ဝီကီရင်းမြစ် mywikisource https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC MediaWiki 1.47.0-wmf.7 first-letter မီဒီယာ အထူး ဆွေးနွေးချက် အသုံးပြုသူ အသုံးပြုသူ ဆွေးနွေးချက် ဝီကီရင်းမြစ် ဝီကီရင်းမြစ် ဆွေးနွေးချက် ဖိုင် ဖိုင် ဆွေးနွေးချက် မီဒီယာဝီကီ မီဒီယာဝီကီ ဆွေးနွေးချက် တမ်းပလိတ် တမ်းပလိတ် ဆွေးနွေးချက် အကူအညီ အကူအညီ ဆွေးနွေးချက် ကဏ္ဍ ကဏ္ဍ ဆွေးနွေးချက် မုခ်ဝ မုခ်ဝ ဆွေးနွေးချက် စာရေးသူ စာရေးသူ ဆွေးနွေးချက် ဘာသာပြန် ဘာသာပြန် ဆွေးနွေးချက် စာမျက်နှာ စာမျက်နှာ ဆွေးနွေးချက် အညွှန်း အညွှန်း ဆွေးနွေးချက် TimedText TimedText talk မော်ဂျူး မော်ဂျူး ဆွေးနွေးချက် Event Event talk ပိယတော ဇာယတေ သောကော 0 6377 22174 2026-06-16T22:56:42Z Tejinda 173 "{{header | title = ပိယတော ဇာယတေ သောကော | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ပါရမီပုံရိ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22174 wikitext text/x-wiki {{header | title = ပိယတော ဇာယတေ သောကော | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ပါရမီပုံရိပ် အမှတ်တံဆိပ်များ]] | previous2 = | next = [[ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

ပိယတော ဇာယတေ သောကော
မှတ်တမ်း
သာသနာတော်နှစ်-၂၅၅၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁၂) ရက်၊ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၉) ရပ်ကွက်၊ သူရလမ်း၊ ဓမ္မပီတိ တရားပွဲဖြစ်မြောက်ရေးမိသားစု ဓမ္မသဘင် အခမ်းအနားဝယ် ဟောကြားအပ်သော “ပိယတော ဇာယတေ သောကော” တရားဒေသနာတော်။

“ပိယတော ဇာယတေ သောကော” ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ နှုတ်ထဲမှာ ဗုဒ္ဓမြတ်စွာ ဒေသနာတော် တစ်ပုဒ်ဟာ နှုတ်တက်ပြီးသား ဖြစ်နေကြပါလိမ့်မယ်။ “ပိယတော ဇာယတေ သောကော- ချစ်ခင်ခြင်းကြောင့် သောကဆိုတာဖြစ်ရတယ်” မြတ်စွာဘုရား
စာမျက်နှာ-၂
သခင် ကိုယ်တော်မြတ်က သဘာဝတရား ရှုထောင့်ကနေပြီး ဟောကြားခဲ့တဲ့ ဒေသနာတော်တစ်ပုဒ်ဖြစ်တယ်။ လောကစကားနဲ့ပြောမယ်ဆိုရင် ဒါ philosophy လို့ ပြောချင်လဲပြောပေါ့။ အတွေးအမြင်တစ်ရပ် ဖြစ်တယ်။ သောကဆိုတာ ဘယ်ကဖြစ်လာသလဲ၊ သောကဆိုတာ ဘာကြောင့်ဖြစ်လာသလဲ၊ ဘာကိုမြစ်ဖျားခံပြီး ဖြစ်လာသလဲဆိုရင် ပိယလို့ခေါ်တဲ့ မိမိရဲ့ စိတ်နှလုံးကို ယူကျုံးနှစ်သက်စေတတ်တဲ့ ပုဂ္ဂိုလ်သတ္တဝါကိုပဲဖြစ်စေ၊ မိမိမြတ်နိုးတဲ့ အရာဝတ္ထုကိုပဲဖြစ်စေ မြစ်ဖျားခံပြီး ဖြစ်လာတာ။ မိမိမြတ်နိုးတဲ့ သတ္တဝါ၊ မိမိမြတ်နိုးတဲ့ အရာဝတ္ထု အားလုံးခြုံပြီး “သတ္တသင်္ခါရ” ဆိုတဲ့ စကားလုံးကို စာပေမှာသုံးတယ်။ မိမိမြတ်နိုးတဲ့ သတ္တဝါ သင်္ခါရဆိုတာ အရာဝတ္ထုတွေအားလုံးကို ရည်ညွှန်းလိုက်တာ။ မိမိစိတ်ထဲမှာ ကျေနပ်နှစ်သက်ပြီးတော့ မြတ်နိုးစရာလို့ သတ်မှတ်ထားတဲ့ သတ္တဝါ သင်္ခါရဟာ သောကကိုဖြစ်ပေါ်စေတတ်တယ်။ ပိယဆိုတာ သောက ဖြစ်ပေါ်လာစေခြင်းရဲ့ အကြောင်းတရားထဲက အာရုံ
စာမျက်နှာ-၃
တစ်မျိုးကို ရည်ညွှန်းတာဖြစ်တယ်။ သို့သော် ဒီနေရာမှာ ပိယ-မိမိမြတ်နိုးအပ်တဲ့အရာသည် သောကကို ဖြစ်စေတယ်လို့ဆိုတော့ မြတ်နိုးအပ်တဲ့အရာဟာ သက်ရှိသတ္တဝါသော်လည်းဖြစ်မယ်၊ သက်မဲ့ အရာဝတ္ထုလည်း ဖြစ်နိုင်တယ်ပေါ့။

သို့သော် မြတ်နိုးအပ်တဲ့အရာ၊ မြတ်နိုးအပ်တဲ့ ပုဂ္ဂိုလ်က မိမိကို သောကဖြစ်စေတာလားဆိုရင် တိုက်ရိုက်အားဖြင့်တော့ မဟုတ်ဘူး။ တကယ်သောကကို ဖြစ်စေတတ်တာက ထိုပစ္စည်းဝတ္ထုကို မြတ်နိုးတဲ့ တွယ်တာတဲ့တဏှာ၊ ပိယပုဂ္ဂိုလ်အပေါ်မှာ ချစ်ခင်တွယ်တာတဲ့တဏှာ။ အဲဒီ အတွယ်အတာတဏှာကသာလျှင် သောကကို ဖြစ်စေတယ်။

မြတ်စွာဘုရားရဲ့ အဆုံးအမတော်ဟာ ဘယ်နေရာပဲဖြစ်ဖြစ် တညီတည်း၊ တစ်ထပ်တည်း ရှိတယ်ပေါ့။ ပိယဆိုတာ အရာဝတ္ထုနဲ့ ပုဂ္ဂိုလ်သတ္တဝါကို ရည်ညွှန်းပေမယ့် အဲဒီအရာဝတ္ထုနဲ့ ပုဂ္ဂိုလ်သတ္တဝါပေါ်မှာ အစွဲပြုပြီးနေတဲ့ တဏှာရာဂဆိုတဲ့ သဘာဝ
စာမျက်နှာ-၄
တရားကသာလျှင် သောကကို ဖြစ်စေတတ်တယ်။ ဒုက္ခသမုဒယဟာ တဏှာဆိုတာ အားလုံးသိပြီးသားပါ။

လောကမှာရှိတဲ့ ဒုက္ခအားလုံးကို ဖြစ်ပေါ်စေတာ တဏှာပဲ။ အေး- ဒါကြောင့်မို့လို့ “ပိယတော ဇာယတေ သောကော” ဆိုတဲ့နေရာမှာ တိုက်ရိုက်အဓိပ္ပာယ်အားဖြင့် မိမိမြတ်နိုးအပ်တဲ့ အရာဝတ္ထု၊ မြတ်နိုးအပ်တဲ့ပုဂ္ဂိုလ်အပေါ်မှာ တွယ်တာစွဲလမ်းမှုဆိုတဲ့ တဏှာသည် လူတွေရဲ့ သန္တာန်မှာ ရင်တွင်းပူလောင်မှုလို့ဆိုတဲ့ သောကကို ဖြစ်စေတယ်။ သောကဆိုတာ တရားကိုယ်ကောက်လိုက်တဲ့အခါ ဒေါသနဲ့ယှဉ်တွဲလာတဲ့ “ဝမ်းနည်းကြေကွဲတဲ့ ခံစားမှုတစ်ခု” ကို ပြောတာ။ သောကဟာ သာမန်အားဖြင့် တဏှာရှိတိုင်း သောကဖြစ်သလားလို့ဆိုရင် မဟုတ်ဘူး၊ မိမိအနေနဲ့ ပိယဝတ္ထု၊ ပိယပုဂ္ဂိုလ် ဆုံးရှုံးတော့မယ်ဆိုတဲ့ အနေအထားရောက်နေတယ်၊ သို့မဟုတ် ဆုံးရှုံးသွားပြီဆိုလို့ရှိရင် သောကကို ဖြစ်ပေါ်စေတတ်တယ်ပေါ့။
စာမျက်နှာ-၅
ဒါဖြင့် ပိယက သောကကိုသာ ဖြစ်စေတာလားလို့ဆိုတော့ မြတ်စွာဘုရားက အဆုံးသတ်အမြင့်ဆုံးအဆင့်ကို ရည်ညွှန်းပြီး ဟောကြားတာဖြစ်တယ်။ “ပိယရှိသူတိုင်းဟာ သောကနဲ့မကင်းနိုင်ဘူး” ပိယလို့ဆိုတဲ့ ချစ်ခင်မြတ်နိုးတယ်ဆိုတဲ့ အရာဝတ္ထုရှိတယ်ဆိုကတည်းကိုက၊ ပုဂ္ဂိုလ်သတ္တဝါရှိတယ်ဆိုကတည်းက ထိုပုဂ္ဂိုလ်မှာ အတွယ်အတာ တဏှာရာဂ ရှိတယ်လို့ ပြောတာ။ အဲဒီအတွယ်အတာ “တဏှာရာဂသည် သောကကို မွေးဖွားပေးနိုင်တယ်” လို့ဟောတာ။ အဲဒီတော့ မြတ်စွာဘုရား ဟောတော်မူတဲ့ တရားတော်တွေမှာ တိုက်ရိုက်သိရတဲ့ အဓိပ္ပာယ်တွေရှိသလို တစ်ခါတစ်ရံကျတော့ သွယ်ဝိုက်ပြီးယူရတဲ့ အဓိပ္ပာယ်တွေရှိတယ်။

တိုက်ရိုက်သိရတဲ့ အဓိပ္ပာယ်က “တဏှာယ ဇာယတေ သောကော” ဆိုရင် ဒါတိုက်ရိုက်သိရတဲ့ အဓိပ္ပာယ်တစ်ခုပဲ။ တဏှာကြောင့် သောကဖြစ်တယ်။ “ပိယတော ဇာယတေ သောကော” ဆိုတာ တစ်ဆင့်ခံ
စာမျက်နှာ-၆
အနေနဲ့ပြောတာ၊ ပိယပုဂ္ဂိုလ်၊ ပိယပစ္စည်းဝတ္ထု ရှိသည့်အတွက်ကြောင့် တဏှာရှိတယ်၊ တဏှာရှိလို့ သောကဆိုတာဖြစ်တယ်လို့ ဒီလိုဆိုလိုတာပေါ့။

ဒါက မရှောင်လွှဲနိုင်တဲ့ အကြောင်းတရားတစ်ခုပဲ။ သောကသည် ပိယအပေါ်မှာ အခြေခံတဲ့ တဏှာရာဂက စတင်လာတာပဲ၊ တဏှာရာဂရှိလို့ သောကရှိရတယ်။ ဒီစကားကို လောကမှာရှိတဲ့ လူသားတွေအားလုံး လက်ခံသလားလို့ဆိုရင် လက်မခံဘူး။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေကတော့ ဘုရားတရားတော်တွေနဲ့ ရင်းနှီးပြီးသားဖြစ်သည့်အတွက်ကြောင့် အလွယ်တကူ လက်ခံကြလိမ့်မယ်။ သို့သော် ဒီစကားကို လက်မခံနိုင်သူတွေလည်း အများကြီးရှိတယ်၊ သာမန်အတွေးအားဖြင့်တွေးမယ်ဆိုရင် လောကမှာ နှစ်သက်မြတ်နိုးစရာ အာရုံတွေကိုကြည့်ပြီးတော့ လူတွေဟာ ပျော်နေတဲ့အခါတွေရော မရှိဘူးလား၊ ရှိတယ်။ မိမိနဲ့ ချစ်သူခင်သူတွေနဲ့ တွဲပြီးတော့ ပျော်မြူးနေကြတဲ့
စာမျက်နှာ-၇
ပုဂ္ဂိုလ်တွေ လောကမှာ အများကြီးရှိတာပဲ၊ မရှိဘူးလား၊ ရှိတယ်။

မိဘတွေဆိုလို့ရှိရင် ချစ်မြတ်နိုးတဲ့ သားလိမ္မာ သမီးလိမ္မာလေးတွေရှိရင် သားလိမ္မာ သမီးလိမ္မာလေးတွေကိုကြည့်ပြီး ပီတိသောမနဿတွေ၊ သုခတွေ မဖြစ်ကြပေဘူးလား။ မိဘတွေရဲ့ နှလုံးသားဟာ “သားတို့ ရုပ်ရည် သီတာမည်သား” ဆိုတဲ့ စာချိုးအတိုင်းပဲ၊ သားသမီးလေးကြည့်လိုက်လို့ရှိရင် မိဘတွေဟာ ဘယ်လောက်ပင်ပန်းပင်ပန်း သူတို့ရင်ထဲမှာ ငြိမ်းချမ်းသွားတယ်။ အဲဒါဘာကြောင့်လဲ၊ သားသမီးရဲ့အပေါ်မှာ ချစ်တဲ့အချစ်ကနေပြီး ထုတ်လုပ်ပေးလိုက်တာ သောကမဟုတ်ဘူး၊ ဘာတွေထုတ်ပေးနေတုန်း၊ ချမ်းသာမှုတွေ၊ ဝမ်းသာမှုတွေ၊ ကြည်နူးမှုတွေကို ထုတ်ပေးတာ။

အဲဒီအဆင့်အနေနဲ့ ဟုတ်တယ်၊ မှန်တယ်။ ဒါကြောင့်မို့လို့ “ပိယတော ဇာယတေ သောကော” ဆိုတဲ့အဆင့်ကို ကျော်မြင်ဖို့ဆိုတာ အင်မတန်မှ နက်နဲတယ်။ အများပုဂ္ဂိုလ်တွေက ဘာကိုလက်ခံတုန်းဆိုရင်
စာမျက်နှာ-၈
“ချစ်ခင်ခြင်းကြောင့် ကျေနပ်အားရ နှစ်သက်ပျော်ရွှင်မှုကိုရတယ်” ဆိုတာကိုသာ လက်ခံချင်ကြတယ်။ ချစ်ခင်ခြင်းကြောင့် သောကဖြစ်တယ်ဆိုတာ လူတိုင်းမမြင်ဘူးနော်။ လူတိုင်းမြင်တာမဟုတ်ဘူး။ “ချစ်ခင်မှုသည် ပျော်ရွှင်မှုကိုပေးတယ်” လို့ပဲ ဒီလိုပဲပြောကြတယ်။ ဒါကြောင့်မို့ အနောက်တိုင်းက လူတွေလည်း ရေးကြတယ်လေ။ အချစ်မရှိတဲ့လောက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ဟုတ်ကဲ့လား။ လူ့လောကမှာ ချစ်ခင်မှု၊ တွယ်တာမှု၊ နှစ်သက်မြတ်နိုးမှုနဲ့ လူတွေဟာ လူ့ဘဝမှာ နေကြထိုင်ကြတယ်။ အဲဒီလို နေကြထိုင်ကြတာတွေကို အကြောင်းပြုပြီးတော့ ဒီလိုအဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ “ပိယတော ဇာယတေ သောကော” ဆိုတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဟောပြောချက် အတွေးအခေါ်တစ်ရပ်ကို လက်ခံကောင်းမှလက်ခံမယ်။ အခုမှ လက်မခံတာမဟုတ်ဘူး၊ ရှေးတုန်းကလည်း လက်မခံခဲ့တာ ရှိခဲ့တယ်ပေါ့။
စာမျက်နှာ-၉
အဲဒီမှာ “ပိယ” ဆိုတဲ့ သဘောတရားကို အရင်ကြည့်ရအောင်။ ပိယဆိုတာ မိမိမြတ်နိုးတဲ့ အရာဝတ္ထုလေးတစ်ခုပဲ။ အဲဒါကို အသုံးပြုနေရရင် ပျော်ရွှင်ချမ်းမြေ့တယ်။ ဥပမာမယ်- ပန်းကလေးနှစ်သက်တဲ့ ပုဂ္ဂိုလ်က ထိုပန်းပွင့်လေးတွေ ပန်းအိုးလေးတွေ မိမိအနားမှာ ရှိနေလို့ရှိရင် ပျော်ရွှင်ချမ်းမြေ့မှုကိုရတယ်၊ လူ့အသုံးအဆောင်တွေထဲကလည်း ကိုယ်ကြိုက်နှစ်သက်တဲ့ အသုံးအဆောင်တွေ ကိုယ့်ဆီမှာရှိနေမယ်ဆိုရင် ဒါလေးကို တကြည့်ကြည့် တသသနဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို ရကြတယ်။

ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ ပြောမယ်ဆိုရင် တိရစ္ဆာန်ချစ်တတ်တဲ့ ပုဂ္ဂိုလ်ကိုကြည့်၊ ခွေးလေးတွေ ကြောင်လေးတွေ အိမ်မှာမွေးထား၊ ထိုခွေးလေးတွေ ကြောင်ကလေးတွေနဲ့ ကိုင်တွယ်ရ အတူတကွ နေရတယ်ဆိုရင် ကျေနပ်ပျော်ရွှင်နေတယ်၊ ကျေနပ်နေတယ်။ လူပုဂ္ဂိုလ်ဆိုလည်း ထို့အတူပဲ။ စိတ်ထဲမှာ မြင်နေရ၊ ကြားနေရ တွေးနေရလို့ရှိရင် စိတ်ရဲ့ကြည်နူးမှုကို ရနေတာပဲ။ အဲဒီ
စာမျက်နှာ-၁၀
ပိယလို့ဆိုတဲ့ အရာဝတ္ထု၊ ပုဂ္ဂိုလ်၊ သတ္တဝါကို အကြောင်းပြုပြီး စိတ်ထဲမှာ ကြည်နူးမှုဆိုတာ ဖြစ်ပေါ်လာတဲ့အခါ ထိုကြည်နူးမှုကို ကြိုက်နှစ်သက်တဲ့ တွယ်တာစွဲလန်းမှုဆိုတဲ့ တဏှာဆိုတာ လာတယ်။

အဲဒီကြိုက်နှစ်သက်တဲ့ တွယ်တာစွဲလန်းမှုဆိုတဲ့ တဏှာ လာပြီဆိုတာနဲ့ သောကဖြစ်ဖို့ အခြေအနေတစ်ခုကို တာစူနေပြီ။ မိမိချစ်ခင်အပ်တဲ့၊ မြတ်နိုးအပ်တဲ့ ပစ္စည်းဝတ္ထုဆိုတာ ထာဝရရှိနိုင်ပါ့မလား၊ မရှိနိုင်ဘူး။ ချစ်ခင်မြတ်နိုးအပ်တဲ့ ပုဂ္ဂိုလ်ဆိုတာလည်းပဲ ကိုယ့်အလိုကျအတိုင်း ထာဝရရှိနိုင်ပါ့မလား၊ မရှိနိုင်ဘူး။ မရှိလို့ တစ်စုံတစ်ခု အပြောင်းအလဲဖြစ်သွားပြီဆိုရင် သောကဝင်လာတော့တာပဲ။

မပြောင်းလဲခင်က ဘာတွေတွက်ထားတုန်းဆိုရင် “ဧတံ မမ” ဒါငါ့ဟာ၊ ငါပိုင်တယ်၊ ငါ့ပစ္စည်း၊ ငါ့သား၊ ငါ့သမီး စသဖြင့် တွယ်တာမှုလေးတွေ မရှိဘူးလား၊ အဲဒီတွယ်တာမှုလေးတွေဟာ ပြောင်းလွဲသွားပြီ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီအချိန်မှာ သောကလာပြီ။
စာမျက်နှာ-၁၁
အကယ်၍သာ ဒီအတိုင်းရှိနေမယ်ဆိုလို့ရှိရင် သောကလာဦးမှာမဟုတ်သေးဘူး။

ဒါကြောင့်မို့ သောကဟာ “ဉာတိဗျသန” မိမိချစ်ခင်တဲ့ ဆွေတွေမျိုးတွေ ဒါတွေပျက်စီးတော့မယ်ဆိုတဲ့ အနေအထားရှိရင် စိုးရိမ်ရတယ်။ ပျက်စီးသွားပြီဆိုလို့ရှိရင်လည်းပဲ စိုးရိမ်သောက ရောက်ကြတယ်။ အဲဒါတွေဟာ အနီးကပ်အကြောင်းတရားတွေပဲ။ ရင်တွင်းမဆံ့ ပူလောင်တဲ့ သောကဖြစ်ရတယ်၊ အားလုံးကြားဖူးကြတဲ့အထဲမယ် ပဋာစာရီရဲ့ သောကဟာ အပြင်းထန်ဆုံးလို့ ဒီလိုပြောရမယ်။ ပဋာစာရီဟာ အားလုံးသိကြတဲ့အတိုင်း နံပါတ် (၁) အားကိုးတကြီးရှိရတဲ့ လင်ယောက်ျား ဆုံးသွားတယ်၊ တောကြီးမျက်မည်းမှာ ဆုံးသွားတဲ့အတွက် အားကိုးရာမရှိဘူး၊ လူမမယ် သားကလေးနှစ်ယောက်နဲ့ ဒုက္ခရောက်တယ်၊ တွေးကြည့်ပေါ့၊ သူ့ရဲ့ဒုက္ခကို ခံစားကြည့်၊ ဘယ်လောက်ကြီးလဲ။

နောက်တစ်ခု၊ အဖော်ပြုလာတဲ့ သားကလေးနှစ်ယောက်စလုံး တစ်ပြိုင်နက်နီးပါး မိမိမျက်စိအောက်
စာမျက်နှာ-၁၂
မှာ အသက်ပျောက်သွားကြတယ်။ သူ့မြင်ကွင်းက လုံးဝပျောက်ကွယ်သွားကြတယ်။ သူတစ်ယောက်တည်း ကျန်တော့တယ်။ သို့သော် အားကိုးရာလေး ကျန်နေသေးတယ်။ အိမ်မှာ အမေရှိတယ်၊ အဖေရှိတယ်၊ မောင်ကလေးတစ်ယောက်ရှိတယ်။ သူ့စိတ်ထဲက ဒါလေးနဲ့ သူ့စိတ်လေးကို ထိန်းလို့ရသေးတယ်။ နောက်ဆုံးကျတော့ သူအားကိုးမလို့ကြံထားတဲ့ သူ့အမေ၊ သူ့အဖေ၊ သူ့မောင်ကလေးတို့ဆိုတာဟာ တစ်ပြိုင်နက်သေဆုံးသွားကြလို့ မရှိတော့ဘူး။ သူဆုံးရှုံးသွားတာ သူအားကိုးနေတဲ့ လူ (၆) ယောက် တစ်ယောက်မှမရှိတော့ဘူး။ အဲဒီအချိန်မှာ သူ့ရဲ့ “ဒေါမနဿဝေဒနာ” ဟာ ရင်ထဲကို တက်ဆောင့်ပြီးတော့ အင်မတန်ပြင်းထန်တဲ့ သောကကြီးဖြစ်သွားတယ်ပေါ့။ နောက်ဆုံးမှာ “သောကုမ္မတ္တက” သောကကြောင့်ရူးသွားတဲ့ အရူးသည်မဘဝ ရောက်သွားတယ်မလား။

ပဋာစာရီမှာ သူ့ယောက်ျားမှသေတာမဟုတ်ဘူး၊ ဒီပြင်လူတွေရောသေတာ မရှိဘူးလား၊ ရှိတယ်။ သူ့သား
စာမျက်နှာ-၁၃
သူ့သမီးမှသေတာမဟုတ်ဘူး၊ ဒီပြင်လူတွေရော မသေဘူးလား၊ သေတယ်။ သူ့မိဘတွေမှသေတာမဟုတ်ဘူး၊ ဒီပြင်လူတွေလည်း သေတာပဲ။ သို့သော် ဒီပြင်ပုဂ္ဂိုလ်တွေကို သူထည့်ပြီးမစဉ်းစားဘူး၊ ဒီပြင်ပုဂ္ဂိုလ်တွေက သူ့ရဲ့ ပိယပုဂ္ဂိုလ်မဟုတ်ဘူး၊ သူ့ရဲ့ ပိယပုဂ္ဂိုလ်က အဲဒီ (၆) ယောက်ပဲ။ အဲဒီ (၆) ယောက်ကို အားကိုးမလို့ရှိနေတဲ့အချိန်မှာ သူဟာ စိတ်မထိန်းနိုင်ဘဲနဲ့ ဒေါမနဿဝေဒနာ- စိတ်ထဲမှာ ခံစားမှုဟာ ပြင်းထန်လာတဲ့အခါကျတော့ သောကဖြစ်ပြီးတော့ အရူးသည်မဘဝ ရောက်သွားတာ။

ကဲ၊ နောက်တစ်ဝတ္ထု ရှာကြည့်လိုက်။ ဒါလူသိများပြီးသား ဝတ္ထုတွေပဲ။ ဂေါတမီဆိုတဲ့ အမျိုးသမီးလေး၊ ပိန်ပိန်ပါးပါးလေး၊ သူများထက်ပိုပြီးတော့ပိန်လို့ ကိသာလို့ခေါ်တယ်။ ကိသာဂေါတမီ။ နာမည်ဆိုးဆိုးနဲ့ပြောရင်တော့ ပိန်မဂေါတမီ ပေါ့နော်။ ဂေါတမီဆိုတဲ့ ပိန်မ။ ပိန်နေတဲ့ ကလေးမလေး။ မျိုးရိုးက သူဌေးမျိုးဖြစ်ပေမယ့်လို့ ကံမကောင်းအကြောင်းမလှတော့ ပစ္စည်းဥစ္စာ
စာမျက်နှာ-၁၄
တွေ ဆုံးပါးသွားပြီး ဆင်းရဲနွမ်းပါးတဲ့ဘဝ ရောက်သွားတယ်။ သို့သော် သူ့ကုသိုလ်ကံလေးက အရှိန်မကုန်သေးတော့ သူဌေးသားတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ အိန္ဒိယနိုင်ငံရဲ့ ထုံးစံ၊ အမျိုးသမီးတစ်ယောက်ဟာ ကိုယ့်ယောက်ျားပိုင်ဆိုင်တဲ့ ပစ္စည်းတိုင်း ပိုင်ဆိုင်ခွင့်မရှိဘူး။ အမျိုးသမီးတွေက အိမ်ထောင်ပြုချင်တယ်ဆိုလို့ရှိရင် ဒီကနေ့အထိ အိန္ဒိယမှာ “ဒေါင်ရီ” ဆိုတဲ့ စနစ်ရှိတယ်။ မြန်မာပြည်နဲ့ စနစ်ချင်းမတူဘူး။ “ဒေါင်” ဆိုတာ အမျိုးသမီးကနေပြီးတော့ အမျိုးသားတစ်ယောက်ကို အိမ်ထောင်ပြုတယ်ဆိုရင် ပေးရတဲ့ ဥစ္စာဓနဖြစ်တယ်။ ပိုက်ဆံတတ်နိုင်မှ အိမ်ထောင်ပြုလို့ရတယ်။ သူတို့ခေတ်ကနော်။ အဲဒီအမျိုးသမီးဟာ သားသမီးမထွန်းကားဘူးဆိုလို့ရှိရင်လည်း ဒီပစ္စည်းတွေ ပိုင်ဆိုင်ခွင့်မရှိဘူး။ သားသမီးထွန်းကားမှ ပိုင်ဆိုင်ခွင့်ရှိတယ်။

ဒီလို ဂေါတမီဟာ ဆင်းရဲသူမဘဝရောက်ပြီး သူဌေးသားတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်၊ ကံကောင်းလို့ သူက သားကလေးတစ်ယောက်ရလာတယ်။
စာမျက်နှာ-၁၅
ဘယ်လောက်အားကိုးစရာကောင်းလဲ၊ ဒီသားကလေးတစ်ယောက်ရထားတာ သူ့ဘဝအတွက် လုံခြုံတယ်၊ မြန်မာပြည်နဲ့ မတူဘူးနော်။ သူ့ဘဝအတွက် သားကလေးရထားလို့ရှိရင် ကျန်တဲ့ပစ္စည်းတွေ သားကလေးက ပိုင်ဆိုင်ခွင့်ရှိသည့်အတွက်ကြောင့် သားကလေးကိုမှီပြီး သူဟာ ဘဝမရပ်တည်နိုင်ပေဘူးလား။

ကဲ- သားကလေးအပေါ်မှာ သားအဖြစ်ချစ်တာကတစ်မျိုး၊ ဘဝအတွက် အားကိုးရတာကတစ်မျိုး၊ နှစ်မျိုးမရှိပေဘူးလား။ အေး- သားကလေးက ဘဝအတွက်လည်းပဲ အားကိုးရတယ်၊ ချစ်မြတ်နိုးရတာကတစ်ခု၊ အားကိုးရတာကတစ်ခု။ အဲဒီလို တယုတယနေရတဲ့ သားကလေး သူ့မြင်ကွင်းက ပျောက်သွားတယ်၊ သေဆုံးသွားတယ်။ သူလည်းပဲ အကြီးအကျယ်သောကဖြစ်တယ်ပေါ့၊ သားကလေးသေလို့ သောကဖြစ်တာကတစ်ခု၊ ဘဝနောင်ရေးအတွက် အာမခံပျက်သွားတာကတစ်ခု။ ဘာနဲ့ဥပမာတူတုန်းဆိုရင် စိန်ထုပ်ကြီးပိုက်လာတဲ့လူက စိန်ထုပ်ကြီးပျောက်သွားသလို
စာမျက်နှာ-၁၆
မနေပေဘူးလားနော်။ ဒီသားကလေးအပေါ်မှာမှီပြီးတော့ အသက်မွေးဖို့ ကြိုးစားနေတဲ့အချိန်မှာ သားကလေးက သေသွားတယ်ဆိုတော့ သူ့ရဲ့မျှော်လင့်ချက် hopeless (မျှော်လင့်ချက်မရှိတော့ဘူး)။

လူတွေမှာ သောကဆိုတာ အဲဒီအချိန်မှလာတာ၊ ဟုတ်ကဲ့လား။ သောကဆိုတာ အဲဒီအချိန်မှလာတာ။ အဲဒီကွက်လပ်လေးကိုမမြင်ဘူး။

မြတ်စွာဘုရားက အေး- ကောင်းပြီ၊ သောကဆိုတာ ဒီအချိန်မှာလာတယ်ဆိုတာ ဒီသောကဟာ ဘယ်သူ့ကိုအခြေခံပြီးတော့ လာတာတုန်းဆိုရင် ချစ်ခင်တဲ့ပုဂ္ဂိုလ်၊ ချစ်ခင်တဲ့ပစ္စည်းဝတ္ထုကို အခြေခံတာ။ အဲဒါ ချစ်ခင်တဲ့ပစ္စည်း၊ ချစ်ခင်တဲ့ပုဂ္ဂိုလ်ဆိုတာ ဘယ်သူလဲ ဘာကြောင့်ချစ်တာလဲ၊ ဘယ်သူကချစ်တာလဲလို့ မေးလို့ရှိရင် တဏှာကချစ်တာပေါ့။ အဲဒီတဏှာကို လူတိုင်းက မမြင်ဘူး။ ဒါကြောင့်မို့ အတွယ်အတာရှိတဲ့ နေရာတိုင်း
စာမျက်နှာ-၁၇
သောကဖြစ်တယ်။ ဘုန်းကြီးတို့တတွေ အားလုံးလည်း စဉ်းစားပြီးတော့ကြည့်ပေါ့။

ရန်ကုန်မြို့ကြီးမှာ နေ့စဉ်နှင့်အမျှ သေဆုံးမှုတွေရှိနေကြတယ်။ ကမ္ဘာလောကကြီးမှာလည်းပဲ နေ့စဉ်နှင့်အမျှ သေဆုံးနေကြတာတွေရှိတယ်။ သို့သော် “ငါ့အမျိုး၊ ငါ့မိတ်ဆွေ၊ ငါ့သား၊ ငါ့သမီး” ဆိုတဲ့ သတ်မှတ်ချက်မရှိတဲ့ပုဂ္ဂိုလ် သေဆုံးလို့ရှိရင် ဘာဖြစ်လဲ၊ ဘာမှမဖြစ်ဘူး၊ ဟုတ်ကဲ့လား။ သတ်မှတ်ချက်က လွတ်တယ်၊ ပိယဆိုတဲ့ ပုဂ္ဂိုလ်မဟုတ်လို့။ ပိယမဟုတ်သည့်အတွက်ကြောင့် ဘာမှမဖြစ်ဘူး။

ကဲ- ကိုယ့်အသိုင်းအဝိုင်းထဲက ကိုယ့်မိတ်ဆွေဆိုရင် နည်းနည်းတုန်လှုပ်လာပြီး ကိုယ့်မိသားစုထဲကဆိုရင် ပိုပြီးမတုန်လှုပ်ဘူးလား၊ တုန်လှုပ်လာပြီ။ ဘာကြောင့်တုန်းဆိုရင် ပိယရဲ့ level တွေ ဒီဂရီတွေ အတိုင်းအတာတွေက ပိုမြင့်လာတယ်ပေါ့။ ဒါကြောင့်မို့ မြတ်စွာဘုရားကဟောတာ “ပိယတော ဇာယတေ သောကော”။ ဒါတိုက်ရိုက်နားလည်ဖို့ရာ ဖြစ်တယ်။
စာမျက်နှာ-၁၈
အေး၊ ဒါကြောင့်မို့လို့ “ပိယတော ဇာယတေ သောကော” လောကမှာ လူတွေရနေတဲ့ သောကဆိုတာ မြတ်နိုးတဲ့ ပစ္စည်းဝတ္ထု၊ မြတ်နိုးတဲ့ ပုဂ္ဂိုလ်သတ္တဝါဆီက လာတာလို့ ဒီလိုပြောလို့ရတယ်ပေါ့။

ဒါနဲ့ပတ်သက်ပြီး မဇ္ဈိမနိကာယ် (မတိုမရှည် အလယ်အလတ် သုတ္တန်တွေကို စုပေါင်းထားတဲ့ မဇ္ဈိမနိကာယ) သုတ်ပေါင်း (၁၅၂) သုတ်ရှိတယ်။ အဲဒီသုတ်ပေါင်း (၁၅၂) သုတ်ထဲမှာ “ပိယဇာတိကသုတ်” ဆိုတာ မြတ်စွာဘုရားဟောထားတာရှိတယ်။

အဲဒီပိယဇာတိကသုတ်မှာ ဟောထားတဲ့ စကားကဘာလဲ၊ “ပိယဇာတိကာ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ ပိယပ္ပဘဝါ”။ အဓိပ္ပာယ်က “သောကဆိုတဲ့ စိုးရိမ်မှု၊ ပရိဒေဝဆိုတဲ့ ငိုကြွေးရမှု၊ ဒုက္ခလို့ဆိုတဲ့ ကိုယ်ဆင်းရဲရမှု၊ ဒေါမနဿလို့ဆိုတဲ့ စိတ်ဆင်းရဲရမှု၊ ဥပါယာသလို့ဆိုတဲ့ စိတ်ပင်ပန်းမှု ဒေါသ၊ ဒီဒုက္ခတွေဟာ ချစ်ခင်မှုကြောင့်ဖြစ်လာတာ။
စာမျက်နှာ-၁၉
ချစ်ခင်မှုက အစပျိုးလာတာ” လို့ မြတ်စွာဘုရားက ဒီလိုဟောတယ်။

အဲဒီတော့ “ပိယတော ဇာယတေ သောကော” ဆိုတာနဲ့ တစ်ထပ်တည်းပါပဲ။ “ပိယတော ဇာယတေ သောကော” ဆိုတာတော့ ဓမ္မပဒထဲက ဂါထာလေးထဲက ဂါထာတစ်ပုဒ်ပေါ့။ အဓိပ္ပာယ်အတူတူပဲ။ မြတ်စွာဘုရားကဟောတယ် “စိုးရိမ်ရခြင်း၊ ငိုကြွေးရခြင်း၊ ကိုယ်စိတ်ဆင်းရဲရခြင်း၊ စိတ်မချမ်းမသာဖြစ်ရခြင်း၊ စိတ်နှလုံးပင်ပန်းရခြင်းဆိုတဲ့ ဒုက္ခတွေအားလုံးဟာ ပိယကစလာတာ” တဲ့။ ပိယကို အခြေပြုပြီးတော့ ပိယကို မြစ်ဖျားခံလာပါတယ်။

အဲဒီသုတ္တန်လေး ဖြစ်ပေါ်လာပုံနဲ့ မြတ်စွာဘုရား ကိုယ်တိုင်ဒီစကားလုံးကို ရှင်းပြခဲ့ရတာ အင်မတန်မှ မှတ်သားစရာကောင်းတယ်။

သာဝတ္ထိပြည်က ဂဟပတိဒကာကြီးတစ်ယောက် (ဥပါသကာလို့ မဆိုတော့ ဗုဒ္ဓဘာသာဟုတ်ကောင်းမှဟုတ်မယ်) အဲဒီဂဟပတိဒကာကြီးမှာ အင်မတန်
စာမျက်နှာ-၂၀
ချစ်လှတဲ့ သားကလေးတစ်ယောက်ရှိတယ်။ ထိုသားလေးဟာ ကံကြမ္မာအလျောက်ပဲ သေဆုံးသွားတယ်။ သားကလေးအပေါ် တတမ်းတတနဲ့ နေ့စဉ်နှင့်အမျှ သင်္ချိုင်းသွားပြီးတော့ ငိုယို၊ ပူဆွေးသောက ဖြစ်နေတယ်။

တစ်နေ့ကျတော့ မြတ်စွာဘုရားက ဇေတဝန်ကျောင်းနားက သစ်ပင်တစ်ပင်ရင်းမှာ ထိုင်နေတဲ့သဘောရှိတယ်။ အဲဒီဒကာကြီးက အနားရောက်လာပြီး မြတ်စွာဘုရားထံ ချဉ်းကပ်တယ်။ မျက်နှာမသာမယာ ညှိုးညှိုးငယ်ငယ်နဲ့ ဘုရားရှေ့မှာ လာပြီးထိုင်တဲ့အခါ မြတ်စွာဘုရားကမေးတယ်၊ “ဒကာ ဘယ့်နဲ့လဲ။ မျက်နှာမသာမယာနဲ့ စိတ်ချမ်းသာတဲ့ပုံမရှိဘူး၊ ရုပ်ပုံဣတွေကြည့်ရတာ စိတ်မချမ်းသာဘူးနဲ့တူတယ်” ညှိုးညှိုးငယ်ငယ်နဲ့ ထိုင်နေတဲ့ ဒကာကြီးကို မေးလိုက်
စာမျက်နှာ-၂၁
တော့ သူကဘာပြန်ပြောတုန်းဆို “အရှင်ဘုရားတဲ့၊ ဘယ်မှာချမ်းသာမတုန်း၊ တပည့်တော်မှာ တစ်ဦးတည်းသော ချစ်လှစွာသော သားကလေးတစ်ယောက် ဆုံးရှုံးသွားတယ်။ မကြာခင်က သေဆုံးသွားလို့ နေ့စဉ်နှင့်အမျှ သင်္ချိုင်းသွားပြီးတော့ ငိုနေရတယ်” လို့ပြောတယ်။

မြတ်စွာဘုရားက ဒီစကားလေးကို ပြန်မိန့်လိုက်တယ်၊ “ဒကာကြီး၊ စိုးရိမ်ရခြင်း၊ ငိုကြွေးရခြင်း၊ ကိုယ်ဆင်းရဲရခြင်း၊ စိတ်ဆင်းရခြင်း၊ စိတ်နှလုံးပင်ပန်းခြင်း တို့ဆိုတာဟာ ချစ်ခင်မှု ပိယကနေ စတင်လာတာပါ” တဲ့။ ချစ်ခင်မှုက အစပြုတာပါ၊ ချစ်ခင်မှုကြောင့် ဖြစ်လာတာပါလို့ မြတ်စွာဘုရားက ဒီစကားပြောလိုက်တယ်။

အဲဒီဒကာက လက်မခံဘူး၊ ချက်ချင်းကန့်ကွက်တယ်။ “အရှင်ဘုရား၊ ဒါမဟုတ်နိုင်ဘူး၊ ချစ်ခင်မှု ပိယပုဂ္ဂိုလ်၊ ပိယဝတ္ထုကို အကြောင်းပြုပြီးတော့
စာမျက်နှာ-၂၂
ပျော်ရွှင်မှု၊ ဝမ်းသာမှုသာ ဖြစ်နိုင်တယ်” သောကဖြစ်တယ်ဆိုတာ သူလက်မခံဘူး၊ လက်မခံဘူးဆိုပြီးတော့ ဘုရားဟောတာကို ငြင်းပယ်ပြီး နေရာကနေ ထသွားတယ်။

မလှမ်းမကမ်း ဇေတဝန်ကျောင်းနားက အရိပ်အာဝါသတစ်ခုမှာ လာပြီးတော့ လောင်းကစားနေကြတဲ့ ကစားသမားတစ်စုကလည်းရှိသတဲ့၊ ဘုရားနဲ့ခပ်လှမ်းလှမ်းတင်ပဲနော်၊ လာပြီးကစားနေကြတာ။ ဖဲရိုက်တာလား၊ ကြွေအံကစားတာလား တစ်ခုခုပေါ့။ အဲဒီလိုကစားနေတဲ့ လူတွေဆီကို သူကသွားတယ်။ သူကရင်ဖွင့်တယ်ပေါ့။ “ငါကွာတဲ့၊ ရဟန်းဂေါတမက ဒီလိုပြောတာကို ငါလက်မခံဘူး၊ ငြင်းလာခဲ့တယ်၊ ရဟန်းဂေါတမကပြောတယ်၊ “အေး၊ စိုးရိမ်ရခြင်း၊ ငိုကြွေးရခြင်း၊ ကိုယ်ဆင်းရဲရခြင်း၊ စိတ်ဆင်းရဲရခြင်း၊ စိတ်နှလုံးပင်ပန်းရခြင်းဆိုတာ ချစ်ခင်မှုကြောင့်ဖြစ်တာ၊ ချစ်ခင်တဲ့ပုဂ္ဂိုလ်ကြောင့်ဖြစ်ရတာ" ငါကငြင်းခဲ့တယ်၊ လက်မခံဘူး။

ဟိုလူတွေကလည်း “ဟာ၊ သူဌေးဟုတ်တာပေါ့။ ခင်ဗျားပြောတာမှန်တယ်” ပေါ့။ အရက်သမားတွေ ကစားသမားတွေကလည်း သူ့ကိုထောက်ခံတယ်၊ ဟုတ်တယ်၊ မြတ်စွာဘုရားဟောတော်မူတာက “ချစ်ခင်မှု၊ ချစ်ခင်ရတဲ့ ပုဂ္ဂိုလ်ကို အကြောင်းပြုပြီးတော့ သောကဖြစ်ရတယ်” ဒီစကားလုံးလေးဟာ ထိုခေတ်ကတည်းက ကြားရသေးပုံမပေါက်ဘူး။ မပေါ်သည့်အတွက် အဲဒီ
စာမျက်နှာ-၂၃
စကားဟာ တဖြည်းဖြည်းနဲ့ တစ်ယောက်ကပြော၊ တစ်ယောက်ကပြောနဲ့ ကျယ်ပြန့်သွားတယ်။ တချို့က လက်မခံဘူး၊ တချို့က လက်ခံတယ်။ ဒီလို လက်ခံသူနဲ့ လက်မခံသူတွေ တီးတိုးတီးတိုးပြောရင်းနဲ့ ဘယ်ထိအောင် ရောက်သွားတုန်းဆို ဒီစကားဟာ နန်းတော်ထိအောင် ရောက်သွားတယ်။ ပသေနဒီကောသလမင်းကြီး နားရောက်သွားတယ်။ ။

ဒီစကားက အခုချိန်သာ ရိုးနေတာ၊ အဲဒီအချိန်တုန်းက တော်တော်ထူးဆန်းတဲ့စကားတစ်ခု ဖြစ်နေတယ်၊ “ပိယဇာတိကာ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသာ ပိယပ္ပဘဝါ” ဆိုတာ လူတိုင်းမသိဘူး၊ အားလုံးသိထားတာက ချစ်ခင်နှစ်သက်မှုကြောင့် ပျော်ရွှင်ရတယ်၊ ဝမ်းသာရတယ်၊ ကြည်နူးရတယ်ပေါ့။ ဒါပဲသိတယ်၊ နေစမ်းပါဦး၊ ဗမာသီချင်းတွေထဲမှာပါလား၊ ချစ်ခင်မှုကြောင့် စိုးရိမ်ရတယ်၊ ပူဆွေးရတယ်လို့ပါလား၊ ပျော်ရတယ်ပဲပါတယ် ထင်တယ်နေ။ ကြည်နူးရတယ်ပဲပါတယ်။ အေး၊ အခုခေတ်တော့ ချင်းတွေက အမျိုးမျိုးဆိုကြတာပဲ၊ ချစ်ခင်မှုနဲ့
စာမျက်နှာ-၂၄
ပတ်သက်ပြီးတော့ ဘယ်အချိန်ကျမှ ငိုရတုန်းဆိုရင် လက်လွတ်ဆုံးရှုံးပြီဆိုတဲ့အခါ ဘာတဲ့ အသည်းတွေကွဲကုန်တာတို့၊ အသည်းတွေကြေမွကုန်တာတို့၊ ဒါပေမဲ့ အသည်းကွဲရင် အသက်ရှင်ပါ့မလား၊ မရှင်ဘူး နော်။

အေး၊ ဒီစကားလုံးဟာ နန်းတော်အထိအောင် ရောက်သွားတဲ့အခါ ကောသလမင်းကြီးဆိုတာကလည်း အသိဉာဏ်က ခပ်နည်းနည်း၊ သူက “ထောကံ မန္ဒဓာတုကော”တဲ့၊ နည်းနည်းဉာဏ်လေးတယ်။ စဉ်းစားဉာဏ်သိပ်မသွက်လက်ဘူး၊ သူကလည်းပဲ ချစ်သူခင်သူကြောင့် သောကဖြစ်တယ်ဆိုတာကို လက်မခံဘူး။

လက်မခံတော့ ဒီစကားကို မလ္လိကာ မိဖုရားကြီးကို ပြောတယ်။ “မလ္လိကာတဲ့၊ ရဟန်းဂေါတမက သောကဖြစ်တာဟာ ချစ်ခင်ခြင်းကစတယ်လို့ ဟောတယ်ဆိုပါလား၊ ဒီစကားတို့နန်းတော်ထဲရောက်လာတယ်၊ ဒါ မဖြစ်နိုင်ဘူး” မလ္လိကာက ဘာပြောတုန်းဆိုတော့ “အရှင်
စာမျက်နှာ-၂၅
မင်းကြီးတဲ့၊ ဘုရားဟောတဲ့စကားဆိုရင် မမှားပါဘူး” မြတ်စွာဘုရား တကယ်ဟောရိုးမှန်ရင် မမှားဘူး။

ကြည့်-ဉာဏ်ရှိတဲ့သူနဲ့ မရှိတဲ့သူ ကွာတယ်နော်။ ဉာဏ်မရှိတဲ့သူက အပေါ်ယံတွေးကြည့်လိုက်လို့ရှိရင် ချစ်ခင်နှစ်သက်မှုကြောင့် သောကဖြစ်တယ်ဆိုတာ လက်မခံဘူး၊ ချစ်ခင်နှစ်သက်မှုကြောင့် ပျော်ရတယ်၊ ရွှင်ရတယ်၊ ကြည်နူးရတယ်၊ ဒါပဲသိတယ်။ တစ်ဆင့်တက်စဉ်းစားရမှာ။ အဲဒီမှာ မလ္လိကာမိဖုရားက ဘုရားဟောရင် မှန်တယ်လို့ပြောတော့ ဘုရင်ကြီးက စိတ်ဆိုးတယ်၊ “မင်းကလဲကွာ ဆရာနဲ့တပည့်ကျနေတာပဲ” ဆရာက ဘာပြောပြော တပည့်က “ဟုတ်ကဲ့ဆရာ၊ ဟုတ်ကဲ့ဆရာ” မနေဘူးလား။ ဟုတ်ကဲ့ဆရာ၊ ဟုတ်ကဲ့ဆရာနဲ့ ဆရာကိုပြန်မပြောရဲဘူး၊ မမေးရဲတော့ ဟုတ်ကဲ့ဆရာနဲ့ လုပ်ကြတယ်။ အဲဒါလိုပဲတဲ့ ရဟန်းဂေါတမက ဘာပြောလိုက်ပြောလိုက် ဘုရားပြောရင် မှန်တယ်ချည်းပဲပြောတယ်ဆိုပြီး ဘုရင်ကြီးဟာ စိတ်ဆိုးတယ်။
စာမျက်နှာ-၂၆
မလ္လိကာမိဖုရားကြီးက ဒါ ဘုရားဟောတာ ဟုတ်မဟုတ် စုံစမ်းပြီး သူ confirm လုပ်မယ်ပေါ့၊ ဘုရားဟောတာဆိုရင်မှန်ရမယ်၊ သူကတော့ တထစ်ချယုံကြည်ထားပုံရတယ်။ သူကိုယ်တိုင်လည်း မဆုံးဖြတ်ဘူး၊ ဘုရားဟောတာဟုတ်မဟုတ် တမန်တစ်ယောက်ကို လွှတ်လိုက်တယ်၊ “နာဠိဇယံ”ဆိုတဲ့ ပုဏ္ဏားကြီးကိုခေါ်တယ်၊ ပြောတတ်ဆိုတတ် ယဉ်ယဉ်ကျေးကျေးဆက်ဆံတတ်တဲ့ “နာဠိဇင်္ဃ”ကို ဘုရားဆီလွှတ်လိုက်တယ်။ “ဘုရားဆီသွား၊ သွားပြီးတော့ ဒီစကားကို ဘုရားဟောတာ ဟုတ်မဟုတ် လျှောက်ခဲ့” သွားပြီးတော့လျှောက်ခိုင်းတယ်။ “နာဠိဇင်္ဃ”က ကျောင်းတော်သွားပြီး မြတ်စွာဘုရားကို လျှောက်တယ်။ “အရှင်ဘုရားတဲ့၊ ပိယဇာတိကာ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသာ ပိယပ္ပဘဝါဆိုတဲ့ ဒီစကားကို အရှင်ဘုရားဟောတာ ဟုတ်မဟုတ်”

“ဟုတ်တာပေါ့တဲ့၊ ငါပြောလိုက်တယ်တဲ့။ အဲဒီစကားကို ဒကာတစ်ယောက်ကို ငါပြောတာဟုတ်တယ်၊
စာမျက်နှာ-၂၇
ဘာဖြစ်လို့ပြောတာတုန်းဆိုရင် သာဝတ္ထိပြည်က တကယ့်ဖြစ်ရပ်တွေရှိတယ်ဆိုပြီး မြတ်စွာဘုရားက ထုတ်ပြတယ်နော်။ ။

မြတ်စွာဘုရားက ဓမ္မရှုထောင့်ကတင် ဟောတာမဟုတ်ဘူး၊ ကိုယ်တိုင်သိနိုင်တဲ့ ရှုထောင့်ကနေ မြတ်စွာဘုရားဟောတာ၊ တကယ့်အဖြစ်အပျက်တွေကို မြတ်စွာဘုရား ထုတ်ပြတယ်။

“ငါပြောမယ်တဲ့၊ ဟောဒီ သာဝတ္ထိပြည်မှာဖြစ်ခဲ့တဲ့ တကယ့်ဖြစ်ရပ်အမှန်တွေကို ငါပြောပြမယ်၊ ဘုရားဟောတဲ့ တကယ့်ဖြစ်ရပ်အမှန်ဟာ (၁၅)ပုဒ်ပါတယ်။ အကျဉ်းချုပ်ပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် ဟောဒီ သာဝတ္ထိပြည်က အမျိုးသမီးတစ်ယောက်ဟာ အမေဆုံးသွားတယ်။ အဖေဆုံးသွားတယ်၊ အဖေဆုံးသွားတဲ့ အမျိုးသမီးရှိတယ်၊ အမေဆုံးသွားတဲ့ အမျိုးသမီးရှိတယ်ပေါ့။ ယောက်ျားဆုံးသွားတယ်၊ သားဆုံးသွားတယ်၊ သမီးဆုံးသွားတယ်၊ မောင်ဆုံးသွားတယ်၊ ညီမဆုံးသွားတယ်၊ နောက် အမျိုးသားတစ်ယောက်ကလည်း ထို့အတူပဲ
စာမျက်နှာ-၂၈
ဆုံးသွားကြတယ်။ အဲဒီ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ သာဝတ္ထိပြည်မှာ အမျိုးသမီးတစ်ယောက်ဟာ သူ့အမေဆုံးသွားတဲ့အခါမှာ ဘာဖြစ်သွားတုန်းဆို သောကတွေတအားဖြစ်ပြီးတော့ ရူးသွပ်သွားတယ်။ လမ်းပေါ်ရောက်သွားတယ်၊ လမ်းပေါ်မှာ လူတကာကို “အမေနဲ့မတွေ့ခဲ့ဘူးလား၊ အမေ့ကို မမြင်လိုက်ဘူးလား” လျှောက်ပြီးတော့မေးနေတယ်။ လူတွေ့တိုင်း အမေ့ကို မမြင်ခဲ့ဘူးလား၊ အမေနဲ့ မတွေ့ခဲ့ဘူးလားနဲ့ ရူးသွပ်တဲ့ဘဝ ရောက်သွားတယ်။

အဖေဆုံးသွားတဲ့ အမျိုးသမီးကလည်း ထို့အတူပဲ လမ်းပေါ်ရောက်သွားပြီးတော့ ရူးသွပ်သွားတာ ရှိခဲ့ဖူးတယ်။

သာဝတ္ထိပြည်မှာရှိတယ်နော်။ ဒီမှာလည်း လိုက်ပြီးကြည့်မယ်ဆိုရင် ဒါမျိုးမရှိဘူးလို့ ပြောနိုင်ပါ့မလား၊ မပြောနိုင်ဘူး။ ဒီလိုဟာတွေ အများကြီးရှိနိုင်တယ်ပေါ့။

နောက်ဆုံး မြတ်စွာဘုရားထုတ်ပြတာတစ်ခုက သာဝတ္ထိပြည်မှာ တကယ်ဖြစ်ခဲ့တာတစ်ခုတဲ့။ မိဘ
စာမျက်နှာ-၂၉
သဘောမတူဘဲ အိမ်ထောင်ကျတဲ့ဇနီးမောင်နှံ။ ဆွေတွေမျိုးတွေဆီကို ပြန်သွားတယ်။ အမျိုးသမီးဘက်က ဆွေမျိုးတွေဆီသွားတဲ့အခါ အမျိုးသမီးဘက်က ဆွေတွေမျိုးတွေက သူတို့ဇနီးမောင်နှံကို အတင်းခွဲကြတယ်။

အတင်းခွဲပြီး နောက်တစ်ယောက်နဲ့ ပေးစားဖို့ ကြိုးစားတယ်။ အဲဒီလိုကြိုးစားတော့ အမျိုးသမီးက သူ့ယောက်ျားကို ဘာပြောတုန်းဆိုရင် သူ့ရဲ့ဆွေတွေမျိုးတွေကတော့ အတင်းလုပ်ကြတော့မယ်၊ ဒီလို အဲဒီနောက်ထပ်ပေးစားမယ့်သူကို သူက မနှစ်သက်နိုင်ဘူးတဲ့ဆိုတော့ ဘာလုပ်လဲ၊ အဲဒီအမျိုးသားက အမျိုးသမီးကို ဓားနဲ့ထိုးသတ်ပြီး သူကိုယ်တိုင်လည်းပဲ ဓားနဲ့ထိုးပြီး သေပွဲဝင်သွားတယ်။

ဒါ တကယ့်အဖြစ်အပျက်နော်။ ဒီကနေ့ခေတ်မှာလည်း မကြားချင်အဆုံးပဲ။ တစ်ကမ္ဘာလုံး ရှာကြည့်မယ်ဆိုရင် နေ့စဉ်နဲ့အမျှ ရှိနေမှာပဲ။ မရှိပေဘူးလား။ ဒါ သာဝတ္ထိပြည်က ဖြစ်ခဲ့တဲ့ဇာတ်လမ်းတွေကို ပြော
စာမျက်နှာ-၃၀
တာနော်။ ဇာတ်လမ်းတွေ မြောက်မြားစွာရှိတဲ့အထဲမယ် ဒီလိုဖြစ်ခဲ့တယ်တဲ့။ အဲဒီတကယ့်ဖြစ်ရပ်တွေကို ရည်ညွှန်းပြီးတော့ ငါဘုရားဟောတာပါ။ လောကမှာ သောကတွေဖြစ်သွားတာဟာ ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို အခြေခံပြီးတော့ ဖြစ်တာလို့ ငါဟောတာလို့ မြတ်စွာဘုရားကရှင်းပြတယ်။

သာဝတ္ထိပြည်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ပုံဝတ္ထုတွေကို ထုတ်၊ ထုတ်၊ ထုတ်ထုတ်ပြီး မြတ်စွာဘုရားက ရှင်းပြလိုက်တယ်။ ပုံဝတ္ထုတွေပေါင်းမယ်ဆိုလို့ရှိရင်တော့ (၁၅)ခုလောက်ရှိသွားပြီပေါ့။ တစ်ခုစီပြောမယ်ဆိုရင် (၁၅)ခုလောက်ရှိပြီပေါ့။ ဒီပုံစံတွေချည်းပဲ။ ဒီဖြစ်ရပ်တွေ (၁၅)ခုလောက်ရှိတယ်။ အဲဒီပုံဝတ္ထုတွေနဲ့ ရှင်းပြီးတော့ပြလိုက်တယ်။ မြတ်စွာဘုရားက ငါပြောလိုတဲ့ “ပိယဇာတိကာ ပိယပ္ပဘဝါ” ဆိုတာ ဒါကိုရည်ညွှန်းတာလို့ ပြောလိုက်တော့ ပုဏ္ဏားကြီးက မှတ်ပြီးတော့ မလ္လိကာမိဖုရားကြီးထံပြန်ပြီး အစီရင်ခံတယ်ပေါ့။
စာမျက်နှာ-၃၁
မြတ်စွာဘုရားက ဒီစကားကို သူကိုယ်တိုင်မိန့်လိုက်တာလည်း ဟုတ်တယ်၊ ဘာကြောင့်မိန့်တယ်ဆိုတာကိုလည်းပဲ ရှင်းပြလိုက်တယ်ဆိုတော့ မလ္လိကာမိဖုရားကြီးက အဲဒီသတင်းကို ယူဆောင်ပြီး သူ့အပေါ် အမျက်ဒေါသထွက်နေတဲ့ ကောသလဘုရင်ကြီးနားသွားပြီး ရှင်းပြတယ်။

ဒီအကြောင်းတွေကို ရှင်းပြတဲ့အခါမှာ ဘယ်ကနေစပြီးတော့ရှင်းတုန်းဆိုတော့ “အရှင်မင်းကြီးတဲ့၊ တစ်ခုမေးပါမယ်တဲ့၊ အရှင်မင်းကြီးဟာ ဝဇီရီဆိုတဲ့ မင်းသမီးအပေါ်မှာ ချစ်ခင်မြတ်နိုးမှုရှိတယ် မဟုတ်လား” လို့ဆိုတော့ “ရှိတာပေါ့”တဲ့။ “အဲဒီ ဝဇီရီမင်းသမီး မပြောကောင်း မဆိုကောင်း သေဆုံးသွားမယ်ဆိုရင် အသင်မင်းကြီး ဘယ်လိုနေမလဲ”တဲ့ ဆိုတော့ “ဟာ၊ ငါ အဲဒီကျတော့ သောကဖြစ်မှာပေါ့၊ သောကဖြစ်ရုံတင်မကဘူး၊ ငါ့အသက်တောင်မှပဲ သေသွားကောင်းသေသွားလိမ့်မယ်”တဲ့။ “အရှင်မင်းကြီးတဲ့၊ မြတ်စွာဘုရားက ပိယဇာတိကာ သောက ပရိဒေ၀ ဒုက္ခ ဒေါမန
စာမျက်နှာ-၃၂
သုပါယာသာ ဆိုတဲ့စကားက ဒါကိုရည်ညွှန်းတာပါ”။ ဘုရင်ကြီး သဘောပေါက်အောင်ရှင်းပြတယ်။

အရှင်မင်းကြီးဟာ ဝဇီရီဆိုတဲ့ မင်းသမီးအပေါ်မှာ အတွယ်အတာတွေရှိတယ်၊ ဝဇီရီမင်းသမီး ရှိနေတုန်းတော့ ပျော်မှာပေါ့၊ ဝဇီရီမင်းသမီး တစ်စုံတစ်ခုဖြစ်သွားမယ်၊ နတ်ရွာစံသွားမယ်ဆိုရင် ဘုရင်ကြီးက ယူကျုံးမရ မဖြစ်ပေဘူးလား၊ ဖြစ်သွားမယ်။ အဲဒါကို မြတ်စွာဘုရားက ရည်ညွှန်းတာပါတဲ့။ ။

မလ္လိကာမိဖုရားက အင်မတန်မှဉာဏ်ထက်တယ်၊ သူကလည်းပဲ သူဆင်းရဲမဘဝကနေ မိဖုရားဖြစ်လာတာ၊ ပန်းဥယျာဉ်က ပန်းခူးပြီးတော့ ရောင်းရတဲ့ မာလာကာရ ပန်းသည်ရဲ့ သမီး၊ မလ္လိကာမိဖုရားဟာ ရဲစွမ်းသတ္တိရှိတယ်၊ ဖျတ်ဖျတ်လတ်လတ်ရှိတယ်။ Bright ဖြစ်တယ်။ ဒါပေမဲ့ ရုပ်ကတော့မလှဘူး၊ သူ မိဖုရားဖြစ်တာ ဘာ့ကြောင့်တုန်းဆို သွက်လက်ချက်ချာလို့ မိဖုရားဖြစ်တာ။ ဒါက အပေါ်ယံပြောတာပေါ့။ တစ်ဖက်က
စာမျက်နှာ-၃၃
ပြောမယ်ဆိုရင် ကုသိုလ်ကောင်းမှုကြောင့် ဖြစ်တယ်ပေါ့နော်။

တစ်ခါတုန်းက ဘုရင်ကြီးဟာ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့အခါမှာ အဲဒီသူတို့ပန်းဥယျာဉ်ထဲကို ရောက်လာတယ်၊ ကျန်တဲ့လူတွေက ဘုရင်လာပြီဆို ထွက်ပြေးကြတာ၊ ပုန်းနေကြတာ။ ဘယ်သူမှ ထွက်ပြီးမနှုတ်ဆက်ရဲဘူး။ မလ္လိကာကတော့ အဲဒီလိုမဟုတ်ဘူး၊ ရဲရဲဝံ့ဝံ့နဲ့ ဘုရင့်ဆီတန်းသွားပြီး မြင်းကို အရှေ့ကနေဖမ်းကိုင်၊ ဘုရင်ကြီးကို အောက်တွဲချ၊ သိသိမသိသိ ဝေယျာဝစ္စလုပ်တာ၊ သူက ရဲတယ်၊ သွက်လက်တယ်၊ မြင်းကို ရေတွေဘာတွေတိုက်တယ်၊ ဘုရင်ကြီးကိုလည်း ရေတွေဘာတွေတိုက်ပြီး အမောအပန်းဖြေဖို့ရာ အကုန်လုံးလုပ်ပေးတယ်။ မောပန်းပြီးတော့ပြေးလာရတဲ့ ဘုရင်ကြီး၊ မြင်းကလည်းမော၊ ဘုရင်ကလည်းမော၊ အဲဒီအချိန်မှာ သူက ရဲရဲဝံ့ဝံ့နဲ့ သွက်သွက်လက်လက် ချက်ချက်ချာချာနဲ့ ဘုရင်ကြီးကို ဝတ်ကြီးဝတ်ငယ်ပြုစုခဲ့တယ်။ အဲဒါကြောင့်မို့လို့ သူက မိဖုရားဖြစ်သွားတာနော်၊
စာမျက်နှာ-၃၄
မလ္လိကာမိဖုရားက အရာရာမှာ ထက်မြက်တယ်ပေါ့။ ဘုရင်ကြီး မမှားရလေအောင် ဒီစကားရဲ့ အဓိပ္ပာယ်ကို သူက သွားရှင်းပြတယ်။ ။

နောက် သူက ထပ်ပြီး မေးခွန်းတစ်ခုမေးတယ်။ “အရှင်မင်းကြီးတဲ့၊ ဝါသဘခတ္တိယာမိဖုရားအပေါ်မှာ အရှင်မင်းကြီး ချစ်မြတ်နိုးတယ် မဟုတ်လား”တဲ့။ “ဟုတ်တာပေါ့၊ ငါချစ်မြတ်နိုးတယ်” “အကယ်၍သာ ဝါသဘခတ္တိယာများ မပြောကောင်း မဆိုကောင်း နတ်ရွာစံသွားမယ်ဆိုရင် ဘုရင်ကြီး ဘယ့်နဲ့နေမတုန်း” ဆိုတော့ “ဟာ၊ ငါတောင် သေကောင်းသေလိမ့်ဦးမယ်ပေါ့။ အဲဒီလောက်ထိအောင် မြတ်နိုးပါတယ်”လို့ ပြောတယ်။ မြတ်စွာဘုရားက ဒါကိုပြောတာတဲ့၊ “ပိယတော ဇာယတေ သောကော” ဆိုတာ။ သောကဆိုတာ ချစ်ခင်မှုကစတယ်လို့ မြတ်စွာဘုရားက ဒါကိုပြောတာ။

ဝါသဘခတ္တိယာဆိုတာ အရှင်အနုရုဒ္ဓါရဲ့ အစ်ကို၊ မဟာနာမနဲ့ နာဂမုဏ္ဍာတို့က မွေးဖွားတဲ့သမီး၊ အဖေဘက်က မင်းသွေးပါတယ်၊ အမေဘက်ကတော့ ဇာတ်
စာမျက်နှာ-၃၅
နိမ့်ပေါ့။ သို့သော်လည်း ရုပ်ကလေးကချောချောဆိုတော့ ကောသလမင်းကြီးက ဘုရားနဲ့အမျိုးတော်ချင်လို့ဆိုပြီးတော့ ဘုရားအမျိုးထဲက သတို့သမီးသွားတောင်းတာ၊ တောင်းတဲ့အခါ သာကီဝင်မင်းတွေက သာကီဝင်မင်းသမီးစစ်စစ်ကို မပေးချင်လို့နော်၊ ကပြားကိုပေးလိုက်တာ။ အဲဒါ ဝါသဘခတ္တိယာပဲ။

အဲဒီ ဝါသဘခတ္တိယာအပေါ်မှာလည်းပဲ ဘုရင်ကြီးက အင်မတန်မှ မြတ်နိုးတယ်တဲ့။ အေး၊ ကောင်းပြီး ဝါသဘခတ္တိယာမိဖုရားကနေ မွေးလာတဲ့သားက ဝိဋဘလို့ခေါ်တယ်။ ဒီဇာတ်လမ်းက ဗမာပရိသတ်တွေ သိတာများပါတယ်၊ ဝိဋဘဆိုတာ ဘုရင်ကြီးက အင်မတန်မှ ချစ်မြတ်နိုးလို့ ဝိဋဘကို ငယ်ငယ်နဲ့ စစ်သူကြီးခန့်ထားတာ။ သေနာပတိရာထူးပေးထားတာ၊

သေနာပတိဆိုတာက ရာထူးကြီးတယ်၊ သေနာပတိရဲ့အထက်မှာ အိမ်ရှေ့မင်းပဲ ရှိတော့တယ်။ နောင်ကျရင် သူက အိမ်ရှေ့မင်းသားဖြစ်ပြီးတော့ နန်းစည်းစိမ်ခံစား
စာမျက်နှာ-၃၆
ရမှာပေါ့။ အဲဒီအချိန်မှာ ဝိဋဘကို သေနာပတိရာထူးပေးထားတယ်။

မလ္လိကာမိဖုရားက မေးတယ် “အရှင်မင်းကြီးတဲ့၊ သားတော် ဝိဋဘမင်းသား သေနာပတိအပေါ်ရော အရှင်မင်းကြီးက ချစ်မြတ်နိုးတယ် မဟုတ်လား” “ဟာချစ်တာပေါ့” “အကယ်၍များ ဝိဋဘ မပြောကောင်း မဆိုကောင်း တစ်ခုခုများဖြစ်သွားရင် အသင်မင်းကြီး ဘယ်လိုနေမလဲ”ဆိုတော့ “ဟာ-သောကဖြစ်မှာပေါ့။ စိုးရိမ်မှာပေါ့။ ငိုကြွေးရမှာပေါ့” နောက်ဆုံးကျမှ မလ္လိကာကပြောတာ၊ “အရှင်မင်းကြီးတဲ့၊ အရှင်မင်းကြီးက ကျွန်မအပေါ်မှာလည်း သံယောဇဉ်ရှိတယ် မဟုတ်လားတဲ့” “ရှိတယ်” “အကယ်၍ ကျွန်မသေသွားရင် ဘယ့်နဲ့နေမတုန်း”တဲ့။ “ဟာ-ငါလည်း သောကဖြစ်ရမှာပေါ့”တဲ့။

မလ္လိကာမိဖုရားက အဲဒီလိုတစ်ခုစီတစ်ခုစီမေးပြီးတော့ ပိယဇာတိကာ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသာ ပိယပ္ပဘဝါဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို တစ်ပိုဒ်ချင်းတစ်ပိုဒ်ချင်း ရှင်းပြီးတော့
စာမျက်နှာ-၃၇
ပြလိုက်တော့ ဘုရင်ကြီးက အဲဒီကျမှ ဟင်းချပြီးတော့ ဝမ်းသာအားရနဲ့ ခြေလက်တွေဆေးပြီးတော့ မြတ်စွာဘုရားရှိရာကို နဖူးလက်အုပ်ချီပြီးတော့ နမောတဿ (၃)ကြိမ်ရွတ်တယ်၊ အဲဒီမှာ နမောတဿရွတ်တဲ့အထဲမယ် ကောသလမင်းကြီးလည်းပါတယ်၊ တို့လူတွေကတော့ နေ့တိုင်း နမောတဿရွတ်နေကြတာပဲနော်။ ဒါပေမဲ့ သူတို့က ရင်ထဲကရွတ်တဲ့ နမောတဿနော်၊ တကယ့်ကို ဟုတ်လိုက်တာ၊ ဟုတ်လိုက်တာဆိုပြီးတော့ မြတ်စွာဘုရားဂုဏ်တော်တွေကို တကယ့်ကို ကြည်ညိုပြီး ခြေတွေလက်တွေကို ဆေးပြီးတော့ ချက်ချင်း မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ရှိတဲ့ဘက်ကို ဦးလှည့်လို့ နဖူးပေါ်မှာလက်တင်ပြီးတော့ လက်အုပ်ချီပြီးတော့ မြတ်စွာဘုရားကိုရှိခိုးတာတဲ့။ နမောတဿ (၃)ကြိမ်ရွတ်ပြီးတော့ ရှိခိုးတယ်လို့၊ အဲဒါက မဇ္ဈိမနိကာယ်မှာလာတဲ့ ပိယဇာတိကသုတ်ရဲ့ အဆို။ မူရင်းကျမ်းကို ဖတ်ချင်လို့ရှိရင် မဇ္ဈိမပဏ္ဏာသ မြန်မာပြန်ကို
စာမျက်နှာ-၃၈
ဖတ်ကြည့်၊ အဲဒီမှာနော် မူရင်းကျမ်းက ဒီအတိုင်းပဲဆိုတယ်။

အေး၊ ဒါကြောင့်မို့လို့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က “ပိယတော ဇာယတေ သောကော”

လောကမှာ တို့တတွေ လူ့ဘဝရလာတဲ့အခါမှာ ပိယဆိုတဲ့ ပစ္စည်းဝတ္ထုတွေအပေါ်မှာ၊ ပုဂ္ဂိုလ်တွေအပေါ်မှာ တွယ်တာမှု တဏှာတွေ အားကောင်းလာလေလေ သောကဆိုတာတွေ များလာလေလေလို့ ပိယနဲ့ပတ်သက်တဲ့ အပြစ်အနာအဆာတွေကိုမြင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မမြင်လို့ရှိရင် မျက်စိစုံမှိတ်ပြီးတော့ ချစ်ခင်မှုဟာ ပျော်ရွှင်မှုရတယ်လို့ ဖြစ်စေနိုင်တယ်လို့ စိတ်ထဲမှာ ယုံကြည်လက်ခံပြီးတော့ ချစ်ခင်မှုကိုသာ ရှာကြံနေကြမယ်ဆိုရင် သောကကနေ လွတ်မြောက်နိုင်မယ့်လမ်း ရှိပါ့မလား၊ မရှိဘူး။ ဒါကြောင့်မို့ မြတ်စွာဘုရားဟောထားတာ ဓမ္မပဒမှာလည်း “မာ ပိယေဟိ သမာဂဏ္ဌိ” - ချစ်သူခင်သူ မြတ်နိုးအပ်တဲ့ ပစ္စည်းဥစ္စာတွေနဲ့ ငါမဆုံပါရစေနဲ့၊ မဆုံပါရစေနဲ့။ “အပ္ပိယေဟိ ကုဒါစနံ”
စာမျက်နှာ-၃၉
အဲဒါလိုပဲ ချစ်ခင်မြတ်နိုးရတာတွေနဲ့ မဆုံရသလိုပဲ မုန်းစရာတွေနဲ့ဆုံရင်ရော စိတ်မဆင်းရဲဘူးလား၊ ဆင်းရဲတယ်။ အဲဒါ ဆင်းရဲတာကျတော့ သူက တစ်မျိုး၊ ဒေါမနဿလို့ခေါ်တယ်။ အဲဒါကျတော့ သောကရယ်၊ ဒေါမနဿရယ်နှစ်ခု။ ပဋိစ္စသမုပ္ပါဒ်မှာ သိတယ်နော်။ “ဇာတိပစ္စယာ ဇရာမရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသာ သမ္ဘဝန္တိ” အဲဒီမှာ သောကဆိုတာလည်း တရားကိုယ်အားဖြင့် ဒေါမနဿဝေဒနာပဲ။ ဒေါမနဿဆိုတာလည်းပဲ တရားကိုယ်အားဖြင့် ဒေါမနဿဝေဒနာပဲ။ ဘာဖြစ်လို့ ဒေါမနဿဝေဒနာနှစ်ခုကို အဲဒီမှာ မြတ်စွာဘုရားက ထည့်ဟောထားရလဲဆိုရင် သောကဆိုတာ ဆွေတွေမျိုးတွေ ပျက်စီးမှု သို့မဟုတ် ပျက်စီးပြီးတဲ့အခါ၊ ပျက်စီးတော့မယ့်အခါ၊ လက်လွတ်ဆုံးရှုံးတော့မယ့်အခါ ဖြစ်ပေါ်လာတဲ့ ရင်ထဲကပူလောင်မှု ဖြစ်ပေါ်တာချင်းမတူညီဘူး။ ဒေါမနဿဆိုတာ အဲဒီလိုဟာကို အကြောင်းမပြုဘူး၊ ဘာတွေဖြစ်တတ်တုန်းဆိုရင် ဒေါမနဿဆိုတာ စိတ်ဆိုးတဲ့
စာမျက်နှာ-၄၀
အခါမှာလည်းပဲ စိတ်ထဲမှာ မကျေနပ်တာတွေ မဖြစ်ဘူးလား၊ စိတ်ဆိုးတဲ့အခါမှာလည်းပဲ ဒေါမနဿဝေဒနာလာတယ်။ ကိုယ်ဆင်းရဲတဲ့အခါမှာလည်းပဲ ဒေါမနဿဝေဒနာလာတယ်။ ခေါင်းကိုက်တယ်၊ သွားကိုက်တယ်၊ နားကိုက်တယ်၊ ထိုဒုက္ခဝေဒနာကို အကြောင်းပြုပြီးတော့ ဒေါမနဿ စိတ်ဆင်းရဲမှုတွေ မလာဘူးလား။ အဲဒီ စိတ်ဆင်းရဲမှုနဲ့ ခုနက သားသမီးနဲ့ပတ်သက်တာတို့ ပစ္စည်းဥစ္စာတို့နဲ့ပတ်သက်တဲ့ သောကနဲ့က မတူညီဘူး ဟုတ်ကဲ့လား။ မတူလို့ ဒေါမနဿဝေဒနာချင်းတူပေမယ့်လို့ မြတ်စွာဘုရားက ဖြစ်ပေါ်လာရတဲ့ ပုံပန်းသဏ္ဍာန်ချင်း မတူသည့်အတွက်ကြောင့် နှစ်နေရာဟောထားတယ်လို့ ဒီလိုမှတ်ရမယ်။ အေး၊ ဒါကြောင့်မို့လို့ ဒေါမနဿဝေဒနာလို့ ဒီလိုဖြစ်တာ။

အဲဒီမှာ မုန်းတဲ့ပုဂ္ဂိုလ်နဲ့တွေ့ရပြီ၊ ကိုယ်မနှစ်မြို့တာတွေနဲ့ ဆုံရပြီ၊ ဆုံစည်းရပြီဆိုလို့ရှိရင်လည်းပဲ ဒုက္ခဖြစ်တတ်တာပေါ့။ မြတ်စွာဘုရားက “မာ ပိယေဟိ သမာဂန္တိ၊ အပ္ပိယေဟိ ကုဒါစနံ” ချစ်ခင်မြတ်နိုးအပ်
စာမျက်နှာ-၄၁
တဲ့အရာတွေ၊ ပုဂ္ဂိုလ်သတ္တဝါတွေနဲ့ မဆုံပါရစေနဲ့၊ မုန်းစရာ ပုဂ္ဂိုလ်သတ္တဝါတွေနဲ့လည်း ဘယ်တော့မှ မဆုံပါရစေနဲ့၊ သင်္ခါရတရားတွေနဲ့လည်း ဘယ်တော့မှ မဆုံပါရစေနဲ့တဲ့။ ဘာဖြစ်လို့လဲနော်၊ “ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ” ချစ်ခင်နေတဲ့၊ နှစ်သက်မြတ်နိုးနေတဲ့ သတ္တဝါ သင်္ခါရတွေကို မမြင်ရဘူးဆိုရင် စိတ်ဆင်းရဲတယ်ပေါ့။ မုန်းတီးစရာကောင်းတဲ့ သတ္တဝါ သင်္ခါရတွေနဲ့ ဆုံစည်းနေရလို့ရှိရင်လည်း စိတ်ဆင်းရဲတာပဲ၊ အတူတူပဲ၊ ဟုတ်ကဲ့လား။ မုန်းတဲ့သူတွေ့နေရတာနဲ့ ချစ်ခင်တဲ့သူ မတွေ့ရတာဟာ ဒုက္ခဖြစ်တာချင်း မတူဘူးလား၊ တူတာကြောင့်မို့လို့ ဒါဖြင့် ချစ်တာလည်း မကောင်းဘူး၊ မုန်းတာလည်းမကောင်းဘူး၊ ဒီလိုဆိုလိုတယ်ပေါ့နော်။ နောက်ဆုံးကျတော့ မြတ်စွာဘုရားက “တသ္မာပိယံ န ကိရိယာထ” ချစ်ခင်မှု၊ မြတ်နိုးမှုဆိုတဲ့ တဏှာရာဂ မဖြစ်စေသင့်ဘူးတဲ့။ ဘာဖြစ်လို့တုန်း၊ “ပိယာပါယော ဟိ ပါပကော” ချစ်ခင်နှစ်သက်တဲ့ အရာတွေ သတ္တဝါ သင်္ခါရတွေနဲ့ ခွဲခွာသွားရပြီဆိုရင် အင်မတန်မှ ပူပန်
စာမျက်နှာ-၄၂
ဆင်းရဲရတယ်၊ ဒုက္ခရောက်ရတယ်၊ ဆိုးဝါးတယ်တဲ့။ အေး၊ ရဟန္တာပုဂ္ဂိုလ်တွေကျတော့ “ဂန္ထာ တေသံ န ဝိဇ္ဇန္တိ၊ ဟိတွာ ပိယာပိယံ” ချစ်ခြင်းမုန်းခြင်းနှစ်မျိုးလုံးကို ဖယ်ရှားပစ်နိုင်တဲ့ပုဂ္ဂိုလ်၊ အတွယ်အတာတွေမရှိတော့ဘူးဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်တွေဟာ ဘယ်လောက်ငြိမ်းချမ်းမလဲ စဉ်းစားကြည့်ပေါ့နော်။ ချစ်ခင်မှုက သောကကိုဖြစ်စေတယ်၊ မုန်းတာက ဒေါမနဿကိုဖြစ်စေတယ်၊ အဲဒီနှစ်ခုစလုံးက ကောင်းကျိုးကိုမပေးဘူး၊ ဆိုးကျိုးကိုချည်းပဲပေးတယ်။ အဲဒါကြောင့်မို့လို့ ချစ်ခြင်းမုန်းခြင်းဆိုတဲ့ ဒီနှစ်လုံးဟာ လုံးဝမကောင်းဘူးတဲ့။ ဒါတွေအပေါ်မှာ ငြီးငွေ့သင့်တယ်လို့ မြတ်စွာဘုရားက ဒီလိုဟောလိုရင်းဖြစ်တယ်ပေါ့။

ဒါဖြင့်ရင် တပည့်တော်တို့ ချစ်ခင်မြတ်နိုးမှုမရှိဘဲ လောကကြီးမှာ နေလို့ရပါ့မလားလို့ဆိုတော့ နေလို့ရပါတယ်၊ ဘယ်လိုလုပ်ပြီးတော့နေလို့ရမလဲဆိုလို့ရှိရင် ကြည့်လေ၊ ချစ်ခင်မှုနဲ့ အလားသဏ္ဍာန်တူတဲ့ မေတ္တာ၊ မေတ္တာနဲ့ လောကကြီးကို တည်ဆောက်ထားမယ်ဆိုလို့
စာမျက်နှာ-၄၃
ရှိရင် ခုနကပြောသလို မေတ္တာတရားအခြေခံထားပြီဆိုလို့ရှိရင် မုန်းစရာပုဂ္ဂိုလ်ဆိုတာ ရှိဦးမလား၊ ချစ်စရာပုဂ္ဂိုလ် မရှိတော့သလို မုန်းစရာပုဂ္ဂိုလ်ဆိုတာလည်း မရှိဘူး။ သို့သော် ဘယ်သူ့ကိုမှလည်း မမုန်းဘူး၊ ဘယ်သူ့ကိုမှလည်း မချစ်ဘူးဆိုတဲ့ ဒီတည်ငြိမ်တဲ့အနေအထားလေးတစ်ခုကို ဘုန်းကြီးတို့တတွေ မရောက်မချင်း သောကဆိုတာ ဘုန်းကြီးတို့သန္တာန်ကနေပြီးတော့ ကင်းအောင်လုပ်နိုင်ကြမှာမဟုတ်ဘူး။ ဒါကြောင့်မို့ တွယ်တာမှုဆိုတဲ့ တဏှာရှိနေတဲ့နေရာမှန်သမျှ သောကဆိုတာ လာမှာပဲနော်။ Where there is attachment, there is a worry ဆိုတဲ့ attachment ရှိတဲ့နေရာ worry ဆိုတဲ့သောက လာမှာပဲ။ သောကကို မလိုချင်ဘူး၊ ဖယ်ရှားချင်တယ်ဆိုလို့ရှိရင် ချစ်ခင်မြတ်နိုးမှုအပေါ်မှာ တွယ်တာနေတဲ့တဏှာကို ဖယ်ရှားကြရမှာဖြစ်ပါတယ်။ တဏှာကို မဖယ်ဘဲနဲ့ သောကကလွတ်တဲ့နည်းမရှိဘူးတဲ့၊ ဟုတ်ကဲ့လား။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာက နောက်ဆုံးမှာကျတော့ “ဟိတွာ ပိယာပိယံ”
စာမျက်နှာ-၄၄
ချစ်ခြင်းမုန်းခြင်း နှစ်ခုလုံးကိုစွန့်ဆိုတာ ဘာပြောတာတုန်းဆိုတော့ တဏှာကိုလည်းစွန့်၊ ဒေါသကိုလည်းစွန့်၊ ဟောဒီလောဘနဲ့ဒေါသ ဒီနှစ်ခုကို ဖယ်ရှားလိုက်နိုင်ပြီဆိုလို့ရှိရင် ဘုန်းကြီးတို့ဟာ အင်မတန်မှ ငြိမ်းချမ်းတဲ့ဘဝတစ်ခုကို ရောက်ရှိပြီးတော့သွားမှာပါ။ စိတ်ဓာတ်ရဲ့ ငြိမ်းချမ်းမှုကို တကယ်ရချင်ပြီဆိုလို့ရှိရင် ဒီတရားနှစ်ပါးကို လျှော့ချရင် လျှော့ချနိုင်သလောက် ချမ်းသာသုခရမယ်၊ လုံးဝဖယ်ရှားနိုင်လို့ရှိရင် လုံးဝချမ်းသာသုခရမယ်ဆိုတာကို ဘုန်းကြီးတို့တတွေ အားလုံးသဘောပေါက်ပြီးတော့ ပိယ၊ အပိယ ဆိုတဲ့အပေါ်မှာ ဖြစ်ပေါ်လာတတ်တဲ့ သောကနဲ့ဒေါသတို့၊ လောဘ၊ တဏှာနဲ့ ဒေါသတို့ကို လျှော့ချခြင်းဖြင့် သောကနဲ့ဒေါမနဿတို့ကနေ အပြီးတိုင်ငြိမ်းချမ်းတဲ့ တရားဓမ္မကို မိမိတို့ရဲ့ ရင်ထဲနှလုံးထဲမှာရောက်အောင် ကိုယ်စီကိုယ်ငှ ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု .. သာဓု ..သာဓု 2yqf72r3z1few10fjpsw5cy1nmmg0kx ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း 0 6378 22175 2026-06-16T22:58:15Z Tejinda 173 "{{header | title = ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | p..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22175 wikitext text/x-wiki {{header | title = ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ပိယတော ဇာယတေ သောကော]] | previous2 = | next = [[ဗုဒ္ဓစွမ်းအား ဉာဏ်ဆယ်ပါး]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း
မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၅ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၃ခုနှစ်၊ တန်ခူးလဆန်း (၁)ရက်၊ ၂၀၁၂ခုနှစ်၊ မတ်လ (၂၃)ရက်၊ အဂ္ဂမဟာပဏ္ဍိတ ပထမအသောကာရုံ ရွှေကျင် ဆရာတော်ကြီး (၁၀)နှစ်ပြည့်အထိမ်းအမှတ်နှင့် ရွှေရတု သုံးထပ်ကျောင်းဆောင်သစ်ကြီး ဆောက်လုပ်လှူဒါန်း အထွတ်တင် မင်္ဂလာနှင့်စပ်လျဉ်း၍ အသောကာရုံ ရွှေကျင် စာသင်တိုက်အတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်းအနား၌ ဟောကြားအပ်သော “ဗုဒ္ဓ၏ အဆုံးအမကို လက်ဆင့်ကမ်းခြင်း” အကြောင်းတရားဒေသနာတော်။

“မြတ်ဗုဒ္ဓရဲ့ အဆုံးအမကို လက်ဆင့်ကမ်းခြင်း”တဲ့။ ဘုရားရဲ့ အဆုံးအမတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆ဝဝက မြတ်စွာဘုရား ဟောကြားတဲ့ တရားတော်တွေ ဖြစ်တယ်။ ဓမ္မစကြာ၊ (ဓမ္မစက္ကပဝတ္တနသုတ္တန် = ဓမ္မစကြာတရားတော်) ဒေသနာ
စာမျက်နှာ-၂
တော်ကစပြီး ပိဋကသုံးသွယ်၊ နိကာယ်ငါးရပ်၊ ဓမ္မခန္ဓာ ပေါင်း ရှစ်သောင်းလေးထောင်သော တရားဓမ္မတွေ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို လက်ဆင့်ကမ်းလာလို့ မြန်မာနိုင်ငံ ဒီကနေ့ထိ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေဟာ လူတွေရဲ့ နှလုံးသားထဲ ရောက်ရှိပြီး ကျင့်သုံးလိုက်နာနေကြတယ်။ အင်မတန်မှ ထူးခြားမွန်မြတ် ပြည့်စုံလှတဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေ ပျောက်ကွယ်မသွားရအောင် ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားရဲ့ အဆုံးအမကို လက်ဆင့်ကမ်းခြင်းဟာ အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ။

ဒီ (၁၀)နှစ်ကျော်ကာလက ဘဝနတ်ကျောင်း ရွှေ့ပြောင်းသီတင်းသုံးတော်မူတဲ့ အဂ္ဂမဟာပဏ္ဍိတ အသောကာရုံ ရွှေကျင်ဆရာတော်ဘုရားကြီး သက်ရှိထင်ရှားရှိစဉ်အခါ ကာလတုန်းက မြတ်ဗုဒ္ဓရဲ့ အဆုံးအမကို နေ့စဉ်နဲ့အမျှ ပို့ချခြင်းဖြင့် လက်ဆင့်ကမ်းပေးတယ်။ ဒီလို ကျောင်းတိုက်တွေ၊ မြန်မာနိုင်ငံမှာရှိတဲ့ ပရိယတ္တိ ကျောင်းတိုက်တွေအားလုံးဟာ အဆင့်ဆင့်
စာမျက်နှာ-၃
လက်ဆင့်ကမ်းပြီး နေကြတယ်။ လွန်ခဲ့တဲ့ နှစ် ၂၆၀၀ ပြန်ကြည့်လိုက်မယ်ဆိုရင် ဒီပုံစံနဲ့ လာခဲ့တယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်၊ ကိုယ့်အလှည့် ရောက်တဲ့အခါမှာ အမှတ်တမဲ့ မနေဘဲနဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမ တစ်လုံးပဲဖြစ်ဖြစ်၊ နှစ်လုံးပဲဖြစ်ဖြစ် သင်ယူမှတ်သားကြရမှာ ဖြစ်တယ်။ မှန်ကန်ပြီး လောကအကျိုး၊ သံသရာအကျိုးကို ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်စွမ်းရှိတဲ့ အဆုံးအမတွေကို လက်ဆင့်ကမ်းကြရမယ်။ ရှေ့တုန်းက ပြောတာရှိတယ်၊ စာတစ်လုံး ဘုရားတစ်ဆူ၊ မြတ်စွာဘုရား ဟောထားတဲ့ စကားလုံးတစ်လုံးဟာ ဘုရားတစ်ဆူနဲ့တူတယ်။ မြတ်စွာဘုရား ဟောကြားတဲ့ စကားလုံးနဲ့ အင်မတန်မှ ညီညွတ်တယ်၊ မြတ်စွာဘုရား ဟောကြားတဲ့ တရားတွေဟာ ဘုရားပရိနိဗ္ဗာန်စံခါနီး အချိန်မှာ မြတ်စွာဘုရားက “ယော အာနန္ဒ မယာဓမ္မော စ ဝိနယော စ ဒေသိတာ ပညတ္တာ သော ဝေါ မမစ္စယေန သတ္ထာ” ဒီစကားရဲ့ အဓိပ္ပာယ်က အင်မတန်မှ မှတ်သားဖို့ ကောင်းတယ်၊ “ငါဟောခဲ့တဲ့
စာမျက်နှာ-၄
ဓမ္မ၊ ငါပညတ်ခဲ့တဲ့ ဝိနယတွေဟာ ငါမရှိတဲ့နောက် သင်တို့ရဲ့ဆရာပဲ” လို့ ဒီဂါထာအရ မြတ်စွာဘုရားကို ဆက်ခံသူဆိုတာ ပုဂ္ဂိုလ်အနေနဲ့ မရှိဘူး၊ မြတ်စွာဘုရားက ကိုယ်စားဘာကိုထားခဲ့တုန်းဆိုရင် ဓမ္မကိုပဲ ထားခဲ့တယ်။

ဆိုလိုတာက မြတ်စွာဘုရားက ဓမ္မကို သိပ်အလေးပေးတယ်၊ မြတ်စွာဘုရားကိုယ်တိုင်က သက်ရှိထင်ရှား ရှိတုန်းအခါမှာလဲ “ယော ဓမ္မံ ပဿတိ သော မံ ပဿတိ” (ဓမ္မကို မြင်သောသူသည် ငါဘုရားကို မြင်၏) ဓမ္မကိုတွေ့မှ ငါ့ကိုတွေ့မယ်လို့ ဒီလိုဟောထားတာ၊ ပရိနိဗ္ဗာန်စံခါနီးကျတော့လဲ “ငါဟောထားတဲ့ ဓမ္မ၊ ဝိနယဟာ သင်တို့ရဲ့ ဆရာပဲ” လို့ ပြောထားတာ၊ ဒီစကားနှစ်ရပ် ဆက်စပ်ကြည့်မယ်ဆိုရင် မြတ်စွာဘုရားက တရားကျင့်သုံးရေး၊ အဆုံးအမတွေကို လိုက်နာရေးဟာ အဓိကပဲဆိုတာ အင်မတန်မှ ထင်ရှားတယ်။

ဒါကြောင့် တစ်လုံးသိသိ၊ နှစ်လုံးသိသိ မြတ်စွာဘုရားရဲ့ တရားတော်တွေကို လက်ဆင့်ကမ်းကြရမှာ ဖြစ်တယ်။ ဒီလိုလက်ဆင့်ကမ်းသွားခြင်းအားဖြင့် မြတ်စွာ
စာမျက်နှာ-၅
ဘုရားရဲ့ အဆုံးအမ တရားတွေဟာ စဉ်ဆက်မပြတ် လူသားတွေရဲ့ နှလုံးသားထဲ ရောက်ရှိပြီး အေးချမ်းမှု ဖော်ဆောင်ပေးနိုင်မှာဖြစ်တယ်၊ အေးချမ်းမှု ဖော်ဆောင်ပေးနိုင်တဲ့ နည်းလမ်းက တစ်ခုထဲပဲ၊ လောကလူသားတွေဟာ ချမ်းသာသုခရဖို့ဆိုပြီး နေ့စဉ်နဲ့အမျှ ရုန်းကန်လှုပ်ရှား၊ စီးပွားဥစ္စာတွေ တိုးတက်ဖို့ဆို ကြိုးစားနေကြတယ်၊ သူတို့ကြိုးစားသမျှ ပစ္စည်းဥစ္စာတွေ မှန်သမျှဟာ ထာဝရမဟုတ်၊ တစ်ခဏမျှသာ အသုံးဝင်တဲ့အရာ ဖြစ်ရုံမျှမက ဒီပစ္စည်းဥစ္စာတွေကို အကြောင်းပြုပြီးတော့ လူတွေဟာ ဒုက္ခတွေ အများကြီး ရောက်ကြတယ်၊ ချမ်းသာသုခချည်းရတာ မဟုတ်ဘူး။

အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားက ဓမ္မကိုသိဖို့အတွက် အကြိမ်ကြိမ် အထပ်ထပ် ဓမ္မကိုလိုက်နာကြဖို့ဆိုပြီး ဟောတယ်၊ အဲဒီတော့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ လို့ ဘုရားကိုကိုးကွယ်တယ်ဆိုတာ ဘာအတွက် ကိုးကွယ်တာတုန်း၊ ဒီရှုထောင့်ကနေကြည့်မယ်ဆိုရင် ဘုရားကို ကိုးကွယ်တယ်ဆိုတာ ဓမ္မအသိကိုရဖို့ဖြစ်တယ်။ တခြား
စာမျက်နှာ-၆
နည်းနဲ့ ရည်ရွယ်ချက်နဲ့ ကိုးကွယ်တာမဟုတ်ဘူး၊ သို့သော် ဘုန်းကြီးတို့ခေတ် လူများများက ဘုရားကို ကိုးကွယ်တယ်ဆိုတဲ့နေရာမှာ ဘယ်ပုံစံနဲ့ ကိုးကွယ်တုန်းဆိုရင် လာဘ်လာဘရချင်လို့ ကိုးကွယ်တယ်၊ အန္တရာယ်ကင်းချင်လို့ ကိုးကွယ်တယ်၊ ကြီးပွားတိုးတက်ချင်လို့ ကိုးကွယ်တယ် ဆိုတဲ့ဘက်ကို ရောက်သွားတယ်ပေါ့နော်။

ရွှေတိဂုံဘုရားပေါ် သွားကြည့်ပေါ့၊ ဓာတ်ဘုရားတွေ၊ နတ်ဘုရားတွေဆိုရင် ကန်တော့ပွဲတွေ ပြည့်နေတယ်နော်၊ ကန်တော့ပွဲတွေ ပြည့်နေတယ်၊ အဲဒီလို နာမည်မတပ်ထားဘူးဆိုတဲ့ ဘုရားရှေ့မှာ ခြောက်နေတယ်၊ ဘာမှမရှိဘူး၊ ပြီးတော့ လူတွေကိုကြည့်၊ ဘုရားကိုးကွယ်တာ ရိုးရိုးကိုးကွယ်တာ မဟုတ်ဘူး၊ စနေသားက စနေထောင့်ကဘုရား သွားရှိခိုးတယ်၊ ကျန်တဲ့ဘုရား ရှိမခိုးကောင်းဘူးလို့ ဖြစ်နေတယ်နော်။ အဲဒီလို စနေသားက စနေထောင့်နော်၊ ဗုဒ္ဓဟူးသားက ဗုဒ္ဓဟူးထောင့်ဆိုတာ ဒီအပေါ်မှာ အစွဲလေးတွေရှိနေတယ်၊
စာမျက်နှာ-၇
အင်မတန်မှပြင်းတယ်လို့ ပြောရမယ်။ ဗုဒ္ဓဘာသာဝင် ဖြစ်လာပေမယ့်လို့ ဒီအစွဲလေးတွေ မကင်းသည့်အတွက် သံသရာထဲက မထွက်နိုင်ဘူး။ မြတ်စွာဘုရားက အစွဲပြုတ်ဖို့ ဟောခဲ့တယ်၊ ဒီအစွဲလေးတွေ မကင်းသည့်အတွက်ကြောင့် သံသရာဝဋ်က မလွတ်နိုင်လောက်အောင် ဖြစ်နေတယ်။

လောကလူသားတွေရဲ့ ကိုးကွယ်မှုဟာ အမြဲတမ်း မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာရှိတယ်လို့ ပြောလို့မရသေးဘူး၊ မှန်ကန်တဲ့ လမ်းကြောင်းကို ပြည့်ပြည့်ဝဝ ရောက်တယ်လို့ ပြောလို့မရသေးဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ ဓာတ်စွဲ၊ နတ်စွဲ ဒီလိုဟာမျိုးလေးတွေနဲ့ လူတွေဟာ ယုံကြည်မှုလေးတွေရှိနေတယ်၊ ဆိုလိုတာက အဓိကဘာလဲဆိုတာကိုသိဖို့လိုတယ်၊ အေး ဓာတ်တို့ နတ်တို့ဟာ အကျိုးမပြုဘူးလို့ပြောတာ မဟုတ်ဘူး၊ သူတို့ အကျိုးပြုတာ အင်မတန်မှနည်းတယ်၊ သံသရာဝဋ်က လွတ်အောင် အကျိုးမပြုနိုင်ဘူး၊ တခဏတာ အဆင်ပြေအောင်ကတော့ လူလူချင်းလဲ လုပ်လို့ရတာပဲလေ၊
စာမျက်နှာ-၈
ပိုက်ဆံမရှိရင် ပိုက်ဆံထုတ်ချေးပေးတယ်ဆို ဒါ အကျိုးပြုတာပဲပေါ့။ အဲဒီလို လူလူချင်း ကူညီရင်တောင် ရတာဆိုတော့ ခုနတုန်းက ကိုယ့်အစွဲလေးတွေက ကိုယ့်ကို မကူညီဘူးလားဆိုတော့ ကူညီတဲ့နေရာတော့ ကူညီတယ်။ သို့သော် သူတို့ကူညီမှုဟာ အတိုင်းအတာလေးတစ်ခုမျှသာ။ ဒီအပေါ်မှာ ယုံကြည်လို့ ပုံပြီးတော့ အားကိုးဖို့ မဟုတ်ဘူး။ ဒီလိုဆိုလိုတာနော်။

မြတ်စွာဘုရားက မှန်ကန်တဲ့ အဆုံးအမတွေ ပေးခဲ့တယ်၊ ဘယ်လို အဆုံးအမတွေပေးလဲ၊ ဘုရား အဆုံးအမ ပေးတာလေးတွေကို နည်းနည်းပြန်ကြည့်လိုက်ပေါ့ မြတ်စွာဘုရား ဟောထားတာ ဒီအဆုံးအမလေးတွေဟာ “သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ” ဆိုတဲ့စကားလုံးရှိတယ်၊ ကောင်းတာလုပ်လို့ရှိရင် ဘယ်အချိန်ပဲဖြစ်ဖြစ် ကောင်းတာလုပ်ရင် ကောင်းတဲ့နက္ခတ်ပဲလို့ ဒီလိုပြောတာနော်။ ဘယ်နေ့မှ ဥပမာ ဒီနေ့က ပြဿဒါးရက်၊ ဒီနေ့က ရက်ရာဇာရက်လို့ ဒီလို ရွေးစရာမလိုဘူး၊
စာမျက်နှာ-၉
ကောင်းတဲ့အလုပ်လုပ်တာ မှန်သမျှ ကောင်းတာဖြစ်စေနိုင်တယ်။

“သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ၊ သုခဏာ သုမုဟုတ္တာစ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု” ဆိုတဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမဟာ အင်မတန်မှကောင်းတယ်။ အေး နံနက်ခင်းမှာ ကောင်းသောနံနက်ခင်းဖြစ်ဖို့ ဘာလုပ်ရမလဲ၊ ကောင်းသောနံနက်ခင်းဖြစ်ဖို့အတွက်က ကောင်းတဲ့သုစရိုက်တွေ၊ ကောင်းတာတွေတွေးရမယ်၊ အပြစ်ကင်းတာ၊ ကောင်းတာကိုတွေးရမယ်၊ ကောင်းတာကိုပြောရမယ်၊ ကောင်းတာကိုလုပ်ရမယ်၊ ဒါမှ ကောင်းသောနံနက်ခင်းဖြစ်တယ်။

ကောင်းတဲ့နေလည်ခင်းဖြစ်ဖို့ဘာလုပ်ရမလဲ၊ ကိုယ်တွေးတဲ့အတွေးပေါ်မှာ၊ ကိုယ်ပြောတဲ့စကား၊ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာမူတည်တယ်၊ ကောင်းသောညနေခင်း ဖြစ်ဖို့ရာအတွက် ကိုယ်တွေးတဲ့အတွေး၊ ကိုယ်ပြောတဲ့စကား၊ ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ မူတည်တယ်၊ အဲတော့ ဆန်းစစ်ရမှာက ကိုယ်ပြောတာ အပြစ်ကင်းတဲ့
စာမျက်နှာ-၁၀
စကားလား၊ ကိုယ်တွေးတာ အပြစ်ကင်းတဲ့အတွေးလား၊ ကိုယ်လုပ်တဲ့အလုပ်ဟာ အပြစ်ကင်းတဲ့အလုပ်လားလို့ ဒါပဲဆန်းစစ်စရာလိုတယ်။

ပြဿဒါး ရက်ရာဇာ ရွေးစရာ သိပ်မလိုပါဘူး၊ ဒီလိုပြောလို့ အစွန်းရောက်တယ်လို့ တချို့ထင်ကောင်းထင်မယ်၊ ဒါမြတ်စွာဘုရားဟောတဲ့ အဆုံးအမပဲနော်၊ မြတ်စွာဘုရားကို ယုံကြည်တယ်၊ အားကိုးတယ်ဆိုလို့ရှိရင် ဘုရားအဆုံးအမအတိုင်း လိုက်နာရမှာပေါ့။

လောကရေးရာဆိုတာ အများယုံကြည်တိုင်း မှန်တယ်လို့လဲ ပြောလို့မရဘူး၊ အကုန်လုံးလဲ အမှားချည့်လို့ ဒီလိုပြောတာမဟုတ်ဘူး၊ မှန်တာရှိသလို မှားတာလဲရှိရင်လဲ ရှိနိုင်တယ်ပေါ့၊ မြတ်စွာဘုရားက “နက္ခတ္တံ ပတိမာနေန္တံ၊ အတ္ထော ဗာလံ ဥပစ္စဂါ” ဒီနေ့ နက္ခတ် မကောင်းသေးဘူး၊ နက်ဖြန်လဲ မကောင်းသေးဘူး၊ သန်ဘက်ခါလဲ မကောင်းသေးဘူး၊ ရွှေဝယ်တာတောင်မှ အမြိတ္တစုတ်ရက်မှ ဝယ်တယ်။ ရက်ရွေးနေတာနဲ့ ဈေးတက်သွားတာနဲ့ သွားကြုံတယ်၊ ဟုတ်ကဲ့လား၊
စာမျက်နှာ-၁၁
အဲဒီလို ရက်မကောင်းသေးဘူးလို့ ရှောင်ရင်းရှောင်ရင်းနဲ့ နောက်ကျကျန်နေတယ်၊ အဲဒီမှာ ဂါထာလေးက “နက္ခတ္တံ ပတိမာနေန္တံ၊ အတ္ထော ဗာလံ ဥပစ္စဂါ”တဲ့။

ကောင်းကျိုးချမ်းသာတွေဟာ နက္ခတ်ကောင်းတဲ့နေ့ကို မျှော်လင့်စောင့်စားနေတဲ့ အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကို ကောင်းတဲ့အကျိုးတရားတွေက ကျော်ဖြတ်သွားပြီ၊ ဆုံးရှုံးသွားပြီလို့ပြောတာပါ။ ဒီနေ့လုပ်ရမယ့်အလုပ် ဒီနေ့လုပ်မှ၊ ပြဿဒါး ရက်ရာဇာကို စောင့်ပြီးတော့ လုပ်နေမယ်ဆိုရင် ဒီနေ့ရရမယ့်အလုပ် မရတော့ဘူး၊ အဲဒါလဲ အလေးအနက်ထားဖို့ လိုအပ်တယ်ပေါ့။

ဗုဒ္ဓဘာသာဝင်တွေ တော်တော်များများက ဒါကို လက်ခံယုံကြည်နေကြတုန်းပဲ၊ အားကိုးကြတုန်းပဲ။ အဲတော့ မြတ်စွာဘုရားက “နက္ခတ္တံ ပတိမာနေန္တံ” နက္ခတ်ကို စောင့်မျှော်နေတာ နက္ခတ်ကောင်းသည်ထိ စောင့်မျှော်နေတဲ့ ဗာလကို “အတ္ထော ဥပစ္စဂါ” ကောင်းကျိုးချမ်းသာတွေက လွန်မြောက်သွားတယ်၊
စာမျက်နှာ-၁၂
ကောင်းကျိုးချမ်းသာတွေက အချိန်ကုန်ဆုံးသွားလို့ မရတော့ဘူး ဒီလိုပြောတာ။

အဲဒီမှာရှင်းရှင်းလေး “အတ္ထော အတ္ထဿ နက္ခတ္တာ” ကိုယ်လိုချင်တဲ့ အကျိုးရရင် ကောင်းသောနက္ခတ်ပဲ၊ ဒီနေ့သွားမှရမယ်ဆိုရင် ဟာ- ဒီနေ့ပြဿဒါးကြီး မသွားတော့ဘူး၊ ရက်ရာဇာစောင့်ဦးဆိုရင် ဒီနေ့ရရမယ့်ဟာ မရတော့ဘူး၊ အဲဒီကောင်းသောသုခကိုရခြင်းသာလျှင် တကယ့်နက္ခတ်ကောင်းလို့ ဒီလိုပြောတာ၊ ရတာသာ လိုရင်းပဲ၊ ဒီလိုဆိုလိုတာနော်။ မြတ်စွာဘုရားက အင်မတန်မှလက်တွေ့ကျတယ်။ ခွေးကိုက်လို့ပဲသေသေ၊ တုတ်နဲ့ရိုက်လို့ပဲသေသေ၊ ယုန်ရတာလိုရင်းဆိုတဲ့ ဗမာစကားပုံလိုပေါ့။ ယုန်ရတာ အဓိကပဲ၊ ခွေးကိုက်တဲ့ယုန်လား၊ တုတ်နဲ့ရိုက်လို့ရတဲ့ယုန်လားလို့ ရွေးစရာ မလိုဘူး၊ လက်ထဲယုန်ရောက်ဖို့အရေးကြီးတယ်ပေါ့။

အဲဒီလိုမျိုး ကောင်းကျိုးချမ်းသာ ရရှိဖို့အတွက် လုပ်သင့်တဲ့အချိန်မှာ မြန်မြန်လုပ်ရမယ်၊ “ကရိဿန္တိ တာရကာ” ကောင်းကင်ပေါ်က နက္ခတ်တွေက
စာမျက်နှာ-၁၃
ဘာလုပ်မှာလဲလို့၊ သူဘာသာသူပဲနော် ဒီလိုဆိုတာပေါ့။ သို့သော် ဒီကနေ့ထိ အားကိုးနေကြတုန်းပဲ ရှိသေးတာပေါ့။ တကယ်လုပ်သင့်လုပ်ထိုက်တာနဲ့ ကြုံလာလို့ရှိရင် အဲဒါမျိုးကို အလေးအနက်ထားပြီး အားကိုးဖို့ မလိုအပ်ဘူးတဲ့၊ ကိုယ်လုပ်ရမယ့်အလုပ် ကောင်းတာလား၊ မကောင်းတာလား၊ ကောင်းတဲ့အလုပ်လား၊ မကောင်းတဲ့အလုပ်လား ဒါကို ဆင်ခြင်စဉ်းစားပြီးတော့ လုပ်သင့်လုပ်ထိုက်တာလုပ်ဖို့ လိုအပ်တယ်၊ ဒါ ဗုဒ္ဓအဆုံးအမပဲ။

တော်တော်များများ ကျောင်းဆောက်ဆောက် ဘာဆောက်ဆောက် နေ့ရက်ကလေးတော့ ရွေးလိုက်ကြသေးတာပဲ၊ အစွဲအလန်းတော့ ရှိနေကြသေးတယ်နော်၊ ရွေးပြီးတဲ့အခါကျတော့ ဂဏန်းက ကြည့်သေးတယ်၊ ၉ ဂဏန်းလား ဘာဂဏန်းလားနဲ့ ဆိုပြီးတော့နော်၊ ဂဏန်းယုံတဲ့လူကလဲ ဂဏန်းယုံတာပဲလေ၊ အဲတော့ အဲဒီလိုလေးတွေလုပ်တာဟာ ဗုဒ္ဓအဆုံးအမနဲ့ ကိုက်ညီသလားဆိုတော့ မကိုက်ညီဘူးလို့ ပြောရမယ်။ ဗုဒ္ဓရဲ့ အဆုံးအမကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား လက်ခံ
စာမျက်နှာ-၁၄
နိုင်စွမ်းမရှိလို့၊ ဘာဖြစ်လို့ လက်ခံနိုင်စွမ်းမရှိတာတုန်းဆိုတော့ “ဓမ္မံ သရဏံ ဂစ္ဆာမိ” အရ ဓမ္မကို ကိုယ်ကမကျင့်သုံးလို့ပဲ။ အဓိကကတော့ လူတွေဟာ အားပျော့ပြီးတော့၊ အားငယ်တဲ့စိတ်၊ သိမ်ငယ်တဲ့စိတ်တွေ ရှိပြီးတော့နေတယ်၊ ဗုဒ္ဓရဲ့ အဆုံးအမဖြစ်တဲ့ ဓမ္မကို “ဓမ္မံ သရဏံ ဂစ္ဆာမိ” လို့ဆိုပေမယ့်လို့ ဓမ္မကို အလေးအနက်မထားနိုင်သေးတဲ့သဘော ထင်ရှားစေတယ်၊ အဲဒါကြောင့်မို့လို့ ဓမ္မကို အလေးအနက်ကျင့်သုံးပြီဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ခုနကအစွဲတွေ အကုန်ပျောက်ကုန်တယ်နော်၊ အလေးမထားတော့ဘူးပေါ့။ ဆိုလိုတာက ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းတဲ့အလုပ်လား၊ မကောင်းတဲ့အလုပ်လား ဒါပဲ၊ ကုသိုလ်ရမယ့်အလုပ်လား၊ အကုသိုလ်ဖြစ်တဲ့အလုပ်လား၊ ဒါနှစ်ခုပဲစဉ်းစားရမယ်၊ အဲဒီနှစ်ခု စဉ်းစားရင် ကုသိုလ်ဖြစ်တဲ့အချိန်ပဲ၊

ကောင်းတဲ့ရက်ပဲ၊ အကုသိုလ်အလုပ်လုပ်ရင်တော့ ဘယ်ရက်ပဲဖြစ်ဖြစ် ကောင်းတဲ့အချိန်မဖြစ်ဘူး၊ ကောင်းတဲ့ရက်မဖြစ်ဘူးပေါ့၊ ဘာဖြစ်လို့တုန်းဆိုတော့ ရက်
စာမျက်နှာ-၁၅
ရာဇာနေ့ အကုသိုလ်လုပ်ရင်လဲ အကျိုးပေးမှာပဲ၊ မကောင်းကျိုးနော်၊ ဘာဖြစ်လို့တုန်း၊ ဒီအကုသိုလ်ရဲ့ ဆိုးကျိုးကို ကိုယ်ကခံရမယ်။ တစ်နေ့ကျ အဲဒီလိုခံရတာ မကောင်းတဲ့အကျိုးကို ခံရမှာဖြစ်သည့်အတွက်ကြောင့် ဒီရက်ရာဇာ၊ ပြဿဒါးဆိုတဲ့အစွဲက ဘာမှကိုယ့်ကို လိုက်ပြီးကာကွယ်မပေးနိုင်ဘူးတဲ့၊ ကိုယ်လုပ်တဲ့အလုပ်က အကုသိုလ်ဆိုရင် ဒီအကျိုးပေါ်လာတဲ့အချိန်မှာ ဒုက္ခရောက်မှာပဲ၊ အကုသိုလ်ဆိုတဲ့အလုပ်ဟာ “နတံ ကမ္မံ ကတံ သာဓု ယံ ကတွာ အနုတပ္ပတိ”

မြတ်စွာဘုရားက ကုသိုလ် အကုသိုလ်ကို နားလည်အောင် ဟောတဲ့နေရာမှာ “လုပ်ပြီးတဲ့နောက်၊ ပူပန်နေရတဲ့အလုပ်မှန်သမျှဟာ မကောင်းတဲ့အလုပ်လို့ သတ်မှတ်တယ်၊ လုပ်ပြီးရင် စိတ်ထဲမှာ ပူပန်သောက ရောက်နေရတဲ့အလုပ်ဟာ မကောင်းတဲ့အလုပ်” “ယဿ အဿမုခိ ရောဒိ၊ ဝိပါကံ ပဋိသေဝတိ”

“အကျိုးပေါ်လာတဲ့အခါလဲပဲ ငိုငိုယိုယိုနဲ့ ကြိတ်မှိတ်ပြီးခံစားရတဲ့အလုပ်မျိုးတဲ့၊ ဆိုလိုတာက
စာမျက်နှာ-၁၆
လုပ်ပြီးတဲ့နောက် အကျိုးမပေါ်သေးခင်မှာလဲ စိတ်ဆင်းရဲရတယ်၊ အကျိုးပေါ်လာပြီဆိုရင်လဲ ခံပေတော့၊ ဒီအလုပ်မျိုးဟာ မကောင်းတဲ့အလုပ်လို့ ဒီလိုသတ်မှတ်တယ်၊ ကောင်းတဲ့အလုပ်ဆိုတာကျတော့” “တဉ္စ ကမ္မံ ကတံ သာဓု ယံ ကတွာ နာနုတပ္ပတိ” လုပ်ပြီးလို့ ပူပန်ရတဲ့ဟာ မဟုတ်ဘူး၊ မပူပန်စေတတ်ဘူးဆိုရင် ကောင်းတဲ့အလုပ်ပဲ၊ အကျိုးပေါ်လာတဲ့အခါမှာလဲ ဝမ်းမြောက်ဝမ်းသာ ဒီအကျိုးတရားကို ပျော်ရွှင်နှစ်ခြိုက်စွာ ခံစားရတယ်ဆိုတဲ့အလုပ်မျိုးဟာ ကောင်းတဲ့အလုပ်။ ဒါ ကုသိုလ်၊ အကုသိုလ်နှစ်ခုကို ကွက်ကွက်ကွင်းကွင်း ရှင်းအောင် မြတ်စွာဘုရားကဟောတာ၊ ဒီတစ်ခုလိုက်နာရုံနဲ့ပဲ လောကကြီးမှာ ကြီးပွားတိုးတက်နိုင်ပါတယ်နော်။

အေး ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ မပျောက်အောင် လက်ဆင့်ကမ်းသွားကြရမှာဖြစ်တယ်။ မိမိတို့ရဲ့ ဒီ Society အချင်းချင်း ဒီလိုလက်ဆင့်ကမ်းသွားနိုင်မှ ဒီအဆုံးအမတော်တွေဟာ မပျောက်မှာ။
စာမျက်နှာ-၁၇
ဘုရား အဆုံးအမတော်တွေဆိုတာ လွယ်လွယ်ကူကူနဲ့ ပျောက်သွားတတ်ကြတယ်၊ မပျောက်ဘဲတော့ မနေဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ လူတွေ ကျင့်သုံးလိုက်နာဖို့ရာ လူတွေရဲ့ စိတ်နဲ့မကိုက်ဘူး၊ တလောကတောင် စပ်မိလို့ ဒကာတစ်ယောက်နဲ့တွေ့တယ်၊ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာနဲ့ နှိုင်းယှဉ်ပြီးတော့ပြောတယ်၊ “ဗုဒ္ဓဘာသာကို ကိုးကွယ်ရင် မြတ်စွာဘုရားက မမဘူးတဲ့၊ ကိုယ်ဖြစ်ကိုယ်ခံ၊ ကိုယ့်ဟာကိုယ်လုပ်၊ ကိုယ့်အားကိုယ်ကိုးလို့ ပြောတယ်တဲ့၊ တခြားဘာသာက ဘုရားတွေက မ,တယ်တဲ့၊ အဲတော့ မတဲ့ဘုရား ကိုးကွယ်တာကောင်းတယ်၊ မမတဲ့ဘုရား ကိုးကွယ်လဲ အလကားပဲ” လို့ လူတစ်ယောက်ကပြောသတဲ့။

အပေါ်ယံပြောမယ်ဆိုရင်တော့ ဟုတ်တာပေါ့နော်၊ အားမကိုးရတဲ့ လူတစ်ယောက်ကို သွားအားကိုးနေရင် ဘာအကျိုးရှိမှာလဲ၊ တကယ်အားကိုးရတဲ့လူကိုအားကိုး၊ အဲဒီနေရာမှာလဲပဲ အပြောတင်လား၊ တကယ့်လက်တွေ့ပါရဲ့လားဆိုတာကို စဉ်းစားဖို့လိုသေးတာပေါ့၊ မယ်
စာမျက်နှာ-၁၈
ပြောပြီး မမရင် ဘယ်လိုလုပ်မလဲ။ ခုခေတ်မှာ လူလိမ်ခံရတာတွေ ပြည့်နေတာပဲလေ၊ အပြောနဲ့အလုပ် မကိုက်ညီရင် အလိမ်ခံရမှာပဲ၊ ယုံရင် အကုန်ပါကုန်တော့မှာပဲလေ၊ ယုံကြည်ပြီး သွားလို့လုပ်လို့ကတော့ ဒုက္ခရောက်မှာပေါ့။ အဲတော့ မမယ်ဆိုတဲ့ဘုရားက ဘယ်နေမှန်းမသိဘူး၊ ဘယ်က မမှန်းလဲ မသိဘူး၊ ဘုရားသခင်ခေါ်တဲ့အချိန်စောင့်ပြီး မြေကြီးထဲမှာ အရိုးဆွေး၊ သင်္ချိုင်းရွှေ့တော့လဲ ပါသွားတယ်၊ ဘယ်လို ဒီမြေပုံကို ရှာတွေ့မလဲ မသိဘူးနော်၊ သို့သော်လဲ ယုံကြည်မှုဆိုတာ ရှိနေကြတာပဲ၊ အဲဒီတော့ ယုတ္တိလဲမရှိ လက်တွေ့လဲမကျတာတွေဟာ အလေးထားစရာ မလိုဘူးတဲ့၊ ယုတ္တိရှိပြီး လက်တွေ့ကျတဲ့အလုပ်ကို လုပ်ဖို့လိုအပ်တယ်၊ မြတ်စွာဘုရားကိုယ်တိုင်က လက်တွေ့ကျတဲ့အလုပ်ကိုလုပ်တာ သဘောကျတယ်၊ နှစ်ခြိုက်တယ်၊ ဆုံးမဩဝါဒပေးတယ်။

အေး ဒါကြောင့်မို့ အခြေခံအားဖြင့် မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို ဒီလိုလက်ဆင့်ကမ်းကြမှ မြတ်စွာ
စာမျက်နှာ-၁၉
ဘုရားရဲ့ သာသနာတော်အစစ်အမှန်ဟာ တည်တံ့မှာဖြစ်တယ်၊ တစ်ခါတုန်းက သမိုင်းသင်တဲ့ဆရာကြီးတစ်ယောက်က ပြောတယ်၊ “မြန်မာပြည်မှာ ထေရဝါဒ ဗုဒ္ဓဘာသာလို့ဆိုတယ်တဲ့၊ သို့သော် ထေရဝါဒ ဗုဒ္ဓဘာသာမစစ်ဘူးတဲ့၊ ရွှေတိဂုံဘုရားပေါ်သွားကြည့်”တဲ့၊ အဲဒီလိုပြောသံကြားလိုက်သေးတယ်နော်၊ အဲဒီနေရာမှာ ခွဲခြားပြီး နားလည်ဖို့တော့လိုအပ်တယ်ပေါ့။ သူပြောတာ မဟုတ်ဘူးလားဆို တစိတ်တဒေသတော့ ဟုတ်တယ်။

ထေရဝါဒ ဗုဒ္ဓသာသနာအစစ်ဆိုတာ ပိဋကတ်စာပေမှာသာရှိတယ်၊ စာပေမှာတော့ ရောတာပြွမ်းတာမရှိဘူး၊ သန့်တယ်၊ ပိဋကတ်တော်မှာ ထေရဝါဒတရားတွေ သန့်သန့်နဲ့ရှိတယ်၊ ရောနေတာက ဘယ်သူတွေတုန်းဆို လူသားတွေ၊ ဗုဒ္ဓဘာသာဝင်တွေကတော့ ရောနေတယ်၊ ဗုဒ္ဓဘာသာဝင်တွေကတော့ ထေရဝါဒဗုဒ္ဓဘာသာအစစ် မဟုတ်ဘူးလို့ပြောချင်ပြောလို့ရတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ခုနပြောသလိုပေါ့ စနေသားက စနေထောင့်က ဘုရားမှာသွားပြီးလုပ်တယ်ဆိုကတည်းက ဒါသူ့ရဲ့
စာမျက်နှာ-၂၀
ယုံကြည်ချက်က တခြားဖြစ်နေတယ်လေ၊ မြတ်စွာဘုရားဟောတာနဲ့ လွဲချော်နေတယ်၊ အဲဒီလိုမျိုးတွေတော့ ရှိတာပေါ့။ သို့သော် ခွဲပြောရမှာကတော့ “ထေရဝါဒ ဗုဒ္ဓတရားတော်တွေက စစ်မှန်တယ်၊ ထေရဝါဒ ဗုဒ္ဓသာသနာကိုလက်ခံပြီးကျင့်သုံးတဲ့လူတွေမှာ အယူအဆတွေ ရောထွေးနေတယ်” ဒီလိုတော့ ပြောလို့ရတယ်။

အတွေးအခေါ်တွေ အမြင်တွေဟာ မသန့်ဘူး၊ ဗုဒ္ဓဘာသာလို့ဆိုပေမယ့်လို့ တခြားဘာသာတွေနဲ့ ရောထွေးပြီး ယုံကြည်မှုတွေ တခြားအရာတွေ လက်ခံကျင့်သုံးမှုတွေ ဒါမျိုးတွေဟာ ရှိနေဆဲပဲ၊ ဆိုလိုတာက မြန်မာနိုင်ငံလူဦးရေ၊ ဗုဒ္ဓဘာသာဦးရေ ၈၅% ရှိတယ်ဆိုပါစို့၊ အဲ ၈၅% ထဲက ဗုဒ္ဓဘာသာဝင်ပီပီသသ၊ သန့်သန့်ပြန့်ပြန့် ဘယ်နှစ်ယောက်ရှိတုန်းဆိုတာကို သိချင်ရင် ဒီအချက်တွေနဲ့ စုံစမ်းကြည့်၊ ဗေဒင်လဲ မမေးဘူးနော်၊ နေ့နံထောင့်တွေကဘုရား သွားရှိခိုးတာလဲမဟုတ်ဘူး၊ ဆုတောင်းပြည့်ဘုရားမှာ ဆုတောင်းတာလဲ မဟုတ်ဘူး၊ ကြီးလေးကြီး၊ ကြီးကိုးကြီးမှာ
စာမျက်နှာ-၂၁
သွားပုတီးစိပ်တာလဲမပါဘူး၊ ပုဂံသွားတဲ့အခါကျတော့ စွယ်တော်လေးဆူကို တစ်မနက်အတွင်း ဖူးလို့ရှိရင် ချမ်းသာတယ်လို့ ယုံကြည်တဲ့အထဲမှာလဲ မပါရဘူး၊ ကျိုက်ထီးရိုး သုံးခေါက်တက်ရင် သူဌေးဖြစ်တယ်လို့ ယုံကြည်သူထဲလဲ မပါရဘူး၊ ဘုရားဆိုရင် ဘယ်ဘုရားပဲဖြစ်ဖြစ် စိတ်ထဲမှာ တန်းတူထားနိုင်ပြီလား၊ ဆုတောင်းပြည့်ဘုရားပဲဖြစ်ဖြစ်၊ ဘာဘုရားပဲဖြစ်ဖြစ် တန်းတူထားနိုင်ပြီလားဆိုတာ အဲဒါ နံပါတ်တစ် ဗုဒ္ဓဘာသာဝင်အားလုံးဟာ ဒါတွေ အယုံအကြည်မရှိဘူး၊ သရဏဂုံဆောက်တည်ပြီးတော့ ငါးပါးသီလ လုံးဝမကျိုးအောင် ဂရုစိုက်တယ်၊ ရှစ်ပါးသီလ တတ်စွမ်းတဲ့ခါမှာ ကျင့်ကြံကြိုးကုတ်အားထုတ်တယ်၊ နေ့စဉ်နဲ့အမျှ တရားထိုင်တယ်၊ ဒါဗုဒ္ဓဘာသာအစစ် research လုပ်ပြီးတော့ကြည့်မယ်၊ သုတေသနလုပ်ကြည့်မယ်ဆိုရင် ရာခိုင်နှုန်း များလှမယ်မထင်ဘူးနော်။ အဲဒီတော့ ဗုဒ္ဓဘာသာဝင်အစစ်က ဘယ်နှစ်ယောက်လဲ၊ ဗုဒ္ဓဘာသာဝင်အလတ်[?]
စာမျက်နှာ-၂၂
စားက ဘယ်နှစ်ယောက်လဲ၊ ဗုဒ္ဓဘာသာဝင် အညံ့စားက ဘယ်နှစ်ယောက်လဲဆိုတာ သိနိုင်တယ်။

ဗုဒ္ဓဘာသာဆိုတဲ့ စကားလုံးက ဗမာပြည်မှာ ဝင်လာတာ တော်တော်နောက်ကျမှ ဝင်လာတာ၊ မြတ်စွာဘုရားလက်ထက်က ဘုရားကို ကိုးကွယ်တဲ့ ပုဂ္ဂိုလ်ကို ဥပါသကာ၊ ဥပါသိကာလို့ခေါ်တယ်၊ အဲတော့ ဗုဒ္ဓဘာသာဆိုတဲ့စကားလုံးက ဗမာပြည်ကိုရောက်လာတဲ့ အမေရိကန်က ခရစ်ယာန် သာသနာပြုတွေ စပြီး တီထွင်တဲ့စကားလုံးလို့ ဒီလိုကြားဖူးတယ်၊ ဘာသာဆိုတဲ့ စကားလုံး တီထွင်သွားတာပေါ့နော်၊ အကယ်ကတော့ ပါဠိမှာတော့ ဘာသာလို့ဆိုတာက တခြားအဓိပ္ပာယ်ကို ပြောတာများတယ်၊

အခုလို ကိုးကွယ်မှုနဲ့ ပတ်သက်တာကတော့ ဘာသာလို့ မပြောဘူးပေါ့၊ သို့သော် ဒီကနေ့ လူတွေရဲ့ ခေါင်းထဲမှာ စွဲမြဲသွားပြီလေ၊ တည်တံ့သွားတဲ့စကားလုံး တစ်ခုဖြစ်ပြီပေါ့၊ အဲတော့ လူညီရင် “ဤ”ကို “ကျွဲဖတ်
စာမျက်နှာ-၂၃
ဆိုသလို ဤလို့မဖတ်ဘူး၊ “ကျွဲဖတ်ရင် “ကျွဲ” ဖြစ်နေတာပေါ့၊ “ဤ” ရေးရင်းနဲ့ “ကျွဲ” ဖြစ်နေတာပေါ့။

မြတ်စွာဘုရားသုံးတာက အမျိုးသားကို ဥပါသကာ၊ အမျိုးသမီးကို ဥပါသိကာမ လို့သာဖြစ်တယ်။ ဒီနားက နိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာကို ဘယ်လိုခေါ်တုန်းဆိုရင် “ဗုဒ္ဓသာသနာ” လို့ခေါ်တယ်၊ ဘာသာဝင်ကို ပြောတဲ့အခါ ဗုဒ္ဓသာသနာ၊ သီဟိုဠ်တွေကတော့ ဗုဒ္ဓဘာသာဝင်တွေကို ဗုဒ္ဓါဂမ္မလို့ ပြောကြတာ၊ မတူဘူး တစ်ယောက်နဲ့ တစ်ယောက်နော်၊ အဲတော့ ဘာပဲပြောပြော မြတ်စွာဘုရားက ဗုဒ္ဓါဥပသကာ ဆိုတဲ့ ဘုရားကိုကိုးကွယ်၊ တရားကိုကိုးကွယ်၊ သံဃာကို ကိုးကွယ်ဆည်းကပ်တဲ့ ပုဂ္ဂိုလ်တွေထဲက အကောင်းစားရတနာ ဆိုတဲ့စကားလုံးနဲ့တွဲပြီး ဥပါသက ရတနာ၊ အညံ့စားဆိုတာကိုတော့ ဥပါသကာစဏ္ဍာလ ဆိုတဲ့စကားလုံးနဲ့သုံးတယ်။ မြတ်စွာဘုရားက အကောင်းနဲ့ အညံ့ ခွဲဟောထားတာရှိတယ်၊ အဲဒါနဲ့ လိုက်ပြီးတော့ စစ်တမ်းထုတ်လိုက်မယ် ဆိုလို့ရှိရင် ကိုယ့်ကိုကိုယ်
စာမျက်နှာ-၂၄
ဗုဒ္ဓဘာသာ အကောင်းစားဖြစ်အောင် လုပ်ဖို့ပဲ လိုအပ်တယ်ပေါ့နော်၊ အညံ့စား မဖြစ်စေနဲ့။

ဗုဒ္ဓဘာသာအညံ့စားမဖြစ်စေနဲ့၊ အကောင်းစား ဖြစ်ဖို့ဆိုတဲ့ဟာက အင်္ဂါတစ်ချက်က ဘာတုန်းဆိုရင် “ကမံ ပစ္စတိ၊ နော မင်္ဂလံ”။

ကံကိုမယုံဘဲ မင်္ဂလာကိုယုံလို့ရှိရင် ဒါ ၃၈ ဖြာ မင်္ဂလာနဲ့ သွားမရောနဲ့နော်၊ အခု ဗမာပြည်မှာလေ နေ့ချင်းညချင်း ကြီးပွားချင်တော့ ဘာလုပ်လဲ ချင်းစိုက်တယ်၊ အကြံအစည်အောင်မြင်ချင်တော့ ဘာဖြစ်လဲ ကြံပင်စိုက်တယ်၊ ကြန့်ကြာမှာစိုးလို့ ကြာပန်း ဘုရား မလှူရဘူးလို့နော်၊ အဲဒါမျိုးတွေဟာ ဒါသက်သက် အစွဲအလန်းတွေပဲ၊ ပင်ပန်းမှာစိုးလို့ ပန်းသီးဘုရားမလှူနဲ့ သူပဲစားတာပါပဲ၊ စားရင်တော့ မပင်ပန်းဘူးလား၊ ပင်ပန်းမှာပေါ့။ အင်္ဂလိပ်လိုခေါ်ပြီး စားပေါ့၊ apple လို့ခေါ်လိုက်ပြီးတာပဲ၊ ပန်းသီးလို့မခေါ်နဲ့လေ၊ အဲဒီလို ဆိုလို့ရှိရင်၊ အဲတော့ ဆိုလိုတာက အစွဲအလန်းတွေ တော်တော်များများ ရှိနေတဲ့အကြောင်းပြောတာပါနော်၊
စာမျက်နှာ-၂၅
အဲဒီ အစွဲအလန်းတွေက ဗုဒ္ဓရဲ့ အဆုံးအမတွေ မဟုတ်ဘူး၊ အစွဲအလန်းတွေ ကင်းနိုင်သမျှလောက် ကင်းအောင် မြတ်စွာဘုရားက ဆုံးမတယ်။

မြတ်စွာဘုရားက မင်္ဂလာကိုယုံပြီး ကံကိုမယုံဘူး ဆိုရင် အညံ့စားတဲ့၊ မင်္ဂလာဆိုတာ ဘယ်ဟာတုန်းဆိုရင် ကောင်းတာလေးမြင်ရင် ဒိဋ္ဌမင်္ဂလာ ကောင်းတယ်၊ ကောင်းတဲ့သတင်းကြားရင် မင်္ဂလာရှိလိုက်တာ ဒီလို ပြောတာ၊ အဲဒီမင်္ဂလာတွေက လောကီမင်္ဂလာလို့ ခေါ်တယ်၊ အဲဒီ လောကီမင်္ဂလာတွေက တကယ့် အနှစ်သာရ မဟုတ်ဘူး၊ လူတွေရဲ့ စိတ်ထဲမှာ အကြိုက်တွေ့ရုံလေးလောက်ပဲရှိတယ်၊ တကယ့်မင်္ဂလာအစစ်ဆိုတာက ပညာမရှိတဲ့လူနဲ့မပေါင်းနဲ့ ပညာရှိတဲ့လူနဲ့ပေါင်းပါ၊ ပူဇော်ထိုက်တဲ့ပုဂ္ဂိုလ် ပူဇော်ပါဆိုတဲ့ (၃၈)ဖြာသော မင်္ဂလာ အကြောင်းတရားတွေကမှ တကယ့် မင်္ဂလာအစစ်လို့ ဆိုတယ်၊ ကောင်းကျိုးချမ်းသာတွေကို ရစေနိုင်တာဟာ အဲဒီအလုပ်တွေလုပ်မှရတာ၊ အဲလိုဆိုလိုတာ။
စာမျက်နှာ-၂၆
အဲတော့ ပြောမယ်ဆိုရင် (၃၈)ပါးသော မင်္ဂလာတွေဟာ ကြည့်မယ်ဆိုရင် ကံတရားတွေချည်းပဲလေ၊ “ဒါနဉ္စ” ဆိုတာ ဒါနကုသိုလ်ကံပဲလေ၊ အကုန်လုံးဟာ ကံတရားတွေချည်းပဲ၊ ကောင်းတဲ့ ကံတွေကို လုပ်တဲ့ သဘောပဲ၊ မြတ်စွာဘုရားက မင်္ဂလာကို ယုံပြီးတော့ ကံကိုမယုံလို့ရှိရင် ဥပါသကာအညံ့စား၊ ကံကိုယုံပြီးတော့ မင်္ဂလာကိုမယုံတဲ့ပုဂ္ဂိုလ်ကျရင် ဥပါသကာအကောင်းစား လို့ ဒီလိုပြောတာ၊ ဗုဒ္ဓဘာသာဝင် ထိပ်တန်း ဗုဒ္ဓဘာသာဝင် ဖြစ်တာပေါ့၊ အဲဒီအတိုင်းအတာလေးတွေနဲ့ကြည့်ပြီးတော့ မြတ်စွာဘုရားရဲ့ အဆုံးအမ တည်တံ့အောင် ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်၊ အဲဒီလိုကြိုးစားနိုင်မှ ဘုန်းကြီးတို့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေဟာ လူတွေရဲ့ နှလုံးသားထဲမှာ သန့်သန့်ပြန့်ပြန့် ရောက်ပြီးတော့ သန့်သန့်ပြန့်ပြန့် လိုက်နာကျင့်သုံးနိုင်ကြမှာ ဖြစ်တယ်ပေါ့၊ အဲဒီလို မဟုတ်လို့ရှိရင် အမည်ခံကတော့ ဗုဒ္ဓဘာသာပဲ၊ သို့သော်လုပ်နေတာ
စာမျက်နှာ-၂၇
တွေကတော့ ဗုဒ္ဓဘာသာနဲ့ မဆိုင်တဲ့ အလုပ်တွေ လုပ်တယ်။

တစ်ခါတုန်းက မက္ကဆီကိုက ဗုဒ္ဓဘာသာဖြစ်ကာစ၊ မက္ကဆီကိုနိုင်ငံဆိုတာ အားလုံးသိကြတဲ့အတိုင်းပဲ။ ခရစ်ယာန်များတဲ့နိုင်ငံပဲ၊ အဲဒီမက္ကဆီကိုက ဗုဒ္ဓဘာသာ ဖြစ်စ လူ(၃၀)လောက် ဘုန်းကြီးတို့ဆီရောက်လာတယ်၊ ရောက်လာတဲ့အခါကျတော့ မန္တလေးက မဟာမြတ်မုနိ ဘုရားကြီး ဝင်ဖူးပြီးတော့ စစ်ကိုင်းရောက်လာတယ်၊ ခွင့်တောင်းတယ်၊ ဆရာတော်နဲ့တွေ့တုန်း မေးစရာ ရှိတာလေး မေးချင်ပါတယ်လို့၊ မေးပါလို့ဆိုပြီးတော့၊ အဲဒီလိုမေးတဲ့အထဲမယ် အမျိုးသမီးတယောက်က ဘာမေးတုန်းဆိုရင် “ဘုရားကြီး ဝင်ပြီးဖူးတဲ့အခါမှာ အမျိုးသမီးမဝင်ရဆိုတဲ့ ဆိုင်းဘုတ်တွေ့လာတယ်တဲ့၊ ဗုဒ္ဓဘာသာက အဲဒီလို ခွဲခြားဆက်ဆံသလား”တဲ့။ မကျေမနပ်မေးတယ်နော်၊ ရွှေတိဂုံဘုရားရဲ့ အလယ် ပစ္စယံ အမျိုးသမီးမတက်ရ ရှိတယ်မဟုတ်လားနော်၊ ကျိုက်ထီးရိုးကျတော့ တံတားကို အမျိုးသမီးမကူးရ
စာမျက်နှာ-၂၈
ရှိတယ်လေ၊ အဲဒါ Guideတွေ ခဏခဏ ပြဿနာ တက်တယ်၊ နိုင်ငံခြားအမျိုးသမီးတွေကလဲ အင်မတန် စွာတာလေ၊ မရဘူး၊ သူက ယောက်ျားရှေ့က နေချင်တာ၊ အဲတော့ ယောက်ျားတွေချည်း တစွက်စွက်ဝင်သွား ပြီး တို့တော့ မဝင်ရဘူးဆိုတော့ ဒါက တို့ကိုသက်သက် နှိမ်တယ်လို့ စိတ်ထဲမှာ ဒီလိုအောက်မေ့တယ်၊ အဲဒါ ဗုဒ္ဓဘာသာလားတဲ့ မေးတယ်၊ ဘုန်းကြီးက သူတို့ကို ပြန်ပြောတယ်။ “This is not Buddhism” ဒါက ဗုဒ္ဓဘာသာအယူအဆ မဟုတ်ဘူး၊ ဗုဒ္ဓဝါဒ မဟုတ်ဘူး၊ “This is a tradition” မြန်မာတို့ရဲ့ ဓလေ့ထုံးစံခေါ်တယ်လို့၊ ဒါ ဗုဒ္ဓဘာသာနဲ့မဆိုင်ဘူးလို့၊ ဒါမြန်မာလူမျိုးတွေရဲ့ “tradition” လို့ပြောတော့ ကျေနပ်သွားတယ်၊ သူတို့ကို guide လုပ်တဲ့လူတွေကို ပြောရတယ်၊ မင်းတို့ ရှည်ရှည်ဝေးဝေးတွေ လျှောက် မပြောနဲ့ guide လုပ်တဲ့လူက အမျိုးသမီးတွေ ဘုရားရှေ့မှာ မတော်လို့လို့၊ ထမီတွေနဲ့ ဘာဖြစ်လို့၊ ညာဖြစ်လို့ အဲလိုတွေ မပြောနဲ့လို့၊ မင်း သူတို့ဆီမှာ ထမီ ခေါင်းပေါင်း
စာမျက်နှာ-၂၉
ပြီး ရေချိုးတဲ့ ယောက်ျားတောင် ရှိသေးတယ်လို့၊ တကယ်တွေ့ခဲ့တာ၊ သီဟိုဠ်မှာဆိုရင် သူတလှည့် ကိုယ်တလှည့် ဝတ်နေတာ၊ ထမီရယ် လုံချည်ရယ် ရှိတာ မဟုတ်ပဲ၊ ဘာမှမထူးဘူး၊ ခေါင်းအုံးပေါ်လဲ ခြေထောက်တင်တာပဲ၊ အဲဒီလူတွေ၊ အဲတော့ ခြေထောက်က နိမ့်ကျပြီး ခေါင်းက မြတ်တယ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ၊ ခန္ဓာကိုယ်တစ်ခုလုံးဟာ တူတူပဲပေါ့။ ။

သို့သော် ဗမာတွေ အယူအဆနော်၊ ခေါင်းရင်းဆိုရင် အမွန်အမြတ်ထားတယ်လေ၊ ခေါင်းရင်းကို ခြေထောက်ထားရင် အလွန်စိတ်ဆိုးမယ်၊ ဒါက tradition ပဲပေါ့၊ ခေါင်းမကိုင်နဲ့ ခေါင်းကိုင်ရင် မကြိုက်ဘူး၊ ထိုင်းလေးတွေဆိုရင် ခေါင်းသွားကိုင်ရင် ရန်သူပဲ၊ အဲဒါ သီဟိုဠ်တွေက ဘာရယ်မဟုတ်ဘူး၊ လူကိုချစ်လို့ရှိရင် ခေါင်းကိုင်တယ်၊ အဲဒီလိုမျိုးတွေ တစ်ဦးနဲ့တစ်ဦး tradition တွေ မတူကြဘူး။ Super Chinese တို့က တစ်ခုခုပြရင် လက်နဲ့မပြဘူး၊ ခြေထောက်နဲ့ပြတယ်၊ (ဗမာကျတော့ ဒါ အင်မတန်ရိုင်းတယ်) ဒါ
စာမျက်နှာ-၃၀
သူတို့ tradition ပဲလို့ ကိုယ်က နားလည်လို့ရှိရင် ပြဿနာမဖြစ်ဘူး၊ “ဟာ ဒီကောင်ရိုင်းလှချည်းလား”ဆို ရန်ဖြစ်ကြ၊ သူကလဲ ဘာရိုင်းမှန်းမသိဘူး၊ ရိုင်းလှချည်လားဆို၊ သူ့ကိုယ်သူလဲ ဘာရိုင်းမှန်းမှမသိတာ၊ သူလုပ်နေကျပဲ၊ ခြေထောက်နဲ့ပြတယ်လေ၊ ဒါ သူ့ခြေထောက်အားလို့ ခြေထောက်နဲ့ပြတာပေါ့၊ ကိုယ်အားတာ ကိုယ်လုပ်တာ၊ လက်နဲ့ခြေထောက် တူတူပိုင်တာပဲ၊ အဲဒီလို၊ သို့သော် tradition အရ ဒါတွေ ရိုင်းစိုင်းတယ်လို့ ယူဆတယ်၊ ယဉ်ကျေးတယ်လို့ ယူဆကြတယ်၊ အဲဒီလိုယူဆတာ။

သီဟိုဠ်ကျွန်း သွားကြည့်ရင် တရားနာပြီဆိုလို့ရှိရင် အမျိုးသမီးတွေက ဒူးတုပ်ပြီး မထိုင်နိုင်ဘူး၊ ဘာလုပ်တုန်း၊ ဘုန်းကြီးဘက် ခြေထောက်လေးတွေဆင်းပြီး ထိုင်ကြတယ်၊ အမျိုးသားတွေက ဒူးထောင်ပေါင်ကား ထိုင်ကြတယ်၊ အဲတော့ အမျိုးသမီးတွေထိုင်တာ ကြည့်လိုက်လို့ရှိရင် ဘုန်းကြီးဘက်ကိုခြေဆင်းထိုင်ကြတယ်၊ လက်အုပ်တော့ ချီထားတယ်၊ ခြေစုံလက်စုံမိုးတယ်
စာမျက်နှာ-၃၁
ဆိုတာ အဲဒါခေါ်တာ၊ ဒါ ဗုဒ္ဓဂယာ သွားတဲ့လူတွေ သီဟိုဠ်အဖွဲ့ဘုရားဖူးလာတယ်ဆိုရင်တွေ့လိမ့်မယ်၊ ဒီအတိုင်းပဲတွေ့ရတတ်တာပဲနော်၊ ခြေစုံလက်စုံမိုး၊ ဒါ သူတို့ tradition ပဲ၊ သွားပြောလို့မရဘူးလေ၊ သူတို့မှာ ခြေထောက်ကို ယုတ်ညံ့တယ်လို့ မသတ်မှတ်ဘူး၊ ဗမာကတော့ ခြေထောက်ကို အလွန်ယုတ်ညံ့တယ်၊ ယုတ်ညံ့သည့်အတွက်ကြောင့် လူကြီး၊ သူကြီးရှေ့ဆိုရင် ခြေထောက်ဖော်မထိုင်ရဘူး၊ နောက်ပစ်ထားရတယ်နော်၊ သူတို့ကျတော့ ခြေထောက်နဲ့ခေါင်း တူတူပဲ၊ ဘာမှမထူးဘူး။

အေး မြတ်စွာဘုရားရဲ့ အဆုံးအမအမှန်တွေဟာ tradition တွေနဲ့ ရောနှောနေတာ၊ tradition တွေကနေ ခွဲမထွက်နိုင်ဘူးဆိုရင် ဗုဒ္ဓရဲ့ အဆုံးအမလိုလို ဘာလိုလိုနဲ့ ရောထွေးဝင်ရောက်နေတာ၊ ဗုဒ္ဓရဲ့ အဆုံးအမအစစ်က ခုနကပြောတဲ့အတိုင်းပဲ၊ ဘယ်အချိန်လုပ်လုပ် ကောင်းတာလုပ်ရင် ကောင်းတဲ့နက္ခတ်ပဲ၊ ကောင်းကင်က ကြယ်တွေက ကိုယ့်ကိုဘာမှ
စာမျက်နှာ-၃၂
မတတ်နိုင်ဘူး၊ ကောင်းကင်နက္ခတ်တွေက ကိုယ့်ကိုဘာမှမတတ်နိုင်ဘူး၊ ကိုယ်လုပ်သင့် မလုပ်သင့် ကိုယ့်ဟာကိုယ်ပဲနားလည်ရမယ်၊ အကုသိုလ်မဖြစ်အောင် လုပ်ရမယ်၊ ကုသိုလ်ဖြစ်အောင် သတိဆောင်ရမယ်၊ ဒါ မြတ်စွာဘုရားရဲ့ အဆုံးအမအခြေခံပဲ။

မြတ်စွာဘုရားရဲ့ အဆုံးအမကို အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင် ကုသိုလ်ဖြစ်တဲ့အလုပ်မှန်သမျှ လုပ်ကောင်းတယ်၊ အကုသိုလ်ဖြစ်တဲ့အလုပ်မှန်သမျှ မလုပ်ကောင်းဘူး၊ ဒီလိုပဲသတ်မှတ်တယ်၊ တချို့ကျတော့ ဒါလုပ်ကောင်းလား မလုပ်ကောင်းဘူးလား၊ တချို့ ဘုန်းကြီးကျောင်းထဲ ဖိနပ်စီးကောင်းလား မေးတဲ့လူက ရှိသေးတယ်နော်၊ အဲတော့ ကိုယ့်စိတ်ပေါ်မှာ မူတည်တယ်နော်။ ဪ ဒါ သံဃာတွေ သီတင်းသုံးတဲ့နေရာပဲ၊ ဘုရားကျောင်းကန်တွေရှိတယ် respect ပေးလို့ ချွတ်ရင် ကုသိုလ်ရတယ်၊ ဒါမှန်တယ်၊ မချွတ်ချင်ဘူးဆိုရင်လဲ မလေးမစားလုပ်တာမဟုတ်ရင် အကုသိုလ်မဖြစ်ဘူး။
စာမျက်နှာ-၃၃
သံဃာတွေနဲ့တွေ့ရင်ချွတ်တယ်၊ သို့သော် ဗမာပြည်မှာ လိုက်နာမှုနှစ်ခုဟာ ဆန့်ကျင်နေတာတစ်ခု ရှိတယ်၊ ဘုန်းကြီးကျောင်းထဲဝင်ရင် စက်ဘီးပေါ်က မဆင်းဘူး၊ မော်တော်ဆိုင်ကယ်ပေါ်က မဆင်းဘူး၊ ဖိနပ်တော့ချွတ်တယ်၊ ဒါ အဓိပ္ပာယ်မရှိဘူးနော်၊ ဖိနပ်ထက် မော်တော်ဆိုင်ကယ်တို့၊ ကားတို့က ပိုကြီးတဲ့ယာဉ်ပဲ။ အဲဒီတော့ ဆိုလိုတာက ကားပေါ်က ဆင်းပြီး ဖိနပ်စီးလာတာ အကောင်းဆုံးပဲပေါ့။ ဒီလိုဆိုလိုတာပေါ့။ ရှေးတုန်းကဆိုရင်၊ ဘုရားကျောင်းကန် ဝင်လို့ရှိရင် ဆင်တွေ၊ မြင်းတွေကို အပြင်ဘက်မှာ ထားခဲ့တယ်၊ ဖိနပ်စီးပြီးဝင်လာကြတယ်၊ ဘုရားနဲ့တွေ့တဲ့အခါကျတော့မှ ဖိနပ်ချွတ်ပြီး ရှိခိုးကြတယ်၊ ဒီလိုကျောင်းထဲမှာ ဖိနပ်မစီးရဘူးဆိုတဲ့ အယူအဆတစ်ခုဟာ အလေးပြုရာကနေပေါ်လာတာ၊ သို့သော် ရည်ရွယ်ချက်ကောင်းရင် အပြစ်ရှိတယ်လို့ ပြောလို့မရဘူး၊ စီးသည့်အတွက်ကြောင့် အပြစ်မရှိဘူး၊ စော်ကားလို၍ လုပ်ရင်တော့ အပြစ်ရှိတယ်၊ လေးစားလို့လုပ်တယ်
စာမျက်နှာ-၃၄
ဆိုရင် ကုသိုလ်ကောင်းမှုရတယ်၊ ကောင်းတဲ့အလုပ်လုပ်တယ် ဒီလိုပြောရမယ်၊ ဘုန်းကြီးတို့ ရွာမှာဆိုရင် ကျောင်းထဲမပြောနဲ့ ကျောင်းရှေ့က ဖြတ်သွားရင်တောင် ဖိနပ်ချွတ်သွားကြတယ်၊ ဒါ အစဉ်အလာတစ်ခုပဲနော်။ tradition လို့ခေါ်တယ်၊ ဘုရားက ချွတ်ခိုင်းတာမဟုတ်ဘူး၊ ဘုန်းကြီးတွေ ရွာထဲသွားရင် ဖိနပ်မစီးရဘူး၊ အခုတော့လဲ စီးနေကြတာပဲ။

အဲဒီလိုပြောင်းတိပြောင်းပြန်တွေပေါ့၊ ဘုရားဆုံးမတာတွေနဲ့ တချို့ဟာ ပြောင်းတိပြောင်းပြန်တွေဖြစ်တယ်ပေါ့။ တချို့က သိမ်ထဲကို အမျိုးသမီးမဝင်ကောင်းဘူးလို့ပြောကြတယ်၊ မဟုတ်ပါဘူး၊ မဝင်ကောင်းဘူးလို့ပြောတာမဟုတ်ပါဘူး။ ကိုယ့်လောက်မှ တန်ဖိုးမရှိတဲ့ အိမ်မြှောင်တွေတောင် သိမ်ထဲမှာ နေကြတာပဲ၊ အမျိုးသမီးက အိမ်မြှောင်ထက် မြတ်ပါသေးတယ်။ ဆိုလိုတာက ဒီမှားမှားယွင်းယွင်း ပြောဆိုရင်းကနေ ဒီလိုဖြစ်လာတယ်၊ ရှင်သာရိပုတ္တရာတို့ သမုတ်တဲ့ သိမ်က ရာဇာဂြိုဟ်မြို့ ကျောင်းကြီးတစ်ဆယ့်ရှစ်ကျောင်း
စာမျက်နှာ-၃၅
ကို ခြုံပြီးတော့ သိမ်တစ်လုံးထဲသမုတ်ထားတာ၊ အဲဒီထဲမှာ အမျိုးသမီးတွေကော၊ အမျိုးသားတွေကော၊ အိမ်တွေကော၊ ရွာတွေကော အကုန်လုံးရှိနေတာပဲနော်၊ ဒါကြောင့်မို့ မဝင်ကောင်းဘူးဆိုတာ မဟုတ်ဘူး။ တစ်နေ့က ဘုန်းကြီးတစ်ပါးက ဖုန်းဆက်ပြီးတော့ မေးတယ်၊ ဆရာတော် သိမ်ထဲမှာ အိမ်သာ“ကုဋီ” ဆောက်ချင်လို့ ဆောက်လို့ရလား၊ သိမ်ထဲမှာ ကုဋီဆောက်ကောင်းလားလို့ မေးတယ်၊ ရှင်သာရိပုတ္တရာ သမုတ်တဲ့ သိမ်ထဲမှာတော့ ဘယ်ကုဋီတင်ကမှာတုန်း၊ သိမ်ဆိုသည်မှာ ရဟန်း၊ သံဃာတွေအတွက် ကံဆောင်ဖို့ရာအတွက် ဧရိယာလေးတစ်ခု သတ်မှတ်တာပဲရှိတယ်။ အဲဒါတွေမဆိုင်ဘူးလို့ အဲဒီလိုပြောပြလိုက်ရတယ်၊ သိမ်ထဲမယ် မလုပ်ကောင်းဘူး ဒီလိုမရှိပါဘူးလို့၊ ကိုယ့်ဟာကိုယ် သင့်တော်၏ မတော်၏ ကိုယ့်ဟာကိုယ် ဆုံးဖြတ်တာပေါ့နော်၊ အေး ဒါကြောင့်မို့လို့ နေစဉ်လုပ်နေတဲ့ အလုပ်တွေထဲမယ် ဘုရားအဆုံးအမတွေ မှန်မှန်ကန်ကန် သိကြဖို့ရာ အင်မတန်မှ အရေးကြီးတယ်။
စာမျက်နှာ-၃၆
ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို လက်ဆင့်ကမ်းသွားဖို့ လိုအပ်တယ်၊ သုတ္တန်တစ်ခုမှာ မြတ်စွာဘုရား ဆုံးမတယ်ဆိုရင် ဒါအခြေခံအားဖြင့် လိုက်နာရမယ့် ကိုယ်ကျင့်သီလနဲ့ ပတ်သက်တာတွေ များတယ်၊ သံသရာဝဋ်က လွတ်ချင်ပြီဆိုတဲ့အခါ ဒီနည်းစနစ်ကတော့ အခြားဘာသာမှာမရှိဘူး၊ ဗုဒ္ဓဘာသာမှာပဲရှိတယ်၊ သံသရာဝဋ်ကလွတ်အောင် လုပ်တဲ့နည်း၊ စိတ်ရဲ့ Stress ဆိုတာတွေကို ကင်းသွားအောင်လုပ်တဲ့နည်း၊ စိတ်ပူပန်မှုတွေမရှိတော့အောင် လုပ်တဲ့နည်းဟာ ဗုဒ္ဓဘာသာမှာပဲရှိတယ်၊ မသေခင်လဲ စိတ်ဖိစီးမှုဆိုတဲ့ Stressတွေ၊ Stressတွေ မဖြစ်အောင် ထိန်းချုပ်နိုင်တယ်၊ နောက်ဆုံးမှာ လုံးဝ Stressဆိုတာတွေ မလာတော့တဲ့ အခြေအနေမျိုးရအောင် ကျင့်ခြင်းဖြင့် တရားနှလုံးသွင်း ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းက ဒီအခြေအနေကောင်းတစ်ခု ဖြစ်ပေါ်စေတယ်ဆိုတာ မြတ်စွာဘုရားကဟောထားတယ်။ “သံယောဇနိယ” ဆိုတဲ့စကားလုံးက သံယောဇဉ်ဖြစ်စရာအာရုံ
စာမျက်နှာ-၃၇
ကိုပြောတာ၊ လူ့ဘဝမှာ မိသားစုနဲ့နေထိုင်တဲ့ပုဂ္ဂိုလ်က သံယောဇဉ်ဖြစ်စရာဆိုတာ သားရှိမယ်၊ သမီးရှိမယ်၊ ဇနီးရှိမယ်၊ မိသားစုရှိမယ်၊ ပစ္စည်းဥစ္စာတွေရှိမယ်၊ ကိုယ်ပိုင်ဆိုင်တဲ့အရာရှိမယ်၊ ဒါ သံယောဇဉ်ဖြစ်စရာတွေချည်းပဲ။

ဘုန်းကြီးတွေဆိုလို့ရှိရင်လဲ သပိတ်တို့၊ သင်္ကန်းတို့၊ ကျောင်းတို့ သံယောဇဉ်ဖြစ်စရာ အာရုံတွေ၊ တပည့်သားမြေးတွေ အဲတော့ “သံယောဇနိယ” သံယောဇဉ်ဖြစ်စရာတွေက အများကြီးရှိတယ်၊ သာမာန်အားဖြင့် ပြောမယ်ဆိုရင်တော့ ရုပ်နဲ့နာမ် နှစ်မျိုးပဲရှိတယ်လို့ ဒီလိုပဲပြောရမှာပေါ့နော်၊ ရုပ်နာမ်နှစ်မျိုးဟာ ခန္ဓာငါးပါးနဲ့ပြောမယ်ဆိုရင် “ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ” လို့ လူတိုင်းလူတိုင်းမှာရှိတဲ့ ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါး၊ သံယောဇဉ်ဖြစ်ရာ သံယောဇနိယပဲ။ အဲဒီ သံယောဇဉ်ဖြစ်စရာ ရုပ်နာမ်တရားပေါ်မှာ ရှုမြင်သုံးသပ်မှုနှစ်ခုဟာ အင်မတန်မှ နီးကပ်နေတယ်၊ အဲဒီနှစ်ခုကို မှန်ကန်တဲ့အနေနဲ့ရှုဖို့
စာမျက်နှာ-၃၈
မြတ်စွာဘုရားက ဟောထားတာ၊ သံယောဇဉ်ဖြစ်စရာ တရားတွေအပေါ်မှာတဲ့ “အဿာဒါနုပဿီ” ကျေနပ်စရာတွေ တွယ်တာစရာတွေ၊ နှစ်သက်စရာတွေချည်းပဲ ရှုမြင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ၊ သံယောဇဉ်ဖြစ်စရာ အာရုံတွေကို ကျေနပ်စရာတွေလို့၊ တွယ်တာစရာတွေလို့ နှစ်ခြိုက်ပြီးတော့နေတဲ့အမြင်နဲ့ မြင်ပြီးတော့ နေတဲ့ပုဂ္ဂိုလ်တစ်ယောက်၊ “နိဗ္ဗီဒါနုပဿီ” ငြီးငွေ့စရာချည်းပဲလို့ အပြစ်မြင်တဲ့ပုဂ္ဂိုလ်က တစ်ယောက်၊ အဲဒီ ပုဂ္ဂိုလ်နှစ်ယောက်ထဲမယ် သံသရာဝဋ်ကလွတ်ဖို့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုဖို့ဆိုလို့ရှိရင် အဲဒီ သံယောဇဉ်ဖြစ်စရာ အာရုံတွေကို ငြီးငွေ့တဲ့စိတ် ပေါ်လာအောင် ရှုမှတ်ဆင်ခြင်တဲ့ ပုဂ္ဂိုလ်သာလျှင် ဒီနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်၊ “အဿာဒါနုပဿီ” သာယာစရာတွေသာ ကြည့်ပြီးတော့ သာယာနေတဲ့ပုဂ္ဂိုလ်က သံသရာထဲမှာ လည်နေမှာပဲ၊ ဒီလမ်းကြောင်းနှစ်ခု မြတ်စွာဘုရားရှင်းပြထားတာ၊ အဲဒီလမ်းကြောင်းနှစ်ခုကို အတိုချုံးပြောရလို့ရှိရင် (၁) သံယောဇဉ်
စာမျက်နှာ-၃၉
ဖြစ်စရာအာရုံတွေပေါ်မှာ သာယာစရာလို့ ရှုမှတ်နေတဲ့ပုဂ္ဂိုလ်၊ ရှုမြင်နေတဲ့ပုဂ္ဂိုလ်ဟာ ရာဂကို မဖယ်နိုင်ဘူး၊ ဒေါသကို မဖယ်နိုင်ဘူး၊ မောဟကို မဖယ်နိုင်ဘူး၊ ဟုတ်တယ်လေ၊ သံယောဇဉ်ဖြစ်စရာ အာရုံတွေပေါ်မှာ ပျော်ပြီးတော့မစွန့်လွှတ်နိုင်ဘူးဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ရာဂတွေက တိုးပွားလာတယ်၊ ဒေါသတွေလဲ တိုးပွားလာတယ်၊ မောဟတွေလဲ တိုးပွားလာတယ်၊ ရာဂတိုးပွားရင် ဒေါသဆိုတာ တိုးပွားတယ်၊ ဘာဖြစ်လို့တုန်း၊ အမြဲတမ်း အလိုကျနေတာမှမဟုတ်တာ၊ အလိုမကျတဲ့အခါတွေ အများကြီးဖြစ်လာတယ်လေ။ အလိုကျတာချည်း မဖြစ်နိုင်တော့ အလိုကျနေတဲ့အခါ ရာဂတိုးပွားတယ်၊ အလိုမကျတဲ့အခါ ဒေါသတိုးပွားတယ်၊ အဲဒီလိုမဟုတ်ဘဲနဲ့ အမှန်မသိတဲ့အခါကျတော့ မောဟတွေ တိုးပွားလာတယ်။ အဲဒီ ရာဂ၊ ဒေါသ၊ မောဟတွေကို မဖယ်နိုင်ဘူး၊ မဖယ်နိုင်သည့်အတွက်ကြောင့် ဘာဖြစ်တုန်းဆိုရင် အိုခြင်း နာခြင်း၊ သေခြင်း သောက ပရိဒေဝ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ ဒီဒုက္ခတွေ
စာမျက်နှာ-၄၀
မလွန်မြောက်နိုင်ဘူး၊ ဒီဒုက္ခတွေ ဘယ်တော့မှ အဆုံးမသတ်နိုင်ဘူးတဲ့။ ဒီပုဂ္ဂိုလ်မျိုးဟာ သံသရာထဲမှာ လည်နေတဲ့ပုဂ္ဂိုလ်။

သံသရာထဲမှာ လည်နေတဲ့ ရှုမြင်သုံးသပ်မှုကို ရှုမြင်သုံးသပ်ပြီး သံသရာက ထွက်ဖို့ရာအတွက် ရှုမြင်သုံးသပ်တဲ့အခါ ဒီလိုကိုယ့်ကိုကိုယ် ဆန်းစစ်ဖို့လိုတယ်၊ “သာယာစရာလို့မြင်နေရင်တော့ သံသရာဝဋ်က လွတ်မှာမဟုတ်ဘူးတဲ့၊ ကဲ သာယာစရာလို့မမြင်ဘူး “နိဗ္ဗီဒါ” ငြီးငွေ့စရာ၊ စိတ်ပျက်စရာ၊ တွယ်တာစရာဆိုတာ တစ်ခုမှမရှိဘူး” ရုပ်နဲ့နာမ် ကိုယ့်ကိုကိုယ်လဲ ပြန်လည်ဆန်းစစ်ကြည့်လိုက်လို့ရှိရင် ဪ ကိုယ်ခန္ဓာကိုယ်ကြီးမှာ ရုပ်နဲ့နာမ် နှစ်မျိုးပဲ၊ ငါဆိုတာလဲ မရှိဘူး၊ ငါ့ဟာဆိုတာလဲမရှိဘူး၊ ငါမှမရှိရင် ငါ့ဟာဘယ်ရှိတော့ပါ့မလဲ၊ ငါလို့ပြောစရာလဲမရှိဘူး၊ ငါ့ဟာလို့ပြောစရာလဲမရှိဘူး၊ ထာဝရ သူ့အကြောင်းနဲ့သူဖြစ်ပြီးတော့ ပျက်သွားတဲ့အရာတွေတောင် ငါ၊ ငါဟာ လုပ်နေကြတာလို့ ဒီလိုအမှန်မြင်လာတယ်။ (၂) သံသရာဝဋ်မှာ ရုပ်တွေ
စာမျက်နှာ-၄၁
နာမ်တွေဟာ အင်မတန်မှ စိတ်ပျက်ငြီးငွေ့စရာကောင်းတဲ့ အရာတွေပဲလို့ ရှုမြင်လာနိုင်တဲ့ပုဂ္ဂိုလ်ဟာ ရာဂကိုလဲ လျှော့ချနိုင်တယ်၊ တွယ်တာမှုတွေ လျော့သွားတယ်။ တွယ်တာမှုတွေ လျော့သွားရင် တွယ်တာမှုလျော့သလောက် ဒေါသကလဲ လျော့သွားတယ်၊ ဒေါသနဲ့ တွယ်တာမှုဟာ တွယ်တာမှုက ပိုပြင်းထန်တယ်၊ တွယ်တာမှုတွေ မကုန်ခင် ဒေါသကုန်သွားနိုင်တယ်ပေါ့။ နောက် အမှန်သိလို့ မောဟတွေလဲ ကုန်သွားမယ်၊ အေး ရာဂ၊ ဒေါသ၊ မောဟတွေကို ဖယ်နိုင်ပြီဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဒီ “ဖြစ်၊ အို၊ နာ၊ သေ”ဆိုတဲ့ ဆင်းရဲဒုက္ခ မလာတော့ဘူး၊ ရာဂ ဒေါသ မောဟရှိနေမှ သံသရာထဲမှာ ကံကအကျိုးပေးတာ၊ အဲဒီကံအကျိုးပေးမှ မွေးဖွားခြင်းတို့၊ အိုခြင်းတို့၊ နာခြင်းတို့ သေခြင်းတို့ဆိုတာဖြစ်တယ်တဲ့။ ဒါကြောင့်မို့ မြတ်စွာဘုရားက ဒီသုတ္တန်မှာ တိုတိုလေးဟောထားတာ “နိဗ္ဗီဒါနုပဿီ” ငြီးငွေ့စရာဘက်က ရှုထောင့်ကကြည့်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။
စာမျက်နှာ-၄၂
ဒါကြောင့်မို့ သံသရာဝဋ်က လွတ်ဖို့ရာအတွက် ကိုယ့်ဘဝ၊ ကိုယ့်ခန္ဓာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသမျှတွေအားလုံးအပေါ်မှာ “စိတ်ပျက်ငြီးငွေ့စရာတွေပဲ၊ အားလုံးဟာ မမြဲတဲ့ အနိစ္စသဘောတွေ၊ မမြဲမှုရဲ့ နှိပ်စက်မှုကြောင့် ဒုက္ခသဘောတွေ၊ ကိုယ်မပိုင်တဲ့ အနတ္တသဘောတွေသာ ဖြစ်တယ်” လို့ ဒီလို ဆင်ခြင်သုံးသပ်ခြင်းဖြင့် သံသရာဝဋ်ကလွတ်တဲ့ ဝိပဿနာဉာဏ်ကို ရနိုင်တယ်။ “နိဗ္ဗီဒါ”ဆိုတာ ဝိပဿနာဉာဏ်ကို ပြောတာပါပဲ၊ ဝိပဿနာနဲ့ ရှုမှတ်သွားလို့ရှိရင် နောက်ဆုံးမှာ သံသရာဝဋ်က လွတ်ရာလွတ်ကြောင်း ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုကြမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ အဆုံးအမဖြစ်တဲ့ ဒေသနာတော်ကို မှတ်သားပြီးတော့ သံသရာဝဋ်က လွတ်ရာလွတ်ကြောင်း ရှုရမယ့် ရုပ်တရား၊ နာမ်တရားတွေအပေါ်မှာ ငြီးငွေ့စရာအဖြစ် ရှုမြင်နိုင်အောင် ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ဝိပဿနာ ရှုမြင်နိုင်မှ ငြီးငွေ့ခြင်းပေါ်လာတဲ့
စာမျက်နှာ-၄၃
အခါမှာ သံသရာဝဋ်က လွတ်ရာလွတ်ကြောင်း ရာဂကို ဖယ်ရှားနိုင်မယ်၊ ဒေါသကို ဖယ်ရှားနိုင်မယ်၊ မောဟကို ဖယ်ရှားနိုင်မယ်။ ရာဂ၊ ဒေါသ၊ မောဟကို ဖယ်ရှားနိုင်မှ သံသရာဝဋ်က လွတ်မြောက်မယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။

သာဓု .. သာဓု .. သာဓု fl55504nvk2nnv5jkvl791istnqo479 ဗုဒ္ဓစွမ်းအား ဉာဏ်ဆယ်ပါး 0 6379 22176 2026-06-16T22:59:28Z Tejinda 173 "{{header | title = ဗုဒ္ဓစွမ်းအား ဉာဏ်ဆယ်ပါး | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဗုဒ္ဓ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22176 wikitext text/x-wiki {{header | title = ဗုဒ္ဓစွမ်းအား ဉာဏ်ဆယ်ပါး | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း]] | previous2 = | next = [[ဗျာဒိတ်တော်ကြား ဘုရား(၂၄)ဆူ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

ဗုဒ္ဓစွမ်းအား ဉာဏ်ဆယ်ပါး
သာသနာတော်နှစ် ၂၅၅၅-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ နတ်တော်လဆန်း ၁၀-ရက်၊ ၂၀၁၀-ခုနှစ်၊ ဒီဇင်ဘာလ ၁၇-ရက်၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်၊ အမှတ် ၉-နယ်မြေ သန္တိသုခဓမ္မာရုံ ဝါတွင်းဆွမ်းလောင်းအောင်ပွဲ ဓမ္မပူဇာသဘင်၌ အင်းစိန်မြို့နေ နှစ်ဖက်မိဘများအား အမှူးထား၍ ဦးကိုကိုဦး+ဒေါ်အေးအေးမြင့် သမီး မအင်ကြင်းမွှေး၊ အိနန္ဒာဝင်း၊ သားမောင်မင်းသိန်းကျော် မိသားစု၊ ကွယ်လွန်သူမိဘနှစ်ပါးဖြစ်ကြသော ဦးဝင်းမောင်+ဒေါ်စိန်းနုတို့အား ရည်စူး၍ သမီး ဒေါ်နီနီဝင်း မိသားစု၊ နှစ်ဖက်သောမိဘများဖြစ်ကြသော ဦးထွန်းဖေ+ဒေါ်မြသိန်း၊ ကွယ်လွန်သူ ဦးသိန်း+ဒေါ်ကြည်တို့အား အမှူးထား၍ ဦးလှစိုး+ဒေါ်ငြိမ်း သမီး မမျိုးမျိုးခိုင်၊ မတင်မျိုးခိုင်၊ မသင်းခိုင် မိသားစုနှင့် ရွာမနေ ဦးလေးရှယ်ကွမ်းယာမိသားစု၊ ရွာမအလယ်နေ မိခင်ကြီး ဒေါ်ဝင်းကြည် အသက် ၇၈-နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ရဲစွမ်းသတ္တိဗွီဒီယိုရုံမိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
စာမျက်နှာ-၂
“ဗုဒ္ဓစွမ်းအား ဉာဏ်ဆယ်ပါး”တဲ့၊ ပါဠိစာပေမှာ တထာဂတဗလ ဆိုတဲ့အမည်နဲ့ မြတ်စွာဘုရားရဲ့ ဉာဏဗလ ဉာဏ်စွမ်းအားဆယ်မျိုးကို ရှင်းလင်းဟောကြားထားတာ ရှိတယ်၊ အားလုံး ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ကြည်ညိုကိုးကွယ်ကြတဲ့ မြတ်စွာဘုရားမှာ ကာယဗလ လို့ခေါ်တဲ့ ခန္ဓာကိုယ်ရဲ့ အင်အားနဲ့ ဉာဏဗလ လို့ခေါ်တဲ့ အသိဉာဏ်ရဲ့ စွမ်းအားဟာ သူမတူအောင် ကြီးမားတယ်ပေါ့။ အဲဒီထဲမှာ ဉာဏဗလလို့ခေါ်တဲ့ ဉာဏ်ရဲ့စွမ်းအားဟာ အင်မတန်မှထက်မြက်လို့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်နဲ့တွေ့ကြုံကြရလို့ တရားဓမ္မနာယူလိုက်ကြရတဲ့ပုဂ္ဂိုလ်တွေဟာ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်နှင့် အကျွတ်တရားကို ရရှိသွားနိုင်ကြတယ်၊ မြတ်စွာဘုရားဉာဏ်တော်ရဲ့ အထောက်အကူပြုမှုဟာ အင်မတန်မှ ကြီးကျယ်တယ်လို့ ပြောရမယ်၊ မြတ်စွာဘုရားရဲ့တရားကို နာလိုက်ရလို့ လွယ်ကူမှုရှိပေမယ့် အခြားအခြားပုဂ္ဂိုလ်များရဲ့တရားကို နာယူတဲ့အခါမှာ
စာမျက်နှာ-၃
အဲဒီလောက် လွယ်ကူမှုမရှိဘူးဆိုတာ သက်သေ သက္ကာယ သာဓက အထောက်အထားတွေ ရှိတယ်ပေါ့။

ဆိုပါစို့- စူဠပန္ထက ဆိုတဲ့ရဟန်းတော်လေးဟာ ဘဝဝဋ်ကြွေးလည်း ပါတယ်၊ သာသနာဘောင်ဝင်ရောက်ပြီးတော့ ရဟန်းဖြစ်လာတဲ့အချိန်မှာ သူ့ရဲ့အသိဉာဏ်တွေဟာ အင်မတန်မှ လေးလံထိုင်းမှိုင်းသွားတယ်၊ လေးလံထိုင်းမှိုင်းသွားသည့်အတွက်ကြောင့် ဂါထာလေးတစ်ပုဒ်ကို လေးလကျက်တာတောင် မရနိုင်ဘူး၊ မရနိုင်သည့်အတွက်ကြောင့် သူ့ရဲ့နောင်တော်က သာသနာတော်နဲ့ မတန်ဘူး၊ အိမ်ပြန်တော့ လို့ ခိုင်းလိုက်တယ်၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က သူ့ရဲ့အသိဉာဏ်တံခါးကို ဘယ်လိုဖွင့်ပေးရမလဲဆိုတာ သိတယ်၊ သူ့ရဲ့နောင်တော် မဟာပန္ထက လို့ဆိုတဲ့ ရဟန္တာကြီးက ဒီဉာဏ်မရှိဘူး၊ မရှိသည့်အတွက်ကြောင့် သူ့ညီတော်ကို သာသနာတော်နဲ့ မတန်ဘူးဆိုပြီး အိမ်ပြန်ခိုင်းပေမယ့်လို့ မြတ်စွာဘုရား
စာမျက်နှာ-၄
သခင်ကိုယ်တော်မြတ်က ဘယ်လိုဉာဏ်ရည်ဉာဏ်သွေးတွေ တက်လာအောင် လုပ်ရမယ်ဆိုတာ သိရှိတော်မူတဲ့အတွက်ကြောင့် တန်ခိုးတော်နဲ့ ဖန်ဆင်းထားတဲ့ ပုဝါပိုင်းလေးပေးပြီး သြဒါတကသိုဏ်း ရှုစေတယ်၊ ပြီးတဲ့အခါမှာ စတုတ္ထဈာန်ရရှိပြီးတဲ့နောက် ဝိပဿနာသို့ ကူးပြောင်းခြင်းဖြင့် ရှင်စူဠပန်ဟာ တစ်ခဏလေးအတွင်းမှာပဲ ဉာဏ်ရည်ဉာဏ်သွေးတွေ ထက်ထက်မြက်မြက်ဖြစ်လာတယ်၊ မဂ်လေးပါး ဖိုလ်လေးပါး မျက်မှောက်ပြုပြီးတော့ ရဟန္တာဖြစ်သွားတယ်၊ ဒီလို မြတ်စွာဘုရားရဲ့ဉာဏ်တော်ဆိုတာ အင်မတန်မှ စွမ်းပကားကြီးမားတယ်ပေါ့။

ပြီးတော့ အားလုံးသိကြတဲ့အတိုင်း သုဝဏ္ဏကာရပုတ္တ ရွှေပန်းတိမ်သည်သား ရဟန်းတော်လေးဟာ ရှင်သာရိပုတ္တရာမထေရ်မြတ်ထံ ရဟန်းခံပြီးတော့ ရဟန်းဘဝရောက်လာတယ်၊ အဲဒီရဟန်းတော်လေးကို ရှင်သာရိပုတ္တရာက ကမ္မဋ္ဌာန်းပေးတယ်၊ လူငယ်လူရွယ်တွေဆိုတာ အလှအပကို မက်မောတတ်
စာမျက်နှာ-၅
တယ်၊ ဒါကြောင့်မို့ အလှအပမက်မောတဲ့ ရာဂတွေ မဖြစ်ဖို့ဆိုပြီးတော့ အလှအပကို မက်မောတွယ်တာတဲ့ တဏှာကို နှိမ်ဖို့ဆိုပြီးတော့ အသုဘကမ္မဋ္ဌာန်းကို ပေးတယ်၊ သူလည်းပဲ လေးလကြာလောက်အောင် တရားဓမ္မ အားထုတ်သော်လည်းပဲ သမာဓိတောင် မရနိုင်ဘဲ ဖြစ်တယ်။

မြတ်စွာဘုရားဆီ ရောက်သွားတဲ့အခါကျတော့ သူ့ရဲ့ဘဝဇာတ်ကြောင်းကို မြတ်စွာဘုရားက ပြန်ပြောင်းဆင်ခြင်သုံးသပ်လိုက်တဲ့အခါ ဒီပုဂ္ဂိုလ်နဲ့ အသုဘကမ္မဋ္ဌာန်းနဲ့ မတန်ဘူး၊ ဘာဖြစ်လို့လဲ၊ သူက အမြဲတမ်း အလှအပစိတ်ဝင်စားနေတဲ့ပုဂ္ဂိုလ်၊ မလှမပ ရွံစရာတွေကို ကြည့်နေရရင် သူ ဘယ်တော့မှ စိတ်ဝင်စားမှာ မဟုတ်ဘူးဆိုပြီး အင်မတန်လှပတဲ့ ကြာပန်းကြီးတစ်ခုကို ဖန်ဆင်းပေးလိုက်တယ်၊ အဲဒီ ကြာပန်းကြီးရဲ့ အရောင်အဆင်းဖြစ်တဲ့ လောဟိတကသိုဏ်းကို ရှုပွားရင်း စိတ်တွေတည်ငြိမ်ပြီးတော့ နောက်ဆုံးမှာ အဲဒီကြာပန်းကြီးရဲ့ ပြောင်းလဲပျက်စီး
စာမျက်နှာ-၆
သွားတဲ့ အနိစ္စသဘောတွေကို ရှုမြင်သုံးသပ်ခါ ဝိပဿနာသို့ ကူးပြောင်းပြီးတော့ သူလည်း တစ်ခဏအတွင်းမှာပဲ ရဟန္တာပုဂ္ဂိုလ်ဖြစ်သွားတယ်။

ဗုဒ္ဓရဲ့ဉာဏ်တော်ဟာ သူမတူအောင် ထက်မြက်တာမို့ ကျန်တဲ့ပုဂ္ဂိုလ်တွေနဲ့ ယှဉ်လို့မရဘူးဆိုတာ ဘုန်းကြီးတို့တတွေ သိရှိပြီးတော့ အင်မတန်မှ ကြည်ညိုကြရမှာပေါ့။

စာပေကျမ်းဂန်မှာ တထာဂတဗလလို့ သုံးတယ်၊ တထာဂတဆိုတာ မြတ်စွာဘုရားကို ရည်ညွှန်းတဲ့စကားလုံးတစ်ခုပဲ၊ ထေရဝါဒဗုဒ္ဓသာသနာမှာတော့ တထာဂတကိုလည်း သုံးတာပဲ၊ သမ္မာသမ္ဗုဒ္ဓကိုလည်း သုံးတာပဲ၊ ဗုဒ္ဓကိုလည်း သုံးတာပဲ သို့သော်လည်း အထူးအားဖြင့် မဟာယာနကျမ်းစာတွေမှာဆိုရင် တထာဂတဆိုတဲ့အသုံးကို တော်တော်များများသုံးတာတွေ့ရတယ်။

တထာဂတဆိုတာ အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုထားတာ ရှိတယ်၊ တထာဂတအဓိပ္ပါယ်တစ်ခုက
စာမျက်နှာ-၇
မှန်တဲ့အတိုင်း ပြောတတ်သူလို့ အဓိပ္ပါယ်ရတယ်။ မှန်တဲ့စကားကို ပြောတတ်သူ (သို့မဟုတ်) အမှန်တရားကို ဟောကြားတတ်သူလို့ အဓိပ္ပါယ်ရတယ်။

နောက်အဓိပ္ပါယ်တစ်ခုကတော့ တထာ အာဂတ လို့ ပုဒ်ဖြတ်ပြီးတော့ ရှေးကဘုရားတွေ သိရှိလာတဲ့လမ်းကြောင်းအတိုင်း, အဲဒီက ကျင့်လာတဲ့ကျင့်စဉ်တွေအတိုင်း ကျင့်ပြီးတော့ ဘုရားအဖြစ်ဖြစ်လာသူလို့ ဒီလိုအဓိပ္ပါယ်လည်း ရတယ်။

နောက်တစ်ခုက ဘာလဲဆိုရင် ယထာဝါဒီ တထာကာရီ၊ ပြောတဲ့အတိုင်း လုပ်တယ်၊ လုပ်တဲ့အတိုင်း ပြောတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့လည်း တထာဂတဆိုတဲ့ အဓိပ္ပါယ်သုံးတယ်။

နောက်တစ်ခုက ဟောသမျှတရားတွေဟာ ဘယ်တော့မှ မမှားဘူး၊ အားလုံးဟာ အမှန်တွေချည်းပဲ၊ မှားယွင်းတဲ့တရားဆိုတာ တစ်ခုတလေမှ မရှိဘူးဆိုတဲ့အဓိပ္ပါယ်နဲ့လည်း တထာဂတဆိုတဲ့ အဓိပ္ပါယ်ကို သုံးတယ်ပေါ့။
စာမျက်နှာ-၈
မြတ်စွာဘုရားက သူ့ကိုယ်သူ ရည်ညွှန်းတဲ့အခါမှာ တစ်ခါတရံကျတော့ “အဟံ” “ငါ”ဆိုတဲ့ အသုံးကို သုံးပေမယ်လို့ နေရာတော်တော်များများမှာ တထာဂတဆိုတဲ့ စကားလုံးကို သုံးလေ့ရှိတယ်၊ သူ့ကိုယ်သူကို ရည်ညွှန်းပြီးတဲ့အခါမှာ တထာဂတဆိုတဲ့ အသုံးကို သုံးတယ်၊ ဒါက စာပေကျမ်းဂန်မှာသုံးပုံနဲ့ ပတ်သက်ပြီးတော့ မှတ်သားစရာလေးတစ်ခုပေါ့။

အခု ဗုဒ္ဓစွမ်းအား ဉာဏ်ဆယ်ပါးကို စာပေကျမ်းဂန်မှာ တထာဂတဗလဆိုတဲ့ အမည်နဲ့ ဖွင့်ဆိုထားတယ်၊ မဇ္ဈိမနိကာယ် မဟာသီဟနာဒသုတ်မှာလည်းပါတယ်၊ အင်္ဂုတ္တရနိကာယ် မဟာသီဟနာဒသုတ်မှာလည်း ပါတယ်၊ တထာဂတဗလကို အသေးစိတ်ဖွင့်ဆိုရှင်းပြထားတာကတော့ အဘိဓမ္မာ ၇-ကျမ်းမှာ အပါအဝင်ဖြစ်တဲ့ ဝိဘင်္ဂကျမ်း (မြန်မာပြည်မှာတော့ ဝိဘင်းကျမ်းလို့ခေါ်တယ်) မှာလည်းပဲ ဉာဏဝိဘင်္ဂ ဆိုတဲ့နေရာမှာ ဟောဒီ တထာဂတဗလ
စာမျက်နှာ-၉
ဗုဒ္ဓစွမ်းအား ဉာဏ်ဆယ်ပါးကို အသေးစိတ်ဖွင့်ဆိုပြီးတော့ ရေးသားဖော်ပြထားတယ်။

ဘုန်းကြီးတို့ ဒီကနေ့ အဲဒီဆိုင်ရာဆိုင်ရာ ကျမ်းဂန်တွေနဲ့ ဆိုင်ရာဆိုင်ရာ ကျမ်းစာတွေမှာလာတဲ့ အဖွင့်အဋ္ဌကထာတွေကို ကြည့်ရှုပြီး အနှစ်သာရထုတ်ပြီးတော့ နားလည်အောင် သိရှိကြည်ညိုကြရအောင် ဟောဖို့ ရည်ရွယ်လာပါတယ်၊ တထာဂတဗလကိုပဲ ဗုဒ္ဓစွမ်းအား ဉာဏ်ဆယ်ပါးလို့ အမည်ပေးပြီး ဟောပါ့မယ်၊ တထာဂတဗလဆိုတာ ဗုဒ္ဓစွမ်းအားပဲ၊ ဗုဒ္ဓစွမ်းအားဆိုတာ ကာယဗလနဲ့ ကွဲပြားခြားနားစေလို၍ “ဉာဏ်ဆယ်ပါး”လို့ ဒီလိုမှတ်သားကြရမယ်။

မြတ်စွာဘုရားမှာ ဉာဏ်ဟာ တစ်မျိုးတည်းမကဘူး၊ ၁၀-မျိုးတောင် ရှိတယ်၊ ၁၀-မျိုးဆိုတာ တထာဂတဗလအနေနဲ့ ၁၀-မျိုး ပြောတာ၊ တခြားနည်းနဲ့ဆိုရင် ဗုဒ္ဓရဲ့ဉာဏ်တော်တွေဟာ မြောက်မြားစွာ ရှိသေးတယ်ပေါ့၊ ဆ-သာဓာရဏ ဘယ်သူနဲ့မှ
စာမျက်နှာ-၁၀
မတူတဲ့ဉာဏ်က ၆-မျိုးဆိုတာတို့၊ သဗ္ဗညုတဉာဏ်တော်ကြီးတို့ဆိုတာတွေ ရှိသေးတယ်ပေါ့နော်၊ ဒီနေရာမှာ သိရှိကြည်ညိုဖို့ရာအတွက်ကတော့ တထာဂတဗလလို့ခေါ်တဲ့ ဒသဉာဏဗလ ဉာဏ်တော် ၁၀-ပါးကို ဘုန်းကြီးတို့တတွေ ဟောမှာပါ၊ သတ္တဝါတွေကို ချေချွတ်တဲ့အခါမှာ မြတ်စွာဘုရားက တရားဟောတဲ့အခါမှာ အသုံးပြုတဲ့ ဒီဉာဏ်တော်ကြီး ၁၀-မျိုးဟာ အင်မတန်မှ သိရှိကြည်ညိုဖို့ကောင်းတယ်။

ဒီဉာဏ်တော်ကြီး ၁၀-ပါးကို အသုံးပြုပြီးတော့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟာ ဝေနေယျသတ္တဝါတွေ နားလည်အောင် သံသရာဝဋ်က လွတ်မြောက်အောင် ထူးခြားတဲ့အသိဉာဏ်တွေရအောင်ဆိုပြီးတော့ ရှင်းလင်းဟောကြားတော်မူတာ။

ဒီ တထာဂတဗလလို့ခေါ်တဲ့ ဗုဒ္ဓရဲ့စွမ်းအားရှိသဖြင့် မြတ်စွာဘုရားဟာ ဘာတွေလုပ်နိုင်တာလဲလို့ သိချင်ကောင်း သိချင်ကြလိမ့်မယ်၊ ထိုထိုသုတ္တန်မှာ အကျဉ်းချုပ်ပြောထားတာ အချက် ၃-ချက်ရှိတယ်။
စာမျက်နှာ-၁၁
ဟောဒီစွမ်းအားသုံးမျိုးကြောင့် မြတ်စွာဘုရားဟာ နံပါတ်တစ် “အာသတံ ဌာနံ ပဋိဇာနာတိ”တဲ့၊ တကယ့်ကို ထိပ်တန်းကိစ္စကြီးတွေမှာ ရဲရဲတောက်တောက် ဝန်ခံရဲတယ်၊ ပြောကြားရဲတယ်၊ လောကလူတွေဆိုတာ ဝန်ခံရဲတာမဟုတ်ဘူး၊ မြတ်စွာဘုရားက တကယ့်ကို အမြင့်ဆုံးအဆင့်မှာကိုပဲ ဘာပဲဖြစ်ဖြစ် ဝန်ခံပြောကြားရဲတယ်။

ဥပမာမယ်ဆိုပါတော့ - ဘုရားကို ပြဿနာတစ်စုံတစ်ခု သိချင်လို့ မေးချင်ပါတယ်လို့ဆိုလို့ရှိရင် မြတ်စွာဘုရားတွေက ဘယ်လိုအမိန့်ရှိတုန်းဆိုရင် “ပုစ္ဆယဒါ ကင်္ခသိ”တဲ့၊ “မင်း မေးချင်တာ မေး” “မင်းမေးချင်တာ မေး”လို့ဆိုတဲ့စကားဟာ အရပ်ထဲကလူတွေကတော့ မစဉ်းမစား ပြောကောင်းပြောကြလိမ့်မယ်၊ သို့သော် ရှင်သာရိပုတ္တရာတောင် အဲဒီလိုမပြောရဲဘူး၊ ဘုရားပြီးရင် ဉာဏ်ရည်ဉာဏ်သွေး အထက်ဆုံးလို့ဆိုရတဲ့ ပညာအရာမှာ ဧတဒဂ်ရတဲ့ ရှင်သာရိပုတ္တရာတောင်မှပဲ “ပုစ္ဆယဒါ ကင်္ခသိ”
စာမျက်နှာ-၁၂
“မင်းသိချင်တာ မေး”ဆိုတဲ့စကား မပြောရဲဘူး၊ ရှင်သာရိပုတ္တရာက ဘယ်လိုပြောတုန်း “ပုစ္ဆသုတွာ ဇာနိသောမ” “မေးပါ”တဲ့၊ “မေးခွန်းကို နားထောင်ပြီးတော့မှပဲ ဖြေနိုင်တယ်၊ မဖြေနိုင်ဘူး ပြောပါ့မယ်”တဲ့၊ ဟော လျော့လျော့လေး ဝန်ခံရတယ်၊ မြတ်စွာဘုရားကျတော့ အဲဒီလိုမဟုတ်ဘူး၊ “အာသတံ ဌာနံ ပဋိဇာနာတိ” တကယ့်ကို ထိပ်တန်းနေရာကနေပြီးတော့ ရဲရဲတောက် ဝန်ခံပြောကြားနိုင်တဲ့ စွမ်းရည်သတ္တိရှိတယ်။

ဘာကြောင့် ဒီလိုပြောနိုင်တာတုန်းလို့ဆိုလို့ရှိရင် အခုပြောခဲ့တဲ့ ဉာဏ်တော် ၁၀-ပါးရဲ့ စွမ်းပကားကြောင့်ပဲလို့ ဒီလိုပြောရမယ်၊ ဒီဉာဏ် ၁၀-ပါးတင်ရှိတာမဟုတ်ဘူး၊ မြတ်စွာဘုရားမှာ သဗ္ဗညုတဉာဏ်ဆိုတာ ရှိသေးတယ်။

သဗ္ဗညုတဉာဏ်နဲ့ ပတ်သက်ပြီးတော့ နည်းနည်းဗဟုသုတရှိအောင် ဖြည့်စွက်ပြီး ပြောရမယ်ဆိုရှိရင် “သဗ္ဗညု”ဆိုတာ အရာခပ်သိမ်းကို သိတယ်
စာမျက်နှာ-၁၃
လို့ ဒီလိုပြောတယ်၊ အရာခပ်သိမ်းကို သိတဲ့ဉာဏ်ကို သဗ္ဗညုတဉာဏ်လို့ ဒီလိုခေါ်တာ။

ကောင်းပြီ - သဗ္ဗညုတဉာဏ်ကို အဲဒီခေတ်ကာလတုန်းက မြတ်စွာဘုရားနဲ့ တစ်ခေတ်တည်းပေါ်လာတဲ့ ဘာသာရေးခေါင်းဆောင်လို့ ပြောရမယ့် အညတိတ္ထိယဆရာကြီးတွေ၊ အများက “သာဓု သမ္မတော” “သူတော်ကောင်းကြီးတွေ”လို့ သတ်မှတ်ထားတဲ့ ပုရာဏကဿပတို့ မက္ခလိဂေါသာလတို့၊ သူတို့ပြောတဲ့ သဗ္ဗညုတဉာဏ်က ဘယ်လိုသဗ္ဗညုတဉာဏ်တုန်းဆိုလို့ရှိရင် သူတို့မှာတဲ့ ဉာဏ်အမြင်ဟာ အမြဲတမ်းထင်ဟပ်နေတယ်၊ သူတို့မှာ ဉာဏ်ကြီးက အမြဲတမ်းလင်းထိန်နေတယ်၊ သူတို့ဉာဏ်က အမြဲသိနေတယ်၊ မီးထွန်းထားသလို အမြဲလင်းနေတယ်၊ အမြဲသိနေတယ်၊ ဘယ်လောက်ထိအောင် အမြဲသိနေတုန်းဆိုရင် သွားနေရင်လည်း သိတယ်၊ ထိုင်နေရင်လည်း သိတယ်၊ ရပ်နေရင်လည်း သိတယ်၊ လျောင်းနေရင်လည်း သိတယ်၊ နောက်ဆုံးကျတော့
စာမျက်နှာ-၁၄
အိပ်နေရင်လည်း သိတယ်တဲ့၊ ဒီလိုဆိုတော့ သူတို့ဉာဏ်က အိပ်နေတုန်းသိတဲ့ဉာဏ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မလဲနော်၊ အိပ်နေရင်းလည်း သိတယ်၊ နေရင်းလည်း သိတယ်တဲ့။

အဲဒီလိုဉာဏ်မျိုးကတော့ မရှိနိုင်ဘူး၊ ဘုန်းကြီးတို့တတွေဟာ အိပ်ပျော်နေတဲ့အချိန်မှာ အသိဉာဏ်ရှိပါ့မလားနော်၊ အိပ်နေတဲ့အချိန်မှာ ဘာမှဒီလူက သိတာမှမဟုတ်ဘဲ၊ ကဲ သိလို့ရှိရင် အိပ်နေတုန်းမှာ အိမ်မှာတက်ပြီး သူခိုးခိုးသွားတာတွေ မရှိဘူးလား၊ မသိလိုက်လို့ ခံလိုက်ကြရတာလား၊ သိရဲ့သားနဲ့ ခံရတာလား၊ သိမှမသိတာနော်၊ ဒိပြင်ဟာ သိဖို့နေနေသာသာ ကိုယ်အိပ်ပျော်နေတဲ့အချိန် ဘာလုပ်သွားမှန်းတောင် မသိလိုက်ဘူး၊ အဲဒီတော့ ဒီဆရာကြီးတွေကတော့ သူတို့အိပ်ပျော်နေရင်လည်း သူတို့အသိဉာဏ်ကြီးဟာ လင်းထိန်နေတယ်တဲ့ ဆိုတော့ အဲဒီသဗ္ဗညုတဉာဏ်မျိုးကိုတော့ ဗုဒ္ဓက လက်မခံဘူး။

မြတ်စွာဘုရားလက်ခံတဲ့ သဗ္ဗညုတဉာဏ်
စာမျက်နှာ-၁၅
ဆိုတာ ဘယ်လိုတုန်းဆိုရင် သိချင်လို့ ကြည့်လိုက်ပြီဆိုရင် အတားအဆီးမရှိဘူး၊ ဘယ်ကိစ္စသိချင်သိချင်, ဘယ်လောက်ကွာလှမ်းတဲ့အရာကိစ္စပဲ သိချင်သိချင်, ဘယ်လောက်ဝေးလံတဲ့အတိတ်ကဟာပဲ သိချင်သိချင်, ဘယ်လောက်ဝေးလံတဲ့အနာဂတ်ကဟာပဲ သိချင်သိချင်၊ သိချင်လို့ ကြည့်လိုက်လို့ရှိရင် မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးဟာ အတားအဆီး အပိတ်အပင်မရှိဘူး၊ အကုန်သိတယ်လို့ ဒီလိုပြောတာနော်၊ ဆိုလိုတာက အသုံးချမယ်ဆိုရင် အဟန့်အတားလုပ်နိုင်တဲ့အရာ မရှိဘူး။

ဘုန်းကြီးတို့တတွေရဲ့ အသိဉာဏ်ဆိုတာက ဘယ်လောက်မှ ဝေးတာမဟုတ်ဘူး၊ ပိတ်ဆို့သွားတာ၊ ဟိုဘက်ကို မသွားနိုင်ဘူး၊ ကိုယ်သိတာနည်းနည်းလေး၊ တစ်ထွာတစ်မိုက်လောက်ပဲ သိတယ်၊ ဟိုဘက်ရောက်ဖို့ တော်တော်ခက်တယ်နော်၊ သိဖို့ဆိုတာ အင်မတန်ခက်တယ်။

မြတ်စွာဘုရားက သိချင်လို့ ကြည့်လိုက်တာနဲ့
စာမျက်နှာ-၁၆
တစ်ပြိုင်နက် အပိတ်အဆို့ အတားအဆီး ဘာမှမရှိဘူး၊ အကုန်သိတယ်၊ “ယာဝတကံ ဉာယံ တာဝတကံ ဉာဏံ” သိစရာတွေ ရှိသလောက် ဉာဏ်ကြီးက လိုက်သိနေတယ်တဲ့နော်၊ “ယာဝတကံ ဉာဏံ တာဝတကံ ညေယျံ” အသိဉာဏ်ကြီးရှိသလောက် သိစရာတွေလည်း ပေါတယ်။

ဘုန်းကြီးတို့တတွေမှာတော့ သိစရာတွေက တစ်ပုံကြီး၊ သိတာလေးက နည်းနည်းလေး၊ ဒီလိုဆိုလိုတာနော်၊ သိစရာတွေက မရေမတွက်နိုင်လောက်အောင်များတယ်၊ သိတဲ့ဉာဏ်က နည်းနည်းလေးပဲရှိတယ်၊ မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးက ဒီလိုရှိတာကိုး၊ သဗ္ဗညုတဉာဏ်ကတော့ သိချင်တာ အကုန်သိတယ်။

အခုပြောမယ့် ဒသဗလဉာဏ် တထာဂတဗလဆိုတာကျတော့ ဆိုင်ရာဆိုင်ရာကိစ္စတွေကို သူက တစ်ခုစီတစ်ခုစီ မတူညီတဲ့အချက်တွေကို သိတာ၊ ဒါလည်းလိုအပ်တာပဲ၊ သူ့ကိစ္စနဲ့သူ ခွဲခြားပြီးတော့
စာမျက်နှာ-၁၇
သိတာ၊ အကုန်လုံးခြုံသိတဲ့ဉာဏ်က တစ်မျိုး၊ တစ်ခုစီတစ်ခုစီမှာ ထူးထူးခြားခြား သိတဲ့ဉာဏ်က တစ်မျိုးလို့ ဒီလိုမှတ်ရမှာပေါ့။

အဲဒီတော့ မြတ်စွာဘုရားဟာ နံပါတ်တစ် “အာသတံ ဌာနံ ပဋိဇာနာတိ”တဲ့၊ တကယ့်ကို ထိပ်တန်းအကျဆုံး အရာဌာနကိုပါ ဝန်ခံပြောကြားနိုင်တဲ့ ဝန်ခံနိုင်တဲ့စွမ်းရည်သတ္တိရှိတယ်၊ ဘာကြောင့်ဝန်ခံနိုင်တာတုန်းဆို ဒီဉာဏ်ကြောင့်ပဲ၊ ဒီဉာဏ်တွေကြောင့် ဝန်ခံနိုင်တာတဲ့။

နောက် ဒုတိယက နံပါတ်နှစ်က ဘာတုန်းဆိုရင် “ပရိသာသု သီဟနာဒံ နဒတိ”တဲ့၊ ပရိသတ်တွေရဲ့အလယ်မှာ မကြောက်မရွံ့ ဟောပြောရဲတယ်၊ ဒါလူတွေက ထင်မယ်၊ တချို့လည်း ဟောပြောတာပဲပေါ့။ ပရိသတ်မကြောက်ဘူး၊ ပရိသတ်မကြောက်တိုင်း ဒါမျိုးကို ဆိုလိုတာမဟုတ်ဘူးနော်၊ ပရိသတ်ဆိုတဲ့နေရာမှာ သူ မကြောက်တာ လူပရိသတ်ပဲ မကြောက်ရှိမယ်၊ မြတ်စွာဘုရားက မကြောက်မရွံ့
စာမျက်နှာ-၁၈
ရဲရဲဝံ့ဝံ့ပြောနိုင်တယ်ဆိုတာ ဘုန်းတန်ခိုးအလွန်ကြီးမားတဲ့ နတ်ဗြဟ္မာပရိသတ်ကိုလည်း မကြောက်ဘူး၊ လူတွေက နတ်ဗြဟ္မာမပြောနဲ့ သရဲတစ်ကောင်လာရင်တောင် အကုန်ထပြေးကုန်မှာနော်။

ဒီ “ပရိသာသု သီဟနာဒံ နဒတိ”ဆိုတာ သာမန်ပရိသတ်ကလေးမှာ မကြောက်တာကို ဆိုလိုတာမဟုတ်ဘူး၊ ပရိသတ်ဆိုတဲ့နေရာမှာ လူပရိသတ်တင်မကဘူး၊ တကယ့်ကို လူထဲမှာလည်းပဲ မင်းစိုးရာဇာပရိသတ်, အထက်တန်းကျလှတဲ့ ဗြာဟ္မဏပရိသတ်တွေ, အထက်တန်းကျလှတဲ့ ပညာရှိတွေ၊ နတ်ပြည်က နတ်ပရိသတ်တွေ ဗြဟ္မာတွေ၊ အင်မတန် ဘုန်းတန်ခိုးကြီးတဲ့ အစွမ်းထက်တဲ့ ဒီလိုပရိသတ်တွေကြားထဲမှာကိုပဲ ရဲဝံ့တဲ့စကားကို ပြောနိုင်တယ်။

ကြည့်လေ မြတ်စွာဘုရားက တစ်ခါတုန်းက ဗကဆိုတဲ့ (အောင်ခြင်းရှစ်ပါးထဲမှာပါတဲ့) ဗြဟ္မာကြီးဟာ သူ့ဗြဟ္မာပြည်မှာ သူဘာတွေပြောနေတုန်း
စာမျက်နှာ-၁၉
ဆိုရင် သူနဲ့တွေ့တဲ့ ဗြဟ္မာတိုင်းကို ပြောတယ်၊ “ဟေ့ ဒီဗြဟ္မာဘုံဟာ နိစ္စထာဝရ ဘယ်တော့မှပြောင်းစရာမလိုတော့ဘူး၊ ဘယ်တော့မှ ပြောင်းရွှေ့တာမရှိတော့ဘူး၊ ဒါ နိစ္စထာဝရ နေရမယ့်ဘုံကြီး တို့ရောက်နေပြီ”လို့ ဒီလိုပြောတာ၊ သူပြောနေတာတွေကို မြတ်စွာဘုရားက ကြားရတဲ့အခါမှာ ဒီဗြဟ္မာကြီးကိုတော့ ငါတက်ပြီး ဆုံးမရဦးမယ်ဆိုပြီးတော့ ကြွသွားတယ်။

မြတ်စွာဘုရားလာတယ်ဆိုကတည်းက ဟိုက အံ့ဩသွားတယ်၊ အံ့ဩသွားတော့ ခုခေတ်လိုပြောရင် ကြိုဆိုတယ်၊ welcome လုပ်တယ်၊ ကြိုဆိုတဲ့အခါမှာ သူက ဘယ်လိုပြောတုန်းဆိုရင် “အရှင်ဂေါတမ ကြွလာတာ အလွန်ကောင်းတယ်၊ ဒီဘုံဟာ နိစ္စထာဝရဘုံပဲ၊ ဘယ်တော့မှ မအိုဘူး၊ ဘယ်တော့မှ မနာရဘူး၊ အလွန်ခိုင်မြဲတဲ့နေရာပဲ”နဲ့ ပြောတော့ - မြတ်စွာဘုရားက ဘာပြောတုန်းဆိုရင် “ဟေ့ ဗက ဗြဟ္မာဟာ တော်တော့ကိုမသိတဲ့ မောဟအဝိဇ္ဇာတွေ
စာမျက်နှာ-၂၀
ဖုံးနေတာပဲ၊ ဘာမှမသိတဲ့ ဗြဟ္မာကြီးပဲ”နဲ့ ဗြဟ္မာပရိသတ်ကြားထဲမှာ “ဘာမှမသိတဲ့ဗြဟ္မာ”လို့ “အဝိဇ္ဇာမှောင်ထဲ ရောက်နေသူ”လို့ ပြောခံလိုက်ရတဲ့အခါ ဘုန်းကြီးတို့တတွေပဲ စဉ်းစားကြည့်၊ လူပရိသတ်ထဲမှာ “မင်း ဘာမှသိတဲ့ကောင်မဟုတ်ဘူး”လို့ ပြောခံရရင် ဘယ်နှယ့်နေပါ့မလဲ၊ အေး ဗကဗြဟ္မာကြီးကလည်း သူ့ကို အဲဒီလိုပြောခံလိုက်ရတယ်။

အဲဒီလိုပြောနိုင်တယ်ဆိုတာ ရမ်းပြောတာမဟုတ်ဘူး၊ သူ့အကြောင်းကို အကုန်သိထားတာ၊ သူ့အကြောင်းဆိုတာ သိဖို့ အင်မတန်ခဲယဉ်းတယ်၊ ဘာဖြစ်လို့တုန်းဆို သူ့သက်တမ်းက ဘယ်လောက်ကြာတုန်းဆို တမေ့တမောကြီး ကမ္ဘာချီကြာတာကိုး၊ အဲဒါကို မြတ်စွာဘုရားက ဟောနိုင်တယ်၊ “မင်းက ဒီဗြဟ္မာဘုံမရောက်ခင်က ဘယ်ဘုံက သေလာတာ၊ အဲဒီဗြဟ္မာဘုံမှာ မင်းကမ္ဘာပေါင်း ဘယ်လောက်သက်ရှည်ခဲ့တယ်၊ အခု ဒီမှာ မင်းအသက် ဘယ်လောက်ရှည်မယ်၊ အခု ဒီက သေရင် မင်းဘယ်သွား
စာမျက်နှာ-၂၁
မယ်၊ ဘာဖြစ်လို့ ဗြဟ္မာပြည်ကို ရောက်လာတယ်”ဆိုတာကအစ ဟိုးဖုံးကွယ်နေတဲ့အတိတ်က သမိုင်းကြောင်းရာဇဝင် သူ့ရဲ့ဘဝဖြစ်စဉ်တွေကိုပါ မြတ်စွာဘုရားက ဟောတာ၊ ပြန်ပြောပြတာ။

အဲဒီလိုပြောနိုင်လို့ ရဲတင်းတာပေါ့နော်၊ မသိဘဲနဲ့ ပြောလို့မရဘူး၊ ဒါကြောင့် “ပရိသာသု သီဟနာဒံ နဒတိ”ဆိုတာ ရဲတင်းတဲ့စကားကို ပြောနိုင်တယ်၊ ဒါဟာ ဟောဒီဉာဏ်တွေရဲ့ စွမ်းပကားကြောင့်ပြောနိုင်တာ၊ ကိုယ်မသိဘဲနဲ့ ဟိုလိုလိုဒီလိုလို လုပ်လို့မရဘူးလေ။

ဟော နောက်တစ်ခုက ဘာတုန်း “ဗြဟ္မစက္ကံ ပဝတ္တေတိ”တဲ့၊ ဗြဟ္မစက္ကဆိုတာ ဓမ္မစက္ကပဲ၊ ဓမ္မစက္ကတို့ ဗြဟ္မစက္ကတို့ဆိုတာ ဘာကိုပြောတာတုန်းဆိုလို့ရှိရင် ပဋိဝေဓဉာဏ်နဲ့ ဒေသနာဉာဏ်ကို ပြောတာ၊ ပဋိဝေဓဉာဏ်ဆိုတာ ကိုယ်တိုင်ထိုးထွင်းပြီးတော့ သိတဲ့ဉာဏ်ကို ပဋိဝေဓဉာဏ်ခေါ်တယ်၊ ပဋိဝေဓဉာဏ်ရပြီးတဲ့နောက်မှ ဒေသနာဉာဏ်ဆိုတာ
စာမျက်နှာ-၂၂
ရတယ်၊ အများနားလည်အောင် ရှင်းလင်းပြောကြားတဲ့ဉာဏ်မျိုးကို ဒေသနာဉာဏ်လို့ခေါ်တယ်။

အဲဒီနေရာမှာ ပဋိဝေဓဉာဏ်ဆိုတာ တရားဓမ္မကျင့်သုံးလို့ ကိုယ်တော်တိုင် ဘုရားအဖြစ်သို့ရောက်လာပြီး ထိုးထွင်းသိတဲ့ဉာဏ်ရလာပြီ၊ ရလာပြီးတဲ့အခါမှာ သတ္တဝါတွေရဲ့အကျိုးကို သယ်ပိုးဖို့ကျတော့ ဒေသနာဉာဏ်တော်ကို အသုံးချတာ၊ အဲဒီဒေသနာဉာဏ်တော်ကြီး စတင်လည်ပတ်ပြီး ဖြစ်ပေါ်စေတာကိုပဲ “ဓမ္မစက္ကံ ပဝတ္တေတိ”လို့ ပြောတာ၊ ဓမ္မစက္ကပဝတ္တနသုတ်ဆိုတာ အဲဒါကို ရည်ညွှန်းတာ။

ဓမ္မစက္ကဆိုတာ ဘာကိုပြောတာတုန်းဆိုရင် ဒေသနာဉာဏ်ကို ပြောတာ၊ အဲဒီဒေသနာဉာဏ်ကြီးကို စတင်အသုံးချပြီးတော့ သတ္တဝါတွေကို နားလည်အောင် ရှင်းပြတယ်ဆိုတာကို “ဓမ္မစက္ကပဝတ္တန”လို့ ပြောတာနော်။ အဲဒီလို ဒေသနာဉာဏ်တော်ကြီးကို စတင်ပြီး အသုံးချနိုင်တယ်ဆိုတာဟာ ပဋိဝေဓဉာဏ်မရှိဘဲနဲ့
စာမျက်နှာ-၂၃
လည်းမရဘူး၊ အခုပြောခဲ့တဲ့ တထာဂတဗလလို့ဆိုတဲ့ ဗုဒ္ဓရဲ့စွမ်းအားဉာဏ်ဆယ်ပါးနဲ့ ကင်းပြီးတော့လည်းပဲ မဖြစ်နိုင်ဘူးတဲ့၊ ဒီတော့ တရားဓမ္မကို ရှင်းပြတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။

ဘုန်းကြီးတို့တတွေ တရားဟောတယ်ဆိုတာ ဘုရားဟောခဲ့တဲ့တရားထဲကနေ ယူဟောနေတာ၊ ကိုယ်သိလို့ဟောတာမဟုတ်ဘူး၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟောတယ်ဆိုတာက “သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေ”တဲ့၊ မြတ်စွာဘုရားက ထိုထိုသုတ္တန်တွေမှာ မိန့်လေ့ရှိတယ်၊ “ငါအခုပြောနေတာ သယံ အဘိညာ ကိုယ်တိုင်သိပြီး ဟောတာ” သူများဆီက တဆင့်ကြားတာတွေ ပြောတာမဟုတ်ဘူး၊ ရာဇဝင်ထဲပါလို့ ပြောတာမဟုတ်ဘူး၊ စာအုပ်ထဲပါလို့ ပြောတာမဟုတ်ဘူး၊ ဟုတ်ကဲ့လား၊ အဲဒီလို လူပြောသူပြောတွေနဲ့ ငါပြောတာမဟုတ်ဘူး၊ “သယံ အဘိညာ” ငါကိုယ်တိုင်သိထားတာ၊ သိရုံတင်မကဘူး၊ “သစ္ဆိကတွာ” အသိဉာဏ်နဲ့ ယှဉ်
စာမျက်နှာ-၂၄
ကပ်ပြီးတော့ အသုံးချတာ၊ ကိုယ်ကိုယ်တိုင် သိပြီးတော့ ကိုယ်ကိုယ်တိုင် မျက်မှောက်ပြုပြီးတော့ ဟောတာ ဖြစ်တယ်လို့ ဒီလို ရဲရဲဝံ့ဝံ့ ပြောနိုင်တာပေါ့၊ အခု လို ပြောနိုင်တာကလည်း ဒီဉာဏ်ကြီးတွေကြောင့် ပြောနိုင်တာတဲ့။
(၁) ဌာနာဌာနဉာဏ်
ကဲ ကောင်းပြီ - မြတ်စွာဘုရားရဲ့ စွမ်းပကား ထက်မြက်တဲ့ ဉာဏ်ဆယ်ပါးဆိုတာ ဘာလဲတဲ့၊ နံပါတ်တစ်က အကြောင်းတရား ဖြစ်နိုင်တာကို ဖြစ်နိုင်တယ်လို့ မြင်တယ်၊ မဖြစ်နိုင်တာကို မဖြစ်နိုင်ဘူးလို့ မြင်တယ်၊ ပါဠိလို ပြောရင် ဌာနာဌာန၊ ဌာနဆိုတာ ဖြစ်နိုင်စရာရှိတဲ့အကြောင်း၊ အဌာနဆိုတာ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို ကွဲကွဲပြားပြားသိတဲ့ဉာဏ်၊ အဲဒီဉာဏ်ဟာ နံပါတ်တစ် ဉာဏ်ပဲ၊ ဒါ အင်မတန်အရေးကြီးတယ်။

ဘုန်းကြီးတို့တတွေဟာ ရမ်းသမ်းပြီးတော့ ဒါ
စာမျက်နှာ-၂၅
တော့ ဖြစ်နိုင်ပါတယ်၊ ဟိုဟာတော့ မဖြစ်နိုင်ပါဘူးဆိုတာ အပေါ်ယံလေးတင် ပြောကြတာနော်၊ အဲဒီတော့ ဘုန်းကြီးတို့တစ်နေရာမှာဟောထားတဲ့ တရားတစ်ပုဒ်ရှိတယ်၊ နာမည်က “ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ” လို့ နာမည်ပေးပြီး ဟောထားတာ ဒီဉာဏ်အကြောင်းကိုနော်။

အဲဒီတော့ ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာဆိုတာတစ်ခု ပြောပြမယ်၊ သောတာပန်ပုဂ္ဂိုလ်တစ်ယောက်က ကံကြီးထိုက်အောင် အမေအဖေကို သတ်တယ်၊ ရဟန္တာကို သတ်တယ်၊ မြတ်စွာဘုရား သွေးစိမ်းတည်အောင် လုပ်တယ်၊ သံဃာသင်းခွဲတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ပုထုဇဉ်တစ်ယောက်က အဲဒီအမှုတွေ ကျူးလွန်တယ်ဆိုတာ ဖြစ်နိုင်တယ်၊ ဟော ဒါ ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာပဲပေါ့။

သောတာပန်ပုဂ္ဂိုလ်တစ်ယောက်က သင်္ခါရတရားကို နိစ္စလို့ သုခလို့ သုဘလို့ အတ္တလို့ ဒီလို ရှုမြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးတဲ့၊ ပုထုဇဉ်တစ်ယောက်
စာမျက်နှာ-၂၆
က အဲဒီလိုရှုမြင်တာ ဖြစ်နိုင်တယ်၊ အဲဒါ ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာပေါ့။

ကုသိုလ်ကံရဲ့ မကောင်းတဲ့အကျိုးဆိုတာ မဖြစ်နိုင်ဘူး၊ အကုသိုလ်ကံရဲ့ ကောင်းတဲ့အကျိုးဆိုတာ မဖြစ်နိုင်ဘူး၊ အကုသိုလ်ကံရဲ့ မကောင်းတဲ့အကျိုး ကုသိုလ်ကံရဲ့ ကောင်းတဲ့အကျိုးဆိုတာ ဖြစ်နိုင်တယ်၊ ဟော ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို မြင်တာ။

အဲဒီလို အကြောင်းတရားတွေနဲ့ ပတ်သက်ပြီးတော့ ပိုင်းပိုင်းခြားခြား သိတဲ့ဉာဏ်ကို ဌာနာဌာနဉာဏ်လို့ ဒီလိုခေါ်တယ်၊ အဲဒါ နံပါတ်တစ်ဉာဏ်ပဲ။ ဒါဟာ အင်မတန်မှ အရေးကြီးတဲ့ဉာဏ်တစ်ခုပဲပေါ့၊ ဖြစ်နိုင်တယ် မဖြစ်နိုင်တယ် မသိဘဲနဲ့ လူတစ်ယောက်ကို သောတာပန်ဖြစ်အောင် သကဒါဂါမ်ဖြစ်အောင် အနာဂါမ်ဖြစ်အောင် ရဟန္တာဖြစ်အောင် တရားပေးနိုင်ပါ့မလား၊ မပေးနိုင်ဘူး၊ ဖြစ်နိုင်တာ မဖြစ်နိုင်တာ သိကို သိရမယ်၊ ဒါက အင်မတန်မှ အရေးကြီးတဲ့ နံပါတ်တစ် အရေးကြီးတဲ့ဉာဏ်ကြီးပဲ။
စာမျက်နှာ-၂၇
ဒါဖြင့် အကြောင်းဟုတ်တယ် အကြောင်းမဟုတ်ဘူးဆိုတာ သိဖို့ အင်မတန်မှ အရေးကြီးတယ်၊ ဒီဉာဏ်က သတ္တဝါတွေနဲ့ ပတ်သက်လာလို့ရှိရင် ဘာကို သိတာတုန်းလို့ဆိုရင် ဆိုပါစို့ - တစ်ဦးတစ်ယောက်ကို တရားဟောတော့မယ်ဆိုရင် မြတ်စွာဘုရားက ဒီ ဌာနာဌာနဉာဏ် ဖြစ်နိုင်တာ မဖြစ်နိုင်တာနဲ့ သူကြည့်တယ်၊ ဘာကို ကြည့်လဲလို့ဆိုလို့ရှိရင် ကိလေသာဝရဏ ရှိမရှိ ကြည့်တယ်။

ကိလေသာဝရဏဆိုတာ နိယတမိစ္ဆာဒိဋ္ဌိတို့လိုဟာမျိုး၊ စွဲစွဲမြဲမြဲ မှားယွင်းနေတဲ့ အယူရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဒီဘဝမှာ ကျွတ်တန်းမဝင်နိုင်ဘူး, ကျွတ်တန်းဝင်နိုင်တယ်ဆိုတာ မြတ်စွာဘုရားက သိတယ်၊ အဲဒီလိုမဟုတ်လို့ရှိရင် ကျွတ်တန်းမဝင်နိုင်တဲ့ ပုဂ္ဂိုလ်ကို သွားတရားဟော, မောရုံပဲ ရှိမှာပေါ့၊ မြတ်စွာဘုရားကျတော့ သေသေချာချာ ရွေးချယ်ပြီးတော့ သိတယ်၊ ဌာနာဌာနဉာဏ်နဲ့ ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို သေသေချာချာ ပိုင်းပိုင်းခြားခြား သိ
စာမျက်နှာ-၂၈
တယ်၊ သိတဲ့အတိုင်း မြတ်စွာဘုရားက တရားဟောတယ်။

ဒါကြောင့်မို့ ဒီဉာဏ်ဟာ အကြောင်း ဟုတ်တယ် မဟုတ်ဘူး၊ ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို သိတဲ့ဉာဏ်မို့ သူဟာ အရေးတကြီးလိုအပ်လို့ သတ္တဝါတစ်ယောက်ကို ချေချွတ်တော့မယ်, တရားဟောတော့မယ်ဆိုရင် ဒီဉာဏ်ဟာ ပထမဆုံး လိုအပ်သည့်အတွက်ကြောင့် ပထမနေရာမှာ ထားတယ်၊ ဒါနဲ့ အရင်ကြည့်တယ်။

ဆိုပါစို့ - ဒီ ကိလေသာဝရဏလို့ဆိုတဲ့ နိယတမိစ္ဆာဒိဋ္ဌိ ဆို့ပိတ်ခံထားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဒီဘဝမှာ ဘယ်လောက်ပဲ တရားနာနာ ဘယ်တော့မှ ကျွတ်ဖို့ မရှိနိုင်ဘူးနော်၊ ကျွတ်နိုင်စရာအကြောင်း မရှိဘူး၊ အဲဒါမျိုး ရှိမရှိကို မြတ်စွာဘုရားက ကြည့်ရတယ်၊ ဒီလိုဆိုလိုတာနော်၊ ဒါက ဌာနာဌာနဉာဏ်နဲ့ ပတ်သက်ပြီးတော့ တစ်ခုမှတ်ဖို့ ပထမဆုံးဉာဏ်လို့ ဒီလိုမှတ်ရမယ်။
စာမျက်နှာ-၂၉

(၂) ကမ္မဝိပါကဉာဏ်
နောက် ဒုတိယဉာဏ်က ဘာတုန်းဆိုတော့ အတိတ် အနာဂတ် ပစ္စုပ္ပန်, အတိတ်တုန်းက လုပ်ခဲ့တဲ့ကံတရား၊ အနာဂတ်မှာလုပ်မယ့်ကံတရား၊ ပစ္စုပ္ပန်မှာ ဖြစ်လာတဲ့ကံတရား၊ အဲဒီကံတရားတွေရဲ့ အကျိုးတရားနဲ့ ပတ်သက်ပြီးတော့ အကျိုးပေးမယ် မပေးဘူးဆိုတာကို မှန်မှန်ကန်ကန်သိတဲ့ဉာဏ်တဲ့။

အကျိုးပေးတယ်ဆိုတဲ့နေရာမှာ မြတ်စွာဘုရားက ဟောတယ်၊ အကုသိုလ်ဆိုရင် မကောင်းတဲ့အကျိုးပေးတယ်၊ ကုသိုလ်ဆိုရင် ကောင်းတဲ့အကျိုးပေးတယ်၊ ဒါဖြင့် အဲဒီကံဟာ ဒါက The law of Kamma ကမ္မနိယာမသဘောကို ပြောတာ၊ ကံရဲ့ သဘာဝ နိယာမတရားကို ပြောတာ၊ ကောင်းတာက ကောင်းကျိုး၊ မကောင်းတာက မကောင်းကျိုး ပေးတယ်။

အဲဒီမှာ အကျိုးပေးမယ့်ကံလား, အကျိုးမပေးမယ့်ကံလားဆိုတာ သာမန်ပုဂ္ဂိုလ်က မသိဘူးနော်၊
စာမျက်နှာ-၃၀
မြတ်စွာဘုရားကျတော့ သိတယ်၊ ဌာနသော ဟေတုသောတဲ့၊ အခြေအနေနဲ့ အကြောင်းတရားကို ပိုင်းပိုင်းခြားခြားသိတယ်၊ ဆိုပါစို့ ဥပမာတစ်ခုကြည့် - မြန်မာနိုင်ငံထဲမှာ ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းဝင်တော့မယ်ဆိုရင် မုန်တိုင်းအခြေပြုနေတာ မရှိဘူးလား၊ ဟိုမှာ အဲဒီအခြေပြုနေတာကို ကြည့်ပြီးတော့ ဒီမှာ ဝင်မယ်, မဝင်ဘူး မှန်းဆပြီးတော့ ပြောကြတယ်မို့လား၊ အခြေအနေကြည့်ပြီးတော့ ပြောရတယ်၊ ဖြစ်ပေါ်နေတဲ့အရာတစ်ခုကို အခြေအနေကြည့်ပြောတယ်။

မြတ်စွာဘုရားကျတော့ လူတစ်ယောက်ဟာ အခုဘာတွေလုပ်နေလဲ၊ အဲဒီလုပ်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ သူလုပ်နေတဲ့အလုပ်ကို ကြည့်မယ်ဆိုလို့ရှိရင် ဒီကံရဲ့အကျိုးတရားကို သူခံရမယ်, မခံရဘူးကို မြတ်စွာဘုရားက တပ်အပ်ပြောလို့ရတယ်၊ အကုသိုလ်ဆိုတာ မကောင်းတဲ့အကျိုးကို ပေးတယ်ဆိုတဲ့နေရာမှာ မြတ်စွာဘုရားက အကုသိုလ်က
စာမျက်နှာ-၃၁
မကောင်းတဲ့အကျိုးပေးတယ် ဆိုပေမယ့်လို့တဲ့ ဂတိပထမမှာ ဂတိသမ္ပတ္တိလို့ ခေါ်တဲ့ ကောင်းတဲ့ဘဝရောက်နေတဲ့အချိန်ဆိုလို့ရှိရင် အကုသိုလ်က အကျိုးမပေးဘူး၊ ဂတိသမ္ပတ္တိက ဖယ်ရှားထားလို့ အကုသိုလ်က အကျိုးပေးလို့ မရဘူး၊ နောက်တစ်ခါ ကာလသမ္ပတ္တိလို့ဆိုတဲ့ အချိန်ကောင်းနဲ့ကြုံနေလို့ရှိရင်လည်း အကုသိုလ်က အကျိုးပေးလို့ မရဘူးတဲ့။

ဥပဓိသမ္ပတ္တိလို့ ခေါ်တဲ့ လူရဲ့ခန္ဓာကိုယ်အနေအထားက ပြည့်စုံနေလို့ရှိရင်လည်း အကုသိုလ်က အကျိုးပေးချင်ပေမယ့်လို့ အကျိုးပေးလို့ မရဘူးတဲ့၊ နောက်တစ်ခုက ပယောဂသမ္ပတ္တိတဲ့၊ ကြိုးပမ်းအားထုတ်မှုလုံ့လရှိနေတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ အကုသိုလ်က အကျိုးပေးချင်တိုင်း အကျိုးပေးလို့ မရဘူးတဲ့။

အကုသိုလ်ဆိုတာ မကောင်းကျိုးပေးတာတော့ မှန်တယ်၊ သို့သော် သမ္ပတ္တိလေးပါးက ဟန့်တားထားလိုက်လို့ရှိရင် အဲဒီအကုသိုလ်ကံက မကောင်းကျိုးကို မပေးနိုင်သေးဘူးတဲ့၊ ဒါ ဘုရားက ဒီလိုသိတယ်၊
စာမျက်နှာ-၃၂
ဟုတ်ကဲ့လား၊ သာမန်လူတွေကတော့ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်၊ ဒီလောက်ပဲ ပြောလို့ရမယ်။

ဟော နောက်တစ်ခုက အကုသိုလ်ဟာ ဝိပတ္တိရှိလာပြီဆိုရင်တော့ ဝိပတ္တိလေးမျိုးနဲ့ ကြုံလာရင် အကျိုးပေးတယ်တဲ့၊ သမ္ပတ္တိနဲ့ ကြုံလာရင် သမ္ပတ္တိရဲ့ အဟန့်အတားကြောင့် သူအကျိုးမပေးနိုင်ဘူး။

ထို့အတူပဲ ကုသိုလ်ကလည်းပဲနော် သမ္ပတ္တိနဲ့ ကြုံတဲ့အခါမှ အကျိုးပေးတယ်၊ ဝိပတ္တိနဲ့ ကြုံတဲ့အခါမှာ ဝိပတ္တိရဲ့ အဟန့်အတားကြောင့် ဆိုပါစို့ - လူတစ်ယောက်ဟာ ကုသိုလ်ကံတွေ ရှိနေသော်လည်းပဲ မကောင်းတဲ့ဘဝ ရောက်နေတယ်၊ မကောင်းတဲ့အချိန်မှာ လူဖြစ်တယ်၊ သူ့ရဲ့ဥပဓိရုပ်ကလည်း ညံ့တယ်၊ ကြိုးစားအားထုတ်မှုကလည်း မရှိဘူးဆိုရင် ကုသိုလ်က အကျိုးပေးလို့ မရဘူး အဲဒီပုဂ္ဂိုလ်မှာ၊ ဒီလိုဆိုလိုတာနော်။

ဒီတော့ ဂတိသမ္ပတ္တိတို့ ဂတိဝိပတ္တိတို့ ကာလ
စာမျက်နှာ-၃၃
ဝိပတ္တိတို့ ဥပဓိဝိပတ္တိတို့ ဒီပယောဂဝိပတ္တိတို့ဆိုတဲ့ ချို့ငဲ့မှုတွေနဲ့ ကြုံနေလို့ရှိရင် ကုသိုလ်က အကျိုးပေးလို့ မရဘူးတဲ့၊ ကုသိုလ်ပြည့်ပြည့်ဝဝ အကျိုးပေးနိုင်တယ်ဆိုတာ သမ္ပတ္တိနဲ့ ကြုံမှပေးတယ်တဲ့၊ ဒါဟာ ဖြစ်နိုင်ချေနဲ့ ကြည့်ပြီးတော့ မြတ်စွာဘုရားက ကံတရားကို အဆုံးအဖြတ်ပေးနိုင်တယ်၊ ဒါဟာ မြတ်စွာဘုရားရဲ့ ကမ္မသမာဒါနနဲ့ ပတ်သက်တဲ့ ဒုတိယဉာဏ်တော်ကြီးပဲ၊ ကမ္မဝိပါကနဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်း သိတော်မူတယ်။

မြတ်စွာဘုရားက အဲဒီလို ရှင်းရှင်းလင်းလင်း သိတော့ ဘာကို သူပြောနိုင်တုန်းဆိုရင် ကမ္မဝိပါကဉာဏ်နဲ့ ဝိပါကာဝရဏ ရှိမရှိ သိနိုင်တယ်၊ ဝိပါကာဝရဏဆိုတာ လူတစ်ယောက်ဟာ ဒွိဟိတ်ပဋိသန္ဓေနေလာခဲ့တယ်၊ ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်နေတယ်၊ အဟိတ်ပဋိသန္ဓေနဲ့ နေလာခဲ့တယ်၊ ဒွိဟိတ်ပဋိသန္ဓေထဲမှာ အသိဉာဏ်မပါတာကို ပြောတာ၊ အဟိတ်ဆိုတာကျတော့ ပိုပြီး အစွမ်းသတ္တိနည်း
စာမျက်နှာ-၃၄
တယ်၊ ဟေတုလို့ ခေါ်တဲ့ အလောဘ အဒေါသတွေ မပါဘူး၊ အမောဟဆိုတဲ့ အသိဉာဏ်လည်း မပါဘူး၊ အဲဒီလောက် ပျော့ညံ့တဲ့ပဋိသန္ဓေနေလာတဲ့ပုဂ္ဂိုလ်ဟာ ဝိပါကာဝရဏလို့ ခေါ်တယ်၊ ဘယ်လိုပဲ တရားဟောဟော ဘယ်လိုပဲ တရားကျင့်ကျင့် အဲဒီပုဂ္ဂိုလ်မျိုးဟာ ဒီဘဝမှာ အောင်မြင်နိုင်တဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးတဲ့၊ ဒါ ကံတရားတွေနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ဒုတိယဉာဏ်နဲ့ သိတော်မူတာပေါ့ ဒါက ကမ္မဝိပါကဉာဏ်လို့ ခေါ်တယ်။
(၃) သဗ္ဗတ္ထဂါမိနိပဋိပဒါဉာဏ်
နောက် တတိယဉာဏ်တော်က ဘာတုန်းလို့ဆိုတော့ “သဗ္ဗတ္ထဂါမိနိပဋိပဒါ ယထာဘူတံ ဇာနာတိ”တဲ့၊ သဗ္ဗတ္ထဂါမိနိပဋိပဒါဆိုတာ ဒီလူလုပ်နေတဲ့အလုပ်တွေဟာ ဘယ်ဘဝကို သူရောက်လိမ့်မယ်ဆိုတာကို မြတ်စွာဘုရားက အတိအကျ ပြောနိုင်တယ်၊ လူတစ်ယောက်ဟာ မကောင်းတာ
စာမျက်နှာ-၃၅
တွေ လုပ်နေတယ်, အကုသိုလ်အလုပ်တွေ လုပ်နေတယ်ဆိုလို့ရှိရင် မြတ်စွာဘုရားက သူလုပ်နေတာကို ကြည့်ပြီးတော့ အကုသိုလ်လုပ်တာချင်း တူပေမယ့်လို့ ဒီလူကတော့ ငရဲရောက်မှာ၊ ဒီလူကတော့ တိရစ္ဆာန်ဘုံရောက်မှာ၊ ဒီလူကတော့ ပြိတ္တာဘုံရောက်မှာလို့ ခွဲပြောနိုင်တယ်၊ မုန်တိုင်းဆင်နေတိုင်းလည်းပဲ မုန်တိုင်းတိုက်တာ မဟုတ်ဘူး၊ ဟုတ်ကဲ့လား၊ အခြေအနေတစ်ခုကိုကြည့်ပြီး ပြောတဲ့အခါမှာ မြတ်စွာဘုရားဟာ ဒီလူတစ်ယောက်ရဲ့ စိတ်ထဲက လှုံ့ဆော်ချက်တွေ ဘယ်လောက်ရှိတယ်ဆိုတာ အသေးစိတ်သိလို့ ဒီလိုပြောလို့ရတယ်။

သဗ္ဗတ္ထဂါမိနိပဋိပဒါဆိုတာ သူလုပ်နေတဲ့အလုပ်ဟာ - သူငယ်ချင်းသုံးယောက် ပါဏာတိပါတအမှုပြုနေတယ်ဆိုပါစို့၊ အဲဒီပြုနေတဲ့အခါမှာ ပါဏာတိပါတအမှုပြုတိုင်း ဒီလူ့စိတ်အခြေအနေဟာ တူနိုင်မတူနိုင် စဉ်းစားကြည့်နော်၊ တစ်စုံတစ်ခုကို လုပ်ပေမယ့်လို့ တူတာမတူတာ ရှိသေးတယ်၊ အဲဒီ
စာမျက်နှာ-၃၆
တော့ မြတ်စွာဘုရားက သူကတော့ သူ့စေတနာစွမ်းအားတွေ တအားပိုသည့်အတွက်ကြောင့် သူက ငရဲကျမှာ, သူကတော့ ငရဲမကျဘူး တိရစ္ဆာန်ဖြစ်မယ်, သူကတော့ တိရစ္ဆာန်မဖြစ်ဘူး ပြိတ္တာဖြစ်နိုင်တယ်၊ ဟော ကံတရားတွေနဲ့ ပတ်သက်ပြီးတော့ လုပ်ရပ်တွေကြည့်ပြီးတော့ ဘယ်ကို သွားမယ့်လုပ်ရပ်လဲဆိုတာကို မြတ်စွာဘုရားက ဆုံးဖြတ်ပေးနိုင်တယ်တဲ့၊ အဲဒီဉာဏ်က။

ကောင်းတဲ့ဘုံကို ပြောမယ်ဆိုရင် ကုသိုလ်ကောင်းမှုလုပ်နေတယ်၊ အေး အတူတူပဲ အခုတရားနာတဲ့လူတွေပဲ ကြည့်၊ တရားနာနေတဲ့ စိတ်စွမ်းအားချင်းဟာ အကုန်လုံး မတူဘူးနော်၊ တချို့က ငိုက်တဲ့လူပါချင်ပါမှာပေါ့၊ တိုးတိုးတိုးတိုး စကားပြောတဲ့လူ ပါချင်ပါမှာပေါ့။ အာရုံစိုက်ပြီး နားထောင်နေတဲ့လူလည်း ပါချင်ပါမှာပေါ့၊ မရှိပေဘူးလား၊ ဟိုတွေးဒီတွေး အိမ်တံခါးမပိတ်ခဲ့ရလို့ ပြန်ပြီးတော့ အိမ်ကို သတိရနေတဲ့လူလည်း ပါမှာပေါ့။ အဲဒီလို အမျိုးမျိုး
စာမျက်နှာ-၃၇
ပါနေတဲ့အထဲမယ် မြတ်စွာဘုရားက သိတယ်နော် ဒီတရားနာနေတဲ့ကုသိုလ်ကြောင့် တစ်ယောက်က နတ်ပြည်ရောက်မယ်, တစ်ယောက်က လူ့ပြည်လောက်ပဲ ရောက်မယ်ဆိုတာ၊ ဟိုတစ်ယောက်ကျတော့ အသိဉာဏ်တွေ ပေါက်ပြီးတော့ နိဗ္ဗာန်ထိအောင် ရောက်လိမ့်မယ်၊ အဲဒီလိုရောက်မယ့်နေရာတွေကို မြတ်စွာဘုရားက သူ့ရဲ့စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ အနေအထားတွေ ကြည့်ပြီးတော့ အတိအကျ ဖော်ထုတ်နိုင်တဲ့အသိဉာဏ်မျိုးကို ဒါ သဗ္ဗတ္ထဂါမိနိပဋိပဒါဉာဏ်လို့ ဒီလိုခေါ်တယ်။

ဒီလိုဉာဏ်မျိုးက သာမန်ပုဂ္ဂိုလ်မျိုးမှာ ရှိတာမဟုတ်ဘူး၊ ဘုရားမှ ရှိတာတဲ့၊ ဒါကြောင့်မို့ ဘုရားက ဒီဉာဏ်နဲ့ ရှင်းရှင်းလင်းလင်း ပြောပြနိုင်တယ်ပေါ့။ အဲဒီဉာဏ်ဟာ ကမ္မပရိစ္ဆေဒ ကံအပိုင်းအခြားကို သိတဲ့ဉာဏ်တစ်မျိုး ဖြစ်တယ်၊ သဗ္ဗတ္ထပဋိပဒါဉာဏ်ဆိုတာ မကောင်းတဲ့ အကုသိုလ်ကံတွေရဲ့ အဟန့်အတားရှိတယ်မရှိဘူး၊ သူလုပ်တဲ့ကံရဲ့ စွမ်းအား
စာမျက်နှာ-၃၈
ဟာ ငရဲထိအောင် ပို့မှာလား (သို့မဟုတ်) ပြိတ္တာဘုံလောက်တင်လား (သို့မဟုတ်) တိရစ္ဆာန်ဘုံလောက်တင်လား၊ သူလုပ်တဲ့ကုသိုလ်က လူ့ပြည်တင် ပို့နိုင်တာလား (သို့မဟုတ်) နတ်ပြည်ထိ ပို့နိုင်သလား၊ သူလုပ်တဲ့ကုသိုလ်က နိဗ္ဗာန်အထိ ပို့နိုင်သလားဆိုတာ ဘုရားမှ သိတယ်ပေါ့၊ ပညာနဲ့ သိတာတဲ့။
(၄) အနေကဓာတုဉာဏ်
နောက်တစ်ခု နံပါတ်လေး ဉာဏ်တော်ကြီးက ဘာဉာဏ်တုန်းဆိုတော့ “အနေကဓာတုဉာဏ်”တဲ့၊ မြတ်စွာဘုရားဟာ ဒီဉာဏ်ရည်ဉာဏ်သွေးနဲ့ ပတ်သက်ပြီးတော့ “အနေကဓာတု နာနာဓာတု လောကံ ယထာဘူတံ ပဇာနာတိ”တဲ့၊ အနေကဓာတုဆိုတာ သဘာဝတွေက များတယ်၊ လူတွေမှာ နာနာဓာတု ဓာတ်သဘောတွေကလည်း မတူညီကြဘူး၊ ဒါဘာပြောတာတုန်းဆိုတော့ “ခန္ဓာနာနတ္တ ဓာတုနာနတ္တ အာယတနနာနတ္တ”လို့ လူတွေရဲ့သန္တာန်မှာ မတူညီ
စာမျက်နှာ-၃၉
တဲ့ခန္ဓာ မတူညီတဲ့အာယတန မတူညီတဲ့ဓာတ် အမျိုးအစား ကွဲပြားခြားနားမှုတွေ ရှိတယ်ဆိုတာ လူရဲ့ခန္ဓာမှာဖြစ်ပေါ်နေတဲ့ ရုပ်တရားနာမ်တရားတွေနဲ့ ပတ်သက်ပြီး မတူညီတဲ့သဘောတရားတွေကိုလည်း မြတ်စွာဘုရားက ခွဲခြမ်းစိတ်ဖြာပြီး သိနိုင်တယ်လို့ ဒီလိုပြောတာနော်၊ အဲဒီလို ခွဲခြမ်းစိတ်ဖြာသိခြင်းအားဖြင့် စွမ်းရည်သတ္တိချင်းလည်း မတူဘူးဆိုတာ ရှင်းလင်းပြီးတော့ ပြောကြားနိုင်တာပေါ့၊ ဒီလိုဆိုလိုတယ်။

အဲဒီမှာ အနေကဓာတု ဓာတ်သဘောတွေ မတူဘူးဆိုတဲ့အခါမှာ လူတွေရဲ့အကျင့်စရိုက်တွေကလည်း မတူကြဘူးပေါ့၊ အကျင့်စရိုက်မတူတဲ့အခါမှာ တရားဟောတဲ့အခါမှာ တစ်မျိုးတည်း ဟောလို့မရဘူးတဲ့၊ ဒါကြောင့်မို့ ဒီပရိသတ်နဲ့ ဒီလူနဲ့တွေ့ရင် ဒီတရားဟောတယ်၊ ဟိုလူနဲ့တွေ့ရင် ဟိုတရားဟောတယ်၊ ဟုတ်ကဲ့လား၊ သတ္တဝါတွေရဲ့ စရိုက်ကို ကြည့်ပြီး ဟောနိုင်တာ ဒီဉာဏ်ကြီးရှိလို့ ဟောနိုင်တာတဲ့၊
စာမျက်နှာ-၄၀
ဒါကြောင့်မို့ သူတို့ရဲ့စရိုက်အထူးကို သိနိုင်တဲ့ဉာဏ် ဒီဉာဏ်ကလည်းပဲ သတ္တဝါတွေကို ချေချွတ်တဲ့နေရာမှာ အလွန်အရေးကြီးတဲ့ဉာဏ်ပဲတဲ့။
(၅) နာနာဓိမုတ္တိကဉာဏ်
နောက်တစ်ခုက ဘာလဲဆိုရင် “သတ္တာနံ နာနာဓိမုတ္တိကံ ယထာဘူတံ ပဇာနာတိ” သတ္တဝါတွေရဲ့နှလုံးသွင်း မတူညီမှုကိုလည်း မြတ်စွာဘုရားက သိတယ်၊ လူတို့ရဲ့စိတ်နေသဘောထားတွေ နှလုံးသွင်းတရားတွေ စိတ်ထားတွေ မတူညီကြဘူး၊ တချို့စိတ်ထားက အဆင့်မြင့်တယ်၊ တချို့စိတ်ထားက အောက်တန်းကျတယ်၊ လူတွေ မပြောကြဘူးလား၊ ဒီလူကတော့ စိတ်ထားက အောက်တန်းကျတယ်၊ ဟိုလူကတော့ စိတ်ထားမြင့်တယ်၊ ပြောကြတယ်။ ယုတ်ညံ့တဲ့အတွေးရှိတဲ့ပုဂ္ဂိုလ် ယုတ်ညံ့တဲ့စိတ်ထားရှိတဲ့ပုဂ္ဂိုလ်ရှိသလို မြင့်မြတ်တဲ့အတွေးရှိတဲ့ပုဂ္ဂိုလ် မြင့်မြတ်တဲ့စိတ်ထားရှိတဲ့ပုဂ္ဂိုလ် ရှိတယ်၊ အဲဒီအထဲ
စာမျက်နှာ-၄၁
မယ် မြင့်မြတ်တဲ့စိတ်ထားရှိတဲ့ပုဂ္ဂိုလ်တွေက မြင့်မြတ်တဲ့စိတ်ထားရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ပေါင်းကြတယ်၊ ယုတ်နိမ့်တဲ့စိတ်ထားရှိတဲ့ပုဂ္ဂိုလ်တွေက ယုတ်နိမ့်တဲ့စိတ်ထားရှိတဲ့ပုဂ္ဂိုလ်တွေပဲနဲ့ အပေါင်းအသင်းလုပ်ကြတယ်။

ဆိုပါစို့ - ပညာထက်မြက်တဲ့ ရှင်သာရိပုတ္တရာထံ တပည့်ခံပြီး ဝင်ရောက်လာတဲ့ ရဟန်းတွေက ပညာထက်တဲ့ ကိုယ်တော်တွေချည်းပဲ၊ ပညာရေးလိုက်စားတဲ့ပုဂ္ဂိုလ်တွေချည်းပဲ၊ တန်ခိုးအရာမှာ ထက်မြက်လှတဲ့ ရှင်မောဂ္ဂလန်နဲ့ တွဲဖက်လာတဲ့ သူ့တပည့်တွေက အကုန်တန်ခိုးဘက်မှာ စွမ်းရည်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေချည်းပဲ၊ ဘာဖြစ်လို့တုန်းဆိုတော့ သတ္တဝါတွေဆိုတာ တူညီတဲ့ဓာတ်သဘောနဲ့ ပေါင်းဖက်ကြတာလေ။

ကဲ စဉ်းစားကြည့်ပေါ့၊ ပွဲကြည့်ချင်တဲ့လူက ပွဲသွားကြတယ်၊ တရားပွဲလာချင်တဲ့လူက တရားပွဲ၊ တူသလား မတူဘူးလား၊ ဝါသနာချင်း မတူကြဘူးတဲ့။
စာမျက်နှာ-၄၂
ဝါသနာတူရာလူတွေက သွားကြတာတဲ့၊ အဲဒီ မတူညီတဲ့ဝါသနာတွေရဲ့အနေအထားကို မြတ်စွာဘုရားက ကောင်းကောင်းကြီးသိတယ်တဲ့၊ ဒါက သိတဲ့ဉာဏ်တစ်မျိုးပဲ၊ အဲဒီဉာဏ်တော်နဲ့ ကြည့်ပြီးတော့ မြတ်စွာဘုရားက သတ္တဝါတွေကို တရားဟောနိုင်တယ်ပေါ့။
(၆) ဣန္ဒြိယပရောပရိယတ္တိဉာဏ်
နောက်တစ်ခုက ဘာလဲဆိုရင် နံပါတ်ခြောက်က “ပရသတ္တာနံ ပရပုဂ္ဂလာနံ ဣန္ဒြိယပရောပရိယတ္တံ ယထာဘူတံ ပဇာနာတိ”တဲ့၊ သတ္တဝါတွေရဲ့ဣန္ဒြေဆိုတာ ဒီနေရာမှာ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာလို့ခေါ်တဲ့ ဣန္ဒြေကို ပြောတာ၊ မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဆိုတာက ဣန္ဒြေတစ်မျိုး၊ အခုပြောတာက သဒ္ဓါရယ် ဝီရိယရယ် သတိရယ် သမာဓိရယ် ပညာရယ်၊ သဒ္ဓါစွမ်းအားတွေ ဝီရိယစွမ်းအားတွေ သမာဓိစွမ်းအားတွေ သတိစွမ်းအားတွေ ပညာ
စာမျက်နှာ-၄၃
စွမ်းအားတွေ ထက်မြက်မှု ရှိမရှိ တိုးတက်မှုရှိမရှိ ဆုတ်ယုတ်နေသလား၊ တိုးတက်နေသလားဆိုတဲ့ အနေအထားတွေကို သိနိုင်တဲ့ဉာဏ်စွမ်းလို့ ဒီလိုပြောတာ၊ အဲဒါလည်း အင်မတန်မှ အရေးကြီးတယ်။

လူတစ်ယောက်ရဲ့ သဒ္ဓါတရားဟာ ထက်မြက်နေသလား၊ ဝီရိယဟာ ထက်မြက်နေသလား၊ သတိဟာ ထက်မြက်နေသလား၊ ဒီဟာသိဖို့ရာ အင်မတန်မှ အရေးကြီးတယ်၊ အဲဒါမသိရင် အချိန်မကျသေးခင် ငှက်ပျောပင်က ငှက်ပျောခိုင်ကို ခုတ်လိုက်လို့ရှိရင် အဲဒီငှက်ပျောသီးက မှည့်ပါ့မလား၊ အနုလေးဆိုရင် ပိန်သွားမှာပဲ ဟုတ်ကဲ့လား၊ မြတ်စွာဘုရားကျတော့ ဒီအသီးဟာ မှည့်ပြီ မမှည့်သေးဘူးဆိုတာ သိတယ်။

အဲဒါလိုပဲ လူတွေရဲ့သန္တာန်မှာရှိတဲ့ သဒ္ဓါတွေဟာ ရင့်သန်နေပြီလား, ဝီရိယတွေ သတိတွေ သမာဓိတွေ ပညာတွေ ရင့်သန်နေပြီလား၊ ဒါတွေကို မြတ်စွာဘုရားက အသေးစိတ်သိတယ်၊ ဒါကြောင့်မို့
စာမျက်နှာ-၄၄
ဟောလိုက်ပြီဆိုလို့ရှိရင် နှုတ်တော်ဖွင့်ထုတ်ပြီး ဟောလိုက်တာနဲ့ တစ်ဖက်သားက ချက်ချင်း အကျိုးတရားရသွားတယ်၊ ဒီလိုဆိုလိုတာ။

ကြည့်လေ-သုဘဒ္ဒပရိဗိုဇ်ကြီးက မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတဲ့နေ့မှ သူ့ရဲ့အသိဉာဏ်တွေက ရင့်ကျက်တာ၊ အဲဒီကျမှ သူက ဘုရားဆီလာချင်တဲ့စိတ်ပေါက်မှာ၊ ရင့်ကျက်မှာ၊ သူ့ကို အဲဒီအချိန်ပြောမှ နားလည်မယ်၊ ဒီထက်စောပြီး ပြောလို့လည်း နားမလည်ဘူး၊ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန်စံဖို့ အသက် ၈၀ မပြည့်ခင် ၁၀-လကြိုပြီးတော့ ရောဂါဖြစ်တယ်၊ အဲဒီရောဂါက မာရဏာန္တိကာလို့ ခေါ်တယ်၊ သေခြင်းနားကပ်သွားလောက်တဲ့ရောဂါဝေဒနာမျိုး၊ အဲဒီရောဂါမျိုးဖြစ်တာကို မြတ်စွာဘုရားက အာယုသင်္ခါရလို့ဆိုတဲ့ ဖလသမာပတ်နဲ့ (ဖလသမာပတ်က အမျိုးမျိုးရှိတယ်၊ သာမန်ဝင်စားတဲ့ဖလသမာပတ်က တစ်မျိုး၊ အာယုသင်္ခါရလို့ဆိုတဲ့ ရောဂါကို ဟန့်တားထားပြီးတော့ အသက်ကို ထိန်းထားတဲ့သမာပတ်က တစ်မျိုး၊
စာမျက်နှာ-၄၅
ပိုပြီးတော့ အသေးစိတ်ပြီး စွမ်းအားတွေထက်အောင် လုပ်တာ) မြတ်စွာဘုရားက အာယုသင်္ခါရဆိုတဲ့ ဖလသမာပတ်ကို ဝင်စားထားလိုက်တဲ့အခါကျတော့ အဲဒီရောဂါဟာ တန့်သွားပြီးတော့ ၁၀-လတိတိ မပေါ်တော့ဘူး၊ မြတ်စွာဘုရားက ပကတိကျန်းမာသွားတယ်။

ဘယ်သူ့အတွက် ၁၀-လတိတိ အသက်ကို ထိန်းလိုက်ရသလဲလို့ဆိုလို့ရှိရင် သုဘဒ္ဒကြီးအတွက် ထိန်းရတာ၊ ဘုရားက နေချင်လို့ အာယုသင်္ခါရ ဖလသမာပတ်ဝင်စားတာ မဟုတ်ဘူး၊ နောင် ၁၀-လကြာရင် သုဘဒ္ဒကြီးကို တရားဟောဖို့ ရှိတယ်၊ အကယ်၍ ငါ့တရားမနာလိုက်ရင် သူ့ဘဝကြီးက သွားပြီ၊ ဒါကြောင့်မို့လို့ သူ့အတွက်ငဲ့ပြီးတော့ မြတ်စွာဘုရားက ၁၀-လတိတိ ထိန်းထားတာ၊ ခုခေတ်တော့ ဘာတွေလုပ်လဲဆိုရင် ဥပမာမယ် - ဆေးရုံမှာ လူနာသည်းနေလို့ရှိရင် solucortef ထိုးပေးလိုက်တယ်၊ အိမ်ပြန်သယ်ဖို့၊ လမ်းမှာ မသေအောင်လို့ဆိုတာ လုပ်တယ်။
စာမျက်နှာ-၄၆
မြတ်စွာဘုရားက အာယုသင်္ခါရဖလသမာပတ် ဝင်စားထားလိုက်တာ ရောဂါတွေအကုန်လုံး ရှင်းပြီးတော့ ပကတိကျန်းမာသွားတယ်၊ အာယုသင်္ခါရလွှတ်တယ်ဆိုတာ ဒီသမာပတ်ကို ငါမဝင်စားတော့ဘူးလို့ ဆုံးဖြတ်ပြီး စွန့်လွှတ်လိုက်တာ ဟော နောက်ဆုံးလတွေကျတော့ စွန့်လွှတ်လိုက်တယ်၊ မဝင်စားတော့ဘူးလို့ဆိုကတည်းက ရောဂါတွေ ပြန်ဝင်လာပြီး သက်တော်(၈၀)ကျတော့ ပရိနိဗ္ဗာန်စံတာပဲပေါ့၊ ဒါ သုဘဒ္ဒကြီးကို နောက်ဆုံးဟောတာ ဘာကြောင့်လဲဆိုရင် အဲဒီကျမှ သုဘဒ္ဒကြီးက ကျွတ်ချိန်တန်တာတဲ့၊ ရင့်ကျက်တာ၊ အဲဒါ ဘာနဲ့သိတာတုန်းဆို အခုပြောတဲ့ ဣန္ဒြိယပရောပရိယတ္တိဉာဏ်လို့ ခေါ်တယ်၊ အဲဒါကိုပဲ ဗုဒ္ဓစက္ခုလို့ခေါ်တယ်။

သဟမ္ပတိဗြဟ္မာကြီးက မြတ်စွာဘုရားကို လာပြီးတော့ တောင်းပန်လျှောက်ထားတယ်၊ ဘယ်အချိန်မှာ တောင်းပန်လျှောက်ထားတာတုန်းဆိုတော့ မြတ်စွာဘုရားက သူသိတဲ့တရားတွေကို စဉ်းစား
စာမျက်နှာ-၄၇
တယ်၊ ပဋိစ္စသမုပ္ပါဒ်ဆိုတာ အလွန်နက်နဲတယ်၊ ထို ပဋိစ္စသမုပ္ပါဒ်အကြောင်းတရားတွေ ချုပ်ငြိမ်းသွားလို့ နိဗ္ဗာန်ဆိုတဲ့ မျက်မှောက်ပြုရမယ့်တရားဆိုတာလည်း အလွန်နက်နဲတယ်၊ နက်နဲသည့်အတွက်ကြောင့် မြင်ဖို့ ခက်တယ်၊ ဒါတွေကို ငါ ရှင်းပြနေလည်း သတ္တဝါတွေ နားလည်ကြမှာ မဟုတ်ဘူးလို့ တရားက အလွန်နက်ပြီးတော့ သတ္တဝါတွေရဲ့ အကျင့်စရိုက်တွေက အလွန်ကို ကာမဂုဏ်အာရုံတွေထဲမှာ နစ်မွန်းနေကြတာကို ကြည့်ပြီး ဘုရားက ငါ တရားဟောလည်း သိကြမှာ မဟုတ်ပါဘူးလို့ စိတ်ထဲမှာ ဖြစ်တဲ့အချိန်လေးမှာ သဟမ္ပတိဗြဟ္မာကြီးက “အရှင်ဘုရား ဟောပါဘုရား”တဲ့၊ “တရားမနာရရင် တရားကနေ ဆုတ်ယုတ်ကြပါလိမ့်မယ်၊ နားလည်တဲ့ပုဂ္ဂိုလ် ပေါ်လာပါလိမ့်မယ်”နဲ့ လာတိုက်တွန်းတဲ့အခါမှာ မြတ်စွာဘုရားက လက်ခံပြီးတော့ စဉ်းစားတဲ့အခါ ဘာနဲ့ ကြည့်သလဲလို့ဆိုရင် ဗုဒ္ဓစက္ခု ဆိုတာနဲ့ ကြည့်တယ်။
စာမျက်နှာ-၄၈
အဲဒီ ဗုဒ္ဓစက္ခုဆိုတာ ဘာကို ပြောတာတုန်းဆိုရင် ဒီ ဣန္ဒြိယပရောပရိယတ္တိနဲ့ အာသယာနုသယဉာဏ်ကို ပြောတာ၊ ဘုရားရဲ့မျက်စိဆိုတာ ဒီ ဣန္ဒြိယပရောပရိယတ္တိဉာဏ်ကိုပဲ ပြောတာတဲ့၊ အခု နံပါတ်ခြောက်ဉာဏ်ကို ပြောတာ၊ အဲဒီ ဣန္ဒြိယပရောပရိယတ္တိဉာဏ်ထဲမှာ အာသယဆိုတာလည်း ပါတယ်၊ အနုသယဆိုတာလည်း ပါတယ်၊ စရိယာဆိုတာလည်း ပါတယ်။ အာသယဆိုတာ ဘာလဲလို့ဆိုရင် လူတွေရဲ့ အမြင်ကို ပြောတာ၊ စာလိုပြောရင် သဿတဒိဋ္ဌိ မြဲတယ်ဆိုတဲ့အမြင်၊ ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာ ၅-ပါးထဲက တစ်ခုခုကို အတ္တလို့ ယူစွဲပြီးတော့ အဲဒီအတ္တလေးကို မြဲတယ်လို့ဆိုရင် သဿတဒိဋ္ဌိ၊ အဲဒီအတ္တလေးဟာ သေပြီးရင် နောက်ထပ်ပြန်မဖြစ်တော့ဘူး၊ ထာဝရမရှိတော့တာလို့ဆိုရင် ဥစ္ဆေဒဒိဋ္ဌိ၊ အဲဒီ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိကိုလည်း အာသယလို့ ခေါ်တယ်။
စာမျက်နှာ-၄၉
ပဋိစ္စသမုပ္ပါဒ်ကို သိပြီးတော့ ဝိပဿနာဉာဏ်တွေ ဖြစ်လာတယ်၊ အနုလောမိကခန္တီဉာဏ် ဝိပဿနာဉာဏ်ကိုလည်း အာသယလို့ ခေါ်တယ်။

အဲဒီတော့ သတ္တဝါတွေရဲ့ အာသယဆိုတာကို မြတ်စွာဘုရားက နှိုက်နှိုက်ချွတ်ချွတ် သိတယ်၊ ဒီလူဟာက ဥစ္ဆေဒဒိဋ္ဌိလား၊ ဒီလူဟာက သဿတဒိဋ္ဌိလား၊ ဒီလူမှာ အကြောင်းအကျိုးကို နားလည်နိုင်တဲ့ ဉာဏ်စွမ်းတွေ ရှိသလား၊ ဝိပဿနာဉာဏ်ရည်ဉာဏ်သွေးတွေ ရှိသလားဆိုတာကို မြတ်စွာဘုရားက သိတယ်၊ သူ့ရဲ့စရိုက်တွေ သိတယ်၊ သူ့ရဲ့နှလုံးသွင်းတွေ သိတယ်၊ သူ့ရဲ့အသိဉာဏ်ထဲမှာ ကိလေသာဆိုတဲ့မြူတွေ များနေသလား၊ သူ့ရဲ့စိတ်ထဲမှာ ကိလေသာဆိုတဲ့မြူတွေ နည်းနေပြီလား၊ သူဟာ အခြေအနေကောင်းသူ ဟုတ်သလား၊ အခြေအနေမကောင်းသူလား၊ သူဟာ ပြောပြလို့ရှိရင် နားလည်လွယ်တဲ့ပုဂ္ဂိုလ်လား၊ ပြောပြလို့ရှိရင် နားလည်ဖို့ ခက်တဲ့ပုဂ္ဂိုလ်လားဆိုတာကို မြတ်စွာဘုရားက သတ္တဝါ
စာမျက်နှာ-၅၀
တွေကို ကွဲကွဲပြားပြား သိတယ်ပေါ့။

အဲဒီလို ကွဲကွဲပြားပြားသိတဲ့ဉာဏ်ဟာ ဘယ်လောက် အရေးကြီးသလဲ၊ တရားဟောတဲ့အခါမှာ အလွန်ကို အရေးကြီးတဲ့ဉာဏ် ဖြစ်တယ်ပေါ့၊ အဲဒီဉာဏ်ကြီးနဲ့ မြတ်စွာဘုရားဟာ သတ္တဝါတွေ အကျွတ်တရားရဖို့ရာအတွက် တရားဟောပြောတော်မူတာ၊ ဒါကြောင့်မို့ ဣန္ဒြိယပရောပရိယတ္တိဉာဏ်နဲ့ မြတ်စွာဘုရားက ရှင်းလင်းဟောကြားတာ၊ သူတို့ရဲ့ အခြေအနေတွေကို အကုန်လုံးသိတယ်တဲ့။
(၇) ဈာနသမာပတ္တိဉာဏ်
နောက် ခုနစ်နံပါတ်က ဘာတုန်းဆိုရင် မြတ်စွာဘုရားမှာ သမထကျင့်စဉ်ကို ပိုင်ပိုင်နိုင်နိုင် ကျင့်ထားလို့ ဈာန်တရားတွေ သမာဓိတွေ သမာပတ်တွေ တစ်ကြိမ်မကဘူး၊ အကြိမ်ပေါင်းမြောက်မြားစွာ ဝင်စားတယ်၊ သမာပတ် ၈-ပါးဆိုတာ ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်၊ ရူပဈာန် ၄
စာမျက်နှာ-၅၁
ပါး၊ အရူပဈာန် ၄-ပါး၊ အာကာသာနဉ္စာယတန၊ ဝိညာဏဉ္စာယတန၊ အာကိဉ္စညာယတန၊ နေဝသညာနာသညာယတန လို့ အဲဒီလို ရူပဈာန် ၄-ပါး အရူပဈာန် ၄-ပါး၊ ဒီသမာပတ် ၈-ပါးကို ခေါက်တုန့်ခေါက်ပြန် မြတ်စွာဘုရားဟာ သွက်သွက်လက်လက်ကြီး ဝင်စားနိုင်အောင် လေ့ကျင့်ထားတယ်၊ လေ့ကျင့်ထားသည့်အတွက်ကြောင့် သမာပတ်နဲ့ပတ်သက်လာလို့ရှိရင် မြတ်စွာဘုရားဟာ အချိန်မရွေး အသုံးချနိုင်တယ်ပေါ့၊ စွမ်းရည်သတ္တိတွေ ရှိတယ်ပေါ့။

