာ အဲဒီလိုလုပ်တယ်။

မြန်မာပြည်မှာတော့ အဲဒီလိုလုပ်တာ သိပ်မတွေ့ဘူး။ သီဟိုဠ်မှာ ဘုန်းကြီးတွေ ဆွမ်းစားပင့်တိုင်း ကျောင်းက ဘုရားဓာတ်တော်ကြုတ်ကလေးကို ခေါင်းပေါ်တင်ပြီး ပင့်သွားလေ့ရှိတယ်။ သီဟိုဠ်တွေဟာ အိမ်မှာဘုရားထား ကိုးကွယ်လေ့မရှိဘူး။ အိမ်မှာဘုရားထားပြီး ကိုးကွယ်တာ မတွေ့ရဘူး။ ဘုန်းကြီးကျောင်းကပဲ ပင့်လာကြတယ်။ ဘုရားရှိခိုးချင်ရင် ဘုန်းကြီးကျောင်းပဲ သွားကြတယ်။ အိမ်မှာ ဘုရားရှိခိုးတယ်လို့မရှိဘူး။ အိမ်မှာ ဘုရားခန်းမရှိဘူး။ အဲဒါ သူတို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာ ဖြစ်တယ်။ အလှူအတန်းရှိပြီဆိုရင် ရုပ်ပွားတော်ကို မပင့်ဘူး။ ဓာတ်တော်ကြုတ်ကိုပဲ ပင့်တယ်။ ပင့်ပြီးတဲ့အခါကျတော့ ကုလားထိုင်ကို ပိတ်ဖြူကလေးနဲ့ ယာယီဘုရားကျောင်းလေး လုပ်တယ်။ ဘုန်းကြီးတွေကျတော့ ဒီမြန်မာပြည်မှာ ဆွမ်းကပ်တဲ့ပုံစံ မဟုတ်ဘူး။ သူတို့က ဘုန်းကြီးတွေထိုင်စရာကို တတ်နိုင်တဲ့လူကျတော့ တတ်နိုင်သလို၊ မတတ်နိုင်တဲ့လူကျတော့ နံရံကပ်ပြီး ပိတ်ဖြူကလေး ခင်းထားလိုက်တယ်။ ဘုန်းကြီးတွေ ကြွလာလို့ရှိရင် နံရံကပ်ပြီးတော့ အောက်ကြမ်းပြင်မှာခင်းထားတဲ့ ပိတ်ဖြူပေါ်မှာပဲ ထိုင်ရတယ်။ မြန်မာပြည်မှာလို ဆွမ်းပွဲတို့ဘာတို့နဲ့ မကပ်ဘူး။

ဆွမ်းမကပ်ခင် ငါးပါးသီလဆောက်တည်ရတယ်။ ဘုရားဆွမ်းတော်ကပ်ရတယ်။ ပြီးပြီဆိုမှ သံဃိကဒါနလုပ်ပြီး ရေစက်ချတယ်။ အလှူအတန်းကို ကပ်တယ်။ ဆွမ်းကပ်တဲ့အခါမှာ ဆွမ်းကပ်ထားပြီးတဲ့ ပန်းကန်ပြားတစ်ချပ်စီကပ်တယ်။ တစ်ပါး တစ်ချပ်ပဲ။ ကိုယ့်ပေါင်ပေါ် ကိုယ်တင်ပြီးစားရတယ်။ တင်စရာလည်း မပါဘူး။ လက်သုတ်ပုဝါတို့ဘာတို့ဆိုရင် အဆင်မသင့်ရင် ကိုယ့်ကျောင်းကကိုယ်ယူသွားရတယ်။ ဇွန်းနဲ့စားချင်ရင်လည်း ကိုယ့်ဇွန်းကိုယ်ယူသွားရမယ်။ မယူရင်တော့ ဒီအတိုင်းပဲစားရတယ်။

ဆွမ်းပါတဲ့ပန်းကန်ပြားတွေ ကပ်ပြီးတော့ နောက်လက်ဆေးဖို့ မြန်မာပြည်မှာ အလယ်တည်ဆိုတဲ့ ပန်းကန်စောက်တွေ တစ်လုံးစီချပေးထားတယ်။ အဲဒီထဲမှာ ရေထည့်ထားတယ်။ ဆွမ်းကပ်တဲ့ဒကာတွေက ထွေးခံလေးယူလာတဲ့အခါကျမှ အဲဒီပန်းကန်စောက်ထဲကရေတွေနဲ့ ထွေးခံထဲကို လောင်းပြီးတော့ လက်ဆေးရတယ်။ ဆွမ်းပန်းကန်တွေ ကပ်ပြီးပြီဆိုမှ အိမ်သူအိမ်သားတွေက ဟင်းတွေလိုက်ထည့်ပြီးကပ်တယ်။ ဟင်းကိုလည်း သံဃာလှူဖို့ သတ်သတ်ခွဲပြီးတော့ သံဃာတွေရှေ့မှာ တစ်ခါတည်း ပြင်ထားတယ်။ သံဃာရှေ့မှာထားပြီး အဲဒါကိုလှူတာ။ အိုးတွေထဲကဟင်းကို မကပ်ဘူး။ အားလုံး သံဃာတွေရှေ့မှာချပြီး ပိတ်အုပ်နဲ့ အုပ်ထားတယ်။ သီဟိုဠ်နိုင်ငံမှာ လှူတာတန်းတာတွေကို ဘယ်တော့မှ ဖွင့်မထားဘူး။ အုပ်ပြီးတော့ လှူလေ့ရှိတယ်။ သူတို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာက ဒီလိုလားမသိဘူး။ အာဟာရဆိုလည်း အုပ်ထားတယ်။ ဒီအတိုင်းဖွင့်ပြီးလှူတာ မဟုတ်ဘူး။ သင်္ကန်းလှူလှူ ဘာလှူလှူ၊ အကုန်လုံး ပိတ်တစ်ခုခုနဲ့ဖြစ်ဖြစ်၊ စက္ကူနဲ့ဖြစ်ဖြစ် ထုပ်ထားတာပဲ။ ဘာလှူတယ်ဆိုတာ ဖွင့်ကြည့်မှသိတယ်။ ဆွမ်းတို့ ဟင်းတို့လည်း အုပ်ထားတယ်။

ဘုန်းကြီးတွေကို ဆွမ်းပန်းကန်တစ်ချပ်စီကပ်ပြီး ဟင်းတစ်ခွက်စီကိုင်ပြီး လိုက်ပုံပေးတော့တာပဲ။ ပွဲနဲ့ကပ်တာမဟုတ်ဘူး။ ဘုန်းကြီးက မလိုချင်ရင် လက်ကာပေါ့။ သူတို့က ပန်းကန်ထဲ ဟင်းတွေ တစ်ဇွန်းစီ နှစ်ဇွန်းစီ အဲဒီလိုထည့်တာ။ သီဟိုဠ်ဟင်းကလည်း ငရုတ်သီးစပ်လိုက်တာ မပြောနဲ့တော့။ တြိကဋု(၃)ပါး အကုန်ပါတယ်။ ချင်းလည်းပါတယ်၊ ပိတ်ချင်းလည်းပါတယ်၊ ငရုတ်လည်းပါတယ်။

ဘုန်းကြီးတို့ သီဟိုဠ်နေတုန်းက ဘယ်တော့မှ ဆွမ်းတစ်ပွဲကုန်အောင် စားခဲ့တယ်ဆိုတာမရှိဘူး။ တစ်ဝက်လောက်စားပြီးရင် စပ်တာနဲ့ ရှေ့ဆက်ပြီး မစားနိုင်တော့ဘူး။ အလွန်အစပ်များတယ်။ ကြည့်လိုက်ရင်တော့ ငရုတ်သီးတစ်တောင့်မှ မပါဘူး၊ ဒါပေမဲ့ ဆွမ်းဟင်းတွေက တအားစပ်တာ။ ပန်းကန်ထဲလောင်းထည့်သွားတယ်ဆိုတော့ ရွေးစရာလည်းမရှိဘူး။ ဟင်းတိုင်းဟင်းတိုင်းကလည်း အစပ်တွေနဲ့ချည်းပဲ။

စပ်ရုံတင်မကဘူး၊ ဆန်က ပြုတ်ဆန်ကို စားကြတာ။ (per-boiled rice) အနံ့မကောင်းဘူး၊ မွှေးမွှေးကြိုင်ကြိုင်မရှိဘူး။ အနံ့ကတော်တော်နံတယ်။ သီဟိုဠ်ရောက်စက အဲဒီအနံ့ကြောင့် တော်တော်ဒုက္ခရောက်တယ်။ နောက်ပြီး ဟင်းချက်ပြီဆိုရင် အုန်းဆီနဲ့ချက်တာ၊ စားအုန်းဆီမဟုတ်ဘူး၊ သဘာဝအုန်းဆီ။ မြန်မာပြည်မှာ ငယ်ငယ်တုန်းက အုန်းဆီကို ခေါင်းလိမ်းတာ။ အဲဒီအနံ့ကြီးက စွဲနေတာ။ ပြုတ်ဆန်ရဲ့ အနံ့ရယ်၊ အုန်းဆီရဲ့ အနံ့ရယ် ဒီနှစ်ခုကို အတော်နဲ့မယဉ်နိုင်ဘူး။ ပြီးတော့ လျှာက ငရုတ်သီးစပ်တာရယ်၊ အဲဒီဒုက္ခ(၃)မျိုးရှိတယ်။

ဘုန်းကြီးတွေကို ဟင်းတွေအကုန်လိုက်ပုံပေးပြီးတဲ့အခါ ဘုန်းပေးကြရတယ်။ တစ်ပါးပြီးရင် တစ်ပါးကိုစောင့်နေရတယ်။ ကိုယ်အရင်ပြီးရင် ဒီပန်းကန်ပြားကို မချရဘူး။ အကုန်လုံး မပြီးသေးရင် စောင့်ပြီးတော့နေ။ ပန်းကန်ပြားကို ကိုယ့်လက်ထဲမှာပဲ ထားရတယ်။ ပြီးတဲ့အခါကျတော့ တစ်ပြိုင်နက် ပန်းကန်ပြားတွေကို အောက်ချရတယ်။ အဲဒီတော့မှ ပန်းကန်ပြားတွေကို လာပြီးသိမ်းတယ်။ လက်ဆေးဖို့ ရေတွေဘာတွေ လာပြီးတော့ကပ်တယ်။

ပြီးတဲ့အခါ ခုနက လက်ဆေးဖို့ချထားတဲ့ အလယ်တည်ပန်းကန်ထဲမှာ အုန်းရည်တွေလိုက်ထည့်တယ်။ အဲဒီအုန်းရည်ချိုချိုလေး သောက်လိုက်ရတဲ့အခါကျမှ ခုနကစပ်တာတွေ အကုန်ပျောက်သွားတယ်။ အုန်းရည်သောက်တာ သူတို့အဖြေပေါ့။ ပြီးပြီဆိုတဲ့အခါမှာ ဒိန်ချဉ်ကပ်တယ်၊ လက်ဖက်ရည်ပွဲလေးတွေ ကပ်တယ်။ တစ်ပါးတစ်ခုစီကပ်တယ်။ သီဟိုဠ်မှာက အဲဒီလိုပဲ ကပ်တယ်။ ကပ်ပြီးတဲ့အခါ အနုမောဒနာနဲ့ ရေစက်ချတရားဟောရတယ်။

သူတို့နိုင်ငံမှာ ဗုဒ္ဓပ္ပမုခသံဃိကဒါနဖြစ်အောင် ဘုရားရဲ့ဓာတ်တော်ကို ပင့်လာပြီးတော့ ဒီလိုကပ်လေ့ရှိတယ်။ တတ်နိုင်ရင် တတ်နိုင်သလိုပဲ၊ တချို့ကလည်း ဗုံတောင်ခေါက်ပြီး (ဗုံတီးပြီး) တော့ပင့်တယ်။ သီဟိုဠ်နိုင်ငံမှာ ဗုဒ္ဓဘာသာတွေက ဒီလိုဆောင်ရွက်ကြတယ်။ အိမ်မှာ ဘုရားစင်မရှိဘူး၊ ကျောင်းကနေ ပင့်တယ်။

သံဃိကဒါနဆိုတာ ဒက္ခိဏဝိဘင်္ဂသုတ်အရ (၁) ဘုရားအပါအဝင်ဖြစ်တဲ့၊ ဘုရားခေါင်းဆောင်တဲ့၊ ဘုရားအမှူးရှိတဲ့ ဥဘတောသံဃာအား လှူဒါန်းခြင်းဟာ ပထမသံဃိကဒါနပဲ။

(၂) မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသွားတဲ့အခါမှာ နှစ်ဖက်သံဃာကို ပင့်ပြီးတော့ လှူရင်လည်း သံဃိကဒါနပဲ ဖြစ်တယ်။ နောက် (၃) ဘိက္ခုသံဃာသက်သက်ကို လှူရင်လည်းပဲ သံဃိကဒါနပဲ။ နောက် (၄) ဘိက္ခုနီသံဃာသက်သက်ကို လှူရင်လည်းပဲ သံဃိကဒါနပဲ။ နောက်တစ်ခု (၅) ဘိက္ခုသံဃာထဲမှ ရွေးချယ်ပြီးတော့ ဘယ်နှစ်ပါးကြွပါ၊ ဘယ်နှစ်ပါးပေးပါဆိုပြီး လှူရင်လည်းပဲ သံဃိကဒါနပဲဖြစ်တယ်။ နောက် (၆) ဘိက္ခုနီသံဃာထဲကနေပြီး ရွေးချယ်ပြီးလှူရင်လည်း သံဃိကဒါနပဲလို့ သံဃိကဒါန (၆)မျိုးကို ဒက္ခိဏဝိဘင်္ဂသုတ်မှာ ခွဲခြားပြီးဟောတယ်။

ပုဂ္ဂလိကဒါနနဲ့ သံဃိကဒါန ဒီနှစ်ခုအနက် ပုဂ္ဂလိကအလှူဟာ သံဃိကအလှူထက် အကျိုးကြီးတယ်လို့ ငါဘုရား ဘယ်နည်းနဲ့မှ မဟောဘူးလို့ မြတ်စွာဘုရားက မိန့်တော်မူတယ်။ သံဃိက အလှူက ပိုပြီးအကျိုးကြီးတယ်။ ဒါကြောင့် မိထွေးတော်ဂေါတမီကို သံဃာကိုလှူလိုက်ပါလို့ ပြောတာ။

အသွင်သစ်နဲ့

နောက်ဆုံးမှာ မြတ်စွာဘုရားက ဖြည့်စွက်ပြီးဟောလိုက်တဲ့ တရားတစ်ခုရှိတယ်။ နောင်ခေတ်ရောက်လာတဲ့အခါမှာ ဂေါတြဘူဆိုတဲ့ ရဟန်းတွေ ပေါ်လာလိမ့်မယ်တဲ့။ ဂေါတြဘူဆိုတာ ရဟန်းတွေရဲ့ အနွယ်သဘောလောက်ပဲ ရှိပါတယ်။ (သို့မဟုတ်) စစ်မှန်တဲ့အနွယ်တွေကို ဖျက်ဆီးပြီးတော့ နောက်ထပ် ပေါ်လာတဲ့ အနွယ်သစ်ပေါ့။

ထေရဝါဒရဟန်းနဲ့ မဟာယာနရဟန်းပဲ ယှဉ်ကြည့်လိုက်။ ထေရဝါဒရဟန်းကလည်း ခေါင်းတုံးရတယ်၊ ရှေးကဝတ်တဲ့ အဝတ်အတိုင်းဝတ်တယ်။ မဟာယာန ရဟန်းတွေလည်း ခေါင်းတုံးတယ်။ သို့သော် အဝတ်ကိုတော့ ပြင်လိုက်ပြီ။ အဝတ်အစားကြီးတွေက ဘောင်းဘီရှည်တွေနဲ့ အင်္ကျီရှည်ကြီးတွေ ဝတ်တယ်။ အဝတ်အစား မတူတော့ဘူး။ ထေရဝါဒရဟန်းတွေ ကျတော့ ပုခုံးတစ်ဖက်ဖော်၊ အင်မတန်ရှေးကျတဲ့ ပုံစံအတိုင်း အဝတ်ကြီးပတ်ထားတယ်။ ဒီလိုပုံစံက ပြောင်းပြောင်းလာလိုက်တာ “ဂေါတြဘူ” ဆိုတဲ့ မူလအနွယ်ကိုဖျက်၊ အနွယ်သစ် တည်ဆောက်ကြသူများလို့ ပြောလို့ရတယ်။ နောက်ဆုံး ဘယ်အဆင့်ထိရောက်တုန်းဆိုရင် “ကာသာဝကဏ္ဍ” သင်္ကန်းရောင်လေးကို လည်ပင်းမှာ စည်းထားတာလေးပဲရှိတယ်။ ကျန်တာ လူဝတ်နဲ့အတူတူပဲ။

ဘုန်းကြီးတို့ သီရိလင်္ကာမှာနေတုန်းက ဂျပန်က ဒေါက်တာ မိုရီဆိုတဲ့ ပါမောက္ခတစ်ယောက် Zen Buddhism (ဇင် ဗုဒ္ဓဘာသာ) ကို လာရောက်ပို့ချတယ်။ သူ့ကိုကြည့်လိုက်ရင် ဘောင်းဘီရှည်နဲ့ အင်္ကျီနဲ့ ဘိုကေနဲ့ Necktie (လည်စည်း) နဲ့ လာတာ။ သူ့ကိုခေါ်တော့ Reverend (ဘုန်းကြီးရှေ့မှတပ်ခေါ်သော အခေါ်) နဲ့ခေါ်တယ်။ မေးကြည့်လိုက်တော့ သူက ဂျပန်ဘုန်းကြီးတဲ့။ ဘုန်းကြီးလို့သာပြောတာ ဘုန်းကြီးအသွင် တစ်ခုမှ မရှိဘူး။ အဲဒီဇင်ဘုန်းကြီးက ခေါင်းလည်းမတုံးဘူး။ ဒါပေမယ့် သူက လူဝတ်ကြောင်မဟုတ်ဘူး၊ ဘုန်းကြီး။

တစ်ခါတုန်းက မြန်မာပြည်ကိုလာတဲ့ ဂျပန်ဘုန်းကြီးတစ်ပါးရှိတယ်။ သူကတော့ ခေါင်းတုံးတယ်။ ဒီပြင်အချိန်မှာ လူဝတ်လူစားနဲ့၊ ဘာသာရေးကိစ္စ ဆောင်ရွက်တော့မယ်ဆိုတော့မှ သူတို့ မဟာယာနဝတ်တဲ့ အဝတ်ကြီးကိုဝတ်ပြီး ဘာသာရေးကိစ္စလုပ်တယ်။ ကြည့်ရင် လူဖြစ်လိုက် ဘုန်းကြီးဖြစ်လိုက်ပေါ့နော်။ အိမ်ထောင်လည်းပြုထားတာပဲ။ သူအိမ်ထောင်ပြုထားတာ မြန်မာအမျိုးသမီးတစ်ယောက်ပဲ။ သားကလေးတစ်ယောက်ရှိတယ်။ ဒီမှာလာပြီးတော့ ကိုရင်တစ်ပါးကို ရဟန်းခံပေးတယ်။ အဲဒီဂျပန်ဘုန်းကြီးအမည်က နာဂရှီတတဲ့။ ဂျပန်သွားတုန်းက သူနဲ့တွေ့တယ်။

ကိုယာဇန်ဆိုတဲ့ တောင်ပေါ်မှာ ဘုန်းကြီးကျောင်းတွေ အများကြီးရှိတယ်။ သူတို့ဘာသာရေးဆောင်ရွက်ချက်က ရဟန်းအဖြစ်နဲ့ နာရေးကိစ္စတွေမှာ ရွတ်ဖတ်သရဇ္ဈာယ်ပေးတာ၊ ဆုတောင်းပေးတာ၊ ဒီအလုပ်တွေကို လုပ်တာ။ အဲဒီဂျပန်ဘုန်းကြီးတွေက အမျိုးမျိုးရှိတယ်။ တချို့က ဘုန်းကြီးအသွင်ရှိတယ်၊ တချို့က ဘုန်းကြီးအသွင် မရှိတော့ဘူး။ မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ် ၂၅၀၀ တည်းက ကြိုတင်ပြီး အမိန့်ရှိခဲ့တာ အမှန်ပဲ။

“ဂေါတြဘူနာ ကာသာဝကဏ္ဍ” လည်ပင်းလေးမှာပဲ သင်္ကန်းရောင်လေး ပတ်ထားတယ် (သို့မဟုတ်) ဘာသာရေးအခမ်းအနားလေးရှိမှ သင်္ကန်းကိုခြုံလိုက်တယ်။ ဒီပြင်အချိန်မှာ လူပဲ။ ဒုဿီလာ ပါပဓမ္မာ ကိုယ်ကျင့်တရားလည်း မရှိဘူးတဲ့။ အဲဒီလိုပုဂ္ဂိုလ်မျိုးတွေ နောက်တစ်ခေတ်မှာ ပေါ်လာလိမ့်မယ်တဲ့။ ဒီလိုပေါ်လာတဲ့အခါမှာတောင် သံဃိကဒါန လှူချင်တယ်ဆိုရင် သံဃာကိုရည်စူးပြီးတော့ အဲဒီပုဂ္ဂိုလ်တွေကိုလှူရင် အကျိုးရပါတယ်တဲ့။

ရည်စူးတယ်ဆိုတာက သံဃာအစစ်ကို ရည်စူးတာ။ သူတို့ကို အာရုံပြုစရာအနေနဲ့သာထားတာ။ သူတို့ရဲ့ lineage (အနွယ်အဆက်) က သံဃာအစစ်။ အနွယ်အဆက်မှာ ဆိုပါစို့၊ လူဆိုရင် ဘိုးဘွားမိဘ တီတွတ် ကျွတ်ဆက်၊ ကျွတ်ဆက်ကနေ သူတို့မျိုးရိုးကို လှမ်းပြီးတော့ ဂုဏ်ပြုတာမျိုးလိုပေါ့။ “အစဉ်အလာက သံဃာအစစ်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာ အကျင့်သီလ မရှိတော့တဲ့ လည်ပင်းကို သင်္ကန်းစလေး ပတ်ထားရုံ၊ ဘုန်းကြီးမှန်းသိရုံလေးလောက်တင်ရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေကို သံဃာအစစ်ကို ရည်စူးပြီးလှူရင်တောင်မှ အဲဒီသံဃိကဒါနဟာ အတိုင်းအတာမရှိ၊ အတိုင်းမဲ့ အကျိုးရှိတယ်” လို့ မြတ်စွာဘုရားက ဒက္ခိဏဝိဘင်္ဂသုတ်မှာ ဟောထားတယ်။

အဲဒီတော့ မြတ်စွာဘုရားက သံဃိကဒါနထက် ပုဂ္ဂလိကဒါနက သာတယ်လို့ ငါဘုရား မဟောနိုင်ဘူး။ ဒါကြောင့် မိထွေးတော်ဂေါတမီကို သံဃာကိုလှူပါတဲ့။ ဒါမြတ်စွာဘုရားရဲ့ ကရုဏာပဲ။ ကရုဏာထားပုံချင်း မတူဘူး။ မိထွေးတော်ဂေါတမီက သူ့ကိုသနားသောအားဖြင့် သူ့အဝတ်ကို အလှူခံပါ၊ ကိုယ်တိုင်ဝတ်ပါတဲ့။ ဘုရားက ကရုဏာထားတာက ငါဝတ်ရင် ငါတစ်ယောက်တည်းပဲဖြစ်မယ်၊ သံဃာကိုလှူလိုက်မယ်ဆိုရင် သံဃိကဒါနဖြစ်ပြီး သူ့မှာ နှစ်ဖက်ကအကျိုးရမယ်။ ငါ့အပေါ်မှာ စေတနာထားလို့ရတာက အကျိုးတစ်ခု၊ သံဃာအပေါ်မှာ စေတနာထားလို့ရတာကတစ်ခု၊ ပိုပြီးတော့ အကျိုးရစေချင်တဲ့ မြတ်စွာဘုရားရဲ့ ကရုဏာဟာ ပိုပြီးကြီးမားတဲ့ကရုဏာ ဖြစ်တယ်နော်။

ကရုဏာဆိုတာနှစ်မျိုးရှိတယ်။ “တစ်ခါတုန်းက ဆရာတော် ဦးဗုဓိနဲ့ ပတ်သက်တဲ့အကြောင်းတစ်ခု။ ဆရာတော်ဦးဗုဓိရဲ့ မယ်တော်ကြီးက ဆင်းရဲတယ်။ ဆရာတော်ဦးဗုဓိက နန်းမတော်မယ်နုက လှူထားတဲ့ အုတ်ကျောင်းကြီးမှာနေတာ။ အောင်မြေဘုံစံ အုတ်ကျောင်းကြီးဆိုတာ အင်းဝဘက်မှာ အခုအချိန်ထိရှိတယ်။

အဲဒီအုတ်ကျောင်းကြီးမှာ ကျောင်းထိုင်နေတဲ့ ဆရာတော် ဦးဗုဓိထံ သူ့မယ်တော်ကြီးက တစ်နေ့တော့ ရောက်လာတယ်။ မယ်တော်ကြီးက ဆင်းရဲလွန်းလို့ သူ့ကိုထောက်ပံ့ဖို့ လာလျှောက်တာ။ တဘက်အနွမ်းလေးတစ်ခု သူ့ပခုံးပေါ်တင်ပြီးလာတယ်။ ဝတ်ချပြီး “အရှင်ဘုရား၊ တပည့်တော်မ ဆင်းရဲလွန်းလို့ တစ်ခုခုချီးမြှင့်ပါ” လို့တောင်းတာ။ ဆရာတော်ဦးဗုဓိက ဘာပြောတုန်းဆိုရင် “အဲဒီတဘက်ကလေးကို လှူခဲ့” ဆိုပြီး တဘက်ကို အလှူခံလိုက်သေးတယ်။ ဘာမှမပေးလိုက်တဲ့အပြင် အဲဒီပခုံးပေါ်မှာတင်ထားတဲ့ တဘက်အနွမ်းလေးကို အလှူခံလိုက်တယ်။

ဆရာတော်ဦးဗုဓိက ဘာဖြစ်လို့ ဒီလိုလုပ်ရတာတုန်းဆိုရင် သူတစ်ခုခုပေးလိုက်လို့ရှိရင် ဒကာမကြီးမှာ ကုသိုလ်မရဘူး။ သူ့ရဲ့တဘက်အနွမ်းလေး လှူလိုက်လို့ရှိရင် ကုသိုလ်ရတယ်။ သံသရာထိအောင် ဒါနကုသိုလ်အကျိုး သူခံစားရမယ်။ ပစ္စည်းပေးလိုက်တာက ဒီဘဝ ဒီပစ္စည်းလေး မပျက်ခင်ထိပဲ သူရမှာ။ ခုနက တဘက်ကလေးကို လှူလိုက်ရတဲ့ကုသိုလ်ကြောင့် ဘဝပေါင်းများစွာ အကျိုးရမယ်။ အဲဒီလို ကရုဏာထားပုံချင်း မတူဘူး။

သာမန်ကြည့်မယ်ဆိုရင် မယ်တော်ကြီး ဒီလောက်ဆင်းရဲတာ အဝတ်ကောင်းလေး ရှာပြီးတော့ ပေးလိုက်ရောပေါ့လို့ အောက်မေ့မယ်။ သို့သော် ဆရာတော်ဦးဗုဓိက ဒီဘဝတင်မကြည့်ဘူး၊ သံသရာကိုကြည့်တယ်။ ဒါကြောင့် သူ့ပခုံးပေါ်ပါတဲ့ တဘက်အနွမ်းကလေးကို အလှူခံလိုက်တာတဲ့။ အဲဒီလို ကြားဖူးတယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က မိထွေးတော်ဂေါတမီ သူ့အတွက်ရည်စူးပြီးတော့ ရက်လုပ်ထားတဲ့သင်္ကန်းကို လက်မခံဘဲနဲ့ သံဃာကိုလှူရင် ငါ့ကိုလည်း လှူပြီးသားဖြစ်တယ်၊ သံဃာကိုလည်း လှူပြီးသားဖြစ်တယ်။ ဒါကြောင့် “သံဃာကိုလှူလိုက်ပါ” လို့မိန့်တယ်။ ဘာဖြစ်လို့တုန်းဆိုရင် ဘုရားကိုလှူတဲ့ အလှူဒါနနဲ့ သံဃာကိုလှူတဲ့ အလှူဒါနကိုယှဉ်ရင် ဘုရားကိုလှူတာက ပုဂ္ဂလိကဒါန၊ သံဃာကိုလှူတာကတော့ သံဃိကဒါန။ အဲဒါကြောင့် အကျိုးပေးတာချင်း၊ အကျိုးရတာချင်း မတူဘူးတဲ့။

အလှူလေးမျိုး

နောက်တစ်ခါ မြတ်စွာဘုရားက အလှူရှင်တွေ စဉ်းစားဖို့၊ အလှူခံပုဂ္ဂိုလ်တွေ စဉ်းစားဖို့ “အလှူလေးမျိုး” ခွဲပြတယ်။ အဲဒီလေးမျိုးခွဲပြတဲ့အထဲမယ် အလှူတစ်ခု (သို့) ဒါနကောင်းမှုတစ်ခုရဲ့ အကျိုးပေးမှု မပေးမှုဆိုတာ ပုဂ္ဂိုလ်နှစ်ဦးပေါ်မှာ မူတည်တယ်တဲ့။ အလှူရှင်ပေါ်မှာလည်း တည်တယ်၊ အလှူခံပုဂ္ဂိုလ်ပေါ်မှာလည်း တည်တယ်။ ဒါသတိထားရမှာနော်။ အလှူရှင်ကိုယ်တိုင်အပေါ်မှာလည်း တည်တယ်၊ အလှူခံပုဂ္ဂိုလ်ပေါ်မှာလည်း တည်တယ်။

အဲဒီမှာ အကျိုးမရနိုင်တာနဲ့ အကျိုးပေးနည်းတာကို ပြောရမယ်ဆိုရင်:

(၁) အလှူလှူသူ ကိုယ်တိုင်ကလည်း ကိုယ်ကျင့်သီလမရှိဘူး၊ အလှူခံပုဂ္ဂိုလ်ကလည်း ကိုယ်ကျင့်သီလမရှိဘူးဆိုရင် ဒီအလှူဒါနဟာ ဘက်စုံကမကောင်းတဲ့ဒါနဖြစ်ပြီး အလွန်ညံ့တယ်၊ အကျိုးနည်းတယ်။ မရဘူးလို့တော့ မဟောဘူးနော်။ ဘာဖြစ်လို့တုန်းဆိုရင် condition (အခြေအနေ) တွေမကောင်းလို့၊ အလှူခံတဲ့ပုဂ္ဂိုလ်ရဲ့ အခြေအနေကလည်း မကောင်းဘူး၊ အလှူလှူတဲ့ပုဂ္ဂိုလ် အလှူရှင်ကိုယ်တိုင်ရဲ့ အခြေအနေကလည်း မကောင်းဘူး။ နှစ်ဖက်စလုံး မကောင်းတဲ့အတွက် သူ့အလှူဟာ ကောင်းတဲ့ အကျိုးကျေးဇူးတွေကို ပေးနိုင်လောက်အောင် စင်ကြယ်မှာမဟုတ်ဘူး၊ မစင်ကြယ်နိုင်ဘူး။ မစင်ကြယ်ဘူးဆိုတာ ကောင်းကျိုးချမ်းသာတွေ အများကြီး မရနိုင်ဘူးလို့ပြောတာ။ ဒါက အညံ့ဆုံးဒါန ဖြစ်သွားပြီ။

(၂) နောက်ပြီးတော့ကြည့်လိုက်၊ အလှူဒါယကာက သီလရှိတယ်၊ အလှူခံပုဂ္ဂိုလ်က သီလမရှိဘူး။

(၃) တစ်ခါ အလှူခံဘက်က သီလရှိတယ်၊ အလှူဒါယကာဘက်က သီလမရှိဘူး။

(၄) နောက်ဆုံးတစ်ခုက အလှူဒါယကာကလည်း ကိုယ်ကျင့်သီလရှိတယ်၊ အလှူခံပုဂ္ဂိုလ်ကလည်း ကိုယ်ကျင့်သီလရှိတယ်။

ဒီလိုထပ်ခွဲလိုက်တဲ့အခါကျတော့ အဲဒီမှာ (၂) အလှူရှင်ဘက်က သီလရှိတယ်၊ အလှူခံဘက်က သီလမရှိဘူးဆိုရင် အလှူရှင် အကျိုးတရား ပြည့်ပြည့်ဝဝရတယ်။ အလှူခံကြောင့်မဟုတ်ဘူး။ အလှူရှင်ကြောင့် အကျိုးကျေးဇူး များများရတယ်။

နောက်တစ်ခု (၃) အလှူခံပုဂ္ဂိုလ်က သီလရှိတယ်၊ အလှူရှင်က သီလမရှိဘူး၊ အလှူခံပုဂ္ဂိုလ်ကို အကြောင်းပြုပြီး အကျိုးကျေးဇူးရတယ်။ နောက်ဆုံးတစ်ခုကျတော့ (၄) အလှူဒါယကာကလည်း သီလရှိတယ်၊ အလှူခံပုဂ္ဂိုလ်ကလည်း သီလရှိတယ်ဆိုတော့ နှစ်မျိုးလုံးကြောင့် အကျိုးကျေးဇူးတွေ မြောက်မြားစွာရနိုင်တယ်။ ဒီလိုပဲ ခွဲခြားမှတ်သားထားရမှာပေါ့။

မြတ်စွာဘုရားအလောင်း ဝေဿန္တရာမင်းလက်ထက်တုန်းက ဇူဇကာပုဏ္ဏားကြီးကို သားတော်နဲ့ သမီးတော်တွေ လှူလိုက်တုန်းက ဇူဇကာပုဏ္ဏားဟာ ဘယ်သီလရှိတဲ့ပုဂ္ဂိုလ် ဟုတ်မှာလဲ၊ မိန်းမကြောက်လို့ ကလေးတွေကို အဝေးကြီးကလာပြီးတော့ တောင်းတာ၊ သီလလုံးဝမရှိဘူး။ အဲဒီသီလမရှိတဲ့ ပုဏ္ဏားကို မြတ်စွာဘုရားလောင်းက သားတော် သမီးတော်တွေကို ရက်ရက်ရောရော လှူလိုက်တယ်။ အဲဒီအလှူဒါနဟာ ဇူဇကာဆိုတဲ့ အလှူခံပုဂ္ဂိုလ်ကြောင့် အကျိုးကြီးတာမဟုတ်ဘူး။ ဝေဿန္တရာမင်းဆိုတဲ့ ကိုယ်ကျင့်တရားကောင်းတဲ့ ဘုရားအလောင်းဘက်က အကျိုးကျေးဇူးဟာ အများကြီးရတာ။

အများကြီးရရုံတင်မဟုတ်ဘူး၊ သူ့ရဲ့စေတနာစွမ်းအားကြောင့် သားသမီးတွေ လှူလိုက်တဲ့အခါ မြေငလျင်တောင် တုန်ဟည်းသွားတယ်လို့ပြောတယ်။

လှူတဲ့အခါမှာ အလှူခံပုဂ္ဂိုလ်က ပိုပြီးတော့ အရေးကြီးသလား၊ အလှူဒါယကာက ပိုပြီးတော့ အရေးကြီးသလားဆိုတော့ နှစ်ဖက်စလုံး အရေးကြီးတယ်လို့တော့ ပြောရမယ်။ သို့သော် တကယ်ပြင်ရဆင်ရမှာက လှူတဲ့ပုဂ္ဂိုလ်က ပိုပြီးတော့ ပြင်ရဆင်ရမယ်။ အလှူခံပုဂ္ဂိုလ်ဆိုတာ ကိုယ်သိနိုင်တာမဟုတ်ဘူး။ ကိုယ်ကျင့်သီလရှိသလား မရှိဘူးလား မသိနိုင်ဘူး။ မြတ်စွာဘုရားဟောထားတာ လောကမှာ “အပေါ်ယံရွှေမှုန်ကြဲ၊ အထဲက နောက်ချေးခံ” ဆိုတာလို ကိုယ်ကျင့်တရားမရှိပေမယ့် ကိုယ်ကျင့်တရားရှိတဲ့ အသွင်သဏ္ဍာန်ပေါ်နေတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်၊ ဒါကြောင့် အလှူခံပုဂ္ဂိုလ် သီလရှိမရှိ မသိနိုင်ဘူး။

ဒါယကာတစ်ယောက်က မြတ်စွာဘုရားကို လာပြီးတော့ ဖူးစဉ် မြတ်စွာဘုရားကမေးတယ် ဒါနကောင်းမှုတွေ ပြုသလားဆိုတော့ ပြုပါတယ်၊ တပည့်တော်ရဲ့ အလှူကိုကြွတဲ့ ပုဂ္ဂိုလ်တွေဟာ အကုန်လုံး ရဟန္တာတွေချည်းပဲဘုရား၊ တပည့်တော်က ရဟန္တာတွေမှ ရွေးလှူတာလို့ပြောတယ်။ အဲဒီတော့ မြတ်စွာဘုရားက သတိပေးတယ်။ ဒါယကာ၊ သင်လိုလူတစ်ယောက် ဒါကြောင့် အလှူရှင်က ပြင်ပြင်ဆင်ဆင်နဲ့ လှူတတ်တယ်၊ စေတနာထားတတ်တယ်ဆိုရင် အလှူရှင်ဘက်က ပိုပြီးတော့ ကောင်းဖို့ အရေးကြီးတယ်လို့ ဒီစကားကို မှတ်သားရပါတယ်။

ဒါကြောင့် ဒက္ခိဏဝိဘင်္ဂသုတ် အနှစ်ချုပ်မှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ဟောကြားထားတာက ပုဂ္ဂလိကဒါနနဲ့ သံဃိကဒါနကို ခွဲခြားသိရှိပြီး လှူသူနဲ့ အလှူခံသူ ဒီပုဂ္ဂိုလ်နှစ်ဦးဟာ ကိုယ်ကျင့်သီလတွေ ပြည့်စုံပြီဆိုရင် လှူတဲ့အလှူဒါနဟာ အလွန်တရာ အကျိုးကျေးဇူးများပါတယ်တဲ့။

ဒီကနေ့ ဝါဆိုသင်္ကန်းကပ်ကြရာမှာ သံဃာတော်တွေထဲက ငါးပါးပင့်တယ်ဆိုတာ သံဃာတွေထဲကနေ ရွေးထုတ်ပြီးတော့ လှူလိုက်တာဖြစ်သည့်အတွက်ကြောင့် သံဃိကဒါနမျိုးပဲ ဖြစ်တယ်။ ဒီသံဃိကဒါန ဝါဆိုသင်္ကန်းအလှူကို လှူတန်းကြရသဖြင့် တို့တစ်တွေဟာ မြတ်စွာဘုရား ဟောကြားထားတဲ့ ဒက္ခိဏဝိဘင်္ဂသုတ်နှင့်အညီ အတိုင်းအတာမဲ့ အကျိုးကျေးဇူးတွေကို ရကြမှာပါ။ ဒါကြောင့် ကုသိုလ်တရားများကို တို့တတွေ ဆက်ပွားပြီးတော့ ကြိုးစားအားထုတ်ကြရမယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

ijfddnp91q1zfyl638a4jty06wvdbpc
ပါရမီပုံရိပ် အမှတ်တံဆိပ်များ
0
6376
22172
2026-06-16T03:42:00Z
Tejinda
173
"{{header | title = ပါရမီပုံရိပ် အမှတ်တံဆိပ်များ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဒ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22172
wikitext
text/x-wiki
{{header
| title = ပါရမီပုံရိပ် အမှတ်တံဆိပ်များ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဒက္ခိဏဝိဘင်္ဂသုတ်အနှစ်ချုပ်]]
| previous2 =
| next = [[ပိယတော ဇာယတေ သောကော]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

ပါရမီပုံရိပ် အမှတ်တံဆိပ်များ အပိုင်း(၁)
သာသနာတော်နှစ် ၂၅၅၅-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၃ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂-ရက်၊ ၂၀၁၂-ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက်၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် မဟာသကျသီဟဘုရား ဝေဇယန္တာ မဟာဗန္ဓုလဓမ္မာရုံ ဓမ္မဗိမာန်တော်ကြီးတွင် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ရတနာလူငယ် မြတ်ဗုဒ္ဓ ဒေသနာတော် ပြန့်ပွားရေးအဖွဲ့ တရားစာအုပ်၊ တရားတိတ်ခွေ၊ တရားVCD/DVD/MP3 ချပ်များ “အခမဲ့ငှား-ဓမ္မဒါန” ပြုလုပ်သည့် လုပ်ငန်း ၅-နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ဖြင့် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနား၌ မန္တလေးမြို့ စိန်ပန်းနေပူရွာရပ်နေ ကျောင်းဆရာကြီး ဦးအောင်ကျော်အား ရည်စူး၍ ဇနီး ဒေါ်ကြီးကြီး၊ သားဦးငယ်လေး+ဒေါ်ဂျိန်း မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ပါရမီပုံရိပ် အမှတ်တံဆိပ်များ” အပိုင်း(၁) တရားဒေသနာတော်။

“ပါရမီပုံရိပ် အမှတ်တံဆိပ်များ” မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေ ပြုလုပ်တဲ့ ကုသိုလ်လုပ်ငန်းဟာ အချိန်ကြာမြင့်စွာ ပြုလုပ်ခဲ့တဲ့

စာမျက်နှာ-၂
ပုဂ္ဂိုလ်အဖို့ မိမိတို့ပြုလုပ်တဲ့ ကုသိုလ်ကံရဲ့ ပုံရိပ်တွေ ဘဝရဲ့ ရုပ်ပုံလွှာပေါ်မှာလာပြီး ပေါ်လွင်ထင်ရှားနေတတ်တယ်။ ဒီနေရာမှာ “ပါရမီပုံရိပ်အမှတ်တံဆိပ်များ” လို့ ဆိုထားတာဟာ တကယ့်ကို ဘုရားဖြစ်ကြောင်း ပါရမီတရားကောင်းတွေကို ဖြည့်ကျင့်ကြတဲ့ ဘုရားအလောင်းတွေမှာ စွဲစွဲမြဲမြဲ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီကုသိုလ်ထူးတွေရဲ့ ပုံရိပ်တွေပါရှိနေတယ်။ သူများနဲ့မတူတဲ့ အမှတ်အသားတွေ ခန္ဓာကိုယ်မှာ ထင်ရှားပေါ်လွင်လာတယ်။ ဒီအကြောင်း ဟောပြောထားတဲ့ သုတ္တန်တစ်ခုကို ဘုန်းကြီးတို့ (၆)ရက်ခွဲပြီး အပိုင်း(၆)ပိုင်းနဲ့ ပြည့်ပြည့်စုံစုံဟောကြားမှာ ဖြစ်ပါတယ်။ အဲဒီသုတ္တန်ကို “လက္ခဏသုတ္တန်” လို့ ခေါ်တယ်။

“လက္ခဏ” လို့ဆိုတာ အမှတ်အသားကိုပြောတာ။ မြန်မာပြည်မှာတော့ လက္ခဏဆိုတာ လက်ဖဝါးမှာပါတဲ့ လက္ခဏာလို့ ဒီလိုပြောနေကြတယ်။ တကယ်က လက္ခဏဆိုတာ ဒီလက်ဖဝါးကို ဒီလက်ကို ပြောတာမဟုတ်ဘူး။ အသံချင်းတူနေလို့၊ လက္ခဏဆိုတာ အမှတ်အသား။ (အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာလို့ပြောတာကြည့်ပေါ့။) လက်ဖဝါးက အစင်းကြောင်းတွေကို ပြောတာမဟုတ်ဘူး။ အဲတော့ အမှတ်အသားကို “လက္ခဏ” လို့ ခေါ်တယ်။

အဲဒီ လက္ခဏသုတ္တန်မှာ မဟာပုရိသလက္ခဏာ ဘုရားအလောင်းများရဲ့ ခန္ဓာကိုယ်ရုပ်ပိုင်းမှာ ထင်ရှားပေါ်လွင်လာတဲ့

စာမျက်နှာ-၃
အမှတ်အသား ၃၂-မျိုး ရှိတယ်။ အဲဒီ ၃၂-မျိုးကို မြတ်စွာဘုရားဟောတယ်ဆိုတာ အကြောင်းတရားနဲ့ အကျိုးတရားကို မြတ်စွာဘုရားက ထိုးထွင်းသိပြီး ဟောတာဖြစ်တယ်။ ဒီအမှတ်အသား လက္ခဏာတွေကတော့ ဝေဒကျမ်းတွေမှာ လာတဲ့အတိုင်း ဝေဒကျမ်းတွေကိုတတ်တဲ့ ဝေဒပညာရှိတွေလည်းပဲ ဒီအမှတ်အသား ၃၂-မျိုးကို သိကြတယ်။ အဲဒါကြောင့် ဘုရားမဟောခင်ကတည်းက ပါရမီပုံရိပ် အမှတ်တံဆိပ် ၃၂-မျိုးကို မှတ်သားပြီးသား ဖြစ်တယ်ပေါ့။

ဘုရားမပွင့်ပေါ်လာခင်ကတည်းက ပါရမီပုံရိပ် အမှတ်တံဆိပ်များဟာ ဝေဒကျမ်းတွေမှာ ဖော်ပြထားသဖြင့် ဝေဒကျမ်းတတ်ပုဂ္ဂိုလ်တွေက သိရှိပြီးသားဖြစ်လိမ့်မယ်။ ထူးခြားတဲ့ ပုဂ္ဂိုလ်တွေမှာ ဘယ်အမှတ်အသားတွေ ပါနိုင်တယ်ဆိုတာ မဟာပုရိသလက္ခဏာကျမ်းမှာ ပြဆိုထားတယ်။ ဝေဒကျမ်းအပါအဝင်ဖြစ်တဲ့ မဟာပုရိသလက္ခဏာကျမ်းမှာ မဟာပုရိသတို့ရဲ့ လက္ခဏာ ၃၂-မျိုးကို ထင်ထင်ရှားရှားကြီး ရေးပြထားတယ်။

သူတို့ ဘယ်လိုလုပ်သိတုန်းလို့ဆိုတော့ သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီး ရလာတဲ့ ဒိဗ္ဗစက္ခုဉာဏ်နဲ့ ဒီအမှတ်အသား လက္ခဏာပါတဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်လိုပုဂ္ဂိုလ်ထူးတွေ ဖြစ်တယ်ဆိုတာသိပြီး မှတ်တမ်းတင်ထားကြတယ်။ ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် သတ္တဝါတွေရဲ့ အခြေအနေတွေကို၊ ကံ,ကံ၏ အကျိုးကို

စာမျက်နှာ-၄
သိနိုင်စွမ်းရှိကြတယ်။ အဲဒါကြောင့်မို့လို့ ကုသိုလ်ကောင်းမှုလုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုရဲ့ အမှတ်တံဆိပ်လေး သူတို့ရဲ့ ခန္ဓာကိုယ်မှာ ပေါ်လွင်ထင်ရှားနေတယ်ပေါ့။ အဲဒီလို ပေါ်လွင်ထင်ရှားနေတဲ့ အမှတ်အသားတွေဟာ ၃၂-မျိုးရှိတယ်လို့ဆိုတာ မြတ်စွာဘုရား မဟောခင်ကတည်းက အားလုံးသိထားကြတယ်။ မြတ်စွာဘုရားလိုတော့ ပြည့်ပြည့်စုံစုံ မသိကြဘူး။

မြတ်စွာဘုရားက ဘယ်လို ပါရမီ ကုသိုလ်ထူးတွေ ဆည်းပူးအားထုတ်လို့ရတယ်ဆိုတာရယ်၊ ထို ပါရမီ ကုသိုလ်ထူးတွေ ဆည်းပူးအားထုတ်လို့ ဒီအမှတ်အသား လက္ခဏာပါတဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးအာနိသင်တွေဟာ ဘယ်လိုရှိတယ်ဆိုတာကို ဖြည့်စွက်ပြီး ဟောကြားတာ။ ဝေဒကျမ်းတွေမှာတော့ ဘာကုသိုလ်လုပ်လို့ ဒီအမှတ်တံဆိပ်တွေရတယ်ဆိုတာကိုတော့ မပြောမပြနိုင်ကြဘူး။ သူတို့ သာမန်အားဖြင့်သာ ပြောပြနိုင်ကြတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကတော့ ဘယ်ကုသိုလ်လုပ်လို့ ဒီအကျိုးတွေရတယ်ဆိုတာကို တိတိကျကျ လက္ခဏသုတ္တန်မှာ ဟောထားတာရှိတယ်ပေါ့။

ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေ ဒီသုတ္တန်ကို လေ့လာမှတ်သားနာယူကြပြီးတဲ့အခါ ဒီကုသိုလ်မျိုးတွေ လုပ်လို့ရှိရင် တို့ရဲ့ ခန္ဓာကိုယ်မှာလည်းပဲ ဒီလိုအမှတ်အသားတွေဟာ ပေါ်လာ

စာမျက်နှာ-၅
မှာပဲလို့ဆိုတာကို ယုံကြည်ကြရတာပေါ့။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်လုပ်တဲ့ကံရဲ့ပုံရိပ်တွေဆိုတာ လူတွေရဲ့ သန္တာန်မှာ ပေါ်လာစမြဲဖြစ်တယ်ပေါ့။

ဆိုပါစို့- လောကမှာ လူချင်းတူပေမယ့်လို့ အရုပ်ဆိုးအကျည်းတန်တဲ့လူ ရှိတယ်၊ လှတဲ့လူ ရှိတယ်။ လှတဲ့လူက ဘာဖြစ်လို့လှ၊ အရုပ်ဆိုးအကျည်းတန်တဲ့လူက ဘာဖြစ်လို့ အရုပ်ဆိုးအကျည်းတန်သလဲဆိုရင် ကိုယ်လုပ်ခဲ့တဲ့ကံကြောင့်ပဲ ကံရဲ့ပုံရိပ်တွေ ထင်နေတာ။ မြတ်စွာဘုရားက “စူဠကမ္မဝိဘင်္ဂ” သုတ္တန်မှာ ဟောထားတာရှိတယ်လေ။ ထစ်ကနဲရှိ စိတ်တိုတတ်တဲ့ ဒေါသကြီးတဲ့သူရဲ့ ရုပ်ပုံလွှာဟာ အရုပ်ဆိုးအကျည်းတန်တယ်။ အေးချမ်းတဲ့ မေတ္တာနှလုံးသားရှိတဲ့ ပုဂ္ဂိုလ်ဟာ ရုပ်အဆင်းလှတယ်လို့ ဒီလိုခွဲခြားပြီးတော့ ဟောထားတာရှိတယ်။ ဒါကြောင့် ဒေါသကြီးတဲ့ ပုဂ္ဂိုလ်ရဲ့ ရုပ်ပုံလွှာဟာ ဖြစ်လေရာဘဝမှာ အရုပ်ဆိုးအကျည်းတန်ဖြစ်ပြီးတော့ မေတ္တာနှလုံးသားပိုင်ရှင်တွေကျတော့ ဖြစ်လေရာဘဝမှာ ရုပ်ချောကြတယ်၊ လှပကြတယ်။ ဒါလည်းပဲ ကံကြမ္မာရဲ့ ပုံရိပ်တွေ ပေါ်တာပဲပေါ့။

တချို့ကျတော့ ပညာဉာဏ်ထက်မြက်ကြတယ်။ အလွယ်တကူ နားလည်ကြတယ်။ တချို့ကျတော့ အင်မတန်မှ ဉာဏ်လေးတယ်၊ လွယ်လွယ်ကူကူနဲ့ သိရမယ့် ကိစ္စလေးတောင် ခေါင်းရှုပ်အောင် စဉ်းစားပြီးတော့မှ သိနိုင်ကြတယ်။ ဒီလို

စာမျက်နှာ-၆
သွက်လက်ချက်ချာမှု ရှိမရှိဆိုတဲ့ ပုံရိပ်တွေဟာ ဘာကြောင့်ပေါ်လာတုန်းဆိုတော့ ကိုယ်လုပ်တဲ့ကံကြောင့်ပဲ။ ကိုယ်လုပ်ခဲ့တဲ့ကံရဲ့ ပုံရိပ်တွေဟာ မိမိရဲ့ ခန္ဓာကိုယ်မှာ လာပေါ်နေတယ်။ အဲဒါကိုပြောတာ။ “ပါရမီပုံရိပ် အမှတ်တံဆိပ်များ”ဆိုတာ ဒီနေရာမှာ အကောင်းတွေချည်းပဲ ပြောတာနော်။ “ကံကြမ္မာပုံရိပ် အမှတ်တံဆိပ်” ကျတော့ အဆိုးတွေလည်း ပါတယ်လို့ ဒီလိုမှတ်ရမယ်။ “ပါရမီပုံရိပ် အမှတ်တံဆိပ်” ဆိုတော့ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေလုပ်တဲ့ ကုသိုလ်ကံရဲ့ ပုံရိပ်တွေကိုသာလျှင် ဒီမှာ ဖော်ပြတာဖြစ်တယ်။

အေး ဒါကြောင့်မို့လို့ လူတွေမှာ နေ့စဉ်နဲ့အမျှ လုပ်နေကြတဲ့အထဲ ကောင်းတာလည်း လုပ်ကြတယ်၊ ဆိုးတာလည်း လုပ်ကြတယ်။ ကောင်းတာလုပ်လို့ရှိရင် ကောင်းတဲ့အကျိုး ပေါ်လွင်ထင်ရှားလာတယ်။ မကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်တွေမှာ မကောင်းတဲ့အကျိုးတွေဟာ ပေါ်လွင်ထင်ရှားလာတတ်တယ်။ ဘဝတိုင်းမှာ ကောင်းမကောင်းကံတို့ရဲ့ ပုံရိပ်တွေဟာ ထင်လာတတ်တယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဒီဃနိကာယ်မှာ လက္ခဏသုတ္တန်ကို ဟောခဲ့တယ်။ မြတ်စွာဘုရားရဲ့ ရူပကာယမှာ ထူးခြားပြီးတော့ အံ့သြဖွယ်ကောင်းတဲ့၊ သာမန်ပုဂ္ဂိုလ်တွေနဲ့ မတူတဲ့ ပါရမီပုံရိပ် အမှတ်တံဆိပ်တွေ ရှိနေတယ်။ အဲဒီပါရမီ

စာမျက်နှာ-၇
ကို သေသေချာချာ ဆင်ခြင်သုံးသပ်တတ်တဲ့ ပုဂ္ဂိုလ်မှသာ၊ သေသေချာချာ ကြည့်တတ်တဲ့ပုဂ္ဂိုလ်မှသာ သိနိုင်တယ်။ သာမန်အားဖြင့် ကြည့်မယ်ဆိုလို့ရှိရင် ဪ မြတ်စွာဘုရားဟာ အရပ်ကလည်း ထောင်ထောင်မောင်းမောင်း ချောမောလှပသပ္ပါယ်တယ်လို့ ဒီလိုပဲ မြင်ရမှာပေါ့။ အေး၊ သေသေချာချာသိတဲ့ ပုဂ္ဂိုလ်တွေ၊ အတွင်းကျကျ လေ့လာတဲ့ပုဂ္ဂိုလ်တွေကျတော့ မြတ်စွာဘုရားရဲ့ သန္တာန်မှာ ပါရမီပုံရိပ် အမှတ်တံဆိပ်တွေဟာ ၃၂-မျိုး ရှိတယ်ဆိုတာကို တွေ့ရှိကြရမှာဖြစ်တယ်။ အဲဒီ ၃၂-မျိုးသော ပါရမီပုံရိပ်တွေ အကုန်လုံးမမြင်ရပေမယ့်လို့ မြင်ရသမျှကို ကြည့်ပြီး လောကလူသားတွေက တအံ့တဩပြောကြတယ်။ ဘုရားရဲ့ ရူပကာယတော်မှာ အင်မတန်မှ ထူးခြားတဲ့ ပါရမီပုံရိပ်တွေ၊ အမှတ်တံဆိပ်တွေ ပေါ်နေတယ်။ အဲဒီလို ပါရမီပုံရိပ်တွေ အမှတ်တံဆိပ်တွေ ရရှိနေတာဟာ ဘယ်လိုကုသိုလ်ကံတွေ၊ ဘယ်လိုပါရမီတွေကို ဆည်းပူးအားထုတ်ခဲ့လို့ပါလိမ့်မလဲလို့ လူတွေက သိချင်ကြတယ်။ ဒါ ဒီသုတ္တန်ဟောခြင်းရဲ့ အကြောင်းတစ်ခုပဲပေါ့။ အကြောင်းမဲ့ဆိုတာတော့ ဘာတစ်ခုမှ မဖြစ်ဘူး။ ဆိုင်ရာဆိုင်ရာ အကြောင်းတစ်ခုခုကတော့ ရှိနေတာပဲ။ အဲဒီအကြောင်းကို ရှာဖွေနိုင်ဖို့ အရေးကြီးတယ်။ ဒီ ပါရမီပုံရိပ် အမှတ်တံဆိပ် ၃၂-မျိုးဟာ

စာမျက်နှာ-၈
ဆိုင်ရာဆိုင်ရာ ကုသိုလ်တွေကြောင့် ဖြစ်ပေါ်လာတာ။ အဲဒီကုသိုလ်တွေဟာလည်းပဲ သာမန်အနေအထားနဲ့လုပ်တဲ့ ကုသိုလ်တွေ မဟုတ်ဘူး။ တကယ့်ပါရမီမြောက် အံ့လောက်အောင် ကြိုးစားအားထုတ်ခဲ့တဲ့ ပါရမီကုသိုလ်တွေသာ ဖြစ်တယ်။

အဲဒီ ပါရမီကုသိုလ်တွေကြောင့် မြတ်စွာဘုရားရဲ့ ရူပကာယတော်မှာ အင်မတန်မှ ထူးခြားတဲ့အမှတ်အသားတွေဟာ ပေါ်လွင်ထင်ရှားနေတာဖြစ်တယ်။ သာဝတ္ထိပြည်မှာ နေ့စဉ်နဲ့အမျှ ဆွမ်းခံကြွတဲ့ ဗုဒ္ဓမြတ်စွာကို ဖူးတွေ့ကြရတဲ့ပုဂ္ဂိုလ်တွေက မြတ်စွာဘုရားရဲ့ ချောမောသပ္ပါယ်တဲ့ ရုပ်ခန္ဓာကိုယ်တော်ကို ဖူးမြော်ပြီးတော့ အင်မတန်မှ ကြည်ညိုကြတယ်၊ လေးစားကြတယ်။ အဲဒီကြည်ညိုကြတဲ့ ပုဂ္ဂိုလ်အချို့က စဉ်းစားကြတယ်။ ဘာကြောင့်များ မြတ်စွာဘုရားဟာ ဒီလောက်သပ္ပါယ်နေရသလဲဆိုတဲ့ မေးခွန်းတွေ ဖြစ်ပေါ်လာတယ်။ ရှင်အာနန္ဒာက မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကို လျှောက်ထားတယ်။ လူတွေက မြတ်စွာဘုရားရဲ့ ရူပကာယတော်နဲ့ ထူးခြားတဲ့ အမှတ်အသားတွေကို ကြည့်ပြီး ဘယ်လိုကုသိုလ်တွေကြောင့် ဒီအမှတ်အသားတွေကို ရရှိပါလိမ့်မလဲဆိုတာ သိချင်ကြပါတယ်လို့လျှောက်တော့ မြတ်စွာဘုရားက ဒီသုတ္တန်ကို ဟောတာ။ အဲဒီသုတ္တန်ကို “လက္ခဏသုတ္တန်” လို့ ခေါ်တယ်။

လက္ခဏာဆိုတာ တစ်ကိုယ်လုံးမှာရှိတဲ့ အမှတ်အသား

စာမျက်နှာ-၉
တွေကို ခေါ်တယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ဘယ်လိုဘယ်ပုံ ပါရမီဖြည့်လို့ ဒီအမှတ်အသားတွေရသလဲ။ (၃၂)မျိုးသော အမှတ်အသားတွေဆိုတာ ဘယ်ဟာတွေလဲ၊ တစ်မျိုးစီ တစ်မျိုးစီ ဘုန်းကြီးတို့ မှတ်သားသွားကြရမှာ ဖြစ်တယ်ပေါ့။ ဒီ (၃၂)ပါးသော မဟာပုရိသလက္ခဏာတွေကို အစဉ်အတိုင်း ဘုန်းကြီးတို့ ဟောပြောသွားမှာဖြစ်တယ်။

ခြေဖဝါးအနေအထား ဘယ်ကနေစပြီး ပြထားတုန်းလို့ဆိုတော့ မြတ်စွာဘုရားရဲ့ ခြေဖဝါးတော်က စပြီးတော့ ပြထားတယ်။ မြတ်စွာဘုရားရဲ့ ခြေဖဝါးဟာ သာမန်လူတွေနဲ့ မတူဘူး။ အင်မတန်မှ ထူးခြားတယ်။ သာမန်လူတွေရဲ့ ခြေဖဝါးကို ကြည့်လိုက်ရင် အလယ်ကနေ ခွက်နေတာ ရှိတယ်နော်။ အလယ်ခေါင်ကနေ ခွက်နေတယ်။ အောက်ခြေဖဝါး ကြည့်လိုက်လို့ရှိရင် မညီညာဘူးပေါ့။ တစ်ဖက်စောင်းနေတာတို့၊ ခွက်နေတာတို့၊ ခွင်နေတာတို့၊ ကောက်နေတာတို့၊ ဖနောင့်တိုနေတာတို့၊ ဒီခြေချောင်းကြီးတွေက ကျဲပြီး ကားနေတာတို့၊ စုနေတာတို့၊ ပုံမလှပန်းမလှ၊ ပုံပျက်ပန်းပျက် အနေအထားမျိုးတွေ ရှိတယ်ပေါ့။ မြေကြီးပေါ် နင်းလိုက်တဲ့အခါမှာလည်းပဲ တညီတည်း မထင်ဘူး။ တချို့ခြေရာတွေမှာ အလယ်မထင်ဘဲနဲ့ ဖနောင့်ရာနဲ့ ခြေဖျားရာပဲ

စာမျက်နှာ-၁၀
ထင်ပြီးတော့ အလယ်က မထင်ရှားဘူး။ တချို့ကျတော့ ကွက်ပြီးတော့ ကောက်ကောက်ကလေးဖြစ်ပြီးနေတယ်နော်။ အကုန်လုံး တညီတည်း မကျဘူး။

မြတ်စွာဘုရားကျတော့ အဲဒီလိုမဟုတ်ဘူးတဲ့။ ခြေဖဝါးဟာ ဒီလူတွေစီးကြတဲ့ဖိနပ်ကို ကြည့်လိုက်လို့ရှိရင် ဖိနပ်ရာ အပြည့်ထင်တယ်။ မြေကြီးပေါ်မှာ နင်းလိုက်ရင် အပြည့်ထင်တယ်။ အဲဒီလို အပြည့်ထင်သလိုပဲ။ မြတ်စွာဘုရားရဲ့ ခြေဖဝါးအရာဟာ အပြည့်ထင်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ခွက်နေတာ မရှိဘူး၊ မောက်နေတာ မရှိဘူး။ တညီတည်း ညီပြီးတော့ ခြေဖဝါးဟာ ညီညာတဲ့ခြေဖဝါး ရှိတယ်။ အဲဒါကိုဆိုတာ။ ညီညာတဲ့ခြေဖဝါးရှိတယ်။

အဲဒီ ညီညာတဲ့ခြေဖဝါးကို ပါဠိလို ဘယ်လိုခေါ်တုန်းဆိုတော့ “သုပ္ပတိဋ္ဌိတပါဒ”၊ သုပ္ပတိဋ္ဌိတဆိုတာ နင်းလိုက်တဲ့ နေရာပေါ်မှာ တပြင်လုံးထိပြီးတော့ နင်းတဲ့ မြေကြီးပေါ်မှာ နင်းရင် တပြင်လုံးထိတယ်။ ကြမ်းပေါ် နင်းလိုက်ရင် ကြမ်းပြင်တပြင်လုံးထိတယ်။ မထိတဲ့ နေရာဆိုတာ မရှိဘူး။ ခြေဖဝါးတပြင်လုံးဟာ ညီပြီးနေတယ်။ ဒါ ပါရမီပုံရိပ် အမှတ်တံဆိပ် လက္ခဏာပဲ။ ကိုယ့်ခြေဖဝါးကို အကဲခတ်ကြည့်ပေါ့။ အကဲခတ်ကြည့်လို့ရှိရင် အဲဒီပုံစံမကျဘူးဆိုလို့ရှိရင် ဒီကုသိုလ်တွေ အားနည်းနေလို့ပဲလို့ ဒီလိုမှတ်ရမယ်ပေါ့။

စာမျက်နှာ-၁၁
အဲဒီမှာ ဘုရားရဲ့ ခြေဖဝါး ညီညာတယ်ဆိုတာ စာပေက ပြောတာလေးကို အရင်မှတ်ရအောင်။ သုပ္ပတိဋ္ဌိတပါဒေါ-တညီတည်း ကောင်းစွာတည်တဲ့ ခြေဖဝါးရှိတယ်။ သမံ ပါဒီ ဘူမိယံ နိက္ခိပတိ- မြေကြီးပေါ် နင်းလိုက်တယ်ဆိုရင် ခြေဖဝါးဟာ တပြင်လုံးထိတယ်၊ မထိတဲ့နေရာ မရှိဘူး။ အလယ်ခေါင်က ခွက်နေတာ မရှိဘူးတဲ့။ သမံ ဥဒ္ဓရတိ- ကြွလိုက်လို့ရှိရင်လည်း အကုန်လုံးကြွတယ်။ ဒီလိုဆိုလိုတာ။ သဗ္ဗသဗ္ဗာဝန္တေဟိ ပါဒတလေဟိ ဘူမိ ဖုသတိတဲ့။ ခြေဖဝါးမှာရှိတဲ့ အရာခပ်သိမ်းဟာ မြေကြီးပေါ်မှာ အပြည့်အဝ အကုန်ထိတယ်။ မြတ်စွာဘုရားရဲ့ ခြေဖဝါးက ပြည့်ပြည့်စုံစုံ အကုန်ထိတယ်။ မထိတဲ့နေရာ မရှိဘူးတဲ့။ ဒါဟာ ထူးခြားတဲ့ အသွင်အပြင် လက္ခဏာတစ်ခုလို့ဆိုတာ။

ခြေဖဝါးနဲ့ လူ့စရိုက် အဲဒီနေရာမှာ ခြေဖဝါးနဲ့ပတ်သက်ပြီး လူ့ရဲ့စရိုက်ကို ခွဲတာဟာ ရှိသေးတယ်ပေါ့။ လူ့ရဲ့စရိုက်ကို ခွဲတာ။ ခြေဖဝါးမှာ ဖနောင့်နဲ့ခြေဖျား ဒီနှစ်ခုတင် ထင်ပြီးတော့ အလယ်မထင်ဘဲနဲ့ နေတဲ့ ပုဂ္ဂိုလ်ရဲ့ ခြေရာရှိတယ်။ အဲဒီပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးတုန်းဆိုရင် တဏှာရာဂကြီးမားတဲ့ပုဂ္ဂိုလ် လို့ ဒီလိုပြောတာ နော်။ စရိုက်က ရာဂစရိုက်ရှိတဲ့ ပုဂ္ဂိုလ် လို့ဆိုတာ ရာဂစရိုက်

စာမျက်နှာ-၁၂
ရှိတဲ့ ပုဂ္ဂိုလ်ရဲ့ခြေဖဝါးဟာ တပြင်တည်းမထိဘူး။ အလယ်ခွက်နေတယ် သို့မဟုတ် အလယ်ကပဲ့နေတယ်။ အဖျားနဲ့ ဖနောင့်နှစ်ခုပဲ ထင်တယ်။ ခြေရာကို ကြည့်ပြီးတော့ စရိုက်ခွဲတဲ့နည်းတစ်ခုပေါ့။

နောက်တစ်ခုက ဒေါသကြီးတဲ့ပုဂ္ဂိုလ်မှာ ဖနောင့်ရာက ပိုထင်တယ်။ သူက ဘယ်တော့ဖြစ်ဖြစ် ဆောင့်အောင့်သွားတတ်တာကိုး။ ဒေါသကြီးတဲ့လူက ဆောင့်တယ်။ စိတ်တိုတာကိုး။ စိတ်တိုတော့ ညင်ညင်သာသာ မလုပ်ဘူး။ ဆောင့်အောင့်သွားတော့ သူက ခြေဖနောင့်ရာက အမြဲနက်တယ်။ အဲဒီခြေရာဟာ ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ရဲ့ ခြေရာတဲ့။ တစ်ခါ ခြေရာက မသပ်မရပ် မသေမသပ်ဖြစ်ပြီးတော့ ထင်ကျန်ရင် မောဟစရိုက်ရှိတဲ့ပုဂ္ဂိုလ်ရဲ့ ခြေရာ။ ဒီလို ခြေရာကိုကြည့်ပြီးတော့ လူ့ရဲ့စရိုက်ကို ခွဲခြားတာ။

မာဂဏီပုဏ္ဏား ဇနီးမောင်နှံက ဝေဒကျမ်းတတ်ကြတယ်။ ဝေဒကျမ်းမှာ လိမ္မာကျွမ်းကျင်ကြတယ်။ လူတွေရဲ့ခြေရာကို ကြည့်ပြီးတော့ လူတွေရဲ့စရိုက်ကို ဖော်ထုတ်နိုင်ကြတယ်။ တစ်ခါတုန်းက မာဂဏီပုဏ္ဏားကြီးက မြတ်စွာဘုရားကိုတွေ့တဲ့အခါမှာ အင်မတန်မှ ရုပ်အဆင်းသပ္ပါယ်တာနဲ့ သူ့သမီးနဲ့ လိုက်ဖက်တယ်ဆိုပြီး သူ့သမီးနဲ့ပေးစားဖို့ မြတ်စွာဘုရားကို စောင့်နေဖို့ မှာထားခဲ့တာ။ မြတ်စွာဘုရားက သူစောင့်ခိုင်းတဲ့နေရာမှာ မစောင့်ဘဲနဲ့ ခြေရာချထားခဲ့တယ်။ သူလာတဲ့အခါ

စာမျက်နှာ-၁၃
ဘုရားမတွေ့ဘူး၊ ဘာတွေ့တုန်းဆိုရင် ခြေရာပဲတွေ့တယ်။ ခြေရာတွေ့တဲ့အခါမှာ ပုဏ္ဏားကြီးက သမီးကို အိမ်ထောင်ချချင်တဲ့ဇောနဲ့ သူက မစဉ်းစားဘူး။ ဘယ်လိုပုဂ္ဂိုလ်မျိုးဆိုတာ မစဉ်းစားဘူး။ သို့သော် သူနဲ့အတူလိုက်လာတဲ့ သူ့ရဲ့ဇနီး ပုဏ္ဏမကြီးကတော့ ဗေဒင်ကျမ်းနဲ့ ကိုက်ကြည့်လိုက်တယ်။ ကြည့်တဲ့အခါ ပုဂ္ဂိုလ်ရဲ့ စရိုက်ကိုတွေ့တယ်။

