ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.47.0-wmf.7
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
Event
Event talk
မြတ်သောဥစ္စာ စုဆောင်းပါ
0
6391
22191
2026-06-17T23:39:47Z
Tejinda
173
"{{header | title = မြတ်သောဥစ္စာ စုဆောင်းပါ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = မြတ်ဗု..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22191
wikitext
text/x-wiki
{{header
| title = မြတ်သောဥစ္စာ စုဆောင်းပါ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[မြတ်ဗုဒ္ဓ၏ လောကဝိဇယ လမ်းစဉ်]]
| previous2 =
| next = [[ရတနသုတ်အနှစ်ချုပ်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

မြတ်သောဥစ္စာ စုဆောင်းပါ
သာသနာတော်နှစ် ၂၅၅၁-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၆၉-ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁၁)ရက်နေ့ည မန္တလေးမြို့ ၃၈-လမ်း၊ ၈၂-လမ်း နှင့် ၈၃-လမ်းကြားရှိ ဗုဒ္ဓဂယာဓမ္မာရုံကြီးအတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနား၌ နှစ်ဖက်မိဘများအမှူးထားသည့် ဦးအောင်နိုင်ဆွေ၊ သီရိသုဓမ္မသိင်္ဂီ ဒေါ်မြင့်မြင့်နွယ်၊ သား မောင်ဟိန်းသူ၊ မောင်ငြိမ်းခန့်ကျော်၊ သီရိရွှေစင်ရွှေဆိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော "မြတ်သောဥစ္စာ စုဆောင်းပါ" တရားဒေသနာတော်။

ဤစာအုပ်သည် ဟောတရားကို အသံမှစာအဖြစ် ကူးပြောင်းရေးသား၍ တည်းဖြတ်ထုတ်ဝေအပ်သော စာအုပ်ဖြစ်သည်။ အင်္ဂုတ္တရနိကာယ သတ္တကနိပါတမှာ ပါရှိသော “ဓနသုတ်” ၂-သုတ် (အကျဉ်းနှင့်အကျယ်)ကို ရှင်းလင်းဟောကြားထားသည်။ “သူတော်ဥစ္စာခုနစ်ဖြာ” ဟု အများသိသောတရားဖြစ်၏။ ထိုသူတော်ဥစ္စာခုနစ်ဖြာ (သတ္တအရိယဓနာ) ကိုပင် “မြတ်သောဥစ္စာ စုဆောင်းပါ” ဟူသော အမည်ဖြင့် ဟောထားခြင်းဖြစ်သည်။

ပကတိဥစ္စာ စုဆောင်းမိကြသော ပုဂ္ဂိုလ်များအနေနဲ့ မျက်မှောက်ဘဝမှာ ချမ်းသာသုခခံစားနိုင်ကြသလို မြတ်သောဥစ္စာစုဆောင်းကြသူများမှာ မျက်မှောက်ဘဝတွင်သာမက သံသရာဘဝမှာပါ ချမ်းသာသုခအဆက်ဆက် ရရှိနိုင်ကြရုံမျှမက နိဗ္ဗာန်ချမ်းသာကိုပါ မျက်မှောက်ပြုနိုင်ကြမည်ဖြစ်ပေသည်။ လူ့ဘဝရရှိခိုက်မှာ လူတိုင်းလူတိုင်း မမေ့သောသတိ၊ မလျော့သောလုံ့လဝီရိယဖြင့် “မြတ်သောဥစ္စာများ”ကို ရယူစုဆောင်းနိုင်ကြပါစေ။ ဓမ္မအသိရှိလျက်နေမည်။

စာမျက်နှာ-၂

ဥစ္စာ ၂-မျိုး
လောကမှာ လူရယ်လို့ဖြစ်လာရင် ဥစ္စာဓနတွေကို ရှာဖွေစုဆောင်းကြရမှာဖြစ်တယ်။ လူတွေနေ့စဉ်ရှာဖွေနေကြတဲ့ ဥစ္စာဓနရဲ့အရည်အသွေးနဲ့ မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ဥစ္စာရဲ့အရည်အသွေး၊ ဒီနှစ်မျိုးကို သေသေချာချာနှိုင်းယှဉ်ပြီး ကြည့်မယ်ဆိုရင် အလွန်ကွာခြားတာကိုတွေ့ရမှာဖြစ်တယ်။ သို့သော်လည်း လောကလူသားတွေဟာ နေ့စဉ်နှင့်အမျှ ပကတိပစ္စည်းဥစ္စာကိုသာ ရှာကြတယ်။ ပကတိပစ္စည်းဥစ္စာကို မရှာရဘူးလို့ ဆိုလိုတာမဟုတ်ဘူး၊ ပကတိပစ္စည်းဥစ္စာရဲ့အကျိုးပြုမှုဟာ အင်မတန်မှနည်းပါးတယ်လို့ ဆိုလိုတာဖြစ်တယ်။

ရထားတဲ့စီးပွားဥစ္စာက လူတွေကိုအကျိုးပြုတာဟာ အင်မတန်မှတိုတောင်းပါတယ်။ အဲဒီလိုအင်မတန်မှတိုတောင်းသည့်အတွက်ကြောင့် တိုတောင်းသည့်ခဏလေးအတွင်းမှာဘဲ ပစ္စည်းဥစ္စာကအကျိုးပြုနိုင်တယ်။ အကျိုးပြုတဲ့အချိန်မှာတောင် အပြည့်အဝအကျိုးပြုသလားဆိုတော့ တစ်ဖက်ကအကျိုးပြုတာတွေ့ရသလို ကျန်တစ်ဖက်ကအကျိုးမပြုတာကိုလည်းတွေ့ရတယ်။ ပစ္စည်းဥစ္စာကိုအကြောင်းပြုပြီး ဆင်းရဲဒုက္ခရောက်ရတာတွေလည်းရှိတယ်။

စာမျက်နှာ-၃
ပစ္စည်းဥစ္စာ ရွှေ၊ ငွေ၊ ရတနာတွေ အလွန်များလွန်းလို့ ချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်ဟာ ထိုပစ္စည်းဥစ္စာတွေကိုအကြောင်းပြုပြီး ချမ်းချမ်းသာသာနေနိုင်ပေမယ့်လို့ ထိုပစ္စည်းတွေကိုအကြောင်းပြုပြီး ဒုက္ခရောက်ရတာလည်း အများအပြားတွေ့ရတယ်။ ဒါကတော့ ဘယ်သူမှမငြင်းနိုင်တဲ့ အကြောင်းကိစ္စတစ်ခုဖြစ်တယ်။ အဲဒီတော့ လောကမှာ ပစ္စည်းဥစ္စာတွေဟာ ရှာသာရှာရတယ် ကောင်းကျိုးချည်းပေးတာမဟုတ်ဘူး၊ မကောင်းကျိုးကိုလည်းပေးတယ်လို့ ပြောနိုင်ပါတယ်။
ပကတိဥစ္စာနဲ့ ရန်သူမျိုး ၅-ပါး
ပကတိဥစ္စာလို့ခေါ်တဲ့ လောကလူသားတွေ ရှာဖွေနေကြတဲ့ ပစ္စည်းဥစ္စာတွေက ဘာနဲ့ဆက်နွယ်နေသလဲဆိုရင် အဖျက်အမျိုးမျိုးနဲ့လည်း ဆက်နွယ်နေတယ်။ အဂ္ဂသာဓာရဏဘောဂါ တဲ့။ မီးလောင်လို့ရှိရင်လည်း ပျက်စီးကုန်ဆုံးသွားနိုင်တယ်၊ ဒီလိုမျိုးကိုဆိုလိုတာနော်၊ မီးဖျက်ရင်လည်း ပျက်သွားနိုင်တယ်။ ဥဒကသာဓာရဏဘောဂါ - ရေဖျက်ရင်လည်း ပျက်သွားနိုင်တယ်။

စာမျက်နှာ-၄
ထို့အတူ ရာဇသာဓာရဏဘောဂါ - တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေ သိမ်းယူသွားရင်လည်း ပါသွားနိုင်တယ်။ စောရသာဓာရဏဘောဂါ - သူခိုးသူဝှက်တွေ ပစ္စည်းကိုလိုချင်တဲ့သူတွေက တိုက်ခိုက်ခိုးယူသွားရင်လည်း ပစ္စည်းတွေကပါသွားနိုင်တယ်။ အပ္ပိယဒါယာဒသာဓာရဏဘောဂါ - မချစ်မနှစ်သက်အပ်တဲ့ သားဆိုးသမီးဆိုးတွေကြောင့်လည်းဘဲ ထိုပစ္စည်းတွေဟာ ကုန်ပြန်တာပဲ၊ ဘယ်လောက်ပဲပင်ပင်ပန်းပန်းရှာထားရှာထား ထိုပစ္စည်းတွေဟာ တနည်းနည်းနဲ့ကုန်ဆုံးသွားမှာဖြစ်သည့်အတွက်...

စာမျက်နှာ-၅
ကြောင့် ခိုင်မာမှုဆိုတာ အလွန်တရာနည်းတယ်လို့ ဆိုလိုတာဖြစ်တယ်။

ထို့အတူဘဲ ထိုပစ္စည်းကိုသုံးစွဲခွင့်ရတဲ့၊ ထိုပစ္စည်းရဲ့အကျိုးကိုခံစားခွင့်ရတဲ့ အချိန်ပိုင်းကလေးကလည်း အင်မတန်မှတိုတောင်းတယ်။ သက်တမ်းနဲ့တွက်ကြည့်မယ်ဆိုရင် အင်မတန်မှတိုတောင်းတဲ့အတွက် ထိုအချိန်ပိုင်းကလေးအတွင်းမှာသာ သုံးရတာ၊ ပစ္စည်းဥစ္စာဆိုတာဟာ မရှိလည်းမဖြစ်ဘူး၊ ရှိလည်းထိုအချိန်ပိုင်းကလေးအတွင်းမှာသာ ထိုပစ္စည်းဥစ္စာကိုသုံးစွဲကြရတာပါပဲ။ အားလုံးတစ်နေ့ကျတော့ မိမိတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေ အကုန်လုံးထားပြီးတော့ သွားကြရတာပါပဲ။

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀-လောက်က မန္တလေးမြို့ကြီးတည်သွားခဲ့တဲ့ မင်းတုန်းမင်းကြီးဆိုတာ အခုရှိသေးရဲ့လား၊ မရှိတော့ဘူးလေ။ သူ

စာမျက်နှာ-၆
ဆောက်လုပ်စိုးစံသွားတဲ့ နန်းတော်ကြီးတွေ အကုန်ထားခဲ့ပြီးသွားရတယ်။ ဒါဟာ သမိုင်းကသက်သေထူလိုက်တဲ့အချက်ပဲ။

မန္တလေးမြို့တော်သူ မြို့တော်သားတွေထဲက ဒီအရပ်မှာနေသွားကြတဲ့ပုဂ္ဂိုလ်တွေ မြောက်များစွာရှိတယ်၊ သို့သော် အဲဒီပုဂ္ဂိုလ်တွေဟာ အဆောက်အဦးတွေ ပစ္စည်းဥစ္စာတွေကို ထားခဲ့ကြရတာပါပဲ။ အဲဒီတော့ ပစ္စည်းဥစ္စာဟာ ခိုင်မာမှုမရှိသလို ရှည်ကြာမှုလည်းမရှိဘူးတဲ့။ ပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ သုခခံစားရတာရှိသလို ထိုပစ္စည်းဥစ္စာကိုအကြောင်းပြုပြီး ဒုက္ခရောက်ရတာတွေလည်းရှိပါတယ်။ “မရှိမဖြစ်၊ ရှိမသက်သာ” ဆိုတဲ့အတိုင်း ရှိထားတဲ့ပစ္စည်းဥစ္စာပေါ်မှာ စိုးရိမ်မှုဆိုတာတွေလည်းရှိသေး

စာမျက်နှာ-၇
တယ်။ အေး ဒါကြောင့်မို့ ရရှိထားတဲ့ပစ္စည်းဥစ္စာတွေကို “မြတ်သောဥစ္စာ” လို့မဆိုနိုင်ဘူး။
မြတ်သောဥစ္စာ
ကဲ မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့တိုက်တွန်းတဲ့ မြတ်သောဥစ္စာဆိုတာက ဘာတွေလဲ၊ သဒ္ဓါ၊ သီလ၊ ဟိရိ၊ သြတ္တပ္ပ၊ သုတ၊ စာဂ၊ ပညာ ဆိုတဲ့ လူ့ရဲ့အရည်အချင်းတွေပဲဖြစ်တယ်။## သဒ္ဓါ

နံပါတ်(၁) မြတ်သောဥစ္စာက သဒ္ဓါဖြစ်တယ်။ သဒ္ဓါဆိုတာ မိမိတို့ရဲ့စိတ်သန္တာန်မှာ ဖြစ်လာသည့်အတွက်ကြောင့် ဘယ်လိုသဘာဝတရားလည်းဆိုတာကို လေ့လာရမယ်။ မိမိသန္တာန်မှာ သဒ္ဓါတရားဖြစ်လာလို့ရှိရင် စိတ်အခြေအနေ ဘယ်လိုဖြစ်လာ

စာမျက်နှာ-၈
သလဲ။ လောကမှာ လူတွေက လှူတယ်တန်းတယ်ဆိုရင် “သြော် - သဒ္ဓါတရား သိပ်ကောင်းတယ်” ဒီလိုပြောကြတယ်နော်။

အေး - အဲဒီ သဒ္ဓါတရားဆိုတာ ယုံကြည်ချက် (Confidence) ကိုခေါ်တယ်၊ ဘာတွေကိုယုံကြည်တာလဲဆိုတော့ လောကမှာ ယုံတာတွေက အများကြီးရှိတယ်၊ ဟိုလူပြောလို့ယုံတာ၊ ဒီလူပြောလို့ယုံတာတွေရှိတယ်။ ဒီနေရာမှာ ယုံကြည်ချက်ဆိုတာ ဘာကိုယုံကြည်တာလဲဆိုရင် ကံ, ကံရဲ့အကျိုးကို ယုံကြည်တာကိုခေါ်တယ်။ ကောင်းကံ, မကောင်းကံဆိုတာ လောကမှာရှိတယ်လို့ ယုံကြည်တာကိုခေါ်တယ်။

နောက်တစ်ခုက ဗုဒ္ဓဘာသာဝင်သူတော်စင်တွေအနေနဲ့ မြတ်စွာဗုဒ္ဓရဲ့ ဉာဏ်တော်အရည်အသွေးနဲ့ပတ်သက်ပြီး ယုံကြည်တယ်။ ဘုရားဆိုတာ အားလုံး

စာမျက်နှာ-၉
ကိုသိတယ်၊ သံသရာဝဋ်က လွတ်မြောက်ကြောင်းတရားကိုသိတယ်၊ ဟောပြောနိုင်တယ်၊ နိဗ္ဗာန်ရောက်ကြောင်းတရားကို ဟောပြောနိုင်တယ်။ မြတ်စွာဘုရားရဲ့ ဉာဏ်အရည်အသွေးကို ယုံကြည်တာကိုလည်း သဒ္ဓါလို့ခေါ်တယ်။

နောက်တစ်ခုက မြတ်စွာဘုရားဟောထားတဲ့တရားဟာ လက်တွေ့ကျင့်မယ်ဆိုရင် ထိုတရားက ကျင့်သုံးတဲ့ပုဂ္ဂိုလ်ကို ဆိုင်ရာအကျိုးတွေကိုပေးနိုင်တယ်လို့ ယုံကြည်တယ်၊ သံဃာတွေနဲ့ပတ်သက်လို့ရှိရင် သံဃာတွေကိုလှူလိုက်လို့ရှိရင် အနည်းငယ်မျှကိုလှူသော်လည်း များစွာသောအကျိုးကိုပေးတယ်၊ များစွာသောအကျိုးကို ရနိုင်တယ်လို့ ဒီလိုယုံကြည်တာမျိုးကိုခေါ်တယ်။ အဲဒီတော့ အချုပ်အားဖြင့် ဘုရား, တရား, သံဃာ ရတနာ ၃-ပါးကို ယုံကြည်တာကို သဒ္ဓါလို့ခေါ်တယ်။

စာမျက်နှာ-၁၀
မိမိတို့စိတ်ထဲမှာ သဒ္ဓါဖြစ်လာရင် ယုံကြည်တယ်၊ ဒီလို “ယုံကြည်တယ်”ဆိုတဲ့စကားမှာ “ယုံတယ်”ဆိုတာကတစ်ခု၊ “ကြည်တယ်”ဆိုတာကတစ်ခု၊ ဒီလိုမှတ်ရမယ်။ ယုံတယ်ဆိုတာ လက်ခံတာ၊ လက်ခံတဲ့သဘောဖြစ်တယ်၊ ဒီကံ, ကံရဲ့အကျိုးဆိုတဲ့ သဘောတရားတွေကို လက်ခံထားတာဖြစ်တယ်။

သဒ္ဓါတရားဖြစ်လာပြီဆိုရင် စိတ်ထဲမှာ ညစ်နောက်နေတာတွေ မဖြစ်တော့ဘူး၊ ဘာနဲ့တူသလဲဆိုရင် ရှေးခေတ်တုန်းက စကြာမင်းကြီးဆိုတာရှိတယ်၊ အဲဒီစကြာမင်း ခရီးသွားတဲ့အခါမှာ ရေကြည်တော်ဆက်သဖို့ သူ့ရဲ့လူတွေကိုပြောတော့ (အဲဒီအခါက ခုခေတ်လူတွေလို ရေသန့်ဘူးတွေဘာတွေ မရှိသေးဘူး) စကြာမင်းကြီးရေလိုချင်တဲ့နေရာမှာ ရေတွေကနောက်နေတယ်၊ အဲဒီနောက်နေတဲ့ရေတွေပဲရှိတာကြောင့် စကြာမင်းကြီးက

စာမျက်နှာ-၁၁
ရေသောက်ချင်တယ်ဆိုတော့ ခွက်နဲ့ခပ်တယ်၊ ခပ်ပြီးတော့ စကြာမင်းကြီးမှာပါလာတဲ့ ပတ္တမြားရတနာကို ရေထဲထည့်လိုက်တယ်၊ အဲဒီလို ရေထဲပတ္တမြားရတနာ ထည့်လိုက်တာနဲ့ ပတ္တမြားရဲ့အစွမ်းကြောင့် ရေထဲကအနယ်တွေအားလုံး ထိုင်သွားပြီး ရေကြည်ရေသန့်ကိုရပါတယ်။ (အဲဒါနဲ့ ရေသန့်စက်လုပ်ရင် ဘယ်လောက်ကောင်းလိုက်မလဲနော်) စကြာမင်းရဲ့ ပတ္တမြားရတနာဟာ ရေညစ်ရေနောက်တွေကို ကြည်လင်စေတယ်။

အဲဒီလိုဘဲ ဟောဒီသဒ္ဓါတရား စိတ်ထဲမှာပေါ်လာတာနဲ့ တပြိုင်နက် လူရဲ့စိတ်ဟာ ကြည်သွားတယ်၊ ဘာဖြစ်လို့ကြည်သွားတုန်းဆိုတော့ အဋ္ဌသာလိနီ အဋ္ဌကထာမှာ ဆိုထားတာက “သဒ္ဓါယုံကြည်မှုဆိုတဲ့ သဒ္ဓါတရားဟာ၊ ဥပ္ပဇ္ဇမာနာ - ရင်ထဲမှာဖြစ်ပေါ်လာတဲ့အခါသမယမှာ၊ နီဝရဏေ - နီဝရဏတရားတို့ကို၊ ဝိက္ခမ္ဘတိ - ပယ်ရှားနိုင်တော့၏” တဲ့။

စာမျက်နှာ-၁၂
စိတ်ရဲ့အညစ်အကြေးဆိုတာ ရှိတယ်နော်၊ ရုပ်ခန္ဓာကိုယ်မှာ အညစ်အကြေးရှိတယ်ဆိုတာကိုတော့ လူတိုင်းသိကြတယ်၊ ရုပ်ခန္ဓာကြီးညစ်ထေးနေရင် ဘာလုပ်ကြတုန်းဆိုတော့ ရေမိုးချိုးပြီးလိမ်းပြီး ရုပ်ခန္ဓာသန့်ရှင်းအောင် လုပ်ကြတယ်။ ထို့အတူပဲ စိတ်မှာလည်း အညစ်အကြေးတွေရှိတယ်။ ရုပ်ကိုညစ်ပေသွားရင် ညစ်ပေသွားတာကို လူတိုင်းသိတယ်၊ စိတ်ညစ်ပေသွားတာကိုတော့ လူတိုင်းမသိပါဘူး၊ စိတ်မှာလည်းပဲ အဲဒီလိုညစ်ပေသွားတာမျိုးရှိတယ်။ ဘာတွေကစိတ်ကို ညစ်ပေစေတာလဲဆိုတာကိုတော့ ဓမ္မအသိဉာဏ်နဲ့မှ သိနိုင်တယ်။

စာမျက်နှာ-၁၃

စိတ်အညစ်အကြေးများ
စိတ်ကိုညစ်ပေသွားစေတဲ့ အရာတွေက ဘာတွေလဲဆိုတော့ကာမ၊ ကာမ - လိုချင်စရာအာရုံတွေကို စိတ်ဝင်စားပြီးတော့၊ ဆန္ဒ - လိုချင်တဲ့တဏှာဖြစ်နေတာကိုခေါ်တယ်။ လိုချင်စရာအာရုံတွေက ဘာတွေလဲဆိုတော့ မျက်စိနဲ့မြင်လို့ရတဲ့အာရုံ၊ နားနဲ့ကြားလို့ရတဲ့အာရုံ၊ နမ်းရှူလို့ရတဲ့အာရုံ၊ လျှာနဲ့အရသာခံလို့ရတဲ့အာရုံ၊ ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အာရုံ၊ ဒါတွေအားလုံးဟာ လိုချင်စရာတွေဖြစ်တဲ့အပြင် အာရုံတွေနဲ့ စိတ်ကိုနှောင်ဖွဲ့ထားလို့ “ကာမဂုဏ” လို့ခေါ်တာနော်၊ “ကာမ”ဆိုတာဟာ လိုချင်စရာ၊ “ဂုဏ”ဆိုတာ အနှောင်အဖွဲ့လို့ အဓိပ္ပါယ်ရတယ်။

သာမန်နဲ့ရုန်းထွက်ပြီးတော့ မသွားနိုင်ဘူး၊ မျက်စိနဲ့လည်း လှတာပတာကြည့်ချင်တယ်၊ နားနဲ့

စာမျက်နှာ-၁၄
လည်း သာယာတဲ့အသံကို နားထောင်ချင်တယ်၊ နှာခေါင်းနဲ့လည်း မွှေးကြိုင်တဲ့အနံ့ကို နမ်းရှူချင်တယ်၊ ဒါတွေကို သာမန်နဲ့ဖယ်ရှားပစ်နိုင်စွမ်းမရှိဘူးတဲ့။ အဲဒီလို ကာမစ္ဆန္ဒရှိနေတဲ့ လိုချင်စရာအာရုံတွေပေါ်မှာ စိတ်ဆန္ဒပြင်းပြနေတယ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့စိတ်ဟာ ကြည်နေတာမျိုးမဖြစ်ဘူး၊ အဲဒီလို ကာမစ္ဆန္ဒတွေလွှမ်းမိုးနေတဲ့အတွက် ထိုပုဂ္ဂိုလ်ဟာ အဲဒီအချိန်မှာ တရားထူးမရနိုင်ဘူး၊ ထူးခြားတဲ့အသိဉာဏ်မဖြစ်ပေါ်နိုင်ဘူး၊ အဲဒါကြောင့် နီဝရဏတရားလို့ခေါ်တယ်။

နီဝရဏဆိုတာ အဟန့်အတား, အတားအဆီးတွေဖြစ်တယ်၊ နီဝရဏက ဘာကိုတားဆီးသလဲဆိုရင် ကုသိုလ်စိတ်ကိုတားဆီးတာတဲ့။ စဉ်းစားကြည့်လေ၊ အပျော်အပါးအာရုံကို လိုက်စားနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်လိုလုပ်ပြီး ဓမ္မ

စာမျက်နှာ-၁၅
အသိဉာဏ်ရနိုင်မှာလဲ၊ မရနိုင်ပါဘူးနော်။ အေး ဒါကြောင့်မို့ ကာမစ္ဆန္ဒဆိုတဲ့ သဘာဝတရား စိတ်ထဲမှာဖြစ်လာပြီဆိုရင် အဲဒီကာမစ္ဆန္ဒကို ဖယ်ရှားပစ်ရမယ်။

ဖယ်ရှားပစ်နိုင်တာက ဟောဒီသဒ္ဓါတရားပဲဖြစ်တယ်။ သဒ္ဓါတရားကသာ နီဝရဏအဟန့်အတားတွေကို ဖယ်ရှားပစ်နိုင်တယ်၊ သဒ္ဓါတရားလေးပေါ်လာတာနဲ့ တပြိုင်နက် ဟောဒီကာမစ္ဆန္ဒဆိုတဲ့ ပျော်စရာအာရုံတွေပေါ်မှာ စိတ်ဝင်စားနေတာတွေ ပျောက်သွားတယ်။ ပျော်စရာအာရုံတွေနဲ့မပျော်တော့ဘဲ တရားနာမယ်၊ ဓမ္မအသိဉာဏ်တွေကိုရအောင်လုပ်မယ်ဆိုပြီး စိတ်ဝင်စားမှုဟာ တစ်မျိုးပြောင်းသွားတယ်၊ အဲဒါဟာ သဒ္ဓါရဲ့စွမ်းအားကြောင့်ဖြစ်တယ်။

စာမျက်နှာ-၁၆
ဗျာပါဒ ဆိုတာ စိတ်ထဲမှာအလိုမကျဖြစ်တာ၊ လူတွေက ကိုယ်လိုချင်တာရလို့ရှိရင် လောဘဖြစ်တယ်၊ လိုချင်တာမရဘူးဆိုရင် အလိုမကျဘူး၊ ဒေါသဖြစ်တယ်၊ အဲဒီဒေါသဟာလည်း ကုသိုလ်တရားတွေကို ဆို့ပိတ်တတ်တဲ့ သဘာဝတရားဖြစ်လို့ နီဝရဏလို့ခေါ်တယ်၊ အဲဒီဒေါသနဲ့ အလိုမကျဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စိတ်ဟာ ညစ်နွမ်းနေသည့်အတွက်ကြောင့် ထူးခြားတဲ့အသိဉာဏ်တစ်ခုရဖို့ မဖြစ်နိုင်ဘူး၊ ကုသိုလ်စိတ်ဟာ ဘယ်လိုမှမဖြစ်ပေါ်နိုင်ပါဘူး။ သို့သော် သဒ္ဓါတရားလေးရှိလာပြီဆိုရင် အဲဒီအနောက်တွေ, အညစ်တွေ အားလုံးကိုဖယ်ပြီးတော့ စိတ်ဟာကြည်သွားတော့တာပါပဲ။

ထို့အတူဘဲ ထိနမိဒ္ဓ ဝင်လာတဲ့အခါမှာ စိတ်အားတွေလျော့လာတယ်၊ ကောင်းတဲ့အလုပ်

စာမျက်နှာ-၁၇
တွေလုပ်ဖို့ စိတ်မဝင်စားဘူး၊ တရားနာဖို့စိတ်မဝင်စားဘူး၊ တရားအားထုတ်ဖို့စိတ်မဝင်စားဘူး၊ သီလစောင့်ဖို့စိတ်မဝင်စားဘူးဆိုတာတွေဖြစ်လာတတ်တယ်။ အဲဒီလိုစိတ်ကိုတွန့်ဆုတ်စေတတ်တဲ့ သဘာဝတရားတွေဟာ ဓမ္မအသိဉာဏ်ရဖို့ရန်အတွက် အနှောင့်အယှက်တွေပဲဖြစ်တယ်၊ ထိနမိဒ္ဓကြောင့်လည်းပဲ တရားထူးမရနိုင်ပါဘူးတဲ့။

နောက်တစ်ခုက ဥဒ္ဓစ္စကုက္ကုစ္စ၊ ဥဒ္ဓစ္စဆိုတာ စိတ်တွေလေနေတာကိုခေါ်တယ်၊ စိတ်ဟာတည်ငြိမ်မှုမရှိဘဲနဲ့ ပျံ့လွင့်နေတယ်၊ ကုက္ကုစ္စဆိုတာ တစ်စုံတစ်ရာပေါ်မှာ နောင်တပူပန်စေတဲ့သဘောတဲ့၊ အဲဒီသဘောတရား(၂)ခုဖြစ်နေရင်လည်း စိတ်ဟာဆို့ပိတ်ထားခံရပြီး အသိဉာဏ်တွေမရနိုင်ပါဘူးတဲ့။

စာမျက်နှာ-၁၈
နောက်တစ်ခုက ဝိစိကိစ္ဆာ၊ သံသယဖြစ်နေတာ၊ တရားဓမ္မနဲ့ပတ်သက်ပြီး သံသယရှိနေမယ်၊ မြတ်စွာဗုဒ္ဓနဲ့ပတ်သက်တဲ့သံသယ၊ အကျင့်နဲ့ပတ်သက်ပြီး သံသယရှိနေမယ်ဆိုရင်လည်း တရားမရနိုင်ပါဘူးတဲ့။ အေး ဒါပေမယ့် သဒ္ဓါတရားစိတ်ထဲမှာရောက်လာပြီဆိုရင် အဲဒီအခြေအနေတွေ အားလုံးမိမိသန္တာန်မှာ အကုန်ပျောက်သွားတယ်၊ သဒ္ဓါဆိုတဲ့ယုံကြည်ချက်ဆိုတာ ဒါကိုပြောတာဖြစ်တယ်။ သဒ္ဓါဆိုတဲ့ယုံကြည်ချက်သည် မိမိတို့၏သန္တာန်မှာဖြစ်ပေါ်လာတဲ့အခါမှာ နီဝရဏတရားတို့ကို ဖယ်ရှားပစ်နိုင်တယ်၊ သဒ္ဓါကြောင့် စိတ်ရဲ့အညစ်အကြေးတွေနှစ်မြုပ်သွားတယ်၊ သဒ္ဓါတရားလေးပေါ်လာလို့ရှိရင် စိတ်ရဲ့အညစ်အကြေးတွေ အကုန်ပျောက်သွားပြီးတော့ ဘာတွေဖြစ်လာ

စာမျက်နှာ-၁၉
သလဲဆိုရင် သဒ္ဓါကြောင့် “ကြည်နေတဲ့စိတ်နဲ့ အလှူပေးလှူတယ်၊ သီလဆောက်တည်တယ်၊ ဘာဝနာတရားတို့ကို ပွားများအားထုတ်တယ်”။

ဟော- သဒ္ဓါတရားရှိလာပြီဆိုရင် လှူချင်တဲ့စိတ်တွေ၊ သီလဆောက်တည်ချင်တဲ့စိတ်တွေ၊ ကုသိုလ်လုပ်ချင်တဲ့စိတ်တွေ ပေါ်လာမယ်နော်။

ဘုန်းကြီးတို့ တရားနာပရိသတ်တွေ မိမိတို့ရဲ့စိတ်ကို ပြန်ပြီးတော့ checking လုပ်ကြည့်စမ်းပါ။ လူတွေက ဆေးရုံတွေကိုသွားပြီးတော့ Medical check up လုပ်ကြတယ်၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ check up ကိုလုပ်သလို Mental check up လေးကိုတော့ လုပ်ကြည့်ရမယ်၊ ကိုယ့်ရဲ့စိတ်ထဲမှာ ဒီလိုအညစ်အကြေးတွေရှိသလားဆိုတာကို စစ်ဆေးကြည့်ရမယ်။

စာမျက်နှာ-၂၀
အဲဒီလို လုပ်လိုက်တဲ့အခါမှာ သဒ္ဓါတရားမရှိတဲ့ စိတ်နဲ့ သဒ္ဓါတရားရှိလာတဲ့အခါမှာ ဖြစ်တဲ့စိတ်ဟာ အလွန်ကွာခြားတာကိုတွေ့ရမယ်၊ သဒ္ဓါတရား ဖြစ်လာတဲ့အခါမှာ လှူဖို့တန်းဖို့ စိတ်ကူးလာတယ်၊ သီလဆောက်တည်ဖို့ စိတ်ကူးလာတယ်၊ တရားအားထုတ်ဖို့ စိတ်ဝင်စားလာတယ်၊ သဒ္ဓါတရား ရှိလာလို့ စိတ်ကြည်လင်နေတာနဲ့တပြိုင်နက် အိမ်ရဲ့ ဘုရားခန်းမှာ ဘုရားပန်းတွေ နွမ်းနေသလား၊ သောက်ရေချမ်းတော်တွေ ရှိရဲ့လား စသည်ဖြင့် ဘုရားခန်းကို ကြည့်လာတယ်၊ သဒ္ဓါတရား ဝင်လာတာနဲ့ တပြိုင်နက် ဘုရားခန်းကို ကြည့်လာတယ်၊ ကြည့်ပြီးတော့ သန့်ရှင်းရေးတွေ လုပ်လာတယ်၊ ရေကြည်တော်တွေကပ်တယ်၊ ပန်းလှူတယ်၊ ဟောကုသိုလ်ကောင်းမှုတွေ လုပ်လာတယ်၊ အကယ်၍ သဒ္ဓါတရား မရှိဘူးဆိုရင်တော့ ဘုရားခန်းကို လှည့်

စာမျက်နှာ-၂၁
တောင်မှ မကြည့်ဖြစ်ပါဘူး၊ ကုသိုလ်ကောင်းမှုတွေကို မလုပ်ဖြစ်တော့ဘူးနော် ... ။

သဒ္ဓါဟာ လက်နဲ့တူတယ်၊ သဒ္ဓါတရား ဖြစ်တဲ့အချိန်နဲ့ မဖြစ်တဲ့အချိန်ဟာ သိပ်ကိုကွာခြားလွန်းပါတယ်၊ အဲဒါကို ကြည့်ခြင်းဖြင့် ကိုယ့်မှာ သဒ္ဓါတရား ရှိသလား မရှိဘူးလားဆိုတာကို သိနိုင်ပါတယ်၊ ဒီသဒ္ဓါဆိုတဲ့ ဥစ္စာဟာ အင်မတန်မှ အရေးပါတယ်တဲ့၊ ဘာဖြစ်လို့တုန်းဆိုတော့ ဘုန်းကြီးတို့ စာပေကျမ်းဂန်မှာ သဒ္ဓါကို လက်နဲ့ တူတယ်လို့ဆိုထားပါတယ်၊ ပေးစရာရှိလည်း လက်ပါရတယ်၊ ယူစရာရှိလည်း လက်ပါရတယ်၊ လက်မရှိရင် ယူလို့မရသလို ပေးလို့လည်း မရပါဘူး၊ ရွှေငွေ ရတနာတွေကို တွေ့လို့ရှိရင်လည်း လက်မပါရင် မကောက်ယူနိုင်သလို သဒ္ဓါဆိုတဲ့ လက်ကလေးမှ

စာမျက်နှာ-၂၂
မရှိရင် ဒါနလည်း မလုပ်ဖြစ်ဘူး၊ သီလလည်း မဆောက်တည်ဖြစ်ဘူး၊ ဘာဝနာဆိုတဲ့ ကုသိုလ် ရတနာကိုလည်း ရအောင်မယူနိုင်ဘူးလို့ ဆိုလိုတာနော်။ သဒ္ဓါဆိုတဲ့ ဒီတရားဟာ လက်နဲ့ အလားတူတယ်၊ . . . . ။

သဒ္ဓါလက်ရှိတဲ့ ပုဂ္ဂိုလ်ဟာ လှူဖို့ တန်းဖို့ အဆင်သင့်ဖြစ်တယ်၊ ပေးကမ်းဖို့လည်း အဆင်သင့် ဖြစ်နေမယ်၊ သဒ္ဓါလက်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ တရားနာဖို့ တရားအားထုတ်ဖို့ အဆင်သင့်ဖြစ်တယ်၊ ကောင်းတာတွေလုပ်ဖို့ သဒ္ဓါလက်ရှိတဲ့ ပုဂ္ဂိုလ်ဟာ အားလုံးကို အဆင်သင့်ဖြစ်တယ်။
သဒ္ဓါဟာ မျိုးစေ့နဲ့တူတယ်
နောက်တစ်ခုက သဒ္ဓါဟာ ဘာနဲ့တူသလဲ ဆိုရင် မျိုးစေ့နဲ့ အလားတူတယ်၊ ဘယ်လိုတူတာလဲ

စာမျက်နှာ-၂၃
ဆိုတော့ မျိုးစေ့လေးဟာ အလုပ်(၂)ခုကိုလုပ်တယ်၊ ဆိုပါစို့ သရက်စေ့လေး တစ်စေ့ကို မြေကြီးထဲ ထည့်လိုက်မယ်ဆိုရင် သရက်စေ့လေးဟာ အောက်ကို အမြစ်ဆင်းသက်စေခြင်းဆိုတာ ဖြစ်စေသလို အပေါ်မှာ အညှောက်ထွက်ခြင်းဆိုတာကိုလည်း လုပ်ဆောင်တယ်၊ အေး ဒါက မျိုးစေ့လေးက လုပ်ဆောင်ရတဲ့ အလုပ်နှစ်ခုဖြစ်တယ်၊ သဒ္ဓါတရားဆိုတာလည်း ထို့အတူဘဲ၊ သဒ္ဓါတရားရှိလာတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်တရား ကောင်းလာတယ်၊ အေး ကိုယ်ကျင့်တရား ကောင်းလာပြီဆိုရင် ကိုယ်ကျင့်တရားတွင် မကဘူး၊ သမထ၊ ဝိပဿနာ ကျင့်စဉ်တို့ကိုလည်း ကျင့်လာပြီး သော်- သီလဆိုတဲ့ အမြစ်ကလေး ဆင်းလာပြီး သမထ၊ ဝိပဿနာဆိုတဲ့ အညွှန့်ကလေး တက်လာတာဟာ သဒ္ဓါတရားကြောင့် ဖြစ်တာတဲ့၊ ဒါကြောင့်

စာမျက်နှာ-၂၄
သဒ္ဓါဟာ မျိုးစေ့နဲ့တူတယ်လို့ စာပေကျမ်းဂန်မှာ ဆိုထားတယ်။
နတ်တွေက ပိုသိတယ်
သဒ္ဓါရဲ့တန်ဘိုးကို လူတွေထက် နတ်တွေက ပိုသိတယ်၊ ဘာဖြစ်လို့ ပိုသိသလဲဆိုတော့ လူတွေက စီးပွားဥစ္စာကို ကြိုးစားပြီး ရှာကြရတယ်၊ ကိုယ့်ရဲ့ လုံ့လဝီရိယကြောင့် စီးပွားဥစ္စာတွေ တိုးတက်ကြတယ်ဆိုတော့ ကံ၊ ကံရဲ့အကျိုးကို သိပ်ပြီးမယုံကြည်ဘူး၊ သဒ္ဓါရဲ့ စွမ်းအားကို သိပ်ပြီးမသိကြဘူး၊ နတ်တွေကျတော့ ကံ၊ ကံရဲ့အကျိုးကို သိပ်ပြီးယုံကြည်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာက လုပ်ကိုင်ပြီး စားရတဲ့ဘဝမှ မဟုတ်တာ၊ ကံ၊ ကံရဲ့အကျိုးကြောင့် ရလာတဲ့ ဘဝသာဖြစ်တယ်၊ အရာရာဟာ ကံပေါ်မှာ မူတည်နေတယ်၊ ကံမရှိရင် ဘာမှမရပါ

စာမျက်နှာ-၂၅
ဘူး၊ လူ့ပြည်မှာလို အရောင်းအဝယ်လုပ်လို့မရဘူး၊ နတ်ပြည်မှာ ရွှေဆိုင်တွေဖွင့်လို့ရတာ မဟုတ်ဘူး၊ အဲဒီတော့ ကံပေးတာလေးဘဲ သူတို့တစ်တွေ ရကြတာနော်။ နတ်တွေက လူတွေနဲ့ မတူဘူး၊ ဖြစ်ပေါ်လာတဲ့ ဘဝတစ်ခုမှာ သူတို့ နတ်သက်တမ်း တစ်လျှောက်လုံး ဝတ်ထားတဲ့အဝတ်လည်း ဘယ်တော့မှ ဖွတ်ရတယ် မရှိဘူး၊ ပန်ထားတဲ့ပန်းကလည်း ဘယ်တော့မှ နွမ်းသွားတယ် မရှိဘူး၊ အို ပူလို့အိုက်လို့ ချွေးထွက်တာလည်းမရှိဘူး၊ အမြဲတမ်း သန့်ရှင်းသန့်ပြန့် နေတယ်၊ ဘယ်နတ်ပြည်မှာမှ ပေါင်ဒါတို့ ရေမွှေးတို့ဆိုတာလည်း လိုမယ်မထင်ဘူး၊ သဘာဝကိုက သန့်ပြန့်နေတယ်၊

သို့သော် နတ်တွေဟာ ကံကုန်တော့မယ်ဆိုရင် ဝတ်ထားတဲ့အဝတ်တွေ နွမ်းလာတယ်၊ ပန်ထားတဲ့

စာမျက်နှာ-၂၆
ပန်းတွေ ညှိုးလာတယ်၊ ခန္ဓာကိုယ်ဟာလည်း စိုစိုပြေပြေ မရှိတော့ဘဲ မွဲမွဲခြောက်ခြောက် ဖြစ်လာတယ်၊ ချိုင်းကြားကနေ ချွေးတွေဘာတွေ ထွက်လာတယ်၊ ဒါက သူတို့သေခါနီးပြီဆိုတဲ့ sign ပြတာလို့ ခေါ်တယ်၊ sign ပြလာလို့ medical check up သွားလုပ်မနေနဲ့တော့နော် မရတော့ဘူး၊ အဲဒီလို အခြေအနေတွေပေါ်လာတဲ့ နတ်တွေကို မိတ်ဆွေ နတ်တွေက နန္ဒဝန်ဥယျာဉ်ထဲကို ဆွဲခေါ်သွားကြတယ်၊ ဆွဲခေါ်သွားပြီးတော့ စကား(၃)ခွန်း ပြောဆို မှာကြားကြတယ်၊ “အေး ဘာမှမစိုးရိမ်ပါနဲ့၊ ဒီဘဝက သေသွားလို့ရှိရင် အကောင်းဆုံးဘုံကို ရောက်အောင်သွားပါ၊ အကောင်းဆုံးဘုံကို ရောက်တဲ့အခါ ကျတော့ အကောင်းဆုံးလက်ဆောင်ကို ရအောင် ယူလာပါ၊ ရထားတဲ့ လာဘ်လာဘကို ခိုင်မာအောင်

စာမျက်နှာ-၂၇
ကြိုးစားပါ”ဆိုတဲ့ စကား(၃)ခွန်းကို ပြောလိုက်ကြတယ်။ (စကား(၃)ခွန်းရဲ့ အဓိပ္ပာယ်က ဘာလဲဆိုရင် အကောင်းဆုံးဘုံကို ရောက်အောင်သွားဆိုတာက လူ့ဘုံကို ရောက်အောင်သွားလို့ ပြောတာဖြစ်တယ်။ အကောင်းဆုံးလာဘ်ကို ရအောင်ယူဆိုတာ သဒ္ဓါတရားကို ပြောတာဖြစ်တယ်။ ခိုင်မာအောင် လုပ်ပါဆိုတာ အဲဒီရထားတဲ့ သဒ္ဓါတရားကို ခိုင်မာအောင် လုပ်ပါလို့ ဒီလိုဆိုလိုတာဖြစ်တယ်။

အဲဒီတော့ နတ်သားတစ်ယောက်၊ နတ်သမီးတစ်ယောက် စုတေခါနီးပြီဆိုရင် နန္ဒဝန်ဥယျာဉ်ကို ခေါ်သွားပြီးတော့ အဲဒီစကား(၃)ခွန်းကို မှာကြားကြပါတယ်၊ အဲဒါကြောင့် သဒ္ဓါစွမ်းအားရဲ့တန်ဘိုးကို သူတို့က ပိုသိကြတယ်၊ လူ့ပြည်ရဲ့တန်ဖိုးကို ပိုသိကြတယ်။

စာမျက်နှာ-၂၈
လူ့ပြည်မှာ ဘုရားရှိတယ်၊ တရားရှိတယ်၊ ကုသိုလ်ကောင်းမှုတွေ လုပ်နိုင်တယ်၊ ဘုရား၊ တရား၊ သံဃာ ရတနာ(၃)ပါး ရှိသည့်အတွက်ကြောင့် လူ့ပြည်မှာ ကုသိုလ်ကောင်းမှုလည်း ရှိတယ်တဲ့၊ နတ်ပြည်မှာကျတော့ အခွင့်အလမ်း သိပ်မသာဘူး၊ သီလဆောက်တည်ဖို့ဆိုတာလည်း မသေချာ၊ သင်္ကန်းကပ်လှူခြင်း၊ ဆွမ်းကျွေးခြင်း၊ ကျောင်းဆောက်လှူခြင်းဆိုတာတွေကိုလည်း လုပ်လို့မရဘူး၊ လူ့ပြည်မှာက ကုသိုလ်ကောင်းမှုတွေ အကုန်လုံး လုပ်နိုင်တယ်၊ ဒါကြောင့် သူတို့က လူ့ပြည်ကို သုဂတိဘုံလို့ ဒီလိုသတ်မှတ်တယ်။

လူ့ပြည်မှာ ကုသိုလ်ကောင်းမှုများများလုပ်လာတဲ့ ပုဂ္ဂိုလ်သည် နတ်ပြည်ရောက်တဲ့အခါမှာ သာမန်ထက်ပိုပြီး ထူးခြားတဲ့စည်းစိမ်ခံစားရတယ်၊ ဒါကြောင့် သွားချင်ရင် ဘယ်မှမသွားပါနဲ့ လူ့ပြည်ကိုသွားပါ။

စာမျက်နှာ-၂၉
သဒ္ဓါတရား ရှိလာပြီဆိုရင် ဒီသဒ္ဓါစွမ်းအားကို အကြောင်းပြုပြီးတော့ ကုသိုလ်များများလုပ်ပါ။ လုပ်ပြီးရင် တို့နတ်ပြည်ကို ပြန်လာပါလို့ ဒီလို ပြောတာနော်။

အေး လူ့ပြည်က လူတွေကတော့ လူ့ဘဝကို သိပ်ကြာတယ် ထင်တာကိုး၊ တွက်ကြည့်ပါလား တာဝတိံသာနတ်ပြည်မှာ (၁)ရက်ဟာ လူ့ပြည်မှာ နှစ်ပေါင်း(၁၀၀)ကြာတယ်၊ ကဲ ဘုန်းကြီးတို့ အခု နေကြတာဟာ တာဝတိံသာနတ်ပြည်က (၁)ရက်တောင်မှ မရှိသေးဘူးနော်၊ နာရီပိုင်းလောက်ဘဲ ရှိသေးတယ်၊ ဒါကို ကြာလှပြီ ထင်နေကြတယ်။ ဒီကလူတွေက အိုကုန်ပြီနော်၊ ဟိုမှာက (၁)ရက်တောင်မှမရှိသေးဘူး၊ အဲဒီလိုလူ့ပြည်က ရက်ပေါင်းနဲ့ တွက်မယ်ဆိုရင် နတ်ပြည်မှာက နှစ်ပေါင်း(၁၀၀၀)လောက် အသက်ရှည်တယ်၊ အနှစ်(၁၀၀၀)ဆိုတာ

စာမျက်နှာ-၃၀
လူ့ပြည်က အနှစ်(၁၀၀၀)ကို ပြောတာမဟုတ်ဘူး၊ လူ့ပြည်နှစ်(၁၀၀)ကို (၁)ရက်နဲ့တွက်ယူတဲ့ အနှစ်(၁၀၀၀)ကို ပြောတာဖြစ်တယ်၊ အေး အဲဒီလို နတ်ပြည်မျိုးကို ဘာနဲ့ရနိုင်သလဲဆိုတော့ အခု ပြောတဲ့ သဒ္ဓါတရားနဲ့ ရနိုင်ပါတယ်၊ စိန်၊ ရွှေ၊ ငွေတွေ လောကီဥစ္စာတွေနဲ့ ပေးဝယ်လို့ မရနိုင်ပါဘူးတဲ့၊ သဒ္ဓါဆိုတဲ့ဥစ္စာ ချမ်းသာလာပြီဆိုရင် အဲဒီလို နတ်ပြည်မျိုးကို ရနိုင်ပါတယ်၊ ဒါကြောင့်မို့ လောကမှာရှိတဲ့ ပိုက်ဆံတွေကို ကြည့်မယ်ဆိုရင် သူ့ရဲ့ သက်ဆိုင်ရာ နိုင်ငံမှာရှိတဲ့ ငွေကြေးဓနတွေရဲ့ တန်ဖိုး မတူဘူးမဟုတ်လား၊ ကျောက်ဆိုရင်လည်း လမ်းခင်းတဲ့ကျောက်နဲ့ ပတ္တမြားကျောက်နဲ့ မတူဘူး မဟုတ်လား၊ တန်ဖိုးချင်း ကွာခြားတယ်၊ အဲဒီလိုပဲ ပကတိဥစ္စာနဲ့ ဟောဒီ မြတ်သောဥစ္စာဟာ အလွန်ကွာခြားတယ်၊ ကားကြီးနဲ့ လေးငါးစီးတိုက်ထားတဲ့

စာမျက်နှာ-၃၁
လမ်းဘေးက ကျောက်တွေရဲ့ စုစုပေါင်းတန်ဖိုးဟာ စိန်ကလေးတစ်ပွင့်ရဲ့ တန်ဖိုးနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အလွန်ကွာခြားနေတယ်၊ မတူဘူးနော်။ အေး ဒါကြောင့်မို့ ပကတိဥစ္စာတွေနဲ့ မိမိတို့ရဲ့ ရင်ထဲနှလုံးထဲမှာဖြစ်တဲ့ သဒ္ဓါလို့ဆိုတဲ့ မြတ်သောဥစ္စာ အလွန်ကွာခြားတယ်တဲ့၊ ဒါကြောင့် မြတ်စွာဘုရားက “မြတ်သောဥစ္စာ စုဆောင်းပါ” လို့ ပြောတာနော်။
ဥစ္စာက ဖျက်ဆီးတတ်တယ်
ပကတိဥစ္စာတွေဟာ စုဆောင်းပြီးလို့ရှိရင် အသုံးမတတ်တဲ့ ပုဂ္ဂိုလ်မှာ ဘာဖြစ်တတ်သလဲဆိုတော့ “ဟနန္တိ ဘောဂါ ဒုမ္မေဓံ - အသိပညာ မရှိတဲ့ ပုဂ္ဂိုလ်တွေကို စည်းစိမ်ဥစ္စာတွေက ဖျက်ဆီးတတ်တယ်”တဲ့၊ ပစ္စည်းဥစ္စာတွေ ရလာပြီဆိုရင်

စာမျက်နှာ-၃၂
ထာဝရ စည်းစိမ်ကြီးလို့ထင်ပြီး ဝမ်းမြောက်နေကြတယ်၊ ထိုလောကီဥစ္စာတွေရဲ့ မမြဲတဲ့သဘော မခိုင်မာတဲ့သဘော၊ မီးဖျက်လို့ ပျက်နိုင်တယ်၊ ရေဖျက်လို့လည်း ပျက်နိုင်တယ်၊ ရန်သူမျိုးငါးပါးနဲ့လည်း ဆက်ဆံနေတဲ့အကြောင်း၊ အဲဒီလို အကြောင်းအရာတွေကို မစဉ်းစားမိကြဘူး၊ မစဉ်းစားဘဲနဲ့ ပစ္စည်းဥစ္စာတွေအပေါ်မှာ တွယ်တာနေသည့်အတွက်ကြောင့် အသုံးအစွဲ မတတ်သည့်အတွက်ကြောင့် ပစ္စည်းဥစ္စာကို အကြောင်းပြုပြီးတော့ ဒီဘဝမှာလည်း ဒုက္ခရောက်တတ်တယ်တဲ့။
ဈေးသည်မကြီး (၄)ဦး
ပစ္စည်းဥစ္စာကြောင့် ဒုက္ခရောက်ရတာတွေ အများကြီးရှိတယ်နော်။ ဗုဒ္ဓမြတ်စွာ လက်တော်အခါတုန်းက ရာဇဂြိုဟ်ပြည်မှာ ဈေးသည်မ

စာမျက်နှာ-၃၃
ကြီး (၄)ယောက် ရှိသတဲ့၊ အဲဒီဈေးသည်မကြီး (၄)ဦးက အရောင်းအဝယ်လုပ်ပြီး ရသမျှတွေ အကုန် စုထားတယ်၊ မလှူရက် မတန်းရက် ခြိုးခြံချွေတာပြီးတော့ ပစ္စည်းဥစ္စာတွေ စုလိုက်တာ အများကြီး စုမိလာပါတယ်၊ အဲဒီ ဈေးသည်အမျိုးသမီးကြီး (၄)ယောက်ဟာ ကံကုန်လို့ သေဆုံးသွားတဲ့အခါမှာ သူတို့ရဲ့ ပစ္စည်းဥစ္စာတွေပေါ်မှာ တွယ်တာတဲ့စိတ်နဲ့ သေသွားကြတယ်၊ အဲဒီလို သေဆုံးသွားပြီး ဘာဖြစ်သလဲဆိုတော့ ပြိတ္တာမကြီးတွေ ဖြစ်သွားကြတယ်၊ သူတို့ရဲ့ ရှာဖွေသွားတဲ့ ပစ္စည်းတွေကို ဘယ်သူတွေက သုံးနေကြသလဲဆိုရင် နောက်အမွေခံတဲ့သူတွေက သုံးကြတယ်။

ပြိတ္တာဘုံကနေ လှမ်းကြည့်လိုက်တဲ့အခါမှာ စိတ်ဆင်းရဲစရာ ထပ်ပြီးကြုံရပြန်တယ်။ “အေး တို့တတွေကတော့ မစားရက်မသောက်ရက်နဲ့ ခြိုးခြံ

စာမျက်နှာ-၃၄
ပြီး စုထားခဲ့ကြတယ်၊ အဲဒီပစ္စည်းတွေကို သူတို့ကတော့ သုံးစွဲနေကြပြီ ဆိုပြီးတော့ ဆင်းရဲဒုက္ခရောက်နေကြတယ်၊ ငိုကြွေးနေကြတယ်ဆိုပြီးတော့ ပေတဝတ္ထုမှာပါတယ်၊ တကယ့်အဖြစ်ပျက်ပါနော်။

အေး ဒါကြောင့်မို့ မြတ်စွာဘုရားက သတိပေးထားတာ၊ “ဟနန္တိ ဘောဂါ ဒုမ္မေဓံ - စည်းစိမ်ဥစ္စာ ပစ္စည်းဆိုတာ အသိပညာမရှိတဲ့ ပုဂ္ဂိုလ်တွေကို ဖျက်ဆီးတတ်ကြတယ်၊ နော စ ပါရဂဝေသိနော - ဒါပေမယ့် ပစ္စည်းကို အသုံးပြုပြီး နိဗ္ဗာန်ချမ်းသာကို ရှာတတ်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ မဖျက်ဆီးနိုင်ကြဘူး”တဲ့။

ပစ္စည်းဥစ္စာက လူတိုင်းကို ဖျက်ဆီးနိုင်သလား ဆိုတော့ - ဒုမ္မေဓံတဲ့၊ စဉ်းစားဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်တွေကို ဖျက်ဆီးတာဖြစ်တယ်၊ စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေကိုတော့ မဖျက်ဆီးနိုင်ပါဘူးတဲ့။

စာမျက်နှာ-၃၅
အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေက “အေး တို့တတွေ ရှာလာတဲ့ ပစ္စည်းဥစ္စာတွေကို သာသနာတော်ကြီးမှာ လှူမယ်လို့ ရွေးချယ်ပြီးတော့ လှူဒါန်းကြတယ်။ လှူပြီးတော့လည်း နိဗ္ဗာန်ကို ဆုတောင်းကြတယ်၊

ဟောဒါဟာ ပစ္စည်းဥစ္စာက ရလာတဲ့ အကျိုးအမြတ် ဖြစ်တယ်၊ စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ပစ္စည်းဥစ္စာက ဒုက္ခမပေးဘူး၊ ထိုပစ္စည်းဥစ္စာကို အကြောင်းပြုပြီးတော့ ကုသိုလ်ရကြတယ်၊ ထိုပစ္စည်းဥစ္စာတွေဟာ ဒုမ္မေဓံလို့ခေါ်တဲ့ စဉ်းစားဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်တွေကိုသာလျှင် ဆင်းရဲဒုက္ခ ရောက်စေပါတယ်။

သဒ္ဓါတရားရှိလာပြီဆိုရင်တော့ လောကမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ စိတ်ဝင်စားလာကြတယ်၊ အေး ဒါကြောင့်မို့ သဒ္ဓါဆိုတဲ့ ဥစ္စာဟာ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စိန်ကောင်း

စာမျက်နှာ-၃၆
ကျောက်ကောင်းထက် တန်ဖိုးရှိတယ်၊ စိန်ကောင်း ကျောက်ကောင်းဟာ ဒီတစ်ဘဝပဲ သုံးစွဲလို့ရတယ်၊ နောင်ဘဝထိအောင် ထိုစိန်ကောင်း ကျောက်ကောင်းရဲ့ အကျိုးကျေးဇူးကို ခံစားရမှာမဟုတ်ဘူး၊ သဒ္ဓါဆိုတဲ့ ပစ္စည်းဥစ္စာကတော့ ဒီဘဝတွင် မဟုတ်ဘူး၊ ဘဝဆက်ဆက်ထိအောင် လိုက်ပြီးတော့ ချမ်းသာသုခကို ရစေတာပါ။ ဒါကြောင့်မို့လို့ သဒ္ဓါဆိုတဲ့ ပစ္စည်းဥစ္စာမျိုးကို မိမိတို့ရဲ့ သန္တာန်မှာ ရအောင် ရှာဖွေကြရမယ်လို့ မြတ်စွာဘုရားက ဟောကြားတာနော်။

ကဲ တရားချစ်ခင် သူတော်စင် ပရိသတ်တို့၊ တို့ဒီကနေ့ရှာရမယ် မြတ်သောဥစ္စာဆိုတာဟာ သဒ္ဓါလို့ ဒီလိုမှတ်လိုက်ပါ၊ ဘုရား၊ တရား၊ သံဃာ ရတနာ မြတ်သုံးပါးကို ယုံကြည်တာ၊ ကုသိုလ်ကောင်းမှုတွေကို စိတ်ဝင်စားလာတာကိုခေါ်တယ်၊ စိတ်ဝင်စား

စာမျက်နှာ-၃၇
လာပြီဆိုရင် ကုသိုလ်ကောင်းမှုတွေကို လုပ်ဖြစ်တယ်။ နောက်တစ်ခုရှာရမယ့်ပစ္စည်းက ဘာပစ္စည်းလဲဆိုတော့ သီလဖြစ်တယ်။
သီလ
နံပါတ်(၂) မြတ်သောဥစ္စာမှာ သီလဖြစ်တယ်၊ သီလဆိုတာ ကိုယ်ကျင့်တရားဘဲ၊ စည်းကမ်းဘောင်အတွင်းက ပြောဆိုခြင်းနှင့် ပြုလုပ်ခြင်းလို့ဆိုရမယ်။ သဒ္ဓါရှိရင် သီလလည်း ရှိတတ်တာမို့လို့ မြတ်စွာဘုရားကဆက်ဟောတာ၊ ကိုယ်ကျင့်တရား ကောင်းလာရင် ပစ္စည်းဥစ္စာလည်းပဲ ထိုပုဂ္ဂိုလ်ထံမှာ မြဲလာမယ်၊ ပစ္စည်းဥစ္စာ ချမ်းသာသော်လည်းပဲ ကိုယ်ကျင့်တရား မကောင်းဘူးဆိုရင်တော့ ထိုပစ္စည်းဥစ္စာတွေဟာ အဲဒီပုဂ္ဂိုလ်ထံမှာ မမြဲတတ်ဘူး၊ ကိုယ်ကျင့်တရား

စာမျက်နှာ-၃၈
ပျက်ပြားတဲ့ပုဂ္ဂိုလ်ဟာ စီးပွားဥစ္စာ ပျက်ပြားသွားတယ်ဆိုတာ လောကမှာ မြင်တွေ့နိုင်တယ်။
ငါးပါးသီလ
ကိုယ်ကျင့်တရားဆိုတဲ့ နေရာမှာ လူတွေမှာ ဘာအရေးကြီးသလဲဆိုရင် ငါးပါးသီလပေါ့၊ တစ်ချို့က ငါးပါးသီလကို တစ်ပါးလောက်စောင့်ရင် ပြီးတယ်၊ နှစ်ပါးလောက်စောင့်ရင် ပြီးတယ်၊ ဒီလို ထင်ကြတယ်၊ မဟုတ်ဘူး။ ငါးပါးသီလဟာ တစ်ပါးမှ လျှော့စရာမရှိဘူးနော်၊ အားလုံးပြည့်စုံအောင် စောင့်နိုင်ရင်စောင့်၊ မစောင့်နိုင်ဘဲ တစ်ပါးသီလ၊ နှစ်ပါးသီလတို့ ဆိုရင်တော့ ကျန်တဲ့ဥစ္စာတွေက ဒုက္ခပေးမှာ သေချာတယ်။

ငါးပါးသီလကို ဝါရိတ္တသီလလို့ ခေါ်တယ်။ ဝါရိတ္တသီလဆိုတာ တားမြစ်ထားတာ၊ မလုပ်ရဘူး။

စာမျက်နှာ-၃၉
ဘာဖြစ်လို့ မလုပ်ရတာလဲဆိုတော့ စဉ်းစားကြည့်ပေါ့။ မီးကိုကိုင်ရင် မပူဘူးလား၊ ပူမှာပေါ့၊ ဘယ်သူကိုင်ကိုင် ပူမှာဘဲ။ ထို့အတူဘဲ ငါးပါးသီလကို လွန်ကျူးရင်တော့ ဘယ်သီလကိုပဲ ကျူးလွန်ကျူးလွန်၊ ထိုသီလကို ကျူးလွန်တဲ့အပြစ်ကို ခံရမှာပဲ။ ငါးပါးသီလနဲ့ ပတ်သက်ပြီးတော့ လူတိုင်းသိကြပါတယ်၊ ခုနကတင်ဘဲ ငါးပါးသီလ ဆောက်တည်ပြီးပြီ။

“ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”ဆိုတာ သူများအသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏တဲ့၊ သူများအသက်ကို သတ်ခြင်းမှ ရှောင်ရုံနဲ့ ပြီးရောလားဆိုတော့ မပြီးသေးဘူးနော်၊ ရှောင်ရုံရှောင်တယ်ဆိုတာ အဆင်မပြေရင် မရှောင်ဘူးဆိုတာ ရှိလာဦးမယ်၊ ရှောင်ကြဉ်တယ်ဆိုတာ မလုပ်သင့်တာကို မလုပ်ခြင်းဖြစ်တယ်၊ လုပ်သင့်

စာမျက်နှာ-၄၀
တာက ဘာလဲဆိုတော့ သတ္တဝါတွေကို သတ်ဖို့ဆိုတဲ့ ဓားတုတ်တွေ ကိုယ့်အိမ်မှာ မထားရဘူးတဲ့။

ဘုန်းကြီးတို့ အမေရိကမှာ နေတုန်းက အမေရိကက ဗမာဒကာတစ်ယောက် ဘုန်းကြီးတို့ကို ဆွမ်းစားလာပင့်တယ်၊ သူ့ရဲ့ကားနဲ့ပေါ့၊ ကားတံခါးဖွင့်ပြီး ကားပေါ်တက်တယ်၊ ဘုန်းကြီးတို့ထိုင်တဲ့ ခုံရှေ့က အဖုံးလေးကို အဲဒီဒကာက ဖွင့်လိုက်တော့ ဒေါက်ကနဲ ခြောက်လုံးပြူးသေနတ်ကလေး ဘုန်းကြီးခြေထောက်နား ကျလာတယ်၊ သူက အားနာသွားပြီး ဘယ်လိုလျှောက်တုန်းဆိုတော့ “အရှင်ဘုရား ဒီနိုင်ငံမှာတော့ ဒါလေးကို ဆောင်ထားရတယ်၊ ဒါလေးမရှိရင် မဖြစ်ဘူးဘုရား”တဲ့၊ သဘောကတော့ ကိုယ့်ကိုလာပြီး မလုပ်ရင်တော့ ပါဏာတိပါတက ရှောင်မယ်၊ လာလုပ်မယ်ဆိုရင်တော့လည်း ပါဏာတိပါတနဲ့ ကိုယ်ကို

စာမျက်နှာ-၄၁
ကာကွယ်ရမယ်ပေါ့။

အေး မြတ်စွာဘုရားကတော့ ဒီလိုမဟုတ်ဘူး၊ သူတစ်ပါးကို သတ်ဖို့ရာ လက်နက်ဆိုတာ ထားကို မထားနဲ့တဲ့၊ ဒါတင်မကဘူး မြတ်စွာဘုရားက သတ္တဝါတွေကို သေစေလိုတဲ့စိတ်နဲ့ သတ်ဖြတ်မှုကို ရှက်တတ်ရမယ်၊ ကိုယ်လာသတ်ရင်လည်း သူ့ကို ပြန်မသတ်ရဘူး၊ သတ္တဝါတွေရဲ့ အသက်ကို သတ်ခြင်းဆိုတာကို ရှက်စရာလို့ မြင်ရမယ်။ သတ္တဝါတွေအပေါ်မှာ မေတ္တာတရား အကြင်နာ တရား ထားရမယ်၊ အေး သီလလုံတယ်ဆိုတာ အဲဒါတွေ အကုန်လုံး ပြည့်စုံမှဖြစ်တာကို ပြောတာ နော်။

ကဲ နောက်တစ်ခု အဒိန္နာဒါန-ဆိုတာ သူများ ပစ္စည်း မခိုးဘူး၊ ဒါတင်မပြီးသေးဘူး၊ သူများပေးတာ နဲ့သာ ကျေနပ်တယ်၊ ပေးတာကိုသာ ကြိုက်တယ်၊

စာမျက်နှာ-၄၂
သူများပစ္စည်းကို သိ၍ဖြစ်စေ၊ မသိဘဲဖြစ်စေ လုံးဝ မယူဘူး၊ အဲဒါမှသာ အဒိန္နာဒါန လုံတယ်လို့ ခေါ်တယ်၊ လုံးဝကို သန့်ရှင်းရမယ်။ ကာမေသု မိစ္ဆာစာရနဲ့ ပတ်သက်ရင် အမျိုးသားတွေ အတွက်ကတော့ အမျိုးသမီး(၂၀)နဲ့ လုံးဝ မလွန်ကျူးရဘူး၊ အမျိုးသမီးတွေ အတွက်ကတော့ ကိုယ့်ရဲ့ အိမ်ထောင်ဘက် ခင်ပွန်းကလွဲပြီး မလွန် ကျူးရဘူး၊ ဒါကတော့ ထင်ထင်ရှားရှား ရှိတယ်နော်။ စည်းကမ်းချက် သတ်မှတ်ထားတဲ့အတိုင်းဖြစ်တယ်၊ အခြားသူဆိုရင် စိတ်နဲ့တောင်မှ မပြစ်မှားရဘူးဆိုတာအထိမှ လုံခြုံတယ်လို့ခေါ်တယ်။

မုသာဝါဒဆိုတာ လိမ်မပြောဘူး၊ ဒါပေမယ့် မှန်တာကိုမပြောဘူး ဆိုရင်တော့ မပြည့်စုံသေးဘူး၊ မလိမ်ဘူး၊ မှန်တာကိုသာ ပြောတယ်ဆိုမှ ပြည့်စုံတယ်၊ သစ္စဝါဒီ - မှန်တဲ့စကားကို ပြောရမယ်။

စာမျက်နှာ-၄၃
သစ္စသော- ရှေ့စကားလည်း မှန်ရမယ်၊ နောက် စကားလည်း မှန်ရမယ်၊ အေး ဒီနေ့တော့ မှန်တာပြောတယ်၊ နောက်တစ်နေ့ကျတော့ လိမ်ပြောတယ် ဒါမျိုးကလည်း မဟုတ်သေးဘူးနော်၊ အမြဲတမ်း အမှန်ချည်းဘဲ ပြောရမယ်၊ စိတ်ချယုံကြည်ရတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်၊ အသံဝါသကော လောကဿ- လောကကြီးကို ဘယ်တော့မှ လွဲချော်အောင် မလုပ် ရဘူး၊ ပတ်ဝန်းကျင်က ဒီလူဟာ ဘယ်တော့မှ မဟုတ်တာ မမှန်တာ မပြောဘူးဆိုပြီး လုံးဝယုံကြည် ရတဲ့ သူမျိုးဖြစ်အောင် လုပ်ရမယ်၊ အဲဒီတော့မှ မုသာဝါဒ သိက္ခာပုဒ်ဟာ ပြည့်စုံတယ်။

သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရမဏိ-ဒီ သိက္ခာပုဒ်ကို စောင့်ထိန်းတဲ့ နေရာမှာလည်း ခြွင်းချက် မရှိစေရဘူး၊ တစ်ချို့ကတော့ ဆေးဖြစ် ဝါးဖြစ်လေး ဆိုပြီးတော့ သောက်ချင်ကြသေးတယ်။

စာမျက်နှာ-၄၄
ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ထိခိုက်စေနိုင်တယ်တဲ့၊ မူးယစ်ဆေးဝါးကို သုံးစွဲရာမှာ မိမိရော သူတစ်ပါး ရော မိမိ သူတစ်ပါး နှစ်ဦးစလုံးကိုရော ထိခိုက် စေမယ်ဆိုရင် အပြစ်ရှိတယ်လို့ သတ်မှတ်ရမယ်။ တစ်ချို့က ပြောကြတယ် သူများကို မထိခိုက်ဘူး ဆိုရင် ဘာမှ မဖြစ်ပါဘူးတဲ့၊ ကိုယ့်ကိုယ်ကို ထိခိုက် နေတာကို မသိလို့ပါ။ သေရည်သေရက်ဟာ သုံးစွဲ သူတွေမှာ သွေးမှတစ်ဆင့် ခန္ဓာကိုယ်ထဲရှိ ဦးနှောက် စတဲ့ အစိတ်အပိုင်းတွေထဲကို ရောက်သွားပြီဆိုရင် စိတ်တွေဟာ ထိုင်းမှိုင်းလာပြီး ကုသိုလ်ကောင်းမှု တွေကို ပြုလုပ်ဖို့ မေ့လျော့လာမယ်။ ပညာ ဥစ္စာ စီးပွားဆိုတဲ့ အကျိုးတွေကို ဆုတ်ယုတ်လာစေတယ်၊ ဒါကြောင့်မို့ သုရာမေရယဆိုတဲ့ မူးယစ်နဲ့ ပတ်သက်တဲ့ အရာတွေကို ရှောင်ကြဉ်တာဟာ အကောင်းဆုံး ပါပဲ။

စာမျက်နှာ-၄၅
သောတာပန်တွေကျတော့ မူးယစ်ဆေးဝါး မှန်သမျှ အားလုံးကို လုံးဝ ရှောင်ကြဉ်လိုက်နိုင်ပြီ၊ အရက်နဲ့ရေ ရောတိုက်ရင်တောင်မှ ရေဘဲဝင်ပြီး အရက်လုံးဝမဝင်ဘူးလို့ အဆိုရှိတယ်၊ သောတာပန် ဖြစ်ရင် မူးယစ်ဆေးဝါးဆိုတာကို လုံးဝ ရှောင်ကြဉ် နိုင်ကြပြီ။ အဲဒီလိုငါးပါးသီလနဲ့ပြည့်စုံရင် မြတ်သော ဥစ္စာတစ်မျိုး ကိုယ့်မှာပြည့်စုံတာဖြစ်တယ်။

လောကမှာ သီလကို ဘာနဲ့ ဥပမာပေးထား သလဲဆိုရင် သိင်္ဂီရွှေခွက်နဲ့ ဥပမာပေးထားတယ်၊ တန်ဖိုးရှိတဲ့ ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်ထဲမှာ တည်နိုင်သလို လူတွေရဲ့ သန္တာန်မှာရှိတဲ့ ကုသိုလ် တရားတွေဟာ သီလလို့ဆိုတဲ့ ရွှေခွက်နဲ့ ခံထားမှ သာလျှင် တည်နိုင်တယ်၊ သီလပျက်တာနဲ့ တစ်ပြိုင် နက် ကုသိုလ်တရားတွေအားလုံး ပျက်တာပါပဲ။ အေး ဒါကြောင့် ကုသိုလ်တွေ အားလုံးရဲ့ တည်ရာ

စာမျက်နှာ-၄၆
မှီရာဟာ သီလ ဖြစ်တယ်လို့ စာပေကျမ်းဂန်တွေမှာ ဆိုထားတယ်နော်။

လူ့အရည်အသွေးတွေ အားလုံးဟာ သီလပေါ် မှာပဲ မှီတည်နေတယ်၊ သီလပျက်တာနဲ့ တစ်ပြိုင် နက် လူ့ရဲ့ အရည်အသွေးတွေ အားလုံးဟာ သွားရော ပါပဲ၊ ဒါကြောင့်မို့ သီလဆိုတဲ့ ပစ္စည်းဥစ္စာဟာ လူသားတွေရဲ့ သန္တာန်မှာ ရှိထားရမယ့် မြတ်သော ဥစ္စာတစ်ခု ဖြစ်တယ်။

နောက်ပြီး စုဆောင်းထားရဦးမယ့် ဥစ္စာတစ်ခုက ဟိရီဖြစ်တယ်၊ ဟိရိဆိုတာဟာ မကောင်းမှု ပြုလုပ်ခြင်းကို ရွံရှာတာ၊ မကောင်းမှု လုပ်ရမှာကို ရှက်တာဟာ ဟိရိ၊ အဲဒီလို မကောင်းမှုလုပ်ရမှာ ရှက်တာက ကိုယ့်ကိုယ်ကို လေးစားလို့ ဖြစ်တယ်။

စာမျက်နှာ-၄၇

ဩတ္တပ္ပ
နောက်တစ်ခုက ဩတ္တပ္ပ၊ ဩတ္တပ္ပဆိုတာ မကောင်းမှုလုပ်ရမှာကို ကြောက်တာဖြစ်တယ်၊ ကြောက်တာဟာ ပတ်ဝန်းကျင်ကို လေးစားတာသာ ဖြစ်တယ်။ အဲဒီ ဟိရီဩတ္တပ္ပ ၂-ခုဟာ အကုသိုလ်ကို ရှောင်ကြဉ်ဖို့ရာအတွက် အကောင်းဆုံး လက်နက်၊ အကောင်းဆုံး သဘာဝတရား ၂-မျိုး ဖြစ်တယ်၊ အရှက်နဲ့အကြောက် ဒီတရား ၂-ခု မရှိတော့ဘူး ဆိုရင်တော့ မိမိရဲ့ ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက် တော့တာမျိုး ဖြစ်သွားမယ်။ I don't care ဆိုတာ မျိုး မလုပ်ရဘူး၊ ကိုယ့်မိသားစု ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို care လုပ်ရမယ်။

ဟိရီ ဩတ္တပ္ပ တရား ၂-ခုလုံးရှိမှသာ လူ့ လောကကြီးကို လူနဲ့တူအောင် ထားနိုင်မယ်၊ အဲဒါ

စာမျက်နှာ-၄၈
ကြောင့် ဟိရီ ဩတ္တပ္ပကို လောကပါလတရားလို့ သတ်မှတ်ထားတယ်၊ မကောင်းမှုကို ရှက်တာက ဟိရီ၊ ပတ်ဝန်းကျင်ကို လေးစားတာက ဩတ္တပ္ပ တရား၊ အဲဒီ ၂-ခုဟာ လူတော်လူကောင်း ဖြစ်ဖို့ရာ အတွက် မြတ်သောဥစ္စာတစ်မျိုး ဖြစ်တယ်။

သုတ - နောက်တစ်ခုက သုတ၊ သုတဟာ လောက လူသားတွေအတွက် သိပ်ပြီးတော့ အရေးပါပါတယ်။ ပညာဗဟုသုတတွေကို လေ့လာဆည်းပူးကြရမယ်၊ လူတွေဟာ ပိုက်ဆံဘယ်လောက်ပဲရှိရှိ အသိဉာဏ် မရှိရင် ပကတိဥစ္စာတွေ မတည်မြဲနိုင်ပါဘူး။ ငယ်စဉ် တောင်ကျေး ကလေးဘဝကတည်းက အသိဉာဏ်တွေကို ဆည်းပူးကြရတယ်၊ အခုလို တရားနာ လာနေကြတာဟာ အသိဉာဏ်တွေကို စုဆောင်း

စာမျက်နှာ-၄၉
တာပါပဲ၊ မြတ်စွာဘုရား ဟောကြားထားတဲ့ တရား တော်တွေကို တပည့် သံဃာတော်တွေကတဆင့် ပြန်လည်ဟောပြောတာ ဖြစ်တယ်။

တရားနာပြီးတော့ စဉ်းစားလာကြတယ်။ ဘယ်ဆရာတော်ကဖြင့် ဘယ်လိုဟောပြထားတယ်။ လောကရေးရာနဲ့ ပတ်သက်ပြီးတော့ လမ်းညွှန်မှုတွေကို ရလာတယ်ပေါ့၊ ဒါကြောင့် သုတဟာ လောကအတွက် စုဆောင်းထားသင့်တဲ့၊ စုဆောင်း ထားရမယ့် မြတ်သောဥစ္စာတစ်ခု ဖြစ်တယ်။

နောက်တစ်ခုက စာဂ၊ စာဂဆိုတဲ့ စွန့်လွှတ်မှုကို ပိုင်ဆိုင်ထားရမယ်၊ ပေးကမ်းမှု စွန့်ကြဲမှုဆိုတာ ရှိရမယ်၊ ကိုယ်တစ်ယောက်ထဲအတွက် မဟုတ်ဘဲ share လုပ်ရမယ်၊ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်

စာမျက်နှာ-၅၀
ကို မိမိပိုင်ဆိုင်တာလေးတွေ share ပြန်လုပ်ပေးရမယ်၊ ထောက်ပံ့ကူညီတာဟာလည်း လောကကို အကျိုးပြုတဲ့အတွက် မရှိမဖြစ်တဲ့ ဥစ္စာတစ်ခု ဖြစ်တယ်။

လောကကြီးက အားကိုးအားထား ပြုကြရတဲ့ ပုဂ္ဂိုလ်တွေဟာ စာဂ ရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ လူ့လောကမှာ စာဂ ရှိမယ်ဆိုရင် အဲဒီလူရဲ့ အရည် အသွေးဟာ မြင့်မားလာတော့တာပါပဲ၊ လောကကြီးကို အကျိုးပြုတဲ့ စာဂ တရားရှိမယ်ဆိုရင် လောက ကြီးမှာ အားကိုးအားထားပြုစရာတစ်ခု ရှိလာမှာ ဖြစ်တယ်၊ ဒါကြောင့် စာဂဆိုတဲ့ သဘာဝတရားဟာ လောကကြီးရဲ့ မြတ်သောဥစ္စာတစ်ခုပါ။

စာမျက်နှာ-၅၁

ပညာ
နောက်တစ်ခုက ပညာ၊ ပညာဆိုတာကတော့ ဗုဒ္ဓမြတ်စွာက လောကကြီးမှာ လိုအပ်တဲ့ပညာကို ဟောထားတာရှိတယ်၊ အမြင့်ဆုံးပညာဟာ ဘာလဲ။ ပညာဟူသည်မှာ အကောင်းအဆိုး၊ အကြောင်း အကျိုး လုပ်သင့်မလုပ်သင့် စတာတွေကို ခွဲခြား သိတာကို ပညာလို့ခေါ်တယ်၊ သင်ထားတဲ့ ပညာဟာ သညာအဆင့်ဘဲ ရှိသေးတယ်၊ အဲဒီအပေါ် မှာမှ အကောင်း အဆိုး ခွဲခြားသိတာမှ ပညာ ဖြစ်တယ်၊ သင်ယူထားတဲ့ အချက်တွေပေါ်မှာ ဆင်ခြင်သုံးသပ်တယ်၊ လက်တွေ့လုပ်တယ်၊ ဒါကို ပညာလို့ ခေါ်ရမယ်။ “ပကာရေန ဇာနာတိတိ ပညာ”တဲ့။

လူ့လောကမှာ လူရယ်လို့ ဖြစ်လာတဲ့အခါမှာ ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးနဲ့ ကြုံတွေ့တဲ့

စာမျက်နှာ-၅၂
အချိန်မှာ တကယ့်ကို ရရှိရမယ့် ပညာကတော့ ဖြစ်ခြင်းပျက်ခြင်းဆိုတဲ့ သဘာဝတရားကို သိစွမ်း နိုင်တဲ့ ဝိပဿနာ ပညာမျိုး ဖြစ်တယ်၊ ဘဝဆိုတာ ရုပ်တရား နာမ်တရား ၂-မျိုးနဲ့ တည်ဆောက် ထားတာ ဖြစ်တယ်။ ထိုရုပ်တရား နာမ်တရား ၂-မျိုးစလုံးဟာ အကြောင်းကို မှီပြီးတော့ ပြောင်းလဲ နေကြတယ်၊ မြဲတဲ့အရာတွေ မဟုတ်ဘူးဆိုတာကို သိလာတယ်၊ အဲဒီလို သိလာတာကို ဝိပဿနာပညာ လို့ ခေါ်တယ်။

ဝိပဿနာပညာ မိမိရဲ့ သန္တာန်မှာ ရှိမထားဘူး ဆိုရင်တော့ အတွယ်အတာကို မဖြုတ်နိုင်ဘူး၊ အတွယ်အတာကို မဖြုတ်နိုင်သေးသမျှ သံသရာ လည်နေဦးမှာ ဖြစ်တယ်၊ ဘဝကို တွယ်တာရင် သံသရာလည်နေမှာ ဖြစ်တယ်။

စာမျက်နှာ-၅၃

သူရဲခြောက်တဲ့အိမ်
ဘုန်းကြီးတို့ ၁၉၈၉ ခုနှစ်လောက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က သူဌေးအိမ် တစ်အိမ်ကို ရောက်တယ်၊ ဘုန်းကြီးတို့ကို အဲဒီ အိမ်မှာ ကျောင်းအဖြစ် သီတင်းသုံးဖို့ဆိုပြီး လိုက်ပို့ ကြတယ်၊ အဲဒီ အိမ်မှာ လူမနေဘူး၊ TV ရှိတယ်၊ Phone ရှိတယ်၊ ပရိဘောဂအားလုံး အဆင်သင့် ရှိတယ်၊ ကြည့်လိုက်တော့လည်း လူတစ်ယောက်မှ မနေဘူး၊ လူတစ်ယောက်မှ မရှိဘူး၊ ဘုန်းကြီးစိတ်ထဲ မှာတော့ “သူရဲခြောက်တဲ့အိမ်များ ဖြစ်နေမလား” ဆိုပြီးတွေးထင်မိနေတယ်။ ဘုန်းကြီးတို့ နီပေါဘုန်းကြီးတစ်ပါးနှင့်အတူ ၂-ပါးပါ၊ ညကျတော့ ဂျပန်လူမျိုးတစ်ယောက်နဲ့ တရုတ်လူမျိုးတစ်ယောက် ရောက်လာပြီး တရား ဆွေးနွေးကြတယ်ပေါ့။ ပြီးတော့ သူတို့ ၂-ယောက်နဲ့

စာမျက်နှာ-၅၄
အတူ ညဉ့်နက်မှ အိပ်ရာဝင်ကြတယ်၊ ဘုန်းကြီးတို့ ၂-ပါးလည်း သတိထားပြီး ကျိန်းကြတယ်၊ ဘာမှတော့ မတွေ့ပါဘူး၊ မနက် ၄ နာရီ ၅ နာရီလောက် မှာ ဘုန်းကြီး အိပ်ရာကနိုးတယ်၊ ဒီအချိန်ဆိုရင် နိုးနေကျ ပုံမှန်ဖြစ်နေပြီး အိပ်ရာက ထပြီးတော့ မျက်နှာသစ် ကိုယ်လက်သန့်စင်ဖို့ရာ အခန်းနဲ့ တွဲလျက်ရှိတဲ့ ရေချိုးခန်းဆီသွားပြီး မျက်နှာသစ်တယ်၊ ပြန်ထွက်လာတဲ့အခါမှာတော့ ဘုန်းကြီးက တံခါးကို ဒီအတိုင်း ဖွင့်ထားခဲ့တာ၊ ဒါပေမယ့် တံခါးဟာ တစ်ယောက်က လာပြီးတော့ ပိတ်သလိုမျိုး ပိတ်သွားတယ်၊ အတွင်းကနေ lock ပါ ချထားလိုက်တယ်၊ အဲဒါနဲ့ဘဲ ဘုန်းကြီးတို့လည်း ညက ရှာတွေ့ ထားတဲ့ သော့တွဲလိုက်ရှာပြီး ဖွင့်ကြရတယ်။ အဲဒါနဲ့ မနက်ရောက်တော့ အဲဒီမြို့ခံလူတွေ ရောက်လာကြတယ်၊ ဘုန်းဘုန်းတို့ ညက ဘာဖြစ်

စာမျက်နှာ-၅၅
သေးလဲဆိုတော့ ဘာမှမဖြစ်ပါဘူး၊ ဒါပေမယ့် ဒီအိမ် မှာ တစ်ယောက်ယောက် သေသွားတာရှိသလားလို့ မေးတော့ မကြာခင်တုန်းက အိမ်ရှင်ယောက်ျား ဆုံးသွားတယ်၊ အဲဒါ မကျွတ်ဘဲ ညညဆိုရင် ခြောက်လှန့်လို့ သူ့အိမ်က မိသားစုတွေက မနေရဲကြ တော့လို့ တစ်ခြား ပြောင်းနေကြတယ်။ ဒီအိမ်ကို တော့ ဒီအတိုင်း ပိတ်ထားလိုက်ကြတယ်၊ ဘုန်းကြီးတွေ ကြွလာတဲ့အခါမှ တည်းခိုဖို့ စီစဉ်ထားတာတဲ့။ အိမ်နံပါတ်တောင်မှ မှတ်မိပါသေးတယ်၊ NO.75 တဲ့၊ ဒီလိုအိမ်မှာ တစ္ဆေသူရဲ ဖြစ်တာဟာ အတွယ် အတာကြောင့် ဖြစ်ရတာနော်၊ ဒါက နိုင်ငံခြားမှ အတွေ့အကြုံတစ်ခုပေါ့။

စာမျက်နှာ-၅၆

သူရဲခြောက်တဲ့ တိုက်ခန်း
နောက်တစ်ခုက မြန်မာနိုင်ငံမှာ ကြုံတွေ့ ရတာလေးပေါ့၊ ဘုန်းကြီးတို့ ဗုဒ္ဓတက္ကသိုလ်အနီးမှာ Junction 8 ဆိုတာရှိတယ်၊ အဲဒီအဆောက်အဦး ကြီးရဲ့ ၇-လွှာက ညညကျရင် စားပွဲတွေ ခုံတွေ ရွှေ့တာကို ဆူဆူညံညံ ကြားကြရတယ်၊ အဲဒီအထပ်က နေ့ဘက်မှာ computer ဆိုင်ဖွင့်တယ်၊ ညဘက်တော့ အဲဒီအခန်းမှာ ဘယ်သူမှ မနေဘူးတဲ့၊ ဒါနဲ့ ဘုန်းကြီးတို့ကို လာပင့်တော့ ဘုန်းကြီးတို့က မေးတာ ပေါ့၊ အဲဒီအခန်းက ဝန်ထမ်းတွေ ဘာတွေများ သေတာ ရှိသလားဆိုတော့ လွန်ခဲ့တဲ့ လကတော့ ဝန်ထမ်း ကားသမားတစ်ယောက် သေသွားတယ် ပြောတယ်၊ ဒါနဲ့ ဘုန်းကြီးတို့လည်း ညနေအချိန် ကြွသွားကြတယ်၊ ဘုန်းကြီး ၅-ပါး သွားကြတယ်။

စာမျက်နှာ-၅၇
ဘုန်းကြီးတို့ ပရိတ်ရွတ်မှာဆိုတော့ ပရိတ် မရွတ်ခင် အဲဒီအခန်းမှာရှိတဲ့ မမြင်ရတဲ့ ပုဂ္ဂိုလ် တွေကို ဖိတ်ပြီးတော့ ငါတို့က ပရိတ်ရွတ်တော့မယ်၊ မရွတ်ဖတ်ခင်မှာ မင်းတို့အတွက် အလှူအတန်း လုပ်ပြီး အမျှဝေမယ်၊ အမျှရကြပြီဆိုရင် သင့်တော်တဲ့ အရပ်ကို ရွှေ့ပြောင်းကြပါ” လို့ ပြောလိုက်တယ်၊ အဲဒီလိုပြောပြီး အမျှဝေလိုက်တယ်၊ ပြီးတော့ ပရိတ် ရွတ်ဖတ်ကြတယ်။ ပရိတ်ရေ ပက်ဖြန်းကြတယ်။ အဲဒီညကစပြီး ဘာသံမှ မကြားရတော့ဘူးတဲ့၊ အဲဒါဟာ ဘုန်းကြီးတို့ ကြုံတွေ့ရတဲ့ သရဲအကြောင်းပေါ့။ အဲဒီတုန်းက ဘုန်းကြီးတို့ကို ဆန်တစ်အိတ်နဲ့ သင်္ကန်းတစ်စုံ လှူလိုက်တယ်၊ ဘုန်းကြီးတို့က အဲဒီ ဆန်ကို သရဲဆန်လို့ ခေါ်ကြတယ်။

အဲဒီတော့ အတွယ်အတာကို ပြုတ်ဖို့ရာ အတွက် ပညာဟာ အရေးကြီးတယ်။ လောဘ

စာမျက်နှာ-၅၈
ဒေါသ မောဟတွေ ကုန်ဆုံးမယ့် အကြောင်းကို ဖော်ဆောင်ပေးနိုင်တဲ့ ပညာဆိုတာဟာ ဝိပဿနာ ပညာ ဖြစ်တယ်၊ အဲဒီ ဝိပဿနာကို ကောင်းစွာ သိသင့်တယ် ဝိပဿနာ တရားဟာ သဘာဝတရားတွေကို ဆင်ခြင်နိုင်တဲ့ ပညာ၊ ကိလေသာတရားတွေ ကုန်ဆုံးစေနိုင်တဲ့ မဂ်ကို ဖြစ်ပေါ်စေတဲ့ ပညာ ဖြစ်တယ်။

အတွယ်အတာကိုလျှော့ရင် သောကတွေဟာလည်း လျော့နဲသွားမှာပဲ ဖြစ်တယ်၊ သောကကင်းဖို့ ရာအတွက် အတွယ်အတာတွေကို လျှော့ချရမယ်၊ အတွယ်အတာ တဏှာကို မပယ်နိုင်သေးသမျှ သောကကို ဖယ်ရှားလို့ မရဘူး။ လောကမှာရှိတဲ့ အရာဟူသမျှကို ကိုယ့်ဟာလို့ သတ်မှတ်လိုက်တဲ့ အချိန်ကစပြီး သောက ဖြစ်လာရတာဘဲ၊ အဲဒီတော့ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့

စာမျက်နှာ-၅၉
အနေနဲ့ လောကမှာ ပကတိဥစ္စာထက် ပိုပြီး အရေးကြီးတဲ့ မြတ်သောဥစ္စာ(၇)မျိုးကို စုဆောင်း ထားကြရမယ်။

အဲဒီဥစ္စာ (၇)မျိုးကတော့ သဒ္ဓါဆိုတဲ့ ယုံကြည်မှု၊ သီလဆိုတဲ့ ကိုယ်ကျင့်တရား၊ ဟိရီဆိုတဲ့ မကောင်းမှု ပြုရမှာ ရှက်တဲ့တရား၊ ဩတ္တပ္ပဆိုတဲ့ မကောင်းမှုပြုရမှာ ကြောက်တဲ့တရား၊ သုတဆိုတဲ့ ပညာကို လေ့လာဆည်းပူးခြင်း၊ စာဂဆိုတဲ့ စွန့်လွှတ်မှု၊ ပညာဆိုတဲ့ အကျိုးအကြောင်း အဆိုး အကောင်း ခွဲခြားသိတဲ့ဉာဏ်နဲ့ ဝိပဿနာဉာဏ် မဂ်ဉာဏ်၊ ဟောဒီတရားတွေနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဟာ ပိုက်ဆံတစ်ပြားမှ မရှိချင်နေပါစေ၊ မြတ်စွာဘုရားက ဟောတော်မူတယ်၊ မမွဲပါဘူးတဲ့ ဟုတ်ကဲ့လား။

မြတ်စွာဘုရား ဟောတော်မူပုံက ဒီလိုပါ။ “ယဿ ပုရိသဿဝါ- အကြင် အမျိုးကောင်းသား

စာမျက်နှာ-၆၀
မှာဖြစ်စေ၊ ယဿာ ဣတ္ထိယာဝါ-အကြင် အမျိုးကောင်းသမီးမှာဖြစ်စေ၊ ဧတေ ရော- လောကမှာ အလွန်လိုအပ်တဲ့ ယခုပြောခဲ့တဲ့ ပစ္စည်းဥစ္စာတို့ သည်၊ အတ္ထိ- ထင်ရှားမသွေ ရှိကြပါပေကုန်၏။ တံ- ထိုအမျိုးကောင်းသား အမျိုးကောင်းသမီးကို၊ အဒလိဒ္ဒေါတိ- ဆင်းရဲသူမဟုတ် မွဲတေသူမဟုတ် ဟူ၍၊ အာဟု ခေါ်ဆိုပညတ် သမုတ်အပ်လေ တော့၏။ တဿ- ထို သူတော်ဥစ္စာ ခုနစ်ဖြာနှင့် ပြည့်စုံသောပုဂ္ဂိုလ်၏ ဇီဝိတံ-လောကမှာ အသက် ရှင်ရခြင်းသည်၊ အမောဃ- အချည်းအနှီး မဖြစ်ပါ ဟူ၍၊ ဘဂဝါ - ရွှေဘုန်းတော်သခင် ရှင်တော် မြတ်ဘုရားသည်၊ အဝေါစ- ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။”

စာမျက်နှာ-၆၁

နိဂုံးစကား
အေး တရားချစ်ခင် သူတော်စင်အပေါင်း တို့သည် နေ့စဉ်နှင့်အမျှ မိမိတို့ သုံးစွဲနေကြရတဲ့ ပစ္စည်းဥစ္စာတွေကို ရှာဖွေစုဆောင်းနေကြသလို အခုပြောခဲ့တဲ့ သဒ္ဓါ၊ သီလ၊ ဟိရိ၊ သြတ္တပ္ပ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ မြတ်သော ဥစ္စာ ခုနှစ်ဖြာကိုလည်း စုဆောင်းဖို့ လိုအပ်တယ်။ ဒီမြတ်သောဥစ္စာဟာ ကိုယ်သန္တာန်မှာ မရှိမဖြစ် လိုအပ်တဲ့ ဥစ္စာရတနာတွေ ဖြစ်တယ်လို့ ကိုယ်စီ ကိုယ်ငှ သဘောပေါက်ကြပြီး ထိုပစ္စည်းဥစ္စာတွေ ရရှိဖို့ရန်အတွက် ကြိုးစားအားထုတ်နိုင်ကြပါစေ ကုန်သတည်း။
253dq8gmhwb2ple9ozf1dk2eidd0nm2
ရတနသုတ်အနှစ်ချုပ်
0
6392
22192
2026-06-17T23:41:09Z
Tejinda
173
"{{header | title = ရတနသုတ်အနှစ်ချုပ် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = မြတ်သောဥစ္စ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22192
wikitext
text/x-wiki
{{header
| title = ရတနသုတ်အနှစ်ချုပ်
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[မြတ်သောဥစ္စာ စုဆောင်းပါ]]
| previous2 =
| next = [[ရှင်ရာဟုလာ၏ဘဝနှင့် မြတ်ဗုဒ္ဓ၏အဆုံးအမ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

ရတနသုတ်အနှစ်ချုပ်

(အပိုင်း-၁)
မှတ်တမ်း
သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် (၇) ရက်၊ ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၃) ရက်။ မုံရွာမြို့၊ ရွှေစည်းခုံမြတ်စွာဘုရား မဟာသာသနာ့ဗိမာန်တော်ကြီးအတွင်း ဆင်ယင်ကျင်းပပြုလုပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မုံရွာမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လက်ထောက်မန်နေဂျာ ဦးသက်မင်းအောင် + ဒေါ်တင်တင်ခိုင်၊ သား မောင်ကောင်းခန့်နိုင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ရတနသုတ် အနှစ်ချုပ်” အပိုင်း(၁) တရားဒေသနာတော်။

မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေ ငယ်စဉ်ကာလကတည်းက ပရိတ်ကြီး(၁၁)သုတ်ကို သင်ယူကြတယ်။ ပရိတ်ကြီး (၁၁)သုတ်ကို အားလုံးကြားဖူး၊ နာဖူးကြတယ်။ ဒီကနေ့ ရတနသုတ် အနှစ်ချုပ်ကို (၃)ရက်ခွဲပြီး ဘုန်းကြီးတို့ ဟောပါ့မယ်။

ဒီကနေ့တော့ အပိုင်း(၁)အနေနဲ့ ဟောမယ်။ ပရိတ်ဆိုတာ “ပရိတ္တ” ဆိုတဲ့ ပါဠိစကားက လာတယ်။ မမြင်ရတဲ့ ဘေးရန်အန္တရာယ်တွေ မကျရောက်အောင် အကာအကွယ်ပြုတဲ့အနေနဲ့ မြတ်စွာဘုရားက ဟောတာ။ ရွတ်ဖတ်သရဇ္ဈာယ် နှလုံးသွင်းရင် အရံအတားဖြစ်အောင် ဟောကြားထားတဲ့ ထူးခြားတဲ့သုတ္တန်တွေ

စာမျက်နှာ-၂
ဖြစ်တယ်။ အဲဒီထူးခြားတဲ့ သုတ္တန်တွေကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေရော၊ အခြားနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံက လူတွေရော အန္တရာယ်ကင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သံဃာတော် အရှင်မြတ်များ ပင့်ဖိတ်ပြီး နာယူကြတယ်။ ဟိုးပုဂံခေတ်ကတည်းက ပရိတ်တရားကို နာယူကြတယ်ဆိုတဲ့ အစဉ်အလာရှိတယ်။ မြန်မာမင်းအဆက်ဆက် လိုက်နာကျင့်သုံးခဲ့တယ်၊ နန်းတော်တွေမှာတောင် “ပရိတ်နာဆောင်” ဆိုပြီး သီးသန့်အဆောင်တစ်ခု ထားတာမျိုးတောင် ရှိတယ်။

လူတိုင်းလူတိုင်းဟာ အန္တရာယ်ကင်းချင်ကြတယ်။ အန္တရာယ်ကင်းချင်တော့ အန္တရာယ်ကင်းရာ ကင်းကြောင်း နည်းလမ်းကောင်းတွေကို ရှာဖွေပြီး လိုက်နာကျင့်သုံးကြရတယ်။ ဗုဒ္ဓဘာသာဝင်တွေတင်မက အခြားဘာသာဝင်တွေလည်း အန္တရာယ်ကင်းချင်ကြတာပဲ။ သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ အန္တရာယ်ကင်းအောင် ပြုလုပ်ကြတာပဲ။ လောကမှာ အန္တရာယ်ကင်းမှု လိုလားတာဟာ လူတိုင်းလူတိုင်းရဲ့ ဆန္ဒပဲ။ အန္တရာယ်ကျရောက်မှာကို ကြောက်ကြတယ်။ အန္တရာယ်ကင်းရှင်းတဲ့ အနေအထားမျိုး ရောက်အောင် ကြိုးစားကြတယ်၊ ဆောင်ရွက်ကြတယ်။ သို့သော် အန္တရာယ်ကင်းအောင် ဆောင်ရွက်တဲ့ကိစ္စတိုင်းဟာ အန္တရာယ်ကင်းမှုကို ဖြစ်စေနိုင်သလား၊ စစ်မှန်တဲ့နည်းလမ်း ဟုတ်သလားဆိုတာကတော့ အတပ်ပြောလို့ မရဘူး။

ဗုဒ္ဓမြတ်စွာက အန္တရာယ်ကင်းစေတတ်တဲ့ နည်းလမ်း၊ တကယ့်အန္တရာယ်ကင်းအောင် ဆောင်ရွက်နိုင်တဲ့ နည်းလမ်း

စာမျက်နှာ-၃
အစစ်များကို “ပရိတ္တ” ဆိုတဲ့ ဒေသနာတွေကို ဟောပြီးတော့ ထားတယ်။

“ပရိတ္တ” တဲ့၊ အရံအတား protection လို့ခေါ်တယ်။ မမြင်ရတဲ့ အန္တရာယ်ဆိုရင် ကြိုတင်ပြီး မသိနိုင်သည့်အတွက် အန္တရာယ် ကြုံလာတတ်တယ်။ အဲဒီလို ကြုံလာမယ့် အန္တရာယ်ကို ကာကွယ်ပြီးသားဖြစ်အောင် ဒီပရိတ်တရားတော်များကို ရွတ်ပွားခြင်း၊ ပရိတ်တရားတွေမှာ ပါတဲ့အတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် အန္တရာယ်ကင်းမှုကို ရရှိနိုင်တယ်။ ဒီစီမံချက်နဲ့ မြတ်စွာဘုရားက ဟောထားတယ်။