အဲဒီစွမ်းရည်သတ္တိတွေဟာ တရားဟောဖို့ ကြွတဲ့အခါမှာ အင်မတန်မှ တန်ဖိုးရှိတယ်၊ ဒီလို စွမ်းရည်သတ္တိတွေဟာ မြတ်စွာဘုရားပြီးရင် ဘယ်သူ့သန္တာန်မှာ ရှိတုန်းဆိုရင် ရှင်မောဂ္ဂလာန်သန္တာန်မှာ ရှိတယ်၊ အားလုံးကြားဖူးကြလိမ့်မယ် နန္ဒောပနန္ဒ နဂါးမင်းကြီးနဲ့ ယှဉ်ပြိုင်ဆိုင်ကြရတဲ့အခါမှာ နဂါးကလည်း တော်တော်အစွမ်းထက်တဲ့ နဂါးကိုး၊ သာမန်တန်ခိုးရှိတဲ့ပုဂ္ဂိုလ်ဟာ တန်ခိုးရှိပေမယ်လို့ လေ့ကျင့်
စာမျက်နှာ-၅၂
မထားရင် မထက်မြက်ဘူးပေါ့၊ အေး တန်ခိုးမပြောနဲ့ ဘောလုံးသမားတောင် လေ့ကျင့်ရတယ်၊ မလေ့ကျင့်ရင် ခြေကျနေရင် ရှုံးမှာပဲ၊ ဟုတ်ကဲ့လား၊ ဘယ်အရာပဲဖြစ်ဖြစ် ခန္ဓာကိုယ်အနေနဲ့ အကုန်လေ့ကျင့်ထားရတယ်၊ မလေ့ကျင့်လို့ မရဘူး၊ တန်ခိုးဟာလည်း လေ့ကျင့်ရတယ်။

ရှင်မောဂ္ဂလာန် ဘာလို့ တန်ခိုးထက်တာလဲဆိုရင် အမြဲတမ်း လေ့ကျင့်တယ်၊ အာစိဏ္ဏဝသိတာ လေ့ကျင့်နေသည့်အတွက်ကြောင့် သူက စွမ်းရည်သတ္တိတွေ ထက်တာ၊ သာမန်နေတာ မဟုတ်ဘူး၊ သူက အားနေရင် ဒါပဲ လုပ်နေတာ၊ အပြန်ပြန်အလှန်လှန် သမာပတ်တွေ ဝင်စားတယ်။

အဲဒီမှာ နန္ဒောပနန္ဒနဂါးမင်းနဲ့ ပြိုင်တဲ့အချိန်မှာ နန္ဒောပနန္ဒနဂါးမင်းထက်ကြီးတဲ့ နဂါးကြီး ဖန်ဆင်းပြီးတော့ နန္ဒောပနန္ဒနဂါးမင်းကို အပေါ်က ထပ်ပတ်ပြီးတော့ တောင်နဲ့ ဖိညှပ်တဲ့အခါ နာတာပေါ့၊ နာတဲ့အခါကျတော့ “သင် ဘယ်သူတုန်း”ဆိုတော့ “ငါ
စာမျက်နှာ-၅၃
မောဂ္ဂလာန်ပဲ” “ရှင်မောဂ္ဂလာန်ဆိုရင် ရှင်မောဂ္ဂလာန် ပုံသဏ္ဌာန်နဲ့ ပြပါ”ဆိုတော့ ရဟန်းအသွင်သဏ္ဌာန်နဲ့ ပြလိုက်တယ်၊ အဲဒီပြလိုက်တဲ့အချိန်မှာ ဒီနဂါးက လေနဲ့ ဖူးကနဲမှုတ်လိုက်တာ သူ့လေက အဆိပ်လေ မဟုတ်လား၊ သူ့နှာကနေပြီးတော့ ဖူးကနဲမှုတ်လိုက်တဲ့လေနဲ့သာ ထိလိုက်ရင် ပြာဖြစ်သွားမှာ၊ အဲဒီလောက်ထိအောင် သူကလည်း အစွမ်းထက်တယ်။

အဲဒီအချိန်မှာ ဓိပ္ပနိသန္တိ (အဓိဋ္ဌာန်) ဆိုတာ လျင်လျင်မြန်မြန် မလုပ်နိုင်ဘူးဆိုရင် ဒီနေရာမှာ ပြာဖြစ်သွားလိမ့်မယ်၊ အဲဒါ ရှင်မောဂ္ဂလာန်က လေ့ကျင့်ထားတဲ့ပုဂ္ဂိုလ်ဖြစ်တော့ ဖူးလို့ လုပ်လိုက်တာနဲ့ သူက ဖန်ဆင်းပြီးသား ဖြစ်သွားတယ်။

မြတ်စွာဘုရားမှာလည်းပဲ အလွန်ထက်မြက်လျင်မြန်တယ်ဆိုတာ အားလုံးကြားဖူးကြတယ်၊ ထူးမခြားနားသီချင်း ကြားဖူးတယ်မို့လား၊ မီးနဲ့ ရေနဲ့၊ မြတ်စွာဘုရားဟာ ယမကပါဋိဟာရိယ တန်ခိုးပြာဋိဟာအစုံအစုံပြတော်မူတဲ့အခါမှာ လက်ယာဖက်
စာမျက်နှာ-၅၄
မျက်လုံးတော်ကနေပြီးတော့ ရေတွေ ပန်းထွက်နေလို့ရှိရင် လက်ဝဲဘက်မျက်လုံးတော်က မီးတွေ ပန်းထွက်နေတယ်၊ ကြည့်တဲ့ပုဂ္ဂိုလ်တွေက ရေနဲ့မီး တစ်စုံထွက်လာတယ်၊ တစ်ပြိုင်နက် ထွက်နေတယ်လို့ ထင်ရတယ်၊ ဒါပေမဲ့ မြတ်စွာဘုရားလုပ်တာ တစ်ပြိုင်နက်လုပ်လို့ မရဘူး၊ မြန်လွန်းအားကြီးလို့ တစ်ပြိုင်နက်လို့ ထင်ရတယ်။ မီးဖြစ်ဖို့ရာအတွက် တေဇောကသိုဏ်း ဝင်စားရတယ်၊ ဈာန်ဝင်စားပြီးတော့မှ အဘိညာဉ်နဲ့ ဖန်ဆင်းရတယ်၊ ရေထွက်ဖို့ရာအတွက် အာပေါကသိုဏ်း ဝင်စားပြီးမှ လုပ်ရတယ်၊ တစ်ချိန်စီ လုပ်ရတယ်၊ သို့သော် သိပ်မြန်လွန်းအားကြီးသည့်အတွက်ကြောင့် ကြည့်လိုက်တဲ့အခါမှာ တစ်ပြိုင်နက်လို့ ထင်ရတယ်။ ဒါဖြစ်နိုင်ပါ့မလားလို့ မေးကြည့်လိုက်လို့ရှိရင် မီးစလေးတစ်ခုကို ကောက်ကိုင်ပြီးတော့ ရမ်းကြည့်ပါလား၊ အဝေးကကြည့်နေတဲ့သူက မီးဝိုင်းလေးလို့ မထင်ရဘူးလား၊ မြန်လို့ရှိရင် ထင်တာပဲပေါ့။ အဲဒီလို
စာမျက်နှာ-၅၅
လျင်မြန်တာ။

ကဲ မျက်တောင်ခတ်တာပဲ ကြည့်ဦး၊ ဘုန်းကြီးတို့တတွေ မျက်တောင်ခတ်လိုက်တဲ့အခါ မျက်စိပိတ်မသွားဘူးလား၊ အဲဒီလို ပိတ်သွားတဲ့အခါမှာ မှောင်သွားတယ်လို့ ခံစားရရဲ့လား၊ မခံစားရဘူး၊ ဘာလို့လဲ မြန်လို့ ဟုတ်ကဲ့လား၊ မျက်စိက အမြဲတမ်း ဖွင့်ပြီး ကြည့်နေတယ်လို့ ထင်ရတာ၊ မျက်တောင်လေးခတ်တာ ကိုရီးယားရုပ်ရှင်ကြည့်ရင် အပြတ်တောင် မခံနိုင်ဘူးနော်၊ အဲဒီလို ဒီလိုလျင်မြန်လွန်းအားကြီးလို့ရှိရင် အခြားကို မမြင်ရဘူး။

အဲဒါကြောင့်မို့လို့ ထူးမခြားနားသီချင်းမှာ ဆိုထားတဲ့ ယမိုက်ပြာဋိဟာ ရေမီးအစုံဆိုတာ မြန်လွန်းအားကြီးတယ်၊ မြတ်စွာဘုရားရဲ့ တန်ခိုးဖန်ဆင်းမှုဟာ အလွန်မြန်တယ်တဲ့၊ မြတ်စွာဘုရားပြီးရင် အမြန်ဆုံးပုဂ္ဂိုလ်ဟာ ရှင်မောဂ္ဂလာန်ပဲပေါ့၊ ကျန်တဲ့ရဟန္တာတွေဆို မလုပ်နိုင်ဘူးတဲ့။ အဲဒီအဆင့်ကို၊ ဒီလောက်မြန်မြန်ကြီး မလုပ်နိုင်ဘူးတဲ့၊ လုပ်လို့တော့
စာမျက်နှာ-၅၆
ရတယ်၊ မြန်မြန်ကြီး မလုပ်နိုင်ဘူးလို့ ဒီလိုပြောတာ၊ အဲဒါကြောင့်မို့လို့ ဒီဉာဏ်တော်ကြီးဟာ မြတ်စွာဘုရားမှာ အစွမ်းအထက်ဆုံးဖြစ်တယ်။
(၈) ပုဗ္ဗေနိဝါသဉာဏ်
နောက်တစ်ခုက ဘာတုန်းဆိုရင် “အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရတိ”တဲ့၊ အတိတ်ဘဝက နေခဲ့တဲ့ခန္ဓာတွေ၊ ဆိုလိုတာက အတိတ်ဘဝတွေကို ပြန်လည်အမှတ်ရတဲ့ အသိဉာဏ်မျိုးပေါ့။ အဲဒီအသိဉာဏ်မျိုးလည်းပဲ မြတ်စွာဘုရားက သူများထက် အစွမ်းထက်တယ်၊ တခြားပုဂ္ဂိုလ်တွေကျတော့ ဆိုပါစို့ - ဗုဒ္ဓရဲ့တရားတော်ရဲ့ နည်းလမ်းမဟုတ်ဘဲနဲ့ လောကီနည်းနဲ့ သမထကျင့်စဉ်ကျင့်လို့ အောင်မြင်သွားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ နောက်ကြောင်းပြန်ပြီး ကြည့်မယ်ဆိုရင် ကမ္ဘာ (၄၀) လောက်ပဲ ကြည့်နိုင်တယ်၊ ကမ္ဘာ (၄၀) ဟိုဘက်ကို ကြည့်လို့မရဘူး၊ သူ့အစွမ်းသတ္တိက အဲဒီလောက်ပဲ ကုန်သွားတယ်၊ ဘာ
စာမျက်နှာ-၅၇
ဖြစ်လို့လဲဆိုလို့ရှိရင် သူ့ရဲ့ဉာဏ်က အားမရှိဘူးတဲ့၊ ဘာဖြစ်လို့ အားမရှိလဲဆိုရင် နာမရူပပရိစ္ဆေဒဉာဏ် (ရုပ်နဲ့နာမ်ကို ခွဲခြားသိနိုင်တဲ့ဉာဏ်မျိုး) မရှိသည့်အတွက်ကြောင့် ပုဗ္ဗေနိဝါသနုဿတိဉာဏ်က အားပျော့တယ်လို့ ဒီလိုဆိုလိုတယ်။

မြတ်စွာဘုရားသာသနာတော်မှာ ပုဗ္ဗေနိဝါသအနုဿတိဉာဏ်မျိုးရတဲ့ ပုဂ္ဂိုလ်တွေကျတော့ အင်မတန်မှ အစွမ်းထက်တယ်၊ ဒါ ဘုရားမဟုတ်သေးဘူး၊ ဘုရားရဲ့တပည့်သားတွေဟာ အတိတ်ဘဝကို ပြန်ကြည့်ချင်ပြီဆိုရင် ဘယ်လိုကြည့်ရတုန်းဆိုရင် မွေးတဲ့စိတ်နဲ့ သေတဲ့စိတ်၊ စုတိနဲ့ ပဋိသန္ဓေ အဲဒီနှစ်ခုကို တန်းစီထားပြီးတော့ ခေါင်းကလေးနှစ်လုံးလိုပေါ့၊ တန်းစီထားပြီး အဲဒီခေါင်းပေါ်ကနေ လျှောက်သွားတယ်၊ ဟုတ်ကဲ့လား၊ ဒီဘဝမှာ ဘာဖြစ်တယ်၊ ဟိုဘဝမှာ ဘာဖြစ်တယ်ဆိုတာ အသေးစိတ် အကုန်သိတယ်၊ နာမည်က ဘယ်လို၊ ဘာတွေခံစားခဲ့ရတယ်၊ ဘာတွေတွေ့ကြုံခဲ့ရတယ်၊ အကုန်လုံး
စာမျက်နှာ-၅၈
ပြောနိုင်တယ်၊ ဘာတွေ စားခဲ့တယ်ဆိုတာကအစ အကုန်လုံးပြောလို့ရတယ်။

အဲဒီတော့ ရဟန္တာပုဂ္ဂိုလ်တွေက အတိတ်ကို ပြန်သွားတဲ့အခါမှာ ခုနက အာရုံပြုစရာ မှီစရာ စုတိ ပဋိသန္ဓေဆိုတဲ့ သီသဆိုတဲ့ခေါင်းကလေးရှိဖို့ လိုတယ်၊ မြတ်စွာဘုရားကျတော့ အဲဒါတွေ မလိုဘူးတဲ့၊ ကြည့်ချင်တဲ့နေရာကို ဖြတ်ပြီး ကြည့်လို့ရတယ်လို့ ဆိုလိုတယ်၊ စွမ်းရည်သတ္တိချင်း မတူဘူး၊ အင်မတန်မှ ထက်မြက်တယ်၊ မြတ်စွာဘုရားရဲ့ ပုဗ္ဗေနိဝါသအနုဿတိဉာဏ်က အလွန်ထက်မြက်တယ်၊ ပြီးတော့ အကန့်အသတ်မရှိဘူး။

ရှင်သာရိပုတ္တရာရဲ့ ပုဗ္ဗေနိဝါသဉာဏ်က သူ့ဘဝကို သူပြန်ကြည့်လို့ရှိရင် တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပဲ ကြည့်လို့ရတယ်၊ ဟိုဘက် သူကြည့်လို့မရဘူး၊ ပစ္စေကဗုဒ္ဓါတွေကတော့ သူတို့ဘဝကို ပြန်ကြည့်ချင်လို့ရှိရင် နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကို သူတို့ပြန်ကြည့်လို့ရတယ်။
စာမျက်နှာ-၅၉
မြတ်စွာဘုရားတွေကျတော့ ပါရမီဖြည့်တာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖြည့်လို့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းနဲ့ ကန့်သတ်သလားဆိုတော့ မကန့်သတ်ဘူး။ အဲဒီတော့ ကြည့်ချင်သလောက် အကုန်ကြည့်လို့ရတယ်လို့ ပြောတာ၊ ဘဝဆိုတာ ဘယ်ကစခဲ့တယ်ဆိုတာ မရှိဘူး၊ ဒါကြောင့်မို့ မြတ်စွာဘုရားက သတ္တဝါတွေရဲ့ အစကို အဝိဇ္ဇာဆိုတဲ့ အပိတ်အဆို့က ပိတ်ဆို့ထားပြီးတော့ တဏှာနှောင်ကြိုးနဲ့ သံသရာထဲမှာ ဘဝတစ်ခုကနေ ဘဝတစ်ခု ဖြတ်သန်းလာရတဲ့ သတ္တဝါတွေရဲ့ အစဆိုတာ မသိနိုင်ဘူးလို့ ဒီလိုဟောတာနော်၊ ဘာဖြစ်လို့တုန်းဆိုတော့ အလွန့်အလွန်ရှည်လို့ မသိနိုင်တာကို ပြောတာ၊ မသိနိုင်တာဆိုတာ မရှိဘူးလို့တော့ ပြောတာမဟုတ်ဘူးနော်၊ အေး ကောင်းပြီ၊ အဲဒီလို မြတ်စွာဘုရားကျတော့ ပုဗ္ဗေနိဝါသအနုဿတိဉာဏ်ဆိုတာ သူများထက်ကို စွမ်းရည်သတ္တိထက်တယ်တဲ့။
စာမျက်နှာ-၆၀
ဒါကြောင့်မို့လို့ ဒီဉာဏ်ကြီးနဲ့ ခုနက ဆိုပါစို့ စူဠပန္ထကရဟန်း ဉာဏ်လေးတာကိုလည်း ဒီဉာဏ်ကြီးနဲ့ ကြည့်လိုက်တယ်၊ သူ ဘာလုပ်ခဲ့တာတုန်း၊ ဘာကြောင့် ဉာဏ်လေးနေတာလဲ၊ ဉာဏ်တံခါးကို ဘယ်လိုဖွင့်ရမလဲ၊ မြတ်စွာဘုရားက သိတယ်၊ သုဝဏ္ဏကာရပုတ္တ ရွှေပန်းတိမ်သည်သားလေး တရားမရတာ ဘာကြောင့်တုန်း၊ သူ့ရဲ့ဉာဏ်တံခါးကို ဘယ်လိုဖွင့်ပေးရမယ် သိတယ်။

စူဠပန္ထကဆိုတာ ဘဝတစ်ခုတုန်းက ဘုရင်ဖြစ်တယ်၊ တိုင်းခန်းလှည့်လည်တဲ့အခါမှာ ခန္ဓာကိုယ်က ထွက်လာတဲ့ချွေးတွေကို ဖြူဆွတ်နေတဲ့ ပုဝါလေးနဲ့ မျက်နှာကို သုတ်လိုက်တယ်၊ ပုဝါလေးညစ်နွမ်းသွားတာကို ကြည့်ပြီးတော့ “ငါ့ခန္ဓာကိုယ်ကြီးကို အကြောင်းပြုပြီး ဖြူစင်လှတဲ့ ပုဝါလေး ညစ်နွမ်းသွားရပါလား” ဆိုတဲ့ သံဝေဂဉာဏ်လေး ဖြစ်ခဲ့ဖူးတယ်၊ အဲဒါနဲ့ ဆက်ပေးလိုက်တာ၊ မြတ်စွာဘုရားက ဒီ
စာမျက်နှာ-၆၁
ဇာတ်ကြောင်းကို သိလို့ ဆက်ပေးလိုက်တဲ့အခါ ဉာဏ်က ပွင့်သွားတယ်၊ ဟုတ်ကဲ့လား။

သုဝဏ္ဏကာရပုတ္တ ရွှေပန်းတိမ်သည်သားကျတော့ သူဟာ ဘဝတိုင်း ဘဝတိုင်းမှာ ဘဝငါးရာလုံးလုံး ပန်းတိမ်ဆရာချည်းပဲ ဖြစ်လာတယ်၊ ပန်းတိမ်ဆရာဆိုတာ အလှအပ စိတ်ကူးပြီးတော့ ဆွဲကြိုးတို့ နားတောင်းတို့ ဘယက်တို့ ဒါတွေ လုပ်နေတဲ့ပုဂ္ဂိုလ်တွေဆိုတော့ လှပတဲ့ကြာပန်းလေးကို ဖန်ဆင်းပေးလိုက်တဲ့အခါ သူစိတ်တိုင်းကျသွားတယ်၊ အဲဒါဟာ မြတ်စွာဘုရားက ပုဗ္ဗေနိဝါသအနုဿတိဉာဏ်နဲ့ ကြည့်တာလည်း ဒီဟာတစ်ခုပေါ့၊ ဒီစွမ်းရည်ကြောင့်မို့လို့ အမှန်အတိုင်း ဆုံးဖြတ်နိုင်တယ်လို့ ဒီလိုဆိုလိုတယ်။
စာမျက်နှာ-၆၂

(၉) ဒိဗ္ဗစက္ခုဉာဏ်
နောက်နံပါတ်ကိုးကတော့ ဘာလဲလို့ဆိုရင် ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခုဆိုတဲ့ နေရာမှာလည်းပဲ တခြားပုဂ္ဂိုလ်တွေရဲ့ ဒိဗ္ဗစက္ခုထက် ပိုပြီးတော့ မြတ်စွာဘုရားက အစွမ်းထက်တယ်၊ အဲဒီဒိဗ္ဗစက္ခုဉာဏ်ကို အခြေခံလိုက်ရင် ဘာဉာဏ်တွေရတုန်းဆိုတော့ ယထာကမ္မူပဂဉာဏ်၊ ဘာလုပ်ရင် ဘယ်ပုံသွားမယ်ဆိုတာ ကံတွေကိုလည်း သိနိုင်တယ်၊ အဲဒါ အနာဂတံသဉာဏ်လို့လည်း ခေါ်တယ်၊ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ အခုဖြစ်နေတဲ့ အခြေအနေတစ်ခုကို ကြည့်ပြီး ဘာဖြစ်မယ်၊ နောက်ရက် ဘာဖြစ်မယ်၊ နောက်ဘဝ ဘာဖြစ်မယ်ဆိုတာ ကြိုပြောတယ်၊ ဖြစ်နေတဲ့ အခြေအနေတစ်ခုကို ကြည့်ပြီးတော့ ပြောတာ၊ သာမန်ပုဂ္ဂိုလ်တွေတောင်မှပဲ ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းဖြစ်ဖို့ရာ အင်အားတွေ စုနေတယ်ဆိုတာကို ကြည့်ပြီး ဘယ်နေ့ မုန်တိုင်းဝင်မယ်ဆိုတာ မပြောဘူးလား၊ ပြောနိုင်တယ်။

အေး အဲဒါလိုပဲ မြတ်စွာဘုရားကလည်း လူတွေရဲ့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကြည့်ပြီးတော့ ဘာဖြစ်မယ်ဆိုတာ ပြောလို့ရတယ်၊
စာမျက်နှာ-၆၃
ဒါ အနာဂတံသဉာဏ်၊ အဲဒီအနာဂတံသဉာဏ်ဟာ ဒိဗ္ဗစက္ခုဉာဏ်ရပြီးမှ ရတဲ့ဉာဏ်မျိုး။

နောက်တစ်ခါ လူ့ရဲ့စိတ်ကို သိတယ် - စေတောပရိယဉာဏ်၊ စိတ်ကို စိတ်နဲ့သိတယ်၊ သူ ဘာတွေတွေးနေတယ်၊ သူ့စိတ်ထဲ ဘာတွေဖြစ်လေ့ရှိတယ်၊ ဒီအသေးစိတ်တွေကိုလည်း မြတ်စွာဘုရားက သိတယ်၊ သိတဲ့အခါကျတော့ လူ့စိတ်ကို သိပြီးတော့ ဒီလူတော့ ဘယ်တရားနဲ့တန်တယ်၊ ဟိုလူကျတော့ ဟိုတရားနဲ့တန်တယ်ဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး ဟောလိုက်နိုင်တဲ့အခါကျတော့ အကျွတ်တရား မြန်မြန်ရကြတာပေါ့။
(၁၀) အာသဝက္ခယဉာဏ်
ဟော နောက်တစ်ခုကျတော့ ဘာတုန်းဆိုရင် အာသဝက္ခယဉာဏ်တဲ့၊ အာသဝက္ခယဆိုတာ၊ အာသဝဆိုတာ ဒီမှာတော့ ၄-မျိုး ပေးထားတယ်ပေါ့။ ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ၊ ဆိုလို
စာမျက်နှာ-၆၄
တာကတော့ ကိလေသာတွေအားလုံး မြတ်စွာဘုရားမှာ ငြိမ်းသွားတယ်၊ အာသဝက္ခယလို့ဆိုတဲ့နေရာမှာ ဘုန်းကြီးတို့တတွေရဲ့ သန္တာန်မှာ မကောင်းတဲ့ လောဘတွေ ဒေါသတွေ အဝိဇ္ဇာတွေ မှားယွင်းတဲ့အယူအဆတွေ မျက်စိကနေပြီးတော့ စီးဝင်တယ်၊ နားက စီးဝင်တယ်၊ နှာခေါင်းက စီးဝင်တယ်၊ သာယာတဲ့ လှပတဲ့အရာလေးကို ကြည့်လိုက်တဲ့အခါမှာ လောဘဖြစ်တယ်၊ အဲဒါ လောဘစီးဝင်လာတာပဲ။ မျက်စိကနေ စီးဝင်လာတာပဲ၊ ကောင်းတဲ့အသံလေး နားထောင်လိုက်ရတဲ့အခါ ကျေနပ်တယ်၊ နားက လောဘစီးဝင်လာတာပဲ၊ ကောင်းတဲ့အနံ့လေး ရှူလိုက်ရတဲ့အခါ သဘောကျတယ်၊ ရှူချင်တယ်၊ နှာခေါင်းက စီးဝင်လာတာပဲ၊ လျှာကနေ ကောင်းတဲ့အရသာလေး စားချင်တယ်၊ လျှာက စီးဝင်လာတာပဲ။ ခန္ဓာကိုယ်ကနေပြီးတော့ ကောင်းတဲ့အထိအတွေ့လေး ထိတွေ့ရင် ထပ်ထိတွေ့ချင်တယ်ဆိုရင် ကိုယ်ကာယဒွါရက စီးဝင်လာတာပဲ၊ စိတ်ကူးစိတ်သန်းထဲ
စာမျက်နှာ-၆၅
မယ် ကောင်းတဲ့အတွေးလေး ရလာလို့ နောက်ထပ်တွေးချင်တယ်ဆိုရင်လည်း လောဘက စီးဝင်လာတာပဲ၊ အဲဒီလို ဖြစ်ပေါ်လာတာတွေကို အာသဝလို့ ခေါ်တာ၊ မပြတ်စီးဆင်းနေတာ။

စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ မန လို့ဆိုတဲ့ ဒွါရ ၆-ပါးကနေပြီးတော့ စီးဝင်နေတဲ့ အာသဝတရားတွေကို ကုန်အောင် လုပ်နိုင်တဲ့ အသိဉာဏ်၊ အရဟတ္တမဂ် အရဟတ္တဖိုလ်ဉာဏ်ကို အာသဝက္ခယလို့ ခေါ်တာပဲ။

မြတ်စွာဘုရားဟာ ဒုက္ကရစရိယအကျင့်ကို ပယ်လှန်ပြီးတော့ အာနာပါနကမ္မဋ္ဌာန်းကို ရှုမှတ်ပွားများပြီး အာနာပါနပေါ်မှာ အခြေစိုက်လို့ သမထကျင့်စဉ်ကို ကျင့်တာ၊ နောက်ဆုံးဘုရားဖြစ်မယ့်နေ့ ပထမယာမ်မှာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒုတိယယာမ်မှာ ဒိဗ္ဗစက္ခုဉာဏ် ရပြီးတော့ သန်းခေါင်ကျော်လာတဲ့နောက်ပိုင်းကျတော့ ဘာဖြစ်လဲဆို ဝိပဿနာကို ကူးလိုက်တဲ့အခါမှာ မဂ်ဉာဏ်အဆင့်ဆင့်ရပြီး
စာမျက်နှာ-၆၆
တော့ နောက်ဆုံး အာသဝက္ခယဉာဏ်ရပြီး ဘုရားဖြစ်တာပေါ့။ အဲဒီတော့ ဝိပဿနာနဲ့ သွားတဲ့ဉာဏ်ဟာ ဒီအာသဝက္ခယဉာဏ်ဟာ လောကီဉာဏ် မဟုတ်ဘူး၊ လောကုတ္တရာဉာဏ်။ အဲဒီဉာဏ်ဟာ ဘုရားကိုယ်တိုင် သူကိုယ်တိုင် ပေါက်ရောက်ထားမှ သူများကို ဒီလမ်းကသွား၊ ဒီလိုလုပ်မှ ကိလေသာကုန်တယ်ဆိုတာ ဟောနိုင်တော့မပေါ့။ ဒီဉာဏ်မရှိဘဲနဲ့ ဟောမယ် ပြောမယ်ဆိုပြီးတော့ ပြောမယ်ဆိုရင်တော့ ရမ်းဟောတာပဲ ဖြစ်မှာပေါ့နော်။

ဘုန်းကြီးတို့တတွေ ဟောနေတယ်ဆိုတာ ဘုရားက ဟောထားတဲ့နည်းစနစ်ကို ယူပြီးတော့ ဟောကြတာ၊ ကိုယ်ပိုင်ဉာဏ်နဲ့ ဟောတာ မဟုတ်ဘူး၊ အဲဒီတော့ မြတ်စွာဘုရားဆိုတာ ကိုယ်တိုင်သိပြီးတော့ ဟောတာ ဖြစ်တယ်၊ ဒါကြောင့်မို့ အားလုံး
စာမျက်နှာ-၆၇
ပေါင်းလိုက်တဲ့အခါကျတော့ ဉာဏ်တော်ကြီးက ဆယ်ပါး၊ ဗုဒ္ဓစွမ်းအား ဉာဏ်ဆယ်ပါးဆိုတာ ဒါကို ပြောတာ။ အကျဉ်းချုပ် ပြန်ပြီးပြောမယ်ဆိုရင် - နံပါတ် (၁) က ဌာနာဌာနဉာဏ် ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ၊ နံပါတ် (၂) က ကမ္မဝိပါကဉာဏ်၊ ကံတွေရဲ့ အကျိုးတရားနဲ့ ပတ်သက်ပြီး ပိုင်ပိုင်နိုင်နိုင်သိတဲ့ဉာဏ်၊ နံပါတ် (၃) က သဗ္ဗတ္ထဂါမိနိပဋိပဒါဉာဏ်၊ ငရဲသွားမလား၊ တိရစ္ဆာန်ဖြစ်မလား၊ ပြိတ္တာဖြစ်မလား၊ လူဖြစ်မလား၊ နတ်ဖြစ်မလား၊ နိဗ္ဗာန်ရောက်မလားဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ပိုင်ပိုင်နိုင်နိုင် ပြောနိုင်တဲ့ဉာဏ်၊ နံပါတ် (၄) က အနေကဓာတုဉာဏ် - ဓာတ်သဘောတွေ မတူညီတာတွေနဲ့ ပတ်သက်ပြီး အမျိုးအစားများတာနဲ့ ပတ်သက်ပြီး ခွဲခြားသိတဲ့ဉာဏ်၊ နံပါတ် (၅) က နာနာဓိမုတ္တိကဉာဏ် သတ္တဝါတွေရဲ့ နှလုံးသွင်းတွေ အမျိုးမျိုး၊ မတူညီမှုတွေ စိတ်ထားသဘောထားတွေ ကွဲပြားခြားနားမှုကို သိတဲ့ဉာဏ်၊ နံပါတ် (၆) က သူတို့ရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုဆိုတာတွေကို သိတဲ့ ဣန္ဒြိယပရောပရိယတ္တိ
စာမျက်နှာ-၆၈
ဉာဏ်၊ နံပါတ် (၇) က ဈာနသမာပတ္တိဉာဏ် သမထကျင့်စဉ်နဲ့ ပတ်သက်တဲ့ စွမ်းရည်သတ္တိ ထက်မြက်တဲ့ သမာဓိ သမာပတ္တိတွေနဲ့ ပတ်သက်တဲ့ဉာဏ်၊ နံပါတ် (၈) က ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ နံပါတ် (၉) က ဒိဗ္ဗစက္ခုဉာဏ်နဲ့ နံပါတ် (၁၀) က အာသဝက္ခယဉာဏ်။ အဲဒီဉာဏ် ၁၀-ပါးကို တထာဂတဗလ ဗုဒ္ဓမြတ်စွာတို့ရဲ့ စွမ်းအားဉာဏ်ဆယ်ပါးလို့ ခေါ်ပါတယ်တဲ့၊ အဲဒီဉာဏ်ဆယ်ပါး ရှိသည့်အတွက်ကြောင့် မြတ်စွာဘုရားဟာ ဒေသနာဉာဏ်တော်ကြီးကို အသုံးချပြီးတော့ ၄၅-ဝါ ကာလပတ်လုံး တရားဓမ္မကို ဟောပြောဆုံးမခဲ့တာ ဖြစ်ပါတယ်၊ ဟောပြောခဲ့သည့်အတွက်ကြောင့် သတ္တဝါမြောက်မြားစွာ မြတ်စွာဘုရားရဲ့ တရားဓမ္မကို နာယူပြီးတော့ ကျွတ်တမ်းဝင်ကြလို့ သံသရာဝဋ်က လွတ်သွားတဲ့ပုဂ္ဂိုလ်တွေ၊ သောတာပန်ဖြစ်လို့ အပါယ်တံခါးပိတ်သွားတဲ့ပုဂ္ဂိုလ်တွေ၊ အနာဂါမ်ဖြစ်သည့်အတွက်ကြောင့် ကာမဘုံ
စာမျက်နှာ-၆၉
တံခါးတွေ ပိတ်သွားတဲ့ပုဂ္ဂိုလ်တွေ၊ ရဟန္တာဖြစ်သည့်အတွက်ကြောင့် ၃၁-ဘုံက လွတ်သွားတဲ့ပုဂ္ဂိုလ်တွေဟာ မြောက်မြားစွာ ရှိတယ်။

ဒါကြောင့်မို့လို့ ဒီဉာဏ်တော်ကြီးကို သိရှိကြည်ညိုကြပြီး တို့တတွေဟာလည်းပဲ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ဟောကြားတဲ့ တရားဓမ္မအတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် နံပါတ် (၁) အပါယ်ဘုံက လွတ်မြောက်ဖို့၊ နံပါတ် (၂) ကာမဘုံက ထွက်ခွာနိုင်ဖို့၊ နံပါတ် (၃) ၃၁-ဘုံလုံးကနေပြီးတော့ ထွက်ခွာနိုင်ဖို့ နောက်ဆုံး နိဗ္ဗာန်ဆိုတဲ့ ထာဝရငြိမ်းတဲ့ အငြိမ်းဓာတ် သန္တိသုခ ထာဝရချမ်းသာတဲ့ ငြိမ်းအေးချမ်းသာကို မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု fr8pvdj2ourosxfhcy7wgcjs820uran ဗျာဒိတ်တော်ကြား ဘုရား(၂၄)ဆူ 0 6380 22177 2026-06-16T23:00:52Z Tejinda 173 "{{header | title = ဗျာဒိတ်တော်ကြား ဘုရား(၂၄)ဆူ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဗုဒ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22177 wikitext text/x-wiki {{header | title = ဗျာဒိတ်တော်ကြား ဘုရား(၂၄)ဆူ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ဗုဒ္ဓစွမ်းအား ဉာဏ်ဆယ်ပါး]] | previous2 = | next = [[ဘဝ၏ ဝန်ထုပ်ဝန်ပိုးများ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

ဗျာဒိတ်တော်ကြား ဘုရား(၂၄)ဆူ
မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၅-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၄-ခုနှစ်၊ ကဆုန်လဆန်း ၁၄-ရက်နေ့၊ ၂၀၁၁-ခုနှစ် မေလ ၄-ရက်နေ့၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာရွာ ဓမ္မသဟာယ သာသနစင်တာ သာသနာပြုဌာန ဓမ္မရတိမဟာဓမ္မသဘာ ဓမ္မာရုံတော်ကြီးအတွင်း၌ ကျင်းပအပ်သော ၂၆ဝဝ-ပြည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ ပူဇော်သောအားဖြင့် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် အကြိုဓမ္မသဘင် အခမ်းအနား၌ မန္တလေးမြို့၊ ဦးစိုးဝင်း + ဒေါ်နန်းဆိုင်စော (VEC ပညာရေး) မိသားစု၊ မန္တလေးမြို့၊ ဦးဝင်းမြင့်ဦး (ရွှေမိ အထက်ဆင်) မိသားစုတို့၏ အမတဒါန ဓမ္မဒါန အဖြစ်ဖြင့် ဟောကြားအပ်သော ဗျာဒိတ်တော်ကြား ဘုရား(၂၄)ဆူ တရားဒေသနာတော်။

ဂေါတမဗုဒ္ဓအလောင်း ဗျာဒိတ်ခံခဲ့သည့် ဘုရား(၂၄)ဆူရှိတယ်၊ လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ကာလအတွင်း ဘုရားပေါင်း (၂၄)ဆူနဲ့ ဆုံတွေ့ခဲ့တယ်၊ (၂၄)ဆူသော ဘုရားတွေက “ဘုရား ဖြစ်လိမ့်မယ်”လို့ ဗျာဒိတ်စကား မိန့်ကြားခဲ့ကြတယ်။ ဗျာဒိတ (Prophecy) ဆိုတာ အင်မတန်မှ တိကျသေချာတဲ့ ဟောကိန်းဖြစ်တယ်၊ ဗျာဒိတ်ဆိုတာ ဗျာဒိတ ဆိုတဲ့ စကားကလာတာ၊ ဒီလို ကြိုတင် ဟောကိန်းထုတ်တာ ဖြစ်နိုင်ရဲ့လား၊ မဖြစ်သေးတာကို ကြိုတင်ဟောကိန်း ထုတ်တာက ယုတ္တိရှိရဲ့လား၊ သဘာဝအနေနဲ့ ဖြစ်နိုင်
စာမျက်နှာ-၂
လားဆိုတာ မေးစရာရှိတယ်၊ အခုဟောကိန်းထုတ်တဲ့ ပုဂ္ဂိုလ်တွေက သာမန်ပုဂ္ဂိုလ်တွေ မဟုတ်ဘူး သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင် ကိုယ်တော်မြတ်တွေ ဖြစ်တယ်။ . .။

ဗျာဒိတ = ဗျာဒိတ်ဆိုတာ ဒီကနေ့ သာမန်လူသား တစ်ယောက်က တောင်မှဘဲ ဘယ်နေ့ မုန်တိုင်းဝင်မယ်၊ ဘယ်နေ့ ငလျင်လှုပ်လိမ့်မယ်၊ ဘယ်နေ့ လကြတ်လိမ့်မယ်၊ ဘယ်နေ့ နေကြတ်လိမ့်မယ်လို့ ဟောကိန်းထုတ်နိုင်တယ်၊ ဘာဖြစ်လို့ ဟောကိန်းထုတ်နိုင်သလဲဆိုတော့ ပစ္စုပ္ပန်ဖြစ်ပေါ်နေတဲ့ အခြေအနေတစ်ခုကို ကြည့်ပြီး မဖြစ်သေးတဲ့အနာဂတ်ကို ပြောလို့ ရတယ်၊ ဒါက အင်မတန်မှသဘာဝကျတယ်လို့ ပြောလို့ ရတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြောမယ်ဆိုရင် အိန္ဒိယ ဘင်္ဂလား ပင်လယ်အော်ထဲမှာ လေထုရပ်ဝန်းတစ်ခု ဖြစ်နေ
စာမျက်နှာ-၃
တယ်၊ မကြာခင် မုန်တိုင်းဖြစ်လာနိုင်တယ်၊ မြန်မာပြည် အလယ်ပိုင်း၊ အထက်ပိုင်း (သို့) အောက်ပိုင်း ဝင်ပြီး မိုးရွာနိုင်တယ်ဆိုတာ အားလုံး ဟောကိန်း ထုတ်တယ်ဆိုတာ သိကြတယ်၊ မှန်သင့်သလောက် မှန်တာပေါ့။

ဟောကိန်းထုတ်တယ်ဆိုတာက မဖြစ်သေးတာကို ကြိုပြီးပြောတာ၊ ဒါဟာ ဗျာဒိတ ကြိုတင်ဟောပြောချက်ဖြစ်တယ်၊ အဲဒီလို သာမန် ပုဂ္ဂိုလ်တွေတောင်မှဘဲ ပစ္စုပ္ပန်ဖြစ်ပေါ်နေတဲ့ အခြေအနေ တစ်ရပ် ကြည့်ပြီး ဟောကိန်းထုတ်နိုင်တယ်၊ လူကို ကြည့်ပြီးလည်း ဟောကိန်းထုတ်ကြတယ်၊ ကလေးတစ်ဦးဟာ လိမ္မာတယ်၊ စာကြိုးစားတယ်ဆိုရင် “ဒီကောင်လေး ကြီးပွားဦးမယ်”လို့ ဟောကိန်းထုတ်ကြတာ၊ မဖြစ်သေးတာကို ကြိုတင်ပြောလို့ ရတယ်ဆိုတာ ဖြစ်နေတဲ့ အခြေအနေတစ်ခုကို ကြည့်ပြီး ပြောတာ၊ အဲဒီ အဓိပ္ပာယ်မျိုးကို ဘုန်းကြီးတို့ မှတ်သား
စာမျက်နှာ-၄
ထားကြရအောင်။

ဂေါတမဗုဒ္ဓအလောင်း ပါရမီတော်တွေ ဖြည့်ဆည်းဖို့ စတင်ကြိုးစားတဲ့အချိန် ပါရမီတော်တွေ ဖြည့်နေတဲ့အချိန် ဘုရား(၂၄)ဆူနဲ့ ဆုံတွေ့ပြီး ထိုဘုရားမြတ်တို့ထံကနေ ဗျာဒိတ်ခံခဲ့ရတယ်၊ ဗျာဒိတ်စကား မိန့်ကြားခဲ့တဲ့ဘုရား (၂၄)ဆူရှိတယ်လို့ မှတ်သားထားကြရမယ်။

နှစ်ကျိပ်ရှစ်ဆူ ဒီကနေ့ခေတ် “နှစ်ကျိပ်ရှစ်ဆူ” ပူဇော်ကိုးကွယ်နေကြတယ်၊ ဘယ်လို “နှစ်ကျိပ်ရှစ်ဆူ” ဖြစ်သလဲ၊ ဂေါတမဗုဒ္ဓ ဘုရားအလောင်း ဗျာဒိတ်ခံခဲ့တာက (၂၄)ဆူ၊ အဲဒီ(၂၄)ထဲ ဂေါတမဗုဒ္ဓ ထည့်လိုက်ရင် (၂၅)ဆူဖြစ်သွားတယ်၊ တစ်ခါ ဒီပင်္ကရာမြတ်စွာဘုရားနဲ့ တစ်ကမ္ဘာထဲမှာပွင့်တာ ဘုရားသုံးဆူရှိတယ်၊ “တဏှင်္ကရ၊ သရဏင်္ကရ၊ မေဓင်္ကရ”တဲ့၊ အဲဒီဘုရား
စာမျက်နှာ-၅
သုံးဆူကို ထည့်ရေတွက်လိုက်ပြီး “နှစ်ကျိပ်ရှစ်ဆူ” ဖြစ်တာ။ “သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ” ဆိုတာကျ ဘုရားတွေ အများကြီးပေါ့၊ နှစ်ကျိပ်လေးဆူ (သို့) နှစ်ကျိပ်ရှစ်ဆူ မကဘူး၊ “ဂင်္ဂါဝါလု သဲစုမက” လို့ ဆိုထားတော့ ဘုရားတွေ မြောက်မြားစွာ ပွင့်ခဲ့တယ်၊ သံသရာကြီးက ရှည်ကြာတာကိုး၊ အင်မတန်မှ ရှည်ကြာတာဟာ အစကို မသိနိုင်လောက်အောင်ကို ရှည်ကြာတာ၊ နောက်ကြောင်းပြန်ပြီး သံသရာရဲ့အစကို ရှာလို့ရှိရင် ကမ္ဘာချီပြီး အသက်ရှည်တဲ့ ဗြဟ္မာတွေတောင်မှဘဲ ရေတွက်လို့ရှိရင် အစဆိုတာ ရှာတွေ့မှာ မဟုတ်ဘူး၊ ဒါကြောင့် “အနမတဂ္ဂ” နောက်ကြောင်းပြန်ပြီး ကြည့်မယ်ဆိုရင် မသိနိုင်တဲ့ အစရှိတယ် ပြောတာ၊ နောက်ကြောင်းပြန်လျှောက်ပြီး ရေတွက်ကြည့်လည်း အစတွေ့မှာ မဟုတ်ဘူး။ ။

ခန့်မှန်း ရေတွက်ကြည့်ပါလား၊ လူတိုင်း လူတိုင်းမှာ အမေရှိတယ်၊ အဲဒီ အမေစာရင်း
စာမျက်နှာ-၆
တွက်ကြည့်၊ “ဒါကအမေ၊ ဒါကအမေရဲ့ အမေ၊ အဲဒီအမေ့ရဲ့ အမေ” လို့ တွက်ရင် ဆုံးမှာမဟုတ်ဘူး၊ မြတ်စွာဘုရားကိုယ်တိုင်ကိုက အနမတဂ္ဂသုတ္တန်မှာ ဘယ်လို ဥပမာလေး ပေးထားတုန်းဆိုရင် “အေး အမေစာရင်း အဖေစာရင်းတွေကို သံသရာမှာ ပြန်တွက်မယ်ဆိုရင် ဟောဒီကမ္ဘာမြေကြီးကို ဆီးသီးလောက်၊ ဆီးဖြူသီးလောက်အလုံးကလေးတွေ လုံးထားပြီး “ဒါကအမေ၊ ဒါက အမေ့အမေ” ဆိုပြီး တွက်ချက်ကြည့်၊ ကမ္ဘာမြေကြီးလုံးထားတဲ့ အလုံးလေးတွေသာ ကုန်သွားမယ်၊ အမေကုန်မှာ မဟုတ်ဘူး၊ ဟုတ်တာပေါ့၊ ဒါကမဆုံးနိုင်ဘူး။

သံသရာက အင်မတန်မှရှည်တာကို၊ ဒီအချက်ကို ဘုန်းကြီးတို့တစ်တွေ သံဝေဂယူစရာတော့ကောင်းတာပေါ့၊ ဒီလောက်ရှည်တဲ့ သံသရာကြီးထဲမှာ မပျင်းသေးဘူးလားလို့ ကိုယ့်ကိုယ်ကို မေးကြည့်လိုက်ပေါ့၊ ဘုရားရဟန္တာ အရိယာသူတော်စင်တွေက
စာမျက်နှာ-၇
ဒီလောက်ရှည်တဲ့ သံသရာကြီး နောက်ထပ် မဆက်ချင်ကြတော့ဘူး၊ သံသရာကြီးကို ငြီးငွေ့ကြတယ်။ ဒီသံသရာကြီးဟာ အကောင်းချည်းတွေ့တာလားဆိုတော့ အကောင်းရော အဆိုးရော အစုံဘဲတွေ့တာ။

အေး ဒါကြောင့် မြတ်စွာဘုရားက “အနမတဂ္ဂါ ယံ ဘိက္ခဝေ သံသာရော” တဲ့၊ သံသရာကြီးဟာ အစရှာလို့တွေ့နိုင်စရာမရှိဘူး၊ သိနိုင်စရာ မရှိဘူး၊ ဘယ်တုန်းက စခဲ့တယ်ဆိုတာ ပြန်ပြောဖို့ ခက်တယ်လို့ ဒီလိုပြောတာ။ တစ်ခြားဘာသာတွေက သံသရာရဲ့ အစကို ရှာကြတယ်။ တစ်ကယ်တော့ သံသရာရဲ့ အစ မဟုတ်ဘူး သတ္တဝါတွေရဲ့အစကို ရှာတာ၊ လောကကြီးကို ဘယ်သူ ဖန်ဆင်းသလဲ၊ God က ဖန်ဆင်းတယ်လို့ ပြောတယ်။

မသိနိုင်ဘူးဆိုတဲ့ ဒီစကားသာလျှင် တစ်ကယ့်အမှန်တွေ ဖြစ်တယ်၊ အဲသလိုရှည်ကြာလာတဲ့ သံသရာကြီးထဲမှာ အင်မတန်မှ ထူးချွန်တဲ့
စာမျက်နှာ-၈
ပုဂ္ဂိုလ်တွေဟာ ထူးခြားတဲ့ လေ့ကျင့်ခန်းတွေ လေ့ကျင့်ကြတယ်၊ ပါရမီဖြည့်တယ်ဆိုတာ အကောင်းကို လေ့ကျင့်တယ်၊ ဘာဘဲဖြစ်ဖြစ် လေ့ကျင့်လို့ရတယ်။ ဘုရားဖြစ်ချင်တဲ့ ဆန္ဒကိုလည်း လေ့ကျင့်လို့ရတယ်၊ ပါရမီဖြည့်တယ်ဆိုတာ လေ့ကျင့်တာ၊ တစ်ချို့က ပါရမီဆိုတာ သူ့ဟာနဲ့သူ ပြည့်လာမယ် ထင်လို့လား မသိဘူး၊ တို့ကတော့ပါရမီ မပါဘူးဆိုပြီး လက်လျော့ကြတယ်၊ ပါရမီမရှိဘူးပြောပြီးတော့ မရှိရင် လုပ်မလားဆိုတော့ မလုပ်ဘူး၊ ပါရမီက သူ့ဟာသူတော့ ပြည့်လာမှာ မဟုတ်ဘူး၊ ဘယ်အရာဘဲဖြစ်ဖြစ် သူ့ဟာသူ ပြည့်လာတာ တစ်ခုမှမရှိဘူး၊ အဲဒီတော့ ဒီဘဝကစပြီး ဖြည့်လိုက်မယ်ဆိုရင် ဖြည့်ဖို့ နီးနီးလာပြီလို့ ပြောရမယ်၊ အခု စတောင် မစရသေးဘူးဆိုရင် ဘယ်တော့မှ နီးဖို့မရှိဘူး။ ။

ပါရမီဆိုတာ (၁၀)မျိုးကို လေ့ကျင့်မွေးမြူတာ၊ ဘာလေ့ကျင့်တာလဲဆိုရင် ပထမ ကိုယ့်ရှိတဲ့
စာမျက်နှာ-၉
ပစ္စည်းတွေ စွန့်နိုင်လောက်အောင် လေ့ကျင့်တာ၊ အဲဒါကို ဒါနပါရမီ လို့ခေါ်တယ်၊ ကိုယ့်ရှိတဲ့ ပစ္စည်းတွေ စွန့်တယ်ဆိုတာ အလကားစွန့်တာ မဟုတ်ဘူး သူများအတွက်အသုံးချတယ်၊ လိုအပ်တဲ့ ပုဂ္ဂိုလ်တွေကို ပေးတယ်၊ စွန့်နိုင်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတာ၊ ပါရမီဖြည့်တာ ကိုယ့်ရဲ့ ပစ္စည်းတွေ စွန့်နိုင်ပြီဆိုရင် နောက်တစ်ခု တိုးလုပ်တယ်၊ ကိုယ့်ရဲ့ အင်္ဂါရပ်တွေ မျက်စိ၊ နား၊ နှာခေါင်း၊ ကျောက်ကပ်၊ အသည်း၊ သွေး တို့ဆိုတာတွေ ပေးနိုင်အောင်၊ စွန့်နိုင်အောင် လုပ်ပြန်တယ်၊ အဲဒီနောက်ပိုင်း ကိုယ့်ရဲ့ အသက်ကိုတောင် စွန့်နိုင်တဲ့ အနေအထားမျိုးရအောင် လေ့ကျင့်တာ၊ ဒါနနဲ့ပတ်သက်ပြီး အဆင့်(၃)ဆင့် လေ့ကျင့်တယ်၊ ဘုရားလောင်းတွေက ဒီလိုလေ့ကျင့်တယ်။

အဲဒါကိုဘဲ စာလိုပြောတဲ့အခါ ရိုးရိုးပစ္စည်း လှူတာကို ဒါနပါရမီ၊ အင်္ဂါခြေလက်လှူတာကို ဒါနဥပပါရမီ၊ အသက်ထိအောင် တာကြတော့
စာမျက်နှာ-၁၀
ဒါနပရမတ္ထပါရမီ လို့ ဒီလိုပြောကြတယ်၊ ဒါနချည်းဘဲလားဆိုတော့ မဟုတ်ဘူး၊ ဒါနနဲ့တင် မလုံလောက်သေးဘူး၊ နောက် သီလ ကို စောင့်ကြတယ်၊ သီလဆိုတာ ပထမ ပစ္စည်းဥစ္စာတွေကို စွန့်လွတ်ပြီး သီလစောင့်တယ်၊ နောက် ကိုယ်လက်အင်္ဂါ အပြတ်ခံပြီး သီလစောင့်တယ်၊ နောက် အသက်အသေခံပြီး သီလစောင့်တယ်၊ သီလမှာလည်း အဆင့်(၃)ဆင့်နဲ့ လေ့ကျင့်တာ၊ ဆိုလိုတာက ပထမ သီလစောင့်တယ်၊ အကျိုးအပေါက်မခံဘူး၊ နောက် ကိုယ်လက်ခြေအင်္ဂါ အဆုံးခံပြီး သီလစောင့်တယ်၊ သီလစောင့်ရင် လက်ဖြတ်ပစ်မယ် ခြေဖြတ်ပစ်မယ်၊ ဘာဖြစ်မယ် ဆိုလည်း သီလမကျိုးဘူး၊ နောက်ဆုံးကျရင် အသက်အသေခံပြီး သီလစောင့်တယ်။

ဘူရိဒတ္တနဂါးမင်းကြီးတို့ရဲ့ သီလစောင့်ပုံကို ကြည့်၊ သူ့မှာအစွမ်းတန်ခိုး ရှိတယ်၊ သူ့ရဲ့ အဆိပ်ဟာ အင်မတန်မှ ပြင်းတယ်၊ နဂါးဆိုတာ မျက်စောင်းလေး
စာမျက်နှာ-၁၁
တစ်ချက် ထိုးတာနဲ့ တစ်ဖက်သား ပြာဖြစ်သွားစေနိုင်တယ်၊ အဆိပ်ခိုးနဲ့မှုတ်လိုက်ရင် တစ်ဖက်သား ပြာဖြစ်သွားနိုင်တယ်၊ အဲလောက် အစွမ်းသတ္တိ ရှိပေမယ့် သူ့ကိုဖမ်းမယ့် အလမ္ပာယ်ကို မကြည့်ဘူး၊ မျက်လုံးမှိတ်ထားတယ်၊ လုပ်ချင်တာ လုပ်ပစေဆိုပြီး သီလစောင့်တယ်၊ ဇာတ်ကြီး(၁၀)ဘွဲ့ ဖတ်ဖူးတဲ့သူတွေ့လိမ့်မယ်၊ အဲတော့ သာမန်အားဖြင့်တော့ ဘုရားဖြစ်တာမဟုတ်ဘူး။

ဂေါတမဗုဒ္ဓ အလောင်းအလျာ ဗျာဒိတ်မရမီ ပါရမီတွေ ဖြည့်လာခဲ့တယ်။ နောက်ပိုင်း သူ့ရဲ့ ပါရမီဖြည့်ကျင့်မှုဟာ အလေ့အကျင့် ရလာတယ်၊ အဲသလို အလေ့အကျင့် ရပြီးတဲ့အခါ သုမေဓာဘဝ ရောက်တယ် ဆိုပါစို့၊ သုမေဓာဘဝ မရောက်ခင် ဖြည့်ခဲ့ရတဲ့ ပါရမီတွေ နည်းတာမဟုတ်ဘူး၊ ခုနက မုန်တိုင်း ဖြစ်ဖို့အတွက် အခြေအနေတွေ စုနေတယ်ဆိုတာ အင်အားမကောင်းဘူးဆိုရင် မုန်တိုင်းဝင်မယ်လို့
စာမျက်နှာ-၁၂
ဟောကိန်းထုတ်တဲ့သူက ဟောမှာ မဟုတ်ဘူးလေ၊ သုမေဓာဘဝ ရောက်တဲ့အခါ အခြေအနေတွေက လုံးဝပြည့်စုံသွားပြီ၊ ပါရမီတွေ တော်တော်အရှိန်ရလို့ နောက်မဆုတ်တဲ့အဆင့် ရောက်သွားပြီလို့ ဒီလို ပြောရမယ်၊ အဲသလောက်ထိအောင် ပါရမီဖြည့်ပြီးမှ အဲဒီအတိုင်းအတာ ရောက်လာပြီဆိုမှ ဗျာဒိတ်ရတာ။

ဒါကြောင့်မို့ (စာပေကြီး ကျမ်းကြီး ကျမ်းဂန်ကဆိုတာတော့မဟုတ်ဘူး) ဇိနတ္ထပကာသနီ ကျမ်းမှာ “စိန္တိတံ သတ္တာသင်္ချေယျ၊ နဝါသင်္ချေယျ ဝါစကံ” လို့ ဘုရားဖြစ်ဖို့ ဆုပန်မယ်လို့ ဘုရားဖြစ်ချင်တဲ့ အတွေးတွေ ဝင်နေတာ (၇)အသင်္ချေ၊ (၇)အသင်္ချေဆိုတာ မရေတွက်နိုင်တဲ့ ကမ္ဘာအကြာကြီးဘဲလို့ ပြောတာပေါ့နော်။ အသင်္ချေယျဆိုတဲ့ ဂဏန်းက (၁)ရဲ့ နောက်မှာ သုညပေါင်း (၁၄၀) ရှိတယ်၊ အဲဒါကို အသင်္ချေယျလို့ ပြောတာ၊ စိန္တိတံ သတ္တာသင်္ချေယျ စိတ်ကူးကြံစည်နေတာ (၇)အသင်္ချေ၊ နဝါသင်္ချေယျ
စာမျက်နှာ-၁၃
ဝါစကံ-ကုသိုလ်ကောင်းမှုလုပ်တိုင်း “ဘုရားဖြစ်ရပါလို၏ ဘုရားဖြစ်ရပါလို၏” လို့ နှုတ်မြွက် ဆုတောင်းတာ (၉)အသင်္ချေတဲ့၊ အင်မတန်မှ ကြာတယ်။

အဲဒီအဆင့်ပြီးမှ သုမေဓာဘဝ ရောက်တယ်၊ သုမေဓာဘဝမှာလည်း ပါရမီဖြည့်တာ ကြည့်၊ သုမေဓာဆိုတာ အင်မတန်မှ ချမ်းသာတယ်၊ မိဘတွေမရှိတဲ့အခါ ပစ္စည်းတွေကိုလက်ခံ၊ ဘဏ္ဍာတိုက်ကြီးတွေကို ဖွင့်ပြီးတော့ ဘဏ္ဍာကိုထိန်းတဲ့ ပုဂ္ဂိုလ်က စာရင်းနဲ့ အင်းနဲ့ပြတယ်၊ စာရင်းပြတဲ့အခါမှာ “ဒါက အဘေးလက်ထပ်က၊ ဒါက အဘိုးလက်ထပ်က” ဆိုပြီးပြတယ်၊ မြန်မာပြည်မှာတော့ တစ်ဆက်လောက်ဆိုရင် မရှိတော့ဘူး၊ သူတို့ ခေတ်မှာတော့ အဲသလို မိဘလက်ငုပ်ပစ္စည်းတွေ အများကြီးရှိတယ်၊ ဘိုးဘွားမိဘပိုင်ဆိုင်လာတဲ့ ရတနာတွေ အဲဒါတွေ တစ်သန့်စီ တစ်သန့်စီ၊
စာမျက်နှာ-၁၄
စာရင်းလုပ်ထားတာ၊ သူ့မိဘ လက်ထက်တိုင်အောင် စာရင်းတွေနဲ့ ဘဏ္ဍာတိုက်တွေ အကုန်ဖွင့်ပြတယ်။ ပစ္စည်းတွေကို အပ်နှံတယ်ပေါ့။ ။

အဲဒီအခါ သာမန်ပုဂ္ဂိုလ်ဆိုရင် “ငါ ဒါတွေ ဘာသုံးမလဲ” လို့ သုံးဖို့ဘဲစဉ်းစားမှာပေါ့၊ ဘုရားအလောင်းတော်ကျတော့ ဘယ်လို စဉ်းစားတုန်း။ “အေး ဒီပစ္စည်းတွေ ရှာတဲ့သူတွေ တစ်ယောက်မှ မရှိကြတော့ဘူး၊ သူတို့ ရှာထားတဲ့ ပစ္စည်းတွေ ဒီမှာကျန်နေရစ်တယ်၊ ငါရဲ့ဘိုးဘွားမိဘဆွေမျိုးတွေ ပစ္စည်း ရှာသွားကြတယ်၊ တစ်ယောက်မှ ဒီပစ္စည်းတွေ ယူမသွားကြဘူး၊ ငါလည်း ဒီလမ်းလိုက်ရမှာ၊ ငါတော့ ဒီပစ္စည်းတွေ အကုန်ယူသွားမယ်၊ ဒါတွေကို ငါ ဆက်မထိန်းတော့ဘူး” ဒီလိုတွေးတယ်။
စာမျက်နှာ-၁၅
ယူသွားတဲ့ နည်းကို သူဘယ်လို စဉ်းစားတုန်း “သေရင် ပစ္စည်းကို ယူလို့ ဘယ်လိုမှ မရဘူး၊ ဒီပစ္စည်းတွေကို စွန့်ကြဲလှူဒါန်းခြင်းဆိုတဲ့ ဒါနပါရမီဘဲ ယူမယ်” လို့ ဘဏ္ဍာတိုက်တွေကို အကုန်ဖွင့်ပြီး စွန့်လှူလိုက်တယ်၊ (၇)ရက်(၇)လီ ပေးတာတောင် မကုန်တော့ ဒီအတိုင်း စွန့်လှူထားခဲ့ပြီး တောထွက်သွားတယ်။

ဒီနေရာမှာ ဒါနဆိုတာ ဘာကို တွန်းလှန်လိုက်တာတုန်းဆိုရင် လောဘကို တွန်းလှန်လိုက်တာဘဲ၊ ကိုယ့်ပစ္စည်းလေးဆိုရင် အပ်ကလေး တစ်ချောင်းတောင် မပေးနိုင်ဘူးလေ၊ တော်ကြာ “ဒါလေးအသုံးလိုရင် မရှိရင် ခက်လိမ့်မယ်” ဆိုတဲ့ အတွေးက ဝင်ထားတယ် ဘာမှမပေးနိုင်ဘူး၊ ကိုယ့်ပစ္စည်းဆိုရင် ဒါလေး ပေးမလားဆိုရင် ဒါလေးက ငါ သိမ်းထားတယ်၊ ဟိုဟာလေး ပေးမလားဆိုရင် ဟိုဟာလေးလည်း မပေးနိုင်ဘူး၊ အဲလိုပေါ့။
စာမျက်နှာ-၁၆
ထီပေါက်တဲ့ သူငယ်ချင်း နှစ်ယောက်လိုပေါ့၊ သူငယ်ချင်း သိန်းထီပေါက်တယ်ဆိုတော့ သူငယ်ချင်းတစ်ယောက်က လာတယ် “သူငယ်ချင်း၊ ငါ့နည်းနည်းပေးပါကွာ၊ ငါ့ကို တစ်သောင်းလောက် ပေးပါ” လို့ တောင်းတယ်တဲ့၊ မင်းတစ်သောင်းလောက် ပေးလိုက်ရင် ငါသိန်းဆုရှင် ဘယ်ဖြစ်တော့မတုန်း၊ အဲဒါဆိုရင် တစ်ထောင်လောက်ပေး၊ တစ်ထောင်လည်း ငါသိန်းဆုရှင် မဖြစ်ဘူး၊ တစ်ရာလောက်ပေး၊ တစ်ရာလည်းမပေးနိုင်ဘူး၊ တစ်ကျပ်ကော၊ တစ်ကျပ်လည်း မပေးနိုင်ဘူး၊ ကဲနောက်ဆုံး တစ်ပြားထိတောင် မပေးနိုင်ဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် လောဘကြောင့်ပဲ၊ လောဘဆိုတာ မရခင် လိုချင်တယ်၊ ရပြီးရင် ဆုပ်ကိုင်ထားတယ်၊ ဒီအတိုင်းဘဲ မရသေးခင် ရအောင်လုပ်မယ်၊ ရပြီးရင် ဆုပ်ကိုင်ထားမယ် ဒါလောဘရဲ့ သဘော။

ဘုရားလောင်းသုမေဓာက သူပိုင်တဲ့ ပစ္စည်းဥစ္စာတွေ စွန့်လိုက်တယ်ဆိုတာ ဆုပ်ကိုင်ထားတဲ့ လောဘကို သူအနိုင်ယူလိုက်တဲ့သဘောပဲ၊ သူ့စိတ်ဟာ ဘယ်လောက် ပြတ်သားတယ်ဆိုတာ စဉ်းစား
စာမျက်နှာ-၁၇
ကြည့်ရင် ဒါကို ဒါနပါရမီ လို့ ခေါ်တာဘဲ။

သုမေဓာက ဒီပင်္ကရာမြတ်စွာဘုရားနဲ့ မတွေ့ခင်မှာဘဲ သူ့ပစ္စည်းတွေကို စွန့်လိုက်ပြီး ရသေ့ဝတ်သွားတယ်၊ ဟိမဝန္တာတောင်မှာနေရင်း ဈာန် အဘိညာဉ်ရပုဂ္ဂိုလ် ဖြစ်တယ်၊ ရသေ့တွေ တောထဲမှာ နေရတဲ့အခါ ဆားတွေဘာတွေ မစားရလို့ ရောဂါတစ်မျိုး ဖြစ်တယ်၊ ဒါကြောင့်မို့ အချဉ်တို့ဆားတို့ မှီဝဲဖို့အတွက် လူ့ရွာကို လာကြတယ်၊ အဲဒီလို လာတဲ့အချိန်မှာ လူတွေ ဖွေးဖွေးလှုပ် လှမ်းပြင်နေကြတာကို မြင်တယ်၊ အဲဒီမှာသူကဆင်းမေးတယ် “ဘာအတွက် လမ်းပြင်ကြတာတုန်းဆိုတော့ လောကမှာ ဘုရားပွင့်နေပြီ ဘုရားကြွလာလိမ့်မယ်လို့ ပြောတယ်။

အဲဒီမှာ ဘုရားဆိုတဲ့ အသံလေးကြားလိုက်တာနဲ့ ကြက်သိမ်းထသွားတယ်၊ ဘုန်းကြီးတို့ တတွေ ဘုရားလို့ ကြားလိုက်တာနဲ့ ကြက်သိမ်းမထသေးဘူးနော်၊ အဲဒါကိုက တော်တော်ပါရမီနည်းသေးတယ်
စာမျက်နှာ-၁၈
လို့ ပြောရမယ်၊ သူကျ ဘုရားဆိုတဲ့အသံလေး ကြားလိုက်တာနဲ့ ကြက်သိမ်းမွှေးညင်းထသွားတယ်၊ ဘုရားပွင့်ပြီဆိုလို့ သိပ်ဝမ်းသာတာ၊ အဲတော့ လမ်းပြင်နေတဲ့ သူတွေကို “သူ့လည်း နေရာပေးပါ၊ ဝိုင်းပြီးတော့ သူလည်းပြင်ပါရစေ၊ ဘုရားဆိုတာ လောကမှာ အင်မတန်ပေါ်ခဲတယ်” လို့ ပြောတယ်။

လူတွေကလည်း ခက်ခဲတဲ့နေရာသူ့ကို ပေးတယ်၊ “ဒီရသေ့က တန်ခိုးကြီးတယ် သူ့တန်ခိုးနဲ့ ပြင်ရင်မြန်မှာဘဲ” လို့တွေးကြတယ်၊ ဟိုက တန်ခိုးကို အသုံးမချဘူး၊ သူများတွေလုပ်သလို ကိုယ့်ရဲ့ ကာယလုပ်အားကို အသုံးချပြီး လုပ်တယ်၊ နောက်ဆုံးမှာ သူ့နေရာက ကျယ်လည်းကျယ်တယ်၊ ဆိုးလည်းဆိုးတယ်ဆိုတော့ ဘုရားကြွလာတဲ့အချိန် မမီတော့ဘူး၊ ဗွက်တွေကို မြေဖို့တာတို့ လမ်းညှိတာတို့ မပြီးဘူး၊ လူတစ်ရပ်စာလောက် ကျန်နေတယ်၊ အဲတော့ သူ့စိတ်မှာ ဘယ်လိုဖြစ်တုန်းဆိုရင် “အကယ်၍သာ
စာမျက်နှာ-၁၉
ဘုရားရဟန္တာတွေ ဒီလမ်းက ကြွရင်တော့ ခြေထောက် ဗွက်တွေလူးတော့မှာဘဲ ဘုရားရဟန္တာတွေရဲ့ ခြေထောက် ဗွက်မလူးစေရဘူး” ဆိုပြီး အဲဒီရွှံ့ညွှန်ပေါ်မှာဘဲ သူ့ခန္ဓာကိုယ်ကို အလျားမှောက်လိုက်တယ်၊ တံတားအဖြစ် သူ့ကိုယ်ကို အသုံးပြုပြီး ဟိုဘက်သွားပါလို့ လျှောက်ထားတယ်၊ ခန္ဓာကိုယ်ကို တံတားအဖြစ်ခင်းပြီး လှူဒါန်းတယ်၊ ဒါဟာ နည်းတဲ့ သဒ္ဓါတရား မဟုတ်ဘူးနော်။ ။

မြတ်စွာဘုရားအမှူးရှိတဲ့ သံဃာတစ်ပါး နှစ်ပါးမဟုတ်ဘူး သိန်းချီပါတယ်၊ ဒီကိုယ်တော်တွေ အကုန်နင်းကြွသွားရင် အမှုန့်တောင် ဖြစ်သွားနိုင်တယ်၊ ဒါသူမသိဘူးလား သိတယ်လေ အသက်စွန့် လုပ်တာ၊ သာမန်အားဖြင့်ပြောမယ်ဆိုရင် သုမေဓာရသေ့ကြီး တံတားခင်းပြီးတော့ ဘုရားကို ပူဇော်တယ်ဆိုတာ သာမန်လူက စဉ်းစားကြည့်လိုက်မယ်ဆိုရင် လွယ်တယ်လို့ ထင်ကောင်းထင်လိမ့်မယ်၊ တစ်ကယ်
စာမျက်နှာ-၂၀
ခက်ခဲတာ၊ အသက်စွန့်ပြီး လုပ်ရတာ။ အဲဒီလောက် စိတ်ဆန္ဒတွေ အင်မတန်မှ ပြင်းထန်တယ်။

မြတ်စွာဘုရားက အဲဒီအချိန်မှာ ဒီရသေ့ရဲ့ စိတ်ဆန္ဒကတယ်ကြီးကျယ်ပါလား၊ သူ့ရဲ့ ကုသိုလ်စိတ်ဟာ အင်မတန်မှ ထက်သန်တာပါလားဆိုတာကို ကြည့်လိုက်တယ်၊ သူ့မှာ ပါရမီတွေ တော်တော်ကို လေ့ကျင့်ထားတာ၊ တော်တော် အခြေအနေတွေကောင်းနေတာ၊ မိုးလေဝသပညာရှင်က မုန်တိုင်းထန်ဖို့ လေဖိရပ်ဝန်းကြီး ပင်လယ်ထဲပေါ်နေတာ သေချာပေါက် မုန်တိုင်းကြီး ဖြစ်တော့မယ်လို့ မြင်သလို ဒီပင်္ကရာမြတ်စွာဘုရားက ဒီဆန္ဒမျိုး၊ ဒီဝီရိယမျိုး၊ ဒီစိတ်ဓာတ်မျိုးနဲ့ကတော့ ဒီပုဂ္ဂိုလ်ဟာ အနာဂတ် ဘာဖြစ်မလဲလို့ ကြည့်လိုက်တယ်၊ ဘုရားဖြစ်မယ်ဆိုတာ သေချာသိတော်မူတယ်၊ အဲဒါကြောင့် ဒီပင်္ကရာမြတ်စွာဘုရားက သုမေဓာရသေ့ကို ဗျာဒိတ်ပေးခဲ့တယ်။
စာမျက်နှာ-၂၁
လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းရဲ့ အထက်မှာ ဒီပင်္ကရာမြတ်စွာဘုရားကစပြီး သုမေဓာရသေ့ရဲ့ အနာဂတ် ဟောစာတမ်းကို ထုတ်ပြန်လိုက်တာဘဲ၊ ဗျာဒိတ်ဆိုတာ ဘယ်တော့မှ မလွဲမှားတဲ့ ဟောကြားချက်ပဲ၊ အခြေအနေတွေ အကုန်လုံးကို အနာဂတံသဉာဏ်နဲ့ သုံးသပ်တယ်၊ အနာဂတံသဆိုတာ အနာဂတ်အပိုင်းကို မြင်တာ၊ ပစ္စုပ္ပန်ပေါ်မှာ အခြေခံပြီးမှ အနာဂတ်ကိုပြောတာ၊ အဲသလို အနာဂတ်ကိုမြင်တဲ့ ဉာဏ်တော်နဲ့ မြတ်စွာဘုရားက လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပြည့်တဲ့အခါမှာ ဒီပုဂ္ဂိုလ်ဟာ ဘုရားဖြစ်လိမ့်မယ်လို့ ဗောဓိသတ္တ အဖြစ် သတ်မှတ်လိုက်တာနော်။

သုမေဓာရသေ့ဘဝမှာ ဗျာဒိတ်ခံတယ်ဆိုတာ ဘယ်နေ့တုန်းလို့ဆိုရင် ကဆုန်လပြည့်နေ့ပဲ၊ ဒါကြောင့်မို့ ကဆုန်လပြည့်ဟာ ဗုဒ္ဓရဲ့ ဘဝနဲ့ ဆက်စပ်ပြီးတော့ ပြောမယ်ဆိုရင် ဗျာဒိတ်ခံခဲ့တာ
စာမျက်နှာ-၂၂
လည်း ကဆုန်လပြည့်နေ့ပဲ၊ နောက်ဆုံးဘဝမှာ ဖွားတော်မူတာလည်း ကဆုန်လပြည့်နေ့ပဲ၊ ဘုရားအဖြစ်သို့ ရောက်တော်မူတာလည်း ကဆုန်လပြည့်နေ့ပဲ၊ ဘဝအဆုံးသတ်ပြီး ပရိနိဗ္ဗာန်စံတာလည်း ကဆုန်လပြည့်နေ့ပဲ၊ အကျဉ်းချုပ်ပြောမယ်ဆိုလို့ရှိရင် “ဗျာဒိတ်တော်ခံ ဖွား ပွင့် စံ” လို့ ပြောနိုင်တယ်။

ဒီကဆုန်လပြည့်ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန်မှ ထူးခြားတဲ့ ဗုဒ္ဓဘဝနဲ့ ဆက်စပ်နေတဲ့ လပြည့်နေ့ပါ၊ ဒီဘဝတင် ပြောမယ်ဆိုရင် “ဖွား ပွင့် စံ” ပေါ့၊ ဖွားတော်မူတာရယ်၊ ဘုရားအဖြစ်သို့ ရောက်တော်မူတာရယ်၊ ပရိနိဗ္ဗာန်စံတာရယ် သုံးခု၊ သို့သော် ဒီဘဝမကဘူး။ ဘုရားအလောင်းရဲ့ သံသရာဘဝပါ ထည့်ပြီးတော့ ပေါင်းလိုက်မယ်ဆိုရင် ဗျာဒိတ်တော်ခံတာလည်း ဒီလဖြစ်တယ်။

ဗုဒ္ဓဝင်ပါဠိတော်မှာ ဘယ်လိုပါတုန်းဆိုရင်
စာမျက်နှာ-၂၃
နတ်တွေဗြဟ္မာတွေ အဲဒီဗျာဒိတ်ခံတဲ့ပွဲမှာ သုမေဓာရသေ့လေးကို ဘုရားအလောင်းဆိုပြီး ဝိုင်းဝန်းပူဇော်ကြတယ်။ အဲလို ပူဇော်တဲ့အထဲမှာ သူတို့ကလည်း အတည်ပြုကြတယ်၊ ဒီပင်္ကရာဘုရားက “အနာဂတ်မှာ ဘုရားဖြစ်လိမ့်မယ်” လို့ ဗျာဒိတ်ဟောတဲ့ စကားဟာ ဘယ်တော့မှ မလွဲဘူး၊ ကောင်းကင်က ကြယ်တွေဟာ တောက်ပပြီးတော့ နေကြတယ်၊ နက္ခတ်တွေကလည်း ထင်ထင်ရှားရှား ပေါ်ထွက်လာတယ်၊ ညအခါ ထွက်ပေါ်လာတဲ့ လပြည့်ဝန်းကြီးဟာလည်း ဝိသာခဆိုတဲ့ နက္ခတ်နဲ့ ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာတယ်ဆိုတာ အထောက်အထားပဲတဲ့။

ကဆုန်လပြည့်နေ့ကို အိန္ဒိယမှာ ဘယ်လို ခေါ်တုန်းဆိုရင် “ဝေဆာခ်” လို့ ခေါ်တယ်၊ “ဝေဆာခ်” ဆိုတာ ဝိသာခကိုပြောတာ၊ ဝေသာခဆိုတဲ့ စကားလုံးကို ပါဠိစကားလုံးမှာ ဝေသာခဘဲ၊ အိန္ဒိယက လူတွေရဲ့ အသံထွက်တဲ့အရ “ဝေဆာခ်” ဒီလို
စာမျက်နှာ-၂၄
အသံထွက်တာ။

၂၀၀၀ ပြည့်နှစ်က ကုလသမဂ္ဂ (UN) က ဆုံးဖြတ်ချက်တစ်ခု ချတယ်၊ ဗုဒ္ဓရဲ့ အဆုံးအမတွေဟာ ထူးခြားတဲ့ အဆုံးအမတွေဖြစ်တယ်၊ ဗုဒ္ဓဟာ အင်မတန်မှ ထူးခြားတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်၊ ကမ္ဘာကြီးငြိမ်းအောင် လူတွေရဲ့ စိတ်နှလုံး ပူလောင်မှုတွေကို ငြိမ်းချမ်းအောင် ဟောပြောနိုင်တဲ့ အင်မတန်မှ ထူးချွန်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ သူမွေးဖွားတဲ့ရက်ကို ကမ္ဘာ့ရုံးပိတ်ရက်အဖြစ် အသိအမှတ်ပြုသင့်တယ်လို့ အဆိုတင်သွင်းတယ်၊ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုပြီး သတ်မှတ်ထားတဲ့ ရုံးပိတ်ရက်တစ်ခု ဖြစ်တယ်။ “ဂေဇက်တက်ဟောလီဒေး” လို့ ခေါ်တယ်။

တစ်ချို့နိုင်ငံတွေမှာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အရ ဝေဆာခ်ပွဲတွေ ကျင်းပကြတယ်၊ မြတ်စွာဘုရားရဲ့ ဂုဏ်တော်၊ ကျေးဇူးတော်တွေကို အာရုံပြုပြီး လုပ်သင့်လုပ်ထိုက်တဲ့ပွဲဘဲ။
စာမျက်နှာ-၂၅
ဘုန်းကြီးတို့ သီရိလင်္ကာနေတုန်းက သီရိလင်္ကာက ဝေဆာခ်ပွဲဟာ အလွန်ကြီးကျယ်တယ်၊ အခု မြန်မာပြည်မှာ ကြီးကျယ်နေတာ သင်္ကြန်ပွဲဖြစ်တယ်၊ ကဆုန်လမှာ သာမန်ညောင်ရေသွန်းပွဲလောက်ဘဲ လုပ်ကြတယ်၊ ဒီနေ့က ဘုရားဖွားတော်မူတဲ့နေ့လည်း ဖြစ်တယ်၊ ဘုရားအဖြစ်သို့ ရောက်တော်မူတဲ့နေ့လည်းဖြစ်တယ်၊ ပရိနိဗ္ဗာန်စံတော်မူတဲ့နေ့လည်း ဖြစ်တယ်၊ အင်မတန်မှ ထူးခြားတဲ့နေ့။ ဒီထဲမှာ ထပ်ထည့်မယ်ဆိုလို့ရှိရင် ဗျာဒိတ်ခံတဲ့နေ့လည်း ဖြစ်တယ်၊ ဒါကြောင့်မို့ “ကဆုန်လပြည့် ဗုဒ္ဓနေ့” ဆိုတာ အင်မတန်မှ ထူးခြားတယ်၊ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ ကဆုန်လပြည့်နေဟာ တကယ့်ကို အမှတ်တရ လုပ်သင့်တဲ့နေ့ပဲ၊ သီရိလင်္ကာနိုင်ငံမှာ နှစ်လလောက်က ကြိုပြီး “ဝေဆာခ်ကဒ်” ဆိုတာ (ခရစ်စမတ်ကဒ်လို) ထုတ်ဝေကြတယ်။ မြတ်စွာဘုရားဟောတဲ့ ဒေသနာတွေ၊ ဘုရားပုံတော်တွေနဲ့
စာမျက်နှာ-၂၆
ဂရီးတင်းကဒ်တွေ သူငယ်ချင်းတွေ တစ်ဦးနဲ့တစ်ဦး၊ ဗုဒ္ဓဘာသာတွေ တစ်ဦးနဲ့တစ်ဦး ပေးပို့ကြတယ်။

ဗမာပြည်မှာ အဲဒါလုပ်သင့်တယ်၊ ညောင်ရေသွန်းရုံလောက်တင် မဖြစ်သင့်ဘူး၊ ဗုဒ္ဓနေ့ ညောင်ရေသွန်းတာက ဗုဒ္ဓရဲ့ ဖွားဘက်တော် ဗောဓိပင်ဘဲ ရေလောင်းဖို့ သတိရကြတယ်၊ မြတ်စွာဘုရားရဲ့ ဘဝကို မေ့နေသလို ရှိတယ်ပေါ့။ ကိုယ့်မွေးနေ့ပွဲတွေ လုပ်ကြတယ်၊ ဘုရားမွေးနေ့ကိုတော့ မေ့နေကြတယ်လို့ ပြောစရာဖြစ်တယ်။

ဧပြီလ(၁၇)ရက်ဟာ ဗမာနှစ်ဆန်း တစ်ရက်ဘဲ၊ ဇန်နဝါရီ တစ်ရက်ကတော့ ကမ္ဘာနှစ်ဆန်း တစ်ရက်ဖြစ်တယ်၊ အဲဒီနေ့ကျတော့ ဗမာရော ကမ္ဘာကြီးဘဲ Happy New Year မှန်းသိကြတယ်၊ ဧပြီ(၁၇)ရက် New Year မှာတော့ Happy New Year လုပ်မယ့်သူ တစ်ယောက်မှ မတွေ့ဘူး။
စာမျက်နှာ-၂၇
ဘုန်းကြီးတို့တယ်လီဖုန်းထဲ ဇန်နဝါရီ (၁)ရက်နေ့မှာ happy new year လို့ ပို့ကြတယ်၊ ဧပြီ (၁၇)ရက်ကျတော့ မဝင်ဘူး၊ အဲဒီနေ့မှာဘဲ ကနေဒါနေတဲ့ ဒကာကြီးတစ်ယောက်က ဖုန်းဆက်တယ်၊ ဘုန်းကြီးက ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက် happy new year လို့ ပြောလိုက်တော့ “ဟုတ်လား ဘုရား၊ တပည့်တော် အမှတ်မရဘူးဘုရား”တဲ့။

ဗုဒ္ဓနေ့ကိုတော့ အမှတ်ရကြပါလို့ ဗုဒ္ဓဘာသာဝင်တွေကို ပြောချင်တယ်၊ ကိုယ်ကိုးကွယ်တဲ့ ဘုရားဟာ ကိုယ့်အပေါ် ဘယ်လောက်ကျေးဇူးရှိလဲ စဉ်းစားကြည့်။ ကုသိုလ်၊ အကုသိုလ်၊ လုပ်သင့်တာနဲ့ မလုပ်သင့်တာ၊ အပြစ်ရှိတာနဲ့ အပြစ်မရှိတာ၊ ဘဝခရီး ဘယ်လိုလျှောက်လှမ်းရမယ်ဆိုတဲ့ တရားဓမ္မတွေ ဟောပြောနေတာ ဘယ်သူတုန်းဆိုရင် ဘုရားဘဲ၊ ဘုန်းကြီးတို့ ဟောတယ်ဆိုတာ ဘုရားတရားတွေ ပြန်ဟောနေရတာ၊ ကမ္ဘာကြီးကို ငြိမ်းချမ်းအောင်
စာမျက်နှာ-၂၈
စွမ်းဆောင်နိုင်ပြီးတော့ လူတွေရဲ့ ဒုက္ခတွေ လျော့ပါးအောင် ဟောပြောပေးတဲ့ ကျေးဇူးရှင်ဟာ ဘယ်သူတုန်းဆိုရင် ဗုဒ္ဓဘဲပေါ့၊ အဲတော့ မြတ်စွာဘုရားရဲ့ ဖွားတော်မူတဲ့နေ့ဟာ မမေ့သင့်တဲ့ နေ့တစ်နေ့ပါပဲ။

ညောင်ရေသွန်းပွဲလေးနဲ့တင် အားမရဘဲနဲ့ မြတ်စွာဘုရားရဲ့ ဖွားတော်မူတဲ့နေ့မှာ အထူးတလည် မြတ်စွာဘုရားကို ပူဇော်သင့်တာပေါ့။

အဲတော့ ဗုဒ္ဓနေ့ကို အလေးအနက်ထားပြီး လုပ်သင့်တယ်၊ ကုလသမဂ္ဂဆုံးဖြတ်ချက်ကြောင့် တစ်ချို့နိုင်ငံတွေမှာဆိုရင် “ဝေဆာခ်ပွဲတော်” ဆိုပြီး တော်တော်လေး ကြီးကြီးကျယ်ကျယ် လုပ်နေကြပြီ။ ခုမြန်မာပြည်မှာတော့ လုပ်တာ သိပ်မတွေ့သေးဘူးပေါ့နော်၊ လုပ်သင့်လုပ်ထိုက်တယ်ပေါ့၊ သူများတွေ လုပ်လုပ်မလုပ်လုပ် ကိုယ့်ဗုဒ္ဓဘာသာဝင်တွေကနေပြီးတော့ အထူးတလည် ကိုယ်တတ်နိုင်တဲ့ ရှုထောင့်ကနေပြီးတော့ လုပ်သင့်တယ်။
စာမျက်နှာ-၂၉
ဒါကြောင့်မို့ ခုလို “ကဆုန်လပြည့် ဗုဒ္ဓနေ့” မှာ တရားဓမ္မ ဟောပြောနာယူကြပြီး ဘုရားကို ပူဇော်တယ်၊ ကျေးဇူးဆပ်တယ်။ ဒီလို ဓမ္မသဘင်အခမ်းအနားတွေဟာလည်းဘဲ ဗုဒ္ဓကြိုက်တဲ့ ကျေးဇူးဆပ်နည်းတစ်ခုပါဘဲ၊ မြတ်စွာဘုရားကိုယ်တိုင်က သစ်သီး၊ ပန်း၊ ရေချမ်းတို့ဖြင့် ပူဇော်တာဟာ မကောင်းဘူးလို့ ငါမဆိုလိုဘူး၊ ကုသိုလ်မရဘူးလို့ မပြောလိုဘူး၊ မြတ်စွာဘုရားက ဘာနဲ့ ပူဇော်စေချင်တုန်းဆိုရင် သမ္မာပဋိပတ္တိ အနုတ္တရာပူဇာ - မှန်ကန်သော ကျင့်စဉ်ဖြင့် ပူဇော်ခြင်း၊ သီလနဲ့ ပူဇော်မယ်၊ ကမ္မဋ္ဌာန်းထိုင်ပြီး ပူဇော်မယ်၊ ကဆုန်လပြည့်နေ့လေးမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလဆောက်တည်ပြီး ဘုရားကို ပူဇော်မယ်၊ အင်မတန်မှ မွန်မြတ်တယ်လို့ ပြောတယ်။

ပန်းဝယ်ပြီး လှူလို့ရှိရင် နည်းနည်း ပိုက်ဆံကုန်အုံးမယ်၊ ဘာမှ အကုန်အကျမရှိတဲ့ ပူဇော်နည်းက အဲဒီနေ့မှာ သီလဆောက်တည်မယ်၊ တရားထိုင်
စာမျက်နှာ-၃၀
မယ်၊ ဘုရားဂုဏ်တော်ပွားမယ်၊ ဒါ အကောင်းဆုံး ပူဇော်ခြင်းပဲ။ သမ္မာပဋိပတ္တိ - မှန်မှန်ကန်ကန် ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်း၊ မဂ္ဂင်ရှစ်ပါး အလုပ်ကိုလုပ်ခြင်း၊ ကမ္မဋ္ဌာန်း နှလုံးသွင်းခြင်းဟာ၊ အနုတ္တရာပူဇာ - အကောင်းဆုံး ပူဇော်ခြင်းဘဲ၊ အခုလို တရားပွဲလုပ်ပြီးတော့ တရားနာတယ်၊ ကောင်းတဲ့ ပူဇော်ခြင်းဘဲ၊ ဒီလို ပူဇော်ရမယ်လို့ မြတ်စွာဘုရားက ဟောထားတယ်။ အေး ဒါကြောင့်မို့ အကောင်းဆုံး ပူဇော်ခြင်းဟာ တရားနဲ့ ပူဇော်ခြင်း မြတ်စွာဘုရား အနှစ်ခြိုက်ဆုံး ပူဇော်ခြင်းဘဲ ဖြစ်တယ်ပေါ့။

အခုကဲ့သို့ ဗျာဒိတ်တော်ရတယ်ဆိုတာ ဘယ်လိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံရမလဲ၊ ဗျာဒိတ်ရဖို့ရန်အတွက် အင်္ဂါ (၈) ချက် ရှိတယ်နော်၊ (၁) မနုဿဘာဝ - လူသားဖြစ်ရမယ်၊ ဒါပထမဆုံး ဗျာဒိတ်ကို ရည်ညွှန်းတာ ဖြစ်တယ်၊ ဘာဖြစ်လို့တုန်းဆိုရင် တိရိစ္ဆာန်ဘဝနဲ့ ဗျာဒိတ်ခံတာလည်း ရှိတယ်၊
စာမျက်နှာ-၃၁
နတ်ဘဝနဲ့ ဗျာဒိတ်ခံတာလည်း ရှိတယ်။

၁- ဒီပင်္ကရဗုဒ္ဓ - ပထမဆုံး ဒီပင်္ကရာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာ လူသားစစ်စစ် ဖြစ်တယ်၊ (၂) လိင်္ဂသမ္ပတ္တိ - ယောက်ျားသားစင်စစ် ဖြစ်တယ်၊ (၃) ဟေတု - ပြည့်စုံလုံလောက်တဲ့ ပါရမီအကြောင်းတရားတွေ ရှိပြီးသားဖြစ်ရမယ်။ (၄) သတ္တာရဒဿန - မြတ်စွာဘုရားကို ဖူးတွေ့ရမယ်၊ ကိုယ်တိုင်ဖူးတွေ့ရမယ်၊ (၅) ပဗဇ္ဇ - ရသေ့ရဟန်းတို့ ဘုရားသာသနာမဟုတ်ရင် ရသေ့သူတော်စင်ဘဝ ဖြစ်ရမယ်၊ (၆) ဂုဏသမ္ပတ္တိ - သမထကျင့်စဉ်တစ်ခုနဲ့ တရားထူးတရားမြတ် ပေါက်ရောက်ထားတဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်၊ (၇) အဓိကာရ - လွန်ကဲတဲ့ ကုသိုလ်ကောင်းမှုပြုတာ ဖြစ်ရမယ်၊ အခု သူ့ကုသိုလ်ဟာ ဘယ်လောက်လွန်ကဲတုန်း၊ သူ့မှာ ငွေကြေးဓနတွေ
စာမျက်နှာ-၃၂
ကို အကုန်စွန့်ခဲ့ပြီး ရသေ့မရောက်မီကပင် သူချမ်းသာသမျှတွေ အကုန်ပေးခဲ့ပြီးပြီ၊ သူဘာရှိတုန်း ဝတ်ထားတဲ့အဝတ်ဘဲ ရှိတယ်နော်၊ ဘာမှမရှိဘူး၊ ရသေ့မှာ တောင်ဝှေးတို့ ပါချင်ပါမှာပေါ့နော် အဲသလောက်ဘဲရှိတယ် သူဘာမှမရှိဘူး၊ အဲတော့ ဘာမှမရှိရင်မပူနဲ့ ခန္ဓာကိုယ်ကို ဘုရားလှူတာ၊ လှူနိုင်တာကို ကြည့်နော်။

တစ်ချို့က တပည့်တော်တို့ မချမ်းသာလို့ မလှူနိုင်ဘူးဘုရား၊ ဘယ်တော့ ချမ်းသာမှာတုန်း မေးရင်တော့ “မရှိလို့မလှူ၊ မလှူလို့မရှိ” ထဲ သွားမှာဘဲ၊ သေချာတာ လုပ်လို့ရသလောက် လုပ်ရမှာပေါ့။

သုမေဓာရသေ့ သူလက်ခြေရှိတာဘဲ ကိုယ်ကိုဝပ်ဆင်းတံတားခင်းပြီးတော့ ဘုရားကိုလှူတာ ဒါကိုအဓိကထားတာပေါ့၊ အသက်စွန့်ပြီး လုပ်တာ သာမန်အလှူမဟုတ်ဘူး၊ အသက်စွန့်လှူတာ၊ ဆန္ဒသာ ဘုရားဖြစ်ချင်တဲ့ဆန္ဒ၊ သူ့စိတ်ထဲမှာ ဒီပင်္ကရာ
စာမျက်နှာ-၃၃
မြတ်စွာဘုရားနဲ့တွေ့လို့ ဘုရားဆီက တရားနာပြီးတော့ နိဗ္ဗာန်ဝင်မယ်ဆိုတဲ့ စိတ်ဘဲရှိတာ ဒီပင်္ကရာဘုရားလို ဘုရားဖြစ်ရမယ်ဆိုတဲ့ ဆန္ဒရှိတယ်။ (၈) ဆန္ဒတာ - အင်မတန်မှ ကြီးမားတဲ့ ဆန္ဒရှိတယ်၊ အဲဒီ (၈) ချက် ပြည့်စုံပြီဆိုရင် ဗျာဒိတ်ရပါတယ်။

သုမေဓာရသေ့ဘဝကစပြီး ဒီပင်္ကရာမြတ်စွာဘုရားနဲ့တွေ့လိုက်တယ်၊ ပထမဆုံး ဗျာဒိတ်စကားကို မှတ်သားပြီး ပါရမီ (၁၀) ပါးကို ကြိုးစားဖြည့်ကျင့်လိုက်တာ၊ ဒီပင်္ကရာမြတ်စွာပွင့်ပြီးတဲ့နောက်မှာ ကမ္ဘာပေါင်းအသင်္ချေ၊ အသင်္ချေယျဆိုတာ မရေတွက်နိုင်တာ (သို့) ရေတွက်လို့မရနိုင်အောင် ကြာတဲ့ ကမ္ဘာအရေအတွက်တစ်ခုကို ကျော်လွန်ပြီးမှ ကောဏ္ဍညဗုဒ္ဓဆိုတာ ပွင့်တာ။

၄- အသင်္ချေတွက်ပုံ - အဲတော့ လေးအသင်္ချေဆိုတာ ဘယ်လို
စာမျက်နှာ-၃၄
တွက်တုန်းဆိုရင် ဒီပင်္ကရာမြတ်စွာဘုရားနဲ့ ကောဏ္ဍညမြတ်စွာဘုရားကြားမှာ ကမ္ဘာပေါင်း ဘယ်လောက်ကြာတယ်ဆိုတာ အရေအတွက်မရှိလို့ အသင်္ချေ (၁) ခုလို့ ခေါ်တယ်၊ အဲဒီလို အသင်္ချေမျိုး လေးခါလောက်ကြုံခဲ့တယ်၊ ဒါကြောင့် လေးအသင်္ချေလို့ ခေါ်တယ်။ မရေတွက်နိုင်တဲ့ ကမ္ဘာ လေးခါ ကြုံခဲ့တယ်။

အဲတော့ ကောဏ္ဍညမြတ်စွာဘုရား ပွင့်ပြီးနောက်မှာ ဘုရားပြတ်သွားလိုက်တာ နောက်ကမ္ဘာပေါင်း အသင်္ချေထိအောင် ကြာပြီးမှ မင်္ဂလဗုဒ္ဓပွင့်တယ်၊ ကောဏ္ဍညဗုဒ္ဓနဲ့ မင်္ဂလဗုဒ္ဓအကြားမှာလည်း တစ်အသင်္ချေဆိုတယ်၊ မင်္ဂလဘုရားနဲ့အတူ အဲဒီကမ္ဘာမှာ ဘုရားလေးဆူပွင့်တယ်နော်။ သုမနဗုဒ္ဓ၊ ရေဝတဗုဒ္ဓ၊ သောဘိတဗုဒ္ဓ၊ သောဘိတဗုဒ္ဓပွင့်ပြီးနောက်မှာ ကမ္ဘာပေါင်း အသင်္ချေလွန်ပြီးတဲ့အခါမှာ အနောမဒဿီဗုဒ္ဓပွင့်တယ်၊ အဲဒီနှစ်ဆူကြားမှာ
စာမျက်နှာ-၃၅
အသင်္ချေ (၁) ခု။

အဲဒီ အနောမဒဿီဗုဒ္ဓနောက်မှာ ပဒုမဗုဒ္ဓပွင့်တယ်၊ ပဒုမဗုဒ္ဓနောက်မှာ နာရဒဗုဒ္ဓပွင့်တယ်၊ အဲဒီဘုရားသုံးဆူ ပွင့်ပြီးတဲ့နောက်မှာ တစ်ခါ အသင်္ချေတစ်ခု လွန်သွားပြန်ပြီ၊ လေးသင်္ချေဆိုတာ အဲဒါပြောတာဘဲ။ ပဒုမုတ္တရမြတ်စွာဘုရားကနေပြီး ဒီဘက်ကျတော့ ကမ္ဘာတစ်သိန်း ရေတွက်လို့ရသွားပြီ၊ ရေတွက်လို့မရတာက လေးခါ၊ ရေတွက်လို့ရတာက တစ်သိန်း အဲဒါကိုဘဲ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလို့ ဒီလိုပြောတာ။

တစ်ချို့က အဲသလို အဓိပ္ပာယ်မဖော်ဘဲနဲ့ လေးအသင်္ချေ မဟုတ်ပါဘူး၊ လေးဂဏန်းဟာ ရေတွက်လို့ရတယ်ဆိုတာ လေးသင်္ချေပါလို့ ဒီလိုပြောကြသေးတယ်။ အဲဒါဟာ မမှန်ဘူး၊ ဘုရားနှစ်ဆူအကြားမှာ မရေတွက်နိုင်တဲ့ကမ္ဘာ လေးခါကြုံခဲ့တယ်၊ အဲဒါကို လေးအသင်္ချေလို့ ခေါ်တယ်။
စာမျက်နှာ-၃၆
ပဒုမုတ္တရမြတ်စွာဘုရားရဲ့ ဒီဘက်ကျတော့ ကမ္ဘာတစ်သိန်း။

ဂေါတမမြတ်စွာဘုရားလက်ထက်မှာ မဟာသာဝကအဖြစ် ကျွတ်တန်းဝင်သွားတဲ့ ပုဂ္ဂိုလ်တွေ အားလုံးဟာ ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်မှာ ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေချည်းဘဲ၊ ခု ဂေါတမမြတ်စွာဘုရားလက်ထက် ကုသိုလ်ကောင်းမှုလုပ်တဲ့သူတွေ ဘယ်တော့ကျွတ်မလဲ၊ ကျွတ်ဖို့ရှိပါတယ် အားမငယ်နဲ့။ ပါရမီဆိုတာ ကိုယ်ကိုယ်တိုင် နေ့စဉ်နှင့်အမျှ ဖြည့်ကြတယ်၊ ဖြည့်တယ်ဆိုတာ ခုနပြောသလို ဒါနနဲ့လေ့ကျင့်မယ်၊ သီလနဲ့လေ့ကျင့်မယ်၊ ခန္တီနဲ့လေ့ကျင့်မယ်၊ လက်မထောင်ပြီး “မဟုတ်မခံဘူးကွ” ဆိုရင် ဘယ်လိုလုပ် ခန္တီပါရမီပြည့်မတုန်း၊ မဟုတ်တာခံမှ ပါရမီပြည့်မှာ၊ ခုခေတ်ကတော့ ပါရမီပြည့်ဖို့ တော်တော်ခက်တယ်၊ မဟုတ်မခံမာနုတယ်ကြီးတာကိုး။
စာမျက်နှာ-၃၇
၂- ကောဏ္ဍညဗုဒ္ဓ - အဲလို ဘုရားလောင်းဟာ တစ်ဘဝပြီးတစ်ဘဝ လေ့ကျင့်လိုက်တာ ဒီပင်္ကရာမြတ်စွာဘုရားပြီးတော့ တစ်အသင်္ချေလွန်ပြီး ကောဏ္ဍညမြတ်စွာဘုရားပွင့်တာ၊ ကောဏ္ဍညမြတ်စွာဘုရားပွင့်တဲ့အခါကျတော့ ဝိဇိတာဝီဆိုတဲ့ စကြာဝတေးမင်းကြီးဖြစ်တယ်၊ အဲဒီအချိန်မှာဘဲ ကြည့်၊ စကြာဝတေးစည်းစိမ်နဲ့ ယစ်မူးမနေဘူး၊ ဘုရားအမှူးရှိတဲ့ သံဃာတွေပင့် အလှူအတန်းကြီးလုပ်ပြီးတော့ သူကိုယ်တိုင် သင်္ကန်းဝတ်တယ်၊ ဂေါတမမြတ်စွာဘုရားအလောင်းဟာ ဒီ (၂၄) ဆူ ဗျာဒိတ်ခံတဲ့အထဲမှာ ဒီဘုရားသာသနာ (၂၄) ကြိမ်တွေ့သော်လည်း ရဟန်းဖြစ်တာ (၉) ကြိမ်ရှိခဲ့တယ်။ ကောဏ္ဍညမြတ်စွာဘုရားပွင့်တဲ့အခါမှာ ဝိဇိတာဝီဆိုတဲ့ စကြာဝတေးမင်းဖြစ်တယ်၊ အလှူအတန်းလုပ်ပြီးတော့ မြတ်စွာဘုရားထံ ရဟန်းဝတ်လိုက်တယ်နော်၊ သာသနာ
စာမျက်နှာ-၃၈
ဘောင်ဝင်ပြီးတော့ ရဟန်းခံတယ်၊ အဲဒီတုန်းက တစ်ကြိမ်လို့ မှတ်ထားရမယ်။

၃- မင်္ဂလဗုဒ္ဓ - နောက်တစ်ခါ အသင်္ချေတစ်ခုလွန်ပြီးတဲ့အခါမှာ မင်္ဂလဘုရားပွင့်တယ်၊ အဲဒီမင်္ဂလဘုရားဟာ ပါရမီဖြည့်စဉ် ကာလတုန်းက အင်မတန်မှ ထူးခြားတဲ့အတွက် အဲဒီဘုရားရဲ့လက်ထက်မှာ ဘုရားရဲ့ခန္ဓာကိုယ်ကထွက်တဲ့ ရောင်ခြည်တော်တွေကြောင့် ညပျောက်သွားတယ်၊ အမှောင်တွေမရှိတော့ဘူး၊ ကမ္ဘာကြီးတစ်ခုလုံး လင်းနေတယ်လို့ ဆိုတယ်၊ အဲဒီတုန်းက ဘုရားလောင်းဟာ သုရုစိပုဏ္ဏားဆိုတဲ့ ဘဝနဲ့ ဘုရားကို ကုသိုလ်ကောင်းမှုတွေလုပ်ရင်း နောက်ဆုံးသူလည်း သာသနာဘောင်ဝင်လိုက်တယ်၊ အဲဒီတုန်းက ဒုတိယအကြိမ် ရဟန်းဖြစ်တယ်။
စာမျက်နှာ-၃၉
၄- သုမနဗုဒ္ဓ - မင်္ဂလဘုရားပြီးတဲ့နောက် သုမနဘုရားပွင့်တယ်၊ အဲဒီဘုရားလက်ထက်မှာ ဘုရားအလောင်းဟာ နဂါးဖြစ်တယ်၊ အဲဒီနဂါးဘဝမှာလည်း ဗျာဒိတ်ခံရတယ်၊ ဒါကြောင့်မို့ လူသားမဟုတ်လည်း ဗျာဒိတ်ခံတယ်လို့ ဒီလိုမှတ်ရတယ်ပေါ့။

၅- ရေဝတဗုဒ္ဓ - နောက် (၅) ဆူမြောက် ရေဝတမြတ်စွာဘုရားပွင့်တဲ့အခါမှာ အတိဒေဝဆိုတဲ့ ပုဏ္ဏားဖြစ်တယ်၊ အဲဒီအခါကလည်း ကုသိုလ်ကောင်းမှုလုပ်ပြီး ဗျာဒိတ်ခံခဲ့ရတယ်ပေါ့။

၆- သောဘိတဗုဒ္ဓ - နောက် နံပါတ် (၆) အနေနဲ့ သောဘိတဆိုတဲ့ မြတ်စွာဘုရားပွင့်ပြန်တယ်၊ ပွင့်တဲ့အခါမှာ ဘုရား
စာမျက်နှာ-၄၀
အလောင်းဟာ အတိဒေဝဆိုတဲ့ပုဏ္ဏားဘဝနဲ့ ဗျာဒိတ်ခံခဲ့ရတယ်၊ အဲဒီ သောဘိတမြတ်စွာဘုရားပွင့်ပြီးနောက်မှာ ဘုရားအဆက်ပြတ်သွားတယ်။

၇- အနောမဒဿီဗုဒ္ဓ - ကမ္ဘာအသင်္ချေ ကြာပြီးတဲ့နောက်မှာ နံပါတ် (၇) အနေနဲ့ အနောမဒဿီမြတ်စွာဘုရားပွင့်တယ်၊ အဲဒီ အနောမဒဿီမြတ်စွာဘုရားပွင့်ပြီးတဲ့အခါမှာ ဘုရားလောင်းဟာ ဘီလူးဖြစ်နေတယ်၊ အဲဒီဘီလူးဘဝနဲ့ဘဲ ဗျာဒိတ်ခံခဲ့ရတယ်လို့ ပြောတယ်။

၈- ပဒုမဗုဒ္ဓ - နံပါတ် (၈) အနေနဲ့ အဲဒီတစ်ကမ္ဘာထဲမှာဘဲ ပဒုမမြတ်စွာဘုရားပွင့်တယ်၊ အဲဒီမှာ ခြင်္သေ့ဖြစ်တယ်၊ ခြင်္သေ့ဖြစ်တဲ့အခါမှာ တိရိစ္ဆာန်ပေမယ့်လို့ ဘုရားကိုတွေ့တဲ့အခါမှာ ခြင်္သေ့ကြီးဟာ (၇) ရက်
စာမျက်နှာ-၄၁
လုံးလုံး အစာမစားဘူး၊ မြတ်စွာဘုရားနားမှာ ဝပ်နေတယ်၊ သူ့စိတ်ထဲမှာ ပီတိတွေဖြစ်နေတယ်နော်၊ ခုနှစ်ရက် အစာမယူဘဲနဲ့ မြတ်စွာဘုရားကို ပူဇော်ပြီးတော့နေတယ်၊ သူ့စိတ်ဟာ အင်မတန်မှ ကြည်နူးနေတယ်၊ အဲဒီမှာ ပဒုမမြတ်စွာဘုရားဟာ ဗျာဒိတ်ပေးခဲ့တယ်။

၉- နာရဒဗုဒ္ဓ - နောက်တစ်ခါ နံပါတ် (၉) နာရဒမြတ်စွာဘုရား ပွင့်တော်မူတဲ့အခါမှာ ဘုရားလောင်းဟာ ရသေ့ဘဝနဲ့တွေ့တယ်၊ အဲဒီမှာ တစ်ခါ ဗျာဒိတ်ခံခဲ့ရတယ်။

၁၀- ပဒုမုတ္တရဗုဒ္ဓ - နာရဒမြတ်စွာဘုရားရဲ့နောက်မှာ အသင်္ချေတစ်ခု လွန်မြောက်သွားပြီးတော့မှ ပဒုမုတ္တရမြတ်စွာ
စာမျက်နှာ-၄၂
ဘုရားပွင့်တယ်၊ အဲဒီ ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်ကျမှ ဇဋိလဆိုတဲ့ မြို့စားကြီးဖြစ်တယ်၊ အဲဒီမြို့စားကြီးအဖြစ်က ကုသိုလ်ကောင်းမှုတွေလုပ်ရင်း မြတ်စွာဘုရားဆီကနေ ဗျာဒိတ်ရတယ်၊ အဲဒီ ပဒုမုတ္တရမြတ်စွာဘုရားကျတော့ ဤဘဒ္ဒကမ္ဘာမှ ပြန်ရေတွက်တဲ့ ကမ္ဘာတစ်သိန်းအထက်မှာ ပွင့်တယ်။

၁၁- သုမေဓဗုဒ္ဓ - နောက်တစ်ခါ ကမ္ဘာပေါင်း ခုနှစ်သောင်းလွန်ပြီးတော့ ကမ္ဘာသုံးသောင်းမြောက်မှာ သုမေဓမြတ်စွာဘုရားပွင့်တယ်၊ အဲဒီ သုမေဓဘုရားပွင့်တဲ့အခါ ဥတ္တရလုလင်ဆိုတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ကုသိုလ်ကောင်းမှုလုပ်ကာ သာသနာဘောင်ဝင်သွားတယ်၊ အဲဒီမှာ ရဟန်းတစ်ကြိမ်ဖြစ်တယ်။
စာမျက်နှာ-၄၃
၁၂- သုဇာတဗုဒ္ဓ - အဲဒီနောက် သုဇာတမြတ်စွာဘုရားပွင့်တဲ့အခါမှာ စကြာဝတေးမင်းဖြစ်တယ်၊ စကြာဝတေးမင်းကြီးရဲ့ စကြာမင်းစည်းစိမ်ကို စွန့်ပြီး ရဟန်းပြုသွားတယ်၊ အဲဒီမှာ ဗျာဒိတ်ခံရတယ်။

၁၃- ပိယဒဿီဗုဒ္ဓ - နောက် ဒီကမ္ဘာကနေ ပြန်ပြီးတွက်ကြည့်တဲ့အခါမှာ (၁၈) ကမ္ဘာမြောက်မှာ ပီယဒဿီမြတ်စွာဘုရားပွင့်တယ်၊ အဲဒီဘုရားလက်ထက်မှာ ကဿပလုလင်ဖြစ်ပြီး ဗျာဒိတ်ခံခဲ့ရတယ်။

၁၄- အတ္ထဒဿီဗုဒ္ဓ - အဲဒီကမ္ဘာမှာ အတ္ထဒဿီမြတ်စွာဘုရားပွင့်တယ်၊ သုသီမဆိုတဲ့ ရသေ့ဘဝနဲ့ ဗျာဒိတ်ခံရတယ်။
စာမျက်နှာ-၄၄
၁၅- ဓမ္မဒဿီဗုဒ္ဓ - အဲဒီကမ္ဘာမှာပဲ ဓမ္မဒဿီဘုရားပွင့်တဲ့အခါ သိကြားမင်းကြီးဖြစ်တယ်၊ အဲဒီမှာလည်း သိကြားဘဝနဲ့ ဗျာဒိတ်ခံရတယ်။

၁၆- သိဒ္ဓတ္ထဗုဒ္ဓ - နောက် (၉၄) ကမ္ဘာမြောက်မှာ သိဒ္ဓတ္ထမြတ်စွာဘုရားပွင့်တဲ့အခါမှာ မင်္ဂလဆိုတဲ့ ရသေ့ကြီးဖြစ်တယ်၊ မင်္ဂလအမည်ရှိတဲ့ ရသေ့ကြီးဘဝနဲ့ ဗျာဒိတ်ခံရတယ်။

၁၇- တိဿဗုဒ္ဓ - နောက် (၉၂) ကမ္ဘာမှာ တိဿမြတ်စွာဘုရားပွင့်တဲ့အခါမှာ ဘုရားအလောင်းဟာ သုဇာတရသေ့ဘဝနဲ့ ဗျာဒိတ်ခံခဲ့တယ်။
စာမျက်နှာ-၄၅
၁၈- ဖုဿဗုဒ္ဓ - နောက် ဖုဿမြတ်စွာဘုရားဟာ အဲဒီမှာ ဝိဇိတာဝီဆိုတဲ့မင်း ဖြစ်တဲ့အခါမှာ မင်းစည်းစိမ်ကို စွန့်ပြီး ရဟန်းပြုတယ်၊ အဲဒီမှာ ရဟန်းတစ်ကြိမ်ဖြစ်တယ်၊ ဗျာဒိတ်ခံရတယ်။

၁၉- ဝိပဿီဗုဒ္ဓ - (၉၁) ကမ္ဘာမြောက်မှာ ဝိပဿီမြတ်စွာဘုရားပွင့်တယ်၊ ဝိပဿီမြတ်စွာဘုရားကစပြီး ဘုရားခုနှစ်ဆူလို့ ခေါ်တာနော်၊ အာဋာနာဋိယသုတ်ကို ရတဲ့သူတွေ သိလိမ့်မယ်၊ “ဝိပဿိဿစ နမတ္ထု” လို့၊ နောက် ခန္ဓသုတ်ထဲမှာ “နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ”၊ ဘုရားခုနှစ်ဆူ ရှိခိုးတယ်ဆိုတာလေ၊ အဲဒါ ဗဟုသုတအနေနဲ့ ပြောရမယ်ဆိုရင် ဝိပဿီမြတ်စွာဘုရားဟာ (၉၁) က ပွင့်ခဲ့တာ၊ ကမ္ဘာကြီးထဲမှာ ဝိပဿီမြတ်စွာဘုရားရဲ့ တပည့်သာဝကတွေ
စာမျက်နှာ-၄၆
ရှိသေးတယ်၊ ဘယ်မှာရှိလဲဆိုရင် သုဒ္ဓါဝါသဗြဟ္မာဘုံမှာရှိတယ်၊ ကျန်တဲ့ဘုရားတွေရဲ့ တပည့်သာဝကတွေက မရှိတော့ဘူး၊ ဝိပဿီမြတ်စွာဘုရားထိတောင် တပည့်သာဝကတွေ ကျန်သေးတယ်၊ လက်ကျန်တပည့်ဆိုတာက ကိုယ့်ဆရာဆိုတဲ့ အစွဲလေးတွေရှိတယ်လေ၊ အဲတော့ ဝိပဿီမြတ်စွာဘုရားလက်ထက်မှာ တရားထူးတရားမြတ်တွေရပြီး ဗြဟ္မာကြီးတွေဖြစ်နေတဲ့ အနာဂါမ်ဗြဟ္မာကြီးတွေက ရဟန္တာကြီးတွေ ဖြစ်ပြီးတော့နေကြတယ်၊ အဲတော့ ဝိပဿီမြတ်စွာဘုရားရဲ့ တပည့်သာဝကတွေ ရှိနေသေးတယ်၊ ဒါကြောင့်မို့ အဲဒီဘုရားကစပြီး (၇) ဆူဆိုပြီး ရှိခိုးတာနော်၊ နောက် ဝိပဿီမြတ်စွာဘုရား၊ အဲဒီဘုရားလက်ထက်မှာ အတုလဆိုတဲ့ နဂါးမင်းဖြစ်တယ်၊ အဲဒီနဂါးဘဝနဲ့ဘဲ ဗျာဒိတ်ခံတယ်။
စာမျက်နှာ-၄၇
၂၀- သိခီဗုဒ္ဓ - တစ်ခါ (၃၁) ကမ္ဘာမြောက် ဒီကနေ ပြန်ကောက်ပြီး ရေတွက်တဲ့အခါမှာ သီခီမြတ်စွာဘုရား (၂၀) ပါးမြောက်မှာ ပွင့်တော်မူတယ်၊ အရိန္ဒမဆိုတဲ့ မင်းဘဝနဲ့ ဘုရားလောင်းဟာ ဗျာဒိတ်ခံတယ်။

၂၁- ဝေဿဘူဗုဒ္ဓ - နောက် (၂၁) ပါးမြောက်မှာ ဝေဿဘူမြတ်စွာဘုရားပွင့်တယ်၊ ဝေဿဘူမြတ်စွာဘုရားရဲ့လက်ထက်မှာ သုဒဿနဆိုတဲ့မင်းဖြစ်တယ်၊ အဲဒီမှာလည်း ဗျာဒိတ်ခံရတယ်ပေါ့။

ဘုရား (၂၁) ဆူ ပွင့်ပြီးတဲ့အခါ ဤဘဒ္ဒကမ္ဘာသို့ ရောက်လာတယ်၊ ဤဘဒ္ဒကမ္ဘာမှာ ကကုသန္ဓမြတ်စွာဘုရား၊ ကောဏာဂမနမြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရား၊ ဂေါတမမြတ်စွာဘုရားလို့ ဘုရားလေးဆူ ပွင့်တော်မူတယ်။
စာမျက်နှာ-၄၈
၂၂- ကကုသန္ဓဗုဒ္ဓ - အဲဒီမှာ ကကုသန္ဓမြတ်စွာဘုရားလက်ထက်မှာ ခေမဆိုတဲ့ ဘုရင်ဘဝနဲ့ ဗျာဒိတ်ခံတယ်၊ ခေမမင်းဖြစ်တဲ့အခါမှာ ရဟန်းခံတယ်၊ မင်းဘဝကို စွန့်လွှတ်ပြီးတော့ ကကုသန္ဓမြတ်စွာဘုရားလက်ထက်မှာ ရဟန်းဖြစ်ခဲ့တယ်။

၂၃- ကောဏာဂမနဗုဒ္ဓ - ထို့နောက် ကောဏာဂမနမြတ်စွာဘုရားပွင့်တယ်၊ ကောဏာဂမနမြတ်စွာဘုရားက လူ့သက်တမ်းသုံးသောင်းမှာ ပွင့်တယ်၊ အဲဒီ ကောဏာဂမနမြတ်စွာဘုရားလက်ထက်မှာ ဘုရားအလောင်းတော်ဟာ ပဗ္ဗတမင်းဖြစ်တယ်၊ အဲဒီမင်းဘဝနဲ့ ဗျာဒိတ်ခံပြီး သာသနာဘောင်ဝင် ရဟန်းခံတယ်။
စာမျက်နှာ-၄၉
၂၄- ကဿပဗုဒ္ဓ - နောက် ကဿပမြတ်စွာဘုရား ပွင့်တော်မူလာတယ်၊ အနှစ်နှစ်သောင်း လူ့သက်တမ်းရှိတယ်၊ အဲဒီအချိန် ဇောတိပါလဆိုတဲ့ ပုဏ္ဏားလုလင်တစ်ယောက်ဖြစ်တယ်၊ အဲဒီ ဇောတိပါလရဲ့ သူငယ်ချင်းက ဃဋိကာရဆိုတဲ့ အနာဂါမ် အိုးထိန်းသည်ကြီးဖြစ်တယ်၊ ကဿပမြတ်စွာဘုရားရဲ့ အရင်းနှီးဆုံး တပည့်သာဝက၊ အဲဒီ ဃဋိကာရဆိုတဲ့ အိုးထိန်းသည်ကြီးနဲ့ ဇောတိပါလတို့ဟာ သူငယ်ချင်းဖြစ်ကြတယ်။ ဇာတ်ချင်းမတူပေမယ့်လို့ လူချင်းခင်တာ၊ ဗြဟ္မဏတွေက ဘုရားတို့ရဟန်းတို့ကို ခေါင်းပြောင်အောင်ရိတ်ထားလို့ ကတုံးဆိုပြီး သူတို့က အဖက်မလုပ်ဘူး၊ ပုဏ္ဏားဆိုတာ သူတို့က ဗြဟ္မာကိုကိုးကွယ်တာ။

ဇောတိပါလကို ဃဋိကာရက ဘုရားကျောင်းတော်သွားရအော်ခေါ်တာ မလိုက်ဘူး၊ မလိုက်ရုံတင်မကဘူး၊ “ဒီကတုံးယုတ်တွေဆီ ဘာလို့
စာမျက်နှာ-၅၀
သွားမှာတုန်း” လို့တောင် ပြောတာ၊ ဒါ ဘယ်သူပြောတာတုန်း ဘုရားအလောင်း အရင့်အမာကြီးက ပြောတာနော်၊ အဲဒီတော့ ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးလို့မရဘူး၊ ဒီဘဝ ဗုဒ္ဓဘာသာ၊ နောက်ဘဝ ဗုဒ္ဓဘာသာ ဖြစ်ချင်မှဖြစ်မှာနော်၊ အဲတော့ ကောင်းတဲ့စိတ်ဓာတ်လေးကို ခိုင်မြဲအောင်လုပ်ရမယ်၊ အမျိုးဇာတ်တို့ ပတ်ဝန်းကျင်တို့က လူကိုလှည့်စားသွားတတ်တယ်၊ သဒ္ဓါပညာခိုင်မာအောင်လုပ်ဖို့ အရေးကြီးတယ်၊ ပတ်ဝန်းကျင်ဆိုတာ ကျော်နိုင်ခဲ့တယ်၊ ပတ်ဝန်းကျင်ကို “ဥပနိဿယပစ္စယော” လို့ခေါ်တာ၊ ကံကောင်းလို့ ပတ်ဝန်းကျင်ကောင်းနဲ့တွေ့ပြီး သဒ္ဓါတရား ထိုက်သင့်သလောက်ရှိပြီး တရားနာ သီလစောင့်ကြတယ်၊ ဒါလေးကို သိပ်အထင်မကြီးနဲ့အုံး၊ လုပ်စရာတွေ အများကြီးရှိသေးတယ်၊ ဒီထက်ကောင်းအောင် ခိုင်မာအောင်လုပ်ဖို့ ကိုယ့်ကိုယ်ကို ကြိုးစားဖို့လိုအပ်တယ်။
စာမျက်နှာ-၅၁
ပါရမီအရင့်အမာဖြစ်တဲ့ ဇောတိပါလဆိုတဲ့ ဂေါတမဗုဒ္ဓရဲ့ အလောင်းတော်ဟာ ဘုရားဆီခေါ်တာ မလိုက်ဘူး၊ ဘယ်လောက်ထိအောင် ဟိုလူက ခေါ်တုန်းဆိုတော့ “ဘုရားကျောင်း ဒီနားနီးနီးလေး သွားရအောင်” ခေါ်တာ မလိုက်ဘူး ဘုရားကျောင်းခေါ်လို့မရတော့ “ဒါဖြင့် ရေချိုးသွားရအောင်” လို့ခေါ်တယ်၊ အဲဒီကျတော့ ချက်ချင်းလိုက်သွားတယ်၊ ခုခေတ်လည်း အတူတူပဲ၊ ပွဲကြည့်သွားရအောင်လို့ဆိုရင် လိုက်မယ်၊ တရားပွဲသွားရအောင်ဆိုရင် မလိုက်ချင်ဘူးနော်၊ ရေချိုးပြီးတဲ့အခါမှာ ဘုရား

ကျောင်းသွားဖို့ ထပ်ခေါ်တယ် မလိုက်ဘူး၊ မလိုက်တဲ့အခါ လုံချည်ဆွဲခေါ်တယ် အဲဒါလည်း မလိုက်ဘူး၊ နောက်ဆုံးကျ ဘယ်လောက်ထိအောင်လုပ်တုန်းဆိုရင် ဃဋိကာရက ဆံပင်ဆွဲခေါ်ဖို့ ကြိုးစားတယ်။

ယောင်ထုံးကို ကိုင်ပြီဆိုတဲ့အခါကျမှ ဘုရားလောင်းက သတိရသွားတယ်၊ နောက်ဆုံးယောင်ဆွဲ
စာမျက်နှာ-၅၂
တယ်ဆိုတာ သာမန်နဲ့ဆွဲလို့မရဘူးလေ၊ လူတွေက ဆံပင်ဆိုတာ အထွတ်အမြတ်ထားတာ ရှေးခေတ်က ယောင်ဆွဲခေါ်တယ်ဆိုတာ အင်မတန်မှ ပြင်းထန်တယ်၊ “အော် ငါ့ကို အကြိမ်ကြိမ်ခေါ်တာ အကြောင်းရှိလို့နေမှာဘဲ၊ သူနဲ့ငါနဲ့ဆိုရင် ဇာတ်ချင်းက မတူဘူး” (ဇောတိပါလပုဏ္ဏားက ဇာတ်မြင့်တယ် ဟိုဟာက အိုးထိန်းသည်ဆိုတော့ ဇာတ်နိမ့်တယ်) “ဇာတ်နိမ့်တဲ့ပုဂ္ဂိုလ်က ငါ့ယောင်ဆွဲနိုင်လောက်အောင် သူက ငါ့အပေါ်မှာ စေတနာထားတာပါလား” လို့တွေးမိတယ်။

ဘုရားလောင်းတွေက အလွန်စိတ်ကောင်းရှိတာ၊ အကျိုးရှိလို့ခေါ်တာဆိုပြီး “အေး သူငယ်ချင်း ငါ့ဆံပင်တော့ မကိုင်နဲ့၊ လိုက်မယ်” ဆိုပြီး လိုက်သွားတယ်။

ကဿပဗုဒ္ဓနဲ့တွေ့လို့ ဘုရားက တရားဟောတယ်၊ တရားလည်းနာလိုက်ရော “ဒါမှ အမှန်တရား” ဆိုပြီး သာသနာဘောင်ဝင်လိုက်တယ်၊ ဟို
စာမျက်နှာ-၅၃
သူ့ခေါ်သွားတဲ့ ဃဋိကာရက ဘုန်းကြီးမဝတ်နိုင်ဘူး၊ ဘုရားလောင်းတွေဟာ ဆုံးဖြတ်ချက် အင်မတန်မှ တိကျတယ်၊ တရားနာပြီးတာနဲ့ သင်္ကန်းဝတ်လိုက်တယ်၊ ဘုရားလောင်းရဲ့စိတ်ဓာတ်က မှန်ပြီဆိုလို့ရှိရင် ချက်ချင်းလုပ်တယ်၊ မှားပြီဆိုရင်လည်း ချက်ချင်းစွန့်တယ်။

သာမန်လူတွေကတော့ တန်းလန်းတန်းလန်းနဲ့ သိပ်ပြတ်ခဲတယ်ပေါ့၊ ယောင်တောင်တောင်လုပ်ချင်တယ်၊ ဝေ့လည်ကြောင်ပတ်လို့ခေါ်တယ်။ ဟိုလိုလိုဒီလိုလိုတွေများတာကိုး၊ ဟိုအကြောင်းပြပြီး တိမ်းလိုက် ဒီအကြောင်းပြုပြီး တိမ်းလိုက်၊ ပါရမီက မပြည့်သေးလို့ပါဆိုပြီး ပြည့်ရင်ဖြစ်မယ့်ပုံစံမျိုးပြောတာ၊ အဲသလို ရှောင်တိမ်းတတ်တဲ့ အလေ့အကျင့်ကြောင့် ဘုရား (၂၄) ဆူ ရှောင်လာခဲ့တာ၊ အခု တစ်ဆူမှ မတွေ့သေးဘူး၊ အတော်အပုန်းကောင်းတယ်လို့ ဆိုရမှာဘဲနော်။
စာမျက်နှာ-၅၄
အလောင်းတော်ဟာ (၂၄) ဆူသော ဘုရားတွေထံက ဗျာဒိတ်စကား မှတ်သားနာယူပြီး အခု ဘုရားအဖြစ်သို့ ရောက်ရှိသွားပြီ၊ ဘုန်းကြီးတို့တစ်တွေဟာ ဘုရားသာသနာတော်နဲ့တွေ့ပြီး မြတ်စွာဘုရားရဲ့ အဆုံးအမတွေ နာယူခွင့်၊ လိုက်နာခွင့်၊ ကျင့်သုံးခွင့်ရကြတယ်။ ဒီအချိန် အကောင်းဆုံးအချိန်ပဲ၊ တို့တတွေ တရားတွေကို တတ်စွမ်းသမျှ သိအောင်ကြိုးစားကြမယ်၊ နာယူကြ မှတ်သားကြမယ် လိုက်နာကြမယ်၊ ကျင့်ကြံကြမယ်ဆိုရင် ဒီဘုရားသာသနာမှာတင်ပဲ ကျွတ်တမ်းဝင်နိုင်မယ်။

အကယ်၍ ကျွတ်တမ်းမဝင်နိုင်ဘူးဆိုတောင်မှဘဲ နောင်မကြာခင် ဘုရားသာသနာတစ်ခုနဲ့တွေ့ဆုံကြရင် သေချာပေါက် ကျွတ်တမ်းဝင်ရမှာဖြစ်တယ်၊ အနီးဆုံးပြောရမယ်ဆိုရင် ဒီဘဝမှာ ကျွတ်တမ်းမဝင်သေးဘူး၊ ဆုကြီးပန်လည်း မဟုတ်ဘူးဆိုရင် ဒီဘဝမှာပဲ ကျွတ်တမ်းဝင်ချင်တဲ့စိတ်နဲ့
စာမျက်နှာ-၅၅
ကြိုးစား၊ ကြိုးစားလို့ သေခါနီးအချိန် ရောက်တဲ့အခါ တရားထူးတရားမြတ် ရသွားနိုင်တယ်၊ မရသေးဘူးဆိုလို့ရှိရင် ဒီဘဝကနေ နတ်ပြည်ရောက်သွားတဲ့အခါမှာ မြတ်စွာဘုရားကို မှီလိုက်တဲ့နတ်တွေက ဘုရားတရားအကြောင်း ပြောကြလိမ့်မယ်၊ သူတို့ဆီက တရားဓမ္မတွေ နာယူရတဲ့အခါ ဘုရားတရားတော်တွေကို ပြန်သတိရပြီး တရားထူးတရားမြတ်တွေ ရသွားကြမှာပါ၊ ဒါ မြတ်စွာဘုရားကိုယ်တိုင် ဟောထားတာရှိပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့ ဂေါတမဗုဒ္ဓရဲ့ “ဗျာဒိတ်တော်ကြား ဘုရား (၂၄) ဆူ” နဲ့ ပတ်သက်ပြီး အကျဉ်းအားဖြင့် နာယူမှတ်သားပြီးပြီ၊ မိမိတို့ကိုယ်တိုင် ပါရမီကို ဖြည့်ကျင့်မှသာလျှင် တရားထူးတရားမြတ်တွေကို ရနိုင်မယ်၊ ပါရမီဖြည့်နေတဲ့ ဘုရားအလောင်းတော်ကြီးများသည်ပင် ရံဖန်ရံခါ တိမ်းပါးသွားတာ
စာမျက်နှာ-၅၆
တွေဖြစ်တယ်၊ တို့တတွေဟာ တရားဓမ္မနဲ့ပတ်သက်ပြီး အသိဉာဏ်တွေရရှိအောင် တိမ်းပါးယိမ်းပါးမဖြစ်ရအောင် ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု..သာဓု..သာဓု။ fh8sbhehdqj0g7lxhlxn6umdhsfwszh ဘဝ၏ ဝန်ထုပ်ဝန်ပိုးများ 0 6381 22178 2026-06-16T23:01:51Z Tejinda 173 "{{header | title = ဘဝ၏ ဝန်ထုပ်ဝန်ပိုးများ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဗျာဒိတ်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22178 wikitext text/x-wiki {{header | title = ဘဝ၏ ဝန်ထုပ်ဝန်ပိုးများ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ဗျာဒိတ်တော်ကြား ဘုရား(၂၄)ဆူ]] | previous2 = | next = [[ဘဝခရီးဝယ် ရွေးချယ်ရမယ့် လမ်း]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

ဘဝ၏ ဝန်ထုပ်ဝန်ပိုးများ
သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၀ ခုနှစ် ဝါဆို လပြည့်ကျော် (၈)ရက်၊ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၆)ရပ်ကွက်၊ ဗဟိုဓမ္မာရုံ၌ ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင် အခန်းအနားဝယ် ဟောကြားအပ်သော “ဘဝ၏ ဝန်ထုပ်ဝန်ပိုးများ” တရားဒေသနာတော်။

ဘဝတစ်ခုရထားတဲ့ ပုဂ္ဂိုလ်တိုင်းဟာ ပေါ့ပေါ့ပါးပါး ခရီးသွားကြရတာမဟုတ်ဘူး။ ဝန်ထုပ်ကြီးထမ်းပြီး သွားနေကြရတာနော်။ အလေးအနက် စဉ်းစားကြည့်မယ်ဆိုရင် ဘဝမှာ ဝန်ထုပ်ကြီးကို ထမ်းပြီးတော့ ခရီးသွားနေကြရတာ သိနိုင်တယ်။
စာမျက်နှာ-၂
ဆန်အိတ်ကြီးတွေကို ထမ်းနေတဲ့ အလုပ်သမားတွေကို ကြည့်လိုက်စမ်း။ ဘယ်လောက် ပင်ပင်ပန်းပန်း လုပ်ကြပြုတယ်ဆိုတာနော်။ ဘဝမှာလေးလံတဲ့ ဝန်ထုပ်ကြီးတွေ ထမ်းပြီးသွားနေကြတာ။ သာမန်မျက်စိနဲ့ ကြည့်ရင်တော့ မမြင်ဘူး။ မမြင်သည့်အတွက် ဘဝဟာ ပေါ့ပေါ့ပါးပါးလေးနဲ့ ခရီးသွားနေလို့ရတယ်လို့ ထင်နေကြတာ။ အမှန်က ဘဝမှာ ကျောက်ကုန်းနေအောင် ထမ်းနေကြရတာ။ ဟုတ်ကဲ့လား။

ဘဝရဲ့ အကြောင်းကို အလေးအနက်ထားပြီး ဆင်ခြင်စဉ်းစားကြည့်တဲ့ ပုဂ္ဂိုလ်တွေဆိုရင် ဘဝရဲ့ ဝန်ထုပ်ဝန်ပိုးကြီးက လေးလှပါတယ်။ ဆန်အိတ်ကြီး ထမ်းထားရတဲ့ လူရဲ့ဝန်ထုပ်ထက် ဘဝဝန်ထုပ်က ပိုပြီးလေးတယ်။ (ဆန်အိတ်ထမ်းထားရတဲ့ ပုဂ္ဂိုလ်က ဆန်အိတ်ကို အတိုင်းအတာတစ်ခုအရသာ ထမ်းရတာ။ မထမ်းရတဲ့ အချိန်က အများကြီးပဲ။) ဟောဒီဘဝရဲ့ ဝန်ထုပ်ဝန်ပိုးက တစ်သက်လုံး ထမ်းရတာ။ တစ်သက်လုံးတင်မကဘူး။ ဒီဘဝကနေ ဟိုဘဝသွားလည်း ထမ်း၊ သံသရာခရီးတစ်လျှောက်လုံးမှာ ဝန်ထုပ်
စာမျက်နှာ-၃
ဝန်ပိုးကြီးက ကျောပေါ်က ဆင်းတယ်လို့ မရှိဘူး။ ဆင်ခြင်စဉ်းစားပြီး (contemplation လုပ်ပြီး) ကြည့်နော်။

ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက ဘယ်လိုအမိန့်ရှိသလဲဆိုရင်၊ ဘာရိတော ဘဝဘာရေန၊ ဂိရိ ဥစ္စာရိတော ယထာ။ ဘဝဘာရေန- ဘဝဝန်ထုပ်ကြီးဖြင့်၊ ဘာရိတော-ဝန်ပိနေသည်ဖြစ်၍၊ ဂိရိ ဥစ္စာရိတော-တောင်ကြီးကို ရွက်ထားရသလိုပါပဲ။ ဟော ရှင်သာရိပုတ္တရာက ဘဝဝန်ထုပ်ကြီးဟာ တောင်ကြီးကို ရွက်ထားရသလိုပဲတဲ့။ ကဲ.. ဘုန်းကြီးတို့တတွေ တောင်ကြီးကို ရွက်နိုင်ကြပါ့မလား။ ရှင်သာရိပုတ္တရာက ဘဝရဲ့ဝန်ထုပ်ကြီးဟာ တောင်ကြီးလောက်လေးတယ်လို့ ပြောတာနော်။ အင်မတန်ကြီးမားတဲ့ တောင်ကြီးကို ရွက်ထားရသလို ဘဝဝန်ထုပ်ကြီးဟာ အလွန်လေးတယ်လို့ ပြောတာ။

ဘုန်းကြီးတို့တတွေက ဘာဖြစ်လို့ လေးမှန်းမသိတာတုန်းဆိုရင် အဝိဇ္ဇာဖုံးနေလို့ မသိတာ။ ဟုတ်ကဲ့လား။ အဝိဇ္ဇာဖုံးပြီး၊ တဏှာက တွယ်တာနေတော့
စာမျက်နှာ-၄
ဘဝဟာ အဆင်ပြေတယ်၊ ပျော်စရာကြီးလို့ ဒီလိုထင်တယ်။ ဟုတ်ကဲ့လား။ ဝန်ထုပ်ကြီး ထမ်းနေရတယ်လို့ စိတ်ကတယ်ပြီးတော့ မထင်ကြဘူး။ မထင်တာဘာဖြစ်လို့တုန်းဆိုရင် အဝိဇ္ဇာနဲ့ တဏှာရဲ့ အလှည့်စားခံရလို့တဲ့။ အလှည့်စားမခံရအောင် အလေးအနက်ထားပြီးတော့ ကြည့်။

မြတ်စွာဘုရားက ဘာရသုတ္တန်မှာ-ဘာရာ ဟဝေ ပဉ္စက္ခန္ဓာ၊ ဘာရဟာရော စ ပုဂ္ဂလော။ (၅)ပါးသော ခန္ဓာတွေဟာ၊ တကယ့်ဝန်ထုပ်ဝန်ပိုးကြီးတွေပါတဲ့။ မြတ်စွာဘုရားကဟောတာနဲ့ ရှင်သာရိပုတ္တရာ အမိန့်ရှိတာ တစ်ထပ်တည်းနော်။

ရှင်သာရိပုတ္တရာက ဘာရိတော ဘဝဘာရေနတဲ့၊ အေး.. ဘဝရဲ့ ဝန်ထုပ်ကြီးကို သူထမ်းနေရတာ သိပ်လေးတယ်တဲ့။ ဂိရိ ဥစ္စာရိတော-တောင်ကြီးရွက်ထားရသလိုပဲ၊ အင်မတန်လေးတယ်။

ဒါဖြင့် ဘဝဝန်ထုပ်ဝန်ပိုးကြီးဆိုတာ ဘာကိုပြောတာတုန်းဆို ခန္ဓာ(၅)ပါးကို ပြောတာ။ ခန္ဓာ(၅)ပါးကို တပည့်တော်တို့ ရထားတာ မလေးပါဘူးဘုရား။ ခန္ဓာ
စာမျက်နှာ-၅
က ဘာလေးလို့တုန်းလို့ ထင်ကောင်းထင်မယ်။ အိပ်ချိန်အိပ်၊ စားချိန်စား၊ ပျော်ချိန်ပျော်၊ ပါးချိန်ပါး ဒီလိုနေလာခဲ့တာ။ ဆန်အိတ်ထမ်းရတာမှ လေးတယ်။ ခန္ဓာကိုယ်ဝန်ထုပ်ကြီးက မလေးပါဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ ခန္ဓာဝန်ထုပ်ကြီးက ဘယ်လောက်လေးတယ်ဆိုတာ contemplation (ဆင်ခြင်စဉ်းစား)လုပ်ကြည့်မှ သိတယ်။ ဒီအတိုင်းဆို မသိဘူးနော်။

မှောင်နေတဲ့အထဲမှာ ပစ္စည်းဥစ္စာတွေ ရှိနေသော်လည်း မြင်ရရဲ့လား။ မမြင်ရဘူး၊ ကိုယ့်အိမ်ထဲမှာရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေ ရှိနေသော်လည်း မှောင်နေတယ်။ အလင်းရောင်မရှိဘူးဆို မမြင်ရသလိုပဲ၊ လူတွေ ဘဝဝန်ထုပ်ကြီး ထမ်းထားရတာ ဘဝဝန်ထုပ်ကြီးက ကိုယ့်ပေါ်မှာ စီးနေတာကို အဝိဇ္ဇာဖုံးထားသည့်အတွက်ကြောင့် မြင်ကိုမမြင်နိုင်ဘူး။

ရဟန္တာပုဂ္ဂိုလ်တွေ၊ သူတော်စင်တွေကျတော့ မြင်ရတယ်။ အေး ဘဝရဲ့ ဝန်ထုပ်ကြီးဆိုတာ တခြားကို ပြောတာမဟုတ်ဘူး။ ခန္ဓာကိုပြောတာ။ အေး ဒါဖြင့် ကောင်းပြီ ဘဝခရီးလျှောက်လှမ်းနေရတာ သက်သာရဲ့
စာမျက်နှာ-၆
လား။ လမ်းကောင်းရင်တော့ ဘယ်လောက်ဝေးဝေး ဝန်ထုပ်ထမ်းသွားရတာ သက်တောင့်သက်သာရှိတယ်မို့လား။ ကြည့်လိုက်ပြန်တော့လည်း ဘဝခရီးက ကန္တာရခရီးကြီး၊ ကန္တာရဆိုတဲ့အဓိပ္ပါယ်က အလွန်ကြမ်းတမ်းတဲ့ခရီး၊ အန္တရာယ်တွေ ပြွမ်းနေတဲ့ ခရီးကြမ်းကြီးလို့ပြောတာ အေးအေးချမ်းချမ်း သက်သက်သာသာနဲ့ လျှောက်လှမ်းလို့မရဘူး။ အန္တရာယ်တွေ ပြွမ်းနေတဲ့ ခရီးကြမ်းကြီးကို ကန္တာရလို့ခေါ်တယ်။

ဘဝကို မြတ်စွာဘုရားက ကန္တာရလို့ ဒီလိုသုံးထားတာ။ ကန္တာရခရီးကြမ်းကြီးဆိုတာ ဘေးရန်အန္တရာယ်အလွန်များတယ်။ အထောက်အကူပြုတဲ့ ပစ္စည်းက ရှားတယ်။ လမ်းက အင်မတန်ကြမ်းတယ်။ အန္တရာယ်များတဲ့ လမ်းကြီးကို လျှောက်လှမ်းနေရတဲ့ ပုဂ္ဂိုလ်အဖို့ အန္တရာယ်တွေက လွတ်ဖို့ဆိုတာ အခွင့်အလမ်းနည်းတယ်။ ဘဝခရီးကြီးဟာ ကန္တာရခရီးကြမ်းကြီးပါတဲ့နော်။ ကန္တာရခရီးကြမ်းကြီးကို လျှောက်လှမ်းပြီးတော့ ဖြတ်သန်းကြရတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အခက်အခဲတစ်စုံတစ်ခုနဲ့ ရင်ဆိုင်ကြရတယ်။ ကံကောင်းမှ
စာမျက်နှာ-၇
ဖြတ်ကျော်လို့ရတယ်။ ဘဝဆိုတဲ့ ကန္တာရခရီးကြီးကို တို့တတွေ ဖြတ်ကျော်နေကြတယ်။

အန္တရာယ်တွေက ဘာတွေရှိတုန်းဆို ကြည့်။ မွေးလာတဲ့အချိန်ကနေ တဖြည်းဖြည်းအိုလာခြင်း ဇရာဆိုတဲ့ အန္တရာယ် မရှိဘူးလား၊ ရှိတယ်။ အိုလာရုံတင်မကဘူး။ ရာသီဥတုအလိုက် အအေးမိလိုက်၊ အပူမိလိုက်၊ တော်ကြာ ဖျားလိုက်၊ နာလိုက်၊ သွားကိုက်လိုက်၊ ခေါင်းကိုက်လိုက်ဆိုတာတွေကော မရှိဘူးလား။ ဇရာက နှိပ်စက်လိုက်၊ ဗျာဓိက နှိပ်စက်လိုက်နဲ့၊ ဒါတွေကို ရှောင်ကွင်းပြီးတော့ သွားနေကြတာ။ ရှောင်လို့လည်းမရဘူး၊ ဟုတ်ကဲ့လား။ အေး ခေါင်းကိုက်ရင် ဆရာဝန်ထံသွား၊ ဆေးလေးထိုးလိုက်၊ ဒါမှမဟုတ်ရင် ပါရာစီတမော ဆေးလေးသောက်လိုက်၊ သက်သာသွားရင် ပျောက်သွားတယ်လို့ထင်တာ၊ မဟုတ်ဘူး။ လာအုံးမှာနော် နောက်တစ်ကျော့။ ဘဝခရီးသွားနေတဲ့အချိန်မှာ အန္တရာယ်က ဒီနားတွေ့ပြီး နောက်မတွေ့တော့ဘူးလို့ မထင်နဲ့။ တွေ့ဦးမှာပဲ။ မသေမခြင်း ဘဝခရီးလျှောက်လှမ်းနေတဲ့ ပုဂ္ဂိုလ်
စာမျက်နှာ-၈
မှာ အန္တရာယ်တွေ အများကြီးပဲတဲ့။ အိုခြင်းဆိုတဲ့ အန္တရာယ်နဲ့လည်းတွေ့မယ်၊ နာခြင်းဆိုတဲ့ အန္တရာယ်နဲ့လည်းတွေ့မယ်၊ နောက်ဆုံးမှာ သေခြင်းဆိုတာနဲ့ ရင်ဆိုင်ပြီး ဘဝတစ်ခု အဆုံးသတ်သွားတယ်။ ကဲ အကောင်းဆိုတာ ရှိရဲ့လား၊ မရှိပါဘူး။ မအိုခင်လေး ပျော်စရာတွေ့ကောင်းတွေ့မယ်။ မနာခင်လေး ပျော်စရာတွေ့ကောင်းတွေ့မယ်။ တခဏလေးတွေ့ရတဲ့ အပျော်လေးပေါ်မှာ လူတွေက ထာဝရကြီးလို့ ထင်နေကြတာ၊ မေ့နေကြတာ။ ရှေ့မျှော်ကြည့်လိုက် အန္တရာယ်ကြီး၊ နောက်ပြန်ကြည့်လိုက် အန္တရာယ်ကြီး၊ ရှေ့လာမယ့် စခန်းတွေက အန္တရာယ်တွေနဲ့ချည်းပဲနော်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကိုယ်ရထားတာတွေ ကိုယ်ကြည့်။ ဘာတွေရထားတုန်းဆို ဒုက္ခတွေရထားတာ။ လူတွေက ဘဝဆိုတာ ဘာတွေတုန်းလို့ မေးကြည့်လိုက်လို့ရှိရင် မျက်စိ၊ နား၊ နှာခေါင်း ရှိတယ်။ ဟုတ်တယ်မို့လား။ လျှာရှိတယ်။ ခန္ဓာရှိတယ်၊ အားလုံးက ဒုက္ခပေးမယ့်ဟာချည်းပဲ၊ မျက်စိကလည်း ဒုက္ခပေးတာပဲ၊ နားကလည်း ဒုက္ခ
စာမျက်နှာ-၉
ပေးတာပဲ၊ နှာခေါင်းကလည်း ဒုက္ခပေးတာပဲ၊ ခန္ဓာကိုယ်ထဲက အင်္ဂါရပ်တွေကလည်း ဒုက္ခပေးတာပဲ၊ ဒုက္ခမပေးတဲ့အရာဆိုတာ ရှိကိုမရှိဘူး။

အဲဒါကြောင့်မို့ ဓမ္မအမြင်နဲ့ ကြည့်လိုက်မယ်ဆိုလို့ရှိရင်၊ “ယော ဘိက္ခဝေ ရူပဿ ဥပ္ပါဒေါ၊ ဒုက္ခဿသော ဥပ္ပါဒေါ”-ချစ်သားရဟန်းတို့ ရုပ်တရားရဲ့ ဖြစ်ပေါ်လာမှုသည် ဒုက္ခရဲ့ ဖြစ်ပေါ်လာမှုပဲ လို့ ဒီလိုဟောခဲ့တယ်။

ဒို့ဘာရတုန်းဆို ဒုက္ခရတာ။ မျက်လုံးရထားသည့်အတွက်ကြောင့် မျက်လုံးကို အသုံးချပြီး မြင်စရာလေးတွေတော့ မြင်ရပါရဲ့။ ပျော်စရာလေးတွေတော့ မြင်ရပါရဲ့၊ သို့သော် အစဉ်ထာဝရ ပျော်စရာချည်း မြင်ရတာ ဟုတ်ရဲ့လား၊ မဟုတ်ပါဘူး။ မျက်လုံးကောင်းနေတုန်း ကိုယ်မမြင်ချင်တာတွေ မမြင်ဘူးလား၊ မြင်ရတယ်။ နားကလည်း ကြားချင်တာတွေသာ ကြားရတာမဟုတ်ဘူး။ မကြားချင်တာလည်း ကြားရတတ်တာပဲ။ နှာခေါင်းကလည်း ကိုယ်နမ်းချင်တာသာ နမ်းလို့ရတာမဟုတ်ဘူး။ မနမ်းချင်တာလည်း နမ်းနေရသေး
စာမျက်နှာ-၁၀
တယ်။ အဲဒီတော့ ကိုယ့်ဆန္ဒနဲ့ ဆန့်ကျင်ပြီးတော့ ဖြစ်ရရုံမျှမက မျက်စိရောဂါတဲ့၊ နားရောဂါတဲ့ နှာခေါင်းရောဂါတဲ့ မလာဘူးလား၊ လာတယ်။ အေး ဒါကြောင့်မို့ ဘဝခရီးကြီး လျှောက်လှမ်းရတာ ဒုက္ခတွေနဲ့ လျှောက်လှမ်းနေရတယ်ပေါ့။ အဲဒီထဲမှာ ဝန်ထုပ်ကြီးက ထမ်းထားရသေးတယ်ဆိုတော့ ဘယ်လောက် ကြောက်စရာကောင်းလဲနော်၊ ဒါကြောင့်မို့ ရှင်သာရိပုတ္တရာက ငြီးတယ်လေ၊ “တောင်ကြီးထမ်းထားရသလိုလေးလှပါတယ်”တဲ့။ ဘုန်းကြီးတို့တတွေကတော့ မမြင်တော့ ဘာဖြစ်တုန်း၊ ပေါ့ပေါ့လေးလို့ ထင်နေတာနော်။

မြတ်စွာဘုရားက ဘာရာ ဟဝေ ပဉ္စက္ခန္ဓာ။ သတ္တဝါတွေ ရထားတဲ့ ခန္ဓာ(၅)ပါးဆိုတာ ဘာရာ-တကယ့်ဘဝရဲ့ ဝန်ထုပ်ဝန်ပိုးတွေပဲ။ ဝန်ထုပ်ကြီးဆိုတာ တခြားဟာကို ပြောတာမဟုတ်ဘူး။ ကိုယ်ရထားတဲ့ ခန္ဓာ(၅)ပါးပဲ။ ကဲ ဘယ်လောက်ဝန်ထုပ်ဖြစ်နေသလဲဆိုတာ စဉ်းစားကြည့် ဗုဒ္ဓဘာသာတွေ ခန္ဓာ(၅)ပါးဆိုတာ သိကြတယ် (၁) ရူပက္ခန္ဓာ။ ရူပက္ခန္ဓာဆိုတာ ဘယ်မှာ
စာမျက်နှာ-၁၁
တုန်းလို့မေးရင် အကြမ်းဖျင်းပြောလို့ရှိရင် လူတွေရဲ့ physical body ဟာ ရူပက္ခန္ဓာကြီးပဲပေါ့နော်။ သရုပ်ထုတ်ကြည့်မယ်ဆိုရင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် ဒါတွေဟာ ရူပက္ခန္ဓာတွေပဲ။ မျက်စိကလည်း ရူပက္ခန္ဓာ။ နား၊ နှာခေါင်း ဒါတွေက ရူပက္ခန္ဓာတွေ။ အသေးစိတ်ပြောမယ်ဆိုရင် ဓါတ်ကြီး(၄)ပါး၊ ဟော ခန္ဓာကိုယ်ထဲမှာ အတုံးအခဲတွေ၊ အရိုးတို့၊ အသားတို့ဆိုတဲ့ အတုံးအခဲတွေက ပထဝီဓါတ်၊ အရည်မှန်သမျှဟာ အာပေါဓါတ်၊ ပူတာအေးတာ မှန်သမျှ တေဇောဓါတ်၊ လှုပ်ရှားတွန်းကန်နေတာတွေက ဝါယောဓါတ်၊ ဓါတ်ကြီး(၄)ပါးနဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတာ။ အဲဒီဓါတ်ကြီး(၄)ပါးဟာ ရူပက္ခန္ဓာပေါ့နော်။

လူတွေရထားတဲ့ ခန္ဓာကိုယ်ကြီးကို သေချာစဉ်းစားကြည့်ရင် သိနိုင်တယ်။ ဒီရူပက္ခန္ဓာကြီးကို ပြုစုစောင့်ရှောက်ရတာ။ နည်းသလား၊ မနည်းဘူး။ ဘုန်းကြီးတို့တတွေ နံနက်အိပ်ယာထတာနဲ့ တပြိုင်နက် သူ့ကို ဘာလုပ်ပေးရတုန်း၊ မျက်နှာသစ်ပေးရတယ်။ သန့်ရှင်းပေးရတယ်၊ Toilet သွားရတယ်။ ဟော..
စာမျက်နှာ-၁၂
သူ့တာဝန်တွေချည်းပဲ မဟုတ်လား။ သူ့တာဝန်တွေနဲ့ပဲ လူဟာ ပိမနေဘူးလား၊ ပိနေတယ်။ အေး.. ဒါကြောင့်မို့ ဝန်ထုပ်ကြီးလို့ပြောတာ။ ဒီထဲမှာ သူက မျက်စိနာလာလို့ရှိရင် မျက်စဉ်းခတ်ပေးရသေးတယ်။ ဆေးသောက်ရမယ်။ နားက ကိုက်လာတယ်ဆိုလို့ရှိရင် ဆေးသောက်ရဦးမယ်။ အမျိုးမျိုး နှိပ်စက်နေတာနော်။ သူ့ဝေယျာဝစ္စနဲ့တင် နည်းသလားဆို မနည်းဘူး။

ဒီရုပ်ခန္ဓာကိုယ်ကြီးတစ်ခုတည်းအတွက် လုပ်ရတဲ့ တာဝန်ဟာ နည်းသလားဆို မနည်းဘူး။ နေ့စဉ်နဲ့အမျှ မျက်နှာသစ်ရတယ်၊ ရေမိုးချိုးရတယ်၊ အစာကျွေးရတယ်။ ဟော အကုန်လုံး သူ့တာဝန်ချည်းပဲ။ မဝအောင်၊ မလှလှအောင် အဝတ်ကလည်း ဆင်ရသေးတယ်။ သူ့ဒီအတိုင်းထားလို့မရဘူး။ ဟုတ်တယ်မို့လား။ မိုးထဲလေထဲ ပစ်ထားရင် အအေးပတ်သွားဦးမယ်၊ ရောဂါရပြန်ဦးမယ်။ နေပူထဲ ပစ်ထားရင်လဲ ရောဂါရပြန်ဦးမယ်။ အော် သူ့ကို လုံလုံခြုံခြုံနေဖို့အတွက် အိမ်တွေဘာတွေ မဆောက်ရဘူးလား၊ ဆောက်ရတယ်။ ဒါလဲ သူ့အတွက် လုပ်နေရတာပဲ။
စာမျက်နှာ-၁၃
ကိုယ့်အတွက်ဆိုတာ ရှိရဲ့လား၊ မရှိဘူး။ လူတွေက အဲဒါကို ကိုယ့်အတွက်လို့ ထင်နေတာ။ မဟုတ်ဘူး။ သူ့အတွက် လုပ်ပေးနေရတာ။

အဲဒီ ဝန်ထုပ်ဝန်ပိုးကြီးအတွက် ပြုစုစောင့်ရှောက်ပေးနေရတော့ကော ကိုယ့်အပေါ် သစ္စာရှိသလားဆိုတော့ မရှိဘူး။ သူဖြစ်ချင်တာဖြစ်တယ်။ ကိုယ်ဖြစ်ချင်တာတစ်ခုမှ မဖြစ်ဘူး။ မျက်စိမမှုန်ချင်ပါဘူးဆိုရင်လည်း မှုန်တယ်။ ကိုယ်က မှုန်ခိုင်းတာမဟုတ်ဘူး။ နားမလေးချင်ပါဘူးဆိုလည်းရလား၊ မရဘူး။ ကိုယ်မဖြစ်ချင်ဘူးဆိုတာတွေ တစ်ခုမှ တားလို့မရဘူး။ ဒီထဲမှာ ဓါတ်ကြီးလေးပါးဆိုတာ ရှိသေးတယ်။ ဖောက်ပြန်ရင် သွားပြန်ရော။

ပထဝီဓါတ်ဖောက်ပြန်ရင် ခန္ဓာကိုယ်ကြီးတစ်ခုလုံး တောင့်တင်းသွားရော။ အာပေါဓါတ်က ဖောက်ပြန်ရင် တစ်ကိုယ်လုံး ပျော့စိပုတ်ပွသွားရော။ တေဇောဓါတ်က ဖောက်ပြန်ရင် တစ်ကိုယ်လုံး ပူလှချည်ရဲ့၊ လောင်လှချည်ရဲ့၊ ဝါယောဓါတ်က ဖောက်ပြန်ရင်လည်း မလှုပ်မယှက်နိုင် ဒုက္ခတွေရောက်ရော။ ဒါကြောင့်မို့ မြတ်စွာဘုရားက ဓါတ်ကြီး(၄)ပါးကို မြွေကြီး(၄)
စာမျက်နှာ-၁၄
ကောင်နဲ့ ဥပမာပေးထားတယ်။ ခန္ဓာကိုယ်ကို ရစ်နှောင်ထားတဲ့ မြွေကြီး(၄)ကောင်၊ တစ်ကောင်နဲ့တစ်ကောင်ကလည်း အကြိုက်ခြင်းမတူဘူး။ အဲဒီမြွေကြီး(၄)ကောင်၊ တစ်ကောင်ကောင်က စိတ်ဆိုးပြီးတော့ ကိုက်လိုက်လို့ရှိရင် သေဖို့ပဲရှိတယ်။ အဆိပ်ပြင်းထန်တဲ့ မြွေကြီး(၄)ကောင်ကို မွေးထားရတာနဲ့ အတူတူပဲ။

ဒီဓါတ်ကြီး(၄)ပါးက ပထဝီဓါတ်က ကြိုက်ပေမယ့် အာပေါဓါတ်က မကြိုက်ဘူး။ ဟုတ်ကဲ့လား။ ဒါကြောင့်မို့ လူတွေမပြောဘူးလား။ တစ်ကိုယ်လုံးတောင့်တင်းနေတယ်ဆိုတာ မရှိဘူးလား၊ ရှိတယ်။ အေး.. အဲဒါ ပထဝီဓါတ်လွန်ကဲတာ။ မြွေကိုက်တာပဲ။ (ကဌမုခမြွေအကိုက်ခံရတာ။ အာပေါဓါတ်က မကြိုက်တာသွားလုပ်ရင် အာပေါဓါတ် (ပူတိမုခမြွေ) အကိုက်ခံမှာ၊ တေဇောဓါတ်က မကြိုက်တာသွားလုပ်ရင် တေဇောဓါတ် (အဂ္ဂိမုခမြွေ) အကိုက်ခံရမှာ၊ ဝါယောဓါတ်ဆိုရင် (သတ္ထမုခမြွေ) အကိုက်ခံရမှာ) ဓါတ်ကြီး(၄)ပါးက အမြဲတမ်း နှောင့်ယှက်နေတာ။ အဲဒီတော့ ဒီထက်ကြီးတဲ့ ဝန်ထုပ်ဝန်ပိုးဆိုတာ ဘယ်မှာ
စာမျက်နှာ-၁၅
ရှိမလဲ၊ ဒါက အသိဉာဏ်နဲ့ ဆင်ခြင်စဉ်းစားမှ သိတဲ့အရာမျိုးနော်၊ သာမန်မျက်လုံးနဲ့မသိဘူး။ သာမန်အတွေးနဲ့မသိဘူးတဲ့။ တကယ်တွေးကြည့်ရင်ကော မသိဘူးလား။

တရားဆိုတာ သန္ဒိဋ္ဌိကော ကိုယ်တိုင်မြင်ရတယ်တဲ့။ သူများပြောလို့ “ဟုတ်မှာပဲ၊ ဟုတ်မှာပဲ”လို့ သိတာ ဟုတ်ရဲ့လား။ ဒို့တတွေ ဒီအတိုင်းကို ဖြစ်နေတယ်လို့ ဟုတ်လား။ ဘယ်မှာဘာဖြစ်သတဲ့ဆိုတာကျတော့ ကိုယ်တိုင်မြင်ရတာ ဟုတ်ကဲ့လား၊ မဟုတ်ဘူး။ အခု ဒီခန္ဓာကိုယ်ထဲမှာ ရုပ်တရားတွေ ဖောက်ပြန်ပြီး ဒီလိုဒုက္ခရောက်တယ်ဆိုတာကော ကိုယ်တိုင်မတွေ့နိုင်ဘူးလား၊ တွေ့နိုင်တယ်။ ဒါကိုပြောတာ။ သန္ဒိဋ္ဌိကော ဆိုတာ ကိုယ်တိုင်မြင်နိုင်တယ်။

အေး ရုပ်ခန္ဓာကိုယ်ကြီးက ဘယ်လောက်ဒုက္ခပေးသလဲ။ သာမန်အနေအထားတွေပဲ။ သူ့အတွက် တာဝန်ဝတ္တရားတွေ ထမ်းဆောင်ရတာ ဘယ်လောက်ကြီးလေးသလဲ။ ဒါ ရုပ်ခန္ဓာတစ်ခုထဲရဲ့ တာဝန်ထမ်းဆောင်ရတာ။ အဲဒီတော့ ရူပက္ခန္ဓာကြီးကလည်း ဝန်ထုပ်ဝန်ပိုးကြီး
စာမျက်နှာ-၁၆
ပဲ။ ထို့အတူ ဝေဒနာက္ခန္ဓာဆိုတာကို ကြည့်။

ဝေဒနာက္ခန္ဓာဆိုတာ ဘာပြောတာတုန်းဆိုရင်၊ အေး.. တစ်ခါတစ်ခါကျတော့ ဝမ်းသာတယ်။ တစ်ခါတစ်ခါကျတော့ ဝမ်းနည်းတယ်။ တစ်ခါတစ်ခါကျတော့ ဝမ်းသာတာလည်းမဟုတ် ဝမ်းနည်းတာလည်း မဟုတ်ဘူး။ အရပ်ထဲပြောတဲ့ ဖီလင် (Feeling) ပေါ့။ ဟုတ်လား။ အဲဒီလို ခံစားမှုလေးတွေ မပေါ်ဘူးလား။ ပျော်စရာအာရုံလေးတွေ့ရင် ဝမ်းသာလိုက်ကြတယ်။ အဲဒီ ဝမ်းသာမှုလေးက ထာဝရလား တစ်ခဏလား၊ တစ်ခဏပါ။

အေး.. တစ်ခါတစ်ခါကျ မကောင်းတဲ့အနိဋ္ဌာရုံတစ်ခုခုနဲ့တွေ့တဲ့အခါ ဝမ်းနည်းကြရတယ်။ ကြေကွဲကြရတယ်။ ငိုကြရတယ်။ ဟော ဒေါမနဿဝေဒနာလို့ ခေါ်တယ်။ အဲဒါကရော ထာဝရလား တစ်ခဏလား။ တစ်ခဏပဲ၊ အေး.. တစ်ခါတရံ သွားကိုက်တာတို့ နားကိုက်တာတို့၊ ခေါင်းကိုက်တာတို့ ကြုံတဲ့အခါကျတော့ ဒုက္ခမရောက်ဘူးလား။ အဲဒါလည်း ဝေဒနာပဲ။ အဲဒီဝေဒနာကရော တစ်ခဏလား ထာဝရလား။ တစ်ခဏတွေချည်းပဲ။ အဲဒီကောင်းတဲ့
စာမျက်နှာ-၁၇
ဝေဒနာခံစားတာလည်း တစ်ခဏပဲ။ ဆိုးတာလည်း တစ်ခဏပဲ။ မကြာမကြာ ဒုက္ခပေးနေတာ။ ဒါ ဝေဒနာက ဒုက္ခပေးနေတာ။ အဲဒီလိုပေးနေလို့ ခေါင်းကိုက်တယ်၊ ဟုတ်လား၊ ဆေးစားရမယ်ဆိုတာ ဒါ.. သူ့ရဲ့ဝန်ထုပ်ဝန်ပိုးကို ဆောင်ရွက်ရတာပဲမဟုတ်လား။ သူက ကိုယ့်ကို အကူအညီပေးတာလား။ နှောင့်ယှက်တာလား၊ နှောင့်ယှက်တာ။ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ ကိုယ့်ရဲ့ကောင်းအာရုံ၊ မကောင်းအာရုံတွေကို ခံစားတတ်တဲ့ ဝေဒနာဆိုတာလည်း ကိုယ့်ကို ဒုက္ခပေးနေတဲ့အရာတစ်ခု၊ ဝန်ထုပ်ဝန်ပိုးကြီးပဲ။ ဒီဝန်ထုပ်ဝန်ပိုးကြောင့် ကောင်းတာလေးတွေ့တဲ့အခါ ဒါလေး နောက်ထပ်ရအောင်ဆို မလုပ်ဘူးလား၊ လုပ်ပါတယ်။ မကောင်းတာတွေ့တဲ့အခါ ဒီမကောင်းတာ နောက်ထပ်မလိုချင်ဘူးဆိုတော့ကော ရရဲ့လား၊ မရဘူး။ ကဲ သူ့လောက်နှောင့်ယှက်တာ၊ သူ့လောက်ဒုက္ခပေးတာ ရှိသေးလား၊ မရှိဘူး။ ဒါကြောင့်မို့ ဝေဒနာဆိုတာလည်း ဝန်ထုပ်ဝန်ပိုးကြီးပဲ။ အနှောင့်အယှက်ပေးနေတဲ့ အရာပဲ။
စာမျက်နှာ-၁၈
ကဲ သညာက္ခန္ဓာဆိုတာကို ကြည့်ဦး။ သညာက္ခန္ဓာဆိုတာ အာရုံတစ်ခုကို မှတ်လိုက်တာ။ မျက်စိကမြင်ရင် သူက မှတ်တမ်းတင်လိုက်တယ်၊ နားကကြားတဲ့အသံကိုလည်း မှတ်တမ်းတင်လိုက်တယ်။ မှတ်တမ်းတင်လိုက်လို့ မျက်စိက တစ်ခါမြင်ပြီး နောက်တစ်ခါ ပြန်မြင်ရင် ဘယ်သူလဲဆိုတာကို မသိဘူးလား၊ သိပါတယ်။ အေး သညာက မှတ်တမ်းတင်ထားလို့ သိတာ။ ဟုတ်ကဲ့လား။ နားကကြားထားလို့ရှိရင်လည်း ဒီအသံကို သူကမှတ်တမ်းတင်လိုက်တယ်။ ကောင်းတဲ့အသံ၊ မကောင်းတဲ့အသံလို့ မှတ်တမ်းတင်လိုက်တယ်။ နှာခေါင်းက အနံ့လေးရလို့ရှိရင်လည်း ဘာနံ့ဆိုတာ သူမှတ်တမ်းတင်လိုက်တယ်။ လျှာကနေ အရသာတွေ့တဲ့အခါမှာလည်း သူကမှတ်တမ်းတင်လိုက်ပြန်တယ်။ ခန္ဓာကိုယ်ကို ထိတွေ့တဲ့အခါလည်း သူက မှတ်တမ်းတင်လိုက်တယ်။ စိတ်ထဲက ကြံတွေးတဲ့ အာရုံတွေကိုလည်း သူက မှတ်တမ်းတင်လိုက်တယ်။ သညာဆိုတာ မှတ်တမ်းတင်တဲ့ စနစ်တစ်ခုပဲ။ အဲဒီမှတ်တမ်းတင်ထားသည့်အတိုင်း နောက်ထပ် ပြန်ပြန်ပြီးတော့ သိနေ
စာမျက်နှာ-၁၉
တာ။ နောက်တစ်ခါသိရင် နောက်တစ်ခါ ထပ်ပြီးမှတ်တမ်းတင်ပြန်တယ်။

အဲဒီသညာက ဘယ်လိုဒုက္ခပေးတုန်းဆိုတော့ တစ်ခါတစ်ရံကျရင် သူကကောင်းတယ်လို့၊ ဒီအနံ့လေးကြိုက်တယ်လို့ မှတ်တမ်းတင်ထားတဲ့အခါ ဝေဒနာက ခံစား၊ ခံစားတဲ့အခါ တဏှာက သဘောတွေကျပြီးတော့ ဒါမရရအောင် မလုပ်ဘူးလား၊ လုပ်တယ်။

ဟော.. ဒါ.. သူ့ကြောင့် ဒုက္ခရောက်ရပြန်တာပဲ။ အကယ်၍ သူက မှတ်တမ်းတင်မထားဘူးဆိုရင် နောက်ထပ် လိုချင်တယ်ဆိုတာ ဖြစ်ပါ့မလား၊ မဖြစ်ဘူး။ ဒီအသံလေးတော့ သာယာလိုက်တာ နောက်ထပ် နားထောင်ချင်တယ်ဆိုတာ သူက မှတ်တမ်းတင်ပေးထားတာ၊ ဟုတ်တယ်မို့လား။ သညာက ဒုက္ခပေးနေတာ၊ တစ်ခါတစ်ရံကျတော့ သညာက အမှားကို မှတ်ထားသည့်အတွက်ကြောင့် တစ်ခါဒုက္ခရောက်ရတာ ရှိသေးတယ်။

ကြည့်လေ စာခြောက်ရုပ်ကြီးကို လူထင်ပြီးတော့ စာကလေးတွေ လန့်ကြ၊ သမင်ကလေးတွေ လန့်ကြ၊
စာမျက်နှာ-၂၀
လူတွေက ပုံသဏ္ဌာန်လုပ်ထားတဲ့ မျှားကိုကြည့်ပြီးတော့ ကျီးကန်းတွေ ကြောက်ကြတာ။ ဟော သညာရဲ့ ခြောက်လှန့်မှုတွေ မခံစားကြရဘူးလား၊ ခံစားကြရတယ်။ တစ္ဆေကြောက်တတ်သူတစ်ယောက် သစ်ငုတ်တိုကို မြင်ရင်၊ မဲမဲမြင်ရင် တစ္ဆေထင်ပြီးတော့ လန့်ပြေးတာမျိုး မဖြစ်ဘူးလား။ အေး.. သညာရဲ့ ဒုက္ခပေးမှုတွေက လောကမှာ အများကြီးပဲတဲ့။ သညာရဲ့ မှတ်တမ်းတင်မှုကြောင့် လူတွေ ကြိုက်/မကြိုက် ပေါ်လာတာ။ ကြိုက်/မကြိုက် ပေါ်လာသည့်အတွက်ကြောင့် ထိုကြိုက်တာကို ခံစားပြီး မကြိုက်တာကို မုန်းတီးတယ်ဆိုတဲ့ ပြဿနာတွေ မတက်လာဘူးလား၊ တက်လာတယ်။ သညာဆိုတာ ကြည့် မှန်တဲ့အတိုင်း မှတ်တမ်းတင်ချင်မှတင်တာ၊ ဆင်ဆင်တူလို့ရှိရင် သူက မှားယွင်းချွတ်ချော်မှုတွေ အများကြီးရှိတယ်။

ဒါကြောင့် သညာဝိပလ္လာသ (Hallucination of perception)။ အဲဒီ Hallucination ဆိုတာ ကြည့်လေ။ အရက်သမားတွေ အရက်ကြောင်ပြီဆိုရင် မရှိတာတွေကို မြင်တယ်။ ရှိတာ
စာမျက်နှာ-၂၁
တွေကို မမြင်ဘူး။ အရက်ကြောင်တာမျိုးကို Hallucination ခေါ်တယ်။ ထင်ယောင်မြင်ယောင်တွေ ဖြစ်လာတယ်။ မှားမှားယွင်းယွင်း အလွဲထင်လာတယ်။ အဲသလိုပဲ သညာကလည်း အလွဲကို ဒုက္ခပေးတတ်သေးတယ်။ လူရဲ့ စိတ်ကို သညာက ဘယ်လိုဦးဆောင်နေသလဲ။ Feeling ဆိုတဲ့ ဝေဒနာကို သညာက အပြောင်းအလွဲ လုပ်ပေးနေတယ်။ သူက အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍက ခန္ဓာကိုယ်ကို အနှောင့်အယှက်ပေးတယ်။ ဘဝမှာ အနှောင့်အယှက်တစ်ခု၊ သညာရဲ့ အခန်းကဏ္ဍ ဘယ်လောက်ကြီးသလဲဆိုတာ ကြည့်။

တစ်ခါတုန်းက မြို့ကကုန်သည်တွေဟာ ဝေးလံတဲ့ တောနယ်တွေသွားပြီးတော့ ကုန်ရောင်းကုန်ဝယ် လုပ်ကြတယ်။ အလွန်ဝေးလံတဲ့ တောရွာဇနပုဒ်တွေကို ကုန်ရောင်းကုန်ဝယ်သွားတဲ့အခါ အချိန်မတော် ညရောက်သွားတယ်။ ရွာမှာက လျှပ်စစ်မီးတို့ဘာတို့ရှိတာမဟုတ်လေတော့ မှောင်စအချိန်ရောက်သွားတယ်။ ရွာမှာလည်းပဲ အလှူကြီးလုပ်နေတော့ တစ်ရွာ
စာမျက်နှာ-၂၂
လုံးကို ထမင်းဖိတ်ကျွေးနေတယ်။ ဧည့်သည်တွေ ရောက်လာတယ်ဆိုတော့ ဒီဧည့်သည်တွေကို ထမင်းကျွေးတာပေါ့။ ထမင်းကျွေးတဲ့အခါမှာ မှုန်ပြပြ မီးခွက်ကလေးပဲ ထွန်းပြီး ထမင်းကျွေးတာဆိုတော့ သူတို့ အမှောင်ထဲမှာ ထမင်းစားကြရတယ်။ အဲသလို ထမင်းစားရင်းကနေ ကုန်သည်တွေက ထမင်းစားလို့ မြိန်လိုက်တာတဲ့၊ ဒီအထဲမှာ အကောင်းဆုံးဟင်းကတော့ ဟင်းချိုပဲ၊ အဲဒီဟင်းချိုက ချိုလွန်းလို့ ဘာတွေနဲ့ချက်ထားတာတုန်း ကောင်းလိုက်တာတဲ့။ ထမင်းပါစားပြီး ကျန်တာတွေကို သူတို့ထည့်ယူသွားကြ၊ အလှူရှင်တွေကလည်း သဘောကောင်းကောင်းနဲ့ ယူသွားခိုင်းတယ်ပေါ့။

ညကကောင်းတယ်ဆိုပြီး သူတို့စားကြတဲ့ ဟင်းချိုတွေ မနက်စားဖို့ နွေးထားတာ၊ မနက်မိုးလင်းတော့ ထမင်းပွဲပြင်ပြီးလို့ စားမယ်လို့ လုပ်တဲ့အခါ ညကစားထားတဲ့ ဟင်းချိုဟင်းက တီကောင်ဟင်းချိုဟင်း ဖြစ်နေတယ်။ ညတုန်းကတော့ ကောင်းလိုက်တာ ကောင်းလိုက်တာနဲ့ဆိုပြီး ခေါက်ဆွဲဟင်းချိုဟင်း မှတ်ပြီးတော့ သောက်ကြ၊ မနက်လင်းတော့ တီကောင်
စာမျက်နှာ-၂၃
တွေလည်း မြင်ရော အဲဒီကျတော့မှ အန်လိုက်ကြတာ။

ကဲ.. ညတုန်းကတော့ ကောင်းတယ်ဆိုပြီး မနက်ကျတော့ ဘာလို့အန်တာတုန်း၊ သညာမဟုတ်လား၊ တီကောင်ဆိုတော့ ရွံ့စရာလို့ သူက သတ်မှတ်လိုက်တာ။ ခေါက်ဆွဲကျတော့ ကောင်းတယ်လို့ သတ်မှတ်ထားတယ်။ ဟော သညာက မှတ်တမ်းတင်ထားတာချင်း မတူဘူးလေ။ တီကောင်ကလည်း ရှည်ရှည်လေးပဲလေ၊ ခေါက်ဆွဲကလည်း ရှည်ရှည်လေးပဲ၊ အဲဒီတော့ ပုံသဏ္ဌာန်ချင်းက နည်းနည်းတူတော့ သူက မှတ်တမ်းတင်လိုက်တာ၊ ခေါက်ဆွဲဟင်းချို ကောင်းလိုက်တာ၊ မနက်ရောက်တဲ့အခါကျတော့ တီကောင်တွေမြင်တော့ ဒါတီကောင်ဟင်းချိုဆိုပြီး ညကစားထားတာတွေကို အန်ပစ်ကြသတဲ့။ အဲဒါ ဘယ်သူ့ကြောင့် ဖြစ်ရတာတုန်း၊ သညာကြောင့်ဖြစ်တာ။ ကဲ သညာက ဘယ်လောက် ဒုက္ခပေးတုန်း၊ ဝန်ထုပ်ဝန်ပိုးကြီးပဲ။

ဒါကြောင့်မို့လို့ မြတ်စွာဘုရားက သညာဝိပလ္လာသ လို့ပြောတာ။ မမြဲတာကို မြဲတယ်လို့ သူကမှတ်တမ်းတင်တတ်တယ်။ တစ်ခါတစ်ခါ ဆင်းရဲတာကိုလည်း
စာမျက်နှာ-၂၄
ချမ်းသာတယ်လို့ မှတ်တမ်းတင်တတ်တယ်။ အစိုးမရတာကိုလည်း အစိုးရတယ်လို့ မှတ်တမ်းတင်တတ်တယ်။ မလှတာကို လှတယ်လို့ မှတ်တမ်းတင်တတ်တယ်။ ဟော သညာကြောင့် မျက်စိလည်နေတာ။ ဟောဒီသညာဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကြောင့် လူတွေဟာ ဒုက္ခရောက်နေကြတာ။

သညာယ ဝိပရိယေသာ၊ စိတ္တံ တေ ပရိဒယှတိ။

ရှင်ဝသရဟန်းတော်ဟာ ပုထုဇဉ်ဘဝ မျက်စိကစားပြီးတော့ ကြည့်တဲ့အခါ လှပတဲ့အာရုံတစ်ခုကိုမြင်ပြီး ရာဂစိတ်တွေ ဖြစ်လာတယ်။ ရှင်အာနန္ဒာဆီ သွားပြီးလျှောက်တော့ ရှင်အာနန္ဒာပြောတယ်။ “မင်း သညာမှတ်တမ်းတင်ထားတာ မှားနေပြီ၊ မင်းက လှတယ်ထင်တာကိုးတဲ့။ အဲဒါကို ပြောင်းပြန်ပြီး ကြည့်လိုက်၊ လှတယ်လို့ ထင်လိုက်တာနဲ့ တစ်ပြိုင်နက် ရာဂစိတ်က ဝင်လာပြီ” ဟုတ်ကဲ့လား၊ အဲဒီတော့ ပြဿနာတစ်ခုကို ဖိတ်ခေါ်နေတာ ဘယ်သူက ဖိတ်ခေါ်နေတာတုန်း၊ သညာက ဖိတ်ခေါ်နေတာ။ သူ့ဘဝမှာ ကြုံတွေ့ရမယ့် problem တွေအားလုံးကို သညာက ဖိတ်ခေါ်နေ...
စာမျက်နှာ-၂၅
တာလို့ ဒီလိုပြောမယ်။ ကောင်းတယ်ထင်လို့လုပ်တာ မှားတာတွေ အများကြီးဖြစ်ကုန်တယ်။ "

ဒါကြောင့်မို့လို့ မြတ်စွာဘုရားက မှန်ကန်တဲ့ မှတ်တမ်းတင်နိုင်ဖို့ရာအတွက် အသုဘသညာ၊ မလှပဘူး၊ ရွံ့ရှာဖွယ်ကောင်းတယ်ဆိုတဲ့ အမှတ်အသား၊ အနိစ္စသညာ မမြဲဘူးဆိုတဲ့ စိတ်ထဲမှာ စွဲမှတ်ထားဖို့ သဗ္ဗလောကေ အနဘိရတိသညာ။ လောကကြီးတစ်ခု လုံးဟာ ပျော်စရာဆိုတာ ဘာမျှမရှိဘူးဆိုတဲ့ အတွေး မျိုးတွေးထားဖို့။ အာဟာရေ ပဋိကူလသညာ အစာ အာဟာရပေါ်မှာ တပ်မက်တဲ့ တဏှာမဝင်ရအောင်လို့ အစာဆိုတာ ရွံ့စရာလို့ ဆိုပြီးတော့ နှလုံးသွင်းရမယ်။ ဟုတ်လား။ ဒါတွေက ဘာကို တားတာတုန်းဆိုလို့ရှိရင် တဏှာကို တားတာ။

သညာက ဝေဒနာကို တိုးပွါးစေတတ်ပြီး တဏှာကို ဖိတ်ခေါ်နေတာ။ သညာသည် ခံစားမှုကို တိုးပွားစေပြီးတော့ တဏှာကို ဖိတ်ခေါ်နေတာ၊ တဏှာသည် ပြဿနာကို ဖန်တီးတဲ့နေရာမှာတော့ စွမ်းအားအကြီးဆုံးပဲ။ အေး .. ဒါကြောင့်မို့လို့ သညာ
စာမျက်နှာ-၂၆
ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကလည်း အတော်ကြီးတာပဲ။ ရုပ်ခန္ဓာကိုယ်ကြီးက ဝန်ထုပ်ဝန်ပိုးကြီးဖြစ်သလို၊ ဝေဒနာကလည်း ဝန်ထုပ်ဝန်ပိုးကြီးပဲ၊ ထို့အတူ သညာကလည်း ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်တာပဲ။

ထို့အတူပဲ သင်္ခါရက္ခန္ဓာကို ကြည့်အုံး၊ သင်္ခါရက္ခန္ဓာဆိုတာ ဘာတွေတုန်း၊ အကြမ်းဖျင်းပြောမယ် ဆိုရင် စေတနာတွေ အတွေးတွေ။ ကျန်တဲ့ စေတသိက်တွေ စိတ်ထဲမှာပေါ်လာတဲ့သဘာဝတရားတွေ အားလုံးကို သင်္ခါရာ လို့ခေါ်တယ်။ အဘိဓမ္မာနဲ့ ပြောမယ်လို့ဆို လို့ရှိရင်တော့ ဝေဒနာ၊ သညာကလွဲတဲ့ စေတသိက် (၅၀)ကို သင်္ခါရက္ခန္ဓာ၊ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ အတွေးတွေက လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ အားလုံးဟာ သင်္ခါရက္ခန္ဓာပဲ။ လောဘလည်း သင်္ခါရက္ခန္ဓာပဲ၊ ဒေါသလည်း သင်္ခါရက္ခန္ဓာပဲ။ မောဟလည်း သင်္ခါရက္ခန္ဓာပဲ၊ အကောင်းဘက်က ကြည့်အုံးမလား၊ အလောဘဆိုတာလည်း သင်္ခါရက္ခန္ဓာ၊ အဒေါသဆိုတာလည်း သင်္ခါရက္ခန္ဓာပဲ။ အမောဟဆိုတာလည်း သင်္ခါရက္ခန္ဓာပဲ၊ အဲဒီ သင်္ခါရ
စာမျက်နှာ-၂၇
က္ခန္ဓာက ဘယ်လိုဝန်ထုပ်ဝန်ပိုးဖြစ်သလဲလို့ ဆိုတော့ သညာက မှတ်တမ်းတင်ထားတဲ့အတိုင်း ဝေဒနာ သဘောတွေ့က ခံစား၊ ခံစားတော့ ဘယ်သူတွေက လိုက်လုပ်တုန်းဆိုတော့ သင်္ခါရက္ခန္ဓာတွေက လိုက် လုပ်နေတယ်၊ ဟုတ်ကဲ့လား။ ဝေဒနာအကြိုက်ကို သင်္ခါရက္ခန္ဓာတွေက လိုက်လုပ်နေတယ်။

အဲဒီထဲမှာ ခေါင်းဆောင်က တဏှာပဲ။ သင်္ခါရက္ခန္ဓာ ထဲမှာ စေတနာလည်းပါတယ်။ စေတနာဆိုတာ သဘာဝတရားတွေကို Organize လုပ်တာ။ စုစည်းပေးတာ။ တွန်းအားပေးထားတယ်။ ဒါကြောင့်မို့ ခံစားရအောင် လူတွေက ဘာတွေလုပ်နေတုန်းဆို ကုသိုလ် လည်းလုပ်တယ်၊ အကုသိုလ်လည်း လုပ်တယ်၊ မဟုတ်ဘူးလား။ သညာ မှတ်တမ်းတင်ထားသည့်အတိုင်း ဝေဒနာက ခံစားတယ်။ ထို ခံစားတာလေးကို နောက် ထပ်ခံစားဖို့ ဆိုပြီးတော့ တဏှာက တွယ်တာတယ်၊ တွယ်တာသည့်အတွက် မစွန့်လွှတ်နိုင်လို့ ဒါမျိုးရအောင်ဆိုပြီး မလုပ်ကြဘူးလား၊ လုပ်ကြတယ်။ လုပ်တဲ့အခါမှာ ကံတွေ ကိုယ့်သန္တာန်မှာ မစုမိသွားဘူးလား။
စာမျက်နှာ-၂၈
ပါဏာတိပါတ သူ့အသက်ကို သတ်တာကော မရှိဘူးလား။ အဒိန္နာဒါန သူများပစ္စည်းဥစ္စာတွေ ခိုးတာတွေ ရော မရှိဘူးလား။ ကာမေသုမိစ္ဆာစာရ သူများသား မယား ပြစ်မှားတာတွေကော မဖြစ်လာဘူးလား။ ကြည့် ဒါတွေအကုန်လုံး ပြဿနာတွေ တက်လာတာ။ ဘယ်သူ့ ရဲ့ ဝန်ထုပ်ဝန်ပိုးလည်းလို့ဆိုရင် သင်္ခါရက္ခန္ဓာကြီးရဲ့ ဝန်ထုပ်ဝန်ပိုးတွေ။ ပြဿနာအားလုံး၊ Problem အားလုံးကို သင်္ခါရက္ခန္ဓာက လက်တွေ့ဆောင်ရွက် နေတာလို့ ပြောရမှာနော်။ ။

အဲဒီထဲမှာ အဓိက လက်သည်ကတော့ တဏှာပဲပေါ့။ ကျန်တာတွေကရော မလုပ်ဘူးလားဆို လုပ်တယ်လေ။ အလောဘကိုအကြောင်းပြုပြီး အလှူကြီးတွေ ပေးတယ်။ အလှူပေးတဲ့အခါ ဘာဆုတောင်း တုန်းဆို "နောက်ဘဝသူဌေးကြီး ဖြစ်ရပါလို၏” လို့ ဆုတောင်း၊ ကောင်းပါပြီ သူဌေးကြီးဖြစ်တယ်။ အဲဒီ သူဌေးကြီးဟာ အို နာ သေ ဒုက္ခက လွတ်ကဲ့လား၊ မလွတ်ဘူး။ သွားကိုက် နားကိုက်ကကော လွတ်ကဲ့လား၊ မလွတ်ဘူး။
စာမျက်နှာ-၂၉
အဲဒီတော့ ဒီအလောဘကို အကြောင်းပြုပြီးတော့ အဖန်ဖန် သေနေရတာတွေ မဖြစ်ဘူးလား။ အဖန်ဖန် အိုရတာကော မဖြစ်ဘူးလား၊ ဖြစ်တယ်။ အဲဒါကြောင့်မို့ သင်္ခါရက္ခန္ဓာကလည်း ဒုက္ခပေးမြဲ ပေးနေတာပဲ။ ဝန်ထုပ်ဝန်ပိုးကြီးပဲ။ လူတွေက သင်္ခါရက္ခန္ဓာရဲ့ ဒဏ်တွေကို ခံနေကြရတယ်လို့ပြောတာ။ အေး ဒီဝန်ထုပ်ဝန်ပိုးကြီးတွေကို ထမ်းထားရတာ။”

နောက် ဝိညာဏက္ခန္ဓာဆိုတဲ့ အသိစိတ်လေးကိုတွေးကြည့်လိုက်ဦး၊ အရာရာ လူတွေက ပြောကြတယ် မို့လား။ စိတ်ချမ်းသာတယ်၊ စိတ်မချမ်းသာဘူး၊ စိတ်ကောက်တယ်၊ စိတ်တိုတယ်၊ စိတ်ပျော်တယ်နဲ့ စိတ်ကို အလိုလိုက်ပြီး မပြောကြဘူးလား။ စိတ်ဆင်းရဲတယ်၊ စိတ်ချမ်းသာတယ်ဆိုပြီး ဟောဒီ စိတ်ကလေးကို အကြောင်းပြုပြီးတော့၊ စိတ်ဆိုးရင်ရော စိတ်ဆိုးတာကို အကြောင်းပြုပြီးတော့ မဟုတ်တာတွေ မလုပ်ဘူးလား၊ လုပ်တယ်။ စိတ်ဆိုးလို့လုပ်မိတယ်ဆိုတာကော မရှိဘူးလား၊ ရှိတယ်။ မပြောသင့်တာတွေ ပြောမိတယ်။ မလုပ်သင့်တာတွေ လုပ်မိတယ်။ ဟော မျိုးစုံပဲ။ ဝိညာဏ
စာမျက်နှာ-၃၀
က္ခန္ဓာကလည်း ဒုက္ခပေးတာပဲ။ ချုပ်လိုက်မယ်ဆိုရင် ခန္ဓာ(၅)ပါးသည် လူ့ဘဝမှာ ပြဿနာနဲ့ ဝန်ထုပ် ဝန်ပိုးကြီးကို ဖန်တီးနေကြတာတွေချည့်ပဲ။

လောကကြီးမှာ ဒုက္ခရောက်နေတာ ဟောဒီ ခန္ဓာ (၅)ပါးကြောင့် မဟုတ်လား၊ ဒါကြောင့်မို့ မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်က၊ ဘာရာ ဟဝေ ပဉ္စက္ခန္ဓာ၊ ဘာရဟာရော စ ပုဂ္ဂလော ဘိက္ခဝေ- ချစ်သား ရဟန်းတို့၊ ပဉ္စက္ခန္ဓာ-သတ္တဝါတွေရထားတဲ့ ခန္ဓာ (၅)ပါးတို့ဟာ၊ ဘာရာ-တကယ့်ဝန်ထုပ်ဝန်ပိုးကြီးပါပဲ။ Contemplation လုပ်ကြည့်နော်။ ဝိပဿနာဉာဏ်နဲ့ ဓမ္မဉာဏ်နဲ့ ရှုပြီးကြည့်။ တကယ်ရှုကြည့်ရင် ကျေနပ် စရာရှိလား၊ မရှိဘူး။ အဲဒီတော့ ခန္ဓာ(၅)ပါး ရထားတဲ့ ပုဂ္ဂိုလ်တိုင်းဟာ ဝန်ထုပ်ဝန်ပိုးကြီးကို ရင်ဝယ်ပိုက်ထားတာနဲ့ အတူတူပဲ။ ပုဂ္ဂလော-ပုဂ္ဂိုလ်ဆိုတဲ့ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါမှန်သမျှဟာ၊ ဘာရဟာရော-ဝန်ထုပ် ဝန်ပိုးကြီးကို ထမ်းရွက်ပြီးတော့ နေရတဲ့သူပါပဲ။
စာမျက်နှာ-၃၁
ကဲ ဘုန်းကြီးတို့တတွေက ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းနေရတာလား၊ ဝန်ထုပ်ဝန်ပိုးကြီးမရှိဘဲနဲ့ အေးအေးသက်သက်သာသာ နေရတာလား။ ဝန်ထုပ် ဝန်ပိုးထမ်းနေရတာနော်၊ ကိုယ်ထမ်းနေရတာကို ထမ်း နေမှန်း သိအောင်လုပ်ဖို့လိုတယ်၊ ဟုတ်ကဲ့လား။ ထမ်း နေရတာကို ထမ်းမှန်းမသိဘူးဆိုရင် တော်တော့ကို အသိဉာဏ်မရှိသေးတာပဲ။

ဘယ်သူက မသိအောင် လုပ်ထားတာတုန်းဆို အဝိဇ္ဇာက မသိအောင် လုပ်ထားတာ။ ကဲ ဒါဖြင့်ရင် အဲဒီ ခန္ဓာ(၅)ပါးသည် ဝန်ထုပ်ကြီး၊ ဝန်ထုပ်ကြီးကို ထမ်းနေရတာက ပုဂ္ဂိုလ်သတ္တဝါ။ ဒါဖြင့် ဒီဝန်ထုပ်ကြီးကို မြတ်စွာဘုရားက ဘာရာဒါနံ ဒုက္ခံ လောကေ၊ ဘာရနိက္ခေပနံ သုခံ။

ဘာရာဒါန-ဝန်ထုပ်ဝန်ပိုးကို ရယူထားခြင်း၊ ဒုက္ခ-လောကကြီးမှာ တကယ့်ဒုက္ခကြီးပါပဲ။ ခန္ဓာ(၅)ပါးဆိုတဲ့ ဒီဝန်ထုပ်ဝန်ပိုးကြီးကို ရယူထားတာဟာ တကယ့် ဒုက္ခကြီး၊ ဟုတ်ကဲ့လား။

ဘာရာနိက္ခေပနံ-ခန္ဓာဝန်ကြီးကို ချပစ်လိုက်တာ ဟာ။ သုခံ၊ တကယ်ချမ်းသာတယ်။ ကဲ ခန္ဓာကြီး မရှိ
စာမျက်နှာ-၃၂
တော့ဘူးဆိုရင် ခန္ဓာကိုယ်ရဲ့ ပြဿနာတွေလာဦး မလား၊ မလာတော့ဘူး။ ရုပ်ခန္ဓာကိုယ်ကြီး မရှိတော့ဘူး ဆိုရင် သာမန်လေးပဲတွေးကြည့်လိုက်ဦး။ မနက်၊ ည အိပ်ပေးရတာလည်း မရှိဘူး။ မနက်လင်းတော့ မျက်နှာ သစ်ရတာလည်း မရှိဘူး။ အိမ်သာသွားရတာလည်း မရှိဘူး။ ရေမိုးချိုးပေးရတာလည်း မရှိဘူး။ ထမင်းစား ရဖို့ ချက်ပြုတ်ပေးရတာလည်း မရှိဘူး။ ပြဿနာတွေ နည်းမသွားဘူးလား။ သူ့အတွက် အဝတ်အစားတွေ ဘာတွေဝယ်ပေးရတာလည်း မရှိဘူး၊ ဆင်ပေးရတာ လည်းမရှိဘူးနော်။ မျက်စိမှုန်လို့ မျက်မှန်တပ်ပေးရတာ လည်းမရှိဘူး။ ဘာမှ မရှိတော့ဘူး။ ပြဿနာတွေ နည်း မသွားဘူးလား။ "

သွားကိုက်တာလည်း မရှိဘူး၊ နားကိုက်တာလည်း မရှိဘူး၊ ရုပ်ခန္ဓာကိုယ်ကြီး မရှိတော့ဘူးဆိုရင် ဒုက္ခတွေ နည်းမသွားဘူးလား။ အဲဒီ ဒုက္ခတွေ သုခလို့ထင်နေလို့ လူတွေက အလှဆင်နေကြတာ။ တကယ်တော့ တကယ့် ဒုက္ခကြီးပဲ။

ဘာရာဒါန-ဝန်ထုပ်ဝန်ပိုးကြီးကို ရယူခြင်း၊ ခန္ဓာ
စာမျက်နှာ-၃၃
(၅)ပါးကို ရယူခြင်းဟာ၊ ဒုက္ခံ-တကယ့်ဒုက္ခကြီးပါပဲ။ ဘာရနိက္ခေပနံ-ဝန်ထုပ်ဝန်ပိုးလို့ဆိုတဲ့ ခန္ဓာ(၅)ပါးကြီးကို ချခြင်းဟာ၊ သုခံ-တကယ့် ချမ်းသာအစစ်ဖြစ်ပါပေတယ်ရယ်လို့၊ ဘဂဝါ-ရွှေဘုန်းတော်ရှင် မြတ်စွာဘုရား သည်၊ အဝေါစ-ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ ပါပေသတည်း။

ဒါဖြင့် ဒီ ခန္ဓာ(၅)ပါးဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ဘယ်သူက ယူတာလဲ။ လက်သည်ကို ရှာကြည့်လိုက်လို့ရှိရင် တဏှာပဲ၊ တဏှာက ဝန်ထုပ်ဝန်ပိုးကြီးကို ယူလာ တာ။ အဲဒီတော့ မြတ်စွာဘုရားက ဓမ္မစကြာမှာ ဟော ထားတဲ့အတိုင်းပဲ .. ။

ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီ ရာဂ သဟဂတာ တတြတတြာဘိနန္ဒိနီ၊ သေယျထိဒံ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ၊ ခန္ဓာ (၅)ပါး လို့ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ရယူတဲ့နေရာမှာ လက်သည်ဟာ သူပဲ။ သူ့ကြောင့်ရနေတော့ ဒါကြီးကို ရနေတာတဲ့။ သူလိုချင်လို့ ရတာလို့ပြောတာ။ သူက တွယ်တာတယ်လေ၊ တွယ်တာသည့်အတွက် ဘဝကို
စာမျက်နှာ-၃၄
ရနေတော့ ဘဝက ကိုယ့်ကိုဒုက္ခပေးနေတာပေါ့။ အဲဒီ ဒုက္ခတုံးကြီးကိုမှ သူက မက်မောပြီး ယူထားသည့် အတွက်ကြောင့် ကိုယ့်မှာ ဒုက္ခတွေတက်နေတာ။

ယာယံ တဏှာ ပေါနောဗ္ဘဝိကာ။ ဘဝတစ်ခုကို တည်ဆောက်နေတာ သူပဲ။ ဒါဖြင့် ဘဝတစ်ခုကို သူက ဘယ်လိုလုပ် တည်ဆောက်တာတုန်းဆိုတော့ ခုနကြည့် လေ၊ သညာက မှတ်တမ်းတင်တာကို ဝေဒနာက သဘောကျ၊ ဝေဒနာက သဘောကျတော့ ဘယ်သူက တွယ်တာတုန်းဆို တဏှာက တွယ်တာ၊ တွယ်တာသည့်အခါ ဒါမျိုးရဖို့ မကြိုးစားဘူးလား၊ ကြိုးစားတာ။ ကံတရားဖြစ်လာတယ်။ အဲဒီ ကံတရား ကနေ ဘဝတစ်ခုကို ပစ်ချလိုက်တယ်။ တကယ် အဲဒီ ကံတရားလုပ်အောင် ဘယ်သူကလုပ်တာလဲဆို တဏှာ ကလုပ်ပေးတာ။ ဒါကြောင့်မို့ တဏှာဟာ တကယ့် လက်သည် အစစ်ပဲ။

ဒါကြောင့်မို့ တဏှာ ပေါနောဗ္ဘဝိကာ။ ဘဝတွေ တစ်ခုပြီးတစ်ခု ထပ်ပြီးဖြစ်စေတတ်သော အရာတဲ့။ ပုနဘဝ-ဘဝအသစ်တွေကို ဖန်တီးနေတဲ့တရား၊
စာမျက်နှာ-၃၅
ဖန်တီးနေတယ်။ သဘာဝတရားပဲ။ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ-ဘဝသစ်ကို ဖြစ်စေတတ်တဲ့ တစ်ဘဝပြီး တစ်ဘဝ၊ ဘဝအသစ်တွေကို သူကပဲ ဖန်တီးနေတာ။ ဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဘုရားအဖြစ်သို့ ရောက်တဲ့အခါမှာ (ဗုဒ္ဓဘာသာတွေ ဘုရားဆင်းတုတော်ကို ကိုးကွယ်တော့မယ်ဆို အနေကဇာတင်ကြတယ်မို့လား။ အဲဒီ အနေကဇာတင်တဲ့ဂါထာ ကြည့်) ဂဟကာရံ ဂဝေသန္တာ၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ၊ ခန္ဓာအိမ်ကြီး ဘယ်သူဆောက်နေတာတုန်း ရှာတာတဲ့။ အခုတွေ့ပြီတဲ့။ ဘယ်သူတုန်းဆိုရင် တဏှာပဲ။ သူ့ကိုတွေ့တော့ နောက်ဆောက်လုပ်ရေး မလုပ်ရတော့ဘူး။ ဒီမှာ တဏှာဟာ ခန္ဓာကို ဖြစ်စေတတ်လို့ ဒုက္ခကို ရယူ တတ်တဲ့တရားလို့ ဒီလိုဟောတာ။

ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂ သဟဂတာ။ နန္ဒီ-ဆိုတာ ဟိုဟာလေးတွေ့လို့ကြိုက် လိုက်၊ ဒီဟာလေးတွေ့လို့ သဘောကျလိုက်၊ နန္ဒီသဘောကျတာ။ သူကအမြဲသဘောကျတာ။ မျက်စိက
စာမျက်နှာ-၃၆
လှတာမြင်လိုက်ရင် သဘောကျ၊ နားက ချိုသာတဲ့ အသံလေးကြား သဘောကျ။ ဟော နန္ဒီ-နှစ်သက်နေ တာ။ ရာဂဆိုတာ နှစ်သက်ရုံတင်မဟုတ်ဘူး။ စွဲနေ လိုက်သေးတယ်။ စိတ်ထဲမှာ စွဲနေတာ။ အရောင်ဆိုး လိုက်သလို ဆိုးလိုက်တဲ့ အရောင်တစ်ခုဟာ ချွတ်လို့ မရတော့ဘူးလေ။ စိတ်ထဲမှာ သူက အရောင်ဆိုးပေးတာ၊ အဲဒါကို နန္ဒီရာဂလို့နာမည် နှစ်ခုနဲ့ခေါ်ထားတာ။

နန္ဒီ-နှစ်သက်တတ်တယ်။ ရာဂ-စွဲတတ်တယ်။ အဲဒီ သဘာဝတရားလေးဟာ နန္ဒီရာဂ၊ နှစ်သက်တယ်ဆိုတဲ့ သဘာဝ၊ စွဲတယ်ဆိုတဲ့ သဘာဝနဲ့ ယှဉ်တွဲဖြစ် ပေါ်လာတယ်။ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီ ရာဂ သဟဂတာ တတြတတြာ ဘိနန္ဒိနီ။ တစ်နေရာတည်း ငြိမ်ပြီးတော့ ဒါလေးတစ်ခုကို ရရင် ပြီးရော ဒါမျိုး မဟုတ်ဘူးနော်။ ဒါလေးလဲ ကြိုက်လိုက် တာပဲ။ နောက်တစ်ခုတွေ့လည်း ကြိုက်လိုက်တာပဲ။ ဟုတ်တယ်မို့လား။ ဆုံးနိုင်တယ်လို့ မရှိဘူး။ တတြတတြာ-ဘာပဲတွေ့တွေ့ သူကကြိုက်နေမှာပဲ။ လိုချင်နေမှာ ရပ်သွားတယ်လို့ သူက မရှိဘူး၊ တတြ
စာမျက်နှာ-၃၇
တတြာဘိနန္ဒိနီ-မြင်မြင်သမျှ အာရုံတွေကို စွဲလန်း နှစ်သက်တဲ့သဘာဝရှိတဲ့၊ ယာယံတဏှာ-အကြင် တဏှာလို့ဆိုတဲ့ တရားသည်၊ အတ္ထိ-ရှိ၏။

အဲဒီတဏှာက ဝန်ထုပ်ဝန်ပိုးကြီးကို မရ ရ အောင်လုပ်တာ၊ သူ့ကြောင့် ဝန်ထုပ်ဝန်ပိုးကြီးရ ဘဝ တစ်ခုကို ရတဲ့နေရာမှာ တဏှာဟာ လက်သည်ပဲ။ အဲဒီ တဏှာဟာ ဘာတွေကို နှစ်သက်သလဲလို့ ခွဲခြား လိုက်တဲ့အခါ၊ ကာမတဏှာတဲ့။ ကာမတဏှာဆိုတာ ဘာပြောတာတုန်း၊ မျက်စိက ပျော်စရာအာရုံတွေကိုတွေ့ရင် နှစ်သက်တာ ကာမတဏှာ၊ နားက သာယာ စရာ အသံလေးကို နားထောင်ပြီးတော့ နှစ်သက်တာ၊ တွယ်တာတာ၊ နှာခေါင်းက မွှေးကြိုင်တဲ့ အနံ့လေးကို ရပြီးတော့ နှစ်သက်တာ၊ လျှာက ကောင်းတဲ့အရသာ လေးတွေ့ပြီး နှစ်သက်တာ၊ ကောင်း မကောင်းဆိုတာ ကြိုက်မကြိုက်ပေါ်မှာ သွားတည်တယ်။ ကိုယ်ကြိုက်ရင် ကောင်း၊ ကိုယ်မကြိုက်ရင် မကောင်းဘူး။ ပုံမှန်ပြောလို့ မရဘူး။ ဒူးရင်းသီးကြိုက်တဲ့သူက ဒီအနံ့ကို မွှေးတယ်၊ မကြိုက်တဲ့သူက နံတယ်၊ ဟုတ်ကဲ့လား။ ငါးပိ ကြိုက်ရင်
စာမျက်နှာ-၃၈
ငါးပိမွှေးတယ်၊ မကြိုက်ရင် နံတယ်။

ဟော ကိုယ်ကြိုက်တာကိုပဲ။ မျက်စိ နား၊ နှာ၊ လျှာ၊ ကိုယ်-ကနေတွေးပြီးတော့ တွယ်တာစရာ အာရုံပေါ်မှာ တွယ်နေတာ ကာမတဏှာလို့ ခေါ်တယ်။ မျက်စိနဲ့ မြင်တယ်။ နားနဲ့ ကြားတယ်။ နှာခေါင်းနဲ့ နမ်းရှုတယ်။ လျှာနဲ့လျက်တယ်။ ခန္ဓာကိုယ်နဲ့ ထိတယ်။ အဲဒီကနေပြီးတော့ သူ့စိတ်ထဲမှာ ကျေနပ်တဲ့ အရာတွေပေါ်မှာ တွယ်တာတာ မှန်သမျှ တဏှာချည်း ပဲ။ အဲဒီတဏှာတွေ ကိုယ့်သန္တာန်မှာ ဖြစ်နေတာ။

ဘဝတဏှာဆိုတာက ဖြစ်ပေါ်နေတဲ့ ဘဝလေးကို ထာဝရ ရှင်သန်နေချင်တယ်။ ဒီဘဝကနေ ကောင်းတဲ့ဘဝ ရောက်ချင်တယ်။ ကောင်းတဲ့ဘဝက နေ ပိုကောင်းတဲ့ဘဝ ရောက်ချင်တယ်။ သံသရာထဲမှာ ပျော်တယ်။ အော် .. သံသရာထဲမှာ တစ်ဘဝကနေ တစ်ဘဝ ကူးပြီးတော့နေတယ်ဆိုတဲ့ သဘာဝလေးနဲ့ အယူစွဲလေးနဲ့ ပျော်နေတယ်။ ဒါ ဘဝတဏှာ။ သဿတဒိဋ္ဌိနဲ့ယှဉ်တွဲပြီးတော့ အစဉ်ထာဝရ ဘဝထဲ မှာ ပျော်မွေ့နေတာ ဘဝတဏှာလို့ ခေါ်တယ်။
စာမျက်နှာ-၃၉
ဝိဘဝတဏှာဆိုတာ သေရင်ပြီးရော နောက် ဘဝမရှိဘူးဆိုတာကို နှစ်သက်တာ၊ ရုပ်ဝါဒီသမားတွေက ဒီဘဝနဲ့ ဒီကိုယ်စံ၊ နောက်ဘဝ ဘာမှဖြစ်စရာ မလိုတော့ဘူး။ ဘဝဆိုတာ သေရင်ပြတ်တာပဲလို့ ဒီလို သေရင်ပြတ်မှု ဆိုတဲ့အပေါ်မှာ စိတ်ကူးယဉ်ပြီးတော့ တွယ်တာတာပဲ။ သူတို့က မဖြစ်တာကောင်းတယ်လို့ဆိုတဲ့ အတွေးမျိုးနဲ့ တွယ်တာတာမျိုးကျတော့ ဝိဘဝတဏှာလို့ခေါ်တယ်။ ဥစ္ဆေဒဒိဋ္ဌိနဲ့ ယှဉ်တွဲပြီးဖြစ်တဲ့ တဏှာ၊ မှားယွင်းတဲ့ အယူအဆတစ်ရပ်နဲ့ တွဲပြီးတော့ တွယ်တာတဲ့ တဏှာမျိုးကို ဝိဘဝတဏှာလို့ ခေါ်တယ်။ အဲဒီတဏှာ (၃)မျိုးလုံးဟာ ဟောဒီဝန်ထုပ်ဝန်ပိုးကို ရယူစေတဲ့ အရာတွေချည့်ပဲ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက၊ အေး .. တဏှာက ဝန်ထုပ် ဝန်ပိုးကြီးကို ရယူတယ်။

ကဲ ဒါဖြင့် ဒီဝန်ထုပ်ဝန်ပိုးကြီး လွတ်သွားအောင် လုပ်တဲ့နည်းလမ်း မရှိဘူးလားဆိုတော့ ရှိတယ်။ ဘာရနိက္ခေပန-ဝန်ထုပ်ဝန်ပိုးကြီးကို ဘယ်လိုလုပ် ချရမလဲဆိုရင် မဂ္ဂင်(၈)ပါး အကျင့်တရားကျင့်ပြီးတော့
စာမျက်နှာ-၄၀
ဝန်ထုပ်ဝန်ပိုးကြီးကို ပစ်ချလို့ရတယ်။ တဏှာကို ပယ် ရမယ်လို့ဆိုလိုတယ်။ ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော။ ခုနက ဝန်ထုပ် ဝန်ပိုးကို ယူတတ်တဲ့ တဏှာကို အကြွင်းမဲ့ ဖျက်ဆီးပစ်ဖို့ လိုတယ်။ သူ့ကို ဖယ်ရှားလိုက်နိုင်လို့ရှိရင် ဝန်ထုပ် ဝန်ပိုးကို ရယူခြင်းမရှိတော့ဘူး။ မရှိရင် ဝန်ထုပ်ဝန်ပိုး ကြီး ချပြီးသားဖြစ်သွားတယ်။ ဒီလိုဆိုလိုတယ်။

ယော တဿာယေဝ တဏှာယ။ ထိုတွယ်တာ ပြီး ဘဝကိုပြန်ဖြစ်စေတတ်တဲ့ တဏှာရဲ့၊ အသေသ ဝိရာဂနိရောဓော-အကြွင်းအကျန်မရှိ လုံးဝကုန်စင် သွားအောင် ချုပ်ငြိမ်းခြင်းဖြင့် လုံးဝကုန်စင်သွားအောင် တဏှာကို လုံးဝဖယ်ရှားပစ်ရမယ်။ ဒါဖြင့် ဖယ်ရှားပစ်တဲ့နည်းလမ်းက ဘာတုန်းဆိုရင် မဂ္ဂင်(၈)ပါး အကျင့် တရားကို ကျင့်တာ။ အဲဒီ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ခြင်းဖြင့်သာလျှင် ဟောဒီတဏှာကို ဖယ်ရှား ပစ်နိုင်တယ်လို့ ဟောတာနော်။ အဲဒါကြောင့်မို့ ဘဝဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကနေ လွတ်ဖို့ရာအတွက် ဟောဒီ တဏှာကို ဖယ်ရှားပစ်ပါတဲ့ ။ ဘဝကို
စာမျက်နှာ-၄၁
ယူနေမယ် ဆိုရင်တော့ ဒုက္ခကြီးကို ရယူနေတာမျိုးပဲ ဖြစ်လိမ့်မယ်။

နိက္ခိပိတွာ ဂရုံ ဘာရံ၊ အညံ ဘာရံ အနာဒိယ။

ဂရုံဘာရံ-အလွန်လေးလံလှတဲ့ ဘဝရဲ့ ဝန်ထုပ် ကြီးကို၊ နိက္ခိပိတွာ-ပစ်ချ၍ လေးလံတဲ့ဝန်ထုပ်ကို ပစ် ချ။ ဘယ်လို ပစ်ချရမလဲ။ တွယ်တာနေတဲ့ တဏှာကို ဖယ်ရှားခြင်းဖြင့် ဘဝဝန်ထုပ်ကြီးကို ပစ်ချရမယ်။ ဒီအတိုင်း ပစ်ချလို့ကတော့ မရဘူး။ အတွယ်အတာကို ဖြတ်တောက်လိုက်ရင် ဒီဝန်ထုပ်ကြီးက အလိုလိုကျ သွားတယ်။ ဂရုံဘာရံ-အလွန်လေးလံလှတဲ့ ဝန်ထုပ် ဝန်ပိုးကြီးကို၊ နိက္ခိပိတွာ-ပစ်ချကြပြီး၍၊ အညံဘာရံ အနာဒိယ-နောက်ထပ်ဝန်ထုပ်တစ်ခုကို မရယူဘဲနဲ့။

နောက်ထပ် ဝန်ထုပ်တစ်ခုကိုလည်း မယူနဲ့တဲ့။ အေး ဒါဖြင့် ချပုံချနည်းလေးကတော့ မြတ်စွာဘုရားရဲ့ မဂ္ဂင်(၈)ပါး အကျင့်တရားကိုပဲ ကျင့်ခြင်းပဲဖြစ်တယ်။

အဲဒီ မဂ္ဂင်(၈)ပါး အကျင့်တရားဆိုတာ ဘယ်လို ကျင့်ရမလဲဆိုရင် အားလုံးသိကြတဲ့အတိုင်း နံပတ်(၁)
စာမျက်နှာ-၄၂
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ ဟုတ်ကဲ့လား၊ မှန်တာတွေ ပြောရမယ်၊ မှန်တာတွေ လုပ်ရမယ်၊ အသက်မွေးမှု မှန်ရမယ်၊ “ဒါဘာပြောတာလဲ သီလနဲ့ပြည့်စုံအောင် လုပ်လို့ပြောတာနော်။ ကိုယ်ကျင့် တရားကို အရင်ထူထောင်လိုက်” ကိုယ်ကျင့်တရားမပါ ဘဲနဲ့ လူဟာ စိတ်ချမ်းသာမှု မရနိုင်ဘူးတဲ့။

ကိုယ်ကျင့်တရားဟာ ဘာအတွက်လဲလို့ ဆိုရင် သီလံ အဝိပ္ပဋိသာရာယ။ သီလံ-ကိုယ်ကျင့်တရားဆိုတာ၊ အဝိပ္ပဋိသာရာယ-စိတ်ထဲမှာ ရွှင်လန်းနေဖို့ ရာ။ မဟုတ်တာလုပ်ထားတဲ့ ပုဂ္ဂိုလ်ဟာ စိတ်ထဲမှာ ရွှင်ပါ့မလား။ မရွှင်ဘူးနော်။ မှန်တာလုပ်မှ ရမှာ။ သူက မဟုတ်တာတွေ လုပ်ထားတာ၊ ငါ့များ လူတွေသိသွား မလား၊ ငါ့အကြောင်းများ လူတွေကြားနေမလား ဆိုတာ၊ တိုးတိုးပြောရင် သူ့အကြောင်းပြောတယ်ချည့် ထင်တာ။ မဟုတ်တာ လုပ်တဲ့သူဟာ အလိုအလျှောက် လန့်ဖြန့်နေတာ။ ကိုယ်ကျင့်တရားရှိတဲ့သူဟာ အဲသလို လန့်ပါ့မလား။ မလန့်ဘူးနော်။

သီလံ-ကိုယ်ကျင့်သီလဆိုတာ၊ အဝိပ္ပဋိသာရာယ
စာမျက်နှာ-၄၃
-နှလုံးကြည်သာဖို့ရာ၊ သီလရှိနေလို့ရှိရင် စိတ်ထဲမှာ ကြည်နေတာ ငါမဟုတ်တာ မလုပ်ဘူး။ ကိုယ့်ကိုယ်ကို သိတယ်။ ကိုယ့်သိက္ခာ ကိုယ်လုံတယ်။ ဟော အဲဒီ ပုဂ္ဂိုလ် တစ်ယောက်ဟာ စိတ်ချမ်းသာတယ်။ မချမ်းသာဘူးလား။ သီလဆိုတာ၊ အဝိပ္ပဋိသာရ-စိတ်ကြည်နူးဖို့ အတွက် သီလရှိရမယ်။ အဝိပ္ပဋိသာရဆိုတာ စိတ် ကြည်သာနေတာ။ စိတ်ကြည်ရင် ဘာဖြစ်လဲလို့ဆို ပါမောဇ္ဇ-ဝမ်းသာတယ်။ စိတ်ကြည်နေရင် ဝမ်းမသာဘူးလား၊ ဝမ်းသာတဲ့အခါမှာ စိတ်ထဲမှာ နှစ်ခြိုက်တယ်ဆိုတဲ့ ပီတိဖြစ်တော့၊ ပီတိဖြစ်ရင် စိတ်ချမ်းသာမှုဆိုတာ သုခ ဖြစ်လာတယ်။ စိတ်ချမ်းသာမှုသုခ ဖြစ်လာလို့ရှိရင် ကိုယ်စိတ် ငြိမ်းချမ်းမှုဆိုတာလေး မရဘူးလား။ သုခဖြစ်ရင် Peace လာရော။ လူတွေပြောပြောနေတဲ့ Peace Peace ဆိုတာ အဲဒါပဲ။

ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ စိတ်ချမ်းသာမှု၊ ငြိမ်းချမ်းမှုဆိုတာ အဲဒီမှာလာတာ။ အဲဒီ ငြိမ်းချမ်းမှု ရှိပြီဆိုရင် အာရုံလေးတစ်ခုကိုပေါ့ စိုက်လိုက်တဲ့အခါ လွယ်လွယ်ကူကူနဲ့ ရသွားတာ သမာဓိ၊ Peace မရှိဘဲ
စာမျက်နှာ-၄၄
နဲ့ သမာဓိ မဖြစ်ဘူးပေါ့။ ဒါတွေက အကြောင်းအကျိုး ဆက်နေတာ။ သီလရှိမှ စိတ်နှလုံးသာမှာ၊ စိတ်နှလုံး သာမှ ဝမ်းမြောက်မယ်၊ ဝမ်းမြောက်မှ နှစ်သက်မယ်၊ ပီတိဖြစ်တယ်၊ ပီတိဖြစ်မှ စိတ်ချမ်းသာမယ်။ စိတ် ချမ်းသာမှ ကိုယ်ငြိမ်းချမ်းမယ်၊ ကိုယ်ငြိမ်းချမ်းမှ သမာဓိ ဖြစ်မယ်၊ ဟုတ်ကဲ့လား။ အဲဒါတွေဖြစ်ဖို့အတွက် သမ္မာ ဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဆိုတဲ့ မဂ္ဂင်(၃)ပါးကို အရင်တည်ဆောက်ရမယ်။ အဲလိုတည်ဆောက်၊ ဒါတွေပေါ်မှာ အခြေခံပြီးတော့ ဘာလုပ်မလဲဆိုရင် ကိုယ့်သန္တာန်မှာ ကျန်တဲ့အင်္ဂါရပ်တွေ ထူထောင်ရမှာ။

ဘာတွေ ထူထောင်ရမလဲဆိုရင် သမ္မာဝါယာမဆိုတဲ့ ကြိုးပမ်းအားထုတ်မှုတွေ အင်အား ကောင်းလာ အောင်လုပ်ရမယ်။ သမ္မာသတိ လို့ဆိုတဲ့ သတိတရားတွေ တိုးပွါးအောင် ကြိုးပမ်းအားထုတ်ရမယ်။ သမ္မာသမာဓိလို့ဆိုတဲ့ တည်ငြိမ်မှုတွေရအောင် ကြိုးစားရမယ်။ သမ္မာသင်္ကပ္ပ လို့ဆိုတဲ့ မှန်ကန်တဲ့ အတွေးတွေ နဲ့တွေးပြီး၊ သမ္မာဒိဋ္ဌိဆိုတဲ့ မှန်ကန်တဲ့ အသိဉာဏ် ရအောင် လုပ်ရမယ်။ မဂ္ဂင် (၅)ပါး ဖြစ်ပွါးစေရမယ်။
စာမျက်နှာ-၄၅
ကမ္မဌာန်း အားထုတ်နေတဲ့ အချိန်မှာ ဒီ မဂ္ဂင်(၅)ပါးဟာ အင်အားရှိရှိနဲ့ တစ်ပြိုင်နက် ဖြစ်သွားပြီဆိုရင်၊ ခုနက တဏှာကို ဖယ်ရှားပစ်နိုင်တယ်။ သူ့ရဲ့ စွမ်းအားက ဆေးလိုပဲပေါ့။ ဥပမာ Antibiotic သောက်လို့ရှိရင် ခန္ဓာကိုယ်ရဲ့ ဒီစွမ်းအားတွေ ပြန်ထွက်လာပြီးတော့ ရောဂါကို ဖယ်ရှားသလိုပဲ ခေါင်းကိုက်လို့ ပါရာစီတမောလ်ဆေးတို့လို ဆေးမျိုး သောက်မယ်ဆိုရင် ခေါင်းကိုက်ပျောက်သွားသလိုပဲ သူကလည်း ဒါဆေး တစ်မျိုးပဲ။ ဘယ်လို ထူထောင်ရမတုန်း။ (အာနာပါန လုပ်တယ် ဆိုပါစို့) လူတစ်ယောက်ဟာ အာနာပါန - ကမ္မဋ္ဌာန်း ကျင့်စဉ်လေးကို ကျင့်နေတယ်။ ထွက်လေ၊ ဝင်လေလေးကို အာရုံပြုပြီးတော့ စူးစိုက်တယ်လို့ ဆို ဒီ ထွက်လေ ဝင်လေလေးပေါ်မှာ စိတ် စိုက်ပြီးတော့ ထွက်သမျှ၊ ဝင်သမျှကို သိနေအောင် စိတ်တွန်းအားတွေ ပေးနေတာကို သမ္မာဝါယာမလို့ ခေါ်တာ။ ဟုတ်ကဲ့လား။ စိတ်ကနေ တွန်းအားပေးနေတာ။ စိတ် ကလေး တခြားရောက်မသွားအောင်၊ ဒီ အာရုံလေး ပေါ်မှာပဲ ထွက်လေဝင်လေကို အမြဲ သတိကပ်ပြီး
စာမျက်နှာ-၄၆
စောင့်ကြည့်နေတာက သမ္မာသတိ။ အဲဒီ အာရုံကလွဲ ပြီးတော့ တစ်ခြားအာရုံကို စိတ်တွေရောက် မသွားအောင် စုစည်းပေးတာက သမ္မာသမာဓိ စုစည်းပေး ပြီးတော့ အဲဒီ ထွက်လေဝင်လေဆိုတဲ့ အာရုံ ရဲ့ သဘောလေးကိုတွေးနေတာက သမ္မာသင်္ကပ္ပ လို့ ခေါ်တယ်။

အဲလို ဒီတရား (၄)မျိုးက စုပေါင်းညီညာစွာ လုပ် ကိုင်လို့ရှိရင် သမ္မာဒိဋ္ဌိ မှန်မှန်ကန်ကန် ထွက်လေ ဝင်လေရဲ့ သဘောကို သိခြင်းလို့ဆိုတဲ့ အသိဉာဏ် တစ်ခု ရသွားတာ။ ဒါကြောင့် ဒီ(၅)ခုကို ကာရကမဂ္ဂင်၊ အလုပ် လုပ်တဲ့မဂ္ဂင်လို့ ပြောတာ။ အဲဒါက ဘာလုပ်တဲ့နည်းတုန်း ဆိုရင် ခုနကပြောတယ်။ ခန္ဓာဆိုတဲ့ ဝန်ထုပ်ကြီးကို ရယူတဲ့ တဏှာကို ဖယ်ရှားနိုင်တဲ့ နည်း။ မရင့်ကျက်သေးရင်တော့ သာမန်ဝီရိယနဲ့တော့ မရသေးဘူး။ သာမန် အနေအထား သတိလေးနဲ့ မရသေးဘူး။ သာမန် ဖြစ်နေတဲ့ သမာဓိလေးနဲ့ မရဘူး။ သာမန်အတွေးလေးနဲ့လည်း မရဘူး။ အဲဒီ သာမန် နားလည်ရုံလေးနဲ့လည်း မရဘူး။ အဲဒီ အင်္ဂါ(၅)ရပ်ဟာ
စာမျက်နှာ-၄၇
တကယ့်ကို ခိုင်ခိုင်မာမာနဲ့ အရည်အချင်းပြည့်လာပြီ ဆိုရင် ခုနက တဏှာကို ဖယ်ရှားလာနိုင်တယ်။

အဲဒီလို တဏှာကို ဖယ်ရှားပစ်လိုက်မှ ဝန်ထုပ် ဝန်ပိုးကြီး နောက်ထပ်မလာတော့ဘူး။ လုံးဝ ဝန်ထုပ်ကို ယူနေတဲ့ တဏှာကို ဖယ်ရှားပစ်ပြီး ချမ်းသာသုခ ရနိုင်တယ်လို့ မြတ်စွာဘုရားက .. နိက္ခိပိတွာ ဂရုံ ဘာရံ၊ အညံ ဘာရံ အနာဒိယ။ သမူလံ တဏှံ၊ နိစ္ဆာတော ပရိနိဗ္ဗုတော။

ဂရုံဘာရံ-အလွန်လေးလံလှတဲ့ ခန္ဓာကိုယ်ဆိုတဲ့ ဘဝဝန်ထုပ်ကြီးကို၊ နိက္ခိပိတွာ-မဂ္ဂင်(၈)ပါး အကျင့် တရားကို ပွားများအားထုတ်ခြင်းဖြင့် ချထားကြ၍၊ (မဂ္ဂင် ၈-ပါး အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့် တဏှာကို ဖယ်ရှားကာ ဝန်ထုပ် ဝန်ပိုးကို ချထားကြပြီး၍) အညံဘာရံ-နောက်ထပ် ဝန်ထုပ်ကို၊ အနာဒိယ-မယူဘဲ နေပြီးတော့၊ သမူလံ-အရင်းအမြစ်နှင့်တကွသော၊ တဏှံ-တဏှာကို။ (တဏှာရဲ့ အမြစ်က အဝိဇ္ဇာ၊ အဝိဇ္ဇာရှိရင် သူရှိဦးမယ်။ သစ်ပင်တစ်ပင်ဟာ အမြစ်ရှိနေသမျှ ထိုသစ်ပင်
စာမျက်နှာ-၄၈
မှာ အကိုင်းအခက်အလက်တွေ ရှိနေဦးမယ်။ အဝိဇ္ဇာ ရှိနေသမျှ တဏှာရှိနေဦးမယ်။ ဒါကြောင့်မို့) အနုဿယဖြင့် ပယ်နုတ်ပြီးတော့မှ၊ နိစ္ဆာတော-ဘယ်အရာ ဘယ်အာရုံကိုမှ တွယ်တာဆာလောင်ခြင်း မရှိသည်ဖြစ်၍၊ ပရိနိဗ္ဗုတော-ကိလေသာခပ်သိမ်း ချုပ်ငြိမ်းရပြီ(ဝန်ထုပ် ဝန်ပိုးမှ လွတ်မြောက်ရပြီ)ဟု၊ ဘဂဝါ-ရွှေဘုန်းတော် သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ-ကောင်းစွာ မသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။

သာဓု ------- သာဓု ------- သာဓု။ pju11cmfcg1e9dkfhkh1kaap3z5rn54 ဘဝခရီးဝယ် ရွေးချယ်ရမယ့် လမ်း 0 6382 22179 2026-06-16T23:02:49Z Tejinda 173 "{{header | title = ဘဝခရီးဝယ် ရွေးချယ်ရမယ့် လမ်း | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဘ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22179 wikitext text/x-wiki {{header | title = ဘဝခရီးဝယ် ရွေးချယ်ရမယ့် လမ်း | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ဘဝ၏ ဝန်ထုပ်ဝန်ပိုးများ]] | previous2 = | next = [[ဘာသာတရားလိုက်နာကျင့်သုံးခြင်း၏ ရည်ရွယ်ချက်]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

ဘဝခရီးဝယ် ရွေးချယ်ရမယ့် လမ်း
အမှာစာ

ဤစာအုပ်သည် ဟောတရားကို ပြန်လည်ပြုပြင် တည်းဖြတ် ရေးသားအပ်သော စာအုပ်ဖြစ်သည်။ ၁၃၆၉ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၁ရက်နေ့ ည ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဓမ္မစေတီလမ်း၊ ယုဇနစီးပွားရေးတာဝါ အခန်း ၇၀၅(က) နေ ဦးကံထူး + ဒေါ်ခင်ခင်ဝေ မိသားစု တို့၏ တိုက်ခန်း၌ အထူးတရား ပွဲကျင်းပသည်။ အဆိုပါ တရားပွဲ၌ “ဘဝခရီးဝယ် ရွေးချယ်ရမယ့်လမ်း ” ဟူသော ခေါင်းစဉ်ဖြင့် တရား တစ်ပုဒ်ဟောခဲ့သည်။

ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သည့် အင်္ဂုတ္တရ နိကာယ်လာ ကေသမုတ္တိသုတ်ကို “ဘဝခရီးဝယ် ရွေးချယ်ရမယ့် လမ်း” ဟု အမည်ပေးကာ ရှင်းလင်းဟောပြောခဲ့ခြင်းဖြစ် သည်။ ကေသမုတ္တိသုတ်ကို ကာလာမသုတ်ဟုလည်း ခေါ် ကြ၏။

ကေသမုတ္တိနိဂုံးရွာ၌ ဟောကြားတော်မူခဲ့သော ဒေသနာ တော်ဖြစ်ခြင်းကြောင့် ကေသမုတ္တိသုတ် (သို့မဟုတ်) ကေသ မုတ္တနိဂုံးရွာသားများအား ဟောကြားတော်မူခဲ့သောကြောင့် ကေသမုတ္တိသုတ်ဟု ခေါ်ဆိုခြင်းဖြစ်၏။

တဖန် ကေသမုတ္တိနိဂုံးရွာ၌နေထိုင်ကြသော လူမျိုးများ မှာ ကာလမမျိုးနွယ်စုဝင်များဖြစ်ကြ၏။ ထိုလူမျိုးစုကို ရည် ညွှန်း၍လည်း “ ကာလမ ” သုတ်ဟု ထင်ရှား၏။

ကာလမသုတ်၏ အနှစ်ချုပ်မှာ ဤသို့ဖြစ်၏။ အမှားအမှန်ကို စိစစ်၍ အမှန်တရားကို မှတ်ယူရာ၌ (၁) အစဉ်အလာယုံကြည်မှုစသည့်အချက် ၁၀-ချက်ကို အခြေခံပြီး မမှတ်ယူရ။

(၂) ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်အသိကိုသာ အခြေခံရ မည်။ (၃) ကိုယ်ပိုင်ဉာဏ်ဖြင့် အဖြေထုတ်ပြီး မှားတာကိုစွန့် ၍ မှန်တာကို လက်ခံကျင့်သုံးရမည်။ (၄) ဖြူစင်သောစိတ်၊ မြင့်မြတ်သော သဘောထားဖြင့် အများနှင့်ဆက်ဆံ နေထိုင်ရမည်။ (၅) ကိုယ်ပိုင်ဉာဏ်ဖြင့် အဖြေမထုတ်နိုင်သော ပြဿနာ များ၌ နှစ်ဖက်ကောင်းပြီး သေချာသည့်လမ်းကို ရွေးချယ်ရမည်။ ဤကာလမသုတ်သည် ဘဝအရေးရင်ထဲ၌ သံသယ ဖြစ်ပွားလျက်ရှိသော ပုဂ္ဂိုလ်များအတွက် အကောင်းဆုံး လမ်းညွှန်ချက်ဖြစ်၏။ ဤစာအုပ်ကို ဖတ်ရှု၍ မှန်ကန်သော ဘဝလမ်းကြောင်းတွင် လျှောက်လှမ်းနိုင်ကြပါစေ။

ဘဝတန်ဖိုး အရယူ အတိတ်ကိုတွေး ၊ မဆွေးလေနဲ့ အတိတ်ဆိုတာ ပြန်မလာဘူး ။ အနာဂတ်မှန်းဆ ၊ မလွမ်းတနဲ့ ၊ အနာဂတ်ဆိုတာ ၊ မသေချာဘူး ။ ပစ္စုပ္ပန်မှာ ၊ လုပ်သင့်ရာဝယ် ပညာလုံ့လ ၊ အသုံးချလျက် ဘဝတန်ဖိုး ၊ အားမာန်တိုး၍ မြတ်နိုးကြည်ဖြူ ၊ အရယူလော့ ။

သည်းခံခြင်း သည်းခံတယ်ဆိုတာ ၊ အရာရာကို အပြုံးမပျက် ရင်ဆိုင်ရဲတဲ့ သတ္တိကို ခေါ်တယ် ။
စာမျက်နှာ-၂
လူတိုင်းလူတိုင်း ဘဝတစ်ခုခုကို ရထားကြတယ်။ ရထားကြတဲ့ဘဝမှာ ကိုးကွယ်ရာ ဘာသာတရားတွေက အမျိုးစုံအောင် ရှိနေကြတယ်။ ဘာသာတရား ဟော ပြောတဲ့ ပုဂ္ဂိုလ်တွေများသလို ယုံကြည်ချက်တွေက များ လည်းများ အမျိုးလည်းစုံတယ်။ ဥပမာ ဘာနဲ့တူသလဲ ဆိုတော့ မြေပုံကြီးတစ်ချပ်မှာ လမ်းဆုံတွေ အများကြီး ပါနေတာမျိုးနဲ့တူတယ်။ မရောက်ဘူးတဲ့ဒေသ ခရီးသွား ရင်း လမ်းဆုံရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်လမ်းက လျှောက်ရမယ်ဆိုတာကို ရွေးချယ်ဖို့ တော်တော် ခဲယဉ်းတယ်။

ဒီကနေ့ခေတ်ကို ကြည့်ပါဦး။ ကိုးကွယ်ရာ ဘာသာ တရားတွေက အမျိုးမျိုးရှိတယ်။ ဘာသာတရား တစ်ခုနဲ့ တစ်ခု ယုံကြည်ချက်တွေ ဟောပြောချက်တွေ ကွဲပြား ခြားနားနေကြတယ်။ အမှန်တရားလို့ပြောတဲ့ အရာ တောင်မှ တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတာတွေ့ရတယ်။ ဘာသာတစ်ခုက အမှန်လို့ ပြောတဲ့အရာဟာ အခြား ဘာသာတစ်ခုမှာ အမှားဖြစ်နေပြန်တယ်။

အမှားနဲ့ အမှန် ရွေးချယ်နိုင်ဖို့ ရန် စံမရှိဘူး ဆိုလို့ရှိရင် ရွေးချယ်တတ်ဖို့ အင်မတန်မှ ခဲယဉ်းပါလိမ့်မယ်။ ဒီလို အခြေအနေမျိုးမှာ ဘဝခရီးကို ဘယ်လမ်းက လျှောက်ရမလဲဆိုတာ ကိုယ့်ဟာကိုယ်ရွေးချယ် တတ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းထဲမှာတောင်မှပဲ အရွေးခက်နေတာတွေ ရှိနေတာပဲ။
စာမျက်နှာ-၃
ဥပမာ- မြန်မာနိုင်ငံမှာ ကမ္မဋ္ဌာန်းအမျိုးမျိုး ရိပ်သာ အမျိုးမျိုး ရှိနေတယ်၊ ရှိနေတဲ့အထဲမှာ တချို့ရိပ်သာက ရှုရမယ်လို့ ဟောတဲ့အရာကို တချို့ရိပ်သာက မရှုရဘူး လို့ ဟောတာမျိုးတွေရှိတယ်။ တဖန် မရှုရဘူးလို့ ဟောတဲ့အရာကို ရှုရမယ်လို့ ဟောတာမျိုးတွေလည်းရှိတယ်။ အဲဒီလို မတူညီတဲ့ ဟောပြောချက်ကို စာပေကျမ်းဂန် မကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ဘယ်ဟာက အမှန်၊ ဘယ်ဟာကအမှားဆိုတာ ခွဲခြားသိဖို့ အလွန် ခက်ပါလိမ့်မယ်။

အဲဒီလို အမှားအမှန် ရွေးချယ်ဖို့ခက်နေတဲ့ ပုဂ္ဂိုလ်တွေအတွက် ဗုဒ္ဓမြတ်စွာက လျှောက်လှမ်းစရာ လမ်း ကြောင်းလေး တစ်ခုကို ရွေးချယ်ပေးတော်မူခဲ့တယ်။ ဘုန်းကြီးတို့တစ်တွေ ဘဝခရီးသွားတဲ့အခါ ဘုရားရွေး ပေးတဲ့လမ်းက လျှောက်ကြရမှာဖြစ်တယ်။ အမှန်တရားနဲ့ ပတ်သက်ပြီးတွေဝေစရာတွေတွေ့လာလို့ရှိရင် မှန် ကန်တဲ့လမ်းကို ဘယ်လိုရွေးမလဲဆိုတာကို ဗုဒ္ဓမြတ်စွာ
စာမျက်နှာ-၄
က ကေသမုတ္တိသုတ် မှာ ဟောထားခဲ့တယ်။ အဲဒီသုတ်ကို ကာလာမသုတ် လို့လည်း ခေါ်တယ်။

ဘုန်းကြီးက ဒီကနေ့ ကာလာမသုတ်ကို ခြုံငုံ အနှစ်ထုတ်ပြီးတော့ ကာလာမသုတ်မှာ ဗုဒ္ဓဟောကြား တော်မူခဲ့တဲ့ ရွေးချယ်ရမယ့်လမ်းဆိုတာ ဘာလဲဆိုတာကို ရှင်းလင်း ဟောကြားမှာဖြစ်တယ်။ ဘုန်းကြီးတို့တစ်တွေ ဘဝခရီးကို လျှောက်လှမ်းကြတဲ့အခါမှာ ရဲဝံ့ပြတ်သား စွာ ကိုယ့်လမ်းကိုယ် ရွေးကြဖို့ပါ။ မြတ်စွာဘုရားကလည်း ထိုကဲ့သို့ ရွေးဖို့ရန်အတွက် နည်းလမ်းညွှန်ပြပြီး တော့ ဟောထားတာဖြစ်ပါတယ်။

ကာလာမသုတ် ဟောရာဒေသ ဒီသုတ်ကို ဟောတဲ့နေရာဒေသဟာ ယခု အိန္ဒိယ နိုင်ငံက ကောသလတိုင်းထဲမှာ အပါအဝင်ဖြစ်တဲ့ နိဂုံး ရွာကြီးတစ်ရွာပဲ။ အဲဒီရွာကြီးကို ကေသမုတ္တိရွာလို့ ခေါ်တယ်။ အဲဒီ ကေသမုတ္တိရွာကြီးက တောအုပ်ကြီး
စာမျက်နှာ-၅
တစ်ခုရဲ့ အဝင်ဝမှာရှိတယ်။ တောစခန်းကို ဖြတ်သန်း လိုသူတိုင်း ထိုကေသမုတ္တိရွာမှာ တည်းခိုစခန်းချပြီးမှ တောအုပ်ကြီးကို ဖြတ်သန်းကြရတယ်။

တောအုပ်ကြီးကို ဖြတ်သန်းပြီး ရောက်လာခဲ့ကြတဲ့ ပုဂ္ဂိုလ်တိုင်းဟာလည်း ဒီ ကေသမုတ္တိဆိုတဲ့ နိဂုံးရွာမှာ ခေတ္တခဏ စခန်းချ ရပ်နားကြရတယ်။ ကေသမုတ္တိရွာ ကြီးဟာ ခရီးသွားတွေ စခန်းချရာ တည်းခိုရာ ဌာနကြီး တစ်ခု ဖြစ်နေတာပေါ့။ အဲဒီ ကေသမုတ္တိရွာ စခန်းကြီးမှာ စီးပွားရေး ခရီးသွားများသာမက ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေလည်း ရောက်လာလေ့ရှိကြတယ်။ အဲဒီပုဂ္ဂိုလ် တွေ ရောက်လာတဲ့အခါ ကေသမုတ္တိရွာမှာ ဘာသာ တရား ဟောပြောပွဲတွေ လုပ်သွားလေ့ရှိတယ်။

ဘာသာတရားဟောတဲ့ ပုဂ္ဂိုလ်တိုင်းဟာ သူ့ အယူ ဝါဒကို ရှေ့တန်းတင် အကောင်းပြောပြီး တခြားပုဂ္ဂိုလ်တွေရဲ့ အယူဝါဒကို ပုတ်ခတ်ပြစ်တင်ပြီး ဟောပြော
စာမျက်နှာ-၆
လေ့ရှိတယ်။ သူ့ဝါဒက ကောင်းကြောင်း မှန်ကန် ကြောင်း၊ တခြားဝါဒတွေ မကောင်းကြောင်း မမှန် ကြောင်း ဟောပြောလေ့ ရှိကြတယ်။ မိမိဝါဒကို အကောင်းပြောပြီး တခြားဝါဒတွေကို ပြစ်တင်ရှုံ့ချ ပြော ဟောကြတယ်။

မြတ်စွာဘုရားကြွလာတဲ့အခါ ကေသမုတ္တိရွာက ကာလာမ လို့ခေါ်တဲ့ လူမျိုးစုတွေဟာ ဘုရားရှိရာ လာ ရောက်ကြတယ်။ ထိုခေတ်က ဗုဒ္ဓမြတ်စွာဟာ ဂုဏ် သတင်း အင်မတန်ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ဘုရား ကြွလာပြီဆိုရင်ပဲ လူအများလာရောက် ဖူးမြော်ဆည်း ကပ်လေ့ ရှိကြတယ်။ အဲဒီတုန်းက ကေသမုတ္တိရွာက ကာလာမလူမျိုးတွေဟာ မြတ်စွာဘုရားကို လာရောက် ဆည်းကပ်ပြီးတော့ သူတို့ရဲ့ ရင်ထဲက သံသယစကားတွေကို လျှောက်ထားကြတယ်။

ထိုစဉ်က ကာလာမလူမျိုးတွေဟာ ဗုဒ္ဓဘာသာတွေ ဟုတ်သေးဟန်မတူဘူး။ သို့သော် နာမည်ကျော်ကြားတဲ့
စာမျက်နှာ-၇
ဘာသာရေး ခေါင်းဆောင်တစ်ဦး လာတယ်ဆိုပြီးတော့ မြတ်စွာဘုရားကို လာရောက်ပြီးတွေ့ကြတဲ့ သဘောပဲ။ အဲဒီလိုတွေ့တဲ့အချိန်မှာ ကာလာမ လူမျိုးတွေက ဘာ လျှောက်လည်းဆိုတော့
ရင်ထဲက သံသယ စကား
အရှင်ဘုရားတဲ့ ဘာသာရေး ဂိုဏ်းအသီးသီးက ဘာသာရေးဆရာတွေဟာ ဒီဒေသကို ရောက်လာကြတယ်ဘုရား။ ရောက်လာတဲ့အခါ သူတို့ရဲ့ ဘာသာ တရား၊ သူတို့ရဲ့ အယူဝါဒ၊ ကောင်းကြောင်း ဟောပြော ကြပါတယ်။ တခြားအယူဝါဒတွေကိုတော့ ပြစ်တင် ရှုံ့ချကြတယ်ဘုရား။ အဲဒီတော့ တပည့်တော်တို့မှာ ဘယ်ဟာက မှန်တယ်၊ ဘယ်ဟာက မမှန်ဘူးဆိုတာ သိဖို့ ခက်နေပါတယ်ဘုရားတဲ့။
စာမျက်နှာ-၈
ဒီကနေ့ခေတ်မှာလည်း ဒီလို အခြေအနေပဲလေ။ လောကမှာ ဘာသာတရားတွေက တစ်ခုနဲ့တစ်ခု မတူ ကြဘူး။ မတူတဲ့ ဘာသာတရားတွေ ရှိနေတဲ့အထဲမှာ ဟိုဘာသာ ကိုးကွယ်ရနိုး၊ ဒီဘာသာ ကိုးကွယ်ရနိုး မဝေခွဲ နိုင်ကြဘူး။ ဟိုဘာသာက ကောင်းနိုးနိုး၊ ဒီ ဘာသာက ကောင်းနိုးနိုး၊ ဘယ်ဘာသာကို ရွေးချယ် ကိုးကွယ်ရမှန်း၊ ဘယ်ဘာသာရဲ့ အဆုံးအမကို လိုက်နာရမှန်း မသိ အောင် တချို့လူတွေမှာ အခက် ကြုံနေကြတာပါ။ ဒါ့ကြောင့် ဒီကနေ့ခေတ်မှာ ဘာသာမဲ့ ဆိုသူတွေ ပေါ်လာတာပေါ့။

ကေသမုတ္တရွာက လူတွေကလည်း ဒီလိုအခက် ကြုံ နေလို့ မြတ်စွာဘုရားနဲ့တွေ့တဲ့အခါ လျှောက်ကြတယ်။

လျှောက်တော့ မြတ်စွာဘုရားက - “အေး ဟုတ်တာ ပေါ့၊ အမှန်တရားဆိုပြီး အမျိုးမျိုး ပြောနေကြတယ် ဆိုတော့ ဘယ်ဟာမှန်သလဲ၊ ဘယ်ဟာမှားသလဲဆိုတာ သံသယ ဖြစ်စရာကြီးပေါ့တဲ့။”
စာမျက်နှာ-၉
ဘုရားက မ,တယ်

တလောက ဘုန်းကြီးဆီ ဒကာတစ်ယောက် ရောက်လာတယ်။ တချို့ပုဂ္ဂိုလ်တွေရဲ့ ဘာသာရေး အတွေးအမြင်ဆိုတာကို သူကလျှောက်တယ်။ တချို့ ဘာသာတရားက လိုက်နာဖို့ အင်မတန်ခက်တယ်။ တချို့ဘာသာက လိုက်နာဖို့ လွယ်တယ်ပေါ့။ လူဆိုတာ အများစုကတော့ အလွယ်ကြိုက်တယ်။

ဗုဒ္ဓဘာသာက ကံ ကံ၏အကျိုးကို အခြေခံထားပြီး ဟောတယ်။ ကုသိုလ်ကံ အကုသိုလ်ကံဆိုတာရှိတယ်။ ကိုယ်လုပ်တာ ကိုယ်ခံရတယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးခံရတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး စံစားရတယ်။ ကိုယ်လုပ် ကိုယ်ခံပဲ။ ကိုယ်လုပ်မှ ကိုယ်ရတယ်။ ဗုဒ္ဓဘာသာတရားက မ, တာဆိုတာ မရှိဘူး။ ကယ်တင်တယ်ဆိုတာ မရှိဘူး။

တချို့ဘာသာက အဲဒီလို မဟုတ်ဘူး။ ဘုရားက
စာမျက်နှာ-၁၀
မ,တယ်၊ ကယ်တင်တယ်။ လုပ်ချင်တာလုပ်၊ ဘုရားရှေ့ ဒူးထောက်ပြီးတော့ ဖြောင့်ဆိုချက် ဝန်ခံချက် (confession) လုပ်လိုက် တောင်းပန်လိုက်တာနဲ့ ဘုရားက ခွင့်လွှတ်တယ်။ အပြစ်တွေ အကုန် ပြေပျောက် သွားတယ်။ မတောင်းပန်ရင်တော့ ဘုရားက ဒဏ်ခတ်တယ်။ အလွန် လွယ်တာကို။

အဲဒီတော့ တချို့လူတွေက ဗုဒ္ဓဘာသာနဲ့ ပတ် သက်ပြီး ဘယ်လိုတွေးမိကြတုန်းဆိုတော့ ဗုဒ္ဓဘာသာက ကိုယ်သာ ကိုးကွယ်ရတယ် ဘုရားက မ,လည်း မ, မဘူး။ ကိုယ်လုပ်တာ ကိုယ်ခံရမယ်ဆိုလို့ရှိရင် ကိုးကွယ် ရတာ အလကားပဲပေါ့။ မ,တဲ့ဘုရား ကိုးကွယ်ရတာ ပိုမကောင်းဘူးလားဆိုတဲ့ အတွေးမျိုးတွေ ဝင်လာကြတယ်ဘုရားတဲ့။

အဲဒါနဲ့ပတ်သက်ပြီး ဘုန်းကြီးက ပြောလိုက်တယ်။ အေး တကယ်ဟုတ်ရင်တော့ မမှတဲ့ဘုရား ကိုးကွယ်ရတာ ပိုကောင်းတာပေါ့။ မ, မဘဲနဲ့ မ,တယ်
စာမျက်နှာ-၁၁
ထင်ပြီး ကိုးကွယ်ရင်တော့ ဒါ လူဖြစ်ရှုံးတာပဲ။ ဘုရားက မ,မယ်ထင်ပြီး ဘုရားအားကိုးနဲ့ လုပ်ချင်ရာလုပ်၊ အချိန် ကျလို့ရင် (confession) လုပ်လိုက်၊ ရှိတဲ့ အပြစ်တွေ အားလုံး ပျောက်တယ်ဆိုတာ သိပ်လွယ်တာပေါ့။ သူတို့ ပြောတဲ့အတိုင်း တကယ်ဖြစ်သလား၊ မဖြစ်ဘူးလား အလေးအနက် စဉ်းစားဖို့တော့လိုတယ်။ ပြောတဲ့ အတိုင်း ဖြစ်လာရင်တော့လည်း အားကိုးစရာ အလွန် ကောင်းတယ်။ မဖြစ်ရင်တော့ သွားရော။ ကိုယ်ကျိုး နည်းပါလေရော။

ဘုန်းကြီးက ဥပမာတစ်ခု ပြောပြတယ်။ လူတစ်ဦး ပြစ်မှုတစ်ခုကို ကျူးလွန်မိတယ်ဆိုပါစို့။ ကျူးလွန်မိတဲ့အခါ ဥပဒေအရ အရေးယူခံရတယ်။ အဲဒီလို အရေးယူ ခံရတဲ့အခါမှာ ဘုရားထံသွားပြီး ဒီအပြစ်က ခွင့်လွှတ်ပါဆိုပြီး (confession) လုပ်လို့ ဘုရားကလည်း လက်ခံ လို့ လက်တွေ့မှာ အပြစ်က လွတ်သွားတာရှိသလားဆိုတာ စဉ်းစားရမယ်၊ တကယ်တော့ မရှိဘူးနော်။
စာမျက်နှာ-၁၂
ဒီလို လက်တွေ့အားဖြင့် မရနိုင်တာကို ရနိုင်တယ် ထင်ပြီး ပြစ်မှုကျူးလွန်တဲ့ ပုဂ္ဂိုလ် ကိုယ်ကျိုး မနည်းပေဘူးလား။ အေး လုပ်ချင်တာလုပ်မယ်။ တရားရုံးကျ တော့ ငါဖြောင့်ချက် ပေးလိုက်မယ်။ ဖြောင့်ချက်ပေး လိုက်တာနဲ့ တစ်ပြိုင်နက် ပြစ်မှုတွေအားလုံး ကွင်းလုံး ကျွတ် လွတ်စေဆိုတာမျိုး ရနိုင်သလား။ လူလုပ်တဲ့ ဥပဒေတောင် မရဘူးဆိုရင် သဘာဝတရားရဲ့ ဥပဒေမှာ ဘယ်လိုလုပ် ရမလဲ။

လက်တွေ့ ဘာတခုမှမရှိဘဲ အပြောသက်သက် သာဖြစ်ပြီး လူတွေလက်ခံ ယုံကြည်နေကြတဲ့အရာတွေ လောကမှာ အများကြီး ရှိတယ်။ တကယ့်လက်တွေ့မှာ ဖြစ်မလာဘူး။ အဲဒီတော့ ကိုယ်မဟုတ်တာ လုပ်ရင် ကိုယ်ခံရတယ်။ ကိုယ်ကြိုးစားရင် ကိုယ်ခံရတယ်ဆိုတာက လက်တွေ့ပြနိုင်တာတွေ အများကြီးရှိတယ်။
စာမျက်နှာ-၁၃
လက်တွေ့ကျတယ် အရာရာဟာ ကိုယ့်အပေါ် မူတည်တယ်ဆိုတာ မှန်တယ်။ လက်တွေ့ကျတယ်။ ဒီအချက်က အလွန် ကျေနပ်စရာ ကောင်းတယ်။ ကျောင်းတက်နေတဲ့ ကလေးတွေကြည့် ။ ကိုယ်စာကျက်ရင် ကိုယ်ရတာ ပဲလေ။ ကိုယ်လုပ်မှ ကိုယ်ရတာ၊ ကိုယ်စားရင် ကိုယ်ဝ တာလိုပဲပေါ့။ သူများစားတာကို ထိုင်ကြည့်နေရုံနဲ့ ကိုယ်မဝဘူး မဟုတ်လား။ တကယ့်လက်တွေ့က ကိုယ်လုပ်မှ ကိုယ်ရမှာပေါ့။

ဗုဒ္ဓတရားတော်ဟာ တကယ့်ကို လက်တွေ့ (practical) ဖြစ်တယ်ဆိုတာကလည်း တကယ့်လက်တွေ့မှာ ဟုတ်တယ်။ ကိုယ်ကျိုးစားရင် ကိုယ်ဖြစ်တာပဲ။ မကြိုးစားရင် မဖြစ်ဘူး။ ဉာဏ်ရည် ဉာဏ်သွေး ဘယ်လောက် ကောင်းကောင်း၊ IQဘယ်လောက် မြင့်မြင့်၊ မကြိုးစား
စာမျက်နှာ-၁၄
ဘူးဆိုရင် ဘာမှ ဖြစ်မလာဘူး။ ကြိုးစားပြီဆိုရင် လုံ့လ ဝီရိယ အကျိုးခံစားရမယ်။

အဲဒီကြားထဲမှာ ဘုရားသခင်က မ,တယ်ဆိုတာ ယုံနေတယ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ အချိန်တန် ဘုရား အားကိုးတာဆိုတော့ သူက ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစား စရာ ဘာမှမလိုဘူး။ ဘာလုပ်သင့်တယ်၊ ဘာ မလုပ်သင့်ဆိုတာ (what should we do, what should not we do)ဆိုတာလည်း ခွဲခြားသိစရာ မလိုဘူး။ လုပ်သင့် မလုပ်သင့် စဉ်းစားနေစရာ မလိုဘူး။ လုပ်ချင် တာလုပ်။ လူရဲ့ ဉာဏ်ရည် ဉာဏ်သွေးဆိုတာလည်း ဘာမှတန်ဖိုးမရှိဘူး။ သူ့ရဲ့ လုံ့လဝီရိယဆိုတာလည်း ဘာမှတန်ဖိုးမရှိဘူး။ အဲဒါတွေကို အသိအမှတ်မပြုတဲ့ သဘောဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုရင် အရာရာ ဟာ ဘုရားသခင် အလိုတော်ကျ ဖြစ်ရတာမို့ပဲ။ အဲဒီတော့ လက်တွေ့မှာ ဒါတွေအကုန် ဖြစ်နိုင်သလား။
စာမျက်နှာ-၁၅
ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်ဉာဏ်နဲ့ပဲ စဉ်းစားကြည့်။ ဗုဒ္ဓမြတ်စွာက လက်တွေ့လုပ်လို့ရတဲ့ တရားကို ဟောတာနော်။ စိတ်ကူးယဉ်ပြီးတော့ မျှော်မှန်းရရုံ သက်သက်မဟုတ်ဘူး။ ဒီကနေ့ လုပ်နေတဲ့လုပ်ရပ်သည် မနက်ဖြန်ခါ အကျိုးဖြစ်ဖို့၊ ဆိုပါစို့- ဒီလမ်းလျှောက်ရင် ဒီစခန်း ရောက်မယ်ဆိုတာ သိထားပြီးသားပဲလေ။ လမ်းကြောင်း ပေါ်မှာလျှောက်နေရင် ထိုလမ်းကြောင်းအတိုင်း မှန်မှန် သာလျှောက်၊ လျှောက်နေမယ်ဆိုရင် စခန်းကို မြင်ရ သည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ လမ်းကြောင်းမှန်ရင် ထိုစခန်းကို ရောက်မှာသေချာတယ်။

ဆိုပါစို့- ရွှေတိဂုံဘုရားကိုသွားမယ်၊ ရွှေတိဂုံ ဘုရားကို ဦးတည်နေတဲ့ လမ်းမကြီးပေါ်မှာသာ လျှောက်၊ ရောက်ကိုရောက်သွားမှာပဲ။ အေး ပြောင်းပြန် တော့ မလျှောက်နဲ့။ မရောက်နိုင်တဲ့လမ်းလည်း မလျှောက်နဲ့။ မရောက်တဲ့လမ်းလျှောက်မယ် ပြောင်းပြန်
စာမျက်နှာ-၁၆
လျှောက်မယ်ဆိုရင်တော့ ရွှေတိဂုံဘုရား ရောက်မှာ မဟုတ်ဘူး။ ဒါတွေက လက်တွေ့ကြတာမို့ ငြင်းပယ်လို့ ရတဲ့ အရာမဟုတ်ဘူး။

ဒါကြောင့်မို့ မြတ်စွာဘုရားက ကေသမုတ္တိရွာက လူတွေကို လက်တွေ့ကျကျ ကိုယ်ပိုင်ဉာဏ် အသုံးချ တတ်ဖို့ ဒီသုတ္တန်ကို ဟောတာ။ ဒီသုတ္တန်ဟာ လူတိုင်း အတွက် ဘဝခရီးလမ်းညွှန် guidelineတစ်ခုပဲ၊ road map လို့ ပြောချင်ပြောနိုင်တယ်။ ဘဝခရီးဝယ် ရွေးချယ်ရမယ့်လမ်းဆိုတာကို ဒီသုတ္တန်မှာ ဟောပြ ထားတာ။

မြတ်စွာဘုရားက ဆက်ပြီး ရှင်းပြတယ်။ အေး ဒီလို သံသယဖြစ်နေတယ်ဆိုရင် ငါပြောမယ်တဲ့။

၁၊ မာ အနုဿဝေန = အမှန်တရားကို ရှာတဲ့အခါမှာ တဆင့်ကြားစကားပေါ် အခြေခံပြီးတော့
စာမျက်နှာ-၁၇
မရှာနဲ့ ။ ဟိုလူပြောတာ ဒီလူပြောတာဆိုတဲ့ တဆင့် ကြားစကား (hearsay)တွေအပေါ်မှာ အခြေခံ ပြီးတော့ အမှန်တရားကို မရှာနဲ့။ တဆင့်ကြားစကားဆိုတာ မှန်တာလည်းရှိတယ်၊ မှားတာလည်းရှိတယ်၊ မသေချာဘူး။

၂၊ မာ ပရမ္ပရာယ = အစဉ်အလာ ကျင့်သုံးလာတဲ့ အချက် အစဉ်အလာ ယုံကြည်ထားတဲ့ အချက်တွေ အပေါ် အခြေခံပြီးတော့လည်း အမှန်တရားကို မရှာနဲ့။ ဘာဖြစ်လို့တုန်းဆိုရင် tradition လို့ဆိုတဲ့ အစဉ်အလာ ကျင့်သုံးလာတဲ့ လက်ခံလာတဲ့အချက်ဟာ မှန်တာ လည်းရှိတယ်။ မှားတာလည်းရှိတယ်။ သေချာပေါက် အမှန်လို့ချည်း မပြောနိုင်ဘူး။ ဒါကြောင့်မို့ အဲဒါနဲ့ အမှား အမှန်ကိုမရှာနဲ့ ။
စာမျက်နှာ-၁၈
၃၊ မာ ဣတိကိရာယ = တစ်ဦးတစ်ယောက်က လာပြီး ဒါက ဒီလိုပါလို့ဆိုပြီး တင်ပြချက်ကို အခြေခံ ပြီးတော့လည်း အမှန်တရားကို ဆုံးဖြတ်လို့မရဘူးတဲ့။ သူပြောတဲ့ reportဟာ မှန်ရင်လည်း မှန်မယ်။ မှားရင် လည်းမှားမယ်။ မသေချာဘူး။

၄၊ မာ ပိဋကသမ္ပဒါနေနတဲ့။ ကိုယ်သင်ထားတဲ့ စာပေနဲ့ ကိုက်ညီတယ် ဆိုရုံနဲ့လည်း မှန်တယ်လို့ မဆုံး ဖြတ်နဲ့ဦး။ စာထဲမှာ ဒီအတိုင်းပါတာပဲ။ စာအုပ်ထဲမှာ ဒီလို ရေးထားတယ်ဆိုတာနဲ့လည်း အမှန်တရားကို မဆုံး ဖြတ်နဲ့။ ဘာဖြစ်လို့လည်းဆိုရင် စာအုပ်ထဲမှာ ရေးထားတယ်ဆိုပေမဲ့ မှားရင်လည်းမှားမယ်။ မှန်ရင်လည်း မှန်မှာပေါ့။ ပြောလို့ရမလား။ မရဘူး။
စာမျက်နှာ-၁၉
ကနေ့ခေတ်မှာတောင် English ဘာသာနဲ့ ရေးပြီး Buddhism ဟု ဆိုသော စာအုပ်စာတမ်း များများဟာ ကိုယ့်အယူဝါဒတွေ ထင်မြင်ယူဆချက်တွေ ရောပြီး ရေးထားတာတွေ့ရတယ်။ မြတ်စွာဘုရားရဲ့ အာဘော်မဟုတ်ဘဲနဲ့ ကိုယ်ထင်ရာ မြင်ရာတွေကို ဘုရားဟောအဖြစ် ရေးထားတာတွေ အများကြီးပဲရှိတယ်။ ခေါင်းစဉ် တပ်တာကတော့ Buddhism ပဲ။

အေး ဒါကြောင့်မို့ စာအုပ်ထဲ ပါတယ်ဆိုပြီးတော့ အကုန်လုံး စာအုပ်ထဲက ပါတဲ့အတိုင်း မှန်တယ်လို့ မှတ်ယူလို့ မရဘူးတဲ့။ မြတ်စွာဘုရားက အမှန်တရားကို အဲဒါမျိုးနဲ့ ရှာလို့ မရဘူးတဲ့။

၅၊ မာ တက္ကဟေတု = လောကမှာ အမှန်တရားကို ရှာတဲ့နည်း တစ်နည်းရှိသေးတယ်။ logic လို့ ခေါ်တယ်။ အဲဒီ logicဆိုတဲ့ နည်းနဲ့ရော အမှန်တရားကို ရှာလို့ ရမလားဆိုတော့ ရှာလို့ မရဘူးတဲ့။ logicဆိုတာ
စာမျက်နှာ-၂၀
ကျိုးကြောင်း ဆင်ခြင်တဲ့နည်း၊ အဲဒီနည်းစနစ်နဲ့ ရှာရင် မှန်တဲ့အခါ မှန်တယ်၊ မမှန်တဲ့အခါ မမှန်ဘူး။

ကျိုးကြောင်း ဆင်ခြင်တယ်ဆိုတာ ဥပမာ- လူဟာ သေမျိုးဖြစ်တယ်။ ဦးဘဟာ လူဖြစ်တယ်။ ဒါကြောင့် ဦးဘဟာ သေမျိုးဖြစ်တယ်။ ဒီအချက်တော့ မှန်တယ်။ အခြားတစ်နည်းမှာ အဖြူရောင် ရှိတဲ့ ငှက်တစ်ကောင်ကို ကြည့်ပြီး ငှက်ဟာ ဖြူတယ်။ ကျီးဟာ ငှက်ဖြစ်တယ်။ ဒါ့ကြောင့် ကျီးဟာဖြူတယ်လို့ဆိုရင် မမှန်ပြန်ဘူး။ အဲဒီလို logic နည်းနဲ့ ဆင်ခြင်တိုင်းတာလို့လည်း အမှန်တရားဆိုတာ မတွေ့နိုင်ဘူး။

၆၊ မာ နယဟေတု = ရှာဖွေတဲ့နည်းလမ်းတစ်ခု အသုံးပြုပြီးတော့လည်း အမှန်တရားကို ရှာလို့ မရဘူးတဲ့။ အကျိုးကိုကြည့်ပြီး အကြောင်းကို ဖေါ်ထုတ်တဲ့ နည်း၊ အကြောင်းကို ကြည့်ပြီး အကျိုးကို ဖေါ်ထုတ်တဲ့
စာမျက်နှာ-၂၁
နည်းကို အနုမာန inference လို့ ခေါ်တယ်။ အနုမာနဆိုတာ မှန်းဆပြီးတော့ကြည့်တာ။ အဲဒီ inference ဆိုတဲ့ အရာဟာ အမှန်တရားကို ရှာတဲ့အခါမှာ လုံလောက်တဲ့ ဆုံးဖြတ်ချက်ကို မပေးနိုင်ပါဘူး။ မြတ်စွာဘုရားက လောကမှာ အမှန်တရားဆိုပြီး လူတွေလက်ခံနေကြတာဟာ ဒါတွေပေါ်မှာ အခြေပြုနေကြတယ်တဲ့။