သူက ရှင်းပြတယ်။ “ရာဂစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ဆိုတာတဲ့ အလယ်ရာ မထင်ဘူးတဲ့။ ခြေဖျားနဲ့ခြေဖနောင့်ပဲ ထင်တယ်။ ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာ ဖိနင်းထားလို့ ဖနောင့်ရာက ပိုနက်နေတယ်။ မောဟစရိုက်ရှိတဲ့ ပုဂ္ဂိုလ်က မသေမသပ် ဆွဲခြစ်ထားသလို ဖြစ်တယ်တဲ့။ အခု ဒီခြေရာက အဲဒါမျိုးမဟုတ်ဘူးတဲ့။ အင်မတန်မှ သေသပ်ပြီး ပြင်ညီနေတဲ့ ခြေရာဖြစ်တယ်။ ဒီလိုခြေရာရှင်ဟာ သာမန်ပုဂ္ဂိုလ် မဟုတ်ဘူးတဲ့။ သူတော်စင်ပဲ ဖြစ်ရမယ်” လို့ ဒီလိုပြောတာနော်။ မာဂဏီပုဏ္ဏေးမကြီးက ဒီလိုအကဲခတ်တာ။

ဒီ ပါရမီပုံရိပ် အမှတ်တံဆိပ်မျိုးကို ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ ရသလဲလို့ဆိုလို့ရှိရင် စကြာမင်းဖြစ်မယ့်ပုဂ္ဂိုလ်၊ ဘုရားဖြစ်မယ့်ပုဂ္ဂိုလ် ဒီပုဂ္ဂိုလ်နှစ်ဦးပဲ ရတယ်။ ဒီပုဂ္ဂိုလ်နှစ်ဦးရတယ်။ စကြာမင်းဖြစ်မယ့် ပုဂ္ဂိုလ်ဟာလည်းပဲ ဒီပါရမီပုံရိပ်တွေရတယ်။ အဲတော့ စကြာမင်းဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ အဆင့်အင်မတန်မြင့်တယ်

စာမျက်နှာ-၁၄
လို့ ပြောရမယ်။ အခုခေတ် စိတ်ကူးယဉ်ပြီးတော့ စကြာမင်း, စကြာမင်းပြောကြတယ်၊ အခုခေတ်မှာ စကြာမင်းဖြစ်ဖို့ အင်မတန်မှ ခဲယဉ်းတယ်။ ဒီလိုသက်တမ်းတိုတဲ့အချိန်မှာလည်းပဲ စကြာမင်းဆိုတာ လာဖို့မရှိဘူး။

မြန်မာ့သမိုင်းထဲမှာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ညောင်ရမ်းမင်းသားလေးကို စကြာမင်းလို့ ခေါ်ကြတာရှိတယ်။ နာမည်တပ်ပြီးတော့ ခေါ်ကြတာ ဖြစ်လောက်တယ်ပေါ့နော်။ စကြာမင်းဆိုပြီးတော့ တကယ့်စကြာမင်းဆိုတာက ပါရမီပုံရိပ်တွေ အပြည့်အဝရှိတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်။ ၃၂-မျိုး ပြည့်ပြည့်ဝဝရှိရတယ်။ ဘုရားရဲ့ ဘုရားအလောင်းတွေရဲ့ အသွင်အပြင် လက္ခဏာနဲ့ အတူတူပဲ။

ဗေဒကျမ်းနဲ့ စစ်ဆေးကြည့်မယ်ဆိုရင် ဘုရားအလောင်းတွေမှာရတဲ့ မဟာပုရိသလက္ခဏာ ၃၂-မျိုးဟာ စကြာမင်းဖြစ်မယ့်ပုဂ္ဂိုလ်မှာလည်း ရှိတယ်ပေါ့။ ဒါကြောင့်မို့ စကြာမင်းဟာ လူထဲမှာ အင်မတန်မှ ထူးခြားတဲ့ပုဂ္ဂိုလ်။ အင်မတန်မှ ပါရမီပြည့်ဝတဲ့ပုဂ္ဂိုလ်။ သူက သာမန်မင်းမျိုး မဟုတ်ဘူးတဲ့။ တိုင်းပြည်ကို အုပ်ချုပ်တဲ့အခါမှာ သူက ဒီဓမ္မနဲ့ပဲအုပ်ချုပ်တယ်။ လက်နက်နဲ့ မအုပ်ချုပ်ဘူး။ သူ့မှာ စည်းစိမ်ဥစ္စာပေါတယ်၊ ရတနာခုနစ်ပါးနဲ့ ပြည့်စုံတယ်ပေါ့။ ဆင်ရတနာ မြင်းရတနာ ဒါက သူ့ခေတ်နဲ့ သူ့အလိုက်ပေါ့နော်။

စာမျက်နှာ-၁၅
ဆင်တို့ မြင်းတို့က အခုခေတ်မှာ သိပ်အသုံးမကျတော့ဘူးပေါ့။ ရှေးတုန်းကတော့ အသုံးကျကောင်း ကျလိမ့်မယ်။ အခုတော့ ဆင်က ဘာလုပ်ရတုန်းဆို သစ်ဆွဲရတာပေါ့။ သစ်ဆွဲရတယ်။ မြင်းတွေက ဘာလုပ်ရတုန်းဆို မြင်းလှည်းကတာတို့၊ ရှင်လောင်းလှည့်တဲ့အခါမှာ အငှားလိုက်တာတို့ ဒီလောက်ပဲ အသုံးကျတယ်။ သို့သော် ဥရောပနိုင်ငံတွေမှာ မြင်းပိုင်တဲ့သူက သူဌေးပဲ၊ အင်မတန်ပိုက်ဆံချမ်းသာမှ မြင်းတစ်ကောင်ကို ပိုင်နိုင်တယ်တဲ့။ မော်ဒန်မြင့်တဲ့ ကားတစ်စီးပိုင်တဲ့လူက ပေါတယ်နော်။ မြင်းတစ်ကောင်ကို ပိုင်တာကြတော့ သူဌေးမှပိုင်တာ။ အဲဒီနိုင်ငံတွေကျတော့ မြင်းကတန်ဖိုးတက်သွားပြီ၊ သူဌေးမှ မြင်းပိုင်တာ။ အဲဒီမှာ ကားသာဝယ်နိုင်တာ မြင်းမဝယ်နိုင်ဘူး။ ဗမာပြည်နဲ့တော့ တခြားစီပေါ့နော်။ သူ့နေရာနဲ့သူ မတူတတ်ဘူး။

အဲဒီမှာ ဆင်ရတနာတို့၊ မြင်းရတနာတို့၊ ဂဟပတိလို့ဆိုတဲ့ အထောက်အကူပြု သူဌေးရတနာတို့၊ သားကြီးရတနာတို့ နော်၊ မိဖုရားရတနာတို့၊ ပတ္တမြားရတနာတို့ဆိုတာရှိတယ်။ စကြာမင်းကြီးမှာ စကြာရတနာကအစ ရတနာခုနစ်ပါး လုံလုံလောက်လောက်ကြီး ရရှိထားတယ်။ အင်မတန်မှ ထူးခြားတယ်ပေါ့။ အင်မတန်မှထူးခြားတဲ့ စကြာမင်းကြီးရဲ့ ခန္ဓာကိုယ်မှာလည်းပဲ ဟောဒီ ပါရမီပုံရိပ်တွေ ရှိတယ်တဲ့။ အဲတော့ သာမန်အနေအထားနဲ့ စကြာမင်းမဖြစ်ဘူးလို့ ဒီလိုဆိုလိုတာပေါ့။ ဒီလို

စာမျက်နှာ-၁၆
ပါရမီပုံရိပ် အပြည့်အဝရတာဟာ စကြာမင်းရင်လည်းဖြစ်မယ်၊ ဘုရားရင်လည်း ဖြစ်မယ်၊ ဒီနှစ်မျိုးပဲရှိတယ်။

ဒါကြောင့်မို့ ဗေဒင်ကျမ်းမှာ ဘယ်လိုဆိုထားတုန်းလို့ ဆိုလို့ရှိရင် “(၃၂)မျိုးသော လက္ခဏာတွေနဲ့ ပြည့်စုံသောပုဂ္ဂိုလ်ရဲ့ အလားအလာဟာ နှစ်မျိုးပဲရှိတယ်တဲ့။ အဲဒီနှစ်မျိုးက ဘာတုန်းဆိုရင် လူ့ဘဝမှာနေမယ်ဆိုရင် စကြာမင်းဖြစ်မယ်၊ ရဟန်းပြုမယ်ဆိုလို့ရှိရင် ဘုရားပဲဖြစ်မယ်” ဒီလိုနှစ်ခုရှိတယ်။ ဒါကြောင့်မို့လို့ ကြားဖူးကြလိမ့်မယ်။

ဗုဒ္ဓဝင်မှာ ဘုရားအလောင်းတော် မွေးဖွားလာတဲ့အခါ ဘုရင်ကြီးက ဗေဒကျမ်းတတ်ပုဂ္ဂိုလ်တွေကို ဖိတ်ကြားပြီးတော့ အသွင်အပြင် လက္ခဏာတွေကို ကြည့်ခိုင်းတယ်။ အဲဒီလိုကြည့်တဲ့အခါမှာ ခန္ဓာတစ်ကိုယ်လုံးကို ကြည့်တာ။ လက်ဖဝါးကိုပဲကြည့်တာ မဟုတ်ဘူးနော်။ ၃၂-ပါးသော ယောက်ျားမြတ်လက္ခဏာတွေ တစ်ကိုယ်လုံးကို ကြည့်တာ။ ဘုရားလောင်း မင်းသားလေးရဲ့ ကိုယ်ခန္ဓာမှာ ကြည့်လိုက်တော့ အမှတ်အသား လက္ခဏာ ၃၂-မျိုးလုံးကိုတွေ့ရှိရတယ်။ တွေ့ရှိတဲ့အခါမှာ သာမန်ဝိုးတိုးဝါးတားတွေ့တာ မဟုတ်ဘူး။ ပီပီပြင်ပြင်ကြီးတွေ့တာ။

ဒါကြောင့်မို့ အများကတော့ ဗေဒကျမ်းမှာဆိုတဲ့အတိုင်းပဲတဲ့၊ ဒီအလောင်းမင်းသားလေးဟာ လူ့ဘဝမှာနေရင်

စာမျက်နှာ-၁၇
စကြဝတေးမင်း ဖြစ်ပါလိမ့်မယ်။ တောထွက်ပြီးတော့ ရဟန်းဝတ်လို့ရှိရင် ဘုရားဖြစ်ပါလိမ့်မယ်လို့ လက်နှစ်ချောင်းထောင်ပြီး ဒီနှစ်လမ်းပဲရှိတယ်လို့ ဟောကြတယ်။ ဒါ ဗေဒင်ကျမ်းမှာလာတဲ့အတိုင်း သူတို့ကပြောကြတာ။ သို့သော် ပဉ္စဝဂ္ဂီ ၅-ဦးထဲမှာပါတဲ့ ကောဏ္ဍညအလောင်း ပုဏ္ဏားကျတော့ သူက သူများထက် ဉာဏ်ပညာထက်တယ်။ သူက သေချာကြည့်ပြီး သာမန် စကြဝတေးမင်း လက္ခဏာထက် ပိုလွန်နေတာတွေ့ရတယ်၊ စကြာမင်းဖြစ်မယ့် ပုဂ္ဂိုလ်ရဲ့ အမှတ်အသားတွေက (Clear) မဖြစ်ဘူး။ သိပ်ပြီးတော့ ဒီလောက်မပြည့်စုံဘူးနော်။ ရှိတော့ ရှိတယ်။ ၃၂မျိုး သူ့မှာလည်း ရှိတယ်။ သို့သော်လည်း ဘုရားဖြစ်မယ့်ပုဂ္ဂိုလ်ရဲ့ လက္ခဏာလောက် မပီပြင်ဘူးလို့ပြောတာ။ ဒါလေးက ကွဲပြားခြားနားမှု။ ကျန်တဲ့ပုဏ္ဏားတွေက ဒါကို မစဉ်းစားနိုင်ဘူး။ အဲ

ကောဏ္ဍည ပုဏ္ဏားကျတော့ ပီပြင်မှု၊ မပီပြင်မှု ဒီနှစ်ခုကို ကြည့်ပြီးတော့ သူ့ရဲ့ ဉာဏ်စွမ်းနဲ့ သူက လက်ညှိုးတစ်ချောင်းတည်း ထောင်ပြီးတော့ ဒီလက္ခဏာရှင်ဟာ ဘုရားဧကန်စင်စစ် ဖြစ်ပါလိမ့်မယ်လို့ ဒီလိုဟောလိုက်တာနော်။

အဲဒါက ဘာကိုကြည့်ဟောတာတုန်းဆိုတော့ ဒီပါရမီပုံရိပ် အမှတ်တံဆိပ်တွေကို ကြည့်တာပဲ။ ဒီပါရမီပုံရိပ် အမှတ်တံဆိပ်တွေကိုရတဲ့ပုဂ္ဂိုလ်ဟာ နှစ်ဦးပဲရှိတယ်။ စကြာမင်းနဲ့ ဘုရားအလောင်းနော်။ ဘုရားဖြစ်မယ့်ပုဂ္ဂိုလ်နဲ့ စကြဝတေးမင်း

စာမျက်နှာ-၁၈
ဖြစ်မယ့်ပုဂ္ဂိုလ် ဒီနှစ်ဦးပဲရတယ်လို့ဆိုတာ။ ဒီလက္ခဏာနဲ့ ပြည့်စုံရင် စကြဝတေးမင်းလျှင်လည်းဖြစ်မယ်၊ ဘုရားလျှင်လည်း ဖြစ်မယ်။ ဒီ၂-မျိုးပဲ ရွေးချယ်စရာရှိတယ်လို့ ဒီလိုဆိုတာ။

(၁) ခြေဖဝါးအပြင်ညီခြင်း အဲတော့ ကောင်းပြီ။ နံပါတ်(၁) လက္ခဏာက အလွန်ညီညာတဲ့ ခြေဖဝါးရှိတယ်။ အဲဒီအလွန်ညီညာတဲ့ ခြေဖဝါးရထားတာဟာ မဟာပုရိသလက္ခဏာတစ်ခုပဲတဲ့။ နံပါတ် (၁) မဟာပုရိသလက္ခဏာ၊ ပြင်ညီတဲ့ခြေဖဝါး။ ဒီခြေဖဝါးပြင်ဟာ နင်းတဲ့ကြမ်းပေါ်မှာ တညီတည်းကျတယ်၊ ညီသောခြေဖဝါးရှိတဲ့ပုဂ္ဂိုလ်ဟာ ဒါလက္ခဏာတစ်ခုပဲလို့ဆိုလိုတာ။

ပါရမီကုသိုလ် ကောင်းပြီ ဒီလက္ခဏာကို ဘာကြောင့်ရတာလဲ။ လူ့ဘဝမှာ ပေါ်ချင်လို့ပေါ်တာလား၊ သို့မဟုတ် အမေနဲ့တူလို့လား၊ အဖေနဲ့တူလို့လား။ ဒီလိုလည်း မဟုတ်ဘူးနော်။ အမေ့ အဖေရှိလို့ ပုံလာရှိနေတာမျိုးက ရှိသေးတယ်။

ဒီနေရာမှာတော့ မြတ်စွာဘုရားဟာ အခုလို ခြေဖဝါးပြင်ညီပြီးတော့ လှပတဲ့ခြေထောက်ရှိတာဟာ ဘာလုပ်ခဲ့လို့တုန်းဆိုတာကို မြတ်စွာဘုရားက ဟောတာ။ လက္ခဏာကျမ်းတွေမှာ

စာမျက်နှာ-၁၉
ဒီကံတရားကို မဖော်ပြနိုင်ကြဘူး။ ဘုရားပွင့်တဲ့အခါမှာ ဒီကံတရားကို သေချာဖော်ပြတာဖြစ်တယ်ပေါ့။

မြတ်စွာဘုရားက ဒီလက္ခဏာရှင်ဟာ လွန်ခဲ့တဲ့ဘဝတွေတုန်းက လူဖြစ်တဲ့အချိန်အခါကာလမှာ ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမယ် ဒဠသမာဒါန - ခိုင်မြဲစွာ ကုသိုလ်လုပ်တယ်တဲ့။ အဝတ္ထိတသမာဒါန - စွဲစွဲမြဲမြဲ ကုသိုလ်လုပ်တယ်တဲ့။ အဲဒီနှစ်ခုဟာ သူကြံ့ခိုင်တဲ့ခြေဖဝါးအပြင်ကိုရခြင်းရဲ့ အကြောင်းတစ်ခုပဲလို့ဆိုတာ။

ကုသိုလ်လုပ်တဲ့အခါမှာ မြဲခိုင်တယ်။ ဘယ်သူဖျက်လို့မှ မပျက်ဘူး။ တချို့ကျတော့ ကုသိုလ်က သူများမဖျက်ရပေမယ့်လို့ ကိုယ့်ဟာကိုယ် ဖျက်တာလည်း ရှိတာပေါ့နော်။ ကိုယ်လုပ်ချင်တဲ့ကုသိုလ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်တဲ့ပုဂ္ဂိုလ်က အင်မတန်မှနည်းတယ်လေ။ လုပ်ချင်တဲ့အခါ လုပ်မယ်။ မလုပ်ချင်တဲ့အခါ မလုပ်ဘူးလို့ ခိုင်မာတဲ့ရည်ရွယ်ချက် မရှိဘူး။

ဘုရားအလောင်းကျတော့ ဘယ်သူလာဖျက်ဖျက် ခိုင်မာတဲ့ရည်ရွယ်ချက်နဲ့ ကုသိုလ်ကောင်းမှုလုပ်တယ်။ ကုသိုလ်လုပ်ပြီဆိုလို့ရှိရင် ဒဠသမာဒါန - ဆုပ်ကိုင်ထားပြီးတော့ ခိုင်မြဲစွာလုပ်တယ်၊ ဘယ်တော့မှ နောက်မဆုတ်ဘူး။ အဝတ္ထိတသမာဒါန - တစ်စုံတစ်ယောက်က လာပြီးတော့ ဒီကုသိုလ်မလုပ်အောင် ဘယ်လိုပြောပြော နောက်ဆုတ်တဲ့ပုဂ္ဂိုလ် မဟုတ်ဘူးတဲ့။

စာမျက်နှာ-၂၀
ဒါကြောင့်မို့ ကုသိုလ်လုပ်တဲ့အခါမှာ ခိုင်ခိုင်မာမာလုပ်တဲ့ပုဂ္ဂိုလ်မျိုးဟာ ဒီလက္ခဏာမျိုးကိုရတယ်လို့ ဒီလိုပြောတာ။ (ဒါဖြင့် ဘယ်လိုကုသိုလ်မျိုးလုပ်တာတုန်းဆိုတော့ ဒါနကောင်းမှုလုပ်တဲ့အခါမှာလည်း စွဲစွဲမြဲမြဲလုပ်တယ်။ သီလဆောက်တည်တဲ့အခါမှာလည်း စွဲစွဲမြဲမြဲလုပ်တယ်။ ဥပုသ်သီတင်းဆောက်တည်တဲ့အခါမှာလည်း စွဲစွဲမြဲမြဲလုပ်တယ်။ ဘယ်ကုသိုလ်လုပ်လုပ် သူက ခိုင်မာတဲ့စိတ်ဓာတ်နဲ့၊ မြဲခိုင်တဲ့စိတ်ဓာတ်နဲ့၊ မတုန်လှုပ် မယိမ်းယိုင်တဲ့စိတ်ဓာတ်နဲ့ သူက ကုသိုလ်ကို လုပ်လေ့ရှိတယ်။ အဲဒါကြောင့်မို့လို့ ဘုရားအလောင်းတွေဟာ ဒီလိုအမှတ်အသားလက္ခဏာကို ရရှိတာပါတဲ့။ မိဘကိုလုပ်ကျွေးရင်လည်း ခိုင်မာတဲ့စိတ်ဓာတ်နဲ့ လုပ်ကျွေးတယ်။ သမဏ ဗြာဟ္မဏတွေကို ပြုစုလုပ်ကျွေးရင်လည်း ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ပြုစုလုပ်ကျွေးတယ်။ ကုသိုလ်မှန်သမျှ သူဟာ ဒဠသမာဒါန - မြဲမြဲခိုင်ခိုင်ဆုပ်ကိုင်ပြီးတော့ လုပ်လေ့ရှိတယ်။ သာမန်အနေအထားလုပ်တဲ့ဟာ မဟုတ်ဘူးတဲ့။ ခိုင်ခိုင်မာမာလုပ်တာ။ ဒီခိုင်ခိုင်မာမာနဲ့ ကုသိုလ်လုပ်ခဲ့တာဟာ ခိုင်ခိုင်မာမာရပ်တည်နိုင်တဲ့ စွမ်းရည်သတ္တိမျိုးရတာပေါ့။ ဆိုလိုတာက ကံတရားနဲ့ လိုက်လျောညီထွေ သူက ကုသိုလ်ကောင်းမှု ပါရမီကုသိုလ်တွေလုပ်တဲ့အခါမှာ သူက အခိုင်အမာလုပ်တာ။

စာမျက်နှာ-၂၁
အခိုင်အမာလုပ်လို့ သူ့ရဲ့ခြေဖဝါးမှာ ဒါတွေလာပေါ်နေတာ နော်။ ခိုင်မာမှုတွေ ဖော်ပြနေတယ်။

ဟော သာမန်ပုဂ္ဂိုလ်တွေကျတော့ ခြေဖနောင့်ကြီးက ကြီးချင်ကြီးနေတယ်။ ခြေဖနောင့်ကြီး မောက်ချင်မောက်နေတယ်။ ခြေဖျားက နိမ့်ချင်နိမ့်နေတယ်။ သို့မဟုတ် အလယ်ခေါင်က ခွက်ချင်ခွက်နေတယ်။ အမျိုးအစုံရှိတယ်။ ပြင်မညီဘူးပေါ့။ ဟော တိတိကျကျ ကုသိုလ်ကောင်းမှုကို စွဲစွဲမြဲမြဲ ပြုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကျတော့ ဒီခြေဖဝါးအပြင်ဟာ တညီတည်းထွက်လာခဲ့တယ်တဲ့။ ဒီလိုဆိုလိုတာ။ လူ့ဘဝမွေးလာလို့ လူသားတစ်ယောက်ဖြစ်လာတဲ့အခါမှာ ခြေဖဝါးကြည့်လိုက်တာနဲ့ သူ့ခြေဖဝါးဟာ ပြင်ညီနေတဲ့ခြေဖဝါး၊ အဲတော့ သာမန်ပုဂ္ဂိုလ်တွေမှာလည်း ဒီအမှတ်အသားဟာ မရှိနိုင်ဘူး မဟုတ်ဘူး ရှိနိုင်တယ်။ ၃၂-မျိုးလုံးသာ မပြည့်တာ။ တချို့ပုဂ္ဂိုလ်တွေကျတော့ တစ်မျိုး နှစ်မျိုး ဒါမျိုးရှိတတ်တယ်နော်။ ဘုရားအလောင်းမဟုတ်ဘူးဆိုရင်တောင်မှ ဘာဖြစ်လို့တုန်းဆိုရင် သူလုပ်ခဲ့တဲ့ပုံရိပ်တွေက လာထင်နေတယ်။ အဲတော့ ကိုယ်ကိုယ်ကိုယ်လည်း စမ်းသပ်ကြည့်ပေါ့။ ကိုယ့်ကိုယ်ကိုယ်စမ်းသပ်ကြည့်ပေါ့။ ဒီလိုထူးခြားတဲ့ပုဂ္ဂိုလ်မျိုးတွေဟာလည်းပဲ ဒီကနေ့ခေတ်မှာလည်း ရှိနိုင်တာပဲ။ ခြေဖဝါးပြင်ညီတဲ့ပုဂ္ဂိုလ်တွေ့လို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ အတိတ်ဘဝတုန်းက ကုသိုလ်ကောင်းမှုလုပ်တဲ့

စာမျက်နှာ-၂၂
အခါမှာ ခိုင်ခိုင်မာမာ နောက်မဆုတ်ဘဲနဲ့ စွဲစွဲမြဲမြဲပြုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်လို့ ဒီလိုသတ်မှတ်ရမယ်။ ဒါသူ့ရဲ့ ပါရမီပုံရိပ်က ခြေဖဝါးမှာလာပေါ်တာပေါ့။ ဒီလိုဆိုလိုတာနော်။

ဘုရားတို့ စကြဝတေးမင်းတို့ဖြစ်မယ့်ပုဂ္ဂိုလ်ကျတော့ သုံးဆယ့်နဲ့နှစ်မျိုးလုံးရှိရမယ်။ မလျော့ရဘူး။ ကျန်တဲ့ပုဂ္ဂိုလ်တွေကျတော့ တစ်ခုရတာရှိမယ်။ နှစ်ခုရတာရှိမယ်။ ပြည့်ပြည့်စုံစုံမရဘူးပေါ့။ ဘာဖြစ်လို့တုန်းဆိုတော့ ပါရမီတွေက ပြည့်ပြည့်စုံစုံဖြည့်တာမဟုတ်လို့တဲ့။

အကျိုးပေးပုံ အေး ကောင်းပြီ၊ ဒီနံပါတ်(၁)လက္ခဏာကိုရထားတဲ့အခါမှာ ဘယ်လိုအကျိုးကျေးဇူးတွေရှိသလဲ။ ဒီလက္ခဏာပိုင်ရှင်ဟာ ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရသလဲ။ ဒီလက္ခဏာပိုင်ရှင်ဟာ စကြဝတေးမင်းဖြစ်ပြီဆိုလို့ရှိရင် ဘယ်ရန်သူကမှ သူ့ကိုမတွန်းလှန်နိုင်ဘူး။ သူက ကြံ့ကြံ့ခံတယ်။ သူ့ရဲ့အာဏာပါဝါကို ဘယ်သူမှ ဖယ်ရှားပစ်ခြင်းငှာ မစွမ်းနိုင်ဘူးတဲ့။ ဒီလိုဆိုလိုတာပေါ့နော်။ ဒီအမှတ်တံဆိပ်ရှိလို့ရှိရင် ကိုယ်နဲ့ရန်သူတွေက ဘယ်တော့မှ ကိုယ့်ကိုလာပြီးမတွန်းလှန်နိုင်ဘူး။ မဖယ်ရှားနိုင်ဘူးတဲ့။

စာမျက်နှာ-၂၃
မြတ်စွာဘုရားဖြစ်လို့ရှိရင်လည်း မြတ်စွာဘုရားရဲ့ ဆန့်ကျင်ဘက် သမဏတွေပဲဖြစ်ဖြစ်၊ ဆန့်ကျင်ဘက်အယူဝါဒရှိတဲ့ ဗြာဟ္မဏတွေပဲဖြစ်ဖြစ်၊ မာရ်နတ်တို့လို နတ်ဆိုးတွေပဲဖြစ်ဖြစ်၊ ဒေဝဒတ်တို့လို လူသားထဲကရန်သူတွေပဲဖြစ်ဖြစ် မြတ်စွာဘုရားကို ဘုရားအဖြစ်ကနေ တွန်းဖယ်ပြီးတော့ မပစ်နိုင်ဘူးတဲ့။ ဒီလိုဆိုလိုတာ။

ဒါတင်လားဆိုတော့ မဟုတ်ဘူး။ အတွင်းရန် အပြင်ရန်ကို မြတ်စွာဘုရားကျတော့ ရာဂကလည်း မြတ်စွာဘုရားစိတ်ကို မတွန်းလှန်နိုင်ဘူး၊ ဒေါသကလည်း မြတ်စွာဘုရားစိတ်ကို လာရောက်ပြီးတော့ မတွန်းလှန်နိုင်ဘူး။ မောဟကလည်း မတွန်းဖယ်နိုင်ဘူး။ ကိလေသာတွေကလည်း မြတ်စွာဘုရားကို လာပြီးတော့ တုန်လှုပ်အောင် မလုပ်နိုင်ဘူးလို့ ဒီလိုဆိုလိုတာနော်။ အဲတော့ ဒီလက္ခဏာပိုင်ရှင်ဟာ ကြံ့ကြံ့ခံနိုင်တဲ့ စွမ်းရည်သတ္တိတွေကိုရတယ်။ လုပ်ထားတဲ့ကုသိုလ်နဲ့ရလာတဲ့အကျိုးဟာ အင်မတန်မှလိုက်လျောညီထွေရှိတယ်ပေါ့။

ခြေဖဝါးမှာထင်တာကတော့ အမှတ်တံဆိပ်ပဲ။ ရုပ်ပေါ်မှာလာပေါ်တဲ့ အမှတ်တံဆိပ်။ တကယ်ကတော့ ဒီအမှတ်တံဆိပ်သည် ပါရမီပုံရိပ်မျှသာဖြစ်တယ်ပေါ့။ အဲဒီ ပါရမီပုံရိပ်အမှတ်တံဆိပ်ပိုင်ရှင်ဟာ ရန်သူတွေကို ကြံ့ကြံ့ခံတွန်းလှန်နိုင်တဲ့စွမ်းအားတစ်ခုရထားလို့ သူ့ကို ဘယ်တော့မှ အနိုင်မယူနိုင်ဘူး။

စာမျက်နှာ-၂၄
အားလုံးဟာ သူနဲ့တွေ့လို့ရှိရင် အကုန်လုံးလန်သွားရတာချည်းပဲ။ သူ့ကိုတွန်းလှန်နိုင်တဲ့ပုဂ္ဂိုလ် တစ်ယောက်မှမရှိဘူးလို့။ ဒီလိုကြံ့ခိုင်တဲ့အနေအထားတစ်ခုကိုရတယ်။ ဒီလိုဆိုလိုတာနော်။ မြတ်စွာဘုရားက ဒီအကြောင်းတရားနဲ့ ရရှိလာတဲ့အကျိုးတရားကို မြတ်စွာဘုရားက ဆက်စပ်ပြီးဟောထားတာ။ ဒါက နံပါတ်တစ်၊ ခြေဖဝါးမှာ ခြေဖဝါးအပြင်ညီညာခြင်း၊ ညီညာတဲ့ခြေဖဝါးအပြင်ရှိခြင်းဆိုတဲ့ ဒီအမှတ်အသားလက္ခဏာတစ်ခုရဲ့အကြောင်းပဲဖြစ်တယ်။

(၂) ခြေဖဝါးမှာ စက်လက္ခဏာ

နောက်တစ်ခုက ဘာတုန်းဆိုရင် ခြေဖဝါးက ပြင်ညီရုံတင်မဟုတ်ဘူး။ ခြေဖဝါးမှာ စက်လက္ခဏာတွေပါတယ်ပေါ့။ စက်ဝန်းတွေပါလာတယ်။ တစ်ရာ့ရှစ်ကွက် စက်လက္ခဏာဆိုတာ မြန်မာလူမျိုးတွေ ခြေတော်ရာကိုကြည့်လို့ရှိရင် သိလိမ့်မယ်ပေါ့နော်။ အဲဒီခြေတော်ရာကိုကြည့်ပြီးတော့ ဘုရားအလောင်းလေးရဲ့ခြေရာမှာလည်းပဲ ဒီစက်လက္ခဏာတွေ ခြေဖဝါးမှာတွေ့ရတယ်။ အဲတော့ အားလုံး ပါဒစေတီတော်ကို ဖူးဖူးကြတဲ့ပုဂ္ဂိုလ်၊ မြတ်စွာဘုရားရဲ့ပုံတွေကို ဖူးဖူးကြတဲ့ပုဂ္ဂိုလ်တွေဟာ ဒီအကြောင်းတရားတွေကိုတွေ့ရှိနိုင်တယ်ပေါ့။ သာမန်ခြေဖဝါးမှာ ဒါမျိုးတွေပါတာမဟုတ်ဘူး။ မြတ်စွာဘုရားဖြစ်မယ့်

စာမျက်နှာ-၂၅
ပုဂ္ဂိုလ်၊ စကြဝတေးမင်းဖြစ်မယ့်ပုဂ္ဂိုလ် ဒီပုဂ္ဂိုလ်နှစ်ဦးမှာတော့ ပါဒတလစက္က = ခြေဖဝါးအပြင်မှာ စက်ဝိုင်းအမှတ်တံဆိပ်ကြီးတွေ ပေါ်ပြီးတော့နေတယ်တဲ့။ ဒါက အင်မတန်မှထူးခြားတဲ့ အမှတ်အသားတစ်ခုပဲ။ ဒါလည်း ပါရမီပုံရိပ်အမှတ်တံဆိပ်တစ်ခုပဲပေါ့။

အဲဒီစက်လက္ခဏာတွေနဲ့ပတ်သက်ပြီးတော့ ဘုန်းကြီးတို့တတွေလည်း မှတ်သားစရာ အင်မတန်မှကောင်းတယ်။ ငယ်ငယ်တုန်းက ဒီလင်္ကာလေးကို အစလေးတော့ရတယ်။ အခုတော့ မရတော့ဘူး။ အားလုံးကျက်မှတ်ချင်တဲ့ပုဂ္ဂိုလ်တွေ မင်းကွန်းဆရာတော်ဘုရားကြီးရေးတဲ့ မဟာဗုဒ္ဓဝင်ထဲမှာ မန္တလေးမြို့က တောင်ခွင်သာသနာပိုင်ကြီးရေးတဲ့ ကျမ်းထဲက ထုတ်နှုတ်ပြီးတော့ ခြေတော်ရာဘုရားရှိခိုးတစ်ပုဒ်ကို ထည့်ထားတာရှိတယ်။ အဲဒါအရကျက်ထားမယ်ဆိုလို့ရှိရင် ဒီစက်လက္ခဏာတွေရဲ့အကြောင်းကို သိရှိနိုင်တယ်ပေါ့နော်။ မဟာဗုဒ္ဓဝင်ကနေပြီးတော့ ယူပြီးတော့ မှတ်သားကြဖို့ပေါ့။ မဟာဗုဒ္ဓဝင်မှာ ဒီစက်လက္ခဏာတွေရဲ့အကြောင်းကို ရေးထားတယ်။ ဒီလင်္ကာကြီးကလည်းပဲ အင်မတန်မှကောင်းတယ်။ ဘုန်းကြီးတို့က ငယ်ငယ်တုန်းကတော့ ကျီးသဲလေးထပ်ဆရာတော်ကြီးရေးတယ်လို့ ဒီလိုစိတ်ထဲမှာ မှတ်သားမိတယ်။ အခု မဟာဗုဒ္ဓဝင်ထဲမှာတွေ့တော့ တောင်ခွင်ဆရာတော်ကြီးရဲ့ ဂုဏလဒ္ဓဒီပနီ

စာမျက်နှာ-၂၆
ကျမ်းကနေပြီးတော့ ယူပြီးတော့ ဖော်ပြတယ်လို့ဆိုတော့ ဒါ တောင်ခွင်ဆရာတော်ကြီးရေးတယ်လို့ ဒီလိုမှတ်ရမှာပေါ့နော်။

“အတိုင်းမသိ ကျေးဇူးရှိသား မုနိသကျ ဂေါတမ၏ ပါဒမျက်ကျော် ဖဝါးတော်ရှိ ထွန်းပေါ်ကျစ်လျစ် တစ်ရာ့ရှစ်ကို စိစစ်လျင်တွေ အကျဉ်းရေပိမ့်။ ရေတွက်ပြီးပြမယ် ဆိုပြီးတော့ အားလုံး တစ်ရာနဲ့ရှစ်ခုလုံးစေ့အောင် ရေတွက်ထားတာနော်။ အဲဒီကဗျာလင်္ကာလေးကို ရအောင်ကျက်ပြီး ခြေတော်ရာနဲ့ သွားပြီးတိုက်ဆိုင်ပြီး ကြည်ညိုနိုင်ကြတယ်ပေါ့။

စက္ကလက္ခဏာ = ခြေဖဝါးအပြင်မှာ ပါဒတလစက္က လက္ခဏာ သို့မဟုတ် ပါဒတလစက္က၊ ဒါ ခြေဖဝါးအပြင်မှာ စက်လက္ခဏာတွေ ပေါ်နေတယ်တဲ့။ တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတွေ ပေါ်နေတယ်။ အဲဒီတစ်ရာ့ရှစ်ကွက် စက်လက္ခဏာဆိုတာ ဒီမြန်မာလိုသာ အပြည့်အစုံရေးထားတာ။ ဒီပါဠိတော်မှာ အပြည့်အစုံဖော်ပြထားတာ မရှိဘူး။ မရှိတော့ ဘယ်ကနေယူထားတာတုန်းဆိုတော့ အပဒါန်ပါဠိတော်မှာ မိထွေးတော်ဂေါတမီက ဘုရားရဲ့ခြေတော်ကိုရှိခိုးတဲ့အခါမှာ တစ်ခုနှစ်ခုဖော်ပြထားတာရှိတယ်။ ဘုရားရဲ့ခြေမှာ ဘယ်လိုအမှတ်အသားတွေရှိတယ်ဆိုတာ အဲဒီခြေတော်အစုံကို ရှိခိုးပါတယ်လို့ မိထွေးတော်ကြီးရှိခိုးတဲ့အထဲမှာလည်း တချို့တစ်ဝက်တော့ပါတယ်ပေါ့။ အဲတော့ အပြည့်အစုံဖော်ပြ

စာမျက်နှာ-၂၇
ထားတာကတော့ မဇ္ဈိမပဏ္ဏာသ ဗြဟ္မာယုသုတ်ကိုဖွင့်တဲ့ အဋ္ဌကထာမှာတော့ တော်တော်များများ ထည့်သွင်းပြီးတော့ ဖော်ပြထားတာရှိတယ်။

အဲတော့ မြန်မာပြည်မှာတော့ အခုလို ဆရာတော်ကြီးတွေ ရေးထားတဲ့ကဗျာထဲမှာတော့ တစ်ရာ့ရှစ်ကို ပြည့်ပြည့်စုံစုံ ရေတွက်ပြီးတော့ ဖော်ပြထားတာရှိတယ်ပေါ့။ တစ်ရာ့ရှစ်ကို ဘယ်လိုရေတွက်ရမယ်ဆိုတာ ရေတွက်ဖော်ပြထားတယ်။ အဲဒီမှာ ပါဒတလစက္က = ခြေဖဝါးအပြင်မှာ ဒီလိုစက်လက္ခဏာတွေပေါ်နေတာဟာ အင်မတန်မှထူးခြားတဲ့ အမှတ်အသားတစ်ခုပဲ။

ဒီလိုစက်လက္ခဏာပေါ်တဲ့ ခြေဖဝါးပိုင်ရှင်ဟာ စကြဝတေးမင်းလျှင်လည်းဖြစ်မယ်၊ ဘုရားလျှင်လည်းဖြစ်ရမယ်။ အဲဒီနှစ်ဦးမှာသာ ရှိနိုင်တယ်တဲ့။ အဲဒီနှစ်ဦးကလည်း ဒီစက်လက္ခဏာတွေတွေ့ရတဲ့ပုဂ္ဂိုလ်ဟာ၊ စက်လက္ခဏာတွေရှိတဲ့ ခြေဖဝါးပိုင်ရှင်ဟာ စကြဝတေးမင်းဖြစ်မယ်။ ဘုရားဖြစ်မယ်။ ဒီနှစ်ခုပဲရှိနိုင်တယ်တဲ့။ ဒီနှစ်ဦးပဲရှိနိုင်တယ်။

အဲဒီမှာ စက်လက္ခဏာတွေနဲ့ပတ်သက်ပြီးတော့ ပါဠိတော်မှာ ဘယ်လိုဆိုတုန်းဆိုတော့ “ဟောပါဒတလေသု စက္ကာနိ ဇာတာနီ”တဲ့။ ခြေဖဝါးအပြင်မှာနော်။ ခြေဖဝါးမှာ စက်ဝိုင်းတွေ ပေါ်ထွန်းပြီးတော့နေတယ်တဲ့။ စက်ဘီးပုံစံ၊ စက္ကဆိုတာ ဒီနေရာမှာ လှည်းဘီးကြီးရဲ့ပုံစံ ပေါ်နေတယ်။ အဲဒီမှာ

စာမျက်နှာ-၂၈
သဟဿာရာနို = အကန့်ပေါင်းက တစ်ထောင်ရှိတယ်။ ဘီးမှာ အကန့်တွေ အကန့်တွေပေါ့နော်။ ပုံစံမျိုးတစ်ထောင်ရှိတယ်။ ပုံတောင်းဆိုတာ ရှိတယ်နော်။ အကွပ်တကူဆိုတာ ရှိတယ်။ ဆိုလိုတာကတော့ လှည်းဘီးရဲ့သဏ္ဌာန် အကုန်လုံးပေါ်နေတယ်လို့ပြောတာ။ ပြည့်ပြည့်စုံစုံ လှည်းဘီးရဲ့သဏ္ဌာန် ပေါ်ပြီးတော့ စက်ဝိုင်းပုံသဏ္ဌာန်၊ မြတ်စွာဘုရားက ဒီထူးခြားတဲ့ မဟာပုရိသတွေရဲ့ ခြေဖဝါးမှာ ပေါ်ထင်နေတယ်တဲ့။

ပါရမီကုသိုလ် အဲဒီလို ပါရမီပုံရိပ်အမှတ်တံဆိပ်က ဘာကြောင့်ရတာတုန်း၊ ဘယ်ကုသိုလ်ကြောင့်ရတာတုန်းဆိုတော့ ဗဟုဇနဿ သုခါဝဟာ = လူ့ဘဝရလာတဲ့အချိန်မှာ အများချမ်းသာဖို့အတွက် ဆောင်ရွက်ခဲ့တဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်။ အများအတွက် ချမ်းသာသုခရအောင် ဆောင်ရွက်ပေးခဲ့တဲ့ပုဂ္ဂိုလ်။ ဒါတင်မကဘူး အများထိတ်လန့်တုန်လှုပ်နေတဲ့၊ ကြောက်ရွံ့တဲ့ဘေးတွေကိုလည်းပဲ အကာအကွယ်ပေးခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို ဘုရားအလောင်းတွေဟာ လုပ်ခဲ့တယ်။ အများတွေ ထိတ်လန့်ကြောက်ရွံ့နေတဲ့ ဘေးရန်တွေကနေပြီးတော့ အကာအကွယ်ပေးတယ်တဲ့။ နောက် ဓမ္မိကဥရက္ခာဝရဏဂုတ္တိ သံဝိဓာတာ = တကယ့်ကို တရားဥပဒေနဲ့အညီ ကာကွယ်မှု

စာမျက်နှာ-၂၉
စောင့်ရှောက်မှု လုံခြုံမှုတွေကို ပေးခဲ့တယ်။ အဲဒီလိုပေးခဲ့တဲ့ကုသိုလ်တွေကြောင့်မို့လို့ ခြေဖဝါးမှာ စက်လက္ခဏာပေါ်တာလို့ ဒီလိုဆိုလိုတာ။ နောက်တစ်ခုက ဘာတုန်းဆိုရင် ဒါနကောင်းမှုလုပ်တဲ့အခါမှာ သူက သပရိဝါရဒါန = အမြဲတမ်းအခြံအရံနဲ့ပဲလှူတယ်။ တစ်ခုမှအခြံအရံမပါဘဲ မလှူဘူး။ အခြံအရံနဲ့လှူတယ်လို့ဆိုတာ ဘယ်လိုဟာကိုပြောတာတုန်းဆိုတော့ ဥပမာမယ် ယာဂုဆွမ်းလောင်းတယ်ဆိုလို့ရှိရင် ယာဂုနဲ့တွဲဖက်ပြီးတော့ စားလို့ရတဲ့ အစာအာဟာရ ထည့်လှူတယ်။ တစ်ခုတည်းမလှူဘူး။ အခြံအရံနှင့်တကွ လှူတယ်လို့ပြောတယ်။ သပရိဝါရဒါန ရှေးတုန်းကတော့ သင်္ကန်းလှူတယ်လို့ဆိုရင် သင်္ကန်းပိတ်စပ်လှူတာကိုး။ လှူတော့ ဘာထည့်လှူတုန်းဆို အပ်တို့၊ အပ်ချည်တို့ ဒီလိုထည့်လှူတယ်ပေါ့။ ခုခေတ်ကတော့ (Ready made) ချုပ်ပြီးသားဆိုတော့ ဒီလိုမဖြစ်တော့ဘူးပေါ့နော်။ အဲတော့ ဘာပဲလှူလှူ လုံလောက်အောင်၊ ပြည့်စုံအောင်လှူတဲ့သဘောမျိုးပေါ့။ တစ်ခုတည်းမဟုတ်ဘူး။ ဥပမာ ဆေးလှူမယ်ဆိုရင် ဆေးသောက်စရာခွက်ပါ ထည့်လှူမယ်တို့ ဒီလိုအပြည့်အစုံ၊ ဒီလိုဆိုလိုတာနော်။ သပရိဝါရဒါန လုပ်ပြီဆိုလို့ရှိရင် ဒီဟာအတွက် လိုအပ်ချက် ကော်ဖီလှူရင် ကော်ဖီပန်းကန်ပါ လှူတဲ့သဘောနေမှာပေါ့နော်။ ဒီလိုအကုန်ပြည့်ပြည့်စုံစုံ လိုလေသေးမရှိအောင် တစ်ခုဆိုရင် ဆက်ကာအကုန်လုံး

စာမျက်နှာ-၃၀
လှူတာကို သပရိဝါရဒါနလို့ ဒီလိုခေါ်တယ်ပေါ့။ အဲဒီလို ပြည့်ပြည့်စုံစုံ အများချမ်းသာအောင် လုပ်ခဲ့တယ်။ အခြံအရံနှင့်တကွ ဒါနကောင်းမှုတွေကို ပြုခဲ့တယ်။ အဲဒီလို ပြုခဲ့သည့်အတွက်ကြောင့် ဒီ ဒါနပါရမီပုံရိပ် အမှတ်တံဆိပ်ကို ရတာပါတဲ့။

အကျိုးပေးပုံ - ကဲ အဲဒီတော့ ဒီ ပါရမီပုံရိပ် အမှတ်တံဆိပ်ရတဲ့ပုဂ္ဂိုလ်ဟာ ဘုရားပဲဖြစ်ဖြစ်၊ စကြာမင်းဖြစ်ဖြစ် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိတုန်း။ စကြာမင်းဆိုရင် စကြာမင်းနဲ့ ပတ်သက်တဲ့ အခြံအရံတွေပေါ့။ ဘုရားဆိုရင် ဘုရားနဲ့ပတ်သက်တဲ့ အခြံအရံတွေပေါ့။ မဟာပရိဝါရတဲ့၊ အသိုင်းအဝိုင်း အခြံအရံ တပည့် နောက်လိုက် နောက်ပါ ပရိသတ်များတယ်လို့ပြောတာ။ ဒါက အကျိုးကျေးဇူး။ ဘာလို့တုန်းဆိုတော့ လှူကတည်းက သူက အခြံအရံနဲ့လှူတာလေ။ တစ်ခုတည်းလှူတာ မဟုတ်ဘူး။ တုံးတိတိ မလှူဘူး။ ဘာလှူလှူ၊ အခြံအရံလေးနဲ့ အသိုင်းအဝိုင်းလေးနဲ့ တွဲဖက်ပြီးတော့ လှူလေ့ရှိတယ်တဲ့။ အဲဒီ ကုသိုလ်ကောင်းမှုရဲ့ အကျိုးကြောင့် မဟာပရိဝါရ- များသောအခြံအရံရှိတဲ့ပုဂ္ဂိုလ်၊ ခြွေရံသင်းပင်း များမြတ်တဲ့ အကျိုးတရားကို ရပါတယ်လို့ ဒီလိုဟောတာ။ ဒါက ဒုတိယပါရမီပုံရိပ် အမှတ်တံဆိပ်။ ခြေဖဝါးမှာ ချည်းပဲ အကုန်လုံး လာထင်တာတွေပေါ့။

စာမျက်နှာ-၃၁
(၃) ခြေဖနောင့်ရှည်သွယ် - နောက်တစ်ခုက ခြေထောက်နဲ့ပတ်သက်ပြီး မပြီးသေးဘူး။ နောက်တစ်ခုက ဘာတုန်းဆိုရင် အာယတပဏီတဲ့။ ခြေဖနောင့်ရှည်တယ်။ ဖနောင့်တိုလေး မဟုတ်ဘူး။ ဖနောင့်ရှည်ရှည်မျောမျော ဖနောင့်ရှည်တယ်တဲ့။ အဲတော့ အာယတပဏီဆိုတာ ခြေဖနောင့်ရှည်ခြင်းဆိုတဲ့ ခြေထောက်ဟာ သူက လှတာကိုး။ ဖနောင့်ကြီးက ဘုတိုကြီး မဖြစ်ဘူးပေါ့။ ဖနောင့်က ဖနောင့်နဲ့ ဒီခြေဖျားနဲ့ လိုက်လျောညီထွေလှပအောင် တန်ဆာဆင်ထားတဲ့ သဘောမျိုး ခြေဖနောင့်ရှည်တယ်တဲ့။ ဒါက အင်္ဂါရပ်တစ်ခု။

(၄) လက်တံခြေတံရှည်သွယ် - နောက်တစ်ခုက လက်ချောင်း ခြေချောင်း ရှည်တယ်တဲ့။ ဘုတိုကြီး မနေဘူးတဲ့။ လက်ချောင်း ခြေချောင်းက ဘုတိုကြီး မနေဘူး။ ရှည်ရှည်သွယ်သွယ်လေးရှိတယ်။

(၅) ဖြောင့်မတ်သည့်ကိုယ်အနေအထား - နောက် ခန္ဓာကိုယ်ကလည်း ဗြဟ္မာမင်းတွေရဲ့ ခန္ဓာကိုယ်လိုပဲတဲ့။ ဖြောင့်ဖြောင့်မတ်မတ်နော်။ ဆန့်ဆန့်ရန့်ရန့်ရှိတယ်။ ကုန်းနေတာ မရှိဘူး။ ကိုင်းနေတာ မရှိဘူး။ ခန္ဓာကိုယ်က

စာမျက်နှာ-၃၂
မတ်မတ်ရပ်ရပ် ရှိတယ်တဲ့။ ဟော ဒီပုံရိပ် ၃-မျိုးက တစ်ခုတည်း ပြထားတာ ဖနောင့်ရှည်ခြင်းနော်။ လက်ချောင်း ခြေချောင်း ရှည်ခြင်း၊ အရပ်အမောင်းဟာ ဖြောင့်မတ်ခြင်း၊ ဗြဟ္မာရဲ့ ခန္ဓာကိုယ်လို ဖြောင့်မတ်ခြင်းလို့ဆိုတဲ့ ဒီခန္ဓာကိုယ်ရရှိခြင်းလို့ဆိုတဲ့ ဒီအမှတ်အသား အင်္ဂါ ၃-မျိုးကို ရရှိတယ်။

အဲဒီလို အင်္ဂါ ၃-မျိုးရရှိနိုင်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်ပုဂ္ဂိုလ်မျိုးလဲလို့ဆိုရင် စကြာမင်းဖြစ်မယ့် ပုဂ္ဂိုလ်နဲ့ ဘုရားဖြစ်မယ့် ပုဂ္ဂိုလ်။ အဲတော့ ဒီအင်္ဂါရပ်တွေနဲ့တွေ့ပြီလို့ဆိုလို့ရှိရင်လည်းပဲ ဒီပုဂ္ဂိုလ်ရဲ့ အလားအလာဟာ စကြာမင်းသော်လည်း ဖြစ်လိမ့်မယ်။ ဘုရားသော်လည်း ဖြစ်လိမ့်မယ်ဆိုတဲ့ ဒီအကျိုးနှစ်မျိုးပဲ၊ ဒီအလားအလာနှစ်ခုပဲ ရှိတယ်လို့ ဒီလိုပြောတာ။ ကဲ ဒါဖြင့် ဘာဖြစ်လို့ ဒီလိုအမှတ်အသားတွေ၊ ဒီခြေဖနောင့် ရှည်တယ်ဆိုတဲ့ ဒီအမှတ်အသားက ဘာဖြစ်လို့ လာပေါ်ရသလဲ။ လက်ချောင်း ခြေချောင်းလေးတွေက ရှည်ပြီးတော့ သွယ်တယ်။ ဘုတိုကြီးတွေ မနေဘူးဆိုတဲ့ ဒီအမှတ်အသား ဘာဖြစ်လို့ ရလာတာလဲ။ နောက် ခန္ဓာကိုယ် ဖြောင့်ဖြောင့်မတ်မတ်ဆိုတဲ့ အကျိုးတရား။ ဒီအင်္ဂါ အမှတ်အသား ဘာဖြစ်လို့ပေါ်လာသလဲလို့ ဆိုလို့ရှိရင်တဲ့ လူ့ဘဝ လူဖြစ်တဲ့ အချိန်အခါကာလက

စာမျက်နှာ-၃၃
ဒါ များသောအားဖြင့် ပါရမီဖြည့်တယ်ဆိုရင် လူ့ဘဝမှာ ဖြည့်တာများလို့ ယေဘုယျစကားပေါ့။ လူ့ဘဝမှာ လူဖြစ်လာတဲ့ အချိန်တုန်းကတဲ့ သူဟာ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့တယ်။ ပါဏာတိပါတက လုံးဝရှောင်ကြဉ်ခဲ့တဲ့ ပုဂ္ဂိုလ်တဲ့။ လုံးဝရှောင်ကြဉ်ခဲ့ပြီးတော့ တုတ် ဓား လက်နက်က စပြီးတော့ သူ့ဆီမှာ မရှိဘူး၊ သတ္တဝါတွေအားလုံးအပေါ်မှာ သနားတယ်။ ဒီ ပါဏာတိပါတအမှုကို ရှက်တယ်။ ကရုဏာတရားထားတယ်။ သတ္တဝါတွေ အားလုံးအပေါ်မှာ မေတ္တာထားတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ နေထိုင်ခဲ့တဲ့ပုဂ္ဂိုလ်ဟာတဲ့ ခြေဖနောင့်ရှည်တယ်။ လက်ကလေးတွေက ရှည်ရှည်သွယ်သွယ်လေး ဖြစ်တယ်တဲ့။ ခန္ဓာကိုယ် အရပ်အမောင်းက ကုန်းတာမရှိဘူး။ ကိုင်းပြီးတော့ မနေဘူး၊ ဖြောင့်ဖြောင့်မတ်မတ်ကြီးရှိတယ်ဆိုတာ ဒီ ပါရမီပုံရိပ် ဒီကုသိုလ်ရဲ့ အကျိုးကျေးဇူးပါပဲလို့ ဒီလိုပြောတာ။

အဲဒီနေရာမှာ အဋ္ဌကထာဆရာက ဖွင့်ပြတယ်။ ဘာဖြစ်လို့ ဒီလိုပုံရိပ်တွေကို ရတာတုန်းလို့ဆိုတော့ လူတွေက တစ်ယောက်ကို ချောင်းမြောင်းပြီးတော့လုပ်ကြံတယ်၊ သတ်ဖြတ်တယ်ဆိုတဲ့အခါမှာ တိရစ္ဆာန်ကိုပဲ ချောင်းမြောင်းသတ်ဖြတ်တယ်ဆိုပါစို့၊ သတ်တယ် ဖြတ်တယ်ဆိုတာ တစ်ဖက်သားအလစ်ကို ဝင်သတ်တာ များတယ်လေ။ အဲ အခုခေတ် သတ်ပုံသတ်နည်းကတော့ ချောင်းမြောင်းပြီးတော့ သေနတ်နဲ့ပစ်တာလည်း ရှိမှာ

စာမျက်နှာ-၃၄
ပေါ့နော်။ ရှေးခေတ်တုန်းကတော့ တုတ်နဲ့ရိုက်မယ်၊ ဓားနဲ့ခုတ်မယ်၊ ချောင်းမြောင်းပြီးတော့ လုပ်တာ။ အဲလို ချောင်းသွားတဲ့ ပုဂ္ဂိုလ်တွေ စဉ်းစားကြည့်ပေါ့။ ဘယ်လိုသွားလေ့ရှိတုန်းဆိုတော့ ခြေဖျားလေးထောက်ပြီးတော့ အသံမကြားအောင် အနားသွားတယ်မို့လား။ ခြေဖျားလေးထောက်သွားတာ။ အဲဒီလို ခြေဖျားလေးထောက်ပြီးတော့ သူများကိုသတ်ခဲ့တဲ့ ပုဂ္ဂိုလ်မျိုးတဲ့၊ အဲဒီ အကုသိုလ်တွေ လုပ်ခဲ့တယ်တဲ့။

နောက်ပြီးတော့ သူဟာ အရပ်အမောင်းတွေ ပုကွသွားတာဟာ တစ်ခြားမဟုတ်ဘူးတဲ့။ သူ့ကို မမြင်အောင်လို့ သူ့အရပ်လေးကို ကုန်းကုန်းလေးလုပ်သွားပြီးတော့ ချောင်းမြောင်းပြီးတော့ လုပ်တာတဲ့။ ဒါလည်း ဟုတ်တာပဲနော်။ ဘေးလူတွေ မမြင်အောင် သူက ကုန်းကုန်းကွကွလေးနဲ့ လူကိုမြှုပ်ပြီးတော့ သွားတာကိုး။ အဲဒီလို လုပ်ပြီးတော့ အကုသိုလ်အမှုကို ပြုတာတဲ့။ ဒါကြောင့်မို့လို့ ကုန်းကုန်းကိုင်းကိုင်းကြီး ဖြစ်နေတာတဲ့။ ဖြောင့်ဖြောင့်မတ်မတ် မဖြစ်ဘူးတဲ့။

လက်ချောင်းခြေချောင်းတွေက ဘာလို့မရှည်တာတုန်းလို့ဆိုတော့ ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ သူက ဒီမကောင်းတဲ့ ဒုစရိုက်တွေကို လုပ်တဲ့အခါမှာ ဒီလက်ကို အသုံးချပြီး သူများကို ပါဏာတိပါတအမှုကို ပြုတာဖြစ်သောကြောင့် လက်မှာ ပုကွကွလုပ်ထားတာတဲ့။ ဒီလိုဆိုတယ်နော်။ ဒါကတော့

စာမျက်နှာ-၃၅
သင့်လျော်တဲ့ အဓိပ္ပာယ်တစ်ခုကို ဖွင့်ပြတာပဲ ဖြစ်တယ်ပေါ့။ ဆိုလိုတာကတော့ ပါဏာတိပါတအမှုကနေ လုံးဝရှောင်ကြဉ်ပြီးတော့ တကယ့်ကို စင်စင်ကြယ်ကြယ်နေတဲ့ ပုဂ္ဂိုလ်မျိုးတွေဟာ တစ်ဘဝတင်မဟုတ်ဘူး။ အလေ့အထ ဘယ်တော့မှ ပါဏာတိပါတအမှုဆိုတာကို မလုပ်ဘူး။ ပါဏာတိပါတက ရှောင်ကြဉ်ခြင်းဆိုတဲ့ ပါရမီကုသိုလ်ကို စွဲစွဲမြဲမြဲ ဖြည့်ကျင့်လာခဲ့တဲ့ပုဂ္ဂိုလ်တွေဟာ ဟောဒီ ဖနောင့်ရှည်ခြင်း၊ လက်ချောင်း ခြေချောင်း ရှည်သွယ်ခြင်း၊ ခန္ဓာကိုယ် အရပ်အမောင်း ဖြောင့်ဖြောင့်မတ်မတ်ဖြစ်တယ်ဆိုတဲ့ ဒီအကျိုးကျေးဇူး အမှတ်အသား ပါရမီပုံရိပ် အမှတ်တံဆိပ်တွေကို ရရှိနိုင်ပါတယ်တဲ့။

အဲတော့ စဉ်းစားကြည့်ရမှာက ဟို ပုကွကွ မိဘရဲ့ဝမ်းထဲ ရောက်သွားတာလည်းပဲ ဒီလို ပါဏာတိပါတ လုပ်ခဲ့လို့ပဲ ပုကွကွကြီး ဖြစ်တာလား မသိဘူးနော်။ ဒီလိုဖြစ်နိုင်သေးတယ်။ မိဘနဲ့လည်း ပတ်သက်ပြီးတော့ ဖြစ်တာလည်းရှိတယ်ပေါ့နော်။ သို့သော်လည်းပဲ အဲဒီ ပုကွကွမိဘရဲ့ ဝမ်းထဲရောက်တာကိုက အသွင်တူလို့ အိမ်သူသွားဖြစ်တာလည်း ဖြစ်နိုင်တာပေါ့။ ဟိုကလည်း ဒါမျိုးလုပ်လာခဲ့တယ်။ ကိုယ်ကလည်း ဒါမျိုးလုပ်လာတယ်ဆိုတော့ သွားပြီးတော့ တူတဲ့သဘောပေါ့နော်။ အေး၊ ကောင်းပြီ၊ အခုလို ပါရမီကုသိုလ်တွေ ဖြည့်ကျင့်မှုဟာ လူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထူးခြားတဲ့ အခုလို အမှတ်အသား လက္ခဏာ

စာမျက်နှာ-၃၆
တွေ ပေါ်လွင် ထင်ရှားလာတတ်တယ်ဆိုတာကို မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က ဒီလက္ခဏသုတ္တန်မှာ ဟောခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့၊ ဒီကနေ့ မဟာပုရိသလက္ခဏာ သုံးဆယ့်နဲ့နှစ်မျိုးထဲက ငါးမျိုးကို မှတ်သားကြရပြီး ဘာကြောင့်ရတယ်ဆိုတာနှင့်တကွ အကျိုးကျေးဇူးတွေကိုပါ မှတ်သားရတယ်။ အဲတော့ ဒီမှာ...