အဲဒီတော့ ပရိတ်တရားတော်နဲ့ အန္တရာယ်ကင်းဖို့ဆိုတဲ့ အထဲမယ် အဓိကအချက်က သုံးချက်ရှိတယ်။ အဓိကသုံးချက်ဆိုတာ ဘာတုန်းဆိုရင် မေတ္တာရယ်၊ သစ္စာရယ်၊ ဘုရားတရားသံဃာဂုဏ်ရယ်ပေါ့။ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို အာရုံပြုပြီးတော့လည်းပဲ အန္တရာယ်ကင်းအောင် လုပ်လို့ရတယ်။ ဒါကတစ်ချက်။ မေတ္တာပွားပြီးတော့လည်း အန္တရာယ်ကင်းအောင် လုပ်လို့ရတယ်၊ ဒါကတစ်ချက်။ သစ္စာဆိုပြီးတော့ အန္တရာယ်ကင်းအောင် လုပ်လို့လည်းရတယ်၊ ဒါကတစ်ချက်။ အဲဒီထဲမှာ အဓိကကျတာကတော့ မေတ္တာနဲ့ သစ္စာပေါ့။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က မေတ္တာတရားနဲ့ သစ္စာစကား ဒီနှစ်ခုကို အခြေခံထားပြီး ပရိတ်တရားကို ဟောထားတယ်။

မေတ္တသုတ်ဆိုလို့ရှိရင် မေတ္တာကို အခြေပြုပြီးတော့ အန္တရာယ်ကင်းစေတတ်တဲ့ နည်းစနစ်ကို မြတ်စွာဘုရားက

စာမျက်နှာ-၄
ပေးထားတယ်။ နောက်တစ်ဖန် ခန္ဓသုတ်ဆိုတာကလည်းပဲ မြွေဆိုးတွေ၊ အဆိပ်အတောက်ရှိတဲ့ သတ္တဝါတွေရဲ့ အန္တရာယ်က ကင်းဝေးဖို့ဆိုပြီး မြတ်စွာဘုရားက အထူးဟောထားတာ ဖြစ်တယ်။ ယုံယုံကြည်ကြည်နဲ့ လိုက်နာကျင့်သုံးမယ်၊ ပွားများမယ်၊ ရွတ်ဖတ်သရဇ္ဈာယ်မယ်ဆိုရင် အန္တရာယ်ကင်းတဲ့ သာဓကတွေ အများကြီးရှိတယ်ပေါ့။ မြတ်စွာဘုရားကိုယ်တိုင်ကိုက မေတ္တာတရားကို အသုံးပြုပြီးတော့ မေတ္တာဘာဝနာပွားမယ်၊ မေတ္တာနဲ့ဆိုင်တဲ့ ပရိတ်တရားတော်တွေကို ရွတ်ဖတ်နှလုံးသွင်းမယ်ဆိုရင် အဆိပ်ပြင်းထန်တဲ့ တိရစ္ဆာန်တွေရဲ့ အန္တရာယ်ကြောင့် အသက်အန္တရာယ်တွေ မဖြစ်နိုင်ဘူးလို့ ဒီလိုဟောထားတာရှိတယ်။

အဲဒီလိုပဲ နောက်တစ်ခုကတော့ “သစ္စာ” ဆိုတာ။ သစ္စာဆိုခြင်းဖြင့် လူတွေရဲ့ သန္တာန်မှာ မဖြစ်ပေါ်သေးတဲ့ အန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်သလိုပဲ၊ ဖြစ်ပေါ်ကျရောက်ပြီးသားဖြစ်တဲ့ အန္တရာယ်တွေကိုလည်း ပယ်ဖျောက်နိုင်တယ်၊ တားဆီးနိုင်တယ်လို့ အဓိပ္ပါယ်ရတယ်။ ဒါကြောင့်မို့ ရတနသုတ်ဆိုတာ သစ္စာဆိုတဲ့နည်းကို အသုံးချပြီးတော့ မြတ်စွာဘုရားက အန္တရာယ်ကင်းအောင် ဆောင်ရွက်ပေးခဲ့တယ်။

လောကမှာ လူတွေ မမျှော်လင့်ဘဲနဲ့ အန္တရာယ်ဆိုးတွေ၊ ကပ်ဆိုးတွေ၊ ဘေးဆိုးတွေ ကျရောက်လာတတ်တယ်ပေါ့။ မျှော်လင့်မထားတဲ့ အန္တရာယ်ဆိုး၊ ကပ်ဆိုး၊ ဘေးဆိုးတွေ ကျရောက်လာတတ်တယ်။ အဲဒီလို ကျရောက်လာတဲ့အခါမှာ အန္တရာယ်ကင်းအောင်လုပ်တဲ့နည်းကို မြတ်စွာဘုရားက ဒီသုတ္တန်မှာ

စာမျက်နှာ-၅
ဟောပေးတယ်။ သစ္စာဆိုတဲ့နည်းနဲ့ အန္တရာယ်ကို ကာကွယ်ပေးတယ်၊ ဘေးအန္တရာယ်က လွတ်မြောက်အောင် ဆောင်ရွက်ပေးတယ်။

မြတ်စွာဘုရား လက်ထက်တော်အခါကာလတုန်းက ဝေသာလီနိုင်ငံကြီးဟာ အလွန်စည်ကားခဲ့တယ်။ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေ အများကြီးပဲ။ (မင်းဆိုပေမယ်လို့ ခုခေတ်လိုပြောမယ်ဆိုရင် ပါလီမန်မင်းများလို့ ပြောရမယ်ထင်တယ်။ တကယ့်ရာဇာဆိုတဲ့ ဧကရာဇ်ဘုရင်တော့ မဟုတ်ဘူး။) တိုင်းပြည်အုပ်ချုပ်တဲ့အခါ သူတို့က အဖွဲ့အစည်းနဲ့ အုပ်ချုပ်တယ်။ အဲဒါကို oligarchy system (အဖွဲ့အစည်းတစ်ရပ်က တိုင်းပြည်ကို အုပ်ချုပ်တာ) လို့ ခေါ်တယ်။ ခုခေတ်စကားနဲ့ ပြောရရင် တစ်ပါတီအာဏာရှင်စနစ်ပေါ့။ oligarchy ဆိုတာ လူတစ်စု၊ ပါတီတစ်ခုက တိုင်းပြည်ကို အုပ်ချုပ်တဲ့စနစ်။ ဧကရာဇ်ဘုရင်က တိုင်းပြည်ကို အုပ်ချုပ်တဲ့ monarchy system ဆိုတာ ဧကရာဇ်ဘုရင်ပေါ့။ အဲဒီ ဧကရာဇ်ဘုရင်ကနေ အုပ်ချုပ်တဲ့အခါမှာ တစ်ဦးတည်းရဲ့ အာဏာနဲ့ အုပ်ချုပ်သွားတယ်။

ခု ဝေသာလီနိုင်ငံကြီးကတော့ ဂဏရာဇာ လို့ခေါ်တယ်။ မင်းတွေ စုပေါင်းပြီး အုပ်ချုပ်ကြတယ်။ မင်းပေါင်း (၇၇၀၇) ယောက် ရှိတယ်။ တိုင်းပြည်ကလည်း အလွန်စည်ကားတယ်။ ညီညွတ်ရေးကလည်း အလွန်ကောင်းတယ်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဝေသာလီက လိစ္ဆဝီမင်းတွေနဲ့ ပတ်သက်ပြီး

စာမျက်နှာ-၆
အပရိဟာနိယတရား (၇) ပါး ဆိုတာ ဟောထားတာရှိတယ်။ အဲဒီ အပရိဟာနိယတရား (၇) ပါးမှာ အဓိကကျတာကတော့ အစည်းအဝေးတွေလုပ်ခြင်းပဲ။ အားလုံး ဘာပဲလုပ်လုပ် ညီညီညွတ်ညွတ် စည်းဝေးတယ်၊ ညီညီညွတ်ညွတ် ဆုံးဖြတ်တယ်၊ ညီညီညွတ်ညွတ် အကောင်အထည်ဖော်တယ်ဆိုတဲ့ အချက်က ပိုပြီးအဓိကကျတယ်။ အဲတော့ ဝေသာလီက မင်းတွေဟာ ဘယ်ကိစ္စမှာမဆို တညီတည်း အစည်းအဝေးထိုင်ကြတယ်။ သူတို့အစည်းအဝေးထိုင်တဲ့၊ ခုခေတ်လိုဆိုရင် လွှတ်တော်လို့ ပြောချင်ပြောမယ်၊ အစည်းအဝေးခန်းမကြီးကို သန္တာဂါရ လို့ခေါ်တယ်။ သန္တာဂါရ လို့ခေါ်တဲ့ လွှတ်တော်ကြီးမှာ စည်းဝေးပြီးတဲ့အခါ တိုင်းရေးပြည်ရေး၊ စီးပွားရေးအစရှိတဲ့ ကိစ္စတွေကို ဆောင်ရွက်ကြတယ်။

အဲဒီလောက်စည်ကားတဲ့၊ ကြီးပွားတိုးတက်လာတဲ့ နိုင်ငံကြီးမှာ ရံဖန်ရံခါ ရာသီဥတုမကောင်းလို့ အခြေအနေဆိုးတွေ ကြုံတွေ့ရတယ်။ ရှေးကလည်း ကြုံတွေ့တာပဲ၊ အခုမြန်မာနိုင်ငံမှာ ဒီနှစ်နွေရာသီ အင်မတန်ပူပြင်းတဲ့ ရာသီဥတုတွေနဲ့ ကြုံတွေ့ကြရတယ်။ အဲဒီလို မမျှော်လင့်ဘဲနဲ့ အန္တရာယ်မျိုးဆိုတာ တခြားအန္တရာယ်တွေလည်း ကမ္ဘာမှာ အမြဲတမ်းတွေ့ရတာပဲ။ ၂၀၀၄ ခုနှစ်က ဆူနာမီဆိုတဲ့ ဒီလှိုင်းကြီးတွေ ဖြစ်ပေါ်ခဲ့တယ်။ ဒီလှိုင်းကြီးတွေကြောင့် အန္တရာယ်ဆိုးတွေ ကြုံတွေ့ခဲ့ရတာပဲ။ ကမ္ဘာမှာ သမိုင်းမှတ်တမ်းတွေထဲမှာ ကြည့်မယ်ဆိုရင် ရံဖန်ရံခါ ထိုကဲ့သို့ အန္တရာယ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတာတွေ ရှိခဲ့ကြတယ်ပေါ့။

စာမျက်နှာ-၇
အေး... ဝေသာလီပြည်မှာလည်းပဲ မိုးခေါင်တဲ့ ရာသီဥတု တစ်ခါတစ်ရံ ကြုံတတ်တယ်။ အဲတော့ ဝေသာလီပြည်မှာ မိုးခေါင်တဲ့ရာသီဥတုနဲ့ ကြုံတဲ့အခါမှာ ဆန်ရေစပါးတွေ စိုက်လို့ပျိုးလို့ မရဘူး။ စိုက်ပျိုးလို့မရတဲ့အခါ ဝမ်းစာ၊ စားနပ်ရိက္ခာ မလုံမလောက် ဖြစ်နေတယ်။ ယနေ့ခေတ်မှာတော့ သယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ ဆက်သွယ်ရေးတွေက အင်မတန်ကောင်းသည့်အတွက်ကြောင့် တစ်နေရာ၊ တစ်ဒေသမှာ စားနပ်ရိက္ခာ မဖူလုံဘူးဆိုရင် ပို့ဆောင်ပေးကြတယ်၊ ထောက်ပံ့ပေးကြတယ်။ အတော်အသင့် သက်သာတယ်လို့ ပြောရမယ်။ အားလုံး သိကြပါလိမ့်မယ်၊ နှစ်တွေမကြာမီကမှ အာဖရိကတိုက် အီသီယိုပီးယားနိုင်ငံမှာ စားနပ်ရိက္ခာတွေ ပြတ်လပ်ပြီးတော့ ကပ်ဆိုးဆိုတာ ကျရောက်ခဲ့သေးတာပဲ။

ဝေသာလီပြည်ကြီးမှာ မိုးခေါင်ရေရှား ဖြစ်ပြီးတော့ ကောက်ပဲသီးနှံတွေ စိုက်တာပျိုးတာတွေ မအောင်လို့ လူဦးရေများတဲ့ဒေသမှာ စားနပ်ရိက္ခာ မဖူမလုံဖြစ်ပြီးတော့ လူတွေဟာ အစာအာဟာရ ပြတ်လပ်တဲ့ ဒုက္ခကြီး၊ ဘေးဆိုးကြီးနဲ့ ကြုံရတယ်။ အဲဒါကို ဒုဗ္ဘိက္ခန္တရကပ် လို့ခေါ်တယ်။ ဒုဗ္ဘိက္ခ၊ ဒု ဆိုတာ မပြည့်စုံတဲ့၊ ဘိက္ခ စားနပ်ရိက္ခာ၊ စားနပ်ရိက္ခာမပြည့်စုံ၊ ရှားပါးပြီးတော့ လူတွေဟာ ဝဝလင်လင် မစားကြရဘူး။ အဲဒီလို ကပ်ဆိုးကြီးနဲ့ ကြုံရတဲ့အခါ တခြားနိုင်ငံကနေ လာရောက်ပြီးတော့ ထောက်ပံ့ဖြေရှင်းပေးနိုင်တဲ့ အနေအထားမျိုး မရှိဘူး။ မရှိသည့်အတွက်ကြောင့် ကိုယ့်နိုင်ငံဖြစ် ကိုယ်ပဲခံနေ

စာမျက်နှာ-၈
ရတဲ့ အနေအထားမျိုး ဖြစ်တယ်။

အဲသလို စားနပ်ရိက္ခာ မပြည့်စုံတဲ့အခါ လူတွေမှာ ရောဂါဝေဒနာတွေက ထပ်ဆင့်ပြီးတော့ ဖြစ်လာတယ်။ ထပ်ဖြစ်လာတော့ လူတွေဟာ အသေအပျောက် များလာကြတယ်။ ရောဂါကလည်း အင်မတန် ကူးစက်တတ်တဲ့၊ လျှင်မြန်တဲ့ရောဂါ။ အဲဒီခေတ်တုန်းကတော့ “အဟိဝါတရောဂါ” လို့ခေါ်တယ်။ အဟိဝါတရောဂါရဲ့ အဓိပ္ပါယ်ကို ကျကျနန ဖွင့်ထားတာတော့ မတွေ့ဘူး။ သို့သော် စကားလုံးအဓိပ္ပါယ်ကို ကြံဖန်ဖော်မယ်ဆိုရင်တော့ အဟိ ဆိုတာ မြွေ၊ ဝါတ ဆိုတာ “လေ” လို့ဆိုတဲ့ အဓိပ္ပါယ်ရတယ်။ အဟိ မြွေဆိပ်လို ပြင်းထန်ပြီးတော့၊ ဝါတ လေလို လျှင်မြန်စွာ ကူးစက်တတ်တဲ့ ရောဂါလို့ မှတ်သင့်တယ်။ ဘာနဲ့ အလားသဏ္ဌာန်တူလဲဆိုရင် မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်ပြီးကာစတုန်းက ပလိပ်ရောဂါဆိုတာ ဖြစ်ခဲ့တယ်။ အင်မတန် လျှင်မြန်တဲ့နှုန်းနဲ့ ကူးစက်တယ်၊ ပလိပ်ရောဂါဖြစ်ပြီးတော့ သေကြတာ အဲဒီတုန်းက အင်မတန်မှ များခဲ့တယ်။

အေး... အဲဒါမျိုးလို စားနပ်ရိက္ခာမဖူလုံလို့ လူတွေ ဆင်းရဲဒုက္ခရောက်နေရတဲ့ကြားထဲမှာ ရောဂါဝေဒနာ ဖြစ်လာတယ်၊ ကူးစက်လျှင်မြန်တဲ့ ပလိပ်ရောဂါလို လျှင်မြန်စွာ ကူးစက်တတ်တဲ့ အဟိဝါတရောဂါ ဖြစ်တယ်။ အဲဒီလို ရောဂါတွေဖြစ်လာတဲ့အခါ လူအသေအပျောက် များလာတယ်။

လူတွေအသေအပျောက် များလာတဲ့အခါမှာ မကောင်းဆိုးဝါးတွေကလည်းပဲ လူသေတွေများတာကို အကြောင်းပြု

စာမျက်နှာ-၉
ပြီးတော့ ပိုပြီးတော့ ဝင်ရောက်နှောင့်ယှက်လာတဲ့ အနေအထားမျိုး ဖြစ်လာတယ်။ စားနပ်ရိက္ခာ ရှားပါးပြီးတော့ အစာအာဟာရ မဖူလုံတာကို ဒုဗ္ဘိက္ခန္တရကပ် လို့ခေါ်တယ်။ ရောဂါဝေဒနာတွေဖြစ်ပြီးတော့ ပြန့်ပွားနေတာကို ရောဂန္တရကပ် လို့ခေါ်တယ်။ မကောင်းဆိုးဝါးတွေက ဝင်ရောက်ပြီးတော့ လူတွေကို အခွင့်ကောင်းယူပြီး နှိပ်စက်တာကျတော့ အမနုဿန္တရကပ် လို့ခေါ်တယ်။ ဘီလူးဘေးပေါ့။

အဲဒီမှာ ကပ်ဆိုတဲ့ အဓိပ္ပါယ်က အတိုင်းအတာကြီးတစ်ခုကို ပြောတာ၊ အင်္ဂလိပ်လိုတော့ period လို့ခေါ်တယ်၊ အတိုင်းအတာ၊ ရှည်လျားတဲ့ ကာလကြီးတစ်ခုပေါ့။ အချိန်အတိုင်းအတာအရ၊ ဒီလိုအတိုင်းအတာတစ်ခုအရ စားနပ်ရိက္ခာမဖူမလုံနဲ့ မိုးခေါင်နေတဲ့ အချိန်ပိုင်းကြီးကို ဒုဗ္ဘိက္ခန္တရကပ် လို့ခေါ်တယ်။ ရောဂါဝေဒနာတွေဖြစ်ပြီး ကူးစက်ပြန့်ပွားနေတဲ့ အချိန်ပိုင်းကို ရောဂန္တရ လို့ခေါ်တယ်။ အဲဒီအချိန်မှာ မကောင်းဆိုးဝါးတွေက ဝင်ရောက်ပြီးတော့ နှိပ်စက်တဲ့အချိန်ပိုင်းကို အမနုဿန္တရကပ် လို့ခေါ်တယ်။ “ရောဂါ မနုဿ ဒုဗ္ဘိက္ခ သမ္ဘူတံ တိဝိဓံ ဘယံ” လို့ဆိုတဲ့အတိုင်း ဝေသာလီပြည်မှာ ကြုံခဲ့တယ်။

အဲဒီလို ကြုံကြိုက်လာတဲ့အခါကျတော့ ဒီဘေးဆိုးအန္တရာယ်ကြီးက ဘယ်လိုလုပ်ပြီး လွတ်မြောက်အောင် လုပ်ကြမလဲလို့ တိုင်ပင်ညှိနှိုင်းကြတယ်။ လူတွေဟာ အန္တရာယ်ဆိုးတွေ ကျရောက်ပြီဆိုတဲ့အခါ ကိုယ်ယုံကြည်ရာတွေကို လုပ်တတ်ကြ

စာမျက်နှာ-၁၀
တယ်ပေါ့။ နတ်ယုံကြည်သူတွေက ဘာအကြံပေးတုန်းလို့ ဆိုလို့ရှိရင် ဗလိနတ်စာတွေပေးမယ်၊ နတ်ပွဲတွေ ကျင်းပပြီးတော့ တောင်းပန်မယ်။ ဒီလိုလုပ်တဲ့နည်းတွေနဲ့လည်း ဖြေရှင်းတယ်၊ မရဘူး။ မရတဲ့အခါကျတော့ နတ်တွေကို တောင်းပန်တိုးလျှိုး၊ အန္တရာယ်ဆိုးတွေကို ပေးနေတဲ့ သတ္တဝါတွေကို တောင်းပန်တိုးလျှိုးတဲ့ ပွဲတွေ ကျင်းပပြီးတော့ တောင်းပန်တာ လုပ်ကြတယ်။ ဒါလည်းမရဘူး၊ အဲဒီလိုနည်းအမျိုးမျိုးနဲ့ ကြိုးစားကြပေမယ်လို့ ဘေးဆိုးကပ်ဆိုးကြီးနဲ့ မလွတ်ကြဘူးတဲ့။

အဲလိုမလွတ်တဲ့အခါမှာ အကြံအမျိုးမျိုး ပေးကြတယ်။ ဘာသာရေးဘက်ကို လှည့်လာကြတယ်။ အဲဒီခေတ်က ကိုးကွယ်ရာဘာသာဟာ (၇) မျိုးရှိတယ်လို့ ပြောရမယ်။ အိန္ဒိယနိုင်ငံမှာ ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်ကြီးတွေက (၇) ဦး ရှိတယ်ပေါ့။ အဲဒီ (၇) ဦးထဲက (၆) ဦးကတော့ ပုရာဏကဿပ၊ မက္ခလိဂေါသာလ၊ နိဂဏ္ဌနာဋပုတ္တ၊ သဉ္စယဗေလဋ္ဌပုတ္တ၊ ပကုဓကစ္စာယန၊ အဇိတကေသကမ္ဗလဆိုတဲ့ တိတ္ထိဆရာကြီး (၆) ယောက်၊ အဲဒီဆရာကြီးတွေကို ကိုးကွယ်တဲ့ အုပ်စုကလည်း အကြံပေးတယ်၊ တိတ္ထိဆရာကြီးတွေကို ပင့်လိုက်လို့ရှိရင် သူတို့ရဲ့ ဘုန်းတန်ခိုးတေဇော် အာနုဘော်ကြောင့် ဒီဘေးဆိုးအန္တရာယ်ကြီးက လွတ်မြောက်သွားမှာပဲလို့ အကြံပြုကြတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်သတင်းကလည်း အင်မတန်မှ ကြီးတယ်။ ကြီးတော့ ဘုရားကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေကလည်း အများကြီးရှိတယ်။ သူတို့ကလည်း မြတ်စွာဘုရား ရာဇဂြိုဟ်မှာ

စာမျက်နှာ-၁၁
ရှိတယ်၊ ဗုဒ္ဓမြတ်စွာကို ပင့်လိုက်မယ်ဆိုရင် ဗုဒ္ဓမြတ်စွာ ကြွလာတာနဲ့ ဘေးဆိုးရန်ဆိုးတွေက လွန်မြောက်သွားနိုင်တယ်လို့ ယုံကြည်တယ်။ အဲဒီအဆိုပြုတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားဟာ ရှေ့တန်းရောက်လာတယ်။ အဲဒီအချိန်က မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်မှာ သီတင်းသုံးနေတဲ့အချိန် ဖြစ်တယ်။ ဘုရားပင့်ဖို့ဆိုပြီးတော့ မဟာလိဆိုတဲ့ လိစ္ဆဝီမင်းနဲ့ ပုရောဟိတ်ပုဏ္ဏား သူတို့နှစ်ယောက် ခေါင်းဆောင်ပြီးတော့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်တယ်။

“တိုင်းရေးပြည်ရေးကိစ္စ ပေါ်လို့ရှိရင် ဒီလိုပဲ စီမံဆောင်ရွက်ကြရတယ်ပေါ့။ ဘုရားကို သွားပင့်ရမယ်၊ သူများနိုင်ငံ သွားရမယ်ဆိုတော့ သက်ဆိုင်ရာဘုရင်ကို ခွင့်ပန်ရမယ်ပေါ့။ မဂဓတိုင်းမှာ အုပ်ချုပ်နေတဲ့ ဗိမ္ဗိသာရမင်းကြီးဆီ သံတမန်အနေနဲ့ ဘုရားပင့်ဖို့ ခေါင်းဆောင် မဟာလိမင်းသား၊ ပုရောဟိတ်ပုဏ္ဏားတို့ ခေါင်းဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ သွားရောက်တယ်။ ဟိုရောက်တဲ့အခါကျတော့ ဗိမ္ဗိသာရမင်းကြီးထံ ဝင်ပြီးတော့ ခစား၊ “အရှင်မင်းကြီး၊ ဝေသာလီပြည်မှာ ဒီလိုဘေးအန္တရာယ်တွေ ကြုံနေပါတယ်။ သူတို့ မြတ်စွာဘုရားကို ပင့်ချင်ပါတယ်၊ မြတ်စွာဘုရားကို ဝေသာလီပြည်ကြွဖို့ အကူအညီပေးပါ” ဆိုတော့ ဗိမ္ဗိသာရမင်းကြီးက ဘာပြောတုန်းဆိုတော့ “မြတ်စွာဘုရားကို သင်တို့ကိုယ်တိုင် တိုက်ရိုက်ပင့်ပါ။ လိုအပ်လို့ရှိရင် မြတ်စွာဘုရား ကြွလာပါလိမ့်မယ်” တဲ့။ သူတို့ကိုယ်တိုင် သွားပြီးတော့ ဘုရားကိုပင့်ကြတယ်။ ပင့်တဲ့အခါ မြတ်စွာဘုရားက

စာမျက်နှာ-၁၂
လက်ခံလိုက်တယ်ဆိုပါစို့။

အဲဒီမှာ ဗိမ္ဗိသာရမင်းကြီးက ခရီးသွားလာဖို့ အစီအစဉ်တွေလုပ်တယ်။ ဂင်္ဂါမြစ်ကြီးကို ဖြတ်ကူးရမယ်၊ ရာဇဂြိုဟ်ကနေပြီးတော့ ဂင်္ဂါမြစ်ကိုသွားဖို့ရန်အတွက် ငါးယူဇနာကွာဝေးတယ်။ တစ်ယူဇနာဆိုတာ ဒီကနေ့ခေတ်နဲ့ ပြောမယ်ဆိုရင် ရှစ်မိုင်လောက် ရှိတယ်ပေါ့၊ အဲဒီလောက်ကွာဝေးတဲ့နေရာကို သန့်ရှင်းရေးတွေတို့၊ နားနေဆောင်တွေတို့၊ တစ်ယူဇနာမှာ တစ်ကျောင်းတစ်ကျောင်း ဆောက်ပြီးတော့ ဘုရားကြွတဲ့အခါ တစ်ညတာ တစ်ညတာ နားဖို့ဆိုတဲ့ ခရီးလမ်းပန်းအစီအစဉ်တွေကို ဗိမ္ဗိသာရမင်းကြီးက အားချင်းဆောင်ရွက်ပေးတယ်။

ဂင်္ဂါမြစ်ကြီးကို ဖြတ်ရမယ်။ ဂင်္ဂါမြစ်ကြီးကို ဖြတ်တဲ့အခါမှာ ထိုခေတ်က ခုခေတ်လို စက်တပ်ယာဉ်တွေ မရှိသေးသည့်အတွက်ကြောင့် လှေတွေဖောင်တွေ ကျကျနန စီမံပြီးပေးတယ်။ မြတ်စွာဘုရားနဲ့လည်း ရဟန်းငါးရာ အတူတကွ လိုက်ပါပြီးတော့ သွားမယ်၊ အဲဒီအစီအစဉ်ကို ဗိမ္ဗိသာရမင်းကြီးက လျှင်လျှင်မြန်မြန် ဆောင်ရွက်ပြီးတော့ ပေးတယ်။

မဟာလိတို့အဖွဲ့ကလည်း ဝေသာလီကို ပြန်သွားပြီးတော့ ဂင်္ဂါမြစ် ဟိုဘက်ကမ်းရောက်တဲ့အခါ သူတို့နိုင်ငံကလည်း အစီအစဉ်တွေ လုပ်ကြတယ်ပေါ့၊ အဲဒီလို အစီအစဉ်ဆောင်ရွက်ပြီးတဲ့အခါမှာ မြတ်စွာဘုရားကို ဝေသာလီပြည်ကို ပင့်ကြတယ်။

ဂင်္ဂါမြစ်ကို ဖြတ်ကူးပြီးတော့ ဟိုဘက်ကမ်းလည်းရောက်ရော လိစ္ဆဝီတွေက အကြီးအကျယ် ကြိုဆိုကြတယ်၊

စာမျက်နှာ-၁၃
ဂင်္ဂါမြစ်ကနေပြီးတော့ ဝေသာလီကို သွားဖို့ရန်အတွက်ကျတော့ သုံးယူဇနာကွာဝေးတယ်၊ အဲဒီသုံးယူဇနာဆိုလို့ရှိရင် သုံးညအိပ် သွားရတယ်ပေါ့။ ရှေးတုန်းကတော့ ယာဉ်နဲ့သွားတာ မဟုတ်ဘူး၊ ကုန်းကြောင်းလျှောက်တာဆိုတော့ သုံးညအိပ်။ တစ်နေ့ကို ရှစ်မိုင်နှုန်းလောက် ခရီးသွားပြီးတော့ သုံးညအိပ်။ အဲဒီလိုနဲ့ မြတ်စွာဘုရား အမှူးရှိတဲ့ သံဃာတွေဟာ လိစ္ဆဝီမင်းတို့ရဲ့ အစီအစဉ်နဲ့ ဂင်္ဂါမြစ်ကဆင်းပြီးတော့ ကမ်းပေါ်လည်း တက်လိုက်ရော မိုးအကြီးအကျယ် ရွာချတယ်တဲ့။

မိုးအကြီးအကျယ် ရွာချလိုက်တဲ့အခါ ဝေသာလီပြည်မှာ ခုနက လူတွေက အများကြီး သေထားသည့်အတွက် လူသေအလောင်းတွေကို မလှုပ်နိုင်လောက်အောင် လူတွေကများတယ်။ သင်္ချိုင်းတွေမှာ ဒီအတိုင်းပစ်ထားရတယ်။ မိုးကြီးရွာချလိုက်တဲ့အခါ ဝေသာလီတစ်မြို့လုံး သုဿာန်တွေရော ဘာတွေရော အကုန်လုံး သန့်ရှင်းပြီးသွားတယ်လို့ ဒီလိုဆိုတယ်။

အဲတော့ မြတ်စွာဘုရား ရောက်သွားတဲ့နေ့မှာဆိုရင် ဘုရားကြွလာတယ်လို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် မြတ်စွာဘုရားကို ကြည်ညိုတဲ့ ဘုန်းတန်ခိုးကြီးတဲ့ နတ်တွေကလည်းပဲ ပါလာတတ်တယ်။ ဘုရားကြွလာတာနဲ့ တစ်ပြိုင်နက် ဘုန်းတန်ခိုးကြီးတဲ့ နတ်တွေပါလာတာနဲ့ ခုနတုန်းက အန္တရာယ်ပေးတတ်တဲ့ နတ်ဆိုးတွေ၊ သရဲတွေ၊ ဘီလူးတွေ အလိုအလျောက် ရှောင်တိမ်းပြီးတော့ ထွက်ပြေးသွားကြရတယ်။

မြတ်စွာဘုရား ရောက်သွားတဲ့အခါမှာ မြတ်စွာဘုရားက

စာမျက်နှာ-၁၄
ဒီဘေးဆိုး အန္တရာယ်တွေ မကျရောက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စီမံချက်တစ်ခုချတယ်။ ဝေသာလီမြို့ကလည်း အင်မတန်မှ ကြီးမားတယ်၊ တံတိုင်း သုံးထပ်၊ မြို့ကြီးက သုံးခါချဲ့ထားတယ်၊ ပထမတည်ကာစက မြို့က သိပ်မကြီးဘူး တံတိုင်းတစ်ထပ်တည်း၊ လူဦးရေ များလာတဲ့အခါ နောက်ထပ်ပြီးတော့ ချဲ့ရတယ်။ ချဲ့ရတဲ့အခါ နောက်ထပ် တံတိုင်းတစ်ခု ထပ်ပြီးပတ်ရတယ်။ တစ်ခါ အဲဒါနဲ့ မလုံလောက်လို့ လူဦးရေ တိုးလာတဲ့အခါ နောက်ထပ် တစ်ခါ ထပ်ပြီးတော့ မြို့သစ်တွေ ဖေါ်ပြန်တဲ့အခါ မြို့ကြီးက ကြီးသထက် ကြီးလာတော့ ဝေသာလီမြို့ဟာ တံတိုင်းသုံးထပ် ကာရံထားတယ်လို့ ပြောတာ။ တံတိုင်းသုံးထပ်ဆိုတာ တစ်ခုနဲ့ တစ်ခု နီးနီးတော့ မဟုတ်ဘူး။

အေး.. အဲဒီလို အင်မတန် ကြီးမားတဲ့မြို့ကြီး၊ နောက်ဆုံး တတိယတံခါးမှာ၊ အစွန်ဆုံးတံခါးကနေ မြတ်စွာဘုရား ရောက်တဲ့အခါ မြတ်စွာဘုရားက ရှင်အာနန္ဒာကို ရတနသုတ်ကို ပို့ချပေးတယ်၊ ရှင်အာနန္ဒာက မြတ်စွာဘုရား ပို့ချပေးတာကို မှတ်သားတယ်၊ မြတ်စွာဘုရားက “အာနန္ဒာ ဟောဒီ ရတနသုတ်ကို ရွတ်ဖတ်ပြီးတော့ တံတိုင်းသုံးထပ်မှာ လှည့်လည်ပြီးတော့ တစ်ထပ်ပြီးတစ်ထပ် မြို့ကို လှည့်ပတ်ပြီး ရတနသုတ်ကို ရွတ်ဖတ်ပါ”လို့ မြတ်စွာဘုရားက ခိုင်းတယ်။ အန္တရာယ်ကင်းတဲ့ စီမံချက် တစ်ခုပေါ့နော်၊ အန္တရာယ်ကင်းအောင် လုပ်ဖို့။

ဒါကြောင့်မို့လို့ ကနေ့ခေတ်မှာလည်းပဲ အန္တရာယ်တွေ ဘာတွေ ကျရောက်လာလို့ရှိရင် သို့မဟုတ် မကျရောက်အောင်

စာမျက်နှာ-၁၅
ဆိုပြီး သံဃာတွေ ပင့်ပြီးတော့ ပရိတ်တရားတွေ နာကြရတယ်၊ ရွတ်ဖတ်ကြတယ် ဆိုတဲ့အစဉ်အလာတစ်ခုဟာ ရှိခဲ့တယ်။ အဲဒီလို ရှင်အာနန္ဒာက တံတိုင်းသုံးထပ်မှာ လှည့်ပတ်ပြီးတော့ ပရိတ် တရားတွေ ရွတ်တယ်။

မြတ်စွာဘုရားရဲ့ ကျောက်ညိုသံပိတ်ကြီးထဲ ရေတွေကို ထည့်သွားပြီးတော့ အဲဒီပရိတ်ရေတွေ ပက်ဖျန်းလိုက်တယ်၊ ပက်ဖျန်းလိုက်တဲ့အခါကျတော့ မကောင်းဆိုးဝါးတွေ၊ ချောင်ကြိုချောင်ကြား ကပ်နေတဲ့ မကောင်းဆိုးဝါးတွေ ဆက်ပြီးတော့ မနေနိုင်တော့ဘူး အကုန်ထွက်ပြေးကြရတယ်။ အကုန်ထွက်ပြေးသည့်အတွက်ကြောင့် မကောင်းဆိုးဝါး အန္တရာယ်ကို အရင်ရှင်းလိုက်တယ်၊ ပျောက်သွားပြီး မကောင်းဆိုးဝါးတွေ မရှိသည့်အခါ လူတွေမှာ ကျန်းမာရေးတွေ ပိုကောင်းလာတယ်၊ အမနုဿန္တရကပ်လည်း ပျောက်သွားတယ်။ ရောဂန္တရကပ်လည်း ပျောက်သွားတယ်။ မိုးတွေရွာချလို့ အစာအာဟာရတွေလည်း လူတွေ ရရှိလာတယ်ဆိုတော့ ကပ်ကြီးသုံးပါးက လွတ်မြောက်သွားတယ်လို့ ဒီလို မှတ်တမ်းတင်ထားတယ်ပေါ့နော်။

အဲတော့ ဝေသာလီပြည်မှာ အင်မတန်မှ လူတွေသေကြ ကျေကြတဲ့ ဒီလိုကြီးမားတဲ့ ဘေးအန္တရာယ်ကြီး၊ ကြောက်စရာ ကောင်းတဲ့ ဘေးအန္တရာယ်ဆိုးကြီး သုံးမျိုးနဲ့တွေ့ကြုံနေတဲ့ အတိုင်းအတာတစ်ခု ပျောက်ကင်းအောင် ဟောဒီသုတ္တန်ကို မြတ်စွာဘုရား ဟောထားတယ်။ အဲတော့ ဒီသုတ္တန်ကို လူတိုင်း လူတိုင်းလည်း ကြားဖူးကြတယ်၊ အလွတ်ရတဲ့ ပုဂ္ဂိုလ်လည်းပဲ

စာမျက်နှာ-၁၆
အများကြီး ရှိကြလိမ့်မယ်။ သို့သော် စနစ်တကျ ဆောင်ရွက်ဖို့ လိုအပ်တယ်၊ သစ္စာပြုပြီးတော့ မြတ်စွာဘုရားက အန္တရာယ် ကင်းအောင်လုပ်တဲ့ စီမံချက်ကို ဒီသုတ္တန်မှာ အဓိကထားပြီးတော့ ဟောသွားတာဖြစ်တယ်။

အေး .. ဒီသုတ္တန်ရွတ်တော့မယ် ဆိုလို့ရှိရင် အဋ္ဌကထာ ဆရာက ဘာပြောတုန်းဆိုလို့ရှိရင် မြတ်စွာဘုရားရဲ့ ဂုဏ်တော် ကျေးဇူးတော်တွေကို အာရုံပြုပြီး ရွတ်ဆိုရမယ်တဲ့။ “ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသ ပါရမိယော” အစချီပြီးတော့ ရွတ်ဖတ်မယ့် ပုဂ္ဂိုလ်တွေဟာ နှလုံးသွင်းဆင်ခြင်ရမယ်။ ရွတ်တော့မယ် ဆိုလို့ရှိရင် ဘုရားအလောင်းတော်ဟာ ဒီပင်္ကရာ မြတ်စွာဘုရားထံမှာ ဗျာဒိတ်ခံခဲ့တဲ့ အချိန်ကစပြီးတော့ ပါရမီဆယ်ပါး အပြားသုံးဆယ် ဖြည့်ကျင့်ခဲ့ပုံ၊ စွန့်ခြင်းကြီးငါးပါး ကျင့်ခဲ့ပုံ၊ စရိယ သုံးပါးကို ကျင့်ခဲ့ပုံ၊ ဒုက္ကရစရိယ အကျင့်တွေ ကျင့်ခဲ့ပုံ၊ အပရာဇိတ ပလ္လင်မှာ ထူးခြားတဲ့ သဗ္ဗညုတဉာဏ်တော်ကြီး ရခဲ့ပုံ၊ ဓမ္မစကြာ တရားဟောတော်မူပုံ စတဲ့ဗုဒ္ဓဝင်၊ မိမိတို့ တတ်သမျှ မှတ်သမျှ မြတ်စွာဘုရားရဲ့ ကြည်ညိုဖွယ်၊ ဘဝဖြစ်စဉ်တွေကို ရှေးဦးစွာ ဆင်ခြင်ပါတဲ့။ ဆင်ခြင်ပြီးတဲ့အခါ ဒီသုတ္တန်ကိုရွတ်ပါလို့ ဒီလိုပြောတယ်။

အဲတော့ စနစ်တကျ လုပ်ဖို့လိုတယ်ပေါ့။ ရွတ်ပြီဆိုတဲ့ ပုဂ္ဂိုလ်တွေ ဘာလုပ်ရမလဲဆိုတော့ သတ္တဝါတွေအပေါ် ဒုက္ခ ရောက်နေတဲ့ ပုဂ္ဂိုလ်တွေအပေါ် သနားခြင်းဆိုတဲ့ ကရုဏာတရား ကိုလည်း ရှေ့တန်းတင်ထားပြီးတော့ လုပ်ပါ။ ကရုဏာနဲ့ ရွတ်ဖတ်

စာမျက်နှာ-၁၇
သရဇ္ဈာယ်ပေးပါ။

“တီသု ပါကာရန္တရေသု၊ တိယာမရတ္တိ ပရိတ္တံ ကရောန္တော အာယသ္မာ အာနန္ဒထွေရော ဝိယ” ဆိုတဲ့အတိုင်း ဒီတံတိုင်း သုံးထပ်အတွင်းမှာ ရှင်အာနန္ဒာမထေရ်မြတ်ဟာ တိယာမရတ္တိ ညလုံးပေါက် ရွတ်တယ်၊ ပထမယာမ်လည်း ရွတ်တယ်၊ ဒုတိယာမ်လည်း ရွတ်တယ်၊ တတိယယာမ်လည်း ရွတ်တယ်၊ ပရိတ်ရွတ်တယ်ဆိုတာ ခဏလေးရွတ်တာ မဟုတ်ဘူး၊ ညလုံးပေါက်ရွတ်တယ်။

အဲဒီ နည်းစနစ်အတိုင်းပဲ မြန်မာနိုင်ငံမှာတော့ ဒီကနေ့ ပဋ္ဌာန်းတရားတော်တွေကို အသံမစဲ တစ်ရက်မက၊ နှစ်ရက်မက၊ သုံးရက်မက ဒီလိုရွတ်တယ် ပရိတ်ကိုတော့ အသံမစဲရွတ်တာ သိပ်ပြီးတော့မရှိဘူး။ ညလုံးပေါက် ရွတ်တာတောင် မကြားဖူးဘူး။ ပရိတ်ရွတ်တယ်ဆို ခဏလေးနဲ့ ပြီးသွားတယ်။ သီဟိုဠ်နိုင်ငံမှာ ကျတော့ အဲဒါရှိတယ်။ ညလုံးပေါက် ပရိတ်ရွတ်ပွဲတွေ ရှိတယ်။ ပရိတ်မဏ္ဍပ်တွေကို ဆောက်ပြီးတော့ ညလုံးပေါက် ပရိတ်ရွတ်ပွဲတွေရှိတယ်။ အဲ သူတို့နိုင်ငံမှာတော့ ပဋ္ဌာန်းရွတ်တာတော့ မရှိဘူး။ ဗမာဘုန်းကြီးတွေ ရောက်တဲ့အခါ တစ်ခါတစ်ရံတော့ ဗမာပြည်ရောက်ဖူးတဲ့ သီဟိုဠ်နိုင်ငံသားတွေက မြန်မာပြည်မှာ အသံမစဲပဋ္ဌာန်းပွဲတွေကိုတွေ့ခဲ့ဖူးသည့်အတွက်ကြောင့် သူတို့ကလည်း တစ်ခါတစ်ရံ ဗမာဘုန်းကြီးတွေ ပင့်ရွတ်တာတော့ ကြုံဖူးတယ်နော်။ အဲ ပရိတ်ပွဲကတော့ သူတို့ကျကျနန လုပ်တယ်။ ပရိတ်မဏ္ဍပ်တွေ၊ ပရိတ်အိုးတွေ၊ ပရိတ်ရေတွေနဲ့ ညလုံးပေါက်

စာမျက်နှာ-၁၈
ရွတ်တယ်။ ရှင်အာနန္ဒာ မထေရ်မြတ် ဟောဒီရတနသုတ်ကို ရွတ်တဲ့အခါမှာလည်း ညလုံးပေါက်ရွတ်တယ်၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က အဲဒီအချိန်မှာ သန္တာဂါရ လို့ခေါ်တဲ့ အစည်းအဝေးဆောင်ကြီးမှာ အားလုံးစုဝေးစေပြီးတော့ (၇)ရက်တိတိ ဝေသာလီပြည်မှာ အန္တရာယ်ကင်း ပရိတ်ဆောင်ရွက်ကြတယ်။ မြတ်စွာဘုရားက အဲဒီ သန္တာဂါရဆိုတဲ့ လွှတ်တော်အဆောက်အဦးကြီးထဲမှာ ဒီရတနသုတ်ကိုပဲ (၇) ရက်တိတိ ဟောခဲ့တယ်။ အန္တရာယ်ကင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထပ်ပြီးတော့ဟောတယ်။

မြတ်စွာဘုရား ဟောထားတဲ့ ဒီရတနသုတ် ပရိတ်တရားတော်ကြီးဟာ ဘယ်လောက်ထိအောင် ပြန့်နှံ့သလဲဆိုရင်- “ကောဋီသတသဟဿသု၊ စက္ကဝါဠသု ဒေဝတာ ယဿာဏံ ပဋိဂ္ဂဏှန္တိ၊ ယဉ္စ ဝေသာလိယာ ပုရေ”

စကြာဝဠာကုဋေတစ်သိန်းက နတ်တွေက မြတ်စွာဘုရား တရားတော်တွေကို၊ တန်ခိုးအာဏာပါဝါကို ခံယူထားတာ ဖြစ်သောကြောင့် မြန်မာနိုင်ငံလို နိုင်ငံလေးတစ်နိုင်ငံ၊ ဒါတင် မကဘူး အခုလို မုံရွာမြို့လေး တစ်မြို့တည်း ဒီလိုမဟုတ်ဘူး၊ အားလုံး စကြာဝဠာ ကုဋေတစ်သိန်းထိအောင် မြတ်စွာဘုရား ဟောတဲ့ ဒီရတနသုတ်ရဲ့ တန်ခိုးအာဏာဟာ ပျံ့နှံ့နိုင်တယ်လို့ ပြောတာ။ စွမ်းရည်သတ္တိဟာ အဲလောက်ထိ ကျယ်ပြန့်တယ်လို့

စာမျက်နှာ-၁၉
ပြောတာ။

တစ်နေရာတည်းက ရွတ်လိုက်လို့ရှိရင် လူသားတွေ အနေနဲ့ မကြားနိုင်ပေမယ်လို့ စကြာဝဠာမှာရှိနေတဲ့ နတ်တွေ ကတော့ ဒါတွေကိုကြားနိုင်တဲ့ အနေအထားရှိတယ်။ ဒါကြောင့်မို့လို့ ဟောဒီ ရတနသုတ်ကို ရွတ်လိုက်လို့ရှိရင် စကြာဝဠာ ကုဋေတစ်သိန်းမှာရှိတဲ့ နတ်တွေက မြတ်စွာဘုရားရဲ့ တန်ခိုးအာဏာ ပါဝါကို၊ တရားတော်မြတ်ကို ခံယူကြည်ညိုထားသည့်အတွက်ကြောင့် စကြာဝဠာ ကုဋေတစ်သိန်းမှာ အန္တရာယ်တွေကင်းနိုင်တယ်လို့ ဒီလိုဆိုတာနော်။

အဲဒီလောက် အစွမ်းထက်တဲ့ ပရိတ်တရားတော်ကို လေးလေးနက်နက်ထားပြီးတော့ အဓိပ္ပါယ်သိဖို့ အင်မတန်မှ အရေးကြီးတယ်နော်။ သာမန်ရွတ်ရိုးရွတ်စဉ် ရွတ်သွားတဲ့အခါ ကျတော့ ဘာမှမသိလိုက်တော့ဘူး။ တကယ်တော့ ရတနသုတ်ဆိုတာ သစ္စာကို အသုံးပြုပြီးတော့ မြတ်စွာဘုရားက အန္တရာယ်ကင်းအောင် စီမံပေးတာပဲ။ အကြိမ်ကြိမ် အထပ်ထပ်ရွတ်တယ်။

“သစ္စာ”လို့ ဆိုတဲ့နေရာမှာ ဘုန်းကြီးတို့ စာပေကျမ်းဂန်မှာ သစ္စာကို(၆)မျိုး ခွဲပြထားတာ ရှိတယ်။ တစ်မျိုးက ဘာလဲဆိုရင် ဝစီသစ္စာ၊ စာထဲမှာ တစ်ခါတစ်ရံ ဝါစာသစ္စာ လို့လည်း ခေါ်တယ်။ “ဝစီသစ္စာ”ဆိုတာ နှုတ်ကပြောလို့ရှိရင် လိမ်မပြောဘူး၊ အမှန်အတိုင်း ပြောတယ်၊ အဲဒါကို ဝစီသစ္စာ လို့ခေါ်တယ်။ အဲဒီ ဝစီသစ္စာဟာ အင်မတန်မှ စွမ်းရည်သတ္တိထက်တယ်လို့ပြောတယ်။ လောကလူတွေကတော့ “မုသားမပါလင်္ကာမချော” ဆိုပြီးတော့

စာမျက်နှာ-၂၀
နည်းနည်းလေးတော့ အပိုအမိုလေးနဲ့ မမှန်မကန်တာတွေ ထည့်ပြောလေ့ ရှိကြတယ်။ မုသားပါမှ ချောတယ် ပြောတယ်လို့ ဒီလိုထင်ကြတယ်။ မြတ်စွာဘုရားက အဲဒီလို မဟုတ်ဘူး။ မှန်မှန်ကန်ကန်ပြောရမယ်၊ မှန်မှန်ကန်ကန်ပြောတာ တန်ခိုးအာဏာ ရှိတယ်။ မှန်ကန်တဲ့ စကားဟာ တန်ခိုးရှိတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ရှေးတုန်းက ဒီလိုသစ္စာဆိုပြီး ရေကိုဖြတ်ကူးတာတွေ ရှိခဲ့ဖူးတယ်။ သစ္စာဆိုပြီးတော့ သင့်ရောက်နေတဲ့ အဆိပ်တွေ ပြေပျောက်သွားအောင် လုပ်ခဲ့ဖူးတာ ရှိတယ်၊ အမျိုးမျိုးပဲ။ လောကမှာ သစ္စာတရားရှိနေတဲ့အခါမှာနော် အလိုလို သစ်ပင်တွေကတောင်မှ ဆေးဘက်ဝင်တယ်လို့ အဆိုတွေ ရှိကြတယ်။ သစ္စာရဲ့တန်ခိုးဟာ အင်မတန်မှ ကြီးမားတယ်လို့ ပြောတာ အဲဒီသစ္စာကို အသုံးပြုပြီးတော့ မြတ်စွာဘုရားက ဟောပေးတာနော်။ အဲတော့ ဝစီသစ္စာ၊ ဒါက သစ္စာတစ်ခု။ နောက်တစ်ခုက ဘာတုန်းဆိုရင် ဝိရတီသစ္စာ၊ ဝိရတီသစ္စာဆိုတာ လိမ်ပြောခြင်းမှ ရှောင်ကြဉ်မှုပဲ။ တစ်ခါတစ်ရံ ဝိရတီ ရှောင်ကြဉ်မှုကို ကောက်တာရှိတယ်။ အဲဒါကြောင့် ဝိရတီသစ္စာ။

နောက်တစ်ခုက ဘာတုန်းဆိုတော့ ဒိဋ္ဌိသစ္စာ၊ အမြင်နဲ့ ပတ်သက်လာပြီး ကိုယ့်အမြင်ကသာ မှန်တယ်၊ တခြားအမြင်က မမှန်ဘူးလို့ပြောတာ “ဣဓမေဝ သစ္စာ မောဃမညံ” ဒီအယူအဆသာ မှန်တယ်၊ တခြားအယူအဆ မမှန်ဘူးလို့ ပြောတာ။ အဲဒီနေရာမျိုးမှာ ဒိဋ္ဌိသစ္စာ လို့ဆိုတယ်။

စာမျက်နှာ-၂၁
နောက်တခုကျတော့ ဗြာဟ္မဏတွေက သူတို့ရဲ့ အယူအဆကို အမှန်တရားလို့ သူတို့က ထုတ်ဖေါ်ပြောတဲ့ အချက်တွေရှိတယ်၊ အဲဒါကိုတော့ ဗြာဟ္မဏသစ္စာ လို့ ဒီလို နာမည်ပေးထားတာ ရှိတယ်။

နောက်တစ်ခု လုံးဝအမှားအယွင်းမရှိတဲ့ အမှန်တရား ကိုတော့ ပရမတ္ထသစ္စာ၊ နိဗ္ဗာန်ကို ပရမတ္ထသစ္စာလို့ ဒီလို ခေါ်တယ်။

တစ်ခါ အရိယာသူတော်စင်တွေ သိကြတဲ့ ဒုက္ခ သမုဒယ နိရောဓမဂ္ဂဆိုတဲ့ သစ္စာကိုတော့ အရိယသစ္စာ လို့ခေါ်တယ်။

အားလုံးပေါင်းလိုက်တဲ့အခါကျတော့ သစ္စာ(၆)မျိုးတဲ့၊ သစ္စာဆိုတဲ့ စကားလုံးလေးအောက်မှာ ဒီလို(၆)မျိုး ခွဲရတယ်။ (၆)မျိုး ခွဲခြား ပြီးတော့ သိရမယ်။ (၆)မျိုး ခွဲခြားပြီးတော့ လိုအပ်တဲ့သစ္စာ ဘာလဲဆိုတာကို ကောက်ယူရမယ်ပေါ့။ ဒီနေရာမှာ ရတနသုတ်မှာ ဟောထားတဲ့ သစ္စာကတော့ ဝစီသစ္စာပဲ၊ မှန်ကန်တဲ့စကားကို ပြောတဲ့ ဝစီသစ္စာ။ အဲဒီသစ္စာကို အသုံးပြုပြီးတော့ မြတ်စွာဘုရားက အန္တရာယ်ကင်းဖို့ ဆောင်ရွက်ပေးတယ်။ အဲဒီလို အန္တရာယ်ကင်းအောင် ဆောင်ရွက်တဲ့နေရာမှာ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို အဓိကထားတယ်။ ဒါကြောင့်မို့လို့ ရတနာသုံးပါးရဲ့ ဂုဏ်ကို အာရုံပြုပြီး သစ္စာဆိုနိုင်အောင်လို့ မြတ်စွာဘုရားက ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ် ဒါတွေနဲ့ ထုတ်ပြီးတော့ သစ္စာဆိုခိုင်းခဲ့တာပဲ။

မြတ်စွာဘုရားဂုဏ်တော်နဲ့ ပတ်သက်ပြီးတော့ ဂါထာ

စာမျက်နှာ-၂၂
သုံးပုဒ် ရှိတယ်။ အဲဒါ ဘုရားဂုဏ်နဲ့ ပတ်သက်ပြီးတော့ဆိုတဲ့ သစ္စာဂါထာ သုံးပုဒ်၊ တရားဂုဏ်နဲ့ ပတ်သက်ပြီးတော့ဆိုတဲ့ ဂါထာနှစ်ပုဒ်၊ သံဃာဂုဏ်နဲ့ ပတ်သက်ပြီးတော့ဆိုတာ ရှစ်ပုဒ် ရှိတယ်။ အခြေခံ ဟောပြောတာက နှစ်ပုဒ်ရှိတယ်။ အဲတော့ ရတနသုတ်မှာ ဒီလို ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်နဲ့ ပတ်သက်ပြီး သစ္စာဆိုပေးဖို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က သင်ပေးထားတာ ဖြစ်တယ်။

ရှင်အာနန္ဒာက ညလုံးပေါက် သစ္စာတရားတွေဆိုပြီးတော့ ရတနသုတ်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် ဝေသာလီပြည်မှာ ကျရောက်နေတဲ့ ဘေးရန်အန္တရာယ်တွေ ပျောက်ကင်းအောင်ဆောင်ရွက်ပေးတယ်။ မြတ်စွာဘုရား ကိုယ်တိုင်ကလည်းပဲ ဒီရတနသုတ်ကိုပဲ (၇)ရက်တိတိ ထပ်ပြီးတော့ ပရိသတ်တွေကို ရှင်းလင်းပြီး ပြောကြားခဲ့တယ်။

အဲဒီတော့ ပရိတ်ရွတ်တော့မယ်လို့ဆိုတဲ့အချိန်မှာ ရှေ့ပိုင်းက မြတ်စွာဘုရားရဲ့ တိုက်တွန်းတဲ့ ဂါထာလေးနှစ်ပုဒ် ရှိတယ်။ အဲဒီ ဂါထာလေး နှစ်ပုဒ်က ဘာတုန်းဆိုရင် အားလုံးရကြတဲ့အတိုင်း

“ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။ သဗ္ဗေဝ ဘူတာ သုမနာ ဘဝန္တု။ အထာပိ သက္ကစ္စ သုဏန္တ ဘာသိတံ” ဒါ အင်မတန်မှ သဘာဝကျတယ်၊ မြတ်စွာဘုရားက

စာမျက်နှာ-၂၃
နတ်တွေရဲ့ အကူအညီကို ရှေးဦးစွာယူတယ်။ အဲတော့ နတ်ကိုးကွယ်တာနဲ့ နတ်အကူအညီယူတာ တခြားစီပဲ။ ရောထွေးပြီးတော့ နတ်ကိုးကွယ်တာတွေကို အပြစ်တင်ပြီးတော့ နတ်ကိုမေတ္တာပို့တာတွေရော အမျှဝေတာတွေရော ဒါတွေပါ ပုတ်ခတ်ပြီးတော့ မပြောသင့်ဘူးပေါ့။

ကိုးကွယ်တာက ဗုဒ္ဓဘာသာအနေနဲ့ ဘုရား၊ တရား၊ သံဃာပဲ ကိုးကွယ်ရမှာပေါ့၊ ကိုးကွယ်တာနဲ့ ခုနက မိတ်ဆွေဖွဲ့တာ တခြားစီပဲလေ။ အဲတော့ ဒီမှာကြည့်

“ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ” - မြေပေါ်ရှိတဲ့ နတ်ပဲဖြစ်ဖြစ်၊ ကောင်းကင်မှာနေတဲ့ နတ်ပဲဖြစ်ဖြစ် ဟောဒီနေရာဌာန ရောက်ရှိနေကြတဲ့ နတ်တွေအားလုံးတဲ့၊ “သဗ္ဗေဝ ဘူတာ သုမနာ ဘဝန္တု” အဲဒီ ရောက်ရှိနေကြတဲ့ နတ်တွေအားလုံးဟာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါစေလို့ ဒီစကားလေးကို ရှေးဦးစွာစပြီးတော့ ပြောတာ။

ဟုတ်တယ်လေ အန္တရာယ်တွေကို အကာအကွယ်ပြုဖို့ရန်အတွက် သူတို့ရဲ့ အကူအညီ အစောင့်အရှောက်ကလည်း လိုအပ်တယ်။ နောက် ဘာပြောတုန်းဆို

“အထာပိ သက္ကစ္စ သုဏန္တ ဘာသိတံ”

ငါပြောမယ့်စကားကိုလည်း လေးလေးစားစား သတိထားပြီးတော့ နားထောင်ကြပါ၊ တရားဓမ္မကိုလည်းပဲ လေးလေးစားစား နားထောင်ပါလို့ နတ်တွေကို ရှေးဦးစွာ တိုက်တွန်းတဲ့

စာမျက်နှာ-၂၄
စကားနဲ့ မြတ်စွာဘုရားက ဒီသုတ္တန်ကို စထားတယ်။ စထားပြီးတော့ နတ်တွေကို ဘာဆက်ပြောလဲဆိုတော့-

“တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ” ဒါကြောင့်မို့ နတ်တွေအားလုံးဟာ နားစိုက်ပြီးတော့ ထောင်ပါတဲ့။ ဂရုတစိုက် နားထောင်ကြပါ။ ဘာလုပ်ရမလဲဆိုတာ ပြောမလို့ နားထောင်ကြပါ၊

“မေတ္တံ ကရောထ မာနုသိယာ ပဇာယ” လူသားတွေအပေါ်မှာ မေတ္တာထားကြပါ၊ မုန်းတီးမှု မလုပ်ကြပါနဲ့လို့ ဒီလိုပြောတယ်။ ဟော နတ်တွေကို လူတွေကလည်းပဲ မေတ္တာပို့ရသလို နတ်တွေကလည်း လူတွေအပေါ် မေတ္တာထားပါလို့ တစ်ဦးနဲ့တစ်ဦး ချစ်ခင်မှုဆိုတာ အင်မတန်မှ အရေးကြီးတယ်။

လောကမှာ အမုန်းတရားတွေ ပြန့်ပွားလာလို့ရှိရင် အန္တရာယ်ကြီးတယ်။ ဒီကနေ့ခေတ်ကြီးမှာ လူသားတွေ အချင်းချင်း ပြင်းထန်တဲ့ အာဃာတတရားတွေရှိတယ်။ ဟိုနားခွဲ ဒီနားဗုံးခွဲနဲ့ ကမ္ဘာမှာ terrorismဆိုတာ ပေါ်လာတယ်။ လူသားတွေ ဒုက္ခရောက်အောင်လုပ်တဲ့ အမူအကျင့်တွေ ဒီကနေ့ခေတ်မှာ ပေါ်လာတယ်။ အဲဒါတွေဟာ ဘာကြောင့် ဒီလိုဖြစ်ရတာတုန်းဆိုရင် ပြင်းထန်တဲ့ အမုန်းတရားတွေကြောင့် ဖြစ်တာ။ တစ်ဦးနဲ့တစ်ဦး မေတ္တာထားနိုင်မယ်ဆိုလို့ရှိရင် ဒီအနေအထားမျိုး မရောက်ဘူးတဲ့။ ဒါကြောင့် နတ်တွေကလည်း လူသားတွေအပေါ်မှာ မေတ္တာထားကြပါလို့ မြတ်စွာဘုရားက ရှေးဦးစွာ

စာမျက်နှာ-၂၅
တိုက်တွန်းတယ်။

ဘာဖြစ်လို့ လူသားတွေအပေါ်မှာ မေတ္တာထားခိုင်းတာတုန်း အကြောင်းမဲ့လားဆိုတော့ မဟုတ်ဘူး။ လူသားတွေမှာ “ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိ၊ တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ”။

တစ်ချို့လူတွေက ကိုယ့်အိမ်ပေါ်မှာ ကိုယ်ယုံကြည်ရာ အုန်းသီးဆွဲထားတယ်နော်၊ နတ်ကနားပေးတယ်၊ အုန်းငှက်ပျော တင်ထားတယ်။ ပြီးတော့ မေတ္တာပို့တယ်၊ အမျှဝေတယ်။ နေ့စဉ် ကုသိုလ်ကောင်းမှုလုပ်တိုင်း သတ္တဝါတွေအားလုံးကို အမျှဝေတယ်၊ ဒီအမျှဝေတာဟာလည်း နတ်တွေကို ပူဇော်တဲ့ သဘောပဲ။ ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှု လုပ်ပြီးတိုင်း လုပ်ပြီးတိုင်း သုံးဆယ့်တစ်ဘုံ၌ ကျင်လည်ကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါတို့ ချမ်းသာကြပါစေ၊ အမျှရကြပါစေ။ ဒါသူတို့ကို ပူဇော်တာပဲ။ အမျှကုသိုလ်နဲ့ ပူဇော်တာ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက “ဒိဝါစ ရတ္တော စ ဟရန္တိ ယေ ဗလိ၊ တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ”

လူတွေဟာ နေ့ရောညပါ နတ်တွေကို ပူဇော်နေကြတယ်။ ဒါကြောင့် လူတွေ ဒုက္ခမရောက်အောင် စောင့်ရှောက်ကြပါလို့ ရှေးဦးစွာ တိုက်တွန်းတယ်။ ဒါရတနသုတ်ထဲမှာ ရှေးဦးစွာ တိုက်တွန်းထားပါတယ်။ အဲဒါ နတ်ကိုးကွယ်တာနဲ့ မဆိုင်ဘူးနော်။ နတ်ဆိုတာနဲ့ အကုန်လုံးရောပြီးတော့ မပြောသင့်ဘူး။

စာမျက်နှာ-၂၆
ကိုးကွယ်မှုဆိုတာ ဘာပြောပြော နတ်ကခိုင်းရင် အကုန်လုပ်တာနော် နတ်က ငါးသတ်ပြီးတော့ တင်ရမယ်ဆိုလည်း ငါးသတ်မယ်၊ နွားသတ်ရမယ်ဆိုလည်း သတ်မယ်။ အဲဒါကတော့ နတ်ခိုင်းတာ လုပ်တာ၊ နတ်ကိုးကွယ်တာ။

“ဒါက အဲဒီလိုမဟုတ်ဘူး၊ အချင်းချင်း အပြန်အလှန် ကိုယ့်အိမ်လာတဲ့ မိတ်ဆွေကို ကျွေးတာမွေးတာမျိုး ဖြစ်တယ် ဒါ ပူဇော်တယ်လို့ ခေါ်တာပဲ။ ကိုယ့်အိမ်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေကို ကော်ဖီလေးတစ်ခွက် တိုက်ရင်လည်း ဒါပူဇော်တာပဲ။ ထမင်းတစ်နပ် ကျွေးရင်လည်း ပူဇော်တာပဲ။ နတ်တွေ ပူဇော်တာဆိုတာ ကိုယ်စားတဲ့အထဲကနေပြီးတော့ သူတို့ကိုရည်ညွှန်းပြီးတော့ ပေးရင်လည်း သူတို့ဝမ်းသာမှာပဲ။ သူတို့ကို ပူဇော်တယ် အသိအမှတ်ပြုတယ်ဆိုတဲ့ အလုပ်ဟာ နတ်ကိုးကွယ်တာနဲ့ တခြားစီလို့ မှတ်ရမယ်။”

မြတ်စွာဘုရား ဟောတဲ့နည်းလည်း ဒီ ရတနသုတ်ထဲမှာ ကြည့်လေ

“တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ”

ဘူတာဆိုတာ နတ်တွေကို ပြောတာ။ အေး .. နတ်တွေ အားလုံး နားစိုက်ပြီးတော့ ထောင်ကြပါလို့ “မေတ္တံ ကရောထ မာနုသိယာ ပဇာယ” လူသားတွေအပေါ်မှာ မေတ္တာထားကြပါ၊ မနှောင့်ယှက်ကြပါနဲ့၊ လူသားတွေကို စောင့်ရှောက်ကြပါ။

ဘာဖြစ်လို့တုန်း ဆိုလို့ရှိရင် “ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိ” လူတွေက နတ်တွေအပေါ်မှာ ကိုယ့်အတိုင်းအတာ

စာမျက်နှာ-၂၇
အလိုက် ပူဇော်နေကြတယ်၊

“တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ” ဒါကြောင့်မို့ လူတွေကို စောင့်ရှောက်ကြပါလို့ ဟောဒီစကားကို မြတ်စွာဘုရား အရင်ပြောတာ။

ဒီစကားက လူတွေနဲ့ နတ်တွေကို မိတ်ဆက်ပေးလိုက်တာပေါ့။ မြတ်စွာဘုရား ကြွလာတယ်ဆိုလို့ရှိရင် နတ်ပရိသတ်ကလည်း ပါလာတာပဲ။ ဘုရားရောက်တဲ့နေရာ နတ်ပရိသတ်တွေ ရောက်လာကြတာပဲ။ ဘုရားတင်မဟုတ်ဘူး။ သီလ သမာဓိရှိတဲ့ ပုဂ္ဂိုလ်တွေ လာရင်လည်း နတ်ပရိသတ်က ပါလာတယ်။ သူတို့ကို စောင့်ကြပ်တဲ့ နတ်တွေ အားလုံးမှာ ရှိတယ်။ အိမ်မှာရှိတဲ့နတ်တွေ အိမ်စောင့်နတ်တွေ၊ ခြံစောင့်နတ်တွေ၊ ကျောင်းစောင့်နတ်တွေ၊ တောစောင့်နတ်တွေ၊ တောင်စောင့်နတ်တွေ ဒါတွေက သူတို့လည်းပဲ ကိုယ့်နေရာအသီးသီးမှာ နေနေကြတာပဲ။ အဲဒီ နတ်တွေနဲ့ လူတွေ မိတ်ဆက်ပြီးတော့ပေးတယ်။

မုံရွာမြို့မှာ အင်မတန် ထင်ရှားကျော်ကြားတဲ့ အဘိဓမ္မာဘက်မှာလည်း ပါရဂူမြောက် တတ်မြောက်တော်မူတဲ့ လယ်တီဆရာတော်ကြီးဆိုတာလည်း အားလုံးသိကြတယ်ပေါ့။ လယ်တီဆရာတော်ကြီးက နတ်ပူဇော်တာမဟုတ်ဘူး၊ နတ်ကိုးကွယ်တာ မဟုတ်ဘူး။ သို့သော် လယ်တီဆရာတော်ကြီးက မေတ္တာပို့တယ်၊ အမျှဝေတယ်။ ဒါကြောင့် နတ်တွေက လယ်တီဆရာတော်ကြီးကို စောင့်ရှောက်ကြတယ်။

ကြည့်လေ မိုးတွေ ဘာတွေ ခေါင်နေတယ်၊ မိုးမရွာဘူး

စာမျက်နှာ-၂၈
ဆိုရင် လယ်တီဆရာတော်ဘုရားကြီးက မိုးကမ္မဝါရွတ်ပြီးတော့ သစ္စာဆိုတယ်၊ မိုးတွေရွာလာတယ်။ အင်္ဂလိပ်ခေတ်ကလည်း မြန်မာနိုင်ငံမှာ မိုးခေါင်ရေရှားတွေ ဖြစ်ခဲ့တယ်။ လယ်တီဆရာတော်ဘုရားကြီးက မိုးကမ္မဝါတို့ ဘာတို့ တီထွင်ပြီးတဲ့အခါမှာ ခုလို သစ္စာတွေဆိုပြီးတော့ မိုးကမ္မဝါတွေ ဘာတွေ ရွတ်ပေးတယ်။ မိုးတွေရွာလာတယ်လို့ ဒီလိုမှတ်တမ်းတွေ ရှိခဲ့တယ်။

အေး .. လွန်ဆွဲလို့ မိုးရွာတယ်ဆိုတာတော့ အကြောင်းမဲ့ သက်သက်ပဲလို့ ထင်တယ်။ အဲတော့ နတ်တွေနဲ့လူတွေကို မမြင်ရပေမယ်လို့ အပြန်အလှန် ချစ်ချစ်ခင်ခင်ရှိဖို့ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဟောဒီရတနသုတ်မှာ ဖေါ်ပြထားတယ်။ အဲဒီလို မေတ္တာပို့ခြင်း၊ အမျှပေးဝေခြင်းဖြင့် နတ်နဲ့လူဟာ အချင်းချင်း မေတ္တာကူးစက်ပြီးတော့ သွားနိုင်တယ်တဲ့။ အဲဒါရှေ့ပိုင်းက မြတ်စွာဘုရား ဟောပေးထားတာ။

ကြည့် ... ဝေသာလီပြည်မှာ အန္တရာယ်ကင်းအောင် ဘာဟောလဲဆိုရင် ဘုရားဂုဏ်နဲ့ သစ္စာဆိုပုံကို မြတ်စွာဘုရား ဟောတယ်။ “ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နောသမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စဝဇ္ဇေန သုဝတ္ထိ ဟောတု”တဲ့။

စာမျက်နှာ-၂၉
ဒီဂါထာကစပြီးတော့ သစ္စာဆိုပုံကို မြတ်စွာဘုရားက ပြတယ်၊ “ဣဓဝါ”ဆိုတာ လောကမှာဖြစ်စေ သို့မဟုတ် လူ့ပြည်မှာပဲဖြစ်စေ၊ “ဟုရံ”ဆိုတာ နတ်ပြည်မှာပဲဖြစ်စေ၊ တခြားဘုံဘဝမှာပဲဖြစ်စေ၊ “သဂ္ဂသုဝါ” နတ်ပြည် ဗြဟ္မာပြည်မှာပဲဖြစ်စေတဲ့ လောကမှာ အလွန်မွန်မြတ်တဲ့ ရတနာတွေဆိုတာရှိတယ်။

ဟုတ်တာပေါ့ ရွှေတွေ၊ ငွေတွေ၊ ကျောက်သံပတ္တမြားတွေ လူ့ပြည်မှာသာ ရှိတာမဟုတ်ဘူး။ နတ်ပြည်မှာလည်းရှိတယ်၊ ဒီလို မွန်မြတ်တဲ့ ရတနာတွေရှိတယ်။ ဆိုလိုတာကတော့ လောကကြီးမှာရှိတဲ့ လူတိုင်းနှစ်သက်တဲ့ စိန်ရွှေရတနာတွေဟာ ရှိတယ်။ အဲတော့ ရတနာဆိုတဲ့ စကားလုံးက မြန်မာလူမျိုးတွေမှာ မြန်မာစကားလောက် ဖြစ်ပြီးတော့ ရင်းနှီးနေကြတယ်။

ရတနဆိုတာ ဒါကိုမြင်လို့ရှိရင် လူတွေစိတ်ထဲမှာ ကျေနပ်နေတယ်။ ရွှေကိုမြင်ရင် ကျေနပ်နေတယ်၊ ပတ္တမြားမြင်ရင် ကျေနပ်တယ်၊ ကျောက်သံပတ္တမြားတွေ မြင်ရင် ကျေနပ်တယ်။ အဲဒါတွေကို ရတနာလို့ခေါ်တယ်။ “ရတိ ဇနေတီတိ ရတနံ” ဆိုတဲ့အတိုင်း ရတနာ။ ။

သို့သော်လည်း “ရတနာ”ဆိုတာ ဘာကြောင့် ရတနာခေါ်ရတာလဲလို့ မေးမယ်ဆိုလို့ရှိရင် ရတနာခေါ်ပုံက “စိတ္တိကတံ၊ မဟဂ္ဃဉ္စ၊ အတုလံ၊ ဒုလ္လဘဒဿနံ” ဂါထာအရ ပြောမယ်ဆိုရင် ရတနာဆိုတာ စိတ္တိကတံ၊ လူတိုင်းရဲ့ အကြိုက်ဖြစ်တယ်၊ လူတိုင်းက ကျေနပ်တယ်။ လူတိုင်းကြိုက်တယ်၊ လူတိုင်းလိုချင်တဲ့ အရာဖြစ်တယ်၊ လူတိုင်းနှစ်သက်တဲ့ အရာဖြစ်တယ်၊

စာမျက်နှာ-၃၀
ဒါ ရတနာ၊ မဟဂ္ဃဉ္စဆိုတာ တန်ဖိုးကြီးတယ်၊ အင်မတန်မှ တန်ဖိုးကြီးတဲ့ အရာဟာ ရတနာလို့ခေါ်တယ်။ အတုလ နိုင်းဖို့ ယှဉ်ဖို့ တန်ဖိုးဖြတ်ဖို့ မဖြစ်နိုင်လောက်အောင် အဆင့်မြင့်တယ်။ အတုမဲ့တယ်။ တန်ဖိုးအင်မတန်မှ ကြီးမားတယ်။ အတုလ ဖြစ်တယ်၊ နှိုင်းစရာ ဥပမာမရှိဘူး၊ အနှိုင်းမဲ့ဖြစ်တယ်၊ အဲဒါမျိုးကို ရတနာလို့ခေါ်တယ်။

“ဒုလ္လဘဒဿန”ဆိုတာ တွေ့မြင်ဖို့ရာ ခဲယဉ်းတဲ့အရာ ဖြစ်တယ်။ လမ်းခင်းတဲ့ကျောက်တွေ ဘယ်လောက်ပေါပေမယ့် “ရတနာ”လို့ဆိုတဲ့ ပတ္တမြားကျောက်ကတော့ တွေ့ရခဲတယ်။ အင်မတန်မှ ရှားပါးတယ်ပေါ့။ ကွာဟတဲ့ နှိုင်းယှဉ်မှု။ အဲတော့ ရတနာဆိုတဲ့ သဘောက တွေ့ဖို့မြင်ဖို့ ခဲယဉ်းတဲ့ဟာလည်းပဲ ရတနာပဲ။

အနောမသတ္တပရိဘောဂ အထက်တန်းကျတဲ့ ပုဂ္ဂိုလ်တွေမှ အသုံးပြုနိုင်တယ်။ သာမန်ပုဂ္ဂိုလ်တွေ မသုံးနိုင်တဲ့ ပစ္စည်းမျိုးကို ရတနာလို့ခေါ်တယ်။ ဒါ လောကီဘက်ကပြောတဲ့ ရတနာ။

လောကီရတနာတွေပဲကြည့် ဒီအခြေအနေမျိုးတွေနဲ့ ရှိတယ်။ အဲတော့ လောကမှာရှိကြတဲ့ စိန်ရွှေစတဲ့ ဒီရတနာတွေဟာ လူ့ပြည်မှာပဲရှိရှိ၊ နတ်ပြည်မှာပဲရှိရှိ၊ လောကမှာ ရတနာအမျိုးမျိုးတွေ လူတွေအကြိုက် ရတနာအမျိုးမျိုးရှိတယ်တဲ့။

အဲဒီ ရတနာတွေထဲမှာ မြတ်စွာဘုရားနဲ့တူတဲ့ ရတနာဆိုတာ တစ်ခုမှမရှိဘူး။ ဗုဒ္ဓရတနာဟာ မြတ်စွာဘုရားရဲ့ နှစ်သက်ဖွယ်ကောင်းတဲ့ အခြေအနေ ဂုဏ်ရည်မျိုးဟာ တခြားရတနာ

စာမျက်နှာ-၃၁
တွေမှာ မရှိနိုင်ဘူး။ ဒါကြောင့်မို့ ရတနာလို့ ခေါ်ခြင်းခေါ်ရင် မြတ်စွာဘုရားရဲ့ ဂုဏ်အရည်အချင်းတွေသာ တကယ့်ရတနာ ဖြစ်တယ်။

မြတ်စွာဘုရားရဲ့ နှစ်သက်ဖွယ် ဂုဏ်ရည်တွေဟာ အင်မတန်မှ မြတ်နိုးဖွယ်ကောင်းတဲ့ ရတနာအစစ်တွေသာ ဖြစ်တယ်။ လောကမှာရှိတဲ့ ရတနာတွေထက် အင်မတန်မှ တန်ဖိုးကြီးတယ်၊ လောကမှာရှိတဲ့ ရတနာတွေနဲ့မတူဘဲ အင်မတန်ထူးခြားတဲ့ ရတနာဆိုတာ ဘုရားရတနာပဲဖြစ်တယ်။ ဧတေနသစ္စေန ဒီမှန်တဲ့စကားကို ဆိုလိုက်ရလို့ သတ္တဝါတွေ ချမ်းသာကြပါစေ။

သစ္စာဆိုတဲ့နေရာမှာ နံပါတ်တစ်က မှန်တာကို အရင်ပြောတယ်။ ပြောပြီးတဲ့အခါ ကိုယ်လိုချင်တဲ့ ဆန္ဒကိုထုတ်ဖေါ်၊ ဒီနှစ်ချက်ရှိတယ်။ လောကမှာ ဘာအခက်အခဲပဲတွေ့တွေ၊ ဘာပဲလိုချင်လိုချင် မှန်တဲ့စကားကိုဆို၊ ဆိုပြီးလို့ရှိရင် ကိုယ်လိုချင်တာတစ်ခုကို ဖေါ်ထုတ်လိုက်လို့ရှိရင် အခြေအနေ စွမ်းရည်သတ္တိ ပြည့်လာပြီဆိုလို့ရှိရင် အောင်မြင်နိုင်တယ်လို့ဆိုတာကို တစ်ချို့ပုဂ္ဂိုလ်တွေ ကိုယ်တွေ့ကို ထုတ်ဖေါ်ပြီး ပြောကြတယ်။

အဲဒီတော့ သစ္စာဆိုတာ “သစ္စာနှုတ်သီး မန္တာန်ကြီး”ဆိုတဲ့အတိုင်း အန္တရာယ်တွေလည်း ကင်းပျောက်နိုင်တယ်၊ ကိုယ်လိုချင်တာလည်း ရတယ်။ ဒါကြောင့်မို့လို့ သစ္စာရဲ့ စွမ်းအားဟာ အင်မတန်ကြီးမားတယ်။ တခြားဟာတွေပြောရင် မှန်ချင်မှန်မယ်၊ ဘုရားဂုဏ်ကို ထုတ်ဖေါ်ပြီးတော့ ပြောလိုက်ပါ။ ဒါကြောင့်

စာမျက်နှာ-၃၂
“ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သစ္စေသု ဝါ ယံ ရတနံ ပဏီတံ”

ကမ္ဘာလောကကြီးမှာရှိတဲ့၊ ရှိသမျှသော ရတနာတွေ အလွန်မွန်မြတ်ပေမယ့် မြတ်စွာဘုရားဆိုတဲ့ ရတနာနဲ့တူတာတော့ တစ်ခုမှမရှိဘူး။ အဲဒီလို ရတနာတွေထက် သာလွန်တဲ့၊ နှစ်သက်ဖွယ်ကောင်းတဲ့၊ မြတ်နိုးဖွယ်ကောင်းတဲ့ အခြေအနေဟာ မြတ်စွာဘုရားမှာတွေ့နိုင်တဲ့ ထူးခြားမွန်မြတ်တဲ့ ရတနာပါပဲလို့ ဒီစကားဟာ မှန်ကန်တဲ့စကား ဖြစ်တယ်။

“ဧတေန သစ္စေန သုဝတ္ထိ ဟောတု” ဒီမှန်ကန်တဲ့စကားကြောင့် ဒုက္ခရောက်နေတဲ့ သတ္တဝါအားလုံး ချမ်းသာသုခ ရကြပါစေလို့ အဲဒီလိုသစ္စာဆိုတယ်။

အဲဒီလို သစ္စာဆိုလိုက်လို့ ဝေသာလီပြည်မှာ ကျရောက်နေတဲ့ ဘေးဆိုးကပ်ဆိုးကြီး ပပျောက်ခဲ့ဘူးတယ်ပေါ့။

အဲတော့ ဒီကနေ့ခေတ်မှာလည်းပဲ ဒါကို အသုံးချမယ် ယုံယုံကြည်ကြည်နဲ့ ဒီအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင် အန္တရာယ်တွေ ပျောက်ကင်းပြီးတော့ ကောင်းကျိုးချမ်းသာတွေ ရနိုင်တယ်ဆိုတာ ဘုန်းကြီးတို့တစ်တွေ မှတ်သားကြရမှာ ဖြစ်တယ်၊ ဒါ ဘုရားနဲ့ပတ်သက်ပြီးတော့ ဒီနေရာမှာ လောကမှာရှိသမျှ ရတနာတွေထဲမှာ ဘုရားရတနာနဲ့ တူတဲ့ ရတနာမရှိဘူး။ မြတ်စွာဘုရားရဲ့ ဂုဏ်ဆိုတာ အင်မတန်ကို ရတနာထိုက်ပါပေတယ်။ အမြတ်ဆုံးသော ရတနာထိုက်ပါပေတယ်။ ဤမှန်ကန်သောစကားကို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာပါစေလို့

စာမျက်နှာ-၃၃
ပြောလိုရင်းဖြစ်တယ်။

အဲဒီလိုပြောလိုက်တာနဲ့ပဲ ဝေသာလီပြည်မှာ ရောဂါဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ ရောဂါတွေ ပျောက်ကင်းသွားတယ်။ ပရိတ်ရဲ့ အစွမ်းတန်ခိုးဟာ အင်မတန်မှ ထက်ပါတယ်။ တကယ်လုပ်ရင် တကယ်ဖြစ်တယ်တဲ့။

ဒါနဲ့ပတ်သက်လို့ ပရိတ်ရဲ့ အန္တရာယ်ကင်းပုံလေးတစ်ခုကို ပြောပြမယ်။ ဘုန်းကြီးတို့ ရန်ကုန်မှာ ကြုံခဲ့ရတာလေးတစ်ခုပေါ့။ ဒါ ဘုရားဟောတဲ့ တရားတော်ရဲ့ အစွမ်းသတ္တိပဲ။ ရန်ကုန်၊ ရှစ်မိုင်မှာ junction 8 shopping centre ဆိုတာရှိတယ်။ အထပ်ပေါင်း ဆယ့်တစ်ထပ်ရှိတယ်။ (၇)လွှာမှာ ဘယ်သူမှမနေဘူး။ နေ့အခါမှာ ကွန်ပျူတာတွေရောင်းတဲ့ ကုမ္ပဏီတစ်ခု ဖွင့်ထားတယ်။ အဲဒီ (၇)လွှာက ညအခါ ဘာဖြစ်သလဲဆိုတော့ ပစ္စည်းတွေရွှေ့၊ စားပွဲတွေရွှေ့၊ ကုလားထိုင်တွေရွှေ့ ဝုန်းဒိုင်းကြဲနေတယ်၊ (၆)လွှာက လူတွေက အိပ်လို့မရဘူး၊ တက်ကြည့်တော့လည်း ဘယ်သူမှမရှိဘူး။ သို့သော် ညသန်းခေါင်ကျော်လာလို့ရှိရင် အဲဒီအပေါ်မှာ ဝုန်းဒိုင်းကြဲနေတယ်။

အဲဒါနဲ့ ဘုန်းကြီးတို့ဆီကို လာပြီးတော့ပင့်တယ်။ ဒါက ပရိတ်ချည်းပဲ ရွတ်လို့မကောင်းဘူး။ ပရိတ်ချည်းပဲ မရွတ်နဲ့ပေါ့။ ဒီအနှောင့်အယှက်ပေးနေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ဒါကြောင့်မို့လို့ သူတို့ကိုအရင် မေတ္တာပို့ရမယ်။ အမျှအတန်း အရင်ဝေရမယ်လို့ ပြောပြီး ဘုန်းကြီးတို့ သံဃာငါးပါး အဲဒီသွားကြတယ်။ ညနေပိုင်းမှာ သူတို့ သင်္ကန်းတို့၊ ဆန်တို့ အဲဒါတွေ သံယိကအဖြစ် လှူဖို့

စာမျက်နှာ-၃၄
စီမံထားတယ်၊ ဘုန်းကြီးတို့က အဲဒီမှာ ညအခါ နှောက်ယှက်နေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးလာပါ၊ သီလလာယူပါ၊ သီလယူပြီးတော့ အမျှလာယူပါ ဆိုပြီးတော့ ဖိတ်ခေါ်တယ်။ ဖိတ်ခေါ်ပြီး ပရိတ်အရင် မရွတ်သေးဘဲနဲ့ သူတို့ကို အားလုံးတက်ရောက်တဲ့သူတွေနဲ့ အတူ သီလယူခိုင်းတယ်။ ယူခိုင်းပြီး ကုသိုလ်ကောင်းမှု အဖို့ကို သူတို့အတွက် ပေးဝေတယ်။ သူတို့ကို အမျှဝေတယ်။

အမျှဝေပြီးတဲ့အခါကျမှ “ဒို့က အခုအခါ ပရိတ်ရွတ်တော့မယ်၊ ပရိတ်ရွတ်ပြီးတော့ ပရိတ်ရေလည်းဖျန်းမယ်၊ အဲဒီနောက်မှာတော့ ဒီလိုဝုန်းဒိုင်းကြဲတာတွေ လုပ်လို့မရတော့ဘူး။ ချမ်းသာရာမှာနေကြ၊ အမျှကုသိုလ်ကို ခံယူပြီးတဲ့အခါမှာ လွတ်လွတ်လပ်လပ် ချမ်းချမ်းသာသာ ဘယ်သူ့မှ အနှောက်အယှက်မပေးဘဲနဲ့ ချမ်းသာရာမှာ နေကြပါ”လို့ မမြင်ရပေမယ့်လို့ ဒီလိုပြောရတယ်နော်။ အဲဒီလိုပြောပြီးတော့ အမျှဝေပြီး ပရိတ်ရွတ်တယ်။ ပရိတ်ရွတ်ပြီးတဲ့အခါ အဲဒီတစ်ဆောင်လုံး လိုက်ပြီးတော့ အခန်းတွေပါမကျန် ပရိတ်ရေဖျန်းလိုက်တယ်၊ အဲဒီကတည်းက စပြီးတော့ အဲဒီပြဿနာ ငြိမ်းသွားတယ်။ ဘာမှ မပေါ်လာတော့ဘူး။ ဒါ မြတ်စွာဘုရားရဲ့ တရားတော်ရဲ့ အစွမ်းတန်ခိုးရှိတယ်ဆိုတာ ထင်ရှားတာပေါ့နော်။

အေး အဲဒီလိုပဲ မြတ်စွာဘုရားက အခု အရှင်အာနန္ဒာကို သင်ပေးပြီးတော့ “ယံကိဉ္စိ ဝိတ္တံ ဣဓဝါ ဟုရံဝါ” ဘုရားဂုဏ်တော်က စပြီးတော့ သစ္စာဆိုလိုက်တာ သတ္တဝါတွေဟာ ရောဂါဝေဒနာ ချက်ခြင်းပျောက်ကင်းသွားကြတယ်။

စာမျက်နှာ-၃၅
နောက်တစ်ခု တရားတော်နဲ့ပတ်သက်ပြီး သစ္စာဆိုပုံကို မြတ်စွာဘုရားက ဆက်ပြီးတော့ ဒီပရိတ်တရားတော်မှာ ဟောတော်မူတယ်။

“ခယံ ဝိရာဂံ အမတံ ပဏီတံ၊ ယဒဇ္ဈဂါ သကျမုနိ သမာဟိတော။ န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု”

ဒါလေးကို အဓိပ္ပါယ်သိဖို့ အင်မတန်မှ လိုအပ်တယ်။ နိဗ္ဗာန်ရဲ့ ဂုဏ်ရည်ကို ထုတ်ဖေါ်ပြီး ပြောတာ။ ယဒဇ္ဈဂါ သကျမုနိ သမာဟိတော၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က အရိယမဂ်ဆိုတဲ့ သမာဓိစွမ်းအားနဲ့ ဒီတရားကို မျက်မှောက်ပြုထားတာတဲ့။ မျက်မှောက်ပြုတယ်ဆိုတာ ကိုယ်တွေ့သိတာပေါ့။ သကျမုနိဆိုတာ သကျလူမျိုးက တောထွက်ပြီး ရဟန်းအဖြစ်သို့ ရောက်ရှိလာတဲ့ မြတ်စွာဘုရား။ သမာဟိတော မဂ်သမာဓိနဲ့ တည်ကြည်မှုရှိပြီးတော့ နိဗ္ဗာန်ဆိုတဲ့ တရားကို မျက်မှောက်ပြုတယ်။ အဲဒီ နိဗ္ဗာန်ဆိုတဲ့တရားဟာ အာရုံပြုလိုက်တာနဲ့ တစ်ပြိုင်နက် ကိလေသာတွေ ကုန်သွားစေနိုင်တယ်။ ဒါကြောင့် ခယံ လို့ခေါ်တယ်။ နိဗ္ဗာန်ကို အာရုံပြုနိုင်ပြီဆိုရင် ကိလေသာတွေ ကုန်သွားတယ်၊ အဆင့်ဆင့်ပေါ့လေ။ သောတာပတ္တိမဂ်နဲ့ နိဗ္ဗာန်ကိုအာရုံပြုလိုက်ရင် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာဆိုတာ ကင်းသွားတယ်။ သကဒါဂါမိမဂ်နဲ့ အာရုံပြုမယ်၊ အနာဂါမိမဂ်နဲ့ နိဗ္ဗာန်ကို

စာမျက်နှာ-၃၆
အာရုံပြုမယ်ဆိုရင် ကာမရာဂတို့၊ ဗျာပါဒတို့ဆိုတဲ့ ကိလေသာတွေ ကုန်ခမ်းသွားတယ်။ အရဟတ္တမဂ်နဲ့ အာရုံပြုလိုက်မယ်ဆိုလို့ရှိရင် ကိလေသာအားလုံး ကင်းရှင်းသွားတယ်။ နိဗ္ဗာန်ရောက်ရင် ကိလေသာမှန်သမျှဟာ အဆုံးသတ်ချုပ်ငြိမ်းရတာဖြစ်တယ်။ ဒါကြောင့် ခယံဆိုတာ ကိလေသာတွေအားလုံး ကုန်ဆုံးရာဖြစ်လို့ နိဗ္ဗာန်ကို ခေါ်တာ။

ဝိရာဂဆိုတာ နိဗ္ဗာန်မှာ တပ်မက်ခြင်းဆိုတဲ့ တဏှာလည်းပဲ လုံးဝကင်းသွားတယ်။ တဏှာနဲ့ လုံးဝမယှဉ်တွဲဘူး။ နိဗ္ဗာန်ဟာ တဏှာရဲ့ အာရုံလည်းမဖြစ်ဘူး၊ တဏှာသမားက နိဗ္ဗာန်ကို ဘယ်တော့မှ မရချင်ဘူး။ တစ်ခုခုဖြစ်ချင်နေလို့ရှိရင် နိဗ္ဗာန်ကို ဘယ်တော့မှ မရောက်နိုင်ဘူး။ အေး လောကလူတွေက နိဗ္ဗာန်ကိုလိုချင်တယ်၊ နိဗ္ဗာန်ကိုလိုချင်တယ်ဆိုတဲ့နေရာမှာ တဏှာမကင်းသေးတဲ့ ပုဂ္ဂိုလ်တွေက နိဗ္ဗာန်ဆိုတာ အလွန်ချမ်းသာတယ်၊ မအိုရဘူး၊ မနာရဘူး၊ မသေရဘူးဆိုတဲ့ ဒါတွေကိုတွေးပြီးတော့ ချမ်းသာလို့ မှတ်ထင်ပြီး နိဗ္ဗာန်လိုချင်တာ။ တကယ်နိဗ္ဗာန်မှာ ဘာမှမဖြစ်တော့ဘူးဆိုရင် မလိုချင်ဘူး။

ဘုန်းကြီးတို့ရွာက ဒကာမကြီးတစ်ယောက်လိုပဲ “နိဗ္ဗာန်မှာ ဆေးလိပ်သောက်လို့ရလား” လို့မေးတယ်။ နိဗ္ဗာန်ဆိုတာ ဘယ်လိုလုပ် ဆေးလိပ်သောက်မှာလဲ၊ (No smoking area) ပဲ။ အဲဒီတော့ သူက ဆေးလိပ်မသောက်ရရင် နိဗ္ဗာန်ကို မသွားချင်ဘူးတဲ့။ တဏှာအတွေးနဲ့တွေးတာလေ။ အဲဒီတော့ နိဗ္ဗာန်မှာ ဝိရာဂ တွယ်တာမှုတွေဟာ လုံးဝ နိဗ္ဗာန်နဲ့ ဆက်စပ်လို့မရဘူး။

စာမျက်နှာ-၃၇
ဝိရာဂ လုံးဝဆက်စပ်မှုမရှိဘူး၊ နိဗ္ဗာန်ရဲ့ ဂုဏ်ရည်တစ်ခုပဲ။

နောက် နိဗ္ဗာန်ဂုဏ်ရည်တစ်ခုက နိဗ္ဗာန်ကို အာရုံပြုလို့ နိဗ္ဗာန်ကိုရောက်သွားရင် အမတ သေလည်းမသေတော့ဘူး။

နောက် ပဏီတ နိဗ္ဗာန်က အလွန်နှစ်သက် ကျေနပ်စရာကောင်းတယ်တဲ့၊ ရောင့်ရဲတင်းတိမ်မှု မရှိလောက်အောင် အလွန်ကျေနပ်စရာကောင်းတယ်၊ အဲဒီတော့ “ခယံ ဝိရာဂံ အမတံ ပဏီတံ”ဆိုတဲ့ ဂုဏ်ရည် ၄-မျိုးဟာ နိဗ္ဗာန်ရဲ့ ဂုဏ်ရည် ၄-မျိုးပဲ။ အဲဒီဂုဏ်ရည်ပြည့်ဝတဲ့ တရားတော်တွေ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးမှာ ရှိတယ်၊ အဲဒီ ဒီခယ၊ ဝိရာဂ၊ အမတ၊ ပဏီတဆိုတဲ့ ဒါတွေဟာ အလွန်နှစ်သက်စရာကောင်းတဲ့ ဂုဏ်ရည်တွေဟာ နိဗ္ဗာန်မှာရှိတဲ့ အရည်အသွေးတွေဖြစ်တယ်။ အဲဒီစကားဟာ မှန်ကန်ပါတယ်တဲ့။ “ဧတေန သစ္စေန သုဝတ္ထိ ဟောတု” ဤမှန်ကန်သောစကားကို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာပါစေလို့ သစ္စာပြုလိုက်တယ်။

အဲဒီလို သစ္စာပြုလိုက်သည့်အတွက် ဝေသာလီပြည်မှာ ရောဂါဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံး ရောဂါပျောက်သွားကြတယ်။ သစ္စာရဲ့ တန်ခိုးနော်။ အဲဒီတော့ အဓိပ္ပါယ်ကိုသိသိနဲ့ ဒီလိုရွတ်ဖို့ လိုအပ်တယ်။ ဘာကိုဆိုလိုတာတုန်းဆိုတာ သိဖို့လိုတယ်။

နောက်တစ်ခုက တရားဂုဏ်တော်နဲ့ပတ်သက်လို့ ဂါထာနှစ်ပုဒ်ပဲ။ ဘာတုန်းဆိုရင်

“ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိ၊

စာမျက်နှာ-၃၈
သမာဓိ မာနန္တရိကညမာဟု၊ သမာဓိနာ တေန သမော န ဝိဇ္ဇတိ၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု”

ဆိုတဲ့စကား၊ အဲဒီမှာ... ဗုဒ္ဓသေဋ္ဌောဆိုတာ မြတ်စွာဘုရား။ အင်မတန်ထူးမြတ်တဲ့ မြတ်စွာဘုရားက ဒီသမာဓိစွမ်းအားကို ပရိဝဏ္ဏယီ အမြဲတမ်းချီးမွမ်းပြီး ပြောကြားတယ်။ အဲဒီသမာဓိတရားဟာ ဘာသမာဓိတရားလည်းဆိုတော့ မဂ္ဂသမာဓိတရား၊ မဂ်နဲ့ယှဉ်တဲ့ သမာဓိတရားသည် ဖိုလ်ကိုပေးတယ်။ ဖိုလ်ဆိုတဲ့ အကျိုးကိုမပေးဘဲနဲ့ ဘယ်တော့မှ ရပ်ဆိုင်းတာမရှိဘူး။ မဂ်ပေါ်လာပြီးတဲ့နောက် ဖိုလ်ဟာ ကျိန်းသေပေါ်တယ်၊ ကျိန်းသေအကျိုးကိုပေးတယ်။ ဒါကြောင့်မို့လို့ အာနန္တရိက သူဖြစ်တဲ့အခြားမဲ့မှာ အကျိုးတစ်ခုကို ထုတ်လုပ်ပေးတယ်။ အဲဒီမဂ်သမာဓိ။

ဒီနေရာမှာ သမာဓိကို ဦးတည်ပြောပေမယ်လို့ မဂ်စိတ်အားလုံးကို ပြောတာ။ အဲဒီမဂ်သမာဓိဟာ၊ မဂ်စိတ်နဲ့ယှဉ်တဲ့ သမာဓိစွမ်းအားဟာ ကိလေသာတွေကို ဖယ်ရှားပစ်နိုင်တဲ့ သမာဓိစွမ်းအားဖြစ်ပြီးတော့ မဂ်စိတ်ပေါ်လာပြီး ချုပ်သွားတာနဲ့ တစ်ပြိုင်နက်၊ ဖိုလ်စိတ်ဆိုတဲ့ အကျိုးကို ဆက်တိုက်ဖြစ်ပေါ်စေတယ်။ အဲဒီသမာဓိစွမ်းအားနဲ့တူတဲ့ စွမ်းရည်သတ္တိရှိတဲ့ တရားမျိုးဆိုတာ မရှိဘူးတဲ့။

တရားတော်မှာ မဂ်စိတ်ဆိုတဲ့ တရားတော်အပေါ်မှာ၊

စာမျက်နှာ-၃၉
မဂ္ဂဓမ္မမှာ ဒီလို နှစ်သက်စရာကောင်းတဲ့ ရတနာမျိုးတွေရှိတယ်ပေါ့။ ဒါ မှန်ကန်သော သစ္စာစကားကို ဆိုလိုက်တာပဲ။ မဂ်နဲ့ပတ်သက်ပြီး ဧတေန သစ္စေန သုဝတ္ထိ ဟောတု၊ မဂ်စိတ်နဲ့ပတ်သက်ပြီးတော့ ယုံကြည်ချက်တစ်ခု။

ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်လိုက်လို့ ဘုန်းကြီးတို့တစ်တွေရဲ့သန္တာန်မှာ သောတာပတ္တိမဂ်ဖြစ်မယ်၊ သကဒါဂါမိမဂ်ဖြစ်မယ်၊ အနာဂါမိမဂ်ဖြစ်မယ်၊ အရဟတ္တမဂ်ဖြစ်မယ်၊ အဲဒီအရဟတ္တမဂ်၊ အနာဂါမိမဂ်၊ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်ဆိုတဲ့ မဂ်စိတ်နဲ့ယှဉ်လာတဲ့ သမာဓိစွမ်းအားဟာ အင်မတန်မှ ကြီးမားတယ်။ အဲဒီမဂ်စိတ်က ချုပ်တာနဲ့ တစ်ပြိုင်နက် ဖိုလ်စိတ်ဆိုတဲ့ အကျိုးကို ချက်ချင်းပေးတယ်။ အဲဒါကြောင့်မို့လို့ မဂ္ဂသမာဓိနဲ့အလားတူတဲ့ စွမ်းရည်သတ္တိရှိတဲ့ တရားမျိုးဟာ လောကမှာ မရှိပါဘူးတဲ့။ ဒါဟာ နှစ်သက်စရာကောင်းလှတဲ့ ရတနာတစ်မျိုးဖြစ်ပါတယ်။ အဲဒီမှန်ကန်သောတရားကို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေလို့ ဒီလိုသစ္စာဆိုလိုက်တာပါပဲ။

အဲဒီတော့ ဘုရားဂုဏ်ကို အာရုံပြုပြီးတော့ သစ္စာဆိုတယ်။ တရားဂုဏ်ကို အာရုံပြုပြီးတော့ သစ္စာဆိုတယ်။ ဒီလိုသစ္စာဆိုပုံ၊ ဆိုနည်းတွေကို မြတ်စွာဘုရားက နမူနာအနေနဲ့ ဟောထားတာ၊ ကိုယ့်ဖာသာကိုယ်ကြည့်ပြီးတော့လည်း သစ္စာဆိုလို့ရတယ်။ ကိုယ်ကျေနပ်တဲ့ ကိုယ်သိတဲ့ တရားကိုလည်းပဲ သစ္စာဆိုလို့ရတယ်။ ကိုယ်ကြည်ညိုတဲ့ မြတ်စွာဘုရားရဲ့ ဂုဏ်တစ်ခုခုကို ဆိုပြီးတော့