၇၊ မာ အာကာရပရိဝိတက္ကေန = အခြေအနေအရပ်ရပ် သုံးသပ်ဆင်ခြင်တဲ့နည်း၊ အကြောင်းတရားရှာတဲ့နည်း reasoning နဲ့လည်း အမှန်တရားကို ရှာလို့မရဘူးတဲ့။ အဲဒါကလည်း လွဲတဲ့အခါ လွဲသွားနိုင်တယ်။ ဒါကြောင့် သေချာတဲ့အရာ မဟုတ်ဘူး။

၈၊ မာ ဒိဋ္ဌိနိဇ္ဈနက္ခန္တိယာ = ကိုယ့်အကြိုက်နဲ့ ကိုက်ညီတယ်ဆိုတာနဲ့လည်း အမှန်တရားကို မရှာနဲ့တဲ့။
စာမျက်နှာ-၂၂
လူတွေက အမှန်တရားကို ရှာတဲ့အခါမှာ ဘာနဲ့ ရှာလေ့ရှိသလဲဆိုရင် ကိုယ့်အကြိုက်နဲ့ ကိုက်ညီမှုကို အခြေပြုတဲ့ နည်းနဲ့ ရှာတတ်ကြတယ်။ ကိုယ်က အမျိုးမျိုးတွေးခေါ်ပြီးတော့ ကြိုက်နှစ်သက်လို့ ယူထားတဲ့ အယူဝါဒနဲ့ ကိုက်ညီလို့ရှိရင် လက်ခံကြတယ်။ ဒါဟာ ငါကြိုက်တဲ့ အယူဝါဒနဲ့ ကိုက်ညီတယ်၊ ငါ့ထင်တဲ့အတိုင်း ဟုတ်နေပြီဆိုပြီးတော့ ကိုယ့်အမြင်လေးနဲ့ မှန်လို့ရှိရင်လည်း အမှန်တရားလို့ လက်ခံကြတယ်။ အဲဒီနည်းဟာလည်းပဲ စိတ်ချရတဲ့ အရာတစ်ခု မဟုတ်ဘူး။

နောက်တစ်ခုက ၉၊ မာ ဘဗ္ဗရူပတာယ = မှတ်သားထိုက်တဲ့အရာဆိုရုံနဲ့လည်း အမှန်တရားကို မရှာနဲ့။ လူတွေက အမှန်တရားကို ရှာတဲ့အခါမှာ ဒါလေးကတော့ မှတ်လိုက်တယ်၊ ဟုတ်တယ်၊ ယုတ္တိရှိတယ်ဆိုတာလေးနဲ့ အမှန်တရားကို လက်ခံကြတယ်။
စာမျက်နှာ-၂၃
ရှေ့ကိုဆက်ပြီး မစဉ်းစားဘူး။ ဒါလည်းပဲ စိတ်ချရတဲ့ အကြောင်းတစ်ခု မဟုတ်သေးဘူး။

နောက်ဆုံးတစ်ခုက ၁၀၊ မာ သမဏာ နော ဂရု = ဒို့ကိုးကွယ်တဲ့ ဆရာပဲ၊ ဆရာ့စကား လေးစားထိုက်တယ်ဆိုတာနဲ့လည်း အမှန်တရားကို မရှာနဲ့။ မြတ်စွာဘုရားက ဒီပုဂ္ဂိုလ်ကြီးကတော့ ဒို့ရဲ့ဆရာကြီးဘဲ၊ ဂုရုကြီးပဲ၊ သူပြောတာတွေ မှန်ရမယ်လို့ ဒီလိုလည်း မဆုံးဖြတ်လိုက်နဲ့။ အခုပြောခဲ့တဲ့ အချက် ၁၀-ချက်ဟာ အမှန်တရားကို ဆုံးဖြတ်တဲ့အခါမှာ အားကိုးယုံကြည်လောက်တဲ့ အကြောင်းတရားတွေ မဟုတ်ဘူးတဲ့။

လက်တွေ့ သိတဲ့ အသိဉာဏ်
ဒါဖြင့် အမှန်နဲ့ အမှားကို ဆုံးဖြတ်တဲ့အခါမှာ အားကိုးယုံကြည်လောက်တဲ့ အကြောင်းဆိုတာ ဘာလဲ။ ကိုယ်တိုင် လက်တွေ့သိတဲ့ အသိဉာဏ်ပဲ ဖြစ်တယ်။
စာမျက်နှာ-၂၄
ကိုယ်တိုင်သိအောင်လုပ်၊ ကိုယ်တိုင်သိတဲ့အချက်ဟာ အသေချာဆုံးပဲ။ အေးဥပမာ-လောဘဆိုတဲ့ သဘောတရား၊ ဒေါသဆိုတဲ့ သဘောတရား၊ မောဟဆိုတဲ့ သဘောတရားဟာ အပြစ်ရှိတဲ့အရာလား။ အပြစ်မရှိတဲ့အရာလား။ မြန်မာလို ပြောမယ်ဆိုရင် ငရဲကြီးသလား။ မကြီးဘူးလား။ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပေါ့။ ငရဲကြီးတာ မကြီးတာ အပြစ်ရှိတာ မရှိတာ ဘာနဲ့တိုင်းတာမှာလဲ။

ထင်ရှားတာ တစ်ခုပြောမယ်။ ဥပမာ- ကိုယ့်စိတ်ထဲ နှလုံးသားထဲမှာ ဒေါသဆိုတာ ဝင်လာတာနဲ့ တစ်ပြိုင်နက် စိတ်နှလုံးအေးချမ်းမှုတွေ လက်လွတ်ဆုံးရှုံးသွားတယ်။ အဲဒါဟာ ဒေါသရဲ့ အပြစ်ပဲ၊ ပင်ကိုယ်တည်ငြိမ်တဲ့ စိတ်လေးပျက်စီးသွားပြီး ပူလောင်တဲ့စိတ်တွေ ဖြစ်ပေါ်လာတာဟာ ဒေါသရဲ့ဆိုးကျိုးပဲ။ နောင်ဘဝ ငရဲရောက်တာ မရောက်တာ အသာထား။ ဒေါသဟာ ကောင်းသလား မကောင်းဘူးလားဆိုတာ အခုဘဝမှာပဲ ကြည့်လို့ရတယ်။
စာမျက်နှာ-၂၅
ဒေါသဖြစ်လာတဲ့ အချိန်မှာ ဒေါသက နှလုံးသားကို ပူလောင်တယ်။ အရာရာကို မကျေမနပ်တာတွေ ဖြစ်လာတယ်။ အတွေးကလည်း ရိုင်းစိုင်းတဲ့ အတွေးမျိုးတွေ တွေးလာတယ်။ ဒေါသဖြစ်လာလို့ရှိရင် ပြုံးရွှင်တဲ့မျက်နှာ ပျက်စီးသွားတယ်။ ပြင်းထန်လာလို့ရှိရင် တစ်ကိုယ်လုံး အသားဆတ်ဆတ်တုန်လာတယ်။ ပါးစပ်က ပြောပြီဆိုလို့ရှိရင်လည်း ကြင်နာတဲ့စကားလုံးတွေ မထွက်ဘူးတဲ့။ မကြားဝံ့မနာသာ စကားမျိုးတွေပဲ ထွက်လာတယ်။ အဲဒီလိုစကားမျိုးတွေ ပြောရဲလာတယ်။ လုပ်တဲ့အလုပ်တွေကလည်း ကိုယ့်အတွက်နစ်နာမယ့် အလုပ်တွေ၊ သူများအတွက် နစ်နာမယ့်အလုပ်တွေ လုပ်လာတယ်။

ယခုလို လက်တွေ့ကျကျ စဉ်းစားပြီးတော့ ကြည့်လိုက်လို့ရှိရင် ဒေါသရဲ့ အပြစ်တွေ ဆိုးကျိုးတွေကို ကိုယ်တိုင်သိနိုင်တယ်။ ဒေါသကြောင့် သူများကို တစ်ခုခု လုပ်တာ မလုပ်တာ အသာထား။ ကိုယ့်ရဲ့ နှလုံး
စာမျက်နှာ-၂၆
သားထဲ ဒေါသဖြစ်လာတဲ့အချိန်ကစပြီး တည်ငြိမ်မှုတွေ ဆုံးရှုံးသွားတာ သေချာတယ်။ ဒါလူတိုင်းသိတာပဲ။ ပျော်ရွှင်နေတာတွေအားလုံး ဆုံးရှုံးသွားပြီ။ ငြိမ်းချမ်းနေတဲ့စိတ်လေး ဆုံးရှုံးသွားပြီ။ နောက်ဆုံးမှာ သွေးတိုးရောဂါရှိရင် သွေးတက်သွားမယ်။ နှလုံးရောဂါရှိတယ်ဆိုလို့ရှိရင် heart attack ရသွားမယ်။ ဒေါသက ချက်ချင်း ဒုက္ခပေးတယ်။ ဒါထင်ရှားတဲ့ သာဓကတစ်ရပ်ပဲ။ အဲဒီလို ဒေါသဆိုတာ ကောင်းသလား မကောင်းဘူးလားဆိုတာ ကိုယ်တိုင်သိတာပဲ၊ ဒေါသ မကောင်းဘူးဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်တယ်။ မြတ်စွာဘုရားက အဲဒါကို ဟောလိုတာဖြစ်ပါတယ်။ သဘာဝတရားဆိုတာ သူ့သဘောသူဆောင်တာ။ ဘုရားက မကောင်းဘူးဟောလို့ မကောင်းတာဖြစ်ရတာ မဟုတ်ဘူး။
စာမျက်နှာ-၂၇
အေး လုပ်ချင်တာတွေလုပ်၊ ငါ့ရှေ့ဝန်ခံလိုက်လို့ရှိရင် အပြစ်တွေ အကုန်ပျောက်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြစ်ပြီးသားအပြစ်တွေ ဘယ်လိုလုပ် ပျောက်မလဲ၊ ဒေါသကြောင့်ဖြစ်လာတဲ့ ဆုံးရှုံးမှုတွေက ဖြစ်ပြီးသွားပြီလေ။

နှလုံးသားထဲမှာ အမုန်းတရား ဝင်လာတာနဲ့ တစ်ပြိုင်နက် အေးငြိမ်းတဲ့ စိတ်နှလုံးတွေဟာ ဆုံးရှုံးသွားပြီ။ တည်ငြိမ်တဲ့စိတ်ကလေးတွေ ဆုံးရှုံးသွားပြီ။ မပြောသင့်တာတွေ ပြောမိသွားပြီ။ မလုပ်သင့်တာတွေ လုပ်မိသွားပြီး ပြင်လို့ရသလား။ မရတော့ဘူး။ (what should be done, can not be undone)။ သားတစ်ခုဟာ မလုပ်ဘူးလို့ပြောလို့ မရတော့ဘူး။ အဲဒီကတည်းက မှားယွင်းချွတ်ချော်တဲ့ အရာတစ်ခုဖြစ်သွားတယ်။

အဲဒီတော့ ဒီ ဒေါသဆိုတဲ့ သဘာဝတရားဟာ အပြစ်ရှိသလား မရှိဘူးလား ဆိုရင် ဒီနေရာမှာ အပြစ်
စာမျက်နှာ-၂၈
ဆိုတာ ဘာတုန်း။ မကောင်းတဲ့အကျိုးတွေပေးတာ အပြစ်ပဲ။ အပြစ်ရှိသလား မရှိဘူးလားဆိုရင် ရှိတာပေါ့။ ပညာရှိတွေက ချီးမွမ်းသလား ကဲ့ရဲ့သလားဆိုရင် ကဲ့ရဲ့တာပေါ့။ ဒေါသကို ဘယ်သူကမှ မချီးမွမ်းဘူး။ ဘယ်ပညာရှိကမှ ဟေ့ ဒေါသဆိုတာ ကောင်းတယ်။ စိတ်ဆိုးတာ ကောင်းတယ်လို့ ဘယ်သူမှ မပြောဘူး။

ပြောကြမယ်လို့ရှိရင် ပြောကြ၊ သည်းခံကြ၊ သည်းခံကြ။ စိတ်မဆိုးကြနဲ့၊ တစ်ယောက်နဲ့တစ်ယောက် သင့်အောင်နေကြ။ ဒါပဲပြောမှာ။ ။

လူကြီးသူမတွေက မင်းတို့ ရန်ဖြစ်ကြ။ တစ်ယောက်နဲ့တစ်ယောက် မတည့်ကြနဲ့။ မုန်းကြလို့ ဘယ်သူမှ မဟောဘူးနော်။ အေး ထို့အတူပဲ လောဘဆိုတဲ့ သဘောတရားလည်း စဉ်းစားကြည့်၊ လောဘဆိုတဲ့ သဘောတရားဟာ ကောင်းသလားလို့။ ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်လိုက်လို့ရှိရင် အေး လူဆိုတာ လောဘတော့ ရှိမှာပဲ၊ ကိုယ့်ပစ္စည်းကို နှမြောတာ။
စာမျက်နှာ-၂၉
ကိုယ့်ပစ္စည်းကို လိုချင်တာ။ ကိုယ့်သားမယားအပေါ် ကိုယ်တပ်မက်တာ။ ကိုယ့်မိသားစုအပေါ် ကိုယ်တွယ်တာ။ ဒါအပြစ်လားလို့ မေးကြလိမ့်မယ်။

အပြစ်ဆိုသည်မှာ မကောင်းတဲ့အကျိုးကို သယ်ဆောင်လာတတ်တဲ့ သဘောကိုပြောတာ။ လောဘရှိလို့ ကိုယ်ပစ္စည်းကို နှမြောတာ။ ကိုယ်ပစ္စည်းကို တွယ်တာတာ။ ကိုယ့်မိသားစုအပေါ် တွယ်တာတာ အပြစ်မရှိဘူးလို့ ထင်သလား၊ အပြစ်ရှိတယ်။ ဘယ်လိုအပြစ်ရှိတုန်းဆိုရင် အဲဒီတွယ်တာမှုက သောကဆိုတဲ့ ဆိုးကျိုးကို ယူလာတတ်တယ်၊ ဘယ်သူက ယူလာတာလဲဆိုတော့ လောဘက ယူလာတာ။ ဒါအနည်းဆုံး အပြစ်ပဲ၊ တွယ်တာတဲ့နေရာမှန်သမျှ သောကဆိုတာ လာတာပဲ။ သောကဆိုတာ ကောင်းသလားဆိုတော့ မကောင်းဘူး။ စိတ်ပူစေတယ်။

အသက်အရွယ်ကြီးတဲ့သူတွေဆို ပိုဆိုးတယ်။ မိဘ
စာမျက်နှာ-၃၀
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသတို့ဟာ သားသမီးတွေနဲ့ ပက်သက်လာရင် အချိန်တန်လို့ အိမ်ပြန်ရောက်ရင်ရောက်၊ အိမ်ပြန်မရောက်ဘူးဆိုရင် တမျှော်မျှော်နဲ့ အိပ်မပျော်ဖြစ်လာတယ်။ အမျိုးမျိုးတွေးတယ်လေ။ အပြင်ထွက်သွားပြီဆိုရင်တဲ့ ဘာများဖြစ်လာမတုန်းတဲ့။

ကားရှိတဲ့ပုဂ္ဂိုလ်ကလည်း ကားမောင်းသမားနဲ့ အပြင်လွှတ်လိုက်ရပြီဆိုရင် ကားအိမ်ပြန်မရောက်မချင်းတဲ့ တိုက်များလာမလား။ မှောက်များလာမလားနဲ့ သောကဖြစ်လာရတယ်။ မဖြစ်ဘူးလား။ ။

ပစ္စည်းရှိတဲ့သူကလည်း ပစ္စည်းအတွက်ကြောင့်ကြ၊ သားသမီးရှိတဲ့သူကလည်း သားသမီးအတွက်ကြောင့်ကြ။ အဲဒါ လောဘကပေးတဲ့ ပြဿနာတွေပေါ့။ လောဘကပေးတဲ့ problems တွေပဲ။ လောဘမရှိဘူးဆိုရင် ဒါတွေငြိမ်းနေမှာ သေချာတယ်။ မြတ်စွာဘုရားက ဟောထားတယ် ပိယတော ဇာယတေ သောကော တဲ့၊ ဟော ရှင်းရှင်းလေးပဲ။ ချစ်ခင်တွယ်တာမှုသည်
စာမျက်နှာ-၃၁
သောကကို မွေးဖွားပေးတတ်သည်တဲ့၊ လူတွေကတော့ သောကကင်းဝေးနေထိုင်ရေးဆိုကာ ကြိုးစားကြတယ်။ သို့သော် ချစ်ခင်တွယ်တာမှုကိုတော့ မလျှော့ဘူး။ ချစ်ခင်တွယ်တာမှုကို မလျှော့ဘဲနဲ့။ သောကကို ဘယ်လျှော့လို့ရမှာတုန်း။ အကြောင်းနဲ့ အကျိုးက ဆက်နေတာကိုး။

ကဲ ဒီတော့ ကိုယ့်လောဘ ကိုယ် control လုပ်ရင်လုပ်။ မလုပ်ရင် ဘာဖြစ်လာမတုန်းဆိုတော့ ကိုယ့်ပစ္စည်းကို လိုချင်တဲ့ လောဘတင်မကဘူး သူများပစ္စည်းကို လိုချင်တဲ့လောဘ ဖြစ်လာပြီဆိုရင်တော့ ပြဿနာတွေ ဖြစ်လာမှာပဲ။ ခိုးမှုတွေ ဓါးပြတိုက်မှုတွေ ရာဇဝတ်မှု ကျူးလွန်မှုတွေဟာ အဲဒီလောဘကြောင့် ဖြစ်ရတာ။ အဲဒီတော့ လောဘရဲ့ အပြစ်က ဘယ်လောက်ထင်ရှားလဲ၊ အဲဒါကြောင့်မို့လို့ ပညာရှိတွေက လောဘကို မကောင်းဘူးလို့ ပြောကြတာ။ ဒါလက်တွေ့ပဲလေ။
စာမျက်နှာ-၃၂
မကောင်းတဲ့ လောဘကို မထိန်းနိုင်ဘူးဆိုရင် ထိုပုဂ္ဂိုလ်သည် သာမန်လူကောင်းတစ်ယောက်ကနေ သူခိုးလို့ သမုတ်ခံရမယ်။ သူခိုးဘဝရောက်သွားပြီ၊ ဓားပြဆိုတဲ့ဘဝရောက်သွားပြီ။ ဘယ်သူကပေးလိုက်တဲ့နာမည်လဲဆိုတော့ လောဘကပေးတဲ့နာမည်ပဲ။ အကယ်၍သာ သူများပစ္စည်းလိုချင်တဲ့ လောဘမျိုးမရှိဘူးဆိုရင် သူသည် သူခိုးဓားပြအဖြစ် ဘယ်နည်းနဲ့မှ မရောက်နိုင်ဘူး။

ထို့အတူပဲ မောဟဆိုတဲ့ သဘာဝတရားရှိတယ်။ သူက ယဉ်ယဉ်ကလေးရယ်။ မောဟဆိုတာ အေးတွေဝေနေတာ၊ ဘာပြဿနာမှမရှိဘူးလို့ ထင်ရတယ်။ မောဟကမှ ပိုပြဿနာကြီးတာ။ သူက လုပ်သင့်တာရယ် မလုပ်သင့်တာရယ် မသိဘူး။ မသိတော့ ဘာတွေဖြစ်လဲဆိုတော့ မလုပ်သင့်တာတွေလုပ်တယ်။ လုပ်သင့်တာတွေ မလုပ်ဘူး။ အဲဒီတော့ မလုပ်သင့်တာကို လုပ်လို့ရှိရင် အပြစ်ဖြစ်သလို လုပ်သင့်တာကို
စာမျက်နှာ-၃၃
မလုပ်လို့ရှိရင်လည်း အပြစ်ဖြစ်တယ်။ အဲဒီနှစ်ခုဟာ အတူတူပဲ။

လုပ်သင့်တာ မလုပ်ရင်။
လူတွေကတော့ ထင်ကြတယ်။ ဟာ ဒီလူက မလုပ်သင့်တာတွေ လုပ်တာကိုး။ ဒါကြောင့် ပြဿနာတက်တာပေါ့လို့ ပြောကြတယ်။ မလုပ်သင့်တာကို လုပ်ရင်သာ အပြစ်ဖြစ်တယ် ထင်နေကြတာ။ လုပ်သင့်တာ မလုပ်ရင်လည်းပဲ အပြစ်ပဲ။ ဆုံးရှုံးနစ်နာတာ အတူတူပဲ။ အဲဒါ ဘယ်သူကြောင့် ဒီလိုဖြစ်ရတာတုန်းဆိုတော့ မောဟကြောင့်ဖြစ်ရတာ။ မလုပ်သင့်တာကို လုပ်တယ်။ လုပ်သင့်တာကို မလုပ်ဘူး။ သည့်အတွက် ဆုံးရှုံးနစ်နာမှုတွေ မြောက်မြားစွာဖြစ်လာတယ်။

စဉ်းစားကြည့်၊ စဉ်းစားကြည့်လိုက်၊ ဟောဒီ လောဘတို့ ဒေါသတို့ မောဟတို့ဆိုတဲ့ လူတွေရဲ့ သန္တာန်မှာဖြစ်တဲ့
စာမျက်နှာ-၃၄
သဘာဝတရားတွေဟာ ကုသိုလ်လား အကုသိုလ်လားဆိုတာ ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်။ ကုသိုလ်ဆိုတာ ကောင်းကျိုးချမ်းသာတွေကိုပေးတဲ့ သဘောတရား၊ အကုသိုလ်ဆိုတာ မကောင်းကျိုးကိုပေးတဲ့ သဘောတရား၊ မကောင်းကျိုးဆိုတာ ကိုယ့်ရဲ့သန္တာန်မှာဖြစ်တဲ့ problems တွေပဲ။ လူတစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူး။ problem အမျိုးမျိုး တက်စေတယ်။ အဲဒီတော့ အဖြေထုတ်ကြည့်လိုက်ရင် ကောင်းကျိုးပေးတာ မရှိဘူး၊ မကောင်းကျိုးပေးတာသာရှိတယ်။

လောဘကလည်း မကောင်းတဲ့အကျိုးကို သယ်ဆောင်တယ်။ ဒေါသကလည်း မကောင်းတဲ့အကျိုးကို သယ်ဆောင်တယ်။ မောဟကလည်း မကောင်းတဲ့အကျိုးကို သယ်ဆောင်တယ်။ ဒါ့ကြောင့်မို့လို့ အပြစ်ရှိသလား၊ မရှိဘူးလားဆိုရင် အပြစ်ရှိတယ်။ ပြဿနာမဖြစ်စေဘူးလားဆိုရင် ဖြစ်စေတဲ့တရားတွေချည်းပဲ။ ပညာရှိတွေက ကဲ့ရဲ့ရှုံ့ချတဲ့တရားလား၊ ချီးမွမ်းတဲ့
စာမျက်နှာ-၃၅
တရားလားဆိုရင် ကဲ့ရဲ့တဲ့တရား။ အေး ဒီတရားမျိုးကို လက်ခံကျင့်သုံးနေတဲ့ လူတစ်ယောက်ဟာ ကောင်းကျိုးချမ်းသာတွေ ရသလားဆိုတော့ မရဘူး။ ဒါလက်တွေ့ ကိုယ်ကိုယ်တိုင် ဆင်ခြင်စဉ်းစားလို့ရတဲ့ အချက်နဲ့ အဖြေထုတ်တာ။

ဒီနေရာမှာ tradition နဲ့ ဆုံးဖြတ်တာ မဟုတ်ဘူးနော်။ စာပေကျမ်းဂန်နဲ့လည်း ဆုံးဖြတ်တာလည်း မဟုတ်ဘူး။ logic နည်းနဲ့တွေးပြီး ပြောတာလည်း မဟုတ်ဘူး။ လက်တွေ့နည်းနဲ့ပြောတာ။ ခုနကပြောတဲ့ conference ဆိုတဲ့ အနုမာနနည်းနဲ့လည်း မဟုတ်ဘူး။ ကိုယ်ကြိုက်လို့ပြောတာလည်း မဟုတ်ဘူး။ မှတ်သားထိုက်တယ်ဆိုတဲ့ အချက်ကြောင့်လည်း မဟုတ်ဘူး။ ဆရာကြီးရဲ့ စကားမို့ဆိုတာလည်း မဟုတ်ဘူး။ ကိုယ်တိုင်သိတဲ့ဉာဏ်နဲ့သာ ဆုံးဖြတ်တာဖြစ်တယ်။

ဒါ့ကြောင့်မို့ အမှန်တရားဆိုတာ ခုနကပြောတဲ့ tradition တို့၊ report တို့၊ hearsays တို့၊ supposition တို့
စာမျက်နှာ-၃၆
ဆုံးဖြတ်ရမဲ့အရာ မဟုတ်ဘူး၊ ကိုယ်တိုင် လက်တွေ့သိတဲ့ဉာဏ်နဲ့ ဆုံးဖြတ်ပါလို့ မြတ်စွာဘုရားက ဟောထားတယ်။

ကောင်းတယ် မကောင်းဘူး၊ လောဘ ဒေါသ မောဟတွေ ရှိနေတဲ့ လူပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းတာတွေ ရွေးလုပ်ဖို့ သူ့မှာ အင်မတန်မှ ခက်ခဲတယ်။ ကောင်းတယ် မကောင်းဘူးဆိုတာ ဘာနဲ့ဆုံးဖြတ်မလဲ။ ကောင်းတယ် မကောင်းဘူးဆိုတာကို ကြိုက်မကြိုက်နဲ့ ဆုံးဖြတ်လို့ရမလား။ ကိုယ်ကြိုက်ရင် ကောင်းတယ်။ ကိုယ်မကြိုက်ရင် မကောင်းဘူး။ ဒီလိုမဟုတ်ဘူး။

ဓမ္မပဒမှာ မြတ်စွာဘုရားက ဖွင့်ဆိုရှင်းပြထားတယ်။ မကောင်းမှုဆိုတာ ဘာပြောတာတုန်းဆိုတော့ န တံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ တဲ့၊ မကောင်းမှုဆိုတာ လုပ်ပြီးတဲ့နောက်မှာ စိတ်နှလုံးကို
စာမျက်နှာ-၃၇
ပူလောင်စေတတ်တဲ့ အရာမျိုး။ အေး တုန့်ပြန်လာတဲ့ အကျိုးကို ခံစားရတဲ့အခါမျိုးမှာ ငိုငိုယိုယိုနဲ့ ကြိတ်ပြီး ခံစားရတာမျိုးကို ဖြစ်ပေါ်စေတတ်တယ်။ အဲဒါဟာ မကောင်းမှုပဲ။

ကောင်းမှုဆိုတာကတော့ ဘယ်လိုဟာမျိုးလဲဆိုရင် တံ စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ လုပ်ပြီးတဲ့နောက်မှာ မှားလိုက်တာလို့ ဘာမှပူပန်စရာ မရှိဘူးတဲ့။ ယဿ ပတိတော သုမနော၊ ဝိပါကံ ပဋိသေဝတိ - အကျိုးတရားရလာတဲ့အခါ ဝမ်းမြောက်ပျော်ရွှင်စွာ ခံစားရတဲ့အခါ အဲဒါကောင်းမှုပဲ။

ကောင်းမှုနဲ့ မကောင်းမှုကို မြတ်စွာဘုရားက အဲဒီလိုစံထားပြီး ဟောထားတာ။

အလောဘ၊ အေး လောဘနဲ့ ဆန့်ကျင်ဘက်က အလောဘ၊ ဒေါသနဲ့ ဆန့်ကျင်ဘက်က အဒေါသ၊ မောဟနဲ့
စာမျက်နှာ-၃၈
ဆန့်ကျင်ဘက်က အမောဟ။ အလောဘဆိုတာ လောဘနဲ့ ဆန့်ကျင်ဘက်သဘောတရား၊ စွန့်လွှတ်နိုင်တယ်။ ပေးကမ်းနိုင်တယ်။ တွယ်တာမှုမရှိဘူး။ အလောဘဆိုတဲ့ အတွယ်အတာကင်းတဲ့ သဘောကလေး ဖြစ်လာပြီဆိုရင် စဉ်းစားကြည့်လေ ပူပန်မှုကလျော့ကျလာတယ်။ မတွယ်တာတာနဲ့ တစ်ပြိုင်နက် မပူပန်ဘူး။

ဆိုပါစို့။ ပစ္စည်းဥစ္စာကို သိပ်နှမြောတဲ့ပုဂ္ဂိုလ်၊ နှမြောတယ်ဆိုတာ ကိုယ့်ပစ္စည်းလေးကို စုံစုံမက်မက်နဲ့ သိပ်တွယ်တာတဲ့ပုဂ္ဂိုလ်နဲ့ ထိုပစ္စည်းအပေါ်မှာ အသုံးပြုရုံလောက်နဲ့ သိပ်မတွယ်တာတဲ့ပုဂ္ဂိုလ် အဲဒီနှစ်ဦးဟာ ထိုပစ္စည်းကို အကြောင်းပြုပြီးတော့ စိတ်ဖြစ်တာချင်း တူ မတူ မေးရင်၊ တွယ်တာတဲ့ပုဂ္ဂိုလ်က သောကဖြစ်တယ်။ မတွယ်တာတဲ့ပုဂ္ဂိုလ်က သောကမဖြစ်ဘူး။ အေးအေးဆေးဆေးနဲ့ ဘာမှမဖြစ်ဘူး။ သိပ်တွယ်တာလွန်းလို့ရှိရင် သိပ်သောကဖြစ်တယ်။
စာမျက်နှာ-၃၉
မိခင်တွေထဲမှာလည်း သားသမီးတွေပေါ်မှာ သိပ်ချစ်တဲ့ပုဂ္ဂိုလ်ဟာ အတွယ်အတာ သိပ်ကြီးလို့ရှိရင် သောကပိုကြီးတယ်။ တချို့မိဘက မှန်တန်းလောက်ပဲ သားသမီးတွေအပေါ်မှာ ထားတယ်။ ထားတဲ့မိခင် ဖခင်ဟာ သိပ်ပြီးသောက မဖြစ်ဘူးပေါ့။ သူ့ဖာသူနေတတ်ပြီ သူလည်းအရွယ်ရောက်ပြီဆိုပြီး ဖြေသိမ့်နိုင်တယ်။ အေး အလောဘဆိုတဲ့ ဒီသဘောတရား မိမိခန္ဓာမှာ ဖြစ်လာတာနဲ့ တစ်ပြိုင်နက် ကောင်းတာတွေကို စဉ်းစားတယ်။ အများကိုကူညီဖို့ စဉ်းစားလာတယ်။ ပတ်ဝန်းကျင်ကို ကူညီဖို့ စဉ်းစားလာတယ်။

အဒေါသ၊ အဒေါသဆိုတဲ့ အရာလေး ပေါ်လာတာနဲ့ တစ်ပြိုင်နက် မုန်းတီးမှုဆိုတာ မရှိဘူး။ အကျိုးစီးပွားလိုလားတဲ့ မေတ္တာဆိုတဲ့ သဘောတရားလေး ပေါ်လာတယ်။ အမုန်းတရားကင်းတဲ့ နှလုံးသားပိုင်ရှင်ဟာ ထာဝရငြိမ်းချမ်းတယ်။ နှလုံးသားထဲမှာ အမုန်းတရား
စာမျက်နှာ-၄၀
မရှိဘူးဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ဟာ အစဉ်ထာဝရ ငြိမ်းချမ်းနေတဲ့အတွက် ချမ်းသာအိပ်စက်၊ ချမ်းသာလျက်နိုး၊ အိပ်မက်ဆိုးကင်း၊ စောင့်ခြင်းနတ်များ၊ လူသားလည်းချစ်၊ နတ်လည်းချစ်လျက် - ဆိုတဲ့ အကျိုးတရားတွေရတယ်။

ဘာဖြစ်လို့ရတုန်းဆိုတော့ သူနှလုံးသားက အေးအေးဆေးဆေးပဲလေ၊ အပူအပင် သိပ်မရှိဘူး၊ သူတစ်ပါးအပေါ် မုန်းတာမရှိတဲ့အတွက်ကြောင့် စိတ်နှလုံးက အေးချမ်းနေတယ်၊ အေးချမ်းနေတော့ အိပ်စက်တဲ့အခါကျတော့လည်း ချမ်းချမ်းသာသာနဲ့ အိပ်စက်ရတယ်၊ အိပ်ရာကနိုးတဲ့အခါကျတော့လည်း ချမ်းချမ်းသာသာ အိပ်ရာကနိုးရတယ်။

အမုန်းမရှိဘူးဆိုတဲ့အတွက်ကြောင့် ဘယ်သူ့ကိုမှလည်း သူကမမုန်းဘူးဆိုတော့ သူ့နှလုံးသားဟာ အင်မတန်မှ အေးချမ်းတယ်။ အိပ်မက်ဆိုးကင်းတယ်။ အမုန်းတရားကင်းပြီးတော့ ကြည်လင်အေးမြနေတဲ့
စာမျက်နှာ-၄၁
ဘဝခရီးတွင် ရွေးချယ်ရမယ့်လမ်း နှလုံးသားပိုင်ရှင်ဟာ စိတ်ခြောက်ခြားဖွယ်ရာ အိပ်မက်ဆိုးတွေ ဘယ်တော့မှမမက်ဘူး၊ nightmares တွေ မမက်ဘူး။

စောင့်ခြင်းနတ်များ၊ လူသားလည်းချစ်၊ နတ်လည်းချစ်လျက် ဆိုတဲ့အတိုင်း ချစ်မှာပေါ့၊ အမုန်းတရားမရှိတဲ့ နှလုံးသားပိုင်ရှင်ရဲ့ မျက်နှာဟာ အစဉ်ထာဝရ ကြည်ပြီးတော့နေတာ၊ မုန်းတီးမှုရှိတဲ့ပုဂ္ဂိုလ်ရဲ့ မျက်နှာကျတော့ အဲဒီလိုမဟုတ်ဘူး။ ဘေးလူက မြင်ရရင် မျက်နှာကြည့်လိုက်တာနဲ့ သိသာတယ်။ ဒါကြောင့်မို့ အဲဒီလိုလူမျိုးကို အရပ်ထဲမှာ ပြောတယ်မို့လား၊ "သူ့လုပ်စာ စားနေရတဲ့အတိုင်းပဲ၊ မျက်နှာထားက ဆိုးလိုက်တာ" တဲ့။ ဟုတ်တယ်မို့လား၊ မျက်နှာတင်းမာနေတဲ့ ပုဂ္ဂိုလ်တွေကို ပတ်ဝန်းကျင်က အလိုအလျောက်ကို မုန်းတယ်။

သူ့ကို ဘာဖြစ်လို့မုန်းလည်းဆိုရင် သူ့မျက်နှာက တင်းမာနေတာကို၊ သူ့နှလုံးသားကလည်း ကြည်လင်
စာမျက်နှာ-၄၂
အေးချမ်းမှုမရှိတဲ့အတွက်ကြောင့် ဘယ်သူ့ကိုမှ ပြုံးမပြနိုင်ဘူး၊ ပြုံးမပြနိုင်သည့်အတွက်ကြောင့် ဆက်ဆံရေးတွေ ကျလာတယ်။ ချစ်ခင်တဲ့ပုဂ္ဂိုလ်နည်းလာတယ်။ ဒါမျိုးဟာ ဆက်ဆံရေးကိစ္စမှာ အင်မတန်မှ ထင်ရှားတယ်။ အေး ဒီလို အဒေါသဆိုတဲ့ သဘာဝတရားဟာ ဒေါသကို ဖယ်ရှားပစ်နိုင်ပါတယ်။ ။

အလောဘဆိုတဲ့ သဘာဝတရားဟာလည်း လောဘကိုဖယ်ရှားပစ်နိုင်သလို၊ လောဘကို ဖယ်ရှားချင်တယ်ဆိုရင် အလောဘကို ထူထောင်ရသလို ကိုယ့်ရဲ့စိတ်ထဲမှာ ဒေါသဆိုတဲ့ အမုန်းတရားကို ဖယ်ရှားပစ်ချင်တယ်ဆိုရင်လည်း အဒေါသဆိုတဲ့ မေတ္တာတရား မိမိရဲ့နှလုံးသားထဲမှာ တည်ဆောက်ရတယ်။ တည်ဆောက်ခြင်းဖြင့်သာ ဖယ်ရှားပစ်နိုင်ပါတယ်။ ။

ရောဂါဖြစ်ရင် ဘာလုပ်ရလဲ၊ ထိုရောဂါပျောက်တဲ့ဆေး သောက်ရတာပေါ့။ ဆေးကသာ ရောဂါကို ဖယ်
စာမျက်နှာ-၄၃
ရှားနိုင်တာပေါ့။ ထို့အတူပဲ သဘာဝတရားတွေမှာလည်းပဲ အပြန်အလှန်တွေ ရှိတယ်။ လောဘကို ဖယ်ရှားချင်တယ်ဆိုရင် အလောဘကို တည်ဆောက်ရမယ်။ သူတို့နှစ်ခုဟာ အလင်းနဲ့ အမှောင်လိုပဲ။ အတူတူမဖြစ်ဘူး။ အမှောင်ရှိနေရင် အလင်းမရှိဘူး။ အလင်းရှိနေရင် အမှောင်မနေဘူး။ ပြိုင်တူမဖြစ်နိုင်ဘူး။

အမောဟ၊ အလောဘသည် လောဘကို ဖယ်ရှားပစ်တယ်။ အဒေါသဆိုတဲ့ မေတ္တာတရားသည် ဒေါသကို ဖယ်ရှားပစ်တယ်။ အမောဟဆိုတဲ့ ဉာဏ်ပညာကလည်း မောဟကို ဖယ်ရှားပစ်နိုင်တယ်။

အစစအရာရာမှာ အမောဟကနေ မောဟကို ဖယ်ရှားပစ်လိုက်လို့ရှိရင် ထိုပုဂ္ဂိုလ်သည် လုပ်သင့်မလုပ်သင့် ရှင်းရှင်းကြီး မြင်လာပြီ။ မြင်လာသည့်အတွက်ကြောင့် မလုပ်သင့်တာကို သူရှောင်မယ်။ လုပ်သင့်တာ
စာမျက်နှာ-၄၄
ကို သူလုပ်မယ်။ လုပ်သင့်တာကို လုပ်သည့်အတွက်ကြောင့် ကောင်းကျိုးချမ်းသာတွေ ရမယ်။ မလုပ်သင့်တာကို မလုပ်သည့်အတွက်ကြောင့် ဆိုးကျိုးတွေ မဖြစ်ဘူး။ ဒါဟာ အမောဟရဲ့ အစွမ်းသတ္တိပဲ။

ဒါကြောင့်မို့လို့ အဒေါသ၊ အလောဘ၊ အမောဟဆိုတဲ့ ဒီသဘာဝတရားတွေဟာ ဆိုးကျိုးကို ဖြစ်စေနိုင်တဲ့ အကုသိုလ်လား၊ ကောင်းကျိုးကို ဖြစ်ပေါ်စေတဲ့ ကုသိုလ်လားဆိုတာ သိပြီပေါ့။ ကိုယ့်ဟာကိုယ် ဆင်ခြင်စဉ်းစားကြည့်လိုက်၊ ပညာရှိတွေကဲ့ရဲ့တဲ့တရားလား၊ ချီးမွမ်းတဲ့တရားလားဆိုတော့ ပညာရှိတွေချီးမွမ်းတဲ့တရားပဲ၊ လက်တွေ့လိုက်နာကျင့်သုံးလိုက်မယ်ဆိုရင် ကောင်းကျိုးချမ်းသာကို ရစေနိုင်မယ်ဆိုတဲ့တရားဆိုတာ သိပြီလေ။

အဲဒီလိုဆုံးဖြတ်ချက်ဟာ tradition နဲ့လည်း မဆိုင်ဘူး၊ hearsays ဆိုတဲ့ တစ်ဆင့်ကြားစကားနဲ့လည်း မဆိုင်ဘူး၊ ဣတိကိရဆိုတဲ့ report နဲ့လည်း
စာမျက်နှာ-၄၅
မဆိုင်ဘူး၊ ပိဋကသမ္ပဒါဆိုတဲ့ စာပေကျမ်းဂန်လာတယ်ဆိုတာတွေနဲ့လည်း ဆိုင်တာမဟုတ်ဘူး၊ စာပေမှာပါလို့ဆိုတာနဲ့လည်း မဆိုင်ဘူး၊ logic နည်းနဲ့ စဉ်းစားဆင်ခြင်တာလည်း မဟုတ်ဘူး၊ နယဆိုတဲ့ အနုမာနနည်းနဲ့ စဉ်းစားဆင်ခြင်တာလည်း မဟုတ်ဘူး၊

ကြောင်းကျိုးဆင်ခြင်ပြီးတော့ အကြောင်းပြတာလည်း မဟုတ်ဘူး၊ တကယ့်ကို ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်တဲ့၊ သိလာတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ဒီလို ကိုယ့်ဟာကိုယ် သိအောင်လုပ်ရမှာ။

ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ပြီးတဲ့နောက် တစ်ခုခုလုပ်ရမှာပါ။ ဘာလုပ်ရမလဲဆိုတော့ မကောင်းဘူးလို့သိရင် စွန့်ပစ်။ ကောင်းတယ်လို့သိရင် လက်ခံကျင့်သုံး။ ဒါ ကိုယ်လုပ်ရမယ့်အလုပ်ပါပဲ။

ရွေးချယ်ရမယ့်လမ်းကို မြတ်စွာဘုရားက ကာလာမအမျိုးသားတွေအား လမ်းညွှန်ချက်တွေ ပေးနေတာ။ အမှန်တရားကို ရှာတဲ့အခါမှာ hearsays
စာမျက်နှာ-၄၆
ဆိုတဲ့ တစ်ဆင့်ကြားစကားနဲ့လည်း မရှာနဲ့၊ tradition ဆိုတာနဲ့လည်း မရှာနဲ့၊ စာပေကျမ်းနဲ့လည်း မရှာနဲ့၊ ဆရာ့စကားဆိုပြီးတော့လည်း လက်ခံမထားနဲ့၊ ကိုယ်တိုင်ဉာဏ်နဲ့ အမှန်တရားကို ရှာပါတဲ့၊ ဒါ မြတ်စွာဘုရားက ဟောကြားခဲ့တာ၊ ကိုယ်တိုင်ဉာဏ်နဲ့ ရှာလို့ရှိရင် အဖြေထွက်လာလိမ့်မယ်။

အဖြေထွက်တာကို ကြည့်ပြီး မကောင်းဘူးလို့ အဖြေထွက်ရင် ချက်ချင်းစွန့်လွှတ်ရမယ်၊ လောကလူတွေက အဲဒီလိုမဟုတ်ဘူးလေ၊ မကောင်းမှန်းတော့ သိသားပဲ၊ ဒါကလေးက ဒို့ရဲ့ tradition ပဲ၊ အစဉ်အလာယုံကြည်ချက်ပဲဆိုပြီး မစွန့်နိုင်ကြဘူး။ ဒါကတော့ စာထဲပါတာ။ ဒါလေးကတော့ ယုတ္တိရှိသားပဲ၊ ကြောင်းကျိုးညီညွတ်သားပဲဆိုပြီးတော့ လက်ခံထားကြတယ်။

မြတ်စွာဘုရားက အမှန်တရားရှာတယ်ဆိုတာ အဲဒီလိုမဟုတ်ဘူး၊ နည်းလမ်းမမှန်ဘူး၊ ဒါ မကောင်း
စာမျက်နှာ-၄၇
ဘူးလို့ သိလိုက်တာနဲ့တစ်ပြိုင်နက် စွန့်လိုက်ပါတဲ့၊ အေး ကောင်းတယ်လို့ သိလို့ရှိရင်လည်းပဲ လက်ခံကျင့်သုံးလိုက်ပါတဲ့၊ နှောင့်နှေးကြန့်ကြာမနေပါနဲ့။ လူတွေကတော့ အဲဒီလိုမဟုတ်ဘူး။ မကောင်းမှန်းတော့သိတယ်။ ကျင့်သုံးဖို့ကျတော့ လက်တွန့်နေတယ်။ မြတ်စွာဘုရားရဲ့ လမ်းညွှန်ချက်က အမှန်တရားကို ရှာလို့တွေ့လာပြီး ကိုယ့်ဟာမှားမှန်းသိရင် ချက်ချင်းစွန့်ပါ၊ မှန်တယ်ဆိုရင်လည်း လိုက်နာပြီးကျင့်သုံးပါတဲ့။ ဒါ လူတစ်ယောက်အတွက် ကိုယ်တစ်ဦးတည်းအတွက် လုံလောက်နေပြီ။ သို့သော် မြတ်စွာဘုရားက ကာလာမသုတ်မှာ ဆက်ဟောသေးတယ်။

လူဆိုတာ တစ်ယောက်တည်းနေတာ မဟုတ်ဘူး။ အနည်းဆုံးတော့ မိသားစုနဲ့နေတာ။ society တွေရှိတယ်။ ကိုယ့်မိသားစုရှိသလို ပတ်ဝန်းကျင်က ဆွေမျိုးသားချင်းတွေရှိတယ်။ မိတ်ဆွေသင်္ဂဟတွေရှိတယ်။ လူဆိုတာ အပေါင်းအသင်းနဲ့နေတာ။
စာမျက်နှာ-၄၈
ရပ်ကွက်ထဲမှာ အပေါင်းအသင်းနဲ့နေတဲ့အခါကျတော့ ဘယ်လိုနေရမလဲဆိုတဲ့ လမ်းညွှန်ချက်ကို မြတ်စွာဘုရားက ဒီသုတ်မှာ ဆက်ပြီးတော့ဟောတယ်။

အကောင်းဆုံးနေနည်း အပေါင်းအသင်းနဲ့နေလို့ရှိရင်၊ လူတွေကြားမှာနေရင် အမုန်းတရားကို ဖယ်ရှားပစ်ပြီး society member တွေရဲ့ ကောင်းကျိုးချမ်းသာကို လိုလားလိုက်ပါ။ အများကောင်းကျိုးကို ငါဆောင်ရွက်မယ်ဆိုတဲ့ စိတ်လေးမွေးထားပါတဲ့။ အဲဒါကို မေတ္တာလို့ခေါ်တယ်။ အဲဒီမေတ္တာတရားနဲ့ society ထဲမှာ နေပါလို့ ဟောထားတယ်။

မေတ္တာ။ အဲဒီလိုမေတ္တာတရားနဲ့ နေတဲ့ထဲမှာ တစ်ခါတစ်ရံ ဒုက္ခရောက်လာတဲ့ ပုဂ္ဂိုလ်တွေနဲ့တွေ့လာတတ်တယ်၊ အဲဒီလိုတွေ့လာတဲ့အခါမှာ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်ကို ရ
စာမျက်နှာ-၄၉
အဲဒီဒုက္ခက လွတ်ရာလွတ်ကြောင်း ဝိုင်းဝန်းကူညီဖြေရှင်းပေးပါ။ အဲဒါဟာ ကရုဏာ (compassion) တဲ့၊ ဒါ့အပြင် society ထဲမှာ တချို့ကျတော့ အောင်မြင်ကြီးပွားနေတဲ့ ပုဂ္ဂိုလ်တွေရှိတတ်တယ်။ အဲဒီလိုအောင်မြင်ကြီးပွားနေတဲ့ ပုဂ္ဂိုလ်တွေအပေါ်ကျတော့ ဝမ်းမြောက်လိုက်ပါတဲ့။ အဲဒါဟာ မုဒိတာ (appreciative joy) ပဲ။ သဘောပေါက်ပြီးတော့ ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းပါ။ အဲဒီလို ဝမ်းမြောက်ဝမ်းသာမဖြစ်ရင် ဘာဖြစ်မလဲ၊ jealousy တွေဖြစ်မယ်။ မနာလိုဝန်တိုမှုတွေ ဣဿာတွေဖြစ်တယ်။

မေတ္တာမထားနိုင်ဘူးဆိုလို့ရှိရင် အမုန်းတရားတွေ ကိုယ့်ရဲ့နှလုံးသားထဲမှာ ရောက်လာမယ်။ ရောက်လာတာနဲ့တစ်ပြိုင်နက် အကြင်နာတရားဆိုတာ မလာတော့ဘူး၊ ကြီးပွားလာတဲ့ ပုဂ္ဂိုလ်နဲ့တွေ့ရင်လည်းပဲ ဝမ်းသာမှုဆိုတာမဖြစ်ဘူး၊ မဖြစ်ရင် စည်းလုံးညီညွတ်ရေးဆိုတာ ဘယ်လိုမှမရနိုင်ဘူး။
စာမျက်နှာ-၅၀
ဒီကနေ့ကမ္ဘာကြီးက လူထုတွေမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဒီတရားတွေမပွားများဘဲနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ရှာနေရင် ဘယ်တော့မှမတွေ့နိုင်ဘူး။ ကမ္ဘာ့ငြိမ်းချမ်းရေးကို မပြောနဲ့ မိသားစုထဲတောင် ငြိမ်းချမ်းရေးကို မတွေ့နိုင်ဘူး။ ဒီတရားမပါဘဲနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး မရနိုင်ဘူး။ ဒီတရားပါမှသာလျှင် ငြိမ်းချမ်းရေးအစစ်ကို ရနိုင်တယ်။

ဥပေက္ခာ။ ကိုယ်ကိုယ်တိုင် ပထမဆုံးငြိမ်းချမ်းအောင်လုပ်ရမယ်၊ ကိုယ်ကိုယ်တိုင်ငြိမ်းချမ်းချင်ဖို့ ဘာလုပ်ရမလဲဆိုရင် ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေရဲ့အကျိုးကို လိုလားတဲ့ မေတ္တာထားပါ၊ ဆင်းရဲဒုက္ခရောက်လာတဲ့ ပုဂ္ဂိုလ်ကို ကူညီပါ။ ကရုဏာထားပါ၊ ချမ်းသာတဲ့ပုဂ္ဂိုလ်ကို ဝမ်းမြောက်ဝမ်းသာဖြစ်ပါ၊ မုဒိတာပွားပါ။ လူ့လောကဆိုတာ ချမ်းသာတာလည်း သူ့ကံနဲ့သူပဲ၊
စာမျက်နှာ-၅၁
ဆင်းရဲတာလည်း သူ့ကံနဲ့သူပဲ၊ စိတ်လှုပ်ရှားမှုကင်းကင်းနဲ့ အေးအေးချမ်းချမ်းနေချင်တယ်ဆိုရင်တော့ ဥပေက္ခာပွားပါ။

ဥပေက္ခာရဲ့သဘောတရားကို မြန်မာလူမျိုးတွေက အဓိပ္ပာယ်ကောက်လွဲနေတယ်၊ မခေါ်မပြော၊ ဂရုမစိုက်ဘဲနေတာကို ဥပေက္ခာလို့ ထင်နေကြတယ်။ အမှန်မှာ ဥပေက္ခာက မေတ္တာထက်လည်းသာတယ်၊ ကရုဏာထက်လည်းသာတယ်။ မုဒိတာထက်လည်းသာတယ်။

ဥပေက္ခာဆိုတဲ့ သဘောတရားက လူဆိုတာ သူ့ကံနဲ့သူဖြစ်တာ။ ဆဲသွားရင်လည်း ငါ့ဆဲရမလားလို့ စိတ်မဆိုးနဲ့။ ဥပေက္ခာသမားသည် လာရောက်ပြီးတော့ ချီးမွမ်းပြီးတော့ အကူအညီပေးရင်လည်း အော် ဒီကောင်က တော်တယ်၊ ငါ့ကိုချီးမွမ်းဖော်ရတယ်၊ ငါ့ကိုကူညီဖော်ရတယ်ဆိုပြီးတော့လည်း ဝမ်းမသာဘူး၊ ဆိုလိုတာက စိတ်ဓာတ်အလွန်တည်ငြိမ်တဲ့ ပုဂ္ဂိုလ်အနေအထားမျိုးကို ဥပေက္ခာလို့ခေါ်တယ်။ စိတ်ဓာတ်
စာမျက်နှာ-၅၂
အလွန်တည်ငြိမ်တယ်။ စိတ်ဓာတ်တည်ငြိမ်ပြီး လူကို လျစ်လျူမရှုဘူး၊ လူ့ရဲ့အပြုအမူကိုသာ လျစ်လျူရှုပြီး လုပ်သင့်တာလုပ်တယ်။

ဆိုပါစို့ လူတစ်ယောက် အကူအညီလိုနေတယ်။ ဒုက္ခရောက်နေတယ်။ သို့သော် သူက ဆဲပြီးတော့ခိုင်းတယ်။ စိတ်မဆိုးဘူး။ လုပ်ပေးတယ်။ တစ်ယောက်က ချော့ပြီးတော့ခိုင်းတယ်။ ဝမ်းမသာဘူး၊ လုပ်ပေးတယ်။ အဲဒါ ဥပေက္ခာ။ ဝမ်းသာတယ်တို့ စိတ်ဆိုးနေတယ်တို့ဆိုတာက စိတ်မှာတည်ငြိမ်မှုမရှိတာကို ပြတယ်။ တည်ငြိမ်မှုမရှိတဲ့ သဘောကိုပြနေတာ။

ဥပေက္ခာမှာ တည်ငြိမ်မှုမရှိဘူးဆိုတာ မရှိဘူး။ ဒါကြောင့်မို့ ဥပေက္ခာကို ဘာသာပြန်တဲ့အခါမှာ (equanimity) နဲ့ mental calmness၊ စိတ်ကတည်ငြိမ်နေတာ၊ စိတ်ဓာတ်တည်ငြိမ်နေတာ။ အခု မြန်မာတွေက ဘယ်လိုအဓိပ္ပာယ်ကောက်လဲဆိုလို့ရှိရင်တော့ ဥပေက္ခာဆိုတာ အေး ကိုယ်နဲ့မတည့်တဲ့သူ
စာမျက်နှာ-၅၃
ဒီကောင် မခေါ်မပြောဘဲ နေလိုက်တယ်၊ ဥပေက္ခာပြုထားတယ်၊ မခေါ်မပြောဘူး၊ စကားလည်းမပြောဘူး၊ သူ့ဘာမှမလုပ်ဘူး၊ အဲဒါ ဥပေက္ခာ။ ဒီလိုပဲ မဟုတ်ဘူး။ အဲဒီဥပေက္ခာက တစ်မျိုး၊ ဒီမွန်မြတ်တဲ့ဥပေက္ခာ မဟုတ်ဘူး။

မွန်မြတ်တဲ့ဥပေက္ခာဆိုတာ တစ်ဖက်သားလုပ်တာကို ဂရုစိုက်ပြီးတော့မနေဘူး၊ လုပ်သင့်တာလုပ်တယ်၊ ဒါမှတစ်ကယ့်ဥပေက္ခာ၊ ဆဲလည်းဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်မယ်၊ ချီးမွမ်းရင်လည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်မယ်၊ လုပ်သင့်တာကိုလုပ်ပေးတယ်။ စိတ်ဓာတ်ကတော့ တည်တည်ငြိမ်ငြိမ်ထားတယ်၊ ဒါမှတစ်ကယ့်ဥပေက္ခာပါ။

ဆိုလိုတာက ဥပေက္ခာသည် လူပုဂ္ဂိုလ်ကို လျစ်လျူရှုတာမဟုတ်ဘူးတဲ့။ ပုဂ္ဂိုလ်လုပ်တဲ့အပြုအမူကို လျစ်လျူရှုတာ။ သူပြောချင်တာတွေ ပြောပါစေ ဂရုမစိုက်ဘူး။ ငါလုပ်သင့်တာ ငါလုပ်သွားမယ်။ အဲဒါမှ ဥပေက္ခာ။
စာမျက်နှာ-၅၄
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ကြည်လေ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဝဓကေ ဒေဝဒတ္တဉ္စ၊ စောရေ အင်္ဂုလိမာလကေ။ နေပါလေ ရာဟုလေ စ၊ သဗ္ဗတ္ထ သမဏာ မုနိ။ မြတ်စွာဘုရားကို သတ်ဖို့ ကြိုးစားတဲ့ ဒေဝဒတ်၊ နောက်က ဓားကြီးနဲ့ ခုတ်မလို့လိုက်တဲ့ အင်္ဂုလိမာလ၊ ထိုးသတ်မလို့လာတဲ့ နာဠာဂိရိဆင်ကြီး၊ ရာဟုလာသားတော်၊ အဲဒီလေးယောက်အပေါ်မှာ စိတ်ဓာတ်တူညီအောင် ထားနိုင်တယ်ဆိုတာ စဉ်းစားသာကြည့်။

ဘုန်းကြီးတို့တစ်တွေ ထားနိုင်မှာလား။ တစ်ညီတည်းကို စိတ်ထားနိုင်တာ။ အဲဒါ ဥပေက္ခာပေါ့။ ခွဲခြားပြီးတော့ မမြင်တော့ဘူး။ သတ်ဖို့ ဓားထမ်းပြီးတော့ လိုက်တဲ့လူသတ်သမားနဲ့ သားတော်ရာဟုလာ ခွဲခြားပြီးမမြင်ဘူး။ တူတူပဲ၊ စိတ်ဓာတ်တည်ငြိမ်နေတာ။ ဘာဖြစ်လို့ မြတ်စွာဘုရား စိတ်ဓာတ်တည်ငြိမ်တုန်း
စာမျက်နှာ-၅၅
ဆိုတော့ ဘုရားမှာ လောဘ၊ ဒေါသမှမရှိတာ။ ဘက်လိုက်တယ်ဆိုတာ လောဘတို့၊ ဒေါသတို့၊ မောဟတို့ရှိမှ ဘက်လိုက်တာ။

လောဘရှိရင် ဘက်လိုက်ပြီ၊ ဆန္ဒာဂတိ၊ ဒေါသဆိုရင်လည်း ဘက်လိုက်ပြီ၊ ဒေါသာဂတိ၊ အမှန်မသိရင်လည်းပဲ ဘက်လိုက်ပြီ၊ မောဟာဂတိ၊ ကြောက်လို့ဘက်လိုက်တယ်၊ ဘယာဂတိ၊ ဟော အဂတိ ၄ ပါးဆိုသည်မှာ လောဘ၊ ဒေါသ၊ မောဟ မကင်းတဲ့ပုဂ္ဂိုလ်တွေမှာ လောဘ၊ ဒေါသ၊ မောဟကြောင့် စိတ်ဓာတ်ယိမ်းယိုင်မှုကိုဆိုတာ။ လောဘ၊ ဒေါသ၊ မောဟကင်းတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ဟာ တည်ငြိမ်နေတယ်။ Equanimity အမြဲတမ်းတည့်မတ်တည်ငြိမ်နေတယ်၊ ဟိုဘက်သည်ဘက် လှုပ်ရှားယိမ်းယိုင်မှုမရှိဘူး၊ တည့်မတ်တည်ငြိမ်သွားတာ၊ အဲဒီလိုဖြစ်အောင် မေတ္တာ၊ ကရုဏာ၊ မုဒိတာဆိုတဲ့တရားတွေ ပွားများပြီးတဲ့အခါ အဆင့်မြင့်ဆုံးဖြစ်တဲ့ ဥပေက္ခာတရားကို
စာမျက်နှာ-၅၆
ပွားရတယ်။ အဲဒီလို ဥပေက္ခာတရားကို ပွားလိုက်တဲ့အခါမှာ အဲဒီပုဂ္ဂိုလ်ဟာ တစ်ကယ့်စိတ်ဓာတ်တည်ငြိမ်တဲ့ သူတော်စင်ဖြစ်သွားပြီ၊ အလွန်မြင့်မြတ်သွားပြီ။

ကြည့်လေ မေတ္တာဆိုတဲ့ နှလုံးသားက နည်းနည်းစိတ်လှုပ်ရှားမှုရှိတယ်။ မငြိမ်ဘူး။ သူက သတ္တဝါတွေရဲ့အကျိုးစီးပွားကို လိုလားပြီး၊ သတ္တဝါတွေ ချမ်းသာကြပါစေဆိုတဲ့ လှုပ်ရှားမှုလေးတွေရှိတယ်။ ကရုဏာကလည်း သနားတဲ့စိတ်ဆိုတော့ စိတ်လှုပ်ရှားမှုလေးတစ်ခုပဲ။ မုဒိတာဆိုတာကလည်း ဝမ်းမြောက်ဝမ်းသာတာဆိုတော့ စိတ်လှုပ်ရှားမှုလေးတစ်ခု။ ငြိမ်တာမဟုတ်ဘူး။ လှုပ်ရှားမှုလေးတွေနဲ့ သွားနေတာ၊ စိတ်လှုပ်ရှားမှု (emotion) တွေရှိတယ်။ ဥပေက္ခာကျတော့ စိတ်လှုပ်ရှားမှုဆိုတာ လုံးဝမရှိတော့ဘူး။ ငြိမ်နေပြီ။ အဲဒီလိုငြိမ်နေတာက ပိုပြီးတော့ အဆင့်အတန်းမြင့်တယ်။
စာမျက်နှာ-၅၇
society မှာနေတဲ့အခါမှာ အဲလို မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာနဲ့နေပါ။ မြတ်စွာဘုရားက ရွေးချယ်ရမယ့်လမ်းတစ်ခုကို ဟောတာ။ ဒါဘယ်တရား၊ ဘယ်ဘာသာလို့ ပြောတာမဟုတ်ဘူး။ လူတိုင်းလူတိုင်း ကျင့်သုံးနိုင်မဲ့တရားတွေချည်းပဲနော်။

နောက်တစ်ခု မြတ်စွာဘုရားဟောတဲ့ထဲမှာ ခုနက အမှန်တရားကိုရှာဖွေနည်း ပေးတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ရှာ၊ ရှာလို့အဖြေတွေ့ရင် မကောင်းဘူးလို့အဖြေတွေ့ရင် ဖယ်။ ကောင်းတယ်လို့ အဖြေတွေ့ရင် ကျင့်သုံး၊ society မှာနေတဲ့အခါမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာနဲ့နေလို့ ဟောတာ။

သေချာတဲ့လမ်း။ ဒါပေမဲ့ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာလေးတစ်ခုက ကျန်နေသေးတယ်။ ဘာကျန်နေတုန်းဆိုတော့ ဘုန်းကြီးတို့တစ်တွေ စဉ်းစားကြည့်၊ နောက်ဘဝဆိုတာ ရှိသလား၊ နောက်ဘဝမှာ ဒို့ဖြစ်ဦးမှာလား၊ တကယ့်
စာမျက်နှာ-၅၈
လက်တွေ့ပြနိုင်ပါ့မလား၊ သိပ္ပံပညာနဲ့လည်း လက်တွေ့ပြနိုင်ပါ့မလား၊ တစ်ချို့က မရှိဘူးဟောတယ်၊ တစ်ချို့က ရှိတယ်ဟောတယ်၊ ဘာသာတရားတွေမှာလည်း တစ်ချို့ဘာသာက နောက်ဘဝရှိတယ်၊ တစ်ချို့ဘာသာက နောက်ဘဝမရှိဘူး၊ ရှိတယ်၊ မရှိဘူး ကိုယ်လည်းမဆုံးဖြတ်နိုင်ဘူး၊ ဘာလုပ်မလဲ။

ဒါ့အပြင် တစ်ချို့ဘာသာက ပြောတယ်။ ကိုယ်လုပ်ထားတဲ့ အကုသိုလ်တွေက ကိုယ်ခံရမယ်လို့ဟောတယ်။ အေး တစ်ချို့ဘာသာက ကိုယ်ခံစရာမလိုဘူး။ ထာဝရဘုရားရှေ့ ဒူးထောက်ပြီးတော့ ဝန်ခံလိုက်လို့ရှိရင် အကုသိုလ်တွေက ပျောက်ကွယ်သွားတယ်။ အဲဒီလိုကွဲလွဲချက်တွေရှိနေပြီးတဲ့နောက် မိမိတို့ကိုယ်ပိုင်ဉာဏ်နဲ့ ခုနက လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟနဲ့ ပတ်သက်လို့ တွေးတောဆင်ခြင်သုံးသပ်လို့ရတဲ့ အဖြေမျိုး ရနိုင်ပါတော့မလား၊ မရနိုင်ဘူးနော်။
စာမျက်နှာ-၅၉
တမလွန်ဘဝ၊ နောက်ဘဝကို ဘယ်လိုလုပ်ပြီးတော့ အဖြေရှာမလဲ၊ နောက်ဘဝဖြစ်ဦးမှာလား၊ မဖြစ်ဘူးလား၊ ကိုယ်လုပ်ထားတဲ့ အကုသိုလ်တွေရဲ့အကျိုးကို ခံရဦးမှာလား၊ မခံရဘူးလား၊ အကုသိုလ်တွေက အကျိုးပေးသလား၊ မပေးဘူးလားဆိုတာနဲ့ ပတ်သက်လာလို့ရှိရင် အဖြေမထုတ်နိုင်ဘူးတဲ့၊ အဲဒီလိုအဖြေမထုတ်နိုင်တဲ့အခါမှာ မြတ်စွာဘုရားက သေချာတာလုပ်ဆိုပြီးတော့ မှာတယ်။ အဖြေမထုတ်နိုင်တဲ့ဟာကျတော့ သေချာတဲ့လမ်းကို ရွေးတဲ့၊ ဘယ်လိုရွေးမတုန်းတဲ့။

ကောင်းပြီ၊ ငါ ဒီဘဝမှာ လူတော်လူကောင်းဖြစ်အောင်နေလိုက်မယ်၊ လူတော်လူကောင်းဆိုတဲ့ စံနဲ့ကိုက်အောင်နေလိုက်မယ်၊ လူတော်လူကောင်းဖြစ်အောင်နေလိုက်လို့ရှိရင် နောင်ဘဝရှိတယ်ဆိုလို့ရှိရင်လည်းပဲ အိုကေပဲ၊ နောက်ဘဝမှာ ငါဟာ ကောင်းတဲ့ဘဝရောက်မယ်၊ နောက်ဘဝမရှိဘူးဆိုရင်
စာမျက်နှာ-၆၀
လည်းပဲ အိုကေပဲ၊ ဒီဘဝမှာ ငါဟာလူကောင်းလူတော်ဖြစ်တယ်။ ကဲ နှစ်ဖက်စလုံး မကောင်းဘူးလား၊ ဒီဘဝမှာ ကိုယ့်ကိုကိုယ် လူတော်လူကောင်းဖြစ်အောင် လုပ်ခြင်းဖြင့် နောင်ဘဝရှိရင်လည်း ကောင်းတဲ့ဘဝရောက်ဖို့ သေချာတယ်၊ နောင်ဘဝမရှိဘူးဆိုလည်း ဒီဘဝ ငါလူကောင်းပဲ၊ ဟော နှစ်ဖက်ကောင်းတဲ့လမ်းကို ရွေး။

ကဲ အကုသိုလ်တွေကို တစ်ချို့က အကျိုးပေးတယ်လို့ပြောတယ်၊ တစ်ချို့ကလည်း အကုသိုလ်တွေ အကျိုးမပေးဘူးလို့လည်းပြောတယ်၊ ဘယ်ဟာကမှန်သလဲ၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်ရမယ်။ မဆုံးဖြတ်နိုင်လို့ရှိရင် သေချာတာလုပ်။ အကုသိုလ်မလုပ်ဘဲနေလိုက်ပေါ့။ ဟုတ်တယ်မဟုတ်လား။

ဥပမာအားဖြင့် သူများအသက်သတ်လို့ရှိရင် ငရဲကြီးတယ်။ တစ်ယောက်က မကြီးဘူးပြောတယ်
စာမျက်နှာ-၆၁
ဆိုပါစို့။ ကဲ မသတ်ဘဲနေလိုက်ပေါ့။ မသတ်ဘဲနေလိုက်သောအားဖြင့် ကိုယ့်အတွက် ဒီဘဝမှာလည်း ချမ်းချမ်းသာသာနေရတယ်။ အကုသိုလ်က အကျိုးပေးတယ်ဆိုရင်လည်းပဲ ကိုယ်က မသတ်သည့်အတွက်ကြောင့် အကျိုးပေးစရာမရှိဘူး။

အေး အကုသိုလ်ဆိုတာ မရှိပါဘူးလို့ ပြောတဲ့ပုဂ္ဂိုလ်တွေရဲ့ အယူဝါဒအရလည်း ပင်ကိုယ်က အကုသိုလ်မရှိတာရယ်၊ ကိုယ်က မလုပ်လို့မရှိတာရယ်ကြောင့် ဘယ်ဘက်ကကြည့်ကြည့် ကိုယ့်မှာ အကုသိုလ်ဆိုတာမရှိဘူး၊ နှစ်ဖက်နှစ်လမ်း ကောင်းသွားပြီ၊ ဟုတ်တယ်မဟုတ်လား။

အကုသိုလ်ကို ကိုယ်တိုင်က လုပ်မှမလုပ်တာ၊ မလုပ်သည့်အတွက်ကြောင့် အကုသိုလ်က အကျိုးပေးတယ်ဆိုရှိရင်လည်းပဲ ကိုယ်က မလုပ်သည့်အတွက်ကြောင့် အကျိုးပေးမှာမဟုတ်ဘူး။ အေး တချို့ပုဂ္ဂိုလ်ပြောတဲ့အတိုင်း အကုသိုလ်က အကျိုးမပေးပါဘူး၊
စာမျက်နှာ-၆၂
အကုသိုလ်ဆိုတာ မရှိပါဘူးဆိုလို့ရှိရင်လည်းပဲ အကုသိုလ်မရှိဘူးဆိုရင် ပိုဟန်ကျတာပေါ့။ ကိုယ်တိုင်က လုပ်လည်းမလုပ်ဘူး။ မရှိလည်းမရှိဘူးဆိုတော့ နှစ်ဖက်နှစ်ဝ မကောင်းဘူးလား။

အဲဒါ ကာလာမသုတ်မှာ မြတ်စွာဘုရားက ဘဝခရီးဝယ် ရွေးချယ်ရမယ့်လမ်း လို့ဟောထားတယ်။ မြတ်စွာဘုရားက ငါ့တရားကောင်းတယ်လို့ မဟောဘူး။ ဘဝခရီးလျှောက်တဲ့အခါမှာ သံသယဖြစ်စရာတွေ ကြုံလို့ရှိရင် သေချာတဲ့လမ်းကနေ ရွေးချယ်ပြီးတော့ လျှောက်လို့ဟောထားတယ်၊ အဲဒီတော့ ဘဝမှာ ဘာမှစနိုးစနှောင့် ဖြစ်နေစရာလည်းမလိုဘူး၊ အခု မြတ်စွာဘုရားခင်းပြီးတော့ပေးထားတဲ့ သြဝါဒလမ်းကြောင်းအတိုင်း လျှောက်လို့ရှိရင် အေး ငါလုပ်တာ ငရဲကြီးသလား။ ငရဲမကြီးဘူးလား၊ ဒါဟာ လုပ်ကောင်းသလား၊ မလုပ်ကောင်းဘူးလား၊ မေးစရာ ဘာမှမလိုတော့ဘူး၊ ဟုတ်တယ်မို့လား၊ အပြစ်ရှိတယ်ဆိုရင် မလုပ်ကောင်းဘူး၊ မလုပ်ရဘူး။
စာမျက်နှာ-၆၃
ကြည့်လေ လောဘ၊ ဒေါသ၊ မောဟနဲ့ဆိုရင် မကောင်းဘူး။ အလောဘ၊ အဒေါသ၊ အမောဟနဲ့ဆိုရင် ကောင်းတယ်။ လုပ်ကောင်းမလုပ်ကောင်းက အဲလိုရှိနေပြီးသား။ သဘာဝအတိုင်း မြတ်စွာဘုရားဟောတာ၊ သဘာဝကိုဟောတာ၊ မီးဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ တုန်းကလည်း ပူတာပဲ၊ ဒီကနေ့လည်း ပူတာပဲ၊ နောင်လည်း ပူဦးမှာပဲ၊ ဘယ်သူကိုင်ကိုင် မီးကတော့ လောင်မှာပဲ၊ ပူစေမှာပဲ။ မြတ်စွာဘုရားဟောတဲ့ ဓမ္မဆိုတာ သဘာဝတရား (the law of nature) ဖြစ်တယ်။ ဘယ်သူမှ ပြောင်းလဲပစ်လို့မရဘူး။

သဘာဝတရားကို မြတ်စွာဘုရားက တွေ့တာ (discover)၊ ဖန်ဆင်းတာမဟုတ်ဘူး၊ သဘာဝတရားကို သိမြင်တာ၊ တွေ့ရှိတာသာဖြစ်တယ်၊ မြတ်စွာဘုရားက မိမိရဲ့တွေ့ရှိချက်တွေကို ဘုန်းကြီးတို့
စာမျက်နှာ-၆၄
တစ်တွေ လိုက်နာကျင့်သုံးဖို့ ကာလာမသုတ်မှာ ဟောတော်မူထားတာဖြစ်ပါတယ်။

ဘုန်းကြီးက မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ ကာလာမသုတ္တန်ကိုပဲ မြန်မာလိုရှင်းလင်းပြီးတော့ ဘဝခရီးဝယ် ရွေးချယ်ရမယ့်လမ်း လို့ အမည်ပေးပြီးတော့ ဟောတာဖြစ်ပါတယ်၊ ဤတွင်ပဲ ပြီးဆုံးပြီဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ မြတ်စွာဘုရား ရွေးချယ်ပေးတဲ့လမ်းကြောင်းပေါ် လျှောက်ပြီးတော့ နောက်ဆုံးမှာ ငြိမ်းချမ်းသာယာတဲ့၊ အအေးချမ်းဆုံးဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။ bc9b40wjickhzvk3xhqmyd2jvd0hcf9 ဘာသာတရားလိုက်နာကျင့်သုံးခြင်း၏ ရည်ရွယ်ချက် 0 6383 22180 2026-06-16T23:03:58Z Tejinda 173 "{{header | title = ဘာသာတရားလိုက်နာကျင့်သုံးခြင်း၏ ရည်ရွယ်ချက် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22180 wikitext text/x-wiki {{header | title = ဘာသာတရားလိုက်နာကျင့်သုံးခြင်း၏ ရည်ရွယ်ချက် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ဘဝခရီးဝယ် ရွေးချယ်ရမယ့် လမ်း]] | previous2 = | next = [[ဘုရားသော်မှပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

ဘာသာတရားလိုက်နာကျင့်သုံးခြင်း၏ ရည်ရွယ်ချက်
မှတ်တမ်း
သာသနာတော်နှစ် ၂၅၅၅-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၃-ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈-ရက်၊ (၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅-ရက်)၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ နယ်စပ်နှင့် တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း သာသနာပြု သင်တန်းကျောင်း၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု ဓမ္မသဘင်၊ ဇမ္ဗူသီရိဗိမာန်တော်၌ ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် ကျေးဇူးရှင်ဖခင်ကြီး ဒေါက်တာမောင်ဖြူး၊ ကျေးဇူးရှင် ဆရာကြီး ဦးတင်ရီ၊ ကျေးဇူးရှင် ဆရာကြီး ဦးဘဖိုးတို့အား ရည်စူး၍ ဖြူမိသားစု၏ အမတဒါန၊ ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ဘာသာတရား လိုက်နာကျင့်သုံးခြင်း၏ ရည်ရွယ်ချက်” အကြောင်း တရားဒေသနာတော်။
စာမျက်နှာ-၂
ကိုယ်ယုံကြည်ရာ ဘာသာတရားရဲ့ အဆုံးအမနဲ့ ကျင့်စဉ်များအတိုင်း ထိုဘာသာတရားကို သက်ဝင်ယုံကြည်ကိုးကွယ်ကြတဲ့ ပုဂ္ဂိုလ်တွေ လိုက်နာကျင့်သုံးလေ့ရှိကြတယ်။ လိုက်နာကျင့်သုံးတဲ့အခါ ရည်ရွယ်ချက် အမျိုးမျိုးရှိကြမှာပဲ။ ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တွေ ထားရမယ့်ရည်ရွယ်ချက်ကို စာပေကျမ်းဂန်လာတဲ့အတိုင်း မှတ်သားသင့်တယ်။ မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ လိုက်နာကျင့်သုံးဖို့ လိုအပ်တယ်။

လောကမှာ ဘာသာတရား အမျိုးမျိုးရှိတယ်။ ဒီကနေ့ခေတ်မှာ အများစုယုံကြည်ပြီး လိုက်နာကျင့်သုံးနေကြတဲ့ ဘာသာတရားအရေအတွက် သိပ်မများလှဘူး။ အထင်ရှားဆုံး ကမ္ဘာ့ဘာသာတရားကြီးတွေကို လေ့လာကြည့်သင့်တယ်။ သေသေချာချာ လေ့လာသုံးသပ်ကြည့်ရင် ဘာသာတရားအများစုဟာ အခြေခံအားဖြင့် ကိုယ်ကျင့်သီလကို အတိုင်းအတာတစ်ခုအရ ဆုံးမလမ်းညွှန်မှုပြုကြတယ်။ အခြေခံကိုယ်ကျင့်သီလကောင်းရေးကို ဦးစားပေးတဲ့ ဘာသာတရားက များတယ်။ အဲဒီ အခြေခံကိုယ်ကျင့်သီလတောင်မှပဲ
စာမျက်နှာ-၃
ကိုယ်ကျင့်သီလလို့ သတ်မှတ်ထားတဲ့ အရာတွေဟာ (တချို့ဘာသာအဆိုကို ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားဓမ္မနဲ့ နှိုင်းယှဉ်ပြီး ကြည့်မယ်ဆိုရင် ကိုယ်ကျင့်သီလ မဟုတ်ဘူး) ကိုယ်ကျင့်သီလပျက်ပြားမှုကို ကိုယ်ကျင့်သီလတစ်ခုအနေနဲ့ သတ်မှတ်လိုက်နာကျင့်သုံးနေကြတာသာဖြစ်တယ်။ သံသရာဝဋ်ကလွတ်ပြီး ဆင်းရဲဒုက္ခတွေအားလုံး ချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ လမ်းစဉ်ကို ချမှတ်ပေးနိုင်တဲ့ ဘာသာတရားဆိုတာ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ ဘာသာတရားတစ်ခုပဲ ရှိတယ်။ ကျန်တဲ့ဘာသာတရားတွေဟာ ဖန်ဆင်းရှင်ရဲ့ အလိုတော်ကျ လိုက်နာကြရတာသာ ဖြစ်တယ်။ လုပ်လုပ်သမျှ မကောင်းမှု အကုသိုလ်တွေ ဖန်ဆင်းရှင်ထံ ဝန်ချတောင်းပန်မှု Confession လုပ်လိုက်တာနဲ့ ဘုရားသခင်က ခွင့်လွှတ်ရင် အားလုံး ဒီအကုသိုလ်တွေရဲ့ ပြစ်ဒဏ်တွေ မခံရဘူးလို့ လွယ်လွယ်နဲ့ ယုံကြည်တဲ့ ပုဂ္ဂိုလ်တွေက များတယ်။ အဲဒီလို ခွင့်လွှတ်လို့ အရာခပ်သိမ်းဟာ ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလားလို့ ဆင်ခြင်စဉ်းစားတဲ့
စာမျက်နှာ-၄
ပုဂ္ဂိုလ်ဟာ အင်မတန်မှ ရှားတယ်ပေါ့။

Confession လုပ်ရုံနဲ့ မကောင်းမှု ဒုစရိုက်တွေ အကုသိုလ်တရားတွေရဲ့ အကျိုးပေးမှု ဒုက္ခရောက်မှုမှ လွတ်ကင်းတယ်ဆိုတာ တစ်ဘဝအတွင်းမှာဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်လိမ့်တယ်။ လောကမှာ လူလုပ်ထားတဲ့ ဥပဒေဆိုရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ရနိုင်တယ်။ ပြစ်ဒဏ်ပေးတဲ့လူ မရှိလို့ အပြစ်ဒဏ်က လွတ်နေလင့်ကစား သူ့မှာ စိတ်ဖိစီးမှုဆိုတဲ့ အပြစ်ဒဏ်၊ သဘာဝကပေးတဲ့ အပြစ်ဒဏ်ကတော့ ခံရမှာပဲ။

ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ အကုသိုလ်ကံရဲ့ အပြစ်ဒဏ်ဆိုတာ လူကပေးတဲ့ အပြစ်ဒဏ် မဟုတ်ဘူး။ သဘာဝကပေးတဲ့ အပြစ်ဒဏ်သာ ဖြစ်တယ်။ သဘာဝကပေးတဲ့ အပြစ်ဒဏ်တွေကို မည်သူတစ်ဦးတစ်ယောက်မှ ဝင်ရောက်အာမခံပြီး ကွင်းလုံးကျွတ် လွှတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးပေါ့။ အဲဒီမဖြစ်နိုင်တာကို ဖြစ်နိုင်တယ်လို့ ယုံကြည်မယ်ဆို တကယ် အပြစ်ဒဏ်ခံရတဲ့အချိန်မှာ ကယ်တင်မယ့်သူရှိမှာ မဟုတ်ဘူး။
စာမျက်နှာ-၅
ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ “အတ္တာ ဟိ အတ္တနော နာထော-မိမိသည်သာလျှင် မိမိရဲ့ ကိုးကွယ်ရာ ဖြစ်သည်” ဆိုတဲ့စကားအရ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူး။ ကိုယ်ကိုယ်တိုင်ကောင်းအောင် ကျင့်သုံးခြင်းသာ လက်တွေ့ကျတယ်။ လူတွေဟာ သံသရာကျင်လည်တဲ့အချိန်မှာ အမှားအယွင်းဆိုတာတွေ လုပ်မိခဲ့ကြတယ်။ ကောင်းတာလည်း လုပ်မိမှာပဲ၊ မကောင်းတာလည်း လုပ်မိမှာပဲ။ အမှားတွေ လုပ်မိလို့ရှိရင် ထိုအမှားရဲ့ အပြစ်ဒဏ်ကို သဘာဝက ဒဏ်ခတ်လို့ခံရတယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်။

လောကမှာ ဘယ်လောက်ကောင်းအောင် လုပ်လုပ် ဆိုးကျိုးခံစားရတဲ့ ပုဂ္ဂိုလ်တွေ ရှိတာပဲ။ သဘာဝက ခွင့်မလွှတ်သည့်အတွက် ဒီအပြစ်တွေ ခံစားရတယ်ဆိုတာ ထင်ရှားတယ်။ ဘယ်သူကမှ အပြစ်ဒဏ်ပေးတာ မဟုတ်ဘူး။ ကိုယ့်သန္တာန်မှာ online ဖြစ်နေတဲ့ အကုသိုလ်ကံက ကိုယ့်ကို ထိခိုက်နစ်နာစေတာပဲ။ အဲဒါကို ပြင်ပပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က လာပြီး ဒီအပြစ်တွေအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ပြုတယ်
စာမျက်နှာ-၆
ဆိုတာ ဖြစ်နိုင်ပါ့မလားတဲ့။ မဖြစ်နိုင်ဘူး။

Confession လုပ်လို့ အပြစ်ဒဏ်တွေက ခွင့်လွှတ်တယ်ဆိုတဲ့ ဘာသာကို ကိုးကွယ်ကြတဲ့ ပုဂ္ဂိုလ်တွေ ဒုက္ခရောက်နေကြတာတွေလည်း အများကြီးပဲ။ ဘယ်လောက်ပဲ ဘုရား တရား ယုံကြည် ယုံကြည်၊ သဘာဝက ဒဏ်ခတ်တာကိုတော့ ဘယ်သူမှ မတွန်းလှန်နိုင်ကြဘူးပေါ့။ သဘာဝ ကံတရားရဲ့အကျိုးကိုတော့ ဘယ်သူမှ ရှောင်လွှဲလို့ မရဘူးဆိုတာ ဒီကနေ့ လက်တွေ့မျက်မြင်အားဖြင့် အလွန်ထင်ရှားတယ်။ သို့သော် လောကလူတွေက အလွန်ထင်ရှားတာကို လက်မခံပဲနဲ့ အပြောသက်သက်နဲ့ လက်ခံယုံကြည်ကြတာက များတယ်ပေါ့။

ဘာဖြစ်လို့လဲဆိုရင် လူသားတွေမှာ စဉ်းစားဉာဏ်ဆိုတာ အင်မတန်မှ အားနည်းလို့ပဲ။ ဒါကြောင့်မို့ သမ္မာဒိဋ္ဌိ အမှန်မြင်ဖို့၊ အသိဉာဏ်ရှိဖို့ အရေးကြီးတယ်။ အသိဉာဏ်ဟာ အင်မတန်မှ အရေးကြီးတယ်လို့ မြတ်စွာဘုရားဟောတာ ဖြစ်တယ်။ အမှန်တရားကို သိဖို့ အမှန်မြင်ဖို့ဆိုရင် သမ္မာဒိဋ္ဌိ မရှိဘဲနဲ့ ဖြစ်နိုင်မှာ
စာမျက်နှာ-၇
မဟုတ်ဘူး။ အမှန်မြင်ခြင်းကို မိမိသန္တာန်မှာ တည်ဆောက်နိုင်မှ မှားယွင်းချွတ်ချော်နေတဲ့ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အရာတွေကို လက်မခံမိမှာ ဖြစ်တယ်။

လောကလူတွေဟာ မှန်မှန်ကန်ကန် မမြင်ကြဘူး။ မှန်မှန်ကန်ကန် မစဉ်းစားနိုင်ကြဘူး။ အမှားကို မှန်တယ်ထင်တတ်ကြတယ်။ အမှားကို အမှန်ထင်ပြီးတော့ ဘာသာတရားရဲ့ အဆုံးအမတွေကို လိုက်နာကျင့်သုံးပြီး နေကြတယ်။ အဲဒီလို လိုက်နာကျင့်သုံးတဲ့ထဲမယ် ကောင်းတာပါလို့ရှိရင် ကောင်းကျိုးကို ရကြမှာပဲ။ မကောင်းတာကို အကောင်းလုပ်ပြီးတော့ ဟောတဲ့ ဘာသာတရားကို လိုက်နာကျင့်သုံးမိပြီဆိုရင် နောက်ဆုံးနစ်မွန်းကြရမှာပဲ ဖြစ်တယ်ပေါ့။ ။

ဘာဖြစ်လို့တုန်းဆိုတော့ ဒီ Natural Law ဆိုတဲ့ သဘာဝတရားကြီးဟာ ပြောင်းလဲလို့မှ မရတာ။ ဘယ်ခေတ်၊ ဘယ်အခါပဲဖြစ်ဖြစ် ကမ္မနိယာမ "The Law of Kamma" ကို ပြောင်းလို့မရဘူး။ ကံတရားမှာ အခြံအရံ အကြောင်းတရား၊ "conditions" တွေ ရှိသော်လည်း ပင်မအကြောင်းတရားကိုသာ ဖော်ထုတ်
စာမျက်နှာ-၈
ဟောထားတာ။ အကုသိုလ်မှန်သမျှ သာဝဇ္ဇ-အပြစ်ရှိတယ်။ ဒုက္ခဝိပါက-ဆင်းရဲတဲ့အကျိုးကို ထုတ်လုပ်တယ်။ ကုသိုလ်မှန်ရင် အနဝဇ္ဇ-အပြစ်ကင်းတယ်။ သုခဝိပါက-ချမ်းသာသော အကျိုးကို ထုတ်လုပ်တယ်ဆိုတာ "The Law of Nature" ကို ဖော်ပြတာ။ “ဒါ အကုသိုလ်ဖြစ်စေ၊ ဒါ ကုသိုလ်ဖြစ်စေ၊ ဒါ မကောင်းမှု ဖြစ်စေ” လို့ ဒီလိုသတ်မှတ်ပေးတဲ့ သဘောမျိုး မဟုတ်ဘူး။

အရှိကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဖော်ထုတ်ပြီး ဟောတာ။ မီးဟာ ဘုရားဖန်ဆင်းလို့ ပူတာမဟုတ်ဘူး။ သဘာဝက ပူတာ။ အဲဒီပူတဲ့ မီးကို သွားထိမယ်ဆိုရင် ပူမယ်။ လောင်မယ်ဆိုတာ သူရဲ့ nature ပဲပေါ့။ သဘာဝကပေးတဲ့ ပြစ်ဒဏ်ကို လူသားတစ်ယောက်ကဝင်ပြီး ခွင့်လွှတ်တယ်ဆိုတာ မဖြစ်နိုင်တဲ့ အရာတစ်ခုဘဲ။ မဖြစ်နိုင်သော်လည်း လူတွေဟာ အလွယ်လမ်းကို ကြိုက်ကြတယ်လေ။ ကိုယ့်အားကိုယ်ကိုးရမယ်။ ကိုယ့်အလုပ် ကိုယ်လုပ်ရမယ်ဆိုတာကျတော့ လူတွေက ပျင်းကြတယ်။ ပျင်းတော့ ကယ်တင်မယ်ဆိုတဲ့ ပုဂ္ဂိုလ်နောက် လိုက်ကြတာပေါ့။
စာမျက်နှာ-၉
ဒီကနေ့ခေတ်ပဲကြည့် “ဒီဓာတ်လုံးလေးဆောင်ထားရင် ဒီလက်ဖွဲ့လေး ဆောင်ထားရင် စီးပွားဥစ္စာတွေ တိုးတက်တယ်။ သိဒ္ဓိပြီးတယ်” ဆိုရင် လိုက်ကြတာ အများကြီးပဲ။ ဒါက မြန်မာပြည်မှာဖြစ်တဲ့ နမူနာလေးတစ်ခုကို ပြောပြတာ။ ယုံကြည်မှုရဲ့နောက်ကို လိုက်နေကြတာ။ တကယ်ရတာ၊ မရတာ မသိဘူး။ ယုံကြည်မှုနဲ့ လိုက်နေကြတယ်။

တစ်ချိန်တုန်းက ဟိုထိုင်းနိုင်ငံက ဆက်သွယ်လာတဲ့၊ ကူးစက်လာတဲ့ ချဲထီဆိုတာတွေ၊ မြန်မာပြည်မှာဖြစ်နေတဲ့ နှစ်လုံးထီဆိုတာတွေ၊ နံပါတ်ပေးတဲ့ပုဂ္ဂိုလ်တွေကို ယုံကြတာပဲလေ။ နဲနဲလေးစဉ်းစားလိုက်ပေါ့၊ ပေါက်တဲ့နံပါတ် သူသိရင် သူပဲထိုးမှာပေါ့။ အဲဒီတော့ သူ့ဟာသူ ဘာဖြစ်လို့ မထိုးသလဲ။ သူများကို ဘာကြောင့် ထိုးခိုင်းသလဲ။ အဲဒီလောက်လေး စဉ်းစားလိုက်ရုံနဲ့ပဲ ဒါမဟုတ်ဘူးဆိုတာ ထင်ရှားတာပေါ့။ သို့သော် ယုံတဲ့လူတွေက ယုံတာပဲလေ။ အေး ဒါက နမူနာကို ပြောပြတာ။ ဘာသာတရားနဲ့ ပတ်သက်ပြီးတော့လည်း လက်တွေ့မကျတဲ့အရာတွေကို လူတွေက ယုံနေကြတာပဲ။
စာမျက်နှာ-၁၀
ဗုဒ္ဓမြတ်စွာဟောတဲ့တရားက ဒါမျိုးမဟုတ်ဘူး။ “သွာက္ခာတ” မှန်မှန်ကန်ကန် ဟောထားတာဖြစ်တယ်။ အရှိကို အရှိအတိုင်းဟောတာ ဖြစ်တယ်။ ကောင်းတာကို ကောင်းတယ်၊ ဆိုးတာကို ဆိုးတယ်။ ကုသိုလ်ကို ကုသိုလ်၊ အကုသိုလ်ကို အကုသိုလ်၊ ကယ်တင်လို့ရရင် ကယ်တင်လို့ရတယ်။ မရရင် မရဘူး၊ ဟောအမှန်အတိုင်း ဟောထားတာ။ အဲဒီအမှန်အတိုင်း ဟောတဲ့ တရားဟာ “သွာက္ခာတ”။

အမှန်အတိုင်းဟောတာ ဟုတ်ပေမယ့်လို့ နားထောင်ရတဲ့ပုဂ္ဂိုလ်၊ လိုက်နာရတဲ့ပုဂ္ဂိုလ်ဟာ ကိုယ်တွေ့မဖြစ်နိုင်ဘူးဆိုရင်လည်း သိပ်အားကိုးယုံကြည်ဖို့ မကောင်းတော့ဘူး။ “သန္ဒိဋ္ဌိကော” တဲ့။ ကိုယ်တိုင်လည်း တွေ့ရှိနိုင်တယ်။ လက်ခံရုံတင်မဟုတ်ဘူး ကိုယ်တိုင်တွေ့ရှိနိုင်တယ်။ ကိုယ်တိုင်တွေ့ဖို့ ဘယ်လောက်ထိအောင် ဆိုင်းရမလဲဆိုတော့၊ “အကာလိကော” ဆိုင်းစရာမလိုဘူး။ “အခုကျင့် အခုသိတယ်”။ ဒီအဓိပ္ပါယ်မျိုးကို ဟောထားတာနော်။ အဲဒီတော့ ဗုဒ္ဓတရားတော်ဟာ ဘယ်လောက်လက်တွေ့ကျသလဲ။ အင်မတန်မှ လက်တွေ့ကျတယ်။
စာမျက်နှာ-၁၁
သို့သော် အဲဒီလက်တွေ့ကျတဲ့တရားကို လက်မခံဘဲ ငြင်းပယ်နေတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ကမ္ဘာပေါ်မှာ အများကြီးပဲ။ ဒါကြောင့်မို့ လူတွေရဲ့ ယုံကြည်မှုတွေဆိုတာ အင်မတန်မှ ထူးဆန်းတယ်။ ဘာဖြစ်လို့ မဖြစ်နိုင်တာကို ယုံကြည်လဲဆိုရင် အသိဉာဏ်နည်းလို့။ မှန်ကန်စွာ စဉ်းစားနိုင်တဲ့ အသိဉာဏ်ဟာ အင်မတန်မှ အရေးကြီးတယ်။ သမ္ပဇညလို့ဆိုတဲ့ ဆင်ခြင်တုံတရားဟာ လူတိုင်းမှာရှိတယ်လို့ မအောက်မေ့လေနဲ့။ လောကမှာ Educated လို့ခေါ်တဲ့ ပညာတတ်ပုဂ္ဂိုလ်တွေပဲ ဖြစ်လင့်ကစား၊ ဘာသာတရားနဲ့ ပတ်သက်လာတဲ့အခါ Educated မဟုတ်တော့ဘူး။ ဘာဖြစ်လို့တုန်းဆိုရင် စဉ်းစားနိုင်တဲ့ အသိဉာဏ်ကို Tradition ဆိုတဲ့ အစဉ်အလာ ယုံကြည်မှုတွေက လွှမ်းမိုးထားလို့ပေါ့။

Tradition ဆိုတဲ့ hearsay တွေက လွှမ်းမိုးထားသည့်အတွက် ကိုယ့်ရဲ့ အသိဉာဏ်ကို အသုံးချနိုင်ဖို့ အင်မတန်မှ ခဲယဉ်းတယ်။ လက်တွေ့ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ၊ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ကြိတ်မှိတ်လက်ခံပြီး ယုံကြည်နေ
စာမျက်နှာ-၁၂
ကြတာပဲ။ အဲဒီထဲကမှ တကယ့်ကို စဉ်းစားဉာဏ်ရှိပြီး ထိုးဖောက်ထွက်လာတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ တကယ် အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကတော့ သာမန်နဲ့ မယုံကြည်နိုင်ဘူးပေါ့။

လောကမှာ လူအများစုဟာ သူများအပေါ်မှာ ယုံကြည်ကြတာ၊ သာမန်ပုဂ္ဂိုလ်တွေဟာ ပရပ္ပစ္စယဆိုတဲ့အတိုင်း သူပြောလူပြောကို ယုံကြတာ များတယ်။ အဲဒီ တရားထူး၊ တရားမြတ်ရသွားလို့ သောတာပန်အဆင့် ရောက်သွားပြီဆိုရင် အပရပ္ပစ္စယ-သူတစ်ပါးပြောတာ မယုံတော့ဘူး။ ဘာဖြစ်လို့ မယုံတာတုန်းဆိုရင် အသိဉာဏ်က ထက်မြက်လာလို့ ဖြစ်တယ်။ ကိုယ်တွေ့သိတဲ့ အသိဉာဏ်ကြောင့် “အပရပ္ပစ္စယော ဝေသာရဇ္ဇပ္ပတ္တာ” တဲ့။ သူများပြောရုံနဲ့ မယုံဘူး ရဲရင့်တယ်။ ရှင်ကောဏ္ဍည ဓမ္မစကြာတရားနာပြီးတဲ့အခါမှာ သောတာပန်ဖြစ်သွားလို့ “ဓမ္မစက္ခု” ဆိုတဲ့ ဓမ္မအသိဉာဏ်ရတဲ့အခါမှာ အဲဒီအခြေအနေမျိုး ရောက်သွားတာနော်။

အဲဒီတော့ ဘုန်းကြီးတို့တတွေဟာ အပရပ္ပစ္စယ
စာမျက်နှာ-၁၃
ဖြစ်ဖို့ အရေးကြီးတယ်ပေါ့။ သူပြောလူပြောနဲ့ ယုံတဲ့အဆင့်ဟာ အင်မတန်မှ အောက်တန်းကျတယ်။ ဘာသာတရားနဲ့ပတ်သက်ပြီး လူတွေ လိုက်နာကျင့်သုံးပုံ မျိုးစုံနေအောင် ရှိတယ်။ ဒီကနေ့ ထင်ရှားရှိနေတဲ့ ကမ္ဘာ့ဘာသာတရားတွေအရ ကျင့်သုံးလိုက်နာကြပုံကို ကြည့်မယ်ဆိုရင် သိနိုင်တယ်။

အဲဒီတော့ ဘုန်းကြီးတို့က ဒီကနေ့ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မအတိုင်း လိုက်နာကျင့်သုံးမှုနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ ရည်ရွယ်ချက် ရှိရမယ်။ ဘာအတွက် တို့တစ်တွေဟာ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ ဘာသာတရားကို လိုက်နာကျင့်သုံးကြတာလဲလို့ ကိုယ့်ဟာကိုယ် ဆန်းစစ်ဖို့ လိုတယ်ပေါ့။ ကျန်တဲ့ဘာသာဝင်တွေ သူတို့ရဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ လိုက်နာလိုက်နာ၊ တို့တစ်တွေက မှန်ကန်တဲ့အနေနဲ့ ဘာသာတရားကို လိုက်နာကျင့်သုံးတာ ဟုတ်ရဲ့လားလို့ စဉ်းစားရမယ်။ လိုက်နာကျင့်သုံးမှုအတွက် ဘယ်လိုပဲ နှလုံးသွင်းမှ၊ ဘယ်လိုရည်ရွယ်ချက်ထားမှ မှန်ကန်သလဲဆိုတာ သိအောင် လုပ်ကြရမယ်။
စာမျက်နှာ-၁၄
ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါ ကာလက အသိဉာဏ်အလွန်ထက်မြက်ကြတဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာကောဋ္ဌိကတို့ အမေးအဖြေပြုထားတဲ့ သုတ္တန်တစ်ခုကို ဘုန်းကြီးတို့တစ်တွေ မှတ်သားနာယူကြမှာ ဖြစ်တယ်။ သုတ်ရဲ့နာမည်ကို “ကောဋ္ဌိကသုတ်” လို့ခေါ်တယ်။ ကောဋ္ဌိကဆိုတဲ့ ရဟန်းတော်တစ်ပါးဟာ အင်မတန် အမေးအမြန်းထူတယ်။ သူက ရဟန္တာပုဂ္ဂိုလ်ဆိုတော့ သူမေးချင်လို့ မေးတာ ဟုတ်ပုံမရဘူး၊ နောင်လာနောက်သားတွေ မှတ်သားဖို့အတွက် မေးမြန်းတာ ဖြစ်နိုင်တယ်။ ဒီလိုယူဆရမယ်။ သူ့မှာ မေးခွန်းတွေ အမြဲတမ်းရှိနေတယ်။

စနစ်ကျတဲ့မေးခွန်းတွေ၊ တန်ဖိုးရှိတဲ့မေးခွန်းတွေ မေးဖို့ဆိုတာ လွယ်တာတော့ မဟုတ်ဘူး။ ရှေးတုန်းကတော့ မေးခွန်းမေးတာ လွယ်တယ်လို့ဆိုတဲ့ အယူအဆနဲ့ “အမေကျွဲကျောင်း အဖြေဘုရားလောင်း” လို့ဆိုကြတယ်။ ကျွဲကျောင်းနဲ့ ဘုရားအလောင်းလို့ ဒီလိုပြောကြတယ်။ သို့သော် စဉ်းစားကြည့်စမ်းပါ။ ကျွဲကျောင်းသားမေးတဲ့မေးခွန်းဟာ ဘယ်လောက်အဆင့်
စာမျက်နှာ-၁၅
ရှိမှာတုန်း “ဘယ်နားမှာ ကျွဲကျောင်းလို့ရလဲ” ဆိုတဲ့ မေးခွန်းမျိုးပဲ ရှိမှာပေါ့နော်၊ လေးနက်တဲ့ မေးခွန်းကို သူ ဘယ်မေးတတ်မလဲ။ အဲဒီတော့ မေးခွန်းမေးတယ်ဆိုတာလည်း အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်ကမှ မေးနိုင်တယ်၊ ဒါမှ လေးနက်တဲ့ မေးခွန်းဖြစ်မှာပေါ့။

ဒီ ရှင်မဟာကောဋ္ဌိကဆိုတာ ရဟန္တာပုဂ္ဂိုလ်ကြီးတစ်ပါးပဲ။ သူက သာဝတ္ထိပြည်က။ သူ့ဖခင်က သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး။ ဗြာဟ္မဏပဏ္ဍိတ်ထဲမှာ နာမည်ကြီးတဲ့ အဿလာယန ပုဏ္ဏားပညာရှိပဲ။ ဒီ အဿလာယနဆိုတဲ့ ပုဂ္ဂိုလ်ကို အကြောင်းပြုပြီး “အဿလာယန သုတ္တန်” ဆိုတာရှိတယ်။ အဿလာယနဆိုတာ သူတို့ရဲ့ အနွယ်နာမည် ဖြစ်တယ်။ ၁၆ နှစ်အရွယ်ကတည်းက ဗေဒ ၃-ပုံကို တစ်ဘက်ကမ်းရောက် တတ်မြောက်ပြီး သူတို့ဗြာဟ္မဏ အသိုင်းအဝိုင်းက လေးစားရတဲ့ပုဂ္ဂိုလ်တစ်ဦးပဲ။ သူတို့ခေတ်မှာ သင်ကြားရတဲ့ ဗေဒကျမ်းတွေကို ငယ်ငယ်နဲ့ တတ်မြောက်တဲ့ပုဂ္ဂိုလ်။ အဲဒီပုဂ္ဂိုလ်ကို မြတ်စွာဘုရားနဲ့ ယှဉ်ပြိုင်ပြီး စကားပြောဖို့ ဗြာဟ္မဏတွေက ရွေးကြတယ်။
စာမျက်နှာ-၁၆
မြတ်စွာဘုရားက ဇာတ်ဝါဒကို တော်လှန်ခဲ့တယ်။ အိန္ဒိယမှာ ဒီကနေ့အထိ Caste system လို့ခေါ်တဲ့ ဒီစနစ်ကြီးဟာ ဒီကနေ့ထိအောင် လွှမ်းမိုးထားတုန်းပဲ။

အောက်တန်းစား ဇာတ်နိမ့်တွေဆိုရင် untouchable မထိရ၊ မကိုင်ရတဲ့ ပုဂ္ဂိုလ်တွေအဖြစ် သတ်မှတ်ခံထားရတယ်။ လူလူချင်းတူပါလျက်နဲ့ ကြဉ်ပယ်ခံထားတဲ့ ပုဂ္ဂိုလ်တွေ အိန္ဒိယမှာ အများကြီးပဲ။ ဇာတ်နိမ့်တွေလို့ခေါ်တယ်။ ဇာတ်နိမ့်တွေကို ခေါင်းဆောင်ပြီးတော့ ဗုဒ္ဓဘာသာထဲသွင်းသူ ဒေါက်တာအမ်ဆော့ဒ်ကာ ဆိုတာရှိတယ်။ သူက ဇာတ်နိမ့်ပဲ။ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေ ရှိတယ်လို့ ပြောကြတယ်။ အဲဒီပုဂ္ဂိုလ်တွေက ဇာတ်နိမ့်တွေ (ဇာတ်မြင့်တွေက လူရာမသွင်းလို့ ဗုဒ္ဓဘာသာထဲ ဝင်ခဲ့ကြတာ။)

မြတ်စွာဘုရားလက်ထက်တုန်းက ဒီ Caste system မှာ ၄-မျိုး ခွဲခြားသတ်မှတ်ထားတယ်။ ခတ္တိယဆိုတဲ့ မင်းမျိုး၊ ဗြာဟ္မဏဆိုတဲ့ ပုဏ္ဏားမျိုး၊ ဝေဿဆိုတဲ့ ကုန်သည်လယ်လုပ်မျိုး၊ သုဒ္ဒဆိုတဲ့ သူဆင်းရဲသား ဝေယျာဝစ္စတွေလုပ်ရတဲ့အမျိုးလို့ အဲဒီလို (၄)မျိုး
စာမျက်နှာ-၁၇
သတ်မှတ်ထားတယ်။ ဇာတ်နဲ့ပတ်သက်လို့ရှိရင် မြတ်စွာဘုရားရဲ့ဝါဒက ဘာလဲလို့ဆိုရင် “စာတုဝဏ္ဏသု” တဲ့။ အမျိုးဇာတ် (၄)မျိုးကို စတုဝဏ္ဏလို့ခေါ်တယ်။ ခတ္တိယ၊ ဗြာဟ္မဏ၊ ဝေဿ၊ သုဒ္ဓလို့ဆိုပြီး (၄)မျိုး ရှိတယ်။ ဒီကနေ့တော့ အိန္ဒိယမှာ ဒီထက်တောင် များလောက်တယ်။ ခွဲထားတာ အမျိုးမျိုးရှိတယ်။

ဗြာဟ္မဏတွေက ဗြာဟ္မဏဇာတ်ရှိတဲ့ ပုဂ္ဂိုလ်သာလျှင် ဖြူစင်တယ်၊ မြင့်မြတ်တယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေ ခတ္တိယပဲဖြစ်ဖြစ်၊ ဝေဿပဲဖြစ်ဖြစ်၊ သုဒ္ဒပဲဖြစ်ဖြစ်၊ ဗြာဟ္မဏဇာတ်ထက် နိမ့်ကျပြီး ဗြာဟ္မဏဇာတ်ကို အလုပ်အကျွေးပြုရမယ့် ပုဂ္ဂိုလ်တွေချည်းပဲ။ သူတို့ ဗြာဟ္မဏဇာတ်ပဲ စင်ကြယ်တယ်၊ သူတို့ဇာတ်ပဲ အထက်တန်းကျတယ်။ နောင်ဘဝလည်း ကောင်းရာသုဂတိ သူတို့ပဲရောက်မယ်၊ သူတို့ဟာ ဗြဟ္မာမင်းကြီးရဲ့ ခံတွင်းက မွေးလာတဲ့ ပုဂ္ဂိုလ်တွေတဲ့။

မြတ်စွာဘုရားကတော့ အဲဒါကို လုံးဝငြင်းပယ်တယ်။ လက်တွေ့အင်မတန်ကျတဲ့ စကားကိုပြောတယ်၊ “ဗြဟ္မာမင်းကြီးရဲ့ ခံတွင်းက ပေါက်ဖွားတယ်လို့
စာမျက်နှာ-၁၈
မပြောနဲ့။ လောကမှာ ထင်ထင်ရှားရှား ပုဏ္ဏမတွေ ကိုယ်ဝန်ဆောင်နေတာ မြင်လျက်နဲ့ ဒီစကားပြောတာတော့ လွန်တယ်” တဲ့၊ ဟုတ်တယ်လေ၊ မွေးတာက သူတို့ပုဏ္ဏမတွေက မွေးတာပဲလေ။ လူလိုပဲမွေးတာ။ ကျန်တဲ့ပုဂ္ဂိုလ်တွေ မွေးနည်းကားအတိုင်း မွေးတာ။

ကောင်းကင်က ကျလာတာမှ မဟုတ်တာ။ “အေး ပုဏ္ဏမတွေက မွေးတယ်ဆိုတာ အင်မတန်မှ ထင်ရှားလျက်နဲ့ ဘာဖြစ်လို့ ဗြဟ္မာမင်းကြီးရဲ့ ခံတွင်းက မွေးတယ်လို့ ပြောရတာလဲ၊ ဒါ လုံးဝယုတ္တိမရှိဘူး” တဲ့။

မြတ်စွာဘုရားက ဘယ်လိုသတ်မှတ်သလဲဆိုရင် ဗြာဟ္မဏပဲဖြစ်ဖြစ်၊ ခတ္တိယပဲဖြစ်ဖြစ်၊ ဝေဿပဲဖြစ်ဖြစ်၊ သုဒ္ဒပဲဖြစ်ဖြစ်၊ ကောင်းတာလုပ်ရင် ကောင်းတယ်။ မကောင်းတာလုပ်ရင် မကောင်းဘူး။ ကုသိုလ်လုပ်ရင် လူတော်လူကောင်း၊ အကုသိုလ်လုပ်ရင် လူဆိုးလူမိုက်။ ဒီလိုပဲ သတ်မှတ်တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားဟောတာ ဘယ်လောက်ထိအောင် လက်တွေ့ကျသလဲဆိုရင် ဇာတ်
စာမျက်နှာ-၁၉
(၄)မျိုးမှာ “ခတ္တိယဇာတ်ရှိတဲ့ပုဂ္ဂိုလ်က မီးမွှေးလည်း မီးတောက်တာပဲ၊ ဗြာဟ္မဏဇာတ်ရှိတဲ့ပုဂ္ဂိုလ်က မီးမွှေးလည်း မီးတောက်တာပဲ၊ ဝေဿဇာတ်ရှိတဲ့ပုဂ္ဂိုလ်က မီးမွှေးလည်း မီးတောက်တာပဲ၊ သုဒ္ဒဇာတ်ဆိုတဲ့ အောက်တန်းစားက မီးမွှေးလည်း မီးတောက်တာပဲ။ အဲဒီသူတို့မွှေးတဲ့ မီးတွေရဲ့ အရောင်အဝါကို ကြည့်ရင်လည်း တစ်မျိုးထဲပဲ” တဲ့။ ဒါက မြတ်စွာဘုရား လက်တွေ့ပြတာ။

မထူးခြားဘူးဆိုတာ သူတို့လုပ်တာကိုကြည့်၊ လုံးဝထူးခြားမှု မရှိဘူး။ အဲဒီတော့ ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်က ကောင်းတာပဲ၊ ဇာတ်နဲ့ ဘာမှမဆိုင်ဘူးတဲ့။ “စာတုဝဏ္ဏသုဒ္ဓိ” ဇာတ် (၄)မျိုးစလုံးဟာ စင်ကြယ်နိုင်တယ်။ ကောင်းရာသုဂတိ ရောက်နိုင်တယ်။

ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်နိုင်တယ်။ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်နိုင်တယ်။

“စာတုဝဏ္ဏသုဒ္ဓိ” နဲ့ ပတ်သက်ပြီး စကားပြိုင်ပြောရင်း အဿလာယနဟာ နောက်ဆုံးအရှုံးပေးပြီးတော့ ဗုဒ္ဓဘာသာ ဖြစ်သွားရတယ်။ အဿလာယနက
စာမျက်နှာ-၂၀
နောက်ပိုင်းမှာ စန္ဒီဝတီဆိုတဲ့ ပုဏ္ဏမနဲ့ အိမ်ထောင်ပြုတယ်။ မွေးလာတဲ့ သားလေးရဲ့ အမည်က ကောဋ္ဌိကတဲ့။ ကောဋ္ဌိကဟာ သာသနာ့ဘောင်ဝင်ပြီး ရဟန်းပြုတယ်။ အင်မတန်မှ ဉာဏ်ထက်တဲ့ပုဂ္ဂိုလ် ရှင်မဟာကောဋ္ဌိကတဲ့ ဖြစ်လာတယ်။ အဲဒီ ရှင်မဟာကောဋ္ဌိကနဲ့ ရှင်သာရိပုတ္တရာတို့ အချင်းချင်း အပြန်အလှန် တရားဆွေးနွေးတဲ့ သုတ္တန်တွေ တော်တော်များများရှိတယ်။ အဲဒီသုတ္တန်တွေထဲက ဒီကနေ့ည အင်္ဂုတ္တရနိကာယ်က “ကောဋ္ဌိကသုတ်” ကို ဟောမယ်။ ဘာသာတရား လိုက်နာကျင့်သုံးမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့သုတ် ဖြစ်လို့ မှတ်သားနာယူကြရအောင်။ ကောဋ္ဌိကသုတ်အနှစ်ချုပ်။

သာဝတ္ထိပြည်မှာ ရှင်သာရိပုတ္တရာတို့၊ ရှင်မဟာကောဋ္ဌိကတို့ နှစ်ပါးဆုံတွေ့ကြတဲ့အခါ ရှင်မဟာကောဋ္ဌိကက မေးခွန်းတွေ မေးလေ့ရှိတယ်။ “မြတ်စွာဘုရားအထံမှာ ဗြဟ္မစရိယဆိုတဲ့ မြတ်သောအကျင့်ကို ကျင့်တာ ဘာအတွက် ကျင့်တာလဲ” ဆိုတဲ့ မေးခွန်းပဲ။
စာမျက်နှာ-၂၁
အဲဒီ ဗြဟ္မစရိယဆိုတဲ့အသုံးကို ဘုန်းကြီးတို့က ဒီခေတ်နားလည်လွယ်အောင် “ဘာသာတရား လိုက်နာကျင့်သုံးခြင်း” လို့ ပြင်ဆင်သုံးလိုက်တယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမဖြစ်တဲ့ ဘာသာတရား။ အဲဒီဘာသာတရားကို လိုက်နာကျင့်သုံးခြင်းဟာ “ဗြဟ္မစရိယ” အကျင့်ကို ကျင့်ခြင်းဖြစ်တယ်။ ဘုရားဟောတဲ့အတိုင်း၊ ဆုံးမတဲ့အတိုင်း လိုက်နာကျင့်သုံးတာ။

အဲဒီလို လိုက်နာကျင့်သုံးခြင်းဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ လိုက်နာကျင့်သုံးတာလဲဆိုတာကို ရှင်းလင်းဖော်ပြတယ်။ ထားရမယ့် ရည်ရွယ်ချက်တွေ၊ မထားရမယ့် ရည်ရွယ်ချက်တွေ၊ ပေါ်လွင်ထင်ရှားလာအောင် မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို တင်ပေးတဲ့ မေးခွန်းတွေကို မေးပြီး ရှင်သာရိပုတ္တရာမထေရ်မြတ်က အဖြေပေးတဲ့ သုတ္တန်ပဲပေါ့။ ။

ရှင်မဟာကောဋ္ဌိကက မေးတယ်။ “အရှင်သာရိပုတ္တရာတဲ့ မြတ်စွာဘုရားထံ မြတ်သောအကျင့်ကို လိုက်နာကျင့်သုံးပြီး နေထိုင်တာဟာ ဘာအတွက်လဲ၊ ကံတရားတွေကို အပြောင်းအလဲ
စာမျက်နှာ-၂၂
လုပ်ဖို့ ဘာသာတရားကို ကျင့်သုံးရတာလား?” တဲ့။

စဉ်းစားကြည့်နော်။ အခုခေတ် တချို့ဘာသာတရား လိုက်နာကျင့်သုံးတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက ကံတရားတွေကို အပြောင်းအလဲ လုပ်ချင်လို့ ကျင့်သုံးတာ ဖြစ်နေကြတယ်။ မကောင်းတဲ့ အကုသိုလ်တွေက လွှတ်အောင် confession လုပ်ကြတယ်။ ဒီလိုဆို သူတို့ဘာသာတရား လိုက်နာကျင့်သုံးခြင်းဟာ မကောင်းတဲ့ အကုသိုလ်တွေကို ကောင်းမှုဖြစ်အောင် ပြောင်းပစ်တာပဲလေ။ အကုသိုလ်က လွတ်မြောက်သွားတယ်၊ confession လုပ်လိုက်တာနဲ့ ကုသိုလ်ဖြစ်သွားတယ်။ အဲဒီလိုအတွက် ကျင့်သုံးတာလား? ဒီမေးခွန်းမျိုးတွေ မေးတာ။

ရှင်ကောဋ္ဌိကမေးတဲ့ မေးခွန်းတွေဟာ အင်မတန်မှ စိတ်ဝင်စားစရာကောင်းတယ်။ မေးခွန်းက ကံတရားနဲ့ ပတ်သက်တယ်။ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင်တွေ သိတဲ့အတိုင်း၊ လူတွေဟာ နေ့စဉ်နှင့်အမျှ ကြံတွေးကြတယ်။ ပြောဆိုကြတယ်။ ကိုယ်ထိလက်ရောက် လုပ်ကြတယ်။ အဲဒီလို စိတ်ရဲ့အတွေး၊ နုတ်ကပြော၊ လက်တွေ့
စာမျက်နှာ-၂၃
လုပ်တဲ့အရာတွေဟာ ဒီလူတွေရဲ့ သန္တာန်မှာ အလုပ်ဆိုတဲ့ ကံတရားတွေ ဖြစ်နေတယ်ပေါ့။

အဲဒီကံတရားတွေထဲမှာ တချို့ကံတရားက (၁) ဒိဋ္ဌဓမ္မဝေဒနီယ - ဒီဘဝမှာတင် အကျိုးခံစားရလောက်အောင် သူက အခြေအနေပေးတယ်။ ဒီဘဝမှာတင် အကျိုးခံစားရတဲ့ ကံမျိုးဖြစ်တယ်ပေါ့။ အဲဒီတချို့ကံကျတော့ ဒီဘဝမှာ မခံစားရသေးဘူး။ ဒီဘဝရဲ့ အခြားမဲ့ (သို့မဟုတ်) နောက်ဘဝကျမှ အကျိုးခံစားရမယ့် ကံမျိုးဖြစ်တယ်။

ကံဆိုတာ အမျိုးမျိုးရှိတယ်။ သူက မြန်မြန်အကျိုးသက်ရောက်တာမျိုးရှိသလို နှေးနှေးမှ အကျိုးသက်ရောက်တဲ့ကံမျိုးလည်း ရှိတယ်ပေါ့။ ဒီဘဝလုပ်တဲ့ အလုပ်တွေလည်း တူတူပဲလေ။ ဒါကြောင့် နိုင်ငံအစိုးရတွေက ချမှတ်ကြတယ် မဟုတ်လား၊ ရေရှည်၊ ရေတို စီမံကိန်းဆိုတာလေ၊ ချက်ချင်းအကျိုးဖြစ်တာ ရှိတယ်လေ။ အကြာကြီးနေမှ အကျိုးဖြစ်တာ ရှိတယ်။ အဲဒီတော့ မြန်မြန်အကျိုးဖြစ်မယ့်ဟာကျတော့ ရေတိုစီမံကိန်းပေါ့။ ကြာမှအကျိုးဖြစ်မယ့်ဟာကျတော့
စာမျက်နှာ-၂၄
ရေရှည်ပေါ့။ သီးနှံစိုက်တာတောင်မှပဲ အခုလောလောဆယ် တစ်လ၊ နှစ်လအတွင်း စားရမယ့်သီးနှံရှိသလို နှစ်ချီကြာမှ စားရမယ့် သီးနှံရှိတယ်လေ။

အဲဒီလိုပဲ ကိုယ်လုပ်တဲ့ အလုပ်တွေဟာ ဒီဘဝမှာတင် အကျိုးခံစားရတဲ့ ကံဆိုတာ ရှိတယ်။ သို့မဟုတ် နောင်ဘဝကျမှ အကျိုးခံစားရတဲ့ ကံဆိုတာ ရှိတယ်။ အဲဒီကံနှစ်မျိုးကို အပြောင်းအလဲလုပ်ချင်လို့ ဘာသာတရားကို လိုက်နာကျင့်သုံးတာလားလို့ မေးတာ။

ဆိုလိုတာက ဒီဘဝမှာ အကျိုးခံစားရမယ့်ကံကို နောင်ဘဝကျမှ အကျိုးခံစားရမယ့်ကံအဖြစ် ပြောင်းလဲဖို့ မြတ်သောအကျင့်ကို ကျင့်ရတာလား? ဘာသာတရားကို လိုက်နာကျင့်သုံးတာလား? လို့ မေးတယ်။

ရှင်သာရိပုတ္တရာက ဖြေတယ်။ “မဟုတ်ဘူး”။ မဟုတ်ဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောတာနော်။ အဲဒီတော့ ဒီဘဝမှာ အကျိုးခံစားမယ့်ကံတရားဟာ ဒီဘဝမှာပဲ ခံစားရမှာပဲ။ နောင်ဘဝမှ အကျိုးခံစားမယ့် ကံတရားဟာလည်း နောင်ဘဝကျမှ အကျိုးခံစားရမှာ။ ဒီလိုဆိုလိုတာ၊ ထန်းပင်ကို ဒီနေ့စိုက်ပြီးတော့ နက်ဖြန်ခါ
စာမျက်နှာ-၂၅
အသီးစားချင်လို့ ရမလား မရနိုင်ဘူးလေ။ အဲဒီတော့ အဲဒါကို အပြောင်းအလဲလုပ်ဖို့ ဘာသာတရားကို လိုက်နာကျင့်သုံးတာလားလို့ မေးတဲ့အခါ ရှင်သာရိပုတ္တရာက “မဟုတ်ဘူး ငါ့ရှင်”၊ ဒီလိုဖြေတယ်။

“ဒါဖြင့် နောင်တမလွန်မှ အကျိုးခံစားရတဲ့ ကံမျိုးကိုတဲ့ ဒီဘဝအကျိုးခံစားလို့ရအောင် ပြောင်းလဲပစ်ဖို့ မြတ်စွာဘုရားထံမှာ (သို့မဟုတ်) မြတ်သောအကျင့်ကို ကျင့်တာလား။ ဘာသာတရားကို လိုက်နာကျင့်သုံးတာလား”လို့ မေးတော့လည်း “မဟုတ်ဘူး”တဲ့။ အဓိပ္ပါယ်က ကံတရားတွေကို အပြောင်းအလဲလုပ်ချင်လို့ ဘာသာတရားတစ်ခုကို လိုက်နာကျင့်သုံးတယ်ဆိုတာဟာ မဖြစ်နိုင်တဲ့အရာတစ်ခုလို့ ဒီလိုဆိုလိုတယ်နော်။ ။

သူက ဆက်မေးတယ်။ (၂) သုခဝေဒနီယကံ၊ ဒုက္ခဝေဒနီယကံဆိုတာ ၂-မျိုး ရှိတယ်။ ကုသိုလ်ကံက ချမ်းသာတဲ့အကျိုးကို ပေးတယ်။ အကုသိုလ်ကံက ဆင်းရဲတဲ့အကျိုးကို ပေးတယ်။ အဲဒီတော့ ဘာသာတရားကို လိုက်နာကျင့်သုံးခြင်းဟာ ချမ်းသာတဲ့အကျိုး
စာမျက်နှာ-၂၆
ပေးတဲ့ကံကို ဆင်းရဲတဲ့အကျိုးပေးတဲ့ကံအဖြစ် ပြောင်းဖို့ လုပ်တာလားတဲ့။ “မဟုတ်ဘူး”။ ဒါဖြင့် ဒုက္ခဝေဒနီယ- ဆင်းရဲတဲ့အကျိုးကို ခံစားစေတဲ့ ကံတရားကို သုခဝေဒနီယ- ချမ်းသာတဲ့အကျိုးကို ခံစားနိုင်တဲ့ကံအဖြစ် ပြောင်းလဲဖို့ ဘာသာတရားကို လိုက်နာကျင့်သုံးရတာလားတဲ့။ “မဟုတ်ဘူး”လို့ ဖြေတယ်။

မဟုတ်ဘူးဆိုတာ မဖြစ်နိုင်ဘူးကို ပြောတာနော်။ ဘာဖြစ်လို့တုန်းဆိုရင် ဒါက The Law of Nature ပဲလေ။ သဘာဝတရားကြီးကို အပြောင်းအလဲလုပ်လို့ မရဘူး။ အဲဒီတော့ သုခဝေဒနီယကံကို ဒုက္ခဝေဒနီယကံ ဖြစ်အောင်၊ ဘာသာတရားတစ်ခုကို လိုက်နာကျင့်သုံးတာလည်း မဟုတ်ဘူးတဲ့။ ဒုက္ခဝေဒနီယကံကို သုခဝေဒနီယကံအဖြစ် ပြောင်းဖို့ ဘာသာတရားကို လိုက်နာကျင့်သုံးတာလည်း မဟုတ်ဘူး။ ဘာသာတရားတစ်ခုကို [?] လုပ်လိုက်ရုံနဲ့ မကောင်းတာတွေက ကောင်းတဲ့အဖြစ် ပြောင်းသွားနိုင်ပါ့မလား။ မပြောင်းနိုင်ဘူးတဲ့။
စာမျက်နှာ-၂၇

ဝန်ချတောင်းပန်ခြင်း
ဒါဖြင့် ဗုဒ္ဓဘာသာမှာ ဝန်ချတောင်းပန်မှု မရှိဘူးလား၊ ရှိတယ်။ ဗုဒ္ဓဘာသာ ဝန်ချတောင်းပန်တာဟာ ကွင်းလုံးကျွတ် လွတ်တယ်လို့ ပြောတာ မဟုတ်ဘူး။ အကုသိုလ်ဆိုတာ ၂-မျိုး ရှိတယ်။ လုပ်တုန်းကဖြစ်သွားတဲ့ အကုသိုလ်ကို “အာရမ္ဘောဇ - လုပ်လို့ဖြစ်တဲ့ အကုသိုလ်”။ အဲဒီလုပ်လို့ဖြစ်ပြီးသား အကုသိုလ်ကို ပြောင်းလို့မရဘူး။ ဘာဖြစ်လို့တုန်းဆို “What have done cannot be undone”။ မလုပ်ဘူးလို့ ပြောလို့မရဘူး။ ပြီးသွားပြီလေ။ ပြန်ယူလို့လည်း မရဘူးလေ။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ပြောပြီးသားဟာ ပြောပြီးသားပဲ။ လုပ်ပြီးသားဟာ လုပ်ပြီးသားပဲ ဖြစ်သွားပြီ။ အဲဒီတော့ အဲဒီလိုလုပ်ပြီးသားကို မလုပ်သေးဘူးလို့ ပြန်ပြောလို့ မရဘူးပေါ့။

ဒါဖြင့် ဗုဒ္ဓဘာသာတွေ ဒီဝန်ချတောင်းပန်ရင် ကျေတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲဆိုရင် “ငါ အမှားလုပ်မိပြီ”ဆိုပြီး စိတ်ထဲမှာ တအုံနွေးနွေးနဲ့ စိတ်
စာမျက်နှာ-၂၈
မကောင်းဖြစ်နေခြင်းကြောင့် အကုသိုလ်တွေဟာ တိုးတိုးလာတယ်။ အဲဒီအတိုးကို ရပ်ဆိုင်းစေတာပေါ့။ ဒါ အရင်းကို ဖြုတ်တာမဟုတ်ဘူး၊ အတိုးရပ်ခိုင်းတာ။ အတိုးရပ်တာမဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်တယ်။ ငွေချေးရင်တောင် အတိုးရပ်ရင် ရတယ်။ တချို့ကျ အရင်းတောင် လျော်ပေးတာ ရှိသေးတာပဲနော်။ ဒီမှာ ကံကျတော့ အရင်းကို အကုန်လျော်လို့ မရဘူး။ အဲ လျှော်လို့ရတဲ့နည်းတော့ ရှိတယ်။ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွားရင်တော့ အရင်းပါ လျော်လို့ရသွားပြီး၊ အဲဒီအဆင့်ရောက်မှ လျော်လို့ရမှာပဲ။

ရှင်အင်္ဂုလိမာလလောင်းဟာ လူပေါင်းများစွာ သတ်လာခဲ့တာ၊ အရဟတ္တမဂ်ရတဲ့အခါ အဲဒီအကုသိုလ်တွေ နောင်ဘဝအကျိုးပေးဖို့ ကိလေသာအဖော်မရှိတော့ဘူး။ မရှိသည့်အတွက်ကြောင့် သူက အရင်းပါ လျော်ပေးလိုက်တာပဲ။ အဲဒါကို ဓမ္မပဒမှာ ဘယ်လိုဟောထားတုန်းဆို “ယဿ ပါပံ ကတံ ကမ္မံ၊ ကုသလေန ဓိယတိ”တဲ့။ သူလုပ်ခဲ့တဲ့ အကုသိုလ်တွေမှန်သမျှ ကုသိုလ်နဲ့ ပိတ်ပစ်လိုက်တယ်တဲ့။
စာမျက်နှာ-၂၉
အခုခေတ် ငွေကြေးလည်း ပိတ်လိုက်ရင် ရတာပဲပေါ့။ အဲဒီတော့ ပိတ်တယ်ဆိုတဲ့နေရာမှာ အင်အားရှိတာနဲ့ ပိတ်မှရတာနော်။ သာမန်သွားပိတ်ရင်တော့ ပွင့်ထွက်သွားမှာပဲ။ မရဘူး။ အဲဒီတော့ အကုသိုလ်တွေ အားလုံးကို အရဟတ္တမဂ်ကုသိုလ်ကမှ ပိတ်ပေးလို့ရတယ်။ ဒီလိုအဓိပ္ပါယ်ရတယ်။

ဒါက ဓမ္မပဒမှာ ဖတ်ကြည့်၊ အဲဒီဂါထာပါတယ်။ လုပ်ထားတဲ့အကုသိုလ်တွေကို ကုသိုလ်တရားနဲ့ ပိတ်တယ်ဆိုတာ အဲဒီကုသိုလ်က ဘယ်ကုသိုလ်တုန်းလို့ဆိုတော့ အဋ္ဌကထာက “အရဟတ္တမဂ်ကုသိုလ်”တဲ့။ သာမန်ကုသိုလ်နဲ့ ပိတ်လို့မရဘူး။ အရဟတ္တမဂ်ကုသိုလ်က ကံတရားတွေကိုတော့ ဖယ်တာမဟုတ်ဘူး။ ကိလေသာတွေကို ဖယ်လိုက်တာ။ ကိလေသာတွေကို ဖယ်လိုက်သဖြင့် ကံတရားတွေဟာ အကျိုးပေးနိုင်ခြင်း မရှိတော့ဘူး။

မြေနဲ့ရေနဲ့ မတွေ့အောင်ထားရင် မျိုးစေ့လေးတစ်ခုဟာ ဘယ်လိုလုပ်ပြီး အပင်ပေါက်မလဲ။ မပေါက်ဘူး။ မျိုးစေ့လေးကို ဖျက်ဆီးလိုက်ရင်လည်း အပင်
စာမျက်နှာ-၃၀
မပေါက်ဘူး၊ ကံမျိုးစေ့ကို အရဟတ္တမဂ်ကုသိုလ်စွမ်းအားနဲ့ ဖျက်ဆီးပစ်လိုက်တာ။ ဒီလိုဆိုလိုတာပေါ့နော်။

အေး အဲဒီ ဒီလိုကံတရားတွေကို အပြောင်းအလဲလုပ်ဖို့ မြတ်စွာဘုရားထံ ဘာသာတရားကျင့်သုံးတာလားလို့ဆိုတော့ မဟုတ်ဘူး။ အဲဒီတော့ ဗုဒ္ဓဘာသာတွေ ဝန်ချတောင်းပန်တယ်ဆိုတာက တိုးလာမယ့် အကုသိုလ်တွေကို မတိုးအောင်လုပ်တာ၊ အဲဒီအကုသိုလ်ကို ဝိပ္ပဋိသာရဇအကုသိုလ်လို့ ခေါ်တယ်။ ဝိပ္ပဋိသာရဇဆိုတာ နှလုံးမသာမယာဖြစ်နေခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကုသိုလ်တရားတွေ မဖြစ်အောင် တားတာ။ အာရမ္မဇကို တားတာ မဟုတ်ဘူး။ ဝိပ္ပဋိသာရဇကို တားတာ။ အာရမ္မဇကို တားတယ်ဆိုရင် အဓိပ္ပါယ်မရှိဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ လုပ်ပြီးသားဟာ လုပ်ပြီးသားဖြစ်နေလို့ပဲ။ လုပ်ပြီးသားကို ပြန်ဖျက်လို့မရဘူး။ ဒီအဓိပ္ပါယ်ကို ဆိုလိုတယ်။

အဲဒီတော့ ဒီမှာ သုခဝေဒနီယ၊ ချမ်းသာတဲ့ အကျိုးကိုပေးတဲ့ ကံတရားကို ဆင်းရဲတဲ့ အကျိုးပေးတဲ့
စာမျက်နှာ-၃၁
ကံတရားအဖြစ် ပြောင်းလဲဖို့ ဘာသာတရားကို လိုက်နာတာလားဆိုရင် အဖြေက “မဟုတ်ဘူး”။ ဆင်းရဲတဲ့ အကျိုးပေးတဲ့ကံတရားကို ချမ်းသာတဲ့အကျိုးပေးတဲ့ ကံတရားအဖြစ် ပြောင်းလဲဖို့ ဘာသာတရားကို လိုက်နာကျင့်သုံးတာလားဆိုရင်လည်း အဖြေက “မဟုတ်ဘူး”တဲ့။ ဒီအဖြေကို ဖြေတယ်။

နောက်တစ်စုံက ဘာလဲလို့ဆိုရင် (၃) ပရိပက္ကဝေဒနိယနဲ့ အပရိပက္ကဝေဒနိယတဲ့။ ပရိပက္ကဆိုတာ ရင့်ကျက်တယ်။ ရင့်ကျက်ပြီးကံတရား၊ ရင့်ကျက်ပြီးလို့ အကျိုးပေးတော့မယ့် ကံတရား။ အပရိပက္ကဝေဒနိယဆိုတာ မရင့်ကျက်သေးလို့ အကျိုးမပေးသေးတဲ့ ကံတရား။ အဲဒီ (၂)ခုကို အပြောင်းအလဲလုပ်ဖို့ ဘာသာတရားကို လိုက်နာကျင့်သုံးတာလားတဲ့။ ရင့်ကျက်ပြီးတဲ့ကံတရားကို မရင့်ကျက်သေးတဲ့ကံအဖြစ် ပြောင်းလဲဖို့၊ မရင့်ကျက်သေးတဲ့ကံတရားကို ရင့်ကျက်တဲ့ကံအဖြစ် ပြောင်းလဲဖို့ ဘာသာတရားကို ကျင့်သုံးရတာလားလို့ မေးတယ်။ ရှင်သာရိပုတ္တရာက “မဟုတ်ဘူး ငါ့ရှင်တဲ့” အဲဒါအတွက် ကျင့်သုံးတာလည်း
စာမျက်နှာ-၃၂
မဟုတ်ဘူးတဲ့။

ဟော နောက်တစ်ခုက (၄) ဗဟုဝေဒနိယနဲ့ အပ္ပဝေဒနိယ။ တချို့ကံက အကျိုးတွေအများကြီး ခံစားစေတယ်။ တချို့ကံက အကျိုးနဲနဲလေးပဲ ခံစားစေတယ်။ ကံတရားတွေဟာ အကျိုးထုတ်လုပ်ပုံချင်း မတူကြဘူးပေါ့။ အဲဒီတော့ ဗဟုဝေဒနိယလို့ဆိုတဲ့ အကျိုးတွေများစွာ ခံစားရတဲ့ ကံတရားကို အပ္ပဝေဒနိယ - အကျိုးနဲနဲလေး ခံစားစေတဲ့ကံအဖြစ် ပြောင်းလဲဖို့ ဘာသာတရားကို လိုက်နာကျင့်သုံးတာလားတဲ့။ အပ္ပဝေဒနိယ- အကျိုးနဲနဲလေး ခံစားရတဲ့ကံတရားကို ဗဟုဝေဒနိယ- အကျိုးတရားတွေအများကြီး ခံစားရတဲ့ကံတရားအဖြစ် ပြောင်းလဲဖို့ မြတ်သောအကျင့်ကို ကျင့်တာလား၊ ဘာသာတရားကို လိုက်နာကျင့်သုံးတာလားလို့ မေးတယ်။ ဒါလည်း “မဟုတ်ဘူး”လို့ ဖြေတယ်။

ဟော နောက်တစ်ခုမေးတာက (၅) ဝေဒနိယနဲ့ အဝေဒနိယ၊ ဝေဒနိယနဲ့ အဝေဒနိယဆိုတာ General point နဲ့ပြောတာ။ အကျိုးပေးမယ့်ကံနဲ့ အကျိုးမပေးတဲ့ကံပေါ့နော်။ ဝေဒနိယဆိုတာ အကျိုး
စာမျက်နှာ-၃၃
တရားကို ခံစားစေတတ်တဲ့၊ ဖြစ်ပေါ်စေတတ်တဲ့ ကံတရားမျိုး။ အဝေဒနိယဆိုတာ အကျိုးမပေးတဲ့ ကံတရားမျိုး။ အဟောသိကံ ဖြစ်သွားတာမျိုးလိုဟာမျိုး။ အဲဒီတော့ ဝေဒနိယ- အကျိုးကို ခံစားစေတတ်တဲ့ ကံတရားမျိုးကို အဝေဒနိယ - အကျိုးမပေးတဲ့ ကံတရားအဖြစ် ပြောင်းလဲဖို့ မြတ်သောအကျင့်ကို ကျင့်ရတာလား၊ ဘာသာတရားကို လိုက်နာကျင့်သုံးရတာလား?တဲ့။ ။

မဟုတ်တာတွေ အကုန်လုပ်ပြီးတဲ့အခါကျတော့ ဒီကံတွေက လုံးဝ အကျိုးမပေးတော့ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ဘူးလေ။ မဟုတ်တာလုပ်ထားလို့ရှိရင် ဝေဒနိယကံ ဖြစ်နေပြီ။ အကျိုးပေးနိုင်တဲ့ကံဖြစ်နေပြီး အဲဒီအကျိုးပေးနိုင်တဲ့ကံတွေကို အကျိုးမပေးရအောင် ပြောင်းလဲပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘယ်တန်ခိုးရှင်ကမှ လုပ်လို့မရတဲ့ကိစ္စတစ်ခုပေါ့နော်။ အေး အဲဒီလို မေးခွန်းတွေကို အပြန်အလှန် မေးလိုက်တာ မေးခွန်း (၁၀)မျိုး ဖြစ်သွားတယ်။

ပြန်ပြီးတော့ မှတ်သားဖို့ရာက (၁) ဒိဌဓမ္မ
စာမျက်နှာ-၃၄
ဝေဒနိယနဲ့ သမ္ပရာယဝေဒနိယ ကံ ၂-မျိုး အပြောင်းအလဲလုပ်ဖို့။ (၂) သုခဝေဒနိယနဲ့ ဒုက္ခဝေဒနိယ ကံ ၂-မျိုး အပြောင်းအလဲလုပ်ဖို့၊ (၃) ပရိပက္ကဝေဒနိယနဲ့ အပရိပက္ကဝေဒနိယ အပြောင်းအလဲလုပ်ဖို့၊ (၄) ဗဟုဝေဒနိယနဲ့ အပ္ပဝေဒနိယ အပြောင်းအလဲလုပ်ဖို့၊ (၅) ဝေဒနိယနဲ့ အဝေဒနိယ ကံ ၂-ခုကို အပြောင်းအလဲလုပ်ဖို့ ဘာသာတရားကို ကျင့်သုံးတာလားလို့ ၅-မျိုးကို အပြန်အလှန်မေးလိုက်တဲ့အခါ မေးခွန်း ၁၀-ပုဒ်၊ အဲဒီမေးခွန်း ၁၀-ပုဒ်ရဲ့ အဖြေက “မဟုတ်ဘူး” (No) လို့ အဖြေထွက်လာတယ်။ အဖြေမရဘူး။ ဟုတ်ကဲ့လား။

“ဒါဖြင့် ဘာအတွက် ကျင့်သုံးတာလဲ။ အရှင်ဘုရားက အကုန်လုံး No ချည်းဘဲ ဖြေတယ်။ ဒါဖြင့် အဖြေထွက်မလာတော့ ဘာအတွက် ဘာသာတရားကို လိုက်နာကျင့်သုံးတာလဲ” ဆိုတဲ့ မေးခွန်းတစ်ခု ထပ်တက်လာတယ်နော်။

“အထ ကိမတ္ထ စရဟာဝုသော ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ” ဒါဖြင့် ဗုဒ္ဓမြတ်စွာဟောတော်မူ
စာမျက်နှာ-၃၅
ခဲ့တဲ့ ဘာသာတရားကို လိုက်နာကျင့်သုံးတာဟာ ဘာအတွက် လိုက်နာကျင့်သုံးတာတုန်းလို့ မေးလိုက်တယ်။

ဖြေဆိုချက်က “သံသရာမှာ ဘယ်တုန်းကမှ မသိခဲ့ဘူးတဲ့၊ ဘယ်တုန်းကမှ မမြင်ခဲ့ဘူးတဲ့၊ ဘယ်တုန်းကမှ ကိုယ့်ရဲ့ စိတ်ထဲ နှလုံးထဲ ရောက်မလာဘူးတဲ့၊ ဘယ်တုန်းကမှ မျက်မှောက်မပြုခဲ့ဘူးတဲ့။ ဘယ်တုန်းကမှ ကိုယ့်အသိစိတ်ထဲမှာ ပေါ်မလာဘူးတဲ့ အကြောင်းအရာတစ်ခုကို သိဖို့ မြင်ဖို့ ရောက်ရှိလာဖို့ မျက်မှောက်ပြုနိုင်ဖို့ ထိုးထွင်းသိနိုင်ဖို့ ဘာသာတရားဆိုတာ ကျင့်သုံးရတာ”တဲ့။

ဆိုလိုတာက “မသိတာတွေ သိဖို့ ဘာသာတရားကျင့်သုံးတယ်”လို့ ဒီလိုပြောတာနော်။ မသိသေးတာတွေ သိဖို့ ဘာသာတရားကျင့်သုံးတာတဲ့။ ဒီလိုဖြေတာ။ ဘယ်တုန်းကမှ မသိခဲ့ရဘူးတဲ့၊ ဘယ်တုန်းကမှ မမြင်ခဲ့ရဘူးတဲ့၊ ဘယ်တုန်းကမှ မျက်မှောက်မပြုခဲ့ရဘူးတဲ့ တရားဓမ္မတွေကို သိဖို့၊ မြင်ဖို့ မျက်မှောက်ပြုဖို့၊ အင်မတန်မှ ထူးဆန်းတဲ့အသိဉာဏ်တွေ ရဖို့အတွက်တဲ့။ အသိဉာဏ်ဘယ်လောက် အရေးပါတယ်ဆိုတာ
စာမျက်နှာ-၃၆
ထင်ရှားတယ်။ မြတ်စွာဘုရားက အမြဲတမ်းအသိဉာဏ်ကို ဦးစားပေးတာလေ။ “ဗုဒ္ဓ” လို့ဆိုတာကိုက “သိသူ” လို့ အဓိပ္ပါယ်ရတယ်။ အဲဒီတော့ ဘာသာတရားကို လိုက်နာကျင့်သုံးတယ်ဆိုတာ ခုနက အခြေအနေတွေ ကံတရားတွေကို ပြောင်းပစ်ဖို့ မဟုတ်ဘူး။ သို့သော် ဒီကနေ့ခေတ်ပုဂ္ဂိုလ်တွေဟာ အခြေအနေတစ်ခု ပြောင်းပစ်ဖို့ လုပ်နေကြတယ်။ ဖြစ်နိုင်၊ မဖြစ်နိုင် ကိုယ့်ဟာကိုယ် စဉ်းစားကြည့်။ လုပ်ချင်တာတွေလုပ်ပြီးတဲ့အခါမှာ ပြောင်းပစ်မယ်။ ဘယ်ရမလဲ၊ မရဘူး။ မရနိုင်တဲ့အရာကို ရတယ်လို့ ထင်နေလို့ရှိရင် ဒါမှားယွင်းတဲ့အမြင်တစ်ခုပဲ။ မှားယွင်းတဲ့အမြင်ကို မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။ မှားယွင်းတဲ့အမြင်ကို လက်ခံတဲ့ပုဂ္ဂိုလ်ရဲ့ destination က ငရဲနဲ့ တိရစ္ဆာန်ပဲတဲ့။ ဒီလိုဆိုလိုတာပေါ့နော်။

အဲဒီတော့ ရှင်သာရိပုတ္တရာက ဖြေတယ်။ “မသိသေးတာကို သိဖို့၊ မမြင်သေးတာကို မြင်ဖို့၊ မျက်မှောက်မပြုနိုင်သေးတာကို မျက်မှောက်ပြုဖို့၊ ကိုယ်တွေ့မရသေးတာကိုရဖို့ ကျင့်တာ”တဲ့။
စာမျက်နှာ-၃၇
“ဒါဖြင့် အရှင်ဘုရား မသိသေးတာ၊ မမြင်သေးတာ၊ မျက်မှောက်မပြုသေးတာဟာ ဘာတွေတုန်း ဘုရား”လို့ မေးစရာရှိလာတဲ့အခါကျတော့ ဒီလိုဖြေတယ်။

“ဒါက ဒုက္ခပဲ၊ ဒါက ဒုက္ခဖြစ်ကြောင်းတရားပဲ၊ ဒါက ဒုက္ခတွေ ချုပ်ငြိမ်းသွားတဲ့အရာပဲ။ ဒါက ဒုက္ခတွေ ချုပ်ငြိမ်းဖို့ရန်အတွက် အကျင့်လမ်းမှန်ပဲ”လို့ သစ္စာတရားကို သိဖို့တဲ့။ ဒီလိုဆိုလိုတာပဲ။ အဲဒီတော့ သစ္စာတရား မသိသေးသမျှကာလပတ်လုံး သံသရာထဲမှာ လည်နေမှာပဲ။ သစ္စာတရားကို သိပြီးတဲ့အခါ သံသရာမှ လွတ်မြောက်မှာ ဖြစ်တယ်။

ကြည့်။ “ရှင်အင်္ဂုလိမာလဟာ ကံတရားကိုပြောင်းတာ မဟုတ်ဘူး၊ သူသိအောင် လုပ်လိုက်တာ။ သိအောင် လုပ်လိုက်လို့ သိသွားတဲ့အခါ ခုနကိစ္စတွေ အလိုလိုပြီးသွားတယ်။ ဒီလိုဆိုလိုတာပေါ့နော်။ အဲဒီတော့ သစ္စာတရားကို မသိသေးသမျှကာလပတ်လုံး သံသရာထဲမှာ လည်နေဦးမှာပဲ။ သံသရာထဲမှာ လည်ပြီး ဒုက္ခရောက်နေမယ့် အနေအထားတွေက လွတ်မြောက်ဖို့အတွက် “ဒါက ဒုက္ခပဲ၊ ဒါက ဒုက္ခဖြစ်ခြင်းရဲ့ အကြောင်းတရားပဲ။
စာမျက်နှာ-၃၈
ဒါက ဒုက္ခရဲ့ ချုပ်ငြိမ်းရာ ဖြစ်တယ်။ ဒါက ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့် ပဋိပဒါ ဖြစ်တယ်”လို့ ဒါကိုသိဖို့၊ ဒါကိုမြင်ဖို့၊ ဒါကို မျက်မှောက်ပြုနိုင်ဖို့ ဘာသာတရားကျင့်သုံးမှုကို လုပ်ကြရတာဖြစ်တယ်တဲ့။

အဲဒီတော့ ဗုဒ္ဓဘာသာတွေ တရားကျင့်တာ၊ ဥပုသ်စောင့်တာပဲဖြစ်ဖြစ်၊ သမာဓိကျင့်စဉ်ကို ကျင့်တာပဲဖြစ်ဖြစ်၊ ဝိပဿနာကျင့်စဉ်ကို ကျင့်တာပဲဖြစ်ဖြစ်၊ ဘာအတွက်လုပ်တာလဲဆိုတော့ အမှန်တရားကို သိဖို့အတွက်လုပ်တာတဲ့။ ။

အဲဒီအမှန်တရားမှာ ဒုက္ခနိရောဓဆိုတာ နိဗ္ဗာန်ပဲ။ အဲဒီတော့ နိဗ္ဗာန်ဆိုတာကို တွေ့မြင်မှ ဒုက္ခသမုဒယဆိုတဲ့ တဏှာကို ဖယ်နိုင်တာ။ ဒုက္ခသမုဒယတဏှာကို ဖယ်မှ ဒုက္ခဆိုတာကို ရပ်ဆိုင်းလို့ရမှာ၊ အဲဒီအခြေအနေတွေ ရောက်ဖို့ရန်အတွက် “ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ” လို့ဆိုတဲ့ “မဂ္ဂ”ကို ကိုယ့်သန္တာန်မှာ ထူထောင်ရမှာ ဖြစ်တယ်။ မြတ်စွာဘုရားက အကုန်လုံးကွင်းဆက်နဲ့ဟောတာ။ သစ္စာလေးပါး
စာမျက်နှာ-၃၉
ဆိုတာ Buddhist practice ကို အကျဉ်းပြောထားတဲ့ စကားပဲ။ အကျဉ်းဆုံးနည်းနဲ့ ပြောလိုက်တာ။

အဲ့ဒီတော့ ဗုဒ္ဓဘာသာတစ်ယောက်ဟာ ဘာလုပ်ရမှာလဲလို့ဆိုရင် “ဒုက္ခ နိရောဓ ဂါမိနီ ပဋိပဒါ”ကို ကျင့်ရမှာ။ “ဒုက္ခ နိရောဓ ဂါမိနီ ပဋိပဒါ”ဆိုတာ ဘာလဲလို့မေးမယ်ဆိုရင် မဂ္ဂင်ရှစ်ပါး “မဇ္ဈိမ ပဋိပဒါ”ပဲ။ အဲဒီတော့ မဇ္ဈိမ ပဋိပဒါဆိုတာ တခြားသွားရှာရမှာ မဟုတ်ဘူး၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ။ အဲဒီမဂ္ဂင်ရှစ်ပါးကို မိမိရဲ့ သန္တာန်မှာ ထူထောင်ပေးတာ။ ထူထောင်နေတဲ့အချိန်ကို ပုဗ္ဗဘာဂမဂ်လို့ခေါ်တယ်။ ပုဗ္ဗဘာဂမဂ်ဆိုတာ လောကုတ္တရာမဂ် မရခင် ရှေ့ပိုင်းမှာ ဖြစ်နေတာ။ မဂ်၊ မဂ်နဲ့ ပြောတာဟာ ဒီ ၈-ခု အပေါင်းပဲ ဖြစ်တယ်။
စာမျက်နှာ-၄၀

“မဂ္ဂ”အဓိပ္ပါယ်
မဂ္ဂဆိုတာ အဓိပ္ပါယ်အားဖြင့် Unity of 8 factors ပေါ့။ Unity ကို “မဂ္ဂ”လို့ခေါ်တာ။ ဘာဖြစ်လို့ မဂ္ဂလို့ ခေါ်တာတုန်းဆိုတော့ အဋ္ဌကထာဆရာကြီးတွေ ဖွင့်ပြတာ သိပ်ပြီးတော့ သဘောကျစရာကောင်းတယ်။ သမ္မောဟဝိနောဒနီအဋ္ဌကထာမှာ ၃-မျိုး ဖွင့်ထားတယ်။ စဉ်းစားတတ်ရင် သဘာဝကို ဖော်ဆောင်ပေးတဲ့ Definition တစ်ခုဆိုတာ သိရတယ်။

“မဂ္ဂ”ရဲ့ အဓိပ္ပါယ်ကို ပထမ ဘယ်လိုပြောသလဲလို့ဆိုရင် “နိဗ္ဗာနတ္ထိကေဟိ မဂ္ဂီယတေတိ မဂ္ဂါ”တဲ့။ “မဂ္ဂ”ဆိုတာတဲ့ နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေ ရှာရမယ့်တရားတဲ့။ ဒါ beginner တွေအတွက် ပြောလိုက်တာလေ။ မင်းတို့ နိဗ္ဗာန်ရချင်ရင် ဘာလုပ်ရမလဲ။ ဟော ဒီမဂ္ဂင်ရှစ်ပါးကို ရှာလို့ ပြောတာနော်။

ဒါဖြင့် နိဗ္ဗာန်ကို ဘယ်သူက ရှာပေးမှာတုန်းဆိုတော့ “နိဗ္ဗာန် မဂ္ဂတိ ဂဝေသတီတိ မဂ္ဂါ”တဲ့။ သူဟာသူ ရှာပေးလိမ့်မယ်တဲ့။ ဟော ဒါ ဒုတိယ definition ဖြစ်တယ်။
စာမျက်နှာ-၄၁
နောက်တစ်ခါ သူ့ဟာသူ ရှာသွားတယ်ဆိုတာ ဘယ်လိုရှာတာတုန်းဆိုတော့ “ကိလေသေ မာရေန္တော နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂါ - ကိလေသာတွေကို ဖယ်ရှားပစ်ပြီး နိဗ္ဗာန်ထဲ ပြေးဝင်သွားတာ”တဲ့။ ဟော နိဗ္ဗာန်ကိုတွေ့အောင်ရှာတာလဲ မဂ္ဂင်ရှစ်ပါးပဲ။ ဒါကြောင့်မို့ “မဂ္ဂ”ဆိုတဲ့ နာမည်ကို ပေးထားတာနော်။

“မဂ္ဂ”ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ် (၃)မျိုးနဲ့ မှတ်ရမယ်။ နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေ ရှာရတဲ့အရာ၊ နိဗ္ဗာန်ကို ရှာပေးတတ်တဲ့အရာ၊ ကိလေသာတွေကို ဖယ်ရှားပြီး နိဗ္ဗာန်ထဲကို ဝင်ရောက်တဲ့အရာလို့ ဆိုလိုတယ်။ အဲဒါဟာ ဘယ်တရားတွေလဲလို့ဆိုရင် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ စတဲ့ ဒီမဂ္ဂင်ရှစ်ပါးပဲတဲ့။

အဲဒီမဂ္ဂင်ရှစ်ပါးဟာ ပုဗ္ဗဘာဂမဂ္ဂလို့ဆိုတဲ့ ဝိပဿနာဉာဏ်အခိုက်မှာ တစ်ခါတစ်ရံ သမ္မာဒိဋ္ဌိက ဦးဆောင်တယ်။ တစ်ခါတစ်ရံ သမ္မာသမာဓိတို့၊ သမ္မာဝါယာမတို့၊ သမ္မာသတိတို့က ဦးဆောင်နေတယ်။ ဒီလို တစ်ခုစီတစ်ခုစီ သွားတယ်။ အားလုံးရဲ့ စွမ်းအင်သတ္တိဟာ တပြေးညီဖြစ်သွားပြီး သူ့အလုပ်ကို သူတစ်ညီ
စာမျက်နှာ-၄၂
တည်း လုပ်သွားပြီး၊ တစ်ခုတည်းကဲ့သို့ ဖြစ်သွားပြီဆိုရင် လောကုတ္တရာမဂ်အဆင့်ရောက်သွားပြီ။ မညီသေးဘူး တစ်စထောင် တစ်စလျော့ ဖြစ်နေသေးရင် ဝိပဿနာအဆင့်ပဲ ရှိသေးတယ်။ ဝိပဿနာအဆင့်ကို ပုဗ္ဗဘာဂမဂ်လို့ခေါ်တယ်။ အဲဒီ “ပုဗ္ဗဘာဂမဂ္ဂ”ဟာ အဆင့်မြင့်လာလို့ တစ်စထောင် တစ်စလျော့ မရှိတော့ဘဲ တစ်ညီတည်း စွမ်းဆောင်မှု ပေးသွားပြီးဆိုတဲ့အခါ လောကုတ္တရမဂ္ဂ ဖြစ်သွားရော။ အဲဒီလောကုတ္တရမဂ္ဂ ဖြစ်သွားပြီဆိုတဲ့အခါ ဆိုင်ရာဆိုင်ရာ ကိလေသာတွေကိုဖယ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုလိုက်တယ်။ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ ဆိုင်ရာဆိုင်ရာ ကိလေသာတွေကို ဖယ်ရှားပစ်လိုက်လို့ အမှန်တရားကို သိခြင်းကိစ္စဟာ အဲဒီမှာပင် အဆုံးသတ်သွားတယ်ပေါ့။

အဲဒီတော့ ဘာသာတရားကို လိုက်နာကျင့်သုံးတယ်ဆိုတာ အဲဒီအသိဉာဏ်မျိုးရအောင် ကျင့်သုံးတာနော်။ သာမန်အားဖြင့် ပြောမယ်ဆိုရင်တော့ ဘာသာတရားကို ဘာလို့ ကျင့်သုံးကြတာတုန်းဆို “နိဗ္ဗာန်”
စာမျက်နှာ-၄၃
ရချင်လို့ ဖြေကောင်းဖြေမယ်။ အခု ရှင်သာရိပုတ္တရာ ဖြေဆိုတဲ့အဖြေဟာ အလွန်ပြည့်စုံတဲ့အဖြေပဲနော်။ အေး ဘယ်တုန်းကမှ မသိသေးတာတွေသိဖို့၊ ဘယ်တုန်းကမှ မမြင်ခဲ့တာတွေမြင်ဖို့၊ ဘယ်တုန်းကမှ မရခဲ့သေးတာ မျက်မှောက်မပြုခဲ့သေးတာတွေ ရဖို့ မျက်မှောက်ပြုဖို့။ ဘာသာတရားကို ကျင့်သုံးကြတာတဲ့။

ဒါဖြင့် ဘယ်တုန်းကမှ မမြင်ခဲ့သေးတာတွေ၊ မရသေးတာတွေဆိုတာ ဘာတုန်းဆိုတော့ “သစ္စာလေးပါး”ပဲ။ သစ္စာလေးပါး မသိလို့ ဘုန်းကြီးတို့တစ်တွေ၊ သံသရာလည်နေကြတာ။ မြတ်စွာဘုရား ကိုယ်တိုင်က “ငါလည်း သံသရာလည်ခဲ့ရတယ်။ မင်းတို့လည်း သံသရာလည်ခဲ့ရတယ်။ အခု သစ္စာလေးပါးကို သိသွားပြီ။ သိသွားတာနဲ့ တစ်ပြိုင်နက်၊ သံသရာလည်ခြင်းအကြောင်းတွေ အကုန်ဖယ်ရှားပြီးသွားပြီ” ဒီလိုဆိုတာနော်။

အေး ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိတ်သတ်အပေါင်းတို့၊ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေ၊ ပိဋကတ်(၃)ပုံ တကယ့် အဆီ
စာမျက်နှာ-၄၄
အနှစ်တွေ မြန်မာပြည်မှာရှိနေတုန်း မှန်မှန်ကန်ကန်နဲ့ ဒီတရားတွေကို လေ့လာလိုက်စားကြမယ် သိရှိအောင် ကြိုးစားကြမယ်ဆိုရင် အများကြီးအကျိုးရှိနိုင်ပါတယ်။

ဘုရားတရားတော်တွေဟာ မြန်မာပြည်မှာ ပြည့်ပြည့်ဝဝ တည်ရှိထွန်းကားနေဆဲပဲ ဖြစ်တယ်။ ဒီတရားတော်တွေ မြန်မာပြည်ရောက်လာအောင် သယ်ဆောင်လာခဲ့ကြတဲ့ ကျေးဇူးရှင်တွေဟာ ရှင်အရဟံ စတဲ့ ရဟန်းတော်အရှင်မြတ်ကြီးတွေပဲ ဖြစ်တယ်။ သံဃာတော်တွေက သယ်ဆောင်လာပြီး စဉ်ဆက်မပြတ် ပို့ချပေးခဲ့လို့သာ ဒီတရားတွေရဲ့ အဓိပ္ပါယ်ကို သိနိုင်ခွင့်ရကြတယ်။ အကယ်၍ စာအုပ်တွေသာ သယ်လာပြီး ဗီရိုထဲထည့်ပစ်ခဲ့မယ်ဆိုရင် ဘယ်သူမှ သိမှာမဟုတ်ဘူး။

စာအုပ်ရှိပြီး သင်ဖို့လည်း လိုတယ်။ အခုလို သင်ယူပို့ချမှုတွေနဲ့ ဒီကနေ့ခေတ် မြန်မာနိုင်ငံမှာ ပရိယတ္တိစာသင်တိုက်ကြီးတွေမှာ စာသင်နေကြတယ်၊ ပို့ချပေးနေကြတယ်။ အဲဒီလိုလုပ်နေတာဟာ သာသနာတော် တည်တံ့ရေး၊ သာသနာတော် ထွန်းကားရေး
စာမျက်နှာ-၄၅
အတွက် အလုပ်လုပ်နေကြတာဆိုတာ ဘုန်းကြီးတို့ သဘောပေါက်ဖို့ လိုအပ်တာပေါ့။

ဒါကြောင့်မို့ စာပေကျမ်းဂန်ထဲမှာ “ပရိယတ္တိယာ ဠိတာယ သာသနံ ဌိတံ” သင်ယူမှုရှိနေသမျှ ကာလပတ်လုံး သာသနာရှိတယ်လို့ဆိုတာ သင်ယူတယ်ဆိုတဲ့အခါမှာ ဒကာ၊ ဒကာမတွေက တို့နဲ့မဆိုင်ဘူးလို့ မအောက်မေ့လေနဲ့။ ကိုယ်လည်းတပိုင်တနိုင် သင်ရမှာပဲ ဖြစ်တယ်။ ဘုရားတရားတွေ ကိုယ်တိုင်သိအောင် သင်ဖို့ လိုအပ်တယ်။ အဲနို့မို့ဆိုရင် သူများပြောတာမောပြီး ဟိုလူပြောရင် ဟုတ်နိုးနိုး၊ ဒီလူပြောရင် ဟုတ်နိုးနိုး၊ ဒီတရားနာ ဟုတ်နိုးနိုး၊ ဟိုတရားနာ ဟုတ်နိုးနိုး။ ဒီလို ဟုတ်နိုးနိုးထဲကနေ ထွက်နိုင်မှာ မဟုတ်တော့ဘူးနော်။

အဲဒီတော့ ကိုယ်ကိုယ်တိုင်သိနိုင်ခွင့်ရှိပါလျက်နဲ့ မသိဘူးလို့ဆိုရင် ကိုယ့်အတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်တယ်။ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ တရားတော်တွေရဲ့ အနှစ်သာရအချုပ် တို့တတွေ အမှန်သိအောင် ကြိုးစားအားထုတ်သင့်တယ်။ “ဘာသာတရား လိုက်နာ
စာမျက်နှာ-၄၆
ကျင့်သုံးခြင်းရဲ့ ရည်ရွယ်ချက်အစစ်အမှန်ဟာ မသိသေးတာတွေ သိဖို့၊ အမှန်တရားတွေကို သိဖို့၊ ဘာသာတရား လိုက်နာခြင်းသာ ဖြစ်တယ်။ ကံတရားတွေကို အပြောင်းအလဲလုပ်ဖို့ ဘာသာတရားကို လိုက်နာတာ မဟုတ်ဘူး”ဆိုတဲ့ ရှင်သာရိပုတ္တရာရဲ့အဖြေ၊ ရှင်မဟာကောဋ္ဌိကတို့ရဲ့အမေးကို နာယူမှတ်သားပြီး အသိဉာဏ်ရအောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။

သာဓု - သာဓု - သာဓု။ iu0ubw18os5lll7b7v79ae0ynz3bc2h ဘုရားသော်မှပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ 0 6384 22181 2026-06-16T23:05:08Z Tejinda 173 "{{header | title = ဘုရားသော်မှပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22181 wikitext text/x-wiki {{header | title = ဘုရားသော်မှပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ဘာသာတရားလိုက်နာကျင့်သုံးခြင်း၏ ရည်ရွယ်ချက်]] | previous2 = | next = [[မဟာဒါန]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

ဘုရားသော်မှပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ
မှတ်တမ်း
သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၅၂ ခုနှစ်၊ တော်သလင်းလဆန်း (၁၀) ရက်၊ ၂၀၁၀ ခုနှစ် စက်တင်ဘာလ (၁၈) ရက် မန္တလေးမြို့၊ ချမ်းအေးသာဇံ အိမ်တော်ရာဘုရား ပရဝုဏ်အတွင်း (၁၄) ခန်း ရတနာဃရ ဓမ္မဗိမာန်တော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မပါရမီ အထူးဓမ္မသဘင်ကြီး၌ မန္တလေးမြို့၊ ငပိတန်း လက်ကြား ဒေါ်ခင်အေးလှနှင့် မောင်နှမများတို့၏ အမတဒါန၊ ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော

“ဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာ ဝဋ်ကြွေးများ” တရားဒေသနာတော်

“ဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာ ဝဋ်ကြွေးများ”တဲ့ - မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ရဲ့ ဘဝနဲ့ ဆက်စပ်ပြီးတော့ “ပုဗ္ဗပိလောတိက ကမ္မ ဗုဒ္ဓအပဒါန” ဆိုပြီးတော့ အပဒါန်ပါဠိတော်မှာ မှတ်တမ်းလေးတစ်ခု ရှိတယ်။ အဲဒီမှတ်တမ်းမှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် အလောင်းတော် ဘဝက ပြစ်မှားကျူးလွန်ခဲ့မိတဲ့ ကံကြမ္မာဝဋ်ကြွေးတွေကို ဘုရားဖြစ်တဲ့ ဘဝမှာ ဘယ်လိုပေးဆပ်ရတယ်ဆိုတာ မှတ်တမ်းတင်ထားတာပေါ့။
စာမျက်နှာ-၂
“ကံကြမ္မာဝဋ်ကြွေး”ဆိုတဲ့ ဒီစကားလုံးလေးကို ကြည့်။ “ကံ”ဆိုတာကတော့ အားလုံးသိနေကြတဲ့အတိုင်း မိမိတို့ရဲ့ သန္တာန်မှာဖြစ်တဲ့ စိတ်ရဲ့လှုံ့ဆော်မှု မနောကံ၊ နှုတ်လှုပ်ရှားမှု ဝစီကံ၊ ကိုယ်ထိလက်ရောက် ပြုလုပ်မှု ကာယကံလို့ အကောင်းအဆိုး (၂) မျိုး ကွဲပြားလျက် ရှိတယ်။ အဲဒီ ကာယကံ၊ ဝစီကံ၊ မနောကံတွေထဲမှာ မကောင်းတဲ့ ကာယကံ၊ မကောင်းတဲ့ ဝစီကံ၊ မကောင်းတဲ့ မနောကံကို ရံဖန်ရံခါ ပုထုဇဉ်တွေ ပြစ်မှားကျူးလွန်မိခဲ့ကြတာ ရှိတယ်။
ခန္ဓာရှိနေသရွေ့ ကံတွေ ရှိနေတယ်
အဲဒီပြစ်မှားကျူးလွန်ခဲ့မိတာတွေကို “ကံ”လို့ ခေါ်တယ်။ အဲဒီ “ကံ” သည် ပြုလုပ်သူပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ စွမ်းရည်သတ္တိအနေနဲ့ တည်ရှိပြီးနေတယ်။ ကံ၊ ကိလေသာရဲ့ အကျိုးဖြစ်တဲ့ ခန္ဓာကြီးရှိနေသမျှ ဒီကံကြမ္မာတွေဆိုတာက ပျောက်ကွယ်သွားမှာ မဟုတ်-
စာမျက်နှာ-၃
ဘူး။ သို့သော် ကံတိုင်း အကျိုးပေးသလားလို့ဆိုတော့ အဲဒီလိုတော့လည်း မဟုတ်ဘူး။ အကျိုးပေးဖို့ရာအတွက် သူ့မှာ အခြေအနေတွေ လိုသေးတယ်။ ကုသိုလ်ကံက အကျိုးပေးဖို့ဆိုတာ တခြားအခြေအနေတွေ ရှိသေးတယ်။ အကုသိုလ်ကံ အကျိုးပေးဖို့ဆိုတာလည်း အခြေအနေတွေ ရှိသေးတယ်။
အခြေအနေပေးမှ ကံအကျိုးပေးမယ်
အဲဒီအခြေအနေတွေနဲ့ ဆုံလာပြီ။ ကံကြမ္မာရဲ့ အကျိုးဖြစ်တဲ့ ခန္ဓာကြီးကလည်း ရှိနေမယ်ဆိုရင် ဒီကံက အကျိုးပေးနိုင်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဖြစ်ကတည်းက မိမိသန္တာန်မှာ ဖြစ်ထားတာဖြစ်သည့်အတွက်ကြောင့် ရှောင်တိမ်းလို့ မရနိုင်ဘူး။ အဲဒီကံကိုပဲ “ကြမ္မာ” လို့လည်း ခေါ်ကြတယ်။

“ကြမ္မာ”ဆိုတာ မြန်မာလူမျိုးတွေက ကံနှင့် ကြမ္မာကို ခွဲပြီးတော့ ပြောနေကြတာ။ တကယ်တော့-
စာမျက်နှာ-၄
“ကြမ္မာ”ဆိုတဲ့ စကားလုံးက သက္ကဋဘာသာမှာ ကမ္မ ဆိုတဲ့စကားလုံးကို “ကရမ” လို့ အသံထွက်နဲ့ ပြောတာ။ ပါဠိဘာသာက “ကမ္မ”၊ သက္ကဋဘာသာကျတော့ “ကရမ”။ အဲဒီ “ကရမ” ကိုပဲ မြန်မာတွေက “ကြမ္မာ” လို့ ဒီလိုခေါ်လိုက်တာ။ သို့သော် ကံနှင့် ကြမ္မာနဲ့ဟာ အတူတူပဲလို့ မှတ်ရမယ်။ သို့သော် မြန်မာလူမျိုးတွေရဲ့ စိတ်ထဲစွဲနေတာက ကြမ္မာဆိုတာကျတော့ မကောင်းတာလို့ပဲ သတ်မှတ်ကြတယ်။ ကြမ္မာကောင်းတယ်လို့ သိပ်မသုံးဘူး။ ကံကောင်းတယ်၊ ကံမကောင်းဘူး ဒီလောက်ပဲသုံးတယ်။ သို့သော် အဆိုးတွေ့ပြီဆိုတာနဲ့ တပြိုင်နက် ကြမ္မာလို့ ပြောလေ့ရှိကြတယ်။ မူရင်းအနေနဲ့ ကံနှင့် ကြမ္မာဟာ အတူတူပဲလို့ မှတ်ရမယ်။

အဲဒီကံကြမ္မာကို “ဝဋ်ကြွေး”လို့ ဘာဖြစ်လို့ ခေါ်တာလဲ။ ဝဋ်လို့ ဘာဖြစ်လို့ပြောတာလဲလို့ဆိုတော့ ဝဋ်ဆိုတာက ဋ (၂) လုံးဆင့်နဲ့ ရေးတဲ့ ပါဠိစကား၊
စာမျက်နှာ-၅
ဝဋဆိုတဲ့ စကားလုံးကလာတာ။ အဲဒီ “ဝဋ” ဆိုတဲ့ စကားလုံးကို မြန်မာလို “ဝဋ်” လို့ပဲ ပြန်လိုက်ကြတာ။
ဝဋဆိုတာ လည်ပတ်တာ
ဝဋဆိုတာ ကြောင်းကျိုးဆက်ပြီးတော့ လည်ပတ်နေတာ။ ဆိုပါစို့ “ဒါရှိလို့ရှိရင် ဟိုဟာရှိလာမယ်။ ဟိုဟာရှိရင် နောက်တစ်ခု ရှိလာမယ်။ စဉ်ဆက်မပြတ် တစ်ခုနဲ့တစ်ခုဟာ ဆက်စပ်ပြီး ဖြစ်နေတာကို ဝဋ်”လို့ ပြောတာ။ အားလုံးသိတဲ့အတိုင်း ဝဋဆိုတာနဲ့ ပတ်သက်ပြီး (၃) မျိုးလို့ မှတ်ရမယ်။ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်။ လူတွေမှာ ကိလေသာရှိနေလို့ရှိရင် ကမ္မဆိုတာ လာမယ်။ ကိလေသာရှိနေရင် ကံကို မရှောင်လွဲနိုင်ဘူး။ ကမ္မဆိုတာ ဖြစ်လာမယ်။ ကမ္မရှိတာနဲ့ ဝိပါကဆိုတာ လာမှာပဲ။ အဲဒီလို စဉ်ဆက်မပြတ် ဖြစ်နေတာကို “ဝဋ” (ဝဋ်) လို့ခေါ်တယ်။
စာမျက်နှာ-၆
မြန်မာလူမျိုးတွေကတော့ ဝဋ်လည်တယ်ဆိုတာက မကောင်းတာဖြစ်မှ ဝဋ်လည်တယ်လို့ ပြောကြတာ။ အမှန်က ကောင်းကောင်းဆိုးဆိုး “ဝဋ” ဆိုတာ လည်ပတ်ပြီး ဖြစ်နေတဲ့ သဘောတရားကို ပြောတာ။ ကိလေသာရှိလို့ “ကံ” ဖြစ်နိုင်တယ်။ “ကံ” ဖြစ်လို့ ဝိပါကဆိုတဲ့ အကျိုးတရားတွေလာနေတယ်လို့ ဒီလိုပြောတာ။ ပဋိစ္စသမုပ္ပါဒ်ကို အကျဉ်းချုံးလိုက်တဲ့အခါ ဝဋ် (၃) ပါးလို့ ဒီလိုပြောတာပဲ။

ပဋိစ္စသမု္ပဒ်မှာ ကြည့်လိုက် “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတာကို ကြည့်ရုံနဲ့ပဲ အဝိဇ္ဇာဆိုတာ ကိလေသာ၊ အဝိဇ္ဇာဆိုတဲ့ ကိလေသာရှိလိုက်တာနဲ့ တစ်ပြိုင်နက် သင်္ခါရဆိုတဲ့ ကံလာတယ်။ သင်္ခါရဆိုတဲ့ကံ ရှိလိုက်တာနဲ့ တစ်ပြိုင်နက် ဝိညာဏဆိုတဲ့ ဝိပါကလာတာပဲ။ အဲတော့ ကိလေသာရှိရင် ကံလာမယ်။ ကံရှိလို့ရှိရင် ဝိပါက-
စာမျက်နှာ-၇
လာမယ်လို့ဆိုတဲ့ ဒီဝဋ် (၃) ပါး ပဋိစ္စသမုပ္ပါဒ်ကို ချုံ့ပြီး ပြောထားတာ။
ကိလေသာကြောင့် ကံဖြစ်
ဒီတော့ ကိလေသာကို အခြေခံပြီးတော့ ကံတရားတွေက စုမိဆောင်းမိဖြစ်လာတယ်။ ကံတရားတွေ စုမိဆောင်းမိဖြစ်လာလို့ရှိရင် ဒီကံတရားတွေက အကျိုးတရားကို ထုတ်လုပ်လာတယ်။ ဆိုလိုတာက ကိလေသာရှိနေရင် ကံရှိမှာပဲ။ ကံရှိလို့ရှိရင်လည်းပဲ ဝိပါကဆိုတဲ့ အကျိုးတရားရှိမှာပဲ။ မရှောင်လွဲနိုင်ဘူးနော်။ အဲဒီလို လည်ပတ်ပြီးတော့ ဖြစ်နေတာကို “ဝဋ်လည်တယ်” လို့ ပြောတာ။ သို့သော် မြန်မာလူမျိုးတွေပြောတယ်။ ဝဋ်လည်တယ်ဆိုတာက အဓိပ္ပာယ်တစ်မျိုးနဲ့ ပြောနေကြတာ။
စာမျက်နှာ-၈

ကိလေသာမရှိရင် ကံစွမ်းအားမရှိ
ကိလေသာဆိုတာ မရှိတော့ဘူးဆိုရင် “ကံ” စွမ်းအားမရှိဘူး။ ကံစွမ်းအား မရှိတော့ဘူးဆိုရင် ဝိပါကလည်းပဲ ချုပ်ငြိမ်းသွားတယ်။ ဒါကို အပြန်အလှန်အားဖြင့် ဒီလိုနားလည်ရမယ်နော်။ အဲဒီတော့ ဒီထဲမှာ အဓိကအချက်က “ကံ” လား၊ “ကိလေသာ” လားဆိုရင် ကိလေသာက အဓိကကျတယ်။ ကိလေသာကို ဖယ်ရှားပစ်လိုက်မယ်ဆိုရင် ကံတွေရဲ့ အကျိုးပေးနိုင်တဲ့ စွမ်းအားတွေ လျော့ပြီးတော့သွားတယ်။ လျော့သွားရုံမကဘူး၊ ကိလေသာ လုံးဝမရှိတော့ဘူးဆိုရင် “ကံ” မှာ အကျိုးပေးနိုင်တဲ့ စွမ်းအားတွေ လုံးဝမရှိတော့ဘူး။ ပေးနိုင်တဲ့ စွမ်းအားတွေ မရှိဘူးဆိုတဲ့ နေရာမှာ ဘဝတစ်ခု တည်ဆောက်တဲ့ စွမ်းအားကို ပြောတာနော်။
စာမျက်နှာ-၉

ကံဟောင်းကုန်ရင် ဘဝသစ်မရှိ
တစ်ခါတစ်ခါ မျက်စိလည်တတ်ကြတယ်။ ဘုရားရဟန္တာတွေဆိုတာ ကိလေသာတွေ ကုန်ပြီးနေပြီ။ သို့သော် ကုန်ပြီးနေတဲ့ ဘုရားရဟန္တာတွေမှာ ဘာဖြစ်လို့ ကံက အကျိုးပေးနေသလဲဆိုတာ မျက်စိလည်တတ်ကြတယ်။ ကံကုန်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ရတနသုတ်မှာကြည့် “ခီဏံ ပုရာဏံ နဝ နတ္ထိသမ္ဘဝ”။ ဘုရားရဟန္တာပုဂ္ဂိုလ်တွေမှာ ကံဟောင်းတွေ မရှိတော့ဘူး။ ကုန်သွားတယ်လို့ ပြောတာ။ ကံဟောင်းကုန်တယ်ဆိုတဲ့ အဓိပ္ပာယ်က ကံဟောင်းတွေက ဘဝသစ်တစ်ခုကို ထုတ်လုပ်နိုင်စွမ်း မရှိတော့ဘူးလို့ ပြောလိုတာ။ ဘဝသစ်ကို မထုတ်လုပ်နိုင်ဘူးဆိုတာ အကျိုးမပေးတော့ဘူးလို့ ပြောတာမဟုတ်ဘူး။ ကိလေသာ စွမ်းအားတွေ ကုန်သွားသည့်အတွက်ကြောင့်၊ ကိလေသာတွေ မရှိတော့သည့်-
စာမျက်နှာ-၁၀
အတွက်ကြောင့် ဘဝတစ်ခုကို ထုတ်လုပ်နိုင်လောက်တဲ့ ကံမရှိတော့ဘူးလို့ ပြောတာသာ ဖြစ်တယ်။
ပဝတ္တိအကျိုးကိုတော့ ပေးတယ်
“ကံ” က အကျိုးပေးတယ်ဆိုတာ (၂) မျိုးရှိတယ်။ ဘဝတစ်ခုကိုပေးတာကို “ပဋိသန္ဓေအကျိုး” လို့ ပြောတာ။ ပဋိသန္ဓေနောက်မှာ ဆက်လက်ဖြစ်ပေါ်လာတဲ့ အကျိုး “ပဝတ္တိအကျိုး” ဆိုတာရှိတယ်။ ကံကနေ ထုတ်လုပ်တဲ့ ပဝတ္တိအကျိုးမှာကျတော့ ကံတရားတွေက ဝင်ပြီး အကျိုးပေးလို့ရသေးတယ်။

“ခီဏံ ပုရာဏံ” အတိတ်ကံဟောင်းတွေကလည်း ကုန်ပြီး ဘဝသစ်တစ်ခုကို မထုတ်နိုင်တော့ဘူး။ “နဝ နတ္ထိသမ္ဘဝ” ဆိုတာ အသစ်ဖြစ်တာလည်း မရှိတော့ဘူး။ ဘုရားရဟန္တာတွေမှာ ကံအသစ်က မဖြစ်တော့ဘူး။ ဘာလို့မဖြစ်လဲဆိုရင် ကိလေသာကုန်သွားလို့။ အဲဒါကြောင့်မို့-
စာမျက်နှာ-၁၁
“ကိလေသနိရောဓော ကမ္မနိရောဓော” တဲ့။ ကိလေသာကုန်သွားရင် ကံလည်းကုန်တယ်လို့ ဒီလိုပြောရတယ်။ သို့သော် အတိတ်ကံရဲ့ စွမ်းအားတွေက ခန္ဓာရှိနေသေးရင်တော့ ရှိနေတဲ့ ခန္ဓာနဲ့ ဆက်စပ်ပြီး ဒုက္ခပေးနိုင်သေးတယ်။ ဘုရားဖြစ်တဲ့ဘဝ၊ ရဟန္တာဖြစ်တဲ့ဘဝမှာ အတိတ်ကံဟောင်းတွေက ခန္ဓာရှိနေလို့ ဒုက္ခပေးနိုင်သေးတယ်။ သို့သော် နောင်ဘဝတစ်ခု ဖြစ်ပေါ်စေဖို့ဆိုတာကျတော့ မတတ်နိုင်တော့ဘူး။ ဘာဖြစ်လို့ မတတ်နိုင်လဲဆိုတော့ ကိလေသာဆိုတဲ့ အဖော် မရှိတော့လို့။

ဥပမာ - မျိုးစေ့လေးတစ်ခုကို ကြည့်။ မျိုးစေ့လေးဟာ မြေရေရဲ့ အကူအညီမပါလို့ရှိရင် အပင်မပေါက်နိုင်ဘူး။ မြေနဲ့ရေနဲ့ ဝေးအောင်ထားလိုက်ရင် ဒီမျိုးစေ့ဟာ အပင်မပေါက်ဘူး။ အဲဒါနဲ့ပဲ ကံတရားတွေ၊ ကံဟောင်းတွေ ရှိနေလင့်ကစား ကိလေသာဆိုတဲ့ အကူမပါဘူးဆိုရင် ဘဝတစ်ခု အကျိုးမပေး-
စာမျက်နှာ-၁၂
တော့ဘူး။ အပင်တစ်ပင် မပေါက်နိုင်ဘူးလို့ ဆိုလိုတယ်။

ပဋိစ္စသမုပ္ပါဒ်မှာ ဒီသဘော အလွန်ထင်ရှားတယ်။ အဝိဇ္ဇာဆိုတဲ့ ကိလေသာရှိလို့ သင်္ခါရဆိုတဲ့ ကံရှိတယ်။ အဲဒီအဝိဇ္ဇာနဲ့ သင်္ခါရ၊ ကိလေသာနဲ့ ကံ (၂) ခုပေါင်းစပ်လိုက်ပြီး အကျိုးကို ထုတ်လုပ်ကြတယ်။ “ဝိညာဏ” ဆိုတဲ့ ဘဝသစ် ပဋိသန္ဓေတစ်ခုရလာတယ်။ ဒါကြောင့် ဘဝတစ်ခုဟာ ကံကိလေသာတွေရဲ့ အကျိုးဆက်လို့ ပြောတာ။ ကံနဲ့ကိလေသာတွေ ပေါင်းစပ်ပြီး ထုတ်ထားတာ။

ဘုန်းကြီးတို့ ခန္ဓာကိုယ်ကြီးကို ကြည့်လိုက်။ ကံနဲ့ကိလေသာ (၂) ရပ်က ပေါင်းစပ်ပြီးတော့ ထုတ်လုပ်ထားတဲ့ ခန္ဓာကြီးပဲ။ အဲဒီကံနဲ့ကိလေသာ (၂) ရပ်က ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ ခန္ဓာကိုယ်ထဲမှာ ကိလေသာတွေ ကုန်သွားလင့်ကစား သူ့ရဲ့အကျိုးဆက်-
စာမျက်နှာ-၁၃
ခန္ဓာကြီးရှိနေသမျှ ဟောဒီကံကြမ္မာက အကျိုးပေးနိုင်သေးတယ်လို့ ဒီလိုပြောတာ။
ကြွေးကိုပေးဆပ်ရတယ်
“ဝဋ်ကြွေး” တဲ့၊ လည်ပတ်ပြီးတော့ ဖြစ်လာတာ။ တစ်ချိန်တုန်းက ကိုယ်ကိုယ်တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ပြန်ပြီးတော့ Reaction တုံ့ပြန်ပြုလုပ်လာတာတွေ ရှိလာတယ်။ ဒါ သဘာဝတရားရဲ့ တုံ့ပြန်မှုလို့ ပြောတာ။ အဲဒီတုံ့ပြန်မှုလေးတွေက ဘုရားပဲဖြစ်စေ၊ ရဟန္တာပုဂ္ဂိုလ်တွေပဲဖြစ်စေ မည်သူ့သန္တာန်ပဲဖြစ်ဖြစ် ကံကြမ္မာ ဝဋ်ကြွေးတွေက အကြောင်းညီညွတ်ရင် တုံ့ပြန်လာတတ်သေးတယ်တဲ့။ အဲဒီဝဋ်ဟာ ကိုယ်လုပ်ခဲ့တာ ဖြစ်သည့်အတွက်ကြောင့် ကိုယ်က ပြန်လည်ပေးဆပ်ရလို့ ကြွေးနဲ့ အလားသဏ္ဌာန်တူလို့ ကံကြမ္မာဝဋ်ကြွေးလို့ ပြောတာ။ ကြွေးဆိုတာ မဆပ်ဘဲနေလို့မရဘူး။ ဆပ်ရတယ်နော်။
စာမျက်နှာ-၁၄
ကြွေးဆိုတာ တစ်နေ့တစ်ချိန် ဆပ်ရတယ်။ ဒါကြောင့် ဒီကံကြမ္မာဝဋ်ကြွေးဟာလည်းပဲ ပေးဆပ်ကြရတယ်။ အကယ်၍ မပေးဆပ်ရသေးလို့ရှိရင် ဒီကံရဲ့ အရှိန်အဟုန်က ကုန်ပြီးတော့ မသွားဘူး။

ကိလေသာကုန်သွားရင် ဘဝ အကျိုးပေးစရာ မရှိတော့သည့်အတွက်ကြောင့် ဘဝတစ်ခုကို အကျိုးမပေးနိုင်ဘူး။ သို့သော် ကံကိလေသာရဲ့ အကျိုးဆက်ဖြစ်တဲ့ ခန္ဓာကြီး ရှိနေသေးရင်တော့ ပေးဆပ်ကြရသေးတယ်လို့ ဒီလိုပြောတာနော်။

ဘုန်းကြီးတို့ဘဝလည်း ကိုယ့်ကိုယ်ကို ပြန်စစ်ပြီးတော့ ကြည့်ပေါ့။ အသက် (၃၀) အရွယ်ရှိတဲ့ ပုဂ္ဂိုလ်က ဒီ (၃၀) အတွင်းမှာ ဘာတွေဖြစ်ခဲ့သလဲ။ အသက် (၄၀)၊ (၅၀)၊ (၆၀)၊ (၇၀) ရှိတဲ့ ပုဂ္ဂိုလ်ကလည်း ကိုယ့်ဒီဘဝတွေအတွင်းမှာ ဘာတွေဖြစ်ခဲ့သလဲ ပြန်ပြီးတော့ ကြည့်။ မဖြစ်ချင်တာတွေ ဖြစ်လာလို့ရှိရင်-
စာမျက်နှာ-၁၅
ကံကြမ္မာ ဝဋ်ကြွေးနဲ့ သက်ဆိုင်မှုရှိ မရှိ အတော်အသင့် ခန့်မှန်းလို့ရမယ်။
ဘုရားသော်မှ ကြွေးဆပ်ရ
ဗုဒ္ဓမြတ်စွာဟာ ဘုရားအဖြစ်သို့ရောက်လို့ ကိလေသာတွေကုန်ပေမယ့်လို့ အတိတ်ဘဝက ကံကြမ္မာ ဝဋ်ကြွေးတွေကို ပြန်လည်ပေးဆပ်နေရသေးတယ်တဲ့။ ဆိုလိုတာက အတိတ်ကံရဲ့ လှုံ့ဆော်မှုလေးတွေဟာ မြတ်စွာဘုရားမှာ ကံရဲ့ အကျိုးဖြစ်တဲ့ ခန္ဓာကြီးရှိသေးလို့ ပြန်ပြီးပေါ်လာတတ်သေးတယ်လို့ ပြောတာ။ အဲဒါကို ပုဗ္ဗကမ္မ ပိလောတိက ဗုဒ္ဓအပဒါန ဆိုပြီးတော့ အပဒါန်ထဲမှာ မှတ်တမ်းတင်ထားတယ်။

ဘုရားရဲ့ဘဝနဲ့ ဆက်စပ်ပြီး ကြည့်ကြရအောင်။ အားလုံးသိတဲ့အတိုင်း မြတ်စွာဘုရားအလောင်းဟာ ပါရမီဆယ်ပါး အပြားသုံးဆယ် ဖြည့်ကျင့်ပြီးတော့-
စာမျက်နှာ-၁၆
ဘုရားအဖြစ်သို့ ရောက်လာတာ။ နည်းတဲ့ကုသိုလ်တွေ မဟုတ်ဘူး။ ကုသိုလ်ကောင်းမှုတွေက အင်မတန်မှများတယ်။ အဲဒီလောက်များတဲ့ ကုသိုလ်ကောင်းမှုတွေကို ဆည်းပူးအားထုတ်လို့ ဘုရားဖြစ်လာတာတောင်မှပဲ ဟောဒီခန္ဓာကြီးရှိနေတဲ့အခါမှာ တစ်ကြိမ်တစ်ခါ မှားခဲ့တဲ့ အကုသိုလ်ကံက အခွင့်ရရင် အခွင့်ရသလို ဝင်ရောက်ပြီးတော့ နှောင့်ယှက်တာလေးတွေ ရှိနေသေးတယ်။ သူက ဘာဖြစ်လို့ အခွင့်ရနေသလဲဆိုရင် ကံရဲ့ အကျိုးဆက်ဖြစ်တဲ့ ခန္ဓာကြီးရှိနေလို့ အခွင့်ရတာ။ ဒီခန္ဓာကြီးမရှိရင်တော့ သူအခွင့်မရနိုင်တော့ဘူး။ အဲတော့ ခန္ဓာကြီးရှိနေလို့ အခွင့်ရတဲ့အခါမှာ ဝင်ပြီးတော့ နှောင့်ယှက်သေးတယ်။

မြတ်စွာဘုရားရဲ့ ဘဝကို ကြည့်လိုက်၊ မြတ်စွာဘုရားဟာ လူ့ဘဝရလာပြီးတဲ့အခါမှာ သက်တော် (၈၀) လူ့လောကမှာ နေထိုင်ခဲ့တယ်။ သက်တော်-
စာမျက်နှာ-၁၇
(၈၀)၊ ဘုရားဘဝနဲ့ (၄၅) နှစ် နေထိုင်ခဲ့တယ်။ တရားကျင့်တဲ့အချိန်က နှစ်ပေါင်း (၆) နှစ်၊ လောကီစည်းစိမ်ခံစားပြီးတော့ မင်းသားဘဝနဲ့ နေတာက (၂၉) နှစ်။

ရွှေနန်းစည်းစိမ် ခံစားနေတဲ့ (၂၉) နှစ်အတွင်းမှာ အခက်အခဲ တစ်စုံတစ်ရာရှိခဲ့တယ်ဆိုတာ မှတ်တမ်းမှာ မှတ်ထားတာ မရှိဘူး။
ပထမဝဋ်ကြွေး
တောထွက်ပြီး တရားကျင့်တဲ့ (၆) နှစ်မှာ ခက်ခက်ခဲခဲ တရားကျင့်ခဲ့ရတာ ဘာကြောင့်လဲ?။ သာမန်အနေအထား မဟုတ်ဘဲနဲ့ ဘုရားအလောင်းတော်ဟာ “အနုတ္တရ သန္တိဝရပဒ” ခေါ်တဲ့ တကယ့်ထူးမြတ်တဲ့ အငြိမ်းဓာတ်ကို ရှာတယ်။ ဒီလိုရှာတာဟာ မှန်ကန်တဲ့လမ်းကြောင်းနဲ့ မရှာမိဘဲနဲ့ မှားယွင်းတဲ့လမ်းကြောင်းလိုက်ပြီး ရှာနေတာဟာ အချိန်တွေဖြုန်းပြီးတော့ (၆) နှစ်နီးနီးလောက် ဖြစ်သွားတယ်။
စာမျက်နှာ-၁၈
“ဒီလိုလမ်းမှားလို့ ခန္ဓာကိုယ် ပင်ပန်းပြီး ဒုက္ခရောက်ရတာဟာ ကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ရတာ” လို့ ဒီလို အဲဒီထဲမှာ မှတ်တမ်းတင်ထားတယ်။

အဲဒီအချိန်က စပြီးတော့ မြတ်စွာဘုရားအတွက် ကံကြမ္မာ ဝဋ်ကြွေးဟာ ပေါ်လာတာ။ မှန်မှန်ကန်ကန်နဲ့ တကယ့်တရားလမ်းကြောင်းအတိုင်း ကြည့်လိုက်မယ်ဆိုရင် ခြောက်နှစ်အထိ ကျင့်စရာမလိုဘူး။ ဒီလောက်အပင်ပန်းခံဖို့လည်း မလိုဘူး။ မလိုအပ်ဘဲနဲ့ မှားယွင်းတဲ့အကျင့်တွေနဲ့ အချိန်ကုန်ပြီး ခန္ဓာကိုယ်ကြီး ပင်ပန်းကာ ဒုက္ခတွေ အကြီးအကျယ် ရောက်သွားခဲ့ရတာဟာ လွန်ခဲ့တဲ့ဘဝတစ်ခုမှာ ပြစ်မှားခဲ့တဲ့ ကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ရခြင်းလို့ ဒီလိုပြောတာ။

ဘယ်တုန်းက ဝဋ်ကြွေးဖြစ်ခဲ့တာတုန်းလို့ဆိုတော့ သိပ်မဝေးခင်က ဝဋ်ကြွေး။ ဟောဒီ ဘဒ္ဒကမ္ဘာထဲမှာ တတိယမြောက်ပွင့်တဲ့ ဘုရားဟာ ကဿပမြတ်စွာ-
စာမျက်နှာ-၁၉
ဘုရား။ လူတွေရဲ့ အသက်နှစ်သောင်းတမ်းမှာ ကဿပမြတ်စွာဘုရား ပွင့်တော်မူခဲ့တယ်။ အဲဒီအချိန်မှာ ဂေါတမဘုရားအလောင်းဟာ ဇောတိပါလလို့ဆိုတဲ့ ဗေဒကျမ်းတတ် ပုဏ္ဏားဖြစ်ခဲ့တယ်။

ဗေဒကျမ်းတတ် ပုဏ္ဏားတွေဆိုတာ အလွန်မာန်မာနကြီးတယ်။ ပညာမာန်တက်တယ်။ ပညာမာန်တင်မကဘူး။ ဗြဟ္မဏဆိုတာ အဲဒီခေတ်အခါမှာ အမြင့်ဆုံးပဲ။ ကဿပဘုရားလက်ထက်နဲ့ ဂေါတမဘုရားလက်ထက် မတူဘူး။ ခတ္တိယဇာတ်၊ ဗြဟ္မဏဇာတ်၊ ဝေဿဇာတ်၊ သုဒ္ဒဇာတ်လို့ အိန္ဒိယနိုင်ငံမှာ လူတွေရဲ့ အဆင့်အတန်း ဇာတ်ခွဲခြားထားတာ (၄) မျိုးရှိတယ်။ အဲဒီ (၄) မျိုးထဲမယ် ဂေါတမဘုရားလက်ထက်မှာကျတော့ “ခတ္တိယဇာတ်” က ဦးဆောင်နေတယ်။ မင်းမျိုးတွေက ထိပ်တန်းရောက်တယ်လို့ ဆိုတယ်။ ဗြဟ္မဏဇာတ်က ဒုတိယအဆင့်မှာရှိတယ်။ ဝေဿတို့ သုဒ္ဒတို့ကတော့ တတိယနဲ့ စတုတ္ထပေါ့။
စာမျက်နှာ-၂၀
ကဿပဘုရားလက်ထက်မှာကျတော့ ခတ္တိယဇာတ်ထက် “ဗြဟ္မဏဇာတ်” က ထိပ်တန်းကျတယ်။ ဗြဟ္မဏဇာတ်က ပိုပြီးတော့မြင့်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကဿပမြတ်စွာဘုရား ကိုယ်တိုင်ကိုက ဗြဟ္မဏဇာတ်ဝင်ပဲ။ အဲတော့ ဇာတ်ကို အမှီပြုပြီးတော့လည်းပဲ မာန်မာနတွေတက်တယ်။ ဗေဒကျမ်းဂန်တွေတတ်တဲ့ ဗဟုသုတပညာကို အကြောင်းပြုပြီးတော့လည်း အဲဒီဇောတိပါလပုဏ္ဏား မာန်မာနတွေတက်ခဲ့တယ်။ ဘုရားအလောင်းနော်။

ဘုရားအလောင်းဆိုတာ အင်မတန်မှ စိတ်ကောင်းရှိပြီး ဘဝမှာ ဆည်းပူးအားထုတ်ခဲ့တဲ့ ပါရမီတွေနဲ့ အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ ဘယ်လောက်ပဲ ပါရမီတွေ ပြည့်ပြည့် ပတ်ဝန်းကျင်ရဲ့ လှည့်စားမှုကြောင့် ဇာတိမာန်တွေတက်တယ်။ ပညာမာန်တွေတက်တယ်။ ပညာမာန်တွေတက်ပြီး-
စာမျက်နှာ-၂၁
တော့ ကဿပမြတ်စွာဘုရားကို လူမထင် သူမထင် သဘောမျိုးနဲ့ သူကပြောခဲ့တယ်။

ဘယ်လိုပြောလဲလို့ဆိုရင် ဘုရားတစ်ဆူဖြစ်ဖို့ ဗောဓိဆိုတဲ့ အသိဉာဏ်ဟာ အင်မတန်မှ ရဖို့ခဲယဉ်းတယ်။ သူတို့ဗေဒကျမ်းဂန်တွေထဲမှာလည်း ပါတာပေါ့။ ဒီလိုခဲယဉ်းတဲ့ အသိဉာဏ်ကို ဒီလိုကတုံးတုံးထားတဲ့ ကိုယ်တော်က ရနိုင်ပါ့မလားလို့ ဒီလိုပြောခဲ့တယ်။ ကဿပဘုရားကို အထင်သေးပြီးတော့ ပြောခဲ့တာ။ ဒီစကားလေး ရှိတယ်ပေါ့။ ကုတော နု ဗောဓိ မုဏ္ဍဿ တဲ့နော်။

“မုဏ္ဍဿ” ဆိုတာ ဦးဗျည်းကတုံးဆိုတဲ့ အဓိပ္ပာယ်ကို ပြောတာ။ “ဗောဓိ ပရမဒုလ္လဘာ”။
ဗောဓိဆိုတဲ့ သဗ္ဗညုတဉာဏ်ကြီးဟာ အင်မတန်မှ ရဖို့ခဲယဉ်းတယ်။ ရခဲတယ်။ အဲဒီရခဲတဲ့ သဗ္ဗညုတဉာဏ်ကြီး သူလိုလူ ရနိုင်ပါ့မလား၊ မရနိုင်လောက်ဘူးလို့ အထင်သေးပြီးတော့ ပြောခဲ့တဲ့စကား ရှိခဲ့တယ်။
စာမျက်နှာ-၂၂
ဘုရားအလောင်းပေမယ့်လို့ ဘုရားကို မကြည်ညိုဘူးဆိုတာ သတိထားဖို့လိုအပ်တယ်။

ကဿပဘုရားပြီးရင်ပွင့်မည့် ဘုရားအလောင်းက ဘုရားကို မကြည်ညိုဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို သိပ်ပြီးတော့ အထင်မကြီးနဲ့။ ဒီဘဝမှာ ဗုဒ္ဓဘာသာ ဖြစ်နေပေမယ့်လို့ နောင်ဘဝမှာ ဗုဒ္ဓဘာသာလူမျိုးတွေကြားမှာ မဖြစ်ဘဲနဲ့ တခြားလူမျိုး တခြားဘာသာဝင်တွေရဲ့ကြားမှာ ဖြစ်မယ်ဆိုရင် တခြားဘာသာဘက် ရောက်သွားမှာပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အသိဉာဏ် ခိုင်မာအောင်လုပ်ဖို့ အင်မတန်မှ အရေးကြီးတယ်။ ဒီလိုဘုရားအလောင်းကြီးတောင်မှပဲ ဘုရားကို ကြည်ညိုနိုင်စွမ်းမရှိဘူး။

အဲဒီမှာ ကဿပမြတ်စွာဘုရားကို ပြုစုနေတဲ့ ကဿပဘုရားနဲ့ အင်မတန်မှ ရင်းနှီးတဲ့ “ဃဋိကာရ” ဆိုတဲ့ အိုးထိန်းသည်ကြီး ရှိတယ်။ ဂေါတမမြတ်စွာဘုရားအလောင်း တောထွက်တဲ့အခါ သူပဲ ဗြဟ္မာကြီး-
စာမျက်နှာ-၂၃
အဖြစ်နဲ့ ကြာသင်္ကန်းလာကပ်တယ်။ ကဿပဘုရားလက်ထက်တုန်းက သူက အိုးထိန်းသည်ကြီး။ မျက်စိနှစ်ကွင်း အလင်းမရတဲ့ မိဘ (၂) ပါးကို ပြုစုလုပ်ကျွေးနေတာ သူက အနာဂါမ်ဥပါသကာကြီး။

ဇောတိပါလဆိုတဲ့ ပုဏ္ဏားနဲ့ သူက အင်မတန်မှ ခင်တယ်။ အင်မတန်မှ ရင်းနှီးတယ်။ ရင်းနှီးတော့ အဲဒီဇောတိပါလပုဏ္ဏားကို ဘုရားကျောင်းခေါ်တာ၊ ဇောတိပါလက မလိုက်ဘူး။ မလိုက်ရုံတင်မကဘူး။ “ဒီဦးပြည်းကတုံးတွေဆီ သွားလို့ ဘာအကျိုးရှိမှာတုန်း” ဆိုတဲ့ စကားမျိုး ပြောတယ်နော်။

နောက်ဆုံးကျတော့ “ဃဋိကာရ” ဆိုတဲ့ အိုးထိန်းသည်ကြီးက ခွန်အားဗလလည်း အင်မတန်ကောင်းတယ်။ အတင်းအကြပ် လိုက်မှာလား၊ မလိုက်ဘူးလားဆိုပြီး ဆံပင်ဆွဲကိုင်လိုက်တဲ့အခါကျတော့မှ သူလက်လျှော့တယ်။ ဘုရားအလောင်းဆိုတာ စိတ်ကောင်းတော့ အင်မတန်ရှိတယ်။ “ဃဋိကာရ” လို-
စာမျက်နှာ-၂၄
ဇာတ်နိမ့်တစ်ယောက်က သူ့ဆံပင်ကို ကိုင်တာနဲ့ပဲ သူက သာမန်ပုဂ္ဂိုလ်ဆိုရင် အဲဒီနေရာမှာ သတ်ပွဲဖြစ်သွားနိုင်တယ်။ ဘုရားအလောင်းကတော့ စဉ်းစားတယ်။ “သိပ်အရေးကြီးတဲ့ ကိစ္စမို့ ငါ့ကိုခေါ်တာပဲ”လို့ တွေးတယ်။ တွေးပြီးတော့ “ကဲ ဆံပင်ကိုတော့ မဆွဲနဲ့ လိုက်ခဲ့မယ်”ဆိုပြီး လိုက်သွားတယ်။ ။

ဘုရားဆီရောက်တော့ တရားဟောတယ်။ ဘုရားတရားလည်း နာလိုက်ရရော “ဒါမှ တရားစစ် တရားမှန်ပဲ”ဆိုတာ ချက်ချင်းသိသွားတယ်။ စောစောပိုင်းတုန်းကတော့ ဇာတိမာန်တွေ၊ ပညာမာန်တွေနဲ့ အခုအခံဖြစ်နေသည့်အတွက်ကြောင့် ဘုရားအပေါ်မှာ အထင်သေး အမြင်သေး စကားတွေပြောခဲ့တယ်။ ဘုရားတရားနာလိုက်ရတဲ့အခါ အမှန်တရားဆိုတာ ဒါပဲလို့ ဆုံးဖြတ်ပြီး တရားပွဲကထတာနဲ့ တစ်ပြိုင်နက် ဘုရားဆီမှာ ခွင့်တောင်းပြီး သင်္ကန်းဝတ်လိုက်တာ အိမ်မပြန်တော့ဘူး။
စာမျက်နှာ-၂၅
ဘုရားအလောင်းတွေက ပြတ်သားတယ်။ ဘုရားအလောင်းတွေက ဆုံးဖြတ်ချက် အင်မတန်ပြင်းထန်တယ်။ သာမန်ပုဂ္ဂိုလ်တွေက ဒီလိုဆုံးဖြတ်ချက် သိပ်ပြီးတော့ မရှိဘူး။ ကြိုက်တော့ကြိုက်တယ် မလုပ်နိုင်သေးဘူး။ ဘုရားအလောင်းတွေကျတော့ အယူဝါဒတစ်ခုကို ယူပြီဆိုလို့ရှိရင်လည်း လမ်းဆုံးအောင်လိုက်တယ်။ စွန့်ပြီဆိုရင်လည်း ချက်ချင်းစွန့်တယ်။ သူတို့က အချိန်မဆွဲဘူး။ ပြတ်သားတယ်။ ရဲရင့်တယ်။ သာမန်ပုဂ္ဂိုလ်တွေက ပြတ်သားမှု၊ ရဲရင့်မှုအားနည်းတယ်။ သံသရာထဲမှာ အချိန်ဆွဲနေကြတာ၊ ဟုတ်ရဲ့လား။ ။

ဘုန်းကြီးတို့တတွေ ပြတ်သားမှု၊ ရဲရင့်မှုမရှိသည့်အတွက်ကြောင့် သံသရာထဲမှာ အချိန်ဆွဲပြီးကြာနေကြတာ။ ဇောတိပါလလုလင်ဘဝတုန်းက “ဗောဓိဆိုတာ အလွန်ခဲယဉ်းတာ။ ဒီလို ဦးပြည်းကတုံးတွေအနေနဲ့ ဘယ်လိုလုပ်ပြီး
စာမျက်နှာ-၂၆
ဗောဓိဉာဏ်ကို ရနိုင်မှာတုန်း”ဆိုတဲ့ ဒီအပြောနဲ့ ကဲ့ရဲ့စကားပြောခဲ့သည့်အတွက်ကြောင့် လမ်းလွဲပြီးတော့ သူ့ခမျာ ကျင့်နေရတာ လွယ်လွယ်နဲ့မရဘူး။

ဒီစကားပြောခဲ့သည့်အတွက်ကြောင့် လွယ်လွယ်နဲ့မရခဲ့ဘူး။ ခြောက်နှစ်ပတ်လုံး လမ်းလွဲပြီးတော့ ဘုရားအလောင်းဟာ ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့ရတယ်။ ပင်ပန်းဆင်းရဲစွာ အတော်နဲ့လမ်းမတွေ့နိုင်ဘူး။ ဒါဟာ ဝဋ်ကြွေးကိုပေးဆပ်လိုက်ရတာပဲ။ ဒါကြောင့် အင်မတန်မှ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီးတော့ ဝစီကံမျိုး ပြစ်မှားတဲ့စကားမျိုး မပြောမိအောင် ဘုန်းကြီးတို့တတွေ ဆင်ခြင်ဖို့လိုအပ်တယ်။

ဒီကံကြမ္မာဝဋ်ကြွေးဟာ ကိုယ်တိုင်လုပ်ခဲ့တာဖြစ်သောကြောင့် ကိုယ့်သန္တာန်မှာ ကြွေးအနေနဲ့တင်ရှိနေတယ်။ ဒါကြောင့် ပေးဆပ်ရတယ်။ ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယာကျင့်ပြီးတော့
စာမျက်နှာ-၂၇
ပေးဆပ်လိုက်ရတယ်။ ခြောက်နှစ်ကျင့်တဲ့အကျင့်ဟာ ဘာမှအထောက်အကူမဖြစ်ဘူး။ ပင်ပန်းရုံသက်သက်ပဲလို့ ဆိုလိုတယ်။ အဲဒီ ဒုက္ကရစရိယာအကျင့်ကို ကျင့်လို့ဘုရားဖြစ်တာမဟုတ်ဘူး။ လမ်းလွဲပြီးတော့ လိုက်နေတာ ခန္ဓာကိုယ်ပင်ပန်းရုံပဲ။ မှန်ကန်တဲ့လမ်းကြောင်းကို နောင်မှတွေ့သွားတာ။ အဲဒီလမ်းမှားလိုက်တာဟာ ဘာကြောင့်လိုက်ရသလဲဆိုရင် ကဿပဘုရားလက်ထက်တုန်းက မာန်မာနကြီးပြီးတော့ ပြောမှားဆိုမှားလုပ်ခဲ့သည့်အတွက်ကြောင့် အဲဒီကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ရတာ။
စွပ်စွဲခံရမှု ဝဋ်ကြွေးနှစ်ခု
နောက်တစ်ခု မြတ်စွာဘုရားရဲ့ဘဝကိုကြည့်၊ ဘုရားရဲ့ဘဝမှာ ဒီစွပ်စွဲခံရမှုကြီး (၂) ခု ကြုံခဲ့တယ်။ သေသေချာချာ စဉ်းစားကြည့်။ လူ့ဘဝရလာတဲ့
စာမျက်နှာ-၂၈
အခါမှာ လူတိုင်းလူတိုင်း စွပ်စွဲခံရတာမဟုတ်ဘူး။ မြတ်စွာဘုရားရဲ့ဘဝမှာ အကြီးအကျယ် အရှက်တကွဲအကျိုးနည်းဖြစ်အောင် စွပ်စွဲခံရမှုကြီးဟာ (၂) ကြိမ် ကြုံခဲ့ဖူးတယ်။ သုန္ဒရီပရဗိုဇ်မရဲ့ ပြဿနာတစ်ခု။ စိဉ္စမာဏဝိကာနဲ့ ပတ်သက်တာက ပြဿနာတစ်ခု။

အောင်ခြင်းရှစ်ပါးထဲမှာတော့ စိဉ္စမာဏဝိကာရဲ့ အကြောင်း သိနေကြတယ်ပေါ့နော်။ မသိတာက သုန္ဒရီပရဗိုဇ်မရဲ့ ပြဿနာ။ အင်မတန်မှ ဖြေရှင်းရခက်တဲ့ စွပ်စွဲခံရမှုကြီး (၂) ခု ကြုံခဲ့ဖူးတယ်။ မြတ်စွာဘုရားဘဝမှာ ကြုံခဲ့တယ်။ အဲဒီလိုကြီးမားတဲ့ စွပ်စွဲခံရမှုကြီး (၂) ခု ကြုံတာဟာလည်းပဲ ကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ရတာ။ တစ်ချိန်တုန်းက သူကိုယ်တိုင် စွပ်စွဲခဲ့ဖူးတယ်။ အဲဒီစွပ်စွဲခဲ့တဲ့ ပြစ်မှုတွေကို သူကိုယ်တိုင်ခံရတာ။
စာမျက်နှာ-၂၉
“ဖုဿ”မြတ်စွာဘုရားလက်ထက်အခါကာလမှာ သူက “မုနာလိ”ဆိုတဲ့ လူဆိုးလူပေတစ်ယောက်ဖြစ်ခဲ့တယ်။ ခုခေတ်ဆို လမ်းသရဲလို့ပြောချင်ပြောမှာပေါ့။ ပါဠိစာပေက ဓုတ္တလို့ဆိုတဲ့ အသုံးနဲ့သုံးတယ်။ ဓုတ္တဆိုတာ အပျော်ကြူးသမား လူဆိုးပေါ့။ ကစားကျူးတယ်။ အရက်ကြူးတယ်။ ကာမကြူးတယ်ဆိုတဲ့ အဲဒီအပျော်အပါးလိုက်စားပြီးတော့ မကောင်းတာဆို အကုန်လုပ်တဲ့လူမျိုးကို ဓုတ္တလို့ခေါ်တယ်ပေါ့။

“အဲဒီ မုနာလီဆိုတဲ့ လူဆိုးဘဝမှာ သူက သုတပိဆိုတဲ့ ပစ္စေကဗုဒ္ဓမထေရ်မြတ်ကို စွပ်စွဲခဲ့ဖူးတယ်။ မဟုတ်တရုတ်နဲ့ မတော်မတရားစွပ်စွဲခဲ့တယ်။ တကယ့်ပစ္စေကဗုဒ္ဓါကို သွားပြီးတော့ စွပ်စွဲခဲ့တာ။ အဲဒီစွပ်စွဲခဲ့တဲ့ ပြဿနာ၊ ကံကြမ္မာကြောင့် ဒီဘဝမှာ အကြီးအကျယ် စွပ်စွဲခံရတယ်။
စာမျက်နှာ-၃၀

သုန္ဒရီသတ်မှု
ဒီစွပ်စွဲမှုကြီးက ဘယ်မှာဖြစ်တုန်းဆိုတော့ သာဝတ္ထိပြည်မှာဖြစ်တာ။ သာမန်ပုဂ္ဂိုလ်ဆိုရင် ဖြေရှင်းဖို့ရာ အင်မတန်ခက်ပါတယ်။ မြတ်စွာဘုရားကို ကြည်ညိုတဲ့ပုဂ္ဂိုလ်တွေက အလွန်များတယ်။ ရဟန်းတွေကို ကြည်ညိုတဲ့ပုဂ္ဂိုလ်တွေကလည်း အင်မတန်များတယ်။ လူတွေက လှူကြတန်းကြ။ ဘုရားကျောင်းတော်ကို သွားကြလာကြ၊ လှူကြတန်းကြဆိုတော့ တစ်ဖက်ဘာသာခြားဖြစ်တဲ့ ပရဗိုဇ်တွေကို ကြည်ညိုသူမရှိဘူး။ မေးမယ့်သူမရှိဘူး။ လာမယ့်သူမရှိဘူး။

အဲဒီအခြေအနေမျိုးရောက်သွားတဲ့အခါကျတော့ သူ့ရဲ့သဘာဝကို စဉ်းစားကြည့်ပေါ့။ တစ်ဖက်က သိပ်ကြီးပွားနေပြီးတော့ တစ်ဖက်က လုံးဝနိမ့်ကျသွားတယ်ဆိုရင် အဲဒီတစ်ဖက်က ဘာဖြစ်မလဲ။ မနာလိုမှုတွေ ဖြစ်လာတာပေါ့။ ပရဗိုဇ်တွေက မနာလို
စာမျက်နှာ-၃၁
ဖြစ်လာတဲ့အခါကျတော့ လုပ်ကြံစွပ်စွဲမှုကြီးတစ်ခု ဖန်တီးကြတယ်။ ယုတ္တိရှိအောင် သူတို့ဘယ်လိုဖန်တီးတုန်းလို့ဆိုတော့ သူတို့ပရဗိုဇ်တွေထဲမှာ ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးပရဗိုဇ်မလေးတွေရှိတယ်။ “သုန္ဒရီဆိုတဲ့ ပရဗိုဇ်မလေးက ရုပ်အဆင်း အင်မတန်မှချောမောလှပတယ်။ ငယ်လည်းငယ်တယ်။ အဲတော့ သူ့ကို တိုက်တွန်းကြတယ်။ စွပ်စွဲဖို့ရာအတွက် သူ့ကိုအသုံးပြုကြတယ်ပေါ့။

သူက ဘာလုပ်ပေးရမလဲလို့ဆိုရင် နေ့စဉ်နေ့စဉ် ဘုရားကျောင်းတော်က ဒကာ၊ ဒကာမတွေ တရားနာပြီးအပြန်မှာ သူက ကျောင်းတော်ဘက်ကို သွားရမယ်။ ခုခေတ်လိုဆိုလို့ရှိရင် သရုပ်ဆောင်တာပေါ့လေ။ လူတွေကတွေ့တယ်။ သုန္ဒရီ ဘယ်သွားတာတုန်းဆိုရင် ဇေတဝန်ကျောင်းသွားမလို့။ အဲဒီအပြောလေးနဲ့ သူက ဇေတဝန်ကျောင်းကို နေ့တိုင်းသွားတာ။ ညနေနေဝင်ချိန်ဆိုရင် ဇေတဝန်ကျောင်းသွားပြီ။ ကျန်တဲ့လူတွေ
စာမျက်နှာ-၃၂
က ဘုရားဖူး၊ တရားနာပြန်လာရင် သူက ဇေတဝန်ကျောင်းဘက်သွားတယ်။ သို့သော် ဇေတဝန်ကျောင်းနားရောက်တဲ့အခါကျတော့ အဲဒီထဲမဝင်ဘူး။ လှည့်ပတ်ပြီးတော့ တခြားလမ်းကနေ ထွက်သွားတယ်။ လူတွေသံသယဖြစ်အောင်လုပ်တဲ့သဘောပေါ့။

ဒီလိုအများသိလာအောင် ညနေတိုင်းညနေတိုင်း ဇေတဝန်ကျောင်းသွားတယ်။ ဇေတဝန်ကျောင်းသွားတယ်ဆိုတာ ပတ်ဝန်းကျင်က ပြောဆိုလာတဲ့အချိန်လေးမှာ ဘာလုပ်တုန်းဆိုတော့ (အင်မတန်ရက်စက်တဲ့အကြံပဲ) သုန္ဒရီကို လူသတ်သမားငှားပြီးတော့ သတ်ပစ်လိုက်တယ်။ သတ်ပစ်ပြီးတော့ သုန္ဒရီရဲ့အလောင်းကို ဇေတဝန်ကျောင်းထဲမှာ သွားပြီးပစ်ထားတယ်။ လူတွေဘုရားကို ပူဇော်တဲ့ပန်းတွေနဲ့ အမှိုက်တွေပစ်တဲ့နေရာထဲမှာ သုန္ဒရီရဲ့အလောင်းကို ဖုံးပြီးတော့ အဲဒီမှာ ပစ်ထားလိုက်တာ။
စာမျက်နှာ-၃၃
အဲဒီလို လူသတ်မှုကျူးလွန်ပြီးတဲ့နောက်မှာ သုန္ဒရီပျောက်နေတယ်၊ ပျောက်နေတယ်နဲ့ ဘုရင့်ဆီတိုင်တာပေါ့။ တိုင်တော့ လိုက်ရှာတယ်။ “ဘယ်မှာသံသယရှိတုန်း”၊ “ဟာ ဒီရက်ပိုင်းမှာ နေ့တိုင်း သူ ဇေတဝန်ကျောင်းသွားတယ်။ ညနေဆိုရင် အဲဒီဘက်သွားတယ်။ ဇေတဝန်ကျောင်းမသင်္ကာဘူး”ဆိုပြီး သွားစစ်ကြတယ်။ သူ့အလောင်းက ဇေတဝန်ကျောင်းထဲ အမှိုက်ပုံမှာတွေ့တယ်။ အဲဒီလိုတွေ့တဲ့အခါ ဘာလုပ်ကြတုန်းဆိုတော့ “ဪ ဒီရဟန်းတွေက “သုန္ဒရီ”လေးကို မတရားပြုကျင့်ပြီး အခုလိုသတ်ပစ်ပြီး ဖုံးကွယ်ထားကြတယ်။ ရဟန်းဂေါတမနဲ့ သူ့တပည့်တွေ လူသတ်မှုထိအောင် ကျူးလွန်ကြတယ်” ဆိုပြီးတော့ မြို့ထဲမှာ လိုက်ကြော်ငြာကြတယ်။

ကဲဒီစွပ်စွဲမှုကြီးဟာ ဘယ်လောက်ကြီးကျယ်တဲ့စွပ်စွဲမှုကြီးတုန်း၊ စဉ်းစားကြည့်မယ်။ ဖြေရှင်းဖို့အလွန်ခက်တယ်နော်။ သက်သေ သက္ကာယရှာဖို့
စာမျက်နှာ-၃၄
အလွန်ခက်တယ်။ ဒီလိုဖြစ်နေတော့ များသောအားဖြင့် လူဆိုတာက အသိဉာဏ်မရှိတဲ့လူကများတယ်။

ဒီတော့ အို ဂေါတမဘုရားနဲ့ တပည့်တွေ တော်တော်ဆိုးတာပဲ။ တော်တော်ဆိုးတာပဲ။ “သုန္ဒရီ”ကို မတော်မတရားလုပ်ပြီး သတ်ဖြတ်ပစ်ကြတယ်။ သတ်ဖြတ်မှုကျူးလွန်သတဲ့နဲ့ဆိုပြီး ဒီလိုအုတ်အော်သောင်းနင်းဖြစ်နေတဲ့အချိန်မှာ ဘာဖြစ်လာလဲ။ ရဟန်းသံဃာတွေ မြို့ထဲရွာထဲ ဆွမ်းခံသွားတယ်ဆိုလို့ရှိရင် ဆဲကြတယ်။ မဟုတ်တာတွေပြောကြတယ်ဆိုတော့ ရဟန်းသံဃာတွေ မျက်နှာမလှဘူးပေါ့။ မြို့ထဲကို မသွားရဲအောင်ဖြစ်လာတယ်ပေါ့။ အခြေအနေက အဲဒီလောက်ထိအောင် ဆိုးလာတယ်။

နောက်ကျတော့ သူတို့လုပ်တဲ့လုပ်ရပ်ဟာ ပေါ်လာတယ်။ ငှားရမ်းပြီးတော့ သတ်တဲ့လူသတ်သမားတွေက အရက်သမားတွေဆိုတော့ သူတို့က အရက်သောက်ရင်း “ထန်းရည်မူးတော့ကျွဲခိုးပေါ်”ဆိုတာလို
စာမျက်နှာ-၃၅
သူတို့သတ်တယ်ဆိုတာပေါ်လာတယ်။ ပေါ်လာတဲ့အခါ အဲဒီအကြောင်းကို စုံစမ်းထောက်လှမ်းနေတဲ့ပုဂ္ဂိုလ်တွေက ဒီစကားလည်းကြားရော စုံစမ်းတော့တာပေါ့။ ဖမ်းပြီးတော့ မေးတော့တာ။ မေးတဲ့အခါ ဟုတ်တယ်။ သူတို့သတ်တာ။ ဘယ်သူကသတ်ခိုင်းတာတုန်းဆိုတော့ ဟော ပရဗိုဇ်တွေက သတ်ခိုင်းတာဆိုပြီး သူတို့ရဲ့လုပ်ရပ်ကြီးဟာ အဲဒီမှာပြန်ပေါ်သွားတယ်။

ဒီစွပ်စွဲမှုကြီးဟာ ကြည့်၊ သာမန်အနေနဲ့ဆိုရင် ဖြေရှင်းဖို့အင်မတန်ခဲယဉ်းတယ်တဲ့။ မြတ်စွာဘုရားဟာ အခုလိုစွပ်စွဲခံရတာဟာ ဘာကြောင့်တုန်းဆိုလို့ရှိရင် “မုနာလီ”ဆိုတဲ့ လူဆိုးဘဝတုန်းက ပစ္စေကဗုဒ္ဓတစ်ပါးကို သူကစွပ်စွဲခဲ့တယ်တဲ့။ အဲဒီစွပ်စွဲခဲ့တဲ့ ပြစ်မှုရဲ့ ကံကြမ္မာဝဋ်ကြွေးကို အခုပေးဆပ်ရတာတဲ့။ သာမန်နဲ့ အစွပ်စွဲမခံရဘူး။ ဘုရားတောင်မှ ဒီလိုပေးဆပ်ရတယ်လို့ ဒီလိုပြောတာ။
စာမျက်နှာ-၃၆

စိဉ္စမာဏဝိကာ စွပ်စွဲမှု
ဒုတိယအကြိမ် စွပ်စွဲခံရတဲ့ ပြစ်မှုကြီးတစ်ခုပြန်ပြီးတော့ ပေါ်လာခဲ့ပြန်တယ်။ အဲဒီစွပ်စွဲခံရမှုကတော့ ဘာတုန်းဆိုရင် စိဉ္စမာဏရဲ့ စွပ်စွဲခံရမှုပဲ။ အဲဒါလည်းပဲ အခုလိုအဖြစ်မျိုးပဲ။ “စိဉ္စမာဏ”ကို ဝိုင်းပြီးတော့ တိုက်တွန်းကြတယ်။ “စိဉ္စမာဏ”ကလည်း ရုပ်ရည်ကလှပချောမောတော့ မြတ်စွာဘုရားနဲ့ ဘာလိုလိုပြောပြီးတော့ စွပ်စွဲကြတယ်။ ဒါကတော့ အားလုံးကြားဖူးနေကြတာပဲ။ အဲဒီမှာ သာမန်ပုဂ္ဂိုလ်တွေ မဖြေရှင်းနိုင်ဘူး။ သိကြားမင်းနဲ့ နတ်သားတွေကနေပြီး စိဉ္စမာဏရဲ့ ဖန်တီးထားတဲ့အရာကို လူလယ်ခေါင်မှာ ထင်ရှားလာအောင် စွမ်းဆောင်ပေးလို့ စိဉ္စမာဏရဲ့ ပြဿနာဟာ ရှင်းသွားတာတဲ့။ နို့မို့ဆိုမရှင်းဘူး။ စိဉ္စမာဏလို့ခေါ်ကြပေမယ့် “စိဉ္စမာဏဝိကာ” လို့ စာထဲမှာရေးတယ်။ စိဉ္စဆိုတာ မန်ကျည်းပင်ပေါ့နော်။ မန်ကျည်းနဲ့နာမည်ပေးထားတာလည်း ဖြစ်တယ်။ သို့မဟုတ်
စာမျက်နှာ-၃၇
သံသေဒဇအနေနဲ့ မန်ကျည်းပင်မှာ အမှီပြုပြီးတော့ မွေးတဲ့မိန်းကလေးလည်း ဖြစ်ကောင်းဖြစ်မယ်ပေါ့။ သို့မဟုတ် မန်ကျည်းပင်အောက်က ကောက်ရတဲ့ မိန်းကလေးလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ သူ့ကို “စိဉ္စမာဏဝိကာ” လို့ နာမည်ပေးထားတယ်။ ရုပ်ရည်အဆင်း ချောမောလှပတယ်။ သူက ဘယ်လောက်ထိအောင် စွပ်စွဲတုန်းဆိုရင် မြတ်စွာဘုရားဟောနေတဲ့ ပရိသတ်အလယ်မှာလာပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးယောင်ဆောင်ပြီးတော့ ဘုရားကို လာစွပ်စွဲတာ။

အဲလိုစွပ်စွဲတဲ့အချိန်မှာ မြတ်စွာဘုရားကလည်း ဘယ်လိုလုပ်ဖြေရှင်းမတုန်း။ အလွန်ခက်တယ်။ စွပ်စွဲတယ်ဆိုတော့ မြတ်စွာဘုရား ဘာပဲပြောလိုက်နိုင်တုန်းဆိုရင် ရှေးတုန်းကခေတ်က ဘုရားရဟန္တာတွေ အရိယာသူတော်စင်တွေက အမျိုးသမီးဆိုလို့ရှိရင် “ဘဂိနိ” (နှမ) ဆိုတဲ့ အခေါ်အဝေါ်မျိုး ခေါ်လေ့ရှိတယ်။ “နှမတဲ့ ဒီကိစ္စဟာ မင်းနဲ့ငါ နှစ်ယောက်တည်းပဲ ဟုတ်
စာမျက်နှာ-၃၈
မဟုတ် သိပါတယ်” လို့ ဘုရားက ဒီလောက်ပဲပြောတယ်။ အဲဒီမှာ သူကဘာပြန်ပြောတုန်းဆိုရင် “သိလို့ပဲ ဒီလိုဖြစ်တာပေါ့” လို့ပြောတယ်နော်။ မြတ်စွာဘုရားက ဘာမှမပြောတော့ဘူး။

အဲဒီအချိန်မှာ နတ်သိကြားတွေကြောင့် သူ့လုပ်ကြံထားတာတွေဟာ ပေါ်သွားတယ်ပေါ့။ အဲဒီပြဿနာကြီးကိုလည်း စွပ်စွဲခံရတာဟာ မြတ်စွာဘုရားအလောင်းတော်ဘဝတုန်းက ဝေဿဘူမြတ်စွာဘုရားလက်ထက်မှာ ဝေဿဘူမြတ်စွာဘုရားရဲ့ သာဝကဖြစ်တဲ့ နန္ဒမထေရ်ကို ဒီလိုကိစ္စမျိုးနဲ့ စွပ်စွဲခဲ့ဖူးတယ်တဲ့။ ဘုရားလောင်းက လူလယ်ခေါင်မှာ စွပ်စွဲခဲ့ဖူးတယ်။ အဲဒီစွပ်စွဲခဲ့တဲ့ ကံကြမ္မာဝဋ်ကြွေးကို ပြန်လည်ပေးဆပ်ရခြင်းဖြစ်ပါတယ်တဲ့။ ဒါ စွပ်စွဲခံရမှုကြီး (၂) ခု။ တိုင်းကျော်ပြည်ကျော် စွပ်စွဲခံရမှုကြီး (၂) ခု ဘုရားဘဝမှာ ကြုံခဲ့ရတယ်။
စာမျက်နှာ-၃၉

လုပ်ကြံခံရဖို့ ကြုံရခြင်း
နောက်တစ်ခုက ဗုဒ္ဓဝင်မှာ ကြည့်လိုက်ပေါ့။ လုပ်ကြံသတ်ဖြတ်ခံရတာ (၃) ကြိမ်ပါ။ မြတ်စွာဘုရားဟာ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရတာ (၃) ကြိမ် ကြုံခဲ့ရတယ်။ အားလုံးသိတဲ့အတိုင်း ဒေဝဒတ်ရဲ့လက်ချက်ဖြစ်တယ်။
လေးနဲ့ပစ်သတ်ဖို့ ကြိုးစားမှု
ပထမအကြိမ် မြတ်စွာဘုရား တောရကျောင်းတစ်ကျောင်းမှာ တစ်ပါးတည်းနေတော်မူတယ်။ အဲဒီအခါ လက်ဖြောင့်လေးသမားတွေကို စေလွှတ်ပြီးတော့ ဘုရားကိုပစ်သတ်ခိုင်းတယ်။ အမှန်က အသေသတ်ခိုင်းတာ။ လုပ်ကြံတာ။

အဲဒီမှာ ဒေဝဒတ်ရဲ့အစီအမံက အင်မတန်ကောင်းတယ်။ စနစ်ကျတယ်၊ လက်ဖြောင့်လေးသမားတစ်ယောက်ကို ဒေဝဒတ်က ဘုရားဆီကို
စာမျက်နှာ-၄၀
လွှတ်ပြီး “ဘယ်နေရာမှာရှိတယ်။ မင်းဘယ်နေရာကနေပြီးတော့ပစ်”ဆိုပြီး တစ်ခါတည်း အံကျပြောလိုက်တာ။ ပစ်ပြီးလို့ရှိရင် ဘယ်လမ်းကပြန်ခဲ့ပေါ့နော်။ လေးသမားတစ်ယောက် လက်ဖြောင့်လေးသမားတစ်ယောက်ကို လွှတ်လိုက်တာ၊ ဘယ်လိုမှမလွဲနိုင်ဘူး။ ဘုရားရှိတဲ့ဆီသွား၊ သတ်ပြီးလို့ရှိရင် ဘယ်လမ်းကပြန်ခဲ့ဆိုတာ ပြောတယ်။

အဲဒီပြန်လာတဲ့လမ်းမှာ လက်ဖြောင့်လေးသမား (၂) ယောက်ကိုထားတယ်။ အဲဒီ (၂) ယောက်က မြတ်စွာဘုရားကို လေးနဲ့ပစ်ပြီး ပြန်လာတဲ့ကောင်ကို ပစ်သတ်ရမယ်။ တစ်ခါ အဲဒီ (၂) ယောက်ကိုလည်းပဲ တခြားလမ်းကပြန်လာခိုင်းတယ်။ သူပြန်လာမယ့်လမ်းမှာ လေးသမား (၄) ယောက်ထားတယ်။ လုံးဝမလွတ်နိုင်ဘူးတဲ့။ ၂ ဆ၊ ၂ ဆ ပိုထားတာ။ အဲဒီ (၄) ယောက်က ဒီ (၂) ယောက်ကို ပစ်သတ်ရမယ်။ နောက်တစ်ခါ အဲဒီ (၄) ယောက်
စာမျက်နှာ-၄၁
ပြန်လာတဲ့လမ်းကိုမှ လေးသမား (၈) ယောက်ထားတယ်။ (၈) ယောက်က (၄) ယောက်ကို သတ်ရမယ်။ ပြီးတော့မှ ဒေဝဒတ်က အကုန်လုံးကိုသတ်မယ်။ နှုတ်ပိတ်တာပေါ့။ ဘယ်သူသတ်တယ်ဆိုတာ မပေါ်အောင်လို့ နှုတ်ပိတ်တာ။ တစ်ခါတည်း အစဖျောက်တာ အဲဒီစနစ်နဲ့ လွှတ်လိုက်တာ။

လွှတ်လိုက်တော့ ပထမဆုံးသွားတဲ့လေးသမားက မြတ်စွာဘုရားနားရောက်တဲ့အခါကျတော့ သူမသတ်ရဲဘူး။ သူ့စိတ်တွေဟာ ပြောင်းသွားတယ်။ ဘုရားရဲ့တန်ခိုးတော်တွေကြောင့် သူက ဘယ်လိုမှမလုပ်ကြံရဲဘဲနဲ့ ကြောက်ကြောက်လန့်လန့်ဖြစ်နေတယ်။ မြတ်စွာဘုရားက တရားဓမ္မဟောလိုက်တယ်။ မင်း ဒီလမ်းကမပြန်နဲ့၊ တခြားလမ်းကပြန်လို့ ပြောလိုက်တယ်။ ဒေဝဒတ်ရဲ့စီမံချက်တွေဟာ အကုန်အလွဲလွဲအချော်ချော်တွေ အကုန်ဖြစ်ကုန်တယ်။ ဘယ်သူမှမသိဘူး။ မြတ်စွာဘုရားက ကယ်လိုက်
စာမျက်နှာ-၄၂
တာပဲနော်။ ဒီလမ်းကမပြန်နဲ့၊ တခြားလမ်းကပြန်ခိုင်းတယ်။

ဒီလူကို သတ်ဖို့စောင့်နေတဲ့ လေးသမား (၂) ယောက်ကလည်းပဲ ဒီလူကြာတယ်ဆိုပြီးတော့ လိုက်လာတော့ ဘုရားနဲ့တွေ့တယ်။ ဘုရားနဲ့တွေ့တော့ ဘုရားဆီမှာ သူတို့တရားနာကြတယ်၊ ဘုရားက မင်းတို့ဒီလမ်းကမပြန်နဲ့ တခြားလမ်းကပြန်လို့ပြောတော့ အဲဒီလူ (၂) ယောက်လည်း မသေဘူး။ နောက်ထပ်လိုက်လာတဲ့ (၄) ယောက်ကလည်း ဒီလိုပဲ ဘုရားဆီရောက်လာကြတယ်။ ဘုရားက တခြားလမ်းကနေ လွှဲလွှတ်လိုက်တယ်။ ရှစ်ယောက်ကိုလည်း တခြားလမ်းက လွှဲလွှတ်လိုက်တယ်ဆို ဘယ်သူမှမသေဘူး။ အဲဒီလိုလုပ်ကြံသတ်ဖြတ်မှုကြီးဟာ မအောင်မမြင်ဖြစ်သွားတယ်။

အဲဒီလို လေးသမားတွေလွှတ်ပြီးတော့ အခုလို လုပ်ကြံသတ်ဖြတ်မှုတွေ ဘာကြောင့်ခံခဲ့ရသလဲဆိုလို့
စာမျက်နှာ-၄၃
ရှိရင် တစ်ခုသောဘဝမှာ ကလေးငယ်ဖြစ်တဲ့အချိန်မှာ နားမလည်ပါးမလည်ဖြစ်ပေမယ့် ပစ္စေကဗုဒ္ဓအရှင်မြတ်ကို သူကသေစေလိုတဲ့စိတ်နဲ့ ကျောက်စရစ်ခဲတွေနဲ့ ပစ်ခဲ့ဖူးတယ်ပေါ့။ သေအောင်လုပ်ခဲ့ဖူးတယ်ပေါ့။ သို့သော် မသေပါဘူး။ လူငယ်တစ်ယောက်အနေနဲ့ လုပ်တာပေါ့လေ။ အဲဒီလိုသေစေလိုတဲ့စိတ်နဲ့ ကျောက်စရစ်ခဲတွေနဲ့ ပစ္စေကဗုဒ္ဓကို ပစ်ခဲ့ဖူးတဲ့ကံကြမ္မာရဲ့ အကျိုးဆက် ကံကြမ္မာဝဋ်ကြွေးကို ဘုရားဘဝမှာ ပြန်လည်ပေးဆပ်ရတယ်တဲ့။ ဒီဟာ ပထမတစ်ခု။
ဆင်ဆိုးကိုလွှတ်မှု
ဒုတိယလုပ်ကြံသတ်ဖြတ်မှုတစ်ခုက နာဠာဂီရိဆင်ကြီးကို အရက်တွေမူးအောင်တိုက်ပြီးတော့ ဘုရားဆွမ်းခံလာတဲ့လမ်းမှာ လွှတ်လိုက်တာ။ ဒါလည်းပဲ အလွန်ကြောက်စရာကောင်းတဲ့ လုပ်ကြံမှုကြီးတစ်ခုပဲ။
စာမျက်နှာ-၄၄
ဆင်ဆိုတာက အင်မတန်မှကြမ်းတမ်းတယ်။ စစ်ဆင်ကြီးတွေကိုး။ အရက်တိုက်ပြီးတော့ လွှတ်လိုက်တယ်ဆိုကတည်းက လမ်းမှာရှိသမျှ၊ တွေ့သမျှလူတွေ ဘယ်သူမှရှောင်မှာမဟုတ်ဘူး။ လမ်းကျဉ်းလေးမှာ ဘုရားနဲ့ရဟန္တာတွေ ကြွလာတဲ့အချိန်မှာ ဒီဆင်ဆိုးကြီးကို လွှတ်လိုက်တာ။ မြတ်စွာဘုရားက ဒီဆင်ဆိုးကြီးကို ဩဒိဿမေတ္တာနဲ့ မေတ္တာပို့လိုက်တဲ့အခါမှာ ဆင်ကြီးက အမူးပြေပြီးတော့ မြတ်စွာဘုရားရဲ့ မေတ္တာစွမ်းအားကြောင့် ဆင်ကြီးက အန္တရာယ်မပြုတဲ့အနေအထားမျိုး ရောက်သွားတယ်။

ဒါလည်းပဲ လုပ်ကြံသတ်ဖြတ်ခြင်း၊ လုပ်ကြံသတ်ဖြတ်မှုတစ်ခုပဲ။ အဲဒီလိုလုပ်ကြံသတ်ဖြတ်မှုဖြစ်ရတာဟာ ဘာကြောင့်လဲဆိုရင် တစ်ခုသောဘဝမှာ သူကဆင်ဦးစီး၊ ဆင်စီးသူရဲကောင်းတစ်ဦးဖြစ်ခဲ့တယ်။ အဲဒီလိုဖြစ်တဲ့အချိန်မှာ လမ်းမှာတွေ့တဲ့ ပစ္စေကဗုဒ္ဓတစ်ပါးကို ဆင်နဲ့တိုက်သတ်ဖို့ သူ
စာမျက်နှာ-၄၅
ညဉ်းဆဲခဲ့တယ်။ ဆင်နဲ့တိုက်သတ်ဖို့လုပ်ခဲ့တယ်။ တိုက်တော့မတိုက်သတ်ခဲ့ဘူးပေါ့။ တိုက်သတ်ဖို့ရန် ကြိုးစားခဲ့တယ်။ အဲဒီကံကြမ္မာဝဋ်ကြွေးကို ခုချိန်မှာ ဘုရားက ပြန်လည်ပေးဆပ်ရတာဖြစ်တယ်တဲ့။
ကျောက်မောင်းဆင်ခြင်း
တတိယတစ်ခုက ဘာတုန်းဆိုရင် ဒေဝဒတ်ကိုယ်တိုင် ဘုရားကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားခြင်းပဲ။ ဒေဝဒတ်ကိုယ်တိုင် ဂိဇ္ဈကုဋ်တောင်စောင်းမှာ ကျောက်မောင်းဆင်တယ်။ ဘုရားက ဂိဇ္ဈကုဋ်တောင်ခြေ ကမ္မဋ္ဌာန်းကျောင်းလေးမှာ စင်္ကြံလျှောက်နေတဲ့အချိန် ကျောက်တုံးပစ်ပြီးတော့ သေအောင်ကြံစည်တာနော်။

ဘုရားက စင်္ကြံလျှောက်နေတဲ့အချိန် ကျောက်တုံးကြီးကို လှိမ့်ချလိုက်တာ ကံအားလျော်စွာကြားမှာ
စာမျက်နှာ-၄၆
ကျောက်တုံးကြီးတစ်ခုက ခံလိုက်တော့ မြတ်စွာဘုရားထံ ဒီကျောက်တုံးကြီးက မရောက်ဘူး။ သို့သော် ကျောက်တုံး(၂)လုံး ထိခိုက်လိုက်တဲ့အသံက ပြင်းထန်စွာ မြည်ဟီးသွားတယ်၊ ကျောက်တုံး(၂)တုံး ထိခိုက်ရာက ပဲ့ထွက်လာတဲ့ ကျောက်ဖတ်ကလေးတစ်ခုက မြတ်စွာဘုရား ခြေထောက်ကို လာမှန်တယ်တဲ့။ အင်မတန်မှ ပြင်းထန်တဲ့ ဒဏ်ရာတစ်ခု ဖြစ်သွားတယ်။ ဒါကြောင့် မြတ်စွာဘုရားဟာ ရှေ့ဆက်ပြီးတော့ မသွားနိုင်ဘူး။

ကျောက်တုံးကြီး လိမ့်ကျလာတဲ့ အသံ၊ တစ်ခုနဲ့တစ်ခု ရိုက်ခတ်တဲ့အသံကြောင့် ဂိဇ္ဈကုဋ်တောင်ကြီး မြည်ဟိန်းသွားတော့ တောရကျောင်းမှာရှိတဲ့ ရဟန်းတော်တွေက အကုန်လုံး ပြေးလာကြတယ်။ မြတ်စွာဘုရား ခြေထောက်ထိသွားတာလည်းသိရော ထမ်းစင်နဲ့ ဘုရားကို ဇီဝကကျောင်းဘက် ထမ်းယူသွားကြတယ်။ မြတ်စွာဘုရား လမ်းလျှောက်မသွားနိုင်တော့
စာမျက်နှာ-၄၇
ဘူးပေါ့။ ညောင်စောင်းပေါ်မှာ တင်ပြီး ဘုရားကို ဇီဝကရဲ့ ကျောင်းကို သယ်သွားကြရတယ်ပေါ့။

အဲဒီလို ကျောက်တုံးကြီး လှိမ့်ချခံရတာဟာလည်း အတိတ်ဘဝတုန်းက လွန်ခဲ့တဲ့ ကံကြမ္မာရဲ့ ဝဋ်ကြွေးပဲတဲ့။ အဲဒီကံကြမ္မာဝဋ်ကြွေးမှာ ဘာလုပ်ခဲ့တာတုန်းဆိုတော့ -

ဘုရားအလောင်းတော်ဟာ တစ်ခုသော ဘဝမှာ အဖေတူ အမေကွဲညီတစ်ယောက်ကို အမွေကိစ္စနဲ့ ပတ်သက်ပြီး တောထဲခေါ်ယူ ကျောက်တုံးနဲ့ထုသတ်ခဲ့တယ်။ တော်တော် ဆိုးခဲ့တာပဲနော်။ အဲဒီလို ကျောက်တုံးနဲ့ ထုသတ်ခဲ့တယ်။ အမွေမပေးချင်လို့ သတ်ပစ်ခဲ့ဖူးတယ်။ ဒီကံကြမ္မာဝဋ်ကြွေးကို ပြန်လည်ပေးဆပ်ရတဲ့အနေနဲ့ ဘုရားဖြစ်တဲ့ဘဝမှာ အခုလို ကျောက်တုံးနဲ့ လှိမ့်ချခံရတယ်ပေါ့။ ဒါက လုပ်ကြံခံရမှု (၃) ကြိမ် မြတ်စွာဘုရားဘဝမှာ ကြုံခဲ့တယ်။
စာမျက်နှာ-၄၈

သတ္တမဝဋ်ကြွေး
နောက်တစ်ခုက ဘာတုန်းဆိုလို့ရှိရင် ခုနက ခြေထောက်ကို ကျောက်တုံးလေး မှန်သွားတဲ့အခါမှာ ကျောက်ဖတ်ထိမှန်တဲ့အခါမှာ ဒဏ်ရာက အလွန်ပြင်းတယ်။ ဒဏ်ရာအလွန်ပြင်းတော့ သွေးခြေဥသွားပြီး သွေးတွေအတွင်းမှာ ပုပ်ပြီးနေတယ်။ ဆရာဇီဝကကြီးက ဘုရားရဲ့ ဒီသွေးခြေဥနေတဲ့ ခြေထောက်ကို ဓားနဲ့ခွဲပြီး ကုသပေးရတယ်။ အဲဒီ ဆရာဇီဝကကြီးရဲ့ ဓားနဲ့ အခွဲခံရတာဟာလည်းပဲ ကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ရခြင်းဖြစ်တယ်တဲ့။ ခုခေတ် ဆေးရုံတက်ပြီးတော့ အခွဲခံရတဲ့လူတွေလည်း အဲဒီဝဋ်ကြွေးများ ပါမလားတော့ မသိဘူးပေါ့နော်။

သူဘာဖြစ်လို့ ဒီလိုအခွဲခံရတာတုန်းဆိုတော့ သူက ပတ္ထိဝဆိုတဲ့ ဘုရင်ကြီးဖြစ်တဲ့အချိန်တုန်းက လူတစ်ယောက်ကို လှံနဲ့ထိုးသတ်ခဲ့တယ်။ စိတ်ဆိုးပြီးတော့ လှံနဲ့ထိုးသတ်ခဲ့တယ်။ ဒီလိုလှံနဲ့ထိုးသတ်ခဲ့
စာမျက်နှာ-၄၉
ခြင်းကြောင့် အခု ခြေထောက်ကို အခွဲခံရတာက အပေါ့ဆုံးအပြစ်ကလေးနော်။ လှံနဲ့ထိုးသတ်လို့ ငရဲမှာ နှစ်ပေါင်းများစွာ ခံခဲ့ရတယ်။ ခုနက ကျူးလွန်တာတွေအားလုံးလည်း ငရဲကျပြီး ဒုက္ခခံခဲ့ရတယ်။ အခု ဘုရားဘဝမှာ ဝဋ်ကြွေးပေးဆပ်ရတယ်ဆိုတာ အပေါ့စားလေး။

အဲဒီပတ္တိဝ ဘုရင်လက်ထက်တုန်းက သူက လူတစ်ယောက်ကို လှံနဲ့ထိုးသတ်ခဲ့တယ်။ မြတ်စွာဘုရားဟာ အခုလို ခြေထောက်ကို ဓားခွဲပြီးတော့ ခွဲစိတ်ပြီးတော့ ကုသခံရတာဟာလည်း ကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ရခြင်းဖြစ်တယ်။ မြန်မာရာဇဝင်ထဲမှာလည်း ကြည့်။ ဘုရင်တွေက စိတ်ကိုမထိန်းနိုင်တဲ့အခါကျလို့ရှိရင် ဒါမျိုးက လုပ်လေ့လုပ်ထရှိကြတယ်နော်။ ဒါကြောင့် ဘုရားအလောင်း တေမိမင်းလေးက ဘုရင်ဖြစ်ရမှာ သိပ်ကြောက်တယ်။ ဘုရင်ဖြစ်လို့ တိုင်းပြည်အုပ်ချုပ်တဲ့အခါ သနားတတ်လို့ရှိရင် ဘုရင်
စာမျက်နှာ-၅၀
လုပ်လို့မှ မရတာကိုး။ မြန်မာ့သမိုင်းထဲမှာလည်း ကြည့်၊ ဟောဒီမန္တလေးမြို့ တည်သွားတဲ့ မန္တလေးမင်းတုန်းမင်းကြီးရဲ့ ဖခင် ရွှေဘိုမင်းလို့လည်း ခေါ်တယ်။ သာယာဝတီမင်းလို့လည်း ခေါ်တယ်။ အဲဒီ သာယာဝတီမင်းကလည်း ညီလာခံအစည်းအဝေးမှာ ယင်းတောဝန်ကြီးကို နန်းတော်ပေါ်မှာပဲ လှံနဲ့ထိုးသတ်လိုက်တယ်။ နန်းကြမ်းပြင်ကို ခွာပြီးတော့ သူ့အလောင်းကို အောက်ချပစ်တယ်။ အဲလို ရက်ရက်စက်စက် လုပ်ခဲ့ဖူးတယ်။ ယင်းတောဝန်ကြီးကို လှံနဲ့ထိုးသတ်တာ ဒီမင်းတုန်းမင်းလက်ထက်မှာကျတော့ ယင်းတောဝန်ကြီးရဲ့ သားဟာ ဘယ်သူတုန်းဆိုလို့ရှိရင် ယောမင်းကြီး ဦးဖိုးလှိုင်ပဲ။

ယောမင်းကြီး ဦးဖိုးလှိုင်က မင်းတုန်းမင်းပြောတဲ့အခါ တစ်ခါတရံ သူက မင်းတုန်းမင်းက ဒါဆိုရင် သူက ဟိုဟာလို့ ပြောချင်တယ်။ သူက ပညာတတ်တာကိုးနော်။ မင်းတုန်းမင်းက ဒီလိုဆိုရင် သူက
စာမျက်နှာ-၅၁
ဟိုလိုလို့ ပြောချင်တာ။ မင်းတုန်းမင်းနဲ့ ဆန့်ကျင်ဘက်ပြောတဲ့အခါ ဘုရင်ကပြောတယ်။ “မောင်ဖိုးလှိုင်၊ ဒီလှံက ဘယ်သူ့ထိုးခဲ့တဲ့လှံတုန်း” ဆိုပြီးတော့ လှံပြပြီး ခြိမ်းခြောက်ဖူးတယ်။ သူ့အဖေကိုထိုးခဲ့တဲ့လှံ။ အဲဒီလို ရာဇဝင်မှာ မှတ်တမ်းတွေရှိတယ်ပေါ့နော်။

ခုလည်း ဘုရားအလောင်းဟာ ပတ္ထိဝဘုရင်ဖြစ်တုန်းက လူတစ်ယောက်ကို လှံနဲ့ထိုးသတ်ခဲ့တယ်။ ဒါကြောင့် ဇီဝကက ခြေထောက် ဓားခွဲပြီးတော့ ကုရတယ်တဲ့။ ဒါလည်း ကံကြမ္မာဝဋ်ကြွေးတစ်ခုကို ပေးဆပ်ရခြင်းဖြစ်တယ်လို့ ဆိုကြတယ်နော်။
အဋ္ဌမဝဋ်ကြွေး
နောက်တစ်ခါ မြတ်စွာဘုရားရဲ့ ဘဝမှာ အစားအစာနဲ့ပတ်သက်ပြီးတော့ ဒုက္ခရောက်ခဲ့တာရှိတယ်။ ဆွမ်းမစားခဲ့ရတဲ့ရက်တွေ ရှိတာတော့ မှတ်တမ်း
စာမျက်နှာ-၅၂
ရှိတယ်။ သို့သော် အဲဒါကိုတော့ ကံကြမ္မာဝဋ်ကြွေးထဲမှာ ထည့်မထားဘူး။ သို့သော် ဝေရဉ္စရာပြည်မှာ မြင်းတွေကိုကျွေးတဲ့ ဂျုံတွေကို (၃) လတိတိ စားရတယ်။ ဆန်မစားရဘဲနဲ့ မြင်းစာဂျုံ (မုယောဆန်)တွေချည်းပဲ စားခဲ့ရတယ်။ အဲဒီလို စားပြီးတော့ တစ်ဝါတွင်းနေခဲ့ရတာနဲ့ ပတ်သက်တယ်။ ဒါလည်းပဲ ကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ရတာလို့ ဒီမှတ်တမ်းထဲမှာ ထည့်ထားတယ်နော်။

ဘုရားဟာ ဝေရဉ္ဇာပြည်ကို ကြွတယ်။ ဝေရဉ္ဇာပုဏ္ဏားကြီးက ဘုရား ဝေရဉ္ဇာပြည်ကို ကြွလာတဲ့အခါ မြတ်စွာဘုရားက သက်တော်ငယ်သေးတယ်။ ဝေရဉ္ဇာပုဏ္ဏားကြီးက အဖိုးကြီး အဖိုးကြီးဆိုတော့ သူက ရှိခိုးခံချင်တယ်။ ဘုရားက သူ့ရှိမခိုးဘူး၊ ရှိမခိုးတော့ သူက မကျေနပ်ဘူး။ “ငါ အသက်ကြီးတယ်။ မင်းက ငယ်ငယ်လေးရှိသေးတယ်။ ငါ့ရှိခိုးရမှာပေါ့ကွ။
စာမျက်နှာ-၅၃
လောကလူတွေ ဆိုလို့ရှိရင် အသက်ကြီးတဲ့လူသူကို အသက်ငယ်တဲ့သူက ရှိခိုးတာကိုး။

ဘုရားက အဲဒီလိုရှိမခိုးတဲ့အခါ သူက မကျေနပ်ဘူး။ မကျေနပ်တဲ့အခါမှာ ဘုရားက ရှင်းပြတယ်။ ဝေရဉ္ဇာပုဏ္ဏားကြီးနဲ့ မြတ်စွာဘုရားနဲ့ ဘယ်သူက အသက်ကြီးသလဲဆိုတာ အရည်အချင်းချင်းပြိုင်ပြီးတော့ မြတ်စွာဘုရားက ကြီးတယ်၊ အရင်မွေးလို့ အသက်ကြီးတာ မဟုတ်ဘူး။ သီလ၊ သမာဓိ၊ ပညာတွေရှိလို့ ဂုဏ်ကြီးတယ်၊ ရှိခိုးထိုက်တယ်လို့ ပြောရမယ်လို့ ဆိုတဲ့အကြောင်းတွေကို ရှင်းပြတယ်။

နောက်တစ်ခုမှာ ဘုရားနဲ့သူနဲ့ ဘယ်သူက အရင်မွေးတာတုန်း။ လောကအနေမှာဆိုလို့ရှိရင်တော့ ဝေရဉ္စာပုဏ္ဏားကြီးက အရင်မွေးတာပဲ။ သို့သော် အသိဉာဏ်ရှိရှိ မွေးဖွားလာခြင်းကျတော့ ဘုရားက အရင်မွေးတာပေါ့။ ဝေရဉ္ဇာပုဏ္ဏားကြီးက အခုအချိန်ထိပဲ အဝိဇ္ဇာတည်းဟူသော ဥခွံအမှောင်
စာမျက်နှာ-၅၄
ထဲမှာပဲ ရှိသေးတယ်။ မမွေးသေးဘူးပေါ့။ မြတ်စွာဘုရားက အရင်လောကကြီးမှာ ပေါ်ထွန်းလာတာ။ ဒါကြောင့်မို့ ဘုရားက သူကြီးတယ်ဆိုတာကို ပြတယ်။ နောက်ပိုင်းတော့ ဝေရဉ္ဇာပုဏ္ဏားက သဘောကျပြီးတော့ ဘုရားကို ကြီးပါပေတယ်လို့ လက်ခံသွားပြီးတော့ ရှိခိုးတယ်ပေါ့။

ကြည်ညိုလို့ ဝေရဉ္ဇာပြည် ဘုရားကို ပင့်ထားတယ်။ သို့သော် ကံမကောင်း အကြောင်းမလှတော့ မိုးခေါင်ရေရှားဖြစ်ပြီး အဲဒီ ဝေရဉ္ဇာပြည်ကြီးမှာ ငတ်မွတ်ခေါင်းပါးလို့ ဆွမ်းခံလို့မရတဲ့ အခြေအနေတွေ ဖြစ်သွားတယ်။ ဝေရဉ္စာပုဏ္ဏားကြီးကလည်း ဘုရားပင့်ထားပြီးတော့ မေ့နေလိုက်တာ (၃) လ။ ဆွမ်းကပ်ရမှန်းမသိဘူး မေ့နေတာ။ အဲဒီအချိန်မှာ မြင်းကုန်သည်တွေကနေပြီးတော့ မြင်းစားဖို့ဆိုပြီးတော့ ဂျုံ(မုယော)တွေကို ပြုတ်ပြီးတော့ ယူလာတာ။ မြင်းစားဖို့ ဂျုံဆိုတာ အကြမ်းတွေပဲပေါ့။ လူစားလို့
စာမျက်နှာ-၅၅
ဘယ်ရမလဲ။ အဲဒီ မြင်းစားတဲ့ ဂျုံတွေကို ရှင်အာနန္ဒာက ဆုံလေးနဲ့ထောင်းပြီး မြတ်စွာဘုရားကို ကပ်ရတယ်တဲ့။ ဝါတွင်း(၃)လ ဂျုံပဲစားခဲ့ရတယ်တဲ့။ အဲဒါဟာလည်း ကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ရခြင်းတစ်ခုပါပဲလို့ ဆိုတယ်နော်။ ဟင်းမကောင်းတာတွေ စားနေရရင် ကံကြမ္မာဝဋ်ကြွေး ပေးဆပ်ရတယ်လို့ ပြောရမလို ဖြစ်နေတယ်နော်။

မြတ်စွာဘုရားက အဲဒီမှာ ဘာကြောင့်ဒီဘဝကို ရောက်တာလဲဆိုတော့ “ဖုဿ” ဘုရားလက်ထက်မှာ ဖုဿဘုရားရဲ့ တပည့်သား သာဝကတွေကို “သလေးဆန်ကောင်းကောင်းကို မစားကြနဲ့၊ မုယောဆန်ကြမ်းတွေကိုသာ စားကြလို့”ဆိုပြီးတော့ ဆဲရေးခဲ့ဖူးတယ်။ ကျိန်ဆဲခဲ့ဖူးတယ်။ ဒီကိုယ်တော်တွေဟာ သလေးဆန်နဲ့ မတော်ဘူး။ ဂျုံကြမ်းနဲ့ပဲတော်တယ်ဆိုပြီးတော့ အဲဒီလိုဆဲရေးတိုင်းထွာပြီးတော့ ပြစ်မှားခဲ့ဖူးတယ်တဲ့။ အဲဒီပြုလုပ်ခဲ့တဲ့ ကံကြမ္မာရဲ့ ဝဋ်ကြွေးကို ဒီဘဝမှာ
စာမျက်နှာ-၅၆
လာပေးဆပ်ရတယ်။ (၃) လ ကြာတယ်ပေါ့။ အဲဒါလည်း ဝဋ်ကြွေးပေးဆပ်ရခြင်းတစ်ခုပဲ။
နဝမဝဋ်ကြွေး
နောက်တစ်ခုက မြတ်စွာဘုရားဘဝမှာ အကြီးအကျယ် ရောဂါဝေဒနာဖြစ်တာ(၃)ခါကြုံတယ်ပေါ့။ (၃)မျိုး ရှိတယ်ပေါ့။ ဘာတုန်းဆိုရင် မကြာမကြာ ခါးအောင့်တဲ့ ရောဂါရှိတယ်။ မကြာမကြာ ခေါင်းခဲတတ်တဲ့ ရောဂါဝေဒနာရှိတယ်။ နောက်ဆုံးမှာ သက်တော်(၈၀) ပါဝါမြို့ကို ရောက်တဲ့အခါကျတော့ စုန္ဒရဲ့ သူကရမဒ္ဒဝလို့ဆိုတဲ့ အာဟာရကို ဘုဉ်းပေးသုံးဆောင်ပြီးတဲ့အခါကျတော့ ဝမ်းလျှောတယ်နော်။

ထင်ရှားတဲ့ ရောဂါဝေဒနာကြီးတွေကို ပြောမယ်ဆိုရင် ဝမ်းလျှောတာ၊ မကြာမကြာ ခေါင်းခဲတာ ဘာဖြစ်လို့တုန်းဆိုတော့ သံသရာကျင်လည်တယ်ဆိုတာ ဖြစ်ချင်ရာဖြစ်တာနော်။ ဘုရားလောင်းဘဝ
စာမျက်နှာ-၅၇
တုန်းက တံငါရွာမှာ သွားပြီးတော့ မွေးဖွားတာ၊ ဆွေတွေမျိုးတွေကလည်း တံငါတွေပဲ။ တံငါတွေဆိုတော့ သိတဲ့အတိုင်းပဲ။ ငါးတွေဖမ်းကြ၊ ထုကြ၊ ရိုက်ကြပေါ့။ အဲဒီမှာ ဘုရားအလောင်းက ကလေးဘဝနဲ့ မိဘတွေက ငါးတွေဖမ်းပြီးတဲ့အခါ ငါးက လှေပေါ်တင်လိုက်လို့ ငါးက တဖျတ်ဖျတ်ခုန်နေတဲ့အခါမှာ ရေထဲကို ပြန်ကျသွားမှာစိုးလို့ မိဘလုပ်တဲ့ပုဂ္ဂိုလ်တွေက ငါးခေါင်းကို ထုလိုက်တဲ့အခါ ငါးလေးက ငြိမ်ကျသွားတယ်။ အဲဒါလေးကို သဘောကျပြီးတော့ သူက ကျေနပ်နေတာ။ “ကဲမင်းခုန်နိုင်သေးလားပေါ့။ အဲဒီလို ငါးခေါင်းကိုထုတာကို သဘောကျပြီးတော့ သူက ကျေနပ်ခဲ့လို့တဲ့ ခေါင်းခဏခဏကိုက်တယ်တဲ့။ ခေါင်းခဏခဏကိုက်ရင် အဲဒါ သတိထားကြပေါ့။

ဆွေတွေမျိုးတွေလည်း အဲဒီတုန်းက တံငါသည်ဘဝ ငါးတွေကို သတ်ဖြတ်ခဲ့တဲ့ ပြစ်မှုကြောင့် မြတ်စွာဘုရား သက်တော်(၈၀)အရွယ်မှာ ဆွေတွေမျိုးတွေကို
စာမျက်နှာ-၅၈
“ဝိဋဘ” သတ်ဖြတ်တာခံရတာ မဟုတ်လား။ သာကီဝင်မင်းတွေ မျိုးတုန်းသွားအောင် သတ်ဖြတ်လိုက်တာ။ အဲဒါကိုလည်း ခံရတယ်။ ဒါလည်း ကံကြမ္မာဝဋ်ကြွေးပေးဆပ်ရခြင်းတစ်ခုပဲတဲ့။
ဒသမဝဋ်ကြွေး
အဲ နောက်တစ်ခုက ခါး ခဏခဏ နာတာ ဘာကြောင့်လဲ? ဘုရားအလောင်းကလည်း တစ်ခါတစ်ခါတော့ Boxing သမားဖြစ်ခဲ့သေးတာ။ လက်ဝှေ့သမား အဲလက်ဝှေ့သမားဖြစ်တဲ့အခါ သူက ကျန်တစ်ဖက်သားကို ကိုင်ပြီးတော့ ပေါက်လိုက်တာ ဟိုလူက ခါးကျိုးသွားတယ်။ အဲဒီခါးကျိုးသွားလို့ ဘုရားကလည်း မကြာမကြာ ခါးနာတာ။