နံပါတ်တစ်က သုပ္ပတိဋ္ဌိတပါဒ နော်။ သုပ္ပတိဋ္ဌိတပါဒ-ခြေဖဝါးအပြင်ညီခြင်းဆိုတဲ့ အမှတ်အသား လက္ခဏာတစ်ခု။

နံပါတ်နှစ်က ပါဒတလစက္က- ခြေဖဝါးအပြင်မှာ စက်လက္ခဏာတွေ ပေါ်လွင်ခြင်းဆိုတဲ့ အမှတ်အသားတစ်ခု။

နံပါတ်သုံးက အာယတပ-ခြေဖနောင့်ရှည်တယ်ဆိုတဲ့ အမှတ်အသားတစ်ခု။

နံပါတ်လေးက ဒီဃင်္ဂလိ- လက်ချောင်း ခြေချောင်းလေးတွေ ရှည်သွယ်တယ်ဆိုတဲ့ အမှတ်အသားတစ်ခု။

နံပါတ်ငါးက ဗြဟ္မဇုဂတ္တတာ-ဗြဟ္မာမင်းရဲ့ ခန္ဓာကိုယ်လို ဖြောင့်ဖြောင့်မတ်မတ်ရှိတယ်ဆိုတဲ့ ဒီအမှတ်အသားတစ်ခုတဲ့။

စာမျက်နှာ-၃၇
အကျိုးပေးပုံ - အဲဒီ ဖနောင့်ရှည်ခြင်း၊ လက်ချောင်းရှည်ခြင်း၊ ခန္ဓာကိုယ် ဖြောင့်မတ်ခြင်းလို့ဆိုတဲ့ ဒီအမှတ်အသား လက္ခဏာတွေဟာ ဘာရဲ့ သင်္ကေတလဲ၊ ဘယ်လိုအကျိုးကျေးဇူးတွေ ရသလဲလို့ဆိုတော့ ဒါက အင်မတန်မှ ထင်ရှားတယ်။ သူများ အသက်မသတ်လို့ရှိရင် ကိုယ် အသက်ရှည်တာပေါ့။ သဘောကတော့ အဲဒါပဲနော်။ အဲတော့ ဒီခြေဖနောင့်ရှည်တယ်၊ လက်ချောင်းလေးတွေ ရှည်တယ်။ အခုခေတ် ဗေဒင်ဆရာတွေကလည်း ဟော လက်ချောင်းလေးရှည်ရင် အသက်ရှည်တယ်၊ အသက်ရှည်လိမ့်မယ်နဲ့ ပြောကြတယ်မဟုတ်လား၊ အေး ခြေဖနောင့်ရှည်တယ်၊ လက်ချောင်းလေးတွေ ရှည်တယ်။ ခန္ဓာကိုယ်က ဖြောင့်ဖြောင့်မတ်မတ်ရှိတယ် ဆိုလို့ရှိရင် ဘာဖြစ်လဲဆိုရင် အသက်ရှည်တယ်တဲ့နော်။ သူများထက် ပိုပြီးတော့ အသက်ရှည်တယ်။ နောက် သူ့ကိုသေအောင် တစ်စုံတစ်ယောက်က လုပ်ကြံသတ်ဖြတ်ဖို့ရာ မဖြစ်နိုင်ဘူးတဲ့။ ဘယ်သူကမှ သူ့ကိုသေအောင် မသတ်နိုင်ဘူး။ သူများလက်နဲ့ မသေဘူးလို့ ဆိုလိုတယ်ပေါ့။ မြတ်စွာဘုရားတွေကျတော့လည်း သူများလက်နက်နဲ့ မသေကြဘူးလေ။ ဒါကြောင့်မို့ ဒေဝဒတ်က မြတ်စွာဘုရားကို လုပ်ကြံသတ်ဖြတ်တဲ့အခါမှာ မြတ်စွာဘုရားက ဟောထားတာရှိတယ်။

စာမျက်နှာ-၃၈
“အဌာနမေတံ ဘိက္ခဝေ အနဝကာသော၊ ယံ ပရူပက္ကမေနေ တထာဂတံ ဇီဝိတာ ဝေါရောပေယျ။ အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ”တဲ့။

သူတစ်ပါးလုံ့လနဲ့ မြတ်စွာဘုရားရဲ့ အသက်ကိုသေအောင် လုပ်နိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူးတဲ့။ ဘုရားဆိုတာ သူတစ်ပါးရဲ့ လုံ့လမပါဘဲ၊ သူတစ်ပါးလက်ချက်နဲ့ အသက်ထွက်တာမျိုး မဟုတ်ဘဲနဲ့ သဘာဝအတိုင်းသာလျှင် ပရိနိဗ္ဗာန်ပြုတော်မူကြတာဖြစ်တယ်နော်။

ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ - မြတ်စွာဘုရားရဲ့ အသက်ကို ဘယ်သူကမှ အန္တရာယ်မပြုနိုင်ဘူး။

ဘာဖြစ်လို့ အန္တရာယ် မပြုနိုင်တာတုန်း အကြောင်းမဲ့လား။ ဘုရားက တန်ခိုးကြီးလို့လား မဟုတ်ဘူးနော်။ တန်ခိုးကြီးလို့ မဟုတ်ဘူး။ အဓိပ္ပာယ်က ဘာတုန်းဆိုရင် ပါဏာတိပါတက ရှောင်ခဲ့တဲ့ကုသိုလ်။ ဒီပါရမီကုသိုလ်ရဲ့ အမှတ်တံဆိပ်ပဲနော်။ ဒီကုသိုလ်ရဲ့ အကျိုးကျေးဇူးကို ခံစားရတာတဲ့။ ဒီလိုဆိုလိုတာပေါ့။

အေး- ဒါကြောင့်မို့ ဒီ ၅-မျိုးသော အမှတ်အသား လက္ခဏာတွေဟာ မဟာပုရိသလက္ခဏာများ ဖြစ်ပါတယ်။ ဆိုင်ရာဆိုင်ရာ ကုသိုလ်ကောင်းမှုတွေကို ပြုခြင်းကြောင့် ဒီ အမှတ်လက္ခဏာကို ရပြီးတော့ ဆိုင်ရာဆိုင်ရာ အကျိုးတွေဟာ

စာမျက်နှာ-၃၉
ကိုယ့်ဘဝမှာ ပေါ်လာတာဖြစ်တယ်။ ဘုန်းကြီးတို့တတွေလည်း ပါရမီကုသိုလ်တွေကို ဆည်းပူးကြိုးကုတ်အားထုတ်ကြမယ်ဆိုလို့ရှိရင် ကိုယ့်သန္တာန်မှာလည်းပဲ ဒီလို ထင်ရှားတဲ့အမှတ်အသားတွေ ရရှိလာမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ပါရမီကုသိုလ်ထူးကို ဆည်းပူး အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု ••• သာဓု သာဓု

စာမျက်နှာ-၄၀
(စာမျက်နှာ အလွတ်ဖြစ်သည်)

စာမျက်နှာ-၄၁

ပါရမီပုံရိပ် အမှတ်တံဆိပ်များ အပိုင်း(၂)
သာသနာတော်နှစ် ၂၅၅၅-ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၃၇၃) ခုနှစ်၊ တပို့တွဲလ ပြည့်ကျော် (၃) ရက်၊ (၂၀၁၂) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ မဟာသကျသီဟဘုရား၊ ဝေဇယန္တာ မဟာဗန္ဓုလဓမ္မာရုံ ဓမ္မဗိမာန်တော်ကြီးတွင် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သော ရတနာလူငယ်-မြတ်ဗုဒ္ဓ ဒေသနာတော်ပြန့်ပွားရေးအဖွဲ့ တရားစာအုပ်၊ တရားတိတ်ခွေ၊ တရားVCD/DVD/MP3ချပ်များကို အခမဲ့ ငှားရမ်း ဓမ္မဒါနပြုလုပ်သည့် လုပ်ငန်း၏ (၅) နှစ်ပြည့်အထိမ်းအမှတ် တရားတော်ကို ပူဇော်သောအားဖြင့် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် အခမ်းအနား၌ မန္တလေးမြို့ နှစ်ဖက်သော မိဘများကို အမှူးထား၍ ကိုကျော်သက်ဦး(ခ) ကိုချန်ကူး+မသီတာဌေး၊ သား-မောင်အောင်ထက်မြတ် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ပါရမီပုံရိပ် အမှတ်တံဆိပ်များ” အပိုင်း(၂) တရားဒေသနာတော်။

ကုသိုလ်ကောင်းမှုနှင့် ဆက်စပ်ပြီး “ပါရမီပုံရိပ် အမှတ်တံဆိပ်” လို့ ဒီလိုပြောရတာ အကြောင်းရှိတယ်။ ကံက ကုသိုလ်

စာမျက်နှာ-၄၂
ကံ၊ အကုသိုလ်ကံလို့ နှစ်မျိုးရှိတယ်။ အကုသိုလ်ကံကလည်း အမှတ်တံဆိပ်တွေ ခတ်နှိပ်တတ်တာပဲ။ ကုသိုလ်ကံကသာ အမှတ်တံဆိပ် ခတ်နှိပ်တတ်တာ မဟုတ်ဘူး။ ကံကြမ္မာဆိုတာ အင်မတန်မှ ထူးဆန်းတယ်။ စိတ်အစဉ်မှာ ဖြစ်တဲ့တရားမျိုး ဖြစ်တယ်။ ကံတရားဆိုတာ စိတ်ကိုမှီဖြစ်တာ။ စိတ်က အင်မတန်မှ ဆန်းကြယ်တယ်။ စိတ်ဆန်းကြယ်တော့ သညာဆန်းကြယ်တယ်။ သညာဆန်းကြယ်တော့ အတွေးတွေ ဆန်းကြယ်လာတယ်။ အဲဒီ ဆန်းကြယ်မှုကို အခြေခံလာတဲ့ ကံတရားတွေရဲ့ ဖန်တီးမှုတွေဟာလဲ ဆန်းကြယ်တယ်။

လောကကြီးမှာ အကောင်း အဆိုးဖြစ်ပေါ်လာသမျှကို မြတ်စွာဘုရားက “သဗ္ဗေ သတ္တာ ကမ္မဿကာ”ဆိုတဲ့ စကားလုံးနဲ့ ရှင်းပြတယ်။ သတ္တဝါအားလုံး ပိုင်ဆိုင်ထားကြတာကတော့ ကံပဲဖြစ်တယ်။ ကိုယ်လုပ်တဲ့ကံ ကိုယ်နဲ့သက်ဆိုင်တယ်လို့ ဆိုလိုတယ်။ ကိုယ်လုပ်တဲ့ကံ အားလျော်စွာ “ကမ္မံ သတ္တေ ဝိဘဇတိ”- ကံတရားက သတ္တဝါတွေကို ဆူကြုံ နိမ့်မြင့် တစ်ဦးနဲ့တစ်ဦး မတူထူးခြားကွဲပြားအောင် ခွဲခြားဝေဖန်ပေးတာတဲ့။ ဒါကြောင့် ကံအားလုံးကိုခြုံပြောတဲ့ “ကံကြမ္မာပုံရိပ် အမှတ်တံဆိပ်”ဟာ အကောင်းအဆိုး နှစ်မျိုးရှိနိုင်တယ်။ “ပါရမီပုံရိပ် အမှတ်တံဆိပ်” ကျတော့ အကောင်းတွေချည်းပဲဖြစ်တယ်။ မြတ်စွာဘုရားအလောင်းတော်များ ထူးခြားမြင့်မြတ်တဲ့ ပါရမီ

စာမျက်နှာ-၄၃
ကုသိုလ်တွေကို ဆောင်ရွက်ခဲ့သည့်အတွက် ဒီလို ပါရမီကုသိုလ်ရဲ့ အမှတ်တံဆိပ်တွေကို ရရှိခြင်းဖြစ်တယ်ပေါ့။ လူတိုင်းလူတိုင်းဟာ ကုသိုလ်ကောင်းမှုကို လုပ်လို့ရှိရင် ထိုကုသိုလ်ကောင်းမှုရဲ့ အမှတ်တံဆိပ်ကို ရကြတယ်။

ဆိုပါစို့- ထူးထူးခြားခြား ကုသိုလ်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအကြောင်း အားလုံးကြားဖူးကြလိမ့်မယ်။ ဇဋိလအလောင်းက ရွှေအိုးနဲ့ရွှေပန်းကြီးလုပ်ပြီးတော့ စေတီပုထိုးကို ပူဇော်ခဲ့တယ်။ တောင်းပန်တိုးလျှိုတဲ့အနေနဲ့ ပူဇော်ခဲ့တယ်။ ဒါကြောင့်မို့လို့ သူမွေးဖွားလာတဲ့အခါ ကုသိုလ်ကံရဲ့ အမှတ်တံဆိပ်အနေနဲ့ သူ့အိမ်ရဲ့ နောက်ဖေးမှာ ရွှေတောင်ကြီးပေါက်လာတယ်။ ဒါက သူလုပ်ခဲ့တဲ့ကောင်းမှု၊ စိတ်ဆိုးမာန်ဆိုးဖြစ်ပြီး စိတ်အခန့်မသင့်တဲ့အချိန်မှာ လာပြီးအလှူခံတဲ့အခါမှာ “ကိုယ်တော်တို့ဘုရား ရေထဲသာမျှောပစ်လိုက်ပါ” လို့ ပြောလိုက်တဲ့ ဝစီဘေဒကံကြောင့် မွေးဖွားပြီးတာနဲ့ အကြိမ်ကြိမ် ရေထဲအမျှောခံရတယ်။ ဒါက ဇဋိလရဲ့ ဘဝ။

နောက် စန္ဒပဒုမာဆိုတဲ့ သူဌေးကတော်ကြီးကျတော့ တော်တော် ထူးထူးခြားခြား ကံကြမ္မာပုံရိပ်တွေ ပေါ်တယ်။ သံဃာတွေကို ဆွမ်းကပ်တဲ့အခါမှာ လှုပ်ရှားသွားလာပြီးတော့ သူ့လက်နဲ့ရေကို သန့်သန့်ပြန့်ပြန့်ဖြစ်အောင်စစ်ပြီး သံဃာတွေကို ကပ်လှူခဲ့တယ်။ သူ့ရဲ့ လက်ဖဝါးခြေဖဝါးမှာ လပုံ

စာမျက်နှာ-၄၄
သဏ္ဌာန်နဲ့ ပဒုမ္မာကြာ ပုံသဏ္ဌာန်ပေါ်နေတယ်နော်။ လ,တံဆိပ်နဲ့ ပဒုမ္မာကြာတံဆိပ်လေးတွေပေါ်နေတယ်။ အဲဒါကြောင့် သူ့ကို “စန္ဒပဒုမာ” လို့ နာမည်ပေးထားတာပေါ့။ အမှတ်အသားလေးတွေဆိုတာ တချို့လူတွေမှာ ပေါ်တတ်တယ်ပေါ့။

အခု မဟာပုရိသလက္ခဏာဆိုတာတော့ စကြာမင်းဖြစ်မယ့် ပုဂ္ဂိုလ်တို့၊ ဘုရားဖြစ်မည့်ပုဂ္ဂိုလ်တို့မှာပေါ်တဲ့ အမှတ်လက္ခဏာတွေ ဖြစ်တယ်။ တခြားပုဂ္ဂိုလ်တွေမှာ ပေါ်နိုင်တာတွေလည်း ရှိတယ်လို့ မှတ်ရမယ်။ အခုပြောတဲ့ (၃၂)မျိုးသာလျှင် ပေါ်တာမဟုတ်ဘူး။ ကံတရားရဲ့ ဆန်းပြားမှုကြောင့် ကိုယ်လုပ်တဲ့ကံရဲ့ အထိမ်းအမှတ်ကလေးတွေဟာ လူတိုင်းလူတိုင်းမှာ လာပြီးပေါ်ကြတယ်။ ထူးထူးခြားခြားပေါ်တယ်။ ဓမ္မပဒဝတ္ထုထဲမှာပါတဲ့ ဇာတ်လမ်းတွေကိုဖတ်ကြည့်။ ကုသိုလ်ကံရဲ့ ပုံရိပ်လေးတွေဟာ အမျိုးမျိုးပေါ်လာတာကိုတွေ့ရမယ်။ တစ်ဦးနဲ့တစ်ဦး မတူကြဘူး။ အဲတော့ ထူးခြားတဲ့ပုံရိပ်လေးတွေ ပေါ်လာတာဟာ ထူးခြားတဲ့ကုသိုလ်တွေကို လုပ်ခဲ့သည့်အတွက်ကြောင့် ပေါ်လာတာ။

မဟာပုရိသလက္ခဏာတို့လို အင်မတန်ထူးခြားတာတွေကျတော့ ထူးခြားတဲ့ ကုသိုလ်ကောင်းမှုတွေကို ဇွဲကောင်းကောင်းနဲ့ အကြိမ်ပေါင်းများစွာ၊ နှစ်ပေါင်းရှည်ကြာစွာ စွဲစွဲမြဲမြဲ ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံရဲ့ စွမ်းအားကြောင့် ပေါ်တာလို့ ဒီလို

စာမျက်နှာ-၄၅
ပြောရမယ်။ ဒီကုသိုလ်ကောင်းမှုလုပ်တာဟာ တစ်ရက်တည်း၊ တစ်နှစ်တည်း လုပ်တာကို ပြောတာမဟုတ်ဘူး။ တစ်သက်လုံးလုပ်တဲ့သဘောမျိုး။

ဒါကြောင့်မို့ “ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပုလတ္တာ” ဒီစကားလုံးတွေကို မြတ်စွာဘုရား သုံးထားတာ။ ကမ္မဿ ကတတ္တာ- ကောင်းတဲ့အလုပ်ကို လုပ်ခဲ့တယ်။ ဒီပါရမီကုသိုလ်တွေကို ဆည်းပူးအားထုတ်ခဲ့တယ်။ ဥပစိတတ္တာ-အကြိမ်ကြိမ် အထပ်ထပ်လုပ်လာတယ်၊ အထပ်ထပ်လုပ်လာတယ်။ အထပ်ထပ်လုပ်တော့ ဘာဖြစ်လာတုန်း။ ဝိပုလတ္တာ- အများကြီး ဖြစ်လာတယ်။ စုမိလာတယ်။ ကောင်းတဲ့ကုသိုလ်တွေဟာ မိမိသန္တာန်မှာ စုမိဆောင်းမိဖြစ်လာတယ်။ အလွန့်ကို များလာတယ်။ အဲဒီလို ကံကိုပြုလုပ်လို့ ကံတွေမိမိသန္တာန်မှာ စုဆောင်းမိလို့ များပြားလာတဲ့အခါမှာ ဒီအကျိုးကျေးဇူးကိုရတယ်။

ယေဘုယျအားဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်တယ်ဆိုတာ လူ့ဘဝမှာ ပြည့်ပြည့်ဝဝ ပြုလုပ်နိုင်တာဖြစ်တာကြောင့် ပါရမီကုသိုလ်တွေ ဆည်းပူးအားထုတ်တဲ့ဘဝကို ပြောတဲ့အခါမှာ “ပုဗ္ဗေ မနုဿဘူတော သမာနာ” လူဖြစ်စဉ်အခါကာလတုန်းကဆိုတဲ့ စကားလေးနဲ့ပဲပြောတယ်။

အဲတော့ ဘုရားအလောင်းတွေဟာ လူဖြစ်တုန်းသာ ပါရမီဖြည့်တာတော့ မဟုတ်ဘူး။ တိရစ္ဆာန်ဖြစ်တဲ့အခါမှာလည်း

စာမျက်နှာ-၄၆
ဖြည့်တာပဲ။ နတ်ဘဝနဲ့လည်းပဲ ပါရမီဖြည့်တယ်။ သို့သော် ပြည့်ပြည့်ဝဝ ပါရမီဖြည့်နိုင်တဲ့ဘဝဆိုတာ လူ့ဘဝပဲဖြစ်တယ်ပေါ့။ ယေဘုယျအားဖြင့် လူဖြစ်တဲ့အချိန်မှာ ပါရမီကုသိုလ်တွေကို ပြည့်ပြည့်ဝဝ ဖြည့်ခဲ့တာတဲ့။

အဲဒီလို ပါရမီကုသိုလ်တွေ ဆည်းပူးအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ ဒီကုသိုလ်ကောင်းမှုရဲ့ အရှိန်အဝါတွေ စုမိဆောင်းမိ ဖြစ်လာတယ်၊ စုမိဆောင်းမိ ဖြစ်လာတဲ့အခါမှာ ပါရမီဖြည့်တဲ့ လူ့ဘဝဆုံးတဲ့အခါ နတ်ပြည်မှာဖြစ်ရတယ်။ အဲဒီလို နတ်ပြည်မှာဖြစ်တဲ့အခါရော ထူးခြားချက်တွေရှိသလားဆိုတော့ နတ်ပြည်မှာဖြစ်တော့လဲ ထူးခြားချက်တွေရှိတယ်။

ဘယ်လိုထူးခြားတုန်းဆိုတော့ ကျန်တဲ့နတ်တွေထက် အဆင်းက ပိုလှတယ်တဲ့။ ခွန်အားက ပိုကောင်းတယ်တို့၊ ချမ်းသာသုခက ပိုများတယ်တို့၊ အုပ်ချုပ်ကြီးစိုးနိုင်မှု တန်ခိုးအာဏာပါဝါက ပိုပြီးတော့ကြီးတယ် ဒီလိုဆိုတာ။ သက်တမ်းလည်း ပိုပြီးတော့ရှည်တယ်။ တခြားနတ်တွေနဲ့ ယှဉ်လိုက်လို့ရှိရင် အစစအရာရာ သာလွန်တယ်လို့ပြောတာ။ အဲလိုနတ်ပြည်မှာ သာလွန်တဲ့အနေတစ်ခုကို ရလာပြီးတဲ့နောက်မှာ နတ်ဘဝ စုတေလို့ လူ့ပြည်ရောက်လာပြီဆိုရင် အဲဒီကံတရားရဲ့ ပုံရိပ်တွေဟာ လူရဲ့ခန္ဓာကိုယ်မှာ လာပြီးတော့ပေါ်တယ်။ အဲတော့ နတ်ရဲ့ ခန္ဓာကိုယ်မှာ ပါရမီပုံရိပ်တွေပေါ်တယ်လို့ မပြောဘူး။

စာမျက်နှာ-၄၇
လူသားတွေရဲ့ ခန္ဓာကိုယ်မှာသာ ပါရမီပုံရိပ် ပေါ်တယ်လို့ ပြောတာ။ ဘာဖြစ်လို့လဲဆိုရင် ဒီပါရမီပုံရိပ်တွေရဲ့ ထူးခြားတဲ့ အကျိုးခံစားရတာကတော့ လူသားတွေသာ ဖြစ်တယ်ပေါ့။ စကြဝတေးမင်းဆိုတာကလည်း လူသားထဲကသာ ဖြစ်နိုင်တယ်။ ဘုရားဆိုတာလည်း လူသားထဲကပဲ ဖြစ်နိုင်တယ်။ လူ့ဘဝရလာတဲ့အခါ ဒီပါရမီကုသိုလ်တွေရဲ့ အကျိုးကျေးဇူးကြောင့် ထူးခြားတဲ့အမှတ်တံဆိပ်တွေ ပေါ်လွင်ထင်ရှားလာခဲ့တယ်တဲ့။ ဒီအမှတ်အသားတို့ကို ကြည့်ပြီး အဲဒီပုဂ္ဂိုလ်ရဲ့ ထူးခြားချက်ကို ပြောကြရတာ ဖြစ်တယ်တဲ့။

ယခုခေတ် ဗေဒင်ဆရာတွေကလည်း ပုံပန်းသဏ္ဌာန်ကြည့်ပြီးတော့ ဘယ်လိုပုံစံမျိုးဆိုရင် ဘယ်လိုအကျိုးပေးတယ်လို့ ဗေဒင်ကျမ်းဂန်တွေအရ ဟောကြပြောကြတာ ရှိတာပဲပေါ့။ အဲတော့ မှားတယ်လို့တော့ အကုန်ဆိုလို့မရဘူး။ ဘာဖြစ်လို့တုန်း ဆိုတော့ ဗေဒင်ကျမ်းတွေကို စတင်ပြီး တီထွင်ရေးသားလာတဲ့ ပုဂ္ဂိုလ်တွေဟာ ရသေ့ (၈) ဦးဖြစ်တယ်။ အဲဒီရသေ့တွေက သာမန်ရသေ့တွေ မဟုတ်ဘူး။ သမထကျင့်စဉ်တစ်ခုကို ကျင့်ကြံကြိုးကုတ်အားထုတ်လို့ ဒိဗ္ဗစက္ခုအဘိညာဉ်ရထားတဲ့ ရသေ့တွေ။ ဒိဗ္ဗစက္ခုအဘိညာဉ်ရထားလို့ ကုသိုလ်လုပ်တဲ့လူတွေကို ကြည့်တယ်။ အဲဒီကုသိုလ်လုပ်တဲ့လူတွေ သေသွားတော့ ဘယ်ရောက်သွားသလဲဆိုတာ ကြည့်တယ်။ ရောက်သွားတဲ့ဘုံဘဝမှာ သူတို့

စာမျက်နှာ-၄၈
အခြေအနေတွေ ဘာဖြစ်တယ်ဆိုတာ ကြည့်တယ်။ ဘယ်လိုအကျိုးပေးသလဲဆိုတာ ကြည့်တယ်။ အဲဒီလိုကြည့်ပြီးတော့ အဖြေထုတ်တာ။ ဒါကြောင့် မှန်ကန်တယ်လို့ ပြောတာ။

အဲ-ဗေဒင်ကျမ်းတွေကြည့်ပြီး ဟောပြောတဲ့ ဗေဒင်ဆရာတွေရဲ့ စကားကတော့ အကုန်မှန်ချင်မှမှန်မှာကိုး။ ဘာဖြစ်လို့တုန်းဆိုတော့ ဒီရသေ့တွေရေးထားတဲ့ကျမ်းကို ကိုယ်နားလည်သလောက်သာ ပြောလို့ရတာကိုး။ ဟိုရသေ့တွေကတော့ တန်ခိုးကြီးတဲ့ရသေ့တွေဆိုတော့ သူတို့ရဲ့အဘိညာဉ်တန်ခိုးနဲ့ ကြည့်ပြီးတော့ ဆုံးဖြတ်ပြီး ပြောဆိုတာ ဖြစ်တယ်။

အဲဒါကြောင့်မို့လို့ ဒီဗေဒင်ကျမ်းတွေမှာလာတဲ့ အမှတ်အသားလက္ခဏာတွေအတိုင်း ပြောကြဆိုကြတဲ့အထဲမယ် အတိအကျပြောနိုင်တာကတော့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သာ ဖြစ်တယ်။ ဒီအမှတ်အသားတွေ ဘာကြောင့်ရတယ်ဆိုတာကို အတိအကျသိတယ်။ ကံကြမ္မာနဲ့ ကံကြမ္မာရဲ့ အကျိုးပေးမှု သို့မဟုတ် ပါရမီကုသိုလ်နဲ့ ပါရမီကုသိုလ်ရဲ့ အကျိုးပေးမှုကို မြတ်စွာဘုရားကသာ တိတိကျကျ ဖော်ထုတ်ပြီး ဟောကြားနိုင်တာ ဖြစ်တယ်ပေါ့။ အထူးသဖြင့် ပါရမီကုသိုလ်ပုံရိပ် မဟာပုရိသလက္ခဏာ (၃၂) မျိုးကို မြတ်စွာဘုရားက အထူးတလည် ဟောကြားတော်မူခဲ့တာ ဖြစ်တယ်ပေါ့။

စာမျက်နှာ-၄၉

၆။ ပြည့်ဖြိုးခြင်း
ဒီကနေ့ (၆) ခုမြောက်ဖြစ်တဲ့ ဘုရားအလောင်းတို့ရဲ့ ခန္ဓာကိုယ်မှာ ပေါ်လာတတ်တဲ့ အမှတ်တံဆိပ်တစ်ခုကတော့ ဘာလဲလို့ဆိုရင် သတ္တုဿဒတာ = သတ္တ + ဥဿဒတာ၊ သတ္တ ဆိုတဲ့စကားလုံးဟာ ဒီနေရာမှာ (၇) ဂဏန်းကိုယူရတယ်။ တခြားနေရာမှာ သတ္တက သတ္တဝါဆိုတာ ရှိတယ်ပေါ့။ ဒီနေရာမှာတော့ (၇) ဂဏန်း။ သတ္တဥဿဒတာ လူ့ရဲ့ခန္ဓာကိုယ်မှာ (၇) ဌာနဟာ ပြည့်ပြည့်ဝဝ ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်နေတယ်တဲ့။ ဒါလည်း အမှတ်အသားလက္ခဏာတစ်ခုပဲ။ (၇) ဌာနဟာ ပြည့်ဖြိုးတယ်။

(၇) ဌာနဆိုတာဘာတုန်းဆိုရင် လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်။ လက်နှစ်ဖက်ကလည်း ပြည့်ပြည့်ဖြိုးဖြိုး လုံးပြီးတော့ နေတာ။ အရိုးကြီးတွေက ငေါငေါကြီးတွေ ထွက်ပြီးမနေဘူး။ လုံးလုံးဝိုင်းဝိုင်းလေး အသားတွေနဲ့ပြည့်နေတယ်။ အင်မတန်မှ ကြည့်လို့ကောင်းတဲ့ ပုံစံမျိုးနော်။ လက်နှစ်ဖက် ခြေနှစ်ဖက် ဒီနှစ်ခုက ပြည့်ပြီးတော့နေတယ်။ နောက်တစ်ခုက ပခုံးစွန်းနှစ်ဖက်၊ ပခုံးစွန်းနှစ်ဖက်ကလည်း ပြည့်နေတဲ့လူရှိတယ်၊ ချိုင့်နေတဲ့လူရှိတယ်။ ပခုံးစွန်းနှစ်ဖက်ပြည့်တာရယ်။ နောက်ပြီးတော့ ခန္ဓ-လည်ကုပ်ဆိုတာပြည့်တာရယ် ပခုံးသားပြည့်တာရယ်။ အဲတော့ ပေါင်းလိုက်တဲ့အခါကျတော့ လက်နှစ်ဖက်၊ ခြေနှစ်ဖက်၊ ပခုံးစွန်းနှစ်ဖက်နဲ့ လည်ကုပ်ပေါ့။ အဲဒီနေရာတွေမှာ ပြည့်ပြည့်

စာမျက်နှာ-၅၀
ဖြိုးဖြိုးရှိတယ်။ သူများနဲ့မတူဘူးတဲ့၊ အသားက အဲဒီ (၇) နေရာမှာ ပြည့်နေတယ်။ ဒီလိုဆိုလိုတာ။

အဲတော့ ဝတဲ့လူတွေကိုလည်း သွားပြီးအပြစ်မတင်နဲ့နော်။ တချို့ကလည်းပြောကြတယ်။ စိတ်ကောင်းရှိလို့ ဝ,တာတဲ့နော်။ စိတ်ကောင်းရှိလို့ ဝ,တဲ့လူတွေက သူတို့အကြောင်းပြတယ်။ ဝ,မှာပေါ့ စိတ်ကောင်းရှိလို့။ ဗမာပြည်ကလူတွေကတော့ ဝ,ရင်လှတယ်လို့ထင်ကြတယ်။ “ဝ,လိုက်တာဟယ်” လို့ ချီးမွမ်းတာ။ နိုင်ငံခြားသူတွေကို သွားပြီးဝ,တယ်လို့မပြောနဲ့၊ ဆဲတယ်လို့ ထင်နေမယ်။ သူတို့က ဘာဖြစ်လို့တုန်းဆိုတော့ “Being fat sickness” ဝ,လာတာဟာ မကျန်းမာခြင်းတစ်ခုပဲ။

*Being fat sickness ဆိုတဲ့ ဝေါဟာရမှာ* အဓိပ္ပာယ်ရှိတယ်။ Being fat ဆိုတာ ဝ,တာ။ ဝ,လာခြင်းဟာ sickness မကျန်းမမာဖြစ်ခြင်း၊ နေမကောင်းခြင်းပဲဖြစ်တယ်။ ဗမာတွေကတော့ ဝ,တာကို လှတယ်လို့ထင်တာ။ အဲတော့ အခုစကားအရ ပြောမယ်ဆိုလို့ရှိရင် သူက ဝ,တာနဲ့ ပြည့်ဖြိုးတာနဲ့ တခြားစီလို့ မှတ်ရမယ်နော်။ ဝ,တိုင်းပြည့်ဖြိုးတာ မဟုတ်ဘူး။ ဝ,ရင် ပြည့်တော့ပြည့်နေမှာပေါ့နော်။ ကြည့်မကောင်းအောင် ပုတိုကြီးဆိုရင်တော့လည်း ဟုတ်မှာမဟုတ်ဘူး။ ။ အဲတော့ လက်နှစ်ဖက်ကလည်း ပြည့်ပြည့်ဖြိုးဖြိုး။ အသားတွေ၊ အသားစိုင်တွေက ပြည့်ပြည့်ဖြိုးဖြိုးရှိတယ်။ ခြေထောက်

စာမျက်နှာ-၅၁
နှစ်ဖက်ကလည်းပဲ အသားစိုင်တွေ ပြည့်ပြည့်ဖြိုးဖြိုးရှိတယ်။ ပခုံးစွန်းနှစ်ဖက်၊ ပခုံးစွန်းဆိုတာ အရိုးတွေထွက်နေတတ်တယ်ပေါ့။ အဲဒီပခုံးစွန်းနှစ်ဖက်ကလည်း ပြည့်ပြည့်ဖြိုးဖြိုးရှိတယ်။ လည်ကုပ်ကလည်း ပြည့်ပြည့်ဖြိုးဖြိုးရှိတယ်။ လည်ကုပ်ကတစ်ခုပေါ့။ လက်နှစ်ဖက် ခြေနှစ်ဖက် ပခုံးစွန်းနှစ်ဖက် (၆) ခု၊ လည်ကုပ်ထည့်လိုက်တဲ့အခါကျတော့ (၇) ခု၊ အဲဒါကိုပြောတာ။ အဲဒီ (၇) ဌာနဟာ ပြည့်ပြည့်ဖြိုးဖြိုးရှိတယ်လို့ ဒီလိုဆိုလိုတာ။

အဲတော့ ဘဝတစ်ခုရလာတဲ့အခါ လူတွေရဲ့ အချောအလှ လှပတင့်တယ်မှုဟာ ဒီလက်တံခြေတံ လက်တွေခြေတွေ ပြည့်ပြည့်ဖြိုးဖြိုးနဲ့။ ပခုံးစွန်းတွေက ပြည့်ပြည့်ဖြိုးဖြိုးနဲ့၊ ကုပ်ပိုးတွေ ပြည့်ပြည့်ဖြိုးဖြိုးလေးနဲ့ ဒီလိုဆိုလို့ရှိရင် သူက အင်မတန်မှ ကြည့်လို့ရှုလို့ကောင်းတယ်။ ဒီလက္ခဏာဟာလည်း ပါရမီပုံရိပ်ရဲ့ အမှတ်တံဆိပ်တစ်ခုပါပဲလို့ ဒီလိုဆိုလိုတာပေါ့။

(ပါရမီကုသိုလ် ဒီပြည့်ဖြိုးခြင်း (၇) ရပ် (၇) ဌာန ပြည့်ဖြိုးခြင်းဆိုတဲ့ အမှတ်အသားလက္ခဏာကို ဘယ်လိုကုသိုလ်တွေများ လုပ်ခဲ့လို့ ဒီအကျိုးကျေးဇူး၊ ဒီအမှတ်အသားတွေ ပေါ်လာရတာတုန်း ဆိုတော့ ကောင်းပေ့ဆိုတဲ့ အစာအာဟာရတွေကို လှူလေ့တန်းလေ့ရှိတယ်။ ကောင်းပေ့ဆိုတာ ဟုတ်တော့ဟုတ်တယ်။

စာမျက်နှာ-၅၂
ကောင်းကောင်းကြိုက်တဲ့သူတွေ ဝတာ၊ ကောင်းတာတွေချည်းပဲ စားတာ။ ကောင်းတာတွေချည်းစားတယ်။ ပဏိတဘောဇန အင်မတန်ကောင်းတာတွေစား။ အဲ-တချို့ကျတော့ အကုသိုလ်ကံကြောင့်လားမသိဘူး။ အကောင်းဆိုမတည့်ဘူး၊ ကောင်းတဲ့အစားအစာဆို တည့်ကိုမတည့်တာ၊ မတည့်တာ အကုသိုလ်များလို့လို့ ဒီလိုပြောရမှာပဲ။ သို့မဟုတ် ကောင်းတာတွေကို မလှူခဲ့လို့လို့ပြော။ အဲတော့ ပဏိတာနိ ဘောဇနာနိ သို့မဟုတ် ပဏ္ဍိတာနံ ရသိတာနံ- ကောင်းပြီးတော့ အရသာရှိတယ်ဆိုတဲ့ စားဖွယ်သောက်ဖွယ်တွေကို သူကလှူခဲ့တယ်တန်းခဲ့တယ်။ သူများကို ပေးခဲ့တယ်၊ ကျွေးခဲ့တယ်။ အဲဒီကုသိုလ်လို့ပြောတာ။

ကျွေးရင် သူကအကောင်းမှကျွေးတာ။ မကောင်းတာမကျွေးဘူးနော်။ မကောင်းဘူး၊ ဒါလည်း လူ့စိတ်မှာရှိသေးတယ်။ တချို့က အကောင်းကျွေးနိုင်ပေမယ့်လို့ အကောင်းကျွေးချင်မှကျွေးတာ။ သူကြိုက်တာလည်း အကောင်းကြိုက်ချင်မှကြိုက်တာ။ အကောင်းမကြိုက်တဲ့သူက အများကြီးရှိသေးတယ်။ လူတွေမှာ စားနိုင်ပေမယ့်လို့ အကောင်းကိုမတည့်တာတို့၊ မကြိုက်တာတို့နဲ့ မစားကြဘူး။

ကောင်းပေ့ဆိုတာ အဲတော့ ပဏီတ- ကောင်းမြတ်တဲ့ အစာဆိုတာ ဘယ်လိုဟာမျိုးကိုခေါ်တာတုန်း။ ကိုယ်ကြိုက်တာကို အကောင်းလို့ပြောမှာလား။ ဝက်သားကြိုက်တဲ့သူက

စာမျက်နှာ-၅၃
ဝက်သားအကောင်းလို့ ပြောမှာလားဆိုတော့ ပဏီတဘောဇဉ် လို့ဆိုပြီးတော့ ဘုရားလက်ထက်က သတ်မှတ်ဖော်ပြထားတာတော့ ဝိနည်းကျမ်းထဲမှာရှိတယ်။ “သပ္ပံ နဝနီတံ တေလံ မဓု ဖာဏိတံ မစ္ဆ မံသံ ဨရံ” ဒါပဏီတဘောဇဉ်လို့ပြောတာ။ သပ္ပံဆိုတာ ထောပတ်၊ နဝနိတံ-ဆီဦး ထောပတ်ထမင်းတို့။ ဒါအကောင်းလို့ခေါ်တာပေါ့။ ရှေးခေတ်က ဆီဦး။ တေလ-နှမ်းဆီနဲ့လုပ်ထားတဲ့ အစာအာဟာရနော်။ မဓု- ပျားရည်နဲ့လုပ်ထားတဲ့ အစာအာဟာရ။ ဖာဏိတ- တင်လဲနဲ့သကာနဲ့လုပ်ထားတဲ့ အစာအာဟာရ။ မစ္ဆ- ရေထဲက အစာအာဟာရတွေ၊ ငါးလို့ပြောတာဟာ ရေသတ္တဝါအားလုံးနဲ့ သက်ဆိုင်တယ်။ မံသ- ကုန်းသတ္တဝါအားလုံးနဲ့ သက်ဆိုင်တယ်။ အဲတော့ အသားငါးကလည်းပဲ စားတဲ့ခေတ်က အတော်ကြာလာတော့ အသားငါးကိုလည်းပဲ ဒီအစားကောင်းထဲမှာ ထည့်ထားကြတယ်။

ခုခေတ်ဆိုတော့ ပိုများတာပေါ့။ ခုခေတ်ကတော့ မြွေတွေရော၊ ဖားတွေရော Sea food ဆိုပြီးတော့ ပတ်ကြိုးတွေရော ဘာတွေရော အကုန်စားတယ်နော်။ ရေဘဝဲဆိုတာတွေ အဲဒါတွေအကုန်။ ခရုယောက်သွားမကျန် အခုခေတ်ကတော့ စားနေကြတယ်။ မေးလိုက်လို့ရှိရင် ဒါဘာတုန်းဆို Sea-food တဲ့၊ Sea-food ဆိုတာ အထူးအဆန်းမှတ်လို့ ကြည့်လိုက်တဲ့အခါ ယောက်သွားထဲက အဆံတွေထုတ်ထားတာ၊ ခရုထဲက

စာမျက်နှာ-၅၄
အဆံတွေထုတ်ထားတာ။ အဲဒါ Sea food ပဲ။ အဲဒီအစာတွေမြင်လိုက်ရင် မစားခင်က ယားချင်လာတယ်၊ ဈေးကြီးပေးပြီးတော့ စားကြတယ်။ ဨရံ- နွားနို့၊ ဒဓိ- ဒိန်ချဉ်။ အဲဒါတွေကို ပဏီတဘောဇဉ်လို့ ဝိနည်းကျမ်းဂန်အရ မှတ်သားကြရတယ်။

ဒါကတော့ ခေတ်အားလျော်စွာ ပြောရမယ်လို့ထင်ပါတယ်။ ဒါကတော့ ဘုရားလက်ထက်တုန်းက အကောင်းဆုံးလို့ဖော်ပြတဲ့ အစာအာဟာရ။ ကနေ့ခေတ်တော့ အဲဒီထက်ကောင်းတဲ့ အစာအာဟာရတွေ ရှိကောင်းရှိနိုင်တယ်ပေါ့နော်။ သူ့ခေတ်နဲ့သူပဲ ယူရမှာ။ အဲဒီခေတ်တုန်းက ပူတင်းတို့ဘာတို့ မရှိသေးဘူးပေါ့နော်။ အခုခေတ် Cheese cake တို့ဘာတို့ ဒါမျိုးတွေ ရှိချင်မှရှိဦးမှာပေါ့နော်။ အဲတော့ ခုခေတ်တော့ ပိုကောင်းလာတယ်ပေါ့။ ရေခဲမုန့်တို့နော်။ Ice-cream တို့ ဒါတွေကလည်း ခုခေတ်မှာတော့ ပေါ်လာတာ၊ ပဏီတဘောဇဉ်ထဲ ထည့်ရမှာပဲ။ အဲဒီလို ကောင်းပေ့ဆိုတဲ့ အစာအာဟာရတွေကို ကျွေးမွေးခဲ့တယ်၊ ပေးကမ်းခဲ့တယ်၊ လှူဒါန်းခဲ့တယ်။ အကောင်းတွေချည်းလှူတာ။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဟောဖူးတယ်။ “မနာပဒါယ လဘတေ မနာပိံ” မနာပဒါယ- စိတ်ထဲမှာ နှစ်မြို့စရာ၊ နှစ်ခြိုက်စရာကောင်းတဲ့ အစာအာဟာရပစ္စည်းဥစ္စာကို လှူခြင်းသည်၊ လဘတေ မနာပံ- ကောင်းတာတွေရတယ်။

စာမျက်နှာ-၅၅
ဆိုလိုတာက အကောင်းလှူရင် အကောင်းရတယ်လို့ ပြောတာ။ ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာ ကောင်းတာကိုလှူတဲ့လူက ကောင်းတာကိုရတယ်။ အညံ့လှူရင် အညံ့ပဲရမယ်လို့ ဒီလိုပြောတာနော်။ စိတ်စေတနာပေါ် မူတည်တယ်ပေါ့။ ဒါက ကောင်းတာလှူရင် ကောင်းတာကိုရတယ်။ အင်္ဂုတ္တရနိကာယ်ထဲက သုတ္တန်တစ်ခုထဲမှာ ဒီလိုဟောထားတာ။

အခုဒါနဲ့အတူတူပဲ။ ပြည့်ပြည့်ဖြိုးဖြိုး လှလှပပ ချောချောလှလှဖြစ်ရတာဟာ ကောင်းတာတွေကို ပေးခဲ့ကျွေးခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ ဒီလိုဆိုရမှာ။ ကောင်းတာတွေကို ပေးခဲ့ကျွေးခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ကောင်းတာကိုဖြစ်တယ်။ ဒီထဲမှာ ကောင်းတာကြိုက်လို့ ဝ,လာတယ်လို့တော့ မပါဘူးနော်။

အကျိုးပေးပုံ ကောင်းတာတွေကို ပေးခဲ့ကျွေးခဲ့တဲ့ ကုသိုလ်ကောင်းမှု စွဲစွဲမြဲမြဲသူက လုပ်ခဲ့တယ်။ အဲဒီလို စွဲစွဲမြဲမြဲ သူကလုပ်ခဲ့လို့၊ ဒီကုသိုလ်တွေ ဆည်းပူးအားထုတ်ခဲ့လို့ ဒီကုသိုလ်တွေ စုမိဆောင်းမိဖြစ်ပြီး သူ့သန္တာန်မှာ များလာသည့်အတွက်ကြောင့် သေတဲ့အခါကျတော့ နတ်ပြည်ရောက်တယ်။ နတ်ပြည်မှာလည်းပဲ သူများထက်သာတယ်။ သူများထက်သာတဲ့ အခြေအနေတွေရှိတယ်။ နတ်ပြည်ကနေပြီးတော့ လူ့ပြည်ဖြစ်လာတဲ့အခါမှာ

စာမျက်နှာ-၅၆
အခုလို “ပါရမီပုံရိပ် အမှတ်တံဆိပ်”တွေ ပေါ်လာတာ။ ဒီလိုပြောတာ။

ကဲ- ဒါဖြင့် (၇) ဌာနမှာ အသားလေးတွေပြည့်ပြည့်ဖြိုးဖြိုးနဲ့ ဒီလိုအလှကျက်သရေတိုးရတယ်ဆိုတဲ့ ဒီလိုအမှတ်တံဆိပ်ပါတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုအကျိုးပေးတုန်းဆိုတော့ သူက သူလုပ်ခဲ့တဲ့အတိုင်း အကျိုးပေးတာပဲ။ အဲဒီလို (၇) ဌာနမှာ အသားစိုင်တွေတိုးတဲ့ပုဂ္ဂိုလ်ဟာ ကောင်းတာတွေ၊ အရသာရှိတဲ့အစားအစာတွေကို သူက အမြဲမပြတ်ရတယ်၊ အမြဲမပြတ်စားရတယ်။ အဲ-ကံဆိုးပြီဆိုတဲ့ ပုဂ္ဂိုလ်တွေကျတော့ မလှူခဲ့လို့လည်း ဖြစ်ကောင်းဖြစ်မယ်။ ကံဆိုးပြီဆိုရင် ဟိုဟာစားချင် မတည့်ဘူး။ ကြိုက်တော့ကြိုက်ပါရဲ့။ ဒါနဲ့မတည့်ဘူး၊ ဟိုဟာနဲ့မတည့်ဘူး။ အကောင်းဆို တည့်ကိုမတည့်ဘူး။ ညံ့ပြီဆိုတဲ့ အစားအစာဆို အံမယ် အစာကြေပြီးတော့ကောင်းနေတာ၊ ဆန်တောင် ဆန်ကြမ်းမှတည့်တာ။ ပေါ်ဆန်းမွှေးတို့လို၊ နတ်ပြည်မွှေးတို့ဆိုတာမျိုး စားရမယ်ဆိုရင် မအီမသာဖြစ်တယ်၊ မတည့်ဘူး။ ထောပတ်နဲ့မတည့်ဘူး။ နွားနို့နဲ့မတည့်ဘူး။ နွားနို့လေးသောက်လိုက်ရင် ဝမ်းလျှောတယ်။ အဲဒါ အကောင်းမလှူခဲ့လို့ ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။

အေး၊ ပါရမီပုံရိပ် အမှတ်တံဆိပ်ဆိုတာ ကောင်းတာတွေကို လှူခဲ့တဲ့ပုဂ္ဂိုလ်ဟာ လူ့ဘဝရလာတဲ့အခါမှာလည်းပဲ ကောင်းတာတွေချည်းပဲ ရလေ့ရှိတယ်။ ဒီလိုဆိုလိုတာနော်။

စာမျက်နှာ-၅၇
ဒါဖြင့် ပြောကြဦးမယ်။ မြတ်စွာဘုရားက ဒီအမှတ်အသားလက္ခဏာကို ရပါလျက်သားနဲ့ (၁၂) ဝါမြောက်က ဝေရဉ္စာမှာ သွားဝါဆိုတဲ့အခါ၊ ဝေရဉ္ဇာပြည်မှာ ဝါကပ်တဲ့အခါကျတော့ တစ်ဝါတွင်းလုံး မြင်းစာဂျုံစပါးတွေကို စားခဲ့ရသေးတာ။ သို့သော် ရှင်အာနန္ဒာမထေရ်မြတ်က အဲဒီမြင်းစာဂျုံတွေကို ပျော့သွားအောင်၊ နူးညံ့သွားအောင် ဆုံနဲ့ထည့်ထောင်းထားပြီးတော့ သူဌေးတွေအိမ်ကလှူတဲ့ ပျားရည်တို့၊ ထောပတ်တို့ ဒါတွေနဲ့နယ်ပြီးမှ မြတ်စွာဘုရားကိုကပ်တာ။ သာမန်ပြောမယ်ဆိုရင်တော့ မြင်းစာဂျုံကို စားနေရတယ်ဆိုတော့ ဟိုမျိုမကျတဲ့ဟာကြီးတွေလို့ ဒီလိုတော့ မအောက်မေ့နဲ့။ ဘာဖြစ်လို့တုန်းဆို မြတ်စွာဘုရားက ပါရမီပုံရိပ် အမှတ်တံဆိပ်နဲ့ရှိတဲ့ပုဂ္ဂိုလ် ဖြစ်သည့်အတွက်ကြောင့် ပုံမှန်အားဖြင့် အင်မတန်မှ ကောင်းပေ့ဆိုတဲ့ အစာအာဟာရတွေကို ရလေ့ရှိတယ်ပေါ့။ တစ်ခါတရံကျတော့ ကံကြမ္မာရဲ့ပြက်ရယ်ပြုမှုကို ခံရတာပဲလေ။ မြတ်စွာဘုရားလည်း ခံရတာပဲ။ ဒါကြောင့်မို့ “ဘုရားသော်မှ ပေးဆပ်ရတဲ့ ကံကြမ္မာဝဋ်ကြွေးများ”ဆိုတာ ရှိတယ်လေ။

အဲတော့ ဒါတွေက အင်မတန်မှ သတိထားစရာကောင်းတယ်။ သတိထားတယ်ဆိုတာ အခုလိုသတိထားနိုင်တဲ့ ဘဝမျိုးရောက်မှ သတိထားလို့ရတာ။ သတိမထားတတ်တဲ့ ဘဝတွေက အများကြီး။ အဲတော့ လွယ်တယ်လို့တော့ မအောက်မေ့လေနဲ့။

စာမျက်နှာ-၅၈
ဒီဘဝမှာ ဘုရားရဲ့သာသနာတော်နဲ့ ကြုံတွေ့လို့၊ ဘုရားဟောတဲ့တရားတွေ နာခွင့်ရလို့၊ မိမိကိုယ်တိုင်ကလည်း ကြားနာပြီးတော့ သတိထားလို့ ဒီအကုသိုလ်တွေကို သတိထားတတ်တာ။ ဒီဘဝ ဒီလိုဘဝမျိုးမဟုတ်ဘဲနဲ့ တခြားဘဝမျိုးဆိုရင်တော့ သတိထားဖို့ သိတောင်သိမှာမဟုတ်ဘူး။ အဲဒါကြောင့်မို့ အခုရလာတဲ့ဘဝမှာ ခိုင်မာသွားအောင် လုပ်ဖို့တော့ အင်မတန်အရေးကြီးတယ်။ သတိချပ်ဖို့လိုအပ်တာပေါ့နော်။ ဒါက ပါရမီပုံရိပ် အမှတ်တံဆိပ်တစ်ခုအရ ကုသိုလ်ကောင်းမှုနဲ့ ရလာတဲ့အကျိုးကျေးဇူးကို ဖော်ပြတာ။
(၇) လက်ဖဝါး ခြေဖဝါး နူးညံ့မှု
နောက်တစ်ခါ (၇) ခုမြောက် အမှတ်တံဆိပ်ကဘာတုန်းဆိုတော့ မုဒုတလုနဟတ္ထပါဒတာ။ မုဒုဆိုတာ နူးညံ့တယ်။ တလူန- ပျော့ပျောင်းတယ်။ ဟတ္ထဆိုတာ ဟတ္ထပါဒ- လက်၊ ခြေဖဝါး၊ လက်ဖဝါးခြေဖဝါးလေးတွေ ကိုင်ကြည့်ရင် နုပြီးတော့အိနေတာ။ တချို့လက်ကြီးတွေများ သွားမစမ်းလိုက်နဲ့။ တစ်ခါတည်းကော်ပတ်လိုပဲကြမ်းနေတာ။ ကော်ပတ်လိုကြမ်းတာ။ ကြမ်းတဲ့လက်တွေကျတော့ လက်တောင်မှရှသွားသလား အောက်မေ့ရတယ်။ ဟော ဒီပါရမီပုံရိပ် အမှတ်တံဆိပ်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ လက္ခဏာကျတော့ လက်ဖဝါးခြေဖဝါးလေးတွေက

စာမျက်နှာ-၅၉
အင်မတန်မှနုတယ်။ ဒီအမှတ်သားဆိုတာ အင်မတန်မှထူးဆန်းတယ်နော်။ မုဒုတလုနဟတ္ထပါဒ- လက်ဖဝါး ခြေဖဝါးလေးတွေက အင်မတန်မှနူးညံ့တယ်၊ ဒါမို့ တချို့ဗေဒင်ဆရာတွေက ဟောတယ်။ လက်ဖဝါး ခြေဖဝါးလေးတွေနုရင် ချမ်းသာလိမ့်မယ်လို့ ဒီလိုဟောတယ်။ ဒါက နံပါတ် (၇) ပါရမီပုံရိပ် အမှတ်တံဆိပ်တစ်ခု။
(၈) လက်ချောင်း ခြေချောင်း ကွန်ယက်
နံပါတ် (၈) ပါရမီပုံရိပ် အမှတ်တံဆိပ်ကဘာတုန်းဆိုတော့ ဇာလဟတ္ထပါဒ - လက်ချောင်းလေးတွေ ခြေချောင်းလေးတွေဟာ တခါတည်းသွယ်ပြီးတော့နေတယ်။ ကွန်ယက်ကလေးလို အင်မတန်မှလှနေတယ်။ ဒီလိုဆိုလိုတာနော်။ ကွန်ရက်သဖွယ် သွယ်ယှက်ပြီးတော့နေတယ်။ အဆစ်ကြီးတွေက အဖုကြီးတွေဖြစ်မနေဘူး။ လက်ချောင်းကြီးတွေက ပုတိုကြီးတွေဖြစ်မနေဘူး။ သွယ်ပြီးတော့ လက်ဖဝါး ခြေဖဝါးကလည်းပဲ အိစက်ချောညက်ပြီးနေတယ်။ ဟောဒီလက္ခဏာနှစ်ခု၊ ဒါက ပါရမီပုံရိပ် အမှတ်သားနှစ်ခု။ နူးညံ့တဲ့လက်ဖဝါးဟာ နူးညံ့ချောညက်နေတဲ့ လက်ဖဝါးခြေဖဝါးရှိခြင်း၊ ကွန်ရက်လို အကွက်ကျပြီးတော့ အင်မတန်မှအဆင်ပြေတဲ့ လက်ချောင်းခြေချောင်း

စာမျက်နှာ-၆၀
လေးတွေရှိခြင်းလို့။ ဒီအမှတ်အသားနှစ်ခုဟာလည်းပဲ လူသားတွေမှာ ပေါ်လာတတ်တယ်။ ဒီလိုဆိုလိုတယ်နော်။

ပါရမီကုသိုလ် အဲဒီလိုပေါ်လာတာဟာ ဘာဖြစ်လို့ရတာလည်းလို့ဆိုတော့ လူ့ဘဝရတဲ့အခိုက်မှာ ဘာတွေလုပ်ခဲ့လဲဆိုရင် လူဆိုတာ တစ်ယောက်တည်းနေတာမဟုတ်ဘူး။ ကိုယ့်မှာပတ်ဝန်းကျင်ရှိတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေကို သူကအကူအညီ အထောက်အကူတွေပေးတယ်။ ကောင်းတာတွေနဲ့ကူညီတယ်။ ပံ့ပိုးတယ်။ ကူညီတယ် ပံ့ပိုးတယ်ကို သင်္ဂဟ လို့ခေါ်တယ်။ ဒါကြောင့်မို့လို့ သင်္ဂဟဆိုတဲ့စကားလုံးကို ပြောတာနော်၊ ချီးမြှောက်တယ် ကူညီတယ် ပံ့ပိုးတယ် ဒီအဓိပ္ပာယ်။ အဲဒီသင်္ဂဟကိုပဲ သဂြိုဟ်လို့လည်းခေါ်သေးတယ်။ မီးသဂြိုဟ်တယ်ဆိုတဲ့ဟာ သဂြိုဟ်ဟာ အဲဒီကလာတာ။ သင်္ဂဟဆိုတာနော် မီးသင်္ဂြိုဟ်တယ်ဆိုတဲ့ဟာလည်းပဲ ကူညီတာ အထောက်အကူလုပ်ပေးတာပဲပေါ့။ လုပ်သင့်လုပ်ထိုက်တာ လုပ်ပေးတာ။ အမှန်ကတော့ သင်္ဂဟဆိုတဲ့စကားလုံးက ချီးမြှောက်တယ်လို့ ဒီလိုအဓိပ္ပာယ်ရတယ်။ ဒါကတစ်ခု။

နောက်တစ်ခါ အဘိဓမ္မာသင်တဲ့ ပုဂ္ဂိုလ်တွေသင်ကြတဲ့ အဘိဓမ္မတ္ထသင်္ဂဟကျမ်းဆိုတာရှိသေးတယ်။ အဲဒီသင်္ဂဟ

စာမျက်နှာ-၆၁
ကျတော့ စုပေါင်းပြီးတော့ အဘိဓမ္မာလာ အကြောင်းအရာတွေကို စုပြီးတော့ရေးထားတဲ့ကျမ်းလို့ အဓိပ္ပာယ်ရတယ်။ သင်္ဂဟဆိုတာ စုပြီးတော့ဖော်ပြထားတာ (Collection) အားလုံးကို စုပြီးတော့ဖော်ပြထားတာ။ အချက်အလက်တွေ ပြည့်ပြည့်စုံစုံ တစ်နေရာတည်းမှာ စုပြီးတော့ဖော်ပြထားတဲ့ကျမ်းကိုလည်းပဲ သင်္ဂဟလို့ခေါ်တယ်။ အဲတော့ သင်္ဂဟရဲ့အဓိပ္ပာယ်က အမျိုးမျိုးရှိတယ်ပေါ့။

အခုဒီနေရာမှာ သင်္ဂဟဝတ္ထု၊ လူတွေကို အခုအကူအညီပေးတာ။ အကူအညီပေးနိုင်တဲ့ အကြောင်းလေးမျိုးနဲ့ လူသားတွေကို ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ချီးမြှောက်တယ်။ ထောက်ပံ့ခဲ့တယ်။ ကူညီခဲ့တယ်။ ကူညီခဲ့တယ်လို့ ဒီလိုဆိုလိုတာ။ အဲတော့ သင်္ဂဟဝတ္ထုလေးပါးလို့ ဒီလိုခေါ်တာပေါ့။ ပြောမယ်ဆိုလို့ရှိရင်လည်း (Organization) လို့လည်းပြောလို့ရတယ်ပေါ့။ ကိုယ့်ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေကို အကူအညီပေးတာ လေးမျိုးနဲ့ကူညီပေးတာ။

အဲဒီလေးမျိုးနဲ့ အကူညီပေးတယ်ဆိုတာ နံပါတ် (၁) ကဘာတုန်းဆိုတော့ ဒါန။ ကိုယ့်ရှိတာကို ခွဲဝေပေးတာ။ ပိုက်ဆံမရှိရင် ပိုက်ဆံပေးတယ်။ စားစရာမရှိရင် စားစရာပေးတယ်။ ကူညီတာလေ။ ကူညီပြီးတော့ပေးကမ်းတာ၊ စွန့်ကြတာ။ အဲဒီကူညီမှုတွေ ပေးကမ်းမှုတွေ ဒါနဟာ စုစည်းမှုတစ်ခုပဲပေါ့။

စာမျက်နှာ-၆၂
ပေးတာကမ်းတာဟာ မြန်မာလူမျိုးတွေကတောင် အပေးအကမ်းရဲ့အကြောင်းကို သိတာ။ “ပေးကမ်းခြင်းသည် အောင်မြင်ရာ၏” ဆိုတာ တကယ်လည်း အောင်မြင်တာပဲလေ။ ပေးလိုက်ရင် အစစအရာရာ ချောသွားတာ၊ မပေးရင် မချောဘူး။ ဖုထစ်တယ်။ အဲဒါကြောင့်မို့ သင်္ဂဟဆိုတာနော် ထောက်ပံ့ကူညီမှုတစ်ခုဟာ အောင်မြင်တဲ့ ဒီလုပ်ငန်းတစ်ခုဟာ ပေးကမ်းခြင်းပဲ။ အဲဒီပေးကမ်းမှုဆိုတာနဲ့ လူကို (Organize) လုပ်လို့ရတယ်။ ပေးကမ်းလိုက်တဲ့အခါ ရတဲ့ပုဂ္ဂိုလ်ကလည်း စိတ်သွားတယ်။ ပေးလိုက်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲ ငါပေးလိုက်ရတယ်ဆိုပြီး စိတ်ထဲမှာ ရင်းနှီးသွားတယ်။ အဲတော့ နှစ်ဦးစလုံးဟာ ပြေလည်သွားတယ် ဒီအဓိပ္ပာယ်။ အင်မတန်မှဆိုးတဲ့၊ ဟောင်လွန်းတဲ့ ခွေးတောင်မှ အစာကလေးချကျွေးလိုက်ရင် အမြီးနှံ့သွားတယ်။ ပေးကမ်းတာ အောင်မြင်တယ်ဆိုတာ ဆိုးတဲ့ခွေးတောင် အစာကလေး ချကျွေးရင် ငြိမ်သွားတယ်။ အဲတော့ ပေးတာကမ်းတာဆိုတာ လူတင်မကဘူး တိရစ္ဆာန်ပါ ကြိုက်တယ်လို့ ဒီလိုပြောရမှာ။ အဲဒါဟာ သင်္ဂဟဝတ္ထုတစ်ခုပဲတဲ့။

နောက်သင်္ဂဟဝတ္ထုတစ်ခုက ဘာတုန်းဆိုရင် ပေယျဝဇ္ဇ။ ပေယျဆိုတာ ပိယဆိုတဲ့ စကားလုံးကလာတာ။ ချစ်ခင်ဖွယ်ရာ စကားမျိုးကို ပြောတာ။ ဆိုလိုတာက ယဉ်ကျေးတဲ့စကားမျိုးနဲ့ ပြောတာ၊ ပြောဆိုဆက်ဆံတာ (Kind-word) လို့ ပြန်လို့ရတယ်။

စာမျက်နှာ-၆၃
ပါရင်ပုံရိပ် အမှတ်တံဆိပ်များပေါ့။ တစ်ဖက်သားကို ကြင်နာတဲ့စကားနဲ့ ကြင်ကြင်နာနာ တစ်ဖက်သားအပေါ်မှာ လေးလေးစားစား ဒီလိုပြောတာနော်။ လေးလေးစားစား ပြောဆိုဆက်ဆံမှုဟာ ပေယျဝဇ္ဇ၊ တစ်ဖက်သား ကြိုက်တဲ့ စကားလုံးလေးနဲ့ ဟိုချဉ်းကပ်ပြောဆိုတာ၊ အဲဒါဟာလည်းပဲ တစ်ဖက်သားကို အကူအညီပေးရာရောက်တယ်။ ဟုတ်တယ်လေ။ လူဆိုတာ ချိုချိုသာသာပြောလို့ရှိရင် လူတိုင်းလူတိုင်းဟာ ကြိုက်တာပဲ။ ချိုသာတဲ့စကားကို လူတိုင်း ကြိုက်တယ်။ ကြမ်းတမ်းတဲ့စကားပြောရင် ကျန်တဲ့လူလည်း ကြမ်းသွားတာပဲလေ။ စိတ်က ကိုယ့်ကိုချိုချိုသာသာလေးပြောရင် ကိုယ်ကလည်း ချိုချိုသာသာပြန်ဆက်ဆံတာပဲပေါ့။ အဲဒါကြောင့်မို့လို့ ဒုတိယ (Organization) သင်္ဂဟဝတ္ထုတရားက ပေယျဝဇ္ဇ။

တတိယက ဘာတုန်းဆိုတော့ အတ္ထစရိယာ - သူ့ကိစ္စရှိရင် လုပ်ပေးတယ်။ ဝိုင်းဝန်းကူညီလုပ်ကိုင်တယ်။ ဆောင်ရွက်တယ်၊ မနေတတ်ဘူး။ သူ့အိမ်ကိစ္စရှိရင် သွားလုပ်ပေးတယ်။ လုပ်စရာကိစ္စရှိရင် မနေတတ်ဘူး။ ဝိုင်းဝန်းပြီးတော့ ကူညီတယ်။ အတ္ထစရိယာ - သူ့ရဲ့ ကိစ္စဝိစ္စကို ပါဝင်ဆောင်ရွက်ပေးတာ ဒါလည်းပဲ အင်မတန်မှကောင်းတဲ့ (Organization) တစ်ခုပဲတဲ့။

နောက်တစ်ခုကျတော့ ဘာတုန်းဆိုရင် သမာနတ္တတာ - ကိုယ်နဲ့တန်းတူဖြစ်အောင် လုပ်ပေးတာ။ တန်းတူဆက်ဆံ၊ တန်းတူဆက်ဆံဖို့ဆိုတာ သိပ်အရေးကြီးတယ်။ တချို့လူတွေက

စာမျက်နှာ-၆၄
နော် ပေးလည်းပေးပါရဲ့၊ ပေးပြီးတဲ့အခါကျတော့ လူကို အထင်သေး အမြင်သေး ဆက်ဆံတာမျိုးရှိတယ်လေ။ ပေးတော့ ပေးတယ်။ အထင်သေး အမြင်သေး ဆက်ဆံတယ်။ ကျန်တဲ့သူက မခံနိုင်။ အဲဒါကြောင့်မို့လို့ တန်းတူရည်တူ ဆက်ဆံနိုင်တဲ့အနေအထားမျိုးဟာ အလွန်ကောင်းတဲ့ဟာတစ်ခုပဲ။ အဲတော့ ပေါင်းလိုက်တဲ့အခါ ဒါန၊ ပေယျဝဇ္ဇ၊ အတ္ထစရိယာ၊ သမာနတ္တတာ။

အဲတော့ လူတိုင်းလူတိုင်းဟာ ဒီအချက်တွေ လိုအပ်သလားလို့ဆိုတော့ လူတိုင်းလူတိုင်းမှာ ဘယ်အရာက ပိုပြီးတော့ အရေးကြီးသလဲဆိုတော့ ဆက်ဆံတဲ့အခါမှာ သတိထားရတယ်။ ဒီပုဂ္ဂိုလ်ဟာ ပေးတာကမ်းတာ ကြိုက်လို့ရှိရင် ပေးကမ်းပြီးတော့ ဆက်ဆံရမယ်၊ ချီးမြှောက်ရမယ်။ ဒီပုဂ္ဂိုလ်ဟာ ပေးတာကမ်းတာ ဒီလောက်အလေးမထားဘူး။ သူက ချိုချိုသာသာပြောမှ ကြိုက်တယ်ဆိုရင် ချိုချိုသာသာ ပြောဆိုဆက်ဆံ။ အဲဒီပုဂ္ဂိုလ်ဟာ ပေးတာရော ချိုချိုသာသာပြောတာရော သိပ်အလေးမထားဘူး။ ကိစ္စဝိစ္စရှိလို့ ဝိုင်းလုပ်တာကို တန်ဖိုးထားတယ်ဆိုရင် ဝိုင်းလုပ်ပေး။ အဲဒီပုဂ္ဂိုလ်ဟာ ကျန်တာတွေ တန်ဖိုးမထားဘူး။ သူ့ကို နှိမ့်ချပြီးတော့ (Look-down) လုပ်လို့ရှိရင် မခံနိုင်ဘူးဆိုတဲ့ ပုဂ္ဂိုလ်များကျတော့ ကိုယ်နဲ့တန်းတူ ဆက်ဆံရတယ်။ ဒီလို

စာမျက်နှာ-၆၅
လေးခုခွဲပြီးတော့လည်း မှတ်သားကြရတယ်။ အဲဒါကို သင်္ဂဟဝတ္ထုတရားလေးပါး။

အလောင်းတော်တွေ လူ့ဘဝရတဲ့အချိန်မှာ၊ လူသားတွေနဲ့ ဆက်ဆံတဲ့အခါမှာ ဒီလေးမျိုးကို အသုံးပြုပြီးတော့ ဆက်ဆံခဲ့တာ။ ဒါလည်း ကုသိုလ်ကောင်းမှုပဲနော်။ အင်မတန်မွန်မြတ်တဲ့ ကုသိုလ်။ အဲတော့ လူချင်းတူ ဆက်ဆံတဲ့အခါမှာ ဪ ကိုယ့်ရှိတာကို ပေးလို့ ကမ်းလို့ ဆိုပါတော့ - ကိုယ့်ရှိတဲ့ ပိုက်ဆံတွေ အကုန်လိုက်ပေးရမှာ ဒီလိုပြောတာမဟုတ်ဘူး။ လက်ဆောင်ပေးတာ ပေးသင့်ချိန်မှာ လက်ဆောင်ပေးတာတို့ တစ်ခုခုပေးတာတို့ ဒီလိုပေးတာ။ နောက်ဆုံးမှာ ဒီပညာပေးတာလည်း အပေးပဲပေါ့။ ပညာပေးတာလည်းပေး ဓမ္မဒါနလို့ခေါ်တယ်။ ဓမ္မလှူတာ ပေးတာ ကမ်းတာမှန်သမျှ အကုန်လုံး အပေးလို့ခေါ်တယ်ပေါ့။ အဲဒီလို ပေးကမ်းတဲ့ လိုအပ်တဲ့ ပုဂ္ဂိုလ်တွေကို ပေးကမ်းတယ်နော်။ ဆက်ဆံရေးမှာ ချိုချိုသာသာပြောရမယ့်ပုဂ္ဂိုလ်တွေ ချိုချိုသာသာပြောပြီး ဆက်ဆံတယ်။ ကိစ္စဝိစ္စရှိလို့ လိုအပ်နေတယ်။ အကူအညီလိုအပ်နေတဲ့ ပုဂ္ဂိုလ်တွေကို အကူအညီပေးတယ်။ ကိုယ်နဲ့တန်းတူထားပြီးတော့ အမြဲတမ်း ဆက်ဆံပေါင်းသင်းတယ်ဆိုတယ်။ ဒီအချက်လေးချက်ဟာ တစ်ဖက်သားရဲ့ စိတ်ကို ဆွဲဆောင်နိုင်တာ ဖြစ်တာကြောင့် ကြီးမားတဲ့ကုသိုလ်တရားတစ်ခုပဲ။ အဲဒီလို ကိုယ်နဲ့ ပတ်ဝန်းကျင်

စာမျက်နှာ-၆၆
ကို စုစည်းထားနိုင်တဲ့ ဒီ (Organization) အကြောင်းတစ်ခု အင်မတန်မှကောင်းတဲ့ ဒီစည်းရုံးရေးတရားလေးမျိုးပေါ့။

အကျိုးပေးပုံ - အဲဒီတရားလေးမျိုးနဲ့ ကိုယ်နဲ့ပတ်သက်လာတဲ့ပုဂ္ဂိုလ်တွေကို ဆက်ဆံခဲ့တယ်။ ထောက်ပံ့ကူညီခဲ့တယ်။ အဲဒီလို လုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာ၊ ဒီလိုလူတွေကို ဒီနည်းနဲ့ ဆက်ဆံခဲ့တဲ့ပုဂ္ဂိုလ်တွေဟာ လူ့ဘဝက သေဆုံးသွားတဲ့အခါ နတ်ပြည်မှာ ရောက်တယ်။ ထူးခြားတဲ့အရည်အချင်းတွေရတယ်။ နတ်ပြည်ကတစ်ခါ လူ့ပြည်ရောက်တဲ့အခါကျတော့ လက်ဖဝါး ခြေဖဝါးလေးတွေက နုနုနယ်နယ်လေးတွေ ဖြစ်လာတယ်။ ဘာလို့ဆိုတော့ ကိုင်တွယ်တဲ့အခါမှာ သူက အင်မတန်မှ ညင်သာတာနော်။ လက်ဖဝါးကြမ်းကြီးနဲ့ဆိုရင် ဘယ်ကိုင်တွယ်တာ ညင်သာမလဲ။ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတဲ့ပုဂ္ဂိုလ်ဟာ လက်ဖဝါးကြီးတွေ ကြမ်းကုန်တာ။ အပြောအဆိုကလည်း ကြမ်း၊ အကိုင်အတွယ်ကလည်း ကြမ်းဆိုတော့ ဘေးကလူတွေလည်း ကြမ်းကုန်တာပေါ့နော်။ အဲတော့ သူက ညင်ညင်သာသာ တခြားကို ဆက်ဆံပြီးတော့ လက်တွဲခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်သောကြောင့် သူ့ရဲ့ လက်ဖဝါး ခြေဖဝါးလေးတွေက နူးညံ့ပြီးတော့နေတယ်။ အင်မတန်မှ လှပချောမွေ့ပြီးတော့ ကွန်ယက်ကလေးသဖွယ် လက်တံ ခြေတံကလေး

စာမျက်နှာ-၆၇
တွေက အင်မတန်မှ ကြည့်လို့လှတယ်ဆိုတဲ့ ဒီအမှတ်အသားနှစ်မျိုးကို ရရှိနိုင်ပါတယ်တဲ့။ ဒီပါရမီကုသိုလ်က ဟော ဆက်ဆံရေးမှာ အင်မတန်မှ အရေးကြီးတယ်။ ဒါ လူတွေလုပ်လို့ရတဲ့ ကုသိုလ်တွေပဲနော်၊ ကုသိုလ်တွေရတယ်။

အေး အဲဒီလို ဆက်ဆံခဲ့လို့ သင်္ဂဟဝတ္ထုတရားလေးပါးနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို စည်းရုံးပြီးတော့ ဆက်ဆံခဲ့တဲ့ ကုသိုလ်ကောင်းမှု ပါရမီပုံရိပ် အမှတ်တံဆိပ်အနေနဲ့ လက်ဖဝါး ခြေဖဝါး နူးညံ့လို့။ ဒီလက်တံခြေတံလေးတွေ လှပတယ်ဆိုတဲ့ ကွန်ယက်သဖွယ် လှပတယ်ဆိုတဲ့ အနေအထားမျိုးကို ရလာပြီဆိုလို့ရှိရင် ဘယ်လိုကောင်းကျိုးချမ်းသာတွေကို ရတုန်းဆိုတော့ အဲဒီပုဂ္ဂိုလ်မျိုးဟာ စည်းရုံးရေး အင်မတန်မှကောင်းတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ သူစည်းရုံးထားတဲ့ သူ့နောက်ကလိုက်တဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်တော့ဖြစ်ဖြစ် သူ့ကို အင်မတန်မှ ရိုသေကြတယ်။ လေးစားကြတယ်။ ကွယ်ရာမှာတောင် အပြစ်မပြောဘူး။ အကောင်းပဲပြောတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ သူ့ရဲ့ စည်းရုံးမှုဟာ အင်မတန်မှ မြဲမြံတယ်။ သူ့အပေါ်မှာ ဒီလေးစားမှုဟာ စွဲမြဲကြတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ သူက လူတွေကို ဆက်ဆံခဲ့တာ ပေးကမ်းပြီးတော့ ဆက်ဆံခဲ့တယ်နော်၊ ချိုချိုသာသာပြောပြီး ဆက်ဆံခဲ့တယ်။ အကျိုးစီးပွားကို ဆောင်ရွက်ပြီး ဆက်ဆံခဲ့တယ်။ ကိုယ်နဲ့တန်းတူ ထားပြီးတော့ ဆက်ဆံခဲ့တယ်

စာမျက်နှာ-၆၈
ဆိုတဲ့ ကုသိုလ်ကောင်းမှုတွေကြောင့် သူ့ရဲ့နောက်ကလူတွေက သူ့ကို ဒီအတိုင်းပြန်ပြီးတော့ ဆက်ဆံကြတယ်။

အဲဒီပုဂ္ဂိုလ်ကို ဘယ်တော့မဆို သူတို့က ပေးစရာရှိရင် အကုန်ပေးကြ၊ သူ့အတွက်ဆိုရင် မတွန့်တိုကြဘူး။ သူနဲ့ ပတ်သက်လာရင် အကောင်းပဲပြောတယ်။ အဆိုး ဘယ်တော့မှ မပြောဘူး။ သူ့ကိစ္စရှိလို့ရှိရင် သေသေကြေကြေ ဝိုင်းလုပ်တယ်။ ဒီလိုအနေအထားမျိုးတွေကို ရရှိတယ်တဲ့။ သူ့ပရိသတ်ဟာ၊ သူ့ရဲ့နောက်လိုက်တွေဟာ သူ့ရဲ့ အခြံအရံတွေဟာ အခုလို စည်းရုံးရေးအနေနဲ့ အင်မတန်မှ ခိုင်မြဲတဲ့စည်းရုံးမှုကို ရရှိတယ်တဲ့။ အဲတော့ ကိုယ့်လက်ဖဝါး ကိုယ့်ခြေဖဝါးလေးကို ပြန်စမ်းကြည့်ပေါ့။ ပြန်စမ်းကြည့်လိုရှိရင်တွေ့မှာပဲ၊ မတွေ့သေးဘူးဆိုရင် နောက်ဘဝမှာ တွေ့အောင်လုပ်ဖို့ပဲရှိတာ။ ဒီဘဝတော့ ရမှာမဟုတ်ဘူး။ ကော်ပတ်စားပစ်လို့လဲ ရတာမှမဟုတ်တာ။

(၉) ပြည့်မောက်သည့် ခြေဖမျက်
နောက်တစ်ခုက ဘာတုန်းဆိုတော့ နံပါတ်(၉)က ဥဿဓိပါဒ - ခြေထောက်နဲ့ ပတ်သက်တဲ့ အမှတ်အသားလေး။ ဥဿဓိပါဒဆိုတာ ခြေဖမျက်ကို ခေါ်တာ။ ခြေမျက်စိနား အထက်က ခြေဖမျက်ကလေးကို ခေါ်တာနော်။ အဲဒီခြေဖမျက်ကလေးက နိမ့်ပြီးတော့ ဟိုအရိုးတွေ အကြောကြီးတွေနဲ့ ဒီလို

စာမျက်နှာ-၆၉
ပေါ်နေတာမဟုတ်ဘူး၊ ပြေပြေလေးဆင်းလာတာ။ ရုပ်တုတွေ သွားကြည့်တဲ့အခါ ကြည့်ကြည့်ပေါ့။ ရုပ်တုတွေ ကြည့်လိုက်လို့ရှိရင် ခြေဖမျက်ဟာ ပြည့်နေတာနော်၊ ရုပ်တုထုထားတာတွေ သွားကြည့်လိုက်ရင် ခြေဖမျက်လေးတွေက ပြည့်နေတာ။ ဥဿဓိပါဒ - ခြေထောက်မှာရှိတဲ့ ခြေဖမျက်ကလေးဟာ မောက်မောက်ကလေးနေတယ်ပေါ့။ ပြည့်ပြည့်ဖြိုးဖြိုးလေး ရှိတယ်။

(၁၀) အမွေးအဖျားကော့ခြင်း
နောက်တစ်ခုက နံပါတ် (၁ဝ)က ဘာတုန်းဆိုတော့ ဥဒ္ဓဂ္ဂလောမတာ - သူ့ခန္ဓာကိုယ်မှာ ပေါက်တဲ့၊ လက်တွေခြေတွေမှာ ပေါက်တဲ့ အမွေးလေးတွေက အမြဲတမ်း အပေါ်ကိုကော့နေတယ်တဲ့၊ အောက်ကိုမကော့ဘူး။ ကိုယ့်အမွေးကိုယ်ပြန်ကြည့်ပေါ့နော်။ အမွေးလေးတွေက အဖျားလေးတွေ အပေါ်ကော့နေတယ်။ ဒါ အဲဒီလိုကော့နေပြီဆိုလို့ရှိရင် ဒီလက္ခဏာရတဲ့ပုဂ္ဂိုလ် ဒီလိုဆိုလိုတာနော်။ ဥဒ္ဓဂ္ဂလောမတာ - အမွေးပေါက်တဲ့အနေအထားကိုက မတူဘူး။ အဲဒါ ဒီလို ပါရမီပုံရိပ် အမှတ်တံဆိပ်တွေ ရခဲ့တာဟာ ဘာဖြစ်လို့လဲ။ ဒါလည်း အမှတ်အသားတစ်ခုပဲ။ ဒါက ဘယ်ဗေဒင်ဆရာမှ ဟောတာ မကြားဖူးဘူး။ အမွေးကို