စာမျက်နှာ-၄၀
လည်းပဲ သစ္စာဆိုလို့ရတယ်။ ဆိုပါစို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ဆိပ်ကွယ်ရာအရပ်၌သော်လည်း အကုသိုလ်အမှုကို ပြုတော်မမူဘူး။ ဒါကြောင့်မို့ အရဟံဂုဏ်ထူးနဲ့ ပြည့်စုံပါတယ်။ ဤမှန်ကန်သောစကားကို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ၊ ကိုယ်ရထားတဲ့ ဣတိပိသောနဲ့လည်း သစ္စာဆိုလို့ရတယ်ပေါ့။

တရားဂုဏ်တွေကို အာရုံပြုပြီးတော့လည်း သစ္စာဆိုလို့ရပါတယ်။ ဒါ ရတနသုတ်မှာ သစ္စာဆိုပြီးတော့ သတ္တဝါတွေ အန္တရာယ်ကင်းအောင် လုပ်တာဖြစ်တယ်။

နေ့စဉ်နဲ့အမျှလည်း အန္တရာယ်ဆိုတာ ကြုံတတ်တယ်။ ဒါကြောင့် အန္တရာယ်မကြုံရလေအောင် ဒီသစ္စာတရားကို အသုံးချပြီး မိမိနဲ့မိမိပတ်ဝန်းကျင်မှာရှိတဲ့ သတ္တဝါတွေအားလုံး ချမ်းသာပါစေလို့ ပရိတ်တရားတော်ကို ရွတ်ဖတ်သရဇ္ဈာယ်ပြီး အဓိပ္ပါယ်သိသိနဲ့ လိုက်နာကျင့်သုံးနိုင်ရင် အင်မတန်မှ တန်ဖိုးရှိပါတယ်။

ဒါကြောင့် တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်းတို့သည် ရတနာသုတ်အနှစ်ချုပ် ပထမပိုင်း

“ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ ခယံ ဝိရာဂံ အမတံ ပဏီတံ၊ ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိ သမာဓိ”

အဲဒီဂါထာသုံးပုဒ်နဲ့ သစ္စာဆိုပုံကို ရှင်းလင်းပြီးဖြစ်ပါတယ်။ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့သည် သစ္စာ၏စွမ်းအား အင်မတန်မှ ကြီးမားတာကို သိရှိပြီး တို့တစ်တွေ

စာမျက်နှာ-၄၁
ဟာ သစ္စာရဲ့စွမ်းအားကို အသုံးချပြီးတော့ မမြင်နိုင်တဲ့ ဘေးရန်အန္တရာယ်တွေ လွတ်မြောက်လို့၊ မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်းဖြစ်တဲ့ သူတော်ကောင်းအကျင့်တရားတွေကို ချမ်းချမ်းသာသာနဲ့ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်အောင် ကြိုးစားကြရမယ်လို့ ကိုယ်စီသဘောကျပြီး သစ္စာတရားအမှီထားလို့ ကျန်းမာချမ်းသာအောင် ကုသိုလ်တရားတွေနဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

ရတနသုတ်အနှစ်ချုပ် (အပိုင်း-၁) ပြီး၏။

စာမျက်နှာ-၄၂

ရတနသုတ်အနှစ်ချုပ် (အပိုင်း-၂)
မှတ်တမ်း၊ သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် (၈)ရက်၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သဒ္ဓမ္မဇောတက သုဗောဓာရုံကျောင်းတိုက်အတွင်း ဆောက်လုပ်လှူဒါန်းအပ်သည့် သဒ္ဓမ္မကထိက ကျောင်းဆောင် ရေစက်ချအလှူတော်မင်္ဂလာအောင်ပွဲနှင့် စပ်လျဉ်း၍ ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဦးယံဓမ္မသဘင် အခမ်းအနားဝယ် မုံရွာမြို့၊ အလယ်ရပ်၊ မာဃလမ်းနှင့် ဘုန်းကြီးလမ်းနေ မာစိုးအထည်ရောင်းဝယ်ရေး၊ စေတီဘုရားတန်ဆောင်း၊ ကျောင်း၊ ရဟန်းဒါယကာကြီး ဦးစန်း + ဒါယိကာမကြီး ဒေါ်ခင်မေ၊ သားသမီးမြေးမြစ်များဖြစ်ကြသော မဌေးဌေး၊ ကိုမောင်မောင်စိုး၊ မမြင့်မြင့်သန်း၊ မခိုင်ခိုင်၊ ကိုဇင်ထွန်းသန့် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ရတနသုတ်အနှစ်ချုပ်” အပိုင်း(၂) တရားဒေသနာတော်

အားလုံးသိကြတဲ့ ပရိတ်ကြီးထဲမှာ “ရတနသုတ်”ဆိုတာ ရှိတယ်။ ဘေးအန္တရာယ်တွေ့ကြုံတဲ့အခါမှာ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်တွေကို အာရုံပြုတော့ သစ္စာဆိုခြင်းဖြင့် ဘေးရန်အန္တရာယ်တွေက လွတ်မြောက်တဲ့ နည်းစနစ်တစ်ခုကို မြတ်စွာဘုရားက ဟောထားတာဖြစ်တယ်။ လောကမှာနေကြတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း ရံဖန်ရံခါ ကံမကောင်း အကြောင်းမလှတဲ့အခါ ဘေးရန်အန္တရာယ်ဆိုတာ ကြုံတွေ့တတ်တယ်။ အဲဒီလို

စာမျက်နှာ-၄၃
ကြုံတွေ့တဲ့အခါမှာ ဒီရတနသုတ်ကို ရွတ်ဆိုခြင်းဖြင့် ဘေးရန် အန္တရာယ်တွေက လွတ်မြောက်နိုင်တယ်။

မိမိကိုယ်တိုင် ဘေးရန်အန္တရာယ် မကြုံတွေ့သော်လည်း ဘေးရန်အန္တရာယ်ကြုံတွေ့နေကြတဲ့ ပုဂ္ဂိုလ်တွေကို ထိုဘေးရန် အန္တရာယ်ကနေ လွတ်မြောက်ကြပါစေဆိုတဲ့ မေတ္တာစေတနာ ရှေ့ထားပြီး ရတနသုတ်ကို ရွတ်ပွားပြီး သစ္စာပြုကြမယ်ဆိုရင် ကမ္ဘာကြီး ငြိမ်းချမ်းသာယာပြီး လူတွေဟာ ဘေးရန်အန္တရာယ် ကင်းကင်းရှင်းရှင်းနဲ့ ဘဝခရီးကို ဖြတ်သန်းနိုင်ကြမှာ ဖြစ်ပါတယ်။

ကမ္ဘာသူကမ္ဘာသား သတ္တဝါများ ချမ်းသာကြစေရန် ရည်သန်လျက် အန္တရာယ်ကင်းဖို့အတွက် မြတ်စွာဘုရားဟောထားတဲ့ ဒီတရားတော်ကို နည်းယူပြီး ဘုန်းကြီးတို့တစ်တွေ နေ့စဉ်နှင့်အမျှ ဘေးရန်အန္တရာယ်ကင်းလို့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ လူ့ဘဝ အကျိုးစီးပွားတွေ၊ မိမိရဲ့ အကျိုးစီးပွားတွေ၊ အများသတ္တဝါတွေရဲ့ အကျိုးစီးပွားတွေ၊ အမျိုးဘာသာ သာသနာရဲ့ အကျိုးစီးပွားတွေကို ဆောင်ရွက်နိုင်အောင် ကြိုးစားကြရမှာဖြစ်တယ်။ ဘေးရန်အန္တရာယ် ကြုံတွေ့နေလို့ရှိရင် ဒီ အကျိုးစီးပွားတွေကို ဆောင်ရွက်နိုင်ကြမှာ မဟုတ်ဘူးတဲ့။

ဒါကြောင့် မြတ်စွာဘုရားဟောထားတဲ့ သစ္စာဆိုပုံ သစ္စာဆိုနည်းတွေ မနေ့ကအပိုင်း(၁)ကို ဘုန်းကြီးတို့ဟောခဲ့ပြီ။ ဒီနေ့ အပိုင်း(၂)ကို ဟောပါ့မယ်။ အပိုင်း(၃)ကတော့ နောက် အကြောင်းညီညွတ်တဲ့အခါ ဟောပေးမယ်ပေါ့။

“မင်္ဂလသုတ်” အနှစ်ချုပ်ကိုလည်း ဟောပြီးသား ဖြစ်တယ်။

စာမျက်နှာ-၄၄
မင်္ဂလသုတ်အနှစ်ချုပ်ဟာ စာအုပ်ရိုက်ပြီးသား ဖြစ်ပါတယ်။ မေတ္တသုတ်အနှစ်ချုပ်ကလည်း စင်္ကာပူမှာ မနှစ်က ဟောခဲ့တယ်။ အဲဒါလည်း စာအုပ်အနေနဲ့ အချို့ပုဂ္ဂိုလ်တွေရဲ့ လက်ထဲမှာ ရောက်ပြီးသား ဖြစ်တယ်။

မင်္ဂလသုတ်တို့၊ မေတ္တသုတ်တို့၊ ရတနသုတ်တို့ဆိုတာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ငယ်စဉ်တောင်ကျေး ကလေးဘဝက သင်ခဲ့ရလို့ ရင်းနှီးနေတဲ့ သုတ်တွေဖြစ်တယ်။ သို့သော် လူတိုင်းလူတိုင်းဟာ မင်္ဂလသုတ်၊ မေတ္တသုတ်၊ ရတနသုတ်တို့ရဲ့ အဓိပ္ပါယ်ကို သိကြရဲ့လားဆို မသိတဲ့သူတွေ အများကြီးပဲ။ ရွတ်တော့ရွတ်နေကြတယ်။ မသိဘူးဆိုလို့ရှိရင် မိမိတို့စိတ်ထဲမှာ ကြည်နူးဝမ်းသာမှု ဖြစ်နိုင်မှာမဟုတ်ဘူး။

ဒါကြောင့်မို့လို့ အဓိပ္ပါယ်သိပြီးတော့ ရွတ်ဆိုမယ်ဆိုလို့ရှိရင် ပိုပြီးတော့ တန်ဖိုးရှိမယ်လို့ ဘုန်းကြီးတို့ ဒီလိုတွေးမိတဲ့အတွက်ကြောင့် လောကလူတွေနဲ့ ရင်းနှီးပြီးဖြစ်ပါလျက် အဓိပ္ပါယ် မသိသေးတဲ့ သုတ္တန်လေးတွေကို ရွေးချယ်ပြီးတော့ ဟောဖို့ ရည်ရွယ်တာ ဖြစ်တယ်။

အဲဒီတော့ ရတနသုတ်အနှစ်ချုပ်မှာ မြတ်စွာဘုရားက သစ္စာကို အသုံးပြုပြီးတော့ သတ္တဝါတွေ ချမ်းသာကြပါစေဆိုပြီး ဘေးအန္တရာယ်တွေက လွတ်တဲ့နည်းလမ်းတွေကို ပေးခဲ့တာ ဖြစ်တယ်။ အားလုံးသိကြတဲ့အတိုင်း ဝေသာလီပြည်မှာ ဘေးဆိုးကပ်ဆိုးကြီး ကြုံနေတဲ့အချိန်လေးမှာ ဟောဒီရတနသုတ်ကို မြတ်စွာဘုရားကိုယ်တိုင် (၇)ရက်တိတိ ဝေသာလီပြည်မှာ

စာမျက်နှာ-၄၅
ထပ်တလဲလဲ ဟောခဲ့တယ်။

ရှင်အာနန္ဒာမထေရ်ကလည်း မြတ်စွာဘုရားဆီက သင်ယူပြီးတော့ ဝေသာလီပြည် တံတိုင်းသုံးထပ်ရဲ့ အကြားမှာ ညလုံးပေါက် ဟောဒီရတနသုတ်ကို ရွတ်တယ်။ ဝေသာလီပြည်မှာ ဒုက္ခရောက်နေရှာတဲ့ လူသတ္တဝါတွေ ချမ်းသာသုခ ရကြစေရန် မေတ္တာစေတနာ ကရုဏာတရား ထားပြီးတော့ ရွတ်ပွားခဲ့လို့ ဝေသာလီပြည်ကြီးဟာ ဘေးကင်းရန်ကွာ ချမ်းသာခြင်းကို ရရှိခဲ့တယ်တဲ့။

အများသတ္တဝါတွေ ချမ်းသာဖို့ရာအတွက် သစ္စာကို အသုံးပြုပြီးတော့ မြတ်စွာဘုရားက အန္တရာယ်ကင်းတဲ့ နည်းစနစ်ကို ပရိတ်တရားတော်တွေမှာ ဟောထားခဲ့တယ်။ အဓိကကတော့ “မေတ္တာနှင့်သစ္စာ” ဒီနှစ်ခုဖြစ်တယ်ပေါ့။ သစ္စာရဲ့ စွမ်းအားဟာ အမှန်ပြောပြီးတဲ့နောက်မှာ မိမိတို့လိုချင်တာတစ်ခုခုကို တောင်းတလို့ရှိရင် အင်မတန်မှ တန်ခိုးထက်တဲ့ မန္တန်နဲ့ အလားတူတယ်လို့ မြတ်စွာဘုရား ဟောထားတာ ရှိတယ်။

“ဒါကြောင့်မို့လို့ ဒီကနေ့ သစ္စာဆိုဖို့ရန်အတွက် ပထမဆုံး ဂါထာကတော့ “ယံကိဉ္စိ ဝိတ္တ” ဆိုတဲ့ ဘုရားဂုဏ်ကို အာရုံပြုပြီး သစ္စာဆိုပုံ ဆိုနည်းကိုပြတာ။ ဒါတစ်ခုတည်းနဲ့လည်း လုံလောက်တာပဲ။ နောက်တစ်ခါ “ခယံ ဝိရာဂံ” ဆိုတဲ့ ဒုတိယဂါထာ။ “ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိ” အစချီတဲ့ တတိယဂါထာ။ အဲဒီနှစ်ဂါထာကတော့ တရားဂုဏ်တော်တွေကို အာရုံပြုပြီးတော့ သစ္စာဆိုတဲ့ နည်းစနစ်ကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်

စာမျက်နှာ-၄၆
ဟောကြားခဲ့တယ်။

ဒီကနေ့ သံဃာရဲ့ ဂုဏ်ကို အာရုံပြုပြီး သစ္စာဆိုပုံဆိုနည်းကို မြတ်စွာဘုရားက သင်ကြားပေးတယ်။ သစ္စာဆိုတတ်အောင် မိမိကိုယ်တိုင်လည်း အဓိပ္ပါယ်နားလည်ဖို့၊ အရိယာပုဂ္ဂိုလ်တွေရဲ့ အရည်အသွေးကိုလည်း ကျကျနန နားလည်ဖို့ ဒီကနေ့ သံဃာဂုဏ်နဲ့ ပတ်သက်ပြီးတော့ ဟောပြောမှာ ဖြစ်တယ်။

“ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္တာ၊ စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။
တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊ ဧတေသု ဒိန္နာနိ မဟပ္ပလာနိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။”

ဒီဂါထာလေး ရွတ်လိုက်တာနဲ့ ဘေးအန္တရာယ်တွေ ကင်းသွားနိုင်တယ်ပေါ့။ အေး တချို့မြန်မာဗုဒ္ဓဘာသာတွေ အန္တရာယ်ကင်းချင်လို့ ဘာမှအဓိပ္ပါယ်မရှိတဲ့ ဟိုစာအုပ် ဒီစာအုပ်တွေက ရေးထားတဲ့ မန္တရားဂါထာတွေကို ကျက်ပြီးတော့တောင် ရွတ်နေကြသေးတာ။ အခု တကယ်အစွမ်းသတ္တိရှိတဲ့ မြတ်စွာဘုရားဟောထားလို့ အင်မတန်လေးနက်တဲ့ ဂါထာမျိုးကို ပိုရွတ်သင့်တာပေါ့နော်။ အစွမ်းသတ္တိထက်ပြီးတော့ မြတ်စွာဘုရားဟောထားတဲ့ ဒီ ရတနသုတ်ဟာ စကြာဝဠာကုဋေတစ်သိန်းက နတ်တွေက လက်ခံထားတာ ဖြစ်တယ်။ ဒီစကြာဝဠာတင်မကဘူး စကြာဝဠာ မြောက်များစွာမှာရှိတဲ့ နတ်တွေက ဒီရတနသုတ်ရဲ့

စာမျက်နှာ-၄၇
အစွမ်းသတ္တိကို လက်ခံယုံကြည်ထားတာ ဖြစ်တယ်။

ဒါကြောင့်မို့ ဒီရတနသုတ်ကို ရွတ်ဆိုပြီး သစ္စာဆိုလိုက်မယ်ဆိုလို့ရှိရင် ဒီစကြာဝဠာမှာရှိတဲ့ ပုဂ္ဂိုလ်တွေသာမက အခြား စကြာဝဠာတွေမှာရှိတဲ့ ပုဂ္ဂိုလ်တွေလည်း အန္တရာယ်ကင်းနိုင်တယ်လို့ ဒီလိုမှတ်ရမယ်နော်။

အဲဒီမှာ အဓိပ္ပါယ်ကို လေးလေးနက်နက် စဉ်းစားဖို့ရန်အတွက် -

“ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္တာ” - သတံပသတ္တာ ဆိုတာ သူတော်ကောင်းတွေရဲ့ ချီးမွမ်းမှု ခံရတဲ့ပုဂ္ဂိုလ်။ ချီးမွမ်းမှုဆိုတာ သာမန်ပုဂ္ဂိုလ်တွေကတော့ သူတို့သိတဲ့ အတိုင်းအတာအရ သာမန်ပုဂ္ဂိုလ်တွေ ချီးမွမ်းတာဟာ ချီးမွမ်းရာရောက်ချင်မှ ရောက်မယ်။ သတံ ပသတ္တာ တကယ့် သူတော်ကောင်းတွေက ချီးမွမ်းတာခံရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ တကယ့် သူတော်ကောင်းမှ ချီးမွမ်းမှာ။

ဒီမှာ သူတော်ကောင်းတွေရဲ့ ချီးမွမ်းမှုခံရတဲ့ ပုဂ္ဂိုလ်တွေဟာ ရှစ်ယောက်ရှိတယ်။ တကယ် ချီးမွမ်းထိုက်တဲ့ပုဂ္ဂိုလ်၊ အရည်အသွေးရှိတဲ့ပုဂ္ဂိုလ် ရှစ်ယောက်ရှိတယ်။ အဲဒီ ရှစ်ယောက်ဟာ အစုံလိုက် ပြောမယ်ဆိုရင် လေးဦးရှိတယ်။ “စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ” ဒါက အရိယာပုဂ္ဂိုလ် ရှစ်ယောက်ကို ပြောတာ။ အရိယာပုဂ္ဂိုလ် ရှစ်ယောက်ကို အစုံလိုက် တွဲတဲ့အခါကျတော့ လေးစုံပဲရှိတယ်ပေါ့။ မဂ်လေးပါး၊ ဖိုလ်လေးပါးကိုကြည့်ပြီးတော့ တွဲတာ။ အဲဒီတော့ အရိယာပုဂ္ဂိုလ် ရှစ်ယောက်ကိုလည်း ရေတွက်

စာမျက်နှာ-၄၈
တတ်အောင် မှတ်သားထားကြရမယ်။

သောတာပတ္တိမဂ္ဂပုဂ္ဂိုလ်၊ သောတာပတ္တိဖလဋ္ဌပုဂ္ဂိုလ်၊ ဒါကတစ်စုံ၊ သကဒါဂါမိမဂ္ဂဋ္ဌပုဂ္ဂိုလ်၊ သကဒါဂါမိဖလဋ္ဌပုဂ္ဂိုလ် ဒါကတစ်စုံ၊ အနာဂါမိမဂ္ဂဋ္ဌပုဂ္ဂိုလ်၊ အနာဂါမိဖလဋ္ဌပုဂ္ဂိုလ်၊ ဒါကတစ်စုံ။ အရဟတ္တမဂ္ဂဋ္ဌပုဂ္ဂိုလ်၊ အရဟတ္တဖလဋ္ဌပုဂ္ဂိုလ် အားလုံးပေါင်းလိုက်တဲ့အခါ ရှစ်ဦးလို့ ဒီလိုပြောတာနော်။

အဲဒီတော့ မြန်မာလိုရှင်းရှင်းပြောမယ်ဆိုရင် သောတာပန် ဖြစ်အောင် ကျင့်နေဆဲပုဂ္ဂိုလ်က သောတာပတ္တိမဂ္ဂဋ္ဌ၊ သောတာပတ္တိမဂ်စိတ်ပေါ်နေတဲ့ အခိုက်လေးမှာခေါ်တာ။ အဲဒါကို ပဋိပန္နပုဂ္ဂိုလ် လို့လည်းသုံးတယ်။ သောတာပတ္တိမဂ်စိတ်ကလေး ဖြစ်ပေါ်နေခိုက် ပုဂ္ဂိုလ်ကို သောတာပတ္တိမဂ္ဂပုဂ္ဂိုလ် လို့ခေါ်တယ်။ ဒီ သောတာပတ္တိမဂ်စိတ် ဖြစ်ဖို့ရာအတွက် ဘာလုပ်ရတုန်းဆိုရင် ဝိပဿနာကျင့်စဉ်တစ်ခု ကျင့်ရတယ်။ အဲဒီ ဝိပဿနာ ကျင့်စဉ်ကျင့်လို့ ဉာဏ်အဆင့်ဆင့် တက်သွားပြီး ဝိပဿနာဉာဏ် ရင့်သန်သွားပြီဆိုရင် မဂ်စိတ်ကလေး ပေါ်လာတယ်။ စွမ်းရည်သတ္တိရှိတဲ့ မဂ်စိတ်ဟာ နိဗ္ဗာန်ကို အာရုံပြုပြီး ပေါ်လာတယ်။ အဲဒီ ပေါ်လာတဲ့ အခိုက်လေးကိုပဲ သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ်လို့ ခေါ်တာ။ ဥပမာအားဖြင့် ရှေ့ပိုင်းက သောတာပန်ဖြစ်ခါနီး ကျင့်နေတဲ့ ဝိပဿနာဉာဏ် ရှိနေတဲ့ပုဂ္ဂိုလ်၊ သောတာပတ္တိမဂ်ဉာဏ်ရဖို့ရာ စိတ်အစဉ်ဖြစ်နေတဲ့အခိုက်မှာ ရှိနေတဲ့ပုဂ္ဂိုလ်တွေကိုလည်း အလျှော်အားဖြင့်ခေါ်လို့တော့ ရတယ်။ ပဋိပန္န ကျင့်ဆဲပုဂ္ဂိုလ်လို့ ပြောတာ။ သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ်ဆိုတာ

စာမျက်နှာ-၄၉
သောတာပတ္တိမဂ်စိတ် ပေါ်နေတဲ့အခိုက်လေးမှာ ခေါ်တဲ့ပုဂ္ဂိုလ် ဖြစ်လို့ သောတာပတ္တိမဂ်စိတ် ပေါ်ပြီးတာနဲ့ တစ်ပြိုင်နက် နောက်ထပ် သောတာပတ္တိဖိုလ်စိတ်ဆိုတာ ဆက်တိုက်လာတယ်။

“အကာလိကော” ဆိုတဲ့ ဂုဏ်တော်အတိုင်းပဲ ဘုရားတရားတော်မှာ မဂ်စိတ်တွေဟာ ချက်ခြင်းပဲ အကျိုးတွေကို ထုတ်လုပ်တယ်။ နောင်ဘဝ ဆိုင်းစရာမလိုဘူး။ နောက်နှစ် ဆိုင်းစရာလည်း မလိုဘူး။ နောက်လ ဆိုင်းစရာလည်း မလိုဘူး။ မဂ်စိတ်ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ဖိုလ်စိတ်က ချက်ခြင်း ပေါ်လာတယ်။ သောတာပတ္တိဖလဋ္ဌပုဂ္ဂိုလ်၊ အဲဒီ သောတာပတ္တိဖလဋ္ဌပုဂ္ဂိုလ်ကိုမှ သောတာပန်ပုဂ္ဂိုလ်လို့ ခေါ်တယ်။ သောတာပန်ဆိုတာ အဲဒီ ဖိုလ်စိတ်ကျပြီးတဲ့ ပုဂ္ဂိုလ်ကို ပြောတာ။

ဒီပုဂ္ဂိုလ်တွေဟာ သူတော်ကောင်းတွေက အင်မတန် ချီးမွမ်းထိုက်တဲ့ပုဂ္ဂိုလ်။ ဘာဖြစ်လို့ ချီးမွမ်းထိုက်တုန်းဆိုတော့ သီလအားဖြင့် ကြည့်လိုက်မယ်ဆိုရင် သူများနဲ့မတူဘူး။ သမာဓိဘက်က ကြည့်လိုက်ရင်လည်း သူများနဲ့မတူဘူး၊ ပညာဘက်က ကြည့်လိုက်ရင်လည်း သူများနဲ့မတူဘူး။ အလွန်အဆင့်မြင့်တဲ့ စိတ်ဓာတ်တွေရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်လို့ “သတံပသတ္တာ” သူတော်ကောင်းတွေက ချီးမွမ်းထိုက်တဲ့ပုဂ္ဂိုလ်။

သောတာပန်ပုဂ္ဂိုလ်ကိုတောင် ချီးမွမ်းထိုက်ပြီဆိုရင် သောတာပန်ထက် အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်ဆိုရင် ပြောစရာမရှိဘူး။ ဝိပဿနာကို တိုးတက်ပြီး ကျင့်လိုက်တဲ့အခါ သကဒါဂါမိမဂ်စိတ် ပေါ်လာတယ်။ သကဒါဂါမိမဂ်စိတ်ကနေပြီး သကဒါဂါမိ

စာမျက်နှာ-၅၀
ဖိုလ်စိတ် ပေါ်လာတယ်။ အဲဒီပုဂ္ဂိုလ်နှစ်ဦးဟာ သောတာပန်ထက် အဆင့်မြင့်သွားတယ်။ အဲဒီပုဂ္ဂိုလ်လည်း သူတော်ကောင်းတွေက ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ပဲ။

ဆိုပါစို့၊ သောတာပန်ပုဂ္ဂိုလ်က အကြောင်းမသင့်တဲ့အခါမှာ လောဘဖြစ်သေးတယ်နော်။ ဒေါသဖြစ်တဲ့အခါ ဖြစ်သေးတယ်။ သောတာပန်ပုဂ္ဂိုလ်မှာ လောဘ(၁၀)ကြိမ် ဖြစ်သေးတယ်ဆိုရင် သကဒါဂါမ်ပုဂ္ဂိုလ်ကျတော့ နှစ်ကြိမ်လောက်ပဲဖြစ်တယ်။ သောတာပန်ပုဂ္ဂိုလ်ရဲ့ လောဘက သကဒါဂါမ်ပုဂ္ဂိုလ်ထက် အရှိန်ကောင်းချင်ကောင်းမယ်။ သကဒါဂါမ်ပုဂ္ဂိုလ်ကျတော့ ဖြစ်ကြိမ်လည်း နည်းသွားတယ်။ ဖြစ်တဲ့အချိန်လည်း လျှော့သွားတယ်။ စွမ်းရည်သတ္တိအနေနဲ့ အကုသိုလ်တွေဟာ လျော့ပါးသွားတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ။

တစ်ခါ ဝိပဿနာကို တိုးမြှင့်ပြီး ကျင့်လိုက်တဲ့အခါ ဘာဖြစ်တုန်းဆိုတော့ အနာဂါမ်ဖြစ်သွားတယ်။ အနာဂါမ်ဖြစ်သွားလို့ရှိရင် ကာမရာဂ လို့ခေါ်တဲ့ ကာမဂုဏ်အာရုံတွေကို ခံစားလိုတဲ့ တဏှာဟာ အကြွင်းမဲ့ကင်းသွားတယ်။ အလိုမကျ မုန်းတီးမှုဆိုတဲ့ ဒေါသဟာလည်း အကြွင်းမဲ့ဖယ်ရှားပြီး ဖြစ်သွားတယ်။ အနာဂါမိမဂ်စိတ်ဖြစ်တယ်၊ အနာဂါမိဖိုလ်စိတ်ဖြစ်တယ်။ အဲဒီအနာဂါမ်ပုဂ္ဂိုလ်ဟာလည်း “သတံ ပသတ္တာ” သူတော်ကောင်းတွေချီးမွမ်းရတဲ့ပုဂ္ဂိုလ်ပဲ။

ထို့နောက် ရဟန္တာဖြစ်ဖို့အတွက် ဝိပဿနာကို တိုးမြှင့်ပြီး ကျင့်လိုက်ရင် အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုတာ ပေါ်လာ

စာမျက်နှာ-၅၁
တယ်။ အဲဒီလို ပေါ်လာတဲ့အခါ အရဟတ္တဖိုလ် ရသွားပြီဆိုရင် ရဟန္တာပုဂ္ဂိုလ်လို့ ခေါ်တာပေါ့။ အဲဒီ ရဟန္တာပုဂ္ဂိုလ်ဆိုတာ ကျတော့ အဆင့်က အရိယာထဲမှာ အမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်သွားပြီ။ ကိလေသာ အာသဝေါတွေ လုံးဝကင်းစင်ပြီး အလွန်ဖြူစင်တဲ့ ပုဂ္ဂိုလ်ဖြစ်သွားပြီ။ “သတံ ပသတ္တာ” သူတော်ကောင်းတွေက ချီးမွမ်းထိုက်တဲ့ပုဂ္ဂိုလ်။ အဲဒီပုဂ္ဂိုလ်တွေမှ ချီးမွမ်းထိုက်တာ။

ပုထုဇဉ်ပုဂ္ဂိုလ်တွေက ဒီလိုချီးမွမ်းထိုက်တဲ့ဂုဏ် အပြည့်အစုံရှိတာ မဟုတ်ဘူး။ တစ်ခါတစ်ရံ တစ်ချို့တလေ ဂုဏ်ပုဒ်ကလေးကို ကြည့်ပြီးတော့သာ ပုထုဇဉ်တွေကို ချီးမွမ်းနေကြတာ၊ ချီးမွမ်းစရာမကောင်းတဲ့အချက်တွေ ပုထုဇဉ်တွေမှာ အများကြီးရှိတယ်ပေါ့။

အဲ အရိယာသူတော်စင်တွေကျတော့ အဲဒီလိုမဟုတ်ဘူး။ လုံးဝချီးမွမ်းထိုက်တဲ့ ဂုဏ်ရည်တွေနဲ့ ပြည့်စုံတယ်။ ဒါကြောင့်

“ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္တာ၊ စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ” တဲ့။

အဲဒီလိုပြောတာနော်။ အစုံအားဖြင့်လေးစုံ၊ ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်။ အဲဒီပုဂ္ဂိုလ်တွေဟာ တကယ့်သူတော်ကောင်းတွေက ချီးမွမ်းရမယ့်ပုဂ္ဂိုလ်တွေတဲ့။

အဲဒီ ချီးမွမ်းရမယ့်ပုဂ္ဂိုလ်တွေဟာ ဘယ်လိုဂုဏ်ရည်တွေ ရှိတုန်းဆိုရင်

“တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ” မြတ်စွာဘုရားရဲ့ တပည့်သား သာဝကတွေဖြစ်ပြီးတော့

စာမျက်နှာ-၅၂
သူတို့ဟာ “ဒက္ခိဏေယျ” ကံကံရဲ့အကျိုးကို ယုံကြည်ပြီး လှူဒါန်းတဲ့ အလှူဒါနကို တကယ်ခံယူထိုက်တဲ့ ပုဂ္ဂိုလ်တွေပဲ။ ခံယူထိုက်တယ်ဆိုတာ ကံကံ၏အကျိုးကို ယုံကြည်လို့ လှူတဲ့ပုဂ္ဂိုလ်တွေ သူတို့ယုံကြည်ချက်အတိုင်း ကောင်းကျိုးချမ်းသာတွေ ပေးစွမ်းနိုင်တဲ့ အရည်အသွေးတွေ ရှိလို့ဖြစ်တယ်။

ဆိုပါစို့ အင်မတန် မြေဩဇာကောင်းတဲ့မြေမှာ ဘယ်မျိုးစေ့ပဲ စိုက်လိုက်စိုက်လိုက် အဲဒီမျိုးစေ့ဟာ အပင်ပေါက်ပြီး ရှင်သန်ထွားကျိုင်းလို့ အသီးအပွင့်တွေနဲ့ ဝေဆာနိုင်တယ်။ ရည်ရွယ်ချက်အတိုင်း ဖြစ်နိုင်တယ်။ ဘာဖြစ်လို့တုန်း၊ မြေဩဇာကောင်းလို့။ ထို့အတူပဲ ကံကံ၏အကျိုးကို ယုံကြည်ပြီး အဲဒီပုဂ္ဂိုလ်တွေကို လှူလိုက်မယ်ဆိုရင် ကိုယ်လှူလိုက်တဲ့ ကုသိုလ်ကောင်းမှုရဲ့ အကျိုးတရားဟာ လုံးဝပြည့်ပြည့်ဝဝ ရတယ်ပေါ့။

လယ်တဲထဲမှာ လယ်စောင့်နေတဲ့ အမျိုးသမီးလေး သူဆာရင် စားဖို့ဆိုပြီးတော့ ဖေါက်ထားတဲ့ ပေါက်ပေါက်ကလေးတွေ ရှင်မဟာကဿပကြီးကို လှူလိုက်တာ၊ လှူပြီးတဲ့နောက်မှာ ဝမ်းသာပီတိဖြစ်နေတုန်း ကံမကောင်းအကြောင်းမလှလို့ လယ်ကန်သင်း လမ်းလျှောက်ရင်းကနေ မြွေကိုက်လို့ ဆုံးသွားတယ်။ အဲဒီအမျိုးသမီးလေးပဲ ကြည့်။ လှူလိုက်တာက ပေါက်ပေါက်လေး ဘာမှတန်ဖိုးမရှိဘူး။ ရှင်မဟာကဿပလို ပုဂ္ဂိုလ်မျိုးကို လှူလိုက်ရတဲ့အခါကျတော့ ကံကံ၏အကျိုးကို ယုံကြည်လိုက်တဲ့ အလှူဟာ ချက်ချင်း အကျိုးပေးတာ။

သေသွားတဲ့အခါ နတ်ပြည်ရောက်သွားပြီး လာဇာ

စာမျက်နှာ-၅၃
နတ်သမီး သွားဖြစ်တယ်။ ပေါက်ပေါက်လေးတွေက သူ့ဗိမာန်မှာ အလှဆင်ထားတဲ့အနေနဲ့ ပေါ်လာကြတယ်။ ဪ အဲဒီလိုပုဂ္ဂိုလ်မျိုးတွေဟာ အလှူခံထိုက်လို့ ဒက္ခိဏေယျ လို့ခေါ်တယ်။ ကံကံ၏အကျိုးကို ယုံကြည်ပြီးတော့ လှူလိုက်တဲ့ အလှူရဲ့အကျိုးကို ပြည့်ပြည့်ဝဝ ဖြစ်ထွန်းစေနိုင်လို့ အလှူခံထိုက်တဲ့ ပုဂ္ဂိုလ်တွေလို့ ပြောတာ။

အေး တချို့ကျတော့ သီလ သမာဓိ ပညာ မပြည့်စုံသည့်အတွက်ကြောင့် သွားလှူလို့ရှိရင် ဘာဖြစ်လဲ၊ မြေညံ့ထဲမှာ အပင်စိုက်လိုက်ရသလိုပဲ။ ပေါက်တော့ပေါက်တယ်၊ လှီလှီလေး ဖြစ်နေတယ်။

အတော်နဲ့ အသီးမသီးဘူး၊ အတော်နဲ့ အပွင့်မပွင့်သေးဘူးပေါ့။ အဲဒီတော့ အဲဒါမျိုးလည်း ဖြစ်တတ်တယ်ပေါ့။

အခုလို အရိယာသူတော်စင် ပုဂ္ဂိုလ်တွေကျတော့ ဒက္ခိဏေယျ တကယ့်ကို အလှူခံထိုက်တဲ့ ပုဂ္ဂိုလ်၊ လှူလိုက်တဲ့အတိုင်းလည်း အကျိုးကျေးဇူးတွေကို ရနိုင်တယ်။ ဒါကြောင့်မိုလို့ ဒက္ခိဏေယျ မြတ်သောအလှူ၊ သို့မဟုတ် ရည်သန်တောင့်တပြီးတော့ လှူလိုက်တဲ့ အလှူမျိုးကိုခံထိုက်တဲ့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေလို့ ခေါ်တာ။

အဲဒီလိုအရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကို “ဧတေသု ဒိန္နာနိ မဟပ္ပလာနိ” ဒီပုဂ္ဂိုလ်တွေကို လှူလိုက်မယ်ဆိုလို့ရှိရင် လှူလိုက်တာကနည်းနည်း ရလိုက်တာက အများကြီး။ ဆိုပါစို့ တန်ဖိုးတွက်ကြည့်လိုက်မယ်ဆိုရင် ခုနက ပေါက်ပေါက်လေး တစ်ဆုပ်စာလေး

စာမျက်နှာ-၅၄
လောက် လှူလိုက်တာ ဘာတန်ဖိုးရှိမှာတုန်း။ ငွေကြေးဓနနဲ့ တွက်ကြည့်မယ်ဆိုရင် ပေါက်ပေါက်လေး တစ်ဆုပ်စာဟာ ဘာမှတန်ဖိုးမရှိဘူး။ သို့သော် သူရလိုက်တာက အများကြီးပဲ။ ဘုံဗိမာန်ကြီး ရလိုက်တယ်။ တာဝတိံသာနတ်ပြည် ရောက်သည့်အတွက်ကြောင့် နတ်သက်နဲ့ တစ်ထောင်၊ လူသက်နဲ့ဆိုရင် အများကြီးပဲ။ ဟော အဲဒီလောက် အင်မတန်ကြီးကျယ်တဲ့ စည်းစိမ်ဆိုတော့ မနှိုင်းယှဉ်လောက်အောင်၊ တစ်ချင်ရွေးလောက်၊ တစ်ပြားလောက် တန်တဲ့ ပေါက်ပေါက်လေး လှူလိုက်တာ ရလိုက်တာနည်းတာ မဟုတ်ဘူး အကျိုးတွေကို။

အဲဒါကိုပြောတာ “ဧတေသု ဒိန္နာနိ မဟပ္ပလာနိ” အဲဒီလိုပုဂ္ဂိုလ်တွေကို လှူလိုက်ရပြီဆိုရင် ထိုအလှူရဲ့အကျိုးဟာ အဆပေါင်းတစ်ထောင်၊ အဆပေါင်းတစ်သောင်း၊ အဆပေါင်းတစ်သိန်း၊ အဆပေါင်းကုဋေမကအောင် များတယ်လို့။

အရိယာသူတော်စင်တွေရဲ့ ဂုဏ်ရည်ကို မြတ်စွာဘုရားက ဟောတာ။ အရိယာဆိုတာ အဲဒီလိုပုဂ္ဂိုလ်တွေနော်။ ဒါကြောင့်မို့လို့ အရိယာပုဂ္ဂိုလ်တွေကိုတွေ့လို့ လက်အုပ်လေးတစ်ကြိမ် ချီလိုက်တာနဲ့ ရသွားတာတွေ အများကြီးပဲ။ ပန်းလေးတစ်ပွင့် လှူလိုက်တာနဲ့ (၉၁)ကမ္ဘာ အပါယ်မလားဘူး။ ဆွမ်းလေးတစ်ဇွန်း လောင်းလိုက်တာနဲ့ နတ်ပြည်ရောက်သွားတာတို့။ ဒီလိုအကျိုးကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်ကို “ဧတေသု ဒိန္နာနိ မဟပ္ပလာ” ကြီးစွာသော အကျိုးတရားတွေကို ရရှိစေတယ်။ ဒါဟာ အလွန်နှစ်သက်စရာကောင်းတဲ့ ဂုဏ်ရည်တစ်ခုပဲ။

စာမျက်နှာ-၅၅
“ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ” အရိယာသံဃာတွေမှာ အခုလို မွန်မြတ်နှစ်သက်ဖွယ်ကောင်းတဲ့ တန်ဖိုးရှိတဲ့ ရတနာမျိုးတွေ သူတို့သန္တာန်မှာ ရှိတယ်။ အလွန်မွန်မြတ်တဲ့ ရတနာပဲ။ အဲဒီလို ပါးစပ်ကနေ ထုတ်ဖေါ်ပြောလိုက်ရတဲ့ စကားဟာ ပြောတဲ့အတိုင်း မှန်တယ်။

“ဧတေန သစ္စေန သုဝတ္ထိ ဟောတု” ဒီမှန်ကန်သောစကားကို ဆိုရခြင်းကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။ မေတ္တာပို့တယ်။ သစ္စာဆိုပြီး မေတ္တာပို့တဲ့နည်းကို ပေးတာ။

အရိယာသူတော်ကောင်းတွေရဲ့ ဂုဏ်ရည်ကို ထုတ်ဖေါ်ပြောပြီးတော့ ဒီမှန်ကန်သောစကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေလို့ သစ္စာပြုတာ၊ အဲဒီသစ္စာရဲ့စွမ်းအားကြောင့် တခြားသတ္တဝါတွေလည်း ချမ်းသာသွားနိုင်တယ်။

ဝေသာလီပြည်ကြီးမှာ ကျရောက်နေတဲ့ ဘေးဆိုး ကပ်ဆိုး ရန်ဆိုးတွေကို ဒီနည်းနဲ့ မြတ်စွာဘုရားက ဖယ်ရှားပေးခဲ့တယ်။ မိမိတို့မှာ အခက်အခဲ ကြုံတိုင်းကြုံတိုင်း (သို့မဟုတ်) မပြေလည်မှုတွေ ကြုံတဲ့အခါမှာလည်း မိမိတို့သိထားတဲ့ ဘုရားတရားတော်တွေကို အာရုံပြု သစ္စာဆိုပြီး အခက်အခဲကနေ လွတ်အောင် ကြိုးစားသင့်တယ်ပေါ့။ ကြိုးစားလို့ အခက်အခဲမှ လွတ်သွားတဲ့ ပုဂ္ဂိုလ်တွေ၊ အကျိုးကျေးဇူး ခံစားရတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတာပဲ။ ဒါကြောင့် ဒီအချက်လေးကို မေ့မထားဖို့။ ကိုယ်ရထားတဲ့ ဒီရတနသုတ်ရဲ့ တန်ဖိုးဟာ အင်မတန်မှ ကြီးမားတယ်လို့ ဒီလိုမှတ်ရမယ်။

စာမျက်နှာ-၅၆
မြတ်စွာဘုရားက နောက်တစ်နည်း တစ်ခါဆက်ပြီးတော့ ပေးပြန်တယ်။ အဲဒါက ဘာတုန်းဆိုရင် -

“ယေ သုပ္ပယုတ္တာ မနသာ ဒဠှန၊ နိက္ကာမိနော ဂေါတမသာသနမှိ။
တေ ပတ္တိပတ္တာ အမတံ ဝိဂယှ၊ လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဉ္စမာနာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။”

ဒါက ရဟန္တာပုဂ္ဂိုလ်တွေကို ရည်စူးပြီး ပြောတဲ့စကား။ အာရုံပြုရမှာက ဘာကိုအာရုံပြုရမလဲဆိုရင် မြတ်စွာဘုရားက ဒီဂါထာမှာဟောတာ -

“ယေ သုပ္ပယုတ္တာ မနသာ ဒဠှန၊ နိက္ကာမိနော ဂေါတမသာသနမှိ”

ဂေါတမမြတ်စွာဘုရားရဲ့ သာသနာတော်မှာ “မနသာ ဒဠှန” တကယ့်ကို ခိုင်မာတဲ့စိတ်ဓာတ်နဲ့ “သုပ္ပယုတ္တာ” ကြိုးစားအားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ “နိက္ကာမိနော” သူတို့သန္တာန်မှာ ရှိတဲ့ ကိလေသာတွေကို ဖယ်ရှားပစ်နိုင်ကြတယ်။

ဟောဒီအချက်ကို သေချာစဉ်းစားကြည့်နော်။ မြတ်စွာဘုရားသာသနာတော်နဲ့ ဘုန်းကြီးတို့တစ်တွေ ကြုံနေကြတယ်။ အဲဒီလို ကြုံနေတဲ့အခါမှာ “မနသာ ဒဠှန” လို့ဆိုတဲ့ ခိုင်မာတဲ့စိတ်ဓာတ် ရှိဖို့လိုတယ်။ ခိုင်မာတဲ့စိတ်ဓာတ်ဆိုတာဟာ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်ပြီး မဖြစ်မနေ ကြိုးစားအားထုတ်မယ်ဆိုတဲ့

စာမျက်နှာ-၅၇
ခိုင်မာတဲ့ စိတ်ဓာတ်။ ဒီဘဝမှာပဲ မဂ်ဖိုလ်နိဗ္ဗာန်ရအောင် ကြိုးစား အားထုတ်မယ်ဆိုတဲ့ ခိုင်မာတဲ့စိတ်ဓာတ်။ အဲဒီခိုင်မာတဲ့ စိတ်ဓာတ်နဲ့ “သုပ္ပယုတ္တာ”ဆိုတာ စနစ်တကျ နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်လိုက်မယ်ဆိုရင် ဘာဖြစ်မလဲ “နိက္ကာမိနော” ကိုယ့်သန္တာန်မှာရှိတဲ့ လောဘကိုလည်း ထုတ်ပစ်နိုင်မယ်။ ဒေါသ ကိုလည်း ထုတ်ပစ်နိုင်မယ်။ မောဟကိုလည်း ထုတ်ပစ်နိုင်မယ်။ ကိုယ့်သန္တာန်မှာ လောဘ ဒေါသ မောဟတွေ ရှိနေတာကို ထုတ်ပစ်နိုင်သေးတာမှ မဟုတ်တာ လွယ်လွယ်ကူကူ ထုတ်မပစ် နိုင်ဘူး။ မထုတ်နိုင်တဲ့အပြင် မွေးတောင် မွေးထားသေးတယ်။ တချို့ကနော် “ငါကစိတ်တိုတတ်တယ် လာမပြောနဲ့” ဆိုပြီးတော့ စိတ်တိုတာများ ဂုဏ်ယူနေသေးတယ်။ မကောင်းတဲ့ အနေ အထားမှန်း သိနေပေမဲ့ ကောင်းသလိုလို ဖြစ်နေတယ်။ မာနကြီးတာ မကောင်းပေမယ့်လို့ ကောင်းသလို ထင်နေကြတယ်။ အဲဒီတော့ ကိုယ့်ရဲ့ စိတ်ထဲမှာ ဒီဆိုးညစ်နေတဲ့ သဘာဝတရားတွေ ရှိနေတယ်။

ဘုန်းကြီးတို့တစ်တွေဟာ အဝတ်မှာလည်း အညစ်အကြေးတွေ ပေလာလို့ရှိရင် အဲဒီအညစ်အကြေးတွေကို ဆပ်ပြာနဲ့ရေနဲ့ ဖွတ်လျှော်ပြီးတော့ စင်ကြယ်အောင်လုပ်ကြပေမယ်လို့ ကိုယ့်ရဲ့ စိတ်ထဲမှာ လောဘ ဒေါသ မောဟဆိုတဲ့ အညစ်အကြေးတွေ ရှိနေတဲ့အခါကျတော့ ဖွတ်ရမှန်း လျှော်ရမှန်းကိုမသိဘူး။ ဒါကြောင့်မို့လို့ စိတ်ရဲ့ အညစ်အကြေးတွေဟာ ခန္ဓာကိုယ်ထဲမှာ

စာမျက်နှာ-၅၈
ရှိနေတယ်။

ထိုအညစ်အကြေးတွေ ရှိနေသည့်အတွက်ကြောင့် လောဘဖြစ်စရာအာရုံနဲ့တွေ့ရင်လည်း လောဘဖြစ်လိုက် ပြန်တယ်။ စိတ်ဆိုးစရာနဲ့တွေ့ရင်လည်း စိတ်ဆိုးလိုက်ပြန်တယ်။ အာရုံတစ်ခုကို အမှန်မသိတဲ့ မောဟတွေ လည်းဖြစ်လိုက်ပြန်တယ်။ မာန်မာနတွေလည်း တက်လိုက်ကြပြန်တယ်။ ဒါတွေနဲ့ပဲ အချိန် ကုန်နေတယ်ဆိုတော့ စိတ်ရဲ့ အညစ်အကြေးတွေဟာ ဒီအတိုင်းပဲ ရှိနေတယ်။

အရိယာသူတော်စင်တွေကတော့ အဲဒီလို မဟုတ်ဘူး။ မြတ်စွာဘုရားသာသနာတော်ထဲမှာ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်တဲ့အခါ လောဘတွေကိုလည်း ထုတ်ပစ်နိုင်တယ်။ ဒေါသတွေ၊ မောဟတွေကိုလည်း ထုတ်ပစ်နိုင်တယ်။ ကိလေသာ အညစ်အကြေးတွေကိုလည်း ဆေးကြောပစ်နိုင်တယ် တကယ့်စင်ကြယ်တဲ့ပုဂ္ဂိုလ်တွေ ဘဝကို ရသွားကြတယ်။ ။

ရှင်သာရိပုတ္တရာတို့၊ ရှင်မောဂ္ဂလာန်တို့ ဒီပုဂ္ဂိုလ်တွေ နောက်ဆုံးမှာ ကမ္ဘာကျော်လူသတ်သမားကြီးဖြစ်တဲ့ အင်္ဂုလိမာလ တို့ကိုပဲကြည့်ဦး၊ အင်မတန် ဆိုးမိုက်နေတဲ့ ဘဝကြီးတစ်ခုလုံးကို ရပ်ဆိုင်းပစ်လိုက်ပြီး သူ့သန္တာန်မှာရှိတဲ့ လောဘတွေ ဒေါသတွေ မောဟတွေ၊ မာန်မာနတွေ အကုန်လုံးဆေးကြော စွန့်ပစ်နိုင်ခဲ့လို့ ရဟန္တာအရှင်မြတ်ကြီး ဖြစ်သွားရတယ်။ အဲဒါကိုပြောတာ၊ ရဟန္တာပုဂ္ဂိုလ်ဆိုတာ ကိုယ့်သန္တာန်မှာရှိတဲ့ ကိလေသာတွေကို

စာမျက်နှာ-၅၉
ထုတ်ပစ်လိုက်တာ။

ထုတ်ပစ်လိုက်တဲ့အခါကျတော့ ဘာဖြစ်လဲဆိုတော့ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ “တေ ပတ္တိ ပတ္တာ အမတံ ဝိဂယှ”၊ အမတံဆိုတာ မသေရာ အမြိုက်နိဗ္ဗာန်ကို အာရုံယူပြီးတဲ့အခါမှာ ရောက်သင့်ရောက်ထိုက်တဲ့ အဆင့်တွေကို ရောက်ရှိသွားကြတယ်ဆိုတာ အင်မတန် အဆင့်မြင့်တဲ့ တရားထူးတရားမြတ်တွေကို ရကြတယ်လို့ ဒီလိုပြောတာနော်။ ။

ရှင်အင်္ဂုလိမာလတို့ကြည့် ဆိုးမိုက်နေတဲ့ဘဝကြီး တစ်ခုကနေ တကယ့်ကို လုံးဝစင်ကြယ်ပြီး ရသင့်ရထိုက်တဲ့ တရားထူးတရားမြတ်ကို အဆုံးတိုင်အောင် ရရှိသွားကြတယ်။

အဲဒီလို ရရှိသွားသည့်အတွက်ကြောင့် ဘယ်လိုအကျိုးတွေ ခံစားရသလဲဆိုရင် “လဒ္ဓါ မုဓာ နိဗ္ဗတ် ဘုဉ္စမာနာ” မုဓာဆိုတာ အဲဒီလိုရသွားလို့ရှိရင် ရဟန္တာအရှင်မြတ်တွေဟာ ကိုယ်ရထားတဲ့ အရဟတ္တဖိုလ်ချမ်းသာကို ခံစားကြရတယ်၊ အရဟတ္တဖိုလ်ချမ်းသာကို ခံစားတယ်ဆိုတာ ဘယ်လိုခံစားတာလဲ၊ တွေးကြည့်ကြရ အောင်။

အခုဘုန်းကြီးတို့တစ်တွေ မျက်စိကမြင်တဲ့ အာရုံ၊ နားက ကြားတဲ့အာရုံ၊ အကောင်းလည်း ကြားရတာပဲ၊ မကောင်းလည်း ကြားရတာပဲ။ ကြားပြီးတဲ့နောက် လိုက်လို့ရှိရင် စိတ်ချမ်းသာစရာလည်း ရှိတာပဲ။ စိတ်မချမ်းသာစရာလည်း ရှိတာ ပဲ။ ထို့အတူပဲ နှာခေါင်းက အနံ့ရတာတို့၊ ခန္ဓာကိုယ်က ထိတွေ့ တာတို့။ လျှာက လျှက်ရတဲ့အာရုံ အပေါ်မှာ ကောင်းတာဆိုလို့

စာမျက်နှာ-၆၀
ရှိရင် လောဘတွေဖြစ်တယ်။ မကောင်းတာဆိုလို့ရှိရင် ဒေါသ ဖြစ်တယ်ဆိုတဲ့ အနေအထားမျိုးတွေနဲ့ သွားနေကြတယ်။ ဘာမှ မထိလို့ စိတ်ကတွေးနေလို့ရှိရင်လည်းပဲ အကောင်းအဆိုးနဲ့ ဒီလိုပဲ သွားနေကြတယ်။

ဪ ရဟန္တာပုဂ္ဂိုလ်တွေ အရဟတ္တဖိုလ် သမာပတ် ဝင်စားပြီဆိုလို့ရှိရင် အဲဒီ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ဆိုတာတွေနဲ့ ထိတွေ့တဲ့ အာရုံတွေကို စွန့်ပယ်လိုက်ပြီးတဲ့အခါမှာ ဝိပဿနာကျင့်စဉ်နဲ့ သင်္ခါရတရားတွေရဲ့ အပြစ်ကိုမြင်ပြီး နောက်ဆုံးမှာ နိဗ္ဗာန်ကိုအာရုံပြုနိုင်တဲ့ အရဟတ္တဖိုလ်စိတ် ပေါ်လာလိုက်တာနဲ့ တစ်ပြိုင်နက် သင်္ခါရတရားတွေလည်း ချုပ်ငြိမ်းနေတယ်။ ပူစရာ ပင်စရာဆိုတဲ့ ပူစေပင်စေတတ်တဲ့ ကိလေသာဆိုတာတွေလည်း တစ်ခုမှမရှိတဲ့ တကယ့်ကို အငြိမ်း ဓာတ်ကို ရရှိပြီးတော့ ခံစားနေကြတယ်။ အဲဒီအချိန်လေးဟာ ဘယ်လောက် ကောင်းမလဲဆိုတာ စဉ်းစားကြည့်။

လောကမှာ စိတ်ညစ်နေတဲ့ လူတစ်ယောက် အိပ်မောကျ သွားတဲ့ အချိန်ကလေးမှာ သူဘယ်လောက်ချမ်းသာမလဲဆိုတာ ကြည့်ပေါ့။ နိုးနေလို့ စိတ်ညစ်နေတတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အိပ်ပျော်သွားတဲ့ အချိန်လေးမှာ အားလုံးမေ့မသွားပေဘူးလား။ အေး ရဟန္တာပုဂ္ဂိုလ်တွေကျတော့ သမာပတ်ဝင်စားလိုက်ပြီ ဆိုလို့ရှိရင် စိတ်ရဲ့ ပူဆာညစ်နောက်နေတာတွေ တစ်ခုမှမရှိဘဲနဲ့ အငြိမ်းဓာတ်ကို ခံစားရတယ်။ အဲဒီလိုခံစားရတဲ့အခါမှာ အကုန်အကျ တစ်ပြားသားမှ မရှိဘူးတဲ့၊

စာမျက်နှာ-၆၁
ဒါကြောင့်မို့လို့ “လဒ္ဓါ မုဓာ” မုဓာ၊ အခကြေးငွေ အကုန်အကျ မရှိဘဲနဲ့ “လဒ္ဓါ” ဒီ တရားထူး တရားမြတ်ကို ရပြီးတော့ “နိဗ္ဗတ်” တကယ် စိတ်ရဲ့ငြိမ်းချမ်းမှု အရသာကို “ဘုဉ္စမာနာ” ခံစားကြရတယ်။

ဆက်စပ်ပြီးတော့ကြည့် ဘုန်းကြီးတို့ အင်မတန် အလှမ်းဝေးသေးတယ် ဟုတ်ကဲ့လား။ အဲဒီလို အငြိမ်းဓာတ်ကို ခံစားပြီးတော့ နေနိုင်သလားဆိုတော့ မနေနိုင်ဘူး။ ကိုယ့်စိတ် ကိုက အမြဲတန်း ပူလောင်နေတယ်နော်။ ။

ရဟန္တာပုဂ္ဂိုလ်တွေကျတော့ ဖလသမာပတ် ခံစား နေပြီ ဆိုလို့ရှိရင် စိတ်အာရုံဟာ နိဗ္ဗာန်မှာပဲ ရှိတယ်။ စိတ်က နိဗ္ဗာန်ကိုပဲ အာရုံပြုပြီးနေတော့ ဖြစ်ပျက်နေတဲ့ သင်္ခါရတရားတွေကလည်း ဝေးသွားတယ်။ အားလုံးမှာ စိတ်ဟာ အင်မတန်မှ ငြိမ်းပြီးတော့ နေတယ်။ အဲဒီလို ငြိမ်းနေတဲ့ အငြိမ်းဓာတ်လေးဟာ အကုန်အကျမရှိဘဲနဲ့ ရလာတာဖြစ်လို့ အင်မတန်မှငြိမ်းတဲ့ အငြိမ်းဓာတ်လေးပါတဲ့။ ။

ဖလသမာပတ် ဝင်စားပြီးနေကြတဲ့ ရဟန္တာပုဂ္ဂိုလ်တွေရဲ့ ဂုဏ်အရည်အသွေးကို မြတ်စွာဘုရားက ထုတ်ဖေါ်ပြီးတော့ ပြောတာ။ “ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ” ရဟန္တာပုဂ္ဂိုလ်လို့ဆိုတဲ့ အရိယာသံဃာမှာ နှစ်သက်စရာကောင်းတဲ့ ဒီအချက် ဒီဂုဏ်ရည်တွေရှိနေတယ်။ အဲဒီ မှန်သောစကားကို ဆိုရသောကြောင့် “ဧတေန သစ္စေန သုဝတ္ထိ ဟောတု” သတ္တဝါတွေ ချမ်းသာကြပါစေလို့ ဒီလို သစ္စာဆိုတာနော်။

စာမျက်နှာ-၆၂
အဲဒီလိုသစ္စာဆိုခြင်းဖြင့် ဘေးဆိုးကပ်ဆိုးတွေကနေ လွတ်မြောက်ပြီးတော့ သွားနိုင်တယ်။ တကယ့်အရိယာ သူတော် စဉ်တွေကို အာရုံပြုပြီးတော့ သစ္စာဆိုနည်းကို မြတ်စွာဘုရား ကဟောတာ။

နောက်တစ်ခု မြတ်စွာဘုရားက ဟောတယ်။ “ယထိန္ဓခီလော ပထဝိဿိတော သိယာ၊ စတုဋ္ဌိ ဝါတေဟိ အသမ္ပကမ္ပိယော။ တထူပမံ သပ္ပရိသံ ဝဒါမိ၊ ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။”

ရတနသုတ်ကို မရသေးရင်လည်း ရအောင် ကျက်ထားဖို့ လိုတယ်နော်။ ကျက်ပြီးတော့ အဓိပ္ပါယ်လေးတွေကို နားလည်ဖို့၊ နားလည်ပြီးတော့ နေ့စဉ်ရွတ်ပြီး သစ္စာဆိုနေမယ်ဆိုရင် ဘေးရန် အန္တရာယ်တွေက လွန်မြောက်နေမှာပါ။

“ယထိန္ဒခီလော ပထဝိဿိတော သိယာ၊ စတုဋ္ဌိ ဝါတေဟိ အသမ္ပကမ္ပိယော”

ဥပမာအနေနဲ့ပြောတာ။ ပထဝိဿိတောဆိုတာ မြေကြီး ထဲမှာတဲ့ အနက်ကြီး စိုက်ထားတယ်။ ရှေးတုန်းက ဒါလုပ်လေ့ ရှိတယ်။ မြို့တံခါးတွေမှာ တံခါးတိုင်ကြီးတွေကို အနက်ကြီးတူးပြီး စိုက်ထားတယ်။ မြို့တံခါးကို ဖွင့်ပြီဆိုလို့ရှိရင် ဆင်တွေနဲ့ တိုက်ပြီး ဖွင့်တယ်နော်။ ဆင်နဲ့ ဘယ်လိုပဲ တိုးဝှေ့တိုးဝှေ့ အနက်ကြီး

စာမျက်နှာ-၆၃
စိုက်ထားလို့ရှိရင် ဒီတိုင်ဟာ နှုတ်လို့မရဘူး။ အဲဒါကိုပြောတာ ပထဝိဿိတော။ မြေကြီးထဲမှာ နက်နက်စိုက်ထားတဲ့ အဲဒီ ဣန္ဒခီလ လို့ဆိုတဲ့ တံခါးတိုင်ကြီးဟာ “စတုဋ္ဌိ ဝါတေဟိ အသမ္ပကမ္ပိယော” အရပ်လေးမျက်နှာက အရှေ့ဘက်က တိုက်တိုက်၊ တောင်ဘက်က တိုက်တိုက်၊ မြောက်ဘက်က တိုက်တိုက်၊ အနောက်ဘက်က တိုက်တိုက်၊ အရပ်လေးမျက်နှာ ဘယ်လေတွေတိုက်တိုက် အဲဒီခိုင်ခိုင်ကြီး စိုက်ထားတဲ့ တံခါးတိုင်တွေဟာ လုံးဝမယိမ်းယိုင်ဘူးတဲ့။ ။

ဥပမာစကားအနေနဲ့ ပြောတာ အဲဒီတော့ ဣန္ဒခီလဆိုတာ နှစ်မျိုးရှိတယ်။ မြို့တံခါးတိုင်အနေနဲ့ စိုက်တာတစ်ခု။ မြို့အပြင်မှာ အလှအနေနဲ့ စိုက်တာတစ်ခုရှိတယ်။ အဲဒါကျတော့ အပေါ်မှာ ရှစ်တောင်မြင့်လို့ရှိရင် မြေကြီးထဲမှာလည်းရှစ်တောင် ရှိတယ်။ ၁၆-တောင်ရှိတယ်။ မြေကြီးထဲမှာလည်း ၈-တောင် အနက် အပေါ်မှာလည်းပဲ ၈-တောင် အမြင့်။ အဲဒီတော့ မြေဝင်က အင်မတန်မှ နက်တယ်ပေါ့။ အဲဒီလို အလှစိုက်ထားတဲ့ ဣန္ဒခီလဆိုတဲ့ ဒီတိုင်ငုတ်ကြီးတွေဟာလည်းပဲ ဘယ်လိုအား ကောင်းတဲ့ ဆင်ကြီးကနှုတ်နှုတ် မရနိုင်ဘူး။ ခိုင်မာတယ်လို့ ပြောတာ၊ လေလေးတိုက်ရုံနဲ့တော့ ဘယ်မှာရွေ့ နိုင်မလဲ။ ဒါ ဥပမာအနေနဲ့ မြတ်စွာဘုရားက ဟောထားတာ။ အဲဒီ မြေကြီးထဲမှာ ခိုင်ခိုင်စိုက်ထားတဲ့ တံခါးတိုင်ကြီးဟာ အရပ် လေးမျက်နှာက ပြင်းပြင်းထန်ထန် မုန်တိုင်းတွေ လာသော် လည်းပဲ ထိုတံခါးတိုင်ကြီးတွေဟာ လှုပ်ရှားယိမ်းယိုင်ခြင်းမရှိသလို

စာမျက်နှာ-၆၄
သူတော်ကောင်းတွေရဲ့ စိတ်ဓာတ်ဟာလည်း အဲဒီလောက် ခိုင်မာတယ်။ “တထူပမံ သပ္ပရိသံ ဝဒါမိ၊ ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ”

မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ အရိယာအဖြစ်ကို ပြုတတ်တဲ့ ဒုက္ခ သမုဒယ နိရောဓ မဂ္ဂ လို့ဆိုတဲ့ ဒီသစ္စာလေးပါးကို အသိဉာဏ်နဲ့ သိပြီးဖြစ်တဲ့ သောတာပန်ပုဂ္ဂိုလ်ကို အဓိက ရည်ရွယ်ပြီး ပြောတာ။ သစ္စာလေးပါးကို အသိဉာဏ်နဲ့ ပိုင်ပိုင် နိုင်နိုင် သိထားပြီးဖြစ်တဲ့ သောတာပန်ပုဂ္ဂိုလ်ဟာ စိတ်ဓာတ် ခိုင်မာသွားပြီး ယိမ်းယိုင်ခြင်း မရှိဘူး။ ပုထုဇဉ်တွေကျတော့ မခိုင်မာဘူးနော်။ ဟိုလူက လာဆွဲလိုက်ရင် ဟုတ်နိုးနိုးနဲ့ ပါသွားတယ်။ ဒီလူက လာဆွဲလိုက်ရင် ဟုတ်နိုးနိုးနဲ့ ပါသွားတယ်။

ဒီကနေ့ခေတ်မှာ ရှိတယ်။ ဗုဒ္ဓဘာသာလို့ အမည်ခံထား ပေမယ်လို့ ဆားလေးတစ်ထုပ်နဲ့လည်း ဒိပြင်ဘာသာ ကူးသွားတာ ရှိတယ်။ ပိုက်ဆံလေးတစ်သောင်း၊ နှစ်သောင်း ပေးလိုက်တာ နဲ့လည်း ဘာသာကူးသွားတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ မခိုင်မာဘူးဆိုတာပြောတာ။ ယုံကြည်ချက်က အဲဒီလို မခိုင်မာတာဟာ မြန်မာလူမျိုးတွေထဲမှာကို ရှိတယ်။ စီးပွားရေးဖြစ်စေ၊ ဘာဖြစ်စေ တစ်ခုခုဆိုရင် ဘာသာပြောင်းသွားတာ။ ခိုင်မာမှု မရှိဘူး။ အေး ဘာမှ အကြီးအကျယ် ပေးစရာတောင် မလိုဘူးနော်။ အစက တည်းက “မဆွတ်ခင်က ညွတ်ချင်တယ်”ဆိုတာလိုပဲ လွယ်လွယ် ကလေးနဲ့ ဘာသာကူးပြောင်း သွားကြတာတွေရှိတယ်။ အဲဒါ

စာမျက်နှာ-၆၅
တွေကခိုင်မာမှု မရှိလို့ ဒီလိုဖြစ်ရတာ။ ခုနကလို တံခါးတိုင်ကြီးဟာ မြေကြီးထဲမှာ ခိုင်ခိုင်မာမာ စိုက်ထားပြီ ဆိုလို့ရှိရင် ဆင်ကြီးတစ်ကောင်ရဲ့ နှာမောင်းနဲ့ပတ်ပြီး ဆွဲနှုတ်တောင်မှ ဒီတိုင်ဟာကျွတ်မှာ မဟုတ်ဘူး။ အရိယာပုဂ္ဂိုလ် တွေရဲ့ စိတ်ဓာတ်ဟာလည်း အဲဒီလိုခိုင်မာသွားပြီး ပုထုဇဉ်တွေရဲ့ စိတ်ဓာတ်ကျတော့ မခိုင်မာဘူးတဲ့၊ ယိမ်းယိုင်တယ်။ ဟိုဘာသာရေး ဆရာက လာပြီးတော့ ဟိုဘာသာကောင်းတယ်ဆိုရင် ပါသွားပြန် ပြီ။ ဒီဘာသာရေးသမားက ကောင်းတယ်ဆိုရင် ပါသွားပြန်ပြီ။

တောင်တန်းဒေသတွေမှာ သွားကြည့်လို့ရှိရင် ဆားလေးတစ်ထုပ် နဲ့လည်း ဘာသာပြောင်းသွားတယ်။ ထမင်းလေးတစ်နပ်နဲ့လည်း ဘာသာပြောင်းသွားတာတွေ အများကြီးရှိတယ်ပေါ့၊ အဲဒါ ဘာကို ပြသလဲဆိုရင် အသိဉာဏ်အနေနဲ့ ခိုင်မာမှု မရှိဘူးဆိုတာကို ပြောတာ။

သောတာပန်ဖြစ်သွားတဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်လောက် အင်အားကောင်းတာတွေနဲ့ သွေးဆောင်ဖျားယောင်းပေမယ့် သောတာပန်ပုဂ္ဂိုလ်တွေရဲ့ စိတ်ဟာ ခိုင်မာသွားပြီ။ ကြည့်လေ သုရမ္မဋ္ဌဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မြတ်စွာဘုရားက သူ့ကို တရားဟောတယ်။ ဘုရားတရားနာရင်း သောတာပန်ဖြစ်သွားတယ်။ “ယော အရိယ သစ္စာ အဝေစ္စ ပဿတိ” သစ္စာလေးပါး သိသွားတယ်။ သောတာပန် ဖြစ်သွားတယ်။ သစ္စာလေးပါးကို သိသွားပြီး သောတာပန် ဖြစ်သွားတဲ့ပုဂ္ဂိုလ်၊ မြတ်စွာဘုရားလည်း သူ့အိမ်ကနေ ပြန်ကြွသွားတယ်။

စာမျက်နှာ-၆၆
မကြာခင်ပဲ မြတ်စွာဘုရားရဲ့သဏ္ဍာန် မာရ်နတ်ကဖန်ဆင်း ပြီးတော့ သူ့အိမ်ကို ရောက်လာတယ်။ အဲဒီဇာတ်လမ်းလေး ရှိတယ်။ ဘုရားက တရားဟောပြီး ပြန်ကြွသွားတယ်။ တစ်ခါ ဘုရားက အိမ်ကိုပြန်ကြွလာတဲ့ပုံစံ လုပ်တာပေါ့။ အိမ်ပေါ် ရောက်တော့ ဘုရားပြန်ကြွလာတယ်၊ ဘုရားကြွလာတယ် ဆိုတော့ “ဟာ အခုတင်ပဲ တရားဟောပြီးပြန်ကြွသွားတာ၊ ဘုရား ဘာဖြစ်လို့ ပြန်ကြွလာသလဲ” ဆိုတော့ အဲဒီမှာ ဘုရားယောင် ဆောင်ထားတဲ့ မာရ်နတ်က ပြောတယ်။ “သုရမ္မဋ္ဌ ရေငါ ခုနက ဟောထားခဲ့တဲ့ တရားမှားနေလို့ ငါအခု ပြင်ဟောချင်လို့ လာခဲ့တယ်”လို့ ပြောတယ်။ “ငါက အနိစ္စလို့ပြောခဲ့တယ်၊ တကယ်က တော့ အနိစ္စ မဟုတ်ဘူး နိစ္စ၊ ဒုက္ခလို့ ဟောခဲ့တာလည်း ဒုက္ခ မဟုတ်ဘူး သုခ၊ ဒါကို ပြန်ပြီးတော့ ပြောချင်လို့ လာတယ်” ဒီနေရာမှာ သာမန်ပုဂ္ဂိုလ်ဆိုရင်တော့ ဘုရားကိုယ်တိုင် လာပြော နေတယ်လို့ သူ့စိတ်ထဲမှာ သိရှိပြီး ယိမ်းယိုင်သွားမှာပဲ။ သော် သောတာပန်ပုဂ္ဂိုလ် ဖြစ်နေသည့်အတွက်ကြောင့် ခပ်တင်းတင်းပဲ မေးလိုက်တယ်။ “ဘုရားဆိုတာ ဒီလို ဗလောင်းဗလဲ မပြောတတ်ဘူး။ အဲဒီတော့ ငါ့ဆီလာပြောနေတာ သင်ဘယ်သူလဲ” လို့ မေးလိုက်တယ်။ အဲဒီတော့ မာရ်နတ်ကြီး ဖြစ်နေတာပေါ့၊ မာရ်နတ်က ဘုရားယောင်ဆောင်ပြီးတော့ သုရမ္မဋ္ဌကိုလာပြီးတော့ ဘုရားဟောသွားတဲ့တရားတွေ ယုံကြည်လက်ခံတာကို သူက ယုံကြည်လက်ခံမှု မရှိအောင် ဘာသာပြောင်းအောင် လာကြိုးစားတယ်ပေါ့။ အဲဒါ လုံးဝလက်မခံဘူး။ သုရမ္မဋ္ဌက

စာမျက်နှာ-၆၇
ဘာပြောလိုက်လဲဆိုရင် “မာရ်နတ် သင်လို တစ်ယောက်ကနေ လာပြီး ငါ့ကို ဒီလိုပြောတာ မဆိုနဲ့၊ မာရ်နတ်ပေါင်း ရာထောင် လာပြောတောင်မှ ငါ့စိတ်ဟာ တုန်လှုပ်မှာ မဟုတ်တော့ဘူး။ ငါဟာ ခိုင်မြဲသွားတဲ့ပုဂ္ဂိုလ်ဖြစ်ပြီ”လို့ ပြောလိုက်တယ်။

အရိယာဖြစ်သွားပြီ ဆိုလို့ရှိရင် ဘာသာတရား တစ်ခု အပေါ်မှာ အဲဒီလို ခိုင်မာသွားပြီ။ အဲဒီလို ခိုင်မာတဲ့ အနေအထားဟာ ပုထုဇဉ်တွေမှာ မရှိဘူးတဲ့။ အပြောကောင်းရင် ပါသွားဦး မှာပဲ။ ပစ္စည်းပေးရင်လည်း ပါသွားဦးမှာပဲ။ ဒါကြောင့်မို့ သောတာပန်ပုဂ္ဂိုလ်ရဲ့ အရည်အသွေးဟာ ခိုင်မာသွားပြီလို့ ဒီလို ပြောတာနော်။ သဒ္ဓါတရားဟာ ခိုင်မြဲသွားပြီ။ အဲဒီခိုင်မြဲသွားတဲ့ နှစ်သက်စရာ ရတနာဟာ အင်မတန်မှ တန်ဖိုးရှိလှပါတယ်။ ဒီမှန်သောသစ္စာစကားကို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ။ သောတာပန်ပုဂ္ဂိုလ်ရဲ့ အရည်အသွေးကို အာရုံပြုပြီးတော့ သစ္စာဆိုတဲ့စကား။

မြတ်စွာဘုရားရဲ့ ဒီဟောကြားချက်ကိုလည်းပဲ စကြာဝဠာ ကုဋေတစ်သိန်းမှာရှိတဲ့ နတ်တွေက လက်ခံထားပြီးပြီး၊ ဒါကြောင့်မို့ လို့ ဒီဂါထာကို ရွတ်ဆိုလိုက်တာနဲ့ တစ်ပြိုင်နက်၊ ဒီသစ္စာစကားကို ဆိုလိုက်တာနဲ့ တစ်ပြိုင်နက်၊ စကြာဝဠာကုဋေတစ်သိန်းမှာရှိတဲ့ နတ်တွေအကုန်သိတယ်။ လူတွေအနေနဲ့သာ ဘုရားပရိနိဗ္ဗာန် စံသွားတာ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်တာ၊ တာဝတိံသာက နတ်တွေအနေနဲ့ဆို ၂၅-ရက်လောက်သာ ရှိသေးတယ်။ လတောင် မရှိသေးဘူး။ အဲဒီတော့ ဘုရားကို အနီးကပ် အမှတ်ရ

စာမျက်နှာ-၆၈
နေတုန်း ရှိသေးတယ်။

အေး ကောင်းပြီ နောက်တစ်ခုကို မြတ်စွာဘုရားက ထပ်ပြီးတော့ ဟောပြန်တယ်။ အရိယာပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး

“ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ၊ ဂမ္ဘီရပညန သုဒေသိတာနိ၊ ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊ န တေ ဘဝံ အဋ္ဌမ မာဒိယန္တိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု”

သောတာပန်က (၃)မျိုး ရှိတယ်။ ဧကဗီဇီဆိုတာ ပဋိသန္ဓေမျိုးစေ့ တစ်ခုပဲ ရှိတယ်။ နောက်ထပ် တစ်ဘဝပဲကျန်တယ်။ တစ်ဘဝပြီးရင် နိဗ္ဗာန်ရောက်မယ်။ အဲဒီသောတာပန်က တစ်မျိုး။ ကောလံကောလ သောတာပန်ဆိုတာ အနည်းဆုံး (၂)ဘဝက နေပြီးတော့ (၆)ဘဝထိအောင် ဘဝတစ်ခုကနေ ဘဝတစ်ခု ကူးပြီးတော့မှ နိဗ္ဗာန်ဝင်စံမယ့်ပုဂ္ဂိုလ် နောက် သတ္တက္ခတ္တုပရမ သောတာပန်ဆိုတာ ဘဝမှာအလွန်ဆုံး(၇)ကြိမ် ထိအောင် ဖြစ်ပြီးတဲ့နောက်မှ နိဗ္ဗာန်ရောက်မယ့် ပုဂ္ဂိုလ် အဲဒီတော့ ဒီနေရာမှာ သတ္တက္ခတ္တုပရမ သောတာပန်၊ သူ့ဘဝဟာ အလွန်ဆုံး (၇)ဘဝ ရှိမယ်။ . .။

သောတာပန်ပုဂ္ဂိုလ်ရဲ့ အရည်အသွေးတွေနဲ့ ပတ်သက်ပြီး တော့ မြတ်စွာဘုရား ဒီဂါထာမှာဟောတာ။

စာမျက်နှာ-၆၉
“ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ၊
ဂမ္ဘီရပညန သုဒေသိတာနိ။”

ဂမ္ဘီရပညဆိုတာ မြတ်စွာဘုရားကိုပြောတာ။ ဂမ္ဘီရပညဆိုတာ အလွန်လေးနက်တဲ့ အသိဉာဏ်ရှိတဲ့ မြတ်စွာဘုရား။ မြတ်စွာဘုရားရဲ့ဉာဏ်က သာမန်အပေါ်ယံ ဉာဏ်မျိုးမဟုတ်ဘူး။ အလေးအနက် နက်နက်နဲနဲ ထိုးထွင်းသိနိုင်တဲ့ဉာဏ်မျိုး ဖြစ်လို့ ဂမ္ဘီရပညာ လို့ပြောတာနော်။ လေးနက်တဲ့ အသိဉာဏ်ရှိတဲ့ မြတ်စွာဘုရားက “သုဒေသိတာ” ကောင်းစွာဟောကြားအပ်တဲ့ “အရိယသစ္စာနိ” အရိယာသစ္စာတို့ကို “ဝိဘာဝယန္တိ” ထင်ထင် ရှားရှား သိအောင်၊ မိမိသန္တာန်မှာ ထင်ရှားလာအောင်၊ တည်ရှိ အောင် ကြိုးစားထားကြတယ်။

မြတ်စွာဘုရား ဟောကြားထားတဲ့ သစ္စာတရားတွေ မိမိ သန္တာန်မှာ ထင်ထင်ရှားရှား မျက်မှောက်ပြုထားတယ်လို့ ဒီလို ပြောတာနော်။ သစ္စာလေးပါးကို ပိုင်ပိုင်နိုင်နိုင် သိထားပြီလို့ ဆိုတယ်။ အဲဒီ သစ္စာလေးပါးကို ပိုင်ပိုင်နိုင်နိုင် သိထားတဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲလို့ဆိုလို့ရှိရင် သောတာပန်ပုဂ္ဂိုလ်ပဲ၊

ပုထုဇဉ်တွေက သုတမယဉာဏ် နဲ့တော့ သိကောင်း သိလိမ့်မယ်နော်။ ဘာဝနာမယဉာဏ်နဲ့ သစ္စာလေးပါးကို ပိုင်ပိုင် နိုင်နိုင်သိတာ မဟုတ်သေးဘူး။

အဲဒီလို သိထားတဲ့ သောတာပန် ပုဂ္ဂိုလ်တစ်ဦးဟာ “ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ” သံသရာထဲမှာ သားတွေ၊ သမီးတွေ၊ စီးပွားဥစ္စာတွေနဲ့ အလွန့်အလွန် ပျော်နေစေဦးတော့။ “န တေ ဘဝံ အဋ္ဌမ မာဒိယန္တိ” (၈)ဘဝကို သူတို့ဘယ်တော့မှ

စာမျက်နှာ-၇၀
မယူဘူးတဲ့။ (၈)ခုမြောက်ပဋိသန္ဓေ ဘယ်တော့မှ မယူဘူးဆိုတော့ (၇)ဘဝတင်ပဲ စခန်းသိမ်းလိမ့်မယ်ပေါ့။ (၈)ခုမြောက်ဘဝမှာ ပဋိသန္ဓေ မနေတော့ဘူး။ (၇)ဘဝနဲ့ပဲ ဘဝကို အဆုံးသတ်မယ့် ပုဂ္ဂိုလ်တွေ။ ဘယ်လောက်ပျော်နေနေ (၇)ဘဝထက် မကျော် တော့ဘူး၊ ဒါပြောတာနော်။ ။ အဲဒါလည်းပဲ ထူးခြားတဲ့ အရည်အသွေးတစ်ခုပဲ။ သောတာပန်ပုဂ္ဂိုလ်တွေရဲ့ ဘဝဟာ ကန့်သတ်ပြီးသား ဖြစ်သွားတယ်။ ဘဝကို ဘုန်းကြီးတို့တစ်တွေကသာ အကောင်းထင်တာကိုး၊ မြတ်စွာဘုရားကတော့ ဘဝကို အမြဲတမ်းရှုတ်ချတယ်။ ဘဝကို အကောင်းလို့ မတွေးဘူး။ မြတ်စွာဘုရား ဥပမာပေးထားပြီး ဟောတယ်နော်။ မစင်အညစ်အကြေးဟာ များမှ နံတာမဟုတ်ဘူး။ နည်းနည်းလေးလည်း နံတာပဲ။ အနံ့ဆိုးတာခြင်း အတူတူပဲ။ ဘဝဟာလည်းပဲ ရှည်လျားတဲ့ ဘဝမှ မကောင်းတာ မဟုတ်ဘူး။ တိုတဲ့ဘဝလည်း မကောင်းဘူး။ ဘုန်းကြီးတို့က ဘဝကို အကောင်းထင်နေပေမယ်လို့ ဘဝတစ်ခုရထားတဲ့ပုဂ္ဂိုလ် ဘာတွေဖြစ်မလဲ။ တဖြည်းဖြည်း အိုလာတယ်၊ နာရတယ်၊ သေရတယ်။ အဲဒါတွေနဲ့ပဲ အဆုံးသတ် မှာ မဟုတ်လား။ ဘယ်သူ့ဘဝပဲဖြစ်ဖြစ် အိုခြင်း၊ နာခြင်း၊ သေခြင်း ကနေ ကျော်လွှားသွားလို့ ရမလား၊ (မရပါဘူးဘုရား) နောက်ဆုံး သေခြင်းနဲ့ အဆုံးသတ်မယ့်ဘဝဆိုတော့ ဘယ်ဘဝမှ ကောင်းတဲ့ ဘဝ မရှိဘူးနော်။

စာမျက်နှာ-၇၁
အဲဒါကြောင့် ဘဝဟာ သာမန်အားဖြင့် စဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင် ဘယ်ဘဝမှ အဆုံးသတ်ကောင်းတာ မရှိဘူး။ ဘဝမှာ ရလိုက်တဲ့ ကုသိုလ်တို့ ဘာတို့သာလျှင် အမြတ်ပဲ။ ဘဝဆိုတာကတော့ ဘယ်တော့မှ ကောင်းတာ မရှိဘူးတဲ့။

သူတော်စင်တွေ သောတာပန်ပုဂ္ဂိုလ် ဖြစ်သွားပြီဆိုရင် (၈) ခုမြောက်ဘဝကို သူတို့ မရယူတော့ဘူး၊ အလွန့်ကို သံသရာထဲ ပျော်ဦးတော့ (၈) ခုမြောက်ဘဝထိ သူတို့ မနေတော့ဘူး၊ (၇) ဘဝဟာ အလွန်ဆုံးပဲလို့ ဒီလိုဆိုလိုတာ။ အဲဒါကိုက သူတို့ရဲ့ ထူးခြားချက်ပဲတဲ့။ အဲဒီထူးခြားချက်ဟာ အင်မတန်မွန်မြတ်တဲ့ ရတနာတစ်မျိုး ဖြစ်တယ်။

“ဧတေန သစ္စေန သုဝတ္ထိ ဟောတု” ဒီမှန်ကန်တဲ့ စကားကို ဆိုရလို့ သတ္တဝါတွေ ချမ်းသာကြပါစေ။

သောတာပန်ပုဂ္ဂိုလ်ရဲ့ ဂုဏ်ရည်ကို မျှော်မှန်းပြီးတော့ သစ္စာစကားအနေနဲ့ ဒီဂါထာကဆိုတာနော်။ ဒီဂါထာလေးကို ရွတ်တိုင်းရွတ်တိုင်း သောတာပန်ပုဂ္ဂိုလ်ရဲ့ အရည်အသွေးတွေကို သဘောပေါက်ကြဖို့ လိုအပ်တယ်။

“လေးနက်တဲ့ ဉာဏ်ရှင်ဖြစ်တော်မူတဲ့ မြတ်စွာဘုရား ဟောကြားထားတဲ့ သစ္စာတရားတွေ မိမိသန္တာန်မှာ ထင်ရှားသိလာအောင် ကြိုးစားအားထုတ်ပြီးသား ပုဂ္ဂိုလ်တွေဟာ ဘယ်လိုပဲ ဘဝသံသရာထဲမှာ မေ့မောပျော်ပါးနေကာစေမူ (၈) ခုမြောက် ဘဝထိအောင် ဘယ်တော့မှ သံသရာထဲမှာ မနေကြပါဘူး။ ဒါဟာ သောတာပန်ပုဂ္ဂိုလ်ရဲ့ အရည်အသွေးတစ်ခုပဲ။ ဤမှန်သော စကားကို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေ” ဒီလိုဆိုတယ်။

စာမျက်နှာ-၇၂
နောက်တစ်ခါ သောတာပန်ပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီးတော့ အရည်အချင်းတစ်ခုကို ပြောဦးမယ်။

“ဒဿနသမ္ပဒါယ၊ တယဿ ဓမ္မာ ဇဟိတာ ဘဝန္တိ။ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ၊ သီလဗ္ဗတံ ဝါ ပိ ယဒတ္ထိ ကိဉ္စိ၊ စတူဟပါယေဟိ စ ဝိပ္ပမုတ္တော၊ ဆစ္စာဘိဌာနာနိ အဘဗ္ဗ ကာတုံ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု” ဒီဂုဏ်ရည်ကိုလည်းပဲ စဉ်းစားပြီးတော့ကြည့်။ ဒဿနသမ္ပဒါဆိုတာ ဘာပြောတာတုန်းလို့ဆိုရင် သောတာပတ္တိမဂ်ဉာဏ်အမြင်နဲ့ ပြည့်စုံသွားတာ။ ဒဿနဆိုတာ နိဗ္ဗာန်ကို မြင်တာကိုပြောတာ။ နိဗ္ဗာန်ဆိုတာ ဒီအတိုင်း မြင်လို့ မရဘူးနော်၊ နိဗ္ဗာန်ကိုမြင်ချင်လို့ရှိရင် ဝိပဿနာကျင့်စဉ်ကို ကျင့်။ သင်္ခါရတရားတွေရဲ့ ကုန်ရာဆုံးရာ ချုပ်ရာ နိဗ္ဗာန်ကိုမြင်ဖို့ဆိုတာ သင်္ခါရတရားတွေရဲ့ အပြစ်ကိုမြင်ပြီးတော့မှ သင်္ခါရတရားတွေကို မုန်းပြီးတော့မှ သင်္ခါရတွေ ဆုံးသွားတဲ့ နိဗ္ဗာန်ကို မြင်တာနော်။ သောတာပတ္တိမဂ်ဉာဏ်ရမှ နိဗ္ဗာန်ကို မြင်နိုင်တယ်။

“ဒဿနသမ္ပဒါ” လို့ဆိုတဲ့ သောတာပတ္တိမဂ်ဉာဏ် ရလိုက်

စာမျက်နှာ-၇၃
တာနဲ့ တစ်ပြိုင်နက် အဲဒီပုဂ္ဂိုလ်မှာ ဘာတွေဖယ်ရှားလိုက်နိုင်သလဲဆိုရင် “တယဿ ဓမ္မာ ဇဟိတာ ဘဝန္တိ” သောတာပတ္တိမဂ် ရလိုက်တာနဲ့တပြိုင်နက် နိဗ္ဗာန်ကို ပထမဆုံးမြင်တယ်၊ (သို့မဟုတ်) သစ္စာလေးပါးကို ပထမဆုံးမြင်တယ်၊ သောတာပတ္တိမဂ်ဉာဏ်လေး ရလိုက်တာနဲ့ တစ်ပြိုင်နက် သံသရာကပါလာတဲ့ တရားဆိုး (၃) မျိုးကို ဖယ်ရှားပြီးသားဖြစ်တယ်။

အဲဒါကဘာလဲဆိုရင် သက္ကာယဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိဆိုတာ တကယ်ရှိတဲ့ ခန္ဓာငါးပါးအပေါ် “မရှိတဲ့အတ္တနဲ့ အတ္တရဲ့ပိုင်ဆိုင်မှု” ဆိုတာတွေကို ယူစွဲတာ၊ မှားယွင်းတဲ့ အမြင်တွေပေါ့။ တကယ်ရှိတာက ခန္ဓာငါးပါး၊ ခန္ဓာငါးပါးကို အတ္တလို့ထင်နေတဲ့အထင်၊ အတ္တဆိုတာက မရှိဘူး။ အဲဒီမရှိတဲ့ အထင်တွေ လွှမ်းမိုးခံနေတဲ့ အမြင်ဟာ သက္ကာယဒိဋ္ဌိ အမြင်ပဲပေါ့။ အဲဒီ သက္ကာယဒိဋ္ဌိ အမြင်ကိုလည်းပဲ ဖယ်ရှားပစ်နိုင်တယ်။

နောက် ဝိစိကိစ္ဆာ၊ ဘုရားတရားသံဃာရဲ့ ဂုဏ်ကျေးဇူးတွေ၊ မိမိကျင့်နေတဲ့ အကျင့်တရားတွေ (သို့မဟုတ်) မိမိဘဝနဲ့ ပတ်သက်ပြီးတော့ အတိတ်တုန်းက ငါဖြစ်ခဲ့သလား၊ နောင် ငါဖြစ်ဦးမှာလား စတဲ့တွေးတောယုံမှားမှုတွေ။ အဲဒီယုံမှားနေတဲ့ ဝိစိကိစ္ဆာတရားကိုလည်း ဖယ်ရှားပစ်နိုင်တယ်တဲ့။

“သီလဗ္ဗတံ ဝါ ပိ ယဒတ္ထိ ကိဉ္စိ” သီလဆိုတာ တိရစ္ဆာန်တစ်ကောင်ရဲ့ အလေ့အထကို “သီလ” လို့ ဒီနေရာမှာ ဆိုလိုတာ။ ဆိုပါစို့၊ ခွေးဆိုရင် ခွေးအလေ့အထ၊ နွားဆိုရင် နွားရဲ့အလေ့အထ၊ ခွေးနွားဆိုတာ လူတွေနဲ့အင်မတန် နီးစပ်တယ်လေ။

စာမျက်နှာ-၇၄
လူတွေအားလုံးဟာ ခွေးနဲ့နွားတော့ သိနေကြတာပဲ။ အဲဒီတော့ နွားတစ်ကောင်ရဲ့ အလေ့အထ ဘယ်လိုရှိတုန်း၊ ပြောစရာတောင် မလိုဘူးနော်၊ နွားက လေးဘက်ထောက်သွားတယ်၊ ရေဘယ်လိုသောက်တယ်၊ အစာဘယ်လိုစားတယ်ဆိုတာ အားလုံးသိတယ်။ သူ့ရဲ့အလေ့အထတွေကို “သီလ” လို့ ခေါ်တယ်။

အဲဒီနွားရဲ့ အလေ့အထအတိုင်း လိုက်လုပ်ဖို့ ခံယူတဲ့ အကျင့်ကို “ဝတ” လို့ခေါ်တယ်။ ခွေးတစ်ကောင်ရဲ့ အပြုအမူက “သီလ”၊ ခွေးတစ်ကောင်ရဲ့ အပြုအမူအတိုင်း လိုက်ပြီးတော့ လုပ်ဖို့ စိတ်ဆောက်တည်တာက “ဝတ”။

ဘာဖြစ်လို့ အဲဒီလိုလုပ်သတုန်းဆိုရင် ခွေးကျင့် နွားကျင့် ကျင့်လို့ရှိရင် ကိလေသာတွေ၊ ကံဟောင်းတွေ ဖယ်ရှားပစ်နိုင်တယ်ဆိုတဲ့ ယုံကြည်တယ်၊ သံသရာဝဋ်ကနေ လွတ်နိုင်တယ်ဆိုတဲ့ မှားယွင်းတဲ့ ယုံကြည်ချက်ကို “သီလဗ္ဗတပရာမာသ ဒိဋ္ဌိ” လို့ခေါ်တာပေါ့။ ဪ သောတာပန် ဖြစ်သွားလို့ရှိရင် ဟောဒီတရား (၃) မျိုး လုံးဝဖယ်ရှားပစ်လိုက်ပြီ။

ခန္ဓာငါးပါးပေါ်မှာ မှားနေတဲ့အတ္တဆိုတဲ့ အတွေးလည်း ဖယ်ရှားနိုင်တယ်။ သံသယဆိုတာလည်း ဖယ်ရှားနိုင်တယ်။ ခွေးကျင့်၊ နွားကျင့်ဆိုတဲ့ မှားယွင်းတဲ့ အကျင့်တွေအပေါ်မှာ မှားယွင်းစွာ သုံးသပ်မှုဆိုတာလည်း သူ့သန္တာန်မှာ မရှိတော့ဘူး။

ဒါတင်မကဘူး “ယဒတ္ထိ ကိဉ္စိ” အပါယ်ကျစေနိုင်လောက်တဲ့ လောဘ သူ့မှာမရှိဘူး၊ အပါယ်ကျစေနိုင်လောက်တဲ့ ဒေါသ သူ့မှာမရှိဘူး၊ အပါယ်ကျစေနိုင်လောက်တဲ့ မောဟ သူ့မှာမရှိ

စာမျက်နှာ-၇၅
တော့ဘူး။ ဒီလိုဆိုတာ “ယဒတ္ထိ ကိဉ္စိ” ဆိုတာ၊ ကျန်တဲ့ကိလေသာတွေလည်း အများကြီး လျော့ပါးသွားတယ်လို့ ပြောတာ။

ဒါသောတာပန်၊ သောတာပတ္တိမဂ်ဉာဏ်ကလေးရဲ့ တန်ဖိုးဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာ စဉ်းစားကြည့်ပေါ့နော်။ သူ့ရဲ့တန်ဖိုး အင်မတန်ကြီးမားသည့်အတွက်ကြောင့် အခုလို သံသရာက ပါလာတဲ့ စိတ်ရဲ့အညစ်အကြေးတွေ ဖယ်ရှားပစ်လိုက်နိုင်တယ်ဆိုတာ စွမ်းအားသတ္တိ အင်မတန်ကြီးတယ်လို့ ဒီလိုပြောရမှာပေါ့။

အဲဒီတရားတွေ ဖယ်ရှားနိုင်လို့ရှိရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိတာတုန်းဆိုရင် “စတူဟပါယေဟိ စ ဝိပ္ပမုတ္တော” အပါယ်တံခါး ပိတ်သွားပြီလို့ ဗမာတွေ ပြောလေ့ရှိတယ် မဟုတ်လား။ သောတာပန်ဖြစ်ရင် အပါယ်တံခါးပိတ်တယ်။ ဟော “စတူဟပါယေဟိ စ ဝိပ္ပမုတ္တော” အပါယ်လေးဘုံကနေ လုံးဝလွတ်သွားပြီး ဘယ်လိုမှ အပါယ်ကို ပြန်ကျဖို့ရန် သူ့မှာ ကံ ကိလေသာတွေ မရှိတော့ဘူး။ ဒီလိုဆိုတယ်။ ဒါကြောင့်မို့လို့ အပါယ်တံခါး ပိတ်သွားပြီ။

နောက်တစ်ခုက “ဆစ္စာဘိဌာနာနိ အဘဗ္ဗ ကာတုံ” ဘုန်းကြီးတို့ ပုထုဇဉ်တွေမှာ ဆိုလို့ရှိရင် မလုပ်တာဆိုတာ မရှိဘူး၊ အကုန်လုပ်တယ်။ သောတာပန်ဖြစ်သွားလို့ရှိရင် မလုပ်တာတွေ အများကြီးရှိတယ်။ လုပ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာတွေပေါ့လေ။ “အဘဗ္ဗ” ဆိုတာ ကျူးလွန်မှုကိုပြုဖို့ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး။ အဲဒီလို မလုပ်တာတွေ ၆-မျိုး ၄-လီ ရှိတယ်၊

စာမျက်နှာ-၇၆
အဲဒါကို “ဆစ္စာဘိဌာနာနိ အဘဗ္ဗ ကာတုံ” ဒီအရာဌာန (၆) မျိုးကို ဘယ်တော့မှ မလုပ်တော့ဘူး၊ မဖြစ်နိုင်တော့ဘူး။

အဲဒီ (၆) မျိုးကို မှတ်မယ်ဆိုလို့ရှိရင် သုတ် ၄-သုတ်က ထုတ်ထားတာ၊ မှတ်ဖို့တော့လိုတယ်။ အင်္ဂုတ္တရပါဠိတော်မှာ (၆) မျိုး ၄-လီ ပြထားတာ ရှိတယ်။ (၂၄) မျိုးပေါ့။ ပဌမ (၆) ခု၊ အဲဒါ နံပါတ် (၁) က ဘာတုန်းဆိုလို့ရှိရင် မြတ်စွာဘုရားအပေါ်မှာ မရိုမသေ မလေးစားလုပ်မှု သတ္ထုအဂါရဝ။ ဘုရားကို မရိုသေဘူးဆိုတာ ဘယ်လိုဟာမျိုးတုန်းဆိုရင် ကြည့် - သတ္ထုအဂါရဝဆိုတာ သက်တော်ထင်ရှားရှိတဲ့ ဘုရားကို (အခုအချိန်မှာ မရှိတော့လို့ထား) စေတီဘုရားပဲဖြစ်စေ၊ မိမိတို့အိမ်မှာ ကိုးကွယ်တဲ့ ရုပ်ပွားတော်ရှေ့မှာဖြစ်စေ ကိုယ့်ကားယားနေမယ်၊ ကျောပေးနေမယ်ဆိုရင် အဂါရဝလို့ခေါ်တယ်။ ဘုရားကို ကျောပေးနေမယ်၊ ဘုရားရှေ့မှာ ပြောချင်ရာတွေပြောမယ်၊ ကိုယ့်အိမ်မှာ ဆင်းတုတော် ကိုးကွယ်ထားတယ်။ ဘုရားခန်းထဲဝင်ပြီးတော့ ပြောချင်ရာတွေပြောမယ်ဆိုရင် ဒါ အဂါရဝပေါ့။ သောတာပန်ပုဂ္ဂိုလ်ကျတော့ ဒါမျိုးမလုပ်တော့ဘူးတဲ့။ ပုထုဇဉ်တွေမှာ ဒါမျိုးဖြစ်သေးတယ်။ ဘုရားကျောင်းကန်တွေ သွားပြီးတော့ ဘုရားရုပ်ပွားတော်ရှေ့မှာ အိပ်ချင်လည်း အိပ်နေမယ်၊ ကျောပေးထိုင်ချင်လည်း ထိုင်နေမယ်၊ မဟုတ်တမ်းတရားတွေ ပြောချင်လည်း ပြောနေမယ်။ အကုန်လုပ်နေသေးတယ်။ ဒါ သတ္ထုအဂါရဝလို့ခေါ်တယ်။ စေတီတော်ရောက်တဲ့

စာမျက်နှာ-၇၇
အခါမှာလည်း စေတီနားမှာ နေပူလို့ဆိုပြီးတော့ စေတီတော်ကို ဦးမချဘဲနဲ့ ထီးဆောင်းသွားတယ်၊ ဒါလည်း အဂါရဝလို့ခေါ်တယ်။ ဘုရားမြင်ရဲ့သားနဲ့ ဖိနပ်ကြီးစီးသွားနေတယ်။ ဒါလည်း အဂါရဝလို့ခေါ်တယ်။ ဒါမျိုးတွေက ပုထုဇဉ်တွေမှာ ဖြစ်နေတုန်းပဲ။ သောတာပန်ကျတော့ ဒါမျိုးကို မလုပ်တော့ဘူးတဲ့။ ဒါ အဂါရဝ။

နံပါတ် (၂) “ဓမ္မ အဂါရဝ” ဆိုတာ တရားပွဲလာပြီးတော့ တရားနာရင်းကနေ ငိုက်နေမယ်၊ အိပ်နေမယ်ဆိုရင် ဒါ ဓမ္မ အဂါရဝလို့ခေါ်တယ်။ တိုးတိုးနဲ့ လက်ကုတ်ပြီး စကားပြောနေရင် ဒါ “အဂါရဝ” လို့ခေါ်တယ်။ အာရုံစိုက်ပြီးတော့ တရားကိုမနာဘဲနဲ့ နေမယ်၊ ကျောပေးနေမယ်ဆိုရင် ဒါ ဓမ္မ အဂါရဝလို့ခေါ်တယ်။ သောတာပန်ပုဂ္ဂိုလ်ကျတော့ ဒါမျိုးမလုပ်တော့ဘူး။