မြတ်စွာဘုရား တရားဟောတဲ့အခါ တစ်ခါတစ်ခါ ရှင်သာရိပုတ္တရာကို မိန့်လေ့ရှိတယ်။ သံဃာတွေက မအိပ်ချင်သေးဘူးတဲ့။ ဝိဂတထိနမိဒ္ဓေါ ခေါ သာရိပုတ္တ ဘိက္ခုသံဃော ဆိုလိုတာက ပရိသတ်တွေက မအိပ်ချင်သေးဘူးနော်။ ဆက်ပြီးတော့ ဟောလိုက်ပါ။ ငါက ခါးနာနေတယ်။ နည်းနည်းလှဲလိုက်ဦးမယ်ပေါ့။ “ပိဋ္ဌိ မေ အာင်္ဂလာယတိ” ဆိုတဲ့ ပါဠိလေးတွေ ရှိတယ်ပေါ့။ ခါးနာတယ်၊ ခဏလှဲလိုက်ဦးမယ်။ ဟော တရားဟောရင်းကနေပြီးတော့ ခါးနာလို့ ခဏလှဲရတာမျိုးတွေရှိတယ်တဲ့။ အဲဒါ Boxing သမားဘဝတုန်းက သူတပါးကို ခါးကျိုး
စာမျက်နှာ-၅၉
အောင် ပစ်ပေါက်ခဲ့လို့တဲ့။ အဲဒီကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ရခြင်းဖြစ်ပါတယ်တဲ့။

ခုခေတ် သူများထက်ထူးပြီးတော့ ရောဂါဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ဒါကံကြမ္မာဝဋ်ကြွေးပေးဆပ်ရတာပဲဖြစ်မှာပဲနော်။ ကံကြမ္မာဝဋ်ကြွေးပေးဆပ်ရတာတွေပဲ။
စာမျက်နှာ-၆၀

ဧကာဒသမဝဋ်ကြွေး
ဟော နောက်တစ်ခုက သက်တော် (၈၀) မှာ ဝမ်းတော်လားတယ်ဆိုတာ ဝမ်းတော်လားတာ ဘာကြောင့်လားတာတုန်းဆိုတော့ တချို့က ဝက်သားစားလို့ ဝမ်းလျှောတယ်လို့ ပြောတယ်။ မဟုတ်ပါဘူးနော်။ ဒါနဲ့မဆိုင်ဘူး။ အဲဒီမှာ စုန္ဒဆိုတဲ့ ပါဝါမြို့က ပန်းတိမ်ဆရာက မြတ်စွာဘုရားကို ဆွမ်းကပ်တာ ရဟန်းသံဃာတွေကိုလည်း ကပ်တယ်။ သူကပ်တဲ့ထဲမှာ ဟင်းတစ်မျိုးပါလာတယ်။ ထူးခြားတဲ့ဟင်း။ အဲဒီဟင်းကို သူက သူကရမဒ္ဒဝ လို့ ခေါ်တယ်။ သာမန်ကြည့်မယ်ဆိုရင်တော့ “သူကရ” ဆိုတာ ဝက်၊ “မဒ္ဒဝ” ဆိုတာ နူးညံ့တဲ့ အသား၊ နူးညံ့တဲ့ဝက်သား ဝက်ပျိုသားလို့ ဒီလိုဆိုတယ်။ ဒါ ရှင်မဟာဗုဒ္ဓဃောသကတော့ အဲဒီအဓိပ္ပာယ်ကိုပဲ ယူတယ်။ တစ်နှစ်သား ဝက်ပျိုသားလေး ချက်ပြီးတော့ ကပ်တယ်။
စာမျက်နှာ-၆၁
အဲဒီမှာ ဝါဒတွေအများကြီးရှိတယ်။ “သူကရမဒ္ဒဝ” ဆိုတာ ဝက်သားမဟုတ်ဘူးတဲ့။ မှိုတစ်မျိုးလို့ ဒီလိုလည်းပြောတယ်။ နောက် နို့ဃနာထမင်းတစ်မျိုး ဒီလိုလည်း ပြောတယ်။ နောက် အထူးစီမံထားတဲ့ ရသာယန အစာတစ်မျိုး၊ မြတ်စွာဘုရားက သက်တော် (၈၀) ရှိပြီး နာလန်ထလာကာစ ဝါဆိုဦး ဝေဠုဝရွာမှာ အကြီးအကျယ်နေမကောင်းဖြစ်ခဲ့တယ်။ နေမကောင်းဖြစ်ခဲ့သည့်အတွက်ကြောင့် မြတ်စွာဘုရားကို ပိုပြီးတော့ အင်အားတွေပြည့်အောင်လို့ ဆိုပြီးတော့ “သူကရမဒ္ဒဝ” ဆိုတဲ့ အစားအစာကို တမင်တကာ စုန္ဒက စီမံချက်ပြုတ်ပြီးတော့ ကပ်တာတဲ့။

ဝါဒတော့ အမျိုးမျိုးရှိတယ်ပေါ့နော်။ အဲတော့ ဝက်သားဖြစ်ချင်လည်း ဖြစ်မယ်။ မှိုဖြစ်ချင်လည်း ဖြစ်မယ်။ ဆေးတစ်မျိုးဖြစ်ချင်လည်း ဖြစ်မယ်ပေါ့။ သို့သော် သေချာတာက ဘာလဲဆိုလို့ရှိရင် အဲဒီ “သူကရ
စာမျက်နှာ-၆၂
မဒ္ဒဝ” ဆိုတဲ့ ဟင်းလျာထဲမှာ နတ်တွေက နတ်သြဇာတွေ ထည့်ကြတယ်။ ဘာဖြစ်လို့ ထည့်တုန်းဆိုရင် မြတ်စွာဘုရား သက်တော် (၈၀) အားတွေနည်းနေပြီ။ အားရှိအောင်လို့ ဆိုပြီးတော့ ကျွေးကြတယ်။

ဒကာ၊ ဒကာမတွေကလည်း အတူတူပဲ။ ဘုန်းကြီးတွေ အသက်ကြီးရင် အားရှိအောင်လို့ဆိုပြီး နင်းကန်ကျွေးတယ်။ အဲဒီအချိန်မှာ အားရှိအောင်လို့ ဆိုပြီး ကျွေးရုံနဲ့မရဘူးနော်။ တချို့ရောဂါက ပရိုတိန်းဓာတ်တွေများလို့မရဘူး။ ဆိုပါစို့ ကျောက်ကပ်ရောဂါရှိတဲ့ပုဂ္ဂိုလ်ကို ပရိုတိန်းဓာတ်များတဲ့ ငှက်သိုက်တွေ ဘာတွေ အားရှိအောင်ဆို သွားမကျွေးလေနဲ့။ ပိုပြီးတော့တောင် ရောဂါတိုးအောင် လုပ်တာနဲ့ အတူတူပဲ။ အားရှိမှာက နောက်၊ ကျောက်ကပ်ဖြစ်ပြီး Renal Failure ဖြစ်သွားပြီး ကျောက်ကပ် အလုပ်မလုပ်လို့ ပျံတော်မူမှာက အရင်တဲ့နော်။
စာမျက်နှာ-၆၃
ဒါမျိုးက အားရှိအောင်လို့ တစ်ခုတည်းကြည့်လို့ မရဘူး။ စုန္ဒကလည်း မြတ်စွာဘုရား အားရှိအောင်လို့ “သူကရမဒ္ဒဝ” အစာကျွေးတယ်။ နတ်တွေကလည်းပဲ နတ်သြဇာတွေထည့်တယ်။ ဒါကြောင့် မဟာပရိနိဗ္ဗာနသုတ်မှာ ဒီ “သူကရမဒ္ဒဝ” ဆိုတဲ့ အစားအစာကို မြတ်စွာဘုရား တစ်ပါးတည်းတင် ကပ်ခိုင်းတာ။ ကျန်တဲ့ရဟန်းတွေ မကပ်နဲ့တဲ့။ ရှင်းတော့မပြဘူး။

ဒါဘာဖြစ်လို့တုန်းဆိုတော့ ခုန နတ်သြဇာတွေ အများကြီးထည့်ထားလို့ပဲ။ မြတ်စွာဘုရားက အင်မတန်မှ ဘုန်းကံပါရမီရှိတဲ့ ပုဂ္ဂိုလ်မို့ ဒီအစားအစာကို ကြေညက်စေနိုင်တယ်။ ကျန်တဲ့ရဟန်းတွေ အစာကြေမှာမဟုတ်ဘူးတဲ့။ ဒါကြောင့် မြတ်စွာဘုရား တစ်ပါးတည်းကိုသာ ကပ်စေတယ်။ ကပ်ပြီးတော့ ပိုတဲ့အစားအစာတွေကို မြတ်စွာဘုရားက ဒီပြင်လူတွေ မစားမိဖို့ မြေမြှုပ်စွန့်ခိုင်းလိုက်တယ်။
စာမျက်နှာ-၆၄
အဲဒီစုန္ဒကပ်တဲ့ “သူကရမဒ္ဒဝ” ဆွမ်းလည်း ဘုဉ်းပေးပြီးရော အဲဒီနေ့ ဝမ်းတွေလျှောတာပဲပေါ့။ အဲဒီဝမ်းလျှောတာဟာ သာမန်အားဖြင့် ပြောရင်တော့ ဒီဝက်သားစားလို့၊ ဒီဟင်းစားလို့ ဒီလိုဖြစ်တယ်လို့ ထင်စရာရှိတယ်။ မဟုတ်ဘူးတဲ့။ ဒီဟင်းစားသည့်အတွက်ကြောင့် ဝမ်းလျှောတာ နည်းနည်းသက်သာသွားတာ ဆိုလိုတာက “သူကရမဒ္ဒဝ” ကြောင့် ဝမ်းလျှောပေမယ့် အားသိပ်မယုတ်တာ။

အားယုတ်တာတော့ယုတ်တယ်။ ခရီးမသွားနိုင်လောက်အောင် မယုတ်ဘူး။ မြတ်စွာဘုရားက ဒီ (၃) ဂါဝုတ်ခရီးလေးကို အကြိမ် (၂၅) ကြိမ်လောက် နားပြီးသွားတယ်။ ခုခေတ်လို ကားနဲ့ပို့မယ့်သူလည်း မရှိဘူး။ ကားလည်းမရှိဘူး။ အဲဒီမှာ မြတ်စွာဘုရား ကုန်းကြောင်းလျှောက်ရတယ်။ ပါဝါကနေပြီး ကုသိနာရုံ ကုန်းကြောင်းလျှောက်တာလေ။
စာမျက်နှာ-၆၅
အဲဒီဝမ်းလျှောတာဟာလည်းပဲ ကံကြမ္မာဝဋ်ကြွေးပေးဆပ်ရခြင်းတစ်ခုပါတဲ့။ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် သူဌေးသားတစ်ယောက်ကို ဝမ်းလျှောအောင်လို့ ဆေးဆရာဖြစ်တုန်းက လုပ်ခဲ့ဖူးတယ်တဲ့နော်။ ဝမ်းလျှောအောင်လို့ ကျွေးခဲ့ဖူးတယ်တဲ့။ အဲဒါ သူ့လက်ချက်နဲ့ ဟိုသူဌေးသားဟာ ဝမ်းလျှောပြီးတော့ ပျော့သွားခဲ့ဖူးတယ်တဲ့။ အဲဒီကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ရခြင်းဖြစ်ပါတယ်လို့ ဒီလိုဆိုတယ်။

အဲတော့ ကံကြမ္မာဝဋ်ကြွေးဟာ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်လုပ်ခဲ့တာ ကိုယ်သန္တာန်မှာရှိနေတာဖြစ်သောကြောင့် ကံကြမ္မာဝဋ်ကြွေးကို လူတိုင်းလူတိုင်းဟာ လွတ်အောင်ပြေးဖို့ဆိုတာ မလွယ်ဘူး။ ခန္ဓာရှိနေသေးသမျှတော့ ပေးဆပ်ကြရမှာပဲတဲ့။
စာမျက်နှာ-၆၆

ဒွါဒသမဝဋ်ကြွေး
နောက်တစ်ခုကတော့ မြန်မာစာပေမူမှာ မပါဘူး။ သီဟိုဠ်စာမူမှာသာပါတဲ့ ကံကြမ္မာဝဋ်ကြွေးလေးတစ်ခု ပေးဆပ်ရမှုတစ်ခုက ဘာလဲဆိုရင် ဘုရားအလောင်းက နွားကျောင်းသားဖြစ်ခဲ့တယ်။ အဲဒီ နွားကျောင်းသားဖြစ်နေတဲ့အချိန်မှာ နွားတွေက ရေသောက်တယ်။ နွားတွေက ရေသောက်နေတာကြာတဲ့အခါကျတော့ မသောက်ရအောင် နွားတွေကို မောင်းတာ သူက သွားချင်တာကိုး။

အဲဒီနွားတွေ ရေဆာလို့ ရေသောက်နေတဲ့ နွားတွေကို အတင်းမောင်းတင်ခဲ့တဲ့ အကုသိုလ်ကြောင့် မြတ်စွာဘုရား ခုနက ပါဝါကနေ ကုသိနာရုံအသွားမှာ ရေငတ်တာ။ “အာနန္ဒာ ရေငတ်လိုက်တာ၊ ရေပေးစမ်းပါ” လို့ မြတ်စွာဘုရားက အဲဒီအချိန်မှာ တောင်းတယ်နော်။ ရှင်အာနန္ဒာကလည်း အရှင်ဘုရားတဲ့ အခုတင်ပဲ လှည်းပေါင်း(၅၀၀) ဖြတ်သွားလို့
စာမျက်နှာ-၆၇
ရေတွေက အင်မတန်မှ နောက်နေတယ်။ ဟိုရှေ့နားကျရင် ရေတွေကြည်ပါလိမ့်မယ်။ ခုခေတ်လို ရေသန့်ဘူးကလည်း မရှိဘူးနော်။ မြစ်ရေကို ခပ်ပြီးတော့ ပေးရမှာ။ အဲဒီလို မြတ်စွာဘုရားဟာ ရေငတ်လိုက်တာလို့ ဒီလိုပြောရလောက်အောင် ရေငတ်မှုဒဏ်ခံရတာဟာ ခုနက နွားကျောင်းသားဘဝတုန်းက နွားတွေရေငတ်နေတာကို မသောက်ရအောင် မောင်းတင်ခဲ့တဲ့ ပြစ်မှုရဲ့ ကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ရခြင်းဖြစ်တယ်ဆိုတာ သီဟိုဠ်မူမှာတော့ အဲဒါလေးပါတယ်။

အားလုံးပေါင်းလိုက်တဲ့အခါကျတော့ မြတ်စွာဘုရားကိုယ်တိုင် ပေးဆပ်ခဲ့ရတဲ့ ကံကြမ္မာဝဋ်ကြွေးဟာ (၁၂) မျိုးရှိတယ်လို့ အဲဒီ “အပဒါန” ဆိုတဲ့ ပါဠိတော်မှာ ပါတယ်။ “ပုဗ္ဗပိလောတိကကမ္မ ဗုဒ္ဓအပဒါန” ဆိုတဲ့ အခန်းမှာ ဒါတွေကို ပြထားတာရှိပါတယ်။
စာမျက်နှာ-၆၈
မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ ဘုရားဘဝမှာ အခုလို ကံကြမ္မာဝဋ်ကြွေးတွေ ပေးဆပ်ရသလို တို့တတွေဟာလည်းပဲ မကောင်းတာတွေ လုပ်မိလို့ရှိရင်ဖြင့် ဒီကံကြမ္မာတွေဟာ ဝဋ်ကြွေးဖြစ်ပြီး တို့တတွေလည်း ပေးဆပ်ကြရမှာ ဖြစ်တယ်။ ဒါကြောင့် မကောင်းတာတွေ အခုလိုသိတဲ့ဘဝမှာ မလုပ်မိအောင် တို့တတွေ သတိကြီးစွာထားပြီး ရှောင်ကြရမယ်လို့ ကိုယ်စီကိုယ်စီ သတိထားပြီးတော့ ကံကြမ္မာဝဋ်ကြွေးတွေ မိမိသန္တာန်မှာ မတင်ရအောင်၊ ကြွေးမတင်ရလေအောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။ 82oprsyakoft6f4mwb2t3186wtgjjb7 မဟာဒါန 0 6385 22182 2026-06-16T23:06:05Z Tejinda 173 "{{header | title = မဟာဒါန | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဘုရားသော်မှပေးဆပ်ရသည့်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22182 wikitext text/x-wiki {{header | title = မဟာဒါန | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ဘုရားသော်မှပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ]] | previous2 = | next = [[မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

မဟာဒါန
မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် (၁၂) ရက်၊ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ဆုတောင်းပြည့်ကျောင်းတိုက်အတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဆုတောင်းပြည့် ကျောင်းတိုက် ဂန္ထဝါစကပဏ္ဍိတ မဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဂုဏဝိသိဋ္ဌပူဇာနှင့် ရတနာညွန့် သုံးထပ်ကျောင်းဆောင် ရေစက်ချအလှူတော်မင်္ဂလာ အထိမ်းအမှတ်အဖြစ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မပူဇာ ဓမ္မသဘင်အခမ်းအနားဝယ်ဟောကြား အပ်သော “မဟာဒါန” တရားဒေသနာတော်။

မဟာဒါန မြတ်သောအလှူ၊ သို့မဟုတ် ကြီးကျယ်သော အလှူလို့ မြတ်စွာဘုရားက အင်္ဂုတ္တရနိကာယ် “အဘိသန္ဒသုတ်” မှာ ဟောတော်မူခဲ့တယ်။ မြတ်စွာဘုရားက “မဟာဒါန” မြတ်သောအလှူ သို့မဟုတ် ကြီးကျယ်သောအလှူ လို့ ဟောထားသော်လည်း အားလုံးက “ကိုယ်ကျင့်သီလ” အနေနဲ့ပဲ သိကြတယ်။ ကိုယ်ကျင့်သီလတစ်ခုဖြစ်တဲ့ ကျင့်စဉ်တစ်ရပ်ကို မြတ်စွာဘုရားက “မဟာဒါန” ကြီးကျယ်တဲ့ အလှူကြီးလို့ ဒီလိုဟောထားတာဖြစ်တယ်။ တခြား သုတ္တန်တွေမှာတွေ့ရခဲတဲ့ စကားလုံးတစ်ခုပေါ့။
စာမျက်နှာ-၂
မြတ်စွာဘုရားရဲ့ တရားတော်တွေထဲမှာ ကုသိုလ် အကြောင်းကို ရှင်းလင်းပြတဲ့အခါ အလှူအတန်းနဲ့ ပတ်သက်တဲ့ ဒါနကုသိုလ်၊ လိုက်နာကျင့်သုံး ဆောက်တည်ကြရတဲ့ သီလကုသိုလ်၊ ပွားများအားထုတ်ကြရတဲ့ ဘာဝနာကုသိုလ်လို့ အသီးသီး ဒီလိုဟောကြားထားတယ်။ တစ်ခုနဲ့တစ်ခု လုပ်ဆောင်မှုခြင်းက မတူဘူးပေါ့။ “ဒါနဆိုသည်မှာ မိမိမှာရှိတဲ့ မိမိပိုင်ဆိုင်တဲ့ အရာတစ်ခုခုကို တစ်ဦးတစ်ယောက်အား ပေးလှူခြင်း၊ စွန့်ကြဲခြင်းကိုခေါ်တာ။ ဒါက ပုံမှန်အားဖြင့် ကိုယ့်ရှိတာကို သူများပေးတာ ဒါန။ ထိုဒါနဆိုတဲ့ စကားလုံးကိုလည်း နှစ်မျိုးခွဲပြီးတော့မှတ်ရမယ်။ ဒါနဆိုတဲ့ စကားလုံးက အချို့နေရာမှာ လှူခြင်းဆိုတဲ့ သို့မဟုတ် ပေးလှူကြောင်း စေတနာကို ရည်ညွှန်းတယ်။ အချို့နေရာမှာ လှူစရာ ပစ္စည်းဝတ္ထုကို ရည်ညွှန်းတယ်။ အဲဒါကြောင့် ဒါနကို ဝတ္ထုဒါန၊ စေတနာဒါနလို့ နှစ်မျိုးခွဲရမယ်။

ဝတ္ထုဒါနဆိုတာ ဘာလဲဆိုရင် လှူစရာ ပစ္စည်းဝတ္ထု၊ လှူစရာ ပစ္စည်းဝတ္ထုသည် “ဝတ္ထုဒါန”၊ အဲဒီ
စာမျက်နှာ-၃
လှူစရာ ပစ္စည်းဝတ္ထုကို လှူဖြစ်အောင် အားပေးတဲ့ စေတနာကိုတော့ “စေတနာဒါန” လို့ခေါ်တယ်။ အဲဒီလို မတူတဲ့သဘောကို မှတ်ထားပေါ့။ ဆိုလိုတာက ပစ္စည်းဝတ္ထုကိုလည်း ဒါန လို့ခေါ်တယ်။ စေတနာကိုလည်း ဒါန လို့ခေါ်တယ်။ ဘယ်နေရာမှာ ခွဲခြားနိုင်တုန်းဆိုရင် “ဒါနံဒေတိ” အလှူပေးတယ်ဆိုတဲ့ စကားလုံးကိုကြည့်။ အလှူပေးတယ်ဆိုတာ စေတနာကိုပေးတာ မဟုတ်ဘူး၊ ပစ္စည်းဝတ္ထုကိုပေးတာ။ အဲဒီဒါနက လှူစရာ ပစ္စည်းဝတ္ထုကို ပြောတာ။ “ဒါနံ-လှူစရာပစ္စည်းဝတ္ထု။ ဒေတိ-ပေးလှူ၏” လို့ မြန်မာလိုပြန်ရတယ်။

နောက်တစ်နေရာမှာကျတော့ “ဒါနေန ဘောဂဝါ” “ဒါနေန - စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းကြောင့်၊ ဘောဂဝါ-စည်းစိမ်ဥစ္စာ ကြွယ်ဝ၏။” ဟော ဒီစကားမှာပါတဲ့ “ဒါန” အရ စေတနာကို ကောက်ယူရတယ်။ ပစ္စည်းဝတ္ထုကို မကောက်ယူရဘူး။

အဲဒီတော့ လူတွေမှာ လှူစရာ ပစ္စည်းဝတ္ထုရယ်၊ လှူတတ်တဲ့ စေတနာရယ် အဲဒီလို ၂-မျိုးရှိတယ်လို့ မှတ်ရမယ်။
စာမျက်နှာ-၄
လှူတတ်တဲ့ စေတနာဖြင့် လှူစရာ ပစ္စည်းဝတ္ထုကို လှူလိုက်ကြတယ်။ အဲဒီ ၂-မျိုးထဲမှာ အကျိုးပေးတဲ့အခါ ဘာကအကျိုးပေးလဲဆိုတော့ စေတနာက အကျိုးပေးတာ။ သို့သော် စေတနာချည်းသက်သက် ပစ္စည်းမပါဘဲနဲ့ ဖြစ်သလားဆိုတော့ မဖြစ်ဘူး။ လှူစရာ ပစ္စည်းဝတ္ထုကို အမှီပြုပြီးတော့ လှူချင်တဲ့စေတနာ ပေါ်တာကိုး။ အဲဒီတော့ ဒီနှစ်ခုက ဆက်သွယ်ပြီးနေတယ်။ လှူစရာ ပစ္စည်းဝတ္ထုက အာရုံ၊ လှူတဲ့ စေတနာက အာရမ္မဏိက။ လှူစရာ ပစ္စည်းဝတ္ထုရယ်၊ လှူတတ်တဲ့စေတနာရယ် ဒီနှစ်ခု ပေါင်းစပ်လိုက်တဲ့အခါမှာ အလှူအထမြောက်ခြင်းဆိုတာ ဖြစ်လာတယ်ပေါ့။

အဲဒီအထဲမယ် ဒါနစေတနာက အကျိုးပေးတယ်။ လှူစရာ ပစ္စည်းဝတ္ထုကို အမှီပြုပြီးတော့ လှူတတ်တဲ့ စေတနာကလည်း ဖွံ့ဖြိုးတိုးတက်လာတယ်။ စေတနာရဲ့ ဖွံ့ဖြိုးတိုးတက်မှု အားသန်လေလေ ကောင်းကျိုးချမ်းသာကို ရလေလေ။ အဲဒီတော့ ပစ္စည်းဝတ္ထုနဲ့ စေတနာ၊ ဒီနှစ်ခုဟာ ဘယ်သူက အရေးပါတုန်းဆိုရင်
စာမျက်နှာ-၅
နှစ်ခုစလုံး အရေးပါတယ်လို့ ပြောနိုင်တယ်။ သို့သော်လည်း ပိုပြီးတော့ အရေးပါတာ ပြောပါဆိုရင် စေတနာ လို့ ပြောရမှာဖြစ်တယ်။ ဒါကြောင့် ဝေလာမသုတ္တန်မှာ ပစ္စည်းဝတ္ထုက ကောင်းတာပဲဖြစ်ဖြစ်၊ ညံ့တာပဲဖြစ်ဖြစ် အဓိကမဟုတ်ဘူး။ ပစ္စည်းဝတ္ထုက နည်းတာ များတာလည်း အဓိက မဟုတ်ဘူးတဲ့။ အဓိက ကျတာတော့ မှန်ကန်တဲ့စေတနာပဲ ဖြစ်တယ်။

တရားချစ်ခင် သူတော်စင်ပရိသတ်တို့ လှူတိုင်း လှူတိုင်း၊ ဒါနကောင်းမှု လုပ်တိုင်းလုပ်တိုင်း စေတနာ ဖွံ့ဖြိုးအောင် ကြိုးစားရမယ်။ စေတနာ ဖွံ့ဖြိုးမှုဟာ ဘာကိုအကြောင်းပြုပြီး ဖွံ့ဖြိုးနိုင်သလဲဆိုရင် ပစ္စည်းဝတ္ထုကို အကြောင်းပြုပြီးတော့ စေတနာဖွံ့ဖြိုးတယ်။ အလှူခံပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးတော့လည်း စေတနာဖွံ့ဖြိုးတယ်။ အလှူဝတ္ထုက မွန်မွန်မြတ်မြတ် လှူလိုက်ရတယ်ဆိုရင် စေတနာကလည်း ပိုထက်သန်တယ်။

နောက် အလှူခံပုဂ္ဂိုလ်က သီလ၊ သမာဓိနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ် သို့မဟုတ် သံဃာအများစုကို ဖြစ်တယ်ဆိုရင် စိတ်က ဝမ်းသာကြည်နူးပြီး လှူလိုတဲ့စေတနာက ပိုပြီး
စာမျက်နှာ-၆
တော့ ဖွံ့ဖြိုးလာတယ်ပေါ့။ အဲဒီတော့ အလှူဝတ္ထုနဲ့ အလှူခံပုဂ္ဂိုလ် ဒီနှစ်ခုကို အကြောင်းပြုပြီးတော့ စေတနာ သဒ္ဓါတရားက ဖွံ့ဖြိုးတိုးတက်လာတာကိုး။ ဒါကြောင့် ဒီစေတနာဖွံ့ဖြိုးတိုးတက်မှုအတွက် အလှူဝတ္ထုကလည်း အရေးကြီးတယ်။ အလှူခံပုဂ္ဂိုလ်ကလည်း အရေးကြီးတယ်လို့ပြောတာ။

အဲဒီမှာ ဘာအတွက် အရေးကြီးတာတုန်းဆိုရင် စေတနာအတွက် အရေးကြီးတာ။ အလှူဝတ္ထု၊ ဘယ်လောက်ကောင်းကောင်း စေတနာက ညံ့နေရင် အကျိုးပေးညံ့သွားမှာပဲ။ အဲတော့ အကျိုးပေးတဲ့နေရာမှာ အဆုံးအဖြတ်ပေးတာသည် ပစ္စည်းဝတ္ထုက မဟုတ်၊ စေတနာသာဖြစ်တယ်။

အဲဒါကြောင့် ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာ စိတ်ထားက အင်မတန်အရေးကြီးတယ်ပေါ့။ မြန်မာစကားမှာ “စိတ်ထားတတ်ရင် မြတ်တယ်” လို့ ဆိုကြတယ်။

နောက်တစ်ခု စဉ်းစားရမှာက လှူတယ်လို့ဆိုရင် များသောအားဖြင့် လူတွေက “လှူတယ်” ဆိုတဲ့အထဲမှာ
စာမျက်နှာ-၇
“ယူတယ်”ဆိုတာ ပါနေသေးတယ်နော်။ ယူတယ်ဆိုတာ ပါနေတယ်ဆိုတာ ဘာတုန်းဆိုရင် ကုသိုလ်ရချင်လို့ လှူတယ်ဆိုရင် ရချင်တာက ပါနေသေးတယ်။ တကယ်ကတော့ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ဘူး။ အလှူခံပုဂ္ဂိုလ်အတွက် စေတနာသန့်သန့် ထားနိုင်ရမယ်။ ကိုယ့်အတွက် မစဉ်းစားနဲ့၊ အလှူခံပုဂ္ဂိုလ်အတွက်ပဲ စဉ်းစားရမယ်။ များသောအားဖြင့် လှူတယ်ဆိုတာ ဘယ်သူ့အတွက်တုန်းဆိုရင် လှူသူအတွက် ဖြစ်နေတတ်တယ်။

ဆိုပါစို့။ ကျောင်းဆောက်လှူတယ်ဆိုရင် ကျောင်းဒကာအဖြစ် ခံယူချင်တယ်။ အများထဲမှာ ဂုဏ်ရှိတယ်ဆိုတဲ့ အတွေးလေးတွေ ပုထုဇဉ်မှာ ရှိတတ်တယ်ပေါ့။ တစ်ခုခုလှူတယ်ဆိုရင် အလှူဒကာအနေနဲ့ ထင်ပေါ်ကျော်ကြားမှုလေးတွေ ရချင်တာ။ အဲဒါတွေကို စဉ်းစားကြည့်ရင် “ဒါရချင်လို့ ဒါလုပ်တယ်” ဆိုရင် အရောင်းအဝယ်သဘော မဆန်ဘူးလား။ အရောင်းအဝယ်သဘော ဆန်နေတယ်။ အဲဒါမျိုးမဖြစ်စေဘဲနဲ့ ကျောင်းဆောက်လှူတယ် ဆိုရင်လည်း ဒီကျောင်းပေါ်မှာ
စာမျက်နှာ-၈
သီတင်းသုံးတဲ့ ပုဂ္ဂိုလ်တွေ သို့မဟုတ် သံဃာတွေကို ချမ်းသာကြပါစေဆိုတဲ့ စိတ်ကိုထားရမယ်။ အလှူခံပုဂ္ဂိုလ်ရဲ့ အကျိုးကိုကြည့်ပြီးတော့လှူတာဟာ အင်မတန်မွန်မြတ်တယ်လို့ ပြောရမယ်။

ဒီနေရာမှာ ဆုမတောင်းရဘူးလို့ပြောတာ မဟုတ်ဘူး။ အလှူခံပုဂ္ဂိုလ်ရဲ့ အကျိုးကို ကြည့်ပြီးတော့ လှူလိုက်တယ်။ လှူပြီးတဲ့အခါကျတော့မှ ကိုယ့်ဆန္ဒထုတ်ဖော်တာ။ ဒီလို လှူရတဲ့ကုသိုလ်ဟာ သူ့ဟာသူ အကျိုးပေးမှာပဲ။ တောင်းသည်ဖြစ်စေ၊ မတောင်းသည်ဖြစ်စေ ကိုယ်က ဘာကိုရချင်သလဲ၊ ဒီကုသိုလ်ကောင်းမှုဟာ ဘာကိုဦးတည်အကျိုးပေးစေချင်သလဲဆိုတာ ကိုယ်လိုချင်တဲ့ဆန္ဒကို ထုတ်ဖော်တာ။ ဒါ ဆုတောင်းတယ် ခေါ်တာနော်။

အဲဒီတော့ လှူကတည်းက အများအတွက် လှူရမယ်။ အလှူခံပုဂ္ဂိုလ်ရဲ့ အကျိုးကို ဦးတည်ရမယ်။ အလှူခံပုဂ္ဂိုလ်တွေအပေါ် မေတ္တာထားမယ်၊ စေတနာထားမယ်၊ ကရုဏာထားမယ်။ ဥပမာ မရှိတဲ့ ပုဂ္ဂိုလ် ပေးလိုက်မယ်၊ ဪ သူ့မှာစားစရာမရှိဘူး၊ စားပါစေ၊
စာမျက်နှာ-၉
အဲဒီလို စိတ်ထားနဲ့ လှူရမယ်။ အေး၊ သူ့ကိုငါက ကျွေးထားတာ၊ တစ်နေ့ကျ ငါ့ကို သူတစ်ခုခု လုပ်ပေးရမယ် လို့ မျှော်တွေးရင် အရောင်းအဝယ် ဖြစ်သွားမယ်။

လှူတယ်ဆိုတာ အပြန်အလှန်မျိုး မဖြစ်စေရဘူး။ ပူဇော်တယ်၊ ချီးမြှောက်တယ်လို့ နှစ်မျိုးရှိတယ်။ ပူဇော်တယ်ဆိုတာ ကိုယ့်ထက်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်၊ သီလသမာဓိရှိတဲ့ ပုဂ္ဂိုလ်တွေကို ကျောင်းဆောက်ပြီးတော့ ပူဇော်တယ် သို့မဟုတ် သင်္ကန်းနဲ့ပူဇော်တယ်။ သူ့ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေကို ပူဇော်တယ်။ ဒါ ပူဇော်တာ။ အေး၊ လိုအပ်နေတဲ့ ပုဂ္ဂိုလ်ကိုတော့ ချီးမြှောက်တယ်၊ ဘာနဲ့ချီးမြှောက်လဲ၊ အေး၊ သူစားစရာမရှိဘူး၊ စားစရာပေးလိုက်တယ်။ နေစရာမရှိဘူး၊ နေစရာပေးလိုက်တယ်။ ဝတ်စရာမရှိဘူး၊ အဝတ်ကလေး ပေးလိုက်တယ်။ ဒါ ချီးမြှောက်တာ။ အဲဒီချီးမြှောက်မှုတွေဟာ လှူသူအတွက် မဖြစ်စေရဘူး။ ယူသူအတွက် ဖြစ်စေရမယ်။

အလှူခံပုဂ္ဂိုလ်မှာ ရရှိတဲ့ အတိုင်းအတာကို ကြည့်ပြီး အလှူဒါနရဲ့ ကောင်းမြတ်မှုကို ဆုံးဖြတ်ရတယ်။
စာမျက်နှာ-၁၀
မြတ်စွာဘုရားက “သဗ္ဗဒါနံ ဓမ္မဒါန ဇိနာတိ” လို့ ဟောထားတာရှိတယ်။ ဓမ္မဒါနက ဘာဖြစ်လို့ ဒါနထဲမှာ အမြတ်ဆုံး ဖြစ်နေရသလဲ။ ဒါကို အလေးအနက် စဉ်းစားကြည့်။ ဥပမာ ပစ္စည်းတစ်ခုခုကို လှူလိုက်လို့ ထိုပစ္စည်းဝတ္ထုရတဲ့ ပုဂ္ဂိုလ်အတွက် အဲဒီပစ္စည်းက ဘယ်လောက် အကျိုးပြုသလဲဆိုတာကို မူတည်ပြီး မြတ်မမြတ် ဆုံးဖြတ်ရတာဖြစ်တယ်။

ဆိုပါစို့။ ဒီ ဓမ္မဒါန ကမြတ်တယ်ဆိုတာ ဓမ္မကို လှူလိုက်သဖြင့် အဲဒီ ဓမ္မကို လက်ခံရရှိလိုက်တဲ့ပုဂ္ဂိုလ်မှာ ဘယ်လောက်အကျိုးများသွားလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ရမယ်။ လှူတဲ့ပုဂ္ဂိုလ်နဲ့မဟုတ်ဘူး။ ရတဲ့ပုဂ္ဂိုလ်နဲ့ ဆုံးဖြတ်ရမယ်။

ဥပမာ ဆွမ်းလှူတယ်၊ ဆွမ်းဆိုတာ အားလုံးသိတဲ့အတိုင်း တစ်မနက်စားပြီးရင် နေ့လည်ကျရင် စားဖို့ လိုအပ်နေသေးတယ်။ မြန်မာတွေကတော့ ‘ထမင်း အသက် ခုနှစ်ရက်” လို့ ပြောကြတယ်။ ဒါ မသေနိုင်တာကို ပြောတာနော်။ သို့သော် ထမင်းဆိုတာ လူတွေ ဘယ်နှစ်ထပ် စားနေကြသလဲ။ တစ်ထပ်တည်းနဲ့ ဘယ်
စာမျက်နှာ-၁၁
သူမှ မဝဘူးနော်။ အနည်းဆုံး နှစ်ထပ်တော့ စားကြတာပဲ။ အဲဒီတော့ ထမင်းရဲ့ စောင့်ရှောက်မှုဟာ နေ့တစ်ဝက်ပဲခံတယ် ပြောရမှာပေါ့။ ထမင်းက တစ်ခါစားပြီးရင် လူကို နေ့တစ်ဝက်ပဲ အကျိုးပြုတယ်။ ဒီလို အကျိုးပြုတဲ့ အတိုင်းအတာက အင်မတန်နည်းတယ်။

နောက်တစ်ခါ အဝတ်လှူတယ်။ အဝတ်ရဲ့ အကျိုးပြုမှုက ထမင်းထက်တော့ပိုတယ်။ သို့သော် သိပ်ပြီးတော့ ရေရှည်အကျိုးမပြုဘူး။ တစ်လ၊ နှစ်လ၊ သုံးလပေါ့နော်။ ကျောင်းအဆောက်အဦး လှူလိုက်တဲ့အခါကျတော့ နှစ်ပေါင်းများစွာ အကျိုးပြုတယ်။ ဒါကြောင့်မို့လို့ ကျောင်းအလှူကို မြတ်တယ်ပြောတာ။ ဘာဖြစ်လို့တုန်းဆိုတော့ အလှူခံပုဂ္ဂိုလ်တွေအပေါ်မှာ အကျိုးပြုတဲ့ အတိုင်းအတာ ကြီးထွားလို့ မြတ်တယ်ပြောတာ။

ဓမ္မဒါနတရား လှူတာက အလှူခံပုဂ္ဂိုလ်ကို ဘယ်လောက် အကျိုးပြုသလဲကြည့်။ ရှင်အဿဇိက ရှင်သာရိပုတ္တရာ မထေရ်မြတ်ကို (ရှင်သာရိပုတ္တရာက အဲဒီတုန်းက ဥပတိဿပရဗိုဇ်ပေါ့။) တရားဓမ္မနဲ့ ရှင်းပြတယ်။ ဓမ္မဒါနပြုလိုက်တယ်။
စာမျက်နှာ-၁၂
“ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ”။ အကြောင်းကြောင့်ဖြစ်တဲ့ တရားတွေ၊ အကျိုးတရားတွေရဲ့ အကြောင်းတရားတွေကို မြတ်စွာဘုရားက ဟောပါတယ်လို့ ရှင်းပြောလိုက်တာ။ တရားနာလိုက်ရတဲ့ ဥပတိဿပရဗိုဇ် (ရှင်သာရိပုတ္တရာ)ဟာ ဘယ်လောက် အကျိုးရသွားတုန်းဆိုရင် သောတာပန် ဖြစ်သွားတယ်လေ။ ရှင်အဿဇိက ဓမ္မဒါနတရားအလှူ လှူလိုက်တဲ့ ပုဂ္ဂိုလ်။ သူ့မှာ ဘယ်လောက် အကျိုးပြုမှာတုန်း။ ရဟန္တာဖြစ်နေပြီလေ။ သို့သော် အဲဒီတရားကို နာယူလိုက်ရတဲ့ ဥပတိဿပရဗိုဇ်က သောတာပန်ဖြစ်သွားတယ်ဆိုတော့ နည်းတဲ့အကျိုးလား။ အဲဒီတော့ လှူတဲ့ပုဂ္ဂိုလ်အတွက်ရရှိတဲ့အထက် ယူတဲ့ပုဂ္ဂိုလ်အတွက် ရရှိတဲ့အကျိုးက ပိုများတာဖြစ်လို့ ပိုပြီးမြတ်တယ်လို့ ဒီလိုမှတ်ရမယ်။ ဒါကြောင့် “သဗ္ဗဒါနံ ဓမ္မဒါန ဇိနာတိ” လို့ ဟောတာဖြစ်တယ်။

အေး၊ ယခု ဒီဒေသနာမှာတော့ “မဟာဒါန” အမည်နဲ့ ဟောထားတယ်။ မဟာဆိုတဲ့ စကားလုံးက
စာမျက်နှာ-၁၃
မြတ်သော သို့မဟုတ် ကြီးကျယ်သော လို့ အဓိပ္ပာယ်ရတယ်။ ကြီးကျယ်သောအလှူ၊ သို့မဟုတ် မြတ်သောအလှူ။ အဲဒီ မြတ်သောအလှူဆိုတာ ဘာကိုပြောတုန်းလို့ ဆိုတော့ မြတ်စွာဘုရားက ငါးပါးသီလကိုပြောတာ။ သီလကို ဒီဒေသနာတော်မှာ ဒါနလို့ ဟောထားခြင်းဖြစ်တယ်။ အဲဒီတော့ မြတ်စွာဘုရားက အင်္ဂုတ္တိုရ် အဘိသန္ဒသုတ်မှာ မဟာဒါန ငါးမျိုးရှိတယ်တဲ့။

အဲဒီ မဟာဒါနငါးမျိုးဟာ “အဂ္ဂည” ကမ္ဘာဦးထဲက ပေါ်တဲ့အရာတစ်ခုဖြစ်တယ်။ အင်မတန် ရှေးကျတယ်။ ဒီအလှူကြီးဟာ အင်မတန်မှ ရှေးကျတဲ့အလှူတဲ့။ “အဂ္ဂည” ဆိုတဲ့ အဓိပ္ပာယ်က အဦးအစ အင်မတန် ရှေးကျတဲ့အရာတစ်ခုလို့ ဒီလိုသတ်မှတ်ပြီး ပြောတာနော်။ နောက်တစ်ခု “ရတ္တည” နှစ်ပေါင်းရှည်ခဲ့ပြီး၊ နှစ်ပေါင်းများစွာ ကြာခဲ့တဲ့အရာတစ်ခုပဲ။ ဒီလို အများက အသိအမှတ်ပြုတယ်တဲ့။ “ဝံသည” တကယ့် သူတော်စင်တွေရဲ့ အနွယ်အဆက်၊ သူတော်စင်တွေရဲ့ လုပ်ရိုးလုပ်စဉ်လို့လဲပဲ အားလုံးက အသိအမှတ်ပြုတယ်။ “ပေါရာဏ” တကယ့်ကို ရှေးကျတယ်လို့ ဖော်ပြထားတယ်။
စာမျက်နှာ-၁၄
ဒါ့အပြင် ဒီ မဟာဒါနကို ဘယ်ပညာရှိကမှ မပယ်ဖျက်ဝံ့ဘူးတဲ့။ အင်မတန်မှ ရှေးကျပြီး ကမ္ဘာဦးကာလထဲက ပေါ်လာတာဖြစ်လို့ နှစ်ပေါင်းများစွာ ကြာခဲ့တဲ့ အစဉ်အလာကြီးတစ်ရပ်ဖြစ်လို့ ဘယ်သူကမှ မရှုတ်ချရဲဘူးတဲ့။

ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့ဆိုရင် သရဏဂုံသုံးပါးနဲ့တကွ ငါးပါးသီလကို ဆောက်တည်ကြတယ်ဆိုတာ ရိုးနေပြီ။ ရိုးနေသည့်အတွက်ကြောင့် တစ်ခါတစ်ခါ တန်ဖိုးထားရမှန်းမသိတော့ဘူး ဖြစ်သွားပုံရတယ်။ အလေးအနက်မထားဘူးဆိုတဲ့အရာ၊ ရိုးနေတဲ့အရာတစ်ခုဟာ ကိုယ့်အတွက် ဘာမှထူးဆန်းမလာသည့်အတွက်ကြောင့် စေတနာထက်သန်မှုလည်း ရှိမှာမဟုတ်ဘူးပေါ့။ အဲဒီလို မဖြစ်ရလေအောင် ငါးပါးသီလ ဆောက်တည်တိုင်း ဒို့တစ်တွေ မဟာဒါန ကြီးကျယ်တဲ့ အလှူကြီးတစ်ခု လှူနေတယ်လို့ ကိုယ့်ကိုယ်ကို သတိထားပြီး စေတနာစွမ်းအား တိုးမြှင့်တင်ထားဖို့တော့ လိုတာပေါ့နော်။
စာမျက်နှာ-၁၅
ဒီသုတ္တန်အရ ကိုယ့်ကိုယ်ကို သတိထားရမယ်။ ငါးပါးသီလနဲ့ပတ်သက်ပြီး ကမ္ဘာလောကကြီးတစ်ခုလုံးကို ကြည့်လိုက်။ ကိုယ်တစ်ဦးတစ်ယောက်တည်းမကြည့်နဲ့။ အားလုံး ခြုံငုံပြီးတော့ စဉ်းစား။ ရာခိုင်နှုန်းနဲ့ တွက်ကြည့်။ ကမ္ဘာမှာ လူဦးရေ သန်း ၆ဝဝဝ ကျော်ရှိတယ်။ အဲဒီထဲမယ် သူများရဲ့ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်တဲ့ ပုဂ္ဂိုလ်ဆိုတာ နည်းနည်းလေးပဲရှိတယ်။ အဲဒီတော့ ကိုယ်လုပ်တဲ့အလုပ်ဟာ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကြည့်။ သန်းပေါင်း ၆ဝဝဝ ရှိတဲ့အထဲမယ် ပါဏာတိပါတမှ ရှောင်တဲ့ပုဂ္ဂိုလ်ဟာ သန်းပေါင်း ၁ဝဝ တောင် ရှိချင်မှရှိမယ်။ အေး၊ ဗုဒ္ဓဘာသာဝင်တွေ “ပါဏာတိပါတာ ဝေရမဏိ” လို့ လုပ်ထားတယ်ဆိုပေမယ်လို့ လွယ်လွယ်ကူကူနဲ့ အနီးအပါးမှာရှိတဲ့ ခြင်ကလေးတွေ ဘာလေးတွေတော့ လက်ဝါးနဲ့ ဖျတ်ခနဲ ရိုက်ချင်သေးတာပဲ။

တချို့က စောဒက တက်ကြသေးတယ်။ ခြင်တွေကို မသတ်ဘဲ နေလို့ရှိရင်တဲ့ ငှက်ဖျားရောဂါတွေ၊ သွေးလွန်တုပ်ကွေးရောဂါတွေ ဖြစ်မှာစိုးလို့တဲ့။ အဲဒါ
စာမျက်နှာ-၁၆
စဉ်းစားကြည့်၊ အစိုးရိမ်လွန်တာလို့ ပြောရမယ်။ ခြင်ကို သတ်ရင် သွေးလွန်တုပ်ကွေးရောဂါတို့၊ ငှက်ဖျားရောဂါတို့ မဖြစ်တော့ဘူးလားဆိုတော့ တခြားနည်းနဲ့ ဖြစ်ဦးမှာပဲ။ တချို့က ကျန်းမာရေးရှုထောင့်ကကြည့်ပြီး လူတွေကို အန္တရာယ်ပေးနေတဲ့ သတ္တဝါတွေကို သတ်ရမယ်ဆိုတဲ့ အယူအဆရှိတယ်ပေါ့။ အဲဒါဟာ ဘာလဲဆိုရင် "selfish idea" ပဲဖြစ်တယ်။ လူတွေမှာ "selfish idea" ဟာ အရိုးစွဲနေတယ်။ ကိုယ်ကောင်းစားရေး လုပ်တာ တစ်ကိုယ်ကောင်းဆန်တဲ့ အတွေးပဲဖြစ်တယ်။ အေး၊ ဒီလိုတိရစ္ဆာန်တွေ မသတ်လို့ရှိရင် လူတွေအတွက် အန္တရာယ်ဖြစ်လိမ့်မယ်လို့တွေးပြီးတော့ ကြောက်တဲ့စိတ်နဲ့ တိရစ္ဆာန်တွေကို သတ်မယ်ဆိုရင် ဒါ မမှန်ကန်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်ပေါ့။

ရောဂါဆိုတာ တိရစ္ဆာန်ကြောင့် မဖြစ်ရင်လည်း ဒီပြင်အကြောင်းကြောင့် ဖြစ်မှာပဲ။ တိရစ္ဆာန်ကို ပုံချလို့မရဘူးလေ။ တခြားနည်းတွေကော မရှိဘူးလား။ ဆိုပါစို့၊ ခြင်မသတ်ဘဲ ခြင်ထောင်နဲ့ အိပ်မယ်၊ ခြင်တွေ ပေါက်ဖွားမယ့်နေရာတွေကို မပေါက်ဖွားအောင်
စာမျက်နှာ-၁၇
ကြိုတင်ပြီးတော့ထိန်းမယ်၊ မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်တာတွေ အများကြီးရှိတယ်။ ဖြစ်နိုင်တာ မလုပ်ဘဲနဲ့ ပေါက်ဖွားတာခံပြီး ပေါက်ဖွားပြီးမှ သတ်မယ်ဆိုရင် “ပါဏာတိပါတ” ဖြစ်မှာပဲ။ ဒါကတော့ “ပါဏာတိပါတ” ဖြစ်နေပြီဆိုကတည်းက ဒီလူတစ်ယောက်ဟာ ဘယ်သူ့ကို အန္တရာယ်ပေးနေတာတုန်းဆိုရင် ခြင်တွေကို အန္တရာယ်ပေးနေတာ။ သူကထင်နေတာ ခြင်ကလူကို အန္တရာယ်ပေးလို့ ခြင်ကိုပြန်ပြီး အန္တရာယ်ပေးတာဆိုတော့ ဒါ အပြန်အလှန်သတ်ကြတဲ့သဘောပဲ ဖြစ်သွားတယ်။ အဲဒီတော့ ကိုယ့်အတွက် လုံခြုံစိတ်ချရဖို့ သူများကို သတ်တယ်ဆိုတဲ့ စေတနာဟာ ဘာနဲ့တူတုန်းဆိုရင် လူဆိုးနဲ့တူတူပဲ၊ ဘာမှမထူးဘူး၊ ကိုယ့်ကိုရန်မူလာလို့ ကိုယ်ကဦးအောင်သတ်တာနဲ့ မတူဘူးလား၊ အတူတူပဲ၊ ဘာမှမထူးဘူး။ စိတ်ဓာတ်ချင်းက ဒီအတိုင်းပဲ။ အဲဒီစိတ်ဓာတ်က ပျံ့ပွားလာလို့ရှိရင် လူကိုတောင်မှပဲ ကိုယ့်ကိုအန္တရာယ်ပြုရင် သတ်မယ်ဆိုတဲ့အမြင် ရသွားတာပေါ့။ အဲဒီတော့ “ပါဏာတိပါတ” က ရှောင်မယ်လို့ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒါကြောင့်
စာမျက်နှာ-၁၈
။ ငါးပါးသီလထဲက “ပါဏာတိပါတ” ရှောင်တယ်ဆိုတဲ့ လူဟာ ရာခိုင်နှုန်းအားဖြင့် အလွန်နည်းတယ်။ ။

မြတ်စွာဘုရား လက်ထက်တော်တုန်းကဆိုရင် သတ္တဝါတွေကိုသတ်ပြီး ယဇ်နတ်ပူဇော်ခြင်းဖြင့် ကောင်းရာသုဂတိဘုံကို ရောက်တယ်ဆိုတဲ့ အယူအဆကြီးက လွှမ်းမိုးထားတာ။ ဒီကနေ့ခေတ်တောင်မှ ဒီအယူအဆက ရှိတုန်းပဲ။ လည်ချောင်းသွေးနဲ့ ယဇ်ပူဇော်တဲ့ အစဉ်အလာကြီးတွေ ရှိနေတုန်းပဲ။ နာမည်တစ်မျိုးပြောင်းခေါ်ချင် ခေါ်မှာပေါ့နော်။ ရှေးရိုးအတိုင်း လိုက်လုပ်နေကြပဲ။ ။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဘယ်လိုဟောတုန်းဆိုရင် “ပါဏာတိပါတော ဘိက္ခဝေ အာသေဝိတော ဘာဝိတော ဗဟုလီကတော” တဲ့။ သူများအသက်သတ်မှု ကျူးလွန်တဲ့ ဒီစေတနာ ပါဏာတိပါတ လုပ်ငန်းကိုတဲ့ စလုပ်မယ်၊ အထပ်ထပ်လုပ်မယ်၊ အကြိမ်ကြိမ်လုပ်မယ်ဆိုရင်တဲ့ အဲဒီအကုသိုလ်သည် “နိရယသံဝတ္တနိကာ” ငရဲမှာ ဖြစ်စေ
စာမျက်နှာ-၁၉
နိုင်တယ်တဲ့။ “အပါယသံဝတ္တနိကာ” အပါယ်ဘုံမှာ ဖြစ်စေနိုင်တယ်။ “တိရစ္ဆာနသံဝတ္တနိကာ” တိရစ္ဆာန်ဘဝရောက်အောင် တွန်းပို့နိုင်တယ်။ ဒါ ဒီလိုဟောထားတာနော်။ ဆိုလိုတာက “ပါဏာတိပါတ” စေတနာဖြင့် သူများအသက်သတ်လို့ နတ်ပြည်ရောက်တယ်ဆိုတာ မရှိဘူး၊ ဒီလိုဆိုလိုတယ်။

သို့သော် အယူဝါဒ တိမ်းမှားနေတဲ့ ဘာသာဝင်တွေကျတော့ သတ္တဝါသတ်ပြီး နတ်ပြည်ရောက်တယ်၊ ကောင်းကင်ဘုံရောက်တယ်ဆိုတဲ့ အယူအဆ ရှိနေကြတယ်။ အဲဒါကတော့ နှစ်ထပ်ကွမ်းမှားတယ်။ ပထမမှားတာက မိစ္ဆာဒိဋ္ဌိ မှားယွင်းတဲ့အမြင်တစ်ခု။ ဒုတိယမှားတာက လုပ်ရပ်၊ နှစ်ခုမှားတယ်။ ဒီအမှားနှစ်ခုရှိရင် အကျိုးကလည်း နှစ်ထပ်ကွမ်း ခံရမှာပေါ့။ မြတ်စွာဘုရားက ဟောတာကတော့ “ပါဏာတိပါတ” သည် အကြိမ်ကြိမ်အထပ်ထပ်လုပ်မိလို့ အကျိုးပေးခြင်းပေးရင် ငရဲဘုံမှာပဲပေးမယ်၊ အပါယ်ဘုံမှာပဲ အကျိုးပေးမယ်။ အပေါ့ဆုံးအပြစ်အနေနဲ့ပြောရင် “အပ္ပါယုကသံဝတ္တနိကာ” တဲ့။ ဖြစ်လေရာဘဝမှာ
စာမျက်နှာ-၂၀
အသက်တိုတယ်တဲ့။ အဲဒါ “ပါဏာတိပါတ”ရဲ့ ပြစ်ချက်။

အဲဒါကြောင့် အရိယာသူတော်စင်တွေဆိုရင် သူများအသက်မသတ်တော့ဘူး။ အရိယာတွေမှာ ရွေးချယ်စရာ အမြဲတမ်းနှစ်ခုရှိတယ်။ ဘုန်းကြီးတို့တစ်တွေမှာလည်း အမြဲတမ်း ရွေးချယ်စရာနှစ်ခုရှိတာပဲ။ သို့သော် အရိယာပုဂ္ဂိုလ်တွေရဲ့ ရွေးချယ်မှုနဲ့ ဘုန်းကြီးတို့တစ်တွေရဲ့ ရွေးချယ်မှုက အလွန်ကွာတယ်။ ဆိုပါစို့၊ အရိယာပုဂ္ဂိုလ်တွေက တရားဓမ္မနဲ့ စည်းစိမ်ဥစ္စာ ဘာကိုရွေးမလဲဆိုရင် အရိယာပုဂ္ဂိုလ်တွေက တရားဓမ္မကို ရွေးတယ်။ ပစ္စည်းအဆုံးခံတယ်။ ပုထုဇဉ်တွေကတော့ ဘာကိုရွေးတုန်းဆိုရင် ပစ္စည်းတော့အဆုံးမခံနိုင်ဘူး၊ တရားက နောင်ခါလာ နောင်ခါဈေး၊ ဟုတ်လား။ မတူတဲ့အကြောင်းကို ပြောတာနော်။

လောကမှာ ရွေးချယ်စရာလေးတွေရှိတယ်။ ဆိုပါစို့၊ သာမန်ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ပြောမယ်။ သာမန် ရွေးချယ်စရာလေးတွေက ဘာတုန်းဆိုရင် အသက်နဲ့ ပစ္စည်းဥစ္စာ ဒီနှစ်ခု ဘယ်ဟာရွေးရမလဲ။
စာမျက်နှာ-၂၁
ပစ္စည်းဥစ္စာပဲ အပျက်ခံမလား၊ အသက်အသေခံမလားလို့ဆိုရင် ပစ္စည်းဥစ္စာကို အပျက်ခံလိုက်ကြတယ်၊ အသက်အသေမခံဘူးပေါ့။ အသက်နဲ့ လက်ခြေအင်္ဂါ ဘယ်ဟာရွေးမလဲဆိုရင် အသက်ကိုရွေးပြီးတော့ လက်ခြေအင်္ဂါကို အဖြတ်ခံလိုက်တယ်။ အသက်မသေပြီးရောဆိုပြီးတော့ ဒီလိုရွေးတယ်။ နောက် တရားနဲ့ အသက် ဘာကိုရွေးရမလဲဆိုရင် သူတော်ကောင်းတွေက တရားကိုရွေးတယ်၊ အသက်ကိုမရွေးဘူးတဲ့။ ပုထုဇဉ်တွေကတော့ အသက်ကိုပဲရွေးတယ်။ တရားကိုမရွေးဘူးပေါ့။ ရွေးချယ်မှုတွေ မတူကြဘူး။ ဒါကြောင့် အရိယာပုဂ္ဂိုလ်တွေက အသက်တည်းဟူသော အကြောင်းကြောင့်ပဲဖြစ်စေ သူများအသက်ကို မသတ်ကြတော့ဘူး။ ကိုယ်ပဲအသေခံမယ်။ အဲဒါ ဘာကိုတန်ဖိုးထားတာတုန်းဆိုရင် ကိုယ့်အသက်ထက် သီလကိုတန်ဖိုးထားတယ်၊ အမြင်ချင်းမတူဘူး။

သာမန်ပုဂ္ဂိုလ်ကတော့ ဒီလိုမတွေးဘူးလေ။ အေး၊ အသက်တော့အသေမခံဘူး၊ လာမထိနဲ့၊ ကိုယ့်အန္တရာယ်ပြုတဲ့လူ ရှင်းလိုက်မယ်ပေါ့။ ဒီလိုတွက်တာ
စာမျက်နှာ-၂၂
လေ။ အရိယာသူတော်စင်က အေး၊ သူများကိုရှင်းလိုက်တာ ဟုတ်ပြီ၊ သူများကိုသတ်လိုက်ရင် “ပါဏာတိပါတ” အမှု ပါဏာတိပါတ” ကံကို ကျူးလွန်လိုက်တယ်။ ဒီကျူးလွန်လိုက်သည့်အတွက်ကြောင့် ကိုယ်ကတော့ ဒီဘဝမှာ အသက်ရှင်သွားတယ်။ သို့သော် “ပါဏာတိပါတ” ကံရဲ့အကျိုးအနေနဲ့ နောင်ဘဝမှာ ငရဲကျရမယ်၊ တိရစ္ဆာန်ဖြစ်ရမယ်၊ ပြိတ္တာဖြစ်ရမယ်၊ နောက်ကျတော့ ဖြစ်လေရာဘဝမှာ အသက်တိုဦးမယ်။

ဟော၊ နောက်ဆက်တွဲလာမယ့် အကျိုးဆက်တွေက အများကြီး။ အဲဒါတွေကို မမြင်သည့်အတွက်ကြောင့် ရွေးရင် တရားကိုမရွေးဘဲနဲ့ တန်ဖိုးမရှိလှတဲ့ ကိုယ့်အသက်ကိုရွေးလိုက်တာတဲ့။ ။

ဒါကြောင့်မို့ လောကမှာ “ပါဏာတိပါတ”ကို ရှောင်တဲ့ပုဂ္ဂိုလ်နဲ့ “ပါဏာတိပါတ”ကို လုပ်တဲ့ပုဂ္ဂိုလ်မှာ “ပါဏာတိပါတ”ကို ရှောင်တဲ့ပုဂ္ဂိုလ်က အင်မတန်နည်းပြီး လုပ်တဲ့ပုဂ္ဂိုလ်က များတယ်လို့ပြောရမယ်။ အဲဒီတော့ မြတ်စွာဘုရားက ဟောထားတယ်။ အရိယာဖြစ်တဲ့ တပည့်ဟာတဲ့၊ မြတ်စွာဘုရားရဲ့ အရိယာတပည့်
စာမျက်နှာ-၂၃
ဟာ သူများအသက်သတ်ခြင်းမှ ရှောင်ကြဉ်တယ်တဲ့။ အဲဒီရှောင်ကြဉ်တာဟာ ဒါနရှုထောင့်က ကြည့်မယ်ဆိုရင် အင်မတန်ကြီးမားတဲ့ ဒါနကြီးပဲ။

ဒါဖြင့် သူများအသက်သတ်ခြင်းမှ ရှောင်တာနဲ့ ဘာဖြစ်လို့ မဟာဒါန ဖြစ်တာတုန်းဆိုတော့ ကိုယ်က သူများအသက်မသတ်လို့ရှိရင် ပတ်ဝန်းကျင်မှာ သတ္တဝါတွေ အများကြီးရှိတယ်။ လူတွေပဲ သန်းပေါင်း ၆၀၀၀ ကျော်ရှိတယ်။ တိရစ္ဆာန်တွေဆိုရင် မရေမတွက်နိုင်အောင်ရှိတယ်။ အဲဒီ မရေမတွက်နိုင်အောင် များပြားတဲ့သတ္တဝါတွေကို ကိုယ့်လက်နဲ့ ဘယ်တော့မှ အသက်မထွက်စေရဘူးဆိုတဲ့ ရှောင်ကြဉ်မှုလေးဟာ သာမန်ကြည့်တော့ဖြင့် အသေးလေးလို့ထင်ရမယ်။ သို့သော် သတ္တဝါတွေအားလုံးကို ကိုယ်က “အဘယံ ဒေတိ” ဘေးမဲ့ပေးလိုက်တာပဲ။ ဒါဟာ ကြီးမားတဲ့ ကုသိုလ်ကြီးတစ်ခုဖြစ်တယ်။

သူတို့ကို အန္တရာယ်မပြုဘူး ဆိုကတည်းက ငါအန္တရာယ်မပြုတာ လူသားပေါင်း သန်းပေါင်း ၆၀၀၀ ကျော်ကို အန္တရာယ်မပြုဘူးဆိုတော့ သန်းပေါင်း ၆၀၀၀
စာမျက်နှာ-၂၄
ကျော်ကို ကိုယ်က ဘေးမဲ့ပေးရာ မရောက်ဘူးလား။ အေး၊ အဲဒီ သန်းပေါင်း ၆၀၀၀ ကျော်ဟာ ငါဆိုတဲ့ ရန်သူအတွက်နဲ့ သူတို့ ဘယ်တော့မှ ဒုက္ခမရောက်စေရဘူးဆိုတော့ ရန်ကင်းအောင်လုပ်ပေးလိုက်တာနဲ့ အတူတူပဲ။ ဒါကြောင့် “အဝေရံ ဒေတိ” ရန်မရှိမှု၊ ရန်ကင်းမှုကိုပေးတယ်တဲ့။ နောက် “အဗျာဗဇ္ဈံ ဒေတိ” သန်းပေါင်း ၆၀၀၀ ကျော်သော လူသတ္တဝါတွေကို ဆင်းရဲဒုက္ခလွတ်ကင်းအောင် ပေးလိုက်တာနဲ့ အတူတူပဲတဲ့။

ကဲ၊ စဉ်းစားကြည့်လိုက်စမ်း၊ မသတ်ဘဲရှောင်တာက ဒီလောက်ထိအောင် အကျိုးကျေးဇူးရှိတယ်။ အတိုင်းအတာကင်းမဲ့တယ်။ ဒါလူသားတင်ပြောတာ။ ခြင်တွေရဲ့ population ကြည့်မယ်ဆိုရင် သန်းပေါင်း ၆၀၀၀ ဘယ်ကမတုန်း။ ပုရွက်ဆိတ်တွေရဲ့ population ကြည့်ရင်ကော သန်းပေါင်း ၆၀၀၀ ဘယ်ကမလဲ။ ပုရွက်ဆိတ်တွင်း တစ်တွင်းတွင် သန်းပေါင်း ၆၀၀၀ မကဘူးနော်။ အဲဒီတော့ အားလုံးသော သတ္တဝါတွေကို ကိုယ်က ဘေးမဲ့ပေးလိုက်တယ်၊ ရန်ကင်းမှုကို
စာမျက်နှာ-၂၅
ပေးတယ်၊ ဆင်းရဲဒုက္ခမရှိမှုကိုပေးတယ်ဆိုတော့ အလွန်ကြီးမားတဲ့ မဟာဒါနကြီးပေါ့။ ။

ဒါကြောင့် မြတ်စွာဘုရားက အဲဒီရှုထောင့်ကနေပြီးတော့ ကိုယ်က သတ္တဝါတွေကို မသတ်ဘဲနဲ့ ရှောင်ကြဉ်ခြင်းဖြင့် သတ္တဝါအားလုံးကို ဘေးမဲ့ပေးရာရောက်လို့ ဒီ “ပါဏာတိပါတ”မှ ရှောင်တယ်ဆိုတဲ့ ကိုယ်ကျင့်သီလဟာ တကယ့်ကိုမြတ်တဲ့ အလှူကြီးတစ်ခုပါပဲတဲ့။ အင်မတန်မှ ကြီးမားတဲ့၊ မြင့်မြတ်တဲ့ ဒါနတစ်ခုဖြစ်လို့ မဟာဒါနကြီးတစ်ခုပါတဲ့၊ ဒီလိုဟောတယ်။ ဒီအချက်ကို အာရုံပြုကြည့်မယ်ဆိုရင် အလွန်ဝမ်းသာစရာပေါ့။

နောက်တစ်ခုက အဒိန္နာဒါန။ အဒိန္နာဒါနကိုလည်း ဒီလိုပဲဟောတယ်။ လောကကြီးမှာ သန်းပေါင်း ၆၀၀၀ ကျော်ရှိတဲ့ လူတွေထဲမှာ တော်တော်များများက ထင်ကောင်းထင်မယ်၊ သူများမပေးတဲ့ပစ္စည်းကို မယူတဲ့လူက များတယ်လို့။ အရပ်ထဲမှာ သူခိုးကနည်းတယ်၊ လူကောင်းတွေကများတယ် ဒီလိုပြောကြတယ်နော်။ ဟုတ်တယ်၊ ဟိုအိမ်တက်ခိုး၊ ဒီအိမ်တက်ခိုးတဲ့ သူခိုးကတော့နည်းတယ်။ သို့သော် ဒိပြင်နည်းနဲ့ ခိုးနေကြ
စာမျက်နှာ-၂၆
တာက တော်တော်များတယ်။ ဥပမာ ငရုတ်သီးမှုန့်ထဲကို ဒိပြင်ဟာတွေထည့်ရောပြီး ရောင်းရင်၊ နာမည်တပ်လိုက်တာက ငရုတ်သီးမှုန့်၊ ဒိပြင်ဟာတွေထည့်ရောင်းတာဆိုရင် ဒါခိုးရာမရောက်ဘူးလား။ အေး၊ အနံ့လေးတွင် နနွင်းမှုန့်ထည့်ပြီး ဒိပြင်ဟာတွေ ရောရောင်းရင်ကော၊ ဆီထဲမှာလဲ ဆီသန့်နဲ့ ဆီမသန့် ရောင်းရင်ရော၊ ဒါလည်းပဲ အဒိန္နာဒါနထဲပါတယ်နော်။ သတိထားကြရမှာပါ။ တံဆိပ်ကပ်ထားတာကတစ်မျိုး၊ ရောင်းနေတဲ့ပစ္စည်းကတစ်မျိုးဆိုရင် ဒါလဲ ခိုးခြင်း ၂၅ ပါးထဲပါတာပဲ။ ကောင်းတဲ့ပစ္စည်းနဲ့ မကောင်းတဲ့ပစ္စည်း ရောတယ်။ အဲဒါကျတော့ လူတွေက သူခိုးလို့မထင်ကြဘူးလေ။ သူခိုးလို့လည်း ဘယ်သူကမှ မသတ်မှတ်ဘူး။ တကယ်ကတော့ ခိုးခြင်း ၂၅ ပါး ရှုထောင့်ကကြည့်မယ်ဆိုရင် အဒိန္နာဒါနလွတ်တဲ့ ပုဂ္ဂိုလ်က အင်မတန်နည်းသွားပြန်ရော။ အဲ ခုနက သူခိုးဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ရှားကောင်းရှားပါလိမ့်မယ်။ မဟုတ်တဲ့နည်းနဲ့ သူများရဲ့ပစ္စည်းကို ရအောင်ယူတယ်ဆိုတဲ့ အရာအားလုံးဟာ အဒိန္နာဒါနပဲ။ ဒါကြောင့်မို့ အဒိန္နာဒါနရဲ့ အဓိပ္ပာယ်
စာမျက်နှာ-၂၇
ကိုက “အဒိန္န+အာဒါန”၊ အဒိန္န- သူတစ်ပါးက ကြည်ကြည်ဖြူဖြူပေးတာမဟုတ်တဲ့ သူတစ်ပါးပိုင်ပစ္စည်းကို အာဒါန-ရယူမှုတဲ့။ အေး၊ ကြည်ကြည်ဖြူဖြူပေးတဲ့ပစ္စည်းမဟုတ်တာကို ရယူတာမှန်သမျှ အဒိန္နာဒါနလို့ မှတ်ရမယ်။ ။

ကဲ၊ အဒိန္နာဒါနက ရှောင်လိုက်ပြီ၊ စင်စင်ကြယ်ကြယ် အသက်မွေးတယ်၊ ရိုးသားတယ်၊ ဖြောင့်မတ်တယ်၊ အမှန်အတိုင်းလုပ်တယ်။ အဒိန္နာဒါနက ရှောင်လိုက်ပြီဆိုရင် ကျန်တဲ့တစ်ဖက်သား အန္တရာယ်တွေ အများကြီးကင်းသွားတယ်ပေါ့။ မိမိတည်းဟူသော အကြောင်းကြောင့် ဒုက္ခရောက်တာမရှိဘူး။ ဥပမာမယ် ဆီထဲကို မသန့်တာတွေထည့်ရောလို့၊ မတော်တာတွေစားမိလို့ ဒုက္ခရောက်တာမရှိဘူး။ ဆေးတုတွေရောင်းလို့၊ သောက်မိလို့ ဒုက္ခရောက်တာတွေ မရှိဘူး။ အမျိုးမျိုးပေါ့။ ကနေ့ခေတ်မှာဆိုရင် အင်မတန်မှ ဒီအတုတွေ အန္တရာယ်များလာတယ်ပေါ့။ ပစ္စည်းကို အမျိုးစုံလုပ်လာတဲ့အရာတွေက အန္တရာယ်တစ်ခုဖြစ်လာတယ်ပေါ့။ ဪ၊ အဲဒါတွေ မလုပ်ဘူးဆိုလို့ရှိရင်
စာမျက်နှာ-၂၈
သန်းပေါင်း ၆၀၀၀ ကျော်သော လူတွေအတွက် ငါအန္တရာယ်ကင်းအောင်လုပ်ပေးတယ်ဆိုတဲ့ မဟာဒါနကြီးတစ်ခုပဲပေါ့။ တကယ့်ကိုမြတ်တဲ့ အလှူဒါနကြီးတစ်ခုကို ငါပေးနေတယ်လို့ စိတ်ထဲမှာ ဒီလိုအောက်မေ့ရမယ်။

တစ်ခါ ကာမေသုမိစ္ဆာစာရကိုကြည့်။ ကာမေသုမိစ္ဆာစာရ၊ ကာမကိစ္စတွေနဲ့ပတ်သက်ပြီး မမှောက်မှားဘူး၊ သူတစ်ပါးသားသမီးကို မပြစ်မှားဘူး။ အဲဒီလို ရှောင်တဲ့ပုဂ္ဂိုလ်ဟာ လောကမှာ ဘယ်လောက်ရှိလဲဆိုရင် အင်မတန်မှနည်းတယ်ပေါ့။ လူမသိရင် သူတော်ကောင်းပဲ။ အရပ်ထဲမှာ တချို့ကိစ္စတွေက မသိလို့ သူတော်ကောင်းဖြစ်နေကြတာ။ မြတ်စွာဘုရားကတော့ကြည့် “အရဟံ” ဆိတ်ကွယ်ရာမှာတောင် မကောင်းမှုကိုမလုပ်ဘူးတဲ့။ များသောအားဖြင့် လူကဲ့ရဲ့မှာကြောက်လို့ လူရှေ့သူရှေ့မှာ မကောင်းမှုကိုမလုပ်တာ၊ ကိုယ်ဘာသာကိုယ်တော့ ကိုယ်ဟုတ်တာ မဟုတ်တာသိတယ်။ အဲဒီမှာ မြတ်စွာဘုရားဟောထားတာရှိတယ်။ ဒါကို ဆင်ခြင်စဉ်းစားကြည့်လိုက်တယ်
စာမျက်နှာ-၂၉
ပေါ့။ “နတ္ထိ လောကေ ရဟော နာမ ပါပကမ္မံ ပကုဗ္ဗတော” မကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်အဖို့ ဆိတ်ကွယ်ရာဆိုတာ မရှိဘူးတဲ့။ လောကလူတွေကတော့ ဒါဘယ်သူမှမသိဘူး၊ ဆိတ်ကွယ်ရာလို့ထင်ကြတယ်တဲ့။ မြတ်စွာဘုရားက ဘာထောက်ပြတုန်းဆိုတော့ “အတ္တာ တေ ပုရိသ ဇာနာတိ” မင်းကိုယ်မင်း သိနေတယ်တဲ့။ ကိုယ့်ဟာကိုယ်သိတယ် ဆိုကတည်းက သိတဲ့လူရှိတယ်ပေါ့။ ဘယ်သူမှမသိရင် ကိုယ်သိတာပေါ့၊ ဟုတ်လား။ ကိုယ်သိတယ်ဆိုကတည်းက ကိုယ်မမြင်ရတဲ့သတ္တဝါတွေ၊ ကိုယ်စောင့်နတ်တွေ မသိဘူးလား။ ကိုယ်စောင့်နတ်ကလည်း အငြိမ်နေမှာမဟုတ်ဘူး၊ လျှောက်ပြောမှာ၊ နတ်ဆိုတာလည်း လူလိုပဲ၊ အတင်းအဖျင်းပြောချင်တာပဲ။ သူလည်း သတင်းပေးတာပဲလေ။ ဓမ္မစကြာတရားဟောတဲ့အခါတုန်းက နတ်တွေက သတင်းပေးသွားတာ မဟုတ်လား။ မြတ်စွာဘုရား တရားဟောတယ်ဆိုတာ ပထမ မြေပေါ်မှာ ဘုံဗိမာန်ရှိတဲ့ “ဘုမ္မဒေဝတာ” “ဘုမ္မဇိုဝ်းနတ်”တွေက ဓမ္မစကြာတရားဟောတယ်လို့ သတင်းပေးတယ်။ ထိုအခါကျ ကောင်းကင်က နတ်
စာမျက်နှာ-၃၀
တွေက ကြားကြရတယ်။ ကောင်းကင်က နတ်တွေကလည်း ဟာ၊ ဒီသတင်းရတော့ တဆင့်ပြောပြောသွားတာပေါ့။ ဒါကြောင့် သတင်းဆိုတာ ပြန့်သွားတာပဲ။ တစ်ကမ္ဘာလုံး သတင်းပြန့်သွားတယ်။ “လူသတင်း လူချင်းဆောင်၊ ပန်းသတင်း လေညှင်းဆောင်” ဆိုတာလို ဆောင်သွားတာ။ သတင်းစာထဲ ဘာထဲထည့်စရာမလိုဘူး၊ အကုန်လုံး ကြားသွားတာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဆင့်ပြီးတစ်ဆင့် ပြောသွားကြတာ။ အဲဒီတော့ ဆိတ်ကွယ်ရာဆိုတာ ဘယ်လိုလုပ်ရှိမှာတုန်း။

နတ်ဆိုတာ လူရဲ့စိတ်ကိုသိတယ်။ နောက်ပြီးကြည့်မယ်ဆိုရင် “ပရစိတ္တဝိဇာနန” သူတစ်ပါးစိတ်ကို သိနိုင်တဲ့ပုဂ္ဂိုလ်တွေ၊ စေတောပရိယဉာဏ်ရတဲ့ ပုဂ္ဂိုလ်တွေက ကြည့်လိုက်မယ်ဆိုရင် ဆိတ်ကွယ်ရာဆိုတာ ဘယ်လိုလုပ်ရှိမှာတုန်း။ အဲဒါကြောင့် အကုသိုလ်လုပ်ပြီဆိုရင် လူတွေကသာ ဆိတ်ကွယ်ရာလို့ ထင်နေပေမယ့်လို့ တကယ်က ဆိတ်ကွယ်ရာမရှိဘူး။

ဒီကာမေသုမိစ္ဆာစာရအမှုကို မရှောင်ဘူးဆိုရင် မိသားစုတစ်ခုနဲ့တစ်ခုဟာ မုန်းတီးမှု၊ အန္တရာယ်တွေ
စာမျက်နှာ-၃၁
ဖြစ်မှု ဒါတွေရှိလာတယ်ပေါ့။ မသိလို့သာ မမုန်းကြတာကိုး၊ သိရင်တော့ မုန်းကြမှာပဲ။ ကာမေသုမိစ္ဆာစာရမှ ရှောင်လိုက်တဲ့ပုဂ္ဂိုလ်က သန်းပေါင်း ၆၀၀၀ သော လူတွေကြားထဲမှာ ဒီလိုဒုက္ခကို မပေးဘူးဆိုတော့ လူသားတွေအားလုံးကို “အဘယံ ဒေတိ” ဘေးမဲ့ပေးတာနဲ့ မတူဘူးလား။ ကိုယ်ကျင့်တဲ့အကျင့်ဟာ အများကို ဘယ်သူမှအနှောင့်အယှက်မဖြစ်လို့ ဘေးမဲ့ပေးရာ၊ ဆင်းရဲဒုက္ခကင်းရာ ချမ်းသာမှုကိုပေးတဲ့၊ ရန်ကင်းမှုကိုပေးတဲ့ မဟာဒါနကြီးတစ်ခုပါပဲလို့ မြတ်စွာဘုရားက ဟောတော်မူတယ်။

နောက်ပြီး မုသာဝါဒ။ အေး ... ၊ လောကမှာ မုသာဝါဒမှ ရှောင်ကြဉ်တယ်ဆိုတာ အလွန်နည်းတယ်။ မှန်တာပြောရင်ပဲ စကားမချောသလိုဖြစ်လာတယ်။ အဲဒီတော့ မှန်တာပြောရင် လင်္ကာမချောဘူးပေါ့။ လင်္ကာချောအောင် မှန်တာမပြောနဲ့လို့ အဓိပ္ပာယ်ရနေတယ်။ မုသားမပါ လင်္ကာမချောတဲ့။ ဒီအဆိုကို ဘယ်သူက စလုပ်ထားလဲမသိဘူး၊ နည်းနည်းလေး အလိမ်
စာမျက်နှာ-၃၂
အညာလေး၊ အပိုလေးထည့်လိုက်တော့မှ အဟုတ်လို့ထင်ကြတာလို့ဆိုတယ်။

လာဘ်လာဘရအောင်လုပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာကြီး ဖွင့်ထားတာရှိတယ်။ “လောကမှာ ပစ္စည်းတစ်ခုရဖို့၊ လာဘ်လာဘရဖို့ဆိုတဲ့ အကျင့်ဟာ ဘာနဲ့တူတုန်းဆိုရင် နို့ဃနာထမင်းထဲမှာတဲ့၊ လက်ညှိုးလေးနဲ့ တည့်တည့်ထိုးပြီး ပြန်နှုတ်လိုက်ရင် ထမင်းက လက်ထဲပါလာမှာမဟုတ်ဘူးတဲ့”။ ဆိုလိုတာက ရိုးဖြောင့်နေရင် ဘာမှမရဘူးလို့ပြောတာ။ ရိုးဖြောင့်နေတဲ့ပုဂ္ဂိုလ်က ဘာမှမရဘူး။ ရိုးရိုးကြီး သွားလုပ်လို့မရဘူး၊ ခုခေတ်ပြောကြတယ်လေ။ ဒီလူကတယ်ရိုးတာကိုး။ ရိုးလို့ရှိရင် လူတွေက ရှုံ့ချကြတယ်။ “လက်ညှိုးလေးကို နည်းနည်းလေး ကောက်လိုက်မယ်ဆိုရင် နို့ဃနာခဲကြီး ပါမလာဘူးလား၊ အဲဒီလိုပဲတဲ့။ နည်းနည်းလေးကောက်မှ ပစ္စည်းကရတယ်၊ သို့သော် နိဗ္ဗာန်ကိုတော့ တစ်ဖြောင့်တည်းလုပ်မှရတယ်၊ ကောက်လို့မရဘူး။ နိဗ္ဗာန်သွားတဲ့လမ်းနဲ့ လာဘ်ရကြောင်းလမ်းက တစ်ခြားစီဖြစ်နေတယ်။ လက်
စာမျက်နှာ-၃၃
ကလေး နည်းနည်းကောက်လိုက်တာနဲ့ နို့ဃနာတွေ လက်ထဲပါလာတယ်၊ ဖြောင့်ပြီးတော့ ပြန်နှုတ်လိုက်ရင် မပါလာဘူး။ အဲဒါလိုပဲ လောကမှာ “မုသားမပါ လင်္ကာမချော” လုပ်ပြီး နည်းနည်းလေး အပိုကလေးထည့်ပြီးပြောမှ အဆင်ပြေတယ်လို့ ထင်လာကြတယ်။ ဒီတော့ လောကလူတွေမှာ မုသားမပြောတဲ့လူက မရှိသလောက်ဖြစ်လာတယ်။

ငယ်ငယ်တုန်းက ဆရာတော်ဘုရားကြီးတစ်ပါး ပြောတာကြားဖူးတယ်။ ရယ်စရာအနေနဲ့ပြောတာပါ။ ရယ်စရာအနေနဲ့ပြောပေမယ့်လို့ အလွန်မှတ်သားစရာကောင်းတယ်နော်၊ သတိထားစရာလည်းကောင်းတယ်ပေါ့။ ဒါသတိပေးတဲ့အနေနဲ့ပြောတာလည်းဖြစ်နိုင်တယ်။ အေး၊ မုသာဝါဒ ကျူးလွန်တဲ့ပုဂ္ဂိုလ်တွေဟာ စကားမပီဘူး၊ သွားမညီဘူး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ သွားတွေကျိုးတယ်လို့ဆိုတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာတော်ဘုရားကြီးက ဘာအမိန့်ရှိတုန်းဆို “မုသားပြောလို့ သွားကျိုးမယ်ဆိုရင် ဓမ္မကထိကတွေ သွားတစ်ချောင်းမှရှိမှာ မဟုတ်တော့ဘူး” တဲ့။ အဲဒါ ဓမ္မ
စာမျက်နှာ-၃၄
ကထိကတွေကို သတိပေးလိုက်တာပဲ။ မှန်မှန်ကန်ကန်ဟောဖို့ သတိပေးတဲ့သဘောပဲနော်။ အဲဒီတော့ ဘုန်းကြီးတို့တစ်တွေ ဒါစဉ်းစားရမယ့်အရာပဲ။

အကုသိုလ်ဆိုတာ အခုလုပ် အခုအကျိုးပေးတာမှ မဟုတ်တာကိုး။ အရပ်ထဲမှာ မုသားစကားပြောလို့ သွားကျိုးရမယ်ဆိုရင် သွားစိုက်ဆရာတွေ သူဌေးဖြစ်နေကြပြီ။ ခုခေတ် သွားတစ်ချောင်း တစ်သိန်းကျော် နှစ်သိန်းတန်တယ်၊ ကောင်းပြီ၊ မုသာဝါဒရှောင်တဲ့လူတွေ အလွန်နည်းတယ်လို့ပြောရမယ်။ ရာခိုင်နှုန်းနဲ့တွက်ရင် အလွန်နည်းတယ်။ အဲဒီ အလွန်နည်းတဲ့အထဲမယ် ငါသည် ကိုယ်သိတဲ့အတိုင်း မှန်တာကိုသာပြောမယ်၊ မပြောချင်ရင် ပါးစပ်ပိတ်ထားပေါ့နော်။ ပြောမယ်ဆိုရင် မှန်တာကိုပဲပြောမယ်၊ မမှန်တာကို မပြောဘူး။

မုသားမှ ရှောင်ကြဉ်မှုဟာ အတိုင်းအတာမဲ့တဲ့ သတ္တဝါတွေကို ဘေးမဲ့ပေးခြင်းပဲ။ ဘာဖြစ်လို့တုန်းဆိုရင် လောကမှာကြည့်လေ၊ ဘယ်သူကဖြင့် ဘယ်သူ့ကို လိမ်သွားပြန်ပြီနဲ့ အလိမ်ခံလိုက်ရတဲ့လူက အလွန်
စာမျက်နှာ-၃၅
ဒုက္ခရောက်တယ်။ လိမ်ပြောတာတို့ ဘာတို့ဆိုတာမျိုးတွေက နောက်ပိုင်း အလိမ်ပေါ်လာတဲ့အခါ စိတ်ဆိုးစရာတွေ၊ ရန်ဖြစ်စရာတွေ ဖြစ်လာကြတယ်ပေါ့။ အစကတည်းက မလိမ်ဘူး၊ မှန်တာပဲပြောတယ်ဆိုတော့ တစ်ဦးနဲ့တစ်ဦး ယုံကြည်စိတ်ချရတဲ့ပုဂ္ဂိုလ်တွေ ဖြစ်လာမယ်။ ဖြစ်လာတဲ့အခါ ဟော၊ အန္တရာယ်ကင်းတာပေါ့။ ဒါကြောင့်မို့ မုသာဝါဒက ရှောင်ကြဉ်ခြင်းဟာလည်း သတ္တဝါတွေကို ဘေးမဲ့ပေးရာရောက်ပါတယ်တဲ့။ မဟာဒါနတစ်ခုပါပဲတဲ့၊ ဒီလိုဟောတာ။

ဟော၊ နောက်တစ်ခုက ဘာလဲဆိုရင် သုရာမေရယ။ မူးယစ်ဆေးဝါး၊ အရက်သေစာ မသောက်စားခြင်း။ လောကမှာ ဒီမူးယစ်ဆေးဝါးနဲ့ ကင်းတဲ့ပုဂ္ဂိုလ် အရေအတွက် မများလှဘူး။ အရပ်ထဲမှာတော့ ဟာ၊ ဒီလူက ဘိန်းစွဲနေတာ၊ ဒီလူက အရက်သမား၊ ဒီလိုရှုံ့ချကြပေမယ့်လို့၊ အေး ရှုံ့ချသာရှုံ့ချတာနော်၊ လောကမှာ အရက်သမားတွေကလည်း ဂုဏ်ရှိသယောင်ရှိနေတာပဲ။ ဒီလူက နိုင်ငံခြားအရက်မှ သောက်တာလို့ ဂုဏ်ယူပြောကြတယ်။ အရပ်ထဲ အရက်သောက်ပြီး
စာမျက်နှာ-၃၆
တော့ လျှောက်ရမ်းတဲ့လူလောက်သာ အရက်သမားလို့ သတ်မှတ်တာကိုး။ အဲဒီတော့ တကယ့်အဖိုးတန်တဲ့ အရက်သောက်နေတဲ့သူကိုတော့ အရက်သမားလို့ မသိကြဘူး။

ဘယ်သူပဲသောက်သောက် အရက်ဟာအရက်ပဲ။ မူးယစ်ဆေးဝါးဟာ မူးယစ်ဆေးဝါးပဲ။ ကဲ၊ အဲဒီမူးယစ်ဆေးဝါး သောက်စားနေပါလျက်နဲ့ ဘာဖြစ်လို့ လူကြီးလူကောင်း ဖြစ်ရတာလဲနော်။ ဓမ္မရှုထောင့်က ကြည့်မယ်ဆိုရင် အရက်သောက်တဲ့လူဟာ လူကြီးလူကောင်း မဟုတ်တော့ဘူး။ အေး၊ တချို့က ပြောသေးတယ်၊ အများနဲ့ ဆက်ဆံရတာမို့ ဒါလေးမပါလို့ မဖြစ်ဘူးတဲ့။ ပေါင်းသင်းဆက်ဆံရေးမှာ ဒါလေးပါဦးတဲ့။ လျှော့ဈေးနဲ့ တွက်တာလေ။ ဒါမပါရင် အလုပ်မဖြစ်ဘူးဆိုပြီးတော့ အလုပ်ဖြစ်အောင် သောက်ရတယ်လို့ ဆိုကြတယ်။ ဒါကတော့ ဆင်ခြေပေးတာနဲ့တူတယ်။ ကြည့်ရတာ သောက်ချင်လို့သောက်တယ်ပဲ ပြောလိုက်ပါတော့၊ ဘာလို့ အလုပ်ဖြစ်အောင် သောက်နေရသလဲနော်။
စာမျက်နှာ-၃၇
အေး၊ တချို့ကလည်း ပြောကြတယ်၊ အရက်သောက်ပြီး ကိုယ့်ဟာကိုယ် ဗိုက်မှောက်ပြီးအိပ်နေရင် အကုသိုလ်မဖြစ်ဘူး။ ဘယ်သူ့မှ ဒုက္ခပေးတာမှမဟုတ်ဘဲလို့ ဒီလိုထင်ကောင်းထင်လိမ့်မယ်။ မဟုတ်ဘူး။ မူးယစ်ဆေးဝါးသောက်တဲ့ပုဂ္ဂိုလ်ဟာ အတွေးအခေါ်က စပြီးတော့ ပျက်စီးလာတယ်။ ဦးနှောက်ထိခိုက်လာတယ်၊ ဒီအရည်ဝင်သွားလို့ရှိရင် ဦးနှောက်လာထိခိုက်တယ်လို့ ဆရာဝန်တစ်ဦးက ပြောဖူးတယ်။ ထိခိုက်လာတဲ့အခါ တွေးတာခေါ်တာကစပြီး မမှန်တော့ဘူးတဲ့။

တချို့စာရေးဆရာတွေက ရေးကြသေးတယ်။ အရက်ကလေးသောက်မှ ဉာဏ်ပွင့်တယ်တဲ့။ မဟုတ်တဲ့ ဉာဏ်တွေကတော့ ပွင့်ချင်ပွင့်မှာပေါ့။ ဘယ်လိုဉာဏ်မျိုးတွေ တုံးသွားတုန်းဆိုတော့ နိဗ္ဗာန်ရဖို့ တရားထူးတရားမြတ်ရဖို့ သူတော်ကောင်းရဲ့ ဉာဏ်မျိုးကျတုံးတယ်။ မဟုတ်တရုတ်ဉာဏ်တော့ ပွင့်ကောင်းပွင့်မယ်ပေါ့။ ဒါ အဲ့မဟုတ်တရုတ် အတွေးတွေ ပွင့်တာကိုပဲ ဉာဏ်ပွင့်တယ်လို့ပြောတာ ဖြစ်လိမ့်မယ်။
စာမျက်နှာ-၃၈
အဲဒီတော့ အရက်သေစာ သောက်စားခြင်းဖြင့် လူရဲ့အတွေးအခေါ်တွေဟာ လွဲမှားလာတယ်။ အရက်၏ အခေါ်တွေ မှားယွင်းလာတယ်။ အဲဒီမှားယွင်းလာမှုဟာ ကိုယ့်ဘဝမှာ ရရှိလာမယ့် တကယ့်တန်ဖိုးရှိတဲ့ ဓမ္မအသိဉာဏ်တွေ လက်လွတ်ဆုံးရှုံးသွားတာပဲ။ ဆုံးရှုံးမှုတစ်ခုပဲ။ အသိပညာတွေ ဆုံးရှုံးတာလည်း ဆုံးရှုံးမှုတစ်ခုပဲ။ ဒါတင်မကဘူး၊ လွန်ကျွံလာလို့ရှိရင် ကိုယ့်ရဲ့အကျိုးစီးပွားကို ဆောင်ရွက်နိုင်စွမ်းမရှိဘူး၊ သူတစ်ပါးရဲ့အကျိုးစီးပွားကို ဆောင်ရွက်နိုင်စွမ်းမရှိဘူး။ တရားအသိဉာဏ်တွေက ဝေးလာတယ်။ ဝေးလာသည့်အတွက်ကြောင့် သံသရာထဲမှာ ဒုက္ခပေးတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာတယ်ပေါ့။

မူးယစ်ဆေးဝါးသုံးစွဲတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မူးယစ်နေသည့်အတွက်ကြောင့် အသိဉာဏ်တွေ ဆုံးရှုံးသွားပြီး ပါဏာတိပါတ အမှုလည်း ကျူးလွန်နိုင်တာပဲ။ အဒိန္နာဒါန အမှုလည်း ကျူးလွန်နိုင်တာပဲ။ ကာမေသုမိစ္ဆာစာရတို့၊ မုသာဝါဒတို့လည်း ကျူးလွန်
စာမျက်နှာ-၃၉
နိုင်တာပဲ။ အဲဒီလို သုရာမေရယက ကျန်တဲ့ပြစ်မှုတွေပါ ကျူးလွန်စေတတ်တဲ့ အကြောင်းတရားရှုထောင့်က ကြည့်ရင် ပိုပြီးဆိုးတယ်လို့ ပြောနိုင်တယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က အင်္ဂုတ္တိုရ် ဒုစ္စရိတဝိပါက သုတ်မှာ ဘယ်လိုဟောထားတုန်းဆိုရင် သုရာမေရယပါနီ အာသေဝိတံ - သုရာပါနဟာ အကြိမ်ကြိမ် အထပ်ထပ် လုပ်လာလို့ရှိရင် အပါယ်ငရဲမှာ ဖြစ်စေနိုင်တယ်တဲ့။ သုရာပါနရဲ့ အပေါ့ဆုံးအပြစ်ကတော့ အရူးအနှမ်း ဖြစ်စေတတ်တယ်တဲ့။ အခုခေတ် မွေးလာကတည်းက ဦးနှောက်ကျပ်မပြည့်တာတို့နော်။ ဆရာဝန်တွေကတော့ ပြောမှာပေါ့၊ ဦးနှောက်ကျပ်မပြည့်တာ ဘာဓာတ်တွေ ချို့ယွင်းလို့တို့ ဘာလို့တို့ ပြောမှာပေါ့နော်။ အဲဒီလို ချို့ယွင်းတာကိုက ကံကြောင့် ချို့ယွင်းသွားတာကိုး။ တခြားသူမှာ မချို့ယွင်းဘဲ ကိုယ့်ကျမှ ချို့ယွင်းတယ်ဆိုတော့ ကံကြောင့်ပဲပေါ့။ ကျပ်မပြည့်တဲ့ ပုဂ္ဂိုလ်မျိုးတွေ ဖြစ်တတ်တယ်တဲ့။

သုရာမေရယမှ ရှောင်လိုက်တာနဲ့ တစ်ပြိုင်နက် ပတ်ဝန်းကျင်အတွက် အေးချမ်းသာယာမှု၊ ဘေးရန်
စာမျက်နှာ-၄၀
ကင်းမှုကို ပေးရာရောက်ပါတယ်တဲ့။ ဒါကြောင့် မဟာဒါနတစ်ခုပါလို့ ဟောဒီသုတ္တန်မှာ ဒီလိုဟောထားတာ။ မဟာဒါန မြတ်သောအလှူတွေတို့ လှူနေရတယ်လို့ စိတ်ထဲက ဝမ်းသာစရာ အလွန်ကောင်းတယ်ပေါ့။

မြတ်စွာဘုရားက ငါးပါးသီလကို မဟာဒါနလို့ ဟောဒီလို ဟောခဲ့တယ်။ ဒီမဟာဒါနဆိုတဲ့ အယူအဆဟာ ခုမှပေါ်တာ မဟုတ်ဘူးတဲ့။ ဟိုးရှေးတုန်းကတည်းက တကယ့်သူတော်ကောင်းတို့ရဲ့ အဆက်အနွယ် ကမ္ဘာဦးကာလက ပေါ်လာတာ ဖြစ်သည့်အတွက် ဘယ်ပညာရှိကမှ မပယ်ဖျက်ဘူးတဲ့။ ဟောဒီ ငါးပါးသီလဆိုတဲ့ ကိုယ်ကျင့်တရားဟာ ပယ်ဖျက်ရမယ့်တရား မဟုတ်ဘူး။ အဲဒီကိုယ်ကျင့်တရားဟာ အလွန်ကြီးမားတဲ့ အဘယဒါန မြတ်သောအလှူဒါနကြီး ဖြစ်ပါတယ်လို့ ဟောခဲ့တာ။ အဲဒါတင်မကဘူး၊ မြတ်စွာဘုရားက ဒီငါးပါးသီလ ကျင့်သုံးတယ်ဆိုတဲ့ဟာတဲ့၊ ပုညာဘိသန္ဓ ကုသိုလ်ကောင်းမှုတွေဟာ တသွင်သွင်စီးဝင်နေတယ်။ သာမန်အားဖြင့် ကြည့်မယ်ဆိုရင်တော့ အေး၊ သူများအသက်သတ်ခြင်းမှ ရှောင်လိုက်တာ၊ ရှောင်လိုက်သည့်
စာမျက်နှာ-၄၁
အတွက်ကြောင့် ဘာမှမရလိုက်ဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ အဒိန္နာဒါန - သူများပစ္စည်းကို မခိုးတာ၊ ရှောင်လိုက်တာ ဘာမှမရဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ ဟော၊ အဲဒီရှောင်လိုက်တဲ့ ကုသိုလ်စေတနာဟာ အင်မတန်မှ အရှိန်အဟုန်နဲ့ မိမိရဲ့သန္တာန်မှာ စီးဝင်နေတဲ့၊ ဖြစ်ပွားနေတဲ့ ကုသိုလ်တစ်ခုပါတဲ့။ ပုညာဘိသန္ဓ၊ ကုသလာဘိသန္ဓ ဆိုတဲ့ အသုံးကို မြတ်စွာဘုရားက အသုံးပြုတော်မူတယ်။ အဘိသန္ဓဆိုတာ စဉ်ဆက်မပြတ် စီးဝင်နေတယ်။ ပုညဆိုတာ ကောင်းမှု။ ကုသလဆိုတာ ကုသိုလ်။ ဪ၊ ပါဏာတိပါတ ရှောင်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်သန္တာန်မှာ ကုသိုလ်တွေဟာ ဒလဟော စီးဝင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ကုသိုလ်တွေရနေတယ်လို့ ဒီလိုပြောတာ။

ဒီ ပုညာဘိသန္ဓ စီးဝင်လာတဲ့ကုသိုလ်ဟာ ဘာတွေအကျိုးပြုတုန်းဆိုရင် သုခဿာဟာရ၊ မိမိသန္တာန်မှာ ချမ်းသာသုခတွေ ယူလာတယ်တဲ့။ ကုသိုလ်က ကိုယ့်ဆီ ကောင်းတာတွေ ယူလာလိမ့်မယ်လို့ ပြောတာနော်။ ငွေကြေးဓနကတော့ ချမ်းသာသုခကိုသာ ယူလာ
စာမျက်နှာ-၄၂
တာမဟုတ်ဘူး၊ သူခိုးဓားပြကိုလည်း ခေါ်လာတတ်သေးတယ်။ ကုသိုလ်ကတော့ သူခိုးဓားပြကို ခေါ်မလာဘူး၊ ငွေကြေးဓနကသာ သူခိုးဓားပြကို ခေါ်လာတတ်တာ။ ဒါကြောင့်မို့ ငွေကြေးကိုတော့ သုခဿာဟာရ ချမ်းသာကို ယူလာတယ်လို့ ပြောလို့မရဘူး။ တစ်ဖက်က ဆင်းရဲဒုက္ခကိုပါ ပေးသွားတတ်တယ်တဲ့။ အေး၊ ဒီကုသိုလ်ကောင်းမှုကတော့ သုခဿာဟာရ တကယ့်ကို ချမ်းသာကို ဆောင်ယူလာတဲ့ သဘာဝတရားတစ်ခုပဲတဲ့။

ချမ်းသာသုခကိုသာ ယူဆောင်သလားဆိုတော့ မဟုတ်ဘူး၊ ဒီကုသိုလ်ကောင်းမှုဟာနော်။ သောမနဿ ကောင်းတဲ့အခြေအနေတွေကို ပေးတတ်သေးတယ်။ ကောင်းတဲ့အခြေအနေတွေဆိုတာ မျက်စိကမြင်ရရင်လည်း အကောင်းပဲ။ အခု ဘုန်းကြီးတို့တစ်တွေ မျက်စိက ကောင်းတာလည်းမြင်ရတယ်၊ ဆိုးတာလည်းမြင်ရတယ်နော်။ မျက်စိဆိုတာ ရွေးလို့မှမရတာ။ နားကလည်း ကိုယ်ကြိုက်တဲ့အသံကိုသာ နားထောင်လို့မရဘူး။ မကြိုက်တဲ့အသံတွေလည်း နားထောင်နေရတယ်။
စာမျက်နှာ-၄၃
နှာခေါင်းကလည်း ကောင်းတဲ့အနံ့ကိုသာ ရှူချင်လို့ ဘယ်ရမလဲ၊ မကောင်းတဲ့အနံ့ကလည်း တိုးဝင်လာတာပဲ။ လျှာကလည်း ကောင်းတာချည်း မဟုတ်ဘူး၊ မကောင်းတာလည်းတွေ့တာပဲ။ ခန္ဓာကိုယ်ကလည်း ကောင်းတဲ့အထိအတွေ့ရှိသလို မကောင်းတဲ့အထိအတွေ့ရှိတယ်။

အေး၊ အဲဒီလို အမျိုးမျိုးရှိတဲ့အထဲမယ် ဟောဒီပါဏာတိပါတက ရှောင်ကြဉ်လိုက်လို့၊ ဒီငါးပါးသီလ လုံလိုက်လို့ ကုသိုလ်တွေ စီးဝင်လာပြီဆိုရင် အဲဒီကုသိုလ်က မြင်ရင်လည်း အကောင်းချည်းပေးမယ်တဲ့။ ကြားရင်လည်း အကောင်းချည်းပဲ။ အနံ့ရရင်လည်း အကောင်းချည်းပဲ။ လျှာနဲ့လျက်ရရင်လည်း အကောင်းချည်းပဲ။ မကောင်းတာ တစ်ခုမှမပါဘူးလို့ ဆိုလိုတယ်။

ဟော၊ နောက်တစ်ခုက ဘာတုန်း။ သုခဝိပါက ချမ်းသာတဲ့အကျိုးကို ပေးတယ်။ သဂ္ဂသံဝတ္တနိက ကောင်းရာသုဂတိ နတ်ဘုံ နတ်စည်းစိမ်ကို ဖြစ်ပေါ်စေတတ်တယ်တဲ့။ သူ့အကျိုးတရားတွေက အကုန်
စာမျက်နှာ-၄၄
အကောင်းတွေချည်းပဲ။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဒီငါးပါးသီလဟာ သာမန်မဟုတ်ဘူးတဲ့၊ မဟာဒါနလို့ ခေါ်ရရုံတင်မဟုတ်ဘူး၊ ပါဏာတိပါတက ရှောင်ကြဉ်လိုက်တယ်ဆိုတဲ့ ဒီစေတနာလေး ဖြစ်လာတာဟာ ကိုယ့်သန္တာန်မှာ ချမ်းသာသုခတွေ ဆောင်ယူလာမယ့် ကုသိုလ်ရေအလျဉ် တသွင်သွင်စီးဝင်လာတာနဲ့ တူတယ်တဲ့။

ဟော၊ တစ်ဖက်က ကြည့်ကြဦးစို့ ငါးပါးသီလကို သာမန်ကြည့်လိုက်ရင် ဒါသီလလေးပဲ ဆိုပြီးတော့ အထင်သေးကောင်းသေးလိမ့်မယ်။ ဘာဝနာမလုပ်ရင် မရဘူးတို့၊ သမာဓိလုပ်ငန်းဝေးရင် မရဘူးတို့ ပြောကောင်းပြောလိမ့်မယ်။ ကဲ၊ ငါးပါးသီလဟာ မဂ္ဂင်ရှစ်ပါးထဲမှာ ကြည့်လိုက်မယ်ဆိုရင် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝပဲ။ အဲဒီငါးပါးသီလနဲ့ လုံလုံခြုံခြုံအသက်မွေးရင် သမ္မာအာဇီဝဖြစ်တယ်။ သမ္မာအာဇီဝဆိုတာ မဂ္ဂင်ရှစ်ပါးထဲမှာ ပါတဲ့အတွက်ကြောင့် မြတ်စွာဘုရားက မဂ္ဂင်ရှစ်ပါးဆိုတာ မဇ္ဈိမပဋိပဒါပဲ။ မဇ္ဈိမပဋိပဒါကို ဘုရားက ဘယ်လိုဟောတုန်း။ စက္ခုကရဏီ၊ ဉာဏကရဏီ၊ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ
စာမျက်နှာ-၄၅
နိဗ္ဗာန်ရောက်အောင် ပို့ဆောင်နိုင်တဲ့သတ္တိရှိတယ်တဲ့။ ငါးပါးသီလလုံအောင် ကျင့်နေခြင်းသည်ပင် မဂ္ဂင်ရှစ်ပါး အကျင့်တရားထဲက သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝကို ကျင့်ရာမရောက်ပေဘူးလား။ ရောက်တယ်တဲ့။ အဲဒါမပါရင် ကျန်တဲ့သမ္မာဝါယာမ၊ သမ္မာသတိတို့၊ သမ္မာသမာဓိတို့ဆိုတာ မဖြစ်နိုင်ဘူး။ သူက ပိုပြီးတော့ အခြေခံကျတယ်။

ဒါကြောင့်မို့လို့ မြတ်စွာဘုရားက ဒီငါးပါးသီလဟာ ရှောင်ကြဉ်လိုက်တယ်လို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် ကုသိုလ်တွေ ကိုယ့်သန္တာန်မှာ စီးဝင်ပြီးတော့ နိဗ္ဗာန်လမ်းကြောင်းပေါ်မှာ ဦးတည်မိတာနဲ့ အတူတူပဲပေါ့။ မဂ္ဂင်ရှစ်ပါး အကျင့်တရားထဲက အဲဒီသုံးပါး ကျင့်လိုက်မိပြီပေါ့။ သုံးပါးပေါ် ရောက်လာပြီဆိုရင် ကျန်တဲ့ငါးပါးအပေါ်ရောက်ဖို့ ကိုယ်က ဆက်လုပ်ဖို့ပဲ ကျန်တော့တယ်ပေါ့။ ဒီလိုဆိုလိုတယ်။

အဲဒီတော့ ကူဋ္ဌ - လိုချင်စရာတွေကို ဒီကုသိုလ်က ပေးတယ်။ ကန္တ - နှစ်သက်စရာတွေ၊ မနာပ - မြတ်နိုး
စာမျက်နှာ-၄၆
စရာတွေ ဒီကုသိုလ်ကပေးမယ်။ မြတ်စွာဘုရားက ငါးပါးသီလကို မဟာဒါနလို့ ဟောပြီးတဲ့အခါမှာ ထိုငါးပါးသီလရဲ့ အကျိုးတရားတွေ၊ ဒီရှောင်ကြဉ်မှုရဲ့ စေတနာ၊ ဒီကုသိုလ်ရဲ့ အကျိုးတရားတွေကို ဒီလိုဟောထားတာ အားရစရာ၊ အလွန်အားရစရာကောင်းတာပေါ့။

ရှေးဆရာတွေက ဟောကြတယ်၊ ဆုံးမစာတွေ ရေးကြတယ်။ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲရမယ်တဲ့ ဒီလိုပြောတယ်။ အင်မတန်မှ လိုအပ်တဲ့အရာ ဖြစ်လို့ ဒီလိုဟောတာ။ အခုဒီသုတ္တန်မှာကျတော့ မြတ်စွာဘုရားက ဒီငါးပါးသီလကို မဟာဒါန မြတ်သောအလှူ ကြီးကျယ်မြင့်မြတ်တဲ့ အလှူဒါနကြီးတစ်ခုလို့ ဒီလိုဟောတယ်။ ငါးပါးသီလနဲ့အတူ ဘာကိုထည့်ဟောတုန်းဆိုတော့ မြတ်စွာဘုရားက တကယ့်ကို မပြတ်စီးဝင်နေတဲ့ ကုသိုလ်တွေဆိုတဲ့အထဲမယ် သရဏဂုံသုံးပါးလည်း ပါတယ်တဲ့။ မြတ်စွာဘုရားကို ကိုးကွယ်ရာလို့ ဆည်းကပ်ပြီဆိုရင် ဆည်းကပ်တယ်ဆိုတဲ့ ကုသိုလ်စေတနာဟာ ကုသိုလ်အားလုံး မိမိသန္တာန်မှာ စီးဝင်
စာမျက်နှာ-၄၇
လာဖို့ရာအတွက် လမ်းဖွင့်ပေးတာ ဖြစ်သောကြောင့် ကုသိုလ်အလျဉ်ဟာ စီးဝင်လာတယ်လို့ ဒီလိုပြောတာနော်။ ဘုရားကို ကိုးကွယ်တယ်၊ တရားကို ကိုးကွယ်တယ်၊ သံဃာကို ကိုးကွယ်တယ်၊ ဒီကိုးကွယ်မှုသုံးရပ်ဟာလည်းပဲ ကုသလာဘိသန္ဓ၊ ပုညာဘိသန္ဓ စီးဝင်လာတဲ့ကုသိုလ်တွေ၊ ကိုယ့်သန္တာန်မှာ စီးဝင်လာတဲ့ ကောင်းမှုတွေပဲလို့ မြတ်စွာဘုရားက ဒီလိုဟောတာ။

အဲဒီတော့ သရဏ လို့ဆိုတဲ့နေရာမှာ သရဏဆိုတာ ဘာကိုပြောတာလဲ၊ ဘေးရန်အန္တရာယ် အဆိုးတွေကို ဖယ်ရှားပစ်နိုင်တဲ့ စွမ်းအားရှိတဲ့အရာလို့ ဒီလိုဆိုတယ်။ မြန်မာလိုက ကိုးကွယ်ရာလို့ ဒီလိုပြန်ပေမယ့်လို့ သရဏဆိုတဲ့ စကားလုံးအဓိပ္ပာယ်က ဖယ်ရှားပစ်ခြင်း၊ ဘာကိုဖယ်ရှားပစ်တာတုန်း။ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပစ်တာ။ အဲဒီတော့ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပစ်တာ ဘယ်အရာက ဖယ်ရှားတာတုန်း မေးရင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးက ဖယ်ရှားပစ်တယ်။ ဒါဖြင့် ဘယ်လိုပုံစံ ဖယ်ရှားပစ်တာတုန်း။ ကြည့်၊ မြတ်စွာဘုရားက သတ္တဝါတွေကို
စာမျက်နှာ-၄၈
ကောင်းကျိုးချမ်းသာရဖို့အတွက် ကုသိုလ်ကောင်းမှုတွေကို လုပ်ဖို့၊ မကောင်းကျိုးတွေ လွတ်ကင်းဖို့ရာအတွက် အကုသိုလ်တွေကိုရှောင်ဖို့ဆိုတဲ့ ဆုံးမဩဝါဒပေးတယ်။ ဆုံးမဩဝါဒအတိုင်း လိုက်နာမယ်ဆိုရင် ကျရောက်မယ့် ဘေးအန္တရာယ်တွေ မကျရောက်တော့ဘူး။ ဆုံးမဩဝါဒပေးပြီး လမ်းညွှန်ပြခြင်းဖြင့် သတ္တဝါတွေသန္တာန်မှာ ကျရောက်မယ့် ဘေးအန္တရာယ်တွေ ဖယ်ရှားပစ်တယ်လို့ ဒီလိုပြောတာ။

အဲဒီတော့ ဖယ်ရှားပေးတယ်ဆိုတော့ ဘုရားက ဘာနဲ့ဖယ်ရှားတာတုန်းဆိုရင် တရားနဲ့ ဖယ်ရှားတာပေါ့။ ဆရာဝန်တွေက လူတွေရဲ့သန္တာန်မှာဖြစ်တဲ့ ရောဂါကို ကုတယ်ဆိုတာ သူ့လက်နဲ့ကုတာမှမဟုတ်တာ၊ ဘာနဲ့ကုတာတုန်း၊ ဆေးနဲ့ကုတာ။ ဆေးမတိုက်ရင် ပျောက်မှာမှမဟုတ်တာ။ အဲဒီတော့ မြတ်စွာဘုရားကလည်း သတ္တဝါတွေကို ဘေးရန်အန္တရာယ်က ဖယ်ရှားပေးတယ်ဆိုတာ တရားနဲ့ ဖယ်ရှားပေးတာပေါ့။ ဒီတရားကို ကျင့်သုံးခြင်းဖြင့် ဘေးရန်အန္တရာယ်တွေ လွတ်ကင်းနိုင်တယ်ဆိုပြီး အဲဒီတရားကို ညွှန်ပြတယ်။ အဲဒီလို
စာမျက်နှာ-၄၉
မြတ်စွာဘုရားက ညွှန်ပြခြင်းဖြင့် ဘေးရန်အန္တရာယ်က လွတ်အောင်လုပ်တယ်။

တရားဓမ္မကတော့ ညွှန်ပြတဲ့အတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် ဘေးရန်အန္တရာယ်က လွတ်စေတယ်။ ဒါကြောင့်မို့လို့ သရဏ လို့ခေါ်တာ။ သံဃာတွေကိုတော့ ဘာဖြစ်လို့ သရဏ လို့ခေါ်တုန်းဆိုရင် အေး၊ သံဃာ့ဂုဏ်ကို အာရုံပြုပြီးတော့ လူတွေ ကုသိုလ်ကောင်းမှုလုပ်မယ်၊ လက်အုပ်လေးတစ်ကြိမ်လောက်ချီလိုက်မယ်၊ တစ်ကြိမ်တစ်ခါလေး ဦးနှိမ်ပြီးတော့ ရှိခိုးလိုက်မယ်၊ ဟော ပစ္စည်းလေးပါး လှူဒါန်းလိုက်မယ်ဆိုရင် အင်မတန်ကြီးမြတ်တဲ့ အတိုင်းအတာကင်းမဲ့တဲ့ ချမ်းသာသုခတွေကို ရရှိမယ်။ အဲဒီလို ရရှိစေတာဟာ ဘာကရရှိစေတာတုန်းဆိုရင် သံဃာတွေ ကျင့်သုံးတဲ့ ကိုယ်ကျင့်သီလ။ ဆိုပါစို့၊ မြေဩဇာကောင်းတဲ့မြေထဲမှာ သစ်ပင်လေးတစ်ပင်စိုက်တယ်။ အသီးအနှံလေးတစ်ပင်စိုက်တယ်၊ သရက်ပင်လေးတစ်ပင်စိုက်တယ်။ စိုက်လိုက်တဲ့အခါ ကိုယ်စိုက်တာကတော့ တစ်စေ့ထဲပဲ။ ဒါပေမယ့်လို့ နှစ်စဉ်နှစ်စဉ် သီးပေးတာက ထောင်ချီ၊
စာမျက်နှာ-၅၀
သောင်းချီသီးတာ။ တစ်နှစ်ထဲလည်း မဟုတ်ဘူးနော်၊ နှစ်ပေါင်းများစွာသီးတာ။ အဲဒါ ဘယ်သူကပေးတာတုန်းဆိုရင် ဒီမြေကောင်းရေကောင်းက ပေးတာပဲပေါ့။ အဲဒီလိုပဲ သံဃာကိုလှူလိုက်လို့ ရရှိတယ်ဆိုတာ သံဃာအပေါ်မှာ ပျိုးလိုက်တဲ့ ကိုယ့်ရဲ့ကုသိုလ်စေတနာဟာ ထပ်တလဲလဲ သီးပွင့်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ပြောတာပေါ့။ အဲဒီလို သီးပွင့်မှုကို ရရှိစေတာဟာ ဒါသံဃာရဲ့ဂုဏ်ပဲပေါ့။ အဲဒီလို သီးပွင့်မှုကို ရရှိစေခြင်းဖြင့် အပါယ်ငရဲတို့၊ ဆင်းရဲဒုက္ခရောက်ရမယ့် အနေအထားတွေကို ဖယ်ရှားပစ်လို့ သံဃာကိုလည်း သရဏ လို့ခေါ်တယ်။

အဲဒီ သရဏ လို့ခေါ်တဲ့ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့ စိတ်ဓာတ်လေးက သရဏဂမန၊ အဲဒီစိတ်ဓာတ်ကလေးက ဒါကုသိုလ်စိတ်ဓာတ်ကလေး နော်။ အဲဒီလို ကုသိုလ်စိတ်ဓာတ်ကလေး ဖြစ်လာတာဟာ သာမန်ကုသိုလ် မဟုတ်ဘူးတဲ့။ ပုညာဘိသန္ဓ၊ ကုသလာဘိသန္ဓ ဒါကိုအကြောင်းပြုပြီး ကုသိုလ်တွေ
စာမျက်နှာ-၅၁
ကိုယ့်သန္တာန်မှာ မပြတ်စီးဝင်လာနိုင်တယ်လို့ မြတ်စွာဘုရားက ဒီသုတ္တန်မှာ ဟောတာ။ အဲဒီတော့ ဘုန်းကြီးတို့တစ်တွေ သရဏဂုံ ၃-ပါး နှင့်တကွ ငါးပါးသီလကို ခံယူဆောက်တည်ခြင်းဖြင့် မဟာဒါနဆိုတဲ့ ကြီးမြတ်တဲ့ အလှူဒါနကို တို့တစ်တွေ ပေးလှူရတယ်လို့ စိတ်ထဲမှာ အဲဒီလို အာရုံပြုရမယ်။ အဲဒီလို အာရုံပြုလိုက်မယ်ဆိုရင် ကိုယ်ဟာ အင်မတန် ကြီးမြတ်တဲ့ အလှူဒါနကြီး၊ ဘုရားအဆူဆူ ချီးမွမ်းတော်မူတဲ့ အလုပ်ကို လုပ်ရုံမျှမက မဂ္ဂင်ရှစ်ပါး အကျင့်တရားဆိုတဲ့ လမ်းကြောင်းပေါ်ကို တို့တစ်တွေ တက်ရောက်နေကြပါလားလို့ စိတ်ထဲမှာ ဝမ်းမြောက်ဝမ်းသာဖြစ်ဖို့ လိုအပ်တယ်။ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့သည် သရဏဂုံသီလကို ဆောက်တည်ကြတဲ့အခါမှာ သာမန်အနေအထားနဲ့ မဟုတ်ဘဲ မိမိစောင့်ထိန်းထားတဲ့ ငါးပါးသီလပဲဖြစ်စေ အလေးအနက် ဆင်ခြင်စဉ်းစားပြီး တို့တစ်တွေဟာ မဂ္ဂင်ရှစ်ပါး အကျင့်တရား
စာမျက်နှာ-၅၂
ထဲမှာ ခြေတစ်လှမ်းဝင်နေတာပဲလို့ စိတ်ထဲမှာ ဝမ်းသာအားရဖြစ်ပြီး မိမိတို့သီလကို စင်ကြယ်သည်ထက် စင်ကြယ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု j6usnjkpen3wwklh2tguyzjb9laav0r မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် 0 6386 22183 2026-06-16T23:53:31Z Tejinda 173 "{{header | title = မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = မဟ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22183 wikitext text/x-wiki {{header | title = မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[မဟာဒါန]] | previous2 = | next = [[မိတ်ကောင်း ဆွေကောင်း]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်

နိဒါန်းပိုင်း

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ် သီတင်းကျွတ်လဆန်း ၁ဝ-ရက်၊ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်းတောင်ရပ်ကွက် ဇေယျသုခလမ်း ဓမ္မမဏ္ဍပ်ဝယ် ဆင်ယင်ကျင်းပပြုလုပ်သော ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနား၌ စမ်းချောင်းမြို့နယ် ရွှေလောင်းလမ်း ဦးထွန်းလင်း + ဒေါ်နွယ်နွယ်စန်း သမီး မထိုက်ထိုက်စံ၊ မအေးချမ်းမြတ်ဖြိုး၊ သား မောင်ရဲဝင်းထွန်း၊ မောင်ဟိန်းထက်ဇော် မိသားစု နှင့် စမ်းချောင်းမြို့နယ် ဇေယျသုခလမ်း ဦးသန်းနိုင်+ဒေါ်သန်းသန်းဆင့် မိသားစုတို့၏ ဓမ္မဒါန၊ အမတဒါနအဖြစ် ဟောကြားတော်မူအပ်သော မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်တရားဒေသနာတော်။

မဟာသတိပဋ္ဌာနသုတ်ကို ဗုဒ္ဓမြတ်စွာရဲ့ ပိဋက ၃-သွယ်၊ နိကာယ် ၅-ဖြာ၊ ဓမ္မက္ခန္ဓာပေါင်း ၈၄,၀၀၀ မှတ်တမ်းတင်ထားတဲ့ တရားတွေထဲမှာ ဒီဃနိကာယ်မှာ မဟာသတိပဋ္ဌာနသုတ်ဆိုတဲ့ အမည်နဲ့ မှတ်တမ်းတင်ထားတယ်၊ တစ်ဖန် မဇ္ဈိမနိကာယ်မှာလည်း မဟာသတိပဋ္ဌာနသုတ် ဆိုပြီးတော့ မှတ်တမ်းတင်ထားတယ်၊ တစ်ခြားသုတ်တွေထက် ရှည်လျားတဲ့သုတ်ဖြစ်တယ်၊ သံယုတ်ပါဠိတော်မှာ သတိပဋ္ဌာနသုတ်နဲ့ ပတ်သက်ပြီး သတိပဋ္ဌာန သံယုတ်ဆိုပြီးတော့ သပ်သပ်ရှိသေးတယ်။

သတိပဋ္ဌာန်တရား ၄-ပါးနဲ့ပတ်သက်ပြီး ဟောကြားထားတဲ့သုတ်တွေ ထိုထိုနိကာယ်တွေထဲမှာ မှတ်တမ်းတင်ထားတာရှိပါတယ်။ သို့သော်လည်း ယေဘုယျအားဖြင့် သတိပဋ္ဌာန် ၄-ပါး - ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မဆိုတဲ့ အာရုံ ၄-ရပ်မှာ စွဲကပ်တည်ရှိနေအောင် သတိတရားကို ပွားများအားထုတ်ပုံ အားလုံးမှာ တူညီနေပါတယ်။

သတိပဋ္ဌာန်ဆိုတာ ဘာလဲဆိုတာ ရှေးဦးစွာ ပြောကြရအောင်၊ ဒီစကားလုံးက မြန်မာနိုင်ငံမှာ လူတိုင်းလောက်နီးနီး သိကြတယ်၊ ဘာဖြစ်လို့လဲဆိုရင် မြန်မာနိုင်ငံမှာ သတိပဋ္ဌာန်ကျင့်စဉ်တို့ သတိပဋ္ဌာန်ရိပ်သာတို့ဆိုပြီး ခေါ်နေကြတာ ရှိပါတယ်။ စကားလုံးအဓိပ္ပါယ်ကို ကျကျနန နားလည်တာဟာ အင်မတန်မှ တန်ဖိုးရှိပါတယ်၊ စကားလုံးအဓိပ္ပါယ်က ဒီသုတ္တန်ရဲ့ အနှစ်ချုပ်ဘာဆိုတာကို ပြောပြီးသားဖြစ်တယ်၊ ဒါ့ကြောင့် ဒီစကားလုံးအဓိပ္ပါယ်ကို အရင်ရှင်းရအောင်။

“မဟာ” ဆိုတဲ့စကားလုံး သုံးထားတာကတော့ တခြား အကျဉ်းချုပ်ဟောတဲ့ သုတ်ကလေးတွေကို ထောက်ဆလို့ရှိရင် ဒီဃနိကာယ်မှာပါတဲ့ သတိပဋ္ဌာနသုတ်၊ မဇ္ဈိမနိကာယ်မှာပါတဲ့ သတိပဋ္ဌာနသုတ်တွေဟာ အကျယ်ဟောတာဖြစ်သည့်အတွက်ကြောင့် မဟာသတိပဋ္ဌာနသုတ်လို့ ဒီလိုခေါ်ပါတယ်။

ဘုန်းကြီးတို့ ဒီကနေ့ကစပြီး ၅-ရက်တိတိ မဟာသတိပဋ္ဌာနသုတ်ကို အနှစ်ချုပ်အနေနဲ့ ဟောမှာဖြစ်ပါတယ်၊ မဟာသတိပဋ္ဌာနသုတ်ကို မြတ်စွာဘုရားရဲ့ အာဘော်ကျ ပါဠိတော်မှာ တိုက်ရိုက်လာတဲ့အဓိပ္ပါယ်နဲ့ ထိုပါဠိတော်ကို ဖွင့်ဆိုတဲ့အဋ္ဌကထာ၊ ဖွင့်ဆိုတဲ့ဋီကာတွေက စကားများကို အနည်းငယ်ထည့်သွင်းပြောကြားပြီးတော့ အနှစ်ချုပ်ဟောကြားပါမယ်။

သတိပဋ္ဌာန်ဟူသည်

သတိပဋ္ဌာနဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှေးဦးစွာကြည့်ရအောင်၊ သတိ+ပဋ္ဌာန၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် သတိ+ဥပဋ္ဌာန၊ ပါဠိစာပေမှာတော့ သတိပဋ္ဌာနလို့ရှိတယ်၊ သက္ကတဘာသာနဲ့ ရေးမှတ်ထားတဲ့ ဒီသုတ္တန်ကို စတျုပဋ္ဌာနလို့ရေးတော့ သတိ+ဥပဋ္ဌာနလို့ အဓိပ္ပါယ်ရပါတယ်၊ ပဋ္ဌာနဆိုတဲ့ စကားလုံးထက် ဥပဋ္ဌာနဆိုတဲ့ စကားလုံးက ပိုပြီးတော့ သင့်မြတ်တယ်လို့ ယူရပါမယ်။

ဘာဖြစ်လို့လဲဆိုရင် ထိုထိုသုတ္တန်တွေမှာ သတိနဲ့ဥပဋ္ဌာနကို ခွဲပြောရင် “ဥပဋ္ဌိတာ သတိ” - သတိလေးဟာ အာရုံနဲ့ကပ်ပြီး တည်နေတယ်လို့ ထိုထိုသုတ္တန်တွေမှာ လာတယ်၊ “ဥပဋ္ဌိတာ သတိ” ဆိုတဲ့ စကားလုံးကို အမြဲတမ်းသုံးလေ့ရှိတယ်၊ အဲဒါကို ထောက်မယ်ဆိုရင် သတိ+ဥပဋ္ဌာန လို့ ပြောကြပါစို့၊ သို့သော် အဋ္ဌကထာဆရာကတော့ အရှိအတိုင်း သတိနဲ့ ပဋ္ဌာနလို့ အဓိပ္ပါယ်ရှင်းတယ်၊ ဒါလည်း ဟုတ်မှာပဲ၊ သတိပဋ္ဌာနလို့ ပြောပြော၊ သတိဥပဋ္ဌာနလို့ ပြောပြော ဒီစကားလုံးနှစ်လုံးရဲ့ အဓိပ္ပါယ်က အတူတူပဲလို့ ပြောကြရမယ်။

အာရုံစူးစိုက်ခြင်းနှင့် အာရုံကိုမှတ်မိခြင်း

သတိဆိုတဲ့ စကားလုံးကတော့ သိပ်ပြီးရှင်းစရာမလိုလောက်အောင် မြန်မာစကားလုံးလို ဖြစ်နေတယ်၊ သတိဆိုတာ အာရုံကို အမှတ်ရနေခြင်း၊ မမေ့ခြင်းဆိုတဲ့ အဓိပ္ပါယ်ပဲ၊ သတိကလည်း နှစ်မျိုးရှိတယ်လို့ မှတ်ထားရမယ် - အာရုံတစ်ခုခုကို စူးစိုက်ပြီးနေတာကလည်း သတိ၊ အင်္ဂလိပ်လို Mindfulness လို့ ပြန်တယ်၊ Mindfulness ဆိုတာ အာရုံစိုက်နေတာ၊ အာရုံကို သတိထားကြည့်နေတာ။

နောက်တစ်ခုက Memory အမှတ်ရနေတာ၊ ဟိုးလွန်ခဲ့တဲ့ နှစ်တွေက ပြောခဲ့တဲ့စကား၊ ငယ်ငယ်တုန်းက လုပ်ခဲ့တဲ့အလုပ်ကလေးတွေက တွေးလိုက်ရင် ပြန်ပေါ်လာတယ်၊ မှတ်မိနေတယ်၊ အဲဒီလိုမှတ်မိနေတာလည်း သတိရဲ့ စွမ်းဆောင်ချက်ပဲ၊ ဒါကြောင့်မို့ မှတ်မိနေရင် သတိကောင်းလိုက်တာလို့ ပြောကြတယ်၊ မှတ်ဉာဏ်ကောင်းလိုက်တာလို့လည်း ပြောကြတယ်၊ တွဲဖက်ပြီးတော့ ပြောတဲ့စကား၊ သတိမမေ့သေးဘူး၊ သတိကောင်းလိုက်တာနဲ့ ပြောကြတယ်၊ အဲဒီနှစ်ခုလုံးဟာ သတိပါပဲ။

Mindfulness ဆိုတာကတော့ တကယ့် လောလောလတ်လတ် ဖြစ်ပေါ်နေတဲ့အာရုံနဲ့ဆိုင်တယ်။ မှတ်မိတယ်ဆိုတာကတော့ တစ်ကြိမ်တစ်ခါတုန်းက ကြုံဖူးတဲ့အရာကို မှတ်မိနေတာလို့ ဒီလိုမှတ်ရမယ်။

သီဟိုဠ်ကျွန်းက တိဿမထေရ်တို့၊ အဘယမထေရ်တို့ဆိုတဲ့ သတိအလွန်ကောင်းတဲ့ မထေရ်ကြီးတွေအကြောင်း ရေးထားတာရှိတယ်၊ အလွန်ကိုသတိကောင်းတာ၊ မထေရ်ကြီးတစ်ပါးဆိုရင် သူဖွားမြင်ပြီးစ ၅-ရက်မြောက်နေ့ကစပြီး ဒီဘက်အကုန်မှတ်မိတယ်၊ လူ့ဘဝရောက်လာပြီး ၅-ရက်မြောက်ကစ မှတ်မိတယ်ဆိုတာ နည်းတဲ့သတိမှ မဟုတ်ဘဲနော်။

မထေရ်ကြီးတစ်ပါးကတော့ ဘယ်လောက်သတိကောင်းသလဲဆိုရင် သီဟိုဠ်ကျွန်း အနုရာဓမြို့တော်မှာ တံခါးပေါက်တစ်ခုကို ဖွင့်ထားပြီး မြို့ထဲကလူတွေအကုန် အဲဒီတံခါးကထွက် ကိုယ့်နာမည်လေးပြောသွား၊ အဲဒီလူတွေ ပြန်ဝင်လာတဲ့အခါ မင်းဘယ်သူ၊ မင်းဘယ်သူဆိုပြီး မှတ်မိတယ်၊ အနုရာဓမြို့ဆိုတာ လူဦးရေနည်းတာမှ မဟုတ်တာ၊ သိန်းချီသန်းချီရှိတဲ့ လူတွေရဲ့ နာမည်တွေ မှတ်မိတယ်ဆိုတာ အင်မတန်မှ ကောင်းတဲ့သတိလို့ ပြောရမှာပဲ၊ ဒါအဋ္ဌကထာထဲမှာ ရေးထားတဲ့ မှတ်တမ်းတစ်ခု။

အဲဒီတော့ အာရုံတစ်ခုကို စူးစိုက်ထားတာလည်း သတိပဲ၊ မှတ်မိနေတာလည်း သတိပဲလို့ ဒီလိုနှစ်ခုမှတ်ထားရမယ်။ သို့သော် မှတ်မိတိုင်း အကုန်ကောင်းသလားဆိုတော့ မကောင်းတာတွေလည်း အများကြီးပဲ၊ အာရုံစူးစိုက်မှုဆိုတာကတော့ ကောင်းတဲ့ဘက်မှာ အာရုံစူးစိုက်တာ၊ တစ်ခုသတိပြုစရာက ဗုဒ္ဓစာပေမှာ သတိဆိုတာ ကောင်းတဲ့ဘက်ကိုပဲ သုံးနှုန်းတယ်။ အကုသိုလ်နဲ့ပတ်သက်ပြီး အမှတ်ရတယ်ဆိုပေမယ့် ဒီသတိမဟုတ်ဘူးတဲ့၊ အကုသိုလ်စိတ်ဖြစ်နေတာ။

ဗုဒ္ဓစာပေ၌ လာသောသတိ

ဒါကြောင့်မို့ သတိဆိုတဲ့ သဘောတရားသည် ကောင်းတဲ့စိတ်နဲ့ပဲ ယှဉ်တယ်၊ သောဘနစိတ်လို့ခေါ်တယ်၊ မကောင်းတဲ့စိတ်နဲ့ ယှဉ်တွဲပြီးမဖြစ်ဘူး၊ ဒါက define လုပ်ထားတာ၊ ကိုယ်ပြောတဲ့ စကားလုံးတစ်ခုဟာ ဘယ်အတွက်သာ သုံးရမယ်ဆိုတာ ကန့်သတ်ချက်ကလေးတွေ ပေးထားတယ်၊ ဒါကြောင့်မို့ ဗုဒ္ဓရဲ့ တရားတော်တွေမှာ သတိလို့ပြောလိုက်ရင် အကောင်းဘက်မှာရှိတယ်၊ ဒါဖြင့် မိစ္ဆာသတိကျ ဘယ်လိုပြောမလဲ၊ မေးကောင်းမေးကြလိမ့်မယ်။

သုတ္တန်တွေမှာ သမ္မာသတိရှိသလို မိစ္ဆာသတိရှိတယ်၊ Right mindfulness, Wrong mindfulness နှစ်ခုထားတယ်၊ မိစ္ဆာသတိဆိုတဲ့ စကားလုံးဟာ သတိဆိုတဲ့နာမည်ကို ယူထားပေမယ့် ဒီသတိကိုပြောတာ မဟုတ်ဘူးတဲ့၊ အမှတ်ရတဲ့အနေနဲ့ ဖြစ်တဲ့ အကုသိုလ်စိတ်တွေရဲ့ ဖြစ်မှုပါတဲ့။ စာပေကျမ်းဂန်မှာ ဒီလိုဆိုတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ရောထွေးမှုမဖြစ်စေရန်အတွက် သတိဆိုရင် ကောင်းတာပဲယူတယ်၊ ကောင်းတဲ့ဘက်၊ ကောင်းတဲ့အာရုံ၊ ကောင်းတဲ့စိတ်တွေနဲ့ ယှဉ်တွဲလာတာကိုပဲ သတိလို့ခေါ်တယ်။

အဲဒီသတိလေးဟာ “သတိစ ဒွါဟံ သဗ္ဗတ္ထိကံ ဝဒါမိ” မြတ်စွာဘုရားက ဗောဇ္ဈင်တရားထဲမှာ ဟောထားတယ်၊ ဗောဇ္ဈင် ၇-ပါးထဲမှာ သတိသမ္ဗောဇ္ဈင်္ဂါဆိုတာ ပါတယ်၊ “သတိစ ဒွါဟံ သဗ္ဗတ္ထိကံ ဝဒါမိ” ဆိုတာ သတိတရားကို အမြဲတမ်းလိုအပ်တယ်။ သတိဆိုတာ ပိုတယ်လို့မရှိဘူး၊ အမြဲတမ်းလိုတယ်၊ ဟင်းလျာအားလုံးမှာ ဆားပါရတယ်၊ ဆားပါမှ အရသာလေးသလို အရာခပ်သိမ်းမှာလည်း သတိဟာ လိုအပ်နေတယ်။

ဝီရိယတို့၊ သမာဓိတို့၊ ကျန်တဲ့တရားတွေက အရာခပ်သိမ်း အချိန်မရွေးလိုအပ်နေတာ မဟုတ်ဘူး၊ အတိုးအလျှော့ လုပ်ပေးရတယ်၊ ပညာတောင်မှ အတိုးအလျှော့ လုပ်ပေးရတယ်၊ ဝီရိယလည်း အတိုးအလျှော့လုပ်ပေးရတယ်၊ သမာဓိဆိုတာလည်း ကောင်းတယ်ဆိုပေမယ့် အတိုးအလျှော့လုပ်ပေးရတယ်၊ အမြဲတမ်းလိုအပ်နေတာမဟုတ်ဘူး၊ အမြဲတမ်းလိုအပ်နေတာက သတိပဲ၊ အဲဒီသတိလေးကို ဥပဋ္ဌာနဆိုတဲ့ စကားလုံးနဲ့တွဲပြီးတော့ သုံးလိုက်တဲ့အခါ ဥပဆိုတာ အာရုံနဲ့ကပ်ပြီးတော့ ဌာနတည်ရှိနေတာ၊ အာရုံပေါ်မှာ ကပ်ပြီးတော့တည်ရှိနေတဲ့သတိကို သတိပဋ္ဌာနလို့ခေါ်တယ်။

အဲဒီတော့ စကားလုံးနှစ်လုံး သုံးထားပေမယ့်လို့ သတိပဋ္ဌာနဆိုတာ ဒီသတိလေးကိုပြောတာ၊ အဲဒီသတိဟာ ဘယ်သတိလဲဆိုရင် အာရုံ ၄-မျိုးကို အမြဲတမ်းစူးစိုက်ပြီးနေတဲ့ သတိတရားလို့ ဒီလိုဆိုတယ်၊ အဲဒီသတိကိုပဲ မဂ္ဂင် ၈-ပါးထဲမှာ သမ္မာသတိလို့ဆိုတယ်၊ မဂ္ဂင် ၈-ပါးကို ရှင်းတဲ့အခါ သမ္မာသတိဆိုတာ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မဆိုတဲ့ အာရုံ ၄-ရပ်ပေါ်မှာ စူးစိုက်ပြီးတော့ အမြဲတမ်းယှဉ်ကပ်နေတဲ့ သတိလို့ဆိုလိုတယ်။

အာရုံက ၄-မျိုးပြားလို့ သတိကိုလည်း ၄-မျိုးလို့ခေါ်လိုက်တာ၊ တကယ်ကတော့ သတိဟာတစ်ခုတည်းပဲ၊ ဒါကြောင့် သတိပဋ္ဌာနဆိုတာ အာရုံ ၄-ရပ်ပေါ်မှာ အမြဲတမ်းစူးစိုက်ပြီးနေတဲ့ အမှတ်ရမှု၊ စူးစိုက်မှု၊ သတိတရားလို့ ဒီလိုဆိုတယ်။

သို့သော် တစ်ခါတစ်ရံ အင်္ဂလိပ်လိုပြန်တဲ့အခါ Foundation of Mindfulness လို့ပြန်တယ်၊ Foundation ဆိုတာ ဥပဋ္ဌာနကို ပြန်တာ၊ ဥပဋ္ဌာနသည် သတိ၏တည်ရာဌာနဖြစ်လို့ သူ့ကို foundation လို့ခေါ်တယ်၊ Foundation of Mindfulness ဆိုရင် သတိကိုမရဘဲ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မဆိုတဲ့ ဒီ ၄-ခုကိုရတယ်၊ အာရုံသက်သက်ဟာ သတိမဟုတ်ဘူး၊ ဒီနေရာမှာ ပြောချင်တာက သတိအကြောင်းပြောချင်တာ၊ အာရုံအကြောင်းပြောချင်တာ မဟုတ်ဘူး၊ အာရုံကိုပြောချင်တာမဟုတ်သည့်အတွက်ကြောင့် အင်္ဂလိပ်လိုပြောနေကြတဲ့ 4 Foundation of Mindfulness ဆိုတာ စဉ်းစားစရာဖြစ်လာတယ်၊ အဲဒါကြောင့် တကယ်အဓိပ္ပါယ်မှန်မှန်ဖြစ်အောင် ပြန်မယ်ဆိုရင် Mindfulness established on Four Foundation လို့ပြန်ရမယ်၊ Four Foundation ပေါ်မှာ အခြေတည်ပြီး တည်ဆောက်ထားတဲ့ သတိတရားလို့ ပြန်မှမှန်မယ်။

သတိဟာလည်း သတိပဲ၊ ဥပဋ္ဌာနဟာလည်း သတိပဲ။ ရိုးရိုးသတိမဟုတ်ဘူး၊ အာရုံလေးရပ်နဲ့ ယှဉ်ကပ်နေတဲ့သတိလို့ ပြောတာ၊ ဥပဋ္ဌိတာ သတိ၊ အဲဒီအဓိပ္ပါယ်နဲ့ မြတ်စွာဘုရားက ဒီသတိပဋ္ဌာနဆိုတဲ့ စကားလုံးကို သုံးတာ။

ဟောရာဒေသ

ဒီမဟာသတိပဋ္ဌာနသုတ်ကို မြတ်စွာဘုရားက ဘယ်ဒေသမှာဟောလဲဆိုရင် ကုရုတိုင်းမှာ ဟောတာဖြစ်တယ်၊ ကုရုတိုင်းဟာ ယနေ့ခေတ်မြေပုံထဲမှာ ကြည့်ရင် အိန္ဒိယမြောက်ပိုင်း New Delhi မြို့အနီးမှာရှိတယ်လို့ ပြောတယ်၊ ဘုန်းကြီးတို့တော့ မရောက်ဖူးသေးဘူး၊ အဲဒီနားမှာ ကုရုတိုင်းရှိတယ်လို့ပြောတယ်၊ အခုခေတ်တော့ ကုရုလို့ မခေါ်တော့ဘူးပေါ့။ အဲဒီကုရုတိုင်းမှာ ဈေးတွေနဲ့ အင်မတန်မှ စည်ကားတဲ့ (ဈေးရှိပြီးတော့ စည်ကားတဲ့ရွာကို နိဂမ-နိဂုံး လို့ခေါ်တယ်)၊ ကမ္မာသဒမ္မဆိုတဲ့ နိဂုံးရွာကြီးတစ်ရွာရှိတယ်၊ ရွာကြီးတစ်ရွာ၊ အဲဒီနိဂုံးရွာမှာ မြတ်စွာဘုရား သီတင်းသုံးနေတုန်း မဟာသတိပဋ္ဌာနသုတ်ကို ဟောတာပါတဲ့။ ဒါကတော့ အရှင်အာနန္ဒာက မှတ်တမ်းအနေနဲ့ ပြောတဲ့ နိဒါန်းစကား၊ ဒီတရားဟောတဲ့အခါ တရားနာပရိသတ်တွေက ဘယ်သူတွေလဲဆိုရင် ပရိသတ် ၄-ပါးပဲ...။

ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာ၊ သို့သော် မြတ်စွာဘုရားက “ဘိက္ခဝေ” ဆိုတဲ့အသုံးနဲ့ ဟောတယ်။

ဒီသုတ္တန်ကိုဟောတော့ မြတ်စွာဘုရားက အာရုံ ၄-ရပ်မှာ စွဲကပ်တည်နေတဲ့သတိကို မိမိသန္တာန်မှာ ဖြစ်နေအောင် တိုးပွားလာအောင်လုပ်မယ်ဆိုရင် မည်မျှအကျိုးတရားတွေရမယ်ဆိုတာကို အရင်ဟောတာ၊ ဘာဖြစ်လို့ အကျိုးတရားတွေ အရင်ဟောလဲဆိုတော့ လူတွေက “ဒါလုပ်ရင် ဘာရမလဲ” ဆိုတာ အရင်စဉ်းစားတာကိုး၊ တစ်ခုခုလုပ်ရမယ်ဆိုရင် ဘယ်လောက်အကျိုးရှိမလဲ၊ ဘာရမှာလဲဆိုတာမျိုး စဉ်းစားပြီး အကျိုးရှိမယ်ဆိုရင် ပိုလုပ်ချင်ကြတယ်ပေါ့။

အဲဒါကြောင့် မြတ်စွာဘုရားက မိမိတို့သန္တာန်မှာ တည်နေတဲ့သတိလေးကို ကောင်းသည်ထက်ကောင်းလာအောင် လေ့ကျင့်ပေးရမယ်၊ ဒီအာရုံ ၄-ရပ်နဲ့ လေ့ကျင့်ပေးလို့ စွမ်းရည်ထက်မြက်လာပြီဆိုရင် ဒီသတိလေးဟာ ဘယ်လိုချမ်းသာတွေပေးနိုင်မလဲ၊ ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုတာ ဟောတယ်၊ ဒီသတိပဋ္ဌာနသုတ်မှာ သတိရဲ့ စွမ်းဆောင်မှုဟာ အင်မတန်မှ မက်မောလောက်ပါတယ်၊ ဒီသတိရဲ့ စွမ်းဆောင်မှုက ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို မြတ်စွာဘုရားက ဟောတယ်။

တစ်ခုတည်းသောလမ်းကြောင်း

ဒါကြောင့်မို့ ဒီဒေသနာကို အစချီလိုက်တဲ့အခါ မြတ်စွာဘုရားက “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ”... ဒီစကားလုံးလေးက စပါတယ်၊ အယံ မဂ္ဂေါ = ဒီနည်းလမ်းဟာ၊ ဧကာယနော = တစ်ကြောင်းတည်းသာရှိတဲ့ နည်းလမ်းပဲ၊ ဒီလမ်းဟာ တစ်ခုတည်းသောလမ်းပဲ၊ ဘာအတွက် တစ်ခုတည်းသောလမ်းလဲဆိုရင် နိဗ္ဗာန်သွားဖို့အတွက် တစ်ခုတည်းသောလမ်း၊ လမ်းမွှာတွေ လမ်းဆုံတွေမရှိဘူး၊ ဒီသတိကို စနစ်တကျထူထောင်လိုက်လို့ရှိရင် ဒီလမ်းကြောင်းဟာ နိဗ္ဗာန်ကို တဖြောင့်တည်းသွားတဲ့လမ်းကြောင်း၊ နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင် (destination) သို့ ရောက်သွားနိုင်တဲ့ တစ်ခုတည်းသောလမ်းကြောင်းပဲ၊ ဒါကို “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ” လို့ဟောတယ်။

ဒီသတိပဋ္ဌာန်ကျင့်စဉ်ဆိုတဲ့ လမ်းကြောင်းကြီးဟာ တစ်ခုတည်းသောလမ်းကြောင်းပဲ၊ ဧကာယနမှာ “ဧက” ဆိုတာ တစ်၊ “အယန” ဆိုတာ သွားရမယ့်လမ်းကြောင်း၊ အဲဒီနေရာမှာ အဋ္ဌကထာဆရာကတော့ အဓိပ္ပါယ်တွေ အမျိုးမျိုးဖွင့်ထားတာရှိတယ်ပေါ့၊ ပြောပြရရင် ဧကာယန တစ်ခုတည်းသော လမ်းကြောင်းဆိုတာ အဓိပ္ပါယ်တစ်ခု။

နောက်တစ်ခုက တစ်ယောက်တည်းသွားရမယ့်လမ်းတဲ့၊ သတိပဋ္ဌာန်ကျင့်တယ်ဆိုတာ အဖော်နဲ့အသင်းနဲ့ စုံတွဲသွားရတာမဟုတ်ဘူး၊ တစ်ဦးတစ်ယောက်တည်း အလုပ်လုပ်ရမယ့်လမ်းလို့ အဓိပ္ပါယ်ရတယ်။

နောက်တစ်ခုက ပန်းတိုင်တစ်ခုတည်းသို့ ဦးတည်ထားတဲ့ လမ်းကြောင်းတဲ့၊ အဓိပ္ပါယ်ကတော့ သူ့ဟာနဲ့သူကောင်းတာပဲ။ နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင်ကြီးတစ်ခုတည်းကို ဦးတည်နေတဲ့လမ်းကြောင်းပဲ။

နောက်တစ်ခုက ဧကဆိုတာ တစ်ဦးတည်းရှိလို့ အလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်၊ အယန လမ်းကြောင်း၊ မြင့်မြတ်တဲ့ပုဂ္ဂိုလ်က ချမှတ်ထားတဲ့လမ်းကြောင်းတဲ့၊ မြတ်စွာဘုရားဟောထားတဲ့ လမ်းကြောင်းလို့ပြောတာ။

အဲဒီလို စကားလုံးလေးတစ်လုံးကို အဓိပ္ပါယ်အမျိုးမျိုးနဲ့ ဖွင့်ပြတာဟာ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာအောင် အဋ္ဌကထာဆရာများက ဒီလိုဖွင့်ပြလေ့ရှိတယ်၊ ဒါလည်း မှတ်သားစရာလေးတစ်ခုပဲ။

အကျိုး ၇-မျိုး

ဒီတစ်ခုတည်းသောလမ်းကြောင်းဟာ အကျိုးကျေးဇူးတွေ ၇-မျိုးရှိတယ်၊ တိုးပွားလာအောင်လုပ်တာက သတိတစ်မျိုးတည်းပဲ၊ သို့သော် ရလိုက်တဲ့အကျိုးက ၇-မျိုး၊ တစ်ခုလုပ်ရင် အကျိုး ၇-မျိုးထွက်တယ်ပေါ့၊ One practice seven advantages, Practice ကတစ်ခုပဲ၊ အကျိုးက ၇-ခုရတယ်၊ အဲဒီအကျိုး ၇-ခုကို မြတ်စွာဘုရားက “သတ္တာနံ ဝိသုဒ္ဓိယာ”... စသည်ဖြင့် ဖော်ပြတယ်။

နံပါတ်(၁)က သတ္တာနံ = သတ္တဝါတွေအားလုံးတို့၏။ ဝိသုဒ္ဓိယာ = စိတ်ဓာတ်တွေစင်ကြယ်သွားဖို့ရာအတွက်၊ ဧကာယနော = တစ်ခုတည်းသောလမ်းကြောင်းပါတဲ့။

ဘုန်းကြီးတို့ရဲ့ စိတ်တွေကိုကြည့် - လောဘဖြစ်လိုက်၊ ဒေါသဖြစ်လိုက်၊ မောဟဖြစ်လိုက်၊ အာရုံအားလျော်စွာ မာန်မာနတွေဖြစ်လိုက်၊ ဣဿာတွေဖြစ်လိုက်၊ မစ္ဆရိယတွေဖြစ်လိုက်နဲ့၊ စိတ်ထဲမှာ အညစ်အကြေးတွေ လှည့်ပြီးတော့ဖြစ်နေတယ်၊ စိတ်ဓာတ်တွေညစ်နွမ်းနေသမျှ အားလုံးဟာ ညစ်နွမ်းနေမှာပဲ၊ စိတ်ဟာဖြူစင်မှုမရှိဘူး၊ စိတ်မှာအညစ်အကြေးတွေဖြစ်နေပြီ၊ ဒီအညစ်အကြေးတွေ ဖြူစင်သွားအောင်လုပ်နိုင်တာ ဒီသတိပဋ္ဌာန်ကျင့်စဉ်ပဲတဲ့၊ Mindfulness လုပ်ရမယ်တဲ့၊ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မဆိုတဲ့ အာရုံ ၄-ရပ်ပေါ်မှာ ကပ်နေတဲ့သတိသည် သတ္တဝါတွေရဲ့ စိတ်ဓာတ်ကို ဖြူစင်စေတယ်။

လူတွေကပြောတယ်၊ “ဒီလူကတော့ စိတ်ထားဖြူစင်တယ်” ဆိုတာ အပေါ်ယံပြောတာ၊ မြတ်စွာဘုရားပြောတဲ့ စိတ်ထားဖြူစင်မှုဆိုတာ ကိလေသာအညစ်အကြေးတွေ လုံးဝကင်းစင်သွားတဲ့စိတ်ဓာတ်၊ စိတ်ဓာတ်သည် ပူပန်မှုမရှိဘူး၊ ညစ်နွမ်းမှုမရှိဘူး အမြဲတမ်းအေးချမ်းတယ်၊ အဲဒီအေးချမ်းပြီး ငြိမ်သက်နေတဲ့စိတ်ကလေးဟာ ဖြူစင်နေတယ်၊ အဲဒီ “စိတ်ဓာတ်ကလေး ဖြူစင်ဖို့အတွက် ဒါဟာ တစ်ခုတည်းသောနည်းလမ်းပါပဲ။

သတိပဋ္ဌာန်ကျင့်စဉ်ကို ကျင့်ပြီဆိုရင် နံပါတ်(၁) ရနိုင်တဲ့ အကျိုးတရားက စိတ်ထဲမှာ ညစ်ထေးနေတဲ့ ကိလေသာအညစ်အကြေးတွေကို ဆေးကြောပစ်နိုင်တယ်၊ ဖြူစင်သွားနိုင်တယ်၊ မိမိတို့ဝတ်တဲ့အဝတ် မည်းညစ်နေပြီဆိုရင် ကောင်းတဲ့ဆပ်ပြာ အစွမ်းထက်တဲ့ဆပ်ပြာနဲ့ လျှော်ကြတယ်၊ အဲဒီတော့ အဝတ်ကလေး ဖြူဖွေးစင်ကြယ်သွားတယ်၊ အဲဒါလိုပဲ သတိပဋ္ဌာန်နဲ့ ဆေးကြောလိုက်ပြီဆိုရင် စိတ်ကလေးဟာ ဖြူစင်သွားတယ်၊ ရဟန္တာပုဂ္ဂိုလ်တွေမှာ စိတ်ဖြူစင်သွားတယ်ဆိုတာ ထာဝရဖြူစင်သွားတာ။

ဆိုပါစို့ - သောတာပန်ဖြစ်ပြီဆိုရင် ဒိဋ္ဌိဆိုတဲ့ မှားယွင်းတဲ့အမြင် မလာတော့ဘူး၊ ဝိစိကိစ္ဆာဆိုတဲ့ ဓမ္မနဲ့ပတ်သက်တဲ့သံသယတွေ မလာတော့ဘူး၊ ဒီအညစ်အကြေး ၂-ခု လုံးဝကင်းသွားတယ်၊ ဒီလိုဖြူစင်သွားအောင် ဘယ်သူ့ရဲ့ စွမ်းဆောင်ချက်လဲဆိုရင် သတိအပါအဝင် မဂ္ဂင် ၈-ပါးရဲ့ စွမ်းဆောင်ချက်၊ သို့သော် ဒီနေရာမှာ သတိကိုဦးတည်ပြောတာ၊ ဟောဒီသတိပဋ္ဌာန်ကျင့်စဉ်ကို ကျင့်လိုက်လို့ အဲဒီအခြေအနေမျိုးကိုရတာတဲ့။

သကဒါဂါမိမဂ်၊ အနာဂါမိမဂ်ရရင် ကာမရာဂစိတ်တွေကင်းသွားတယ်၊ ဗျာပါဒလို့ခေါ်တဲ့ ဒေါသတွေကင်းသွားတယ်၊ ဆိုင်ရာဆိုင်ရာ အကုသိုလ်တရားတွေ အင်မတန်နည်းသွားတယ်၊ အနာဂါမ်ပုဂ္ဂိုလ်ရဲ့ စိတ်ဟာ အလွန်ဖြူစင်သွားပြီ၊ ရဟန္တာဖြစ်လို့ အရဟတ္တမဂ်ပေါ်လာပြီဆိုတာနဲ့ စိတ်ရဲ့ အညစ်အကြေးကိလေသာ မှန်သမျှဟာ လုံးဝဖြူစင်သွားတယ်၊ အဲဒီလို စိတ်ဓာတ်လုံးဝဖြူစင်သွားတဲ့ အနေအထားရောက်အောင် ဘာလုပ်ရမလဲဆိုရင် သတိပဋ္ဌာန်ကျင့်ရမယ်၊ သတိပဋ္ဌာန်ကျင့်ခြင်းဖြင့် စိတ်ကို လုံးဝဖြူစင်စေတယ်ဆိုတာ အကျိုးတစ်ခု။

နောက်တစ်ခုက “သောက ပရိဒေဝါနံ သမတိက္ကမာယ”... သောကဆိုတာ ဖြစ်လာမယ့်အရာတွေးပြီးပူတယ်၊ ဖြစ်ပြီးသွားတဲ့အရာပေါ်မှာ တွေးပြီးတော့ပူတယ်၊ ပစ္စည်းအတွက်ပူတယ်၊ လူအတွက်ပူတယ်၊ မဖြစ်သေးခင်လည်းတွေးပြီးပူတယ်၊ ဖြစ်ပြီးသွားရင်လည်း ပူဆွေးတယ်၊ လူတွေမှာသောကရှိတယ်၊ သောကဆိုတဲ့ သဘောတရားဟာ စိတ်ထဲမှာ ပူလောင်တတ်တဲ့ သဘာဝတရားတစ်ခုပဲ၊ စိတ်ရဲ့ခံစားချက်တစ်ခု၊ ဆုံးရှုံးနစ်နာမှုတစ်ခုကို ကြည့်ပြီးပူတာ။

ဆိုပါစို့ - လူတစ်ယောက်ဟာ ကိုယ့်ရဲ့ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီး ဆုံးရှုံးမယ့်အနေအထားမျိုးတွေ ရောက်မယ်ဆိုရင် ပူတယ်၊ ဆုံးရှုံးသွားရင်လည်း နှမြောတသပြီး ပူနေတတ်တယ်။ ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်ရင်လည်း ကိုယ့်ဆွေမျိုးသားချင်း ရောဂါဝေဒနာဖြစ်လာမယ်ဆိုရင်၊ ထိခိုက်မယ်ဆိုရင် ပူတယ်၊ ထိခိုက်တော့မယ့်အနေအထားရောက်ရင်လည်း ပူတယ်၊ ထိခိုက်သွားရင်လည်း ပူတယ်၊ နောက်ဆုံးမှာ ပူစရာဟာ ကိုယ့်ကိုယ်ကိုလည်း ပူတယ်၊ စိုးရိမ်စိတ်လို့ခေါ်တယ်။

အဲဒီစိုးရိမ်စိတ်ကလေးတွေဟာ အဘိဓမ္မာတရားကိုယ်နဲ့ ပြောမယ်ဆိုရင် ဒေါမနဿဝေဒနာ၊ စိတ်ထဲမှာ မခံချိမခံသာဖြစ်ပြီး ဒေါသနဲ့ယှဉ်တွဲလာတဲ့ ခံစားချက်တစ်မျိုးပဲ၊ အနေရခက်တဲ့ ခံစားချက်ပဲ။ ဘာနဲ့ဥပမာတင်စားလဲဆိုရင် တစ်စုံတစ်ခုကြော်မလို့ ဆီတွေထည့်ထားတဲ့အခါ အောက်က မီးပြင်းပြင်းထိုးထားတယ်၊ ဒယ်အိုးမှာ ဆီတွေဆူလာတယ်၊ ပူပြီးဆူလာတဲ့ဆီတွေလိုပဲ လူတွေရဲ့ စိတ်နှလုံးဟာလည်း အဲဒီလိုဖြစ်လာတယ်။ အဲဒီသောကကို ပျောက်ချင်ရင် သတိပဋ္ဌာန်တရားပဲ ပွားရမယ်၊ နှလုံးသားကို ပူလောင်စေတတ်တဲ့သောကကို ဖယ်ရှားချင်ရင်တော့ ဒါဟာ တစ်ခုတည်းသောနည်းလမ်းပါပဲတဲ့၊ ဒီလမ်းကပဲ လျှောက်လှမ်းကြရမယ်။

သောကနဲ့တွဲဖက်ပြီး ပရိဒေဝဆိုတာ လာတယ်။ ရင်ထဲနှလုံးထဲမှာ ပူလောင်လာပြီဆိုရင် နှလုံးသားက ပူလောင်မှုကို မခံနိုင်တော့ဘူး။ မျက်လုံးကနေ မျက်ရည်တွေပေါက်ပေါက်ကျလာတယ်၊ ပြင်းထန်တဲ့သောကဒဏ်ကို မခံနိုင်လို့ ငိုကြွေးမှုဆိုတဲ့ ပရိဒေဝ ဖြစ်ပေါ်လာတယ်။ ပရိဒေဝဆိုတာ ငိုယိုတဲ့အသံကြီးပဲ၊ အဲဒီပရိဒေဝကို ပျောက်ကင်းစေချင်တယ်ဆိုရင်လည်း ဟောဒီသတိတရားကိုပဲ ပွားများရမှာပဲ၊ ဒါတစ်ခုတည်းသောနည်းလမ်းပဲ။

ဒါဘုန်းကြီးတို့တတွေ စဉ်းစားကြည့်ပေါ့၊ နေ့စဉ်နဲ့အမျှ ကိုယ့်မှာ သောကမရှိတဲ့လူရယ်လို့ တစ်ယောက်မှမရှိဘူး။ သူများအတွက် ပူစရာမရှိရင် ကိုယ့်အတွက်ပူမှာပဲ၊ မပူဘူးလို့ပြောတဲ့လူလည်း ပူတာပဲ၊ ပူမှန်းမသိလို့သာ။ တစ်စုံတစ်ခုဖြစ်တော့မယ်ဆိုရင် ပူလာတယ်၊ သတိတရားက သောကကိုလည်း ဖယ်ရှားနိုင်တယ်၊ ပရိဒေဝကိုလည်း ဖယ်ရှားနိုင်တယ်၊ ဉာတိဗျသန-ဆွေတွေမျိုးတွေ ပျက်စီးတယ်၊ ဘောဂဗျသန-စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးသွားတယ်၊ ရောဂဗျသန-ရောဂါဝေဒနာတွေ ဖြစ်လာတယ်၊ ကျန်းမာရေး ဆုံးရှုံးသွားတယ်။ လူတွေမှာ ဗျသနတရားတွေ့ကြုံလာရင် ပူတယ်၊ အဲဒီအပူတွေ ဖယ်ရှားပစ်ချင်ရင် သတိတရားကို ဖြစ်ပွားအောင် ကြိုးစားအားထုတ်ရမယ်၊ ဒီလိုဆိုလိုတာ။

နောက်တစ်ခုက “ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ”။ ဒုက္ခဆိုတာ ကိုယ်ဆင်းရဲမှု၊ ဒေါမနဿဆိုတာ စိတ်ဆင်းရဲမှု။ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုဆိုတာတွေ လူတွေဟာ ကြုံတွေ့နေကြရတယ်။ ကိုယ်ဆင်းရဲမှုဆိုတာ ကာယိကဒုက္ခ၊ ခေါင်းကိုက်တယ်၊ ဖျားနာတယ်၊ သွားကိုက်တယ်၊ ကျောအောင့်တယ်၊ စသဖြင့် ကာယိကဒုက္ခတွေ ခံစားရတဲ့နောက်မှာ နောက်ဆက်တွဲက ဒေါမနဿလိုက်လာတယ်။ အဲဒီအတွက် စိတ်ဆင်းရဲတယ်၊ ဒေါမနဿဆိုတာ စိတ်ထဲမှာ မကျေမနပ်ဖြစ်ပြီး စိတ်ဆင်းရဲတာ။ သောကနဲ့ ဒေါမနဿဟာ သဘာဝတရားချင်း တူတူပဲ၊ သို့သော် aspect လို့ခေါ်တဲ့ ဖြစ်ပုံဖြစ်နည်း ကွာတယ်။

သောကက တစ်စုံတစ်ခုဆုံးရှုံးသွားပြီ (သို့မဟုတ်) ဆုံးရှုံးတော့မယ်ဆိုရင် စိတ်ထဲမှာ ပူတဲ့ဟာကိုပြောတာ၊ ဒေါမနဿဆိုတာ မကျေနပ်လို့ဖြစ်စေ၊ တစ်ခုခုမဖြစ်ချင်တာဖြစ်နေလို့ဖြစ်စေ စိတ်ထဲမှာ မခံချိမခံသာဖြစ်နေတာ။ သဘာဝတရား ၂-ခုကတော့ ဒေါသနဲ့ယှဉ်လာတဲ့ ဝေဒနာချည်းပဲ၊ ဖြစ်ပုံချင်းမတူလို့ မြတ်စွာဘုရားက ခွဲဟောထားတာ၊ ဒေါမနဿကို ဒုက္ခနဲ့တွဲပြီး ဟောထားတယ်။

သွားကိုက်တယ်၊ ကိုက်ရမလား စိတ်ဆင်းရဲတယ်၊ ခေါင်းကိုက်တယ်၊ ကိုက်ရမလား စိတ်ဆင်းရဲတယ်၊ ရောဂါဖြစ်ရင် စိတ်ဆင်းရဲတယ်၊ ဒုက္ခဖြစ်ရင် ဒေါမနဿက နောက်ကလိုက်တယ်။ အဲဒီ ဒုက္ခဒေါမနဿဆိုတဲ့ စိတ်ကိုညစ်နွမ်းစေတတ်တဲ့ ပူလောင်ပင်ပန်းစေတတ်တဲ့တရားတွေကို ချုပ်ပျောက်စေချင်ရင်လည်း ဒီသတိပဋ္ဌာန်တရားကိုပဲ ပွားများအားထုတ်ရမယ်။

ဒီနေရာမှာ သောကတဲ့၊ ပရိဒေဝတဲ့၊ ဒုက္ခတဲ့၊ ဒေါမနဿတဲ့၊ နှလုံးသားကို စိတ်ဓာတ်ကို ပူလောင်စေတတ်တဲ့ နှလုံးသားရဲ့ နာကျင်မှု အပူ ၄-မျိုးကို ဟောဒီသတိပဋ္ဌာန်တရားက ဖယ်ရှားနိုင်တယ်။ လောကမှာ လူတွေဟာ ဒါတွေနဲ့ပဲ ခံရခက်နေကြတာ၊ ဒါတွေကို ကျော်လွှားနိုင်တယ်ဆိုရင် တန်ဖိုးကြီးတဲ့ကျင့်စဉ်ပဲ။

ဒီသတိပဋ္ဌာန်ကို ကျင့်လိုက်ရင် သောကလည်း မရှိတော့ဘူး၊ ပရိဒေဝလည်း မဖြစ်တော့ဘူး၊ ဒုက္ခလည်း မဖြစ်တော့ဘူး၊ ဒေါမနဿလည်း မလာတော့ဘူး၊ အားလုံးငြိမ်းချမ်းသွားမယ်။ ကျေနပ်စရာပဲ၊ ဒါသတိပဋ္ဌာန်ရဲ့ ကျေးဇူး ၄-မျိုးကို ဟောထားတယ်။

ဒါတင်လားဆိုတော့ အကောင်းဘက်ကလည်း ကြည့်ရမယ်၊ သတိပဋ္ဌာန်တရားပွားလာရင် “ဉာယဿ အဓိဂမာယ”။ ဉာယဆိုတာ မဂ္ဂင် ၈-ပါး၊ နိဗ္ဗာန်သွားတဲ့လမ်းကြောင်း။ မဂ္ဂင် ၈-ပါးဆိုတဲ့ နိဗ္ဗာန်သွားတဲ့လမ်းကြောင်းပေါ် ရောက်သွားတာ။ ဉာယဆိုတဲ့ လမ်းကြောင်းပေါ် တက်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ သတိပဋ္ဌာန်ကျင့်စဉ် ကျင့်လိုက်ရင် နိဗ္ဗာန်သွားတဲ့လမ်းကြောင်းပေါ်မှာ ရောက်သွားပြီတဲ့၊ လမ်းကြောင်းပေါ်တက်သွားပြီဆိုတဲ့ အဓိပ္ပါယ်နော်၊ အရိယမဂ်ဆိုတဲ့ လမ်းကြောင်းပေါ်ရောက်သွားပြီ။

နိဗ္ဗာန်ဆိုတာ ဒီတိုင်းဆုတောင်းနေလို့ရတာ မဟုတ်ဘူး၊ သတိပဋ္ဌာန်ကျင့်လိုက်တာနဲ့ နိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်သွားတယ်၊ ရောက်သွားမှ နိဗ္ဗာန်ကိုတွေ့နိုင်တယ်ပေါ့၊ လမ်းကြောင်းပေါ်မှ မရောက်သေးဘူးဆိုရင် မတွေ့နိုင်ဘူး။ ကြည့်လေ ဂြိုဟ်တုတွေ လွှတ်လိုက်တယ်ဆိုရင် ကမ္ဘာပတ်လမ်းကြောင်းထဲ ရောက်အောင်ပို့ရတယ်၊ ကမ္ဘာပတ်လမ်းကြောင်းထဲ မရောက်သေးရင် ဒီဂြိုဟ်တုက လမ်းမှန်မှန်သွားနေမှာ မဟုတ်ဘူး၊ အဲဒီလိုပဲ ဒီသတိပဋ္ဌာန်ကျင့်လိုက်ရင် နိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်သွားပြီတဲ့၊ ဒါလည်း အင်မတန်နှစ်သက်စရာကောင်းတယ်။

ဒါဖြင့် နိဗ္ဗာန်လမ်းကြောင်းပေါ်ပဲ ပို့တင်နိုင်သလားဆိုတော့ “နိဗ္ဗာနဿ သစ္ဆိကိရိယာယ”။ နိဗ္ဗာနဿ = နိဗ္ဗာန်ကို၊ သစ္ဆိကိရိယာယ = မျက်မှောက်ပြုဖို့ရာလည်းပဲ၊ ဧကာယနော = တစ်ခုတည်းသောလမ်းကြောင်းပဲတဲ့။ နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်ဆိုတဲ့အဓိပ္ပါယ်က ကိုယ်တွေ့သိရှိတာ၊ ဘုန်းကြီးတို့တတွေ နိဗ္ဗာန်အကြောင်း ပြောနေကြတယ်၊ မဂ်တရား ဖိုလ်တရား မရမချင်း နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သေးဘူး၊ ကိုယ်တွေ့မဟုတ်သေးဘူး၊ အပြောနဲ့ အတွေးနဲ့ မှန်းဆပြီးတော့ ကြည့်နေရတာ၊ သတိပဋ္ဌာန်တရားကို ကျင့်လိုက်ပြီဆိုရင် နိဗ္ဗာန်ကို ကိုယ်တိုင်တွေ့လိမ့်မယ်တဲ့၊ သစ္ဆိကိရိယာဆိုတာ မိမိစိတ်နဲ့ တကယ်သိတာ၊ အတွေးနဲ့ ကြည့်နေရတာ မဟုတ်ဘူး။

လူဆိုတာ အတွေးနဲ့ ကြည့်နေရတာ အများကြီးပဲ၊ ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့အရာတစ်ခုကို တစ်စုံတစ်ယောက်ကပြောရင် အတွေးလေးနဲ့ ကြည့်ရတယ်၊ အဲဒီအတွေးထဲပေါ်တာ ပုံမှန်မှ မဟုတ်ဘဲ အတွေးရိပ်ပဲရှိတာ၊ ပုံမှန်အရိပ်မဟုတ်ဘူး၊ ကိုယ့်မျက်စေ့ထဲက ထင်ယောင်မြင်ယောင် အတွေးသာဖြစ်တယ်။ သတိပဋ္ဌာန်ကျင့်စဉ်ကို ကျင့်လိုက်ပြီဆိုရင် ကိုယ်တိုင်လက်တွေ့ အစစ်သိရှိသွားနိုင်တယ်၊ ကိုယ်တိုင်အသိဉာဏ်နဲ့ ကိုယ်တွေ့သိနိုင်တယ်လို့ ဆိုလိုတယ်။

အဲဒီတော့ ပေါင်းလိုက်တဲ့အခါ သတိပဋ္ဌာန်ကျင့်စဉ်ကို ကြိုးစားအားထုတ်လိုက်ရင် အကျိုးကျေးဇူးဟာ ၇-မျိုးရတယ်တဲ့။ စိတ်ဓာတ်မှာ ကိလေသာအညစ်အကြေးတွေ ကင်းစင်သွားနိုင်တယ်၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿဆိုတဲ့ အဆိုး ၄-ပါး၊ နှလုံးသားရဲ့ ပူလောင်မှု ၄-မျိုးကို ဖယ်ရှားပစ်နိုင်တယ်၊ နိဗ္ဗာန်ဆိုတဲ့ လမ်းကြောင်းကြီးပေါ် ရောက်သွားနိုင်တယ်၊ နိဗ္ဗာန်ကို ကိုယ်တွေ့သိရှိနိုင်တယ်ဆိုတဲ့ ဒီအာမခံချက် အကျိုးကျေးဇူး ၇-မျိုးဟာ ဒီသတိပဋ္ဌာန်အကျင့်ကလွဲလို့ တခြားမရှိပါဘူးလို့ မြတ်စွာဘုရားက ဟောတာ။

ဒါကြောင့်မို့ ဒီပါဠိတော်မှာ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ၊ သတ္တာနံ ဝိသုဒ္ဓိယာ၊ သောကပရိဒေဝါနံ သမတိက္ကမာယ၊ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ၊ ဉာယဿ အဓိဂမာယ၊ နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ”။ ဒီအကျိုးကျေးဇူး ၇-ခုကို ယူဆောင်ပေးနိုင်တဲ့ တစ်ခုတည်းသောလမ်းကြောင်းဆိုတာ ဟောဒီသတိပဋ္ဌာန် ၄-မျိုးပဲတဲ့၊ ဒီသုတ္တန်ကို ဒီစကားရပ်နဲ့ အစချီထားတယ်။

အကျဉ်းချုပ် ဥဒ္ဒေသ

အဲဒီသတိပဋ္ဌာန် ၄-မျိုးဟာ ဘာလဲဆိုတော့ မြတ်စွာဘုရားက ပထမအကျဉ်းကလေး ဟောလိုက်တယ်၊ “ဣဓ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ”။ ဒါလေးတစ်ခု သဘောပေါက်သွားရင် ဟောပုံဟောနည်းတွေက အတူတူပဲ။

“ကာယေ ကာယာနုပဿီ ဝိဟရတိ”။ ကာယေ = ကာယဆိုတဲ့ အာရုံတစ်ခုပေါ်မှာ၊ ကာယာနုပဿီ = ကာယအနေနဲ့ ရှုမြင်တယ်။ ကာယကို ကာယအနေနဲ့ ရှုမြင်တယ်လို့ အဋ္ဌကထာဆရာတွေ ဖွင့်ထားတာရှိတယ်နော်။ “ကာယေ ကာယာနုပဿီ” ဆိုပြီး စကားနှစ်ထပ်သုံးရတာက ကွဲပြားခြားနားမှုရှိစေရန်ဖြစ်တယ်။ အာရုံကို ပိုင်းခြားကန့်သတ်ပြလို၍ နှစ်ထပ်သုံးထားတာ၊ ကာယကို ဝေဒနာလို့ မရှုဘူး၊ စိတ္တလို့ မရှုဘူး၊ ဓမ္မလို့ မရှုဘူးတဲ့၊ ကာယကို ကာယလို့ပဲ ရှုတယ်လို့ဆိုလိုတယ်၊ သူ့သဘာဝကို သဘာဝအတိုင်းပဲ ရှုတယ်၊ သတိဆိုတာ အရှိကိုမြင်ဖို့ လိုတာကိုး။

ကာယေ ကာယာနုပဿီလို့ ဒီလိုနှစ်ထပ်သုံးရတဲ့အဓိပ္ပါယ်ကို တစ်နည်းပြောရရင် ကာယာနုပဿီဆိုတာ ရှုမှတ်မှုဆိုတဲ့ အဓိပ္ပါယ်လေးတစ်ခုပဲရတယ်၊ ရှေ့က “ကာယေ” ဆိုတဲ့ စကားလုံးလေးကို ထပ်ထည့်ပေးလိုက်မှ ကာယကို ရှုမှတ်တယ်လို့ အဓိပ္ပါယ်ရတယ်၊ ဒါသဒ္ဒါရှုထောင့်က ပြောတာ။

ဥပမာတစ်ခုပြောရရင် ဝိနည်းကျမ်းထဲမှာ “သုဂတဿ သုဂတစီဝရပမာဏံ” ဆိုတဲ့ စကားလေးရှိတယ်။ သုဂတဿ = မြတ်စွာဘုရား၏၊ သုဂတစီဝရပမာဏံ = သင်္ကန်းရဲ့ပမာဏ။ ဆိုလိုတာက ဒီပါဠိစကားလုံး “သုဂတစီဝရ” မှာ ‘သုဂတ’ က မြတ်စွာဘုရားကို ဟောတယ်၊ စီဝရ က သင်္ကန်းကို ဟောတယ်။ “သုဂတဿ စီဝရံ” ဘုရားရဲ့ သင်္ကန်းလို့ တစ်ပုဒ်စီထားတဲ့အခါမှာ ဒီလိုအဓိပ္ပါယ်ရတယ်၊ သို့သော် ဒီ ၂-ပုဒ်ကို “သုဂတစီဝရံ” လို့ ပေါင်းစပ်လိုက်ရင် အဓိပ္ပါယ်ဟာ သာမန်သင်္ကန်းဖြစ်သွားတယ်တဲ့၊ သာမန်သင်္ကန်းဖြစ်သွားသည့်အတွက်ကြောင့် “မြတ်စွာဘုရားရဲ့ သင်္ကန်း” ဆိုတဲ့အဓိပ္ပါယ်ကို ပိုမိုထင်ရှားဖို့ရန်အတွက် ရှေ့က “သုဂတဿ” ဆိုတဲ့ စကားလုံးလေး ထပ်ထည့်ပေးရတယ်၊ ဒါဟာ ပါဠိစာပေရဲ့ ထုံးနည်းတစ်ခုပဲ။

နောက်ဥပမာတစ်ခုပြောရင် တေလဆိုတဲ့ စကားလုံးပဲ။ “တေလံ” ဆိုတဲ့ စကားလုံးရဲ့ definition က “တိလဿ ဣဒံ တေလံ”။ တေလဆိုတာ နှမ်းဆီလို့ပြောတာ၊ နှမ်းကရလာတဲ့ဆီလို့ ဆိုလိုတယ်။ သို့သော် “တိလဿ ဣဒံ” တုန်းက နှမ်းကတစ်ခု၊ ဆီကတစ်ခု အဓိပ္ပါယ်ရှိသော်လည်း “တေလံ” လို့ ပေါင်းလိုက်တဲ့အခါ ဆီသာမညဖြစ်သွားတယ်၊ ဆီသာမညဖြစ်သွားသည့်အတွက်ကြောင့် နှမ်းဆီလို့ပြောချင်ရင် “တိလတေလံ” လို့ ထည့်ပေးရတယ်၊ ထည့်မပေးရင် ဆီဆိုတဲ့ အဓိပ္ပါယ်ပဲရတယ်၊ ဒါက ပါဠိစကားလုံးရဲ့ ထုံးနည်းတစ်ခု။

အဲဒီအဓိပ္ပါယ်နဲ့ကြည့်မယ်ဆိုရင် ကာယာနုပဿီလို့ တစ်ပုဒ်တည်းပေါင်းလိုက်တဲ့အခါမှာ “ရှုမှတ်သည်” လို့ အဓိပ္ပါယ်ရတယ်၊ ဘာကိုရှုမှတ်တာလဲဆိုတာ သိရအောင် “ကာယေ” ဆိုတာကို ထပ်ထည့်လိုက်တယ်၊ ဒီလိုလည်း သဒ္ဒါရှုထောင့်ကနေ ပြောလို့ရတယ်ပေါ့။

“ကာယေ ကာယာနုပဿီ ဝိဟရတိ” = ကာယကို ရှုမှတ်တဲ့အခါ သတိနဲ့ ဉာဏ်နဲ့ ရှုမှတ်ရတယ်၊ သမာဓိစွမ်းအားတွေ ပါရမယ်။ အဲဒီလို ရှုမှတ်မှုအတွက် လိုအပ်တဲ့အင်္ဂါရပ်တွေကို မြတ်စွာဘုရားက တစ်ခါတည်းထည့်ဟောတယ်၊ အာတာပီ = အပြင်းအထန် ကြိုးပမ်းအားထုတ်မှု လုံ့လဝီရိယရှိရမယ်။ သမ္ပဇာနော = ရှုမှတ်နေတဲ့အခါ စိတ်အခြေအနေကို သဘောပေါက်နားလည်မှုဆိုတဲ့ ဆင်ခြင်ဉာဏ်ရှိရမယ်။ သတိမာ = သတိရှိရမယ်။ ကမ္မဋ္ဌာန်းအားထုတ်ပြီဆိုရင် ဝီရိယ၊ ပညာ၊ သတိဆိုတာ မပါမဖြစ် လိုအပ်တဲ့စွမ်းအားတွေပဲ၊ အဲဒါတွေကို မြတ်စွာဘုရားက ထည့်ပြီးဟောထားတယ်။

သတိပဋ္ဌာန်အလုပ်ဆိုတာ သတိလေးတစ်ခုတည်း လုပ်ရမှာမဟုတ်ဘူး၊ ဒါတွေအကုန်လုံးလိုတယ်။ သတိကို ထူထောင်တဲ့အခါမှာ လုံ့လဝီရိယလည်း ပါရတယ်၊ သမ္ပဇာန ပညာဉာဏ် အဆင်ခြင်လည်း ပါရတယ်၊ အဲဒီလို သဘာဝတရားတွေဟာ စုပေါင်းပြီး အလုပ်လုပ်ကြတယ်။ အထူးအားဖြင့်ပြောရရင် မဂ္ဂင် ၈-ပါးထဲက သမ္မာဝါယာမပါတယ်၊ သမ္မာသတိပါတယ်၊ သမ္မာဒိဋ္ဌိပါတယ်၊ သမ္မာသင်္ကပ္ပပါတယ်၊ အားလုံး ဒီကာရက မဂ္ဂင် ၅-မျိုး စုပြီးအလုပ်လုပ်တယ်။

ဒီသတိလေးနဲ့ ကိုယ့်သန္တာန်မှာရှိတဲ့ ကာယကို ရှုမှတ်နေပြီဆိုရင် ဘာတွေကို ဖယ်ရှားပြီး ရှုမှတ်နေတုန်း၊ တစ်ခုကိုယူရင် တစ်ခုဟာ ပျောက်ရစမြဲ၊ လူဆိုတာ ဟိုဘက်ကမ်းသွားရင် ဒီဘက်ကမ်း ချန်ခဲ့ရတယ်မဟုတ်လား၊ ဒီဘက်ကမ်းက မခွါဘဲနဲ့ ဟိုဘက်ကမ်းကို မရောက်နိုင်ဘူး၊ အဲဒီလိုပဲ သတိတရားလေးနဲ့ အာရုံကို ရှုမှတ်ပွားများလိုက်တဲ့အခါ ဘာတွေကို ဖယ်ရှားနိုင်လဲဆိုရင် နီဝရဏတရားတွေကို ဖယ်ရှားနိုင်ပါတယ်။

နီဝရဏဆိုတာ စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ စိတ်ကိုညစ်နွမ်းစေတဲ့ သဘာဝတရားတွေ၊ စိတ္တဿ ဥပက္ကိလေသ စိတ်ကို ပူလောင်ညစ်နွမ်းစေတယ်။ ဒါတင်မကဘူး၊ ပညာယ ဒုဗ္ဗလီကရဏ... ပညာကို အားပျော့သွားအောင်လုပ်တယ်၊ ကုသိုလ်စိတ်တွေ မဖြစ်အောင် ပိတ်ဆို့တယ်၊ အဲဒီနီဝရဏကို Hindrance လို့ ဘာသာပြန်တယ်၊ အဆို့အပိတ်တွေကြောင့် block ဖြစ်သွားတာ။ ရေမြောင်းတွေများ ပိတ်နေပြီဆိုရင် ရေမစီးတော့ဘူး၊ အဲဒီလိုပဲ နီဝရဏတရားတွေ မိမိစိတ်ထဲမှာ ဖြစ်လာပြီဆိုရင် ကုသိုလ်စိတ်တွေ မဖြစ်တော့ဘူး၊ အဲဒီနီဝရဏဆိုတဲ့ အဆို့အပိတ်တွေကိုလည်း ဒီသတိပဋ္ဌာန်ကျင့်စဉ် ကျင့်နေရင်းက ဖယ်ရှားပစ်နိုင်တယ်။

“ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ”။ နီဝရဏတရား ၅-ပါးရှိတဲ့အထဲက မြတ်စွာဘုရားက နာမည်ထုတ်ပြီး ၂-ခုပဲ ဟောလိုက်တယ်-အဘိဇ္ဈာ, ဒေါမနဿ။ ဒီနေရာမှာ အဘိဇ္ဈာဆိုတာ အဘိ-အာရုံကိုရှေ့ရှုပြီးတော့၊ ဈာ-လောဘနဲ့ ကြံတွေးခြင်း၊ အာရုံကိုရှေ့ရှုပြီး လိုချင်စိတ်နဲ့ ကြံတွေးနေတဲ့ လောဘကိုပြောတာ။ ဒီအဘိဇ္ဈာက မနောကံထဲပါတဲ့ အဘိဇ္ဈာနဲ့ မတူဘူးလို့ မှတ်ရမယ်၊ သတိမထားရင် အဘိဇ္ဈာဆို အတူတူပဲလို့ အောက်မေ့လိမ့်မယ်။

ဒီအဘိဇ္ဈာနဲ့ မနောကံထဲပါတဲ့ အဘိဇ္ဈာ ဘယ်လိုကွာလဲဆိုရင် မနောကံထဲပါတဲ့ အဘိဇ္ဈာက “ယံ ပရဿ တံ မမဿ” သူပိုင်တဲ့ပစ္စည်း ငါပိုင်ဖြစ်ရင် ကောင်းမှာပဲဆိုတဲ့ အတွေးနဲ့ လောဘပဲ။ ဒီမဟာသတိပဋ္ဌာန်သုတ်ထဲပါတဲ့ အဘိဇ္ဈာဆိုတာ အာရုံကိုရှေ့ရှုပြီး စိတ်ကူးတာ၊ လောဘနဲ့ နှစ်သက်စရာအာရုံကို စိတ်ကူးတယ်၊ အဲဒီနှစ်သက်စရာအာရုံကို တွေးတဲ့အတွေးလည်း ဒီသတိပဋ္ဌာန်ကျင့်စဉ် ကျင့်တဲ့အချိန်မှာ မပေါ်တော့ဘူး။

တစ်ခါတစ်ရံ နှစ်သက်စရာအာရုံချည်းတွေးတာမဟုတ်ဘဲ မနှစ်သက်စရာအာရုံကို တွေးရင် စိတ်က ဆန့်ကျင်မှုဆိုတာ ပေါ်လာတယ်၊ အဲဒါကို ဗျာပါဒလို့ခေါ်တယ်။ ဒီနေရာမှာတော့ ဒေါမနဿတဲ့၊ စိတ်ထဲမှာ မခံချိမခံသာဖြစ်တာ။ အာရုံက နှစ်သက်စရာဆိုရင် အဘိဇ္ဈာ၊ အာရုံက နှစ်သက်စရာမဟုတ်ဘူးဆိုရင် ဒေါမနဿ။

တစ်နည်းအားဖြင့် ကိုယ်လိုချင်တဲ့အာရုံလေးဟာ ဒီတိုင်းတည်နေတာမဟုတ်ဘဲ လက်လွတ်ဆုံးရှုံးသွားပြီဆိုရင် ဝမ်းနည်းကြေကွဲမှု ဒေါမနဿဆိုတာ ဖြစ်တယ်၊ အဲဒါတွေမဖြစ်အောင် တစ်ဖက်ကဖယ်ရှားတယ်၊ ပါရမှာက အာတာပီ-ဝီရိယ၊ သမ္ပဇာန-ဆင်ခြင်ဉာဏ်၊ သတိမာ-ထက်သန်တဲ့သတိတရား၊ အဲဒါတွေနဲ့ ရှုမှတ်နေမယ်ဆိုရင် အာရုံပေါ်မှာ လောဘနဲ့တွေးတဲ့အတွေး၊ လက်လွတ်ဆုံးရှုံးသွားလို့ ဝမ်းနည်းကြေကွဲတဲ့ အတွေးတွေ ခံစားချက်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်လို့ ဒီလိုပြောတာ။

လူတွေက အာရုံပေါ်မှာ ဒီအတိုင်းရပ်တည်နေတာပဲလေ။ မရှုမှတ်ဘူးဆိုရင် ကိုယ့်မျက်စေ့က မြင်လာတဲ့အာရုံပေါ်မှာ လှရင် လိုချင်တဲ့အတွေးနဲ့တွေးလိုက်တယ်၊ မလှဘူးဆိုရင် ဆန့်ကျင်တဲ့အတွေးနဲ့တွေးလိုက်ရော။ ကာယာနုပဿနာ-ကာယပေါ်မှာ ရှုမှတ်နေမယ်ဆိုရင် ဒီအတွေးတွေ မလာတော့ဘူး၊ သတိပဋ္ဌာန်ကျင့်တဲ့ အကျိုးကျေးဇူးတွေကို ဒီတိုင်းဟောထားတယ်။

ဝေဒနာကိုလည်း ဒီတိုင်းပဲ-“ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ”။ ခံစားချက်လေးပေါ်မှာ ရှုမှတ်နေမယ်၊ လုံ့လဝီရိယရှိရှိ အသိဉာဏ်ရှိရှိ သတိရှိရှိနဲ့ ကြိုးစားအားထုတ်နေပြီဆိုရင် ဝေဒနာပေါ်မှာ ကောင်းတဲ့ခံစားမှုဆိုရင် လောဘကတက်လာတယ်၊ မကောင်းတဲ့ခံစားမှုဆိုရင် စိတ်ထဲကမကျေနပ်တဲ့ ဆန့်ကျင်မှုလေးတွေဖြစ်လာတယ်၊ အဲဒီနှစ်မျိုးလုံး မဖြစ်စေရဘူး။

ထို့အတူပဲ “စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ”။ ကိုယ့်စိတ်ကလေးကို ရှုမှတ်နေတဲ့အချိန်မှာလည်း လုံ့လဝီရိယရှိရှိ အသိဉာဏ်ရှိရှိ သတိကောင်းကောင်းနဲ့ ရှုမှတ်နေတဲ့အခါ ဘာတွေကို ဖယ်ရှားပြီးဖြစ်တုန်းဆိုရင် ကိုယ့်စိတ်ထဲမှာ ကျေနပ်စရာအတွေးလေးပေါ်လာရင် လူက ဒီစိတ်ကူးလေးကို သဘောကျပြီး ထပ်တွေးချင်လာတယ်-အဘိဇ္ဈာ၊ ကျေနပ်စရာမကောင်းဘူးဆိုရင် ဆန့်ကျင်ဖက်အတွေးတွေတွေးလာတယ်-ဒေါမနဿ၊ အဲဒါမျိုးတွေ မဖြစ်ဘူးတဲ့၊ ဖယ်ရှားရမယ့်အင်္ဂါက ၂-ခု၊ ပါဝင်ရမယ့်အင်္ဂါက ၃-ခု၊ ပါဝင်ရမယ့်အင်္ဂါ ၃-ခုက အာတာပီ၊ သမ္ပဇာနော၊ သတိမာ၊ ဖယ်ရှားရမယ့်အင်္ဂါက အဘိဇ္ဈာနဲ့ ဒေါမနဿ၊ တရားအားထုတ်နေရင် ဒီအခြေအနေမျိုးတွေ ဖြစ်ရမယ်။

ထို့အတူပဲ ကျန်တဲ့သဘာဝတရားတွေနဲ့ ပတ်သက်တဲ့အခါ “ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ”။ ဓမ္မနဲ့ပတ်သက်ပြီး ရှုမှတ်လိုက်မယ်၊ အတွေးအခေါ်အကြံအစည်တွေ ခုနကပြောတဲ့ နီဝရဏတရားတွေ ကိုယ့်သန္တာန်မှာဖြစ်သမျှ အကုသိုလ်ပဲဖြစ်ဖြစ်၊ ကုသိုလ်ပဲဖြစ်ဖြစ် ဖြစ်သမျှသဘာဝတရားတွေပေါ် ရှုမှတ်ပြီးနေတယ်၊ ဘာတွေနဲ့ ရှုမှတ်လဲဆိုရင် အာတာပီ, သမ္ပဇာနော, သတိမာဆိုတာတွေနဲ့ ရှုတယ်။ အဲဒီလို ရှုလိုက်တဲ့အခါ ဖယ်ရှားပစ်တာက အဲဒီဓမ္မနဲ့ ပတ်သက်လာရင် ကျေနပ်စရာကောင်းတဲ့အခါ အဘိဇ္ဈာမဖြစ်အောင်, မကျေနပ်စရာဆိုရင် ဒေါမနဿမဖြစ်အောင် ဖယ်ရှားတယ်၊ အဲဒီအဘိဇ္ဈာ, ဒေါမနဿကို ဖယ်ရှားပြီး မိမိသန္တာန်မှာ ကောင်းတဲ့သဘာဝတရားတွေပဲ ဖြစ်အောင် သတိထားပြီး ကြိုးစားအားထုတ်တယ်။

အဲဒီသတိပဋ္ဌာန် ၄-ပါးကျင့်စဉ်ဟာ နိဗ္ဗာန်သွားဖို့ရာအတွက်၊ သတ္တဝါတွေ စိတ်ဓာတ်ဖြူစင်ဖို့အတွက်၊ သောကပရိဒေဝတွေ ကျော်လွှားနိုင်ဖို့အတွက်၊ ဒုက္ခဒေါမနဿတွေ ချုပ်ငြိမ်းသွားဖို့အတွက်၊ နိဗ္ဗာန်လမ်းကြောင်းကြီးပေါ် ရောက်ရှိသွားဖို့အတွက်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့အတွက် တစ်ခုတည်းသောလမ်းကြောင်းပါပဲ၊ ဒီလမ်းကပဲ အားလုံးလျှောက်ကြရမှာပါလို့ မြတ်စွာဘုရားက ဥဒ္ဒေသအကျဉ်းချုပ်အနေနဲ့ ဒီသုတ္တန်မှာ ဟောထားတာရှိပါတယ်၊ ဒါမဟာသတိပဋ္ဌာနသုတ်ရဲ့ နိဒါန်းသဖွယ် ဥဒ္ဒေသစကားပဲဖြစ်တယ်။

သတိရဲ့ အာရုံကို လေးမျိုးခွဲရခြင်း

ဒီနေရာမှာ အဋ္ဌကထာဆရာက သတိရဲ့ အာရုံကို ၄-မျိုးထဲ ထားရခြင်းအကြောင်းကို ရှင်းပြတယ်၊ ကာယလို့ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ဝေဒနာလို့ဆိုတဲ့ စိတ်ရဲ့ခံစားချက်၊ စိတ္တလို့ဆိုတဲ့ ကြံစည်တဲ့စိတ်၊ ဓမ္မလို့ဆိုတဲ့ ကျန်တဲ့သဘာဝတရား၊ အဲဒီလို ၄-မျိုးထဲ ကမ္မဋ္ဌာန်းအာရုံအဖြစ် မြတ်စွာဘုရား ဟောရခြင်းမှာ အကြောင်းရှိပါတယ်တဲ့။

ဘာအကြောင်းလဲလို့ အကျဉ်းချုပ်ပြောရရင် သတ္တဝါတွေမှာ ထင်ယောင်မြင်ယောင် မှားယွင်းနေတဲ့ အတွေးအမြင် အယူအဆတွေရှိတယ်။ သတ္တဝါတွေရဲ့ မှားယွင်းမှုလေးတွေ (အင်္ဂလိပ်လိုတော့ Perversion (သို့) Hallucination, ပါဠိစာပေလိုပြောရင် ဝိပလ္လာသပေါ့) မမှန်မကန် မှားမှားယွင်းယွင်း တွေးခေါ်ယူဆနေကြတာတွေရှိတယ်။ အဲဒီတွေးခေါ်ယူဆတဲ့ အတွေးတွေကို အရင်ဖယ်ရှားပစ်ဖို့ လိုအပ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ မှားမှားယွင်းယွင်း ယူဆထားတဲ့အတွေးတွေကို မပျောက်ဘဲနဲ့ အသိဉာဏ်ဆိုတာ မဖြစ်နိုင်ဘူး။

ဒါကြောင့်မို့ မှားမှားယွင်းယွင်းတွေးနေတဲ့ ဝိပလ္လာသအတွေးတွေဟာ ဘာတွေလဲဆိုရင် ကာယနဲ့ပတ်သက်လာရင် လူတွေက မလှတဲ့ခန္ဓာကိုယ်ကြီးပဲဖြစ်စေ လှတယ်လို့ပဲတွေးတာ၊ အလှအပကို ကြံဖန်ပြီးတော့တွေးတာ၊ မလှရင်လည်း လှအောင် ကြံဖန်ပြီး ပြင်တယ်လေ၊ အဲဒီတော့ ကာယကို လူတွေက သုဘ လို့ပဲမြင်တယ်၊ အသုဘလို့ မမြင်ဘူး၊ အလောင်းကောင်ကြီး မြင်မှ အသုဘလို့မြင်တယ်နော်၊ ကိုယ့်ကို အသုဘလို့ ပြောရင် စိတ်ဆိုး လိုက်မယ့် ဖြစ်ခြင်း။ ။

သို့သော် စဉ်းစားကြည့်မယ်ဆိုရင် ခန္ဓာကိုယ်ကြီးက သန့်ရှင်း သလားလို့ မေးလိုက်ရင် လူတွေဟာ နေ့စဉ်နဲ့အမျှ ရေမိုးချိုးပြီး အပြင်က နံ့သာတွေလိမ်းထားလို့ သန့်ရှင်းတယ် ထင်နေတာ။ အကယ်၍သာ နံ့သာတွေ အကူအညီမယူဘဲနဲ့ ရေမိုးမချိုးဘဲနဲ့ ထားကြည့်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုတောင် နှစ်သက်စရာ ရှိမှာ မဟုတ်ဘူးနော်၊ ဒါကြောင့်မို့ တကယ့်သဘာဝကို ကြည့်မယ် ဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်ဟာ အသုဘပဲ။ မတင့်တယ်ဘူး မလှပဘူး၊ ဒီအဓိပ္ပါယ်ပဲ၊ သို့သော် လူတွေက အစစ်အမှန်ကို ဖုံးကွယ် ထား ပြီးတော့ သုဘအနေနဲ့ ရှုမြင်ပြီး မှားမှားယွင်းယွင်း မြင်နေ ကြတယ်၊ ဒါကို ဝိပလ္လာသလို့ ခေါ်တယ်။

စိတ်ထဲက အသိတွေ မှားနေတယ်, အမှတ်တွေ မှားနေတယ်, အယူအဆတွေ မှားနေတယ်ဆိုတဲ့ မှားယွင်းမှု ၃-မျိုးပေါ့ သညာဝိပလ္လာသ, စိတ္တဝိပလ္လာသ, ဒိဋ္ဌိဝိပလ္လာသတွေပဲ၊ အဲဒါကို ဖယ်ရှားပစ်ဖို့ မြတ်စွာဘုရားက ကာယပေါ်မှာ “ကာယာနုပဿီ ဝိဟရတိ” လို့ အရှိကို အရှိအတိုင်း မြင်အောင် သတိထား ခိုင်းတာ၊ ဘုန်းကြီးတို့က အမှန်အတိုင်း မမြင်သည့် အတွက်ကြောင့် အရှိကို အရှိအတိုင်း မမြင်ဘူး၊ အတွေးတွေနဲ့ ဖုံးထားတယ်၊ အဲဒီလို မမြင်သည့်အတွက်ကြောင့် မြတ်စွာဘုရားက တကယ့် အသုဘ အစစ်အမှန်ကို သုဘလို့ ထင်နေတဲ့ မှားယွင်းတဲ့ အတွေးစိတ်တွေကို ကာယာနုပဿနာဆိုတဲ့ အလေ့အကျင့်နဲ့ ဖယ်ရှားပစ်ပါလို့ ဒီလိုခိုင်းတာ။

နောက်တစ်ခုက သုခဆိုတဲ့အထင်၊ လူတွေက အမြဲတမ်း ချမ်းသာတာကိုပဲတွေးတယ်၊ ချမ်းသာတာကိုပဲ ကြံနေတယ်၊ ကမ္ဘာပေါ်က လူတွေကိုပဲကြည့်။ နှစ်သစ်ကူးဆိုရင် Happy New Year လို့ လာကုန်ပြီ၊ Happy! Happy!နဲ့ နေတာပဲ၊ ချမ်းသာမှုဆိုတာကိုပဲ ရှာတာ၊ အဲဒီတော့ ဝေဒနာဆိုတဲ့ ခံစားမှုလေးတွေဟာ ချမ်းသာမှုလို့ပဲ တွက်တယ်လေ၊ ချမ်းသာရင် သုခဝေဒနာ စိတ်ထဲမှာ ကျေနပ်ရင် သောမနဿဝေဒနာ၊ အဲဒီ သုခဝေဒနာသည်ပင် တကယ့်ချမ်းသာအစစ်ဆိုပြီး စိတ်ထဲမှာ အတွေးမှား, အကြံမှား, အသိမှားတွေ ဝင်နေတယ်၊ မြတ်စွာဘုရားက သုခ မဟုတ်ဘူး ဒုက္ခဆိုတာ သိအောင် ဝေဒနာနုပဿနာ ရှုပါတဲ့၊ နို့မို့ဆိုရင် ကိုယ့်ရဲ့ခံစားချက်တွေဟာ ကျေနပ်စရာလေးတွေ ဖြစ်နေတယ်ပေါ့၊ ဒါ့ကြောင့်မို့ ဝေဒနာနုပဿနာကို မြတ်စွာ ဘုရား ဟောပါတယ်။

နောက်တစ်ခါ စိတ္တာနုပဿနာ- ကိုယ့်စိတ်ကလေးနဲ့ ပတ်သက်ပြီး လူတွေဟာ ငါ့စိတ်ကလေး ထာဝရရှိနေတယ်လို့တွေးကြတယ်၊ တကယ်တော့ စိတ်ဟာ လျင်မြန်တဲ့အဟုန်နဲ့ ရွေ့လျားနေတာ၊ စိတ်တစ်ခုရဲ့ အတိုင်းအတာဟာ ဘယ်လောက်မှ မကြာဘူး၊ ခဏငယ် ၃-ချက်ဆိုတာ တစ်စက္ကန့်ကို အပုံများ စွာပုံပြီးမှ သူ့ရဲ့ အချိန်လေးကို ပြောလို့ရမယ်၊ လက်ဖျစ်တစ်တွက် အချိန် ကလေးမှာ စိတ်ဟာ ကုဋေတစ်သိန်းလောက် ဖြစ်နိုင်တယ်ဆိုတော့ နည်းတာ မဟုတ်ဘူး၊ သို့သော် သိပ်မြန်တဲ့ နှုန်းနဲ့ သွားနေတဲ့ စိတ်ကိုပဲ မြဲတယ်လို့ထင်ကြတယ်၊ အဲဒီအတွေးဟာ မှားတဲ့အတွေးပဲ၊ အဲဒီ မှားနေတဲ့ အတွေးကို မှန်ကန်လာအောင် ဒီအတွေးတွေ ပျောက်အောင် စိတ္တာနုပဿနာကို မြတ်စွာဘုရားက ဟောတာပါ။ ။

ဒါက သတိကောင်းကောင်း ထူထောင်ပြီးတော့ သတိစွမ်း အားထက်လာမှ မမြဲတဲ့သဘောဟာ ပိုထင်ရှားတာ၊ ဗမာစကား တောင် ရှိသေးတယ်၊ “သတိမမူ ဂူမမြင်”တဲ့၊ သတိတရားဟာ အလွန်အရေးကြီးတယ်၊ သတိထားလာရင် စိတ္တာနုပဿနာမှာ မမြဲတဲ့သဘောတွေတွေ့လာတယ်၊ အလွန်လျင်မြန်တဲ့ စိတ်လေးရဲ့ မမြဲတဲ့ သဘောတွေကို သိလာတယ်။

နောက်ဆုံး တစ်ခုက ဓမ္မာနုပဿနာ၊ ဓမ္မဆိုတာ ကျန်တဲ့ စိတ်စေတသိက်ရုပ်တွေ၊ စိတ်ထဲမှာ ပေါ်လာတဲ့ အခြေအနေတွေအားလုံးပဲ ဖြစ်တယ်။ ဒီ သဘာဝတရားတွေကို ကြည့်ပြီး ငါဆိုတဲ့ အတွေး (သို့ မဟုတ်) အတ္တဆိုတဲ့အမြင်မျိုး မြင်နေ ကြတာ၊ အဲဒီ မှားယွင်းတဲ့ အတွေးတွေ မှားယွင်းတဲ့ မှတ်သားမှုတွေ၊ မှားယွင်းတဲ့အသိတွေကို ဖယ်ရှားပစ်ဖို့အတွက် ဓမ္မကိုလည်း သတိနဲ့စောင့်ကြည့်ဖို့ မြတ်စွာဘုရား ဟောကြားခဲ့ ပါတယ်။

လူတွေမှာ မှားနေတာက မတင့်တယ်တာကို တင့်တယ်တယ်လို့ မချမ်းသာတာကို ချမ်းသာတယ်လို့ မမြဲတာကို မြဲတယ်လို့, အတ္တမဟုတ်တာကို အတ္တဟုတ်တယ်လို့ ထင်တယ်။ အဲဒီ မှားယွင်းနေတဲ့အမြင်တွေကို ဖယ်ရှားဖို့အတွက် သတိရဲ့ အာရုံ ၄-မျိုးကို ဟောပြီး ဒီပေါ်မှာ လေ့ကျင့်လိုက်ရင် အထင် မှားမှုတွေဟာ အားလုံး ဖယ်ရှားပစ်နိုင်ပြီတဲ့၊ ဒါကြောင့်မို့ မြတ်စွာ ဘုရားဟာ သတိပဋ္ဌာန်တရားကို ၄-မျိုးထဲ ဟောတာပါတဲ့။

နောက်တစ်နည်း ရှင်းပုံတစ်ခု ရှိသေးတယ်၊ တရားအား ထုတ်မယ်ဆိုရင် လမ်းစဉ် ၂-မျိုးရှိတယ်.. သမထလမ်း ဝိပဿနာလမ်း၊ သမထကျင့်စဉ်နဲ့ သွားမှာလား, ဝိပဿနာကျင့်စဉ်နဲ့ သွားမှာလား၊ သမထကျင့်စဉ် ကျင့်တဲ့ လူဟာလည်း ထက်မြက်တဲ့ ပုဂ္ဂိုလ်ရှိသလို ညံ့တဲ့ပုဂ္ဂိုလ်လည်း ရှိတယ်၊ ညံ့တဲ့ပုဂ္ဂိုလ်အတွက် မြတ်စွာဘုရားက ထင်သာမြင်သာအောင် ကာယာနုပဿနာကို ပေးထားတာ၊ သမထကျင့်စဉ် ကျင့်ချင်ရင် ကာယာနုပဿနာနဲ့ ကျင့်လို့ ပြောတာ၊ ထက်မြက်တဲ့ ပုဂ္ဂိုလ်ကျတော့ အဲဒီထက် သိမ်မွေ့တဲ့ ဝေဒနာနုပဿနာနဲ့ ကျင့်ပါလို့ ပြောတာ၊

ကျင့်တဲ့ပုဂ္ဂိုလ်က “တပည့်တော်တို့တော့ ဝိပဿနာလမ်း ကြောင်းပဲ တိုက်ရိုက်သွားမယ်” ဆိုရင်.. သိပ်ပြီး မထက်မြက်တဲ့ ပုဂ္ဂိုလ်ဆို စိတ္တာနုပဿနာ၊ စိတ်ဆိုတာ သိသာတယ်ပေါ့၊ ကျန်တဲ့ ဓမ္မတွေကျတော့ သိဖို့ နဲနဲခက်လာတယ်၊ ဒါကြောင့် ဓမ္မာနုပဿနာက ထက်မြက်တဲ့ ပုဂ္ဂိုလ်အတွက် ဖြစ်တယ်၊ ဒီလို သမထယာနိက အတွက်က ၂-ခု၊ ဝိပဿနာယာနိက အတွက်က ၂-ခုဆိုတော့ ၄-ခု မဖြစ်ဘူးလား၊ အာရုံ ၄-မျိုး ခွဲဟောတယ်။

နောက်တစ်ခု အဋ္ဌကထာဆရာတွေ ရှင်းပြတာက ပုဂ္ဂိုလ်ဆိုတာ ၂-မျိုးရှိတယ်၊ အတွယ်အတာ အားကြီးတဲ့ပုဂ္ဂိုလ်က တစ်မျိုး၊ အတွေးအမြင် မှားယွင်းတဲ့ ပုဂ္ဂိုလ်က တစ်မျိုး၊ အတွယ်အတာ အလေ့အကျင့် ရနေတဲ့ပုဂ္ဂိုလ်ဟာ တဏှာဝိစရိတ-တဏှာ အဖြစ်များတဲ့ပုဂ္ဂိုလ်က တစ်ခု၊ ဒိဋ္ဌိဝိစရိတ အယူအဆ မှားယွင်းတဲ့ ပုဂ္ဂိုလ်က တစ်ခု။

လောကမှာ ဒီလို ပုဂ္ဂိုလ်၂-မျိုး ရှိတဲ့အထဲက တဏှာဝိစရိတ-အတွယ်အတာအဖြစ်များတဲ့ပုဂ္ဂိုလ်အတွက် အတွယ်အတာဖြစ်မှုက သိပ်ပြီးတော့ မထက်မြက်ဘူးဆိုရင်၊ မပြင်းထန်ဘူးဆိုရင် ကာယာနုပဿနာကို ကျင့်ရမယ်၊ ပြင်းထန်မယ်ဆိုရင် ဝေဒနာနုပဿနာကို ကျင့်ရမယ်။

တစ်ခါ ဒိဋ္ဌိဝိစရိတ-အယူအဆမှားယွင်းတဲ့ပုဂ္ဂိုလ်ကလည်း ထက်မြက်သူနဲ့ မထက်မြက်သူရှိတယ်၊ မထက်မြက်သူ ဆိုရင် စိတ္တာနုပဿနာကျင့်၊ ထက်မြက်သူဆိုရင် ဓမ္မာနုပဿနာကျင့်ရမယ်၊ တဏှာဝိစရိတပုဂ္ဂိုလ်အတွက် ၂-မျိုး၊ ဒိဋ္ဌိဝိစရိတပုဂ္ဂိုလ် အတွက်က ၂-မျိုးဆိုပြီး အာရုံ ၄-မျိုး ဒီလို ဟောတာပါတဲ့။ ဒါက အဋ္ဌကထာဆရာကြီးရဲ့ ရှင်းလင်းချက်နော်။ ။

အဋ္ဌကထာဆရာကြီးတွေရဲ့ ရှင်းလင်းချက်ဟာ ရဟန္တာ ပုဂ္ဂိုလ်ကြီးတွေရဲ့ ရှင်းလင်းချက်ပဲ၊ လက်တွေ့နဲ့ ရှင်းထားတာ၊ မြတ်စွာဘုရားရဲ့ တရားတော်ကို ကိုယ်တိုင်သိပြီး ကျင့်ထားတဲ့ ရှင်သာရိပုတ္တရာတို့လို တရားနဲ့ ပတ်သက်ပြီး အသေးစိတ် နားလည် ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ ရှင်းသွားတာကို အစဉ် အဆက် မှတ်တမ်းတင်ထားတာဟာ အဋ္ဌကထာပဲ၊ အဲဒီ အဋ္ဌကထာမှာ ရှင်းထားတဲ့အတိုင်း သတိပဋ္ဌာန် ၄-ပါးနဲ့တင် နိဗ္ဗာန် ရောက်ဖို့ရာ လုံလောက်တယ်။

အဲဒီတော့ လောကမှာ ကာယ ဝေဒနာ စိတ္တ ဓမ္မဆိုတဲ့ နာမည်တွေ မသုံးတတ်ပေမယ့်လို့ တရားကျင့်ပြီး သောတာပန် ဖြစ်သွားတာတွေ၊ သကဒါဂါမ် ဖြစ်သွားတာတွေ၊ အနာဂါမ် ဖြစ်သွားတာတွေ (သို့မဟုတ်) မြတ်စွာဘုရား တရားဟော လိုက်လို့ တရားနာရင်း practice လုပ်တာ ဖြစ်တယ်၊ အဋ္ဌကထာ ဆရာက တရားကို လေးလေးစားစား အာရုံစိုက် နာနေတာဟာ practice လုပ်နေတာပဲတဲ့။

ဒါကြောင့်မို့ အဲဒီလို လုပ်နေတဲ့ပုဂ္ဂိုလ်ဟာ ဘုရားလက် ထက်ကဆိုရင် တရားနာရင်းနဲ့ သောတာပန် ဖြစ်သွားတာ၊ သကဒါဂါမ်ဖြစ်သွားတာ၊ အနာဂါမ် ဖြစ်သွားတာတွေ ရှိတယ်။ လူတွေက အဲဒီသူတွေဟာ ဝိပဿနာ ဉာဏ်အဆင့် မပါဘဲနဲ့ သူ့ ဟာသူ ဒီတိုင်း ပေါက်သွားတယ်လို့ ထင်ကောင်းထင်လိမ့်မယ်၊ မဟုတ်ပါဘူး- ဧကာယနော ဒီလမ်းကြောင်းကပဲ သွားတာပါ။ မြန်တယ်၊ လမ်းတူပေမယ့်လို့ ခြေလျှင် လျှောက်သွားရင် နှေးနေ မှာပေါ့၊ ကားစီးသွားရင် မြန်တာပေါ့၊ အဲဒီတော့ အင်္ဂုတ္တိုရ် ထဲက သုတ္တန်တစ်ခုမှာ ဟောထားတယ်၊ (ဒါလေးကို သတိထားဖို့ပေါ့)၊ “တစ်မဂ်တစ်ဖိုလ်ရပြီး သံသရာဝဋ်ဆင်းရဲက လွတ်သွားတဲ့ ပုဂ္ဂိုလ် တိုင်းဟာ နီဝရဏ ၅-ပါးကို ဖယ်ရှားပြီး သတိပဋ္ဌာန် ၄ပါးပေါ်မှာ အခြေစိုက်လို့ ဗောဇ္ဈင် ၇-ပါးကို ပွားပြီးမှ သွားကြတာချည်းပဲ”တဲ့၊ ဒါကိုတော့ သေချာမှတ်ထားပါ။

ဆိုပါစို့ .. ဝိသာခါ ၇-နှစ်သမီးက သောတာပန်ဖြစ်တယ်၊ လူကသာ ၇-နှစ်လေ၊ အသိဉာဏ်က ၇-နှစ် မကဘူး၊ အဲဒီလိုလည်း ထည့်တွက်ဦးနော်၊ အနာထပိဏ်သူဌေး သောတာပန်ဖြစ်သွားတယ်၊ လူကတော့ စီးပွားရှာနေတဲ့ သူဌေးတစ်ယောက်ပဲ။ ကုန်ရောင်းကုန်ဝယ်လုပ်နေတာ၊ ဒါပေမယ့် သူ့အသိဉာဏ်က နည်းတာ မဟုတ်ဘူး။

မြတ်စွာဘုရားက တရားဟောတဲ့အခါ ရှေ့ပိုင်းမှာ စိတ်ဓာတ် အခြေအနေတွေကို သန့်ရှင်းအောင်လုပ်ပြီး ဒါနကထာတို့၊ သီလကထာတို့၊ သဂ္ဂကထာတို့၊ ကာမာနံ အာဒီနဝကထာတို့၊ ဒါနအကြောင်းဟောမယ်၊ သီလအကြောင်းဟောမယ် ဒါပြီးရင် ဒါနသီလရှိရင် ဒီလိုအကျိုးကျေးဇူးတွေ ရနိုင်တယ်လို့ သဂ္ဂကထာ ဟောတယ်၊ ပြီးတော့ ကာမဂုဏ်အာရုံဆိုတာ တစ်ခုမှ မကောင်းဘူး၊ အဲဒီကာမဂုဏ်အာရုံတွေ စွန့်လွှတ်တာပဲ ကောင်းတယ်ဆိုတဲ့ ဒီ “အနုပုဗ္ဗကထာ” ဟောနေကျတရားစဉ်နဲ့ လူရဲ့ သန္တာန်မှာရှိတဲ့ စိတ်အညစ်အကြေးတွေ ဆေးကြောပစ်လိုက်တယ်၊ ပြီးတော့ မြတ်စွာဘုရားက ... “သာမုက္ကံသိက ဓမ္မဒေသနာ” လို့ ခေါ်တဲ့ ဒုက္ခ သမုဒယ နိရောဓ မဂ္ဂဆိုတဲ့ သစ္စာ ၄-ပါးကို ဟောတာ။

သစ္စာ ၄-ပါးကို ဟောတယ်ဆိုတာ အလုပ်ပေးတရား ဟောတာနော်၊ တချို့က သစ္စာ ၄-ပါး ဆိုရင် အလုပ် မဟုတ်ဘူးလို့ ထင်နေကြတယ်၊ ဒုက္ခလို့ ဟောတာ ဒုက္ခကို မြင်အောင် ကြည့်ခိုင်းတာပဲ၊ ဝိပဿနာဉာဏ်နဲ့ ကြည့်ရမှာ၊ ဒုက္ခသစ္စာဆိုတာ ဝိပဿနာရဲ့ အာရုံ၊ ဘာကျင့်ရမတုန်း၊ ဒုက္ခနိရောဓဂါမိနီပဋိပဒါဆိုတဲ့ မဂ္ဂင် ၈-ပါး ကျင့်ရမယ်၊ အဲဒါက ဘာဝနာလုပ်ငန်းပဲ။ ကမ္မဌာန်းကျင့်တာ၊ အာရုံက ဒုက္ခ, ကမ္မဋ္ဌာန်းကျင့်တဲ့အရာက မဂ္ဂသစ္စာ, ဖယ်ရှားလိုက်တာက ဒုက္ခသမုဒယ, ရရှိလာတဲ့ အကျိုးက ဒုက္ခနိရောဓ၊ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းကျင့်စဉ်နဲ့ ရရှိလာတဲ့ အကျိုးကို အကျဉ်းချုပ် ဟောတာပဲ။

အဲဒါကြောင့် သစ္စာ ၄-ပါးဟောတယ်ဆိုတာ လုပ်ငန်းစဉ်ကို ဟောတာပဲ၊ ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ ဒုက္ခနိရောဓဂါမိနီပဋိပဒါဆိုတဲ့ မဂ္ဂင် ၈-ပါးနဲ့ ဒုက္ခသစ္စာပေါ်မှာ အလုပ်လုပ်တဲ့၊ အလုပ်လုပ်ရင် တစ်ဖက်က သမုဒယကိုဖယ်ရှားပြီး တစ်ဖက်က နိရောဓသစ္စာကို မျက်မှောက်ပြုမယ်-ဒါပဲ၊ ဒီနေရာမှာ ဒုက္ခ သစ္စာကို ဘာနဲ့ကြည့်မလဲဆိုရင် သတိပဋ္ဌာန် ၄-ပါးနဲ့ ကြည့်ရမယ်၊ ဒုက္ခဟာ သတိပဋ္ဌာန် ၄-ပါး ရဲ့ အာရုံပဲ။

အဲဒါကြောင့် သမာဓိထူထောင်ခြင်းဖြင့် နီဝရဏတရားတွေကို ဖယ်ရှားလိုက်တယ်၊ သတိထူထောင်ခြင်းဖြင့် သတိပဋ္ဌာန်ပေါ်မှာ စိတ်ကိုအခြေစိုက်ပြီးတော့ ဗောဇ္ဈင် ၇-ပါး အကျင့်တရားကို ပွားများခြင်းဖြင့် သံသရာဝဋ်က လွတ်သွားနိုင်တယ်။ ဘုရားပဲ ဖြစ်ဖြစ်, ပစ္စေကဗုဒ္ဓါပဲဖြစ်ဖြစ်, ရဟန္တာပဲဖြစ်ဖြစ်, သောတာပန် သကဒါဂါမ်, အနာဂါမ်ပဲဖြစ်ဖြစ် ဒီလမ်းတစ်ခုတည်းက ဒီကျင့်စဉ်နဲ့ သွားတယ်လို့ပဲ မှတ်ပါ၊ အဲဒါတွေ မကျင့်ဘဲနဲ့ သောတာပန်ဖြစ်တာ မရှိဘူး၊ တစ်ခြားနည်းနဲ့ သောတာပန် ဖြစ်နိုင်တာ မရှိဘူး၊ သကဒါဂါမ်ဖြစ်တာ မရှိဘူး၊ အနာဂါမ် ဖြစ်တာ မရှိဘူး၊ တစ်ချို့က တရားလေး နာလိုက်တာနဲ့ ကျွတ်သွားတယ်ဆိုတာကို မကျင့်လိုက်ရဘူးလို့ အောက်မေ့ကြတယ်။ မဟုတ်ဘူး၊ သစ္စာ ၄-ပါးကို ရှင်းပြလိုက်တဲ့ အချိန်မှာ နာယူ မှတ်သားရင်း ကျင့်ပြီးသား ဖြစ်သွားတယ်၊ အသိဉာဏ်ဆိုတာ အလွန်လျင်မြန်တယ်၊ ခုပြော ခုသိတာပဲလေ၊ ဒီနေရာမှာ အသိဉာဏ်ရဲ့ အရာသာ ဖြစ်ပါတယ်။ ။

ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ ဒီသတိပဋ္ဌာန် တရား ၄-ပါး အခြေခံအားဖြင့် သံသရာဝဋ်ကကျွတ်ပြီး ခုနတုန်း ကပြောခဲ့တဲ့ အကျိုးတရားကျေးဇူးတွေ ရရှိဖို့အတွက် ဒါတစ်ခု တည်းသောနည်းလမ်းပဲ၊ နိဗ္ဗာန်ကိုရောက်ဖို့ရာအတွက် တစ်ခု တည်းသောနည်းလမ်းပဲဆိုတာ နောက်ရက်များမှ ကာယာနုပဿနာ အကျဉ်းချုပ် ၁-ရက် ဟောမယ်၊ ဝေဒနာနုပဿနာ အကျဉ်းချုပ် ၁-ရက်ဟောမယ်၊ စိတ္တာနုပဿနာအကျဉ်းချုပ် ၁-ရက်ဟောမယ်။ မဟာသတိပဋ္ဌာနသုတ်ကြီးမှာ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းအာရုံ ကမ္မဋ္ဌာန်းအားထုတ်နည်း ၂၁-မျိုး ပေးထားတယ်၊ အဲဒီ ၂၁-မျိုးထဲက ဘယ်လမ်းကပဲ လျှောက်လျှောက် ဘယ်အာရုံနဲ့ပဲ သွားသွား ကိုယ့်သန္တာန်မှာ သတိတရား ထူထောင်ပြီး ကိလေသာ အာသဝေါတွေ ကင်းဝေးရန် အဓိကဖြစ်တယ်လို့ သဘောကျပြီး ကျင့်စဉ်အတိုင်း ကျင့်ကြံ ကြိုးကုတ် အားထုတ်နိုင်ကြပါစေ ကုန်သတည်း။

ကာယာနုပဿနာ

သာသနာတော်နှစ်-၂၅၅၃၊ ကောဇာသက္ကရာဇ် ၁၃၇၁ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက်၊ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း တောင်ရပ်ကွက်၊ ဇေယျ သုခလမ်း ဓမ္မာရုံအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သော ညဉ့်ဦးယံ ဓမ္မသဘင်အခမ်းအနား၌ စမ်းချောင်းမြို့နယ် ဇေယျ သုခလမ်း အမှတ်(၃ဝ)နေ ဦးဉာဏ်မြင့်+ဒေါ်သိန်းသိန်း မိသားစု ၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “မဟာသတိပဋ္ဌာနသုတ် အနှစ်ချုပ် တရားဒေသနာတော်” ဒီကနေ့ည ကာယာနုပဿနာ အပိုင်းကို ဟောပါမယ်။ ။

ကာယာနုပဿနာ- ကာယကိုအဖန်တလဲလဲ ရှုမြင်သုံးသပ် ခြင်း (Contemplation of the body)။ အနုပဿနာဆိုတာ အဖန်ဖန်အထပ်ထပ် ဆင်ခြင်သုံးသပ်ပြီး ရှုမြင်ခြင်း၊ ကာယဆိုတဲ့ ကမ္မဋ္ဌာန်းအာရုံ meditation object တစ်ခုပေါ်မှာ သတိ, ဉာဏ်, ဝီရိယတွေနဲ့ စဉ်ဆက်မပြတ် အကြိမ်ကြိမ် အထပ်ထပ် ဆင်ခြင် သုံးသပ်နေတာကို ကာယာနုပဿနာလို့ ခေါ်တယ်။ ။

မဟာသတိပဋ္ဌာနသုတ်မှာ ကမ္မဋ္ဌာန်းအာရုံ ၂၁-မျိုးပေး ထားတဲ့အနက် ကာယာနုပဿနာနဲ့ စပ်ဆိုင်တဲ့ကမ္မဋ္ဌာန်း ၁၄-မျိုး ရှိတယ်၊ အဲဒီ ၁၄-မျိုးကို အပိုင်း၆-ပိုင်းခွဲပြီး မြတ်စွာဘုရားက ဟောထားတယ်၊ အဲဒီအပိုင်း ၆-ပိုင်းနဲ့ မိမိရဲ့ သတိစွမ်းအားတွေ၊ ဉာဏ်စွမ်းအားတွေ အဓိကအားဖြင့် ဒီစွမ်းအား ၂-ခု ထက်လာအောင် လေ့ကျင့်ပေးတာ၊ ဒီကနေ့ခေတ်မှာတော့ ကမ္မဋ္ဌာန်းထိုင်တယ် တရားအားထုတ်တယ် (Meditation Practice) လို့ ဒီလို ပြောနေကြတယ်။

ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတာ စိတ်ကို အာရုံနဲ့ လေ့ကျင့်ပေးတာပဲ၊ ကာယာနုပဿနာဆိုတာ ကာယဆိုတဲ့အာရုံနဲ့ စိတ်ကိုလေ့ ကျင့်ပေးတာ၊ စိတ်ဆိုတဲ့နေရာမှာ အဓိကက ကာယပေါ်မှာ သတိလေး ကွာမသွားအောင် လေ့ကျင့်ပေးတာ၊ သတိကွာမသွားရင် ကာယရဲ့ အနေအထား, ကာယရဲ့ သဘာဝ, ကာယရဲ့ လုပ်ဆောင်မှု ကာယရဲ့ ပေါ်လာတဲ့အခြင်းအရာတွေ၊ ထိုကာယရဲ့ အနီးကပ်ဆုံးအကြောင်းဆိုတာတွေကို ထင်ထင်ရှားရှားသိနိုင်တဲ့အသိဉာဏ် ပေါ်လာတယ်၊ အဲဒီလို သတိကပ်ပြီးတော့ အမြဲမပြတ် ကြည့်ရှု လိုက်တဲ့အခါ ဉာဏ်ရည်ဉာဏ်သွေးတွေ ထက်လာပြီး ပိုပိုပြီးတော့ သဘောပေါက်လာတယ်၊ အဲဒီလို သဘောပေါက်အောင်လေ့ကျင့်တဲ့နည်းတွေကို မြတ်စွာဘုရားက ဟောထားတာပါ။

ဒီကနေ့ မြတ်စွာဘုရားဟောထားတဲ့ နည်းစနစ်တွေအတိုင်း ဘုန်းကြီးတို့ အကျဉ်းချုပ်ပြီးတော့ ဟောပါမယ်၊ အနှစ်ချုပ်ဆိုတဲ့ အတိုင်း အကျယ်တဝင့် မဟောပါဘူး၊ မြတ်စွာဘုရား ဟောထားတဲ့ အဓိပ္ပါယ်လေးတွေ နားလည်ရုံ အနှစ်ချုပ်လေးတွေ ဟော ပါမယ်။

သတိပဋ္ဌာန်ဆိုတာ မြန်မာနိုင်ငံမှာ ထွန်းကားနေတဲ့ ရိပ်သာ အမျိုးမျိုးက ပြနေကြတဲ့ သတိပဋ္ဌာန်ပါပဲ၊ ဒီတရားက လွဲပြီး အားထုတ်စရာလည်း မရှိပါဘူး၊ မြတ်စွာဘုရားကိုယ်တိုင်က ကာယ, ဝေဒနာ, စိတ္တ, ဓမ္မဆိုပြီးတော့ ဟောခဲ့တာ၊ လူ့သန္တာန်မှာ ကမ္မဋ္ဌာန်းအာရုံအဖြစ် အသုံးချနိုင်ဖို့ သတိတရား စွဲကပ်ပြီး အသိဉာဏ် တိုးတက်အောင် လေ့ကျင့်ဖို့ သဘာဝအာရုံတွေကို ခုလိုဟောထားတယ်၊ ဒါကြောင့်မို့ ဒီကနေ့ ကာယအာရုံနဲ့ ပတ်သက်ပြီး လေ့ကျင့်တဲ့ နည်းစနစ်တွေကို ပြောမယ်၊ မပြောခင် အကျဉ်းချုပ်တစ်ခု ပြောပြမယ်။

အာနာပါနပဗ္ဗ

မြတ်စွာဘုရားက ရှင်းပြဖို့ မေးခွန်းလေးတစ်ခု ထုတ်တယ်။ မနေ့ကအကျဉ်းချုပ် ပြောထားတဲ့ထဲမှာ “ကာယေ ကာယာနုပဿီ ဝိဟရတိ” ကာယဆိုတဲ့ အာရုံပေါ်မှာ သတိနဲ့ မပြတ် ဆင်ခြင် သုံးသပ်နေပါတဲ့၊ ဆင်ခြင်သုံးသပ်တယ်ဆိုတာ ဘယ်လို ဆင်ခြင် သုံးသပ်တာလဲ၊ ဘယ်လို ဆင်ခြင်သုံးသပ်ပြီး နေမလဲ? မြတ်စွာ ဘုရားက ပထမပိုင်းအနေနဲ့ အာနာပါန - ထွက်လေ ဝင်လေဆိုတဲ့ ကာယအပေါ်မှာ ဆင်ခြင်သုံးသပ်ပုံကို ကာယာနုပဿနာ အနေနဲ့ ပထမဆုံး ဟောတယ်၊ ထွက်လေဝင်လေဆိုတာလည်း ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ ကာယလေးတစ်ခုပဲ၊ Bodyနဲ့ ဆက်စပ် နေသည့်အတွက်ကြောင့် ထွက်လေဝင်လေဆိုတဲ့ ကာယပေါ်မှာ စဉ်ဆက်မပြတ် သတိကပ်ပြီးတော့ဆင်ခြင်သုံးသပ် ကြည့်ရမယ်။

လူတိုင်းလူတိုင်းဟာ ၂၄-နာရီ အသက်ရှူနေကြတာ ဖြစ်တယ်။ အာနာပါနမှာ အာန- ထွက်သက်နဲ့၊ ပါန- ဝင်သက်၊ လူတွေဟာ ၂၄-နာရီလုံးလုံး စဉ်ဆက်မပြတ် ရှူသွင်းတယ်၊ ရှိုက် ထုတ်တယ်၊ အဲဒီ ရှူသွင်းရှိုက်ထုတ်နေတဲ့ ကာယ၊ တစ်နည်းအား ဖြင့် ပြောရင် ဒို့တတွေ ရှူရှိုက်နေကြတာ ဘာတွေကို ရှူရှိုက်နေ ကြတာလဲလို့ မေးရင် အရပ်စကားနဲ့ပြောရင် “လေ” ပေါ့၊ စာပေ စကားနဲ့ပြောရင် “ဝါယော” ပေါ့ ၊ ဝါယောဆိုတာ မဟာဘုတ်ကြီး ၄-ပါးထဲမှာ ပါတယ်ဆိုတာ အားလုံးသိတယ်။ အဲဒီ ဝါယောဆိုတဲ့ သဘာဝ 'လေ'ကို ဒို့တတွေ ရှူသွင်းနေတယ်၊ အဲဒီ ရှူသွင်းမှု ရှိုက်ထုတ်မှုကို ဒီကနေ့ အာနာပါနလို့ သုံးလိုက်တာ၊ အဲဒါဟာ အာရုံလေးတစ်ခုပဲ။

အဲဒီအာရုံပေါ်မှာ သတိလေး ကပ်ထားတာက အာနာပါနဿတိ၊ “သတိ”ဆိုတာ ရှူသွင်းနေတာနဲ့ ရိုက်ထုတ်နေတာ ဒီ အာရုံလေးကို စဉ်ဆက်မပြတ် mindful လုပ်နေနိုင်တာပဲ ရှိတယ်၊ ဒီအာရုံရဲ့ သဘာဝကို သတိက မသိနိုင်ဘူး၊ သတိဆိုတာ အာရုံကို ရယူပေးနိုင်တာပဲ ရှိတယ်၊ အာရုံကို သိတတ်တဲ့သဘော မရှိဘူး။

အာရုံကိုသိတာက ဉာဏ်က သိတာ၊ သတိက အာရုံလေးနဲ့ တွဲမပေးဘဲနဲ့ ဉာဏ်က မသိနိုင်ဘူး၊ ပူးပေါင်းပြီး အလုပ် လုပ်ရတယ်၊ သတိက အာရုံလေးကိုယူပေးတဲ့အခါ ဉာဏ်က သဘာဝကို သိတယ်၊ ဒီနှစ်ခု ထက်လာအောင် လေ့ကျင့်ပေးတာ။

နံပါတ်(၁)က ခုခေတ်ပြောတဲ့ ထွက်လေဝင်လေပဲ၊ ထွက်လေဝင်လေကို အာရုံအဖြစ် အသုံးပြုပြီး သတိစွမ်းအားတွေ ထက်လာအောင်၊ ဉာဏ်ရည်ဉာဏ်သွေးတွေ ထက်လာအောင် ဘယ်ပုံ လေ့ကျင့်မလဲ၊ ဒါက တစ်ပိုင်း။

ဣရိယာပထပဗ္ဗ

နောက်တစ်ခု ကာယနဲ့ပတ်သက်ပြီး လူတွေဟာ ဣရိယာပုထ်လို့ ခေါ်တဲ့ ကိုယ်အမူအရာတွေ ပြောင်းလဲပြီး နေကြရတယ်။ မပြောင်းလဲဘူးဆိုရင် လူတွေဟာအသက်ရှင်သန်ဖို့ မဖြစ်နိုင်ဘူး၊ ဣရိယာပုထ် ၄-ပါး ပြောင်းပြောင်းနေသည့်အတွက်ကြောင့် ခန္ဓာကိုယ်ကြီးရဲ့ ပင်ပန်းညောင်းညာမှုတွေကို ပယ်ဖျောက်နိုင်ကြတာ၊ သွားနေတဲ့အချိန်ပိုင်းရှိသလို ရပ်နေတဲ့အချိန်ပိုင်းရှိတယ်၊ ထိုင်နေတဲ့အချိန်ပိုင်းရှိသလို လျောင်းနေတဲ့ အချိန်ပိုင်းရှိတယ်၊ လျောင်း ထိုင် ရပ် သွားဆိုတဲ့ ဒီဣရိယာပုထ် ၄-ပါးကို တစ်ခုပြီးတစ်ခု ပြောင်းလဲနေသည့် အတွက်ကြောင့် ခန္ဓာကိုယ်ကြီးဟာ ပြိုကွဲမသွားဘဲနဲ့ အနှစ် ၃၀၊ ၄၀၊ ၅၀၊ ၆၀၊ ၇၀၊ ၈၀ ကနေ ၁၀၀ ထိအောင် တည်ရှိလာတယ်။

အဲဒီ နေ့စဉ်နဲ့အမျှ အပြောင်းအလဲလုပ်နေရတဲ့ ဣရိယာပုထ် ၄-ပါးဆိုတာ အလွယ်တကူ လူတိုင်းမှာ ရှိတယ်၊ အလွယ်တကူရှိသော်လည်း ကိုယ်လမ်းသွားနေရင် သွားနေမှန်း သိရဲ့လားလို့ စဉ်းစားကြည့်ရမယ်- သွားမှန်းမသိဘူး၊ အထူးသဖြင့် တွေးနေတယ်၊ လမ်းသွားနေတာကို မစဉ်းစားဘူး၊ မတ်တပ်ရပ်နေရင်လည်း ငါမတ်တပ်ရပ်နေတာလို့ မစဉ်းစားဘူး၊ စိတ်က တစ်ခြား အကြောင်းအရာ ရောက်နေတယ်၊ သတိက ကပ်မနေဘူး လို့ ပြောတာ၊ ထိုင်နေရင်လည်း ငါထိုင်နေပါလားလို့ မသိဘူး၊ စိတ်က တစ်ခြား ရောက်နေတယ်၊ ထိုင်နေတဲ့အပေါ်မှာ သတိ မရှိဘူး၊ လျောင်းနေရင်ရော သတိမရှိဘူး၊ ဟိုနေ့ဟိုရက်တွေက အကြောင်းတွေတွေးချင်တွေးမယ်၊ နောက်ရက်နောက်ရက်က အကြောင်းတွေတွေးချင်တွေးမယ်၊ ကိုယ်မြင်ခဲ့တဲ့အရာတွေတွေးချင်တွေးမယ်၊ မြင်ရမယ့် ကြားရမယ့်အရာတွေ စဉ်းစားရင် စဉ်းစားနေမယ်၊ သတိက တစ်ခြားရောက်နေတယ်၊ သတိမကပ်ဘူး၊ အဲဒီဣရိယာပုထ် ၄-ရပ်ကို သတိကပ်ပြီး စောင့်ကြည့်တဲ့ နည်းကို ဒုတိယပိုင်းအနေနဲ့ မြတ်စွာဘုရားက ဟောတယ်၊ ဒါ ကိုယ်ခန္ဓာမှာရှိတဲ့ အာရုံတွေနဲ့ လေ့ကျင့်တာပဲ။

သမ္ပဇညပဗ္ဗ

နောက်တစ်ခုက - လျောင်း ထိုင် ရပ် သွား ဣရိယာပုထ်ဆိုတဲ့ အကြီးစားကြီးတွေထဲမှာ အသေးအဖွဲလေးတွေ ရှိသေးတယ်၊ ခန္ဓာကိုယ်ကို ရှေ့ကို ကိုင်းလိုက်တာ ရှိတယ်၊ နောက်ကို လှန်လိုက်တာရှိတယ်၊ ခန္ဓာကိုယ်ကို ရှေ့ကို ရွှေ့လိုက်တာရှိတယ်၊ နောက်ကို ဆုတ်လိုက်တာရှိတယ်၊ မျက်လုံးကလည်း တည့်တည့် ကြည့်တာရှိတယ်၊ စောင်းကြည့်တာ ရှိတယ်၊ ကြည့်ပုံကြည့်နည်းတွေ၊ ဒါ ဣရိယာပုထ်အသေးစားလေးတွေလို့ ခေါ်တယ်၊ မျက်လုံးကကြည့်တဲ့အခါမှာ- ရှေ့တည့်တည့်လည်း ကြည့်တယ်၊ ဘေးကိုလည်း ကြည့်တယ်၊ နောက်လှည့်ကြည့်တာလည်း ရှိမယ်၊ သို့သော် ကမ္မဋ္ဌာန်းထိုင်ဖို့အတွက် မြတ်စွာဘုရားက အာရုံအတွက် ဒီနှစ်ခုပဲပေးတယ်။

အာလောကိတတဲ့ - ရှေ့တည့်တည့်ကြည့်တယ်၊ ဝိလောကိတတဲ့ - နည်းနည်းလေးစောင်းငဲ့ပြီးတော့ ကြည့်တဲ့အကြည့်မျိုး၊ ဣန္ဒြေရရ ကြည့်တဲ့အကြည့်က ဒီနှစ်ခုပဲရှိတယ်၊ မော့ကြည့်တာတို့၊ ငုံ့ကြည့်တာတို့က သိပ်ဣန္ဒြေ မရဘူးပေါ့၊ နောက်လှည့် ကြည့်ရင် ပိုဆိုးတာပေါ့၊ အဲဒီတော့ မသိမသာကြည့်တဲ့ အကြည့် လေးနှစ်ခုပေါ်မှာလည်း အာရုံကပ်ပြီး သတိနဲ့စောင့်ကြည့်တာ၊ ဣရိယာပုထ် အသေးစားလေးတွေကို သတိထားတတ်လာအောင် လေ့ကျင့်တာ သမ္ပဇညပဗ္ဗဆိုပြီးတော့ နံပါတ်(၃)အနေနဲ့ ကာယ တစ်ခုကို ဟောတယ်။

အဲဒီထဲမှာ အသေးစားလေးတွေ ပါတယ်၊ အသေးစားလေးတွေက ဘာလဲဆိုရင် လက်ကလေးကို ကွေးရာက ဆန့်လိုက်တယ်၊ ဆန့်ရာကနေ ကွေးလိုက်တယ်၊ ခြေထောက်ကလေးကို ကွေးရာကနေ ဆန့်လိုက်တယ်၊ ဆန့်ရာကနေ ကွေးလိုက်တယ်၊ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုအသေးစားလေးတွေ ဟာလည်း ကာယပဲ။ အဲဒီပေါ်မှာလည်း သတိကပ်ပြီးတော့ အသိဉာဏ်ဖြစ်အောင် ကြိုးစားရတယ်။

နောက်တစ်ခုက ရဟန်းသံဃာတွေကျတော့ သင်္ကန်း ဝတ်ပုံ သပိတ်လေးပိုက်သွားပုံ၊ သင်္ကန်းဝတ်နေရင် သင်္ကန်း ဝတ်ပုံ၊ သပိတ်ပိုက်ရင် သပိတ်၊ လူတွေကျတော့လည်း အင်္ကျီ ပုဆိုး ထမီဝတ်ဟာ အဝတ်တန်ဆာ ဝတ်တဲ့အခါ ဝတ်ပုံ စားပုံ၊ အဲဒီအသေးအဖွဲလေးတွေကိုလည်း သတိကပ်ဖို့၊ ဒါတင်လား ဆိုတော့ မကဘူးတဲ့၊ အိမ်သာထဲဝင်တဲ့အခါလည်း ဥစ္စာရ ပဿာဝ ကမ္မ အခင်းကြီးသွားတယ်၊ အခင်းလေးသွားတယ်၊ ဒါကိုလည်း အသိဉာဏ်ရှိအောင်လေ့ကျင့်ဖို့ နည်းစနစ်တွေကို မြတ်စွာဘုရားဟောထားတယ်။

နောက်တစ်ခု နေ့စဉ်နဲ့အမျှ လူတွေ အစာစားကြတယ်။ စားတယ် ဝါးတယ် သောက်တယ် လျက်တယ် အဲဒီကိစ္စတွေကိုလည်း သတိကပ်ပြီး ပညာတိုးတက်အောင် လေ့ကျင့်တဲ့နည်း စနစ်တွေကလည်း အပိုင်းတစ်ပိုင်းတဲ့၊ အဲဒီလို ဣရိယာပုထ် အသေးစားလေးတွေကိုလည်း သတိထားတတ် ဆင်ခြင်တတ်တာကို သတိသမ္ပဇညလို့ ခေါ်တယ်၊ အဲဒါကို သမ္ပဇညပဗ္ဗ သတိသမ္ပဇညအပိုင်းလို့ ခေါ်တယ်။

ပထမဆုံးအပိုင်းကို အာနာပါနပဗ္ဗ- ထွက်လေဝင်လေနဲ့ လေ့ကျင့်တာ၊ ဒုတိယပိုင်းကို ဣရိယာပထပဗ္ဗ၊ သွားလာလှုပ်ရှား ဣရိယာပုထ်ကြီးလေးပါးနဲ့ လေ့ကျင့်တာ၊ အခု တတိယပိုင်း ကျတော့ သမ္ပဇညပဗ္ဗတဲ့၊ အဲဒါက အခုလို ခန္ဓာကိုယ်ရဲ့ ဣရိယာပုထ် အသေးစားလေးတွေကို သတိထားပြီးတော့ ဆင်ခြင်တုံ တရားနဲ့ ဆင်ခြင်ပြီးတော့ ဉာဏ်ရည်ဉာဏ်သွေး ထက်လာအောင် လေ့ကျင့်တာ။

ပဋိကူလမနသိကာရပဗ္ဗ

နောက်တစ်ခု ဘာလေ့ကျင့်ရမလဲဆိုရင် ခန္ဓာကိုယ်ကြီးထဲ မှာ အသေးစိတ်ပြီးတော့ ကြည့်၊ လူတိုင်းလူတိုင်းမှာ ၃၂-ကောဋ္ဌာသ ရှိတယ်၊ ၃၂-မျိုးလုံးတော့ မြင်ဖူးချင်မှ မြင်ဖူးမှာပေါ့။

အစပထမ ၅-ခုက ဆံပင်, မွေးညှင်း, ခြေသည်းလက် သည်း, သွား, အရေ၊ ကိုယ်မြင်လို့ရတဲ့ ၅-ခု၊ ဆံပင်ရှိတယ်၊ ဆံပင်အပြင် မွေးညှင်းတွေ ရှိတယ်၊ ခြေသည်းလက်သည်း ရှိတယ်၊ သွားရှိတယ်၊ အရေပြားရှိတယ်၊ အဲဒီကနေပြီးတော့ အတွင်းမှာ တခြားအရာတွေ ရှိတယ်၊ အကုန် သိချင်မှ သိမယ်, မြတ်စွာဘုရားကတော့ အကုန်ဟောထားတယ် “ဆံပင်၊ မွေးညှင်း၊ လက်သည်း ခြေသည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ခြင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်” အဲဒီလို ၃၂- မျိုး။

အဲဒီ ၃၂-မျိုးသော ခန္ဓာကိုယ်မှာရှိနေတဲ့အရာတွေကလည်း bodyတွေပဲ၊ အဲဒါကိုတော့ ပဋိကူလမနသိကာရပဗ္ဗ- ရွံစရာတွေ နဲ့ပတ်သက်တဲ့ ကာယာနုပဿနာအခန်း၊ ကာယမှာ မသတီစရာ ရွံစရာတွေကိုလည်း ဆင်ခြင်စဉ်းစားပြီး သတိကပ်ဖို့ လေ့ကျင့်ဖို့ကိုလည်း အပိုင်းတစ်ပိုင်းအနေနဲ့ ဟောထားတယ်။

ဓာတုမနသိကာရပဗ္ဗ

နောက်တစ်ပိုင်းက ဓာတုမနသိကာရပဗ္ဗ၊ ခန္ဓာကိုယ်ထဲမှာ ဓာတ်ကြီးလေးပါးဆိုတဲ့ ထင်ရှားသိသာတဲ့အရာ ရှိတယ်- ပထဝီ အာပေါ တေဇော ဝါယော၊ အဲဒီဓာတ်ကြီးလေးပါးကို ခန္ဓာကိုယ် ကြီးထဲမှာ ရှိနေတဲ့အနေအထားအတိုင်း တစ်ခုစီတစ်ခုစီ ဆင်ခြင် သုံးသပ်ပြီးတော့လည်း သတိကပ်ဖို့ ကာယနဲ့ပတ်သက်ပြီး ဉာဏ်တွေ ထက်လာအောင် နည်းစနစ်တွေ ပေးတယ်၊ အားလုံး ပေါင်းလိုက်တဲ့အခါ ကာယာနုပဿနာ အပိုင်း ၅-ခု။

နဝသိဝထိကပဗ္ဗ

နောက် ၉-ခုက သင်္ချိုင်းမှာတွေ့ရမယ့် လူတွေရဲ့ ရုပ် အလောင်းကောင်တွေနဲ့ ပတ်သက်တာ၊ အဲဒါကို နဝသိဝထိကပဗ္ဗ လို့ခေါ်တယ်၊ သင်္ချိုင်းရောက်နေတဲ့ ရုပ်အလောင်းကောင်တွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက ကာယာနုပဿနာကမ္မဋ္ဌာန်း ပေးထားတယ်၊ အားလုံး ရုပ်အလောင်း ၉-မျိုး ခွဲပြီးတော့ ပေးတယ်။

အဲဒီတော့ အာနာပါနက ၁ ခု, ဣရိယာပုထ် ၄-ပါးက ၁ ခု, သမ္ပဇညပဗ္ဗက ၁-ခု၊ ပဋိကူလ- ရွံစရာတွေတွေးတာက ၁ခု၊ ဓာတ်လေးပါးက ၁-ခု ပေါင်း ၅-ခု၊ အဲဒီ ၅-ခုနဲ့ သင်္ချိုင်းမှာ ရှိတဲ့ ရုပ်အလောင်း ၉-ခုနဲ့ ပေါင်းလိုက်ရင် ၁၄-မျိုး၊ အဲဒီ ၁၄-ပါးသော အာရုံတွေပေါ်မှာ သတိကပ်ပြီး ဉာဏ်ရည် ဉာဏ်သွေး ထက်လာအောင် လုပ်တဲ့ နည်းစနစ်ကို ကာယာနုပဿနာလို့ ခေါ်တယ်၊ ဒါတွေကို မဟာသတိပဋ္ဌာနသုတ်မှာ မြတ်စွာဘုရားက ဟောထားတယ်။

အာတာပီ-သမ္ပဇာနော-သတိမာ

ဒီကာယာနုပဿနာကမ္မဋ္ဌာန်းကို အားထုတ်ချင်ရင် ဘာအရေးကြီးဆုံးလဲဆိုရင် အာတာပီ-ကြိုးစားမှု၊ ဘယ်ကိစ္စပဲဖြစ်ဖြစ် မကြိုးစားရင်မရဘူး၊ ကြိုးစားအားထုတ်မှု ရှိရမယ်၊ ကြိုးပမ်းအား ထုတ်တယ်ဆိုတာ ကာယိကဝီရိယ, စေတသိကဝီရိယ နှစ်မျိုးရှိတဲ့အထဲမှာ တရားအားထုတ်တဲ့အခါ ကာယိကဝီရိယလည်း ရှိရမယ်၊ စေတသိကဝီရိယက ပိုအရေးကြီးတယ်၊ စိတ်အားက တက်ကြွပြီးတော့ အလုပ်လုပ်နေတဲ့ စိတ်ဓာတ်မျိုး ဖြစ်ဖို့ လိုတယ်။ စေတသိကဝီရိယ - စိတ်ဓာတ်ပြင်းထန်တာ၊ ကိုယ်သွားမယ့်စခန်း ကိုယ်သွားမယ့်လမ်း မရောက်မချင်း ဝီရိယကို မလျှော့တာ စေတသိကဝီရိယ၊ အာတာပီဆိုတာ ပြင်းထန်တဲ့ လုံ့လဝီရိယ၊ ဇွဲ ရှိတဲ့လုံ့လဝီရိယ၊ ဇွဲဆိုတာစွဲစွဲမြဲမြဲပြုလုပ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ပဲ။

သမ္ပဇာနော- ကိုယ်လုပ်တဲ့လုပ်ငန်း ကိုယ်နားလည်ရမယ်။ အခြေအနေကို အမြဲတမ်းဆင်ခြင်သုံးသပ်နေရမယ်၊ စိတ်ရဲ့အခြေအနေကို အမြဲတမ်း လေ့လာအကဲခတ်နေရမယ်၊ စိတ်ဆိုတာ ခု ခေတ်လျှပ်စစ်မီးလိုပဲ တက်တဲ့အခါတက်လာတယ်၊ ကျတဲ့အခါ ကျသွားတယ်၊ အမြဲတမ်း ဆင်ခြင်သုံးသပ်ကြည့်ရမယ်၊ စိတ်အားတွေ ကျသွားရင် မြှင့်ပေး၊ တက်လာရင် over ဖြစ်လာရင် လျှော့ပေး၊ ဒါကို သမ္ပဇာနောလို့ ပြောတာ။ သမ္ပဇည ရှိရမယ်။

သမ္ပဇညဆိုတာ ဆင်ခြင်သုံးသပ်ပြီးနေတာ၊ အခြေအနေ အရပ်ရပ်ကို အမြဲတမ်းဆင်ခြင်သုံးသပ်ပြီး စောင့်ကြည့်နေတဲ့ သမ္ပဇည ရှိရမယ်၊ အဲဒီလို ကြိုးပမ်းမှုဆိုတာလည်း ကြိုးပမ်းရုံ သက်သက်နဲ့ ရတာမဟုတ်ဘူး၊ အခြေအနေကို လိုတိုး ပိုလျှော့ လုပ်ဖို့ သမ္ပဇညတရား ရှိရမယ်၊ အထူးသဖြင့် တရားအားထုတ် နေတဲ့ အချိန်မှာ။

ဥပမာအားဖြင့် ယောဂီတွေဟာ တစ်ခါတစ်ခါ အားထုတ် ရင်းကနေ သိပ်ဖြစ်ချင်လွန်းအားကြီးပြီး ကြိုးစားတဲ့အခါ မရဘူး၊ သိပ်ကြိုးစားလွန်းအားကြီးရင် ချော်ထွက်သွားရော၊ ကြည့်လေ သေနတ်ပစ်တာပဲဖြစ်ဖြစ်၊ မြှားပစ်တာပဲဖြစ်ဖြစ် စိတ်က သိပ်မဲ တင်းလွန်းအားကြီးရင် ချော်ထွက်သွားတယ်၊ စိတ်အေးအေးလေး ထားရမယ်၊ equanimityဆိုတာ ကိုယ့်စိတ်ကို တည်တည် ငြိမ်ငြိမ်ဖြစ်အောင် ထားရမယ်၊ စိတ်ဓာတ်သိပ်ကျပြီး တုန်လှုပ်ကြောက်ရွံ့နေရင်လည်း မအောင်မြင်ဘူး၊ ဒါကြောင့်မို့ သတိ သမ္ပဇညနဲ့ ထိန်းညှိပေးရမယ်။

အဲဒီတော့ တရားအားထုတ်ရင် လိုအပ်တဲ့အချက်တွေက ဘာတွေတုန်း၊ ပညာတို့ သမာဓိတို့ဆိုတာတော့ ထည့်မပြောတော့ဘူး၊ ရှိကို ရှိရမယ်၊ လိုအပ်တဲ့အချက်တွေက ဘာတွေလဲ ဆိုရင် အာတာပီ- အာတာပဆိုတာ ဝီရိယကို ပြောတာ၊ မဂ္ဂင် ရှစ်ပါးထဲထဲ့ပြောရင် ဒါ သမ္မာဝါယာမ ပဲ၊ သမ္ပဇာနောအရ သမ္ပဇညဆိုတာ သမ္မာဒိဋ္ဌိပဲ၊ သမ္မာဒိဋ္ဌိလို့ပြောရင် သမ္မာသင်္ကပ္ပပါ ပါသွားတယ်လို့ ပြောရမယ်၊ ဆက်စပ်နေတယ်။

နောက်တစ်ခါ သတိမာအရ သတိဆိုတာ သမ္မာသတိပဲ၊ အဲဒီတော့ ဝီရိယတို့ သတိတို့ ပညာတို့ဆိုတာ တရား အားထုတ်ရင် မရှိမဖြစ်တဲ့ အရည်အသွေးတွေပဲ၊ ဒါတွေကို တစ်ခုနဲ့တစ်ခု ထိန်းညှိပေးရတယ်။ သဘာဝတရားတွေက လုပ်တယ်ဆိုတာ သူ့အလုပ်ပဲ သူလုပ်တာ၊ ဆိုင်ရာဆိုင်ရာ အလုပ်ပဲ လုပ်ကြတာ။ ဘောင်ကျော်ပြီးတော့ မလုပ်ဘူးတဲ့။

လူတွေမှာလည်း ကြည့်ပေါ့၊ မျက်စိရဲ့ လုပ်ငန်းက ဘာလဲ - ကြည့်တာ မျက်စိရဲ့ လုပ်ငန်းပဲ၊ လမ်းလျှောက်တာ မျက်စိရဲ့ လုပ်ငန်း မဟုတ်ဘူး၊ နားထောင်တာက နားရဲ့ လုပ်ငန်း၊ အနံ့ကို ရှူတာက နှာခေါင်းရဲ့ လုပ်ငန်း၊ အရသာသိတာက လျှာရဲ့ လုပ်ငန်း၊ သူ့လုပ်ငန်းနဲ့သူ သွားတယ်၊ အဲဒီတော့ မျက်စေ့လုပ်တဲ့ အလုပ်ကို နားကလုပ်လို့ မရဘူး၊ နှာခေါင်းကလုပ်လို့ မရဘူး၊ ဆိုင်ရာ ဆိုင်ရာ သဘောပေါက်ရမှာပါ။

သတိရဲ့ အလုပ်ဟာ အာရုံပေါ်မှာ စိတ်ကို အမြဲတမ်း သတိ ကပ် ပေးထားတာ၊ အဲဒါ mindful ဖြစ်အောင် လုပ်နေတာ၊ သတိက အာရုံယူပေးထားတာ၊ သူကယူပေးရုံပဲ ယူနိုင်တယ်။ အာရုံကို သိဖို့က သူ့ကိစ္စ မဟုတ်ဘူး၊ အဲဒီလို ယူပေးထားတဲ့ အာရုံကို သိတာက ဉာဏ်ကသိတာ၊ အဲဒီလို ဉာဏ်က သိဖို့ရာ အတွက် အထောက်အကူက သမ္မာသင်္ကပ္ပဆိုတဲ့ မှန်ကန်တဲ့ အတွေးပဲ၊ သမ္မာသမာဓိဆိုတာက စိတ်တည်ငြိမ်မှုပဲ၊ ဒါတွေက မရှိမဖြစ်တဲ့ တရားတွေပဲ။

တစ်နည်း-ကာရကမဂ္ဂင် ၅-ပါး

ဒါကြောင့်မို့ ဒါတွေကို ရည်စူးပြီး မြတ်စွာဘုရားက “အာတာပီ သမ္ပဇာနော သတိမာ” ကမ္မဋ္ဌာန်းအားထုတ်တဲ့သူတိုင်း ဒီ ၃-ချက်မှ မပါရင် မဖြစ်ဘူး (သို့မဟုတ်) အပြည့်အစုံ ပြောလို့ရှိရင် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ-မဂ္ဂင် ၅-ပါး၊ အဲဒီမဂ္ဂင် ၅-ပါးကို ကာရကမဂ္ဂင် အလုပ်လုပ်တဲ့ မဂ္ဂင်တွေလို့ ခေါ်တယ်။ တရားအားထုတ်ရင် သူတို့က အလုပ်လုပ်တာ။

သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဆိုတာ ဒီနေရာမှာ စကားပြောနေတာလည်း မဟုတ်ဘူး၊ အလုပ်လုပ်နေတာလည်း မဟုတ်ဘူး၊ အသက်မွေးနေတာလည်း မဟုတ်ဘူး၊ ဒီအတွက်ကြောင့် သူတို့ဟာ ဒီအထဲမှာ function အနေနဲ့မပါဘူး၊ သူတို့က အထောက်အကူပြုတဲ့အနေနဲ့ပဲ ဖြစ်ခဲ့တာ၊ ကြိုတင်ပြီးတော့ သီလ စင်ကြယ်အောင် လုပ်ထားရတယ်၊ သီလစင်ကြယ်သည့်အတွက်ကြောင့် သမာဓိစွမ်းအားတွေ ရနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ။

အဲဒီ မဂ္ဂင် ၈-ပါးဟာ ရှေ့ပိုင်းလုပ်ငန်းလုပ်တဲ့အခါ ၅-ခု ကပဲ လုပ်တယ်၊ မဂ်စိတ်ပေါ်သွားပြီ ဆိုရင်တော့ တစ်ညီတည်း ၈-မျိုးစလုံး အလုပ်လုပ်တယ်လို့ ပြောရတယ်။ ဘာလို့လဲဆိုတော့ မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝတို့ကို မဂ်နဲ့ ပယ်လိုက်တဲ့အခါ နောက်ထပ် မှားယွင်းတာ မပြောတော့ဘူး။ သမ္မာကမ္မန္တ နောက်ထပ် မှားယွင်းတာတွေ မလုပ်တော့ဘူး၊ သူတစ်ပါးအသက်သတ်တာတွေ မလုပ်တော့ဘူး၊ သမ္မာအာဇီဝ-မှားယွင်းတဲ့ အသက် မွေးမှုတွေ မလုပ်တော့ဘူး၊ ဒါကြောင့် သူတို့လည်း ပါသွားတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ၊ တကယ် အလုပ်လုပ်တာတော့ ဒီ မဂ္ဂင် ၅-ပါးနဲ့ပဲ အလုပ်လုပ်တာ။

ကာယပေါ်မှာ အာနာပါနနဲ့ လေ့ကျင့်ပုံကို ပြောရအောင်၊ အာနာပါနဿတိနဲ့ ပတ်သက်ပြီး သီတဂူဆရာတော်ဘုရားကြီး အကျယ်ဟောထားတာ ရှိတယ်။ အကျယ်သိချင်ရင် ဆရာတော်ဘုရားကြီး ဟောထားတာကို ကြည့်ပါ၊ စာနဲ့ပေနဲ့ ဟောထားတာ ဘုန်းကြီးတို့က အနှစ်ချုပ်ပဲ ဟောပါမယ်၊ စာနဲ့ပေနဲ့ ဟောထားတာ၊ ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ ဟောရင် မပြည့်စုံဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ လူဆိုတာ အတွေ့အကြုံက တစ်မျိုးစီကိုး၊ ကိုယ့်အမြင်နဲ့ ပြောရင် မပြည့်စုံဘူး၊ စာနဲ့ ပြောရင် ပိုပြည့်စုံတယ်၊ စာရယ်, အတွေ့အကြုံရယ် နှစ်ခုပေါင်းစပ်ရမယ်။

အာနာပါနဿတိ ကမ္မဋ္ဌာန်း

မဟာသတိပဋ္ဌာနသုတ္တန် ဒီဃနိကာယ်မှာလာတဲ့ ကာယာနုပဿနာနဲ့ ပတ်သက်ပြီး အာနာပါနဿတိ ဟောထားပုံလေး ကြည့်ရအောင်၊ ပထမဆုံး မြတ်စွာဘုရားက ကမ္မဋ္ဌာန်းအားထုတ်ဖို့ နေရာရွေးဖို့ ပြတယ်၊ “အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ”တဲ့ တရားအားထုတ်မယ့်နေရာလေးတွေကို “အရည”ဆိုတာ တော၊ တောဆိုတာ လူသူမနီးတဲ့ ဆိတ်ငြိမ်တဲ့တော၊ တောထဲမှာဆိုရင် လူရဲ့ သတိ, ဝီရိယတွေက ပိုကောင်းတယ်၊ အရပ်ထဲမှာနေရင် လူက စိတ်အေးလက်အေးနဲ့ နေတာလေ၊ သတိလွတ်တယ်၊ တောထဲမှာတော့ ငါတစ်ယောက်တည်း ပါလားဆိုတဲ့အသိနဲ့ သတိရှိတယ်၊ သတိပိုထားလာတယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားက တောကို ရွေးခိုင်းတာ၊ သတိစွမ်းအားတွေ ပိုကောင်းလာတယ်၊ အရညဂတော- လူသံ တိတ်ဆိတ်တယ်၊ တိတ်ဆိတ်သည့် အတွက်ကြောင့် အားလုံးကို သတိထားမိနိုင်တယ်၊ ကိုယ်သတိထားချင်တဲ့အပေါ်မှာ စိတ်ကလေးက လွယ်လွယ်ကူကူ သတိကပ်လို့ရတယ်။

နောက်တစ်ခုက တောထဲမှာနေတယ်ဆိုတာ အဆောက်အဦးနဲ့နေတာလည်း ဖြစ်နိုင်တယ်၊ သစ်ပင်အောက်နေတာလည်း ဖြစ်နိုင်တယ်၊ သစ်ပင်အောက်နေတာက ရုက္ခမူလဂတောတဲ့၊ ရုက္ခမူလဆိုတဲ့ စကားလုံးဟာ သာမန်အားဖြင့်ကြည့်ရင် ရုက္ခ သစ်ပင်၊ ‘မူလ’ အမြစ်လို့ ထင်ကောင်းထင်လိမ့်မယ်၊ ဒီနေရာမှာ “မူလ”ဆိုတဲ့ စကားလုံးဟာ အမြစ်လို့ မပြောဘဲ အနီးလို့ ပြောတယ်၊ သစ်ပင်အနီး သစ်ပင်အောက်။