စာမျက်နှာ-၇၀
ကြည့်ပြီး ဗေဒင်ဟောတာ တစ်ခါမှမကြားဘူး။ အခု ဒီထဲမှာတော့ ပါနေတယ်။

ပါရမီကုသိုလ် - အဲတော့ သူက ဘာလုပ်တုန်းဆိုတော့ ရှေးတုန်းက လူဖြစ်တုန်းက ဘာလုပ်တုန်းဆိုတော့ အများကောင်းကျိုးအတွက် ပစ္စုပ္ပန်အကျိုး သံသရာအကျိုး ဒီဘဝအကျိုးရှိရာ အကျိုးဖြစ်ကြောင်း စကားတွေကို ပြောဟောပေးခဲ့တယ်။ ဘယ်တော့မှ သူက တစ်ဖက်သားကို ချောက်မတွန်းဘူး။ ဒီဘဝမှာ ကောင်းကျိုးချမ်းသာရဖို့၊ တမလွန်ဘဝမှာ ကောင်းကျိုးချမ်းသာရဖို့ဆိုတဲ့ ကောင်းကျိုးချမ်းသာ ဖြစ်ပွားနိုင်တဲ့ စကားမျိုးကို ပြောဟောပေးတယ်တဲ့နော်၊ ပြောဟောပေးခဲ့တယ်။

နောက်တစ်ခု ကုသလကမ္မပထတရား (၁၀) ပါး။ အေးသူများအသက် မသတ်ကြနဲ့၊ သူများဥစ္စာမယူကြနဲ့၊ ကိုယ်ကျင့်သီလနှင့် ပြည့်စုံအောင်လုပ်ကြလို့ဆိုတဲ့ ဒီဓမ္မနဲ့ ပတ်သက်တဲ့ စကားတွေ ကိုယ်ကျင့်တရားကောင်းဖို့ ဟောတာပြောတာမျိုးတွေနဲ့ လူထုကို ဟောပြောစည်းရုံးပြီးတော့ ပြောဟောခဲ့တဲ့ ပုဂ္ဂိုလ်မျိုးတွေ၊ ဦးဆောင်ပြီးတော့ ပြောတဲ့ပုဂ္ဂိုလ်၊ နောက်လူအများစုကို ကောင်းကျိုးချမ်းသာတွေကို ဖြစ်ပွားစေအောင် ရှေ့ဆောင်လမ်းပြဟောပေးတဲ့ပုဂ္ဂိုလ်တဲ့။ နောက်တစ်ခါ သတ္တဝါ

စာမျက်နှာ-၇၁
တွေကို ကောင်းကျိုးချမ်းသာနဲ့ အခြေအနေကောင်းတွေ၊ ချမ်းသာသုခတွေ ရရှိလာအောင် ဆောင်ရွက်လုပ်ကိုင်ပေးတဲ့ ပုဂ္ဂိုလ်။ ဘယ်သူဖြင့် အခြေအနေကောင်းသွားအောင် ပြောပေးနိုင်တယ်။ ဘယ်ဝါဖြင့် အခြေအနေကောင်းလာအောင် လုပ်ရမယ်။

ဥပမာအားဖြင့် ဆိုးနေတဲ့ပုဂ္ဂိုလ် မဆိုးအောင်၊ မလိမ္မာတဲ့ပုဂ္ဂိုလ်တွေ လိမ္မာလာအောင် ဒီလိုဟောပြောဆုံးမပေးတယ်။ ချမ်းသာသုခတွေကို ရရှိတယ်။ လိမ္မာသွားအောင် လုပ်ပေးတယ်။

နောက်ဆုံးမှာ ဓမ္မယာဂီတဲ့၊ တရားဓမ္မတွေနဲ့ ရှင်းလင်းဟောပြပြီးတော့ လူတွေနားလည်အောင် ပြောဆိုဟောပြောပေးတယ်ဆိုတဲ့ ဒီကုသိုလ်တဲ့။ အဲဒီကုသိုလ် လုပ်ခဲ့တဲ့ပုဂ္ဂိုလ်၊ စွဲစွဲမြဲမြဲ လုပ်ခဲ့တဲ့ပုဂ္ဂိုလ်မှာ ဒီပါရမီပုံရိပ် အမှတ်တံဆိပ်တွေ ပေါ်လာတတ်ပါတယ်လို့ ဒီလိုဆိုတာနော်။

အကျိုးပေးပုံ - အဲတော့ ဒီပါရမီပုံရိပ် အမှတ်တံဆိပ်တွေ ပေါ်လာတဲ့အခါကျတော့ သူက ဘယ်လိုအကျိုးကျေးဇူး ရတုန်းဆိုရင် စကြဝတေးမင်းဖြစ်ရင်လည်း လူထဲမှာ ခေါင်းဆောင်၊ ဘုရားဖြစ်တဲ့အခါမှာလည်း သတ္တဝါအားလုံးရဲ့ ခေါင်းဆောင် အကြီးဆုံး အမြတ်ဆုံး အထွတ်အထိပ်ထားရတဲ့ပုဂ္ဂိုလ်ပဲ ဖြစ်တယ်နော်။

စာမျက်နှာ-၇၂
အမွေးကလေး အထက်ထောင်နေတာဟာ သူက အကြောင်းရှိတယ်။ အမွေးကလေး အထက်ထောင်နေသည့်အတွက်ကြောင့် သူဟာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာကို ပြတာနော်။ အားလုံးကို ခေါင်းဆောင်နိုင်တယ်။ အားလုံးရဲ့ ကြီးမြတ်ပြီးတော့ လေးစားလောက်တဲ့ ပုဂ္ဂိုလ်မျိုးဖြစ်တယ်လို့ ဒီလိုဆိုလိုတာ။ ဘာပြုလို့တုန်းဆိုတော့ သူက အများအတွက် ကောင်းကျိုးချမ်းသာတွေရအောင် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ကိုး။ အဲဒီဆောင်ရွက်ခဲ့တဲ့ပုဂ္ဂိုလ်၊ ဓမ္မကိုပြောတယ် ဟောတယ်၊ ဓမ္မကို ဖြန့်ဖြူးတယ်။ အဲဒါဆိုတော့ အဓမ္မကို ဖြန့်ဖြူးမယ်၊ အကုသိုလ်တွေ ဖြန့်ဖြူးမယ်ဆိုရင်တော့ အမွေးက အောက်စိုက်နေမှာ သေချာတယ်နော်။ ဓမ္မကို ဖြန့်ဖြူးမှ အပြန်အားဖြင့်တော့ နားလည်ရမယ်။ ဒါက အကောင်းကို ဟောတာနော်။ အပြန်က နားလည်ရတယ်။ သတ္တဝါတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်တယ်ဆိုရင် ဒီအကျိုးမျိုးကို ရပါတယ်တဲ့။ ဒီလိုဆိုလိုတာပေါ့။

(၁၁) လုံးဝန်းသော ခြေသလုံး
နောက်တစ်ခု (၁၁)ခုမြောက်က ဘာတုန်းဆိုတော့ ခြေထောက်ကနေ ဘယ်ရောက်လာတုန်းဆိုတော့ ဒူးဆစ်ရောက်လာတယ်။ ဧဏီဇံ - ဇံဆိုတာ သလုံးမြင်းခေါင်းကို

စာမျက်နှာ-၇၃
ဒီလိုခေါ်တယ်နော်။ ဒူးဆစ်ဆိုတာ လူတွေ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဒူးဆစ်ရဲ့အောက်က ကြည့်လိုက်မယ်ဆိုလို့ရှိရင် အရိုးကြီးက ထွက်နေတယ်နော်။ နောက်ပိုင်းတင် အသားကရှိတယ်။ ရှေ့မှာ အရိုးကြီးပဲ။ ကိုင်ကြည့်လို့ရှိရင် ကိုယ့်ဒူးကို ကိုယ့်ရဲ့ခြေသလုံးကို ကိုင်ကြည့်လိုက်ရင် ခြေသလုံးထိပ်မှာ အရိုးကြီးရှိတယ်။ ကြွက်သားက ဟိုနောက်မှာ သွားနေတယ်နော်။ အရိုးက အလယ်ခေါင်မှာ မနေဘူး။ အရိုးက ရှေ့ထွက်နေတာ။ သို့သကျည်းလို့ခေါ်တာပေါ့နော်။ အရိုးက ရှေ့ထွက်ပြီးတော့ အသားတွေက နောက်ရောက်နေတယ်။ ဒါ လူတွေမှာ တော်တော်များများ အဲဒီအတိုင်းပဲ။ ခြေသလုံးကြွက်သားက နောက်ရောက်နေပြီးတော့ ခြေသလုံးရိုးကြီးက ရှေ့ထွက်နေတယ်။ ညိုသကျည်းကြီးက ရှေ့ထွက်နေတယ်။

ဟော ဒီ ဧဏီဇံဆိုတာကျတော့ အဲဒီလိုမဟုတ်ဘူးတဲ့။ သူက အသားတွေက အကုန်လုံးပတ်ထားလို့ ရှေ့မှာလည်း အရိုးကြီးထွက်မနေပဲနဲ့ လုံးလုံးကလေးတဲ့၊ သူကနော်။ လုံးလုံးကလေးရှိနေတယ်။ ဘာနဲ့ဥပမာတူတုန်းလို့ဆိုတော့ ဧဏီဇံဆိုတာ ဒီဧဏီဆိုတာ သမင်အမျိုးထဲက သားကောင်တစ်ကောင်ကို ဧဏီလို့ခေါ်တာ။ ဧဏီသားကောင်လို့ပဲ စာပေထဲမှာ သုံးလေ့ရှိတယ်။ (antelope)ဆိုတဲ့ ဒီချိုရှည်တဲ့ ဒရယ်တို့လိုဟာမျိုးတွေပေါ့လေ။ ဆိုလိုတာကတော့ တောင်ဆိတ်တို့

စာမျက်နှာ-၇၄
ဟိုသမင်ပျိုတို့ ဘာတို့ သူတို့ရဲ့ ခြေသလုံးလေးတွေလို ကြည့်လိုက် လုံးနေတာ။ လူ့ခြေသလုံးနဲ့ မတူဘူးမို့လား။ လုံးလုံးကလေး သူက လုံးနေတာ။ အသားနဲ့ အရိုးနဲ့၊ အရိုးက အလယ်ခေါင်ရောက်နေတော့ လုံးလုံးကလေးဖြစ်နေတာ။ အဲဒီ ဧဏီဇံ သမင်ရဲ့ ခြေထောက်လိုပဲ ခြေတံလိုပဲတဲ့။ ခြေသလုံးလေးက လုံးလုံးကလေးဖြစ်နေတယ်လို့ ဒီလိုဆိုတာ။ အဲဒါကို ဧဏီဇံလို့ခေါ်တယ်နော်။ ဒါလည်း ပါရမီပုံရိပ် အမှတ်တံဆိပ်တစ်ခုပဲ။ ခြေသလုံးလေးဟာ လုံးလုံးကလေးဖြစ်နေတာ။ အသားစိုင်ကြီးက နောက်ရောက်ပြီးတော့ အရိုးက ရှေ့ထွက်နေတာမဟုတ်ဘူး။ အားလုံး လုံးလုံးဝိုင်းဝိုင်းလေးဖြစ်နေတယ်တဲ့။

ပါရမီကုသိုလ် - အဲဒီလိုဖြစ်တာ ဘာကြောင့်တုန်းဆိုတော့ သူက အတိတ်ဘဝတုန်းက လူဖြစ်တဲ့အချိန်မှာ သူများကို စာသင်ပေးခဲ့တဲ့ ကျောင်းဆရာပေါ့။ ကျောင်းဆရာလို့ပြောရမှာပေါ့လေ။ ခုခေတ်ဝေါဟာရနဲ့ ပြောပြတာနော်။ သူက ပညာရပ်တွေကို သင်ပေးတာ။ ဒါကြောင့်မို့ မနုဿဘူတော သမာနာ သက္က ဝါစေတာ အဟာသိ သိပ္ပံ ဝါ ဝိဇ္ဇ ဝါ စရဏံ ဝါ ကပ္ပံ ဝါတဲ့။ သူသင်ပြတဲ့ အတတ်ပညာ လူတွေ ဘယ်လိုသင်လို့ရှိရင် မြန်မြန်ဆန်ဆန် တတ်မလဲ၊ ဘယ်လိုလုပ်လို့ရှိရင် မြန်မြန်ကြီး နားလည်မလဲ၊

စာမျက်နှာ-၇၅
ဘယ်လိုလုပ်လို့ရှိရင် မြန်မြန်အောင်မြင်မလဲဆိုတာကို စဉ်းစားတွေးခေါ်ပြီးတော့ အတတ်ပညာတစ်ခုကို လျင်လျင်မြန်မြန် သဘောပေါက်လွယ်အောင် တီထွင်ပြီး သင်ကြားပို့ချပေးတဲ့ ကုသိုလ်ကံ။ အဲတော့ ကျောင်းဆရာ ကျောင်းဆရာမတွေ ဒီဟာရနိုင်တာပေါ့။ ပိုက်ဆံကိုမက်လို့ သင်ရင်တော့ ရမှာမဟုတ်ဘူးပေါ့။ တကယ့်ကိုစေတနာနဲ့ အခုလိုသင်မယ်ဆိုလို့ရှိရင်တော့ ရနိုင်တယ်။

ရှေးတုန်းက စာသင်ရတယ်ဆိုတာ ဒူးတုပ်ပြီးတော့ သင်ရတာကိုး။ အခုခေတ်ကတော့ ကုလားထိုင်နဲ့ ထိုင်သင်ရတာဆိုတော့ ပုံစံတစ်မျိုးပြောင်းသွားပြီပေါ့။ အိန္ဒိယနိုင်ငံ ဗာရာဏသီမှာရှိတဲ့ (Sanskrit University)ဆိုတာ သွားကြည့်လိုက်ရင် ကုလားထိုင်တစ်လုံးမှ မရှိဘူး။ စားပွဲတစ်လုံးမှ မရှိဘူး။ တက္ကသိုလ်ကြီးနော် (Sanskrit University) ပေါ့။ သက္ကတဘာသာ သင်တာ။ ဘာဖြစ်လို့တုန်းဆိုတော့ သူတို့တစ်တွေက ရှေးတုန်းက အစဉ်အလာအတိုင်း ဆရာလုပ်တဲ့ပုဂ္ဂိုလ်က ကော်ဇောကြီးခင်း၊ ကော်ဇောပေါ်မှာ ပိတ်ဖြူကြီးခင်းပြီး မှီအုံးကြီးနဲ့ လက်ထောက်ပြီးထိုင်တယ်၊ ကျောင်းသားတွေကလည်း ကြမ်းပေါ်မှာထိုင်ကြတယ်။ စားပွဲကုလားထိုင်မရှိဘူး။ အဲလိုသင်တာ။ အဲတော့ ကြမ်းပေါ် ဒူးတုပ်ထိုင်ရတယ်။

စာမျက်နှာ-၇၆
ကြမ်းပေါ်မှာထိုင်ရတယ်ဆိုတော့ ဘုန်းကြီးတွေ ပြောလေ့ရှိတယ်။ စာလိုက်ပေမယ့် စာမတတ်တဲ့ကိုယ်တော်တွေ ဘယ်လိုအပြောခံရတုန်းဆိုတော့ ဖိနပ်တို ဒူးပွန်း တံတောင်ပွန်း ဒါပဲရှိတယ်တဲ့။ ဟိုဟိုဒီဒီ ဟိုကျောင်း ဒီကျောင်းကို စာလိုက်ရတော့ ဖိနပ်ကတိုတယ်နော်။ ဒူးတုပ်ပြီးတော့ စာလိုက်ရတဲ့အခါကျတော့ ဒူးပွန်းတယ်ပေါ့။ တံတောင်ပွန်းတယ်ပေါ့။ အဲတော့ ဖိနပ်တို ဒူးပွန်း တံတောင်ပွန်းရုံပဲ၊ ဘာစာမှ မတတ်ဘူးလို့ ဒီလိုပြောတာ။ အဲတော့ မြန်မြန်သင်ပေးတဲ့အခါကျတော့ ဖိနပ်လည်း တိုစရာမရှိဘူး။ ဒူးလည်း ပွန်းစရာမရှိဘူး။ တံတောင်လည်း ပွန်းစရာမရှိဘူး။ နားလည်အောင် မြန်မြန်သင်ပေးတဲ့ နည်းစနစ်ကို တီထွင်ပြီးတော့ လေးလေးစားစား ပို့ချခဲ့တဲ့ ကုသိုလ်ကောင်းမှုဟာ နည်းတဲ့ကုသိုလ်ကောင်းမှု မဟုတ်ဘူးတဲ့။

အဲဒီလို ဝိဇ္ဇာ သိပ္ပံဆိုတဲ့ အတတ်ပညာ၊ အဲ ဝိဇ္ဇာ သိပ္ပံဆိုတာ အခုခေတ်နဲ့တော့ ယူပုံချင်း မတူဘူးနော်။ အခုခေတ်က သိပ္ပံဆိုတာက (Science) ကိုပြောတာ။ ဟိုတုန်းက သိပ္ပံဆိုတာက လက်မှုပညာအတတ်တွေ အားလုံးကို သိပ္ပ လို့ခေါ်တယ်။ ဝိဇ္ဇာဆိုတာ နှုတ်မှုပညာအတတ်ကို ပြောတယ်နော်။ အဲတော့ ဝိဇ္ဇာအတတ်မျိုးပဲဖြစ်ဖြစ်၊ သိပ္ပံအတတ်မျိုးပဲဖြစ်ဖြစ် အတတ်ပညာတွေကို စနစ်တကျ ကျကျနန နားလည်သဘောပေါက်အောင်၊ လျင်လျင်မြန်မြန်သိအောင် သင်ကြားပို့ချခဲ့တဲ့ ကုသိုလ်။

စာမျက်နှာ-၇၇
ကောင်းမှုဟာတဲ့ ဖြစ်လေရာဘဝမှာ သူက လူဖြစ်လာတဲ့အခါမှာ ဒီအမှတ်အသားတွေ၊ ပါရမီပုံရိပ် အမှတ်တံဆိပ်တွေ ပေါ်လာတယ်တဲ့။

အကျိုးပေးပုံ အဲဒီအမှတ်တံဆိပ်တွေပေါ်လာတဲ့အခါကျတော့ ဘယ်လို အကျိုးပေးတုန်းနော်။ ခြေသလုံးကလေး လုံးလုံးကလေးနေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုအကျိုးပေးတုန်းဆိုရင် ဘုရင် ဆိုလို့ရှိရင် မင်းထိုက်စိုးထိုက် အဝတ်တွေ၊ အစားအစာဆိုလည်း မင်းထိုက် စိုးထိုက် မင်းနဲ့တန်တာ ကောင်းပေ့ညွန့်ပေ့ဆိုတာတွေ အကုန် ရတယ်နော်။ ဘုရားဖြစ်လို့ရှိရင် ရဟန်းတွေနဲ့ သင့်လျော်တဲ့ အရာတွေ ဒါတွေ အကုန်လုံးရတယ်တဲ့။ အဲဒီ ရခြင်းရဲ့ အကျိုး ကျေးဇူးကို ခံရတယ်လို့ ဒီလိုပြောတာနော်။

အေး ဒါကြောင့် မဟာပုရိသလက္ခဏာ (၃၂) မျိုးထဲမှာ ဒီကနေ့ (၁၁)မျိုးထိအောင် ရှင်းလင်းဟောကြားပြီးသွားပြီ။ အဲဒီ (၁၁)မျိုးသော ပါရမီပုံရိပ် အမှတ်တံဆိပ်တွေဟာ ဆိုင်ရာဆိုင်ရာ ကုသိုလ်ကောင်းမှုရဲ့ အကျိုးကျေးဇူးတွေမျှသာ ဖြစ်တယ်ပေါ့။ ဆိုင်ရာဆိုင်ရာ ကုသိုလ်ကောင်းမှုတွေရဲ့ အကျိုးကျေးဇူးအတိုင်း ဒီကောင်းကျိုးချမ်းသာကို ရဖို့ရန်အတွက် ကောင်းမြတ်တဲ့ ပါရမီ ကုသိုလ်တွေကို ဆည်းပူးအားထုတ်လို့ ရခဲ့တာဖြစ်တယ်။

စာမျက်နှာ-၇၈
အကြောင်းမဲ့ အမှတ်အသားတွေ ပေါ်လာတာ မဟုတ်ဘူး။ တကယ် ကြိုးစားအားထုတ်လို့သာ ဒီအမှတ်အသားတွေ ပေါ်လာတာ ဖြစ်တယ်လို့ ဒီလိုသဘောကျပြီး တို့တတွေဟာ ပါရမီကုသိုလ်ထူးတွေကို သိတတ်တဲ့ဘဝမှာ သတိထားပြီးတော့ ဆည်းပူးအားထုတ်ကြရမှာဖြစ်တယ်ဆိုတာကို စိတ်ထဲမှာ ဆုံးဖြတ်ချက်ချပြီး ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု .. သာဓု .. သာဓု

စာမျက်နှာ-၇၉

ပါရမီပုံရိပ် အမှတ်တံဆိပ်များ အပိုင်း(၃)
သာသနာတော်နှစ် ၂၅၅၅ ခုနှစ်၊ ကောဇာသက္ကရာဇ် - ၁၃၇၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၄)ရက်၊ ၂၀၁၁-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ မဟာသကျသီဟဘုရား ဝေဇယန္တာ မဟာဗန္ဓုလဓမ္မာရုံ ဓမ္မဗိမာန်တော်ကြီး အတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်တဲ့ ရတနာလူငယ် မြတ်ဗုဒ္ဓဒေသနာတော် ပြန့်ပွားရေးအဖွဲ့ တရားစာအုပ်၊ တရားတိပ်ခွေ ဓမ္မဒါနကုသိုလ်ပြုလုပ်ငန်း (၅)နှစ်ပြည့်အထိမ်းအမှတ် တရားတော်ကို ပူဇော်ခြင်း၊ ဓမ္မသဘင်၌ မန္တလေးမြို့၊ နှစ်ဘက်သော မိဘများအမှူးထား၍ ကိုမျိုးမင်းသန့်+ မဝင်းမြင့်လှိုင် မိသားစုတို့၏ အမတဒါန၊ ဓမ္မဒါန အဖြစ်ဖြင့် ဟောကြား အပ်သော “ပါရမီပုံရိပ် အမှတ်တံဆိပ်များ” အပိုင်း(၃) တရား ဒေသနာတော်။
(၁၂) အရေပြား နူးညံ့ခြင်း
ဗုဒ္ဓမြတ်စွာရဲ့ ရူပကာယတော်မှာ ကောင်းမှုကုသိုလ် ပါရမီများရဲ့ အစွမ်းတန်ခိုးကြောင့် ပေါ်လွင်ထင်ရှားလာတဲ့ ပုံရိပ်များ၊ အမှတ်အသားများဟာ (၃၂)မျိုးရှိတယ်၊ အဲဒီထဲမယ်

စာမျက်နှာ-၈၀
ဘုန်းကြီးတို့ ဒီကနေ့(၁၂)ခုမြောက်ဖြစ်တဲ့ သုခုမဆဝိ - အရေပြား နူးညံ့ခြင်းကိုဟောမယ်။ အရေထူ အရေပါးက လူတွေရဲ့ အသားစိုင်ကို အုပ်မိုးထားတယ်။ အဲတော့ အသားဖြူတယ်၊ အသားမည်းတယ်လို့ ပြောကြတာဟာ တကယ်တော့ အသားကတော့ ဝက်သား၊ ကြက်သားတွေ မြင်ဖူးနေကြတာ အဲဒီလို နီရဲကြီးချည်းပဲနေမှာပါ။ ဖြူတယ်၊ မဲတယ်ဆိုတာဟာ အပေါ်က လွှမ်းအုပ်ထားတဲ့ အရေကိုကြည့်ပြီးတော့ ပြောတဲ့စကားနော်။ အရေထူ အရေပါးလို့ဆိုတဲ့ တစ်ကိုယ်လုံးမှာ လွှမ်းခြုံထားတဲ့ လူရဲ့ ဒီအသားရောင်လို့ခေါ်ရတဲ့ ဒီ အရေလေးတွေဟာ တစ်ကိုယ်လုံးမှာ အုပ်ပြီးတော့ လွှမ်းထားတယ်။ အဲဒီ အရေ လွှမ်းထားလို့သာ လူတွေဟာကြည့်လို့ရှုလို့ ရနေတာ၊ ဒီအရေခွံကို ခွာလိုက်မယ်ဆိုလို့ရှိရင်တော့ လူတွေဟာ နီစပ်ကြီးတွေ နေကြမှာပဲ။ အသားမည်းတယ်တို့၊ အသားဖြူတယ်တို့ အသားဝါတယ်တို့ ပြောလို့ရမှာမဟုတ်ဘူး။

သို့သော် အဲဒီ အုပ်လွှမ်းထားတဲ့ လူ့ရဲ့အသားမှာရှိတဲ့ အရေကို ပါဠိဘာသာနဲ့ “တစ” လို့ခေါ်တယ်။ ဒီနေရာမှာတော့ “ဆဝိ” လို့သုံးတယ်။ ဆဝိ အသားပေါ်မှာ အုပ်လွှမ်းထားတဲ့ အရေလေးက သုခုမ အင်မတန်မှ သိမ်မွေ့တယ်၊ နူးညံ့တယ်။ တစ်ချို့ကြတော့ အရေကြီးတွေကကြမ်းတယ်။ ဥပမာ ဆင်ရေ ကြီးတွေက ကိုင်ကြည့်လိုက်ရင် အင်မတန်မှ ကြမ်းတမ်းတယ်။

စာမျက်နှာ-၈၁
အဲ-လူသားတွေရဲ့ အရေက သာမာန်အားဖြင့်တော့ နူးညံ့တယ် လို့ ပြောရမယ်။ သို့သော် လူတွေရဲ့ သန္တာန်မှာရှိတဲ့ အရေပြားဟာ နူးညံ့တယ်လို့ပြောရပေမယ့်လို့ အလွန်တစ်ရာ နူးညံ့မှု မရှိသည့် အတွက်ကြောင့် ကောင်းကင်ယံက လွင့်ပျံလာတဲ့ မြူမှုန်လေးတွေဟာ လူတွေရဲ့ အရေပြားပေါ်မှာလာကပ်တာ၊ လာကပ်သည့်အတွက်ကြောင့် လူတွေက ရေမိုးချိုးသန့်စင်ပြီး တော့ ချေးတွန်းပစ်ရတယ်။

အကယ်၍သာ အရေက အင်မတန်မှ နူးညံ့မယ်ဆိုလို့ရှိရင် ဒီမြူမှုန်လေးတွေဟာ ဒီအရေပြားပေါ်မှာ လာကပ်နိုင်မှာမဟုတ်ဘူး။ အရေပေါ်မှာ အမှုန်လေးတွေ မတင်နိုင်ဘူး။ ထိလာလို့ရှိရင်လည်း လျော့ကျသွားမှာပဲ။ အင်မတန်မှ ချောနေတဲ့ အရေပြား ရှိတာကိုး။ အဲဒီလို အင်မတန် နူးညံ့ပြီးတော့ ချောညက်နေတဲ့ အရေပြားရှိတဲ့ ပုဂ္ဂိုလ်ကျတော့ မြူမှုန်လေးတွေက မတင်ကျန်နိုင်ဘူးတဲ့။ ဒါကြောင့်မို့ ချေးတင်တယ်ဆိုတာ မရှိဘူး။ ချေးတင်တယ်ဆိုတာ အရေကြမ်းလို့ပဲ ပြောရ မယ်နော်။

အဲ-လူတွေက ကြမ်းတဲ့အခါကြတော့ ဘာလုပ်ကြတုန်း ဆိုတော့ အမျိုးသမီးတွေကော အမျိုးသားတွေကော သနပ်ခါးတွေ သွေးပြီးလိမ်းကြတာနော်။ လိမ်းကြတော့ အဲဒီအရေက နူးညံ့ပြီးချောညက်နေရင် သနပ်ခါးလိမ်းလို့တောင် ရချင်မှရမှာ။

စာမျက်နှာ-၈၂
ဒီ သုခုမဆဝိ လို့ဆိုတဲ့ မြတ်စွာဘုရားရဲ့ ဒီရူပကာယတော်မှာ ရှိတဲ့ အရေဟာ အလွန်ကို ချောညက်နူးညံ့နေတယ်။ နူးညံ့နေတော့ ဘာဖြစ်တုန်းဆိုတော့ “သုခုမတ္တာ ဆဝိယာ ရောဇက္ကာ ကာယေ န ဥပလိမ္ပတိ” တဲ့။ အလွန်ကို အရေပြားက ချောညက် နေတာ ဖြစ်သောကြောင့်တဲ့ ချေးတွေ မြေမှုန်တွေ မြူမှုန်တွေဆိုတာ မြတ်စွာဘုရား ခန္ဓာကိုယ်မှာ မကပ်ဘူးတဲ့။ ဖုန်တွေ လွင့်လာရင်လည်း မြတ်စွာဘုရားကိုယ်မှာ မကပ်ဘူး၊ လျှောကျ သွားတယ်။ ဘုရားရဲ့ အသားအရေဟာ အင်မတန်မှ ချောညက်နေတာမို့ ဖုန်မတင်နိုင်ဘူးလို့ ဒီလိုပြောတာနော်။ အဲတော့ ဖုန်တင်လို့ရှိရင် ချေးစွဲတာပေါ့။ မြတ်စွာဘုရားရဲ့ အရေမှာ ချေးမစွဲဘူးတဲ့။ ဒီလက္ခဏာဟာလည်းပဲ ပါရမီပုံရိပ် အမှတ်တံဆိပ်တွေထဲက တစ်ခုပဲ။

ပါရမီကုသိုလ် ဒီလို အရေဟာ ချောညက်ပြီးတော့ နူးညံ့နေအောင် ဘာကုသိုလ်တွေများလုပ်ခဲ့တာတုန်း၊ စွဲစွဲမြဲမြဲကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့လို့ ချောညက်တဲ့အရေကို ရတာတဲ့။ သာမာန် အားဖြင့်တော့ မရနိုင်ဘူးတဲ့၊ ဒါဖြင့် ဒီအရေ ချောညက်စေတတ်တဲ့ ကုသိုလ်ဟာ ကောင်းတဲ့အရာလေးတွေကို လှူခဲ့လို့လား၊ ဆုတောင်းခဲ့လို့လားဆိုတော့ မဟုတ်ဘူး။ ကုသိုလ်ကောင်းမှုကို

စာမျက်နှာ-၈၃
ဘယ်လိုပြထားတုန်းဆိုတော့ အရေ နူးညံ့ချောညက်သွားအောင် ဒီလို ဒီလက္ခဏာ ပေါ်လွင်နေတာ တခြားမဟုတ်ဘူးတဲ့။ လူ ဖြစ်စဉ် ကာလတုန်းက ပညာရှိတဲ့ သမဏ ဗြဟ္မဏတွေထံ ချဉ်းကပ်ပြီးတော့ မေးမြန်းလေ့ရှိတယ်။ ပညာအရာ ဆည်းပူးလေ့ ရှိတယ်။ ဒီအဓိပ္ပာယ်ကိုပြောတာ။

သမဏ ဗြဟ္မဏတွေထံ ချဉ်းကပ်ပြီးတော့ မေးခွန်းနဲ့ မေးလေ့ ရှိတယ်တဲ့။ “အကုသလံ” အကုသိုလ်ဆိုတာ ဘယ်လိုဟာ ခေါ်တာတုန်း။ “ကုသလံ” ကုသိုလ်ဆိုတာ ဘယ်လိုဟာလဲ၊ အပြစ်ရှိတဲ့တရားဆိုတာ ဘယ်လိုဟာလဲ၊ အပြစ် မရှိတဲ့တရားဆိုတာ ဘယ်လိုဟာလဲ၊ လုပ်သင့်တဲ့တရားဆိုတာ ဘယ်လိုဟာလဲ၊ မလုပ်သင့်တဲ့တရားဆိုတာ ဘယ်လိုဟာလဲ၊ မလုပ်သင့်တာလုပ်ရင် ဘယ်လိုအပြစ်ဖြစ်သလဲ၊ လုပ်သင့်တာ မလုပ်ဘဲ နေရင်ကော ဘယ်လိုအပြစ်ဖြစ်သလဲ၊ လုပ်သင့်တာ လုပ်ရင်ကော ဘယ်လို အကျိုးကျေးဇူး ရှိနိုင်သလဲ၊ ဘယ်လို ကောင်းကျိုး ချမ်းသာတွေ ရနိုင်သလဲဆိုတဲ့ စီစစ်မေးမြန်း လေ့လာဆွေးနွေးတဲ့ ဒီကုသိုလ်ကောင်းမှုလို့ပြောတယ်။

ဒီလို ကုသိုလ်ကောင်းမှုလုပ်တာနဲ့ အရေဟာ ချောညက်တယ်ဆိုတော့ ဘယ်လို အဓိပ္ပာယ်တုန်းဆိုတော့ စဉ်းစားကြည့် လေ၊ ကိုယ်ရဲ့ စိတ်ထဲနှလုံးထဲမှာ မသိလို့ တင်ကျန်နေတာတွေက အများကြီးရှိတာပဲ။ ဟိုဟာလေးတွေးလိုက်လည်း မသိဘူး၊

စာမျက်နှာ-၈၄
ဒီဟာလေးတွေးလိုက်လည်း မသိဘူးဆိုတော့ ချေးတွေ စွဲနေ သလို ဖြစ်တာပေါ့။ အဲဒီလို မေးမြန်းတဲ့ ပုဂ္ဂိုလ်ကျတော့ နှလုံးသားက အင်မတန်မှ သန့်ရှင်းသွားတယ်၊ ကုသိုလ်ကိုလည်း ရှင်းရှင်းပြတ်ပြတ်မြင်တယ်၊ အကုသိုလ်ဆိုတာလည်း ရှင်းရှင်း ပြတ်ပြတ်မြင်တယ်။ အပြစ်ရှိတဲ့တရား၊ အပြစ်မဲ့တဲ့တရားဆိုတာ ကိုလည်း ရှင်းရှင်းပြတ်ပြတ်သိတယ်။ ချောမွေ့ပြီးတော့ အစစ အရာရာ စဉ်စားလိုက်တိုင်း ခေါင်းထဲမှာ အထစ်အဖု၊ အသိဉာဏ် ထဲမှာ အထစ်အဖုမရှိဘဲနဲ့ အကုန်ချောညက်သွားတယ်။ အဲဒီ ချောညက်တာဟာ မေးခွန်းတွေမေးပြီးတော့ ပညာဆည်းပူးခဲ့တဲ့ ကုသိုလ်တဲ့။

အဲဒီကုသိုလ်ကြောင့် သူ့ရဲ့ အရေပြားဟာလည်းပဲ အင်မတန်မှ ချောညက်သန့်ရှင်းပြီးတော့ ချေးမစွဲနိုင်လောက်အောင် အနေအထားမျိုး ရှိတယ်တဲ့၊ အဲတော့ ပညာပါရမီဆိုတဲ့ ကုသိုလ်ဟာလည်း ဒါပဲ။

ပညာပါရမီ ဖြည့်ကျင့်တယ်ဆိုတာ ခုခေတ်ကတော့ ပညာရေးအားပေးတဲ့ အလုပ်တွေလုပ်တယ်။ နောင်ဘဝမှာ ပညာတတ်ချင်လို့ဆိုပြီးတော့ ပညာတတ်တဲ့ ပုဂ္ဂိုလ်ကို ပူဇော်တယ်။ စာအုပ်စာတမ်းလှူတယ်။ မဖြစ်ဖူးလားဆိုတော့ အခြေအနေ တစ်ခုတော့ ပေးတာပေါ့။ စဉ်းစားကြည့်ပေါ့၊ စာအုပ် စာတမ်း လှူတယ်ဆိုတာ ပညာကိုလှူတာမှ မဟုတ်တာ၊

စာမျက်နှာ-၈၅
ပညာကို တိုက်ရိုက်ထိရောက်တာမဟုတ်ဘူးလေ၊ အထောက် အကူပေးတဲ့ သဘောမျိုးပဲဖြစ်တယ်။

ကိုယ်ကိုယ်တိုင်က မသိတာကို လေ့လာဆွေးနွေး မေးမြန်း သင်ယူလိုက်မယ်ဆိုရင် အခုသင် အခုတတ်သွားတာဟာ ဒီကနေ့သင်ပြီးတော့ မနက်ဖြန် မေ့ပြီးတော့ တတ်တာတွေ အလကားဖြစ်သွားတာ ဒီလိုမဟုတ်ဘူး။ သူက လူရဲ့သန္တာန်မှာ ဖြစ်ပေါ်လာတဲ့အရာဟာ မေ့ချင်တော့ မေ့သွားလိမ့်မယ်။ သို့သော်လည်း တစ်ခါသိထားတဲ့အသိဆိုတာ အထောက်အကူ ဖြစ်တယ်။ နောက်ထပ် သိဖို့အတွက် အထောက်အကူတွေ အများကြီးဖြစ်လာတယ်၊ မကြာမကြာသိခြင်း အာသေဝနသတ္တိနဲ့ ကျေးဇူးပြုထားတာဖြစ်သောကြောင့် အကြိမ်ကြိမ် အထပ်ထပ် သိလာလို့ရှိရင် မေ့နိုင်စွမ်းမရှိအောင် အစစအရာရာ ခွဲခြမ်း စိတ်ဖြာပြီးတော့ သိနိုင်တဲ့ အသိဉာဏ်မျိုးတွေကို တိုက်ရိုက် ရနိုင်တယ်လို့။ ဒါကြောင့်မို့ မေးတာမြန်းတာ တရားနာတာ မေးမြန်းဆွေးနွေးတာ ဒါတွေကို မဟာပညာ သံဝတ္တနိကပဋိပဒါ ကုသိုလ်လို့ခေါ်တယ်။ ဖြစ်လေရာ ဖြစ်လေရာဘဝမှာ အသိ ပညာ ကြီးပွားတိုးတက်တယ်လို့ဆိုတယ်။ ။

အဲတော့ ပညာပိုင်းဆိုင်ရာဟာလည်းပဲ ဒီလို မေးတာ မြန်းတာဟာ အင်မတန်မှ ပညာအတွက် ချက်ခြင်း အထောက် အကူဖြစ်တဲ့ ကုသိုလ်မျိုး ဖြစ်တယ်လို့။ အဲတော့ မေးတာကို

စာမျက်နှာ-၈၆
ကုသိုလ်မဟုတ်ဘူးလို့ ထင်ကောင်းထင်လိမ့်မယ်နော်၊ ကောင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မေးတာ မြန်းတာဟာလည်း ကုသိုလ်ပဲတဲ့။ ဘာဖြစ်လို့တုန်းဆိုတော့ အပြစ်ကင်းပြီးတော့ ကောင်းကျိုး ချမ်းသာ ပေးနိုင်တဲ့ အရာမှန်သမျှ ကုသိုလ်လို့ ခေါ်တာလေ။ ကုသလာ အနဝဇ္ဇသုခဝိပါက လက္ခဏာ အပြစ်ကင်းပြီး ကောင်းကျိုး ချမ်းသာပေးခြင်း အမှတ်အသားဟာ ကုသိုလ်ရဲ့ အမှတ်အသားပဲ။ မြန်မာလူမျိုးတွေကတော့ မေးခွန်းတွေ သိပ်ပြီး မေးလေ့မရှိကြဘူး၊ တရားဟောရင်လဲ အသာလေးငြိမ်ပြီး နာကြ တာ။ ပြီးတော့လည်း သာဓုခေါ်ကာ ပြီးသွားကြတာ။ သိသည် ဖြစ်စေ၊ မသိသည်ဖြစ်စေ မြန်မာလူမျိုးတွေဟာ မေးဖို့ရာ ဝန်လေးတတ်ကြတယ်။ နိုင်ငံခြားက လူတွေကျတော့ အဲဒီလို မဟုတ်ဘူး၊ သူတို့ကို စာသင်တယ်ဆိုရင် သူတို့က ပါးစပ် မဟ လိုက်နဲ့ လိုက်တာနဲ့ လက်ညှိုးက ထောင်နေပြီနော်။ မြန်မာတွေ ကျတော့လည်း မမေးဘဲ ငုပ်တုတ်ထိုင်တာ လွန်လွန်းအား ကြီးတယ်။ ဒီလိုဖြစ်နေတယ်။ အဲတော့ မေးသင့်မေးလိုက်တာ မေးရမယ်။

မေးမြန်းခြင်းဟာ မဟာပညာ သံဝတ္တနိက ပဋိပဒါ ကုသိုလ် ကောင်းမှု ဆည်းပူးအားထုတ်ရာ ရောက်တယ်တဲ့။ ဖြစ်လေရာ ဖြစ်လေရာဘဝမှာ အသိပညာတိုးပွားတယ်။

စာမျက်နှာ-၈၇
အဲဒီရဲ့အကျိုးဆက်အနေနဲ့ ခန္ဓာကိုယ်ပေါ်မှာ ရူပကာယ ပေါ်ကျတော့ ဘယ်လိုဟာတွေ ပေါ်သလဲဆိုရင် အသိဉာဏ် ဦးနှောက်မှာ ချေးမစွဲသလိုပဲ သူ့ရဲ့ ခန္ဓာကိုယ်ရဲ့ အရေပြား ကလည်း ချောညက်ပြီးတော့ နေသည့်အတွက်ကြောင့် သုခုမ ဆဝိ - သိမ်မွေ့ချောညက်တဲ့ အရေပြားရှိတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်လာတယ်လို့ ဒီလိုဆိုတာနော်။ အကြောင်းအကျိုး အဲဒီလိုဆက်သွားတာ၊ ဒါက အင်မတန်မှ ဖြစ်တယ်ပေါ့။

ခုနက ပညာရှိတယ်ဆိုတာဟာ စိတ်ပိုင်းဆိုင်ရာရဲ့ အကျိုး ကျေးဇူးကိုပြောတာနော်။ စိတ်ပိုင်းဆိုင်ရာ နာမ်ပိုင်းဆိုင်ရာနဲ့ အကျိုးကျေးဇူးကို ပြောတာ။ အခုဟာက ရုပ်ပိုင်းဆိုင်ရာရဲ့ အကျိုးကျေးဇူး။ ရုပ်နဲ့နာမ်ဆိုတာ တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီး တော့နေတာ။ မဆက်သွယ်ဘူးလို့မအောက်မေ့နဲ့၊ ရုပ်နဲ့နာမ်ဟာ အမြဲတမ်း အပြန်အလှန် အချင်းချင်းမှီပြီး တစ်ခုနဲ့တစ်ခု အထောက်အကူပြုနေတာ။

မေးမြန်းခြင်းဆိုတဲ့ ဒီ ကုသိုလ်ကောင်းမှုက “ကုသိုလ်ဆိုတာဘာလဲ၊ အကုသိုလ်ဆိုတာဘာလဲ” လို့ တရားဓမ္မနဲ့ ပတ်သက်တဲ့ မေးမြန်းစူးစမ်းလေ့လာမှု ကုသိုလ်ပဲ။ ဒီ ကုသိုလ်ကောင်းမှုဟာ နာမ်ပိုင်းဆိုင်ရာကျတော့ ပညာဉာဏ်ကြီးမားခြင်းဆိုတဲ့ အကျိုးအနေနဲ့ ပေါ်ထွက်လာတယ်။ ရုပ်ပိုင်းဆိုင်ရာ ရောက်တဲ့အခါကျတော့ အရေရဲ့ နူးညံ့ပျော့ပြောင်းခြင်း

စာမျက်နှာ-၈၈
ချောညက်ခြင်းဆိုတဲ့ အကျိုးကျေးဇူးနဲ့ အရိပ်အရောင် လာပေါ်တယ်လို့ ဟောဒီလိုဆိုလိုတာ။ အဲတော့ အရေချောညက်တဲ့ ပုဂ္ဂိုလ်ဟာ ဘာဖြစ်မတုန်း၊ ပညာကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ အသားအရေဟာ နူးညံ့ချောညက်နေရင်နော် ဒီနှစ်ခုက ဆက်သွယ်နေတဲ့ သဘောကို ပြောတာနော်။ သာမာန်အားဖြင့် ပြောမယ်ဆိုရင်တော့ မေးခွန်းမေးတာနဲ့ အသားအရေနူးညံ့တာ ဘာဆိုင်လို့လဲလို့ ပြောစရာရှိတယ်။ အသားအရေနူးညံ့မှုသည် ပညာကြီးခြင်းရဲ့ အဓိပ္ပာယ်တစ်ခုကို ဖော်ပြတာတဲ့။ အဲတော့ ပညာကြီးတယ်ဆိုတဲ့ အကျိုးတရားနဲ့ ပညာနဲ့ ပတ်သက်ပြီးတော့ ကုသိုလ်နဲ့ ပတ်သက် ပြီးတော့ မေးမြန်းတတ်တယ်ဆိုတာနဲ့က ဆက်သွယ်နေတာ။

အေး - ဒါကြောင့်မို့လို့ “မသိလျှင်မေး မစင်လျှင်ဆေး”ဆိုတာလို မေးမြန်းတဲ့ အလေ့အထ ရှိရတယ်။ သိတဲ့တတ်တဲ့ ပုဂ္ဂိုလ်ကို မည်သူ့ပဲဖြစ်ဖြစ် မေးမြန်းဆွေးနွေးခြင်းဖြင့် ကိုယ့်မှာ အသိဉာဏ်တွေရတယ်။ အဲတော့ မေးဆိုတာနဲ့ပဲ ကပ်သီးကပ်သပ်တွေ လျှောက်မေးလို့တော့ မဖြစ်ဘူးပေါ့နော်။ ဒီမေးတာကလည်းပဲ အမျိုးမျိုးပဲ ရှိသေးတာပေါ့။ ကိုယ်မသိလို့ မေးတာ၊ သိချင်လို့မေးတာ။ ဒါ မေးခွန်းနဲ့ ပတ်သက်ပြီးတော့လည်း ပြောထားတာတွေရှိတယ်လေ။ အဒိဋ္ဌဇောတနာတဲ့၊ ကိုယ်မသိတာကို သိချင်လို့မေးတဲ့မေးခွန်းမျိုး၊ ဒိဌသံသရာ

စာမျက်နှာ-၈၉
တဲ့၊ ကိုယ်သိပြီးသားကို သူများနဲ့ ငါသိတာနဲ့ သူသိတာနဲ့ တူရဲ့လားလို့ တိုက်ဆိုင်ကြည့်ချင်လို့ မေးတာမျိုး၊ ဝိမတိစ္ဆေဒနာ ကိုယ့်မှာ သံသယရှိနေလို့ သံသယကင်းသွားအောင် မေးတဲ့ မေးခွန်းမျိုး ဒီလိုရှိသေးတယ်။ အနုမတိပုစ္ဆာတဲ့၊ နားထောင်တဲ့ ပုဂ္ဂိုလ်ကို ကိုယ်က မေးခွန်းလေးတင်လိုက်တော့ သူ့ရဲ့ အမြင် ဘယ်လိုရှိလည်းလို့ သိချင်လို့မေးတဲ့ မေးခွန်းလေ။ ဒါက ဆရာ သမားတွေက တပည့်တွေကို သိမသိ စမ်းသပ်တဲ့အခါမှာ အနုမတိပုစ္ဆာဆိုတာနဲ့မေးတယ်။ နောက်တစ်ခါ ရှင်းပြချင်လို့ မေးတဲ့ မေးခွန်းကျတော့ ကထေတုကမျတာပုစ္ဆာ လို့ ဒီလို မေးခွန်းကလည်း အမျိုးမျိုးရှိသေးတယ်။ အဲတော့ မေးခွန်း အမျိုးမျိုးထဲမှာ ကိုယ်သိချင်လို့မေးတဲ့မေးခွန်းမျိုး ဒါပညာဉာဏ် ကြီးမားစေတတ်တဲ့ ကုသိုလ်တစ်မျိုးပဲလို့ မသိတာကို သိသွား စေတယ်။

ကောင်းပြီ၊ အဲဒီလို မေးခွန်းမေးတဲ့အလေ့ရှိတဲ့ ပုဂ္ဂိုလ်ဟာ ရုပ်ပိုင်းဆိုင်ရာကျတော့ အသားအရေ ချောညက်ခြင်းဆိုတဲ့ ဒီအကျိုးကျေးဇူးကို ရရှိသွားတယ်။ ပညာပိုင်းဆိုင်ရာ နာမ်ပိုင်း ဆိုင်ရာ အကျိုးကျေးဇူးကျတော့ ဘယ်လိုလာတုန်းဆိုတော့ သုခုမ ဆဝိဆိုတဲ့ အရေချောညက်မှုရှိတဲ့ပုဂ္ဂိုလ်၊ အသားအရေ နူးညံ့ပြီးတော့ ချောညက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာတဲ့ မဟာပညာ တကယ့်ကိုကြီးမားတဲ့ ပညာရှိတဲ့ပုဂ္ဂိုလ် ပညာရှိ

စာမျက်နှာ-၉၀
ဖြစ်တယ်နော်။ အရာရာကို တတ်သိလိမ္မာတဲ့ ပညာဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဒီလိုဆိုတာနော် ဒီလိုဆိုတာ အေးဒါကြောင့်မို့လို့ ကုသိုလ်ဆိုတာ သူ့ဟာနဲ့ သူအကျိုးနဲ့သူ ဒီလို ဖြစ်တာ။

လူ့ဘဝတုန်းက အခုလိုပညာရှိတဲ့ ပုဂ္ဂိုလ်တွေထံ ချဉ်းကပ် ပြီးတော့ မေးမြန်းစိစစ်ခဲ့တဲ့ ကုသိုလ်ကို (သာမာန် တခါတရံ လုပ်တာမျိုးပြောတာ မဟုတ်ဘူး။ ဒီကုသိုလ်မျိုးကို အမြဲမပြတ် လုပ်တယ်၊ ကြုံတိုင်းလုပ်တယ်နော်။) လုပ်တဲ့ပုဂ္ဂိုလ်ဟာ အသိ ပညာတွေ တိုးတက်လာပြီးတော့ နောက်ဆုံးမှာ အသိပညာ ကြွယ်ဝတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်တယ်။ အသားအရေ အနေအထား အားဖြင့် ချောညက်တဲ့ အရေရှိတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်လာတယ်။ ဘုရားအလောင်းကတော့ ပညာရှိတဲ့ထဲမယ် ထိပ်တန်းပုဂ္ဂိုလ် ဖြစ်သည့်အတွက်ကြောင့် သူ့ရဲ့ လေ့လာ ဆွေးနွေးမှုတွေဟာ အင်မတန်မှ ကြီးမားခဲ့တယ်။ ဒါကြောင့်မို့လို့ ပညာပါရမီ ပြည့်တယ်၊ တစ်နည်းအားဖြင့်လည်းပဲ ပညာနဲ့သတ္တဝါတွေရဲ့ အသက်ကို ကယ်တာလည်းပဲ ပညာပါရမီလို့ ဒီလိုပြောတာပဲ။ ကိုယ့်ပညာကို အသုံးပြုပြီးတော့ သတ္တဝါတွေကို ကယ်တင်တာလည်းပဲ ပညာပါရမီထဲမှာ ပါတယ်ပေါ့။

အေး ... ဒီမှာ သုခုမ ဆဝိ ချောညက်တဲ့ အရေရှိခြင်း ဟာလည်းပဲ ပါရမီပုံရိပ် အမှတ်တံဆိပ် လက္ခဏာတစ်ခုပဲ။

စာမျက်နှာ-၉၁
မြတ်စွာဘုရားမှာ အင်မတန်မှ ကြီးကျယ် ကျယ်ပြန့်တဲ့ပညာ ရှိတယ်။ ကိလေသာတွေကို ဖောက်ခွဲနိုင်တဲ့ နိဗ္ဗိဓပညာမျိုး ရှိတယ်။ ဒီ ရွှင်လန်းတက်ကြွအားရစေနိုင်တဲ့၊ အားရပြီးတော့ သိတဲ့ ဟာသပညာမျိုးတွေရှိတယ်၊ ထက်မြက်တဲ့ တိက္ခပညာ မျိုးတွေရှိတယ်။ လျင်မြန်တဲ့ ဇဝနပညာမျိုးတွေ ရှိတယ်။ မြတ်စွာ ဘုရားမှာ ထူးခြားထက်မြက်တဲ့ပညာတွေ သဗ္ဗညုတဉာဏ်တော် ကြီးတို့ ဆအသာဓာရဏ ဉာဏ်တို့ သူမတူတဲ့ အသိဉာဏ်တွေ အခုလို ပညာပါရမီကို ဆည်းပူးအားထုတ်ခဲ့ခြင်းကြောင့် ရရှိလာတယ်။ မြတ်စွာဘုရားရဲ့ အရေတော်ဟာ သူများရဲ့ အရေနဲ့ မတူအောင် ချောညက်သိမ်မွေ့လို့ မြူမှုန်တောင်မှ မြတ်စွာဘုရားရဲ့ အရေကို မကပ်နိုင်ဘူးတဲ့။ ။

ဒါဖြင့် မြတ်စွာဘုရား ရေမချိုးဘူးလား၊ ချေးမတင်တော့ ရေမချိုးဘူးလားဆိုတော့ ချိုးတယ်။ ဘာဖြစ်လို့ ချိုးတာတုန်း ဆိုတော့ အပူအအေး မျှတဖို့အတွက် ချိုးရတယ်၊ ဆပ်ပြာတွေ ဘာတွေနဲ့တွန်းပြီးတော့ ချေးချွတ်စရာမလိုလောက်ဘူး။ ခန္ဓာ ကိုယ် အနံ့ပျောက်အောင် ဟိုဟာ ဒီဟာ လိမ်းစရာမလိုဘူးလို့ ဆိုတယ်။ မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်မယ် အရေပြားက အင်မတန်မှ ချောညက်တယ်တဲ့ ဒီလိုဆိုလိုတာပေါ့နော်။ အဲဒါ ဟာလည်း မဟာပုရိသလက္ခဏာ (၃၂)မျိုးထဲမှာ အပါအဝင် တစ်ခုဖြစ်တယ်လို့ ဒီလိုမှတ်သားကြရမယ်။

စာမျက်နှာ-၉၂

(၁၃) ရွှေရောင်အသား
နောက်တစ်ခုက အရေပြားနဲ့ပဲ ဆက်စပ်ပြီးတော့ ပြောရမယ်။ နောက်တစ်ခု တစ်ဆယ်နဲ့သုံးခုမြောက် မဟာပုရိသ လက္ခဏာက ဘာလဲလို့ဆိုတော့ သုဝဏ္ဏဝဏ္ဏတဲ့။ သုဝဏ္ဏဆိုတာ ရွှေ၊ ဝဏ္ဏ အဆင်း၊ ရွှေအဆင်းနဲ့တူသောအဆင်း ရှိတယ်။ မြတ်စွာဘုရားရဲ့ အသားအရေဟာ ချောညက်နေရုံမကဘူး အရောင်က ဟိုအာဖရိကက အမည်းရောင်တွေလိုလည်း မဟုတ်ဘူးနော်၊ ကြေးနီရောင်လိုလည်း မဟုတ်ဘူး။ ဘာနဲ့တူတုန်း ဆိုတော့ ကဉ္စန သန္နိဘတ္တစောတဲ့။ ရွှေပြားလို ရွှေလိုအရောင်မျိုးလို့ဆိုလိုတယ်။ သူက အဝါရောင် ဝါနုရောင် ရွှေပြားလို ရွှေလိုအရောင်မျိုးလေး၊ မြတ်စွာဘုရားရဲ့ အသားအရေဟာ ချောညက်ရုံမျှမကဘူး ရွှေရောင်တောက်နေတဲ့ အရောင်မျိုး ဖြစ်တယ်။ ဒါကြောင့်မို့ သုဝဏ္ဏဝဏ္ဏ ရွှေအဆင်းနဲ့တူတဲ့ အဆင်း အရောင် ရှိတယ်လို့ဆိုတယ်။ ခန္ဓာကိုယ်ပေါ်မှာ ပေါ်လွင်ပြီး တော့နေတာ။

ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ အသားအရောင်ဟာ ရွှေရောင်နဲ့ ရွှေရောင်ကြီးဆိုတော့ လူတွေက စဉ်းစားလိမ့်မယ်၊ ရွှေချထားတဲ့ဘုရားလို ဝါဝါကြီး ဒီလိုလားလို့၊ အဲဒီလိုကြီးဆိုရင်လည်း လန့်စရာကြီးဖြစ်နေမှာပေါ့။ လူဝါကြီးလို့ ထင်နေကြ မှာနော်။ အဲဒီလိုကြီးတော့လည်း ဟုတ်ပုံမရဘူး၊ လူတွေရဲ့

စာမျက်နှာ-၉၃
အသားအရောင်ထဲမှာ ဝင်းဝင်းလက်လက်နဲ့ ဖြစ်ပြီးတော့ အင်မတန်မှလှပတဲ့အရောင်မျိုး ဒီလိုပဲဖြစ်လိမ့်မယ်နော်။ အခု ဘုရားရွှေချထားသလို အဝါရောင်ကြီး ဆိုလို့ရှိရင်လည်း ကျန်တဲ့ လူတွေနဲ့ သိပ်ကွဲပြားခြားနားနေတော့ ဘုရားလား၊ ဒီပြင် ပုဂ္ဂိုလ်လား လွဲမှားစရာတွေ ဖြစ်စရာ အကြောင်းမရှိဘူးလေ။

သို့သော် မြတ်စွာဘုရားဟာ သာမာန်သွားလို့ရှိရင် လူသား တစ်ယောက်အနေနဲ့ပဲသိရတယ်။ ဘုရားလို့ လူတိုင်းက သိချင်မှ သိတာပေါ့။ ဆိုပါစို့ တစ်ခါတုန်းက ရဟန်းတော်တွေဟာ ဥပဋ္ဌာနသာလာ လို့ဆိုတဲ့ စည်းဝေးဆောင်မှာထိုင်ပြီးတော့ တရား ဆွေးနွေးနေကြတယ်။ ခပ်လှမ်းလှမ်းကနေပြီးတော့ ဘုရားရဲ့ ညီတော် အရှင်နန္ဒက ဘုရားဝတ်တဲ့ သင်္ကန်းမျိုး ခပ်ဖားဖား သင်္ကန်းကြီးကိုဝတ်ပြီးလာတယ်၊ ညီအစ်ကိုဆိုတော့ ရုပ်ကလည်း တူမှာပေါ့။ ရှင်နန္ဒ ကြွလာတာမြင်တဲ့အခါ “ဟိုမှာ ဘုရားကြွလာ ပြီ၊ ဘုရားကြွလာပြီ” ဆိုပြီးတော့ နေရာကထပြီး တိတ်တိတ် ဆိတ်ဆိတ် နေကြတယ်။ အနားရောက်တဲ့အခါကျမှ ဘုရား မဟုတ်မှန်းသိကြတယ်၊ ညီတော်နန္ဒက ဘုရားထက် အရပ်က လက်လေးသစ်ပဲနိမ့်တယ်၊ အရပ်မောင်းခြင်းကလည်းတူတယ်။ အဲတော့ အဲဒီလိုမှားဖူးတယ်။

အဲဒီ မှားတာ ထောက်လို့ရှိရင် ထိုခေတ်က လူတွေရဲ့ ဒီ တင်စားပြီးတော့ပြောတဲ့ ရွှေဝါရောင်တို့၊ လှပတဲ့အရောင်မျိုးပဲ။

စာမျက်နှာ-၉၄
လူတွေရဲ့ အသားအရောင်ထဲမှာနော် ဖြူနီစပ်ကြီးလည်း မဟုတ်ဘူး၊ အမည်းကြီးလည်းမဟုတ်ဘူး၊ အသားဟာ ဘာပြောရမလဲ မသိဘူးနော်။ ဒီ မိတ်ကပ်နဲ့ခြယ်ထားတဲ့ အရောင်မျိုးလည်း မဟုတ်ဘူးပေါ့။ ဝါနုနုအရောင်လေးနဲ့ အင်မတန်မှ ကြည့်လို့ကောင်းတဲ့ အရောင်မျိုး၊ ဒီလိုဟာမျိုးကို ရွှေရောင်လို့ ဒီလို ပြောတာ ဖြစ်မှာပေါ့။

တစ်ခါတုန်းက မြတ်စွာဘုရားဟာ ပါစိနဝံသ လို့ခေါ်တဲ့ အရှေ့ဝါးတောဘက်ကို ကြွသွားတယ်။ ဘာဖြစ်လို့ကြွသွားတာ တုန်းဆိုတော့ အဲဒီအရှေ့ဝါးတောထဲမှာ ရှင်အနုရုဒ္ဓါ၊ ရှင်ကိမိလ၊ ရှင်ဘဒ္ဒိယဆိုတဲ့ သီတင်းသုံးဖော်သုံးပါးဟာ အဲဒီထဲမှာ တရား အားထုတ်ပြီးတော့ အေးအေးချမ်းချမ်း နေကြတယ်။ မြတ်စွာ ဘုရား အဲဒီတောအုပ်ထဲကိုကြွတဲ့အခါ တောစောင့် ယောက်ျားက ဂိတ်ဝကနေပြီးတော့ ဘုရားကို မဝင်ဖို့တားနေတယ်။ သူက ခုနလို မဝင်ဖို့တားတယ်ဆိုတဲ့ထဲမယ် သူက ဘာပြောတုန်း ဆိုတော့ “မာ သမဏ ပါဝိသိ” ကိုယ်တော်ဒီထဲမဝင်နဲ့။ ဒီထဲမှာ တကယ့် အမျိုးကောင်းသားတွေ တရားအားထုတ်နေကြတယ်။ အေးအေးချမ်းချမ်း နေကြတယ်။ ကိုယ်တော်မဝင်ခဲ့နဲ့လို့ ပြောတယ်။

အဲဒီမှာ ဘုရားကသာ အရောင်ကြီးက သူများနဲ့မတူဘူး ဆိုရင် သူဒါကိုဖြစ်ချင်မှ ဖြစ်မှာပေါ့နော်။ အဲတော့ သာမာန်

စာမျက်နှာ-၉၅
ပါရမီပုံရိပ် အမှတ်တံဆိပ်များ ဘုန်းကြီးတစ်ပါးလို့ထင်ပြီးတော့ တားတာလည်းဖြစ်နိုင်တယ်။ အဲဒီမှာ ရှင်အနုရုဒ္ဓါက ကြားတဲ့အခါ ဘယ်သူနဲ့စကားပြောတာ ပါလိမ့်လို့ကြည့်လိုက်တော့ ဘုရားကြွလာတာမြင်တော့ “မတားနဲ့ မတားနဲ့၊ ဒါ တို့ရဲ့ဆရာ ဘုရားပဲ” ဆိုပြီးတော့ ဆင်းပြီးတော့ အဖော်နှစ်ပါးကိုပါခေါ်ပြီး ဘုရားကို ခရီးဦးကြိုဆိုတယ်။ ဒီအဖြစ် အပျက်ကလည်း ကျမ်းဂန်ထဲမှာ မှတ်တမ်းတင်ထားတာ ရှိတယ် ပေါ့။ အဲတော့ မြတ်စွာဘုရားရဲ့ ရွှေဝါရောင်လို့ဆိုတဲ့ အသား အရောင်တော်ဟာ အခုခေတ် ရွှေချထားတဲ့ အရောင်မျိုးလို့တော့ မအောက်မေ့လေနဲ့ပေါ့နော်။ ဒီ အဝါရောင် အင်မတန်မှ လူတွေ အသားတွေထဲမှာ အင်မတန်မှလှပတဲ့ အရောင်မျိုးလို့။

မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်က ဗျာမပ္ပဘာ လို့ခေါ်တယ်။ ဗျာမဆိုတာ လက်ကို ဆန့်တန်းလိုက်တဲ့အခါမယ် တလံလို့ ခေါ်တယ်ပေါ့နော်။ အဲဒီ တလံပတ်ဝန်းကျင်ထိအောင် ရောင်ခြည်လေးတွေ ထွက်နေတယ်လို့ ဒီလိုဆိုလိုတာ။ အင်မတန်မှ ကြည့်လို့ရှုလို့ တင့်တယ်တယ်၊ လှပတယ်၊ မြင်ရရင် ငေးကြည့်လောက်တဲ့ အနေအထားမျိုးတော့ရှိတာပေါ့။ ဒီလို တော့ ရှိမှာပေါ့နော်။ မြတ်စွာဘုရားရဲ့ ဗျာမပ္ပဘာ ရောင်ခြည် တော်ဆိုတာရှိတယ်။ တလံလောက် ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ အရောင်ကိုပြောတာ။ မြတ်စွာဘုရားရဲ့ အသားရောင်ဟာ ဘာရောင်လဲလို့ဆိုရင် အဝါရောင်လို့ပဲပြောရမယ်၊ အဝါရောင်။

စာမျက်နှာ-၉၆
ဗမာက ရွှေကို သိပ်သုံးတာပဲလေ၊ ကိုယ့်ကိုကိုယ်လည်း ရွှေမြန်မာလို့ခေါ်ကြတာ။ လူတွေက ရွှေနိုင်ငံတဲ့၊ ရွှေမြို့တော်တဲ့။ ရွှေကိုတော့ တော်တော်သဘောကျတယ်နော်၊ အဲဒီလို ဒီမှာလည်း သုဝဏ္ဏဝဏ္ဏ မြတ်စွာဘုရားရဲ့ အဆင်းကို ဒီလှပလို့ တင်စားပြီးတော့ ရွှေအဆင်း သို့မဟုတ် အဝါရောင်ချင်းတူလို့ ရွှေအဆင်းလို့ ဒီလိုပြောတာ၊ ဒီလိုယူမှလည်း သဘာဝကျမှာပဲ ပေါ့နော်။ ရွှေအဆင်းနှင့်တူသော အဆင်းအရောင်ရှိတဲ့ အသား အရေဟာ အင်မတန်မှ ချောညက်ရုံမကဘူး အသားရောင်ဟာ အင်မတန်မှ လှပတဲ့၊ ရွှေရောင်လို လှပတဲ့ အဆင်းရှိတယ်လို့ ဒီလိုဆိုတာ။ အဲတော့ လူတွေ လှတယ် မလှဘူးဆိုတာ သဏ္ဌာန် နဲ့လည်း ပြောလို့ရတယ်။ ပုံပန်းသဏ္ဌာန်နဲ့လည်းပြောလို့ရတယ်။ အသားအရောင်နဲ့လည်း ပြောလို့ရတယ်။

ပါရမီကုသိုလ် အဲတော့ မြတ်စွာဘုရားရဲ့ အရေဟာ ချောညက်ရုံမျှမက ရွှေရောင်ကဲ့သို့ လှပတဲ့အသားရောင်မျိုးရှိတာဟာ ဘာကုသိုလ်တွေ လုပ်ခဲ့လို့လည်း ခုနတုန်းက ချောညက်တာကျတော့ မေးခွန်းတွေ မေးပြီးတော့ ပညာဆည်းပူးခဲ့လို့တဲ့၊ အခုလို ဒီရွှေအဆင်းလို လှပတဲ့ အဆင်းရောင်ရှိတာ ဘာကြောင့်လဲလို့ဆိုတော့ အတိတ်

စာမျက်နှာ-၉၇
ဘဝတုန်းက လူဖြစ်စဉ်အခါကာလတုန်းက သူဟာ ဒေါသကို ထိန်းသိမ်းခဲ့တယ်၊ စိတ်မဆိုးအောင်နေတယ်။ မေတ္တာ ဘာဝနာ ပွားပြီးတော့နေတယ်နော်။ “အတ္တာဓနာ အနုပါယာသဗဟုလာ”တဲ့၊ စိတ်မဆိုးဘူးတဲ့၊ စိတ်မဆိုးအောင်ကျင့်တယ်။

လေ့ကျင့်တယ်။ စိတ်ဆိုးတာလည်း ကိုယ်အလိုမကျလို့ရှိရင် ဆိုးတတ်တာကိုး။ စိတ်ဆိုးတယ်ဆိုတာ တစ်ဖက်သားအပေါ်မှာ အလိုမကျတဲ့သဘော။ အဲဒီအလိုမကျတဲ့ သဘောမျိုး မဖြစ်ရအောင် တစ်ဖက်သားကိုညှာတာတဲ့၊ အကျိုးစီးပွားကို လိုလားတဲ့ သဘောနဲ့ ကြည့်တယ်။ မညှာတာဘူးဆိုရင် စိတ်က ဆိုးစရာ ကြီးပဲနော်။

နဲနဲကြီးတဲ့လူက ငယ်တဲ့လူပေါ်မှာ အမြဲတမ်း ပြစ်တင် လေ့ရှိတယ်။ ဒါဟာ လူတွေမှာ အဲဒါကျတော့ ဒေါသက အမြဲတမ်းရှိနေတတ်တယ်။ တစ်စုံတစ်ခုလွတ်ကျလို့ရှိရင် ကိုယ့်ကြောင့်ကျရင်တော့ “မတော်လို့”၊ ငယ်တဲ့လူကြောင့် လွတ်ကျရင် “ဒီကောင်နမော်နမဲ့နိုင်တယ်”။ ဟော-ပြောတာနော်၊ မြင်တာ ကိုက အဲလိုမြင်တာ၊ သူများကျတော့ နမော်နမဲ့လို့ထင်တယ်။ ကိုယ့်ကျတော့ မတော်လို့တဲ့ ခွင့်လွှတ်တယ်။ အဲတော့ သူများကိုလည်း အဲဒီလို ခွင့်လွှတ်နိုင်အောင်ကြိုးစားရမယ်။ ဒါဆိုရင် ဒေါသဖြစ်စရာမရှိတော့ဘူးနော်။ အားလုံးဟာ ဖြစ်တာ မတော်

စာမျက်နှာ-၉၈
လို့ချည်းပဲ ပြောလို့ရမှာပဲ။ ကိုယ့်ကျမှသာ မတော်လို့ လို့မပြောနဲ့၊ သူများလည်း မတော်လို့ပဲ ဒီလိုပဲ ပြောရမယ်။ အဲတော့ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဆိုတဲ့ ဒေါသ မဖြစ်အောင်ထိန်းတဲ့ အလေ့အထဟာ မြတ်စွာဘုရားမှာ လေ့ကျင့်ခဲ့တယ်။ ကြည့်လေ၊ သည်းခံခြင်းဆိုတဲ့ ခန္တီပါရမီ ဖြည့်တုန်းက ခန္တီဝါဒီရသေ့ဖြစ်ခဲ့တယ်။ ဘုရားအလောင်းတော်ရဲ့ သည်းခံ နိုင်တဲ့ စွမ်းအားဟာ အင်မတန်မှ ကြီးမားတယ်။ အခုခေတ် လူတွေကတော့ မဟုတ်ဘူး၊ ဘယ်အသာလေး ငုံ့ခံပြီးတော့ “သည်းခံတယ်ဆိုတာ အတိုင်းအတာရှိတယ်”လို့ ခြိမ်းခြောက် လိုက်သေးတယ်။ ငါသည်းခံနိုင်တဲ့စွမ်းအား ကုန်တော့မယ်နော်။ ဂိတ်ဝရောက်လာပြီ၊ မခံနိုင်တော့ဘူးဆိုတာမျိုးဖြစ်လာတယ်။