နံပါတ် (၃) သံဃ အဂါရဝ ဆိုတာ သံဃာနဲ့ပတ်ပြီး မရိုမသေလုပ်တာ၊ မရိုမသေပြောတာ။ အဲဒါလည်းပဲ သောတာပန်ပုဂ္ဂိုလ်တွေက မလုပ်ဘူး။

နံပါတ် (၄) “သိက္ခာ အဂါရဝ” ကိုယ်ကျင့်ရမယ့် အကျင့်သိက္ခာပေါ်မှာ လွန်ချင်ရင် ကျူးလွန်လိုက်တယ်။ ဖေါက်ဖျက်ချင်ရင် ဖေါက်ဖျက်လိုက်တယ်ဆိုတာ ကိုယ်ကျင့်တရားကို မလေးစားဘူးပေါ့။ အဲဒီအဂါရဝဟာ ပုထုဇဉ်တွေမှာ ရှိသော်လည်းပဲ သောတာပန်ဖြစ်သွားပြီဆိုရင် မလုပ်တော့ဘူးလို့ ဆိုလိုတယ်။

နံပါတ် (၅) သူ့အနေနဲ့ ပုဂ္ဂိုလ်မြတ်တွေ၊ လောကမှာ လူတော်လူကောင်းတွေ မကျူးလွန်ထိုက်တဲ့ အရာမျိုးဆိုရင်

စာမျက်နှာ-၇၈
သူဘယ်တော့မှ မကျူးလွန်တော့ဘူးတဲ့။ ပုထုဇဉ်တွေကျတော့ ကျူးလွန်ကောင်း ကျူးလွန်လိမ့်မယ်တဲ့။ နံပါတ် (၆) က ဘာတုန်းဆိုရင် (၈) ခုမြောက်ဘဝမှာ ဘယ်တော့မှ ပဋိသန္ဓေမနေဘူး။ အဲဒီ (၆) ခုဟာ “ဆစ္စာဘိဌာနာနိ” ထဲက သောတာပန်တွေ မဖြစ်နိုင်တဲ့ ပထမ (၆) ခု ဒီလိုမှတ်ရမယ်။

ဒုတိယ (၆) ခု
နောက်သုတ္တန်တစ်ခုမှာ ဖေါ်ပြထားတယ်။

(၁) သောတာပန်ပုဂ္ဂိုလ်ဟာ သင်္ခါရတရားမှန်သမျှ ဘယ်သင်္ခါရတရားမှ နိစ္စလို့ မသတ်မှတ်တော့ဘူး။ အနိစ္စလို့ အကုန်လုံး ရှင်းရှင်းလင်းလင်းကြီး မြင်သွားပြီ။ နိစ္စလို့ ဘယ်တော့မှ မှားမှားယွင်းယွင်း မမြင်တော့ဘူး။

(၂) သင်္ခါရတရားမှန်သမျှကို သုခလို့ ဘယ်တော့မှ မမြင်ဘူး။ ပုထုဇဉ်တွေကျတော့ နိစ္စလို့လည်း မြင်သေးတယ်။ သုခလို့လည်း မြင်သေးတယ်နော်။ ဒုက္ခလို့ထင်ချင်ထင်မှား။ မထင်လို့ ပျော်နေတာပေါ့နော်။ သုခလို့ ထင်နေကြတာကိုး။

(၃) သဘာဝတရားမှန်သမျှကို အနတ္တလို့မြင်တယ်။ အတ္တလို့ ဘယ်တော့မှ မမြင်ဘူး။ ဒါ မဖြစ်နိုင်တာ (၃) ခု။

(၄) အနန္တရိယကံမျိုး ဘယ်တော့မှ မကျူးလွန်တော့ဘူး။ အမေသတ်တာ၊ အဖေသတ်တာ စသည်ဖြင့် ဒီလိုပြစ်မှုမျိုးတွေ ဘယ်တော့မှ မကျူးလွန်တော့ဘူး။

(၅) “ကောတုဟလမင်္ဂလံ န ပစ္စေတိ” ကောတုဟလမင်္ဂလာဆိုတာ အမြင်မင်္ဂလာ၊ အကြားမင်္ဂလာ အဲဒါတွေကို

စာမျက်နှာ-၇၉
ယုံကြည်ပြီးတော့ လောကမှာ ကြီးပွားတိုးတက်နိုင်တယ်လို့ ယုံတာ။ ခုခေတ်မှာ ပိုများသေးတယ်နော်။ ကြာပန်းကို ဘုရားမတင်ရဘူး၊ ကြာနေမှာစိုးလို့တို့၊ ပန်းသီး ဘုရားမတင်ရဘူး၊ ပင်ပန်းမှာစိုးလို့တို့၊ အသံစွဲတွေနဲ့ လိုက်ပြီးတော့ ယတြာတွေ။ အသံစွဲတွေနဲ့ လိုက်ပြီးတော့နေတာဟာ ဒီ ကောတုဟလမင်္ဂလာပဲနော်။ ဒါကြောင့်မို့ အကြံအစည်အောင်လို့ အိမ်မှာ ကြံပင်စိုက်တာတို့ ဟုတ်လား၊ ချက်ချင်းအကျိုးပေးချင်လို့ ချင်းပင်စိုက်တာတို့ ဒါတွေဟာ ကောတုဟလမင်္ဂလာတွေပဲ။ ဒါတွေက သောတာပန်ဖြစ်သွားရင် ဒါမျိုးတွေ ဘယ်တော့မှ မလုပ်တော့ဘူး။ ဒါတွေအပေါ်မှာ အယုံအကြည်လည်း မရှိတော့ဘူး။

ပုထုဇဉ်တွေကျတော့ အဲဒါမျိုးတွေ လုပ်တယ်တဲ့၊ ယတြာတွေချေလိုချေနော်။ အမျိုးစုံတွေ လုပ်ကြတယ်။ ဟော သောတာပန် ဖြစ်သွားလို့ရှိရင် ဒါတွေကို မလုပ်တော့ဘူး။

(၆) ဗုဒ္ဓသာသနာတော်က အပြင်ပမှာ ဒါနကောင်းမှုပြုဖို့ရာပုဂ္ဂိုလ် ဘယ်တော့မှ မရှာဘူး။ မြတ်သောအလှူခံပုဂ္ဂိုလ်ဆိုတာ အခြားသာသနာမှာ မရှာဘူး။ ဗုဒ္ဓသာသနာတွင်းမှာ ရှိတယ်လို့ ဆုံးဖြတ်ဖြတ် သိသွားတယ်။ ဟော အားလုံးပေါင်းလိုက်တဲ့အခါကျ (၆) ခု၊ ဒုတိယ (၆) ခု လို့ခေါ်တယ်။

တတိယ (၆) ခု
တစ်ခါ တတိယ (၆) ခုကတော့ ဘာတုန်းဆိုလို့ရှိရင် (၁) အမေသတ်မှုကိုလည်း ဘယ်တော့မှ မကျူးလွန်ဘူး။ (၂) အဖေသတ်တဲ့ကံကိုလည်း ဘယ်တော့မှ မကျူးလွန်ဘူး။

စာမျက်နှာ-၈၀
(၃) ရဟန္တာသတ်တဲ့ကံကိုလည်း ဘယ်တော့မှ မကျူးလွန်ဘူး။ (၄) မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်မှာ သွေးခြေဥအောင် ဘယ်တော့မှ မလုပ်ဘူး။ (၅) သံဃာကိုလည်း ဘယ်တော့မှ မသင်းခွဲဘူးတဲ့၊ ဒီပြစ်မှုတွေကို သူ မကျူးလွန်ဘူးလို့ ဆိုလိုတယ်နော်။ အဲဒီလို အနန္တရိယကံငါးပါး မကျူးလွန်ရုံမကဘူး ပြစ်မှားမိတဲ့ ကိစ္စမျိုးတွေကို တစ်ခုမှ မလုပ်တော့ဘူး။ ဒါက တတိယမြောက် ပယ်ထားတဲ့ အချက်တစ်ခုနော်။

စတုတ္ထ (၆) ခု
နောက်စတုတ္ထမြောက်ကျတော့ သူက အယူအဆတစ်ရပ်နဲ့ ဆိုင်သွားပြီး လောကမှာ ကြုံတွေ့ရတဲ့ သုခ ဒုက္ခ အဆင်ပြေတာ မပြေတာ၊ ချမ်းသာ ဆင်းရဲ လူ့ဘဝမှာ ရရှိလာတဲ့ဟာ ကိုယ်တိုင်လုပ်ခဲ့လို့ ဖြစ်တယ်ဆိုတဲ့၊ ကိုယ်ဆိုတာ ကိုယ့်ရဲ့ အတ္တကလုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ကိုယ်လုပ်လို့ ဖြစ်တာဆိုတဲ့ မှားယွင်းတဲ့ အယူအဆ။ ထာဝရဘုရား ဖန်ဆင်းတယ်ဆိုတဲ့ သူများလုပ်လို့ ဖြစ်တယ်ဆိုတဲ့ အယူအဆ။ အဲဒီအယူအဆတွေ တစ်ခုမှမရှိဘူး။ ဒါမိစ္ဆာတွေနဲ့ ပတ်သက်တဲ့ အယူအဆတစ်ခု၊

ကိုယ်လုပ်တာလည်း မဟုတ်ဘူး၊ သူလုပ်တာလဲ မဟုတ်ဘူး၊ အကြောင်းမဲ့သက်သက် ဖြစ်တယ်ဆိုတဲ့ အယူအဆလည်းပဲ သူတို့မှာမရှိဘူး။ ဆိုလိုတာကတော့ မှန်ကန်တဲ့ အယူအဆတစ်ခု ရှိသွားပြီလို့ ဒီလိုပြောတာနော်။ အဲဒီတော့ ကိုယ်လုပ်တာလည်း မဟုတ်ဘူး၊ သူလုပ်တာလည်း မဟုတ်ဘူး၊ အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ဘူး။ သုခ ဒုက္ခ ဆိုင်ရာဆိုင်ရာအကြောင်း

စာမျက်နှာ-၈၁
တရားတွေကြောင့်သာ ဖြစ်လာတယ်။ ဒီလို သောတာပန်ပုဂ္ဂိုလ်ဟာ အကြောင်းစစ် အကြောင်းမှန်တွေကိုတွေ့မြင်ပြီး ဖြစ်သည့်အတွက်ကြောင့် အကြောင်းတဲ့ အကြောင်းယောင်တွေကို ဘယ်တော့မှ လက်ခံတာ မရှိတော့ဘူးတဲ့၊ ဒီလိုပြောတာ။ အဲဒါကိုဆိုလိုတယ် “ဆစ္စာဘိဌာနာနိ အဘဗ္ဗ ကာတုံ”။

ခြောက်ခုသော ဌာနတွေကို သူဟာဘယ်တော့မှ ကျူးလွန်ခြင်းမရှိတော့ဘူး။

“ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ” ဒါသောတာပန်ပုဂ္ဂိုလ်ရဲ့ ကြည်ညိုစရာကောင်းလှတဲ့ အနှစ်သာရရှိတဲ့ ရတနာတစ်မျိုးပဲ။ အဲဒီလို နှုတ်ကနေဆိုလိုက်ရသဖြင့် “ဧတေန သစ္စေန သုဝတ္ထိ ဟောတု” သတ္တဝါတွေ ချမ်းသာကြပါစေလို့၊ ဒီသစ္စာစကားကိုလည်းပဲ စကြာဝဠာ ကုဋေတစ်သိန်းမှာရှိတဲ့ နတ်တွေက အားလုံးဟာ ခံယူထားကြပြီးဖြစ်ပါတယ်။

နောက်တစ်ခုက ဘာတုန်းဆိုရင်... “ကိဉ္စာပိ သော ကမ္မ ကရောတိ ပါပကံ၊ ကာယေန ဝါစာ ဥဒ စေတသာ ဝါ၊ အဘဗ္ဗ သော တဿ ပဋိစ္ဆဒါယ၊ အဘဗ္ဗတာ ဒိဋ္ဌပဒဿ ဝုတ္တာ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု”

သောတာပန်ပုဂ္ဂိုလ်ဟာ တစ်ခါတစ်ရံ ကိုယ်နဲ့နှုတ်နဲ့ မဟုတ်တာလေးတွေ အမှတ်တမဲ့ လုပ်မိတာလေးတွေရှိတယ်။

စာမျက်နှာ-၈၂
ဒါကဆိုးဆိုးဝါးဝါးကြီးကို ပြောတာမဟုတ်ဘူး။ သူ့မှာ အကုသိုလ်ဖြစ်တာလေးတွေ နည်းနည်းရှိတယ်။ နှုတ်ကလည်း ပြောမိတာလေးတွေရှိမယ်၊ ကိုယ်ထိလက်ရောက် လုပ်မိတာလေးတွေလည်းရှိမယ်၊ အဲဒီလိုရှိပေမယ့်လို့ စိတ်ထဲကလည်းပဲ ကြံစည်မိတာတွေရှိမယ်။ ဒါပေမယ့်လို့ မကောင်းတာလုပ်ပြီးရင် သူ့မှာ ဖုံးကွယ်ထားမယ်၊ လျှို့ဝှက်ထားမယ်ဆိုတဲ့ အတွေးလုံးဝမရှိဘူး။

ပုထုဇဉ်တွေကျတော့ မဟုတ်တာလုပ်တယ်။ လုပ်ပြီးရင် ဖုံးထားမယ်။ လူမသိစေနဲ့ဆိုပြီးတော့ ထားမယ်နော်။ မဟုတ်တာလုပ်ပြီး လူမသိစေနဲ့၊ လူသိမှာစိုးတယ်။ လူသိမှာစိုးရုံတင်မကဘူး မဟုတ်တာလုပ်ပြီးတော့ ဟုတ်တာလို့ထင်အောင် လုပ်သေးတယ်။ သောတာပန်ပုဂ္ဂိုလ်တွေကျတော့ ပြစ်မှုတစ်ခုခု ကျူးလွန်မိထားလို့ရှိရင် သူ့စိတ်ထဲမှာ ဘယ်တော့မှ ဖုံးမထားဘူးတဲ့၊ ဖွင့်ပြောတယ်၊ ဆရာမိဘထံ ဖွင့်ပြောပြီးတော့ ဝန်ချတယ်၊ ဖွင့်ဟပြီးတော့ပြောတယ် “အဘဗ္ဗ သော တဿ ပဋိစ္ဆဒါယ” သူလုပ်ထားတဲ့ ပြစ်မှုကို ဘယ်တော့မှ ဖုံးကွယ်ထားတာမရှိဘူးတဲ့။

ဘာဖြစ်လို့ အဲဒီလိုမဖုံးကွယ်တာလည်း ဆိုလို့ရှိရင် “အဘဗ္ဗတာ ဒိဋ္ဌပဒဿ ဝုတ္တာ” သူကနိဗ္ဗာန်ဆိုတဲ့ အစစ်အမှန် သဘာဝတရားကို မြင်ထားတယ်၊ သို့မဟုတ် သစ္စာလေးပါးကို မြင်ထားပြီးပုဂ္ဂိုလ် ဖြစ်သည့်အတွက်ကြောင့် မဟုတ်တာလုပ်ပြီးတော့ ဖုံးကွယ်တယ်ဆိုတာ မရှိဘူး။

ပုထုဇဉ်တွေကျတော့ မဟုတ်တာလည်းလုပ်တယ်၊ ဖုံးလည်းဖုံးတယ်ပေါ့၊ နှစ်ထပ်ကွမ်းပေါ့နော်။ သောတာပန်ပုဂ္ဂိုလ်

စာမျက်နှာ-၈၃
တွေကျတော့ မတော်တဆလုပ်မိတောင်မှပဲ ဘယ်တော့မှ မဖုံးဘူးတဲ့၊ မဟုတ်တာလုပ်ရင် ဖွင့်ဟဝန်ခံပြီးတော့ နောက်ထပ်မဖြစ်အောင် ကြိုးစားတယ်တဲ့။ ဒါဟာလည်းပဲ သောတာပန်ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာတွေ့နိုင်တဲ့ အင်မတန်နှစ်သက်စရာကောင်းတဲ့ ရတနာတစ်မျိုးပဲဖြစ်တယ်။ “ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု” ဒါကြောင့်မို့လို့ သတ္တဝါတွေ ချမ်းသာကြပါစေ။

သံဃာ့ဂုဏ်နဲ့ပတ်သက်ပြီးတော့ အခုလို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ရတနသုတ်မှာ ဟောထားတာဖြစ်ပါတယ်။

ဒါကြောင့် မိမိတို့ ကျက်မှတ်ရထားတဲ့ ရတနသုတ်ရဲ့ အဓိပ္ပါယ်ကို သိပြီးတော့ အရိယာသူတော်စင်တွေရဲ့ တကယ့်နှစ်သက်ဖွယ်ကောင်းတဲ့ ဂုဏ်ရည်တွေကို သိရှိကြည်ညိုပြီး အာရုံပြုပြီးတော့ သစ္စာစကားဆိုကြမယ်ဆိုရင် မိမိနဲ့ မိမိပတ်ဝန်းကျင်မှာ ကျရောက်နိုင်တဲ့ ဘေးရန်အန္တရာယ်တွေ သို့မဟုတ် ကျရောက်လာတဲ့ ဘေးရန်အန္တရာယ်တွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ တရားတော်ကို စကြာဝဠာကုဋေတစ်သိန်းက နတ်ဗြဟ္မာတွေ ခံယူထားတာဖြစ်သည့်အတွက်ကြောင့် တို့တစ်တွေဟာ ယခုကဲ့သို့ သစ္စာဆိုခြင်းဖြင့် မိမိတို့သန္တာန်မှာဖြစ်စေ၊ မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာဖြစ်စေ၊ ကမ္ဘာသူကမ္ဘာသားတွေအပေါ်မှာဖြစ်စေ ကျရောက်လာတဲ့ ဘေးရန်အန္တရာယ်တွေကို ဖယ်ရှားနိုင်မယ်လို့ ယုံကြည်ပြီး

စာမျက်နှာ-၈၄
အရိယာသူမွန်တွေ ရရှိထားတဲ့ ဂုဏ်အရည်အသွေးမျိုး တို့တစ်တွေ ရရှိအောင် ကြိုးစားအားထုတ်ကြမယ်လို့ စိတ်ထဲမှာ ရည်မှန်းပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု - သာဓု - သာဓု။

ရတနသုတ်အနှစ်ချုပ် (အပိုင်း-၂) ပြီး၏။

စာမျက်နှာ-၈၅

ရတနသုတ်အနှစ်ချုပ်
(အပိုင်း-၃)

မှတ်တမ်း။ ။ သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၃) ရက်၊ အိမ်တော်ရာဘုရားဝင်း (၂၄) ခန်း ရတနာဃရဓမ္မဗိမာန်တော်ကြီးအတွင်းဝယ်၊ ကျောင်းဒကာကြီး ဦးမျိုးတင့်အား ရည်စူး၍ ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မပူဇာ၊ ဓမ္မသဘင်အခမ်းအနား၌ ကျောင်းအမကြီး ဒေါ်တင်အေး (ဇာမဏီသင်္ကန်းတိုက်) မိသားစု၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ရတနသုတ်အနှစ်ချုပ်” - အပိုင်း (၃) တရားဒေသနာတော်။

ရတနသုတ်အနှစ်ချုပ် အပိုင်း (၁) နဲ့ အပိုင်း (၂) ကို မုံရွာမှာ ဟောခဲ့တယ်။ တစ်ညထဲမှာ ဒီသုတ်ပြီးအောင်မဟောနိုင်လို့ သုံးပိုင်းခွဲပြီး ဟောရတယ်၊ ဒီနေ့ညမှာတော့ ရတနသုတ်အနှစ်ချုပ် အပိုင်း (၃) ကို ဟောပါမယ်။ အားလုံးဆက်စပ်မိသွားတဲ့အခါ ရတနသုတ်ရဲ့ အဓိပ္ပါယ် ပြည့်ပြည့်စုံစုံ သိကြရမှာဖြစ်တယ်။

“ရတနသုတ်” ဆိုတာ မြန်မာလူမျိုးတွေနဲ့ ရင်းနှီးပြီးသားဖြစ်တယ်။ ပရိတ်ကြီး (၁၁) သုတ်ထဲမှာ အပါအဝင်ဖြစ်တဲ့ ရတနသုတ်၊ မြန်မာလူမျိုးတွေဟာ ပရိတ်တရားတော်ကို ရွတ်ဖတ်သရဇ္ဈယ်လေ့ရှိကြတယ်။ မကြာမကြာလည်း ပရိတ်ပွဲများ

စာမျက်နှာ-၈၆
ဆင်ယင်ကျင်းပလို့ ပရိတ်တရားတော်ကို နာယူကြတယ်။ အဲဒီ ရတနာသုတ်မှာ ပထမဆုံးဂါထာက ဘုရားရဲ့ဂုဏ်တော်ကို အာရုံပြုပြီးတော့ သစ္စာဆိုပုံကို ပြတယ်။ အေး တရားနဲ့ပတ်သက်ပြီးတော့ သစ္စာဆိုပုံ ပြတာက နှစ်ဂါထာ ရှိတယ်။ သံဃာဂုဏ်ကို အာရုံပြုပြီးတော့ သစ္စာဆိုပုံ ပြတာက ရှစ်ဂါထာ ရှိတယ်။ နောက်ဆုံးမှာ နိဂုံးချုပ်အနေနဲ့ သိကြားမင်းကြီးက ဝင်ပြီးတော့ သစ္စာဆိုတာက သုံးဂါထာ ရှိတယ်တဲ့။ အားလုံးပေါင်းလိုက်တော့ ရတနသုတ်မှာ အဓိကဂါထာ (၁၈)ဂါထာ ရှိတယ်ပေါ့။

ရတနသုတ် အနှစ်ချုပ် အပိုင်း(၁)၊ အပိုင်း(၂) တို့မှာ ဘုန်းကြီးတို့ ဟောထားပြီးပြီ။ အခု ဗုဒ္ဓဂုဏ်ကို အာရုံပြုပြီးတော့ သစ္စာဆိုပုံ ဂါထာနှစ်ပုဒ်နဲ့ သံဃာဂုဏ်ကို အာရုံပြုပြီးတော့ သစ္စာဆိုပုံဂါထာတစ်ပုဒ်၊ သိကြားမင်းကြီးက သစ္စာဆိုတဲ့ ဂါထာ သုံးပုဒ်အကြောင်းကို ရှင်းလင်းပြီးတော့ ဟောကြားပေးမယ်။

အဲဒီတော့ သစ္စာဆိုပုံလေးတွေက အင်မတန်မှ ရိုးရှင်းပါတယ်။ မြတ်စွာဘုရားနဲ့ ပတ်သက်ပြီး သစ္စာဆိုပုံ တစ်ပုဒ်က—

“ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာန မာသေ ပဌမသ္မိံ ဂိမှေ။ တထူပမံ ဓမ္မဝရံ အဒေသယိ၊ နိဗ္ဗာနဂါမိ ပရမံ ဟိတာယ။ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။” ဒီဂါထာဟာ မြတ်စွာဘုရားဂုဏ်ကို အာရုံပြုပြီးတော့ ဆိုတဲ့...

စာမျက်နှာ-၈၇
သစ္စာစကားတစ်ခု၊ ဘယ်လိုပဲဆိုဆို သစ္စာဆိုတယ်ဆိုတာ ကိုယ်သိတဲ့ ဘုရားဂုဏ်ကို အာရုံပြုပြီးတော့ သစ္စာဆိုလို့ရတယ်။ ဒါပေမယ့် မြတ်စွာဘုရားသင်ပေးပုံကတော့ ကြည့်—

“ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာန မာသေ ပဌမသ္မိံ ဂိမှေ”

ဆိုတာ ဥပမာလေးနဲ့ ပြောတာ။ “ဂိမှာန မာသေ”ဆိုတာ နွေကာလ၊ နွေရာသီက လေးလ ရှိတယ်၊ တန်ခူး၊ ကဆုန်၊ နယုန်၊ ဝါဆို လို့ဆိုတဲ့ လေးလပေါ့။ အတိအကျပြောလို့ရှိရင် တပေါင်းလပြည့်ကျော် (၁)ရက်ကစပြီးတော့ ဝါဆိုလပြည့်နေ့ထိအောင် လေးလပေါ့။ အဲဒီ နွေလေးလမှာ ပထမဆုံးလဆိုတာ ဘယ်လလဲ ဆိုရင် တန်ခူးလ။ တန်ခူးလဟာ ပထမဆုံး နွေလလို့ဆိုပေမယ့် ရာသီဥတု မှန်ကန်တဲ့အချိန်မှာဆိုရင် “တပေါင်းတန်ခူး မိုးသားကြူး” ဆိုတဲ့အတိုင်း ရံဖန်ရံခါ မိုးတိမ်လေးတွေ တက်လာပြီး မိုးရွာတတ်တယ်ပေါ့။ “နွေဦးရာသီဖြစ်သည့်အတိုင်း တပေါင်းလမှာ သစ်ပင်တွေမှာ ရွက်ဟောင်းတွေကြွေပြီး ရွက်သစ်တွေ ဝေလာလို့ တန်ခူးလ ရောက်တဲ့အခါမှာ သစ်ပင်လေးတွေဟာ အဖူးလေးတွေ၊ အပွင့်လေးတွေနဲ့ ဖြစ်လာတယ်။ နွယ်ပင်လေးတွေကလည်းပဲ အထက်ကို အညွန့်ကလေးတွေ တက်လာတယ်။ ဒါကြောင့်မို့ အင်္ဂလိပ်လိုတော့ အဲဒါကို spring ရာသီလို့ခေါ်တယ်။ springဆိုတာ ဗမာတွေက “စပရိန်” ခေါ်တာပေါ့။ စပရိန်ဆိုတာ အားလုံးသိတဲ့အတိုင်းပဲ springဆိုတာ ခွေခွေလေး အပေါ်တက်လာတာကို

စာမျက်နှာ-၈၈
ပြောတာ။ အဲဒီရာသီမှာ အညွန့်လေးတွေက တက်လာတယ်။ အနွယ်လေးတွေကလည်း ကွေ့ကောက်ပြီးတက်လာလို့၊ ဒါကြောင့်မို့ spring ရာသီလို့ခေါ်တာ။

အဲဒီ နွေဦးရာသီမှာ တောသစ်ပင်တွေ ခြုံတွေကို ကြည့်လိုက်မယ်ဆိုရင် အို... အဖူးလေးတွေ အညွန့်လေးတွေနဲ့ အင်မတန်မှ လှတယ်။ တောတန်းလေးတွေကို ကြည့်လိုက်ရင် အဖူးတွေ အပွင့်တွေနဲ့ အင်မတန်လှတယ်တဲ့။ ဒီရာသီဟာ အလွန်ကြည့်လို့ လှတယ်ပေါ့။ အဲဒါကို ဖွဲ့နွဲ့ထားတဲ့သဘော။ “ဝနပ္ပဂုမ္ဗေ ယထာ ဖုဿိတဂ္ဂေ”။ အဖျားမှာ အဖူးလေးတွေ အပွင့်လေးတွေနဲ့ တောအုပ်ကလေးတွေ၊ ဥယျာဉ်ထဲမှာ သို့မဟုတ် တောတန်းထဲမှာ အဲဒီ တန်ခူးလရာသီမှာ သစ်ပင်လေးတွေဟာ ရွက်နုတွေထိုးပြီးတော့ အဖူးတွေ အပွင့်တွေနဲ့ အလွန်လှတယ်တဲ့။ အလွန်ကျက်သရေ ရှိတယ်၊ စုံလင်တယ်ပေါ့။

သစ်ပင်ဆိုတာ ဘာတွေရှိတုန်းဆိုရင် အကိုင်းရှိတယ်။ အရွက်တွေ ရှိတယ်၊ အဖူး ရှိတယ်၊ အပွင့် ရှိတယ်၊ အသီးကင်းလေးတွေ ရှိတယ်ဆိုတော့ သစ်တစ်ပင်ရဲ့ အလှဟာ အင်မတန်မှ ပြည့်စုံတယ်။ အဲဒီလိုအလှစုံလင်နေတဲ့ တောအုပ်တစ်ခွင်က သစ်ပင်တွေကို ကြည့်လိုက်လို့ရှိရင်၊ နှစ်သက်စရာ ကောင်းသလိုပဲတဲ့။

မြတ်စွာဘုရားသခင် ဟောတော်မူတဲ့ တရားဟာလည်းပဲ အဲဒီလို ကျက်သရေရှိတယ်၊ စုံလင်တယ်လို့ ဒီလို ပြောတာနော်။ မြတ်စွာဘုရားသခင် ဟောတဲ့တရားကို နားထောင်ကြည့်လိုက်မယ်

စာမျက်နှာ-၈၉
ဆိုရင် ဒါနအကြောင်းလည်းပါမယ်၊ သီလအကြောင်းလည်းပါတယ်၊ နတ်ပြည်အကြောင်းလည်းပါတယ်၊ ကာမဂုဏ်အာရုံတွေရဲ့ အပြစ်လည်း ပါတယ်၊ ကာမဂုဏ်အာရုံတွေက ထွက်မြောက်ဖို့ နည်းလမ်းလည်း ပါတယ်ဆိုတော့ “ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ၊ ကာမာအာဒီနဝကထာ၊ နေက္ခမ္မအာနိသံသကထာ” လို့ဆိုတဲ့ ကဏ္ဍငါးပါးနဲ့ ကြည့်လိုက်မယ်ဆိုရင် သစ်ပင်တစ်ပင်မှာ အရွက်ကလေးတွေ၊ အညွန့်ကလေးတွေ၊ အဖူးကလေးတွေ၊ အပွင့်ကလေးတွေနဲ့ စုံလင်သလိုပဲ မြတ်စွာဘုရားဟောထားတဲ့ တရားဟာ အလွန့်ကိုပြည့်စုံလို့ တောအုပ်ကြီးထဲမှာရှိတဲ့ သစ်ပင်ရဲ့ အညွန့်အဖျားကို ကြည့်ရလို့ ကျက်သရေရှိသလိုပဲတဲ့။

မြတ်စွာဘုရား ဟောထားတဲ့ တရားဟာ “တထူပမံ ဓမ္မဝရံ အဒေသယိ” အဲဒီလို ပြီးပြည့်စုံတဲ့ တရားကိုဟောတာ။ ဘာရည်ရွယ်ချက်နဲ့ ဟောတာတုန်းဆိုလို့ရှိရင်၊ အဲဒီပြီးပြည့်စုံတဲ့ တရားဟာ သတ္တဝါတွေအတွက် နိဗ္ဗာန်ထိအောင် ပို့ဆောင်ပေးမယ့် တရားချည်းပဲ။ ဘုရားဟောတဲ့တရားဟာ ဘယ်တရားပဲ ဖြစ်ဖြစ် သတ္တဝါတွေကို နိဗ္ဗာန်ထိအောင် ပို့ဆောင်ပေးနိုင်တဲ့ တရားတွေချည်းပဲ။

ဓမ္မစကြာတရားဟောလည်း နိဗ္ဗာန်ထိအောင် ပို့ဆောင်ပေးနိုင်တာပဲ။ အနတ္တလက္ခဏသုတ် ဟောလည်း နိဗ္ဗာန်ထိအောင် ပို့ဆောင်ပေးနိုင်တာပဲ။ အဲဒီလိုဟောတာဟာ ဘာအတွက် ဟောတာလည်း လို့ဆိုရင် မြတ်စွာဘုရားက “ပရမံဟိတာယ” “ပရမ ဟိတ”ဆိုတာ လူ့လောကမှာ အကောင်းဆုံး အကျိုး

စာမျက်နှာ-၉၀
စီးပွားပဲ။ အဲဒါဘာလဲဆိုရင် မအိုရဘူး၊ မနာရဘူး၊ မသေရဘူး၊ အိုခြင်း၊ နာခြင်း၊ သေခြင်းကနေ လွတ်ကင်းသွားတဲ့ ဆင်းရဲဒုက္ခ အားလုံးကနေ လွတ်ကင်းသွားတဲ့ နိဗ္ဗာန်ဟာ “ပရမ ဟိတ” ပေါ့။

လောကလူတွေဟာ နိဗ္ဗာန်မရမချင်း ကောင်းကျိုးချမ်းသာ ပြည့်ပြည့်ဝဝ ရကြမှာမဟုတ်ဘူး။

နိဗ္ဗာန်ရမှ ကောင်းကျိုးချမ်းသာတွေ ပြည့်ပြည့်ဝဝ ရကြမှာ။ အေး နိဗ္ဗာန်ရောက်ကြောင်းကို မြတ်စွာဘုရားက ပြည့်ပြည့်ဝဝ စုံစုံလင်လင် ဟောထားတာဟာ အလွန်ကြည်နူးဘွယ် ကောင်းပါတယ်လို့ အဲဒီလိုတရားမျိုးကို ဟောတတ်တဲ့ မြတ်စွာဘုရားဟာ အလွန်ကို နှစ်သက်စရာကောင်းပါတယ်။ ရတနာတွေထဲမှာ နှစ်သက်စရာ အကောင်းဆုံး ရတနာဖြစ်တယ်။

“ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ”၊ ဒီလို ထူးခြားပြည့်စုံတဲ့ တရားကိုဟောနိုင်တဲ့ မြတ်စွာဘုရားဟာ ရတနာတွေထဲမှာ အလွန်နှစ်သက်စရာကောင်းတဲ့ အချက်တစ်ခုပဲလို့။ အေး... ဘုန်းကြီးတို့တစ်တွေ ဟောတဲ့အခါ မြတ်စွာဘုရားဟောသလို ပြီးပြည့်စုံတာ မဟုတ်ဘူး။ ဘုရားဟောတဲ့ အထဲကနေပြီးတော့ ကိုယ်သိသလောက်ယူပြီးတော့ ဟောကြရတာဆိုတော့ ဘုရားဟောသလို ပြီးပြည့်စုံတာ မဖြစ်နိုင်ဘူး။ မြတ်စွာဘုရားကတော့ ပြီးပြည့်စုံစွာ ဟောတယ်တဲ့။ ဘယ်ဘက်ကမှ လိုလေသေးမရှိအောင် တရားတစ်ပုဒ်ကို ပြည့်စုံအောင် ဟောသွားတယ်။

ဒါကြောင့် ဒီလိုပြည့်စုံအောင် ဟောနိုင်တဲ့ တရားပိုင်ရှင် ဖြစ်တဲ့ မြတ်စွာဘုရားဟာ ရတနာတွေထဲမှာတော့ ထူးခြားတဲ့

စာမျက်နှာ-၉၁
ရတနာ နှစ်သက်စရာ အကောင်းဆုံးဖြစ်ပါတယ်။ ဒီစကားဟာ အလွန်မှန်တယ်။ ဒီမှန်သောစကားကို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာပါစေလို့ ဟောဒီလို သစ္စာဆိုတာ။

ဝေသာလီပြည်က လူတွေဟာ ကျန်းမာချမ်းသာမှုကို ရရှိသွားကြတယ်။ ဒီကနေ့ခေတ်မှာလည်းပဲ ဒီလိုသစ္စာဆိုမယ်ဆိုရင် ကျန်းမာချမ်းသာမှုကို ရနိုင်တယ်။ ယုံယုံကြည်ကြည်နဲ့ သစ္စာစွမ်းအားကို အသုံးချမယ် ဆိုလို့ရှိရင် ဘေးရန်အန္တရာယ်က လွတ်မြောက်နိုင်တာပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ မြတ်စွာဘုရားဟောလိုက်တဲ့ ဒီတရားတော်ဟာ စကြာဝဠာ ကုဋေတစ်သိန်းမှာရှိတဲ့ နတ်တွေ လက်ခံကြတဲ့ တရားဖြစ်တယ်။ အဲဒီတော့ ဆိုလိုတာက ဒီဂါထာလေး တစ်ပုဒ်ကို ရွတ်ပြီးတော့ သစ္စာဆိုလိုက်လို့ရှိရင် ဒီဂါထာကို အသိအမှတ်ပြုတဲ့နယ်ဟာ ဘယ်လောက်ထိအောင် ကျယ်တုန်းဆိုရင် စကြာဝဠာကုဋေတစ်သိန်း ရှိတယ်လို့ဆိုလိုတယ်။ အဲဒီ နတ်တွေအားလုံး မြတ်စွာဘုရားရဲ့ အမိန့်အာဏာကို လက်ခံထားပြီးသား ဖြစ်တယ်တဲ့။

ဒါကြောင့် အန္တရာယ်မကင်းမှာတော့ မပူလေနဲ့ပေါ့။ မြတ်စွာဘုရားရဲ့ အစွမ်းတန်ခိုးတွေ၊ မိမိရဲ့ သစ္စာစွမ်းအားတွေနဲ့ အခုလို သတ္တဝါတွေ ချမ်းသာကြပါစေဆိုတာ သစ္စာဆိုပြီးတော့ ဆုတောင်းလို့ရှိရင် ပြီးပြည့်စုံတယ်လို့ ဒီလိုအဓိပ္ပါယ်နဲ့ပြောတာ။ အဲဒီတော့ ဒီဂါထာလေးကို ရွတ်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်စိတ်ထဲမှာ အာရုံထားဖို့ရာ “ဝနပ္ပဂုမ္ဗေ”ဆိုတာ အင်မတန်

စာမျက်နှာ-၉၂
လှပတဲ့ တောတန်းကြီး၊ ချုံတွေ၊ တောချုံတွေ၊ ဥယျာဉ်ထဲက သစ်ပင်တွေ “ယထ ဖုဿိတဂ္ဂေ” အဖျားမှာ အဖူးတွေနဲ့ အပွင့်တွေနဲ့ အညွန့်တွေနဲ့ ဝေဆာနေတယ်။ “ဂိမှာန မာသေ ပဌမသ္မိံ ဂိမှေ”။ နွေရာသီမှာ ပထမဆုံး တန်ခူးလမှာ သစ်ပင်တွေဟာ အလွန်လှတယ်တဲ့။ အဲဒီလို အလွန်လှသလို မြတ်စွာဘုရားဟောတဲ့တရားကလည်း အလွန်ပြည့်စုံပြီးတော့ အလွန် ကျက်သရေရှိတယ်။ အဲဒီတရားမျိုးကို မြတ်စွာဘုရားက နိဗ္ဗာန်ချမ်းသာအတွက် နိဗ္ဗာန်ရောက်ကြောင်းတရားကို ဟောတာ ဖြစ်တယ်။ ဤမှန်သောစကားကို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေလို့ ဟောဒီထဲမှာ မှားတာတွေ တစ်ခုမှမပါဘူး။ ဘုရားနဲ့ပတ်သက်ပြီး ပြောတာဆိုတော့ လိုတောင်လိုနေဦးမယ်၊ မှားတာတစ်ခုမှ မပါဘူး။ မှန်တာတွေချည်းပဲ ပြောတာဖြစ်သောကြောင့် အဲဒါ စွမ်းအားရှိတဲ့ သစ္စာစကား ဖြစ်သွားတယ်။

ကဲ နောက်တစ်ခု သစ္စာဆိုပုံကို ထပ်ပြီးတော့ ပြတယ်။ “ဝရော ဝရညူ ဝရဒေါ ဝရာဟရော၊ အနုတ္တရော ဓမ္မဝရံ အဒေသယိ။”

ဒါ သစ္စာဆိုပုံလေးကို ပြောတာ။ ဒါလည်းပဲ ဘုရားနဲ့ ပတ်သက်ပြီးတော့ သစ္စာဆိုတာ။

“ဝရ”ဆိုတာ အင်မတန် ထူးမြတ်တယ်။ သတ္တဝါတွေထက် မြတ်စွာဘုရားဟာ မြင့်မြတ်တယ်။ ဘာကြောင့် မြင့်မြတ်တာတုန်းဆိုရင် သီလအားဖြင့်လည်း သာတဲ့ပုဂ္ဂိုလ် မရှိ၊ တူတဲ့ပုဂ္ဂိုလ် မရှိ၊ သာတဲ့ပုဂ္ဂိုလ်ဆို သာဝေး၊ သမာဓိပညာအားဖြင့်လည်း တူတဲ့

စာမျက်နှာ-၉၃
ပုဂ္ဂိုလ် မရှိ၊ သာတဲ့ပုဂ္ဂိုလ် မရှိ၊ အဲဒီတော့ လောကမှာ မြတ်စွာဘုရားဟာ အမြတ်ဆုံးဖြစ်လို့ “ဝရ”၊ ဘုရားကိုတွေ့ရတဲ့ ပုဂ္ဂိုလ်တိုင်းဟာ မြတ်စွာဘုရားကို မြတ်နိုးတောင့်တကြတယ်။ ချစ်ခင်ကြတယ်၊ ဒါကြောင့်မို့ “ဝရ”။

အဲဒီမြတ်စွာဘုရားဟာ “ဝရ”တဲ့။ သူသိတဲ့တရားကလည်း အလွန်ကို မြင့်မြတ်တဲ့တရား၊ နောက်ဆုံးမှာ သစ္စာလေးပါးတရားဆိုတာ အလွန်မြင့်မြတ်တယ်။ မဂ္ဂင်(၈)ပါးတရားဆိုတာ အလွန်မြင့်မြတ်တယ်။ နောက်ဆုံး နိဗ္ဗာန်ဆိုတဲ့ တရားဟာ အဆင့်အမြင့်ဆုံးတရား ဖြစ်တယ်။ အဲဒီ တရားတွေကို သိလို့ “ဝရညူ” လို့ခေါ်တာ။ အညံ့စားကို သိတာ မဟုတ်ဘူး၊ အကောင်းစား သိတာ။

သိပြီးတော့ ကိုယ်တစ်ယောက်တည်းသာ အကောင်းစားတွေကို ခံစားနေတာမဟုတ်ဘူး။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် “ဝရဒေါ” ကျန်တဲ့ပုဂ္ဂိုလ်တွေကိုလည်း အဲဒီ အမြတ်ရတနာတွေကို ပေးစွမ်းနိုင်ပါတယ်တဲ့။

ဟော ဘုရားရဲ့ ဂုဏ်ရည်တွေ အမြတ်ဆုံး နိဗ္ဗာန်ဆိုတဲ့ တရားကို သိတယ်။ အဲဒီအမြတ်ဆုံးဆိုတဲ့ နိဗ္ဗာန်ကိုလည်း သတ္တဝါတွေကို ပေးကမ်းနိုင်တယ်တဲ့။ မြတ်စွာဘုရား ပေးလိုက်တဲ့ ပုဂ္ဂိုလ်တွေ နည်းတာမဟုတ်ဘူး။ ဘုရားလက်ထက်က အကျွတ်တရား ရသွားပြီးတော့ သံသရာဝဋ်က လွတ်သွားတဲ့ပုဂ္ဂိုလ်။ မြတ်စွာဘုရားပေးလို့ ရတာတွေချည်းပဲ။ ပထမဆုံး ဓမ္မစကြာ ဟောလိုက်တယ်၊

စာမျက်နှာ-၉၄
ရှေးဦးစွာ ရှင်ကောဏ္ဍညကြီး သဘောပေါက်သွားတယ်၊ ထိုနောက်မှာ ဆက်ပြီးတော့ ဆုံးမဩဝါဒပေးတော့ ပဉ္စဝဂ္ဂီငါးဦးလုံးဟာ အကျွတ်တရား ရသွားတယ်။ အနတ္တလက္ခဏသုတ် ဟောလိုက်တဲ့အခါမှာ အားလုံးဟာ ကိလေသာ အာသဝေါ ကင်းစင်တဲ့ ရဟန္တာတွေ ဖြစ်သွားတယ်။

သူတို့ကို မြတ်စွာဘုရားက ဘာပေးလိုက်တာတုန်းဆိုရင် အမြတ်ဆုံးတရားနဲ့ အမြတ်ဆုံးနိဗ္ဗာန်ကို ပေးလိုက်တာပဲ။ လမ်းဆုံးရောက်သွားကြတာ အဲဒါကိုပြောတာ “ဝရဒေါ”ဆိုတာ။

နောက်တစ်ခါ “ဝရာဟရော”ဆိုတာ မြတ်စွာဘုရားဟာ သူယူလာတဲ့ လက်ဆောင်ဟာ ဘယ်လောက်တန်ဖိုးရှိတဲ့ လက်ဆောင်လဲ၊ လောကမှာလူတွေဟာ လက်ဆောင်တွေ ယူလာတတ်ကြတယ်၊ သယ်ဆောင်လာကြတယ်။ အဲဒီ သယ်ဆောင်လာတဲ့ပစ္စည်းက တစ်ခါတစ်ခါ တန်ဖိုးရှိချင်မှ ရှိမယ်။ မြတ်စွာဘုရား သယ်ဆောင်လာတဲ့ဟာကျတော့ ကြည့်—ဘာတွေ သယ်ဆောင်လာတုန်းဆိုရင် မြင့်မြတ်တဲ့ သစ္စာလေးပါးကို သယ်ဆောင်လာတယ်။ အင်မတန်မြင့်မြတ်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို သယ်ဆောင်လာတယ်။ အလွန်မြင့်မြတ်တဲ့ နိဗ္ဗာန်ဆိုတဲ့ အကျင့်တရားမြတ်ကို သယ်ဆောင်လာတယ်။ ဒါကြောင့်မို့ “ဝရာဟရော” အမြတ်ကိုယူလာတဲ့ ဘုရားလို့။

ဟော ဘုရားရဲ့ ဂုဏ်တွေကို ဣတိပိသောထဲမှာပါတဲ့ “အရဟံ သမ္မာသမ္ဗုဒ္ဓေါ”ဆိုတာတွေ မဟုတ်ဘဲနဲ့ ထူးခြားတဲ့ အရည်အသွေးတွေကို အာရုံပြုပြီးတော့ ဒီမှာ သစ္စာဆိုပုံကိုပြတာ။

စာမျက်နှာ-၉၅
ဒါကြောင့် “ဝရော” သီလ၊ သမာဓိ၊ ပညာ အနေနဲ့လည်း အမြတ်ဆုံး ဖြစ်တယ်။ “ဝရညူ” အမြတ်ဆုံးတရားကို သိတယ်။ “ဝရဒေါ” သတ္တဝါတွေကို အမြတ်ဆုံးတရားကို အပ်နှင်းတယ်။ “ဝရာဟရော” အမြတ်ဆုံးတရားတွေကို သယ်ဆောင်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ “အနုတ္တရော”ဆိုတာ သာတဲ့ပုဂ္ဂိုလ် မရှိဘူး။ အတုမဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ အဲဒီ အတုမဲ့ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ရောက်ကြောင်းတရားကို ဟောတယ်။ အဲဒီလို နိဗ္ဗာန်ရောက်ကြောင်းတရားကို ဟောပြီးတော့ နိဗ္ဗာန်ဆုကြီးကိုပေးတဲ့ မြတ်စွာဘုရားဟာ အင်မတန်မှ နှစ်သက်စရာကောင်းတဲ့ ရတနာတစ်မျိုး ဖြစ်ပါတယ်။ ဒီမှန်သောစကားကို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေလို့။ ဘုရားကို အာရုံပြုပြီးတော့ သစ္စာဆိုတာ။ ဒီထဲမှာလည်းပဲ အမှားအယွင်းတစ်ခုမှမရှိသည့်အတွက်ကြောင့်၊ မှန်ကန်သောစကား ဖြစ်သည့်အတွက်ကြောင့် စွမ်းအားသတ္တိတွေ အင်မတန်မှ ပြည့်ဝတယ်လို့ပြောတာ။ ဒါနေ့စဉ်နဲ့အမျှ ရွတ်ဖတ်တဲ့အခါ ဒါတွေကို အာရုံပြုပြီးတော့ ကိုယ့်ကိုသစ္စာဆိုနေတယ်ဆိုတဲ့ အနေအထားနဲ့ သစ္စာဆိုသင့်တယ်ပေါ့။ အဲဒီလို သစ္စာဆိုမယ်ဆိုရင် ကိုယ့်သန္တာန်မှာ စွဲကပ်နေတဲ့ ရောဂါဝေဒနာတွေလည်း ပျောက်ကင်းမယ့် ရောဂါဝေဒနာတွေဆိုရင်လည်း ပျောက်သွားမှာပေါ့။ အေး သက်သာစရာ အကြောင်းတွေ ရှိလာလို့ရှိရင်လည်း သက်သာသွားမှာပေါ့။

ရောဂါဝေဒနာဆိုတာ ကုစားလို့ ရတာရှိတယ်။ ကုစားလို့ မရတာ ရှိတယ်ပေါ့။ ကုစားလို့ရတာတွေကျတော့ သက်သာ

စာမျက်နှာ-၉၆
ပျောက်ကင်းသွားနိုင်တယ်ပေါ့။

ကဲ ကောင်းပြီ နောက်ဆုံးဂါထာတစ်ပုဒ်က သံဃာဂုဏ်နဲ့ ပတ်သက်တယ်။ ရဟန္တာရဲ့ ဂုဏ်အရည်အချင်းနဲ့ ပတ်သက်ပြီးတော့ သစ္စာဆိုပုံကိုပြတာ။ “ခီဏံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ၊ ဝိရတ္တစိတ္တာယတိကေ ဘဝသ္မိံ။ တေ ခီဏဗီဇာ အဝိရူဠိဆန္ဒာ၊ နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။”

ရဟန္တာပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်လည်းဆိုတာ ဟောဒီဂါထာမှာ ထင်ထင်ရှားရှား ပြတယ်။ ရဟန္တာဖြစ်သွားတယ်ဆိုတာ ဘယ်လိုဟာလဲ၊ ရဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်ရဲ့ အနေအထား ဘယ်လိုလဲဆိုတာ ဟောဒီဂါထာမှာ ရှင်းရှင်းလင်းလင်း ပြတယ်။

တခြားသုတ္တန်တွေမှာလည်း ရဟန္တာအကြောင်းတွေ ဟောထားတာ ရှိတယ်။ အေး ဒီမှာဟောထားတာ ရဟန္တာအကြောင်းကတော့ ကြည့်— “ခီဏံ ပုရာဏံ” ရဟန္တာဆိုတဲ့ ပုဂ္ဂိုလ်မှာ “ပုရာဏံ ခီဏံ” အတိတ်ကံတွေကို ကုန်သွားပြီးတဲ့။ ဒီအတိတ်ကံတွေကုန်သွားတယ်ဆိုတာ ဘာကိုပြောတာတုန်းဆိုရင် တကယ်တော့ ကံဆိုတာ ကုန်သွားတာမဟုတ်ဘူး၊ ကိလေသာတွေ ကုန်သွားတာကို ပြောတာ၊ “ကိလေသ နိရောဓော ကမ္မ နိရောဓော”တဲ့ ကိလေသာချုပ်ငြိမ်းသွားလို့ ကံတရားဟာ ချုပ်ငြိမ်းသွားတာ။

စာမျက်နှာ-၉၇
ဆိုလိုတာက ကံဆိုတဲ့ မျိုးစေ့တွေ ရဟန္တာပုဂ္ဂိုလ်မှာရှိတယ်။ သို့သော် ကိလေသာကုန်သွားသည့်အတွက်ကြောင့် တဏှာဆိုတဲ့ ကိလေသာ အဖော်သဟဲ မရှိတော့ ကံတရားတွေက အကျိုးပေးလို့ မရဘူး။

ပဋိစ္စသမုပ္ပါဒ်ကိုကြည့်။ ကံနဲ့ကိလေသာ ပေါင်းပြီးတော့မှ အကျိုးတစ်ခုကို ထုတ်လို့ရတယ်။ ကံချည်းသက်သက် အကျိုးမထုတ်နိုင်ဘူး။ ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်မှာ “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ” လို့ ဒီလိုဟောထားတာနော်။ အဝိဇ္ဇာဆိုတာ ကိလေသာ၊ သင်္ခါရဆိုတာ ကံ၊ ကံနဲ့ ကိလေသာ နှစ်ခုပေါင်းတဲ့အခါကျတော့မှ ဝိညာဏဆိုတဲ့ အကျိုးတရားတစ်ခုကို ထုတ်လုပ်တာ။

အဲဒီတော့ ရဟန္တာပုဂ္ဂိုလ်တွေမှာ အဝိဇ္ဇာဆိုတဲ့ ကိလေသာ ကုန်သွားတယ်။ ကုန်သွားသည့်အတွက်ကြောင့် သင်္ခါရဆိုတဲ့ ကံတရားက အကျိုးပေးလို့ မရတော့ဘူး။ အဲဒီအဓိပ္ပါယ်ကို ရည်ညွှန်းပြီးတော့ ကံဟောင်းတွေ ကုန်သွားပြီလို့ ပြောတာ။

ရဟန္တာပုဂ္ဂိုလ်တွေမှာ ကံဟောင်းတွေ ကုန်သွားပြီလို့ ပြောလို့ရှိရင် ရှင်မောဂ္ဂလာန်မထေရ်မြတ် ဘာဖြစ်လို့ သူခိုးသတ်တာ ခံရတုန်းလို့ ဒီလိုမေးလာလိမ့်မယ်၊ ဟုတ်ကဲ့လား။ ကံဟောင်းတွေ ကျန်မနေဘူးလားဆိုရင် ကျန်နေတယ်။ ကုန်တယ်ဆိုတာ ဘယ်လိုကံမျိုးတုန်းဆိုရင်၊ ဘဝတစ်ခုကို တည်ဆောက်ပေးနိုင်တဲ့ ကံမျိုးမရှိတော့ဘူး။ ဒီလိုဆိုလိုတာ။ အတိတ်က လိုက်လာတဲ့ ကံတွေကတော့ ရှိနေဦးမှာပဲ၊ Online ဖြစ်နေ

စာမျက်နှာ-၉၈
တာလေ။ အတိတ်ဘဝကလုပ်တဲ့ အကုသိုလ်ကံတွေက မြတ်စွာဘုရားကိုလည်း လာနှိပ်စက်တာပဲလေ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ကြည့် နာဠာဂိရိဆင်နဲ့ အတိုက်ခံရတယ်နော်။ စိဉ္စမာနနဲ့ အစွပ်စွဲခံခဲ့ရတယ်။ သုန္ဒရီနဲ့ အစွပ်စွဲခံခဲ့ရတယ်။ ဟောဒီပြဿနာတွေဟာ အတိတ်တုန်းက လုပ်ခဲ့တဲ့ အကုသိုလ်ကံရဲ့ ဝဋ်ကြွေးလို့ ဒီလိုဆိုတာကိုး။ အဲဒီတော့ ကံတရားက ခန္ဓာရှိနေသမျှ ကာလပတ်လုံး ရှိနေဦးမယ်။

သို့သော် ဘုရား၊ ရဟန္တာမှာ စုတိရဲ့ ဟိုဘက် ခန္ဓာမရှိသည့်အတွက်ကြောင့် စုတိဟိုဘက်ကို ဒုက္ခလိုက်ပေးနိုင်တဲ့ ကံဆိုတာ မရှိနိုင်တော့ဘူးတဲ့။ ဘာဖြစ်လို့ မရှိတာလဲဆိုရင် ကိလေသာတွေ ကုန်သွားလို့ စွမ်းအားတွေ လျှော့ကျသွားတယ်။ ဘာနဲ့ဥပမာ တူတုန်းဆိုရင် ဘုရား ရဟန္တာ သန္တာန်မှာရှိတဲ့ ကံတွေဟာ ဖျက်ဆီးခံလိုက်ရတဲ့မျိုးစေ့နဲ့ အလားတူတယ်။ မျိုးစေ့တစ်ခုဟာ အပင်ပေါက်နိုင်တဲ့နေရာ ထိခိုက်နစ်နာသွားမယ် သို့မဟုတ် မီးလောင်ကျွမ်းသွားမယ်ဆိုရင် အပင်မပေါက်နိုင်ဘူး။

ထို့အတူပဲ ကိလေသာကို ဖယ်လိုက်တာနဲ့ တပြိုင်နက် ကံတရားဟာ ဘဝတစ်ခုကို ထုတ်လုပ်နိုင်စွမ်း မရှိတော့ဘူး။ အဲသလို ထုတ်လုပ်နိုင်တဲ့ စွမ်းအားရှိတဲ့ ကံတွေမရှိတော့တာကို ရည်ရွယ်ပြီးတော့ “ခီဏံ ပုရာဏံ” အတိတ်ကံတွေကုန်သွားပြီလို့ ဒီလိုပြောတာနော်။

ရဟန္တာဖြစ်သွားပြီဆိုရင် အဲဒီလို နောင်ဘဝလိုက်ပြီး အကျိုးပေးမယ့်ကံမျိုး မရှိတော့ဘူးလို့ ပြောတာ။ သို့သော် ဒီခန္ဓာ

စာမျက်နှာ-၉၉
ရှိနေလို့ ကမ္မဝဋ်၊ ရှိနေတဲ့အချိန်မှာ လာဦးမှာ၊ ကမ္မဝဋ်က တတ်နိုင်သမျှတော့ ဒုက္ခကပေးဦးမှာပဲ။ အကုသိုလ်ရှိခဲ့ရင် ကံက ရှင်မောဂ္ဂလာန်ကို နောက်ဆုံး ဒုက္ခပေးသွားတာပဲလေ။ သို့သော် ပရိနိဗ္ဗာနစုတိရဲ့ ဟိုဘက်အထိ လိုက်နိုင်လားဆိုတော့ မလိုက်နိုင်ဘူး။ တဏှာဆိုတဲ့ အစေးကုန်သွားသည့်အတွက်ကြောင့် ရဟန္တာတွေမှာ အတိတ်ကံတွေ ကုန်သွားပြီလို့ ပြောတာ။

နောက်တစ်ခါ “နဝ နတ္ထိ သမ္ဘဝံ” “နဝ”ဆိုတာ ကံအသစ်၊ “နတ္ထိသမ္ဘဝံ” ဖြစ်နိုင်ခြင်း မရှိတော့ဘူး။ ကံအသစ်ကတော့ မဖြစ်တော့ဘူးတဲ့၊ ဘာဖြစ်လို့ မဖြစ်တာတုန်းဆိုရင် အဝိဇ္ဇာတဏှာဆိုတဲ့ ကိလေသာတွေကို ဖယ်ရှားထားပြီးသား ဖြစ်သောကြောင့်ပဲ။

ဥပမာ ဘာနဲ့တူတုန်းဆိုရင် သစ်ပင်ကြီးတစ်ပင်ဟာ အဖူးတွေ၊ အပွင့်တွေ ရှိနေလင့်ကစား အဲဒီသစ်ပင်ရဲ့ ရေသောက်မြစ်ကို ဖြတ်လိုက်မယ်ဆိုလို့ရှိရင် အဲဒီ အပွင့်တွေက အသီးသီးနိုင်ပါဦးမလား။ မသီးနိုင်တော့ဘူး။ အဲဒါလိုပဲ ရဟန္တာပုဂ္ဂိုလ်တွေမှာ အမြစ်ပြတ်သွားတဲ့ သစ်ပင်ရဲ့ အပွင့်တွေနဲ့ အလားတူတယ်။ သူတို့သန္တာန်မှာလုပ်တဲ့ အကုသိုလ်တွေဟာ အကျိုးမပေးနိုင်တော့ဘူး။

ရဟန္တာတွေလည်းပဲ ကံတော့လုပ်နေတာပဲလေ၊ ရှင်သာရိပုတ္တရာက တရားဟောတယ်နော်။ ဆွမ်းခံပြီး မမာမကျန်းဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို ကျွေးမွေးတယ်။ ဒါကုသိုလ်လုပ်တာပဲ၊ ဘုရားလည်း ရှိခိုးတာပဲ၊ တရားဟောတယ်၊ ဒါတွေဟာ ကုသိုလ်ပဲပေါ့။ သို့သော် ရဟန္တာသန္တာန်မှာဖြစ်တဲ့ ကုသိုလ်ကို ကိလေသာ မရှိတော့သည့်—

စာမျက်နှာ-၁၀၀
အတွက်ကြောင့် ကုသိုလ်ဆိုတဲ့ နာမည်နဲ့မသုံးတော့ဘဲ “ကြိယာ” လို့ခေါ်လိုက်တာ။

ကြိယာဆိုတာ action တစ်ခုလုပ်ရုံ လုပ်တယ်လို့ ဆိုတယ်။ ကိစ္စတစ်ခု ဆောင်ရွက်မှု တစ်ခုပဲ။ သို့သော် ဒီဆောင်ရွက်မှုသည် ကောင်းကျိုးချမ်းသာကို နောင်ဘဝတစ်ခုမှာ ပေးနိုင်တဲ့ အစွမ်း မရှိတော့ဘူး၊ ဒီဘဝတော့ ပေးမှာပေါ့။ ဒီဘဝတော့ ပေးနိုင်တဲ့ စွမ်းရည်သတ္တိ ရှိသေးတာပဲပေါ့၊ နောင်ဘဝတော့ မပေးနိုင်တော့ဘူး။ ဒီလိုဆိုလိုတယ်။ အဲဒါကိုပြောတာ “နတ္ထိသမ္ဘဝ” လို့၊ ကံအသစ်ဆိုတာ ဖြစ်ပေါ်လာခြင်းကို မရှိတော့ဘူးတဲ့။ ။

ကံတရားတွေလုပ်တာပဲ။ တရားဟောတယ်။ ဒါ ဓမ္မ ဒေသနာကုသိုလ် ပဲပေါ့။ ဘုရားကို ရှိခိုးတယ်၊ ဝေယျာဝစ္စတွေ လုပ်တယ်၊ ဒါတွေဟာ ကံတရားတွေပဲ၊ ကုသိုလ်တွေ လုပ်နေတာ ပဲ။ ရှင်သာရိပုတ္တရာလည်း လုပ်တာပဲ။ ရှင်မောဂ္ဂလာန်လည်း လုပ်တာပဲ၊ ရဟန္တာတွေလည်း လုပ်တာပဲ။ အဲဒီလိုလုပ်သမျှ ကုသိုလ်တွေဟာ အကျိုးမပေးနိုင်တော့သည့်အတွက် “ကြိယာ”၊ ပြုလုပ်ရုံသက်သက်မျှသာ၊ “ဆောင်ရွက်လုပ်ကိုင်ခြင်းမျှသာ” ဖြစ်တယ်လို့ ဒီလို ပြောတာနော်။ “ဒီကံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ”၊ အဟောင်းကုန်ပြီး အသစ်လည်း မလာတော့ဘူးတဲ့။ “ဝိရတ္တစိတ္တာ အာယတိကေ ဘဝသ္မိံ”၊ “အာယတိကဘဝ”ဆိုတာ နောင်ဘဝ၊ အဲဒီ နောင်ဘဝကို လိုချင်တဲ့၊ တွယ်တာတဲ့ တဏှာဆိုတာ လုံးဝမရှိတော့ဘူး၊ နောင်ဘဝအတွက် မျှော်လင့်ခြင်းတဏှာ မရှိတော့ဘူး၊ တွယ်တာမှုတဏှာ မရှိတော့ဘူး။

စာမျက်နှာ-၁၀၁
“တေ ခီဏဗီဇာ အဝိရုဠိဆန္ဒာ” သူတို့မှာ ဘဝမျိုးစေ့တွေ ကုန်သွားပြီ၊ နောင်ဘဝမှာ ဘဝမျိုးစေ့ဆိုတာ မရှိတော့ဘူး။ ဘုန်းကြီးတို့တစ်တွေမှာ ဘဝမျိုးစေ့ဆိုတာ အပြည့်အဝရှိနေ သေးတယ်။ အေး ... ကံဆိုတဲ့ မျိုးစေ့လို့လည်း ပြောလေ့ ရှိတယ်။ အဲဒီ ကံဖန်တီးပေးလိုက်တဲ့ ဝိညာဏ်ဆိုတဲ့ မျိုးစေ့လည်း ရှိတယ်ပေါ့။

မြတ်စွာဘုရားက အင်္ဂုတ္တရနိကာယ် ဘဝသုတ္တန်မှာ ဟောထားတဲ့ ဥပမာလေးရှိတယ်။ “ကမ္မံ ခေတ္တံ၊ ဝိဉာဏံ ဗီဇံ တဏှာ သနေဟော” လို့ ဥပမာပေးထားတာ။ ဘဝတစ်ခုကို သွားပြီ ဆိုလို့ရှိရင်၊ အဲဒီဘဝမှာ ပဋိသန္ဓေဆိုတဲ့ မျိုးစေ့လေး ကျတာ။ ဘယ်မှာကျတုန်းဆိုရင် ကံပေါ်မှာ ကျတာ။ ဘာဖြစ်လို့တုန်း၊ အဲဒီမှာ ကံရဲ့ စွမ်းအားနဲ့ ပဋိသန္ဓေမျိုးစေ့ ကျရတာဖြစ်သောကြောင့် ကံသည် မြေလွှာသဖွယ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ “ကမ္မံ ခေတ္တံ” လို့သုံးတာ။ ကံရဲ့ အရှိန်နဲ့ ကံရှိလို့ဖြစ်ရတာ ဖြစ်သောကြောင့် ကံဆိုတဲ့ မြေလွှာ ရှိသောကြောင့် ဝိညာဏ်ဆိုတဲ့ မျိုးစေ့လေး ပေါ်ပေါက်ရတယ်

အဲဒါကြောင့်မို့ အဲဒီသုတ္တန်မှာ မြတ်စွာဘုရားက ဘဝဆိုတာနဲ့ ပတ်သက်ပြီးတော့ ရှင်းပြထားတယ်၊ “ကမ္မံ ခေတ္တံ” ကံတရားဟာ မြေလွှာပဲတဲ့။ “ဝိညာဏံ ဗီဇံ” ကံတရားကြောင့် ဖြစ်လာတဲ့ သန္ဓေစိတ်ကလေးဟာ မျိုးစေ့ပဲတဲ့။ အဲဒီ မျိုးစေ့လေးဟာ အပင်ပေါက်ဖို့အတွက် “တဏှာ သနေဟော” တွယ်တာမှုဆိုတဲ့ တဏှာရာဂသည် အရည်အစေးပဲလို့ ဒီလိုဟောတာ

စာမျက်နှာ-၁၀၂
ပဲ။

ဟော သဘာဝကိုကြည့်မယ်ဆိုလို့ရှိရင်လည်း မြေရှိမှရမယ်၊ ရေရှိမှရမယ်၊ ဒါမှ မျိုးစေ့ပေါက်မှာပေါ့။ မြေမရှိ၊ ရေမရှိဘဲ မျိုးစေ့လေးချည်းထားရင် မပေါက်ဘူး။ မြေနဲ့ ရေနဲ့ ပေါင်းမှ ပေါက်တယ်။ အဲဒါလိုပဲ ဝိညာဏ်ဆိုတဲ့ မျိုးစေ့လေးဟာ ကံဆိုတဲ့ မြေလွှာရှိရမယ်၊ တဏှာဆိုတဲ့ အရည်စေးရှိရမယ်တဲ့။ ကံနဲ့ကိလေသာ နှစ်ခုပေါင်းပြီးတော့ ထုတ်လုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ။

အေး ... ရဟန္တာဖြစ်သွားပြီဆိုရင် “ခီဏဗီဇာ” မျိုးစေ့တွေ မရှိတော့ဘူး၊ ကုန်သွားပြီ၊ နောက်ထပ်ပေါက်စရာ မရှိတော့ဘူး။ သူ့ဘဝမှာ “အဝိရုဠိ ဆန္ဒာ” ဖြစ်ချင်တဲ့ ဆန္ဒတွေလည်း ကုန်ခမ်း သွားပြီတဲ့။ ရဟန္တာဘဝဟာ ရထားတဲ့ ဘဝတစ်ခု အဆုံးသတ် သွားတာနဲ့ တစ်ပြိုင်နက် ဘယ်ရောက်သွားတယ်လို့ ပြောလို့ မရဘူး၊ “နိဗ္ဗန္တိ ဓီရာ” ငြိမ်းသွားတယ်လို့ပဲ ပြောရမယ်။ ဥပမာ ဖရောင်းတိုင်မီးလေး၊ ဆီမီးလေး ငြိမ်းသွားသလိုပဲ။ “ယထာယံ ပဒီပေါ”တဲ့။ စဉ်းစားကြည့်၊ ဆီမီးလေးတစ်ခု ထွန်းထားတယ်၊ ထွန်းထားတဲ့အချိန်မှာ ဆီလည်းကုန်သွားတယ်၊ မီးဇာလည်း ကုန်သွားတယ်ဆိုရင်၊ ဒီမီးလေး ငြိမ်းသွားတယ်၊ အထောက်အပံ့ အကြောင်းတရားတွေ ကုန်လို့ ငြိမ်းသွားတယ်။ ဒါဖြင့် ဒီမီးလေး ဘယ်ရောက်သွားတုန်းလို့ ပြောလို့ရလား၊ မရဘူးလား။ ငြိမ်းသွားတာလို့ပဲ ပြောရမှာပဲ။ ငြိမ်းသွားတာဟာ ငြိမ်းသွားတယ်လို့ပဲ ပြောရမယ်။

အဲဒီတော့ ရဟန္တာပုဂ္ဂိုလ်တွေကလည်း ဒီလိုပဲ အကြောင်း

စာမျက်နှာ-၁၀၃
တရားတွေ ကုန်သွားသည့်အတွက်ကြောင့် သူတို့ဘဝတစ်ခု ရုပ်နာမ်ခန္ဓာတွေ ငြိမ်းသွားတာကို “နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ” ဘယ်ရောက် သွားတယ်လို့ ပြောလို့မရဘူး။ အဲဒီ ငြိမ်းသွားတာကိုပဲ အရပ်စကားအနေနဲ့ ပြောတာ၊ နိဗ္ဗာန်စံဝင်သွားတယ်ဆိုတော့ နိဗ္ဗာန်ဟာ ဘုံဗိမာန်ကြီးလိုလို ဘာလိုလိုတွေးထင် ကြတယ်။ ဒါ တင်စားပြောတဲ့ စကား၊ Metaphorical term ဖြစ်တယ်။ တင်စားပြောမှ တချို့ကလည်း နားလည်တာကိုး။ တင်စားပြောမှ နားလည်သလိုပဲ တစ်ခါတစ်ခါ တင်စားပြော တာကိုပဲ အဟုတ်မှတ်လို့ရှိရင်လည်း ဘုံဗိမာန်ကြီးလို သွားထင် တတ်တယ်။

အဲဒါကြောင့် ရဟန္တာပုဂ္ဂိုလ်ဆိုတာ အဲဒီလိုဟာမျိုး၊ အခု ဒီဂါထာမှာ ပြထားတဲ့အတိုင်း ဝဋ်သုံးပါးဆိုတာ အားလုံးသိကြတဲ့ အတိုင်း ဝဋ်သုံးပါးမှာ ကမ္မဝဋ်၊ ကိလေသဝဋ်၊ ဝိပါကဝဋ်။ အဲဒီဝဋ်သုံးပါး တစ်ခုစီကို ဖြုတ်သွားပုံကိုကြည့်။ အကျဉ်းချုပ် ပြောမယ်ဆိုရင် “ကိလေသဝဋ်ဆိုတာ လိုချင်တာကို ပြောတာ၊ ကမ္မဝဋ်ဆိုတာ လိုချင်တော့ လုပ်တာ” လူတွေက လိုချင်တယ်၊ လိုချင်ရင် ဘာလုပ်လည်း ရအောင်လုပ်တယ်၊ ရအောင်လုပ်တော့ ရတယ်။ ဟော. လိုချင်တာက ကိလေသဝဋ်၊ ရအောင်လုပ် တာက ကမ္မဝဋ်၊ “ရတာက ဝိပါကဝဋ်။”

ရလာတဲ့အခါ ရပ်သွားလားဆိုတော့ မရပ်ဘူး၊ ရလာလို့ရှိရင် လိုချင်ပြန်တယ်၊ လုပ်ပြန်တယ်၊ ရပြန်တယ်၊ “ဝဋ်လည်တယ်”ဆိုတာ အဲဒါပြောတာနော်။ လူတွေက ဝဋ်လည်တယ်ဆိုတာ

စာမျက်နှာ-၁၀၄
မသိဘူး။ သူများ မဟုတ်တာလုပ်ရင် ကိုယ်ခံရတာ၊ ဒါပဲ ဝဋ်လည်တယ် ပြောနေတာ။ ဝဋ်လည်တယ်ဆိုတာ ဒါပြောတာ။ ကိလေသာရှိရင် ကမ္မဝဋ် လာလိမ့်မယ်၊ ကမ္မဝဋ်ရှိရင် ဝိပါကဝဋ်လာလိမ့်မယ်။ ဒီလိုလည်ပတ်နေတာကို ပြောတာနော်။ ။

ကဲကောင်းပြီ အဲဒီလည်ပတ်နေတဲ့ ဝဋ်တွေ သုံးခုရှိတဲ့ အထဲမယ် ရဟန္တာဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေက ဘာကို ဖယ်လိုက် တာတုန်းဆိုတော့ ကိလေသဝဋ်ကို ဖယ်လိုက်တာ၊ ဘာကျန်တုန်း ဆိုရင် ကမ္မဝဋ်နဲ့ ဝိပါကဝဋ် ကျန်တယ်ပေါ့။ အဲဒီကမ္မဝဋ် ကျန်တယ်ဆိုတာ ဘဝတစ်ခု တည်ဆောက်နိုင်တဲ့ စွမ်းရည်သတ္တိ မရှိတော့ဘူး။ ကိလေသာဝဋ်ဆိုတဲ့ အခန်းတစ်ခု ပျက်စီးသွားပြီ။ အခန်းသုံးခုထဲမယ် ကိလေသာဝဋ်ဆိုတဲ့ အခန်းတစ်ခန်း ပျက်စီး သွားသည့်အတွက်ကြောင့် ကမ္မဝဋ်ဆိုတာ သိပ်ပြီးတော့ စွမ်းဆောင်နိုင်မှု မရှိတော့ဘူးပေါ့။ အဲဒါကြောင့် “ကိလေသ နိရောဓော ကမ္မနိရောဓေါ”တဲ့။ ကိလေသာ ကုန်သွားရင် ကံကုန် သွားတယ်။ အဲဒီတော့ ဘာကျန်နေတုန်းဆိုရင် ဝိပါကဝဋ်တစ်ခု ကျန်နေတယ်။ ကံကိလေသာပေါင်းပြီးထုတ်ထားတဲ့ အကျိုးတစ်ခု ကျန်နေတယ်။

ဆိုပါစို့ မြတ်စွာဘုရားကိုကြည့်လိုက်၊ ဘုရားအလောင်း တော်ဟာ တရားဓမ္မကျင့်ကြံကြိုးကုတ် အားထုတ်တယ်၊ အဲဒီလို ကျင့်ကြံကြိုးကုတ် အားထုတ်တဲ့အခါမှာ ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဂယာ မဟာဗောဓိပင်အောက် တရားထူးတရားမြတ်ကို ရလိုက်တယ်။ တရားထူးတရားမြတ် ရလိုက်တဲ့အခါ ကိလေသဝဋ်

စာမျက်နှာ-၁၀၅
ကုန်သွားတယ်။ ကိလေသဝဋ်ကို ဖျက်ဆီးလိုက်နိုင်သည့် အတွက်ကြောင့် ကမ္မဝဋ်ဆိုတာလည်း စွမ်းဆောင်နိုင်မှု မရှိတော့ဘူး၊ ဟော ဖျက်ဆီးလိုက်တာက ကိလေသာ၊ ထိခိုက်သွားတာက ကမ္မဝဋ်က ထိခိုက်သွားတယ်ပေါ့၊ ဘာကျန်နေတုန်းဆိုတော့ ကံနဲ့ကိလေသာ ပေါင်းထုတ်ထားတဲ့ ဝိပါကဝဋ်ကြီး ကျန်နေတယ်။

အဲဒီတော့ ဗုဒ္ဓဂယာ မဟာဗောဓိပင်အောက်မှာ ရလိုက်တဲ့ နိဗ္ဗာန်ဟာ ဘာနိဗ္ဗာန်လဲဆိုရင် “သဥပါဒိသေသ” နိဗ္ဗာန်ဖြစ်တယ်။ ကိလေသာတွေ ကုန်သွားတယ်။ သို့သော် ကိလေသာကံတို့ရဲ့ အကျိုးဆက်ဖြစ်တဲ့ ခန္ဓာကြီးကတော့ ရှိနေသေးတယ်တဲ့၊ “ဥပါဒိ”ဆိုတာ ကံကိလေသာတို့ရဲ့အကျိုး၊ “သေသ”ဆိုတာ ကျန်နေသေးတယ် ဒီလိုဆိုလိုတယ်။

အေး ... သက်တော် (၈၀) ပြည့်တဲ့အခါ ကုသိနာရုံ မလ္လာမင်းတို့ရဲ့ အင်ကြင်းစုံမှာ မြတ်စွာဘုရား ကိုယ်တော်မြတ် ကဆုန်လပြည့်နေ့မှာပဲ ပရိနိဗ္ဗာန်စံသွားတယ်။ အဲဒီအခါ ဘယ်အခန်း ထပ်ပျက်စီးသွားလဲဆိုတော့ ဝိပါကဝဋ် အခန်း ပျက်စီးသွားတယ်၊

အရင်ကုန်သွားတာက ကိလေသဝဋ်၊ ကိလေသဝဋ် ပျက်သွားတော့ ကမ္မဝဋ် ပျက်တယ်။ နောက်ဆုံးပျက်သွားတာ ဝိပါကဝဋ်တဲ့၊ ရုပ်နာမ်ခန္ဓာ အကြွင်းအကျန်မရှိတော့ဘူး။ အားလုံးစက်ဝိုင်းလေးတစ်ခု လုပ်ပြီးတော့ အကွက်လေး (၃) ကွက် ထည့်ကြည့်၊ ထည့်ကြည့်လိုက်တဲ့အခါမှာ ပထမ ကိလေသဝဋ် ဆိုတဲ့ဟာ ဖျက်လိုက်တယ်၊ ဖျက်ပစ်လိုက်ရင် ကမ္မဝဋ်က

စာမျက်နှာ-၁၀၆
စွမ်းဆောင်မှု မရှိတော့ အားပျော့သွားတယ်။ နောက်ဆုံး ဝိပါကဝဋ်တွေ ပျက်စီးသွားပြီဆိုရင် အကန့် (၃) ကန့်ထဲက တစ်ခုမှ မကျန်တော့ဘူး။ အဲဒါဟာ နိဗ္ဗာန်ရောက်တာပဲပေါ့။ ဒီလို ဆိုလိုတာ၊ အဲဒါ အနုပါဒိသေသ နိဗ္ဗာန်ဆိုတာပဲ။ ဝိပါကဝဋ်ပါ အကြွင်းအကျန် မရှိတော့ဘူးတဲ့။ ဘာဖြစ်သွားတာတုန်းဆိုရင် ချုပ်ငြိမ်းသွားတာပဲ ပြောရမယ်တဲ့၊ ဘယ်ရောက်သွားတာတုန်းလို့ မေးစရာ မရှိတော့ဘူး။

ဘယ်ရောက်တယ်ဆိုတာ ရုပ်နာမ်ရှိမှ မေးလို့ရတာလေ။ အခု ရုပ်နာမ်ရှိတဲ့ပုဂ္ဂိုလ်တွေ ဘယ်ရောက်နေတုန်း တရားပွဲ ရောက်နေတာလို့ ပြောလို့ရတယ်၊ ရုပ်နာမ် မရှိတော့ဘူးဆိုရင် ဘယ်ရောက်နေတယ်လို့ ဘယ်လိုလုပ်ပြောမတုန်း၊ ပြောရင်တော့ နိဗ္ဗာန်ရောက်တယ်။ နိဗ္ဗာန်ရောက်တယ်ဆိုတာ ချုပ်ငြိမ်းသွား တာကို ပြောတာပဲ။ အဲဒီ အဓိပ္ပါယ်ကို ပြောတာ “နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ” မီးလေးငြိမ်းသွားသလို ရဟန္တာတွေဟာ ဒီလိုငြိမ်းသွားတယ်။

ဘုန်းကြီးတို့ သီဟိုဠ်နိုင်ငံမှာ သွားပြီးတော့ Master တန်း သွားတက်တုန်းက ပါမောက္ခဆရာကြီးထံ မေးခွန်းတစ်ခု တက်လာတယ်၊ ခရစ်ယာန်ဘုန်းကြီးတွေ အဲဒီမှာ ဗုဒ္ဓဘာသာ တရားကို လာသင်ကြတယ်။ Master တန်းမှာ လာတက်တယ်။ ခရစ်ယာန်ဘုန်းကြီးတစ်ပါးက မေးတယ်၊ “ဗုဒ္ဓဘာသာ ရဟန္တာတွေ ပရိနိဗ္ဗာန်စံသွားတော့ ဘယ်ရောက်သွားတုန်း” တဲ့။ အဲဒီ ဆရာကြီးက စဉ်းစားပြီးတော့ ပြောတယ်၊ ပြောတော့ ဘုန်းကြီးက

စာမျက်နှာ-၁၀၇
လှမ်းပြီးတော့ ထောက်ပေးလိုက်တယ်၊ ဆရာကြီး “နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ” ဒီစကားလေး ရှိတယ်လို့ ပြောလိုက်တဲ့အခါ သဘောပေါက်သွားပြီး Reverend က ပြောနေတယ်တဲ့၊ “နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ” အဲဒီအတိုင်းပဲ မှတ်ရမယ်ဆိုပြီး ဒီမေးခွန်း လေးကို ဖြေခဲ့တယ်။ ရဟန္တာ ဘယ်ရောက်သွားလဲဆိုတဲ့ မေးခွန်း နော်။

အဲဒီတော့ ဘယ်ရောက်သွားသလဲဆိုရင် ပြောစရာမရှိဘူး။ ပြောမယ်ဆိုရင် ခုနက ငြိမ်းသွားတဲ့မီးလေး ဘယ်ရောက်သွားလဲ ဆိုရင် ဘယ်လိုပြောမလဲ၊ ငြိမ်းသွားတယ်လို့ပဲ ပြောလို့ရတယ်။ ဘယ်ရောက်သွားတယ်လို့ ပြောလို့ရမလား၊ မရဘူး၊ ဒေသနဲ့ ပြောလို့မရဘူး ရှိမှမရှိတဲ့ဟာကိုး။

အေး အဲဒါကြောင့်မို့ ရဟန္တာပုဂ္ဂိုလ်ဆိုတာ အဲဒါမျိုးကို ဆိုလိုတယ်။ တခြားသုတ္တန်တွေမှာ ရဟန္တာပုဂ္ဂိုလ်အကြောင်း ဘယ်လိုရှင်းပြီး ဟောထားတုန်းဆိုရင် ရဟန္တာဆိုတာ “အရဟ” ကိလေသာတွေ မရှိတော့ဘူး။ လောဘမဖြစ်တော့ဘူး၊ ဒေါသ မဖြစ်တော့ဘူး၊ မောဟတွေ၊ မာန်မာနတွေ မဖြစ်တော့ဘူး၊ ကိလေသာတွေက ဝေးသွားတဲ့ ပုဂ္ဂိုလ်ဟာ ရဟန္တာ။

နောက်တစ်ခုက “ခီဏာသဝ” အာသဝတရားတွေ ကုန်သွားတယ်။ အာသဝဆိုတာ ကာမာသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ၊ တဏှာရယ်၊ ဒိဋ္ဌိရယ်၊ မောဟရယ်၊ ဒါတွေဟာ မရှိတော့ဘူးလို့ ဒီလိုဆိုလိုတာနော်။

“သိက္ခိတဝါ” မဂ္ဂင် (၈) ပါး အကျင့်တရားကို ပြည့်ပြည့်ဝဝ

စာမျက်နှာ-၁၀၈
ကျင့်ပြီးပြီတဲ့၊ “ကတကရဏီယော” လုပ်စရာတွေ လုပ်ပြီးသွားပြီ။ လုပ်စရာတွေ မကျန်တော့ဘူး။ ဘုန်းကြီးတို့တစ်တွေဟာ လုပ်စရာတွေ ဘယ်တော့မှ မကုန်ဘူး။ အရဟတ္တမဂ်၊ အရဟတ္တ ဖိုလ် မရမချင်းဟာ လုပ်စရာတွေ ရှိနေတာပဲ။ ဘယ်သူမှ ပြီးပြည့်စုံ ပြီလို့ ပြောလို့မရဘူးနော်။ အလုပ်က ရှိနေသေးတာ။ ဟော ရဟန္တာပုဂ္ဂိုလ်တွေကျတော့ “ကတကရဏီယော” လုပ်စရာတွေ ကုန်သွားပြီ၊ လုပ်ပြီးသွားပြီလို့ ဒီလိုပြောလို့ရတယ်။

နောက်တစ်ခုက “ဩဟိတ ဘာရော” ခန္ဓာဝန်ထုပ်ကြီး ချလိုက်ပြီ။ ခန္ဓာဆိုတာ ဝန်ထုပ်ဝန်ပိုး ကြီးပဲလေ။ မနက်လင်း ကတည်းက သူ့တာဝန် ထမ်းနေရတာ လူတိုင်းလူတိုင်း ခန္ဓာဆိုတာ ဝန်ထုပ်ဝန်ပိုးကြီးပဲ၊ ကိုယ့်အတွက်လုပ်နေလို့ ဘာမှဝန်ထုပ်ဝန်ပိုး လို့ မထင်ကြတာ၊ တကယ်က ဝန်ထုပ်ဝန်ပိုးကြီးပဲ။ အဲဒီ ဝန်ထုပ် ဝန်ပိုးကြီးကို ချလိုက်ပြီး ဒီစကားကို ယူပြီးတော့ ခန္ဓာဝန်ချတယ်၊ ခန္ဓာဝန်ချတယ်ဆိုတဲ့ အသုံးကို သုံးနေကြတယ်နော်။

အဲဒီတော့ ခန္ဓာဝန်ချတယ်လို့ပြောတာ ရဟန္တာမှ သုံးသင့်တဲ့ စကားလုံးပဲ၊ အပြီးချတာမှ ခန္ဓာဝန်ချတယ်လို့ ပြောတယ်၊ ပြန်ယူ ဦးမှာ ဆိုရင်တော့ အပြီးချတာ မဟုတ်ဘူး၊ သေဆုံးတာလောက်ပဲ ရှိသေးတယ်။ ဟုတ်ကဲလား။ ဘယ်သူက ပြန်ပြန်ယူတုန်းဆိုရင် တဏှာက ပြန်ပြန်ယူတာ။ ဘဝကို တွယ်တာတတ်တဲ့ တဏှာက ခန္ဓာအသစ်ကို ပြန်ယူတာ၊ ကံနဲ့ပေါင်းပြီးတော့ ပြန်ယူသွားတာ။ ခန္ဓာဝန်ချတယ်ဆိုတာက ရဟန္တာဖြစ်သွားမှ ခန္ဓာဝန်ချတာ။ အပြီးချပြီးတော့ နောက်ဘယ်တော့မှ ကောက်မယူတော့ဘူး။

စာမျက်နှာ-၁၀၉
“ဩဟိတ ဘာရော” တဲ့။

နောက်တစ်ခုက “အနုပ္ပတ္တ သဒ္ဓမ္မော” ကိုယ့်ရဲ့ အကျိုးစီးပွားကို ရရှိပြီးသားဖြစ်တယ်။ ဒီနေ့ လူတွေက ကိုယ့်အကျိုးလို့ထင်နေတာ ကိုယ့်အကျိုး ဘယ်သူမှ မရှိကြဘူး။ ရဟန္တာဖြစ်မှ တကယ့် ကိုယ့်အကျိုးဆိုတာ ပြည့်ပြည့်ဝဝရှိတာ၊ ကိုယ့်အကျိုးဆိုတာ ဘယ်တော့မှပြည့်ပြည့်စုံစုံ မရနိုင်သေးဘူးတဲ့။

နောက်တစ်ခုက “ပရိက္ခိဏ ဘဝသံယောဇနာ” ဘဝပေါ်မှာ တွယ်တာသော သံယောဇဉ်ကုန်ပြီ။ ဘဝပေါ်မှာ တွယ်တာတဲ့ သံယောဇဉ် အားလုံးဟာ ကုန်သွားပြီတဲ့။ ဘဝသံယောဇဉ်တွေအားလုံး ကုန်သွားတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။

“သမ္မဒညာ ဝိမုတ္တော” အမှန်အကန် သိပြီးတော့ အတွယ် အတာတွေကနေ လွတ်မြောက်သွားတဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။ အဲဒါမှ ရဟန္တာလို့ ပြောတာနော်။ ရဟန္တာမှာ အဲဒီအရည်အသွေးတွေ ရှိရမယ်လို့ ပြောတာ။

ဒကာတစ်ယောက်က ဘုရားကိုလျှောက်တယ်လေ၊ “အရှင်ဘုရား” တဲ့ တပည့်တော် နေ့စဉ်နှင့်အမျှ အလှူအတန်းတွေ လုပ်တယ်၊ အိမ်မှာဆွမ်း အမြဲကပ်တယ်၊ တပည့်တော်ဆီ ကြွတဲ့ ကိုယ်တော်တွေက ရဟန္တာတွေချည်းပဲတဲ့။

မြတ်စွာဘုရားက ဘာအမိန့်ရှိလဲဆိုတော့ “ဒကာတဲ့ သင်လို လူဝတ်ကြောင်တစ်ယောက်အနေနဲ့ ဒီပုဂ္ဂိုလ်ဟာ ရဟန္တာ၊ ဒီပုဂ္ဂိုလ်ဟာ ရဟန္တာ မဟုတ်ဘူးလို့ သိဖို့ခက်ပါတယ်တဲ့။

စာမျက်နှာ-၁၁၀
အဲဒါကြောင့် သံဃာကိုသာ ရည်စူးပြီးကပ်ပါ” လို့ သံဃာကိုပဲ ရည်စူးပြီး လှူပါလို့ မြတ်စွာဘုရားက ဆုံးမဩဝါဒ ပေးဖူးတယ်။ အဲဒီသုတ္တန်ကို “ဒါရုကမ္မိကသုတ်” လို့ခေါ်တယ်။

ရဟန္တာဆိုတာဟာ ဒီလိုအရည်အသွေးတွေ ရှိရမယ်ဆိုတာ သိထားဖို့လိုအပ်တယ်ပေါ့။ အဲဒါမှ ရဟန္တာအစစ်အမှန် ကိုလည်းပဲ ကြည်ညိုနိုင်တယ်။ ရဟန္တာအစစ် အမှန်မဟုတ်ရင် လည်းပဲ ကိုယ်ဟာ ရဟန္တာမဟုတ်ကြောင်းကို သိနိုင်တယ်၊ ဒီလို အရည်အသွေးရှိမှ ရဟန္တာဆိုတာကို ထင်ထင်ရှားရှား သိရမယ်။

ဟောဒီလို ကိလေသာအာသဝေါ ကုန်ပြီးသားဖြစ်တဲ့ သံဃာရဲ့ နှစ်သက်စရာကောင်းတဲ့ ဒီ အရည်အချင်းတွေပေါ့။ အခုလို ကိလေသာတွေ ကုန်သွားလို့ ဘဝမျိုးစေ့တွေ ပျက်သွား တာဟာ အလွန်နှစ်သက် စရာကောင်းတဲ့ အရည်အချင်း တစ်ခုပဲပေါ့။ အဲဒီ အရည်အချင်းဟာ မွန်မြတ်တဲ့ ရတနာတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီမှန်ကန်သောစကားကို ဆိုရသောကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေလို့ ဒီလိုဆိုလိုတာနော်။

အဲဒီလို သစ္စာဆိုလိုက်တဲ့အခါကျတော့ သတ္တဝါတွေဟာ ဝေသာလီပြည်က လူတွေဟာ ကျန်းမာချမ်းသာသွားကြတယ်။

မြတ်စွာဘုရားဟာ ဒီတရားကို (၇) ရက်တိတိ ဟောတယ်။ ဒီဂါထာလေးအဆုံးမှာ မြတ်စွာဘုရားရဲ့ တရားနာရလို့ လူရော နတ်ရော သတ္တဝါတွေ အများကြီး ကျွတ်တန်းဝင်သွားကြတယ် ပေါ့။ အဲဒီလို ကျွတ်တန်းဝင်သွားတဲ့ ပရိသတ်ထဲမှာ အဲဒီတုန်းက ပါဝင်တက်ရောက် ကျွတ်တန်းဝင်သွားတဲ့ ဒီလူတွေ နတ်တွေ

စာမျက်နှာ-၁၁၁
ကျွတ်တန်းဝင်သွားကြတယ်ပေါ့။ - အဲဒီတုန်းက တက်ရောက်တဲ့ ပရိသတ်ထဲမှာလည်း သိကြားမင်းကြီးကိုယ်တိုင် ပါတယ်။ ကိုယ်တိုင်ပါတော့ သူကိုယ် တိုင် သစ္စာဆိုတဲ့ အနေနဲ့ ထပ်ပိုးပြီးတော့ နောက်ထပ်ဂါထာလေး (၃) ပုဒ်ကို ရွတ်ဆိုတယ်။

အဲဒီဂါထာလေး (၃) ပုဒ်က နော် “ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ၊ တထာဂတံ ဒေဝမနုဿပူဇိတံ၊ ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။ ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။ သံဃံ နမဿာမ သုဝတ္ထိ ဟောတု။”

ကန်တော့တဲ့ ဂါထာလေးကိုဆိုပြီးတော့ သစ္စာပြုသွားတယ်၊ ဒါက သိကြားမင်းဆိုတဲ့ ဂါထာ (၃) ပုဒ်လို့ ဒီလိုမှတ်ရမယ်။

ဟော ... ပေါင်းလိုက်တဲ့အခါကျတော့ ရတနသုတ်မှာ ဂါထာပေါင်း (၁၈) ပုဒ်လို့ နိဒါန်းအချီး နိဒါန်းဂါထာ မပါဘူး။ အဲဒီတော့ ရတနသုတ်ကို ရွတ်ဖတ်သရဇ္ဈာယ်ကြတော့မယ်။ အဓိပ္ပါယ်ကို နားလည်ပြီးတော့ ရွတ်ဖတ်သရဇ္ဈာယ်ကြတော့မယ် ဆိုလို့ရှိရင် မြတ်စွာဘုရားရဲ့ ဂုဏ်တော်၊ ကျေးဇူးတော်တွေကို ရှေးဦးစွာ အာရုံပြုပြီးတော့ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်တွေကို ရွတ်ဆိုပါ။ သစ္စာဆိုကြမယ်ဆိုရင် မိမိတို့မှာ ကျရောက် နေတဲ့ အခက်အခဲတွေ၊ ဘေးရန်အန္တရာယ်တွေကနေ တကယ်

စာမျက်နှာ-၁၁၂
လွတ်မြောက်နိုင်ပါတယ်လို့ ယုံယုံကြည်ကြည်နဲ့ ဒီလိုသစ္စာဆို ကြရမယ်။ ထိုသစ္စာဆိုတဲ့ စကားလုံးတွေထဲမှာလည်းပဲ မိမိတို့ လိုက်နာကျင့်သုံးဖွယ်ရာ အချက်အလက်တွေ အများကြီးပါတယ်။

တို့တစ်တွေဟာ သံသရာက လွတ်ချင်လို့ရှိရင် ကံဟောင်းတွေ ကုန်ဖို့လိုတယ်။ ကံသစ်တွေလည်း ကိုယ်သန္တာန်မှာ မဖြစ်ဖို့ လိုတယ်။ ဘဝကြီးကို တွယ်တာတဲ့ တဏှာတွေကို ကင်းပြတ် သွားအောင် လုပ်ဖို့လိုတယ်။ ဒါမှ တို့တစ်တွေဟာ နိဗ္ဗာန်ဆိုတဲ့ အငြိမ်းဓာတ်ကို ရကြမှာဖြစ်ပါတယ်လို့ ကိုယ်စီကိုယ်စီ သဘောကျ ပြီးတော့ မြတ်စွာဘုရား ဟောကြားထားတဲ့ ဒီရတနသုတ်အတိုင်း လိုက်နာကျင့်ကြံကြိုးကုတ် အားထုတ်တော် မူနိုင်ကြပါစေကုန် သတည်း။

သာဓု သာဓု သာဓု
ရတနသုတ်အနှစ်ချုပ် (အပိုင်း-၃) ပြီး၏။
st1wdhjg0if81t7mzfy3kmop7kvy0ld
ရှင်ရာဟုလာ၏ဘဝနှင့် မြတ်ဗုဒ္ဓ၏အဆုံးအမ
0
6393
22193
2026-06-17T23:43:15Z
Tejinda
173
"{{header | title = ရှင်ရာဟုလာ၏ဘဝနှင့် မြတ်ဗုဒ္ဓ၏အဆုံးအမ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22193
wikitext
text/x-wiki
{{header
| title = ရှင်ရာဟုလာ၏ဘဝနှင့် မြတ်ဗုဒ္ဓ၏အဆုံးအမ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ရတနသုတ်အနှစ်ချုပ်]]
| previous2 =
| next = [[လူဖြစ်ကျိုးနပ်ပါစေ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

ရှင်ရာဟုလာ၏ဘဝနှင့် မြတ်ဗုဒ္ဓ၏အဆုံးအမ

အပိုင်း(၁)
မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ ဓမ္မာရုံအတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် မုံရွာမြို့၊ အလယ်ရပ် ဗိုလ်ချုပ်လမ်း၊ ဒေါ်ငြိမ်းမွန်၊ ဒေါ်စုရီ၊ ဒေါ်ဝင်းဝင်းထွေး “ပြည်သူ့မေတ္တာ စတိုး” မိသားစုတို့၏ အမတဒါန၊ ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ရှင်ရာဟုလာ၏ဘဝနှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ၊ အပိုင်း(၁)” တရား ဒေသနာတော်။

တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့၊ ရှင်ရာဟုလာ ဘယ်သူလဲဆိုတာ အားလုံးသိပြီးသား ဖြစ်တယ်၊ ဗုဒ္ဓမြတ်စွာ သိဒ္ဓတ္ထမင်းသားဘဝက တစ်ဦးတည်းသော သား

စာမျက်နှာ-၂
ရတနာဟာ ရာဟုလာဖြစ်တယ်။ ဒါက ထေရဝါဒ ဗုဒ္ဓဘာသာ ကျမ်းဂန်တွေမှာ ဆိုထားတာ။

သို့သော် ဒီအဆိုနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားက စာရေး ဆရာတွေ ရေးထားတာရှိသေးတယ်၊ “ရာဟုလာဆိုတာ သာမန် ရဟန်းတစ်ပါးပဲဖြစ်တယ်၊ မြတ်စွာဘုရားရဲ့ လူ့ဘဝတုန်းက သားတော်ဆိုတာ မဟုတ်နိုင်ဘူး” တဲ့၊ အဲဒီလိုရေးတဲ့စာမျိုးလည်း ရှိတယ်ပေါ့၊ အင်္ဂလိပ်လိုရေးတာဆိုတော့ မြန်မာစာဖတ် ပရိသတ် အတွင်းတော့ မရောက်ဘူးပေါ့၊ သို့သော် ပိဋကတ်သုံးပုံလာသမျှ စာပေတွေ ကြည့်မယ်ဆိုရင်တော့ ရာဟုလာဆိုတာ နှစ်ပါးမရှိဘူး၊ တစ်ပါးတည်းပဲရှိတယ်။

ရာဟုလာနဲ့ပတ်သက်ပြီး သုတ္တန်တွေ မြတ်စွာဘုရား ဟောထားတာ တော်တော်များများ ရှိတယ်၊ အဲဒီသုတ္တန်တွေကို ဘုန်းကြီးတို့ ဒီကနေ့စပြီးတော့ ပြည့်ပြည့်စုံစုံ (၃)ညတာ အနှစ် သာရထုတ်ပြီး ဟောကြားပေးပါ့မယ်။ ရာဟုလောဝါဒသုတ် နာမည်နဲ့ ဟောထားတာရှိသလို ရာဟုလသုတ် ဆိုတာတွေလည်း ရှိတယ်။ နောက် သံယုတ္တနိကာယ်ကျမ်းထဲမှာ ရာဟုလသံယုတ် ဆိုပြီးတော့ ရှိသေးတယ်။ အဲတော့ ရာဟုလာနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ ဘယ်ပုံ ဆုံးမဩဝါဒ တွေ ပေးခဲ့တယ်ဆိုတာ သိရတယ်၊ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းတယ်ပေါ့။

စာမျက်နှာ-၃
မြတ်စွာဘုရားအနေနဲ့က ရာဟုလာဟာ လူ့ဘဝက သား ရတနာဖြစ်သည့်အတွက်ကြောင့် ပိုပြီးတော့ ဂရုတစိုက် ဟောတယ်လို့ သာမန်ပုဂ္ဂိုလ်တွေက ဒီလိုထင်ကောင်းထင်ကြလိမ့်မယ်၊ သို့သော် စာပေကျမ်းဂန်မှာ မြတ်စွာဘုရားဟာ မိမိကို လုပ်ကြံ သတ်ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားတဲ့ ဒေဝဒတ်၊ ဓားထမ်းပြီးတော့ နောက်ကလိုက်သတ်မယ်လုပ်တဲ့ အင်္ဂုလိမာလ၊ မြတ်စွာဘုရားကို ထိုးသတ်မယ်ဆိုပြီး ရှေးရှုပြေးလာတဲ့ နာဠာဂီရိဆင်၊ သားတော် ရာဟုလာ၊ ဒီလေးဦးအပေါ် တူညီသောစိတ် ထားနိုင်တယ်တဲ့၊ အင်မတန်မှ အံ့သြစရာကောင်းတယ်။ ။