အဲဒါကို အင်္ဂလိပ်လိုပြန်တဲ့စာအုပ်တွေမှာ မှားမှားယွင်းယွင်း ပြန်ထားတာရှိတယ် (သို့မဟုတ်) အဓိပ္ပါယ်တစ်မျိုး ထွက်သွားနိုင်တဲ့ ဘာသာပြန်မှု၊ အမြစ်ကို root လို့ သူတို့ကပြန်လိုက်တယ်၊ Root of a treeဆိုတာ သစ်ပင်ရဲ့ အမြစ်၊ တစ်ခါတုံးက Gemany ကပို့လိုက်တဲ့ ဗုဒ္ဓရဲ့ ရုပ်ပွားတော်မှာ ပန်းချီဆရာက ဗောဓိရုက္ခမူလဆိုတာ ဗောဓိပင်အမြစ်၊ မြတ်စွာဘုရားက အမြစ်ပေါ်မှာ ထိုင်နေတယ်ဆိုပြီး သစ်မြစ်ကြီးတွေ ကိုယ့်ကားယား ထွက်နေတဲ့ အပေါ်မှာဘုရားထိုင်နေတဲ့ပုံ ဆွဲထားတယ်၊ ညောင်ပင်အမြစ်က အပြင်ထွက်လို့ ထိုင်တယ်ဆိုရင် ထားပါတော့၊ ကျန်တဲ့ အပင်တွေမှာ အမြစ်က မြေကြီးထဲနေတာ၊ ရုက္ခမူလဆိုတာ သစ်မြစ်ပေါ် ထိုင်ခိုင်းတာမဟုတ်ဘူး၊ ဆိုလိုတာက သစ်ပင်ရဲ့အနီး သစ်ပင်အောက်လို့ ပြောတာ၊ Under a tree (သို့မဟုတ်) Near a tree ဒီလို ပြန်ရမယ့်စကားလုံးကို Root of a tree လို့ ဘာသာပြန်ရင် မှားမှားယွင်းယွင်း အဓိပ္ပါယ်ကောက်ပြီး မှားယွင်းတဲ့ ပုံတွေ ထုတ်ကုန်တတ်တယ်နော်၊ ဒါလည်း သတိထား စရာပဲ။

ရုက္ခမူလကို စံချိန်စံညွှန်းနဲ့ သတ်မှတ်ထားတာရှိတယ်။ ဘယ်ဟာကို ရုက္ခမူလလို့ ခေါ်လဲဆိုတော့ တချို့သစ်ပင်တွေက အုပ်အုပ်ဆိုင်းဆိုင်းလေး ရှိတယ်ပေါ့၊ ဟိုဘက် ၅-ပေ ဒီဘက် ၅-ပေ (သို့မဟုတ်) ဟိုဘက် ၁၀-ပေ၊ ဒီဘက် ၁၀-ပေထိအောင် ပတ်ဝန်းကျင်အကိုင်းတွေဖြာပြီးတော့ အုပ်ထားတယ်၊ လေမတိုက်ဘဲ သစ်ရွက်ကြွေရင် ကျတဲ့နေရာ၊ လေတိုက်ရင်တော့ တခြား လွင့်သွားမှာပေါ့၊ အပေါ်တည့်တည့် နေရောက်တဲ့အချိန် နေမွန်း တည့်တဲ့အချိန်မှာ သစ်ရိပ်ထိုးတဲ့နေရာ (သို့မဟုတ်) လေမတိုက်ရင် သစ်ရွက်ကြွေကျတဲ့ နေရာအတွင်းကို ရုက္ခမူလလို့ ခေါ်ပါတယ်၊ ဒါက locationကို သေချာသတ်မှတ်ထားတာ၊ အဲဒီတော့ ရုက္ခမူလဆိုတာ သစ်ပင်အောက်မှ သစ်ပင်အနီးလို့ ဆိုလိုတယ်။ အဲဒီနေရာကိုလည်း ရွေးရင်ရွေးတဲ့။

နောက်တစ်ခုက သုညာဂါရ၊ “သုည”ဆိုတာ ဘယ်သူမှ မရှိဘူး၊ ကိုယ်တစ်ယောက်တည်း၊ “အာဂါရ”ဆိုတာ အဆောက် အဦး၊ ဘယ်သူမှမရှိတဲ့ ကိုယ်တစ်ယောက်တည်းနေတဲ့ အဆောက် အဦးမှာဖြစ်စေ၊ ကိုယ်တစ်ယောက်တည်းနေတဲ့တိုက်ခန်းမှာ ဖြစ် စေ၊ အဲဒါ သုညာဂါရပဲ။

အဲဒီလို နေရာရွေးပြီးတဲ့အခါ မြတ်စွာဘုရားက အာနာပါန - ကာယာနုပဿနာလုပ်တော့မယ်ဆိုရင် ထိုင်ပုံထိုင် နည်းစနစ် ကိုလည်း ပေးထားတယ်၊ 'နိသီဒတိ'တဲ့ အာနာပါနကျတော့ ထိုင်ပြီး အားထုတ်ခိုင်းတယ်၊ 'ပလ္လင်္ကံ အာဘုဇိတွာ'-အမျိုး သားတွေအတွက် တင်ပလ္လင်ခွေထိုင်၊ အမျိုးသမီးတွေကျတော့ အဒ္ဓပလ္လင်္က လို့ခေါ်တဲ့ ဒူးတစ်ဖက်တုပ်ထိုင်နည်း စနစ်နဲ့ထိုင်၊ ဥဇုံ ကာယံ ပဏိဓာယ -ခါးကနေ ခေါင်းအထိ ခန္ဓာကိုယ်လေးကို ဖြောင့်ဖြောင့် ထားပါတဲ့၊ ဒါ တရားထိုင်နည်းကိုသင်တာ၊ တင်ပလ္လင်ခွေထိုင်(သို့မဟုတ်) ဒူးတုပ်ထိုင်၊ ခေါင်းနဲ့ ကိုယ်လေးကို မတ်မတ်ထား၊ အဲဒီလို မတ်မတ်ထားပြီးတော့ “ပရိမုခံ သတိံ ဥပဋ္ဌပေတွာ” - သတိလေးကို ကမ္မဋ္ဌာန်းအာရုံ ရှေ့ကို ပို့လွှတ်ပါတဲ့၊ ကမ္မဋ္ဌာန်းအာရုံရှိတဲ့ပေါ်မှာ သတိလေးက အဲဒီအာရုံကို ရယူ လိုက်ပါလို့ ဆိုလိုတယ်။

အဲဒီတော့ အာနာပါနဆိုတာ ဘာကိုရယူရမှာလဲဆိုတော့ ရှူသွင်းလိုက်တဲ့ လေကလေး၊ ရှိုက်ထုတ်လိုက်တဲ့ လေကလေးဟာ ဘယ်ကထွက်-နှာသီးဖျားက ထွက်တယ်၊ ထွက်လို့ ထိသွားတဲ့ နေရာကလေးကို အဋ္ဌကထာဆရာက ပြောပြတယ်၊ “ဖုဋ္ဌ ဌာနေ” လေကလေး ထိသွားတဲ့ နေရာကို စိုက်ကြည့်ပါ၊ လေဆိုတာ မြင်ရတာ မဟုတ်တဲ့ အတွက်ကြောင့် လေကလေး ထိသွားတဲ့ နေရာကို မှတ်ပါလို့ ဆိုလိုတယ်။

မြတ်စွာဘုရားကတော့ လေကလေး ထိတဲ့နေရာလို့တော့ မဟောဘူး၊ သတိကို အဲဒီကို ပို့လွှတ်လိုက်၊ ထွက်လေဝင်ထွက် ထိသွားတဲ့နေရာကို ပို့၊ ပို့ပြီးရင် နံပါတ်တစ် စ,လေ့ကျင့်ရမှာက “သတောဝ အဿသတိ, သတောဝ ပဿသတိ'တဲ့၊ သတိလေး ထားပြီးတော့ ရှူသွင်းလိုက်ပါ၊ သတိလေးထားပြီးတော့ ရိုက်ထုတ်လိုက်ပါ၊ ရှူသွင်းတဲ့ လေကလေးကိုလည်း သတိရှိပါ။ လေကလေး ရှိုက်ထုတ်လိုက်တဲ့အချိန်မှာလည်း သတိရှိပါဆိုတာ တစ်ခါတည်းလုပ်ရမှာ မဟုတ်ဘူး၊ အဲဒါကို စဉ်ဆက်မပြတ်လေ့ ကျင့်ရမယ်၊ ဒါ ပထမအဆင့် လေ့ကျင့်တာ။

အဲဒီလို လေ့ကျင့်လိုက်တဲ့အခါကျတော့ တိုးတက်မှု ရှိလာတယ်၊ ကိုယ်ရှူသွင်းလိုက်တဲ့လေကလေးဟာ အချိန်ပိုင်းအားဖြင့် ရှည်ကြာမှုရှိသလား, အချိန်အားဖြင့် တိုသလား၊ ကိုယ်နှိုက်ထုတ် လိုက်တဲ့လေကလေးဟာ အချိန်ပိုင်းအားဖြင့် ရှည်သလား, တိုသလား၊ အရှည်အတိုလေးပါ သတိထားမိလာတယ်။

လူတွေဟာ အေးအေးဆေးဆေး နေတဲ့အခါကျတော့ အသက်ရှူတာလေးက ပုံမှန်လေး၊ ခပ်ရှည်ရှည်လေး ရှူတယ်၊ အဲဒီလို မဟုတ်ဘဲနဲ့ အပြေးအလွှားလုပ်တာတို့ မောတာတို့ဆိုရင် ဟဲဟောဟဲဟောနဲ့နော်၊ ရှုလိုက်ရှိုက်လိုက်၊ ရှူလိုက်ရှိုက်လိုက်နဲ့၊ မြွေတွေ အသက်ရှူတာကျတော့ ကြာတယ်၊ ခွေးတွေကျတော့ မောနေပြီး အသက်ရှူရင် ရှူးရှူ-ရှူးရှဲ-ရှူးရှဲ ဖြစ်နေတာ၊ မြန်တယ်။

အဲဒီလို ကိုယ်ရှူတဲ့အသက်ဟာ ရှည်သလား တိုသလား၊ တစ်နည်းအားဖြင့်ပြောရင် အချိန်ကြာသလား၊ အချိန်တိုသလား၊ အဲဒီနှစ်ခုကို သဲသဲကွဲကွဲ ဖြစ်လာတယ်တဲ့၊ အသိဉာဏ်တစ်ခု တက်လာတာ၊ ပထမတော့ သာမန်ရှူနေတာလောက်ကို သိတယ်၊ နောက် သတိထားပါများတော့ ရှည်ရှည်ရှူရင် ရှည်ရှည်တယ်လို့ သိတယ်၊ တိုတိုရှူရင် တိုတိုရှူတယ်လို့ သိလာတယ်၊ ရှူရှိုက်မှုလေးရဲ့ အချိန်ပိုင်းဟာ တိုတယ် ရှည်တယ်ပါ သိလာတယ်၊ အဲဒါ တစ်ဆင့်တက်လာတာ။

အဲဒီလို တစ်ဆင့်တက်လာပြီးတော့ နောက်မှာ ဘာသိဖို့ ကြိုးစားရမလဲ၊ ကိုယ်ရဲ့ ကြိုးစားမှုလေးနဲ့ အသိလေးမြှင့်တင်ပေးရမယ်၊ ဘာမြှင့်တင်ပေးရမလဲ ဆိုရင် “သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ” ဒီစကားလေး သုံးထားတယ်။

သဗ္ဗကာယဟူသည်

သဗ္ဗကာယပဋိသံဝေဒီ = သတိထားပြီးတော့ ကာယအားလုံးကို သိရှိလျက်၊ ဒီနေရာမှာ အဋ္ဌကထာဆရာရဲ့ ရှင်းလင်းချက်, ပဋိသမ္ဘိဒါမဂ်ရဲ့ ရှင်းလင်းချက်ကို မသိဘူးဆိုရင် သဗ္ဗကာယအရ တစ်ကိုယ်လုံးလို့ မှတ်ယူစရာ ရှိတယ်၊ တချို့ ကမ္မဋ္ဌာန်း အားထုတ်နည်းတွေမှာ အဲဒီလိုပြထားတာ ရှိတယ်။ ခန္ဓာကိုယ် တစ်ကိုယ်လုံး ကြည့်နေရင် အာနာပါနမဟုတ်တော့ဘူး၊ အဲဒါလည်း သတိထားဖို့ပေါ့၊ သဗ္ဗကာယ ပဋိသံဝေဒီတစ်ကိုယ်လုံးကို လိုက်ပြီး sensationတွေကို မှတ်နေရင် ဒါ အာနာပါန မဟုတ်ဘူး၊ အာနာပါနဆိုတာ ထွက်လေ ဝင်လေပဲ၊

သဗ္ဗကာယဆိုတာ သဗ္ဗဆိုတာ-အလုံးစုံ၊ ကာယဆိုတာအစု၊ အစုအားလုံးဆိုတာ ဘာကိုဆိုလိုတာတုန်းဆိုရင် ဟောဒီ ဝင်လေထွက်လေလေးဟာ ကာယပဲ, အစုကလေးပဲ၊ အဲဒီ အစု ကလေးကို အကုန်သိအောင်လုပ်တဲ့၊ အကုန်ဆိုတာ ဟောဒီလေလေး စတင်လာပုံ, လေလေး အဆုံးသတ်သွားပုံ, စတင်မှုနဲ့အဆုံးသတ်မှုရဲ့ ကြားမှာဖြစ်ပေါ်ပုံ၊ ဆိုလိုတာက စ လယ် ဆုံး သုံးမျိုး စလုံး စဉ်ဆက်မပြတ် သိတာကို “သဗ္ဗကာယပဋိသံဝေဒီ”လို့ ပြောတာ။

ပထမအချိန်တုံးက အဲဒီလို မသိဘူး၊ ရှည်ရင် ရှည်တယ် လို့ပဲ သိတယ်၊ တိုရင် တိုတယ်လို့ပဲ သိနေတယ်၊ လေ့ကျင့်ပါများ လာတဲ့အခါကျတော့ လေလေးက ဘယ်မှာ စလာတယ်, ဘယ်မှာ ဆုံးသွားတယ်၊ အဲဒီအစနဲ့အဆုံးကြားမှာ ဘယ်လိုဆိုတာပါ သတိထားမိလာတယ်၊ ဒါက အဋ္ဌကထာက ရှင်းထားတဲ့အတိုင်း ပြောတာ၊ အဲဒီလိုမဟုတ်ဘဲ ပြောလို့ရှိရင် စာပေနဲ့ မညီဘူးလို့ ပြောရမယ်။

အဋ္ဌကထာဆိုတာက ဘုရားလက်ထက်ကတည်းက စကားလုံးကို ရှင်းလင်းချက်ပေးတဲ့ ကျမ်းပဲ။ အစဉ်အဆက် tradition လို့ခေါ်တယ်၊ အစဉ်အဆက်အဓိပ္ပါယ် ရှင်းလင်းခဲ့တာ၊ အဲဒါကို တချို့က ငြင်းပယ်ပြီး ကိုယ်ထင်တဲ့ အယူအဆတွေနဲ့ သဗ္ဗကာယ -ခန္ဓာကိုယ်ကြီး တစ်ခုလုံးကို ကြည့်ရမှာလို့ ပြောရင် အဋ္ဌကထာ ဆရာရဲ့ အဆို, စာပေရဲ့ လမ်းကြောင်းက လွဲသွားပြီပေါ့။

ကဲ တစ်ဖက်ကလည်း စဉ်းစားကြည့်၊ ကိုယ်လုပ်တာက အာနာပါန၊ ကြည့်တာက တစ်ကိုယ်လုံးဆိုရင် အာရုံတွေလွဲမသွား ပေဘူးလား၊ Objectက မမှန်တော့ဘူးလေ၊ ကိုယ် အခြေတည်တာက ထွက်လေဝင်လေ၊ တစ်ကိုယ်လုံးကို သွားကြည့်မယ်ဆိုရင် အာရုံပြောင်း မသွားပေဘူးလား၊ အဲဒါကို မမှန်ဘူးလို့ သိရမယ်ပေါ့၊ ဒါကြောင့်မို့ tradition အနေနဲ့ ပြောတာ၊ သဗ္ဗကာယဆိုတာ ထွက်လေဝင်လေ အားလုံး အစုအဝေးကို သိအောင် စ လယ် အဆုံး သုံးမျိုးလုံးကို သိအောင် ရှုမယ်ဆိုပြီး ကြိုးစားအားထုတ်ပါတဲ့။ ။

သိက္ခတိဆိုတာ ကြိုးစားအားထုတ်ပေးတဲ့ အဲဒီလို သိအောင် သတိနဲ့ ဉာဏ်အားတွေကို တိုးမြှင့်ပေးရမယ်လို့ ပြောတာ၊ မတိုးမြှင့်ရင် မရဘူး၊ “သဗ္ဗကာယပဋိသံဝေဒီ အဿ သိဿာမီတိ သိက္ခတိ၊ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ” အာနာပါနရဲ့ body အစုအားလုံးကို စ လယ် အဆုံး အား လုံးသိအောင်ရှူသွင်းမယ်လို့ ကြိုးစားပါ၊ ရှိုက်ထုတ်မယ်လို့ ကြိုး စားပါ၊ ဒါဟာ အားလုံးကို သိဖို့အတွက် ကြိုးစားခိုင်းတာ။

နံပါတ်တစ်အဆင့်က “သတောဝ အဿသတိ, သတောဝ ပဿသတိ” သတော- သတိထားပြီး ရှု၊ သတိထားပြီး ရှိုက်တဲ့၊ ရှူသွင်း, ရှိုက်ထုတ် သတိထားပြီးလုပ်၊ နံပါတ်နှစ်ကျတော့ အရှည်အတို သိ၊ နံပါတ်သုံး ကျတော့ အာနာပါန အစ အလယ် အဆုံး သုံးပါးလုံး သိအောင်ကြိုးစားတဲ့၊ တစ်ဆင့်တက်လာတာ။

ဒါက လူတစ်ဦးနဲ့တစ်ဦး သတိစွမ်းအားတို့ ဉာဏ်အရည် အသွေးတို့ မတူတဲ့အတွက်ကြောင့် ဒီအဆင့် ရောက်အောင် ဘယ် နှစ်ရက် လုပ်ရမတုန်းလို့မေးရင် ဒါက ပုဂ္ဂိုလ်ပေါ် မူတည်တယ်။ တစ်ထိုင်တည်းအတွင်းလည်း ဖြစ်သွားနိုင်တယ်၊ တစ်မိနစ်အတွင်းလည်း ဖြစ်သွားနိုင်တယ်၊ ဉာဏ်ရည်ဉာဏ်သွေး သတိစွမ်းအားတွေ ထက်တဲ့ပုဂ္ဂိုလ်က ခဏလေးနဲ့ ပြီးသွားမှာပဲ၊ ဉာဏ်ရည် ဉာဏ်သွေးမထက်ဘူးဆိုရင် လချီကြာရင်လည်း ကြာမှာပဲ။ ပြောလို့ မရဘူး၊ ပုဂ္ဂိုလ်နဲ့ဆိုင်တယ်လို့ မှတ်ရမယ်။

နောက်တစ်ဆင့်တက်ပြီး စဉ်းစားရမှာက “ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ”တဲ့၊ ကြိုးစားရမယ်၊ ပဿမ္ဘယံဆိုတာ ငြိမ်သွားအောင် ငြိမ်းသွားအောင်၊ ကာယသင်္ခါရဆိုတာ ကာယကို ပြုပြင်ပေးနေတဲ့အရာလေးဟာ ငြိမ်သွားအောင်၊ ငြိမ်းသွားအောင် ရှူသွင်းမယ်လို့ ကြိုးစားပါတဲ့။

ကာယသင်္ခါရဟူသည်

ကာယသင်္ခါရဆိုတာ ဘာလဲလို့ မေးရင် ကာယသင်္ခါရဆိုတာ ထွက်လေဝင်လေကိုပဲ ပြောတယ်၊ တခြားဟာကို ပြောတာ မဟုတ်ဘူး၊ ဒီနေရာမှာလည်း ကာယသင်္ခါရကို အဓိပ္ပါယ်ကောက်တွေလွဲပြီး ဖွင့်ဆိုနေတဲ့ တချို့စာအုပ်တွေ ရှိတယ်၊ အထူးသဖြင့် နိုင်ငံခြားမှာ အင်္ဂလိပ်လိုပြန်တဲ့စာအုပ်တွေမှာ မှားမှားယွင်းယွင်းတွေအများကြီးရှိတယ်။

ဘုန်းကြီးတို့ Germany သွားပြီး ပို့ချတုန်းက ကာယသင်္ခါရ နဲ့ပတ်သက်ပြီး Geman ဘုန်းကြီးတစ်ပါးက ကာယသင်္ခါရကို အဿာသ ပဿာသလို့ဆိုတာ ဘယ်ထဲမှာပါတုံးလို့ မေးတယ်။ Reference လိုချင်လို့၊ အဘိဓမ္မာကျမ်း သင်္ခါရယမိုက်မှာ ပါတယ် လို့ ဆိုတော့ သုတ္တန်ထဲမှာရော ပါသလားတဲ့-စူဠဝေဒလ္လသုတ်မှာ ပါတယ်၊ “အဿာသပဿာသာ ကာယသင်္ခါရော”ဆိုတဲ့ စကား ရှိတယ်၊ ထွက်လေဝင်လေကို ကာယသင်္ခါရလို့ ခေါ်တာ။

သာမန်အားဖြင့်ပြောရင် သင်္ခါရဆိုတဲ့အသံလေးကြားလိုက်တာနဲ့ အများက ဘာထင်တုန်းဆိုရင် conditioned things မမြဲတဲ့ သဘော သွားတွေးတယ်၊ သို့မဟုတ်ရင် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”ကို သွားတယ်၊ အဲဒါတွေ မဟုတ်ဘူးတဲ့၊ ကာယသင်္ခါရဆိုတာ ဒီနေရာမှာ ကိုယ်လုပ်နေတဲ့ ကမ္မဋ္ဌာန်းအာရုံက ဘာလဲ။ အာရုံကနေ တခြားထွက်မသွားဖို့ အရေးအကြီးဆုံးပဲ၊ ကိုယ်လုပ်နေတာက အာနာပါန၊ အားလုံးဟာ အာနာပါနနဲ့ သက်ဆိုင်တာချည်းပဲ မှတ်ရမယ်၊ အဲဒီ ရိုက်သွင်းနေတဲ့ လေကလေးဟာ ကာယသင်္ခါရ၊ ရှိုက်ထုတ်နေတဲ့ လေကလေးဟာလည်း ကာယသင်္ခါရ၊ အဲဒီကာယသင်္ခါရ-လေကလေး သိမ်မွေ့ပြီးတော့ သွားအောင် ရှူမယ်-ရှိုက်မယ်လို့ ကြိုးစားပါတဲ့။ ။

လူတစ်ယောက်ဟာ ငြိမ်သက်ပြီးတော့ အေးအေးချမ်းချမ်း နေပြီဆိုရင် နှာခေါင်းက လေရှူနေတာ သိပ်မသိသာဘူး၊ ရှူးရှူးရဲ့လားလို့၊ အဲလိုမဟုတ်ဘူး မောမောပမ်းပမ်း အလုပ်လုပ်လာတယ် တစ်နေရာရာက ပြေးလာတယ်ဆိုရင် ဟောဟဲ-ဟောဟဲနဲ့ နေတယ်လေ၊ အဲဒီ ဟောဟဲ-ဟောဟဲနဲ့နေတာက အကြမ်းစားကြီးပေါ့။ တဖြည်းဖြည်းအနားယူလိုက်တဲ့အခါ ဒီအသံလေးက ငြင်သာ မသွားဘူးလား၊ တရားအားထုတ်ပါ များလို့ရှိရင် ရှူမရှူရဲ့လားလို့ထင်ရလောက်အောင် ငြင်သာသွားတယ်၊ နောက်ဆုံး ပျောက်သွားတဲ့ထိအောင် ငြင်သာ သွားတယ်၊ ထွက်လေ ဝင်လေလေးဟာ ရပ်သွားသလားလို့ ထင်ရလောက်အောင် မသိသာတော့ဘူး၊ အဲဒီလို ထွက်လေ ဝင်လေလေး သိပ်ငြိမ်သက်သွားသည် အထိ သိအောင် ကြိုးစားပါတဲ့၊ ဟောဒီ အဆင့် လေးဆင့်ကို မဟာသတိပဋ္ဌာနသုတ်မှာ ဟောတာ။

တခြားသုတ္တန်တွေမှာကျတော့ ၁၆-ဆင့်အထိ ဟောတာ ရှိတယ်၊ အဋ္ဌကထာမှာ ရေးထားတာက ကမ္မဋ္ဌာန်းစပြီး အားထုတ်တဲ့ beginnerတွေအတွက် ဒီ ၄-ခုက အဓိကကျတယ်၊ ကျန်တာတွေကတော့ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာတွေနဲ့ ပတ်သက်ပြီး ဈာန်ရတဲ့ပုဂ္ဂိုလ်တွေအတွက် အခြားအာရုံတွေနဲ့ ဆက်စပ်ပြီးတော့ ဟောတာပါတဲ့၊ အာနာပါန စ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီ ၄-ချက် လုပ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။

ဒီထက်ပြည့်ပြည့်စုံစုံကတော့ ဝိသုဒ္ဓိမဂ်မှာ လာတဲ့အတိုင်း အာနာပါနဿတိကို မှတ်ကြရမှာဖြစ်တယ်၊ ဒါက ဒီသုတ္တန်မှာ ဟောပုံလေးအတိုင်း ဒါလေ့ကျင့်တာ၊ စတုတ္ထအဆင့်ထိအောင် သိမ်မွေ့လှတဲ့ ကာယသင်္ခါရ ထွက်လေ ဝင်လေလေး ဖြစ်လာပြီ ဆိုရင် သမာဓိ စွမ်းအားတွေလည်း တက်လာပြီ, ဉာဏ် စွမ်းအားတွေလည်း တက်လာပြီ, သတိတွေလည်း ကောင်းလာပြီ။ ။

ကောင်းလာတဲ့အခါ ဒီအာရုံလေးကို “အဇ္ဈတ္တံ ဝါ ကာယေ၊ ကာယာနုပဿီ ဝိဟရတိ” မြတ်စွာဘုရားက ဆက်ဟောတယ်၊ အဇ္ဈတ္တကာယကိုလည်း ဆက်ပြီးလိုက်ပါဦးတဲ့၊ “ဗဟိဒ္ဓ ဝါ ကာယေ ကာယာနုပဿံ ဝိဟရတိ”တဲ့၊ ဗဟိဒ္ဓကာယကိုလည်း ရှုလိုက်ပါဦးတဲ့၊ ဒီ အဇ္ဈတ္တကာယ-ဗဟိဒ္ဓကာယဆိုတဲ့ နေရာမှာ အဋ္ဌကထာဆရာရဲ့ ဖွင့်ပုံက မိမိရဲ့ ထွက်လေဝင်လေကို ရှုတာအဇ္ဈတ္တကာယ၊ သူတစ်ပါးရဲ့ ထွက်လေဝင်လေကို ရှုတာကဗဟိဒ္ဓကာယ၊ ဒါကစွမ်းရည်ထက်လာရင် သူတစ်ပါးရဲ့ ထွက်လေ ဝင်လေကို ရှုနိုင်တဲ့သဘောကို ပြောတာ ဖြစ်မယ်။

ဘုန်းကြီးတို့ Germany ရောက်တုံးက ဒါနဲ့ပတ်သက်ပြီး အများကြီးစဉ်းစားပြီးတော့ German ပရိသတ်ကို ဘုန်းကြီးတို့ စဉ်းစားမိတဲ့အတိုင်း မိမိတို့၏ ထွက်လေ ဝင်လေ, သူတစ်ပါး တို့၏ ထွက်လေ ဝင်လေမှတစ်ပါး-အဇ္ဈတ္တဆိုတာ ထွက်လေ ဝင်လေကို သိနေတဲ့စိတ်ကိုရှုရင် အဇ္ဈတ္တ၊ ထွက်လေ ဝင်လေ လေးက ဗဟိဒ္ဓလို့ ရှင်းပြဘူးတယ်၊ ဘာဖြစ်လို့တုန်း ဆိုရင် အာယတန ၁၂-ပါးမှာ အဇ္ဈတ္တဆိုတာ ဝတ္ထုကို ခေါ်တယ်။ ကိုယ့်ရဲ့ အခြေခံဝတ္ထုကို အဇ္ဈတ္တလို့ ခေါ်ပြီး အပြင်ဘက်က လာတဲ့အာရုံကို ဗဟိဒ္ဓလို့ ခေါ်တယ်၊ အဲဒီ နည်းစနစ်လေးကို ယူပြီး ဘုန်းကြီးတို့က ဒီလိုများ ဖြစ်နိုင်မလားလို့၊ သူများရဲ့ ထွက်လေဝင်လေ သွားကြည့်ဖို့ဆိုတာ ဖြစ်နိုင်တာ မဟုတ်ဘူး၊ တစ်ယောက်တည်း အားထုတ်တာကိုး၊ ကိုယ်တစ်ယောက်တည်း တရားအားထုတ်နေရင် ကိုယ့်နား အသက်လာတဲ့သူမှ မရှိဘဲ။

နိုင်ငံခြားသားတွေကျတော့ အဋ္ဌကထာကတိုင်း ရှင်းပြ ဖို့ရာ မလွယ်ဘူး၊ သူတို့ ကျေနပ်လောက်အောင် မရှင်းနိုင်ရင် သူတို့က လက်မခံဘူး၊ မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေ ကတော့ ယုံကြည်မှု သဒ္ဓါစွမ်းအားတွေလည်း ရှိတယ်၊ အတွေ့ အကြုံတွေလည်း ရှိကြတော့ ဘုရားဟောတရားဆိုရင် လက်ခံ ကြတာများတယ်၊ နိုင်ငံခြားသားကျတော့ အဲဒီလို မရဘူး၊ ဒါကြောင့် ဘုန်းကြီးတို့က နည်းစနစ် တစ်ခုအနေနဲ့ ဒါက My own opinion ကိုယ့်ရဲ့ ထင်မြင်ချက်ကို ပြောတာနော် စာနဲ့ မညီဘူး၊ သွားပြီးတော့ အငြင်းမပွားနဲ့။

ဒီလိုလည်း ဖြစ်နိုင်တယ်၊ ထွက်လေဝင်လေက ဗဟိဒ္ဓ၊ မှတ်နေတဲ့စိတ်က အဇ္ဈတ္တ၊ အဲဒါကိုလည်း ရှုလို့ရတယ်၊ ထွက်လေ ဝင်လေတင် သိတာမဟုတ်ဘူး၊ အဆင့်မြင့်လာလို့ရှိရင် သိတဲ့ စိတ်ကိုလည်း နောက်စိတ်က သိတယ်၊ ထွက်လေဝင်လေကို ရှုနေတဲ့စိတ်ကိုလည်း နောက်စိတ်တစ်ခုက ထပ်ပြီးတော့ ရှုပေးတယ်၊ ပထမတော့ ရှုတဲ့ အာရုံလေးတစ်ခုကိုပဲ သိတယ်၊ နောင် လေ့ကျင့်လာတဲ့အခါကျတော့ အရှုခံနေတဲ့ အာရုံလေးကိုလည်း သိတယ်၊ ရှုတဲ့ စိတ်ကလေးကိုလည်း သိလာတယ် ဆိုတော့ နှစ်ခု ဖြစ်သွားတယ်။ ။

ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ “ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ”တဲ့၊ ဉာတဆိုတာ သိစရာအာရုံလေးကိုလည်း ရှုတယ်, ဉာဏဆိုတာ သိတဲ့ဉာဏ်ကလေးကိုလည်း ရှုတယ်တဲ့၊ နှစ်ခုရှုတယ်၊ ထွက်လေဝင်လေကို ရှူနေတယ်ဆိုရင် ထွက်လေ ဝင်လေကိုလည်း ရှုနိုင်တယ်၊ ထွက်လေဝင်လေကို သိနေတဲ့ အသိဉာဏ်ကိုလည်း ရှုလို့ မရနိုင်ဘူးလား၊ ရတယ်။

အဲဒီတော့ ထွက်လေဝင်လေရှုတာကို သိလိုက်တဲ့အခါကျ တော့ အဇ္ဈတ္တ၊ ထွက်လေဝင်လေဆိုတဲ့အာရုံကို ရှုတာကျတော့ ဗဟိဒ္ဓ၊ အဲဒီနှစ်ခုကို တစ်လှည့်စီတစ်လှည့်စီ ရှုတဲ့အခါကျတော့ “အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ”တဲ့၊ တစ်လှည့်စီ အဇ္ဈတ္တကို ရှုလိုက်၊ ဗဟိဒ္ဓကို ရှုလိုက်ဆိုတော့ အာရုံချင်းက ကပ်ခါသီခါလေးတင် ပြောင်းတာ၊ ထွက်လေဝင်လေကနေ ခွါမသွားဘူး၊ ထွက်လေဝင်လေဆိုတဲ့ အာရုံကိုလည်း ရှုတယ်၊ အဲဒီ အာရုံကိုသိတဲ့ စိတ်ကလေးကလည်း တစ်ဖက်က ရှုလိုက်တယ်ဆိုတော့ အဲဒီလိုများ အဓိပ္ပါယ် ယူရရင် ပိုပြီးတော့ကောင်းမယ် ထင်တယ်ဆိုတော့ ဘုန်းကြီးရဲ့ တပည့် German အမျိုးသမီးကြီးက ဒါကို သိပ်သဘောကျသွားတယ်၊ သိပ်သဘော ကျပေမယ့် It is just my own opinion ငါ့ရဲ့ ထင်မြင်ချက်နော်၊ စာထဲမှာ ဒီလိုတော့ မပါဘူးလို့ ပြောရတယ်။

အဲဒီလိုအဓိပ္ပါယ် မှတ်ယူမယ်ဆိုရင် အဇ္ဈတ္တဗဟိဒ္ဓ အာယတန ယူပုံလေးနဲ့ ကိုက်တယ်ပေါ့၊ ပြီးတော့ သူများရဲ့ ထွက်လေ ဝင်လေ သွားရှုစရာလည်း မလိုဘူး။

အဲဒီနေရာ ဋီကာဖွင့်ဆိုမှုကို ကြည့်တဲ့အခါ အဇ္ဈတ္တ ဗဟိဒ္ဓဆိုတာ ဖြစ်နိုင်ချေလေးတွေကို ထည့်ပြောတာပါတဲ့၊ သူများရဲ့ ထွက်လေဝင်လေကို သွားရှုလို့ သမထဆိုတာတောင် မဖြစ်နိုင်ပါဘူးလို့ ရေးထားတယ်၊ သမထမဖြစ်နိုင်ဘူးဆိုတာ, သမာဓိမရနိုင်ဘူးလို့ ပြောတာ၊ အဲဒီတော့ ခုနအဓိပ္ပါယ်ကိုယူရင် အင်မတန်မှ ဆီလျော်စရာရှိတယ်ပေါ့၊ သို့သော် စာထဲမပါလို့ အငြင်းပွားစရာ ဖြစ်တယ်ပေါ့၊ တချို့ စာကို အဓိကထားရင် စာထဲမပါရင် အငြင်းပွားစရာဖြစ်တယ်၊ တရားကတော့ မမှားဘူးပေါ့၊ နှစ်ခုလုံး ရှုတာချည်းပဲ၊ သို့သော် စာအဓိပ္ပါယ်က ဒီလိုဆိုလိုတာလား, ဆိုလိုတာမဟုတ်ဘူးလား ဒီလောက်ပဲ ပြောစရာ ရှိတယ်ပေါ့။

ဝိပဿနာဘက်ကူးပုံ

ဒီအာနာပါန-ထွက်လေဝင်လေနဲ့ပတ်သက်လာရင် အဇ္ဈတ္တ ထွက်လေဝင်လေပဲ ဖြစ်စေ၊ ဗဟိဒ္ဓ ထွက်လေဝင်လေပဲ ဖြစ်စေ အဲဒီ ကာယလေးတွေကို ရှုမှတ်ပြီး နေလိုက်တဲ့အခါ ဘာတွေ တိုးမြှင့်ပြီးတော့ သိလာသလဲ၊ ဝိပဿနာဘက် ဘာတွေ ကူးသွားသလဲဆိုတော့ ထွက်လေဝင်လေ ရှုရင်းကနေ “သမုဒယဓမ္မာနုပဿီ ဝါ” ဖြစ်စေတတ်တဲ့ အကြောင်းတရားလေးကိုလည်း သိလာတယ်။ “ဝယဓမ္မာနုပဿီ ဝါ” ပျက်သွားတဲ့အကြောင်းတရားလေးကိုလည်း သိလာတယ်၊ ဒါ အဋ္ဌကထာအဆို၊ သမုဒယဓမ္မာနုပဿီဆိုတာ ဖြစ်ကြောင်းတရားကိုလည်း သိတယ်၊ ဝယဓမ္မာနုပဿီဆိုတာ ပျက်ကြောင်းတရားကိုလည်း သိတယ်။ ။

ဒီနေရာမှာ မဟာစည် ဆရာတော်ဘုရားကြီးက ဒီလိုလည်း ဖြစ်နိုင်သေးတယ်လို့ ရေးထားတာ ရှိတယ်၊ မဟာစည် ဆရာတော်ကြီး ဘာသာပြန်တဲ့ စာအုပ်ကို ကြည့်ရင် “သမုဒယ ဓမ္မာနုပဿီ ဝါ ဝယဓမ္မာနုပဿီ ဝါ”ကို အဋ္ဌကထာ ဖွင့်တဲ့ အတိုင်း ဖြစ်ကြောင်းနဲ့ ပျက်ကြောင်းလို့မပြောဘဲ (ဒီတစ်နည်းလည်း ဖြစ်နိုင်တယ်) အာနာပါနနဲ့ ပတ်သက်ပြီး ဖြစ်လာတာလည်းတွေ့တယ်၊ ပျက်တာလည်းတွေ့တယ်ပေါ့၊ ဖြစ်ပျက်မြင်တာကို ပြောတာနော်၊ ဆရာတော်ကြီး စကား ဟာလည်း စာထဲမှာ မပါပေမယ့်လို့ သင့်လျော်တဲ့ စကားတစ်ခုပဲ၊ ဒီလိုလည်း ဖြစ်နိုင်ပါတယ်လို့ မဟာစည်ဆရာတော်ကြီးက သူ့စာအုပ်ထဲမှာ ရေးထားတာရှိတယ်။

“သမုဒယဓမ္မာနုပဿီ ဝါ” ဖြစ်မှုသဘောကိုလည်း သိလာတယ်၊ “ဝယဓမ္မာနုပဿီ ဝါ” ပျက်မှု သဘောကိုလည်း သိတယ်၊ “သမုဒယဝယဓမ္မ”ဆိုတာ ဖြစ်မှုပျက်မှုသဘောတွေကို သိလာတယ်၊ ဝိပဿနာဉာဏ်ဝင်လာတာကို ပြောတာ၊ ဒီ အာနာပါနလေးဟာလည်း ဝါယောကာယဖြစ်သည့်အတွက်ကြောင့် ဖြစ်ပြီးရင် ပျက်တဲ့သဘော ရှိတယ်၊ အဲဒါကို သိတယ်၊ အသိဉာဏ်တွေဟာ ရင့်လာတယ်၊ တက်တက်လာတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ။

အဲဒီလို စိတ်ကို ထွက်လေဝင်လေနဲ့ လေ့ကျင့်လိုက်တဲ့အခါ အသိဉာဏ်တွေ စွမ်းအားတွေ တက်လာပြီးတော့ နောက် ဆုံးကျတော့ သူ့မှာ ကာယဆိုတဲ့အသိပဲ ကျန်တော့တယ်၊ အာနာပါနဆိုတဲ့ ကာယလေးဟာ ကာယအနေနဲ့ ရှိတယ်၊ ငါ အနေနဲ့ ရှိနေတာ မဟုတ်ဘူး၊ ငါ့ ဥစ္စာဆိုပြီး ရှိနေတာ မဟုတ်ဘူး၊ ကာယအနေနဲ့ ရှိနေတယ်ဆိုတာလေးကို အဲဒီ ကာယလေးပေါ်မှာ သတိစွမ်းအားတွေ ဖြစ်နေတယ်၊ ဉာဏ်စွမ်းအားတွေ ဖြစ်နေတယ်။ သတိဉာဏ် ဖြစ်မှုထက် ပိုပြီးတော့ မထင်မှတ်တော့ဘူးတဲ့၊ ဒီ ကာယလေး ရှိနေတယ် ဆိုတဲ့အပေါ်မှာ သူက သတိလေး ဖြစ်နေတယ်၊ ဉာဏ်လေး ဖြစ်နေတယ်။ ။

အဲဒီ သတိဉာဏ်ဖြစ်နေတဲ့အပေါ်မှာ ကာယနဲ့ပတ်သက်ပြီး တဏှာဆိုတဲ့အတွေးတွေလည်း မလာဘူး၊ မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိ အတွေးတွေလည်း မလာဘူး၊ တဏှာအတွေးက ဘာတုန်းဆိုရင် ငါ့ရဲ့ထွက်လေဝင်လေလေး၊ အို အသက်ရှူလို့ ကောင်းလိုက်တာ၊ ရှိုက်လို့ ကောင်းလိုက်တာ” ဆိုတဲ့အတွေးတွေ ဒါမျိုးတွေမလာတော့ဘူး၊ ငါ့ဟာဆိုတဲ့ အတွေးတွေ မလာတော့ဘူး။

န စ လောကေ ကိဉ္စိ ဥပါဒိယတိ

နောက်ပြီးတော့ ဒီထွက်လေဝင်လေလေးကို အတ္တဆိုတဲ့အရာလေးက လုပ်ဆောင်နေတာပါလားဆိုတဲ့ အတွေးလည်း မလာတော့ဘူး၊ မိစ္ဆာဒိဋ္ဌိအတွေးရော၊ တဏှာအတွေးရော ဒီနှစ်ခုလုံးဟာ လုံးဝမလာနိုင်တော့ဘူးတဲ့၊ “န စ လောကေ ကိဉ္စိ ဥပါဒိယတိ”တဲ့၊ ထွက်လေဝင်လေကို သိနေတာနဲ့ သတိကပ်နေတာက လွဲပြီး ဘယ်အရာကိုမှ တဏှာနဲ့ဖြစ်စေ မိစ္ဆာဒိဋ္ဌိနဲ့ဖြစ်စေ စွဲမှတ်ထားတာ မကျန်တော့ဘူးတဲ့၊ ဆိုလိုတာက အစွဲတွေ ပြုတ်သွားတယ်၊ ဒီလို လေ့ကျင့်လိုက်ရင် တဏှာဒိဋ္ဌိတွေ ဖယ်ရှားပြီးတော့ အစွဲတွေ ပြုတ်သွားမယ်တဲ့၊ အဲဒီလို အစွဲပြုတ်သွားရင် အာနာပါနကျင့်စဉ် တစ်ခု အောင်မြင်သွားပြီလို့ ပြောတာ၊

ဣရိယာပထ

အဲဒီအတိုင်းပဲ အခြားအာရုံတွေနဲ့လည်း လေ့ကျင့်ရ မယ်တဲ့၊ ဣရိယာပထပဗ္ဗ.. လျောင်း ထိုင် ရပ် သွား လေးပါး ဣရိယာပုထ်တွေကို အာရုံစိုက်ပြီးသတိကပ်နေ၊ ဉာဏ်နဲ့ ဆင်ခြင် သုံးသပ်နေ၊ ခုနလိုပဲ ကျင့်စဉ်တွေ အတူတူပဲ၊ သတိကပ်ပြီး လေ့ကျင့်နေတဲ့အခါမှာ အဇ္ဈတ္တကာယနဲ့ လေ့ကျင့်မယ်၊ ဗဟိဒ္ဓ ကာယနဲ့ လေ့ကျင့်မယ်၊ အဇ္ဈတ္တဗဟိဒ္ဓကာယနဲ့ လေ့ကျင့်မယ်။ လေ့ကျင့်ပါများလာတဲ့အခါကျတော့ မမြဲတဲ့သဘောတွေတွေ့ လာမယ်၊ ပျက်တဲ့သဘောတွေတွေ့လာမယ်၊ ဖြစ်တဲ့သဘောတွေတွေ့လာမယ်၊ ဖြစ်တာပျက်တာတွေ့မြင်လာမယ်၊ မြင်လာရင် သဘာဝတရား တစ်ခုအနေနဲ့သာ ရှိတယ်ဆိုတာ သတိရော ဉာဏ်ရော ဖြစ်နေတယ်၊ တဏှာအတွေး ဒိဋ္ဌိအတွေးတွေ မလာတော့ဘူး၊ လွတ်သွားပြီတဲ့၊ လောကကြီးအပေါ်မှာ အားလုံးဟာ တွယ်တာမှုတွေ လွတ်သွားပြီ၊ ဒါက ဣရိယာပထပဗ္ဗ။

အသေးစား လှုပ်ရှားမှုလေးတွေကျတော့ အသမ္မောဟ သမ္ပဇညဖြင့် သိရမယ်၊ အသမ္မောဟသမ္ပဇညဆိုတာ မတွေဝေဘူးတဲ့၊ မတွေဝေဘူးဆိုတာ ဥပမာတစ်ခုပြောပြမယ်။ ဆိုပါစို့ စားတယ်ဆိုတာလေးနဲ့ ပတ်သက်ပြီး တစ်ခုပြောပြမယ်၊ စားတယ် ဆိုတဲ့အခါမှာ ဘာတွေဖြစ်နေသလဲဆိုတာကို သတိသမ္ပဇညနဲ့ ကပ်ပြီးကြည့်၊ ဘုန်းကြီးတို့တတွေ ထမင်းစားတဲ့အခါမှာစားချင်တဲ့စိတ်က အရင်မလာဘူးလား၊ စားချင်တဲ့ စိတ်က အရင်ပေါ်လာတယ်ဆိုတာ သတိထားရမယ်၊ အဲဒီစားချင်တဲ့ စိတ်ရဲ့ လှုံ့ဆော်မှုကြောင့် လက်က ဇွန်းတို့ ခက်ရင်း တို့ကို ကိုင်တယ်၊ ထမင်းတွေ ဟင်းတွေ ထည့်လာတယ်၊ ဒါတွေ ဖြစ်မလာဘူးလား။ ။

စိတ်ကလေးရဲ့ လှုံ့ဆော်မှုကြောင့် ကာယမှာ လှုပ်ရှားမှုတွေ ဖြစ်လာတယ်၊ အဲဒီကြားထဲမှာလည်း စိတ်ကလေးတွေက ထပ် ဖြစ်နေတယ်၊ ဘယ်ဟင်း ထည့်ရရင်ကောင်းမလဲ၊ ဘယ်ဟာ စားရ ရင်ကောင်းမလဲဆိုတာတွေရောပေါ့။ အများကြီးပဲနော်၊ အကြမ်း ဖျင်းလေး ပြောရအောင်၊ အစဉ်အဆက် ဖြစ်နေပုံကို ကြည့်၊ တစ်ခုနဲ့တစ်ခု မပြတ်ဘူး၊ နောက်ပြီးတော့ စားပြီဆိုတဲ့အခါမှာ စိတ်ကလေးရဲ့ လှုံ့ဆော်မှုကြောင့် လက်လေးနဲ့ ဇွန်း ခက်ရင်း ကိုင်ပြီးတော့ ကော်လိုက်တယ်၊ ကော်ပြီးတော့ ပါးစပ်ပေါက် ရှိရာ သယ်လာတာနော်၊ အဲဒီလို သယ်လာတာလည်း ဘယ်သူ့ရဲ့ လှုံ့ဆော်မှုလဲ၊ ဘယ်သူ့ရဲ့ စေခိုင်းမှုလဲဆိုရင် စိတ်ဆန္ဒရဲ့ စေခိုင်းသယ်လာတဲ့အခါ စိတ်ကနေ ပါးစပ်ကလေး ဖွင့်ပေး လိုက်တာ၊ အနားနား ရောက်လာမှ ဖွင့်ပေးတယ်၊ ဖွင့်ပေး လိုက်တဲ့အခါမှာ ဇွန်းလေးကနေ ပါးစပ်ထဲ ထည့်ပေး လိုက်တယ်။ ထည့်ပေးလိုက်တဲ့အခါ သွားတို့ လျှောတို့က မလှုပ်ရှားရင် ဒီတိုင်းပဲ ငြိမ်နေရမှာပဲ၊ သွားကဝါး လျှာကနေလှည့်ပေး၊ ဒီလို လုပ်ပြီး မျိုးချ၊ ဒါ Process ပဲ။ ။

ကြည့်လေ၊ ဘယ်သူကမှ စီမံနေတာ မဟုတ်ဘူး၊ ဘယ် ယန္တရားနဲ့မှလုပ်နေတာမဟုတ်ဘူး၊ စိတ်လေးရဲ့ လှုံ့ဆော်မှုကြောင့် ခန္ဓာကိုယ်ရဲ့ ဝါယောဓာတ်တွေ ပထဝီဓာတ်တွေ အာပေါဓာတ်တွေက စွမ်းဆောင်ထားလို့ အစာစားတယ်ဆိုတာ ဖြစ်မလာဘူးလား၊ အဲဒီလိုမြင်တာမျိုးကို အသမ္မောဟသမ္ပဇညလို့ ခေါ်တယ်၊ စားတဲ့ အချိန်မှာ သမ္ပဇည” ဆင်ခြင်ဉာဏ် ရှိရမယ်ဆိုတာ အဲဒါကို ပြောတာလို့ အဋ္ဌကထာက ဆိုတယ်။

ဂစ္ဆန္တာ ဝါ ဂစ္ဆာမိ” တိ ပဇာနာတိဆိုတဲ့ နေရာမှာလည်း အသမ္မောဟသမ္ပဇညနဲ့ ဖွင့်တာပါပဲ၊ အဋ္ဌကထာဆရာက ဘယ်လောက်ထိ ပြောလည်းဆိုရင် သွားရင် သွားတယ်လို့ သိတယ်ဆိုတာ တိရစ္ဆာန်တွေတောင် သိမှာပါတဲ့၊ သူတို့လည်း သူတို့သွားနေတယ်ဆိုတာ သိမှာပဲတဲ့၊ အဲဒီလို အသိမျိုးကို ပြောတာ မဟုတ်ဘူးတဲ့၊ သွားတယ်ဆိုရင် ဘာကြောင့် သွားမှု ဖြစ်ပေါ်လာသလဲဆိုတဲ့ ခုနက သဘာဝတရားတွေရဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်မှုကို သိရမယ်လို့ ဒီလိုဆိုတာနော်။

သို့သော် ဒီနေရာမှာ မဟာစည်ဆရာတော်ဘုရားကြီးက ပြောထားတာ ရှိတယ်၊ သွားတာကို သွားတယ်လို့ သိဖို့ရာလည်း တကယ်တော့ မလွယ်ပါဘူးတဲ့၊ ခုနအဋ္ဌကထာစကား ကျတော့ အဆင့်မြင့် သွားတယ်ပေါ့နော်၊ ဒါကြောင့် သွားရင် သွားတယ်လို့ မှတ်တယ်၊ စားရင် စားတယ်လို့ မှတ်တယ်ဆိုတာ ဒီဟာလေး တင်ပဲ လူတွေမှာ မနည်း မှတ်နေရတယ်တဲ့။ ။

အဲဒီလို စဉ်ဆက်မပြတ်လေ့ကျင့်ပြီး ရှုမှတ်လိုက်မယ် ဆိုရင် တဏှာအတွေးတွေ ဒိဋ္ဌိအတွေးတွေ မရှိဘူး၊ သတိနဲ့ ဉာဏ်စွမ်းအားတွေ ထက်လာတယ်၊ လောကကြီးပေါ်မှာ ဘယ်ဟာမှ အတွယ်အတာ မရှိဘူး ကင်းပြတ်သွားတယ်၊ ဒါလည်း ကာယာနုပဿနာ ကျင့်စဉ်နဲ့ သွားတာပဲ၊ ဘယ်ထိအောင် သွားတုန်း ဆိုရင် အရဟတ္တမဂ်, အရဟတ္တဖိုလ်ထိအောင် ရောက်သွားတယ်၊ ဒီကျင့်စဉ် တစ်ခုတည်းပဲ၊ ဒီလမ်းစဉ်အတိုင်း ကျင့်ရင် လမ်းဆုံး ရောက်မှာပဲ၊ ဒီလမ်းက လျှောက်ရင် ဒီစခန်း ရောက်မှာပဲဆိုတာ သေချာပေါက်ပဲ။ ။

နောက်တစ်ခုကျင့်ပုံက ပဋိကူလမနသိကာရဆိုတာပဲ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရွံစရာတွေကိုတွေးမယ်၊ ခန္ဓာကိုယ်ကြီးမှာ ရှိတဲ့ ၃၂-ကောဋ္ဌာသတွေကို တစ်ခုချင်း တစ်ခုချင်း စဉ်းစားပြီး စိတ်ကလေးဟာ အဲဒီကာယလို့ဆိုတဲ့ ၃၂-မျိုး ပေါ်မှာပဲ လှည့်လည်ပြီးတော့ သတိစွမ်းအားတွေ ဉာဏ်စွမ်းအားတွေ ထက်လာပြီဆိုရင် ခုနပြောတဲ့ ကာယပေါ်မှာ သတိနဲ့ ဉာဏ်တွေ ထက်လာတယ်၊ ဒိဋ္ဌိအတွေးတွေ တဏှာ အတွေးတွေ ဝင်မလာဘူး၊ လောကကြီး တစ်ခုလုံးပေါ်မှာ ဘယ်အပေါ်မှာမှ မစွဲ လန်းတော့။ စိတ်ကလေး လွတ်မြောက်သွားတယ်။

နောက်တစ်ခုက ဓာတုမနသိကာရ - ဓာတ်ကြီးလေးပါးကို နှလုံးသွင်း ဆင်ခြင်ခြင်း၊ ခန္ဓာကိုယ်ကြီး အရှိအတိုင်း ဓာတ်ကြီး ၄-ပါး ခွဲကြည့်လိုက်၊ ကိုယ့်ကိုယ်ကို ကြည့်လိုက်ပေါ့။ ခန္ဓာကိုယ်ကြီးကို ဘာတွေနဲ့ တည်ဆောက်ထားလဲ၊ အရိုးနဲ့ တည်ဆောက်ထားတယ်၊ အရိုးပေါ်မှာ အသားတွေ တင်ပြီး အရေတွေ ကြွက်သားတွေနဲ့ ထိန်းထားတာ မဟုတ်လား၊ ခန္ဓာ ကိုယ်ဆိုတာ အရိုးအိမ်ကြီးပဲ၊ အဲဒီ အရိုးအိမ်ကြီးမှာ အသားတွေထည့်၊ ထည့်ပြီးတဲ့အခါ အပေါ်က အရေလေးနဲ့ ပတ်ချုပ် ထားတာ၊ တစ်ခုနဲ့ တစ်ခု အကြောတွေနဲ့ ဆိုင်းထားတာ၊ ကြိုး လေးတွေ ချည်ထားတာနဲ့ အတူတူပဲ။

အဲဒီအရိုးအိမ်ကြီးဟာ ပကတိ အိမ်ကြီး တည်ဆောက် ထားတာနဲ့ အင်မတန်တူတယ်၊ ခန္ဓာအိမ်ကြီးမှာ အမာခံ တည်ဆောက်ထားတာ အရိုးတွေနဲ့ တည်ဆောက်ပြီးတော့ အသားတွေအကြောတွေနဲ့ ထိန်းညှိပြီးထားတဲ့ ခန္ဓာကိုယ်ကြီးတဲ့၊ အဲဒီထဲမှာ ဘာတွေ ထည့်ထားတုံးဆိုရင် ရေတွေ ထည့်ထားတယ်၊ သွေးဆိုတဲ့ ရေတွေ အာပေါတွေ လည်းပါတယ်၊ နောက် ဘာတွေ ထည့်ထားတုံးဆိုရင် အပူငွေ့တွေကော ထည့်မထားဘူးလား၊ Heating systemဆိုတာ အဲဒီထဲမှာရှိပြီးသားတဲ့၊ ခန္ဓာကိုယ်ကြီးရဲ့ အပူတွေ၊ တရားနာတဲ့နေရာမှာ ထိုင်နေတဲ့သူတွေ ထသွားရင် အဲဒီနေရာမှာ အပူငွေ့တွေ မကျန်ခဲ့ဘူးလား၊ ကျန်ရစ်တယ်၊ Heating system ခန္ဓာ ကိုယ်ထဲမှာ ရှိပြီးသား၊ အဲဒါတွေက တေဇောတွေ။

ဝါယောတဲ့-အသက်ရှူသွင်းနေတာတို့၊ သွေးတွေ လည်ပတ်နေတာတို့ လေစွမ်းအားတွေနဲ့ လှုပ်ရှားနေတာတို့တွေ့ရမယ်။ ခန္ဓာကိုယ်ကြီးအနေအထားကို တစ်ခုစီ တစ်ခုစီ စဉ်းစား လိုက်ရင် ပထဝီလည်းတွေ့ရတယ်၊ အာပေါလည်းတွေ့ရတယ်။ ဝါယောလည်းတွေ့ရတယ်၊ တေဇောလည်းတွေ့ရတယ်၊ ပထဝီ အာပေါ တေဇော ဝါယာကလွဲပြီး တခြား အရာ မတွေ့ရတော့အောင် ခန္ဓာကိုယ်ကြီး ပျောက်သွားအောင် ရှုမှတ်ရမယ်တဲ့။

ဘာနဲ့ဥပမာတူတုံးဆိုရင် ကျွမ်းကျင်တဲ့ သားသတ်သမားဟာ နွားတစ်ကောင်လုံးကို ဖျက်ချလိုက်တာ မကြာခင်အတွင်း နွားအကောင်ကြီး ပျောက်သွားတယ်၊ သားရေက တခြား၊ အသားက တခြား၊ အရိုးက တခြား၊ တစ်ခုစီ ဖြစ်သွားတယ်၊ နွားဆိုတဲ့ အတွေးရှိသေးရဲ့လား၊ ဘေးက ကြည့်ရင် ဒါက အရေ၊ ဒါက အသား၊ ဒါက အရိုး ဒီလိုပဲ မြင်တော့တာမဟုတ်လား။

အဲဒါလိုပဲ ခန္ဓာကိုယ်ကို ပထဝီ အာပေါ တေဇော ဝါယောဆိုတဲ့ ဓာတ်ကြီး ၄-ပါးနဲ့ ဖျက်ချလိုက်ရင် ဒါက ပထဝီ ဒါက အာပေါ ဒါက ဝါယော ဒါက တေဇော ဒီလောက်ပဲ မြင်တော့တာ၊ လူသဏ္ဌာန် ပျောက်သွားပြီ၊ အဲဒီလို ပျောက်သွားပြီ ဆိုရင် ခုနကလို သတိစွမ်းအားတွေ ဉာဏ်စွမ်းအားတွေ ထက်လာလို့ တဏှာအတွေး ဒိဋ္ဌိအတွေးတွေ လုံးဝ မရှိတော့ဘူးတဲ့၊ အဲဒီလို လုံးဝမရှိတော့ရင် လောကကြီးတစ်ခုလုံးမှာ စွဲလမ်းမှုတွေ ကင်းလွတ်သွားနိုင်တယ်၊ ဒါက ကာယာနုပဿနာ ရှုနည်းကား တစ်ခု။

နောက် သင်္ချိုင်းနဲ့ ပတ်သက်ပြီး ဟောတာက အလောင်းကောင်တွေနဲ့ ပတ်သက်သွားတယ်၊ နံပါတ်တစ်က လူတွေ အနိစ္စရောက်သွားတဲ့အခါ ၂-ရက် ၃-ရက် ကြာတဲ့အခါ ရောင်ဖော မလာဘူးလား၊ သင်္ချိုင်းမှာ ပစ်ထားလို့ ရောင်ဖော လာပြီး ပြည်တွေနဲ့ ပုပ်ပွနေတဲ့ အလောင်းကောင်ကြီးတွေ၊ အဲဒါကို ကြည့်ပြီးတော့ ဘယ်လိုနှလုံးသွင်းရမလဲဆိုရင် “အော်.. ငါ့ခန္ဓာကိုယ်ကြီးဟာလည်း ဒါမျိုး ဖြစ်မှာပဲ။ ဒီသဘောရှိတယ်၊ ငါလည်း ဒီသဘောကို မကျော်လွှားနိုင်ဘူး” လို့ ဒီလို စဉ်းစား ပါတဲ့၊ ဒါ ကမ္မဋ္ဌာန်း အားထုတ်တာပဲနော်။

သိဝထိကဆိုတာ သင်္ချိုင်း၊ သင်္ချိုင်းမှာ ရောက်နေတဲ့ အလောင်းကောင်နဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ပြီး ကြည့်တာ၊ “အယံ ပိ ကာယော ဧဝံဘာဝီ”တဲ့၊ ငါ့ခန္ဓာကိုယ်ကြီးလည်း ဒီ သဘောရှိတယ်၊ “ဧဝံဓမ္မာ” ဒီသဘော ရှိနေတယ်၊ “ဧဝံဘာဝီ” ဒါမျိုးဖြစ်ဦးမှာပဲ၊ “ဧဝံ အနတိက္ကမော” “ဒီအခြေအနေမျိုးကို မလွန်နိုင်ဘူးဆိုတာ၊ ဒီလို ဆင်ခြင်စဉ်းစားပါတဲ့၊ အဲဒီလိုတွေးလိုက်ရင် ခုနလိုပဲ တဏှာအတွေးလည်း မလာဘူး၊ ဒိဋ္ဌိ အတွေးတွေလည်း မလာဘူး၊ အသိဉာဏ်တွေ သတိတွေထက်ပြီး လောကမှာ တွယ်တာစရာတွေ မရှိတော့ဘူး၊ ဒါက ပုံမပျက်သေးတဲ့ ခန္ဓာကိုယ်ရုပ်အလောင်း။

နောက် ၉-ခုမှာ ဒုတိယက အကောင်တွေက ကိုက်စားထားလို့ ပုံပျက်သွားပြီ လက်တခြား ခြေတခြား ကျီးကန်းတွေက ဖဲ့စားထားတယ်၊ ခွေးတွေက ဖဲ့စားထားတယ်၊ တော သတ္တဝါတွေက ဖဲ့စားထားတယ်၊ လောက်တွေကြောင့် ပုံပျက်သွားတယ်။ ဒီလို ရုပ်အလောင်းမျိုးကို ကြည့်ပြီးတော့ “အော် ငါ့ခန္ဓာ ကိုယ်ကြီးဟာလည်းပဲ ဒါမျိုးဖြစ်ဦးမှာပဲ၊ ဒီအခြေအနေမျိုးက မလွန်မြောက်နိုင်ဘူး” လို့ “ ဒီလိုတွေးပါတဲ့၊ ဒီလိုသုံးသပ် တာလည်း ကာယာနုပဿနာပဲတဲ့ နော်။

နောက်တစ်ခုက အရိုး၊ ပုံပျက်သွားတဲ့ လူ့သဏ္ဌာန် Skeletonနဲ့ ပတ်သက်တာ ၇-ခု၊ အရိုးဘဝရောက်သွားတဲ့အခါ အဲဒီအရိုးပေါ်မှာ အသားလေးတွေ အသွေးလေးတွေ အကြာလေးတွေဆိုင်းထားပြီး ပုံမပျက်သေးတဲ့အရိုးစုက တစ်ခု။
နောက်တစ်ခါ အသားမရှိတော့ဘူး၊ သွေးလေးတွေ လူး ပြီးတဲ့ နေတဲ့ အရိုးစု တစ်ခု။
နောက်တစ်ခါ အရိုးစုမှာ အသားတွေ အသွေးတွေ လုံးဝမရှိတော့ဘူး၊ အကြောလေးနဲ့ပဲ ဆိုင်းထားတဲ့ အရိုးစုက တစ်ခု။
လက်တခြား, ခြေတခြား, ခေါင်းတခြား တခြားစီ ဖြစ်ပြီး တော့ ဗလနှံ့ကျဲနေတဲ့အရိုးစုက တစ်ခု။
အဲဒီလို အနှံ့အပြားဖြစ် နေရုံတင်မကဘူး နှစ်ကြာလာတဲ့အခါအရိုးက အရောင် ပြောင်းသွားတယ်၊ နေပူလိုက် မိုးရွာလိုက် ဆိုတော့ အရိုးစုတွေဟာ ဖွေးဆွတ်ပြီးတော့ နေတယ်၊ အရောင် ပြောင်းသွားတဲ့ အရိုးက တစ်ခု။
နောက် နှစ်ကြာပြီး ၃-နှစ် ၃-မိုး ကြာလာတဲ့အခါ အရိုးတွေက ဆွေးသွားတယ်၊ အဲဒီလို ဆွေးနေတဲ့အရိုးစုက တစ်ခု ဆိုပြီးတော့ ပေါင်းလိုက်တဲ့အခါ အဲဒီအရိုးစု ၇-ခုတဲ့၊ ခုနက ပုံမပျက်နဲ့ ပုံပျက်အလောင်းကောင်က ၂-ခု၊ အဲဒါတွေ ပေါင်း လိုက်တဲ့အခါ ၉-ခု။

အဲဒီ ၉-ခုကို ရှုပုံရှုနည်းကတော့ ဒီအတိုင်းပဲ၊ “ငါ့ခန္ဓာ ကိုယ်ကြီးဟာလည်း ဒါမျိုးဖြစ်ဦးမှာပဲ၊ ဒီအခြေအနေမျိုးက မလွန် မြောက်နိုင်သေးဘူး” ဒါမျိုး ဆင်ခြင်စဉ်းစားလို့ သတိစွမ်းအား ဉာဏ်စွမ်းအားတွေ ထက်လာရင် တဏှာအတွေးတွေလည်း မလာ တော့ဘူး၊ ဒိဋ္ဌိအတွေးတွေလည်း မလာတော့ဘူး၊

အနိဿိတော စ ဝိဟရတိ” တဏှာအတွေးနဲ့ မတွဲတော့ဘူး၊ 'န စ ကိဥ္စိ လောကေ ဥပါဒိယတိ- လောကကြီးမှာ စွဲလန်းမှုဆိုတာ မရှိတော့ တဏှာနဲ့လည်း မတွယ်တော့ဘူး၊ ဒိဋ္ဌိ အမြင်နဲ့လည်း မစွဲလန်းတော့ဘူး၊ ဥပါဒါန်တရားတွေ လုံးဝ ကျွတ်လွတ်သွားပြီး လွတ်မြောက်တဲ့ စိတ် အခြေအနေကို ရောက်သွားပါတယ်။

အားလုံးပေါင်းလိုက်တဲ့အခါ ၁၄-ခု၊ ကာယာနုပဿနာနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ ကမ္မဋ္ဌာန်း ၁၄-ခု ပေးထားတယ်၊ ဘယ်ကမ္မဋ္ဌာန်းလမ်းကြောင်း ကပဲ သွားသွား နောက်ဆုံးမှာ အတွယ်အတာတွေ ကင်းပြတ်ပြီး နိဗ္ဗာန်ဆိုတဲ့ အငြိမ်းဓာတ်ကို ရစေတာချည်းပဲတဲ့၊ ဒါကြောင့်မို့ နည်းမှန်လမ်းမှန် ကျင့်ကြံကြိုးကုတ် အားထုတ်မယ်ဆိုရင် မြတ်စွာ ဘုရားဟောထားတဲ့ ဒီသတိပဋ္ဌာန်ကျင့်စဉ်ဟာ မှန်ကန်သည့် ကျင့်စဉ်ဖြစ်သည့်အတွက်ကြောင့် လိုအပ်တဲ့အကျိုးကျေးဇူးတွေ ရကြမှာ ဖြစ်တယ်။

ဒီကနေ့ဟောပြတာ ကာယာနုပဿနာဖြစ်တယ်၊ နောက် နေ့တွေကျတော့ ဝေဒနာနုပဿနာ စိတ္တာနုပဿနာ ဓမ္မာနုပဿနာတို့ကို သုတ္တန်မှာလာတဲ့အတိုင်း တစ်ညစီဟောပြမှာ ဖြစ်တယ်။

အားလုံးသော တရားချစ်ခင် သူတော်စင်ပရိသတ်တို့ ကာယာနုပဿနာနဲ့ပတ်သက်ပြီး မြတ်စွာဘုရားဟောတဲ့အတိုင်း သိရှိနားလည်သဘောပေါက်ပြီး မိမိတို့ ဘာကိုလုပ်ရမယ်, ဘာကို ဖယ်ရှားပစ်ရမယ်ဆိုတာကို သဘောပေါက်ပြီး လိုက်နာကျင့် သုံးနိုင်ကြပါစေကုန်သတည်း။

“ သာဓု .. သာဓု .. သာဓု .”

ဝေဒနာနုပဿနာ

သာသနာတော်နှစ် ၂၅၅၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂-ရက် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်းတောင်ရပ်ကွက်၊ ဇေယျသုခလမ်း၊ ဓမ္မမဏ္ဍပ်ဝယ်ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်းအနား၌ ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေး တော်ဝင်ပုလဲဖိနပ်ဆိုင် မခင်ချိုချိုထိုက်၏ မွေးနေ့အမှတ်တရ အမတဒါန ဓမ္မဒါနအဖြစ်ဟော ကြားအပ်သော မဟာသတိပဋ္ဌာနသုတ် အနှစ်ချုပ် တရား ဒေသနာတော်။

ဝေဒနာနုပဿနာမှာ ဝေဒနာဆိုတာ ဘုန်းကြီးတို့ တတွေရဲ့ စိတ်ထဲမှာ စိတ်ကို မှီပြီးတော့ ဖြစ်တတ်တဲ့ သဘာဝတရား၊ သို့ သော် ဝေဒနာကို ရောဂါနဲ့တွဲပြီးတော့ သုံးနေကြသဖြင့် ဝေဒနာဆိုရင် ရောဂါလို့ အောက်မေ့တတ်ကြတယ်၊ ရောဂါ မဟုတ်ဘူးဆိုတာကို သတိထားဖို့ပါ၊ စိတ်ရှိလို့ရှိရင် ဝေဒနာရှိတယ်၊ စိတ်က လေးဟာ အာရုံနဲ့တွေ့ရင် အတွေ့ အကြုံကလေးတစ်ခု ရသွားတယ်-အာရုံရဲ့ အရသာကို ခံစားတယ် လို့၊ ဝေဒနာဆိုသည်မှာ အာရုံ၏အရသာကို ခံစားခြင်း-ဒီလို အဓိပ္ပာယ်ရှိတယ်။

အာရုံရဲ့ အရသာကို ခံစားတယ်လို့ ဆိုတဲ့နေရာမှာအကောင်း ရော၊ အဆိုးရော အကောင်းအဆိုး မဟုတ်တာရော စိတ်ရဲ့ ခံစားချက် ကလေးတွေက ခံစားတယ်၊ စိတ်ရှိလို့ရှိရင် စိတ်မှာ ဝေဒနာဆိုတဲ့ သဘာဝလေး ရှိတယ်၊ ထင်ရှားအောင် ပြောရမယ် ဆိုလို့ရှိရင် စိတ်ဟာ အာရုံနဲ့တွေ့လို့ရှိရင် အဲဒီအာရုံရဲ့ အရသာကို သိရှိ ပြီးတော့ မသွားဘူးလား၊ အာရုံ အနံ့အသက်လေးကို စိတ်က သိသွားတာ၊ အဲဒါကိုပဲ အာရုံ၏အရသာကို ခံစားတယ်လို့ကောင်းတဲ့အနေနဲ့ သိသလို ဆိုးတဲ့အနေနဲ့လည်း သိတယ်။

ဆိုပါစို့- နှစ်သက်စရာအာရုံကလေးကို မြင်လို့ စိတ်ထဲမှာ ပျော်ရွှင်တဲ့ အနေအထားလေး ဖြစ်လာလို့ရှိရင် အဲဒါ သောမနဿ ဝေဒနာ ဝမ်းသာမှုအတွေ့အကြုံလေးတစ်ခုပဲ၊ နောက် အလားတူ အာရုံတစ်ခုကိုတွေ့တိုင်း စိတ်ထဲမှာ ကျေနပ်မှုလေးတွေ ပေါ်လာတာ၊ အင်္ဂလိပ်လို ဝေဒနာကို feeling လို့ပြန်တယ်။ တချို့ ကလည်း sensation လို့ပြန်တယ်၊ တကယ်ပြန်သင့်တာကတော့ experience လို့ ပြန်သင့်တယ်၊ experienceဆိုတာ စိတ်က လေးဟာ အတွေ့အကြုံ ရသွားတယ်၊ အာရုံနဲ့တွေ့ကြုံတယ်။ အတွေ့အကြုံဆိုတာ အကောင်းလည်းရှိတယ် အဆိုးလည်း ရှိတယ်။

အဲဒီ အတွေ့အကြုံလေးကိုမှတ်သားပေးတာက သညာ၊ သညာက မှတ်သားထားသည့်အတိုင်း ဝေဒနာက ဖြစ်လာလို့ရှိရင် ပျော်ရွှင်စရာ အတွေ့အကြုံလေးဆိုရင် နောက် ဒါမျိုးတွေ့တိုင်း ပျော်ရွှင်တဲ့ စိတ်ခံစားမှုဝေဒနာ ပေါ်လာတယ်။ စိတ်ညစ်စရာ ကြောက်စရာ လန့်စရာအာရုံမျိုး ဆိုရင်လည်း တစ်ခါကြုံပြီးရင် နောက်မျိုးဆို ကြောက်စရာ လန့်စရာ စိတ်ညစ်စရာဆိုတဲ့ ခံစားမှုလေးတွေ ပေါ်ပေါက်လာတယ်။ သာမန်အားဖြင့် ရံဖန်ရံခါ အာရုံက ထူးခြားမှုမရှိသည့် အတွက် စိတ်ကလေးဟာ ပျော်ရွှင်ဝမ်းသာမှုလည်း မဟုတ်ဘူး၊ စိတ်ညစ် ဝမ်းနည်းမှုလည်း မဟုတ်ဘဲနဲ့၊ ပျော်ရွှင် ဝမ်းသာမှုလည်း မထင်ရှားဘူး စိတ်ညစ်ဝမ်းနည်းမှုလည်း မထင်ရှားတဲ့ ခံစားမှု လေးတွေလည်း ဖြစ်တတ်တယ်တဲ့၊ အဲဒီ ခံစားမှုကလေးကတော့ သိဖို့ ခက်ခဲတယ်။

ပျော်ရွှင်မှုဆိုတဲ့ အတွေ့အကြုံလေးကလည်း အတွေ့အကြုံ တစ်ခုပဲ၊ ဝမ်းနည်းမှု မကျေနပ်မှုဆိုတဲ့ အတွေ့အကြုံလေးကလည်း အတွေ့အကြုံတစ်ခုပ်၊ ပျော်ရွှင်စရာလည်း မဟုတ်ဘူး၊ ဝမ်းနည်းစရာလည်း မဟုတ်ဘူး၊ ပျော်ရွှင်မှုဝမ်းနည်းမှုတို့ရဲ့ စပ်ကြား မထင်မရှားဖြစ်နေတဲ့တွေ့ကြုံမှုလေးကလည်း ရှိတယ်လို့ အဲဒါကို စာလိုပြောရင် စိတ်မှာ ပျော်ရွှင်စရာ ကျေနပ်စရာ ကောင်းတဲ့တွေ့ကြုံခံစားမှုလေးကိုတော့ သုခဝေဒနာလို့ ခေါ်တယ်။ သုခ - စိတ်ထဲမှာ ကျေနပ်စရာ။ ။

အဲဒါရဲ့ ဆန့်ကျင်ဘက် ပျော်ရွှင်စရာမဟုတ်ဘူး, ကျေနပ် စရာမဟုတ်ဘူး၊ စိတ်ထဲမှာ ခံပြင်းတဲ့အနေအထားမျိုးလေး, မကျေနပ်တဲ့ အနေအထားမျိုးလေးနဲ့ ခံစားရတာမျိုးကျတော့ ဒုက္ခ ဝေဒနာလို့ ခေါ်တယ်။

ချမ်းသာမှုလည်း မဟုတ်ဘူး၊ ဆင်းရဲမှုလည်း မဟုတ်ဘူး၊ စပ်ကြား မထင်ရှားတဲ့ခံစားမှုလေးကိုတော့ အဒုက္ခမသုခဝေဒနာ၊ အဒုက္ခမသုခဆိုတာ ဒုက္ခလည်း မဟုတ်ဘူး, သုခလည်း မဟုတ်ဘူး၊ ပျော်ရွှင်ချမ်းမြေ့မှုလည်း မဟုတ်ဘူး၊ စိတ်ညစ်ပြီး မကျေ နပ်မှုလည်း မဟုတ်ဘူး၊ ဘာမှမထင်ရှားတဲ့ ခံစားမှု။

အဲဒီတော့ ဝေဒနာနုပဿနာ ဝေဒနာကို အဖန်ဖန် အထပ်ထပ် ရှုမှတ်တယ်ဆိုတာ စိတ်ရဲ့ ခံစားမှုလေးကို ရှုမှတ် တာကို ပြောတာပဲ၊ အာရုံနဲ့တွေ့ လာလို့ရှိရင် စိတ်ရဲ့ ခံစားချက် လေးတွေဟာ လူတွေမှာ ထင်ရှားလာတတ်တယ်၊ စိတ်ဖြစ်လို့ရှိရင် ခံစားမှုလေးတွေက ထင်ထင်ရှားရှားကြီး ဖြစ်တယ်၊ ဒါကြောင့်မို့ လူတွေက ပြောတယ်၊ “ဝမ်းသာလိုက်တာကွာ ဝမ်းနည်းစရာ ကောင်းလိုက်တာကွာ” ပြောကြတယ်၊ ဝမ်းသာလိုက်တာလို့ ပြောတာလည်း ဝေဒနာကို ပြောတာပဲ, ဝမ်းနည်းစရာ ကောင်းလိုက် တာလို့ ပြောတာလည်း ဝေဒနာကိုပြောတာ၊ ဝမ်းသာစရာလည်း မကောင်းဘူး, ဝမ်းနည်း စရာလည်း မကောင်းဘူးဆိုတာကြတော့ သိပ်ပြီး လူတွေ မပြောကြဘူးပေါ့၊ ဘာဖြစ်လို့တုန်းဆိုတော့ ထင်မှ မထင်ရှားတာကိုး၊

သို့သော် မှတ်ထားဖို့ ရာက စိတ်ရှိရင် ဝေဒနာရှိတယ်ဆိုတာပဲ၊ ကမ္မဋ္ဌာန်းရိပ်သာတွေမှာ တစ်ခါ တစ်ခါ သုံးတဲ့ စကားလေး တစ်ခုရှိတယ်၊ ဝေဒနာကုန်အောင်မှတ် ဝေဒနာကျော်နိုင်ရမယ်။ အဲဒါ ဒုက္ခဝေဒနာတစ်ခုတည်းကို ရည်စူးပြီး ပြောတာနော်၊ ဝေဒနာဆိုတာ ကျော်အောင် မှတ်လို့ ရပါ့ မလား (မရပါဘူး ဘုရား)၊ စိတ်တွေကုန်သွားမှ ဝေဒနာ ကုန်မှာပဲ၊ စိတ်ရှိနေသမျှ ဝေဒနာရှိနေမယ်၊ ဘာဖြစ်လို့တုန်းဆို ဝေဒနာဆိုတာ စိတ်ရဲ့ ခံစားချက်လေးကို ပြောတာ- စိတ်ရှိသမျှ ဝေဒနာရှိတာချည်းပဲ။ နောက်ဆုံး ဘယ်လောက်သိမ်မွေ့တဲ့ စိတ်ပဲ ဖြစ်ဖြစ်တစ်ခဏလေး တင်ဖြစ်တဲ့ မဂ်စိတ်လေးမှာလည်း ဝေဒနာရှိတာပဲ၊ ဖိုလ်စိတ် မှာလည်း ဝေဒနာရှိတာပဲ၊ နိဗ္ဗာန်ကို အာရုံပြုတဲ့ စိတ်တွေမှာ ဝေဒနာရှိတာပဲ၊ နိဗ္ဗာန်ကိုတွေ့ကြုံတာ နိဗ္ဗာန်ကို ချမ်းသာသုခ ကျေနပ်စရာအနေနဲ့တွေ့ကြုံတယ်- သုခဝေဒနာဖြစ်တာပေါ့ ။

အဲဒီလို စိတ်ရဲ့ အတွေ့အကြုံလေးတွေလို့ ဒီလိုပြောလို့ရှိရင် ဒါဝေဒနာရဲ့ သဘောဟာ လက်တွေ့အားဖြင့် ပိုပြီးတော့ သိသာတယ်ပေါ့၊ အင်္ဂလိပ်လို feeling လို့ ပြန်တဲ့အခါကျတော့ တစ်ခါတစ်ရံ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်တာတွေနဲ့ သွားပြီးတော့ ရောထွေးမှုတွေ ရှိတယ်၊ ပြည့်ပြည့်စုံစုံဖြစ်အောင် mental feeling ဆိုလို့ရှိရင်တော့ နဲနဲတော်တယ်ပေါ့၊ စိတ်ရဲ့ ခံစားမှုကလေးတွေ၊ အကောင်းဆုံးကတော့ mental experiences ။

စာပေတွေမှာ ဘယ်လိုသုံးတုန်းဆိုလို့ရှိရင် ဝေဒနာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က ဝေဒယိတလက္ခဏာ - အာရုံကို ခံစားတယ်ဆိုတဲ့ အမှတ်အသား ရှိတယ်။ ကောင်းရင် ကောင်းတယ်, မကောင်းရင် မကောင်းဘူးဆိုတဲ့ အတွေ့အကြုံကို ပြောတာပဲ။ အဲဒီ အတွေ့ အကြုံဆိုတာ ကိုယ်တိုင်ဖြစ်တဲ့အခါမှ သိတာကိုး၊ ဖြစ်လာတဲ့အခါမှာ စိတ်လေးမှာ အတွေ့အကြုံလေးတွေဆိုတာ ရှိတယ်၊ ရှိလို့ မှတ်ထားတာ၊ ဥပမာ - ငရုတ်သီးမြင်ရင် စပ်တယ်ဆိုတာ နောက်တစ်ခါ မှတ်မိမနေဘူးလား၊ အေး-ငရုတ်သီး စပ်တယ်ဆိုတာကို သညာက မှတ်ထားသည့်အတွက်ကြောင့် ငရုတ်သီး မြင်လိုက်တာနဲ့ အဲဒီစပ်တယ်ဆိုတဲ့ feeling ကလေး ပေါ်လာတယ်၊ အဲဒီလို အာရုံရဲ့ သဘောလေးပေါ်လာတယ်။

ဒီလိုပဲ ကြောက်စရာ အာရုံတစ်ခုကို တစ်ခါ မြင်ထားလို့ စိတ်ကကြောက်စရာလို့ အတွေ့အကြုံရှိထားတယ်၊ သညာကလည်း မှတ်လိုက်တယ်၊ နောက်တစ်ခါ ဒါမျိုး မြင်တဲ့အခါ ကြောက်တယ်ဆိုတဲ့ စိတ်ရဲ့ feelingက ပေါ်လာပြန်တာပဲ၊ အဲဒီတော့ စိတ်ရဲ့ feeling စိတ်ရဲ့ experienceတွေကို ဝေဒနာလို့ ပြောလို့ ရတယ်။

စေတသိက်တွေဆိုတာ function တစ်ခုစီ ရှိကြတယ်။ (functionဆိုတာဆောင်ရွက်တဲ့ကိစ္စ) ကိစ္စခြင်းမတူသည့် အတွက်ကြောင့် ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင်ကိစ္စတစ်ခုစီ ရှိတာမို့ တစ်ခုလို့ ယူဆတယ်, တစ်ခုလို့ ရေတွက်ရတယ်၊ တကယ်တော့ ပြောမယ် ဆိုလို့ရှိရင် စေတသိက်တွေဟာ စိတ်ရဲ့ လှုပ်ရှားမှုတွေလို့ ပြောမယ် ဆိုလည်း ပြောလို့ရတယ်၊ စိတ်ရဲ့ လုပ်ဆောင်ချက်တွေလို့ပဲ ပြောရမယ်။ ဒါကြောင့်မို့ တစ်ခါတစ်ခါကျတော့ စိတ်လို့ပဲ ပြောလိုက်တယ်၊ စေတသိက်ရယ်လို့ ခွဲပြီး ပြောမနေတော့ဘူး၊ အဲဒီတော့ စိတ်လေးတစ်ခုမှာ ဆောင်ရွက်မှုကိစ္စတွေဟာ အတိုင်း အတာ အလိုက် ရှိကြတယ်၊ စိတ်ရဲ့ ဆောင်ရွက်မှုတွေ (သို့မဟုတ်) စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့အရာတွေဟာ ၅၂-မျိုး ရှိလို့ စေတသိက် ၅၂-မျိုး လို့ဆိုတာ။

အဲဒီစေတသိက် ၅၂-မျိုးထဲမှာ ဒီ ဝေဒနာကို သီးသီးသန့်သန့် ထုတ်ပြီး ကမ္မဋ္ဌာန်းရှုဖို့ဆိုပြီး မြတ်စွာဘုရားက ဝိပဿနာရဲ့ အာရုံ အနေနဲ့ ဒီမှာ ဟောတာ၊ သက္ကပဥှသုတ်မှာ ဝေဒနာ ကမ္မဋ္ဌာန်းဆိုပြီး သိကြားမင်းကြီးကို ဟောထားတာလည်း ဒီဝေဒနာပဲ။ အဲဒီဝေဒနာနဲ့ ပတ်သက်လာလို့ရှိရင် နောက်ထပ် မှတ်သား လေ့လာစရာတွေ မြောက်များစွာရှိတယ်။ ။

မဟာသတိပဋ္ဌာနသုတ်ကို လေ့လာတဲ့အပြင် ဝေဒနာ ကမ္မဋ္ဌာန်းနဲ့ပတ်သက်ပြီး ဝေဒနာသံယုတ်ဆိုတာလည်း ရှိတယ်ဝေဒနာနဲ့ပတ်သက်ပြီး ဟောထားတဲ့တရားတွေ၊ မြတ်စွာဘုရားရဲ့ တရားတော်တွေကို တစ်ခါတစ်ရံကျတော့ စုံစုံလင်လင် တစ်ထိုင်တည်း ပြောဖို့ဆိုတာ ခဲယဉ်းတယ်၊ ပုဂ္ဂိုလ်အလိုက် မြတ်စွာဘုရားဟာ လိုအပ်သလိုလေး ဟောသွားတယ်၊ ဒီပုဂ္ဂိုလ် ဒါနဲ့ တန်တယ်ဆိုရင် ဒီပုံစံလေး ဟောသွားတယ်၊ နောက်ပုဂ္ဂိုလ်ကျတော့ နောက်ပုဂ္ဂိုလ် အနေနဲ့ ဟောတယ်၊ တရားဓမ္မကို ဟောတဲ့အခါမှာ ပုဂ္ဂလဇ္ဈာသယ လို့ခေါ်တဲ့ ပုဂ္ဂိုလ်ရဲ့ inclination tendency စိတ်ဆန္ဒ သဘောထားတွေ စိတ်ညွတ်နေမှုတွေကို ကြည့်ပြီး မြတ်စွာဘုရားက ဟောလေ့ရှိတယ်၊

ဝေဒနာကမ္မဋ္ဌာန်း - ဝေဒနာနုပဿနာ လို့လည်း ခေါ်တယ်၊ အဲဒီစိတ်ရဲ့ ခံစားမှုလေးတွေ- ပျော်ရွှင်တာလည်း စိတ်ရဲ့ ခံစားမှုပဲ, စိတ်ညစ်တာလည်း စိတ်ရဲ့ ခံစားမှုပဲ, ဝမ်းနည်းတာလည်း စိတ်ရဲ့ ခံစားမှုပဲ, ဝမ်းနည်းတာလည်းမဟုတ်ဘူး ဝမ်းသာ တာလည်းမဟုတ်ဘူး စပ်ကြားကအရာလည်း စိတ်ရဲ့ ခံစားမှုတွေပဲ၊ အဲဒီခံစားမှုတွေထဲမှာ ထင်ထင်ရှားရှားကတော့ အခု ပြောတဲ့ ပျော်ရွှင်တယ်, ဝမ်းသာတယ်ဆိုတာ ထင်ရှားတယ်၊ စိတ်ညစ်တယ်, ဝမ်းနည်းတယ်ဆိုတာ ထင်ရှားတယ်၊ အဲဒီ ထင်ရှားတဲ့ ဝေဒနာတွေကို အာရုံအဖြစ် ရှုမှတ်ပြီးတော့ ကြည့်ဖို့အတွက်သတိကို ထူထောင်ပြီးတော့ သတိဝင်လာတာနဲ့ တစ်ပြိုင်နက် ပညာက အာရုံရဲ့ သဘာဝကို သိတယ်။ သတိကို ဘာလို့ ထူထောင်ရသလဲဆိုလို့ရှိရင် သတိက ဒီအာရုံလေးကို ယူပေးမှ ပညာက သိနိုင်လို့ ဖြစ်တယ်။

ဆိုပါစို့- ဘုန်းကြီးတို့တတွေ စာအုပ်လေးတစ်အုပ် ဖတ် ချင်လို့ရှိရင် လက်က ဖွင့်ပေးရတယ် မဟုတ်လား၊ လက်က ဖွင့်မ ပေးရင် မျက်စိကကြည့်လို့မရဘူး၊ အဲဒီလိုပဲ မှတ်ပါ၊ သတိက စာအုပ်ဖွင့်ပေးတဲ့လက်နဲ့ တူတယ်၊ ကြည့်တဲ့မျက်လုံးက ပညာနဲ့ တူတယ်ပေါ့၊ ၂-ခု ပူးပေါင်းလုပ်မှ စာကြည့်လို့ ရတယ်နော်။ အဲဒါမျိုးလိုပဲ သတိကလေးက အာရုံကို ယူပေးတယ်၊ သတိ ယူပေးတဲ့ အာရုံရဲ့ သဘာဝအစစ်အမှန်ကို သိတာကျတော့ ပညာက သိတာ၊ ပညာက အာရုံကို မယူနိုင်ဘူး၊ သတိက အာရုံရဲ့ သဘာဝကို မသိနိုင်ဘူး၊ သူ့အလုပ်သူ လုပ်ကြတာ၊ ပူးပေါင်းပြီးတော့ လုပ်တယ်ဆိုတဲ့ သဘောလေးကို လက်တွေ့ အနေအထားနဲ့ ကြည့်ရမယ်နော်။

မဟာသတိပဋ္ဌာနသုတ်မှာ မြတ်စွာဘုရားက ဝေဒနာနုပဿနာလို့ဆိုပြီး သတိကပ်ပြီး ဝေဒနာရဲ့ သဘာဝကို သိမှတ်ဖို့ အသိဉာဏ်ဖြစ်ဖို့ဆိုပြီးတော့ သတိပဋ္ဌာန် ၄-ရပ်ထဲမှာ ဝေဒနာကို အာရုံတစ်ခုအနေနဲ့ ဟောထားတယ်၊ ဝေဒနာနုပဿနာတဲ့ - စိတ်ရဲ့ ခံစားချက်လေးကို အဖန်ဖန်အထပ်ထပ် ရှုမှတ်နေလို့ ရအောင် သတိလေးက ယူပေးတယ်၊ ကြည့်တာက ဘယ်သူက ကြည့် ဉာဏ်ကကြည့်တာ၊ ဒါကို အနုပဿနာလို့ဆိုတာ၊ အနု - အဖန်ဖန်အထပ်ထပ်၊ တစ်နည်းအားဖြင့် အနု - သင့်လျော်တဲ့ ရှုထောင့်က ကြည့်တာ၊ မသင့်လျော်တဲ့ရှုထောင့် ရှိသေးလား? ရှိတယ်။ ဝေဒနာကို ငါလို့တွေးမယ်ဆိုရင် မသင့်လျော်တဲ့ရှုထောင့်ပဲ၊ ငါ့ ဝေဒနာ ငါ့ဟာလို့တွေးရင် မသင့်လျော်တဲ့ ရှုထောင့်ပဲ၊ အဲဒီတော့ ဝေဒနာကို ဝေဒနာလို့ကြည့်တယ်, ဝေဒနာက မမြဲဘူး, ဝေဒနာဟာ ဆင်းရဲတယ်, ဝေဒနာဟာ ကိုယ်ပိုင်တဲ့အရာ မဟုတ်ဘူးလို့ဆိုတဲ့ ရှုထောင့်က ကြည့်တာကျတော့ အမှန်ကြည့်တယ်လို့ ခေါ် တာပေါ့ ။

အဲဒီ အနုပဿနာဆိုတဲ့ စကားလုံးကို သင့်လျော်အောင် အဓိပ္ပာယ်ယူကြမယ်ဆိုရင် အဖန်ဖန်အထပ်ထပ် ကြည့်တယ်ဆိုတဲ့အဓိပ္ပာယ်၊ နောက် အနုပဿနာ-သင့်လျော်အောင်ကြည့်တယ်၊ မှန်ကန်တဲ့နည်းလမ်းနဲ့ ကြည့်ရှုတယ်၊ အဲဒီလို ကြည့်ရှုလို့ ဖြစ်အောင် သတိက ဦးဆောင်သွားရတယ်လို့ ဒီလို ပြောတာ။

ဒီဝေဒနာလေးက ခန္ဓာ ၅-ပါးမှာလည်း ကြည့်လိုက်ဦး၊ ခန္ဓာ ၅-ပါးကို မြတ်စွာဘုရားက ဟောထားတာ ပထမ “ခန္ဓာ” ဆိုတဲ့စကားလုံးနဲ့ဟောတာ တစ်ခု၊ 'ဥပါဒါန”ဆိုတဲ့ စကားလုံး လေး ထည့်ပြီးတော့ ဥပါဒါနက္ခန္ဓာလို့ ဟောတာ တစ်ခု၊ ခန္ဓာလို့ ဟောတာကျတော့ အားလုံးကို cover ဖြစ်အောင် ပါဝင်နိုင်သမျှ ပါဝင်အောင် ရုပ်အားလုံး, ဝေဒနာအားလုံး, သညာအားလုံး, သင်္ခါရ (စေတနာကို ဦးတည်ထားတဲ့ စေတသိက်တွေ) အားလုံး ဝိညာဏဆိုတဲ့စိတ်အားလုံး.. ဒါတွေ ပါဝင်အောင် ခန္ဓ-အစု (aggregate) ဆိုတာ ဟောလိုက်တာ၊ အဲဒါ ဟောပြီးတဲ့နောက်မှာ ဥပါဒါနက္ခန္ဓာ ဆိုပြီးတော့ နောက်ထပ်တစ်ခု ဟောတယ်၊ “ဥပါဒါန” ဆိုတဲ့စကားလုံးလေး ပါလာသည့် အတွက်ကြောင့် ခန္ဓဆိုတဲ့ စကားလုံးနဲ့ ဥပါဒါနက္ခန္ဓာဆိုတဲ့ စကားလုံးက မတူပေဘူးပေါ့၊ မတူဘူးဆိုတာ -

ဥပါဒါနက္ခန္ဓာဆိုတာ တဏှာအမြင်နဲ့ ကြည့်တဲ့ခန္ဓာ၊ ဒိဋ္ဌိ အမြင်နဲ့ ကြည့်နေတဲ့ခန္ဓာ၊ အဲဒီခန္ဓာဟာ တဏှာအမြင် ဒိဋ္ဌိအမြင် နဲ့ကြည့်လို့ - အတွေ့အကြုံတွေရပြီးတော့ ရှိနေတဲ့ အဲဒီခန္ဓာမျိုးကို တဏှာဒိဋ္ဌိက လွှမ်းမိုးကြီးစိုးနေသလိုမျိုးဖြစ်တဲ့ တဏှာအ မြင်, ဒိဋ္ဌိအမြင်တွေနဲ့ မြင်နေတဲ့ ခန္ဓာဟာ ဝိပဿနာရဲ့ အာရုံ ဖြစ်တယ်၊ ဒီလိုပြောတာနော်။ ။

ဝိပဿနာရှုတဲ့အခါမှာ အဲဒီ တဏှာအတွေးတွေ ဒိဋ္ဌိအမြင် မှားမှုတွေနဲ့ အတွေးမှား အယူမှားနေတဲ့ တွယ်တာမှုတွေနဲ့ သွားနေတဲ့ခန္ဓာကို ဝိပဿနာဉာဏ်နဲ့ ရှုရမယ်၊ ဘာဖြစ်လို့ရှုရလဲ ဆိုရင် ခုနက အတွေးမှားနေတာတွေကို ပျောက်သွားအောင် လုပ်ဖို့ပဲ ဒါကြောင့်မို့ ဥပါဒါနက္ခန္ဓာကို ဝိပဿနာရှုဖို့အတွက် ဟောတယ်လို့ - ဒီလို စာပေတွေမှာဆိုတာ၊ ဒါလည်း အင်မတန် သဘာဝ ကျတယ်၊ ကိုယ်မှ မမြင်ဘူးတဲ့နေရာမှာ စွဲလမ်းမှုဆိုတာ ရှိပါ့ မလား (မရှိပါဘူးဘုရား)။

မဟာစည်ဆရာတော်ဘုရားကြီးရေးထားတဲ့ လင်္ကာတစ်ပုဒ် ငယ်ငယ်က ရဖူးတယ်- “မမြင်ရရာ ကိလေသာ သူဟာသူ ငြိမ်းသည်”တဲ့၊ ကိုယ်မမြင်ဘူးတာ ကိလေသာ ဘယ်ဖြစ်မလဲ။ ဒူးရင်းသီး မစားဖူးဘူး, ဒူးရင်းသီး ကောင်းတယ်လို့ ဘယ်သူ မှလည်း မပြောဘူး၊ ဒူးရင်းသီးဆိုတာ ကြားကို မကြားဖူးတဲ့ လူဟာ ဒူးရင်းသီး စားချင်စိတ် ပေါက်ပါ့မလား၊ တစ်ယောက်က ဖြစ်ဖြစ် ကောင်းတယ်လို့ ပြောမယ်, ဘယ်လိုအရသာရှိတယ်လို့ ပြောမယ်၊ အဲဒီကျရင်တော့ အတွေးလေးက စားချင်စိတ်လေး ပေါ်လာမယ်၊ အဲဒီတော့ မမြင်ဖူး မကြားဖူးတဲ့ အာရုံတွေပေါ်မှာ ကိလေသာဆိုတာ ဖြစ်တာ မဟုတ်ဘူး၊ ဖြစ်တာက ဘာတုန်း ဆိုတော့ အတွေ့အကြုံရှိသွားတဲ့ အာရုံ.. ကောင်းတယ်လို့ တဏှာ ကနေ စွဲမက်သွားပြီး တွယ်ကပ်နေပြီ၊ မှားယွင်းတဲ့ အယူအဆ တစ်ရပ်ကနေပြီးတော့ လွဲမှားစွာ သိမ်းပိုက်ထားပြီ၊ အဲဒီ အချိန် ကျလို့ရှိရင်တော့ မြင်တိုင်း တဏှာဖြစ်မယ်၊ မြင်တိုင်း မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိ ဖြစ်နေမယ်၊ အဲဒီလို တဏှာတွေ လာလိုက်, ဒိဋ္ဌိတွေ လာလိုက် ဒီဥပါဒါန်တွေနဲ့ ဖြစ်နေတဲ့ အာရုံမျိုးကိုမှ အဲဒီ ဥပါဒါန်အစွဲကို ချွတ်ဖို့အတွက် မြတ်စွာဘုရားက ဝိပဿနာဆိုတာ ဟောတာ။

ဒါကြောင့်မို့လို့ အခုကမ္မဋ္ဌာန်းရဲ့ အာရုံမှန်လို့ရှိရင်ပေါ့ဆိုပါစို့-ထင်ထင်ရှားရှားပြောရမယ်ဆိုရင် ဝေဒနာလို့ အခုပြောတဲ့ စိတ်ရဲ့ အတွေ့အကြုံလေး, ခံစားမှုလေးဟာ စိတ်တိုင်းမှာရှိတယ်ဆိုတော့ သောတာပတ္တိမဂ်စိတ်မှာလည်း ရှိတယ်၊ သကဒါဂါမိမဂ်စိတ်မှာလည်း ရှိတယ်၊ လောကုတ္တရာစိတ်အားလုံးမှာ ရှိတယ်၊ မဂ်စိတ်ဖိုလ်စိတ်အားလုံးမှာ ဒီအတွေ့အကြုံခံစားချက် လေးတွေ ရှိတယ်။ ။

အဲဒီခံစားချက်ကလေးတွေဟာ တဏှာတို့ဒိဋ္ဌိတို့နဲ့ ရှုမှတ် လို့ရတဲ့ခံစားချက် မဟုတ်ဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် ကိုယ်မှအတွေ့အကြုံမှ မရှိပဲနော်၊ အတွေ့အကြုံ မရှိသည့်အတွက်ကြောင့် တဏှာအနေနဲ့လည်း တွယ်တာမှာ မဟုတ်ဘူး၊ ဒိဋ္ဌိအနေနဲ့လည်း မှားယွင်းတဲ့အမြင် မရှိဘူး၊ အင်မတန်မွန်မြတ်ပြီးတော့ အင်မတန် ထက်မြက်တဲ့ဉာဏ်အမြင်နဲ့မှ ဒီစိတ်တွေဟာ လေ့ကျင့်ထားလို့ သင်္ခါရ အာရုံတွေပေါ်မှာ ရွံမုန်းပြီး အသိဉာဏ်ထူးနဲ့မှ ရလာနိုင်တဲ့ တရားတွေ ဖြစ်တယ်၊ တဏှာဆိုတဲ့ အတွေးတွေ မကပ် နိုင်ဘူး။

စာပေအရပြောမယ်ဆိုလို့ရှိရင် သံတုံးကြီးတစ်ခုကို ရဲနေအောင်ဖုတ်ထားလို့ရှိရင် အဲဒီရဲနေတဲ့ သံတုံးကြီးကို သွေးရဲရဲလို့ ထင်ပြီးတော့ ယင်ကောင်က လာနားရဲပါ့မလား? မနားရဲဘူး၊ အရောင်အားဖြင့်ကြည့်မယ်ဆိုရင် သွေးရောင်ပေါက်နေတယ်။ ဒါပေမယ့်လို့ နားရဲလားလို့ဆို မနားရဲဘူး၊ နားလိုက်တာနဲ့ ပြာဖြစ် သွားမှာပေါ့ ၊ ချက်ချင်းကနဲနဲ့ ပျောက်သွားမှာ ဟုတ်ကဲ့လား။

အဲဒါလိုပဲ နိဗ္ဗာန်ကိုအာရုံပြုတဲ့ လောကုတ္တရာစိတ်တွေမှာ တဏှာဆိုတဲ့ အတွယ်အတာ အနားမကပ်ရဲဘူး၊ ဒိဋ္ဌိဆိုတဲ့ မှားယွင်းတဲ့အမြင်တွေ မလာနိုင်ဘူး၊ မလာနိုင်သည့်အတွက်ကြောင့် ဝေဒနာနုပဿနာအနေနဲ့ ရှုမှတ်ရမှာ မဂ်စိတ်ဖိုလ်စိတ်မှာ ယှဉ်တဲ့ဝေဒနာကို ရှုမှတ်ရမှာ မဟုတ်ဘူးဆိုတာ မထင်ရှားပေဘူးလား၊ စွဲလမ်းမှုရှိတဲ့ဝေဒနာကိုသာလျှင် ထိုအစွဲဖြုတ်ဖို့ ဝိပဿနာ အလုပ်ကို လုပ်ကြရတာ။

တစ်သံသရာလုံး မှားလာတဲ့ အမှားကြီးကို ချွတ်ဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့ ရမှာတော့ မဟုတ်ဘူးပေါ့၊ တစ်စတစ်စနဲ့ အားနည်းသွားအောင် လုပ်ရမယ်၊ အင်မတန်မှ စွဲနေတဲ့ အမှားကြီး တစ်ခုကို တစ်စပြီးတစ်စ, တစ်စပြီးတစ်စပြင်၊ နည်းနည်းချင်းနဲ့ ဒီလိုသွားတာ၊ ဒီဘဝနဲ့ ထားရင် နောက်ဘဝ လွယ်လွယ်လေး နဲ့ဖြစ်မှာပါ၊ ဒီဘဝတောင် မနှဲဘူးဆိုရင် နောင်ဘဝနဲ့ ဖို့ဆိုတာ မရှိဘူးနော်၊ တချို့က ‘တို့က ပါရမီမပါလို့” ဆိုပြီးတော့ ဒီကမ္မဋ္ဌာန်း အလုပ်ကို လုပ်ချင်တဲ့စိတ်မရှိဘူး၊ တို့နဲ့ ဉာဏ်မမှီဘူး, ပါရမီ မပြည့်သေးဘူး နောက်ပါရမီပြည့်မှ လုပ်မယ်လို့ ဆိုတယ်။ ပါရမီက ဘယ်တော့မှ ပြည့်လာမှာ မဟုတ်ဘူးနော်၊ ဒီဘဝ လုပ် လိုက်တာဟာ ပါရမီ လမ်းကြောင်းပေါ် ရောက်လာတာလို့ပဲ ပြောရမယ်၊ ဒီဘ၀ နဲနဲလေး လုပ်ထားလို့ရှိရင် နောက်ဘဝ များများကြီး ရမယ်၊ အခြေခံကောင်းတွေ ရမယ်။

ရှင်စူဠပန်

ဒါနဲ့ပတ်သက်ပြီး- ရှင်စူဠပန်ကိုပဲကြည့်၊ ဖြူစင်တဲ့ ပုဝါ လေးနဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ ချွေးကလေးကို သုတ်လိုက်တဲ့အခါမှာ ဖြူစင်တဲ့ပုဝါလေး မည်းညစ်သွားတာကို တစ်ခုသော ဘဝမှာ သူမြင်ခဲ့တယ်၊ ခန္ဓာကိုယ်ရဲ့ အပြစ်- တခဏလေး မြင်ပြီးတော့ “အို..ဒီခန္ဓာကိုယ်ကြီး အကြောင်းပြုပြီးတော့ အင်မတန် သန့်ရှင်းဖြူစင်တဲ့ လက်ကိုင်ပုဝါလေး မည်းညစ်သွားရပါလား” လို့ သံဝေဂ စိတ်ကလေး ဖြစ်ခဲ့တယ်နော်၊ သင်္ခါရတွေ ပေါ်မှာ ခန္ဓာကိုယ်ပေါ်မှာ ရွံမုန်းတဲ့ သံဝေဂစိတ်လေးနဲနဲလေး ဖြစ်ခဲ့တယ်။

အဲဒီ ဖြစ်မှုလေးဟာ ရှင်စူဠပန်ဘဝ ရောက်လာတဲ့အခါ မြတ်စွာဘုရားက ပုဝါဖြူလေးပေးပြီးတော့ ရှုခိုင်းခြင်းရဲ့ အကြောင်း ဖြစ်တယ်၊ အဲဒီ ဇာတ်လမ်းလေးကို ပြန်ဆက်ပေးတာနော်။ အတိတ်ကို ဖော်ပေးတာ၊ အဲဒီအတိတ်က သံဝေဂဉာဏ်ဟာ ဘယ်လောက်မှ မဖြစ်လောက်ဘူးလို့ ထင်ကောင်းထင်လိမ့်မယ် “မဟုတ်ဘူး၊ ဥပနိဿယ အားကြီးတဲ့ အကြောင်း ဖြစ်သွားတယ်။

ရှင်စူဠပန်ဆိုတာ သင်္ကန်းဝတ်လိုက်ကတည်းက ဉာဏ်တုံး သွားလိုက်တယ်။ ဂါထာလေးတစ်ပုဒ်တောင်မှ ၄-လကျက်တာ မရလောက်အောင် ဉာဏ်တုံးသွားတယ်၊ အဲဒီလောက် ဉာဏ်တွေ လေးသွားတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ ပုဝါပိုင်းလေးကြည့်ပြီး သမာဓိ ထူထောင်လိုက်တာနဲ့ ထူးခြားတဲ့အသိဉာဏ်တွေ ရသွားတာ၊ အဲဒီ အတိတ်ဘဝက သံဝေဂအတွေးလေးသည်ပင်လျှင် သူ့အဖို့မှာ ပါရမီပဲ။ ဟုတ်ကဲ့လား၊ ဒီပါရမီလေးကို အားမကိုးလောက်ဘူးလို့ မအောက်မေ့လေနဲ့၊ အားကိုးလောက်တယ်၊ ဘုရားက အဲဒီပါရမီကို ဆက်ပေးလိုက်တာ၊ ဒါကြောင့်မို့ သူတရားရတာဟာ ဒီလက်ကိုင် ပုဝါလေးနဲ့ပဲ ရတယ်။

အဲဒီ ရှင်စူဠပန်ဇာတ်လမ်းကို ကြည့်မယ်ဆိုရင် ဓမ္မပဒအဋ္ဌ ကထာတို့ ရှင်စူဠပန်ရဲ့ ထေရဂါထာတို့ အပဒါန်တို့ ဒါတွေ အကုန်လုံး စပ်ဟပ်ကြည့်မှ ရှင်စူဠပန်ရဲ့ ကမ္မဋ္ဌာန်းဟာ ပေါ်လွင် ထင်ရှားတယ်၊ နို့မို့ဆိုလို့ရှိရင် ပုဝါလေးကို လက်နဲ့ပွတ်ပြီး “ရဇောဟရဏံ ရဇော ဟရဏံလို့ ကမ္မဋ္ဌာန်း လုပ်နေတာ၊ (ရဇော ဟရဏံ”ဆိုတာက ဖုန်သုတ် ပုဝါလေးပါပဲ။ အညစ်အကြေး သုတ်တဲ့ပုဝါလေး)၊ အဲဒီလိုလေး လုပ်တာကိုပဲ ဓမ္မပဒ အဋ္ဌကထာ အရဆိုရင် လက်နဲ့ ရဇောဟရဏံ ရဇောဟရဏံလို့ ပွတ်နေ တာလေးကို ပြောတယ်။

သို့သော် စာပေကို စုံအောင်လေ့လာပြီး ကြည့်မယ်ဆိုရင် မြတ်စွာဘုရားက ပုဝါပိုင်းလေး ပေးလိုက်တာဟာ သြဒါတ ကသိုဏ်းရှုဖို့ ပေးတာနော်၊ ရှင်စူဠပန်ဟာ ပထမ သမထကျင့်စဉ်ကို ကျင့်တာ ဘယ်ပေါ်မှာ ကျင့်လဲ? ဘုရားပေးတဲ့ ပုဝါပိုင်း ပေါ်မှာ ကျင့်တာ၊ သြဒါတကသိုဏ်း ကျင့်တာပဲ။ စူဠပန္ထက အပဒါန်မှာ ကြည့်၊ အတိတ်ဘဝက သူက သြဒါတကသိုဏ်းမှာ အလေ့အကျင့်များခဲ့တယ်- ဒါပါရမီပဲ၊ အခု ဒီခေတ်မှာ အဘိဓမ္မာတွေ လေးနက်တဲ့ သဘာဝတရားတွေ တရားနာထားတို့ တရား ရိပ်သာတွေသွားပြီး တရားထိုင်တာတို့ ဒါတွေဟာ ပါရမီတွေပဲ။ မလုပ်ဘူးဆိုရင် ဒီပါရမီတွေ ရပါ့မလား (မရပါဘူးဘုရား)။

ရှင်စူဠပန်ဟာ အတိတ်ဘဝလေးတုန်းက သြဒါတ ကသိုဏ်းနဲ့ ဈာန်အဘိညာဉ်တွေ ရခဲ့ဖူးတယ်၊ အဲဒါကြောင့်မို့ မြတ်စွာဘုရားက ဒီပုဝါလေးပေးထားတာ၊ ၂-ကိစ္စပြီး အောင်လို့ ပေးလိုက်တာ၊ ပုဝါလေးကိုကြည့်ပြီးတော့ သြဒါတကသိုဏ်း ရှုလိုက်တာ ဈာန်အဘိညာဉ်တွေ ရသွားတယ်၊ ဈာန်အဘိညာဉ်တွေ ရတဲ့အခါကျတော့မှ ပုဝါလေးကို မည်းညစ်အောင် မြတ်စွာဘုရားက ဖန်ဆင်းလိုက်တဲ့အခါမှာ သူ့လက်ကလေးနဲ့ ပွတ်နေတဲ့ ပုဝါလေးက မည်းသွားတယ်၊ မည်းသွားတဲ့ ပုဝါလေး ကြည့်တော့မှ ဝိပဿနာ လမ်းကြောင်းပေါ် တက်မိသွားတာ၊ အဲဒီလို လမ်းကြောင်းပေါ် တက်အောင်လည်းပဲ ဒီပုဝါနဲ့ပဲ သွားတာ မဟုတ်လား၊ အေး-ဒါက ကိုယ်လေ့ကျင့်ခဲ့တာ လေးတွေဟာ ပျောက်ကွယ် ပြီးတော့ မသွားဘူးဆိုတာ ထင်ရှားတယ်။

ယသသူဌေးသား

ဒါတင်မကဘူး၊ မြတ်စွာဘုရားလက်ထက်တုန်းက ပဉ္စဝဂ္ဂီ ၅-ပါးနောက် ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ ဗာရာဏသီက သူဌေးသား ယသဆိုတာ ဖြစ်တယ်။ သိပ်ချမ်းသာတယ်၊ နန်းပြသာဒ် ၃ဆောင်မှာ ဆောင်းရာသီနေဖို့ တော်တဲ့ နွေရာသီ နေဖို့ တော်တဲ့ မိုးရာသီနေဖို့ တော်တဲ့ အဆောက်အဦးတွေမှာ အလှည့်အပြောင်း နဲ့၊ ကာမဂုဏ်တွေ အပြည့်အဝ ခံစားနေတဲ့ ခြေမွှေး မီးမလောင် လက်မွှေး မီးမလောင် တကယ့် သူဌေးသား၊ အဲဒီ သူဌေးသား လေးဟာ ဘယ်လိုလုပ်ပြီးတော့များ ဒီလောက် ချမ်းသာပြီး ဇိမ်ကျ နေတဲ့ ဘဝမှာနေရင်း သံဝေဂ ရသွားတယ်။

တစ်ခုသောဘဝမှာ နာရေးကူညီမှုဆိုတဲ့ ကိစ္စတွေ လုပ်ပြီး အလောင်းကောင်တွေကို volunteer လုပ်ပြီး သင်္ဂြိုဟ် ပေးတာနော်၊ အဲဒီလို သဂြိုဟ်ပေးရင်းကနေ မီးသင်္ဂြိုဟ်လိုက်တဲ့အခါ ပုံပျက်ပန်းပျက် ဖြစ်သွားတယ်။ အဲဒီမီးသဂြိုဟ်တဲ့ အထဲမယ် အဘိုးကြီး၊ အဘွားကြီးလည်း ပါတယ်၊ ငယ်ငယ်ရွယ်ရွယ်လေးတွေလည်း ပါတာပေါ့ ၊ လူဆိုတာ အရွယ်မျိုးစုံ သေနေတာပဲနော်၊ အေး - အဲဒီလို အရွယ်မျိုးစုံ သေတဲ့ အထဲမယ် ငယ်ငယ်ရွယ်ရွယ် ချောချောလှလှလေးတွေ သေလို့ မီးသင်္ဂြိုဟ်လိုက်တဲ့အခါကျတော့ ရုပ်ပျက်ဆင်းပျက်ကြီး ဖြစ်သွားတာတွေ၊ မီးသဂြိုဟ်တဲ့အခါ အခုလို စက်နဲ့သဂြိုဟ်တာ မဟုတ်ဘူး, ထင်းမီးနဲ့ သဂြိုဟ်တော့ အမျိုးစုံတွေ့နေရမှာပေါ့၊ အဲဒါ သူ့အတွေ့အကြုံပဲ။

အဲဒီလိုတွေ့ကြုံလိုက်တဲ့အခါမှာ အင်မတန်ချောလှတဲ့ ရုပ် အဆင်းလေးဟာ ခုနကပဲချောချောလှလှလေး အခုပျက်စီးသွားပါလားဆိုတဲ့ သံဝေဂ အတွေးလေးတွေ ဖြစ်လာတယ်။ တို့ခန္ဓာ ကိုယ်ကြီးဟာ ဒီတိုင်းပဲ အဲဒီသဘောပဲ ဘာမှမထူးဘူး၊ တို့ကိုယ်နဲ့ အဲဒီ ရုပ်အလောင်းနဲ့ ဘာမှမထူးဘူးဆိုတဲ့ သံဝေဂ စိတ်တွေ ဝင်လာတယ်၊ သူ့အဖို့မှာ ဒါလေးက ပါရမီပဲနော်။

ဒါ့ကြောင့်မို့ အင်မတန်မှ ချမ်းသာတဲ့ စံအိမ်ဆောင်မှာ နေတဲ့ ယသသူဌေးသားဟာ ထိုစံအိမ်ဆောင်ကို သုသာန်ကြီးလို့ ထင်ပြီး ညဉ့်သန်းကောင်မှာ အိမ်က ထွက်သွားတာ၊ ဒီလို ထွက်သွား နိုင်အောင် ဘယ်သူက တွန်းအားပေးလဲဆိုတော့ ခုနက ကုသိုလ် လုပ်ခဲ့တုန်းက စိတ်ဆန္ဒလေးက တွန်းအားပေးတာ၊ ပျောက်သွားတာ မဟုတ်ဘူးနော်၊ ကိုယ်လုပ်တဲ့ အလုပ်ဟာ မပျောက်ဘူး၊ အဲဒါကြောင့်မို့လို့ တရားထိုင်ရတယ်၊ တရားနှလုံးသွင်းတာကို ပေါ့ပေါ့ ရော့ရော့လေး မလုပ်နဲ့ပေါ့။

တရားထိုင်တယ်ဆိုတာ ဘယ်နေရာမှာပဲ ထိုင်ထိုင်ပေါ့။ ထိုင်သည်ဖြစ်စေ အိပ်သည်ဖြစ်စေ လမ်းလျှောက်သည်ဖြစ်စေ တရားဓမ္မကို မိမိတို့ ရင်ထဲ နှလုံးထဲမှာ တည့်လိုက်တာ။ နှလုံး သွင်းလိုက်တာ။ ၁-နာရီ နှလုံးသွင်းပြီး နားချင် နားမယ်ပေါ့၊ နားပေမယ့်လို့ အဲဒီ ၁-နာရီ နှလုံးသွင်းတာပဲဖြစ်စေ ၁-မိနစ် နှလုံးသွင်းတာပဲဖြစ်စေ အဲဒီနှလုံးသွင်းမှု အသိဉာဏ်လေးဟာ onlineဖြစ်သွားပြီ၊ အကြောင်းညီညွတ်တဲ့အခါ ပြန်ပေါ်လာတယ်။ ဟုတ်ကဲ့လား၊ အဲဒါကြောင့်မို့ ပါရမီဆိုတာ ကိုယ်လုပ်တဲ့ အတွေ့ အကြုံလေးတွေပဲ၊ ကောင်းတဲ့အလုပ်လေးတွေ လုပ်ထားလို့ရှိရင် ဒါလေးတွေက အထောက်အကူဖြစ်တယ်လို့ ဒီလိုမှတ်ရမယ်။

မြတ်စွာဘုရားက ခံစားမှုနဲ့ပတ်သက်ပြီးတော့ အဘိဓမ္မာမှာ ဝေဒနာတွေအမျိုးမျိုး ဟောထားတယ်၊ ဗဟုဝေဒနိယသုတ်ကို ကြည့်မယ်ဆိုရင် ဝေဒနာတွေအများကြီး ဟောထားတယ်၊ သို့သော် အဘိဓမ္မာမှာ ပြောတဲ့အတိုင်း သဘာဝဘေဒနှင့် ဣန္ဒြိယ ဘေဒ ဝေဒနာ (၂) မျိုးကို မှတ်ကြရအောင်။

ဝေဒနာ ၃-မျိုး

ပထမတစ်မျိုးက ဝေဒနာရဲ့ သဘာဝကို ကြည့်ပြီးတော့ ခွဲတာဖြစ်လို့ သဘာဝဘေဒ ဖြစ်တယ် ၊ ဝေဒနာ ၃-မျိုးတဲ့၊ ၃-မျိုးက သုခဝေဒနာ, ဒုက္ခဝေဒနာ, အဒုက္ခမသုခဝေဒနာ - ပါဠိ စကားပေမယ့်လို့ မြန်မာလူမျိုးတွေရဲ့ အသိဉာဏ်ထဲမှာ ဒီစကားလုံးတွေက ရင်းနှီးဝင်ဆံ့ ပြီးသား ဖြစ်နေတယ်၊ familiar ဖြစ်နေ ပြီပေါ့နော်၊ သုခဝေဒနာဆိုတာ ကိုယ်ရော စိတ်ရော ကျေနပ် စရာ အတွေ့အကြုံလေး စိတ်ရဲ့ ခံစားမှုလေး၊ ဒုက္ခဝေဒနာဆိုတာ ခံရခက်ပြီး မကျေနပ်စရာ အတွေ့အကြုံ ခံစားချက်လေး၊ အဒုက္ခ မသုခဝေဒနာဆိုတာ ကျေနပ်စရာလည်း မဟုတ်ဘူး ခံပြင်းစရာလည်း မဟုတ်ဘူးဆိုတဲ့ စပ်ကြား ခံစားမှုလေး၊ အဲဒီခံစားမှု ၃ မျိုးကို ဘုန်းကြီးတို့တတွေ ကိုယ့်သန္တာန်တွေ့အောင်ရှာရမယ်၊ အစ ပထမ တရားကိုတွေ့အောင် ရှာရမယ်။

အဲဒီလိုတွေ့အောင် ဘယ်သူနဲ့ ရှာမတုန်းဆိုရင် သတိနဲ့ရှာ ရမှာပေါ့၊ သတိထားလို့ရှိရင် ဒါလေးတွေတွေ့မယ်၊ သတိမထား ရင်တော့ ဒါဝေဒနာဖြစ်ပါလားလို့တောင် မသိဘူးပေါ့နော်၊ လူတွေ မှာ နေ့စဉ်နဲ့အမျှ စိတ်ဖြစ်ပြီဆိုကတည်းက မျက်စိက အဆင်းကို မြင်တဲ့အခါဖြစ်စေ, နားက အသံကိုကြားတဲ့အခါဖြစ်စေ, နှာခေါင်းက အနံ့ ရတဲ့အခါဖြစ်စေ, လျှာက အရသာကို ရရှိတဲ့အခါဖြစ်စေ, ခန္ဓာကိုယ်က အထိအတွေ့ထိတွေ့တာဖြစ်စေ, စိတ်ကူးစိတ်သန်းပဲ ဖြစ်စေ ခံစားမှုလေးတွေက လာတယ်၊ ကိုယ်ကြိုက်ရင် ကိုယ့်စိတ် လေးနဲ့ အဆင်ပြေရင် သုခဝေဒနာ, အဆင်မပြေရင် ဒုက္ခဝေဒနာ။ ထူးခြားမှုမရှိရင် အဒုက္ခမသုခဝေဒနာ၊ ဒီဝေဒနာတွေရဲ့ သဘော လေးတွေကို ကိုယ့်စိတ်ထဲမှာတွေ့ပြီ။

ဝေဒနာ ၅-မျိုး

နောက် အဲဒီဝေဒနာလေးတွေကို ထပ်ပြီးတော့ ခွဲလိုက်သေးတယ်၊ စာပေကျမ်းဂန်ထဲမှာတော့ ဣန္ဒြိယဘေဒလို့ ခေါ်တယ်။ ဣန္ဒြိယဆိုတာနဲ့ပတ်သက်ပြီး ခွဲတဲ့အခါကျတော့ ၅-မျိုးခွဲတယ်။ အဲဒီ ၅-မျိုးခွဲတာဟာ အဓိကကတော့ ကာယိက, စေတသိက ၂ခု ခွဲတာ၊ သုခကို ကာယိကသုခ, စေတသိကသုခ၊ ဒုက္ခကို ကာယိကဒုက္ခ, စေတသိကဒုက္ခ၊ ရုပ်ခန္ဓာကိုယ်ကြီးမှာ စဖြစ်တာနဲ့ နာမ်ခန္ဓာမှာ စဖြစ်တာဆိုတဲ့ဟာ ၂-ခုစီခွဲလိုက်ပြီး၊ အဒုက္ခ မသုခကျတော့ မခွဲတော့ဘူး၊ သူ့ကိုတော့ ဥပေက္ခာ ဆိုတဲ့နာမည် ပေးလိုက်တယ်၊ သုခနဲ့ပတ်သက်ပြီး ခွဲလိုက်တဲ့အခါ သုခနဲ့ သောမနဿကို ၂-ခုရတယ်၊ ဒုက္ခကို ခွဲလိုက်တဲ့အခါ ဒုက္ခနဲ့ ဒေါမနဿ၊ အဒုက္ခမသုခဝေဒနာကိုတော့ ဥပေက္ခာလို့ သုံးတယ်။ မြတ်စွာဘုရားက ဣန္ဒြေ ၂၂-ပါး ဟောကြားတဲ့အခါမှာ အဲဒီ နာမည်လေးတွေနဲ့ ဟောလို့ ဣန္ဒြိယဘေဒလို့ ပြောတာ။

အဲဒီမှာ သုခနဲ့ သောမနဿ၊ သုခဆိုတာ ခန္ဓာကိုယ် အနေနဲ့ နေလို့ထိုင်လို့ သက်တောင့်သက်သာရှိတာ၊ တစ်ခါတစ်ရံ ကျတော့ ဘုန်းကြီးတို့တတွေ ရုပ်ခန္ဓာကြီးက သက်တောင့်သက်သာ မရှိဘူး၊ ရုပ်ခန္ဓာက သက်တောင့်သက်သာရှိရင် စိတ်ပါ သက်တောင့်သက်သာ မရှိတော့ဘူး၊ ဒီလိုဖြစ်တတ်တယ်၊ သောမနဿဆိုတာကျတော့ ရုပ်ခန္ဓာ သက်တောင့်သက်သာ ရှိသည် ဖြစ်စေ, မရှိသည်ဖြစ်စေ၊ စိတ်က ကျေနပ်ပြီးပျော်နေတာ ဝမ်းသာ နေတာ အဲဒါသောမနဿ၊ စိတ်က ပျော်လို့ရှိရင် “ရုပ်မှာလည်း သက်တောင့်သက်သာ ဖြစ်သွားတာပဲ၊ အဲဒီတော့ အဲဒီ ၂-ခုဟာ ဘယ်လိုထူးခြားသလဲဆိုတာ မှတ်ရမယ်၊ (နိုင်ငံခြားသားတွေ ကျတော့ ဒီသဘာဝတရားကို သူတို့က လက်တွေ့ကျကျ ပြောနိုင်မှ လက်ခံ ကြတယ်။)

အခု သုခဝေဒနာနဲ့ သောမနဿဝေဒနာ ဘယ်လိုထူးလဲ။ ၂-ခုစလုံးဟာ စိတ်နဲ့တော့ တွဲတာချည်းပဲ၊ သုခဝေဒနာကို ကာယိကသုခ- ရုပ်ကာယပေါ်မှာ စပြီး ဖြစ်တဲ့ဝေဒနာ၊ သောမနဿကျတော့ စိတ်မှာ စဖြစ်တဲ့ စေတသိကသုခ ဝေဒနာလို့ ဒီလိုခွဲတယ်၊ သို့သော် ကာယိကသုခကလည်း စိတ်မပါလို့ မရဘူး ဆိုတော့ ဒီလို ပြောရမယ် “သုခဆိုတာ ရုပ်ခန္ဓာကိုယ်မှာ စတင်ပြီး စိတ်မှာ အကျိုးသက်ရောက်တာ၊ ဆိုပါစို့ – အင်မတန် ပူအိုက်တဲ့ အချိန်လေးမှာ အရိပ်ကောင်းတဲ့ သစ်ပင်လေးအောက် ဝင်နေလိုက်ရင် လေလေးတဖြူးဖြူး တိုက်လာရင်၊ ဒီခန္ဓာကိုယ်မှာ ဘယ်လောက် သက်သာသွားလဲနော်၊ အဲဒီ ခန္ဓာကိုယ် သက်သာသွားတာနဲ့အမျှ စိတ်ကလေးက ပျော်မသွားဘူးလား၊ ပျော်သွားတယ်၊ အဲဒါ မျိုးကို body origin mind effect လို့ပြောရတယ်၊ စလာတာ bodyက စလာတာ, ရုပ်ကာယရဲ့ သက်တောင့် သက်သာ ရှိမှုကြောင့် စိတ်ကပါ သက်သာလာတာ၊ အဲဒါကို သုခဝေဒနာလို့ ခေါ်တယ်။

သောမနဿဝေဒနာကျတော့ အဲဒီလို မဟုတ်ဘူး၊ ရုပ်ခန္ဓာ ကိုယ်ကြီးက ဘယ်လိုပဲနေနေ သူ့အတွေးလေးနဲ့ သူ ကျေနပ်နေတာ၊ တချို့ တစ်ယောက်တည်း ပြုံးနေကြတာတွေ အများကြီး ရှိတယ်၊ တချို့အလုပ်သမားတွေ ဆင်းဆင်းရဲရဲ ပင်ပင် ပန်းပန်းကြီး ထမ်းနေရပေမဲ့ လေလေး တချွန်ချွန် သီချင်းလေး တအေးအေးနဲ့ နေနိုင်တာ ဘာဖြစ်လို့လဲ၊ စိတ်ပျော်လို့ နေလို့ရတာပေါ့၊ ဟုတ်ရဲ့လား၊ အဲဒီတော့ စိတ်ပျော်လို့ရှိရင် ရုပ်ဟာ မထိခိုက်ဘူးပေါ့။

သောမနဿဝေဒနာဆိုတာ mind origin body effect ပဲ၊ စိတ်က စတာ, စိတ်က ဝမ်းသာတော့ ရုပ်ကလည်း နေထိုင် ကောင်းသွားတာ-ဒီသဘော၊ ဆိုပါစို့- လူက ချွေးတွေသံတွေနဲ့ အလုပ်လုပ် နေတာ၊ ထီပေါက်သတဲ့ သတင်းကောင်းလေးကြားရင် ပျော်မသွားဘူးလား၊ ရုပ်အနေနဲ့ကတော့ သက်သာတာ မဟုတ်ဘူး၊ သို့သော် သတင်းကောင်း ကြားတာနဲ့ ပျော်သွားတယ်၊ ပျော်သွားတာနဲ့ ဒီရုပ်ခန္ဓာကိုယ်ရဲ့ ပင်ပန်းမှုတွေ အကုန် မေ့မသွားဘူးလား၊ (မေ့သွားပါတယ်ဘုရား)၊ အဲဒါကိုပြောတာ mind origin body effect လို့။ ။

ဒါကို နားလည်လို့ရှိရင် ဒုက္ခနဲ့ ဒေါမနဿလည်း ဒီတိုင်း ပဲ- ဒုက္ခဆိုတာ စတင်ဖြစ်တာက ကိုယ်ကာယမှာ စ,ဖြစ်တယ်။ ဥပမာ - ခါးအောင့်တယ်, ခါးနာတယ် နေမကောင်းဘူး၊ တစ်ကိုယ်လုံး ကိုက်ခဲနေတယ်၊ ခန္ဓာကိုယ်မှာဖြစ်တာနော်၊ ရုပ်ကာယ ကြီးမှာ ဖြစ်တာ၊ ခေါင်းကိုက်ရင် စိတ်ညစ်တာ မလာဘူးလား၊ ခေါင်းကိုက်တာကို အကြောင်းပြုပြီးတော့ စိတ်ညစ်တယ်၊ မပျော်ဘူး၊ ဟုတ်ရဲ့လား၊ သွားနာတယ် နာနေတာကြောင့် စိတ်ညစ်တယ်၊ ဒီလိုမျိုးတွေကို ကာယိကဒုက္ခလို့ ခေါ်တယ်၊ အဲဒါကြောင့်မို့ body origin mind effect ကာယမှာ အခြေပြုလာပြီးတော့ နာမ်ကို အကျိုးသက်ရောက်သွားတာ၊ အဲဒီကာယိကဒုက္ခဆိုတာ ဘုရားတောင်မှ မလွတ်ဘူးတဲ့၊ ခန္ဓာကိုယ်ကြီးရှိရင် ခန္ဓာကိုယ်ရဲ့ ဒုက္ခဝေဒနာဆိုတာရှိတယ်၊ သို့သော် သာမန်ပုဂ္ဂိုလ်တွေနဲ့ ဘာထူးတုန်းဆိုရင် မြတ်စွာဘုရားကျတော့ ကာယိကဒုက္ခ ရှိပါစေ၊ ထိုကာယိကဒုက္ခကို အကြောင်းပြုပြီးတော့ စိတ်ညစ်တာ မလာတော့ဘူး၊ သာမန်ပုဂ္ဂိုလ်တွေကျတော့ စိတ်ညစ်တာက လာကို လာတယ်၊ ဒီလို ကွာသွားတယ်ပေါ့၊ တရားထူးတရားမြတ် ရသွားရင် စိတ်ညစ်တာဆိုတာ နောက်က မလာတော့ဘူး၊ ခန္ဓာကိုယ်က နာတာကျင်တာကိုက်တာခဲတာဆိုတဲ့ ဒုက္ခဝေဒနာ ကတော့ ဖြစ်မှာပဲ။

ဒေါမနဿဆိုတာကတော့ ကြည့် - ခန္ဓာကိုယ်ကတော့ ကောင်းကောင်းမွန်မွန် စားပြီး ကောင်းကောင်းမွန်မွန် နေနေတဲ့ အချိန်လေးမှာ ဝမ်းနည်းစရာသတင်းတစ်ခု ကြားလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ထဲမှာ ဝမ်းနည်းမှု ဖြစ်မသွားဘူးလား၊ mind origin ဝမ်းနည်းတာနဲ့ တစ်ပြိုင်နက်တည်း လူကလည်း မလန်း တော့ဘူး၊ လဲကျသွားတယ်၊ mind origin body effect ရှပ်ထိ အောင် ထိခိုက်သွားတယ်ပေါ့း လာတာက စိတ်က လာတာ၊ ဒါ ဒေါမနဿ။

အဲဒီလို ဘုန်းကြီးတို့တတွေရဲ့ ဘဝမှာ နေ့စဉ်နဲ့အမျှ စိတ် ရဲ့ ခံစားချက်အမျိုးမျိုးတွေနဲ့ နေထိုင်နေကြတယ်၊ အမှတ်တမဲ့နေ ကြမယ်ဆိုလို့ရှိရင် ဒီခံစားချက်တွေနဲ့ပတ်သက်ပြီး ကောင်းတာတွေတွေ့ လိုက်ရင် တဏှာဖြစ်လိုက်, မကောင်းတာတွေတွေ့လိုက်ရင် ဒေါသဖြစ်လိုက်၊ ဒီ ၂-ခုနဲ့ သွားမနေဘူးလား၊ လောဘတွေ ကလည်း ကြီးသည်ထက် ကြီးလာတယ်၊ နောက်တစ်ခါဖြစ်ရင် အရှိန်ဆိုတာ ရလာမှာနော်၊ လောဘဟာ ပထမတစ်ကြိမ် သိပ်မပြင်းထန်သေးဘူး၊ ဒုတိယ အကြိမ်ကျ ပြင်းထန်လာတယ်၊ တတိယအကြိမ်ကျ ပိုပြင်းထန် လာတယ်၊ ပိုပိုပြီးတော့ သန်မာလာတယ် ခိုင်မာလာတယ်၊ ဒေါသကလည်း စ,ဖြစ်တဲ့အချိန်တုန်းက သိပ်မဖြစ် သေးဘူး၊ တဖြည်းဖြည်းနဲ့ ပိုခိုင်မာလာတယ်၊ ဖြစ်ပါများလေလေ သူက နောက်ထပ်အချိန်မရွေး ဖြစ်ဖို့ရာအတွက် experience လေး ရလာတယ်၊

အာရုံမှာ လောဘဖြစ်ပြီဆိုလို့ရှိရင် စိတ်ထဲမှာ လောဘ ကိန်းသွားတယ်၊ သုခဝေဒနာနဲ့တွေ့ပြီလို့ဆိုတာနဲ့ တစ်ပြိုင်နက် လူတွေမှာ လောဘ ဖြစ်လာတယ်၊ “ကာမရာဂါနုသယော အနုဿတိ” အာရုံနဲ့ ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ထဲမှာ ကာမရာဂ ကိန်းသွားတယ်၊ ကိန်းတယ်ဆိုတာ နောက်ထပ်အာရုံ အကြောင်းတစ်ခု ဆုံလိုက်တာနဲ့ ဒါလေး ထပ်လာမယ်ဆိုတာ သေချာသွားပြီ၊ အနုသယဆိုတာ အဲဒါကိုပြောတာ ။ “ဒါကြောင့်မို့လို့ စာပေကျမ်းဂန်မှာ အနုရူပံ ကာရဏံ လဘိတွာ ဥပ္ပဇ္ဇတိ” လို့ ဆိုတယ်။ အဓိပ္ပာယ်၂-မျိုး ယူလို့ရတယ်။ အနုရူပံ ကာရဏံ လဘိတွာ-သင့်လျော်သော အကြောင်းကို ရရှိပြီးဖြစ်လို့ “ဥပ္ပဇ္ဇတိ- ဖြစ်နေတာ ဖြစ်သွားတာ၊ ဒီအာရုံလေး ပေါ်မှာ တဏှာ ဖြစ်သွားတာ။

နောက်တစ်နည်းပြောမယ်ဆိုရင် သင့်လျော်တဲ့အကြောင်း ရမယ်ဆိုရင် ဖြစ်လာမှာ၊ ဒါကြောင့်မို့ အနုသယကို အနာဂတ် ကိလေသာလို့ ပြောတာ၊ဒီလိုအတွေ့အကြုံလေး နောက်ထပ်ရရင် ဒီစိတ်မျိုးပေါ်မှာပဲ၊ ဒါပြောတာနော်၊ နှစ်သက်စရာအာရုံလေးတွေ တစ်ခါမြင်ထားလို့ လောဘဖြစ်ရင် နောက်တစ်ခါ ဒါမျိုးတွေ့ရင် ဘာဖြစ်မတုန်း၊ လောဘပဲဖြစ်မယ်။

မနှစ်သက်စရာအာရုံတွေ့လို့ ဒေါသတစ်ခါဖြစ်ရင် နောက် တစ်ခါလာရင်လည်း ဒေါသပဲ ဖြစ်မှာပဲ၊ ဒါကြောင့်မို့ “ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယော အနုဿတိ”တဲ့၊ ဒုက္ခဝေဒနာမှာ ဆိုလို့ရှိရင် ပဋိဃာနုသယ ကိန်းတယ်တဲ့၊ ဒုက္ခဝေဒနာနဲ့စပ်ပြီးရင် ပဋိဃာနုသယ လိုက်လာပြီ၊ ကိုယ်ဆင်းရဲမှု, စိတ်ဆင်းရဲမှုလာလိုက်တာနဲ့ ပဋိဃာနုသယလို့ဆိုတဲ့ ဒေါသလေးက လာပြီ ပေါ့, အခြေအနေတွေ ပေးလာပြီ ။

ခုနတုန်းက “သုခါယ ဝေဒနာယ ကာမရာဂါနုသယော အနုဿတိ” - သုခဝေဒနာနဲ့ ကြုံလာပြီ ဆိုလို့ရှိရင် ကာမရာဂ လာပြီ တဏှာလာပြီ၊ ဒီလို အနေအထားလေးတွေက ရှောင်လွဲလို့ မတတ်နိုင်လောက်အောင် ဖြစ်တယ်၊ အဲဒါတွေကို သတိမထားဘူး, ဝေဒနာရဲ့ သဘာဝကို မစဉ်းစားနိုင်ဘူး, သတိကပ်ပြီးတော့ ဉာဏ်နဲ့ မဆုံးဖြတ်နိုင်ဘူးဆိုလို့ရှိရင် ဒါတွေပဲ ထပ်တလဲလဲလာ နေမှာပဲ၊ လာနေရင် တဏှာတွေကလည်း အားသန်လာလိမ့်မယ်၊ ပဋိဃဆိုတဲ့ ဒေါသတွေလည်း အားသန်သည်ထက် သန်လာလိမ့်မယ်။ အဲဒီတော့ သံသရာက လွတ်ဖို့ဆိုတာ ဖြစ်နိုင်ပါမလား၊ မဖြစ် နိုင်ဘူး။

ကြည့်လေ - ပဋိစ္စသမုပ္ပါဒ်မှာလည်း ‘ဝေဒနာပစ္စယာ တဏှာ’လို့ ဟောတယ်,‘ဝေဒနာပစ္စယာ ဒေါသော’ လို့တော့ မဟောဘူး၊ အဲဒီလို မဟောတာ ဘာဖြစ်လို့တုန်းဆိုတော့ သတ္တဝါတွေမှာ လောဘက အဖြစ်များတာကိုး၊ ဒေါသမဖြစ်ဘူးလို့ ပြောတာ မဟုတ်ဘူး၊ သို့သော် ဝိသုဒ္ဓိမဂ်အဋ္ဌကထာကြီးမှာတော့ ဘာပြောတုန်းဆိုရင် ဒုက္ခံ သုခံ ပတ္ထယတိတဲ့၊ ဒုက္ခရောက်တဲ့ လူက ဘာလိုချင်တာလဲ? ချမ်းသာကို လိုချင်တာ၊ သုခီ ဘိယျာပိ ဣစ္ဆတိ” ချမ်းသာတဲ့လူက ဘာလိုချင်တာတုန်း” ပိုပြီးတော့ ချမ်းသာတာကို လိုချင်တာ ဆိုတော့ ဆင်းရဲတဲ့ သူကလည်း ချမ်းသာပဲ၊ ချမ်းသာပြီးသားသူကလည်း ချမ်းသာပဲ ဆိုတော့ ဘာတွေပဲ လာနေတာတုန်း တဏှာတွေပဲ လာနေတယ်လို့ ပြောတာ-ယေဘုယျစကား၊ အနိဋ္ဌာရုံနဲ့တွေ့ရင် ပထမတော့ ဒေါသလာမှာပေါ့၊ လာပြီးတဲ့အခါ နောက်ထပ် ဘာလာ တုန်းဆိုရင် အရင်တုန်းကတွေ့ကြုံခဲ့တဲ့ ဒီလိုချင်စရာအာရုံကို မမျှော်ပေဘူးလား၊ မကောင်းတာတွေ့လို့ရှိရင် ဒါကိုမျက်နှာလွှဲပြီး ကောင်းတဲ့ဘက်ကို မျက်နှာချင်တာပဲလေ၊ အကောင်းနဲ့ပဲ အစားထိုးချင်တာ၊ အဲဒီတော့ ‘ဝေဒနာပစ္စယာ တဏှာ”ပဲ လာမှာပေါ့၊ ဒီသဘောကို ပြောတာနော်၊ မရှုမှတ်ဘူးဆိုလို့ရှိရင် ဘုန်းကြီးတို့ တတွေရဲ့ သန္တာန်မှာ ဝေဒနာနဲ့ပတ်သက်ပြီး ဒါမျိုးတွေပဲ ဖြစ်နေမယ်တဲ့။ ။

ဒါဖြင့် အဒုက္ခမသုခဆိုတာကျတော့ မသိဘူး၊ ဘုန်းကြီး တို့တတွေ သိဖို့ အင်မတန် ခက်တယ်၊ ဒီ ကြားညှပ်နေတဲ့ ခံစား ချက် unknown feeling ဒါမှမဟုတ် indifferent feeling ထူးခြားမှု မရှိတဲ့ ခံစားချက်လေး၊ အဲဒီခံစားချက်ကို မသိရင် အဝိဇ္ဇာ ဖြစ်တယ်၊ ဒါကြောင့်မို့လို့ ‘အဒုက္ခမသုခါယ ဝေဒနာယ အဝိဇ္ဇာ နုသယော အနုဿတိ”တဲ့၊ မသိတော့လည်း လွတ်လား ဆိုတော့ မလွတ်ဘူး၊ ဘာဖြစ်သလဲ? အဝိဇ္ဇာဖြစ်တယ် - မသိတာ ကျတော့ အမှောင်ကလာပြီးတော့ အဝိဇ္ဇာနုသယကိန်းပြန်ရော၊ မသိလိုက်တာနဲ့ တစ်ပြိုင်နက် အဝိဇ္ဇာက လာပြီ၊ အဲဒီတော့ အဝိဇ္ဇာ အတွေ့အကြုံ ဖြစ်သွားပြီးတော့ သိဖို့ မရှိတော့ဘူး၊ သူက မသိတာတွေက ထပ်ထပ်လာ အမှောင်က ပိုမှောင်ဖို့ပဲ ရှိတော့တယ် မဟုတ်လား၊ ဒါကြောင့်မို့ သိအောင် ကြိုးစား ရမယ်လို့ ဒီလိုပြောတာ၊ ကဲ ဝေဒနာ ၃-ပါး, ဝေဒနာ ၅-ပါး အဲဒါ လူတွေ နေ့စဉ်ကြုံတွေ့ နေရတဲ့ ခံစားချက်တွေပဲ။

ရှုကွက်- ဝေဒနာ ၉-မျိုး

ကမ္မဋ္ဌာန်းနည်းနဲ့ ရှုမှတ်ရမှာကတော့ မြတ်စွာဘုရားက ဒီ မဟာသတိပဋ္ဌာနသုတ်မှာ “သုခံ ဝေဒနံ ဝေဒယမာ နော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ” ကိုယ် ခံစားနေတဲ့ ဝေဒနာက သုခဝေဒနာလို့ ဆိုလို့ရှိရင် ငါ သုခဝေဒနာ ခံစားနေတယ်လို့ သိရမယ်တဲ့၊ ဒါသတိကပ်လို့ သိတဲ့ အသိနော်၊ သတိ မထားလို့ရှိရင် ငါခံစားနေတယ်လို့ မသိဘူး၊ ငါပွဲကြည့်နေတယ်ပဲ သိချင် သိမယ်နော်၊ ငါဘာတွေးနေသလဲ သိချင်သိမယ်၊ ဝေဒနာကို အာရုံစိုက်မိပါ့မလား၊ ကိုယ်ကျေနပ်နေတဲ့ အာရုံလေးပေါ်မှာပဲ စိတ်က တည်နေမှာပဲ၊ အဲဒါကြောင့် မြတ်စွာဘုရားက ဝေဒနာ ဘက်ကို ဦးလှည့်လိုက်ရင် သတိလေးနဲ့လှည့်ကြည့်ပြီးတော့ “သုခံ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီ တိ ပဇာနာတိ”တဲ့၊ အဲဒီမှာ သိတာက ပညာရဲ့ အလုပ်ပဲ၊ အဲဒီခံစား နေမှုဆိုတာကို သတိထားတာက သတိရဲ့ အလုပ်ပဲ၊ ခံစားမှုကို သတိမထားရင် သိမှုဆိုတာ လာပါ့မလား ? မလာဘူး၊

မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ ဝေဒနာကို ၉-မျိုး ခွဲထားတယ်၊ ၉-မျိုးဆိုတာက ခုပြောတဲ့ ဒုက္ခသုခ, အဒုက္ခမသုခ၊ အဲဒီ ၃-မျိုးကို မူတည်ပြီးတော့ ၉-မျိုး ခွဲလိုက်တာ၊ ၉-မျိုးက သုခကို သာမိသ, နိရာမိသ၊ သာမိသ-ဆိုတာ ကာမဂုဏ်နဲ့ ပတ်သက်တာ၊ နိရာမိသ-ဆိုတာ ကာမဂုဏ်နဲ့ မ ပတ်သက်ဘူး၊ ဝေဒနာဆိုတာ မျိုးစုံလာတယ်လေ၊ ဒုက္ခဝေဒနာ ကိုလည်းပဲ သာမိသ, နိရာမိသ၊ အဒုက္ခမသုခဝေဒနာကိုလည်း သာမိသ, နိရာမိသပဲ၊ သာမိသနဲ့ခွဲလိုက်မှာက ၃-မျိုး၊ နိရာမိသနဲ့ ခွဲတာက ၃-မျိုး၊ သာမိသ, နိရာမိသနဲ့ မတွဲဘဲထားတာက ၃-မျိုး ဆိုတော့ ၉-မျိုး၊ အဲဒါ မဟာသတိပဋ္ဌာနသုတ်မှာ ဝေဒနာကို ၉မျိုး ခွဲပြီးတော့ ရှုမှတ်ဖို့ မြတ်စွာဘုရားက ဟောထားတယ်။

သာမန်အားဖြင့် ကာမဂုဏ်အာရုံနဲ့ပတ်သက်မှုတွေကို မစဉ်းစားဘူး၊ ကိုယ့်သန္တာန်မှာ ဖြစ်လာတဲ့ သုခဝေဒနာသည် ဘာနဲ့ ပတ်သက်ပြီးတော့ဖြစ်တာလဲ? မစဉ်းစားဘူး၊ အဒုက္ခမသုခဝေဒနာသည် ဘာနဲ့ပတ်သက်ပြီးတော့ဖြစ်တာလဲ?မစဉ်းစားဘူး၊ ဝေဒနာ သက်သက်ကို ရှုတဲ့နည်းက ပထမ ၃-မျိုး။

ပြီး စိတ်ထဲမှာ ကာမဂုဏ်အာရုံတွေနဲ့ ပတ် သက်ပြီး ပျော်တာ မရှိနိုင်ဘူးလား၊ ကာမဂုဏ်နဲ့မဟုတ်ဘဲ တရား နဲ့ရှုမှတ်ပြီးတော့ ပျော်တာရော မရှိနိုင်ဘူးလား၊ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ သုခဝေဒနာလေးဟာ ကာမဂုဏ်နဲ့ပတ်သက်တာ ဆိုလို့ရှိရင် သာမိသသုခံ, ကာမဂုဏ်နဲ့မပတ်သက်ဘူး ကာမတွေနဲ့ ဝေးကွာတဲ့ အကျင့်တစ်ခုနဲ့ ပတ်သက်တာဆိုရင် နိရာမိသတဲ့၊ သာမိသနဲ့ မဆိုင်ဘူး၊ ဒုက္ခဖြစ်တာလည်း ထို့အတူပဲ ဒီ ကာမအာရုံတွေနဲ့ ပတ်သက်လာပြီး ဒုက္ခဖြစ်တယ်ဆိုရင် သာမိသ ဒုက္ခ, ဓမ္မနဲ့ပတ်သက်ပြီးတော့ ဒုက္ခဝေဒနာခံစားမှုဆိုရင် နိရာမိသဒုက္ခ၊ အဒုက္ခမသုခကလည်း ထို့အတူပဲ၊ ဒီလို ခွဲတယ်ပေါ့။

ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ကိုယ့်သန္တာန်မှာသုခဝေဒနာ ဖြစ်ရင် သုခဝေဒနာ ဖြစ်နေတယ်လို့ သိအောင်လုပ်ပါတဲ့၊ ဒုက္ခ ဝေဒနာဖြစ်နေရင် ဒုက္ခဝေဒနာမှန်း သိအောင်လုပ်ပါတဲ့၊ အခု ပစ္စုပ္ပန်အခိုက်အတန့်လေးတွေကို ကြည့်ခိုင်းတာနော်၊ မနေ့က ဟာကိုတွေးခိုင်းတာ မဟုတ်ဘူး၊ နောက်လာမယ့်ဟာကိုတွေး ခိုင်းတာ မဟုတ်ဘူး။ “ အခုဖြစ်ပြီး အခုသိတာကို ဆိုလိုတာ၊ အခုဖြစ်နေတာကို နောက်စိတ်နဲ့ သိတာ၊ ခဏပစ္စုပ္ပန်အနေနဲ့တော့ မသိနိုင်ဘူး၊ စိတ် ၂ ခု ပြိုင်တူဖြစ်လို့မရဘူး၊ စိတ်ဆိုတာ တစ်စိတ်ပဲရှိတယ်။ ရှေ့စိတ်ကိုသာ နောက်စိတ်က သိလို့ရတယ်၊ ဒီ စိတ်ကို ဒီစိတ် နဲ့ပဲ သိလို့မရဘူးဆိုတာကို ဥပမာ ပေးထားတယ်- လက်ညှိုး ထိပ်ကိုထောင်ပြီး လက်ညှိုးထိပ်ကို အဲဒီလက်ညှိုးနဲ့ ပြန်ထိလို့ မရဘူး၊ အဲဒီလိုပဲ ဒီစိတ်နဲ့ ဒီစိတ်ကို ပြန်သိလို့ မရဘူး၊ တခြား စိတ်က သိတယ်။

ကိုယ့်သန္တာန်မှာဖြစ်ဆဲဖြစ်တဲ့- သုခဝေဒနာဖြစ်နေပြီဆိုရင် သုခဝေဒနာလေးကို ခံစားနေရပါလား၊ ဒုက္ခဝေဒနာဖြစ်နေပြီ ဆိုတဲ့အချိန်မှာ ဒုက္ခဝေဒနာကို ခံစားနေရပါလားလို့ သိအောင် ကြိုးစားလိုက်ပါတဲ့၊ အဒုက္ခမသုခ - သုခလည်းမဟုတ် ဒုက္ခ လည်းမဟုတ် စပ်ကြားခံစားမှု ရှိနေလို့ရှိရင်လည်း မထင်ရှားတဲ့ ခံစားမှုကို ငါ ခံစားနေရပါလားလို့ သိလိုက်ပါလို့ ပြောတာ။

ပြုသူမရှိ ခံစားသူမရှိ

အဲဒီလို သိတဲ့အခါမှာ ခံစားတာ ဘယ်သူလဲဆိုတဲ့ - ဒီ မေးခွန်းက အဖြေထွက်နေဖို့လိုတယ်၊ ခံစားတာက ပုဂ္ဂိုလ်လား သတ္တဝါလား ဘယ်သူလဲ၊ အရပ်စကားနဲ့ပြောရင်တော့ ငါခံစားတယ်လို့ ပြောတာပေါ့၊ “ငါဆိုတာက ဝေဒနာကိုပဲ ”ဆိုပြီး ရည်ညွှန်းတာပါ၊ ဝေဒနာက ခံစားတာပါ၊ ဝေဒနာက လွဲပြီး ခံစားသူ မရှိပါဘူး၊ အဲဒါကို မြင်ဖို့ လိုတယ်၊ “ဝေဒနာဖြစ်တာ” ကိုပဲ ‘ဝေဒနာခံစားတယ်” လို့ ပြောတာပဲ၊ မြတ်စွာဘုရားရဲ့ တရားတော်က အင်မတန်မှ သိမ်မွေ့တယ်၊ ဒါကြောင့် သတိကြီး ကြီး အသိဉာဏ်ကြီးကြီးနဲ့ ရှုနိုင်မှ တရားရဲ့ သဘောက ထင်ရှား ပေါ်လာနိုင်တယ်၊ သို့သော် “သန္ဒိဋ္ဌိကော” ဆိုတဲ့အတိုင်း လူတိုင်း လူတိုင်း ကိုယ်တိုင်သိနိုင်တဲ့ တရားတွေချည်းပဲ၊ သာမန်နဲ့တော့ မသိဘူးပေါ့၊ လေ့ကျင့်ရမယ်၊ ဘယ်သူ ခံစားတာလဲဆိုရင် ဝေဒနာ ခံစားတာ၊ ဘယ်သူ့ရဲ့ ဝေဒနာလဲဆိုရင် သဘာဝတရားသက်သက်ပဲ၊ ဘယ်သူရယ်လို့ ပုဂ္ဂိုလ်သတ္တဝါရှိတာ မဟုတ်ဘူး၊ ဝေဒနာသည် ပင်လျှင် ခံစားတာ၊ ဘာကြောင့်ခံစားတာလဲဆိုရင် အာရုံနဲ့ ဝတ္ထု ဆုံလို့ ခံစားတာ- ဒါပဲ၊ အဲဒီသဘာဝလေးကို ရှင်းရှင်းလင်းလင်း မြင်ဖို့ မြတ်စွာဘုရားက ဝေဒနာနုပဿနာကို ဟောတာတဲ့။

ဘယ်အရာဖြစ်ဖြစ် ဝိသုဒ္ဓိမဂ်မှာ ဆိုထားတဲ့အတိုင်း “ကမ္မဿ ကာရကော နတ္ထိ” -အလုပ်တစ်ခုဖြစ်ပေါ်လာတယ်ဆိုရင် အဲဒီ အလုပ်ကိုလုပ်တဲ့သူ ရှိလားဆိုရင် လုပ်တဲ့သူမရှိဘူး၊ ကမ္မဿခံစားခြင်းဆိုတဲ့အမှုကို “ကာရကော- ပြုတတ်တဲ့သတ္တဝါဆိုတာ မရှိဘူး၊ ခံစားခြင်းကို ဘယ်သူလုပ်တာလဲလို့မေးရင် လုပ်တဲ့ ပုဂ္ဂိုလ်သတ္တဝါဆိုတာ မရှိဘူး။

“ဝိပါကဿ စ ဝေဒကော”တဲ့၊ ကံတရားကို လုပ်တဲ့သူ မရှိသလို ထိုကံတရားရဲ့ အကျိုးကို ခံစားတဲ့လူကော ရှိလားလို့ ဆိုရင် မရှိပါဘူးတဲ့၊ ကံကိုလုပ်တဲ့သူ ကံအကျိုးကိုခံစား ရတဲ့သူ ဘယ်သူလဲဆိုရင် ပုဂ္ဂိုလ်သတ္တဝါ မရှိဘူးတဲ့။ သဘာဝတရား သက်သက်တွေ ဖြစ်နေတာတဲ့၊ အကြောင်းတရား ပေါ်လာတာကိုပဲ ပြုလုပ်တယ်လို့ပြောတာ၊ အကျိုးတရားပေါ်တာကိုပဲ ခံစားတယ်လို့ ပြောတာ၊ ဆိုလိုတာက- အကြောင်းတရားနဲ့ အကျိုး တရားပဲ ရှိတယ်၊ အကြောင်းကြောင့် အကျိုးဖြစ်တာပဲရှိတယ်။ တကယ့်ကို သဘာဝတရား သက်သက်မျှသာ ဖြစ်တယ်၊ ပုဂ္ဂိုလ် သတ္တဝါနဲ့ မဆက်စပ်ပဲနဲ့ သဘာဝတရားသက်သက်သာ ဖြစ်လာတာ ဖြစ်တယ်၊ ဧဝေတံ သမ္မာဒဿနံ” ဒါမှ ဗုဒ္ဓဘာသာတွေရဲ့ မှန်ကန်တဲ့ အယူ မှန်ကန်တဲ့ အမြင်၊ သမ္မာဒဿနလို့ ခေါ်တယ်။ မှန်ကန်တဲ့အမြင် ဖြစ်စေတယ်တဲ့နော်၊ အခုကြည့် - ဘယ်သူ ခံစားတာလဲဆိုရင် ဝေဒနာ ခံစားတာ၊ ဝေဒနာ ခံစားတယ်ဆိုတာ ဝေဒနာရဲ့ ဖြစ်တည်မှုပဲ၊ ဒီသဘာဝတရားလေး ပေါ်လာတာ အကြောင်းမဲ့ မဟုတ်ဘူး၊ ဝတ္တု အာရုံဆုံလို့ ပေါ်လာတာ၊ ဒီလို အမြင်လေးတွေကို မြင်ဖို့ရာအတွက် ဝေဒနာနုပဿနာဆိုတဲ့ ကမ္မဋ္ဌာန်းကို မြတ်စွာဘုရားက ဟောတာပါတဲ့။

ဝေဒနာဟာ အင်မတန်အရေးကြီးတယ်၊ ဘာလို့လဲဆိုတော့ ဝေဒနာဟာ ဘယ်ကိုဆောင်သွားတုန်းဆို တဏှာကို ဆောင်သွားတယ်၊ တဏှာဘက် ရောက်သွားလို့ရှိရင် တဏှာက ဘာထုတ် လုပ်တာတုန်းလို့ မေးရင် တဏှာသည် ဒုက္ခ သမုဒယော”ဆိုတဲ့ အတိုင်း ဒုက္ခကို ဖြစ်စေတာ၊ ဒါကြောင့် ဒီဒုက္ခကို အဆုံး သတ်ချင်ပြီဆိုရင် ဒီတဏှာ မလာမှ ဖြစ်တော့မှာပေါ့၊ တဏှာ လာနေရင် ဒုက္ခတွေ လာနေဦးမှာပဲ၊ ဒါကြောင့် ဝေဒနာရဲ့ သဘာဝ လေးကို သိအောင် မြတ်စွာဘုရားက ခံစားနေတဲ့အချိန်တိုင်းမှာ ဒါ သုခဝေဒနာ ခံစားတယ် ဒုက္ခဝေဒနာခံစားတယ်ဆိုတာ သိအောင် လုပ်ခိုင်းတာပါ။ ။

ဆိုလိုတာက..သုခဝေဒနာဖြစ်နေရင် သုခဝေဒနာဖြစ်တယ် လို့ သိပါတဲ့၊ ဒုက္ခဝေဒနာဖြစ်နေရင်လည်း ဒုက္ခဝေဒနာဖြစ်တယ် လို့ သိပါတဲ့၊ အဒုက္ခမသုခဝေဒနာဖြစ်နေရင်လည်း အဒုက္ခမသုခ ဝေဒနာဖြစ်တယ်လို့ သိပါတဲ့။

အဲဒီလို သိပြီးတဲ့အခါမှာ တစ်ဆင့် တက်ရမှာက “အဇ္ဈတ္တံ ဝါ ဝေဒနာသု ဝေဒနာနုပဿီ” “ဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာ နုပဿီ”တဲ့၊ မြတ်စွာဘုရားက အဇ္ဈတ္တ၊ ဗဟိဒ္ဓနဲ့ ခွဲတယ်။ ဘုန်းကြီးတို့ မနေ့တုန်းက ကာယာနုပဿနာနဲ့ ပတ်သက်ပြီး အဇ္ဈတ္တ၊ ဗဟိဒ္ဓကို တစ်မျိုးပြောခဲ့တယ်,ဒါ သက်သက် ထင်မြင် ချက်ပေးတာနော်,စာလာ ပေလာ မဟုတ်ဘူး,မှတ်ချင်မှ မှတ်နော်,စာစကားပေစကားနဲ့ညီတာက အဓိက ကျတယ်။

အခု ဒီနေရာမှာ အဇ္ဈတ္တ ဗဟိဒ္ဓဆိုတာ ကြည့် - ဝေဒနာဆိုတာ ဘယ်သူ့ဝေဒနာပဲ ဖြစ်ဖြစ်.. ကိုယ့်ဝေဒနာလည်း ဒါပဲ မဟုတ်လား၊ သူများသန္တာန်မှာ ဖြစ်နေတဲ့ ဝေဒနာရော-ဒါပဲ။ ဝေဒနာဆိုတာ အတူတူပဲ၊ အဲဒီလို ဘယ်သူ့သန္တာန်မှာဖြစ်တဲ့ ဝေဒနာပဲ ဖြစ်ဖြစ် “ ဝေဒနာပဲဆိုတဲ့ အမြင်ကို ” မြင်တတ်ဖို့ မြတ်စွာဘုရားက ဒါကို ဟောတာ။ ဟောပြီးရင် ဝိပဿနာဉာဏ်စဉ် တက်လာတဲ့အခါကျ“သမုဒယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ” ဝေဒနာဟာ သူ့ဟာသူဖြစ်တာမဟုတ်ဘူး၊ ဆိုင်ရာဆိုင်ရာကြောင့် ဖြစ်တာ၊ ဒါကအဋ္ဌကထာရဲ့ အလို။

နောက်ဖြစ်နိုင်တာက “သမုဒယဓမ္မ”ဆိုတာ ဝေဒနာဟာ ဖြစ်ပေါ်လာတဲ့သဘောရှိတယ်။ ဆိုလိုတာက- ဝေဒနာရဲ့ ဖြစ်မှုကို မြင်တယ်ပေါ့၊ ဒါ ဝိပဿနာ - ဖြစ်တာကိုလည်း မြင်တယ်။ “ဝယဓမ္မာနုပဿီ" ဝေဒနာပျက်သွားတာကိုလည်း မြင်တယ်။ ပျက်တဲ့သဘောရှိတာကိုလည်း မြင်တယ်,သမုဒယဝယဓမ္မာ နုပဿီ ဝါ” အဖြစ်အပျက် နှစ်မျိုးလုံးသဘောရှိတယ်ဆိုတာကိုလည်း ရှုမြင်သုံးသပ်ရမယ်လို့ ဆိုလိုတယ်။

ဒါက ဉာဏ်စဉ် တက်လာတာ - သမာဓိစွမ်းအားတွေ ကောင်းပြီး ဉာဏ်ထက်လာပြီဆိုရင် ဒါမြင်လာမှာပဲ၊ အရာဝတ္ထု တစ်ခုကို သေချာစစ်ဆေးတဲ့အခါမှာ ဆိုပါတော့- ပန်းကန်လေး တစ်လုံးကို သာမန်ကြည့်လိုက်ရင် ဒါပန်းကန်တစ်လုံးပဲလို့ သေချာစစ်ပြီး အထက်အောက် လှန်လှောကြည့်ရင် ဘယ်မှာ အပဲ့ လေးရှိတယ်, ဘယ်မှာအရွဲ့ လေးရှိတယ် စသည်ဖြင့် သိနိုင်တယ်။ ဘယ်နေရာက အအက်ရှိတယ်, ဘယ်နေရာကအစင်းကြောင်းရှိတယ်ဆိုတာ အသေးစိတ် သိနိုင်တယ်။ အသေးစိတ် ကြည့်လိုက်တဲ့အခါကျတော့ အကုန်မြင်လာတယ်။ အခုလည်း အသေးစိတ် ကြည့်တဲ့အခါ မြင်လာတဲ့သဘောလေးပဲ,ဝေဒနာဖြစ်သွားတာ ကိုလည်း မြင်လိုက်တယ် ပျက်သွားတာလည်း မြင်လိုက်တယ်,ဖြစ်တာပျက်တာနှစ်ခုစလုံး မြင်တယ်။

အဲလို မြင်လာပြီဆိုရင် ကိုယ်ရဲ့ သတိတရားဟာ ဘယ်ပေါ် မှာပဲ ရပ်တည်နေတုန်းဆိုတော့ ဝေဒနာရှိတယ်ဆိုတာလေးပေါ်မှာပဲ ရပ်တည်နေတယ်၊ ဝေဒနာကနေ သတိက ခွါမသွားဘူး၊ အဲဒီ ခွါမသွားတာဟာ သူက တွယ်တာတာ မဟုတ်ဘူး၊ ဝေဒနာရဲ့ သဘောတွေကို သိရှိနေဖို့အတွက် ဉာဏ်ဖြစ်ဖို့နဲ့ အမြဲတမ်း သတိထားနေဖို့၊ ထပ်ဆင့်ပြီးတော့ သတိလာနေဖို့၊ သတိထား ဖို့ရာအတွက် ဝေဒနာရှိတယ်ဆိုတာ မှတ်သားနေတယ်လို့ ဒီလို ပြောတာနော်။ ။ "ဝေဒနာနဲ့ ပတ်သက်ပြီးတော့ “အနိဿိတော စ ဝိဟရတိ” တဏှာဆိုတဲ့အတွေးလည်း မလာတော့ဘူး၊ မှားယွင်းတဲ့ အမြင်တွေလည်း မလာတော့ဘူး၊ လုံးဝ တဏှာဒိဋ္ဌိက လွတ်သွားတယ်၊ “န စ လောကေ ကိဉ္စိ ဥပါဒိယတိ” ဝေဒနာနုပဿနာ ရှုလိုက်တဲ့အခါကျတော့ ဝေဒနာပေါ်မှာ အခုလို ရှုရင်းနဲ့ နောက်ဆုံး လောကကြီးတစ်ခုလုံးပေါ်မှာ သို့မဟုတ် ဝေဒနာဆိုတဲ့ လောက အပေါ်မှာ စွဲလမ်းတယ်ဆိုတဲ့ အရာ တစ်ခုမှမရှိဘူး၊ ဥပါဒါန်တွေ လုံးဝကျွတ်လွတ်သွားတယ်၊ စွဲလမ်းနေတဲ့ အတွေးတွေ, တွယ်တာမှုတွေ၊ မှားယွင်းမှုတွေ အားလုံး ကျွတ်လွတ်သွားတာပဲ၊ ဥပါဒါန်တွေ မရှိတော့ဘူးဆိုရင် အစွဲအကင်းပြတ် အငြိမ်းဓာတ်ဆိုတာ မတွေ့နိုင်ဘူးလား၊ ဥပါဒါန် မရှိတော့ဘူးဆိုရင် ဒါ ‘အနုပါဒါ ဝိမောက္ခ” လို့ ခေါ်တာပဲ၊ အနုပါဒါ-ဆိုတာ ဘာကိုမှ မစွဲတော့ဘူး၊ ဘာမှမစွဲဘဲနဲ့ ဝိမောက္ခ - ကိုယ့်စိတ်လေးဟာ လွတ်သွားပြီတဲ့၊ တဏှာဆိုတဲ့ အတွယ်အတာတွေက လွတ်သွားတယ်၊ မှားယွင်းတဲ့ အမြင်က လွတ်သွားတယ်။ ။

အဲဒီ လွတ်သွားတဲ့စိတ်ဟာ အင်မတန်တန်ဖိုးရှိတဲ့ စိတ်ပဲ။ အဲလို လွတ်သွားအောင် ဝေဒနာဆိုတဲ့ အာရုံပေါ်မှာ ကိုယ့်စိတ် လေးကို လေ့ကျင့်ပါလို့ ဘုရားက ပြောတာ၊ သတိပဋ္ဌာန် တရားမှာ ဝေဒနာပေါ် သတိကပ်ပြီးတော့ ဉာဏ်ရည်ဉာဏ်သွေး ထက်လာအောင် လေ့ကျင့်ပေးခြင်းကို ဝေဒနာနုပဿနာ သတိ ပဋ္ဌာန်လို့ ခေါ်ပါတယ်။

ဒီဝေဒနာကမ္မဋ္ဌာန်းနဲ့ပတ်သတ်ပြီး သစ္စကသုတ္တန်မှာလည်း မြတ်စွာဘုရား ဟောထားတာ ရှိတယ်၊ အဲဒီမှာ ဝေဒနာဆိုတာ တစ်ခုပြီးမှ တစ်ခုဖြစ်လို့ ရတယ်၊ သုခဖြစ်နေချိန်မှာ ဒုက္ခမဖြစ်ဘူး၊ ဒုက္ခဖြစ်နေချိန်မှာ သုခမဖြစ်ဘူး၊ သုခချည်း ဖြစ်နေရတာလည်း မရှိဘူး၊ ဒုက္ခချည်း ဖြစ်နေရတာလည်း မရှိဘူး၊ ဆိုင်ရာ ဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်ရတာဖြစ်သောကြောင့် သူတို့ဟာ “သင်္ခတံ” တဲ့, “သပစ္စယ” တဲ့.. အကြောင်းတရားတွေက ဖန်တီးထားတဲ့ အရာသာ ဖြစ်တယ်၊ ဝေဒနာဆိုတာ အကြောင်း တရားတွေက လုပ်ထားတဲ့အရာပဲ ဖြစ်တယ်၊ “ပဋိစ္စသမုပ္ပန္န” ဆိုင်ရာအကြောင်းကို မှီပြီးတော့ ဖြစ်ပေါ်လာတဲ့ အရာသာ ဖြစ်တယ်၊ ဆိုင်ရာအကြောင်းကိုမှီပြီး ဖြစ်တဲ့အရာမှန်သမျှ ခယဓမ္မ ကုန်သွားတဲ့သဘော, ဝယဓမ္မ ပျက်သွားတဲ့သဘောတွေ ရှိတယ်။ ဘယ်အရာမှ မမြဲဘူးဆိုတဲ့သဘောကို အားလုံးမြင်ရင် ဝိပဿနာ ဉာဏ်စဉ် တက်ပြီးတော့ အတွယ်အတာအားလုံး ကင်းပြတ်ကာ စိတ်လေးဟာ လွတ်မြောက်သွားနိုင်ပါတယ်။ ။

အဲဒါကြောင့် မြတ်စွာဘုရားရဲ့ မဟာသတိပဋ္ဌာနသုတ် မှာ ဝေဒနာကို ၉-မျိုး ခွဲခြားသော်လည်း ဝေဒနာနုပဿနာကို ဝေဒနာကမ္မဋ္ဌာန်း တစ်ခုအနေနဲ့ပဲ ယူပြီး ဟောတာဖြစ်ပါတယ်။

တရားချစ်ခင်သူတော်စင်ပရိသတ်တို့သည် နေ့စဉ်နဲ့အမျှ မိမိတို့စိတ်ထဲမှာ အတွေ့အကြုံရှိနေတဲ့ သုခဝေဒနာပဲ ဖြစ်ဖြစ်၊ ဒုက္ခဝေဒနာပဲဖြစ်ဖြစ် မြင်သိခက်ခဲတဲ့ အဒုက္ခမသုခ ဝေဒနာပဲ ဖြစ်ဖြစ် ဒီဝေဒနာနဲ့ ပတ်သက်ပြီး သတိကြီးစွာ ထားပြီး ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်အောင် လေ့ကျင့်မယ်ဆိုရင် မြတ်စွာဘုရား ဟောကြားတော်မူတဲ့အတိုင်း နောက်ဆုံးဟာ ‘အနုပါဒါ ဝိမောက္ခ” အတွယ်အတာ ကင်းပြတ်တဲ့ လွတ်မြောက်မှုကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်မှာဖြစ်လို့ ယုံကြည်ပြီးတော့ ကျင့်ကြံ အားထုတ် နိုင်ကြပါစေကုန်သတည်း။

စာမျက်နှာ-၉၃

စိတ္တာနုပဿနာ
သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃-ရက်နေ့၊ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်းတောင်ရပ်ကွက်၊ ဇေယျ သုခလမ်း၊ ဓမ္မမဏ္ဍပ်အတွင်းဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မ သဘင်အခမ်းအနားဝယ် နှစ်ဖက်သောမိဘများအား အမှူးထား၍ ဦးသန်းဌေး + ဒေါ်သန်းသန်းဌေး တို့၏ မြေးများဖြစ်ကြသော ယွန်းဝတီဦး၊ ဖူးပြည့်စုံဦးတို့၏ မွေးနေ့ကာလ အမတဒါန ဓမ္မဒါန အဖြစ် ဟောကြားအပ်သော မဟာသတိပဋ္ဌာနသုတ် အနှစ်ချုပ် တရားတော်။

ကာယာနုပဿနာ ဝေဒနာနုပဿနာ အနုပဿနာနှစ်ခု အကြောင်းကို ရှင်းလင်းဟောကြားပြီးနောက် ယခု စိတ္တာနုပဿနာကို ဟောပါမယ်၊ ဘုန်းကြီးတို့သန္တာန်မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အာရုံအမျိုးမျိုးတို့ကို သိရှိနေတဲ့စိတ်ဟာ စဉ်ဆက်မပြတ် ဖြစ်ပြီးနေတယ်၊ ဘဝတစ်ခုအစပြုတဲ့ ပဋိသန္ဓေ စိတ်ကလေးကစလို့ ဘဝသံသရာမှာ စဉ်ဆက်မပြတ်အောင် စိတ်အစဉ်တွေဟာ အာရုံနဲ့ ဝတ္ထုကို အမှီပြုပြီး ထပ်တလဲလဲဖြစ်ပေါ် နေကြတယ်။ မိမိသန္တာန်မှာ ဒီလောက်ဖြစ်နေသော်လည်းပဲ ထိုစိတ်တွေရဲ့ အခြေအနေကို သိရှိနားလည်ဖို့ သတိထားမိဖို့ဆိုတာ လေ့ကျင့်ယူမှ ရမယ့်အချက်ပဲ ဖြစ်ပါတယ်။ ။

စိတ်အကြောင်း ပြောတော့ပြောနေကြတာပဲ။ ဒီနေ့ စိတ် မကြည်ဘူး, စိတ်ကြည်တယ်, စိတ်တိုတယ်, စိတ်ဆိုးတယ် စသည်ဖြင့် စိတ်အကြောင်းကို ပြောဆိုနေကြသော်လည်း ထိုစိတ် ကလေးရဲ့ သဘာဝအခြေအနေအရပ်ရပ်ကို ဆင်ခြင်သုံးသပ်နိုင်မှု မရှိကြဘူး၊ စိတ်ကလေးရဲ့ အခြေအနေကို ဆင်ခြင်သုံးနိုင်မှု
စာမျက်နှာ-၉၄
မရှိရင် တို့ရဲ့ သန္တာန်မှာ မွေးကတည်းက ပါလာတဲ့ စိတ်ကလေး ဟာ အစဉ်ထာဝရ ရှိနေတယ်ဆိုတဲ့ အတွေးလေးတွေ ဝင်လာ တတ်တယ်။

ဘုန်းကြီးတို့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာဝတ္ထုတွေ အစဉ်ထာဝရရွေ့လျားနေတယ်။ မြစ်ရေတွေ တသွင်သွင်စီးနေတဲ့ ဒီမြစ်ကြီးတွေဟာ နှစ်ပေါင်း တော်တော်ကြာကတည်းက စတင် စီးဆင်းလာတာ ဒီကနေ့လည်း စီးဆင်းတုန်းပဲ အစဉ်ထာဝရ ရှိနေတယ်လို့ ထင်ကြတယ်, မနေ့ကလည်း ဒီမြစ်ရေရှိတာပဲ။ ဒီနေ့လည်း “ဒီမြစ်ရေ ရှိတာပဲ၊ မနက်ဖြန်လည်း ရှိနေဦးမှာပဲလို့ အစဉ်မပြတ် စီးဆင်းနေတဲ့ရေတွေကို ကြည့်ပြီးတော့ အစဉ် ထာဝရ ခိုင်မြဲ နေတယ်ဆိုတဲ့ အတွေးတွေ ပေါက်လာတယ်၊ နိစ္စ ထာဝရ ဆိုတဲ့အတွေး ပေါက်လာတယ်၊ အဲဒီလိုပဲ ဖြစ်လာပြီးတဲ့ နောက် မပျက်ဘဲနဲ့ စဉ်ဆက်မပြတ် ဒီစိတ်ကလေး တစ်ခုထဲ ဖြစ်နေတာ ဟုတ်ရဲ့လားဆိုတာ သတိမကပ်လို့ရှိရင် သိနိုင်ဖို့ မလွယ်ပါဘူး၊ ဘာဖြစ်လို့ မသိနိုင်သလဲဆိုရင် စိတ်ရဲ့ ဖြစ်မှုဟာ အလွန်လျင်မြန်တယ်။ အလွန်လျင်မြန်တဲ့နှုန်းနဲ့ ပျက်ပြီး အလွန် လျင်မြန်တဲ့ နှုန်းနဲ့ ထပ်ဖြစ်နေတယ်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က “လဟုပရိဝတ္တံ ခေါ စိတ္တံ” - စိတ်ဆိုတာ တကယ့်ကို အလျင်အမြန်ကြီးပြောင်း လဲဖြစ်ပေါ်နေတာတဲ့၊ အဲဒီပြောင်းလဲဖြစ်ပေါ်နေတာ ဘယ်လောက် ထိအောင်မြန်သလဲဆိုရင် ဥပမာ “န သုကရာ” ဥပမာနဲ့ နှိုင်းယှဉ်ပြီးပြောဖို့တောင် မလွယ်ဘူးတဲ့၊ သိပ်မြန်လွန်း အားကြီးတယ်ပေါ့၊ စိတ်ရဲ့ ပြောင်းလဲဖြစ်ပေါ်မှုဟာ အလွန်မြန်သည့် အတွက်ကြောင့် သာမန်သတိကလေးနဲ့ ဒီစိတ်ရဲ့ အခြေအနေ မှန်ကို သိဖို့ဆိုတာ အလွန်ခဲယဉ်းတယ်၊ စိတ်ကို စိတ်နဲ့ကြံတွေး ပြီးတော့ သိကြရမှာ ဖြစ်သည့်အတွက်ကြောင့် ကိုယ်ကြံတွေးပြီး
စာမျက်နှာ-၉၅
တော့ သိကြရတဲ့ စိတ်တွေ၊ ဖြစ်နေဆဲစိတ်ကို အဲဒီစိတ်နဲ့ ပြန်ပြီး တော့ သိနိုင်တာတော့ မဟုတ်ဘူး၊ ရှေ့ကဖြစ်သွားတဲ့စိတ်ကို နောက်က လိုက်ပြီးတော့ သိတဲ့စိတ်၊ ရှေ့စိတ်ကို နောက်စိတ်က သိတယ်ဆိုတာမျိုးသာ ဖြစ်နိုင်တယ်၊ ဒီစိတ်ကလေးကို ဒီစိတ်က လေးနဲ့ ပြန်သိတယ်ဆိုတာ မဖြစ်နိုင်ဘူး။

“မနေ့ကပြောခဲ့တဲ့ဥပမာလို လက်ညှိုးလေးကို ထောင်လိုက် လို့ရှိရင် အဲဒီလက်ညှိုးလေးရဲ့ ထိပ်ကလေးကို ဒီထောင်ထားတဲ့ လက်ညှိုးလေးနဲ့ပဲ ပြန်ထိလို့မရသလိုပဲ၊ ဒီစိတ်ကလေးကို ဒီ စိတ်ကလေးနဲ့ ပြန်သိဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့ ရှေ့က ဖြစ်သွားတဲ့စိတ်ကို နောက်ကလိုက်ပြီးတော့ သိအောင် စိတ္တာနုပဿနာ လုပ်ရမယ်တဲ့၊ ရှေ့ကဖြစ်သွားတဲ့စိတ်ကို နောက်စိတ်က လိုက်ပြီး မသိဘူး, အမှတ်တမဲ့ နေမယ်ဆိုရင် မှားယွင်းတဲ့ အတွေးတွေ ဝင်လာနိုင်တယ်၊ မှားယွင်းတဲ့ အတွေးတွေ ဝင်လာလို့ရှိရင် တွယ်တာမှုတွေရော မုန်းတီးမှုတွေရော နောက်က ဆက်လိုက် လာမှာ။

“မှန်မှန်ကန်ကန်သိမှု မရှိတာနဲ့ တစ်ပြိုင်နက် Problemတွေ နောက်ကလိုက်လာမှာ။ ဒါကသဘာဝပဲ၊ မြတ်စွာဘုရားက သုတ္တန် တစ်ခုမှာဟောထားတာရှိတယ်၊ ဓမ္မဗဟုသုတမရှိတဲ့ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာ စိတ်ကလေးနဲ့ ပတ်သက်ပြီးတော့ မြဲတယ်လို့ ယူဆနေ ကြတယ်၊ ထာဝရရှိနေတယ်လို့ယူဆနေကြတယ်၊ အဲဒီလိုယူဆမယ်ဆိုရင် ရုပ်ခန္ဓာကြီးကို ထာဝရမြဲတယ်လို့ ယူဆတာက တော်သေးတယ်၊ (တော်သေးတယ်ဆိုတာ ယူဆရမယ်လို့ပြောတာ မဟုတ်ဘူး။ ဘာဖြစ်လို့ ရုပ်ခန္ဓာကြီးကမြဲတယ်လို့ ယူဆတာ တော်တုန်းလို့ဆိုတော့ .... ဘုန်းကြီးတို့တတွေ မွေးဖွား လာပြီးတဲ့နောက် ၁၀ နှစ်၊ ၁၅ နှစ်၊ ၁၆ နှစ်၊ အနှစ် ၂၀၊ အနှစ် ၃၀၊ အနှစ် ၄ဝ၊ အနှစ် ၅၀၊ အနှစ် ၆၀၊ အနှစ် ၇၀, ၈ဝ ထိအောင် မိမိတို့ ရုပ်ခန္ဓာကိုယ်ကြီးက ရှိနေတာကိုး၊ ရှိနေတော့ ဒီရုပ်ခန္ဓာကိုယ်ကြီးက မြဲနေတာပဲ၊ နှစ် ၆၀, ၇၀, ၈၀ ထိအောင် မြဲနေတာပဲလို့ ဒီလို သာမန်အနေထားဖြင့်သွားရင် တော်သေးတယ်တဲ့။
စာမျက်နှာ-၉၆
စိတ်ကလေးကို မြဲတယ်လို့တွေးတာက လုံးဝမသင့်တော်ဘူး၊ ဘာဖြစ်လို့မသင့်တော်တာတုန်းဆိုရင် စိတ်ဟာ အလွန်လျင် မြန်တဲ့နှုန်းနဲ့ ဖြစ်ပျက်နေလို့ပါပဲ၊ မြတ်စွာဘုရားက ဥပမာလေး တစ်ခုပေးထားတယ်။ စိတ်ဟာ မျောက်တစ်ကောင်နဲ့ အလား တူတယ်တဲ့၊ မျောက်ဆိုတာ ဘယ်တော့မှ အငြိမ်မနေဘူး၊ ဒီ သစ်ကိုင်းလေး ဆွဲကိုင်လိုက်၊ ဒီတစ်ကိုင်းလွှတ်ပြီး နောက်သစ်ကိုင်း တစ်ခု ဆွဲကိုင်လိုက်၊ သစ်ကိုင်းတစ်ခုက သစ်ကိုင်းတစ်ခု၊ သစ်ပင်တစ်ပင်ကနေ တစ်ပင်ကူးပြီးတော့ လှုပ်ရှား သွားလာ နေတာတဲ့၊ စိတ်ကလေးဟာလည်း အဲဒီလိုပဲတဲ့၊ ဒီအာရုံကနေ နောက်အာရုံတစ်ခု၊ နောက်အာရုံတစ်ခုကနေ နောက်အာရုံတစ်ခု၊ အာရုံတစ်ခုကနေ အာရုံတစ်ခုကို အမြဲတမ်း ပြောင်းလဲပြီးတော့ နေတာဖြစ်လို့၊ ဒီစိတ်ကလေးဟာ ပိုပြီးတော့ မမြဲဘူးဆိုတာကို ထင်ရှားတယ်လို့ မြတ်စွာဘုရားက သံယုတ်ပါဠိတော် သုတ္တန် တစ်ခု ဟောထားတာ ရှိတယ်။

“ဒါကြောင့်မို့ စိတ္တာနုပဿနာကိုဟောတယ်ဆိုတာ မြဲနေတယ်ဆိုတဲ့ နိစ္စအတွေးတွေ မှားယွင်းတဲ့ အယူအဆအတွေးတွေ အထင်တွေအမြင်တွေကို ဖယ်ရှားပစ်ဖို့ရာအတွက် စိတ်ကလေးရဲ့ သဘာဝကိုသိဖို့ စိတ်ကို အနီးကပ်စောင့်ကြည့်တဲ့ နည်းစနစ်ကို ပေးတဲ့အနေအားဖြင့် စိတ္တာနုပဿနာကိုဟောတာ။

ကဲ .. စိတ္တာနုပဿနာဆိုတော့ စိတ်ရဲ့ သဘာဝလေးကို အရင်ကြည့်၊ စာပေမှာ စိတ်လို့သုံးလိုက်လို့ရှိရင် တစ်ခါတစ်ရံ စေတသိက်တွေပါတယ်။ ဒီနေရာမှာက စိတ်လို့ပြောလိုက်လို့ရှိရင် စေတသိက်တွေကို ပြောတာမဟုတ်ဘူး၊ အာရုံကိုသိတဲ့ သဘာဝ တရားလေးကိုသာ ဦးတည်ပြီး ပြောတာ။

စာပေကျမ်းဂန်မှာ စိတ်လို့ဆိုလိုက်ရင် လူတွေရဲ့ အသိစိတ် ရော, ခံစားချက်တွေရော, တော်တော်များများမှာ ပါဝင်တယ်။ တစ်ခါတစ်ရံကျတော့ စိတ်လို့ ပြောလိုက်တာဟာ သမာဓိကိုရည် ညွှန်းတာလည်း ရှိတယ်၊ ဝိသုဒ္ဓိမဂ်မှာ ကိုးကားထားတဲ့ “သီလေ ပတိဋ္ဌာယ နရော သပညာ၊ စိတ္တံ ပညဉ္စ ဘာဝယံ” ဆိုတဲ့နေရာ မှာ စိတ်နဲ့ ပညာကို တိုးပွားစေရမယ်လို့ ဆိုထားတဲ့ “စိတ္တ” ဆိုတာ စိတ်ကို ဦးတည်ပြီးတော့ သမာဓိကို ပြောတာ၊ အဲဒါကျတော့ သမာဓိလို့ ယူရတယ်။
စာမျက်နှာ-၉၇
“စိတ္တေန နိယတေ လောကော” စသည်ဖြင့် ပြောတဲ့အခါကျ တော့ စိတ်ရောစေတသိက်ရော အားလုံးနှစ်ခုလုံးဆိုင်တဲ့ အရာမျိုးတွေပေါ့၊ စိတ်ကို ပဓာနထားပြောလိုက်လို့ရှိရင် နောက်က စိတ်နဲ့ ယှဉ်တဲ့စေတသိက်တွေလည်း ပါလာတယ်။ “ အခု စိတ္တာနုပဿနာကျတော့ အဲဒီသဘောမျိုးမဟုတ်ဘဲနဲ့ “အာရမ္မဏဝိဇာနနလက္ခဏာ” မျက်စိက မြင်တဲ့အာရုံ, နားက ကြားတဲ့ အာရုံ, နှာခေါင်းက ရှူရှိုက်လိုက်ရတဲ့ အာရုံ, လျှာက လျက်လိုက်ရတဲ့အာရုံ, ခန္ဓာကိုယ်က ထိတွေ့ရတဲ့အာရုံ, စိတ်ထဲက ကြံတွေးရတဲ့အာရုံ၊ အဲဒီအာရုံတွေကို သိတဲ့လက္ခဏာရှိတဲ့ သဘာဝတရားကို ပြောတာ။

စိတ်ဆိုတာ အာရုံကိုသိတဲ့သဘောလေး၊ သိတဲ့သဘောလို့ဆိုတာ အာရုံကို ရယူပေးတဲ့သဘောလေး၊ အဲဒီထဲမှာ ခံစားမှုဆိုတာမပါဘူး၊ ကြံတွေးမှုဆိုတာမပါဘူး, စေ့ဆော်မှုဆိုတာတွေ မပါဘူး၊ အာရုံကို ရယူပေးမှု သက်သက်ကလေးကို စိတ်လို့ ခေါ်တယ်လို့ ဒီလိုမှတ်ရမယ်၊ အဲဒါကို စာပေကျမ်းဂန်က “အာရမ္မဏ ဝိဇာနနလက္ခဏံ စိတ္တံ” တဲ့၊ စိတ်ကို သိချင်ရင် သူ့ရဲ့ Characteristic လို့ခေါ်တဲ့ လက္ခဏာ ရှုထောင့်က ကြည့်ရတယ်။ သဘာဝတရားတိုင်းမှာ သဘာဝလက္ခဏာဆိုတာ ရှိတယ်၊ ကိုယ် ပိုင် အမှတ်လက္ခဏာလေးတွေ ရှိတယ်။

လူတွေမှာလည်းပဲ အားလုံးနဲ့ဆိုင်တဲ့ အမှတ်လက္ခဏာ ရှိ သလို လူတစ်ဦးတစ်ယောက်စီမှာ ကိုယ်ပိုင်အမှတ်လက္ခဏာလေးတွေ ရှိကြတယ်၊ လူဆိုတာ ပုခုံး နှစ်ဖက်ပေါ်မှာ ခေါင်းပေါက်တယ်၊ လက်နှစ်ဖက် ရှိတယ်၊ ခြေနှစ်ဖက် ရှိတယ်၊ မတ်ရပ်
စာမျက်နှာ-၉၈
သွားတယ်၊ ပုံပန်းသဏ္ဌာန်ကြည့်လိုက်ရင် အော်-လူဆိုတာ ယေဘူယျ ပြောမယ်ဆိုရင် အဲဒီလိုပဲ။

သို့သော် အဲဒီလူတွေထဲမှာ တစ်ဦးစီတစ်ဦးစီမှာ ကိုယ်ပိုင် လက္ခဏာလေးတွေလည်း ရှိကြတာပဲ၊ ကိုယ်ပိုင်လက္ခဏာလေးတွေက ဘာတုန်းဆိုလို့ရှိရင် အဲဒီလို ပုခုံးနှစ်ဖက်ကြား ခေါင်း ပေါက်ပြီး ခြေနှစ်ဖက်လက်နှစ်ဖက်နဲ့ ဒီလိုပုံပန်းသဏ္ဌာန်ဆောင်တဲ့အပြင် တချို့က အသားဖြူတယ်၊ တချို့ကအသားမည်းတယ်၊ တချို့က အရပ်ထွားတယ်၊ တချို့က အရပ်ပုတယ်၊ တချို့က အမာရွတ်ပါတယ်, တချို့ကအမာရွတ်မပါဘူး စသည်ဖြင့်ကိုယ်ပိုင် အမှတ်အသားလေးတွေ မရှိဘူးလား(ရှိတယ်)၊ ဒီလူကတော့ မျက်ခုံးမွှေး ထူတယ်၊ ဒီလူကတော့ မျက်ခုံးမွှေးပါးတယ်၊ ဒီလူက နှုတ်ခမ်းမွှေးပါတယ်။ ဟိုလူက နှုတ်ခမ်းမွှေး မပါဘူးစသည်ဖြင့်၊ ဒီလူက နားရွက်ကားတယ်၊ ဟိုလူကနားရွက်သေးတယ်၊ နှာခေါင်း ချွန်တယ်၊ နှာခေါင်းပုတယ် စသည်ဖြင့် သီးသန့် အခြေအနေ လေးတွေ မရှိဘူးလား၊ အဲဒါလေးတွေဟာ ကိုယ်ပိုင် အမှတ် အသားလေးတွေလို့ ခေါ်တယ်။

ဒါကြောင့်မို့ အမှတ်အသားလက္ခဏာဆိုတာ နှစ်မျိုးရှိတယ် လို့ မှတ်ထားရမယ်၊ သဘာဝတရားတိုင်းကို ကြည့်လိုက်လို့ရှိရင် လက္ခဏာသည် နှစ်ခု ရှိတယ်၊ တစ်မျိုးက သဘာဝလက္ခဏာ၊ နောက်တစ်မျိုးက သာမညလက္ခဏာ။

သဘာဝလက္ခဏာဆိုတာ ကိုယ်ပိုင်အမှတ်အသားလေးတွေ ကိုခေါ်တာ၊ အများနဲ့ မဆက်ဆံဘူး၊ ကိုယ်နဲ့သာ သက်ဆိုင်တဲ့ အမှတ်အသားလေးတွေ၊ ဒါလေးတွေကို သဘာဝလက္ခဏာလို့ ခေါ်တယ်၊ အဲဒါကို Individual Characteristic လို့ အင်္ဂလိပ်လို ပြန်ကြတယ်။

အများဆိုင်လက္ခဏာကိုတော့ သာမညလက္ခဏာလို့ ခေါ်တယ်၊ သာမညဆိုတာ Universal (သို့) General Characteristic ဆိုပါစို့- ဖဿဆိုတဲ့ သဘာဝတရားမှာ အာရုံနဲ့စိတ်ကိုတွေ့ဆုံ
စာမျက်နှာ-၉၉
ပေးခြင်းလက္ခဏာ ရှိတယ်၊ ဝေဒနာက အာရုံ၏အရသာကိုခံစား ခြင်းလက္ခဏာ ရှိတယ်၊ သညာက အာရုံကို မှတ်သားပေးခြင်း လက္ခဏာ ရှိတယ်၊ ဒါကိုယ်ပိုင် အမှတ်အသားလေးတွေ၊ အဲဒီ ဖဿ ဝေဒနာ သညာ စတဲ့ ဒီသဘာဝတရားတွေဟာ မမြဲတဲ့ သဘော၊ ဆင်းရဲတဲ့သဘော၊ အစိုးမပိုင်တဲ့ အနတ္တသဘောရော မရှိဘူးလား၊ အနိစ္စ ဒုက္ခ အနတ္တလို့ဆိုတဲ့ ဒီသဘောတွေကျတော့ သာမညလက္ခဏာလို့ ခေါ်တယ်။

ဝိပဿနာ ရှုပြီဆိုလို့ရှိရင် ဘယ်ကစရတုန်း ဆိုလို့ရှိရင် သဘာဝလက္ခဏာက စရတယ်၊ Individual လက္ခဏာကို သေချာ မိအောင် သတိကပ်ရတယ်၊ ကိုယ်ပိုင်လက္ခဏာလေးတွေကို မသိ ဘဲနဲ့ ဖြစ်တယ်ပျက်တယ် သွားလုပ်လို့ မရသေးဘူးတဲ့၊ အတွေး အဖြစ် အတွေးအပျက် ဖြစ်သွားလိမ့်မယ်၊ မမြဲတဲ့သဘော သွား စဉ်းစားရင် အတွေးထဲမှာပေါ်တဲ့ မမြဲတာပဲဖြစ်မယ်၊ “သစ္ဆိကဋ္ဌ ပရမတ္ထ” လို့ခေါ်တဲ့ တကယ့်ကို ကိုယ်တိုင်သိတဲ့ ပရမတ္ထအနှစ် လက္ခဏာထိအောင် မဆိုက်ထိနိုင်ဘူး၊ အဲဒါဆို ဝိပဿနာဉာဏ် မဖြစ်သေးဘူးလို့ ဒီလိုပြောတယ်။ “

မှန်ကန်တဲ့အတွေးက ဝိပဿနာကို ကျေးဇူးပြုပေမယ့်လို့ တကယ့် ဝိပဿနာအစစ်ဆိုလို့ရှိရင် တကယ်ဖြစ်နေတာကို တ ကယ်မြင်တဲ့ဟာမှ ဝိပဿနာအစစ်လို့ ပြောရမှာ ပေါ့၊ ဒါကိုပဲ ပရမတ်မြင်တယ်လို့ ပြောတာပေါ့နော်၊ “သစ္ဆိကဋ္ဌ” တဲ့ တကယ် မှန်ကန်တဲ့သဘော၊ “ပရမတ္ထ” တဲ့ လုံးဝပြောင်းလဲမှု မရှိတဲ့ တကယ့်အစစ်အမှန်သဘော၊ အဲဒီ သဘောကို မြင်ဖို့ရာ မြင်ရတဲ့ အနေအထားထိအောင် ရှိရမယ်၊ တွေးကြည့်တဲ့အတွေးဟာ အမှန် မဟုတ်ဘူး၊ စိတ်ထဲက ပုံဖော်ထားတာသာ ဖြစ်တယ်ပေါ့။

* စိတ်က ပုံဖော်ထားတာတွေဟာ ကိုယ်ပုံဖော်ချင်သလို ဖော် လို့ရတာပါ ဒါက အမှန်တရားဘယ်ဟုတ်မလဲ၊ စိတ်ကူးနဲ့ ပုံဖော် ထားတာတွေက အမှန်တရားမဟုတ်ဘူးတဲ့၊ တစ်ခါတစ်ရံ ပန်းချီတွေဟာ စိတ်ကူးနဲ့ပုံဖော်ကြတာ မဟုတ်လား၊ ဓာတ်ပုံရိုက်ယူ
စာမျက်နှာ-၁၀၀
တဲ့အခါကျတော့ စိတ်ကူးနဲ့ပုံဖော်တာ ဟုတ်ရဲ့လား၊ မဟုတ်ဘူး၊ အရှိကို ရိုက်ယူတဲ့ဟာမျိုးပဲ။

“ပရမတ်ဆိုတာ တကယ့်အရှိ တကယ့်အသိနဲ့ သိတဲ့ဟာ မျိုးမှ ပရမတ္ထ၊ အဲဒီတော့တွေးပြီးတော့ကြည့်တာမျိုးကတော့ မှန် ကန်တဲ့ အတွေးဆိုရင် အထောက်အကူပြုပါတယ်၊ မပြုဘူးပြောတာ မဟုတ်ဘူး၊ မှန်ကန်တဲ့အတွေးနဲ့တွေးလို့ရှိရင် အထောက် အကူဖြစ်တယ်၊ သို့သော် အဲဒီအတွေးတင် ဆိုလို့ရှိရင် အသိဉာဏ် မဟုတ်သေးဘူးပေါ့။

“ ဒါကြောင့်မို့လို့ ဝိပဿနာရှုပြီ ဆိုလို့ရှိရင် နံပါတ်တစ် ဘာက စရတုန်း၊ သဘာဝတရားကို ရှုတော့မယ် ဆိုလို့ရှိရင် ရုပ်ကို မြင်အောင်ကြည့်မယ်၊ နာမ်ကို မြင်အောင်ကြည့်မယ်၊ သို့မ ဟုတ် ဖဿကို မြင်အောင်ကြည့်မယ်၊ ဝေဒနာကို မြင်အောင် ကြည့်မယ်၊ ဖဿ, ဝေဒနာဆိုတာ ဘယ်ပုံစံနဲ့ ကြည့်ရမှာတုန်း ဆိုလို့ရှိရင် Individual Characteristic လို့ဆိုတဲ့ သဘာဝလက္ခဏာ ရှုထောင့်က ကြည့်ရမယ်။

ဖဿကို ကြည့်လိုက်တာနဲ့ ဘာသွားတွေ့တုန်းဆို စိတ်နဲ့ အာရုံနဲ့တွေ့ ပေးတဲ့သဘောပါလား၊ စိတ်နဲ့အာရုံတွေ့အောင် ဆက်သွယ်ပေးတဲ့သဘောပါလားဆိုတာလေးကို သွားပေါ်တယ်။ ဒါက ဘာကို သိတာတုန်းလို့ဆို ဖဿကို သိတယ်၊ ဖဿကို သိတာ ဘယ်ရှုထောင့်က သိတာတုန်းဆို ဖဿရဲ့ Characteristic လက္ခဏာ ရှုထောင့်က သိတာတဲ့၊ လူတစ်ယောက်ကို မှတ်ရင်လည်း ဒီလိုပဲ မဟုတ်လား၊ ကိုယ့်မိတ်ဆွေသူငယ်ချင်းက အရပ် ထွားထွားလို့ မှတ်ထားရင် အရပ်ပုပု လာလို့ရှိရင် ဒါ ငါ့သူငယ်ချင်း မဟုတ်ဘူးဆိုတာ သိတာပဲ၊ တစ်ခါတစ်လေ မှတ်ထားတာတွေက လွဲသွားတတ်သေးတယ်၊ ပထမတွေ့တုန်းက အင်္ကျီအနီရောင်ဝတ် လာတယ်၊ နောက်တစ်ခါတွေ့တဲ့အခါ အဖြူရောင်ဆိုတော့ မျက်စိ နဲနဲ လည်သွားတယ်၊ ဘာဖြစ်လို့တုန်းဆို ကိုယ်မှတ်တာက အနီ ရောင်နဲ့ သွား မှတ်တာကိုး။
စာမျက်နှာ-၁၀၁
သဘာဝလက္ခဏာတွေမှာလည်းပဲ ထို့အတူပဲ၊ သဘာဝတရားတွေကို သိချင်ပြီဆိုလို့ရှိရင် ထိုသဘာဝတရားတွေရဲ့ သွင်ပြင်လက္ခဏာကနေ မှတ်တာတဲ့၊ ဖဿကိုတွေ့တယ်ဆိုရင် အာရုံနဲ့ စိတ် contact လုပ်ပေးတယ် ဆက်သွယ်ပေးတယ်ဆိုတဲ့သဘော၊ စိတ်ဟာ အာရုံပေါ် ထိကပ်တယ်၊ ထိရောက်တယ်ဆိုတဲ့သဘော၊ ဝေဒနာကိုသိရင် အာရုံ၏ အရသာကို ခံစားတယ် အတွေ့အကြုံရှိတယ်ဆိုတဲ့သဘော၊ သညာကိုသိရင် အာရုံကို အမှတ်သားဖြင့် သိတယ်ဆိုတဲ့သဘော၊ ဒါလေးတွေကို သွားတွေ့တယ်။

နာမ်ကိုတွေ့လို့ရှိရင်လည်း ခြုံငုံပြီးတော့ နာမ်ဆိုတာ အာရုံရှိတဲ့ဘက် ညွတ်ညွတ်သွားတဲ့သဘော၊ ဘယ်တော့မဆို အာရုံဘက်ကို သူက ဦးလှည့်ဦးလှည့်ပြီးတော့ သွားတယ်၊ အဲဒါ နာမ်ရဲ့သဘော၊ အာရုံရှိတယ် ညွတ်တယ်လို့ဆိုတာ အာရုံရှိတဲ့ဘက်ကို အမြဲတမ်း မျက်နှာလှည့်တာ။

ဒါကြောင့် ကိုယ့်စိတ်လေးကို အာရုံပြုပြီးတော့ ကိုယ့်သန္တာန်မှာဖြစ်တဲ့ စိတ်, စေတသိက်လေးတွေကို အကဲခတ်ကြည့်နေလို့ရှိရင် အာရုံရှိတဲ့ဘက်ကို သွားနေတာပဲ။ အာရုံကို ရှာနေတဲ့ ပုံစံမျိုးပဲ၊ ကြည့်လေ တိတ်တိတ်ဆိတ်ဆိတ် ကိုယ့်အိမ်ထဲမှာ နေရင်း ဒေါက်ကန်တစ်နေရာကအသံ ကြားရရင် စိတ်ကလေးက အဲဒီရောက်သွားတယ်၊ စိတ်ကလေးက ဟိုအာရုံဘက်ရောက်လိုက်၊ ဒီအာရုံဘက်ရောက်လိုက်၊ Television ကြည့်ရင်းပေမယ့် မနေ့က အကြောင်းအရာတွေ ပေါ်ချင်ပေါ်မယ်၊ ဟိုနှစ်က အကြောင်းအရာတွေ ပေါ်ချင်ပေါ်လာမယ်၊ ဆင်ဆင်တူတဲ့ အကြောင်းအရာတွေ ကြည့်လို့ရှိရင် ထင်ယောင်မြင်ယောင်တွေ ဖြစ်လာပြန်တယ်၊ စိတ်လေးက အတိတ်ကိုလည်း ပြေးသွားတယ်၊ အနာဂတ်ကိုလည်း ပြေးသွားနေတယ်။

ဒါကြောင့်မို့ အဲဒီစိတ်ကလေးရဲ့ သဘောကို မြတ်စွာဘုရားက သုတ္တန်ပါဠိတော်တွေထဲမှာ ထင်ထင်ရှားရှား ဟောထားတာ၊ ဒုရင်္ဂမံတဲ့၊ ဒူရဆိုတာ အဝေးကြီးကို ဂမ-သွားတာ၊ စိတ်ကလေးက

စာမျက်နှာ-၁၀၂
အဝေးကြီးကို အင်မတန်သွားတယ်၊ အဝေးကြီးကို ရောက်တယ်။ အဝေးကြီးကို ရောက်တယ်ဆိုတာ - စိတ်ကလေးက ထွက်ပြီးတော့ စင်္ကာပူသွားတယ်, မလေးရှားသွားတယ်, အမေရိကန်သွားတယ်လို့ ဒီလိုတော့ မအောက်မေ့နဲ့၊ ဒီလိုတော့ မဟုတ်ဘူး။

သို့သော် စိတ်ကလေးနဲ့ ကိုယ်ရောက်ဖူးတဲ့ နေရာတစ်ခုကို စိတ်က တစ်ခါတစ်ခါသွားပြီး သိတာမျိုး၊ အာရုံထဲမှာပေါ်တာမျိုးရော မရှိဘူးလား၊ ရန်ကုန်နေတဲ့လူကလည်း မန္တလေးရောက်ဖူးရင် မန္တလေးကိုသွားခဲ့တဲ့ အာရုံပေါ်လာတယ်၊ စင်္ကာပူဆိုရင်လည်း စင်္ကာပူပေါ်လာမယ်၊ အမေရိကန်ဆိုလည်း အမေရိကန်ပေါ်မယ်၊ ဂျပန်ဆိုလည်း ဂျပန်ကိုသွားရောက်မယ်နော်၊ စိတ်ကလေးဟာ ရောက်တယ်၊ ဝေးတဲ့နေရာရောက်တယ်၊ ဒီထက်သူအာရုံပြုနိုင်ရင် ဒီထက်ဝေးတဲ့နေရာတောင် ရောက်သေးတယ် သူက ဝေးတဲ့နေရာက အာရုံကို ရယူနိုင်တာကိုပဲ အဝေးသွားတယ်လို့ ပြောတာပါ။ တကယ်တော့ စိတ်ကလေးက ထွက်သွားတာမဟုတ်ဘူး။

သို့သော် လောကဝေါဟာရအားဖြင့် ပြောမယ်ဆိုလို့ရှိရင် ဒုရင်္ဂမံ - အဝေးကြီးကိုသွားတယ်လို့ ဆိုတဲ့စကားကို အင်္ဂလိပ်လို ပြန်လို့ရှိရင် Mind travels far စိတ်က ခရီးဝေးသွားတယ်တဲ့၊ အဝေးကြီးကိုသွားတယ်၊ ဒီလိုပဲ ပြန်ကြတယ်၊ သို့သော် နားလည်ရမယ့် အဓိပ္ပါယ်က ဝေးလံတဲ့အာရုံကို ရယူတယ်လို့ ဒီလိုနားလည်ရမယ်။

နောက်တစ်ခုက ဧကစာရံ - စိတ်ကလေးဟာ နှစ်ခုတွဲ ဘယ်တော့မှ မဖြစ်ဘူးဆိုတာ မှတ်ထားပါ။ စိတ်ကလေးဟာ တစ်ခုပြီးမှသာ တစ်ခုဖြစ်လို့ရတယ်၊ နှစ်ခုတွဲ ဘယ်တော့မှ မဖြစ်ဘူး၊ ဘုန်းကြီးတို့တတွေ အသက်ရှင်နေတာ တစ်စိတ်ထဲနဲ့ အသက်ရှင်နေတာ၊ တစ်စိတ်ဆိုတာ အသက်ရှင်နေတဲ့ အချိန်ပိုင်းလေးကို ပြောတာ၊ ဥပမာ- ဘာနဲ့နားလည်ရမလဲဆိုလို့ရှိရင် High Way လမ်းမကြီးပေါ် ကားမောင်းနေတဲ့အခါမှာ လမ်းမကြီးနဲ့တာယာနဲ့ ထိတဲ့နေရာလေးဟာ တစ်ထွာလက်လေးသစ်လောက်ပဲ ရှိတယ်။

စာမျက်နှာ-၁၀၃
ဘီးကြီးတစ်ဘီးလုံးထိတာ ဟုတ်ကဲ့လား၊ လမ်းမနဲ့ထိနေတဲ့ အပိုင်းလေးဟာ အဲဒီလောက်ပဲ ရှိတယ်။

ထို့အတူပဲ ဘုန်းကြီးတို့တတွေ နှစ်ပေါင်းဘယ်လောက်ပဲ နေနေ တစ်စိတ်ထဲနဲ့ပဲနေတာ၊ နှစ်စိတ်ပြူးနေနိုင်တယ်လို့မရှိဘူး၊ သို့သော် တစ်စိတ်ပြီးတစ်စိတ် တစ်စိတ်ပြီးတစ်စိတ် ဖြစ်နေလို့ နှစ်စိတ်လိုလို သုံးစိတ်လိုလို ဒီလိုထင်နေတာ၊ ဧကစိတ္တ သမာယုတာ - စိတ်တစ်ခုထဲနဲ့ပဲ နေကြတာ။

အသရီရံ - ပုံပန်းသဏ္ဌာန် ခန္ဓာကိုယ်ဆိုတာ မရှိဘူး၊ စိတ်ကို ရုပ်လုံးလို ပုံဖော်လို့မရဘူး၊ အသရီရံ - Body မရှိဘူး၊ ဂုဟာသယံ - စိတ်ကလေးဟာ မဟာဘုတ်လေးပါးဆိုတဲ့ သို့မဟုတ် ဟဒယဝတ္ထုရုပ် သို့မဟုတ် ဝတ္ထုရုပ်တွေလို့ ဆိုတဲ့ကိန်းအောင်းရာနေရာလေးရှိတယ်၊ ဒီစကားမှာလည်းပဲ အရပ်အနေနဲ့ တင်စားပြီးပြောတာ, ဂုဟ+အာသယံ - လှိုဏ်ထဲမှာ ကိန်းနေတယ်လို့ ဒီလိုပြောတာ၊ စိတ်ကလေးဟာ တကယ်တော့ ရှိနေတာမဟုတ်ဘူးတဲ့၊ ဝတ္ထု, အာရုံ တိုက်ဆိုင်မှ ဖြစ်ပေါ်လာတယ်လို့ ... ဒီလိုနားလည်ရမယ်၊ သို့သော် အဲဒီနေရာက ဖြစ်ပေါ်လာသည့်အတွက်ကြောင့် ရှိနေတယ်လို့ ဒီလိုပြောကြတာ၊ တကယ်ရှိနေတာ မဟုတ်ဘူး။

ဘယ်လိုလုပ်နားလည်ရမလဲဆိုလို့ရှိရင် ကြည့်လေ စောင်းထဲမှာ အသံရှိနေလား - မရှိဘူးလား ဆိုရင် ဘယ်လိုပြောမလဲ? စောင်းကြိုးထဲမှာလည်း အသံမရှိဘူး၊ စောင်းအိုးထဲမှာလည်း အသံမရှိဘူး၊ ရှိလို့ရှိရင် စောင်းကြီးကိုင်ထားပြီးတော့ ထူးမခြားနား သီချင်းတွေ ထွက်နေမှာပေါ့၊ လူကတီးမှ ဒီအသံထွက်တာ မဟုတ်လား၊ ဒီထက်ထင်ရှားတဲ့ ဥပမာနဲ့ကြည့်မယ်ဆိုရင် မီးခြစ်ဘူးထဲမှာ မီးရှိသလားလို့မေးရင် ဘယ်လိုပြောမလဲ၊ မီးရှိရင် လောင်မှာပေါ့၊ အိတ်ထောင့်တွေထဲ ထည့်သွား မီးလောင်ခံရမှာပဲ၊ အဲဒီတော့ မီးမရှိဘူးဆိုတာ သေချာတယ်လေ၊ သို့သော်လည်း မီးဖြစ်နိုင်တဲ့ အနေအထားရှိတယ်။

စာမျက်နှာ-၁၀၄
ထို့အတူပဲ ဝတ္ထုရုပ်တွေမှာ စိတ်ရှိနေတာမဟုတ်ဘူး၊ အဲဒီဝတ္ထုရုပ်တွေဟာ အာရုံက လာထိခိုက်ရင် စိတ်ဖြစ်နိုင်တဲ့ အနေအထားရှိတယ်၊ ဒီလိုတော့ မှတ်ရမှာပေါ့နော်။ အဲဒါကြောင့်မို့ ဂုဟာသယံဆိုတဲ့ စကားလုံးကို သုံးတာ၊ စိတ်ကလေးက ဖြစ်ပြီး ဒီထဲမှာ အောင်းနေတာမဟုတ်ဘူး၊ အိမ်ထဲမှာ လူရှိနေတယ်ဆိုတာက လူတကယ်ရှိနေတာ မဟုတ်လား၊ စိတ်ကလေးက မဟာဘုတ်တည်းဟူသော လှိုဏ်ဂူထဲမှာ ရှိနေတယ်လို့ပြောတာကျတော့ တကယ်ရှိနေတာ မဟုတ်ဘူး၊ ဖြစ်နိုင်တဲ့အနေအထားရှိတာကို ပြောတာ၊ ဝတ္ထုအာရုံဆုံမှ ဖြစ်ပေါ်လာတာ၊ စိတ်ရဲ့သဘာဝတရားတွေကို မြတ်စွာဘုရားက ဒီလိုပုံဖော်ပြီးတော့ ဟောကြားတာ ဖြစ်တယ်။

အဲဒီလိုအနေအထားရှိတဲ့ စိတ်ကလေးကို သတိကပ်ပြီးတော့ လေ့ကျင့်ပေးဖို့ မဟာသတိပဋ္ဌာနသုတ်မှာ စိတ္တာနုပဿနာကို မြတ်စွာဘုရား ဟောထားတယ်၊ စိတ္တာနုပဿနာဆိုတာ စိတ်ရဲ့သဘာဝ (သို့မဟုတ်) စိတ်ကို အဖန်ဖန်အထပ်ထပ် အနီးကပ်ကြည့်ရှုခြင်း (သို့မဟုတ်) စိတ်ကို သင့်လျော်တဲ့ရှုထောင့်က ရှုမြင်ခြင်းလို့ အဓိပ္ပါယ်ရတယ်နော်၊ အင်္ဂလိပ်လိုပြန်တော့ Contemplation of Consciousness, Contemplation of [?] ဆင်ခြင်သုံးသပ်နေတာ၊ သတိစွမ်းအားတွေ, ဉာဏ်စွမ်းအားတွေနဲ့ သဘာဝအနေအထားကို ဆင်ခြင်သုံးသပ်နေတာ၊ Contemplation of Consciousness စိတ်ကလေးရဲ့ သဘာဝကို ဆင်ခြင်သုံးသပ်ပြီးတော့ ကြည့်ရှုခြင်းပဲ။

အနုပဿနာဆိုတဲ့ စကားလုံးရဲ့ အဓိကဦးတည်ချက်ကတော့ ဉာဏ်ကိုပြောတာပဲ၊ အဲဒီဉာဏ်က မြင်အောင် ဉာဏ်ကကြည့်လို့ရအောင် အာရုံကို ယူပေးနိုင်တာက သတိပဲ၊ သတိက စိတ်ဆိုတဲ့ အာရုံလေးကို ဆုပ်ကိုင်ပြမှ အသိဉာဏ်က သူ့ရဲ့သဘာဝကို သိနိုင်တာနော်၊ သတိနဲ့ဉာဏ် ပူးပေါင်းလုပ်တယ်။ သို့သော် ဘာတွေပါသေးတုန်းဆို ဝီရိယလည်းပါတာပဲ၊ သမ္မာ

စာမျက်နှာ-၁၀၅
သင်္ကပ္ပဆိုတဲ့ ကြံတွေးမှုလည်း ပါတာပဲ၊ သမာဓိဆိုတာလည်း ပါတာပဲ၊ ဒါတွေမပါဘဲနဲ့ မဖြစ်ဘူး၊ ဒီစွမ်းအားတွေ အကုန်လုံးစုံမှ စိတ္တာနုပဿနာဆိုတာ ဖြစ်တယ်ပေါ့။

ကဲ... ဒီစိတ်ကလေးဟာ ဘယ်သူ့စိတ်ကို ကြည့်ရမှာလဲ၊ ကိုယ့်သန္တာန်မှာရှိတဲ့ စိတ်ကအဓိကပဲ၊ “ကိုယ့်စိတ်ကလေးတော့ ဖြစ်နေတာပဲ၊ မသိလိုက်တဲ့စိတ်တွေ မြောက်များစွာပဲ၊ မသိတာက များတယ် သိတာက နည်းနည်းပဲ၊ ကိုယ့်စိတ်ကိုယ်သိတာမဟုတ်ဘူး၊ ကိုယ်သိတာက အာရုံကို သွားသိနေတာ စိတ်ကိုသိခဲ့တယ်၊ ကိုယ့်စိတ်ကို လေ့လာအကဲခတ်ကြည့်တာ မဟုတ်ဘူး၊ ကိုယ်ကြည့်နေတာက အာရုံတွေပဲ။

မျက်စိကမြင်တဲ့အာရုံကို သိတယ်၊ နားကကြားတဲ့အသံကို သိတယ်၊ အခုဒီကနေ့ လူအများပြောနေကြတာ လှတယ်, မလှဘူးဆိုတာ ဘာကိုပြောတာတုန်း၊ မျက်စိကမြင်တာကို ပြောနေတာ၊ အသံသာယာတယ်, မသာယာဘူးဆိုတာ ဘာကိုပြောတာတုန်း၊ နားကကြားတာကို ပြောနေတာ၊ ဒီအနံ့လေးက မွှေးတယ်, မမွှေးဘူးဆိုတာ ဘာကိုပြောနေတာတုန်း၊ နှာခေါင်းကရတဲ့အနံ့ကို ပြောနေတာ၊ အပြင်ကဟာတွေချည်း ပြောနေတာပဲ၊ အာရုံတွေအကြောင်း ပြောနေတာ။

ဒီဟင်းလေး အရသာရှိတယ်, အရသာမရှိဘူး၊ ဟော..ဇိဝှါပသာဒမှာ ပေါ်လာတဲ့ အရသာဆိုတဲ့အာရုံကို ပြောနေတာ၊ ပြင်ပအာရုံအကြောင်း ပြောနေတာ၊ ဒီနေရာထိုင်ခင်းလေးကတော့ အိစက်ညက်ညောတယ်၊ ဒီနေရာလေးကတော့ မာတယ်လို့ပြောတာလဲပဲ အထိအတွေ့ကို ပြောနေကြတာပဲ၊ ဒီလေက ပူလိုက်တာနဲ့ ဟိုလေကလေးက အေးလိုက်တာ အထိအတွေ့ကို ပြောတာ၊ ရာသီဥတုကြီးက ပူလိုက်တာ, ရာသီဥတုကြီးက အေးလိုက်တာဆိုတာလည်း ဘာကိုပြောတာတုန်း၊ ဖောဋ္ဌဗ္ဗကို ပြောနေတာပဲ၊ စိတ်အကြောင်းကို ပြောတာဟုတ်ကဲ့လား ... မဟုတ်ဘူးတဲ့၊ အဲဒီတော့ လူတွေဟာ စိတ်ကိုမေ့ထားပြီး အာရုံတွေပေါ်မှာပဲ စကား

စာမျက်နှာ-၁၀၆
ပြောပြီးတော့ နေကြတယ်၊ ကိုယ့်စိတ်လေးကို ကိုယ်မေ့နေတယ်လို့ ဒီလိုပြောနိုင်တာပေါ့။ အဲဒီလိုမဖြစ်ရအောင် မြတ်စွာဘုရားက ဦးလှည့်ပေးလိုက်တာ စိတ္တာနုပဿနာတဲ့၊ စိတ်ကိုပြန်ပြီးတော့ သတိကပ်လိုက်စမ်းပါ၊ ကိုယ့်စိတ်လေးကို ကိုယ်ပြန်ပြီးတော့ သတိကပ်ပါ၊ ဒီနေရာမှာ စိတ္တာနုပဿနာဆိုတာ စိတ်နဲ့စေတသိက်ရောနေတာ၊ တပည့်တော်တို့ စိတ်ကလေးချည်း ဘယ်လိုခွဲထုတ်ကြည့်ရမလဲလို့ စာသင်ထားတဲ့ ပုဂ္ဂိုလ်တွေကတွေးမိကောင်းတွေးမိလိမ့်မယ်၊ စိတ်ဆိုတာ အာရုံကိုသိတတ်တဲ့ သဘောလေးတစ်ခုတည်း သဘောပဲ, ဘယ်စိတ်ပဲဖြစ်ဖြစ် ပေါ်လာတဲ့အာရုံကို သိတာချည်းပဲဆိုတော့ တစ်မျိုးတည်းပဲ ဖြစ်မနေဘူးလား၊ တစ်မျိုးတည်းပဲ ဖြစ်နေတယ်။

စိတ္တာနုပဿနာမှာ မြတ်စွာဘုရားက စိတ်ကိုအခြေအနေနဲ့ ယှဉ်တွဲမှုတွေကိုကြည့်ပြီး ၁၆-မျိုးခွဲပြထားတယ်၊ စိတ္တာနုပဿနာဆိုတဲ့ စိတ်ကို သတိကပ်ပြီးတော့ ရှုမှတ်မယ်ဆိုလို့ရှိရင် ၁၆-မျိုး ဖြစ်နိုင်တယ်၊ ဒါလူတိုင်းကို ၁၆-မျိုးဖြစ်တယ်လို့ ပြောတာမဟုတ်ဘူးနော်၊ အထွေထွေ ဖြစ်နိုင်ချေရှိတာတွေကို မြတ်စွာဘုရားက ဟောတာ၊ ဒီ ၁၆-မျိုး ခွဲထားတာက အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ခွဲထားတာတွေနဲ့ တချို့တူသော်လည်းပဲ တချို့မတူဘူး၊ အခြားအဘိဓမ္မာကျမ်းတွေမှာလည်းပဲ ၁၆-မျိုး ခွဲတာရှိတယ်ပေါ့။

ဘုန်းကြီးတို့ကြည့်ရမှာက စိတ်နဲ့စေတသိက် ရောနေတယ်ဆိုတဲ့နေရာမှာ သိသာထင်ရှားတဲ့ ယှဉ်တွဲလာတဲ့ သဘာဝလေးနဲ့ စိတ်ကိုသတ်မှတ်ပြီး ပြောရမှာ၊ ဆိုပါစို့- နွားအကြောင်းကို ပြောချင်လို့ရှိရင် ဘယ်လိုပြောလဲ၊ နွားနီက ဘယ်နှစ်ကောင်, နွားနက်က ဘယ်နှစ်ကောင် အရောင်နဲ့ခွဲပြောတယ်မဟုတ်လား နွားကတော့ နွားပဲလေ၊ သို့သော် အနီတို့ အနက်တို့ အကြားတို့နဲ့ ဒီလိုမပြောဘူးလား၊ စိတ်ကိုလည်းပဲ အဲဒီလိုပဲ ပြောရမှာပဲ၊ စိတ်ကတော့ စိတ်ပဲ။

စာမျက်နှာ-၁၀၇
မြတ်စွာဘုရားက စိတ်ကို ခွဲခြားပြီးတော့ ရှုလို့ရအောင် “သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ”.. ကိုယ့်သန္တာန်မှာဖြစ်နေတဲ့ စိတ်ကလေးဟာ တွယ်တာမှုရာဂတွေနဲ့ ယှဉ်တွဲနေတဲ့စိတ်ကလေးဆိုလို့ရှိရင် တွယ်တာမှုရှိတဲ့စိတ်ကလေးလို့ သိပါတဲ့၊ တွယ်တာမှုဆိုတာလေးနဲ့ စိတ်ကလေးကိုဖမ်းကြည့်တာ ဟုတ်ကဲ့လား၊ တွယ်တာမှုကိုရှုတာမဟုတ်ဘူး၊ တွယ်တာမှုကိုရှုရင် ဓမ္မာနုပဿနာဖြစ်တယ်။

ဒါပေမယ့် ယောဂီတွေအနေနဲ့ စဉ်းစားဖို့တော့ မကြိုးစားနဲ့ပေါ့၊ မြတ်စွာဘုရားက ကာယာနုပဿနာ, ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, ဓမ္မာနုပဿနာလို့ အာရုံ ၄-မျိုးပေးထားတာမှာ ငါရှုနေတာ ကာယာနုပဿနာလား, ဝေဒနာနုပဿနာလား, စိတ္တာနုပဿနာလား, ဓမ္မာနုပဿနာလားလို့တွေးမနေနဲ့၊ အဲဒီလိုတွေးလိုက်တာနဲ့တစ်ပြိုင်နက် ကိုယ်ရှုနေတဲ့အာရုံကနေ လမ်းချော်သွားပြီလို့သာ မှတ်လိုက်တော့၊ အဲဒီလိုစဉ်းစားစရာမလိုဘူးနော်၊ မြင်တဲ့အာရုံကို ရှုမိမှာပဲ တစ်ခါတစ်ရံ ဝေဒနာကိုရှုမိလိမ့်မယ်၊ တစ်ခါတစ်ရံ ရုပ်ဆိုတဲ့ဓမ္မကို ရှုမိရင်ရှုမိမယ်၊ တစ်ခါတစ်ခါ စိတ်ဆိုတာကိုလည်း ရှုမိရင်ရှုမိလိမ့်မယ်၊ တစ်ခါတစ်ခါ ခံစားမှုတွေ ရှုမိရင်လည်း ရှုမိလိမ့်မယ်။

* ကာယ, စိတ္တ, ဝေဒနာ, ဓမ္မလို့ဆိုတာ မြတ်စွာဘုရားက ဝိပဿနာရဲ့ အာရုံဖြစ်နိုင်ချေရှိတာလေးတွေကို မိမိသန္တာန်မှာရှိတဲ့ အာရုံလေးတွေကို ၄-မျိုးပိုင်းပြီး ဟောထားတာဖြစ်တယ်။
* စိတ်ချည်းပဲကြည့်မယ် ဝေဒနာကိုမကြည့်ဘူးလို့ ဒီလိုလုပ်လို့လည်း မရဘူးနော်၊ ကမ္မဋ္ဌာန်းရှုနေပြီဆိုရင် စိတ်အာရုံပေါ်ချင်လည်းပေါ်မယ်, ဝေဒနာပေါ်ချင်လည်းပေါ်မယ်၊ ဘာပေါ်ပေါ် ပေါ်တာကိုသိဖို့လိုတယ်၊ အဲလိုဆိုလိုတာ၊ ဆိုလိုတာက သတိပဋ္ဌာန်အာရုံ ၄-မျိုးထဲမှာ ဘယ်အာရုံပဲဖြစ်ဖြစ်။

သို့သော် သမထကျင့်စဉ်ကို ပြောတဲ့အခါကျတော့ ထွက်လေဝင်လေ သပ်သပ်ရှုတာကျတော့ ကာယာနုပဿနာပဲ... အဲဒါ

စာမျက်နှာ-၁၀၈
ကာယပဲရှုတာပဲ၊ ဝေဒနာတို့ စိတ်တို့ ဓမ္မတို့ကျတော့ သူတို့ကရောလာတယ်, ရောနေတာ၊ အဲဒီရောနေတာကို သွားပြီးတော့ ခွဲခြားနေဖို့ မကြိုးစားနဲ့ပေါ့၊ ရှုလို့မရဘူးလားဆိုတော့... အာရုံဆိုတာ မဟာစည်ဆရာတော်ဘုရားကြီး လမ်းညွှန်သလိုပဲ ပေါ်ရာပေါ်ရာရှုဆိုတာရှိတယ်လေ၊ အဲဒီ ပေါ်ရာပေါ်ရာရှုဆိုတဲ့စကားဟာ ဝိသုဒ္ဓိမဂ်ကစကားကိုခြုံပြီးတော့ပြောတာ၊ ဝိသုဒ္ဓိမဂ်မှာ ကမ္မဋ္ဌာန်းရှုရမယ့် ရှုလို့ရတဲ့ သဘာဝတရားတွေရှိတယ်တဲ့ ရုပ်တရား နာမ်တရားတွေ၊ အဲဒီရုပ်တရား နာမ်တရားတွေထဲက မိမိရဲ့သန္တာန်မှာ ပစ္စုပ္ပန်ခဏမှာ ဖြစ်ပေါ်လာတာတွေကို ရှုရမှာလို့ ပြောတာ၊ မပေါ်တာတွေကို သွားတွေးရှုနေလို့ရှိရင် အတွေးပဲဖြစ်သွားမယ်၊ အဲဒီတော့ အတွေးထဲကပုံရိပ်ဆိုတာ ပုံမှန်ဟုတ်ပါ့မလား၊ မဟုတ်နိုင်ဘူး၊ အတွေးထဲမှာပေါ်လာတာက ပုံရိပ်အမှန်မဟုတ်ဘူးတဲ့။

ဒါကြောင့်မို့လို့ ကိုယ့်သန္တာန်မှာ ဖြစ်ခိုက်ကလေးတွေ ရှုနိုင်အောင် ကြိုးစားရမှာ၊ စစချင်းတော့ ကမ္မဋ္ဌာန်းအလေ့အကျင့်မရသေးတဲ့ ပုဂ္ဂိုလ်ကတော့ ဖြစ်ခိုက်ကလေးတွေကို မိဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါတယ်၊ သို့သော် ခဲယဉ်းတာ လုပ်လို့မရဘူးလို့ပြောတာမဟုတ်ဘူး၊ ခဲယဉ်းတယ်လို့ပြောတာနော်၊ အလေ့အကျင့်ကောင်းလာတဲ့အခါကျတော့ ဘယ်လောက်ပင်ခဲယဉ်းခဲယဉ်း လွယ်သွားတာပဲ။

ကြည့်ပါလား.. လူတွေ ငယ်ငယ်တုန်းက လမ်းလျှောက်ရင် တဗိုင်းဗိုင်းလဲမနေဘူးလား၊ နောက်ကျတော့ မာရသွန်ပြေးပွဲတွေတောင် ဝင်နေသေး၊ ဘယ်လည်တော့မှာတုန်း၊ အတွေ့အကြုံ ရင့်သန်လာတဲ့အခါကျတော့ ရလာရော၊ နောက်ဆုံးလေ့ကျင့်ထားတဲ့ပုဂ္ဂိုလ်က ခြေထောက်ကလေးတစ်ဖက်ထဲ ထောက်ပြီးတော့တောင် ကလို့ရသွားတယ်၊ လေ့ကျင့်မှုပဲ၊ လက်ထဲက ဘောလုံးလေးတွေ ဟိုဘက် ၁၀-လုံး ဒီဘက် ၁၀-လုံး မြှောက်မြှောက်ပြီး ပြန်ဖမ်းတဲ့ ကစားသမားလည်း ကြည့်ဦး၊ ဟိုဖက် ၁၀-လုံး,

စာမျက်နှာ-၁၀၉
ဒီဖက် ၁၀-လုံး ဘောလုံးလေးတွေ မြှောက်လိုက် ဖမ်းလိုက် မြှောက်လိုက် ဖမ်းလိုက် လုပ်နေတာ လက်ထဲမှာမရှိဘူး၊ သို့သော် တစ်လုံးမှလည်း အောက်ကျမသွားဘူး၊ ဖမ်းနိုင်တယ်။

ထို့အတူပဲ ဝိပဿနာအလေ့အကျင့်ရလာပြီဆိုလို့ရှိရင် ကိုယ့်စိတ်ထဲမှာပေါ်လာတဲ့ အာရုံမှန်သမျှ သဘာဝတရားတွေမှန်သမျှ ပေါ်တိုင်းပေါ်တိုင်း သတိစွမ်းအား ဉာဏ်စွမ်းအားတွေနဲ့ မှတ်ပြီးသိနိုင်တဲ့အနေအထားမျိုး ရောက်သွားပါတယ်တဲ့၊ အဲဒီအနေအထားမျိုးရောက်အောင် မှတ်စိတ်တွေ အင်အားကောင်းလာအောင်, သတိစွမ်းအားတွေ ထက်လာအောင်, ပညာစွမ်းအားတွေ ထက်လာအောင်, သမာဓိစွမ်းအားတွေ ထက်လာအောင် ဆိုရင် ပေါ်ရာပေါ်ရာတွေ အကုန်လုံး မှတ်ပြီးရှုနိုင်သွားတာပါတဲ့နော်၊ အဲဒီလို ရှုနိုင်သည်အထိ ကြိုးစားရမှာလို့ ဒီလိုပြောတယ်။

စိတ်ကလေးကို ရှုပြီဆိုတဲ့အခါ သူနဲ့ယှဉ်တွဲလာတဲ့ မတူထူးခြားတဲ့သဘာဝတရားတွေ ရှုထောင့်ကနေကြည့်၊ ခုနက နွားချင်းက အတူတူပဲ။ သို့မို့ အရောင်နဲ့ကြည့်ရတယ် - ဒါက နွားနီ ဒါက နွားနက်ဆိုပြီးတော့ အရောင်နဲ့ကြည့်ခွဲသလိုပဲ ဖြစ်ပေါ်လာတဲ့ စိတ်ကလေးဟာ အာရုံကိုသိတတ်တဲ့ သဘာဝတရားတစ်ခုတည်းဖြစ်တော့ အဲဒီသဘာဝတရားလေးမှာ အရောင်ခြယ်ထားတာနဲ့ကြည့်ပြီးတော့ ဒီစိတ်က ဘာစိတ်လို့ ဒီလိုပြောတာ။ အဲဒါကို မြတ်စွာဘုရားက အခုလို ၁၆-မျိုး ခွဲဟောတာ။ သရာဂစိတ်-ဝီတရာဂစိတ်

နံပါတ်(၁) “သရာဂစိတ်”တဲ့၊ သရာဂစိတ်ဆိုရင် သရာဂစိတ်ဆိုတာကို သိရမယ်၊ ဆိုလိုတာက ငါ့ရဲ့စိတ်ကလေးမှာ အတွယ်အတာနဲ့ဖြစ်နေပါလား၊ အတွယ်အတာကိုကြည့်တာမဟုတ်ဘူး၊ အတွယ်အတာနဲ့ဖြစ်နေတဲ့စိတ်ကိုကြည့်တာ၊ ဒါကြောင့်မို့ စိတ္တာနုပဿနာလို့ ပြောတာနော်၊ စိတ်လေးကိုကြည့်တာ၊ ဒါကြောင့်မို့ “သရာဂံ ဝါ စိတ္တံ” . “သရာဂံ-ရာဂနဲ့တွဲဖက်လို့ ဖြစ်လာတဲ့

စာမျက်နှာ-၁၁၀
“စိတ္တံ-စိတ်ကို, “သရာဂံ စိတ္တံ-ရာဂနဲ့တွဲဖက်လာတဲ့စိတ်ကလေးလို့ ပဇာနာတိ-မှန်မှန်ကန်ကန်သိတယ်။

ဒီလိုသိဖို့က ကြည့်...အာရုံက ဘာတုန်းလို့ဆိုရင် ရာဂနဲ့တွဲဖက်လာတဲ့စိတ်ဆိုတာ အဘိဓမ္မာသင်ထားတဲ့ ပုဂ္ဂိုလ်တွေကတွေးလိမ့်မယ်၊ ဒါလောဘမူစိတ် ၈-ခုပြောတာပဲလို့တွေးလို့ရတာပဲ၊ သို့သော် တရားရှုတဲ့အချိန်မှာတော့ လောဘမူစိတ် ၈-ခုသွားတွေးမနေနဲ့၊ ငါ့စိတ်ကလေးဟာ လိုချင်တဲ့သဘာဝလေးနဲ့ တွဲလာရင် လိုချင်တဲ့သဘာဝလေးနဲ့ တွဲတဲ့စိတ်လို့ ဒီလိုပဲသိရမယ်။

သို့သော် အဋ္ဌကထာမှာ သရာဂစိတ်ဆိုတာ ဘာလဲဆိုတာ Identify လုပ်ပြတာလေ၊ ရှုရမှာပြောတာမဟုတ်ဘူး၊ ရှုရမှာက ငါ့စိတ်လေးဟာ တွယ်တာမှုရှိနေပါလားဆိုတာပဲ၊ ဟော...စိတ်ကလေးကိုကြည့် - တွယ်တာမှုရှိတဲ့စိတ်ကို တွယ်တာမှုရှိတယ်လို့ သိလိုက်လို့ရှိရင် တွယ်တာမှုဆိုတာ မကောင်းတဲ့ဟာပါလား၊ ရာဂတရားဆိုတာ အကုသိုလ်ပဲ၊ အကုသိုလ်ကိုပယ်ဖို့ ကြိုးစားရမှာပဲဆိုတဲ့ အတွေးဝင်မလာဘူးလား၊

ဒါကြောင့်မို့ ကိုယ့်စိတ်အခြေအနေကို အမှန်အကန်သိဖို့လိုတယ်နော်၊ စိတ်လေးရဲ့သဘာဝကိုလဲ ရှုရင်း ရှုရင်းနဲ့သိလာတယ်၊ ငါ့စိတ်လေးဟာ ရာဂနဲ့ဖြစ်တယ်၊ ရာဂနဲ့တွဲဖက်လာတယ်။

တစ်ဖက်က ဆန့်ကျင်ဖက်အနေနဲ့ ပြောပြန်တယ်၊ “ဝီတရာဂံ ဝါ စိတ္တံ ဝီတရာဂံ စိတ္တန္တိ ပဇာနာတိ” . ငါ့စိတ်လေးဟာ တဏှာရာဂနဲ့ မတွဲဖက်ပါလား၊ ဒီပြင်ဟာတွေနဲ့တွဲဖက်တာ၊ ငါ့စိတ်လေးဟာ အတွယ်အတာကင်းမဲ့နေပါလား။

ခုစိတ္တာနုပဿနာမှာ ပြောတဲ့စိတ်ဆိုတာတွေ အားလုံးဟာ လောကီစိတ်တွေချည်းပဲလို့ မှတ်ပါ၊ ဘာဖြစ်လို့ လောကုတ္တရာစိတ်ကို ဒီထဲမှာ ထည့်မယူရတာလဲဆိုတော့ လောကုတ္တရာစိတ်ဆိုတာ ဝိပဿနာရှုရတဲ့စိတ်မဟုတ်ဘူး၊ ကိုယ်မရဘဲနဲ့တွေးရှုလို့ဖြစ်တာမှမဟုတ်ပဲ၊ ပြီးတော့ လောကုတ္တရာစိတ်ဆိုတာ Just Attainment အောင်မြင်ပေါက်ရောက်လာတဲ့ အဆင့်ကိုပြောတာ။

စာမျက်နှာ-၁၁၁
ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ဒီစိတ်တွေဟာ ရှိနေတာမဟုတ်ဘူး၊ မရှိတာကို အရှိလုပ်ရှုလို့ရှိရင် အတွေးပဲဖြစ်မှာပေါ့၊ အတွေးအထင်တွေက ဝိပဿနာတွေရဲ့အာရုံ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ “ဝီတရာဂစိတ်”ဆိုလို့ရှိရင် တချို့နေရာမှာ 'ဝီတရာဂ' - ရာဂကင်းတဲ့စိတ်လို့ ပြောလို့ရှိရင် အဆင့်မြင့်တဲ့စိတ်ကိုပြောတာ၊ ဒီနေရာမှာတော့ ဝိပဿနာရှုရမယ့် အရှုခံစိတ်ကိုပြောတာ၊ ဝီတရာဂစိတ်ဆိုတာ ရာဂနဲ့မတွဲတဲ့စိတ်ဆိုရင် ဒေါသမူစိတ်လည်း ရာဂနဲ့မတွဲဘူး၊ မောဟမူစိတ်လည်း ရာဂနဲ့မတွဲဘူး၊ ကျန်တဲ့လောကီစိတ်တွေလည်းပဲ ရာဂနဲ့မတွဲဘူး၊ မတွဲတာတွေ အကုန်ပဲ။ လောဘမူစိတ်ကလွဲရင် ကျန်တာတွေဟာ ဝီတရာဂစိတ်လို့ ဒီလိုပြောတာပေါ့နော်၊ အဲဒီသရုပ်တွေကို အသာထား, အဘိဓမ္မာမသင်ဘူးတဲ့လူတွေ နားရှုပ်မယ်၊ အဘိဓမ္မာသင်ဖူးတဲ့လူကလည်း ဒါတွေသွားတွေးနေလို့ရှိရင် ဝိပဿနာအလုပ်ထဲမှာ ရှုပ်လိမ့်မယ်။

အဲဒီတော့ အရပ်စကားလေးနဲ့ပဲ ရှင်းရှင်းလေး သဘောပေါက်အောင်ဆိုရင် ငါ့စိတ်လေးဟာ အတွယ်အတာရှိနေတယ်ဆိုရင် အတွယ်အတာရှိတဲ့စိတ်ကလေးပါလားလို့ သိအောင်လုပ်လိုက်ပါတဲ့။ ဝီတရာဂစိတ်ဆိုတာ အတွယ်အတာမပါတဲ့ စိတ်ကလေး၊ ငါ့သန္တာန်မှာ ငါ့စိတ်ကလေးမှာ အတွယ်အတာမရှိပါလားလို့- အတွယ်အတာမရှိတဲ့စိတ်လေးဖြစ်ရင် အတွယ်အတာမရှိပါလားလို့ သိလိုက်ပါတဲ့၊ ဒါလေးက တစ်စုံ။ သဒေါသစိတ်-ဝီတဒေါသစိတ် နောက်တစ်ခု ဘာပြောတုန်းဆိုတော့ “သဒေါသံ ဝါ စိတ္တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ” သဒေါသဆိုတာ ဒေါသနဲ့တွဲနေတာ၊ လူတွေပြောလေ့ရှိတဲ့ စိတ်ဆိုးနေရင် ငါ့စိတ်လေးဟာ ဘာနဲ့တွဲတာတုန်း ဒေါသနဲ့တွဲနေတာ၊ ဒေါသနဲ့တွဲနေတဲ့စိတ်ကလေးကိုကြည့် - ဒီစိတ်ကလေးဟာ ဒေါသနဲ့တွဲနေပါလားလို့ သိလိုက်...
စာမျက်နှာ-၁၁၂
ပါတဲ့၊ စိတ်ကိုသိရမှာ ဒေါသကို သိရမှာ မဟုတ်ဘူး၊ စိတ်ကို Identity လုပ်ဖို့ ဒေါသဆိုတဲ့ရှုထောင့်ကနေ ကြည့်ပေးတာပေါ့။ နောက် “ဝီတဒေါသစိတ်” - ဒေါသမပါတဲ့ စိတ်ကလေးကျတော့လည်း အော်.. ငါ့စိတ်ကလေးဟာ ဒေါသမပါပါလားလို့ ဒေါသကင်းတဲ့ စိတ်ကလေးပါလားလို့ စိတ်ရဲ့ အခြေအနေကို သိအောင်လုပ်ပါ။ သမောဟစိတ်-ဝီတမောဟစိတ်

ထို့အတူပဲ “သမောဟ” မောဟနဲ့တွဲနေတဲ့ စိတ်ကလေး။ မောဟဆိုတာ အမှန်မသိဘူး၊ တွေဝေနေတယ်၊ တွေဝေနေတဲ့ သဘောလေးနဲ့ ယှဉ်တွဲလာတဲ့ စိတ်ကလေးဆိုရင်လည်း တွေဝေနေတဲ့သဘောနဲ့ ယှဉ်တွဲနေတဲ့ စိတ်ကလေးလို့ ဒီလိုသိရမယ်။ သိအောင် ကြိုးစားပါတဲ့။

ဒါတွေက သတိကပ်ထားလို့ရှိရင် ကိုယ့်စိတ်အခြေအနေကို သိနိုင်တယ်။ အဖြူရောင်ပဲ ဖြစ်ဖြစ် အဝါရောင်ပဲ ဖြစ်ဖြစ် သတိနဲ့ စူးစိုက်ကြည့်ရင် မသိနိုင်ပေဘူးလား? သိနိုင်တယ်၊ သမာဓိစွမ်းအားတွေ၊ သတိစွမ်းအားတွေ၊ ဝီရိယစွမ်းအားတွေနဲ့ ကြိုးစားအားထုတ်လို့ရှိရင် စိတ်ရဲ့ အခြေအနေတွေကို သိလာတယ်။

“ဝီတမောဟ” မောဟကင်းတဲ့ စိတ်ကလေး၊ မောဟမရှိဘူးဆိုရင် မောဟကင်းတဲ့ စိတ်ကလေးလို့ ကိုယ့်စိတ်အခြေအနေကို သိလိုက်တယ်၊ ဒါက လောဘ ဒေါသ မောဟဆိုတဲ့ ရှုထောင့်ကနေ ကြည့်တာ၊ ရှိ မရှိ ၂-မျိုးစီကြည့်လိုက်တာ ၆-ခု ရမသွားဘူးလား၊ လောဘနဲ့ပတ်သက်ပြီးတော့ စိတ် ၂-မျိုး လောဘရှိ မရှိ၊ ဒေါသနဲ့ပတ်သက်ရင် ၂-မျိုး ဒေါသရှိ မရှိ၊ မောဟနဲ့ပတ်သက်ရင် ၂-မျိုး မောဟရှိ မရှိ၊ ၆-မျိုးရသွားပြီ၊ မြတ်စွာဘုရားက စိတ်ကို ၁၆-မျိုး ခွဲပြီးတော့ ဟောတာ၊ အခု ၆-မျိုးရသွားပြီ။
စာမျက်နှာ-၁၁၃
သံခိတ္တစိတ်-ဝိက္ခိတ္တစိတ်

“နောက်အခြေအနေတွေနဲ့ ပြောလိုက်ကြဦးစို့ - သံခိတ္တစိတ်” သံခိတ္တဆိုတာ အာရုံတွေထဲမှာ ပြန့်မထွက်ဘဲနဲ့ ကျုံ့ဝင်သွားတဲ့ စိတ်၊ ဆိုပါစို့- လူတွေဟာ ကုသိုလ်ကောင်းမှုလုပ်တဲ့အချိန်ပဲဖြစ်စေ၊ တရားထိုင်တဲ့အချိန်ပဲဖြစ်စေ စိတ်ကလေးမှာ ထိန-မိဒ္ဓဝင်လာသည့်အတွက်ကြောင့် ကျုံ့သွားတယ်၊ အာရုံကနေ နောက်တွန့်သွားတဲ့သဘောလေးပဲ၊ စိတ်မပါတော့ဘူး၊ စိတ်ကလေးဟာ အာရုံပေါ်မှာ စိတ်ဝင်စားမှုနည်းသွားပြီး တွန့်ဆုတ်သွားတယ်၊ အဲဒါ ထိန-မိဒ္ဓဖြစ်လာတဲ့ သဘောပဲ၊ အဲဒါကို သံခိတ္တစိတ်လို့ ခေါ်တယ်၊ “သံခိတ္တ”ဆိုတာ နောက်ဆုတ်သွားတာ ကျုံ့ဝင်သွားတယ်၊ အာရုံတွေပေါ်မှာ ပြန့်တက်မသွားဘဲနဲ့ စိတ်ကလေးဟာ နောက်ဆုတ်လာတယ်၊ အိပ်ချင်လာတဲ့အခါ သဘောထားကိုကြည့်ပေါ့၊ စာကြည့်နေရင်းနဲ့ စိတ်ကလေး ကျုံ့ဝင်သွားတာပဲ၊ ထိနမိဒ္ဓဝင်လာလို့ရှိရင် စိတ်ကလေးဟာ ကျုံ့သွားတာပဲ၊ ပြန့်ပြီးတော့ လန်းလန်းဆန်းဆန်းဖြစ်လာတာ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ ထိန-မိဒ္ဓနဲ့ တွဲလာရင် သံခိတ္တစိတ်လို့ ခေါ်တယ်တဲ့၊ ကမ္မဋ္ဌာန်းအားထုတ်ရင် သံခိတ္တစိတ် ပေါ်လာနိုင်တယ်။

နောက်တစ်ခုက ဆန့်ကျင်ဘက်က 'ဝိက္ခိတ္တစိတ်’တဲ့၊ အာရုံတစ်ခုတည်းမှာထားလို့ မရဘူး၊ စိတ်က ဟိုရောက်သွားလိုက်၊ ဒီရောက်သွားလိုက် ပြန့်နေတယ်၊ လွင့်ပြန့်နေတဲ့စိတ်၊ အဲဒီလွင့်ပြန့်နေတဲ့စိတ်ဆိုတာကျတော့ ဥဒ္ဓစ္စနဲ့ ယှဉ်တွဲလာတဲ့စိတ်၊ သံခိတ္တစိတ်ဆိုတာ ထိနမိဒ္ဓနဲ့ယှဉ်တွဲလာတဲ့စိတ်၊ ဝိက္ခိတ္တစိတ်ဆိုတာ ဥဒ္ဓစ္စနဲ့ယှဉ်တွဲလာတဲ့စိတ်၊ ဟောဒီလို အခြေအနေတစ်ခု ရှုထောင့်ကို ကြည့်လိုက်လို့ရှိရင် မိမိရဲ့သန္တာန်မှာရှိတဲ့ စိတ်ရဲ့အခြေအနေလေးကို နားလည်လာနိုင်တယ်။ မဟဂ္ဂတစိတ်-အမဟဂ္ဂတစိတ်

နောက်တစ်ခါ ရှုရမှာက တရားအားထုတ်နေတဲ့ ယောဂီပုဂ္ဂိုလ်ဟာ သမထကျင့်စဉ်ကြီးတစ်ခုကို ကျင့်လို့ အောင်မြင်ပေါက်
စာမျက်နှာ-၁၁၄
ရောက်သွားပြီ ဈာန်တွေရသွားပြီဆိုလို့ရှိရင် သူ့စိတ်ဟာ အလွန်အဆင့်မြင့်သွားတယ်၊ ကာမဆိုတဲ့အနိမ့်အာရုံကနေပြီးတော့ အထက်ဈာန်ရဲ့အာရုံဖြစ်တဲ့ အမြင့်ကို တက်သွားတယ်၊ အမြင့်ပေါ်ရောက်သွားတာကို 'မဟဂ္ဂတ'လို့ခေါ်တယ်၊ မြန်မာလိုတော့ ဘာသာမပြန်ဘူး၊ 'မဟဂ္ဂတ'ကို 'မဟဂ္ဂုတ်'လို့ သဂြိုဟ်ကျမ်းမှာ အဲဒီလိုသုံးတယ်။ 'မဟဂ္ဂုတ်'ဆိုတာ ဘာမှန်းမသိဘူးပေါ့၊ အဲဒီ “မဟဂ္ဂုတ်”ဆိုတာ မြင့်မြတ်တဲ့အဆင့် သာမန်အနေအထားတစ်ခုကနေပြီးတော့ အဆင့်အတန်းမြင့်သွားတဲ့ စိတ်ကိုပြောတာ၊ ဘာလို့မြင့်တာလဲ ခါတိုင်းအနေအထား မဟုတ်ဘူးလေ။

“ခါတိုင်းဆို လူရဲ့စိတ်တွေကိုကြည့် - မျက်စိကမြင်ရတဲ့အာရုံမှာ ကြိုက်တယ် မကြိုက်ဘူး၊ နားကကြားတဲ့အသံပေါ်မှာ ကြိုက်တယ် မကြိုက်ဘူး၊ ကြိုက်ရင် လောဘ၊ မကြိုက်ရင် ဒေါသ၊ ဒါတွေနဲ့ သွားနေတာလေ၊ မျက်စိကမြင်တဲ့အာရုံ၊ နားကကြားတဲ့အာရုံ၊ နှာခေါင်းကနံရတဲ့အာရုံ၊ လျှာကလျက်ရတဲ့အာရုံ၊ ခန္ဓာကိုယ်ကထိတွေ့ရတဲ့အာရုံ၊ ဒီကာမဂုဏ်အာရုံတွေနဲ့ နေနေတဲ့ စိတ်ကလေးဟာ အောက်တန်းကျတဲ့ စိတ်ကလေးပဲ။

အဲဒီ ကာမဂုဏ်အာရုံတွေကို စွန့်လွှတ်ပြီးတဲ့အခါ ဈာန်ရဲ့အာရုံပေါ်မှာ ရောက်နေပြီဆိုရင် 'ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ' နီဝရဏတရားတွေ ဖယ်ခွာပြီးတော့ ကာမအာရုံတွေကနေ လွတ်ထွက်သွားတယ်၊ ကာမအာရုံတွေ လုံးဝကင်းစင်သွားတယ်၊ အင်မတန်သန့်စင်မွန်မြတ်တဲ့ အာရုံတစ်ခုနဲ့ စိတ်ကို တည်ငြိမ်စွာထားနိုင်သွားပြီဆိုရင် အဲဒီစိတ်ကို 'မဟဂ္ဂုတ်'လို့ခေါ်တာပဲ။ “အဲဒီလိုစိတ်မျိုး ရလာပြီး ဝိပဿနာရှုပြီဆိုရင် “မဟဂ္ဂတံ ဝါ စိတ္တံ မဟဂ္ဂတံ စိတ္တန္တိ ပဇာနာတိ” ငါ့စိတ်လေးဟာ 'မဟဂ္ဂုတ်'စိတ်၊ အဆင့်မြင့်တဲ့ စိတ်ကလေးပါလားလို့ ဒီလိုသိလာတယ်။ အဲဒါနဲ့ ဆန့်ကျင်ဘက် အဲဒီအခြေအနေ မရောက်ဘူးဆိုလို့ရှိရင်
စာမျက်နှာ-၁၁၅
ဒါဈာန်မရတဲ့ ပုဂ္ဂိုလ်တွေကျတော့ “အမဟဂ္ဂတံ ဝါ စိတ္တံ အမဟဂ္ဂတံ စိတ္တန္တိ ပဇာနာတိ” အဲဒီအခြေအနေမျိုး မရောက်ဘူးတဲ့။ နိမ့်တဲ့အထဲမှာပဲ ရှိတဲ့စိတ် ဆိုလို့ရှိရင် အမဟဂ္ဂတစိတ်၊ ကာမာဝစရစိတ်တွေက နိမ့်တဲ့အဆင့်မှာပဲ ရှိတယ်ပေါ့၊ ဒီလိုရှုရမှာကတစ်ခု။ သဥတ္တရစိတ်-အနုတ္တရစိတ်

နောက်တစ်ခါ ဘာလာတုန်းဆိုလို့ရှိရင် “သဥတ္တရစိတ် အနုတ္တရစိတ်” - သဥတ္တရဆိုတာ ကိုယ့်ထက်သာတာတွေ အများကြီးရှိတယ်၊ ကိုယ့်ထက်သာတဲ့စိတ်တွေ အများကြီးရှိနေတယ်လို့ဆိုတော့ ခုနကပြောတဲ့ နိမ့်ကျနေတဲ့စိတ်ပေါ့၊ နိမ့်ကျနေတဲ့စိတ်မှာ သူ့ထက်မြင့်တဲ့စိတ်တွေ ရှိမနေဘူးလား၊ လောကုတ္တရာစိတ်မပါသည့်အတွက်ကြောင့် ဒီနေရာမှာ လောကုတ္တရာစိတ်ကို ထည့်တွက်လို့မရဘူးဆိုတော့ - ကာမာဝစရစိတ်ရယ်၊ ရူပါဝစရစိတ်ရယ်၊ အရူပါဝစရစိတ်ရယ်၊ သဥတ္တရစိတ်ဆိုတာ သူ့ထက်သာတဲ့စိတ်တွေ ရှိတယ်လို့ ပြောတာဟာ ကာမာဝစရစိတ်ကို ပြောတာ၊ သဥတ္တရဆိုတာ ကိုယ့်ထက်သာတာတွေရှိနေတဲ့ စိတ်လို့၊ သာမန်ကာမာဝစရစိတ်လေးတစ်ခုဟာ သဥတ္တရစိတ်ပေါ့။ “အနုတ္တရ” သူ့ထက်သာတာမရှိဘူး၊ ဝိပဿနာရဲ့အာရုံထဲမှာ သူ့ထက်သာတာမရှိဘူး၊ ဒိပြင်နေရာမှာ အနုတ္တရက လောကုတ္တရာစိတ်ကိုပြောတာ၊ ဒီနေရာမှာ လောကုတ္တရာစိတ်ကို မယူရဘူး၊ ဘာဖြစ်လို့ ဝိပဿနာရဲ့အာရုံမို့၊ ဒါလေးတွေကလည်း သူ့နေရာနဲ့သူ ရှိတယ်နော်၊ စာတွေ့တိုင်း အကုန်လုံးဒါချည်းပဲလို့ သွားပြီးတော့လုပ်ရင် မှားမှားယွင်းယွင်းတွေ အကုန်ဖြစ်ကုန်တတ်တယ်။

ဘယ်အရာပဲဖြစ်ဖြစ် definition လို့ခေါ်တယ်၊ define လုပ်ရတယ်။ define မလုပ်လို့ရှိရင် စာမစုံလို့ရှိရင် ဒါမျိုးတွေက မှားကုန်တတ်တယ်ပေါ့၊ Define မလုပ်တတ်ရင် မှားတယ်လေ။
စာမျက်နှာ-၁၁၆
တစ်ခါတစ်လေ နိုင်ငံခြားသားတွေ အင်္ဂလိပ်လိုပြန်တဲ့စာတွေထဲမှာ မှားမှားယွင်းယွင်းတွေဖြစ်တယ်၊ ဘာဖြစ်လို့တုန်းဆို “သင်္ခါရ” လို့ ပြောလိုက်တာနဲ့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” တွေ့ဖူးတာနဲ့ volitional activity လို့ပဲ အကုန်ပြန်တယ်၊ Volitional activity တွေ အကုန်ဖြစ်ကုန်ရော၊ “သဗ္ဗေ သင်္ခါရာ အနိစ္စာ” ကျတော့ volitional activity မဟုတ်ဘဲ Conditioned things သွားတယ်၊ “သင်္ခါရက္ခန္ဓာ” ကျတော့ Mental formation လို့ ပြန်ရတာ၊ စကားလုံးက တစ်ခုနဲ့တစ်ခု မတူဘူး၊ အသံတူတယ် အဓိပ္ပါယ်ခြင်းမတူဘူး၊ Word Context လို့ခေါ်တဲ့ စကားလုံးရဲ့ ဆက်သွယ်မှုတွေက မတူဘူးပေါ့၊ စာပေအယူအဆမှာ အဲဒါတွေက အင်မတန်မှ အရေးကြီးတယ်၊ ဒါက ဘာသာစကားတိုင်းမှာ၊ Language တိုင်းမှာရှိတယ်၊ ဘယ် language ပဲဖြစ်ဖြစ် ဒါက ရှောင်လွဲလို့မရဘူး၊ Language တွေရဲ့ အားနည်းမှုလို့ ပြောရမှာပေါ့၊ အဲဒါကြောင့်မို့လို့ define လုပ်ပေးရတယ်၊ ဒီနေရာမှာ ဒါသာလိုအပ်တယ်ပေါ့။

ကောင်းပြီ- အနုတ္တရလို့ ဒီမှာပြောလိုက်တာဟာ သူ့ထက်သာတာမရှိဘူး။ သူအသာဆုံးလို့ ဒီလိုပြောတယ်၊ အဲဒါ မဟဂ္ဂုတ်စိတ်တွေ၊ ဈာန်ရတဲ့ပုဂ္ဂိုလ်တွေဟာ ကိုယ့်စိတ်ကိုကိုယ် အကဲခတ်ပြီးတော့ ရှုလို့ရတယ်၊ သာမန်ဈာန်မရတဲ့ပုဂ္ဂိုလ်က အဲဒီစိတ်ကို ရှုနိုင်မှာ မဟုတ်ဘူးပေါ့နော်။ သမာဟိတစိတ်, အသမာဟိတစိတ်

အဲလိုရှုပြီးတော့ နောက်ဘာရှုစရာရှိသေးတုန်း ဆိုလို့ရှိရင် ‘သမာဟိတ, အသမာဟိတ’ စိတ် - 'သမာဟိတ'ဆိုတာ တစ်ခါတစ်ရံ စိတ်ကလေးဟာ အာရုံတစ်ခုထဲမှာ စူးစိုက်ပြီးကျသွားတယ်၊ စုပြီးကျသွားတယ်၊ သမာဓိဆိုတာ စိတ်တွေအားလုံးကို အာရုံတစ်ခုတည်းပေါ်မှာ စုသွားအောင် လုပ်ပေးတာ၊ Concentrate ဆိုတာ စုထားတာ၊ တစ်နေရာထဲစုသွားအောင်လုပ်တာ၊ 'သမ္ဗန္ဓနရသ'
စာမျက်နှာ-၁၁၇
လို့ စာပေကျမ်းဂန်ထဲမှာ ဆိုတယ်၊ 'သမ္ဗန္ဓန'ဆိုတာ စုပြီးပေါင်းပစ်လိုက်တာ၊ အားလုံးဟာ ဦးတည်ချက်တစ်ခုတည်း ဖြစ်သွားအောင်၊ အာရုံတစ်ခုထဲကို စုပြုံကျသွားအောင် စုပြီးပေးလိုက်တာ၊ အဲဒါကို သမာဓိလို့ ခေါ်တာ၊ 'သမ္ဗန္ဓနရသ' သမ္ပယုတ်တရားတွေကို တစ်ခုထဲစူးစိုက်ကျသွားအောင် စုစည်းပေးထားတာ၊ အဲဒီလို စုစည်းပြီးလို့ စုစည်းမှုရှိသွားတဲ့ အာရုံတစ်ခုတည်းပေါ်မှာ တစ်ညီတည်းသွားတဲ့စိတ်ကို သမာဟိတစိတ်တဲ့၊ အရပ်ပြောပြောရင်တော့ သမာဓိရတဲ့စိတ်ပေါ့၊ သမာဓိနဲ့ ယှဉ်တွဲလာတဲ့စိတ်ကို သမာဟိတစိတ်၊ သမာဓိကင်းမဲ့နေတဲ့ အာရုံတစ်ခုထဲပေါ်မှာ စုပေးလို့မရဘူး၊ ဟိုရောက်သွားလိုက် ဒီရောက်သွားလိုက် လွင့်ပျံ့နေတဲ့စိတ်မျိုး၊ အဲဒါကျတော့ 'အသမာဟိတ'စိတ်၊ စိတ်ရဲ့အခြေအနေတွေကို ခုလိုရှုတာ။