ဟော ဘုရားလောင်း ခန္တီဝါဒီ ရသေ့ကြီးကျတော့ အဲဒီလို မပြောဘူး၊ သူ့ကို ကလာဗု မင်းကြီးကမေးတယ်။ “ဘာဝါဒရှိတာတုန်း” “ငါကသည်းခံတဲ့ဝါဒ”၊ ဒါဖြင့် သည်းခံတာဟာ ဘယ်လောက် အတိုင်းအတာထိခံနိုင်မတုန်းဆိုပြီး လက်ဖြတ်တယ်၊ ခြေထောက် ဖြတ်တယ်၊ ကြိမ်နဲ့ရိုက်တယ်။ ဘယ်လိုရိုက်ရိုက် ဘာဝါဒတုန်း ဆိုရင် ခန္တီဝါဒပဲ။ သည်းခံတယ်နော်၊ သူသည်းခံတဲ့ အတိုင်း အတာဟာ ဘယ်လောက်နှိပ်စက်နှိပ်စက် အပြုံးမပျက်တဲ့ ခန္တီ မျိုးကို ထိန်းသိမ်းစောင့်ရှောက်တယ်။ အောင့်အီးနိုင်တယ်ပေါ့ နော်။ ဒေါသမဖြစ်အောင် အောင့်ထားနိုင်တယ်။

စာမျက်နှာ-၉၉
ဒေါသဖြစ်ပြီး ငုံ့ခံနေတာဟာ ခန္တီမဟုတ်ဘူးနော်။ ဒေါသကို မဖြစ်အောင်ထားမှ ခန္တီအစစ်၊ ခန္တီဆိုတာ “ခသဟနေ”တဲ့၊ စွမ်းရည်သတ္တိ တစ်မျိုးပဲ။ ဘယ်လိုစွမ်းရည်သတ္တိတစ်မျိုးတုန်း ဆိုရင် ဘယ်လို စိတ်ဆိုးအောင်လုပ်လုပ်စိတ်မဆိုးဘူး။ ဒီလို ဟာမျိုးကိုဆိုလိုတာ။ စိတ်ကိုက မဆိုးတာ၊ ပြန်မပြောတာမျိုး ပြောတာမဟုတ်ဘူး။ ပြန်မလုပ်တာ၊ ပြန်မပြောတာ ခန္တီလို့ ပြောတာမဟုတ်ဘူး။ စိတ်ကို ဆိုးအောင်လုပ်လို့မရအောင် သည်းခံနိုင်တဲ့ ကိုယ့်စိတ်လေးကို နဂိုစိတ်အခြေအနေအတိုင်း ထိမ်းနိုင်တဲ့ အနေအထားမျိုးကိုသာ ခန္တီလို့ခေါ်တာတဲ့။ အဲဒီလို မဟုတ်ဘဲနဲ့ စိတ်ထဲကနေ ဗလောင်ဆူ၊ နှုတ်ခမ်းကြီးစူ မကျေ မနပ်တွေဖြစ်နော်။ “နေနှင့်ဦး ကြည့်သေးတာပေါ့” တို့ ဘာတို့ ဆိုရင် ဒါခန္တီမဟုတ်ဘူး။ သူလည်းစိတ်ဆိုးတာပဲ။

ဘုရားလောင်းကတော့ အဲဒီလိုမဟုတ်ဘူး၊ အပြုံးမပျက် စိတ်မဆိုးဘဲနဲ့ ဒေါသမထွက်အောင် ထိန်းနိုင်သိမ်းနိုင်တဲ့ အနေ အထားမျိုးရှိတယ်တဲ့၊ ဘယ်လောက်ပဲပြောပြော ပြောထားတဲ့ အပေါ်မှာ ဗွေမယူဘူး၊ စိတ်ထဲမှာ မှတ်မထားဘူး၊ စိတ်ထဲမှာ စွဲကိုမထားဘူး၊ သူပြောတဲ့စကားတွေကို ဖယ်ပစ်လိုက်တယ်၊ ခေါင်းထဲမှာမထည့်ဘူး၊ သည်းခံတယ်ဆိုတာ အဲဒါမျိုး။ န ကုပ္ပါ စိတ်မဆိုးဘူး၊ စိတ်မဆိုးရုံတင်မဟုတ်ဘူး စိတ်ဟာ ပြောင်းလဲ သွားတဲ့ အနေအထားမျိုး မဖြစ်ရုံတင်မကဘူး၊ ဘယ်တော့မှ

စာမျက်နှာ-၁၀၀
ဒီစိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်းဆိုတဲ့ အမူအရာမျိုးကိုလည်း မပြဘူးတဲ့၊ အပြုံးမပျက်နေနိုင်တယ်ဆိုတဲ့ ပါရမီကုသိုလ်ထူးကို ဆည်းပူးအားထုတ်ခဲ့တယ်။

ကဲ- ဘုန်းကြီးတို့တစ်တွေ ဘယ်လောက်ထိအောင် ပြုံးနိုင် ကြမတုန်းနော်။ ထိပ်မချခင်က ရွယ်ရုံနဲ့ပဲ ဒီက ရှူးရှူးဖြစ်ကုန် ပြီနော်။ အဲဒီလို ဒေါသကို ထိန်းနိုင်တဲ့လူက အင်မတန်မှ နည်းတယ်။ အဲ - ထိန်းနိုင်ရုံတင် မကဘူး ကိုယ့်ဒေါသကို လူတွေက ချီးမွမ်းကြသေးတယ်။ “ငါစိတ်တိုတယ်နော် ငါ့စိတ်ကို လာမစမ်း နဲ့”ဆိုတာမျိုး ကြော်ငြာလိုက်သေးတယ်။ ကျန်တဲ့လူကို ခြိမ်းခြောက်တာ။

အဲတော့ ပါရမီကုသိုလ်ဆိုတာ အဲဒီလို မဟုတ်ဘူးတဲ့၊ ပါရမီကုသိုလ်ဆိုတာ စိတ်မဆိုးအောင် ကိုယ့်ကိုယ်ကို ထိန်းနိုင် သိမ်းနိုင်တာ၊ ဒါကဘာမှလည်း အကုန်အကျမရှိဘူး။ လွယ်တော့ လွယ်သလားဆိုတော့ မလွယ်ဘူး ခက်ခဲတယ်။ ဒါလဲ အကုန် အကျမရှိတဲ့ ကုသိုလ်တစ်မျိုးပဲ။ ကိုယ့်စိတ်လေးကို ဒေါသ မဝင်ရောက်အောင် ထိန်းသိမ်း စောင့်ရှောက်တယ်ဆိုတာ နည်းတဲ့ကုသိုလ် မဟုတ်ဘူးတဲ့။

အဲဒီကုသိုလ်မျိုးကို ပြုလုပ်ခဲ့သည့်အတွက်ကြောင့် ဒီ မြတ်စွာဘုရား အလောင်းတော်ဟာ ရွှေရောင်ကဲ့သို့ လှပတဲ့ အရေအဆင်းကိုရတာလို့၊ ရွှေအဆင်းနဲ့တူတဲ့ လှပတဲ့အရောင်

စာမျက်နှာ-၁၀၁
အဆင်းမျိုးကိုရတာ။ ပါရမီပုံရိပ်မှာ ဒီလိုလာပြီးတော့ ထင်ပေါ် လာတယ်။ စိတ်မဆိုးတာ ဒါလဲဟုတ်တာပဲ။ စူဠကမ္မ ဝိဘင်္ဂ သုတ်မှာ ဟောထားတာနဲ့ အတူတူပဲ။ “ထန်ပြင်းဒေါသ၊ ကြီးလွန်းက၊ အလှပျက်မည်ဆို။ ဒေါသမထန်၊ သည်းညည်းခံ၊ ကန်လှမည်ဆို”ဟာ လူတွေဟာ အရုပ်ဆိုးအကျည်းတန်တာ ဒေါသဖြစ်ခဲ့လို့။ ဒေါသကြီးခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ဖြစ်လေရာ ဘဝမှာ အရုပ်ဆိုး အကျည်းတန်တယ်။ ကြည့်ပါလား၊ ဒေါသ ကြီးတဲ့ မြွေတွေများ ပြုံးတာမြင်ဘူးလား၊ ကျားတွေ၊ ခြင်္သေ့တွေ ပြုံးတာမြင်ဘူးလား၊ မပြုံးတတ်ဘူး အဲဒီကောင်တွေနော်။ ခွေး ကမှ ပြုံးတတ်သေးတယ်၊ ကြောင်လည်း မပြုံးတတ်ဘူး၊ ဒီကောင်တွေက ဒေါသကြီးတဲ့ကောင်တွေက မပြုံးတတ်ဘူး။ သူတို့က အမြဲတမ်း သူတို့မျက်နှာကြီးတွေက ခေါက်ချိုးကြီးတွေနေတာ၊ ဒေါသကြီးတဲ့ အကောင်တွေကိုး။ ကျားတွေ ကျားသစ်တွေ ခြင်္သေ့တွေ အဲတော့ ပါးစပ်ကြီးဖြဲနေတာက ပြုံးတာ မဟုတ်ဘူး လေ၊ ခွေးကတော့ နည်းနည်းပြုံးတတ်သေးတယ်။ နားရွက် ကလေး နောက်ခေါက်ပြီးတော့ အမြီးလေးလှုပ်ရင် ဒါ ခွေးပြုံးတယ် လို့ ခေါ်ရမှာပဲ။ ခွေးက ဒေါသ ဒီလောက်မကြီးဘူး၊ သူက သည်းခံတတ်တဲ့အရာရှိတယ်။ အဲ ဟိုကောင်တွေကျတော့ မျက်နှာကြောကတင်းတယ်၊ ဒေါသကြီးတဲ့ ပုဂ္ဂိုလ်တွေပေါ့။

စာမျက်နှာ-၁၀၂
အကျိုးပေးပုံ ကဲ ကောင်းပြီ၊ အဲဒီလို ကိုယ့်ဒေါသကို ထိန်းနိုင်ပြီဆိုတဲ့အခါ ဘယ်လိုအကျိုးပေးလဲ။ အခုလို ပါရမီပုံရိပ် အမှတ်တံဆိပ်တွေ ခန္ဓာကိုယ်မှာ ရွှေရောင်အဆင်းလို လှပတဲ့ အဆင်းရောင်တွေရတယ်။ ဘယ်လိုအကျိုးတွေကို ခံစားရတုန်းဆိုတော့ သူက အဝတ်အထည်နဲ့ ပတ်သက်လာတဲ့အခါကျတော့တဲ့ အင်မတန်မှ နူးညံ့တဲ့ ချောညက်တဲ့ အဝတ်တွေကို ဝတ်ဆင်ရတယ်။ ဘဝဆိုတာ အကျိုးပေးက အင်မတန်မှ ခဲယဉ်းတယ်။

အရင်တုန်းက ဘုန်းကြီးတို့ ငယ်ငယ်တုန်းက စောင်တွေ ခြုံလိုက်လို့ရှိရင် ဘာဘူစောင် အမွှေးထူ ကြမ်းကြမ်းကြီးတွေပဲ ခြုံရတယ်နော်။ အခုခေတ်ကျတော့ ဒီ တရုတ်ပြည်ကလာတဲ့ စောင်တွေဟာ ချောညက်ပြီးတော့ အိစက်နေတာ။ ဒီ တရုတ် ပြည်ကလာတဲ့ အမွှေးနုလေးတွေနဲ့ ဒီဇိုင်းလှလှနဲ့ ထုတ်ထားတဲ့ အိစက်နေတဲ့ စောင်တွေက ဘာနဲ့လုပ်ထားတာတုန်းဆိုတော့ ပလက်စတစ်နဲ့ လုပ်ထားတာ။ တချို့ကလည်း ယုန်မွေးနဲ့ လုပ်ထားတယ်လို့ ဒီလိုပြောတယ်၊ အဲဒါဆိုရင် ယုန်တွေဟာ ကမ္ဘာပေါ်မှာ ရှိတောင်ရှိတော့မှာ မဟုတ်ဘူး၊ စောင်တွေက အများကြီး၊ ယုန်မွေးက ဘယ်လောက်များမှာလဲ။

အဲတော့ ဘာဖြစ်လို့ ပလတ်စတစ်နဲ့လုပ်တယ်လို့ ပြောရ တာတုန်းဆိုတော့ နာဂစ်မုန်တိုင်းတုန်းက ထိုင်ဝမ်က သီလရှင်

စာမျက်နှာ-၁၀၃
ကြီးတစ်ဦး ခေါင်းဆောင်ပြီးတော့ နာဂစ်မုန်တိုင်း ဘေးသင့်တဲ့ ပုဂ္ဂိုလ်တွေကို သွားပြီးတော့ကူညီပေးတဲ့ အဖွဲ့တစ်ဖွဲ့လာတယ်။ အဲဒီအဖွဲ့ကလာပြီးတော့ ဘုန်းကြီးတို့ဆီလည်း အင်တာဗျူး လာလုပ်တယ်။ လာလုပ်ရင်းကနေ လက်ဆောင်ပေးသွားတယ်။ အိတ်တစ်လုံး၊ စောင်လေးတစ်ထည်၊ ရေဗူးလေးရယ်၊ ရေခွက် ကလေးရယ်၊ ဇွန်းကလေးရယ်၊ ခရင်းလေးရယ်၊ တစ်ခါတည်း ပေးပြီးတော့ ပြောသွားတာ၊ အဲဒီစောင်လေးအကြောင်း သူက ပြောသွားတာ၊ ဒီစောင်လေးဟာတဲ့ ရေသန့်ဗူးအလုံး(၇ဝ) ကုန်တယ်တဲ့။ ဒီစောင်တွေက ရေသန့်ဗူး ပလတ်စတစ်နဲ့ လုပ်တာလားဆိုတော့ ဟုတ်တယ်တဲ့၊ နောက် ပလတ်စတစ် ဗူးခွံတွေဆိုတာ လူတွေက သောက်ပြီးပစ်ကြတာ မဟုတ်လား။ အဲဒီ ပလတ်စတစ်ဗူးခွံတွေကို (Recycle) လုပ်ပြီးတော့ သူတို့က ဒီဟာ အမျှင်အမျှင်လေးတွေဖြစ်အောင်လုပ်ပြီးတော့ စောင် အဖြစ်ပြန်ယက်ကြတယ်။ ပလတ်စတစ်တွေကလည်း အင်မတန် နူးညံ့တာပဲ။ အဲတော့ ဒီစောင်တွေက ပလတ်စတစ်နဲ့လုပ်တာ။ အဲဒီကျတော့မှ သိလိုက်တယ်။ ရေသန့်ဗူးအလုံး(၇ဝ) ကုန်တယ်တဲ့ သူက ပြောသွားတယ်။ စောင် ခပ်ပါးပါးလေးတစ်ထည် လှူသွားပြီးတော့ ပြောသွားတယ်။ ။

အဲတော့ အင်မတန်မှ နူးညံ့တဲ့အရာတွေ ပိုးဖဲ ကတ္တီပါ တို့လို နူးညံ့တဲ့အဝတ်အထည်တွေကို ဝတ်ဆင်ခွင့် အဲ-တစ်ချို့

စာမျက်နှာ-၁၀၄
ကျတော့ ရှိရဲ့သားနဲ့ ယားလို့ဆို မဝတ်တဲ့ပုဂ္ဂိုလ်တွေ အကုသိုလ် များတာပေါ့နော်။ လုံးဝဝတ်စရာကိုမရှိလို့ မဝတ်တဲ့ ပုဂ္ဂိုလ် ကျတော့လည်း ကုသိုလ်ကိုက လုံးဝအကျိုးမပေးတဲ့ပုဂ္ဂိုလ်ပေါ့။ ဒီလိုတော့ မှတ်ရမှာပဲ။ ။

အဲတော့ ရွှေအဆင်းနဲ့တူသော အဆင်းရှိတဲ့ ပုဂ္ဂိုလ်ဟာ အင်မတန်မှ နူးညံ့တဲ့ အဝတ်တွေကို ဝတ်ရတယ်တဲ့ ဒါဖြင့် ခုခေတ်လူတွေ သိပ်တော့ကံမဆိုးလှဘူးလို့ ပြောရမှာပဲနော်။ ဂျပန်ခေတ်က လူဖြစ်တဲ့ ပုဂ္ဂိုလ်တွေ ဒါတွေ ဝတ်မှမဝတ်ရတာ။ အခုခေတ်ကတော့တိုးတက်လာတယ်။ ကောင်းတဲ့အဝတ်လေးတွေ ဝတ်လာရတယ်။

ရှေးတုန်းက ဂျက်ခုတ်လုပ်ငန်းမှာ ပုဆိုးကြမ်းကြီးတွေ၊ အထည်ကြမ်းကြီးတွေပဲ ဝတ်ရတယ်၊ လက်သုတ်ပဝါလို အကြမ်း ကြီးတွေ၊ အဲဒါတွေပဲ ယက်ပြီးတော့ ဝတ်ကြတယ်။ အခုခေတ်လို ကောင်းတာတွေ ဘယ်ဝတ်ရမလဲ။ အဲဒီအချိန်တုန်းကနော်။ အဲဒီခေတ်တုန်းက လူတွေဟာ အတိတ်ဘဝတုန်းက ဒေါသကြီး ခဲ့တဲ့လူတွေ ဖြစ်ကောင်းဖြစ်မယ်။ အခုခေတ် လူတွေတော့ ဒီလောက်ဒေါသကြီးပုံမပေါ်ဘူး။ ဒါကြောင့်မို့ ဒေါသကို ထိန်းနိုင် သည့်အတွက်ကြောင့် အဝတ်ကောင်း အစားကောင်းလေးတွေ ဝတ်ရတဲ့အနေအထားမျိုးကို ရောက်လာတယ်လို့ ဒီလိုပြောရမယ်။

စာမျက်နှာ-၁၀၅
မန္တလေးမြို့ကို တည်သွားတဲ့ မင်းတုန်းမင်းကြီးက ဘယ် (Model) မြင့်တဲ့ကား စီးသွားရမှာတုန်း၊ လူရွှင်တော်တွေက တောင် ပြောသေးတာ။ “မင်းတုန်းမင်းကြီး ဖာလူဒါ သောက် မသွားရဘူး”တဲ့ ပြောတာ၊ ကြံကြံဖန်ဖန် ပြောတဲ့လူတွေနော်။ ဟုတ်တော့ ဟုတ်တာပေါ့၊ သူ့ခေတ်တုန်းက ဆင်တို့မြင်းတို့ပဲ ရှိတာလေ။ အခုခေတ်လို ပါဂျဲရိုးတို့ ပရာဒိုတို့ ရွှေငါးတို့ ဘယ်ရှိ မလဲ။ အဲတော့ ဒါမျိုး သူစီးချင်တဲ့စိတ်လည်း မပေါ်ဘူး။ အဲ ခုခေတ်လူတွေက ပိုပြီးတော့ ကုသိုလ်ကံ ကောင်းကြတယ်လို့ ပြောရမှာပဲ။ ဒါ မင်းတုန်းမင်းကြီးကြားရင် ပြီးကောင်းပြီးနေ လိမ့်မယ်။

အေး- သုဝဏ္ဏဝဏ္ဏ ရွှေအဆင်းနဲ့တူသော အဆင်းဆိုတဲ့ ဒီအဆင်းရွှေအရောင် အဆင်းလှပမှုဟာ ဒေါသကို ချိုးနှိမ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုလို့ဆိုတဲ့ ပါရမီပုံရိပ်ရဲ့ အမှတ်တံဆိပ်တွေပဲ ဖြစ်တယ်။ ဒီ အမှတ်တံဆိပ်ပါတဲ့ ပုဂ္ဂိုလ်ဟာ ချောညက်တဲ့ အဝတ်အထည်များကို ဝတ်ဆင်ရတယ်ဆိုတဲ့ ကောင်းကျိုး ချမ်းသာကို ရနိုင်ပါတယ်လို့ ပြောတာနော်။
(၁၄) လုံခြုံသည့် လိင်အင်္ဂါ
ဟော နောက်တစ်ခုကတော့ တစ်ဆယ့်လေးခုမြောက် ကတော့ သူက ကောသောဟိတဝဂုယှတဲ့။ ဝတ္တဂုယှဆိုတာ

စာမျက်နှာ-၁၀၆
အဝတ်နဲ့ အမြဲတမ်း ဖုံးထားရတဲ့အရာလို့ ဒီလိုပြောတာ။ အဲတော့ ဒါကတော့ ယောက်ျားကိုယ်နဲ့ ပတ်သတ်ပြီးတော့ ပြောတဲ့ စကား တစ်ခုပဲ။

ပါရမီကုသိုလ် အဲတော့ ပါရမီဖြည့်တဲ့အချိန်မှာ ဘယ်လို ကုသိုလ် ကောင်းမှုတွေ လုပ်ခဲ့တာတုန်းဆိုတော့ ဆိုလို့ရှိရင်နော် သူက ဒါက သာမာန်ပုဂ္ဂိုလ်တွေ ဒီလိုကုသိုလ်မျိုးလုပ်နိုင်ဖို့ရာ ခက်တယ်။ နည်းနည်းပါးပါး အုပ်ချုပ်တဲ့အပိုင်းမှာ အာဏာရှိတဲ့ အပိုင်းမှာရှိတဲ့ ပုဂ္ဂိုလ်မျိုးမှ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတို့၊ မင်းစိုး ရာဇာတွေကမှ ဒါမျိုးလုပ်နိုင်မယ်တဲ့။

ဒီလိုကုသိုလ်က ဘယ်လိုကုသိုလ်တုန်းဆိုတော့ ဒီဆွေမျိုး သင်္ဂဟတွေ လူပျောက်နေတယ်။ ပျောက်နေတဲ့ ပုဂ္ဂိုလ်ကို ရှာပေး တာတို့နော်၊ အိမ်ကနေ ကလေးတစ်ယောက် ပျောက်သွားတယ်။ လိုက်ရှာပေးတယ်။ သားအမိ သားအဖ ကွဲနေတယ်။ ဆုံစည်း ပေးတယ်၊ ရှာပေးတယ်။ သတင်းရှာပေးတယ်။ အခုခေတ်မှာ သတင်းစာထဲကနေထည့်ပြီးတော့ ကြော်ငြာတာမျိုးတွေ ရှိတယ် လေ။ အဲတော့ မတွေ့တွေ့အောင် ရှာဖွေပေးတဲ့ ကုသိုလ်မျိုးတဲ့။

အဲဒီကုသိုလ်မျိုးလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီလို ထူးခြားတဲ့ ပါရမီပုံရိပ်အမှတ်တံဆိပ်တွေကို ရနိုင်ပါတယ်လို့ ဒီလိုပြောတာ။

စာမျက်နှာ-၁၀၇
အချင်းချင်းကွဲနေရင် ဆုံပေးတယ်။ မောင်နှမချင်း ကွဲသွားတယ် ပြန်ဆုံပေးတယ်။ ညီအစ်ကိုချင်း ကွဲသွားတယ်၊ သားအမိ သားအဖ ကွဲသွားကြတယ်၊ ပြန်ဆုံပေးတယ်။ တွေ့အောင်ရှာပေးတယ်။ မိတ်ဆွေသင်္ဂဟတွေ ပျောက်သွားတာကို တွေ့အောင် ရှာပေးတယ်။ ရှာပေးပြီးတဲ့အခါ ဒီအချင်းချင်း ဆုံစည်းမိသွားတာနဲ့ တပြိုင်နက် သူက ဝမ်းသာတယ်တဲ့၊ ကြည်နူးတယ်တဲ့။ ဒီလိုလုပ်ပေးရတာကိုပဲ မမောနိုင် မပန်းနိုင်။ ဒီလူပျောက်ရှာပေးရတာတို့၊ ကွဲနေတဲ့ ပုဂ္ဂိုလ်တွေ ပြန်ရှာပေးရတာတို့၊ ပျောက်နေတဲ့ ပုဂ္ဂိုလ်တွေ ရှာပေးရတာတို့ ဒီကုသိုလ်ကို သူက ဝမ်းမြောက်ဝမ်းသာ ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်မျိုးတဲ့။ အဲဒီပုဂ္ဂိုလ်မျိုးရတဲ့ ပါရမီပုံရိပ် အမှတ်တံဆိပ်ပါတဲ့။

အကျိုးပေးပုံ။ ဒါဖြင့် သူ့ရဲ့ အကျိုးပေးကတော့ ဘယ်လိုအကျိုးပေးတုန်းဆိုတော့ ပဟူတပုတ္တာ သားသမီးထွန်းကားတယ်လို့ ဆိုလိုတယ်။ အများကြီး သားသမီးထွန်းကားတယ်လို့ ဆိုလိုတယ်။ စကြဝတေးမင်း ဖြစ်လို့ရှိရင်လည်း သားသမီးတွေ ဘယ်လောက်ရှိတုန်းဆိုတော့ တစ်ထောင်ကျော်ရှိတယ်တဲ့။ မင်းတုန်းမင်းကြီး သားသမီးတစ်ရာကျော်ရှိတယ်နော်။ မိဖုရားက ငါးဆယ်ကျော်ရှိတာကိုး၊ မင်းတုန်းမင်းကြီးကလည်း သားသမီးတွေ အင်မတန်

စာမျက်နှာ-၁၀၈
မှများတာပဲ။ အဲတော့ ဒီစကြဝတေးမင်းတွေကျတော့ သားသမီးတစ်ထောင်ကျော်ရှိတယ်။

ဒီနေရာမှာ မြတ်စွာဘုရားလည်းပဲ ဒီပါရမီပုံရိပ် အမှတ်တံဆိပ်ပါသည့်အတွက်ကြောင့် ထောင်ပေါင်းများစွာသော သားသမီးတွေရှိတယ်လို့ဆိုတယ်။ ဒီစကားကိုထောက်ပြီး တချို့က ဘုရားရဲ့ သားတော်ဟာ ရာဟုလာတစ်ဦးတည်းမဟုတ်ဘူးတဲ့။ ဘုရားမှာ သားသမီးတွေက တစ်ထောင်ကျော်ရှိတယ်လို့ ဒီလိုလည်းပြောကြတယ်နော်။

စကြဝတေးမင်းတွေရဲ့ ဂုဏ်ရည်ကို ဖော်ပြတဲ့အခါမှာ စကြဝတေးမင်းတွေမှာ သားတွေထောင်ကျော်ရှိတယ်လို့ ပြောတယ်။ တစ်နည်းအားဖြင့်ဆိုလို့ရှိရင်တော့ သားလို့ဆိုတဲ့အထဲမှာ သားအရင်းလို အားကိုးရတဲ့ ပုဂ္ဂိုလ်တွေကို ရည်စူးတာလည်း ဖြစ်နိုင်တာပေါ့နော်၊ မြတ်စွာဘုရားမှာဆိုရင် ရဟန်းတော်တွေရှိတယ်။ အင်မတန်မှအားကိုးရတဲ့ ရှင်သာရိပုတ္တရာတို့လို ရှင်မောဂ္ဂလာန်တို့လို ဒီလိုပုဂ္ဂိုလ်မျိုးတွေ အများကြီးရှိတာပဲ။ ဒါတွေကို ဘုရားသားတော်တွေကို ရည်စူးပြီးတော့ သားလို့ ဒီလိုပြောတာလည်း ဖြစ်နိုင်တယ်ပေါ့နော်။ သားသမီးတွေများတယ်လို့ ဒီလိုဆိုတာ။

တချို့ အနောက်တိုင်းက စာအုပ်တွေ ရေးတဲ့အခါမယ် ဘုရားမှာ ရာဟုလာသားတစ်ဦးတည်းမဟုတ်ဘူးတဲ့။ သားပေါင်း

စာမျက်နှာ-၁၀၉
ထောင်ကျော်ရှိတယ်လို့ ဒီလိုရေးကြတယ်။ ဗုဒ္ဓဝင်ထဲမှာတော့ ရာဟုလာကိုသာ သားလို့ အသိအမှတ်ပြုတယ်။ မင်းတုန်းမင်းကြီးမှာ သားတွေအများကြီးပဲ မဟုတ်လား။ ဟုတ်တော့ဟုတ်တာပေါ့။ ယသောဓရာက မိဖုရားခေါင်ကြီး၊ ကျန်တဲ့ယသော်ဓရာရဲ့ အခြံအရံ မိဖုရားတွေ မောင်းမမိဿံတွေက အများကြီးရှိတာကိုး။ အများကြီးရှိတာဆိုတော့ ပြောမယ်ဆိုရင်လည်း ပြောလို့ရနိုင်တယ်လို့ ဆိုရမှာပဲပေါ့။ စကြမင်းတွေမှာ အဲဒီလိုပဲဆိုတယ်၊ ပုတ္တသဟဿံ ခေါ ပန ပုတ္တာ သားသမီးတွေဟာ ထောင်ကျော်ရှိတယ်လို့ ဒီလိုပြောတာ။ ဒါကတော့ အခြံအရံများတာကိုကြည့်ပြီးတော့ ပြောတဲ့သဘောလို့ ဒီလိုမှတ်ရမယ်။

(၁၅) ညောင်ပင်လို လုံးဝန်းခြင်း
ဟော နောက်တစ်ခု (၁၅)ခုမြောက်နဲ့ (၁၆)ခုမြောက် မဟာပုရိသလက္ခဏာကို မှတ်သားရအောင်။ (၁၅)ခုမြောက် မဟာပုရိသလက္ခဏာက ဘာတုန်းလို့ဆိုတော့ နိဂြောဓပရိမဏ္ဍလ ညောင်ပင်လို လုံးဝိုင်းခြင်း။ ပြင်သစ်ပင်နဲ့မတူဘူး။ ညောင်ပင်တွေကြည့်လိုက်လို့ရှိရင် ညောင်ပင်ကနော် အလုံးနဲ့အရပ်နဲ့ဟာ အလုံးဆိုတာ ညောင်ပင်တွေက အကိုင်းထွက်ပြီးတော့ ဝိုင်းနေတာ။ ဝိုင်းနေတာ သူက အမြင့်က တအားကြီး

စာမျက်နှာ-၁၁၀
မမြင့်ဘူး၊ ညောင်ပင်ကမမြင့်ဘူး၊ မမြင့်ဘဲနဲ့ ဘေးကိုဝိုင်းနေတာ။ အဲတော့ ညောင်ကိုင်းတွေထွက်တာနဲ့ ညောင်ပင်ရဲ့ အရပ်နဲ့ ညောင်ကိုင်းထွက်တာက အင်မတန်မှ လိုက်လျောတယ်။ ကုက္ကိုပင်ကြီးတွေကျတော့ အဲလိုမဟုတ်ဘူး။ အပေါ်ထောင်ပြီးတော့ မြင့်ချင်ရင် နင်းကန်မြင့်တယ်နော်။ ညောင်ပင်က အဲလိုမဟုတ်ဘူး။ ဘေးကိုအကိုင်းထွက်တာနဲ့ သူ့အရပ်နဲ့ အင်မတန်မှ လိုက်လျောညီရှိတယ်ပေါ့။

အဲဒီလိုပဲ မြတ်စွာဘုရားရဲ့ အရပ်အမောင်းနဲ့ပတ်သက်ပြီးတော့ နိဂြောဓပရိမဏ္ဍလတဲ့၊ ညောင်ပင်လို အရပ်နှင့် ဖွံ့ဖြိုးမှုဟာ ဒီအရပ်ထွက်တာနဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုဟာ အင်မတန်မှ လိုက်ဖက်တယ်လို့ ဒီလိုပြောတာ။ လူကြီးက နင်းကန်ဝပြီးတော့ နေလို့ရှိရင် အရပ်ကပုနေတယ်။ အရပ်ကရှည်ပြီးတော့ တစ်ခါပိန်ခြောက်နေပြန်တော့လည်း မဟုတ်သေးဘူးနော်။

နောက်တစ်ခါ နိဂြောဓပရိမဏ္ဍလဆိုတာ လက်နှစ်ဖက်ဆန့်တန်းလိုက်တဲ့အခါမှာလည်း အရပ်အမောင်းနဲ့ လက်နဲ့ ဒါတွေက အံကျဖြစ်နေတယ်။ အချိုးအစားကိုက်ညီတယ်လို့ ဒီလိုဆိုတာပေါ့။ မြတ်စွာဘုရားဟာ အဲဒီလိုအချိုးအစားကိုက်ညီတဲ့ အလံနဲ့ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်တဲ့ အလံနဲ့ အရပ်နဲ့ဟာ အံကျဖြစ်နေတယ်လို့ ဒီလိုပြောတာနော်။

စာမျက်နှာ-၁၁၁
ဘုရားရုပ်ထုထုတဲ့လူတွေကလည်း အမျိုးမျိုးထုကြတယ်။ ဘုရားရုပ်ထုထုတဲ့အခါမှာ ဗဟုသုတအဖြစ် ငယ်ငယ်တုန်းက မှတ်သားဖူးတာတော့ ဒီဘုရားဟာ မင်းကိုးကွယ်တဲ့ ဘုရားလား။ သို့မဟုတ် သာမာန်ပုဂ္ဂိုလ်တွေ ကိုးကွယ်တဲ့ ဘုရားလားဆိုတာ တင်ပြင်ခွေကို ကြိုးလေးနဲ့တိုင်း၊ တိုင်းပြီးတဲ့အခါ အဲဒီကြိုးလေးနဲ့ အရပ်ကို တိုင်းကြည့်တဲ့အခါမှာတဲ့ သူက နှာသီးဖျားအောက်ရောက်လို့ရှိရင် ဒါဟာ မင်းကိုးကွယ်တဲ့ဘုရားလို့ ဒီလိုသတ်မှတ်တယ်။ နှာသီးဖျားလောက်ပဲ ရောက်နေတယ်ဆိုလို့ရှိရင် သာမာန်ပုဂ္ဂိုလ်တွေ ကိုးကွယ်တဲ့ဘုရားလို့ ဒီလိုဆိုကြတာလည်း တွေ့ဖူးတယ်ပေါ့။ သတ္ထုရူပကဝိလာသိနီဆိုတဲ့ ကျမ်းတစ်ကျမ်းရှိဖူးတယ်။ ပုဂံခေတ်ကရေးခဲ့တဲ့ ဘုရားရုပ်ထုတော်တွေနဲ့ပတ်သက်တဲ့ကျမ်း၊ ရှေးဟောင်းသုတေသနဌာနက တစ်ခါထုတ်ထားတယ်။ အကုန်လုံးတော့ မမှတ်မိဘူး။ အဲဒီကျမ်းမှာ ဘုရားရုပ်ထုတော်ရဲ့ နည်းစနစ်တွေကို ဖော်ပြတယ်။ ဒါက ရုပ်ထုနဲ့ပတ်သက်တာပေါ့။

မြတ်စွာဘုရားဆိုတာ လက်နှစ်ဖက်ဆန့်တန်းလို့ အလံနဲ့ အရပ်အမောင်းဟာ ညောင်ပင်များဟာ ဝန်းဝိုင်းသလိုပဲ မြတ်စွာဘုရားရဲ့ အရပ်နဲ့ အလံဟာ အင်မတန်မှ လိုက်ဖက်တယ်လို့ ဒီလိုဆိုတာပေါ့နော်။ လက်တံကြီးကရှည်ပြီး လူက ပုက္ခကြီးလို့

စာမျက်နှာ-၁၁၂
ဒီလိုမဖြစ်စေရဘူး။ အဲဒီလို အလံနှင့်အရပ်ညီမျှတာကို နိဂြောဓပရိမဏ္ဍလ လို့ ဒီလိုဆိုတာ။
(၁၆) မကွေးမညွှတ် ဒူးဆစ်ကို ကိုင်နိုင်ခြင်း
ဟော နောက်တစ်ခု (၁၆)ခုမြောက် မဟာပုရိသလက္ခဏာကျတော့ ဘာတုန်းဆိုတော့ အနောနမ ဇဏု ပရိမသန၊ အနောနမဆိုတာ မကုန်းဘဲနဲ့ ခါးကိုဆန့်ပြီးတော့ ပုံမှန်ထားတာ၊ ခါးကုန်းပြီးတော့ မလုပ်ဘဲနဲ့ ဇဏုဆိုတာ ဒူးဆစ်၊ ပရိမသနဆိုတာ ကိုင်နိုင် ဆုပ်နိုင်တယ်၊ ကိုယ့်ဟာကိုယ် အိမ်ကျတော့ စမ်းကြည့်ပေါ့၊ မတ်တတ်ရပ် မကုန်းနဲ့၊ ကိုယ့်ဒူးကိုယ်ကိုင်လို့ရလား၊ ဆုပ်လို့ရလားလို့နော်။ ဒူးမကွေးလေနဲ့နော်။ ဆန့်ဆန့်လေးရပ်ပြီးတော့ ကိုယ့်လက်နဲ့ကိုယ့်ဒူးကို ဆုပ်နယ်လို့ရသလား။ ကိုင်နိုင်သလား၊ လက်ဖျားလေးနဲ့ထိတာ မဟုတ်ဘူးနော်။ လက်ဖဝါးနဲ့ အုပ်လို့ရမလားလို့၊ အဲဒါဆိုလို့ရှိရင်တော့ ဒီမဟာပုရိသလက္ခဏာရတယ်လို့ ပြောရမှာပဲ၊ အဲဒီလိုဆိုလိုတယ်။ မကုန်းမကိုင်းဘဲနဲ့ ကိုယ့်ရဲ့ ဒူးဆစ်အဝန်းကို ကိုင်နိုင်သုံးသပ်နိုင်တဲ့ အရပ်အမောင်းမျိုး လက်တံရှည်တယ်လို့ ဒီလိုပြောရမှာပေါ့နော်။ များသောအားဖြင့် လက်တံလေးက တိုနေတတ်တယ်ပေါ့။ လက်တံတွေက တိုနေတတ်တယ်။

စာမျက်နှာ-၁၁၃
အဲတော့ ဒီမဟာပုရိသလက္ခဏာလို့ဆိုတဲ့ ပါရမီပုံရိပ် အမှတ်တံဆိပ်က မတ်တတ်ရပ်လျက်နဲ့ မကုန်းမကွဘဲနဲ့ လက်နှစ်ဖက်စလုံးလုပ်ရမှာ။ တစ်ဖက်ဆိုရင် ခါးကကိုင်းချင်ကိုင်းသွားဦးမှာနော်။ နှစ်ဖက်စလုံး ဒူးနှစ်ဖက်စလုံးကိုင်ရမှာ။ ဋ္ဌိတကောဝ မတ်တပ်ရပ်ရင်းသာလျှင်၊ အနောနမ - မကုန်းမညွှတ် မကွေးမညွှတ်ဘဲနဲ့တဲ့၊ ဥဘောဟိ ပါဏိတလေဟိ - လက်ဖဝါးနှစ်ဖက်တို့နှင့်၊ ဇဏုကာနိ - ဒူးဆစ်တို့ကို၊ ပရိမသတိ - ကိုင်လို့ရတယ်။ အဲလိုဖြစ်ရမယ်၊ နှစ်ဖက်စလုံးမှာနော်၊ နှစ်ဖက်စလုံးလုပ်ကြည့်ရမယ်။ အဲဒါဆိုလို့ရှိရင် ဒီမဟာပုရိသလက္ခဏာ။ ဒါက ပါရမီပုံရိပ် အမှတ်တံဆိပ်တစ်ခုပဲတဲ့။ ။

ဒါဖြင့် ဒီလို လက်တံရှည်တာဟာ အင်မတန်မှ အချိုးအစားကျတဲ့ လက်တံနဲ့ အရပ်အမောင်းနဲ့ ဒီလိုဖြစ်တာနော်။ လူတွေက တစ်ခါတစ်လေကျတော့ တချို့လူတွေကတော့ ထိုင်နေရင် အရပ်ရှည်တယ်လို့ထင်ရတယ်။ မတ်တပ်ရပ်လိုက်ရင် ပုသွားတဲ့လူရှိတယ်။ အဲဒီလူက ဘာတုန်းဆိုရင် ခြေသလုံးတိုတဲ့လူနော်။ လူတွေမှာမတူဘူးနော်၊ ပုကွကွနဲ့ ထိုင်နေရင်တော့ သူများလိုပဲ အရပ်ရှည်ကြီးလို့ အောက်မေ့ရတယ်၊ မတ်တပ်ရပ်လိုက်တဲ့အခါ အပုလေးဖြစ်သွားရော။ အဲ-တချို့ကျတော့ ဂုတ်တိုနေတာရှိတယ်၊ ဂုတ်တိုတယ်၊ ခါးတိုတယ်၊ ပေါင်တိုတယ်၊

စာမျက်နှာ-၁၁၄
ခြေသလုံးတိုတယ်။ အဲတော့ အတိုအရှည်က လူတွေမှာ အချိုးအစားကျခဲတယ်ပေါ့။

ပါရမီကုသိုလ် မြတ်စွာဘုရားကျတော့ အဲလိုမဟုတ်ဘူးတဲ့။ အချိုးအစားကျတယ်တဲ့၊ ဘာဖြစ်လို့ ဒီလိုအချိုးအစားကျတဲ့ အရပ်အမောင်းနဲ့ ဒီလိုပြည့်စုံရသလဲဆိုရင် သူက အများကိုချီးမြှောက်တဲ့နေရာမှာနော်။ အများကို မျှမျှတတကြည့်တတ်တယ်။ လိုက်လျောညီထွေကြည့်တတ်တယ်။ မှန်မှန်ကန်ကန်ကြည့်တတ်တယ်။ ဒီလူရဲ့တန်ဖိုးကို မှန်မှန်ကန်ကန်သိတတ်တယ်။ ဒီလူက ဒါနဲ့တန်တယ်။ ဟိုလူက ဆိုလိုတာ အခုခေတ်စကားပြောတာ ပိုပြီးတော့ရှင်းပါတယ်။ “နွားထီးငါးကျပ် နွားမငါးကျပ်” ဒီလိုပြောတာမဟုတ်ဘူးနော်၊ အရည်အချင်းရှိရင်ရှိသလို ဒီလူက တော်ရင်တော်တယ်လို့ တော်တဲ့ပုဂ္ဂိုလ်ကိုသိတယ်၊ အဲဒီလိုထူးခြားရင် အရည်အသွေးလိုက်ပြီးတော့ ချီးမြှောက်ထောက်ပံ့တတ်တယ်တဲ့။ ဒါက ဒီလူနဲ့တန်တယ်၊ ဒါက ဟိုလူနဲ့တန်တယ်လို့ တန်ရာတန်ရာကို ချီးမြှောက်ပေးတတ်တယ်လို့ ဒီလိုဆိုလိုတာနော်။ တန်ရာတန်ရာမသိရင် လွဲလွဲမှားမှားတွေဖြစ်တာပေါ့။ အဲဒါကို ဗမာစကားကတော့ “နွားထီးငါးကျပ် နွားမငါးကျပ်”

စာမျက်နှာ-၁၁၅
လို့ ဒီလိုပြောကြတယ်နော်။ အကုန်လုံးရောပြီးထားတယ်။ တန်ဖိုးကိုမသိဘူးလို့ ဒီလိုဆိုလိုတာပေါ့။ ။

အမှန်က အဲဒီစကားပြောမယ့်အစား ဘယ်လိုပြောရမှာတုန်းဆိုတော့ “စိန်ပွင့်လဲတမတ်ပဲ၊ လမ်းဘေးကျောက်ခဲလည်း တမတ်”ပဲ၊ အဲဒီလိုပြောမှ ပိုကောင်းလိမ့်မယ်နော်။ လမ်းဘေးကျောက်ခဲနဲ့ စိန်တစ်ပွင့်နဲ့ တူတူထားတယ်။ ထူးခြားတာမသိဘူးလို့ ဆိုလိုတယ်။ တန်ဖိုးမသိတာလို့ ပြောတာနော်။ အဲဒီလို တန်ဖိုးမသိတဲ့ အနေအထားမျိုးမဖြစ်ဘဲနဲ့တဲ့ လူတွေရဲ့တန်ဖိုး အရည်အချင်း တစ်ဦးနဲ့တစ်ဦးမတူတာ ထူးခြားချက်ကိုသိတတ်တယ်တဲ့။ သိပြီးတော့ချီးမြှောက်တတ်တယ်လို့ ဒီလိုဆိုလိုတာ။

အဲဒီမှာ ထူးခြားတဲ့ပုဂ္ဂိုလ်ကို ထူးခြားသလို ချီးမြှောက်ထောက်ပံ့တတ်တဲ့ ကုသိုလ်ကောင်းမှုကိုလုပ်တယ်လို့ ဒီလိုဆိုလိုတာ။ အဲတော့ အားလုံးကိုတန်းတူထားပြီးတော့ မလုပ်ဘူးလို့ဆိုလိုတာ။ အဲလိုတန်းတူထားတာဟာ တစ်ခါတစ်ရံကောင်းပေမယ့် တစ်ချို့နေရာမှာမကောင်းဘူး။ ထူးခြားရင်လည်း ထူးခြားတဲ့ပုဂ္ဂိုလ်ကို မချီးမြှောက်နိုင်ဘူး၊ ထူးခြားတဲ့ပုဂ္ဂိုလ်ကို ရွေးချယ်ပြီးမချီးမြှောက်ဘူးဆိုရင် ဒါအပြစ်တစ်ခုဖြစ်တယ်၊ အောင်မြင်မှုမရနိုင်ဘူး။ ဒီကိစ္စကလဲ တစ်ဦးနဲ့တစ်ဦး တူတာမှမဟုတ်တာ။

စာမျက်နှာ-၁၁၆
ရှေးတုန်းက နေရုဆိုတဲ့ ရွှေတောင်ကြီးတစ်တောင်ရှိတယ်၊ အဲဒီရွှေတောင်ထဲဝင်သွားလို့ရှိရင် ဘာငှက်ပဲဖြစ်ဖြစ် ရွှေရောင်တောက်သွားတယ်။ ရွှေက အရောင်ဟပ်ပြီး အရောင်တူဖြစ်သွားတယ်။ အရုပ်ဆိုးတဲ့ငှက်ကလည်း အဲဒီမှာ ရွှေရောင်နဲ့ ရွှေငှက်ဖြစ်သွားတာပဲနော်။ ကျီးကန်းကလည်း ရွှေကျီးဖြစ်သွားတယ်။ အဲဒီရောက်တဲ့အခါ ဥဩကလည်း ရွှေဥဩဖြစ်သွားတယ်။ အဲတော့ အဲဒီလိုခွဲခြားမှုမရှိဘဲနဲ့ နေရုဆိုတဲ့ ရွှေတောင်ဆီရောက်သွားတဲ့အခါ အကုန်ရွှေတွေကြီးဖြစ်တော့ ဒီလိုရောပြွမ်းသောပြွမ်းဖြစ်နေတာကို မကြိုက်တဲ့ငှက်တွေက အဲဒီတောင်ကြီးကို စွန့်ခွာပြီးတော့သွားကြတယ်ဆိုတာ ငါးရာ့ငါးဆယ်ထဲမှာပါတယ်လေ။

အဲတော့ ဘယ်အရာပဲဖြစ်ဖြစ် ထူးခြားမှု ကွဲပြားခြားနားမှု၊ ထူးချွန်တာကို ထူးချွန်တယ်လို့ အသိအမှတ်ပြုဖို့ဆိုတာ အင်မတန်မှ အရေးကြီးတယ်လို့ဆိုလိုတာနော်။ ဟိုဟာလဲတစ်မတ် ဒါလဲတစ်မတ်နဲ့ မဖြစ်သင့်ဖူးပေါ့နော်၊ တော်ရင်တော်သလို ချီးမြှောက်နိုင်ရမယ်လို့ ဒီလိုဆိုတာ။ အဲတော့ တော်ရင်တော်သလို ချီးမြှောက်ခြင်း၊ ထူးခြားတဲ့ ပုဂ္ဂလဝိသေသတွေကို သိရှိခွဲခြားပြီးတော့ ပူဇော်ခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုကို ပြုလုပ်ခဲ့တဲ့အတွက်ကြောင့် ဒီ ပါရမီပုံရိပ်အမှတ်တံဆိပ် (၂)ခုပါတဲ့။

စာမျက်နှာ-၁၁၇
အကျိုးပေးပုံ။ ကဲ- အဲဒီလိုဖြစ်တော့ ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရတုန်းလို့ဆိုတော့ သူက သူများကို ချီးမြှောက်ခဲ့တာဖြစ်သောကြောင့် ချီးမြှောက်ခဲ့တယ်ဆိုတာ ထောက်ပံ့တယ်။ လှူဒါန်းတယ်။ ဒါကြောင့် ဒါက ဒါနကောင်းမှုမျိုးပဲဖြစ်တယ်။ ဖြစ်လေရာဘဝမှာ သူက အနောဟောတိ မဟဒ္ဓနော သိပ်ကြွယ်ဝတယ်။ အသုံးအဆောင်တွေ အင်မတန်မှချမ်းသာတယ်၊ ဆန်ရေစပါးပေါများတယ်။ လူဆိုရင် မြတ်စွာဘုရားဆိုလို့ရှိရင်နော် သူတော်ဥစ္စာ (၇)ဖြာတို့ သူများထက်ပိုပြီးပြည့်စုံတယ်၊ လောကပစ္စည်းတွေလည်းပဲ ပြည့်စုံတယ်လို့ ဒီအကျိုးကျေးဇူးကိုရပါတယ်တဲ့ ဒီလိုဆိုတာပေါ့။
(၁၇) ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှု
ဟော- နောက်တစ်ခု (၁၇)ခုမြောက် မဟာပုရိသလက္ခဏာ ပါရမီပုံရိပ်က ဘာတုန်းဆိုရင် သီဟပုဗ္ဗဒ္ဓကာယ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုလို့ ပြောလိုတဲ့ အဓိပ္ပာယ်နဲ့တူပါတယ်။ တစ်ခါတလေ ဘာကိုဆိုလိုတယ်ဆိုတာ စာထဲမှာလဲ နားလည်ရခက်တာလေးတွေရှိတယ်နော်။ ပုံပြုပြီးပြောနိုင်မှ ပိုနားလည်တာ၊ တစ်ချို့စာတွေဟာ ဘုန်းကြီးတို့ အဓိပ္ပါယ်မဖော်နိုင်သေးတာတွေ အများကြီးရှိတယ်။ စာပေထဲမှာ ပစ္စည်းနဲ့ပတ်သက်

စာမျက်နှာ-၁၁၈
လာတဲ့ စကားလုံးတွေ၊ အခုခေတ်မှာရှိမှမရှိတာ၊ မရှိတဲ့အခါ ပုံပြထားတာမဟုတ်သည့်အတွက်ကြောင့် ဘာဆိုလိုမှန်းမသိဘူး။ အဲဒါမျိုးတွေကိုတော့ မသိနိုင်ဘူးပေါ့။ အခုလည်း သီဟပုဗ္ဗဒ္ဓကာယ ခြင်္သေ့ရဲ့ ရှေ့ပိုင်းကိုယ်၊ ခြင်္သေ့ရဲ့ ရှေ့ပိုင်းဆိုတာ နောက်ပိုင်းနဲ့ ရှေ့ပိုင်းကိုကြည့်လိုက်မယ်ဆိုရင် ရှေ့ပိုင်းကတုတ်ခိုင်တယ်၊ ခြင်္သေ့ကြီးတွေက ရှေ့ပိုင်းအားကောင်းတယ်ပေါ့ တုတ်တုတ်ခိုင်ခိုင်ကြီးတွေရှိတယ်ပေါ့။ ။

အဲတော့ မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်ဟာလည်းပဲ သီဟပုဗ္ဗဒ္ဓကာယ ရှေ့ပိုင်း ခြင်္သေ့ခန္ဓာကိုယ်မျိုးလိုပဲ တုတ်ခိုင်တယ်၊ ကြံ့ခိုင်တယ်လို့။ ဒီလိုကြံ့ခိုင်တယ်ဆိုတော့ တုတ်တုတ်ကြီးလို့ ဒီလိုလည်းမအောက်မေ့လေနဲ့နော်။ ဒီကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးတော့ပြောတာ။ တခါတရံ ဒီဥပမာဆိုတဲ့ စကားက တစ်စိတ်တစ်ဒေသလေးတင်တူတာ။ ဥပမာဆိုတာ အကုန်တူလို့ရတာမဟုတ်ဘူး။ ခြင်္သေ့နဲ့တူသော မြတ်စွာဘုရားဆိုလို့ရှိရင် အဲခြင်္သေ့ကြီးက အမြီးကြီးနဲ့ဥစ္စာပဲနော်၊ အဲခြင်္သေ့နဲ့တူတယ်ဆိုတာ အကုန်တူတာပြောတာမဟုတ်ဘူး။ ဘယ်လိုနေရာ တူတာတုန်းဆိုရင် ခြင်္သေ့ကရဲရင့်တယ်၊ သတ္တိရှိတယ်။ မြတ်စွာဘုရားကလည်း ရဲရင့်တယ်၊ သတ္တိရှိတယ်။ ဒီသတ္တိကလေးကိုပြောတာ။ ဒီပြင်ဟာတွေ တူတာမဟုတ်ဘူး။ ခြင်္သေ့နဲ့တူသော ဘုရားလို့ပြောရင် ခြင်္သေ့ကတိရစ္ဆာန်၊ ဘုရားက တိရစ္ဆာန်မှမဟုတ်တာ

စာမျက်နှာ-၁၁၉
နော်။ အဲတော့ တူတယ်ဆိုတဲ့ အဓိပ္ပာယ်လေးက ဒီအရည်အချင်းတစ်ခုခုကို ရည်ညွှန်းပြီးတော့ပြောတာ။ ခြင်္သေ့မင်းကဲ့သို့ ရဲတင်းတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးကို ဒီလိုဆိုလိုတာ၊ ခြင်္သေ့နဲ့တူတယ်ဆိုတာ။

အဲတော့ ဒီမှာလဲ သီဟပုဗ္ဗဒ္ဓကာယ မြတ်စွာဘုရား ခန္ဓာကိုယ်အကုန်လုံးဟာ ကြံ့ခိုင်တယ်။ ခြင်္သေ့ရဲ့ ရှေ့ပိုင်းခန္ဓာကိုယ်ကြီး ကြံ့ခိုင်သလို မြတ်စွာဘုရားရဲ့ ကိုယ်တွေ လက်တွေ ခြေထောက်တွေဟာ ကြံ့ခိုင်တယ်လို့ ဒီလိုအဓိပ္ပာယ်ယူရမယ်လို့ ထင်တယ်ပေါ့။ ဒီလိုအဓိပ္ပာယ်ယူမှ ပိုပြီးတော့အဆင်ပြေလောက်တယ်။ သီဟပုဗ္ဗဒ္ဓကာယဆိုတာ ဒါ ပါရမီပုံရိပ် အမှတ်တံဆိပ်တစ်ခုပဲ။
(၁၈) ပြည့်ဖြိုးသည့်လက်ပြင်
ဟော နောက်တစ်ခုက ဘာတုန်းဆိုရင် စိတန္တရံသ။ စိတန္တရံသဆိုတာ လူတွေရဲ့ ပုခုံးနှစ်ဖက်ရဲ့ နောက်ကျောဘက်မှာကြည့်လိုက် လက်ပြင်ဆိုတာရှိတယ်။ အဲဒီလက်ပြင်နှစ်ခုကြားမှာ သာမာန်လူတွေမှာကျတော့ ဒီတောင်ကြားလွင်ပြင်ကြီးလိုပဲ ချိုင့်နေတတ်တယ်ပေါ့။ ကိုယ့်လက်ပြင်ကို စမ်းကြည့်ပေါ့နော်။ ကျောရိုးနေရာမှာ ချိုင့်နေတတ်တယ်။ မြတ်စွာဘုရားကျတော့ ဒီမဟာပုရိသလက္ခဏာရတဲ့ ပုဂ္ဂိုလ်ကျတော့ လက်ပြင်

စာမျက်နှာ-၁၂၀
နှစ်ဘက်ကလည်း ပြည့်ဖြိုးနေတယ်တဲ့၊ ချိုင့်ကြီးဖြစ်မနေဘူးလို့ ဆိုလိုတယ်နော်။ လက်ပြင်ရဲ့ နှစ်ခုအတွင်းကလည်း ပြည့်ပြည့်ဖြိုးဖြိုးဖြစ်တယ်လို့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ကျောကလည်း တပြင်တည်းလို အလယ်ခေါင်ကြီးဒေါင့်ပြီးတော့ ကျောရိုးကြီးတွေနဲ့ ဒီလိုဖြစ်တာမဟုတ်ဘူးလို့ ဆိုလိုတယ်။ ဒါကလည်းပဲ အမှတ်အသားတစ်ခုပဲတဲ့။
(၁၉) လုံးဝန်းသောလည်တံ
နောက်တစ်ခုက သမဝက္ခ လည်ပင်းကလည်း လုံးနေတာနော်။ ရွှေမရိုးစည်ကဲ့သို့ လည်ပင်းလေးက လုံးလုံးလေး အင်မတန်မှလှတယ်လို့ ဒီလိုဆိုလိုတယ်နော်။ ဟိုတစ်ချို့ကျတော့ ဗျိုင်းရဲ့ လည်ပင်းလို ရှေ့ကော့ထွက်တာလည်းရှိသေးတယ်၊ အဲဒီလိုမဟုတ်ဘူးတဲ့၊ လည်ပင်းကလုံးလုံးလေး ရွှေမရိုးစည်ကဲ့သို့ လုံးနေတဲ့ လည်ပင်း လည်တံရှိတယ်။ ဒါက မဟာပုရိသလက္ခဏာ (၃)မျိုး။

ပါရမီကုသိုလ် အဲဒီ မဟာပုရိသလက္ခဏာ (၃)မျိုးကို ဘယ်လိုကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ရသလဲ၊ ကုသိုလ်ကောင်းမှုက ဘာလဲလို့ဆိုတဲ့အခါကျတော့ အများပုဂ္ဂိုလ်တွေရဲ့ ကောင်းကျိုးချမ်းသာ

စာမျက်နှာ-၁၂၁
နော်။ အခြေအနေကောင်းဖို့များ ပုဂ္ဂိုလ်တွေရဲ့ ကောင်းကျိုးချမ်းသာကို လိုလိုလားလား ဆောင်ရွက်ခဲ့တယ်၊ ကြိုးစားအားထုတ်ခဲ့တယ်၊ သဒ္ဓါတရားမရှိသေးရင် သဒ္ဓါတရားတွေရှိလာအောင်၊ သီလမရှိသေးရင် သီလရှိလာအောင်၊ သုတမရှိသေးရင် သုတရှိလာအောင်၊ စာဂမရှိသေးရင် စာဂရှိလာအောင်၊ ပညာမရှိသေးရင် ပညာရှိလာအောင်လို့ဆိုပြီးတော့ ကောင်းကျိုးချမ်းသာဘက်က လူတွေကောင်းတဲ့ဘက်ကနေ တိုးတက်လာအောင် ကြိုးစားအားထုတ်တယ်၊ အများချမ်းသာဖို့အတွက် ဆောင်ရွက်လုပ်ကိုင်ပေးတယ်တဲ့၊

နောက် ပစ္စည်းဥစ္စာတွေ ဘယ်လိုတိုးလာမယ်၊ ရွှေတွေငွေတွေ ဘယ်လိုတိုးလာမယ်၊ အသုံးအဆောင်ပစ္စည်းတွေ ဘယ်လိုတိုးလာမယ်၊ တိုးတက်စေကြောင်း ကောင်းတဲ့အရာတွေနဲ့ လူတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်လုပ်ကိုင်ပေးတတ်တဲ့၊ အဲဒီ ဆောင်ရွက်လုပ်ကိုင်ပေးတဲ့ လူမှုအကျိုးပြုလုပ်ငန်း၊ ကောင်းတဲ့ဘက်ကနေ လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ခဲ့လို့ ဒီ ပါရမီကုသိုလ်ရဲ့ ပုံရိပ်တွေလာပြီးတော့ ထင်ပေါ်တာလို့ ဒီလိုဆိုတာနော်။

စာမျက်နှာ-၁၂၂
အကျိုးပေးပုံ အဲဒီလို ပုံရိပ်တွေ ပါရမီပုံရိပ်အမှတ်တံဆိပ်ပါတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုအကျိုးတွေရတုန်းဆိုလို့ရှိရင် သူဟာ ရထားတဲ့ စည်းစိမ်ဥစ္စာတွေက ဘယ်တော့မှ ဆုတ်ယုတ်ပြီးတော့ မသွားဘူးတဲ့။ ရထားတဲ့အတိုင်း ပြည့်ပြည့်ဝဝ၊ ကိုယ်ပိုင်ပိုင်နိုင်နိုင်ပဲ ခံစားရတယ်ဆိုတဲ့ အကျိုးတစ်ခုကို ရပါတယ်။

မဟာပုရိသလက္ခဏသုတ္တန်မှာ မြတ်စွာဘုရားက တစ်ခုစီ တစ်ခုစီ ဘယ်ကံလုပ်လို့ ဒီအမှတ်အသားကိုရတယ်၊ ဒီအမှတ် အသားကိုရတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ ဘယ်လို အကျိုးကျေးဇူးတွေကို ခံစားရတယ်၊ ဘယ်လိုအကျိုးရိပ်တွေ ပေါ်လာတယ်ဆိုတာကို ရှင်းပြထားတာ ဖြစ်တယ်။ အကြောင်းနဲ့အကျိုး ကံကြမ္မာတွေရဲ့ပုံရိပ်တွေ၊ ကုသိုလ်ကံတွေရဲ့ ပုံရိပ်တွေ သို့မဟုတ် ပါရမီကုသိုလ်ရဲ့ ပုံရိပ်အမှတ်တံဆိပ်တွေဟာ သူ့ဟာသူ ထင်လာတာ မဟုတ်ဘူး။ အကြောင်းမဲ့ ထင်လာတာ မဟုတ်ဘူး။ ကောင်းမြတ်တဲ့ အကြောင်းတရားတွေကို ဆည်းပူးခြင်းကြောင့် သာလျှင် ဒီ ကောင်းမြတ်တဲ့ အကျိုးတရားတွေကိုရပြီး ကောင်းတဲ့ အကျိုးတွေကို ခံစားရခြင်းဖြစ်တယ်လို့ ဒီလိုမှတ်သားနာယူကြပြီး အခုလို အသိဉာဏ်ရရှိတဲ့ဘဝမှာ မိမိတို့ရဲ့ သန္တာန်မှာ ပါရမီ ကုသိုလ်တွေဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန် သတည်း။

' သာဓု ... သာဓု .. သာဓု

စာမျက်နှာ-၁၂၃

ပါရမီပုံရိပ် အမှတ်တံဆိပ်များ အပိုင်း(၄)
သာသနာတော်နှစ် ၂၅၅၅-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၃-ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆-ရက်၊ ၂ဝ၁၁-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃-ရက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ် သကျသီဟဘုရား ဝေဇယန္တာမဟာဗန္ဓုလဓမ္မာရုံ ဓမ္မဗိမာန်တော်ကြီးအတွင်းဝယ် ဆင်ယင် ကျင်းပ ပြုလုပ်အပ်သော ရတနာလူငယ် မြတ်ဗုဒ္ဓတရား ဒေသနာတော် ပြန့်ပွားရေးအဖွဲ့ တရားစာအုပ် တရားတိတ်ခွေ ဓမ္မဒါနကုသိုလ်လုပ်ငန်း (၅)-နှစ်ပြည့် အထိမ်းအမှတ် တရားတော်ကို ပူဇော်ခြင်း အထူးဓမ္မသဘင် အခမ်းအနား၌ မိခင်ကြီး ဒေါ်သောင်းစိန်အား ရည်စူး၍ ဦးညိုဝင်း+ ဒေါ်သန်းတင် သားသမီးမြေးတစ်စုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ပါရမီပုံရိပ် အမှတ်တံဆိပ်များ” အပိုင်း(၄) တရားဒေသနာတော်။

မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ လုပ်ငန်းဖြစ်လို့ ကုသိုလ်ကောင်းမှုကို ပါရမီလို့။ မြင့်မြတ်တယ်ဆိုတာ စိတ်ဓာတ်အားဖြင့်လည်း မြင့်မြတ်တယ်။ ဆန္ဒအားဖြင့်လည်း မြင့်မြတ်တယ်။ လုံ့လဝီရိယ

စာမျက်နှာ-၁၂၄
အားဖြင့်လည်း မြင့်မြတ်တယ်။ အသိဉာဏ်အားဖြင့်လည်း မြင့်မြတ်တယ်။ အဲဒီလို “ဆန္ဒ ဝီရိယ စိတ္တ ဝီမံသ” လို့ဆိုတဲ့ မြင့်မြတ်တဲ့ သဘောထားတွေနဲ့ ဆောင်ရွက်လုပ်ကိုင်ရတဲ့ ကုသိုလ်ကောင်းမှုတွေကို ပါရမီကုသိုလ်။ အဲဒီ ပါရမီကုသိုလ် ပြုလုပ်ခဲ့ကြလို့ ထူးချွန်တဲ့ ပါရမီကုသိုလ်ရှိတဲ့ ပုဂ္ဂိုလ်သူမြတ်တွေမှာ ထိုပါရမီကုသိုလ်ရဲ့ အရိပ်အယောင် အမှတ်တံဆိပ်တွေဟာ ပေါ်ထွန်းလာမြဲဖြစ်တယ်တဲ့။ ။

ဒါကြောင့်မို့လို့ ကိုယ်လုပ်ခဲ့တဲ့အရာဟာ ကိုယ့်သန္တာန်မှာ ထင်ထင်ရှားရှား ပေါ်တာရှိတယ်၊ မထင်မရှား ပေါ်တာလည်း ရှိတယ်ပေါ့။ ကုသိုလ်ကောင်းမှုကို မထင်မရှား လုပ်လို့ရှိရင် မထင်မရှားပဲ အကျိုးပေးတယ်ပေါ့နော်။ ထင်ထင်ရှားရှား ထူးထူး ချွန်ချွန်လုပ်ရင်တော့လည်း ထူးထူးချွန်ချွန် ထိုကုသိုလ်ရဲ့ ပုံရိပ်တွေဟာ သတ္တဝါတွေရဲ့ သန္တာန်မှာ ပေါ်လွင်ထင်ရှားလာတတ်တယ်လို့ ဒီလိုဆိုတာပေါ့။ ။

စကြဝတေးမင်းတို့လို၊ ဘုရားဖြစ်မယ့် ဘုရားအလောင်း တို့လို နောင်ဆုံးဘဝမှာ ဘုရားဖြစ်တော့မယ့် ဘဝမှာဆိုရင် ဒီပါရမီပုံရိပ် အမှတ်တံဆိပ်တွေဟာ ပြည့်ပြည့်စုံစုံကြီး ပေါ်ထွန်း ပြီးတော့နေတယ်။ အဲဒီပေါ်ထွန်းနေတဲ့အကြောင်းကို မဟာ ပုရိသ လက္ခဏာလို့ဆိုတဲ့ ဗေဒကျမ်းဂန်တွေမှာ ပြည့်ပြည့်စုံစုံ ရေးထားတယ်။

စာမျက်နှာ-၁၂၅
သို့သော် သူတို့ဖော်မပြနိုင်တာက ဒီလက္ခဏာတွေဟာ ဘာကြောင့်ပေါ်တယ်ဆိုတဲ့ ကုသိုလ်ကံကိုတော့ မဖော်ပြနိုင်ဘူး။ အဲဒီကံတရားကို ဖော်ထုတ်ပြီး မြတ်စွာဘုရားက ဒီ လက္ခဏသုတ်မှာ ဟောထားတာဖြစ်တယ်။ အကြောင်း ပါရမီ ကုသိုလ်နဲ့ ကုသိုလ်ရဲ့ ဖြစ်ပေါ်လာတဲ့အကျိုးတရား ပြည့်ပြည့်ဝဝ ဖော်ပြထားတာကို မှတ်သားနာယူကြရတဲ့အခါမှာ ကုသိုလ်ကောင်းမှု ပြုလုပ်ဖို့ရန် စိတ်အားတွေ ရရှိလာနိုင်တယ်ပေါ့။ စိတ်အားတွေ ရရှိလာပြီးတော့ ကုသိုလ်ကောင်းမှုတွေ လုပ်ဖြစ် သွားရင် ကိုယ့်သန္တာန်မှာလည်းပဲ ပါရမီကုသိုလ်တွေဖြစ်လို့ ပါရမီပုံရိပ် အမှတ်တံဆိပ်တွေဟာ ပေါ်ထွန်းလာမှာပဲ ဖြစ်တယ်ပေါ့။

(၂၀) ထူးခြားသော ရသာကြော
ဒီကနေ့ ထူးခြားတဲ့ပါရမီကုသိုလ်က နံပါတ်(၂ဝ)ဖြစ်တယ်၊ ပါဠိလို “ရသဂ္ဂသဂ္ဂတာ”။ ခေါ်ရတာတော့ နည်းနည်းခက်တယ်၊ “ရသဂ္ဂသဂ္ဂတာ”ဆိုတာ လူတွေရဲ့ ခန္ဓာကိုယ်မှာ “အရသာကြော"ဆိုတာ အားလုံးကြားဖူးလိမ့်မယ်။ အင်မတန်ကောင်းတဲ့ အစာ တစ်ခုကို စားလိုက်ရင် ရသာကြောပေါင်းတစ်ထောင် ဆိမ့်သွားတယ်ဆိုတာ ကြားဖူးလိမ့်မယ်။ အဲဒီ ရသာကြောဟာလည်းပဲ လူတိုင်းမှာ ကောင်းတာမဟုတ်ဘူး။ ပါရမီကုသိုလ်ထူးရှိတဲ့ပုဂ္ဂိုလ်

စာမျက်နှာ-၁၂၆
တွေကျတော့ သူများနဲ့မတူဘူး။ ရသာကြောတွေက အင်မတန်မှ ထက်ထက်မြက်မြက် ရှိတယ်။ ခုခေတ်တော့ အာရုံကြောလို့ ခေါ်မလားမသိဘူးနော်။ အရသာခံတဲ့အကြောဟာ သူများနဲ့ မတူဘူးတဲ့။ တစ်ကိုယ်လုံး အနှံ့အပြား လူ့ရဲ့ ခန္ဓာကိုယ်မှာ သွေးသားတွေ အားဖြည့်ပေးနိုင်တဲ့၊ သယ်ဆောင်သွားနိုင်တဲ့ ရသာကြောတွေ၊ အဲဒီအကြောတွေဟာ သူများထက် ထူးချွန်ပြီး တော့ သူများထက် ကောင်းနေတယ်။

အဲဒီတော့ ဘုရားအလောင်းတွေရဲ့ သန္တာန်မှာရှိတဲ့ ရသာ ကြောတွေဟာ သူများတွေထက် ပိုထက်ထက်မြက်မြက်ရှိတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို စားလိုက်တဲ့အစာအာဟာရ အရသာဟာ ဆောင်ကြဉ်းသွားတယ်၊ ခန္ဓာကိုယ်ရဲ့ ကျန်းမာမှု သန်စွမ်းမှုဆိုတာတွေကို ဖြစ်ပေါ်စေတယ်။ ရသာကြော ညံ့တဲ့ပုဂ္ဂိုလ် ကျတော့ ဘာလေး စားလိုက်စားလိုက် အရသာမရှိဘူး၊ အရသာ မရှိဘူးနဲ့ ဖြစ်ကြတယ်ပေါ့နော်။ အဲဒီတော့ အသက်ကြီးလာရင် ပိုဆိုးတယ်။ ငယ်ငယ်တုန်းက အရသာရှိသော်လည်း ကြီးတဲ့အခါ အရသာမရှိဘူးဆိုတာဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး အရသာရှိကြ တာချင်း မတူဘူး။ ဒါကြောင့်မို့ ဒီ အရသာကောင်းတဲ့ပုဂ္ဂိုလ်တွေကျတော့ “တို့ကတော့ ဘာနဲ့စားစား မြိန်တယ်”လို့ ပြောကြတယ်နော်။ ဒါအရသာကြောတွေ ကောင်းမြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့

စာမျက်နှာ-၁၂၇
စကား ဖြစ်လိမ့်မယ်။ အဲ တချို့ကျတော့လည်း ဘာစားစား ခံတွင်း မလိုက်ပါဘူးနဲ့ ဒီလိုဖြစ်တယ်။