ဘုရားမို့ထားနိုင်တာလို့ သာမန်ပုဂ္ဂိုလ်တွေက စဉ်းစား ကောင်း စဉ်းစားလိမ့်မယ်၊ ကိုယ့်အနေနဲ့ စဉ်းစားကြည့်မယ်ဆိုရင် ဘယ်လိုမှ ဒီဟာဖြစ်နိုင်တယ်လို့ မထင်ကြဘူးပေါ့။ ဘုန်းကြီးတို့ ငယ်ငယ်တုန်းကလည်း စဉ်းစားဖူးတယ်၊ ရန်သူနဲ့ကိုယ့်သားအရင်း ဘယ်လိုတန်းတူ ထားနိုင်တာလဲဆိုတာ စဉ်းစားလို့ သဘော မပေါက်ဘူး။

ဘာဖြစ်လို့ ထားနိုင်တာတုန်းဆိုရင် မထားနိုင်ခြင်းရဲ့ အကြောင်းက ဘာတွေလဲဆိုတာကို အရင်စဉ်းစားကြည့်လိုက်ရင် အဖြေပေါ်ပါတယ်၊ မထားနိုင်တာက လောဘ ဒေါသ မောဟတွေရှိနေရင် မထားနိုင်ဘူး၊ မှန်တယ်၊ လောဘရှိနေတယ် ဆိုလို့ရှိရင် အစွန်းရောက်တာပဲ၊ ဆန္ဒာဂတိ လိုက်မှာပဲ။ ၊

စာမျက်နှာ-၄
လောကလူသားတွေဟာ တည့်တည့်မတ်မတ်ထားရမယ့် လမ်းကြောင်းက သွေဖီသွားတာ ဘာကြောင့်တုန်းဆိုရင် လောဘ မကင်းလို့ ကိုယ်ခင်မင်နှစ်သက်တဲ့ပုဂ္ဂိုလ် ကိုယ်နဲ့ရင်းနှီးတဲ့ပုဂ္ဂိုလ် ဆိုလို့ရှိရင် အနည်းဆုံး လျော့လျော့ပေါ့ပေါ့ စဉ်းစားတာ၊ ဒါ လောဘရဲ့ သတ္တိပဲပေါ့၊ ကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်ဆိုရင် ပိုပိုသာသာ လေးလုပ်ချင်တာဟာ ဒေါသရဲ့ သတ္တိပေါ့၊ ဘယ်ဟာ တရား လမ်းကြောင်း၊ ဘယ်ဟာ တရားလမ်းကြောင်းမဟုတ်ဘူးလို့ မသိတာ ဒါ မောဟရဲ့ သတ္တိပဲပေါ့၊ မြတ်စွာဘုရားမှာကတော့ လောဘလည်း မရှိတော့ဘူး၊ ဒေါသလည်း မရှိတော့ဘူး၊ မောဟလည်း မရှိတော့ဘူး၊ ဒါကြောင့်မို့ ထားနိုင်တယ်ဆိုတာ နောက်ပိုင်းတော့ သဘောပေါက်လာတယ်။

ဪ ဒီလိုတန်းတူညီတူစိတ်သဘောထား မထားနိုင်ဘူးဆိုတာ လောဘ၊ ဒေါသ၊ မောဟ မကင်းတဲ့ ပုဂ္ဂိုလ်တွေအတွက် လောဘရဲ့ အစွန်းရောက်မှု၊ ဒေါသရဲ့ အစွန်းရောက်မှု၊ မောဟရဲ့ အစွန်းရောက်မှုဆိုတဲ့ ဒီအစွန်းရောက်မှုတွေကြောင့် ဒီလိုဖြစ်ရ တာလို့ဆိုတာ သဘောပေါက်လာတယ်။

အေး၊ မြတ်စွာဘုရားဟာ ဒီ သားတော် ရာဟုလာနဲ့ ပတ်သက်ပြီးတော့ သုတ္တန်တွေ တော်တော်များများ အရွယ် အလိုက် ဆုံးမဟောကြားထားတာတွေ ရှိတယ်။ ရာဟုလာနဲ့ မြတ်စွာဘုရားပြန်တွေ့တဲ့အချိန်မှာ ရာဟုလာ ခုနစ်နှစ်အရွယ်

စာမျက်နှာ-၅
ရှိနေပြီလေ။ အဲဒီနောက်ပိုင်းမှာ မြတ်စွာဘုရားက စဉ်ဆက်မပြတ် သားတော်ရာဟုလာကို ဆုံးမဩဝါဒပေးပြီး ဟောကြားခဲ့တဲ့ “ရာဟုလောဝါဒသုတ်”တွေ စာပေကျမ်းဂန်မှာ မှတ်တမ်း တင်ထားတယ်။ အဲဒီလို တရားတွေ မှတ်တမ်းတင်ထားပေမယ့်လို့ ရှင်ရာဟုလာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေဟာ သိပ်များများစားစား မကျန်ရစ်ဘူးလို့ ဒီလိုပြောရမယ်။

ဘုရားအလောင်း တောထွက်ဖို့ စိတ်ဆုံးဖြတ်လိုက်တဲ့နေ့မှာ ရာဟုလာ မွေးဖွားလာတာ၊ မွေးဖွားတဲ့အကြောင်း သတင်း လာပြောကြတယ်၊ ဘုရားအလောင်းက ဆုံးဖြတ်ချက်ချပြီးပြီ၊ ဒီကနေ့ည ထီးနန်းကိုစွန့်ပြီး နေပြည်တော်က ထွက်ခွာတော့မယ်။ အမှန်တရား၊ မသေရာတရား၊ နိဗ္ဗာန်တရားကို ရှာတော့မယ်။

မြတ်စွာဘုရားက သူဘာဖြစ်လို့ တောထွက်တယ်ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ သုံးထားတဲ့စကားလုံးလေးတွေရှိတယ်၊ ဘုရားသုံးတဲ့ စကားလုံးအတိုင်း သုံးမယ်ဆိုရင် “ကုသလ ဂဝေသီ”တဲ့။ အပြစ်ကင်းတဲ့တရားဆိုတာ ဘာတွေလဲ၊ ကုသိုလ်ဆိုတာ ဘာတွေလဲဆိုတာ သူသိချင်တယ်၊ ဒါကြောင့်မို့ သူ တောထွက်တာ၊ နောက်တစ်ခုက “အနုတ္တရံ သန္တိဝရပဒံ ပရိယေသမာနော”တဲ့၊ တကယ်ကို ငြိမ်းချမ်းတဲ့၊ အင်မတန်မွန်မြတ်တဲ့၊ အစစ်အမှန်ဖြစ်တဲ့၊ စိတ်ငြိမ်းအေးမှုဆိုတာ ဘာလဲ၊ ဒါကို သူရှာချင်တယ်၊ ဒီနှစ်ခုရှာဖွေဖို့ ထီးနန်းကိုစွန့်ပြီးတရားကျင့်တာပဲ။

စာမျက်နှာ-၆
“ကုသလ ဂဝေသီ” = ကုသိုလ်၊ အပြစ်ကင်းတဲ့တရားဆိုတာဘာလဲ? သိချင်တယ်၊ “အနုတ္တရံ သန္တိဝရပဒံ ပရိယေသမာနော” = အကောင်းဆုံး ငြိမ်းချမ်းရေးဆိုတာဘာလဲ? သိချင်တယ်။ ဘာဖြစ်လို့ ငြိမ်းချမ်းမှုကို ရှာရတာတုန်းဆိုရင် လူတွေရဲ့ စိတ်နှလုံးဟာ အမြဲတမ်းပူလောင်နေတယ်၊ ပူလောင်မှန်း မသိ ပူလောင်တယ်၊ တစ်ချို့က ပူတာကို ပူမှန်းမသိဘူးလေ။

ဆိုပါစို့၊ လောဘတွေဖြစ်နေတာ၊ အာရုံတွေထဲမှာ ပျော်ပြီး တော့နေတာ ဒါလည်းပဲ အလောင်ခံနေရတာပဲ၊ လောင်တယ်လို့ မထင်ဘူးပေါ့၊ ဒေါသဖြစ်ပြီဆိုတော့မှ လောင်တယ်ဆိုတာ ရိပ်စား မိတယ်၊ လောဘဖြစ်တာလည်းပဲ လောင်နေတာပဲ၊ အဲဒီ လောင်လာတာက ဘာဖြစ်လာတုန်းဆိုတော့ လောဘကို အကြောင်းပြုပြီးတော့ နောက်ပိုင်းမှာစိုးရိမ်တာကို၊ လောဘရဲ့ အလောင်ကိုခံရတယ်၊ ဒေါသရဲ့ အလောင်ကိုခံရတယ်၊ အဲဒီလို “ကိလေသာ”တွေရဲ့ လောင်ကျွမ်းမှုမရှိဘဲနဲ့ အလွန် အေးမြ သန့်စင်တဲ့ ဒီငြိမ်းချမ်းမှုဆိုတာ ဘာလဲဆိုတာသိချင်တယ်။ အဲဒါကြောင့်မို့ တောထွက်တယ်။

အဲဒီလို တောထွက်မယ်လို့ ဆုံးဖြတ်လိုက်တဲ့နေ့မှာပဲ ယသော်ဓရာမိဖုရားက သားဦးရတနာလေး မွေးဖွားလာပြီဆိုတာကို သတင်းလာပို့တယ်၊ သတင်းလာပို့တဲ့အခါ နှုတ်က ဘာပြောမိလိုက်တုန်းဆိုရင် “ရာဟု ဇာတော ဗန္ဓနံ ဇာတံ”

စာမျက်နှာ-၇
ဒီစကားလုံးကို ပြောလိုက်တယ်၊ လာပြီးသတင်းပြောတဲ့ လူရှေ့မှာ ပြောလိုက်တာ၊ “အေး၊ လမင်းကြီး ကောင်းကင်ကထွက်ပြီး သာမယ့်အချိန်မှာ လငပုပ်အဖမ်းခံရတာပဲ”လို့၊ နှုတ်က အဲဒီလို ထုတ်ပြောလိုက်တာ၊ “ရာဟု ဇာတော”၊ ဒီကနေ့ခေတ်မှာတော့ လကြတ်တယ်လို့ ခေါ်ကြတယ်။

လငပုပ်ဖမ်းခြင်း

ဘုန်းကြီးတို့ ပိဋကတ်စာပေထဲမှာ အခုလို လကြတ်တာဟာ ဘာကြောင့်ဖြစ်သလဲဆိုရင် (သိပ္ပံကတော့ တစ်မျိုးပြောတာပေါ့) ရာဟုဆိုတဲ့ အသူရိန်နတ်ကြီးက ဒီ လ-ဗိမာန်ကို သူက ဘောလုံး လေးလိုအောက်မေ့တာ၊ သူသွားတဲ့လမ်းကြောင်းနဲ့ ဆုံမိတဲ့အခါမှာ (သူနဲ့အမြဲတမ်းတော့ မဆုံဘူး) လ-သွားတဲ့လမ်းကနေ သူဖြတ်ပြီဆိုတဲ့အချိန်လေးမှာ သူက ကစားတဲ့အနေနဲ့ လ-လာ မယ့် နေရာကို ပါးစပ်ကြီးဟထားတယ်၊ လ-ကလည်း ရွေ့လျား လာပြီး သူ့ပါးစပ်ထဲ ဝင်သွားတာတဲ့။

ဒါ ဗုဒ္ဓဘာသာကျမ်းစာတွေကဆိုတာနော်၊ ရာဟု ကတော့ အပျော်လုပ်တာပေါ့၊ လဟာ ဗိမာန်တစ်ခုပဲပေါ့၊ နတ်ရှိတဲ့ ဗိမာန် တစ်ခုလို့ ဒီလိုဆိုတယ်၊ ဒီကနေ့ခေတ် သိပ္ပံကတော့ တစ်မျိုး ပြောတာပေါ့လေ၊ ဗုဒ္ဓဘာသာစာပေကျမ်းဂန်အရ ပြောမယ် ဆိုရင် လ-ဟာ ဗိမာန်၊ စတုမဟာရာဇ် နတ်ပြည်မှာရှိတဲ့ ဗိမာန်၊

စာမျက်နှာ-၈
လ-ဗိမာန်လို့ဆိုတော့ သာမန်လူတွေရဲ့ မျက်စိနဲ့ ဗိမာန်ကို မြင်ရ ပေမယ့်လို့ နတ်သားကိုမမြင်ရဘူး၊ နတ်တွေရှိတယ်ဆိုတာ မသိ နိုင်ဘူး။

လူ့ပြည်မှာရှိတဲ့ သစ်ပင်တွေမှာ ရုက္ခစိုးရှိတယ်ဆိုတာကို လူတွေက အသိအမှတ်ပြုပြီး နေကြတယ်၊ သစ်ပင်ခုတ်လို့ ဒုက္ခ ရောက်တဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးရှိတာပဲ။ မုံရွာ လယ်တီ တိုက်ထဲက သစ်ပင်ကြီးမှာ ရုက္ခစိုးနတ်ကြီးရှိတယ်ဆိုတာကို လယ်တီဆရာတော်ကြီးက အမိန့်ရှိတယ်တဲ့။ ဒီကနေ့ခေတ် တောင်မှပဲ လယ်တီကျောင်းတိုက်ထဲသွားကြည့်မယ် ဆိုလို့ရှိရင် ရုက္ခစိုးရှိတဲ့ နတ်သစ်ပင်ကြီးဟာ ဒီအတိုင်းပဲရှိတယ်ပေါ့။ သို့သော် အဲဒီနတ်ကြီးကိုမြင်ရလားဆိုတော့ မမြင်ရဘူး၊ သစ်ပင်ပဲမြင်ရတယ်၊ နတ်တွေဟာ လူ့ရဲ့မြင်ကွင်းထဲမှာ ရောက်မလာတဲ့ အာရုံတွေလို့ဆိုတာ၊ လူ့ရဲ့မျက်စိက အကုန်လုံး မြင်ရတာတော့ မဟုတ်ဘူး၊ မမြင်ရတာတွေ အများကြီးရှိတယ်ပေါ့။

အဲတော့ လ-ဟာလည်း ဗိမာန်ဖြစ်သည့်အတွက် ထို လ-ဗိမာန်ထဲမှာ နတ်သားရှိတယ်တဲ့၊ အကြောင်းဆုံလာတဲ့အခါမှာ ဒီရာဟုအသူရိန်ကနေပြီးတော့ လ-သွားတဲ့ လမ်းမှာ ပါးစပ်ကြီး ဟထားတာ၊ သူ့ပါးစပ်ထဲကို လ-ကဝင်သွားတယ်၊ ဝင်သွားတဲ့အခါမှာ လ-နတ်သားက အင်မတန်မှ ကြောက်တယ်ပေါ့၊ အဲဒီ ရာဟုဆိုတဲ့ အသူရိန်နတ်ကြီးက ခန္ဓာကိုယ်အင်မတန်မှကြီးတဲ့

စာမျက်နှာ-၉
နတ်ကြီးတဲ့၊ သူ့ခန္ဓာကိုယ်ကြီးက သူများထက်ပိုပြီးကြီးတယ်၊ သူ့ ပါးစပ်ပေါက်ထဲ လ-ဟာ ဝင်သွားနိုင်တာပေါ့။

သံယုတ္တပါဠိတော်မှာ လငပုပ်ဖမ်းရင် ရွတ်ရတယ်ဆိုတဲ့ ဂါထာပါတယ် -

“တထာဂတံ အရဟန္တံ၊ စန္ဒိမာ သရဏံ ဂတော။ ရာဟု စန္ဒံ ပမုဉ္စဿ၊ ဗုဒ္ဓါ လောကာနုကမ္ပကာ”။ တဲ့။

“မြတ်စွာဘုရားဆိုတာ ဘယ်သူ့အပေါ်မှာပဲဖြစ်ဖြစ် အကြင်နာသနားထားတော်မူတယ်၊ ကရုဏာတရားထားတယ်။ လ-နတ်သားဟာ ဘုရားကိုကိုးကွယ်ဆည်းကပ်သူဖြစ်တယ်၊ လ- နတ်သားကို ဖမ်းချုပ်မထားပါနဲ့၊ လွှတ်လိုက်ပါလို့ မြတ်စွာဘုရားက ဒီဂါထာကိုရွတ်တယ်။ မြတ်စွာဘုရားရဲ့ အသံလည်း ကြားလိုက် ရော ရာဟုဟာ ဖမ်းမထားရဲဘူး၊ လွှတ်လိုက်ရတယ်။

လကြတ်ခြင်း

အဲဒီလို စာပေမှာ အဆိုရှိတယ်၊ သို့သော် ဒီကနေ့ခေတ် သိပ္ပံနည်းအရ ဒီလ ဘယ်နေ့မှာ လကြတ်မယ်ဆိုတာ တွက်ချက်တဲ့ နည်းတွေရှိတယ်၊ အဲတော့ ဒီလိုမှတ်သင့်တာပေါ့လေ၊ သိပ္ပံ နည်းဖက်က ကြည့်မယ်ဆိုရင် လ-ကလည်း ကောင်းကင်မှာ လှည့်ပတ်ပြီး သွားနေတယ်၊ တခြားဂြိုဟ်တွေကလည်း လှည့်ပတ် ပြီးတော့ သွားနေတယ်၊ တခါတရံကျတော့ ကမ္ဘာဘက်ကနေပြီး

စာမျက်နှာ-၁၀
တော့ တခြားဂြိုဟ်တွေနဲ့ ကွယ်တဲ့အခါမှာလည်း လကြတ်တယ်ဆိုတာ ဖြစ်နိုင်တယ်။

အခု ဗုဒ္ဓမြတ်စွာဘုရားရဲ့ စာပေထဲမှာ ပါလာတဲ့အတိုင်း လည်းပဲ ရာဟုဆိုတဲ့ အသူရိန်နတ်ကြီးက တခါတရံ သူခရီးကြုံလို့ လုပ်တာမျိုးလည်းရှိတယ်ဆိုတာကို နှစ်ခုတွဲပြီးတော့ မှတ်ထား သင့်တယ်ပေါ့၊ တခါတရံ သိပ္ပံအဆိုနဲ့ ဗုဒ္ဓကျမ်းစာအဆို ကွဲပြား ခြားနားမှုတွေ ရှိတယ်၊ အဲဒီလို ကွဲပြားခြားနားမှု ရှိတဲ့အခါမှာ မှန်ကန်တဲ့အတွေးနဲ့ မှတ်သားတတ်ဖို့ လိုတယ်ပေါ့နော်။

ဒီရေတက်ခြင်းအကြောင်း

ဥပမာတစ်ခု ပြောပြမယ်၊ သိပ္ပံအကြောင်းကို လေ့လာ ထားဖူးတဲ့ ပုဂ္ဂိုလ်တွေတွေ့လိမ့်မယ်၊ အညာအရပ်က ပင်လယ်နဲ့ ဝေးတဲ့အတွက်ကြောင့် “ဒီရေ” တက်တယ်ဆိုတာ သိပ်ပြီးတော့ သိကြမှာမဟုတ်ဘူး၊ ပင်လယ်နဲ့ နီးတဲ့ပုဂ္ဂိုလ်တွေကျတော့ “ဒီရေ” တက်တယ်ဆိုတာ သိကြတယ်။

အဲတော့ “ဒီရေ”တက်တာဟာ ဘယ်အချိန်မှာတက်တာ တုန်း ဆိုလို့ရှိရင် လဆန်းပိုင်းမှလပြည့်ထိအောင် ဒီရေတက်တယ် ပေါ့။ အဲဒီမှာ သိပ္ပံက ဘယ်လိုပြောလဲ၊ ဒီရေဘာဖြစ်လို့ တက်တာ လဲ?၊ လ-ရဲ့ဆွဲငင်မှုကြောင့် ဒီရေတက်တယ် လို့ ဒီလိုပြောတယ်

စာမျက်နှာ-၁၁
နော်၊ လ-ရဲ့ဆွဲအားကြောင့် ပင်လယ်ရေတွေဟာ တက်လာတယ်။ ဒါကြောင့်မို့ ဒီဘက်မှာ ဒီရေတက်လာတယ်လို့ ဒီလိုပြောတယ်။

တလောတုန်းက ဘုန်းကြီးတို့ နိုင်ငံခြားသားတွေ စာသင် ရင်းနဲ့ အဲဒီကိစ္စကိုတစ်ခါ ပြောမိတယ်၊ ဒီစာပေကျမ်းဂန်မှာ ဗုဒ္ဓ ကျမ်းစာနဲ့ အခုသိပ္ပံအဆိုနဲ့ ကွဲပြားမှုလေးတွေရှိတယ်။ သိပ္ပံက လ-ရဲ့ ဆွဲအားကြောင့် ဒီရေတက်တယ်လို့ ဆိုတယ်၊ သို့သော် ဘုန်းကြီးတို့စာပေထဲမှာ ဘယ်လိုပြောလဲလို့ဆိုရင် လ-နဲ့ ပတ်သက် တာချင်းတော့တူတယ်၊ စာပေထဲမှာ ပြောပုံကတော့ လဆန်းပိုင်း ရောက်တဲ့အခါ လ-ထွက်လာတယ်၊ လပြည့်နေ့ဆိုရင် လ-ရောင် အားကောင်းတယ်၊ ပင်လယ်ထဲမှာလည်းပဲ ကျောက်ဆောင်ကြီးတွေရှိတယ်၊ အဲဒီကျောက်ဆောင်ကြီးတွေမှာ အချို့ ကျောက် ဆောင်ကြီးတွေက လ-ရောင်နဲ့တွေ့လို့ရှိရင် ရေကို အန်ထုတ်တဲ့ ကျောက်ဆောင်ကြီးတွေ ရှိတယ်တဲ့။ ဆိုပါစို့ လ-ရောင်တွေ့လိုက်တာနဲ့ တပြိုင်နက် ရေတွေစိမ့်ထွက်လာတယ်၊ အဲဒါကို “စကန္တ ကျောက်”လို့ခေါ်တယ်၊ အဲဒီကျောက်က လ-ရောင်နဲ့တွေ့လိုက်တာနဲ့ တပြိုင်နက်ထဲ ရေတွေ အန်ထုတ်လာတယ်။ (''စကန္တ ကျောက်'' ရှိသလိုပဲ၊ “သူရိယကန္တ ကျောက်”ဆိုတာရှိတယ်၊ နေရောင်နဲ့တွေ့လိုက်တာနဲ့ တပြိုင်နက် မီးထတောက်တဲ့ ကျောက်မျိုးတဲ့)

စာမျက်နှာ-၁၂
ပင်လယ်ထဲမှာရှိတဲ့ ကျောက်တောင်ကြီးတွေဟာ လ-ရောင် နဲ့တွေ့တဲ့အခါမှာ သူတို့ထဲမှာ စိမ့်ဝင်နေတဲ့ ရေတွေဟာ လရောင် ကြောင့် အန်ထွက်လာတယ်၊ ဒါလည်း လ-ရဲ့ဆွဲအားလို့ပြောချင် ပြောပေါ့၊ သိပ္ပံနဲ့ သွားတူပုံကိုပြောပြတာနော်၊ အဲတော့ လ-ရောင် နဲ့တွေ့တဲ့အခါ အဲဒီကျောက်တုံးထဲက ရေတွေဟာ အန်ထုတ် လာပြီးတော့ ရေတွေများလာပြီးတော့ ရေတွေတိုးလာတာ၊ ဒါကို “ဒီရေ” တက်တယ်လို့ခေါ်တယ်တဲ့။ ဒါက ဗုဒ္ဓစာပေကျမ်းဂန်မှာဆိုတာ။

သိပ္ပံနည်းအဆိုမှာ လ-ကနေဆွဲတယ်လို့ ဒီလိုပြောတယ်၊ အဲတော့ ဘုန်းကြီးကတောင်မှပဲ နိုင်ငံခြားသားတွေကို ပြောပြတယ်။ အဲဒီလို လ-က ဆွဲတယ်ဆိုလို့ရှိရင် ပင်လယ်ရေတောင် ဆွဲနိုင်သေးတာ ဘာဖြစ်လို့ မြစ်ရေတွေကျတော့ မဆွဲတာတုန်း၊ ရေအများတောင် ဆွဲနိုင်တယ်ဆိုလို့ရှိရင် ရေအနည်းလေး ဆွဲနိုင် မှာပေါ့နော်၊ လ-ရောင်တွေ့လို့ရှိရင် အိမ်မှာရေခွက်ထဲ ရေတွေ ထည့်လို့ရှိရင် ဆွဲယူသွားမှာပေါ့၊ အဲဒါကြောင့်မို့ ဆွဲတယ်ဆိုတဲ့ အဓိပ္ပါယ်ထက် ပိုပြီးတော့ လ-ရောင်နဲ့တွေ့လို့ “စကန္တကျောက်”က ရေတွေကိုအန်ထုတ်တယ်ဆိုတာ ပိုပြီးတော့ သဘာဝကျတယ် လို့တောင် ပြောမိသေးတယ်။ ။

ဒါ ကျိုးကြောင်းဆင်ခြင်ကြည့်လို့ရှိရင် ဒီလိုနီးစပ်မှုလေးတွေတော့ ရှိတယ်ပေါ့နော်၊ အဲဒီလိုပဲ အခု လငပုပ်ဖမ်းတာနဲ့

စာမျက်နှာ-၁၃
ပတ်သက်လာလို့ရှိရင် ဘယ်နေ့ဘယ်ရက်မှာ လငပုပ်ဖမ်းနိုင်တယ်လို့ ဗေဒင်ဆရာတွေက တွက်ချက်ကြည့်တာ၊ အဲဒါက သဘာဝလှည့်ပတ်သွားနေတဲ့ ဂြိုဟ်တွေရဲ့ အသွားအလာ နှုန်းထားတွေနဲ့ တွက်ပြီးတော့ ပြောတာမျိုးပဲ၊ အခု စာပေ ကျမ်းဂန်မှာလာတဲ့ လငပုပ်ဖမ်းတယ်ဆိုတာတော့၊ ခုန ရာဟုဆိုတဲ့ အသူရိန်နတ်ကြီး လ-နဲ့ဆုံတဲ့အခါမျိုးမှာလည်းပဲ လုပ်တတ်တဲ့ အကျင့်ရှိတယ်ဆိုတာလည်း မှတ်သားထိုက်တယ်ပေါ့။

အဲတော့ သားတော်လေးမွေးဖွားလာတယ် ဆိုတဲ့အချိန်မှာ သူ့ရဲ့ဆန္ဒပြည့်ဝဖို့ရာ လပြည့်ဝန်းကြီးလို သူဆုံးဖြတ်ထားတဲ့ စိတ်ထားလေး၊ ခုနတုန်းက ရာဟုဆိုတဲ့ အသူရိန်နတ်ကြီးရဲ့ အနှောင့်အယှက်ကို ခံလိုက်ရသလို သူ့စိတ်ထဲမှာ ခံစားရတယ်။ ဒါကြောင့်မို့ “ရာဟု ဇာတော”၊ အေး ရာဟု ပေါ်လာပြန်ပြီလို့ စိတ်ထဲမှာ ဖြစ်လာတာကို ထုတ်ဖော်ပြီးတော့ ပြောလိုက်တာ။

အဲဒါကို အဓိပ္ပါယ်ရှင်းပြတဲ့အနေနဲ့ ထပ်ပြောတာ “ဗန္ဓနံ ဇာတံ” ငါ့မှာ နှောင်ကြိုးတော့ ပေါ်လာပြန်ပြီ။ တောထွက်ဖို့ ဆုံးဖြတ်ထားမှ အနှောင့်အယှက်တစ်ခု ပေါ်လာပြန်ပြီလို့ ပြောတာ။

ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက နန်းတော်မှာ သားတော်လေး မွေးဖွားကြောင်း သိဒ္ဓတ္ထ မင်းသားကို သွားပြီး အကြောင်းကြားခိုင်းလိုက်တယ်၊ အကြောင်းကြားတဲ့သူ ပြန်လာ

စာမျက်နှာ-၁၄
တဲ့အခါ “ငါ့သားက ဘာပြောလိုက်တုန်း” ဆိုတော့ “ရာဟု ဇာတော ဗန္ဓနံ ဇာတံ” လို့ ပြောလိုက်ပါတယ်တဲ့၊ အဲဒီစကားကို ယူပြီး သားတော်လေးကို ရာဟုလာ လို့ နာမည်ပေးလိုက်တယ် တဲ့။

ရာဟုလာဆိုတဲ့ အဓိပ္ပါယ်က “ရာဟု လာတိ ဂဏှာတီတိ ရာဟုလော” လို့ ဆိုတဲ့အဓိပ္ပါယ်။ ဒါ လ-ကို ရာဟုဖမ်းခံရခြင်းပဲလို့ အဓိပ္ပါယ်ရတယ်ပေါ့လေ၊ လငပုပ်အဖမ်းခံရခြင်းလို့ အဓိပ္ပါယ် ရတယ်နော်၊ အဲဒီအဓိပ္ပါယ်နဲ့ နာမည်ပေးလိုက်တာ။ သို့သော် ဘုရားအလောင်းက ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူး၊ ညသန်းခေါင် အချိန်မှာ တောထွက်သွားခဲ့တယ်။

ဒီကလေးလေး မွေးဖွားတဲ့နေ့မှာပဲ တောထွက်သွားတာ၊ ဒီကလေးလေးနဲ့ ပြန်တွေ့တဲ့အခါ ၇-နှစ်သားအရွယ်ရှိပြီ၊ ဘုရား အလောင်းက တောထွက်ပြီး တရားကျင့်တာက ၆-နှစ်၊ ၆-နှစ် ပြည့်တဲ့အခါ ဘုရားဖြစ်ပြီး ဗာရာဏသီမှာ ဓမ္မစကြာတရား ဟောပြီးမှ ကပိလဝတ်ပြည် ပြန်ရောက်တယ်။ ဒါ့ကြောင့် ရာဟုလာဆိုတဲ့မင်းသားလေးက အသက် ၇-နှစ် ရှိသွားပြီပေါ့။

အဲတော့ ခုနစ်နှစ်သားအရွယ် ရာဟုလာဟာ သူ့ဖခင်ကို မမြင်ဖူးဘူး၊ သူမွေးတဲ့နေ့မှာ တိုင်းပြည်က ထွက်ခွာသွားတာ။ ခုနစ်နှစ်သားအရွယ် မြတ်စွာဘုရား နန်းတော် ကြွလာတဲ့အခါ သူ့မိခင်လုပ်တဲ့ ယသော်ဓရာမိဖုရားက ပြောတယ် “ဒီရဟန်းဟာ

စာမျက်နှာ-၁၅
မင်းရဲ့ဖခင်ပဲ” လို့ ပြောပြတယ်။ “မင်းရဲ့ ဖခင် တောထွက်သွားတဲ့ နေ့ကစပြီး တို့ပိုင်တဲ့ရွှေအိုးကြီးလေးလုံးလည်း ပျောက်သွားတယ်၊ သူဘယ်နေရာထားခဲ့တယ်ဆိုတာကို မင်းသွားမေးပြီး အမွေ တောင်းခဲ့” လို့ သင်ပေးတယ်။ ။

ဒါက လူ့သဘာဝပဲလေ၊ လူ့သဘာဝဆိုတာ ပစ္စည်းပဲလိုချင် တာပေါ့။ အခုခေတ်လည်းကြည့်ပေါ့၊ သားသမီးနဲ့မိဘ ဘာလုပ်ဖို့ စိတ်ကူးကြလဲ၊ အမွေတောင်းဖို့ စိတ်ကူးကြတာပဲ၊ ဟုတ်ကဲ့လား၊ ဘာတွေအမွေထားခဲ့တယ်၊ ဘယ်နားထားခဲ့သလဲ ဒါအဓိက ဖြစ်နေတယ်နော်၊ အမွေတောင်းတာဟာ လူ့သဘာဝပဲ။

ယသော်ဓရာမိဖုရားကလည်း လူ့သဘာဝအတိုင်းပဲ အဲဒီ အမွေတွေ ဘယ်ထားခဲ့သလဲဆိုပြီး သွားတောင်းခိုင်းတယ်၊ အမွေ ရချင်တယ်ပေါ့။ တစ်ဦးတည်းသောသားဆိုတော့ အမွေရရင် သူပဲရမှာ။ (အေး တချို့ကလည်းပဲ မြတ်စွာဘုရားမှာ ဒီသား တစ်ပါးထဲတင် မကဘူးတဲ့၊ သားပေါင်း ထောင်ချီရှိတယ်လို့ ပြောကြတာလဲ ရှိတယ်နော်)

အေး၊ ရာဟုလာ အမွေတောင်းတဲ့အခါမှာ အဖေဆိုတဲ့ အသိစိတ်ကလေးနဲ့ မြတ်စွာဘုရားနားကပ်သွားတယ်။ ဘုရားက နန်းတော်မှာ ဆွမ်းဘုန်းပေးပြီးတော့ ကျောင်းတော်ကို ပြန်ကြွတယ်ပေါ့၊ အဲဒီလိုပြန်ကြွတဲ့အခါ အနားကပ်သွားပြီး “သုခါ တေ သမဏ ဆာယာ” “အရှင်ဘုရား၊ အရှင်ဘုရားရဲ့ အရိပ်ဟာ

စာမျက်နှာ-၁၆
အင်မတန်မှ အေးမြပါတယ်လို့ ပြောတယ်၊ ကလေးပေမယ့်လို့ ပြောတတ်တယ်။

ခုခေတ်ကလေးလေးတွေလည်း အင်မတန်မှ စကားတတ်ကြတယ်၊ ကလေးပေါက်စကလေးက လူကြီးစကားပြောတာ၊ ဘာဖြစ်လို့ ပြောတတ်ကြတာတုန်းဆို စကားမပြောတတ်ခင်ကတည်းက Television ရှေ့ချထားတာဆိုတော့ အကုန်လုံး မြင်ကြ ကြားနေကြတာနော်၊ ဟုတ်တာရော၊ မဟုတ်တာရော အကုန်လုံး သူတို့နားထဲရောက်နေတာ၊ မျက်စိကမြင် အကုန်လုံး မြင်ကြတယ်။

အဲတော့ ရာဟုလာ သားတော်လေးလည်း စကားတတ်တယ်၊ ခုနစ်နှစ်အရွယ်ဆိုတော့ သူက သိတတ်တဲ့အရွယ်ပေါ့။ “သုခါ တေ သမဏ ဆာယာ” အရှင်ဘုရားရဲ့ အရိပ်ဟာ အေးမြလှပါတယ်ဆိုပြီး ဘာပြောတုန်း? “ဒါယီ မေ သမဏ ဒေဟိ”တဲ့၊ သူ့အမွေပေးပါတဲ့၊ အဓိကတော့ အဲဒါ အမွေပေးပါလို့ တောင်းတယ်၊ မြတ်စွာဘုရားက ဘာမှမပြောဘူး၊ ဖခင်ဆိုတဲ့ ချစ်ခင်တဲ့စိတ်နဲ့ အနားနားမှာ ကပ်လိုက်သွားတယ်၊ ဘယ်ထိအောင် လိုက်သွားတုန်းဆိုတော့ ကျောင်းတော်ထိအောင် လိုက်သွားတယ်။

ကျောင်းရောက်တဲ့အခါ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ပြောလိုက်တယ်၊ “သာရိပုတ္တရာတဲ့၊ ရာဟုလာ အမွေ

စာမျက်နှာ-၁၇
တောင်းနေတယ်တဲ့၊ လောကီအမွေတွေဆိုတာ ပူပန်ဆင်းရဲမှုကိုသာ ပေးနိုင်တယ်” (ဟုတ်တာပေါ့။ ပစ္စည်းဥစ္စာဆိုတာ ရလာပြီဆိုရင် ထိန်းသိမ်းစောင့်ရှောက်မှုကစပြီး ဒုက္ခပဲလေ၊ မယုံလို့ရှိရင် ဟောဒီပရိသတ်ကို စိန်ဘယက်တစ်စုံ ပေးလိုက်မယ်၊ ပေးလိုက်တာနဲ့ တပြိုင်နက် သူ့စိတ်ထဲမှာ မလုံမခြုံတွေ ဖြစ်ကုန်မှာ၊ ဘယ်နားထိုင်ရမှန်းမသိဖြစ်ကုန်မှာ၊ ငါ့ဟာများ လူမြင်မှာလား၊ မလုံမခြုံတဲ့နေရာမှာဆို သူများခိုးသွားမှာလားဆိုပြီး ပူပန်မှုက အရင်ဖြစ်လာတာ၊ တန်ဖိုးကြီးလေလေ ပူပန်ရတဲ့စိတ်က များလာလေလေပေါ့)။

အဲ့တော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကိုပြောတယ် “လောကီအမွေဆိုတာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ရာဟုလာကို အင်မတန်မှ စိတ်နှလုံးအေးချမ်းပြီး ငါကိုယ်တိုင် ၆-နှစ်ပတ်လုံး ကြိုးပမ်းလို့မှ ရရှိလာတဲ့ ဓမ္မအမွေကိုပေးမယ်၊ ရာဟုလာကို သင်္ကန်းဝတ်ပေးလိုက်” လို့ ပြောတယ်။

ဟောဒီကလေးလေးဟာ ခုနစ်နှစ်အရွယ် ဘာမသိ ညာမသိနဲ့ ကတုံးတုံးပြီး ကိုရင်ဝတ်သွားရတာနော်၊ ခုနစ်နှစ်အရွယ်လေး ကျောင်းရောက်သွားတယ်ဆိုတာ စဉ်းစားကြည့်နော်၊ အဖေဆိုတဲ့သံယောဇဉ်နဲ့သာ သူလိုက်သွားတာ၊ နဂိုတုန်းက အမေ့ရင်ခွင်ထဲမှာနေတဲ့ ကလေးလေး၊ အဖေဆိုတဲ့ သံယောဇဉ်နဲ့ လိုက်သွားပြီး ဟိုရောက်တော့ သင်္ကန်းဝတ်ပေးလိုက်တယ်။

စာမျက်နှာ-၁၈
ရဟန်းသံဃာတွေကြားမှာ ကိုရင်ဝတ်ပေးပြီး ထားလိုက်တယ်၊ ကိုရင်ဝတ်ပေးပြီး မြတ်စွာဘုရားက ဒီအတိုင်း ပစ်ထားသလားဆိုတော့ မပစ်ထားပါဘူး၊ ဒီကလေးလေးဟာ သူ့တာဝန် ဖြစ်လာတယ်၊ လောကအမြင်နဲ့ ကြည့်မယ်ဆိုရင်လည်း တာဝန်တစ်ခုဖြစ်လာတယ်၊ ဘုရားက တာဝန်ကျေအောင် ဆောင်ရွက်တယ်လို့ ပြောရမယ်။ သားဆိုတဲ့သံယောဇဉ်နဲ့ လုပ်တာ မဟုတ်ဘူးနော်၊ (လောကလူတွေက သံယောဇဉ်နဲ့ပဲကြည့်ကြမှာပေါ့) မြတ်စွာဘုရားကတော့ သံယောဇဉ်မရှိတော့ ဘာနဲ့ကြည့်၊ တာဝန်နဲ့ကြည့်တာ။

သားသမီးဆိုတော့ ပိုပြီးတာဝန်ရှိတယ်၊ ကိုရင်ဝတ်ပေးလိုက်တဲ့ ရာဟုလာလေး ခုနစ်နှစ်အရွယ် သူ့လက်ထဲရောက်လာတဲ့အခါ မြတ်စွာဘုရားက ဆုံးမရပြီ၊ ကလေးဆိုတာ ပါးစပ်ကလည်းပဲ ပြောချင်ရာပြောတတ်တဲ့ အရွယ်ကိုး၊ စကားတတ်စဆိုတော့ ပြောချင်ရာပြောတာပေါ့၊ အကျိုးမရှိတဲ့စကား၊ အကျိုးရှိတဲ့စကားဆိုတာ ခွဲခြားနိုင်ခြင်းမရှိသေးဘူး၊ အကျိုးမရှိတဲ့စကားတွေများ မပြောမိအောင် မိဘတွေက သွန်သင်ပေးဖို့ လိုအပ်လာတယ်၊ အမေနဲ့ခွဲပြီး အဖေနဲ့အတူလာနေတော့ တာဝန်ဝတ္တရားတွေ အားလုံးဟာ မြတ်စွာဘုရားရဲ့အပေါ်မှာ ကျတာပေါ့။

ဒါကြောင့်မို့ ရာဟုလောဝါဒသုတ်တွေ ပေါ်လာတာ။ စီကာစဉ်ကာ ကြည့်လိုက်မယ်ဆိုရင် ခုနစ်နှစ်အရွယ် ရာဟုလာကို

စာမျက်နှာ-၁၉
ဟောတာ နှစ်သုတ်ရှိတယ်၊ အဲဒီနှစ်သုတ်ထဲမှာ “ကုမာရပညာ”[၁]ဆိုတာပါတယ်။ ဟိုစကား ဒီစကားတွေ မပြောမိအောင်၊ ဉာဏ်ရည်ဉာဏ်သွေးတက်အောင် အမေးအဖြေလေး လုပ်ခိုင်းထားတယ်၊ ဂဏန်းသင်ပြီးသားလည်းဖြစ်၊ အမေးအဖြေလည်း တတ်သွား၊ တရားဓမ္မလည်း နားထဲဝင်သွားအောင် မြတ်စွာဘုရားက ရာဟုလာ သားတော်လေးကို သင်ပေးတာတဲ့။

အမေးအဖြေ ၁၀-ပုဒ်ရှိတယ်။ “ဒသကပါဌ”ဆိုတဲ့ ပါဠိတော်မှာ “ကုမာရပညာ”ဆိုတဲ့ နာမည်နဲ့ မှတ်တမ်းတင်ထားတာရှိတယ်၊ မှတ်တမ်းတင်ထားလို့ ဘုန်းကြီးတို့တတွေ သိခွင့်ရတယ်ပေါ့။ ရာဟုလာမင်းသားလေး ကိုရင်ဝတ်ပြီးနောက် ဘာတွေသင်ပေးတုန်းဆိုရင် “ဧကံ နာမ ကိံ?” တစ်ခုဆိုတာဘာလဲ?တဲ့၊ ကလေးတွေကို စိတ်ဝင်စားအောင် တရားသင်ပေးတဲ့သဘောဖြစ်တယ်။

“ဒွေ နာမ ကိံ?”[၂] ရာဟုလာ တစ်ခုဆိုတာဘာလဲ? ဟော စဉ်းစားခိုင်းတာ၊ ဂဏန်း ၁-ခုကနေ ၁၀-ခုထိအောင်သင်ပေးတယ်၊ အဲဒီမှာ မေးခွန်းလေးတွေ မေးထားတာ၊ “ဧကံ နာမ ကိံ?” တစ်ခုဆိုတာဘာလဲ၊ “ဒွေ နာမ” နှစ်ခုဆိုတာဘာလဲ၊ သုံးခုဆိုတာဘာလဲ၊ လေးခုဆိုတာဘာလဲကနေ နောက်ဆုံး ဆယ်ခုဆိုတာဘာလဲ၊ မေးခွန်းလေးတွေထုတ်ပြီးတော့ မြတ်စွာဘုရားက အဖြေပါ သင်ပေးတာ။

Footnote: [၁] မူရင်းတွင် "ကုမာရပခွာ" ဟု ပါရှိသည်ကို အကြောင်းအရာနှင့် ကိုက်ညီအောင် "ကုမာရပညာ" ဟု ပြင်ဆင်ထားသည်။
Footnote: [၂] မူရင်းတွင် "ဒကံ နာမ ကိ?" ဟု ပါရှိသည်ကို အကြောင်းအရာနှင့် ကိုက်ညီအောင် "ဒွေ နာမ ကိ?" ဟု ပြင်ဆင်ထားသည်။

စာမျက်နှာ-၂၀
“ဧကံ နာမ ကိံ?” တစ်ခုဆိုတာဘာလဲ? အဖြေက “သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ”တဲ့။ လူတိုင်းလူတိုင်းဟာ နေ့စဉ်နဲ့အမျှ ရှောင်လို့မရတဲ့တစ်ခုဟာ ဘာလဲလို့ဆိုရင် အစာအာဟာရပဲ။ သတ္တဝါတွေအားလုံးဟာ အစာကြောင့် အသက်ရှင်နေကြတယ်၊ အစာစားရလို့အသက်ရှင်ကြတယ်၊ တစ်ခုဆိုတာ အဲဒါကိုပြောတာပါတဲ့၊ သတ္တဝါအားလုံး အသက်ရှင်ဖို့ တညီတည်း အမှီပြုကြရတဲ့ အရာတစ်ခုကိုပြောတာ။ (တခြားတစ်ခုတွေကလည်း ရှိသေးတာပဲလေ၊ နေဆိုတာတစ်ခုပဲရှိတယ်၊ လဆိုတာတစ်ခုပဲရှိတယ်။ အဲဒီတစ်ခုတွေကို ပြောတာမဟုတ်ဘူး) “ဧကံ နာမ ကိံ?” တစ်ခုဆိုတာဘာလဲ၊ “သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ” တို့နေ့စဉ်နှင့်အမျှ မှီခိုအားထားနေရတာ ဘာလဲလို့ဆိုရင် “အာဟာရ” ပဲ။

ဒါကြောင့်မို့ နေ့စဉ်နဲ့အမျှ လုပ်နေရတာကလည်းပဲ စိတ်ပျက်ငြီးငွေ့စရာကောင်းတယ်၊ နေ့တိုင်းစားနေရတဲ့ ဒုက္ခကို တရားသံဝေဂ ရစိမ့်သောငှာ မြတ်စွာဘုရားက ဂဏန်းနဲ့ တွဲဖက်ပြီးတော့ သင်ပေးတာ။

နောက်တစ်ခါ သင်တာက ဘာတုန်း၊ နှစ်ခုဆိုတာဘာလဲ? လို့ဆိုတာ၊ အေး လူတွေရဲ့ သန္တာန်မှာ နှစ်ခုရှိတယ်၊ သာမန်အနေကတော့တွေးကြလိမ့်မယ်၊ မျက်စိကလည်း နှစ်လုံးရှိတယ်ပေါ့၊ နားကလည်းနှစ်ဖက်ရှိတယ်၊ နှာခေါင်းကလည်း နှစ်ပေါက်ရှိတယ်၊ နှစ်ခုဆိုတာ အဲဒါများပြောတာလား၊ နှစ်ခုတွေ များနေ

စာမျက်နှာ-၂၁
တယ်။ အဲတော့ နှစ်ခုဆိုတာ တစ်မျိုးတည်းပဲဖြစ်ရမယ်၊ နှစ်ခုဆိုတာ ဘာလဲဆိုတော့ မြတ်စွာဘုရားကသင်ပေးတယ်၊ အကျိုးမရှိတာတွေမမှတ်နဲ့၊ အကျိုးရှိတာတွေမှတ်ဖို့ဆိုပြီး “ဒွေ နာမ ကိံ?” နှစ်ခုဆိုတာဘာလဲဆိုရင်၊ “နာမရူပံ” လူတွေရဲ့သန္တာန်မှာ ရုပ်နဲ့နာမ် ဒီနှစ်ခုပဲရှိတယ်။ ဟော - ငယ်ငယ်ကလေးထဲက တရားလမ်းကြောင်းပေါ်ရောက်အောင် မြတ်စွာဘုရားက သားတော် ရာဟုလာကို ပို့ပေးတာ။

ဟုတ်ပြီ၊ တစ်ခုဆိုတာလဲသိပြီ၊ နှစ်ခုဆိုတာလဲသိပြီ၊ နောက်တစ်ခု၊ ဂဏန်းတစ်လုံး ထပ်တိုးလိုက်မယ်၊ သုံးခုဆိုတာဘာလဲ? မြတ်စွာဘုရားကသင်ပေးတာ၊ သုံးခုဆိုတာ ရာဟုလာ တခြားမဟုတ်ဘူး။ တို့တတွေမှာ အာရုံနဲ့တွေ့တဲ့အခါ ခံစားချက်သုံးမျိုးရှိတယ်၊ ဟုတ်တာပေါ့။ ကောင်းတာနဲ့တွေ့ရင် ပျော်တယ်လေ၊ ကြိုက်တယ်၊ မကောင်းတာနဲ့တွေ့ရင် စိတ်ညစ်တယ်၊ ကောင်းမကောင်းမဟုတ်ဘူးဆိုလို့ရှိရင် ပျော်တာလည်းမဟုတ်ဘူး စိတ်ညစ်တာလည်းမဟုတ်ဘူးဆိုတာ ရှိနေတာ။ အဲတော့ ခံစားမှုဟာ သုံးမျိုးရှိတယ်ပေါ့၊ အဲဒီသုံးခုရှိတာကို ရည်ညွှန်းပြီးတော့ သုံးခုဆိုတာ ခံစားမှုသုံးမျိုးကို မှတ်ရမယ်ဆိုတာ ဝေဒနာသုံးမျိုးကို သင်ပေးလိုက်တယ်။

နောက် လေးခုဆိုတာ ဘာလဲ?၊ ဂဏန်းတစ်လုံး ထပ်တိုးပြီး မှတ်ခိုင်းတဲ့အခါမှာ လေးခုကတော့ ဒီသုတ္တန်မှာ မြတ်စွာဘုရားက

စာမျက်နှာ-၂၂
သစ္စာလေးပါးလို့ ဒီလိုပဲပြောတယ်။ အမှန်တရားလေးမျိုး ရှိတယ်ပေါ့၊ ဒုက္ခရယ်၊ သမုဒယရယ်၊ နိရောဓရယ်၊ မဂ္ဂရယ်။ လောကမှာ တကယ့်အမှန်တရားဆိုတာ ဒီလေးမျိုးပဲ ရှိတယ်တဲ့၊ ဟောသစ္စာလေးပါးကို ဒီလိုသင်ပေးတယ်။

နောက်တစ်ခါ ငါးခုဆိုတာဘာလဲ? လို့ မေးလိုက်တဲ့အခါ လူတွေမှာ တဏှာအမြင် ဒိဋ္ဌိအမြင်နဲ့ စွဲလန်းတဲ့ ဥပါဒါနက္ခန္ဓာငါးပါး ရှိတယ်၊ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်လို့ဆိုတဲ့ ဒီငါးခုအပေါ်မှာစွဲလန်းကြတယ်၊ တဏှာအမြင်၊ ဒိဋ္ဌိအမြင်တွေနဲ့ စွဲလန်းကြတဲ့ ခန္ဓာငါးမျိုး၊ ဥပါဒါနက္ခန္ဓာလို့ ဒီလိုခေါ်တယ်၊ အဲဒါ ၅-ဂဏန်းကို မြတ်စွာဘုရားက သင်ပေးတယ်။

ဒါဖြင့် “ဆ နာမ ကိံ?” ခြောက်ခုဆိုတာ ဘာလဲ?၊ ဘုန်းကြီးတို့တတွေမှာ ခြောက်ခုရှိတယ်၊ အပြင်ဘက်က အာရုံတွေနဲ့ ဆက်သွယ်ဖို့ရာအတွက် အင်္ဂါရပ်ခြောက်ခုရှိတယ်၊ အဲဒါဘာလဲလို့ဆိုတော့ “မျက်စိရယ်၊ နားရယ်၊ နှာခေါင်းရယ်၊ လျှာရယ်၊ ကိုယ်ရယ်၊ စိတ်ရယ်”ဆိုတဲ့ ဟော Sense Organs ခြောက်ခု ရှိတယ်။

ဒါတွေနဲ့ပဲ နေ့စဉ်ဆက်သွယ်နေတာ၊ ဟော ခြောက်ခုဆိုတာ “အဇ္ဈတ္တိကာယတန” ခြောက်ပါးတဲ့၊ အာရုံတွေရဲ့ အခြေခံ၊ စိတ်တွေရဲ့ ဖြစ်ပေါ်ရာ ခြောက်မျိုးရှိတယ်ဆိုပြီးတော့ ၆-ဂဏန်းကို ဖော်ထုတ်ပြီးတော့မေးတယ်၊ ဒါတွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင်

စာမျက်နှာ-၂၃
အဆင့်ဆင့် ကမ္မဋ္ဌာန်းပွားလို့ရလာတဲ့ သဘောတွေကို မြတ်စွာဘုရားက ဟောနေတာနော်၊ ကလေးငယ်နဲ့ တန်ရုံလောက်ပဲ မြတ်စွာဘုရားက ဂဏန်းသဘောလေးတွေကို မှတ်ခိုင်းထားတာ၊ ဟော ခြောက်ခုသိပြီ။

“သတ္တ နာမ ကိံ?” ခုနစ်ခုဆိုတာ ဘာလဲ?၊ မြတ်စွာဘုရား ဘာသင်ပေးတုန်းဆိုတော့ ခုနစ်ခုဆိုတာ အသိဉာဏ်ဖြစ်ဖို့ရာ အကြောင်းတရားခုနစ်မျိုးရှိတယ်တဲ့ ဘုန်းကြီးတို့တတွေ နားလည်နေတဲ့ ဗောဇ္ဈင်ခုနစ်ပါးပေါ့၊ ဗောဇ္ဈင်ဆိုတာ “ဗောဓိ+အင်္ဂ”ဆိုတဲ့ စကားလုံးကနေ ဖြစ်ပေါ်လာတာ၊ “ဗောဓိ”ဆိုတာ အသိဉာဏ်ဖြစ်ပေါ်လာတာ၊ “ဗောဓိ”ဆိုတာ အသိဉာဏ်၊ “အင်္ဂ”ဆိုတာ ရရှိခြင်းရဲ့ အကြောင်းတရားတဲ့ အသိဉာဏ်ဖြစ်ပေါ်ဖို့ရာအတွက် ဒီစွမ်းရည်သတ္တိတွေနဲ့ ကိုယ်သန္တာန်မှာ အသိဉာဏ်ရအောင် လုပ်ရမယ်တဲ့၊ ဟော ဗောဇ္ဈင်ခုနှစ်ပါး၊ (၇)ခုပဲတဲ့၊ ၇-ဂဏန်းကို ဖော်ပြလိုက်တယ်။

ရှစ်ခုဆိုတာဘာလဲ?လို့၊ တစ်ခါဂဏန်းတစ်လုံးတိုးမေးပြီး ဖြေပေးလိုက်တယ်၊ မဂ္ဂင်ရှစ်ပါးတဲ့၊ “မဂ္ဂ”ဆိုတာ လမ်းကြောင်းပဲ၊ ဘယ်သွားတဲ့လမ်းကြောင်းလဲဆိုရင် နိဗ္ဗာန်သွားတဲ့လမ်းကြောင်းပဲပေါ့၊ အဲဒီ “မဂ္ဂ”ဆိုတာဟာ (၈)ခုနဲ့ ဖွဲ့စည်းထားတဲ့အရာ ဖြစ်တယ်ပေါ့၊ ဒါကြောင့်မို့လို့ မဂ္ဂင်ရှစ်ပါး၊ အဲဒီမဂ္ဂင်ရှစ်ပါး ဒီစွမ်းအားတွေ မိမိတို့သန္တာန်မှာရပြီဆိုရင် နိဗ္ဗာန်ထိအောင်

စာမျက်နှာ-၂၄
ပေါက်ရောက်သွားနိုင်တယ်ပေါ့၊ ဒီလမ်းကြောင်းကပဲ သွားရတာ၊ အဲဒါ ၈-ဂဏန်းအနေနဲ့ မြတ်စွာဘုရားသင်ပေးတာ။ ဆိုလိုတာက မဂ္ဂင်ရှစ်ပါးသွားမယ်ဆိုရင် နိဗ္ဗာန်ကိုရောက်မယ့်အကြောင်းကို သင်ပေးတဲ့သဘောပဲပေါ့။ ၈-ဂဏန်းကို ဆက်ပြီးသင်ပေးတာ ကလေးလေး စိတ်ဝင်စားအောင်လို့။

ဒါဖြင့် ကိုးခုဆိုတာဘာလဲ?၊ သတ္တဝါတွေကို ခြုံငုံပြီးတော့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် သတ္တဝါတွေရဲ့ဘုံဟာ ဒီကိုးမျိုးပဲ ရှိနိုင်တယ်ပေါ့၊ သတ္တဝါတွေနေတဲ့ ဘုံတွေဟာ ကိုးမျိုးပဲရှိတယ်။ အဲဒါကို “သတ္တာဝါသ” လို့ခေါ်တယ်၊ “သတ္တအာဝါသ” သတ္တဝါတွေနေထိုင်ရာဘုံလို့ ပြောတယ်၊ ကိုးမျိုးဆိုတာ သဘာဝအားဖြင့် ခွဲခြားပြီးတော့ကြည့်တယ်၊ ၃၁-ဘုံကိုပဲ ၉-ခုဖြစ်အောင် ချုံပြောတာ။

ဆိုပါစို့၊ လူတွေဆိုတာ မွေးလာတဲ့ စိတ်တွေကလည်းပဲ ကွဲပြားခြားနားကြတယ်၊ ရုပ်ရည်ပုံသဏ္ဌာန်တွေကလည်း ကွဲပြားခြားနားကြတယ်။ လူသားတွေကိုကြည့်၊ မြန်မာလူမျိုးတွေတောင် တစ်ယောက်နှင့်တစ်ယောက် မတူတာတွေအများကြီးပဲပေါ့နော်၊ နိုင်ငံခြားသားတွေနဲ့ ကွာခြားတာတော့ အင်မတန်မှ ထင်ရှားတယ်ပေါ့။ အဲတော့ လူတွေဟာ “နာနတ္တကာယ နာနတ္တသညီ” ရုပ်ခန္ဓာကိုယ်ကြီးကလည်း အမျိုးမျိုး၊ စိတ်တွေကလည်းအမျိုးမျိုး။

စာမျက်နှာ-၂၅
ဒါကြောင့်မို့ လူတွေတို့၊ အချို့နတ်တွေတို့၊ အချို့သတ္တဝါတွေတို့ တိရိစ္ဆာန်လောကပဲ ကြည့်လိုက်ဦးပေါ့၊ ကြောင်ကတစ်မျိုး၊ ခွေးကတစ်မျိုး၊ ကြက်ကတစ်မျိုး သဏ္ဌာန်တွေ ကွဲပြားခြားနားမှု ရှိကြတယ်၊ မတူညီကြဘူးပေါ့။ အဲလိုမတူညီတဲ့ သတ္တဝါတွေရှိတဲ့ ဘုံတွေကိုစုပြီးတော့ “နာနတ္တကာယ နာနတ္တသညီ”ဆိုတာ တစ်ခုယူတယ်၊ အဲတော့ ကိုးခုဆိုတာ ဘာလဲဆိုရင် သတ္တဝါတွေဖြစ်ရာ ဘုံကိုးမျိုး လို့ ဒီလိုပြောလိုက်တာနော်။

သတ္တဝါဖြစ်ရာဘုံကိုးမျိုးဆိုတာ (၁) ရုပ်ခန္ဓာတို့၊ ပဋိသန္ဓေစိတ်အမှတ်သညာတို့ ကွဲပြားခြားနားတဲ့ သတ္တဝါတွေတည်ရှိရာ ဘုံကတစ်မျိုး၊ အဲဒါကိုပဲ လှည့်ပြီးတော့ ကြည့်လိုက်တဲ့အခါ (၂) ရုပ်ခန္ဓာကွဲပြားပေမယ့်လို့ ပဋိသန္ဓေစိတ်အမှတ်သညာခြင်း တူတဲ့ သတ္တဝါတွေရဲ့ နေရာဌာနကတစ်မျိုး၊ (၃) နောက် ပဋိသန္ဓေ သညာတော့တူပြီးတော့ ရုပ်ခန္ဓာကွဲပြားတဲ့ သတ္တဝါတွေရဲ့ ဘုံဌာနကတစ်မျိုး၊ (၄) ပဋိသန္ဓေလည်းတူတယ်၊ ရုပ်ခန္ဓာလည်းတူတယ်ဆိုတဲ့ သတ္တဝါတွေရဲ့ ဘုံဌာနကတစ်မျိုး။ ပါဠိလို ၁။ နာနတ္တကာယ နာနတ္တသညီ၊ ၂။ နာနတ္တကာယ ဧကတ္တသညီ၊ ၃။ ဧကတ္တကာယ နာနာတ္တသညီ၊ ၄။ ဧကတ္တကာယ ဧကတ္တသညီ လို့ ဟောဒီလို ၄-မျိုးရတယ်။

နောက်တခါ အမှတ်သညာကင်းမဲ့တဲ့ သတ္တဝါဆိုတာ လောကမှာရှိသေးတယ်၊ သူ့ရဲ့ ကြိုးစားအားထုတ်မှု သမာဓိ

စာမျက်နှာ-၂၆
စွမ်းအားနဲ့ သူဖြစ်တဲ့ဘုံဘဝမှာ အသိစိတ်ကင်းမဲ့ပြီးတော့ ဖြစ်သွားတယ်, အဲဒါကို အသညသတ်ဘုံလို့ ပြောတာ၊ အဲဒါကတစ်ခု။ နောက် နာမ်ချည်းဖြစ်တဲ့ အရူပဘုံက ဘုံဆိုတော့ အားလုံးပေါင်းလိုက်တဲ့အခါကျတော့ “သတ္တာဝါသ ဘုံကိုးဝ”လို့ ဒီလိုပြောတာနော်၊ သတ္တဝါတွေရဲ့ ဖြစ်ရာဘုံ ၉-ပါး၊ ၉-ဂဏန်းကို အဲဒါနဲ့ ထုတ်တယ်ပေါ့နော်။

ကမ္မဋ္ဌာန်းရှုဖို့ရာအတွက် ဘုံဆိုတာငြီးငွေ့စရာကြီးပဲ၊ ဘုံထဲမှာ ကျင်လည်နေမယ်ဆိုရင် ဒုက္ခတွေရောက်မှာပဲဆိုတာ မြတ်စွာဘုရားက ရှင်းပြဖို့ ၉-ဂဏန်းနဲ့ “သတ္တာဝါသဘုံကိုးဝ”လို့ ရှင်းပြတယ်ပေါ့။

ဟော နောက်ဆုံး တစ်ဆယ်ဆိုတာ ဘာလဲ? မေးပြီးတော့ သင်ပေးတာကြည့်၊ ဒါတွေငြီးငွေ့လို့ တရားအားထုတ်လိုက်ပြီဆိုရင် ဘာဖြစ်သွားမလဲ၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ဉာဏ်ရပြီး ရဟန္တာဖြစ်သွားမှာမဟုတ်လား။ အဲဒီရဟန္တာဖြစ်သွားလို့ရှိရင် ရဟန္တာပုဂ္ဂိုလ်တွေမှာ ပြည့်စုံနိုင်တဲ့ အရည်အချင်းဟာ ဆယ်မျိုးရှိတယ်တဲ့၊ အဲဒီဆယ်မျိုးကို ရည်ညွှန်းပြီးတော့ မြတ်စွာဘုရားက “ဒသ နာမ ကိံ?”၊ ရာဟုလာ ဆယ်ခုဆိုတာဘာလဲ?၊ ရဟန္တာပုဂ္ဂိုလ်တွေဟာ အင်္ဂါဆယ်ပါးနဲ့ ပြည့်စုံတယ်။

မှန်ကန်တဲ့ ဒီတရားဓမ္မကို မှန်မှန်ကန်ကန် ကျင့်သုံးဆောက်တည်သွားတဲ့ ရဟန္တာပုဂ္ဂိုလ်တွေမှာ အင်္ဂါဆယ်မျိုး၊

စာမျက်နှာ-၂၇
အင်္ဂါဆယ်မျိုးဆိုတာ ဘာလဲလို့ဆိုရင် မဂ္ဂင် ၈-ပါးရယ်၊ မဂ္ဂင် ၈-ပါးကို နောက်ထပ်ထပ်ဖြည့်လိုက်တဲ့နှစ်ခုကတော့ “သမ္မာဉာဏ”နဲ့ “သမ္မာဝိမုတ္တိ” နှစ်ခုပဲ၊ “သမ္မာဉာဏ”ဆိုတာ မှန်မှန်ကန်ကန်သိမြင်တဲ့ အသိဉာဏ်နဲ့၊ “သမ္မာဝိမုတ္တိ”ဆိုတာ မှန်ကန်သောနည်းလမ်းဖြင့် ကိလေသာတွေက လွတ်မြောက်သွားတာတဲ့။

တရားနဲ့ ပတ်သက်ပြီးတော့ (၁)ဂဏန်းကနေစပြီးတော့ (၁၀)ဂဏန်းအထိ တရားမလွတ်အောင် ဒီမေးခွန်းလေးတွေ မေးမေးပြီး ဖြေခိုင်းတာ၊ ခုနစ်နှစ်အရွယ် ကလေးငယ်ကို သင်ပေးတာတဲ့။

အဲဒီ ရာဟုလာကို သင်ပေးတဲ့ အမေးအဖြေကို အတော်ကို ဆင်းရဲလို့ တောင်းစားရတဲ့ ကလေးငယ်တစ်ယောက်ကို သင်ပေးတယ်။ သုဿာန်ထဲမှာနေပြီး တောင်းစားရတဲ့ ကလေးလေးတစ်ယောက်ပဲ၊ သူ့နာမည်ကို “သောပါက” လို့ခေါ်တာပေါ့။ အဲဒီကလေးငယ်ကိုလည်း ဒီလိုသင်ပေးတယ်၊ နောက် မြတ်စွာဘုရားက မေးတယ်၊ တစ်ဆိုတာဘာလဲ၊ နှစ်ဆိုတာဘာလဲ မေးလိုက်တဲ့အခါ သူက မှန်မှန်ကန်ကန်ဖြေတတ်တယ်၊ အဲဒီကလေးငယ်က အကုန်လုံးဘုရားသင်ပေးထားတဲ့အတိုင်း မှန်မှန်ကန်ကန်ဖြေတတ်လို့ သူ့ကိုလည်း ခုနစ်နှစ်အရွယ်မှာပဲ ရဟန်းအဖြစ် မြတ်စွာဘုရားက ခွင့်ပြုပေးလိုက်တယ်။ ဘုရားလက်ထက်တုန်းက ခုနစ်နှစ်သား ရဟန်းငယ်တွေရှိတယ်ပေါ့၊ ခုခေတ်တော့

စာမျက်နှာ-၂၈
ရဟန်းဖြစ်ဖို့ဆိုတာ အသက်နှစ်ဆယ်ပြည့်မှ ရဟန်းဖြစ်နိုင်တာလေ။ အဲတော့ သောပါကသာမဏေဆိုတာ ဒီမေးခွန်းတွေဖြေနိုင်လို့ မြတ်စွာဘုရားက ခုနစ်နှစ်သားအရွယ်မှာပဲ ရဟန်းခံပေးလိုက်တယ်။

(သားတော်ရာဟုလာကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ ခုနစ်နှစ်အရွယ် သင်္ကန်းဝတ်ပေးလိုက်တဲ့နောက်မှာ မပြတ်မပြတ် အခုလို မေးခွန်းတွေထုတ်ထုတ်ပြီး သင်ပေးတာ၊ အဆင့်မြင့်တဲ့တရားဓမ္မတွေကို သင်ပေးပြီးသွားတာ။)
အမ္ဗလဋ္ဌိက ရာဟုလောဝါဒ
နောက် “အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်”ဆိုပြီး မှတ်တမ်းတင်ထားတာ ရှိတယ်၊ အဲဒီခုနစ်နှစ်အရွယ်မှာ မြတ်စွာဘုရားက ဒီကလေးငယ်နားလည်အောင် အထူးဟောတဲ့ တရားတစ်ပုဒ်ဖြစ်တယ်။

ကလေးငယ်တွေဟာ ငယ်ရွယ်တဲ့အချိန်တွေမှာ လိမ်ပြောတတ်တယ်၊ အဲဒါကို မိဘတွေက မထိန်းသိမ်းတတ်ဘူးဆိုရင် ဒီကလေးဟာ ကြီးသည်ထိအောင် လိမ်တတ်တဲ့ကလေးဖြစ်သွားတတ်တယ်ပေါ့။ အဲတော့ မလိမ်အောင် သွန်သင်ပေးရမယ်။ ငယ်ငယ်ရွယ်ရွယ်ဆိုတော့ ကြောက်လို့ပဲဖြစ်ဖြစ်၊ ဘာကြောင့်ပဲဖြစ်ဖြစ် လိမ်ပြောတာ၊ လိမ်တာဟာ ကလေးလေးတွေအဖို့မှာ

စာမျက်နှာ-၂၉
မုန့်စားသလိုပဲနော်၊ မှန်မှန်ကန်ကန်ပြောရင် လူကြီးတွေက ငါ့ရိုက်မှာလား မာန်မှာလားဆိုတာ ကြောက်တာနဲ့လည်း လိမ်တာပဲပေါ့နော်၊ အဲဒီလို ခုနစ်နှစ်အရွယ် ကလေးလေးဟာ လိမ်တတ်မှာစိုးလို့ မြတ်စွာဘုရားဟာ ရာဟုလာကို မလိမ်ရအောင်သင်တဲ့ သုတ္တန်ဖြစ်တယ်။ ဘုန်းကြီးတို့တတွေအဖို့မှာလည်းပဲ အင်မတန်မှတန်ဖိုးရှိတဲ့ တရားတစ်ပုဒ်ပါပဲ။

တစ်ရက်တော့ မြတ်စွာဘုရားက ရာဟုလာကိုခေါ်တယ်၊ ရာဟုလာ ငါနဲ့လိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်၊ မြတ်စွာဘုရားက ခြေဆေးတဲ့နေရာမှာထိုင်ပြီး ခြေဆေးဖို့ခပ်ထားတဲ့ ရေအိုးထဲက ခွက်ကလေးနဲ့ ရေခပ်ယူလိုက်တယ်၊ ခပ်ယူပြီးတဲ့အခါ ရေကလေးကို တစ်ဝက်သွန်ပြီး မြတ်စွာဘုရားက မေးတယ် “ရာဟုလာတွေ့လား ဟောဒီမှာ ရေခွက်ထဲမှာ ရေတစ်ဝက်ပဲ ရှိတယ်တွေ့လား” ဆိုတော့ “တွေ့ပါတယ် ဘုရား”တဲ့၊ “လောကမှာ လိမ်ပြောတတ်တဲ့လူဆိုတာ ကိုယ်ကျင့်တရား ပြည့်ပြည့်ဝဝ မရှိဘူး”တဲ့၊ ဟော ကိုယ်ကျင့်တရားဟာ မပြည့်ဝဘူးပေါ့။ “ဒီခွက်ထဲကရေတွေ မပြည့်သလိုပဲ လိမ်တတ်ပြီဆိုရင် မင်းကိုယ်ကျင့်တရားတွေ မပြည့်နိုင်ဘူး”တဲ့။

အဲဒီလို ကလေးငယ်နားလည်တဲ့ စကားလုံးသုံးပြီး ရှင်းပြတယ်။ မြတ်စွာဘုရားက ခွက်ထဲကရေတွေကို သွန်လိုက်တယ်၊ “ရာဟုလာ ဟောဒီခွက်ထဲမှာ ရေတွေရှိသေးလား” “မရှိတော့ဘူး”

စာမျက်နှာ-၃၀
ဘုရား” ရေတွေသွန်လိုက်တယ်၊ “အေး အဲဒီလို သွန်လိုက်သလိုပဲ လိမ်ပြောတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်တရားတွေကို အကုန်လုံး စွန့်ပစ်လိုက်တာနဲ့ အတူတူပဲ”တဲ့။

မြတ်စွာဘုရားက ခွက်ကို မှောက်ပြီးတော့ မေးတယ်၊ “ရာဟုလာ တွေ့လား ငါခွက်ကလေးကို မှောက်ထားတာ၊ အဲဒီ ခွက်ကလေး မှောက်လိုက်သလိုပဲ လိမ်ပြောတတ်တဲ့ ပုဂ္ဂိုလ်ရဲ့ အကျင့်တရားတွေဟာ အကုန်လုံးဇောက်ထိုးပဲ၊ ဘာမှမရှိတော့ဘူးပေါ့၊ အကျင့်တရားတွေကို အကုန်လုံး မှောက်ပစ်လိုက်တာနဲ့ အတူတူပဲ”တဲ့။

နောက်တခါ မြတ်စွာဘုရားက ခွက်ကလေးကို ပြန်လှန် လိုက်တယ်၊ “ဟောဒီခွက်ထဲမှာ ဘာရှိလဲ ဘာမှမရှိဘူး၊ အေး ခွက်ထဲမှာ ဘာမှမရှိသလိုပဲ လိမ်ပြောတတ်တဲ့ ပုဂ္ဂိုလ်သန္တာန်မှာ ကိုယ်ကျင့်တရားဆိုတာ ဘာမှမရှိဘူးတဲ့၊ ဒါကြောင့် ရယ်စရာ အနေနဲ့တောင် လိမ်မပြောနဲ့၊ လိမ်တာဟာ အင်မတန်အပြစ်ကြီးတယ်”

ကဲ ဘုရားဆုံးမတဲ့စကားနဲ့ ဒီကနေ့ခေတ်ပြောနေကြတာတွေနဲ့ ဘယ်လိုများ ကွာခြားနေကြလဲ၊ ဒီကနေ့ခေတ်ကြတော့ အေး “မုသားမပါ လင်္ကာမချော”တဲ့နော်၊ လင်္ကာချောအောင် မုသားလေး ထည့်ထည့်ပြီးတော့ ပြောနေကြရတာ။ မြတ်စွာ

စာမျက်နှာ-၃၁
ဘုရားက ကြည့်- လိမ်ပြောတတ်လို့ရှိရင်တဲ့ ဘာမှ ကိုယ်ကျင့်တရားမရှိတော့ဘူးလို့ ဒီလိုကို ဟောထားတာ၊ လိမ်မှာစိုးလို့နော်။

သုတ္တန်တစ်ခုမှာဆိုရင် မြတ်စွာဘုရားဟောထားတာကြည့်၊ “ဧကံ ဓမ္မံ အတီတဿ၊ မုသာဝါဒိဿ ဇနော”တဲ့၊ မှန်မှန်ကန်ကန် ပြောခြင်းဆိုတာ တစ်ခုကို ကျော်လွှားပြီးတော့ မုသားစကားဆိုတတ်တဲ့ ပုဂ္ဂိုလ်အဖို့မှာတဲ့ “ဝိတိဏ္ဏ ပရလောကဿ၊ နတ္ထိ ပါပံ အကာရိယံ”၊ တမလွန်လောကကို မစဉ်းစားဘူး၊ လုံးဝလွှတ်လွှတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သူ မလုပ်တဲ့ အကုသိုလ်ဆိုတာ မရှိဘူးတဲ့။ ဆိုလိုတာက လိမ်ပြောတတ်တဲ့ပုဂ္ဂိုလ် မလုပ်တဲ့ အကုသိုလ် မရှိဘူး၊ သူအကုန်လုပ်မယ်လို့ ပြောတာနော်၊ ဒါ လိမ်ခြင်းရဲ့ အပြစ်ကိုပြောတာ၊ မုသားစကားပြောပြီဆိုမှတော့ ကျန်တဲ့ အကုသိုလ်တွေလည်း သူလုပ်မှာပဲတဲ့၊ ဒါပြောတာ၊ ဘာဖြစ်လို့တုန်းဆိုတော့ ကြည့်လေ၊ ဘာလုပ်လုပ် လိမ်လိုက်ရင် ပြီးသွားတာကိုး၊ အဲတော့ လုပ်ဖို့ရာအတွက် ဘာမှ ဝန်မလေးတော့ဘူး လို့ပြောတာ၊ အဲဒါကြောင့်မို့ ရာဟုလာကို မြတ်စွာဘုရားက လိမ်တဲ့အပြောမျိုးတွေ ဖြစ်မှာစိုးလို့ မလိမ်ရအောင် သူ့ကို နားချပြီးတော့ စိတ်ထဲမှာ စွဲသွားအောင် သင်ကြားပေးတာပေါ့။

မိဘလုပ်တဲ့ပုဂ္ဂိုလ်တွေက မိမိတို့ရဲ့ သားသမီးတွေကို ဒီလိုပဲ သင်ကြားပေးရမှာပေါ့။ မြတ်စွာဘုရားသင်ပေးသလို မလိမ်ရ

စာမျက်နှာ-၃၂
အောင် သင်ရမယ်၊ မလိမ်အောင် သင်မပေးဘဲနဲ့ ကလေးငယ်ကို ကြောက်အောင် လုပ်ထားတဲ့အခါ ကြောက်လို့လိမ်တယ်၊ နောက်ကျတော့ လိမ်လို့ရမှန်းသိတော့ ဆက်လိမ်တာပေါ့။ နောက်ဆုံး လူလိမ်ကြီးဖြစ်သွားရောနော်၊ အဲတော့ မြတ်စွာဘုရားကတော့ သားတော်ရာဟုလာလေးကို ‘မုသာဝါဒ’ဆိုတဲ့ အမှန်တရားကို မပြောဘဲနဲ့ မဟုတ်တာကို ပြောတာမျိုး မလုပ်မိဖို့ ဆုံးမတယ်။

အဲဒီလို အကြောင်းအရာမမှန်ကန်တဲ့စကားလုံးကို လုံးဝ မပြောနဲ့လို့ ပြောတာ၊ မမှန်မကန်တဲ့စကားလုံးကို လုံးဝမပြောနဲ့။ ရယ်စရာအနေနဲ့တောင် မပြောနဲ့လို့ ဒီလို ပြောတာနော်၊ အဲဒီလို မြတ်စွာဘုရားက “မုသာဝါဒ”ကနေ ရှောင်ကြဉ်အောင် ရာဟုလာကို ရေခွက်ကလေးနဲ့ ပုံပြပြီး ဟောကြားဆုံးမပေးတယ်၊ အဲဒီလို ဟောကြားဆုံးမပြီးတဲ့အခါမှာ နောက် ဥပမာတစ်ခု မြတ်စွာဘုရားက ပြောတယ်။

“ရာဟုလာ၊ မင်း စစ်ဆင်သုံးဆင်ကြီးတွေ မြင်ဖူးသလား” ဆိုတော့ “မြင်ဖူးပါတယ်ဘုရား” နန်းတော်မှာကြီးပြင်းတဲ့ ပုဂ္ဂိုလ်ဆို ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်ဆိုတာ ကြုံဖူးနေတာပေါ့နော်၊ အဲဒီစစ်တိုက်တဲ့ဆင်ကြီးတွေဟာ အမြဲတမ်းလေ့ကျင့်နေရတာပေါ့၊ တိုက်ပွဲဝင်နေရတာ၊ ဆင်တွေကို ဘယ်လိုလေ့ကျင့်တာတုန်းဆိုလို့ရှိရင် အိုး- ဆင်တွေကို လှံတွေနဲ့ထိုး၊ ဘယ်လောက်ထိအောင်ခံနိုင်ရည်ရှိသလဲဆိုတာ ဘယ်လှံနဲ့ထိုးထိုး မမှုအောင်

စာမျက်နှာ-၃၃
ဆင်ကို ဒီလို လေ့ကျင့်သင်ကြားပေးရတာ၊ ရှေ့ကနေပြီးတော့ စစ်စည်ကြီးတွေ တီးတဲ့အခါမှာလည်းပဲ ဆင်တွေဟာ လှုပ်ရှားပြီးတော့ ထွက်ပြေးမသွားအောင်၊ ကြံ့ကြံ့ခံနိုင်အောင် အဲဒီလို လေ့ကျင့်သင်ကြားပေးတာတွေကို ရာဟုလာဟာ မြင်ဖူးမှာပေါ့။

အဲဒီမှာ မြတ်စွာဘုရားက “အဲဒီစစ်တိုက်တဲ့ဆင်ကြီးတွေဟာတဲ့ စစ်ပွဲရောက်တဲ့အခါ လက်နှစ်ဖက်၊ ခြေနှစ်ဖက်၊ အမြီးကို အသုံးပြုတယ်။ ခြေထောက်နဲ့လည်း နင်းတယ်၊ အစွယ်နဲ့လည်း ထိုးတယ်၊ သို့သော် သူ့နှာမောင်းကိုတော့ အသုံးမချသေးဘူးတဲ့၊ ဒီဆင်ကြီးဟာ နှာမောင်းကို အသုံးမပြုသေးရင် အသက်မစွန့်သေးဘူးပေါ့၊ နှာမောင်းကစ အကုန်လုံး အသုံးချပြီး တိုက်ပွဲဝင်ပြီဆိုရင်၊ အေး ဒီဆင်ကြီးဟာ တိုင်းပြည်အတွက် အသက်စွန့်ထားပြီးပြီ၊ အားလုံးကို သူတိုက်ပွဲဝင်နေပြီလို့ ဒီလိုသိရတယ်တဲ့၊ ဒီလို သိရသလို ဆင်ကြီးဟာ ဘာမှမချန်ထားဘူး၊ သူ့ရှိတဲ့ တတ်နိုင်တဲ့အရာတွေအားလုံး သူ့ခန္ဓာကိုယ်အသုံးချပြီး တိုက်ပွဲဝင်နေပြီ ဆိုလို့ရှိရင် သူမလုပ်တာ ဘာမှမရှိတော့ဘူးလို့ ပြောရသလိုပဲတဲ့၊ လိမ်တတ်တဲ့လူဟာ သူမလုပ်တဲ့အကုသိုလ်ဆိုတာ ဘာမှမရှိတော့ဘူးလို့ ပြောတာ။

အဲတော့ “မုသာဝါဒ” လိမ်လည်ပြောဆိုမှု မလုပ်ဖို့ ဒီ “အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်” မှာ ခုနစ်နှစ်အရွယ်

စာမျက်နှာ-၃၄
ကလေးငယ် သဘောပေါက်လိုက်နာနိုင်အောင် မြတ်စွာဘုရားက ဟောပြောတာ။

နောက် သွန်သင်ပေးပြီးတော့ လေ့ကျင့်တဲ့ လေ့ကျင့်မှုလေးတွေကို မြတ်စွာဘုရားက ပေးသေးတယ်၊ အဲဒါတွေလည်း ဘုန်းကြီးတို့တတွေ လိုက်နာကျင့်သုံးလို့ အင်မတန် ကောင်းတယ်ပေါ့၊ မြတ်စွာဘုရားသင်ပေးတဲ့ လေ့ကျင့်ပေးဖို့ စဉ်းစားစရာလေးတွေက ဘာတုန်းဆိုရင် မြတ်စွာဘုရားက “ရာဟုလာတဲ့၊ မှန်ဆိုတာ ဘာလုပ်ဖို့တုန်း”တဲ့နော်။

အားလုံးပရိသတ်တွေ သိတယ်နော်၊ မှန်ဆိုတာ ဘာလုပ်ဖို့လည်းဆိုတာ ပြောမယ်ဆိုရင် ဖြေပုံခြင်းတော့ တူချင်မှတူမှာ၊ မှန်ဆိုတာကြည့်ဖို့တဲ့၊ ကြည့်တာအဓိကလား၊ ကြည့်ပြီးတော့ ဘာလုပ်မှာလည်းဆိုတာ အဓိကလား၊ ကြည့်ပြီးဘာလုပ်မှာဆိုတာ ပိုအဓိကကျတယ်ဟုတ်လား၊ အဲတော့ ရှင်ရာဟုလာလို ခုနစ်နှစ်သားလေးက ဘယ်လိုဖြေတုန်းဆိုတော့ “ရာဟုလာ မှန်ဆိုတာ ဘာလုပ်ဖို့တုန်း” ဆိုရင် “မှန်ဆိုတာ ကိုယ့်မျက်နှာကိုစစ်ဆေးဖို့ပါ”တဲ့၊ သူပြောတာ ကြည့်ဖို့လို့မပြောဘူး၊ ဟုတ်ကဲ့လား၊ မှန်ဆိုတာ ကိုယ်မျက်နှာမှာဘာတွေရှိတယ်ဆိုတာ စစ်ဆေးဖို့၊ ဟုတ်တာပေါ့။ သနပ်ခါး လိမ်းထားရင် ညီမညီပေါ့နော်၊ မိတ်ကပ်လိမ်းထားရင် ညီမညီ ဒါကြည့်မှာပေါ့၊ သို့မဟုတ် မျက်နှာမှာ အနာအဆာ ရှိမရှိ ကြည့်ဖို့ပေါ့။

စာမျက်နှာ-၃၅
ရှေးခေတ်တုန်းက မှန်ကို ကြေးမုံလို့ခေါ်တာ၊ ခုခေတ်နဲ့တော့မတူဘူး၊ ခုခေတ်က ပြဒါးသုတ်ထားတဲ့ တကယ်မှန်ကို မှန်လို့ခေါ်တာပေါ့၊ ရှေးခေတ်တုန်းကတော့ ကြေးပြားကို ဝင်းနေအောင် ပွတ်ထားတာ၊ ကြေးမုံဆိုတာ ရှေးဟောင်းပြတိုက်တွေထဲမှာ ရှိတတ်တယ်ပေါ့၊ အဲဒီကြေးပြားလေးကို ဝင်းနေအောင် ပွတ်ထားပြီးတော့ ကြည့်တာ၊ အဲဒီကြေးမုံဆိုတဲ့ မှန်ဟာ ဘာလုပ်ဖို့တုန်းဆိုတော့ “ကိုယ့်ကိုယ်ကိုကြည့်ပြီးတော့ သုံးသပ်ဆင်ခြင်ဖို့ပါ”တဲ့၊ မျက်နှာမှာ ဘာရှိသလဲဆိုတာ သိဖို့ပါတဲ့။

အေး၊ အဲဒီအတိုင်းပဲတဲ့၊ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ရမယ်တဲ့၊ အမှတ်တမဲ့ ဘာမှမလုပ်နဲ့တဲ့၊ အမှတ်တမဲ့ ဘာမှမပြောနဲ့တဲ့၊ အမှတ်တမဲ့ ဘာမှမတွေးနဲ့တဲ့။

ဟော လူ့လောကလူတွေမှာ အလုပ်သုံးမျိုးရှိတယ်၊ စိတ်နဲ့တွေးတာရယ်၊ ပါးစပ်နဲ့ ပြောတာရယ်၊ ကိုယ်ထိလက်ရောက် လုပ်တာရယ်၊ လူတိုင်းလူတိုင်းဟာ ဒီအတိုင်းပဲလေ၊ မနက်မိုးလင်းလာတဲ့အခါမှာ၊ မနက်မိုးလင်းလို့ အိပ်ယာကထလိုက်တာနဲ့ ဘာကစတုန်းဆိုတွေးတာကစတာပဲမဟုတ်လား။ တွေးပြီးရင် ပြောပြီ၊ ပြောပြီး လုပ်ပြီး၊ ဟော ဒီလိုလာတာကိုး၊ အဲဒါကိုပဲ စာပေလိုပြော

စာမျက်နှာ-၃၆
တော့ မနောကံတဲ့၊ ဝစီကံတဲ့၊ ကာယကံတဲ့။ စိတ်ထဲကတွေးတာ ကြံတာတွေကို မနောကံလို့ ခေါ်တာပဲ၊ ပါးစပ်ကထုတ်ပြောတာကို ဝစီကံလို့ခေါ်တာပဲ၊ ကိုယ်ထိလက်ရောက် လုပ်ကိုင်လှုပ်ရှားနေတာကို ကာယကံလို့ ခေါ်တာပဲ။

အဲဒီလိုလူတွေဟာ နေ့စဉ်နှင့်အမျှ စိတ်ထဲကကြံတွေးတယ်။ နှုတ်ကထုတ်ပြောတယ်၊ လက်ကလုပ်တယ်၊ အဲဒီသုံးမျိုးလုံးနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက အပြစ်မဖြစ်အောင် မှန်ကြည့်သလို ကိုယ့်ကိုယ်ကိုအမြဲတမ်းကြည့်ပြီးတော့ စဉ်းစားတဲ့၊ ဟုတ်လား၊ မှန်ကိုကြည့်ပြီး မျက်နှာကိုပြင်သလိုပဲတဲ့ ကိုယ့်ကိုယ်ကိုပြင်ရလိမ့်မယ်။

လူတွေရဲ့ ဖြစ်စဉ်နဲ့ပြောရင် မနက် အိပ်ယာထလိုက်တာနဲ့ တပြိုင်နက် စိတ်ထဲမှာအတွေးတွေဝင်လာတယ်၊ တွေးပြီ၊ တစ်ခုခုတွေးပြီ၊ တွေးနေတာရှိတယ်၊ တွေးပြီးတာရှိတယ်၊ တွေးမယ့်အချက်တွေရှိတယ်ပေါ့၊ ပြောမယ်ဆိုလို့ရှိရင် ကဲတွေးပြီလို့ ဆိုလိုက်တဲ့အချိန်မှာ အဲဒီအတွေးကို မှန်ကြည့်ပြီး ဆင်ခြင်သုံးသပ်သလို ပြန်သုံးသပ်ရလိမ့်မယ်။

လောကလူတွေကတွေးပြီးတဲ့နောက်ပြောတယ်၊ ပြောပြီးတဲ့နောက် လုပ်လိုက်တယ်၊ ပြီးပြီနော်၊ အဲဒီအတွေးကို ပြန်ပြီး သုံးသပ်တာရှိလား၊ မရှိဘူး၊ အပြောကိုပြန်ပြီး သုံးသပ်တာရော၊ မရှိဘူး၊ အလုပ်ကို ပြန်ပြီး သုံးသပ်တယ်ဆိုတာရော မရှိဘူး၊ မှန်ကြည့်တယ်ဆိုတာ ကြည့်ရုံကြည့်တာမဟုတ်ဘူး၊ သုံးသပ်တာနော်၊ ဆင်ခြင်သုံးသပ်တယ်။

စာမျက်နှာ-၃၇
အဲဒါကြောင့်မို့လို့ တစ်စုံတစ်ခုတွေးပြီးပြီဆိုရင် ဆင်ခြင်သုံးသပ်ကြည့်ပါတဲ့၊ တွေးပြီးတဲ့နောက်မှာ မပြောခင် သုံးသပ်ကြည့်လိုက်ဦး၊ “ငါ ဒါတွေ ဒါတွေတွေးပြီ၊ ငါတွေးတဲ့အတွေးဟာ ငါ့အတွက် ထိခိုက်သလား၊ သူများကိုထိခိုက်သလား၊ နှစ်ဦးလုံးကို ထိခိုက်သလား၊ သို့မဟုတ် အပြစ်မကင်းတဲ့အကုသိုလ်၊ ဒုက္ခကို ဖြစ်စေတတ်တဲ့အရာလားဆိုတာ စဉ်းစားလိုက်ပါ”တဲ့၊ သုံးသပ်ကြည့်ပါတဲ့။

အဲဒီလို သုံးသပ်ကြည့်ရင် အဖြေက နှစ်မျိုးပဲထွက်နိုင်တယ်၊ မကောင်းတဲ့အတွေးဆိုလို့ရှိရင် သူများလည်းထိခိုက်မယ်၊ ကိုယ့်လည်းထိခိုက်၊ နှစ်ဦးလုံးလည်းထိခိုက်တယ်၊ ဒုက္ခဖြစ်စေတတ်တဲ့ အကုသိုလ်လည်းဖြစ်မယ်ဆိုတော့ ဟောဒီအဖြေထွက်လာတယ်ပေါ့။ ဟော- နောက်တစ်ခု အဖြေတစ်ခုကတော့ သူများလည်း မထိခိုက်ဘူး၊ ကိုယ့်လည်းမထိခိုက်ဘူး၊ နှစ်ဦးလုံးလည်း မထိခိုက်ဘူး၊ ဒုက္ခကိုဖြစ်စေတတ်တဲ့ အကုသိုလ်လည်း မဟုတ်ဘူးဆိုတဲ့ ဟောဒီအဖြေ။

အဲဒီအဖြေနှစ်ခုကြည့်ပြီးဟောတဲ့၊ မြတ်စွာဘုရားက မင်းတွေးနေတဲ့အချိန်မှာ ပြန်ပြီးတော့ သုံးသပ်တဲ့၊ ငါတွေးနေတဲ့အတွေးဟာ အဖြေထုတ်တဲ့အခါမှာတဲ့ ငါ့အတွက် အကျိုးမဲ့မယ့်ဟာလား၊ သူများအတွက်အကျိုးမဲ့ဖြစ်မယ့်ဟာလား၊ အကုသိုလ်ဖြစ်မယ့်ဟာလားပေါ့လေ၊ အကုသိုလ်ဖြစ်မယ့်အတွေးမျိုးဆိုရင်

စာမျက်နှာ-၃၈
ဆက်မတွေးနဲ့တော့ ရပ်လိုက်၊ ကုသိုလ်ဖြစ်မယ့်အတွေးဆိုရင် ဆက်တွေးတဲ့။

ကိုယ့်ကိုယ်ကိုဆင်ခြင်သုံးသပ်တဲ့ နည်းစနစ်တွေကို ပြောတာ၊ တွေးတာကို အတွေးအတိုင်းမထားနဲ့၊ နောက်က ဆင်ခြင်သုံးသပ်မှု လိုက်ပေးရမယ်၊ အဲဒီလို လိုက်လိုက်တဲ့အခါ အဖြေထွက်လိမ့်မယ်၊ အဖြေထွက်လာတဲ့အခါမှာ မကောင်းတဲ့အတွေးဆိုရင် ရပ်ထားလိုက်တဲ့၊ ကောင်းတဲ့အတွေးဆို ဆက်တွေးလိုက်တဲ့။

အပြောနဲ့ ပတ်သက်လာရင်လည်း အဲဒီအတိုင်းပဲ “ငါပြောတဲ့အပြောဟာ အကုသိုလ်ဖြစ်တဲ့အပြောလား၊ ကုသိုလ်ဖြစ်တဲ့အပြောလား” မပြောခင်၊ ပြောတော့မယ်ဆိုရင် ဆင်ခြင်သုံးသပ်ပြီး အဖြေထုတ်လိုက်ပါ။ အကုသိုလ်ဖြစ်တဲ့အပြောမျိုးဆိုရင် မပြောနဲ့၊ ပြောနေလက်စဆိုရင် ရပ်ပစ်လိုက်တဲ့၊ ရှေ့ဆက်မပြောနဲ့တော့တဲ့။ ပြောပြီးသားဖြစ်သွားရင် ဘာလုပ်မတုန်းဆို ပြောပြီးသားဖြစ်သွားပြီးရင် ကိုယ်လေးစားရတဲ့ ပုဂ္ဂိုလ်ထဲက တစ်ဦးဦးထံသွား၊ “သူဒါမျိုးဒါမျိုးတွေ ပြောမိပါတယ် မှားမိပါတယ်၊ နောက်ထပ် မပြောအောင်ဂရုစိုက်ပါမယ်” ဆိုပြီးတော့ ဝန်ချလိုက်တဲ့၊ ဟော Confession ခေါ်တာပေါ့နော်၊ “နောင် ဒါမျိုးမဖြစ်စေရပါဘူး” ဆိုပြီးတော့ ဝန်ချထားလိုက်တဲ့၊ ဒါ အပြောနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားရဲ့ အဆုံးအမဖြစ်တယ်။

စာမျက်နှာ-၃၉
ကဲ - မကောင်းတဲ့ အလုပ်၊ ကောင်းတဲ့ အလုပ်၊ အလုပ်တစ်ခုခုကို လုပ်တယ်ဆိုပါစို့၊ လုပ်တဲ့အခါ မလုပ်ခင်၊ လုပ်နေတုန်း ဆင်ခြင်စဉ်းစားကြည့်လိုက်ပါတဲ့၊ အဲဒီလို ဆင်ခြင်စဉ်းစားပြီး အဖြေထုတ်ကြည့်လိုက်တဲ့အခါ ကိုယ်လုပ်တဲ့အလုပ်ဟာ အကုသိုလ်ဖြစ်တဲ့အလုပ်ဆိုရင် လုပ်နေတုန်းဆိုရင်လည်း ဆက်မလုပ်နဲ့ ရပ်ပစ်လိုက်၊ မလုပ်ရသေးရင်လည်း မလုပ်ဘဲနေလိုက်၊ ကဲ - လုပ်မိသွားပြီးပြီဆိုရင် ဘာလုပ်မလဲဆိုတော့ ခုနလိုပဲ ဝန်ချလိုက်တဲ့၊ “ငါလုပ်တာ မှားသွားပြီ၊ နောက်ထပ်ဒါမျိုးမဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ပါ့မယ်” လို့ ဝန်ခံကတိပေးလိုက်ပါတဲ့။

မိဘထံမှာပဲဖြစ်စေ၊ ဆရာသမားထံမှာပဲဖြစ်စေ တစ်ဦးတစ်ယောက်ဆီသွားပြီး ဝန်ချတယ်ဆိုတာဟာ တခြားမဟုတ်ဘူး၊ စိတ်ထဲမှာ မှတ်မှတ်သားသားဖြစ်ပြီးတော့ နောင် ရှောင်ကြဉ်နိုင်အောင်လို့ လုပ်တဲ့သဘောပဲ၊ Confession ခေါ်တာပေါ့။ တခြားဘာသာဝင်တွေဆိုရင်လေ မဟုတ်တာလုပ်ပြီးလို့ရှိရင် သူတို့ဘုရားကျောင်းထဲသွားပြီး Confession လုပ်ကြတယ်ဆိုတာ ရှိတယ်။

ဗုဒ္ဓဘာသာမှာလည်း ဘုန်းကြီးတွေ ဒေသနာကြားတယ်ဆိုတာ Confession လုပ်တာပဲ၊ ဒီတစ်ခုလုပ်မိသွားပါပြီ၊ လုပ်မိသွားတာကို အပြစ်လို့မြင်သလား၊ မြင်ပါတယ်။ ဒါဖြင့် အဲဒီ

စာမျက်နှာ-၄၀
အပြစ်ကို နောင်မလုပ်အောင်ရှောင်မလား၊ ရှောင်ပါ့မယ်ဆိုပြီး ပဋိညာဉ်ပေးတာပဲ၊ ဒေသနာကြားတယ်ဆိုတာ အဲဒါပြောတာ။ ဖွင့်ဟပြီးပြောလိုက်သဖြင့် ရင်ထဲမှာလည်းပဲ ရှင်းသွားတယ်၊ ဖွင့်ဟဝန်ခံခြင်းဟာ ရင်ကို အေးသွားစေတယ်ပေါ့။

အဲဒီလိုမဟုတ်ရင် လူက မဟုတ်တာလုပ်မိထားတယ်၊ “ငါမဟုတ်တာလုပ်မိတယ်၊ လုပ်မိတယ်”နဲ့ စိတ်ထဲမှာရင်လေးပြီးတွေးနေတတ်တယ်ပေါ့၊ ဖွင့်ဟဝန်ခံပြီး အမှားကို ဝန်ခံလိုက်တဲ့အချိန်မှာ ရင်ပေါ့သွားတယ်၊ အဲဒီသဘောကြောင့် မြတ်စွာဘုရားက ကိုယ်လုပ်တာနဲ့ ပတ်သက်လာပြီး အဖြေထုတ်ကြည့်တဲ့၊ အဖြေထုတ်ကြည့်လို့ အကုသိုလ်အမှုမျိုးဆိုရင်တော့ မလုပ်နဲ့တဲ့ ရပ်ပစ်လိုက်ပါတဲ့၊ လုပ်မိသွားပြီဆိုလို့ရှိရင် ပညာရှိထံဖြစ်စေ ကိုယ်လေးစားရတဲ့ ပုဂ္ဂိုလ်ထံဖြစ်စေ ဝန်ချပြီး “နောင် ဒါမျိုး မလုပ်တော့ပါဘူး” လို့ ပဋိညာဉ်ပေးလိုက်တဲ့။ အကယ်၍ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းတဲ့အလုပ်ဆိုလို့ရှိရင် ကျေနပ်ဝမ်းသာပြီးတော့ ကောင်းတဲ့အလုပ်ကိုဆက်လုပ်ဖို့ပေါ့။ ဒီလိုဆိုလိုတာ။

သားတော်ရာဟုလာလေးကို “အမ္ဗလဋ္ဌိက ရာဟုလောဝါဒ” သုတ္တန်မှာ မြတ်စွာဘုရားက ဒီလိုသင်ပေးတာ။ ဒီကနေ့ခေတ်မှာလည်း ဒါကိုနမူနာယူပြီး ငယ်ငယ်ထဲက လေ့ကျင့်သင်ကြားပေးမယ်ဆိုလို့ရှိရင် အဖိုးတန်ဖြစ်လာမှာပဲ။

စာမျက်နှာ-၄၁
မြတ်စွာဘုရားက တရားဟောတယ်ဆိုတာ လူမမာသုံးဦးနဲ့ နှိုင်းယှဉ်မှတ်သားသင့်တယ်။ လူမမာသုံးမျိုးရှိတယ်ပေါ့၊ ဆေးကုသလည်းမပျောက်တော့ဘူး၊ သေမှာပဲ။ နောက်တစ်ဦးက ဆေးကုကု မကုကု သူ့ဟာသူ ပျောက်သွားမှာပဲ။ နောက်တစ်ဦးကတော့ ဆေးကုမှ ပျောက်မယ်၊ မကုရင် သေမယ်ဆိုတဲ့လူနာ။ အဲတော့ ဆေးကုရင်ပျောက်မယ် မကုရင် သေမယ်ဆိုတဲ့လူနာအတွက် ဆေးကုသဖို့လိုအပ်တယ်ပေါ့။ ကျန်တဲ့လူတွေအတွက်က မလိုအပ်ဘူးလေ၊ သေချာစဉ်းစားကြည့်ရင် ကုကု၊ မကုကု သေမယ်ဆိုတဲ့ လူဟာ မလိုတော့ဘူးနော်၊ မလိုတော့ဘူး၊ ကုကု မကုကု ရောဂါပျောက်မှာပဲဆိုတဲ့ လူအတွက်လည်းမလိုအပ်ဘူး၊ လိုအပ်တဲ့လူဟာ ဘယ်သူတုန်းဆိုရင် မကုပဲထားရင်သေမယ်၊ ကုလို့ရှိရင် အသက်ရှင်မယ်။ ဟော အဲဒီပုဂ္ဂိုလ်အတွက် လိုအပ်တယ်။