ဝိမုတ္တစိတ်, အဝိမုတ္တစိတ်

နောက်တစ်ခုကျတော့ “ဝိမုတ္တစိတ်, အဝိမုတ္တစိတ်” - ဝိမုတ္တဆိုတာက ... ဒီနေရာမှာ ဝိမုတ္တက အမျိုးမျိုးရှိတယ်၊ လွတ်သွားတယ်ဆိုတဲ့ ဝိမုတ္တိအမျိုးမျိုးထဲမှာ တရားဓမ္မလေ့လာတဲ့ ပုဂ္ဂိုလ်တွေကြားဖူးမယ်၊ တဒင်္ဂဝိမုတ္တိဆိုတာ ရှိတယ်၊ တဒင်္ဂဝိမုတ္တိဆိုတာ ဒီအကြောင်းကြောင့် ဒီအခိုက်အတန့်လေးလွတ်သွားတာ၊ ဆိုပါစို့-အနိစ္စလို့ မြင်လိုက်လို့ရှိရင် နိစ္စဆိုတဲ့ အကြံအတွေးက လွတ်မသွားဘူးလား၊ လွတ်သွားတယ်၊ အဲဒါ အနိစ္စလို့ရှုနိုင်လို့ နိစ္စကလွတ်သွားတာ၊ ဒုက္ခလို့ရှုလိုက်တာနဲ့ သုခဆိုတဲ့အတွေး ရှိသေးလား၊ ဒါလည်းလွတ်သွားတာပဲ၊ အနတ္တလို့ရှုလိုက်တာနဲ့ အတ္တဆိုတဲ့အတွေး ရှိသေးလား၊ ဒါလည်းလွတ်သွားတာပဲ၊ အဲဒီလို ဆိုင်ရာဆိုင်ရာ အကြောင်းကလေးတွေကြောင့် လွတ်သွားတာကို တဒင်္ဂဝိမုတ္တိ၊ “တေန တေန အင်္ဂေန ဝိမုတ္တိ” ဆိုင်ရာဆိုင်ရာ အကြောင်းလေးကြောင့် လွတ်သွားခြင်း။
စာမျက်နှာ-၁၁၈
သို့သော် မြန်မာစကားထဲမှာတော့ “တဒင်္ဂ”ကို တစ်ခဏလို့ အဓိပ္ပါယ်ယူနေကြတယ်၊ တဒင်္ဂနဲ့ တစ်ခဏနဲ့က တခြားစီနော်၊ တစ်ခဏလေးလို့ သုံးရမယ့်နေရာမှာ တဒင်္ဂလေးလို့ သုံးနေကြတယ်၊ တဒင်္ဂဆိုတာ 'တေန တေန အင်္ဂေန' သူ့ဆိုင်ရာဆိုင်ရာ အကြောင်းလေးနဲ့ ဒါလုပ်လိုက်ရင် ဒီဟာလေးလွတ်သွားမယ်၊ ဟိုဟာလေးနဲ့ လုပ်လိုက်ရင် ဟိုဟာလေး လွတ်သွားမယ်ပေါ့-ဒါပြောတာ၊ ဆိုင်ရာအကြောင်းကြောင်းလေး၊ ဥပမာဆိုပါစို့ - 'နာမရူပပရိစ္ဆေဒေန သက္ကာယဒိဋ္ဌိယာ ပဟာနံ' .. တဒင်္ဂပဟာနကို ဖွင့်တဲ့အခါမှာ နာမ်ရုပ်ကို ပိုင်းခြားသိခြင်းဖြင့် သက္ကာယဒိဋ္ဌိကို ပယ်တယ်၊ သက္ကာယဒိဋ္ဌိကို ဖယ်ရှားပြီးသား ဖြစ်သွားတယ်၊ ဒါ နာမ်ရုပ်ကို ပိုင်းခြားသိခြင်းဆိုတဲ့ အသိဉာဏ်ဆိုတဲ့အကြောင်းကြောင့် သက္ကာယဒိဋ္ဌိက လွတ်သွားတာ၊ သက္ကာယဒိဋ္ဌိကို ဖယ်ရှားနိုင်တာ။

ဆိုင်ရာဆိုင်ရာလေးတွေကနေ ဖယ်ရှားသွားတာ၊ ကြည့်ဝိပဿနာဉာဏ်စဉ် တက်သွားတယ်ဆိုတာ ဆိုင်ရာဆိုင်ရာ အကြောင်းလေးတွေက ဆိုင်ရာဆိုင်ရာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဖယ်ရှားသွားတာလို့ ဒီလိုပြောတာ၊ အဲဒါကို တဒင်္ဂဝိမုတ္တိလို့ ခေါ်တယ်၊ ဒါဝိပဿနာနဲ့ပတ်သက်တဲ့ တဒင်္ဂဝိမုတ္တိ- ဒီလိုနော်၊ တစ်ဆင့်ချင်း တစ်ဆင့် လွတ်သွားရတာ။

နောက်တစ်ခုကတော့ “ဝိက္ခမ္ဘနဝိမုတ္တိ” - ဝိက္ခမ္ဘနဝိမုတ္တိဆိုတာ တားထားလိုက်တာ၊ ဖယ်ရှားထားလိုက်တာ၊ တွန်းဖယ်ထားလိုက်တာ၊ တွန်းပစ်လိုက်တယ် ဆိုကတည်းကိုက လက်စတုံးအောင် လုပ်တာတော့မဟုတ်ဘူး၊ ခဏတွန်းပစ်လိုက်တာ၊ ဘေးကိုတွန်းထုတ်ထားလိုက်တာ၊ အရှိန်ရှိတုန်းတော့ ကွာသွားမှာပဲ။ ပြီးတော့ ပြန်ရောက်မလာဘူးလား၊ ပြန်လာဦးမှာပဲ။

စာပေကျမ်းဂန်မှာ ဘာနဲ့ဥပမာ ပေးထားတုန်းဆိုရင် - ရေကန်ထဲက ရေပြင်တစ်ခုအပေါ်မှာ မှော်ညှင်းမှော်သေးတွေ ဖုံးနေလို့ အဲဒီမှော်တွေကို ဖယ်ရှားချင်ရင် မိမိခပ်တဲ့ ရေအိုးနဲ့
စာမျက်နှာ-၁၁၉
လှုပ်ခတ်ပြီးတော့ ဖယ်လိုက်လို့ရှိရင် မှော်တွေက ဘေးရောက်မသွားဘူးလား၊ ရောက်သွားတဲ့ အချိန်လေးမှာတော့ မှော်လေးက ခဏဘေးရဲသွားတာပေါ့၊ ပြီးရင် ပြန်ရောက်မလာဘူးလား၊ ရေငြိမ်တာနဲ့ ပြန်ရောက်လာတယ်၊ အဲဒါမျိုးကို ဝိက္ခမ္ဘနဝိမုတ္တိလို့ ခေါ်တယ်၊ တစ်ခဏတွန်းထုတ်ထားလိုက်လို့ ဘေးကိုလွတ်သွားတာလေး။

မဂ်နဲ့ပယ်တာကျတော့ 'သမုစ္ဆေဒဝိမုတ္တိ’တဲ့၊ လုံးဝဖြတ်တောက်ပစ်လိုက်တယ်-မရှိတော့ဘူး၊ နောက်ထပ်မလာတော့ဘူး၊ 'ပဋိပဿဒ္ဓိဝိမုတ္တိ' - မဂ်ကပယ်ထားလို့ အငွေ့လေးတွေ ကျန်နေတာကို ထပ်ရှင်းလိုက်တာ၊ အဲဒါကျတော့ ပဋိပဿဒ္ဓိတဲ့၊ ထပ်ပြီးတော့ ငြိမ်းအောင်လုပ်တာ၊ မီးကိုရေနဲ့ ငြိမ်းလိုက်တဲ့အခါ မီးတော့မရှိဘူး၊ ဘာရှိသေးတုန်း အပူငွေ့လေး ရှိနေသေးတယ်။ အဲဒီရှိနေတဲ့အပူလေးကို ထပ်ပြီးတော့ ရေနဲ့ငြိမ်းတာ၊ အဲဒီသဘောလေးကို နားလည်ရမယ်၊ မဂ်စိတ်က ကိလေသာကို ပယ်လိုက်တယ်၊ သို့သော် ကိလေသာရဲ့အပူငွေ့လေးတွေ နည်းနည်းကျန်နေသေးတယ်၊ ဖိုလ်ကနေ ထပ်ငြိမ်းတယ်ပေါ့၊ အဲဒါကို ပဋိပဿဒ္ဓိလို့ပြောတာ၊ 'နိဿရဏဝိမုတ္တိ'ဆိုတာကတော့ အားလုံးလွတ်ထွက်သွားပြီ။ နိဗ္ဗာန်ကိုပြောတာ။

အဲဒီ ဝိမုတ္တိ ၅-မျိုးရှိတဲ့ထဲက ဒီစိတ္တာနုပဿနာမှာ လိုအပ်တဲ့ 'ဝိမုတ္တံ ဝါ စိတ္တံ ဝိမုတ္တံ စိတ္တန္တိ ပဇာနာတိ’ ဆိုတဲ့နေရာမှာ တဒင်္ဂဝိမုတ္တိနဲ့ ဝိက္ခမ္ဘနဝိမုတ္တိ -မျိုးနဲ့ဆိုင်တဲ့စိတ်ပဲ ယူရမယ်။ ကျန်တာတွေ မယူရဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ သမုစ္ဆေဒဆိုတာ မဂ်ကိုပြောတာ၊ ပဋိပဿဒ္ဓိဆိုတာ ဖိုလ်ကိုပြောတာ၊ နိဿရဏဆိုတာ နိဗ္ဗာန်ကိုပြောတာ၊ အဲဒါတွေက ဝိပဿနာကျင့်စဉ်ကြီး အောင်အောင်မြင်မြင်ကျင့်လို့ ရလာတဲ့ အကျိုးတွေသာ ဖြစ်တယ်၊ ဝိပဿနာရှုရမယ့် တရားတွေမဟုတ်ဘူးတဲ့။

ဒါကြောင့်မို့လို့ ဝိမုတ္တစိတ်- ငါ့စိတ်လေးဟာ ဆိုင်ရာဆိုင်ရာ၊ ဥပမာ- နိစ္စသညာက လွတ်သွားပြီလား၊ သုခသညာက
စာမျက်နှာ-၁၂၀
လွတ်သွားလား၊ အတ္တသညာက လွတ်သွားလား၊ အဲဒီလို လွတ်သွားရင် လွတ်သွားတဲ့အနေအထားလေး ရှိတယ်ပေါ့၊ မလွတ်သေးရင် မလွတ်သေးတဲ့အနေအထားလေး ရှိတယ်၊ ဒါကြောင့်မို့လို့ ဝိမုတ္တစိတ်ကို ဝိမုတ္တစိတ်လို့သိ၊ အဝိမုတ္တ-မလွတ်သေးတဲ့စိတ်ကို မလွတ်သေးတဲ့စိတ်လို့သိတဲ့၊ စိတ်ရဲ့အခြေအနေလေးတွေကို မြတ်စွာဘုရားက ၁၆-မျိုး ခွဲဟောထားတယ်၊ စိတ္တာနုပဿနာအနေနဲ့ ရှုပြီဆိုလို့ရှိရင် မိမိမှာ ကြုံတွေ့ရတဲ့ အနေအထားလေးတွေ ကိုယ့်သန္တာန်မှာ ဖြစ်တာလေးတွေကို ရှုပါတဲ့။

ဒီလိုလည်း သွားမအောက်မေ့နဲ့- သရာဂစိတ်, ဝီတရာဂစိတ် ရှုပြီးရင် သဒေါသစိတ် ရှုမယ်၊ သဒေါသစိတ် ရှုပြီးရင် ဒါ ဝီတဒေါသစိတ်, သမောဟစိတ်, ဝီတမောဟစိတ် တစ်ခုချင်း ဒီလိုရှုရမယ်လို့ မအောက်မေ့နဲ့၊ ကိုယ့်သန္တာန်မှာ တကယ်ဖြစ်လာတဲ့ အနေအထားလေးကို ဖမ်းရှုဖို့ပြောတာနော်၊ ကိုယ့်သန္တာန်မှာ တကယ်ဖြစ်နေတဲ့ အခိုက်ကလေးတွေကို ရှုမြင်သုံးသပ်တတ်ဖို့ ပြောတာတဲ့၊ ဒါတွေကို အစဉ်အတိုင်း လိုက်ရှုဖို့ ဒီလိုပြောတာမဟုတ်ဘူး၊ အမှတ်မမှားလေနဲ့ပေါ့။

မြတ်စွာဘုရားက စိတ္တာနုပဿနာဆိုတာကို ဝိပဿနာကမ္မဋ္ဌာန်းရှုဖို့အနေနဲ့ ဝိပဿနာစစ်စစ်အနေနဲ့ ဟောတာပေါ့နော်။ ကာယာနုပဿနာက သမထကျင့်စဉ်လည်းပါတယ်၊ ဝိပဿနာကျင့်စဉ်လည်းပါတယ်ပေါ့၊ စိတ္တာနုပဿနာကျတော့ ဝိပဿနာသက်သက်, သုဒ္ဓဝိပဿနာယာနိက, ဝိပဿနာရှုဖို့အတွက် မြတ်စွာဘုရားက ဒီမှာ စိတ္တာနုပဿနာကို ဟောတာဖြစ်ပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်အပေါင်းတို့ ဒီစိတ္တာနုပဿနာဆိုတာကို ရှုလိုက်တဲ့အခါမှာ စိတ်ရဲ့အခြေအနေလေးတွေကို သိမလာဘူးလား၊ သတိကပ်လို့ သိလာတဲ့ စိတ်ရဲ့အခြေအနေလေးတွေ သဘာဝရဲ့စွမ်းအားတွေ သဘာဝရဲ့အနေအထားတွေ၊ စိတ်ရဲ့ Characteristic တွေကို မြင်လာပြီဆိုတဲ့အခါကျတော့ ငါ့သန္တာန်မှာဖြစ်တဲ့စိတ်လည်း ဒီအတိုင်းပဲ၊ သူ့သန္တာန်
စာမျက်နှာ-၁၂၁
မှာဖြစ်ရင်လည်း ဒီအတိုင်းပဲ၊ ငါ့သန္တာန် သူ့သန္တာန် ဘယ်သူ့သန္တာန်ဖြစ်ဖြစ် Internal, External ဒါတွေအကုန်လုံး ရှုပါတဲ့။ ကြည့်မြင်တတ်လာတယ်၊

“အဲဒီကြည့်မြင်တတ်လာတဲ့အခါ နောက်ဆုံး စိတ်ဆိုတဲ့ အာရုံကလေးပေါ်မှာပဲ သတိလေးဟာ ကပ်သွားတယ်၊ ဒိပြင်ကို မရောက်တော့ဘူး၊ စိတ်ဆိုတဲ့အာရုံလေးပေါ်မှာပဲ သတိလေးဟာ ကပ်ပြီးတော့..တည်သွားတယ်၊ အဲဒီလို သတိလေးကပ်တည်တာ ဘာတုန်းဆိုရင် စိတ်ရဲ့သဘာဝကို သိနေဖို့နဲ့ စိတ်တွေရဲ့ သဘာဝကို အမှတ်ရနေဖို့အတွက်သာ ဖြစ်တယ်၊ အဲဒါကို စာပေမှာ “ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ” လို့ ဘုရားကဟောတာ၊ “ဉာဏမတ္တာယ” အသိဉာဏ်ဆိုတဲ့ အတိုင်းအတာလေးတစ်ခုအတွက်သာ 'သတိ ပစ္စုပဋ္ဌိတာ' သတိဟာ ရပ်တည်နေတယ်တဲ့၊ စိတ်ကလေးရှိတယ်ဆိုတဲ့အပေါ်မှာ ရပ်တည်နေတယ်၊ “ပဋိဿတိမတ္တာယ” တကယ်ထင်ထင်ရှားရှား အမှတ်ထားနေတဲ့ သတိကလေးရှိဖို့ အတိုင်းအတာအတွက်သာ ရပ်တည်နေတာဖြစ်တယ်တဲ့၊ ဘယ်လောက်ထိအောင် အဆင့်မြင့်သလဲဆိုရင် စိတ်နဲ့ပတ်သက်လာလို့ရှိရင် သမုဒယဓမ္မ ဖြစ်တဲ့သဘောကိုလည်း မြင်လိုက်တယ်၊ ဝယဓမ္မ ပျောက်သွားတဲ့သဘောကိုလည်း မြင်တယ်၊ ဖြစ်မှုပျက်မှုနှစ်ခုစလုံးကိုလည်း မြင်တယ်တဲ့၊ ဝိပဿနာဉာဏ်အဆင့်ဆင့် ဖြစ်သွားပုံကို ပြောတာနော်။ - ဒီအခြေခံကို ပြောလိုက်တာနဲ့ တစ်ပြိုင်နက် နောက်ဆုံးအဆင့်ကို မြတ်စွာဘုရားက ပြောတယ်- “အနိဿိတော စ ဝိဟရတိ” - စိတ်ကလေးနဲ့ပတ်သက်ပြီးတော့ တဏှာအတွေးတွေ ဒိဋ္ဌိအမြင်တွေ ရှိသေးလား? မရှိဘူး၊ တဏှာအတွေးပေါ်လည်း မမှီတော့ဘူး၊ ဒိဋ္ဌိအမြင်ပေါ်မှာလည်းပဲ ယှဉ်တွဲမှီကပ်နေတာ မရှိတော့ဘူး၊ အဲဒီလို တဏှာအတွေး ဒိဋ္ဌိအမြင်တွေ ကင်းစင်သွားပြီ ဆိုတဲ့အခါ “န စ ကိဉ္စိ လောကေ ဥပါဒိယတိ” လောကကြီးမှာ ရှိသမျှအရာတွေ (သို့မဟုတ်) ဟောဒီစိတ္တဆိုတဲ့ လောကအပေါ်
စာမျက်နှာ-၁၂၂
မှာ တွယ်တာမှု အစွဲအလမ်းတွေ တစ်ခုမှ မရှိဘူး၊ လောကကြီးမှာ တွယ်တာနေလို့ရှိရင် သူက ပူပန်တယ်၊ ကြောင့်ကြတယ်ဆိုတဲ့ အကုသိုလ်တွေ ဆက်လာတယ်၊ မတွယ်တာဘူးဆိုရင်တွေ မရှိတော့ဘူး။

ဒါကြောင့်မို့ သံယုတ်ပါဠိတော်မှာ မြတ်စွာဘုရားက ဟောထားတာလေ “ဥပါဒါ ပရိတဿနာ” တဲ့ အတွယ်ရှိရင် အတွယ်ရှိနေသမျှ ပူပန်တောင့်တနေမှာပဲ၊ “အနုပါဒါ အပရိတဿနာ” မပူပန်ဘူး အတွယ်မရှိဘူးဆိုလို့ရှိရင်လည်း ပူပန်မှုမရှိတော့ဘူးတဲ့၊ လောကမှာ လူတွေ စိတ်ပူတယ် စိတ်ပူတယ် ပြောနေတာ အတွယ်ရှိလို့ ပူနေတာ၊ ဒါကြောင့်မို့ မြတ်စွာဘုရားက “န စ လောကေ ကိဉ္စိ ဥပါဒိယတိ” လောကကြီးမှာ ဘယ်အာရုံကိုမှ တဏှာအမြင် ဒိဋ္ဌိအမြင်တွေနဲ့ မကြည့်ဘူး၊ ဥပါဒါန်တွေက လုံးဝကင်းပြတ်သွားပါတယ်၊ အတွယ်မရှိဘူးဆိုရင် လွတ်မြောက်သွားပြီပေါ့၊ “အနုပါဒါဝိမောက္ခ” တွယ်တာမှုကင်းလို့ လွတ်သွားတယ်ဆိုတာ တချို့က ကြောက်ကောင်းကြောက်လိမ့်မယ်၊ လွတ်သွားပြီဆိုရင် ငါ့မိတ်ဆွေတွေနဲ့ ငါ ဘယ်လိုနေရမလဲ၊ ငါ့သားသမီးတွေ ဘယ်လိုထားရပါ့၊ ငါ့ပစ္စည်းတွေ ဘယ်လိုနေရပါ့နဲ့ ဖြစ်ကောင်းဖြစ်လိမ့်မယ်၊ လွတ်သွားတယ်ဆိုတာ သားသမီးတွေကတော့ ရှိနေမှာပဲ၊ ပစ္စည်းတွေလည်း ရှိနေမှာပဲ။ လွတ်သွားတယ်ဆိုတာ တွယ်တာမှုလွတ်သွားတာကို ပြောတာနော်၊ တွယ်တာမှုလွတ်သွားရင် ဘယ်လောက် နေလို့ထိုင်လို့ကောင်းသွားမလဲ။ နေလို့ထိုင်လို့မကောင်းတာက တွယ်တာမှုတွေကြောင့် ဖြစ်နေတာကိုး၊ မတွယ်တာလည်း အတူနေလို့ရတာပဲ။

ဒါကြောင့်မို့လို့ တွယ်တာမှုဆိုတဲ့ အင်မတန်ပူလောင်စေတတ်တဲ့ သဘာဝတရားတွေကို ဖယ်ရှားပစ်နိုင်ဖို့ရာအတွက် စိတ္တလို့ဆိုတဲ့ မိမိရဲ့အသိစိတ်လေးပေါ်မှာ သတိကပ်ပြီး အသိဉာဏ်နဲ့ အထပ်ထပ်ရှုမြင်သုံးသပ်လိုက်မယ်ဆိုရင် သဘာဝတရားတွေ
စာမျက်နှာ-၁၂၃
ကို သိမြင်ပြီး အတွယ်အတာတွေ အားလုံးက ကင်းပြတ်သွားနိုင်တယ်လို့ မြတ်စွာဘုရားက ဟောတော်မူတာ။ ဒီနည်းလမ်းအတိုင်း လေ့ကျင့်လိုက်မယ်ဆိုလို့ရှိရင် အောင်အောင်မြင်မြင်နဲ့ နောက်ဆုံး အတွယ်အတာကင်းပြတ်ပြီး လွတ်မြောက်တဲ့ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ ကိုယ်စီကိုယ်ငှ စိတ္တာနုပဿနာကျင့်စဉ်ဖြင့် နိဗ္ဗာန်တရားကို မျက်မှောက်ပြုနိုင်ကြပါစေ။

“သာဓု ... သာဓု ... သာဓု ...”
စာမျက်နှာ-၁၂၄

စာမျက်နှာ-၁၂၅

ဓမ္မာနုပဿနာ
မဟာသတိပဋ္ဌာနသုတ်ကြီးကို မြတ်စွာဘုရားက အာရုံ ၄-ရပ် အပိုင်း ၄-ပိုင်းထားပြီး ဟောကြားခဲ့ပါတယ်၊ “ကာယ”နဲ့ ပတ်သက်တဲ့ အာရုံတွေကို ရှုမှတ်ဖို့အတွက် ကာယာနုပဿနာ၊ သတ္တဝါတွေရဲ့ သန္တာန်မှာ ခံစားချက်ဟာ အင်မတန်အရေးကြီးတာဖြစ်လို့ ထိုခံစားချက်နဲ့ပတ်သက်ပြီး အလေးအနက်ထား ဆင်ခြင်သုံးသပ်နိုင်ရန်အတွက် ဝေဒနာကို ရှုမှတ်ပွားများဖို့ဆိုပြီး ဝေဒနာနုပဿနာ၊ သတ္တဝါတွေမှာ စိတ်ကနေ ဦးဆောင်နေတာဖြစ်သောကြောင့် စိတ်အကြောင်းကို လေ့လာဆင်ခြင်သုံးသပ်ခြင်းဖြင့် အမှန်တရားကိုတွေ့ရှိနိုင်အောင်ဆိုပြီးတော့ စိတ္တာနုပဿနာ၊ ကျန်တဲ့သဘာဝတရားတွေ အားလုံးစုပေါင်းပြီးတော့ ဓမ္မာနုပဿနာလို့ မှတ်စရာတရားတွေ မကျန်ရလောက်အောင် မဟာသတိပဋ္ဌာနသုတ်မှာ အားလုံးထည့်သွင်းဟောလိုက်တယ်။

အကျဉ်းချုပ်ပြောရမယ်ဆိုရင် ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်တဲ့အခါ မှတ်စရာအာရုံက ၂-မျိုးပဲရှိပါတယ်၊ ရုပ်နဲ့ နာမ် ၂-မျိုးပဲ၊ ကာယာနုပဿနာဆိုတာ ရူပပရိဂ္ဂဟလို့ခေါ်တဲ့ ရုပ်ကို သတိနဲ့အမှတ်ပြုပြီး ပညာဉာဏ်နဲ့ ရှုကြည့်ဖို့ ရုပ်ကို အဓိကထားဟောတာဖြစ်တယ်။

ဝေဒနာနုပဿနာနဲ့ စိတ္တာနုပဿနာကျတော့ နာမပရိဂ္ဂဟ - နာမ်တရားတွေကို ရှုမှတ်ဖို့လို့ဆိုပြီးတော့ ရှုမှတ်နည်းတစ်ခုပေးတယ်၊ ဓမ္မာနုပဿနာကျတော့ ရုပ်နဲ့နာမ် ပေါင်းစပ်ပြီး ပေးထားတာဖြစ်တယ်။ ။

နောက်တစ်နည်းအားဖြင့် ပြောရရင် ခန္ဓာငါးပါးဆိုပါစို့၊ ခန္ဓာငါးပါးဟာ ဝိပဿနာရှုဖို့အတွက် လုံလောက်တဲ့အနေအထားမို့ မြတ်စွာဘုရားက ငါးပါးလို့ ဟောခဲ့တာ၊ အဲဒီမှာ ရူပက္ခန္ဓာကို အာရုံအဖြစ် ဝိပဿနာရှုဖို့ ကာယာနုပဿနာကို
စာမျက်နှာ-၁၂၆
ဟောတယ်၊ ဝေဒနာက္ခန္ဓာကို ရှုမှတ်ပွားများဖို့ ဝေဒနာနုပဿနာကို ဟောတယ်၊ ဝိညာဏက္ခန္ဓာကို ရှုမှတ်ပွားများဖို့ စိတ္တာနုပဿနာကို ဟောတယ်၊ သညာက္ခန္ဓာနဲ့ သင်္ခါရက္ခန္ဓာကို ရှုမှတ်ပွားများဖို့ ဓမ္မာနုပဿနာကို ဟောတယ်လို့ ဒီလိုလည်း မှတ်သားလို့ရပါတယ်။

၂-မျိုးနဲ့ မှတ်သားမယ်ဆိုရင် ရူပပရိဂ္ဂဟ - ရုပ်ကိုသိမ်းဆည်းခြင်း၊ သိမ်းဆည်းတယ်ဆိုတာ ရုပ်အားလုံးကို ခြုံငုံ (သို့မဟုတ်) ရုပ်ရဲ့သဘာဝတွေကို ခြုံငုံသိတာ၊ ပိုင်ပိုင်နိုင်နိုင်သိတာ၊ ပရိဂ္ဂဟ - သတိနဲ့မှတ်ယူပြီးတော့ ပညာနဲ့သိတာ၊ နာမပရိဂ္ဂဟ - နာမ်တရားတွေရဲ့သဘာဝကို ခြုံငုံသိမ်းဆည်းပြီး သတိနဲ့ရယူပြီး ပညာနဲ့ပိုင်းခြားသိတယ်၊ ရူပပရိဂ္ဂဟနဲ့ နာမပရိဂ္ဂဟ ဝိပဿနာရှုစရာအာရုံဟာ ဒီ ၂-ခုပဲရှိပါတယ်။

ဝိပဿနာရှုမယ်ဆိုရင် ရုပ်အစစ်နဲ့ နာမ်တရားတွေကိုသာ ရှုရမယ်၊ ရုပ်အစစ်လို့ပြောတော့ ရုပ်အတုရှိသလားဆိုရင် ရုပ် ၂၈-ပါးကို နှစ်စုခွဲလိုက်တဲ့အခါမှ နိပ္ဖန္နရုပ်နဲ့ အနိပ္ဖန္နရုပ်လို့ ၂-မျိုး ခွဲထားတယ်၊ နိပ္ဖန္နဆိုတာ အကြောင်းတရားတွေက တိုက်ရိုက်ထုတ်လုပ်တဲ့ရုပ်၊ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေက ထုတ်လုပ်တယ်၊ အကြောင်းတရားတွေက ကံ၊ စိတ်၊ ဥတု၊ အာဟာရ၊ ကံကထုတ်လုပ်တဲ့ရုပ်ရှိတယ်၊ စိတ်၊ ဥတု၊ အာဟာရက ထုတ်လုပ်တဲ့ရုပ်ရှိတယ်၊ အဲဒီလို ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့က ထုတ်လုပ်ထားတဲ့ရုပ်မဟုတ်ဘဲနဲ့ နိပ္ဖန္နရုပ်တွေနဲ့ ဆက်သွယ်ပြီးဖြစ်တဲ့ရုပ်တွေကို အနိပ္ဖန္နရုပ်လို့ခေါ်တယ်၊ နိပ္ဖန္နရုပ်က ၁၈-ခု၊ အနိပ္ဖန္နရုပ်က ၁ဝ-ခု၊ ဝိပဿနာအာရုံအနေနဲ့ ရှုမှတ်တော့မယ်ဆိုရင် နိပ္ဖန္နရုပ် ၁၈-ခုကိုပဲ ရှုရမယ်။

နာမပရိဂ္ဂဟဆိုတဲ့ နေရာမှာလည်းပဲ ဝိပဿနာအာရုံဖြစ်နိုင်တဲ့ နာမ်တရားတွေက လောကီစိတ်တွေပဲ၊ လောကီစိတ်စေတသိက်ကိုသာ ရှုမှတ်ရမယ်၊ လောကုတ္တရာစိတ်စေတသိက်က လက်လှမ်းမမီဘူး၊ ဝိပဿနာရှုဖို့မဟုတ်ဘူး၊ ဒါကြောင့်မို့
စာမျက်နှာ-၁၂၇
အဋ္ဌကထာဆရာကြီးက ရှင်းရှင်းလေးပြောထားတယ်- “ဝဋေ အဘိနိဝေသော” ဝဋ်ဆိုတာ သံသရာဝဋ်ဆင်းရဲနဲ့ သက်ဆိုင်တဲ့ သဘာဝတရားတွေကိုသာလျှင် ဝိပဿနာအာရုံအဖြစ်နဲ့ ရှုမှတ်ရမယ်၊ ဝိဝဋဆိုတဲ့ လောကုတ္တရာစိတ်တို့ နိဗ္ဗာန်တို့ကို ရှုမှတ်ရမှာမဟုတ်ဘူး၊ ရှုလို့ရတဲ့တရားလည်းမဟုတ်ဘူး။

“ဒါကြောင့်မို့ နာမပရိဂ္ဂဟ ရူပပရိဂ္ဂဟ ရုပ်ကိုသိမ်းဆည်းတာနဲ့ နာမ်ကိုသိမ်းဆည်းတာ၊ သိမ်းဆည်းတယ်ဆိုတာ သတိနဲ့စွဲမှတ်ပြီးတော့ ဉာဏ်နဲ့သိတာကိုပြောတာ၊ သတိက ရယူပေးတာကို ဉာဏ်က ဆင်ခြင်သုံးသပ်ပြီး ဆုံးဖြတ်တာ၊ အဓိကအားဖြင့် အနီးကပ်လုပ်တာက သတိနဲ့ဉာဏ်ပဲ။ ။” သတိနဲ့ဉာဏ် အလုပ်လုပ်ဖို့ရန်အတွက် သတိကယူပေးတာကို သမာဓိစွမ်းအားက ထိန်းညှိပေးတယ်၊ ဒီသဘောလေးတွေကို ဆင်ခြင်စဉ်းစားလို့ရှိရင် သဘာဝတရားမှာ စွမ်းဆောင်မှုတွေ အသီးသီးရှိနေတာပါလားလို့- ဒီလိုသဘောပေါက်ဖို့ပါ။
ဓမ္မာနုပဿနာ၌ အပိုင်း ၅-ပိုင်း
ဓမ္မာနုပဿနာမှာ မြတ်စွာဘုရားက အပိုင်း ၅-ပိုင်းခွဲပြီးတော့ ဟောထားတယ်၊ နိဒါန်းပျိုးတဲ့အနေနဲ့ ဘုန်းကြီးတို့ပြောခဲ့တာက ကာယာနုပဿနာမှာ ကမ္မဋ္ဌာန်းအာရုံက ၁၄-မျိုး၊ ဝေဒနာနုပဿနာကျတော့ တစ်လို့ပဲရေတွက်တယ်၊ သို့သော် ဝေဒနာနုပဿနာမှာ မြတ်စွာဘုရားက ဝေဒနာကို ၉-မျိုးခွဲဟောတော့ ၉-လို့ပဲ ယူချင်လည်းရတယ်ပေါ့၊ အဲတော့ တစ်လို့ပဲယူတယ်ဆိုရင်တော့ ခုနက ၁၄-ခုနဲ့ဆိုရင် ၁၅-ခု၊ စိတ်ကိုလည်း မြတ်စွာဘုရားက ၁၆-ခုလို့ ခွဲခြားပြီးဟောတယ်၊ သို့သော် အဋ္ဌကထာဆရာကြီးက တစ်လို့ပဲရေတွက်ပြတယ်၊ ခုနက ၁၅ နဲ့ ၁၆ ပေါ့၊ ဓမ္မာနုပဿနာကျတော့ မြတ်စွာဘုရားကိုက အပိုင်းတွေခွဲထားတယ်၊ ပါဠိတော်မှာပါတဲ့ အပိုင်းက ၅-ပိုင်းရှိတယ်၊ အဲဒီ ၅-ပိုင်းနဲ့တွက်လိုက်လို့ရှိရင် ၂၁-ဌာန၊ ကမ္မဋ္ဌာန်းအာရုံ ၂၁-မျိုး
စာမျက်နှာ-၁၂၈
ကို မဟာသတိပဋ္ဌာနသုတ်မှာ ခွဲခြားရှင်းလင်းပြီးဟောတယ်လို့ ဒီလိုဆိုခဲ့တယ်။ “သို့သော် ဝေဒနာကို မြတ်စွာဘုရားက ၉-မျိုးခွဲပြီး ဟောတယ်၊ စိတ်ကို ၁၆-မျိုးခွဲပြီးဟောတယ်၊ ဒါကြောင့် ၉-မျိုး ၁၆-မျိုးနဲ့တွက်မယ်ဆိုရင် ကမ္မဋ္ဌာန်းအာရုံပေါင်း ၄၄-မျိုး ဖြစ်နိုင်တယ်။

အဋ္ဌကထာဆရာကြီးက ၂၁-ဌာန ခွဲထားတာက sections တွေကို ကြည့်ပြီး ခွဲထားတာ သို့သော် ဝေဒနာနုပဿနာကိုရှင်းတဲ့အခါမှာ ၉-မျိုးနဲ့ရှင်းတယ်၊ စိတ္တာနုပဿနာကိုရှင်းတဲ့အခါမှာ ၁၆-မျိုးနဲ့ရှင်းတယ်။
“ဓမ္မ” ဟူသည်
ဒီနေ့ ဓမ္မာနုပဿနာကိုဟောမယ်၊ မြတ်စွာဘုရား ဟောကြားတဲ့တရားအားလုံးကို “ဓမ္မ”တဲ့။ ဒီစကားလုံးဟာ အင်မတန်ကျယ်ဝန်းတဲ့ စကားလုံးဖြစ်တယ်၊ အင်မတန်ကျယ်ဝန်းတဲ့အတွက်ကြောင့် ဆိုင်ရာဆိုင်ရာ ဆက်စပ်လာတဲ့စကားလုံးတွေနဲ့ပဲ သူ့ကိုကန့်သတ်ပေးရတယ်၊ ကန့်သတ်မှုမရှိရင် မှားယွင်းနိုင်တဲ့အဓိပ္ပာယ်တွေ ဖော်ဆောင်သွားတတ်တယ်။

ဓမ္မဆိုတာရဲ့ လိုရင်းအဓိပ္ပာယ်ကတော့ “နိဿတ္တ၊ နိဇ္ဇီဝ”တဲ့၊ ဆိုလိုရင်းက နိဿတ္တ၊ နိဇ္ဇီဝဆိုတာ သတ္တဝါမဟုတ်ဘူး၊ ဇီဝမဟုတ်ဘူး၊ ဒါကအဓိက။ ။

ဘာဖြစ်လို့တုန်းဆိုရင် လူတွေက သတ္တဝါလို့ထင်နေတာကိုး၊ လူတွေရဲ့သန္တာန်မှာဖြစ်နေတဲ့ သဘာဝတရားတွေကို သတ္တဝါလို့အောက်မေ့နေတယ်၊ ဇီဝလို့အောက်မေ့နေတယ်၊ သတ္တ ဇီဝမဟုတ်ဘူးဆိုတဲ့ အသိဟာ အင်မတန်အရေးကြီးလို့ နိဿတ္တ နိဇ္ဇီဝ။ “သို့သော် ဆိုင်ရာဆိုင်ရာ တွဲဖက်ပြီး နားလည်ရမယ်ဆိုရင် ဓမ္မရဲ့ definition က ဓမ္မဆိုတာ သူ့သဘောသူဆောင်တယ်။
စာမျက်နှာ-၁၂၉
ဆိုင်ရာဆိုင်ရာ သဘာဝတရားလေးတွေ သူ့လက္ခဏာ သူ့အသွင်သဏ္ဌာန်ကို သူဆောင်နေတဲ့ စစ်မှန်တဲ့တရားလို့ ဒီလိုအဓိပ္ပာယ်ရတယ်။ ။ “အဲဒီအဓိပ္ပာယ်နဲ့ယူမယ်ဆိုရင် ဓမ္မဆိုတဲ့စကားလုံးအောက်မှာ မပါဝင်တဲ့တရား မရှိသလောက်ပဲ ကုသိုလ်လည်း ဓမ္မပဲ၊ အကုသိုလ်ကလည်း ဓမ္မပဲ၊ ကုသိုလ်အကုသိုလ်မှတစ်ပါး ဝိပါက်၊ ကြိယာ၊ ရုပ်ဆိုတာတွေလည်း ဓမ္မပဲ၊ နိဗ္ဗာန်လည်း ဓမ္မပဲ၊ ပညတ်လည်း ဓမ္မပဲ။ ။

အဲဒီတော့ ဓမ္မဆိုတဲ့စကားလုံးဟာ အားလုံးကိုခြုံမိငုံမိတယ်၊ ဒီနေရာမှာ “သလက္ခဏံ ဓာရေတီတိ ဓမ္မာ” တဲ့၊ ပရမတ္တတရားတွေ အားလုံးဟာ ကိုယ်ပိုင်လက္ခဏာတွေရှိနေတာဖြစ်ခြင်းကြောင့် ဓမ္မဆိုတဲ့စကားလုံးက အားလုံးကိုခြုံတယ်။ သို့သော် “ဓမ္မံ သရဏံ ဂစ္ဆာမိ” ဆိုတဲ့ ဓမ္မကျတော့ ဒါတွေအကုန်မပါဘူး၊ အကုန်ပါမယ်ဆိုရင် “အကုသလံ ဓမ္မံ သရဏံ ဂစ္ဆာမိ” ဖြစ်သွားမှာပေါ့၊ “ဓမ္မံ သရဏံ ဂစ္ဆာမိ” ကျတော့ အဓိကဘာကိုဆိုလိုတာတုန်းဆိုတော့ မဂ် ၄-ပါး ဖိုလ် ၄-ပါးနဲ့ နိဗ္ဗာန်။

အဓိပ္ပာယ်ကလည်း “ကိုယ့်သဘောကိုယ်ဆောင်”ဆိုတာ မဟုတ်ဘူး၊ ဒီတရားကို လိုက်နာကျင့်သုံးမယ် (သို့မဟုတ်) ဒီသဘာဝတရား မိမိသန္တာန်မှာ ဖြစ်ပေါ်သွားပြီဆိုလို့ရှိရင် အပါယ် ၄-ဘုံကို မကျရအောင် ဆွဲထားတဲ့သတ္တိရှိတယ်လို့ ပြောတယ်။

“စတူသု အပါယေသု အပတမာနေ ကတွာ ဓာရေတီတိ” ကိုယ့်ကိုကျင့်သုံးနေတဲ့ပုဂ္ဂိုလ် (သို့မဟုတ်) ဒီသဘာဝတရား မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး၊ နိဗ္ဗာန် မိမိသန္တာန်မှာရှိနေတဲ့ပုဂ္ဂိုလ်ဆိုရင် အပါယ် ၄-ဘုံ မကျရအောင် ဆွဲထားတယ်လို့ဆိုတယ်၊ အဲဒါ “ဓမ္မံ သရဏံ ဂစ္ဆာမိ” မှာလာတဲ့ ဓမ္မ။ ။

ကျန်တဲ့ မြတ်စွာဘုရားဟောတဲ့ ဒေသနာဓမ္မတွေက အဲဒီ မဂ် ၄-တန် ဖိုလ် ၄-တန် နိဗ္ဗာန်ကို ဦးတည်ထားတာဖြစ်သောကြောင့် သူတို့ကိုလည်း (ပရိယတ္တိဓမ္မကိုလည်း) အလျော်အား
စာမျက်နှာ-၁၃၀
ဖြင့် “ဓမ္မံ သရဏံ ဂစ္ဆာမိ” ထဲမှာ ထည့်ရပါတယ်တဲ့၊ ဒီလိုနားလည်ရမယ်ပေါ့။ “

ဒီနေ့ ဓမ္မာနုပဿနာကတော့ ရုပ်တွေလည်းပါတယ်၊ နာမ်တွေလည်းပါတယ်၊ အားလုံးကို ခြုံငုံပြီးတော့ မြတ်စွာဘုရားက ဟောတယ်၊ သို့သော် မြတ်စွာဘုရားက အပိုင်း ၅-ပိုင်းခွဲလိုက်တယ်၊ ဘာလို့ခွဲတုန်းဆို အရေးကြီးတာကို ပြောချင်လို့။

လောကမှာ အရေးကြီးတာနဲ့ အရေးမကြီးတာ အမြဲတမ်းပဲ ခွဲခြားနိုင်ရမယ်ပေါ့၊ ကိစ္စရှိတောင်မှပဲ “ဒီကိစ္စက အရေးကြီးတယ်၊ ဒီကိစ္စက အရေးမကြီးဘူး၊ ဒါကအရေးပါတယ်၊ ဒါကအရေးမပါဘူး”ဆိုတာ ရှိတယ်မဟုတ်လား၊ သဘာဝတရားတွေထဲမှာလည်း ဒီသဘာဝတရားက အရေးကြီးတယ်၊ ဒါက ဒီလောက်အရေးမကြီးဘူး၊ အရေးကြီးတာကို ဦးစားပေးရမယ်။
ဓမ္မာနုပဿနာ နီဝရဏပဗ္ဗ
ဓမ္မဆိုတဲ့စကားက အလွန်ကျယ်ဝန်းနေတော့ မြတ်စွာဘုရားက နံပါတ်(၁) ဓမ္မအုပ်စုက-ဘာပြောလဲဆိုတော့ “နီဝရဏပဗ္ဗ” သမထကျင့်စဉ်ပဲကျင့်ကျင့်၊ ဝိပဿနာကျင့်စဉ်ပဲကျင့်ကျင့် ဟောဒီ နီဝရဏတရားတွေက ကန့်လန့်ကြီးခံနေတယ်၊ သူတို့ကိုမဖယ်ပဲနဲ့ ဘယ်လိုမှမရဘူး။ “

ဘုန်းကြီးတို့ မြို့ကြီးတွေမှာ ရေမြောင်းတွေ ပိတ်ဆို့နေပြီဆိုရင် ရေတွေမလျှံဘူးလား၊ ရေတွေပိတ်ဆို့နေတာကို Block ဖြစ်နေတယ်ခေါ်တယ်၊ ယာဉ်တန်းမှာလည်း တစ်ခါတစ်လေကားတွေဟာ junk ဖြစ်နေတယ်လို့ပြောကြတယ်၊ ပိတ်ဆို့နေတယ်၊ ပိတ်ဆို့နေပြီဆိုရင် ရှေ့တိုးလို့ရသေးလား-မရဘူး။ - နီဝရဏတရားတွေလည်း ဒီအတိုင်းပဲ” ပိတ်ဆို့တတ်တယ်၊ နီဝရဏဆိုတဲ့အဓိပ္ပာယ်က ပိတ်ဆို့ခြင်းပဲ၊ အင်္ဂလိပ်လိုပြန်တော့ hindrance လို့ပြန်တယ်၊ hinder ဆိုတာအပိတ်အဆို့၊ block လုပ်တာ ပိတ်ထားတယ်၊ ဘာတွေကို ပိတ်ထားတုန်းဆိုတော့ ကောင်း
စာမျက်နှာ-၁၃၁
တဲ့ သဘာဝတရားတွေ စိတ်ထဲမှာ မပေါ်လာနိုင်အောင် ပိတ်ဆို့ထားတယ်၊ မကောင်းတာတွေတော့ ပေါ်နေတာပေါ့၊ ကောင်းတဲ့သဘာဝတရားတွေ ဝင်မလာနိုင်အောင် ပိတ်ဆို့ထားတဲ့ အတားအဆီးကြီးတစ်ခုတဲ့။ ။

ကဲ ဘယ်လောက်အရေးကြီးတုန်းဆိုရင် နိဗ္ဗာန်ခရီးကို တက်လှမ်းတော့မယ်ဆိုရင် ဒီအပိတ်အဆို့ကြီး မဖယ်ရှားဘူးဆိုရင် ရှေ့တိုးလို့ရပါ့မလား-မရဘူး၊ ဒါကြောင့်မို့ ဓမ္မာနုပဿနာမှာ အဲဒါသိဖို့ သိပ်အရေးကြီးတယ်ဆိုပြီး မြတ်စွာဘုရားက နံပါတ်(၁) ထားပြီး နီဝရဏတရားကိုဟောတာ၊ ဒါက သိပ်ပြီး reasonable ဖြစ်တယ်၊ ယုတ္တိရှိတယ်၊ ဒီခေတ်စကားနဲ့ပြောရင် logical ပေါ့။ မြတ်စွာဘုရားဟောတဲ့တရားတွေက ကိုယ်ကသာ သဘောမပေါက်တာ၊ ဘုရားဟောတာ အကြောင်းအကျိုး အင်မတန်ဆီလျော်တယ်၊ ကြည့် - နီဝရဏ အပိတ်အဆို့တရားတွေဟာ နံပါတ်(၁)က ကာမစ္ဆန္ဒ၊ “ကာမ”ဆိုတာ လိုချင်စရာအာရုံ၊ ဆန္ဒဆိုတာ လိုချင်တာ၊ လိုချင်စရာအာရုံတွေနဲ့ပတ်သက်ပြီး လိုချင်တာက-ကာမစ္ဆန္ဒ၊ “ကာမစ္ဆန္ဒ” ဆိုတာ လောဘ၊ လိုချင်စရာ အာရုံတွေကို တပ်မက်ပြီးတော့ လိုချင်နေတဲ့ ဒီသဘာဝတရားက ကုသိုလ်စိတ်ဖြစ်ဖို့ ပိတ်ဆို့တယ်။

ပိတ်ဆို့ရုံတင်မကဘူး၊ ဒီသဘာဝတရား လွှမ်းမိုးထားပြီဆိုရင် စိတ်ဟာညစ်ညူးသွားတယ်၊ ပူလောင်တယ်၊ နီဝရဏတရားဟာ စေတသော ဥပက္ကိလေသေ = ဖြူစင်နေတဲ့ စိတ်ကလေးကို မည်းညစ်သွားအောင် လုပ်ပစ်တယ်၊ ပညာယ ဒုဗ္ဗလီ ကရဏေ = သဘာဝတရားတွေကို မှန်မှန်ကန်ကန် ပိုင်းပိုင်းခြားခြား ကွဲကွဲပြားပြားသိတတ်တဲ့ ပညာကိုလည်း အားပျော့သွားအောင်လုပ်တယ်၊ အားမရှိတော့အောင်လုပ်တယ်၊ အားမရှိဘူးဆိုရင် ဘာမှအလုပ်မဖြစ်တော့ဘူးပေါ့၊ ပညာရဲ့စွမ်းဆောင်မှုတွေ မရှိတော့ဘူးလို့ပြောတာပဲ၊ အဲဒီတော့ သူတို့ကို မဖယ်ရှားဘဲနဲ့ နိဗ္ဗာန်တံခါးဝရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါ့ကြောင့်မို့ ဒါက
စာမျက်နှာ-၁၃၂
အရေးကြီးတယ်ဆိုတာကို ဓမ္မာနုပဿနာမှာ မြတ်စွာဘုရားက စဟောတာ။

ဒုတိယက-ဗျာပါဒနီဝရဏ၊ လူတွေဟာ လိုချင်တာကိုရလို့ရှိရင် လောဘ၊ မရဘူးဆိုရင် ဒေါသဖြစ်တယ်၊ ကိုယ်လိုချင်တာ ဆုံးရှုံးသွားမယ်ဆိုရင်တော့ ဒေါသကလာနေမှာပဲ၊ ခံစားချက်ကတော့ ဒေါမနဿဝေဒနာပေါ့၊ ဒါကြောင့်မို့ ကာမစ္ဆန္ဒပြီးတော့ ဗျာပါဒလို့ ဒီ ၂-ခုကို တွဲပြထားတာ။

နောက်တစ်ခုက စိတ်ဓာတ်ကို ကုသိုလ်ရေးတွေမှာ အားပျော့ပြီး တွန့်ဆုတ်သွားစေတဲ့ ထိနမိဒ္ဓနီဝရဏ၊ ဒီသဘာဝ ၂-ခုက တွဲဖက်ပြီးတော့ စိတ်အားတွေကို လျော့ကျသွားအောင်လုပ်တယ်၊ လျော့ကျသွားတာနဲ့တပြိုင်နက် Block ဖြစ်သွားတယ်၊ အားမရှိတော့ဘူး၊ ဉာဏ်တွေလည်း တုံးသွားတယ်၊ ဥဒ္ဓစ္စ-ကုက္ကုစ္စကျတော့ စိတ်လေးဟာ ရပ်တည်ရာမရဘဲ ငြိမ်သက်မှုမရှိဘူးတဲ့၊ အာရုံတွေပေါ်မှာ ပျံ့လွင့်နေတယ်။ လူတွေက “စိတ်တွေလေနေတယ်-လေနေတယ်”လို့ပြောကြတယ်၊ စုစည်းလို့မရဘူး၊ စိတ်တွေမှာ ပူပန်နေတတ်တယ်။

နောက်တစ်ခုက ဝိစိကိစ္ဆာတဲ့၊ ကိုယ်လုပ်တဲ့အလုပ်မှာဖြစ်စေ၊ တရားဓမ္မပေါ်မှာဖြစ်စေ တွေးလိုက်တာနဲ့တပြိုင်နက် မဝေခွဲနိုင်တော့ဘူး၊ မဆုံးဖြတ်နိုင်တော့ဘူး၊ မတွေးဘဲနေရင်တော့ အကောင်းသားပေါ့၊ လမ်းဆုံရောက်သွားတဲ့ လူတစ်ယောက်ဟာ မရောက်ဘူးတဲ့နေရာဆိုရင် ဒီဘက်လမ်းလိုက်ရမလား၊ ဟိုဘက်လမ်းလိုက်ရမလားနဲ့ ဝေခွဲမရဖြစ်သလိုပဲတဲ့၊ အဲဒီလိုပဲ ဝိစိကိစ္ဆာဖြစ်ပေါ်လာရင် လမ်းပိတ်မှုကို ဖြစ်ပေါ်စေတတ်တယ်၊ အဲဒါတွေဟာ နီဝရဏတရားတွေပဲ။ ။

အဲဒီနီဝရဏတရားတွေနဲ့ပတ်သက်ပြီး ဓမ္မာနုပဿနာကျင့်ဖို့ မြတ်စွာဘုရားက အချက်ကလေးတွေပေးထားတယ်။ .. နံပါတ်(၁) ဆင်ခြင်ရမှာက ငါ့သန္တာန်မှာ နှစ်သက်စရာအာရုံတွေ၊ လိုချင်စရာအာရုံတွေကို လိုချင်နေတဲ့၊ တွယ်တာမက်မောနေ
စာမျက်နှာ-၁၃၃
တဲ့ ကာမစ္ဆန္ဒရှိသလား? ဒါက နံပါတ်တစ်ရှုရမှာ၊ ငါ့သန္တာန်မှာ ကာမစ္ဆန္ဒဆိုတာရှိသလား-မရှိဘူးလား? ဆိုတာ အခုဖြစ်နေတာကိုပြောတာမဟုတ်ဘူး၊ ခဏခဏ မကြာမကြာဖြစ်တတ်လို့ ရှိသလားပြောတာ။

ဆိုပါစို့-လူတွေဟာ သွေးတိုးရောဂါရှိတယ်၊ ဒါပေမယ့် အချိန်မရွေး သွေးတက်နေတာတော့မဟုတ်ဘူး၊ pressure က အချိန်မရွေးမတက်ဘူး၊ ဒါပေမယ့် အဲဒီလူက သွေးတိုးရှိတယ်လို့ပြောသလိုပဲ၊ ဆီးချိုရောဂါရှိတဲ့သူကလည်း သူဆီးချို အမြဲတက်နေတာမဟုတ်ပေမယ့် မတည့်တာစားရင်တော့ တက်လာမှာပဲ၊ အဲဒီလို မတည့်တာစားရင် တက်တက်လာတတ်တဲ့သဘောကိုပြောတာ၊ ဒီမှာလည်း သူ့ဟာသူ ဘယ်ကာမစ္ဆန္ဒက ဖြစ်မလဲ။ နှစ်သက်စရာ အာရုံလေးတစ်ခုတွေ့လိုက်လို့ရှိရင် ဒီဆန္ဒက ဘွားကနဲပေါ်လာတာ၊ အဲဒါဆိုရင် ရှိနေတယ်လို့ပဲပြောရမှာပေါ့။ ရောဂါများလိုပဲ ဆီးချိုရှိတယ်၊ သွေးတိုးရှိတယ်နဲ့ ပြောပေမယ့် အခုရှိနေတာလားဆိုတော့ အဲဒီလိုတော့မဟုတ်ဘူးပေါ့၊ ဒါ့ကြောင့်မို့လို့ အဘိဏှ သမုဒါစာရ = မကြာမကြာဖြစ်တာ၊ မပြတ်ဖြစ်နေတာမျိုးကိုဆိုလိုတယ်၊ အဲဒါကို ဆင်ခြင်သုံးသပ်ကြည့်၊ ကိုယ်မပယ်ရသေးဘူးဆိုရင် ငါ့သန္တာန်မှာ ကာမစ္ဆန္ဒဆိုတာတွေ ရှိသလား?

နောက်တစ်ခု စဉ်းစားရမှာက ကာမစ္ဆန္ဒဆိုတာ ငါ့သန္တာန်မှာ မရှိဘူးလား? ဒီဆင်ခြင်သုံးသပ်တာက ကိုယ့်ဟာကိုယ်အဖြေထွက်ရမယ်၊ ဒီဆင်ခြင်သုံးသပ်မှုလေးက ရှိသလား-မရှိဘူးလား? ဒီလိုတွေးတာလေးကို ကမ္မဋ္ဌာန်းဟုတ်ပါ့မလားလို့ တချို့က ထင်ကောင်းထင်လိမ့်မယ်၊ သိပ်အရေးကြီးတဲ့ကမ္မဋ္ဌာန်းပဲ၊ contemplation လို့ခေါ်တယ်၊ အနုပဿနာ-ဓမ္မကို ဆင်ခြင်သုံးသပ်တာ၊ ဒီလိုမှမတွေးဘဲနဲ့ ရှိမရှိမသိနိုင်ဘူးလေ၊ လူတွေကတော့ တွေးကြတာပဲ။ ဘာတွေလဲဆိုရင် အိမ်ကမီးဖိုချောင်ထဲမှာ ဆန်ကလေးမှရှိသေးရဲ့လား၊ ပုလင်းထဲ ဆီလေးမှရှိသေးလားဆိုပြီး
စာမျက်နှာ-၁၃၄
တော့ တွေးတတ်ကြတယ်၊ မရှိရင် ဈေးသွားရမှာလေ၊ တွေးတော့သိတယ်ပေါ့၊ သို့သော် ငါ့စိတ်ထဲမှာ ကာမစ္ဆန္ဒရှိသလား ဒါလည်းတွေးရမယ့် ကိစ္စတစ်ခုပဲ၊ ဒါတွေးတဲ့လူ အင်မတန်မှနည်းတယ်။ ခုနက ဆန်ရှိလား မရှိဘူးလားတွေးလို့ရှိရင် မရှိဘူးဆိုရင် ဈေးဝယ်သွားရမယ်၊ ရှိတယ်ဆိုရင် ဒီနေ့တော့ နားလို့ရပြီ။ ဘယ်နှစ်ရက်စာရှိသေးလဲ စသည်သိနိုင်သလိုပဲ ကာမစ္ဆန္ဒရှိသလား-မရှိဘူးလား စဉ်းစားရမယ်၊ ရှိနေရင် ပယ်ဖို့ကြိုးစားရမယ်လေ၊ အဲဒီနှစ်ချက်ကို စဉ်းစားပါတဲ့။ ။

စဉ်းစားတဲ့အခါ ရှိတယ်ဆိုတဲ့ အဖြေလေးထွက်လာလို့ရှိရင် ဘာကြောင့်ရှိနေရတာလဲ? သွေးတိုးရှိရင် ဘာ့ကြောင့်ဖြစ်ရတာလဲ၊ ဆီးချိုဘာကြောင့်ဖြစ်ရတာလဲလို့ အကြောင်းရှာရသလို ဒီမှာလည်း မြတ်စွာဘုရားက ကာမစ္ဆန္ဒနဲ့ပတ်သက်ပြီးတော့ ဓမ္မာနုပဿနာကျင့်တဲ့အခါ ဘာ့ကြောင့် ဒီကာမစ္ဆန္ဒဟာ ဖြစ်နေရတာလဲဆိုတာကို စဉ်းစားပါတဲ့၊ ဆင်ခြင်သုံးသပ်ပါတဲ့။

နောက်တစ်ခါ မဖြစ်သေးတဲ့ ကာမစ္ဆန္ဒတွေ ငါ့သန္တာန်မှာ ဘာကြောင့်ဖြစ်သလဲ ဆင်ခြင်သုံးသပ်သလို ဖြစ်လာတဲ့ ကာမစ္ဆန္ဒတွေကို ဘယ်နည်းနဲ့ဖယ်ရှားမလဲဆိုတာကိုလည်း ဆင်ခြင်သုံးသပ်ရမယ်တဲ့၊ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်းသိရမယ်၊ ဘယ်လိုဖယ်ရှားရမယ်ဆိုတာကိုလည်း သိရမယ်၊ တစ်ခါတည်း အပြီးသတ်ဖယ်ရှားမှုဆိုတာကိုလည်း သိရမယ်၊ သိရမည့်အချက်ပေါင်း ၅-ချက်ရှိတယ်၊ ဒါ ဓမ္မာနုပဿနာနော်။ ။

ဓမ္မာနုပဿနာမှာ ဒီကာမစ္ဆန္ဒနဲ့ပတ်သက်ပြီးတော့ ၅-ချက်၊ ဒီ ၅-ချက်ကိုမှတ်လိုက်ရင် ကျန်တာတွေ အကျယ်ပြောစရာမလိုတော့ဘူးပေါ့နော်၊ အနှစ်ချုပ်ကလေးတင်ဟောတာဖြစ်လို့ အကျယ်ကြီးဟောမယ်ဆိုရင် ဒီနီဝရဏတင်ပဲ တစ်ညလောက်ဟောရမလိုဖြစ်နေတယ်နော်။

“ဒီနေ့တော့ အပြီးသတ်ဟောမှာဖြစ်သည့်အတွက်ကြောင့် ကာမစ္ဆန္ဒ ငါ့သန္တာန်မှာ ရှိသလား? နံပါတ်(၁)၊ မရှိဘူးလား?
စာမျက်နှာ-၁၃၅
နံပါတ် (၂)၊ ဘာဖြစ်လို့ ရှိနေရတာလဲ? နံပါတ် (၃)၊ ဘယ်လို ဖယ်ရှားမလဲ? နံပါတ် (၄)၊ တစ်ခါတည်း အပြီးသတ် ဖယ်ရှားမှုက ဘာလဲ, အပြီးသတ် ဖယ်ရှားနိုင်တဲ့တရားက ဘာလဲ? နံပါတ် (၅).. အဲဒါတွေကို သိအောင် ကြိုးစားရမယ်တဲ့။

အရိပ်အမြွက် ပြောမယ်ဆိုရင် ရှိသလား-မရှိဘူးလား? ဆိုတာက တရားအပေါ်မှာ ဆင်ခြင်သုံးသပ်မှုတစ်ခုပဲ၊ ဘာကြောင့် ရှိရတာလဲ? ဆိုရင် ရှိရခြင်းအကြောင်းတရားကို မြတ်စွာဘုရားက ပေးထားတယ်၊ ဒီမဟာသတိပဋ္ဌာန်သုတ်မှာတော့ ဒါကို မြတ်စွာဘုရားက မဟောတော့ဘူး၊ တခြားသုတ္တန်မှာ “သုဘနိမိတ္တံ အယောနိသော မနသိကာရော” - တင့်တယ်တယ်လို့ သတ်မှတ်ထားတဲ့အာရုံ, စိတ်ထဲကလှတယ်လို့ ယူဆထားတဲ့အာရုံ၊ ဒီလိုအာရုံကို မတင့်မသင့် နှလုံးသွင်းလို့ရှိရင် မဖြစ်သေးတဲ့ ကာမစ္ဆန္ဒတွေ ဖြစ်လာတယ်တဲ့၊ ဟုတ်တယ်လေ.. လိုချင်စရာအာရုံကို ကြည့်ရင် လူတွေမပြောဘူးလား “လှလိုက်တာ” လို့၊ လှလိုက်တာလို့ တွေးလိုက်တာနဲ့ တစ်ပြိုင်နက် လိုချင်မှုတွေ တိုးတက်လာတာပဲလေ၊ အဲဒီလှလိုက်တာဆိုတဲ့ အတွေးအကြံလေးဟာ သဘာဝအမှန်ကို သိတာမဟုတ်သည့် အတွက်ကြောင့် အပေါ်ယံလေး ကြည့်ပြီး လှလိုက်တာလို့ စိတ်ထဲမှာ အယောနိသော မနသိကာရ-မတင့်မသင့် နှလုံးသွင်းမိတာကြောင့် မဖြစ်သေးတဲ့ ကာမစ္ဆန္ဒတွေ ဖြစ်လာတယ်၊ မဖြစ်သေးတာတင် ဖြစ်တာမဟုတ်ဘူး၊ ဖြစ်ပြီးသား ကာမစ္ဆန္ဒတွေလည်း တိုးလာတယ်၊ ဒီလိုနော်။

ဒါဖြင့် ဒီကာမစ္ဆန္ဒကို ဘယ်လိုဖယ်ရှားရမလဲဆိုရင် မလှဘူးဆိုတဲ့အတွေးကို မှန်မှန်ကန်ကန် တွေးတတ်သွားမယ်ဆိုရင် အဲဒီအတွေးနဲ့ပဲ ဖယ်ရှားရမယ်၊ အသုဘသညာ, အသုဘနိမိတ် - မလှပဘူး၊ ခန္ဓာကိုယ်ရဲ့ လှပမှု, တင့်တယ်မှုမရှိတဲ့ သဘာဝတရား အခြေအနေတွေကို စဉ်းစားဆင်ခြင်မယ်ဆိုရင် ကာမစ္ဆန္ဒတွေ မတိုးနိုင်တော့ဘူး။
စာမျက်နှာ-၁၃၆
ဆိုပါစို့- ပန်းလေးတစ်ပွင့် လှလိုက်တာလို့ စဉ်းစားမိတဲ့ အချိန်မှာ ဒီပန်းလေးဟာ မကြာခင် နွမ်းသွားမှာပဲ၊ လှပမှုဆိုတာ တစ်ခဏပဲ” လို့ ဆင်ခြင်သုံးသပ်လိုက်လို့ရှိရင် ကာမစ္ဆန္ဒတွေ မတိုးလာနိုင်တော့ဘူး၊ မလှပတဲ့ အခြေအနေတစ်ခုကို နှလုံးသွင်းပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ဖြစ်လာတဲ့ကာမစ္ဆန္ဒကို လျော့ချနိုင်တယ်၊ လျော့ချရုံတင်မကဘူး နောက်ဆုံး ဖယ်ရှားနိုင်တယ်၊ ဒီကာမစ္ဆန္ဒကို အကြွင်းမဲ့ ဖယ်ရှားနိုင်တာကတော့ အနာဂါမိမဂ်နဲ့မှ ဖယ်ရှားလို့ ရမှာပေါ့။

နောက်တစ်ခုက ဗျာပါဒ၊ ဗျာပါဒဆိုတဲ့ နီဝရဏတရားဟာ ငါ့သန္တာန်မှာ ရှိသလား-မရှိဘူးလား၊ ရှိရင် ဘာကြောင့် ရှိနေတာလဲ၊ ဘယ်လို ဖယ်ရှားမလဲ၊ သူ့ကို ထပ်မပေါ်အောင် ဘာနဲ့ လုပ်ရမလဲ၊ အဲဒီ ၅-ချက်ပဲ၊ ဒီ ၅-ချက်ကို ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် အဖြေမထွက်နိုင်ဘူးလား? ထွက်နိုင်တယ်၊ အဖြေထွက်လာအောင် ဓမ္မာနုပဿနာနဲ့ ဓမ္မကို ရှုမှတ်ဆင်ခြင်တာ။

ထို့အတူပဲ ထိနမိဒ္ဓ၊ ထိနမိဒ္ဓဆိုတာ ကောင်းတဲ့အလုပ်တွေ လုပ်နေတယ်, တရားအားထုတ်နေတယ်, တရားနာနေတယ် စသဖြင့် ဒီလိုလုပ်နေတဲ့ အချိန်မှာ ပျင်းလာတယ်၊ စိတ်ဝင်စားမှု အားနည်းလာတယ်၊ လျော့ကျလာတယ်.. ဒါတွေကို ထိနမိဒ္ဓလို့ခေါ်တာပဲနော်၊ စိတ်အားထက်သန်မှုတွေ မရှိတော့ဘူး၊ ပျော့ကျသွားပြီ။ ဒီပျော့ကျသွားမှုက ဘာကြောင့်ဖြစ်တာလဲဆိုရင် ပျင်းလို့ပဲ၊ ပျင်းလို့ဖြစ်တာ၊ ပျင်းစိတ်ကလေး ဝင်လာလို့ရှိရင် ထိနမိဒ္ဓလာတာပဲလေ၊ ဒါကြောင့်မို့ “တန္ဒိ-တဲ့, ဝိဇမ္ဘိတာ-တဲ့”၊ တန္ဒိဆိုတာ ပျင်းတာ၊ ဝိဇမ္ဘိတာဆိုတာ ပျင်းလို့ အညောင်းဆန့်တာ၊ အရတိ - မပျော်ဘူး၊ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ စိတ်က မမွေ့လျော်ဘူး၊ မပျော်ဘူး ပျင်းလာတယ်၊ အဲဒါဟာ ထိနမိဒ္ဓဖြစ်ခြင်းအကြောင်းပဲ။

အဲဒီအတိုင်းပဲ ဥဒ္ဓစ္စကုက္ကုစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဒီ ၅-ချက်ကို ဆင်ခြင်သုံးသပ်ပြီး အဖြေထုတ်သွားတာ၊ အဲဒီအဖြေ
စာမျက်နှာ-၁၃၇
ထွက်အောင် အနုပဿနာလို့ဆိုတဲ့ အဖန်ဖန်အထပ်ထပ် သတိကပ်ပြီး ဉာဏ်နဲ့ ကြည့်ခြင်းဆိုတာမှ မရှိရင် အဖြေထွက်နိုင်ပါ့မလား၊ မထွက်နိုင်ဘူးနော်၊ ဓမ္မာနုပဿနာဆိုတာ အဖြေထုတ်နိုင်အောင်လို့ ကြည့်ပေးရမယ်လို့ ပြောတာ၊ အဖြေထုတ်နိုင်လို့ရှိရင် ဟောဒီ နီဝရဏတရားတွေ ဖယ်ရှားနိုင်မှာ ဖြစ်တယ်။

ဥဒ္ဓစ္စကုက္ကုစ္စ - စိတ်လေနေတာတွေ၊ စိတ်ထဲမှာ ပူပန်နေတာတွေ၊ ဝိစိကိစ္ဆာ - သံသယဖြစ်နေတာတွေ၊ ဒါတွေကိုလည်း အဖြေထုတ်၊ ငါ့သန္တာန်မှာ ရှိသလား? မရှိဘူးလား?၊ ဘာကြောင့် ရှိနေတာလဲ? ဘယ်လိုလုပ်ရင် ဖယ်ရှားလို့ရမလဲ? အပြီးသတ် နောက်ထပ် မပေါ်အောင် ဖယ်ရှားတာက ဘာလဲ? အဲဒီ ၅-ချက်နဲ့ ဆင်ခြင်သုံးသပ်ပြီးတော့ နီဝရဏတရား ၅-ပါးကို ဆင်ခြင်သုံးသပ်ဖို့ မြတ်စွာဘုရားက ဓမ္မာနုပဿနာရဲ့ နံပါတ်တစ် ပထမ section မှာ ဒီလို ဟောထားတယ်၊ ကျန်တာကတော့ ပုံမှန်အတိုင်းပဲ။

ဒီဓမ္မကို ရှုမှတ်တဲ့အခါမှာ ကိုယ့်သန္တာန်မှာဖြစ်တဲ့ နီဝရဏပဲဖြစ်စေ, သူများသန္တာန်မှာဖြစ်တဲ့ နီဝရဏပဲဖြစ်စေ, ကိုယ့်သန္တာန် ဖြစ်တာရော သူ့သန္တာန်ဖြစ်တာရော နှစ်မျိုးလုံးပဲဖြစ်စေ ဒီလိုရှုမှတ်ရမယ်၊ ရှုမှတ်တဲ့အခါမှာ ဖြစ်လာတာကိုလည်း မြင်မယ်၊ ပျက်သွားတာကိုလည်း မြင်မယ် (သို့မဟုတ်) ဖြစ်ခြင်းရဲ့ အကြောင်းတရားကိုလည်း မြင်မယ်၊ ပျက်ခြင်းရဲ့ အကြောင်းတရားကိုလည်း မြင်မယ်၊ အဖြစ်အပျက်နှစ်မျိုးလုံးကိုလည်း မြင်နိုင်တယ်။

နောက်ဆုံး နီဝရဏတရားတွေပေါ်မှာ သတိကပ်နေတယ်၊ ကိုယ့်သန္တာန်မှာဖြစ်တတ်တဲ့ ကာမစ္ဆန္ဒအပေါ်မှာ (သို့မဟုတ်) ဗျာပါဒအပေါ်မှာ, ကျန်တဲ့နီဝရဏတွေပေါ်မှာ သတိကပ်ထားတယ်၊ သတိကပ်နေသဖြင့် နီဝရဏရဲ့ သဘောတရားတွေ ပိုပြီး သိလာတယ်၊ နီဝရဏတရားတွေကို အနီးကပ် ပိုပြီး လေ့လာသိရှိနိုင်လာတယ်ဆိုတဲ့ အကျိုးတွေရတယ်၊ အဲဒီလို အကျိုးတရားတွေ ရလာတဲ့အခါ “အနိဿိတောစ ဝိဟရတိ” - တဏှာအတွေးတွေ မလာဘူး၊
စာမျက်နှာ-၁၃၈
မှားယွင်းတဲ့ အမြင်တွေ မလာတော့ဘူး၊ မလာသည့်အတွက်ကြောင့် “န စ ကိဉ္စိ လောကေ ဥပါဒိယတိ” - လောကမှာ ဘာကိုမှ တွယ်ကပ်နေတာ မရှိတော့ဘူး၊ ဥပါဒါန်ဆိုတဲ့ အစွဲအလန်းတွေဟာ လုံးဝ ကင်းသွားတယ်၊ ကင်းသွားလို့ရှိရင် “အနုပါဒါ ဝိမုစ္စတိ” - စိတ်ကလေးက လွတ်မြောက်သွားတယ်။

အဲဒီတော့ အားလုံးဟာ အဖြေထုတ်တဲ့အခါ အတူတူချည်းပဲနော်၊ ဒါကြောင့်မို့ မြတ်စွာဘုရားက “ဧကာယနော” လို့ ပြောတာလေ၊ လမ်းကြောင်းက ဒီလမ်းကြောင်းပဲ၊ ဒီဘက်ကိုသွားရမှာ၊ ဒါတွေ အဖြေမထုတ်နိုင်ဘူးဆိုရင် ကိုယ်ကျင့်တာ မပေါက်ရောက်သေးဘူး မဟန်သေးဘူးပေါ့၊ ဘယ်လမ်းက လျှောက်လျှောက် ပေါက်လာတဲ့အခါကျတော့ သူ့ကို ဗဟိုပြုထားတယ်ဆိုရင် ဒီလမ်းပဲ ရောက်မှာပေါ့၊ ဒီလိုပဲ ဖြစ်ရမှာပေါ့။

ဥပမာ - ရွှေတိဂုံဘုရားကြီးကိုသွားတာ တောင်ဘက်ကသွားသွား၊ အရှေ့ဘက်ကသွားသွား၊ အနောက်ဘက်ကသွားသွား, မြောက်ဘက်ကသွားသွား အရပ် ၄-မျက်နှာ သွားချင်ရာကသွား, ရွှေတိဂုံဘုရားကို ဦးတည်ပေါက်ရောက်တဲ့လမ်းပေါ်မှာ လျှောက်ရင် ရောက်သွားတာလိုပဲ၊ အဲဒါလိုပဲ မြတ်စွာဘုရားဟောတဲ့ တရားတွေရဲ့ destination လို့ ခေါ်တဲ့ attainment ဟာ တစ်ခုတည်းပဲ၊ ဒီကိုသွားမှာပဲ။ ဘာလို့လဲဆိုတော့ အစွဲကင်းပြီးတော့ လွတ်မြောက်သွားတာ၊ အစွဲကင်းမှ လွတ်မှာ၊ အစွဲမကင်းရင် ဆုပ်ကိုင်ထားဦးမှာပဲ၊ စိတ်ကလေးက တဏှာဒိဋ္ဌိဆိုတဲ့ စွဲလန်းမှုတွေ အားလုံးချုပ်သွားမှ လွတ်သွားမှာကိုး၊ ဒါက နီဝရဏ ရှုထောင့်ကနေကြည့်တာ၊ နီဝရဏနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ဓမ္မာနုပဿနာ (၁) ကို ဟောတယ်။
ဓမ္မာနုပဿနာ ခန္ဓပဗ္ဗ
ဓမ္မာနုပဿနာ (၂) ကျတော့ တရားဓမ္မတွေအားလုံးကိုခြုံပြီး ဥပါဒါနက္ခန္ဓာ ၅-ပါးလို့ ဟောတယ်၊ ဥပါဒါနက္ခန္ဓာဆိုတာ
စာမျက်နှာ-၁၃၉
ဥပါဒါန်ရဲ့ တဏှာဒိဋ္ဌိတို့ရဲ့ အာရုံဖြစ်တဲ့ ခန္ဓာကို ဥပါဒါနက္ခန္ဓာလို့ခေါ်တယ်၊ ခန္ဓာတိုင်း တဏှာဒိဋ္ဌိရဲ့ အာရုံဖြစ်တာ မဟုတ်ဘူး၊ ဘာဖြစ်လို့ မဖြစ်လဲဆိုရင် မဂ်စိတ်နဲ့ ယှဉ်တဲ့ ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, မဂ်စိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာဆိုတာတွေ ရှိတယ်၊ ဖိုလ်စိတ်နဲ့ ယှဉ်တာ ရှိတယ်၊ ဒီလောကုတ္တရာစိတ်မှာ ယှဉ်တာတွေကျတော့ ဥပါဒါန်ရဲ့ အာရုံမဖြစ်ဘူးလို့ ပြောတာ။ - ဒီနေရာမှာ ဝိပဿနာရှုတော့မယ်ဆိုရင် ဥပါဒါန်ရဲ့ အာရုံဖြစ်တဲ့ခန္ဓာကိုပဲ ရှုရမယ်၊ စွဲလန်းတာကိုပဲ အစွဲဖြုတ်ဖို့ ကမ္မဋ္ဌာန်း ရှုခိုင်းတာ၊ နဂိုကမှ မစွဲရင် ဖြုတ်စရာမလိုဘူး၊ စွဲနေလို့ ဖြုတ်ရတာကိုး၊ ဒါကြောင့်မို့ စွဲတဲ့နေရာကို ပိုပြီး ရှုရတာ၊ မြတ်စွာဘုရားက ဒီပုဂ္ဂိုလ်ကို ဒီကမ္မဋ္ဌာန်းပေးတယ်၊ ဟိုပုဂ္ဂိုလ်ကို ဟိုကမ္မဋ္ဌာန်းပေးတယ်ဆိုတာ သူ့အစွဲကြည့်ပေးတာပဲ၊ အရေးကြီးဆုံးကတော့ အမြင်မှားတာပြုတ်ဖို့နဲ့ အတွယ်အတာပြုတ်ဖို့က ဒါအဓိကပဲ၊ ဖြုတ်တယ်ဆိုတာ ဘယ်နည်းနဲ့ဖြုတ်ဖြုတ် ပြုတ်သွားဖို့ပဲ အရေးကြီးတာပဲလေ။

“ဥပါဒါနက္ခန္ဓာ ၅-ပါးနဲ့ ပတ်သက်ပြီးတော့ ဘယ်ပုံရှုရမလဲဆိုရင် ... မြတ်စွာဘုရားက ရှုကွက်လေး ၃-မျိုးပဲ ပေးထားတယ်၊ “ဣတိ ရူပံ” - ရုပ်ဆိုတာ ဒါတွေခေါ်တာတဲ့၊ မသိသင့်ဘူးလား? သိသင့်တယ်နော်၊ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ ကမ္မဋ္ဌာန်း ရှုမှတ်နေတဲ့ အချိန်မှာ ဒါက ရုပ်လား၊ ဒါက နာမ်လားဆိုတာတော့ သုတမယဉာဏ်နဲ့ သိထားဖို့ လိုတာပေါ့နော်၊ ဥပမာအားဖြင့် - ထွက်လေဝင်လေလေးကို ရှုနေတယ်၊ လေလေးက ဝါယောဖောဋ္ဌဗ္ဗရုပ်ပဲ၊ ဝါယောဖောဋ္ဌဗ္ဗရုပ် လာထိတဲ့နေရာက ကာယပသာဒရုပ်ပဲ၊ ဝါယောဖောဋ္ဌဗ္ဗရုပ်ဆိုတာ သူတစ်ခုတည်း နေတာမဟုတ်ဘူး၊ သူအပါအဝင် အဋ္ဌကလာပ်ရုပ်ရှစ်ခု ပါနေတယ်၊ ရုပ်ရှစ်ခုအပေါင်းဖြစ်တယ်၊ အဲဒီထဲမှာ ဝါယောလွန်ကဲနေတယ်၊ ကာယပသာဒရုပ်မှာ အနည်းဆုံး ရုပ် ၁၀-ခု ရှိနေတယ်၊ ဝါယောဖောဋ္ဌဗ္ဗရုပ်က ကာယပသာဒကို လာထိတာ။
စာမျက်နှာ-၁၄၀
အဲဒီဝါယောဖောဋ္ဌဗ္ဗရုပ်ဆိုတာလည်း အရပ်စကားနဲ့ ပြောမယ်ဆိုရင် ရှူသွင်းလိုက်တဲ့ လေလေးပဲနော်၊ သဘာဝအားဖြင့် ပြောင်းလဲပျက်စီးတတ်လို့ ရုပ်တရား၊ ဒီရုပ်က ဒီအတိုင်း မြဲနေမှာမဟုတ်ဘူး၊ ပြောင်းလဲပျက်စီးတယ်၊ ဒါ့ကြောင့် ရုပ်လို့ခေါ်တယ်၊ နှာသီးဖျားမှာရှိတဲ့ အသားစိုင် ကာယပသာဒလေးဟာလည်း ပြောင်းလဲပျက်စီးတယ်၊ ဒါကြောင့်သူလည်း ရုပ်တရားပဲ၊ အဲဒါလေး ၂-ခု ပေါင်းဆုံလိုက်တဲ့အခါ ထိသိဆိုတဲ့စိတ်ကလေး ပေါ်လာတယ်၊ ဒါကျတော့ နာမ်၊ ဒီလို ရုပ်တရားလေးတွေ နာမ်တရားလေးတွေ ဖြစ်ပေါ်လာတာ၊ ဒါဟာ ရုပ်ပဲလို့ ဒီလိုသိတာ “ဣတိ ရူပံ”။

* ဒါဖြင့် ဒီရုပ်ကလေး ဘာကြောင့်ဖြစ်တာလဲ? စိတ်ကြောင့်ဖြစ်လာတာ၊ အဿာသပဿာသဆိုတဲ့ ထွက်လေ-ဝင်လေဟာ စိတ်နဲ့ ဆက်စပ်ပြီးတော့နေလို့ စိတ္တဇဝါယောလို့ ခေါ်တယ်။ စိတ်ကြောင့်ဖြစ်တယ် ဒီလို သူ့အကြောင်းကို သိတယ်၊ ဒါ “ရူပဿ သမုဒယော” - ဖြစ်ကြောင်းတရားကိုလည်း သိတယ်။ “ရူပဿ အတ္ထင်္ဂမော” - ရုပ်ချုပ်သွားတာ၊ သို့မဟုတ် ချုပ်ကြောင်းကိုလည်း သိရမယ်၊ ဒီရှုထောင့် ၃-ခုကို သိဖို့လိုတယ်၊ ဒါရုပ်ပဲဆိုတဲ့ သူ့သဘာဝကိုလည်း သိရမယ်၊ ရုပ်ဖြစ်ကြောင်းတရားကိုလည်း သိရမယ်၊ ရုပ်ပျက်သွားကြောင်းကိုလည်း သိရမယ်၊ သို့မဟုတ် ဖြစ်တာကိုလည်း သိရမယ်၊ ချုပ်သွားတာကိုလည်း သိရမယ်၊ ဒါရူပက္ခန္ဓာနဲ့ ပတ်သက်ပြီး သိရမယ့် အချက်ပဲ။

ဝေဒနာက္ခန္ဓာနဲ့ ပတ်သက်၍လည်း ဒီအတိုင်းပဲ၊ ဝေဒနာရဲ့ ဘာဝကို သိရမယ်, ဘာကြောင့် ဝေဒနာဖြစ်တယ်ဆိုတာကို သိရမယ်, ဘာကြောင့် ဝေဒနာချုပ်သွားတယ်ဆိုတာကို သိရမယ်။ သို့မဟုတ် ဖြစ်လာတာကိုလည်း သိရမယ်၊ ဝေဒနာပျက်သွားတာကိုလည်း သိရမယ်၊ မြတ်စွာဘုရားက ၃-မျိုး ၃-မျိုး ပေးထားတယ်၊ သညာက္ခန္ဓာ ထို့အတူ, သင်္ခါရက္ခန္ဓာ ထို့အတူ, ဝိညာဏက္ခန္ဓာ ထို့အတူ၊ တစ်ခုစီ တစ်ခုစီ ရှုမှတ်ရတယ်။ ဒါ ဥပါဒါနက္ခန္ဓာနဲ့ ပတ်သက်ပြီးတော့ ဓမ္မာနုပဿနာတဲ့။
စာမျက်နှာ-၁၄၁
ဒါဖြင့် ကာယာနုပဿနာတုန်းကလည်း ရုပ်တွေပဲ မဟုတ်လား၊ ဘာများထူးလို့တုန်း မေးရင် ရှုပုံချင်း နည်းနည်းကွာသွားတယ်ပေါ့၊ အခု ဓမ္မာနုပဿနာရှုတဲ့အခါကျတော့ ရုပ်ကိုရှုရာမှာ point ၃-ခုပဲ ပေးတယ်၊ ဒါဟာ ရုပ်ပဲ, ဒါက ရုပ်ဖြစ်ကြောင်းပဲ, ဒါက ရုပ်ချုပ်ခြင်းအကြောင်းပဲ (သို့မဟုတ်) ဒါက ရုပ်ရဲ့ဖြစ်မှုပဲ, ဒါက ရုပ်ရဲ့ချုပ်သွားမှုပဲလို့ ဒီအချက် ၃-ချက်ကို ဦးတည်ပြီး ဓမ္မာနုပဿနာမှာ ဟောတယ်လို့ မှတ်ရမယ်၊ တစ်ခါတစ်ရံကျတော့ သဘာဝတရားချင်း တူပေမယ်လို့ ဆောင်ရွက်ပုံဆောင်ရွက်နည်း aspect မတူဘူးပေါ့၊ အဲဒီလို ကွဲပြားခြားနားမှုလေးတွေ ရှိတယ်။

“ဟောဒီ ဥပါဒါနက္ခန္ဓာ ၅-ပါးနဲ့ ပတ်သက်ပြီးတော့လည်း မြတ်စွာဘုရားက ဥပါဒါနက္ခန္ဓာ ၅-ပါးဆိုတဲ့ ဓမ္မကို သတိနဲ့မှတ်ယူပြီး အသိဉာဏ်နဲ့ မှန်မှန်ကန်ကန်သိအောင် အဖန်ဖန်အထပ်ထပ် ကြည့်ရမယ်၊ အဲဒီလိုကြည့်တဲ့အခါမှာ မိမိသန္တာန်မှာဖြစ်တာပဲဖြစ်စေ, သူတစ်ပါးသန္တာန်မှာဖြစ်တာဖြစ်စေ, မိမိသန္တာန်တစ်လှည့် သူတစ်ပါးသန္တာန်တစ်လှည့်ပဲဖြစ်စေ ကြည့်ရှုသုံးသပ်ရမယ်၊ အဲဒီလို ကြည့်ရှုသုံးသပ်တဲ့အခါမှာ ဖြစ်မှုတွေကိုလည်း သိလာမယ်, ပျက်မှုတွေကိုလည်း သိလာမယ်၊ အဲဒီလိုသိလာပြီး အသိလေးဟာ, သတိလေးဟာ ခန္ဓာလို့ခေါ်တဲ့ ဒီဓမ္မပေါ်မှာပဲ ရပ်တည်လာလိမ့်မယ်တဲ့၊ အဲဒီလို ရပ်တည်လာတာဟာ ဘာအတွက်လဲဆိုရင် ဉာဏ်ဖြစ်ဖို့နဲ့ သတိတွေတိုးပွားဖို့အတွက် ရပ်တည်တာတဲ့၊ တဏှာဒိဋ္ဌိတွေကို လုံးဝမှီတွယ်ခြင်း မရှိလို့ ဆုပ်ကိုင်ထားတဲ့ အစွဲအလန်းတွေအားလုံးကနေ လွတ်သွားနိုင်ပါတယ်၊ အစွဲအလန်းတွေကင်းပြီးတော့ လွတ်မြောက်သွားနိုင်တယ်။ ဆိုလိုတာက “ဘယ်ကျင့်စဉ်ပဲ ကျင့်ကျင့် အရဟတ္တမဂ် အရဟတ္တဖိုလ်ရောက်သွားတာချည်းပဲ။

သို့သော် လူတိုင်းရောက်သလားဆိုတော့ မရောက်ဘူး၊ ဘာကြောင့်မရောက်တာလဲဆိုရင် လူတွေရဲ့ အရည်အချင်းချင်း မတူ
စာမျက်နှာ-၁၄၂
ဘူးလေ၊ မြတ်စွာဘုရားက လမ်းညွှန်တာကတော့ အစအဆုံး လမ်းညွှန်တာပဲ၊ ရောက်တဲ့သူ ရောက်သွားတယ်၊ မရောက်တဲ့သူ မရောက်ဘူး။

“ဒါနဲ့ပတ်သက်ပြီး ပုဏ္ဏားကြီးတစ်ယောက်က မြတ်စွာဘုရားကိုမေးတဲ့ မေးခွန်းတစ်ခုရှိတယ်၊ အရှင်ဘုရားက နိဗ္ဗာန်ရောက်ကြောင်းတရားကိုလည်း ဟောတယ်၊ နိဗ္ဗာန်ဆိုတာကိုလည်း ဟောတယ်၊ ဒါဆိုရင် အားလုံး နိဗ္ဗာန်ရောက်ကြရဲ့လား” ဟု မေးပုံကနော်၊ မြတ်စွာဘုရားက - ပြောမယ်တဲ့၊ မင်းက ရာဇဂြိုဟ်ပြည်နေတာဆိုတော့ ရာဇဂြိုဟ်လမ်း ကောင်းကောင်းသိမှာပေါ့တဲ့၊ သိပါတယ်တဲ့၊ ဒါဆို ရာဇဂြိုဟ်မြို့ကြီးလည်းရှိတယ်၊ မင်းကလည်းပဲ ဘယ်ကနေသွားဆိုပြီး လမ်းညွှန်လိုက်တယ်၊ အဲဒီလို လမ်းညွှန်တဲ့အထဲမှာ မင်းပြောတဲ့အတိုင်းသွားတဲ့သူက ရောက်တယ်၊ နောက်တစ်ယောက်က နောက်ပြန်လျှောက်ပြီးသွားရင် ရောက်ပါ့မလားတဲ့၊ မရောက်နိုင်ပါဘူးတဲ့။ အဲဒါဆိုရင် ရာဇဂြိုဟ်ပြည်လည်းရှိတယ်၊ သွားရာလမ်းလည်း ရှိနေလျက်နဲ့ ဘာလို့အဲဒီသူ မရောက်တာလဲ? ဆိုတော့ သူနဲ့မဆိုင်ပါဘူးတဲ့၊ သူ မသွားလို့ မရောက်တာပါတဲ့။

အဲဒီတော့ မြတ်စွာဘုရားက ဟုတ်တယ်။ အဲဒီအတိုင်းပဲတဲ့၊ ငါဟောတဲ့တရားလည်း ငါနဲ့မဆိုင်ဘူးတဲ့၊ ကျင့်တဲ့သူနဲ့သာ ဆိုင်တယ်တဲ့၊ ငါလမ်းချပေးတာပဲ၊ သွားတဲ့သူမှရောက်မယ်လေ၊ သွားတဲ့သူတောင်မှ တစ်ဝက်တစ်ပျက်နဲ့ ရပ်နေရင် ဘယ်ရောက်မလဲ၊ ခရီးက တစ်ခါတစ်လေ ရှည်ချင်ရှည်မယ်ပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ဉာဏ်စွမ်းအား, သတိစွမ်းအားဆိုတာက တစ်ဦးနဲ့တစ်ဦး တူတာမဟုတ်ဘူးလေ၊ မတူတာကို သွားပြီးတော့ သူက တစ်မိနစ်နဲ့ရောက်တယ်၊ ငါလည်း တစ်မိနစ်နဲ့ရောက်ရမယ်လို့ ဒီလိုလုပ်လို့မရဘူးလေ။

သတိစွမ်းအားတွေ၊ ဉာဏ်စွမ်းအားတွေနဲ့ သွားကြရတဲ့အခါ စွမ်းအားထက်ပြီးသား ပုဂ္ဂိုလ်ဆိုရင် မြန်မြန်ရောက်တယ်။
စာမျက်နှာ-၁၄၃
စွမ်းအားညံ့နေရင် မရောက်ဘူးလို့ ဒီလိုဆိုလိုတယ်ပေါ့၊ သို့သော် သွားနေရင်တော့ ရောက်လာမှာပါပဲ၊ ရပ်တော့မနေနဲ့ပေါ့၊ ဒီဘဝမှာ ဒီလောက်ပေါက်တယ်၊ နောက်ဘဝကျတော့ ဒီထက်ပိုပေါက်သွားမှာပေါ့၊ အကယ်၍ မသွားဘူး၊ သို့မဟုတ် နောက်ပြန်လျှောက်နေရင်တော့ ဝေးသထက်ဝေးမှာပဲ။

သတ္တဝါတွေဆိုတာက နောက်ပြန်လျှောက်တာက များတယ်လေ၊ ကျောခိုင်းလိုက်တာက များတယ်၊ ကျောခိုင်းပြီးတော့ လျှောက်ကြည့်ပါလား- ဘယ်ရောက်မလဲ၊ မျက်နှာမူဖို့ကိုက အင်မတန် အရေးကြီးတာနော်၊ မြတ်စွာဘုရားရဲ့ တရားတော်ကို မျက်နှာမူပြီးတော့ လုပ်နေတာက ကျင့်နေတာပဲ၊ အဲဒီတော့ ကျင့်နေရင် တစ်လှမ်းလျှောက်ရင် တစ်လှမ်းနီးတာပဲ၊ နှစ်လှမ်းလျှောက်ရင် နှစ်လှမ်းနီးတာပဲ၊ နောက်ပြန်ဆုတ်ရင်တော့ တစ်လှမ်းဆုတ်ရင် တစ်လှမ်းဝေးသွားမှာပဲပေါ့။
ဓမ္မာနုပဿနာ အာယတနပဗ္ဗ
ခန္ဓာနဲ့ပတ်သက်ပြီး မြတ်စွာဘုရားက ဒုတိယဟောတယ်။ တတိယကျတော့ အာယတန ၁၂-ပါးနဲ့ ဟောတယ်၊ အာယတန ၁၂-ပါးနဲ့ ပတ်သက်တဲ့အခါ ရှုမှတ်ပုံလေးတွေ တစ်မျိုးပေးတယ်၊ အာယတန ၁၂-ပါး ကိုယ့်သန္တာန်မှာ ရှိနေတာတွေကို စဉ်းစားကြည့်ပေါ့။ ကိုယ့်သန္တာန်မှာ အဆင်းအာရုံကို မြင်ရတဲ့ မျက်စိရှိတယ်၊ အသံကိုကြားတဲ့ နားရှိတယ်၊ အနံ့ကို ရှူရတဲ့ နှာခေါင်းရှိတယ်၊ ဒါကတော့ အရပ်စကားနဲ့ ပြောတာပေါ့နော်။

အဆင်းကိုမြင်တဲ့ မျက်စိဆိုတာ ဘယ်နှစ်ခုလဲ? အဆင်းကတစ်ခုမှ မျက်စိကတစ်ခု၊ နှစ်ခုမဟုတ်ဘူးလား၊ အဆင်းက အာရုံ၊ မျက်စိက ထိုအာရုံကို ခံယူတဲ့ ပသာဒရုပ်-ဝတ္ထုရုပ်ပေါ့၊ ဝတ္ထုနဲ့ အာရုံလို့ ဆိုလိုတာပေါ့၊ ဒီနှစ်ခုတိုက်မှ မြင်သိစိတ်ပေါ်မှာကိုး၊ အဲဒီတော့ မျက်စိလည်းရှိရမယ်၊ အဆင်းအာရုံလည်းရှိရမယ်။ အဆင်းအာရုံက မျက်စိတွင် ပေါ်လာထင်မှ မြင်သိစိတ်ဆိုတာ
စာမျက်နှာ-၁၄၄
ပေါ်တာကိုး၊ အဲဒီတော့ ဘုန်းကြီးတို့မှာ မျက်စိလည်းရှိတယ်, မြင်စရာအာရုံလည်းရှိတယ်၊ နားရှိတယ်, အသံရှိတယ်၊ နှစ်ခုစီ နှစ်ခုစီ သွားမှာနော်၊ နှာခေါင်းရှိတယ်, အနံ့အာရုံရှိတယ်၊ လျှာရှိတယ်, အရသာခံယူနိုင်တယ်၊ ကာယ-bodyဆိုတာရှိတယ်, အထိအတွေ့အာရုံရှိတယ်၊ စိတ်ရှိတယ်, သိစရာအာရုံရှိတယ်၊ ပေါင်းလိုက်တော့ အာယတန ၁၂-ပါး၊ အတွင်းအာယတနနဲ့ အပြင်အာယတန (သို့မဟုတ်) အခံဓာတ်နဲ့ အတိုက်ဓာတ်ပေါ့၊ စာပေလိုပြောရင် အဇ္ဈတ္တိက+အာယတန = အဇ္ဈတ္တိကာယတန၊ ဗဟိဒ္ဓ+အာယတန = ဗဟိဒ္ဓါယတန။

“အဲဒီလို ပေါ်လာတဲ့အခါမှာ မျက်စိနဲ့ အဆင်းအာရုံလေးကိုပဲ ကြည့်, ကြည့်ရမှာက “ငါ့မှာ မျက်စိလို့ဆိုတဲ့ ပသာဒရုပ်လေးရှိတယ်၊ ရူပါရုံဆိုတဲ့ မျက်စိနဲ့မြင်စရာအာရုံလေးရှိတယ်၊ အဲဒီနှစ်ခုကို အကြောင်းပြုလာတဲ့ သံယောဇဉ်ဆိုတာရှိတယ်” ဟုတ်တယ်လေ - သံယောဇဉ်ဆိုတာ အဲဒီနောက်မှလာတာပဲ၊ မမြင်ဘူးဘဲနဲ့ သံယောဇဉ်ဆိုတာ မဖြစ်ဘူးလေ၊ မျက်စိက နှစ်သက်စရာ အာရုံလေးကို မြင်လိုက်တယ်ဆိုရင် မြင်စရာအာရုံရယ်, မျက်စိရယ် အဲဒီနှစ်ခုကို ပေါင်းပြီး တွယ်တာမှုလေး ပေါ်လာတာ၊ ဒါ မြတ်စွာဘုရားက အရေးကြီးတာကို ဖြတ်ပြောလိုက်တာနော်၊ အစဉ်အတိုင်းပြောနေရင် လိုရင်းမရောက်မှာစိုးလို့။

“အစဉ်အတိုင်းပြောရင် ရူပါရုံ-အဆင်းအာရုံလေးက မျက်စိကို လာတိုက်ရင် မြင်သိစိတ်ပေါ်မယ်၊ “တိဏ္ဏံ သင်္ဂတိ ဖဿော” - မျက်စိရယ်, အဆင်းအာရုံရယ်, မြင်သိစိတ်ရယ် ပေါင်းမိလိုက်တဲ့အခါ ဖဿလာမယ်၊ “ဖဿပစ္စယာ ဝေဒနာ” - ဝေဒနာလာမယ်၊ “ဝေဒနာပစ္စယာ တဏှာ” - “တဏှာပစ္စယာ ဥပါဒါန” ဒီလိုလာမှာပေါ့၊ မြတ်စွာဘုရားက သံယောဇဉ်ကို လှမ်းပြောလိုက်တယ်၊ ဖဿတွေ ဘာတွေကို မြှုပ်ထားလိုက်ပြီး မျက်စိရှိလို့ မြင်စရာတွေမြင်တယ်၊ မြင်လို့ သံယောဇဉ်ဖြစ်တယ်၊ ဒါက ရှင်းနေတာပဲလေ၊ ကြားလို့ သံယောဇဉ်ဖြစ်တယ်၊ အနံ့ရလို့
စာမျက်နှာ-၁၄၅
သံယောဇဉ်ဖြစ်တယ်၊ သံယောဇဉ်ဖြစ်တာတွေ၊ မျက်စိက မြင်ပြီးတော့ မြင်တဲ့သံယောဇဉ်လေး ဖြစ်တယ်။

အဲဒီလို ဖြစ်လာတဲ့သံယောဇဉ်ဟာ ဘာကြောင့်ဖြစ်တာလဲ? ဒါကို ရှုမှတ်ရမှာ၊ အကြောင်းမပါဘဲနဲ့ မဖြစ်ဘူးနော်၊ ခုနက မျက်စိဆိုတာကိုလည်း သိရမယ်၊ အဆင်းအာရုံဆိုတာကိုလည်း သိရမယ်၊ အဲဒီနှစ်ခု အကြောင်းပြုပြီးတော့ သံယောဇဉ်ပေါ်လာတာကိုလည်း သိရမယ်၊ အဲဒီသံယောဇဉ်ကို ဘယ်နည်းနဲ့ ဖယ်ရှားရမလဲ? ဒါကိုလည်း သိသင့်တယ်၊ ဒီသံယောဇဉ်ဟာ ဘာကြောင့် ဖြစ်လာရသလဲ? မျက်စိနဲ့ဆုံတိုင်း သံယောဇဉ်ဖြစ်တာ မဟုတ်ဘူး၊ ဘာကြောင့် ဖြစ်တယ်ဆိုတာ အကြောင်းရှိတယ်၊ အဲဒီတော့ ဘာကြောင့်ဖြစ်လာသလဲ? ဖြစ်လာတာကို ဘာနဲ့ ဖယ်ရှားမလဲ? အကြွင်းမဲ့ ဖြတ်တောက်ဖို့ ဘာလုပ်ရမလဲ? ဆိုတဲ့ အချက်တွေကို အလေးအနက်ထားပြီး ဆင်ခြင်သုံးသပ်တာကိုပဲ အနုပဿနာလို့ ခေါ်တယ်၊ အာယတန ၁၂-မျိုးလုံးကို အဲဒီလို အတွဲလိုက် အတွဲလိုက် ရှုမြင်သုံးသပ်သွားမယ်ဆိုရင် ဒါဟာ ဓမ္မာနုပဿနာပဲ။ ခုနက အဇ္ဈတ္တပဲဖြစ်စေ ဗဟိဒ္ဓပဲဖြစ်စေ ရှုပါတဲ့၊ အကြောင်းတရားတွေကိုလည်း မြင်လာလိမ့်မယ်၊ အကျိုးတရားတွေကိုလည်း မြင်လာလိမ့်မယ်၊ နောက်ဆုံးမှာ ကိုယ်ရှုမှတ်နေတဲ့ အာယတနတွေပေါ်မှာ သတိစွမ်းအားတွေ ထက်လာပြီး အဲဒီသတိစွမ်းအားက ရှုမှတ်နေတဲ့ အာယတနပေါ်မှာ တည်ငြိမ်နေပြီးတော့ အသိဉာဏ်တက်ဖို့နဲ့ သတိစွမ်းအားတွေ တိုးပွားလာဖို့ပဲ ဖြစ်လိမ့်မယ်တဲ့၊ တဏှာအတွေးတွေ ဒိဋ္ဌိအမြင်တွေ မဝင်ဘူး၊ မဝင်သည့်အတွက်ကြောင့် နောက်ဆုံး လောကကြီးတစ်ခုလုံးမှာ ဘာမှစွဲလန်းတာ, တပ်မက်တာ မရှိတော့ဘူး အစွဲပြုတ်သွားတယ်၊ အစွဲပြုတ်သွားတာနဲ့ တစ်ပြိုင်နက် “စိတ်ဟာ လွတ်သွားပြီလို့ ဒီလို ဆိုလိုတယ်နော်၊ စိတ်ကလေး လွတ်သွားပြီဆိုတာ မြတ်စွာဘုရားက ရဟန္တာဖြစ်သွားတဲ့အထိကို ပြောတာပဲ၊ သို့သော် မကျင့်လို့ရှိရင်
စာမျက်နှာ-၁၄၆
တော့ အဲဒီထိအောင် မရောက်ဘူးပေါ့၊ တရားတိုင်း တရားတိုင်းဟာ အရဟတ္တမဂ် အရဟတ္တဖိုလ်နဲ့ပဲ အဆုံးသတ်တယ်။

မဟာသတိပဋ္ဌာနသုတ်မှာ ဒီလမ်းကြောင်းအတိုင်းပဲ မြတ်စွာဘုရားက ပေးထားတာ၊ တစ်ပုံစံတည်းပဲ ပေးထားတာ၊ အဲဒီတော့ ဘယ်ရှုထောင့်က သွားသွား လမ်းဆုံးရင် ဒီရောက်မှာပဲ။ လမ်းဆုံးဆိုတာက “န ကိဉ္စိ လောကေ ဥပါဒိယတိ” ဒါလမ်းဆုံးပဲ။

လောကေ = လောကကြီးမှာ၊ “ကိဉ္စိ” = ဘာကိုမျှ၊ “န ဥပါဒိယတိ” = မစွဲတော့ဘူးတဲ့၊ ဘုန်းကြီးတို့တတွေက တစ်ခုလွှတ်လိုက်ရင် နောက်တစ်ခုကို စွဲတာလေ၊ ဟိုမှာကျတော့ စွဲတာ လုံးဝမရှိတော့ဘူး၊ ဒီလိုဖြစ်ရမှာနော်၊ စွဲတာတွေ လုံးဝပျောက်သွားရမယ်၊ ဒါက အာယတနနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ရှုပုံရှုနည်းကို ဓမ္မာနုပဿနာမှာ နံပါတ်(၃) အနေနဲ့ ဟောတယ်။

ဓမ္မာနုပဿနာ ဗောဇ္ဈင်္ဂပဗ္ဗ

နံပါတ်(၄)အနေနဲ့က ဘာဟောလဲဆိုရင် ဗောဇ္ဈင်ကိုဟောတယ်၊ ဗောဇ္ဈင်ဆိုတာ ဗောဓိ+အင်္ဂ၊ ဗောဓိဆိုတာ သိတတ်တဲ့ ပုဂ္ဂိုလ်(သို့မဟုတ်)အသိဉာဏ်၊ ဉာဏ်ရဲ့ အထောက်အကူတွေ သိတတ်တဲ့ ပုဂ္ဂိုလ်ရဲ့ သိကြောင်းအင်္ဂါရပ်တွေ၊ အထောက်အပံ့အင်္ဂါရပ်တွေကို ဗောဇ္ဈင်္ဂလို့ ခေါ်တယ်။

အဲဒီဗောဇ္ဈင်္ဂလို့ဆိုတဲ့ တရားက ၇-မျိုး ရှိတယ်၊ နံပါတ်(၁)က သတိ၊ နံပါတ်(၂)က ဓမ္မဝိစယ၊ ဓမ္မဝိစယဆိုတာ ဓမ္မတွေကို ဆင်ခြင်သုံးသပ်တဲ့ အသိဉာဏ်၊ နံပါတ်(၃)က ဝီရိယ - အကုသိုလ်တွေ ဖယ်ရှားဖို့၊ ကုသိုလ်တွေပြည့်ဝဖို့ ကြိုးစားအားထုတ်မှု၊ နံပါတ်(၄)က ပီတိ - စိတ်ထဲမှာ တရားဓမ္မနဲ့ ကျေနပ်နှစ်သက်မှု၊ နံပါတ်(၅)က ပဿဒ္ဓိ - ကိုယ်ရော၊ စိတ်ရော ငြိမ်းအေးနေမှု၊ နံပါတ်(၆)က သမာဓိ - စိတ်ကလေး ငြိမ်နေမှု၊ နံပါတ်(၇)က ဥပေက္ခာ - သဘာဝတရားအားလုံးဟာ
စာမျက်နှာ-၁၄၇
တညီတည်းဆောင်ရွက်နေမှု၊ အားလုံးပေါင်းလိုက်တဲ့အခါ ၇-ခု ရှိတယ်။

အဲဒီ ၇-ခုနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက ဒီဗောဇ္ဈင်တွေကို ကမ္မဋ္ဌာန်းရှုဖို့အနေနဲ့ ဘာလို့ ဓမ္မာနုပဿနာထဲ ထည့်ပေးသလဲဆိုရင် ဒါက အရေးကြီးတယ်လေ၊ ကိုယ့်သန္တာန်မှာ ခုနက အနှောင့်အယှက်ပေးမယ့် နီဝရဏတွေကို သိဖို့အရေးကြီးသလို ကောင်းတဲ့အခြေအနေတွေ ရှိ-မရှိသိဖို့လည်း အရေးကြီးတယ်လေ၊ အဲဒီတော့ နံပါတ်-၁ ကြည့်ရမှာက ငါ့သန္တာန်မှာ သတိသမ္ဗောဇ္ဈင် - အသိဉာဏ်ကို ဖြစ်ပေါ်စေနိုင်တဲ့ သတိတရား ရှိရဲ့လား? ဒါစဉ်းစားရမယ်၊ ဒီလို ရှုရမှာနော်၊ အဲဒီတော့ ရှိ-မရှိ မသိဘဲနဲ့ ဘယ်လိုလုပ်တိုးအောင် လုပ်လို့ရမလဲ၊ လုပ်လို့မရနိုင်ဘူး၊ ဒါကြောင့် ရှိသလားဆိုတာကိုလည်း စဉ်းစား၊ မရှိဘူးလားဆိုတာကိုလည်း စဉ်းစား။

ဒါဖြင့်မရှိသေးရင် 'ရှိလာအောင် ဘယ်လိုလုပ်မလဲ? ရှိပြီးရင် တိုးလာအောင် ဘယ်လိုလုပ်မလဲ?' point လေးခု ပေးထားတယ်၊ ငါ့သန္တာန်မှာ သတိသမ္ဗောဇ္ဈင် ရှိသလား-မရှိဘူးလား ရှုမှတ်ရမယ်၊ အဖြေက 'မရှိသေးဘူး'လို့ထွက်ရင် ရှိလာအောင် ဘယ်လိုလုပ်မလဲ၊ 'ရှိတယ်'လို့ အဖြေထွက်လို့ရှိရင် တိုးအောင်ဘယ်လိုလုပ်မလဲ၊ ဒီ point တွေ မသိနိုင်ဘူးလား၊ အကယ်၍ ဆင်ခြင်သုံးသပ်မကြည့်ဘူးဆိုရင် ဒီအချက်တွေ ဘယ်လိုလုပ်သိနိုင်မလဲနော်၊ ဒီလို သိမ်မွေ့တဲ့ သဘာဝတရားကို မပြောနဲ့ ကိုယ့်အိမ်မှာ ဘာရှိသလဲဆိုတာတောင် အမှတ်တမဲ့နေရင် မသိဘူး၊ အဲဒါကြောင့်မို့လို့ ကိုယ့်အိမ်မှာ ရှိ-မရှိ သိအောင် ကြိုးစားရသလိုပဲ ကိုယ့်သန္တာန်မှာ ဒါတွေ ရှိ-မရှိ သိအောင် ကြိုးစားသင့်တယ်နော်၊ ဒါကြောင့်မို့ ဗောဇ္ဈင် ၇-ပါးကိုလည်း ရှုမှတ်ပွားများဖို့ဆိုပြီး မြတ်စွာဘုရားက ၄-ခုမြောက်အနေနဲ့ ဒါကို ဟောတာ။
စာမျက်နှာ-၁၄၈
အဲဒီမှာ သတိသမ္ဗောဇ္ဈင် ငါ့သန္တာန်မှာရှိသလား?၊ မရှိဘူးလား? မရှိသေးရင် ဖြစ်အောင် ဘယ်လိုလုပ်မလဲ? ရှိပြီးရင် တိုးပွားအောင် ဘယ်လိုလုပ်မလဲ? ဒီ၄-ချက်နဲ့ ဆင်ခြင်သုံးသပ်လို့ရှိရင် မရှိသေးရင် ရှိအောင်လုပ်ရလိမ့်မယ်၊ ရှိပြီးရင် တိုးတက်အောင်လုပ်ရလိမ့်မယ်၊ သမ္ဗောဇ္ဈင်ရှိမှသာ ခုနကပြောတဲ့ အတွယ်အတာမဲ့ပြီးတော့ လွတ်မြောက်မှုဆိုတာ ဖြစ်လာနိုင်တယ်။ ဒီအနေအထားကို မြတ်စွာဘုရားက ဟောတာနော်။

ဓမ္မာနုပဿနာ သစ္စပဗ္ဗ

နောက်ဆုံး ၅-ခုမြောက်ကျတော့ သစ္စာ ၄-ပါးကို ဟောတယ်၊ သစ္စာ ၄-ပါးဆိုတာ ကမ္မဋ္ဌာန်းရှုဖို့ချည်း ဟောတာမဟုတ်ဘူးနော်၊ နိဗ္ဗာန်ကို ဘယ်လိုလုပ် ကမ္မဋ္ဌာန်းရှုလို့ရမလဲ၊ မရနိုင်ဘူးနော်၊ နောက်ဆုံးမှာ attainment ကို တကယ်သိရမှာက သစ္စာ ၄-ပါးပဲ သိရမှာမဟုတ်လား၊ သစ္စာ ၄-ပါးကို နောက်ဆုံး ဓမ္မာနုပဿနာရဲ့ အဆုံးပိုင်းအနေနဲ့ မြတ်စွာဘုရားက ဟောလိုက်တယ်၊ ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ၊ အပြည့်အဝပြောလို့ရှိရင် ဒုက္ခ၊ ဒုက္ခသမုဒယ၊ ဒုက္ခနိရောဓ၊ ဒုက္ခနိရောဓဂါမိနီပဋိပဒါတဲ့။

“ဒုက္ခ” ဆိုတာ ရုပ်တွေနာမ်တွေအားလုံးဟာ ဒုက္ခပဲ၊ ရုပ်တွေနာမ်တွေအားလုံးဟာ ဖြစ်ပျက်မှုတွေက နှိပ်စက်နေလို့ ဒုက္ခ၊ အနှိပ်စက်ခံရရင် ဆင်းရဲတာပဲလေ၊ ဖြစ်မှုပျက်မှုကြီးမှ လွတ်လို့မရအောင်၊ တိမ်းလို့မရအောင်၊ ရှောင်လွှဲလို့မရအောင် အနှိပ်စက်ခံနေရလို့ ဒုက္ခလို့ပြောတာ၊ ကျေနပ်စရာမကောင်းလို့ ဒုက္ခလို့ပြောတာ၊ ဒါကြောင့်မို့ ဒုက္ခကို အင်္ဂလိပ်လို တချို့က Suffering လို့ ပြန်ရင် သိပ်ပြီးမပြည့်စုံဘူး၊ ဘာဖြစ်လို့လဲဆိုရင် suffering လို့ ပြန်လိုက်လို့ရှိရင် လူတွေနားလည်သွားတာက သွားကိုက်တာတို့၊ နားကိုက်တာတို့ စိတ်ဆင်းရဲတာတို့ ဒါတွေလောက်တင်
စာမျက်နှာ-၁၄၉
အောက်မေ့သွားတယ်၊ မဟုတ်ဘူး - ဒုက္ခ-သစ္စာဆိုတဲ့အထဲမှာ ဈာန်တရားတွေပါ ပါတယ်၊ ဈာန်ချမ်းသာတွေကိုပါ ဒုက္ခသစ္စာလို့ ခေါ်တယ်၊ ဘာဖြစ်လို့ ဒုက္ခလို့ခေါ်သလဲဆိုရင် မမြဲလို့ - ခေါ်တာ၊ မမြဲလို့ ကျေနပ်စရာမကောင်းဘူး၊ ပျက်နိုင်တဲ့အရာတွေ ဖြစ်လို့ ဒုက္ခလို့ ပေါင်းခေါ်လိုက်တာ။

(တစ်နည်းအားဖြင့် ဒု-ဆိုတာ အလွန်စက်ဆုပ်စရာကောင်းတယ်၊ ကျေနပ်စရာမကောင်းဘူး၊ ခ-ဆိုတာ ကိုယ်ထင်တဲ့အတိုင်း ဘာမှမရှိဘူးလို့ ပြောတာ၊ ခ-ရဲ့ အဓိပ္ပာယ်က ဘာမှမရှိတာကို ပြောတာ၊ ကောင်းကင်ဆိုတာ ဘာရှိသလဲ - ဘာမှမရှိဘူးပေါ့၊ အဲဒါမျိုးလိုပဲ ဒုက္ခဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကို ဝိသုဒ္ဓိမဂ်မှာ အဲဒီလို ဖွင့်ထားတယ်၊ စက်ဆုပ်စရာကောင်းတယ်ဆိုတာ လောကမှာ မကျေနပ်စရာတွေ ဆင်းရဲတာတွေအားလုံးဟာ ရုပ်နာမ်မှာ တည်နေလို့ စက်ဆုပ်စရာကောင်းတာ၊ မကောင်းတာတွေမှန်သမျှ ရုပ်နာမ်မှာ ရှိနေတယ်၊ ရုပ်တွေနာမ်တွေမှာ မကောင်းတာတွေမှန်သမျှ အကုန်စုဝေးနေတာပဲ၊ ရောဂါတွေကလည်း ဒီခန္ဓာကိုယ်ကြီးမှာပဲ ရှိနေတာပဲ၊ ရောဂါကို အမျိုးစုံနေအောင် ရှိတာ၊ မလိုလားအပ်တဲ့ဟာတွေ ရောဂါတွေရှိနေတဲ့ဟာကြီးက ကျေနပ်စရာဘယ်ကောင်းမလဲ၊ ဒါကို 'ဒု'ဆိုတာ - စက်ဆုပ်စရာကောင်းတယ်, ရွံ့စရာကောင်းတယ်၊ မုန်းစရာကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုပြောတာ၊ 'ခ'ဆိုတာ ကိုယ်ထင်တဲ့အတိုင်း ဘာမှမဖြစ်ဘူး၊ ကိုယ်ကတော့ လှတယ်လို့ထင်ပေမယ့် မလှဘူး၊ မြဲမယ်လို့ထင်ပေမယ့် မမြဲဘူး၊ ချမ်းသာလို့ထင်ပေမယ့် မချမ်းသာဘူး၊ ကိုယ်ထင်တာတစ်ခုမှ မဟုတ်ဘူး၊ အထင်သာရှိတယ် ဘာမှမရှိဘူးဆိုတဲ့ အဓိပ္ပာယ်။)

“အဲဒီဒုက္ခဆိုတဲ့ ရုပ်နာမ်တရားကို ဘယ်သူကဖြစ်စေသလဲဆိုရင် တဏှာပဲ၊ တဏှာကို ဦးတည်ပြောပေမယ့် ကျန်တာတွေလည်း ဒုက္ခသမုဒယပဲ၊ တဏှာနဲ့တွဲဖက်လာရင် ဒုက္ခသမုဒယပဲ၊ ဒါကြောင့်မို့ အင်္ဂုတ္တရပါဠိ တိတ္ထာယတနသုတ်မှာကျတော့ 'ကတမံ ဒုက္ခံ အရိယသစ္စ' ဆိုတဲ့နေရာမှာ မြတ်စွာဘုရားက
စာမျက်နှာ-၁၅၀
ဘာကို ထည့်ဟောထားတုန်းဆိုလို့ရှိရင် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” “သင်္ခါရပစ္စယာ ဝိညာဏ်” ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီးတစ်ခုလုံးကို ဒုက္ခသမုဒယလို့ ထည့်ဟောထားတာနော်၊ အဲဒီပါဠိက တွေ့ရနည်းတယ်၊ တခြားနေရာမှာ သိပ်မတွေ့ချင်ဘူး၊ ဒါ သတိထားစရာတစ်ခုပဲ၊ တဏှာတစ်ခုတည်းတင် ဒုက္ခသမုဒယဆိုတာ ဦးတည်ချက်တစ်ခုအနေနဲ့ မြတ်စွာဘုရားက ဟောတာ။

အေး ကောင်းပြီ ဒုက္ခကိုလည်း သိရမယ်၊ ဒုက္ခသမုဒယကိုလည်း သိရမယ်၊ သစ္စာ ၄-ပါးကို ဟောတဲ့နေရာမှာ ဝိပဿနာဉာဏ်အနေနဲ့ ရှုရမှာကတော့ ဒုက္ခပဲ၊ ဒုက္ခဟာ ဝိပဿနာရဲ့ အာရုံအနေနဲ့ ဓမ္မာနုပဿနာမှာ ရှုရမယ်၊ အဲဒီလို ရှုတဲ့အခါ ဘာနဲ့ရှုရမလဲဆိုရင် ဒုက္ခနိရောဓဂါမိနီပဋိပဒါလို့ဆိုတဲ့ မဂ္ဂင် ၈-ပါးနဲ့ ရှုရမယ်၊ မဂ္ဂင် ၈-ပါး မိမိသန္တာန်မှာ လေ့ကျင့်ယူလို့ အစွမ်းထက်လာပြီဆိုရင် ဒုက္ခဆိုတဲ့ ကမ္မဋ္ဌာန်းအာရုံကို ကောင်းကောင်းကြီး မြင်တယ်။

ဆိုလိုရင်း ပြောကြပါစို့၊ ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ရှု၊ အဲဒီလို ရှုတဲ့အခါမှာ ရလဒ်က ဒုက္ခသမုဒယကို ဖယ်ရှားပြီး ဒုက္ခနိရောဓကို ရောက်သွားတယ်၊ တစ်ခုကိုဖယ်ပြီး တစ်ခုကို ရောက်သွားတယ်၊ ဒါက သဘာဝပဲလေ၊ နောက်တစ်ခု ယူမယ်ဆိုရင် ရှေ့တစ်ခုစွန့်ရမှာပဲ၊ ဘုန်းကြီးဝတ်မယ်ဆိုရင် လူ့ဘဝစွန့်ရမယ်၊ ဟိုဘက်ကမ်းသွားချင်ရင် ဒီဘက်ကမ်းကို စွန့်ရမယ်၊ တစ်ခုတော့ စွန့်ရမှာပဲ၊ အဲဒီလို တစ်ခုစွန့်ပြီး တစ်ခုယူတာ၊ ဒီပြင်ဟာ မပြောနဲ့ လမ်းလျှောက်တာတောင် ပထမခြေလှမ်း မစွန့်ဘဲနဲ့ ဒုတိယခြေလှမ်း လှမ်းလို့မရဘူး၊ စွန့်ရတာပဲ၊ အဲဒါလိုပေါ့ ဒုက္ခက သမုဒယကို ဖယ်ရှားပြီးတော့ ဒုက္ခနိရောဓဆိုတဲ့ နိဗ္ဗာန်ကို ရောက်ရှိသွားတာပဲ၊ သစ္စာ ၄-ပါးဆိုတာ တကယ်တော့ ဝိပဿနာကျင့်စဉ်ကို အကျဉ်းချုပ်ဟောတဲ့ တရားပါပဲ၊ ဝိပဿနာ ရှုချင်ရင် ဘာကိုရှုရမလဲ? ဒုက္ခသစ္စာကို ရှုရမယ်၊ ဘာနဲ့ရှုမလဲ?
စာမျက်နှာ-၁၅၁
မဂ္ဂသစ္စာနဲ့ ရှုမယ်၊ အဲဒီလိုရှုရင် ရလဒ်ကဘာလဲဆိုရင် ဒုက္ခကို ဖြစ်စေတတ်တဲ့ သမုဒယကို ဖယ်ရှားပြီးတော့ နိရောဓသစ္စာကို ရယူပိုင်ဆိုင်မယ်လို့ ဆိုလိုတယ်နော်၊ အဲဒီလို နောက်ဆုံး မြတ်စွာဘုရားက မဂ္ဂသစ္စာကို အကျယ်တဝင့် ဟောပြောပြီးတော့ မဟာသတိပဋ္ဌာနသုတ်ကြီးရဲ့ ဓမ္မာနုပဿနာအခန်းကို အခန်း ၅-ခန်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။

နိဂုံးပိုင်း

နိဂုံးချုပ်ပြီးတဲ့အခါကျတော့ မဟာသတိပဋ္ဌာနသုတ်ကြီးမှာ လာတဲ့အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်လို့ရှိရင် ဘာတွေရနိုင်တယ်ဆိုတာကို ဟောစာတမ်းအနေနဲ့ ထုတ်ပေးထားခဲ့တယ်။ အခုပြောတဲ့ နည်းစနစ်တွေအတိုင်း ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ - ဟောဒီနည်းစနစ်တွေအတိုင်း ၇-နှစ်လောက် မပျက်မကွက် ကျင့်လိုက်ပါတဲ့၊ ၇ နှစ်ဆိုတာ အများဆုံးပြောတာနော်၊ ၇-နှစ်ဆိုရင် ကြာလှချည်လားလို့ အောက်မေ့ချင်အောက်မေ့မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပျင်းတာကိုးနော်၊ ၇-နှစ်ကျင့်လို့ရှိရင် attainment ဟာ ရဟန္တာဖြစ်ချင်လည်း ဖြစ်မယ်၊ ဥပါဒါန်မကုန်သေးဘူးဆိုရင် အနာဂါမ်ဖြစ်မယ်တဲ့ ဒီလိုဟောတာ၊ မျက်မှောက်ဘဝမှာတင်ပဲ ၇-နှစ်ကျင့်မယ်ဆိုရင် ရဟန္တာရင်လည်း ဖြစ်မယ် (သို့မဟုတ်) လမ်းမဆုံးသေးလို့ရှိရင် အနာဂါမ်အဆင့် ရောက်မယ်တဲ့။

အဲလိုဟောပြီးတော့ မြတ်စွာဘုရားက ၇-နှစ်က ကြာတယ်လို့ပြောမယ့်ပုဂ္ဂိုလ်အတွက် ၆-နှစ်လောက်ကျင့်ရင် အဲဒီလိုဖြစ်နိုင်တယ်၊ ၆-နှစ်ကြာတယ်ထင်လို့ရှိရင်လည်း ၅-နှစ်ကျင့်ကြည့်၊ ၅-နှစ်ကြာတယ်ထင်လို့ရှိရင်လည်း ၄-နှစ်၊ တစ်နှစ်ပြီးတစ်နှစ်ပေးသွားတာနော်၊ စကတည်းက ထားလို့ရှိရင် ဘုန်းကြီးတို့
စာမျက်နှာ-၁၅၂
တတွေက လိုက်နာမှာမှ မဟုတ်တာကိုးနော်၊ ဒါကြောင့် မြတ်စွာဘုရားက အရှည်ကြီးကို အရင်ပြောပြီးမှ နည်းနည်းလျော့ပေးသွားတာ၊ မြတ်စွာဘုရားက ပါးနပ်တယ်လို့ ပြောရမှာပေါ့နော်။ အမြင့်ဆုံးကို အရင်တင်ထားတာ။ မြန်မာစကားလည်း ရှိတယ်လေ၊ 'ခါးလောက်တင်မှ ရင်လောက်ကျတယ်' ဆိုတဲ့ စကားရှိတယ်၊ ဒါ လေးပစ်တာနဲ့ ပတ်သက်ပြီး ပြောတဲ့စကားမျိုး၊ ချိန်သားကိုက်တဲ့အချိန်ကို ပြောတာ၊ ခါးလောက်တင်မှ ရင်လောက်ကျတယ် နို့မဟုတ်ရင် နော် ထွက်သွားမယ်လို့ ပြောတာနော်၊ အဲဒီမှာ ၇-နှစ်မကျင့်နိုင်ရင် ၆-နှစ်တော့ ကျင့်ပါ၊ ၆-နှစ်မကျင့်နိုင်ရင် ၅-နှစ်တော့ ကျင့်ပါ၊ ၅-နှစ်မကျင့်နိုင်ရင် ၄-နှစ်ကျင့်ပါ၊ ၄-နှစ် ထားလိုက်ပါဦးတဲ့ ၃-နှစ်၊ ၃-နှစ် ထားလိုက်ဦး၊ ၂-နှစ်၊ ၂-နှစ် ထားလိုက်ဦး ၁-နှစ်၊ ၁-နှစ် ထားလိုက်ဦး ၆-လ၊ တဖြည်းဖြည်းလျော့သွားလိုက်တာ၊ မြတ်စွာဘုရားက ၆-လကနေ တစ်ခါမှ ၅-လ၊ ၄-လ၊ ၃-လ၊ ၂-လ၊ ၁-လ၊ ၁-လ ထားလိုက်ဦး ၁၅-ရက်လောက် ကျင့်ကြည့်၊ ၁၅-ရက် ထားလိုက်ပါဦး တစ်ပတ်လောက် ကျင့်ကြည့်ပါတဲ့။ နောက်ဆုံး တစ်ပတ်ထက်တော့ မလျော့တော့ဘူး၊ တစ်ပတ်ထက်လျော့ပေးရင် လူက အတိုဆုံးကို လိုက်ဦးမှာပဲလေ၊ တစ်စက္ကန့်တို့ ဘာတို့ လိုက်ချင်လိုက်နေဦးမှာ၊ အဲဒီလို မလိုက်ရအောင် အနည်းဆုံး တစ်ပတ်လောက်တော့ ကျင့်ကြည့်ပါတဲ့၊ တစ်ပတ်ကျင့်ကြည့်ရင် ရဟန္တာ ဖြစ်နိုင်ပါတယ်တဲ့ (သို့မဟုတ်) အနာဂါမ်အဆင့်ထိ ရောက်နိုင်ပါတယ်လို့။

ဒီနည်းစနစ်အတိုင်း ကျင့်ဖို့ မြတ်စွာဘုရားက ဟောပြီး နောက်ဆုံးမှာ စထားတဲ့ စကားလေးနဲ့ နိဂုံးချုပ်လိုက်ပါတယ် - “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂါ သတ္တာနံ ဝိသုဒ္ဓိယာ သောက ပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ ယဒိဒံ
စာမျက်နှာ-၁၅၃
စတ္တာရော သတိပဋ္ဌာနာ” တဲ့၊ နိဂုံးမှာလည်း အစက စလာတဲ့အတိုင်းပါပဲ။

“သတ္တဝါတွေ စင်ကြယ်ဖို့အတွက် သတိပဋ္ဌာန်ဆိုတဲ့ ကျင့်စဉ်ဟာ တစ်ခုတည်းသော လမ်းကြောင်းပါပဲတဲ့။ လူ့လောကမှာ ကြုံတွေ့နေရတဲ့ သောကတွေ ပရိဒေဝတွေ ကျော်လွှားချင်တယ်ဆိုရင်လည်းပဲ ဒါဟာ တစ်ခုတည်းသော လမ်းကြောင်းပါပဲတဲ့။ ရံဖန်ရံခါဖြစ်စေ၊ နေ့စဉ်နဲ့အမျှဖြစ်စေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ၊ ဒေါမနဿတွေ၊ စိတ်မချမ်းမြေ့မှုတွေ၊ ကျော်လွှားချင်တယ်ဆိုရင် ချုပ်ငြိမ်းစေချင်တယ်ဆိုရင်လည်း ဟောဒီအကျင့်ဟာ တစ်ခုတည်းသော လမ်းကြောင်းပါပဲတဲ့။ နိဗ္ဗာန်ရောက်တဲ့ လမ်းကြောင်းကြီးကို တွေ့ချင်တယ်ဆိုရင်လည်း ဟောဒီကျင့်စဉ်ဟာ တစ်ခုတည်းသော လမ်းကြောင်းပါပဲ - တဲ့၊ နောက်ဆုံးမှာ နိဗ္ဗာန်ကို ကိုယ်တွေ့သိမြင်ပြီးတော့ နေနိုင်ဖို့ဆိုတာလည်းပဲ ဟောဒီကျင့်စဉ်ဟာ တစ်ခုတည်းသော လမ်းကြောင်းပါပဲလို့ မဟာသတိပဋ္ဌာန်သုတ်ကို နိဂုံးချုပ်ဟောကြားသွားတော်မူပါတယ်။

ဒါကြောင့်မို့လို့ လွန်ခဲ့တဲ့ ၄-ရက်ကရော ဒီကနေ့ရော အားလုံးပေါင်းလိုက်တဲ့အခါကျတော့ မဟာသတိပဋ္ဌာန်သုတ် အနှစ်ချုပ်ကို မြတ်စွာဘုရားက ဘယ်ပုံဟောခဲ့တယ်ဆိုတာကို အဋ္ဌကထာစကားတွေ အများကြီးမထည့်ဘဲ မြတ်စွာဘုရားက ဟောခဲ့တဲ့ ပါဠိတော်တွေကို နားလည်ရုံ ဘာသာပြန်ပြီးတော့ အကျဉ်းချုပ် ရှင်းလင်းဟောကြားတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်အပေါင်းတို့သည် ဒီတရားကိုနာပြီးတဲ့အခါမှာ တကယ့်မူရင်းဖြစ်တဲ့ မဟာသတိပဋ္ဌာနသုတ်ပါဠိတော်နဲ့ မြန်မာပြန် (သို့မဟုတ်) နိဿယကို ကိုယ်တိုင်ဖတ်ရှုကြည့်လို့ရပါတယ်၊ အဲဒါတွေကို ဖတ်ရှုနားလည်ပြီးတော့ မိမိတို့သန္တာန်မှာ အသိဉာဏ်တွေ ရင့်သန်အောင်လုပ်ဖို့ပါပဲ။ လက်တွေ့ကျင့်သုံးလိုက်နာခြင်းဖြင့် မြတ်စွာဘုရားကဟောကြား
စာမျက်နှာ-၁၅၄
ထားတဲ့ အကျိုးတွေကို ကိုယ်တွေ့ရရှိကြမှာ ဖြစ်တယ်လို့ ယုံကြည်ပြီး လိုက်နာကျင့်သုံးနိုင်ကြပါစေ ကုန်သတည်း။ ။

“သာဓု ... သာဓု ... သာဓု ...” 3xd3pczeelbzmz76j6py41lu9b7ulsv 22184 22183 2026-06-16T23:55:00Z Tejinda 173 22184 wikitext text/x-wiki {{header | title = မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[မဟာဒါန]] | previous2 = | next = [[မိတ်ကောင်း ဆွေကောင်း]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}

“သာဓု ... သာဓု ... သာဓု ...” 2vwl25yw4haakmn3uoy0b9a28fr96ox မိတ်ကောင်း ဆွေကောင်း 0 6387 22185 2026-06-17T03:37:12Z Tejinda 173 "{{header | title = မိတ်ကောင်း ဆွေကောင်း | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = မဟာသတိပဋ္..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22185 wikitext text/x-wiki {{header | title = မိတ်ကောင်း ဆွေကောင်း | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်]] | previous2 = | next = [[ယမမင်းကြီးရဲ့ ဆန္ဒ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

မိတ်ကောင်း ဆွေကောင်း
“လောကမှာ မိတ်ကောင်း ဆွေကောင်း ရှိဖို့ လိုတယ်” လို့ လူတွေက ပြောလေ့ရှိကြတယ်။ သို့သော် မိတ်ကောင်းဆွေကောင်းဆိုတာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးသာ မိတ်ကောင်း ဆွေကောင်းလဲဆိုတာ သိဖို့ အရေးကြီးတယ်။ မိတ်ကောင်းဆွေကောင်းရဲ့ အဓိပ္ပာယ်ကို ဖော်ထုတ်တဲ့အခါမှာ လွဲချော်မှုတွေ ရှိကောင်းရှိနိုင်တယ်။ သို့မဟုတ် မိတ်ကောင်းဆွေကောင်းကို သရုပ်ဖော်တဲ့အခါမှာ မပြည့်မစုံဖြစ်တာတွေ ရှိနိုင်တယ်ပေါ့။

စာမျက်နှာ-၂
မိတ်ကောင်း ဆွေကောင်း လိုအပ်တယ်ဆိုတာ ကိုတော့ လူတိုင်းလက်ခံတယ်။ ဘယ်လိုပုဂ္ဂိုလ်မျိုးဟာ မိတ်ကောင်းဆွေကောင်းလဲဆိုတာကျတော့ လူတိုင်းမသိနိုင်ဘူးပေါ့။

မိတ်ကောင်း ဆွေကောင်း လိုအပ်တယ်ဆိုတာ ဘယ်အတိုင်းအတာအထိ လိုအပ်သလဲဆိုတာ သိရအောင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်တွေကို လေ့လာကြည့်ကြရမယ်။

ဘဝကြီးပွားတိုးတက်ရေးအတွက် မိတ်ကောင်း ဆွေကောင်း လိုအပ်တာပဲ။ ဘဝသံသရာဝဋ်မှ လွတ်မြောက်ပြီး နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုဖို့ အတွက်လည်း မိတ်ကောင်း ဆွေကောင်း လိုအပ်တာပဲ။ လောကီရေးကိစ္စမှာဖြစ်ဖြစ်၊ လောကုတ္တရာ

စာမျက်နှာ-၃
ရေးကိစ္စမှာဖြစ်ဖြစ် မိတ်ကောင်း ဆွေကောင်းဟာ အင်မတန်မှအရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတယ်။ ကြီးပွားတိုးတက်ဖို့ အင်္ဂါနှစ်ရပ်

မြတ်စွာဘုရားက ကြီးပွားတိုးတက်ဖို့အတွက် အင်္ဂါနှစ်ချက် ဖော်ပြထားတာရှိတယ်။ လောက သံသရာ နှစ်ဖြာ ကြီးပွားရေးအတွက် -

(၁) မိတ်ကောင်းဆွေကောင်း ရှိရမယ်။ ဒါက - အပြင်ဘက်က အကြောင်းတရား (External Condition)။

နောက်တစ်ခုက -

(၂) ယောနိသော မနသိကာရ - မှန်မှန်ကန်ကန် နှလုံးသွင်းဆင်ခြင်တတ်မှု၊ ဒါက အတွင်းဘက် (Internal Condition)။ အပြင်အကြောင်းတွေက ဘယ်လောက်ကောင်း

စာမျက်နှာ-၄
ကောင်း ယောနိသော မနသိကာရဆိုတဲ့ အတွင်းအကြောင်း (Internal Condition) မကောင်းဘူး ဆိုရင် ကြီးပွားတိုးတက်မှု မရနိုင်ဘူး။ အတွင်း အပြင် ဘက်စုံကောင်းဖို့ လိုအပ်တယ်လို့ မြတ်စွာ ဘုရားက ဟောတယ်။
အတွင်းနဲ့အပြင် အကြောင်းနှစ်ခု
နေရာတိုင်းမှာ မြတ်စွာဘုရားဟာ အကြောင်းကို နှစ်ခုနှစ်ခု ဟောလေ့ရှိပါတယ်။ သေသေချာချာ သတိထားကြည့်ရင် သိနိုင်တယ်။ (External Condition)၊ (Internal Condition) - အပြင်ဘက်က အကြောင်းတရား၊ အတွင်းဘက်က အကြောင်းတရား။ အတွင်းနဲ့အပြင် “ဒီအကြောင်းနှစ်ခု ပေါင်းစပ်ပြီးမှ အကျိုးတရား ထုတ်လုပ်လို့ရတယ်။ ဒါ သိပ်သဘာဝကျတယ်။

စာမျက်နှာ-၅
” - ဆိုပါစို့၊ ဘုန်းကြီးတို့တစ်တွေ နေ့စဉ်စားနေတဲ့ အစာအာဟာရပဲ ကြည့်လေ။ ခန္ဓာကိုယ်ရဲ့ ကျန်းမာမှုလို့ ကံကြောင့်ဖြစ်တဲ့ 'ဩဇာ'လို့ ခေါ်ရတဲ့ အတွင်း အာဟာရရုပ်က အခြေအနေကောင်းဖို့ လိုတယ်။ အပြင်ဘက်က စားလိုက်တဲ့ အစာထဲမှာ ပါလာတဲ့ ဗဟိဒ္ဓဩဇာကလည်း ကောင်းဖို့လိုတယ်။ (အဇ္ဈတ္တဩဇာ - Internal nutriment, ဗဟိဒ္ဓဩဇာ - External nutriment)၊ ဒီအကြောင်းနှစ်ခု ပေါင်းစပ်မိတဲ့အခါကျတော့မှ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တယ်။

ဒါကြောင့်မို့ အပြင်အစားအစာလည်း လိုအပ်တယ်။ အတွင်းက ကျန်းမာရေး အခြေအနေကောင်းဖို့လည်း လိုအပ်တယ်။ ကျန်းမာရေး အခြေအနေမကောင်းတဲ့ ပုဂ္ဂိုလ်ကို ဘယ်လောက် အစာကျွေးနေနေ တိုးတက်ကောင်းမွန်လာမှာ မဟုတ်

စာမျက်နှာ-၆
ဘူးနော်။ အေး ... အဲဒါကြောင့်မို့ အတွင်းအပြင် နှစ်မျိုး၊ နေရာတကာမှာ လိုအပ်တယ်ဆိုတာ အင်မတန်မှ လက်တွေ့ကျတယ်။ ထို့အတူပဲ အပြင်ဘက်က မိတ်ကောင်းဆွေကောင်း ရှိရမယ်။ အတွင်းလူကိုယ်တိုင် မှန်ကန်တဲ့ နှလုံးသွင်းတရား ရှိရမယ်။ အဲဒီနှစ်ခု ပေါင်းစပ်ပြီဆိုရင် ကောင်းကျိုး ချမ်းသာတွေ ရနိုင်တယ်။ အပြန်အားဖြင့် နားလည်ရမှာက အပြင်ဘက်က မိတ်ကောင်းဆွေကောင်းမရှိဘူး၊ ကိုယ်ကိုယ်တိုင်ကလည်း ယောနိသော မနသိကာရ လို့ခေါ်တဲ့ မှန်ကန်စွာတွေးတောဆင်ခြင်တတ်မှု မရှိဘူးဆိုရင် အကျိုးဆုတ်ယုတ်လိမ့်မယ်ပေါ့။

မကောင်းကျိုးတွေဖြစ်ဖို့ အခြေခံအားဖြင့် ဒီ အကြောင်းတရားတွေပဲ။ ကောင်းကျိုးတွေ ရဖို့ဟာလည်း အခြေခံအားဖြင့် ဒီအကြောင်းနှစ်ခုပဲ။

စာမျက်နှာ-၇
အတွင်းနဲ့အပြင် အကြောင်းတရားနှစ်ရပ် ပေါင်းစပ်ပြီးတဲ့အခါမှ အကျိုးတစ်ခုဖြစ်ပေါ်တာ။ “မိစ္ဆာဒိဋ္ဌိဖြစ်မှု၊ သမ္မာဒိဋ္ဌိဖြစ်မှု”နဲ့ ပတ်သက်ပြီးတော့လည်း မြတ်စွာဘုရားက ဒီလိုပဲဟောထားတာ ရှိတယ်။

မိစ္ဆာဒိဋ္ဌိဖြစ်မှုနဲ့ သမ္မာဒိဋ္ဌိဖြစ်မှု နမူနာယူပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည်ဖို့ အတွက် ပြောကြရအောင်။ လူတစ်ယောက် အတွေးအခေါ်တွေ မှားသွားအောင်၊ အယူအဆတွေ မှားသွားအောင်၊ မှားယွင်းတဲ့ အတွေးအခေါ်တွေ ရသွားအောင် အကြောင်းဘယ်နှစ်မျိုး ရှိလဲ ဆိုရင် နှစ်မျိုးရှိတယ်တဲ့။

ပရတောဃောသ - သူတစ်ပါးထံမှ ဟောပြော ပို့ချတဲ့ အသံတွေ၊ ဒါ အပြင်ဘက်က အကြောင်း

စာမျက်နှာ-၈
တရားပဲ။ အယောနိသော မနသိကာရ - ကိုယ်တိုင်က မှန်မှန်ကန်ကန် ဆင်ခြင်နှလုံးသွင်းမှု မရှိဘူး၊ အတွင်းပိုင်းဆိုင်ရာအကြောင်း၊ အပြင်ဘက်ကလည်း မမှန်ကန်တဲ့ ဟောပြောချက်တွေကို နားထောင်မယ်။ ကိုယ့်ရဲ့ အတွင်းနှလုံးသွင်းမှု ကလည်း မှန်ကန်မှုမရှိဘူးဆိုရင် ဒီပုဂ္ဂိုလ်ဟာ မိစ္ဆာဒိဋ္ဌိ ဖြစ်သွားတာပဲ။ ဒါ မိစ္ဆာဒိဋ္ဌိဖြစ်ခြင်း အကြောင်းပဲ။

သမ္မာဒိဋ္ဌိ - မှန်ကန်တဲ့အမြင်ရဖို့ ဆိုတဲ့နေရာမှာလည်း အတွင်းအကြောင်းနဲ့ အပြင်အကြောင်း နှစ်ခု ပေါင်းစပ်ထားတာပဲ။ ပရတောဃောသ - မှန်မှန်ကန်ကန် ဟောပြောပို့ချတဲ့ တရားဓမ္မအသံကို ကြားနာမှုက အပြင်အကြောင်း၊ ယောနိသော မနသိကာရ - အသိဉာဏ်နဲ့ ဆင်ခြင်စဉ်စားနိုင်မှုက အတွင်းအကြောင်း၊ အဲဒီအကြောင်းနှစ်ခု

စာမျက်နှာ-၉
ပေါင်းစပ်လိုက်တဲ့အခါ သမ္မာဒိဋ္ဌိ လို့ခေါ်တဲ့ မှန်ကန်တဲ့အမြင်တစ်ခု ရရှိလာနိုင်တယ်။
အရှင်သာရိပုတ္တရာ သောတာပန်ဖြစ်ပုံ
အရှင်သာရိပုတ္တရာ မထေရ်မြတ် သောတာပန် ဖြစ်ပုံကြည့်ဦး။ သူ့ဘာသာသူဖြစ်သွားတာ မဟုတ်ဘူး။ အရှင်သာရိပုတ္တရာ အလောင်းဟာ ပင်ကိုယ်အနေအထားက အင်မတန်ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ပဲ။ ရဟန်းဖြစ်လာမှ ဉာဏ်ထက်တာ မဟုတ်ဘူး။ မွေးကတည်းက Intelligent ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ပဲ။ သို့သော် အပြင်ဘက်က အကြောင်းတစ်ခု လိုနေသည့်အတွက်ကြောင့် အမှန်တရားကို လိုက်ရှာတာ အတော်ကြာအောင် မတွေ့နိုင်ဘူး။

ကြည့် ..... ဘာကြောင့်လဲ၊ အတွင်းအကြောင်း ရှိသော်လည်း အပြင်အကြောင်း

စာမျက်နှာ-၁၀
တရားက အထောက်အပံ့မပေးသေးဘူး။ အရှင်အဿဇိနဲ့တွေ့တဲ့အခါ ဗုဒ္ဓဝါဒကို အကျဉ်းချုပ်ပြီး ယခုလို ရှင်းပြလိုက်တယ်။

“ယေ ဓမ္မာ ဟေတုပ္ပဘဝါ . . . တေသံ ဟေတုံ တထာဂတော”

“သဘာဝတရားတွေဟာ အကြောင်းကို အခြေခံတာဖြစ်တယ်။ အဲဒီတရားတွေရဲ့ အကြောင်းရင်း အစစ်အမှန်ကို မြတ်စွာဘုရားက ဟောတယ်” အဲဒီအကြောင်းတွေ ချုပ်ငြိမ်းသွားလို့ရှိရင် အကျိုးတရားတွေ ချုပ်ငြိမ်းသွားတယ်ဆိုတာကိုလည်းပဲ မြတ်စွာဘုရား ဟောတယ်။ ချုပ်ငြိမ်းတဲ့ နည်းလမ်းတွေကိုလည်း ဟောတယ်လို့ သစ္စာလေးပါးကို အကျဉ်းချုပ်လေး ပြောလိုက်တာ ဒုက္ခနဲ့ သမုဒယ ဒီနှစ်ခု နာလိုက်တာနဲ့ အရှင်

စာမျက်နှာ-၁၁
သာရိပုတ္တရာ အလောင်းဟာ သောတာပန်ပုဂ္ဂိုလ် ဖြစ်သွားတယ်။

“ပရတောဃောသ” လို့ခေါ်တဲ့ မှန်ကန်တဲ့ တရားသံက ပြင်ပအကြောင်းတရား။ မိမိကိုယ်၌က အသိဉာဏ်ရှိတယ်၊ မှန်မှန်ကန်ကန် စဉ်းစားတတ်တယ်ဆိုတဲ့ ယောနိသော မနသိကာရက အတွင်းအကြောင်း။ (External Condition + Internal Condition) အချိုးညီညီ ပေါင်းစပ်လိုက်တဲ့အခါ သောတာပန်အဆင့် ရောက်သွားတာ။ သံသယတွေ ကင်းသွားတယ်။ မှန်ကန်တဲ့ အမြင်တစ်ခုရသွားတယ်။ အဲဒါဆိုရင် မိတ်ကောင်း ဆွေကောင်းဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ မထင်ရှားပေဘူးလား။

သံသရာခရီးမှာ လျှောက်လှမ်းနေကြတဲ့ ပုဂ္ဂိုလ်တွေအတွက် မိတ်ကောင်း ဆွေကောင်းဆိုတာ

စာမျက်နှာ-၁၂
အင်မတန်မှ အရေးကြီးတယ်။ မိတ်ကောင်း ဆွေကောင်း အရေးကြီးသလို မိမိကိုယ်တိုင်ကလည်း ယောနိသော မနသိကာရ (Wise attention) = မှန်မှန်ကန်ကန်စဉ်းစားတတ်မှု ကိုယ်ပိုင်အသိဉာဏ်ရှိဖို့ကလည်း လိုအပ်သေးတယ်။ အဲဒီအခြေအနေနှစ်ရပ် ဟန်ချက်ညီညီ မိမိတို့သန္တာန်မှာ ရှိပြီဆိုရင် လောကကြီးပွားရေးပဲ လုပ်လုပ်၊ သံသရာကြီးပွားရေးပဲလုပ်လုပ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ တရားဓမ္မပဲကျင့်ကျင့် ဒီပုဂ္ဂိုလ်ဟာ အောင်မြင်မှာ သေချာတယ်။

အဲဒီတော့ ဘုန်းကြီးတို့တစ်တွေ အကျိုးကို လိုချင်လို့ရှိရင် အကြောင်းကို ဆည်းပူးရတယ်။ အကျိုးကို မှန်းမျှော်ရုံ မျှော်မှန်းပြီး အကြောင်းတရားကို နားမလည်ဘူးဆိုရင် ရပါ့မလား၊ မရဘူး။ အလင်းရောင် လိုချင်လို့ရှိရင် လျှပ်စစ်မီးဖြစ်စေ၊

စာမျက်နှာ-၁၃
ဖယောင်းတိုင်မီးဖြစ်စေ တစ်ခုခု ထွန်းရမယ် မဟုတ်လား။ အလင်းရောင် တိုက်ရိုက်ယူလို့ရတာ မဟုတ်ဘူး။ အလင်းရခြင်းရဲ့ အကြောင်းတစ်ခုကို ရှာဖွေရတာပဲ။

ထို့အတူပဲ ကောင်းကျိုးချမ်းသာကို ရချင်ပြီ ဆိုလို့ရှိရင် ကောင်းကျိုးချမ်းသာ ရနိုင်တဲ့ အကြောင်းတရားတွေ လုပ်ဖို့လိုတယ်။ မလုပ်ဘဲနဲ့ ဘာမှဖြစ်မလာဘူး။

လောကလူတွေကြည့်လေ .. မျက်စိက ကောင်းတာ၊ လှတာလေး၊ နှစ်သက်စရာလေး မြင်လိုက်လို့ရှိရင် ဟယ်-မင်္ဂလာရှိလိုက်တာ ပြောကြတယ်မဟုတ်လား။ နားက သာယာတဲ့အသံလေး ကြားလိုက်ရင်လည်း ဟယ်-မင်္ဂလာရှိလိုက်တာ။ ဒါ ဒီကနေ့ လောကလူတွေ ပြောနေကြတဲ့ မင်္ဂလာ နော်။ မြတ်စွာဘုရားက အဲဒီလို မဟုတ်ဘူး။

စာမျက်နှာ-၁၄
ကောင်းတာလေး မြင်တာနဲ့ မင်္ဂလာရှိတယ်လို့ မဟောပါဘူး။

ကောင်းတဲ့အသံလေး ကြားရရုံနဲ့ မင်္ဂလာရှိတယ်လို့ မဟောဘူး။ မင်္ဂလာရှိတယ်ဆိုတာ လူမိုက်ကို မပေါင်းတာ မင်္ဂလာရှိတယ်။ ပညာရှိ လူသူတော်ကောင်းကို ပေါင်းသင်းဆက်ဆံတာ မင်္ဂလာရှိတယ်လို့ (၃၈)ဖြာ မင်္ဂလာတရားကို ဟောသွားတာ။ မင်္ဂလာမှန်သမျှ အကြောင်းတရားတွေချည်းပဲ။ ဒါတွေလုပ်လို့ပြောတာနော်။ လုပ်ရမှာနဲ့ မလုပ်ရမှာ ဒီနှစ်ခုပဲ ပြောသွားတာ။

“အာရတီ ဝိရတီ ပါပါ။ မဇ္ဇပါနာ စ သံယမော” မလုပ်ရမည့်ဟာတွေကို ပြောထားတာနော်။ အာရတီ ဝိရတီ ပါပါ - မကောင်းတာတွေရှောင်တဲ့။ မဇ္ဇပါနာ စ သံယမော = အရက်သေစာ, ဘီယာ ဒါတွေ မသောက်နဲ့တဲ့။

စာမျက်နှာ-၁၅
ဟော ... ကိုယ်ကဒါတွေမရှောင်ဘူး၊ မင်္ဂလာ ရှိပါ့မလား၊ မရှိနိုင်ဘူး။ မင်္ဂလာဆိုတာ ဘာလဲဆိုရင် ဘဝမှာ အောင်မြင်ကြီးပွားမှုနဲ့ ချမ်းသာသုခ ရရှိမှုဟာ မင်္ဂလာပဲ။ အဲဒီ မင်္ဂလာတွေကို ရချင်ရင် မင်္ဂလာရကြောင်းတရားတွေကို ဆည်းပူးအားထုတ် ရမှာဖြစ်တယ်။

ယခု ဒီမှာလည်းပဲ မိတ်ကောင်းဆွေကောင်းဆိုတာ အကြောင်းတစ်ခုပဲ။ မိတ်ကောင်း ဆွေကောင်းနဲ့ ပတ်သက်ပြီး သံယုတ္တနိကာယ် သုတ္တန်တစ်ခုမှာ အရှင်အာနန္ဒာ စဉ်းစားကြည့်ပုံ ပြထားတယ်။ အရှင်အာနန္ဒာ စဉ်းစားပုံက လောကလူတွေ စဉ်းစားပုံနဲ့တူတယ်။

လောကလူတွေ စဉ်းစားတာ ဘယ်လိုစဉ်းစားလဲဆိုရင် အေး ... ဆရာသမားကလည်း သင်တာပဲ။ ဒါပေမယ့် ငါကိုယ်တိုင်လည်း ကြိုးစား

စာမျက်နှာ-၁၆
တယ်။ အဲဒီတော့ ဆရာသမားရဲ့ အထောက်အပံ့က (၅၀)ရာခိုင်နှုန်း။ ငါကိုယ်တိုင်ကြိုးစားတာက (၅၀)ရာခိုင်နှုန်း။ ငါ့ရဲ့ အောင်မြင်ကြီးပွားမှုမှာ ဆရာနဲ့ငါဟာ (၅၀+၅ဝ) ပဲလို့ ဒီလိုပြောကြတယ်။

တစ်ခါတုန်းက အရှင်အာနန္ဒာတွေးပုံဟာ လောကလူသားတွေတွေးပုံနဲ့ သွားတူတယ်။ သူက ဘယ်လိုမြတ်စွာဘုရားကို လျှောက်လဲဆိုတော့ “အရှင်ဘုရားတဲ့၊ ဟောဒီ ဗြဟ္မစရိယ-မြတ်သော အကျင့် ကျင့်နိုင်ဖို့၊ နိဗ္ဗာန်ချမ်းသာကို မျက်မှောက် ပြုဖို့ဆိုတဲ့ ကိစ္စမှာ “ကလျာဏမိတ္တ”ဆိုတဲ့ မိတ်ကောင်း ဆွေကောင်းဟာ တစ်ဝက်လောက် အကျိုးပြုနိုင်ပါတယ်” ဘုရားကို ဒီလိုလျှောက်တယ်။ (၅၀)ပဲ၊ ရာနှုန်းအပြည့်မဟုတ်ဘူး။ ရာနှုန်း (၅၀)။

စာမျက်နှာ-၁၇
အရှင်အာနန္ဒာက အဲဒီလိုလျှောက်တော့ မြတ်စွာဘုရားက မိန့်တယ်။ “အာနန္ဒာ၊ အဲဒီလို မပြောနဲ့”တဲ့။ “မင်းပြောတာ မမှန်ဘူး၊ မဟုတ်ဘူး”တဲ့။ “မြတ်သောအကျင့်ကိုကျင့်ပြီး ထူးခြားတဲ့ တရားဓမ္မကိုရတယ် ဆိုတဲ့ဟာ ရာနှုန်း(၁၀၀) အပြည့်၊ မိတ်ကောင်းဆွေကောင်းတွေရဲ့ အကျိုး ပြုမှုပဲ”တဲ့။

မိတ်ကောင်း ဆွေကောင်းက ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိသာပါတယ်။ မြတ်စွာဘုရားက ဘာအထောက်အထားပြတုန်း ဆိုလို့ရှိရင် “ကဲ၊ မင်းစဉ်းစားကြည့် အာနန္ဒာ၊ ငါဘုရားမပွင့်ဘူး ဆိုလို့ရှိရင် အခုလို တရားတွေ သိခွင့်ရပါ့မလား၊ မရဘူး”။

ဘုရားပွင့်လို့ တရားဟောလို့ ဒါတွေကို သိရတာဆိုတော့ ဒီသိရတဲ့အသိဟာ အကုန်လုံး

စာမျက်နှာ-၁၈
ဘုရားအပေါ်မှာ ရာနှုန်းအပြည့် တည်နေတာပဲ။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကိုကြည့်လေ။ မိတ်ကောင်းဆွေကောင်းကို ရှာမတွေ့နိုင်သည့်အတွက်ကြောင့် အမတ ဆိုတဲ့တရားကို ရှာတာ ရှာလို့ မတွေ့ဘူး။ အရှင်အဿဇိ နဲ့တွေ့တဲ့အခါ ကျမှ အမတ တရားတွေကိုတွေ့တယ်။ ဒါဟာ ရာနှုန်းပြည့် အရှင်အဿဇိရဲ့ အကျိုးပြုမှုပဲပေါ့။ အကယ်၍ အရှင်အဿဇိ မပါဘူး ဆိုလို့ရှိရင် လုံးဝမသိနိုင်ဘူးပေါ့။ အဲဒီတော့ မြတ်စွာဘုရားက မိတ်ဆွေကောင်းဟာ ရာနှုန်းပြည့် အကျိုးပြုတယ် လို့ ဟောတော်မူတယ်။ ဘုရား မပွင့်ဘူးဆိုလို့ရှိရင်၊ ဘုရားရဲ့ တရား မနာရလို့ရှိရင် သံသရာဝဋ်ဆင်းရဲထဲမှာ ဒုက္ခရောက်နေကြတဲ့ပုဂ္ဂိုလ်တွေ ဇရာတရားကလည်း မလွတ်နိုင်ဘူး။ မရဏတရားကလည်း မလွတ်နိုင်

စာမျက်နှာ-၁၉
ဘူး။ ဘုရားဟောကြားတဲ့ တရားကို နာရတဲ့ အတွက်ကြောင့် ဇရာ၊ မရဏမှ လွတ်ကြရတယ်။ ဒါကြောင့် ရာနှုန်းပြည့် အကျိုးပြုတယ်။

သုတ္တန်တစ်ခုမှာ အရှင်သာရိပုတ္တရာက ဒီစကားမျိုးကို မြတ်စွာဘုရားအား လျှောက်ဖူးတယ်။ အရှင်သာရိပုတ္တရာဆိုတာကတော့ မြတ်စွာဘုရား ပြီးရင် ဉာဏ်ပညာအထက်ဆုံးပုဂ္ဂိုလ်။ သူမြင်တာက မြတ်စွာဘုရား မြင်သလိုပဲမြင်တယ်။ လောကလူသားတွေလို မမြင်ဘူး။ မြတ်သော အကျင့်ကို ကျင့်ဖို့၊ တရားထူး တရားမြတ်ရဖို့ ဆိုတဲ့နေရာမှာ ကလျာဏမိတ္တဟာ လုံးဝရာနှုန်းပြည့် အကျိုးပြုပါတယ်ဘုရားလို့ မြတ်စွာဘုရားကို လျှောက်တော့ မြတ်စွာဘုရားက မှန်တယ်တဲ့။

အဲဒါကိုကြည့်မယ်ဆိုရင် နိဗ္ဗာန်ကို မျက်မှောက်ပြုမယ့် အရေးမှာ ကလျာဏမိတ္တ ဆိုတဲ့

စာမျက်နှာ-၂၀
ရှိဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ထင်ရှားတယ်။ အင်မတန်မှ အရေးကြီးတယ်လို့ ပြောရမှာပဲနော်။ အဲဒီလို နိဗ္ဗာန်ချမ်းသာလို သံသရာဝဋ်က လွတ်မြောက်တဲ့ ချမ်းသာသုခမျိုးရဖို့ ကလျာဏမိတ္တဟာ အရေးကြီးသေးတယ်။ ဒီလောက် အရေးပါတဲ့ ကိစ္စတောင် ကလျာဏမိတ္တ ပါရသေးတယ်။ သာမန် လောကီရေးကိစ္စတွေမှာလည်း ကလျာဏမိတ္တက အကျိုးပြုမယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်။ ဒါကြောင့်မို့ မိတ်ကောင်းဆွေကောင်းရှိဖို့ လိုတယ်ဆိုတာ အားလုံးက လက်ခံတယ်။ မိတ်ကောင်း ဆွေကောင်း ပေါင်းသင်းရမယ်လို့ အသိဉာဏ်ရှိတဲ့ လူတိုင်းကလက်ခံတယ်။

စာမျက်နှာ-၂၁
သို့သော် ကိုယ်ပေါင်းနေတဲ့ မိတ်ဆွေဟာ တကယ် မိတ်ကောင်းလား ဆွေကောင်းလားဆိုတာ လူတိုင်းမသိနိုင်ဘူး။ မိတ်ကောင်းထင်ပြီး ပေါင်းသင်း ဆက်ဆံနေကြတာတွေ အများကြီး ရှိတယ်နော်။ မိတ်ကောင်း ဆွေကောင်း မဟုတ်ဘူး၊ သို့သော်ကိုယ်က မိတ်ကောင်းဆွေကောင်း ထင်နေတယ်။ မိတ်ဆွေဆိုတာ အားကြီးတဲ့ မှီရာ အကြောင်းတစ်ခုပဲ။ “ဥပနိဿယပစ္စယော” လို့ မြတ်စွာဘုရားက ဟောထားတာရှိတယ်။

အေး ... မိတ်ကောင်း ဆွေကောင်းနဲ့ ပတ်သက်လို့ မြတ်စွာဘုရားက ထိုထိုသုတ္တန်မှာ ဟောထားတယ်။ အဲဒီ ထိုထို သုတ္တန်တွေမှာ ကြည့်လိုက်မယ် ဆိုလို့ရှိရင် မိမိတို့အနေနဲ့ မိတ်ကောင်းဆွေကောင်းကို ရွေးတတ်လာပါလိမ့်မယ်။ အဲဒီသုတ္တန်တွေကိုဖတ်ရှုလေ့လာခြင်း၊ နာယူ

စာမျက်နှာ-၂၂
မှတ်သားခြင်းဖြင့် “တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ပုဂ္ဂိုလ်တွေဟာ တို့အတွက် မိတ်ကောင်း ဆွေကောင်းလား”

ကိုယ်က မိတ်ကောင်းဆွေကောင်း ရှာတယ် ဆိုရင် ကိုယ်ကိုယ်တိုင်ကကော တစ်ဖက်သားရဲ့ မိတ်ကောင်း ဆွေကောင်းဖြစ်အောင် မလုပ်သင့်ဘူးလား၊ လုပ်သင့်တယ်နော်။ အေး ... အဲဒီ အပိုင်းကိုမေ့မနေကြနဲ့။ ကိုယ်ကတော့ မိတ်ကောင်း ဆွေကောင်းနဲ့ ပေါင်းသင်းချင်တယ်၊ ကိုယ်ပေါင်းတဲ့ ပုဂ္ဂိုလ်ရဲ့ မိမိကိုယ်တိုင် မိတ်ကောင်းဆွေကောင်း ဖြစ်ရမယ်၊ ဟုတ်ရဲ့လား။ Association မပေါင်းသင်း ဆက်ဆံရေးဆိုတာ တစ်ဖက်သတ်ကြည့်လို့မရဘူး။ နှစ်ဖက်စလုံးကြည့်ရမယ်။ နှစ်ဖက်စလုံး ကြည့်လိုက်လို့ရှိရင် ကိုယ်ကိုယ်တိုင်ကလည်း မိတ်ကောင်း

စာမျက်နှာ-၂၃
ဆွေကောင်း ဖြစ်ရမယ်။ ကိုယ်ပေါင်းတဲ့ မိတ်ဆွေကလည်း မိတ်ကောင်းဆွေကောင်း ဖြစ်ရမယ်။
မိတ်ကောင်းဆွေကောင်း အကဲခတ်နည်း
မိတ်ကောင်းဆွေကောင်းဆိုတာနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက အင်္ဂုတ္တရနိကာယ်မှာ မိတ္တသုတ်ဆိုပြီး ဟောထားတာရှိတယ်။ အဲဒီထဲမှာ ပေါင်းထိုက်တဲ့ မိတ်ဆွေကောင်းရဲ့ သွင်ပြင်လက္ခဏာ ဟောပြထားတယ်။ မိတ်ကောင်း ဆွေကောင်းဆိုတာ လူဆိုးလူကောင်းလိုပဲ၊ ရုပ်ပုံကြည့်ရုံနဲ့ သိပါ့မလား၊ မသိဘူး။ အပေါ်ယံကြည့်ရုံနဲ့ မသိနိုင်ဘူး။ ဒါကြောင့် ငယ်ငယ်တုန်းက ပြောကြတယ်၊ လူဆိုးဆိုတာ ချိုနဲ့မှ မဟုတ်တာ ဘယ်သိမလဲ၊ ချိုပေါက်နေရင်တော့ သိချင်သိမယ်။

စာမျက်နှာ-၂၄
ဒါကြောင့်မို့ လူမြင်ရုံနဲ့ ဒီလူဟာ လူဆိုးလား၊ လူကောင်းလားဆိုတာ သိလို့မရဘူး။ ဘာနဲ့သိနိုင်တုန်းဆိုရင် သူ့ရဲ့လုပ်ရပ်အပေါ် မူတည်ပြီး သိနိုင်တယ်။ သူလုပ်တဲ့လုပ်ရပ်ကိုကြည့်ပြီးတော့ ဒီလူဟာ လူဆိုးလား၊ လူကောင်းလားဆိုတာ ခွဲခြားသိရတယ်။

အဲဒီတော့ မိတ်ကောင်း ဆွေကောင်းနဲ့ ပတ်သက်ပြီးတော့ အကဲခတ်လို့ရတဲ့ အခြေအနေမျိုးတွေကို မြတ်စွာဘုရားက ဟောထားတာ ရှိတယ်။

(၁) “ဒုဒ္ဒဒံ ဒဒါတိ” တဲ့။ ပေးနိုင်ခဲတဲ့ အရာကို ပေးတတ်လို့ရှိရင် ဒါ မိတ်ကောင်းဆွေကောင်းပဲ။

(၂) “ဒုက္ကရံ ကရောတိ” တဲ့။ သာမန်ပုဂ္ဂိုလ်တွေ လုပ်ဖို့ မလွယ်နိုင်ဘူး၊ လုပ်နိုင်ခဲတဲ့ အရာကိုပဲ လုပ်ပေးတယ်ဆိုရင် မိတ်ကောင်းဆွေကောင်းပဲတဲ့။
စာမျက်နှာ-၂၅
ဒါဟာ ဘယ်လောက် ခဲယဉ်းတယ်ဆိုတာတော့ အတိုင်းအတာတစ်ခု ရှိတာပေါ့နော်။ နောက်တစ်ခုက -

(၃) “ဒုက္ခမံ ခမတိ” တဲ့၊ သည်းခံနိုင်ခဲတဲ့ အရာကိုလည်း သည်းခံတတ်တယ်ဆိုရင် ဒါ မိတ်ကောင်း ဆွေကောင်းပဲ။ မိတ်ကောင်း ဆွေကောင်းနဲ့ ပတ်သက်ပြီးတော့ ဒီမိတ္တသုတ်မှာ မြတ်စွာဘုရားက အင်္ဂါရပ်တွေကို ဟောထားတာ။

(၄) “အာပဒါသု န ဇဟတိ” ဒုက္ခရောက်နေတဲ့ အချိန်မှာ စွန့်ပြီးမသွားဘူးတဲ့။ အဲဒါ မိတ်ကောင်း ဆွေကောင်းပဲ။ ဒုက္ခရောက်လာတဲ့အခါမှာ စွန့်ပြီးတော့ မသွားရဘူး။ အခု လောကမှာ အများက ရာထူးလေးရှိရင် ပေါင်းကြတယ်၊ ပိုက်ဆံလေးရှိရင် ပေါင်းကြတယ်၊ ရာထူးလည်းကျသွားရော မမြင်ချင်ယောင် ဆောင်သွားရော။ ဆင်းရဲမွဲတေ ဒေဝါလီခံသွားတာနဲ့တစ်ပြိုင်နက် မမြင်ချင်ယောင်ဆောင် သွားတယ်၊ ဟုတ်ကဲ့လား။

စာမျက်နှာ-၂၆
အဲဒီအနေအထားမျိုးရှိတဲ့ လူအများစုကို ပြောတာပါ။ အများစုက ရာထူးကိုပေါင်းတာ။ ငွေကြေးဓနကို ပေါင်းတာ။ ဒီပုံစံမျိုး ဖြစ်တယ်ပေါ့။ ဒါ လောကကြီးရဲ့ သဘာဝကိုက ဒီအတိုင်းပဲ။ အဲဒီလို မိတ်ကောင်း ဆွေကောင်း ဖြစ်ဖို့ဆိုတာ အင်မတန်မှခက်တယ်။

မိတ်ဆွေကောင်းမပီသသူကို မပေါင်းနဲ့

ငယ်ငယ်တုန်းက ပုံပြင်လေးတစ်ခု ဖတ်ဖူးတယ်။ အင်မတန်မှ မှတ်သားစရာကောင်းတဲ့ ပုံပြင်လေးတစ်ခုပဲ။ သူငယ်ချင်းနှစ်ယောက် တောအုပ်ကြီးတစ်ခုကို ဖြတ်သန်းသွားတယ်။ တစ်ယောက်က လက်နက် ပါလာတယ်။ တစ်ယောက်က မပါဘူး။

စာမျက်နှာ-၂၇
လက်နက်ပါတဲ့လူက ဘာပြောလဲဆိုတော့ “ဒီနေရာမှာ ဆင်ပဲတွေ့တွေ့၊ ကျားပဲတွေ့တွေ့၊ ဘာကောင်ပဲတွေ့တွေ့ ငါကာကွယ်နိုင်တယ်ပေါ့၊ ဘယ်အကောင်မှ မကြောက်ဘူး” တဲ့။ သူက ဒီလိုပြောတယ်။ ပြောလို့မှမဆုံးသေးဘူး၊ လမ်းကွေ့တစ်ကွေ့မှာ ဝက်ဝံကြီးတစ်ကောင် ဘွားခနဲပေါ်လာတယ်။ ဝက်ဝံကြီးကိုလည်းတွေ့လိုက်ရော အဲဒီလူက သစ်ပင်ပေါ်တက်ပြေးပါလေရော။ လက်နက်မပါတဲ့ သူငယ်ချင်းကို ဒီအတိုင်းပစ်ထားခဲ့ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတယ်။

သူငယ်ချင်းလုပ်တဲ့သူက တိမ်းရှောင်ဖို့ အချိန်မရလိုက်ဘူး။ အဲဒီတော့ သူ့အသက်ကိုသူကာကွယ်တဲ့အနေနဲ့ လှဲအိပ်လိုက်ပြီး အသက်အောင့်ထားတယ်၊ အသေယောင်ဆောင်နေလိုက်ရတယ်။

စာမျက်နှာ-၂၈
အဲဒီအချိန်မှာ ဝက်ဝံကြီးက အနားနားလာပြီးတော့ ခေါင်းကိုလျှာနဲ့လျက်တယ်။ ဟိုနမ်း ဒီနမ်း လုပ်တယ်ပေါ့။ မလှုပ်ရဲဘူး၊ အသက်လည်း မရှူရဲဘူး၊ ငြိမ်နေရတယ်။ လှုပ်လိုက်ရင်တော့ အကိုက်ခံရမှာ သေချာတယ်။ အဲဒီလို ငြိမ်နေတဲ့အခါကျတော့ ဝက်ဝံကြီးက လက်နဲ့ဟိုဘက်ကပုတ်ကြည့်၊ ဒီဘက်ကပုတ်ကြည့်၊ အသေကြီးပဲ မှတ်ထင်ပြီး သူ့လမ်းသူ ဆက်သွားတယ်။

ဝက်ဝံကြီး ထွက်သွားပြီဆိုတော့မှ ဟိုသေနတ်နဲ့ကောင်က သစ်ပင်ပေါ်က ဆင်းလာတယ်။ ဆင်းလာပြီးတော့ “သူငယ်ချင်း၊ မင်းကို ဝက်ဝံကြီးက တိုးတိုး တိုးတိုးနဲ့ ဘာပြောသွားတာတုန်း” မေးသတဲ့။ ဟိုလူက ပြောတယ်။ “အေး၊ ဝက်ဝံကြီးက ငါ့နားနားကပ်ပြောသွားတာ မိတ်ဆွေသူငယ်ချင်း

စာမျက်နှာ-၂၉
မပီသတဲ့ အကောင်မျိုးကို နောင်ဘယ်တော့မှ မပေါင်းနဲ့တဲ့”။ “အရေးကြုံလာပြီဆိုရင် နှစ်ဦးပူးပေါင်းခုခံမယ် မလုပ်ဘဲနဲ့” “အဲဒီလို ကိုယ်လွတ်ရုန်းသွားတဲ့ အကောင်မျိုးကို ဘယ်တော့မှမပေါင်းနဲ့” လို့ ဝက်ဝံကြီးက သူ့ကိုမှာသွားတယ်လို့ ပြောသတဲ့။

“အာပဒါသု န ဇဟတိ” ဒုက္ခကြုံလာတဲ့အခါမှာ စွန့်ပြီးသွားတာမျိုးမဖြစ်စေရဘူးတဲ့။ အဲဒါ ဘုရားဟောထားတဲ့ မိတ်ကောင်းဆွေကောင်းပါပဲ။

ပေါင်းရမည့် ဆရာသမားကောင်း

အေး၊ ဆရာသမားတွေနဲ့ပတ်သက်ပြီး ပေးထားတဲ့ မိတ်ကောင်းဆွေကောင်း အင်္ဂါရပ်တွေက ဘာတုန်းဆိုရင် -

စာမျက်နှာ-၃၀
“ပိယော ဂရု ဘာဝနီယော၊ ဝတ္တာ စ ဝစနက္ခမော”။ ဆရာတင်ပြီး ကိုးကွယ်မယ်ဆိုရင် အဲဒီအရည်အသွေးတွေ ရှိမရှိ ကြည့်ရမယ်တဲ့။

မိတ်ကောင်း ဆွေကောင်းဆိုတာ -
(၁) “ပိယော” ချစ်ခင်လေးစားလောက်တဲ့ သီလ၊ သမာဓိ၊ ပညာ အရည်အသွေးတွေ ရှိရမယ်။
(၂) “ဂရု” လေးစားလောက်တဲ့ ကိုယ်ကျင့်တရား ရှိရမယ်။
(၃) “ဘာဝနိယော” ချီးမွမ်းလောက်တဲ့ ကိုယ်ကျင့်တရား ရှိရမယ်။ သို့မဟုတ် မေတ္တာဘာဝနာပွားတဲ့ မေတ္တာစိတ်ဓာတ်ထားတာ ရှိရမယ်။
(၄) “ဝတ္တာ” မကောင်းရင်လည်း ပွင့်ပွင့်လင်းလင်းပြောတတ်တယ်၊ ဆုံးမတတ်တယ်၊ အကြံပေးတတ်တဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။

စာမျက်နှာ-၃၁
(၅) “ဝစနက္ခမော” အပြစ်တွေ့လို့ သူ့ကို သတိပေးပြောကြားရင်လည်း လက်ခံတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။

တချို့က သူများကိုတော့ ကိုယ်ကဆုံးမတတ်တယ်။ ကိုယ့်ကို ဆုံးမရင်တော့ ဘာပြောလဲ၊ “လျှာမရှည်နဲ့တဲ့” ဟုတ်လား။ ကိုယ့်ကို လာပြောရင် မကြိုက်တဲ့လူက ပိုများတယ်နော်။ အဲဒါမျိုး မဖြစ်စေရဘူးတဲ့။

“ဝတ္တာ” ကိုယ်ကလည်း ဆုံးမတတ်ရမယ်။ “ဝစနက္ခမော” သူက ပြောလို့ရှိရင်လည်း လက်ခံရမယ်။ အဲဒီအချက်က အင်မတန်ခက်တယ်။ ဘာဖြစ်လို့ ခက်တာတုန်းဆိုရင် လူတွေမှာ မာန ရှိတယ်။ မာနရှိသည့်အတွက်ကြောင့် ကိုယ့်ထက်ငယ်တဲ့ပုဂ္ဂိုလ်ကပြောရင် လက်မခံဘူး။ ကိုယ့်အောက်လူကပြောရင် ရန်သူပဲ။

စာမျက်နှာ-၃၂
အရှင်သာရိပုတ္တရာရဲ့ စိတ်ဓာတ်

ဒီနေရာမှာ အရှင်သာရိပုတ္တရာရဲ့ စိတ်ဓာတ်ဟာ အင်မတန်မှ အတုခိုးစရာကောင်းတယ်။ ပညာရှိပီသတယ်ပေါ့။ ဘယ်လို ပညာရှိပီသတုန်းဆိုရင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ တစ်ခါတုန်းက သင်္ကန်းရုံထားတာလေးက မညီမညာ တွဲလောင်းလေးကျနေတော့ ကိုရင်လေးတစ်ပါးက လျှောက်တယ်တဲ့။

“အရှင်ဘုရား၊ ဟောဒီမှာ သင်္ကန်းလေး တွဲလောင်းလေးကျနေတယ်။” အရှင်သာရိပုတ္တရာ မထေရ်မြတ်က ကိုရင်လေးပြောတဲ့အတိုင်း ဟုတ်နေတော့ သင်္ကန်းလေးကို သူပြင်ရုံပြီး လက်အုပ်လေးချီပြီး “ညီသွားပါပြီလား” လို့ ပြောသတဲ့။ “ကျေးဇူးတင်တယ် ကိုရင်၊ ကျေးဇူးတင်တယ်” လို့ ကိုရင်ပေါက်စလေးက သတိပေးတာကို လက်ခံ

စာမျက်နှာ-၃၃
တယ်။ လက်ခံပြီးတော့ သံဃပရိသတ်ကြားထဲမှာ ဘာပြောလဲဆိုရင် -

“ဒီကနေ့မှ ကိုရင်ဖြစ်လာပြီး အသက်အရွယ်ကလည်း (၇) နှစ်ပဲ ရှိသေးတယ်။ အဲဒီ (၇) နှစ် အရွယ် ကိုရင်လေးက သူ့ကို ဆုံးမဩဝါဒပေးမယ်ဆိုရင်တောင် ဦးထိပ်ပန်ဆင်ပါ့မယ်” လို့ ဒီလိုပြောတာနော်။ ဒါ... စံနမူနာယူရမှာပဲ။

အဲဒီတော့ မိတ်ကောင်း ဆွေကောင်းကို အင်မတန် တန်ဖိုးထားတယ်ဆိုတဲ့ အဓိပ္ပာယ် ပေါ်တယ်ပေါ့။ အေး... ဟုတ်ပြီ၊ “ဝတ္တာ ဝစနက္ခမော” သူများက ဆုံးမရင်လည်း လက်ခံနိုင်ရမယ်။ အဲဒီလက်ခံနိုင်တာလည်းပဲ မိတ်ကောင်း ဆွေကောင်းရဲ့ အင်္ဂါရပ်ပဲ။ နောက်တစ်ခုက (၆) “နော စ ဌာနေ နိယောဇကော” သူများကို ချောက်မတွန်းရဘူး၊ များသောအားဖြင့် လူတွေက

စာမျက်နှာ-၃၄
သူများကိုချောက်တွန်းတတ်တဲ့ အလေ့အထလေး ရှိတယ်ပေါ့။ ချောက်တွန်းတယ်ဆိုတာ မကောင်းမှန်းသိလျက်နဲ့ တွန်းပို့တာမျိုးပေါ့။ အဲဒါမျိုးမလုပ်တဲ့ ဆရာသမားမျိုးကို ရွေးပြီးတော့ ကိုးကွယ်ပါတဲ့။ “ပိယော ဂရု ဘာဝနိယာ၊ ဝတ္တာ စ ဝစနက္ခမော” အဲဒီပုဂ္ဂိုလ်မျိုးကို ကိုးကွယ်ပါ။ ထို့အတူပဲ လောကမှာလည်း အဲဒီလို မိတ်ဆွေတွေရှိတယ်။

မပေါင်းသင်းရတဲ့ မိတ်ဆွေတုလေးယောက်

အဲဒီ မိတ်ဆွေဆိုတဲ့အထဲမှာ မိတ်ဆွေမဟုတ်ဘဲနဲ့ မိတ်ဆွေယောင် ထင်နေရတဲ့ ပုဂ္ဂိုလ်မျိုးက လေးမျိုးရှိတယ်။ မြတ်စွာဘုရားသခင်က သိင်္ဂါလောဝါဒ သုတ္တန်မှာ သိင်္ဂါလ သတို့သားကို ဆုံးမဩဝါဒပေးတဲ့အနေနဲ့ ဟောထားတယ်။ “မိတ္တပတိရူပက” မိတ်ဆွေတုတဲ့။ လောကမှာ

စာမျက်နှာ-၃၅
ရွှေအစစ်ကို တုထားတဲ့ ရွှေတုရှိသလို မိတ်ဆွေအစစ်ကို တုနေတဲ့ “မိတ်ဆွေအတု” ရှိသေးတယ်။ ဒါ သတိထားရမယ်။ သတိထားဆိုတာ ကိုယ်တိုင်ကလည်း မိတ်ဆွေတု မဖြစ်စေနဲ့။ ကိုယ်ပေါင်းတဲ့ ပုဂ္ဂိုလ်ကလည်းပဲ မိတ်ဆွေတု မဖြစ်စေရဘူး။

အဲဒီတော့ မိတ်ဆွေအတုဆိုတာ ဘာလဲတဲ့။ မိတ်ဆွေအတုက (၁) “အညဒတ္ထုဟရ” တဲ့။ “အညဒတ္ထုဟရ” ဆိုတာ ကိုယ့်ဘက်က တစ်ဖက်သတ် ကိုယ်ပေါင်းသင်းတဲ့ပုဂ္ဂိုလ်ထံက ဘာဖြစ်ဖြစ် ရအောင်ယူတတ်တယ်။ ဟိုဟာလေးတောင်းမယ်၊ ဒါလေးတောင်းမယ်။ ဒါလေးယူမယ်၊ ဟိုဟာလေးယူမယ်၊ အမြဲတမ်း ရအောင်ယူတတ်တယ်။ အဲဒါကို “အညဒတ္ထုဟရ” တဲ့။ သူကချည်းပဲ ယူသွားတာ။ အဲဒီလို မိတ်ဆွေမျိုးကလည်း လောကမှာ ရှိသေးတယ်။

စာမျက်နှာ-၃၆
နည်းနည်းပါးပါးလေးပေးပြီး များများယူသွားတာ။ ဟင်းလေးတစ်ခွက်လာပေးပြီး ဆန်တစ်ပြည်လောက်ယူသွားတာ၊ ဟုတ်လား။ ကိုယ့်ဆီက များများယူသွားတာ။ သူကပေးတော့ နည်းနည်းလေးပေးတယ်။

လူတွေဟာ နည်းနည်းလေးပေးပြီးတော့ များများရအောင် ယူသွားတတ်တယ်။ သူကိုယ်တိုင် ဒုက္ခရောက်နေပြီဆိုလို့ရှိရင် အကူအညီရဖို့အတွက် တစ်ဖက်သားကို သိပ်ကျိုးနွံတယ်။ တစ်ဖက်သားကို သနားလာအောင် ပေါင်းတတ်တယ်။ “အညဒတ္ထုဟရ” မိတ်ဆွေတု။

သူ ဒုက္ခရောက်နေတဲ့အချိန်ဆိုလို့ရှိရင် “အစ်ကိုကြီး အားကိုးပါတယ်၊ အစ်မကြီး အားကိုးပါတယ်” နဲ့ ကျလောက်အောင်ပြောပြီး ပေါင်းတတ်တယ်။ သူ့အကျိုးသူမျှော်ပြီး အမြဲတမ်းအပေါင်း

စာမျက်နှာ-၃၇
အသင်း လုပ်တတ်တယ်။ အဲဒီပုဂ္ဂိုလ်မျိုးကို “အညဒတ္ထုဟရ” မိတ်ဆွေလို့ ခေါ်တယ်။

အဲဒီမိတ်ဆွေမျိုးဟာ မိတ်ဆွေအတုပါတဲ့။ မပေါင်းလေနဲ့၊ ဝေးဝေးကရှောင်။ ကိုယ်တိုင်လည်း ဒါမျိုးမဖြစ်စေနဲ့လို့ ပြောတာ။ နောက်တစ်ခုက ဘာလဲဆိုရင် - (၂) “ဝစီပရမ” တဲ့။ လက်မပါဘူး။ အပြောသက်သက်ပဲ။ အပြောနဲ့ လောကွတ်လုပ်တတ်တဲ့ မိတ်ဆွေမျိုးတဲ့။

ဒါ... လောကကြီးမှာ အများကြီးရှိပါတယ်။ သူက လောကွတ်လုပ်တာ ဘာနဲ့လုပ်တုန်းဆိုရင် အတိတ်နဲ့လောကွတ်လုပ်တယ်။ အနာဂတ်နဲ့

စာမျက်နှာ-၃၈
လောကွတ်လုပ်တယ်။ ဆိုပါစို့၊ အိမ်တစ်အိမ်သွားတယ်၊ “ဟာ သူငယ်ချင်းကွာ၊ မင်း နောက်ကျလိုက်တာကွာ။ မနေ့ကလာရင် ငါ့အိမ်မှာ ကြက်သားဟင်းချက်ထားတာ၊ အခုတော့ ချဉ်ရည်ဟင်းပဲ ရှိတော့တယ်။” ချက်မချက်တော့ မသိဘူး၊ မနေ့ကတော့ အိမ်မှာ ကြက်သားဟင်း၊ အဲဒါကို ဟိုလူက မစားရဘူး။ မစားရဝခမန်းပြောတယ်။ ဟော၊ မနေ့ကဟာနဲ့ ဧည့်ခံလွှတ်လိုက်တာပဲ။

တစ်ခါတရံ ဟိုမနှစ်ကအရာနဲ့ ဧည့်ခံလိုက်တယ်။ “ဟိုမနှစ်က ငါစီးပွားဖြစ်တုန်းက မင်းကို ငါမျှော်လိုက်တာ မင်းမလာဘူး။ အခုတော့ ငါလည်း ဒုက္ခရောက်နေတယ်ကွာ”။ ဟော... ပြီးခဲ့တဲ့နှစ်ကဆိုတော့ ဘာမှ မပေးရဘူးလေ။ ဒါပေမဲ့ ဟိုလူက ဝမ်းသာသွားတယ်။ “ဪ... ဒီလူ ငါ့အပေါ် စေတနာရှိသားပဲ” လို့ ထင်သွားတယ်။ အဲဒါမျိုးကို “ဝစီပရမ” လို့ ခေါ်တယ်တဲ့။ အပြောသက်သက်သာဖြစ်တယ်၊ လက်မပါဘူး။

စာမျက်နှာ-၃၉
အနာဂတ်နဲ့ ဧည့်ခံတယ်ဆိုတာ ဘာတုန်း။ “အေး နောက်နှစ်ခါကျတော့ မင်းလာခဲ့ကွာ၊ ဒီအချိန်လာခဲ့။ မင်းလိုချင်တာတွေ အကုန်ရစေမယ်”၊ နောင်နှစ်ခါသွားရင်တော့ ရချင်မှရလိမ့်မယ်။ ဒါပေမဲ့ နောက်နှစ်ခါနဲ့ ပြောလိုက်တယ်။ အဲဒါ အနာဂတ်နဲ့ ဧည့်ခံတာလို့ ခေါ်တယ်။ အဲဒီလို အနာဂတ်နဲ့ဧည့်ခံတဲ့ ပုဂ္ဂိုလ်ကလည်း မိတ်ဆွေအတုပါတဲ့။ အဲဒီပုဂ္ဂိုလ်မျိုးကိုလည်း သတိထားရမယ်နော်။

နောက်ပြီးတော့ အကျိုးမရှိတာနဲ့ လောကွတ်လုပ်တတ်တာလဲရှိတယ်။ မိတ်ဆွေသူငယ်ချင်းတစ်ယောက်ကိုတွေ့ပြီဆိုလို့ရှိရင် “သူငယ်ချင်း လာကွာ၊ မင်းဝတ်ထားတဲ့ အဝတ်ကလည်း မကောင်းဘူး၊ ငါလည်း ဒီတစ်ထည်တည်းရှိလို့ကွ၊

စာမျက်နှာ-၄၀
နို့မို့မင်းကို ငါပေးပါတယ်” ပြီးတော့လည်း မပေးဘူး မဟုတ်လား။

ငွေသွားချေးလို့ရှိရင်လည်း “ငါ့မှာ ဒီနှစ်ကြပ်နေလို့ကွာ၊ နို့မို့ ငါပေးပါတယ်။ ငါ့လည်း ကုန်ထဲမှာ မြုပ်နေလို့ ငါမပေးနိုင်သေးဘူးကွာ”။ ပြောသာပြောတာ တကယ်စိတ်ထဲကမပါဘူး။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို မိတ်ဆွေတု “ဝစီပရမ” လို့ခေါ်တယ်။

ပစ္စုပ္ပန်နဲ့ကျတော့ အပျက်ကိုပြတယ်။ “သူငယ်ချင်း ငါသွားစရာရှိလို့ မင်းသားလေး ငါ့ခဏငှားစမ်းပါ” “ဟာ ငါ့ကား ရှော့ဘားမကောင်းလို့ကွ၊ ဒီနေ့ ဝပ်ရှော့ပို့ရမယ်” ဆိုပြီး ငြင်းလိုက်တယ်။ တကယ်တော့ ကောင်းချင်လည်း ကောင်းနေမှာပေါ့နော်။ ကားက ဘာဖြစ်နေလို့ ခရီးဝေးသွားလို့ မရသေးဘူး၊ သို့မဟုတ် ငါ့ကားက ဝပ်ရှော့ထိုးထားတယ်၊ ဟုတ်ဟုတ် မဟုတ်ဟုတ်ပေါ့။

စာမျက်နှာ-၄၁
ပစ္စုပ္ပန်မှာ အပျက်ပြပြီးပြောတဲ့ မိတ်ဆွေမျိုးဟာ “ဝစီပရမ” မိတ်ဆွေမျိုး။ ဒါ လောကကြီးမှာ ကြုံရတတ်တယ်။ အဲဒီ မိတ်ဆွေကတော့ မိတ်ဆွေအတုပါတဲ့။

နောက်တစ်ခုကတော့ - (၃) “အနုပိယဘာဏီ” တဲ့။ အနုပိယဘာဏီဆိုတာ ဘယ်တော့မဆို အကြိုက်ကို လိုက်ပြောတတ်တဲ့မိတ်ဆွေ။ သူ့အကြိုက်အတိုင်း လိုက်ပြောတာ၊ ကောင်းလဲ လိုက်ပြောတာပဲ၊ မကောင်းလဲ လိုက်ပြောတာပဲ။ အဲဒီ မိတ်ဆွေမျိုးဟာ မိတ်ဆွေတု။

ဘယ်လိုအကြိုက်လိုက်ပြောတုန်းဆို မကောင်းတာပြောလည်း “အေး... ကောင်းတယ် ကောင်းတယ်”၊ ကောင်းတာပြောလည်း “အေး... ကောင်းတယ်” ဟိုတစ်ဖက်သားအကြိုက်ကို လိုက်

စာမျက်နှာ-၄၂
ပြောတာ။ ဘယ်တော့ဖြစ်ဖြစ် အကောင်းဘက်ကနေလိုက်ပြော၊ မကောင်းမှုတွေလုပ်လည်း “ဟာ ကောင်းတာပေါ့”၊ ကောင်းတာတွေလုပ်လည်း “ဟာ... ကောင်းတာပေါ့”။ ဘယ်ဟာဖြစ်ဖြစ် သူကြိုက်တာ သူပြောတဲ့ စကားသံနောက် လိုက်ပြီးတော့ သူ့အကြိုက်လိုက်ပြောတဲ့ မိတ်ဆွေမျိုးကလည်း မိတ်ဆွေကောင်း မဟုတ်ဘူးတဲ့။ ဒါတွေကိုလည်း လူတွေက ပေါင်းသင်းကြတာပဲ။ ဘာဖြစ်လို့တုန်း၊ ကိုယ့်သဘောနဲ့ အံကျဖြစ်နေတာကိုး။ အဲဒီပုဂ္ဂိုလ်မျိုးဟာ လူရှေ့ကျတော့ ချီးမွမ်းတယ်။ “ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။ မင်း သိပ်တော်တာပေါ့” ဘာညာနဲ့ဆိုပြီး ဒီလူလည်းထွက်သွားရော မေးငေါ့ကျန်ခဲ့တယ်။ ဒီကောင်လည်း

စာမျက်နှာ-၄၃
ဒီအတိုင်းပဲ၊ ဒီကောင်လည်း ဘယ်ဟုတ်မလဲ၊ ဒါမျိုးနော်။ လူနှစ်ယောက် အတင်းပြောကြတယ်။ အခြားလူတစ်ယောက်အကြောင်းပြောကြတယ်။ အခြားလူတစ်ယောက်အကြောင်း မကောင်းတာတွေပြော။ တစ်ယောက်က ထသွား၊ “အဲ... လုပ်စရာရှိသေးတယ်၊ ပြန်လိုက်ဦးမယ်” ဟိုကျန်တစ်ယောက်က ဘာလုပ်လဲဆို မေးထိုးပြီးကျန်ရစ်တယ်။ သူလည်း အတူတူပါပဲ။ ဒါမျိုးက “အနုပိယဘာဏီ” တဲ့။ ရှေ့တင်ကောင်းတယ်၊ ကွယ်ရာကျတော့ အတင်းပြောတယ်။ အဲဒီလူလည်း မိတ်ဆွေကောင်း မဟုတ်ဘူးတဲ့။

နောက်တစ်ခုကတော့ - (၄) “အပါယသဟာယ” တဲ့။ ပျက်စီးဖို့အတွက် အပေါင်းအသင်းဖြစ်နေတဲ့ ပုဂ္ဂိုလ်တဲ့။ ဘာတုန်း

စာမျက်နှာ-၄၄
ဆိုရင် အေး... ဘီယာဆိုင်သွားမယ်ဆိုရင် လိုက်မယ်၊ တရားပွဲဆိုရင် မလိုက်ဘူး။ ဘီယာဆိုင်၊ အရက်ဆိုင်သွားမယ်၊ အေး... လိုက်မယ်၊ နောက်ပြီး သောက်ဖော်သောက်ဖက်၊ အဲဒါမျိုးကို “အပါယသဟာယ” လို့ ခေါ်တယ်။ နောက် အချိန်မတော် အချိန်တော် ထွက်လည်ဖို့ ခေါ်ရင်လည်း လိုက်မယ်။ အဲဒီဘက်မှာကျ စိတ်ဝင်စားတယ်။ ဘုရားသွား ကျောင်းတက်ကျတော့ မလိုက်ဘူး။ ဘာလုပ်စရာရှိသေးလို့တို့၊ ညာလုပ်စရာရှိသေးလို့တို့နော်။ မအားသေးလို့၊ အလုပ်ကတော့ ဘယ်တော့မှ မအားပါဘူးနော်။ အလုပ်အားတယ်ဆိုတာ ဘယ်တော့မှ မရှိဘူး။ အလုပ်ဆိုတာ ကိုယ်အားမှ အားတာလေ။

အေး... နောက်တစ်ခုက ပွဲလမ်းသဘင် သွားကြည့်ရအောင် ခေါ်ရင်လိုက်တယ်။ နောက်

စာမျက်နှာ-၄၅
တစ်ခုက ချဲထိုးရအောင်၊ (၂) လုံးထီထိုးရအောင်၊ ဘယ်နေရာသွားပြီး ဖဲရိုက်ရအောင်ဆိုရင် လိုက်တယ်။

အဲဒီလိုကိစ္စမျိုးမှာ လိုက်လျောတဲ့၊ အဖော်ပြုတဲ့ မိတ်ဆွေမျိုးဟာ “အပါယသဟာယ” လို့ခေါ်တယ်။ အဲဒီမိတ်ဆွေမျိုးကလည်း မိတ်ဆွေအစစ် မဟုတ်ပါဘူးတဲ့။ ဒီပုဂ္ဂိုလ်တွေကို ပေါင်းခြင်းဖြင့် ပျက်စီးသွားနိုင်ပါတယ်တဲ့။ မြတ်စွာဘုရားက အဲဒီပုဂ္ဂိုလ်မျိုးတွေကို မိတ်ဆွေလို့ မခေါ်ဘူး။ “အမိတ္တရန်သူ” လို့တောင် သတ်မှတ်တယ်။ ဘာကြောင့် ရန်သူလို့ သတ်မှတ်လဲဆိုရင် ပျက်စီးဆုံးရှုံးဖို့အတွက် ဖြစ်တာကိုး။ ပထမတော့ တတွဲတွဲနေတာ ဟုတ်သယောင်ရှိတယ်၊ သို့သော် ကိုယ့်ဘဝပျက်စီးဖို့ပဲ မဟုတ်လား။ အဲဒါမျိုးကို “အပါယသဟာယ” လို့ခေါ်တယ်။

စာမျက်နှာ-၄၆
အဲဒီလို မိတ်ဆွေမျိုးကလည်း လောကမှာ အများကြီး။

အေး... အားလုံး (၄) မျိုးရှိတယ်လို့ မြတ်စွာဘုရားက ဟောထားတယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုး ကိုယ်တိုင်လည်း မဖြစ်သင့်ဘူး။ ကိုယ်ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်မှာလည်း ဒါမျိုးကို မိတ်ဆွေလို့ မသတ်မှတ်သင့်ဘူးပေါ့။

ဒါဖြင့် ဒီလိုမပေါင်းသင်းထိုက်တဲ့ မိတ်ဆွေတုတွေ ရှိနေတော့ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ပေါင်းရမလဲဆိုရင် မြတ်စွာဘုရားက ပေါင်းရမည့်ပုဂ္ဂိုလ်ကို ဟောထားတယ်။

စာမျက်နှာ-၄၇
မိတ်ဆွေကောင်းများ

“သုဟဒမိတ္တ” တကယ့်ကို စိတ်နှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်။ စိတ်နှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်ကို “သုဟဒ” လို့ခေါ်တယ်။

စိတ်နှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုဟာတုန်းဆိုရင် -
(၁) “ဥပကာရ” ကျေးဇူးပြုတတ်တဲ့ မိတ်ဆွေ။ ကိုယ့်ရဲ့ အပေါင်းအသင်းတစ်ယောက်ဟာ၊ ဆိုပါစို့ အရက်သေစာသောက်ပြီး မူးမေ့နေရင်တောင်မှပဲ အရက်မူးပြေသည်ထိအောင် သူ့အန္တရာယ် မဖြစ်အောင် စောင့်ရှောက်ပေးတယ်တဲ့။ ဟော... မကောင်းတာ လုပ်တာတောင် စောင့်ရှောက်ပေးတာနော်။ မိတ်ကောင်းဆွေကောင်းက အဲဒီလို သူ့ပစ္စည်းတွေ အထိန်းအသိမ်းမရှိဘူးဆိုရင်

စာမျက်နှာ-၄၈
မြင်တာနဲ့ သိမ်းပေးတယ်၊ ကူညီပေးတယ်။ အဲဒီပုဂ္ဂိုလ်မျိုးက “ဥပကာရ” ကျေးဇူးပြုတဲ့မိတ်ဆွေ။ တစ်စုံတစ်ခု ဘေးရန်ကြုံလို့ ကိုယ့်မိတ်ဆွေ ကိုယ်ပေါင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သိပ်ကြောက်လန့်နေလို့ရှိရင်လည်း အားပေးစကားပြောတယ်။ ကိစ္စရှိရင်လည်း ဝိုင်းကူပြီး ဆောင်ရွက်တယ်။ ငွေကြေးဓန လိုတာကစပြီး ကူညီထောက်ပံ့ပေးတယ်။ အဲဒီလို မိတ်ဆွေမျိုးကတော့ “ဥပကာရ မိတ်ဆွေ”။ မိတ်ဆွေစစ်ပါတဲ့။ ဒါ လောကကြီးပွားရေးအတွက် အဲဒီလိုပုဂ္ဂိုလ်မျိုးကို ပေါင်းသင်းရမယ်တဲ့။

နောက် မိတ်ဆွေတစ်ယောက်က ဘာတုန်းဆိုရင် (၂) “သမာနသုခဒုက္ခ” တူညီသော သုခ, ဒုက္ခ = ချမ်းသာ ဆင်းရဲ၊ ချမ်းသာလည်း အတူတူပဲ၊ ဆင်းရဲ

စာမျက်နှာ-၄၉
လည်း အတူတူပဲနော်။ အဲဒီလို တူညီတဲ့စိတ်ထား ရှိတဲ့ မိတ်ဆွေမျိုး၊ အေး... အခုခေတ် ပြောကြတယ်မို့လား၊ “အေးအတူ ပူအမျှ” ချမ်းသာရင်လည်း အတူတူပဲ၊ ဆင်းရဲလည်း အတူတူပဲ။ မခွဲမခွာ တစ်ဦးကိုတစ်ဦး အကျိုးပြုပြီးတော့ နေကြတဲ့ မိတ်ဆွေမျိုးတွေကို “သမာနသုခဒုက္ခ” လို့ခေါ်တယ်။

အဲဒီမိတ်ဆွေမျိုးဟာ ကိုယ့်ရဲ့လျှို့ဝှက်ချက်ကိုလည်း လျှို့ဝှက်ပေးတယ်။ တစ်ခါတလေ လျှို့ဝှက်ချက်ဆိုတာ မပြောဘဲ မနေနိုင်လောက်အောင် ဖြစ်တတ်တယ်။ လျှို့ဝှက်ချက်ကို ထုတ်ပြောမယ်ဆိုရင် အဲဒီလို မိတ်ဆွေမျိုးမှ ပြောသင့်တယ်ပေါ့။ လျှို့ဝှက်ချက်ကို လျှို့ဝှက်ပြီးတော့ ပေးတယ်တဲ့။ အပြင်ကို မပေါက်ကြားအောင် ထိန်းပေးတယ်ပေါ့။
စာမျက်နှာ-၅၀
ဒုက္ခကြုံလာလို့ရှိရင်လည်း စွန့်ခွာပြီးမသွားဘူးတဲ့။ ခုနက ဝက်ဝံကြီးက မှာသွားတဲ့ပုံလိုပဲ။ အဲဒီလို လူမျိုး မပေါင်းနဲ့ဆိုတာမျိုး ဒုက္ခကြုံလာရင် စွန့်ပစ် သွားတဲ့ပုဂ္ဂိုလ်မျိုး မဖြစ်ရဘူးတဲ့။ နောက် ကိစ္စတွေ့လာလို့ရှိရင် ကိုယ်ကိုယ်တိုင်က အသက် စွန့်ပြီးတော့ ကာကွယ်ပေးတယ်။ အဲဒီ မိတ်ဆွေမျိုး ကတော့ “သမာနသုခဒုက္ခ” မိတ်ဆွေမျိုးလို့ ခေါ်တယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် အပေါ် မှာ အရှင်အာနန္ဒာဟာ အင်မတန်မှ သံယောဇဉ် ကြီးတယ်။ အားလုံး ကြားဖူးကြပါလိမ့်မယ်။ ဒေဝဒတ်ရဲ့ အစီအမံအရ အဇာတသတ်မင်းကြီးက နာဠာဂီရိဆိုတဲ့ ဆင်ဆိုးကြီးကို အရက်တွေ တိုက်ပြီးတော့ ဘုရား ဆွမ်းခံဝင်လာတဲ့လမ်းကြား မောင်းလွှတ်လိုက်တာ။ ဘုရားနဲ့သံဃာတွေလည်း

စာမျက်နှာ-၅၁
ကြွလာတယ်၊ ဆင်ကြီးကလည်း နှာမောင်းကြီး မြှောက် အော်ဟစ်ပြီး အမြီးကြီးကုပ်ကာ ပြေးလာတယ်။

သူ့ရှေ့မှာတွေ့တဲ့ ပုဂ္ဂိုလ်ကတော့ မသက်သာဘူး။ အဲဒီအချိန်မှာ အရှင်အာနန္ဒာ မထေရ်မြတ်ဟာ ဘုရားနောက်ကနေ ပါလာတာ။ ဘုရားကို ကာကွယ်ဖို့ ရှေ့ကိုပြေးတက်လိုက်တယ်။ သူ့ အသက် စွန့်တာပဲ။ အဲဒီအချိန်မှာဆို ဘယ်လောက် အရေးကြီးတဲ့ အချိန်လဲနော်။ အရှင်အာနန္ဒာက သူ့အသက်ကိုစွန့်ပြီး ဘုရားရှေ့ကဝင်ရပ်တယ်။ အဲဒီမှာမြတ်စွာဘုရားက “မဟုတ်ဘူး အာနန္ဒာ” ပြောလည်း မရဘူး။ ဘုရားရှေ့ကနေ အတင်းရပ်တယ်။ နောက်မှ မြတ်စွာဘုရားက တန်ခိုးတော်နဲ့ ဖယ်လိုက်ရတယ်။ အရှင်အာနန္ဒာကို ဖယ်ခိုင်းလို့ မရဘူးနော်။ ဘာတုန်းဆိုရင် ဒါ ဒုက္ခကြုံလာလို့

စာမျက်နှာ-၅၂
ရှိရင် အသက်စွန့်တာ။ ဘုရားကိုတော့ မထိစေရဘူး၊ ငါကာကွယ်မယ် ဆိုပြီးတော့ အသက်စွန့်တာ၊ အဲဒီလိုပုဂ္ဂိုလ်မျိုးက “သမာနသုခဒုက္ခ” မိတ်ဆွေ စစ်လို့ ခေါ်ပါတယ်တဲ့။

နောက် မိတ်ဆွေကောင်းတစ်ဦးက ဘာတုန်း ဆိုရင် - (၃) “အတ္ထက္ခာယီ” အကျိုးစီးပွားကို ဟောပြော ပြသတတ်တဲ့မိတ်ဆွေ၊ ဆရာသမားလို မိတ်ကောင်း ဆွေကောင်း၊ အဲဒီပုဂ္ဂိုလ်ကျတော့ ကိုယ့်ရဲ့ မိတ်ဆွေ တစ်ယောက်ဟာ မကောင်းတာ လုပ်နေရင် “မလုပ်နဲ့” တားတယ်၊ မရရအောင် တားတယ်၊
ကောင်းတာလုပ်ဖို့အတွက်လည်း သူက အားပေး တိုက်တွန်းတယ်။

စာမျက်နှာ-၅၃

ဃဋိကာရ အိုးထိန်းသည်
“အတ္ထက္ခာယီ - မိတ်ဆွေ”ဆိုတာ ဃဋိကာရ သုတ်ထဲက “ဃဋိကာရ”ဆိုတဲ့ အိုးထိန်းသည်ကြီး လို မိတ်ဆွေမျိုးဖြစ်တယ်။ ဗေဒ ကျမ်းဂန်တတ်တဲ့ ဇောတိပါလ ဆိုတဲ့ပုဏ္ဏားနဲ့ ဃဋိကာရ အိုးထိန်း သည်ကြီးတို့ဟာ မိတ်ဆွေ ဖြစ်နေကြတာ၊ အင်မတန်မှ ရင်းနှီးတယ်။ ဃဋိကာရဆိုတာက ကဿပမြတ်စွာဘုရားရဲ့ ဥပါသကာကြီး၊ သူက အနာဂါမ်၊ အားလုံး ကြားဖူး ကြလိမ့်မယ်။ ဘုရားလောင်း တောထွက်တဲ့အခါ သူက ဗြဟ္မာပြည်ရောက်နေပြီလေ။ ဘုရားလောင်းကို ကြာသင်္ကန်းနဲ့ လာကပ်တယ်မို့လား။ ကြာ သင်္ကန်းဆိုတာ ကနေ့ခေတ်တော့ ကြာရိုးကို မျှင်ပြီး တော့ ရက်ထားတာကို ကြာသင်္ကန်းလို့ခေါ်တာ။

စာမျက်နှာ-၅၄
ဘုရား လာကပ်တဲ့ ကြာသင်္ကန်းက ကြာရိုးကို ရက်ထားတယ်လို့ မဆိုဘူး။ ကမ္ဘာဦးက ကြာဖူးကြီးငါးခု ကမ္ဘာပြုရေပြင်ကြီး ပေါ်မှာ ပေါက်လာခဲ့တယ်တဲ့။ အဲဒီ ကြာဖူးကြီး ငါးခုထဲက တစ်ဖူး တစ်ဖူးမှာ ပရိက္ခရာရှစ်ပါးစီ ပါတယ်။ ဘုရားငါးဆူပွင့်မယ်ဆိုတဲ့အထိမ်းအမှတ်။ အဲဒီ ကြာဖူးထဲက ပရိက္ခရာရှစ်ပါးကို ယူပြီးတော့ ဗြဟ္မာပြည်မှာ သိမ်းထားတာ။ အဲဒါကို လာကပ် တာနော်။ အဲဒါကို “ကြာသင်္ကန်း” လို့ခေါ်တာ။

ကြာရိုးကို မျှင်ပြီးတော့ ရက်ထားတဲ့ ကြာသင်္ကန်း မဟုတ်ဘူး။

ကနေ့ခေတ်မှာဆိုရင် ကြာသင်္ကန်းဆိုပြီး (၁၀)သိန်း (၁၅)သိန်းလောက် ရှိသလားမသိဘူး။ ကြာသင်္ကန်းဆိုပြီးတော့ မွန်မွန်မြတ်မြတ် လုပ်ကြ တာ။

စာမျက်နှာ-၅၅
အေး ... ဘုရားအလောင်းကပ်တဲ့ ကြာ သင်္ကန်းကတော့ ကြာဖူးထဲကရတဲ့ သင်္ကန်း၊ အဲဒီ ကြာသင်္ကန်းလာကပ်တဲ့သူဟာ ဃဋိကာရ ပေါ့။

ကဿပမြတ်စွာဘုရားပွင့်တဲ့အချိန်မှာ ဂေါတမ မြတ်စွာဘုရား အလောင်းက ဇောတိပါလဆိုတဲ့ ပညာတတ်ဗြဟ္မဏဖြစ်တယ်။ ဃဋိကာရ ဗြဟ္မာကြီးက အဲဒီတုန်းက ဃဋိကာရ လို့ဆိုတဲ့ အိုးလုပ် အိုးဖုတ်ပြီး အသက်မွေးတဲ့ “အိုးထိန်းသည်” ပေါ့။

ဃဋိကာရက ဇောတိပါလကို ခေါ်တယ်။ “သူငယ်ချင်း ဇောတိပါလ၊ ဘုရားကျောင်းတော် သွားရအောင်၊ ဘုရားကျောင်းက နီးနီးလေးပဲ၊ ဘုရားကျောင်းသွားပြီး တရားနာရအောင်” ခေါ်တော့ ဇောတိပါလက ဘာပြောတုန်းဆိုရင် “ဟာ ... သူငယ်ချင်း၊ ဒီ ကတုံးတွေဆီသွားလို့ ဘာရမှာတုန်း”တဲ့။

စာမျက်နှာ-၅၆
ဘုရားဆီသွားဖို့ခေါ်တယ်၊ ဟိုလူက မလိုက်ဘူး။ အဲဒါနော်၊ စဉ်းစားကြည့်၊ အဲဒီမလိုက်တဲ့လူက ဘယ်သူတုန်းဆိုရင် ဂေါတမ မြတ်စွာဘုရား အလောင်း။ အဲဒီအချိန်တုန်းက ဇောတိပါလဆိုတဲ့ ပုဏ္ဏား၊ သူကိုယ်တိုင် ဘုရားဖြစ်မည့်ပုဂ္ဂိုလ် ဖြစ်လျက်သားနဲ့ ဘာလို့ ဝေးနေတာတုန်း၊ လောလောဆယ် သူ့ရဲ့ ပတ်ဝန်းကျင်က ဘုရား တရား မကြည်ညိုတဲ့ အမျိုးမှာ ဖြစ်နေတာကိုး၊ ဒါလည်း သတိထားရမယ်နော်။

တစ်ခါတရံ ကိုယ်ကိုယ်တိုင်က မိရိုးဖလာ မိကောင်းဖခင် သားသမီးဖြစ်လို့ သဒ္ဓါတရား အထိုက်အသင့် ရှိနေတာကို အထင်မကြီးလေနဲ့၊ ဒီဘဝမှာ အခိုင်အမာ မတည်ဆောက်ဘူးဆိုရင် နောက်ဘဝမှာ လွယ်လွယ်ကူကူနဲ့ ဒီစိတ်ဓာတ်လေး ပြောင်းလဲသွားနိုင်တယ်။ အဲဒါကြောင့် သာသနာ

စာမျက်နှာ-၅၇
တော်နဲ့ ကြုံတွေ့တဲ့ အချိန်လေးမှာ မှန်ကန်တဲ့ စိတ်ဓာတ်ကလေးတွေကို ခိုင်ခိုင်မာမာ တည် ဆောက်ထားဖို့ လိုအပ်ပါတယ်။ ဒဿနမူလိကာ သဒ္ဒါ = အသိဉာဏ်ကို အခြေခံတဲ့ သဒ္ဓါတရား။ သောတာပတ္တိမဂ် အခြေခံတဲ့ သဒ္ဓါတရားမျိုး တည်ဆောက်ထားမှသာမြဲတယ်၊ နို့မို့ဆို မမြဲဘူး။

ကြည့် ... ဘုရားအလောင်း ဇောတိပါလဟာ ကဿပဘုရား ပွင့်ပြီးရင်ပွင့်မည့် ဘုရားအလောင်း နော်။ ဘုရားကျောင်းကိုခေါ်တော့ ဘာပြောတုန်း၊ “မလိုက်ချင်ပါဘူး၊ ဒီကတုံးတွေဆီကို” ဒီလိုပြော တယ်။

အဲဒီတော့ သူငယ်ချင်းလုပ်တဲ့လူက တော်တယ်၊ “ဒါဖြင့် သူငယ်ချင်း၊ ကျောင်းမသွားဘူး

စာမျက်နှာ-၅၈
ဆိုရင် တို့မြစ်ကိုသွားပြီး ရေချိုးရအောင်” ဆိုတော့ အလွယ်တကူ လိုက်သွားတယ်။

အခုခေတ်လည်း ဒီလိုပဲ။ စားသောက်ဆိုင် သွားရအောင်ဆို လိုက်မယ်၊ ဂေါက်သီးရိုက် သွားရ အောင်ဆိုလည်း လွယ်လွယ်ကူကူပဲနော်။ လက်ဖက် ရည်ဆိုင်သွားရအောင် ဆိုရင်ကော မလိုက်ဘူး လား။ အေး တရားပွဲသွားရအောင်၊ ကျောင်းသွား ရအောင်ဆိုရင် မအားသေးဘူး၊ အလုပ်မအား သေးလို့၊ ဒီကနေ့ ဒီလိုတွေကော မတွေ့ရဘူးလား၊ တွေ့ရတယ်၊ အပြစ်ပြောစရာ မဟုတ်ဘူး။

ဒါဘာဖြစ်လို့တုန်းဆိုရင် သတ္တဝါတွေရဲ့ စိတ်ကိုကဒီလိုရှိတာ။ တချို့က ပြောကြသေးတယ်။ ဒို့က ပါရမီနုနေသေးလို့၊ နောင်ပါရမီ ရင့်လာရင် ဖြစ်လိမ့်မယ်လို့ မဖြစ်ဘူး၊ ဘယ်တော့မှလည်း ပါရမီက ရင့်လာမှာ မဟုတ်ဘူး၊ အခု မလေ့ကျင့်

စာမျက်နှာ-၅၉
လို့ရှိရင် ဘယ်တော့မှ ရင့်လာမှာ မဟုတ်ဘူး၊

ပြောကြတယ်မို့လား၊ မနက်ဖြန်ဆိုရင် သိပ်နောက်ကျသွားပြီ "Tomorrow will be too late" အဲဒီလိုပဲ နောက်ဘဝဆိုရင် သိပ်နောက်ကျသွားပြီ၊ ဒီအခြေအနေမျိုး ကိုယ်ရချင်မှရမှာ။ ဒီအခြေအနေ ကောင်းလေးမှာ ကိုယ်လုပ်ချင်တာလေး ပီပီပြင်ပြင် ဖြစ်အောင်၊ အခိုင်အမာဖြစ်အောင် တည်ဆောက် ထားဖို့ မလိုအပ်ဘူးလား။

သာသနာတော်နဲ့ ကြုံတွေ့နေတယ်၊ ဘုရား တရားတွေလည်း နာယူခွင့်ရနေတယ်။ အဲဒီအချိန် လေးမှာ ဟိုကိစ္စ ဒီကိစ္စအကြောင်းပြပြီး မလုပ်မိဘူး ဆိုရင် ဒီဘဝ ဝေးတာထက် နောင်ဘဝမှာ ပိုဝေး သွားမှာ။ နီးလာမယ်လို့တော့ မအောက်မေ့လေနဲ့၊ ဝေးသွားဖို့ပဲရှိတယ်။ ဘုရားလောင်း အရင့်အမာကြီး တောင် ဘုရားကျောင်းခေါ်လို့ မရဘူးနော်။

စာမျက်နှာ-၆၀
သူငယ်ချင်းဆိုတာ ကောင်းတဲ့ဘက်ကို မရရ အောင်ခေါ်တယ်၊ သူက ကဲ- ရေချိုးသွားရအောင် ဆိုတော့ လိုက်တယ်၊ အဲဒီကျတော့ လွယ်လွယ် ကူကူ ရေသွားချိုးတယ်။ ရေချိုးပြီးတဲ့အခါ မြစ်ဆိပ်ကနေ တက်လာတယ်။ ဃဋိကာရက ပြောပြန်တယ်။ “သူငယ်ချင်း ဇောတိပါလ၊ ဘုရားကျောင်း ဒီနားနီးနီးလေး၊ တို့သွားရအောင် လိုက်ခဲ့ပါ” “အာ၊ ဘာလို့ လိုက်ရ မှာလဲ၊ မလိုက်ဘူး” ဆိုတော့ ဟိုလူက နောက်ထပ် ထပ်ပြောတယ်၊ “မဟုတ်ဘူး သူငယ်ချင်း၊ ဘုရား ကျောင်း သွားရအောင်ပါ၊ လိုက်ခဲ့ပါ” ဆိုတော့ မလိုက်ဘူး။ မင်းမလိုက်လို့မရဘူးဆိုပြီး ပုဆိုးစကို ဆွဲကိုင်တယ်၊ အဲဒီကျတော့ အဲဒါလည်း ဟိုလူက လက်ကိုတွန်းပြီးတော့ ပုဆိုးစဆွဲရုန်းတယ်။ မလိုက်ဘူးတဲ့၊ နောက်တစ်ခါထပ်ခေါ်တယ်၊ ထပ်ခေါ်တဲ့

စာမျက်နှာ-၆၁
အခါ ဃဋိကာရ အိုးထိန်းသည်ကြီးက ခွန်အားဗလ အင်မတန်ကောင်းတာ၊ ဇောတိပါလရဲ့ ဆံထုံးကို ဆွဲပြီး “သူငယ်ချင်း၊ မင်းလိုက်မှာလား၊ မလိုက်ဘူးလား”တဲ့။ အဲဒီလိုဆွဲခေါ်တဲ့အခါ ဘုရားအလောင်း ဆိုတော့ စိတ်ဓာတ် အင်မတန်ကောင်းတယ်။

ဘုရားအလောင်းတွေဟာ စိတ်ယုတ်မာ မရှိဘူး၊ အထင်အမြင်လေးတော့ သူတို့မှားချင်မှားနေ လိမ့်မယ်။ အဲဒါ ဘုရားအလောင်းတွေရဲ့ အစွမ်း သတ္တိပဲ။ ဆံပင်ဆွဲခေါ်တဲ့အခါကျတော့ တခြားလူ ဆိုရင် ရန်ဖြစ်မယ်မို့လား၊ “မင်း ငါ့ဆံပင် ဆွဲရ မလား၊ စော်ကားလှချည်လား”ဆိုပြီး အဲဒီ နေရာမှာ တင်ပဲ ရန်ပွဲဖြစ်တော့မှာ။ ဇောတိပါလက ဘယ်လို စဉ်းစားလဲဆိုတော့ “ဪ... အိုးထိန်းသည်ဆိုတာ အင်မတန် ဇာတ်နိမ့်တယ်” အိန္ဒိယမှာ ဇာတ်နိမ့်လို့ခေါ်တယ်။

စာမျက်နှာ-၆၂
ဇာတ်နိမ့်က ဇာတ်မြင့်ကို ထိတောင်မထိရဲဘူး၊ အခုလို ဆံပင်ကိုင်ဖို့ဆိုတာ အဝေးကြီး၊ အဲဒီတော့ သူ့စိတ်ထဲမှာ ဘယ်လိုတွေးတုန်းဆိုရင် “ဪ ငါ့ဆံပင်ဆွဲခေါ်တယ်ဆိုတော့ တကယ့်ကို အကျိုး ရှိလို့ဖြစ်လိမ့်မယ်” ဟော သူတွေးပုံက အဲဒီလို တွေးတာ။ မှန်ကန်တဲ့အတွေး။ “သူငယ်ချင်း မင်း ငါ့ဆံပင်တော့ မဆွဲနဲ့၊ လွှတ်၊ ငါလိုက်မယ်”

ဟော ... လိုက်သွားတယ်၊ ဘုရားဆီလည်း ရောက်ရော ကဿပ မြတ်စွာဘုရားက တရား ဟောတယ်။ တရားနာရတော့ ဉာဏ်အင်မတန် ထက်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ တစ်ခါတရံ သဘောပေါက် သွားတယ်။ အိမ်ကို မပြန်တော့ဘူး၊ ဘုရားကျောင်း ကဆင်းလာတဲ့အခါ ဃဋိကာရကို သူကမေးတယ်။

“သူငယ်ချင်း၊ မင်းဒီတရားတွေ နာနေလျက် သားနဲ့ ဘာလို့ သင်္ကန်းမဝတ်တာတုန်း” ဆိုသော

စာမျက်နှာ-၆၃
ဃဋိကာရက ပြန်ပြောတယ်။ “သူငယ်ချင်း၊ မင်းလည်းအသိပဲ၊ ငါ့မှာ အဖေအို အမေအို နှစ်ယောက်ရှိတယ်၊ သူတို့က မျက်စိလည်း မမြင်ကြဘူး၊ ငါ မလုပ်ကျွေးရင် ဘယ်သူလုပ်ကျွေးမှာတုန်း၊ အမေ အဖေ လုပ်ကျွေးဖို့အတွက် ငါ သင်္ကန်း မဝတ်နိုင်တာပါ”

“အေး၊ အဲဒါဆိုရင်လည်း ဟုတ်တယ်၊ ငါက တော့ အိမ်မပြန်တော့ဘူး၊ သင်္ကန်းဝတ်တော့မယ်” ချက်ချင်းပဲ ဆုံးဖြတ်ပြီး ဘုရားဆီပြန်ဝင်ပြီး ရဟန်း အဖြစ် ခွင့်တောင်းလိုက်တယ်။ အဲဒီဘဝမှာ ဘုရားလောင်းဟာ ရဟန်းဖြစ်သွားပါတယ်။

ဂေါတမ မြတ်စွာဘုရားအလောင်း ဗျာဒိတ် ခံခဲ့တဲ့ဘုရား (၂၄)ဆူ ရှိတယ်။ ရဟန်းဖြစ်ခဲ့တာ (၉)ကြိမ်ပဲရှိတယ်လို့ ပြောကြတယ်နော်။ ဘုရားနဲ့တွေ့တဲ့ အကြိမ်ပေါင်း (၂၄)ကြိမ် ရှိခဲ့တယ်ပေါ့။

စာမျက်နှာ-၆၄
ဂေါတမ မြတ်စွာဘုရားအလောင်း ဗျာဒိတ် ခံခဲ့တဲ့ဘုရား (၂၄)ဆူ၊ အဲဒီအထဲမှာ ဂေါတမ မြတ်စွာဘုရား ထည့်လိုက်တဲ့အခါမှာ (၂၅)ဆူ မဖြစ်ဘူးလား၊ အဲဒီ(၂၅)ဆူထဲမှာ ဘာထပ်ဖြည့်တုန်း ဆိုတော့ ဒီပင်္ကရာ မြတ်စွာဘုရားနဲ့ တစ်ကမ္ဘာ တည်းပွင့်တဲ့ ဘုရားသုံးဆူရှိတယ်။ တဏှင်္ကရာတဲ့၊ သရဏင်္ကရာတဲ့၊ မေဓင်္ကရာတဲ့။ ဒီပင်္ကရာ မြတ်စွာ ဘုရားအရင်က တစ်ကမ္ဘာတည်းပွင့်တဲ့ မြတ်စွာ ဘုရားသုံးဆူကို ထပ်ထည့်လိုက်တော့ “နှစ်ကျိပ် ရှစ်ဆူ” ဖြစ်တာပေါ့။

အေး ... ဘုရားအလောင်းများဟာ ကုသိုလ် ကောင်းမှုလုပ်ပြီဆိုရင် ဘယ်တော့မှ တွန့်ဆုတ်မှု မရှိဘူး။ ဒီလို စိတ်ဓာတ်မပြင်းထန်တဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ဆုသာတောင်းနေပေမယ့်လို့ တကယ် လုပ်ရမယ်ဆိုရင် ရွံ့တုံ့တုံ့ ဖြစ်တတ်သေးတယ်။

စာမျက်နှာ-၆၅
အဲဒါ ဘာကြောင့်လဲဆိုရင် ဆန္ဒက အဓိပတိ မတတ်ဘူး၊ ဝီရိယကလည်း အဓိပတိ မတတ်ဘူး၊ စိတ်ကလည်း အဓိပတိ မတတ်ဘူး၊ အသိဉာဏ်ကလည်း အဓိပတိ မတတ်ဘူး။
နိဗ္ဗာန်ဆုတောင်းသူ
သင်္ဂဇာ ဆရာတော်ဘုရားကြီးရဲ့ စကားပုံ ပေါင်းချုပ်ကျမ်းထဲမှာလာတဲ့ ပုံဝတ္ထုလေးတစ်ခုပေါ့။ သူ့နာမည်က ဈေးတောင်က ကိုမောင်တဲ့။ မန္တလေး ဘုရားကြီးသွားပြီး နေ့စဉ် ဘုရားရှိခိုးကာ အော်ကြီး ဟစ်ကျယ် ဆုတောင်းတယ်၊ “နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရပါရစေ”တဲ့။

အဲဒီလို နေ့တိုင်းအော်အော်ပြီး ဆုတောင်းတဲ့အခါ တစ်နေ့ကျတော့ သူငယ်ချင်းတစ်ယောက်က “ဒီကောင်တယ်ပြီး နိဗ္ဗာန်ဆု တောင်းပါလား၊

စာမျက်နှာ-၆၆
တကယ်လိုချင်တာဟုတ်မဟုတ် ငါစုံစမ်းဦးမယ်” တစ်နေ့ကျတော့ သိကြားမင်း အဝတ်အစားတွေ ဆိုင်ကနေ ငှားဝတ်လာပြီး ကြိုတင်ရောက်နှင့်ကာ ဘုရားနောက်က ပုန်းကွယ်နေတယ်။ ကိုမောင် ဘုရားရှိခိုးပြီး ကျယ်လောင် ကျယ်လောင်နဲ့ ဆုတောင်းလိုက်ရာ သိကြားမင်းယောင်ဆောင်တဲ့ သူငယ်ချင်းက ထွက်လာတယ်။ “ဟဲ့ငမောင်၊ ငါသိကြားမင်း၊ မင်း နိဗ္ဗာန်ဆု တောင်းနေတာကြာပြီ၊ အဲဒီတော့ ငါလည်း နတ်ပြည်က အလုပ်ကိစ္စတွေနဲ့မအားလို့ မလာနိုင်ဘူး၊ ဒီကနေ့တော့ မင်းကို နိဗ္ဗာန်ပို့ပေးဖို့ ငါ ဆင်းလာခဲ့ပြီ၊ ကဲ လာသွားကြစို့” ဆိုတော့ ကြောင်ကြည့်နေတယ်။

စာမျက်နှာ-၆၇
“သိကြားမင်းကြီး၊ အခုလိုက်ရမှာလား”တဲ့။ “အခုလိုက်ရမှာပေါ့” “အိမ်ပြန်ပြီး ပြောဦးမှဖြစ်မှာ၊ အိမ်ကလူတွေက တော်ကြာ ဘယ်သွားမှန်းမသိ၊ အိမ်ပြန်ပါရစေဦး၊ အိမ်ကအမျိုးသမီးနဲ့ သွား တိုင်ပင်မှဖြစ်မှာ” ဆိုတော့ “အေး၊ သွားတိုင်ပင်၊ ငါ ခုနစ်ရက်ပဲ အခွင့်ပေးမယ်နော်၊ အများကြီး အခွင့်မပေးနိုင်ဘူး၊ နိဗ္ဗာန်ဆိုတာ အင်မတန် ရောက်ရခဲတာ”

အဲဒါနဲ့ အိမ်ပြန်သွားသတဲ့။ အိမ်ပြန်ရောက်တဲ့အခါကျတော့ အိမ်ကအမျိုးသမီးနဲ့ စကားပြောတယ်။ “ငါ ဒီလိုပဲ ဆုတောင်းတာ၊ ဒီကနေ့တော့ ဆုတောင်းပြည့်ပြီ၊ သိကြားမင်းက နိဗ္ဗာန်ကို လိုက်ခဲ့ လို့ ခေါ်နေတယ်၊ ငါဘယ်လိုလုပ်ရမလဲ”တဲ့။ အမျိုးသမီးက တွန်းတာပေါ့။ “အမလေး၊ ရှင် ဆုတောင်းပြည့်တာပဲ၊ သိကြားတောင် လာခေါ်မှ

စာမျက်နှာ-၆၈
လိုက်သွားပေါ့ ဘာလို့ ပြန်လာရတာလဲ” “ဟ... နင်တစ်ယောက်တည်း ဖြစ်ပါ့မလား”တဲ့။ အဲဒီတော့ အိမ်ရှင်မကပြောတယ်၊ “ဖြစ်ပါတယ်၊ ရှင်လိုက်သာ သွား”ဆိုတော့ “နင် စဉ်းစားဦးနော်”တဲ့။ “ဘာမှ စဉ်းစားစရာ မလိုဘူး” “အေး၊ နင်မစဉ်းစားလဲ ငါကတော့ စဉ်းစားရဦးမယ်” လို့ ပြောသတဲ့။

ဟောကြည့်၊ ဇောတိပါလ ဘုရားအလောင်း ကျတော့ ချက်ချင်းပဲ ဆုံးဖြတ်လိုက်တယ်။ အိမ် မပြန်တော့ဘဲ ချက်ချင်းသင်္ကန်းဝတ်တယ်၊ ကဿပ ဘုရားဆီခေါ်တုန်းက သူမလိုက်ချင်ဘူး၊ လိုက်လာ ပြီးတဲ့အခါ တရားဓမ္မလည်း သိလိုက်ရော ချက်ချင်း ဆုံးဖြတ်ပြီး သင်္ကန်းဝတ်သွားတယ်။

ဒီနေရာမှာ ပြောလိုရင်းကတော့ ဃဋိကာရ အိုးထိန်းသည်ကြီးဟာ တကယ့်ကို မိတ်ဆွေအစစ် ဖြစ်တယ်။ အဲဒါကြောင့်မို့ ဒီ ဘုရားအလောင်း

စာမျက်နှာ-၆၉
ဇောတိပါလ ပုဏ္ဏားကို ဘုရားထံ မရောက်ရောက် အောင် သူခေါ်သွားတာ၊ ကိုယ်ကိုယ်တိုင်က စိတ်ကောင်းရှိတယ်၊ ဃဋိကာရ ကလည်း မိတ်ဆွေ စစ်ဖြစ်တယ်၊ ဇောတိပါလ ကလည်း မိတ်ဆွေစစ် ဖြစ်တယ်။ နှစ်ဦးစလုံး မိတ်ဆွေစစ် ဖြစ်ကြသည့် အတွက်ကြောင့် အကျိုးရှိတာ ဖြစ်သွားတယ်ပေါ့။ အဲဒါကိုပြောတာနော်။ ကောင်းတဲ့ဘက်မှာ တိုက်တွန်းပေးတယ်၊ အသစ်အဆန်းတွေကို ပြောပေးတယ်၊ ကောင်းရာဘုံကိုရောက်အောင် ပြောပေးတယ်၊ “အတ္ထက္ခာယီ” မိတ်ဆွေတဲ့။

နောက်မိတ်ဆွေက ဘာတုန်းဆိုရင် (၄) “အနုကမ္ပက” အစဉ် သနားစောင့်ရှောက် တတ်တဲ့ မိတ်ဆွေတဲ့။ သနားစောင့်ရှောက် တတ်တယ်ဆိုတာက ကိုယ့်မိတ်ဆွေတစ်ယောက် ပျက်စီးနေပြီဆိုရင် စိတ်ထဲမှာ ဝမ်းမသာဘူး။ လူ

စာမျက်နှာ-၇၀
တွေက တစ်ဖက်သား ပျက်စီးရင် ကြိတ်ပြီးဝမ်းသာ တတ်တယ်နော်။ မိတ်ဆွေတုဟာ ပါးစပ်ကသာ ဝမ်းမသာဘူးပြောပေမယ့် ကြိတ်ပြီး ဝမ်းသာတတ်တယ်။ အေး ... မိတ်ဆွေကောင်းက ကြီးပွား တိုးတက်နေရင် တကယ်ဝမ်းသာတယ်။ ဆိုလို တာက “ဣဿာ” မရှိဘူး၊ “မစ္ဆရိယ” မရှိဘူး။

ကိုယ့်မိတ်ဆွေတစ်ယောက်က ကိုယ့်မိတ်ဆွေ ရဲ့ ဂုဏ်ကျေးဇူးစကားကို ပြောတယ်ဆိုရင် ဖြည့်စွက်ပြီး ပြောပေးတယ်။ တချို့ကျတော့ ချီးမွမ်း စကားပြောလို့ရှိရင် မကြိုက်နိုင်ဘူး၊ မကြိုက်နိုင်တဲ့အခါကျတော့ “မင်းသိတာက ဒါလေးကိုကွ၊ မင်း မသိတာတွေ ရှိသေးတယ်”လို့ ဘာလိုလို ညာ လိုလိုနဲ့ စကားထည့်လိုက်သေးတာပဲ။ အဲဒီတော့ မိတ်ဆွေစစ်ဆိုတာမျိုးကျတော့ တကယ့်ကို ကိုယ့်ရဲ့

စာမျက်နှာ-၇၁
မိတ်ဆွေအပေါ်မှာ သနားစောင့်ရှောက်တတ်တယ်။

ဟော ... ပေါင်းလိုက်တဲ့အခါ “ဥပကာရ” လို့ခေါ်တဲ့ ကျေးဇူးပြုတတ်တဲ့ မိတ်ဆွေ၊ “သမာနသုခဒုက္ခ” လို့ဆိုတဲ့ အေးအတူ ပူအမျှဆိုတဲ့ မိတ်ဆွေတွေ၊ “အတ္ထက္ခာယီ” ဆိုတဲ့ ကောင်းကျိုးချမ်းသာတွေကို ဟောပြောပေးတတ်တဲ့ မိတ်ဆွေ၊ “အနုကမ္ပက” ဆိုတဲ့ အစဉ် သနား စောင့်ရှောက်တတ်တဲ့ မိတ်ဆွေ၊ အဲဒီမိတ်ဆွေမျိုးတွေဟာ တကယ့် မိတ်ဆွေကောင်းဖြစ်ကြပါတယ်။ ကိုယ်ပေါင်းတဲ့ မိတ်ဆွေတွေဟာ အဲဒီလို မိတ်ဆွေ မျိုးတွေ ဖြစ်သင့်ပါတယ်။ ဒါကြောင့်မို့ ဒီကနေ့ည ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ တရားဒေသနာတော်တွေထဲကထုတ်ပြီး

စာမျက်နှာ-၇၂
(၁) မိတ်ဆွေအတုဆိုတာ ဘာလဲ။
(၂) မိတ်ဆွေအစစ်ဆိုတာ ဘာလဲ?
(၃) မိတ်ကောင်းဆွေကောင်းဆိုတာဘာလဲ။

လောကမှာ သံသရာ ကြီးပွားရေးပဲဖြစ်စေ၊ လောကကြီးပွားရေးပဲဖြစ်စေ၊ တရား ဓမ္မနဲ့ ပတ်သက်ပြီး ကြီးပွားရေးပဲဖြစ်စေ မိတ်ဆွေ ကောင်းနဲ့ ကင်းပြီးတော့ မကြီးပွား၊ မတိုးတက် နိုင်ဘူး။

ဒါကြောင့် မိတ်ကောင်းဆွေကောင်းဆိုတာ အင်မတန်မှ လိုအပ်တယ်။ အင်အားကြီးလှတဲ့ External conditions ဖြစ်တယ်ဆိုတာ လက်ခံပြီး မိမိတို့ကိုယ်တိုင် ကလည်း အများရဲ့ မိတ်ကောင်း ဆွေကောင်း ဖြစ်အောင် ကြိုးစားကြဖို့၊ မိမိတို့ ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တွေလည်းပဲ တကယ့် မိတ်ကောင်း

စာမျက်နှာ-၇၃
ဆွေကောင်းတွေဖြစ်ဖို့ အာရုံထားပြီး ကျင့်ကြံ ကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ 7c88j69txmta6b8sm1peecmdt9nw02r 22186 22185 2026-06-17T03:38:08Z Tejinda 173 22186 wikitext text/x-wiki {{header | title = မိတ်ကောင်း ဆွေကောင်း | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်]] | previous2 = | next = [[ယမမင်းကြီးရဲ့ ဆန္ဒ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}

ဆွေကောင်းတွေဖြစ်ဖို့ အာရုံထားပြီး ကျင့်ကြံ ကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ kcqh72lygpbxmzsgzujapmtv68cpghg 22190 22186 2026-06-17T03:48:05Z Tejinda 173 22190 wikitext text/x-wiki {{header | title = မိတ်ကောင်း ဆွေကောင်း | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်]] | previous2 = | next = [[ယမမင်းကြီးရဲ့ ဆန္ဒ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
မှတ်တမ်း
သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၅)ရက်၊ လှိုင်မြို့နယ်၊ (၆)ရပ်ကွက်၊ တိုင်းရင်းသား များ ဖွံ့ဖြိုးရေး ပရဟိတကျားကျောင်း၊ အော်ဘွန် ဟော အော်ဘွန်ပါ ဓမ္မဗိမာန်တော်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သော ညဉ့်ဦးယံ ဓမ္မသဘင် အခမ်းအနားဝယ် နှစ်ဖက်သော မိဘ များကို အမှူးထား၍ မရမ်းကုန်းမြို့နယ်၊ (၇)မိုင်ခွဲ၊ တေးနုယဉ်လမ်း၊ အမှတ် ၄၅ နေ ဦးသောင်းဌေး+ ဒေါ်ခင်စောဝင်း၊ သား မောင်မင်းသောင်းခန့်၊ ကျော်ညီညီခန့် မိသားစုတို့၏ အမတဒါန, ဓမ္မဒါန အဖြစ်ဖြင့် ဟောကြားအပ်သော“မိတ်ကောင်း ဆွေကောင်း” တရားဒေသနာတော်။

ဤစာအုပ်သည် ဟောတရားကို အသံမှစာလုံး အဖြစ် ကူးပြောင်းဖလှယ်ကာ တည်းဖြတ်ရေးသား အပ်သော စာအုပ်ဖြစ်သည်။

လူသည် မွေးလာသည်မှစ၍ အပေါင်းအသင်း ဖြင့် နေလေ့ရှိသည်။ အပေါင်းအသင်းများကို ‘သဟာယ’ (သို့မဟုတ်) ‘မိတ္တ” ဟုခေါ်၏။ အပေါင်း အသင်းများသည် လူတစ်ယောက်၏ ဆိုးကျိုး, ကောင်းကျိုးများကို ဖော်ဆောင်တတ်ကြ၏။ အပေါင်းအသင်းကြောင့် လူ့ဘဝမှာ ကြီးပွား တိုးတက်မှု ရရှိကြသလို . ဆုတ်ယုတ်ပျက်စီးမှု ကိုလည်း ရရှိတတ်ကြ၏။
သို့ဖြစ်၍ ကြီးပွားတိုးတက်လိုသူတိုင်း အပေါင်း အသင်းကို ရွေးချယ်ပေါင်းသင်းကြ၏။ အကျိုးပြု အပေါင်းအသင်းများကို “မိတ်ကောင်း ဆွေကောင်း’ ဟု ခေါ်ကြ၏။ အဘယ် ပုဂ္ဂိုလ်များသည်သာ မိတ်ကောင်းဆွေကောင်း ဖြစ်နိုင်ကြောင်း ဗုဒ္ဓ မြတ်စွာက သိင်္ဂါလောဝါဒသုတ္တန် ၌ ဟောကြား ထားသည်။ မြတ်ဗုဒ္ဓ၏ တရားဒေသနာများကို အခြေခံ၍ ဤစာအုပ်၌ “မိတ်ကောင်းဆွေကောင်း” များကို ဖော်ပြထားသည်။

မိတ်ဆွေ အတုများကို သတိထားလျက် မိတ်ကောင်းဆွေကောင်းများနှင့်သာ လက်တွဲကာ ဘဝခရီးလမ်း လျှောက်လှမ်းနိုင်ကြပါစေ။

ဓမ္မအသိ ရှိလျက်နေမည်
အရှင်နန္ဒမာလာဘိဝံသ

ဆွေကောင်းတွေဖြစ်ဖို့ အာရုံထားပြီး ကျင့်ကြံ ကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ bcv9s9nmlybh8dk106irgi9ma9yw0di ယမမင်းကြီးရဲ့ ဆန္ဒ 0 6388 22187 2026-06-17T03:39:49Z Tejinda 173 "{{header | title = ယမမင်းကြီးရဲ့ ဆန္ဒ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = မိတ်ကောင်း..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22187 wikitext text/x-wiki {{header | title = ယမမင်းကြီးရဲ့ ဆန္ဒ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[မိတ်ကောင်း ဆွေကောင်း]] | previous2 = | next = [[မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်အညီ နေထိုင်ခြင်း]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

ယမမင်းကြီးရဲ့ ဆန္ဒ
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ သီတင်းကျွတ်လဆန်း ၆-ရက်နေ့၊ မုံရွာမြို့၊ နန္ဒဝန်မြို့သစ်၊ မန်ကျည်းအုပ်တောရကျောင်းတိုက်၊ တာဝတိံသာဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အကြို ဓမ္မသဘင်အခမ်းအနားဝယ် မုံရွာမြို့ အမှတ်(၂) စက်မှုဇုံ သီရိမင်္ဂလာလမ်း၊ စိန်မင်းပဲခွဲစက်နှင့် ပဲကြော်လုပ်ငန်း ဦးမြင့်ဦး + ဒေါ်မိုမိုဇော်မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ယမမင်းကြီး၏ဆန္ဒ” တရားဒေသနာတော်။

တရားချစ်ခင်သူတော်စင်ပရိသတ်တို့ ယမမင်းဆိုတာ ကြားဖူးနားဝရှိနေကြပါပြီ။ သို့သော် ယမမင်းရဲ့အကြောင်းကို လူတိုင်း သိချင်မှ သိကြလိမ့်မယ်၊ သိထားဖို့တော့ ကောင်းတယ်။ တချို့ရေစက်ချ အမျှဝေတဲ့အခါမှာ **“ငရဲသနင်း ယမမင်းကြီးအား
စာမျက်နှာ-၂
လည်းကောင်း”** လို့ အမျှဝေလေ့ရှိကြတယ်။ အဲဒီယမမင်းဆိုတာ တကယ်ရော ရှိသလား၊ ရှိတယ်ဆိုတာကို မြတ်စွာဘုရားဟောကြားထားတဲ့ တရားဓမ္မထဲမှာ ပါသလားလို့ ဒီလိုမေးရမယ်နော်။

တချို့အကြောင်းအရာတွေက သံဂါယနာခြောက်တန်တင်ထားတဲ့ ပိဋကတ်စာပေတွေထဲမှာ မပါဘဲနဲ့ လူပြောသူပြော အစဉ်အလာပြောလာလို့ ရှိနေတဲ့အရှိတွေက ရှိသေးတယ်ပေါ့။ ယမမင်းဆိုတာ သံဂါယနာခြောက်တန်တင်တဲ့ စာထဲမှာမပါဘဲ သူပြောကိုယ်ပြောအနေနဲ့ ရှိတာလားလို့ စဉ်းစားရမယ့်အချက်တစ်ခု။

ယမမင်းအကြောင်းနဲ့ ဆက်နွယ်ပြီး လူတွေက သိချင်ကြတယ်၊ ငရဲဆိုတာရော တကယ်ရှိသလား၊ တိရစ္ဆာန်ဆိုတာကိုတော့ လူတွေက လက်ခံထားကြတယ်။ မိမိမျက်စိနဲ့ မမြင်ရရင် မရှိဘူးလို့ ငြင်းတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်။
စာမျက်နှာ-၃
၃၁-ဘုံဆိုတာနဲ့ ပတ်သက်ပြီးတော့ လူတွေမျက်စိထဲမှာ မြင်လာတာက လူ့ဘုံနဲ့ တိရစ္ဆာန်ဘုံ၊ ဒီနှစ်ဘုံပဲ လူတွေမြင်ကြတယ်။ အချို့ပုဂ္ဂိုလ်တွေက ၃၁-ဘုံဆိုတာဟာ မရှိနိုင်ဘူး၊ လူ့ဘုံနဲ့ တိရစ္ဆာန်ဘုံ၊ လူတွေမြင်ရတာ ဒီနှစ်ခုပဲရှိတယ်လို့ မြန်မာပြည်မှာ ဒီလိုဟောပြောပြီး စာအုပ်တွေ ရေးသားထုတ်ဝေခဲ့တာတွေ ရှိခဲ့တယ်။ အဲဒါကြောင့် ပိဋကတ်စာပေထဲမှာ ဘယ်လိုရှိသလဲဆိုတာ သိထားဖို့ လိုအပ်တယ်ပေါ့။

လူတွေဆိုတာကတော့ ကိုယ့်အမြင်ကိုယ်ပြောကြတာပဲ၊ သို့သော် စာလာပေလာ လက်ခံထားတာ ဟုတ်ကဲ့လားဆိုတာကို သိဖို့ အရေးကြီးတယ်ပေါ့။ နို့မို့ဆိုလို့ရှိရင် အပြောကောင်းတဲ့လူက ပြောသွားလို့ရှိရင် ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး ဖြစ်ပြီး ဘာသာရေးနဲ့ပတ်သက်တဲ့ အတွေးအခေါ် အယူအဆတွေဟာ မှားယွင်းချွတ်ချော်မှုတွေ လွှမ်းမိုးသွားနိုင်တယ်။
စာမျက်နှာ-၄
ငရဲဆိုတာ တကယ်ရှိသလား၊ စာပေကျမ်းဂန်အရ ယမမင်းကြီးဆိုတာရော တကယ်ရှိသလား၊ အဲဒီအကြောင်းအရာလေးတွေကို ဟောပြောချင်လို့ ဘုန်းကြီးတို့ ဒီကနေ့ ခေါင်းစဉ်ပေးလိုက်တာက “ယမမင်းကြီးရဲ့ဆန္ဒ” တဲ့။

ယမမင်းကြီးရဲ့ဆန္ဒကို မပြောခင် စာလာပေလာ ငရဲဆိုတာ ရှိသလားလို့- ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ထိုထိုသုတ္တန်တွေမှာ “နိရယ” ဆိုတဲ့ စကားလုံးကို အမြဲတမ်းလိုလို သုံးထားတာရှိတယ်။ “အပါယံ ဒုဂ္ဂတိ ဝိနိပါတံ နိရယံ” - မြတ်စွာဘုရားက အပါယ်လေးဘုံလို့ တစ်သုတ်တည်းမကဘူး၊ သုတ္တန်တော်တော်များများမှာ ဟောထားတာရှိတယ်။ နိရယဆိုတဲ့ ငရဲဘုံနဲ့ပတ်သက်ပြီးတော့လည်းပဲ သံဂါယနာခြောက်တန်တင် ဒေသနာတော်တွေထဲမှာ ဒေဝဒူတသုတ်ဆိုတာ နှစ်သုတ်ရှိတယ်။ အင်္ဂုတ္တရနိကာယ်မှာလည်းပဲ ဒေဝဒူတသုတ်ဆိုတာ ပါတယ်၊ မဇ္ဈိမနိကာယ်မှာလည်းပဲ ဒေဝဒူတသုတ်ဆိုတာ ပါတယ်။
စာမျက်နှာ-၅
မြတ်စွာဘုရားကိုယ်တိုင်ကိုက တခြားသုတ္တန်တွေမှာလည်းပဲ အပါယ်လေးဘုံအကြောင်း ဟောထားတာတွေရှိတယ်။ စာလာပေလာအရ အပါယ်ဆိုတာ တကယ်ရှိတယ်လို့ ပြောရမယ်။

မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ ဘယ်လိုဟောထားတုန်းဆိုရင် လောကမှာ အဓမ္မစရိယာ - ဓမ္မရဲ့ ဆန့်ကျင်ဘက်အကျင့်တွေ၊ (ဒါတွေက ဒုစရိုက်တွေကို ပြောတာ၊ အကုသိုလ်အလုပ်တွေပေါ့) ဓမ္မရဲ့ဆန့်ကျင်ဘက်အကျင့်တွေ၊ အဲဒီအကျင့်တွေ ရှိနေလို့ အပါယ်လေးဘုံဆိုတာ ရှိနေတာပါတဲ့။

ဒါစဉ်းစားစရာနော်၊ ကိုယ်မမြင်ရပေမယ့်လို့ ရှိတယ်ဆိုတာကို။ ကဲ လူ့လောကမှာ ဘုန်းကြီးတို့ စဉ်းစားကြည့် - အဓမ္မစရိယာ တရားမဲ့ပြုကျင့်မှုဆိုတာတွေ မရှိဘူးလား၊ ရှိတယ်နော်၊ အကုသိုလ်တရားတွေကို ပြုကျင့်တယ်။

ဆိုပါစို့- ကာယဒုစရိုက် သူများအသက်သတ်တယ်၊ သူများဥစ္စာခိုးတယ်၊ သူများသားမယား စော်
စာမျက်နှာ-၆
ကားတယ်ဆိုတဲ့ ကိုယ်ဖြင့်ပြုအပ်တဲ့ အကျင့်ဆိုးသုံးမျိုး၊ ဝစီဒုစရိုက် မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပလို့ဆိုတဲ့ ဝစီဒုစရိုက် နှုတ်ဖြင့်ပြုအပ်တဲ့ အကျင့်ဆိုးလေးမျိုး။

မနောဒုစရိုက် အဘိဇ္ဈာ- သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်ချင်မှု လောဘ၊ ဗျာပါဒ- သူတစ်ပါးတွေ သေကြေပျက်စီးပါစေ ဆုံးရှုံးနစ်နာပါစေလို့ တွေးစေတဲ့ ဒေါသ၊ မိစ္ဆာဒိဋ္ဌိ- ကံကံ၏အကျိုးကို ငြင်းပယ်တဲ့ မှားယွင်းသောအမြင်ဆိုတဲ့ စိတ်ဖြင့်ပြုအပ်တဲ့ မနောဒုစရိုက်သုံးမျိုး၊ အဲဒီသဘာဝတရားတွေဟာ လူတွေရဲ့သန္တာန်မှာ ရှိသလား မရှိဘူးလားဆိုတာ အရင်စဉ်းစား။

အားလုံးပရိသတ်တွေ အခုပြောခဲ့တဲ့ ဒုစရိုက်ဆိုးတွေ မနောဒုစရိုက်တို့ ဝစီဒုစရိုက်တို့ ကာယဒုစရိုက်တို့ လူတွေရဲ့သန္တာန်မှာ ရှိမရှိ၊ (ရှိပါတယ်ဘုရား။) ရှိတာသေချာတယ်နော်၊ အေး မြတ်စွာဘုရားက ဒါတွေရှိနေလို့ရှိရင် အပါယ်လေးဘုံဟာ ရှိနေမယ်၊
စာမျက်နှာ-၇
ကိုယ့်မျက်စိနဲ့ မမြင်ရပေမယ့်လို့ အပါယ်လေးဘုံဟာ ရှိတယ်လို့ လက်ခံရမယ်၊ ဘာဖြစ်လို့လဲ၊ အကြောင်းတွေက ရှိနေတယ်၊ အကြောင်းရှိလို့ရှိရင် အကျိုးဆိုတာရှိတာပဲ။

ဆိုပါစို့- ချင်းတွင်းမြစ်ကြီး ရေတွေတိုးလာလို့ ကမ်းပေါ်မှာ မေးတင်နေပြီ၊ စိုးရိမ်ရေအမှတ်ရောက်နေပြီဆိုရင် အထက်အညာမှာ မိုးတွေတအားရွာနေတယ်လို့ မသိနိုင်ဘူးလား၊ ကိုယ်ကတော့ မိုးရွာနေတာကို မမြင်ရဘူး၊ မြင်ရတာက အောက်ခြေမှာ ချင်းတွင်းမြစ်ကြီး ရေလျှံနေတာ ဖြစ်တယ်။ အညာမှာ မိုးရွာတာ ကိုယ်မြင်ရရဲ့လား၊ မမြင်ရဘူး။ အေး မမြင်ရပေမယ့်လို့ ချင်းတွင်းမြစ်ကြီး ရေတွေလျှံနေပြီဆိုရင် အညာမှာ မိုးတွေကောင်းနေတယ်လို့ ပြောရင် မှားသလား၊ (မမှားပါဘူးဘုရား) အဲဒါကို အနုမာနဉာဏ်လို့ ခေါ်တယ်။ အနုမာနဆိုတာ အကြောင်းကို ထောက်ဆပြီးတော့ အကျိုးတရားကို သိရတယ်။
စာမျက်နှာ-၈
အကျိုးတရားကို ထောက်ဆပြီးတော့ အကြောင်းတရားကို သိရတယ်တဲ့။

ခုလည်း အဓမ္မစရိယာဆိုတဲ့ အကြောင်းအထွေထွေကို ထောက်ဆပြီးတော့ ကြည့်လိုက်မယ်ဆိုရင် မကောင်းတဲ့အကျင့်ဆိုးတွေကို ကျင့်နေတဲ့ပုဂ္ဂိုလ်တွေရဲ့ ဖြစ်ရာဘုံဘဝဆိုတာ မရှိနိုင်ပေဘူးလား၊ ရှိတယ်နော်။ မြတ်စွာဘုရားကတော့ အဲဒီလိုဟောထားတယ်၊ ဒါတွေကနော် မြတ်စွာဘုရားက ရှိတယ်လို့ဟောတာ၊ ထိုထိုသုတ္တန်ပါဠိတော်တွေထဲမှာ မြောက်မြားစွာပါတယ်၊ ငရဲဆိုတာရှိတယ်လို့ ဟောတာ၊ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဆိုတာရှိတယ်။ အေး တိရစ္ဆာန်ရှိတယ်ဆိုတာက လူတွေက မြင်ကြတယ်၊ ငရဲတို့ ပြိတ္တာတို့ အသူရကာယ်တို့ ရှိတယ်ဆိုတာကျတော့ လူတွေက မမြင်ကြဘူး၊ မမြင်တော့ တချို့ပုဂ္ဂိုလ်တွေက ဒါတွေကို မရှိဘူးလို့ ငြင်းကြတယ်။ မြန်မာပြည်မှာကိုပဲ “သုံးဆယ့်တစ်ဘုံဝါဒ
စာမျက်နှာ-၉
ဗုဒ္ဓလက်မခံ” ဆိုပြီးတော့ ရေးထားတဲ့စာအုပ် ဘုန်းကြီးတို့ငယ်ငယ်က ဖတ်ဖူးတယ်။ တကယ်တော့ ဖြစ်သင့်တာက ဗုဒ္ဓလက်မခံတာ မဟုတ်ပါဘူး၊ စာရေးတဲ့သူ လက်မခံတာ၊ သူလက်မခံတာကိုပဲ ဘုရားလက်မခံဘူးလို့ ပြောထားတယ်နော်၊ အဲဒါလည်း စာတွေဖတ်တဲ့အခါမှာ ဒါသတိထားစရာနော်၊ ရေးထားတာက “သုံးဆယ့်တစ်ဘုံဝါဒ ဗုဒ္ဓလက်မခံ” တဲ့။

ဗုဒ္ဓက လက်မခံတာ မဟုတ်ဘူး၊ လက်ခံတယ်။ ဘာဖြစ်လို့ပြောလို့ရသလဲ၊ ထိုထိုသုတ္တန်တွေမှာ မြတ်စွာဘုရားက အပါယ်လေးဘုံအကြောင်း နတ်ပြည်အကြောင်း ဗြဟ္မာပြည်အကြောင်း ဟောထားတာတွေ မြောက်မြားစွာရှိတယ်လေ၊ အဲဒီသုတ္တန်တွေဟာ သံဂါယနာခြောက်တန်တင်ထားတဲ့ သုတ်တွေချည်းပဲ။ ဒါ့ကြောင့်မို့ မြတ်စွာဘုရားက အကြောင်းအကျိုးဆင်ခြင်ပြီး ပြတယ်၊ လူတွေရဲ့သန္တာန်မှာ အဓမ္မစရိယာလို့ခေါ်တဲ့ အကုသိုလ်တရား ဖြစ်ပွားနေမှု
စာမျက်နှာ-၁၀
ရှိနေသောကြောင့် အပါယ်လေးဘုံ (ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်) ဆိုတာ ထင်ရှားရှိနေတာပါတဲ့၊ ဟုတ်တာပေါ့၊ လောကမှာ အမျိုးမျိုးပေါ့လေ၊ ရာဇဝတ်သားတွေကို ထိန်းသိမ်းဖို့ ထောင်ဆိုတာ မျက်မှောက်ခေတ်မှာ မရှိဘူးလား၊ ရှိတယ်နော်၊ အဲဒါမျိုးလိုပဲ သဘာဝတရားမှာလည်းပဲ ဒါမျိုးတွေရှိတယ်လို့ ဒီလိုမှတ်ရမယ်၊ ရှိတယ်ဆိုတာကို သေချာသိအောင် ကိုယ့်ဟာကိုယ် စဉ်းစားကြည့်။ နောက်တစ်ခု မြတ်စွာဘုရားက ဆန့်ကျင်ဘက်အနေနဲ့ ပြောတယ်၊ အဓမ္မစရိယာဆိုတဲ့ တရားမဲ့ပြုကျင့်မှု စရိုက်ဆိုးတွေရှိသလိုပဲ ဓမ္မစရိယာ စိတ်ကောင်းနှလုံးကောင်းရှိပြီးတော့ ကုသိုလ်တရားတွေ ပြုကျင့်နေတာတွေ၊ တရားသဘောအတိုင်း ဆောင်ရွက်လုပ်ကိုင်နေကြတာတွေရော လောကမှာ မရှိဘူးလား။ ဆိုလိုတာက သူများအသက်သတ်တဲ့ပုဂ္ဂိုလ်ရှိသလို သူများအသက်သတ်မှုမှ ရှောင်ကြဉ်တဲ့ပုဂ္ဂိုလ် မေတ္တာထားတဲ့ပုဂ္ဂိုလ်ရော မရှိဘူးလား၊ ရှိတယ်နော်။
စာမျက်နှာ-၁၁
အေး ဓမ္မစရိယာဆိုတဲ့ ကောင်းတဲ့အကျင့်များကို ကျင့်ကြံကြိုးကုတ်အားထုတ်နေတဲ့ပုဂ္ဂိုလ်တွေရှိနေလို့ လူ့ပြည်ဆိုတာ ရှိနေတယ်တဲ့၊ နတ်ပြည်ဆိုတာရှိနေတယ်တဲ့။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကုသိုလ်တရားတွေကို ပြုလုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့ အကျိုးပေးရာဘုံဆိုတာ ရှိကိုရှိရတယ်။

ဘုံကို ငြင်းပယ်လိုက်တာနဲ့ တစ်ပြိုင်နက် ကံတရားကို ငြင်းပယ်ရာရောက်သွားတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် အကြောင်းတရားကို ငြင်းပယ်လိုက်လို့ပဲ ဖြစ်တယ်၊ အကျိုးတရားကို ငြင်းပယ်လိုက်ရင်လည်း အကြောင်းတရားကို ငြင်းပယ်ပြီးသားဖြစ်သွားတယ်။ အကြောင်းတရားကို ငြင်းပယ်ရင်လည်း အကျိုးတရားကို ငြင်းပယ်ပြီးသားဖြစ်သွားတယ်၊ ဘာဖြစ်လို့လဲ၊ အကြောင်းနဲ့အကျိုးဆိုတာ ဆက်စပ်နေတယ်။

အဲဒါကြောင့်မို့ မြတ်စွာဘုရားဟောတာက ရှင်းရှင်းလေးရယ်၊ မကောင်းမှုဒုစရိုက်တွေရှိနေလို့ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်လို့ဆိုတဲ့ အပါယ်
စာမျက်နှာ-၁၂
ဘုံတွေရှိနေတာတဲ့၊ ကောင်းတဲ့သုစရိုက်တရားတွေ ထွန်းကားနေလို့ လူ့ပြည် နတ်ပြည်ဆိုတာတွေ ရှိနေတာတဲ့။ ဒါ မြတ်စွာဘုရားက တွေးခေါ်တတ်အောင် ဟောကြားပေးထားတာ။

အဲဒီတော့ ငရဲဘုံတကယ်ရှိနေပြီလို့ဆိုတဲ့အခါ လူတွေပြောနေကြတဲ့ ငရဲသနင်း ယမမင်းကြီးဆိုတာရော ရှိသလားလို့ဆိုတော့ မြတ်စွာဘုရား ဒေဝဒူတသုတ္တန်မှာ ယမမင်းအကြောင်း ဟောထားတာရှိတယ်၊ ငရဲကိုကြီးစိုးထားတဲ့ ယမမင်းကြီးဆိုတော့ လူတွေက ကြောက်ကောင်း ကြောက်ကြလိမ့်မယ်နော်၊ တကယ်တော့ ယမမင်းကြီးက ကြောက်စရာမကောင်းဘူး၊ အင်မတန်မှ ချစ်စရာကောင်းတယ်၊ ကြည်ညိုစရာကောင်းတယ်။

ယမမင်းဆိုတာ ဘယ်သူလဲလို့ မေးလို့ရှိရင် ယမမင်းဆိုတာ ဝေမာနိကပေတရာဇာ၊ ဗိမာန်ရှိတဲ့ ပြိတ္တာဘုရင်ကြီးတစ်ဦးပါတဲ့၊ သူကတစ်ယောက်တည်း ရှိတာမဟုတ်ဘူးတဲ့၊ ယမမင်းကြီးဆိုတာ
စာမျက်နှာ-၁၃
တကယ့်သူတော်ကောင်းကြီး၊ သူက ကြောက်စရာမလိုဘူး၊ အင်မတန်တောင်မှ ကရုဏာကြီးမားတယ်။ သူ့ရဲ့ဘဝက ဒီဝေမာနိကပြိတ္တာဘဝ ဖြစ်တယ်၊ တချို့က စတုမဟာရာဇ်နတ်ထဲမှာ ပါတယ်ပေါ့၊ စတုမဟာရာဇ်နတ်ဆိုတော့ နတ်ပြည်ခြောက်ထပ်မှာ အနိမ့်ဆုံးနတ်ပြည်၊ သူက ဝေမာနိကပြိတ္တာမျိုးဆိုတော့ သိပ်ပြီးတော့ အဆင့်အတန်းမြင့်တဲ့နတ်တော့ မဟုတ်ဘူး၊ သူ့မှာ ဘုံဗိမာန်လည်းရှိတယ်၊ အစွမ်းတန်ခိုးလည်းရှိတယ်၊ သူ့ရဲ့အစွမ်းအထက်ဆုံးလက်နက်က မျက်လုံးတဲ့၊ အခြားလက်နက်တွေ သုံးစရာမလိုဘူးတဲ့၊ မျက်လုံးနဲ့ကြည့်လိုက်တာနဲ့တင်ပဲ အကုန်လုံးကို သူကနှိမ်နင်းပြီးသား ဖြစ်သွားတယ်၊ ဒါ ကမ္မဇိဒ္ဓိ လို့ခေါ်တယ်နော်။ ဆိုပါစို့- တိရစ္ဆာန်တွေမှာ တချို့အကောင်တွေ အစွယ်ရှိကြတယ်၊ မြွေလည်းအစွယ်ရှိတယ်၊ တစ်မျိုးနဲ့တစ်မျိုး မတူကြဘူးပေါ့။ မြွေမှာ ကမ္မဇသတ္တိပါလာတယ်၊ သူ့အစွယ်ထဲမှာ ဘာရှိတုန်းဆိုတော့ အဆိပ်
စာမျက်နှာ-၁၄
ရှိတယ်၊ ဒီအဆိပ်က ဘယ်သူက ပေးထားတာတုန်းဆိုတော့ သူ့ကံကပေးထားတာ၊ သူ့ဘဝကို ကာကွယ်ဖို့အတွက် ပေးထားတာ၊ အဆိပ်ရှိတယ်၊ ရန်သူတွေကို ဖယ်ရှားပစ်နိုင်တဲ့အဆိပ် ရန်သူတွေကို တွန်းလှန်နိုင်မယ့်အဆိပ်၊ နောက်အင်မတန်မှ တန်ခိုးကြီးတဲ့ နဂါးကြီးတွေဆိုလို့ရှိရင်လည်း အင်မတန်မှ ပြင်းထန်တဲ့အဆိပ်တွေ ရှိကြတယ်၊ ဒါကို ကမ္မဇိဒ္ဓိလို့ခေါ်တယ်၊ ကံကပေးတဲ့ စွမ်းရည်သတ္တိတွေပေါ့။