အဲဒီလို တစ်ဦးနဲ့တစ်ဦး မတူညီတဲ့ သဘောလေးတွေ ရှိတာပေါ့။ ဒီအရသာကြောတွေက ကံကြမ္မာ ဖန်တီးထားတာ ဖြစ်သည့်အတွက် လူတွေရဲ့ သန္တာန်မှာ မွေးကတည်းက ပါလာတဲ့ အရသာကြောတွေ၊ အဲဒီ အရသာကြောတွေနဲ့ ပတ်သက်လာတဲ့အခါကျတော့ အရသာကို ဆောင်ယူသွားနိုင်တဲ့ အရသာကြောတွေ။ ကံကြမ္မာပေးလို့ အရသာကြောရှိတဲ့ပုဂ္ဂိုလ်၊ ဘာလေး စားလိုက်စားလိုက် တစ်ကိုယ်လုံးကို ဆိမ့်သွားလောက်အောင် ကောင်းတယ်ပေါ့။ ဒီလိုဆိုလိုတာပေါ့နော်။ အဲဒီမှာ “ရသဂ္ဂသဂ္ဂ ဟောတိ”။ ဒီ ပါရမီကုသိုလ်ပုံရိပ် အမှတ်တံဆိပ်တစ်ခုက အရသာခံတဲ့အကြောတွေက အင်မတန်မှ ကောင်းတယ်တဲ့။ နှမ်းစေ့ကလေး တစ်စေ့လောက် လျှာပေါ်တင်လိုက်တာနဲ့ အစာ အာဟာရဟာ အဲလောက်လေး ဖြစ်ပေမယ့်လို့ ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့နှံ့သွားစေလောက်အောင် စွမ်းရည်သတ္တိရှိတယ် လို့၊ ရသာကြောရဲ့သယ်ဆောင်မှု စွမ်းရည်သတ္တိဟာ အင်မတန်မှ ကောင်းတယ်လို့။ ထူးခြားတဲ့ ပါရမီရှင်တွေမှာ ဒီအရသာကြော တည်ဆောက်ထားမှုက အင်မတန်မှကောင်းတယ်။ ဒီလိုဆိုလို တာ။

စာမျက်နှာ-၁၂၈
အဲဒီတော့ လူပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ ဒီအကျိုးကို တော့ ရမှာမဟုတ်ဘူး။ ကုသိုလ်ကောင်းမှု ရှိခဲ့တဲ့ ပုဂ္ဂိုလ်မှ ဘာလေးစားလိုက်စားလိုက် အရသာရှိလိုက်တာလို့နော်။ တချို့ ကျတော့ အရသာခံလို့မရလို့ ချဉ်စုပ်နေတာတွေ ကြိုက်တယ်၊ စပ်နေတာတွေ တအားစပ်တာတွေစားမှ အတော်ရတာ။ အဲ အရသာကြောကောင်းတဲ့ ပုဂ္ဂိုလ်ကျတော့ နည်းနည်းလေး လျှာပေါ်တင်လိုက်တာနဲ့ အရသာက ပီပီပြင်ပြင်ရှိတယ်။ ဒီ အဓိပ္ပာယ်မျိုးကို ပြောတာနော်။ ။

အရသာကြောတွေရဲ့ နေ့စဉ်သုံးတဲ့ အစာအာဟာရရဲ့ အရသာကို တစ်ကိုယ်လုံး ပျံ့နှံ့အောင် ဆောင်သွားနိုင်တဲ့ ဒီ အရသာကြောတွေ ဘယ်လိုကုသိုလ်မျိုးကြောင့် အခုလို ထူးခြားတဲ့ ကောင်းမြတ်တဲ့ အရသာကြောမျိုးကို ရတာလဲ။ ဘာကြောင့် စားသမျှ အစာအာဟာရတွေ အရသာရှိနေတာလဲဆိုတာ ဒါ အင်မတန်မှတဲ့ ကုသိုလ်ကောင်းမှုကြောင့် ရတာတဲ့။

အဲဒီကုသိုလ်ကတော့ ဘာကုသိုလ်တုန်းလို့ဆိုရင် အစာ အာဟာရလှူခဲ့တာနဲ့ မသက်ဆိုင်ဘူး။ ခန္ဓာကိုယ်မှာ အင်မတန်မှ ထူးခြားတဲ့ အရသာကြောတွေ ပေါ်လွင်နေတာဟာ တခြား မဟုတ်ဘူးတဲ့။ ဘယ်သူ့ကိုမှ လက်နဲ့လည်း မရိုက်ဘူး၊ တုတ်နဲ့လည်း မရိုက်ဘူး၊ ဓားနဲ့လည်း မခုတ်ဘူး။ ဘယ်သတ္တဝါကိုမှ ကိုယ့်လက် ကိုယ့်လက်နက်နဲ့ ဒုက္ခရောက်အောင်မလုပ်ဘူးတဲ့။

စာမျက်နှာ-၁၂၉
ဒါကြောင့်မို့လို့ ခန္ဓာကိုယ်မှာရှိတဲ့ အရသာကြောတွေဟာ အင်မတန်မှ ထက်မြက်ပြီး ကောင်းမွန်နေတာ။ သူများကို ရိုက်လိုက်တဲ့အခါကျတော့ အရသာက ပျက်ပျက်သွားတာနော်။ သူများကို လက်သီးနဲ့ထိုးတယ်၊ လက်နဲ့ရိုက်တယ်၊ တုတ်နဲ့ ရိုက်တယ်၊ ဓားနဲ့ခုတ်တယ်။ သတ္တဝါတွေကို ဒီလို ညှင်းဆဲခဲ့တဲ့ ပုဂ္ဂိုလ်ဟာ ဘာလေးစားလိုက်စားလိုက် အရသာမရှိဖြစ်တယ်၊ ဒီလို ဖြစ်တတ်တယ်။ ရိုက်တာ နှက်တာတွေက မကောင်းတဲ့ အရသာတွေကို ဖြစ်ပေါ်စေတတ်တာ ဖြစ်သောကြောင့် သူ့မှာ လည်းပဲ အရသာခံနိုင်တဲ့ စွမ်းအားမရှိအောင် ကံကြမ္မာက ဖန်တီးတဲ့သဘောပေါ့။

အေး- ပါရမီကုသိုလ်တွေ ဆည်းပူးအားထုတ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘယ်ပုဂ္ဂိုလ်ကိုမှ ညှင်းဆဲတာတွေ မလုပ်ဘူးတဲ့။ ဘယ်သတ္တဝါကိုမှ မညှင်းဆဲဘူး။ ကိုယ့်လက်နဲ့ ဘယ်သူ့ကိုမှ ရိုက်နှက်ပုတ်ခတ်ခြင်းမလုပ်ဘဲနဲ့ ထူးထူးခြားခြား ရှောင်ကြဉ်ခဲ့တဲ့ ဒီပါရမီကုသိုလ်ဟာ ရသာကြောတွေ ကောင်းခြင်းရဲ့ အကြောင်း ရင်းတစ်ခု ဖြစ်ပါတယ်။ ဒီလိုဆိုတာနော်။ အရသာကြောတွေ ကောင်းတယ်။

စာမျက်နှာ-၁၃၀
ပါရမီကုသိုလ် ဒါဖြင့် ဒီအရသာကြောတွေ ကောင်းတာဟာ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲ။ သတ္တဝါတွေကို မညှင်းဆဲဘူး၊ ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် ကိုယ့်လက်နဲ့ ရိုက်တာနှက်တာ မလုပ်ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်လို အကျိုးရတုန်းဆို အပ္ပါဗာဓ- ရောဂါကင်းတယ်တဲ့။ သူ့မှာ အာဗာဓဆိုတဲ့ ရောဂါ မျိုး မရှိဘူးတဲ့။ အာဗာဓဆိုတာ ဘာပြောတာတုန်း၊ ခေါင်းမကိုက် ခေါင်းမခဲဘူး သွားမနာဘူး ခါးမအောင့်ဘူး ဗိုက်မအောင့်ဘူး။ ခန္ဓာကိုယ်မှာ ခံရခက်တဲ့ ရောဂါဝေဒနာ ဟိုနားကနာ ဒီနားကနာ ဒီလို ရောဂါဝေဒနာမျိုးတွေ သူ့မှာ မရှိဘူးတဲ့။ ခန္ဓာကိုယ် ရထား ပေမယ့် တစ်ယောက်နဲ့တစ်ယောက် မတူဘူးလေ။ တစ်ချိန် တုန်းက သတ္တဝါတွေကို ညှင်းဆဲခဲ့တဲ့ ပုဂ္ဂိုလ်ဟာ ဟိုနားက နာလိုက် ဒီနားက နာလိုက်နဲ့ မျက်နှာကို ရှုံ့မဲ့နေအောင် နာနေ တာ။ ကျန်းမာတယ်လို့ မရှိဘူး။ ဒီလို ဖြစ်တတ်တယ်တဲ့။ အဲဒီလို မလုပ်ဘဲနဲ့ မေတ္တာထားပြီးတော့ အများကို အဲဒီလို မလုပ်ခဲ့ဘူး ဆိုလို့ရှိရင် ကိုယ်လည်း ဒုက္ခမရောက်ဘူး။ ဒီကုသိုလ်က နည်းတဲ့ ကုသိုလ် မဟုတ်ဘူးနော်။ သတ္တဝါတွေ ကိုယ့်လက်နဲ့ ဘယ်သူ့မှ မရိုက်ဘူးဆိုတာ ရှိကောင်းရှိမယ်။ ကိုယ့်လက်နဲ့ ဘယ်သူ့ကိုမှ ပုတ်ခတ်ခြင်း ရိုက်နှက်ခြင်း မလုပ်ဘူးတဲ့။ မလုပ်ဘူး ဆိုလို့ရှိရင် ဒီကုသိုလ်တွေ ဆည်းပူးအားထုတ်ရာရောက်တယ်။

စာမျက်နှာ-၁၃၁
အဲ ဘုန်းကြီးတို့တော့ ငယ်ငယ်တုန်းကလည်း ကိုယ့်လည်း အရိုက်ခံရတယ်။ ဘုန်းကြီးဆိုတာ တော်တော်အရိုက်သန်တယ် လို့ ပြောကြတယ်။ ဘာဖြစ်လို့ ရိုက်တာတုန်းဆိုတော့ ဘုန်းကြီး မှာက တပည့်တွေက များတာကိုး။ များတာဆိုတော့ ကြိမ်လုံး လေး ပြထားမှ တပည့်ကလည်းငြိမ်တာ။ အဲဒါကြောင့်မို့ ဘုန်းကြီးတွေ ပိုပြီးတော့ အရိုက်သန်တယ်လို့ ပြောကြတယ်။ အရိုက် သန်တာမှ ဘယ်လောက်ထိအောင် ရိုက်တုန်းလို့ဆိုရင် ရွာထဲမှာ ဘုန်းကြီးကျောင်းကထွက်လို့ အိမ်ထောင်ကျပြီး သားသမီးတွေ ရတဲ့လူတောင်မှ တစ်ခါတစ်ခါ ဘုန်းကြီးက ခေါ်ရိုက်သေးတယ်တဲ့။ အဲလောက်ထိအောင်အရိုက်သန်တယ်။ အဲဒီတော့ ဘုန်းကြီးတွေတော့ အရသာကြော ပျက်စီးနေမှာ သေချာတယ်။

ကိုယ်လည်း ငယ်ငယ်က အရိုက်ခံထားရတော့ ကိုယ့် အလှည့်ကျတော့လည်း ရိုက်တာပဲ။ အဲဒါမျိုးတွေ စောစော စီးစီးက ဒါတွေ သိထားရင်တော့ မရိုက်ပါဘူး။ သိတာ နောက်ကျ သွားတာနော်။ ဘုန်းကြီးဆိုတာ ရိုက်ရတယ်လို့ အောက်မေ့ နေတာ။ ရိုက်မှ ဘုန်းကြီးလို့ ထင်တာကိုးနော်။ အဲဒီလိုဖြစ်တယ်။ အေး သူတစ်ပါးကို မရိုက်မနှက် မညှင်းဆဲဘူးဆိုလို့ရှိရင် ရသာ ကြောတွေ ကောင်းပြီးတော့ ကျန်းမာတယ်တဲ့။ ကျန်းမာတဲ့ အကျိုး။ အာဗာဓဆိုတဲ့ ရောဂါက ဒီနာကျင်ခက်ခဲပြီးတော့

စာမျက်နှာ-၁၃၂
မလှုပ်ရှားနိုင်လောက်အောင် ခန္ဓာကိုယ်ကြီး တင်းကျပ်ပြီးတော့ နေတဲ့ ရောဂါက အာဗာဓလို့ ခေါ်တယ်။

နောက်ရောဂါတစ်မျိုးက “အပ္ပါတကံ” အာတက်လို့ ခေါ်တယ်။ အာတကံဆိုတာကျတော့ ဘာကြောင့် အာတက် ခေါ်တုန်းဆို အသက်မွေးဖို့ရာအတွက် အလုပ်လုပ်စားဖို့ခက်တဲ့ ရောဂါမျိုး။ အသက်မွေးဝမ်းကျောင်းအတွက် ခက်ခဲတဲ့ရောဂါ။ လူက နေမကောင်းနေတာလည်း မဟုတ်ဘူး။ ဒီ တရှောင်ရှောင်နဲ့ ဒူလာမြစ်ခြောက်ရောဂါမျိုး။ မီးယပ်ပိန် မီးယပ်ခြောက်လိုက်တဲ့ ရောဂါမျိုး။ ခုခေတ်ဆိုလို့ရှိရင်တော့ သွေးတိုးတို့ ဆီးချိုတို့ လေးဘက်နာတို့ ဂေါက်တို့ arthritic တို့ rheumatism တို့ ဒါမျိုးတွေ နေမှာပေါ့။ လုပ်ကိုင်စားသောက်ဖို့ တော်တော်ခက်တယ်။ နှလုံးရောဂါတို့ နှလုံးသွေးကြောကျဉ်းတာတို့ နှလုံးသွေးကြော ပိတ်တာတို့။ နည်းနည်းလေး မလှုပ်လိုက်နဲ့ လှုပ်ရင်မောတာ။ လုပ်ကိုင်စားသောက်ဖို့ အင်မတန်မှ ခက်သွားပြီ။ အလုပ်လုပ်ဖို့ အင်မတန်မှ ခက်သွားပြီ။ တရှောင်ရှောင်နဲ့နေရတဲ့ရောဂါမျိုးတဲ့။ အဲဒီ ရောဂါမျိုးလည်း မဖြစ်ဘူးတဲ့။ ဆိုလိုတာကတော့ ကျန်းမာတယ်။

အာဗာဓဆိုတဲ့ နာကျင်ကိုက်ခဲတဲ့ရောဂါမျိုးလည်း မရှိဘူး။ အာတက်လို့ဆိုတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်စားသောက်ဖို့ ခက်ခဲတဲ့ ရောဂါမျိုးလည်း မရှိဘူးတဲ့။ မရှိရုံတင်မကဘူး

စာမျက်နှာ-၁၃၃
သမဝေပါကိနိယာ ဂဟဏိယာ- လူတွေမှာ အရေးကြီးဆုံးက ဝမ်းမီးလို့ ခေါ်တယ်။ ဘာပြုလို့တုန်းဆိုတော့ စားသမျှ အစာ အာဟာရတွေ ဝမ်းမီးက ချက်ရတာနော်။ အဲဒီ အစာတွေက မျှမျှတတ ကြေညက်မှ ခန္ဓာကိုယ်မှာ သွေးသားတွေ ဖြစ်တာကိုး။ စားလိုက်တဲ့အစာက တိုက်ရိုက်ဖြစ်တာမှမဟုတ်တာ။ စားလိုက်တဲ့ အစာတွေက အစာအိမ်ထဲရောက်၊ အစာအိမ်ထဲမှာ ပါစက တေဇောက ချက်ပြီးတော့ ခန္ဓာကိုယ်ထဲမှာ အစာကြေချက်တဲ့ အင်္ဂါရပ်တွေကနေ သန့်စင်ပြီး ပေးလိုက်တဲ့အခါမှာ သွေးတွေ သားတွေ အင်အားတွေ ဒီလိုဖြစ်လာတာကိုး။ ခန္ဓာကိုယ် တစ်ခု လုံး အနှံ့အပြား ဒီလိုဖြစ်ရတယ်။ အဲဒီတော့ ဝမ်းမီးမကောင်းဘူးဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဝမ်းမီးညံ့နေလို့ရှိရင်လည်း ခဏခဏ “တအေ့အေ့”နဲ့ လေချဉ်တွေ တက်နေပြီးတော့ အစာမကြေဘူး။ ဝမ်းမီးသိပ်ကောင်းနေလို့ရှိရင်လည်း ခဏခဏစားရတာ။ ကြာတော့ ဘယ်သူကမှ မသဒ္ဓါဘူး။ အစားကြီးလွန်းအားကြီးလို့။

အဲဒီတော့ ဝမ်းမီး သိပ်ကောင်းလွန်းနေရင်လည်း ကျန်းမာရေး ထိခိုက်တယ်။ ခဏခဏစားတော့ မတည့်တာတွေ စားမိ။ ဗိုက်ထဲမကောင်းတာတွေရောက်နော်။ ဝမ်းမီး သိပ်ညံ့လွန်းအားကြီးရင်လည်း အစာမကြေဘူးတဲ့။ ဝမ်းမီးဟာ အနေ တော်လေး ကြေချိန်တန်ကြေတယ်။ ကျက်ချိန်တန်ကျက်တယ်။ အနေတော်လေးစားပြီးတော့ လုပ်ကိုင်စားသောက်ဖို့ အင်အား

စာမျက်နှာ-၁၃၄
တွေ ပြည့်နေတာ။ စားသောက်ပြီး တမှေးလောက် မှေးလိုက်တာနဲ့ သူက ပြန်ပြီးတော့ charging ပြန်ဝင်သွားတဲ့ဟာမျိုးပေါ့။ အစာလေးက ကြေပြီးတော့ ဒုက္ခမပေးတော့ဘူး။ အဲလိုဝမ်းမီး မျိုးကို ပြောတာ။ သမဝေပါကနိယာ- မျှမျှတတ အစာကို ကြေညက်စေနိုင်တဲ့၊ နာတိသီတာယ- မအေးလွန်းတဲ့၊ နာဇ္ဈတ္ထာယ- မပူလွန်းတဲ့၊ ဂဟဏိယာ သမန္နာဂတောတဲ့ ဝမ်းမီးရှိတယ်။ ဒါက ကမ္မဇတေဇောလို့ခေါ်တယ်။ ကံက ပေးတာ၊ လူလုပ်လို့မရဘူး။ တချို့ကတော့ အစာကြေဆေး အစာကြေဆေးဆိုပြီးတော့ သောက်တာ၊ အပေါ်ယံတော့ ရကောင်းရမှာပေါ့နော်။ အစာကြေဆေးနဲ့ အစာကြေအောင်လို့ ဆိုပြီးတော့ ကူညီပေးတာမျိုးတော့ရှိမယ်။

သို့သော် သဘာဝက လုပ်ထားသလောက် မကောင်းဘူး။ အစာအိမ်ကောင်းနေပြီ ဆိုလို့ရှိရင် စားသမျှအစာတွေဟာ ကြေညက်ပြီးတော့ အဆီဩဇာတွေ ဖြစ်တယ်တဲ့။ အဆီဩဇာတွေဖြစ်တော့ ဘာဖြစ်တုန်းဆို ကျန်းမာတာပေါ့။ အလုပ်လုပ် နိုင်တယ်တဲ့။ “ပဓာနက္ခမာယ” ကမ္မဋ္ဌာန်းအားထုတ်တာပဲဖြစ်ဖြစ် တခြားအလုပ်တွေ လုပ်တာပဲဖြစ်ဖြစ် လုပ်နိုင်တယ်။

အစာမကြေဘူးဆိုတာ ရောဂါအားလုံးကို ဖိတ်ခေါ်တာနဲ့ အတူတူပဲ။ အစာမကြေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ စားလိုက်တဲ့ အစာတွေက ဗိုက်ထဲရောက်ရင်အဆိပ်ဖြစ်ကုန်တယ်။ ဒါကြောင့်

စာမျက်နှာ-၁၃၅
မို့ ဆေးကျမ်းထဲမှာ စကားလေးတစ်ခု မှတ်သားဖူးတယ်ပေါ့။ “ရောဂမူလံ အဇိဏ္ဏကံ”တဲ့။ အဇိဏ္ဏကဆိုတာ အစာမကြေတာ။ အစာမကြေခြင်းသည်၊ ရောဂမူလံ-ရောဂါဖြစ်ခြင်း၏အကြောင်း ပဲတဲ့။ ဒါ ဆေးကျမ်းတွေ ဖတ်ဖူးတဲ့လူတွေတွေ့ပါလိမ့်မယ်။ ဗိန္ဒောဆရာကိုသွားမေး ပြောလိမ့်မယ်နော်။ “ရောဂမူလံ အဇိဏ္ဏကံ” အစာမကြေခြင်းဟာ ရောဂါအားလုံးကို ဖိတ်ခေါ် တာနဲ့ အတူတူပဲ။ ရောဂါအားလုံးရဲ့ အကြောင်းရင်းဖြစ်တယ်လို့ ဒီလိုဆိုလိုတာ။ ဒါကြောင့်မို့ ဝမ်းမီးကောင်းပြီးတော့ မျှမျှတတ ရှိတဲ့ပုဂ္ဂိုလ်ဟာ အစာမကြေစရာ အကြောင်းမရှိဘူး၊ သူက ကြေညက်တယ်။

ဒါကြောင့်မို့ ကျန်းမာဖို့အတွက် မြတ်စွာဘုရားက ရဟန်းတွေကို ဆုံးမဩဝါဒ ပေးထားတဲ့ အထဲမယ် ပါတယ်။ သပ္ပါယဘောဇီ- ကိုယ်နဲ့တည့်တာလေး စားပါတဲ့။ သပ္ပါယေ မတ္တကာရီ- တည့်ရင်လည်း နင်းကန်မစားနဲ့၊ အတိုင်းအတာနဲ့ စားပါ။ နောက်တစ်ခုက ပရိဏတဘောဇီ- အစာကြေလွယ်တဲ့ အစာမျိုးကို စားပါတဲ့။ ဒါရွေးချယ်ပြီး စားသောက်ဖို့ အားလုံး အတွက် ညွှန်ကြားတာ၊ ကျန်းမာရေးအတွက် လမ်းညွှန်ချက်ပေါ့။ အစာကြေခဲတဲ့ အစာမျိုးကို မစားရဘူးတဲ့။ အစာကြေခဲတဲ့ အစာကိုစားလို့ရှိရင် ရောဂါဖြစ်တယ်။ ဒါကြောင့်မို့ အစာကြေ လွယ်တဲ့ အစာမျိုးကိုစားပါ။ တည့်တဲ့အစာကို စားပါ။ တည့်တဲ့

စာမျက်နှာ-၁၃၆
အစာပင် ဖြစ်သော်လည်း အတိုင်းအတာတစ်ခုနဲ့ စားပါတဲ့ ဒီလိုဆိုလိုတာ။ ဘယ်အစာပဲဖြစ်ဖြစ် တည့်တယ်ဆိုပြီးတော့ နင်းကန်စားလို့ရှိရင် အန္တရာယ်ဖြစ်တာပဲပေါ့။

အေး ဒါကြောင့်မို့ ဒီပါရမီပုံရိပ် အမှတ်တံဆိပ်ဆိုတဲ့ ဒီ ရသာကြောကောင်းတဲ့ပုဂ္ဂိုလ်ကျတော့ သူက ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့သည့်အတွက်ကြောင့် စားသမျှအစာတွေတွေဟာလည်း ကြေတယ်၊ ဝမ်းမီးကောင်းသည့် အတွက်ကြောင့် သူမှာ ကျန်းမာရေးတွေ ပိုကောင်းတယ်လို့ ဒီလိုပြောတာ။ အဲဒီတော့ ဒီ(၃) ခုက ဆက်စပ်ပြီးတော့ ပြောထားတာ။ သာမန်ကြည့်လိုက်မယ်ဆိုရင် တခြားစီကို ဖြစ်နေတာ။ ဘယ်လို တခြားစီဖြစ်တာတုန်း။ ရသာကြောကောင်းတယ်၊ ဘာဖြစ်လို့ ရသာကြောကောင်းတာတုန်းဆို သူများကို မညှင်းဆဲခဲ့လို့တဲ့။ ဒါဖြင့် ရရှိလာတဲ့အကျိုးက ဘာတုန်းဆို ဝမ်းမီးကောင်းတယ်။ ဟော ဒီ(၃)ခုက မဆက်စပ်သလို ဖြစ်နေတာ။ သို့သော် ရသာ ကြောနဲ့ အစာအာဟာရက ဆက်စပ်နေတယ်နော်။ ရသာကြော ကောင်းတာနဲ့ ဝမ်းမီးနဲ့ ဆက်စပ်ပြီးတော့ ဒီလိုနေတယ်။ ဒီလို ဆိုလိုတာ။ အဲဒီတော့ စားတော့လည်း အရသာရှိဦးမှကိုး။ ဗိုက်ထဲထည့်ထားပြီး ဘာအရသာမှ မရှိဘူးဆိုရင် ရသာဆိုတာ လျှာပေါ်ကတင် ဒီတစ်ခုခုစားလိုက်လို့ရှိရင် တစ်ကိုယ်လုံးကို ဆိမ့်သွားတဲ့အရသာမျိုးကလည်းပဲ အာရုံကြောတွေကို နိုးထစေ

စာမျက်နှာ-၁၃၇
ပြီးတော့ ခန္ဓာကိုယ်ကို လန်းဆန်းစေတာကိုး။ ဒါကြောင့်မို့လို့ ကျန်းမာမှုအတွက် အရေးကြီးတယ်၊ အထောက်အကူဖြစ်တယ်။ ဒါကြောင့်မို့ ဒီအချက်တွေဟာ ပါရမီရှိတဲ့ ပုဂ္ဂိုလ်တွေ ရနိုင်တဲ့ အရည်အချင်းပဲလို့ ဒီလိုဖော်ပြတာ။
(၂၁) မျက်နက်ဝန်း
နောက်ထပ် နံပါတ်(၂၁) ကျတော့ ဘာတုန်းဆို အဘိနီလနေတ္တ - အဘိနီလဆိုတာ မျက်လုံးညို၊ ညိုတဲ့ မျက်လုံး ရှိရမယ်၊ ဒါက ညိုရမယ့်နေရာကို ပြောတာပေါ့။ မျက်ဆန်ကို ပြောတာပေါ့နော်။ ဒါက အာရှနိုင်ငံသားတွေက မျက်လုံးက အနက်ရောင်ပဲလေ။ ဒါက အာရှနိုင်ငံသားတွေနဲ့တော့ ကိုက်တာပေါ့။ အဲဒါဆိုလို့ရှိရင် ဟို အနောက်တိုင်းက မျက်လုံးပြာကြီးတွေ ကျတော့ ဘယ်လိုလုပ်မတုန်း။ သူတို့က ကြားလို့ရှိရင် ဘယ်လိုပြောမတုန်း။ ဒီ အဘိနီလနေတ္တ၊ အဘိနီလဆိုတာ အလွန် နက်သော၊ နီလက အလွန်ညိုသော။ အလွန်ညိုသောဆိုတော့ “အနက်”ထဲ ရောက်တယ်ပေါ့။ အလွန်ညိုသော၊ နေတ္တက မျက်စိရှိတယ်၊ မျက်ဆန်ကိုပြောတာနော်။ မျက်လုံးထဲက မျက်နက်ဝန်း ဒီလိုဆိုလိုတာ။ မျက်နက်ဝန်းဟာ အလွန်ညိုတယ် ဆိုတော့ အနက်ရောင်ပေါ့။

စာမျက်နှာ-၁၃၈
အဲဒီတော့ ဒီလူတွေကို ကြည့်လိုက်တဲ့အခါကျ တချို့ မျက်လုံးမျက်ဆန်က နီကြောင်ကြောင်လည်း ရှိသေးတယ်။ ဒါက ရှားတယ်ပေါ့ နီကြောင်ကြောင်း၊ သို့သော် blue-eye ဆိုတာ ရှိသေးတယ်လေ။ ဥရောပနိုင်ငံသားတွေတို့ အနောက်တိုင်းသားတွေတို့ ကြည့်လိုက်ရင် သူတို့ကျတော့ blue-eye။

အဲဒီတော့ ဒီနေရာမှာ “အဘိနီလ”ဆိုတဲ့ စကားလုံးနဲ့ အာရှနိုင်ငံသားတွေကျတော့ ညိုတယ် နက်တယ် ဒါ ကိုက်တယ် သို့သော် နီလဆိုတဲ့ စကားလုံးကို ဗမာက ညိုသောရောင်ခြည်တော်လို့ ဒီလိုဘာသာပြန်တယ်နော်။ အဲဒီညိုသောရောင်ခြည်တော်က ဘယ်ကထွက်တာတုန်းဆိုတော့ ဆံပင်ကထွက်တာ။ ဆံပင်ဆိုတော့ အာရှတိုက်သားတွေရဲ့ ဆံပင်က အညိုရောင်ပဲ။ အနက်ရောင်ပဲလေ၊ အဲဒီ အနက်ရောင်ကထွက်တဲ့ အရောင်ကို ညိုသောရောင်ခြည်တော်လို့ ဒီလိုခေါ်တယ်။

နီလဆိုတဲ့ စကားလုံးကို အင်္ဂလိပ်လို ပြန်တဲ့အခါကျတော့ blue လို့ပဲပြန်တယ်။ black လို့ မပြန်ဘူး။ ဒါ သတိထားစရာ တစ်ခုပေါ့နော်။ အင်္ဂလိပ်တွေက နီလဆိုတဲ့ စကားလုံးကို အရောင်ပြန်တဲ့အခါမှာ blue တဲ့။ အပြာရောင်လို့ ပြန်တယ်။ မြန်မာနိုင်ငံမှာ ပြန်တာကတော့ ညိုသောအရောင်လို့ ဒီလို ပြန်တယ်။ အခု သာသနာ့အလံတွေ လုပ်ထားတာကိုကြည့်ပေါ့။ သာသနာ့အလံတွေမှာ “နီလ ပီတ လောဟိတ သြဒါတ မဉ္ဇိဋ္ဌ

စာမျက်နှာ-၁၃၉
ပဘဿရ” ရောင်ခြည်တော် (၆)ပါး၊ ရောင်ခြည်တော်(၆)ပါး လုပ်ထားတဲ့အထဲမှာ နီလရောင်ခြည်တော် ဘာအရောင်နဲ့ လုပ်ထားတုန်းဆိုတော့ အပြာရောင်နဲ့လုပ်ထားတယ်။ အနက်ရောင်နဲ့ မလုပ်ဘူး။ blue လို့ ပြထားတယ်။ ကဲ-ဒါဖြင့် ဒီ စကားလုံးနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီးတို့တတွေ စဉ်းစားရမှာ။

ဟောဒီစကားလုံးက ဘာသာပြန်ရ အလွန်ခက်တယ် နီလက။ အနက်ဆိုတာကျတော့ “ကဏ္ဍ” လို့ သက်သက်ရှိသေးတယ်။ ကဏ္ဍတို့ ကာဠကတို့ ကာဠတို့ အနက်ရောင် အဲဒါက အနက်။

အဲဒီတော့ မြန်မာလူမျိုးတွေရဲ့ မျက်နက်ဝန်းကိုကြည့်ရင် မျက်နက်ဝန်း လို့ ပြောတာ။ မျက်ပြာဝန်းလို့ မခေါ်ဘူး၊ မျက်နက်ဝန်းလို့ ခေါ်တယ်။ အဲဒီတော့ ဗမာလူမျိုးတွေနဲ့တော့ နီလဟာ ညိုသောရောင်ခြည်တော် သို့မဟုတ် မဲမှောင်သော ရောင်ခြည်တော်လို့ ပြန်တာဟာ အဓိပ္ပာယ်ရှိတယ်ပေါ့။

သို့သော် နီလနဲ့ ပတ်သက်ပြီးတော့ သုံးထားတဲ့ စကားလုံးတွေကို ကြည့်မယ်ဆိုလို့ရှိရင် ဘယ်လိုဟာကို ယူရမတုန်းလို့ ဆိုတဲ့အခါ နီလမှာ တစ်ခါတရံကျတော့ အစိမ်းက ရင့်လာတဲ့အခါကျရင် စိမ်းညိုတဲ့။ ဒါကိုလည်း နီလက ပြောတာပဲ။ စိမ်းညိုသော အရောင်၊ စိမ်းညိုတဲ့အရောင်ကိုလည်း နီလလို့ပြောတယ်။ ပြာပြီးတော့ ညိုတဲ့အရောင်ကိုလည်းပဲ ပြာညိုကိုလည်းပဲ နီလလို့ ပြောတယ်။ အောင်မဲညိုပွင့်တွေကို ဘာတွေကို ကြည့်လိုက်

စာမျက်နှာ-၁၄၀
လို့ရှိရင်လည်း အပြာရောင်ပဲ၊ အဲဒါကျတော့ အင်္ဂလိပ်လို blue လို့ ပြန်တဲ့အတိုင်း သူက အပြာရောင်လို့ ယူရမယ့် အဓိပ္ပာယ် ရှိတယ်။ အပြာရောင်ဆိုပေမယ့် အပြာနုမဟုတ်ဘူး အပြာရင့်။ အပြာရင့် အညိုရင့်ကို နီလလို့၊ အပြာရင့် အညိုရင့် အစိမ်းရင့်ကို နီလလို့ ဒီလိုပြောရမယ်။ အဲဒီလို ရောစပ်နေတဲ့ အရောင်မျိုးပဲ။

အဘိနီလနေတ္တ ဆိုတဲ့အထဲမှာ blue-eye တွေလည်း ပါတယ်လို့ ပြောရမှာပဲ။ blue-eye ဒီ မျက်လုံးပြာတွေလည်း ဒီထဲမှာပါသွားတယ်။ ဒီစကားလုံးအတိုင်း ဘာသာပြန်မယ် ဆိုလို့ရှိရင် သူတို့ပြန်ခိုင်းလို့ရှိရင် ဒီအတိုင်းပဲပြန်မှာပဲ blue လို့။ သို့သော် blue ဆိုပေမယ့်လို့ အပြာနုတော့မဟုတ်ဘူး အပြာရင့်။ အပြာရင့် ဆိုတော့ အညိုထဲပါသွားတယ် သူက။ ဒီလိုဆိုတာကိုး။ ကဲထားပါတော့ ဘုရားရဲ့မျက်လုံးကို ကိုယ်လည်း မြင်ခဲ့တာ မဟုတ်။

အဲဒီတော့ လူတွေရဲ့ အနေအထားတစ်ခု၊ ကံကြမ္မာရဲ့ အနေအထားတစ်ခုကြောင့် မျက်လုံးပြာတာရှိတယ်၊ မျက်လုံးနက်တာ ရှိတယ်။ အနက်လည်း မဟုတ်ဘဲနဲ့ အပြာလည်း မဟုတ်ဘဲနဲ့ အကြောင်လည်း ရှိသေးတယ်နော်။ ကြောင်တောင်တောင် မျက်လုံးကလည်း ရှိသေးတယ်လေ။ ဝါညိုညို နီညိုညို၊ အသည်းရောဂါ အသားဝါရောဂါ ရှိတဲ့သူကျတော့ မျက်လုံးဝါတာ ရှိသေးတယ်လေ။ အဲဒါကျတော့ ရောဂါကြောင့် ဝါသွားတာပါ။ မျက်လုံး

စာမျက်နှာ-၁၄၁
ကြီးတွေ ဝါနေတာ။ အဲဒီတော့ အဘိနီလနေတ္တဆိုတာ ဒီ ပြာညိုညိုသော မျက်လုံးရှိတဲ့ လှပတဲ့ အရောင်အဆင်းရှိတဲ့ မျက်လုံးရှိတယ်။ ဒါက နံပါတ် နှစ်ဆယ်နဲ့တစ် ပါရမီပုံရိပ် အမှတ်တံဆိပ်။ ဆိုလိုတာကတော့ ကြောင်တောင်တောင် မျက်လုံး မရှိဘူးပေါ့။ ကြောင်တောင်တောင်မျက်လုံး မရှိဘူး။ ပြာညိုနဲ့ အညိုရောင် ညိုနက်ရောင်မျက်လုံးပိုင်ရှင်လို့ ဒီလို ဆိုလိုတာ အဘိနီလနေတ္တ။
(၂၂) လှပသော မျက်လုံးအိမ်
နောက်တစ်ခုက နှစ်ဆယ်နဲ့နှစ်ကျတော့ “ဂေါပခုမ”။ “ဂေါပခုမ”ဆိုတာ နွားကလေးရဲ့ မျက်တောင် (သို့) မျက်လုံးအိမ် လိုပဲ၊ နွားရဲ့ မျက်တောင်ကတော့ သေချာသွားကြည့်မှရမယ်။ နွားရဲ့ မျက်တောင်ကလေးလိုပဲတဲ့။ ဒီလူရဲ့မျက်တောင်မွေးက မျက်တောင်မွေး မျက်ပေတုံး မဟုတ်ဘူးပေါ့။ နွားရဲ့ မျက်တောင်လို ကော့နေတာ။

အခုခေတ်ကတော့ ကြံကြံဖန်ဖန် လုပ်ကြပါတယ်။ မျက်တောင်တွေ စိုက်ကြတာမို့လား။ ကော့နေအောင်လို့ ဆိုင်သွားပြီး မျက်တောင်အငှားစိုက်ရတာ။ အဲဒီလို ကော့ပြီးတော့ လှနေတဲ့ မျက်တောင်မွေးရှိတယ်။ အဲဒီတော့ မျက်လုံးကလည်း လှတယ်၊ မျက်တောင်ကလည်း လှတယ်။ ဒီလိုဆိုလိုတာပါပဲ။

စာမျက်နှာ-၁၄၂
အကျဉ်းချုံးပြောလိုက်တဲ့အခါကျတော့ ဒီ ပါရမီပုံရိပ် အမှတ်တံဆိပ်ဟာ မျက်လုံးလှတဲ့ပုဂ္ဂိုလ် ဖြစ်တယ်ပေါ့။ မျက်တောင်မွေးတွေလှတယ်။

ပါရမီကုသိုလ် အဲဒီတော့ ဒီပါရမီပုံရိပ်အမှတ်တံဆိပ်က ဘာဖြစ်လို့ ဒီလို မျက်လုံးလှတာမျိုးရသလဲလို့ ဆိုလို့ရှိရင် သူက ရှောင်ကြဉ်ခဲ့တာ။ တစ်ခါတစ်ခါကျတော့ ကုသိုလ်က အထူးအဆန်းမဟုတ်ဘူး။ မဟုတ်တာကို မလုပ်တာလည်းပဲ ကုသိုလ်ပဲ။ အဲဒါ သတိထားဖို့ လိုအပ်တယ်ပေါ့နော်။ ဥပမာ သူများအသက် မသတ်ဘူးဆိုတာ ကုသိုလ်လို့ ထင်ချင်ထင်မှာ၊ မသတ်ဘဲရှောင်တာ။ ဒါကို လူတွေက ကုသိုလ်လို့ ထင်ချင်ထင်မှာ။ စိတ်မဆိုးဘူး သည်းခံတယ်ဆိုတဲ့ လူတစ်ယောက်ကို ဒီလူက ရိုးတယ် အေးတယ်တို့ ဘာတို့ပြောတာ။ သူက ဒါကုသိုလ်တွေပဲ၊ သူ့မှာနော်။ ဘယ်သူကပြောပြော စိတ်မဆိုးဘူး သည်းခံတယ်ဆိုတဲ့ လူတစ်ယောက် အပြုံးမပျက်နေတယ်ဆိုတာ ဒါ သူ ကုသိုလ်လုပ်နေတာ။

အဲဒီတော့ မျက်လုံးလှတဲ့ပိုင်ရှင်ဟာ ဘာကုသိုလ်တွေ လုပ်ခဲ့တုန်းလို့ဆိုတော့ ဒေါသတကြီးနဲ့ မျက်လုံးကြီးပြူးပြီးတော့ ဘယ်သူ့ကိုမှ မကြည့်ခဲ့ဖူးဘူးတဲ့။ တချို့ကတော့ မျက်လုံးပြူးပြတယ်နော်။ ကြောက်မလားလို့ပြူးပြတာ။ စာထဲမှာ ဘယ်လောက်

စာမျက်နှာ-၁၄၃
ထိအောင် ပြူးပြတုန်းဆို ပုစွန်လုံးမျက်လုံးလို ပြူးပြတာ။ ပုစွန်လုံးရဲ့မျက်လုံးက အပြင်ထွက်နေတဲ့ဥစ္စာ။ အဲလောက်ထိတော့ ပြူးမယ်တော့ မထင်ပါဘူးနော်။ အဲဒီတော့ မျက်လုံးလှတဲ့ပုဂ္ဂိုလ်ဟာတဲ့ ဘယ်သောအခါမှ သူများကို မျက်လုံးကြီးနဲ့ ဒေါသနဲ့ မျက်လုံးပြူးပြီးတော့ မကြည့်ခဲ့ဖူးဘူးတဲ့။ အဲဒါ သတိထားကြပေါ့။ မျက်လုံးကြီး ပြူးပြူးပြီးတော့ မကြည့်ကြနဲ့ စိတ်ဆိုးပြီးတော့။ အဲဒီ မျက်လုံးပြူးပြူးပြီးတော့ ကြည့်တဲ့ပုဂ္ဂိုလ်တွေဟာ မျက်လုံးကြောင်တာတို့ မျက်လုံးမလှတာတို့ မျက်ပေတုံးတာတို့ ဖြစ်တတ်တယ်တဲ့။ ဒီပါရမီပုံရိပ်တွေက ဒီထဲမှာရှိတယ်။ ကြည့်- သူက ရှောင်တာလေ။ ဒါ ဒီကုသိုလ်က နည်းတဲ့ကုသိုလ်မဟုတ်ဘူး၊ ဒါ မျက်လုံးပြူးမပြတဲ့ ကုသိုလ်ပဲနော်၊ မျက်လုံးပြူးကြည့်ခြင်းမှ ရှောင်တယ်တဲ့။

နောက်တစ်ခုက ဘာတုန်းဆို ‘န စ ဝိသာစိ’ - ဘယ်သူ့မှ မျက်စောင်းထိုးပြီးတော့ မကြည့်ဘူးတဲ့။ ငယ်ငယ်တုန်းကတော့ ပြောတယ်၊ “ဟေ့ မျက်စောင်းမထိုးနဲ့၊ မျက်စောင်းထိုး မျက်ရိုးကျိုးတတ်တယ်” ဆိုတော့ အဟုတ်မှတ်တာ၊ ကြောက်နေရတာ။ ကြည့်စရာရှိ တည့်တည့်လေးပဲကြည့်နော်၊ မျက်စောင်းကြီး ခဲခဲပြီးတော့ မကြည့်လေနဲ့တဲ့။ ကြည့်ရင် မျက်စိစွေတတ်တယ်တဲ့ ဒီလိုဆိုလိုတာ။ မျက်လုံးမလှဘူး၊ ဒါ သူလုပ်ခဲ့တဲ့ ကံအရိပ်တွေက လာပေါ်တာကိုး။

စာမျက်နှာ-၁၄၄
ဒါ ပြီးတော့ ‘န စ ပန ဝိစေယျ ပေက္ခိတာ’ - သူတစ်ပါးကိုလည်း တိတ်တိတ်ခိုးပြီးတော့ မကြည့်ဘူးတဲ့။ တချို့က မကြည့်ချင်ယောင်ဆောင်ပြီးတော့ တိတ်တိတ်ခိုးကြည့်တာဟာလည်း မျက်လုံးက မပွင့်တပွင့်လုပ်ကြည့်တာလည်းပါမှာပဲနော်။ တချို့က အိပ်ပျော်ချင်ယောင်ဆောင်ပြီးတော့ မျက်လုံးလေး မှေးပြီး ကြည့်တာလည်း ပါမှာပဲ။ အဲဒီတော့ သူလုပ်တဲ့ပုံစံတွေက လာပေါ်နေတော့ မျက်လုံးဘယ်လှမှာတုန်း။ မျက်လုံးမှေးချင်လည်း မှေးမယ်၊ ပြူးချင်လည်းပြူးမယ်၊ မျက်စိစွေချင်လည်း စွေမယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီအကျိုးတွေ ခံစားနေရတာနော်။ မျက်စောင်းထိုးကြည့်တယ်၊ မျက်လုံးပြူးကြည့်တယ်၊ မျက်လုံးမှေးကြည့်တယ်။ အဲဒါမျိုးတွေကြောင့် ဒီလိုဖြစ်တာတဲ့။

အဲဒီလို မျက်လုံးကို အခုလို မဟုတ်တဲ့နေရာကို အသုံးချပြီးတော့ မကြည့်ဘူးတဲ့၊ သူများကိုဒေါသစိတ်နဲ့ ဒီလိုမလုပ်ဘူးတဲ့။ သူက ဘာလုပ်တုန်းဆိုတော့ ကြည့်ပြီဆိုလို့ရှိရင် ရိုးရိုးဖြောင့်ဖြောင့်ပဲကြည့်တယ်။ ပကတိအရှိတိုင်းကြည့်တယ်။ ရှိတာထက် ပိုပြူးမပြဘူးလို့ ဆိုလိုတယ်။ တည့်တည့်နေတာလည်း တည့်တည့်ပဲ ကြည့်တယ်၊ မျက်စောင်းခဲပြီးတော့ မကြည့်ဘူးလို့ ဒီလိုဆိုလိုတယ်။

နောက်ဆုံးမှာ သူ့ကုသိုလ်က ဘာတုန်းလို့ဆိုတော့ “ပိယစက္ခုနာ ဗဟုဇနံ ဥဒိက္ခိတာ”တဲ့။ ပိယစက္ခု - ဘယ်သူ့

စာမျက်နှာ-၁၄၅
ကြည့်ကြည့် မေတ္တာမျက်လုံးနဲ့ပဲ ကြည့်တယ်။ ဒေါသထွက်တဲ့ မျက်လုံးနဲ့ မကြည့်ဘူးတဲ့။ မေတ္တာမျက်လုံးနဲ့ပဲ ကြည့်တယ်။ ဒီလို ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာ။ ဒါမျက်လုံးနဲ့ ပတ်သက်တဲ့ ကုသိုလ်ကောင်းမှုနော်။ မျက်လုံးနဲ့ ပတ်သက်တဲ့ အကုသိုလ်ကိုလည်း မှတ်ထားဦး။ သို့သော်လည်း ဒီကုသိုလ် အကုသိုလ်ဆိုတာ စိတ်ပါပါတယ်လို့ ဒီလိုပြောမယ်။ တစ်ခါတရံကျတော့ မျက်စိစွေနေတဲ့ပုဂ္ဂိုလ်က သူက မျက်လုံးကိုက စွေနေတာ။ ငယ်ငယ်တုန်းက ကျောင်းသားဖော်ချင်းထဲမှာ မျက်စိစွေတဲ့ လူတစ်ယောက်ရှိတယ်၊ သူက ကြည့်တာ ကိုယ့်ကြည့်တယ်လို့ မထင်ဘူး။ သူက တခြားကြည့်နေတယ်လို့ပဲ ထင်တာ မဟုတ်ဘူး သူက ကိုယ့်ကြည့် ပြောနေတာ။ သူက စွေနေတာကိုး၊ မျက်လုံး စွေနေတဲ့ပုဂ္ဂိုလ်က တည့်တည့်မှ ကြည့်လို့မရတာကိုး။ သူကြည့်ရင် ဘေးရောက်နေတာပဲ အမြဲတမ်း မျက်လုံးစွေတဲ့လူလည်းတွေ့ဖူးတယ်။

အေး ဒါကြောင့်မို့လို့ ဆိုလိုရင်းကတော့ လူတွေကို ဒေါသနဲ့ မကြည့်ပါနဲ့ ဒီလိုပြောတာ။ ဒေါသထွက်တဲ့ အနေအထားနဲ့ ဒေါသမျက်လုံးနဲ့ မကြည့်ပါနဲ့တဲ့။ ပိယစက္ခုလို့ဆိုတဲ့ မေတ္တာမျက်လုံးနဲ့ပဲကြည့်ပါ။ အမြဲတမ်းကူညီမယ်ဆိုတဲ့ မျက်လုံး၊ အကျိုးစီးပွားကို လိုလားတယ်ဆိုတဲ့ မျက်လုံး၊ သနားငဲ့ညှာတယ် ဆိုတဲ့မျက်လုံးတွေနဲ့ ဒီလိုကြည့်ခဲ့တဲ့ပုဂ္ဂိုလ်၊ ဒါ ဒီပါရမီပုံရိပ်တွေက

စာမျက်နှာ-၁၄၆
လာပြီးတော့ပေါ်တာတဲ့။ မျက်လုံးလှတယ်ဆိုတာ ဒီကုသိုလ် ဒီပါရမီပုံရိပ် အမှတ်တံဆိပ် နှစ်မျိုးဟာ မေတ္တာမျက်လုံးနဲ့ ကြည့်ခဲ့တဲ့ပုဂ္ဂိုလ်တွေမှာ လာပြီးတော့ ပေါ်ပေါက်လေ့ရှိပါတယ်။

အကျိုးပေးပုံ အဲဒီတော့ ရရှိလာတဲ့အကျိုးက ဒီပါရမီပုံရိပ် အမှတ်တံဆိပ် ဒီမျက်လုံးလှတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုအကျိုးတွေ ခံစားရတုန်းလို့ဆို သူ့ကို မြင်လိုက်တဲ့သူတွေက မြင်မြင်ချင်း ချစ်ခင်ခြင်းဆိုတာမျိုး ရတယ်နော်။ ဗမာတွေကတော့ ကြံကြံဖန်ဖန် ဆုတောင်းတယ်။ မျက်စောင်းထိုးတာတော့ မလျှော့ဘဲနဲ့ ဘာဆုတောင်းတုန်းဆို “မျက်နှာမြင် ချစ်ခင်ပါစေ၊ အသံကြား သနားပါစေ”တဲ့။ ဒီလို ဆုတောင်းတဲ့သူက ရှိသေးတယ်။ ဘယ်လိုလုပ်ပြီး မျက်နှာမြင် ချစ်ခင်မတုန်း။ ချစ်ခင်စေတတ်တဲ့ အတွင်း မေတ္တာဓာတ်တွေရှိဖို့က အရေးကြီးတာပေါ့။ သို့သော် ဆုတောင်းလိုက်တာ “မျက်နှာမြင် ချစ်ခင်ပါစေ၊ အသံကြား သနားပါစေ”တဲ့။ ဆုတောင်းသေးတာ အဲလို။ ငယ်ငယ်တုန်းက ကြားဖူးတဲ့ ဆုတောင်းပြောတာ။

အဲဒီတော့ အခုလို မျက်လုံးလှတဲ့ပုဂ္ဂိုလ်က “ပိယဒဿနော ဟောတိ ဗဟုနော ဇနဿ” - လူအများက သူ့ကို ကြည့်ချင်တယ်တွေ့ချင်တယ်။ လူအများက သူ့ကို ချစ်ကြတယ်။ ဒီလို အဓိပ္ပာယ်

စာမျက်နှာ-၁၄၇
မျိုး ရပါတယ်တဲ့၊ သတ္တဝါအားလုံးက ချစ်ခင်လေးစားမှုကို ခံရတယ်တဲ့။ ဒီပါရမီပုံရိပ်အမှတ်တံဆိပ်ရှိတဲ့ပုဂ္ဂိုလ်က ဒီလိုရှိတယ်။ ဒီနှစ်ခု၊ ဒါက နှစ်ဆယ့်တစ်နဲ့ နှစ်ဆယ့်နှစ် ပါရမီပုံရိပ်။
(၂၃) ဝန်းဝိုင်းသော ဦးခေါင်း၊
နောက်တစ်ခုက ဘာလဲလို့ဆိုလို့ရှိရင် “ဥဏှီသ သီသ”။ ဥဏှီသ သီသဆိုတာ သင်းကျစ်ဆောင်းထားသလို ခေါင်းမှာ အင်မတန်လှပတဲ့ ခေါင်းအနေအထားရှိတယ်။ ဥဏှီသဆိုတာ ခုခေတ်ကတော့ နဖူးသင်းကျစ်ဆိုပြီးတော့ ဘုရားရုပ်တုတော်တွေ ထုတဲ့အခါမှာ နဖူးမှာ အသားပိုပုံစံမျိုး ထည့်ပြီးတော့ ထုထားလေ့ရှိကြတယ်။ ဘုရားရုပ်တုတော်တွေကြည့်ရင်တွေ့ရင်ကြည့်၊ ဖူးတဲ့အခါမှာ သေချာဖူးကြည့်။ ဥဏှီသ - နဖူးသင်းကျစ်လို့ ဒီလိုဆိုတယ်။ အခု ဒီမှာတော့ ဥဏှီသ သီသ သင်းကျစ်ဆိုတာ ဘုရင်တွေ မင်းညီမင်းသားတွေဆောင်းတဲ့ သင်းကျစ်။ လုံးပြီးတော့ လှတယ်၊ ဝန်းဝိုင်းသော ဦးခေါင်းရှိတယ်။ ခေါင်းပြားကြီးလည်းမဟုတ်ဘူး၊ ခေါင်းချွန်ကြီးလည်း မဟုတ်ဘူးလို့ ဒီလိုဆိုလိုတယ်နော်။ ခေါင်းကလည်း တချို့ခေါင်းက ပြားချပ်နေတာ။ တချို့ကျတော့ ချွန်နေတာ။ တချို့ကျတော့ နောက်စေ့ထွက်ကြီး။ တချို့ကျတော့ နဖူးမောက်။

စာမျက်နှာ-၁၄၈
ခေါင်းကလည်း အမျိုးမျိုး ရှိတာကိုး။ အဲဒီတော့ ခေါင်းလေးက လုံးနေတာ။

ဆိုလိုတာကတော့ ခေါင်းလေးက လုံးနေတာ။ ဥသျှစ်သီးလို အလုံးလေး ဖြစ်နေတဲ့ သဘောမျိုး။ ခေါင်းလှတယ်ပေါ့၊ အဲဒါကို ဥဏှီသ သီသ လို့ဆိုတယ်နော်။ သင်းကျစ်အုပ်ထားသလို လှပတဲ့ခေါင်းရှိတဲ့ပုဂ္ဂိုလ်။ ဒါ ပါရမီပုံရိပ်ရဲ့ အမှတ်တံဆိပ်တစ်ခုပဲ။

ပါရမီကုသိုလ် အဲဒီလို ခေါင်းလှတာဟာ ဘာဖြစ်လို့ လှတာတုန်းလို့ ဆိုတော့ လူဖြစ်တုန်းက ကုသိုလ်ကောင်းမှု လုပ်တဲ့အခါမှာတဲ့ ကုသိုလ်ရေးကိစ္စတွေမှာ သူက ခေါင်းဆောင်ပြီးတော့ လုပ်လေ့ရှိတယ်။ အမြဲတမ်း သူများထက် ခေါင်းဆောင်တယ်။ ခေါင်းဆောင်ဆိုတာ ဥက္ကဋ္ဌမြှောက်တာတို့ ဥက္ကဋ္ဌဖြစ်တာ ပြောတာမဟုတ်ဘူး။ အလုပ်လုပ်တဲ့အခါမှာ ရှေ့ကလုပ်တာ အမြဲတမ်းနော်။ သူများထက် ရှေ့ဆောင်ပြီးတော့ လုပ်တာမျိုးကို ဆိုလိုတယ်။ ပုဗ္ဗင်္ဂမ - ရှေ့သွားခေါင်းဆောင်လုပ်တယ်။ အရာရာမှာ တက်တက်ကြွကြွနဲ့ ဦးဆောင်ပြီးတော့ လုပ်သွားတယ်။ ကုသိုလ်ကောင်းမှုတွေ လုပ်တိုင်းလုပ်တိုင်း အများကို ဦးဆောင်ပြီးတော့ လုပ်သွားတဲ့ပုဂ္ဂိုလ်မျိုးတဲ့။ ဒါကြောင့်မို့ ခေါင်းလှတယ်။

စာမျက်နှာ-၁၄၉
ဦးခေါင်းလှတယ်။ အဲဒီပါရမီကုသိုလ်မျိုး ဆည်းပူးအားထုတ်ခဲ့တဲ့ ပုဂ္ဂိုလ်ဟာ ဦးခေါင်းလှတယ်တဲ့။

အကျိုးပေးပုံ အဲဒီ ဦးခေါင်းလှတဲ့ အမှတ်တံဆိပ်မျိုး ရထားတဲ့ပုဂ္ဂိုလ်က ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရတုန်းဆိုတော့ လူအများဟာ အများစုဟာ ဘယ်တော့ဖြစ်ဖြစ် သူ့နောက်က လိုက်ကြတယ်။ သူပြောတာ လက်ခံကြတယ်။ သူ့နောက်ကလိုက်တယ်။ သူပြောတာ လက်ခံတယ်။ အားလုံးက ကျေနပ်တယ်။ ခေါင်းဆောင်အဖြစ် ထားတယ်။ ဒီလို အကျိုးကျေးဇူးတွေကို ရတယ်တဲ့။ ဒီလို ဆိုလိုတာနော်။ ဒါက ဥဏှီသ သီသလက္ခဏာရဲ့ အကျိုးကျေးဇူးတစ်ခု။
(၂၄) မွေးညှင်းတစ်ပင်
နောက်တစ်ခုကဘာတုန်းဆိုတော့ “ဧကလောမတာ”တဲ့။ လူရဲ့ခန္ဓာကိုယ်မှာ မွေးညှင်းပေါက်ကလေးတွေ ရှိတယ်။ အဲဒီ မွေးညှင်းပေါက်ကလေးတွေက အမွေးက တစ်ပင်တည်း ပေါက်သလား၊ နှစ်ပင်၊ သုံးပင်ရှူးပေါက်သလား ကိုယ့်ဟာကိုယ် ကြည့်ကြည့်။ ဒီအမှတ်အသား လက္ခဏာရှိတဲ့ပုဂ္ဂိုလ်က မွေးညှင်းပေါက် တစ်ပေါက်မှာ မွေးညှင်းတစ်ပင်ပဲပေါက်တယ်။

စာမျက်နှာ-၁၅၀
သူ့ရဲ့အမွေးက တစ်ပင်ပဲပေါက်တယ်လို့ ဒီလိုဆိုလိုတာနော်။ ဟိုအရင် တစ်ခါတုန်းက မွေးညှင်းလေးတွေ အထက်ကော့နေတယ်ဆိုတဲ့ အမှတ်အသား လက္ခဏာရှိသေးတယ်နော်။ အခုဟာက မွေးညှင်းပေါက်တစ်တွင်းမှာ တစ်ပင်ပဲပေါက်ရမယ်။ နှစ်ပင် သုံးပင်ပေါက်လို့ရှိရင်လည်း အမွေးထူမှာပေါ့။ အဲဒီတော့ အဲဒီလို မဖြစ်အောင် တစ်ပင်ပဲပေါက်တယ်။ “ဧကလောမတာ”တဲ့။ မွေးညှင်းတွင်းတွေမှာ တစ်ပင်တည်း ပေါက်တာဟာလည်းပဲ အမှတ်လက္ခဏာတစ်ခုပဲတဲ့၊ ပါရမီပုံရိပ် အမှတ်လက္ခဏာတစ်ခုပဲ။
(၂၅) မျက်ခုံးကြားက အမွေးဖြူ
ဟော နောက်တစ်ခုကတော့ “ဥဏ္ဏ” လို့ခေါ်တဲ့ အမွေးဖြူကလေး။ ဒီမျက်လုံးနှစ်ခုရဲ့ အလယ်ကောင်မှာ အမွေးလေးတွေ ပါတတ်တယ်။ တချို့တလေတော့ ရှိတယ် အဲဒါမျိုး အမွေးဖြူ။ မြတ်စွာဘုရားရဲ့ ရုပ်ဆင်းတုတော်ကို ထုတဲ့အခါမှာ “ဥဏ္ဏလုံ မွေးရှင်တော်”ဆိုတာ။ ဥဏ္ဏလုံဆိုတာ ဥဏ္ဏလောမပဲ။ အင်မတန်မှ နူးညံ့တဲ့ အမွေးဖြူလေးက ဆွဲဆန့်လို့ရှိရင် တစ်လံလောက် ရှည်တယ်လို့ ဒီလိုဆိုတာ။ အဲဒါလေးက လက်ျာရစ်ပြီးတော့ အင်မတန်မှလှတယ်။ ဒီမျက်ခုံးမွေးနှစ်ခုရဲ့ အလယ်လောက်မှာ ဥဏ္ဏလုံမွေးရှင်။ ဒါကြောင့်မို့ အဲဒါကို အတုလုပ်ပြီးတော့ ဘုရား

စာမျက်နှာ-၁၅၁
နဖူးမှာ ကျောက်ဆစ်ဆရာက ကျောက်လုံးလေးစီထားတာတို့ ပန်းချီဆရာရေးထားတာတို့ ဒါမျိုးလေးပါတယ်လေ။ ဥဏ္ဏလုံ မွေးရှင်ဆိုတာပါတယ်။

အဲဒီ ဥဏ္ဏလုံမွေးရှင်က ဖြူဖွေးနေတယ်၊ အိုလို့ ဖြူတာ မဟုတ်ဘူး။ အစကတည်းက ဖွေးနေတာ။ နဂိုကတည်းက အဖြူ။ အခုခေတ်လူတွေက အဖြူဆို နှုတ်ပစ်တယ်။ အဲဒီတော့ ဘုရားရဲ့ ဒီမျက်ခုံးမွေးနှစ်ခုရဲ့ အလယ်မှာပေါက်တဲ့ အမွေးဖြူလေးဟာ နဂိုကတည်းက ဖြူဖြူလေး။ ဆွတ်ဆွတ်ဖြူတယ်။ တစ်ခါတရံမှာ ဖြူသောရောင်ခြည်တော် လွှတ်တဲ့အခါမှာ အဲဒီ ဥဏ္ဏလုံ မွေးရှင်တော်က အရောင်တွေ ထွက်လာတာလည်းရှိတယ်။ တစ်ခါတရံကျတော့ အရိုးဓာတ်ကထွက်တာရှိတယ်။ စွယ်သွားက ထွက်တာရှိတယ်။ သွားတော်ကနေထွက်တဲ့ အဖြူရောင်လည်းရှိတယ်။

အဲဒီတော့ ဥဏှာဆိုတဲ့ ဥဏ္ဏလုံမွေးရှင်မျိုးကလည်းပဲ ဒီမဟာပုရိသလက္ခဏာထဲမှာ နှစ်ဆယ်နဲ့ငါးခုမြောက် ပါရမီပုံရိပ် အမှတ်တံဆိပ်တစ်ခုပဲ။ အဲဒီတော့ ဒီအမှတ်အသား လက္ခဏာ နှစ်ခုဟာ မွေးညှင်းတစ်တွင်းတွင် မွေးညှင်းတစ်ပင်သာ ပေါက်ခြင်းရယ်၊ မျက်ခုံးနှစ်ခုတို့ရဲ့ အလယ်မှာ ဖွေးဖွေးဆွတ်နေတဲ့ အမွေးဖြူပေါက်ခြင်းရယ်နော်။ အဲဒီအမွေးဟာ ဝါဂွမ်းလို ဂွမ်းစိုင်လို့နူးညံ့ပြီးတော့နေတဲ့အမွေးဖြူတဲ့။ “ဥဏ္ဏာ စ ဘမုကန္တရေ ဇာတာ ဟောတိ ဩဒါတာ” - ဘမုက မျက်ခုံးနှစ်ခုရဲ့ အလယ်မှာ

စာမျက်နှာ-၁၅၂
ဒီအမွေးဖြူလေး ရှိတယ်ပေါ့။ ဒါလည်းပဲ မဟာပုရိသလက္ခဏာ သုံးဆယ့်နှစ်မျိုးထဲမှာ နှစ်ဆယ့်ငါးနံပါတ်။ ဒီမဟာပုရိသ လက္ခဏာ ဖြစ်တယ်။ ဒါလည်းပဲ ပါရမီပုံရိပ် အမှတ်တံဆိပ်ရဲ့ အမှတ်အသားလက္ခဏာတစ်ခုပဲ။

ပါရမီကုသိုလ် အဲဒီလို မွေးညှင်းတွင်းတစ်တွင်းမှာ အမွေးတစ်ပင်သာ ပေါက်ခြင်းဟာ မျက်ခုံးနှစ်ခုတို့ရဲ့ အလယ်မှာ အင်မတန်မှ နူးညံ့ ဖြူဆွတ်နေတဲ့ ဥဏ္ဏလုံဆိုတဲ့အမွေး ရှိခြင်းဟာ ဘယ်လိုပါရမီကုသိုလ်တွေကြောင့် ဒီလိုထူးခြားတဲ့ ပါရမီကုသိုလ်တွေ ရတာတုန်းလို့ဆိုတော့ လိမ်မပြောခဲ့လို့တဲ့။ အမြဲတမ်း မုသာဝါဒက ရှောင်တယ်တဲ့။ ဘယ်တော့မှမဟုတ်တာကို မပြောဘူး။ မှန်တာပဲ ပြောတယ်နော်။ ထူးထူးခြားခြား မှန်တာကိုပဲပြောတယ်။

အဲ ခုခေတ်ကတော့ “မုသားမပါ လင်္ကာမချော”ဆိုပြီးတော့ လင်္ကာချောအောင် နည်းနည်းတော့ ပြောတယ်။ လင်္ကာချောဖို့ အရေးကြီးတယ်။ ဒါကြောင့်မို့ နဖူးမှာ ဘာအမွေးမှ မရှိဘူး ပြောင်နေတယ်။ အဲဒီတော့ မုသားက ရှောင်လို့ရှိရင် ဒီလိုထူးခြားတဲ့ ပါရမီပုံရိပ် အမှတ်တံဆိပ်တွေ ရှိတယ်လို့ ဒီလိုပြောတာ။

စာမျက်နှာ-၁၅၃
အကျိုးပေးပုံ ကဲ ဒီလိုပါရမီပုံရိပ် အမှတ်တံဆိပ်ရှိလာတဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးကျေးဇူးက ဘာတုန်းဆိုရင် အများစုက ဘယ်အခါပဲဖြစ်ဖြစ် သူ့ဘက်ကပဲ ရပ်တည်ကြတယ်။ ခုနက သူ့နောက်က လိုက်တယ်။ အခုဟာက သူ့ဘက်က ရပ်တည်တယ်။ ဘယ်စကားပြောပြော ဘာပဲဖြစ်ဖြစ် ထောက်ခံစရာရှိ သူ့ဘက်ကပဲ ထောက်ခံတယ်။ သူက မှန်တာပြောတာကိုး။ မှန်တာပြောခြင်းရဲ့ အကျိုးကျေးဇူးကြောင့် အခုလို ထူးခြားတဲ့ မွေးညှင်းတွင်းတစ်တွင်းမှာ အမွေးတစ်ခုသာရှိခြင်း၊ မျက်ခုံးနှစ်ခုတို့ရဲ့ အလယ်မှာ ဖြူဆွတ်နေတဲ့ ဥဏ္ဏလုံမွေးရှိခြင်းဆိုတဲ့ ဒီအမှတ်တံဆိပ်တွေ ပေါ်လာခြင်းကြောင့်တဲ့ လူတွေဟာ ဘယ်ဘက်ကဖြစ်ဖြစ် သူ့ကို အမြဲတမ်းထောက်ခံတယ်။ သူ့ဘက်က အမြဲတမ်း ရပ်တည်ကြတယ်ဆိုတဲ့ အကျိုးကျေးဇူးကို ရပါတယ်တဲ့။ ဒီလိုဆိုတာနော်။
(၂၆) သွားတော်လေးဆယ်
နောက်နှစ်ဆယ့်ခြောက်ခုမြောက် မဟာပုရိသလက္ခဏာက ဘာတုန်းဆိုရင် “သွားအရေအတွက် လေးဆယ်ရှိခြင်း” နော်။ သွားတော်လေးဆယ်ရှိတယ်။ အဲဒီတော့ ကိုယ့်သွားလည်း ကိုယ်ရေကြည့်ပေါ့။ သာမန်ပုဂ္ဂိုလ်တွေမှာ သွားက သုံးဆယ့်နှစ်ချောင်းပဲ ရှိတယ်။ အံဆုံးတွေဘာတွေ ပေါက်ပြီးလို့ရှိရင်

စာမျက်နှာ-၁၅၄
ကြည့်လိုက်လို့ရှိရင် လူတွေရဲ့ ပကတိလူတွေမှာ သွားသုံးဆယ့်နှစ်ချောင်းပဲရှိတယ်။ သုံးဆယ့်နှစ်ချောင်းဟာ အများဆုံးပဲ။

သွားလေးဆယ်ဆိုတော့ ပါးစပ်ကြီးက ပိုကြီးလို့လားဆိုတော့ မဟုတ်ဘူး။ သာမန်ပုဂ္ဂိုလ်တွေမှာ သွားကြီးတွေက ကြီးနေတာကိုး။ ကြီးနေတော့ ဒီမဟာပုရိသလက္ခဏာရှင်တွေကျတော့ ဘာဖြစ်တုန်းဆို သွားအချောင်းလေးဆယ် ရှိတယ်။ ဒါနဲ့ပတ်သက်လို့ သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ယောက်ကို မေးကြည့်တယ်။ ဒီလိုသွားလေးဆယ်ပေါက်တဲ့သူကို တွေ့ဖူးလားဆိုတော့ သူက ဘာပြောတုန်းဆိုလို့ရှိရင် ဒီလိုဖြစ်တဲ့ဟာက သူက သူတို့ဆေးပညာအရဆိုလို့ရှိရင်တော့ ဒါက abnormal ပဲတဲ့၊ normal မဟုတ်ဘူး။ normal မဟုတ်လို့ ထူးခြားတာ။ သူကတော့ ထူးခြားတယ်လို့တောင် မပြောလိုဘူး။ အကြောင်းတစ်ခုခုကြောင့် ဒီလိုသွားတွေ ပိုသွားတယ်ပေါ့။

ဒါပေမယ့်လို့ မြတ်စွာဘုရားတွေမှ ဒီသွားတော်လေးဆယ်ဆိုတာ ရှိတာလေ။ ဒီစာပေအရကတော့ ခုနကလို မထူးခြားဘဲနဲ့ တစ်စုံတစ်ခု abnormal ဆိုတဲ့ ပုံမှန်မဟုတ်တဲ့ အနေအထားမျိုး ဖြစ်တာမဟုတ်ဘူး။ အင်မတန်မှ ထူးခြားတဲ့ ပါရမီရှင်တွေမှာ သွားလေးတွေက စီပြီးညီပြီးတော့ အလွန်လှတဲ့ အနေအထားမျိုး ပေါ်လာတာနော်။ အဋ္ဌိကလျာဏ- အရိုး၏ကောင်းခြင်း