အဲဒါလိုပဲ တချို့ပုဂ္ဂိုလ်တွေက တရားနာရမှ၊ အသိဉာဏ်ဆုံးမဩဝါဒရမှ အသိဉာဏ်ရမယ့်ပုဂ္ဂိုလ်မျိုးကျတော့ ဆုံးမဩဝါဒပေးရတယ်တဲ့၊ အချို့ကျတော့ ဆုံးမဩဝါဒပေးတာ ရသည်ဖြစ်စေ မရသည်ဖြစ်စေ မွေးကတည်းက သူ့ဟာသူ သန္ဓေကောင်းလို့ လိမ္မာလာတဲ့ပုဂ္ဂိုလ်ကရှိသေးတယ်၊ ဆုံးမဩဝါဒရသည်ဖြစ်စေ မရသည်ဖြစ်စေ သူ့ဟာသူ လိမ္မာလာတာတဲ့ ကလေးကရှိတယ်။

စာမျက်နှာ-၄၂
အေး တချို့ကတော့ ဘယ်လိုပဲဆုံးမဆုံးမနော်၊ သန္ဓေကိုက မကောင်းလို့ ဘယ်လိုဆုံးမလို့မှမရဘူး၊ အလေအလွင့်ဖြစ်ပြီးတော့ မိုက်မဲသွားမယ့်ကလေးမျိုးကလည်း ရှိတာပဲ၊ အဲတော့ ဒီလိုသုံးမျိုးထဲကနေပြီးတော့ ဆုံးမမှလိမ္မာပြီးတော့ မဆုံးမရင် မလိမ္မာဘူးဆိုတဲ့ ကလေးအတွက် ရည်ညွှန်းပြီးတော့ ဆုံးမဩဝါဒပေးရတယ်၊ ဒီလိုပြောတာနော်၊ ကျန်တဲ့နှစ်ယောက်အတွက် ပြောတာမဟုတ်ဘူး၊ ဆုံးမမှ လိမ္မာမယ်၊ မဆုံးမရင် လူမိုက်ကလေးဖြစ်သွားမယ်ဆိုတဲ့ ပုဂ္ဂိုလ်အတွက် ဆုံးမစကားပြောရတယ်တဲ့။ အဲဒီလိုဆိုလိုတယ်။

ရှင်ရာဟုလာကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က အခုလို ခုနစ်နှစ်သားအရွယ်မှာ ဒီတရားတွေကို ဟောကြားပြီးတော့ ဆုံးမသွန်သင်ပေးခဲ့ပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်ပရိသတ်တို့ “ရှင်ရာဟုလာ၏ဘဝနှင့် ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ”ဟာ အလွန်မှတ်သားစရာကောင်းတယ်။ နောက် အသက်ဆယ့်ရှစ်နှစ်အရွယ်ရောက်လာတဲ့အခါ ဘာတွေဆုံးမတယ်၊ နောက် ရဟန်းဖြစ်ပြီး နောက်ဆုံးရဟန္တာဖြစ်မယ့်နေ့မှာ ဘယ်လိုဝိပဿနာကျင့်စဉ်တွေနဲ့ အဆုံးအမပေးပြီး ရဟန္တာဖြစ်သည်ထိအောင် မြတ်စွာဘုရားစောင့်ရှောက်ခဲ့တယ်ဆိုတာ နောက်ရက်တွေမှာ ဆက်ပြီးတော့ နာကြရမှာ ဖြစ်ပါတယ်။

စာမျက်နှာ-၄၃
ဒါကြောင့်မို့ ဒီကနေ့ သားတော်ရာဟုလာ ခုနစ်နှစ်သားအရွယ်ကလေးမှာ မြတ်စွာဘုရား ဆုံးမပုံကို သိရှိပြီး မိမိတို့ကိုယ်တိုင်လည်း မြတ်စွာဘုရားအဆုံးမတွေ ခံယူချက်ထားပြီးတော့ ကြိုးစားကာ လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။

သာဓု .. သာဓု ... သာဓု

စာမျက်နှာ-၄၄
စာမျက်နှာ-၄၄

စာမျက်နှာ-၄၅

ရှင်ရာဟုလာ၏ဘဝနှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ

အပိုင်း(၂)
မှတ်တမ်း သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်၊ မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ ဓမ္မာရုံအတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မုံရွာမြို့၊ ဘုရားကြီးလမ်းနေ၊ အဖ ဦးသန်း၊ အမိ ဒေါ်ခင်ကြည်တို့ကို အမှူးထား၍ သား- ကိုကျော်မင်းသန်း၊ သမီး မသန်းသန်းဦး၊ မချိုမာ “ပန်းကံ့ကော်စတိုး” မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ရှင်ရာဟုလာ၏ ဘဝနှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ အပိုင်း (၂)” တရားဒေသနာတော်။

ဖခင်ကို ခုနစ်နှစ်သားအရွယ်ရောက်မှ ပြန်လည်တွေ့ဆုံခွင့် မြင်ခွင့်ရပြီး ဘာမသိညာမသိနဲ့ ကိုရင်ဝတ်ပေးခြင်းခံလိုက်ရတဲ့ ရှင်ရာဟုလာလေးဘဝကို စဉ်းစားကြည့်၊ လိုချင်တာက အမွေ၊

စာမျက်နှာ-၄၆
ပစ္စည်းဥစ္စာအမွေကို လာတောင်းတာ၊ သို့သော် မြတ်စွာဘုရားက သံသရာဝဋ်ဆင်းရဲမှလွတ်ဖို့ အရှည်မျှော်မြင်တဲ့အနေနဲ့ ရာဟုလာတောင်းတဲ့ လောကပစ္စည်းအမွေကို မပေးဘဲ ကိုရင်ဝတ်ပေးလိုက်တယ်။ ရှင်သာရိပုတ္တရာမထေရ်မြတ်က ဥပဇ္ဈာယ်၊ ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်က သရဏဂုံဆရာလုပ်ပြီး မြတ်စွာဘုရားရဲ့ သားတော်လေး ရှင်ရာဟုလာ ရှင်သာမဏေဘဝ ရောက်သွားတယ်။ ခုနစ်နှစ်အရွယ်ဆိုတော့ ဘာသာတရားရဲ့ အတိမ်အနက်၊ တရားဓမ္မရဲ့ အတိမ်အနက်ကို မသိသေးဘူးပေါ့။ သို့သော်လည်း ပါရမီရှင်လေးဖြစ်သည့် အားလျော်စွာ ဗုဒ္ဓမြတ်စွာရဲ့ သာသနာအပေါ်မှာ စိတ်ဝင်စားမှုကတော့ ရှိမယ်လို့ ယုံကြည်ရပါတယ်။

ဘုန်းကြီးတို့အနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ကိုးနှစ်သားအရွယ်မှာ ဘာမသိ ညာမသိနဲ့ ကိုရင်ဘဝ ရောက်သွားတာပဲ။ တကယ်တော့ သာသနာကိုကြည်ညိုပြီး တရားကိုသိလို့ သာသနာ့ဘောင်ထဲ ဝင်လာတာ မဟုတ်ဘူး။ မိဘတွေက စီစဉ်ပေးလိုက်တာနဲ့ ကိုရင်ဖြစ်သွားတာ၊ တရားဓမ္မဆိုတာ ဘာရယ်လို့မသိဘူး၊ ဒီအရွယ် သူများတွေ ကိုရင်ဝတ်ကြတယ်၊ ကိုယ်လည်း ကိုရင်ဝတ်ရတယ် ဆိုတော့ ပျော်တာပေါ့။ ။

အဲဒီလိုဘာမသိညာမသိနဲ့ ကိုရင်ဘဝရောက်လာခဲ့ရတယ်။ ကိုယ်ချင်းစာပြီး ကြည့်မိတယ်၊ သားတော်ရာဟုလာလေးလည်း

စာမျက်နှာ-၄၇
ဒီလိုပဲနေမှာပဲ၊ ခုနစ်နှစ်ဆိုတော့ အလွန်ငယ်သေးတာ၊ အလွန်ငယ်သေးတဲ့ အချိန်လေးမှာ ရှင်သာမဏေဘဝရောက်လာတယ်။ သို့သော် မြတ်စွာဘုရားရဲ့ သားတော်လေး ဆိုပြီးတော့ ပတ်ဝန်းကျင်က အလေးပေးကြမှာ သေချာပါတယ်။ အဲဒီလို ပတ်ဝန်းကျင်က အလေးပေးပေးမယ်လို့ ဒီကလေးဟာ ရောင့်တက်တာတော့ မရှိဘူးပေါ့၊ ဘာဖြစ်လို့တုန်းဆိုရင် မြတ်စွာဘုရားက အမြဲတမ်းဆုံးမဩဝါဒပေးနေတာကိုး။

သုတ္တနိပါတ် ပါဠိတော်မှာ ရာဟုလသုတ်ဆိုတာရှိတယ်၊ အဲဒီ ရာဟုလသုတ်က ဂါထာပေါင်း ၈-ပုဒ်ရှိတယ်။ အဲဒီ ၈-ပုဒ်နဲ့ ရာဟုလာကိုရင်ဘဝရောက်တဲ့ အချိန်ကစပြီး နေ့စဉ်မပြတ် ဆုံးမဩဝါဒပေးတာ။ အဲဒီ ဆုံးမဩဝါဒပေးတဲ့ စကားလေးတွေက အလွန်မှတ်သားစရာကောင်းတယ်၊ ကလေးအဖို့ တစ်ချို့ ဆုံးမဩဝါဒတွေက အလွန်မြင့်နေတယ်။ ပါရမီရှင်ဖြစ်လို့ သဘောပေါက် နားလည်နိုင်စွမ်းရှိတယ်လို့ ဒီလိုယူဆရမှာပဲ။ အဲဒီမှာ မြတ်စွာဘုရားက ရာဟုလာကို အမြဲတမ်း မေးခွန်းလေး ထုတ်တယ်။

“ရာဟုလာ, အမြဲတမ်း ဆုံတွေ့နေလို့ရှိရင် လူတွေဟာ ကိုယ်နဲ့ပေါင်းသင်းဆက်ဆံတဲ့ ပညာရှိတွေအပေါ် အထင်သေး အမြင်သေး ဖြစ်လာတတ်တယ်”။

စာမျက်နှာ-၄၈
ဗမာစကားလည်း ရှိတယ်လေ “အရောဝင်ရင် အရိုအသေတန်တယ်”ဆိုတာ။ သာသနာ့ဘောင်ဝင်လာတော့ ရဟန်းတော်တွေကလည်း မြတ်စွာဘုရား သားတော်လေးဆိုပြီး အလေးပေးကြတယ်၊ ရှင်သာရိပုတ္တရာမထေရ်မြတ်ကလည်း အလေးပေးတယ်၊ ရှင်မောဂ္ဂလာန်ကလည်း အလေးပေးတယ်။ အဲဒီလို ခုခေတ်လိုပြောမယ်ဆိုရင် အလိုလိုက်ကြတယ်ပေါ့နော်၊ အလိုလိုက်တဲ့အခါကျတော့ “အရောဝင်ရင် အရိုအသေတန်တယ်”ဆိုတာမျိုး ဖြစ်တတ်တယ်ပေါ့၊ အဲဒါကို မြတ်စွာဘုရားက သတိပေးတယ်။

“အမြဲမပြတ် ပေါင်းသင်းဆက်ဆံနေရလို့ ပညာရှိပုဂ္ဂိုလ်တွေအပေါ် ငါ့သား ရာဟုလာ အထင်သေး အမြင်သေးများ ဖြစ်သလား” လို့မေးတယ်။ ဒီတော့ “တပည့်တော် အဲသလို မဖြစ်အောင် နေပါ့မယ်ဘုရား”တဲ့။

အင်မတန်လိမ္မာတဲ့ ကလေးပဲ၊ မြတ်စွာဘုရားက ကလေးနဲ့ လိုက်အောင် ဒီစကားကို သုံးတယ်၊ နောက်ပြီး ထပ်ပြောတာက “လောကမှာ ပညာရှိဆိုတာ မီးရှူးထမ်းထားတဲ့ ပုဂ္ဂိုလ်နဲ့ အလားတူတယ်”တဲ့၊ မီးရှူးထမ်းထားတဲ့ပုဂ္ဂိုလ်ဟာ ကျန်တဲ့ပုဂ္ဂိုလ်တွေကို အလင်းရောင်ပေးတာ။ လောကကြီးကို အလင်းပေးနေတဲ့ ပုဂ္ဂိုလ်တွေဟာ ပညာရှိပဲ၊ ဒါကြောင့်မို့ မြန်မာရာဇဝင်စာအုပ်တွေမှာ ပညာရှိတွေကို “ပြည်သူ့မျက်လုံး” လို့ ဒီလိုသုံးတာနော်။

စာမျက်နှာ-၄၉
ပညာရှိဟာ စက္ခုဘူတ လူတကာရဲ့ မျက်လုံးနဲ့ အလားတူတယ်။

ဘာဖြစ်လို့တုန်းဆိုရင် မျက်လုံးဆိုတာ မြင်နိုင်စွမ်းရှိတယ်၊ အခု ပညာရှိတွေကလည်းပဲ “ပညာရှိအတွေး ပြေးကြည့်တာထက်တောင် သေချာသေးတယ်”ဆိုတာလို ပညာရှိတွေဟာ အရာရာမှာ ဆင်ခြင်တုံတရားနဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိတယ်ပေါ့၊ အမှန်အကန်ကို ဆုံးဖြတ်နိုင်စွမ်းရှိတယ်။ ဒါကြောင့်မို့ မီးရှူးထမ်းထားတဲ့ ပုဂ္ဂိုလ်နဲ့တူတဲ့ “ပညာရှိတွေကို အထင်သေးအမြင်သေး မလုပ်ဘဲ ရိုသေလေးစားသမှု ပြုရဲ့လား” လို့ဆိုတော့ သူက လျှောက်တယ်၊ “တပည့်တော် ပညာရှိတွေကို တန်ဖိုးထားပါတယ်ဘုရား၊ လေးစားပါတယ်”တဲ့။ အဲဒီလို အမြဲတမ်းမေးပြီး အဖြေတောင်းတဲ့ ဂါထာလေးပဲ။ မြတ်စွာဘုရားက သားတော်ရာဟုလာလေးကို ဒီလိုအမြဲတမ်းမေးပြီး ဆုံးမတယ်၊ ခုနစ်နှစ်အရွယ်ကနေစပြီး ရဟန္တာမဖြစ်မချင်းပေါ့။ ခုနစ်နှစ်အရွယ် သာသနာ့ဘောင်ဝင်လာတဲ့ အချိန်ကနေစပြီး အခုလို ဩဝါဒပေးတာ။

နောက်တစ်ခါ ဆုံးမဩဝါဒစကား ဘာပြောတုန်းဆိုတော့ “ကာမဂုဏ်အာရုံတွေကို စွန့်ပါ”တဲ့၊ ကာမဂုဏ်အာရုံဆိုတော့ စာစကားဖြစ်နေတယ်၊ “အပျော်အပါးတွေကို မလိုက်စားနဲ့”တဲ့။ နှစ်သက်စရာအာရုံတွေကို ဖယ်ရှားပြီးတော့၊ ယုံကြည်ချက်နဲ့ အိမ်ကထွက်လာပြီးတော့ အခု ကိုရင်ဖြစ်လာပြီတဲ့။

စာမျက်နှာ-၅၀
ဟုတ်တာပေါ့၊ ကိုရင်ဘဝဆိုတာ ကာမဂုဏ်အာရုံကို မလိုက်စားရဘူး၊ မျက်စိနဲ့ ပျော်စရာတွေကြည့်ပြီး မနေရဘူး၊ နားနဲ့ပျော်စရာတွေကို နားထောင်ပြီး မနေရဘူး၊ ဒီလိုဆိုလိုတာ။ အဲဒါတွေကို စွန့်လွှတ်ပြီးတော့ သာသနာ့ဘောင်ကိုဝင်လာတာ၊ ယုံကြည်ချက်နဲ့ဝင်လာတာ၊ တကယ်ကတော့ အဲဒီမှာ ရာဟုလာကို သင်္ကန်းဝတ်ပေးလိုက်တဲ့ အချိန်မှာ ယုံကြည်ချက်နဲ့ ဝတ်တာတော့ မဟုတ်ဘူး။ သို့သော် မြတ်စွာဘုရားက ဆုံးမဩဝါဒပေးပြီးတော့ ပြောပြမှာပေါ့။ အမွေပေးတယ်ဆိုတာ မြတ်စွာဘုရားက “အေး လောကအမွေဆိုတာ တကြောင့်ကြကြနဲ့ သောကဖြစ်စရာရှိတယ်၊ အဲဒီအမွေတွေကို ရာဟုလာ မလိုချင်ပါနဲ့၊ တရားအမွေကသာ အလွန်မြတ်တယ်” လို့ သူပြောပြမှာပေါ့။ အဲဒီလို ပြောပြလိုက်တဲ့အခါမှာ သူဟာ ယုံကြည်ချက်ပြည့်ဝသွားတယ်၊ သင်္ကန်းဝတ်ရခြင်းရဲ့ အဓိပ္ပါယ်ကို သူနားလည်သွားတယ်ပေါ့။

အဲဒါကြောင့် လူ့ဘောင်လူ့လောကကနေပြီး ထွက်လာတာဟာ ဘုရားကနေပြီးတော့ သင်္ကန်းဝတ်ပေးလို့ ရာဟုလာကိုရင်ဖြစ်လာတယ် ဆိုပေမယ့်လို့ သိရှိနားလည်တဲ့အခါမှာ ယုံကြည်ချက်နဲ့ ဝတ်လာတယ်လို့ပဲ ပြောရတော့မယ်။ လောကမှာ သာသနာ့ဘောင်ဝင်လာတဲ့ ပုဂ္ဂိုလ်တွေထဲ တချို့ပုဂ္ဂိုလ်တွေက ကြွေးမပေးနိုင်လို့၊ တစ်ချို့က မင်းစိုးရာဇာအပြစ်ဒဏ်တွေသင့်လို့၊ ထိုအပြစ်ဒဏ်တွေက ရှောင်တိမ်းလွှဲလို၍ သာသနာ့ဘောင်

စာမျက်နှာ-၅၁
ဝင်လာတာရှိတယ်၊ တချို့က ဆွေတွေမျိုးတွေ အားကိုးစရာမရှိတော့လို့ သာသနာ့ဘောင်ဝင်လာတာရှိတယ်။

ရာဟုလာက ဒီလိုအနေအထားမှ မဟုတ်တာ၊ အဖိုးတွေ အဖွားတွေ ဆွေတွေမျိုးတွေကလည်းပဲ တယုတယနဲ့ သိုင်းသိုင်းဝိုင်းဝိုင်းနေတဲ့အထဲက သင်္ကန်းဝတ်လာတယ်၊ ယုံကြည်ချက်နဲ့ ဝတ်တယ်လို့ပဲ ပြောရမှာပဲ။

အဲဒီမှာ မြတ်စွာဘုရားက “ကာမဂုဏ်အာရုံတွေကို စွန့်ပယ်ပြီး၊ နှစ်သက်စရာကောင်းတဲ့ မြတ်နိုးစရာကောင်းတဲ့ အရာတွေကို စွန့်ပယ်ပြီး ယုံကြည်ချက်နဲ့ အိမ်ကနေထွက်လာပြီး မလုပ်ရမယ့် အလုပ်ကတော့ ဆင်းရဲဒုက္ခအဆုံးသတ်ရေးပဲဖြစ်တယ်”တဲ့။

ကလေးပေမယ့်လို့ ပြောရင်နားလည်တယ်ပေါ့။ “ခဏခဏ အိုရမယ်၊ အိုပြီးရင်နာရမယ်၊ နာပြီးရင်သေရဦးမယ်၊ သေပြီးရင် ပြန်မွေးရဦးမယ်။ ရာဟုလာ၊ ဘယ်လောက်ကြောက်စရာကောင်းတုန်း၊ အဲဒီဒုက္ခတွေကို အဆုံးသတ်ဖို့အတွက် မင်းကြိုးစားရမယ်” လို့၊ ဒါနေ့စဉ်ပြောပြနေတဲ့ စကားလုံးလေးတွေပဲ။

အဲဒီလို နေ့စဉ်ပြောပြနေတဲ့အခါမှာ သူ့နားထဲမှာ ဝင်နေတယ်၊ အဲဒီလို ဒုက္ခကိုအဆုံးသတ်ဖို့ဆိုတဲ့နေရာမှာ ဘာတွေလိုအပ်သလဲဆိုတော့ မိတ်ကောင်းဆွေကောင်း၊ ဆရာကောင်းသမားကောင်းတွေ အရေးကြီးတယ်တဲ့။ နို့မဟုတ်ရင် လမ်းမှားသွားနိုင်တယ်ပေါ့၊ ကိုယ်က ဒုက္ခကိုအဆုံးသတ်ဖို့ ကြိုးစားနေပေ

စာမျက်နှာ-၅၂
မယ့်လို့ လမ်းမှားကို ညွှန်ပြတဲ့ပုဂ္ဂိုလ်နဲ့တွေ့သွားလို့ရှိရင် ဒုက္ခအဆုံးမသတ်နိုင်ဘဲနဲ့ ဒုက္ခထဲ ရောက်သွားနိုင်သေးတယ်တဲ့။

အဲဒါကြောင့် မြတ်စွာဘုရားက “မိတ္တေ ဘဇဿာ ကလျာဏေ”၊ မိတ်ကောင်းဆွေကောင်းတွေကို ချဉ်းကပ်၊ မိတ်ကောင်းဆွေကောင်းတွေကို ပေါင်းသင်းဆက်ဆံရမယ်တဲ့နော်။ အဲဒီ မိတ်ကောင်းဆွေကောင်းတွေကို ဆည်းကပ်ပြီးတော့ ထိုမိတ်ကောင်းဆွေကောင်းတွေဆီက ကောင်းမြတ်တဲ့ အဆုံးအမဩဝါဒ၊ အကြံဉာဏ်တွေကို ရအောင်ယူရမယ်လို့ ဒီလိုပြောတာနော်၊ မိတ်ဆွေမရှိဘဲနဲ့ ဆရာကောင်းသမားကောင်းကို မမှီဝဲဘဲနဲ့ ကိုယ့်ဟာကိုယ် သံသရာဝဋ်ကလွတ်အောင် လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှမရှိဘူး။

ရှင်သာရိပုတ္တရာမထေရ်ကစပြီးတော့ ကျန်တဲ့ပုဂ္ဂိုလ်တွေဟာ မိတ်ကောင်းဆွေကောင်းနဲ့ ပေါင်းသင်းဆက်ဆံရတာချည်းပဲ။ မိတ်ကောင်းဆွေကောင်းတွေနဲ့ပေါင်းသင်းဆက်ဆံမှ မိတ်ကောင်းဆွေကောင်းမှ၊ ဟောပြောတဲ့ ဆုံးမတဲ့ အဆုံးမဩဝါဒတရားတွေကို နာယူလိုက်နာကျင့်သုံးမှ မှန်ကန်တဲ့လမ်းကြောင်းဆိုတာတွေ့တာတဲ့၊ နို့မဟုတ်ဆို မတွေ့ဘူးပေါ့။ အဲဒီလို မြတ်စွာဘုရားက ရာဟုလာလေးကို ဆုံးမဩဝါဒပေးတယ်။

ဒါတင်မကသေးဘူး၊ ကလေးဆိုတော့ အများနဲ့ ပေါင်းသင်းဆက်ဆံပြီး စကားတပြောပြောနဲ့ အဖော်သဟဲနဲ့ နေမှာစိုးလို့။

စာမျက်နှာ-၅၃
“ရာဟုလာ တိတ်ဆိတ်ငြိမ်သက်တဲ့ ချောင်ကျတဲ့နေရာတွေကို ရွေးပြီးတော့နေပါ”တဲ့၊ ဆူဆူညံညံနဲ့ လူကြားသူကြား စကားများရတဲ့ နေရာမျိုးကို မနေနဲ့တဲ့။ ဟော နေရေးထိုင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ဆုံးမတယ်၊ ဒီရှင်ရာဟုလာလေးဆိုတာ အလွန်လိမ္မာတယ်။ ဘယ်လောက်ထိအောင် လိမ္မာတုန်းဆိုတော့ မြတ်စွာဘုရားက အမြဲဆုံးမလို့ သူက မနက်မိုးသောက်လို့ အိပ်ယာကထပြီဆိုရင် တခြားရဟန်းတွေ၊ တခြားကိုရင်တွေလိုပဲ ဝတ်ကြီးဝတ်ငယ်ဆောင်ရွက်ပြီးတော့ လက်ခုပ်ကလေးနဲ့ သဲလေးတွေကို ဆုပ်ကြည့်ပြီး “ဒီကနေ့ ငါ့ကိုဆုံးမတဲ့ပုဂ္ဂိုလ်တွေ ဟောဒီသဲလုံးလေးတွေလောက်များရင် ကောင်းမှာပဲ” လို့ ဒီလောက်ထိအောင် မိတ်ကောင်းဆွေကောင်းတွေဆီက အကြံကောင်းဉာဏ်ကောင်းတွေကို ရချင်တယ်။

အခုခေတ်လူတွေနဲ့တော့ အင်မတန်ကွာတယ်၊ အခုခေတ်လူတွေက ငါသိငါတတ်လုပ်တယ်၊ သွားပြီးပြောလိုက်မယ်ဆိုရင် လာပြီးမရှည်နဲ့လို့ ပြောကြတာများတယ်နော်၊ အကြံဉာဏ်ပေးလို့မရဘူး။

သို့သော် ရာဟုလာက ဘုရားသားတော်ပဲ၊ အင်မတန်လည်း ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်၊ သို့သော် “ဟောဒီသဲလုံးအမျှ ငါ့ကိုဆုံးမမည့်ပုဂ္ဂိုလ်တွေများရင် အလွန်ကောင်းမှာပဲ” လို့၊ ဒါတင်လားဆိုတော့ စိတ်သဘောထားကလည်း အလွန်ပြည့်ဝတယ်၊

စာမျက်နှာ-၅၄
ရာဟုလာ သဘောကောင်းတယ်ဆိုတာ သိကြတော့ ရဟန်းတွေက တစ်ရက်မှာ စုံစမ်းကြသတဲ့။ တံမြက်စည်းတို့ဘာတို့ပြီးလို့ရှိရင် သူ့နေရာနဲ့သူ ပြန်သိမ်းရတယ်၊ စည်းကမ်းတကျ ထားရတယ်၊ တစ်ရက်ကျတော့ တံမြက်စည်းလှဲပြီး လမ်းလယ်ခေါင်မှာ ဒီအတိုင်းချထားတယ်၊ ရာဟုလာလာတဲ့အခါ တစ်ပါးက ပြောတယ် “ဟေ့ ဒီတံမြက်စည်း ဘယ်သူပစ်ထားတာတုန်း” နောက်တစ်ပါးကပြောတယ်၊ “ဒီနားတော့ ရာဟုလာသွားနေတာပဲ၊ သူပစ်ထားတာနေမှာပါ၊ ဒီကိုရင်လေး စည်းမရှိကမ်းမရှိ တံမြက်စည်းပစ်ထားပုံရတယ်”၊ အဲဒီလိုပြောတော့ သူက “တပည့်တော် မပစ်ပါဘူး” လို့ မပြောဘူး၊ အသာလေးကောက်ပြီး တံမြက်စည်းကိုယူပြီး သိမ်းသွားတယ်။ “အရှင်ဘုရားတို့၊ နောက်အပြစ်တွေ့လည်းပြောကြပါဘုရား” လို့ လျှောက်ထားပါသတဲ့၊ အဲဒီလောက်လိမ္မာတဲ့ ကလေးပေါ့၊ လုပ်တယ်မလုပ်ဘူး ပြန်ပြောမနေဘူး။

အဲတော့ ဝိနည်းသိက္ခာပုဒ်ထဲမှာ တစ်ခါက မြတ်စွာဘုရားက သိက္ခာပုဒ်တစ်ခု ပညတ်လိုက်တယ်၊ ဘာဖြစ်လို့ ပညတ်တုန်းဆိုတော့ ရဟန်းတော်တွေဟာ သာမဏေတွေနဲ့ နံနက်အရုဏ်တက်သည်အထိ တစ်ကျောင်းတည်းမှာ အိပ်စက်ခြင်းက မိုးလင်းသည်ထိအောင် အိပ်ကြတယ်။

စာမျက်နှာ-၅၅
အဲဒီလိုဆို မိုးလင်းသည်ထိအောင် အိပ်တဲ့အခါ ကဲ့ရဲ့မှုတွေ ဖြစ်ပေါ်လာတယ်ပေါ့၊ ရဟန်းတွေချည်း မဟုတ်ဘဲနဲ့ ရှင်သာမဏေတို့နှင့် အတူအိပ်ကာ အဲဒီလိုဖြစ်ပေါ်လာတဲ့အခါ မြတ်စွာဘုရားက သိက္ခာပုဒ်ကို ပညတ်တယ်။ “တစ်မိုးတစ်ရံတည်းသော ကျောင်းမှာတဲ့၊ လူသာမဏေတွေနဲ့အတူ ရဟန်းတော်တွေဟာ အရုဏ်တက်သည်ထိအောင် မအိပ်ရဘူး” လို့ ပညတ်လိုက်တယ်။

အရင်တုန်းကတော့ ကိုရင်ရာဟုလာလေးကို ဟိုကိုယ်တော်ခေါ်သိပ် ဒီကိုယ်တော်ခေါ်သိပ်သိပ်ကြတယ်။ မြတ်စွာဘုရားက ရှင်သာမဏေတွေနဲ့ အတူတူမအိပ်ရဘူး၊ တစ်ကျောင်းတည်း မနေရဘူးလို့လည်း ပညတ်လိုက်ရော ရှင်ရာဟုလာလေး နေစရာမရှိတော့ဘူး။

ဟိုကိုယ်တော်ကလည်း “ရာဟုလာ၊ ဘုရား သိက္ခာပုဒ် ပညတ်လိုက်ပြီ၊ ဒီနေလို့မဖြစ်တော့ဘူး” ဟိုကျောင်းကလည်း နေလို့မဖြစ်တော့ဘူး၊ ဒီကျောင်းကလည်းနေလို့မဖြစ်တော့ဘူး ဆိုတော့ ဒီကလေးလေးဟာ နေစရာမရှိဘူး၊ ဘယ်သွားနေတုန်းဆိုတော့ မြတ်စွာဘုရားက အသုံးပြုတဲ့ရေအိမ်၊ ခုခေတ်ဆိုလို့ရှိရင် Toilet ပေါ့နော်၊ အဲဒီထဲမှာသွားပြီး နေရတယ်၊ မြတ်စွာဘုရားက ညအခါထတယ်၊ ထတဲ့အခါမှာ တံခါးကို ခေါက်ပြီး ချောင်းဟန့်တယ်။

စာမျက်နှာ-၅၆
ဒါထုံးစံပဲ၊ တံခါးပိတ်ထားတဲ့နေရာဆိုလို့ရှိရင် တံခါးခေါက်ရတယ်၊ ချောင်းဟန့်ရတယ်၊ အထဲထဲမှာ လူရှိနေသလား၊ မရှိဘူးလား၊ ရုတ်တရက် ကောက်မဖွင့်ရဘူး၊ ဒါကျင့်ဝတ်ပဲ။

အဲတော့ မြတ်စွာဘုရားက အပြင်ဘက်က ချောင်းဟန့်လိုက်တော့ အထဲထဲမှာရှိနေတဲ့ ရာဟုလာက ပြန်ပြီးချောင်းဟန့်တယ်။ မြတ်စွာဘုရားက “ဟေ့ ဒီထဲက ဘယ်သူတုန်း” ဆိုတော့ “တပည့်တော် ရာဟုလာပါဘုရား”၊ “ဘာဖြစ်လို့ ဒီထဲလာနေသလဲ” လို့ဆိုတော့ ရှင်ရာဟုလာက “နေစရာမရှိလို့ပါ” လို့လျှောက်တယ်။ ဒီလို ဝိနည်းသိက္ခာပုဒ်ထဲမှာ မှတ်တမ်းလေးရှိတယ်ပေါ့။ အဲဒါနဲ့ မြတ်စွာဘုရားက သော် - ကလေးတွေ ဒုက္ခရောက်တော့မှာပဲဆိုပြီး ရဟန်းတော်တွေကို နှစ်ညသုံးညတော့ ကိုရင်လေးတွေ ရဟန်းတော်တွေနေတဲ့နေရာမှာ နေခွင့်ပေးလိုက်ပါဆိုပြီး ဥပဒေကို ပြင်ပေးလိုက်တယ်။

အဲဒီမှာလည်း ရှင်ရာဟုလာဟာ အလွန်ဆုံးမဩဝါဒပေးဖို့ရာအတွက် အင်မတန်မှလွယ်တယ်၊ ဒီလိုလွယ်တာလည်း မြတ်စွာဘုရားက အမြဲမပြတ် ကြည့်ရှုပြီး ဆုံးမဩဝါဒပေးနေတာကြောင့်ဖြစ်တယ်။ ပင်ကိုယ်ကလည်း ဒီကလေးက လိမ္မာယဉ်ကျေးတယ်၊ မြတ်စွာဘုရားက ဆုံးမဩဝါဒပေးလို့လည်း ပိုပြီးယဉ်ကျေး

စာမျက်နှာ-၅၇
လာတယ်။ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ကလည်း အမြဲမပြတ် ဆုံးမဩဝါဒပေးကြတယ်ပေါ့။

မြတ်စွာဘုရားက အစားအစာနဲ့ ပတ်သက်ပြီး “ရာဟုလာ၊ ဆွမ်းစားတဲ့အခါမှာလည်း အတိုင်းအတာသိရမယ်၊ ခံယူတဲ့အခါမှာလည်း အတိုင်းအတာသိရမယ်”၊ လောကမှာ အစာအာဟာရနဲ့ ပတ်သက်ပြီးတော့ အတိုင်းအတာသိမှုဆိုတာ အင်မတန်မှအရေးကြီးတယ်။

ဒီကနေ့ခေတ် မြန်မာနိုင်ငံမှာ ကြည့်လိုက်မယ်ဆိုရင် ပြည့်ပြည့်ဝဝ အကျိုးရချင်လို့လားမသိဘူး၊ ဆွမ်းပန်းကန်ပြားထည့်လိုက်ရင် မောက်လျှံနေအောင် ထည့်တာနော်၊ အဲဒါဟာ အတိုင်းအတာမသိဘူးလို့ ပြောရမယ်၊ အတိုင်းအတာဆိုတာ ကြည့်ရတယ်တဲ့၊ အတိုင်းအတာကြည့်ပြီး အလှူခံတဲ့ပုဂ္ဂိုလ်ကလည်း အလှူခံရမယ်တဲ့။

စာပေကျမ်းဂန်မှာဆိုထားတာက အတိုင်းအတာသိတယ်ဆိုတဲ့နေရာမှာ ပစ္စည်းဥစ္စာကလည်း များတယ်၊ ဒကာကလည်း အများကြီးလှူချင်တယ်ဆိုရင် ကိုယ့်အတိုင်းအတာနဲ့ကိုယ် လက်ခံပါတဲ့၊ ပစ္စည်းဥစ္စာကများတယ် ဒကာက နည်းနည်းပဲလှူချင်တယ်ဆိုရင် နည်းနည်းပဲလက်ခံပါတဲ့၊ ပစ္စည်းဥစ္စာက နည်းတယ် ဒကာက များများကြီးလှူချင်တယ်ဆိုရင် နည်းနည်းပဲလက်ခံပါတဲ့၊

စာမျက်နှာ-၅၈
လိုအပ်သည်ထက်ပိုပြီး အလှူမခံရဘူးတဲ့၊ စာပေကျမ်းဂန်မှာ ဒီလိုမှတ်သားထားတာ။

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ဘုရင်ကြီးမှာ နားကိုက်တဲ့ရောဂါ နားပြည်ယိုတဲ့ရောဂါ ဖြစ်တယ်၊ diet အစာအာဟာရနဲ့ ကုတဲ့နည်းကိုသုံးတယ်။ ဘာစားရင် ပျောက်သလဲဆိုတော့ အာယုဗ္ဗေဒဆေးကျမ်းက ဆေးဆရာတွေက အကြံပေးတယ်၊ ခါသားကိုချက်စားရင် နားပြည်ယိုတာ ပျောက်ပါတယ်လို့ ဆိုတယ်၊ ဘုရင်ကြီးကို တောထဲက မုဆိုးတွေက ခါသားလာပို့ကြတယ်။ အဲဒီခါသားကို ကြော်ပြီးတော့ ဘုရင်ကြီးက သူစားမလို့ လုပ်တဲ့အချိန်မှာ သံဃာတော်လှူဖို့ သတိရတယ်။ ။

အိမ်မှာဆွမ်းစားကြွလာတဲ့ သံဃာတွေကိုလှူတယ်၊ အဲဒီလိုလှူလိုက်တဲ့အခါ အားလုံး ရဟန်းတွေက သဘောပေါက်ကြတယ်။ ပထမမထေရ်ကြီးကလည်း ခါသားနည်းနည်းလေးပဲ ယူလိုက်တယ်၊ ဒုတိယကိုယ်တော်ပေးတော့ ဒုတိယကိုယ်တော်လည်း နည်းနည်းလေးပဲယူလိုက်တယ်၊ နောက်ဆုံးမှာ ကိုရင်လေးတစ်ပါးဆီရောက်သွားတော့ အဲဒီကိုရင်လေးကလည်း နည်းနည်းလေးပဲယူလိုက်တယ်။ ဟော အတိုင်းအတာသိတဲ့အတွက်ကြောင့် ဘုရင်ကြီးဟာ သူ့ရောဂါပျောက်ဖို့အတွက် စားရမယ့်ခါသား သံဃာတွေကိုလည်း လှူရတယ်၊ သူကိုယ်တိုင်လည်း ခါသားစားရတယ်။ အဲဒီနေရာမှာ အတိုင်းအတာမသိတဲ့ပုဂ္ဂိုလ်ဆိုလို့

စာမျက်နှာ-၅၉
ရှိရင် ခါတစ်ကောင်လုံးဟာ ပထမကိုယ်တော်ကြီးနဲ့ပဲ ကုန်သွားလောက်တယ်ပေါ့။

ဒါကြောင့်မို့ မြတ်စွာဘုရားက ဆုံးမဩဝါဒပေးတယ် “မတ္တညု ဟောတိ ပါနဘောဇနေ”၊ အစားအသောက်နဲ့ ပတ်သက်ပြီး အတိုင်းအတာကိုသိရမယ်တဲ့။ ကိုယ်လိုအပ်သည်ထက်ပိုပြီး မယူရဘူး၊ ဒကာ ဒကာမက အများကြီးလှူချင်ပေမယ့် လိုအပ်သည်ထက်ပိုပြီး လက်မခံရဘူးတဲ့။

နောက်တစ်ခု သင်္ကန်းတို့၊ ဆွမ်းတို့ ပစ္စည်းလေးပါးနဲ့ ပတ်သက်တာတွေမှာလည်း မြတ်စွာဘုရားက ဘယ်လိုဆုံးမတုန်းဆိုရင် ပစ္စည်းလေးပါးအပေါ်မှာလည်း တွယ်တာတဲ့တဏှာ မဖြစ်စေနဲ့တဲ့ “ပစ္စည်းကို နှမြောတယ် စုံမက်တယ်ဆိုတဲ့ အတွယ်အတာ တဏှာရာဂတွေ မဖြစ်အောင်နေ”တဲ့၊ အဲဒါ မဖြစ်အောင်နေရင် ဒီလိုဘဝမျိုး အိုခြင်း၊ နာခြင်း၊ သေခြင်းဆင်းရဲတွေ မလွတ်ကင်းတဲ့ဘဝမျိုးတွေကို ပြန်ရောက်မှာမဟုတ်ဘူး၊ အဲဒါတွေ လိုက်နာကျင့်သုံးရမယ်။

နောက်တစ်ခုက ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက ဆုံးမဩဝါဒပေးတယ်၊ ရဟန်းတော်တွေ လိုက်နာဖို့ ပညတ်ထားတဲ့ ပါတိမောက်ကျမ်းမှာလာတဲ့ သိက္ခာပုဒ်တွေ အဲဒါတွေကိုလိုက်နာရမယ်၊ ဣနြေ္ဒတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ်၊ ဣနြေ္ဒထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာ မျက်စိက

စာမျက်နှာ-၆၀
ကြည့်ပြီး လောဘမဖြစ်စေနဲ့ ဒေါသမဖြစ်စေနဲ့၊ နားက အသံကြားပြီး လောဘမဖြစ်စေနဲ့ ဒေါသ မဖြစ်စေနဲ့၊ ဣန္ဒြေတွေကို ထိန်းသိမ်းစောင့်ရှောက်ပါတဲ့။

နောက်ပြီး ကိုယ့်ခန္ဓာမှာ အမြဲတမ်း သတိထားပါစေတဲ့၊ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး “ကာယဂတာသတိ”ပေါ့၊ အမြဲမပြတ် သတိရှိပါစေ၊ သွားလည်းသတိ စားလည်းသတိ လုပ်လည်းသတိ ပြောလည်းသတိဆိုတဲ့ သတိတရားတွေ ရှိပါစေတဲ့။ အတော်လေး အရွယ်ရောက်တဲ့အခါ မြတ်စွာဘုရားက အဆုံးအမ သြဝါဒလေးကို မြှင့်မြှင့်ပြီးပေးတယ်။ “ရာဟုလာ၊ လှပတင့်တယ်တဲ့အာရုံတွေပေါ်မှာ နှစ်သက်တွယ်တာတဲ့စိတ်မျိုး မဖြစ်စေနဲ့”တဲ့၊ လှပတင့်တယ်တဲ့ အာရုံတွေကို မြင်တဲ့အခါမှာ နှစ်သက်တွယ်တာမှုမျိုးကို မဖြစ်စေနဲ့၊ လူ့ဘဝ လူ့ခန္ဓာဆိုတာ အလွန်စက်ဆုပ်စရာကောင်းတယ်၊ မတင့်တယ်ဘူးဆိုတာကို သဘောပေါက်အောင် ဆင်ခြင်စဉ်းစားပြီးကြည့်၊ အမြဲတမ်း သတိ ထားပြီး နေရမယ်လို့ ဒီလိုဆုံးမတာ။

နောက်ဆုံး မြတ်စွာဘုရားက ဘယ်လိုဆုံးမတုန်းဆိုလို့ရှိရင် “လောကမှာ ရုပ်ပဲဖြစ်စေ၊ နာမ်ပဲဖြစ်စေ၊ တို့သန္တာန်တွေမှာရှိတဲ့ ရုပ်တွေနာမ်တွေ မှန်သမျှဟာ မြဲတယ်ဆိုတဲ့ အရိပ်နိမိတ်ဟာ တစ်ခုမှမရှိဘူး၊ ချမ်းသာတယ်ဆိုတဲ့ အရိပ်အယောင်လည်း မရှိဘူး၊ ကိုယ့်သဘောကျအတိုင်း ဖြစ်နိုင်တယ်ဆိုတဲ့ အရိပ်အယောင်

စာမျက်နှာ-၆၁
လည်း မရှိဘူး။ အဲဒီလို သဘောကျအောင် အမြဲတမ်း ဆင်ခြင် နှလုံးသွင်းရမယ်”တဲ့၊ ပြီးတော့ ဘယ်ပုဂ္ဂိုလ်အပေါ်မှ မာန်မာနတွေ မထားနဲ့တဲ့၊ မာနတရားတွေ ဖယ်ရှားပစ်ရမယ်တဲ့။ ဟောဒီလို မာနတရားတွေကို ဖယ်ရှားပစ်နိုင်ပြီရင် မင်းရဲ့ စိတ်ကလေးဟာ ငြိမ်းချမ်းသွားမှာ ဖြစ်ပါတယ်လို့ ဟောဒီဂါထာရှစ်ပုဒ်နဲ့ မြတ်စွာဘုရားက ရှင်ရာဟုလာကို အမြဲတမ်း ဆုံးမဩဝါဒပေးတာ။

အဲဒီလို ဆုံးမဩဝါဒပေးလို့ ဒီ ရှင်ရာဟုလာလေးဟာ တစ်ခြားပုဂ္ဂိုလ်တွေထက်ပိုပြီး လိမ္မာယဉ်ကျေးတယ်၊ ဆုံးမဩဝါဒ ရချင်တယ်၊ ကျင့်ချင်ကြံချင်တဲ့စိတ်ရှိတယ်။ ဘုရားသားတော်ဆိုပြီး မာန်မာနဆိုတာ လုံးဝတက်မလာဘူး၊ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က အမြဲမပြတ် ထိန်းသိမ်းပြီး စောင့်ရှောက်ပေးတာပါ။
၁၈-နှစ်သားအရွယ် အလှကြွယ်
အေး အဲဒီလိုနဲ့ အရွယ်ကလေးရောက်လာတယ်၊ (၁၈)နှစ် အရွယ်လေးရောက်လာတယ်။ စဉ်းစားကြည့်ပေါ့ (၁၈) နှစ် ဆိုတော့ လူပျိုပေါက်အရွယ်လေး ဖြစ်လာတယ်၊ ပင်ကိုယ် ကလည်း ရုပ်အင်မတန်မှ အဆင်းလှတယ်၊ ကမ္ဘာမှာ အလှဆုံး လို့ခေါ်တဲ့ ယသောဓရာ မိဖုရားက မွေးတာလည်းဖြစ်တယ်၊ အသပ္ပာယ်ဆုံးဖြစ်တဲ့ သိဒ္ဓတ္ထ မင်းသားရဲ့ သားတော်လည်း

စာမျက်နှာ-၆၂
ဖြစ်တယ်၊ အဲဒါကြောင့် သူ့ရဲ့ ရုပ်အဆင်းဟာ ပြောစရာမရှိ လောက်အောင် အင်မတန်မှ ချောမောလှပတယ်။

မြတ်စွာဘုရား သာဝတ္ထိပြည်မှာနေတယ်၊ ရာဟုလာကလည်း အသက်(၁၈) နှစ်အရွယ် ရောက်လာတယ်။ မြတ်စွာဘုရားက နံနက်ပိုင်းမှာ သင်္ကန်းသပိတ် ပြင်ဆင်ပြီး သာဝတ္ထိမြို့ထဲကို ဆွမ်းခံကြွတယ်။ ရာဟုလာကလည်း ဘုရားနောက်က သင်္ကန်းသပိတ် ပြင်ဆင်ပြီးတော့ လိုက်တယ်၊ ဘုရားက ရှေ့ကကြွ၊ သူက နောက်ကလိုက်တာ၊ လိုက်ရင်း စိတ်ထဲက ဘာတွေတွေးမိတာတုန်းဆိုတော့ အဲဒီအချိန်မှာ မြတ်စွာဘုရားအသက်ဟာ ခန့်မှန်းခြေ ၄၇-နှစ်လောက်ရှိပြီလို့ ပြောရမှာပေါ့။ ရာဟုလာက ၁၈-နှစ်၊ ဘုရားက အသက် ၄၇-နှစ်ဆိုတော့ ဘုရားကလည်း အလွန်သပ္ပယ်နေတဲ့အချိန်၊ ရှင်ရာဟုလာကလည်းပဲ လူငယ် လူရွယ်၊ အလွန့်ကို ချောမောလှပနေတဲ့အချိန်၊ မြတ်စွာဘုရားကို သူကြည့်လိုက်တဲ့အခါ လူတွေးတွေးမိသွားတယ်။

လူတွေးတွေးတယ်ဆိုတာ “ဪ ငါ့အဖေ တော်တော် ချောတာပဲ” သူ့ဘာသာသူလည်း ပြန်ကြည့်တယ်၊ သူ့ကိုယ် သူလည်း အင်မတန်သဘောကျတယ်၊ စိတ်ထဲမှာနော် ခဏလေး ဖြစ်သွားတာ၊ ဒါက ပုထုဇဉ်ဆိုတာ ဖြစ်နိုင်တာပဲလေ။ သူ့ရုပ် အဆင်းကိုကြည့်လိုက်တယ်၊ မြတ်စွာဘုရားရဲ့ ချောမောလှပတဲ့

စာမျက်နှာ-၆၃
ရုပ်အဆင်းကို ကြည့်လိုက်တယ်၊ မြတ်စွာဘုရားနဲ့ သူနဲ့ သားအဖ ဆိုတော့ ဆင်ဆင်တူတာပေါ့။

ညီအစ်ကိုတောင်မှပဲ တော်တော်တူတယ်၊ မြတ်စွာဘုရားရဲ့ အဖေတူအမေကွဲ ညီတော်ဟာ ရှင်နန္ဒ လို့ခေါ်တယ်၊ မင်းသား လို့ပြောကြတယ်၊ အာနန္ဒာနဲ့ တစ်ခြားစီ။ အာနန္ဒာက အမေကွဲ အဖေကွဲ ညီအစ်ကို တစ်ဝမ်းကွဲ။ နန္ဒမင်းသားကျတော့ သုဒ္ဓေါဓန မင်းကြီးက မဟာပဇာပတိ ဂေါတမီနဲ့ မွေးတာ၊ ဒါကြောင့်မို့ အဖေတူ အမေကွဲ ညီအစ်ကို အရင်းအခြာ၊ ဒီလို ပြောလို့ရတာပေါ့။ အဲဒီ ရှင်နန္ဒနဲ့ မြတ်စွာဘုရားဟာ အင်မတန်မှတူတယ်၊ တူမှာပေါ့ အဖေအရင်းက မွေးထားတယ်၊ အမေကလည်း အမေ ညီအစ်မအရင်းက မွေးထားတယ်လေ။

တစ်ခါတုန်းက ရှင်နန္ဒက မြတ်စွာဘုရားဝတ်တဲ့ သင်္ကန်း ရောင်နဲ့ သင်္ကန်းဖားဖား ခပ်ရှည်ရှည် ဝတ်လာတယ်၊ ဓမ္မသဘင် အခမ်းအနားတစ်ခုမှာထိုင်ပြီး တရားဆွေးနွေးနေကြတဲ့ ရဟန်းတွေဟာ ရှင်နန္ဒလာတာလည်း မြင်ရော “ဘုရားကြွလာပြီ၊ ဘုရား ကြွလာပြီ”ဆိုပြီး နေရာမှထကြတယ်။ သူတို့မျက်စိထဲမှာ မြတ်စွာ ဘုရား ကြွလာပြီပဲ ထင်တာကိုး၊ အနားရောက်တဲ့အခါကျတော့မှ ရှင်နန္ဒမှန်း သိကြတယ်ပေါ့။ ဟောဒီလို အဖြစ်အပျက်မျိုး ရှိခဲ့ဖူးတယ်၊ ရှင်နန္ဒဟာ မြတ်စွာဘုရားထက် လက်လေးသစ်ပဲ အရပ် နိမ့်တယ်တဲ့၊ အရပ်အမောင်းချင်းကလည်း မတိမ်းမယိမ်း။

စာမျက်နှာ-၆၄
အဲတော့ အခုလည်းပဲ ရှင်ရာဟုလာနဲ့က သားအဖဆိုတော့ တူတာပေါ့၊ မြတ်စွာဘုရားက အင်မတန်မှ ချောမောလှပ သပ္ပာယ်သလို ဒီ ကိုရင်ရာဟုလာကလည်း အလွန်သပ္ပာယ်တယ်၊ သူ့ကိုယ်သူ ပြန်ကြည့်ရင်းကနေပြီး ခဏလေးတွေးမိတာ။ အဲဒီလိုတွေးမိလိုက်တာနဲ့ တစ်ပြိုင်နက် ရှေ့ကကြွနေတဲ့ မြတ်စွာဘုရားက ရာဟုလာ ဘာတွေတွေးနေတုန်းဆိုတာကို ဆင်ခြင်လိုက်တာနဲ့ ချက်ခြင်းသိလိုက်တယ်၊ မြတ်စွာဘုရားကရပ်ပြီး နောက်ဘက်ကို လှည့်လိုက်တယ်။

ဘုရားက ဇက်ကိုလှည့်ပြီး နောက်ပြန်ကြည့်လို့ မရဘူးတဲ့၊ ဆင်ကြီးတွေဟာ နောက်ကိုကြည့်ချင်တယ်ဆိုရင် တစ်ကောင်လုံး လှည့်ရတယ်၊ ကိုယ်ပါလှည့်ရတယ်၊ အဲဒါလိုပဲ မြတ်စွာဘုရားက ဇက်ကိုလှည့်ပြီးတော့ နောက်ပြန်ကြည့်ရိုးထုံးစံမရှိဘူး၊ နောက် ကြည့်ပြီဆိုရင် တစ်ကိုယ်လုံး ရှေ့နောက်လှည့်ပြီးတော့မှ ကြည့်လေ့ရှိတယ်။ အဲဒါကို “နာဂါ ပလောကိတ” လို့ခေါ်တယ်၊ ဆင်ကြည့်သလို ကြည့်တယ်ပေါ့၊ ဆင်ကြီးကြည့်သလို မြတ်စွာ ဘုရားဟာ နောက်ပြန်ရပ်ပြီးတော့ ကြည့်လိုက်တယ်။

ဘာဖြစ်လို့ မြတ်စွာဘုရားဇက်က နောက်ပြန်လှည့်လို့ မရတာတုန်းဆိုတော့ မြတ်စွာဘုရားရဲ့ အရိုးတွေဟာ ကွင်းဆက်တွေတဲ့၊ ဘုရားဖြစ်မယ့် ပုဂ္ဂိုလ်တွေဟာ ဒီပြင်သူတွေနဲ့မတူဘူး၊ အရိုးကိုက ကွင်းဆက်လို့ ဒီလိုပြောတာ၊ ပစ္စေကဗုဒ္ဓတွေကျတော့

စာမျက်နှာ-၆၅
ချိတ်ဆက်လို့ပြောတယ်၊ ဒီကနေ့ခေတ်တော့ အမှတ်မှားပြီး ရဟန္တာပုဂ္ဂိုလ်ကို ချိတ်ဆက်လို့ ပြောနေကြတာ မဟုတ်ဘူး၊ စာထဲ ပါတာက ပစ္စေကဗုဒ္ဓသည် ချိတ်ဆက်၊ မြတ်စွာဘုရားသည် ကွင်းဆက်၊ ကျန်တဲ့ ရဟန္တာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကျန်တဲ့ ပုဂ္ဂိုလ်တွေက တေ့ဆက်လို့ ဒီလိုပြောတယ်နော် အဲဒီလိုဆိုတာ။

သို့သော်လည်း တစ်ချို့ ပုဂ္ဂိုလ်တွေတော့ ထူးထူးခြားခြား ချိတ်ဆက် ရှိကောင်းရှိလိမ့်မယ်ပေါ့။ ချိတ်ဆက်ဖြစ်တာနဲ့ ရဟန္တာ ဖြစ်ရမယ်ဆိုတဲ့ သာဓကမရှိဘူး။ တစ်ချို့က “ဟာ အရိုးက ချိတ်ဆက်ကြီး၊ ရဟန္တာပဲ” လို့ ခုခေတ်မှာ ဒီလိုမှားမှားယွင်းယွင်း ပြောနေကြတယ်၊ စာထဲမှာပါတာက ချိတ်ဆက်ဆိုတာ ပစ္စေက ဗုဒ္ဓါ၊ ကွင်းဆက်ဆိုတာ မြတ်စွာဘုရား၊ ကျန်တဲ့ ပုဂ္ဂိုလ်တွေဟာ တေ့ဆက်တွေချည်းပဲ၊ အရိုးတွေမှာ ဆက်ထားပုံတွေ အရိုးရဲ့ အနေအထားနဲ့ ပတ်သက်ပြီးပြောတာ။

အဲဒီတော့ မြတ်စွာဘုရားက ကွင်းဆက်ဖြစ်သည့်အတွက် ကြောင့် ဒီအတိုင်းဇက်ကိုလှည့်ပြီး မကြည့်ဘူး၊ တစ်ကိုယ်လုံး နောက်လှည့်ပြီး ဘာပြောသလဲဆိုတော့ “ရာဟုလာ၊ ရုပ်မှန်သမျှ အတိတ်က ရုပ်ပဲဖြစ်ဖြစ်၊ အနာဂတ်ရုပ်ပဲဖြစ်ဖြစ်၊ ပစ္စုပ္ပန်ရုပ်ပဲဖြစ်ဖြစ်၊ ကိုယ့်သန္တာန်ကရုပ်ပဲဖြစ်ဖြစ်၊ သူများသန္တာန်က ရုပ်ပဲ ဖြစ်ဖြစ်၊ လှတဲ့ရုပ်ပဲဖြစ်ဖြစ်၊ မလှတဲ့ရုပ်ပဲဖြစ်ဖြစ်၊ ကြမ်းတမ်းတဲ့ ရုပ်ပဲဖြစ်ဖြစ်၊ သိမ်မွေ့တဲ့ရုပ်ပဲဖြစ်ဖြစ်၊ အနီးကရုပ်ပဲဖြစ်ဖြစ်၊

စာမျက်နှာ-၆၆
အဝေးကရုပ်ပဲဖြစ်ဖြစ်၊ ဘယ်ရုပ်ပဲဖြစ်ဖြစ် ငါ့ဟာလို့မမြင်လေနဲ့။

လို့လည်း မမြင်လေနဲ့တဲ့၊ ငါ့ရဲ့ အတ္တလို့လည်း မမြင်လေနဲ့”တဲ့။ ငါ့ဟာလည်းမဟုတ်ဘူး၊ ငါလည်းမဟုတ်ဘူး၊ ငါ့ရဲ့အတ္တလည်းမဟုတ်ဘူး၊ မှန်ကန်တဲ့ဉာဏ်နဲ့ ရှုမြင်သုံးသပ်နိုင်အောင် ကြိုးစားရမယ်လို့ ဘာမှမပြောပဲနဲ့ မြတ်စွာဘုရားက ဒီလို ဟောလိုက်တယ်။

ရာဟုလာ ဘာတွေတွေးနေတာတုန်းလို့ မမေးဘူးနော်၊ မမေးဘဲနဲ့ ရုပ်မှန်သမျှ ဘယ်သူ့ရုပ်ပဲဖြစ်ဖြစ် ငါဟာလည်းမဟုတ်ဘူး၊ ငါလည်းမဟုတ်ဘူး၊ ငါ့ရဲ့ အတ္တလည်းမဟုတ်ဘူးလို့ မှန်ကန်တဲ့အတွေးနဲ့ မှန်ကန်တဲ့ဉာဏ်ပညာနဲ့ပဲ ရှုမြင်သုံးသပ်ရမယ်။

ဒီလိုပြောတော့ ရှင်ရာဟုလာက “အရှင်ဘုရားတဲ့၊ ရုပ် ကိုသာ အဲဒီလိုတွေးရမှာလား” လို့ဆိုတော့ “ရုပ်’တင် မကဘူးတဲ့၊ “ဝေဒနာကိုလည်း အဲဒီလိုပဲတွေးရမယ် မြင်ရမယ်၊ “သညာ” ကိုလည်း အဲဒီလိုမြင်ရမယ်၊ “သင်္ခါရ” ကိုလည်း အဲဒီလိုမြင်ရမယ်၊ “ဝိညာဏ” ကိုလည်း အဲဒီလိုမြင်ရမယ်။ စိတ်ထဲက စိတ်ရဲ့ခံစားမှုတွေ၊ စိတ်ရဲ့မှတ်သားမှုတွေ၊ စိတ်ရဲ့စေ့ဆော်မှုတွေ အသိစိတ်တွေ အားလုံးလည်း “နေတံ မမ” ငါဟာမဟုတ်ဘူး၊ “နေသောဟ မသ္မိ” ငါလည်းမဟုတ်ဘူး၊ “န မေသော အတ္တာ” ငါ့ရဲ့ အတ္တမဟုတ်ဘူးလို့

စာမျက်နှာ-၆၇
မှန်ကန်တဲ့ ဉာဏ်အမြင်နဲ့ ရှုမြင်နိုင်အောင် ကြိုးစားရမယ်လို့ မြတ်စွာဘုရားက ဒီလိုရှင်းပြလိုက်တယ်။

အဲဒီအခါမှာ ရှင်ရာဟုလာက မြတ်စွာဘုရား ဆုံးမဩဝါဒ ပေးနေမှတော့ ဒီကနေ့ ဆွမ်းခံမလိုက်တော့ဘူး၊ သပိတ်လေး ပြန်လွယ်ပြီး မြတ်စွာဘုရားနောက်က ဆွမ်းခံလိုက်မလို့၊ ဆွမ်းခံ မလိုက်တော့ဘဲနဲ့ တရားအားထုတ်တော့မယ်ဆိုပြီး တောထဲ ဝင်သွားလိုက်တယ်။

အဲဒီနေ့က လုံးဝဆွမ်းမစားတော့ဘူးနော်၊ ဘုရားဆီက အဆုံးအမရမှတော့ ငါဒီကနေ့ တရားပဲအားထုတ်တော့မယ်။ သာမန်ဆိုလို့ရှိရင် ဒီလိုပြောလို့ စိတ်ကောက်သွားသလားလို့ အောက်မေ့ကောင်း အောက်မေ့ကြလိမ့်မယ်နော်။

မြတ်စွာဘုရား ဟောလိုက်သည့်အတွက်ကြောင့် ဘုရား ဆီက ဆုံးမဩဝါဒထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘာဖြစ်လို့ အချိန်ကုန်အောင် ဆွမ်းခံပြီးတော့ စားနေမတုန်း၊ တရား အားထုတ်မယ်ဆိုပြီးတော့ တောထဲဝင်သွားလိုက်ပြီး သစ်ပင် တစ်ပင်အောက်မှာ တင်ပလ္လင်ခွေ ခါးလေးဆန့်လို့ မြတ်စွာဘုရား ရှုခိုင်းတဲ့အတိုင်း ရုပ်တရားတွေကို ရှုမှတ်ပြီးတော့နေတယ်။

အဲဒီလို ရှုမှတ်နေတဲ့အချိန်မှာ ရှင်သာရိပုတ္တရာမထေရ်မြတ်က သူလည်း ဆွမ်းခံထွက်လာတာ၊ ဆွမ်းခံထွက်လာတဲ့အခါ ကျတော့ ရာဟုလာ ကမ္မဋ္ဌာန်းထိုင်နေတဲ့ သစ်ပင်နားက ဖြတ်သွား

စာမျက်နှာ-၆၈
တော့ ရာဟုလာတရားထိုင်တာ မြင်တယ်။ သူထိုင်နေတဲ့ အနေအထားကတော့ အာနာပါန ထိုင်နေတဲ့ အနေအထားမျိုး၊ ကမ္မဌာန်းထိုင်နေတဲ့ အနေအထားက အဲဒီလို ခါးကလေးဆန့်ပြီးတော့ တင်ပလ္လင်ခွေထိုင်ကာ အာနာပါန လုပ်တဲ့ အနေအထား မျိုးကိုး၊ ဒါကြောင့်မို့ ရှင်သာရိပုတ္တရာက ရာဟုလာ ကမ္မဋ္ဌာန်း ထိုင်နေတယ်လို့ဆိုတာကို ဘုရားက ဘာကမ္မဌာန်း ပေးသွားတယ်ဆိုတာကို မစဉ်းစားဘူးပေါ့၊ ရာဟုလာကမ္မဋ္ဌာန်းထိုင်နေတာ မြင်တာနဲ့ လှမ်းပြီးတော့ ပြောသွားတယ်၊ “ရာဟုလာ အာနာ ပါနဿတိ ဘာဝနာဟာ အလွန်ကို အကျိုးကျေးဇူးတွေများတယ်၊ အာနာပါနကိုကြိုးစားအားထုတ်”တဲ့။

ဟိုကရှုနေတာ ရုပ်တရားကိုရှုနေတာနော်၊ ရှင်သာရိပုတ္တရာ မထေရ်က အာနာပါန ကမ္မဋ္ဌာန်းကို ပေးပြီးတော့ သွားတယ်။ အဲတော့ ကိုရင်ရာဟုလာ ၁၈-နှစ်အရွယ်၊ ဆွမ်းခံရာကနေ ဆွမ်းခံမလိုက်တော့ပဲနဲ့ တရားအားထုတ်နေလိုက်တာ ဘယ်အချိန်ထိရောက်သွားတုန်းဆို တစ်နေကုန် တရားထိုင်တာ၊ ညနေချမ်းရောက်တော့ သူ့ရဲ့ ဥပဇ္ဈာယ်ဆရာက အာနာပါန ပွားလို့ ပြောသွားတယ်၊ အာနာပါနပွားရင် ဘယ်လိုပွားရမှာလဲဆိုတာ ငါ ဘုရားကို သွားမေးဦးမယ် ဆိုပြီးတော့ ညနေချမ်း တရားထိုင်ရာကနေ ထွက်လာပြီး မြတ်စွာဘုရားဆီသွားတယ်။ “အရှင်ဘုရားတဲ့ အာနာပါနကို ပွားမယ်ဆိုရင်၊ အာနာပါန

စာမျက်နှာ-၆၉
ကမ္မဋ္ဌာန်းကို ဘယ်လိုအားထုတ်လို့ရှိရင် ဘယ်လို အကျိုးကျေးဇူးတွေရနိုင်ပါသလဲ” လို့ မြတ်စွာဘုရားကို လျှောက်တယ်။

အဲဒီလို လျှောက်တဲ့အခါ မြတ်စွာဘုရားက အာနာပါန ဒီမေးခွန်းကို မဖြေဘူး၊ ရှင်ရာဟုလာ မေးခွန်းကို မဖြေဘဲနဲ့ ဘာပြောတုန်းဆိုတော့ သူပေးထားတဲ့ ကမ္မဌာန်းကို အသေးစိတ် ဆက်ပြီးတော့ ဟောတယ်,ဓာတ် ၄-ပါး ကမ္မဋ္ဌာန်းကိုဟောတာ၊ ဓာတ်လေးပါးဆိုတဲ့နေရာမှာလည်းပဲ အင်မတန်လူတွေရဲ့ အမြင် ထဲမှာ အလွန်ထင်ရှားတာတွေကို မြတ်စွာဘုရား ထောက်ပြီး ဟောတာ။
ဓာတုမနသိကာရ
“ရာဟုလာတဲ့ ကိုယ့်ခန္ဓာကို အာရုံစိုက်ပြီးတော့ကြည့်၊ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာတဲ့ ကံကံရဲ့ အကျိုးတရားအနေနဲ့ ဖြစ်ပေါ်လာတဲ့ အတုံးအခဲတွေရှိတယ်။ အဲဒီ အတုံးအခဲတွေဟာဘာလဲ။ ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ခြင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျင်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း။ ဟော အားလုံး (၁၉) ခု”။ အဲဒီထဲမယ် ပါဠိတော်တွေထဲမှာ “ဦးနှောက်”ဆိုတာ မပါဘူးဖြစ်နေတယ် (၁၉)ခုပဲ ရေတွက်တယ်။ သို့သော် အဲဒီ ဦးနှောက်ဟာ “အဋ္ဌိ”ဆိုတဲ့ ခြင်ဆီဆိုတဲ့ထဲမှာ ထည့်ထားသည့်

စာမျက်နှာ-၇၀
အတွက်ကြောင့် သူ့ကို သီးသန့် မဆိုတာတဲ့၊ သူ့ထည့်လိုက်မယ် ဆိုရင်(၂၀) ဖြစ်တယ်ပေါ့။ ခန္ဓာကိုယ်ထဲမှာ အတုံးအခဲအနေနဲ့ ရှိတာတွေကို လောကဝေါဟာရနဲ့ ကြည့်လိုက်မယ်ဆိုရင် အားလုံးမြင်နိုင်တယ်။ ဆံပင်ရှိတယ်၊ မွှေးညှင်းရှိတယ်၊ ခြေသည်း၊ လက်သည်း ရှိတယ်၊ သွားရှိတယ်၊ အရေထူ အရေပါးရှိတယ်။ နောက်ပြီးတော့ နှလုံး၊ အသည်း၊ အမြှေး၊ အဖျင်း၊ အဆုတ် ရှိတယ်။ ဟော ဒါတွေရှိတယ်၊ ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ခြင်ဆီ၊ အညှိုး၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျင်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်လို့။

ခန္ဓာကိုယ်ထဲမှာ ဒီအရာတွေဟာရှိနေတယ်၊ ခန္ဓာကိုယ် ထဲမှာရှိတဲ့ ပထဝီဓါတ်လို့ခေါ်တယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပထဝီ ဓာတ်ပဲဖြစ်ဖြစ် အပြင်မှာရှိတဲ့ ပထဝီဓာတ်ပဲဖြစ်ဖြစ် မာမာ အတုံး အခဲတွေ မှန်သမျှဟာ ပထဝီပဲတဲ့။ သဘာဝတရားပဲလို့ ဒီလိုရှုမြင် နိုင်အောင် ကြိုးစားရမယ်။ အဲဒီပထဝီဟာ အခုပြောခဲ့တဲ့ အတုံး အခဲတွေဟာ ပထဝီဓာတ်မျှသာဖြစ်တယ်။ ငါ့ဟာမဟုတ်ဘူး ငါလည်းမဟုတ်ဘူး၊ ငါ့ရဲ့ အတ္တလည်းမဟုတ်ဘူးလို့ မှန်ကန်တဲ့ ဉာဏ်နဲ့ ရှုမြင်နိုင်အောင်ကြိုးစားရမယ်တဲ့။ အသေးစိတ် ထပ်ပြီး တော့ ပြောတာနော်။

စာမျက်နှာ-၇၁
ဘုန်းကြီးတို့တတွေ ဒီထက် အသေးစိတ်ပြီးတော့ တစ်ချို့က ပြောတယ်၊ ပထဝီဆိုတာ အခုဆံပင်ကို ပထဝီခေါ်တာ မဟုတ်ဘူး၊ ဆံပင်ရဲ့ မာတဲ့သဘောလေးကိုသာ ပထဝီလို့ခေါ်တယ်,ဒါမှ ပရမတ္ထလို့၊ ဒီလိုဟောကြတာတွေလည်းရှိတယ်ပေါ့နော်။

အခုမြတ်စွာဘုရားဟောတဲ့ သုတ္တန်ကိုကြည့်၊ လောက ဝေါဟာရအတိုင်း ဟောထားတာ။ ဘုန်းကြီးတို့စဉ်းစားမိတယ်,မြတ်စွာဘုရားက တရားရှုခိုင်းတာ ဘာအတွက်လဲလို့ဆိုလို့ရှိရင် စွဲလန်းလို့ အစွဲအလန်းကို ဖြုတ်ဖို့အတွက်ပဲ။ စွဲတယ်ဆိုတာ မာတဲ့သဘော,ပျော့တဲ့သဘောပေါ်မှာ စွဲပါ့ မလား မစွဲဘူး၊ လူတွေစွဲတာ ဘယ်ကိုစွဲတာတုန်း,ဆံပင်အပေါ်မှာ စွဲတယ်,ဟုတ်ကဲ့လား,ဆံပင်ပေါ်မှာစွဲတယ် ဆံပင်ပေါ်မှာစွဲလို့ အခုခေတ်မှာ အရောင်လေးတွေ မျိုးစုံပြောင်းနေကြတာပေါ့နော်။ ကိုယ့်ဆံပင်လေးကို လှလှပပနဲ့ မလှလှအောင် ပြင်ဆင်ပြီးတော့ နေကြတယ်ဆိုတာ အင်မတန်မှထင်ရှားတယ်,ဆံပင်ပေါ်နေလို့ရှိရင် ဒီဆံပင်က နှစ်သက်စရာကြီးလို့ထင်နေတယ်,ထမင်းပန်းကန် ထဲရောက်မှ ရွံရမှန်းသိတယ်။ အဲတော့ မြတ်စွာဘုရားက ထမင်း ပန်းကန်ထဲရောက်မှ ရွံရမှန်းမသိလေနဲ့,ခေါင်းပေါ်မှာရှိတဲ့ ဒီ ဆံပင်နဲ့ အတူတူပဲလို့ ဒီလိုဆိုလိုတာပဲ။ အဲတော့ အစွဲရှိတဲ့ နေရာမှာ အစွဲဖြတ်ဖို့ တရားဆိုတာကျင့်ရပါတယ်,ဒါကြောင့်မို့ ဆံပင်,မွေးညှင်း,ခြေသည်း,လက်သည်း,သွား,အရေ,ခန္ဓာကိုယ်

စာမျက်နှာ-၇၂
ထဲမှာရှိတဲ့ ဒါတွေအားလုံးဟာ လူတွေစွဲလန်းတဲ့ အရာတွေပဲ ဖြစ်တယ်။

အထူးသဖြင့် ဆံပင်ကိုလည်း စွဲကြတယ်,မွှေးညှင်းကိုလည်း စွဲကြတယ်,မွေးညှင်းကျတော့ ယောက်ျားလေးတွေက ပိုစွဲပုံရတယ်,နှုတ်ခမ်းမွှေးတွေသ၊တယ်နော်။

နောက်ပြီးတော့ ဆံပင်,မွေးညှင်း,လက်သည်း,ခြေသည်းတွေကျတော့ အမျိုးသမီးတွေက ပိုပြီးတော့ စွဲကြတယ်,ဆေးရောင်တွေခြယ်ကြတယ်,ဒီဇိုင်းလှလှတွေနဲ့ လုပ်ကြတယ်။

ဟော အဲဒါမျိုးတွေ မဖြစ်ရအောင်လို့ မြတ်စွာဘုရားက ရာဟုလာ ကိုကြည့်,ဆံပင်,မွေးညှင်း,ခြေသည်း,လက်သည်း,သွား,အရေ,ဒါတွေပေါ်မှာတဲ့ အပြင်ဘက်က ပထဝီဓါတ်နဲ့ ကိုယ့်ခန္ဓာကိုယ် မှာရှိတဲ့ ပထဝီဓါတ်ဟာ အတူတူပဲတဲ့ ပထဝီဓါတ်တွေချည်းပဲတဲ့။

ဒါကြောင့်မို့ အဲဒီပထဝီဓါတ်တွေကို ‘နေတံမမ’ ငါဟာ မဟုတ်ဘူး, “နေသောဟ မသ္မိ” ငါလည်းမဟုတ်ဘူး, 'န မေသော အတ္တာ' ငါ့ရဲ့ အတ္တလည်းမဟုတ်ဘူး ဆိုပြီးတော့ မှန်ကန်တဲ့ ဉာဏ်အမြင်နဲ့ ရှုနိုင်အောင် ကြိုးစားရမယ်လို့ ဒီလိုဆိုတာ,ဒါ ဝိပဿနာရှုခိုင်းတဲ့ သဘောပဲပေါ့၊ ဝိပဿနာရှုခိုင်းတဲ့ သဘော “နော်မမ”ဆိုတာ လူတွေက တဏှာစွဲနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ဆံပင်လေးကို ငါ့ဆံပင်လို့ မြင်တယ်,ဒါတဏှာရဲ့ အမြင်လို့ ခေါ်တယ်။ အဲဒီဆံပင်ကလေး ရှိနေတာကိုပဲ ငါပဲဟေ့ဆိုတဲ့

စာမျက်နှာ-၇၃
မာန်မာနလေး,ဆံပင်လှရင်လည်း မာန်မာနတတ်တာပဲလေ။ မလှလှအောင် ပြင်ပြီးတော့ ဆံပင်လေး လှလို့ရှိရင်နော်။ ယောက်ျားတွေလည်း ဆံပင်ကိုထောင်တယ်တဲ့,မိုးထိအောင် ထောင်ဆိုပြီးတော့ ဆံပင်ကို ထောင်နေအောင်လုပ်ထားတယ်။ အဲဒီလို ငါပဲဟေ့လို့ဆိုတဲ့ အတွေးလေးနဲ့ ငါ့ဆံပင်ဆိုတဲ့ အယူအဆလေးနဲ့ တဏှာလေးတွေ ဖြစ်ကြတယ်,မာန်မာနတွေ တက်ကြတယ်။ နောက်ဆုံးမှာ ကိုယ့်ဆံပင် ကိုယ်ကြိုက်သလို လုပ်လို့ရတယ်လို့ ဒီလိုအယူအဆတွေ ရှိကြတယ်။

အဲဒီအယူအဆသုံးမျိုးကို ဖယ်ရှားပစ်ဖို့ရာအတွက် မြတ်စွာ ဘုရားက “နေတံမမ” ငါ့ဟာမဟုတ်ဘူးဆိုတာ တဏှာနဲ့မတွယ်ဖို့ ဆုံးမဩဝါဒပေးတာ, “နေသောဟ မသ္မိ” မာန်မာန မတက်ဖို့, “န မေသော အတ္တာ” အယူဝါဒမမှားဖို့ ဆိုပြီးတော့ တဏှာရယ်,မာနရယ်,ဒိဋ္ဌိ ရယ်,ဒီအမြင်သုံးမျိုး ရှိနေတာကို အဲဒီ အမြင်သုံးမျိုးကို အသိဉာဏ်နဲ့ ချေဖျက်ရမယ်လို့ ဒီလိုဟောတာ။

“ယထာဘူတံ သညာယ ဒဋ္ဌဗ္ဗ” အမှန်အတိုင်းမြင်အောင် ကြည့်ရမယ်,ဒါဖြင့် ငါ့ဟာ”လို့မြင်တာ အမှန်အတိုင်းမြင်တာ မဟုတ်ဘူး,တဏှာက မြင်နေတာ,မှားမှားယွင်းယွင်း မြင်နေတာ, “ငါ”လို့ မြင်တာလည်းပဲ ဉာဏ်ကမြင်တာမဟုတ်ဘူး,မာန်မာနက ထင်နေတာ။ “ငါ့ရဲ့ အတ္တ”လို့မြင်တာက အယူအဆမှားယွင်းတဲ့ ဒိဋ္ဌိက မြင်တာလို့ ဟော မြင်ပုံမြင်နည်းခြင်း မတူဘူး။ တဏှာက

စာမျက်နှာ-၇၄
ဆံပင်ကို ငါ့ဟာလို့ မြင်တယ်၊ မာနက ဆံပင်ကို ငါလို့ မြင်တယ်၊ ဒိဋ္ဌိက ငါ့ရဲ့ အတ္တလို့ ငါလုပ်ချင်တာ လုပ်လို့ရတယ်လို့ ဒီလို မြင်နေတာ။

ဘယ် လုပ်ချင်တိုင်းလုပ်လို့ရမလဲ၊ ခဏတစ်ဖြုတ်တော့ ဟုတ်တာပေါ့၊ အရောင်ဆိုးရင်တော့ အရောင်ပြောင်းသွားမှာပေါ့။ နောက်ပိုင်းကျတော့ ကျွတ်လာလို့ရှိရင် ဘာမှ မတတ်နိုင်ဘူးပေါ့။ ခေါင်းကဖြူးလာလို့ရှိရင်လည်း ဘာမှ မတတ်နိုင်ဘူးပေါ့။ နောက်ဆုံးကျတော့ ဒါတွေဟာ ပျက်စီးပြီးတော့ သွားတာပဲတဲ့။ အဲဒီသဘောတရားတွေကို ရှုမြင်သုံးသပ်ဖို့အတွက် ရှင်ရာဟုလာကို မြတ်စွာဘုရားက ဟောနေတာ။

အဲဒီ ပထဝီဓာတ်တွေဟာ ပထဝီဓာတ်ပဲဖြစ်တယ် ငါမဟုတ်ဘူး ငါ့ဟာမဟုတ်ဘူး ငါ့ရဲ့ အတ္တ မဟုတ်ဘူးလို့ ရှုမြင်နိုင်အောင် ကြိုးစားပါတဲ့။ အဲဒီလိုကြိုးစားလို့ရှိရင် ဘာဖြစ်မလဲဆိုရင် ပထဝီဓာတ်ပေါ်မှာ တွယ်တာမှုတွေ ကင်းပြတ်သွားနိုင်ပါတယ်။ တွယ်တာမှုတွေ ကင်းပြတ်သွားအောင် ကြိုးစားရမယ်။
အာပေါဓာတု
ကဲ-ထို့အတူပဲ ခန္ဓာကိုယ်ထဲမှာ အာပေါဆိုတဲ့ အရည်ဓာတ်တွေရှိတယ်၊ အဲဒီ အရည်ဓာတ်တွေနဲ့ အပြင်ဘက်က အရည်ဓာတ်တွေ အတူတူပဲတဲ့။ အာပေါဟာ အာပေါပဲတဲ့။ အဲဒီ

စာမျက်နှာ-၇၅
အာပေါတွေကို အတွင်းကအာပေါကျတော့ ငါ့ဟာလို့တွက်ကြတယ်၊ အပြင်ဘက်က ရေတွေကျတော့ ငါ့ဟာလို့မတွက်ဘူး၊ ရေသဘောဟာ အတူတူပဲတဲ့။ အတွင်းရေနဲ့ပဲဖြစ်ဖြစ် အပြင်ကရေနဲ့ပဲဖြစ်စေ ငါ့ဟာ မဟုတ်ဘူး အတူတူပဲလို့ ဒီလို အာပေါနဲ့ ပတ်သက်ပြီးတော့လည်းပဲ မြတ်စွာဘုရားဟာ အာပေါဓာတ်ဟာ အာပေါဓာတ်မျှသာ ဖြစ်တယ်၊ ငါ့ဟာလို့မတွက်လေနဲ့ ငါလို့မမြင်လေနဲ့ ငါ့ရဲ့ သတ္တိလို့ လည်းမမြင်လေနဲ့လို့ မှန်ကန်တဲ့ဉာဏ်အမြင်နဲ့ ရှုမြင်သုံးသပ်တတ်အောင် ကြိုးစားရမယ်။

အာပေါအပေါ်မှာ ဒီတွယ်တာမှုတွေမဖြစ်စေနဲ့တဲ့၊ အဲဒီ အာပေါဆိုတဲ့ နေရာမှာကျတော့ မြတ်စွာဘုရားက ဘာကိုဟောတုန်းဆိုတော့ ၃၂-ကောဋ္ဌာသထဲမှာ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲနော် အဲဒါတွေကို ဆိုလိုတယ်။ မျက်ရည်၊ ဆီးကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်ဆိုတဲ့ ဒီအာပေါတွေကို ဆိုလိုတယ်။ အဲဒါက ၁၂-ခု။ အဲဒီ အရည်သဘောမှန်သမျှ အာပေါမျှသာဖြစ်တယ်လို့ ဒီလိုရှုမြင်သုံးသပ်နိုင်အောင် ကြိုးစားရမယ်။

စာမျက်နှာ-၇၆

တေဇောဓာတု
နောက်တစ်ခါကျတော့ တေဇောတဲ့၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရာတစ်ခုရှိသေးတယ်၊ တေဇောဆိုတာ ၄-မျိုးရှိတယ်၊ မြတ်စွာဘုရားက ၄-မျိုးကို ရှင်းပြတယ်။ တစ်မျိုးက ဘာတုန်းဆိုရင် နေမကောင်းထိုင်မသာတဲ့အခါမှာ ခန္ဓာကိုယ်မှာ အပူတွေ တက်လာတယ်၊ Fever လို့ခေါ်တယ်၊ အဲဒါကို “သန္တေဇော” လို့ခေါ်တယ် အဲဒီအပူတစ်မျိုး။ နောက်အပူတစ်မျိုးက ဘာတုန်းဆိုရင် လူတိုင်းလူတိုင်းမှာရှိတဲ့ 'ဇီရဏ တေဇော'တဲ့။ တစ်ဖြည်းဖြည်း အိုအိုလာစေတတ်တဲ့ တေဇောပဲ။ ပန်းကလေးတွေလည်းပဲ အဲဒီအပူကြောင့် တစ်ဖြည်းဖြည်း ရင့်ရင့်လာပြီးတော့ နွမ်းပြီးကြွေသွားတာ။ သစ်သီးလေးတွေလည်း အစိမ်းကနေပြီး တစ်ဖြည်းဖြည်း မှည့်သွားတာ အဲဒီတေဇောကြောင့်။ လူတွေဟာလည်းပဲ တစ်ဖြည်းဖြည်း ပါးရေတွန့်လာတယ်၊ ဆံပင်တွေ ဖြူးသွားတယ်၊ အဲဒီတေဇောကြောင့်ဖြစ်တာ၊ အဲဒါကို “ဇီရဏ တေဇော” လို့ခေါ်တယ်။

နောက် တေဇောတစ်ခုက ဘာတုန်းဆိုရင် ခန္ဓာကိုယ်ထဲမှာ တစ်ခါတစ်ခါကျတော့ ပူတယ်၊ ဗိုက်ထဲကပူတယ် ရင်ထဲကပူတယ်နဲ့ဆိုပြီးတော့ ပူတယ်နဲ့ ပြောရလောက်အောင် ပူလာတဲ့ အပူမျိုးကို ရယုတေဇော (ရာဟတေဇော) ခေါ်တယ်။ နောက်ထပ် အပူတစ်မျိုးက ဘာတုန်းဆိုရင် စားသမျှ အာဟာရတွေ အစာ

စာမျက်နှာ-၇၇
အိမ်ထဲရောက်သွားလို့ရှိရင် အားလုံးဟာ ကြေညက်ပြီးတော့ သွားတာ၊ ခွဲခြားလို့မရဘူး။ စားထားတာက စုံနေတာပဲ၊ ခေါက်ဆွဲလည်းပါတယ် ထမင်းလည်းပါတယ် ဟင်းရွက်လည်းပါတယ်။ သို့သော် ဗိုက်ထဲကနေ အပြင်ရောက်လာတဲ့အခါကျတော့ ခေါက်ဆွဲနဲ့ ခွဲလို့မရတော့ဘူးပေါ့၊ စားသမျှ အစာအာဟာရတွေက တစ်ပုံစံတည်း ထွက်လာတော့တာပေါ့ အဲဒါ ဘာကြောင့်တုန်းဆိုရင် ပါစကတေဇောကြောင့်ပဲ။

တေဇော ၄-မျိုးကို မြတ်စွာဘုရားဟောတယ်၊ အဲဒီတေဇော ၄-မျိုးနဲ့ အပြင်ဘက်တေဇောနဲ့ တေဇောခြင်း အတူတူပါပဲတဲ့။ ဘယ်တေဇောကိုဖြစ်ဖြစ် ငါ့ဟာလို့လည်း မမြင်လေနဲ့ ငါလို့လည်း မမြင်လေနဲ့ ငါ့ရဲ့ အတ္တလို့လည်း မမြင်လေနဲ့ သဘာဝတရားသက်သက်မျှသာဖြစ်တယ်ဆိုတာ မှန်ကန်တဲ့အမြင်နဲ့ မြင်နိုင်အောင် ကြိုးစားအားထုတ်ပါလေ။ ဒါမှ တေဇောဆိုတဲ့အပေါ်မှာ တွယ်တာမှုတွေ ပျောက်သွားမှာတဲ့။ အရေးကြီးဆုံးကတော့ တွယ်တာမှုပျောက်အောင် လုပ်ခိုင်းတာပဲပေါ့။ ဘုန်းကြီးတို့တစ်တွေ တွယ်တာနေတာ ဒါတွေကို တွယ်တာတာပေါ့။
ဝါယောဓာတု
ဟော နောက်ထပ် ဝါယောတဲ့ (လေ)။ လူ့လောက လူတွေမှာ လေက ခြောက်မျိုးရှိသတဲ့။ လေခြောက်မျိုးက အထက်ကို

စာမျက်နှာ-၇၈
ဆန်တဲ့လေ၊ တစ်ခါတစ်ခါလူတွေဟာ လေတက်တယ်ဆိုတာ ရှိတယ်နော်၊ အောက်ကိုစုန်တဲ့လေတဲ့။ ဟော အထက်ကိုဆန်တဲ့လေ၊ အောက်ကိုစုန်တဲ့လေ၊ ဝမ်းဗိုက်ထဲရှိတဲ့လေ၊ ဝမ်းဗိုက်ထဲရှိတဲ့လေကလည်း တစ်ခါတစ်ခါ ဂွတ်ဂွတ်ဂွတ်ဂွတ်နဲ့ မြည်တတ်တယ်လေ။ နောက် အူထဲမှာရှိတဲ့လေတဲ့၊ လူရဲ့ ခန္ဓာကိုယ်ထဲမှာ အင်္ဂါကြီးငယ်ထဲမှာ သွေးတွေလည်ပတ်နေအောင် တွန်းအားပေးတဲ့လေ။ ဟော နောက်ဆုံးကျတော့ နေ့စဉ်နှင့်အမျှ ၂၄-နာရီ စဉ်ဆက်မပြတ် ရှူသွင်းရှူထုတ်လုပ်နေတဲ့ ထွက်သက်ဝင်သက်လေတဲ့၊ အားလုံးပေါင်း (၆) မျိုးရှိတယ်ပေါ့။

အဲဒီ လေ ၆-မျိုးဟာလည်း အပြင်ဘက်ကလေတွေနဲ့ အတူတူပဲတဲ့၊ အဲဒီလေမှန်သမျှဟာ ဝါယောဓာတ်မျှသာဖြစ်တယ်၊ ငါ့ဟာလည်းမဟုတ်ဘူး၊ ငါလည်းမဟုတ်ဘူး၊ ငါ့ရဲ့ အတ္တလည်း မဟုတ်ဘူးလို့ မှန်ကန်တဲ့ဉာဏ်အမြင်နဲ့ ရှုမှတ်နိုင်အောင် ကြိုးစားရမယ်။ အဲဒီလိုကြိုးစားလိုက်ပြီဆိုရင် စိတ်ဟာ ဒီ ဝါယောဓာတ်ပေါ်မှာ တွယ်တာမှုဆိုတာ မဖြစ်တော့ဘူးပေါ့။ အဲဒီလို ဓာတ်လေးပါးနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ရာဟုလာကို အသေးစိတ် ဟောပေးထားတာ။

စာမျက်နှာ-၇၉

အာကာသဓာတု
နောက်ပြီးတဲ့အခါကျတော့ ဘာတုန်းဆိုတော့ အာကာသ၊ အာကာသဆိုတာ ဟင်းလင်းပြင်အပေါက်ကလေး၊ လူရဲ့ ခန္ဓာကိုယ်မှာကြည့်လေ၊ နားပေါက်ရှိတယ်၊ နှာခေါင်းပေါက်ရှိတယ်၊ ပါးစပ်ပေါက်ရှိတယ်နော်၊ အဲဒီအပေါက်တွေဟာ အသားအသွေးတွေနဲ့ မထိတဲ့ အပေါက်အခေါင်းဖြစ်နေတဲ့အရာတွေ မှန်သမျှ အာကာသပဲ၊ အဲဒီ အာကာသကိုလည်း အတွင်းအာကာသပဲဖြစ်စေ၊ အပြင်ကအာကာသပဲဖြစ်စေ အာကာသဟာ အာကာသမျှသာဖြစ်တယ်။ ငါလည်းမဟုတ်ဘူး၊ ငါ့ဥစ္စာလည်း မဟုတ်ဘူး၊ ငါ့ရဲ့ အတ္တလည်း မဟုတ်ဘူးလို့ မှန်ကန်တဲ့ဉာဏ်အမြင်နဲ့ ရှုမြင်သုံးသပ်နိုင်အောင် ကြိုးစားပါလို့ ရာဟုလာကို ဒီလိုဟောတာနော်၊ ဓာတ်(၅) ပါးပေါ့။

ပထဝီဓာတ်က-၂၀၊ အာပေါဓာတ်က-၁၂၊ အဲဒီထဲမယ် တေဇောဓာတ်က ၄-ခု၊ ဝါယောဓာတ်က ၆-ခု၊ ပေါင်းလိုက်တဲ့အခါကျတော့ ၄၂-ခု၊ ကမ္မဋ္ဌာန်းရှုဖို့ရာအတွက် ၄၂-မျိုး အခြင်းအရာအားဖြင့် မြတ်စွာဘုရားက မှန်ကန်တဲ့အမြင်နဲ့ ရှုမြင်ဖို့ဆိုပြီး ရာဟုလာကို တရားဟောတယ်။

စာမျက်နှာ-၈၀

စိတ်ဓာတ်ခိုင်မာလာအောင်
ကဲ- အဲဒီလို တရားဟောပြီးတဲ့အခါမှာ နောက်ထပ် ရာဟုလာကို ဘာထပ်ရှင်းတုန်းဆိုတော့ တွယ်တာမှုတွေ မရှိအောင် ကိုယ့်ကိုယ်ကိုဆင်ခြင်သုံးသပ်ဖို့ စိတ်ဓာတ်အနေအထားတွေ ခိုင်မာဖို့ဆိုပြီးတော့ ကိုယ့်စိတ်ကိုဘာနဲ့ လေ့ကျင့်ရမလဲဆိုပြီး မြတ်စွာဘုရားက ရာဟုလာကိုပြောတယ်။ “ရာဟုလာတဲ့၊ မင်းရဲ့ စိတ်ကလေးကို မြေကြီးနဲ့ အလားတူအောင်၊ မြေကြီးကဲ့သို့ ခိုင်မာရင့်ကျက်အောင် စိတ်ကလေးကိုလေ့ကျင့်ပါ”တဲ့။ မြေကြီးက ဘာလို့လဲဆိုရင် ဘုန်းကြီးတို့တစ်တွေ မြေကြီးပေါ်မှာ ကောင်းတာလည်း ချကြတယ်၊ မကောင်းတာလည်း ချတယ်၊ သန့်ရှင်းတာလည်း ချတယ်၊ ရွံစရာတွေလည်းချတယ်။ သန့်ရှင်းတာပဲလာလာ ရွံစရာပဲလာလာ မြေကြီးက ပြောင်းလဲမှုမရှိဘူး၊ တည်ငြိမ်တယ်ပေါ့။ ထို့အတူပဲ မင်းရဲ့ စိတ်ကလေးကို တည်ငြိမ်အောင် လုပ်လို့ ပြောတာ။ မျက်စိက အဆင်းအာရုံကို မြင်တဲ့အခါမှာ ကောင်းတာလေးတွေ့ရင် ကြိုက်လိုက်တာ၊ မကောင်းတာလေးတွေ့ရင် မုန်းလိုက်တာဆိုတာ မဖြစ်စေရဘူးလို့ ဒီလိုပြောတယ်။ အဲဒီလိုမဖြစ်ဘူးဆိုရင် စိတ်က တည်ငြိမ်သွားတယ်။ ကောင်းမကောင်း ကြိုက်မကြိုက်အပေါ်မှာ လောဘလည်းမဖြစ်နဲ့၊ ဒေါသလည်း မဖြစ်နဲ့၊ မြေကြီးလိုစိတ်ဓာတ် ကြံ့ခိုင်အောင် ကြိုးစားအားထုတ်ရမယ်၊ ဟော ဒါ လေ့ကျင့်မှုတစ်ခု မြတ်စွာဘုရားပေးတာ။

စာမျက်နှာ-၈၁
နောက်တစ်ခုက ဘာတုန်းဆိုရင် ရေနဲ့ အလားတူအောင် ကိုယ့်စိတ်ကိုလည်းပဲ လေ့ကျင့်ပေးတဲ့။ ရေဆိုတာ အညစ်အကြေးတွေလည်း ဆေးကြောတာပဲ၊ စိန်တို့ ကျောက်တို့လည်း ဆေးတာပဲ၊ အကောင်းလည်းဆေးတာပဲ၊ လှပတဲ့ပန်းကလေးတွေလည်း ရေနဲ့ဆေးတာပဲ။ ရေက အညစ်အကြေးတွေ ဆေးရလို့ သူက စိတ်ပျက်တာမရှိဘူး၊ အကောင်းဆေးရလို့လဲ ဝမ်းသာတာမရှိဘူး။ အဲဒါလိုပဲ သင့်ရဲ့စိတ်ဟာ ကောင်းတာတွေ့လို့လည်း ဝမ်းမသာနဲ့၊ မကောင်းတာတွေ့လို့လည်း ဝမ်းမနည်းနဲ့၊ လောဘမဖြစ်နဲ့၊ ဒေါသမဖြစ်နဲ့။ လောဘ ဒေါသ မဖြစ်အောင် ရေလို အလားတူ ခိုင်မာသွားအောင် စိတ်ကို လေ့ကျင့်ပေးပါတဲ့။

နောက်တစ်ခုကဘာတုန်းဆိုရင် မီး၊ မီးဆိုတာလည်း အတူတူပဲ၊ ကောင်းတာလည်း လောင်လိုက်တာပဲ၊ မကောင်းတာလည်းလောင်တာပဲ။ ကောင်းတာကျတော့ လောင်ချင်တယ်၊ မကောင်းတာကျတော့ မလောင်ချင်ဘူးလို့ မီးက ချေးများတာ မရှိဘူး။

အဲဒါလိုပဲ ကိုယ့်စိတ်ကလေးကို မီးနဲ့ အလားသဏ္ဌာန်တူအောင် ကြံ့ခိုင်အောင်လေ့ကျင့်ပါတဲ့။ အာရုံတွေတွေ့လာတဲ့အခါမှာ နှစ်သက်စရာတွေ့လို့လည်း လောဘမဖြစ်နဲ့၊ မနှစ်သက်စရာအာရုံတွေ့လို့လည်း ဒေါသမဖြစ်နဲ့၊ စိတ်ကလေးကို မီးကဲ့သို့

စာမျက်နှာ-၈၂
တည်ငြိမ်မှုရအောင်၊ တေဇောဓာတ်ကဲ့သို့ တည်ငြိမ်မှုရအောင် ကြိုးစားအားထုတ်ပါတဲ့။

နောက်တစ်ခုကျတော့ လေလို တည်ငြိမ်အောင် ကြိုးစား၊ လေက ဘယ်လို တည်ငြိမ်တာတုန်းဆိုရင် လေဟာလည်းပဲ ကောင်းတာကိုလည်း တိုက်ခတ်တယ်၊ မကောင်းတာကိုလည်း တိုက်ခတ်တယ်။ ဘယ်ဟာပဲဖြစ်ဖြစ် လေဟာ မကောင်းတဲ့အနံ့ကိုလည်း သယ်လာတာပဲ၊ ကောင်းတာကိုလည်း သယ်တာပဲ၊ ဟော အပုပ်နံ့ကြီး ငါမတိုက်ချင်ဘူး လေကမငြင်းဘူး၊ ပန်းနံ့ကလေးကျတော့ ငါမွှေးလို့ ငါတိုက်ချင်တယ်လို့လည်း မပြောဘူးတဲ့။

လေရဲ့ သဘောဟာ အဆိုးအကောင်းမရွေးဘူးတဲ့၊ တည်ငြိမ်မှုရှိတယ်၊ အဲဒီလို ကိုယ့်စိတ်လေးဟာ ကောင်းတာနဲ့တွေ့ရင် နှစ်သက်တယ်၊ မကောင်းတာနဲ့တွေ့ရင် မုန်းတီးတယ် ရွံရှာတယ်ဆိုတာမျိုး မဖြစ်စေနဲ့တဲ့။ စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်ရမယ် ဟောဒီလိုဟောတာ။

နောက်တစ်ခုက ကိုယ့်စိတ်ကလေးကို အာကာသ ဟင်းလင်းပြင်လို ဖြစ်အောင် လေ့ကျင့်ရမယ်။ အာကာသ ဟင်းလင်းပြင်ဆိုတာ ဘယ်အရာကိုမှ အမှီပြုနေတာမျိုးမရှိဘူး။ အာကာသဆိုတာ ဘာမှမရှိတဲ့ ကွက်လပ်လေးတွေကို ပြောတာနော်၊ အဲဒီ ကွက်လပ်လေးတွေထဲမှာ အကောင်းအဆိုးဆိုတာ ပြောလို့မရသလိုပဲ ကိုယ့်စိတ်ထဲမှာလည်းပဲ ကောင်းတာတွေ့ရင်

စာမျက်နှာ-၈၃
လောဘမဖြစ်ဖို့၊ မကောင်းတာတွေ့ရင်လည်း ဒေါသမဖြစ်ဖို့ စိတ်ဓာတ်ကလေးကို တည်ငြိမ်အောင် ကြိုးစားအားထုတ်ရမယ်လို့ မြတ်စွာဘုရားက ရာဟုလာကို ဒီလိုဟောတယ်။

အဲဒီလိုဟောပြီးတဲ့နောက်မှာ ဒီလို စိတ်ဓာတ်တည်ငြိမ်အောင် ဘာတွေကို ကျင့်သင့်သလဲ၊ စိတ်မတည်ငြိမ်ခြင်းရဲ့ အကြောင်းတရားတွေက ဘာတွေလဲ။ လောဘတွေဖြစ်နေမယ်၊ ဒေါသတွေဖြစ်နေမယ်၊ မောဟတွေဖြစ်နေမယ်ဆိုရင် စိတ်တွေဟာ တည်ငြိမ်မှာမဟုတ်ဘူး၊ အဲဒါကြောင့်မို့ အဲဒါတွေကို ဘာနဲ့ ဖယ်ရှားပစ်မလဲ။
ဗြဟ္မဝိဟာရ
မြတ်စွာဘုရားက “ရာဟုလာ မင်း မေတ္တာပွားရလိမ့်မယ်တဲ့၊ မေတ္တာတွေပွားပေးပါတဲ့။ အများရဲ့ ကောင်းကျိုးကို လိုလားတဲ့ စိတ်ဓာတ်ကို တည်ဆောက်ပါ။ အဲဒီလို မေတ္တာပွားမယ်ဆိုရင် မင်းသန္တာန်မှာဖြစ်တဲ့ အလိုမကျတဲ့ဒေါသဆိုတာ လာမှာမဟုတ်တော့ဘူး၊ ကြည့်လေ လူတွေက မျက်စိကမြင်ရင် မြင်လာရင် ကိုယ်မကြိုက်တာဆို ဒေါသဖြစ်တယ်၊ အသံကြားတယ် မကြိုက်တဲ့ အသံဆို ဒေါသဖြစ်တယ်။ အဲဒါမျိုးတွေမလာရအောင် မေတ္တာပွားတဲ့။ ဒေါသကိုဖယ်ရှားနိုင်ဖို့အတွက် မေတ္တာပွားတဲ့၊ ဟော ပိုပြီးတော့ ခိုင်မာလာပြီ။ အဲဒါလိုပဲ လူတွေရဲ့ စိတ်ထဲမှာ။