ငှက်တွေကိုလည်းကြည့်၊ ငှက်တွေဟာ အတောင်ကလေးနှစ်ဖက် ရိုက်ခတ်ပြီး ကောင်းကင်ပေါ် ပျံသွားနိုင်တယ်၊ လူတွေမလုပ်နိုင်ဘူး၊ ငှက်တွေ ကောင်းကင်ပျံနိုင်တာ ဘယ်သူက ပေးတာတုန်းဆို ကံကပေးတာ၊ အဲဒါကို ကမ္မဇိဒ္ဓိလို့ခေါ်တယ်။

ဒါဖြင့် လူတွေမှာရော ကံကပေးတဲ့ တန်ခိုးရှိလားဆိုတော့ ရှိတယ်၊ လူတွေရဲ့အစွမ်းတန်ခိုးက လူကိုမြင်လိုက်တာနဲ့ တိရစ္ဆာန်တွေ လန့်ဖျန့်သွားတယ်။ ဒါ လူတွေရဲ့ကမ္မဇိဒ္ဓိပဲ၊ လူကလည်းပဲ တစ္ဆေမြင်ရင်
စာမျက်နှာ-၁၅
လန့်တာနဲ့ အတူတူပဲ၊ တစ္ဆေမှာလည်းပဲ သူ့ကမ္မဇိဒ္ဓိတွေ အသီးသီးရှိကြတယ်ပေါ့။

ကောင်းပြီ- ယမမင်းကြီးဆိုတာ ဝေမာနိကပေတရာဇာ၊ ဝေမာနိကဗိမာန်ရှင်ဖြစ်တဲ့ ပြိတ္တာဘုရင်ကြီးတဲ့၊ သူ့မှာ အမြဲတမ်း ချမ်းသာသုခရတာမဟုတ်ဘူး၊ ပြိတ္တာဆိုတာက ကြားဖူးကြတယ် မဟုတ်လား၊ တချို့က ကုသိုလ်ကောင်းမှုကို နေ့မှာလုပ်တယ်, ညကျတော့ အကုသိုလ်လုပ်တယ်ဆိုရင် နေ့ကျတော့ ချမ်းသာသုခ စံစားပြီးတော့ ညကျတော့ ဒုက္ခခံရတယ်၊ “နေ့စံညခံ”ဆိုတဲ့ အဓိပ္ပါယ်၊ တချို့ကျတော့ ညအခါ ကုသိုလ်ကောင်းမှုတွေလုပ်ပြီး နေ့ကျတော့ အကုသိုလ်တွေ လုပ်သည့်အတွက်ကြောင့် ညအခါကျတော့ ချမ်းသာသုခခံစားရပြီး နေ့ကျတော့ ဆင်းရဲဒုက္ခခံရတယ်၊ “ညစံ နေ့ခံ” ပြိတ္တာတွေ၊ အဲဒီလို လောကမှာ သတ္တဝါတွေဆိုတာ “ဘယ်သူမပြု မိမိမှု” ဆိုတဲ့အတိုင်း ကိုယ်လုပ်ခဲ့တာတွေ ကိုယ်ခံနေကြရတယ်။
စာမျက်နှာ-၁၆
အေး ယမမင်းကြီးဆိုတာ ဘုံဗိမာန်ရှင်ဖြစ်တဲ့ ပေတရာဇာ ပြိတ္တာဘုရင်ကြီးတစ်ဦး ဖြစ်တယ်၊ သူကိုယ်တိုင်လည်းပဲ ကံမကောင်း အကြောင်းမသင့်တဲ့အခါမှာ ပြဿနာတွေ ဆင်းရဲဒုက္ခတွေ ခံစားရရှာတယ်။ အများသတ္တဝါတွေ ငရဲရောက်သွားပြီဆိုရင် သိပ်ဒုက္ခကြီးတယ်၊ အပါယ်လေးဘုံထဲမှာ အဆိုးဆုံးကတော့ ငရဲပဲ၊ ဒါကြောင့်မို့လို့ ငရဲဆိုတဲ့ စကားလုံးကို ပါဠိစာပေမှာ “နိရယ” - “အေ”ဆိုတာ မရှိဘူး၊ “အယ”ဆိုတာ ချမ်းသာသုခ၊ ချမ်းသာသုခ တစ်စက်မှမရှိတဲ့နေရာကို ငရဲလို့ခေါ်တာပဲ၊ ချမ်းသာသုခတွေကင်းတယ်။

အခု ဘုန်းကြီးတို့တတွေ လူ့ပြည်လူ့လောက ရောက်နေကြတဲ့အခါမှာ အမြဲတမ်း ပျော်လို့ရွှင်လို့ - ဟုတ်လား၊ အမြဲတမ်းလိုလို ချမ်းသာသုခရနေကြတယ်၊ လူတွေမှာတောင်မှပဲ တစ်ခါတရံကျတော့ ချမ်းသာသုခ ဆုံးရှုံးသွားတာရှိတယ်၊ နေမကောင်းထိုင်မသာဖြစ်နေတာတို့ ခေါင်းကိုက်တာတို့ သွား
စာမျက်နှာ-၁၇
ကိုက်တာတို့ဆိုတဲ့ ပြဿနာတွေ ကြုံနေတာတို့၊ အဲဒီအချိန်မှာ ချမ်းသာသုခတွေ မဆုံးရှုံးဘူးလား၊ ဆုံးရှုံးတယ်၊ အဲဒီလို ဆုံးရှုံးနေတဲ့အချိန်မှာဆို ဘယ်လောက်ခံရလဲ၊ လူတွေမှာတောင် ခံစားရတယ်ဆိုတော့ ငရဲဘုံရောက်နေတဲ့ပုဂ္ဂိုလ်တွေကတော့ ချမ်းသာသုခ ထာဝရဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်တွေပါ။

မြတ်စွာဘုရားက သံယုတ်ပါဠိတော်မှာ ဟောထားတာလေးရှိတယ်၊ ရဟန်းတွေကို သတိပေးတဲ့အနေနဲ့၊ “ချစ်သားရဟန်းတို့ - သင်တို့ဟာ သိပ်ကံကောင်းကြတယ်”တဲ့၊ လူ့ဘုံလူ့ဘဝရတာ အင်မတန်မှ ကံကောင်းတယ်တဲ့၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် “ငရဲဘုံကို ရောက်နေကြတဲ့သတ္တဝါတွေဟာ”တဲ့၊ “မျက်စိက မြင်ရသမျှတွေဟာ အကောင်းတစ်ခုမှ မပါဘူး၊ အဆိုးချည်းပဲ၊ စိတ်ချမ်းသာစရာ တစ်ခုမှမရှိဘူး”လို့ ပြောတယ်၊ မြင်ရသမျှ မြင်ကွင်းတွေဟာ အမလေးအလိုလေး သွေးရဲရဲသံရဲရဲ အော်ဟစ်ငိုကြွေးနေတဲ့ မြင်ကွင်းတွေ အနိဌာရုံတွေချည်းပဲ သူတို့မြင်
စာမျက်နှာ-၁၈
ရတယ်”တဲ့၊ “အသံကြားရတော့လည်းပဲ သာယာတဲ့အသံဆိုတာ တစ်စက်မှ မကြားရဘူး၊ နားထဲမှာ မခံသာတဲ့အသံတွေပဲ ကြားရတယ်၊ နှာခေါင်းက အနံ့ရတဲ့အခါလည်းပဲ အင်မတန်ဆိုးတဲ့ ပြင်းထန်တဲ့အနံ့ဆိုးကြီးတွေပဲ ရှိတယ်၊ လျှာမှာ အရသာခံတဲ့အခါမှာလည်းပဲ ကောင်းတဲ့အရသာဆိုတာ တစ်ခုမှမရှိဘူးတဲ့၊ ခန္ဓာကိုယ်ကို လာထိတာဆိုတာလည်း သက်သာတာ တစ်ခုမှမရှိဘူး၊ အဆိုးချည်းပဲ”တဲ့၊ မြင်တာ ကြားတာ နံတာ ထိတာ မှန်သမျှ ဒီအာရုံတွေဟာ အဆိုးချည်းပဲ ခံစားရတယ်လို့ ငရဲဘုံရောက်နေတဲ့ ပုဂ္ဂိုလ်တွေကို မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ ဟောထားတာရှိတယ်။

လူ့ပြည်မှာဆိုလို့ရှိရင် ကောင်းတာရော မကောင်းတာရော မြင်ရတယ်၊ သို့သော် ကောင်းတာတွေကို ပိုမြင်ရတယ်၊ အသံကြားရတဲ့အခါမှာလည်း မကောင်းတဲ့အသံရော ကောင်းတဲ့အသံရော ကြားရတယ်၊ သို့သော် ကောင်းတဲ့အသံ ပိုကြားရတယ်။
စာမျက်နှာ-၁၉
ချမ်းသာသုခတွေရနေကြတယ် လူ့ပြည်မှာ၊ လူ့ဘုံ လူ့ဘဝဆိုတာ သုခနဲ့ ဒုက္ခ ရောပြီးတော့နေတယ်။

အဲဒီလို သုခ ဒုက္ခရောနေတာကိုက သတိခိုင်မာခြင်းရဲ့ အကြောင်းတရားဖြစ်တယ်၊ ဒါလူ့ဘဝရဲ့ ထူးခြားချက်ပဲ၊ ချမ်းသာသုခသက်သက်ပဲရှိမယ်ဆိုရင် လူတွေဟာ သတိနဲ့နေကြမှာ မဟုတ်ဘူး၊ နတ်တွေဟာ လူတွေလောက် သတိမကောင်းဘူး၊ ဘာဖြစ်လို့တုန်းဆို အမြဲတမ်း ပျော်စရာတွေနဲ့ချည်းပဲမို့လို့။

ကဲ ဘုန်းကြီးတို့တတွေကြည့် - television ရှေ့မှာ ရုပ်ရှင်ကို မော့နေတဲ့အချိန်မှာ ကျန်တာတွေ မေ့မနေဘူးလား၊ မေ့နေတယ်၊ ချမ်းသာသုခ ခံစားနေပြီဆိုရင် အကုန်မေ့နေတယ်၊ နတ်တွေက ချမ်းသာသုခ အမြဲခံစားနေရသည့်အတွက်ကြောင့် နတ်တွေဟာ မေ့တယ်, အလွန့်ကိုမေ့တယ်၊ လူတွေကျတော့ သုခဒုက္ခ တစ်လှည့်စီ ဖြစ်သည့်အတွက် သတိပိုကောင်းတယ်၊ ဒီလိုဆိုတာ၊ သတိပိုပြီးတော့ ခိုင်မြဲ
စာမျက်နှာ-၂၀
တယ်၊ ဒါကြောင့်မို့လို့ လူ့ပြည်က ပိုပြီး တန်ဖိုးရှိတယ်လို့ ပြောတာနော်၊ နတ်ဘုံက ချမ်းသာပါတယ်၊ လူ့ဘုံထက် ချမ်းသာတယ်၊ သို့သော် ကုသိုလ်ကောင်းမှု လုပ်နိုင်တဲ့ရှုထောင့်က ကြည့်လိုက်မယ်ဆိုရင် လူ့ဘုံလူ့ဘဝကို မမှီဘူး၊ လူ့ဘုံက အင်မတန်မှ တန်ဖိုးရှိတယ်။

နတ်ပြည်က နတ်တစ်ဦး စုတိစိတ်ကျတော့မယ်ဆိုရင် ထူးခြားမှု ပြလာတယ်၊ ဆိုပါစို့ - လူတွေလို ဖျားနာနေတာလည်း မဟုတ်ဘူး၊ ရောဂါဝေဒနာရနေတာလည်း မဟုတ်ဘူး၊ ကံကြမ္မာပေါ် မှီတည်ပြီးတော့ နတ်သားတစ်ယောက် နတ်သမီးတစ်ယောက် စုတေခါနီးပြီဆိုလို့ရှိရင် အတိတ်နိမိတ်လေးတွေ ပေါ်လာတယ်၊ ဘာအတိတ်နိမိတ်တွေ ပေါ်လာတုန်းဆိုလို့ရှိရင် ဝတ်ထားတဲ့အဝတ်ကလေးက နွမ်းလာတယ်၊ ဆင်ထားတဲ့ပန်းကလေး ညိုးလာတယ်၊ ခါတိုင်း ဘယ်တော့မှ အဝတ်ဟာ နွမ်းတယ်လို့ မရှိဘူး၊ ဖွပ်ရတယ်လို့ မရှိဘူး၊ အမြဲတမ်း သစ်လွင်လန်းဆန်းနေ
စာမျက်နှာ-၂၁
တာ၊ ပန်ထားတဲ့ပန်းကလည်း အမြဲတမ်းသစ်လွင်နေတယ်၊ သူတို့ခန္ဓာကိုယ်ကလည်း အမြဲတမ်း သစ်လွင်နေတယ်၊ သူတို့ခန္ဓာကိုယ်က ဘယ်တော့မှ ချွေးထွက်တယ် မရှိဘူး၊ လူ့ပြည်မှာဆိုရင် ပူအိုက်ပြီဆိုရင် ချွေးတစက်စက် ကျတယ်၊ နတ်တွေရဲ့ ခန္ဓာကိုယ်မှာ ချွေးမထွက်ဘူး၊ ချွေးထွက်လာပြီဆိုရင် အဲဒီနတ်သား နတ်သမီးက စုတေတော့မယ်၊ ဝတ်ထားတဲ့အဝတ် နွမ်းလာတယ်၊ ပန်ထားတဲ့ပန်းတွေ ညှိုးလာတယ်၊ ချိုင်းကြားက ချွေးတွေ ထွက်လာတယ်၊ ခန္ဓာကိုယ်မှာလည်းပဲ အလှပျက်တဲ့အနေအထားလေးတွေ ပေါ်လာတယ်၊ ခါတိုင်းဆိုရင် နတ်တွေရဲ့ ခန္ဓာကိုယ်က အမြဲတမ်း ဝင်းဝါလှပပြီးတော့ နေတယ်၊ သေခါနီးလာပြီဆိုလို့ရှိရင် အရောင်လေးတွေက နည်းနည်းညှိုးလာပြီးတော့ ရုပ်ပျက်ဆင်းပျက်ကလေး ဖြစ်လာတယ်၊ ပြီးတော့ မိမိနေတဲ့ ဘုံဗိမာန်မှာ နေချင်စိတ် မရှိဘူး၊ ပျင်းလာတယ်၊ အဲဒါကို နိမိတ်ငါးပါးလို့ ခေါ်
စာမျက်နှာ-၂၂
တယ်၊ နတ်တွေ စုတေတော့မယ်ဆိုလို့ရှိရင် အဲဒီနိမိတ်တွေ ပြလာတယ်။

အဲဒီလို နိမိတ်တွေ ပေါ်ထင်လာပြီဆိုလို့ရှိရင် အဖော်သဟဲဖြစ်တဲ့နတ်တွေက သူ့ကို ဘယ်ခေါ်သွားတုန်းဆိုရင် နန္ဒဝန်ဥယျာဉ်ထဲ ဆွဲခေါ်သွားကြတယ်၊ နန္ဒဝန်ဥယျာဉ်ဆိုတာ အလွန့်ကို လှပတဲ့ ဥယျာဉ်ကြီး၊

သေရတော့မှာမို့ စိတ်ပျက်နေတဲ့ စိတ်ဓာတ်ကျနေတဲ့ နတ်တောင်မှပဲ နန္ဒဝန်ဥယျာဉ်ကြီးထဲ ရောက်သွားပြီဆိုလို့ရှိရင် မေ့သွားတယ်တဲ့၊ အဲဒီလောက် ပျော်စရာကောင်းတာတဲ့။

အဲဒီနန္ဒဝန်ဥယျာဉ်ကြီးထဲ ဆွဲခေါ်သွားပြီး သူ့ကို ဘာပြောကြတုန်းဆိုရင် “သူငယ်ချင်း- သုဂတိဘုံကို စိတ်ညွှတ်ထား၊ သုဂတိဘုံကို ရောက်အောင် သွားပါ၊ သေရမှာ မကြောက်ပါနဲ့၊ သုဂတိဘုံကို ရောက်သွားပြီးတဲ့အခါ အကောင်းဆုံးသောအရာကို ရအောင် ယူ”တဲ့၊ “အဲဒီ ရထားတဲ့အရာကို မင်း ခိုင်ခိုင်
စာမျက်နှာ-၂၃
မာမာဖြစ်ပါစေ”၊ အဲဒီစကားသုံးခွန်း မှာလိုက်ကြတယ်တယ်။

“သုဂတိဘုံ သွား”ဆိုတာ ဘယ်ကို သွားခိုင်းတာတုန်းဆိုတော့ လူ့ပြည်သွားခိုင်းတာ၊ လူ့ပြည်ကို သွား၊ “အကောင်းဆုံးသောအရာကို ရအောင် ယူ”ဆိုတာ ဘာတုန်းဆိုရင် သဒ္ဓါတရား၊ ယုံကြည်မှုမှ မရှိလို့ရှိရင် (သို့မဟုတ်) ကုသိုလ်ရေးမှာ စိတ်ဝင်စားမှုမရှိဘူးဆိုရင် ဘယ်ကုသိုလ်မှ လုပ်မှာ မဟုတ်ဘူး၊ ကုသိုလ်အပေါ်မှာ စိတ်ဝင်စားတာတို့ ကံ ကံ၏ အကျိုးကို ယုံကြည်တာတို့ဆိုတဲ့ သဒ္ဓါဟာ အားလုံးအတွက် လမ်းဖွင့်ပေးတာ ဖြစ်သောကြောင့် သူက ရှိရမယ်၊ အဲဒါဟာ အကောင်းဆုံးလာဘ်လို့ နတ်တွေက ယူဆတယ်၊ အဲဒီ ရထားတဲ့သဒ္ဓါတရားကိုလည်း ခိုင်မာအောင် လုပ်ရမှာတဲ့။

အဲဒီအချက်သုံးချက်နဲ့ ပြည့်စုံပြီဆိုလို့ရှိရင် သေသွားလည်း ကိစ္စမရှိဘူး၊ လူ့ပြည်လည်း ရောက်သွားတယ်၊ သဒ္ဓါတရားလည်း ရှိတယ်၊ သဒ္ဓါတရား
စာမျက်နှာ-၂၄
ကလည်း ခိုင်မာတယ်ဆိုရင် ကုသိုလ်ကောင်းမှု လုပ်ပြီး နတ်ပြည်ပြန်ရောက်မှာ သေချာတယ်၊ အဲဒါ နတ်တွေရဲ့ဆန္ဒ။

နတ်တွေဟာ လူ့ပြည်လူ့ဘဝကို အင်မတန်မှ တန်ဖိုးထားတယ်၊ ဘာလို့ တန်ဖိုးထားတာတုန်း၊ လူ့ဘဝက သူတို့ထက် ချမ်းသာလို့ တန်ဖိုးထားတာလား၊ မဟုတ်ဘူး၊ သူတို့ထက် အသက်ရှည်လို့ တန်ဖိုးထားတာလား၊ မဟုတ်ဘူး၊ သူတို့ထက် လှလို့ တန်ဖိုးထားတာလား၊ မဟုတ်ဘူး၊ ဘာအတွက် တန်ဖိုးထားတာတုန်း၊ ကုသိုလ်လုပ်ခွင့်ရလို့ တန်ဖိုးထားတာ။

တန်ဖိုးထားတာချင်း မတူဘူးနော်၊ နတ်ပြည်ရဲ့ချမ်းသာသုခနဲ့ စာလိုက်ရင် လူ့ပြည်ရဲ့ ချမ်းသာသုခက ဘာမှ မပြောပလောက်ဘူး၊ မနှိုင်းယှဉ်လောက်ဘူး၊ နတ်ရဲ့ အသက်နဲ့ လူ့သက်တမ်းကို ယှဉ်ကြည့်မယ်ဆိုရင် လူ့အသက်ဟာ အင်မတန်တိုတယ်၊ မပြောပလောက်ဘူး၊ နတ်ရဲ့အဆင်းအရောင်
စာမျက်နှာ-၂၅
နဲ့ လူ့ရဲ့ အဆင်းအရောင်ဆိုတာလည်း ယှဉ်လို့ မရဘူး၊ သို့သော် အဲဒီနတ်တွေက လူ့ပြည်ကို တန်ဖိုးထားကြတယ်၊ ဘာကြောင့်တုန်းဆိုတော့ ကုသိုလ်ကောင်းမှုလုပ်ခွင့် ရလို့ပါပဲ၊ နတ်တွေက ကုသိုလ်ကောင်းမှုကို သိပ်ပြီး တန်ဖိုးထားကြတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ သူတို့ဘဝက ကံပေါ်မှာ မှီခိုပြီးတော့ အသက်ရှင်ရတယ်တဲ့၊ ကမ္မဖလူပဇီဝီ - ကံအကျိုးနဲ့ အသက်ရှင်ရတဲ့ဘုံဘဝ။

အေး ကောင်းပြီ - နတ်တွေရဲ့ စိတ်ဆန္ဒက ဒီလိုရှိသလို ငရဲမင်းသနင်း ယမမင်းကြီးဆိုတာက သူ့ရဲ့ဆန္ဒက ဘာလဲ၊ ဘုန်းကြီးတို့လူ့ပြည်က လူတွေဟာ ဘာများတောင့်တကြတုန်း၊ တချို့က နတ်ပြည်ကို တောင့်တရင် တောင့်တမှာပဲ၊ ယမမင်းကြီးကတော့ ဘာကို တောင့်တလဲဆိုလို့ရှိရင် “အဟော ဝတာဟံ မနုဿတ္တံ လဘေယျ” - “လူ့ဘဝ ရချင်လိုက်တာ”၊ ဒါ နံပါတ်တစ်က လူ့ဘဝကို ရချင်တယ်။
စာမျက်နှာ-၂၆
အခု တရားချစ်ခင်သူတော်စင်ပရိသတ်တို့ ဘုန်းကြီးတို့တတွေဟာ လူ့ဘဝ ရနေကြတယ်၊ နတ်တွေက လူ့ဘဝကို တန်ဖိုးထားတယ်၊ လူ့ဘဝကို ရချင်ကြတယ်၊ ဘာကြောင့် တန်ဖိုးထားတာတုန်း၊ လူ့ဘဝက ကုသိုလ်လုပ်ခွင့် ရတယ်၊ တရားဓမ္မကို ထူးထူးခြားခြား သိနိုင်တယ်၊ ဒါကြောင့် တန်ဖိုးထားကြတယ်တဲ့၊ အေး ယမမင်းကြီးရဲ့ နံပါတ်တစ်ဆန္ဒဟာ “အဟော ဝတာဟံ မနုဿတ္တံ လဘေယျ” - ”ငါ လူ့ဘဝ ရချင်လိုက်တာ”တဲ့၊ ဒါတစ်ခု။

“လူ့ဘဝရတဲ့အခါ လူ့ပြည်မှာ ဘုရားပွင့်တာနဲ့လည်း ကြုံချင်လိုက်တာ” ဒါ သူ့ရဲ့ဆန္ဒ၊ ယမမင်းကြီး ဆန္ဒပြုသလို အခုဘုန်းကြီးတို့တတွေ လူ့ဘဝထဲလည်း ရောက်နေကြပြီ၊ ဘုရားပွင့်တဲ့ကာလနဲ့လည်း ဆုံနေကြပြီဆိုတာကို သိရမယ်၊ ကိုယ့်ကိုယ်ကို အထင်မသေးကြနဲ့၊ အချိန်ကောင်းတွေ ရှိနေတယ်၊ အခွင့်ကောင်းကြီး ရနေတယ်ဆိုတာကို အလေးအနက်ထားရမယ်နော်၊ အလေးအနက်မထား
စာမျက်နှာ-၂၇
ဘူးဆိုရင် ကိုယ့်ဘဝကို ကိုယ့်ဟာကိုယ် တန်ဖိုးရှိမှန်း မသိလို့ရှိရင် အလဟဿ အချိန်ကုန်သွားတတ်တယ်၊ တန်ဖိုးရှိတာကို တန်ဖိုးရှိမှန်း မသိလို့ရှိရင် တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးမရှိတဲ့အလုပ်တွေနဲ့သာ အချိန်ကုန်သွားလိမ့်မယ်၊ ဒါကြောင့်မို့ တန်ဖိုးသိဖို့ လိုတယ်။

အေး ယမမင်းကြီးရဲ့ဆန္ဒ - လူ့ဘဝ ရချင်လိုက်တာ၊ ငါ လူ့ဘဝဖြစ်နေတဲ့အချိန်မှာ ဘုရားပွင့်တဲ့အချိန်နဲ့လည်း ကြုံချင်တယ်၊ အဲဒီဘုရားကိုလည်းပဲ ငါ ဆည်းကပ်ကိုးကွယ်ခွင့် ရချင်လိုက်တာ၊ ဟောဘုန်းကြီးတို့တစ်တွေ ဒီအချက်တွေ အကုန်ရနေပြီနော်၊ အဲဒီမြတ်စွာဘုရားက ငါ့ကို တရားဟောရင် သိပ်ကောင်းမှာပါပဲ၊ ဘုရားဟောတဲ့တရားကို ငါ သိနားလည်ရရင် သိပ်ကောင်းမှာပဲ၊ ငါးချက်နော်၊ ယမမင်းကြီးဆန္ဒ၊ အင်မတန်မှ တန်ဖိုးရှိတယ်။

လူ့ဘဝရချင်တယ်၊ လူဖြစ်နေတဲ့အခိုက် ဘုရားပွင့်တာနဲ့ ကြုံချင်တယ်၊ အဲဒီဘုရားကို ဆည်းကပ်
စာမျက်နှာ-၂၈
ကိုးကွယ်ချင်တယ်၊ ဘုရားဟောတဲ့တရားကို နာချင်တယ်၊ အဲဒီတရားကို သိချင်တယ်၊ ဟောဒီငါးခုဟာပဲ၊ မြတ်စွာဘုရားက ဒီသုတ္တန်မှာ ဟောတာ။

ယမမင်းကြီးဟာ ငရဲသားတွေရဲ့ ဆင်းရဲဒုက္ခကို ကြည့်ပြီးတော့ အခုလို တတမ်းတတနဲ့ သူ့ရဲ့ဆန္ဒတွေကို ထုတ်ဖော်တယ်၊ အဲဒီလို ယမမင်းကြီးဟာ ဆန္ဒကို ထုတ်ဖော်တယ်ဆိုတာ သူများပြောတာကို ငါ ကြားတာမဟုတ်ဘူး၊ သူများဆီကတဆင့် သိရတာမဟုတ်ဘူး၊ ငါကိုယ်တိုင် မြင်တယ်၊ ငါကိုယ်တိုင် ကြားတယ်တဲ့၊ မြတ်စွာဘုရားကနော်။

အသံကြားဖို့ရာလည်းပဲ ဒိဗ္ဗသောတဆိုတဲ့ ထူးခြားတဲ့ တန်ခိုးပါဝါရှိတဲ့နားကို ဖန်ဆင်းထားလိုက်လို့ရှိရင် ပြောသမျှအသံတွေ အကုန်ကြားနေရတယ်။ ယမမင်းကြီးက သူ့ဆန္ဒထုတ်ဖော်တာကို မြတ်စွာဘုရားက ကိုယ်တိုင်သိတယ်၊ ကိုယ်တိုင်မြင်တယ်၊ ကိုယ်တိုင်ကြားတယ်၊ အဲဒါကို ငါ ဟောတာပါတဲ့။
စာမျက်နှာ-၂၉
အဲဒီသုတ္တန်အရဆိုရင် ယမမင်းကြီး ရှိတယ်ဆိုတာ တကယ်ဟုတ်တယ်။

ဒါဖြင့် ဒီယမမင်းကြီးဟာ ဝေမာနိကပေတရာဇာ ပြိတ္တာဘုရင်ကြီးလို့ ဆိုတော့ ငရဲကို သူ ဘာကိစ္စ သွားရတာလဲ၊ ဘာဖြစ်လို့ ငရဲကို သွားပြီးတော့ အုပ်ချုပ်ရတာလဲဆိုတော့ တကယ်တော့ သူက စေတနာ့ဝန်ထမ်းပါ၊ တကယ့်စေတနာ့ဝန်ထမ်း၊ ငရဲကျလာတဲ့သတ္တဝါတွေကို သနားလို့ လွတ်ရာလွတ်ကြောင်းကို ရှာပေးတာ၊ လမ်းဖွင့်ပေးတာ၊ သူက တကယ့်သူတော်ကောင်းကြီး၊ ကယ်တင်ချင်လို့ ငရဲတံခါးတွေမှာ သွားစောင့်နေတာ၊ အလုပ်ပျက်အကိုင်ပျက် အဲဒီမှာ သွားနေတာ၊ သူ့ကို ဘယ်သူကမှ တာဝန်ပေးထားတာ မဟုတ်ဘူးနော်၊ ငရဲရောက်လာတဲ့ပုဂ္ဂိုလ်တွေကို သူက ဖြောင်းဖြောင်းဖြဖြနဲ့ ငရဲကနေ လွတ်ရာလွတ်ကြောင်းကို လမ်းစဖော်ပေးချင်တယ်။
စာမျက်နှာ-၃၀
ဒါဖြင့် ကယ်တင်နိုင်တဲ့ပါဝါ သူ့မှာ ရှိလားဆိုတော့ မရှိပါဘူး၊ သူ မကယ်နိုင်ပါဘူး၊ ဒီဟာကလည်း အင်မတန်မှ သဘာဝကျတယ်နော်၊ သေချာစဉ်းစားကြည့် - လောကလူတွေက ပြောကြတယ်၊ လူတစ်ယောက်ဟာ အသက်အန္တရာယ်ကြုံလို့ ဘယ်သူက ကယ်လိုက်တယ်လို့ ပြောကြတယ်။

ဆိုပါစို့ - ရောဂါဝေဒနာဖြစ်တယ်၊ ဘယ်ဆရာဝန်က ဆေးကုပြီး ကယ်လိုက်တယ်လို့၊ တကယ်ကယ်တာက ဘယ်သူက ကယ်တာတုန်းဆိုလို့ရှိရင် ဆရာဝန်လား ဆေးလားဆိုလို့ရှိရင် တကယ်ကယ်တာကတော့ ဆေးပဲ၊ ဟုတ်ကဲ့လား၊ အေး အဲဒီဆေးသောက်ရအောင် ဘယ်သူက ပြောတုန်းဆို ဆရာဝန်က ပြောတယ်၊ သို့သော် ဆရာဝန်ချည်းပဲ ဆေးမပါဘူးဆို ပျောက်ပါ့မလား၊ မပျောက်ဘူးနော်၊ အဲဒီသဘောကို သေချာစဉ်းစားနော်၊ ဆရာဝန်က ဆေးညွှန်းတယ်၊ ကိုယ်က ဆေးသောက်တယ်၊ ဆေးက ကိုယ့်ရဲ့ အသက်ကို ကယ်တယ်။
စာမျက်နှာ-၃၁
အဲဒီသဘောမျိုးလိုပဲ - ယမမင်းက ငရဲကျလာတဲ့ပုဂ္ဂိုလ်တွေကို ကယ်တယ်ဆိုတာ သူတို့လုပ်ခဲ့တဲ့ ကုသိုလ်တရားတွေကို ဖော်ပေးတာ၊ ဖော်ပေးတဲ့အခါ ပြန်ပြီး အမှတ်ရလာတဲ့အခါ တကယ်ကယ်သွားတာက သူလုပ်တဲ့ကုသိုလ်က ကယ်သွားတာ၊ ငရဲကျလာတဲ့ပုဂ္ဂိုလ်မှာ ကုသိုလ်ဆိုတာ လုပ်ထားတာ ရှိတယ်၊ သို့သော် သူ လုံးဝမေ့နေတယ်၊ မေ့နေတဲ့အခါမှာ ယမမင်းကြီးကနေ ဖော်ပေးလိုက်တယ်၊ “မင်း ဘယ်တုန်းက ဘာလုပ်ခဲ့တာပဲ”လို့ ပြောတဲ့အခါကျတော့ “ဟာ ဟုတ်သားပဲ”ဆိုပြီး ဝမ်းသာတဲ့စိတ်တွေ ကုသိုလ်စိတ်တွေ ဖြစ်လာတယ်၊ အဲဒီအခါမှာ ငရဲက ချက်ချင်းလွတ်တယ်၊ ကုသိုလ်စိတ်က ကယ်တာနော်၊ အဲဒါကို ယမမင်းကြီးက ကယ်တာလို့ မအောက်မေ့နဲ့၊ သို့သော် ယမမင်းကြီး မပါဘဲနဲ့ ဒီကုသိုလ်ကို သူ သတိရပါ့မလား၊ မရဘူး၊ ယမမင်းကြီးက ဖော်ပေးတောင်မှပဲ ကုသိုလ်ကို သတိမရဘူးဆိုလို့ရှိရင် ယမမင်းကြီးက ဘာမှ မတတ်နိုင်ဘူး။
စာမျက်နှာ-၃၂
တချို့က ထင်တယ်၊ ယမမင်းက ငရဲမှာသွားရုံးထိုင်ပြီး စီရင်ချက်တွေ ချနေတယ်လို့ ဒီလိုထင်တယ်၊ “ဟောဒီလူဖြင့် ငရဲခံစေ၊ ဟိုလူဖြင့် ငရဲက လွတ်စေ”လို့ ဒီလိုစီရင်ချက်ချတာမျိုးတွေကို သူ မလုပ်ပါဘူး၊ ကယ်လို့ ရမယ့်ပုဂ္ဂိုလ်ကို ကယ်ဖို့ပဲ သူ သွားတယ်၊ ငရဲကို တွန်းချတာမျိုး မရှိဘူး၊ ကယ်လို့ရတဲ့ပုဂ္ဂိုလ်ကို ဘယ်နည်းနဲ့ ကယ်တုန်းဆိုရင် ကုသိုလ်ကောင်းမှုကို သတိဖော်ပေးတယ်၊ အမှတ်ရစေတယ်၊ တကယ်ကယ်လိုက်တာက ကိုယ်လုပ်တဲ့ကုသိုလ်ကံက ကယ်လိုက်တာလို့ပဲ မှတ်ရမယ်၊ ဒီတော့ ဘုန်းကြီးတို့တစ်တွေက ဘယ်သူ့ကို အားကိုးရမယ်ဆိုတာ သဘောပေါက်ရမယ်၊ ကိုယ်လုပ်တဲ့ကုသိုလ်ကိုပဲ အားကိုးရမှာ၊ အားကိုးမလွဲစေနဲ့နော်။

ဘုန်းကြီးတစ်ခု ပြောပြချင်တယ်၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ အနန္တတန်ခိုးရှင်ဖြစ်ပေမယ့်လို့ လူတစ်ယောက် ဒုက္ခရောက်နေလို့ရှိရင် အကုသိုလ်ကံတွေက ကြီးမားလွှမ်းမိုးလာတဲ့ပုဂ္ဂိုလ်
စာမျက်နှာ-၃၃
ကို မြတ်စွာဘုရား ကယ်လို့ မရဘူး၊ မကယ်နိုင်ဘူး၊ ကုသိုလ်မပါရင်လည်း မြတ်စွာဘုရားက မမစနိုင်ဘူး။

လောကမှာ ကိုးကွယ်ကြတဲ့ပုဂ္ဂိုလ်တွေအလိုက် တချို့ပုဂ္ဂိုလ်တွေက မတဲ့ဘုရားကို ကိုးကွယ်ကြတယ်၊ ဘုရားသခင်က မ,တယ်နဲ့ ပြောကြတယ်၊ တကယ်တော့ ဘုရားသခင် မတာ မဟုတ်ဘူး၊ ကံက မ,တာနော်၊ ကိုယ်လုပ်ခဲ့တဲ့ကံက မ,တာ၊ တလွဲသွားပြီးတော့ လွဲမှားစွာ ထင်နေမယ်ဆိုလို့ရှိရင် ဒါလည်း မှားယွင်းတဲ့အမြင်တစ်ခုပဲနော်၊ ကိုယ့်ကို တကယ်မတာက ဘုရားမဟုတ်ဘူး၊ ကံတရားပဲ ဖြစ်တယ်။

ကြည့်လေ - မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က တရားဓမ္မဟောလို့ တရားထူးတရားမြတ် ရသွားတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို “ဧဟိ ဘိက္ခု - ချစ်သားရဟန်း လာခဲ့”လို့ သာသနာတော်မှာ ဖိတ်ခေါ်လိုက်တဲ့အခါမှာ လူ့အသွင်ပျောက်ပြီးတော့ ရဟန်းအသွင်ရောက်လာတယ်ဆိုတာ ပရိက္ခရာရှစ်ပါး လှူပြီးတော့ ဆုတောင်းခဲ့တဲ့ပုဂ္ဂိုလ်မှ ရတာ၊ လူတိုင်းကို လုပ်ပေး
စာမျက်နှာ-၃၄
ချင်လို့ မရဘူး၊ အကယ်၍သာ ရရင် မြတ်စွာဘုရားက ကရုဏာရှင်ဖြစ်သည့်အတွက်ကြောင့် လူတိုင်းကို ချမ်းသာအောင် လုပ်ပေးမှာပေါ့၊ ဒါ ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်ပါဘူး၊ ကံမပါလို့ရှိရင် ဘာမှကို ကယ်တင်လို့ မရဘူး။

ပုံဝတ္ထုလေးတစ်ခု ရှိတယ်၊ သိပ်ဆင်းရဲနေတဲ့ လူတစ်ယောက်ကို မ,ချင်တယ်၊ မ,ချင်တော့ ဘယ်လိုလုပ်တုန်းဆို အဲဒီလူက ဒီလမ်းကနေ အမြဲတမ်း သွားတယ်၊ သွားတိုင်းသွားတိုင်း သူက အပေါ်မှော်ပြီး သွားလေ့ရှိတယ်၊ ဒါကြောင့်မို့ သူမြင်အောင်လို့ဆိုပြီး အဲဒီပစ္စည်းလေးကို အပေါ်မှာ ချိတ်ထားတယ်၊ အဲဒီနေ့ကျတော့ ဘာလုပ်သွားလဲ၊ ငါ့သွားတယ်၊ သော် ဒီကောင် ငါ့သွားတာပဲဆိုပြီး နောက်ရက်ကျတော့ အောက်ချထားပေးတယ်၊ အဲဒီကျတော့ မော့သွားပြန်ရော။ - ကံမရှိတဲ့လူကျတော့ ကြံဖန်ပြီးတော့ကို လွဲမှာပဲ၊ ဟုတ်လား၊ ကူညီချင်လို့ မရဘူး၊ ကံက မပေးရင်
စာမျက်နှာ-၃၅
ဘာမှ မရဘူး၊ ဒါ့ကြောင့် ကံကောင်းအောင်သာ လုပ်ပေးလို့ ရတယ်။

မာဃလုလင်ရဲ့ ဝတ္ထုကို ဖတ်ဖူးကြပါလိမ့်မယ်၊ မာဃလုလင်ဘဝက အငယ်ဆုံးဇနီးကို သုဇာတာလို့ ခေါ်တယ်၊ သုဇာတာဟာ သူ့ကိုယ်သူ ဖြီးလိမ်းအလှပြင်ပြီး နေတာ၊ ကုသိုလ်ကောင်းမှု လုံးဝမလုပ်ဘူး၊ မလုပ်တဲ့အခါ သေတော့ ဘာသွားဖြစ်တုန်းဆို ဗျိုင်းမ သွားဖြစ်တယ်၊ သိကြားမင်းကြီးက အဲဒီဗျိုင်းမကို နတ်ဖြစ်အောင် သူလုပ်မပေးနိုင်ဘူး၊ ဘာလုပ်တုန်းဆိုရင် နည်းလမ်းပေးတယ်၊ ဗျိုင်းဆိုတာမျိုးကလည်းပဲ ငါးသတ်စားတဲ့တိရစ္ဆာန်မျိုးပဲ၊ ပါဏာတိပါတကံ ကျူးလွန်တဲ့အကောင်မျိုး၊ “ပါဏာတိပါတာ ဝေရမဏိ” သီလဆောက်တည်ခိုင်းတယ်၊ သိကြားမင်းက သူ့ဆီကို ခေါ်ချင်တာ၊ ဒီအတိုင်း ခေါ်လို့ မရဘူး၊ ဘာလုပ်ရလဲ၊ သီလကျင့်ရတယ်။ သီလကို ဆောက်တည်တဲ့အခါ ဗျိုင်းဘဝက လွတ်ပြီး လူ့ဘဝရောက်လာတယ်၊ လူ့ဘဝရောက်
စာမျက်နှာ-၃၆
တော့ သိကြားမင်းက လိုက်ပြီး စောင့်ရှောက်တယ်။ နတ်ပြည်မှာ ဖြစ်အောင် သီလကို ဆောက်တည်ခိုင်းတာတဲ့၊ သီလကို ခိုင်ခိုင်မာမာ ဆောက်တည်လိုက်ပြီဆိုတော့မှ သူဟာ တတိယဘဝမှာ နတ်ပြည်ရောက်သွားတာလေ၊ အဲဒီတော့ ဘာလုပ်ရမတုန်းဆို ကုသိုလ်ပဲ လုပ်ရတယ်။

အေး ယမမင်းကလည်း အဲဒီအတိုင်းပဲ၊ သူက စီရင်ချက် မချဘူး၊ ဘယ်သူက စီရင်ချက်ချတာလဲ။ ကံတရားက စီရင်ချက်ချတယ်၊ လွတ်ရအောင်လည်း ဘယ်သူက လုပ်ပေးတာလဲ၊ ကုသိုလ်ကံက လုပ်ပေးတာ၊ ဒါကြောင့် ယမမင်းဆိုတာ တကယ့်သူတော်ကောင်းကြီး၊ စေတနာ့ဝန်ထမ်းနော်၊ ဒါ ဗုဒ္ဓစာပေမှာ ပါတဲ့ ယမမင်းဆိုတာ အဆိုးအသွမ်း မဟုတ်ဘူး၊ သူက သက်သက် ငရဲတံခါးဝတွေမှာသွားပြီး ရုံးထိုင်တယ်၊ ရုံးထိုင်တာက ဘာအတွက် ရုံးထိုင်တာတုန်းဆို ငရဲကျလာတဲ့ပုဂ္ဂိုလ်တွေကို ကယ်လို့ရရင် ကယ်ဖို့ သွားရုံးထိုင်တာ။
စာမျက်နှာ-၃၇
အေး ငရဲကျသွားတဲ့ပုဂ္ဂိုလ်တွေက သူစောင့်နေတဲ့အခါကျတော့ ဒေဝဒူတသုတ္တန်မှာ ဟောထားတာ ရှိတယ်၊ “လောကမှာ”တဲ့ “တချို့လူတွေက အကျင့်စရိုက် အင်မတန်ဆိုးကြတယ်၊ မကောင်းတဲ့အပြောတွေ မကောင်းတဲ့အတွေးတွေ မကောင်းတဲ့အလုပ်တွေ လုပ်ကြတယ်၊ ဒုစရိုက်အလုပ်တွေ တွင်တွင်လုပ်ပြီးတော့ သေတဲ့အခါ ဆင်းရဲဒုက္ခများတဲ့ ငရဲဘုံကို ရောက်သွားကြတယ်၊ ရောက်သွားတဲ့အခါကျတော့ ယမမင်းကြီးက ငရဲတံခါးဝမှာ ထိုင်နေတယ်။

ငရဲထိန်းတွေဆိုတာကလည်းပဲ ကံကြမ္မာအလျောက် ဖြစ်လာကြတာ၊ သတ္တဝါတွေကို ညှင်းဆဲဖို့ ဖြစ်လာကြတယ်၊ တချို့က အပျော်လာလုပ်တဲ့လူလည်း ရှိတာပဲ၊ တချို့ငရဲထိန်းတွေက ပြိတ္တာမျိုးတွေပဲ၊ ဒုက္ခရောက်တဲ့လူတွေကို သက်သက် ဒုက္ခပေးချင်လို့ လာနေကြတာ၊ လူတကာ လိုက်ဒုက္ခပေးတဲ့လူဆိုး ရှိသလိုပဲ ကျန်တဲ့ဘုံဘဝတွေမှာလည်း အဲဒီလို အဆိုးအဝါးတွေက ရှိတယ်။
စာမျက်နှာ-၃၈
အဲဒီအဆိုးအဝါးတွေ လုပ်ချင်တာ လုပ်လို့မရအောင် ယမမင်းကြီးက လာစောင့်ပေးတာ၊ ကဲ လူ့ပြည်က လူတစ်ယောက်ဟာ မကောင်းမှုဒုစရိုက်တွေ ကျူးလွန်ပြီး ငရဲပြည်ရောက်လာပြီ၊ ရောက်လာတဲ့အခါ သူတို့နယ်နိမိတ်ထဲလည်း ရောက်ရော အဲဒီလူကို ဖမ်းခေါ်လာတယ်၊ လူ့ဘဝက သေသွားပြီး ငရဲကျတော့မယ့် ပုဂ္ဂိုလ်တစ်ယောက်ကို ဖမ်းခေါ်လာတယ်၊ အဲဒီလို ဖမ်းခေါ်သွားတဲ့အချိန်မှာ ယမမင်းကြီးဆီ သွားတယ်၊ ယမမင်းကြီးကို သူတို့က ဘာပြောပြတုန်းဆို “အရှင်မင်းကြီး - ဟောဒီလူဟာ အမေကိုလည်း မလုပ်ကျွေးဘူး၊ အဖေကိုလည်း မလုပ်ကျွေးဘူး၊ အမေကိုလည်း ထော်လော်ကန့်လန့် လုပ်တယ်၊ အဖေကိုလည်း ထော်လော်ကန့်လန့် လုပ်တယ်၊ ဆွေတွေမျိုးတွေထဲက ဘယ်သူ့ကိုမှ မလေးစားဘူး၊ သူတော်စင် သူတော်မြတ်တွေကိုလည်း စော်ကားတယ်၊ ဒီလူကို အမိန့်ဒဏ် အပြစ်ဒဏ်ချပါ”။
စာမျက်နှာ-၃၉
အဲဒီငရဲနယ်မြေမှာ ဖြစ်လာတဲ့သတ္တဝါဟာ ဘွားကနဲ ဥပပတ္တိပဋိသန္ဓေအနေနဲ့ ဖြစ်တာ၊ ဖြည်းဖြည်းချင်း ကြီးလာတာ မဟုတ်ဘူး၊ အဲဒီမှာ ပြောရမယ်ဆိုရင် ယောင်လည်ယောင်လည်နဲ့ ရောက်သွားတာပေါ့နော်၊ ကံကနေပြီးတော့ တွန်းပို့လိုက်တယ်၊ ငရဲပြည် ရောက်သွားတယ်၊ အဲဒီလိုရောက်တာက ဒီလူ့ခန္ဓာကိုယ်ကြီးနဲ့ ရောက်တာ မဟုတ်ဘူး၊ ဘဝတစ်ခု ပြောင်းပြီး အဲဒီကို ရောက်သွားတာ၊ ချက်ချင်း သူ့ခန္ဓာကိုယ်နဲ့ ရောက်သွားတာ။

ဒါနဲ့ ပြောရဦးမယ်၊ လူတိုင်းလူတိုင်းက ဟိုဘဝက သေလာကြတာချည်းပဲ၊ ဒီတော့ လူတွေဟာ တစ်ခါတစ်ခါကျတော့ ရုတ်တရက် သေဆုံးသွားလို့ရှိရင် ကိုယ်သေတာ မသိလိုက်ဘူးတဲ့၊ ဒါလည်း ဟုတ်မှာပဲနော်၊ ကိုယ်သေတာ မသိလိုက်ဘူး၊ ကိုယ့်အလောင်း ကိုယ်ပြန်မြင်နေတာ၊ ဒီနားမှာ ရှိလို့ရှိရင် ကိုယ့်အလောင်း ကိုယ်ပြန်မြင်တယ်။
စာမျက်နှာ-၄၀
ဘဝတစ်ခုဟာ နောက်ထပ် ဘွားကနဲဖြစ်လာတဲ့အခါ လက်ရှိဘဝတုန်းကလူလို့ပဲ အောက်မေ့နေသည့်အတွက်ကြောင့် ကိုယ့်စိတ်ထဲမှာ “ဪ ဒါ ငါ့အိမ်ပဲ၊ ဒါ ငါ့မိသားစုပဲ၊ ဒါ ငါ့သားသမီးတွေပဲ၊ ဒါ ငါ့ပစ္စည်းပဲ” ဆိုပြီးတော့ ထင်ပြီးတော့ အိမ်ကို ပြန်သွားလေ့ရှိတယ်တဲ့၊ ဟိုရောက်တဲ့အခါ သူ့ကို ဘယ်သူကမှ အသိအမှတ် မပြုဘူး၊ မြင်လည်း မမြင်ဘူး၊ ခေါ်လည်း မခေါ်ကြဘူး၊ နောက်ဆုံးမှာ သူမွေးထားတဲ့ ခွေးကတောင် သူ့ကို ဟောင်တယ်၊ ဘာဖြစ်လို့လဲ သူ့ရုပ်ကြီးက ပြောင်းနေလို့၊ အဲဒီလိုဖြစ်တာတဲ့နော်။

သေသွားပြီးရင် ကိုယ့်ကိုယ်ကို မသိဘူးဆိုတာ စာပေထဲမှာ ပါတယ်၊ “ရဟန်းတော်တစ်ပါးဟာ ကမ္မဋ္ဌာန်းထိုင်တယ်၊ ကမ္မဋ္ဌာန်းထိုင်နေရင်းကနေ ခုခေတ်လိုပြောရရင် Heart attack နေမှာပေါ့။ သို့မဟုတ် လေဖြတ်သွားတာ ဖြစ်မှာပေါ့၊ ကမ္မဋ္ဌာန်းထိုင်နေရင်းနဲ့ ပျံတော်မူသွားတယ်၊ ပျံတော်မူသွားပြီး ပြီးချင်း နတ်ပြည်ရောက်သွားပြီးတော့ နတ်သား
စာမျက်နှာ-၄၁
သွားဖြစ်တယ်၊ သူ့ကိုယ်သူ နတ်သားလို့ မထင်ဘူး၊ အိပ်ပျော်ရာက နိုးလာတဲ့ ရဟန်းလို့ပဲ ထင်တယ်၊ ထိုင်လျက်ကြီးပဲတဲ့ ဟိုမှာ၊ အဲဒီတော့ သူ့ရဲ့အခြံအရံ ဖြစ်တဲ့နတ်သမီးတွေ ဘုံဗိမာန်ကနေ ဆင်းလာကြပြီးတော့ သူ့ဆီ လာကြတာပေါ့။

အေး - တို့ဗိမာန်ရှင်တော့ ရောက်လာပြီဆိုပြီး လာကြတော့ သူက ဘယ်လိုထင်လဲ၊ ဒကာမတွေ ကျောင်းလာကြတာနဲ့ တူတယ်လို့ ထင်တာတဲ့၊ သူသေသွားမှန်း မသိဘူး၊ ဒကာမတွေ လာကြပြီ၊ ဧည့်သည်တွေနဲ့ တူတယ်ဆိုပြီး သင်္ကန်းတွေဘာတွေ ပြင်ဝတ်ပြီးတော့ သူက စက္ခုနြေချပြီးတော့ ငုတ်တုတ်ကြီး ထိုင်နေတယ်၊ အဲဒီလို ထိုင်နေတဲ့အခါကျတော့မှ ခုနက နတ်သမီးတွေက သဘောပေါက်သွားတယ်၊ “သော် ဘုန်းကြီးဘဝကလာတဲ့ နတ်သားနေမှာပဲ၊ သူ့ကိုယ်သူ ဘုန်းကြီးထင်နေတုန်းပဲ”ဆိုပြီး မှန်ထောင်ပြုကြတယ်လို့ ပြောတယ်၊ အဲဒီလို မှန်ထောင်ပြတဲ့အခါမှ ကြည့်လိုက်တော့မှ သူ့ပုံပန်း
စာမျက်နှာ-၄၂
သဏ္ဌာန်က ပြောင်းနေပြီ၊ ဘုန်းကြီးမဟုတ်တော့ဘူးဆိုတာ သိရတယ်၊ ဒါလည်း တကယ်ယုတ္တိရှိတယ်၊ ရုတ်တရက် ဖြစ်သွားတဲ့ဥစ္စာကိုး။ ။

လူက ကိုယ်သေတာ မသိလိုက်ဘူးဆိုတာ ရှိတယ်၊ အများကြီးပဲ၊ နောင်ဘဝ ပြန်မွေးတာလည်းပဲ ရုတ်တရက် မွေးလိုက်တာဆိုတော့ လူက မသိလိုက်တော့ဘူး၊ အိပ်ပျော်ရာကနေ နိုးလာတဲ့ပုံစံမျိုး ဖြစ်တယ်၊ သို့သော် အရင်ခန္ဓာကိုယ်ကြီး မဟုတ်တော့ဘူး။

ခန္ဓာကိုယ်ကြီးက တစ်မျိုးဖြစ်နေပြီး သရဲဖြစ်တဲ့လူကျတော့ ဘယ်လိုဖြစ်သွားတုန်းဆိုလို့ရှိရင် ဒီဘဝက သေသွား၊ ဟိုကျတော့ ဆောင့်ကြောင့်ထိုင်လျက်ကြီး ဖြစ်သတဲ့၊ ဆောင့်ကြောင့်ထိုင်လျက်ကြီး ဖြစ်တော့ သူ့ကိုယ်သူ ကြည့်လိုက်ပြီး “ဟင် ငါဒီနား ဘာလို့ ထိုင်နေတာပါလိမ့်”လို့ တစ်ကိုယ်လုံးလည်း အမွေးတွေ အမှင်တွေနဲ့တဲ့၊ ဟိုနေရာ သွားချင်ပြီဆို ပြုံးကနဲ ရောက်သွားတယ်၊ ဒီနေရာ သွားချင်ပြီဆို
စာမျက်နှာ-၄၃
လည်း ပြုံးကနဲ ရောက်သွားတယ်၊ အဲဒီကျတော့မှ “ဪ ငါသေပြီး သရဲဖြစ်နေပါလား”လို့ သိတယ်တဲ့၊ ဘဝသံသရာဆိုတာ အင်မတန်မှ ထူးဆန်းတယ်နော်။

အေး ကောင်းပြီ - ငရဲရောက်လာတဲ့လူကို ယမမင်းကြီးဆီ ခေါ်လာကြတယ်၊ ခေါ်လာပြီးတော့ “ဒီလူကို အပြစ်ဒဏ်ချမှတ်ပါ”တဲ့၊ “ဒီလူဟာ အလွန်ဆိုးတဲ့လူ၊ အမေစော်ကားခဲ့တယ်၊ အဖေစော်ကားခဲ့တယ်၊ သူတော်ကောင်းတွေကို ပြစ်မှားတယ်၊ ကိုယ့်ဆွေမျိုးတွေထဲက အကြီးအကဲတွေကို ဘယ်သူ့မှ ဂရုမစိုက်ဘူး၊ ဒီလူကို အပြစ်ဒဏ်ခတ်ရမယ်”။

အဲဒီလို လာပြီးတော့ ယမမင်းကြီးဆီ အပ်တဲ့အခါ ယမမင်းကြီးက သနားတယ်၊ သူက အင်မတန်မှ ကြင်နာတဲ့မျက်လုံးနဲ့ ကြည့်ပြီး “အေး မောင်ယောက်ျား- (ငရဲရောက်တာလည်း ယောက်ျားတွေ များပုံရတယ်၊ ကြည့်ရတာနော်၊ အမောင်ယောက်ျားတဲ့) မင်း လူ့ပြည်မှာနေတုန်းက နတ်တွေက လွှတ်ထားတဲ့တမန်တွေ မတွေ့ခဲ့ဘူးလား”လို့ ဆိုတော့ ဟို
စာမျက်နှာ-၄၄
လူက နားမလည်ဘူး၊ ခေါင်းရမ်းတယ်၊ မတွေ့ခဲ့ဘူးတဲ့၊ “အေး မင်း ငါပြောတာ နားမလည်ဘူးနဲ့ တူတယ်၊ ကဲ ငါ တိုက်ရိုက်ပြောမယ်”။

“လူ့ပြည်မှာ မင်း အဘိုးအိုအဘွားအိုတွေ မတွေ့ခဲ့ဘူးလား”တဲ့၊ “တွေ့ခဲ့ပါတယ်” “အဘိုးအို အဘွားအိုတွေတွေ့တဲ့အခါ “ဪ ငါလည်း အိုရဦးမှာပဲ၊ မအိုခင် ငါကုသိုလ်ကောင်းမှုတွေ လုပ်ရဦးမှာပဲ”လို့ မင်း မတွေးမိဘူးလား”လို့ ဆိုတော့ “ကျွန်တော်မျိုး မတွေးမိပါဘူး”တဲ့၊ မေ့လျော့နေပါတယ်၊ ကုသိုလ်ကောင်းမှု လုပ်ဖို့တော့ လုံးဝမစဉ်းစားဘူး။

အဲဒါကြောင့်မို့လို့ သတိထားနော်၊ ယမမင်းကြီးက စစ်ရင် မဖြေနိုင်ဘဲ နေမယ်၊ အဘိုးကြီးအဘွားကြီးတွေတွေ့လိုရှိရင် “ဪ ငါလည်း အိုရဦးမှာပဲ။ မအိုခင် ကုသိုလ်ကောင်းမှုတွေ လုပ်မှပဲ”ဆိုပြီး ကုသိုလ်ကောင်းမှုတွေ လုပ်ဖို့ သတိရရမယ်၊ အမှတ်တမဲ့ မနေနဲ့၊ ဟုတ်ကဲ့လား၊ ဒီအတွေးလေးကိုတွေး
စာမျက်နှာ-၄၅
ထား- “ငါလည်းပဲ တစ်နေ့အိုရဦးမှာပဲ”ဆိုတာတွေးတဲ့။

ဒါ ယမမင်းကြီးက သင်ပေးတာ၊ “အဲဒီလို မတွေးမိဘူးလား”ဆို “မတွေးမိပါဘူး၊ ကျွန်တော်မျိုး မေ့ခဲ့ပါတယ်” “အေး ဒီအကုသိုလ်တွေက ဘယ်သူလုပ်တာမှ မဟုတ်ဘူး၊ မင်းလုပ်တာ”တဲ့ “မင်းလုပ်ရင်တော့ မင်းခံရမှာပဲ”တဲ့၊ “မင်းအမေနဲ့လည်း မဆိုင်ဘူး၊ အဖေနဲ့လည်း မဆိုင်ဘူး၊ ဆွေတွေမျိုးတွေနဲ့လည်း မဆိုင်ဘူး၊ မင်းလုပ်တာ ဖြစ်တော့ မင်းခံရမှာပဲ”၊ သနားလွန်းလို့ ယမမင်းကြီးက စုတ်တသတ်သတ်နဲ့တဲ့၊ ဟုတ်လား။ ။

ကဲ ဒီကောင်ကို ပထမတမန်အကြောင်း မေးလို့မရဘူး၊ ဒုတိယတစ်ခု မေးမယ်၊ “မင်း ဒုတိယတမန်တော်ကြီးကို တွေ့လား” “မတွေ့ပါဘူး”တဲ့။ “သော် မင်း မသိသေးဘဲကိုး၊ ဒုတိယတမန်ဆိုတာ အမလေး အလိုလေးနဲ့ ဆင်းရဲဒုက္ခရောက်နေတဲ့ လူမမာကို မင်း မတွေ့ခဲ့ဖူးဘူးလား”၊ “လူနာကိုတော့
စာမျက်နှာ-၄၆
တွေ့ခဲ့ပါတယ်” “အေး အဲဒီလူနာကိုတွေ့ရင် ငါလည်းပဲ တစ်နေ့ကျလို့ရှိရင် ဒီလိုနာရမယ့်လူနာမျိုး ဖြစ်မှာပဲ၊ မဖြစ်ခင် ငါကြိုတင်ပြီးတော့ ကုသိုလ်ကောင်းမှုတွေ များများလုပ်မှပဲလို့ ဆိုပြီးတော့ မင်း မတွေးဘူးလား”လို့ ဆိုတော့ “မတွေးမိပါဘူး၊ မေ့လျော့ခဲ့ပါတယ်” “ဒါဆိုလို့ရှိရင် ဒီအကုသိုလ်အပြစ်တွေ မင်းပဲခံရမှာ”တဲ့၊ ကုသိုလ်ကောင်းမှုများ သတိရမလားလို့ ဖော်ပေးနေတာနော်။

ဒုတိယလည်း မသိဘူးဆိုတော့ “ဒါဖြင့် တတိယတမန်ရော မင်းမြင်ခဲ့လား”လို့ ဆိုတော့ “တတိယတမန်ဆိုတာ ဘာပြောတာတုန်း” “တတိယတမန်ဆိုတာ တခြားမဟုတ်ဘူး၊ မင်းလူသေတွေ မတွေ့ခဲ့ဖူးဘူးလား” “တွေ့ခဲ့ပါတယ်” ဘုရားအလောင်းတော် တောထွက်တယ်ဆိုတာလည်း သူအို သူနာ သူသေ မြင်လို့ မဟုတ်လား၊ ဒီနိမိတ်ကြီးတွေ မြင်ပြီးတော့ တောထွက်တာလေ၊ အဲဒီတော့ တောထွက်တာ ဘာလို့တုန်း၊ စဉ်းစားမိလို့။
စာမျက်နှာ-၄၇
ဘုန်းကြီးတို့တတွေ အဘိုးတွေ အဘွားတွေတွေ့ရင် “သူသာအိုတယ်၊ ငါမအိုဘူး”လို့ပဲ ထင်ကြတာ မဟုတ်လား၊ ဘုန်းကြီးငယ်ငယ်တုန်းကလည်း အဲဒီလိုပဲတွေးခဲ့ဖူးတယ်၊ “ဪ ဒီအဘိုးကြီးအဘွားကြီးတွေက မွေးကတည်းက အဘိုးကြီးအဘွားကြီးပဲ၊ ငါတို့တော့ အဲဒီလိုဖြစ်မှာ မဟုတ်ဘူး” အဲဒီလို အောက်မေ့တာ၊ အခုတော့ ကိုယ်အဘိုးကြီး ဖြစ်နေမှန်း ခုမှ သိရတယ်နော်၊ ငယ်ငယ်တုန်းက တကယ် မတွေးမိတာ၊ တွေးတာက အဲဒီပုံစံပဲတွေးတယ်- “ဒီအဘိုးကြီးအဘွားကြီးတွေက မွေးကတည်းက အဘိုးကြီးအဘွားကြီး နေမှာပဲ”လို့ အောက်မေ့တာ။

ကဲ ကြည့်နော် တွေးကြရမယ်တဲ့ - လူအိုတွေ့ရင်လည်း “ငါလည်း အိုရဦးမှာပဲ၊ မအိုခင် ကောင်းတာတွေ လုပ်မှပဲ၊ လူနာတွေ့ရင် ငါလည်း နာရဦးမှာပဲ၊ မနာခင် ကောင်းတာတွေ လုပ်မှပဲ၊ လူသေတွေ့ရင် ငါလည်း သေရဦးမှာပဲ၊ မသေခင် ကောင်း
စာမျက်နှာ-၄၈
တာတွေ လုပ်မှပဲ” ဒီလို စဉ်းစားရမယ်၊ စဉ်းစားပြီးတော့ ကုသိုလ်ကောင်းမှုတွေ များများလုပ်ရမယ်။

အဲဒီလို မလုပ်ဘဲနဲ့ မေ့လျော့ပြီး နေမယ်၊ အကုသိုလ်ဒုစရိုက်တွေနဲ့ပဲ ပျော်ပိုက်ပြီး နေမယ်ဆိုလို့ရှိရင် ဘယ်သူမပြု မိမိမှု၊ ကိုယ်လုပ်တာ ကိုယ်ပဲခံရမှာပဲ။

အဲဒါ ယမမင်းကြီးက အခုလို တမန်သုံးဦး ဖော်ထုတ်ပြီးတော့ စစ်ပေမယ့်လို့ အဲဒီလို မေးမြန်းပေမယ့်လို့ တချို့ပုဂ္ဂိုလ်တွေက အမေ့ကြီး မေ့ပြီးတော့ ကုသိုလ်ကောင်းမှုတစ်ခုမှ မရှိတဲ့ ပုဂ္ဂိုလ်တွေကျတော့ ယမမင်းကြီးက ဘာစီရင်ချက်မှ မချဘူး၊ ပြောစရာ မရှိတော့ဘူး၊ သူ့ခမြား ခေါင်းကြီးငြိမ့်ပြီးတော့ နှုတ်ပိတ်နေပြီဆိုရင် ဒီလူကို ငရဲထိန်းတွေက ဆွဲခေါ်သွားကြတယ်။

အကယ်၍ အဲဒီလူက ကုသိုလ်ကောင်းမှု လုပ်ထားတာတွေကို ယမမင်းကြီးကိုယ်တိုင်ကလည်း သတိရတယ်၊ ယမမင်းကြီးကို အမျှဝေခဲ့တာတွေ
စာမျက်နှာ-၄၉
ယမမင်းကြီးက မှတ်ထားမယ်၊ အဲဒီလိုဆိုရင် ဒီပုဂ္ဂိုလ်ကို “နေပါဦး- မင်း ဘယ်တုန်းက ဘာလှူတာ ငါ့ကို မင်းအမျှဝေခဲ့တာ မဟုတ်လား”လို့ ဖော်ပေးမေးတယ်၊ “ဟုတ်တယ်”တဲ့၊ ဒါဆို အဲဒီလူက ငရဲက လွတ်သွားတယ်။

သူ့ကို ယမမင်းကြီးက လွှတ်လိုက်တာ မဟုတ်ဘူး၊ သူ့ကံနဲ့သူ လွတ်သွားတာ၊ ကုသိုလ်ကို သတိရလိုက်တာနဲ့ ကုသိုလ်ကံက အကျိုးပေးဖို့အတွက် ချက်ချင်း အကုသိုလ်ကံကို ဖယ်ရှားပြီး ကုသိုလ်ကံရဲ့ အကျိုးကို ထုတ်လုပ်တာ။

ကံတရားတွေဆိုတာ အလွန်စွမ်းအားရှိတယ်နော်၊ ကံမကောင်း အကြောင်းမလှလို့ ငရဲကျသွားပေမယ့်လို့ ကုသိုလ်ကံရှိရင် အဲဒီကုသိုလ်ကံက ပြန်ကယ်သွားနိုင်တယ်ပေါ့၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် ငရဲအသက်နဲ့ လူ့အသက်က မတူဘူး၊ ငရဲရဲ့အသက်ဟာ ကံပဲ၊ ကံရှိသမျှ ဘယ်တော့မှ မသေဘူး၊ သူက
စာမျက်နှာ-၅၀
ကံပေါ်မှာ မူတည်တယ်၊ လူရဲ့အသက်က ကံပေါ်မှာ မတည်ဘူး၊ “အသက်ဉာဏ်စောင့်”လို့ ပြောကြတယ် မဟုတ်လား။

လူတွေက အသိဉာဏ်ကလေးနဲ့ ရာသီဥတုနဲ့ သင့်အောင် နေမယ်၊ အစားအစာ ကောင်းတာလေး စားမယ်ဆိုရင် အသက်ရှည်လာတယ်၊ ငရဲဘုံရောက်နေတဲ့သတ္တဝါတွေကျတော့ အဲဒီလို မဟုတ်ဘူးတဲ့၊ ကံရှိရင် ခံပေတော့နော်၊ ကံက မကုန်သေးရင် ကံကုန်သည်အထိ ခံရမယ်၊ သူတို့ရဲ့အသက်ဟာ ကံပဲ။

ဒီတော့ အဲဒီကံထက် အင်အားကြီးတဲ့ကံတစ်ခု ရလာပြီဆိုရင်လည်း အဲဒီကံကို ဖြတ်တောက်လိုက်တာပဲ၊ ခုနက ယမမင်းကြီးကနေ ဖော်ပေးလိုက်လို့ ကုသိုလ်သတိရရင် အဲဒီကုသိုလ်ကံကနေ ဖြတ်တောက်ပစ်လိုက်တယ်၊ ဖြတ်တောက်ပစ်လိုက်ပြီးတော့ ချက်ချင်း ကုသိုလ်ကံ အကျိုးပေးတဲ့ဆီ ရောက်သွားပြန်တယ်၊ ဒါကို လွတ်သွားတယ်လို့ ခေါ်တာနော်။
စာမျက်နှာ-၅၁
သီဟိုဠ်ကျွန်းမှာ အဲဒါမျိုး ဖြစ်ခဲ့တယ်၊ သီဟိုဠ်ကျွန်းက ဒီဃဇယန္တဆိုတဲ့ တမီလ်လူမျိုးဟာ ဘုရားကို ရွှေပြားကပ်ပြီးတော့ လှူခဲ့ဖူးတယ်၊ အဲဒီလို ရွှေပြားကပ်ပြီး လှူတဲ့အချိန်မှာ သူက ယမမင်းကြီးကို အမျှဝေခဲ့တယ်၊ အဲဒါကို ယမမင်းကြီးကနေ “မင်း လူ့ဘဝတုန်းက ငါ့ကို အမျှဝေခဲ့ဖူးတာပဲ၊ မင်းမမှတ်မိဘူးလား”လို့ ပြောတော့ သတိရသွားတယ်၊ တချို့ကျတော့ သူ့ဟာသူ အမှတ်ရသွားတာလည်း ရှိတယ်။

လူဆိုတာ အလားတူတာလေးတစ်ခုတွေ့လို့ရှိရင် အမှတ်ရတတ်တယ်။ သင်္ကန်းလှူဖူးတဲ့လူက သင်္ကန်းရောင်နဲ့ မီးရောင်ကလည်း နီနီရဲရဲဆိုတော့ ခပ်ဆင်ဆင်ကိုး၊ ဖျပ်ဖျပ် ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ ငရဲမီးတွေလောင်တာ မြင်တော့ သူဘာသွားသတိရတုန်း၊ သူလှူခဲ့တဲ့ သင်္ကန်းလေး သွားသတိရတယ်၊ ယမမင်းကြီးတောင် မစစ်ဆေးလိုက်ရဘူး၊ သူ့ဟာသူ လွတ်သွားတယ်၊ ကုသိုလ်ကံ အမှတ်ရလို့ရှိရင် သူ့ဟာသူ လွတ်သွားတယ်။
စာမျက်နှာ-၅၂
တစ်ခါတုန်းက စာအုပ်တစ်အုပ်ထဲ ဖတ်ဖူးတယ်၊ အဲဒီလူက ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ သို့သော် ဘုန်းကြီးကျောင်းတစ်ကျောင်းက သိမ်မှာ အမိုးမိုးဖို့ ရွာထဲမှာ သက်ကယ်အလှူခံတယ်၊ သူ့အိမ်မှာလည်းပဲ သက်ကယ်ရှိတယ်၊ သက်ကယ်နှစ်ပျစ် လှူလိုက်တယ်၊ တစ်နေ့မှာ သူသေငယ်ဇောနဲ့ မျောသွားတယ်၊ မျောသွားတဲ့အခါ ကြောက်စရာလူကြီးနှစ်ယောက်က သူ့ကို ဆွဲပြီးတော့ ငရဲအိုးထဲ ပစ်ချတယ်၊ ပစ်ချလိုက်တဲ့အခါ ခုနက သက်ကယ်နှစ်ပျစ်က အောက်ကနေ ခံတယ်တဲ့၊ ငရဲအိုးထဲ မရောက်ဘူး၊ ဒါနဲ့ နောက်တစ်ခါ ထပ်ပစ်ချတယ်တဲ့၊ အောက်က သက်ကယ်တွေက ခံနေတယ်၊ အဲဒါနဲ့ပဲ သူပြန်ပြီးတော့ သတိရသွားတယ်လို့ ပြောတယ်။ ။

ပြန်သတိရသွားတဲ့အခါ ဒါ သေငယ်ဇောနဲ့ မျောသွားပြီး ပြန်သတိရလာတာ၊ “ဒါ သက်ကယ်လှူခဲ့တာကြောင့်မို့ ငါငရဲမကျတာ”လို့ဆိုပြီး ပြန်ပြောတဲ့ ဇာတ်လမ်းလေးတစ်ခု ရှိတယ်၊ စာအုပ်တစ်အုပ်
စာမျက်နှာ-၅၃
ထဲမှာ အဲဒီလို ရေးထားတယ်နော်၊ ဒါလည်းပဲ ယုတ္တိရှိတာပဲ၊ ဘဝမှာ ကိုယ်လုပ်ခဲ့တာ ကိုယ်ရတာ။

အဲဒီလို ငရဲရောက်သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ယမမင်းကြီးကနေပြီးတော့ ဖော်ထုတ်ပြီးတော့ မပေးနိုင်လောက်အောင် အကုသိုလ်တွေချည်းပဲ လုပ်လာတဲ့ပုဂ္ဂိုလ်ကျတော့ ယမမင်းကြီးက ငြိမ်နေလိုက်တယ်တဲ့၊ ဘာမှ ဆက်မပြောတော့ဘူး၊ မပြောတာနဲ့ တစ်ပြိုင်နက်တည်း ခုနကခေါ်လာတဲ့ ငရဲသားတွေက လက်ဆွဲအတင်းခေါ်ပြီးတော့ ညှဉ်းဆဲတဲ့အလုပ်တွေ စလုပ်ကြတော့တာပဲ။

ဘယ်လို ညှဉ်းဆဲကြတုန်းဆိုလို့ရှိရင် သူ့ကို ရင်ဝကို သံချွန်ကြီးတွေ ရိုက်သွင်းကြတယ်၊ လက်ဝါးနှစ်ဖက်ကိုလည်းပဲ သံချွန်တွေ ရိုက်သွင်းကြတယ်။ ခြေထောက်နှစ်ဖက်ကိုလည်းပဲ သံချွန်တွေ ရိုက်သွင်းကြတယ်၊ အဲဒီငရဲသားဟာ ဘယ်လောက်ခံရမလဲဆိုတာ စဉ်းစားကြည့်၊ မသေမချင်းခံရော၊ သေလည်း မသေဘူး၊ ပြီးတော့ ဘာလုပ်လဲဆိုလို့ရှိရင် လှဲ
စာမျက်နှာ-၅၄
အိပ်ခိုင်းပြီးတော့ ဓားမတွေနဲ့ တစ်ကိုယ်လုံးကို ခုတ်ထစ်ကြတယ်၊ ဓားနဲ့ရွှေကြတယ်၊ အဲဒါလည်းပဲ ဒီလူက မသေဘူး၊ ခုတ်ပြီးပြတ် ပြန်ဆက် ပြန်ရှင်၊ အဲလိုမျိုး နေရတယ်။

အဲဒီကနေပြီးတော့ နောက်ဘာလုပ်တုန်းဆိုလို့ရှိရင် မီးကြီးခဲတွေရဲနေတဲ့ တောင်ပေါ်ကို မောင်းတင်ကြတယ်၊ မောင်းတင်တော့ အပေါ်တက်၊ မီးကျီးခဲက ပူလို့မတက်ရင် အနောက်က ရိုက်၊ မီးကျီးတောင်ပေါ် တက်လိုက် ဆင်းလိုက်၊ အဲဒီလို လုပ်စေတယ်။

နောက် မြင်းရထားလို လှည်းလိုဟာမှာ ကပြီးတော့ မီးကျီးပြင်ထဲမှာ မောင်းတာတဲ့၊ အမျိုးစုံ ညှဉ်းဆဲတာပေါ့လေ၊ ညှဉ်းဆဲပုံ ညှဉ်းဆဲနည်းတွေ အမျိုးစုံပြထားတယ်၊ အဲဒီဒေဝဒူတသုတ္တန်ထဲမှာ။

နောက်ဆုံးကျတော့ ဘာလုပ်တုန်းဆိုရင် ခြေထောက်နှစ်ချောင်းကိုင်ပြီးတော့ ပွက်ပွက်ဆူနေတဲ့ ငရဲအိုးကြီးထဲ ပစ်ချကြတယ်၊ အမြှုပ်တစီစီနဲ့ မြုပ်ပြီး
စာမျက်နှာ-၅၅
ဝဲလည်နေတယ်၊ နောက်ဆုံးပေါ်လာတယ်၊ ပေါ်လာတဲ့အခါ ပြန်ဆယ်၊ ပြန်ဆယ်ပြီးတော့ အဝီစိငရဲကြီးထဲကို ပစ်လွှတ်လိုက်ပြန်တယ်၊ ကံမကုန်သမျှ အဲဒီပုဂ္ဂိုလ်ဟာ ခံရော။

လူ့ဘဝရလိုက်ရင် ဘယ်လောက်ကောင်းမလဲ။ ဒီဒုက္ခတွေ သူက မြင်နေတော့ သနားတယ်၊ လူ့ဘဝရမှ ဒီဒုက္ခတွေက လွတ်နိုင်မှာကိုး၊ လူ့ဘဝရရင် ဘယ်လောက်ကောင်းလိုက်မလဲ၊ လူ့ဘဝရတဲ့အချိန်မှာ ဘုရားများပွင့်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ၊ ဘုရားကို ဆည်းကပ်ကိုးကွယ်ခွင့် ရရင် ဘယ်လောက်ကောင်းမလဲ၊ အဲဒီဆည်းကပ်ကိုးကွယ်တဲ့ဘုရားက ငါ့ကို တရားဟောရင် ဘယ်လောက်ကောင်းမလဲ၊ ဘုရားဟောတဲ့တရားကို သိရှိနားလည်လိုက်ရရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားပါတယ်။ ။

ဒါ့ကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် ယမမင်းကြီး ဆန္ဒပြုခဲ့တဲ့အတိုင်း ဘုန်းကြီး
စာမျက်နှာ-၅၆
တို့တတွေက လူ့ဘဝကို ရနေကြပြီ၊ ဘုရားပွင့်တဲ့ သာသနာမှာလည်းပဲ ကြုံနေကြရပြီ၊ ဘုရားကိုလည်း ဆည်းကပ်ကိုးကွယ်နေကြရပြီ၊ မြတ်စွာဘုရားဟောတဲ့ တရားဓမ္မတွေဟာ ဒီကနေ့ထိ ထွန်းကားနေတုန်း ဖြစ်တော့ ဘုရားဟောတဲ့ တရားတွေကိုလည်းပဲ ဓမ္မကထိကဆရာတော်တွေဆီက ကြားနာရပြီ၊ အဲဒီတရားတွေကိုလည်း ထိုက်သည့်အလျောက် တို့တတွေ သိရှိနားလည်ကြရပြီ၊ ဒီထက် ပိုသိအောင် သီလ သမာဓိ ပညာဆိုတဲ့ ဘာဝနာကျင့်စဉ်တွေကို ကျင့်ကြရမယ်။

နောက်ဆုံးမှာ သန္တိသုခဆိုတဲ့ နိဗ္ဗာန်အငြိမ်းဓာတ်ကို ရမှသာလျှင် ဒီဆင်းရဲဒုက္ခကနေ ကွင်းလုံးကျွတ်လွတ်မှာပါလို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ တရားဓမ္မတွေကို သိသည်ထက်သိအောင်၊ ဒါနကောင်းမှုပြုတဲ့နေရာမှာ ဒါနအကြောင်းသိပြီး ဒါနလုပ်ဖို့ သမထဝိပဿနာ ဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး
စာမျက်နှာ-၅၇
တော့ အသိဉာဏ်ထူးတွေ ရဖို့၊ နောက်ဆုံး နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးတဲ့အခါကျမှ သံသရာထဲမှာ ကြုံတွေ့နေရတဲ့ ဒုက္ခအမျိုးမျိုးမှ လွတ်မှာ၊ ဘုံဘဝထဲမှာ ရှိနေသမျှ အို နာ သေဆိုတဲ့ ဒုက္ခဘေးတွေက မလွတ်နိုင်၊ အဲဒီဒုက္ခတွေအားလုံးက လွတ်ရာ ငြိမ်းရာ ချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို တို့တတွေ ရောက်ရှိမှသာ ဒုက္ခငြိမ်းမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်ငှ ရရှိထားတဲ့အခွင့်ကောင်းကြီးကို လက်လွတ်ဆုံးရှုံးခြင်း မဖြစ်စေဘဲနဲ့ သတိတရားကြီးစွာဖြင့် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု။ 6ik8xjckl4cg594gumwbbcxz8kclotp မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်အညီ နေထိုင်ခြင်း 0 6389 22188 2026-06-17T03:41:03Z Tejinda 173 "{{header | title = မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်အညီ နေထိုင်ခြင်း | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22188 wikitext text/x-wiki {{header | title = မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်အညီ နေထိုင်ခြင်း | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ယမမင်းကြီးရဲ့ ဆန္ဒ]] | previous2 = | next = [[မြတ်ဗုဒ္ဓ၏ လောကဝိဇယ လမ်းစဉ်]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်အညီနေထိုင်ခြင်း
မှတ်တမ်း

သာသနာတော်နှစ်-၂၅၅၅ ခုနှစ်၊ ကောဇာသက္ကရာဇ်-၁၃၇၃ ခုနှစ်၊ တပေါင်းလပြည့်ကျော်(၉)ရက်၊ (၁၁-၉-၂ဝ၁၂) မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရှင်ပင်စောင့်ရွာအနီး ရွှေဘုံသာ တိုက်သစ်၌ ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်းအနားဝယ် ရွှေဘုံသာတိုက်သစ်၊ သာသနာ့ဂုဏ်ရည်ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းကြသည့် ကျောင်းဒါယကာ ဦးဇော်လင်းဖြိုး+ ဒေါ်အေးအေးမော်၊ သား-မောင်စိန်ထက်လင်း၊ မောင်ကောင်းခန့်လင်း မိသားစု၏ အမတဒါန ဓမ္မဒါနအဖြစ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် အထူးတရားဓမ္မသဘင်၌ ဟောကြားအပ်သော “မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်အညီ နေထိုင်ခြင်း” တရားတော်။

ဗုဒ္ဓဘာသာဝင်အဖြစ်ကို ခံယူထားကြတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ- မြတ်စွာဘုရားအား ကိုးကွယ်ရာဟု အသိအမှတ်ပြုပါ၏လို့ ဝန်ခံကြတယ်။ အဲဒီအချိန်ကစပြီး မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း ကျင့်သုံးနေထိုင်ကြရတယ်။ သန်းပေါင်းခုနစ်ထောင်ခန့်ရှိတဲ့ ကမ္ဘာ့လူသားတွေဟာ မိမိတို့
စာမျက်နှာ-၂
ယုံကြည်ရာ၊ ကိုးကွယ်ရာ ဘာသာတရားတွေရဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်သုံး နေထိုင်ကြတယ်။ အဲဒီနေ့ခေတ်မှာတော့ အချို့ပုဂ္ဂိုလ်များဟာ ဘာသာတရားကို ကိုးကွယ်ခြင်းမပြုတော့ဘဲ ဘာသာမဲ့အဖြစ်နဲ့ နေထိုင်ကြတာလည်းရှိတယ်။ သို့သော် ဘာသာမဲ့ နေထိုင်ခြင်းသည်ပင်လျှင် သူတို့ရဲ့ ကိုးကွယ်ရာဘာသာလို့ ပြောရမှာမျိုးဖြစ်နေတယ်။

ဘာသာတရားတွေ လောကမှာ အမျိုးမျိုး ပေါ်ပေါက်လာတယ်။ ဘာသာတရားပေါ်လာခြင်းရဲ့ အကြောင်းရင်းကတော့ လောကလူသား အမှန်မသိကြဘူး။ အမှန်မသိတဲ့အတွက်ကြောင့် မိမိတို့ရဲ့ လုံခြုံစိတ်ချမှုအတွက် စိုးရိမ်ကြတယ်၊ ကြောက်ရွံ့ကြတယ်။ ထိုစိုးရိမ်ကြောက်ရွံ့မှုတို့ကို အခြေခံပြီး ဘာသာအမျိုးမျိုး ကွဲပြားပေါ်ပေါက်လာတယ်။ လူတွေဟာ အကြောက်တရားကို ဖြေဖျောက်ဖို့အတွက် ဘာသာတရားတွေ အမျိုးမျိုး ကိုးကွယ်လာကြတယ်။ ထိုကိုးကွယ်လာခြင်းဟာ အမှန်သိလို့ ကိုးကွယ်လာခြင်း
စာမျက်နှာ-၃
မဟုတ်ဘဲ မိမိတို့ရဲ့ ယုံကြည်ရာ၊ စိတ်ထင်ရာကို အားကိုးယုံကြည်ကြတဲ့သဘောမျိုးသာဖြစ်တယ်။

မြတ်စွာဘုရား ပွင့်လာတဲ့အခါကျတော့ “ဘယ်ဟာက အမှန်၊ ဘယ်ဟာက အမှား၊ ဘယ်ဟာက လုပ်သင့်တယ်၊ ဘယ်ဟာက မလုပ်သင့်ဘူး”ဆိုတာ ကွဲပြားခြားနားစွာ သိရှိခွင့်ရလာကြတယ်။ အဲဒီလို သိရှိလာတဲ့အခါမှာ လူသားတွေဟာ မိမိတို့ရဲ့ အသိဉာဏ်ကို အခြေခံပြီး ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း ရှိလာကြတယ်။ အဲဒီလို ဆုံးဖြတ်နိုင်စွမ်းရှိလာတဲ့ လူသားတွေရဲ့ တိုးတက်မှုကြောင့် မိမိတို့ကိုယ်တိုင် ရွေးချယ်ပြီး လိုက်နာကျင့်သုံးမှုရှိလာကြတယ်။ သို့သော် လူသားတိုင်း လူသားတိုင်းဟာ ထိုကဲ့သို့ အသိဉာဏ်ရှိပြီး ကိုယ်ပိုင်ဉာဏ်ဖြင့် ရွေးချယ်ပြီး ကိုးကွယ်မှုပြုနိုင်သလားဆိုတော့ အများစုဟာ မပြုနိုင်ဘူး။ ရိုးရာအစဉ်အလာ ယုံကြည်ချက်ကို ပယ်ဖျက်ပြီးတော့ ကိုယ်ပိုင်ဉာဏ်ဖြင့် လက်ခံစဉ်းစားနိုင်ဖို့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတုန်းပဲဖြစ်တယ်။
စာမျက်နှာ-၄
သို့သော် ဗုဒ္ဓဘာသာဝင်တွေဟာ အင်မတန်မှ ကံကောင်းတယ်၊ မြတ်စွာဘုရား သာသနာတော် ထွန်းကားတဲ့အချိန်မှာ လူလာဖြစ်ခြင်း၊ မြတ်စွာဘုရားရဲ့ အဆုံးအမဩဝါဒတွေကို ကြားနာရခြင်း၊ လေ့လာသိရှိရခြင်း၊ ဓမ္မနဲ့ပတ်သက်တဲ့ အသိဉာဏ်တွေ ရရှိခြင်းကြောင့် ကိုယ်ပိုင်ဉာဏ်ဖြင့် အမှားအမှန်ကို ဆုံးဖြတ်နိုင်တယ်။ ဆုံးဖြတ်နိုင်သည့်အတွက်ကြောင့် မိမိတို့ရဲ့ ကိုးကွယ်မှုဟာ သဒ္ဓါဆိုတဲ့ ယုံကြည်မှုတစ်ခုတည်းကို အခြေခံတာမဟုတ်ဘူး၊ အသိဉာဏ်ကိုပါ အခြေခံပြီးတော့ ကိုးကွယ်ဆည်းကပ်ကြတယ်။ အထူးသဖြင့် ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း ကျင့်သုံးနေထိုင်ကြတယ်လို့ဆိုတဲ့ နေရာမှာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမက ဘာလဲဆိုရင် “အတ္တာ ဟိ အတ္တနော နာထော” ပဲ။ ဒီအဆုံးအမဟာ အင်မတန်မှ တန်ဖိုးရှိတဲ့ အဆုံးအမပဲဖြစ်တယ်။ “မိမိသာလျှင် မိမိရဲ့ ကိုးကွယ်ရာ”လို့ဆိုတယ်။ ဒီစကားဟာ သိပ်တန်ဖိုးရှိတယ်။ ဘာပြုလို့ တန်ဖိုးရှိတယ်လို့ ပြောရတာလဲဆိုရင် လူတွေဟာ အကြောက်တရားနဲ့ တခြား
စာမျက်နှာ-၅
အရာကို အားကိုးမျှော်လင့်ပြီး နေတတ်ကြတယ်။ အဲဒီအလေ့အထကြီးဟာ အင်မတန်မှ ကြီးမားလာတယ်၊ ကိုယ့်ကိုယ်ကို အားကိုးရမှန်းမသိဘူး၊ လမ်းစပျောက်နေတယ်။

ကိုယ့်ကိုယ်ကို အားကိုးရမှန်း မသိတဲ့အခါ တန်ခိုးရှင်ကြီးတွေကို အားကိုးရာအဖြစ် ကောင်းကင်ကြီးကိုမော့ပြီး ကောင်းကင်ဘုံက တန်ခိုးရှင်ကြီးရဲ့ အဆုံးအမအတိုင်း၊ တန်ခိုးရှင်ကြီး ဖန်ဆင်းထားတဲ့အတိုင်း လိုက်နာပါတယ်ဆိုပြီးတော့ လူတွေဟာ ဘယ်တော့မှလည်းမမြင်ဘူးတဲ့၊ ဘယ်တော့မှလည်း မြင်ရမယ့်အရာမဟုတ်တဲ့ တန်ခိုးရှင်ကြီးကို တစ်ဆင့်ပြောစကားနဲ့ လက်ခံယုံကြည်နေရတဲ့ ဘာသာမျိုးတွေကို ကိုးကွယ်ကြတယ်။ ကိုယ့်ရဲ့ဆန္ဒ၊ ကိုယ့်ရဲ့ လုံ့လဝီရိယ၊ ကိုယ့်ရဲ့ အသိဉာဏ်ဆိုတာတွေဟာ ချောင်ထိုးခံရတဲ့ အနေအထားမျိုး ရောက်သွားတယ်။ အေး- အဲဒါကြောင့် မြတ်စွာဘုရားရဲ့ စကားတစ်ခွန်းဟာ အလွန်တန်ဖိုးရှိတယ်။ “အတ္တာ ဟိ အတ္တနော နာထော”
စာမျက်နှာ-၆
မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာလို့၊ တခြားလူကိုးကွယ်ရာမဟုတ်ဘူး။ အရာခပ်သိမ်းမှာ ကိုယ့်ကိုယ်ကို အားကိုးရမယ်၊ ကိုယ့်အစွမ်းအစကို ကိုယ်ယုံကြည်ပြီးတော့ ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုတာ သဘောပေါက်နားလည်ရမယ်။

မိမိသည်သာကိုးကွယ်ရာဆိုတာ ကိုယ့်ရဲ့ဆန္ဒ၊ ကိုယ့်ရဲ့ လုံ့လဝီရိယ၊ ကိုယ့်ရဲ့ အသိဉာဏ်ကို တန်ဖိုးထားပြီး၊ ဆန္ဒဖြင့် မျှော်လင့်ပြီး၊ လုံ့လဝီရိယဖြင့် မရရအောင်ကြိုးစားပြီး အသိဉာဏ်ဖြင့် မှန်ကန်တဲ့ နည်းလမ်းတွေကို ရှာဖွေအားထုတ်ရမယ်။ ဒါဟာ လက်တွေ့အင်မတန်ကျတဲ့ ကျင့်စဉ်တစ်ခုကို မြတ်စွာဘုရားက ဖော်ထုတ်တယ်။

အဲတော့ မေးစရာတစ်ခုရှိလာတယ်၊ “အတ္တာ ဟိ အတ္တနော နာထော” မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာလို့ မြတ်စွာဘုရားက ဒီအတိုင်းဟောထားတာ ဟုတ်ပြီ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ဓမ္မံ သရဏံ ဂစ္ဆာမိ-တရားကို
စာမျက်နှာ-၇
ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃံ သရဏံ ဂစ္ဆာမိ- သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ဆိုတဲ့စကားနဲ့ မဆန့်ကျင်နေဘူးလားလို့ မေးကောင်းမေးကြလိမ့်မယ်။ မြန်မာစကားမှာ နာထနဲ့ သရဏဟာ ကိုးကွယ်ရာဟု ဒီလို ဘာသာပြန်ထားတဲ့အတွက်ကြောင့် ဒီနှစ်ခုဟာရောထွေးနေသလိုရှိတယ်။ သို့သော် မိမိကိုယ်ကိုအားကိုးခြင်း၊ ဘုရားကို အားကိုးခြင်းဆိုတာ အတိုင်းအတာ အကန့်အသတ်ချင်းမတူဘူး။

မြတ်စွာဘုရားကို အားကိုးတာ ဘယ်အဆင့်နဲ့ အားကိုးတာလဲဆိုတာ အမှန်တရားကို သိဖို့အတွက် အားကိုးတာ။ မြတ်စွာဘုရားက ကယ်တင်တာလဲ မဟုတ်ဘူး၊ မမှာလဲ မဟုတ်ဘူး။ သို့သော် မြတ်စွာဘုရားက လမ်းပြပေးတာ။ လောကမှာ သွားရမယ့် လမ်းကိုမသိတာ အင်မတန်မှ ဒုက္ခရောက်တယ်။ ပြဿနာကြီးတစ်ခုပဲ။ အဲတော့ သွားရမယ့်လမ်းကို ပြနိုင်တဲ့ပုဂ္ဂိုလ်ဟာ အင်မတန်မှ အရေးကြီးတာပေါ့။ မြတ်စွာဘုရားကို အားကိုးပါတယ်ဆိုတာ မြတ်စွာဘုရား
စာမျက်နှာ-၈
က လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားဟောပြီး မလုပ်သင့်တာတွေကို ရှောင်ရမယ်၊ လုပ်သင့်တာတွေကို လုပ်ရမယ်လို့၊ အတိုင်းအတာတစ်ခုအနေနဲ့ သတ္တဝါတွေကို ဆုံးမဩဝါဒပေးထားတယ်။ အဲဒီဆုံးမဩဝါဒကို လိုက်နာကျင့်သုံးနိုင်ဖို့ ကိုယ့်ဟာကိုယ်လုပ်ရမယ်၊ ဒီလိုဆိုလိုတာပေါ့။ ဘုရားရဲ့ ဘုန်းတန်ခိုးတွေကို မှီခိုပြီး မြတ်စွာဘုရားက အရာရာကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ တမျှော်မျှော် တခေါ်ခေါ်နေရမယ့်ကိစ္စမျိုး မဟုတ်ဘူး။ ဘုရားက ဒါလုပ်၊ ဒါမလုပ်နဲ့၊ ဒါမလုပ်နဲ့ဆိုတာကို ရှောင်ပြီးတော့ ဒါလုပ်ဆိုတာကို လုပ်ဖို့၊ ဒါကိုဟောတာ။

သရဏဆိုတဲ့ အဓိပ္ပာယ် ဖွင့်တဲ့အခါမှာ “ဟိတေ ပဝတ္တန အဟိတာ စ နိဝတ္တနေန သတ္တာနံ ဘယံ ဟိသဟိ ဗုဒ္ဓေါ” လို့ စာပေကျမ်းဂန်မှာ ဖွင့်ထားတာ အင်မတန်မှ အဓိပ္ပာယ်ရှိတယ်။ မြတ်စွာဘုရားဟာ သတ္တဝါတွေ ကိုးကွယ်ရာဖြစ်လို့ ဘုရားကို ကိုးကွယ်ကြရတာ။ ဘာဖြစ်လို့ ကိုးကွယ်ကြတာလဲဆိုရင် ဟိတေ
စာမျက်နှာ-၉
ပဝတ္တနေ-အခြေအနေကောင်းတွေကို ဖြစ်ပေါ်စေတယ်။ အဟိတာ စ နိဝတ္တနေ- ဆိုးဝါးတဲ့အခြေအနေတစ်ခုကို မရောက်စေဘူး။ ဒါက ဘာလဲဆိုရင် အကုသိုလ်တွေက ရှောင်ကြတယ်၊ မလုပ်သင့်တာနဲ့ လုပ်သင့်တာ ခွဲခြားဟောကြားခြင်းဖြင့် ပိုမိုအခြေအနေကောင်းပြီးတော့ ဆင်းရဲဒုက္ခက လွတ်မြောက်ပြီး ချမ်းသာသုခကို ရောက်စေနိုင်တဲ့ နည်းလမ်းကို ထုတ်ဖော်ဟောကြားတယ်။ ထုတ်ဖော်ဟောကြားမှုဆိုတာကိုရလို့ မြတ်စွာဘုရားကို ကိုးကွယ်တာ။ အဲဒီထက် မပိုဘူး။

မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း ဘုန်းကြီးတို့တစ်တွေ ကျင့်သုံးနေထိုင်တာ ဒါ “အတ္တာ ဟိ အတ္တနော နာထော” ပဲ။ မိမိသည်သာ ကိုးကွယ်ရာပဲ။ ဒီထက်ရှင်းတဲ့ ဥပမာတစ်ခု ပြောရမယ်ဆိုရင် လူတွေဟာ နေမကောင်းထိုင်မသာဖြစ်တဲ့အခါ ဘယ်သွားလဲဆိုရင် ဆရာဝန်ဆီသွားကြတယ်။ ဆရာဝန်ဆီ ဘာအတွက်သွားတာလဲဆိုရင် ဘာရောဂါလဲသိဖို့၊ ဘာကြောင့်
စာမျက်နှာ-၁၀
ဒီရောဂါ ဖြစ်တာလဲ၊ ဒီရောဂါဖြစ်လာလို့ရှိရင် ဘယ်ဆေးသောက်၊ ဘယ်လိုနေရင်ပျောက်မလဲ၊ ဒါသိဖို့သွားတာ။ အဲတော့ ဆရာဝန်က ရောဂါပျောက်အောင် လုပ်ပေးနိုင်သလားဆိုရင် မလုပ်ပေးနိုင်ဘူး၊ လုပ်မပေးဘူးဆိုတာ အင်မတန်ထင်ရှားတယ်။ ဘာပြုလို့လဲဆိုရင် ဆရာဝန်က ဆေးထိုးပေးရင်ပေးတယ်၊ သောက်ဆေးပေးရင်ပေးမယ်။ လူနာကိုယ်တိုင်က ဆေးသောက်ရမယ်။ အဲဒီကတည်းက ကိုယ်တိုင်လုပ်ရတဲ့ဟာ။ ဆရာဝန်ဆီသွားတာဟာ ဒီရောဂါအတွက် ဘာဆေးသောက်ရမလဲဆိုတာ သိဖို့သွားတာ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီးတော့ ဆေးသောက်မှ ရောဂါပျောက်မယ်၊ ဒီလိုဆိုလိုတာ။ ဒါက လက်တွေ့ပဲ။

ဒီအတိုင်းပဲ၊ မြတ်စွာဘုရားကို ကိုးကွယ်တယ်ဆိုရာမှာ မြတ်စွာဘုရားက လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားဆုံးမတယ်။ မလုပ်သင့်တာကို ကိုယ်က ရှောင်ရမယ်၊ လုပ်သင့်တာကို လုပ်ရမယ်။ ဒါဟာ ဓမ္မံ သရဏံ ဂစ္ဆာမိ- ဓမ္မကိုကျင့်သုံးတာ။ ဆရာဝန်က
စာမျက်နှာ-၁၁
ဆေးပေးသလို မြတ်စွာဘုရားက ဓမ္မလမ်းကြောင်းကို ဖော်ထုတ်ပေးတာ။ ဆရာဝန်ပေးတဲ့ဆေးကို သောက်လို့ ရောဂါပျောက်သလို မြတ်စွာဘုရားဟောကြားတဲ့ ဓမ္မကို လိုက်နာကျင့်သုံးလို့ ချမ်းသာသုခတွေရလို့ နောက်ဆုံးမှာ ထာဝရအငြိမ်းဓာတ်ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ရောက်ကြတာ။ ဒါဟာ တကယ့်လက်တွေ့ကျတဲ့တရား၊ ဒီထက်လက်တွေ့ကျတာမရှိဘူး။

လူတွေမှာ တစ်ဦးအပေါ်တစ်ဦး လုပ်ပေးနိုင်တာ အကန့်အသတ်ရှိတယ်၊ အကုန်လုပ်ပေးလို့ရတာမဟုတ်ဘူး။ မိမိတို့အင်မတန်ချစ်လှတဲ့ သားသမီးတောင်မှ ပညာတတ်ကြီးဖြစ်အောင် လုပ်မပေးနိုင်ဘူး၊ မိဘက လုပ်ပေးနိုင်တာ ဘာတစ်ခုလုပ်ပေးမလဲဆိုရင် ကျောင်းကောင်းကောင်း ထားပေးမယ်၊ ဆရာကောင်းကောင်းဆီ အပ်ပေးမယ်၊ ဒီလောက်ပဲလုပ်ပေးနိုင်မယ်။ သားသမီးကိုယ်တိုင်က မကြိုးစားဘူးဆိုရင် ပညာတတ်မဖြစ်ဘူး၊ ဒါကလက်တွေ့ပဲ။
စာမျက်နှာ-၁၂
ကောင်းကင်ဘုံက ထာဝရဘုရားကြီးက အားလုံးကို အဆုံးအဖြတ်ပေးပြီးတော့ အားလုံးရဲ့ဘဝကို ဖန်တီးချုပ်ကိုင်ထားတယ်ဆိုတာ မဟုတ်ဘူး။ ဘဝကို ချုပ်ကိုင်လို့မရဘူး၊ ကိုယ့်ဘဝကိုယ် ဖန်တီးရမယ်။ အဲဒီကိုယ့်ဟာကိုယ်ဖန်တီးတယ်ဆိုတာ ဘယ်လိုဖန်တီးရမလဲဆိုတာ နည်းစနစ်သိဖို့အတွက် မြတ်စွာဘုရားဆီ ချဉ်းကပ်ရတာ။ မြတ်စွာဘုရားက တရားကိုဟောကြားတယ်၊ ဘုရားဆီက ဓမ္မကိုသိဖို့အတွက် ဘုရားကို အသိအမှတ်ပြုတယ်၊ ကိုးကွယ်တယ်။ ကျင့်သုံးရမယ့် တရားတွေသိဖို့ ကိုးကွယ်ဆည်းကပ်တာ။

သံဃံ သရဏံ ဂစ္ဆာမိ ဆိုတာဘာလဲ။ ဗုဒ္ဓမြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀က ဓမ္မကို ဟောသွားတယ်။ အဲဒီဟောခဲ့တဲ့ ဓမ္မတွေကို ဘယ်သူတွေက သယ်ဆောင်လာသလဲ၊ ဒီနေ့ထိအောင် ဘယ်သူတွေက ထိန်းသိမ်းလာသလဲဆိုရင် သံဃာတွေက ထိန်းသိမ်းလာတယ်။ လက်တွေ့ကျင့်သုံးပြီး ဒီတရားဓမ္မတွေကို မပျောက်မပျက်အောင် ထိန်းသိမ်း
စာမျက်နှာ-၁၃
လာခဲ့တယ်။ ဓမ္မခန္ဓာပေါင်း(၈၄၀၀၀) ရှိတယ်။ အဲဒါကို ပိဋကသုံးပုံနဲ့ပြောမယ်ဆိုရင် သုတ်၊ ဝိနည်း၊ အဘိဓမ္မာလို့ သုံးမျိုးရှိတယ်။ သုတ္တပိဋက၊ ဝိနယပိဋက၊ အဘိဓမ္မပိဋက လို့ သင်ရမယ့်စာပေသုံးမျိုး။

တစ်ခါ သဘောတူရာတွေကို စုပေါင်းထားတဲ့ နိကာယ(နိကာယ်)ဆိုတဲ့ စကားလုံးနဲ့ပြောရင်တော့ ငါးခု၊ ဒီဃနိကာယ- အင်မတန်မှ ရှည်လျားတဲ့ သုတ္တန်တွေကို စုထားတယ်။ မဇ္ဈိမနိကာယ- မတိုမရှည် သုတ္တန်တွေကိုစုထားတယ်။ သံယုတ္တနိကာယ- အကြောင်းအရာတစ်ခုတည်းနဲ့ စပ်ဆိုင်တာတွေကို စုထားတယ်။ အင်္ဂုတ္တရနိကာယ- အကြောင်းအရာတစ်ခုစီတစ်ခုစီ တိုးပြီးဖော်ပြတဲ့ တရားတွေကို စနစ်တကျ စုပေါင်းထားတယ်။ ခုဒ္ဒကနိကာယ- အမျိုးမျိုးအဖုံဖုံ ဝိနည်းလည်းပါတယ်၊ အဘိဓမ္မာလည်းပါတယ်၊ မျိုးစုံစုပေါင်းထားတာ။ နိကာယနဲ့ပြောတော့ ငါးခု။ အဲဒီစာပေကျမ်းဂန်တွေ ဒီနေ့ထိအောင် သင်ယူခွင့်၊ ကြားနာခွင့်ရနေတာ ဘယ်သူတွေရဲ့ ကျေးဇူးလဲဆိုရင် သံဃာ
စာမျက်နှာ-၁၄
တွေရဲ့ ကျေးဇူးပဲ။ ဒီကျေးဇူးကို ပြန်ပြီးတော့ စဉ်းစားကြည့်။

မြတ်စွာဘုရားဟောတုန်းက (၄၅)ဝါ ကာလပတ်လုံး မြတ်စွာဘုရားက ဓမ္မစက္ကပဝတ္တနသုတ္တန်ကနေစပြီးတော့ဟောတာ။ (၄၅)ဝါ ဟောထားတဲ့တရားတွေဟာ အလွန်မှများတယ်။ ဘုရားဟောတဲ့ တရားတွေကို မပျောက်ပျက်အောင် စိတ်ထဲနှလုံးထဲမှာ မှတ်သားပြီးတော့ လက်ဆင့်ကမ်းပေးခဲ့ကြတဲ့ သံဃာတော်တွေရဲ့ ကျေးဇူး၊ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်၊ ရှင်မဟာကဿပ၊ ရှင်အာနန္ဒာ စတဲ့ ဗုဒ္ဓလက်ထက်တော်က မဟာသာဝကကြီးတွေရဲ့ ကျေးဇူး။ ဘုရားက နှုတ်တိုက်ဟောထားတဲ့ တရားတွေကို သံဃာတော်တွေက နှုတ်တိုက်ဆောင်ခဲ့တာ နှစ်ပေါင်း(၄၅)နှစ်။ အခုခေတ်မှာလို စာအုပ်စာတမ်းတွေပေါ်မှာ ရေးမှတ်ထားတာ မဟုတ်ဘူး၊ နှုတ်တိုက်ကျက်မှတ်ပြီးတော့ ဆောင်လာတာ၊ ဒါကိုဆိုလိုတာ။
စာမျက်နှာ-၁၅
အခုလို တရားနာသလို မြတ်စွာဘုရားဟောထားတဲ့ တရားတွေကို နားထောင်ပြီး ဓာတာ-ရင်ထဲနှလုံးထဲမှာ မှတ်ထားတယ်၊ ဝစသာ ပရိစတာ-နှုတ်ကလဲ လိုက်ဆိုတယ်၊ မနသာ နုပေက္ခိတာ- စိတ်နဲ့လဲ ကြံတွေးတယ်၊ ဒိဋ္ဌိယာ သုပ္ပဋိဝိဇ္ဈ- အသိဉာဏ်နဲ့လဲ အဓိပ္ပာယ်ကို ကျကျနနသိတယ်၊ ထိုးထွင်းပြီးတော့ သိတယ်။ ဒီအဆင့်တွေနဲ့ ဘုရားတရားတော်တွေကို ဆောင်လာခဲ့ကြတယ်။

ဘုရားလက်ထက်တော်မှာ (၄၅)နှစ်၊ ဘုရားပရိနိဗ္ဗာန်စံသွားတဲ့အခါ ရှင်မဟာကဿပဦးဆောင်တဲ့ သံဃာတော်အရှင်မြတ်တွေဟာ ကွဲလွဲမှုမရှိအောင် တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းလိုက်တာ သံဂါယနာတင်တယ်လို့ခေါ်တယ်။ သံဂါယနာ- စုပေါင်းပြီးတော့ ဆိုကြတယ်။ ဆိုပါစို့၊ မြတ်စွာဘုရားဟောတဲ့ စကားတစ်ခု ဟိုတစ်ပါးက ရလာတယ်၊ ဒီတစ်ပါးက ရလာတယ်၊ ကိုက်ညီမှုရှိမရှိ၊ အသံထွက်ခြင်း၊ စာလုံးခြင်း တူမတူညှိတာ သံဂါယနာလို့ခေါ်တယ်။ သံ- စုပေါင်းပြီး အတူတကွ
စာမျက်နှာ-၁၆
တိုက်ဆိုင်နှီးနှောပြီး၊ ဂါယနာ-ရွတ်ဆိုတာ။ ဘာပြုလို့လဲဆိုရင် စာအုပ်မှမရှိတာ၊ သူ့ရတာနဲ့ ကိုယ်ရတာ တူမတူ ဆိုကြည့်ကြတယ်။

ဆိုကြည့်ရုံတင်မကဘူး၊ မြတ်စွာဘုရားဟောတဲ့ တရားတွေကို စနစ်တကျ စုစည်းပြီးတော့ မပျောက်ပျက်အောင် ပန်းပွင့်တွေကို ကြိုးနဲ့သိသလိုပဲ ဘုရားဟောတဲ့ တရားတော်တွေကို စနစ်တကျ ဝိနည်းကတစ်စု၊ သုတ္တန်ကတစ်စု၊ အဘိဓမ္မာကတစ်စုဆိုတာလို အသီးအသီး သူ့ကြိုးတွေနဲ့ ထိန်းပြီးတော့ သိထားသလိုပဲ မြတ်စွာဘုရားဟောတဲ့ တရားတော်တွေကို စနစ်တကျ စီစဉ်ပြီးတော့ မပျောက်ပျက်အောင် ထိန်းသိမ်းလာခဲ့တာ။ ဘုရားဟောတဲ့ ဓမ္မဝိနယတွေ မပျောက်ပျက်အောင် စုစည်းပေးခဲ့တာ။ ဒါကြောင့်မို့ ဒီသံဂါယနာဟာ တကယ့်ကို အရေးပါဆုံး သံဂါယနာဖြစ်တယ် (သံဃံ သရဏံ ဂစ္ဆာမိ၊ သံဃာနဲ့ သွားမရောစေနဲ့။ သံဂါယနာဆိုတာ ဂငယ်နဲ့ရေးရတယ်။ ဂါယနာ
စာမျက်နှာ-၁၇
ဆိုတာ ရွတ်ဆိုတာ။) အသံထွက်တွေကို ညှိနှိုင်းတိုက်ဆိုင်တယ်။

အဲဒီလို ပိဋကတွေကို သံဂါယနာတင်ပြီး စုစည်းထားခဲ့တယ်။ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ စနစ်တကျ စုစုစည်းစည်းရှိပါတယ်။ အဲဒီလို စုစုစည်းစည်းရှိတဲ့ တရားတော်တွေကို အဆင့်ဆင့် သံဃာတော်တွေက ဆက်ပြီး ထိန်းသိမ်းလာခဲ့တာ နှစ်ပေါင်း(၄၅၀)၊ စာအုပ်မရှိသေးဘူး၊ နှုတ်နဲ့ဆောင်ယူခဲ့ကြတယ်။ ဆရာကတပည့်ကို နှုတ်တိုက်ချပေးတယ်၊ တပည့်က နှုတ်တိုက်လိုက်ဆိုတယ်။ ရထားတဲ့စာတွေကို မိမိတပည့်ကို ထပ်ဆင့်ပြီးတော့ နှုတ်တိုက်ချတယ်၊ ဒါကို oral tradition လို့ခေါ်တယ်။ နှုတ်တိုက်သင်တဲ့ ခေတ်၊ အခုထိ ဒီစနစ်လေးတွေ မပျောက်သေးဘူး။ မြန်မာပြည်မှာလည်းပဲ ကလေးပေါက်စလေးတွေဆိုရင် စာမဖတ်တတ်သေးခင် မိဘတွေက “ဣတိပိ သော” သင်ပေးထားတယ်၊ “နမော တဿ” သင်ပေးထားတယ်၊ “သမ္ဗုဒ္ဓေါ” သင်ပေးထားတယ်။ ဒီအဓိပ္ပာယ်မျိုး
စာမျက်နှာ-၁၈
နော်။ အဲဒီလိုနည်းနဲ့ နှုတ်တိုက်ချပြီးတော့ မြတ်စွာဘုရား တရားတော်တွေကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့တာ နှစ်ပေါင်းဘယ်လောက်တုန်းဆိုရင် (၄၅၀)။ ဘုရားသက်တော်ထင်ရှားရှိတုန်းက (၄၅)နှစ်၊ ဘုရားမရှိတော့တဲ့နောက်မှာ အနှစ်(၄၅၀)။

ဒီကနေ့ ဓမ္မစကြာတရား ဟောခဲ့တာ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲဆိုရင် နှစ်ပေါင်း (၂၆၀၀)။ သာသနာတော်နှစ် (၂၅၅၅)ဆိုတာ ဘုရားပရိနိဗ္ဗာန်စံတာကိုပြောတာ။ တရားဟောတာပါ ထည့်ပြောမယ်ဆိုရင် အနှစ်(၂၆၀၀)ရှိပြီ၊ အဲဒီအနှစ်(၂၆၀၀) ကာလပတ်လုံး ဒီတရားဓမ္မတွေကို မပျောက်ပျက်အောင် ဒီကနေ့ထိ သင်ယူခွင့်၊ လေ့လာခွင့်၊ ကြားနာခွင့်၊ မှတ်သားခွင့်၊ မြတ်စွာဘုရားတရားတော်တွေကို သိရှိခွင့်ရတာ ဘယ်သူ့ကျေးဇူးလဲဆိုတော့ သံဃာတော်တွေရဲ့ ကျေးဇူးပဲ။
စာမျက်နှာ-၁၉
မြန်မာနိုင်ငံမှာ စာသင်တိုက်တွေ အသီးသီး မိမိတို့ရဲ့ တစ်ပိုင်တစ်နိုင် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ တစ်ဦးဖြစ်စေ၊ အများဖြစ်စေ ဆရာတွေဟာ တပည့်တွေကို လက်ဆင့်ကမ်းပြီးတော့ ပို့ချနေကြတယ်၊ သင်ကြားပို့ချကြတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ ပရိယတ္တိပညာရေးဟာ ဒီအနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ ထေရဝါဒနိုင်ငံလို့ပြောတဲ့ ကမ္ဘောဒီးယားတို့၊ လာအိုတို့၊ ထိုင်းတို့၊ သီရိလင်္ကာတို့ဆိုတဲ့ နိုင်ငံတွေနဲ့ မြန်မာပြည်ရဲ့ ပရိယတ္တိအရည်အချင်းက သာလွန်တယ်။ ဘာပြုလို့ သာလွန်လဲဆိုရင် မြန်မာနိုင်ငံမှာ ပရိယတ္တိစာသင်တိုက်တွေရှိနေတယ်။ လက်ဆင့်ကမ်းပြီးတော့ သင်ယူပေးနေတယ်။

အခု ကျောင်းဒကာ၊ ကျောင်းအမတွေ ရွှေဘုံသာတိုက်သစ် သာသနာ့ဂုဏ်ရည်ဆိုတဲ့ ကျောင်းဆောင်ကြီးကို ဆောက်လုပ်လှူဒါန်းထားတယ်။ ဒါတကယ် သာသနာတော်အတွက် အကျိုးဖြစ်တဲ့ အလုပ်တစ်ခုကို လုပ်တာ။ ဘာပြုလို့လဲဆိုတော့ မိမိတို့ဆောက်လှူထားတဲ့ ကျောင်းပေါ်မှာ မြတ်စွာဘုရားဟောကြားတဲ့ တရားတွေကို လက်ဆင့်ကမ်းသင်ယူခြင်း၊ ပို့ချခြင်း
စာမျက်နှာ-၂၀
ဆိုတဲ့ အလုပ်တွေကို ချမ်းချမ်းသာသာ၊ လွယ်လွယ်ကူကူ လုပ်နိုင်အောင်။ အဲတော့ အာရုံပြုတဲ့အခါမှာ အဲဒါကို အာရုံပြုထားနော်။ အင်မတန်မှ တန်ဖိုးရှိတဲ့ အလုပ်တစ်ခုကို တို့တစ်တွေလုပ်ရတယ်၊ မြတ်စွာဘုရားရဲ့ သာသနာတော်ဆိုတာ ဘုရားရဲ့ တရားတော်တွေပဲ၊ အဲဒီတရားတော်တွေ မပျောက်ပျက်မှ မြတ်ဗုဒ္ဓ၏ အဆုံးအမအတိုင်း ကျင့်သုံးနေထိုင်ခြင်းဆိုတာ ဖြစ်တာလေ။ ဘုရားတရားတော်တွေ ပျောက်သွားပြီဆိုရင် ဘယ်သူမှ တရားမှန်အတိုင်း ကျင့်သုံးနိုင်မှာမဟုတ်ဘူး။

တရားတော်တွေ ရှိနေတာတောင်မှပဲ အဓိပ္ပာယ်တွေ အမျိုးမျိုးပြောလို့၊ မမှန်မကန် အဓိပ္ပာယ်တွေ ဖွင့်ဆိုလို့၊ ဘုရားတရားတော်တွေ ပုံပျက်ပန်းပျက် ဟောပြောတာတို့ ဒီကနေ့ခေတ်မှာ အလွန်များလာတယ်။ ဘုရားတရားတော်တွေ မူရင်းတွေရှိနေတယ်၊ မူရင်းတွေရှိနေတာတောင်မှပဲ မမှန်မကန် ဟောပြောတာတို့၊ မမှန်မကန် ရေးသားတာမျိုးတွေ ပေါ်ပေါက်နေတယ်။ ဒါက ဘယ်ခေတ် ဘယ်ကာလမဆို
စာမျက်နှာ-၂၁
ပေါ်ပေါက်မှာပဲ။ နည်းတာများတာ ကွာခြားတယ်။ ရှေးခေတ်ကလဲ ပေါ်ခဲ့တာပဲ၊ မြတ်စွာဘုရားလက်ထက်ကလဲ ပေါ်ခဲ့တာပဲ၊ မမှန်မကန် ဟောပြောတာ၊ အဓိပ္ပါယ်ပြန်ဆိုတာ လွဲမှားတာတို့ (interpretation problem) လို့ခေါ်တယ်။ အဲဒီ (problem) တွေဟာ ရှိနေမှာပဲ။ သို့သော် ရှိနေတဲ့အခါမှာ အခုလို စာသင်တိုက်တွေက စာကို ကျကျနန သင်ကြားပို့ချပေးထားတယ်။ စာကို ကျကျနန ကျမ်းရင်းအတိုင်း သင်ကြားပို့ချပေးထားလို့ သိတဲ့ပုဂ္ဂိုလ်တွေက အမှားအမှန်ကို ခွဲခြားပြောနိုင်တယ်။ နို့မို့ဆိုရင် ပြောသမျှကို ဟုတ်တယ်ထင်နေမယ်။

ဘုရားဟောမဟုတ်လဲ ဘုရားဟောလို့ ပြောချင်ပြောမယ်။ ပြောရင် ကိုယ်က မူရင်းကိုမသိတဲ့အခါ ဘုရားဟောမဟုတ်ကိုလဲ အဟုတ်လို့ထင်ရတယ်။ အဲဒီအနေအထားမျိုး ရောက်သွားရင် အလွန်ကြောက်စရာကောင်းတယ်။ ကိုယ်က ဘုရားတရားဆိုပြီး အားကိုးတကြီး လိုက်နာကျင့်သုံးနေတယ်၊ သို့သော် မြတ်စွာ
စာမျက်နှာ-၂၂
ဘုရားဟောတာနဲ့ တစ်လမ်းစီဖြစ်နေတယ်ဆိုရင် အင်မတန်မှ အန္တရာယ်ကြီးတယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားကိုယ်တိုင်က ဆုံးမဩဝါဒပေးထားတာရှိတယ်။ “ငါဟောတာကို မဟောဘူး ပြောတဲ့ပုဂ္ဂိုလ်၊ မဟောတာကို အဟောလုပ်ပြီး ပြောတဲ့ပုဂ္ဂိုလ်ဟာ သာသနာဖျက်တဲ့ပုဂ္ဂိုလ်ပဲ။ အကုသိုလ်တွေအများကြီးဖြစ်တယ်၊ အဲဒီပုဂ္ဂိုလ်ဟာ သာသနာတော်ကို ကွယ်ပစေရာ ရောက်တယ်”တဲ့။ ဒါဟာ အင်မတန်မှအရေးကြီးတယ်။ စာသင်နေတဲ့ ကျောင်းတိုက်တစ်ခုကို အားပေးချီးမြှောက်ပြီးတော့ ရတယ်၊ တန်းရတယ်ဆိုတဲ့ကုသိုလ်။ အင်မတန်မှ တန်ဖိုးရှိတဲ့ သာသနာပြုကုသိုလ်တစ်ခုပဲ။

စေတီတစ်ဆူတည်ပြီးတော့ ဘုရားကိုးကွယ်မယ်ဆိုလို့ရှိရင် မြတ်စွာဘုရားကို အာရုံပြုလို့ ဗုဒ္ဓပူဇာတော့ ဖြစ်ပါတယ်။ ကျောင်းတစ်ကျောင်း ဆောက်ပြီးတော့ လှူလိုက်တာလောက် ဒီသာသနာတော်အတွက် အကျိုးဖြစ်ထွန်းမှု ရှိမရှိ စဉ်းစားပြီးတော့ကြည့်ကြရအောင်။
စာမျက်နှာ-၂၃
စေတီလှူတယ်၊ ဟုတ်ပြီ၊ လမ်းသွားလမ်းလာပုဂ္ဂိုလ်တွေ ဘုရားကိုရှိခိုးမယ်၊ လက်အုပ်ချီကြတယ်၊ ကုသိုလ်ရကြမယ်၊ မှန်တယ်။ ဒီလောက်ပဲ။ စေတီတည်တဲ့ပုဂ္ဂိုလ်ဟာလဲ ဘုရားကိုအာရုံပြုပြီးတော့ ကုသိုလ်တွေရမယ်၊ ဟုတ်တယ်၊ အဲလောက်ပဲရမယ်။ ကျောင်းတစ်ဆောင်ဆောက်လုပ်လို့ရှိရင် ဘုရားကို ပူဇော်ပြီးသားလဲဖြစ်မယ်၊ တရားကို ပူဇော်ပြီးသားလဲဖြစ်မယ်၊ သံဃာကို ပူဇော်ပြီးသားလဲဖြစ်မယ်။ ရတနာသုံးပါးလုံး ပူဇော်ပြီးဖြစ်ရုံမျှမက သာသနာတော် အဓွန့်ရှည်ကြာဖို့ မိမိပြုလုပ်လိုက်တဲ့ကုသိုလ်ဟာ တစ်ထောင့်တစ်နေရာကနေပြီးတော့ အကျိုးပြုနေတာဖြစ်တယ်။ အင်မတန်မှ တန်ဖိုးရှိတဲ့ ကုသိုလ်လို့ စိတ်ထဲမှာ ဝမ်းသာနေရမယ်။

ဘုရားထက် မြတ်တယ်လို့ပြောတာ မဟုတ်ဘူးနော်၊ စဉ်းစားပြီးတော့ကြည့်၊ အကျိုးဖြစ်တာကိုပြောတာနော်။ မြတ်စွာဘုရားက စေတီတည်ပြီးတော့ ကိုးကွယ်တာကို ကုသိုလ်မရဘူးလို့ပြောတာ မဟုတ်ဘူး၊ ရတယ်။ ဘုရားကို ပူဇော်တာ မကောင်းဘူးပြောတာမဟုတ်ဘူး၊
စာမျက်နှာ-၂၄
ကောင်းတယ်။ အကျိုးကိုတွက်ကြည့်လိုက်၊ ကျောင်းဆောက်လိုက်ရင် ဘုရားပါတယ်၊ အဲဒီထဲမှာနော်။ ဘုရားရုပ်ပွားတော် ထည့်သွင်းပူဇော်ထားတယ်၊ ဗုဒ္ဓပူဇာ။ သံဃာတွေ သီတင်းသုံးနေတဲ့အတွက်ကြောင့် ထိုသံဃာတွေ သင်ကြားနေတဲ့တရား၊ ဟော ဓမ္မပူဇာ။ သံဃာတွေကို ပူဇော်ခြင်းဆိုတဲ့ သံဃပူဇာ။

စေတီကို တည်ထားကိုးကွယ်မယ်ဆိုရင် ဗုဒ္ဓပူဇာ တစ်ခုပဲရနိုင်တယ်၊ ဓမ္မပူဇာ မရနိုင်ဘူး၊ သံဃပူဇာ မရနိုင်ဘူး။ ဘာပြုလို့တုန်းဆို စေတိယ-စေတီက အာရုံပြုလို့ရတာတစ်ခုပဲရှိတယ်၊ အခုလို စာပေကျမ်းဂန်တွေ အကြောင်းပြုပြီးတော့ သံဃာတွေ သီတင်းသုံးလို့ရတာမဟုတ်ဘူး။ အဲဒါကြောင့်မို့ ခုလို ကျောင်းဆောက်ပြီးတော့ လှူရတာဟာ သာသနာတော်အတွက် အင်မတန်မှ အကျိုးဖြစ်တယ်၊ ဒီလိုမှတ်ရမယ်နော်။ သာသနာတော်အတွက် အလွန်ကို အကျိုးရှိတဲ့ အလုပ်တစ်ခု တို့လုပ်တယ်လို့ စိတ်ထဲမှာ ဝမ်းမြောက်ဝမ်းသာဖြစ်ပါ။
စာမျက်နှာ-၂၅
မြတ်စွာဘုရားကိုယ်တိုင်ကိုက ဝေလာမသုတ္တန်မှာ သံဃာကို ကျောင်းဆောက်လှူဒါန်းတာဟာ ပိုကောင်းတယ်။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဆိုတဲ့ အလှူတွေထဲမှာ ကျောင်းအလှူဟာ ပိုကောင်းတယ်တဲ့။ ဘာပြုလို့လဲဆိုရင် အခုပြောတဲ့အတိုင်းပဲ ကျောင်းဆောက်လိုက်သဖြင့် ဗုဒ္ဓပူဇာဖြစ်တယ်၊ တရားဓမ္မတွေ သင်ယူပို့ချနေသည့်အတွက်ကြောင့် ဓမ္မပူဇာလည်းဖြစ်တယ်၊ သံဃာတွေ သီတင်းသုံးနေသည့်အတွက်ကြောင့် သံဃပူဇာလည်းဖြစ်တယ်။ ဒါတင်လားလို့ဆိုတော့ မကဘူး၊ သံဃာတွေက အဲဒီကျောင်းမှာ သီတင်းသုံးပြီးတော့ (Generation to Generation) မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပြီးတော့ ဘုရားရဲ့တရားတော်တွေကို သင်ကြားပို့ချပေးလိုက်လို့ နောက်တစ်ဆက်က ထပ်ပြီးတော့ သင်ကြားပို့ချပေးမယ်ဆိုရင် မြတ်စွာဘုရားရဲ့တရားတော်တွေကို လက်ဆင့်ကမ်းပြီး သင်ယူသွားတာ။ ရှေးတုန်းကလည်း ဒီစနစ်နဲ့သင်ယူလာလို့ ခုနှစ်ပေါင်း (၂၆၀၀) ထိအောင် တရားတွေ မပျောက်
စာမျက်နှာ-၂၆
ပျက်တာ။ အကယ်၍ မသင်ဘဲနေမယ်ဆိုလို့ရှိရင် ပျောက်သွားတာ ကြာလှပြီ၊ ဘယ်သူမှ အဓိပ္ပာယ်မဖော်နိုင်တော့ဘူး။ အဲတော့ သာသနာရှည်ကြာဖို့အတွက် တို့လုပ်ထားတဲ့အလုပ်ဟာ အင်မတန်မှ အကျိုးဖြစ်တယ်လို့ မှတ်ရမယ်။ အနာထပိဏ်သူဌေးကြီးက ကျောင်းဆောက်လှူတဲ့အခါမှာ နောက်ဘဝရောက်သွားတဲ့အထိ သူက ဘာပြောတုန်းဆိုတော့ “ပီတိ သဉ္စနနီ မမ” ပီတိအဖြစ်ဆုံးနေရာပဲတဲ့။ အခု ကျောင်းဒကာ၊ ကျောင်းအစ်မတွေလည်း ဒီဟာကို ပီတိဖြစ်နေရမယ်။ ဘာပြုလို့တုန်းဆို ကိုယ်လှူတာ ဘုရားကိုပူဇော်တာ၊ တရားကို ပူဇော်တာ၊ သံဃာကို ပူဇော်တာ၊ ဘုရား တရား သံဃာကို ပူဇော်ခြင်းဖြင့် သာသနာတော်မြတ်ကြီးကိုလည်း အရှည်တည်တံ့ဖို့အတွက် အထောက်အကူတွေ အများကြီးဖြစ်သွားတယ်။ စိတ်ထဲမှာ ဒီလိုဝမ်းသာစရာကြီး ဖြစ်တာပေါ့။
စာမျက်နှာ-၂၇
အဲတော့ ဒီအလုပ်တွေအားလုံးဟာ “အတ္တာ ဟိ အတ္တနော နာထော” ကိုယ့်အားကိုယ်ကိုးရာ ဖြစ်တယ်နော်။ ဘယ်သူ့ဆီကမှ မျှော်လင့်တာမဟုတ်ဘူး။ ဒီကုသိုလ်ကောင်းမှုဟာ ကိုယ်လုပ်လို့ရတဲ့ ကုသိုလ်ကောင်းမှု၊ ဘယ်သူကမှ ရော့အင့်လို့ လာပေးတဲ့ ကုသိုလ်ကောင်းမှု မဟုတ်ဘူး။ သာသနာတော်နဲ့ပတ်သက်ပြီးတော့ ကိုယ်ကိုယ်တိုင် လုပ်ကိုင်တဲ့အတွက် ရလာတဲ့ ကုသိုလ်ကောင်းမှုတဲ့။ အဲဒီကုသိုလ်ကောင်းမှုကို အားကိုးတာသည်ပင်လျှင် “အတ္တာ ဟိ အတ္တနော နာထော” ကိုယ့်ကိုယ်ကို အားကိုးရာလို့ပြောတာ။ နောက်အဓိပ္ပာယ်တစ်ခု ဖွင့်မယ်ဆိုရင် ကိုယ့်ကိုယ်ကို အားကိုးတယ်ဆိုတာ ဘာကိုအားကိုးတာလဲဆိုတော့ ကိုယ်ကျင့်သုံးတဲ့တရားကို အားကိုးတာ၊ ဒီလိုဆိုတာနော်။ ကိုယ်ကျင့်သုံးတဲ့တရား။

လောကမှာ သေချာစဉ်းစားကြည့်၊ လူတွေဟာ ပစ္စည်းဥစ္စာလဲရှာကြတယ်၊ တရားဓမ္မလဲ ရှာကြသလို ကုသိုလ်ကောင်းမှုလဲ လုပ်ကြတယ်။ အဲဒီထဲမယ်
စာမျက်နှာ-၂၈
ပစ္စည်းဥစ္စာရှာတဲ့သူက ပိုများတယ်၊ တရားရှာတဲ့သူက နည်းတယ်။ အတိုင်းအတာတစ်ခုစီ တွက်ချက်ပြီးတော့ ကြည့်၊ ရှာထားတဲ့ ပစ္စည်းဥစ္စာဟာ နှစ်ပေါင်းဘယ်လောက်ကြာအောင် သုံးနိုင်လဲ၊ ကိုယ့်ကိုယ်ကို စဉ်းစားကြည့်။ လူ့ရဲ့သက်တမ်းဟာ ဒီကနေ့ခေတ် နှစ် (၁၀၀) လောက်နဲ့ပဲ ပြောပါဦး၊ ကိုယ်ရှာထားတဲ့ပစ္စည်းဟာ နှစ် (၁၀၀) မသုံးရဘူး၊ ဘဝတစ်ခုအဆုံးသတ်သွားတာနဲ့ တစ်ပြိုင်နက် ဒါတွေအကုန် ထားပစ်ခဲ့ရတယ်။ အဲတော့ အခုလို ဘဝတစ်ခုအဆုံးမသတ်ခင်လည်း ကိုယ့်လက်ကနေ လွတ်သွားနိုင်တယ်၊ ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက ဟောတာ၊ လောကပစ္စည်းတွေဆိုတာ “ပဟာယဂမနီယ” ထားပြီးသွားရတဲ့ ပစ္စည်းတွေချည်းပဲ၊ ယူသွားလို့ရတာ တစ်ခုမှမရှိဘူး။ အဲတော့ ကိုယ်ရှာသမျှ ပစ္စည်းဥစ္စာတွေဟာ ထားသွားရမယ်။ ဒါဖြင့် ယူသွားလို့ရတဲ့နည်း ရှိလားဆိုတော့ ဒီပစ္စည်းတွေကို အသုံးပြုပြီး လှူလိုက်တန်းလိုက်တဲ့
စာမျက်နှာ-၂၉
ကုသိုလ်ကောင်းမှုကြောင့် ယူသွားလို့ရတယ်၊ ဒါကိုပြောတာ။ အဲတော့ ယူသွားလို့မရတဲ့ပစ္စည်းနဲ့ ယူသွားလို့ရတဲ့ပစ္စည်း လဲလိုက်တာပဲပေါ့။ ထိုလဲလိုက်ခြင်းသည် ကိုယ့်ဟာကိုယ် အားကိုးခြင်းပဲတဲ့။ ကိုယ့်ဟာကိုယ် ကြိုးစားအားထုတ်ခြင်းပဲ၊ ဒီလိုဆိုလိုတာ။ အဲတော့ ကောင်းပြီ၊ မြတ်စွာဘုရားအဆုံးအမတွေ၊ မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီ နေထိုင်ရမယ်၊ ဗုဒ္ဓဘာသာဝင်တွေ မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ နေထိုင်တယ်ဆိုတော့ တခြားဘာသာဝင်တွေလည်း သူတို့ဘာသာရဲ့အဆုံးအမနဲ့ နေကြတယ်၊ နေတဲ့ပုဂ္ဂိုလ်တွေ နေကြတယ်။ အဲတော့ ဗုဒ္ဓဘာသာဝင်တွေက တို့တတွေလဲ ဗုဒ္ဓရဲ့အဆုံးအမနဲ့နေမယ်ဆိုတော့ ပထမ မြတ်ဗုဒ္ဓက ဘယ်လိုဆုံးမခဲ့သလဲဆိုတာ သိဖို့လိုမယ်ပေါ့။ လူဆိုတာ အဆင့်ဆင့် ကိုယ့်အဆင့်နဲ့ကိုယ် အားလုံးဟာ ဘုရား
စာမျက်နှာ-၃၀
ဟောတဲ့တရားတွေက အားလုံး နိဗ္ဗာန်ရောက်ကြောင်း တရားချည်းမဟုတ်ဘူး၊ ဘဝခရီးမှာ ချမ်းသာသုခရဖို့၊ အခြေအနေကောင်းတွေ ဖန်တီးနိုင်ဖို့ဆိုတဲ့ နည်းလမ်းမျိုးတွေကို မြတ်စွာဘုရားက ဟောထားတယ်။ ဘဝခရီးမှာ ချမ်းသာသုခရဖို့အတွက် ဟိတေ ပဝတ္တနေ-အခြေအနေကောင်းတွေ ဖြစ်ပေါ်စေတယ်၊ အဟိတာ စ နိဝတ္တနေန- မကောင်းတဲ့အခြေအနေတွေကို ဖယ်ရှားပစ်တယ်။ အဲဒီနည်းနဲ့ သတ္တဝါတွေရဲ့ အကျိုးစီးပွားကို မြတ်စွာဘုရားက ဆောင်ရွက်တယ်။ အဲတော့ အခြေအနေကောင်းတွေ ဖြစ်ပေါ်အောင် မြတ်စွာဘုရားက အဆုံးအမပေးထားတယ်လို့ဆိုတော့ ကိုယ့်အဆင့်နဲ့ ဘုရားက ဆုံးမခဲ့တာ။ ဘုရားရဲ့ အဆုံးအမလေးတွေ မှတ်သားပြီးတော့ ကျောင်းဒကာ၊ ကျောင်းအစ်မတွေက ငယ်ရွယ်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်၊ ဗုဒ္ဓရဲ့အဆုံးအမအတိုင်း တို့ဘယ်လိုနေရမယ်ဆိုတာ မှတ်သားဖို့လိုအပ်တယ်။ ဒီထဲမှာ အထူးသဖြင့် လူငယ်လူရွယ်တွေက မှတ်သားဖို့လိုအပ်တာပေါ့။

တို့ဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်တယ်။ ဗုဒ္ဓရဲ့အဆုံးအမနဲ့ ဘယ်လိုနေမလဲ၊ အခု ဘုန်းကြီးတို့တတွေ လူဖြစ်လာပြီ၊ လူဖြစ်လာတဲ့အခါမှာ ဘာလုပ်ရမလဲဆိုတာ၊
စာမျက်နှာ-၃၁
ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်အောင် လုပ်ရမလဲဆိုတာကို ဘယ်လိုမှာခဲ့သလဲ၊ ဘယ်လိုဆုံးမခဲ့သလဲ။ သုတ္တန်တစ်ခုမှာ အန္ဓသုတ္တန်လို့ခေါ်တဲ့ သုတ္တန်တစ်ခုမှာ မြတ်စွာဘုရားက ပညာမျက်စိနှစ်ဖက်ရှိတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်အောင် လုပ်ပါတဲ့။ လူဖြစ်လာပြီဆိုရင် နှစ်ဖက်မြင်ရမယ်၊ လူဆိုတာ မျက်စိနှစ်လုံးရှိတယ်၊ တစ်လုံးတည်းရှိတဲ့လူဟာ မပြည့်စုံဘူး။ နှစ်လုံးစလုံးမရှိရင်တော့ အကန်းပဲ။ တစ်လုံးပျက်နေရင်ကို မကောင်းဘူး။ အဲဒါကြောင့်မို့ မြတ်စွာဘုရားက ဒွိစက္ကူတဲ့၊ အမြင်နှစ်မျိုး၊ မျက်စိနှစ်မျိုးရှိအောင် လုပ်ပါတဲ့။

လူထဲမှာ လူဖြစ်လာလို့ရှိရင် အခြေခံလူသားတစ်ယောက်အနေနဲ့ အမြင်နှစ်မျိုးရှိရမယ်။ အမြင်နှစ်မျိုးက ဘာလဲဆိုတော့ နံပါတ် (၁) က စီးပွားရှာနိုင်တဲ့ အမြင်၊ ပညာမျက်စိရှိရမယ်၊ စီးပွားရေးမျက်စိလို့ခေါ်တယ်၊ ဘယ်လိုလုပ်ရင် စီးပွားဥစ္စာတိုးတက်နိုင်လဲ၊ ဒါဟာ အင်မတန်အရေးကြီးတယ်နော်။ ဗုဒ္ဓဘာသာဝင်တွေ စီးပွားမရှာရဘူးမဟုတ်ဘူး၊ ရှာ၊ မြတ်စွာဘုရား
စာမျက်နှာ-၃၂
က စီးပွားရှာဖို့တိုက်တွန်းတယ်။ သို့သော် ရှာတဲ့အခါမှာ ဒုစရိုက်နည်းနဲ့ မရှာဖို့တော့ ပြောတယ်။ ကောင်းတဲ့နည်းတွေနဲ့ စီးပွားရှာရမယ်၊ စီးပွားရေးမျက်စိရှိရမယ်တဲ့။

စီးပွားရေးမျက်စိဆိုတာ ဘာတုန်း၊ မရသေးတဲ့ စည်းစိမ်ဥစ္စာကို ရအောင်လုပ်ခြင်း၊ ရရှိပြီးသား စည်းစိမ်ဥစ္စာကို တိုးပွားအောင်လုပ်ခြင်းလို့ ဒီအချက်နှစ်ချက်နဲ့ စီးပွားရေးမျက်စိရှိရမယ်။ စီးပွားရေးမျက်စိရှိမှ ဒီဘဝမှာ ချမ်းသာသုခရမှာကိုး။ ဒါဖြင့် စီးပွားတော့ရှာတတ်တယ်။ မရသေးတဲ့စည်းစိမ်တွေရအောင်၊ မရသေးတဲ့ ငွေကြေးဥစ္စာတွေရအောင်လုပ်တယ်၊ ရပြီးသား ဥစ္စာငွေကြေးတွေ တိုးတက်အောင်လုပ်တယ်၊ ဟုတ်ပြီ။

နောက် မျက်စိတစ်လုံးရှိဖို့လိုသေးတယ်။ ဘာတုန်းဆိုရင် ကိုယ်ကျင့်တရားတို့၊ ကိုယ်ကျင့်တရားနဲ့ အကောင်းအဆိုးကိုသိတတ်တဲ့ မျက်စိရှိဖို့လိုသေးတယ်။ ဒီနှစ်ခုဟာ တစ်ခုနဲ့တစ်ခု ထိန်းညှိပေးထားတယ်။ စီးပွားရေးချည်းပဲ တိုးတက်ပြီး ကိုယ်ကျင့်တရား
စာမျက်နှာ-၃၃
ပျက်ပြားသွားလို့ရှိရင် ဒီစီးပွားဟာ ကြာရှည်မခံဘူး။ ခု မြန်မာနိုင်ငံမှာလဲပဲကြည့်၊ လူအချို့ဟာ စီးပွားတိုးတက်လာပြီး ကိုယ်ကျင့်တရားတွေ ပျက်သွားတဲ့အခါ စီးပွားပါ ပျက်ရော။ ဒီလိုပုဂ္ဂိုလ်တွေလဲ ရှိတာပဲ။ သာဓကမြောက်မြားစွာရှိတယ်။ စီးပွားတိုးတက်လာတယ်၊ ကိုယ်ကျင့်တရားက မတိုးတက်ဘူး၊ ကိုယ်ကျင့်တရား ပျက်ယွင်းလာတယ်၊ ကိုယ်ကျင့်တရား ပျက်ယွင်းသွားသည့်အတွက်ကြောင့် စီးပွားပါပျက်တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက စီးပွားတက်လာတာနဲ့အမျှ ကိုယ်ကျင့်တရားဘက်ကလဲ တက်လာရမယ်။ ကိုယ်ကျင့်တရားဖြင့် ကိုယ့်ရဲ့စီးပွားကို ပြန်ထိန်းထားရမယ်။

စီးပွားဘက်ကလဲတိုးတက်တယ်၊ ကိုယ်ကျင့်တရားတွေကလဲတိုးတက်လာတယ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သူရထားတဲ့ စည်းစိမ်ဥစ္စာဟာ ခိုင်မာတယ်၊ ကိုယ်ကျင့်တရား မပျက်သည့်အတွက်ကြောင့် စီးပွားပျက်တယ်ဆိုတာ မရှိတော့ဘူး၊ ဒီလိုဆိုလိုတာနော်။ ဒါ မြတ်စွာဘုရားရဲ့ အဆုံးအမတစ်ချက်။ ဘုန်းကြီးတို့
စာမျက်နှာ-၃၄
တတွေ နေ့စဉ်ဘဝမှာနေမယ်၊ လူ့ဘဝ မိသားစုဘဝမှာနေမယ်ဆိုလို့ရှိရင် စီးပွားရှာတတ်ရမယ်။ အဲဒီလို စီးပွားရှာလို့ဆိုတဲ့နေရာမှာ ဘယ်လိုရှာရမလဲ၊ မြတ်စွာဘုရားဟောထားတယ်၊ နိဗ္ဗာန်ရောက်ကြောင်း တရားချည်းမဟုတ်ဘူး၊ နိဗ္ဗာန်သွားဖို့ရာအတွက် အခြေခံကောင်းတွေ အရင်ဖန်တီးရမယ်၊ အခြေခံမကောင်းရင် ဘယ်လိုလုပ် နိဗ္ဗာန်ဆိုတာ လွယ်လွယ်နဲ့ရောက်မှာ မဟုတ်ဘူး။ အခြေခံကောင်းတွေဖြစ်ဖို့ အရင်လုပ်ရမယ်။

အဲတော့ ဟုတ်ပြီ၊ စီးပွားရှာပြီး စီးပွားဖြစ်ဖို့အတွက် ဘာတွေလုပ်ရမလဲဆိုတော့ မြတ်စွာဘုရားက သမ္ပဒါတရားလေးပါးဆိုတာ ဟောထားတာရှိတယ်။ နံပါတ် (၁) က ဘာတုန်းဆိုရင် ဥဋ္ဌာနသမ္ပဒါ- ကိုယ့်လုပ်ငန်းနဲ့ပတ်သက်လာရင် ကြိုးစားရမယ်ဆိုတယ်။ ကြိုးစားရမယ်၊ ဒါ သိပ်အရေးကြီးတယ်။ မြန်မာလူမျိုးတွေက နည်းနည်းတော့ ပျင်းပုံရမယ်။ အလုပ်လုပ်တဲ့အခါကျရင် ရုံးတက်တယ်ဆိုလဲ နောက်ကျတယ်၊ အိပ်ယာ
စာမျက်နှာ-၃၅
ထတော့လည်း နောက်ကျတယ်။ လုပ်ရကိုင်ရမယ့်ကိစ္စတွေလည်း နောက်ကျတယ်။ နောက်ကျတယ်၊ အချိန်ဖြုန်းတယ်။ ဒါတွေဟာ စီးပွားမတက်ခြင်းရဲ့ အကြောင်းပဲ။ မြတ်စွာဘုရားဟောတယ်၊ ဥဋ္ဌာန-အမြဲတမ်း တက်တက်ကြွကြွ၊ ထထကြွကြွနေရမယ်၊ ကြိုးစားရမယ်။

ဗမာတွေ နိုင်ငံခြားရောက်သွားပြီဆိုရင် ကြိုးစားကြတယ်၊ မကြိုးစားရင် အလုပ်ပြုတ်မှာကိုး။ အဲဒီကျတော့မှ ကိုရွှေဗမာတွေက “ရွှေ” ဖြစ်တာနော်။ ကိုယ့်ကိုယ်ကို “ရွှေ” လို့ခေါ်တယ်။ “ရွှေ” တာက ဟို “ရွှေ” မဟုတ်ဘဲနဲ့ “ရွှေ” ထွက်သွားတဲ့ “ရွှေ” ဖြစ်နေတယ်၊ စောင်းသွားတဲ့ “ရွှေ” ဖြစ်နေတယ်။ အဲတော့ နိုင်ငံခြားတိုင်းပြည်တွေ ရောက်သွားတော့ ကြိုးစားရတယ်။ မကြိုးစားရင် အလုပ်ပြုတ်မှာစိုးလို့ ကြိုးစားရတယ်။ မြန်မာပြည်မှာနေပြီး ဒီလိုကြိုးစားရင်လဲ အခွင့်အလမ်းဆိုတာ ရှိလာမှာပဲ။ မြန်မာပြည်မှာလဲ ကြီးပွားချမ်းသာ
စာမျက်နှာ-၃၆
သွားတဲ့ပုဂ္ဂိုလ်တွေ ရှိတာပဲ။ မြတ်စွာဘုရားကိုယ်တိုင်က ဥဋ္ဌာနသမ္ပဒါ- ကြိုးစားရတယ်။

ကြိုးစားဆိုတဲ့အထဲမှာ အရမ်းလုပ်လို့မရဘူး။ ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး ဘာလိုလဲဆိုတော့ လိမ္မာကျွမ်းကျင်မှု၊ ဒါ မြတ်စွာဘုရားဟောတာနော်။ ဘုရားသုံးတဲ့စကားလုံးက “ဒက္ခ” တဲ့။ ဒက္ခဆိုတာ လိမ္မာကျွမ်းကျင်တာကိုပြောတာ။ “အနလသာ”- မပျင်းရဘူး၊ ဇွဲကောင်းရမယ်၊ မအောင်မြင်အောင်မြင်သည်ထိအောင် ကြိုးစားရမယ်။ နောက်တစ်ခုက ဘာလဲဆို ဥပါယဝိမံသာ- နည်းပညာ၊ ဘာပဲဖြစ်ဖြစ် ကော်ဖီဖျော်တာကအစ နည်းပညာရှိတယ်။ လက်ဖက်ရည်ဖျော်တာကအစ နည်းပညာရှိတယ်။ နည်းပညာဆိုတာ မသိမဖြစ်ဘူး၊ ကြိုးစားရမယ်။ သစ်ပင်လေးတစ်ပင် စိုက်တာကစပြီး စနစ်တကျ စိုက်ရမယ်။

မြန်မာပြည်မှာ ဥဋ္ဌာနသမ္ပဒါ- လျော့နည်းနေလို့ မြန်မာလူမျိုးတွေဟာ မကြီးပွားဘူး။ ဘယ်သူ့မှ အပြစ်တင်စရာမရှိဘူးနော်။ သူများကိုအပြစ်တင်တာ
စာမျက်နှာ-၃၇
အင်မတန်လွယ်တယ်။ များသောအားဖြင့် လူတွေရဲ့စိတ်က သူများကိုအပြစ်တင်ဖို့ပဲကြည့်တယ်။ “သူ့ကြောင့်၊ သူ့ကြောင့်” လို့ ပြောတယ်၊ “ငါ့ကြောင့်” လို့ ဘယ်တော့မှမပြောဘူးနော်။ ကြည့်လေ- အိမ်မှာ မတော်တဆ ပန်းကန်လေးကျကွဲရင် ကိုယ့်ကြောင့်ကွဲရင် မတော်လို့၊ သူများကြောင့်ကွဲရင် နမော်နမဲ့နိုင်လို့။ သူများကြောင့်ကွဲရင်လဲ မတော်လို့လို့ ပြောပါလား၊ မပြောဘူး။ ဒါကျတော့ နမော်နမဲ့နိုင်တယ်တဲ့။ ဒီလိုအပြစ်တင်တာလေ။ အဲ၊ ကိုယ့်ကြောင့်ကျတော့ ခွင့်လွှတ်လိုက်တယ်၊ မတော်လို့၊ မတော်လို့ဖြစ်တာ။ မတော်တာက ချော်တာပေါ့။

လောကမှာ ကြိုးစားအားထုတ်မှုဆိုတဲ့အထဲမှာ လုပ်ငန်းကျွမ်းကျင်ရမယ်၊ ဇွဲကောင်းရမယ်၊ နည်းပညာမသိသေးရင် သိအောင်သင်။ ဒီကနေ့ခေတ် မြန်မာနိုင်ငံကိုကြည့်လိုက်မယ်ဆိုရင် လယ်သမားကလဲ ဒီနွားနဲ့ ဒီထယ်နဲ့ပဲ ထွန်နေတာပဲ၊ ဘာမှမတိုးတက်ဘူး။ သိပ်ပြီးတော့ ကြိုးစားအားထုတ်မှုနည်းတယ်လို့ ပြောရမယ်၊
စာမျက်နှာ-၃၈
စိုက်ထားလိုက်တာ တစ်မျိုးပဲစိုက်တယ်၊ ကျန်တာမလုပ်တတ်ဘူး။ အဲဒါ ဘာလို့လဲဆို ခုနက နည်းပညာဆိုတာ မလေ့လာလို့၊ ရိုးရာပဲ။ ဒီထက်မတက်လာတော့ဘူး။ ဒီလိုဖြစ်နေတယ်။ တခြားနိုင်ငံတွေ ဝုန်းဝုန်း-ဝုန်းနဲ့ တက်သွားတယ်၊ ဒီမှာ မတက်နိုင်ဘူး။ နည်းပညာကြိုးစားမှုကျတော့လဲ ဒီမှာက လူတွေ ဘယ်မှာပုံနေတုန်း၊ လက်ဖက်ရည်ဆိုင်မှာ ပုံနေတယ်။ ဘာလုပ်နေကြတာတုန်း၊ ဘောလုံးပွဲကြည့်တယ်၊ ရုပ်ရှင်ကြည့်တယ်၊ အားလိုက်ကြတာ။

ဘုန်းကြီးတို့ အမေရိကရောက်သွားတဲ့အခါတွေ့ရတယ်၊ လူတွေ ညဆိုင်းအလုပ်လုပ်တာရှိတယ်၊ နေ့အလုပ်လုပ်တာရှိတယ်၊ မိသားစု တစ်ခါတစ်ခါ ထမင်းလက်ဆုံတောင် မစားရဘူး။ တစ်ခါတစ်ခါ အချိန်အခါအလိုက် မွေးနေ့တို့၊ တစ်ခုခုဆွမ်းကျွေးချင်ရင်တောင်မှ ဘုန်းကြီးတွေကို ဆွမ်းကပ်ပြီး မြန်မြန်အလုပ်သွားကြရတယ်၊ တရားတောင်မနာနိုင်ဘူး၊ ဘာလို့တုန်းဆိုတော့ အလုပ်နောက်ကျမှာစိုးလို့။ ကြိုးစားတာ
စာမျက်နှာ-၃၉
ကြိုးစားတာ။ တကယ်တွေ့ခဲ့တာ ပြောတာနော်။ မိသားစုမဆုံနိုင်ဘူး။ သူက ညအလုပ်ဆင်းရတယ်၊ သူက နေ့အလုပ်ဆင်းရတယ်၊ သူက “အိုဗာတိုင်” ဆင်းရတယ်နဲ့ ကြိုးစားလိုက်ကြတာ၊ ကြိုးစားလို့ရတာလေ။ အဲတော့- မြတ်စွာဘုရားကိုယ်တိုင်ကိုက ကြီးပွားတိုးတက်ချင်ရင် ကြိုးစားပါလို့ပြောတာ။

ကြိုးစားဆိုတဲ့အထဲမှာ အလုပ်ကျွမ်းကျင်မှု လိုတယ်၊ ကျွမ်းကျင်မှုမရှိသေးရင်သင်၊ professional ဖြစ်အောင်လုပ်။ ဗမာက ဝယ်တော့သုံးတတ်တယ်၊ လက်တည့်စမ်းတယ်နော်။ ပိုက်ဆံရှိရင် ဝယ်ပြီးတော့ ချလိုက်မှာပဲ။ ဒီဟာရဲ့နည်းကို လေ့လာတာတို့၊ သင်ကြားတာတို့ အင်မတန်မှနည်းတယ်နော်။ စနစ်တကျ မတတ်ကြဘူး။ ဒါဟာ အပြစ်တင်ပြီးပြောတာ မဟုတ်ဘူး၊ ချို့ယွင်းနေတာတွေကို ပြောပြတာ။ ကိုယ့်ဟာကိုယ် ပြန်ပြင်ရမယ်၊ သူများကိုမပြင်နဲ့၊ ကိုယ့်ဟာကိုယ်ပြင်။ ကိုယ့်ဟာကိုယ်ကြည့်။
စာမျက်နှာ-၄၀
မှန်ကြည့်တဲ့အခါ သူများမျက်နှာကြည့်တာလား၊ ကိုယ့်မျက်နှာကြည့်တာလား၊ ကိုယ့်မျက်နှာကိုယ်ကြည့်တာ၊ သူများမျက်နှာမကြည့်ဘူး။ အဲဒီမှန်ထဲမှာ ကြည့်တဲ့အခါကျတော့ ဘာလို့ဆိုရင် ကိုယ့်မျက်နှာမှ ကိုယ်မြင်ချင်တာကိုး၊ သူများမျက်နှာကြီးမြင်နေရတာ မှန်မလိုဘဲနဲ့မြင်နေတာ၊ သူများမျက်နှာသွားကြည့်လို့လည်း ရတာမှမဟုတ်တာ။ ကိုယ့်မျက်နှာကိုယ်အလှပြင်ရင် ကိုယ့်ဟာကိုယ်မှန်ထဲကြည့်ပြီး ပြင်ရတာ၊ အဲတော့ လူတွေဟာ ကိုယ့်ရဲ့ချို့ယွင်းချက်ကို ကိုယ့်ဟာကိုယ်ရှာတတ်ပြီး ချို့ယွင်းချက်ကို ဖယ်ရှားပြီး ကောင်းတဲ့အကွက်တွေကို အားမြှင့်ပေးလိုက်မယ်ဆိုရင် တိုးတက်လာမှာပါ။

ဘုရားဟောခဲ့တဲ့ ဥဌာနသမ္ပဒါ - ဒီအချက် (၃)ချက်။ “လုပ်ငန်းကျွမ်းကျင်ခြင်း၊ ဇွဲကောင်းခြင်း၊ နည်းပညာဆိုတာနဲ့ ပြည့်စုံခြင်း” အဲဒီလို ကြိုးစားလိုက်မယ်ဆိုလို့ရှိရင် ဘယ်အလုပ်ပဲလုပ်လုပ် အများကြီးတိုးတက်သွားမယ်။ ကဲ- ဒီတစ်ခုတည်းနဲ့
စာမျက်နှာ-၄၁
လုံလောက်ပြီလားဆိုတော့ မလုံလောက်သေးဘူး၊ ပစ္စည်းဥစ္စာဆိုတာ ရှာတော့ရလာတယ် ရတဲ့အခါမှာ အလေအလွင့်၊ အပျက်အစီးမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုတယ်။ ဒါအရေးကြီးတယ်နော်။ ဘယ်လိုထိန်းရမလဲ၊ ပစ္စည်းဥစ္စာကို ဘယ်လိုသိမ်းဆည်းရမလဲ။ မြန်မာပြည်မှာ တချို့အရပ်တွေမှာ ခရမ်းချဉ်သီးတွေ တအားသီးတယ်၊ ခရမ်းသီးတွေလည်း တအားသီးတယ်။ သို့သော်လည်းပဲ ဒီခရမ်းသီးကို ရေရှည်ထားနိုင်တဲ့နည်းစနစ်မရှိတဲ့အတွက်ကြောင့် ခူးထားလို့ တစ်ပတ် နှစ်ပတ်ဆို ပုပ်သွားတယ်၊ မရတော့ဘူး၊ ပုပ်သွားတော့ အလဟဿပစ်လိုက်ရတယ်၊ မယုံသွားကြည့်၊ ကုန်ဈေးတွေမှာ သွားကြည့်မယ်ဆိုရင် ခရမ်းချဉ်သီးတွေပေါတဲ့အချိန်မှာ လမ်းဘေးမှာ လိုချင်တာယူ၊ အဲဒီပစ္စည်းတွေ အကုန်ပစ်ထားတယ်။ ဘာလို့တုန်းဆို ဒါတွေကို ရေရှည်ထားနိုင်တဲ့နည်းပညာမရှိဘူး၊

နောက်ဆုံးမှာ စပါးတောင်မှ ရိတ်တဲ့အခါမှာ အလေအလွင့်တွေ အများကြီးဖြစ်တယ်။ အဲဒီအလေ-
စာမျက်နှာ-၄၂
အလွင့်တွေကို အပျက်အစီးမရှိအောင် ထိန်းသိမ်းစောင့်ရှောက်နည်းမရှိဘူး၊ မထိန်းသိမ်း မစောင့်ရှောက်နိုင်တဲ့အတွက်ကြောင့် ရလာတဲ့စီးပွားဥစ္စာဟာလည်းပဲ အိုးကွဲထဲကို ရေလောင်းထည့်သလို ယိုကျတယ်၊ အဖတ်မတင်ဘူး။ နောက်တစ်ခုရှိသေးတယ်၊ မြန်မာပြည်ကလူတွေ (ဒါ-အပြစ်ပြောတာမဟုတ်ပါဘူး၊ ဖြစ်နေတာကို ပြောပြတာနော်။ ကိုယ့်ဟာကိုယ်ဆင်ခြင်ကြည့်ပေါ့။) အိမ်တစ်အိမ်မှာ ထမင်းကျန်ဟင်းကျန်တွေ သွန်ပစ်နေတာ အများကြီးရှိတယ်။ အေး- ဒီကနေ့ သွန်ပစ်နေတဲ့ ထမင်းကျန်ဟင်းကျန် တစ်ဆုပ်လောက်ကျန်တာကို ဘာမှတန်ဖိုးမရှိဘူး ထင်ကောင်းထင်လိမ့်မယ်။ ဒီနေ့တစ်ဆုပ်၊ နက်ဖြန်တစ်ဆုပ်၊ နောက်တစ်ရက်တစ်ဆုပ်၊ တစ်ဆုပ်တစ်ဆုပ်တွေစုလိုက်မယ်ဆို ဘာဖြစ်မလဲ၊ တစ်လစာဖြစ်သွားမယ်။ အဲတော့ တစ်လစာလွှင့်ပစ်တာဖြစ်မယ်၊ နောက်ကျရင် တစ်နှစ်စာဖြစ်သွားမယ်။ အသေးအဖွဲလေးကစပြီး မြတ်စွာဘုရားက ဂရုစိုက်ခိုင်းတယ်။
စာမျက်နှာ-၄၃
ရဟန်းတွေကိုဆုံးမတဲ့စကားရှိတယ်၊ ထမင်းစေ့လေးတစ်စေ့ဟာ လုပ်ငန်းပေါင်းမြောက်များစွာနဲ့လုပ်မှရတာ၊ ဒါကြောင့် ဒီတစ်စေ့ကျသွားရင် တစ်စေ့ပြန်ကောက်ယူ၊ ဝိနည်းထဲမှာပါတယ် “ဧကမေကံ သိတ္တံ ကမ္မသတေန နိဗ္ဗတ္တ” (ထမင်းစေ့တစ်စေ့ကို အလုပ်ရာပေါင်းများစွာဖြင့် ဖြစ်စေရ၏)။ ဒီထမင်းစေ့လေးဖြစ်ဖို့ရာ အဆင့်ဘယ်လောက်လုပ်ခဲ့ရသလဲ၊ ဒီထမင်းဆိုတဲ့အဆင့်ရောက်သည်ထိအောင် ဘယ်လိုလုပ်ခဲ့ရသလဲ။ အဲတော့ ဒါတွေကို အလဟဿလွှင့်မပစ်နဲ့ပေါ့။ အဲတော့ မြန်မာလူမျိုးတွေဟာ စားတာသောက်တာ လိုအပ်သည်ထက်ပိုပြီးတော့ အကြွင်းအကျန်တွေများနေတယ်။ ဘုန်းကြီးကျောင်းတွေမှာဆို ထမင်းကျန်ဟင်းကျန်သွန်ပစ်တာ အများကြီးပဲ။ အဲတော့ ဒါတွေကို ထိန်းသိမ်းစောင့်ရှောက်လိုက်မယ်ဆိုရင် အာရက္ခသမ္ပဒါ- ထိန်းသိမ်းစောင့်ရှောက်လိုက်မယ်ဆိုရင် အများကြီးတိုးတက်လာနိုင်စရာရှိတယ်။

သမဇီဝိတာ-ဝင်ငွေနဲ့ထွက်ငွေ မျှမျှတတသုံးတတ်ရမယ်တဲ့။ မြတ်စွာဘုရားက၊ ဟုတ်ပြီ၊ ရတာကိုယ့်-
စာမျက်နှာ-၄၄
တစ်နေ့ဝင်ငွေဘယ်လောက်ရှိလဲ၊ ရှိတဲ့ဝင်ငွေပေါ့။ သုံးတာက တစ်နေ့ဘယ်လောက်သုံးနေလဲ၊ စာရင်းဇယားရှိရမယ်။ ဝင်တာက တစ်နေ့ ၁၀၀၀ ဝင်တယ်၊ တစ်နေ့ ၅၀၀၀ ဝင်တယ်၊ ၁၀၀၀၀ ဝင်တယ်။ သုံးတာက ၂၀၀၀၀၊ ဘယ်ကာမိတော့မလဲ။ တစ်သောင်းအကြွေးတင်သွားပြီ၊ ဒီလိုဆိုလိုတာနော်။ အဲတော့ ဝင်ငွေထွက်ငွေမှာ ထွက်ငွေကဝင်ငွေကို မကျော်စေရဘူး။ ဒါမြတ်စွာဘုရားဟောတာ။ သမဇီဝိတာ ဝင်ငွေနဲ့ထွက်ငွေ မျှမျှတတသုံးနိုင်ရမယ်။ မြတ်စွာဘုရားရဲ့ စီးပွားရေးပေါ်လစီလို့ ပြောလို့ရတယ်။ ဘုရားက ကိုယ့်နဲ့ဝင်ငွေကို လေးပုံပုံ၊ တစ်ပုံကို emergency အတွက်ထား၊ တစ်ပုံကိုစား၊ နှစ်ပုံကို အရောင်းအဝယ် investment အနေနဲ့အသုံးပြုလို့ ဒီလိုဟောတာ။

လေးပုံပုံပြီးတော့ တစ်ပုံကို emergency ထားဆိုတာ ထားတဲ့လူတွေဟာ မြန်မာပြည်မှာ မရှိဘူးမဟုတ်ဘူး ရှိတယ်။ အဲဒီလူတွေက ကြွေးမတင်ဘူး၊ ကြွေးတင်တာက လေးပုံပုံ-ငါးပုံစားတဲ့လူတွေက ကြွေး-
စာမျက်နှာ-၄၅
တင်တာ။ ပစ္စည်းဥစ္စာရှိတာလေးပုံ၊ ကိုယ်သုံးတာက ငါးပုံ။ ဘုရားရဲ့နည်းစနစ်အတိုင်း လိုက်နာမယ်ဆိုရင် လေးပုံပုံ၊ တစ်ပုံကို emergency အတွက်ထား၊ တစ်ပုံကနေ့စဉ်စား၊ ကျန်တဲ့နှစ်ပုံကို အရောင်းအဝယ် investment ရင်းနှီးမြှုပ်နှံ၊ အရောင်းအဝယ်ကိစ္စမှာအသုံးပြုတယ်။ လေးပုံကို လေးပုံလုံးအကုန်မခံဘူး။ ဘာပြုလို့ဆို အရောင်းအဝယ်ဆိုတာ လွဲသွားတာလည်းရှိတယ်လေ။ ရချင်မှရတာ၊ ဆုံးသွားတာလည်းရှိတယ်။ ဆုံးသွားရင်ဘာဖြစ်လဲ၊ emergency က အခြေခံရှိတယ်။ ပုံမှန်သဘောမျိုးဖယ်ထားတာ။

အချို့နိုင်ငံခြားတိုင်းပြည်တွေက ကုမ္ပဏီတွေမှာဆိုရင် သူ့ရဲ့အလုပ်သမားတွေကို အမြဲတမ်း account ဖွင့်ပေးထားတယ်။ account ဖွင့်ပေးထားပြီးတော့ သူတို့ပေးတဲ့လစာထဲနှုတ်ပြီးတော့ deposit လုပ်ပေးထားတယ်။ ဒါအင်မတန်မှကောင်းတဲ့စနစ်တစ်ခုပဲ။ အဲတော့ ဒီလူတွေဟာ ရသမျှအကုန်သုံးပစ်လို့မရဘူး၊ အမြဲတမ်းစုဆောင်းငွေရှိနေတယ်။ အဲလိုပုံမှန်-
စာမျက်နှာ-၄၆
စုဆောင်းငွေရှိရမယ်။ ဒီလိုစုဆောင်းငွေရှိရင် မီးဘေး ဘာဘေး စသဖြင့် ကြုံလာတဲ့အခါမှာ ဒါတွေဟာသုံးလို့ရတယ်၊ ကိုယ့်အတွက်အထောက်အကူဖြစ်တယ်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် သူဟာ မိမွေးတိုင်းဖမွေးတိုင်း ခြေနဲ့လက်ပဲကျန်မှာပေါ့။ ဒီလိုဖြစ်သွားတတ်တယ်။

ဗမာလူမျိုးတွေ ဘာပြုလို့ ဘုရားဟောတဲ့အတိုင်း မလိုက်နာတာလဲ။ ဘုန်းကြီးတို့ဆီတစ်ခါ ကိုရီးယားအမျိုးသမီးတစ်ယောက် စာလာသင်တယ်။ သူ့ရဲ့ thesis အတွက် အကူအညီလာတောင်းတယ်။ ဘုန်းကြီးတို့ဆီမှာ (၂)နှစ်ခွဲလောက်နေသွားတယ်။ အဲဒီမှာ စပ်မိစပ်ရာစကားပြောရင်းနဲ့ နောက်ပိုင်း ကိုရီးယားလူငယ်လေးတွေ ဗုဒ္ဓဘာသာဝင်တွေ၊ တခြားဘာသာဝင်တွေရှိတယ်။ နောက်ပိုင်းလူတွေက ဘယ်လိုပြောထားကြလဲဆိုရင် ဗုဒ္ဓဘာသာဖြစ်လို့ရှိရင် မတိုးတက်ဘူးလို့ စိတ်ထဲမှာ ဒီလိုခံယူကြတယ်တဲ့။ ဗုဒ္ဓဘာသာဖြစ်ခြင်းကြောင့်-
စာမျက်နှာ-၄၇
နိုင်ငံမတိုးတက်တာပြောတာ၊ တချို့ဘာသာတွေကလည်း အဲဒီလိုပြောတာတွေရှိတယ်။

သို့သော် ဗုဒ္ဓဘာသာဝင်ဖြစ်လို့ မတိုးတက်တာလား၊ ဘာကြောင့်မတိုးတက်တာလဲဆိုတာ ကိုယ့်ဟာကိုယ်စစ်တမ်းထုတ်ဖို့လိုအပ်တယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်ရုံနဲ့ စီးပွားရေးမတိုးတက်ဘူးဆိုတာ အဓိပ္ပာယ်မရှိဘူး၊ သူတို့ပြောတာ ဘာပြောလဲဆိုရင် ဗုဒ္ဓဘာသာဝင်က ပါဏာတိပါတ မလုပ်ရဘူး၊ ငါးပါးသီလလုံရမယ်ဆိုရင် သူတို့လုပ်စားစရာမရှိဘူးလို့ တချို့ကထင်မယ်ပေါ့။ လုပ်စားစရာတွေ ပြည့်နေတာပဲနော်၊ ဒုစရိုက်နဲ့လုပ်မှ ထမင်းဝတာမဟုတ်ဘူး၊ တခြားနည်းတွေလည်း လုပ်စားစရာတွေအများကြီး။ ဗုဒ္ဓကိုးကွယ်တဲ့နိုင်ငံဖြစ်ရဲ့သားနဲ့ ဂျပန်နိုင်ငံ ချမ်းသာတာပဲလေ။ ထိုင်းနိုင်ငံလည်း ချမ်းသာတာပဲလေ၊ ချမ်းသာမှုဆိုတာ ဘာသာနဲ့မဆိုင်ဘူး။

မချမ်းသာဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓရဲ့အဆုံးအမအတိုင်း လိုက်နာရဲ့လား၊ မလိုက်နာဘူးလား၊ ကိုယ့်-
စာမျက်နှာ-၄၈
ဟာကိုယ်စဉ်းစားကြည့်။ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်းနေရဲ့လား၊ မနေဘူးလား၊ ကိုယ့်ဟာကိုယ်စဉ်းစားကြည့်။ ကိုယ့်ဟာကိုယ်ပဲ စစ်တမ်းထုတ်ကြည့်ကြည့်-ဘုရားက ဒီဘဝချမ်းသာဖို့အတွက် အလုပ်ကြိုးစားတယ်၊ အလုပ်ကြိုးစားဖို့အတွက် လုပ်ငန်းကျွမ်းကျင်ရမယ်၊ ဇွဲကောင်းရမယ်၊ နည်းပညာသိရမယ်၊ ဒီသုံးခုနဲ့ကြိုးစားတာ။ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်၊ ဝင်ငွေထွက်ငွေမျှတအောင်လုပ်တတ်ရမယ်။ ဒါအရေးကြီးတဲ့အချက်တွေ။

နောက်ဆုံးတစ်ခုက ဘာလဲဆိုရင် ကလျာဏမိတ္တတဲ့။ မိတ်ကောင်းဆွေကောင်းရှိရမယ်။ အပေါင်းအသင်းကောင်းဖို့လိုတယ်။ မကောင်းတဲ့အပေါင်းအသင်းနဲ့ဆိုရင် လောင်းကစားတွေ၊ အသောက်အစားတွေလုပ်လို့ ပျက်စီးသွားမယ်၊ ဒီလိုဆိုလိုတာ။ အဲတော့ မိတ်ကောင်းဆွေကောင်းနဲ့ပေါင်းသင်းရမယ်၊ ဒီအချက်လေးချက်နဲ့ ပြည့်စုံပြီးတော့ လိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်တဲ့ ဒီပုဂ္ဂိုလ်ဟာ ပိန်ပိန်လိန်လိန်မဖြစ်ဘူး၊ ဘဝမှာ-
စာမျက်နှာ-၄၉
ချမ်းသာသုခရနိုင်တယ်။ ဒါက မြတ်စွာဘုရားရဲ့ ဘဝမှာနေနည်းတစ်ခုပေါ့နော်။ ဒါဟာ ဗုဒ္ဓဘာသာဝင်လူငယ်လူရွယ်တွေ မှတ်သားလိုက်နာပြီးတော့ ကိုယ့်ကိုယ်ကိုကြီးပွားတိုးတက်အောင်လုပ်ဖို့လိုအပ်တယ်ပေါ့၊ အရေးကြီးတယ်။

ဥဌာနသမ္ပဒါ-ကြိုးစားရမယ်၊ မကြိုးစားမနေရဘူး၊ အာရက္ခသမ္ပဒါ- အသေးအဖွဲလို့မအောက်မေ့ရဘူး၊ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်။ သမဇီဝိတာ- ဝင်ငွေထွက်ငွေမျှတအောင် လုပ်နိုင်ရမယ်။ ကလျာဏမိတ္တတာ- မိတ်ကောင်းဆွေကောင်းနဲ့ပေါင်းသင်းရမယ်။ တခြားနိုင်ငံတွေမှာ ကြီးပွားတိုးတက်တယ်ဆိုတဲ့လူတွေဟာ ဒီအချက်တွေ ပြည့်စုံလို့၊ သူတို့မသိတောင်မှ ပြည့်စုံတယ်။ ဘုရားဟောတယ်ဆိုတာ အင်မတန်မှအံ့ဩစရာကောင်းတယ်။

မြတ်စွာဘုရားဟောတယ်ဆိုတာ သဘာဝတရားကိုဟောတာ။ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ-
စာမျက်နှာ-၅၀
ဒီလမ်းကြောင်းပေါ်ရောက်ရင်၊ ဒီလမ်းကိုသွားရင်၊ ဒီလမ်းကိုလျှောက်ရင် ဘယ်သူလျှောက်လျှောက် ဒီစခန်းရောက်မှာပဲ။ ယုံကြည်လို့လျှောက်သည်ဖြစ်စေ၊ မယုံကြည်ဘဲလျှောက်သည်ဖြစ်စေ ဒီလမ်းလျှောက်ရင် ဒီစခန်းရောက်မှာတော့ သေချာတယ်။ အဲဒီလောက် မြတ်စွာဘုရားဟောတဲ့တရား မှန်ကန်တိကျတယ်။ ဘာလို့တုန်းဆို သဘာဝကိုဟောတာလေ၊ ဒါလောကမှာ ကြီးပွားရေးပဲ။ အဲဒီလိုမြတ်စွာဘုရားဟောတယ်။ ဒီလေးချက်နဲ့တင်ပဲ ဒီဘဝမှာကြီးပွားနိုင်တယ်။

ဒါဖြင့် နောက်ဘဝ၊ သေသည်၏အခြားမဲ့၊ သေသည်၏အခြားမဲ့ဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ တခြားဘာသာဝင်တွေကတော့ ဘယ်လိုပြောတုန်း၊

အေး-ထာဝရဘုရားရဲ့ အဆုံးအဖြတ်အတိုင်းပဲ၊ ထာဝရငရဲနဲ့ ထာဝရကောင်းကင်ဘုံတစ်ခုခုရောက်မယ်။ ဗုဒ္ဓဘာသာဝင်တွေကျတော့ (၃၁)ဘုံ၊ ကိုယ်လုပ်တဲ့ကံအားလျော်စွာ သေသည်၏အခြားမဲ့မှာတစ်ခုခုရောက်မယ်။ အဲတော့ အာမခံချက်ဘာရှိလဲ၊ မြတ်စွာဘုရားက-
စာမျက်နှာ-၅၁
ဟောထားတယ်၊ ဒီဘဝအတွက်ကတော့ ဒီအချက် (၄)ချက်နဲ့တင်လုံလောက်တယ်။ နောက်ဘဝအတွက်ဆိုရင် ဘာလုပ်ရမလဲဆို သဒ္ဓါသမ္ပဒါ-ယုံကြည်ချက်ရှိရမယ်။ ယုံကြည်တယ်ဆိုတာ မြတ်စွာဘုရားအပေါ်မှာယုံကြည်တာ၊ ယုံကြည်မှ ဘုရားပြောစကားကိုလိုက်နာမှာလေ။ ဘုရားဟောတာမယုံဘူးဆိုရင်၊ ယုံတယ်လို့ပြောပြီးတော့ စကားကျတော့မလိုက်နာဘူးဆိုရင် အဓိပ္ပာယ်မရှိဘူး။ ယုံကြည်ရမယ်၊ ယုံကြည်သည့်အတွက်ကြောင့် ဓမ္မကိုလိုက်နာကျင့်သုံးတယ်၊ ဒီလိုဆိုလိုတာ။ အဲတော့ နံပါတ်(၁) သဒ္ဓါ- ယုံကြည်မှုရှိရမယ်။ နံပါတ်(၂)က သီလ- ကိုယ်ကျင့်တရားရှိရမယ်။ အနည်းဆုံးငါးပါးသီလကို လုံရမယ်။ ငါးပါးသီလကို တချို့က အခက်အခဲကြီးထင်ပြီးတော့ ငါးပါးသီလလုံအောင်လုပ်ဖို့ ကြောက်စရာထင်နေတယ်၊ မဟုတ်ဘူး၊ ကိုယ်ချင်းစာတရားအခြေခံထားတာ ငါးပါးသီလပဲ။
စာမျက်နှာ-၅၂
တချို့ကလည်းပြောကြတယ်၊ ငါးပါးသီလထဲက တစ်ပါးလောက်လုံရင်ပြီးသလိုလို၊ နှစ်ပါးလောက်လုံရင်ပြီးသလိုလိုနဲ့။ မဟုတ်ဘူး၊ ငါးပါးလုံးလုံမှပြီးတယ်။ ငါးပါးသီလဟာ ရှောင်ရင်ကုသိုလ်၊ မရှောင်ရင်ဒုစရိုက်ပဲ။ ဒါကဘုရားက သတ်မှတ်ပေးတာမဟုတ်ဘူး၊ သဘာဝတရားကြီးက သတ်မှတ်ထားတာနော်။ စဉ်းစားကြည့်၊ ကိုယ့်ကို တစ်စုံတစ်ယောက်ကလာသတ်လို့ရှိရင် ကြောက်တယ်မဟုတ်လား၊ ကိုယ်မကြိုက်ဘူးလေ။ ကိုယ်မကြိုက်တဲ့အလုပ် သူများသွားမလုပ်နဲ့၊ ဒီလိုဆိုလိုတာပဲ။ အတ္တုပနာယိက-အမြဲတမ်း ကိုယ်နဲ့နှိုင်းယှဉ်ကြည့်။ ကိုယ်မကြိုက်တဲ့အလုပ်ကိုမလုပ်နဲ့၊ ကိုယ့်ကိုသတ်မယ်ဆိုရင် ကိုယ်ကြောက်တယ်၊ ဒါကြောင့်မို့ ဘယ်သတ္တဝါကိုမှမသတ်ဘူး၊ ရှောင်တယ်။

ကိုယ့်ပစ္စည်းကိုအခိုးခံရမယ်ဆိုရင် စိတ်ဆင်းရဲမယ်၊ အဲဒါကြောင့် သူများပစ္စည်းလည်းမခိုးနဲ့။ ကိုယ့်သားမယားစော်ကားမယ်ဆိုရင် ကိုယ်လည်းမခံနိုင်ဘူး။ ဟာ-သူများသားမယားလည်းမစော်ကားနဲ့။ ဒါငါးပါး-
စာမျက်နှာ-၅၃
သီလပဲလေ။ အကုန်လုံး ကိုယ်မကြိုက်တဲ့ဟာတွေချည်းပဲ။ ကိုယ့်ကိုလိမ်ပြောမယ်ဆိုရင် မခံနိုင်ဘူး၊ သူများကိုမလိမ်နဲ့လေ။ အဲတော့ အရက်ကျတော့ ဘယ်လိုပြောမတုန်း၊ ကိုယ်တိုင်ကကြိုက်နေတာ၊ ဒါလေးသောက်ရမှဆိုတော့ စိတ်တွေကြွလာပြီးတော့ မပြောသင့်တဲ့စကားတွေပြောပြီးတော့ မလုပ်သင့်တာတွေလုပ်တယ်။ အင်မတန်မှ တည်ကြည်အေးဆေးစွာနေတတ်တဲ့လူတစ်ယောက်ဟာ အရပ်ထဲမှာ အေးအေးဆေးဆေးမဟုတ်ဘဲ ဆူဆူပူပူဖြစ်လာတယ်၊

ကောင်းသလား၊ မကောင်းဘူးလား၊ ဒါတစ်ခုတည်းနဲ့ပဲကြည့်ဦး။ နောက်တစ်ခါ စဉ်းစားကြည့်ဦး၊ အရက်ဆိုတာ ဝင်လာတာနဲ့ တစ်ပြိုင်တည်း လူတစ်ယောက်ဟာ အမှန်အကန်စဉ်းစားနိုင်စွမ်းမရှိတော့ဘူး၊ ဦးနှောက်ရဲ့အခြေအနေတွေပြောင်းသွားတယ်။ ပြောင်းသွားတဲ့အတွက်ကြောင့် ဘယ်သူ့ကိုထိခိုက်လဲဆို ကိုယ်သိရမယ့်အတတ်ပညာတွေ၊ နည်းပညာတွေ၊ ကိုယ့်ရဲ့-
စာမျက်နှာ-၅၄
တန်ဖိုးရှိတဲ့အချိန်တွေ၊ ဒါတွေဟာပျောက်သွားတယ်။ သူ့အတွက်တန်ဖိုးမဲ့သွားတယ်။ စိတ်အေးကြည်လင်မှုဆိုတာလည်း ပျက်စီးသွားတယ်။ ဒါဘယ်သူမှမလုပ်ဘူး၊ ကိုယ်သောက်တတ်လို့ သောက်ပြီးတော့ အိပ်ဦးတော့ ဘယ်သူ့ထိခိုက်လဲမေးရင် ကိုယ့်ကိုယ်ကိုထိခိုက်တယ်။ ကိုယ့်ကိုယ်ကိုထိခိုက်တယ်ဆိုတာ ပညာရ-ရမှာမရဘူး၊ ကုသိုလ်ရ-ရမှာမရဘူး။ ဒါထိခိုက်တာပဲလေ။ အဲသလိုထိခိုက်တဲ့အခါမှာ ကိုယ်သာထိခိုက်တာမဟုတ်ဘူး၊ ကိုယ့်ကိုမှီနေတဲ့ မိသားစုလည်းထိခိုက်တယ်၊ အလုပ်လုပ်ရမှာလည်းမလုပ်ဘူး၊ ဟော-ကိုယ်လည်းထိခိုက်တယ်၊ ကိုယ့်မိသားစုလည်းထိခိုက်တယ်။ နောက်ပြဿနာတွေအများကြီးတက်လာတယ်။ သွေးဆိုးတဲ့သူတွေကျတော့ အရက်မူးပြီး ရန်ဖြစ်ကြတာပဲ၊ ဒါတွေဟာ ဘာကြောင့်လဲ၊ ဒါကြောင့်ဖြစ်တယ်။ အဲတော့ အဲဒီပြဿနာတွေတက်စေတဲ့အရက်ဟာ သောက်သင့်သလား၊ မသောက်သင့်ဘူးလား၊ ဒီလိုစဉ်းစားကြည့်လိုက်လို့ရှိရင် ဒီအရည်-
စာမျက်နှာ-၅၅
ဝင်လိုက်သည့်အတွက်ကြောင့် မကောင်းတဲ့အလုပ်တွေ အကုန်လုပ်ရဲသွားတယ်ဆိုရင်၊ မကောင်းတဲ့ဟာပဲဆိုတာကို သဘောပေါက်နားလည်လို့ရှိရင် ငါးပါးသီလဟာ ဘာမှမခက်တော့ဘူး၊ အင်မတန်မှ မြတ်မြတ်နိုးနိုး ထိန်းသိမ်းစောင့်ရှောက်ရမယ့်သီလ။ ကိုယ်က အမြဲတမ်း လူတော်လူကောင်း လူ့အဆင့်နဲ့ ပြည့်ပြည့်ဝဝ သူတော်ကောင်းစိတ်နဲ့ အမြဲတမ်းရှိဖို့၊ လိမ်လိမ်မာမာနေတတ်ဖို့ကို ရွေးချယ်ရတယ်။ အရိယာသူတော်စင်ဖြစ်ရပြီဆိုရင် ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ် ယုံကြည်မြတ်နိုးပြီးတော့ ငါးပါးသီလကို အသက်ထက်မြတ်နိုးတဲ့ပုဂ္ဂိုလ်မျိုး၊ အသက်ထက်မြတ်နိုးတယ်ဆိုတာ ငါးပါးသီလကို ချိုးမလား၊ အသေခံမလားဆိုရင် အသေခံမယ်၊ ငါးပါးသီလမဖျက်ဘူး။ အသက်ထက်မြတ်နိုးတယ်ဆိုတာ အဲဒါကိုပြောတာ။ လူဆိုတာလဲလှယ်တတ်ကြတယ်လေ၊ အသက်နဲ့ပစ္စည်းဥစ္စာ နှစ်မျိုးမှာ ပစ္စည်းဥစ္စာဆုံးရှုံးခံမယ်၊ အသက်တော့အသေမခံဘူး။

ဟော- ဒီလိုပြောကြတယ်လေ။ အဲတော့ အရိယာသူတော်စင်တွေကတော့ ငါးပါးသီလတော့ အပျက်မခံဘူး၊ အသက်သေချင်သေပါစေ၊ ငါးပါးသီလနဲ့သေသွားရင်မြတ်တယ်၊ ဒီလိုယူဆတယ်။ အေးဒါကြောင့်မို့လို့ တကယ်တန်ဖိုးရှိတဲ့အရာကို တန်ဖိုးရှိတယ်လို့သိပြီး ကျင့်သုံးနေထိုင်ခြင်းဟာ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်းနေထိုင်ခြင်းဖြစ်ပါတယ်။
စာမျက်နှာ-၅၆
မြန်မာနိုင်ငံမှာရှိတယ်၊ လူငယ်လူရွယ်တွေ နေ့စဉ်နဲ့အမျှ ကိုယ့်ရဲ့ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့အဆုံးအမတွေအတိုင်း ဘုရားက လူဖြစ်လာရင် အမြင်နှစ်မျိုးနဲ့ပြည့်စုံအောင်လုပ်ရမယ် ဒီလိုဟောခဲ့တယ်။ တို့စီးပွားရှာတတ်တဲ့ပညာမျိုးရော ရှိရဲ့လား၊ မရှိသေးရင် ရှိအောင်လုပ်။ ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ ထိန်းသိမ်းစောင့်ရှောက်တဲ့ပညာမျိုးတို့မှာရှိရဲ့လား၊ ကုသိုလ်အကုသိုလ်သိတဲ့ ဘာသာတရားနဲ့ပတ်သက်ပြီး နားလည်တဲ့ပညာမျိုးတို့မှာရှိရဲ့လား၊ မရှိသေးရင် ရှိအောင်လုပ်။ အနည်းဆုံး အမြင်နှစ်မျိုးနဲ့ပြည့်စုံတဲ့လူသားဟာ တကယ်ပြည့်စုံတဲ့လူသားဖြစ်တယ်။
စာမျက်နှာ-၅၇
အဲဒီလိုဖြစ်လာတဲ့အခါမှာ စီးပွားဥစ္စာရှာဖို့အတွက် အချက်လေးချက်က ဥဌာနသမ္ပဒါ၊ အာရက္ခသမ္ပဒါ၊ သမဇီဝိတာ၊ ကလျာဏမိတ္တတာ။ ဒီအချက်တွေနဲ့ ပြည့်စုံအောင်အားထုတ်ရမယ်။ ဒါနိဗ္ဗာန်ရောက်ဖို့အတွက် အခြေခံအကြောင်းတွေပဲ။ နိဗ္ဗာန်ဆိုတာ အသာထား၊ ဒီဘဝတင်ပဲ ချမ်းသာသုခကိုရစေနိုင်တဲ့နည်းလမ်းတွေကို လိုက်နာကျင့်သုံးပြီး ဒီကနေပြီး ကုသိုလ်ကောင်းမှုတွေလုပ်တယ်၊ စီးပွားအောင်မြင်လာတဲ့အခါမှာ မြတ်စွာဘုရားက စီးပွားဖြစ်ထွန်းလာရင် ကိုယ်ချမ်းသာအောင်နေ၊ မိဘတွေကို ချမ်းသာအောင်ထား၊ ကိုယ့်မိသားစုကို ချမ်းသာအောင်ထား၊ ကုသိုလ်ကောင်းမှုလုပ်။ ဒါဟာ စီးပွားရေးနဲ့ ဒီပစ္စည်းကိုစနစ်တကျအသုံးချဖို့အတွက် မြတ်စွာဘုရား ဆုံးမထားတာ။

အေး-

ဒါကြောင့်မို့ အခြေခံကျင့်စဉ်များဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တိုင်း၊ ဗုဒ္ဓဘာသာဝင်တိုင်းဟာ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း အခြေခံကစပြီးတော့ နေတတ်အောင်၊ ထိုင်တတ်အောင်၊ နေနိုင်အောင် ကြိုးစား-
စာမျက်နှာ-၅၈
အားထုတ်ကြရမှာဖြစ်တယ်။ အဲဒီလိုကြိုးစားအားထုတ်နိုင်မှ “ငါဟာဘာလဲ- ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာဆိုရင် ဘုရားရဲ့အဆုံးအမနဲ့ ငါနေရဲ့လား” လို့ ကိုယ့်ကိုယ်ကိုစစ်တမ်းထုတ်ပြီးတော့ ဗုဒ္ဓဘာသာအဖြစ် ပီပီပြင်ပြင်နဲ့ ဘုရားရဲ့အဆုံးအမအတိုင်း နေနိုင်အောင်ကြိုးစားကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်စီသဘောကျပြီးတော့ အားလုံးသော တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့ဟာ ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အားလျော်စွာ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း ကျင့်သုံးနေနိုင်အောင် ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု ... သာဓု ... သာဓု ohz641f99vzmc5dvt1gs2uoraduw60h မြတ်ဗုဒ္ဓ၏ လောကဝိဇယ လမ်းစဉ် 0 6390 22189 2026-06-17T03:42:02Z Tejinda 173 "{{header | title = မြတ်ဗုဒ္ဓ၏ လောကဝိဇယ လမ်းစဉ် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = မြ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22189 wikitext text/x-wiki {{header | title = မြတ်ဗုဒ္ဓ၏ လောကဝိဇယ လမ်းစဉ် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်အညီ နေထိုင်ခြင်း]] | previous2 = | next = [[မြတ်သောဥစ္စာ စုဆောင်းပါ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

မြတ်ဗုဒ္ဓ၏ လောကဝိဇယ လမ်းစဉ်

အပိုင်း(၁)
သာသနာတော်နှစ် ၂၅၅၆-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၄-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁၁)ရက်၊ ၂၀၁၂-ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်၊ စင်္ကာပူနိုင်ငံ Ariner Country Club ခန်းမ၌ ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မ Download မိသားစု၏ ဓမ္မသဘင်အခမ်းအနားဝယ် ဟောကြားအပ်သော “မြတ်ဗုဒ္ဓ၏ လောကဝိဇယလမ်းစဉ်၊ အပိုင်း(၁)” အကြောင်း တရား ဒေသနာတော်။

လူတိုင်းလူတိုင်းဟာ အောင်မြင်တဲ့ဘဝကို လိုချင်ကြတယ်။ လောကတစ်ခွင် အောင်မြင်ဖို့အတွက် ဘာလုပ်ရမလဲဆိုတာ မြတ်စွာဘုရားက တိတိကျကျ ဟောဖော်ပြထားတယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမကို ယုံကြည်အားကိုး မြတ်နိုးကြတဲ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ မြတ်စွာဘုရားရဲ့ လမ်းညွှန်ချက်အတိုင်း ဘုရားပြတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းခြင်းဖြင့် လောကမှာ အောင်မြင်မှုတွေကို ရကြမှာ
စာမျက်နှာ-၂
ဖြစ်တယ်။ လောကမှာအောင်မြင်မှုရအောင် ဘာတွေရှောင်သင့်တယ်၊ ဘာတွေဆောင်သင့်တယ်ဆိုတာ မြတ်စွာဘုရားက အတိအကျ ဆုံးမထားတယ်။ သာသနာဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမကိုခေါ်တာ။ ဗုဒ္ဓမြတ်စွာဟာ အရာရာကို တန်ခိုးနဲ့ ဖန်ဆင်းပေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ အမှန်သိအောင် လမ်းညွှန်ပြတဲ့ပုဂ္ဂိုလ်မျိုးသာဖြစ်တယ်။ အစွမ်းသတ္တိ တန်ခိုးဆိုသည်မှာ မရှိတာတော့ မဟုတ်ဘူး၊ ရှိတယ်။ သို့သော် တန်ခိုးနဲ့ လုပ်လို့ မဖြစ်နိုင်တဲ့အရာတွေ အများကြီး ရှိတယ်ပေါ့။ တန်ခိုးဆိုတာဟာ စွမ်းရည်သတ္တိ တစ်မျိုးကိုခေါ်တာ ဖြစ်တယ်ပေါ့။ ဆုံးမဩဝါဒပေးတာလည်းပဲ တန်ခိုးတစ်မျိုးပဲ။ တန်ခိုး (၃)မျိုး ရှိတယ်ဆိုတာ ပရိသတ်တို့ မှတ်သားနားလည်ကြဖို့ပေါ့။

“ဣဒ္ဓိပါဋိဟာရိယ” လို့ခေါ်တဲ့ တန်ခိုးမျိုးက တစ်မျိုး။ အဲ့ဒီ “ဣဒ္ဓိပါဋိဟာရိယ”ဆိုတာ မိမိလိုချင်တဲ့အရာကို ဖန်ဆင်းနိုင်တဲ့အရာကို ခေါ်တာဖြစ်တယ်။ မြေလျှိုးတယ်။ မိုးပျံတယ်။ အမျိုးမျိုးရုပ်ပွားတွေဖန်ဆင်းပြတယ်။ ရုတ်ချည်းပေါ်လာအောင် လုပ်နိုင်တယ်။ ရုတ်ချည်းပျောက်ကွယ်သွားအောင် လုပ်နိုင်တယ်။ ဒီလို ဖန်ဆင်းတဲ့တန်ခိုးမျိုးကို “ဣဒ္ဓိပါဋိဟာရိယ” လို့ ခေါ်တယ်။ အဲ့ဒီ “ဣဒ္ဓိပါဋိဟာရိယ”ဆိုတာ သမာဓိကျင့်စဉ်တစ်ခုကိုကျင့်ပြီး အဘိညာဉ်စွမ်းအားနဲ့ စနစ်တကျ (Systematically) ဆောင်ရွက်ရင် ဖြစ်လာနိုင်တယ်။ ဆိုပါစို့၊ ကောင်းကင်ပေါ်မှာ လမ်း
စာမျက်နှာ-၃
လျှောက်ပြီး သွားချင်တာလား၊ သို့မဟုတ် ကောင်းကင်ပေါ်မှာ လွင့်ပျံပြီးတော့ သွားချင်တာလား၊ သို့မဟုတ် ရုတ်တရက် ဒီနေရာမှာ ပျောက်ကွယ်ပြီး ဟိုနေရာမှာ ပေါ်ချင်တာလားဆိုတဲ့ ပုံစံအမျိုးမျိုး ပြတဲ့အခါမှာ ကောင်းကင်ပေါ်မှာ လမ်းလျှောက်တဲ့ အနေနဲ့ သွားချင်တယ်ဆိုရင် တန်ခိုးရှင်ဟာ လမ်းကြောင်းကို အရင်ဖန်ဆင်းရတယ်။ ဖန်ဆင်းပြီးတော့မှ အဲဒီလမ်းကြောင်းပေါ်ကို လျှောက်တာ။ ဒါ စနစ်တကျလုပ်တဲ့နည်း၊ ဒီအတိုင်းကောင်းကင် လေဟာပြင်ကြီးထဲမှာ လမ်းလျှောက်လို့မရဘူး။ ရေပြင်ပေါ် လမ်းလျှောက်ချင်တယ်ဆိုလို့ရှိရင်လည်း ရေပြင်ကြီးကို လမ်းကဲ့သို့ မာအောင် ဖန်ဆင်းရတယ်။ တန်ခိုးရှင်အဖို့မှာ လမ်းဖြစ်သွားပြီး ပတ်ဝန်းကျင်ကကြည့်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ရေပြင်ပဲ။ ရေပြင်ပေါ် လမ်းလျှောက်နေတယ်လို့ ဒီလိုပဲမြင်ကြရတယ်။ တန်ခိုးအစွမ်းဆိုတာ စနစ်တကျ Systematically လုပ်ရတယ်လို့ ဒီလိုပြောတာ။

ကောင်းကင်မှာ လွင့်ပျံပြီးတော့ သွားချင်တယ်ဆိုလို့ရှိရင် လမ်းကြောင်း မဖန်ဆင်းဘဲနဲ့ လွင့်ပျံတဲ့ အနေအထားမျိုးကို ပြတာ၊ အကယ်၍ စိတ်သွားသလို သွားချင်တယ်ဆိုလို့ရှိရင် ဒီနေရာမှာပျောက်ပြီးတော့ နောက်တစ်နေရာမှာ ဘွားကနဲ ပေါ်သွားတာလည်း ဖန်ဆင်းလို့ရတယ်ပေါ့။ မြေလျှိုးတယ်ဆိုတာကို ဖန်ဆင်းချင်တယ်ဆိုလို့ရှိရင် မြေကြီးဆိုတာ ဒီအတိုင်း
စာမျက်နှာ-၄
လျှိုးလို့ရတာမှ မဟုတ်တာ။ တန်ခိုးရှင်က ဘာလုပ်ရလဲလို့ဆိုရင် မြေကြီးကို hollow ဖြစ်အောင် အခေါင်းကြီးဖြစ်အောင် အရင်ဖန်ဆင်းရတယ်။ သူ့အဖို့မှာ လိုဏ်ဂူကြီးလို တွင်းကြီးလို ဖြစ်သွားပြီဆိုတော့မှ အဲဒီတွင်းကြီးထဲကို ဆင်းသွားတာ။ ဘေးကလူကတော့ မြေလျှိုးသွားတယ်လို့ပဲ ဒီလိုမြင်တယ်ပေါ့။ ဒါက တန်ခိုးရှင်တွေလုပ်တဲ့ လုပ်ထုံးလုပ်နည်းပါပဲ။ အဲဒီ တန်ခိုးမျိုးကို “ဣဒ္ဓိပါဋိဟာရိယ” လို့ခေါ်တယ်။ ဒါက သမထကျင့်စဉ်နဲ့ စိတ်စွမ်းအားကို အသုံးပြုပြီးလုပ်တဲ့ တန်ခိုး။ သမာဓိ စွမ်းအားကို အသုံးချတဲ့တန်ခိုးလို့ ခေါ်တယ်။

သမထကျင့်စဉ် အောင်မြင် ပေါက်ရောက်သွားလို့ရှိရင် ဒီတန်ခိုးမျိုးက ဖန်ဆင်းလို့ရတယ်လေ။ မြတ်စွာဘုရားက ဒီတန်ခိုးမျိုးကို နေရာတကာပြဖို့ အသုံးချဖို့ ရဟန်းတွေကို ခွင့်မပေးဘူး။ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် လောကီအတတ်ပညာတွေက ခပ်ဆင်ဆင်လေးတွေရှိလို့၊ ရုပ်ရှင်ကြည့်ဖူးကြပါလိမ့်မယ်။ Great Wall တံတိုင်းကြီးကို ဖောက်ပြီးတော့ ဟိုဘက်ထွက်ပြတယ်ဆိုတာ ရှိတယ်လေ။ ဒီတော့ အဲဒါမျိုးတွေနဲ့ ရောထွေးကုန်မှာစိုးလို့ မြတ်စွာဘုရားက ဒီတန်ခိုးမျိုးကို မပြဖို့ ရဟန်းတွေကို ဆုံးမတယ်။ တကယ် လိုအပ်တဲ့အခါမှသာ မြတ်စွာဘုရားက တန်ခိုးကို အသုံးချတယ်။ အဲဒီတော့ နေရာတကာ တန်ခိုးနဲ့ ဖန်ဆင်းတာ မဟုတ်ဘူး။
စာမျက်နှာ-၅
နောက်တစ်ခုက ဘာတုန်းဆိုရင်.. “အာဒေသနာ ပါဋိဟာရိယ”တဲ့။ “အာဒေသနာ ပါဋိဟာရိယ”ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ကို အတတ်ဟောတာနော်။ “မင်း ဘာတွေတွေးနေတယ်။ လမ်းမှာဘာတွေကြံလာတယ် မဟုတ်လား။ မင်း ဘာအတွက်လာတာ မဟုတ်လား” လို့ သူတစ်ပါးရဲ့စိတ်ကို ညွှန်းဆိုနိုင်တဲ့တန်ခိုးမျိုးလို့ခေါ်တယ်။ အဲဒီတန်ခိုးမျိုးကတော့ ခုနက သမာဓိကျင့်စဉ်နဲ့ အဘိညာဉ်ရသည်ထိအောင်ကျင့်ပြီး အာရုံပြုလိုက်တဲ့အခါမှာ တစ်ဖက်သားရဲ့ သာမန်လူတွေ မကြားနိုင်တဲ့ တိုးတိုးလေးပြောတဲ့ စကားမျိုး၊ သို့မဟုတ် စိတ်ကူးရဲ့ လှုပ်ရှားမှု လေလှိုင်းလေးတွေကိုစုပြီး လူတစ်ဖက်သားရဲ့ စိတ်ကို ဖတ်နိုင်တယ်ပေါ့နော်၊ reading others mind လူတွေရဲ့စိတ်ကို ဖတ်တာ။ အဲဒါကို “အာဒေသနာ ပါဋိဟာရိယ”လို့ခေါ်တယ်။ အဲဒီတန်ခိုးမျိုးကိုလည်း မြတ်စွာဘုရားက ရဟန်းတော်တွေကို အသုံးချဖို့ ခွင့်မပြုဘူး။ ဘာဖြစ်လို့ ခွင့်မပြုလဲလို့ဆိုရင် လောကီ ပညာရပ်တွေက ခပ်ဆင်ဆင် တူတာလေးတွေရှိတယ်။ အဲဒါကြောင့်မို့ ဒါတွေနဲ့ရောသွားလို့ရှိရင် ကျင့်စဉ်တစ်ခုဟာ သေးသိမ်သွားနိုင်တယ်ပေါ့။ အဲဒါကြောင့်မို့လို့ ဒါကိုလည်း ခွင့်မပြုဘူး။

ဟော နောက်ဆုံးတစ်ခုက ဘာလဲဆိုရင် “အနုသာသနီ ပါဋိဟာရိယ”တဲ့။ “ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး၊ ဘယ်လိုစကားမျိုးကို
စာမျက်နှာ-၆
ပြောရတယ်၊ ဘယ်စကားမျိုးကို မပြောရဘူး” လို့ နေပုံ၊ ထိုင်ပုံ၊ သွားပုံ၊ လာပုံနဲ့ ပတ်သက်ပြီးတော့ လမ်းညွှန်ဆုံးမတာကိုလည်း တန်ခိုးလို့ခေါ်တယ်။ လူတွေက ဒါကိုတော့ တန်ခိုးလို့ မထင်ကြဘူး။ ဒီ “အနုသာသနီ ပါဋိဟာရိယ” ဆိုတဲ့ ဒီတန်ခိုးကမှ ပိုပြီးတော့ အစွမ်းထက်တာလေ။ ရှင်သာရိပုတ္တရာကို သောတာပန်ဖြစ်အောင် လုပ်ပေးတာ ဒီတန်ခိုးပဲ။ ရှင်မောဂ္ဂလာန် မထေရ်မြတ်တို့ သောတာပန် ဖြစ်အောင်၊ ရဟန္တာဖြစ်အောင်လုပ်ပေးတာ ဒီတန်ခိုးပဲ။ မြတ်စွာဘုရားရဲ့ တပည့်သာဝကတွေအားလုံး ကျွတ်တန်းဝင်သွားအောင် လုပ်တာ ဒီတန်ခိုးပဲတဲ့။

ဒါကြောင့်မို့ ဆုံးမသွန်သင်မှုရဲ့ စွမ်းအားဟာ အင်မတန်မှ ကြီးမားတယ်တဲ့၊ အဲဒီတော့ မြတ်စွာဘုရားရဲ့ အဆုံးအမဆိုတာ ဒီ “အနုသာသနီ ပါဋိဟာရိယ” ပဲ။ တရားဓမ္မကို နားလည်လို့ သဘောပေါက်ပြီးတော့ ဒီတရားအတိုင်း လိုက်နာကျင့်ကြံ ကြိုးကုတ် အားထုတ်မှုဟာ ထူးထူးဆန်းဆန်း အံ့ဩဖွယ်တွေကို လုပ်ပြတာနဲ့ မတူဘူး၊ သူက အံ့ဩဖွယ်တွေကို လုပ်ပြပြီးတော့ စည်းရုံးတာဟာ အောင်မြင်မှု ရှိချင်ရှိမယ်၊ မရှိချင် မရှိဘူး။ သို့သော် သေချာပေါက် အောင်မြင်နိုင်တာကတော့ အဆုံးအမ တရားပဲဖြစ်တယ်တဲ့။
စာမျက်နှာ-၇
မြတ်စွာဘုရားရဲ့ အဆုံးအမကို နာခံဖို့အတွက် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” “မြတ်စွာဘုရားကို ကိုးကွယ်ရာလို့ အသိအမှတ်ပြုပါတယ်”ဆိုတာ ဗုဒ္ဓရဲ့ အဆုံးအမတွေအတိုင်း လိုက်နာမယ်၊ ဘဝခရီးလျှောက်တဲ့အခါမှာ ဘုရားအဆုံးအမအတိုင်း လိုက်နာမယ်လို့ဆိုတဲ့ ဝန်ခံကတိပြုထားတာ၊ ဒီအဓိပ္ပာယ်ကို ဆိုလိုတယ်ပေါ့နော်။

အဲဒီတော့ မြတ်စွာဘုရားက ဆုံးမဩဝါဒပေးပြီဆိုရင် ဘယ်လိုပုံစံနဲ့ ဆုံးမဩဝါဒ ပေးတာလဲ၊ ဘယ်လောက်ထိ လုပ်ပေးတာလဲ။ တချို့က ပြောကြတယ်၊ ဂေါတမဗုဒ္ဓက မကယ်တင်ဘူးတဲ့၊ ကယ်တင်တဲ့ ဘုရားကို ကိုးကွယ်တာကောင်းတယ်လို့ ပြောကြတာ ရှိတယ်ပေါ့နော်။ အဲဒီတော့ ကယ်တင်တယ်ဆိုတဲ့ ဘုရားက ဘယ်နှစ်ယောက် ကယ်တင်သွားတာများ လက်တွေ့သိနိုင်တုန်း။ ဒီမေးခွန်းကိုပဲ မေးဖို့လိုတာပေါ့နော်။ အဲ ကောင်းပြီ၊ ကောင်းကင်ဘုံက ထာဝရဘုရားကို မကိုးကွယ်တဲ့၊ ဖန်ဆင်းရှင်ရှိတယ်လို့ အသိအမှတ်မပြုတဲ့ Atheist အသိအမှတ်မပြုတာ။ Godနဲ့ Godဆိုတဲ့ ထာဝရဘုရားက ဖန်ဆင်းတယ်ဆိုတာကို အသိအမှတ်ပြုရင် Theist။ အဲဒီလို အသိအမှတ်ပြုတဲ့ ဝါဒကို Theism၊ ဗုဒ္ဓဘာသာတွေဟာ အဲဒါကို
စာမျက်နှာ-၈
အသိအမှတ်မပြုသည့်အတွက်ကြောင့် ဗုဒ္ဓဘာသာတွေကို Atheist လို့ခေါ်တယ်။ ဗုဒ္ဓရဲ့ဝါဒကို Atheism လို့ခေါ်တယ်။

အဲဒါကို မြန်မာလိုပြန်တဲ့ Dictionaryတွေမှာ Atheismကို မိစ္ဆာဒိဋ္ဌိလို့ ပြန်လိုက်တဲ့အခါမှာ အင်မတန်မှ မှားမှားယွင်းယွင်း ဖြစ်တယ်ပေါ့။ တကယ်ကတော့ Godက ဖန်ဆင်းတယ်ဆိုတာ တကယ်မဟုတ်ဘူး။ တကယ် ဖန်ဆင်းတာ မဟုတ်ဘူး။ ဖန်ဆင်းတယ်လို့ လူတွေရဲ့ယုံကြည်မှုသာရှိတယ်။ ယုံကြည်မှု ဖြစ်တာဟာ Accidentally ပဲ။ မတော်တဆ ဖြစ်သွားတာ။ တကယ် ဖန်ဆင်းတာ မဟုတ်ဘူး။ ဖန်ဆင်းတာဟာ သဘာဝတရားတွေနဲ့ လူရဲ့ကံသာလျှင် ဖြစ်တယ်ပေါ့။ ကံကိုအခြေခံတဲ့ ရာသီဥတုသည် လောကကြီးကို ထိန်းချုပ်နေတယ်ဆိုတာ အမှန်ပဲ။

ဒီကနေ့ခေတ်မှာလည်း ကြည့်လေ၊ ဘုရားသခင် ဖန်ဆင်းမယ်ဆိုရင် ပူနေတာကို အေးအောင် ဖန်ဆင်းလို့ရတာပေါ့နော်။ အေးနေတာကိုလည်း ပူအောင်ဖန်ဆင်းလို့ရတာပေါ့။ အိုဇုန်းလွှာကြီး ပေါက်သွားလို့ရှိရင်လည်း ဖာလို့ရတာပေါ့။ တန်ခိုးနဲ့ ဖာမယ်ဆိုရင် မရနိုင်ဘူးလား။ လောကကြီးကို ကိုယ်ကိုယ်တိုင် ဖန်ဆင်းထားတယ်ဆို ကိုယ်ကြိုက်သလို လုပ်လို့ရမှာပေါ့။ သို့သော် သဘာဝတရားကြီးကို ဘယ်သူကမှ လုပ်နိုင်တာ
စာမျက်နှာ-၉
ရှိမှမရှိဘဲ။ သဘာဝအတိုင်း ဖြစ်နေတယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်။

လူတွေ အသက်ရှည်တယ်၊ တိုတယ်ဆိုတာ ကံတရားချည်း မဟုတ်ဘူး။ ဘုရားတွေကိုကြည့်၊ ကဿပ မြတ်စွာဘုရားနဲ့ ဂေါတမဘုရား။ ကဿပမြတ်စွာဘုရားက အနှစ် နှစ်သောင်းတမ်းမှာ လူဖြစ်လို့ နှစ်ပေါင်းနှစ်သောင်း အသက်ရှည်တယ်။ ဂေါတမဘုရားကျတော့ အသက် တစ်ရာတမ်းမှာပွင့်လို့ သက်တော်ရှစ်ဆယ်ပဲရှည်တယ်။ ကံကိုပြောမယ်ဆိုရင် ဒီဘုရား နှစ်ဆူရဲ့ကံဟာ တူတူပဲ။ ဘုရားဖြစ်အောင် ကျင့်ရတယ်ဆိုတာ နည်းတဲ့ကံမှ မဟုတ်တာလေ။ ဒါဖြင့် ဘယ်သူက အဆုံးအဖြတ်ပေးတာတုန်းလို့ဆိုတော့ အဖြေက “ဥတုဘောဇနေန အာယု ဟာယတိပိ ဝဍ္ဎတိ” စားတဲ့ အာဟာရနဲ့ နေထိုင်ရတဲ့ ရာသီဥတုက အဆုံးအဖြတ်ပေးတာ။ ဥတုကောင်းတဲ့အရပ်မှာရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ကောင်းတဲ့ ဥတုနဲ့ နေရတဲ့ပုဂ္ဂိုလ်တွေဟာ ကျန်းမာပြီး အသက်ရှည်တယ်။ မကောင်းတဲ့ဥတုမှာနေရလို့ရှိရင် ကျန်းမာရေးချို့တဲ့ပြီး အသက်တိုတယ်။ အစာအာဟာရကလည်း ထို့အတူပဲ၊ အဆီဩဇာ ပြည့်ဝပြီးတော့ ကျန်းမာရေး အထောက်အကူပြုတဲ့ အစာအာဟာရတွေစားတဲ့ ပုဂ္ဂိုလ်က ပိုပြီးတော့ အသက်ရှည်တယ်။ အစာအာဟာရညံ့ဖျင်းတဲ့ အဆီဩဇာနည်းတဲ့ အစာအာဟာရ
စာမျက်နှာ-၁၀
စားရလို့ရှိရင် လူရဲ့ခန္ဓာကိုယ်ကို sustain မလုပ်နိုင်တော့ အသက်တိုတယ်လို့ ဟော- ဥတုနဲ့ အာဟာရက လူတွေ အသက်ရှည်ဖို့ ဆုံးဖြတ်ပေးသွားတာ၊ ကံက အဆုံးအဖြတ်မပေးဘူး။ သို့သော် သက်တမ်းမစေ့ဘဲနဲ့ သေသွားတာမျိုးကျတော့ ကံက အဆုံးအဖြတ်ပေးတာ။ ကံတရားရဲ့ လုံလောက်မှုစွမ်းအားမရှိတဲ့အခါ တခြားကံကဖိစီးလို့ လူတွေဟာ စောစောသေသွားကြတာလည်း ရှိတယ်ပေါ့။ အဓိက လူတွေသက်တမ်းစေ့နေတယ်ဆိုတာ ဥတုနဲ့ အာဟာရက ဆုံးဖြတ်ပေးတယ်လို့ ဒီလိုဆိုတာနော်။ ဒါက တကယ့်အစစ်အမှန်ကိုး။

အဲဒီတော့ မြတ်စွာဘုရားက အဆုံးအမပေးတယ်ဆိုတာ “ဟိတေ ပဝတ္တနေန အဟိတာ စ နိဝတ္တနေန” အကျိုးစီးပွားတွေကို ဖြစ်ထွန်းအောင် ဆုံးမတယ်။ အကျိုးစီးပွားတွေကို ရှောင်ရှားအောင် ဆုံးမတယ်။ ဒီ ၂-ခုပဲ၊ ဆိုလိုတာက ဆောင်ရန်နဲ့ ရှောင်ရန် ဒီ ၂-ခုကို မြတ်စွာဘုရားက ရှင်းပြတယ်။ လုပ်ရမှာက ကိုယ်တိုင်ပဲ။ ဆောင်တယ်ဆိုတာ လုပ်ဆောင်ရမှာ။

ရှောင်တယ်ဆိုတာ ရှောင်ကြဉ်ရမှာ။ အဲဒီတော့ ဒီ ၂ ခုကို မလုပ်ဘဲနဲ့ ကောင်းကျိုးချမ်းသာရဖို့ဆိုတာ မဖြစ်နိုင်ဘူးတဲ့။ မြတ်စွာဘုရားရဲ့ အဆုံးအမကို သာသနာလို့ခေါ်တာ ဖြစ်သောကြောင့် ဘုရားအဆုံးအမကို ယုံကြည်လက်ခံကြတဲ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ ဘုရားအဆုံးအမအတိုင်းနေဖို့
စာမျက်နှာ-၁၁
အရေးကြီးတယ်ဆိုတာ ထင်ရှားတယ်။ စိတ်ထဲ နှလုံးထဲ မှတ်သားထားဖို့ပေါ့နော်။ ။

အခု မြတ်ဗုဒ္ဓရဲ့ လောကဝိဇယ လမ်းစဉ်ဆိုတာမှာ လောကဝိဇယဆိုတာ လောကတစ်ခွင်မှာ အောင်မြင်ခြင်းလို့ အဓိပ္ပာယ်ရတယ်။ လောကမှာ လူတိုင်းလူတိုင်းဟာ အောင်မြင်မှုကို ရရှိချင်ကြတယ်။ ဘဝတစ်ခု ရလာတဲ့အခါမှာ အောင်မြင်မှုအတွက် အလုပ်လုပ်နေကြတာဖြစ်တယ်။ အဲဒီတော့ အောင်မြင်ချင်လို့ရှိရင် ဆောင်ရန်နဲ့ ရှောင်ရန် ဒီ ၂ ခုကို မြတ်စွာဘုရားက ရှင်းပြတာ။

ဆောင်ရန်နဲ့ ရှောင်ရန် ဒီ ၂ ခုမှာ ဘယ်ဟာက အရေးကြီးတုန်းဆိုတော့ ရှောင်ဖို့က ပိုအရေးကြီးတယ်ပေါ့။ ဗုဒ္ဓဘာသာတရားတော်ကို တချို့က အဆိုးတွေချည်းပြောတာလို့ ထင်ပြီးတော့ Pessimism လို့ ပြောကြတာလည်းရှိတယ်။ တကယ်ကတော့ အဆိုးကို အဆိုးလို့မြင်တာဟာ Realism ပဲဖြစ်တယ်ပေါ့။ အဆိုးကို အကောင်းမြင်နေလို့ရှိရင် ဒါ ပြောင်းပြန်မြင်တာပဲဖြစ်မယ်ပေါ့။ မြတ်စွာဘုရားက အဆိုးကိုအဆိုးလို့မြင်ရမယ်၊ အကောင်းကို အကောင်းလို့ မြင်ရမယ်၊ ရှောင်သင့်တာကို ရှောင်သင့်တာလို့ပဲမြင်ရမယ်၊ ဆောင်သင့်တာကို ဆောင်သင့်တာလို့ပဲမြင်ရမယ်။ ဒီကနေ့ခေတ်မှာလည်းပဲ ရှောင်ရန် ဆောင်ရန်ဆိုတာ ၂ ခု ရှိတာပဲ။
စာမျက်နှာ-၁၂
ဒါကြောင့်မို့ ကိုယ်ကျင့်သီလကို မြတ်စွာဘုရား ရှင်းပြတဲ့အခါမှာ စာရိတ္တသီလနဲ့ ဝါရိတ္တသီလ လို့ ခွဲခြားတယ်။ ဝါရိတ္တသီလဆိုတာ ရှောင်ရမယ့်အရာကိုပြောတာ။ စာရိတ္တသီလဆိုတာ လုပ်ရမှာကိုပြောတာ၊ ရောဂါဝေဒနာရှိလို့ ဆရာဝန်ဆီသွားပြတဲ့အခါမှာ ဆရာဝန်ကဘာပြောလိုက်တုန်း၊ ရှောင်ရန်နဲ့ ဆောင်ရန် ဒါပဲပြောတာပဲလေ။ ဒီရောဂါနဲ့ ဘာတွေ ဘာတွေ မသင့်ဘူး။ အဲဒါကို ရှောင်ရမယ်။ သို့သော် ဘယ်ဆေးသောက်ရမယ်၊ ဟော ရှောင်တာနဲ့ ဆောင်တာ ဒီ ၂ ခုကို ပြောတာပဲ။

အဲဒီတော့ မြတ်စွာဘုရားရဲ့ အဆုံးအမကလည်း ဒီအတိုင်းပဲ၊ ဒါ လောကရဲ့ဖြစ်စဉ်နဲ့ ဘယ်တော့မှ မဆန့်ကျင်ဘူးနော်။ လောကလူတွေက လောကဖြစ်စဉ်ကို ကျော်ပြီးတော့ တခြားသွားတွေးနေကြတယ်။ အဲဒါကြောင့်မို့လို့ မှားမှားယွင်းယွင်းတွေ ဖြစ်တာပေါ့။ သဘာဝတရားဆိုတာ လူတိုင်းလူတိုင်းမှာ ရှိနေတယ်။ လက်တစ်ကမ်းမှာ ရှိနေတယ်။ သဘာဝတရားနဲ့ နီးစပ်တဲ့ ဘာသာတရားဟာ မှန်ကန်တယ်လို့ ပြောရမယ်။ သဘာဝတရားအတိုင်းပဲ၊ သဘာဝကိုကျော်လွန်ပြီးတော့ ဘာမှမဖြစ်ဘူး။ သဘာဝတရားကြီးကိုပဲ သတိထားပြီးတော့ ဝါရိတ္တသီလလို့ဆိုတဲ့ ရှောင်ရမယ့်အရာ၊ စာရိတ္တသီလလို့ဆိုတဲ့ လက်တွေ့ကျင့်သုံးရမယ့်အရာ၊ အဲဒီ ၂ ခုကို ပြီးပြည့်စုံအောင်
စာမျက်နှာ-၁၃
လုပ်နိုင်ပြီ ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ အောင်မြင်မှု၊ ကြီးပွားမှုကို ရတာပဲ။ ဒါ လက်တွေ့လည်း ဒီအတိုင်းပဲဖြစ်တယ်နော်။

အဲဒီတော့ ဘဝတစ်ခုမှာ အောင်မြင်ချင်တယ်ဆိုလို့ရှိရင် ဆောင်ရမယ့်ဟာတွေရှိတယ်၊ ရှောင်ရမယ့်ဟာတွေရှိတယ်ပေါ့။ ရှောင်ရမှာတွေကို ရှောင်ပြီး ဆောင်ရမှာတွေကိုဆောင်မှ လောကမှာ အောင်မြင်မှုဆိုတာ ရနိုင်တယ်လို့ မြတ်စွာဘုရားက ဆုံးမတာ။ ဘဝတစ်ခု ရလာတဲ့အခါမှာလည်း ဒီအတိုင်းပဲ၊ ဘဝတစ်ခု ရလာတဲ့အခါမှာ လူတိုင်းလူတိုင်းဟာ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျှော်လင့်ကြတာရှိသော်လည်းပဲ တကယ်ရချင်တာကတော့ နိဗ္ဗာန် မဟုတ်သေးဘူး။ လက်ရှိဘဝမှာ အဆင်ပြေပြေနဲ့ ချမ်းချမ်းသာသာ ဘဝခရီးကို ဖြတ်သန်းဖို့ကို နံပါတ်(၁)ထားတာ။ တစ်ခါ ဒီတစ်ဘဝ အဆုံးသတ်သွားလို့ နောင်ဘဝမှာ ဒီထက် အခြေအနေကောင်းတဲ့ဘဝမျိုး ရဖို့ဆိုတာ ဒုတိယထားတာ။ နိဗ္ဗာန်ဆိုတာ တတိယ။ ဘဝကို မလိုချင်လို့ ငြီးငွေ့ပြီဆိုရင် တတိယအဆင့်ဖြစ်သွားတယ်။

အဲဒါကြောင့်မို့လို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေကို နိဗ္ဗာန်ရောက်ဖို့ချည်းပဲ တိုက်တွန်းလို့မဖြစ်ဘူး။ လောကမှာလည်း ရှိဦးမှ၊ နို့မို့ဆို စင်္ကာပူနိုင်ငံမှာ လူမရှိဘဲ ဖြစ်သွားမှာ စိုးရတယ်။ အကုန်လုံး နိဗ္ဗာန်ချည်းပို့လို့လည်း မရသေးဘူးနော်။ ပို့ရင်လည်း သွားမှာမဟုတ်ဘူး ပုန်းနေကြမှာပဲ။
စာမျက်နှာ-၁၄
ပျော်ပျော်နဲ့ လောကကြီးမှာ အောင်မြင်ချင်တယ်ဆိုရင် ဘာတွေလုပ်ရမယ်ဆိုတာ မြတ်စွာဘုရားက တိတိကျကျ ဆုံးမထားခဲ့တာ ရှိတယ်နော်။ အဲဒီ အဆုံးအမလေးကို ဒီကနေ့ နက်ဖြန်၊ သန်ဘက်ခါ သုံးညတာမှာ ဘုန်းကြီးတို့ အပိုင်း(၁)၊ အပိုင်း(၂)၊ အပိုင်း(၃)ဆိုပြီးတော့ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို ဘုရားဟောတဲ့အတိုင်း သိရှိနားလည်ကြရအောင် ရှင်းပြဖို့ပါ။ အဲဒါဟာ ဘုန်းကြီးတို့ အဆုံးအမ မဟုတ်ဘူး။ မြတ်စွာဘုရားရဲ့ အဆုံးအမဖြစ်တယ်။ ဒါကြောင့် မြတ်ဗုဒ္ဓ၏ လောကဝိဇယ လမ်းစဉ် လို့ နာမည်ကိုပေးတာ။ မြတ်စွာဘုရား စကားလုံးနဲ့ ပေးထားတာနော်။ မြတ်စွာဘုရားသုံးတဲ့စကားလုံးက လောကဝိဇယလို့ သုံးထားတယ်။ ရှေ့ပိုင်းက ဘုရားဟောပါဠိအစစ်ဆိုတာကို သိရအောင် သံဂါယနာခြောက်တန်တင်ပြီးတော့ Confirmation လုပ်ပြီးတော့ Preservation လုပ်ပြီးတော့ Confirmation လုပ်တာ။ Confirm လုပ်ထားတဲ့တရားတွေ၊ အဲဒီအစစ်အမှန်တရားတွေကို ကွဲလွဲမှုမရှိအောင် သံဂါယနာခြောက်တန်တင်ပြီးတော့ ဆုံးဖြတ်ထားတာ။

မြတ်စွာဘုရားက ဘာဟောလဲလို့ဆိုရင် လောကမှာ အောင်မြင်ဖို့အတွက်တဲ့ “စတ္တာရော ကမ္မကိလေသာ ပဟီနာ ဟောန္တီ”တဲ့။ စတ္တာရောဆိုတာ (၄)ခုကိုပြောတာ၊ ကမ္မကိလေသာ
စာမျက်နှာ-၁၅
ဆိုတာ ကမ္မကတော့ ကံတရား၊ ကိလေသာဆိုတာ ကိုယ့်ကို ဒုက္ခပေးမယ့်အရာ၊ စိတ်ပူအောင်လုပ်တဲ့အရာနော်။ ညှင်းဆဲတတ်၊ စိတ်ပူစေတတ်တဲ့ တရားဆိုးတွေကို ကိလေသာလို့ ခေါ်တယ်။ ဒီကိလေသာ ကိုယ့်စိတ်ထဲဖြစ်ရင် စိတ်ပူတယ်။ သူက ကိုယ့်ကို ဒုက္ခပေးလိမ့်မယ်။ ဟုတ်တယ်လေ၊ လောဘဖြစ်လို့ ဒီလောဘအရ ကိုယ်က လိုချင်တာကို မရတဲ့အခါမှာ ကလေးလေးတွေကြည့် စိတ်ကောက်နေတာ။ လူကြီးစိတ်ကောက်တာတော့ မမြင်ဖူးဘူးနော်။ ကလေးလေးတွေ စိတ်ကောက်တာတော့ ရှိတယ်။ ဒေါသဖြစ်နေရင်လည်း စိတ်ကောက်တာပဲ၊ စိတ်ပူတာပဲ။ အဲဒီတော့ ဒီစိတ်ကို ပူလောင်တဲ့၊ ညှဉ်းဆဲတတ်တဲ့ တရားတွေကို ကိလေသာလို့ ခေါ်တယ်။

အဲဒီလို စိတ်ကိုပူစေတတ်၊ ညှဉ်းဆဲတတ်တဲ့ အထဲမယ် ကံတရားတွေဟာလည်းပဲ၊ မကောင်းတဲ့ကံတွေဟာလည်း စိတ်ကို ပူလောင်စေတတ်တယ်။ ဖြစ်လေရာဘဝမှာ ဒုက္ခရောက်စေနိုင်တယ်။ ဒါကြောင့်မို့ ကမ္မကိလေသာ ၄-မျိုးကို ဖယ်ရှားနိုင်အောင် ကြိုးစားပါလို့။ အောင်မြင်ချင်လို့ရှိရင် ကမ္မကိလေသာလို့ဆိုတဲ့ ဒီ ၄-မျိုးက ရှောင်ပါလို့ ပြောထားတာနော်။ မရှောင်ဘူးဆိုရင် ဒုက္ခဖြစ်လိမ့်မယ်တဲ့။ မြတ်စွာဘုရားက ဒါ ရှောင်ရန်တွေကို အရင်ပြောတာ။
စာမျက်နှာ-၁၆
ဆီးချိုရောဂါရှိတဲ့ပုဂ္ဂိုလ်ဟာ အချိုရှောင်ရတယ် မဟုတ်လား။ မရှောင်ရင် ဒုက္ခဖြစ်မှာပေါ့။ သွေးတိုးရောဂါရှိတဲ့ ပုဂ္ဂိုလ် ကလည်း သူနဲ့ မတည့်တဲ့အစာ ရှောင်ရမယ်လေ။ အုန်းနို့တို့ ဘာတို့ သွားစားလိုက်ရင် ဒုက္ခရောက်မှာပေါ့။ မတည့်တာ သွားစားရင် ဒုက္ခရောက်တာပဲ။ အဲဒါကြောင့်မို့လို့ စိတ်ကို ပူလောင်စေတတ်တဲ့ ဒီ အလုပ် ၄ မျိုး၊ စိတ်မှာ ဒုက္ခဖြစ်စေတတ်တဲ့၊ ဒုက္ခပေးတတ်တဲ့ ဒီ အလုပ် ၄ မျိုးကို ကိုယ့်သန္တာန်မှာ မရှိပါစေနဲ့၊ ဖယ်ရှားလိုက်ပါလို့ပြောတာ။

နံပါတ် ၂က “စတူဟိ ဌာနေဟိ ပါပကမ္မံ န ကရောတိ”တဲ့။ မကောင်းတဲ့အလုပ်ကို လေးဖက်လေးတန်က မလုပ်ပါနဲ့တဲ့။ အကြောင်း ၄ မျိုးကြောင့် မလုပ်ပါနဲ့။ မကောင်းတဲ့အလုပ်ကို အကြောင်း ၄ မျိုး အကြောင်းခံပြီးတော့ မလုပ်ပါနဲ့တဲ့။ ဒါက တစ်ခု၊ ဒါကလည်း မလုပ်ဖို့ တားမြစ်တာ။ အဲဒီတော့ မလုပ်နဲ့ဆိုတာ လုပ်ရင် ဒုက္ခရောက်မှာပဲလေ။ ဒီလိုဆိုတာပေါ့။

ဟော နောက်တစ်ခုက “ဆ ဘောဂါန အပါယမုခါနိ န သေဝတိ”။ ဘောဂါန အပါယမုခဆိုတာ စီးပွားဥစ္စာ ပျက်စီးကြောင်းတရားလို့ ဆိုလိုတယ်နော်။ လူတွေဟာ နေ့စဉ်နှင့်အမျှ ပင်ပင်ပန်းပန်းလုပ်ပြီးတော့ စီးပွားဥစ္စာတွေ ရှာဖွေစုဆောင်း ကြရတယ်။ အလုပ်အကိုင်နဲ့ ရှာဖွေစုဆောင်းကြရတယ်။ ကိုယ်တိုင်ကြိုးပမ်းအားထုတ်လို့ရလာတဲ့ စီးပွားဥစ္စာတွေဟာ
စာမျက်နှာ-၁၇
ပျက်သွားဖို့ရာအတွက် အကြောင်း ၆-မျိုးရှိတယ်တဲ့။ နည်းလမ်း ၆-သွယ်နဲ့ ပျက်စီးသွားနိုင်တယ်တဲ့။ အဲဒီ ပျက်စီးသွားနိုင်တဲ့ နည်းလမ်း ၆-သွယ်ကို မလုပ်ပါနဲ့လို့ပြောတာ ဒါ မလုပ်ရမယ့် ဟာတွေ ပြောတာနော်။ ဒီမှာ မလုပ်ရမယ့်ဟာတွေကို မြတ်စွာ ဘုရားက ဟောတာ။

နံပါတ်(၁)မှတ်ဖို့ရာ ဘာတုန်းဆိုတော့ စိတ်ပူစေတတ်တဲ့အလုပ်တွေ မလုပ်ပါနဲ့တဲ့။ အလုပ် ၄-မျိုးကို မလုပ်ပါနဲ့၊ စိတ်ကို ပူလောင်စေတတ်တယ်။ ဒုက္ခပေးမယ့်အလုပ် ၄-မျိုး မလုပ်ပါနဲ့၊ ဒါတစ်ခု။ အကြောင်း ၄-မျိုးနဲ့ မဟုတ်တာ မလုပ်ပါနဲ့၊ ဒါက တစ်ခု။ စီးပွားပျက်ခြင်းအကြောင်း ၆-မျိုးကို မလိုက်စားပါနဲ့။

ဟာ ဒါ မြတ်စွာဘုရားရဲ့ အဆုံးအမပဲနော်။ ဒီထဲက မလိုက်နာလို့ ဘုရားက မလုပ်နဲ့ဆိုတာကိုလုပ်မယ်၊ မလိုက်စားနဲ့ဆိုတာကို လိုက်စားမယ်ဆို ပျက်မှာပဲ။ ဒုက္ခပေးတတ်တဲ့အလုပ် ၄-မျိုးရယ်၊ အကြောင်း ၄-မျိုးနဲ့ မကောင်းမှုဆိုတာရယ် ပေါင်းလိုက်တဲ့အခါမှာ ၈-ခု။ စည်းစိမ်ဥစ္စာ ပျက်စီးကြောင်းအလုပ်က ၆-ခုဆိုတော့ ပေါင်းလိုက်ရင် (၁၄)ခုနော်။ “သော ဧဝံ စုဒ္ဓဿ ပါပကာယဂတာ”တဲ့၊ ဒီ ၁၄-မျိုးကို ရှောင်လိုက်ပါတဲ့။

ဒီ ၁၀-မျိုးကို ရှောင်ပြီးတော့ “ဆဒ္ဒိသာ ပဋိစ္ဆာဒီ”တဲ့၊ လူတွေဆိုတာ ကိုယ့်ပတ်ဝန်းကျင်ရှိတယ်။ အဲဒီ ပတ်ဝန်းကျင်ကို ဒီနေရာမှာ အရပ်မျက်နှာလို့ပြောတာ။ အရပ်မျက်နှာဟာ ၆-ခု
စာမျက်နှာ-၁၈
လို့ ယူထားတယ်။ အရပ်(၈)မျက်နှာလို့လည်း ကြားဖူးကြလိမ့်မယ်။ အရပ် ၄-မျက်နှာလို့လည်းကြားတယ်။ ဒီနေရာမှာ ဘာလို့ ခြောက်ခုပြောထားတာတုန်းဆိုတာ အရပ်မျက်နှာ ၆-ခုဆိုတာ အရှေ့အရပ်၊ တောင်အရပ်၊ အနောက်အရပ်၊ မြောက်အရပ်၊ ပုံမှန်အရပ် ၄-မျက်နှာ၊ အောက်နဲ့အထက် ၂-ခု ထည့်လိုက်တဲ့အခါ အရပ် ၆-မျက်နှာလို့ဖြစ်တယ်ပေါ့။ အောက်အရပ် အထက် အရပ်ဆိုတာ မိမိရဲ့ ပတ်ဝန်းကျင်မှာရှိတာ။ ဒီအရပ်မျက်နှာ ၆-ခုကို လုံခြုံစိတ်ချရအောင် Security ဖြစ်အောင် လုပ်ထား ပါလို့ပြောတာ။ အဲဒါဆိုလို့ရှိရင် ဘာဖြစ်တုန်း “သော ဧဝံ ဗုဒ္ဓသ ပါပကာယဂတော” အဆိုး ၁၄ မျိုးက ကင်းကွာသွားပြီး “ဆသာ ပဋိစ္ဆာဒီ” အရပ်ခြောက်မျက်နှာ လုံခြုံသွားပြီ ဆိုလို့ရှိရင်တဲ့ “ဥဘောလောက ဝိဇယာယ ပဋိပန္နော ဟောတိ”တဲ့၊ ကြည့် မြတ်စွာဘုရားသုံးတာ ဥဘောလောက- လောက ၂-ခွင်, ဒီဘဝနဲ့ နောက်ဘဝ။ ဒီလောက, နောက်လောက ဒါ ကိုယ့်အတွက်ကို ပြောတာနော်၊ ကိုယ့်ဘဝ။ ဒီဘဝ နောက်ဘဝ ၂-ခု။ အဲဒီ လောက ၂-ခု သို့မဟုတ် ဘဝ ၂-ခွင်ကို အောင်မြင်ဖို့ရန်အတွက် သူ အလုပ်လုပ်ရာရောက်တယ်တဲ့။

ဒီမှာ ရှောင်ရမှာနဲ့ ဆောင်ရမှာကို မြတ်စွာဘုရားက ရှောင်ရမှာတွေကို အရင်ပြောလိုက်တယ်။ နောက်ဆုံး ဆောင်ရ မှာ လုပ်ရမှာက ဘာတုန်း၊ အရပ်ခြောက်မျက်နှာကို လုံခြုံ
စာမျက်နှာ-၁၉
အောင် လုပ်ထားပါနော်။ ရှောင်ရမှာက ဒုက္ခပေးတတ်တဲ့ အလုပ် ၄-မျိုးကို ရှောင်ပါနော်။ အကြောင်း ၄-မျိုးနဲ့ အကုသိုလ် မလုပ် ပါနဲ့။ စည်းစိမ်ဥစ္စာပျက်ကြောင်း ၆-မျိုးကို မလိုက်စားပါနဲ့။ ဒါ ရှောင်ရမှာ။ အရပ်မျက်နှာခြောက်ခုကို လုံခြုံအောင် လုပ်ထားပါ။ အဲဒီလိုလုပ်လို့ရှိရင် “ဥဘောလောက ဝိဇယာယ ပဋိပန္နော”တဲ့။ လောကမှာ အောင်မြင်ဖို့အတွက် လုပ်ကိုင်ဆောင်ရွက် ထားတာ ဖြစ်ပြီတဲ့။ အဲဒီ ပုဂ္ဂိုလ်ဟာ အောင်မြင်မယ်လို့ ဒီလို ပြောတာနော်။ အဲဒါကို ထပ်ရှင်းတယ်။ “တဿ အယဉ္စဝ လောကော အာရဒ္ဓေါ ဟောတိ ပရော စ လောကော”တဲ့။ အခု မျက်မှောက် ဘဝမှာလည်း ကောင်းကျိုးချမ်းသာရဖို့ လုပ်ကိုင် ဆောင်ရွက် ပြီးသားလည်း ဖြစ်လိမ့်မယ်တဲ့။ နောင်ဘဝ အတွက်လည်း လုပ်ကိုင်ဆောင်ရွက်ပြီးသားဖြစ်လိမ့်မယ်။ နှစ်ဘဝလုံးအတွက် ယုံကြည်စိတ်ချရမယ်။ ဒါက Warranty ပဲ။ လူတွေက ပစ္စည်း ဝယ်ရင် Warranty ဆိုတာ ရှာလေ့ရှိတယ်လေ။ ဒါ မြတ်စွာ ဘုရား အဆုံးအမဒီအတိုင်းလိုက်နာလို့ရှိရင် Warranty ပေးတယ်။ “ဥဘောလောက ဝိဇယာယ ပဋိပန္နာ” ဒီဘဝ နောက် ဘဝ ၂-ခု အတွက် ကိုယ်က အောင်မြင်မှုကို ရနိုင်တယ်တဲ့။ လုံးဝအောင်မြင်မှာ သေချာတယ်။
စာမျက်နှာ-၂၀
ဟော- နောက်ဆုံးမှာ လောက ၂-ခု အတွက် စိတ်ချ သေချာသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သက်တမ်းစေ့လို့ ဒီဘဝကို အဆုံးသတ်ပြီဆိုရင် “သော ကာယဿ ဘေဒါ ပရံ မရဏာ သုဂတံ သတ္တံ လောကံ ဥပပဇ္ဇတိ” သေတဲ့နောက်မှာ ချမ်းသာ သုခတွေများတဲ့ နတ်ဘုံ ကောင်းရာသုဂတိဘုံကိုရောက်မှာပဲတဲ့။ အဲဒီတော့ ဒီလောက်စိတ်ချရတဲ့ တရားဟာ ဘယ်လောက်

ဒီမှာ ငါကိုယ်တော်မြတ်ကို တမ်းတလိုက်ရင် တန်ခိုးတော်နဲ့ ကောင်းကင်ဘုံကြီးကိုခေါ်လိုက်မယ်ဆိုတာနဲ့ မကွာဘူးလား။ အဲဒါ မကြိုက်ဘူးလား။ ကောင်းကင်ဘုံကို ခေါ်လိုက်တာနဲ့ ရောက်သွားရင်တော့လည်း ကြိုက်တာပေါ့နော်။ ကြိုက်စရာ ကောင်းတာကိုး။ တကယ်ရော ခေါ်မလားမသိဘူး၊ စောင့်တော့ စောင့်နေကြတာပဲ။ ဘယ်အချိန်ထိ စောင့်ရမယ်တော့ မသိဘူး နော်။ ငယ်ငယ်တုန်းက ကြားဖူးတဲ့ပုံပြင်လိုပဲ၊ အိမ်မှာ သား တစ်ယောက်က အစားကြီးလွန်းလို့ သူ့အဖေက တောထဲမှာ ကျားစာဖြစ်ချင်ဖြစ်ပါစေ၊ အိမ်မှာ မကျွေးနိုင်တော့ဘူး။ စားတာ သူတစ်ယောက်တည်းနဲ့က အများကြီး ဖြစ်နေတယ်နော်။ တစ်ရက်စာကို တစ်လစာလောက် ကုန်အောင်စားလိုက်တယ် ဆိုတော့။ အဲဒီတော့ သူ့ကိုအိမ်မှာထားလို့ မဖြစ်တော့ဘူးဆိုပြီး
စာမျက်နှာ-၂၁
မီးသွေးခဲလေး တစ်တုံးကိုပေးပြီးတော့ တောထဲ ပို့ထားလိုက်တယ်။ “ဒီ မီးသွေးခဲဖြူမှ ပြန်လာခဲ့”လို့ပြောတယ်။ ကဲ မီးသွေးခဲက ဘယ်တော့ဖြူမလဲ၊ မီးသွေးခဲ မဖြူမချင်း ပြန်မလာခဲ့နဲ့လို့ ပြောတယ်။ အဲဒီလို ထားခဲ့သလိုပဲနော်၊ ငါကိုယ်တော်မြတ် ခေါ်တော်မူတဲ့အခါ လာခဲ့ကြလို့ ဆိုလို့ရှိရင် ဘယ်တော့များ ခေါ်တော်မူမှာပါလိမ့်။ ဒီကလည်း ဆွေးကုန်ပြီ၊ အမှတ်အသားတွေလည်း အကုန်လုံးပျောက်ကုန်ပြီ၊ နေရာတွေလည်း ရွေ့ကုန် ပြီ။ ခေါ်မယ့်နေရာလည်း ဘယ်ရောက်သွားမှန်းမသိဘူးဆိုရင် ဘယ်လိုလုပ်မလဲနော်။

ဟော- မြတ်စွာဘုရားကတော့ကြည့်၊ ကိုယ်တိုင်လုပ်ထား တာဆိုတော့ မသေချာစရာဘာမှမရှိဘူးလေ၊ ကိုယ်တိုင်လုပ်ထား တာလေ။ ဒါတွေက ကိုယ်တိုင်လုပ်ထားတာ၊ ကိုယ်တိုင် လုပ်တာ လောက် သေချာတာ ဘယ်ရှိမလဲ၊ သူများအားကိုးတာ ဘယ် သေချာမလဲ။ သာမန်ကိစ္စတွေတောင် သူများအားကိုးတာ ဖြစ်ရဲ့လား။ မဖြစ်တာတွေ အများကြီးပဲနော်။ ကိုယ်တိုင်လုပ်ရတာတွေချည်းပဲ။ အေး- ဒါကြောင့်မို့လို့ ကိုယ်တိုင်လုပ်ရမယ့် ကိစ္စတွေကို ကိုယ်တိုင်ပဲလုပ်ရမယ်။

မြတ်စွာဘုရား အဆုံးအမဟာ တကယ်ကို လက်တွေ့ ကျကျ ဆုံးမတာ၊ ဒါက မြတ်စွာဘုရားက ဒီလောကကြီးအတွက် အောင်မြင်မှုရဖို့အတွက် ဒီလိုလုပ်ပါလို့ လမ်းညွှန်ပေးထား
စာမျက်နှာ-၂၂
တာနော်။ အဲဒါ မြတ်ဗုဒ္ဓ၏ လောကဝိဇယလမ်းစဉ်။ အောင်မြင် ချင်တယ်ဆိုရင် ဒီလမ်းကို လျှောက်ပါလို့ ဒီလိုဆိုလိုတာနော်။ တကယ်လျှောက်လို့ရှိရင် ကိုယ့်အတွက် အကောင်းဆုံး လမ်းကြောင်းပေါ် ရောက်ရှိတယ်လို့ မှတ်ရမယ်၊ အကောင်းဆုံး လမ်းပဲ။ လူတွေကတော့ ပိုက်ဆံပေးပြီး သူဌေးဖြစ်တာ ပိုကြိုက်ကြ မှာပေါ့။ သို့သော်လည်း စဉ်းစားကြည့်၊ အဆုံးအမနဲ့ငွေကြေးဓန ဘယ်ဟာက တန်ဖိုးရှိလဲ ဆိုလို့ရှိရင် ငွေကြေးဓနဆိုတာ မကြာ ခင်ပဲ ကုန်သွားတာ။ မြန်မာနိုင်ငံမှာဆိုရင် တချို့ ထီပေါက်တဲ့ လူတွေ ရှိတယ်။ စီးပွားမလုပ်တတ်ဘူး။ စီးပွားရေး မလုပ်တတ်တဲ့သူ ထီပေါက်တယ်၊ ကျောက်အောင်တယ်ပေါ့။ ကျောက်အောင်တဲ့အခါ ချမ်းသာတယ်။ သိန်းထောင်ချီရသွားတယ်။ သိန်းထောင်ချီရလို့ မသုံးတတ် မစွဲတတ်နဲ့ ၄-၅ နှစ်အတွင်း ပြန်ကုန်သွားတာပဲ။ ဘယ်လောက်ပဲ ပိုက်ဆံပေးပေး ပညာ မဟုတ်လို့ရှိရင်တော့ ကုန်သွားမှာပဲ။ ပညာနဲ့ မထိန်းနိုင်ရင် ကုန်သွားတာပဲ။ ငါးရာ့ငါးဆယ်ဇာတ်ထဲမှာ ဝတ္ထုလေးတစ်ပုဒ် ပါတယ်၊ ဒါကို သတိထားဖို့ပေါ့၊ ပိုက်ဆံပေးတာနဲ့ ပညာပေးတာ ဘယ်ဟာက တန်ဖိုးရှိသလဲဆိုတာ သိရအောင်။ ပညာကို မပေး နိုင်ရင် သိကြားမင်းကယ်တာတောင် မရဘူး။ လူတစ်ယောက်က ကုသိုလ်ကောင်းမှုလုပ်တယ်။ ကုသိုလ်ကောင်းမှုတွေ လုပ်တဲ့
စာမျက်နှာ-၂၃
အခါကျတော့ ကုသိုလ်စွမ်းအားကြောင့် သူက သေတော့ သိကြားမင်းဖြစ်သွားတယ်။ သားလေးတစ်ယောက် ကျန်ရစ်တယ်။ ဒီကောင်လေးကလည်း ဆိုး, မိုက်၊ အမြဲတမ်း အရက် သောက်။ အဲဒီတော့ သိကြားမင်းဖြစ်ပေမယ့်လို့ သားအပေါ်မှာ သံယောဇဉ်ရှိတယ်ပေါ့။ ဒီကောင် အရက်တွေ သောက်နေလို့ရှိရင် ဆင်းရဲတော့မှာပဲ၊ စားစရာမရှိ သောက်စရာမရှိ ဆင်းရဲတယ်။ ဆင်းရဲတာကို မကြည့်နိုင်လို့ သိကြားမင်းက ဘာပေး တုန်းဆိုရင် အိုးလေးတစ်လုံးပေးထားတယ်။ “မင်း- ဒီအိုးလေး ပိုင်နေသမျှတော့ စားစရာ မပူရဘူးနော်၊ ဝတ်စရာလည်း အဆင်သင့် ရလိမ့်မယ်။ တစ်ခုတော့ ငါသတိပေးမယ်နော်၊ ဒီအိုးလေး မကွဲစေနဲ့။ စားချိန်တန် စားရလိမ့်မယ်၊ ဝတ်ချိန်တန် ဝတ်ရလိမ့်မယ်၊ မင်းချမ်းသာမယ်။ ဘာမှ လုပ်စရာမလိုဘူး။ ဒီအိုးလေးတော့ မင်း သေချာသိမ်း”

ဟိုကောင်က တစ်နေ့ကျတော့ အရက်သောက်၊ မူးလာပြီ ဆိုတော့ အိုးလေးကို မြှောက်မြှောက်ပြီး ကစားတာ ဂွပ်ခနဲ ကျကွဲသွားရော။ (ပညာမပေးလို့ရှိရင် မရဘူး၊ ပိုက်ဆံ ဘယ်လောက်ပေးပေး) အိုးလေးကွဲသွားပြီးတော့ အငတ်ပြန်ဖြစ် သွားရော။ ကဲ- သိကြားမင်းတောင် မတတ်နိုင်တော့ဘူးတဲ့၊ သူ့ကံနဲ့သူရှိစေတော့ဆိုပြီး ပစ်ထားရတော့တာပဲ။ အဲဒီတော့ ပညာဟာ အင်မတန်မှ တန်ဖိုးရှိတယ်။
စာမျက်နှာ-၂၄
ပညာနဲ့ ကိုယ်ကျင့်တရားဟာ အရေးကြီးဆုံးပဲ။ ဒါကြောင့် မို့ မြတ်စွာဘုရားက ဒီ အဆုံးအမမျိုးကိုဆုံးမတာ။ ဘယ်သူ့မှ အားမကိုးနဲ့၊ ကိုယ်အားကိုယ်ကိုးရမယ်ဆိုတာ တကယ် အစစ် အမှန်ပဲ။ ပြင်ပကို အားမကိုးရဘူးလို့ဆိုတာ။ ပြင်ပက လုပ်ပေး နိုင်တာ အတိုင်းအတာတစ်ခုပဲ လုပ်ပေးနိုင်တယ်။ အဲဒါကို ဥပနိဿယပစ္စယော လို့ မြတ်စွာဘုရားက ဟောထားတာ။ ပြင်ပက ကူညီနိုင်တာဟာ နှုတ်၏စောင်မခြင်း၊ လက်၏ စောင်မ ခြင်း၊ ဒါမှ မလုပ်နိုင်ဘူးလား, ပေးနိုင်တယ်။ ဒါလောက်တော့ ကူညီနိုင်တယ်ပေါ့။ တကယ်ကောင်းအောင် လုပ်ပေးဖို့ကျတော့ ကိုယ်ကိုယ်တိုင် မပါလို့ကတော့ ဘာမှမရဘူး၊ ဒီလို ပြောတာ နော်။ မိမိကိုယ်တိုင် ကြိုးစားအားထုတ်ကြရမှာ ဖြစ်တယ်။

ဗာရာဏသီက သူဌေးသားတစ်ယောက် ဆိုလို့ရှိရင် သားတစ်ယောက်ထဲရယ်, မိဘကလည်း သိပ်ချမ်းသာတယ်။ ကုဋေရှစ်ဆယ်ကြွယ်ဝတဲ့ သူဌေးကြီး။ သားလေးဆင်းရဲမှာစိုးလို့ ကျောင်းမထားဘူး၊ ပညာမသင်ဘူး။ တို့အိမ်မှာ ကုဋေရှစ်ဆယ် ရှိတယ်၊ သူ့တစ်သက် မကုန်ဘူးဆိုတဲ့ အတွေးနဲ့ ဒီအတိုင်း ထားခဲ့တယ်နော်။ ဒီအတိုင်း အမွေတွေပေးထားတယ်။ အဲ သူနဲ့တန်းတူ ကလေးမလေးတစ်ယောက်ကလည်း သူ့အဖေက ချမ်းသာတယ်၊ ကုဋေရှစ်ဆယ်။ သူကလည်း ဒီလိုစဉ်းစားတယ်။ ငါ့သမီး ပင်ပန်းတယ် ကျောင်းမသွားနဲ့၊ အိမ်မှာပျော်ပျော်နေ၊
စာမျက်နှာ-၂၅
ဘာမှ သင်စရာမလိုဘူး၊ အဖေတို့ အမေတို့ ပစ္စည်းတွေ အများကြီး သမီးတစ်ယောက်ထဲ ဒါတွေ အကုန်ပေးခဲ့မယ်။ အေးအေး ဆေးဆေး ထိုင်စား ဟော သူတို့ ၂-ယောက် အရွယ် ရောက်တဲ့အခါ အိမ်ထောင်ကျတယ် ယောက်ျားကလည်း ဘာ အသိပညာမှမရှိဘူး၊ မိန်းမကလည်း ဘာအသိပညာမှ မရှိဘူး။

ယောက်ျားဘက်က ပါလာတာ ကုဋေရှစ်ဆယ်။ မိန်းမဘက်က ပါလာတာ ကုဋေရှစ်ဆယ်။ စီးပွားရေးလည်း မလုပ်ဘူး ထိုင်စား လိုက်ကြတာ၊ ဟုတ်တယ်၊ ရိုးရိုးစားရင်တော့ မကုန်ဘူး။ နောက်ဆုံး ယောက်ျားလုပ်တဲ့လူက အသောက်အစားတွေ ဖက်လာတယ်။ ဖက်လာပြီးတော့ ဘာတွေလုပ်တုန်းဆိုရင် မူးရူး ပြီးတော့ Stage Showတွေမှာ ပန်းကုံးတွေတက်စွပ်၊ ဆုတွေချနဲ့ ဘုရားလက်ထက်ကလည်းရှိတယ်နော်။ အဲဒီတော့ Stage Show မှာ သူသဘောကျတာတွေကို ပန်းကုံးစွပ်တယ်၊ လက်ဆောင်တွေပေးတယ်၊ ငွေတွေပေးတယ်။ နေ့တိုင်း သူ့ သောက်ဖော် သောက်ဖက်တွေအတွက် ဒကာခံတယ်။ ဒကာခံ တော့ တဖြည်းဖြည်း သူဌေးကိုဝန်းရံလာကြတာပေါ့။ အသောက် သမားတွေ၊ ကစားသမားတွေက ဝန်းရံလာကြတယ်။ သူကလည်း အဲဒါကို သောကျတယ် ဝန်းရံလာတဲ့အခါမှာ သုံးလိုက်တဲ့ ပစ္စည်းတွေ၊ သူပိုင်တဲ့ ကုဋေရှစ်ဆယ်က သိပ်မကြာဘူး ကုန်သွားတယ်။
စာမျက်နှာ-၂၆
ကုန်သွားတဲ့အခါကျတော့ သူ့ဇနီးဘက်က ပါလာတဲ့ ဟာတွေကို ဆက်သုံးတယ်။ အဲဒါလည်း ကုန်သွားတယ်။ ဒီ လုပ်တဲ့လူက Management ပညာမရှိဘူး။ ဒီဟာ သိပ်အရေးကြီးတာလေ။ မရှာတတ်ဘူးလေ၊ သူ့မှာပညာမရှိဘူး။ မရှာတတ်တဲ့အခါကျတော့ ဖြုန်းရုံဖြုန်းတတ်တာကိုး။ စီးပွား ဘယ်လိုလုပ်ရမယ်ဆိုတာ စီးပွားရေးမျက်စိမရှိဘူး။ မရှိတော့ သုံးရင်းသုံးရင်းနဲ့ ဆုံးတဲ့ဟာက ဆုံးနော်၊ အပေါင်တွေ ဆုံးတဲ့ ဟာကဆုံး၊ ဒီ အရက်သောက်စားလို့ ကြွေးတင်တာတွေ ဟိုဟာ ပေးလိုက်ရ၊ ဒါ ပေးလိုက်ရနဲ့ သူပိုင်တဲ့ လယ်ယာကိုင်းကျွန်း ဥယျာဉ်ခြံမြေတွေပါ အကုန်ကုန်သွား၊ နောက်ဆုံးမှာ နေတဲ့ အိမ်ပေါ်က ဆင်းပေးလိုက်ရတယ်ဆိုပါစို့၊ ကြွေးနဲ့ သိမ်းခံလိုက် ရတာ။ ပညာမှ မရှိတာလေ။ လိမ်ယူတဲ့လူကလည်း အကုန်လုံး ယူတယ်လေ။ နောက်ဆုံးကျတော့ လမ်းဘေးမှာ တောင်းစား နေရတဲ့ပုဂ္ဂိုလ် ဖြစ်သွားတယ်ဆိုတာ ဗာရာဏသီပြည်မှာ ဘုရား လက်ထက်က တကယ်ဖြစ်ခဲ့တယ်။

အဲဒါကြည့်၊ ပိုက်ဆံဆိုတာ ဘယ်လောက် ချမ်းသာ ချမ်းသာ ပညာမရှိဘူးဆိုရင် မထိန်းနိုင်ဘူးဆိုတာ အင်မတန်မှ ထင်ရှားတယ်။ အဲဒါကြောင့်မို့လို့ ပညာကိုရဖို့အတွက် မြတ်စွာ ဘုရားက အမြဲတမ်း ဆုံးမသွန်သင်ထားတယ်။
စာမျက်နှာ-၂၇
“ပညာ နရာနံ ရတနံ”တဲ့။ လူတွေရဲ့ မြတ်နိုးစရာ အကောင်းဆုံးရတနာဆိုတာ ပညာဖြစ်တယ်ပေါ့။ ပညာ သိတတ် အောင် ကြိုးစားအားထုတ်ကြရမှာ၊ ဒီလိုဆိုတာပေါ့။ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ အဆုံးအမဆိုတာ ပညာနဲ့မှ လိုက်နာနိုင်တာ။ ကိုယ်ကိုယ်တိုင်လုပ်ပြီး ကိုယ်ကိုယ်တိုင် အားကိုးရမယ့် အကြောင်းအရာတွေကို မြတ်စွာဘုရားက ဆုံးမဩဝါဒပေးတာ။

ဒီသုတ္တန်လေးက လောကမှာ နေကြတဲ့လူတွေ ဗုဒ္ဓ ဘာသာဝင် သူတော်စင်တွေအတွက် ဘယ်လိုနေရမယ်၊ ဘယ်လို ထိုင်ရမယ်ဆိုတာ လောကမှာ အောင်မြင်ကြီးပွားဖို့အတွက် ဒီသုတ္တန်ကိုဟောခဲ့တာဖြစ်တယ်။ ဒါကြောင့်မို့ ဒီသုတ္တန်ကို ရှင်းလင်းဖွင့်ဆိုတဲ့ အဋ္ဌကထာ ကျမ်းမှာ ဒီသုတ္တန်ကို “ဟိဝိနယ” လူတွေကို အဆုံးအမပေးတဲ့ သုတ္တန်၊ လူတွေလိုက်နာရမယ့် ဟိဝိနယ သုတ္တန်လို့ ဒီလိုပြောတာနော်။ ဘဝမှာ အောင်မြင်ဖို့ အတွက် ဘုရားဆုံးမထားတဲ့အတိုင်း ရှောင်သင့်တာတွေကို ရှောင်လို့ ဆောင်သင့်တာတွေကို ဆောင်မှသာလျှင် ဒီလောက နောင်လောကအတွက် ကြီးပွားတိုးတက်မှာ ဖြစ်တယ်ဆိုတာ တစ်ထစ်ချ မှတ်သားထားဖို့ပဲ။

ဒီထဲမှာ တန်ခိုးတော်နဲ့ မ,စတယ်ဆိုတာ မရှိဘူး၊ ဘယ် တော့မှလည်း ရှိမှာမဟုတ်ဘူးနော်။ သို့သော် လူတွေကတော့ ဒါကို မျှော်လင့်တမ်းတနေကြတာပေါ့။ ဘုရားကို ယုံကြည်တယ်
စာမျက်နှာ-၂၈
လို့ဆိုတဲ့ နေရာမှာတောင် ဘာကိုယုံကြည်တာလဲလို့ ဆန်းစစ် ကြည့်ဖို့လိုတယ်။ တန်ခိုးကို ယုံကြည်တယ်ဆိုရင် မဟုတ်ဘူး နော်။

မြတ်စွာဘုရားက သဒ္ဓါဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ရှင်းပြတဲ့အခါမှာ “သဒ္ဓဟတိ တထာဂတဿ ဗောဓိ”တဲ့။ မြတ်စွာဘုရားရဲ့ ဗောဓိဉာဏ်ကို ယုံကြည်တယ်လို့ ဒီလိုပဲပြောတယ်။ မြတ်စွာဘုရားရဲ့ အစွမ်းတန်ခိုးကို ယုံကြည်တယ်လို့ မဆိုဘူး။ အဲဒါဟာ ခဏခဏတွေ့တယ်။ ဘုန်းကြီးတို့ မစဉ်းစား မိဘူး။ နောက်ပိုင်း စဉ်းစားလိုက်တဲ့အခါ သော်-လောကလူတွေ ယုံတယ်ဆိုတာ အစွမ်းတန်ခိုး ယုံနေကြတာပဲ၊ မြတ်စွာဘုရားက အစွမ်းတန်ခိုး ယုံခိုင်းတာ မဟုတ်ဘူး၊ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကို ယုံခိုင်းတာ။ ဉာဏ်တော် ယုံခိုင်းတာ ဘယ်လို အဓိပ္ပာယ်ရှိလဲ။ ငါပြောတာမမှားဘူး, ငါသိလို့ ပြောတာ။ အဲဒီ တော့ သိလို့ပြောတယ်။ သိလို့ဆုံးဖြတ်တယ်။ ဒီလမ်းကိုသွားရမယ်။ ဒီအလုပ်လုပ်ရမယ်ဆိုတာ ဉာဏ်၊ သိတဲ့ဉာဏ် ရှိတယ်ဆိုတာကို ယုံကြည်ရမှာပဲ။