စာမျက်နှာ-၁၅၅
ဆိုတာ ဒီသွားပါတယ်။ သွားလေးတွေက စီပြီးတော့ လှနေတာ။ သေးပြီးတော့ စီပြီးတော့နေတာ။ အဲဒါကြောင့်မို့ စကြမင်းတို့ ဘုရားအလောင်းတို့ ဘုန်းကံပါရမီရှိတဲ့ပုဂ္ဂိုလ်တွေဟာ သွားဟာ သာမန်ပုဂ္ဂိုလ်တွေမှာ သုံးဆယ့်နှစ်ချောင်းရှိသော်လည်း သူတို့မှာ အချောင်းလေးဆယ်ရှိတယ်တဲ့။ အဲဒီလို အချောင်းလေးဆယ်ရှိတာကိုက ပါရမီပုံရိပ် အမှတ်တံဆိပ်တစ်ခုပါတဲ့။ လူတိုင်းမှာ မဖြစ်နိုင်ဘူး။ အဲဒီတော့ သာမန်ပုဂ္ဂိုလ်အနေနဲ့ကြည့်ရင် ထူးနေတဲ့အတွက်ကြောင့် abnormal လို့ ပြောချင်ပြောမှာပေါ့။ ဒါကတော့ လူတိုင်းမှာတွေ့ရမယ့်အရာမဟုတ်ဘူး။ အင်မတန်မှ ထူးချွန်တဲ့ပုဂ္ဂိုလ်တွေမှာ သွားတွေ့ရတယ်။
(၂၇) သွားတို့၏ လှပညီညာမှု
ဟော နောက်တစ်ခုက ဘာတုန်းဆို “အဝိရူဠှဒန္တ”တဲ့။ မကျဲတဲ့သွား။ သွားကြီးတွေ ကျိုးတိုးကျဲတဲ ယိုင်ရွဲ့နေတာမရှိဘူး။ တချို့ကျတော့ သွားတွေက ထပ်ပေါက်နေတာရှိသေးတယ်၊ သွားထပ်တွေနဲ့နော်။ သွားတွေက ကျဲခြင်း ထပ်ခြင်းမရှိဘဲနဲ့ တညီတည်း သွားလေးတွေ အချောင်းလေးဆယ် ဒီလိုညီညီညာညာ လှလှပပ မြတ်စွာဘုရားအလောင်းတွေမှာရှိတယ်။

မြတ်စွာဘုရားမှာ သွားတော်လေးဆယ်ဆိုတဲ့အထဲမှာ အဲဒီသွားတော်လေးဆယ်ထဲမှာ ဘာပါတုန်းဆိုတော့ စွယ်တော်

စာမျက်နှာ-၁၅၆
လေးဆူလည်း အပါအဝင်ဖြစ်တယ်ပေါ့။ စွယ်တော်လေးဆူဆိုတာ အပေါ်က စွယ်တော်နှစ်ချောင်း၊ အောက်က စွယ်တော်နှစ်ချောင်း၊ အားလုံး စွယ်တော်လေးဆူ။ စွယ်တော်လေးဆူအပါအဝင် သွားတော်လေးဆယ်။ ဒီလိုဆိုလိုတာ။ စွယ်သွားပါအပါအဝင် လေးဆယ်လို့ ဒီလိုပြောတာ။ တစ်ခါတရံကျတော့ စာထဲမှာ ရေးထားတာ “သွားတော်လေးဆယ် စွယ်တော်လေးဆူ ဖြူရာအရပ်ရပ် ထိုထိုကိုယ်တော်မြတ်မှ” ရောင်ခြည်တော်ထဲမှာဆိုရင် သွားတော်လေးဆယ် စွယ်တော်လေးဆူဆိုတော့ လေးဆယ့်လေးလို့ အောက်မေ့နေတတ်တယ်။ မဟုတ်ဘူး၊ သွားတော်လေးဆယ်ထဲမှာ စွယ်တော်လေးဆူဆိုတာလည်း အပါအဝင်လို့ မှတ်သားရမယ်နော်။ လေးဆယ်ပဲ၊ လေးဆယ်ထက်မပိုဘူးလို့ ဆိုလိုတယ်။ အဲဒီလို ထူးခြားပြည့်စုံတဲ့ သွားတွေကို ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်သူမြတ်၊ ဒါ ပါရမီပုံရိပ် အမှတ်တံဆိပ်တစ်ခုပဲတဲ့။

ပါရမီကုသိုလ် ဘယ်လိုကုသိုလ်တွေကို သူလုပ်ခဲ့လို့ ဒီလိုထူးခြားတဲ့ အနေအထားတစ်ခုကို ရတာတုန်းလို့ဆိုရင် သူက ဘယ်တော့မှ နှစ်ဦးကြားဝင်ပြီးတော့ ကုန်းတိုက်တာ မရှိဘူးတဲ့။ တစ်ယောက်နဲ့တစ်ယောက် မတည့်အောင် ဘယ်တော့မှ

စာမျက်နှာ-၁၅၇
မလုပ်ဘူးတဲ့။ မတည့်အောင်ဝင်ပြီးတော့ သပ်မလျှိုဘူး။ ဝင်ပြီးတော့ မခွဲဘူးတဲ့။ “ပိသုဏံ ဝါစံ ပဟာယ ပိသုဏာယ ဝါစာယ ပဋိဝိရတော” - ဘယ်တော့မှ ကုန်းမတိုက်ဘူး။ တစ်ဦးနဲ့တစ်ဦး ကွဲသွားအောင် ဘယ်တော့မှ မလုပ်ဘူးတဲ့။ ဒီတစ်နေရာက ကြားပြီး ဟိုသွားပြော၊ လူနှစ်ယောက်ကွဲသွားအောင်။ တချို့ကတော့ အားအားရှိ အဲဒါမျိုးက လိုက်ပြောတာ။ အဲဒါနဲ့ မတည့်တာတွေ ဖြစ်ကုန်တတ်တယ်ပေါ့။ တစ်ယောက်နဲ့တစ်ယောက် ဒီစကားပြောလိုက်လို့ အဆင်မပြေဖြစ်သွားမယ်ဆိုတဲ့ စကားမျိုးကို ဘယ်တော့မှ မပြောဘူးတဲ့။ တချို့ကျတော့ အဲဒီလိုပြောရမှ ကျေနပ်တယ်၊ မပြောဘဲ မနေနိုင်ဘူး။ တမင်ကို taxi ငှားပြီး သွားပြောတာ ရှိသေးတယ်နော်၊ ဆိုက်ကားငှားပြီးတော့ သွားပြောတယ်။ စလိုက်ပြီ သူက ပြောချင်ရင် “ကြားပြီးပြီလား”က စတယ်။ ဟိုလူသိချင်အောင်လို့ နှိုးဆွပေးလိုက်တာ “ကြားပြီးပြီလား”တဲ့။ မကြားရသေးဘူးဆိုရင် ပြောမှာပဲ၊ ကြားပြီးပြီဆိုလို့ရှိရင် မပြည့်စုံသေးဘူးဆို ပိုပြောဦးမှာ၊ ဒီလိုလာတာနော်။

အဲဒီတော့ တစ်ဦးနဲ့တစ်ဦး အဆင်မသင့်ဖြစ်အောင် ကြားဝင်ပြီးတော့ ပြောတာမျိုးတွေ မလုပ်ဘူးတဲ့။ ဒီကကြား ဟိုသွားပြော၊ ဟိုကကြား ဒီလာပြော ဒါမျိုးတွေ မလုပ်ဘူးတဲ့။ ကွဲနေတဲ့လူနှစ်ယောက် စေ့စပ်ပေးတယ်။ ညီညွတ်နေတဲ့

စာမျက်နှာ-၁၅၈
ပုဂ္ဂိုလ်တွေကို ပိုပြီးတော့ ညီညွတ်အောင် အားပေးစကားပြောတယ်။ ညီညွတ်တာကို သဘောကျတယ်။ ညီညွတ်မယ့် စကားမျိုးပြောတယ်။ ကွဲပြားမယ့် စကားမျိုး ဘယ်တော့မှ မပြောဘူးတဲ့။ တစ်ဦးနဲ့တစ်ဦး အထင်မြင်လွဲသွားမယ့် စကားမျိုး ဘယ်တော့မှ မပြောဘူး။ ဆိုလိုတာက ပိသုဏဝါစာကို ရှောင်ပြီးတော့ ရှောင်ရုံတင်မကဘူး မတည့်ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ တည့်အောင်၊ စေ့စပ်ညီညွတ်အောင် လုပ်ပေးတယ်တဲ့။ အဲဒီကုသိုလ်ကြောင့်မို့လို့ ညီညာလှပတဲ့ သွားလေးဆယ်ရတာ။ ဒါဖြင့် အချောင်းလေးဆယ် မပြည့်တာဟာ ဧကန်ဒိဋ္ဌ လျှောက်ပြီးတော့ ကုန်းတိုက်ခဲ့တာ ပါလောက်တယ်။ ဒီထဲမှာ သွားတွေ ကျဲနေတာလည်းပဲ ကုန်းတိုက်ခဲ့တာတွေ ပါနေလို့။ ဒါကြောင့်မို့လို့ ဒီအမှတ်လက္ခဏာ ပျောက်နေတယ်ပေါ့နော်။ အဲဒီတော့ ဒီကုသိုလ်ကို ကြိုးကြိုးစားစား အားထုတ်ကြမယ်ဆိုလို့ရှိရင် သွားအချောင်းရေတွေ တိုးလာစရာရှိတယ်။

အကျိုးပေးပုံ ကဲ- အဲဒီလို သွားက သုံးဆယ့်နှစ်ချောင်းတင်မကဘူး အချောင်းလေးဆယ်ရှိတဲ့ပုဂ္ဂိုလ်၊ သွားမကျဲတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လို အကျိုးတရားတွေ ခံစားရတုန်းလို့ဆိုတော့ သူ့နောက်လိုက်နောက်ပါတွေ သူ့ပရိသတ် ဘယ်တော့မှ ပြိုကွဲသွားတယ်လို့

စာမျက်နှာ-၁၅၉
မရှိဘူး၊ ဒီလိုဆိုလိုတယ်။ အင်မတန်မှ ညီညွတ်တယ်။ သူ့ရဲ့ပရိသတ်က အမြဲတမ်းပဲ ညီညွတ်တယ်။ သူ့ရဲ့နောက်လိုက်နောက်ပါတွေက အင်မတန်မှ ညီညွတ်တယ်တဲ့။ ဒီလိုဆိုလိုတာ။ အဲဒီအကျိုးကျေးဇူးတွေကို ရပါတယ်။ ဒါက ပါရမီပုံရိပ် အမှတ်တံဆိပ်တွေနဲ့ ပတ်သက်ပြီးတော့ ဒီလိုပြောတာနော်။
(၂၈) ကျယ်ပြန့်သည့် လျှာ
ဟော နောက်တစ်ခု နှစ်ဆယ့်ရှစ်ခုမြောက် အမှတ်အသားက ဘာတုန်းဆို “ပဟူတဇိဝှော”။ လျှာကြီးက အင်မတန်မှကြီးတယ်၊ ကျယ်ပြန့်တယ်။ လျှာကျယ်ပြန့်တယ်လို့ ဒီလိုဆိုလိုတယ်နော်။ ကြီးမားကျယ်ပြန့်တဲ့လျှာရှိတယ်။
(၂၉) သာယာပြတ်သားသည့်အသံ
နောက်တစ်ခုက ဘာတုန်းဆို အသံက အင်မတန်မှ ကောင်းတယ်တဲ့။ “ဗြဟ္မဿရ” - ဗြဟ္မာမင်းရဲ့ အသံ၊ ဗြဟ္မာမင်းရဲ့ အသံမျိုးလို၊ ကရဝိက်ငှက်ရဲ့ အသံမျိုးလို အင်မတန်မှ သာယာတဲ့အသံ ရှိတယ်တဲ့။ အဲဒီပါရမီပုံရိပ် အမှတ်တံဆိပ်နှစ်ခု။ (နှစ်ဆယ့်ရှစ်နဲ့ နှစ်ဆယ့်ကိုး။)

စာမျက်နှာ-၁၆၀
ပါရမီကုသိုလ် ဒါဖြင့် ကြီးမားတဲ့လျှာရှိတယ်ဆိုတဲ့ ဒီကုသိုလ်ရယ်၊ အသံကောင်းတယ်ဆိုတဲ့ ဒီကုသိုလ်ရယ် ဘယ်လိုပါရမီကုသိုလ်တွေ ဆည်းပူးခဲ့လို့ ရတာတုန်းလို့ဆိုတော့ ဘယ်တော့မှ သူက ကြမ်းတမ်းတဲ့စကားမျိုး၊ ဆဲရေးတိုင်းထွာတဲ့စကားမျိုး၊ နားမခံသာတဲ့ စကားမျိုး ဘယ်တော့မှ မပြောဘူးတဲ့။ ယဉ်ကျေးလိမ္မာ သိမ်မွေ့စွာပဲ ပြောတတ်တယ်တဲ့။ “ယာ သာ ဝါစာ နေလာ ကဏ္ဏသုခါ” - အပြစ်ကင်းပြီးတော့ ကြားတဲ့ပုဂ္ဂိုလ်က နားချမ်းသာတယ်။ “ပေမနီယာ” - ချစ်ခင်မှုကို ဖြစ်စေတယ်။ ချစ်ဖွယ်ရာကောင်းတယ်။ “ပေါရီ” - မြို့သူမြို့သားတွေသုံးတဲ့ စကားလုံးမျိုး ဖြစ်တယ်။ “ဗဟုဇနကန္တာ” - အများက သဘောကျတယ်။ “ဗဟုဇနမနာပါ” - အများက မြတ်နိုးတယ်ဆိုတဲ့ တကယ့်ကို ယဉ်ကျေးတဲ့ စကားမျိုးကိုပြောတယ်။ ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားမျိုးကို မပြောဘူးတဲ့။

အရင်တုန်းက နာမည်ကြီးတယ် မန္တလေးသူတွေ စကားချိုတယ်လို့ဆိုတာ၊ အခုတော့ မပြောတတ်ဘူး။ မန္တလေးက အင်မတန်မှ ယဉ်ကျေးတယ်၊ ထီးသုံးနန်းသုံး မန္တလေးမြို့ဟာ ယဉ်ကျေးတယ်လို့ ပြောကြတယ်နော်။ မန္တလေးသူတွေ ယဉ်ကျေးတယ်လို့ ဒီလိုဆိုကြတယ်ပေါ့နော်။

စာမျက်နှာ-၁၆၁
အဲဒီ ဖရုသဝါစာ ဖယ်ရှားပြီးတော့ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုမှုကြောင့်တဲ့ ကြီးမားကျယ်ပြန့်တဲ့လျှာရှိပြီးတော့ သာယာတဲ့အသံမျိုး ဗြဟ္မဿရဆိုတဲ့ သာယာတဲ့အသံမျိုး ဒီမဟာပုရိသလက္ခဏာနှစ်မျိုးကို ရရှိပါတယ်။

မြတ်စွာဘုရားမှာ ဒီလျှာရဲ့ အမှတ်အသားက လျှာဆိုတာ ပါးစပ်ထဲမှာနေတော့ မြင်ရတာမှ မဟုတ်တာ။ မမြင်ရဘူးလေ ပါးစပ်ထဲမှာ။ အဲဒီတော့ မြတ်စွာဘုရားရဲ့လျှာက ဘယ်လောက်ကျယ်ပြန့်ပြီး ရှည်လျားသတုန်းဆိုရင် လျှာထုတ်ပြီးတော့ ဖြန့်လိုက်လို့ရှိရင် မျက်နှာကို အုပ်လို့ရသတဲ့။ လျှာကို နည်းနည်းလေး ချွန်ပြီးတော့လုပ်ပြီးကြည့်မယ်ဆိုလို့ရှိရင် နားကို လှမ်းလျက်လို့ရတယ်။ လျှာရှည်တယ်လို့ ပြောကောင်းပြောမယ်ပေါ့နော်။ ခုခေတ်ကတော့ လျှာရှည်တယ်ဆိုတာ စကားများတာကို ပြောတာ။

အဲဒီတော့ မြတ်စွာဘုရားရဲ့ လျှာတော်ဟာ အင်မတန်မှ ပျော့ပျောင်းပြီးတော့ ကြီးမားတယ်။ ဆန္ဒရှိလို့ရှိရင် လျှာကို အပြင်ဘက်ထုတ်ပြီးတော့ မျက်နှာကို လျှာနဲ့ဖုံးကွယ်လို့ရတယ်တဲ့။ နောက်အဲဒီလျှာနဲ့ပဲ ဟိုဘက်နားတွင်း ဒီဘက်နားတွင်းကို လှမ်းနှိုက်လို့ရတယ်လို့ပြောတယ်။ လျှာနဲ့လျက်လို့ရတယ်။ အဲဒီမှာ ဘုရားဟုတ်မဟုတ် လာရောက်ပြီးတော့ စုံစမ်းတဲ့ပုဂ္ဂိုလ်တွေကို မြတ်စွာဘုရားက အဲဒါ လုပ်လုပ်ကြတယ်။ အမ္ဗဋ္ဌလုလင်

စာမျက်နှာ-၁၆၂
လာတုန်းကလည်း တစ်ခါလုပ်ပြတယ်။ ဗြာဟ္မာယုပုဏ္ဏားကြီး လွှတ်လိုက်တဲ့ ဥတ္တရလုလင်က လာစုံစမ်းတယ်။

သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်လက္ခဏာတွေထဲမှာ အဲဒီဖုံးကွယ်နေတဲ့ လက္ခဏာနှစ်ခု ရှိတယ်။ အဲဒီနှစ်ခုထဲက ဒီလျှာကို မမြင်ရလို့ သူတို့က မကျေမနပ်ဖြစ်နေတယ်။ အဲဒီမှာ မြတ်စွာဘုရားက ဖန်ဆင်းပြီးတော့ လုပ်လုပ်ပြတယ်။ လျှာရဲ့ ကျယ်ပြန့်တဲ့ အမှတ်အသားတစ်ခုကို လုပ်လုပ်ပြတယ်။ အဲဒီကျတော့မှ သူတို့ ဘုရားဆိုတာ လက်ခံတယ်။ လက္ခဏာကျမ်းနဲ့ တိုက်ဆိုင်တာကိုး။ တိုက်ဆိုင်ပြီးတော့မှ မြတ်စွာဘုရားကို လက်ခံတယ်။

အကျိုးပေးပုံ အဲဒီလို လျှာရဲ့ကျယ်ပြန့်မှုနဲ့ သာယာသောအသံ ဒီနှစ်ခု ဗြဟ္မာမင်းတို့ရဲ့ အသံမျိုးကို ရရှိထားတာဟာ ပါရမီပုံရိပ်ပဲတဲ့။ ပါရမီကုသိုလ်ကတော့ ကြမ်းတမ်းတဲ့စကားကို ဘယ်တော့မှ မပြောဘူး။ သိမ်မွေ့နူးညံ့တဲ့စကားကို ပြောတယ်။ ရရှိလာတဲ့ အကျိုးကျေးဇူးက ဘာတုန်းဆိုရင် “အာဒေယျဝါစာ” - သူပြောလို့ရှိရင် ဘယ်သူကမှ မငြင်းပယ်ဘူး။ သူ့စကားဟာ တည်တယ်။ သူ့စကားကို ယူကြတယ်။ လိုက်နာကြတယ်။ တစ်ခွန်းပြော တစ်ခွန်းနားထောင်တယ်။ အဲဒီလို အားလုံးဟာ စကားကို

စာမျက်နှာ-၁၆၃
နားထောင်တယ်ဆိုတဲ့ အကျိုးကို ရတယ်။ အေး တချို့အမေတွေ အဖေတွေ အေး သားသမီးတွေက ပြောမကောင်းဘူး။ စကားနားမထောင်ဘူး။ မိဘစကား နားမထောင်ဘူး။ ဆရာသမားစကား နားမထောင်ဘူး။ လူကြီးစကား နားမထောင်ဘူးဆိုပြီးတော့ တစ်ဖက်သားကိုသာ အပြစ်တင်နေကြတာ။ အဲဒီလို နားမထောင်တဲ့လူနဲ့တွေ့တာ ဘာဖြစ်လို့တုန်းဆိုရင် ဒီဖရုသဝါစာတွေ လုပ်ခဲ့လို့ပဲ။ ဒါနကောင်းမှုလုပ်ခဲ့တုန်းကလည်း မစင်ကြယ်လို့၊ သက္ကစ္စဒါန မလုပ်ခဲ့လို့ ကိုယ့်စကားကို နားမထောင်တာ။ အေး ဒါကြောင့်မို့လို့ ကိုယ့်စကားကို နားထောင်စေချင်လို့ရှိရင်တော့ ဖရုသဝါစာ ရှောင်ခြင်း၊ သက္ကစ္စဒါနပြုခြင်းဆိုတာ သတိထားကြရမယ်ပေါ့။

အေး အားလုံးပေါင်းလိုက်တဲ့အခါကျတော့ မဟာပုရိသလက္ခဏာ နှစ်ဆယ့်ကိုးမျိုးထိအောင် ပြီးသွားပြီ။ ဒါကြောင့်မို့လို့ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ ဗုဒ္ဓမြတ်စွာရဲ့ မဟာပုရိသလက္ခဏာ “ပါရမီပုံရိပ် အမှတ်တံဆိပ်”တွေ သုံးဆယ့်နှစ်မျိုးရှိတဲ့အထဲမယ် နှစ်ဆယ့်ကိုးမျိုးထိအောင် လေ့လာမှတ်သားပြီးကြပြီ။ ဘယ်လိုကုသိုလ်ကောင်းမှုလုပ်လို့ ဒီပါရမီပုံရိပ် အမှတ်တံဆိပ်တွေဟာ ခန္ဓာကိုယ်မှာ ပေါ်လာတယ်ဆိုတာကိုလည်း သိရှိကြရပြီ။ ဒီလိုပါရမီပုံရိပ် အမှတ်တံဆိပ်တွေရှိတဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိ

စာမျက်နှာ-၁၆၄
နိုင်တယ်ဆိုတာကိုလည်း မှတ်သားလေ့လာကြရပြီ။ ဒါကြောင့်မို့ ကုသိုလ်ကောင်းမှုဆိုတာ အင်မတန်မှ ထူးခြားလို့ ထူးခြားတဲ့ အကျိုးစီးပွားတွေကို ဖြစ်ပွားစေတတ်တယ်။ ကုသိုလ်ကောင်းမှုရဲ့ အကျိုးကျေးဇူးကို သိရှိနားလည်ပြီး တို့တတွေလည်း သိတတ်တဲ့ဘဝမှာ ပါရမီကုသိုလ်တွေကို ဆည်းပူးအားထုတ်ကြရမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီမှတ်သားပြီး ကုသိုလ်တရား ပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

စာမျက်နှာ-၁၆၅

ပါရမီပုံရိပ် အမှတ်တံဆိပ်များ အပိုင်း (၅)
ကိုတင်းတင်း သာသနာတော်နှစ် ၂၅၅၅-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၃ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇-ရက်၊ ၂၀၁၁-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ သကျသီဟဘုရား၊ ဝေဇယန္တာ မဟာဗန္ဓုလဓမ္မာရုံ ဓမ္မဗိမာန်တော်ကြီးအတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သော ရတနာလူငယ် မြတ်ဗုဒ္ဓတရားဒေသနာတော် ပြန့်ပွားရေးအဖွဲ့ တရားစာအုပ် တရားတိတ်ခွေ ဓမ္မဒါနကုသိုလ်ပြုလုပ်ငန်း (၅) နှစ်ပြည့် အထိမ်းအမှတ် တရားတော်ကို ပူဇော်ခြင်း အထူးဓမ္မသဘင်အခမ်းအနား၌ မန္တလေးမြို့ ဖခင်ကြီး ဦးစိန်လင်းကို အမှုးထားလျှက် မိခင်ကြီး ဒေါ်မြမြအား ရည်စူး၍ ကိုထွန်းလင်းအောင် ကိုနေလင်းအောင် မနန်းချစ်ချစ်ဝိုင်း မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ပါရမီပုံရိပ် အမှတ်တံဆိပ်များ” အပိုင်း (၅) တရားဒေသနာတော်။

ပါရမီကုသိုလ်ထူးကို ဆည်းပူးအားထုတ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေမှာ ထူးခြားတဲ့ အမှတ်အသားတွေ ရရှိကြတယ်။ အမှတ်အသားပေါင်း (၃၂) မျိုးရှိတယ်။ အိန္ဒိယနိုင်ငံမှာ ထွန်းကားတဲ့

စာမျက်နှာ-၁၆၆
ဝေဒကျမ်းထဲက မဟာပုရိသလက္ခဏာကျမ်းမှာ ထူးခြားတဲ့ အမှတ်အသား လက္ခဏာတွေနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံဖော်ပြီးထားတာရှိတယ်။ သို့သော် အကြောင်းတရားကို တိတိကျကျ ဖော်ပြထားနိုင်ခြင်းမရှိလို့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဘယ်ကုသိုလ်တွေလုပ်ခဲ့လို့၊ ဘယ်ပါရမီကုသိုလ်တွေကြောင့် ဒီအမှတ်အသားလက္ခဏာတွေ ဖြစ်ပေါ်လာတယ်ဆိုတာကို တိတိကျကျ ဟောကြားထားတာ ဖြစ်တယ်။

အဲဒီတော့ အမှတ်လက္ခဏာဆိုတာ အမျိုးမျိုးရှိနိုင်တယ်ပေါ့။ ကောင်းလျှင်လည်း ကောင်းတဲ့အမှတ်အသား၊ မကောင်းလျှင်လည်း မကောင်းတဲ့အမှတ်အသားတွေ သတ္တဝါတွေရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာနိုင်တယ်ပေါ့။ (၃၂) မျိုးလို့ဆိုတဲ့ အမှတ်အသားဟာ ပါရမီကုသိုလ်ရဲ့ ပုံရိပ်တွေ သို့မဟုတ် ပါရမီကုသိုလ်ရဲ့ အမှတ်တံဆိပ်များသာ ဖြစ်တယ်။

ဒီလက္ခဏသုတ္တန်ကိုပဲ အနှစ်ချုပ်ပြီးတော့ “ပါရမီပုံရိပ် အမှတ်တံဆိပ်များ” ခေါင်းစည်းဖြင့်ဟောခဲ့တာ ဒီကနေ့ (၅) ရက်မြောက် ဖြစ်ပြီပေါ့။ ကျန်တဲ့လက္ခဏာအမှတ်အသားလေးတွေ ဟောပြီးလို့ရှိရင် ဒီမဟာပုရိသလက္ခဏာနဲ့ပတ်သက်ပြီး ဖော်ပြထားတဲ့ လက္ခဏသုတ္တန် အနှစ်ချုပ်တရားဒေသနာဟာ ဒီကနေ့ အပြီးသတ် နိဂုံးချုပ်မှာ ဖြစ်တယ်။ (၃၂) ဖြာသော အမှတ်

စာမျက်နှာ-၁၆၇
အသားလက္ခဏာတွေထဲမှာ (၂၉) မျိုးသော လက္ခဏာတွေကို အကျဉ်းအားဖြင့် ရှင်းလင်းဟောကြားခဲ့ပြီးဖြစ်တယ်။
(၃၁) ကြံ့ခိုင်လုံးဝန်းသည့်မေးစေ့
ဒီကနေ့ နံပါတ် (၃၀) မြောက် အမှတ်အသားလက္ခဏာက ဘာတုန်းဆိုတော့ လူတွေရဲ့ သန္တာန်မှာရှိတဲ့ လက္ခဏာတွေဟာ အမျိုးမျိုးရှိတဲ့အထဲမယ် လက္ခဏာအမျိုးမျိုးထဲမှာ ဒီကနေ့ (၃၀) မြောက် မဟာပုရိသလက္ခဏာက “သီဟဟ” လို့ နာမည်ပေးထားတယ်။ သီဟာနုလက္ခဏာတဲ့။ သီဟ-ဆိုတာ ခြင်္သေ့ပဲ။ အဲဒီသီဟဆိုတဲ့ စကားလုံးကိုပဲ သိဃလို့လည်း ခေါ်တယ်။ ရှေးက ရေးတဲ့အခါမှာ “ဟနဲ့ ဃ” လှဲလှယ်ရေးတာဖြစ်လို့ သီဟိုဠ်ကျွန်းကိုလည်း သိယ့်ကျွန်းလို့ ဒီလိုခေါ်ခဲ့ကြတယ်၊ “ဃနဲ့ ဟ” အပြောင်းအလွဲလေး ရှိတယ်ပေါ့။

သီဟဆိုတဲ့ ပါဠိစကားလုံးက ခြင်္သေ့ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြတယ်။ အဲဒီခြင်္သေ့ဆိုတာကိုလည်း သိင်္ဃဆိုတဲ့ နာမည်နဲ့လည်း အသုံးပြုတာမို့ ဒီကနေ့ သိင်္ဃပူရကို ဒီကနေ့ လူတွေက အသံထွက်တဲ့အခါကျတော့ စင်္ကာပူလို့ ဒီလိုထွက်နေကြတာနော်။ တကယ်ကတော့ “သိင်္ဃပူရ” ဆိုတာ “သီဟပူရ” ပဲ။ ခြင်္သေ့နိုင်ငံလို့၊ ဒါကြောင့်မို့ သူတို့နိုင်ငံရဲ့ emblem မှာ ခြင်္သေ့ရုပ်ပါတယ်။ ခြင်္သေ့ရုပ်ထည့်ထားတာ ရှိတယ်။ အဲဒီတော့ သိင်္ဃပူရ

စာမျက်နှာ-၁၆၈
သို့မဟုတ် သီဟပူရ- ခြင်္သေ့မြို့၊ ခြင်္သေ့နိုင်ငံဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒီလိုခေါ်တာ။ အသံထွက်တွေ တဖြည်းဖြည်း ပြောင်းသွားကြတဲ့အခါကျတော့ “သီဟပူရ'က “သိင်္ဃပူရ” ဖြစ်၊ “သိင်္ဃပူရ'က “စင်္ကာပူ” ဖြစ်သွားတာပေါ့။

အဲဒီတော့ သီဟဆိုတာ ခြင်္သေ့။ ဒီလို ပြောင်းလဲမှုတွေကလည်း အင်မတန်မှများတယ်။ ပြောင်းလဲမှုတွေ များတဲ့အခါမှာ ဘယ်က ဆက်သွယ်ပြီးတော့ လာတယ်ဆိုတာ အမှန်အကန် သိဖို့တော့ လိုတာပေါ့။ မြန်မာနိုင်ငံမှာ ပါဠိဘာသာနဲ့ နာမည် ပေးထားတာ အခု မန္တလေးမြို့ကြီးကို မင်းတုန်းမင်းကြီးက နာမည်ပေးတဲ့အခါကျတော့ “ရတနာပုဉ္စ” လို့ ဒီလို နာမည်ပေးတယ်။ ဟို- အင်းဝမြို့ကိုတော့ “ရတနာပူရ” လို့ ဒီလိုခေါ်တယ်။ နောက် အင်းဝနဲ့ မန္တလေးကြားမှာ ရှိတဲ့မြို့ကိုတော့ “အမရပူရ” လို့ ဒီလို နာမည်ပေးတယ်။ “ပုရ” ဆိုတာ တိုင်းပြည်လို့ ဒီလို အဓိပ္ပာယ်ရတယ်။ သို့မဟုတ် မြို့တော် နေပြည်တော် ဒီလို အဓိပ္ပာယ်မျိုးနဲ့ နာမည်လေးတွေ မှည့်ထားတာ။ “အမရပူရ” ဆိုတာ “မသေရာမြို့တော်” ပေါ့။ “ရတနာပုဉ္စ” ဆိုတာ ရတနာတွေရဲ့ အစုအပုံ၊ ဒီအဓိပ္ပာယ်မျိုးတွေ ပါဠိဘာသာနဲ့ နာမည် မှည့်ထားတာ။ သို့သော် မန္တလေးဆိုတဲ့ နာမည်ကတော့ ပါဠိ မဟုတ်ဘူး။ မန္တလေးတောင်ကို အစွဲပြုပြီးတော့ ဒီလို ခေါ်ခဲ့ပုံရတယ်။

စာမျက်နှာ-၁၆၉
ထူးခြားတာက ဒီနာမည်ရဲ့ မူရင်းအစက ဘယ်ကနေ လာသလဲဆိုတာတော့ သုတေသနလုပ်ကြည့်မှသိမယ်။ ဒီ မန္တလေးဆိုတဲ့နာမည်နဲ့ခပ်ဆင်ဆင် သီဟိုဠ်ကျွန်းမှာ “မာတလေ့” ဆိုတာ ရှိတယ်။ “မာတလေ့” နဲ့ “မန္တလေး” က ခပ်ဆင်ဆင်။

နောက်ပြီးတော့ “မာတရ” ဆိုတဲ့မြို့နဲ့ ‘မတ္တရာ” ဆိုတဲ့ မြို့ကလည်း ခပ်ဆင်ဆင်ပဲ။ “ဘုတလင်” ဆိုတဲ့မြို့နဲ့ “ပုတ္တလင်” ဆိုတဲ့ မြို့ကလည်း ခပ်ဆင်ဆင်ပဲနော်။ သီဟိုဠ်ကျွန်းက နာမည်တွေနဲ့ ဗမာပြည်က နာမည်တချို့ဟာ ယဉ်ကျေးမှုချင်း ဆက်နွယ်သည့် အတွက်ကြောင့် တူနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့။ ပါဠိ စာပေကလာတဲ့ နာမည်တွေလည်း ဖြစ်နိုင်တယ်ပေါ့။

အဲဒီလို ပြောင်းလဲသွားတဲ့အခါ တစ်ခါတစ်ခါကျတော့ အဓိပ္ပာယ်ပါ ပြောင်းသွားတတ်တယ်။ အဓိပ္ပာယ် ကျန်ရစ်သေးရင် တော်သေးတယ်လို့ ဒီလိုပြောရမှာ။ တွေးတောကြည့်မယ် ဆိုလို့ရှိရင် ပုဂံဘုရားတွေ ရောက်ရှိဖူးတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း “အပါယ်ရတနာဘုရား” ဆိုတာ တွေ့ကောင်းတွေ့မိလိမ့်မယ်။ နာမည်လည်း ကြားဖူးကြလိမ့်မယ်။ ရေးထားတာ “အပါယ်ရတနာ” လို့ဆိုတော့ “အပါယ်” ဆိုတဲ့ စကားလုံးက ကောင်းတဲ့ အဓိပ္ပာယ် မဖြစ်ဘူး။ “ရတနာ” ကတော့ ကောင်းတဲ့ အဓိပ္ပာယ် ဖြစ်တယ်။ အပါယ်လေးဘုံလို့ အပါယ်တွေက ရှိနေတယ်။

စာမျက်နှာ-၁၇၀
ကောင်းတဲ့ဟာ မဟုတ်ဘူး။ ရေးချမပါဘဲနဲ့ “အပယ်” လို့ ပြောရင်လည်း အပယ်ခံရတယ်လို့ အဓိပ္ပာယ်ကလည်း ဖြစ်တယ်။

အဲဒီတော့ တကယ်ဖြစ်နိုင်ခြေကိုတွေးကြည့်လိုက်မယ် ဆိုလို့ရှိရင် “အဘယရတနာ” ဆိုတဲ့ စကားလုံးကနေပြီးတော့ “အဘယရတနာ” ကို သီဟိုဠ်နိုင်ငံသားတွေက ဘယ်လို ဖတ်တုန်းဆို “အဘေးရတန” လို့ ဖတ်တယ်။ ဒီကနေ့ထိအောင် သူတို့နိုင်ငံမှာ ဒီနာမည်ကို မှည့်တဲ့သူရှိတုန်းပဲ။

ဘုန်းကြီးတို့ ၁၉၈၇-ခုနှစ်က သီဟိုဠ်မှာသွားပြီး မာစတာတန်း တက်တဲ့အခါ အဲဒီမှာ ပါမောက္ခ ပရော်ဖက်ဆာ တစ်ယောက်ရဲ့ နာမည်ကို “အဘေးရတန” လို့ ခေါ်တယ်။ အဘေးရတန ဆိုတာ အဘယရတန- ဘေးကင်းတဲ့ ရတနာလို့ ဒီလို အဓိပ္ပာယ်ရတယ်။ အဲဒီနာမည်တွေကို ကြည့်မယ်ဆိုလို့ရှိရင် ဒီပုဂံမှာရှိတဲ့ စေတီပုထိုးရဲ့ ဘွဲ့တော်ဟာလည်းပဲ “အဘေးရတန” ကနေပြီး “အပါယ်ရတနာ” လို့ ပြောင်းလာတယ်လို့ ဒီလို ယူဆနိုင်စရာ ရှိတယ်ပေါ့။ ဘာပြုလို့တုန်းဆိုတော့ စကားလုံးချင်း အင်မတန်မှ နီးစပ်တယ်။ “သိင်္ဃပူရ” ကနေ “စင်္ကာပူ” ပြောင်းသွားသလိုပဲ “အဘေးရတန” က “အပါယ်ရတနာ” ပြောင်းသွားတယ်။ အဓိပ္ပာယ်က အင်မတန်မှကောင်းတယ် အဘယရတနာ။ - စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးမှာလည်း နာမည် ပြောင်းသွားတာတွေ ရှိတယ်။ ဆိုပါစို့- မူလနာမည်မှည့်တုန်းက

စာမျက်နှာ-၁၇၁
“မဟိယင်္ဂဏ” လို့ နာမည်ဘွဲ့တော်ပေးထားတဲ့ ဘုရားကို ဒီကနေ့ ကျတော့ “မရှိခဏ” လို့ခေါ်နေကြတယ်။ မရှိရင်ခဏပဲလို့ဆိုတာကို ကြိုက်ပြီးတော့ “မရှိခဏ” ကို ဆက်ပြီးသုံးနေကြတယ်။ တကယ်ကတော့ “မရှိခဏ” မဟုတ်ဘူး ‘မဟိယင်္ဂဏ’ ပဲ။ “မဟိယင်္ဂဏ” ဆိုတာ မူလနာမည်ပဲ။

ဒီထက်ပိုပြီး ပြောင်းသွားတာ ရှိသေးတယ်။ ဘာတွေလဲ လို့ဆိုရင် ဟို ကျစွာချောင် ဝါးချက်ဇီဝိတဒါနသံဃာ့ဆေးရုံနောက်ကျောမှာရှိတဲ့ တောင်တစ်လုံးက စေတီတစ်ဆူ ရှိတယ်။ အဲဒီ စေတီအနီး ဘုန်းကြီးကျောင်းတစ်ကျောင်း ရှိတယ်။ အဲဒီ ဘုန်းကြီးကျောင်းရဲ့ မူလနာမည်က “အဘယဂိရိ”။ “အဘယဂိရိ” က “အဘေးဂိရိ” “အဘေးဂီရိ” က 'ဂီရိ' ကို 'ဂီ' လို့ ရေးရာကနေပြီးတော့ အခုကျတော့ ဘယ်လိုခေါ်တုန်း ဆိုတော့ “ဗြန့်ကြီးချောင်” လို့ ခေါ်နေကြတယ်နော်။ ဘယ်လောက် ဝေးသွားတယ်ဆိုတာ။ "ဗြန့်ကြီး” ဆိုတာ အပြန့်ကြီးက ကြီးနေလို့ “ဗြန့်ကြီး” ခေါ်တာမဟုတ်ဘူး။ “အဘယ” ဆိုတာကနေ ဗြန့်ကြီး ဖြစ်သွားတာ။ ဒီလို ပြောင်းလဲမှုတွေဟာ မြန်မာစကား မြန်မာ စာပေမှာ တော်တော်များများ ရှိတယ်ပေါ့။ မူလနာမည်လေးက အင်မတန်မှလှတယ်၊ အဘယဂိရိ - ဘေးကင်းတဲ့တောင်ဆိုတဲ့ စေတီပုထိုးနာမည်ရော ကျောင်းနာမည်ရော အဘယဂိရိ

စာမျက်နှာ-၁၇၂
ကျောင်းလို့။ ဒီလို ပြောင်းလဲသွားတာတွေက ရှိတယ်ပေါ့။ အေး ဒါက ဗဟုသုတအနေနဲ့ ထည့်ပြောတာပါ။

အခု “သီဟ” ဆိုတဲ့ စကားလုံးကို ရှေးတုန်းက “သိင်္ဃ” လို့လည်း ဖတ်တယ်။ အသံမတူတာလေးတွေ ရှိတယ်။ ဂဠုန်ကို ပါဠိစာပေနဲ့ ဂရုဠ လို့ ဠကြီးနဲ့ဖတ်တယ်၊ ဠကြီးနဲ့ရေးတယ်။

အေး တချို့နေရာတွေမှာတော့ ဠကြီးနဲ့ တချို့နေရာတွေမှာ ကျတော့ ဘုရင်ကောက်နဲ့ ဖတ်တာရှိတယ် ဂရု။ “ဂရုဠ” ဆိုတာ ဂဠုန်။ အဲဒီ စကားလုံးကို ဘယ်နိုင်ငံက သုံးတုန်းဆိုရင် အင်ဒိုနီးရှား “ဂရုဠအဲယားလိုင်း” ရှိတယ်နော်၊ ဂဠုန်-ဂရုဠ အဲယားလိုင်း။ အဲဒီတော့ ဒီစကားလုံးလေးတွေရဲ့ အဓိပ္ပာယ်ကို သိတာက အင်မတန်မှ တန်ဖိုးရှိတယ်ပေါ့။ အခုခေတ်တော့ လူတွေက နာမည်မှည့်ကြတာ ဗမာ နာမည်လား ဘာနာမည်တုန်းလို့တောင် မသိနိုင်ဘူး။ ဗမာပြည်က တချို့နာမည်တွေက အတော်ကို “မော်ဒန်” ဖြစ်နေတယ်နော်။ မော်ဒန် ဖြစ်တော့ တစ်ခါတလေ ဘာနာမည်မှန်းကို မသိဘူး။ ရှည်တာကလည်း အလွန်ကြီးပဲ၊ ဆုံးအောင် မခေါ်နိုင်ဘူး။ အေး နာမည်လေးတွေကလည်း မြန်မာသိပ်ပြီးမဆန်တော့ ဘာနာမည်တွေမှန်းကို မသိဘူး။ အဲဒီတော့ အဓိပ္ပာယ်လည်းရှိရင်တော့ ကောင်းတာပေါ့။ နာမည်ဆိုတာ ခေါ်ဖို့ရာ မှည့်တာပါပဲ။ အမည်နာမဆိုတာ ခေါ်စရာပဲ။ တကယ်ကတော့ ဒီ အမည်နာမ

စာမျက်နှာ-၁၇၃
အတိုင်း ဖြစ်တာတော့ မဟုတ်ဘူးပေါ့။ ခေါ်စရာအနေနဲ့ ဒီလို မှတ်သားတာပေါ့။

သို့သော် မြန်မာလူမျိုးတွေမှာ “ပညတ်သွားရာ ဓာတ်သက်ပါ” ဆိုပြီးတော့ သူက အမည်ပညတ်ရဲ့ နောက်မှာ ဒီ အဖြစ်အပျက်အစစ်အမှန်က လိုက်လာတတ်တယ်လို့ ဒီလို ယူဆချက်တွေလည်း ရှိတယ်ပေါ့နော်။ အဲဒီတော့ အမည်ပညတ် သွားတိုင်း သွားတိုင်း ဓာတ်သက်ပါတာတော့ မဟုတ်ဘူး။ အမည်ပညတ်သွားတိုင်းတော့ ဓာတ်သက်က မပါနိုင်ဘူးပေါ့။

ငါးရာ့ငါးဆယ်ဇာတ်ထဲမှာ သူ့နာမည်က “ပါပီမ” “ယုတ်မာ” လို့ ခေါ်ထားသည့်အတွက်ကြောင့် သူ့နာမည် မကောင်းလို့ နာမည်ကောင်း မှည့်ချင်တယ်။ နာမည်ကောင်း မှည့်ချင်တော့ ခရီးထွက်ပြီးတော့ နာမည်ကောင်းကောင်းလေး လိုက်ရှာတာ။ အခုခေတ်တော့ အဲလို ရှာစရာမလိုပါဘူး။ ဗေဒင် ဆရာဆီသွားလိုက်ရင် နာမည်ကောင်းကောင်း ရတယ်နော်။ မှည့်ပေးလိုက်လိမ့်မယ် နေ့နဲ့ နံနဲ့ သေချာ။ အဲ သူကတော့ ဗေဒင်ဆရာဆီ မသွားဘဲနဲ့ ဘာဖြစ်လို့ ခရီးထွက်သွားတယ် မသိဘူး။ ခရီးထွက်သွားတော့ လမ်းမှာ သူ ဘာတွေ့တုန်း ဆိုတော့ တောထဲမှာမျက်စိလည်လမ်းမှားနေတဲ့ လူတစ်ယောက်တွေ့တယ်။ မင်းနာမည် ဘယ်သူတုန်းဆို “ကိုလမ်း”။ ဟ “ကိုလမ်း” ကလဲ လမ်းမှားတာပဲလားလို့။ ဟော နောက်တစ်ခါ တစ်ယောက်

စာမျက်နှာ-၁၇၄
တွေ့ပြန်တယ်။ နာမည်ကတော့ “နေပါလီ” “ဥစ္စာစောင့် သူဌေးမ” ဆိုတဲ့ အဓိပ္ပာယ်နဲ့ နာမည်ရတယ်။ သို့သော် ဆင်းရဲလိုက်တာ မွဲတေ၊ ဝတ်ထားတဲ့ အဝတ်က စုတ်ပြတ်လို့။ ဟော နာမည်နဲ့ လူနဲ့မလိုက်ပြန်ဘူး။ နောက်တစ်ခါ အသုဘတစ်ခု ချလာတဲ့အခါ ဒီလူတော့ နာမည်ကောင်းကောင်းရှိမယ်။ သူတော့ သေသွားပြီ။ နာမည်က ဘာတဲ့တုန်းဆို “သက်ရှည်”။ ဪ “သက်ရှည်” လည်း သေတာပဲကိုးလို့ဆိုပြီးတော့ ကဲ ဘယ်နာမည်မှမရွေးဘူး။ သူ့ “ငယုတ်မာ” ဆိုတဲ့ နာမည်လေးပဲ ယူထားတယ်။ ဒီလို နာမည်ဆိုတာ ရွေးလည်း ဒီအတိုင်း ဖြစ်ချင်မှဖြစ်တာလို့ ဒီလို ဆိုလိုတာနော်။

အဲဒီတော့ ဒီမှာ “သီဟဟနု”၊ 'သီဟ' ဆိုတာ ခြင်္သေ့၊ “ဟနု” ဆိုတာ မေး။ အဲဒီတော့ ခြင်္သေ့မြင်ဖူးတဲ့ ပုဂ္ဂိုလ်တွေက ခြင်္သေ့မေးကို မြင်ဖူးမယ်။ မေးစေ့က ဘယ်လို နေတုန်းဆိုတော့ ဝိုင်းဝိုင်းလေး။ ခြင်္သေ့က တောင့်တင်းတယ်ပေါ့နော်။ ဒီ မေးစေ့က ခိုင်မာတယ်။ မေးစေ့က အစာဝါးတဲ့နေရာမှာ၊ အစာခြေဖို့ နေရာမှာ ဒီမေးရဲ့ သန်မာမှုက အင်မတန်မှ အရေးကြီးတာပေါ့။ မေးကြီးက ချွန်မနေဘဲ မေးလေးက ဝိုင်းဝိုင်းလေးနေတာ။ ခြင်္သေ့ရဲ့မေးက ဝိုင်းဝိုင်းကလေး။

အဲဒီတော့ ခြင်္သေ့ဆိုလို့လည်းပြောရဦးမယ်ဆိုရင် ဒီခြင်္သေ့ ဆိုတဲ့အကောင် မြင်ဖူးကြမှာပါ။ သို့သော် ဘုရားတွေရဲ့ ရှေ့မှာ

စာမျက်နှာ-၁၇၅
ပါရင်ပုံရိပ် အမှတ်တံဆိပ်များ အဆောက်အအုံကြီးတွေနဲ့ ရုပ်ပုံလေးတွေလုပ်ထားတဲ့ ရုပ်တုတွေ ထုထားတဲ့ ခြင်္သေ့ကြီးတွေက ဒါက ပန်းချီဆရာ ပန်းပုဆရာတွေရဲ့ အမြင်နဲ့ ပေါင်းစပ်ထားတဲ့ ခြင်္သေ့ပဲ။ ပုံသဏ္ဌာန် ယူထားတဲ့ခြင်္သေ့၊ ခြင်္သေ့အစစ်ကတော့ အဲဒီပုံစံနဲ့တူတာ မဟုတ်ဘူး။ လည်ပင်းမှာ အတွန့်အတွန့်လေးတွေ ထည့်ထားတာ။ ဒါ ကေသရဘာရ ခေါ်တယ် အမွေး။ တိရစ္ဆာန်ရုံထဲမှာ ခြင်္သေ့ကို သွားကြည့်ရင်တော့တွေ့မှာပဲ။ အဲဒါကို တချို့က ခွေးခြင်္သေ့ ခြင်္သေ့အစစ် မဟုတ်ဘူးလို့ ပြောကြတယ်။ မဟုတ်ဘူး၊ ခြင်္သေ့ အထီးက လည်ဆံဖွားဖွားကြီးနဲ့ရှိတယ်။ အဲဒါဟာ ခြင်္သေ့အစစ် ပါပဲ။ ကေသရဘာရ အဲဒီ လည်ဆံမွေးကြီးတွေကို ကေသရ လို့ ခေါ်တယ်။

မြန်မာလူမျိုးတွေက အဲဒီ လည်ဆံမွေးနဲ့ ထည့်ပြီးတော့ လုပ်တဲ့အရုပ်ကို “ခြူးရုပ်” လို့ ခေါ်ကြပြန်တယ်။ ဘယ်လိုလုပ်ပြီးတော့ “ခြူး” ဆိုတာ ရှိတုန်းဆိုတော့ အကောင်တော့ 'ခြူးကောင်' လို့တော့ မရှိပါဘူးနော်။ အဲဒီ ခြင်္သေ့ကိုပဲ ခေါ်တာပါ။ ဘုရားရှေ့ ကျောင်းရှေ့မှာ လုပ်ထားတာကတော့ ပန်းပုဆရာတွေရဲ့ စိတ်ကူးနဲ့လုပ်ထားတာ။ အဲဒီတော့ ခြင်္သေ့ဆိုတဲ့ အကောင်ဟာ စွမ်းရည်သတ္တိရှိတဲ့နေရာမှာ၊ သတ္တိကောင်းတဲ့နေရာမှာ သူ့ကို စံပြုရတယ်လို့ ဒီလိုပြောတာ။ စာပေကျမ်းဂန်ထဲမှာလည်း ဒီသတ္တိကို ထုတ်ဖော်ထားတာတွေ အများကြီးတွေ့ရတယ်ပေါ့။

စာမျက်နှာ-၁၇၆
ဇာတ်တစ်ခုထဲမှာတွေ့ရတာ ခြင်္သေ့ဟောက်လို့ရှိရင်တဲ့ လူတွေဟာ နားကွဲပြီးတော့ သေတယ်လို့ဆိုတယ်။ ဇာတ်လမ်းတစ်ခု ရှိတယ် “သဗ္ဗဒါဌိကဇာတ်” ဆိုတာ အဲဒါက အကာအကွယ်မဲ့လို့ ကြောက်လန့်လို့ နှလုံးကွဲတဲ့ သဘောမျိုးတော့ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ တကယ်က ဒီခြင်္သေ့သံကြောင့်မို့ နှလုံးကွဲ နားပင်း ပြီး သေတယ်ဆိုတာတော့ မဖြစ်နိုင်တဲ့အရာတစ်ခုပဲပေါ့။

အခု ရန်ကုန် တိရစ္ဆာန်ရုံကြီးထဲမှာ ခြင်္သေ့ရှိတယ်။ အဲဒီ ခြင်္သေ့က မနက်တိုင်းကျတော့ ထထပြီး ဟောက်သံတွေ ကြားရတယ်။ ဘယ်လောက်ကနေ ကြားရတုန်းဆိုရင် မဟာစည် သာသနာ့ရိပ်သာမှာနေတုန်းက အဲဒီကနေ ဟောက်သံတွေ ကြားရတယ်။ တုံးခေါက်တဲ့အသံမျိုးကြီး၊ သစ်စည်ထိုးတဲ့ အသံမျိုးကြီး “ဝုန်း ဝုန်း” ဆိုတဲ့ အသံကြီးတွေ ကြားရတယ်။ အဲဒါ ခြင်္သေ့ ဟောက်သံပဲပေါ့။ သို့သော် တိရစ္ဆာန်ရုံထဲမှာ တိရစ္ဆာန်တွေ စောင့်နေတဲ့လူတွေ ရှိတယ်။ ဘယ်သူမှ နားကွဲ အသည်းကွဲပြီး သေတာ မရှိပါဘူးနော်။ ဆိုလိုတာကတော့ အင်မတန်မှ တောထဲမှာ ကြောက်စရာကောင်းတဲ့ အသံမျိုးကြီး ဖြစ်သည့်အတွက်ကြောင့် ကြောက်ပြီးတော့ လန့်ပြီးတော့ နှလုံးကွဲတာတော့ ဖြစ်ကောင်းဖြစ်နိုင်တယ် ဒါက။ အသံပြင်းလို့ ကွဲတာတော့ မဟုတ်ဘူး။ သူ့ထက်ပြင်းတဲ့ မိုးကြိုးပစ်တာတောင် ကွဲမှ မကွဲ တာပဲနော်။ ဒီထက်ပြင်းတဲ့ အသံတွေက ဗုံးချတဲ့အသံတွေက

စာမျက်နှာ-၁၇၇
ဒီထက်ပြင်းတာပေါ့။ ပေါက်ကွဲသံကြီးတွေ ဒီထက်ပြင်းတယ်။ အဲဒီတော့ တချို့ကလည်း ပြောတယ်။ ဒါ ခြင်္သေ့အစစ် မဟုတ်ဘူး၊ တောထဲမှာ၊ မဟုတ်ပါဘူး ဒါပဲ ခြင်္သေ့ပါပဲ။ ကေသရာဇာ ခြင်္သေ့ ဆိုတာ ဒီလည်ဆံဖားဖားကြီးတွေကိုပဲခေါ်တာ။

အဲဒီခြင်္သေ့ကြီးတွေက ရှေ့မေး အင်မတန်မှ ကောင်းတယ်။ ခြင်္သေ့ရဲ့ မေးကို တိရစ္ဆာန်ရုံထဲမှာ ရောက်တဲ့အခါ သေချာ ကြည့်ကြည့်။ ဝိုင်းဝိုင်းကြီး သူကနော်။ ဆိုလိုတာက “သီဟဟနု” ဆိုတာ ခြင်္သေ့မေးစေ့နဲ့တူတဲ့ မေးစေ့ရှိတယ်ဆိုတာ ဆင်ဆင် တူတာကို ပြောတာ။ ဥပမာစကားဆိုတာ အပြည့်မယူရဘူး။ ဥပမာဆိုတာ နည်းနည်းလေးတူတာကိုပဲ ဥပမာလို့ ဒီလို ပြောတာ။ နှိုင်းယှဉ်ပြတဲ့ စကားမျိုး ဖြစ်သည့်အတွက်ကြောင့် လုံးဝတူတာတွေကို မယူရဘူးပေါ့။ ဆင်ဆင်တူလို့ရှိရင် ဒါ ဥပမာ စကား၊ တင်စားတဲ့ စကားလုံးတွေပေါ့။

အခု မဟာပုရိသ လက္ခဏာမှာ သုံးဆယ်မြောက် မဟာ ပုရိသလက္ခဏာဟာ သီဟဟနု - ခြင်္သေ့မင်းရဲ့ မေးစေ့နဲ့တူတဲ့ မေးစေ့ရှိတာ။ ဆိုလိုတာက မေးကြီးက ချွန်မနေပဲနဲ့ ဝိုင်းစက်ပြီးတော့ မျက်နှာနဲ့ မေးစေ့နဲ့ အင်မတန်မှ လိုက်လျောညီထွေ ရှိတယ်။ ဒီလိုဆိုတာနော်။ မေးစေ့က ဝိုင်းဝိုင်းလုံးလုံးဆိုရင် မျက်နှာကလည်း ဝိုင်းဝိုင်းလုံးလုံးဆိုတော့ အင်မတန်မှ ကြည့်လို့ ကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

စာမျက်နှာ-၁၇၈
မြတ်စွာဘုရားရဲ့ သန္တာန်မှာရှိတဲ့ ရုပ်ခန္ဓာမှာ သီဟဟနု - မေးစေ့ဟာ ချွန်ပြီးတော့ မနေဘဲနဲ့ ခြင်္သေ့ရဲ့ မေးစေ့လို လုံးလုံး ဝိုင်းဝိုင်းနဲ့ မျက်နှာနဲ့ အင်မတန်မှပနံရတယ်လို့ ဒီလိုပဲပြောရမှာ ပေါ့နော်။ ဒါဟာ ပါရမီပုံရိပ် အမှတ်တံဆိပ်ထဲမှာ “မေးစေ့” ရဲ့ လက္ခဏာတစ်ခုပဲလို့။ ဒီလို ပြောတာပေါ့။

ပါရမီကုသိုလ် ဒါဖြင့် အခုလို အမှတ်အသား လက္ခဏာမျိုးတွေဟာ ဘာဖြစ်လို့ ဒီလိုမေးစေ့လှရသလဲ။ မေးစေ့လှတာ ဘာကြောင့် ဒီလို ဝိုင်းဝိုင်းတောင့်တောင့် ဒီဘဝမှာ ခန္ဓာကိုယ်မှာ ရရှိ ပေါ်ပေါက်လာရသလဲလို့ ဆိုလို့ရှိရင် စွဲစွဲမြဲမြဲလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုကြောင့်ရတာ ဘာကုသိုလ်တွေကို စွဲစွဲမြဲမြဲ လုပ်ခဲ့တုန်း ဆိုရင် ပိန်ဖျင်းသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်တယ်။

သမ္ဖပ္ပလာပါ လို့ဆိုတဲ့ ရှေးတုန်းကတည်းက ဘာသာပြန် တာတော့ သမ္ဖပ္ပလာပါ ဆိုတာ ပိန်ဖျင်းသောစကားကို ပြောဆိုခြင်း။ ဘယ်လိုပိန်ပြီးတော့ ဘယ်လိုဖျင်းတာလဲဆိုတဲ့ အဓိပ္ပာယ် ကိုတော့ စဉ်းစားချင်မှ စဉ်းစားလို့ရမယ်နော်။ ပိန်ဖျင်းသော စကားဆိုတာ ဘယ်စကားမျိုးကို ခေါ်တာလဲ။ ကိုယ့်စကားကို ပိန်သလား ဖျင်းသလားဆိုတာလည်း ကြည့်ရမှာပေါ့နော်။ ဘယ်စကားမျိုးဟာ ပိန်ဖျင်းတဲ့စကားလဲ။ သမ္ဖပ္ပလာပါ တွေ

စာမျက်နှာ-၁၇၉
၊ ပိန်ဖျင်းတဲ့ စကားတွေ မပြောဘူးဆိုတာ အဲဒီစကားတွေကို မပြောဘဲနဲ့ ရှောင်ခဲ့တဲ့ကုသိုလ်တဲ့။ ဒါက ဝစီဒုစရိုက်လေးပါး” အားလုံး သိကြတဲ့အတိုင်း မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ လို့ဆိုပြီးတော့ ဝစီဒုစရိုက်လေးခုရှိတယ်။

ဆိုလိုတာက နှုတ်ကို စည်းကမ်းမဲ့ စည်းကမ်းမထားတဲ့ ပုဂ္ဂိုလ်တွေ နှုတ်နဲ့ပတ်သက်တဲ့ ကိုယ်ကျင့်တရား ပျက်ပြားနေတဲ့ ပုဂ္ဂိုလ်တွေက လိမ်ပြောတာ ရှိတယ်၊ ကုန်းတိုက်တာ ရှိတယ်၊ ဆဲရေးတိုင်းထွာတာ ရှိတယ်၊ အကျိုးမရှိတဲ့ ခုနက ပိန်ဖျင်းသော စကားတွေကို ပြောတာ ရှိတယ်လို့ လေးမျိုးရှိတယ်။ ဒါကို ဝစီ ဒုစရိုက်လေးမျိုးလို့ ခေါ်တယ်။

အထူးအားဖြင့် ဒီ သီဟဟနု လို့ခေါ်တဲ့ ဒီအမှတ်အသား လက္ခဏာပေါ်တာဟာ နံပါတ်လေး လက္ခဏာဖြစ်တဲ့ ပိန်ဖျင်း သော စကားကို ပြောဆိုခြင်းဆိုတဲ့ ဝစီဒုစရိုက်မှ ကျကျနန ရှောင်ကြဉ်ခဲ့လို့ပဲ။ စွဲစွဲမြဲမြဲ ရှောင်ကြဉ်ခဲ့တယ်။ ဒီ သမ္ဖပ္ပလာပ ပိန်ဖျင်းတယ်လို့ပြန်တာ။ ဆိုပါစို့ စပါးနှံလေးတစ်ခု မြင်ဖူးတဲ့ ပုဂ္ဂိုလ်တွေ သိကြလိမ့်မယ်။ စပါးအခွံလေးထဲမှာ အဆန် မထည့်ဘူး ဆိုလို့ရှိရင် စပါးစေ့လေးက ပိန်နေတာနော်၊ အထဲထဲမှာ အဆန်မပါလို့ အဖျင်း စပါးအဖျင်းလို့ခေါ်တာ။ ပိန်ဖျင်းတယ်ဆိုတဲ့ စကားလုံးက အဲဒီ စကားလုံးပဲနော်။ အထဲထဲမှာ အဆန် မထည့်ဘူး။ တွေ့ဖူးကြလိမ့်မယ်၊ ဒီမြေပဲလှော်တော့ ဝယ်စားကြ-

စာမျက်နှာ-၁၈၀
တဲ့သူ များတယ်လေ။ အတောင်နဲ့ ဝယ်စားတာတို့။ တချို့ မြေပဲလှော်က အခွံပါလှော်ထားတဲ့ မြေပဲလှော်ကို အထဲက အဆန်လေးက မရှိဘူး။ သေးသေးလေးပဲ။ အဲဒါမျိုးကို ပိန်ဖျင်း လို့ ပြောတာနော်။ ဘာမှ အထဲမှာ အဆန်မရှိဘူး။ အနှစ်သာရ မရှိဘူး။ အဲဒီ စကားမျိုးလို့ ဒီလိုအဓိပ္ပါယ်ရတယ်။

ကဲ-အဲဒီလို ပြောတာတောင် အနှစ်မရှိတဲ့ စကားဆိုတာ ဘယ်စကားမျိုးတုန်းဆိုတာ သိဖို့ ခက်ပြန်တယ်။ ခက်ပြန်တော့ ဒီ သမ္ဖပ္ပလာပ မှာ သမ္ဖဆိုတဲ့ စကားလုံးက ဘယ်လို အဓိပ္ပာယ် တုန်းဆိုရင် သံ-ရဲ့ အဓိပ္ပါယ်က သံဟိတသုခံ ပလပတိ ဝိနာသေတီတိ သမ္ဖ လို့ ဒီလို ပါဠိစာပေမှာ အဓိပ္ပာယ် ဖွင့်ဆို ထားတော့ သံဟိတသုခ- အကျိုးစီးပွားနဲ့ ချမ်းသာကို ဖြစ်ပေါ် စေတတ်တဲ့အရာကို၊ ပလပတိ ဝိနာသေတိ- ဖျက်ဆီးပစ်တတ်တယ်။ ဆိုလိုတာက စကားက အနှစ်သာရမရှိရုံတင် မကဘူး။ လူတွေရဲ့ အခြေအနေကောင်းတွေတို့ ချမ်းသာသုခတွေတို့ကို ပျက်စီးစေတတ်တဲ့ စကားမျိုးလို့ ဒီလို အဓိပ္ပာယ်ရတယ်နော်။

အဲဒီတော့ ပိန်ဖျင်းသောစကားဆိုတာ ဒီ အကျိုးမရှိသော စကားကိုပြောပေမယ့်လို့ အကျိုးမရှိရုံတင်မဟုတ်ဘူး။ ကောင်း ကျိုး သုခ ရစေနိုင်တဲ့ အကြောင်းတရားနဲ့ ချမ်းသာသုခကိုပါ ပျက်စီးစေနိုင်တယ်လို့ ဒီလိုအဓိပ္ပာယ်ရတယ်နော်။ အဲဒီလို ပျက်စီးစေတတ်တဲ့ စကားလုံးမျိုးကို ပြောဆိုခြင်းမှ ရှောင်ကြဉ်

စာမျက်နှာ-၁၈၁
တယ်တဲ့။ ဘယ်တော့မှမပြောဘူး။ လူတစ်ဖက်သားမှာ၊ နားထောင်တဲ့ပုဂ္ဂိုလ်မှာ အကျိုးစီးပွားတွေ ပျက်စီးသွားမယ်၊ ချမ်းသာသုခတွေ ပျက်စီးသွားမယ်ဆို ဘယ်တော့မှမပြောဘူးလို့ ရှောင်ကြဉ်တာ သမ္ဖပ္ပလာပ လို့ခေါ်တယ်။

အဲဒီတော့ စာပေကျမ်းဂန်မှာ ဒီ သမ္ဖပ္ပလာပ နဲ့ ပတ်သက် ပြီးတော့ ဆန့်ကျင်ဘက် ဘာတွေပြောထားတုန်းဆိုတော့ ပိန်ဖျင်းတဲ့စကားနဲ့ အနှစ်သာရရှိတဲ့စကား ဘယ်လို ကွာတာတုန်း ဆိုတော့ အဲဒီ သမ္ဖပ္ပလာပ က ရှောင်တဲ့ပုဂ္ဂိုလ်က ဘယ်လို စကားမျိုး ပြောတာတုန်းဆိုတော့ သူဟာ “ကာလဝါဒီ” တဲ့။

ပြောသင့်တဲ့အချိန်မှာ ပြောရမယ်၊ စကားဆိုတာ ပြောသင့်တဲ့ အချိန်မှာ ပြောရမယ်။ မပြောသင့်တဲ့ အချိန်မှာ မပြောရဘူးလို့ ဒီလိုဆိုလိုတယ်နော်။ အချိန်မတန်ဘဲနဲ့ ပြောလို့ရှိရင် စကား တစ်ခုဟာ မအောင်မြင်ဘူးတဲ့နော်။ ပြောသင့်တဲ့အချိန်ရောက်မှ ပြောရမယ်၊ မပြောသင့်တဲ့အချိန် မပြောရဘူး။ အဲဒီတော့ အချိန်ကိုက်ပြောတဲ့ စကားဟာ တန်ဖိုးရှိတဲ့စကား ဖြစ်တတ်တယ်။ ပြောချင်လို့ ထပြောတိုင်း တန်ဖိုးရှိချင်မှ ရှိမှာကိုးနော်။ အကျိုးရှိတော့မယ်၊ တန်ဖိုးရှိဖို့ ပြောဖို့အချိန်တန်ဆိုတဲ့ စကားလုံး ကျမှ ပြောရမယ်။

အဲဒီတော့ မြတ်စွာဘုရား ကိုယ်တော်မြတ်က ဘုရား ပြောတဲ့ စကားနှစ်ခွန်းရှိတယ်။ နှစ်ခွန်းက ဘာတုန်းဆိုရင်

စာမျက်နှာ-၁၈၂
“မှန်ကန်ပြီးတော့ အကျိုးရှိတယ်၊ နားထောင်တဲ့သူက မကြိုက်ဘူး” ဒါက တစ်ခွန်း။ “မှန်ကန်ပြီးတော့ အကျိုးရှိတယ်၊ နားထောင်တဲ့သူက ကြိုက်တယ်။ အဲဒီထဲမယ် မှန်ကန်ပြီးတော့ အကျိုးရှိတာက အတူတူပဲ။ မှန်လည်းမှန်တယ် အကျိုးလည်းရှိတယ်၊ သို့သော် နားထောင်တဲ့ပုဂ္ဂိုလ်က ကြိုက်တာ မကြိုက်တာကျတော့ နှစ်ခု ကွဲတယ်ပေါ့။ ဒါ မြတ်စွာဘုရားပြောလေ့ရှိတဲ့ စကားနှစ်ခွန်းပဲ ရှိတယ်။ လောကလူတွေမှာတော့ အဲဒီလို မဟုတ်ဘူး။ မမှန်တာလည်း ပြောချင်ပြောမယ်၊ အကျိုးမရှိတာလည်း ပြောချင်ပြောမယ်။ လူကြိုက်တာ ပြောချင်ပြောမယ်၊ မကြိုက်တာလည်း ပြောချင်ပြောမယ် ဒီလိုရှိတာကိုး။

အဲဒီပေါ့၊ မြတ်စွာဘုရားကျတော့ မှန်လည်းမှန်ရမယ်၊ အကျိုးလည်း ရှိရမယ်။ ဒါပေမယ့် အဲဒီ မှန်ပြီးတော့ အကျိုးရှိတဲ့ စကားဟာ နားထောင်တဲ့လူက ကြိုက်ချင်မှ ကြိုက်မယ်။ ကြိုက်တာရှိတယ်၊ မကြိုက်တာရှိတယ်။ ဒါကြောင့်မို့ ဘုရားစကားဟာ နှစ်မျိုးရှိတယ်တဲ့၊ တစ်ဖက်သား ကြိုက်တာနဲ့ မကြိုက်တာ ခွဲပြီးတော့ နှစ်မျိုး၊ အဲဒီနှစ်မျိုးလုံးကိုတောင် မြတ်စွာဘုရားက စကားပြောပြီဆိုရင် အချိန်အခါကြည့်ပြီးမှ ပြောရတယ်တဲ့နော်။ ပြောသင့်တဲ့အချိန်ရောက်မှပြောတယ်၊ အဲဒီတော့ ဆိုလိုတာကတော့ မည်သည့်စကားမျိုးပဲဖြစ်ဖြစ် ပြောသင့်တဲ့အချိန်မှ ပြောတဲ့စကားဟာ တန်ဖိုးရှိတယ်။ ပြောသင့်တဲ့အချိန်

စာမျက်နှာ-၁၈၃
မဟုတ်ဘဲနဲ့ပြောရင် တန်ဖိုးမရှိဘူး။ အဲဒီတော့ သမ္မပ္ပလာပက ရှောင်ကြဉ်တယ်ဆိုတာ ပြောသင့်တဲ့အချိန်မှာ တန်ဖိုးရှိတဲ့ စကားကို ပြောတယ်လို့ ဒီလိုအဓိပ္ပာယ် တစ်ခါယူရမယ်နော်။

နောက်တစ်ခုကျတော့ ဘာတုန်းဆိုရင် “ဘူတဝါဒီ”တဲ့။ တကယ့် ဟုတ်တာကိုသာပြောတာ မဟုတ်တာမပြောဘူး “ဘူတဝါဒီ”၊ ဟုတ်တာကိုသာ ပြောရမယ်။ ဟုတ်တာမှ သမ္မပ္ပလာပ မဖြစ်တာ။ မဟုတ်တာပြောရင် သမ္မပ္ပလာပ ဖြစ်သွားမယ် ဒီလိုဆိုလိုတာ။ ခုနကလည်း အချိန်မကျသေးဘဲနဲ့ပြောရင် သမ္ဖပ္ပလာပ ထဲ ဝင်သွားမယ်နော်။ မှန်တာကိုပြောမှ သမ္ဖပ္ပလာပ လွတ်တယ်။ မဟုတ်တာပြောရင် သမ္မပ္ပလာပက မလွတ်ဘူးတဲ့။ ဒါကြောင့် ဘူတဝါဒီ- မှန်တာကိုပဲ ပြောတယ်တဲ့ ရှောင်တဲ့ပုဂ္ဂိုလ်။