စာမျက်နှာ-၈၄
တစ်ခါတစ်ရံကျတော့ သူတစ်ပါးကို ညှဉ်းဆဲချင်ကြတယ် နှိပ်စက်ချင်ကြတယ်၊ ရက်စက်ချင်တယ်၊ အဲဒီရက်စက်ချင်တယ်ဆိုတဲ့ အတွေးတွေ ပျောက်ဖို့ရာအတွက် ကရုဏာပွားပါ။ အကြင်နာတရား ကိုယ့်ရဲ့နှလုံးသားထဲမှာ ဖြစ်ပွားအောင်လုပ်၊ အဲဒါမှ သူတစ်ပါးကို ညှဉ်းဆဲလိုတယ် ရက်စက်လိုတယ်ဆိုတဲ့ စိတ်တွေ ပျောက်သွားနိုင်တယ်။

ဟောနောက်တစ်ခု မုဒိတာပွား၊ သူများကြီးပွားတာ ဝမ်းသာနိုင်ရမယ် သို့မဟုတ် ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်ပြီးတော့ ကိုယ့်စိတ်ထဲမှာ ကျေနပ်နှစ်ခြိုက်မှုရှိစေရမယ်ပေါ့။

အဲဒါ အကယ်၍ မုဒိတာတရား မပွားဘူးဆိုလို့ရှိရင် သူတစ်ပါးကြီးပွားလို့ရှိရင် စိတ်ထဲမှာ မနာလို မုန်းတီးမှုတွေ ဖြစ်တယ်တဲ့ “အာရတီ”ဆိုတဲ့ သဘာဝတရားတွေဖြစ်တယ်။ ဒါကြောင့်မို့ အဲဒါတွေမဖြစ်ရအောင် မုဒိတာပွားပါတဲ့။

နောက်တစ်ခုကျတော့ မြတ်စွာဘုရားက ရာဟုလာ ဥပေက္ခာလည်းပွားရမယ်။ ဥပေက္ခာဆိုတာ ဘယ်လိုပွားတာတုန်းဆိုတာ “သဗ္ဗေသတ္တာ ကမ္မဿကာ” လူတွေဟာ ကိုယ့်ကံနဲ့ကိုယ်၊ မုန်းနေလို့လည်း အလကားပဲ၊ ချစ်နေလို့လည်း အလကားပဲ၊ ဟော သူ့ကံနဲ့သူလာတာ အချိန်တန်ရင် ပြန်ကြရမှာချည်းပဲပေါ့။ အဲဒီလို စိတ်ထဲမှာ နှလုံးသွင်းထားနိုင်လို့ရှိရင် စိတ်ရဲ့ ထိခိုက်မှုဆိုတာတွေ မလာတော့ဘူး၊ စိတ်ဟာ တည်ငြိမ်သွား

စာမျက်နှာ-၈၅
တယ်။ ဒါကြောင့်မို့ ဥပေက္ခာပွားရမယ်။

ဟော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတာ ပွားပြီးတော့ နောက် ဘာပွားခိုင်းတုန်းဆိုတော့ အရေးကြီးတာတစ်ခုကဘာလဲ။ လူငယ်လူရွယ်တွေဆိုတာ လှပတာကိုကြည့်ချင်တယ် နှစ်သက်တယ် စွဲလန်းတယ်။ အဲဒီလိုဖြစ်မှာစိုးလို့ အေး ကိုယ့်ရုပ်ခန္ဓာရော သူများရဲ့ ရုပ်ခန္ဓာရော ဘယ်သူ့ရုပ်ခန္ဓာမှ မလှဘူး မတင့်တယ်ဘူး ရွံစရာစက်ဆုပ်စရာကောင်းတယ်ဆိုတဲ့ အနေအထားမျိုးတွေ မင်းသဘောကျလာအောင်၊ စိတ်ထဲမှာ ဖြစ်ပွားအောင်ကြိုးစား။

ပွားတယ်ဆိုတာ အဲဒီစိတ် ထပ်တလဲလဲဖြစ်နေရမယ်။ တွေးပေးရမယ်နော်။ ဒီ “ဝိဇယသုတ်” မှာတွေးပုံတွေးနည်းလေး ပြောထားတာရှိတယ်။ ခန္ဓာကိုယ်ကကြည့်ရင် ကိုးပေါက်ဒွါရ အမာဝက ထွက်တာရှိတယ်၊ မျက်လုံးထဲက ဘာထွက်တုန်း၊ မျက်ချေးထွက်တယ်နော်၊ နားထဲက ဘာထွက် နားဖာချေးထွက်တယ်နော်၊ နှာခေါင်းထဲကဘာထွက်တုန်း နှာချေး၊ ကဲ- ကောင်းတာ ဘာတစ်ခုမှ မရှိဘူး သိမ်းထားစရာ များရှိလား။ ပါးစပ်က တံတွေး ဘယ်အရာမှကောင်းတာမရှိဘူး၊ အဲဒါတွေကို စဉ်းစားကြည့်ရင် လူ့ခန္ဓာကိုယ်ကထွက်တာ တန်ဖိုးရှိတာဆိုလို့ တစ်ခုမှ မရှိဘူးနော်။ မြေကြီးထဲကထွက်လာတာမှ စိန်တို့ ကျောက်တို့ သိမ်းရသေးတယ်။

စာမျက်နှာ-၈၆
လူ့ခန္ဓာကိုယ်ကထွက်တာ တစ်ခုမှ သိမ်းစရာမရှိဘူးတဲ့၊ အဲဒါကြောင့်မို့ ခန္ဓာကိုယ်ကြီးဟာ မတင့်တယ်ဘူးဆိုတာ အင်မတန်မှ ထင်ရှားတယ်။ သို့သော်လည်း လူတွေက ဇွတ်ဖုံးကွယ်ပြီးတော့ တင့်တယ်အောင်လုပ်နေကြတယ်၊ လှပအောင်လုပ်နေကြတယ်တဲ့၊ လှအောင်လုပ်ပြီးတော့ တွယ်တာနေကြတယ်၊ အဲဒါကြောင့်မို့ မြတ်စွာဘုရားက အသုဘ မတင့်တယ်တဲ့ သဘောတွေကို ဆင်ခြင်စဉ်းစားပါတဲ့၊ စိတ်ထဲမှာ အမြဲထားပါ။ အဲဒီလိုထားနိုင်မှ ရာဂဆိုတာ ဖယ်ရှားနိုင်မယ်၊ နို့မို့ဆိုရင် ရာဂတွေဟာ လာနေမှာပဲ၊ ဟော နှစ်သက်စရာကောင်းလိုက်တာ လှလိုက်တာနဲ့ဆိုပြီးတော့ တွယ်တာမှုတွေ ဖြစ်လာလိမ့်မယ်တဲ့။

ဟော၊ နောက်တစ်ခုက ဘာတုန်းဆိုရင် ရာဟုလာ သင်္ခါရတရားတွေဟာ ဘယ်သင်္ခါရတရားမှ မမြဲဘူးဆိုတာ၊ မင်းအမြဲနှလုံးသွင်းဖို့လိုအပ်တယ်။ အဲဒီ မမြဲတာတွေကိုကြည့်မှ ငါဆိုတဲ့ ဒီလက်မထောင်မှုတွေဟာ ပျောက်သွားမယ်၊ လောကလူတွေက ငါဆိုတာလေးကအမြဲရှိကြတယ်နော်၊ လူတွေက ကိုယ့်ကိုယ်ကိုယ် မာနမကြီးဘူးလို့ထင်တယ်၊ သူ့ဂုဏ်လေးကိုထိခိုက်မယ့်စကား ပြောကြည့်လိုက် မာနလေးက ငေါက်ခနဲ့ ထလာတယ်၊ ဟုတ်ကဲ့လား။ မခံဘူးဟေ့ဆိုတာမျိုးဖြစ်လာတယ်။ အဲကျတော့မှ ငါက ထပေါ်လာတာနော်၊ အဲတော့ “အယွီမာန” ငါလို့ဆိုတဲ့ အတွေးဟာ၊ မာန်မာနတရားဟာ အနိစ္စသညာနဲ့ ဖယ်ရှားပစ်ရမယ်လို့

စာမျက်နှာ-၈၇
ဒီလို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ကမ္မဋ္ဌာန်းတရားတွေကို ဟောထားတယ်၊ ဒါက ရာဟုလာအတွက် သီးသန့်ဟောပေးတာ။
အာနာပါနဿတိ
ရာဟုလာမေးတဲ့မေးခွန်းက ဒါတွေမဟုတ်ဘူး၊ ရာဟုလာက တရားထိုင်နေတုန်း ရှင်သာရိပုတ္တရာမထေရ်က ဆွမ်းခံကြွရင်း လှမ်းပြောသွားတာ၊ ရာဟုလာ အာနာပါနကိုပွား၊ အာနာပါနကို ပွားလို့ရှိရင် အင်မတန်မှ အကျိုးကြီးတယ်လို့ ပြောသွားတာ၊ အဲဒီတော့ ငါ့ရဲ့ ဥပဇ္ဈာယ်ဆရာက ပွားခိုင်းနေတယ်၊ ဘယ်လိုပွားရမယ်ဆိုတာ ငါ ဘုရားကိုလျှောက်မယ် ဆိုပြီးတော့ လျှောက်တော့ ခုမှ မြတ်စွာဘုရားကဖြေမှာ။

နောက်ဆုံးကျမှ “ရာဟုလာ၊ အာနာပါန ပွားတော့မယ် ဆိုရင်တဲ့ သစ်ပင်ရင်းဖြစ်စေ ဆိတ်ကွယ်ရာ ကျောင်းတစ်ကျောင်းဖြစ်စေ တောအရပ်မှာဖြစ်စေ ဆိတ်ငြိမ်တဲ့ နေရာလေးတစ်ခုကို ချဉ်းကပ်ပါ။ အဲဒီမှာ တင်ပလ္လင်ခွေထိုင် ခါးထက်ကိုယ်ကို ဆန့်ဆန့်လေးထား ခေါင်းကိုမတ်မတ်လေးထား၊ ထားပြီးတဲ့အခါ ခန္ဓာကိုယ်မှာ ပုံမှန်အနေအထားလေးတွေရှိပြီဆိုတဲ့အခါ ကိုယ့်ရဲ့ သတိတရားလေးကို နှာသီးဝကိုပို့ထားလိုက်၊ ပို့ထားပြီးတော့ “သဘာဝ အဿသတိ၊ သဘာဝ ပဿသတိ” အသက်ရှူသွင်း

စာမျက်နှာ-၈၈
လိုက်တဲ့အခါလည်း သတိလေးနဲ့၊ ရှိုက်ထုတ်လိုက်တဲ့အခါကျတော့လည်း သတိလေးနဲ့ စဉ်ဆက်မပြတ် ထွက်လေဝင်လေကို မှတ်ပြီးတော့နေရမယ်၊ အဲဒီလို သတိနဲ့ ရှုရမယ်လို့၊ ဒါ ပထမအကြိမ် လေ့ကျင့်တဲ့နည်းတစ်နည်း၊ အဲဒီလို သတိကပ်ပြီးတော့ ရှုနေတဲ့အခါမှာ ဘာတွေထူးခြားပြီး သိသလဲဆိုရင်။

ရှည်ရှည်လေးဆွဲပြီးတော့ ရှူတဲ့အခါမှာ ရှူတာဟာ နည်းနည်းရှည်တယ်ဆိုတာ သိလာတယ်၊ တိုတိုလေးတဲ့အခါမှာလည်း တိုတယ်ဆိုတာသိလာတယ်၊ ရှည်ရင် ရှည်တယ်လို့ သိတယ်၊ တိုရင်တိုတယ်သိတယ်ဆိုတာ အတိုင်းအတာတစ်ခု ပိုလာတဲ့သဘောကို ပြောတာနော်။ တမင်ရှည်အောင်လုပ်ပြီး ရှူဖို့ကိုပြောတာမဟုတ်ဘူး၊ တမင်တိုတိုလေး ရှူခိုင်းတာလည်း မဟုတ်ဘူး။ သူ့သဘာဝအတိုင်း ထူးခြားတဲ့ အသိလေးတစ်ခု ပေါ်လာတာကိုပြောတာ၊ အဲဒီထက်ဆက်ပြီးတော့ ဘာလုပ်တုန်းဆိုရင် ဒီ “သဗ္ဗကာယပ္ပဋိသံဝေဒီ”တဲ့၊ ထွက်လေဝင်လေ အားလုံးကို သိအောင် အစလယ်ဆုံး သုံးပါးလုံး ထွက်သမျှလေကို သိနေအောင် ရှုရမယ်။ သိနေအောင်ရှိုက်ရမယ်။ ဒါကျတော့ ကြိုးစားအားထုတ်ပြီးတော့ သိအောင်လုပ်တာ။

ဟော၊ နောက်တစ်ခုကျတော့ ဘာတုန်းဆိုရင် “ပဿမ္ဘယံ ကာယသင်္ခါရံ၊ ကာယသင်္ခါရဆိုတာ ဒီနေရာမှာ တခြားကိုပြောတာမဟုတ်ဘူး၊ ခန္ဓာကိုယ်နဲ့ ဒီဆက်စပ်ပြီးတော့ ဖြစ်ပေါ်

စာမျက်နှာ-၈၉
နေတဲ့ ထွက်လေဝင်လေကိုပြောတာ။ အဲဒီ ထွက်လေဝင်လေဟာ သိမ်မွေ့သွားအောင် သိမ်မွေ့တာပဲသိအောင် ကြိုးစားအားထုတ်ရမယ်တဲ့။ အာနာပါနဆိုတာ ဒီငြိမ်သက်လာလေလေ ထွက်လေဝင်လေက သိမ်မွေ့လာလေလေ ဖြစ်တယ်။ အဲတော့ အားလုံးပေါင်းလိုက်တဲ့အခါကျတော့ ပထမဆုံး လေ့ကျင့်ရမှာက ဒီလေးခုပဲနော် ဒီလေးခုပဲ။ သတိနဲ့ ရှူသွင်းမယ် သတိနဲ့ ရှိုက်ထုတ်မယ်၊ ရှည်ရင်ရှည်တယ်လို့သိမယ်၊ တိုရင် တိုတယ်လို့သိမယ်၊ ကာယ “သဗ္ဗကာယ” လို့ခေါ်တဲ့ ဒီထွက်လေဝင်လေ ပေါင်းစလယ်ဆုံးထိအောင် အကုန်လုံး သတိမလွတ်ဘဲနဲ့ သိတယ်၊ ရှူသွင်းတဲ့အခါသိတယ်၊ ရှိုက်ထုတ်တဲ့အခါသိတယ်။ ထွက်လေဝင်လေ လေလေးသိမ်မွေ့သွားအောင် ရှူတယ်၊ သိမ်မွေ့သွားအောင် ရှိုက်ထုတ်တယ်။ အာနာပါန ကမ္မဋ္ဌာန်း အားထုတ်တိုင်း အားထုတ်တိုင်း ဒီလေးခုဟာ အဓိက။

ဒါ ပထမစပြီးတော့ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ ဒီလေးခုပဲ။ အားလုံးအာနာပါနနဲ့ ပတ်သက်ပြီးတော့ ဆယ့်ခြောက်ခု မြတ်စွာဘုရားဟောတယ်။ အဲတော့ ဆယ့်ခြောက်ခုက နောက် လေးခုစီ လေးခုစီပေါ့၊ လေးခုစီ လေးခုစီသွားတယ်၊ ဒီလေးခုက ပထမဆုံး ဒီလေ့ကျင့်ဖို့ရာ အတွက် မြတ်စွာဘုရားကဟောတယ်။ နောက်သုံးခုကျတော့ သူက ဝေဒနာနုပဿနာ စိတ္တာနုပဿနာ ဓမ္မာနုပဿနာတွေနဲ့

စာမျက်နှာ-၉၀
ကိုက်ညီမျှအောင်လို့ ဈာန်ရပြီးတဲ့ပုဂ္ဂိုလ်တွေ ရှုမှတ်ဖွယ်အတွက် နောက်လေးစုံ သုံးခုကိုဟောတယ်။ အားလုံးပေါင်းလိုက်တဲ့အခါကျတော့ ဆယ့်ခြောက်ခုရှိတယ် ပေါ့နော်၊ အဲဒီဆယ့်ခြောက်ခုရှိတယ်။

ဒါဖြင့် အာနာပါနကို စပြီးတော့အားထုတ်မယ်ဆိုလို့ရှိရင် အဓိကအချက်က ဘာတုန်းဆိုလို့ရှိရင် နံပါတ်တစ်က “ဂဏနာ ဖုသနာ”တဲ့၊ ရေတွက်တဲ့နည်းစနစ်။ ရေတွက်တာ ဘယ်မှာ ရေတွက်တာတုန်းဆိုရင် လေကလေး ထိသွားတဲ့ နေရာမှာ ရေတွက်ရမယ်၊ ထိသွားလို့ရှိရင် တစ်လို့မှတ်တယ်။ ဝင်လေ ထွက်လေ တစ်၊ ဝင်လေထွက်လေ နှစ်၊ ဝင်လေထွက်လေသုံးနဲ့ တစ်ဆယ်ထက် ပိုပြီးတော့ မတွက်နဲ့၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် ဂဏန်းဘက်ကို စိတ်ကရောက်သွားမှာစိုးလို့တဲ့၊ အရေးကြီးတာ နှာသီးဖျားလေး လေထိသွားတာလေးကိုမှတ်ဖို့၊ အဲဒါကို “ဂဏနာ” လို့ခေါ်တယ်၊ စိတ်ကလေး တည်ငြိမ်လာတဲ့အခါကျတော့ “ဂဏနာ”ကို လွှတ်လိုက်တယ်။

ဘာဖြစ်လို့လဲဆိုရင် “အနုဗန္ဓနာ”တဲ့၊ လေလေးပေါ်မှာတင်ပဲ ထိတိုင်းထိတိုင်းလိုက်ပြီးတော့ သိနေဖို့ရာ ရှုမှတ်ရမယ်၊ အဲဒီလို ရှုမှတ်ရင်းကနေပြီး နောက် သမာဓိ ရလာလို့ရှိရင် “ဋ္ဌပနာ” လို့ ခေါ်တယ်။ သမာဓိရလာလို့ ဈာန်ရလာပြီဆိုရင် “ဌပနာ” ဈာန် ရလာတဲ့အပေါ်မှာ တစ်ခါ ဝိပဿနာဉာဏ်နဲ့ မမြဲတဲ့ သဘော

စာမျက်နှာ-၉၁
တရားတွေကို ရှုဆင်ခြင်တတ်လာပြီ။ ထွက်လေဝင်လေလေးရဲ့ အချိန်ပိုင်းလေးဟာ အင်မတန်မှ တိုတောင်းတယ်ဆိုတာ သတိထားမိလာပြီး အဲဒီကျလို့ရှိရင်တော့ “သံလက္ခဏာ” လို့ ခေါ်တယ်။

အဲဒီလို အာနာပါနစူးစိုက်ရှုမှတ်လိုက်တဲ့အခါမှာ အာနာပါန ရှုရင်းရှုရင်း နောက်ဆုံး ဘာဖြစ်လဲဆိုလို့ရှိရင် အာနာပါနကနေပြီး ဝိပဿနာကိုရောက်သွားတယ်၊ မမြဲတဲ့သဘောကို မြင်အောင် ရှုတယ်၊ ချုပ်ပျောက်သွားတဲ့သဘောကို မြင်အောင်ရှုတယ်၊ ပျက်စီးသွားတဲ့ သဘောတွေကို မြင်အောင်ရှုတယ်၊ ဟော ဝိပဿနာဝင်လာပြီ ဆိုလို့ရှိရင် ကြည့်လေ၊ ထွက်လေလေးသည် ထိသွားပြီးတော့ ပျောက်သွားတယ်။ ဝင်လေလေးမပေါ်လာခင် ထွက်လေလေးက အရင်ငြိမ်သွားတယ်၊ တစ်ခါ ဝင်လေလေး ပေါ်လာလို့ရှိရင် ဝင်လေလေးကလည်း နောက်ထပ် ထွက်လေလေး မပေါ်ခင်ငြိမ်းသွားတယ်၊ ဟော ပျက်စီးသွားတယ်။

အချိန်ပိုင်းလေးအတွင်း ထွက်လေဝင်လေဟာ ထွက်လေ သည် ဝင်လေသို့မရောက်ခင်၊ ဝင်လေကလည်း ထွက်လေသို့ မရောက်ခင် အချိန်ပိုင်းလေးတိုင်းမှာ ပျက်စီးပျက်စီးတယ်ဆိုတဲ့ သဘောလေးတွေကို ရှုမှတ်ပြီးတော့ ရှုရမယ်လို့ ဒီလို ဆိုလိုတယ်ပေါ့။ အဲဒါဟာ “အနိစ္စာနုပဿီ” ထွက်လေဝင်လေက နေပြီးတော့ ဒီမမြဲတဲ့ သဘောတွေကို ဆင်ခြင်စဉ်းစားပြီး

စာမျက်နှာ-၉၂
ရှုမှတ်တယ်၊ အာနာပါနကနေပြီးတော့ နောက်ဆုံး ဝိပဿနာ ဉာဏ်ထိအောင် မမြဲတဲ့သဘောတွေ မြင်သွားသည်ထိအောင် ပွားတယ်။

ပွားလို့ရှိရင် ဘယ်လောက်ထိအောင် အကျိုးကျေးဇူးတွေ ရှိလာသလဲလို့ဆိုရင် အာနာပါန ကမ္မဋ္ဌာန်းအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ ဘဝတစ်ခု အဆုံးသတ်မယ် ဆိုတဲ့အခါမှာ နောက်ဆုံး ထွက်လေဝင်လေလေးထိအောင် သတိဟာမြဲတယ်လို့ ပြောတယ်နော်။

အဋ္ဌကထာကတော့ ဘယ်လို ရှင်းထားတုန်းဆိုရင် ထွက်လေဝင်လေကမ္မဋ္ဌာန်းကို ရှုမှတ်ပွားများတဲ့ ပုဂ္ဂိုလ်ဟာ ရဟန္တာဖြစ်ရင်ဖြစ် မဖြစ်ဘူးဆိုလို့ရှိရင် သေခါနီးအချိန်မှာ ဇီဝိတသမသီသီ ရဟန္တာ ဖြစ်နိုင်တယ်ပေါ့၊ တရားထူး တရားမြတ် မသေခင်ရချင်ရ မရဘူးဆိုရင် သေခါနီးမှာရနိုင်တယ်၊ သေခါနီးမှာ မရဘူး၊ သေသွားပြီဆိုရင်တဲ့ နတ်ပြည်ရောက်တဲ့အခါမှာ ဓမ္မကထိက နတ်သားတွေဟောတဲ့ တရားကို နာရပြီးတော့ အကျွတ်တရားရနိုင်တယ်။ အဲဒီလိုမှ မရသေးဘူးဆိုရင် ဘုရား မပွင့်တဲ့အခါမှာဆိုရင် ပစ္စေကဗုဒ္ဓဖြစ်မယ်၊ အဲဒီလို ပစ္စေကဗုဒ္ဓ မဖြစ်ဘူး၊ ဘုရားပွင့်တဲ့အခါနဲ့ ကြုံမယ်ဆိုလို့ရှိရင် “ဓိပ္ပါဘိည” နည်းနည်းပြောလိုက်တာနဲ့ သဘောပေါက်ပြီးတော့ ရဟန္တာ ဖြစ်သွားတဲ့ပုဂ္ဂိုလ်ဖြစ်နိုင်တယ်တဲ့။ ရှင်သာရိပုတ္တရာတို့လို နောက်

စာမျက်နှာ-၉၃
ဗာဟိရဒါရုစိရိယ တို့လို တရားတိုတိုလေး ဟောလိုက်တာနဲ့ သဘောပေါက်ပြီး ရဟန္တာဖြစ်သွားတာတွေလေ။

အဋ္ဌကထာဆရာကြီးက ထပ်ပြီးတော့ ရှင်းထားတယ်။ မြတ်စွာဘုရားက နောက်ဆုံး ထွက်လေ ဝင်လေလေးထိအောင် ထင်ထင်ရှားရှား သိပြီးတော့ ဒီသဘာဝတရားတွေကို ရှုမှတ်နိုင်တယ်။ ဒါ အာနာပါနရဲ့ အကျိုးကျေးဇူးတွေ ဖြစ်တယ်လို့ ဆယ့်ရှစ်နှစ်သားအရွယ် ရှင်ရာဟုလာလေးကို “မဟာရာဟုလောဝါဒသုတ္တန်” မှာ အခုလိုဟောကြားထားပါတယ်။

ဒီကနေ့ ဆယ့်ရှစ်နှစ်သားအရွယ် ရှင်ရာဟုလာအား ဝိပဿနာကျင့်စဉ်စုံအောင် မြတ်စွာဘုရားက ပေးထားတယ်၊ ရှင်ရာဟုလာလေးဟာ ဆက်ပြီးတော့ တရားဓမ္မကို ကျင့်ကြံ ကြိုးကုတ် အားထုတ်နေတာဖြစ်တယ်။ အဲဒီနည်းနဲ့ ဝိပဿနာ ဉာဏ် ရင့်လာတယ်။

နောက်ရက်ကျတော့ “စူဠရာဟုလောဝါဒသုတ္တန်”ကို ဟောပါ့မယ်။ ရှင်ရာဟုလာဟာ ဘယ်လို ရဟန္တာဖြစ်သွားတယ်၊ ဘယ်အရွယ်မှာ ရဟန္တာဖြစ်သွားတယ်၊ ဘယ်လို ဘဝနိဂုံးချုပ်သွားတယ်ဆိုတာ ဆက်ပြီး ဟောကြားမှာ ဖြစ်ပါတယ်။

တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့၊ ဒီကနေ့ ဆယ့်ရှစ်နှစ်အရွယ် ရှင်ရာဟုလာကိုဟောတဲ့ ကမ္မဋ္ဌာန်းတရားတွေကို နာယူမှတ်သားကြပြီး မိမိတို့အတွက် ဘယ်လောက်

စာမျက်နှာ-၉၄
အသုံးကျတယ် ကျင့်ကြံအားထုတ်လိုက်တယ်ဆိုတာ စဉ်းစားရင်း ကိုယ်စီကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု .. သာဓု ... သာဓု

စာမျက်နှာ-၉၅

ရှင်ရာဟုလာ၏ဘဝနှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ

အပိုင်း(၃)
မှတ်တမ်း သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၂)ရက်၊ မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ ဓမ္မဗိမာန်ကြီးအတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနား၌ မုံရွာမြို့၊ အလယ်ရပ်၊ ဗိုလ်ချုပ်လမ်း၊ မြင့်သူဇာ သင်္ကန်းတိုက်နှင့်စတိုး၏ အနန္တကျေးဇူးရှင် မိခင်ကြီး-ဒေါ်ခင်ငြိမ်း၏ အသက်(၈၅)နှစ် အမှတ်တရ မွေးနေ့အခါသမယဝယ် အမတဒါန ဓမ္မဒါနအဖြစ် ဟောကြားအပ်သော “ရှင်ရာဟုလာ၏ဘဝနှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ အပိုင်း(၃)” တရားဒေသနာတော်။

ဒီကနေ့ မြန်မာနိုင်ငံမှာ သင်္ဂါယနာခြောက်တန်းတင်ပြီး မှတ်သားထားရှိတဲ့ ပိဋကတ်သုံးသွယ် နိကာယ်ငါးဖြာ ဓမ္မက္ခန္ဓာ ပေါင်း ရှစ်သောင်းလေးထောင်ရှိတယ်။ အဲဒီအထဲမှာ ရှင်

စာမျက်နှာ-၉၆
ရာဟုလာ မထေရ်မြတ်နဲ့ ပတ်သက်တဲ့သုတ္တန်တွေ (၄၀)နီးပါး ရှိတယ်၊ အဲဒီ သုတ္တန်တွေထဲက သုတ္တန်နှစ်ခုကို အခြေပြုပြီး ပထမညမှာ ဟောခဲ့တယ်၊ ခုနစ်နှစ်သားအရွယ်မှာ မြတ်စွာဘုရား ဘယ်ပုံဘယ်နည်း ရာဟုလာကို ဆုံးမဩဝါဒပေးတယ်ဆိုတာ ရှင်းပြခဲ့တယ်။

နောက်တစ်ခါ (၁၈)နှစ်သား လူပျိုပေါက် စိတ်ကစားတဲ့ အရွယ်မျိုးမှာ မြတ်စွာဘုရားက ဘယ်ပုံဘယ်နည်း ဆုံးမဩဝါဒ ပေးခဲ့တယ်၊ ဘယ်ပုံဟောခဲ့တယ်ဆိုတာ မနေ့က သုတ္တန်နှစ်ခုကို အခြေပြုပြီး ဟောကြားခဲ့ပြီ။ ဒီကနေ့တော့ ရှင်ရာဟုလာမထေရ်မြတ်ဟာ အသက်(၂၀)ပြည့်လို့ ရဟန်းဘဝ ရောက်ရှိလာပြီး ဝါမရခင်အချိန်မှာ ကမ္မဋ္ဌာန်းတရား ဘယ်လိုအားထုတ်ခဲ့တယ်၊ ဘယ်တရားနာလို့ ရဟန္တာဖြစ်သွားတယ်ဆိုတာ သုတ်ပေါင်း (၂၈)သုတ်ကို အခြေခံပြီး ဟောပါမယ်။ (၂၈)သုတ်ထဲက “သံယုတ္တနိကာယ” မှာ (၂၄)သုတ်ရှိတယ်၊ “အင်္ဂုတ္တရနိကာယ” မှာ နှစ်သုတ်ရှိတယ်၊ “သံယုတ္တနိကာယ ခန္ဓဝဂ္ဂသံယုတ်” မှာ “ရာဟုလသံယုတ်”ဆိုတာ ရှိတယ်။ “ရာဟုလသုတ်” နာမည်နဲ့ (၂)သုတ်၊ နောက်ဆုံးအဓိက

ထားပြီးတော့ ရှင်ရာဟုလာ ရဟန္တာဖြစ်သွားတဲ့ သုတ်ကတော့ “စူဠရာဟုလောဝါဒ” သုတ်လို့ခေါ်တဲ့သုတ် ဖြစ်တယ်။

စာမျက်နှာ-၉၇
(၁၈)နှစ်အရွယ်မှာ မြတ်စွာဘုရားဟောတဲ့ ဩဝါဒကို “မဟာရာဟုလောဝါဒ” သုတ်လို့ခေါ်တယ်၊ မနေ့က “မဟာရာဟုလောဝါဒသုတ်”ကို အကျဉ်းချုံး ဟောပြီးပြီ၊ ဒီကနေ့ အဓိက ပဓာနထားဟောမှာက “စူဠရာဟုလောဝါဒသုတ်” ဖြစ်တယ်။

ဒီနေရာမှာ စူဠ မဟာဆိုတဲ့ နာမည်တပ်တာကတော့ သုတ္တန်နှစ်ခု ခွဲခြားပြီး ပြောချင်လို့ပါ။ မဟာရာဟုလောဝါဒ သုတ်က နည်းနည်းရှည်တယ်၊ စူဠရာဟုလောဝါဒသုတ်က နည်းနည်းတိုတယ်၊ ဒါကြောင့်မို့ အတိုအရှည် အကြီးအသေး ခွဲခြားပြီး မှတ်တမ်းတင်တာဖြစ်တယ်။

စူဠရာဟုလောဝါဒ ဆိုလို့ စူဠရာဟုလာ ရှိတယ်လို့ မအောက်မေ့နဲ့ပေါ့။ တခါတရံ နာမည်အကြီးအသေး ခွဲတဲ့အခါ ဆိုပါစို့ “မဟာပန္ထက” “စူဠပန္ထက” လို့ဆိုတာက တစ်မျိုးပါ။ ရဟန်းတော် ညီအစ်ကိုနှစ်ပါးရှိတယ်။ အခု ရာဟုလာနဲ့ ပတ်သက်ပြီး မဟာရာဟုလာ, စူဠရာဟုလာလို့ ဒီလိုခွဲခြားတာ မရှိပါဘူး၊ သုတ္တန်အနေနဲ့ပဲ “မဟာရာဟုလောဝါဒ” “စူဠရာဟုလောဝါဒ” လို့ ဒီလိုခွဲထားတာ၊ အဲဒါလည်း သတိချပ်စရာတစ်ခုပေါ့။

အသက်(၂၀)အရွယ်ရောက်လာတဲ့အခါ ရှင်ရာဟုလာဟာ ရဟန်းဘဝကို ရရှိခဲ့တယ်။ ဥပဇ္ဈာယ်ဆရာကတော့ ကိုရင်တုန်းက ဥပဇ္ဈယ်ဆရာဖြစ်တဲ့ အရှင်သာရိပုတ္တရာပဲ၊ ကမ္မဝါစာဆရာ

စာမျက်နှာ-၉၈
ကတော့ သရဏဂုံပေးခဲ့တဲ့ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ပဲ ဖြစ်တယ်ပေါ့။

သာသနာတော်မှာ ဒီကနေ့ခေတ် ရှင်ပြုသလို ရှင်ပြုနည်းနဲ့ ပထမဆုံး ရှင်ဖြစ်ခဲ့တဲ့ပုဂ္ဂိုလ် ဘယ်သူလဲလို့ဆိုရင် ရှင်ရာဟုလာပဲ၊ ဒီကနေ့လက်ရှိမြန်မာနိုင်ငံမှာ ရှင်ပြုပေးတဲ့ နည်းစနစ်အတိုင်းပဲ ရှင်ရာဟုလာဟာ ပထမဆုံး ရှင်ဖြစ်တယ်။ ရှင်ရာဟုလာ ရှင် မဖြစ်ခင်က ရှင်ပြုပေးပုံက ပုံစံတစ်မျိုးပေါ့၊ နောက် ရဟန်းခံတဲ့အခါမှာလည်း ရှင်ရာဟုလာဟာ ဒီကနေ့ ရဟန်းခံတဲ့ပုံစံမျိုးပဲလို့ မှတ်ယူကြရမှာပါ။

အသက်နှစ်ဆယ်ပြည့်လို့ ရဟန်းဖြစ်လာတဲ့အခါမှာ ရှင်ရာဟုလာဟာ ဝိပဿနာတရား နေ့စဉ်ပွားများ ကြိုးစားအားထုတ်တယ်၊ မြတ်စွာဘုရားကလည်း မကြာမကြာ ဝိပဿနာတရားများကို ဟောကြားပေးတယ်။ ဘယ်လိုပဲတရားကျင့်ကျင့်၊ ဘယ်လိုပဲ ဆုံးမဆုံးမ၊ ရင့်ကျက်လာတဲ့အချိန် မရောက်သေးခင်တော့ ဘယ်ပုဂ္ဂိုလ်မှ ရင့်ကျက်သွားမှာမဟုတ်ဘူး၊ အချိန်အခါဆိုတာ စောင့်ရတယ်။

အဲဒီအချိန်ကို သိတာကလည်း မြတ်စွာဘုရားပဲသိတယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ မသိနိုင်ဘူးပေါ့။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ သဒ္ဓါ သတိ ဝီရိယ သမာဓိ ပညာဆိုတဲ့ ဒီ ငါးပါး ဘယ်အချိန်မှာ ရင့်ကျက်လာတယ်ဆိုတာ မြတ်စွာဘုရားမှသိတယ်။

စာမျက်နှာ-၉၉
ကြာပင်က ကြာဖူးတွေဟာ ဒီကနေ့ဖူး ဒီကနေ့ပွင့်တာ မဟုတ်ဘူး အချိန်ယူရတယ်၊ ပွင့်ချိန်တန်မှ ပွင့်တယ်။ ဖူးလာတဲ့ ကြာလေးဟာ နေရောင်နဲ့တွေ့ပေမယ့်လို့ ပွင့်ချင်မှပွင့်တယ်ပေါ့၊ မရသေးရင် မပွင့်ဘူး၊ ရင့်လာပြီဆိုမှ အဲ့ဒီကြာဖူးဟာပွင့်လာတာ။ အဲဒီလိုပဲ အသိဉာဏ် ပွင့်လင်းဖို့ဆိုတဲ့နေရာမှာ ရင့်ကျက်မှုဆိုတာ အင်မတန်မှ အရေးကြီးတယ်၊ ဘုန်းကြီးတို့တတွေ ဒီဘဝမှာ မဂ်ဖိုလ် မရဘူးဆိုလို့ရှိရင် မရင့်ကျက်လို့မရတာ တစ်ခုပါတယ်။

နောက်တစ်ခုက ဘာတုန်းဆိုရင် ပြင်းပြတဲ့ဆန္ဒမရှိတာလည်း တစ်ခုပါတယ်၊ နောက်တစ်ခုက ဘာလဲလို့ဆိုရင် မရမနေ ကြိုးစားအားထုတ်တော့မယ်၊ ဒါကလွဲရင် တခြားဟာတွေကို လုံးဝ ဂရုမစိုက်တော့ဘူး၊ ဒီဘဝမှာပဲ နိဗ္ဗာန်ရအောင် အားထုတ်မယ်ဆိုတာမျိုးလည်းမရှိဘူး။ အဲဒါကြောင့် မရသေးတာလို့ ဒီလိုတွက်ရမယ်၊ ဒါကတော့ သူများကို ပြောဖို့မလိုဘူး၊ ကိုယ့်ဟာကိုယ် အသိဆုံးပဲပေါ့၊ တို့ မဂ်ဖိုလ်နိဗ္ဗာန် ဘာကြောင့်မရတာလဲ၊ ကြိုးစားတဲ့အချိန်နဲ့ မကြိုးစားတဲ့အချိန် ဘယ်ဟာကများလဲ၊ ဒါလဲ တွက်ကြည့်ရမှာပေါ့။ အဲဒီတော့ မရသေးဘူးဆိုတဲ့ အနေအထား တစ်ခုဟာ မလုပ်သေးလို့ မရတာလည်းပါတယ်၊ မရင့်ကျက်သေးလို့ မရတာလည်း ပါတယ်ပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် လုံးဝမလုပ်သေးတဲ့ ပုဂ္ဂိုလ်ကတော့ လုံးဝ မစရသေးဘူးပေါ့၊ ခရီးလမ်းတစ်ခုကို လျှောက်ရသလိုပဲ တစ်လှမ်း

စာမျက်နှာ-၁၀၀
မှ မစသေးတဲ့ပုဂ္ဂိုလ်ဟာ ဝေးနေဦးမှာပဲပေါ့။ ခြေလှမ်းတစ်ရာနဲ့ ရောက်နိုင်မယ့်နေရာ တစ်လှမ်းစလိုက်ပြီဆိုရင် ကိုးဆယ့်ကိုးလှမ်းပဲ ကျန်တော့တယ်၊ အဲဒီလိုကနေပြီးတော့ အလှမ်းငါးဆယ် လှမ်းမိသွားပြီဆိုရင် နောက်ထပ် ငါးဆယ်ပဲ ကျန်တော့တယ်၊ ခုနစ်ဆယ့်ငါးလှမ်း လှမ်းမိသွားပြီဆိုလို့ရှိရင် အစိတ်ပဲ ကျန်တော့တယ်၊ ဒီလို နီးသွားမှာပေါ့။

တရားကျင့်နေလို့ရှိရင် အလဟဿတော့ မဖြစ်ဘူး၊ တဖြည်းဖြည်းတော့ ရောက်သွားမှာပဲ၊ ဒါ တစ်လှမ်းနဲ့တစ်လှမ်း နီးသွားမှာ၊ အဲတော့ ဒီရှင်ရာဟုလာလေးဟာ အသက် နှစ်ဆယ်ပြည့်လို့ ရဟန်းဘဝရပြီး ဝါမရသေးတဲ့ ဦးဇင်းငယ် အရွယ်မှာ မြတ်စွာဘုရားထံလာတယ်။ လာပြီး ဘာလျှောက်သလဲဆိုလို့ရှိရင် “အရှင်ဘုရားတဲ့၊ တပည့်တော်ကို ကမ္မဋ္ဌာန်းတရားဟောပေးပါ”တဲ့။

အရင်ကလည်း ဟောနေတာပဲ၊ သို့သော် ဒီသုတ္တန်မှာ “တပည့်တော်ကို အကျဉ်းချုပ် ဝိပဿနာကျင့်စဉ်လေးတစ်ခု ဟောပေးပါဘုရားတဲ့။ အဲဒါ ဟောပေးလို့ရှိရင် တပည့်တော် ကြိုးကြိုးစားစားနဲ့ နိဗ္ဗာန်ကလွဲလို့ တခြားရည်မှန်းချက်မရှိဘဲ ဆိတ်ငြိမ်ရာအရပ်မှာကပ်ပြီး ကြိုးစားအားထုတ်ချင်ပါတယ်” လို့ လျှောက်ထားတာ။ အဲဒီ သုတ္တန်ပေါင်းလေးဆယ်ကျော်ထဲမှာ သုတ္တန်တစ်ခုမှာ ဒီလို လာလျှောက်တယ်။

စာမျက်နှာ-၁၀၁
အဲဒီလိုလာလျှောက်တဲ့အခါ “တရားရှာ ကိုယ်မှာတွေ့” လို့ မြန်မာလူမျိုးတွေ ပြောကြသလို ဝိပဿနာကျင့်စဉ်တရားဆိုတာ တခြားနေရာမှာ ရှာနေစရာမလိုဘူး၊ ကိုယ့်ခန္ဓာကိုယ်ထဲမှာပဲ ရှာရတယ်၊ ကိုယ့်ခန္ဓာထဲမှာရှိတဲ့ အရာတွေကိုပဲ မြတ်စွာဘုရားက ရှင်းလင်းပြတ်သားစွာမြင်အောင် ဟောကြားပေးတယ်တဲ့။ သုတ္တန်တရားတွေ များနေသော်လည်းပဲ တရားဓမ္မအနေနဲ့ ကြည့်လိုက်လို့ရှိရင် ဟောဒီ ဝိပဿနာကျင့်စဉ်တစ်ခုကိုပဲ အဓိကထား ဟောတယ်။

စူဠရာဟုလောဝါဒသုတ်မှာ မြတ်စွာဘုရားက ရာဟုလာနဲ့ ပတ်သက်ပြီး ဆင်ခြင်စဉ်းစားလိုက်တဲ့အခါ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ထဲမှာ ဘာပေါ်လာတာလဲဆိုလို့ရှိရင် ရှင်ရာဟုလာရဲ့ သန္တာန်မှာတဲ့ “ဝိမုတ္တိပရိပါစနိယ” (အရဟတ္တဖိုလ်ဆိုတဲ့ လွတ်မြောက်တဲ့စိတ်အတွက် ရင့်ကျက်စေတတ်တဲ့) တရားတွေဟာ ရင့်သန်လာပြီ၊ “ပရိပက္ကာခေါ် ရာဟုလဿ ဝိမုတ္တိ ပရိပါစနိယာဓမ္မာ”တဲ့၊ ရာဟုလာရဲ့ သန္တာန်မှာ လွတ်မြောက်ခြင်းလို့ဆိုတဲ့ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရရှိစေနိုင်တဲ့ အခြေခံတရားတွေ ရင့်သန်လာပြီ၊ ဒါကြောင့်မို့ သူ့ကို အရဟတ္တဖိုလ်ပေါက် ဝိပဿနာကျင့်စဉ်တစ်ခုကို ငါဟောကြားဆုံးမပေးမယ်လို့ဆုံးဖြတ်တယ်။

စာမျက်နှာ-၁၀၂
မြတ်စွာဘုရားဟာ လောကကြီးကို ကြည့်လေ့ရှိတယ်၊ မနက်တစ်ကြိမ် ကြည့်တယ်၊ ညနေတစ်ကြိမ် ကြည့်တယ်။ ဘာအတွက်ကြည့်တာလဲဆိုလို့ရှိရင် ဒီကနေ့ ကျွတ်တမ်းဝင်မယ့်ပုဂ္ဂိုလ် သို့မဟုတ် တရားထူးတရားမြတ် အသိဉာဏ်ကို ရရှိနိုင်မယ့်ပုဂ္ဂိုလ် ဘယ်သူတွေရှိသလဲ၊ ဒါကိုသိဖို့အတွက် ကြည့်တာ။ ဘုရားဆိုတာ သိအောင်လုပ်ဖို့ပွင့်လာတာ၊ ဒါကြောင့်မို့ ဗုဒ္ဓဆိုတဲ့ စကားလုံး တစ်ခုကို အဓိပ္ပါယ်ဖွင့်တဲ့အခါ “ဗောဓော ပဇာယာတိ ဗုဒ္ဓေါ” သတ္တဝါတွေကို သိအောင် ဟောပြောဆုံးမတတ်လို့ ဗုဒ္ဓ လို့ ခေါ်တာတဲ့။

မြတ်စွာဘုရားဟာ နံနက်အရုဏ်တက်အချိန်မှာ တစ်ကြိမ်၊ ညအချိန်မှာတစ်ကြိမ် လောကကြီးကို တစ်နေ့နှစ်ကြိမ် ကြည့်တယ်။ အဲဒီလို နှစ်ကြိမ်ကြည့်တဲ့အခါမှာ မနက်ပိုင်းကြည့်ပြီဆိုလို့ရှိရင် စကြဝဠာအစွန်မှစပြီးတော့ ဖြန့်ကျက်ကြည့်တယ်။ သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ကြည့်တာ။ “သဗ္ဗညုတဉာဏဇာလံ ပတ္ထရိတွာ” - သဗ္ဗညုတဉာဏ် ကွန်ယက်ကြီးကို ဖြန့်ကျက်ကြည့်တယ်လို့ စာပေမှာ ဒီလိုသုံးတာရှိတယ်။ အရုဏ်တက်ချိန် ဆိုလို့ရှိရင် စကြဝဠာအစွန်ကနေစပြီး ဂန္ဓကုဋိတိုက်ထိအောင် မြတ်စွာဘုရားက ဉာဏ်တော်နဲ့ကြည့်လိုက်တယ်။

ကြည့်လိုက်တဲ့အခါမှာ တီဗွီထဲမှာ ရုပ်ပုံတွေပေါ်လာသလို မြတ်စွာဘုရားရဲ့ အသိဉာဏ်ထဲမှာလည်း ကျွတ်တမ်းဝင်မယ့်

စာမျက်နှာ-၁၀၃
ပုဂ္ဂိုလ်တွေပေါ်လာတယ်။ အဲဒီအချိန်မှာ ကျွတ်တမ်းမဝင်ဘူးဆိုတဲ့ ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားနဲ့ ဘယ်လောက်နီးနီး ဘုရားဉာဏ်တော်ထဲမှာ ပေါ်မလာဘူးတဲ့။ ကျွတ်တမ်းဝင်မယ်ဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ ဉာဏ်တော်ထဲမှာ ထင်ရှားဝင်လာတယ်။

ညနေပိုင်း ကြည့်ပြီဆိုတဲ့အခါ ဂန္ဓကုဋိမှစ၍ စကြဝဠာအစွန် ရောက်အောင် ကြည့်တယ်။ မနက်အရုဏ်တက် အချိန်မှာတော့ အဝေးကနေစပြီး အနီးအထိ ဖြန့်ကျက်ကြည့်တယ်၊ တစ်နေ့ နှစ်ကြိမ် လောကကြီးကို ကြည့်တယ်တဲ့။

ဒီကနေ့ ထုံးစံအတိုင်း မြတ်စွာဘုရား အရုဏ်တက်လို့ နံနက်မိုးသောက် အလင်းရောက်တဲ့အချိန်မှာ လောကကြီးကို သဗ္ဗညုတဉာဏ်ကွန်ယက် ဖြန့်ကျက်ပြီး ကြည့်တဲ့အခါမှာ ဉာဏ်တော်ထဲပေါ်လာသူက သားတော် ရာဟုလာပဲဖြစ်တယ်။ “ဪ၊ ရာဟုလာသန္တာန်မှာ “ဝိမုတ္တိပရိပါစနိယ” တရားတွေ ရင့်ကျက်ကုန်ပြီ၊ ခါတိုင်းဆိုရင် ရာဟုလာဟာ ခံယူနိုင်တဲ့ ဉာဏ်စွမ်းတွေ အားပျော့နေသေးတယ်၊ အလေးအနက်တရားတွေကို ခံယူနိုင်စွမ်းမရှိသေးဘူး၊ ဒီကနေ့တော့ သူ့ရဲ့ ဉာဏ်ရည်ဉာဏ်စွမ်းဟာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ထိ ပေါက်ရောက်အောင် စွမ်းဆောင်နိုင်ပြီ၊ အစွမ်းထက်လာပြီ”ဆိုတာကိုမြင်တယ်။

မြင်သည့်အတွက်ကြောင့် “ဒီကနေ့ ရာဟုလာကို “အာသဝက္ခယ” လို့ခေါ်တဲ့ အာသဝေါကုန်စေတတ်တဲ့ အရဟတ္တ

စာမျက်နှာ-၁၀၄
မဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်ထိအောင် ငါဘုရား ဆုံးမဩဝါဒ Meditation Instruction ပေးမယ်။ ကမ္မဋ္ဌာန်းဆရာက ကမ္မဋ္ဌာန်းအားထုတ်နည်းကို သင်ပေးသလိုပဲ မြတ်စွာဘုရားက ရာဟုလာကို ကမ္မဋ္ဌာန်းပေးမယ်။

ယခင်တုန်းကလည်း ရာဟုလာကို ကမ္မဋ္ဌာန်းဟောပေးတယ်၊ အခု ဒီကနေ့ကျတော့ ထူးထူးခြားခြား မြတ်စွာဘုရားကိုယ်တိုင်က “ရာဟုလာ၊ ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်နေတာ ဒီကနေ့ဖြင့် သူဟာ ရင့်သန်လာပြီ၊ ဝိမုတ္တိပရိပါစနိယ - အရဟတ္တဖိုလ်ကို ရင့်ကျက်စေတတ်တဲ့ သဘာဝတရားတွေ သူ့သန္တာန်မှာ ရင့်ကျက်လာပြီ”
ဝိမုတ္တိပရိပါစနိယတရား (၁၅) ပါး
အဲ့ဒီတော့ ဒီနေရာမှာ ဝိမုတ္တိပရိပါစနိယ - အရဟတ္တဖိုလ်ကို ပေါက်ရောက်စေနိုင်တဲ့၊ ရင့်ကျက်စေတတ်တဲ့တရားဟာ ဘယ်နှစ်မျိုးရှိသလဲလို့ဆိုရင် (၁၅) မျိုးရှိတယ်တဲ့။ စာပေကျမ်းဂန်မှာ ဒီလို (၁၅) မျိုးကို ပြသထားတယ်။ အဲဒီ (၁၅) မျိုးက အသီးသီးသော ပုဂ္ဂိုလ်တို့သန္တာန်မှာရှိတယ်၊ မရှိသေးရင် ရှိအောင်လုပ်ရမယ်၊ ရှိပြီးလို့ရှိရင် ရင့်လာအောင် ကြိုးစားရမယ်၊ ဒီလိုဆိုလိုတာနော်။ တခြားက ရောက်လာတာမဟုတ်ဘူး၊ ဘုန်းကြီးတို့တတွေရဲ့

စာမျက်နှာ-၁၀၅
သန္တာန်မှာရှိတဲ့ သဘာဝတရားတွေကို ရင့်ကျက်လာအောင် လုပ်ရမယ်တဲ့။

အဲဒါနဲ့ပတ်သက်ပြီး အဋ္ဌကထာက ရှင်းပြထားတယ်။ ဝိမုတ္တိပရိပါစနိယမှာ စိတ်ကလေးဟာ ကိလေသာအာသဝတွေမှ သို့မဟုတ် အညစ်အကြေးတွေကမှ လွတ်မြောက်သွားတာကို ဝိမုတ္တိ လို့ခေါ်တယ်။ အဲဒီလို လုံးဝလွတ်မြောက်သွားဖို့အတွက် ရင့်ကျက်စေတတ်တဲ့ အရည်အချင်း (၁၅) မျိုးရှိတယ်။ အဲဒီ (၁၅) မျိုးက ဘာတွေလဲဆိုတော့ အဋ္ဌကထာမှာ (၁၅) မျိုးကို (၂) မျိုးခွဲပြီး ပြထားတယ်၊ ဘာဖြစ်လို့ (၂) မျိုးခွဲပြထားသလဲဆိုရင် ပုဂ္ဂိုလ်ချင်းမတူလို့ ဖြစ်နိုင်တယ်။ တစ်ဦးနဲ့တစ်ဦး မတူညီမှုလေးတွေရှိတယ်ပေါ့၊ အဲတော့ (၁၅) မျိုးကို မှတ်ကြရအောင်။

ဣနြေ္ဒငါးပါးဆိုတာကို အရင်သိအောင်လုပ်ရမယ်။ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ (သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ)။

(၁) သဒ္ဓါဆိုတာ ယုံကြည်မှု။ ယုံကြည်တယ် ဆုံးဖြတ်တယ်။ ဘာကိုယုံကြည်တာတုန်းဆိုရင် အခြေခံ ကံ၊ ကံ၏အကျိုးကို ယုံကြည်တယ်။ အဆင့်မြင့်လာတဲ့အခါ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတာကို ဆုံးဖြတ်နိုင်လာတယ်၊ သဘာဝတရားတွေဟာ မမြဲဘူး

စာမျက်နှာ-၁၀၆
ဆိုတာ ဆုံးဖြတ်နိုင်စွမ်းရှိလာတယ်၊ ဆုံးဖြတ်ချက်ချနိုင်တာလည်း သဒ္ဓါလို့ခေါ်တယ်။ ဆိုပါစို့၊ တရားထိုင်ဖူးတဲ့ပုဂ္ဂိုလ်တွေ၊ ဝိပဿနာကျင့်စဉ်ကို ကျင့်ဖူးတဲ့ပုဂ္ဂိုလ်တွေ သိလိမ့်မယ်။ မိမိသန္တာန်မှာဖြစ်လာတဲ့ ရုပ်ပဲဖြစ်ဖြစ်၊ နာမ်ပဲဖြစ်ဖြစ် ဖြစ်ပြီးရင် ပျက်သွားတယ်ဆိုတာ ကိုယ်ပိုင်အသိဉာဏ်နဲ့ သိတဲ့အခါ စိတ်ထဲမှာ ဆုံးဖြတ်ချက်ချနိုင်တယ်၊ အဲဒါကို သဒ္ဓါလို့ခေါ်တယ်။ ကံ၊ ကံ၏အကျိုးကို ယုံကြည်တယ်။ ရတနာသုံးပါးဂုဏ်ကို ယုံကြည်တယ်ဆိုတာ အခြေခံအားဖြင့် ပြောတာနော်၊ အေး အဲဒီ သဒ္ဓါဆိုတာ ဣနြေ္ဒတစ်ခုလို့ မှတ်ရအောင်။

(၂) နောက်တစ်ခုက ဝီရိယ၊ ဝီရိယဆိုတာ ကိုယ်သန္တာန်မှာ အကုသိုလ်တွေမဖြစ်အောင် ကြိုးစားတွန်းလှန်တာ ဝီရိယပဲ၊ ကုသိုလ်တရားတွေဖြစ်အောင် ကြိုးစားအားထုတ်တာ ဝီရိယပဲ။ တခြားဟာတွေလုပ်တာကို ဒီနေရာမှာမဆိုလိုဘူး၊ မဂ်ဖိုလ်နိဗ္ဗာန်ရရေးအတွက် အကုသိုလ်တွေကို တွန်းလှန်ဖို့ ကြိုးစားရမယ်၊ ကုသိုလ်တွေပြည့်ဝဖို့ ကြိုးစားရမယ်၊ ဒီကြိုးစားမှုနှစ်ခုလို့ ဆိုလိုတာပေါ့နော်။

(၃) နောက် သတိဆိုတာ ဘာလဲလို့ဆိုရင် သတိဆိုတာ မဟာသတိပဋ္ဌာနသုတ်မှာလာတဲ့အတိုင်း ကိုယ်အမူအရာကစပြီးတော့ ကာယဆိုတဲ့ ခန္ဓာကိုယ်ပေါ်မှာ သတိအမြဲမပြတ်

စာမျက်နှာ-၁၀၇
ရှိတယ်၊ ဝေဒနာဆိုတဲ့ ခံစားချက်ပေါ်မှာ သတိအမြဲမပြတ်ရှိတယ်။ စိတ္တဆိုတဲ့ အသိစိတ်ပေါ်မှာလည်းပဲ သတိရှိတယ်၊ ကျန်တဲ့ ဓမ္မအာရုံတွေပေါ်မှာလည်း သတိရှိတယ်။ ဟော သတိပဋ္ဌာန်အာရုံလေးမျိုးအပေါ်မှာ အသိဟာ ကောင်းစွာတည်ရှိနေတာကို ဒီနေရာမှာ သတိန္ဒြေလို့ ဒီလိုပြောတာနော်၊ တခြားသတိကို ပြောတာမဟုတ်ဘူး။

(၄) နောက်တစ်ခု သမာဓိဆိုတာ ကာမဂုဏ်အာရုံတွေနဲ့ ကိလေသာစိတ်တွေကို တွန်းလှန်ထားတဲ့၊ အကုသိုလ်စိတ်တွေကို တွန်းလှန်ဖယ်ရှားပြီး ကျေနပ်နှစ်သက်မှု ချမ်းသာမှုတွေနဲ့ ပြည့်ဝတဲ့ ဈာန်သမာဓိ အပ္ပနာသမာဓိကို ဆိုလိုတယ်တဲ့။ ပထမဈာန်ရတယ်၊ ဒုတိယဈာန်ရတယ်၊ တတိယဈာန်ရတယ်၊ သမထကျင့်စဉ်တစ်ခုကို ကျင့်လို့ရလာတဲ့ သမာဓိစွမ်းအားဟာ အမြင့်ဆုံးပဲ။

အဲဒီအပ္ပနာသမာဓိကို မရသေးဘူးဆိုရင် ထွက်လေဝင်လေပဲဖြစ်ဖြစ် ရှုမှတ်ပွားများလာလို့ ကိုယ့်စိတ်လေးဟာ ငါးမိနစ်တည်ငြိမ်အောင် ထားနိုင်တယ်၊ နာရီဝက်တည်ငြိမ်

စာမျက်နှာ-၁၀၈
အောင်ထားနိုင်တယ်၊ တစ်နာရီတည်ငြိမ်အောင် ထားလာနိုင်တယ်ဆိုတဲ့ ဈာန်နားအနီးကပ်သွားတဲ့ ဥပစာရသမာဓိရှိရမယ်။ အဲ့ဒီလိုမဟုတ်ဘူးဆိုလို့ရှိရင်လည်း ဖြစ်ခိုက်ပျက်ခိုက်တရားတွေပေါ်မှာ စဉ်ဆက်မပြတ်ဖြစ်တဲ့ ခဏိကသမာဓိဆိုတာမျိုး ရှိရမယ်လို့ ဆိုလိုတယ်။ အဲတော့ ခဏိကသမာဓိပဲဖြစ်ဖြစ် ဥပစာရသမာဓိပဲဖြစ်ဖြစ် အပ္ပနာသမာဓိပဲဖြစ်ဖြစ် စိတ်ကလေးအာရုံပေါ်မှာ ထင်လိုက်တာနဲ့တပြိုင်နက် ထိုစိတ်လေး အာရုံနဲ့ကွာမသွားအောင် ထားနိုင်တဲ့ စွမ်းရည်သတ္တိတစ်မျိုးကို သမာဓိလို့ခေါ်တာပဲ၊ အဲဒီသမာဓိကိုလည်း မှတ်သားထားရမယ်။

(၅) နောက်တစ်ခုက ဘာတုန်းဆိုလို့ရှိရင် ပညာ။ ဒီကနေ့ခေတ် သင်နေကြတဲ့ လောကီပညာတွေကို ပြောတာမဟုတ်ဘူး၊ ပညာဆိုတာ ကိုယ့်သန္တာန်မှာရှိတဲ့ ရုပ်တရား နာမ်တရားတွေဟာ ဘယ်လိုဖြစ်လာပြီး ဘယ်လိုချုပ်သွားကြတယ်၊ ဖြစ်လာတာကိုလည်းသိတယ် ချုပ်သွားတာလည်းသိတယ်၊ အဲဒီလိုသိနိုင်တဲ့ ပညာမျိုးကို ဆိုလိုတယ်တဲ့။

အဲဒီ ဣန္ဒြေငါးပါး။ ဣနြေ္ဒဆိုတာ အုပ်စိုးထားနိုင်မှုခေါ်တာ။ ဆုံးဖြတ်တဲ့နေရာမှာ သဒ္ဓါဟာ အုပ်စိုးနိုင်တယ်၊ သူ့ကိစ္စသူဆောင်ရွက်တဲ့နေရာမှာ၊ ဆိုင်ရာဆိုင်ရာ ကိစ္စလေးတွေမှာ သူတို့က ကြီးမှူးအုပ်စိုးထားနိုင်လို့ ဣန္ဒြိယလို့ ဒီလိုခေါ်တာ။ ဗမာစကားမှာလည်းပဲ ဣန္ဒြေဆိုတာသုံးတယ်။ ဣနြေ္ဒဆိုတဲ့စကားဟာ ရှုပ်ထွေးမှုတွေရှိတာပေါ့နော်၊ ဣန္ဒြေကောင်းတယ် ဣန္ဒြေမကောင်းဘူးဆိုတာ အဲဒါတစ်မျိုး။ အခုဒီမှာ ဣန္ဒြိယရဲ့အဓိပ္ပါယ်က အစိုးရခြင်းလို့ အဓိပ္ပါယ်ရတယ်။ အင်္ဂလိပ်လို ပြန်တဲ့အခါ Ruling Faculty လို့ပြန်တယ်၊ အုပ်စိုးထားနိုင်တယ်၊ ကိုယ့်ဆိုင်ရာကိစ္စတွေမှာ အုပ်ချုပ်ထားနိုင်တယ်၊ ဆိုပါစို့ သဒ္ဓါက

စာမျက်နှာ-၁၀၉
ဘယ်နေရာမှာ အုပ်ချုပ်ထားတုန်းဆိုရင် ယုံကြည်တဲ့နေရာ၊ ဆုံးဖြတ်တဲ့နေရာမှာ အုပ်ချုပ်ထားတယ်။

ဝီရိယက ဘယ်လိုအုပ်ချုပ်ထားတုန်းဆိုရင် စိတ်အားကိုမြှင့်တင်ပေးတဲ့နေရာမှာ အုပ်စိုးတယ်။ သတိက ဘယ်နေရာမှာ အုပ်စိုးသလဲဆိုရင် အမှတ်ရတဲ့ကိစ္စမျိုးမှာ အုပ်စိုးတယ်။ သမာဓိက ဘယ်လိုနေရာမှာ အုပ်စိုးတုန်းဆိုရင် တည်ငြိမ်အောင်လုပ်တဲ့နေရာမှာ အုပ်စိုးတယ်။ ပညာက ဘယ်လိုနေရာ အုပ်စိုးသလဲဆိုရင် ထိုးထွင်းသိမြင်တဲ့နေရာမှာ အုပ်စိုးတယ်။ ဟော ဆိုင်ရာဆိုင်ရာ ကိစ္စလေးတွေကို အုပ်ချုပ်ပြီးတော့နေတဲ့ သဘာဝတရားတွေဟာ ကိုယ့်ရဲ့စိတ်ထဲမှာ ရှိနေတယ်ပေါ့။ အဲဒီ ဣန္ဒြေငါးပါးတစ်ခုတစ်ခုကို သုံးမျိုးနဲ့မြှောက်လိုက်ရင် သုံးငါးလီဆိုရင် ဘယ်လောက်ဖြစ်သွားမလဲ (ဆယ့်ငါးပါဘုရား) အဲဒါ သုံးငါးလီဆယ့်ငါးကို ဝိမုတ္တိပရိပါစနိယ တရား (၁၅) ပါးလို့ခေါ်တယ်။
ဣန္ဒြေ(၅)ပါးကို သုံးနဲ့မြှောက်ပုံ
ကဲ ဒါဖြင့် သုံးနဲ့မြှောက်တယ်ဆိုတာ ဘယ်လိုမြှောက်မလဲဆိုရင် သဒ္ဓါဆိုတဲ့စွမ်းအားနဲ့ ပြည့်စုံဖို့အတွက် ဘာတွေလိုအပ်လဲဆိုလို့ရှိရင် (၁) သဒ္ဓါတရားကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေကို ရှောင်ရမယ်၊ ဒါတစ်ချက်၊ သဒ္ဓါတရားမရှိတဲ့လူနဲ့ပေါင်းရင် ကြာရင်ကိုယ်လည်း

စာမျက်နှာ-၁၁၀
သဒ္ဓါတရားမရှိတဲ့လူဖြစ်တယ်။ အဲဒါကြောင့်မို့လို့ သဒ္ဓါတရားမရှိတဲ့ပုဂ္ဂိုလ်ကိုရှောင်ခြင်း။ (၂) သဒ္ဓါတရားထက်သန်တဲ့ပုဂ္ဂိုလ်နဲ့ပေါင်းသင်းဆက်ဆံခြင်း။ (၃) သဒ္ဓါတရားဖြစ်ဖွယ်ရာ ကြည်ညိုဖွယ်ရာကောင်းတဲ့ သုတ္တန်တရားတွေကို နာယူမှတ်သား ရွတ်ဖတ်ခြင်း၊ အဲဒါ သဒ္ဓိန္ဒြေထက်ခြင်းရဲ့ အကြောင်းသုံးမျိုးပဲပေါ့။

သဒ္ဓါတရားမရှိတဲ့ပုဂ္ဂိုလ်ကို ပေါင်းသင်းရင် ကိုယ်လည်း သဒ္ဓါတရားမရှိသူ မဖြစ်ဘူးလို့ ထင်ကောင်းထင်လိမ်မယ်၊ မဟုတ်ဘူး၊ ဗမာစကားရှိတယ်မဟုတ်လား၊ “မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ”။ ဒီလိုသက်ရှိကို မပြောနဲ့ သက်မဲ့ဖြစ်တဲ့ဖက်ရွက်ကလေးတွေပဲကြည့်။ ငါးထုပ်လိုက်မယ်ဆိုရင် ငါးညှီနံ့စွဲသွားတာပဲ၊ စံပယ်ပန်းတို့ ဇွန်ပန်းတို့လုပ်လိုက်မယ်ဆိုလို့ရှိရင် အဲဒီဖက်ရွက်လေးက မွှေးမသွားဘူးလား (မွှေးသွားပါတယ် ဘုရား) မွှေးသွားတယ်၊ ကူးစက်မှုဆိုတာ အဲဒီလိုရှိတယ်၊ အဲဒီကူးစက်မှုရှိတာ သာမန်အားဖြင့် လူတွေမသိနိုင်ဘူး၊ အဲဒီလိုကူးစက်လာနိုင်တဲ့စွမ်းအားကို (၂၄) ပစ္စည်းမှာ ဥပနိဿယပစ္စယောလို့ မြတ်စွာဘုရားကဟောတာ။

အထင်မသေးလေနဲ့၊ သဒ္ဓါတရားမရှိတဲ့ပုဂ္ဂိုလ်နဲ့ ပေါင်းပါများလာလို့ရှိရင် ကိုယ်လည်း သဒ္ဓါတရားကင်းမဲ့လာတတ်တယ်တဲ့။ ဒါကြောင့်မို့လို့ သဒ္ဓါတရားမရှိတဲ့ပုဂ္ဂိုလ်ကိုရှောင်ရမယ်။ သဒ္ဓါတရားရှိတဲ့ပုဂ္ဂိုလ်တွေကို ပေါင်းသင်းဆက်ဆံခြင်းအားဖြင့်

စာမျက်နှာ-၁၁၁
ကိုယ်လည်း သဒ္ဓါတရားတွေတိုးတက်များပြားလာတယ်၊ မှန်တယ် ဒါလည်း ဥပနိဿယပစ္စယောပဲ။

စိတ်ထဲမှာ ကြည်နူးတယ်ဆိုတာ ကိုယ်ကြည်နူးတဲ့ မြတ်စွာဘုရားဟောထားတဲ့ ပရိတ်တရားပဲဖြစ်ဖြစ် သုတ္တန်တရားတစ်ခုခုပဲဖြစ်ဖြစ် ရွတ်ဖတ်မယ် နာယူမယ်ဆိုလို့ရှိရင်၊ ဆင်ခြင်သုံးသပ်မယ်ဆိုလို့ရှိရင် စိတ်ကလေးဟာ ကြည်နူးလာတယ်၊ အဲတော့ သဒ္ဓါတရားတိုးတက်ဖြစ်ပွားလာဖို့အတွက် ဒီအချက်သုံးချက်ရှိတယ်ပေါ့။ ဒါကိုပြောတာ သဒ္ဓိန္ဒြေကို သုံးနဲ့မြှောက်တော့ သုံးခုဖြစ်တာပေါ့။

ထို့အတူ ဝီရိယိန္ဒြေ၊ ဝီရိယနဲ့ပတ်သက်လာလို့ရှိရင်လည်း (၁) ပျင်းတဲ့လူကို ရှောင်ခြင်း၊ (၂) ကြိုးပမ်းအားထုတ်တဲ့လူနဲ့ ပေါင်းသင်းဆက်ဆံခြင်း၊ (၃) သမ္မပ္ပဓာန်တရားလေးပါး ကြိုးစားကျင့်ကြံခြင်း၊ ဟော သုံးမျိုး။

သတိနဲ့ပတ်သက်လာလို့ရှိရင်လည်း (၁) သတိလက်လွတ်ပြီး အပျော်အပါးနဲ့နေတဲ့ပုဂ္ဂိုလ်တွေကို ရှောင်ရမယ်၊ (၂) သတိကြီးစွာထားတတ်တဲ့ပုဂ္ဂိုလ်တွေနဲ့ ပေါင်းသင်းဆက်ဆံရမယ်။ ဒါဥပနိဿယပစ္စည်းကို ရယူတာပဲပေါ့၊ (၃) သတိပဋ္ဌာန်တရားလေးပါး ကျင့်ကြံကြိုးကုတ်အားထုတ်ရမယ်။ အဲဒါဆိုရင် သတိန္ဒြေဟာ ရင့်ကျက်လာနိုင်တယ်လို့ ဒီလိုပြောတယ်။

စာမျက်နှာ-၁၁၂
တစ်ခါ သမာဓိနဲ့ပတ်သက်လာလို့ရှိရင် လောကမှာ လူတွေဟာ သမာဓိမရှိတဲ့ပုဂ္ဂိုလ်ဆိုတာရှိတယ်။ (၁) အဲဒီတည်ငြိမ်မှုမရှိတဲ့ပုဂ္ဂိုလ်တွေကို ရှောင်ရမယ်၊ (၂) တည်ငြိမ်မှုရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ပေါင်းသင်းဆက်ဆံရမယ်၊ (၃) သမာဓိဖြစ်ကြောင်းဖြစ်တဲ့ တရားများကို ဆင်ခြင်နှလုံးသွင်းခြင်းဖြင့် သမာဓိတရား ကိုယ့်သန္တာန်မှာ ဖြစ်ပွားလာစေနိုင်တယ်။

နောက်ဆုံး ပညာနဲ့ပတ်သက်တဲ့အခါ (၁) ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကို ပေါင်းသင်းဆက်ဆံမှုမလုပ်ရဘူး။ (၂) ပညာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ပေါင်းသင်းရမယ်၊ (၃) ဘယ်အရာပဲဖြစ်ဖြစ် တရားဓမ္မနဲ့ပတ်သက်ပြီးတော့ အလေးအနက်စဉ်းစားဆင်ခြင်တတ်ရမယ်။ တရားနာတဲ့အခါမှာလည်း လေးနက်တဲ့တရားနာရတယ်။ လူတွေက လွယ်လွယ်လေးတွေ နာချင်တာပေါ့၊ ခက်ခက်ခဲခဲမနာလို့ရှိရင် အခက်ဆိုတာ မသိတော့ဘူး၊ အေး တရားနာရင် ဇာတ်လမ်းဇာတ်ကွက်လေးတွေလောက်နာရင် လွယ်တာပေါ့။ နာလို့လည်းလွယ်တယ်၊ ဂရုစိုက်ပြီးမှတ်စရာမရှိဘူး၊ ရယ်စရာပြောရင် ရယ်ကြတယ်။ တရားပွဲမှအပြန် အိမ်ပါလာတာဘာတုန်းဆို ဟာသလေးတွေပဲပါလာတယ်။

ပြောသံကြားဖူးတယ်၊ ဘာဖြစ်လို့ တရားပွဲသွားတာတုန်းဆိုတော့ အိမ်နေရတာပျင်းလို့ တရားပွဲသွားတာ၊ တရားပွဲက ရယ်ရတယ်လို့ပြောတယ်၊ သော်- ဒုက္ခပါပဲ၊ တရားနာတာပဲ

စာမျက်နှာ-၁၁၃
ရယ်ရလို့နာတယ်၊ အဲဒါဆိုလို့ရှိရင် ရယ်ရလို့နာလို့ရှိရင်တော့ လူရွှင်တော်တွေဆီသွားပေါ့၊ ပိုပြီးတော့ရယ်ရမှာပေါ့၊ တရားပွဲမှာ ရယ်ရလို့လာတယ်ဆိုတော့ မဟုတ်သေးဘူးပေါ့။

ဣန္ဒြေငါးပါးကို ဒီသုံးမျိုးစီနဲ့မြှောက်လိုက်တဲ့အခါ ဘယ်နှစ်ခုဖြစ်သွားတုန်း (၁၅-ခုပါဘုရား) ဟော ကိုယ့်သန္တာန်မှာ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုတာတွေကို ရင့်သန်လာအောင် လုပ်ဖို့ပါ၊ မြတ်စွာဘုရားက ကြည့်လိုက်တယ်။ ဒီအချက်အလက်တွေ ရာဟုလာရဲ့သန္တာန်မှာ ရင့်ကျက်နေပြီတဲ့။
၁၅-မျိုး နောက်တစ်နည်း
တစ်ခါ အဋ္ဌကထာမှာ ဖွင့်ပြတဲ့ နောက် (၁၅) မျိုးဆိုတာရှိသေးတယ်၊ ဘယ်လိုမှတ်ကြမလဲဆိုရင် နောက်ဆယ့်ငါးမျိုးမှာ ဣန္ဒြေငါးပါးက အတူတူပဲ။ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ (၅) ခုပဲယူမယ်။ ပြီးတော့ (၆) အနိစ္စသညာ - အမြဲတမ်း ဘယ်အရာပဲကြည့်လိုက်ကြည့်လိုက် မမြဲဘူးဆိုတဲ့ သိမှတ်မှုဟာ ရှေ့ကသွားနေတယ် အနိစ္စသညာ။

(၇) ဒုက္ခသညာ - ဘယ်အရာမှ သုခဆိုတာမရှိဘူးလို့ သိမှတ်မှုကရှေ့ကသွားတယ်၊ (၈) အနတ္တသညာ - ငါ့အလိုအတိုင်းမဖြစ်ဘူးဆိုတဲ့ သိမှတ်မှုကရှေ့ကသွားတယ်၊ (၉) ပဟာနသညာ - ဖယ်ရှားတယ်၊ တွယ်တာမှုတွေကို ဖယ်ရှားရမယ်ဆိုတဲ့ အမှတ်

စာမျက်နှာ-၁၁၄
သညာက ရှေ့ကသွားတယ်၊ (၁၀) ဝိရာဂသညာ - ကာမဂုဏ်အာရုံတွေကို ကင်းကွာလာအောင်လုပ်ရမယ်ဆိုတဲ့ အမှတ်သညာ၊ ဟော ပေါင်းလိုက်တဲ့အခါ ဒါက (၅) ခု၊ ခုနက ဣန္ဒြေ (၅) ပါးရယ် အခု (၅) မျိုးရယ် ပေါင်းတဲ့အခါ ဘယ်လောက်ဖြစ်သွားတုန်း (၁၀-ပါဘုရား)၊ (၁၀) ဖြစ်သွားတယ်။

အဲဒီ (၁၀) ထဲမှာ အသိဉာဏ်တွေရင့်ကျက်ဖို့အတွက် နောက်ထပ် (၅) ခုက ဘာလဲလို့ဆိုတော့ မေဃိယမထေရ်ကို မြတ်စွာဘုရားဟောတဲ့တရား (၅) မျိုးပဲ။ အဲ့ဒီတရား (၅) မျိုးကဘာလဲဆိုရင် (၁) မိတ်ကောင်းဆွေကောင်း၊ မိတ်ကောင်းဆွေကောင်းနဲ့ပေါင်းသင်းရမယ်၊ မိတ်ကောင်းဆွေကောင်းဆိုတာ စီးပွားရေးလုပ်ချင်ရင်တော့ စီးပွားရေးနဲ့ မိတ်ကောင်းဆွေကောင်း ပေါင်းရမှာပေါ့၊ ကိုယ်လုပ်ချင်တာကဘာလဲ၊ နိဗ္ဗာန်ကိုရချင်တယ်၊ တရားသိချင်တယ်ဆိုရင် တရားနဲ့ပတ်သတ်တဲ့ မိတ်ကောင်းဆွေကောင်းနဲ့ပဲ ပေါင်းရမှာပေါ့၊ မိတ်ကောင်းဆွေကောင်းကလည်း အမျိုးမျိုးရှိသေးတယ်ပေါ့။ မိတ်ကောင်းဆွေကောင်းဆိုတာ ဒီနေရာမှာ ဆရာကောင်းသမားကောင်းလို့ဆိုလိုတယ်၊ တရားဓမ္မကို မှန်မှန်ကန်ကန်ဟောပြနိုင်တဲ့ပုဂ္ဂိုလ် မိတ်ကောင်းဆွေကောင်းပဲနော်၊ မိတ်ကောင်းဆွေကောင်းရှိရမယ်တဲ့။

စာမျက်နှာ-၁၁၅
(၂) က ကြိုးစားအားထုတ်မှုရှိရမယ်၊ မိတ်ကောင်းဆွေကောင်းတော့ရှိပါရဲ့၊ ကြိုးစားအားထုတ်မှုမရှိဘူးဆိုလည်း မရဘူး၊ ကြိုးစားအားထုတ်မှုရှိရမယ်။

(၃) က ကထာဆယ်မျိုးကို ကြားနာရမယ်။ ကထာဆယ်မျိုးဆိုတာ အေး-ခြိုးခြိုးခြံခြံနေတာတို့၊ လောဘကိုနှိပ်ကွပ်တာတို့၊ ဒေါသကိုနှိပ်ကွပ်တာတို့ဆိုတဲ့ ဒီတရားစကားနဲ့ပတ်သက်တဲ့၊ အကျင့်တွေနဲ့ပတ်သက်တဲ့ တရားစကားမျိုးကို မကြာမကြာနာရမယ်၊ ကိလေသာအာသဝေါတွေ ခေါင်းပါးသွားစေတတ်တဲ့ တရားမျိုး၊ စကားမျိုးတွေကို နာကြားရမယ်။ (၄) က သတိရှိရမယ်တဲ့။ (၅) က ပညာရှိရမယ်တဲ့။ ယခင် (၁၀) ခုမှာ အခု (၅) ခုနဲ့ပေါင်းလိုက်တဲ့အခါ (၁၅) ခု၊ ဒါက နောက်တစ်မျိုးပြထားတာ၊ အဲတော့ ရှင်ရာဟုလာရဲ့သန္တာန်မှာ ဒီ (၁၅) မျိုးသော ဝိမုတ္တိပရိပါစနိယတရားတွေ ရင့်ကျက်လာပြီ။
ရာဟုလသံယုတ် အနှစ်ချုပ်
ဒီနေရာမှာ ရှင်ရာဟုလာကို မြတ်စွာဘုရားက အသေးစိတ်ရှင်းပြမယ့် တရားတွေက ဘာတွေလဲ။ ဘုန်းကြီးတို့တတွေ စဉ်းစားကြည့်၊ ကိုယ့်မှာရှိနေတာဘာတွေလဲ၊ မျက်စိရှိတယ်၊ နားရှိတယ်၊ နှာခေါင်းရှိတယ်၊ လျှာရှိတယ်၊ ကိုယ်ရှိတယ်၊ စိတ်ရှိတယ်။ အဓိက ဒါတွေရှိနေတယ်

စာမျက်နှာ-၁၁၆
နော်၊ မျက်စိရှိတော့ မျက်စိနဲ့မြင်စရာတွေမရှိဘူးလား (ရှိပါတယ် ဘုရား) ရှိလာတယ်၊ ဟော မျက်စိနဲ့မြင်စရာ၊ နားနဲ့ကြားစရာ၊ နှာခေါင်းကရှူစရာအနံ့၊ လျှာကအရသာခံစရာအရသာ၊ ခန္ဓာကိုယ်ကထိတွေ့စရာအထိအတွေ့၊ စိတ်ကစိတ်ကူးကြံစည်စရာအာရုံလို့၊ လူတိုင်းလူတိုင်းမှာ ရှိနေတာတွေပဲ။

ကဲ ကောင်းပြီ၊ မျက်စိကမြင်စရာကို မြင်လိုက်ပါပြီတဲ့၊ မြင်ပြီးသိတဲ့စိတ်ကလေးမလာဘူးလား (လာပါတယ် ဘုရား) လာတယ်နော်။ တစ်ခုစီမှတ်သွားဖို့။ မျက်စိရယ် အဆင်းအာရုံရယ် နှစ်ခုဆုံလိုက်တဲ့အခါ မြင်သိစိတ်ဖြစ်တယ်၊ ဟော သုံးခုဖြစ်သွားပြီနော်၊ မြင်သိစိတ်ဖြစ်လာပြီးလို့ရှိရင် အာရုံနဲ့စိတ်နဲ့ဆက်သွယ်ပေးမှုဆိုတဲ့ ဖဿဖြစ်လာတယ်၊ ဖဿဖြစ်လာတာနဲ့ ခံစားမှုဆိုတဲ့ ဝေဒနာလာတယ်၊ အဲဒီဝေဒနာနဲ့အတူ ဘာတွေပါလာလဲဆိုလို့ရှိရင် သညာပါတယ်၊ သင်္ခါရပါတယ်၊ ဝိညာဉ်ပါတယ်။

ပဋိစ္စသမုပ္ပါဒ်မှာကတော့ ဒါတွေကိုမြှုပ်ပြီးတော့ “သဠာယတနပစ္စယာ ဖေဿာ” လို့ အာယတနခြောက်ပါးကနေ ဖဿဖြစ်ပုံကိုဟောထားတာ၊ ဘုန်းကြီးတို့တတွေမှာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ အင်္ဂါရပ်တွေပါသည့်အတွက် အာရုံနဲ့ဆက်သွယ်မှုဆိုတဲ့ ဖဿပေါ်ရတယ်လို့ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်မှာ ဟောလိုက်တယ်။

စာမျက်နှာ-၁၁၇
အခု ဒီ ရာဟုလသုတ်မှာတော့ ကြားထဲကမြှုပ်ထားတာလေးနှစ်ခုဟာ ဖော်လိုက်တယ်၊ မျက်စိရယ် အဆင်းအာရုံရယ် ဆုံတယ်၊ ဆုံတဲ့အခါ မြင်သိစိတ်ပေါ်တယ်။ မြင်သိစိတ်ပေါ်လိုက်တော့မှ “ဖဿ” ဖြစ်တယ်လို့ ဒီလိုဟောတာ၊ “ဖဿ” ဖြစ်ပြီးရင် ဘာလာတုန်းဆိုတော့ ပဋိစ္စသမုပ္ပါဒ်မှာကြည့်လိုက်ရင် “ဖဿပစ္စယာ ဝေဒနာ” တဲ့၊ ခံစားမှုလာတယ်၊ အတွေ့အကြုံတစ်ခုရတယ်။ တစ်ခါ ဝေဒနာပြီးရင် ဘာလာတုန်းဆိုရင် “ဝေဒနာပစ္စယာ တဏှာ” ဆိုတာလာတာပေါ့။ ဟော အဲဒီထိအောင် တရားရှုတဲ့အခါမှာ ရှုကွက်လေးတွေ၊ ဒါ မျက်စိနဲ့ပတ်သက်ပြီး ဘုန်းကြီးတို့တတွေရဲ့ သန္တာန်မှာဖြစ်နိုင်တဲ့ အရာလေးတွေကို အကုန်ထုတ်ပြီးပြောတယ်။

အဲဒီ သဠာယတနဝဂ္ဂနဲ့ ခန္ဓဝဂ္ဂ ပါဠိတော်မှာ ရာဟုလသံယုတ် ဆိုပြီးတော့ သုတ်ပေါင်း (၂၂) သုတ်ရှိတယ်။ အဲဒီ (၂၂) သုတ်မှာ ဘာတွေကို အသေးစိတ်ဟောထားတုန်းဆိုလို့ရှိရင် အခုပြောခဲ့တဲ့ မျက်စိရယ်၊ မျက်စိကမြင်ရတဲ့ အဆင်းအာရုံရယ်၊ မြင်မှုကိုအကြောင်းပြုပြီးတော့ ပေါ်လာတဲ့ မြင်သိစိတ်လေးရယ်၊ ဒီသုံးခုပေါင်းဆုံမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဖဿရယ်၊ ဖဿကြောင့်ဖြစ်ပေါ်လာတဲ့ ဝေဒနာဆိုတဲ့ ခံစားမှုရယ်၊ ဝေဒနာကြောင့်ဖြစ်ပေါ်လာတဲ့ တဏှာရယ်၊ စေ့ဆော်မှုဖြစ်တဲ့စေတနာရယ်၊ မှတ်သားမှုသညာရယ်၊ ဟော ဒါတွေကိုထည့်ပြီးတော့

စာမျက်နှာ-၁၁၈
မြတ်စွာဘုရားက ဟောပေးတယ်၊ ရာဟုလာကို အသေးစိတ် ဟောတာ ပဋိစ္စသမုပ္ပါဒ်ထက်လည်း ကျယ်တယ်ပေါ့၊ ဖဿပစ္စယာ ဝေဒနာ ပြီးတော့ ဘာတုန်းဆိုရင် သညာ စေတနာ ပြီးတော့မှ ဝေဒနာပစ္စယာ တဏှာ ဆိုပြီးတော့ အဲ့ဒီလိုဟောထားတာ။

ဒါ့အပြင် မြတ်စွာဘုရားက ဘာတွေဟောသေးလဲ ဆိုလို့ရှိရင် ဆယ့်ရှစ်နှစ်သား အရွယ်တုန်းက အလေးအနက်ထားပြီး ဟောထားတဲ့ ဓာတ်ကြီးလေးပါး။ အခု ဒီ ရာဟုလသံယုတ်မှာတော့ ဓာတ်ခြောက်ပါး မြတ်စွာဘုရားက ဟောထားတယ်၊ ဒီ ပထဝီ ဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသ ဓာတ် ဝိညာဏဓာတ် လို့ဆိုပြီး ဓာတ်ခြောက်ပါး။ ပြီးတော့ ခန္ဓာငါးပါး- ရူပက္ခန္ဓာ, ဝေဒနက္ခန္ဓာ, သညက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ လို့ ခန္ဓာငါးပါး အသေးစိတ်ဟောတယ်။
ရှုမှတ်ဖွယ်တရားများ
အဲတော့ ဒီကနေ့ စူဠာရာဟုလောဝါဒသုတ်မှာ ရှုမှတ်ရမယ့် သဘာဝတရားတွေကို မြတ်စွာဘုရားက ရှင်ရာဟုလာကို ဟောပြတဲ့အခါမှာ မျက်စိရယ် အဆင်းအာရုံရယ် ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မြင်သိစိတ်ရယ်, မြင်သိစိတ်နဲ့အာရုံနဲ့ ဆက်သွယ် ပေးတဲ့ ဖဿရယ်, ဆက်သွယ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ဝေဒနာ ရယ်, ဝေဒနာနဲ့ အတူတကွ ပါလာတဲ့ သညာရယ်, သင်္ခါရရယ်,

စာမျက်နှာ-၁၁၉
ဝိညာဏ်ရယ်ဆိုပြီးတော့ ဟော ဒီသဘာဝတရားတွေကို ဘုန်းကြီး တို့တတွေ ကိုယ့်သန္တာန်မှာတွေ့အောင်ရှာရမယ်။ ဒါက မျက်စိနဲ့ ပတ်သက်တာ၊ နားနဲ့ပတ်သက်ရင်လည်း အဲဒီအတိုင်းပဲ မှတ်ရမယ်။ နားရယ်, အသံရယ်, နားနဲ့အသံ ဆုံစည်းခြင်းကြောင့် ကြားသိတဲ့စိတ်ရယ်, ကြားသိတဲ့စိတ်ကြောင့် အာရုံနဲ့စိတ်နဲ့ ဆက်သွယ်သွားတဲ့ ဖဿရယ် ဖဿက ဆက်သွယ် ပေးလို့ ခံစားရတဲ့ဝေဒနာရယ်, ဝေဒနာပြီးတဲ့အခါမှာ သညာရယ်, သင်္ခါရဆိုတဲ့ စေ့ဆော်အားထုတ်မှုရယ်, ဝိညာဏလို့ဆိုတဲ့ အသိစိတ်ရယ်၊ ဒါ နားနဲ့ပတ်သက်ပြီး ရှာတွေ့နိုင်တဲ့ သဘာဝ တရားလေးတွေကို ဒီနေရာမှာ ရှုကွက်အနေနဲ့ဟောတာ။

ကဲ နှာခေါင်းက အနံ့ရပြီဆိုလို့ရှိရင် စဉ်းစားပြီးတော့ကြည့် နှာခေါင်းရှိတယ် (စာလိုပြောရင်တော့ ဃာနပသာဒ ပေါ့နော်) ပြီးတော့ ဘာရှိလဲ အနံ့ရှိတယ်၊ နှာခေါင်းနဲ့အနံ့ ဆုံတဲ့အခါမှာ အနံ့ကိုသိတဲ့စိတ် ပေါ်လာတယ်၊ အနံ့ကိုသိတဲ့စိတ် ပေါ်လာလို့ရှိရင် အာရုံနဲ့စိတ်နဲ့ ဆက်သွယ်မှုဆိုတာ ဖဿ ပေါ်လာတယ်၊ ဖဿဆိုတာ အာရုံနဲ့စိတ်နဲ့ ဆက်သွယ်ပေးနေတာ၊ ပေါ်လာတဲ့အခါ ခံစားမှုဆိုတဲ့ ဝေဒနာ၊ ခံစားတယ်ဆိုတာ ကောင်းတဲ့အနံ့ ကျတော့ စိတ်လေးက ပျော်သွားတယ်၊ မကောင်းတဲ့အနံ့ကျတော့ စိတ်ကမပျော်ဘူး။ အဲဒါလေးတွေက စိတ်ရဲ့ အခြေအနေလေးတွေပဲ၊ ခံစားမှုလေးတွေကိုပြောတာနော်။ အေး အနံ့ အာရုံပေါ်

စာမျက်နှာ-၁၂၀
မှာ သုခဖြစ်တယ်၊ ဒုက္ခဖြစ်တယ်ပေါ့၊ နောက်ပြီးတော့ အဲဒီအနံ့ ကိုလည်း စိတ်ကမမှတ်သားလိုက်ဘူးလား၊ မှတ်သားလိုက်တာပဲ။ ဒါက ဘာအနံ့ပဲ ကောင်းတဲ့အနံ့ပဲ မကောင်းတဲ့ အနံ့ပဲနဲ့ မှတ်လိုက် တာပဲ၊ မှတ်သားမှုသညာ။

အဲဒီ အနံ့ပေါ်မှာ လှုံ့ဆော်မှုဆိုတဲ့ သင်္ခါရ ဖြစ်လာတယ်၊ နောက်ပြီးတော့ သိမှုဆိုတဲ့ ဝိညာဏလည်း ဖြစ်ပေါ်လာတယ်။ အဲဒီ သဘာဝတရားတွေဟာ ရှင်ရာဟုလာကို မြတ်စွာဘုရားက ရှင်းပြမယ့် သဘာဝတရားတွေပဲ။

မျက်စိနဲ့ပတ်သက်လာလိုရှိရင် ခုနက မျက်စိရယ်, အဆင်း အာရုံရယ်, မြင်သိစိတ်ရယ်, ဖဿရယ်, ဝေဒနာရယ်, သညာရယ်, သင်္ခါရရယ်, ဝိညာဏရယ်, ရှစ်ခု၊ နားနဲ့ပတ်သက်လာရင်လည်း ရှစ်ခု၊ နှာခေါင်းနဲ့ ပတ်သက်လာရင်လည်း ရှစ်ခု၊ လျှာနဲ့ ပတ်သက် လာလို့ရင်လည်း ရှစ်ခု၊ ခန္ဓာကိုယ်နဲ့ ပတ်သက်လာလို့ရှိရင်လည်း ရှစ်ခု၊ စိတ်နဲ့ပတ်သက်လာလို့ရှိရင်လည်း ရှစ်ခု၊ အဲဒီ ရှစ်ခုသော တရားတွေကို ဝိပဿနာရှုရမယ်တဲ့။ အဲဒါကို မြတ်စွာဘုရားက စူဠရာဟုလောဝါဒသုတ္တန် မှာ ဟောတာ၊ ရှင်ရာဟုလာဟာ အဲဒီ သုတ္တန်ကို နာပြီးတော့ ရဟန္တာဖြစ်တယ်။ ဒါက ရှင်းလင်းပြီးတော့ ဟောတဲ့အခါမှာ ခံယူနိုင်အောင်၊ ကိုယ့်သန္တာန်မှာ ဒီတရားတွေတွေ့အောင် ရှာတတ်ဖို့အတွက် ကြိုတင်ပြီးတော့ ပြောလိုက်တာနော်၊ အဲဒီလိုကြိုတင်ပြီးတော့

စာမျက်နှာ-၁၂၁
သိထားရမယ့်ဟာ မျက်စိက အဆင်းအာရုံကို မြင်လိုက်ပြီလို့ ဆိုလိုက်တာနဲ့တပြိုင်နက် ရူပါရုံရဲ့ ထင်ဟပ်မှုကို ခံယူနိုင်တဲ့ သဘာဝတရားဟာ မျက်စိဖြစ်တယ်၊ အဆင်းအာရုံဟာလည်း မျက်စိပေါ် မှာ လာရောက်ပြီးတော့ ထိခိုက်တတ်တဲ့၊ တိုက်ခိုက် နိုင်တဲ့ သဘာဝစွမ်းအား သူ့မှာရှိတယ်၊ အဲဒီ သဘာဝ အမှတ် အသား လက္ခဏာတွေကို သိရမယ်၊ ဝိပဿနာရှုပြီဆိုရင် တရား ကိုမြင်အောင် သဘာဝလက္ခဏာ ကစပြီးတော့ ရှုရမယ်။
ဝိပဿနာရှုနည်း
အဲဒီတော့ ဝိပဿနာရှုနည်းနဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်း လင်းလင်းလေး သိအောင် ရှင်းပြမယ်။ ဝိပဿနာ ရှုတော့မယ် ဆိုရင် ရှုစရာ အာရုံကို အရင်တွေ့အောင်ရှာရမယ်၊ အဲဒီလို ရှုစရာအာရုံကို ဘယ်ရှုထောင့်က ရှာရမလဲဆိုရင် သဘာဝ လက္ခဏာ ရှုထောင့်က ရှာရမယ်၊ သဘာဝလက္ခဏာဆိုတာ ဆိုင်ရာဆိုင်ရာ တရားဓမ္မတွေမှာ ကိုယ်ပိုင် အမှတ်အသား ကလေးတွေရှိတယ်။

လူတွေမှာလည်းပဲ ကြည့်လေ၊ လူတစ်ယောက် ကြည့်ပြီ ဆိုလို့ရှိရင် ကိုယ်မှတ်ထားတဲ့ အမှတ်အသားလေးတွေရှိတယ်။ ဆိုပါစို့-ဆံပင်က ဘယ်လိုပုံစံ၊ အဝတ်က ဘယ်လိုပုံစံ၊ အရပ်က ဘယ်လိုပုံစံ၊ သွားတာလာတာက ဘယ်လိုဆိုတာ မှတ်မထား

စာမျက်နှာ-၁၂၂
ဘူးလား၊ မှတ်ထားတဲ့အတိုင်းပဲသိရတာပဲလေ။ ဒါဘယ်သူဆိုတာ အမှတ်အသားကြည့်တာနဲ့ပဲ သိတယ်ပေါ့။ ပုံစံပြောင်းထားရင် အမှတ်တွေ လွဲကုန်တယ်။ အဲတော့ အဝေးကနေကြည့်လိုက်တာနဲ့ ဟိုဘယ်သူတော့ လာနေပြီဆိုရင် သိကြတာပဲ။

အဲဒီလိုပဲ သဘာဝတရားတွေမှာလည်းပဲ အမှတ်လက္ခဏာ လေးတွေရှိတယ်။ အဲဒီ အမှတ်လက္ခဏာလေးတွေဟာ ကိုယ်ပိုင် လက္ခဏာဖြစ်သည့်အတွက်ကြောင့် သဘာဝလက္ခဏာ၊ အင်္ဂလိပ် လို တော့ Individual Characteristics လို့ ခေါ်တယ်၊ တစ်ခုစီ တစ်ခုစီမှာ ကိုယ်ပိုင်အမှတ် အသားလေးတွေရှိတယ်။

ပထဝီဆိုလို့ရှိရင် ခက်မာတယ် ပျော့ပြောင်းတယ်ဆိုတဲ့ သဘာဝ, အာပေါဆိုတာ ယိုစီးတယ် စုစည်းတယ်ဆိုတဲ့သဘာဝ, တေဇောဆိုတာ ပူတယ်အေးတယ်ဆိုတဲ့သဘာဝ, ဝါယောဆိုတာ လှုပ်ရှားတယ် တွန်းကန်ပေးထားတယ် ဆိုတဲ့သဘာဝ, အဲဒီ သဘာဝလေးတွေကို သဘာဝလက္ခဏာ လို့ခေါ်တယ်။ ဝိပဿနာ ရှုတော့မယ်ဆိုရင် အဲဒီသဘာဝလက္ခဏာလေးတွေကိုကြည့်ပြီး တရားတွေ့အောင်လုပ်ရမယ်။

ဆိုပါစို့၊ တရားထိုင်နေပြီ၊ တရားထိုင်နေတဲ့အခါမှာ ကိုယ် ထိုင်တဲ့ထိုင်ခုံက မာမာကြမ်းကြမ်းကြီးကို သတိထားမိလို့ရှိရင် မာတဲ့သဘောကိုတွေ့တာပဲ၊ ပျော့ပျော့အိအိဆိုရင် ပျော့အိတဲ့ သဘောကိုတွေ့တာပဲ။ ဒါဘယ်သူ့ကိုတွေ့တာတုန်းလို့ဆိုရင်

စာမျက်နှာ-၁၂၃
ပထဝီကိုတွေ့တယ်လို့ပြောတယ်။ ဟော ခန္ဓာကိုယ်ထဲမှာ တစ် နေရာက ပူခနဲသွားတာတွေ့ချင်တွေ့မယ်၊ အေးခနဲသွားတာတွေ့ချင်တွေ့မယ်။ ဟောတွေ့မှုတွေက အမျိုးမျိုး၊ ချွေးတို့ ဘာတို့ ထွက်လို့ ယိုစီးကျလာတာတွေ့ချင်တွေ့မယ်၊ လေကြောင့်မို့လို့ လှုပ်ရှားတွန်းကန်တဲ့ သဘောလေးတွေတွေ့ချင်တွေ့မယ်၊ အဲဒါတွေကို သဘာဝလက္ခဏာလို့ခေါ်တယ်။ ဝိပဿနာရှုပြီဆိုရင် အဲဒီသဘာဝ လက္ခဏာကို ရှုရမယ်။

သဘာဝလက္ခဏာရှူပြီးမှ အများဆိုင်တဲ့ အမှတ်အသားကို တစ်ဆင့်တက်ပြီး ကြည့်နိုင်ရမယ်၊ မမြဲတဲ့သဘောတွေတွေ့မယ်။ မမြဲသည့်အတွက်ကြောင့် ကျေနပ်နှစ်သက်စရာ မကောင်းသော ဒုက္ခသဘောတွေ့မယ်၊ ဒုက္ခသဘောတွေ့သည်အတွက်ကြောင့် ကိုယ်ဘာမှ မတတ်နိုင်ဘူး၊ ကိုယ်ဆန္ဒအတိုင်း မဖြစ်ဘူးဆိုတဲ့ အနတ္တသဘောတွေတွေ့လိမ့်မယ်။ ဟော အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ဆိုတဲ့ ဒီသဘာဝတွေဟာ ဒုတိယအဆင့်အနေနဲ့ သာမည လက္ခဏာကို ရှုတယ်လို့ဆိုတာ၊ အဲဒီလို သာမညလက္ခဏာကို ရှုရင်းရှုရင်းကနေပြီးတော့ ဒီ ဝိပဿနာဉာဏ်ဟာ အမြင် ပြောင်းပြောင်း ပြောင်းပြောင်းပြီး တက်သွားလိမ့်မယ်။ ဘယ်လိုတက်သွားတာတုန်းဆိုတော့ အကျဉ်းချုပ်လေးကို ပြောရမယ်ဆိုလို့ရှိရင် ပထမ သဘာဝတရားကို ကိုယ်ပိုင် လက္ခဏာလေးတွေက စတွေ့တယ်၊ တရားရှာ ကိုယ်မှာတွေ့၊