ဆရာဝန် ယုံကြည်တယ်ဆိုတာလည်း ဉာဏ်ကို ယုံကြည် တာပဲ၊ တကယ်ကတော့ ဆရာဝန်ကို ယုံပြီးတော့ ပုံအပ်ကြတယ်ဆိုတာ ဉာဏ်ကိုယုံတာလေ။ သူ့ရဲ့ အစွမ်းသတ္တိ၊ ဒီဆရာကြီးက တော်တယ်နော်၊ ဆေးကုသတယ်ဆိုတာ ဉာဏ်
စာမျက်နှာ-၂၉
ပညာပဲလေ၊ ဒါလည်း တန်ခိုးကိုယုံတာမှ မဟုတ်ဘဲ။ သို့သော် တခြားဘာသာတွေကျတော့ တန်ခိုးကိုယုံတာလေ။ သူတို့က အစွမ်းတန်ခိုးကိုယုံတာ။ အဲဒီတော့ ဗုဒ္ဓဘာသာမှာ ယုံတယ်ဆိုတာ ဘုရားရဲ့ အစွမ်းတန်ခိုးကို ယုံတာမဟုတ်ဘူး၊ ဘုရား ဟောတဲ့ စကားလုံးအတိုင်းပြောရင် “သဒ္ဒဟတိ တထာဂတဿ ဗောဓိ”တဲ့။ မြတ်စွာဘုရားရဲ့ ဗောဓိကို ယုံတယ်လို့ဆိုတာ။ ဘုရားဉာဏ် ဦးဆောင်ပြီးတော့ဖြစ်ပေါ်လာတဲ့ ဘုရားရဲ့ အရည် အချင်းတွေ၊ ဂုဏ်ရည်တွေကို ယုံကြည်တယ်လို့ ဒီလိုအဓိပ္ပာယ် ရတယ်နော်။ ဘုရားရဲ့ ဉာဏ်စွမ်းနဲ့ ဟောကြား ဆုံးမထားတာတွေကို ဘုန်းကြီးတို့တတွေ လိုက်နာကျင်သုံးကြရတာပေါ့၊ ဒီအဓိပ္ပာယ်ကို ဆိုလိုတယ်ပေါ့။ အဲဒီတော့ ဒီသုတ္တန်ရဲ့ အစမှာ ပြောထားတဲ့ အတိုင်း လောကဝိဇယလမ်းစဉ်တဲ့။ ဒုက္ခရောက်စေတတ်တဲ့ အလုပ် ၄-မျိုးကို ဖယ်ရှားရမယ်တဲ့။ နံပါတ် (၁)က လူ့ဘဝ ရလာလို့ရှိရင် ကိုယ့်ကို ဒုက္ခပေးမယ့် အလုပ် ၄-မျိုးကို ရှောင်ရ မယ်တဲ့။ အဲဒီအလုပ် (၄)မျိုးက ဘာလဲဆိုရင် ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရရယ်၊ မုသာဝါဒရယ်၊ ငါးပါး သီလပဲပြောတာ။ ငါးပါးသီလထဲက သုရာမေရယ ဒီထဲမှာ မပါ သေးဘူး။ နောက်ကျတော့ လာမှာနော်။ အခု ဒီထဲမှာ ဒုက္ခပေး မယ့် အလုပ်တွေက ဘာလဲဆိုရင် ပါဏာတိပါတတဲ့ အဒိန္နာဒါန
စာမျက်နှာ-၃၀
တဲ့၊ ကာမေသုမိစ္ဆာစာရတဲ့၊ မုသာဝါဒါတဲ့။ ဒီ ၄-မျိုးကို ကျူးလွန် ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘဝမှာ ဒုက္ခရောက်နိုင်တယ်တဲ့။

ကဲ-စဉ်းစားကြည့်ရအောင်၊ ပါဏာတိပါတ ကျူးလွန်ပြီ၊ ဘဝမှာ သူများအသက်တွေကို သတ်လာခဲ့တဲ့ ပုဂ္ဂိုလ် တစ်ယောက် အတိတ်ဘဝတုန်းက ပါဏာတိပါတ မရှောင်ဘူး ဆိုရင် ကုသိုလ်ကံအကျိုးပေးလို့ လူဖြစ်လာတာတောင်မှာပဲ ဘာဖြစ်လာတုန်းဆိုတော့ အမေတောင် မသိဘဲနဲ့ လျှောသွား တာတွေ အများကြီးပဲနော်။ မိခင်ရဲ့ ဝမ်းထဲမှာတင် လျှောသွားတယ်။ အသက် ဘယ်လောက်တိုတယ်ဆိုတာ လူ့ဘဝတောင် မရောက်လိုက်ဘူး။ တချို့ကျတော့ လူ့ဘဝရောက်လာပြီးမှ သေသွားတာ။ တချို့ကျတော့ လူ့ဘဝရောက်လာပြီး ၃-၄ နှစ် လောက်နေပြီးမှ သေသွားတယ်။ မသေလည်း ရောဂါ ဝေဒနာတွေနဲ့ ခံရတယ်။ အဲဒါ ပါဏာတိပါတရဲ့ အပြစ်တွေပဲပေါ့။

လူတိုင်းလူတိုင်းဟာ ဒီလိုဖြစ်တာမှ မဟုတ်တာ။ သူ့မှာ ဖြစ်တာ ဘာကြောင့်ဖြစ်ရလဲလို့ဆိုရင် ဒီပါဏာတိပါတ မျိုးစေ့ ကြောင့် ဖြစ်လာတာ။ အဲဒီတော့ ဒီဟာက ကံ,ကံ၏အကျိုးကို မယုံမရှိနဲ့။ Many Mensionဆိုတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ English လိုရေးထားတာ စိတ်ဝင်စားလို့ရှိရင် စာအုပ်ဆိုင်တွေ သွားရှာပြီးတော့ဖတ်။ Many Mensionဆိုတာကို ချမ်းမြေ့ ဆရာတော်ဘုရားကြီး ဘာသာပြန်ထားတာရှိတယ်။ “အနောက်
စာမျက်နှာ-၃၁
တိုင်းက တမလွန်ဘဝပြဿနာ”ဆိုတဲ့ စာအုပ်ပဲ။ အိပ်မွေ့ချပြီးတော့ ဆေးကုတဲ့ အတတ်ပညာနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ မှတ်တမ်းတွေကို စာအုပ်ရိုက်ထားတာ။

စာအုပ်ရိုက်ထားတဲ့ အထဲမယ် ဘာတစ်ခုပါတုန်းဆိုတော့ လူတစ်ယောက်ဟာ နားမကြားဘူး။ အကြားအာရုံ ချို့တဲ့နေတယ်။ အကြားအာရုံ ချို့တဲ့နေတော့ အဲဒီလူကို ဆေးကုဖို့ အိပ်မွေ့ချပညာတတ်တဲ့လူက အိပ်မွေ့ချပြီးတော့မေးတဲ့အခါမှာ သူ့ကိုမေးတယ်၊ ဒီလူ ဘာဖြစ်လို့ နားပင်းနေလဲ၊ ဘာဖြစ်လို့ နားအကြားအာရုံ ချို့တဲ့နေလဲဆို သူကကြည့်တယ်။ သူက ဘယ်လို ဟောတုန်းဆိုတော့ “ဒီလူဟာတဲ့၊ အလှူခံပုဂ္ဂိုလ်တွေ လာပြီး အလှူခံတော့ကို မကြားချင်ယောင်ဆောင်နေတာ”တဲ့၊ အဲဒါ ဘုန်းကြီးပြောတာ မဟုတ်ဘူးနော်။ အဲဒီထဲမှာ ရေးထားတာ။ ဖတ်ကြည့် English လို ဖတ်ချင်တယ်ဆိုရင် Many Mension ဆိုတဲ့ စာအုပ်ကိုဖတ်။ မြန်မာလိုပြန်ထားတာ ဖတ်ချင်ရင် ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘာသာပြန်ထားတဲ့ “အနောက်တိုင်းက တမလွန်ဘဝပြဿနာ”ဆိုတာဖတ်၊ အဲဒီဟောတဲ့လူက ခရစ်ယာန်၊ သို့သော် သူဟောနေတာ ကံ,ကံ၏ အကျိုးတွေကို ဟောနေတာ။

အမျိုးသမီးတစ်ယောက် ပိုလီယိုရောဂါ ဖြစ်တယ်၊ အောက်ပိုင်းသေနေတယ်၊ Wheel Chair နဲ့ နေရတယ်၊ သွားရတယ်။
စာမျက်နှာ-၃၂
တယ်။ သူ့ရောဂါ ဘာလို့ဖြစ်တာတုန်းဆိုတာ သွားမေးတယ်လေ၊ သွားမေးတဲ့အခါမှာ “ဒီအမျိုးသမီးဟာတဲ့၊ လွန်ခဲ့တဲ့ ၇-ဘဝတုန်းက ရောမခေတ်က ကျားစာကျွေးတဲ့၊ ခြင်္သေ့စာကျွေးတဲ့လူတွေ (ရာဇဝင်ဖတ်ဖူးတဲ့သူတွေ သိလိမ့်မယ်၊ အဲဒီခေတ်တစ်ခေတ်ရှိတယ်) လှောင်အိမ်ထဲကခြင်္သေ့ကို လွှတ်လိုက်တဲ့အခါမှာ ခြင်္သေ့က အဲဒီလူကို ပြေးပြီးတော့ တိုက်ခိုက်လိုက်တယ်။ ပုတ်လိုက်တဲ့အခါမှာ လဲကျသွားတယ်၊ အဲဒါကို သူက ပွဲကြည့်ပရိသတ်ထဲမှာ လက်ခုပ်လက်ဝါးတီးပြီးတော့ ရယ်မောခဲ့တယ်”တဲ့နော်။ အဲဒီ အကုသိုလ်ကံကြောင့် အခုလို ဖြစ်တာတဲ့။ ဒါက အပေါ့ဆုံး အပြစ်လေးဖြစ်မယ်။ အဲဒီတော့ ဒီကနေ့ခေတ်မှာလည်းပဲ ဒီ ပါဏာတိပါတဆိုတာ ဒီကနေ့ခေတ်တင်ပဲ၊ မျက်မှောက်ဘဝမှာပဲ အကျိုးပေးသွားတတ်တယ်။

လူကြီးတစ်ယောက်ဟာ ကျီးကန်းတွေကိုဖမ်း၊ ဖမ်းပြီးတော့ ခြေထောက်ဖြတ်တယ်။ သူ မသေခင်မှာ ခြေထောက်ပြတ်သွားတယ်။ ဒီဘဝတင် ကိုယ်ခံရတာတွေ၊ အဲဒီလို ပုံဝတ္ထုတွေဟာ အများကြီး ရှိတယ်ပေါ့။ အဲဒီတော့ ပါဏာတိပါတ အလုပ်ဟာ နောင်ဘဝမှာလည်း အကျိုးပေးမယ်။ သံသရာမှာလည်း မကောင်းတဲ့အကျိုးကို ဖြစ်စေနိုင်တယ်။ ဒါကြောင့်မို့လို့ ကမ္မကိလေသာတဲ့၊ အဲဒီအချိန် ဘုရားက ကယ်လို့မရဘူးလေ။
စာမျက်နှာ-၃၃
လူချင်းတူရဲ့သားနဲ့ မိသားစုတစ်ဦးထဲက သွေးတဲ့ပုဂ္ဂိုလ်၊ မွေးကတည်းက တချို့ရောဂါပါလာတယ်လေ။ တချို့များ သူများကျောက်ကပ် နှစ်လုံး၊ သူ့တစ်လုံးထဲဆိုတာလည်း ရှိတယ်နော်။ မွေးကတည်းက ကျောက်ကပ်က တစ်လုံးထဲ မွေးလာတဲ့လူ ဘယ်လိုလုပ်ပါ့မလဲ၊ တညင်းသီးကြိုက်ရင် ဒုက္ခပဲ။ အဲဒီလို မပြည့်မစုံ ဖြစ်လာတာတွေ အများကြီးရှိတယ်ပေါ့။ အဲဒါတွေဟာ ပိုးကြောင့်ဖြစ်တာမဟုတ်ဘူး၊ ကံကြောင့်ဖြစ်တာတွေ၊ ဒီလိုဆိုလိုတယ်ပေါ့။ ဒါကြောင့်မို့လို့ ဒီအလုပ်ဟာ စိတ်ပူစရာကောင်းလို့ မလုပ်နဲ့တဲ့၊ ဒုက္ခရောက်နိုင်တယ်လို့ မြတ်စွာဘုရားက ပြောတာ။

ဟော- လူ့ဘဝရောက်လာတဲ့ ပုဂ္ဂိုလ်ဟာ ပါဏာတိပါတ အမှုကို ရှောင်ကြဉ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ကြည့်။ အသက်ရှည်တယ်၊ ကျန်းမာတယ်၊ မွေးလာကတည်းက ကျန်းကျန်းမာမာကြီး မွေးလာတယ်။ ရှည်လိုက်တာ အသက် ၇၀၊ ၈၀၊ ၉၀ ထိအောင် ဒီလို ကျန်းမာတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ရန်ကုန်မှာ အဘိဓမ္မာအသင်းဥက္ကဋ္ဌ ဒကာကြီးတစ်ယောက်ဆိုရင် အသက် ၉၀ ကျော်နေပြီ။ မာမာကျန်းကျန်း သွားလိုက်လာလိုက်၊ လှုပ်ရှားလိုက်၊ အထိုင်အထများ ထွက်နေတာပဲ။ ဒီလိုဟာတွေက ပါဏာတိပါတ ရှောင်ကြဉ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ အသက်ရှည်တယ်၊ ကျန်းမာတယ်လို့ ဒီလိုပြောတာ။
စာမျက်နှာ-၃၄
အဲ-တချို့ကျတော့ ၆၀-လောက် ရှိသေးတယ်၊ သိပ်ပြီး မသွားနိုင်တော့ဘူး၊ ယိုင်ထိုးဖြစ်လာကုန်ပြီး ဟော အားတွေ ပြတ်ပြီ။ ပါဏာတိပါတကံ ရှိတဲ့လူနဲ့ မရှိတဲ့လူ အင်မတန်မှ ကွာတယ်တဲ့နော်။ လူ့ဘဝမှာ အသက်ရှည်ချင်ကြတယ်ဆိုရင် ဒါကိုရှောင်ပါ။ လောကအောင်မြင်ဖို့အတွက် အသက်ရှည်ဖို့က အရေးကြီးသေးတယ်။ (အသက်မရှည်လို့ရှိရင် ဒီမိုကရေစီတွေ့မှာမဟုတ်ဘူးနော်) အသက်ရှည်ဖို့လည်း အရေးကြီးတယ်လို့ ဒီလိုမှတ်ရမယ်။ အသက်မရှည်ရင် စောစောသေသွား၊ ဘယ်တွေ့မလဲလေ။ ခေတ်ကောင်းဆိုတာ တစ်ခါတစ်ခါ လာတာပဲလေ။ ဒါကြောင့်မို့ ပါဏာတိပါတကံကို ရှောင်ရမယ်လို့ ဒီလိုပြောတာနော်။

ဟော-နောက်တစ်ခုက အဒိန္နာဒါန၊ ဟုတ်ပြီ၊ အသက်ရှည်တယ် ကျန်းမာတယ်၊ သို့သော် အဒိန္နာဒါန မလုံခဲ့လို့ရှိရင် ဘာဖြစ်လဲ၊ ကိုယ်ပစ္စည်း ခဏခဏ အသိမ်းခံရတယ်၊ ပါသွားပြန်ပြီ။ အလုခံရတယ်၊ အယက်ခံရတယ်။ ဘယ်လောက်ပဲ ချမ်းသာချမ်းသာနော်။ မီးလောင်လို့ပါသွားတာတို့၊ ရေမျောလို့ပါသွားတာတို့၊ တစ်နည်းနည်းနဲ့ ပစ္စည်းကပျက်သွားတာတို့၊ ကိုယ်က သုံးရတယ်ကို မရှိဘူး။ ရှာလိုက်တဲ့ပစ္စည်းတွေ၊ ရလိုက်၊ ဆုံးသွားလိုက်နဲ့ ဒီလိုတွေအကြိမ်ကြိမ် ကြုံရတတ်တယ်တဲ့။ ဒါက အပေါ့ဆုံး အပြစ်ပါ။ သူများပစ္စည်းကို မတရားတဲ့
စာမျက်နှာ-၃၅
နည်းနဲ့ ယူလို့ရှိရင် အဒိန္နာဒါနဖြစ်တယ်တဲ့။ ခိုးခြင်း ၂၅-မျိုးတောင်မကဘူး၊ ၅၀-လောက်ဖြစ်နေပြီနော်။ ပစ္စည်းအလစ်သုတ်ခိုးတာတို့၊ လိမ်ခိုးတာတို့၊ လှည့်ပတ်ခိုးတာတို့။ ဒီထဲမယ် သူများပစ္စည်း ရလိုမှုနဲ့ လုပ်တာမှန်သမျှဟာ ခိုးခြင်းထဲမှာပါတယ်ပေါ့။ မမှန်မကန် အတုပစ္စည်းကိုလုပ်ပြီးတော့ ရောင်းဝယ်တာလည်း ခိုးတာပဲ။ လိမ်ပြီးတော့ခိုးတာ၊ လူတစ်ယောက်ဆို လိမ်တာလေးက တော်တော်လေး ပိပိရိရိလိမ်တာ၊ စာထဲမှာ မှတ်တမ်းတင်ထားတယ်၊ နည်းတော့ မယူကြနဲ့။

တောက လူတစ်ယောက်က သမင်လေး ၂-ကောင် ယူလာတယ်။ တစ်ကောင်က အကြီး၊ တစ်ကောင်က အငယ်တဲ့။ အဲဒီခေတ်က ငွေဈေးနဲ့ပြောရင် အကြီးကောင်က ၂-ကျပ်။ အကြီးကောင်လိုချင်ရင် ပိုက်ဆံ ၂-ကျပ်ပေးရမယ်။ အငယ်ကောင် လိုချင်ရင် ၁-ကျပ်။ အဲဒီတော့ အရက်သမား တစ်ယောက်နဲ့တွေ့တယ်။ တွေ့တော့ မေးတယ်၊ “ဈေးသွားရောင်းဖို့လား” “အေး ဟုတ်တယ်၊ ရောင်းမှာ” “တစ်ကောင် ဘယ်လောက်တုန်း”ပေါ့။ “ဒီသမင်ကြီးက ၂-ကျပ်၊ အကောင်လေးက ၁-ကျပ်” အရက်သမားက အကြံဉာဏ်ကောင်းတယ်။ သူ့အိတ်ထဲ စမ်းလိုက်တော့ ပိုက်ဆံလေး ၁-ကျပ်တွေ့တယ်၊ ၁-ကျပ်ပေးပြီး အကောင်လေး ယူသွားတယ်။ အတော်လေး
စာမျက်နှာ-၃၆
သွားပြီးတဲ့အခါကျတော့ သူက ပြန်ခေါ်တယ်၊ နေပါဦး နေပါဦးနဲ့ဆိုပြီးတော့ ခုန ဟိုလူကလည်း အတတကိုး။ ဂဏန်းလည်း တွက်တတ်မယ် မထင်ဘူး။ အဲဒီတော့ ပြန်လာပြီးပြောတယ်၊ “ကျုပ်အကောင်လေး မယူတော့ဘူး၊ အကောင်ကြီးပဲ ယူတော့မယ်” ဆိုတော့ ဟိုလူကပြောတယ်။ “ခင်ဗျား အကောင်ကြီးယူရင် ငွေ ၁-ကျပ် ထပ်ပေးရမယ်” “ဟာ၊ ခင်ဗျား ဘာပြောတာတုန်း။ စဉ်းစားကြည့်လေ၊ ခင်ဗျားကို ငွေ ၁-ကျပ်ပေးပြီးသားနော်” “ဟုတ်တယ် ပေးပြီးသား” “အဲဒီငွေ ၁-ကျပ်ရယ်၊ ဒီကောင်လေးက ၁-ကျပ်တန်တယ်။ အဲဒီတော့ ၂-ကျပ်ပြည့်ပြီ၊ ဟိုအကောင်ကြီးပေးလိုက်” အဲဒီရောင်းတဲ့လူကလည်း ဘာပြောရမှန်းမသိဘူး။ အကောင်ကြီးပေးလိုက်တယ်။ အဲဒီလိမ်နည်းဟာ ဘယ်လောက်ပိရိတယ်ဆိုတာ စဉ်းစားကြည့်နော်။ အဲဒီလိုနည်းနဲ့ လှည့်ယူသွားတာ။ ဒါလည်း အဒိန္နာဒါနပဲ။

နောက်တစ်ခါ လူတစ်ယောက်က တောထဲက ယုန်ကလေးတစ်ကောင်တွေ့လို့ ဖမ်းလာတယ်။ ယုန်လေးက သိပ်ပြီးတော့ မပြေးနိုင်သေးဘူး၊ ယုန်လေးက ငယ်ငယ်လေး။ သူက ချောင်းလေးတွေ့တော့ ရေချိုးတာပေါ့။ ဆင်းပြီးတော့ ယုန်လေးကို သူ့အဝတ်ပေါ်မှာ အသာလေးတင်ပြီးတော့ ရေချိုးတယ်၊ လူတစ်ယောက်ရောက်လာတယ်။ ဟိုလူ တစ်ဘက်လှည့် ရေချိုးနေတုန်း ဗြုန်းကနဲ ခေါင်းပေါ်ကို ယုန်လေး ကောက်တင်လိုက်
စာမျက်နှာ-၃၇
တယ်။ ခေါင်းပေါ် ယုန်ကလေး ကောက်တင်ပြီး သူလည်း ရေဆင်းချိုးနေတယ်။ ယုန်လေး သူ့ခေါင်းပေါ်မှာ။ အဲဒီတော့ ဟိုလူက ရေချိုးရာကတက်ပြီးတော့ သူ့ယုန်ပျောက်တော့ ရှာတာပေါ့၊ ဟိုကြည့်ဒီကြည့် ကြည့်တဲ့အခါကျတော့ ဟိုလူက လှမ်းပြောတာ၊ “ခင်ဗျား ဘာရှာတာတုန်း” “ကျုပ်ယုန် ခုနက ဒီနားထားတာ၊ ပျောက်နေလို့” “ခင်ဗျား တော်တော်အ,တာပဲ၊ ယုန်ဆိုတာက အဲဒီလိုထားရင် ထွက်ပြေးမှာပေါ့။ ကျုပ်ကြည့်ပါလား၊ ကျုပ်ယုန်လေးခေါင်းပေါ်တင် ရေချိုးနေတာ” ဟိုလူက ဇဝေဇဝါ ဖြစ်သွားပြီး ဟုတ်မှာပဲဆိုပြီး ထွက်သွားရော။

အဲဒီနည်းတွေတော့ အတုမခိုးနဲ့ပေါ့။ အင်မတန်မှ ပိပိရိရိ လိမ်သွားတာ။ အဲဒါမျိုးတွေဟာ လောကကြီးမှာ တကယ်ဖြစ်ခဲ့တာတွေ ရှိတယ်နော်။ လိမ်တာပေမယ့် ပိရိတယ်ပေါ့။ သူများပစ္စည်း ယူဖို့ရာအတွက် အဲဒီလိုလုပ်တာ။ ကျန်တဲ့လူက ဇဝေဇဝါ ဖြစ်ကုန်ရော။ အဲဒါကြောင့်မို့လို့ အဒိန္နာဒါနဆိုတာ ရှောင်ရမယ်တဲ့။ မရှောင်ဘူးဆိုရင် အသက်တော့ ရှည်ပါရဲ့၊ ပစ္စည်း ခဏခဏ ပျက်မယ်၊ ဒုက္ခ ခဏခဏ ရောက်မယ်။ ဟော ဒါမျိုးတွေဖြစ်တတ်တယ်တဲ့။

နောက်တစ်ခါ ကာမေသုမိစ္ဆာစာရ၊ သူတစ်ပါးသားမယား ပြစ်မှားတတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အရပ်ထဲမှာ လူမုန်းများတယ်၊ တွေ့ဖူးကြမလားမသိဘူး၊ တချို့က မြင်မြင်ချင်း
စာမျက်နှာ-၃၈
အမြင်ကပ်စရာကောင်းတဲ့လူတွေရှိတယ်။ ဘာကြောင့် အမြင်ကပ်တာမှန်းမသိဘူး။ ကိုယ်လည်းသိတာ မဟုတ်ဘူး။ သူ့ကို အဲဒီလို အမြင်ကပ်စရာကောင်းတဲ့ ပုဂ္ဂိုလ်တွေဟာ အများအားဖြင့် သူ့ကံကိုက အမြင်ကပ်စရာ အလုပ်တွေ လုပ်လာတယ်။ အဲဒီတော့ ကာမေသုမိစ္ဆာစာရ ကျူးလွန်ခဲ့တဲ့ ပုဂ္ဂိုလ်ဟာ အဲဒီလို အရပ်ထဲမှာ လူ့ချဉ်ဖတ်ဖြစ်တတ်တယ်တဲ့။ ဒါက အပေါ့ဆုံး အပြစ်နော်။ အဲဒီလိုမဟုတ်ဘူးဆိုရင် Gay ပါတီထဲမှာ ပါတီဝင်ဖြစ်သွားတယ်။ သူ့ကံကနေ ပို့လိုက်တာလေ။ မွေးတော့ ယောက်ျားမွေးပါရဲ့။ မင်း ဒီအသိုင်းအဝိုင်းမှာနေလို့ မတော်ဘူး၊

ဟော- မင်း အလွန်ဆိုးတဲ့လူဆိုပြီး အဲဒီထဲကို ပို့လိုက်တယ်။ အဲဒီလိုတွေ ဖြစ်တတ်တယ်တဲ့။ အဲဒါ သတိထားစရာပေါ့။ ဒုက္ခရောက်တာတွေပေါ့။ ဒီလိုဆိုလိုတယ်။

မုသာဝါဒ- သူများကို လိမ်လည်ပြီး သူများအကျိုးစီးပွား ပျက်စီးအောင်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ခဏခဏ မဟုတ်မတရား စွပ်စွဲခံရတတ်တယ်၊ အဖမ်းခံရတယ်၊ တချို့များဆိုရင် တော်တော် ကြောက်စရာကောင်းတယ်။ ထောင်တွေဘာတွေတောင် ကျသွားတယ် စွပ်စွဲခံရတာလေ။ တကယ်တော့ သူမဟုတ်ဘူး။ မဟုတ်ပေမယ့် စွပ်စွဲခံရပြီး အဖမ်းခံလိုက်ရတယ်။ သူလို့ထင်ပြီးတော့ အဖမ်းခံရတာ။ အဲဒါမျိုးတွေဟာ မုသာဝါဒရဲ့ အပြစ်တွေလို့ ဒီလိုပြောတာနော်။ လုပ်တဲ့လူကို
စာမျက်နှာ-၃၉
သေချာမသိဘဲနဲ့ ဒီလူကို လုပ်တယ်လို့ ယူဆပြီး အဖမ်းခံရတဲ့သူတွေ အများကြီးပဲရှိတယ်။ ကမ္ဘာမှာ အထင်လွဲပြီး အဖမ်းခံရတာရှိတယ်။ အဲဒါမျိုးဆို အလွန်နစ်နာတာပေါ့။ ဘာဖြစ်လို့ ဒီလိုဖြစ်တာတုန်းလို့ဆိုရင် သူက လိမ်ခဲ့တာကိုး။ လိမ်ခဲ့သည့်အတွက်ကြောင့် သူက လိမ်ခြင်းရဲ့ အကျိုးကျေးဇူးကို ခံရတာတဲ့။ ဒါကြောင့်မို့လို့ ဒီဒုက္ခရောက်စေတတ်တဲ့ အကုသိုလ် ပြစ်မှုကြီး ၄-ခုကို ရှောင်ပါတဲ့။

ဘာဖြစ်လို့ ရှောင်ခိုင်းတာတုန်း၊ လူ့ဘဝ ရလာလို့ရှိရင် ကျန်းမာရမယ်။ အသက်ရှည်ရမယ်။ ဒါမှ လူ့ကောင်းကျိုး လုပ်နိုင်မယ်၊ ကုသိုလ်ကောင်းမှု စီးပွားဥစ္စာ တောင့်တင်းမယ်။ ပါဏာတိပါတမှ ရှောင်ခဲ့သည့်အတွက် အသက်ရှည်တယ်၊ ကျန်းမာတယ်။ အဒိန္နာဒါနမှ ရှောင်ခဲ့သည့်အတွက် စီးပွားဥစ္စာတွေ ဖြစ်ထွန်းတယ်။ ကိုယ်ရလာတဲ့ပစ္စည်းဟာ ခိုင်မာတယ်၊ ဘယ်တော့မှ မပျက်စီးဘူး။ ကာမေသုမိစ္ဆာစာရမှ ရှောင်ခဲ့သည့်အတွက် ဘဝမှာ ပီပီသသ လူရာဝင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊ လူမုန်းမများဘူး။ လူချစ်လူခင်ပေါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။ မုသာဝါဒမှ ရှောင်ခဲ့သည့်အတွက်ကြောင့် မဟုတ်မတရား စွပ်စွဲခံရတာမျိုး တစ်ခါမှမရှိဘူး။ စကားပြောတဲ့အခါ သြဇာအာဏာရှိတယ်။ ဟော- လူ့ဘဝရောက်တယ်ဆိုတာ ဒီအချက်တွေနဲ့ညီမှ လူဖြစ်ရကျိုးနပ်တော့မှာပေါ့။ ဒါကြောင့်မို့လို့ လူဖြစ်ရကျိုးနပ်ဖို့
စာမျက်နှာ-၄၀
အတွက် ဒါတွေဟာ ရှောင်သင့်တယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်ပေါ့။ ဒါက ရှောင်ရမယ့် အချက်တွေကို မြတ်စွာဘုရားက ဒီလိုဟောတာ။

အဂတိ(၄)ပါး ရှောင်

နောက်တစ်ခုကတော့ အကြောင်း ၄-မျိုးနဲ့ မကောင်းမှုကို မလုပ်နဲ့တဲ့။ အကြောင်း ၄-မျိုးဆိုတာ အဂတိ ၄-ပါးကို ပြောတာ။

လောကမှာ အဂတိဆိုတာ မလိုက်သင့်တဲ့လမ်းကို လိုက်တာ၊ တရားလမ်းကြောင်းက သွေဖည်တာကို အဂတိလိုက်တယ်လို့ ခေါ်တာ။ အဂတိဆိုတာ မလိုက်သင့်တဲ့ လမ်းကြောင်း၊ ဓမ္မလမ်းကြောင်းကို သွေဖည်တဲ့လမ်းကြောင်း။ လူတွေ အဂတိလိုက်ခြင်းရဲ့ အကြောင်း ၄-မျိုးရှိတယ်။ ဆန္ဒ ကိုယ်နဲ့အသိဖြစ်လို့ ရင်းနှီးတယ်၊ မိတ်ဆွေဖြစ်တယ်။ ကိုယ့်ကို လာဘ်ထိုးထားလို့ သူက ပိုက်ဆံတွေအများကြီးပေးထားလို့ သူ့ကို favour ပေးတယ်။ ဟော- ဆန္ဒကြောင့် မဟုတ်မတရား ဆုံးဖြတ်တယ်။ တရားရုံးတွေမှာ အနိုင်ပေးလိုက်တယ်။ လာဘ်ပေးတဲ့လူ အနိုင်ပေးလိုက်တယ်နော်။ ကိုယ့်မိတ်ဆွေမို့ အနိုင်ပေးလိုက်တယ်။

ဟော- အဲဒါမျိုးကို ဆန္ဒာဂတိလိုက်တယ်လို့ ခေါ်တာ။ အမှန်တရားအတိုင်း မဖြစ်ဘူးတဲ့။
စာမျက်နှာ-၄၁
ဆန္ဒကိုလိုက်ပြီးတော့ မလုပ်ရဘူးလို့ ဒီလိုပြောတာ။ ဆန္ဒလို့ဆိုတဲ့ ချစ်ခင်မှုကိုအကြောင်းပြုပြီး တရားလမ်းကြောင်းက သွေဖည်တာမျိုး မလုပ်ရဘူးတဲ့။ တရားလမ်းကြောင်းအတိုင်းပဲ ဖြစ်စေရမယ်၊ ဒီလိုပြောတာနော်။ အဲဒီ ဆန္ဒာဂတိလိုက်ပြီးတော့ ဆုံးဖြတ်ပြီ၊ မိမိကိုယ်တိုင်လည်းပဲ ဆန္ဒာဂတိလိုက်ပြီးတော့လုပ်ပြီဆိုလို့ရှိရင်တော့ ဒီပုဂ္ဂိုလ်ရဲ့ ဂုဏ်သတင်းဟာ လဆုတ်ပက္ခမှာ ထွက်တဲ့လ,လိုပဲ တဖြည်းဖြည်း သေးသွားမှာပဲတဲ့။ နောက်ဆုံး ပျောက်ကွယ်သွားမယ်ပေါ့ ဒီလိုပြောတာနော်။ အဲဒီတော့ ဆန္ဒာဂတိဆိုတာ မလိုက်ရဘူး။

တချို့ကျတော့ ဒီလူဟာ ငါနဲ့မတည့်တဲ့လူဆိုပြီး မုန်းလို့ ဒုက္ခရောက်အောင်လုပ်တာမျိုး၊ တရားလမ်းကြောင်းအတိုင်း မလုပ်ဘဲနဲ့ မုန်းတီးမှုကို အကြောင်းပြုပြီး ပြစ်ဒဏ်ကို ကြီးကြီးမားမား ချပစ်တာတို့၊ မုန်းတာကို အကြောင်းပြုပြီး ဘက်လိုက်တာတို့ဖြစ်တယ်။ အရပ်ထဲမှာလည်း ဒီလိုရှိတယ်လေ။ အလုပ်တူတူ လျှောက်တယ်၊ ကိုယ်မုန်းတဲ့လူဖြစ်လို့ ဖယ်လိုက်တယ်။

ဟော- မုန်းလို့ဖယ်လိုက်တာ။ ဒေါသာဂတိလိုက်တယ်လို့ ဒီလိုပြောတာ။

မောဟာဂတိဆိုတာကျတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာ၊ အရည်အချင်းကောင်းတာ မကောင်းတာကို မရွေးတတ်လို့ မလုပ်သင့်တာကို လုပ်သင့်တယ်ထင်တယ်၊ မဟုတ်တာကို
စာမျက်နှာ-၄၂
အဟုတ်ထင်ပြီးတော့ လုပ်တယ်။ ဒါကို မောဟာဂတိလို့ ခေါ်တယ်။ အဲဒါမျိုးနဲ့လည်းပဲ ဒီမကောင်းမှုကို မလုပ်ရဘူးလို့ဆိုတယ်။ တရားလမ်းကြောင်းအတိုင်းပဲ အစစ်အမှန်ဖြစ်အောင် ကြိုးစားရမယ်။

ဘယာဂတိဆိုတာကတော့ ဒီလူက အာဏာရှိတယ်၊ ပိုက်ဆံရှိတယ်၊ ငါ့ကို ဒုက္ခပေးလိမ့်မယ်။ သူ့တော့ သာသာထိုးထိုးလေး လုပ်ပေးမှ ဖြစ်မယ်လို့ဆိုရင် ဒါဘယာဂတိ ခေါ်တယ်။ ကြောက်လို့ တရားလမ်းကြောင်းအတိုင်း မလုပ်ဘဲနဲ့ ရှောင်လွှဲလို့ရှိရင် ဘယာဂတိလို့ခေါ်တယ်။ အဲဒီအဂတိ ၄-ပါးနဲ့ ဆန္ဒ၊ ဒေါသ၊ မောဟ၊ ဘယ လို့ဆိုတဲ့ ဒီစိတ်ရဲ့ အခြေအနေတွေ နောက်လိုက်ပြီးတော့ အဲဒီအကြောင်း ၄-မျိုးကြောင့် အကုသိုလ်ကို မလုပ်မိပါစေနဲ့တဲ့။

လောကကြီးမှာ အကုသိုလ်လုပ်နေတာဟာ အဲဒီ ၄-မျိုးထဲက တစ်မျိုးမျိုးဖြစ်နေတတ်တယ်တဲ့။ ဟုတ်တယ်၊ ဒါက ဒီ ၄-မျိုးကြောင့်မို့လို့ ဓမ္မလမ်းကြောင်းကနေ သွေဖည်ပြီးတော့ လုပ်နေကြတာတွေရှိတယ်။ လောကကြီးတစ်ခုလုံးမှာ ဒီအတူတကွ အလုပ်လုပ်နေတဲ့ အသင်းထဲမှာလည်း ဒီလူကတော့ ငါနဲ့ရင်းနှီးတဲ့ ငါ့မိတ်ဆွေဆိုပြီးတော့ အပြစ်ရှိပေမယ့်လို့ သာသာထိုးထိုးထားတယ်။ မတည့်တဲ့လူကျတော့ အပြစ်သေးသေးလေးကို အကြီးချဲ့လိုက်တယ်။ အဲဒါမျိုးတွေ ဖြစ်တတ်တယ်။ ဟာ
စာမျက်နှာ-၄၃
ဒီလူကတော့ မဟုတ်မခံဖြစ်တယ်၊ သူ့တော့ ကြောက်ရတယ်ဆို အပြစ်ကို မထုတ်ဖော်ရဲဘူးဆိုတာလည်း အသင်းအဖွဲ့ထဲမှာ အဂတိ ၄-ပါးလိုက်တာဖြစ်တာပဲ။ အဲဒီတော့ ဘယ်နေရာမျိုးမှာပဲဖြစ်ဖြစ် အဂတိ ၄-ပါး မလိုက်စားဖို့ အရေးကြီးတယ်။ အမှန်တရားပေါ်မှာ ရပ်တည်ရမယ်လို့ ဒီလိုဆိုလိုတာနော်။

စည်းကမ်းဥပဒေဆိုတာ အသင်းအဖွဲ့တွေမှာလည်း စည်းကမ်းဥပဒေရှိတယ်။ နိုင်ငံတွေမှာလည်း စည်းကမ်းဥပဒေရှိတယ်။ အဲဒီတရားဥပဒေအတိုင်း လိုက်နာကျင့်သုံးရမယ်လို့ ဒီလိုဆိုတာ။ ပိုက်ဆံပေးထားတဲ့လူကျတော့ မီးနီဖြတ်လည်း မမြင်ချင်ယောင်ဆောင်နေတယ်။ ပိုက်ဆံပေးမထားဘူးဆိုရင်တော့ မီးဝါလေး ဖြတ်တာတောင်မှပဲ အရေးယူတယ်။ လုပ်တတ်တာတွေ ပြောပြတာပါ။ ဘယ်မှာလုပ်တယ်တော့ မပြောပါဘူး။ အဲဒီလို လုပ်တတ်တာတွေရှိတဲ့အကြောင်း ပြောပြတာနော်။

အဲဒီတော့ နေရာတိုင်းမှာ ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိ၊ မောဟာဂတိဆိုတဲ့ အဂတိတွေ လွှမ်းမိုးပြီး တကယ်ဥပဒေအတိုင်းမလုပ်လို့ရှိရင် ဒါက ဆန္ဒ၊ ဒေါသ၊ မောဟ၊ ဘယ လို့ဆိုတဲ့ အကြောင်း ၄-မျိုးနဲ့ အကုသိုလ်လုပ်တယ်လို့ မြတ်စွာဘုရားကပြောတာ၊ အဲဒီလို အကုသိုလ် မလုပ်ပါနဲ့တဲ့။ လုပ်ခဲ့လို့ရှိရင် လဆုတ်ပက္ခမှာထွက်တဲ့လ,လို သူ့ရဲ့ဂုဏ်သတင်းတွေဟာ ကျဆင်းသွားပါလိမ့်မယ်တဲ့။ အကယ်၍ အဂတိ ၄-
စာမျက်နှာ-၄၄
ပါး မလိုက်စားဘဲနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်တယ်ဆိုလို့ရှိရင်တဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ ဂုဏ်သတင်းဟာ လဆန်းပိုင်းမှာ ထွက်တဲ့လ,လို တဖြည်းဖြည်း ကြီးပွားလာပါလိမ့်မယ်တဲ့။ မြတ်စွာဘုရားက ဒီလိုဟောတာနော်။ ဒါကလည်း အများနဲ့ပေါင်းသင်းဆက်ဆံနေတဲ့အရာမှာ အင်မတန်မှ အရေးကြီးတယ်။

အဲဒီမှာ နောက်တစ်ခုက ဘာလဲလို့ဆိုလိုရှိရင် “စီးပွားပျက်စီးနိုင်တဲ့ အကြောင်းတရား ၆-မျိုး”ပဲ။ ရထားတဲ့ စီးပွားတွေ၊ အလုပ်လုပ်ပြီးတော့ရလို့စုတဲ့ စီးပွားပဲဖြစ်စေ၊ အရောင်းအဝယ်လုပ်လို့ရတဲ့ စီးပွားပဲဖြစ်စေ ကိုယ်ရလာတဲ့ စီးပွားဟာ ပျက်စီးသွားနိုင်တယ်။ အဲဒီ ပျက်စီးတယ်ဆိုတာလည်း အကြောင်းမဲ့မဟုတ်ဘူးတဲ့။ ကိုယ့်ရဲ့လုပ်ရပ်ပေါ်မှာမှီပြီး ပျက်စီးသွားနိုင်တဲ့ အဲဒီ ၆-မျိုးကို မလုပ်ပါနဲ့၊ ရှောင်ကြဉ်ပါလို့ မြတ်စွာဘုရားက ဒီလိုဟောတာ။

အဲဒီ ၆-မျိုးက နံပါတ်(၁)က သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိတဲ့နော်။ အရက်သေစာ၊ ဘီယာ၊ မူးယစ်ဆေးဝါးတွေ သုံးစွဲတယ်။ အဲဒီသုံးစွဲမှုက စည်းစိမ်ဥစ္စာ ပျက်စီးခြင်းအကြောင်း ဖြစ်ပါတယ်တဲ့။ ဒါဟုတ်မဟုတ် လူတိုင်းလည်းသိတာပဲ။ ဒါတင်မကဘူး၊ နောက်လာလိမ့်မယ်။ စည်းစိမ်ပျက်တယ်ဆိုတာ ဒါက အရက်သေစာ သောက်စား မူးယစ်ဆေးတွေ အသုံးချလို့ တဖြည်းဖြည်း ချမ်းသာတဲ့လူလည်း မွဲသွားတတ်တာပဲပေါ့။ ဒီလို
စာမျက်နှာ-၄၅
မွဲတာ တစ်မျိုးတင်မကဘူး၊ မြတ်စွာဘုရားက ထပ်ချဲ့ပြီးတော့ ဟောသေးတယ်။ အခုတော့ ဒီဟာတစ်ခုကို မှတ်ထား။

“သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ နုယောဂေါ ဘောဂါန အပါယမုခီ”တဲ့။ ရလာတဲ့ စည်းစိမ်ဥစ္စာတို့ရဲ့ ပျက်စီးခြင်း အကြောင်းက ဘာလဲလို့ဆိုရင် သုရာ ဆိုတဲ့ သေ၊ မေရယ ဆိုတဲ့အရက်၊ မစ္စ ဆိုတဲ့ မူးယစ်ဆေးဝါး၊ ပမာဒဋ္ဌာနာ အဲဒီအရာတွေအားလုံးဟာ မေ့လျော့ပေါ့တန်ခြင်းရဲ့ အကြောင်းဖြစ်လို့ အဲဒီဘက်ကိုလိုက်စားနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ စီးပွားဥစ္စာ ပျက်တတ်တယ်တဲ့၊ ဒါက တစ်ခု။

နောက်တစ်ခုက “ဝိကာလဝိသိခါ စရိယာနုယောဂေါ”တဲ့။ အချိန်မတော် အချိန်တော် လမ်းပေါ်ထွက်ပြီးတော့ သွားလေ့ရှိရင်လည်း ပျက်စီးတတ်တယ်တဲ့။ ဟုတ်တယ်လေ၊ လမ်းမှာဆိုတာ မှောင်ရိပ်ခိုမှုနဲ့ အဖမ်းခံရတယ်လေ။ ည ထွက်တယ် ဆိုလို့ရှိရင် ရဲနဲ့တွေ့ရင် မှောင်ရိပ်ခိုလို့ဆို ဖမ်းသွားရော။ ဟိုလုပ် ဒီလုပ် လုပ်ရင်လည်း “ဒီလူက ညထွက်တယ်၊ ဒီလူပဲနေမှာ” ပစ္စည်းပျောက်ရင်လည်း သူ့ဆီ ရောက်လာမှာနော်။ လက်ဆောင်တွေ အများကြီး သူ့ဆီရောက်လာမှာပဲ။ အဲဒါကြောင့်မို့လို့ ညအချိန်အခါမဲ့ လမ်းပေါ်မထွက်ရဘူးတဲ့၊ ထွက်တဲ့အကျင့် မထားရဘူးလို့ ဒီလိုဆိုတယ်။
စာမျက်နှာ-၄၆
နောက်တစ်ခုက “သမဏ္ဍဘိစရဏီ”တဲ့။ ဘယ်မှာ stage show ရှိတယ်။ ဘယ်မှာ ကပွဲရှိတယ်။ ဘယ်မှာ ဘာရှိတယ်။ night club ရှိတယ်ဆို သွားချင်တဲ့ပုဂ္ဂိုလ်တွေ၊ အဲဒီလိုသွားတာဟာလည်း စီးပွားပျက်ခြင်းအကြောင်းတစ်ခု ဖြစ်ပါတယ်တဲ့။ ဟုတ်တယ်လေ night club သွားလို့ ခုနကတုန်းက ကုဋေ ရှစ်ဆယ် ကြွယ်ဝတဲ့သူဌေးသားဟာ မွဲသွားတာပဲလေ။ ပန်းကုံးစွပ်လိုက် ဆုချလိုက်၊ ပန်းကုံးစွပ်လိုက် ဆုချလိုက်၊ အပေါင်းအဖော်တွေ အရက်တိုက်လိုက်နဲ့ဆို ပိုက်ဆံကုန်ရောပေါ့၊ ပိုက်ဆံကုန်ခြင်းရဲ့ အကြောင်းတစ်ခုတဲ့။

နောက်တစ်ခုက ဘာတုန်းဆို “ဒုတပ္ပမာဒနာနုယောဂ”တဲ့။ ကစားတာ၊ လောင်းကစားတာတွေ အများကြီး၊ ဗမာပြည်မှာ ကြားဖူးတယ်။ တိုက်တောင်ပေါင်ပြီးတော့ ချဲထိုးတယ်။ ၂-လုံးထီ ထိုးတယ်ဆိုတာ တကယ်နော်။ တိုက်ပေါ်က ဆင်းပေးလိုက်ရတဲ့ လူတွေ ရှိတယ်။ တိုက်ပါ ပေါင်ပြီးတော့ ထိုးတာ။ ချဲထိုးတာ။ အဲဒီလို ကစားနည်းမျိုးတွေပေါ့။ လောင်းကစားတွေပါလုပ်တဲ့ ပုဂ္ဂိုလ်တွေဟာလည်းပဲ ပထမတော့ရတယ်၊ နောက် ရှုံးတယ်ပေါ့။ ရှုံးတော့ကုန်ရောနော်၊ အဲဒါကြောင့်မို့လို့ ဒါလည်း စီးပွားပျက်စီးခြင်းရဲ့ အကြောင်းတစ်ခုပဲတဲ့။

ဟော-နောက် နံပါတ် ၅-ကျတော့ ဘာတုန်းဆို “ပါပမိတ္တာနုယောဂေါ”တဲ့၊ မကောင်းတဲ့ မိတ်ဆွေတွေနဲ့ ပေါင်းသင်း
စာမျက်နှာ-၄၇
တာတဲ့။ အဲဒီ မကောင်းတဲ့မိတ်ဆွေတွေနဲ့ ပေါင်းသင်းတာဟာလည်း စီးပွားပျက်ခြင်းရဲ့ အကြောင်းတရားပဲတဲ့၊ လာတယ်လေ သူတို့က “လာ,သွားရအောင်” ဘယ်ခေါ်တုန်းဆို အရက်ဆိုင် ခေါ်တာ။ သောက်ဖော် သောက်ဖက်လို့ခေါ်တာပေါ့။ အဲဒီဘက် ရောက်သွားတယ်။ သောက်ဖော်သောက်ဖက်က ကြံဖော်ကြံဖက် ဖြစ်လာတယ်။ ဘယ်နားကအိမ် သွားဖောက်ရအောင်။ ဒါမျိုးတွေပေါ့၊ ပါပမိတ္တနဲ့ဆိုရင် နောက်ဆုံးမှာ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်တောင် ပါပမိတ္တနဲ့ဆုံမိလို့ သူ့စကားနားထောင်ပြီး လုပ်မိရင် ပျက်စီးသွားတာပဲ။

အဇာတသတ်မင်းဟာ ဘုရင်ရဲ့ သားတော်လည်း ဖြစ်တယ်။ တကယ်ကတော့ သူဟာ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ မြတ်စွာဘုရား တရားနာလို့ရှိရင် သောတာပန် ဖြစ်ရမယ့် အရည်အချင်းထိအောင်ရှိတယ်။ သို့သော် ဒေဝဒတ် စကားကို နားယောင်ပြီး အဖေကို သတ်မိတဲ့အတွက် သူ့ရဲ့ အခြေအနေကောင်းတွေဟာ အကုန်လုံး ပျက်စီးသွားတယ်။ ပြင်လို့မရတဲ့ အနေအထားထိအောင် ရောက်သွားတယ်။ ဒီအခြေအနေထိအောင် ရောက်နိုင်တယ်လို့။ ဒါ အမြင့်ဆုံး အပြစ်ပဲနော်။ အမြင့်ဆုံး အပြစ်ပဲ။

အဖော်ရဲ့ သွေးဆောင်မှုကြောင့် ဒုက္ခရောက်သွားတဲ့ ပုဂ္ဂိုလ်တွေ လောကမှာ အများကြီးပဲရှိတယ်။ မကောင်းတဲ့
စာမျက်နှာ-၄၈
အဖော်နဲ့ သွားလာမိသည့်အတွက်ကြောင့် ဒုက္ခရောက်သွားတာ။ ဒါလည်း အင်မတန်မှ အရေးကြီးတဲ့ကိစ္စတစ်ခုပေါ့။ ဒါကြောင့်မို့ မိသားစုတွေမှာဆိုရင် ကိုယ့်သားသမီးတွေ ဒီမကောင်းတဲ့လူနဲ့ မပေါင်းမိအောင် သတိထားနေကြရတာလေ။ အပေါင်းအသင်း မှားသွားမှာကို စိုးရိမ်နေကြရတယ်။ အပေါင်းအသင်း မှားသွားလို့ရှိရင် ကယ်တင်လို့ရမှာ မဟုတ်ဘူးလေ။

ဟော နောက်ဆုံးတစ်ခုက “အာလဿာနုယောဂေါ”တဲ့။ အပျင်းဖက်တာကလည်း စီးပွားပျက်ခြင်းရဲ့ အကြောင်းပဲတဲ့။ လုပ်သင့်တာကိုလည်း တက်တက်ကြွကြွလုပ်ရမယ်၊ သူများထက် ဦးအောင်လုပ်ရမယ်။

စင်္ကာပူနိုင်ငံ အခုလို ကြီးပွားတိုးတက် ချမ်းသာသွားတယ်ဆိုတာ လုံ့လ ဝီရိယနဲ့လုပ်လို့ရတာ။ သူ့ဟာသူ အခြေအနေပေးလို့ ဖြစ်လာတာမဟုတ်ဘူး။ မြေကြီးက ရွှေသီးတဲ့နိုင်ငံ မဟုတ်ဘူး။ ရေတောင်ဝယ်သောက်နေရတာ၊ ဘာဖြစ်လို့ကြီးပွားတာတုန်းဆို စဉ်းစားကြည့်လေ။ စင်္ကာပူစံချိန် မဟုတ်ဘူး၊ ဟောင်ကောင်စံချိန် ယူပြီးတော့ ဟောင်ကောင်နဲ့ချိတ်ဆက်ထားတာလေး ကြီးပွားတိုးတက်မှုရှိအောင် အချိန်တောင် ဟောင်ကောင်စံချိန်နဲ့ ယူပြီးတော့ လုပ်ထားတယ်၊ အလုပ်ကြိုးစားတာနော်။ ဒါ စင်္ကာပူနေတဲ့လူတွေ ပိုသိမှာပေါ့။
စာမျက်နှာ-၄၉
အဲဒီလို လောကမှာ ကြီးပွားတိုးတက်တယ်ဆိုတာ အနေအထားကောင်းရုံတစ်ခုတည်းနဲ့ မဟုတ်ဘူး။ ကြိုးစားအားထုတ်မှုပေါ်မှာ မူတည်တယ်တဲ့။ အဲဒီလို ဖြစ်အောင် ကြည့်ပါလား။ မလေးရှားနိုင်ငံ လွတ်လပ်ရေးရတော့ စင်္ကာပူကလည်း မလေးရှားရဲ့ state တစ်ခုပဲလေ။ အဲဒီထဲက ဒီနိုင်ငံ့ခေါင်းဆောင်ဟာ ရေတောင်မှ သူများဆီကနေ ဝယ်သောက်နေရတဲ့ မပြည့်စုံတဲ့ အနေအထားကနေပြီး ကြိုးစားအားထုတ်လိုက်တာ နေရာနဲ့ မညီမျှလောက်အောင် ကြီးပွားတိုးတက်မှု ရသွားတယ်။ တခြားနိုင်ငံတွေ ချမ်းသာတယ်ဆိုတာ ရေနံထွက်လို့ ချမ်းသာတာတွေ ရှိတယ်လေ။ ဒီနားမှာ ကျွန်းပေါက်စလေးတွေက ရေနံထွက်လို့ ချမ်းသာတာ။ သဘာဝကပေးလို့ ချမ်းသာတာလေ။ စင်္ကာပူ ရေနံထွက်သလားမသိဘူး၊ မထွက်ဘူးနော်။ ကဲ- မထွက်ဘဲနဲ့ ကုန်းခေါင်ခေါင်ကနေပြီးတော့ ကြီးပွားချမ်းသာအောင်လုပ်တယ်ဆိုတာ ဒီမပျင်းလို့ပဲ။ တက်တက်ကြွကြွ ကြိုးစားအားထုတ်လိုက်လို့ ဖြစ်တယ်ဆိုတာ ဘယ်လောက်ထင်ရှားတုန်း။ ဘုရားသခင်က မ,တာမှ မဟုတ်တာ။

ကိုယ်ကြိုးစားရင် ဖြစ်တယ်ဆိုတာ ဗမာစကားကတော့ ပြောတော့ပြောကြပါရဲ့၊ “ကြိုးစားရင် ဘုရားဖြစ်တယ်”တဲ့။ ဘုရားဖြစ်မှာကြောက်လို့ ဘယ်သူမှ မကြိုးစားဘူး။ အဲဒီ
စာမျက်နှာ-၅၀
အဓိပ္ပာယ်ရောက်နေတယ်နော်။ ကြိုးစားရင် ဘုရားတောင် ဖြစ်တယ်လို့တော့ ပြောကြတာပဲ။ သို့သော် ဘုရားမဖြစ်ချင်ဘူး။ ဒါကြောင့်မို့ မကြိုးစားဘူးပေါ့။

မြတ်စွာဘုရားကကြည့် “အာလသာနုယောဂေါ”တဲ့၊ အပျင်းဖက်ပြီးတော့မနေနဲ့၊ ကြိုးစားတဲ့။ နည်းလမ်းမျိုးစုံ ရှာကြံပြီး ကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်တဲ့ ဒီလောက, နောင်လောက အောင်မြင်နိုင်ပါတယ်တဲ့။ ဒါ “လောကဝိဇယကျင့်စဉ်”တွေပဲတဲ့နော်။

အဲဒီတော့ ရှောင်ရမှာတွေကို မြတ်စွာဘုရားက ရှေးဦးစွာ ရှင်းလင်းဖော်ပြထားတယ်။ ရှောင်ရမှာတွေကို အသေးစိတ် နောက်ရက်မှာ ထပ်ပြီးတော့ မြတ်စွာဘုရားက ဟောဦးမယ်။ ဒါက ဘုရားဟောတဲ့အတိုင်း နည်းနည်းပဲ ရှင်းပြတာနော်။

အေး- ဒါကြောင့်မို့လို့ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် လောကမှာ အောင်မြင်နိုင်တယ်လို့ မြတ်ဗုဒ္ဓ၏ “လောကဝိဇယလမ်းစဉ်”အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။

သာဓု

သာဓု

သာဓု
စာမျက်နှာ-၅၁

မြတ်ဗုဒ္ဓ၏ လောကဝိဇယ လမ်းစဉ်

အပိုင်း(၂)
သာသနာတော်နှစ် (၂၅၅၆) ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၃၇၄) ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁၂)ရက်၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်၊ စင်္ကာပူနိုင်ငံ သာသနာ့ရံသီ မြန်မာဘုန်းတော်ကြီးကျောင်းအတွင်း ဆင်ယင် ကျင်းပပြုလုပ်အပ်သည့် ဓမ္မ download မိသားစုမှ ဦးစီး၍ စင်္ကာပူနိုင်ငံ အလှူရှင် ဒကာ၊ ဒကာမ အပေါင်းတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “မြတ်ဗုဒ္ဓ၏ လောကဝိဇယလမ်းစဉ်၊ အပိုင်း(၂)” တရားဒေသနာတော်။

လူတိုင်း၊ လူတိုင်းဟာ မိမိတို့ဘဝမှာ အောင်မြင်မှုကို ရချင်ကြတယ်၊ ရချင်သူတို့အတွက် ရနိုင်ခြင်းရဲ့ အကြောင်းတရားတွေကို မြတ်စွာဘုရားက လမ်းညွှန်ပြသထားတာ ဖြစ်တယ်၊ အဲဒီလို လမ်းညွှန်ပြသတဲ့ အထဲမယ် ရှောင်ရန်နဲ့ ဆောင်ရန် ဒီနှစ်ခုကို ခွဲခြားပြီး ရှင်းပြထားတယ်။

ဘဝမှာ အောင်မြင်မှုရတဲ့ ပုဂ္ဂိုလ်တိုင်း ရှောင်စရာကို ရှောင်ပြီး လုပ်စရာကိုလုပ်မှသာလျှင် ကြီးပွားတိုးတက်နိုင်တယ်။
စာမျက်နှာ-၅၂
ဒါကြောင့်မို့ လူတွေဟာ ရှေးဦးစွာ အသိဉာဏ်ကို ဆည်းပူးကြရတယ်။ ဘာအတွက်လဲဆိုရင် လုပ်သင့်တာနဲ့ မလုပ်သင့်တာ လို့ဆိုတဲ့ ဒီနှစ်ခု ခွဲခြားပြီးသိအောင် ဖြစ်တယ်။ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိပြီ ဆိုတဲ့အခါမှာ မလုပ်သင့်တာကို ရှောင်ပြီး လုပ်သင့်တာကို လုပ်ဖို့ပဲ။ အကယ်၍ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိနိုင်တဲ့ဉာဏ် မရှိဘူးလို့ဆိုရင် မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်လိမ့်မယ်။ လုပ်သင့်တာကျတော့ မလုပ်သင့်ဘူးလို့ ထင်လိမ့်မယ်။ ထင်တဲ့အခါ အဲဒီ အထင်အမြင် နောက်လိုက်ပြီး မလုပ်သင့်တာကိုလုပ်ခြင်း၊ လုပ်သင့်တာကို မလုပ်ဘဲနေခြင်းဆိုတဲ့ မှားယွင်းချွတ်ချော်မှုဖြစ်လာရော။ ဒီအခါ ဘဝမှာ အရှုံးနဲ့ပဲ ရင်ဆိုင်ရမှာ ဖြစ်တယ်ပေါ့။

ဒါကြောင့်မို့ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ကွဲကွဲပြားပြား သိရအောင် မြတ်စွာဘုရားရဲ့ အဆုံးအမကို မှတ်သားနာယူကြရတယ်။

လောကမှာ ဘာသာဝါဒ အမျိုးမျိုး ရှိကြတဲ့ အထဲမယ် ဣဿရနိမ္မာနဝါဒ အရာရာကို ဘုရားသခင်က ဖန်ဆင်းတယ်ဆိုတဲ့ အယူဝါဒကို ယုံကြည်တဲ့လူတွေရှိတယ်။ အဲဒီယုံကြည်တဲ့ ပုဂ္ဂိုလ်တွေဟာ အဓိပ္ပာယ်အားဖြင့် အရာရာဟာ ထာဝရဘုရားသခင်က ဖန်ဆင်းတာလို့ ယုံကြည်လက်ခံထားရင် ဘယ်လို အခြေအနေမျိုးတွေ ဖြစ်လာသလဲ။ လုပ်သင့်တာနဲ့ မလုပ်သင့်-
စာမျက်နှာ-၅၃
တာ ခွဲခြားသိဖို့ဆိုတာ သူတို့မှာ အဓိပ္ပာယ်မရှိတော့ဘူး။ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ရွေးစရာမလိုဘူး၊ ဘုရားသခင်ရဲ့ အလိုတော်ကျအတိုင်းဖြစ်မှာပဲ။

အဲဒီတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ဒီနှစ်ခုကို မှတ်ယူနိုင်စရာ မရှိသည့်အတွက်ကြောင့် လောကလူသားတွေရဲ့ ကိုယ်ပိုင်ဆန္ဒ၊ ကိုယ်ပိုင် လုံ့လဝီရိယ၊ ကိုယ်ပိုင်အသိဉာဏ်ဆိုတာလဲ အသုံးမဝင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ် ရောက်သွားတယ်။ အရာခပ်သိမ်းဟာ ဘုရားသခင်ရဲ့ အဆုံးအဖြတ်အတိုင်း အကုန်လိုက်နာကြရတာဆိုတော့ သူ့ရဲ့ဆန္ဒ၊ လူ့ရဲ့ လုံ့လဝီရိယ၊ လူ့ရဲ့ ပညာအစွမ်းအစတွေဟာ တန်ဖိုးမရှိတဲ့ အနေအထားမျိုးကို ရောက်သွားတယ်ပေါ့။ . . အဲဒါကြောင့် မြတ်စွာဘုရားက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်ဆန်းစစ်ထားတယ်။ လူ့ရဲ့ ဆန္ဒ၊ လူ့ရဲ့ လုံ့လဝီရိယ၊ လူ့ရဲ့ အသိဉာဏ်ဆိုတာ အင်မတန်မှ အစွမ်းထက်တယ်။ အသိဉာဏ် ရှိလာပြီဆိုရင် လုပ်သင့်တာနဲ့ မလုပ်သင့်တာခွဲခြားပြီး သိရှိလာတယ်။ သိတဲ့အခါမှာ လုပ်သင့်တာကိုလုပ်ခြင်း၊ မလုပ်သင့်တာကို ရှောင်ခြင်းဆိုတဲ့ ဒီအကျိုးတရား ဖြစ်ပေါ်မှုအတွက် မှန်ကန်တဲ့လုပ်ရပ်တစ်ခု ပေါ်လာတယ်ပေါ့။ ဒီလိုဆိုလိုတာနော်။ မလုပ်ဘဲနေလို့ကတော့ ဘာတစ်ခုမှရမှာ မဟုတ်ဘူး။ လုပ်သင့်တာတွေကို လုပ်ကြရမှာ ဖြစ်တယ်ပေါ့။ လောက-
စာမျက်နှာ-၅၄
လူတွေက တစ်ဦးတစ်ယောက်ကို အပြစ်တင်တတ်ကြတယ်။ လူတစ်ယောက် ဒုက္ခရောက်ပြီဆိုရင် ဘာပြောကြတုန်း။ ဒီလူက မလုပ်သင့်တာကို လုပ်တာကိုးလို့၊ မလုပ်သင့်တာကိုသာလျှင် အပြစ်လို့ ယူဆကြတယ်လေ။ တကယ်ကတော့ မလုပ်သင့်တာကို လုပ်တာ အပြစ်ဖြစ်သလိုပဲ လုပ်သင့်တာကို မလုပ်ဘဲနေတာလည်းပဲ အပြစ်ပဲတဲ့၊ တူတူပဲ။ တူညီသော ထိရောက်မှု ရှိတယ်ပေါ့။

အဲဒီတော့ အကြမ်းဖျင်း ပြောရမယ်ဆိုရင် လုပ်သင့်တယ်ဆိုတာ ဘာတွေလဲ။ ကောင်းတဲ့ လုပ်ငန်းတွေ လုပ်ရမယ်နော်။ လူ့ဘဝရလာရင် လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ရမယ်။ နောက်ဆုံးမှာ ကိုယ့်အတွက် လုပ်တာလည်း လုပ်သင့်တာကို လုပ်တာပဲ။ ကိုယ့်မိဘအတွက်လုပ်တာလည်း လုပ်သင့်တာကို လုပ်တာပဲ။ မိတ်ဆွေသင်္ဂဟတွေအတွက် လုပ်တာလည်း လုပ်သင့်တာကို လုပ်တာပဲ။ ကုသိုလ်ကောင်းမှုလုပ်တာလည်း လုပ်သင့်တာကို လုပ်တယ်။ ပညာဆည်းပူးအားထုတ်တာလည်း လုပ်သင့်တာကို လုပ်တယ်။ ဒီလိုအဓိပ္ပာယ် ရတယ်နော်။

မြတ်စွာဘုရားက စီးပွားရှာလို့ ရလာတဲ့စီးပွားကို ဘယ်လို သုံးရမယ်ဆိုတာ သုတ္တန်တွေမှာ ဟောထားတာရှိတယ်။ ရလာတဲ့ စီးပွားဟာ သိမ်းထားဖို့ မဟုတ်ဘူးတဲ့။ “အတ္တာနံ သုခေတိ ပီဏေတိ” = ကိုယ်ချမ်းသာအောင် နေရမယ်။ နံပါတ်နှစ်က-
စာမျက်နှာ-၅၅
“မာတာပိတရော သုခေတိ ပီဏေတိ” = မိဘတွေကို ချမ်းသာအောင် ထားရမယ်။ နံပါတ်သုံးက “ပုတ္တဒါရာနံ သုခေတိ ပီဏေတိ” = ကိုယ့်ရဲ့ မိသားစုကို ချမ်းသာအောင်ထားရမယ်။ နံပါတ်လေးက “မိတ္တာမစ္ဆေ သုခေတိ ပီဏေတိ” = မိတ်ဆွေအပေါင်းအသင်းတွေကိုလည်းပဲ မျှဝေခံစားရမယ်။ နံပါတ်ငါးက ကုသိုလ်ကောင်းမှု လုပ်ရမယ်လို့ ဒီလိုဆိုတာနော်။

အဲဒီနည်းနဲ့ ကုန်သွားတဲ့ ပစ္စည်းဥစ္စာဟာ အကျိုးရှိရှိ ကုန်တာလို့ ဒီလိုပြောတယ်။ ဒါ အကျိုးရှိရှိ ကုန်ဖို့အတွက် ဘုရားဆုံးမတာ။ အဲဒီတော့ ဒါ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားတဲ့အခါမှာ မလုပ်သင့်တာက ဘာလဲ၊ ကိုယ်ကျင့်သီလနဲ့ ပတ်သက်ပြီးတော့ ပျက်ပြားတဲ့ အလုပ်တွေ မလုပ်သင့်ဘူးလို့ မြတ်စွာဘုရားကဟောထားတဲ့ အထဲမယ် စည်းစိမ်ဥစ္စာ ပျက်စီးခြင်းရဲ့ အကြောင်း(၆)မျိုးလို့ ဒီလိုဟောထားတာ။ အဲဒီ(၆)မျိုးကို ထပ်ဆင့်ပြီးတော့ တစ်မျိုးတစ်မျိုးကို အပြစ်အနာအဆာတွေ မြတ်စွာဘုရား ထောက်ပြထားတယ်။ ကောင်းတဲ့အရာဆိုတာ မရှိသလောက်ပဲနော်။ ကောင်းတဲ့အရာမပါဘူး။ မလုပ်သင့်တဲ့ အရာတွေ လုပ်လို့ရှိရင် ဆိုးကျိုးတွေ ရနိုင်တယ်လို့ မနေ့က ဟောခဲ့တယ်။ အားလုံးမှတ်မိကောင်း မှတ်မိလိမ့်မယ်။ “ဘောဂိနီ ဆ အပါယ မုခါနီ” = ကိုယ်ရထားတဲ့ စည်းစိမ်ဥစ္စာတစ်ခုဟာ ယိုယွင်းပျက်စီးပြီးတော့ ဆုံးရှုံးနစ်နာသွားစေနိုင်တဲ့ မိမိရဲ့လုပ်ရပ်-
စာမျက်နှာ-၅၆
ဟာ ဘာတွေလဲလို့ဆိုရင် မူးယစ်သေစာ သောက်စားခြင်း၊ မူးယစ်ဆေးဝါး အသုံးပြုခြင်း၊ အဲဒါလည်း စည်းစိမ်ဥစ္စာ ပျက်စီးခြင်းရဲ့ အကြောင်းတစ်ခုပါတဲ့။ လောကမှာလည်း ဒါ အင်မတန်မှ ထင်ရှားတာပဲလေ။ အသောက်သမားရဲ့ စည်းစိမ်ဥစ္စာဟာ တဖြည်းဖြည်း ဒီရေကျသလို ကုန်ခန်းသွားတာပဲလေ။ တစ်စတစ်စ ယိုယွင်းပြီး သွားတတ်တာပဲ။

နောက်တစ်ခုက “ဝိကာလဝိသိခါစရိယာ နုယောဂါ” တဲ့။ အချိန်မတော် အချိန်တော် လမ်းပေါ်ထွက်ပြီး သွားလာတတ်တဲ့ လူဟာလည်း စွပ်စွဲမှုတွေ ခံရတတ်တယ်ဆိုတာ ဒါလည်း လောကမှာရှိတာပဲ။ မှောင်ရိပ်ခိုမှုနဲ့ ဖမ်းတာတို့၊ ညအချိန်မတော် လမ်းပေါ်တွေ့မှုနဲ့ ဖမ်းတာတို့ ဒါမျိုးတွေ ရှိတာပဲနော်။ အကောင်းဆိုတာတော့ မဖြစ်ဘူး။

နောက်တစ်ခုက ဘာတုန်း “သမဇ္ဇာဘိစရဏ” = ပွဲလမ်းသဘင်သွားခြင်း၊ Stage Show၊ ရုပ်ရှင်၊ ခုခေတ်လိုပေါ့နော် ဝါသနာပါတယ်။ မြတ်စွာဘုရားလက်ထက်တုန်းက ပွဲကြည့်ချင်တယ်ဆိုရင် တစ်နေရာမှာသွားကြည့်ရတယ်။ အိမ်ကနေ ခွာသွားရတယ်။ အခုခေတ်တော့ ဒါကို ပြောင်းရလိမ့်မယ်ထင်တယ်။ အိမ်ပေါ်မှာ Television နဲ့ ကြည့်နေတယ်နော်။ Television နဲ့ကြည့်ရင် ဘာဖြစ်လဲဆိုတော့ ကျန်းမာရေးချို့တဲ့တာဖြစ်မှာပေါ့။ အိပ်ရေးပျက်တာတို့၊ ငယ်ငယ်နဲ့ မျက်စိမှုန်တာတို့ပေါ့။ မျက်စိ-
စာမျက်နှာ-၅၇
ဆရာဝန်တွေ အလုပ်ပိုရလာတယ်။ မျက်မှန်ထုတ်လုပ်တဲ့သူတွေ ပိုပိုပြီး ချမ်းသာလာတယ်နော်။ ခေတ်အခြေအနေအရ ထိုခေတ်တုန်းက “သမဇ္ဇာဘိစရဏ” ဆိုတာ ပွဲသဘင်ရှိတဲ့နေရာ သွားတဲ့အခါ ကိုယ့်အိမ်၊ မိမိရဲ့ အိမ်ဟာ လုံခြုံမှုမရှိတော့ဘူး။ လုပ်ငန်းကိုင်တာတွေ ပျက်စီးတယ်။ အခုလည်းပဲ နေ့ဆိုင်း ညဆိုင်း အလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေ ညက ရုပ်ရှင်ကောင်းလို့ဆိုပြီး တစ်ညလုံးထိုင်ကြည့်၊ မနက်ကျတော့ အိပ်ရာကမနိုး။ အလုပ်သွားတဲ့အခါမှာ အိပ်ချင်မူးတူးနဲ့ဖြစ်။ ဖြစ်လာတဲ့အခါမှာ အလုပ်ခွင်မှာ မပျော်လို့ အလုပ်မကြိုးစားလို့ မှားမှားယွင်းယွင်း လုပ်ရင် ထိခိုက်တယ်ပေါ့။ သူ့ခေတ်နဲ့ သူ့အခြေအနေမှာ ဒီလို ဖြစ်သွားနိုင်တယ်ပေါ့။ အဲဒီတော့ ကောင်းကျိုးဆိုတာတော့ မရတာ မှန်တယ်ပေါ့။

နောက်တစ်ခုက ဇူတပမာဒါ နုယောဂ - ကြွေအံကစားတယ်လို့ ခေါ်တယ်။ ဒါရှေးခေတ်ကအသုံး။ အခုခေတ်တော့ ကြွေအံတစ်မျိုးတင်မကဘူး၊ ကစားမှုမျိုးက သောင်းခြောက်ထောင် ဖြစ်နေပြီနော်။ ဘာတဲ့ Game တဲ့၊ Game ကစားတယ်ဆိုတာ အိမ်ပေါ်မှာတင် ကစားနေကြတာပေါ့။ အဲဒီ Game ကစားတဲ့ လူငယ်လူရွယ်တွေဟာ ဘာဖြစ်လာတုန်းဆိုရင် ကျန်းမာရေး ချို့တဲ့လာတယ်။ မျက်စိတွေမှုန်လာတယ်။ အချိန်တွေဖြုန်းလာတယ်။ နောက်ဆုံးမှာ မအိပ်ချင်အောင်-
စာမျက်နှာ-၅၈
မူးယစ်ဆေးတွေသုံးလာတယ်။ Refresh ဆိုတဲ့ ပြန်လည်လန်းဆန်းစေတဲ့ဆေးတွေ သုံးလာတဲ့အခါ ပြဿနာတွေ မျိုးစုံတက်လာတယ်။ တစ်လောကတင်ပဲ ရန်ကုန်မှာ လူငယ်တစ်ယောက် အိမ်ကနေထွက်သွားတာ ရက်(၂၀)လောက် ပျောက်နေတယ်။ ဘာလုပ်တာတုန်းဆိုတော့ Game ကစားတာတဲ့၊ မိဘတွေက စိတ်ပူတယ်။ ပြန်မလာဘူး၊ Contact လုပ်ဖို့လဲ ဖုန်းကိုပိတ်ထားသတဲ့။ ဖုန်းပိတ်ထားတော့ ဘယ်နေရာ ရောက်နေမှန်းမသိဘူး။ နောက်ကျတော့ သူက Game ကစားနေတာ၊ အဲလိုတောင် ရှိလာတယ်။ ကိုယ့်မိသားစုမှာလည်း ဒါမျိုးတွေ ရှိလာနိုင်တယ်ပေါ့။ စွဲသွားလို့ရှိရင် Game ကလည်း ဘိန်းတစ်မျိုးလို့သာ မှတ်ထားပေတော့။

လူတွေဟာ တစ်ခုခု စိတ်ဝင်စားလို့ စွဲလမ်းသွားလို့ရှိရင် မလုပ်ရမနေနိုင် ဖြစ်သွားတတ်တယ်ပေါ့။ ဒါကြောင့်မို့ ဘယ်ကိစ္စမှ အလွန်အကျွံ Extreme မဖြစ်စေဖို့ အရေးကြီးတယ်။ Extreme ဖြစ်သွားလို့ရှိရင် နောက်ပြန်ဆုတ်ဖို့ အင်မတန်မှ ခဲယဉ်းတယ်။ ကွမ်းစားတာ Extreme ဖြစ်သွားလို့ရှိရင် စွဲတာပဲ။ ဗမာတွေနေတဲ့နေရာမှာ ကွမ်းတံတွေးတွေရှိတယ်။ အဲဒီတော့ ဗမာရှိမရှိ လိုက်ရှာရင် ကွမ်းတံတွေးပဲရှာ၊ ကွမ်းတံတွေးရှိရင် ဗမာတွေ့လိမ့်မယ်။ အဲဒီလိုတောင်ပြောရမယ့် အနေအထားမျိုး ရောက်တယ်နော်။
စာမျက်နှာ-၅၉
တကယ်ကတော့ လုပ်ငန်းတစ်ခုလုပ်ရင် ဘုရားလောင်းရဲ့ စိတ်ဓာတ်မွေးသင့်တယ်ပေါ့။ ဘုရားလောင်းကျတော့ ဒါ မကောင်းဘူးသိတာနဲ့ တိခနဲ ဖြတ်နိုင်တယ်။ ဘုရားအလောင်းက စိတ်ဓာတ်ခိုင်မာတယ်လို့ဆိုရတယ်။ အေး- သာမန်ပုဂ္ဂိုလ်တွေကတော့ မကောင်းမှန်းတော့ သိသားပဲ။ သို့သော်လည်း မဖြတ်နိုင်ကြဘူးတဲ့။ ဘုရားအလောင်းကျတော့ အဲဒီလိုမဟုတ်ဘူး။ ဘယ်လောက် လုပ်လာလုပ်လာ၊ မကောင်းတော့ဘူးလို့ သူ့စိတ်ထဲမှာ ခံယူလိုက်ရင် ဖြတ်လိုက်တယ်။ ကောင်းတယ်လို့ဆိုရင်လည်း လက်တွေ့ကျင့်သုံးလိုက်တယ်။ အဲဒီနှစ်ခုဟာ အင်မတန်မှ အရေးကြီးတယ်။

ဘာဖြစ်လို့ ဒီလိုဖြစ်ရသလဲဆိုရင် လူတွေမှာ အဝိဇ္ဇာနဲ့ တဏှာ ဒီနှစ်ခုရှိတယ်။ တစ်ခါတစ်ရံကျတော့ အဝိဇ္ဇာက ဦးဆောင်နေတယ်။ အဝိဇ္ဇာက ဦးဆောင်တဲ့အခါမှာ မကောင်းတဲ့ အလုပ်ကို မကောင်းမှန်းမသိဘူး၊ အကောင်းလို့ထင်ပြီးတော့ လုပ်တာ။ အဲဒါ အဝိဇ္ဇာက ဦးဆောင်တယ်လို့ ပြောတယ်နော်။ အမှန်မသိလို့လုပ်တာ။ ဆိုပါတော့၊ သူငယ်ချင်းအပေါင်းအသင်းတွေက “ဟေ့- ဒီဆေးလေးစားကြည့်၊ မင်း သိပ်လန်းတာပဲ” ဆေးပြားလေးပေးလိုက်တယ်၊ သိပ်လန်းတယ်၊ နေလို့ထိုင်လို့ သိပ်ပျော်တယ်၊ အပြစ်ကို မမြင်ဘူး၊ လန်းဆန်းတက်ကြွမှုကို ကြည့်ပြီးတော့ ဆေးဝါးစပြီးတော့ သုံးကြည့်လိုက်တယ်နော်။
စာမျက်နှာ-၆၀
အဲဒီတုန်းက မသိလို့လုပ်တာ။ ပြောတယ်လေ လူတွေက “ဒီဆေးလေးက လန်းတယ်” တဲ့။ အမလေး- ခုတောင်မှ လန်းတယ်ဆိုတဲ့ စကားလုံးလေးက တော်တော်လေးကို တွင်တွင်ကျယ်ကျယ် သုံးနေကြတယ်။ ဗမာပြည်မှာနော်။ ဘာလဲ “အချစ်ကလန်းတယ်” ဆိုလား။ အဲဒါမျိုးတွေ၊ လန်းတယ်ဆိုတာ အဲဒါမျိုး။ ဝိဆေးလေးက လန်းတယ်ဆိုတော့ စားကြည့်တာပေါ့။ အဲဒါ အမှန်မသိလို့ စားလိုက်တာ၊ အဝိဇ္ဇာကနေ ဦးဆောင်သွားတာ။ ဟော-သိလည်းသိရော မဖြတ်နိုင်ဘူး။ မကောင်းမှန်းတော့သိတယ်၊ မဖြတ်နိုင်ဘူး။ ဒုက္ခတွေရောက်ပြီး အိမ်က မိဘကလည်း ငြူစူလာတယ်၊ ဆွေတွေမျိုးတွေကလည်း ကြုစုလာတယ်။ ဟိုကမာန် ဒီကမဲနဲ့ မကောင်းတော့ဘူး။ အလုပ်လဲ အဆင်မပြေတော့ဘူးဆို မကောင်းမှန်းတော့သိတယ်။ Drug addict ဖြစ်သွားပြီ၊ Drug addict ဖြစ်သွားပြီဆိုတဲ့အခါ ပြင်လို့မရတော့ဘူး။ အဲဒါကျ တဏှာက ဦးဆောင်တယ်နော်။

အဝိဇ္ဇာနဲ့ တဏှာကို အကုသိုလ်ရဲ့ အမြစ်လို့ပြောတာ။ တစ်ခါတစ်ရံ မကောင်းမှန်းမသိလို့လုပ်တာ၊ တစ်ခါတစ်ရံကျတော့ မကောင်းမှန်းတော့သိတယ်၊ ကြိုက်လို့လုပ်တာ၊ ဟောဒီနှစ်ခုပဲ ရှိတယ်လေ။ အဲဒီတော့ မကောင်းမှန်း သိပြီးတော့ ကြိုက်လို့လုပ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘယ်သူက ဦးဆောင်လဲ။ တဏှာက ဦးဆောင်တာ။ ဒါကြောင့်မို့ တဏှာသည် အဝိဇ္ဇာကို
စာမျက်နှာ-၆၁
ဦးဆောင်သွားတယ်။ တစ်ခါတစ်ရံ အဝိဇ္ဇာက တဏှာကို ဦးဆောင်သွားတယ်။ အဝိဇ္ဇာနဲ့တဏှာ ဒီနှစ်ခုဟာ အပြန်အလှန် ဦးဆောင်သွားကြတာတဲ့။ ဒါနဲ့ ဒီ ဒုက္ခစက်ဝန်းကြီးထဲမှာ လည်ပတ်သွားတာပေါ့။ ဒီလိုဆိုလိုတာနော်။ ။

ကိုယ့်စိတ်ထဲမှာ သူတို့က အနိုင်ယူလွှမ်းမိုးထားတာ၊ အဲဒီ လွှမ်းမိုးထားမှုကို ကိုယ်က ဘာနဲ့ဖြတ်ရမတုန်းဆို အသိစိတ်နဲ့ ဖြတ်ရမယ်။ အသိဉာဏ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီး မကောင်းမှုဆိုတာကို သိလိုက်တာနဲ့ တစ်ပြိုင်နက် ဒီတွယ်တာမှု ကိုလည်း ရှင်းပစ်လိုက်တယ်။ မရှင်းနိုင်သေးလို့ရှိရင် Reduce ဖြစ်အောင် ကြိုးစားရတယ်။ ဘာနဲ့ ကြိုးစားတုန်းဆို Mindfulness Based Stress Reduction လို့ခေါ်တဲ့ MBSR လို့ခေါ်တယ်။

အမေရိကန်၊ ဥရောပ၊ ကိုရီးယားနိုင်ငံတို့ဘာတို့မှာ လာပြီးတော့ သင်တန်းပို့ချပေးနေတာ ရှိတယ်။ တက္ကသိုလ်မှာ MBSR လို့ခေါ်တယ်၊ Mဆိုတာ Mindfulness, Bဆိုတာ Based, Sဆိုတာ Stress, Rဆိုတာ Reduction, (Mindfulness Based Stress Reduction) လို့ခေါ်တယ်။ သတိပဋ္ဌာန် ကျင့်စဉ်ကို ကျင့်ပြီးတဲ့အခါမှာ သတိပဋ္ဌာန်ကျင့်စဉ်ကို အခြေပြုပြီးတော့ စိတ်ရဲ့ ဖိစီးမှုတွေကို လျှော့ချရမယ်တဲ့။ အသိဉာဏ်နဲ့ လောဘကို လျှော့ချနိုင်ရမယ်။ အသိဉာဏ်နဲ့ ဒေါသကို လျှော့ချနိုင်ရမယ်။ ဒါကြောင့်မို့
စာမျက်နှာ-၆၂
အသိဉာဏ်ကိုဆည်းပူးရတယ်လို့ ဒီလိုပြောတာနော်။ အသိဉာဏ် ရှိလာလို့ရှိရင် လူဟာ လုပ်နိုင်ကိုင်နိုင်စွမ်း ရှိလာတယ်ပေါ့။ ဆင်ခြင်တုံတရားရှိလာတယ်ဆိုတာ အဲဒါပြောတာပဲ။

အဲဒီတော့ ရှေးတုန်းကတော့ ကြွေအံကစားတာ၊ အခု ခေတ်ကတော့ Game ကစားတာနဲ့ တခြား ကစားမှုတွေ၊ လောင်းကစားမှုတွေ အများကြီး။ အဲဒါက စီးပွားပျက်ခြင်း အကြောင်းတစ်ခုပဲ။

နောက်တစ်ခုက ပါပမိတ္တတော၊ မကောင်းတဲ့ မိတ်ဆွေတွေနဲ့ ပေါင်းသင်းမှုတဲ့။ ဒါ အပေါင်းအသင်းမှားလို့ ဒုက္ခရောက်တာတွေ အများကြီးပဲပေါ့။ ။

နောက်တစ်ခုက “အာလသာနုယောဂ” အပျင်းထူခြင်းတဲ့။ လူတွေမှာ အပျင်းထူတဲ့ ရောဂါကလည်း အင်မတန်မှ ကြီးမားတယ်။ ဆရာဝန်ဆီသွားပြီး ဆေးကုလို့မရဘူး။ ဘယ်သူမှလည်း အပျင်းရောဂါရှိသလား မရှိသလားလို့ Medical check-up မလုပ်ဘူး။ အပျင်းရောဂါကို အတိုင်းအတာလေး တစ်ခုလုပ်ပြီး Medical check-up လုပ်ပြီး Diagnosis ထုတ်လိုက်လို့ရှိရင် အေး- ဒီလူဟာ ဘယ်အတိုင်းအတာထိ ပျင်းတယ်ဆိုတာ အပျင်းကို စံချိန်တင်ရမယ်။ ရာဇကုမ္ဘာဆိုတဲ့ လူတစ်ယောက်ရဲ့ အပျင်းက စံချိန်ကျိုးတယ်။ အဲဒီစံချိန်ကို
စာမျက်နှာ-၆၃
(Record)ကို ချိုးပစ်ချင်လို့ရှိရင်တော့ အပျင်းသမားက ခုခေတ်အခါ အဲဒီစံချိန်ကို ချိုးဖို့လိုသေးတယ်။ ။

ငါးရာ့ငါးဆယ်ဇာတ်ထဲမှာ ရာဇကုမ္ဘာဆိုတဲ့ လူပျင်းတစ်ယောက်ရဲ့ အကြောင်းပါတယ်။ တစ်နေ့မှာ တစ်တောင်လောက် သွားတာတဲ့။ တစ်နေရာ တစ်နေရာရွှေ့တာ ပျင်းလွန်းလို့ ရောက်တဲ့နေရာမှာ ကပ်နေတယ်။ တစ်နေ့ကို တစ်တောင်လောက် သွားတာ။ အဲဒီလိုသွားရင်း တောလမ်းခရီးထဲ ရောက်နေတဲ့အခါကျတော့ “မင်း- တစ်နေ့တစ်တောင်ဆို ဒီ တောကြီးထဲက ဘယ်လိုလုပ် ထွက်မှာတုန်း”ဆိုပြီး သူ့ကို ပြောကြတယ်။ “ကဲ-မင်း တောကြီးထဲမှာ မီးလောင်လာပါပြီတဲ့၊ မင်း တစ်နေ့တစ်တောင်သွားမယ်ဆိုရင် ဘယ်လိုလုပ်မတုန်း” “ကိုယ့်လူ၊ စိတ်မပူနဲ့၊ ကိုယ်ကံနဲ့ကိုယ်ပဲ၊ ဒီကြားထဲမှာ ချိုင့်ကလေး ဘာလေးရှိရင် လှိမ့်ချလိုက်ရင် မီးလွတ်သွားမှာပဲ” ပျင်းတာလဲ အပျင်းဆင်ခြေနဲ့ပဲ သွားတာပဲ။ ကြိုးစားမယ် မပြောဘူးနော်၊ အပျင်းစံချိန်ချိုးတာ။ စိတ်ဝင်စားရင် (၅၅၀) ဇာတ်ထဲ ဖတ်ကြည့်၊ သူသွားတာ အဲဒီအတိုင်းသွားတာ၊ အဲဒီလောက် ပျင်းတဲ့သူဟာ ကမ္ဘာပေါ်မှာ စံချိန်ကျိုးနေသေးတာပဲနော်။

အဲဒီတော့ ဒီ(၆)မျိုးဟာ စီးပွားဥစ္စာပျက်ခြင်းရဲ့ အကြောင်း (၆)မျိုးလို့ မြတ်စွာဘုရားက ဟောတယ်။ အရက်သေစာ သောက်စားခြင်းဟာ ဘာဖြစ်လို့စီးပွားပျက်နိုင်သလဲ။ သောက်
စာမျက်နှာ-၆၄
စားခြင်းကြောင့် ဘယ်လိုဒုက္ခတွေ ရောက်နိုင်သလဲဆိုတာကို မြတ်စွာဘုရား ဟောထားတယ်။ အင်မတန်မှ တိကျတယ်၊ ကဲမူးယစ်ဆေးဝါး အရက်သေစာ သောက်စားတဲ့ ပုဂ္ဂိုလ်တစ်ယောက်မှာ ဖြစ်နိုင်တဲ့ အပြစ်ကို အာဒီနဝ ခေါ်တယ်။ Danger လို့ပြန်တယ်။ ဖြစ်နိုင်တဲ့ အခြေအနေဆိုးတွေပေါ့။

အရက်သေစာ မူးယစ်ဆေးဝါးသောက်စားမှုက ဘယ်လို အခြေအနေဆိုးတွေကို ဖန်တီးပေးနိုင်တုန်းဆိုရင် နံပါတ် (၁) သန္ဒိဋ္ဌိကာ ဓနဗျသနိ-တဲ့၊ ကိုယ်တိုင်မြင်တွေ့နိုင်တဲ့ ပစ္စည်းဥစ္စာ ဆုံးရှုံးမှုတဲ့၊ ဒါ နံပါတ်တစ်။ အရက်သေစာ သောက်စားမူးရူးနေတဲ့အခါကျတော့ ကြားဖူးတယ်မဟုတ်လား၊ မူးပြီးတော့ လဲနေတော့ သူဝတ်ထားတဲ့ အဝတ်တောင် ချွတ်ယူသွားတယ်။ လက်စွပ်တွေ ဘာတွေလည်း ပါသွားတယ်နော်။ မူးနေလို့ရှိရင် အကုန်ပါသွားတာလေ။ မူးပြီး လဲနေရင်တော့ လိုချင်တဲ့လူက ယူသွားမှာပဲလေ။ (တော်သေးတယ်၊ မွေးရာပါတွေ ကျန်နေသေးလို့။) အဲဒီတော့ သန္ဒိဋ္ဌိကာ ဓနဗျသနိ အရက်မူးသမားအတွက်ဟာ ပစ္စည်းဥစ္စာတွေ ပျက်ပြားဆုံးရှုံးနိုင်တယ်တဲ့။

ကဲ-ကောင်းပါပြီ၊ အထိန်းအသိမ်းကောင်းလို့၊ သူငယ်ချင်း အပေါင်းအသင်းတွေ မိဘတွေက တတ်နိုင်လို့ အရက်သေစာသောက်စားတာကို ဒီလို ပစ္စည်းဥစ္စာတွေ မဆုံးရှုံးအောင် ကာကွယ်နိုင်တယ်ထားဦး။ နောက်တစ်ခု ဘာလာပြန်တုန်း
စာမျက်နှာ-၆၅
ဆိုတော့ ကလဟပ္ပဝဍ္ဎနီတဲ့။ စကားများတာတို့ ရန်ဖြစ်တာတို့ ဖြစ်လာတယ်။ မြန်မာပြည်မှာကြည့်၊ မှုခင်းဆိုတဲ့ ဂျာနယ်ကို ဖတ်ကြည့်လိုက်လို့ရှိရင် အရက်မူးပြီး လူသတ်မှုဖြစ်တာ အများကြီးရှိတယ်။ အရက်မူးတဲ့နေရာမှာ လူသတ်မှုဖြစ်တယ်။ “ထန်းရည်မူးတော့ ကျွဲခိုးပေါ်”သတဲ့၊ ရာဇဝတ်မှုတွေ ဖြစ်တယ်။ အဲဒီတော့ မူးနေသည့်အတွက်ကြောင့် လူတွေဟာ လုပ်မိလုပ်ရာ လုပ်တော့ ပြဿနာတစ်ခုထပ်တိုးသွားတယ်။ ဒါလည်းပဲ လူတိုင်း သိနိုင်တဲ့ အချက်တစ်ခုပဲ။

ထားပါတော့။ ပစ္စည်းဥစ္စာလည်း မပျက်ဘူးနော်၊ ရန်လည်း မဖြစ်ဘူး ဆိုလို့ရှိရင် ဘာဖြစ်လဲ ရောဂါနံ အာယတနံတဲ့။

ရောဂါရမယ်၊ ဒီလူ အရက်သောက်ရင်၊ အေး - သောက်ပြီး ဗိုက်မှောက်အိပ်နေတယ်၊ အိမ်မှာပဲနေတယ်။ ခုနကလို ရန်လည်း မဖြစ်ဘူး။ စည်းစိမ်ဥစ္စာအတွက်လည်း ပူစရာမရှိဘူး။ သူဌေးသားမို့ဆိုတော့ ဘာဖြစ်နိုင်တုန်းဆိုတော့ ကြည့်၊ မြတ်စွာ ဘုရားက တတိယအပြစ်အနေနဲ့ပြောတာ ရောဂါနံ အာယတနံတဲ့။ အရက်သောက်ခြင်းကြောင့် ရောဂါဖြစ်တယ်။

ဟုတ်တယ်လေ၊ အခု အရက်သောက်တဲ့လူတွေမှာ ဘာဖြစ်လာတုန်းဆိုရင် Liver မှာ ဒုက္ခပေးလာတယ်။ အရက်က အသည်းမှာ ဒုက္ခပေးလာတယ်၊ အသည်းခြောက်လာတယ်၊ အသည်း ကြွပ်လာတယ်၊ အသည်းကင်ဆာ ဖြစ်လာတယ်။
စာမျက်နှာ-၆၆
မကြာဘူး ဗိုက်ကလေးဖောင်းလာလို့ရှိရင် အဲဒါ ခေါ်နေပြီလို့သာ မှတ်ပေတော့။ မျက်လုံးလေးဝါလာပြီ၊ ဗိုက်ကလေး ဖောင်းလာ ပြီ၊ အသားရောင်တွေ ပြောင်းလာပြီ ဆိုလို့ရှိရင် ဒီအရက်သမားကို ဟိုက Welcome လုပ်နေပြီ။ အဲဒီအချိန်မှာ ဆက်သောက်လို့ရှိရင် အသည်းကနေ သွေးတွေယိုစိမ့်ပြီး နောက်ဆုံးမှာ ဒုက္ခ ရောက်မယ်။ ဒါက ဘယ်ဆရာဝန်ပဲဖြစ်ဖြစ် အရက်ရဲ့ ဆိုးကျိုးကို အားလုံးသိကြတယ်ပေါ့နော်။ သင်ထားတဲ့ ပုဂ္ဂိုလ်တိုင်း သောက်တဲ့သူမှတစ်ပါး အကုန်သိတယ်။ သောက်တဲ့သူကတော့ ကြိုက်လို့သောက်တာပေါ့။ အဲဒီတော့ နောက်ဆုံးမှာ အသည်းရောဂါနဲ့ ဒုက္ခဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေများတယ်။ ။ ဘုန်းကြီးတို့နဲ့ ရင်းနှီးတဲ့ဒကာကြီး သားလေးယောက် ရှိတယ်။ သားနှစ်ယောက်က အရက်သမားဖြစ်တာ ဘယ်လိုမှ ဟောလို့ ပြောလို့မရဘူး။ အရက်သမားက ဘုရားချွတ်တောင် ကျွတ်တာမှမဟုတ်တာ။ သူက အရက်ကို ဘုရားတောင်လှူလိုက်သေးတယ်။ ဘုရားတောင် အရက်ဒကာခံသေးတယ်လေ၊ တကယ့်လူတွေနော်၊ ဘုရားကို အရက်လှူတယ်တဲ့။ ဘုရားက မသောက်တော့ သူသောက်တာပေါ့။ ကြံကြံဖန်ဖန် အဲဒါ ဘုရားကို အရက်လှူတယ်။ မြန်မာစကားမှာ ဘယ်လိုလုပ် သုံးကြတယ် မသိပါဘူးနော်။ အရက်ဖြတ်တော့ ဖြတ်ပါတယ်။ ဘုရား ဆီမှာ ကတိသစ္စာပြုပြီး အရက်ဖြတ်တယ်လို့ အဲဒီလိုပြောရင်
စာမျက်နှာ-၆၇
ကောင်းတာပေါ့။ ဘုရားလှူထားတယ်ဆိုတော့ ဘုရားကပဲ အရက်သောက်သလိုဖြစ်နေတယ်။ ဒီအသုံးကတော့ မသင့်သေးပါဘူးနော်။ ဘုရားကို အရက်လှူတယ်ဆိုတော့ ကိုယ်ကြိုက်တာ လှူတယ်ဆိုတော့ ကုသိုလ်ရအောင် လုပ်တာလားတော့မသိဘူး။ အတော်ဆိုးတဲ့လူတွေ လောကမှာရှိတယ်။ ။

အရက်ကြော်ငြာတစ်ခုရှိတယ်၊ ဗုဒ္ဓဘာသာဝင်တွေ သတိထားဖို့ လိုအပ်တာပေါ့။ ဂျပန်ပြည်က ကမာကုရ ဘုရားကြီးဆိုတာ သိကြလိမ့်မယ်။ ရုပ်ထုတော်ရှေ့မှာ ဝက်သားကြော်ကြီးတွေတင်လည်း ကမာကုရဘုရားက တည်တည်ကြီးပဲ လုပ်နေတယ်။ ကြက်ကြော်တွေတင်လည်း တည်တည်ကြီးပဲ၊ စားစရာသောက်စရာတွေ အကုန်ဆွမ်းတော်တင် တည်တည်ကြီးပဲ။ ဘီယာပုလင်း တင်လိုက်တဲ့အခါမှာ ပြုံးလာတယ်တဲ့၊ အတော်ဆိုးတဲ့လူတွေ။ အဲဒီအတိုင်း ကြော်ငြာရိုက်ထားတာတဲ့။ အဲဒီတော့ ဗုဒ္ဓဘာသာတွေ မသိလိုက်လို့ ဘယ်သူကမှ မကန့်ကွက်လိုက်ကြဘူးနဲ့တူတယ်။ ဟိုလူတွေဆိုရင်တော့ ဆူညံပွက်သွားမှာပဲနော်။ ဗုဒ္ဓဘာသာတွေက သဘောကောင်းပြီး အေးချမ်းစွာ နေကြတယ်။ အဲဒီတော့ မဟုတ်တာတွေနဲ့ တဖြည်းဖြည်း လုပ်လုပ်လာကြတယ်ပေါ့။ ဘုရားပုံတွေကို မဟုတ်တဲ့နေရာတွေမှာ အသုံးချတယ်။
စာမျက်နှာ-၆၈
တစ်ခါတုန်းက မြန်မာနိုင်ငံက ဦးသန့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်နေတဲ့အချိန် (၂၅၀၀) ခေတ်က ဗုဒ္ဓသာသနာပြုအဖွဲ့ America ကို ကြွတယ်။ အဲဒီကြွတဲ့အခါမှာ Group Photo ရိုက်မလို့ လုပ်တဲ့အခါမှာ ကုလသမဂ္ဂအတွင်းဝန် ဦးသန့်က “ဆရာတော်တို့ ခဏဆိုင်းပါဦး” လျှောက်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ နောက်ကစာတန်းက အရက်ကြော်ငြာကြီး ဖြစ်နေလို့တဲ့။ ဘုန်းကြီးတွေ ဓာတ်ပုံရိုက်တဲ့ နောက်ခံက အရက်ကြော်ငြာကြီး ဖြစ်နေတယ်နော်။ အဲဒီဟာကို မမြင်ရအောင် ဖုံးလိုက်တာပေါ့။ အဲဒါမျိုးတွေဖြစ်တတ်တယ်၊ အရာရာမှာသတိထားရတယ်နော်။

ကောင်းပြီ၊ အရက်သေစာ သောက်သုံးခြင်း၊ ဆေးဝါးမှီဝဲခြင်းဟာ နောက်ဆုံးမှာ လူ့ဘဝမှာ အညွှန့်တုံးသွားတယ်။ ပထမ ကိုယ်ရရမယ့် အတတ်ပညာ၊ ကိုယ်ဆည်းပူးရမယ့် အတတ်ပညာ၊ ကိုယ်ရရမယ့် ပစ္စည်းစည်းစိမ်ဥစ္စာ ကိုယ့်အတွက် နံပါတ်တစ် ဆုံးရှုံးတယ်။ အရက်သမားဟာ ကိုယ့်အတွက် ဆုံးရှုံးတယ်။ ကိုယ့်အတွက် ဆုံးရှုံးသည့်အတွက်ကြောင့် သူ့ကိုအမှီပြုနေတဲ့ သူနဲ့ပတ်သက်တဲ့ မိသားစုတွေ စိတ်ညစ်တယ်။ ဒီလူဟာ မိသားစုအတွက် အကျိုးမပြုသည့်အတွက်ကြောင့် မိသားစုတွေမှာ ဝန်ထုပ်ဝန်ပိုးတွေဖြစ်လာတယ်။ ရောဂါဝေဒနာရလို့ သူ့ကို ဆေးကုရသည့်အခါမှာ ပစ္စည်းဥစ္စာတွေ
စာမျက်နှာ-၆၉
ကုန်ဆုံးတယ်။ ဟုတ်မဟုတ် စဉ်းစားကြည့်လေ။ မြတ်စွာဘုရားက “ရောဂါနံ အာယတနံ”တဲ့။ အရက်သောက်တာဟာ၊ မူးယစ်ဆေးဝါးသုံးတာဟာ ရောဂါတွေရဲ့ အခြေခံကြီး ဖြစ်နေတယ်တဲ့။

နောက်တစ်ခုက ဘာတုန်းဆိုတော့ အကိတ္တိသဉ္ဇနနီ - အကျော်ဇောကင်းမဲ့စေတယ်၊ “ဟာ- ဒီလူက အရက်သမား၊ သိပ်အပေါင်းအသင်းမလုပ်နဲ့၊ သတိထား၊ သူက အသောက်အစားနဲ့နေတာ” တဖြည်းဖြည်း သူ့ရဲ့ ဂုဏ်သတင်းဟာ တက်မလာဘူး။ ဘာသာရေးကိစ္စတွေမှာဆိုရင် သူ့ကိုရှောင်ကြတယ်။ သိပ်ပြီးတော့ အရေးမလုပ်ဘူး။ သူက အသောက်အစားများတယ်ဆိုပြီး ရှောင်ကြတယ်နော်။ ဒါက လူမှုရေးဆုံးရှုံးမှုတစ်ခုလို့ခေါ်တယ်။ လူကြားထဲမှာ လူတိုင်း လူတိုင်းဟာ နာမည်ကျော်ချင်ကြတယ်၊ နာမည်ရှိချင်ကြတယ်၊ ထင်ရှားချင်ကြတယ်။ အဲဒီတော့ အဲဒီ ကိုယ်လိုချင်တဲ့ ကျော်ကြားမှုကို လက်လွတ်ဆုံးရှုံးသွားနိုင်တယ်၊ ဒီလိုဆိုလိုတာ။

နောက်တစ်ခုကတော့ ကောပီနနိဒံသနီတဲ့။ ရှက်စရာကောင်းတဲ့ အင်္ဂါတွေကိုပြပြီး အရှက်ရစေတတ်တယ်ပေါ့။ အရက်သမားဟာ ကြည့်- နောက်ဆုံးမှာ သူ့ကိုယ်သူ မနိုင်တဲ့အခါကျတော့ Naked ဖြစ်ချင်လည်း ဖြစ်သွားတာပေါ့။
စာမျက်နှာ-၇၀
Naked ဖြစ်သွားတော့ အပေါင်းအသင်း ရောင်းရင်းတွေရဲ့ ကြားမှာ ရှက်စရာဖြစ်တာပေါ့။ ဒီလိုဆိုလိုတာနော်။

ခုခေတ်မှာ လုံခြုံရေးအကြောင်းပြပြီးတော့ တစ်လောက Reader's Digest မှာ ဖတ်ရတဲ့အထဲမှာ နိုင်ငံတချို့ပေါ့။ အဲဒီနိုင်ငံသွားဖူးတဲ့ သူတွေကတော့ သိကောင်းသိလိမ့်မယ်။ နယ်သာလန်တို့၊ ဂျာမဏီတို့မှာ လေဆိပ် Check in လုပ်တာ ရှိတယ်။ Check in လုပ်တဲ့စက်ထဲ ဝင်လိုက်တာနဲ့ မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်သွားတယ်၊ ဘာဝတ်ထားလို့မှ မရဘူး၊ Reader's Digest ထဲမှာ လေယာဉ်ပျံပေါ်ကို လူကြီးတွေ လက်ကလေးနဲ့ အုပ်ပြီး တုံးလုံးကြီး ပြေးပြေးတက်သွားတဲ့ပုံ ပြထားတယ်။ အဲဒီ Check inကို သရော်ထားတာနော်၊ လေယာဉ်ပျံပေါ်တက်ဖို့ရန် အတွက် ဘယ်လိုအဝတ် ဝတ်ထားထား အကုန်လုံး အဝတ်တွေကို ဖောက်ပြီးတော့ မိမွေးတိုင်း ဖမွေးတိုင်း ပုံစံပေါ်အောင် အဲဒီထဲမှာ ရိုက်လိုက်တာ တချို့ကလည်း ကန့်ကွက်တယ်၊ ဒါမလုပ်သင့်ဘူးပေါ့၊ Human dignityကို ထိခိုက်တယ်ပေါ့။ မလုပ်သင့်ဘူး၊ တစ်ချို့နိုင်ငံမှာ အဲဒီစက်ကိုတပ်တယ်။ ခရီးသွားတဲ့ သူတွေလည်း သတိထားပေါ့၊ Check in ဆိုရင် မိမွေးတိုင်း ဖမွေးတိုင်း မြင်ရမယ်။ အဲဒါ ကောပီနနိဒံသနီ လို့ခေါ်တယ်။ ဒါလဲဖြစ်တာပဲနော်။
စာမျက်နှာ-၇၁
ဟော-နောက်ဆုံး ဆုံးရှုံးမှုကတော့ ဘာလဲဆိုရင် ပညာယ ဒုဗ္ဗလီကရဏီတဲ့။ အသိပညာ အားနည်းသွားတယ်။ အသိပညာ အားနည်းသွားတယ် ဆိုကတည်းက ဒီပုဂ္ဂိုလ်ရဲ့ ကြီးပွားတိုးတက်မှုက သွားပြီပေါ့။ ဆုံးရှုံးနစ်နာသွားတယ်။ မြတ်စွာဘုရား လက်ထက်တုန်းက ဘုရားကို အလုပ်အကျွေးပြုနေတဲ့ ရဟန်းတော်တစ်ပါးရှိတယ်၊ အဲဒီ ရဟန်းတော်ကို သာဂတ လို့ခေါ်တယ်။ သူက သမထကျင့်စဉ်ကျင့်လို့ အောင်မြင်ပေါက်ရောက်သွားပြီး ဈာန်အဘိညာဉ်ရတယ်။ အမ္မတိတ္ထ မှာ သောင်းကျန်းနေတဲ့ နဂါးတစ်ကောင်နဲ့ တန်ခိုးချင်းပြိုင်တာ အနိုင်ရတယ်။ အဲဒီ အမ္မတိတ္ထ နဂါးကို တစ်နယ်လုံး ဖိန့်ဖိန့်တုန်အောင် ကြောက်နေရတယ်။ အဆိပ်ပြင်းတဲ့ နဂါးကြီး၊ ဘယ်သူမှ မတို့ရဲ မထိရဲဘူး။ ရှင်သာဂတက ဆုံးမတယ်။ တန်ခိုးပြိုင်ပြီး နဂါးကို ဆုံးမလိုက်တာ။ အဲဒီနယ်မှာ ဟိုလေးတကျော် ဖြစ်သွားတယ်။ ကောသမ္ဘီက ဒကာတွေက တန်ခိုးကြီးတဲ့ ရဟန်းတော်ကို ဝတ်ပြုချင်ကြတာပေါ့နော်။ (Singaporeက လူတွေ အဲဒီလိုလည်း ဝတ်မပြုကြနဲ့နော်။) ဝတ်ပြုချင်တော့ ဆဗ္ဗဂ္ဂီရဟန်းတွေကိုမေးတယ်။ ဆဗ္ဗဂ္ဂီဆိုတာ ဘုန်းကြီးလောကမှာ တော်တော်ဆိုးတဲ့ ကိုယ်တော်တွေ။ ဘုရားလက်ထက်က ခြောက်ယောက်အုပ်စု ခေါင်းဆောင်တဲ့ ရဟန်းတွေ။ သူတို့က ဘာအကြံပေးကြသလဲဆိုရင် ခုခေတ် ဘီယာလို့ခေါ်တဲ့အရာ၊
စာမျက်နှာ-၇၂
သေနုလို့ခေါ်တဲ့အရာ။ သေ လို့ ရှေးတုန်းက စာထဲမှာရေးထားတယ်။ အရက်ပြင်းမဟုတ်ဘူး၊ ခိုခြေထောက် အဆင်းရှိတဲ့ ဘီယာပေါ့။ များများသောက်ရင် မူးတယ်။ အဲဒါ ဘုန်းကြီးတွေအတွက် ရခဲတယ်တဲ့။ ရှင်သာဂတကို ကြည်ညိုလို့ရှိရင် သေနုကို စီမံပါဆိုတော့ အိမ်တိုင်းအိမ်တိုင်းက အဲဒီ အရက်နု ဘီယာကို စီစဉ်ထားပြီး ရှင်သာဂတကို အိမ်တိုင်းက ပင့်ကပ်ကြတယ်။ တန်ခိုးကြီးတော့ ကြည်ညိုကြတယ်လေ။ ဟိုအိမ်ကကပ်လိုက် ဒီအိမ်ကကပ်လိုက်နဲ့ နည်းနည်းနည်းနည်း သောက်လိုက်တာ အိမ်တွေကများတဲ့အခါကျတော့ ဘာဖြစ်တုန်းဆို ကျောင်းအပြန် မြို့အထွက်တံခါးဝမှာ မူးပြီး ထိုးလဲတယ်။ မြတ်စွာဘုရားက ဆွမ်းခံကြွလာရင်းတွေ့တော့ ရဟန်းတွေကို ထမ်းပြီး ကျောင်းသယ်လာခိုင်းတယ်။ ပွေ့ယူသွားကြတယ်။ ထမ်းခေါ်သွားကြတယ်။

ကျောင်းရောက်တဲ့အခါ ဘုရားရှေ့ခေါင်းပြုပြီး ချတဲ့အခါ သူကမူးနေတာဆိုတော့ ဘုရားကို ခြေထောက်ကြီးပေးပြီး ပြန်လှည့်အိပ်တယ်။ အဲဒီမှာ မြတ်စွာဘုရားက မိန့်တယ်။ “သာဂတဟာ အရင်တုန်းက ငါ့အပေါ်မှာ အလွန်ရိုသေတယ်၊ အခု အဲဒီစိတ်ရှိသေးလား” “မရှိတော့ပါဘုရား” “အဲဒီလို သတိလွတ်သွားစေတတ်တဲ့ အရည်မျိုးကို သောက်သင့်လား၊ မသောက်သင့်ဘူးလား” လို့ဆိုတော့ “မသောက်သင့်ပါဘုရား”
စာမျက်နှာ-၇၃
လို့ လျှောက်ကြတယ်။ အဲဒီကစပြီး မြတ်စွာဘုရားက အရက်မသောက်ရဘူးလို့ သိက္ခာပုဒ် ပညတ်တယ်။ ရှင်သာဂတဟာ နောက်ဆုံးမှာ အရှက်ရသွားပြီး သူ့ကိုယ်သူ ကောင်းအောင် ပြုပြင်တယ်၊ နောက်ဆုံးမှာ ရဟန္တာဖြစ်သွားတယ်။

အဲဒီလို အသိပညာ အသိစိတ်ဟာ အားနည်းသွားတယ်။ ဒီလို ဆိုးကျိုးတွေကို ရရှိခံစားရတတ်တယ်။ ဒါက အရက်သေစာ မူးယစ်ဆေးဝါးသောက်စားခြင်းရဲ့ အပြစ်ခြောက်မျိုး မြတ်စွာဘုရား ဟောတာ။ ဒီအထဲ ခြောက်မျိုးလုံး ဖြစ်တယ်လို့ပြောတာ မဟုတ်ဘူး။ တစ်ခုခုတော့ လာမှာပဲ။ နို့မို့ဆိုရင် လူကဆင်ခြေတက်ဦးမှာလေ၊ အရက်ကို ကြိုက်လို့သောက်တယ်၊ ကျန်းမာတယ်၊ နည်းနည်းချင်းသောက်ရင် ဘာမှမဖြစ်ဘူး၊ ဆေးဖြစ်ဝါးဖြစ် သောက်တယ်တဲ့။ ဆေးဖြစ်ဝါးဖြစ်ကနေ နောက်တော့ ဘေးဖြစ်ဘာဖြစ် ဖြစ်လာတာပေါ့။ သောက်ပါများတဲ့အခါကျတော့ ဒီအရည်က ဦးနှောက်ထဲရောက်လာပြီး ဒီအရက်သမားရဲ့ အတွေးအခေါ်ဟာ ကြောင်တောင်တောင်တွေ ဖြစ်လာတာပဲ၊ ဒီအရည်ကြောင့် လူ့ရဲ့ဦးနှောက် အတွေးအခေါ်တွေက ပြောင်းလဲလာတတ်တယ်လို့ဆိုတာ ဆေးပညာအရ ဒါသိတယ်ပေါ့နော်။ ဒီအရည်ဟာ သွေးထဲရောက်သွားတော့ သွေးပြောင်းသွားတယ်၊ အဲဒီလို ပြောင်းလဲသွားတဲ့သွေးက အကောင်းကို
စာမျက်နှာ-၇၄
အားမပေးဘူး၊ မကောင်းတဲ့ဘက်ကို အားပေးတယ်။ နောက်ဆုံးမှာ ရောဂါနဲ့ ဒုက္ခရောက်တာပဲ။

နောက်တစ်ခုကျတော့ဘာတုန်း။ အချိန်မတော် အချိန်တော် လမ်းပေါ်မှာ လျှောက်သွားခြင်းရဲ့ အပြစ်က ဘာလဲလို့။ အပြစ်ဆိုတာ ဖြစ်နိုင်တဲ့အရာတွေကို ပြောပြတာ၊ နံပါတ်တစ်က “အတ္တာပိဿ အဂုတ္တော အရက္ခိတော”တဲ့။ ကိုယ့်ကိုကိုယ်လည်း မလုံခြုံဘူးတဲ့။ အဲဒီအချိန် အပြင်ထွက်ရင် ကိုယ်လဲ မလုံခြုံဘူး၊ ကိုယ့်ကိုမုန်းတဲ့သူက ချောင်းရိုက်သွားလည်းခံရမှာပဲ။ အချိန်မတော် အချိန်တော် လမ်းပေါ်မထွက်ရဘူးတဲ့။ ကိုယ့်ကိုကိုယ်လည်း လုံခြုံမှုမရှိဘူးလို့ ဒီလိုပြောတာနော်။

နောက်တစ်ခု “ပုတ္တဒါရောပိဿ အတ္တာ အရက္ခိတာ” ကိုယ့်သားမယားလည်း မလုံခြုံဘူး။ ဘာဖြစ်လို့တုန်းဆိုရင် အိမ်မှာလူကြီးမရှိဘူး။ လူကြီးလုပ်တဲ့လူက အပြင်ပဲ ထွက်နေတယ်ဆိုတော့ ကလေးတွေကလည်း အပြင်ထွက်ကြတယ်။ လူကြီးမရှိတော့ ထင်သလိုနေကြတော့ သားမယားတွေမှာလည်း ပျက်စီးတယ်။ ဒီလိုပြောတာနော်။ ။ ၂။ နောက်တစ်ခု သာပတေယျံပိဿ အဂုတ္တံ အရက္ခိတံ သူပိုင်တဲ့ပစ္စည်းတွေလည်း လုံခြုံမှုမရှိဘူးတဲ့။ လူမရှိဘူးဆိုတဲ့အခါမှာ ခိုးချင်တဲ့သူ ဖောက်ထွင်းချင်တဲ့သူ၊ ရယူချင်တဲ့ လူတွေက အလွယ်တကူ ရယူပြီးတော့ သွားကြတယ်တဲ့။
စာမျက်နှာ-၇၅
နောက်တစ်ခုက ဘာတုန်းဆို သကိယော စ ဟာတိ ပါပကေသု ဌာနေသု- အချိန်မတော် လမ်းပေါ်ထွက်တဲ့လူကို အရပ်က မကောင်းတဲ့အလုပ်နဲ့ ပတ်သက်ပြီးတော့ သံသယဖြစ်ခံရတတ်တယ်တဲ့နော်။ ပစ္စည်းတစ်ခုပျောက်ရင် ဟာ-ဒီလူကတော့ ညလမ်းပေါ်ထွက်တဲ့လူပဲ၊ သူ့လက်ချက်နေမှာပဲ။

ဘာပဲဖြစ်ဖြစ် သူ့လက်ချက်နေမှာပဲ၊ သူ့ကိုပဲ သံသယဖြစ်ကြတယ်။ ဟော အဲဒါလည်း သူလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ သံသယဖြစ်မှုကို ခံရတတ်တယ်လို့ ပြောတာနော်။ ဒါ မြတ်စွာဘုရားက Possibility တွေကို ဟောတာ။ တစ်ခါတလေကျတော့ Substantiate လည်းပါတယ်။ ဖြစ်နိုင်ခြေရှိတာတွေကို ပြောပြတာနော်။ အဲဒီလို အန္တရာယ်တွေ လာနိုင်တယ်တဲ့။

ဟော နောက်တစ်ခုက ဘာတုန်း “အဘူတဝစနံ စ တသ္မီး ရူဟ” တဲ့။ မဟုတ်မတရား စွပ်စွဲခံရတာမျိုးလည်း ဖြစ်တတ်တယ်။ စွပ်စွဲခံရတတ်တယ်။ ပတ်ဝန်းကျင်က “ဗဟူနဉ္စ ဒုက္ခဓမ္မာနံ ပုရက္ခတော” တဲ့၊ ပြဿနာအားလုံးအတွက် လမ်းပေါ်ထွက်ခြင်းဟာ ရှေ့ပြေးဖြစ်တယ်တဲ့၊ ဒီလိုဆိုလိုတာ။ ဒါကြောင့်မို့လို့ အချိန်မတော် အချိန်တော် လမ်းပေါ်ကို မထွက်ရဘူးတဲ့။ အပြစ်တွေက ဒီလိုရှိနိုင်တယ်။ မြတ်စွာဘုရားက ဟောပြတာနော်၊ ဒါက ကိုယ့်ကိုကိုယ် ဆင်ခြင်ရမယ့်ကိစ္စတစ်ခုပေါ့။

ဒီအတွက် လမ်း
မို့လို့ အချိန်မပေးဖြစ်တယ်တဲ့။
စာမျက်နှာ-၇၆
အဲဒီတော့ လောကလူတွေက ဆင်ခြေပေးကြတယ်။ ကိုယ်ကောင်းခေါင်းဘယ်မှမရွေ့ဘူး ဆိုပြီးတော့နော်၊ ခေါင်းတင်မကဘူး လူပါရွေ့ပါသွားတယ်။ တစ်ခါတလေကျတော့ ကိုယ့်ကောင်းပေမယ့်လို့ ရွေ့ချင်ရွေ့တာပဲ၊ မရဘူးနော်။ အဲဒီကြောင့်မို့လို့ ဆင်ခြင်ရမယ့်နေရာ ဆင်ခြင်ရတယ်။

သဗ္ဗာသဝသုတ် မှာ မြတ်စွာဘုရား ဟောထားတာ၊ တချို့ ဒုက္ခတွေကို ရှောင်ပြီးတော့ ဖယ်ရှားရမှာတဲ့။ ရှောင်ပြီးတော့ ဖယ်ရှားရတယ်ဆိုတာဘာတုန်း၊ ခွေးဆိုးတွေ့လို့ရှိရင် ခွေးဆိုးကို ကိုယ်က ရှောင်ရတယ်နော်။ ဆင်ဆိုးရှိတဲ့နေရာ ဆင်ဆိုးကို ရှောင်ရတယ်။ ရှောင်ခြင်းဖြင့် အန္တရာယ်က လွတ်နိုင်တယ် ဒီလိုဆိုတာ။

ဂျာနယ်ထဲမှာရေးထားတာရှိတယ်၊ ပဲခူးအနီး ၁၀-မိုင်ကုန်း နေရာမှာ သီလရှင်ကျောင်းရိပ်သာတစ်ခုရှိတယ်။ အဲဒီရိပ်သာမှာ တောဆင်ရိုင်းတွေ ဝင်ဝင်လာတယ်။ တောဆင်ရိုင်းတွေ အန္တရာယ်ရှိလို့ဆိုပြီးတော့ မြို့ထဲရွာထဲ သွားအိပ်ကြတယ်။ ညအချိန်ဆိုလို့ရှိရင် ဆင်အန္တရာယ်ရှိတယ်။ အဲဒီမှာ သီလရှင်အဖွားကြီးတစ်ယောက်က ခေါ်တာမလိုက်ဘူးတဲ့၊ သူ့ကမ္မဋ္ဌာန်းကျောင်းလေးထဲ သူနေပြီး ညကျတော့ ဆင်တွေဝင်လာတဲ့အသံကြားတော့ သူက ဘာလုပ်တုန်းဆို သွပ်ပြားကို တုတ်ကလေးနဲ့ တောက်တောက်, တောက်တောက်နဲ့ ခေါက်နေတယ်၊ ဆင်
စာမျက်နှာ-၇၇
ခြောက်တာတဲ့လေ။ ဆင်က အသံကြားတဲ့ဆီလာပြီး နှာမောင်းနဲ့ ဆွဲထုတ်ပြီး နင်းခြေသတ်သွားတယ်တဲ့။ အန္တရာယ်ရှိတာကို မရှောင်သည့်အတွက်ကြောင့် အဲဒီအဖွားကြီး အသက်ဆုံးရှုံးသွားတယ်။ ဒါက တကယ်ဖြစ်တာကို ပြောတာနော်။ အန္တရာယ်ဆိုတာ ရှောင်ရတယ်လို့ ဒီလိုပြောတာ။ ဒါကြောင့်မို့ လမ်းပေါ်ထွက်ရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ရှောင်ဖို့ “ဗဟူနဉ္စ ဒုက္ခဓမ္မာနံ ပုရက္ခတော” တဲ့။ ဒုက္ခဖြစ်စရာတွေ ပြဿနာတွေအားလုံးအတွက် ရှေ့ပြေးဖြစ်နေတယ်။ ဒါကြောင့်မို့ အချိန်မတော် အချိန်တော် အပြင်ကို မထွက်ရဘူးလို့ ဒီလိုဆိုလိုတယ်။ ဟော-နောက်တစ်ခုက ဘာတုန်းဆို “သမဇ္ဇာဘိစရဏ” ရဲ့ အပြစ် (၆)မျိုးတဲ့။ ပွဲလမ်းသဘင်ကိုသွားတဲ့၊ ပွဲကြိုက်တတ်တဲ့ ပုဂ္ဂိုလ်မှာ အပြစ်(၆)မျိုးရှိတယ်။ ဘာလဲလို့ဆိုရင် ကပွဲသွားတာတို့ သီချင်းဆိုပွဲသွားတာတို့၊ အတီးသွားတာတို့၊ နောက်တစ်ခါ ပွဲဆိုတဲ့အထဲမယ် လောင်းကစားပွဲသွားတာတို့၊ Stage Show သွားတာတို့ တော်ကြာ Stage Show က ဘုရားလက်ထက်က ရှိလားလို့ မေးမနေနဲ့၊ ရှိတယ်နော်။ ဇာတ်ခုံပေါ်ကပြတာ Stage Show သွားတာတို့၊ အဲဒီလိုသွားခြင်းဖြင့် ဘာဖြစ်လဲဆိုရင် အိမ်ရဲ့လုံခြုံမှုကိုလည်း ထိခိုက်တယ်။ ငွေကြေးဓနလည်း ထိခိုက်တယ်။
စာမျက်နှာ-၇၈
ကုန်ဆုံးတယ်။ ပွဲလမ်းသဘင်ကြိုက်လို့ ပွဲသဘင်မှာ အချိန်ဖြုန်းသည့်အတွက်ကြောင့် အလုပ်အကိုင်လည်း ထိခိုက်လာတယ်ပေါ့။ အဲဒါကြောင့်မို့လို့ ဒါကလည်း အပြစ် (၆) မျိုးလို့ ဟောတာ။ ဒီလို ကပွဲသွားတာက အပြစ်တစ်ခု, သီချင်းဆိုတာ သွားနားထောင်တာအပြစ်တစ်ခု တီးလုံးပွဲသွားနားထောင်တာ အပြစ်တစ်ခု၊ လောင်းကစားပွဲသွားတာက အပြစ်တစ်ခု, Stage Show သွားတာ အပြစ်တစ်ခု, အိုးစည်တီးပွဲ သွားကြည့်တာက အပြစ်တစ်ခု ဆိုပြီးတော့ အပြစ်(၆)မျိုးရှိတဲ့အကြောင်း မြတ်စွာဘုရားက ဟောထားတယ်နော်။ အဲဒီလို လောကကြီးမှာ ဆောင်ရမှာနဲ့ ရှောင်ရမှာ။ လူတော် လူကောင်းဖြစ်ဖို့အတွက် ရှောင်ရမယ့်ကိစ္စတွေ ရှောင်မှသာလျှင် ကောင်းကျိုးချမ်းသာ ရနိုင်တာဖြစ်တယ်တဲ့။

ဟော - နောက်တစ်ခုက ဘာတုန်းဆိုရင် လောင်းကစားပွဲတွေရဲ့ အပြစ်(၆)မျိုးရှိတယ်တဲ့။ နံပါတ်တစ်က ဘာတုန်း “ဇယံ ဝေရံ ပသဝတိ” တဲ့။ ကိုယ်က အနိုင်ရလို့ရှိရင် ရန်များတယ်၊ အမုန်းများတယ်။ ဒါကြောင့်မို့လို့ ဖဲဝိုင်းမှာ ဓားထိုးမှုတွေဖြစ်တယ်ဆိုတာ ရှိတာပေါ့နော်၊ နိုင်တဲ့လူကိုလည်း ဘေးကလူတွေက မခံချင်ကြဘူးပေါ့။ နိုင်တဲ့လူကိုလည်း ဒုက္ခပေးတာပဲ။ ဒါကြောင့်မို့ နိုင်လို့ရှိရင်လည်း ရန်ပွားတတ်တယ်။ နိုင်သူရန်ပွား။
စာမျက်နှာ-၇၉
ရှုံးတဲ့သူကျတော့ဘာဖြစ်လဲ၊ “ဇိနော ဝိတ္တ မနုသောစတိ” ရှုံးသွားတဲ့ပိုက်ဆံအတွက် စိုးရိမ်သောကရောက်တယ်တဲ့၊ ဒါ အပြစ်တစ်ခု။ နောက် “သန္ဒိဋ္ဌိကာ ဇနဇာနီ” လက်တွေ့ဘဝမှာပဲ စည်းစိမ်ဥစ္စာတွေ ပျက်စီးတယ်တဲ့။ “သဘာဂတဿ ဝစနံ န ရူဟ” အစည်းအဝေးပွဲတွေမှာ သူပြောတဲ့စကားဟာ မထိရောက်ဘူးတဲ့၊ ဘာဖြစ်လို့လဲဆို ဒီလူက ကစားသမား၊ ကစားသမားလို့ လူသိများထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စကားဟာ ဘယ်တော့မှ မအောင်ဘူး အဲဒါကို ဆိုလိုတယ်။

နံပါတ်ငါးက “မိတ္တာမစွာနံ ပရိဘူတော” မိတ်ဆွေ အပေါင်းအသင်းတွေက သူ့အပေါ်မှာ နှိပ်ကွပ်တယ်တဲ့၊ အေး ဒီကောင့်ပေါင်းရင် ကြည့်ပေါင်း။ ငါ သူ့အကြောင်း ကောင်းကောင်းသိတယ်။ ဒီလူဟာကစားသမား၊ ဟော- မိတ်ဆွေသင်္ဂဟ အပေါင်းအသင်းတွေက ကောင်းတဲ့ဘက်ကနေ မပြောကြဘူးတဲ့။

နောက်ဆုံးနံပါတ်(၆)ကျတော့ဘာတုန်းဆိုရင် “အာဝါဟဝိဝါဟကာနံ အပတ္တိတော” သားရေး သမီးရေးကိစ္စ၊ အိမ်ထောင်ရေးကိစ္စနဲ့ ပတ်သက်လာလို့ရှိရင် သူ့ကိုဘယ်သူမှ မစဉ်းစားဘူး။ “ဒီကောင်က ကစားသမား၊ သားမယားကို ကောင်းကောင်းလုပ်ကျွေးနိုင်မယ့် အနေအထား မရှိဘူး၊ အဲဒီ
စာမျက်နှာ-၈၀
တော့ သူနဲ့မပေးစားနဲ့”ဆိုတာတွေ ဖြစ်လာကြတယ်။ ဒါမြတ်စွာဘုရား အဲဒီအတိုင်း ဟောထားတာနော်။

အာဝါဟ ဝိဝါဟ ဆိုတဲ့စကားရှိတယ်။ အဲဒီစကားလုံး အဓိပ္ပာယ်က ဘာတုန်း၊ လူတွေကတော့ အာဝါဟ ဝိဝါဟ မင်္ဂလာဆိုရင် မင်္ဂလာဆောင်တယ်လို့ပဲ ပြောကြလိမ့်မယ်။ သတို့သမီးကို ဆောင်ယူတာကို အာဝါဟ လို့ခေါ်တယ်။ သတို့သမီးကို ဆောင်တယ်ဆိုတာ မိဘအိမ်ကနေ သတို့သားအိမ်ကို ခေါ်ယူလာတာကို အာဝါဟ နော်။ ဝိဝါဟ ဆိုတာ ဘာတုန်းဆို သတို့သမီးရဲ့ မိဘတွေက သတို့သားအိမ်ကို ပို့ပေးတာ ဝိဝါဟ နှစ်ခုပေါင်းပြီးတော့ ပြောတာနော်။ အာဝါဟ ဝိဝါဟ။ ဒါကြောင့်မို့ Bride & Bridegroom လို့ခေါ်တာတစ်ခု၊ သတို့သမီးလောင်းကို ပို့ဆောင်ပေးတာကတစ်ခု၊ အဲဒီနှစ်ခုကို ပေါင်းပြီးတော့ အာဝါဟ ဝိဝါဟ ခေါ်တယ်။

မြန်မာပြည်မှာတော့ ဒီထုံးစံမရှိဘူး။ မြန်မာပြည်မှာတော့ ဘယ်လိုလုပ်ကြလဲတော့ မသိဘူး။ အရပ်ထဲမှာ သတို့သမီးက သတို့သားအိမ်လိုက်တာလား၊ သတို့သားက သတို့သမီးအိမ်လိုက်သွားတာလား၊ ကြိုက်သလိုလုပ်ကြတယ်နဲ့ တူပါတယ်နော်။ အိန္ဒိယနိုင်ငံမှာတော့ ဒီလိုမဟုတ်ဘူး၊ Dowry စနစ် ရှိတယ်။ Dowry System ဆိုတာ မိန်းကလေးက တင်တောင်းရတယ်၊ အမျိုးသားတစ်ယောက်ကို အိမ်ထောင်
စာမျက်နှာ-၈၁
ပြုချင်ရင် အမျိုးသမီးက တင်တောင်းတယ်။ ဒါ Dowry System လို့ခေါ်တယ်။ မြန်မာပြည်မှာ Dowry မရှိဘူး၊ တတ်နိုင်တဲ့သူက ပေးတယ်နော်၊ ကောင်းတယ်။

အိန္ဒိယမှာတော့ Dowry ရှိတယ်။ Dowry ရှိသည့်အတွက်ကြောင့် မိသားစုတစ်စုမှာ သမီးတွေချည်းမွေးရင်တော့ ဒုက္ခရောက်ပြီသာ မှတ်ပေတော့။ ပိုက်ဆံမတတ်နိုင်လို့ရှိရင် အိမ်ထောင်ချပေးလို့မရဘူး။ ဒါကြောင့်မို့ အိန္ဒိယနိုင်ငံမှာ သမီးမမွေးချင်ကြတာ၊ အိမ်ထောင်ရေးကိစ္စတွေမှာ အရှုံးခံရတယ်။ မြန်မာပြည်မှာ အဲဒီလိုမရှိတဲ့ Tradition က အင်မတန်မှ ကောင်းတယ်လို့ ခေါ်မှာပဲနော်။ မေတ္တာလမ်းခင်းပြီး မြန်မာပြည်မှာတော့ သွားတယ်ထင်ပါရဲ့။ ရွှေကြိုးငွေကြိုးနဲ့ သွားတယ်ထင်ပါရဲ့။ Dowry နဲ့သွားတာ ဟုတ်မယ်မထင်ပါဘူးနော်။

ဗမာရဲ့ System က ချီးမွမ်းစရာ အများကြီးရှိတယ်။ အမျိုးသမီးတွေ အိမ်ထောင်ပြုတဲ့အခါ အမျိုးသားနာမည် ယူစရာမှ မလိုတာလေ။ အနောက်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေကတော့ သူ့နာမည်စွန့်ပြီးတော့ အမျိုးသားနာမည်နောက်ကို လိုက်ပြီးတော့ ယူရတာ။ အနည်းဆုံး နာမည်ဖြစ်ဖြစ် နောက်ကနေ လိုက်ရတာ။ မြန်မာပြည်မှာတော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ရတယ်။ Remain လုပ်လို့ရတယ်။ အလွန်လွတ်လပ်မှုရှိတယ်။
စာမျက်နှာ-၈၂
ဒါကြောင့်မို့ ဗမာတွေကို ရွှေလို့ခေါ်တာလား မသိဘူး။ Golden ရွှေလား၊ စောင်းသွားတဲ့ရွှေလားမသိဘူး။ လမ်းကြောင်းမတည့်ဘဲနဲ့ စောင်းသွားလို့ ရွှေခေါ်တာလားနော်။ အဲဒီလို အဓိပ္ပာယ်ဟာ တကယ့်ကို Gold ရွှေဆိုရင်တော့ ကောင်းတာပေါ့နော်၊ တန်ဖိုးရှိတာပေါ့။ အဲဒါက လောင်းကစားနဲ့ ပတ်သက်တဲ့ အပြစ်(၆)မျိုးတဲ့။

ဟော နောက်တစ်ခုက မိတ်ဆွေယုတ်နဲ့ ပေါင်းသင်းဆက်ဆံမှုကြောင့် ဖြစ်နိုင်တဲ့ အပြစ်(၆)မျိုးတဲ့။ ဘာလဲလို့ဆိုရင် သူပေါင်းတဲ့သင်းတဲ့ လူတွေဟာ လူကောင်းမရှိဘူး။ သူပေါင်းတဲ့သင်းတဲ့လူက လူဆိုး (၆)ယောက်ပဲ၊ (၆)မျိုးကို ပေါင်းတာ။ ဘာတုန်းဆိုတော့ (၁) ဓုတ္တ-တဲ့၊ အရက်သမား ကစားသမား သူပေါင်းရင် သူနဲ့အပေါင်းအသင်းဟာ အရက်သမား ကစားသမားဖြစ်တယ်။ (၂) သောဏ-တဲ့၊ သူ့ရဲ့မိတ်ဆွေဟာ မဟုတ်တရုတ် ကာမဂုဏ်လိုက်စားတဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်တယ်။ (၃) ပိပါသ- အရက်သေစာ သောက်စားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ (၄) နေကတိက- အတုလုပ်ပြီးတော့ လိမ်ညာတဲ့ ပုဂ္ဂိုလ်မျိုးတွေဖြစ်တယ်၊ (၅) ပဉ္စနိက- သူများကို လှည့်စားပြီးတော့ ခိုးတတ် ဝှက်တတ်တဲ့ ပုဂ္ဂိုလ်မျိုးပဲဖြစ်တယ်။ (၆) သာဟသိက- အနုကြမ်းစီးတတ်တဲ့ ပုဂ္ဂိုလ်မျိုးတွေဖြစ်တယ်
စာမျက်နှာ-၈၃
တဲ့ အနိုင်အထက်လုပ်ပြီးတော့ သူများပစ္စည်းကို မရရအောင် ယူတတ်တယ်။

အဲဒီတော့ သူပေါင်းတဲ့ မိတ်ဆွေတွေက ကောင်းတဲ့လူ တစ်ယောက်မှမရှိဘူး။ ဒါကြောင့်မို့ ပါပမိတ္တဆိုတာ မကောင်းတဲ့လူတွေနဲ့ပေါင်းတာ၊ မကောင်းတဲ့လူတွေဆိုတာ ဘာတုန်း ဓုတ္တ- အရက်သမား ဘိန်းသမား၊ သောဏ- ကာမဂုဏ်လိုက်စားတဲ့သူ ပိပါသ- အရက်သေစာ အမြဲတမ်း တမြမြလေးနဲ့နေတဲ့လူ၊ နေကတိက- အတုလုပ်ပြီးတော့ အသက်မွေးတဲ့ပုဂ္ဂိုလ်။

အတုလုပ်တာနဲ့ ပတ်သက်ပြီးတော့ မနေ့က မေးခွန်းတစ်ခုတက်လာတယ်။ ဒကာမကြီးတစ်ယောက်ကမေးတယ်၊ “အရှင်ဘုရားတဲ့၊ သွားအတုလုပ်တာရော အဒိန္နာဒါန ဖြစ်ပါသလား”တဲ့ မေးတယ်။ “အေး အဲဒါ အဒိန္နာဒါန ဖြစ်ရင်တော့ ဘုန်းကြီးက သွားအစစ်ပဲပေးမယ်၊ ယူမလား”လို့။ သွားအစစ်က ရေဝေးကို မှာထားရင် ရတယ်လေ။ အဲဒီကျတော့မှ မလုပ်ပါနဲ့၊ အတုပဲယူတော့မယ်တဲ့။

အတုလုပ်ပြီး အပြစ်မဖြစ်တာတော့ သွားတုတို့၊ ဆံတုတို့၊ မျက်တောင်တုတို့ကျတော့ အပြစ်မဖြစ်ဘူး။ ကိုယ်ကြိုက်လို့ အတုယူတာ၊ အစစ်မယူရဲဘူးလေ။ အစစ်လိုချင်ရင်တော့ ရေဝေးကို မှာထားပေါ့၊ မှာထားရင်ရပါတယ်။ သွားအစစ်
စာမျက်နှာ-၈၄
တပ်ချင်ရင် အဲဒီမှာ မှာထားလို့ရတယ်။ အေး-အဲဒီဟာက အတုနဲ့ပတ်သက်တာ။

နောက်တစ်ခုက ဘာတုန်းဆိုလို့ရှိရင် ပျင်းရိခြင်းရဲ့ အပြစ်(၆)မျိုးတဲ့။ ပျင်းတဲ့ပုဂ္ဂိုလ်က အပြစ်(၆)မျိုး၊ ဒါကတော့ ဆင်ခြေ(၆)မျိုးလို့ ပြောလို့ရတယ်။ ပျင်းပြီဆိုတဲ့လူက (၁) အေးလို့ရှိရင်လည်း အေးလွန်းလို့ ဆင်ခြေပေးတာ၊ (၂) ပူတဲ့အခါကျတော့လည်း ပူလွန်းလို့ဆိုပြီးတော့ နားချင်တယ်၊ (၃) မိုးချုပ်သွားလို့ရှိရင်လည်း နောက်ကျသွားပြီဆိုပြီးတော့ အပျင်းထူပြန်တယ်၊ (၄) မနက်အိပ်ရာထကျတော့လည်း စောသေးတယ်ဆိုပြီး အပျင်းထူပြန်တယ်၊ (၅) ထမင်းဆာလို့ဆိုပြီးတော့ အပျင်းထူတယ်၊ (၆) ဗိုက်လေးနေလို့ဆိုပြီးတော့ အပျင်းထူတယ်၊ ဟော (၆)မျိုး။

တစ်ခါတုန်းက ရွာတစ်ရွာမှာ အလှူကြီးပေးနေတာ၊ ဧည့်သည်တစ်ယောက်က ရောက်လာသတဲ့၊ ရောက်လာပြီးတော့ သူက စကားကလည်း ကောင်းကောင်းပြောတာပေါ့လေ။ “ကျုပ် ဗျာတဲ့- ဒီအလှူကြီး အားကျလိုက်တာတဲ့၊ ဝိုင်းပြီးတော့ ဝေယျာဝစ္စတွေလုပ်ချင်တာတဲ့၊ ကျုပ်ကုသိုလ်ရချင်တာ။ ဒါပေမယ့်ထမင်းကမစားရသေးဘူးဗျာ၊ ဗိုက်ဆာနေလို့”ဆိုတာနဲ့ ဟာ- ဒီလူတော့ သဒ္ဓါတရားရှိတယ်နဲ့တူတယ်လို့ဆိုပြီး လာစားလိုက်စားလိုက်၊ ဘုန်းကြီးတွေမကြွခင် သူ့ကိုအရင်ကျွေးလိုက်တာ။ ကျွေးလည်းပြီးရော ဝေယျာဝစ္စများလုပ်မလား
စာမျက်နှာ-၈၅
အောက်မေ့မယ်၊ “ဗိုက်လေးလို့”တဲ့၊ အဲဒီကျတော့ အလုပ်မလုပ်နိုင်ပြန်ဘူး။ အဲဒါ ပျင်းတဲ့လူရဲ့ ဆင်ခြေလို့ခေါ်တယ်။ အဲဒီဆင်ခြေ (၆)မျိုးနဲ့နေပြီ ဆိုလို့ရှိရင်တော့ စည်းစိမ်ဥစ္စာတိုးပွားဖို့မရှိဘူးတဲ့။ အဲဒီမှာ မြတ်စွာဘုရားက ဆုံးမထားတာလေးရှိတယ်။ အဲဒါလေးကို နာယူမှတ်သားဖို့လိုတယ်ပေါ့။

န ဒိဝါ သောပွသီလေန- စီးပွားရှိနေတဲ့ အိမ်ထောင်ရေးကိစ္စတွေ လုပ်ကိုင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာတဲ့ နေ့အိပ်တတ်တယ်တဲ့။ ရတ္တိမုဋ္ဌာနဒေဿိနာ- ညကျတော့ထရမှာ ပျင်းတယ်တဲ့။ နိစ်မတ္တေန သောဏေန- အမြဲတမ်းမူးနေတယ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာတဲ့ အိမ်ထောင်ရေးတစ်ခုကို မထိန်းသိမ်းနိုင်ဘူးတဲ့။ နေ့ကိုအိပ်တယ်၊ ညကျတော့ အိမ်ရာကထရမှာပျင်းတယ်၊ အမြဲတမ်းလည်း မူးနေတယ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်လိုမှ အိမ်ထောင်ရေးကို မထိန်းသိမ်းနိုင်ဘူးတဲ့။

ဟော ခုနက ပျင်းတဲ့လူကျတော့ အေးလွန်းတယ်၊ ပူလွန်းတယ်၊ မိုးချုပ်လွန်းတယ်၊ စောလွန်းတယ်၊ ဆာလွန်းတယ်၊ ဗိုက်တင်းလွန်းတယ်ဆိုတဲ့ အကြောင်းတွေပြပြီးတော့နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကိုတဲ့ ကောင်းကျိုးချမ်းသာ စီးပွားဥစ္စာတွေက သူ့ကိုစွန့်ခွာသွားမှာပဲဖြစ်ပါတယ်။ ဘယ်နည်းနဲ့မှ မကြီးပွား
စာမျက်နှာ-၈၆
နိုင်ပါဘူးလို့ မြတ်စွာဘုရားက ရှောင်ရန်ကိစ္စတွေကို အခုလိုဟောကြားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့၊ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမဟာ လက်တွေ့ကျတဲ့ အဆုံးအမသာဖြစ်တယ်။ မဖြစ်နိုင်တာကိုပြောတာ မဟုတ်ဘူး၊ ဖြစ်နိုင်တာတွေကိုပြောတာ။ မဖြစ်တာတွေကိုပြောတာ မဟုတ်ဘူး၊ ဖြစ်နေတာတွေကိုပြောတာနော်။ လောကကြီးမှာ ဖြစ်ပျက်နေတယ်ဆိုတာ လူတိုင်းလူတိုင်း အကုန်သိနိုင်တယ်ပေါ့။ အဲဒါကြောင့်မို့လို့ လူတိုင်းသိနိုင်တဲ့ အပြစ်အနာအဆာတွေရှိတာကို သတိထားပြီးတော့ အဲဒီအပြစ်မျိုးတွေ မဖြစ်ကြရလေအောင် ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမအတိုင်း မိမိဘဝကြီးပွားတိုးတက်ရေးကို အသိဉာဏ်ရှိရှိနဲ့ ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။ )

(သာဓု .. သာဓု ••• သာဓု)
စာမျက်နှာ-၈၇
# မြတ်ဗုဒ္ဓ၏ လောကဝိဇယလမ်းစဉ်
အပိုင်း(၃)
သာသနာတော်နှစ် ၂၅၅၆-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၄-ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၃)ရက်၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်၊ စင်္ကာပူနိုင်ငံ၊ Marina Country Club ၌ ကျင်းပအပ်သည့် စင်္ကာပူနိုင်ငံရောက် အလှူရှင် ဒါယကာ/ဒါယကာမအပေါင်းတို့ စုပေါင်းကျင်းပအပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် ဟောကြားအပ်သော “မြတ်ဗုဒ္ဓ၏ လောကဝိဇယလမ်းစဉ်၊ အပိုင်း(၃)” အကြောင်းတရားဒေသနာတော်။

မိမိတို့ဘဝ မိမိတို့လောကမှာ လူတိုင်းလူတိုင်း အောင်မြင်မှုရကြတာမဟုတ်ဘူး။ ဘဝမှာ ကျဆုံးသွားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်။ ကျဆုံးသွားတယ်ဆိုတာ အကြောင်းမဲ့ကျဆုံးတာတော့မဟုတ်ဘူး။ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေကြောင့် ကျဆုံးသွားတာသာဖြစ်တယ်။

လောကမှာ ကြီးပွားတိုးတက် အောင်မြင်သွားတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်။ အောင်မြင်သွားတယ်ဆိုတာ အကြောင်းမဲ့အောင်မြင်တာလည်းမဟုတ်ဘူး။ ဆိုင်ရာဆိုင်ရာ ကောင်းမြတ်တဲ့
စာမျက်နှာ-၈၈
အကြောင်းတွေရဲ့ အထောက်အကူပေါ်မှာ အခြေပြုပြီးတော့ ဘဝမှာ အောင်မြင်မှုတွေရကြတယ်။

မြတ်စွာဘုရားက ဘဝမှာ ကျဆုံးမှုမဖြစ်အောင်၊ အောင်မြင်မှုရအောင်လို့ဆိုပြီးတော့ ဒီသုတ္တန်မှာဟောထားတာ၊ လောကဝိဇယာယ ပဋိပန္နော တဲ့။ ဒီလမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးပြီဆိုလို့ရှိရင် လောကမှာ အောင်မြင်မှုတွေရရှိနိုင်တယ်လို့ ဒီလိုဟောထားတာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ အောင်မြင်ချင်တဲ့ ပုဂ္ဂိုလ်တိုင်းဟာ ဆောင်ရမှာနဲ့ ရှောင်ရမှာ ဒီ(၂)မျိုးထဲက ဆောင်ရမှာကိုဆောင်ပြီးတော့ ရှောင်ရမှာကိုရှောင်မှသာလျှင် အောင်မြင်ကြီးပွားမှုဆိုတာ ဖြစ်နိုင်တယ်။

အဲ့ဒီလို ဆောင်ရန်ရှောင်ရန်တွေကို ရှင်းပြပြီးတဲ့အခါမှာ လောကလူတွေဟာ တစ်ယောက်တည်းနေတာမဟုတ်ဘူး။ “လူဆိုတာ အပေါင်းအသင်းနဲ့နေတတ်တဲ့ သတ္တဝါဖြစ်တယ်”လို့ ဆိုကြတာ။ ဘဝတစ်ခုရလာတဲ့အချိန်မှာကိုပဲ မိသားစုဆိုတဲ့ Society အတွင်းကိုဝင်ရောက်လာခြင်းဖြစ်တယ်ပေါ့။ မိသားစုကနေ တဖြည်းဖြည်းတိုးချဲ့လိုက်တဲ့အခါ မိတ်ဆွေအပေါင်းအသင်းတွေ၊ နောက်တိုးချဲ့လိုက်တဲ့အခါမှာ မိမိနေထိုင်တဲ့ ရပ်ကွက်/ရပ်ကွက်သားတွေ၊ မြို့သူမြို့သားတွေ၊ နောက်တစ်နိုင်ငံလုံးဆိုတာလို လူတွေမှာ အပေါင်းအသင်းဆိုတာရှိတယ်ပေါ့နော်။ ကျယ်ပြန့်ရင် ကျယ်ပြန့်သလောက် လူတွေမှာ
စာမျက်နှာ-၈၉
ပေါင်းသင်းဆက်ဆံမှုဆိုတာများလာတယ်။ သို့သော် ပေါင်းသင်းဆက်ဆံရသူတိုင်း လူကောင်းချည်းမဟုတ်သလို လူဆိုးချည်းလည်းမဟုတ်ဘူး။

ဒါကြောင့်မို့ ဘဝတစ်ခုရလာလို့ရှိရင် မြတ်စွာဘုရားက ကြီးပွားတိုးတက်ဖို့ဆိုတဲ့ မင်္ဂလာတရားကိုဟောတဲ့အခါမှာ အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။ Associate လုပ်တဲ့အခါမှာ အသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်ကို Associate မလုပ်နဲ့တဲ့။ အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကိုသာ Associate လုပ်ပါ။ “အသိဉာဏ်မရှိတဲ့မိတ်ဆွေဟာ အသိဉာဏ်ရှိတဲ့ရန်သူထက် ကြောက်စရာကောင်းတယ်”လို့ ဒီလိုဆိုတာနော်။ အသိဉာဏ်ရှိတဲ့ရန်သူကမှ တော်သေးတယ်၊ အသိဉာဏ်မရှိတဲ့မိတ်ဆွေက အင်မတန်ကြောက်စရာကောင်းတယ်လို့ ဒီလိုပြောတာ။

ငါးရာ့ငါးဆယ်ဇာတ်ထဲမှာ အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ရဲ့ လုပ်ရပ်ကြောင့် ဒုက္ခရောက်သွားတာတွေ မှတ်တမ်းတင်ထားတာရှိတယ်လေ။ သားအမိ(၂)ယောက် ဆန်ဖွပ်နေတဲ့အချိန်မှာ အမေ့နဖူးမှာ မှက်ကြီးက ဝင်တွယ်ပြီးကိုက်တယ်၊ အဲ့ဒီလိုကိုက်တော့ သမီးရယ် ငါ့နဖူးမှာ မှက်ကြီးကိုက်နေတယ်၊ မောင်းစမ်းပါ” ဆိုတော့ အနားမှာရှိတဲ့ ကျည်ပွေ့နဲ့ မှက်ကိုထုလိုက်တာ၊ မှတ်ရယ်လို့ထုလိုက်တာ အမေနဖူးကွဲပြီးသေသွား
စာမျက်နှာ-၉၀
တယ်။

အဲဒါ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အသိဉာဏ်မရှိလို့ပဲနော်။ အသိဉာဏ်မရှိတဲ့မိတ်ဆွေဟာ သိပ်ကြောက်စရာကောင်းတယ်လို့။ ဘာလုပ်လုပ် ဒီဆုံးဖြတ်ချက်ဟာ မှားမှားယွင်းယွင်းတွေ ဆုံးဖြတ်သည့်အတွက်ကြောင့် အသိဉာဏ်မရှိတဲ့မိတ်ဆွေသည် အသိဉာဏ်ရှိတဲ့ရန်သူထက် ကြောက်စရာကောင်းတယ်လို့ ဒီလိုဆိုလိုတယ်။ အဲဒါကြောင့်မို့လို့ ဘဝမှာ ကြီးပွားတိုးတက်ရေး၊ အောင်မြင်ရေးအတွက် အပေါင်းအသင်း မိတ်ဆွေဆိုတာ အင်မတန်မှ အရေးကြီးတယ်။

ဘုန်းကြီးတို့ “မိတ်ကောင်းဆွေကောင်း” ဆိုပြီးတော့ ဟောကြားထားတဲ့ တရားတစ်ပုဒ်ရှိတယ်။ အဲဒီတော့ မိတ်ကောင်းဆွေကောင်းကို ရွေးချယ်တဲ့အခါမှာ မကောင်းတဲ့မိတ်ဆွေတွေဆိုတာ ဘယ်လိုမိတ်ဆွေမျိုးတွေလဲ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးကိုရှောင်ရမှာလဲ၊ အပြောနဲ့တင် လွမ်းရတဲ့လူမျိုး ပေါင်းရမှာလား။ တချို့က အင်မတန်မှ နှုတ်ချိုတယ်၊ တကယ့်ကို မိတ်ဆွေအရင်းအခြာလို စကားပြောတာ ယဉ်ကျေးတယ်၊ ချစ်ခင်ဖွယ်ရာပြောတတ်တယ်၊ လုပ်တဲ့အခါမှသာ တလွဲလုပ်တာမျိုး ဖြစ်တတ်တယ်ပေါ့။ အဲဒီတော့ မိတ်ဆွေကိုပေါင်းမယ်ဆိုလို့ရှိရင် မြတ်စွာဘုရားက ဒီသုတ္တန်မှာ မပေါင်းရမယ့် မိတ်ဆွေတု(၁၆)ယောက်ကို ဖော်ပြထားတယ်။ လောကမှာ ကြီးပွားအောင်မြင်တိုးတက်
စာမျက်နှာ-၉၁
ချင်တယ် ဆိုလို့ရှိရင် မပေါင်းရမယ့် မိတ်ဆွေတု(၁၆)ယောက်ကို မပေါင်းဘဲနဲ့ ပေါင်းရမယ့် မိတ်ဆွေအစစ်(၁၆)ယောက်ကို အမှီပြုပြီးတော့ လောကကြီးပွားရေးကို ဆောင်ရွက်ပါလို့ ဒီလိုပြောတာ နော်။

အဲဒီတော့ မိတ်ဆွေအတု၊ မိတ်ဆွေအတုဆိုတာ ကောင်းကျိုးချမ်းသာကိုမပေးဘူး၊ ကြည့်လိုက်တော့ မိတ်ဆွေပဲ။ သို့သော်လည်း အမှန်အကန်မဟုတ်ဘူး။ ဆိုပါစို့၊ ရွှေစစ်နဲ့ရွှေတု ကြည့်လိုက်မယ်ဆိုရင်တော့ အရောင်ကတော့ လက်လက် လက်လက်နဲ့ ရွှေရောင်ပဲ၊ တစ်ခါတစ်ခါ ရွှေတုကတောင် ပိုပြီးတော့ အရောင်လက်နေတတ်တယ်။ စိန်တုနဲ့ စိန်စစ်၊ စိန်အစစ်ထက် စိန်အတုက ပိုပြီး အရောင်တွေ ဖိတ်ဖိတ်တောက်နေတာ၊ လူကြိုက်စရာဖြစ်တယ်။

တစ်ခါတရံ မိတ်ဆွေတုကလည်း အဲဒီအတိုင်းပဲ။ အစစ်နဲ့ ဆင်ဆင်တူလို့ အတုလို့ခေါ်တာဖြစ်တယ်ပေါ့။ အဲဒါကြောင့်မို့လို့ မိတ်ဆွေတုဆိုတာ အစစ်နဲ့ရောထွေးနေတတ်တာ ဖြစ်သောကြောင့် ကွဲကွဲပြားပြား နားလည်အောင် မြတ်စွာဘုရားက မိတ်ဆွေတု(၁၆)ယောက်ကို ရှင်းပြထားတာရှိတယ်ပေါ့။ အမည်နာမ မမှတ်မိချင်နေပါစေနော်၊ သဘောထားကိုမှတ်မိသွားရင် ဘယ်လိုပုဂ္ဂိုလ်မျိုးဟာ မိတ်ဆွေအစစ်၊ ဘယ်လိုပုဂ္ဂိုလ်မျိုးဟာ မိတ်ဆွေအတုဆိုတာကို သတိထားတတ်ဖို့ပါနော်။

စာမျက်နှာ-၉၂

မိတ်ဆွေ
အဲဒီတော့ မြတ်စွာဘုရားက မိတ်ဆွေတုဆိုတာကို ခွဲခြားတဲ့အခါမှာ Outline ကလေး အရင်ပေးလိုက်တယ်။ ခေါင်းစည်းလေးတွေ ပေးပြီးတော့မှ မိတ်ဆွေအတု(၄)ယောက်ကို ဖော်ပြထားတယ်။

အဲဒီမှာ နံပါတ်(၁)မိတ်ဆွေတုက အယူသက်သက် အပေးမဖက်တဲ့ အယူသက်သက်မိတ်ဆွေတဲ့။ ကိုယ့်ဆီက ရစရာရှိရင် ယူရုံပဲယူတတ်တယ်၊ သူက ဘာမှပေးတာမဟုတ်ဘူးနော်။ “အညဒတ္ထုဟရ”လို့ ပါဠိလို ခေါ်တယ်၊ အယူသက်သက်ပဲ။ သူကချည်းပဲယူသွားတယ်၊ ကော်ဖီဆိုင်သွားတယ်နော်၊ ကော်ဖီဆိုင်သွားရင် ကိုယ်ကပဲချေလိုက်ရတယ် အမြဲတမ်း။ Ice Cream သွားစားတယ်၊ ကိုယ်ကပဲပိုက်ဆံပေးလိုက်ရတယ်၊ သူက ဘယ်တော့မှမရှိဘူး။ အိတ်စမ်းပြီးဟာ... ပိုက်ဆံပါမလာလို့လို့ ပြောချင်ပြောသွားမှာပေါ့နော်။ သူကကျွေးတယ်လို့ကို မရှိဘူး၊ သူများကျွေးတာ လိုက်စားတတ်တယ်တဲ့။ အဲဒီမိတ်ဆွေမျိုးက အညဒတ္ထုဟရတဲ့။ အယူသမားသက်သက်ပဲလို့ ဒီလိုပြောတာ။

(၂) နောက်တစ်ယောက်က ဘာတုန်းဆိုရင် “ဝစီပရမ”တဲ့။ အပြောသက်သက်နဲ့ ဧည့်ခံတဲ့ မိတ်ဆွေမျိုးတဲ့။ အပြောသက်သက်နဲ့ ဧည့်ခံတဲ့ပုဂ္ဂိုလ်၊ အပြောပဲ လက်မပါဘူးလို့ ဆိုလိုတယ်။ ပြောရုံပြောတာ လက်မပါဘူး။ အဲဒီမိတ်ဆွေမျိုးလည်း သတိထားရမယ်။
စာမျက်နှာ-၉၃
(၃) “အနုပ္ပိယဘာဏီ” အကြိုက်လိုက်ပြောတတ်တဲ့ မိတ်ဆွေ။ ဘာဖြစ်ဖြစ် အကြိုက်လိုက်ပြောတယ်။ ဟုတ်တယ်ဆိုလည်း အကြိုက်လိုက်ပြော။ မဟုတ်ဘူးဆိုလည်း အကြိုက်လိုက်ပြော၊ “မှန်ပါ့ဘုရား မှန်ပါ့ဘုရား”ဆိုတဲ့ မိတ်ဆွေမျိုးပေါ့။ ဟိုလိုပြောလည်းအကောင်း၊ ဒီလိုပြောလည်း အကောင်းနော်။ အဲဒီလိုမိတ်ဆွေမျိုးကို “အနုပ္ပိယဘာဏီ” အကြိုက်ကိုလိုက်ပြောတတ်တဲ့ မိတ်ဆွေတဲ့။

(၄) “အပါယသဟာယ”တဲ့။ ပျက်စီးဆုံးရှုံးဖို့ကိစ္စမှာ အမြဲတမ်း အဖော်လိုက်တတ်တယ်။ အဲဒီလူက တရားပွဲခေါ်ရင်တော့ အဖော်မလိုက်ဘူးနော်။ စတိတ်ရှိုး အဖော်ခေါ်ရင်လည်း လိုက်တယ်။ အရက်ဆိုင် အဖော်ခေါ်ရင်လည်း လိုက်တယ်။ ဘယ်နေရာသွားရသွားရ လိုက်တယ်။ အနုကြမ်းသွားစီးရအောင်ဆိုလည်း လိုက်တယ်။ အဲဒီလိုမိတ်ဆွေမျိုးတဲ့။ အဲဒါ အပါယသဟာယတဲ့။

ဒီဟာက Outline အနေနဲ့ချပြီးတော့ ပြောတာနော်။ General Point အနေနဲ့ပြောတာ။ နောက်တစ်ခုက အယူသက်သက်၊ ကိုယ်ကဘယ်တော့မှ မပေးဘူး၊ အယူ
စာမျက်နှာ-၉၄
သက်သက် မိတ်ဆွေလို့ ထပ်ပြီးတော့ မြတ်စွာဘုရားက (၄)မျိုး ထပ်ခွဲပြီးတော့ပြတယ်။

(၁) အညဒတ္ထုဟရဆိုတာ အယူသက်သက်ပဲ၊ သူက ဘယ်တော့မှမပေးဘူး၊ ရအောင်သာယူသွားမယ်။ ရအောင်သာယူသွားတယ်။ ကိုယ့်ဆီကပါသွားတာချည်းပဲ။ ဘယ်တော့ဖြစ်ဖြစ်နော်။ ကိုယ်က ရလိုက်တာလို့ တစ်ခုမှမရှိဘူး။ အဲဒီမိတ်ဆွေမျိုးတဲ့။

(၂) နောက်တစ်ခုက “အညေန ဗဟုမိစ္ဆတိ”တဲ့။ နည်းနည်းလေးပေးပြီးတော့ အများကြီးရချင်တဲ့မိတ်ဆွေမျိုးတဲ့။ တစ်ချို့က ကိုယ်ကနည်းနည်းလေးပေးတာ၊ ပေးပြီးတော့ ပြန်တောင်းသွားတာကျတော့ ပိုများတယ်။

တစ်ခါတုန်းက လူတော့ဖော်မပြောတော့ပါဘူးနော်၊ တကယ့်လက်တွေ့ကြုံရတာတစ်ခု ပြောပြမယ်။ နိုင်ငံတစ်နိုင်ငံကို သွားတဲ့အခါ သူက ပလာစတာ ဗုဒ္ဓရုပ်ပွားတော်လေးကို လက်ဆောင်ပေးတယ်။ ပလာစတာနဲ့ လုပ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော် လက်ဆောင်ပေးပြီးတော့ ဘာပြန်တောင်းတုန်းဆိုတော့ နော်၊ Marble Stone နဲ့ထုတဲ့ ရုပ်ပွားတော်ကို လက်ဆောင်ပြန်တောင်းတယ်။ ပလာစတာနဲ့လုပ်ထားတဲ့ ရုပ်ပွားတော်လေးကိုပေးပြီးတော့ Marble Stone နဲ့လုပ်ထားတဲ့ ရုပ်ပွားတော်ကို လက်ဆောင်ပေးဖို့ ပြောတဲ့အခါမှာ Marble Stone ဗုဒ္ဓ Statue ကို ရအောင်တောင်းတယ်။
စာမျက်နှာ-၉၅
အဲဒါမျိုးတွေ မရှိဘူးလို့ မအောက်မေ့နဲ့။ ဘုရားဟောထားတာ တကယ်ရှိတယ်နော်။ တကယ်ရှိတာ။ ကိုယ်က နည်းနည်းလေးပေးပြီးတော့ အများကြီးပြန်တောင်းသွားတယ်။ ပြန်ယူသွားတယ်။ အဲဒီလိုဟာမျိုးတွေရှိတယ်တဲ့။

(၃) နောက်တစ်ခုက ဘာတုန်း “ဘယဿ ကိစ္စေ ကရောတိ” သူ့မှာ အန္တရာယ်ကြုံနေလို့ရှိရင် အို-ဘာလုပ်လဲ ဆိုလို့ရှိရင် ဘာခိုင်းခိုင်းအကုန်လုပ်ပေးတယ်။ မျှော်လင့်ချက်နဲ့ လုပ်ပေးတာလေ။ သူ့မှာ အခက်အခဲကြုံနေလို့ရှိရင် တစ်ဖက်သားကို ဘာပဲလုပ်ပေးရလုပ်ပေးရ အားလုံးကြုံးပြီးတော့ လုပ်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အခက်အခဲကြောင့်မို့လို့ လုပ်ပေးတာ။ အဲဒီလိုပုဂ္ဂိုလ်မျိုးလဲ ရှိတယ်တဲ့။

(၄) နောက်တစ်ခုကဘာတုန်း “သေတိ အတ္ထကာရဏ” လူကိုပေါင်းတာဟာ သူ့ကိုယ်ကျိုးစီးပွားအတွက်ပေါင်းတာ။ အဲဒီလိုမိတ်ဆွေမျိုး၊ ကိုယ့်အကျိုးစီးပွားအတွက်ပေါင်းတာ။ သူကတော့ ဘာလုပ်ပေးနိုင်တယ်၊ အဲဒီတော့ ငါ့ကိုဘာလုပ်ပေးမှာပဲ ဆိုပြီးတော့ ရင်းနှီးအောင်ပေါင်းတယ်ပေါ့။

ဥပမာမယ် ရာထူးရှိတဲ့ပုဂ္ဂိုလ် သူ့ဆီက ဘာပြန်ယူမယ်၊ ဘယ်လိုအခွင့်အရေးတွေ ရနိုင်တယ်ဆိုတာကို ကြည့်ပြီးတော့ ပေါင်းတယ်ပေါ့။ ပိုက်ဆံချမ်းသာတဲ့ပုဂ္ဂိုလ်ကိုလည်း အဲဒီလိုပေါင်းတယ်။ ရာထူးကြီးတဲ့ ပုဂ္ဂိုလ်ကိုလည်း အဲဒီလိုပေါင်းတယ်။
စာမျက်နှာ-၉၆
ပေါင်းတာ ကိုယ့်အတွက်ပေါင်းတာ၊ သူ့အတွက်ပေါင်းတာမဟုတ်ဘူး။ ကိုယ့်ရလိုရေးကြောင့် ပေါင်းသင်းတာမျိုးတဲ့။ အဲဒီလိုမိတ်ဆွေမျိုးတွေက မိတ်ဆွေအတုသာ ဖြစ်ပါတယ်တဲ့၊ သတိထားပြီးတော့ ဆက်ဆံပါလို့ ဒီလိုပြောတာနော်။ အကယ်၍ သတိထားပြီးဆက်ဆံမှုမပြုရင် ကိုယ့်ဆီကပဲ ပါသွားမှာပဲ။ ဘာမှပြန်ရမှာမဟုတ်ဘူးတဲ့၊ ဒီလိုဆိုတယ်။ ဒါက အညဒတ္ထုဟရ မိတ်ဆွေ(၄)မျိုးကို ပြောတာ။

နောက်တစ်ခု “ဝစီပရမ” မိတ်ဆွေတဲ့၊ ဒါလည်း(၄)ယောက်ရှိတယ်။ ဝစီပရမဆိုတာ နှုတ်သက်သက်၊ လက်မပါဘူးလို့ ပြောတာနော်။ အပြောသက်သက်၊ အပြောကတော့ ပျားရည်ထက်ချိုတယ် ဆိုတဲ့သူမျိုးပေါ့နော်။ အလုပ်ကျတော့ လုံးဝမပါဘူး။ လက်မပါဘူး။ အပြောလေးနဲ့။ အဲဒီပုဂ္ဂိုလ်မျိုးက ဘယ်လိုပုဂ္ဂိုလ်တုန်းဆိုတော့ -

(၁) “အတီတေန ပဋိသန္တရတိ”တဲ့။ အတိတ်နဲ့ဧည့်ခံတယ်တဲ့နော်။ အတိတ်နဲ့ဧည့်ခံတယ်ဆိုတာ အတိတ်ဆိုတာ ပြီးခဲ့ပြီးသား။ သူငယ်ချင်းတစ်ယောက်အိမ် သွားလည်မယ်၊ “သူငယ်ချင်း မနေ့က မင်းကိုငါမျှော်နေတာကွာ၊ ငါတို့အိမ် ကြက်သားဟင်း ချက်ထားတာ မင်းမလာဘူး။ ဒီနေ့တော့ မင်းကံပဲ၊ ချဉ်ပေါင်ဟင်းပဲရှိတော့တယ်” ဟော - အတိတ်နဲ့ ဧည့်ခံတယ်လို့ပြောတာ အဲဒါ။ ပြီးခဲ့တဲ့ဟာနဲ့။ “အေး-မနှစ်တုန်း
စာမျက်နှာ-၉၇
ကကွာ စီးပွားတွေကောင်းတာ၊ အဲဒီတုန်းကဆိုရင် မင်းကိုငါ ကူညီနိုင်ပါတယ်၊ အခုတော့ ငါကိုယ်တိုင်ကလည်း အလုပ်က ဒီနှစ်သိပ်အဆင်မပြေဘူးကွ” ဟော - အတိတ်နဲ့ ဧည့်ခံလိုက်တာလေ။ အဲဒီလို အတိတ်နဲ့ဧည့်ခံပြီးတော့ ဘာတစ်ခုမှပေးတာမဟုတ်ဘူး။ အဲဒါကို “ဝစီပရမ” မိတ်ဆွေလို့ခေါ်တယ်။ အပြောသက်သက်နဲ့ လက်မပါဘဲနဲ့ ကူညီတဲ့ပုဂ္ဂိုလ်မျိုးတဲ့။ ဒီလိုမိတ်ဆွေမျိုးတွေလည်း လောကမှာရှိတတ်တယ်။

(၂) နောက်တစ်ခုက “အနာဂတေန ပဋိသရတိ”တဲ့။ အနာဂတ်မျှော်လင့်ချက်ဖြင့် ဧည့်ခံတဲ့ပုဂ္ဂိုလ်။ “သူငယ်ချင်းရေ၊ ငါဒီနှစ်တော့အလုပ်အကိုင်လေးအဆင်ပြေတယ်၊ နောက်နှစ်ခါကျရင်တော့ မင်းကိုကူညီနိုင်လိမ့်မယ် ထင်ပါတယ်” “နောက်နှစ်ကျရင် မင်းကိုငါကူညီမယ်၊ ဒီနှစ်တော့ငါကျပ်နေသေးတယ်၊ ဒါပေမယ့် ငါ့အလုပ်က တော်တော်အဆင်ပြေမယ်လို့ထင်တယ်” အနာဂတ်နဲ့ဧည့်ခံထားတာ။ ချွေးသိပ်ထားတာ။ နောက်နှစ်ခါသွားရင်တော့ ကူညီချင်မှကူညီမှာပေါ့။ ဒီလိုဆိုတာနော်။ အဲဒါက တစ်ယောက်တဲ့။

(၃) နောက်တစ်ယောက်က ဘာတုန်းဆိုရင် “နိရတ္ထကေန သင်္ဂဏှာတိ”၊ ဘာမှမဖြစ်နိုင်တာနဲ့ ချီးမြှောက်ထောက်ပံ့တဲ့ မိတ်ဆွေမျိုးတဲ့။ ဘာမှမရှိတဲ့အရာနဲ့ ချီးမြှောက်ထောက်ပံ့တာ။ အကျိုးမဲ့သက်သက် ဘာမှလုပ်လို့မရတဲ့ အနေအထားမျိုးနဲ့
စာမျက်နှာ-၉၈
ချီးမြှောက်ထောက်ပံ့တဲ့ မိတ်ဆွေမျိုးတဲ့။ ဥပမာမယ် ဟိုသူငယ်ချင်းက ထမင်းစားပြီးနေပြီ။ သူစားနေတဲ့အခါကျတော့ ဟိုကစားပြီးမှန်းသိတဲ့အခါကျတော့ ငါထမင်းစားတာ ဝင်စားပါဦးလားတို့ ဘာတို့ ဒီလိုဖိတ်တယ်နော်။ စားပြီးမှန်းသိလို့ ဖိတ်တာ။ ဗိုက်ပြည့်နေလို့ စားမှာမဟုတ်ဘူးဆိုပြီး ဖိတ်တဲ့ အဖိတ်မျိုး၊ အဲဒါ “နိရတ္ထကေန သင်္ဂဏှာတိ”တဲ့။ ဘာမှအကျိုးမရှိတဲ့အရာနဲ့ ဧည့်ခံတယ်။

ပြီးတော့ ဘာပြောတုန်း။ သူကဝတ်လာတဲ့အဝတ်က Latest Design Fashion နဲ့ဝတ်လာတာ။ ဝတ်လာတယ်။ “သူငယ်ချင်း၊ ငါ အခုငါဒီတစ်ထည်တည်းရှိလို့၊ နို့မဟုတ်ရင် မင်းကိုငါပေးပါတယ်ကွာ။ ဒီဟာငါက လဲစရာပါမလာဘူးနော်။ ငါဝတ်ထားတဲ့အဝတ် မင်းကြိုက်လို့ရှိရင် ငါချွတ်ပေးပါတယ်။ ဒါပေမယ့်လို့လူမြင်မတော်ဘူးကွ” ဟိုလူတော့ ဘာမှရမသွားဘူး။ အပြောနဲ့ပဲ လွမ်းလိုက်ရတာနော်။ ဟာ သဒ္ဓါတရားကောင်းလိုက်တာလို့ စိတ်ကတော့ထင်သွားတယ်။ အဲဒါမျိုးကို “ဝစီပရမ” လို့ခေါ်တယ်။

(၄) “ပစ္စုပ္ပန္တေသု ကိစ္စေသု ဗျသနံ ဒဿတိ”တဲ့။ တကယ့်လက်ရှိအနေအထားတစ်ခုကျတော့ အပျက်ကိုပဲ စာရင်းပြတယ်တဲ့၊ သူက စောစောကတော့ပြောထားတယ်။ “သူငယ်ချင်း၊ ကားလိုရင် ငါ့လာပြော၊ ရတယ်” ဟော တကယ်
စာမျက်နှာ-၉၉
လိုလို့ သွားပြောတဲ့အခါကျတော့ အေးကွာ၊ ငါ့ကားက ဒီနေ့ Work Shop အပ်ထားရတယ်နော်။ ကားက ဘာမကောင်းလို့ ညာမကောင်းလို့နဲ့ Work Shop အပ်ထားတယ်၊ အပ်ချင်မှအပ်မှာ၊ garage ထဲထည့်ထားတာလဲဖြစ်ချင်ဖြစ်မယ်။ အဲဒါ အပျက်ကိုပြလိုက်တာနော်။ တကယ်လက်တွေ့ကျတော့ ဘာမှအကူအညီမပေးလိုက်ဘူး၊ အပြောလေးပဲဖြစ်တယ်ဆိုတာ အဲဒါ “ဝစီပရမ” မိတ်ဆွေ။

လောကလူတွေထဲမှာနေတဲ့ ပုဂ္ဂိုလ်တွေက ဒီအကြောင်းတွေ ပိုသိလောက်ပါတယ်။ မြတ်စွာဘုရားက ဒီလိုဟောထားတာနော်။ အဲဒီမိတ်ဆွေမျိုးကိုလည်း သတိထားပြီးတော့ ဆက်ဆံရမယ်။ မိတ်ဆွေအစစ်မဟုတ်ဘူးတဲ့။ အဲဒါအတုအယောင်တွေ၊ ဒီလိုပြောတာ။

နောက်တစ်ခု “အနုပ္ပိယဘာဏီ”။ ဘယ်တော့ဖြစ်ဖြစ် အကြိုက်ကိုလိုက်ပြောတတ်တဲ့ မိတ်ဆွေမျိုးဟာလည်း သတိထားရမယ့် မိတ်ဆွေတုတစ်မျိုးတဲ့။ လူတစ်ယောက်ရဲ့ အကြိုက်ကိုသာလိုက်ပြောတာနော်။ ကြက်သားဟင်းက ကောင်းတယ်ဆိုပြော၊ ဟာ ဟုတ်တယ်၊ ကောင်းတယ် ကောင်းတယ်။ ဝက်သားဟင်းက ကောင်းတယ်ဆိုလဲ ကောင်းတယ် ကောင်းတယ်ပဲ။ သူကအကုန်လုံးဘာဖြစ်ဖြစ် မိတ်ဆွေရဲ့အကြိုက်ကို အားလုံးလိုက်လံပြီးတော့ ပြောတတ်တဲ့ပုဂ္ဂိုလ်တဲ့။ ဘာလုပ်လုပ်
စာမျက်နှာ-၁၀၀
သူ့အကြိုက်ကို လိုက်လိုက်ပြီးတော့ လုပ်တတ်တယ်။

(၁) “ပါပကမ္ပိဿ အနုဇာနာတိ”တဲ့။ မကောင်းတဲ့အလုပ်လုပ်ရင်လည်း ဟုတ်တယ်ဟုတ်တယ် ကောင်းတယ်။ ကောင်းတဲ့အလုပ်လုပ်ရင်လည်း ကောင်းတယ်၊ ကောင်းတယ်။ ပွဲသွားကြည့်ရအောင် ကောင်းတယ် ကောင်းတယ်။ တရားပွဲသွားရအောင်လည်း ကောင်းတယ် ကောင်းတယ်ပဲ။ သူကတော့ ဘယ်ဟာဖြစ်ဖြစ် မကောင်းတာလို့မရှိဘူးနော်၊ အားလုံးကို အကြိုက်ကိုလိုက်ပြောတတ်တဲ့ မိတ်ဆွေမျိုး။ အန္တရာယ်ရှိတယ်။ အဲဒီမိတ်ဆွေမျိုးနဲ့ မပေါင်းသင်းမိစေနဲ့တဲ့။

(၂) နောက်တစ်ခုက “ပရမ္မုခါဿ အဝဏ္ဏံ ဘာသတိ”တဲ့။ ရှေ့ကျတော့ ရွှန်းရွှန်းဝေနေအောင် ချီးမွမ်းတတ်တယ်၊ အကောင်းတွေပြောတယ်။ မိတ်ဆွေရဲ့ရှေ့မှာဆိုရင် အကောင်းပြောတယ်။ ကွယ်လည်းကွယ်လိုက်ရော မေးငေါ့တော့တာပဲနော်။

ကြားဖူးတယ်မဟုတ်လား။ လူ(၂)ယောက်ဆုံလို့ စကားပြောကြပြီဆိုရင် တစ်ယောက်ရဲ့အကြောင်းကို အတင်းပြောကြတာ၊ Gossip တွေပြောတာ ကြုံဖူးပါလိမ့်မယ်၊ (၂)ယောက်က ထိုင်ပြီးစကားပြောရင် သူတို့အကြောင်းပြောတာနည်းတယ်။ တတိယလူတစ်ယောက်ရဲ့အကြောင်းကို ပြောနေကြတယ်နော်။ ဘယ်သူကဖြင့် ဘယ်လိုဆိုးတာ၊ ဘယ်သူကဖြင့် ဘယ်လိုနဲ့ဆိုပြီး
စာမျက်နှာ-၁၀၁
တော့ ဟိုအပြစ်တွေကိုပြောပြီးတော့နေရင်းကနေ တစ်ယောက်က ကိစ္စရှိလို့ထသွားလို့ရှိရင် ကျန်ရစ်တဲ့သူက မေးငေါ့ကာ “မင်းလည်းအတူတူပါပဲ”တဲ့။ အဲဒီလိုထသွားတဲ့သူကလည်း သူများသာပြောတာ မင်းလည်းအတူတူပဲ၊ (၂)ယောက်စလုံး အတူတူပဲလို့ မေးထိုးသွားကြတယ်တဲ့။ အဲဒါကျတော့ ကောင်းကြောင်းပြောပြီး ကွယ်ရာကျလို့ရှိရင် အပြစ်ပြောကြတဲ့ မိတ်ဆွေမျိုးတွေကို “အနုပ္ပိယဘာဏီ” လို့ခေါ်တယ်တဲ့။

ရှေ့ကျရင် အကောင်းပြောတယ်။ ကွယ်ရာကျတော့ အဆိုးပြောတယ်။ Backbite လို့ခေါ်တယ်။ ကွယ်ရာမှာ အတင်းအဖျင်းပြောတာနော်။ အဲဒီမိတ်ဆွေမျိုးတွေကလည်းပဲ အတုအယောင်မိတ်ဆွေမျိုး ဖြစ်သည့်အတွက်ကြောင့် သတိထားပါတဲ့။ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ အဲဒီမိတ်ဆွေမျိုးတွေကို မပေါင်းမိပါစေနဲ့၊ ဒီလိုဆိုတာနော်။

(၃) ဟော နောက်တစ်ခု “အပါယသဟာယ” ဆိုတာ ပျက်စီးဖို့ရာအတွက် အဖော်လုပ်တဲ့ မိတ်ဆွေမျိုးတွေကလည်း ကြောက်စရာ။ အဲဒီမိတ်ဆွေမျိုးတွေလည်း မပေါင်းပါနဲ့တဲ့။ အဲဒီမိတ်ဆွေမျိုးတွေက ဘာတွေတုန်းဆိုရင် အရက်သောက်မယ်ဆိုရင် အဖော်လုပ်တယ်။ မကောင်းတဲ့အလုပ်တွေ လုပ်မှာဆိုရင် အဖော်လုပ်တယ်။ လမ်းထွက်ပြီး ညမှာ အလုပ်တစ်ခုလုပ်မယ်ဆိုရင်လည်း အဖော်လုပ်တယ်။ အဲဒီပုဂ္ဂိုလ်က
စာမျက်နှာ-၁၀၂
ပွဲသွားမယ် ဆိုရင်လည်း အဖော်လုပ်တယ်၊ Casino တို့ လောင်းကစားသွားမယ်ဆိုရင်လည်း အဖော်လုပ်တယ်။ အဲဒီလို သောက်ဖော်သောက်ဖက်၊ တေဖော်တေဖက်၊ လောင်းဖော်လောင်းဖက်။ အဲဒီလိုမိတ်ဆွေမျိုးတွေဟာ မိတ်ဆွေအစစ်မဟုတ်ဘူးတဲ့။ ကောင်းတဲ့ဘက်ကို ရောက်ဖို့ရာ အင်မတန်မှခဲယဉ်းတယ်။

ဒါကြောင့်မို့ ဒီမိတ်ဆွေမျိုးတွေကို ပေါင်းတဲ့အခါမှာ သတိထားပေါင်းတဲ့၊ လောကမှာကြီးပွားတိုးတက်ချင်လို့ရှိရင် မိတ်ဆွေတုတွေကို ရှောင်ရမယ်လို့ ဒီလိုပြောတာ။ မရှောင်လို့ရှိရင် ဆိုးကျိုးတစ်ခု ဖြစ်ပေါ်လာနိုင်တယ်ပေါ့။ ဒါက ရှောင်ရမယ့် မိတ်ဆွေတု(၁၆)ယောက်လို့ ဒီလိုပြောတာနော်။

ကဲ-ဒါဖြင့် အဲဒီမိတ်ဆွေတုတွေ ရှောင်ရမယ်ဆိုတဲ့နေရာမှာ မြတ်စွာဘုရားက ဥပမာပြောထားတာဘာတုန်းဆိုရင် အန္တရာယ်ရှိတဲ့လမ်းကို ရှောင်ရန်လိုမယ်ဆိုရင် မသွားဘဲ ရှောင်ပါတဲ့၊ ဒီလိုဟောတာနော်။

အဲဒီတော့ ဘဝမှာအောင်မြင်ဖို့ရာအတွက် ဒါတွေကို မရှောင်နိုင်ဘူးဆိုရင် အောင်မြင်မှုဆိုတာ ဖြစ်ဖို့ရာခက်တယ်နော်။ ဒါကြောင့်မို့ ဒီလိုမိတ်ဆွေအတုအယောင်တွေကို ရှောင်ပြီးတော့ မိတ်ဆွေအစစ်ကို ရှာဖွေပြီးတော့ လက်တွဲပါတဲ့။
စာမျက်နှာ-၁၀၃

မိတ်ဆွေစစ်
မိတ်ဆွေအစစ်ကလည်း(၁၆)ယောက်ရှိတယ်။ (၁၆)မျိုးရှိတယ်ပေါ့နော်။ အဲဒီထဲမယ် Outline လေးကို အရင်ပေးပြီးတော့မှ မြတ်စွာဘုရားဟောတယ်။

(၁) ဥပကာရ မိတ်ဆွေတဲ့။ ကျေးဇူးပြုတတ်တဲ့မိတ်ဆွေ။ မိတ်ဆွေစစ်ပဲ။ အမြဲတမ်းကြိုဆိုတယ်။ ကျေးဇူးပြုတယ်။ ဥပကာရ မိတ်ဆွေ။

(၂) သမာနသုခ ဒုက္ခ - ဆင်းရဲအတူ ချမ်းသာအတူ စိတ်တူကိုယ်မျှ ဆောင်ရွက်တတ်တဲ့ မိတ်ဆွေမျိုးတဲ့။ ဟော ချမ်းသာရင်လည်းပေါင်းမယ်၊ ဆင်းရဲရင်လည်းပေါင်းတယ်။ ချမ်းသာ ဆင်းရဲကို အပေါင်းအသင်းလုပ်ခြင်းရဲ့ အကြောင်းရင်းထဲမှာ ဒါကိုထည့်မတွက်ဘူး၊ မိတ်ဆွေကို မိတ်ဆွေလိုပဲထားတယ်။ မြန်မာပြည်မှာပြောတယ်မဟုတ်လား၊ နဂိုကတော့ သိပ်မတည့်ကြဘူး၊ ဟို-စကားမပြောဘူး။ အိမ်နောက်ဖေးကဘူးစင်လေးမှာဘူးသီးလေးသီးလာတဲ့အခါကျတော့ အမျိုးတော်လာကြတယ်၊ ဘူးသီးလိုချင်လာတယ်နော်၊ “ဘူးသီးသီးမှတော့ စကားပုံတောင်ရှိ၊ အဲ - တစ်ခုခုကြီးပွားတော့မယ်ဆိုရင် ဒါငါတို့နဲ့ အမျိုးတော်တယ်၊ မတော်တောင် ကြံဖန်စပ်တယ်။ တစ်တိုင်းထဲလို့ပြောချင်ပြောတာနော်။ ရွာချင်းတူရင်တောင် တို့က တစ်မြို့
စာမျက်နှာ-၁၀၄
နယ်ထဲသားပါလို့ ပြောသေးတာ။ အဲဒီတော့ လူတွေဆိုတာ ကြံဖန်ပြီးတော့ ပြောတတ်တယ်။

(၃) အတ္ထက္ခာယီတဲ့။ အကျိုးရှိတဲ့ဟာကိုသာ ပြောလေ့ရှိတယ်။ အကျိုးမဲ့ဆိုလို့ရှိရင် မပြောဘူးတဲ့။

(၄) အနုကမ္ပက အမြဲတမ်း အကြင်နာတရားရှိတဲ့ မိတ်ဆွေ လို့ ဒါက Outline ချပေးထားတာ။ အဲဒီတစ်မျိုးတစ်မျိုးဟာ (၄)ခုစီပြန်ပြီးတော့ခွဲလိုက်တယ်။ အဲဒီထဲမယ် ဥပကာရ မိတ်ဆွေဆိုတာ ဘယ်လိုမိတ်ဆွေလဲလို့ဆိုရင် တကယ့်ကျေးဇူးပြုတတ်တဲ့ မိတ်ဆွေပဲ။ ပမတ္တံ ရက္ခတိတဲ့။ ကိုယ့်ရဲ့မိတ်ဆွေက မူးနေတယ်၊ မူးရူးနေတယ် သို့မဟုတ် နေမကောင်းလို့ သတိမေ့မြောသွားတယ် သို့မဟုတ် ပစ္စည်းဥစ္စာတစ်ခုခုမေ့လျော့နေတယ်။ ဒုက္ခရောက်နေတယ်ဆိုရင် ပစ်ခွာပြီးတော့မသွားဘူး၊ စောင့်ရှောက်တယ်နော်။ မူးမေ့နေတဲ့ မိတ်ဆွေတစ်ယောက်ကို ပစ်မထားခဲ့ဘူး၊ စောင့်ရှောက်တယ်။

ပမတ္တဿ သာပတေယျံ ရက္ခတိ - သူ့ပစ္စည်းတွေကိုလည်း ထိန်းပေးတယ်။ သိမ်းပေးတယ်။ ဒုက္ခရောက်ပြီဆိုရင် သိမ်းပေးတယ်။ ဒုက္ခရောက်နေတဲ့အချိန်မှာ လူကိုလည်းစောင့်ရှောက်တယ်၊ ပစ္စည်းကိုလည်းသိမ်းပေးတယ်နော်။ ဘီတဿ သရဏံ ဟောတိတဲ့။ သိပ်ပြီးတော့ ကြောက်လန့်တုန်လှုပ်နေလို့ရှိရင်လည်း အားပေးစကားပြော
စာမျက်နှာ-၁၀၅
တယ်။ မကြောက်နဲ့ ငါတို့ရှိတယ်။ ဟော-ကြောက်နေလို့ရှိရင် မင်းဘာမှမစိုးရိမ်နဲ့။ ရုံးပြင်ကနား သွားစရာ၌လည်း မပူနဲ့၊ ငါတို့ကူညီမယ်၊ ဘာမှမစိုးရိမ်နဲ့လို့ အားပေးစကားပြောတဲ့လူတွေ။

နောက်တစ်ခုက ဒီ ဥပ္ပန္နေသု ကိစ္စကရဏီယေသု အလုပ်ကိစ္စတစ်ခုခု ဆောင်ရွက်စရာရှိလာလို့ရှိရင် တဒိဂုဏံ ဘောဂံ အနုပ္ပဒေတိတဲ့။ သူတောင်းတာထက် ပိုပြီးတော့ ထောက်ပံ့တာ၊ သူက-ကိစ္စရှိလို့ငွေကြေးလိုနေတယ်။ ဥပမာမယ်နော် အာမခံပေးရမယ်တို့ ပိုက်ဆံဘယ်လောက်လိုတယ်ဆို ဟိုလူကနော် သိန်း(၅၀)လောက်လိုတယ်ဆိုရင် ဟာ-သူငယ်ချင်း သိန်း(၅၀)နဲ့ မင်းဟာဘာမှဖြစ်မှာမဟုတ်ဘူး။ ရော့ သိန်း(၁၀၀)ယူသွား။ ဟော ဒီလိုပေးတာမျိုးတဲ့။ မိတ်ဆွေစစ်ပြီဆိုလို့ရှိရင်တော့ လိုအပ်တာထက်ပိုပြီး ထောက်ပံ့ပေးတယ်။ အခက်အခဲကြုံနေတဲ့အချိန်မှာ အဲဒီလိုကူညီတယ်လို့ပြောတာ။ အဲလိုမိတ်ဆွေမျိုးဟာ ဥပကာရမိတ်ဆွေတဲ့။ ကျေးဇူးပြုတတ်တဲ့မိတ်ဆွေ(၄)ယောက်လို့ ဒီလိုပြောတာနော်။

မေ့လျော့နေတဲ့အချိန်မှာ စောင့်ရှောက်တယ်။ ပစ္စည်းဥစ္စာတွေကို စောင့်ရှောက်တယ်။ အလွန်ကို ကြောက်လန့်တုန်လှုပ်နေတဲ့အခါမှာ အားပေးစကားပြောတယ်။ ကိစ္စဝိစ္စပေါ်လာလို့ ငွေကြေးဓနလိုလာလို့ရှိရင် သူတောင်းတာထက်
စာမျက်နှာ-၁၀၆
(၂)ဆ ပိုပေးလိုက်တယ်။ ဟော ကူညီတာ ဒီလိုဆိုတယ်။ အဲဒီမိတ်ဆွေမျိုးဟာ တကယ့်မိတ်ဆွေစစ်ပဲတဲ့။ ပေါင်းသင့် ပေါင်းထိုက်တဲ့ မိတ်ဆွေပါတဲ့။
သမာနသုခဒုက္ခ မိတ်ဆွေ
ဟော နောက်တစ်ခု သမာနသုခဒုက္ခ။ မိတ်ဆွေဆိုတာ ဘယ်လိုမိတ်ဆွေမျိုးတွေလဲဆိုတော့ ဂုယှမဿ အာစိက္ခတိတဲ့။ ကိုယ့်ရဲ့ လျှို့ဝှက်ချက်ဆိုတာ ရှိတတ်တယ်။ အဲဒီလျှို့ဝှက်ချက်ကို မပေါက်ကြားစေဘူး၊ သူ့ရဲ့ လျှို့ဝှက်ချက်ကိုလည်း မိတ်ဆွေကို ဖွင့်ပြောတယ်၊ ဂုယှမဿ ပရိဟတိ-မိတ်ဆွေရဲ့ လျှို့ဝှက်ချက်ကိုလည်း ထိန်းပေးတယ်။ မပေါက်ကြားစေဘူး။

အာပဒါသု န ဝိဇဟတိ - ဘေးရန်ကြုံလို့ရှိရင် ပစ်မထားခဲ့ဘူးတဲ့၊ အင်မတန်မှကို သစ္စာရှိတယ်။ သူတစ်ယောက်ထဲ ဒုက္ခရောက်အောင် ပစ်မထားခဲ့ဘူး။

ငယ်တုန်းက အင်္ဂလိပ်စာဖတ်တော့ ပုံပြင်လေးတစ်ခု ဖတ်ဖူးတယ်နော်။ အားလုံးလဲကြားဖူးကြလိမ့်မယ်။ တောလမ်းခရီးသွားတယ်၊ တစ်ယောက်က သေနတ်ပါတယ်၊ တစ်ယောက်က သေနတ်မပါဘူး။ သူငယ်ချင်းနှစ်ယောက်သွားကြတော့ အဲဒီသေနတ်ပါတဲ့သူကကြွားတာ “ခုချိန်များ ဘာကောင်ကြီးလာလာ သေနတ်နဲ့ ကာကွယ်မယ်၊ ပစ်မယ်နော်။ မင်းလဲ ဘာမှ
စာမျက်နှာ-၁၀၇
မကြောက်နဲ့၊ သေနတ်ပါတယ်” တောကွေ့လေးတစ်ကွေ့မှာ ဘွားကနဲ ဝက်ဝံကြီးနဲ့တွေ့တယ်။ အဲဒီသေနတ်ပါတဲ့လူက တစ်ခါတည်း သစ်ပင်ပေါ်တက်ပြေးသွားတာ၊ ဟိုလူက ပြေးဖို့ အချိန်မရလိုက်ဘူး၊ လက်ထဲမှာလည်း ဘာမှမရှိဘူး။ သေနတ်ပါတဲ့လူက တက်ပြေးပြီးပုန်းနေလိုက်တာ။ ဟိုလူက ဝက်ဝံကြီးနဲ့ ပက်ပင်းတိုးပြီး ကြံရာမရတော့ ဘယ်လိုလုပ်တုန်းဆိုရင် ပက်လက်လှန်အိပ်ပြီး အသက်အောင့်ထားတယ်။ ဝက်ဝံကြီးက ဟိုနမ်း၊ ဒီနမ်းပေါ့။ အသေကောင်ယောင်ဆောင်နေလိုက်တယ်။ နားရွက်နားနမ်းပြီး ဝက်ဝံကြီးက သူ့လမ်းသူသွားရော။

သွားတဲ့အခါ သေနတ်နဲ့လူက သစ်ပင်ပေါ်က ဆင်းလာတယ်။ “သူငယ်ချင်း မင်းကို ဝက်ဝံကြီးက နားနားကပ်ပြီးတော့ ဘာပြောသွားတာတုန်း”တဲ့။ ဟိုလူကပြောလိုက်တယ်၊ “အဲဒီလို ဘေးရန်ကြုံတဲ့အခါမှာ သူငယ်ချင်းကို ပစ်သွားတဲ့လူမျိုးကို ဘယ်တော့မှ မပေါင်းနဲ့လို့ ပြောသွားတာ”တဲ့။ ဘေးရန်ကျရောက်လာလို့ရှိရင် ဒီလို ပစ်ပြေးတာမျိုး မလုပ်ရဘူးလို့ ပြောတာနော်။

ဟော နောက်တစ်ခုက ဘာတုန်းဆိုရင် ဇီဝိတံပိဿ အတ္ထာယ ပရိစ္စတ္တံ ဟောတိ- ကိုယ့်ရဲ့ သူငယ်ချင်းမိတ်ဆွေအတွက် အသက်ပင်စွန့်ရပါစေ အတူတူ အန္တရာယ်ကနေ
စာမျက်နှာ-၁၀၈
လွတ်အောင် အသက်အသေခံပြီးတော့ ကာကွယ်စောင့်ရှောက်တယ်၊ ဘယ်တော့မှ ပစ်မထားခဲ့ဘူး။

အဲဒီမိတ်ဆွေမျိုးဟာ သမာနသုခဒုက္ခ အေးအတူ ပူအမျှဆိုတဲ့ စိတ်ဓာတ်ရှိတဲ့ မိတ်ဆွေမျိုးဖြစ်ပါတယ်တဲ့။ လောကကိုအောင်မြင်ဖို့အတွက် ဒီလိုမိတ်ဆွေမျိုးနဲ့ လက်တွဲပြီးတော့ အလုပ်လုပ်ပါ။ ဒါပြောတာနော်။
အတ္ထက္ခာယီ မိတ်ဆွေ
ဟော နောက်တစ်ခုက အတ္ထက္ခာယီ- အကျိုးရှိတဲ့အချက်တွေကို ပြောပြလေ့ရှိတဲ့မိတ်ဆွေဆိုတာဟာ ဘယ်လိုဟာကို ခေါ်တာလည်းဆိုတော့ ပါပါ နိဝါရေတိ- မကောင်းတဲ့အလုပ်လုပ်မယ်ဆိုရင်ဟာ - သူငယ်ချင်း မတော်ပါဘူး မင်းမလုပ်နဲ့၊ ဒါတွေက တရားဥပဒေနဲ့မလွတ်ဘူး၊ မင်းသားလုပ်ရင် ဒုက္ခရောက်လိမ့်မယ်။ သူငယ်ချင်း ဒါမလုပ်နဲ့။ တားတယ်၊ ဆီးတယ်၊ မလုပ်ချင်ပါနဲ့ကွာ၊ ပြောတယ်။

ကလျာဏေ နိဝေသေတိ - ကောင်းတဲ့အလုပ်တွေဆိုလို့ရှိရင် သူငယ်ချင်း မင်း ဒါလုပ်သင့်တယ်။ ကောင်းတဲ့အလုပ်တွေ၊ အပြစ်ကင်းတဲ့အလုပ်တွေကျတော့ သူကတိုက်တွန်းသေးတယ်။ လုပ်စမ်းပါ။ ဒါလုပ်ကြည့်စမ်းပါ။
စာမျက်နှာ-၁၀၉
အသုတံ သာဝေတိ-မကြားဖူးတဲ့ ပညာရပ်တွေကိုလည်း ပြောပြပေးတယ်။ မသိတာတွေကိုလည်း ပြောပြပေးတယ်။

သဂ္ဂဿ မဂ္ဂံ အာစိက္ခတိ- ဘယ်လိုလုပ်မှ နောင်ဘဝဆိုတာလည်း ကောင်းကျိုးချမ်းသာရနိုင်တယ်ဆိုတာ တတ်သမျှ မှတ်သမျှ အကျိုးရအောင် ဟောပြောပြသတဲ့ မိတ်ဆွေမျိုး။

မိတ်ဆွေစစ်ဆိုတာမျိုးဟာ အင်မတန်မှ အရေးကြီးတာ။ ဒါမျိုးက မိတ်ကောင်းဆွေကောင်း၊ အားလုံး သိကြလိမ့်မယ်။ ကြားဖူးတယ်။ ဘုရားလောင်း တောထွက်လာတဲ့အခါမှာ ကြာသင်္ကန်းလာပြီးတော့ကပ်တဲ့ ဃဋိကာရ ဗြဟ္မာဆိုတာရှိတယ်။

ကြာသင်္ကန်းဆိုတာ ကြာရိုးနဲ့ယက်ထားတဲ့ သင်္ကန်းကို ပြောတာမဟုတ်ဘူးနော်။ ကမ္ဘာဦးကာလ ဘဒ္ဒကမ္ဘာမှာ ဘုရား (၅)ဆူ ပွင့်မယ်ဆိုတဲ့ အထိမ်းအမှတ်အရ ရေပြင်မှာ ကြာဖူးကြီးငါးဖူး ပေါ်နေတယ်။ အဲဒီ ကြာဖူးကြီးငါးဖူးထဲမှာ ဘာတွေပါလာတုန်းဆိုတော့ သူတော်စင်တွေရဲ့ အသုံးအဆောင်ဖြစ်တဲ့ ပရိက္ခရာရှစ်ပါး ပါလာတယ်။ လူတွေက အဲဒီအချိန်မှာ မရှိကြသေးဘူး။ ဗြဟ္မာကြီးတွေက ကြာဖူးကြီးတွေကြည့်ပြီးတဲ့အခါ ဪ - ဒီကမ္ဘာမှာ ဘုရားငါးဆူပွင့်လိမ့်မယ်ဆိုပြီးတော့ အဲဒီကြာဖူးတွေထဲမှာ ပါလာတဲ့ သင်္ကန်း သပိတ် ပရိက္ခရာတွေကို ဗြဟ္မာပြည်ယူပြီးတော့ သိမ်းထားတာ။ အဲဒီသင်္ကန်းကို
စာမျက်နှာ-၁၁၀
ကြာသင်္ကန်းလို့ ခေါ်တာနော်။ ကြာရိုးတွေနဲ့ ယက်ထားတဲ့ သင်္ကန်းကို ဆိုလိုတာမဟုတ်ဘူး။

ဘုရားလောင်း တောထွက်လာတဲ့အခါမှာ သုဒ္ဓါဝါသ ဗြဟ္မာဘုံက ကဿပဘုရားလက်ထက်တုန်းက သူနဲ့သူငယ်ချင်းဖြစ်တဲ့ ဃဋိကာရဆိုတဲ့ အနာဂါမ် ဗြဟ္မာကြီးရှိတယ်။ အဲဒီဗြဟ္မာကြီးက အဲဒီကြာဖူးထဲကယူထားတဲ့ ပရိက္ခရာရှစ်ပါးကို ဘုရားလောင်းလေးကို လာပြီးတော့ပေးတယ်။ တောထွက်တဲ့အခါမှာ အဲဒီသင်္ကန်းကိုဝတ်တယ်။ ဒါကို ကြာသင်္ကန်းလို့ ခေါ်တာပေါ့။

အဲဒီ ဃဋိကာရ ဗြဟ္မာကြီးက ကဿပဘုရား လက်ထက်အခါကာလတုန်းက ဘုရားရဲ့ ဥပါသကာ၊ အနာဂါမ်ပုဂ္ဂိုလ်ကြီး။ မျက်မမြင်တဲ့ အမေအို၊ အဖေအိုကို လုပ်ကျွေးပြီးနေတယ်။ ကဿပဘုရားနဲ့ အလွန်ရင်းနှီးတယ်။

ဇောတိပါလဆိုတဲ့ လုလင်ဟာ သူနဲ့အင်မတန်မှရင်းနှီးတယ်။ ရင်းနှီးတော့ ဇောတိပါလဆိုတာ ပုဏ္ဏားမျိုးတွေဆိုတော့ အမြဲတမ်း ဘုရားကို ဆန့်ကျင်တယ်။ ဃဋိကာရက တစ်နေ့ကျတော့ သူ့ဆီအလည်လာတဲ့ ဇောတိပါလပုဏ္ဏားကို ခေါ်တယ်။ “ဘုရားကျောင်းက ဒီနားလေးမှာ၊ နီးနီးလေးရယ်၊ တို့ သွားရအောင်”လို့၊ “ဟာ ဘာလို့သွားရမှာလဲ။ ဒီခေါင်းတုံးတွေဆီ
စာမျက်နှာ-၁၁၁
ဘာလို့သွားရမှာလဲ” ဒီလိုပြောတာနော်။ အဲဒါ နောက်ပွင့်မယ့် ဘုရားလောင်းက ပြောတာနော်။ ဃဋိကာရက “ဒါဖြင့် သူငယ်ချင်း မင်းမသွားချင်လဲ တို့ရေသွားချိုးရအောင်” “ရေချိုးရင်လိုက်မယ်” လိုက်သွားတယ်။ ရေဆိပ်ရောက်တဲ့အခါ ရေချိုးပြီးတဲ့အချိန် တစ်ခါခေါ်ပြန်တယ်။ “သူငယ်ချင်း ကဿပဘုရားကျောင်းက ဒီနားလေးမှာ သွားရအောင်” ဇောတိပါလက ငြင်းတယ်။ ငြင်းတဲ့အခါ ဘာလုပ်သလဲဆိုရင် သူဝတ်ထားတဲ့ ပုဆိုးစကိုဆွဲပြီးတော့ “သူငယ်ချင်း လာပါ၊ လိုက်စမ်းပါ၊ ငါနဲ့အတူတူ လိုက်ခဲ့စမ်းပါ” ဆွဲခေါ်တယ်။ မလိုက်ဘူး။ လက်ကို ပုတ်ထုတ်ပစ်လိုက်တယ်။

ဃဋိကာရက ဘာလုပ်တုန်းဆိုရင် သူ့ဆံပင်ကို လှမ်းပြီး ဆွဲလိုက်တယ်။ “သူငယ်ချင်း၊ ဘုရားကျောင်းကို လိုက်မှာလား၊ မလိုက်ဘူးလားပြော” ဆိုတော့မှ ဘုရားလောင်းက စဉ်းစားတာ၊ “ဒီကောင်က ငါ့ထက်လဲ အောက်တန်းကျတယ်၊ ငါ့ဆံပင်တောင် ဆွဲတယ်” ဒီလိုဆံပင်ဆွဲခံရတယ်ဆိုတာ အင်မတန်မှ စိတ်ဆိုးစရာကောင်းတာလေ။ ဘုရားလောင်းက အဲဒီကျမှ စဉ်းစားသွားတာ၊ “သူအရေးကြီးလို့ ခေါ်တာနေမှာပဲ၊ အကျိုးရှိလို့ ခေါ်တာနေမှာပဲ” လို့တွေးပြီး “သူငယ်ချင်း၊ ဆံပင်တော့မဆွဲနဲ့ လိုက်မယ်” ဆံပင်ဆွဲခေါ်မှ လိုက်တာနော်။
စာမျက်နှာ-၁၁၂
ဘုရားကျောင်း ရောက်တဲ့အခါ မြတ်စွာဘုရားက တရားဟောတယ်။ ဘုရားတရားလည်းနာလိုက်ရရော သူ့အထင်အမြင်တွေဟာ အကုန်လွဲမှားသွားပြီး မြတ်စွာဘုရား တရားပေါ်မှာ လုံးဝနှစ်ခြိုက်ကျေနပ်သွားတယ်။ ဘုရားဆီက ထွက်လာပြီး အပြင်လည်းရောက်ရော ဃဋိကာရကိုပြောတယ်၊ “သူငယ်ချင်း၊ မင်း ဒီတရားတွေ နာနေလျက်သားနဲ့ ဘာဖြစ်လို့ ဘုန်းကြီး မဝတ်လဲ”။ “ဪ ... ငါ့မှာ အမေအို၊ အဖေအိုရှိတာပဲ။ ဘယ်ဝတ်နိုင်မလဲ” “ကျွန်ုပ်ကတော့ အိမ်မပြန်တော့ဘူး၊ သင်္ကန်းဝတ်တော့မယ်”ဆိုပြီး ဘုရားအလောင်းက ချက်ချင်း သင်္ကန်းဝတ်သွားတာ။

ဘုရားအလောင်းတွေရဲ့ သတ္တိဟာလည်း အဲဒါပဲ။ ဆုံးဖြတ်ချက်မြန်တယ်။ သူတို့က မှန်ပြီဆိုရင် ချက်ခြင်း ဆုံးဖြတ်ချက်ချတယ်။ အဲဒီ ဃဋိကာရလိုပဲ။ ကောင်းကျိုးချမ်းသာရအောင် အတင်းကိုပြောပေးတာ။ မရောက်ရောက်အောင် လမ်းကြောင်းပေါ်မှာ တင်ပေးတယ်။

အနာထပိဏ်သူဌေးကြီးက သူ့သား “ကာလ” မိုက်မဲနေတာ၊ ဘုရား တရား သံဃာ ဘယ်တော့မှ ဘုရားကျောင်း မသွားဘူး။ ဘုရားတရား ဘယ်တော့မှမနာတဲ့သားကို ပိုက်ဆံပေးပြီး ကျောင်းပို့တာ။ နောက်ဆုံးမှာ သောတာပန်ဖြစ်သွားတယ်။
စာမျက်နှာ-၁၁၃
ဗိမ္မိသာရ မင်းကြီးကလည်း သူ့ရဲ့ မိဖုရားအငယ် “ခေမာ”ဆိုတဲ့ မိဖုရား၊ အင်မတန်မှချောတော့ မာန်မာနတွေ တအားကြီးတာ။ ဘုရားဆီသွားပါဆို မသွားဘူး၊ မသွားတော့ ဝေဠုဝန်ဥယျာဉ်အကြောင်း သီချင်းစပ်ပြီး သီချင်းဆိုခိုင်းတယ်။ Stage Showတွေမှာ ပြခိုင်းတယ်။ (ဘုရားလက်ထက်က Stage Show ရှိလို့လားလို့ မေးနေဦးမယ်နော်၊ အခေါ်အဝေါ်သာ လွဲတာပါ၊ ရှိပါတယ်နော်။) အဲဒီမှာ ခေမာမိဖုရား ဝေဠုဝန်သီချင်းကို နားထောင်ပြီး ဝေဠုဝန်ဥယျာဉ်ကို သွားချင်စိတ်ပေါက်လာတယ်။ ဘုရင့်ထံခွင့်ပန်တော့ ဘုရင်က တိတ်တိတ်မှာလိုက်တယ်၊ “ဘုရားဆီကို ရောက်အောင်ပို့ကြ၊ မပို့လို့ရှိရင် မင်းတို့မင်းပြစ်မင်းဒဏ်ထားမယ်” နောက်ဆုံး ဘုရားဆီရောက်သွားတယ်၊ မြတ်စွာဘုရားတရားနာရတော့ ရဟန္တာမကြီး ဖြစ်သွားတယ်လေ။ အဲဒါမျိုးကို ဆိုလိုတယ်နော်။

ကောင်းတဲ့လမ်းကြောင်းပေါ်ကို မရောက်ရောက်အောင် တင်ပေးတဲ့မိတ်ဆွေမျိုး၊ အဲဒီမိတ်ဆွေမျိုးကို ပေါင်းသင်းဆက်ဆံပါလို့။ ကိုယ့်ကိုကောင်းစေချင်တဲ့ မိတ်ဆွေမျိုး ဒီလိုပြောတာနော်။
စာမျက်နှာ-၁၁၄

အနုကမ္ပက မိတ်ဆွေ
နောက် အနုကမ္ပက မိတ်ဆွေဆိုတာ ဘယ်လိုမိတ်ဆွေမျိုးလဲ။ အနုကမ္ပက- သနားတတ်တဲ့၊ အကြင်နာတရားရှိတဲ့မိတ်ဆွေက ဘာတုန်းဆိုရင် အဘဝေနဿ န နန္ဒတိတဲ့။ ကိုယ့်မိတ်ဆွေတစ်ယောက် ကြီးပွားတိုးတက်မှု မဖြစ်ဘဲနဲ့ ဆုတ်ယုတ်ပျက်ပြားနေတယ်ဆိုရင် သူ့စိတ်ထဲမှာ မနေနိုင်ဘူး။ မိတ်ဆွေတစ်ယောက်ဟာ ဒုက္ခရောက်နေလို့ရှိရင် ကြည့်မနေနိုင်တဲ့ပုဂ္ဂိုလ်။

ဘဝေနဿ နန္ဒတိ၊ ကြီးပွားတိုးတက်လာလို့ရှိရင် ကျေနပ်တယ်။ များသောအားဖြင့် လူတွေက ဟော ကိုယ့်ရဲ့မိတ်ဆွေတစ်ယောက်ဟာ နိမ့်ကျနေတဲ့အချိန်မှာဆိုရင်တော့ ဟိုကိုယ့်အောက်က ဆိုပြီးတော့ ကူညီတတ်ကြတယ်။ ကိုယ့်ထက်သာသွားပြီဆိုရင် Jealousy ဖြစ်သွားပြန်တယ်။ Jealousy ဖြစ်သွားပြီး ဘာပြောတုန်း၊ ဟာ- သူဆင်းရဲနေတုန်းက ငါဘယ်လိုလုပ်ပေးထားတာ။ အခုကျတော့ ငါ့ကိုတောင် လှည့်မကြည့်ဘူးနဲ့ ဖြစ်လာတယ်နော်။ အဲဒီတော့ မိတ်ဆွေအစစ်ဆိုတာမျိုးကျတော့ ခုနက ကြီးပွားရင်လည်း ကျေနပ်နိုင်ရမယ်၊ မကြီးပွားရင်လည်း မကျေနပ်ဘဲနဲ့ ကူညီစောင့်ရှောက်ပေးတယ်။

အဝဏ္ဏံ ဘဏမာနံ နိဝါရေတိ - တစ်ယောက်ယောက်ကနေပြီးတော့ သူရဲ့အပြစ်တွေ ပြောတယ်ဆိုရင် မပြောပါနဲ့လို့
စာမျက်နှာ-၁၁၅
တားမြစ်တယ်၊ ကိုယ့်မိတ်ဆွေအကြောင်းကိုပြောရင် မခံနိုင်ဘူးပေါ့၊ အပြစ်ပြောတာမခံနိုင်ဘူး။

ဝဏ္ဏံ ဘဏမာနံ ပသံသတိတဲ့။ သူ့ရဲ့ ဂုဏ်ကျေးဇူးကို ပြောတဲ့သူကျတော့ ဟုတ်တယ်၊ ဒီလူကတော်တယ်ဆိုပြီးတော့ ထောက်ခံပေးတယ်။ အဲဒီမိတ်ဆွေမျိုးဟာ အနုကမ္ပကမိတ်ဆွေလို့ခေါ်တယ်။ အားလုံးပေါင်းတဲ့အခါကျတော့ မိတ်ဆွေကောင်း (၁၆)ယောက်ရှိတယ်။

အဲဒီ(၁၆)ယောက်သော မိတ်ဆွေတွေကို အင်အားတစ်ခု အပေါင်းအသင်းပြုပြီးတော့ ကိုယ့်ဘဝကြီးပွားတိုးတက်ရေးကို ဆောင်ရွက်ပါလို့ မြတ်စွာဘုရားကဒီလိုဟောတာနော်။ အဲဒီမှာ မြတ်စွာဘုရားက ဆက်ပြီးတော့ ဟောတာလေးရှိတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ စနစ်တကျသုံးစွဲနည်း။ လူ့လောကမှာ နေတဲ့ထိုင်တဲ့ပုဂ္ဂိုလ်တွေက ဒီအသုံးအစွဲနဲ့ပတ်သက်လို့ရှိရင် စနစ်တကျသုံးတတ်ဖို့ မြတ်စွာဘုရားက ဟောထားတယ်။

“စတုဓာ ဝိဘဇေ ဘောဂေ၊ ပဏ္ဍိတော ဃရမာဝသံ၊ ဧကေန ဘောဂံ ဘုဉ္ဇေယျ၊ ဒွိဟိကမ္မံ ပယောဇယေ” အိမ်မှာနေတဲ့ပုဂ္ဂိုလ်ဟာ ကိုယ့်ရှိတဲ့ပစ္စည်းကို လေးပုံပုံကြည့်တဲ့၊ ဒါအတိအကျ ပုံခိုင်းတာတော့မဟုတ်ဘူးပေါ့နော်။ လေးပုံပုံကြည့်၊ တစ်ပုံကို emergency အတွက် ထားရမယ်။ တစ်ပုံက စားသုံးတဲ့ဘက်မှာ
စာမျက်နှာ-၁၁၆
အသုံးချရမယ်။ ကျန်တဲ့နှစ်ပုံက အရင်းအနှီးပြုပြီးတော့ တိုးပွားအောင် ဆောင်ရွက်ရမယ်၊ အိမ်ရာတည်ထောင်လူ့ဘောင်မှာ နေတဲ့ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ လိမ့်လိမ့်လဲလဲ ဆင်းရဲမွဲတေမှုမဖြစ်အောင် မြတ်စွာဘုရားက ဒီလိုလုပ်ခိုင်းတာနော်။

အဲ- တချို့ကတော့ ဆင်ခြေတက်ကောင်းတက်လိမ့်မယ်။ လေးပုံပုံစရာ ပိုက်ဆံမရှိဘူးလို့။ သို့သော် စားစရာတော့ရှိပါတယ်နော်။ ဘုန်းကြီးတို့ဆီမှာ တစ်ခါတုန်းက နာဂစ်မုန်တိုင်း ကူညီဖို့ဆိုပြီးတော့ ထိုင်ဝမ်က သီလရှင်ကြီးတစ်ပါး ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ရောက်လာတယ်။ ရောက်လာပြီးတော့ ဘုန်းကြီးကို Interview လာလုပ်တယ်။ သူတို့ Interview လုပ်ပြီးတော့ သူတို့အဖွဲ့ကလူတွေ အသုံးပြုနေတဲ့ စောင်လေးတစ်ထည်နဲ့ ပလပ်စတစ်ခွက်ကလေးတစ်လုံး အိတ်ကလေးနဲ့ထည့်ပြီး သွားရာလာရာမှာ ဇွန်းကလေးရယ် အဲဒါလေးကိုလှူတယ်။ လှူပြီး အဲဒီစောင်လေးအကြောင်းပြောတယ်။ ဒီစောင်ဟာတဲ့ ရေသန့်ဘူးအလုံး(၇၀)ကုန်တယ်တဲ့။ ရေသန့်ဘူးအလုံး(၇၀)ကို Recycle လုပ်လိုက်တဲ့အခါ စောင်ဖြစ်လာတယ်။ သူတို့ဆိုလိုတာက တရုတ်ပြည်ကလာတဲ့ Plastic စောင်တွေလို့ပြောတာပေါ့နော်။ အမွှေးနုနုနဲ့ တချို့က ယုန်မွှေးစောင်လို့ခေါ်ကြတယ်။ ယုန်က ဒီလောက်မှအမွှေးမထူတာနော်၊ အဲဒီတော့လောကမှာ ယုန်တွေကလည်း ဒီလောက်ပေါတာမှမဟုတ်တာပဲ။ စောင်တွေက
စာမျက်နှာ-၁၁၇
အများကြီး၊ အဲဒီတော့ Plastic ဖွေပြီးတော့ ယက်ထားတာ။ အဲသူတို့ပြောသွားတယ်၊ အဲဒီလိုရေသန့်ဘူးအလုံး(၇၀)ဟာ ဒီစောင်တစ်ထည်ရတယ်တဲ့။

သူတို့ဆိုလိုတာကတော့ ရေသန့်ဘူးခွံတွေ အလဟဿ ပစ်တဲ့အခါမှာ ပတ်ဝန်းကျင်ညစ်နွမ်းတယ်။ သူတို့က အဲဒီပတ်ဝန်းကျင် မညစ်နွမ်းအောင် သူတို့ကဆောင်ရွက်တဲ့အဖွဲ့။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နောက်ပြီးတော့ အလေအလွင့်မရှိတာ။ အဲဒီသီလရှင်ကြီးက ဦးဆောင်ပြီး သူတို့သန်းချီပြီး လှူနိုင်တယ်။ ဘာလို့လဲဆိုရင် ရောက်တဲ့အရပ်မှာ သူကစုဘူးတွေ လိုက်ဝေတယ်။ ကိုယ်တတ်နိုင်သမျှ ထည့်ကြပါ။ စုဘူးထည့်ခိုင်းတယ်။ အဲဒီစုဘူးကငွေကြေးနဲ့ ဒုက္ခရောက်တဲ့လူတွေကို လိုက်ပြီးတော့ကူညီတာ၊ သူတို့က ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ အာဖရိကနိုင်ငံမှာ ဒုက္ခရောက်ရင် အာဖရိကနိုင်ငံသွားကူညီတယ်။ နိုင်ငံပေါင်းတော်တော်များများ သူတို့စာရင်းအင်းရှိတယ်။ အဲဒါ သူတို့အဖွဲ့ဝင်တွေက စုဆောင်းထားတဲ့ငွေတွေကို လူမှုအကျိုးပြုတဲ့လုပ်ငန်းတွေမှာ အသုံးချသွားကြတယ်။

အဲဒီတော့ ဆိုလိုတာက Emergency စုထားတဲ့စုငွေက ကုသိုလ်ကောင်းမှုအတွက် အများကြီးအထောက်အကူဖြစ်တယ်ပေါ့။ ကိုယ့်မှာလိုအပ်တဲ့အခါမှာလည်း ဒီစုငွေရှိသည့်အတွက်ကြောင့် အသုံးလိုလို့ရှိရင်လည်းရတယ်ပေါ့။ ဒါကြောင့်မို့
စာမျက်နှာ-၁၁၈
အသုံးအဖြုန်းကိုကြည့်ပြီးတော့ အဖြုန်းကိုဖယ်ပြီးတော့ အသုံးကိုပဲလုပ်ရမယ်။ လိုအပ်သည်ထက် ပိုမသုံးဘဲနဲ့ ကိုယ့်မှာ သိန်း(၄၀၀)ရှိတယ်ဆိုရင် သိန်း(၁၀၀)ကို ဘဏ်အပ်ထားတယ်။ သိန်း(၁၀၀)ကိုပဲ နေ့စဉ်စားသုံးတဲ့ထဲ ဖယ်ထား၊ ကျန်တဲ့သိန်း(၂၀၀)က အရောင်းအဝယ်နဲ့ တိုးပွားအောင်လုပ်ရမယ်တဲ့။ အဲဒါဆိုရင် လိမ့်လိမ့်လဲလဲ မဖြစ်ဘူးတဲ့နော်။

ဘေးရန်အန္တရာယ်ဆိုတာ ကြုံလာတတ်တယ်။ ဘာကိစ္စပဲဖြစ်ဖြစ် ငွေလိုလာပြီဆိုလို့ရှိရင် Emergency ကယူ။ ခုခေတ်ကတော့ ငွေမစုဘူး၊ ချေးလိုက်တာပဲ။ ချေးလိုက်တဲ့အခါကျတော့ ကြွေးတင်ရော၊ ဒီလိုတွေဖြစ်တာကိုနော်၊ အဲဒီတော့ ကြွေးလည်းကင်းအောင် နည်းစနစ်တစ်ခုကို မြတ်စွာဘုရားကဟောတာ။

ဧကေန ဘောဂေ ဘုဉ္ဇေယျ- တစ်ပုံနဲ့စားသုံးပါတဲ့။ ဒွိဟိ ကမ္မံ ပယောဇယေ- နှစ်ခုနဲ့အရောင်းအဝယ်လုပ်ပါတဲ့။ စတုတ္ထံ နိဓာပေယျ- လေးခုမြောက်တစ်ပုံကိုတော့ သိမ်းထားပါတဲ့။ အာပဒါသု ဘဝိဿတိ အန္တရာယ်ကြုံပြီ၊ ကိုယ့်မှာသိပ်လိုအပ်လာပြီဆိုရင် ထုတ်သုံးဖို့လို့ ဒီလိုအသိဉာဏ်ရှိရှိနဲ့ အိမ်မှာနေထိုင်ပြီးတော့ စီးပွားရေးကိုလုပ်ပါလို့ မြတ်စွာဘုရားက ဒီလိုဟောတာနော်။

အဲဒီဟောတဲ့အတိုင်း လိုက်နာမယ်ဆိုလို့ရှိရင်တော့ ကြီးပွားတိုးတက်မှုတွေ အများကြီးရနိုင်ပါတယ်။ မကြီးပွားတောင်
စာမျက်နှာ-၁၁၉
မှပဲ ဒုက္ခမရောက်ဘူးပေါ့။ ဒီလိုဆိုလိုတာပေါ့နော်။ မြတ်စွာဘုရားက မိတ်ဆွေတွေအကြောင်းကို ခုလိုရှင်းလင်းပြီးတော့ ဟောကြားတော်မူတာနော်။

အဲဒီမိတ်ကောင်းဆွေကောင်း (၁၆)ယောက်ကို အပေါင်းအသင်းလုပ်ပြီးတဲ့အခါမှာ ဘာလုပ်ဖို့လိုလဲ။ လောကဝိဇယ - လောကမှာ အောင်မြင်မှုရနိုင်ဖို့အတွက် အရပ်မျက်နှာ(၆)ခုကို လုံခြုံအောင်လုပ်ရဦးမယ်တဲ့နော်။ အရပ်မျက်နှာ(၆)ခုကို လုံခြုံအောင်လုပ်ရဦးမယ်။ အရပ်မျက်နှာ(၆)ခုဆိုတာ အရှေ့၊ တောင်၊ အနောက်၊ မြောက်၊ အထက်၊ အောက် ဒီအရပ်မျက်နှာ(၆)ခုကို ဒီလိုခေါ်တာ။ ဒါက တင်စားပြီးတော့ပြောတာ။ ကိုယ့်ရဲ့လုံခြုံရေးကို စီမံဆောင်ရွက်ပါ၊ စနစ်တကျလုပ်ပါလို့ မြတ်စွာဘုရားက ဒီလိုဟောတာ။

အရပ်(၆)မျက်နှာ လူတွေမှာ ကိုယ့်ရဲ့အရှေ့ဘက်ကလည်း လုံခြုံအောင်လုပ်ရမယ်။ တောင်ဘက်ကလည်း လုံခြုံအောင်လုပ်ရမယ်။ အနောက်ဘက်ကလည်း လုံခြုံအောင်လုပ်ရမယ်။ မြောက်ဘက်ကလည်း လုံခြုံအောင်လုပ်ရမယ်။ အပေါ်ကလည်း လုံအောင်လုပ်ရမယ်။ အောက်ကလည်း လုံရမယ်တဲ့။ ဒီလို(၆)ဖက် (၆)တန် (၆)ဌာန လုံခြုံသွားပြီဆိုလို့ရှိရင် လောကမှာ ဘယ်တော့မှ အရှုံးမရှိတော့ဘူး၊ အောင်မြင်နိုင်တယ်လို့ မြတ်စွာဘုရားက ဒီလိုဟောတာနော်။
စာမျက်နှာ-၁၂၀
အဲဒီတော့ အရှေ့ဆိုတော့ ဘာကိုပြောတာလဲလို့ မြတ်စွာဘုရားက အရှေ့ဆိုတာ မိဘနှစ်ပါးကိုပြောတာတဲ့။ ဘာဖြစ်လို့တုန်းဆိုရင် လောကလူတွေ ရောက်လာတဲ့အခါမှာ ဘဝတစ်ခုရလာတဲ့အခါမှာ မိဘဟာ ပထမဆုံးတွေ့ရတဲ့ မိတ်ဆွေပဲလေ။ ဒါကြောင့်မို့လို့ နံပါတ်တစ် တကယ့်ကိုအလေးပေးရမယ့် မိတ်ဆွေအစစ်၊ ကိုယ့်ကိုကျေးဇူးအရှိဆုံးပုဂ္ဂိုလ်ဟာ မိဘပဲဖြစ်တယ်ပေါ့။ မိဘရဲ့ကျေးဇူးကို ပြောပြစမ်းပါဆိုလို့ရှိရင် အမျိုးမျိုးတော့ပြောကြမှာပဲ။

မြတ်စွာဘုရားဟောတဲ့အတိုင်း မှတ်မယ်ဆိုရင် မိဘက သားသမီးတွေအပေါ်မှာ ကျေးဇူးပြုတာ (၃)ခုလို့ မြတ်စွာဘုရားက အကုန်လုံးခြုံပြီးတော့ ဟောထားတာရှိတယ်။ ဘာလဲဆိုရင် အာပါဒကာ- ကိုယ့်ကို ဘေးရန်အန္တရာယ်မရောက်အောင် စောင့်ရှောက်ပေးခဲ့တယ်။ ဒါတစ်ခု။ ပေါသကာ- မစားတတ်ခင်ကတည်းက ငယ်ငယ်လေးကတည်းက ကိုယ့်ကိုကျွေးလာတယ်။ ဣမဿ လောကဿ ဒဿတာရော- ဒီလောကကြီးကို လာခွင့်ပြုပြီးတော့ လောကကြီးရဲ့အလှအပကို ကြည့်ရှုစေတာ မိဘပဲ။ ဟုတ်တယ်လေ၊ အမေက နင်မလာခဲ့နဲ့လို့ဆိုပြီး Abortion လုပ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ Abortion လုပ်ပစ်လိုက်ရင် ဒုက္ခရောက်မသွားဘူးလား၊ တချို့အမေတွေက လာခွင့်မပြုဘူးလေ၊ မလာနဲ့၊ ရှုတ်တယ်ဆိုပြီး လက်မခံဘူး၊ အဲဒါမျိုးရှိတယ်။
စာမျက်နှာ-၁၂၁
အဲဒီတော့ ဒီလောကကြီးထဲ ကိုယ်ရောက်လာတာဟာ အမေ့ကျေးဇူးပဲ၊ ဒါကြောင့်မို့ မြတ်စွာဘုရားပြောတာ။ ဣမဿ လောကဿ ဒဿတာရော- ဒီလောကကြီးနဲ့တွေ့ခွင့်ပေးတာ Welcome လုပ်တာ မိဘတဲ့နော်။

မိဘရဲ့ကျေးဇူးဟာ ဒီ(၃)ခုထဲနဲ့ပဲ ဆပ်ဖို့ဆိုတာ အလွန်ခက်တယ်ပေါ့။ ကျွေးတာ ပြန်ကျွေးလို့ရတယ်၊ စောင့်ရှောက်တာ ပြန်စောင့်ရှောက်လို့ရတယ်၊ ဒီလောကကြီးထဲ welcome လုပ်တာ ကိုယ်ကနောက်မှရောက်တာဆိုတော့ အမေ အဖေကို ထပ်ပြီး ကိုယ် Welcome လုပ်ချင်လို့ရပါ့မလား၊ မရဘူးလေ။ အဲဒါကြောင့်မို့လို့ မိဘကျေးဇူးကိုဆပ်လို့ မကုန်ဘူးလို့ပြောတာ။ အဲဒီတစ်ခုနဲ့တင်မကုန်တာ၊ လောကကြီးထဲကို လာခွင့်ပေးလိုက်တဲ့ ကျေးဇူးဟာ နည်းတာမှမဟုတ်တာ။

အဲဒီလို မိဘက လောကထဲရောက်လာအောင် ခေါ်သွင်းပေးတာဖြစ်သောကြောင့် ကျေးဇူးအကြီးမားဆုံးပုဂ္ဂိုလ်၊ အဲဒီကျေးဇူးကိုတော့ ပြန်ဆပ်လို့ လွယ်လွယ်နဲ့တော့ မရနိုင်ဘူးတဲ့ ဒီလိုပြောတာ၊ ဒါ မိဘကျေးဇူးကို အကျဉ်းချုပ်ပြောပါဆိုရင် အဲဒီ(၃)ခုပဲ၊ ဘုရားဟောထားတာ (၃)ခုနဲ့ ဟောလိုက်တာ။ ကောင်းပြီ၊ အဲဒီအရှေ့အရပ်ဆိုတာ မိဘကိုပြောတာ၊ တောင်အရပ်ဆိုတာ ဆရာသမား။ ကိုယ့်ကိုပညာသင်ပေးတဲ့ ဆရာသမား။ ကိုယ့်ကိုပညာသင်ပေးတဲ့ဆရာ
စာမျက်နှာ-၁၂၂
တွေက တောင်အရပ်။ အလေးပေးရမယ့်ပုဂ္ဂိုလ်၊ ရိုသေလေးစားရမယ့်ပုဂ္ဂိုလ်ဆိုတဲ့ အဓိပ္ပာယ်။

အနောက်အရပ်ဆိုတာ ကိုယ်အိမ်ထောင်ပြုလို့ အိမ်ထောင်ဘက် သားမယား၊ မြောက်အရပ်ကျတော့ မိတ်ဆွေသင်္ဂဟနော်၊ မိတ်ဆွေတွေက မြောက်အရပ်။ အောက်အရပ်ဆိုတာ အလုပ်သမား၊ ကိုယ့်ရဲ့လုပ်ငန်းကိစ္စကို ဝိုင်းဝန်းပြီးတော့ လုပ်နေတဲ့ လခနဲ့လုပ်လုပ် ဘာနဲ့လုပ်လုပ်ပေါ့နော်။ ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေမှာ လုပ်ကိုင်နေတဲ့အလုပ်သမား။ အထက်အရပ်ဆိုတာ သမဏ၊ ဗြဟ္မဏ၊ သူတော်စင်ရဟန်းသံဃာများကို အထက်အရပ် ဒီလိုဆိုလိုတယ်။ အဲဒီအရပ်မျက်နှာကို ကိုယ်က လုံခြုံအောင်လုပ်ရမယ်တဲ့၊ လုံခြုံလို့ရှိရင် သူတို့က ကိုယ့်ကို ပြန်စောင့်ရှောက်လိမ့်မယ်။

အဲဒီတော့ လုံခြုံအောင် ဘယ်လိုလုပ်ရမလဲ၊ အရှေ့အရပ် လုံခြုံအောင် ဘယ်လိုလုပ်ရတုန်းဆိုတော့ အမေ အဖေက ကိုယ့်ကိုကျွေးထားခဲ့တယ်လေ၊ အရှေ့အရပ် လုံခြုံရေးအတွက် ကိုယ်လုပ်ရမှာက ကိုယ့်ကိုကျွေးခဲ့တဲ့ မိဘတွေကို ပြန်ပြီးတော့ ကျွေးပါ။ အဲဒီလို မကျွေးဘူးဆိုရင် အရှေ့အရပ်က ပေါက်နေလိမ့်မယ်။ လုံခြုံရေးစိတ်မချရတော့ဘူးနော်၊ လုံခြုံမှာမဟုတ်ဘူး။ ဒါကြောင့်မို့ ကိုယ့်ကို ကျွေးမွေးစောင့်ရှောက်လာတဲ့ မိဘတွေကို တုန့်ပြန်ပြီးတော့ ကျွေးမွေးစောင့်ရှောက်ပါတဲ့။ ကိစ္စဝိစ္စ
စာမျက်နှာ-၁၂၃
ပေါ်လာလို့ရှိရင်လည်း သူတို့ကိစ္စကို ကိုယ့်ကိစ္စလို သဘောထားပြီးတော့ လုပ်ကိုင်ပေးပါတဲ့။ ။

နောက်တစ်ခုက မိဘမျိုးရိုးက အမျိုးကောင်း ဆိုလို့ရှိရင် အဲဒီအမျိုးကို ထိန်းသိမ်းစောင့်ရှောက်ပါတဲ့။ အကယ်၍ မိဘက ကောင်းတဲ့မျိုးရိုးမဟုတ်ရင်လည်း ကောင်းတဲ့မျိုးရိုးဖြစ်အောင် မိမိကလုပ်ပေးပါ။ ဒီလိုဆိုလိုတယ်။ ဆိုပါစို့၊ မိဘက ဒုစရိုက်နဲ့ အသက်မွေးတဲ့မိဘ ဆိုလို့ရှိရင် ဒုစရိုက်နဲ့ အသက်မမွေးအောင် ဘာလုပ်မလဲ၊ ကောင်းတဲ့မျိုးရိုးဖြစ်အောင် ကိုယ်ကလုပ်ပေးပါတဲ့ ဒီလိုဆိုလိုတယ်။

နောက်တစ်ခါ မိဘဆိုတာ ရှာဖွေသွားတဲ့ ပစ္စည်းတွေကို သူတို့သေသွားတဲ့အခါ ယူသွားလို့မရဘူးလေ။ ယူသွားလို့ မရသည့်အတွက်ကြောင့် သူတို့ရှာခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို ကိုယ်က မိဘပစ္စည်းတွေကို စနစ်တကျ ထိန်းသိမ်းပြီးတော့ ကုသိုလ်ကောင်းမှု လုပ်ပေးတယ်ပေါ့။ အမွေခံတယ်ပေါ့။ ကွယ်လွန်အနိစ္စရောက်သွားတဲ့အခါမှာ မိဘတွေကို နောက်ဆုံးကျေးဇူးဆပ်တဲ့အနေနဲ့ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှပေးဝေပါတဲ့။ ဒါက အရှေ့အရပ်လုံခြုံရေးအတွက် သားသမီးတွေက ဒီလိုလုပ်ပါလို့ဆိုတာ။ အရှေ့အရပ်လုံခြုံရေးအတွက် သားသမီးတွေရဲ့ စီမံဆောင်ရွက်ချက်ပဲ။
စာမျက်နှာ-၁၂၄
အဲဒီမှာ အင်္ဂါရပ်တွေရှိသေးတယ်၊ အမျှဝေလို့ရတဲ့ ဘဝဟာ ပြိတ္တာဘဝပ်၊ ငရဲဆိုရင်မရဘူး၊ တိရစ္ဆာန်ဆိုလည်း မရဘူး၊ လူဖြစ်နေရင်၊ နတ်ဖြစ်နေရင် မလိုအပ်တော့ဘူးနော်။ ပြိတ္တာဖြစ်နေတဲ့အချိန်မှာ အမျှဝေရတယ်။ ဝေတဲ့အခါမှာ ဝေတိုင်းရသလားလို့ မေးစရာရှိတယ်၊ ဆက်သွယ်မှုရှိမှရတယ်။ ဆက်သွယ်မှု Communication မရှိရင်တော့ မရဘူး၊ အဲဒါ မပြောနဲ့ စင်္ကာပူကနေပြီး မြန်မာပြည် ပိုက်ဆံပို့တာတောင်မှ Communication ရှိမှ ပို့လို့ရတာလေ၊ နို့မဟုတ်ရင် ဘယ်ရမှာတုန်း။ အဲဒီတော့ ကိုယ်ကသူ့အတွက် ကုသိုလ်ကောင်းမှု လုပ်တယ်။ တစ်ဖက်သားကို အမျှဝေလိုက်တယ်၊ သူက သိတယ် ဝမ်းသာတယ်၊ သာဓုခေါ်တယ်၊ အဲဒါကျမှရတယ်။

ဥပမာတစ်ခု၊ အသံလွှင့်စက်တယ်လီဗီးရှင်းဆိုပါစို့။ တယ်လီဗီးရှင်းလွှင့်တဲ့ဘက်က လွှင့်တယ်၊ ဒါပေမယ့် ဖမ်းတဲ့ဘက်က ဖွင့်မထားဘူးဆိုရင် ရုပ်ပုံပေါ်ပါ့မလား၊ မပေါ်ဘူး။ လွှင့်တဲ့စက်ကတော့လွှင့်တယ်နော်၊ ဖမ်းတဲ့ဘက်က မဖမ်းဘူးဆိုလို့ရှိရင် မြင်ရမှာမဟုတ်ဘူး။ အေး-ဖမ်းတဲ့ဘက်ကတော့ ဖမ်းပါရဲ့၊ လွှင့်တဲ့ဘက်က မလွှင့်ဘူးဆိုလို့ရှိရင်ရော မရဘူး၊ လွှင့်တဲ့အချိန်လည်း ဖြစ်ရမယ်၊ လွှင့်နေတာလည်းဖြစ်ရမယ်၊ ဖမ်းလည်းဖမ်းတယ်ဆိုရင်တော့ ရမှာပဲ။ အဲဒီသဘောကိုသာ
စာမျက်နှာ-၁၂၅
မှတ်ထား၊ အမျှဝေတယ်ဆိုတာ ဟိုကတစ်ဖက်ကသိပြီး သာဓုခေါ်မှရတယ်။ နို့မဟုတ်ဆိုရင်တော့ မရဘူးလို့ပဲပြောရမယ်။

တခြားနည်းနဲ့လုပ်တာတွေ ရှိသေးတယ်။ ဆိုပါစို့ - အမေကြိုက်တတ်လို့ အဖေကြိုက်တတ်လို့ သင်္ချိုင်းသွားပြီးတော့ တင်ထားကြတယ်။ ဒီပြင်အကောင်ပလောင်ပဲစားမှာ၊ သူစားရမှာ မဟုတ်ပါဘူးနော်၊ တချို့လူတွေက အဲဒီလို သွားလုပ်လေ့ရှိတယ်။ အကောင်းဆုံးလုပ်နည်းကတော့ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှဝေတာကတော့ သူတို့အတွက် အကျိုးအရှိဆုံးပဲတဲ့၊ မြတ်စွာဘုရားက ဒီလိုဟောထားတယ်နော်။ အဲဒါ အရှေ့အရပ်ဖြစ်တဲ့ မိဘတွေအတွက် ဆောင်ရွက်ရမယ့်ကိစ္စတစ်ခုကို ဆောင်ရွက်တာလို့ ဒီလိုမှတ်သားဖို့လိုတယ်ပေါ့။

အဲဒီလို ဆောင်ရွက်ရမယ့်ကိစ္စကို ဆောင်ရွက်တဲ့အခါ မိဘတွေက ကိုယ့်သားသမီးကို ပြန်ပြီးတော့ စောင့်ရှောက်ကြတယ်။ မကောင်းတာတွေမဖြစ်အောင် ဆုံးမတယ်။ ကောင်းတဲ့ဘက်ကိုရောက်အောင် တင်ပို့ပေးတယ်။ ပညာတွေသင်ပေးတယ်နော်။ နောက်ဆုံးမှာ သင့်တော်တဲ့ပုဂ္ဂိုလ်နဲ့ အိမ်ထောင်ချပေးတယ်နော်။ အချိန်အခါတန်လို့ရှိရင်လည်း အမွေတွေပေးတယ်။ မိဘနဲ့သားသမီးဟာ အပြန်အလှန် ဒီလိုဆောင်ရွက်သည့်အတွက်ကြောင့် ကိုယ့်အတွက် အရှေ့အရပ်ဟာ လုံခြုံသွားပြီလို့ ဒီလိုပြောတာ၊ နို့မဟုတ်ရင် မလုံခြုံဘူးနော်။
စာမျက်နှာ-၁၂၆
တောင်အရပ်က ဆရာသမား၊ ဆရာဆိုရင် တပည့်နဲ့တွဲရမှာပေါ့၊ တောင်အရပ်လုံခြုံအောင် တပည့်တွေက ဘာလုပ်ရမလဲလို့ဆိုရင် တပည့်တွေဟာ ဆရာကိုလေးစားတဲ့အနေနဲ့ တက်တက်ကြွကြွရှိရမယ်၊ ဆရာလာလို့ရှိရင် နေရာကထတယ်။ ကြိုးကြိုးစားစား ဆရာ့ဆီကို ချဉ်းကပ်သွားလာတယ်နော်။ ဆရာပြောသမျှကို နာခံတယ်၊ မှတ်သားတယ်၊ ဆရာ့အတွက် ပြုစုလုပ်ကျွေးတယ်၊ ဒါဆိုရင် တောင်အရပ်ကို သူက လုံခြုံရေးစီမံတာပဲဖြစ်တယ်ပေါ့။

အဲဒီလို လုံခြုံတဲ့အခါကျတော့ တပည့်တွေက အဲဒီလိုလုပ်လာတဲ့ အဓိကကတော့ ဆရာတွေက တပည့်တွေအပေါ် တုံ့ပြန်လာတာတွေရှိတယ်ပေါ့။ အဲဒီတုံ့ပြန်မှုက အရေးအကြီးဆုံးပဲပေါ့၊ တပည့်ကို ကျကျနန ပညာတတ်အောင် ဆရာကသင်ပေးတယ်နော်။ အတတ်ပညာအားလုံးကို ခြွင်းချက်မရှိ ဆရာအာစရိယမုဋ္ဌိ မထားဘဲနဲ့ တပည့်ကို သင်ကြားပေးတယ်။ ကောင်းတဲ့အချက်တွေကို တပည့်ကို မှတ်သားစေတယ်နော်။ မိတ်ကောင်းဆွေကောင်းတွေထံ တပည့်ကိုအပ်နှံပေးတယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ဆရာ့ရဲ့မျက်နှာနဲ့ ဒီတပည့်ဟာ မျက်နှာပွင့်တယ်လို့ ဒီလိုပြောတာနော်။ အရပ်မျက်နှာ ဘယ်သွားသွား ဆရာ့ရဲ့ဂုဏ်ကျေးဇူးနဲ့ အန္တရာယ်ကင်းကင်းရှင်းရှင်းဖြစ်စေမယ်။ ဒါ ဆရာ့ရဲ့မေတ္တာကို ခံယူရတဲ့
စာမျက်နှာ-၁၂၇
အခါမှာ တောင်အရပ်လုံခြုံသွားပြီလို့ ဒီလိုပြောတာ။ ဒီနည်းနဲ့ တောင်အရပ်ကို လုံခြုံအောင်လုပ်ရမယ်။

ဟော- အနောက်အရပ်ဆိုတာ ဘာလဲလို့ဆိုရင် သားမယား။ အိမ်ထောင်ရက်သားကျတဲ့ပုဂ္ဂိုလ်တွေ အနောက်အရပ်လုံခြုံဖို့အတွက် လုပ်သင့်လုပ်ထိုက်တာဘာတုန်းဆိုရင် အမျိုးသားတွေ အိမ်ထောင်ရက်သားကျပြီဆိုရင် မိမိတို့ရဲ့ကြင်ယာအမျိုးသမီးတွေအပေါ်မှာ မြတ်မြတ်နိုးနိုး ဆက်ဆံရမယ်၊ ကြင်ကြင်နာနာ ဆက်ဆံရမယ်လို့ဆိုလိုတယ်။ အထင်သေး၊ အမြင်သေး ဘယ်တော့မလုပ်မိစေနဲ့၊ ဒါတစ်ခု။ နောက်တစ်ခုက ကိုယ့်ရဲ့ကြင်ဖော်ကြင်ဖက်ကလွဲလို့ တခြားအပေါ်မှာ စိတ်ဝင်စားမှုမလုပ်ရဘူး၊ နောက် အိမ်မှုကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုအားလုံးအပ်နှံပေးရမယ်တဲ့၊ သင့်တော်လှပတဲ့ အဆင်တန်ဆာများကိုလည်းပဲ ဆင်မြန်းပေးနိုင်ရမယ်တဲ့၊ ဟော-ဒီလိုဆိုထားတာနော်။ အဲဒီလိုဆိုလို့ရှိရင် အနောက်အရပ်ဟာ လုံခြုံသွားတယ်။

အိမ်ရှင်အမျိုးသမီးက ဘာတုန့်ပြန်ပြီးပေးလာတုန်းဆိုတော့ အိမ်မှုကိစ္စတွေကို စနစ်တကျ ဆောင်ရွက်တယ်တဲ့။ ကိုယ့်အိမ်မှာ အလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲ စနစ်တကျချီးမြှောက်တယ်၊ Organise လုပ်တယ်။ မိမိကိုယ်တိုင်လည်း အကျင့်စာရိတ္တကောင်းအောင်ထိန်းတယ်။ အိမ်ရှင်ယောက်ျား
စာမျက်နှာ-၁၂၈
ဆောင်ယူလာသမျှ၊ လုပ်ငန်းကရလာသမျှ ငွေကြေးဓနတွေကိုလည်း မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တယ်။ အလုပ်အကိုင်နဲ့ပတ်သက်ပြီး အိမ်မှုကိစ္စ လုပ်ငန်းကျွမ်းကျင်တယ်။ ပျင်းရိမှုမရှိဘူး၊ ဇွဲကောင်းကောင်းနဲ့အားလုံးကိုလုပ်တယ်။ ဒီတော့ အနောက်မျက်နှာက လုံးဝလုံခြုံစိတ်ချရတဲ့ အနေအထားမျိုးဖြစ်တယ်။ အဲဒါဆိုရင် လောကမှာ အောင်မြင်မှုရနိုင်တယ်လို့ မြတ်စွာဘုရားက ဒီလိုဟောတာနော်။ အဲဒီတော့ မြတ်စွာဘုရားဟောတဲ့အတိုင်းသာ အကုန်လိုက်နာကျင့်သုံးကြမယ်ဆိုရင် ပြဿနာဆိုတာ အလွန်ကိုနည်းသွားမယ်။ ကြီးပွားတိုးတက်မှုတွေဟာ ကြုံရမှာသေချာပါတယ်။

ဟော- နောက်တစ်ခါ မြောက်အရပ်ဆိုတာ ဘယ်သူ့ကိုပြောတာတုန်းဆိုရင် မိတ်ဆွေတွေကိုပြောတာ။ အဲဒီတော့ မြောက်အရပ်ဆိုတဲ့ မိတ်ဆွေတွေကို ဘယ်လိုလုပ်ရမလဲဆိုရင် လူတိုင်းလူတိုင်းဟာ မိတ်ဆွေရှိတာပဲ၊ အဲဒီတော့ မိတ်ဆွေတွေအပေါ်မှာ ဘယ်လိုဆက်ဆံမလဲ။ မြတ်စွာဘုရားက သင်္ဂဟဝတ္ထုတရား (၄) ပါးနဲ့ ဆက်ဆံဖို့လိုအပ်တယ်တဲ့။ တစ်ဦးနဲ့တစ်ဦး မိတ်ဆွေဖြစ်လာပြီဆိုရင် ကိုယ့်အလှည့် သူ့အလှည့်တော့ရှိတာပေါ့နော်။ ကိုယ်က သူ့မိတ်ဆွေလား၊ သူက ကိုယ့်မိတ်ဆွေလား၊ နှစ်ဦးစလုံးအတွက် ပြောတဲ့ဟာ။
စာမျက်နှာ-၁၂၉
မြောက်အရပ်ဆိုတာ မိတ်ဆွေလို့ ဆိုလိုတယ်။ အဲဒီမိတ်ဆွေဖြစ်လာပြီဆိုလို့ရှိရင် ဘာလုပ်ရမလဲ၊ လက်ဆောင်ပစ္စည်းပေးတာကအစ ပေးမှုကမ်းမှုလေးတွေရှိရတယ်တဲ့။ ဒါကနှောင်ကြိုးခိုင်မာဖို့ပဲ။ ဪ ငါ့ကိုသတိရတယ်။ အမြဲတမ်း ဘာလေးဖြစ်ဖြစ် အမြဲတမ်းထူးထူးဆန်းဆန်းဆိုပေးတယ်၊ လက်ဆောင်ပေးတယ်၊ မွေးနေ့လက်ဆောင်ပေးတယ်။ ဘာပေးတယ်ပေါ့နော်။ ဟို-အဖိုးတန်တာ မတန်တာ ထားပါတော့။ ပေးတယ်ဆိုလို့ရှိရင် မေတ္တာချင်းဟာ အင်မတန်မှနီးသွားနိုင်တယ်။ စိတ်နှလုံးကို ဆွဲဆောင်တဲ့ဟာတစ်ခု။

နောက်တစ်ခု စကားပြောတဲ့အခါမှာ ရိုင်းရိုင်းပျပျမပြောဘဲနဲ့ ကြင်နာတဲ့စကားလုံး၊ ယဉ်ကျေးတဲ့စကားနဲ့ ပြောရမယ့်တဲ့။ ဒါကို ပေယျဝစ္စ လို့ခေါ်တယ်။ နောက်တစ်ခုက အတ္ထစရိယာ သူ့ကိစ္စရှိရင် မနေတတ်ဘူး၊ သွားပြီးတော့လုပ်ပေးတယ်၊ ကူညီတယ်။ ဟော နောက်တစ်ခုက သမာနတ္တတာတဲ့။ ကိုယ်နဲ့တန်းတူထားဆက်ဆံတယ်။ ဘာဖြစ်လို့တုန်းဆိုရင် လူဆိုတာ ကိုယ့်ကိုအထင်သေး အမြင်သေးဆိုရင် မရဘူး။ အဲဒီတော့ အထင်အမြင်သေးတဲ့ဆက်ဆံမှုမျိုး မလုပ်ရဘူးတဲ့။

နောက်ဆုံးတစ်ခုကတော့ ဘာတုန်းဆိုရင် အရေးကြီးတာ ကတိတည်ရမယ်၊ ဘယ်ကိစ္စပဲဖြစ်ဖြစ် မိတ်ဆွေအပေါင်းအသင်းမပျက်စေချင်လို့ရှိရင် ကိုယ်ပြောထားရင် ပြောထားတဲ့အတိုင်း
စာမျက်နှာ-၁၃၀
ကတိတည်ရမယ်လို့။ တည်စေရမယ်၊ ဘယ်တော့မှ မလွဲချော်စေရဘူး။ အဲဒီလိုဆက်ဆံလို့ရှိရင် မြောက်အရပ်ဟာ လုံခြုံလိမ့်မယ်တဲ့။

အဲဒီလုံခြုံလာလို့ရှိရင် သူ့ရဲ့ဆက်ဆံမှုကို အကြောင်းပြုပြီး တစ်ဖက်ကတုံ့ပြန်လာတယ်။ ဘာတွေတုံ့ပြန်လာလဲ၊ ကိုယ်မေ့နေတာ မေ့လျော့ပြီးတော့ ကိုယ်ကခုနကလို မူးနေလို့ဖြစ်စေ၊ မေ့နေလို့ဖြစ်စေ အဲဒီလိုဖြစ်တဲ့အခါမှာ သူကစောင့်ရှောက်ပေးတယ်၊ ပစ္စည်းဥစ္စာတွေပျောက်မသွားအောင် ထိန်းသိမ်းပြီးတော့ပေးတယ်။ ကြောက်စရာဘေးအန္တရာယ် ကြုံလာလို့ရှိရင်လည်းပဲ အားပေးစကားပြောတယ်နော်၊ ဘေးရန်တွေပေါ်လာလို့ရှိရင်လည်း စွန့်ပြီးတော့မသွားဘူး၊ (ခုနကလို ဝက်ဝံနဲ့တွေ့တဲ့အခါမှာ ထွက်ပြေးသွားတာမျိုး မလုပ်ဘူးတဲ့နော်)။

နောက်တစ်ခါ သူ့ရဲ့သားစဉ်မြေးဆက် မြေးမြစ်တီတွတ်ထိအောင်နော် အလေးပေးပြီး “ဒါ ငါ့မိတ်ဆွေရဲ့သား၊ ငါ့မိတ်ဆွေရဲ့မြေး” ဆိုပြီး စောင့်ရှောက်မှုပြုလုပ်တယ်၊ အဲဒီလိုဆိုရင် မြောက်အရပ်က လုံခြုံသွားမှာဖြစ်ပါတယ်။

အောက်အရပ်လုံခြုံဖို့အတွက် ဘယ်လိုစီမံဆောင်ရွက်မလဲ။ ဒါမြတ်စွာဘုရားက သံဝိဓာန ဆိုတာ Project အနေနဲ့ စီမံတာ၊ အောက်အရပ်ဆိုတာ ကိုယ့်လုပ်ငန်းမှာ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ အလုပ်သမားတွေ၊ အဲဒီအလုပ်သမား
စာမျက်နှာ-၁၃၁
တွေနဲ့ပတ်သက်ပြီးတော့ ကိုယ်လုပ်ရမယ့်ကိစ္စတစ်ခုက ဘာတုန်း၊ စီမံဆောင်ရွက်ရမယ့်ကိစ္စက ဘာတုန်းဆိုရင် ကိုယ့်ရဲ့ကုမ္ပဏီမှာဖြစ်စေ၊ ကိုယ့်ရဲ့အိမ်မှာပဲဖြစ်စေ အလုပ်လုပ်နေပြီဆိုရင် အလုပ်ကိစ္စခိုင်းတဲ့နေရာမှာ သူ့ရဲ့အင်အားကိုကြည့်ပြီးတော့ တန်ရာတန်ရာကိုခိုင်းရမယ်။ မနိုင်ဝန်မခိုင်းရဘူးတဲ့၊ ဒီလိုပြောတာနော်။ တန်ရာတန်ရာကိုခိုင်းရမယ်တဲ့။ ဒါကတစ်ခု။

နောက်တစ်ခုက ပုံမှန်သတ်မှတ်ထားတဲ့လစာကို ပေးရမယ်။ အလုပ်သမားတွေကို ပုံမှန်လစာပေးရမယ်။ နေမကောင်းထိုင်မသာရှိပြီဆိုလို့ရှိရင် ကြည့်မနေရဘူး၊ ကိုယ်ကကူညီပြုစုပေးရမယ်တဲ့နော်။ ထူးထူးခြားခြား ဆန်းပြားတဲ့အစာအဟာရမျိုးကိုလည်းပဲ တစ်ခါတစ်ရံကျွေးပါတဲ့။ Korea ကွီစိမ်တို့ India ကွီစိမ်တို့ပေါ့နော်။ ကောင်းတာလေးတွေ တစ်ခါတစ်လေ ခေါ်ခေါ်ပြီးကျွေးပါ။

သမယေ ဗိဿဂ္ဂန - သင့်တော်တဲ့အချိန်မှာ ခွင့်ရက်တွေပေးရမယ်လို့ပြောတာနော်၊ ခွင့်ရက်လေးတွေပေးရမယ်။ ဆိုပါစို့ အမျိုးသမီးတွေဆိုရင် ကိုယ်လေးလက်ဝန်ဖြစ်လာလို့ရှိရင် ခွင့်ရက်ပေး၊ လစာမဲ့မဟုတ်ဘူး၊ လစာနဲ့ခွင့်ရက်တွေပေးတယ်။ အဲဒီလိုဆိုလို့ရှိရင် အဲဒီအလုပ်လုပ်တဲ့ အလုပ်သမားတွေက ကိုယ့်ရဲ့အလုပ်ခွင်မှာ ပိုပြီးကြိုးစားတယ်၊ ကျေးဇူးတင်ပြီး
စာမျက်နှာ-၁၃၂
တော့ အလုပ်သမား အလုပ်ရှင်ဆက်ဆံရေးဟာ ပိုကောင်းလာတယ်၊ ဒီလိုပြောတာနော်။ အဲဒီလိုလုပ်မှ လုံခြုံစိတ်ချရတယ်

အဲဒီလို လုံခြုံစိတ်ချရအောင် ဒီလိုအလုပ်သမားတွေကို အခုလိုခိုင်းလို့ မိမိဘက်ကတာဝန်ကျေတဲ့အခါမှာ အလုပ်သမားဘက်က အလုပ်ရှင်ကို ပြန်ပြီးတော့ တုံ့ပြန်လာတာတွေရှိပါတယ်တဲ့။

တုံ့ပြန်လာတာ ဘာတုန်းဆိုရင် အေး- အလုပ်သမားက ဝတ္တရားကျေတယ်၊ စောစောထတယ်၊ နောက်မှအိပ်တယ်၊ ဝေယျာဝစ္စလုပ်တဲ့အခါမှာ အင်မတန်မှကို ဂရုတစိုက်လုပ်တယ်။ နောက်တစ်ခါမှာ ပေးတာကိုသာယူတယ်နော်၊ မခိုးတတ်ဘူး၊ ပစ္စည်းတွေကို တိတ်တဆိတ်မယူဘူး။ ဘာဖြစ်လို့ဆို အလုပ်ရှင်က ကောင်းတာကိုး။ ကောင်းလို့ရှိရင် ခိုးယူတာမျိုးတွေ မလုပ်ဘူးတဲ့။

တစ်လောတုန်းက မြန်မာပြည်မှာ ဘီယာရောင်းနေတဲ့ အလုပ်ရှင်တစ်ဦးနဲ့ပတ်သက်ပြီး ပြောဖူးတယ်။ အဲဒီတော့ နှစ်တိုင်းနှစ်တိုင်း ဘီယာပုလင်းအပျက်ပြပြီးတော့ အနည်းဆုံး (၂) ဖာ၊ (၂) ဖာလောက်တော့ လျှော့တယ်။ အလုပ်သမားကသောက်တာရှိတယ်နော်၊ သူတို့သောက်တာပေါ့။ အဲဒါကို ခွင့်မပြုနိုင်တော့ အလုပ်သမားကဘာလုပ်လဲဆိုရင် ဘီယာ
စာမျက်နှာ-၁၃၃
ပုလင်းဖာကို ဆောင့်ဆောင့်ချတဲ့အခါကျတော့ လေးဖာလောက်ပျက်တယ်တဲ့။ အလုပ်သမားကိုသွားပြီးတော့ ဝက်အူရစ်သွားတင်းလိုက်တာ (၄) ဖာလောက်ပျက်သွားတယ်။ အဲ၊ သူတို့သောက်ပါစေဆိုပြီး ခွင့်ပေးထားလို့ရှိရင် အပျက်မရှိတော့ဘူး၊ အကောင်းချည်းပဲဖြစ်တယ်တဲ့နော်။ တကယ်ဖြစ်နေတာနော်။ မြတ်စွာဘုရားကလည်း ဒါတွေမြင်တယ်လေ။

နှစ်ဦးနှစ်ဘက် စိတ်ချမ်းသာမှုရှိမှ လုပ်ငန်းဆိုတာ အပျက်အစီးနည်းတယ်။ အလုပ်ရှင်နှင့် အလုပ်သမား မေတ္တာခမ်းခြောက်လာပြီဆိုလို့ရှိရင် တစ်နည်းနည်းနဲ့ ပျက်စီးတတ်တယ်ပေါ့။ အဲဒါကြောင့် ဒီအလုပ်ရှင်ဘက်ကလည်းပဲ ညှာတာတဲ့သဘောတွေပြရမယ်။ ပြလို့ရှိရင် အလုပ်သမားဘက်ကလည်းပဲ ထိန်းထိန်းသိမ်းသိမ်းဖြစ်လာတယ်တဲ့ ဒီလိုဆိုတာ။

အေး- နောက်တစ်ခုက ဘာတုန်းဆိုရင် သုကတကမ္မကရာ - တဲ့။ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး သေသေသပ်သပ်လုပ်လာတယ်။ သေသေသပ်သပ်လုပ်တော့ ကိတ္တိဝဏ္ဏဟရာ အလုပ်ရှင်က ဘယ်လောက်ကောင်းတယ်ဆိုတာ အလုပ်သမားတွေက ကြော်ငြာပြီးသားဖြစ်သွားတယ်။ အလုပ်ရှင် ဘယ်လောက်ကောင်းတယ်ဆိုတာကို သူတို့ကပြောတဲ့စကားနဲ့တင်ပဲ ဂုဏ်သရေတွေတက်ပြီး dignity တွေ အပြည့်အဝရလာတယ်၊ ဒီလိုဆိုလိုတာနော်။ မြတ်စွာဘုရားဟောတဲ့အတိုင်း
စာမျက်နှာ-၁၃၄
ဆက်ဆံရေးကောင်းကြမယ်ဆိုလို့ရှိရင်တော့ အနည်းနဲ့အများ ကြီးပွားတိုးတက်ပြီး လောကမှာ အောင်မြင်မှုကိုရမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် အရပ်မျက်နှာခြောက်ခု ဖူလုံအောင် ဆောင်ရွက်ကြရမှာဖြစ်တယ်။

နောက်ဆုံးတစ်ခုကတော့ သမဏ ဗြဟ္မဏ တွေအပေါ်မှာ၊ သူတော်စင်တွေအပေါ်မှာ ရိုရိုသေသေ လေးလေးစားစား ဆက်ဆံမယ်ဆိုရင် သူတို့ဆီက တုံ့ပြန်လာတဲ့ မကြားဖူးတာတွေ ကြားအောင်ဟောပြောပေးမယ်၊ မသိသေးတဲ့အသိပညာတွေဟောပြောပေးမယ်၊ ကောင်းတဲ့ဘက်ကိုရောက်အောင် ပို့ဆောင်ပြီးတော့ပေးမယ်၊ တမလွန်ဘဝရောက်တဲ့အခါမှာလည်း ကောင်းရာသုဂတိရောက်မယ့် တကယ့်လမ်းကြောင်းကောင်းကို ဖော်ကျူးပေးနိုင်တယ်ဆိုတဲ့ အထက်အရပ်ရဲ့လုံခြုံမှုဟာလည်းပဲ ရရှိသွားနိုင်ပါတယ်။ ။

ဒါကြောင့်မို့ လောကမှာ အောင်မြင်ချင်တဲ့ပုဂ္ဂိုလ်ဟာ အရှေ့အရပ်လည်း လုံခြုံစိတ်ချရအောင်၊ တောင်အရပ်ကလည်း လုံခြုံစိတ်ချရအောင်၊ အနောက်အရပ်ကလည်း စိတ်ချရအောင်၊ မြောက်အရပ်ကလည်း စိတ်ချရအောင်၊ အထက်အရပ်ကလည်း လုံခြုံစိတ်ချရအောင်၊ အောက်အရပ်ကလည်း လုံခြုံစိတ်ချရအောင် ဗုဒ္ဓမြတ်စွာဟောကြားထားတဲ့နည်းစနစ်အတိုင်း လိုက်နာကျင့်သုံးကြမယ်ဆိုရင် လောကဝိဇယ
စာမျက်နှာ-၁၃၅
လမ်းစဉ်အရ အောင်မြင်ကြီးပွားကြမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု .. သာဓု .. သာဓု 6lojsxdch5skzqbwoig3nr7tsjuqr5m