နောက်တစ်ခုက ဘာတုန်းဆို “အတ္တဝါဒီ”။ ကောင်းကျိုးချမ်းသာနဲ့ ပတ်သက်ပြီးတော့သာ ပြောတယ်။ စကားပြောတဲ့အခါ ပစ္စုပ္ပန်ဘဝမှာ အကျိုးရှိတဲ့စကားလား၊ နောင်ဘဝမှာ အကျိုးရှိတဲ့စကားလားနော်။ “ဒိဋ္ဌဓမ္မက”ဆိုတာ လက်ရှိဘဝမှာ အကျိုးဖြစ်ထွန်းစေတဲ့စကား။ “သမ္ပရာယိက”ဆိုတာ နောင်ဘဝမှာ အကျိုးဖြစ်ထွန်းတဲ့စကား။ အဲဒီ ဒိဋ္ဌဓမ္မကတ္ထ သမ္ပရာယိကတ္ထ တနည်းအားဖြင့် ကိုယ့်အတွက် အကျိုးရှိတယ်၊ သူ့အတွက် အကျိုးရှိတယ်ဆိုတဲ့ အကျိုးနဲ့စပ်ယှဉ်တဲ့ စကားမျိုးဟာ သမ္မပ္ပလာပ မဖြစ်ဘူး။ အဲဒီ မျက်မှောက်ဘဝ အကျိုးနဲ့လည်း

စာမျက်နှာ-၁၈၄
မသက်ဆိုင်ဘူး။ တမလွန်ဘဝအကျိုးနဲ့လည်း မသက်ဆိုင်ဘူး။ ကိုယ်ကျိုးနဲ့လည်း မသက်ဆိုင်ဘူး။ သူတစ်ပါးအကျိုးနဲ့လည်း မသက်ဆိုင်ဘူးဆိုတဲ့ စကားမျိုးပြောရင်တော့ “သမ္မပ္ပလာပ” ဖြစ်မယ်ပေါ့ ဒီလိုဆိုလိုတယ်။

နောက်တစ်ခါ “ဓမ္မဝါဒီ” - ပြောတဲ့အခါ ဓမ္မနဲ့ ပတ်သက်တဲ့စကား။ ဒီ ကုသိုလ်ကမ္မပထတရား ၁၀-ပါး ရှိတယ်။ ပါဏာတိပါတက ရှောင်ကြဉ်မှု၊ အဒိန္နာဒါနက ရှောင်ကြဉ်မှု၊ ကာမေသုမိစ္ဆာစာရက ရှောင်ကြဉ်မှုစတဲ့ ဒုစရိုက်တွေက ရှောင်ကြဉ်မှုနဲ့ပြောတဲ့စကားတွေဟာ ဒါက ဓမ္မဝါဒီ မှန်ကန်တဲ့ ဓမ္မဘက်ကနေပြောတာ ဓမ္မဝါဒီ။ အဲဒီတော့ ပါဏာတိပါတ လုပ်ဖို့ တိုက်တွန်းတယ်။ အဒိန္နာဒါနလုပ်ဖို့ တိုက်တွန်းတယ် ပြောတယ်။ ကာမေသုမိစ္ဆာစာရလုပ်ဖို့ ပြောတယ်ဆိုတဲ့ စကားတွေဟာ သမ္မပ္ပလာပ ဖြစ်တာပေါ့။ ဒီလို ဆိုလိုတာပေါ့နော်။ ပိန်ဖျင်းတဲ့စကား၊ အကျိုးမရှိတဲ့စကား ဖြစ်တယ်ပေါ့။ အဲတော့ ပြောတဲ့စကားတစ်ခုဟာ ပါဏာတိပါတ လုပ်ကြရအောင်၊ အဒိန္နာဒါန လုပ်ကြရအောင်၊ ကာမေသုမိစ္ဆာစာရ လုပ်ကြရအောင်လို့ ပြောဆိုတိုင်ပင်တာဟာ သမ္မပ္ပလာပပေါ့၊ ဒီအဓိပ္ပာယ်မျိုးကို ဆိုလိုတာ။

နောက်တစ်ခုက စကားတစ်ခုပြောတဲ့အခါမှာ ဆုံးမမှုနဲ့ ပတ်သက်တဲ့ စကားမျိုးကိုပြောတာ “ဝိနယဝါဒီ” လို့ ခေါ်တယ်။

စာမျက်နှာ-၁၈၅
စောင့်စည်းဖို့ ထိန်းသိမ်းဖို့ ကိုယ်ကျင့်တရားကောင်းဖို့ပြောတာ ဝိနယ။ စောင့်စည်းမှုနဲ့ ပတ်သက်ပြီးတော့ ပြောတယ်။ မကောင်းတဲ့ အကျင့်တွေ ဖယ်ရှားဖို့ မကောင်းတဲ့စိတ်ဓာတ်တွေ ဖယ်ရှားဖို့ ပြောတာဟာ “ဝိနယဝါဒီ”၊ ဒါတွေက စကားကောင်းဖြစ်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ မကောင်းတဲ့ဘက်က မြှောက်ပင့်ပေးတာ ဆိုရင် ဒါ သမ္မပ္ပလာပပဲနော်။ သမ္မပ္ပလာပကလည်း အင်မတန်မှ ကျယ်တယ်နော်။

နောက်တစ်ခုက ဘာတုန်းဆိုရင် သမ္မပ္ပလာပ ကင်းဖို့ အတွက် စကားလုံးဆိုတာ ဘယ်လိုစကားလုံးမျိုးတုန်းဆိုရင် “နိဓာနဝတီ ဝါစံ ဘာသိတာ ကာလေန သာပဒေသံ ပရိယန္တဝတီ အတ္ထသံဟိတံ” ဒါ ဒီအဓိပ္ပာယ်လေးတွေက အင်မတန်မှ အရေးကြီးတယ်။ ဗမာလူမျိုးတွေ သမ္မပ္ပလာပ၊ သမ္ဖပ္ပလာပတော့ ကြားဖူးနေကြတာပဲ။ ဘယ်လိုဟာတုန်းလို့မသိလို့ရှိရင် လက်တွေ့ မကျင့်သုံးနိုင်ဘူးလေ။ သေသေချာချာသိမှ လက်တွေ့ကျင့်သုံးဖို့ ကိုယ့်သုံးနေတဲ့၊ ကိုယ်ပြောနေတဲ့စကားတွေ သမ္မပ္ပလာပ လွတ်ရဲ့လားဆိုတာ ကိုယ့်ဟာကိုယ် ဆင်ခြင်စဉ်းစားတတ်ဖို့ ဒါကို ပြောတာနော်။ အဲဒီတော့ “နိဓာနဝတီ ဝါစံ”ဆိုတာ စကားတစ်ခုဟာ ကိုယ်ပြောတဲ့ စကားဟာ မှတ်လောက်သားလောက် ဖြစ်ပြီးတော့ ကြားရတဲ့သူက စိတ်ထဲနှလုံးထဲမှာ သိမ်းထားလောက်အောင် တန်ဖိုးရှိတဲ့ စကားမျိုးဖြစ်ရမယ်တဲ့။ အဲလိုဆိုလို့ရှိရင်

စာမျက်နှာ-၁၈၆
သီချင်းထဲက စာပိုဒ်ကလေးတွေ တန်ဖိုးရှိလို့ သိမ်းထားတာ ကျတော့ ဘယ်လိုပြောမတုန်းနော်။ ဒါလည်း သူ့အတွက် အကျိုးရှိတယ်နဲ့ တူပါတယ် ကြည့်ရတာ။ ဆိုလိုတာက နိဓာနဝတီဘဝအတွက် တန်ဖိုးရှိပြီးတော့ စိတ်ထဲနှလုံးထဲမှာ သိမ်းထားရတဲ့စကားမျိုးတဲ့။ သာပဒေသ - ရည်ညွှန်းချက်ကလေးတွေ ဥပမာလေးတွေ အကြောင်းပြချက်လေးတွေနဲ့ ပြည့်ပြည့်စုံစုံ ပြောတဲ့စကားမျိုးတဲ့။ နောက် ပရိယန္တဝတီ - ပြောတဲ့စကားလုံးရဲ့ အဆုံးသတ်ကလေးဟာ ရှိတယ်ပေါ့။ ဦးတည်ချက်ကလေး ရှိတယ်။ ဒီလို ဦးတည်ချက်ကလေး ရှိရမယ်။ နောက်ပြီးတော့ အတ္ထသံဟိတ - ပြောတဲ့အကြောင်းအရာ ကောင်းကျိုးချမ်းသာတွေနဲ့ ဆက်စပ်တဲ့စကားမျိုးပဲ ဖြစ်ရမယ်လို့။ ဒါ သမ္ဖပ္ပလာပ မဖြစ်တဲ့ စကားမျိုးတွေကို ဖော်ပြသောအားဖြင့် စိတ်ထဲနှလုံးထဲမှာ သိမ်းထားလည်း အလကား တန်ဖိုးမရှိတဲ့ စကားမျိုးနော်။ ဘာမှ မှတ်သားစရာမပါတဲ့ စကားမျိုး။ အချိန်အခါမဲ့ပြောတဲ့ စကားမျိုး၊ ဘာမှ ဦးတည်ချက်မရှိတဲ့ စကားမျိုး။ အကျိုးစီးပွားနဲ့ ဘာမှမပတ်သက်တဲ့ စကားမျိုးတွေဟာ သမ္မပ္ပလာပ စကားမျိုးတွေပဲလို့ ဒီလိုဆိုရမှာပဲ။ အဲဒီတော့ သမ္မပ္ပလာပကိုပြောတာ ဝစီဒုစရိုက်ကို ကျူးလွန်ရာရောက်တယ်။ အဲဒီ သမ္မပ္ပလာပက ရှောင်တဲ့အခါကျတော့ ဝစီဒုစရိုက်က ရှောင်သည့်အတွက်

စာမျက်နှာ-၁၈၇
ကြောင့် ဝစီသုစရိုက်ဆိုတဲ့ ပါရမီကုသိုလ်ထူးကို ဆည်းပူးရာ ရောက်တယ်။

အဲဒီလို ဘဝရလာတဲ့အခါမှာ လူ့ဘဝမှာ သမ္မပ္ပလာပ ရှောင်ကြဉ်ပြီးတော့ ကောင်းမြတ်တဲ့စကားတွေကို ပြောဆိုခြင်းဖြင့် နှုတ်ကနေပြီးတော့ ပါရမီကုသိုလ်တွေ ရရှိပြီးနေတာပေါ့။ အဲဒီလို ပါရမီကုသိုလ်တွေ ရရှိလာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ စကားအကောင်းတွေချည်း ပြောခဲ့သည့်အတွက်ကြောင့် ဘာဖြစ်တုန်း လူ့ဘဝရလာတဲ့အခါမှာ မေးလေးက မျက်နှာနဲ့လိုက်လျောတဲ့ တောင့်တင်းတဲ့ ဝိုင်းစက်တဲ့မေးလေးရဲ့ပိုင်ရှင်ဖြစ်လာတယ်လို့ ဒီလိုဆိုလိုတာ။ ဒါကို “သီဟဟနု” လို့ ပြောတာနော်။

အဲဒီတော့ ကိုယ့်မေးစေ့ကိုယ် ပြန်တွက်ကြည့်ပေါ့။ ခြင်္သေ့မေးနဲ့ တူသလား၊ မတူဘူးလား။ အဲဒါကို ပြန်စစ်ဆေးကြည့်။ မေးချွန်းနေသေးရင်တော့ မဟုတ်သေးဘူးနော်။ အဲဒီတော့ ကုသိုလ်ကောင်းမှုရဲ့ ပုံပန်းသဏ္ဌာန်ဟာ လာပြီးတော့ ပေါ်တာ။ ကုသိုလ်တင် မဟုတ်ဘူး။ အကုသိုလ်ကလည်း ပေါ်တယ်။ အကုသိုလ်ရော ပေါ်တယ်ဆိုတော့ အကုသိုလ်က ဒီနေရာမှာ ပါရမီပုံရိပ် အမှတ်တံဆိပ်ကိုပြောတာ ဖြစ်သောကြောင့် “ခြင်္သေ့မေး” လို့ ချီးမွမ်းဖွယ်ရာနဲ့ ပတ်သက်ပြီးတော့ ပြောတာ။ ခွေးတစ်ယောက်ရဲ့ မေးကျတော့ ဘယ်လိုဖြစ်မလဲ။

စာမျက်နှာ-၁၈၈
မကောင်းမှု အကုသိုလ်ကံ လုပ်တဲ့သူကျတော့ အရုပ်ဆိုး အကျည်းတန်တဲ့မေး ရမှာပေါ့။ ဒီလိုဆိုလိုတာပေါ့ သမ္ဖပ္ပလာပ။

အဲဒီတော့ အခု ပါရမီပုံရိပ်အမှတ်တံဆိပ်ဆိုတဲ့ ဒီကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာ ဒီလိုလှပတဲ့ ခြင်္သေ့ရဲ့ မေးပိုင်ရှင် ဖြစ်တယ်။ အဲဒီလို အမှတ်တံဆိပ်ရတဲ့ပုဂ္ဂိုလ်ဟာ စကြဝတေးသော်လည်း ဖြစ်တယ်၊ ဘုရားသော်လည်း ဖြစ်တယ်။ ဒီလို ဆိုလိုတာပေါ့နော်။ သူ ဒီဟာရတာဟာ ဒီကုသိုလ်ကောင်းမှုကို စွဲစွဲမြဲမြဲ ပြုလုပ်ခဲ့ခြင်းကြောင့်ရတယ်လို့ ဒီလိုပြောတာ။

အကျိုးပေးပုံ၊ ကဲ ဒါဖြင့် အခုလိုခြင်္သေ့ရဲ့မေးနဲ့ အလားသဏ္ဌာန်တူတဲ့ မေးပိုင်ရှင် လှပတဲ့ပုဂ္ဂိုလ်ရဲ့ မေးစေ့ပိုင်ရှင်ဟာ ဘယ်လိုအကျိုးထူးတွေ ခံစားရတုန်းဆိုတော့ သူ့ကို ဘယ်လို ဆန့်ကျင်ဘက် ရန်သူကမှ သူ့ကိုအနိုင်မယူနိုင်ဘူးတဲ့။ သူဟာ ကြံ့ခိုင်တယ်ပေါ့။ မေးစေ့ကြံ့ခိုင်သဖြင့် သူ့ရဲ့ကြံ့ခိုင်မှုဟာ အင်အားကောင်းတယ်။ ဘယ်သူကမှ သူ့ကို တွန်းလှန်ဖယ်ရှားပစ်ခြင်းငှာ မစွမ်းနိုင်ဘူးဆိုတဲ့ အကျိုးကျေးဇူးကို ရရှိပါတယ်တဲ့။ ဒီလိုဆိုတာ။ အဲဒီတော့ ဒီအမှတ်အသား လက္ခဏာဟာ သုံးဆယ်မြောက် မဟာပုရိသ လက္ခဏာတစ်ခုပင် ဖြစ်တယ်ပေါ့။

စာမျက်နှာ-၁၈၉

(၃၁) သွားရဲ့ညီညာမှု
သုံးဆယ့်တစ်က “သမဒန္တ”တဲ့။ သွားကလေးတွေက ညီနေတာ။ မွေးကတည်းက ညီတဲ့သွားကိုပြောတာ။ သွားစိုက်ဆရာဆီ သွားပြီးတော့ ဆရာဝန်ဆီသွားပြီးတော့ ညှိထားတဲ့သွား မဟုတ်ဘူး။ မွေးကတည်းက ညီနေတာ၊ အင်မတန်မှ လှတယ်။ စီပြီးတော့ ညီနေတယ် “သမဒန္တ” - ညီညာသော မျက်နှာပြင်ရှိတဲ့သွား။ အဲဒီသွားရှိတာဟာလည်းပဲ အခုလို သွားညီတာဟာလည်းပဲ မဟာပုရိသလက္ခဏာထဲမှာ ပါရမီပုံရိပ် အမှတ်တံဆိပ်တစ်ခုပဲတဲ့။
(၃၂) ဖြူဖွေးသည့်စွယ်သွား
နောက်တစ်ခုက သွားတွေထဲမှာ လူတိုင်းလူတိုင်းမှာ စွယ်သွားလေးချောင်း Eyetooth လို့ ခေါ်တယ်။ စွယ်သွားလေးချောင်း အပေါ်နှစ်ချောင်း အောက်နှစ်ချောင်းနော် စွယ်သွားလေးချောင်းရှိတယ်။ အဲဒီ စွယ်သွားလေးချောင်းဟာ တခြားသွားတွေထက် ပိုပြီးတော့ ဖွေးဆွတ်နေတယ်လို့ ဒီလို ပြောတာနော်။ စွယ်သွားတွေဟာ ပိုပြီးတော့ ဖွေးတယ်။ ပါးစပ် ဟလိုက်လို့ရှိရင် ငွေရောင်လေးကို လက်လက်လက်လက် ဖြစ်နေအောင် သူက ပိုပြီးတော့ ဖွေးဖြူတယ်။ အဲဒါက

စာမျက်နှာ-၁၉၀
“သုသုက္ကဒါဌာ” - အလွန့်အလွန်ဖွေးဖြူတဲ့ စွယ်သွားလေးချောင်း ရှိတယ်ဆိုတာ။ ဒါလည်းပဲ ပါရမီပုံရိပ် အမှတ်တံဆိပ်တစ်ခုပဲ။

ငယ်ငယ်တုန်းကတော့ သွားဖွေးချင်လို့ ဘာလုပ်ရတုန်းဆိုရင် မီးသွေးခဲတွေနဲ့ တိုက်တယ်နော်။ သူများလုပ်တာ လိုက်လုပ်တာပဲလေ။ ဘာမှ အသိဉာဏ်မရှိဘူး။ သူများသွား ဖွေးဖွေးလေးတွေ့ရင် ကိုယ်လည်း ဖွေးချင်တာ။ သွားဖြူချင်တော့ တိုက်တယ် မီးသွေးခဲတွေနဲ့တိုက်။ တိုက်လည်း မဖြူဘူး ဝါကျင့်ကျင့်ပဲ။ နောက်တော့ ဒါယကာကြီး တစ်ယောက်က ပြောတယ်။ အဲဒီတုန်းက ခပ်ငယ်ငယ်ဆိုတော့ “ကိုရင် ကိုရင်တဲ့၊ ကိုရင့်သွား တိုက်မနေနဲ့တဲ့၊ တိုက်လည်း မဖြူဘူးတဲ့။ မွေးကတည်းက ဒီအရောင်မွေးထားတာ”တဲ့။ သူက သတိပေးတယ်။ ဘာပြုလို့တုန်းဆိုတော့ အသားအရောင်နဲ့လိုက်အောင် ဒီအရောင်ရွေးထားတာတဲ့။

ဗမာလူမျိုးရဲ့ သွားက ဖွေးပြီးတော့ မနေဘူး။ အာဖရိက လူမျိုးတွေကျတော့ အသားမဲတော့ သွားဖွေးတယ်။ ပါးစပ် မဟလိုက်နဲ့ ဖွေးကနဲ ဖြစ်သွားတာ။ လူမမြင်ရသေးဘူး သွား အရင်မြင်ရတယ်။ အသားမဲတဲ့လူမှ သွားကဖွေးတာတဲ့။ အသားဖြူတဲ့လူတွေ အသားဝါတဲ့ပုဂ္ဂိုလ်တွေမှာ သွားက ဝါကျင့်ကျင့်လေး။ ကံကြမ္မာကိုက ဒီအတိုင်း Match ဖြစ်အောင် လုပ်ပေး

စာမျက်နှာ-၁၉၁
ထားတာ။ ကာလာကိုက Match ဖြစ်အောင်လုပ်ပေးထားတာ။ အဲဒါကို ကိုယ်က ဖြူချင်တော့ သွားလုပ်တာ မရဘူးနော်။ (၂၀၀၄-ခုနှစ်တုန်းက စစ်ကိုင်းတောင်ရိုး ကျစွာချောင်မှာ နိုင်ငံခြားသားတွေအတွက် အဘိဓမ္မာသင်တန်း ဖွင့်လှစ်ပို့ချပေးဖူးတယ်။ အမေရိကန်ကလာတဲ့ ယောဂီပုဂ္ဂိုလ်တွေနဲ့ အဲဒီ အဘိဓမ္မာသင်တန်းသားတွေကို အဘိဓမ္မာ နှစ်ပတ်လောက် ထင်ပါတယ် ပို့ချတာ။ အဲဒီ ပို့ချတဲ့အထဲမှာ ဘယ်သူ ပါလာတုန်းဆို အာဖရိက ဦးဇင်းတစ်ပါး ပါလာတယ်။ အာဖရိက တိုင်းရင်းသားဆိုတာ သိတဲ့အတိုင်း သူက “ယူဂန္ဒာနိုင်ငံ”က။ သူ့ဘွဲ့က “ဗုဒ္ဓရက္ခိတ၊ အာဖရိကတိုင်းရင်းသားဆိုတာ မည်းနေတာပဲလေ။ အဖြူတွေကြားထဲမှာ ပေါ်ပေါ်လွင်လွင်ပဲ မည်းနေတာ။ ဒါပေမယ့်လို့ သူ ပါးစပ်ဟလိုက်လို့ရှိရင် သွားတွေက ဖွေးဆွတ်နေတာ။ သူက ပြောရင်လည်းပဲ ခဏခဏ ပြုံးစိပြုံးစိ လုပ်တော့ သူ့သွားတွေက ဖွေးဆွတ်နေတာ။ အာဖရိက တိုင်းရင်းသားတစ်ယောက်ပါတယ် ဘုန်းကြီးဝတ်နေတာ။ အေး အသားမဲမှ သွားကဖွေးတာတဲ့။ အခုလို အသားဝါတို့ အသားဖြူတို့ကျတော့ မဖွေးဘူးတဲ့။ ဖွေးချင်လို့ မရဘူးတဲ့။

အခု မဟာပုရိသလက္ခဏထဲမှာ စွယ်သွားကိုသာ အဓိက ထားပြီးတော့ ပြောတာ။ ကျန်တဲ့သွားတွေ ဖွေးတယ်လို့ မပြောဘူးနော်။ စွယ်သွားလေးချောင်းကတော့ ဖွေးဆွတ်နေတာလို့။

စာမျက်နှာ-၁၉၂
မြတ်စွာဘုရားရဲ့ စွယ်တော်ဆိုတာ အဲဒီ စွယ်သွားလေးချောင်းကဟာကို ပြောတာနော်။ စွယ်သွားလေးချောင်းက စွယ်တော်။ သွားတော်က လေးဆယ်။ စွယ်တော်လေးဆူ အပါအဝင်ဖြစ်တဲ့ သွားတော်လေးဆယ် မြတ်စွာဘုရားမှာ ရှိတယ်။ အဲဒီ သွားတော်လေးဆယ်ထဲမှာ ဒီစွယ်တော်လေးဆူဟာ ပိုပြီးတော့ဖွေးတယ်။ အရောင်ဟာ ဖွေးဖွေးလက်လက် ဖြစ်တယ်ပေါ့။

ဒါကြောင့်မို့ မြတ်စွာဘုရားက တစ်ခါတရံ အတိတ်က အဖြစ်အပျက်တွေ အာရုံပြုကြည့်လိုက်တဲ့အခါမှာ အတိတ်က ထူးခြားတဲ့ ဇာတ်လမ်းလေး အာရုံထဲမှာ ပေါ်လာတဲ့အခါ မြတ်စွာဘုရားဟာ ပြုံးယောင်သမ်းလိုက်တယ်။ သွားဖျားလေး ပေါ်ရုံလေးတင်ပြီးတာ။ ပြုံးလိုက်တဲ့အခါကျတော့ စေ့ထားတဲ့နှုတ်ခမ်းလေးက နည်းနည်းလေးပွင့်ပြီး စွယ်တော်အဖျားလေးက ရောင်ခြည်တော် ဖွေးကနဲထွက်လာတယ်။ မြတ်စွာဘုရား ပြုံးတဲ့အခါကျရင်အဲလိုထွက်လာလို့ နောက်ကလိုက်တဲ့ အရှင်အာနန္ဒာက ဖွေးကနဲ လက်ကနဲ မြင်လိုက်ရင် ရှေ့ကနေတဲ့ မြတ်စွာဘုရားပြုံးတယ်ဆိုတာ သိတယ်။ နို့မို့ဆို ဘယ်လိုလုပ် သိမှာတုန်း။ ရှေ့ကလူပြုံးတာ နောက်ကလိုက်တဲ့လူ ဘယ်လိုလုပ် မြင်မှာတုန်း နော်။ မမြင်နိုင်ဘူး။ အဲဒီတော့ မြတ်စွာဘုရားက ရှေ့ကကြွရင်းကနေပြီးတော့ ပြုံးစရာကြုံလို့ ပြုံးလိုက်တဲ့အခါမှာ အင်မတန်မှ ဖြူဖွေးတဲ့ စွယ်သွားအဖျားလေးတွေကနေပြီးတော့ ရောင်ခြည်

စာမျက်နှာ-၁၉၃
တော်တွေ ထွက်လာတယ်။ အဲဒီအချိန်မှာ ဖွေးကနဲ လက်ကနဲ ဖြစ်သွားတာကိုကြည့်ပြီး အရှင်အာနန္ဒာက မြတ်စွာဘုရားပြုံးတယ်။ ဘာဖြစ်လို့ ပြုံးတာတုန်းဆိုတာကို မေးတဲ့အခါမှာ ဟောကြားလေ့ရှိတယ်ပေါ့။

အေး ဒါကြောင့်မို့လို့ မြတ်စွာဘုရားရဲ့ စွယ်သွားလေးဆူဟာ အင်မတန်မှ ထူးခြားတဲ့အထဲမယ် ဖြူဖွေးသောအရောင်ရှိတဲ့အထဲမယ် အင်မတန်မှ ထူးခြားတယ်လို့ဆိုတာ။ ဟော - ဘုရား ပရိနိဗ္ဗာန်စံသွားတဲ့အခါကျတော့ ဒီသွားတွေဟာ ဓာတ်တော်ထဲမှာ ပါသွားသလား။ ဓာတ်တော်ဖြစ်တဲ့အထဲမှာ ပါသွားသလားဆိုတော့ မပါဘူး။ “အသမ္ဘိန္နဓာတ်”လို့ ခေါ်တယ် ပျက်စီးမသွားဘူး။ သွားတော်လေးဆယ် စွယ်တော်လေးဆူ အပါအဝင်ဖြစ်တဲ့ သွားတော်လေးဆယ်ဟာ ဒီအတိုင်းပဲ ကျန်ရစ်တယ်နော်။ ဘုရားရဲ့ ရုပ်ကလာပ်ကို တေဇောဓာတ် လောင်တဲ့အခါမှာ သွားတော်လေးဆယ်ဟာ ဒီအတိုင်းပဲ ကျန်ရစ်တယ်။ ဒါဖြင့် အဲဒီသွားတော်တွေ ဘယ်ရောက်ကုန်လဲလို့ဆိုတော့ စွယ်တော်တွေသာ သမိုင်းရှိတယ်။ သွားတော်တွေက သမိုင်းမရှိဘူး။ မရှိဘူးဆိုတာ စာပေကျမ်းဂန်မှာ ဘယ်လိုဆိုတုန်းလို့ ဆိုရင် “စတ္တာလီသ သမဒန္တာ ဟရိသုဇကာကံ” နတ်တွေကနေပြီးတော့တဲ့ မြတ်စွာဘုရားရဲ့ သွားတော်လေးဆယ်ကို စကြဝဠာအဆင့်ဆင့်ပင့်ပြီးတော့ ယူသွားကြတယ်တဲ့၊ ဘုရား

စာမျက်နှာ-၁၉၄
ပရိနိဗ္ဗာန်စံပြီးတဲ့အခါမှာ။ တွေ့တဲ့လူက ယူသွားတယ်ပေါ့။ ယူသွားပြီးတော့ ကိုယ့်နေရာကိုယ် ကိုးကွယ်ပြီးတော့ ထားတယ်လို့ ဒီလိုဆိုလိုတာပေါ့နော်။ အဲဒီတော့ သွားတော်တွေကတော့ စကြဝဠာအနှံ့ကလာတဲ့ နတ်တွေကနေပြီး အရင်ဦးတဲ့သူ ယူပြီးတော့ သူတို့ဆီမှာ ကိုးကွယ်ပြီးတော့ ထားကြတယ်။ တချို့သွားတော်တွေက ဒီစကြဝဠာမှာ ရှိချင်မှရှိမယ်။

သို့သော် စွယ်တော်လေးဆူဆိုတာကျတော့ အတိအကျ ဖော်ပြထားတာရှိတယ်။ စွယ်တော်လေးဆူက တေဇောဓာတ် လောင်တဲ့ အခေါင်းတလားကို ဖွင့်လိုက်တဲ့အခါမှာ ဓာတ်တော်တွေချည်းပဲ ကျန်ရစ်တော့တယ်။ ရုပ်ကလာပ်တော်ကြီးက ပျောက်ဆုံးသွားတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားရဲ့ ခေါင်းပိုင်းမှာ ဘာတွေ့တုန်းဆိုတော့ ခုနက သွားတော်တွေနဲ့ စွယ်တော်တွေရှိတယ် ဆိုပါစို့။ သွားတော်တွေကိုတော့ မမြင်ရတဲ့ နတ်တွေက အကုန်ယူသွားတယ်။

အဲဒီ ခေါင်းတလား ဘယ်သူက ဖွင့်ပေးတာတုန်းလို့ဆိုတော့ “ဒေါဏ”ဆိုတဲ့ ပုဏ္ဏားကြီးက အရင်ဖွင့်လိုက်တာ။ အားလုံး ဒီဓာတ်တော်တွေအတွက် မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်က ကြွင်းကျန်ရစ်တဲ့ 'သာရီရိကဓာတု' - ခန္ဓာကိုယ်က ကြွင်းကျန်ရစ်တဲ့ အရိုးဓာတ်တွေအတွက် ရှစ်ပြည်ထောင်ဟာ စစ်တိုက်ကြတော့မယ့် အနေအထားရောက်လို့ သူက ငြိမ်းချမ်းရေးတရား

စာမျက်နှာ-၁၉၅
ဟောပြီး ဒီဓာတ်တော်တွေကို အညီအမျှဝေပေးပါ့မယ်၊ အားလုံး ကျေနပ်ကြပါ၊ စစ်မတိုက်ကြပါနဲ့။ ငြိမ်းချမ်းရေးတရားပြောပြီး ပထမဆုံး ဖွင့်လိုက်တဲ့အချိန်မှာ အားလုံးဓာတ်တော်တွေ မြင်တဲ့အခါ စိတ်မထိန်းနိုင်ကြဘူး၊ ရှစ်ပြည်ထောင်က မင်းတွေက ငိုကြတယ်။

အဲဒီ ငိုလို့ မျက်လုံးပိတ်နေတဲ့အချိန်မှာ ဒေါဏပုဏ္ဏားကြီးက လက်ယာဘက်စွယ်တော်ကိုတွေ့လိုက်တာနဲ့ ကောက်ယူလိုက်ပြီး သူ့ဗောင်းထုတ်ကြားထဲမှာ ညှပ်ထားလိုက်တယ်။ လူမမြင်ခင် သူက အုပ်လိုက်တာပေါ့နော်။ အဲဒီတော့ “ဒေါဏ”လို့ခေါ်တာပဲ။ သူက အဲဒါကို ယူပြီးတော့ ခေါင်းပေါင်းထဲ ထည့်ထားလိုက်တယ်။ ဘယ်သူမှ မမြင်ခင် ငိုနေကြတုန်း ကောက်ထည့်ယူပြီးတော့ သူလိုချင်တာယူလိုက်တယ်။

နောက်တစ်ခါ ဒီ လက်ယာအောက်စွယ်တော်တွေ့ပြန်တဲ့အခါကျတော့ ကောက်ယူလိုက်ပြီးတော့ သူက မြေကြီးပေါ် ပစ်ချလိုက်တယ်။ ပစ်ချပြီးတော့ ခြေထောက်နဲ့ မြေကြီးတွေနဲ့ ယက်ပြီး ဖုံးပြီး ခြေထောက်နဲ့ တက်နင်းထားလိုက်တယ် လုပ်ပုံက နော်။ အဲဒီလိုလုပ်တယ်။ ကျန်တဲ့ စွယ်တော်နှစ်ခုကတော့ တေဇောဓာတ်လောင်နေတုန်းပဲ ရဟန္တာနှစ်ပါးက ပင့်ယူသွားကြတယ်၊ “ဂန္ဓာရတိုင်း” ပင့်သွားတာ ရှိတယ်။ “ကာလိင်္ဂတိုင်း”ကို ပင့်သွားတာ ရှိတယ်။ အဲဒီလို ပင့်ပြီးတော့ယူသွားကြတာ။

စာမျက်နှာ-၁၉၆
စွယ်တော်လေးဆူထဲက ခေါင်းပေါင်းကြား ဝှက်ထားတဲ့ စွယ်တော်ကို သိကြားမင်းကြီးကလည်း ဘုရားဓာတ်တော်တွေ ရချင်လို့ သူကလည်း ရောက်လာတယ်။ ရောက်လာတဲ့အခါကျတော့ ဘုရားရဲ့ စွယ်တော် ဘယ်နားရောက်နေတုန်းလို့ ကြည့်တော့ ဒေါဏပုဏ္ဏားကြီးရဲ့ ခေါင်းပေါင်းကြားထဲမှာတွေ့တော့ ဒီလူကြီး ကျကျနန ကိုးကွယ်နိုင်မလားဆို သူ ကိုးကွယ်နိုင်တဲ့ အနေအထားမရှိလို့ သိကြားမင်းက တိတ်တဆိတ် ခေါင်းပေါင်းကြားထဲက ပြန်ယူချသွားတယ်။ ပါသွားပြန်ပြီ၊ အဲဒါကိုကြည့်ပြီး “သူခိုးဆီက သူဝှက်လု”ဆိုတာ။

တစ်ခါ မြေကြီးနဲ့ဖုံးပြီး ခြေထောက်နဲ့ နှင်းထားတဲ့ စွယ်တော်ကျတော့ နဂါးမင်းကတွေ့တဲ့အခါ မြေကြီးကိုယက်ပြီး ယူသွားရော။ အဲဒီတော့ ပုဏ္ဏားကြီး သူ မရလိုက်ဘူး တစ်ခုမှ။ ကျန်တဲ့နှစ်ဆူကျတော့ ဘယ်ရောက်တုန်းဆိုတော့ ရဟန္တာအရှင်မြတ်နှစ်ပါးက ပင့်သွားကြတယ်။ ဂန္ဓာရတိုင်းသားရဟန်းက ဂန္ဓာရတိုင်းဘက်ကို ပင့်သွားတယ်။

ဂန္ဓာရတိုင်းဆိုတဲ့ တိုင်းပြည်ဟာ ဘယ်နိုင်ငံကို ခေါ်တာတုန်းဆိုတော့ ခုနောက်ပိုင်းမှာတော့ သမိုင်းကြောင်းအရ ပြောမယ်ဆိုရင် ဂန္ဓာရဆိုတာ အာဖဂန်နစ္စတန်တို့ ပါကစ္စတန်နိုင်ငံတွေရဲ့ နေရာတွေမှာ ရှိနိုင်တယ်လို့ ဒီလို သမိုင်းဆရာတွေကတော့ ပြောတယ်။ ဂန္ဓာရဆိုတဲ့ နာမည်နဲ့ ခပ်ဆင်ဆင်

စာမျက်နှာ-၁၉၇
နိုင်ငံတစ်ခု အမည်တစ်ခုကတော့ အားလုံးကြားဖူးနေကြလိမ့်မယ်၊ သတင်းစာတွေ ဘာတွေဖတ်ရင် အာဖဂန်နစ္စတန်က “ကရူဟာ" ဆိုတဲ့မြို့ဟာ “ဂန္ဓာရ' ဖြစ်နိုင်တယ်ပေါ့။ သမိုင်း ဆရာတွေက ဒီလိုယူကြတယ်နော် ။

အဲဒီနိုင်ငံတွေက တစ်ချိန်တုန်းက ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံတွေပဲ။ အဲဒီတော့ မြတ်စွာဘုရားရဲ့ လက်ဝဲအထက် စွယ်တော်က “ဂန္ဓာရ” တိုင်းကို ရောက်သွားတယ်။ ဂန္ဓာရတိုင်းရောက်သွားပြီးတော့ ဂန္ဓာရတိုင်းမှာပဲ ကိုးကွယ်ထားတယ်လို့ ဒီလိုပြောရမယ်။

နောက်တစ်ခါ လက်ဝဲအောက်စွယ်တော်က ဘယ်ကို ရောက်သွားတုန်းဆိုတော့ အိန္ဒိယတောင်ပိုင်း အလယ်ပိုင်းမှာ “ဩရိသပြည်နယ်”ဆိုတာ ရှိတယ်။ အဲဒီ ဩရိသပြည်နယ်နဲ့ ပုသိမ်တို့နဲ့ အရှေ့အနောက် သို့မဟုတ် မော်လမြိုင်တို့နဲ့ အရှေ့ အနောက် တည့်တည့်လောက်ကျတယ်ပေါ့နော်။ ဩရိသ ပြည်နယ်မှာ “ကာလိင်္ဂ" ဆိုတဲ့မြို့ ရှိတယ်။ အခုလည်း ရှိတာပဲ “ကာလိင်္ဂတိုင်း”ဆိုတာ ရှိတယ်။ ကနေ့လည်း “ကာလိင်္ဂ' လို့ပဲ ခေါ်တာပဲ အဲဒီမှာ။ ကာလိင်္ဂစတိုးတို့ ဘာတို့တောင် ရှိတယ် အဲဒီမှာ။ အဲဒီမှာ ပင့်ယူသွားပြီးတော့ ကာလိင်္ဂတိုင်းမှာ ကိုးကွယ် ထားတာ။

စာမျက်နှာ-၁၉၈
လက်ဝဲအထက်စွယ်တော်က ဂန္ဓာရတိုင်း၊ လက်ဝဲအောက် စွယ်တော်က ကာလိင်္ဂတိုင်း ရောက်သွားတာ။ ကာလိင်္ဂတိုင်းက စွယ်တော် ရထားမှန်းသိတော့ အနီးနားတိုင်းပြည်တွေကနေ ပြီးတော့ အတင်းလာပြီးတော့ စစ်တပ်နဲ့လုဖို့ ကြိုးစားတဲ့အခါမှာ ကာလိင်္ဂတိုင်းက သမီးတော် “ဟေမမာလာ'နဲ့ 'ဒန္တကုမာရ မင်းသားတို့က ရသေ့ယောင်ရုပ်ဖျက်ပြီးတော့ အဲဒီ ဟေမမာလာ မင်းသမီးရဲ့ ဆံထိုးထဲမှာ စွယ်တော်ကို ဝှက်ထားပြီးတော့ ဘယ်ကိုပြေးကြတာတုန်းဆိုတော့ အိန္ဒိယပြည်တောင်ပိုင်းကနေ ပြီးတော့ သီဟိုဠ်ကျွန်းဘက်ကို ကူးပြေးသွားကြတာ။ ကူးပြေး သွားပြီးတော့ အဲဒီ လက်ဝဲအောက်စွယ်တော်က သီဟိုဠ်ကျွန်း ရောက်သွားတယ်။

နောက် သီဟိုဠ်ကျွန်းဆိုတာလည်း ရေလမ်းနီးသည့် အတွက်ကြောင့် ဒတ်ချ် တို့ ပေါ်တူဂီ တို့ အင်္ဂလိပ် တို့ရဲ့ လက်အောက်ကို နှစ်ပေါင်း ၄၅၀-လောက် ရောက်သွားတယ်။ ပင်လယ်ဆိပ်ကမ်းဆိုတော့ ဟိုက သင်္ဘောတွေနဲ့လာတော့ သူတို့နိုင်ငံဟာ ကိုလိုနီဖြစ်သွားတယ်။ အဲဒီမှာ ဒတ်ချ်တို့ ပေါ်တူဂီ တို့ကနေပြီးတော့ သီဟိုဠ်ကျွန်းကို တိုက်ခိုက်ပြီးတော့ သိမ်းယူတဲ့အခါမှာ ဒီစွယ်တော်ပါသွားတယ်လို့ ဒီလိုပြောပြန်တယ်။

ပါသွားတဲ့အခါကျတော့ မြန်မာပြည်မှာ အုပ်စိုးနေတဲ့ ဘုရင်က ဘယ်သူတုန်းဆိုရင် ပဲခူးလို့ခေါ်တဲ့ ဟံသာဝတီမှာ

စာမျက်နှာ-၁၉၉
အုပ်စိုးတာ “ဘုရင့်နောင် မင်းတရားကြီး'၊ ဘုရင့်နောင် မင်းတရားကြီးက ဒီသတင်းကိုကြားတာနဲ့ ဒီက ကျောက်သံ ပတ္တမြား စိန်ရွှေရတနာတွေနဲ့ အဲဒီ ဘုရားရဲ့ စွယ်တော်ကို ဝယ်ခိုင်းတာ။ ဝယ်ခိုင်းတော့ ဒီစွယ်တော်က ဘယ်ရောက်သွား တုန်းဆို “ဂိုအာ” လို့ဆိုတဲ့ အိန္ဒိယအနောက်ဘက် ကျွန်းပေါ်မှာ ဒီစွယ်တော်ကို ယူသွားတယ်။ အဲဒီကို လိုက်ဝယ်တာ။ ဝယ်တော့ ရလာတယ်လို့ ဆိုတယ်။ ရလာတော့ ဘုရင်ကြီး ဝမ်းသာအားရ သူ့နန်းတော်ဦးမှာ ကိုးကွယ်ထားတယ်။ ဒါကြောင့်မို့ အဲဒီမှာ စွယ်တော်တိုက်ဆိုတာလေး ရှိတယ်နော်။ ဒီ အနော်ရထာ မင်းကြီး လက်ထက်တုန်းက ကိုးကွယ်တဲ့ စွယ်တော်တွေက “စွယ်တော်ပွား” လို့ ဒီလိုခေါ်တယ်။ စွယ်တော်ပွား၊ ဒီ စွယ်တော် အစစ် မဟုတ်ဘူးပေါ့။ စွယ်တော်ပွားဆိုပြီးတော့ အနော်ရထာ မင်းကြီးက ကိုးကွယ်တာ။ တန့်ကြည့်တောင်ပေါ်မှာ ရှိတာတို့၊ တူရွင်းတောင်ပေါ်မှာ ရှိတာတို့၊ လောကနန္ဒာ တို့ စွယ်တော် လေးဆူရှိတဲ့အထဲမယ် ဒါတွေက စွယ်တော်ပွားလို့ ပြောတယ်။

အဲဒီတော့ ဘုရင့်နောင်မင်းတရားကြီးက ငါ့ရဲ့ဘေးတော်တွေ လက်ထက်ကတောင် စွယ်တော်အစစ် မကိုးကွယ်ရဘူး၊ သူ့လက်ထက်မှာ သူကံကောင်းလွန်းအားကြီးလို့ ဘုန်းတန်ခိုး ကြီးလို့ စွယ်တော်အစစ်ကိုးကွယ်ရတယ်လို့ ဒီလိုပြောတဲ့ စကား တောင် ရှိတယ်နော်။ နောက်တော့ အဲဒီ ဘုရင့်နောင်မင်းကြီး

စာမျက်နှာ-၂၀၀
မရှိတော့တဲ့အခါ မြေးတော်အဆက်ဆက်မှာ သာလွန်မင်းတရား ကြီး လက်ထက် ရောက်တဲ့အခါကျတော့ ဘာလုပ်တုန်းဆိုတော့ အဲဒီ စွယ်တော်အစစ် ပျောက်သွားမှာစိုးသည့်အတွက်ကြောင့် စစ်ကိုင်းမြို့ နားမှာ ကောင်းမှုတော်ဘုရားကြီးတည်ပြီးတော့ အဲဒီထဲ ထည့်လိုက်ပြီးတော့ ဌာပနာထားတယ်လို့ ဒါက သမိုင်းကြောင်းက အဲဒီလိုဆိုတာ။

အဲဒီတော့ လက်ဝဲအောက်စွယ်တော် ဘယ်မှာရှိတုန်း ဆိုရင် ကောင်းမှုတော်ဘုရားကြီးမှာ ရှိတယ်လို့ ဒီလိုပြောရမှာပဲ။ ဒီသမိုင်းကြောင်းအရ ပြောတာနော်။ ။

အဲဒီတော့ မြတ်စွာဘုရားရဲ့ သွားတော်တွေ စွယ်တော်တွေဆိုတာ သွားတော်တွေက စကြဝဠာအနှံ့ နတ်တွေက ယူဆောင်သွားလို့ ပါသွားပြီ။ စွယ်တော်ကျတော့ အခုရှိတဲ့ အတိုင်း အခု သမိုင်းကြောင်းအရဆိုရင် ဘယ်မှာဘယ်မှာ ရှိတယ်။ လက်ယာအထက်စွယ်တော်က တာဝတိသာမှာ ရှိတယ်တဲ့။ လက်ယာ အောက်စွယ်တော်က နဂါးပြည် မှာရှိတယ်။ လက်ဝဲအထက် စွယ်တော်က ဂန္ဓာရတိုင်း မှာရှိတယ်။ လက်ဝဲ အောက်စွယ်တော်က ကာလိင်္ဂ- ကာလိင်္ဂကနေ သီဟိုဠ် သီဟိုဠ် ကနေ ဗမာပြည်က ကောင်းမှုတော်ဘုရားကြီးလို့ သမိုင်းကြောင်း အရ ဒီလိုပြောလို့ ရတယ်ပေါ့နော်။

စာမျက်နှာ-၂၀၁
အဲဒီမှာ တရုတ်ပြည်ကစွယ်တော် မပါဘူး ဖြစ်နေတယ်။ အဲဒီတော့ ဒါက သမိုင်းကြောင်းအရတော့ ဒီအတိုင်းပဲနော်။ အဲဒီလို မြတ်စွာဘုရားစွယ်တော်ဆိုတာ ဘုရားရဲ့ စွယ်တော် အစစ်မှ မဟုတ်ဘူး။ စွယ်တော်လို့ အမှတ်အသားပြုပြီးတော့ ကိုးကွယ်ရင်လည်းပဲ ကုသိုလ်မရဘူး မဟုတ်ဘူး ကုသိုလ် ရတာ ပဲနော်။ ကုသိုလ်ကတော့ ကိုယ်ကကိုးကွယ်တာ အစစ်ကို ရည်စူး ပြီး ကိုးကွယ်တာ။

“အပဒါန်ကျမ်း” ထဲမှာ ဘာပါတုန်းဆိုရင် မိသားစုတစ်စုဟာ သိပ်ပြီးတော့ ကြည်နူးလို့ မြတ်စွာဘုရားရဲ့ ဗောဓိပင်က အခွံကလေး အခေါက်ကလေးကို ခွာပြီးတော့ ဘုရားအမှတ်နဲ့ ကိုးကွယ်ကြတယ်။ အဲဒီကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေတောင်မှပဲနော် နတ်ပြည်ရောက်ပြီး ကောင်းရာသုဂတိတွေ ရောက်တယ်။ ကဲ နောက်ဆုံးမှာကြည့် သဲပုံစေတီ တည်ပြီး ရှိခိုးတဲ့သူရော ဘုရားကို ရည်စူးပြီးတည်တာ ဖြစ်သောကြောင့် ပင်လယ်ထဲက သဲလေး တွေစုပြီး သဲပုံစေတီတည်တာရော ကုသိုလ်မရဘူးလားဆိုတော့ ရတာပဲ။ ဆိုလိုတာက ဘုရားအမှတ်နဲ့ ကိုးကွယ်တာဆိုတာ သဲပုံကို ကိုးကွယ်တာ မဟုတ်ဘူး။ ဘုရားအမှတ်နဲ့ ကိုးကွယ်တာ၊ ဘုရားအနေအထားနဲ့ ကိုးကွယ်လို့ရှိရင် ဘာပဲဖြစ်ဖြစ် စစ်တာ မစစ်တာ ပြောစရာမလိုဘူး။

စာမျက်နှာ-၂၀၂
အခုခေတ် (DNA) နဲ့သွားပြီးတော့ စစ်နေလို့ မရဘူး နော်။ အဲဒီတော့ ဘယ်လိုဟာနဲ့ ဘယ်လိုဖြစ်ဖြစ် ဘုရားစွယ်တော် အမှတ်နဲ့ ယုံကြည်ကိုးကွယ်လို့ရှိရင်တော့ ကုသိုလ်ဖြစ်မှာပဲ။ သို့သော် တစ်ခုက စွယ်တော်သွားဆိုတာ ဒီသတိထားဖို့ရာက စွယ်တော်ဆိုတဲ့သူဟာ နည်းနည်းတော့ ချွန်ရမယ်နော်။ စွယ်တော်သွားက အပြားကြီးတော့ မဖြစ်ဘူး။ အေး ဒါကြောင့် မို့လို့ မြတ်စွာဘုရားရဲ့ စွယ်တော်ဆိုတာ အလွန်ဖွေးဖြူတဲ့ စွယ်တော်တဲ့။ သုသုက္ကဒါဌာဆိုတာ ဒါ သုံးဆယ့်နှစ်ခုမြောက် မြတ်စွာဘုရားရဲ့ ပါရမီပုံရိပ် အမှတ်တံဆိပ်ပဲ၊ သွားတော် လေးဆယ်က အင်မတန်မှ ညီတယ်တဲ့။ ပုလဲလေးတွေ စီထား သလို ညီနေတယ်တဲ့။ ဒါက သုံးဆယ့်တစ်မြောက် ဘုရားရဲ့ ပါရမီပုံရိပ် အမှတ်တံဆိပ်တစ်ခု။ သုသုက္ကဒါဌာ - အလွန့်အလွန် ဖြူဆွတ်နေတဲ့ စွယ်တော် ရှိခြင်းဟာလည်းပဲ ပါရမီပုံရိပ် အမှတ်တံဆိပ် တစ်ခုပဲတဲ့။

ပါရမီကုသိုလ် - အဲဒီလိုသွားတွေက အင်မတန်မှညီညာပြီးတော့ ဖွေးဖြူတဲ့ စွယ်တော်ရှိတာဟာ ဘယ်လိုလုပ်ခဲ့တဲ့ ကောင်းမှုတွေ ရှိလို့တုန်း ဆို လူတွေဆိုတာ ဘဝတစ်ခု ရလာလို့ရှိရင် အသက်မွေး ဝမ်းကြောင်းဆိုတာ လုပ်ကြရတယ်လေ။ အသက်မွေး

စာမျက်နှာ-၂၀၃
ဝမ်းကြောင်း ပြုတဲ့အခါမှာ ဒုစရိုက်နဲ့ အသက်မွေးတာလား၊ သုစရိုက်နဲ့ အသက်မွေးတာလား။ ဒီနှစ်ခု ခွဲခြားရမယ်။ ဒုစရိုက်နဲ့ အသက်မွေးတယ်ဆိုတာ သူများအသက်သတ်ပြီးတော့ ကိုယ့် အသက်မွေးတာလား။ သူများဥစ္စာကို ခိုးပြီးတော့ ကိုယ့်အသက်ကို မွေးတာလား။ သူများသားမယားကို ပြစ်မှားပြီးတော့ ကိုယ့် အသက်ကို မွေးတာလား။ လိမ်ပြောပြီး ကုန်းတိုက်ပြီး ဆဲပြီး သမ္ဖပ္ပလာသတွေပြောပြီးတော့ ကိုယ့်အသက်ကို မွေးတာလား ဆိုလို့ရှိရင် အဲဒါ “မိစ္ဆာဇီဝ” ဖြစ်တယ်ပေါ့နော်။ မိစ္ဆာ+အာဇီဝ။ အဲဒီလို မှားမှားယွင်းယွင်း မှားယွင်းတဲ့ အသက်မွေးမှုတွေနဲ့ မမွေးဘဲနဲ့ ကောင်းရောင်းကောင်းဝယ်ပေါ့ ဒီတရားသဖြင့်ရတဲ့ ပစ္စည်းဥစ္စာတွေနဲ့ အသက်မွေးရမယ်တဲ့။ ။

အဲဒီမှာ မိစ္ဆာအာဇီဝနဲ့ ပတ်သက်ပြီးတော့ စာပေကျမ်းဂန် မှာ ဒီသုတ္တန်မှာပဲ ရေးထားတာရှိတယ်နော်၊ ဘယ်လိုဟာတွေကို မိစ္ဆာဇီဝလို့ ဖော်ထားတုန်းဆို “တုလာကူဋ'တဲ့- ချိန်စဉ်းလဲနဲ့ အသက်မွေးတယ်။ ချိန်စဉ်းလဲဆိုတာ ဘယ်လိုဟာတုန်းဆို အရောင်းအဝယ်လုပ်တဲ့ ပုဂ္ဂိုလ်တွေ အသုံးပြုတဲ့ဟာပဲပေါ့နော်။ ရွှေတွေဘာတွေ ရောင်းဝယ်ရင်လည်း ချိန်ခွင်ပါတာပဲပေါ့။ ငါးပိငါးခြောက်ရောင်းလည်း ချိန်ခွင်က ပါတာပဲပေါ့။ အဲဒီလို ချိန်ခွင်တွေနဲ့ အရောင်းအဝယ်လုပ်တဲ့အခါမှာ ဒီ ချိန်တွယ်တဲ့ အရာ လေးမျိုးရှိတယ်။ တချို့က ဘာတွေလုပ်ထားတတ်တုန်း

စာမျက်နှာ-၂၀၄
ဆိုတော့ ချိန်ခွင်ကို ပုံတူနှစ်ခု လုပ်ထားလေ့ရှိတယ်။ ကြည့် လိုက်ရင် တူနေတာ ချိန်ခွင်က နှစ်ခုတူတယ်။ အဲဒီ တူတဲ့ချိန်ခွင် နှစ်ခုနဲ့ သူက ကြည့်လိုက်ရင် ဖြုန်းကနဲ မသိသာဘူး။ သို့သော်လည်း အသေးအကြီး နည်းနည်းကွာတယ်။ အဲဒါကို လာပြီး တော့ ပစ္စည်းဝယ်တဲ့သူက မသိဘူး။ မသိတဲ့အခါ ချိန်ခွင်ကို ကောက်တဲ့ပြီးတော့ သူက ဝယ်တဲ့အခါကျရင် ချိန်ခွင်အကြီးနဲ့ ချိန်တယ်။ သူက ပေးတဲ့အခါကျရင် ချိန်ခွင်အသေးနဲ့ ပေးတယ်တဲ့။ ဒါလည်း မိစ္ဆာအာဇီဝပဲလို့ ဒီလိုပြောတာနော်။

ဟော နောက်တစ်ခါကျတော့ ဘယ်လိုဟာလုပ်တုန်းဆိုလို့ရှိရင် “အင်္ဂကူဋ”တဲ့။ အင်္ဂကူဋဆိုတာ ချိန်ခွင်မှာ ရှေ့ပိုင်း နောက်ပိုင်း ဒီလိုခွဲထားတယ်။ ရှေ့ပိုင်းနောက်ပိုင်း ခွဲထားတဲ့အခါမှာ သူက ဘာလုပ်တုန်းဆိုရင် လက်ကနေပြီးတော့ အပေး အယူ လုပ်တဲ့အခါမှာ လက်ကစားတယ်။ ကိုယ်ကနေပြီးတော့ ပစ္စည်းယူပြီ ဆိုလို့ရှိရင် သူက များများရဖို့ရာအတွက် ချိန်ခွင် နောက်ပိုင်းကို မသိမသာ ဖိပေးထားတယ်။ ဒါ ကျွမ်းတဲ့လူတော့ ရှိမှာပေါ့နော်။ ဖိထားတဲ့အခါကျတော့ သူက အချိန်ပိုရတယ်။ အဲ သူများကိုပေးပြီ ဆိုတဲ့အခါကျတော့ ရှေ့ပိုင်းကို နှိပ်လိုက်တယ် သူက။ နှိပ်လိုက်တဲ့အခါကျတော့ သူက နည်းနည်းနဲ့ ရသွားပြန်ရော။ ဒါကို ချိန်စဉ်းလဲလို့ ခေါ်တာတဲ့။

စာမျက်နှာ-၂၀၅
နောက်တစ်ခါကျတော့ မြေတွေဘာတွေ အရောင်း အဝယ် လုပ်တဲ့အခါမှာ ကြိုးတိုင်းတဲ့အခါမှာလည်းပဲ အင်မတန်မှ ကျွမ်းကျင်တယ်။ တချို့က ကြိုးတိုင်းတာ အင်မတန်မှ ကျွမ်းကျင်တယ်။ အဲဒီတော့ ကိုယ်က ရောင်းတဲ့မြေဆိုလို့ရှိရင် ကိုယ်က ကြိုးရင်းကို ကိုင်ပေးတယ်။ ကိုယ်က ဝယ်တယ်ဆိုလို့ရှိရင်တဲ့ ကြိုးရင်းက ကိုင်ပေးတယ် သူက။ ကြိုးရင်းကနေ ကိုင်ထားတယ်။ ကိုယ်က ပေးတဲ့ဟာဆိုလို့ရှိရင် ကြိုးဖျားကနေ ကိုင်ထားတယ်။ ကြိုးဖျားကကျတော့ လျော့လို့တင်းလို့ ရတာပေါ့၊ သဘော ကတော့ ကိုယ်ကပေးတာ ဆိုလို့ရှိရင် မြေခိုးတာလို့ ခေါ်တာ ပေါ့နော်။ အဲဒီလို လုပ်တယ်တဲ့။

နောက်တစ်ခု “ပဋိစ္ဆန္နကူဋ -ဖုံးကွယ်ပြီးတော့လုပ်တယ်ဆိုတာ ဘာတုန်းဆိုရင် ချိန်ခွင်ကို မသိမသာ သူက နှစ်ထပ် လုပ်ထားတယ်။ ဘေးကနေကြည့်ရင် မသိသာဘူး။ ခု အဲဒါတော့ မတွေ့ဖူးဘူး။ ဓာတ်ဆီရောင်းတဲ့သူတွေတော့ နှစ်ထပ်လုပ်ထားတယ်လို့ ကြားဖူးတယ်။ အပြင်ဘက်ကနေ ကြည့်ရင်တော့ အပြည့်ကြီးပဲ။ အထဲထည့်လိုက်တဲ့အခါကျတော့ နည်းနည်း လေးပဲ။ ဆီရောင်းတဲ့သူတွေ ရှိတယ်လို့တော့ ကြားဖူးတာပဲ။ ချိန်ခွင်မှာလည်း အဲလို ရှိကောင်းရှိမယ်။

ချိန်ခွင်ကို နှစ်ထပ်လုပ်ထားပြီး အထဲထဲမှာ အင်မတန်မှ လေးတဲ့ သံမှုန့်ကလေးတွေ ထည့်ထားတယ်၊ မသိမသာ သံမှုန့်

စာမျက်နှာ-၂၀၆
တွေ ထည့်ထားတယ်။ တစ်ခုခုထည့်ထားပြီးတော့ အခေါင်း လုပ်ထားပြီးတော့ သံမှုန့်ထည့်ထားတယ်။ ယူလို့ရှိရင် အဲဒါလေးကို လက်နဲ့လှည့်လိုက်တယ်။ ကိုယ်ကယူပြီဆိုလို့ရှိရင် များများရဖို့ အတွက် အဲဒါကို နောက်ကထားလိုက်တယ်။ နောက်က ထားလိုက်တဲ့အခါကျတော့ နောက်က အလေးချိန်စီးတဲ့အခါ ကျတော့ ကိုယ်က ပစ္စည်းများများရတာပေါ့နော်။ အဲ သူများကို ရောင်းပြီဆိုလို့ရှိရင် အဲဒါကို မသိမသာ ရှေ့ဘက်လှည့်ထားတယ်။ ရှေ့ဘက်လှည့်လိုက်တဲ့အခါ သံမှုန့်ရဲ့ အလေးချိန်၊ ပစ္စည်း ရဲ့ အလေးချိန်ရောဆိုတော့ ဟိုလူက နည်းနည်းပဲ ရတာပေါ့။ အဲဒီလို လိမ္မာကျွမ်းကျင်စွာ လှည့်ပြီးတော့ ယူတာမျိုးတွေတဲ့။ အဲဒါမျိုးကို ပဋိစ္ဆန္နကူဋလို့ ခေါ်တယ်။

ငယ်ငယ်တုန်းက ကြားဖူးတယ်၊ စပါးချင်တာ အင်မတန်မှ တော်တဲ့လူတစ်ယောက် ရှိတယ်နော်။ စပါးချင်ရင် ကိုယ်က ပေးလို့ရှိရင် အမြဲတမ်း သူက အမြတ်ရတယ်။ စပါးချင်တာ ကြည့်လိုက်လို့ရှိရင် သူက မြန်မြန်ထည့်ပြီး မြန်မြန် တိုက်ချ လိုက်တာ၊ တိုက်ချလိုက်တဲ့အခါကျတော့ ဟို ကိုယ်ကယူပြီ ဆိုလို့ရှိရင် အဲလိုမဟုတ်ဘူး။ စပါးကို ဖြည်းဖြည်းလောင်းတယ်။ ဖြည်းဖြည်းလောင်းတဲ့အခါကျတော့ မဟာတော့ဘူး။ မြန်မြန်ကြီး လောင်းချတဲ့အခါ သူက ဟာသွားတယ်နော်။ အဲဒီလို လုပ်ပုံ ကိုင်ပုံလေးနဲ့တင်ပဲ သူက စပါးကတင်းပေါင်းများစွာ ရောင်းတဲ့

စာမျက်နှာ-၂၀၇
အခါ တစ်တင်းနှစ်တင်း ကွာသွားတယ်တဲ့။ အဲလို ကျွမ်းကျင်တဲ့ လူကလည်း ရှိသေးတယ်။ အဲဒါမျိုးကို ကူ-ကောက်ကျစ်စဉ်းလဲတယ်လို့ ဒီလိုဆိုလိုတာ။

အဲလို ကောက်ကျစ်စဉ်းလဲတဲ့နည်းနဲ့ အသက်မွေးမယ် ဆိုလို့ရှိရင် ဒါ မိစ္ဆာဇီဝနဲ့ အသက်မွေးတာလို့ ပြောတာ။ နောက် တစ်ခါ “ကံသကူ'ဆိုတာကျတော့ ရွှေခွက်ကို အတုလုပ်ပြီးတော့ အရောင်းအဝယ် လုပ်တာတဲ့။ ရွှေခွက် အစစ်တစ်ခွက် လုပ်ထား ပြီးတော့ အတုကို လေးငါးဆယ်ခွက်လုပ်ထားတယ်။ လုပ်ထားပြီး တော့ လှည့်လည်ရောင်းတဲ့အခါ ပြတော့အစစ်။ ပေးလိုက်တော့ အတုကို ပေးထားလိုက်တယ်။ ဈေးက အတူတူပဲနော်။ အဲဒီ တော့ အစစ်ဆေးခံတုန်းကတော့ အစစ်နဲ့ အစစ်ဆေးခံလိုက်တယ်။ မှတ်ကျောက်နဲ့တင်ကြည့်လိုက်တဲ့အခါကျတော့ ရွှေသား အစစ်ပဲ။ ကျန်တဲ့အတုတွေကလည်းပဲ အစစ်ထဲရောပြီးတော့ ပါသွားတယ်။ အဲဒါမျိုး အသက်မွေးလို့ရှိရင်လည်းပဲ ဒါက မကောင်းတဲ့နည်းနဲ့ အသက်မွေးတာလို့ မိစ္ဆာအာဇီဝထဲမှာ ဒီလိုပြောတယ်။

နောက်ထဲမှာ နိကတိတို့ဝနတို့ လှည့်စားပြီး အသက်မွေး တာတို့၊ လုယက်တိုက်ခိုက်ပြီး အသက်မွေးတာတို့ ရှိသေးတယ်။ အဲဒီတော့ လှည့်စားတဲ့နည်းကလည်းပဲ ပညာသား အင်မတန်မှ ပါတယ်။ လှည့်စားပုံ လှည့်စားနည်းလေးက လူတစ်ဖက်သားကို

စာမျက်နှာ-၂၀၈
မျက်စေ့လည်သွားအောင် ဂဏန်းကျွမ်းတဲ့လူတွေက ဒါ လှည့် တတ်တယ်။ ဂဏန်းကျွမ်းတဲ့လူတွေ လှည့်တတ်တယ်။ သို့မဟုတ် အပြောကောင်းတဲ့လူတွေက လှည့်စားသွားတတ်တယ်။

အဋ္ဌကထာထဲမှာ ပြထားတဲ့ ပုံဝတ္ထုလေးတစ်ခုကတော့ လှည့်စားပြီး အသက်မွေးတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ သူက ဘာလုပ်တုန်းဆိုတော့ တောက မုဆိုးတစ်ယောက်က သမင် နှစ်ကောင် ဖမ်းလာတယ်။ တစ်ကောင်က အကြီး၊ တစ်ကောင်က အငယ်။ အဲဒီတော့ ဖမ်းလာတဲ့အခါမှာ မြို့ကဈေးကို တက် ရောင်းတော့ လူလည်တစ်ယောက်က အဲဒါတွေ့တဲ့အခါ ကျတော့ သူဘာလုပ်တုန်းဆိုရင် သမင်အသေးကို သူကယူလိုက်တယ်။ ဝယ်လိုက်တယ်၊ တစ်ကျပ်ပေးပြီးတော့ ဝယ်လိုက်တယ်။ ဝယ်ချင်တာက အကြီးကောင်ကို ဝယ်ချင်တာ။ ဒါပေမယ့် သူ့ အကြံဉာဏ်နဲ့သူက အငယ်ကောင်ကို ဝယ်လိုက်တယ်။ ဝယ်ပြီးတဲ့အခါကျတော့ အတော်လေးသွားပြီး ပြန်လှည့်လာတယ်။ “နေပါဦး နေပါဦးဗျို့၊ သမင်အကြီးပဲ လိုချင်တယ်။ အငယ် မလိုချင်ဘူး၊ အကြီးပဲပေးပါ” လို့ဆိုတော့ ဟိုလူကပြောတယ်။ အင်မတန်မှ ရိုးတာကိုး တောကလူက။ အဲဒီတော့ “အကြီး လိုချင်ရင် ခင်ဗျား နှစ်ကျပ်ပေးရမယ်”တဲ့။ သူကပြောတာ အကြီးကောင်ကနှစ်ကျပ်၊ အငယ်ကောင်က တစ်ကျပ်။ အကြီး ကောင် လိုချင်ရင် နှစ်ကျပ်ပေးပါလို့ပြောတော့ သူက ဘာပြော

စာမျက်နှာ-၂၀၉
တုန်း။ “ခင်ဗျား စဉ်းစားနော်တဲ့။ ကျုပ်က တစ်ကျပ် ပေးပြီးသား နော်တဲ့။ ဟုတ်တယ်လေတဲ့ ကျုပ်က တစ်ကျပ်ပေးပြီးသား။ အခု ဒီအကောင်လေးက တစ်ကျပ်တန်တယ်မို့လားတဲ့။ ကျုပ် ပထမ တုန်းက တစ်ကျပ်ပေးထားတာ တစ်ကျပ်။ ဒီအကောင်လေးက တစ်ကျပ်တန်တော့ ရော့ ခင်ဗျား နှစ်ကျပ် ပြည့်ပြီ။ ပေး အကြီး” ဆိုပြီးတော့ ယူသွားလေတယ်။ ဟိုလူကလည်း အင်း ဟုတ် လောက်တယ်ဆိုပြီးတော့ အလိမ်ခံလိုက်ရတာ။ ဒါရှေးတုန်းက လိမ်နည်း။

အခုခေတ် မော်ဒန်ကျတော့ ဒီထက်ပိုပြီးတော့ အကင်း ပါးတယ်နော်။ မော်ဒန်ကျတော့ ဒီထက်များပြားလာတယ်။ အဲဒီတော့ စာထဲပါတဲ့ လိမ်နည်းကတော့ ဒီတစ်ခုပဲပြထားတယ်။

အေး ဒါကြောင့်မို့လို့ ပါရမီပုံရိပ် အမှတ်တံဆိပ်ဆိုတာ မကောင်းတဲ့နည်းတွေနဲ့ အသက်မွေးမှုက ရှောင်ကြဉ်တယ်။ ပီပီပြင်ပြင် စွဲစွဲမြဲမြဲနဲ့ ကုသိုလ်ကောင်းမှုတွေကို ကောင်းတဲ့ဘက်က ရပ်တည် ပြီးတော့ အသက်မွေးဝမ်းကြောင်း လုပ်ပြီးတော့ ပါရမီကုသိုလ် တွေကို ဆည်းပူးအားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ ထူးခြားတဲ့ ပါရမီ ပုံရိပ် အမှတ်တံဆိပ်တွေ ရရှိနိုင်ပါတယ်။ "

အားလုံးပေါင်းလိုက်တဲ့အခါကျတော့ သုံးဆယ်နှစ်မျိုး။ အဲဒီ သုံးဆယ့်နှစ်မျိုးကို အကျဉ်းချုပ်ပြီး ပြောမယ်ဆိုရင် (၁) ပါဏာတိပါတက ရှောင်လို့ရတဲ့ ကုသိုလ်ရှိတယ်။ (၂) မုသာ

စာမျက်နှာ-၂၁၀
ဝါဒက ရှောင်လို့ရတဲ့ ပါရမီပုံရိပ် အမှတ်တံဆိပ်၊ (၃) ပိသုဏ ဝါစာတို့ ဖရုသဝါစာတို့ သမ္မပ္ပလာပတို့က ရှောင်လို့ရတဲ့ ပါရမီ ပုံရိပ် အမှတ်တံဆိပ်တွေ၊ (၄) မိစ္ဆာအာဇီဝက ရှောင်လို့ရတဲ့ ပါရမီပုံရိပ် အမှတ်တံဆိပ်တွေ၊ (၅) ဒုစရိုက်တွေအနေနဲ့ ပြောမယ်ဆိုရင် ဒီဒုစရိုက်တွေက ရှောင်လို့ရတဲ့ ပါရမီပုံရိပ် အမှတ်တံဆိပ်က တစ်ဆယ့်ခြောက်ခု (၆) ကျန်တာတွေကတော့ ကုသိုလ်ကောင်းမှုကို ပြုလုပ်ခြင်းဖြင့် ရရှိလာတဲ့ ပါရမီပုံရိပ် အမှတ်တံဆိပ်တွေပဲ။

ဒါကြောင့်မို့ ဒုစရိုက်တွေ ရှောင်မှုဟာ အင်မတန်မှ အရေး ကြီးတယ်။ ပါရမီကုသိုလ်ဖြစ်ဖို့အတွက် ပါဏာတိပါတ စတဲ့ ဒုစရိုက်တွေက ရှောင်ကြဉ်ခြင်းဟာ ဒါက အင်မတန်မှထူးခြားတဲ့ ကုသိုလ်တစ်မျိုးဖြစ်တယ်ဆိုတာကို သဘောကျပြီးတော့ ဗုဒ္ဓ မြတ်စွာ ဟောကြားတော်မူခဲ့တဲ့ လက္ခဏသုတ္တန်ဒေသနာ လာတဲ့ အတိုင်း ပါရမီပုံရိပ် အမှတ်တံဆိပ်များ မိမိတို့သန္တာန်မှာ ရရှိစေ နိုင်တဲ့ ပါရမီကုသိုလ်များကို ဆည်းပူးပြုလုပ် အားထုတ်နိုင်ကြ ပါစေကုန်သတည်း။

သာဓု .. သာဓု .. သာဓု
5ci8j0kn6w6h6t6kwoc2gpxren0k3ll
22173
22172
2026-06-16T03:43:38Z

6svncf1ajutpqkzv45ussrigwsspzi6