စာမျက်နှာ-၁၂၄
တွေ့ပြီးတရားကို စူးစမ်းလေ့လာလိုက်တဲ့အခါ အဲဒီသဘာဝ တရားလေးတွေမှာ မမြဲတဲ့သဘောကို သတိထားမိလိမ့်မယ်၊ မမြဲတာတွေကို မြင်ရတာများတဲ့အခါကျတော့ ဟို - မမြဲမှုတွေက အမြဲဒုက္ခပေးနေပါလားဆိုတဲ့ ဒုက္ခသဘောကို မြင်လာ လိမ့်မယ်၊ အဲဒီလိုဒုက္ခပေးနေတာကို ငါဘာမှမတတ်နိုင်ပါလား လို့ဆိုတဲ့ အနတ္တသဘောလေးတွေ မြင်လာလိမ့်မယ်တဲ့။ အဲဒါက သာမညလက္ခဏာကို တက်သွားတယ်လို့ပြောတာ၊ သမ္မသန ဉာဏ်မှစပြီး ဝိပဿနာဆိုတာဖြစ်လာတာ။

ကောင်းပြီ၊ ဝိပဿနာဖြစ်လာလို့ရှိရင် အနိစ္စ, ဒုက္ခ, အနတ္တ ဆိုတာ ရှုပါများလာတဲ့အခါ ဘာဖြစ်တုန်း၊ ဖြစ်တာနဲ့ပျက်တာ, ဖြစ်ဆဲနဲ့ပျက်ဆဲကို မြင်လာတယ်၊ “ဥဒယဗ္ဗယ” လို့ ခေါ်တယ်။ အဲဒီလို မြင်ရာက အသိဉာဏ်တွေ သမာဓိစွမ်းအားတွေ သတိ စွမ်းအားတွေ တက်လာတဲ့အခါ ဘာဖြစ်တုန်းဆိုလို့ရှိရင် ဖြစ်တာ ကိုတောင်မှပဲ မမြင်တော့ဘူး၊ ပျက်တာတွေချည်းပဲ မြင်တယ်၊ ပိုသွက်လာတယ်ပေါ့။

နောက်ပိုင်း သိပ်မြန်လာတဲ့အခါကျတော့ ပျက်တာချည်းပဲ မြင်လာတယ် “ဘင်္ဂဉာဏ်”၊ အပျက်တွေချည်းမြင်လာတဲ့အခါမှာ ကြောက်စရာကောင်းလိုက်တာပါလားဆိုတဲ့ အမြင်တစ်ခု ဝင်လာတယ် “ဘယဉာဏ်”၊ ကြောက်စရာကောင်းလိုက်တဲ့ အရာကြီးဟာ တကယ်ကို အပြစ်အနာအဆာရှိတဲ့ သဘော

စာမျက်နှာ-၁၂၅
တရားကြီးပဲလို့ အပြစ်ကိုမြင်လာတယ်။ သင်္ခါရတရားတွေ အရင် တုန်းက အပြစ်မမြင်ဘူး ငါ့ဟာလို့မြင်တယ် ငါလို့မြင်တယ်၊ အခု ကျတော့ အပြစ်တွေမြင်လာပြီ။ ဒုက္ခပေးတတ်တဲ့သဘာဝတွေကို မြင်လာတယ်၊ မြင်လာတာက “အာဒီနဝဉာဏ်”၊ အဲလိုမြင်လာ ကတည်းက ငြီးငွေ့လာတယ် စိတ်ပျက်လာတယ် “နိစ္ဆိဒါဉာဏ်”၊ ငြီးငွေ့ စိတ်ပျက်လာတဲ့အခါ ဒါကြီးကို စွန့်လွှတ်ချင်လာတယ်၊ ဆက်ပြီး မရချင်တော့ဘူး၊ သင်္ခါရတရားတွေကို စွန့်လွှတ်ချင်တယ် (သင်္ခါရတရားတွေက လွတ်ချင်လာတယ်) “မုဉ္စိတုကမျတာဉာဏ်”၊ စွန့်လွှတ်ချင်လာတဲ့အခါမှာ ဘာလုပ်ရတုန်းဆိုရင် ဘယ်လိုလုပ် စွန့်လွှတ်မလဲဆိုတာ ပြန်လည်ဆင်ခြင်စဉ်းစားတာကို “ပဋိသင်္ခါ ဉာဏ်” လို့ခေါ်တယ်။

ဆင်ခြင် စဉ်းစားလိုက်တဲ့အခါ သင်္ခါရတရားတွေနဲ့ ပတ်သက်လာလို့ရှိရင် ချစ်ခြင်း မုန်းခြင်းဆိုတာ မရှိဘဲနဲ့ အသိဉာဏ် တည်ငြိမ်မှုတွေရလာတယ်၊ သင်္ခါရုပေက္ခာဉာဏ်။ ဝိပဿနာဉာဏ်ထဲမှာတော့ ဒါ အဆင့်မြင့်ဆုံး ဒီလိုတက်လာ တာပေါ့။ အဲဒီ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်သွားပြီဆိုမှ သင်္ခါရတွေကုန်ရာ၊ သင်္ခါရတွေချုပ်ရာ၊ ဒုက္ခတွေကုန်ရာ၊ ဒုက္ခတွေ ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကိုတွေ့မှာဖြစ်တယ်တဲ့။

နိဗ္ဗာန်ကိုတွေ့တာ ဘယ်သူကတွေ့တာတုန်း၊ မဂ်စိတ်ကတွေ့မှာပဲ။ မဂ်စိတ်ပြီးတာနဲ့တပြိုင်နက် သူက ထုတ်လွှတ်လိုက်တဲ့

စာမျက်နှာ-၁၂၆
အကျိုးဖိုလ်ဆိုတာ ရသွားမယ်။ ဒီကျမှ စိတ်ကလေးဟာ လွတ်မြောက်တဲ့ စိတ်ဆိုတာ ဖြစ်လာမယ်ပေါ့။

အဲဒါကို ရှင်ရာဟုလာကို မြတ်စွာဘုရားက အသေးစိတ် ဟောတာ၊ အသေးစိတ်ဟောတဲ့အခါမှာ တစ်ခုစီတစ်ခုစီ ရှင်းပြီး တော့ ပြောမှာမဟုတ်တော့ဘူး။ ရှင်ရာဟုလာက လေ့ကျင့်ပြီးသား ဖြစ်သည့်အတွက် အသိဉာဏ်နဲ့ တွေ့ပြီးသား ဖြစ်နေတယ်။ မြတ်စွာဘုရားက အနိစ္စသဘောတရားတွေ ရှင်းအောင်ပဲ ဟော တယ်၊ ရှင်းလိုက်တဲ့အခါ ဉာဏ်စဉ်တွေတက်သွားပြီး နောက်ဆုံး မှာ ကိလေသာအာသဝေါတွေကင်းတဲ့ အဆင့်ကို ရောက်သွား တယ်။ အဲတော့ “စူဠရာဟုလောဝါဒသုတ္တန်” စတင်ပုံက ဘယ်လိုတုန်းဆိုတာ ပြန်ပြောမယ်။
(စူဠ)ရာဟုလောဝါဒသုတ်
နံနက်မိုးသောက် အလင်းရောက်တဲ့အချိန်မှာ မြတ်စွာ ဘုရားက စကြဝဠာကို ကြည့်လိုက်တော့ ရှင်ရာဟုလာဟာ ဉာဏ်တော်ထဲမှာ ပေါ်လာတယ်။ ပေါ်လာတဲ့အခါ သိလိုက်ပြီ၊ ရာဟုလာရဲ့ သန္တာန်မှာ ဝိမုတ္တိပရိပါစနိယတရားတွေ ရင့်ကျက်လာပြီ၊ ဒါကြောင့်မို့ ဒီကနေ့ ရာဟုလာ အာသဝေါတွေ ကုန်ခမ်းတဲ့ အသိဉာဏ်တွေရောက်ရှိသွားအောင် ငါဟာ တရား ပြပြီး သွန်သင်ဆုံးမမှပဲလို့ မြတ်စွာဘုရားက ဆုံးဖြတ်တယ်။

စာမျက်နှာ-၁၂၇
အချိန်တန်တော့ ဆွမ်းခံကြွတယ်၊ ဆွမ်းခံကြွ ဆွမ်းဘုဉ်းပေးပြီးတဲ့ အခါ မြတ်စွာဘုရားက “ရာဟုလာ၊ နေရာထိုင်ယူပြီး ငါ့နောက် လိုက်ခဲ့” ဇေတဝန်ကျောင်းနဲ့ ဆက်စပ်ပြီးတော့နေတဲ့ အန္ဓဝန ဆိုတဲ့ တောကြီးထဲခေါ်သွားတယ်။

အဲဒီအချိန်မှာ အရှင်ရာဟုလာက ရဟန်းဖြစ်စ ဝါမရ သေးတဲ့ အချိန်ကလေးပေါ့၊ အသက်နှစ်ဆယ် အရွယ်ပဲ။ “ရာဟုလာ ငါ့နောက်လိုက်ခဲ့၊ ထိုင်စရာ နေရာထိုင်လေးယူပြီး ငါနဲ့လိုက်ခဲ့” လို့ ခေါ်သွားတယ်။ အဲဒီအချိန်မှာ ရာဟုလာနဲ့ ဆုတောင်းဘက်ဖြစ်တဲ့ ထောင်ပေါင်းများစွာသော နတ်ဗြဟ္မာ တွေက ကြိုတင်ပြီးသိနေကြတယ်၊ “ဒီကနေ့ မြတ်စွာဘုရားဟာ ရာဟုလာကို တရားထူးဟောလိမ့်မယ်၊ တို့လည်းနာကြမယ်” လို့ စောင့်စားနေကြတယ်။

အန္ဓဝနထဲ ရောက်တဲ့အခါ မြတ်စွာဘုရားက သစ်ပင် အောက်မှာထိုင်တယ်၊ ရာဟုလာက သင့်တော်တဲ့နေရာလေးမှာ ထိုင်တယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားက ရာဟုလာကို ကမ္မဌာန်းတရား စတင်ပြီးတော့ ဟောတာ၊ ရာဟုလာရဲ့ ထင်မြင် ယူဆချက် အသိဉာဏ် ဘယ်လောက်ရင့်ကျက်သလဲဆိုတာကို သိချင်လို့ ကိုယ်တွေ့တရားကို နှလုံးသွင်းဆင်ခြင်ဖို့အတွက် မြတ်စွာဘုရားကမေးတယ်။

စာမျက်နှာ-၁၂၈
“တံ ကိံ မညသိ ရာဟုလ- ငါပြောမယ့်စကား ဘယ်လို ယူဆသလဲ” ဘယ်လိုထင်သလဲ၊ ကြည့် - မျက်စိရှိတယ်၊ “အဲဒီ မျက်စိဟာ နိစ္စလား အနိစ္စလား၊ မြဲလား မမြဲဘူးလား၊ ဘယ်လို ထင်လဲ”

ဒီနေရာမှာ မမြဲဘူးဆိုတဲ့သဘောက ဘာကိုပြောတာလဲ၊ မမြဲတဲ့သဘောလေးကို ခပ်ကျဲကျဲလေး တွေးကြည့်ရအောင်။ ဘုန်းကြီးတို့တတွေမှာရှိတဲ့ မျက်စိလေးဟာ ဆိုပါစို့၊ ငယ်ငယ်တုန်းက မျက်စိလေးဟာ ကြည်နေသလို အခု အသက် လေးငါးခြောက်ဆယ်ရှိတဲ့အခါမှာ ကြည်သေးလား။ (မကြည် ပါဘူး ဘုရား) ပြောင်းလဲမှုတွေရှိနေတယ်၊ ဒါ မမြဲတဲ့သဘောကို ပြောတာ၊ ဒါက ကြမ်းကြမ်းတွေးကြည့်တာနော်၊ (ဆိုပါစို့) စိတ် (၁၇)ချက် ပြည့်တာနဲ့တပြိုင်နက် မျက်စိလေးတစ်ခုရဲ့ သက်တမ်း ဟာကုန်သွားတယ်၊ နောက်ထပ်ဖြစ်တာက အသစ်အသစ်တွေ ထပ်ပြီးဖြစ်တာ၊ ဒါကြောင့် ဘုန်းကြီးတို့တတွေက မျက်စိလည် နေကြတာ၊ ငါ့မျက်စိရှိနေတာပဲလို့ ဒီလိုထင်တာ။

အဲဒီထက်ထင်ရှားအောင် ဘာနဲ့ကြည့်ရမလဲ၊ မုံရွာကလူတွေ ဆိုတော့ ချင်းတွင်းမြစ်သွားကြည့်၊ မနေ့တုန်းက ကြည့်ရင်လည်း မြစ်ရေဟာ စီးနေတာပဲ၊ ဟိုလတုန်းကကြည့်လည်း စီးနေတာပဲ၊ ဟိုးဘိုးဘွားမိဘတွေလက်ထပ်ကတည်းကလဲ မြစ်ရေဟာ စီးနေ တာပဲ၊ ဒီနေ့သွားကြည့်လည်း စီးနေတာပဲ။

စာမျက်နှာ-၁၂၉
သို့သော် သေသေချာချာ စဉ်းစားကြည့်လိုက်ရင် ဟိုမနှစ်က ရေတွေ ဟုတ်ရဲ့လား (မဟုတ်ပါဘူးဘုရား)။ မဟုတ်ဘူးဆိုတာ သေချာတယ်၊ မနှစ်ကရေ အသာထား အခုတင်ပဲ မြစ်နားကို သွားပြီးတော့ ရေခွက်ကလေးတစ်ခွက်ခပ်လိုက်၊ ခပ်ပြီး နောက် ထပ် ခပ်လို့ရှိရင် အဲဒီရေရပါဦးမလား (မရတော့ပါဘူးဘုရား)။ မရတော့ဘူး၊ နောက်ထပ်ခပ်တာ နောက်ရေပဲ၊ ဒါတင်မဟုတ်ဘူး ခပ်တဲ့ လက်ကလည်း ပြောင်းသွားပြီ၊ ခုနလက် မဟုတ်တော့ဘူး။ ဘာတွေကျန်တုန်းဆို Copy ပဲ ကျန်တာ၊ အလားတူနေတာ ဖြစ်သည့်အတွက် လူတွေက ပျက်သွားတာကို မသိလိုက်ဘူးလေ၊ အဲဒါ ရှင်ရာဟုလာကို မြတ်စွာဘုရားကမေးတာ။

စက္ခုပသာဒ လို့ဆိုတဲ့ ဒီမျက်စိ အကြည်ရုပ်ကလေးဟာ သူ့ရဲ့သက်တမ်းဟာ (မှတ်လို့လွယ်အောင် ပြောမယ်ဆိုလို့ရှိရင်) စက္ကန့်လေး (၁၇)ချက်ပဲရှိတယ်တဲ့၊ (၁၇)စက္ကန့်ဆိုရင် ပျက်သွားပြီ၊ ဒါက နားလည်အောင်ပြောတာ၊ စိတ်(၁၇)ချက်ဆိုတာ တစ်စက္ကန့် ထက် များစွာတိုတယ်လို့ ဒီလိုမှတ်ရမယ်။

ဟောဒီ စက္ခုပသာဒ လေးဟာ (၁၇)စက္ကန့်တစ်ခါ အသစ်လဲ သွားတယ်၊ (၁၇)စက္ကန့်တစ်ခါ အသစ်လဲနေတယ်၊ နောက်ထပ် ဖြစ်နေတာတွေက အသစ်အသစ်တွေ၊ အရင်ဟာ မဟုတ်တော့ ဘူးလို့ ဒီလိုဆိုလိုတယ်နော်၊ အဲဒီလို အသေးစိတ်ဖြစ်ပြီး ပျက်နေ တာတွေကို မြင်အောင်ကြည့်ဖို့ လိုအပ်တယ်တဲ့။

စာမျက်နှာ-၁၃၀
အနိစ္စ ဆိုတာမမြဲဘူးလို့ပြောတယ်၊ မမြဲဘူးဆိုတာ ဘယ်လို ဟာလဲလို့ အနုပဒသုတ္တန်မှာ ရှင်းရှင်းလင်းလင်း ဟောထားတယ်၊ “အဟုတွာ သမ္ဘေန္တိ၊ ဟုတွာ ပဋိဝေန္တိ” တဲ့။ နဂိုကရှိနေတာ မဟုတ်ဘဲ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာ၊ ပေါ်လာပြီးတဲ့ နောက်မှာ လုံးဝပျောက်ကွယ်သွားတယ်။ ဒါကို အနိစ္စလို့ပြောတာ၊ ပျောက်ကွယ်သွားပြီး တစ်နေရာမှာ သွားစုနေတာမဟုတ်ဘူး။ ထင်ရှားအောင် ဘာနဲ့ ပြောမတုန်းဆိုလို့ရှိရင် ဖယောင်းတိုင် မီးလေးထွန်းရင် မီးတောက်လင်းလာတယ်၊ အဲဒီမီးတောက် လေးဟာ နဂိုကရှိနေတဲ့မီးတောက်မဟုတ်ဘူးနော်။ မီးစာရယ်, ဆီရယ်, မီးခြစ်ဗူးနဲ့ ခြစ်ပြီးတော့ ရှို့လိုက်လို့ တောက်လာတာ၊ ဟော အကြောင်းတွေကြောင့် ပေါ်လာတာနော်၊ သူ့ဘာသာသူ တောက်လာတဲ့ မီးမဟုတ်ဘူး၊ အကြောင်းတရားတွေကိုမှီပြီး မီးတောက်လေး ဖြစ်လာတယ်၊ အဲဒီဖြစ်လာတဲ့ မီးတောက် ကလေးကို ငြိမ်းလိုက်ပြီဆိုလို့ရှိရင် အဲဒီငြိမ်းသွားတဲ့ မီးတောက် ကလေးဟာ ဘယ်နေရာမှာ သွားနေလဲလို့မေးရင် ဘယ်လိုဖြေ မလဲ၊ ဘယ်နေရာမှ သွားနေတာမဟုတ်ပါဘူး၊ ငြိမ်းသွားတာပဲ၊ ဟုတ်ကဲ့လား။ အဲဒါကိုပြောတာ အနိစ္စဆိုတာ မရှိတဲ့နေရာက ဖြစ်ပေါ်လာပြီးတော့ မရှိတဲ့နေရာရောက်သွားတာတဲ့။ မမြဲဘူး ဆိုတဲ့သဘောက အဲဒါကို ပြောတာနော်၊ အကြောင်းတရား တိုက်ဆိုင်လို့ မရှိတဲ့နေရာက ဖြစ်လာတယ်၊ အဲဒါကို ပြောတာ

စာမျက်နှာ-၁၃၁
“အဟုတွာ” နဂိုကရှိနေတာ မဟုတ်ဘဲ “သမ္ဘေန္တိ” အကြောင်း တိုက်ဆိုင်လို့ ဖြစ်လာကြတယ်။ “ဟုတွာ” ဖြစ်ပေါ်လာပြီးတဲ့ နောက်မှာလည်းပဲ “ပဋိဝေန္တိ” ပျောက်ကွယ်သွားကြတယ်တဲ့၊ အဲဒါကို အနိစ္စလို့ပြောတာပဲ။

အဲဒီလို ဖြစ်မှုပျက်မှုဆိုတဲ့ ဒီသဘာဝတရားကြီးက အမြဲ မပြတ် နှိပ်စက်ခံနေရတဲ့အတွက် ဒုက္ခလို့ပြောတာ၊ အဲဒီလို အမြဲ မပြတ်နှိပ်စက်ပြီး အနှောင့်အယှက်ပေး ခံနေရတဲ့ ဒီသဘာဝ တရားကြီးဟာ ကိုယ့်အလိုအတိုင်း ဖြစ်ပါရဲ့လားလို့ စဉ်းစားလို့ ရှိရင် ဘာမှမဖြစ်ဘူးနော်။

အနတ္တလက္ခဏသုတ် မှာ ဟောထားတာရှိတယ်လေ။ “ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသိ” ရုပ်တရားပေါ်မှာ ငါ့စိတ်ကြိုက်ဖြစ်စေလို့ လုပ်လို့ရလား (မရပါဘူးဘုရား) မရဘူး။ သူ့ဟာသူပဲ သူ့အကြောင်းနဲ့သူ ဖြစ်လာပြီး ပျက်သွားတယ်၊ အဲဒါကြောင့်မို့ အနိစ္စမြင်ရင် ဒုက္ခမြင်မယ်, အနတ္တမြင်တယ်လို့ ပြောတာ။

အဲဒါကို မြတ်စွာဘုရားက ရှင်ရာဟုလာကို မေးတာ၊ အာရုံ စိုက်ပြီးတော့ကြည့် “တံ ကိံ မညသိ ရာဟုလ- ရာဟုလာ မင်း ဘယ်လိုထင်လဲတဲ့”၊ “စက္ခုပသာဒရုပ်ကလေးဟာ မြဲသလား မမြဲဘူးလား” “အနိစ္စံ ဘန္တေ = မမြဲပါဘူးဘုရား” တဲ့။

စာမျက်နှာ-၁၃၂
“အေး အဲဒီမမြဲတဲ့ စက္ခုပသာဒလေးကို သုခလို့ပြောမလား ဒုက္ခလို့ပြောမလား” ဆိုတော့ “ဒုက္ခလို့ပဲ ပြောရမှာပါ ဘုရား” တဲ့။

“ဒါဖြင့် မမြဲဘူး၊ ဒုက္ခလည်းဖြစ်တယ်၊ ထာဝရလည်း ပြောင်းလဲနေတဲ့ သဘာဝဖြစ်တဲ့အရာကို ငါ၊ ငါ့ရဲ့ဥစ္စာ၊ ငါပဲ၊ ငါ့ရဲ့အတ္တပဲလို့ရှုရင် သင့်ပါ့မလား” လို့ဆိုတော့ “မသင့်ပါဘူး ဘုရား” တဲ့။

ဟော ဝိပဿနာဉာဏ် ရင့်သန်အောင်လို့ မြတ်စွာဘုရားက တစ်ခုချင်း၊ တစ်ခုချင်း မေးပြီးတော့ ရှင်းပြပေးတာနော်၊ မျက်စိနဲ့ ပတ်သက်ပြီး ရှင်းပြတယ်၊ နားနဲ့ပတ်သက်ပြီး ရှင်းပြတယ်၊ နှာခေါင်းနဲ့ပတ်သက်ပြီး ရှင်းပြတယ်၊ စာလိုပြောရင်တော့ စက္ခုပသာဒ၊ သောတပသာဒ၊ ဃာနပသာဒ၊ ဇိဝှါပသာဒ၊ ကာယပသာဒ၊ ဒါလေးတွေနဲ့ရှင်းပြီးပြတယ်။

မျက်စိက အဆင်းအာရုံလေးကိုမြင်လိုက်တဲ့အခါမှာ စက္ခုပသာဒရဲ့အလုပ်ဟာ ထင်ရှားလာတယ်၊ အသံနဲ့ ကြုံတဲ့အခါမှာ သောတပသာဒရဲ့လုပ်ငန်းတွေ ထင်ရှားလာတယ်၊ အနံ့လေးနဲ့ ဆုံတဲ့အခါမှာ ဃာနပသာဒရဲ့ အလုပ်က ထင်ရှားလာတယ်၊ ထမင်းစားတဲ့အခါ လျှာရဲ့ အလုပ်က ထင်ရှားလာတယ်၊ တစ်စုံတစ်ခုက ကိုယ့်ကို လာထိတဲ့အခါမှာ ကာယပသာဒရဲ့အလုပ်က ထင်ရှားလာတယ်၊ စိတ်ကူးကြံစည်တဲ့အခါမှာ မနောရဲ့ အလုပ်က

စာမျက်နှာ-၁၃၃
ထင်ရှားလာတယ်။ ဒါတွေဟာ ဘုန်းကြီးတို့တတွေ နေ့စဉ် သိနေတဲ့ အရာတွေချည်းပဲ။

အဲဒီမှာ မြတ်စွာဘုရားက စက္ခုပသာဒနဲ့ ပတ်သက်ပြီး မေးတယ်၊ မျက်စိက မြင်ရတဲ့အဆင်းနဲ့ ပတ်သက်ပြီးမေးတယ်၊ ဒီအဆင်းလေးကရောမြဲလား၊ ဒီနေရာမှာ ဘုန်းကြီးတို့တတွေ ဘယ်လိုသိရမလဲလို့ဆိုရင် အပြင်ဘက်မှာရှိတဲ့ အဆင်းအာရုံ၊ ဆိုပါစို့- ပန်းကလေးတစ်ပွင့်ကို ကြည့်လိုက်မယ်၊ ပန်းကလေးတစ်ပွင့်ကို ကြည့်လိုက်တဲ့အခါ ပြင်ပမှာရှိတဲ့ပန်းက တခြားနော်၊ မျက်စိထဲမှာ လာထင်ဟပ်သွားတဲ့ ပန်းကတစ်ခြား၊ မျက်စိထဲမှာ လာထင်ဟပ်သွားတာကို ရူပါရုံလို့ခေါ်တယ်နော်၊ အဲဒီ ရူပါရုံလို့ ခေါ်တဲ့ ဒီမျက်စိ စက္ခုပသာဒမှာလာပြီး ထင်ဟပ်ပေါ်လွင်သွားတဲ့ အမြင်အာရုံဟာ ခုနကပြောတဲ့ စိတ်(၁၇)ချက်ခန့်ပဲ အသက်ရှည်တယ်၊ ဒီပြင်ပက ပန်းကလေးတွေ ပျက်သွားတာကို ပြောတာ မဟုတ်ဘူး၊ မျက်စိထဲမှာ လာပေါ်တာလေး ပျက်သွားတာ ပြောတာ။

အဲဒါထက် အသံကတော့ ပိုထင်ရှားတယ်၊ ကြည့် အသံတွေဟာ ကြားပြီး ချက်ချင်း ပျောက်သွားတာ မဟုတ်လား၊ ဘုန်းကြီးတို့ စပြီး တရားဟောတဲ့အသံတွေ တစ်ခုမှ မရှိဘူး၊ အခုပြောရင်း ပြောရင်းနဲ့ အသံတွေက ပျောက်ပျောက် ပျောက် ပျောက်သွားတာ၊ နောက်က အသံတွေ ဆက်ပေါ်နေတာ၊ အဲဒီ

စာမျက်နှာ-၁၃၄
အသံတွေဟာ ပျောက်ပျောက်သွားသလိုပဲ မျက်စိထဲ ပေါ်လာတဲ့ အဆင်းကလည်း ပျောက်သွားတာ၊ နောက်ထပ် ဆက်ကြည့်လို့ မြင်တာက နောက်အပြင် နောက် ရူပါရုံပဲ၊ ဟုတ်ကဲ့လား၊ အဲဒါကြောင့်မို့လို့ မျက်စိထဲမှာ ထင်ဟပ်လာတဲ့ ရူပါရုံလေးဟာလည်းပဲ (၁၇)စက္ကန့်ဆိုရင် ပျက်သွားပြီ၊ မရှိတော့ဘူး။

နားထဲမှာကြားလာတဲ့အသံလည်းမရှိတော့ဘူး။ နှာခေါင်းထဲမှာ ရလိုက်တဲ့ အနံ့လည်း မရှိတော့ဘူး၊ လျှာပေါ်မှာ သိလိုက်ရတဲ့ အရသာလည်း မရှိတော့ဘူး၊ ခန္ဓာကိုယ်မှာ ထိတွေ့လာတဲ့ ဖောဋ္ဌဗ္ဗဆိုတဲ့ အာရုံကလည်း မရှိတော့ဘူး၊ စိတ်ထဲမှာ ကြံတွေးယူရတဲ့ အာရုံတွေကလည်း ဒီလိုပဲ အချိန်တိုလေးအတွင်းမှာ ပျက်ပျက်ပြီးတော့ သွားတယ်။

မျက်စိနဲ့ အဆင်းအာရုံ ဆုံလိုက်တဲ့အခါမှာ ဘာပေါ်လာတုန်း၊ မြင်သိစိတ် ပေါ်လာတယ်။ နားနဲ့အသံနဲ့ ဆုံတဲ့အခါမှာ ကြားသိစိတ်ပေါ်တယ်၊ နှာခေါင်းနဲ့အနံ့ ဆုံတဲ့အခါမှာ နံသိစိတ် ပေါ်တယ်၊ လျှာနဲ့အရသာ ဆုံတဲ့အခါမှာ လျက်သိစိတ်ပေါ်တယ်၊ နောက်တစ်ခါ ခန္ဓာကိုယ်နဲ့ ထိတွေ့မှုအာရုံ ဆုံတဲ့အခါမှာ ထိသိစိတ် ပေါ်လာတယ်၊ စိတ်ကူးပြီးတော့ ကြည့်တဲ့အခါမှာ အသိစိတ် ပေါ်လာတယ်၊ ဒါလေးတွေက နဂိုကရှိနေတာမဟုတ်ဘူး။ ဘာနဲ့အလားတူတုန်းဆိုလို့ရှိရင် ဂက်(စ်)မီးခြစ်ဗူးလေးကို ကြည့်၊ ဂက်(စ်)မီးခြစ်ဗူးလေးမှာ အထဲမှာ ဂက်(စ်)ရှိတယ်၊

စာမျက်နှာ-၁၃၅
ဘီးလုံးလေးလည်း ရှိတယ်၊ လူတစ်ယောက်က ကောက်ကိုင်ပြီးတော့ အဲဒီ ဘီးလုံးလေးကို ဖိခြစ်လိုက်တဲ့အခါ မီးတောက်လေး ပေါ်မလာဘူးလား (ပေါ်လာပါတယ်ဘုရား)။ ဘီးလုံးနဲ့ကျောက်ခတ်လိုက်သလိုပဲ မျက်စိနဲ့ အဆင်းအာရုံက တိုက်လိုက်တာ၊ တိုက်လိုက်တာနဲ့တပြိုင်နက် မီးပွင့်သလိုပဲ မြင်သိစိတ်ပေါ်လာတယ်၊ အဲဒီ မြင်သိစိတ်ရော မြဲသလားဆိုတော့ မမြဲဘူးတဲ့၊ ဖြစ်ပြီးရင် ပျက်သွားတာပဲ။

မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ ဟောထားတာ ဘယ်လောက်မှတ်သားစရာကောင်းတုန်းဆိုရင် မျက်စိကလည်း မမြဲဘူးတဲ့၊ အဆင်းအာရုံကလည်း မမြဲဘူးတဲ့၊ ဒီမမြဲတဲ့ မျက်စိနဲ့ အဆင်းအာရုံ ဒီနှစ်ခုဆုံလို့ ဖြစ်ပေါ်လာတဲ့ ဒီမြင်သိစိတ်ဆိုတာ ဘယ်မှာမြဲပါ့မတုန်းတဲ့၊ ဒီလိုဆိုလိုတယ်။ “အနိစ္စ သမ္ဘူတံ ကုတော နိစ္စံ ဘဝိဿတိ”တဲ့၊ မမြဲတဲ့တရားက ထုတ်လုပ်လိုက်တဲ့တရားဟာ ဘယ်မှာမြဲမလဲတဲ့၊ သေတတ်တဲ့ အမေကမွေးတဲ့ သားသမီး ဘယ်မသေဘဲရှိမလဲလို့ ဒီလိုပြောတာပဲပေါ့။

အဲတော့ ရူပါရုံကလည်းမမြဲဘူး၊ မျက်စိကလည်း မမြဲဘူး၊ မမြဲတာနှစ်ခုကို အကြောင်းပြုပြီး ပေါ်လာတဲ့ မြင်သိစိတ်ကလေးဟာ မြဲပါ့မလား (မမြဲပါဘူးဘုရား)။ အဲ သူတို့သုံးခု ဆုံပြီးတော့ ဖြစ်ပေါ်လာတဲ့ ဖဿဆိုတဲ့ ဆက်သွယ်မှုလေးကရော မြဲပါ့မလား (မမြဲပါဘူးဘုရား) အေး- ဆုံပြီးတဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်ရဲ့

စာမျက်နှာ-၁၃၆
ခံစားမှု ဆိုတာကရော မြဲပါ့မလား (မမြဲပါဘူးဘုရား)။ အဲဒီအာရုံကို မှတ်သားတဲ့ သညာ၊ စေ့ဆော်တဲ့ သင်္ခါရ၊ သိတဲ့ ဝိညာဏဆိုတာ ဒီတရားတွေကရော မြဲပါ့မလား (မမြဲပါဘူးဘုရား)။

ဘယ်ဟာမှမမြဲဘူးဆိုတာကို မြတ်စွာဘုရားက ရှင်ရာဟုလာကို တစ်ခုစီတစ်ခုစီမေးတယ်။ ရှင်ရာဟုလာက တစ်ခုစီတစ်ခုစီ ဖြေရတယ်၊ မျက်စိနဲ့ပတ်သက်ပြီး မျက်စိရယ်၊ အဆင်းအာရုံရယ်၊ မြင်သိစိတ်ရယ်၊ ဖဿရယ်၊ ဝေဒနာရယ်၊ သင်္ခါရရယ်၊ ဝိညာဏရယ်၊ ရှစ်ခု။ ဒီရှစ်ခုနဲ့ပတ်သတ်ပြီးမေးတာ၊ မြဲသလားဆိုတာ မမြဲဘူးဆိုတာ ဖြေရတယ်။

နားနဲ့ပတ်သက်ပြီးတော့လည်းရှစ်ခုနော်၊ လျှာနဲ့ပတ်သက်ပြီး ရှစ်ခု၊ နှာခေါင်းနဲ့ပတ်သက်ပြီး ရှစ်ခု၊ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ရှစ်ခု၊ အသိစိတ်နဲ့ ပတ်သက်ပြီး ရှစ်ခုလို့ ဒီလို ကိုယ့်သန္တာန်မှာရှိတဲ့ သဘာဝတရားတွေဟာ မမြဲဘူးဆိုတာတွေကို ထင်ရှားလာအောင် မြတ်စွာဘုရားက ဟောတယ်။

“ရာဟုလာတဲ့၊ မျက်စိဆိုတာလည်း မမြဲဘူး၊ အဆင်းအာရုံလည်း မမြဲဘူး၊ မြင်သိစိတ်ဆိုတာလည်း မမြဲဘူး၊ ဒီသုံးမျိုးဆုံမိလို့ ဖြစ်လာတဲ့ ဖဿဆိုတာလည်း မမြဲဘူး၊ စိတ်ရဲ့ခံစားမှု ဝေဒနာဆိုတာလည်းမမြဲဘူး၊ မှတ်သားတဲ့ သညာဆိုတာလည်း မမြဲဘူး၊ စေ့ဆော်တဲ့ သင်္ခါရဆိုတာလည်း မမြဲဘူး၊ အသိစိတ်ဆိုတဲ့ ဝိညာဏဟာလည်း မမြဲဘူး။ အဲဒီ မမြဲတဲ့တရား၊ ထိုမမြဲမှုဟာ

စာမျက်နှာ-၁၃၇
အမြဲနှိပ်စက်နေသည့် အတွက်ကြောင့် သုခလို့မဆိုနိုင်ဘူး၊ ဒုက္ခလို့ ဆိုရတဲ့တရား၊ အဲ့ဒီ ဒုက္ခလို့ဆိုရတဲ့တရားကို ငါ့ဟာလို့၊ ငါလို့၊ ငါ့ရဲ့အတ္တလို့ ဒီလို ရှုသင့်ပါမလား” လို့ဆိုတော့ ဟော “မရှုသင့်ပါဘူး ဘုရား” ဖြေတယ်၊ ငါ့ဟာလို့ပြောလို့ဘယ်ရမလဲ၊ ဘယ်ဟာကို ငါ့ဟာလို့ပြောမှာလဲ။

ကဲ စဉ်းစားကြည့်လေ၊ မျက်စိက အဆင်းအာရုံလေးကို မြင်လိုက်ပြီ၊ ငါ့ဟာလို့ပြောမယ့်အချိန်မှာ မျက်စိကပျက်သွားပြီ၊ အဆင်းအာရုံလည်း ပျက်သွားပြီ၊ မြင်သိစိတ်လည်း ပျက်သွားပြီ၊ ဘယ်ဟာကို ပြောမှာလည်း ပြောလို့မရဘူးလေ၊ ဟုတ်ကဲ့လား။ ဆိုပါစို့- သူငယ်ချင်းမြင်လိုက်တော့ ဝမ်းသာအားရပေါ့ ပြေးပြီး ဖက်တယ်၊ မြင်တုန်းကတစ်ယောက်၊ ဖက်လိုက်တဲ့အချိန်မှာ တစ်ယောက်ဖြစ်သွားပြီ၊ ကိုယ်ကလည်း ပြောင်းသွားပြီ၊ ကိုယ့်သူငယ်ချင်းကလည်း ပြောင်းသွားပြီ။ နှစ်ယောက်စလုံးဟာ Copy ပဲကျန်တော့တယ်။

ထင်ထင်ရှားရှားသိချင်ရင် ရုပ်ရှင်ရိုက်တာကိုပဲကြည့်ပေါ့၊ ရုပ်ရှင်ရိုက်ထားတာ အားလုံး မြင်ဖူးကြပါလိမ့်မယ်။ Slow Motion နဲ့ပြတဲ့အခါ ခြေထောက်ကလေး မြှောက်တာတင်ပဲ အရုပ်ပေါင်း ဘယ်လောက် ရိုက်နေရတယ်ထင်တုန်း၊ အများကြီးပဲ၊ ဟုတ်ကဲ့လား၊ ရုပ်ပုံတွေ အများကြီး။ အဲဒီလိုအများကြီးထဲက ဘယ်ဟာကို သူငယ်ချင်းလို့ ပြောမှာတုန်း၊ ဘယ်ဟာကို ငါလို့

စာမျက်နှာ-၁၃၈
ပြောမှာတုန်း၊ တစ်ကို ငါလို့ပြောရင် နှစ်ကိုကျတော့ ဘယ်လိုပြောမတုန်း၊ ဟုတ်ကဲ့လား။

ရုပ်ပေါင်းများစွာ ဖြစ်ပြီးပျက်သွားကြတာ၊ ဆိုပါစို့ (၁၇)မျိုး ဖြစ်သွားတယ် ဆိုလို့ရှိရင် ဘယ်ဟာကို ငါလို့ပြောမှာတုန်း၊ တစ်ကို ငါလို့ပြောလို့ရှိရင် နှစ်၊ သုံး၊ လေးတွေက ငါမဟုတ်ပြန်တော့ဘူး၊ ဟုတ်ကဲ့လား။ တစ်ကို ငါလို့ပြောလိုက်တဲ့အချိန်မှာ ဟိုက နှစ်ရောက်သွားပြီ၊ နှစ်ကို ငါလို့ပြောရင် သုံးဖြစ်သွားပြီ၊ သုံးကို ငါလို့ပြောမယ်ဆိုရင် လေးဖြစ်သွားပြီ၊ ကဲ-ဘာကို ငါလို့ပြောလို့ရမှာတုန်း၊ ပြောလို့မရဘူး။ ဒီသဘောကို မြတ်စွာဘုရားက ဟောတာ နော်၊ အဲဒီလို အသေးစိတ်မြင်လာတဲ့အခါကျတော့ မမြဲတဲ့ သဘောတွေ ထင်ရှားလာတယ်။

ဒါကြောင့်မို့ “ဧတံ မမ– ဒါငါ့ဟာပဲ” လို့ ဘာကိုပြောမှာလဲ၊ ပြောလို့မရဘူး။ ငါ့ဟာလို့ သတ်မှတ်လိုက်တဲ့အချိန်မှာ မရှိတော့ဘူး Copy ပဲကျန်ရစ်တယ်၊ ငါလို့ပြောစရာလည်း မရှိတော့ဘူး။ ငါ့ရဲ့အတ္တပဲလို့ ပြောစရာလည်း မရှိတော့ဘူး၊ အဲဒီလို မှန်ကန်တဲ့ ဝိပဿနာပညာနဲ့ ဒီသဘောတရားတွေကို ရှုမြင်သုံးသပ်ရမယ်လို့ ရှင်ရာဟုလာကို ဒီလိုဟောတာ။

အဲလို ဟောတဲ့အခါ အကျိုးကျေးဇူးက ဘာရတာတုန်း၊ မျက်စိပေါ်မှာလည်း သာယာစရာဆိုတာ ရှာမတွေ့တော့ဘူး၊ ခါတိုင်းလို မျက်စိဟာ ငါလို့လည်း ပြောစရာမရှိဘူး၊ ငါ့ဟာလို့

စာမျက်နှာ-၁၃၉
လည်း ပြောစရာ မရှိဘူး၊ ငါ့ရဲ့အတ္တ ငါထင်တိုင်း လုပ်လို့ရတယ်ဆိုတာလည်း ပြောစရာ မရှိတော့ဘူး၊ ငါလည်း မဟုတ်ဘူး၊ ငါ့ဟာလည်း မဟုတ်ဘူး၊ ငါချုပ်ကိုင်ထားလို့ရတဲ့အရာမဟုတ်ဘူးလို့ မြင်လာတဲ့အချိန်မှာ မျက်စိလေးပေါ်မှာ တွယ်တာမှုဆိုတာ ရှိပါဦးမလား။

အဲဒီမရှိတာကို မြတ်စွာဘုရားက “စက္ခုသ္မိံ နိဗ္ဗိန္ဒတိ” တဲ့။ မျက်စိပေါ်မှာ ငြီးငွေ့သွားပြီတဲ့၊ စိတ်ပျက်သွားပြီး ငြီးငွေ့တယ်၊ စိတ်ပျက်တယ်ဆိုတာ မတွယ်တာတော့ဘူး၊ ငါ့ဟာလို့မြင်တာ ရှိမှ မရှိတော့ပဲကိုး။ တွယ်တာမှုမရှိတော့ဘူးတဲ့၊ သာယာမှုမရဘူး။ အဲဒီလိုငြီးငွေ့သွားပြီဆိုရင် ဘာဖြစ်တုန်းဆိုရင် ‘နိဗ္ဗိန္ဒတိ’ ငြီးငွေ့တယ်။ ခုနကပြောတဲ့ ဝိပဿနာဉာဏ်တွေ အဆင့်ဆင့် ဖြစ်သွားတာကို စကားလုံးတစ်လုံးတည်းနဲ့ သုံးလိုက်တာနော်။ ‘နိဗ္ဗိန္ဒတိ’ ဆိုတဲ့ စကားလုံးတစ်လုံးထဲမှာ သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်၊ ဘယဉာဏ်၊ အာဒီနဝဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ မုဉ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ် ဆိုတာ အကုန်ပါသွားတယ်။

“နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ” တဲ့။ သာယာစရာ ရှာမတွေ့တော့ဘူးဆိုရင် မသာယာတော့လို့ပေါ့။ ‘ဝိရဇ္ဇတိ’ ဆိုတာ တွယ်တာမှုတွေ ကင်းပြတ်သွားပြီတဲ့၊ ဒါကတော့ မဂ်စိတ်ပေါ်တာကို ပြောတာ၊

ကင်းပြတ်သွားမှာပေါ့၊ နိဗ္ဗာန်ကို အာရုံပြုလိုက်ပြီလေ၊ မျက်စိကို

စာမျက်နှာ-၁၄၀
အာရုံမပြုတော့ဘူး၊ အဆင်းကို အာရုံမပြုတော့ဘူး။ “ဝိရာဂါ ဝိမုစ္စတိ” တဲ့။ တွယ်တာမှု ပြတ်သွားလိုက်တာနဲ့ တပြိုင်နက် စိတ်ကလေးဟာ လွတ်သွားပြီလို့ဆိုလိုတယ်၊ အဲဒါပြီးတော့မှ လွတ်သွားပြီဆိုတာ ဖိုလ်စိတ်ဖြစ်တာကိုပြောတာ။

“ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ အဟောသိ” လွတ်သွားပြီဆိုတာ ကိုယ့်ဟာကိုယ် သိလိုက်တယ်၊ ကိုယ့်စိတ်လေး လွတ်သွားတယ်ဆိုတာ ကိုယ့်ဟာကို ခံစားသိရှိလိုက်ရတယ်ပေါ့၊ အဲဒါဟာ ပစ္စဝေက္ခဏဉာဏ် ဖြစ်ပုံကိုပြောတာ။

အဲဒီလို မြတ်စွာဘုရားက အသေးစိတ် တစ်ခုစီ တစ်ခုစီ ဟောလိုက်တဲ့အခါ ရှင်ရာဟုလာရဲ့ သန္တာန်မှာ ဝိပဿနာဉာဏ်တွေဟာ တစ်ခုပြီးတစ်ခု ရင့်ကျက်လာသည့်အတွက်ကြောင့် ပထမဝိပဿနာဉာဏ်ဖြစ်ပြီး သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ ဒုတိယဆက်ပြီး ဝိပဿနာဉာဏ်တွေ ရင့်လာတဲ့အခါ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်၊ နောက်ထပ် ဝိပဿနာအဆင့်မြင့်လိုက်တဲ့အခါ အနာဂါမိမဂ်၊ အနာဂါမိဖိုလ်၊ အမြင့်ဆုံး ဝိပဿနာဉာဏ်တွေ ရင့်သန်သွားတဲ့အခါ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်။ တရားနာရင်း မဂ်လေးပါး ဖိုလ်လေးပါး တစ်ခုပြီးတစ်ခု ရသွားတယ်တဲ့။

မြတ်စွာဘုရားက အခုလို မေးမေးပြီးတော့ ရှင်းလင်းဟောကြားတဲ့အခါမှာ ရှင်ရာဟုလာ မထေရ်မြတ်ဟာ မြတ်စွာ

စာမျက်နှာ-၁၄၁
ဘုရားဟောတဲ့ တရားအာရုံထဲမှာ သူ့ရဲ့စိတ်အစဉ်လေးဟာ မျောပါပြီးတော့ အသိဉာဏ်တွေဟာ တဖွားဖွားဖြစ်ပြီး နောက်ဆုံးမှာ သူ့စိတ်လေးဟာ ကိလေသာ အာသဝေါတွေ ကုန်ခမ်းပြီး ရဟန္တာအဖြစ်ကို ရောက်သွားတယ်တဲ့။ ဒါကြောင့်မို့ သုတ်ရဲ့နိဂုံးမှာ

“ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ရာဟုလဿ အနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္စိ”။ ရှင်ရာဟုလာရဲ့ စိတ်ကလေးဟာ အာသဝေါတရားတွေကနေ စွဲလန်းမှုကင်းစွာ လုံးဝလွတ်မြောက်သွားပြီတဲ့။

ပဒုမုတ္တရ မြတ်စွာဘုရားလက်ထက်တုန်းက ရှင်ရာဟုလာရဲ့ ဆုတောင်းဖော် ဆုတောင်းဖက် သူငယ်ချင်းတွေ မိတ်ဆွေတွေ၊ နတ်ပြည်၊ ဗြဟ္မာ့ပြည် ရောက်နေကြတာတွေ ထောင်ပေါင်းများစွာရှိတယ်၊ သူတို့လည်း လာပြီး တရားနာရင်းနဲ့ အားလုံးဟာ သောတာပန်ဖြစ်တဲ့သူကဖြစ်၊ သကဒါဂါမ်ဖြစ်တဲ့သူကဖြစ်၊ အနာဂါမ်ဖြစ်တဲ့ပုဂ္ဂိုလ်ကဖြစ်၊ ရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ကဖြစ်၊ ထောင်ပေါင်းများစွာသော နတ်တွေ ဗြဟ္မာတွေလည်း ရှင်ရာဟုလာနဲ့အတူ ကျွတ်တမ်းဝင်သွားကြပါတယ်။

ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်တို့၊ ရှင်ရာဟုလာ အခုကဲ့သို့ ကျွတ်တမ်းဝင်သွားပြီး သာသနာတော်မှာ ရဟန္တာအဖြစ်နဲ့ ဘယ်လောက်ကြာအောင် နေသွားတယ်ဆိုတာ

စာမျက်နှာ-၁၄၂
မှတ်တမ်း မရှိဘူး၊ သို့သော် ခန့်မှန်းပြီး ပြောရမယ်ဆိုရင် ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်မစံခင် ရှင်ရာဟုလာဟာ ပရိနိဗ္ဗာန်စံသွားတယ်တဲ့။ မိထွေးတော်ဂေါတမီကြီး ပရိနိဗ္ဗာန်စံပြီးမှ ရှင်ရာဟုလာ ပရိနိဗ္ဗာန်စံတယ်။

ဘယ်မှာ ပရိနိဗ္ဗာန်စံသလဲလို့မေးမယ်ဆိုရင် တာဝတိံသာနတ်ပြည်မှာ၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် သူငယ်ချင်းနတ်တွေ အဲဒီမှာရှိတယ်၊ ရှိတော့ သူတို့ဘုံဗိမာန်ကို ပင့်ထားတာလည်း ဖြစ်ကောင်းဖြစ်မယ်နော်၊ အင်မတန်မှထူးခြားတယ်။ ရှင်ရာဟုလာဟာ လူ့ပြည်မှာ ပရိနိဗ္ဗာန်မစံဘူး။ တာဝတိံသာနတ်ပြည်သွားပြီး ပရိနိဗ္ဗာန်စံတယ်၊ အဲတော့ သူ့ဓါတ်တော်တွေဟာ တာဝတိံသာမှာ ရှိကောင်းရှိနိုင်လိမ့်မယ်ပေါ့။ လူ့ပြည်မှာတော့ မရှိလောက်ဘူး။ မိထွေးတော်ဂေါတမီကြီးက ပရိနိဗ္ဗာန်စံခါနီးမှာပြောတယ် “ဪ ရာဟုလာတို့၊ အာနန္ဒာတို့၊ နန္ဒတို့ ပရိနိဗ္ဗာန်စံတာ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတာ ငါတွေ့ရတော့မှာမဟုတ်ဘူး”။ သို့သော် မိထွေးတော်ဂေါတမီ ပရိနိဗ္ဗာန်စံတဲ့အချိန်မှာ ရှင်ရာဟုလာတို့၊ ရှင်နန္ဒတို့က ရဟန္တာဖြစ်နေကြပြီ၊ ရှင်အာနန္ဒာက သောတာပန်ပဲရှိသေးတယ်၊ ဒါကြောင့်မို့လို့ ရှင်အာနန္ဒာက မိထွေးတော်ကြီး ပရိနိဗ္ဗာန်စံမယ်ဆိုတော့ ငိုတယ်၊ ငိုပြီးတော့ အသံအက်ကွဲကြီးနဲ့ “မိထွေးတော်ကြီး ပရိနိဗ္ဗာန်စံတော့မယ်၊ ကိုယ်တော်တို့ ကြွကြပါ”

စာမျက်နှာ-၁၄၃
ဆိုပြီးတော့ လိုက်ပြီးနှိုးဆော်တယ်..ဒါ..စာထဲပါတာတွေကို ပြောပြတာနော်။

မြတ်စွာဘုရားက ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်ပြုမယ်ဆိုတော့ ရှင်သာရိပုတ္တရာက..တန်ဆောင်မုန်းလပြည့်နေ့မှာ ပြုမယ်၊ အဲဒီအချိန်မှာ ရှင်သာရိပုတ္တရာက သူ့ရဲ့အာယုသင်္ခါရကို ကြည့်လိုက်တဲ့အခါ သူ့အာယုသင်္ခါရကုန်နေပြီ၊ ကုန်နေတဲ့အခါ ဘာစဉ်းစားတုန်းဆိုလို့ရှိရင် “ရာဟုလာလည်း မရှိတော့ဘူး” တဲ့၊ ရှင်သာရိပုတ္တရာက ရာဟုလာပေါ်မှာ မြတ်နိုးတယ်ပေါ့နော်၊ “ရာဟုလာလည်း တာဝတိံသာနတ်ပြည်မှာ ပရိနိဗ္ဗာန်စံသွားပြီတဲ့၊ ကောဏ္ဍညမထေရ်မြတ်ကြီးကလည်း ဆဒ္ဒန်အိုင်မှာ ပရိနိဗ္ဗာန်စံသွားပြီတဲ့၊ ငါလည်း ပရိနိဗ္ဗာန်စံဖို့ ခုနစ်ရက်ပဲကျန်တော့တယ်” ဒီလိုပြောတဲ့စကား အဋ္ဌကထာထဲမှာ မှတ်တမ်းတင်ထားတာရှိပါတယ်။

အေး ဒါကြောင့်မို့လို့ တရားချစ်ခင် သူတော်စင်ပရိသတ်တို့၊ ရှင်ရာဟုလာမထေရ်မြတ်ဟာ ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်မစံခင်၊ မြတ်စွာဘုရားပရိနိဗ္ဗာန်မစံခင် ပရိနိဗ္ဗာန်စံသွားတယ်လို့ ဒီလိုမှတ်ကြရမှာဖြစ်ပါတယ်။ ရှင်ရာဟုလာရဲ့ ဘဝနဲ့ ဆက်စပ်နေတဲ့ ရာဟုလောဝါဒသုတ္တန်တွေကို ကြားနာကြပြီး တို့တတွေလည်း တရားထူးတရားမြတ်ရဖို့ရာအတွက် သိရှိနားလည်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ

စာမျက်နှာ-၁၄၄
သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု။
lc3lp2iek2n9ep58dhp88crulxy0ibg
လူဖြစ်ကျိုးနပ်ပါစေ
0
6394
22194
2026-06-17T23:44:53Z
Tejinda
173
"{{header | title = လူဖြစ်ကျိုးနပ်ပါစေ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ရှင်ရာဟုလာ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22194
wikitext
text/x-wiki
{{header
| title = လူဖြစ်ကျိုးနပ်ပါစေ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ရှင်ရာဟုလာ၏ဘဝနှင့် မြတ်ဗုဒ္ဓ၏အဆုံးအမ]]
| previous2 =
| next = [[သုံးပါးရတနာ ကိုးကွယ်ရာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

လူဖြစ်ကျိုးနပ်ပါစေ
မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် (၁၃)ရက်နေ့၊ မန္တလေးတိုင်း၊ မတ္တရာမြို့၊ သာသနဇောတာရုံကျောင်းတိုက်အတွင်းဝယ် (၂၉)ကြိမ်မြောက် ဆင်ယင် ကျင်းပပြုလုပ်အပ်သော မတ္တရာ၊ စဉ့်ကူး နှစ်မြို့နယ် ရွှေကျင်နိကာယ ဝိနယပါလ ဝိနည်းစာတော်ပြန်ပွဲ ဓမ္မသဘင် အခမ်းအနား၌ မတ္တရာမြို့ အမှတ်(၂) ဘုရင့်နောင်ရပ်၊ ဓူဝံအပေါင်ဆိုင် မိသားစု၏ အမတဒါန ဓမ္မဒါန အဖြစ်ဖြင့် ဒီကနေ့ည ဟောကြားမည့် တရား၏အမည်မှာ လူဖြစ်ကျိုးနပ်ပါစေ ဖြစ်ပါတယ်။

ဘုန်းကြီးတို့တစ်တွေ လူ့ဘဝရထားကြတယ်။ အားလုံးလဲ ကြားဖူးကြတယ်။ “မနုဿတ္တဘာဝေါ ဒုလ္လဘော” လူ့ဘဝဆိုတာ ရခဲတယ်တဲ့။ ရခဲတဲ့လူ့ဘဝကို အခုရထားကြပြီ။ ဘာလုပ်ကြမလဲ။ လူတွေကပြောကြတယ်။ စီးပွားဥစ္စာတွေ တိုးတက်လို့၊ ကျန်းမာလို့၊ ခေတ်အခြေအနေကောင်းလို့ ပျော်ရွှင်စွာ နေထိုင်ကြရလို့ရှိရင် လူတွေက လူဖြစ်ကျိုးနပ်လိုက်တာနဲ့ ပြောကြတယ်။ တကယ် လူဖြစ်ကျိုးနပ်တယ်ဆိုတာ ဘယ်လိုမှ လူဖြစ်ကျိုးနပ်တယ်လို့ ပြောရမလဲ။

“မနုဿတ္တဘာဝေါ ဒုလ္လဘော” လို့ ဗုဒ္ဓဟောကြားထားတဲ့ တရားတော်ကို ကြားဖူးနေတဲ့ မြန်မာလူမျိုးတိုင်းဟာ လူ့ဘဝရခဲတယ်ဆိုတာကို သိနေကြတယ်။

စာမျက်နှာ-၂
သို့သော် ဒီစကားနဲ့ပတ်သက်ပြီး တချို့က သံသယဝင်ကြတယ်။ ဘာဖြစ်လို့တုန်းဆိုရင် ဒီကနေ့ ကမ္ဘာ့လူဦးရေက တိုးနေလို့ဖြစ်တယ်။ တိုးနေတော့ လူ့ဘဝရခဲတယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလားလို့ အတွေးချော်မိတတ်တယ်နော်။

ကမ္ဘာ့လူဦးရေက ဒီကနေ့ သန်းပေါင်း (၆၀၀၀) ကျော်သွားပြီ။ သန်းပေါင်း (၆၀၀၀) ကျော်သွားလို့ သန်းပေါင်း (၁၀၀၀၀) လောက် ရောက်သွားရင် လူတွေဟာ ငတ်ကုန်လိမ့်မယ်လို့ ဒီလို တွက်တဲ့လူတွေကလည်း တွက်တယ်။ တွက်ရုံတင်မကဘူး တချို့ နိုင်ငံတွေမှာဆိုလို့ရှိရင် Family Plan လို့ ခေါ်တဲ့ စီမံချက်နဲ့ သားသမီးလျော့ပြီး ယူကြတယ်။ အဲဒီသဘောက ဘာကိုပြောနေတာတုန်းဆိုရင် ကျန်တဲ့သတ္တဝါတွေ လူ့ဘဝလာခွင့်မပြုဘူးလို့ ပိတ်တာနဲ့ မတ္တူဘူးလား၊ ဆိုးလိုက်တာနော်။

လာချင်တဲ့လူတောင်မှ မလာရအောင် စီမံကိန်းနဲ့ ပိတ်ဆို့နေတာမျိုး ဖြစ်မနေဘူးလား။ လူ့ဘဝဆိုတာ အလွန်ရခဲပါတယ်လို့ ဗုဒ္ဓမြတ်စွာက ဟောတယ်။ အလွန်ရခဲတယ်ဆိုတာမှန်တယ်၊ ဘယ်လောက်ပဲ လူဦးရေ တိုးတိုး တိရစ္ဆာန်ဦးရေနဲ့ နှိုင်းစာကြည့်မယ်ဆိုလို့ရှိရင် တိုင်းတာလို့မရလောက်အောင် ကွာခြားတယ်။

ကိုယ့်အိမ်မှာရှိတဲ့ တိရစ္ဆာန်လေးတွေနဲ့၊ ဆိုပါစို့ အကောင်သေးသေးလေးနဲ့ ကြည့်မယ်ဆိုရင် ပုရွက်ဆိတ်တွင်း တစ်တွင်းမှာရှိတဲ့ ပုရွက်ဆိတ်ဦးရေနဲ့ လူဦးရေနဲ့ နှိုင်းစာကြည့်မယ်။ ပုရွက်ဆိတ်တွင်းမှာရှိတဲ့ ပုရွက်ဆိတ်အကောင်ဦးရေသည် (ဒါ တစ်တွင်းထဲကိုပြောတာနော်) ကမ္ဘာမှာရှိတဲ့လူဦးရေထက် မများပေဘူးလား။

စာမျက်နှာ-၃
အေး... ကမ္ဘာလောကကြီးမှာရှိတဲ့ သတ္တဝါတွေဟာ ဘယ်မှာအနေများသလဲဆိုရင် အပါယ် (၄) ဘုံမှာ အနေများကြတယ်။ လူ့ဘဝဆိုတာ ခဏလေး အလည်လာသလိုပဲနော်။

ဒါကြောင့်မို့ ဒီလိုအဆိုရှိတယ်၊ ပမတ္တဿစ နာမ စတ္တာရော အပါယာ သကဂေဟသဒိသာ ကုသိုလ်ကောင်းမှုမှာ မေ့မေ့လျော့လျော့နေတဲ့ ပုဂ္ဂိုလ်အဖို့ အပါယ်(၄)ဘုံဟာ ကိုယ့်အိမ်နဲ့အလားတူတယ်တဲ့။ ဘယ်နေရာပဲသွားသွား ပြန်လာရင် ကိုယ့်အိမ်မှာပဲ နေကြတာမို့လား။

ပြီးတော့ မြတ်စွာဘုရားက ထိုထိုသုတ္တန်တွေထဲမှာ ဟောထားတာရှိတယ်။ လူ့ဘဝက သေသွားပြီး လူပြန်ဖြစ်တဲ့လူ အင်မတန်နည်းပါးတယ်တဲ့။ လူ့ဘဝကသေပြီး အထက်နတ်ပြည်ရောက်သွားတဲ့ ပုဂ္ဂိုလ်လည်း အင်မတန်နည်းပါးတယ်တဲ့။ လူ့ဘဝသေပြီး အပါယ် (၄) ဘုံ သွားတာက များတယ်တဲ့။

သန်းပေါင်း(၆၀၀၀)ကျော်ရှိတဲ့ လူတွေအတွက် (သက်သတ်လွတ်စားတဲ့လူတွေ အသာထား) တစ်နေ့ သန်းပေါင်းမြောက်မြားစွာသော သတ္တဝါတွေဟာ သေနေကြရတယ်။

တိရစ္ဆာန်အမျိုးအစားက မရေမတွက်နိုင်အောင် များတယ်။ ပင်လယ်ထဲက ရေသတ္တဝါပဲကြည့်လိုက်ဦး၊ အများကြီး၊ တိရစ္ဆာန်တွေဆိုတာ မွေးလို့ရှိရင် အများကြီးမွေးတယ်။ တစ်လောက ဂျာနယ်တစ်ခုထဲမှာပါတယ်။ လူက ခုနစ်မွှာပူးမွေးတာရှိတယ်၊ ဒါ အများဆုံးပဲဖြစ်မယ်။ ခွေးတွေဆိုရင် ဒီထက်ပိုတယ်။ ငါးတွေကို ကြည့်မယ်ဆိုရင် ငါးတစ်ကောင်မှာရှိတဲ့ ငါးဥပေါင်းက မြောက်မြားစွာရှိတယ်။

စာမျက်နှာ-၄
အဲဒီတော့ ဒါတွေနဲ့နှိုင်းယှဉ်ပြီး ကြည့်မယ်ဆိုရင် “မနုဿတ္တဘာဝေါ ဒုလ္လဘော” ဆိုတာ မဟုတ်ပေဘူးလား။ ဟုတ်တယ်နော်။ တစ်ထောင်မှာ တစ်ယောက်၊ တစ်သောင်းမှာတစ်ယောက် လူဖြစ်ဖို့ ခဲယဉ်းတယ်၊ ဒီလောက်ခဲယဉ်းတဲ့ လူ့ဘုံ လူ့ဘဝကြီးကို ကုသိုလ်ကောင်းမှုပြုပြီး လာချင်လို့တောင် မလာရဘူးဆိုရင် မကောင်းပါဘူးနော်။ အေး.. မလာရဘူးဆိုပြီး တားနေကြတယ်။ အဲဒီလို အတားခံရတဲ့ ပုဂ္ဂိုလ်တွေကလည်း အတိတ်ဘဝက ပါဏာတိပါတကံလုပ်တဲ့ ပုဂ္ဂိုလ်တွေလို့ ယူဆနိုင်တယ်။ ဟုတ်ကဲ့လား? လူ့ဘဝလာချင်လို့ ခေါင်းပြုလာတာတောင် မလာနဲ့ဆိုပြီး အတားခံရတယ်။

တစ်ချို့နိုင်ငံတွေမှာဆိုလို့ရှိရင် တရားဝင်ဥပဒေတွေနဲ့ Abortion လုပ်ခွင့်ပြုတယ်။ Abortion လုပ်တယ်ဆိုတာ အေး .. လူ့လောက လူဦးရေတွေ များတယ်ဆိုပြီး တားဆီးနေကြတာ။ အဲဒီလုပ်ရပ်ကတော့ မှားယွင်းတယ်ပေါ့။

ကဲ .. ဘုန်းကြီးတို့တစ်တွေကတော့ ကံကောင်းလို့ လူ့ဘဝရလာကြပြီ၊ လူ့ဘဝရောက်ဖို့ဆိုတာ အလွန်အင်မတန်မှ ခဲယဉ်းတယ်။ သီဟိုဠ်ကျွန်းက ဒေါက်တာဝါလ်ပေါလရာဟုလာဆိုတဲ့ ဆရာတော်ကြီး ရေးတဲ့ What the Buddha Taught ဆိုတဲ့ စာအုပ်ရှိတယ်။ မြတ်ဗုဒ္ဓဒေသနာလို့ မြန်မာလိုပြန်ထားတယ်။ အဲဒီမှာ ရေးထားတာက လူ့ဘဝဆိုတာ အင်မတန်ရခဲတယ်ဆိုတာ ရေးထားတယ်။ မြန်မာမှာလည်း ပြောကြတယ်၊ ဗြဟ္မာပြည်က အပ်တစ်စင်း၊ လူ့ပြည်က အပ်တစ်စင်း

စာမျက်နှာ-၅
ချလိုက်ရင် အဲဒီအပ်ဖျားချင်း ထိကောင်းထိလိမ့်မယ်။ လူ့ဘဝရောက်ဖို့ အင်မတန်မှ ခဲယဉ်းတယ်လို့။

ခဲယဉ်းတာတစ်ခု ပြောပြတယ်။ ခဲယဉ်းတယ်ဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူးလို့ ဆိုလိုတာနော်။ မြတ်စွာဘုရားက လူ့ဘဝဘယ်လောက်ရဖို့ ခက်ခဲတယ်ဆိုတာကို လိပ်ကန်းကြီးတစ်ကောင်နဲ့ ဥပမာပေးထားတယ်။ လိပ်ကန်းကြီးတစ်ကောင်ရဲ့ ဥပမာကိုကြည့်။ လိပ်ကန်းကြီးတစ်ကောင်က ပင်လယ်ထဲမှာ ကျက်စားတယ်။ အနှစ်တစ်ရာကြာမှ ပင်လယ်ရေမျက်နှာပြင်ပေါ် ခေါင်းလေးပြုကြည့်ပြီး အသက်ရှူတယ်။

အနှစ်တစ်ရာလုံးလုံး ပင်လယ်ရေမျက်နှာပေါ်မှာ တက်မလာဘူးတဲ့။ ပင်လယ်ရေနက်ပိုင်းထဲမှာပဲ လှည့်လည်ကျက်စားပြီးနေတယ်။ အဲဒီ လိပ်ကြီးက မျက်စေ့နှစ်ကွင်း အလင်းမရလို့ လိပ်ကန်းတဲ့။ ဟုတ်ကဲ့လား?။ အဲဒီပင်လယ်ပြင်ထဲမှာ ထမ်းပိုးတုံးကြီးတစ်ခုက အပေါက်ကလေးတစ်ခုပဲ ပါတယ်။ ပင်လယ်ဆိုတာက အမြဲတမ်းလှုပ်ရှားနေတာ၊ ငြိမ်နေတာမဟုတ်ဘူး။

မတ္တရာကလူတွေ ပင်လယ်မြင်ဖူးချင်မှ မြင်ဖူးမှာနော်။ ဟို .. ရန်ကုန်တို့၊ အောက်ပိုင်းက လူတွေကတော့ ပင်လယ်မြင်ဖူးကြတယ်၊ ပင်လယ်ဆိုတာ ငြိမ်သက်နေတဲ့နေရာ မဟုတ်ဘူး၊ အမြဲတမ်းလှုပ်ရှားနေတာ၊ လှိုင်းက အမြဲတမ်းတိုက်ပြီးတော့ နေတဲ့နေရာ။ အဲဒီ ထမ်းပိုးတုံးကြီး ပင်လယ်ထဲမှာ မျောချင်ရာမျောနေတယ်။

စာမျက်နှာ-၆
ထမ်းပိုးတုံးကြီးက အပေါက်တစ်ပေါက်ထဲပါတယ်။ လိပ်ကန်းကြီးကလဲ သွားချင်ရာသွား၊ အနှစ်တစ်ရာကျော်တဲ့အခါ ပင်လယ်ရေမျက်နှာပေါ် တက်ပြီး ခေါင်းကလေးပြုလိုက်တယ်။ အဲဒီပြူးလိုက်တဲ့ ခေါင်းလေးနဲ့ ခုနက မျောချင်ရာမျောနေတဲ့ ထမ်းပိုးတုံးကြီးရဲ့ အပေါက်နဲ့ သွားစွပ်မိတယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်သေးတယ်တဲ့၊ ဖြစ်နိုင်ပါ့မလား?။ ဒါလည်းမဖြစ်နိုင်ဘူးနော်။ အဲဒါက ဖြစ်နိုင်သေးတယ်တဲ့။ အပါယ်လေးဘုံ ရောက်သွားတဲ့ သတ္တဝါတစ်ယောက် လူဖြစ်ဖို့ဆိုတာ ပိုပြီးခဲယဉ်းတယ်။

ဘာကြောင့်လဲဆိုတာ စဉ်းစားကြည့်ပေါ့။ ကိုယ့်မျက်စိအောက်မှာရှိတဲ့ တိရစ္ဆာန်လေးတွေပဲကြည့်။ လူတွေနဲ့အနီးစပ်ဆုံးဖြစ်တဲ့ ကြောင်ကလေးတွေ၊ ခွေးကလေးတွေကြည့်ပေါ့၊ နေ့စဉ်နဲ့အမျှ သူတို့ဘာတွေတွေးနေကြသလဲ၊ ဘာတွေလုပ်နေကြသလဲ ကြည့်နော်။ အစာဝရင် အိပ်မယ်၊ အစာမဝရင်အစာရှာမယ်။ အစာရှာရင်း တစ်ကောင်နဲ့တစ်ကောင် အနိုင်ကျင့်မယ်၊ ကိုက်မယ်၊ ရန်ဖြစ်မယ်၊ ဒါပဲမို့လား။ ပုတီးစိပ်တဲ့အချိန် ရှိရဲ့လား။ ဘုရားရှိခိုးတဲ့အချိန် ရှိရဲ့လား၊ မရှိဘူး။ ကိုယ့်ရှိတဲ့ အစာလေးတောင် တစ်ကောင်နဲ့တစ်ကောင် မျှစားချင်တာ မဟုတ်ဘူး။ ကြောင်ကလေးတွေဆို အစာလေးတစ်ခု၊ ကြွက်ကလေးတစ်ကောင် ပါးစပ်ထဲရောက်လာပြီဆိုရင် မာန်ဖီနေတာ၊ ဘယ်သူမှမလာနဲ့၊ လာရင် ကိုက်မှာပဲ ဟုတ်ကဲ့လား။ အဲဒီတော့ သူတို့ရဲ့ စိတ်နေသဘောထားလေးတွေ ကြည့်လိုက်မယ်ဆိုရင် အစာပေါ်မှာ မက်မောနေတာက လောဘ၊ ရထားတဲ့အစာကို သူများနဲ့ ရှယ်ယာမလုပ်နိုင်ဘဲ မာန်ဖီနေတာက မစ္ဆရိယ၊ မာန်ဖီ

စာမျက်နှာ-၇
ပြီးတော့ ဟိန်းနေတာက ဒေါသ၊ ဟုတ်ကဲ့လား?။ ကျန်တဲ့အချိန်တွေမှာ မောဟတဲ့၊ ကဲ-စဉ်းစားကြည့်၊ လောဘရယ်၊ ဒေါသရယ်၊ မောဟရယ် ဒါတွေပဲ လွှမ်းနေတာပဲ။ သူတို့မှာ ကုသိုလ်ပြုလိုတဲ့စိတ်ဆိုတာမျိုး အလွန်ရှားတယ်နော်။

လူနဲ့အလွန်ဝေးတဲ့ တိရစ္ဆာန်တွေကြည့်လိုက်၊ အညမညခါဒိကာ ဒုဗ္ဗလခါဒိကာ အချင်းချင်းသတ်စားကြတယ်၊ အားမရှိတဲ့အကောင်ကို အားရှိတဲ့အကောင်က စားကြတယ်။

ဗဟုသုတအနေနဲ့ အာဖရိက တောရိုင်းတိရစ္ဆာန်တွေအကြောင်း ရိုက်ကူးထားတဲ့ Discovery Channel ကို ကြည့်ကြည့်၊ အလွန်သံဝေဂရစရာကောင်းတယ်နော်။ မြတ်စွာဘုရားက တိရစ္ဆာန်တွေဘဝကို စကားလုံးလေးနှစ်လုံးနဲ့ ဟောထားတာ၊ အညမညခါဒိကာ တစ်ကောင်နဲ့တစ်ကောင် သတ်စားတဲ့ဘဝ၊ ဒုဗ္ဗလခါဒိကာ အားနည်းတဲ့အကောင်ကို အားကြီးတဲ့အကောင်က သတ်စားတဲ့ဘဝတဲ့။ တကယ်ဟုတ်တာပဲ။

ကြည့် .. သမင်လေးတွေ၊ ကျွဲလေးတွေ၊ ကျားပါးစပ်၊ ခြင်္သေ့ပါးစပ်မှာ သူတို့အသက်ပျောက်သွားကြတယ်။ ဒီကနေ့ ညနေတင်ပဲ စစ်ကိုင်းကနေ မတ္တရာလာတဲ့အခါ လမ်းမှာ ဆိတ်နှစ်ကောင်ကို ကြိုးနဲ့တုတ်ပြီးတော့ ဆိုင်ကယ်ပေါ်တင်သွားတာ မြင်ခဲ့ရတယ်။ ကြက်တွေဆိုတာတော့ ပြောမနေနဲ့တော့ ခဏခဏတွေ့တယ်။ ကဲ စဉ်းစားကြည့်စမ်း၊ တိရစ္ဆာန်ဘဝရဲ့ ဒုက္ခဟာ အင်မတန်ကြီးမားတယ်တဲ့။

စာမျက်နှာ-၈
အဲဒီဘဝမှာရောက်နေတဲ့ တိရစ္ဆာန်တွေ အဲဒီလို ညှင်းပန်းခံနေရတဲ့အချိန်မှာ ဘယ်လောက်စိတ်ဆင်းရဲပြီး သောကတွေ၊ ဒေါသတွေ ဖြစ်နေကြမလဲဆိုတာ စဉ်းစားကြည့်။ သေရင် ဒီစိတ်နဲ့ သေရမှာဆိုတော့ လူ့ဘဝပြန်လာလို့ရပါ့မလား၊ မရဘူး။

အေး.. ယေဘူယျစကားနဲ့ပြောမယ်ဆိုရင် လောဘနဲ့သေရင် ပြိတ္တာ၊ ဒါ လူတွေကိုပြောတာ၊ လောဘလွှမ်းနေတဲ့အချိန်သေရင် ပြိတ္တာဖြစ်တယ်တဲ့။ ဒေါသလွှမ်းမိုးနေတဲ့အချိန်သေရင် ငရဲကျတယ်တဲ့၊ မောဟတွေ လွှမ်းမိုးနေတဲ့အချိန်သေရင် တိရစ္ဆာန်ဖြစ်တယ်တဲ့။ ဒါ ယေဘူယျစကားကို ပြောတာပါနော်။ ဒီ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ဒီတရားတွေ လွှမ်းနေတဲ့အချိန်လေးမှာ သေလိုက်ရင် ကောင်းရာသုဂတိတော့ ဘယ်နည်းနဲ့မှ မရောက်နိုင်ဘူး။ စိတ်က ညစ်နေတဲ့အချိန်ကိုနော်။

အေး.. လူ့ဘဝပြန်ကြည့်လိုက်ဦး၊ တိရစ္ဆာန်ဘဝတွေနဲ့ နှိုင်းယှဉ်ပြီး ကြည့်လိုက်မယ်ဆိုလို့ရှိရင် လူ့ဘဝက ဆင်းရဲဒုက္ခတွေ အများကြီးသက်သာသေးတယ်ပေါ့။ အဲဒီတော့ သူတို့ဘဝနဲ့ နှိုင်းယှဉ်ကြည့်ပြီး လူ့ဘဝသည် “မနုဿတ္တဘာဝေါ ဒုလ္လဘော” အလွန်ရခဲတဲ့ ဘဝတစ်ခုဆိုတာ ထင်ရှားတယ်။ ကိုယ့်ဘဝလေးကိုယ် တန်ဖိုးထားတတ်ဖို့ လိုတယ်။

အကယ်၍ ကာမဂုဏ် အာရုံတွေပေါ်မှာ ပျော်လိုပါးလိုတဲ့ လောဘနဲ့ အချိန်ကုန်မယ်၊ ဒေါသနဲ့ အချိန်ကုန်မယ်၊ လုပ်သင့်မလုပ်သင့်ဆိုတာတွေ မသိတဲ့ မောဟနဲ့ အချိန်ကုန်နေမယ်ဆိုရင် ခုနက တိရစ္ဆာန်

စာမျက်နှာ-၉
ဘဝနဲ့ ဘာမှသိပ်ပြီးကွာခြားမှာ မဟုတ်တော့ဘူးနော်။ ဒါကြောင့်မို့ လူ့ဘဝရလာတဲ့အခါမှာ လူဖြစ်ကျိုးနပ်ပါစေတဲ့၊ လူဖြစ်ကျိုးနပ်ဖို့ အင်မတန်မှ အရေးကြီးတယ်တဲ့။

လူ့ဘဝကို ဘယ်ပုံရလာတုန်းလို့ကြည့်လို့ရှိရင် လူဖြစ်ပုံ လူဖြစ်နည်းကို မြတ်စွာဘုရားက သံယုတ်ပါဠိတော်မှာ ဟောထားတာရှိတယ်။

“ဣန္ဒက” လို့ အမည်ရတဲ့ ဘီလူးကြီးတစ်ကောင်က အတိတ်ဘဝ ဝိညာဉ်လေးကဝင်စားပြီး လူဖြစ်လာတယ်ဆိုတဲ့ အယူအဆတစ်ရပ်ကို တင်ပြပြီး မေးခွန်းထုတ်တယ်။ မြတ်စွာဘုရားက ဝိညာဉ်ကောင်ဆိုတာ မရှိဘူး။

အတိတ်ဘဝက စုတေစိတ်ကျသွားတာနဲ့တပြိုင်နက် ကံကြောင့် ပဋိသန္ဓေပေါ်လာတာ၊ ပဋိသန္ဓေစိတ်ပေါ်လာပြီးတဲ့နောက်မှာ ရုပ်တွေ၊ နာမ်တွေ အတူတကွဖြစ်လာတယ်။ အခြေခံရုပ်နဲ့ အခြေခံနာမ်ကို အကြောင်းပြုပြီးတော့ တဖြည်းဖြည်း ကြီးထွားလာတယ်လို့ မြတ်စွာဘုရားက အဲဒီသုတ္တန်မှာဟောတယ်။ ပထမံ ကလလံ ဟောတိ၊ ကလလာ ဟောတိ အဗ္ဗဒံ မိခင်ဝမ်းက မွေးဖွားလာတဲ့ လူသားတွေရဲ့ ဘဝအစ ကလလရေကြည်မှာ သန္ဓေတည်တယ်၊ အဲဒီတော့ ကလလရေကြည်ဆိုတာ ဘာနဲ့တည်ဆောက်ထားတာတုန်းလို့ ပြောမယ်ဆိုရင် (Sperm နဲ့ Ovum) လို့ခေါ်တဲ့ မိဘနှစ်ပါးရဲ့ သုက်သွေးနဲ့ ပေါင်းစပ်သွားတဲ့အခါ ကလလရေကြည်ဖြစ်တယ်။

စာမျက်နှာ-၁၀
မျိုးစေ့လေးတစ်ခုဆိုရင် မြေနဲ့ရေနဲ့ ပေါင်းစပ်ထားတဲ့အပေါ်မှာ ပေါက်လို့ရတယ်။ အေး.. ဘဝသံသရာမှာလည်း ကျင်လည်နေကြတဲ့ သတ္တဝါတွေ လူဖြစ်တော့မယ်ဆိုရင် အဲဒီ Sperm ဆိုတာရယ် Ovum ဆိုတာရယ် နှစ်ခုပေါင်းတာ။ ခုခေတ်သိပ္ပံကတော့ Sperm ဆိုတာကို သက်ရှိသတ္တဝါလို့ ပြောတယ်ပေါ့။ သုတ်ပိုးက ပြေးပြီး သားအိမ်ထဲ ဝင်ကြတယ်တဲ့။ သန်းပေါင်းများစွာထဲက တစ်ကောင်နှစ်ကောင်ပဲ အသက်ရှင်တယ်လို့ပြောတယ်။ Sperm ကို “ပိုး” လို့ ပြောတယ်ပေါ့။ ဖခင်ရဲ့ သုက်ပိုးကလေးတွေဟာ သန္ဓေတည်ရမဲ့အချိန်ကို သူတို့အလုအယက် သားအိမ်ထဲ ပြေးဝင်ကြတယ်။ ဗုဒ္ဓမြတ်စွာရဲ့ ဒေသနာတော်ကတော့ မိဘရဲ့ Sperm နဲ့ Ovum ၂ ခု ပေါင်းမိသွားတာလေးက မြေသဘောလေး ဖြစ်လာတယ်။ အဲဒီမြေပေါ်မှာ အတိတ်ဘဝက စုတေစိတ်ကျလို့ ကံပစ်ချတဲ့ ဂန္ဓဗ္ဗလို့ခေါ်တဲ့ သန္ဓေလောင်း ဖြစ်ပေါ်လာတာ။

ဂန္ဓဗ္ဗဆိုတာ ဘယ်ပုဂ္ဂိုလ်လဲဆိုရင် ဟိုဘဝက စုတိစိတ်ကျတဲ့ ပုဂ္ဂိုလ်ပဲ။ ဘဝတစ်ခုခုမှာ စုတိစိတ်ကျတယ်။ စက္ကန့်အတွင်းမှာ သန်းပေါင်းများစွာသော သတ္တဝါတွေ သေနေကြတယ်။ အဲဒီတော့ ဘာနဲ့ဥပမာတူတုန်းဆိုရင် ကောင်းကင်က မိုးပေါက်တွေကျနေသလိုပဲ။ သေနေတဲ့ သတ္တဝါတွေက ဖြစ်ဖို့ရာ အဆင်သင့်ဖြစ်နေကြတယ်နော်၊ သေလိုက်တာနဲ့ ဘဝသစ်မှာ ဝိညာဉ်စိတ်လေးပေါ်တယ်။

ဒါ မြန်လှချည်လားလို့ မအောက်မေ့နဲ့။ ရန်ကုန်ကနေ Television လွှင့်တာ မတ္တရာကနေဖမ်းရင် ချက်ချင်းရတယ်မို့လား။ အေး.. အဲဒီပုံစံပဲ။

စာမျက်နှာ-၁၁
ဘယ်ဘဝကသေသေ ကံရဲ့စွမ်းအားကြောင့် ခုနကပြောတဲ့ ကလလဆိုတဲ့ သန္ဓေကစကြမှာပဲ။ တစ်ဦးမဟုတ်တစ်ဦး ရောက်လာမှာပဲနော်။ Medical Science က သန်းပေါင်းများစွာသော သုက်ပိုးတွေအထဲက တစ်ကောင်ပဲ အောင်တယ်၊ ကျန်တဲ့အကောင်တွေ သေသွားတယ်ဆိုတာကိုကြည့်ပြီး ဆရာဝန်တစ်ယောက်က ဘုန်းကြီးတို့ကို လျှောက်ဖူးတယ်။ လူ့ဘဝရခဲတယ်ဆိုတာ သူလက်ခံပါတယ်တဲ့၊ ဘာဖြစ်လို့တုန်းဆိုရင် သူတို့ဆေးပညာ အယူအဆအရ အဲဒီ သုတ်ပိုးလေးတွေ အများကြီးထဲက တစ်ကောင်ပဲ လူဖြစ်လာတယ်။ ကျန်တာတွေ အကုန်သေသွားတယ်။ ဒါကြောင့် လူ့ဘဝရခဲတယ်ဆိုတာ လက်ခံပါတယ်တဲ့။

သို့သော် အဲဒီ “ကလလေ” ဆိုတဲ့အထဲမှာ သတ္တဝါတွေ အများကြီး စုပြုံရောက်တယ်လို့တော့ စာထဲမှာမပါဘူးပေါ့နော်။ သို့သော် သန္ဓေခနိုင်တဲ့ အနေအထားမျိုးလေးတွေတော့ ရှိနိုင်တယ်။

မိုးပေါက်ကလေးတွေက ကျလာတဲ့အခါ ကျချင်တဲ့နေရာမှာကျတာ၊ တစ်ချို့မိုးပေါက်လေးတွေက သွပ်ပေါ်ကျတယ်။ တစ်ချို့မိုးပေါက်လေးတွေက သက်ကယ်ပေါ်ကျတာ၊ တစ်ချို့မိုးပေါက်က သစ်ပင်ပေါ်ကျတာ၊ တစ်ချို့မိုးပေါက်က မြေကြီးပေါ်ကျတယ်။ ဟုတ်လား။ သန်းပေါင်းများစွာသော မိုးပေါက်ကလေးတွေ ဒီလိုကျသလိုပဲ သေတဲ့ပုဂ္ဂိုလ်တွေကလဲ သန်းပေါင်းများစွာရှိတယ်။

သတ္တဝါတွေရဲ့ ကံရဲ့စွမ်းအားကြောင့် ကျချင်တဲ့နေရာကျတယ်။ အဲဒီလိုကျတဲ့အခါမှာ ကလလဆိုတာ အောင်အောင်မြင်မြင်ဖြစ်လာပြီး

စာမျက်နှာ-၁၂
ပထမရက်တစ်ပတ်မှာ ကလလဆိုတဲ့ ရေကြည်၊ ဒုတိယရက်တစ်ပတ်ရောက်တဲ့အခါ အမြှုပ်ကလေးဖြစ်လာတယ်။ တတိယရက်တစ်ပတ်ရောက်တဲ့အခါ ကြုပ်သီးကိုထောင်းပြီး အရည်ဖျော်၊ နေပူလှန်းလိုက်တဲ့အခါ ငရုတ်ကြည်ဖတ်ကလေးဖြစ်လာသလို အနှစ်ကလေး၊ အခဲလေးဖြစ်လာတာမျိုး ဖြစ်တယ်။

အဲဒါကို မြတ်စွာဘုရားက ပထမံ ကလလံ ဟောတိ ပထမမှာ ကလလတဲ့။ ကလလာ ဟောတိ အဗ္ဗဒံ ကလလကနေပြီးတော့ အမြှုပ်အဖြစ်ပြောင်းလာတယ်။ အမြှုပ်ကနေ သားတစ်အဖြစ်ပြောင်းလာတယ်။ အဗ္ဗဒါ ဇာယတေ ပေသိ၊ ပေသိ နိဗ္ဗတ္တတိ ဃနော ဆိုပြီး သားသစ်ကနေ အတုံးအခဲလေးဖြစ်လာတယ်။ လူ့ဘဝဟာ ဒီလိုစတာ၊ အင်မတန်မှ ရခဲတဲ့ လူ့ဘဝတစ်ခုဟာ အောင်အောင်မြင်မြင် မိဘဝမ်းကနေ ထွက်ဖို့ဆိုတာ တော်တော်ခဲယဉ်းတယ်နော်။

အဲဒီလို “ဃန” လို့ဆိုတဲ့ အတုံးအခဲလေးဖြစ်လာပြီးတဲ့နောက်မှာ ရက်သတ္တလေးပတ်ဖြစ်သွားပြီ။ အဲဒီ “ဃန” ကနေ ဘာဖြစ်လာတုန်းဆိုရင် အဖုငါးခုထွက်လာတယ်။ အဲဒါကို ယဒါ ပသာခါ ဇာယန္တိ လို့ ဟောတယ်။ တစ်ဖုက ခေါင်းပေါက်မယ့်နေရာ၊ နှစ်ဖုက လက်၊ ကျန်တဲ့နှစ်ဖုက ခြေထောက်နှစ်ဖက်ပေါ့။ အားလုံး အဖုငါးခု အရင်ထွက်လာတယ်တဲ့။ အဲ့ဒီနောက်မှာ လူသားဟာ တဖြေးဖြေး တိုးတက်လာတယ်။

ကလလဆိုတဲ့ အခိုက်အတန့်မှာ ဘာတွေရှိသလဲလို့ကြည့်မယ်ဆိုရင် ဆိုပါစို့ အသိဉာဏ်ထက်မြက်တဲ့ လူသားတစ်ယောက်ရဲ့ အကောင်း

စာမျက်နှာ-၁၃
ဆုံးသန္ဓေစိတ်လို့ပြောရမယ်ဆိုရင် ကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ ပထမ မဟာဝိပါက်စိတ်။ (ဒါ အဘိဓမ္မာ သင်ဖူးတဲ့လူတော့ အဲဒီလိုပြောရင် နားလည်တယ်) သောမနဿသဟဂုတ် ဉာဏသမ္ပယုတ်အသင်္ခါရိက ပထမ မဟာဝိပါက်စိတ်။ ဆိုလိုတာက အဲဒီသန္ဓေစိတ်ကလေးဟာ ပျော်ရွှင်မှုဆိုတဲ့ ခံစားချက်ကလေးပါတယ်။ အသိဉာဏ်အခြေခံပါတယ်။ ထက်မြက်မှုဆိုတဲ့ အနေအထားပါတယ်။ အဲဒီစွမ်းရည်သုံးမျိုးပါတဲ့ စိတ်ကလေး စတင်ပြီးဖြစ်တယ်။ အဲဒါကို ပဋိစ္စသမုပ္ပါဒ်မှာ “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ဟောတယ်။

အတိတ်ဘဝက ကုသိုလ်ကံရဲ့စွမ်းအားကြောင့် မိခင်ရဲ့ဝမ်းထဲမှာ စွမ်းရည်သုံးခုပါတဲ့ စိတ်ကလေး ပေါ်လာတယ်တဲ့။ ဝမ်းသာတဲ့ အနေအထားရှိတယ်။ ဝမ်းသာတဲ့ ခံစားချက်လေးပါမယ်၊ အသိဉာဏ်ပါမယ်၊ ထက်မြက်မှုလေးပါမယ်၊ အဲဒီသုံးခုပါတဲ့ ပဋိသန္ဓေစိတ်လေးဖြစ်လာတယ်။ အဲဒီပဋိသန္ဓေစိတ်ကလေးဖြစ်လာတာနဲ့ တစ်ပြိုင်နက် ပဋိသန္ဓေစိတ်နဲ့ တွဲဖက်ပြီးတော့ ဆိုင်ရာဆိုင်ရာ စိတ်ကိုမှီဖြစ်တဲ့ စေတသိက်တွေပါလာတယ်တဲ့။ ဒါက နာမ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်လာပုံ။

နာမ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်လာပြီးတဲ့နောက် အဲဒီသန္ဓေစိတ်လေးနဲ့ပြိုင်ပြီး ကလလရေကြည်လို့ခေါ်တဲ့ ဒီအပေါင်းအစုလေးမှာ ကာယပသာဒလို့ခေါ်တဲ့ ရုပ်မျိုးစေ့ပါလာတယ်။ ဟဒယဝတ္ထု ရုပ်ရဲ့တည်ရာ လူရဲ့ခန္ဓာကိုယ်မှာ နှလုံးသားပါလာတယ်။ နောက်ပြီးတော့ ယောက်ျား၊ မိန်းမဖြစ်ဖို့ရာအတွက် ရုပ်မျိုးစေ့လေးပါလာတယ်။

စာမျက်နှာ-၁၄
အားလုံးပေါင်းလိုက်တဲ့အခါ ရုပ်သုံးမျိုး၊ ကလာပ်အားဖြင့် ပြောတဲ့အခါ ကလာပ်သုံးစည်း၊ အဲဒီကလာပ်သုံးစည်းကို အတိတ်ကံက ထုတ်လုပ်တာ။ အဲဒီရုပ်သုံးမျိုးဟာ တစ်ခုထဲ နေတာ မဟုတ်ဘူး။ တစ်မျိုးမှာ ဆယ်ခု ဆယ်ခုစီ ရှိတယ်၊ ရုပ်ပေါင်းသုံးဆယ် ရှိတယ်ပေါ့။

အဲဒီ ပဋိသန္ဓေစိတ်ကလေးနဲ့ ရုပ်ပေါင်းသုံးဆယ်ဟာ လူ့ဘဝလေးကို စတင်ပြီး ဖွဲ့စည်းလိုက်တဲ့ အနေအထားတစ်ခု၊ ဘာနဲ့ အလားသဏ္ဌာန်တူတုန်းဆိုရင် မျိုးစေ့လေးတစ်ခုနဲ့တူတယ်။ ဟုတ်ကဲ့လား?။ သရက်စေ့လေးပဲဖြစ်ဖြစ်၊ ပဲစေ့လေးပဲဖြစ်ဖြစ် ခွဲကြည့်လိုက်၊ ဘာမှတွေ့မှာ မဟုတ်ဘူး။ အစေ့ပဲတွေ့မှာပဲ။ သို့သော် အဲဒီထဲမှာ သတ္တိလေးတွေရှိတယ်။

မြေ၊ ရေ အကူအညီရတာနဲ့ တစ်ပြိုင်နက် အမြစ်ကလေး ဆင်းလာလိမ့်မယ်။ အညှောက်ကလေး တက်လာလိမ့်မယ်၊ ဟုတ်တယ်မို့လား။

အေး .. အဲဒါမျိုးပဲ၊ ကလလရေကြည်ထဲမှာ ပဋိသန္ဓေဆိုတဲ့ ဝိညာဉ်စိတ်ကလေး ရောက်လာတာနဲ့တစ်ပြိုင်နက် သူ့ရဲ့ အခြေခံဖြစ်တဲ့ ရုပ်သုံးဆယ် ပါလာတယ်။ မျိုးစေ့ထဲမှာ သတ္တိလေးတွေရှိသလို လူ့ဘဝမျိုးစေ့ထဲမှာလည်း အဲဒါတွေနဲ့ ဖွဲ့စည်းထားတယ်တဲ့။ ။

ကလလရေကြည်ဆိုတာ မိခင်ဝမ်းထဲမှာ မိဘရဲ့ သုတ်သွေးပေါ် အမှီပြုပြီး တည်လာတာ၊ အဲဒီ ကလလရေကြည်ဟာ တဖြည်းဖြည်း ကြီးထွားလာတယ်။ ပထမ ရက်တစ်ပတ်မှာ ကလလရေကြည်၊ ကလလ ရေကြည်ဆိုတာ တကယ့်သေးငယ်တဲ့ အစက်အပေါက်လေး၊ ကျမ်းဂန်ထဲမှာဆိုရင် ဘယ်လောက်ထိအောင် ပြောတုန်းဆိုရင် အပ်ဖျားကလေး

စာမျက်နှာ-၁၅
ကို ဆီထဲကိုနှစ်ပြီးတော့ အကြိမ်တစ်ရာလောက်ခါလို့ကျန်တဲ့ အဲဒီ အပ်ဖျားကလေးမှာ သီးနေတဲ့ ဆီပေါက်လေးလောက်လို့တောင် ပြောတယ်နော်။

အဲဒီတော့ ပြောမယ်ဆိုရင် ပကတိမျက်စေ့နဲ့ မမြင်ရဘူး၊ Microscope နဲ့မှ မြင်ရတယ်။ အားကြီးတဲ့ မှန်ပြောင်းကြီးနဲ့ကြည့်မှ အဲဒါကိုမြင်ရမယ်လို့ပြောတာ။ အဲဒီကနေ လူ့ဘဝ စလိုက်တာနော်၊ တဖြည်းဖြည်း ကြီးထွားလာလို့ အမြှုပ်ဖြစ်လာတယ်။ အမြှုပ်ကနေပြီး သားတစ်လေး ဖြစ်လာတယ်။ အဲဒီကနေ အတုံးအခဲလေး ဖြစ်လာတယ်။

ခက်မငါးဖြာ ပေါက်လာတယ်။ ပြီးတဲ့အခါကျတော့ လူ့ခန္ဓာကိုယ် ပီပီသသဖြစ်လာတယ်တဲ့။ ပထမရှေ့ပိုင်းကို Embryo လို့ခေါ်တယ်။ Embryo ဆိုတာ သန္ဓေသား။ အဲဒီနောက် ပုံသဏ္ဌာန်လေး ပီပြင်လာတဲ့အခါ Foetus လို့ ခေါ်တယ်။

ဒီလို လူ့ဘဝဟာ ခဲခဲယဉ်းယဉ်းနဲ့ စဖြစ်လာပြီး နောက်ဆုံးကျတော့ ရှစ်လ၊ ကိုးလ၊ ဆယ်လ ရောက်လာတဲ့အခါ လူ့ဘဝကို ရောက်လာကြတယ်ပေါ့။ ဟုတ်ကဲ့လား?။ အဲဒီလို ရောက်လာတဲ့ လူ့ဘဝဖြစ်စဉ်ကို ကြည့်ရင် “မနုဿတ္တ ဘာဝေါ ဒုလ္လဘော” ဆိုတာ မမှန်ပေဘူး။

လူဘဝရောက်စ သေသွားတဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်။ ကလလရေကြည်အဆင့်မှာတင် သေသွားတဲ့ သတ္တဝါတွေ အများကြီး၊ ဪ.. သားတစ်အဆင့်၊ အမြှုပ်အဆင့် ဒီလိုအဆင့်မှာလည်းပဲ သေသွားနိုင်သေးတယ်နော်။ အသက်တိုတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒီလိုအဆင့်မှာပဲ သေသွားကြတယ်။ ဘုန်းကြီးတို့တစ်တွေဟာ လူဖြစ်လာတယ်ဆိုတော့

စာမျက်နှာ-၁၆
အဆင့်ပေါင်းများစွာ၊ အခက်အခဲပေါင်းများစွာ ကျော်လွှားပြီးတော့ လူ့ဘဝ ရောက်လာကြပြီတဲ့။

အဲဒီရောက်လာတဲ့ လူ့ဘဝမှာ လူဖြစ်ရကျိုးနပ်အောင် ဘယ်လိုလုပ်မလဲ၊ နေ့စဉ်နှင့်အမျှ ကာမဂုဏ်အာရုံတွေနဲ့ ပျော်ပါးနေရင် လူဖြစ်ကျိုးနပ်ပါ့မလား?

လူဖြစ်လာပြီး လောဘနဲ့နေမယ်၊ ဒေါသနဲ့နေမယ်။ ဘာမှမသိဘူး၊ မောဟနဲ့နေမယ်ဆိုရင် စိတ်သဘောထားအရ တိရစ္ဆာန်အဆင့်နဲ့ တူမနေဘူးလား။ အဲဒါဆိုရင် ခဲခဲယဉ်းယဉ်း ရလာတဲ့ လူ့ဘဝ လူဖြစ်ကျိုးနပ်ပါ့မလား?။ မနပ်ပါဘူး။

အေး .. ဒါကြောင့်မို့ လူဖြစ်ရကျိုးနပ်ဖို့ ကိုယ့်ဘဝအရေး စဉ်းစားရမယ်။ ဒီအတိုင်းမှတ်တမဲ့ မနေရဘူး။ လူဖြစ်ကျိုးနပ်အောင် နေရမယ်၊ အဲဒီတော့ လူဖြစ်ကျိုးနပ်အောင်နေဖို့ဆိုတာ ဘာတွေလုပ်ဖို့ လိုလဲ၊ ဘယ်လိုလုပ်မှ လူဖြစ်ကျိုးနပ်မလဲဆိုတာသိရမယ်။ အရေးကြီးဆုံးက ဘာလုပ်ရမလဲ? နံပါတ်တစ်က လူဖြစ်လာပြီဆိုရင် အရေးကြီးဆုံး ခံယူချက်က “ကမ္မဿကတာ သမ္မာဒိဋ္ဌိ” ဆိုတဲ့ မှန်ကန်တဲ့အမြင် ရအောင် လုပ်ရမယ်၊ မရသေးရင် ရအောင်လုပ်ရမယ်။ “ကမ္မဿကတာ သမ္မာဒိဋ္ဌိ” ဆိုတာ ဘာပြောတာလဲ? ကိုယ်လုပ်တာ ကိုယ်နဲ့သာဆိုင်တယ်ဆိုတဲ့ ခံယူချက်။

မြတ်စွာဘုရားက ဟောထားတယ် ယံကမ္မံ ကရိဿန္တိ ကလျာဏံ ဝါ ပါပကံ ဝါ တဿ ကမ္မဿ ဒါယာဒါ ကောင်းတာလုပ်လုပ်၊

စာမျက်နှာ-၁၇
ဆိုးတာလုပ်လုပ် ဘာပဲလုပ်လုပ် ကိုယ်ပဲဆိုင်တယ်။ ကိုယ်ပဲအမွေခံရမယ်။ အဲဒီခံယူချက်ထားတာကို “ကမ္မဿကတာ သမ္မာဒိဋ္ဌိ” ခေါ်တယ်။ အဲဒီ အမြင်ရှိရမယ်တဲ့။ မှန်ကန်တဲ့ အဲဒီအမြင်မရှိရင် လူတော်လူကောင်း မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ နံပါတ်(၁) လူဖြစ်လာလို့ရှိရင် “ကမ္မဿကတာ သမ္မာဒိဋ္ဌိ” ရှိရမယ်။

မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့ ခံယူထားသည့်အတွက်ကြောင့် ကောင်းတာလုပ်ဖို့ပဲ ကြိုးစားလိမ့်မယ်။ မကောင်းတာလုပ်ဖို့ မကြိုးစားတော့ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ လူတိုင်းလူတိုင်းဟာ ကောင်းတာပဲ ရချင်လို့ပေါ့။ မကောင်းတဲ့ အမွေတွေတော့ ဘယ်သူမှ မခံချင်ဘူး။

ကောင်းတဲ့အမွေ ရအောင်ဆိုပြီး ကောင်းအောင်နေလိမ့်မယ်တဲ့။ ဒါက ကိုယ့်ကိုကိုယ် စဉ်းစားဖို့ လိုအပ်တဲ့အချက်ပဲ။

ဒီဘဝတင်ပဲကြည့်၊ လူတိုင်းလူတိုင်းမှာ ကံရဲ့ပုံရိပ်အမှတ်တံဆိပ်တွေ ပေါ်နေတယ်တဲ့။ အမှတ်တမဲ့မနေနဲ့ ကံရဲ့ ပုံရိပ်အမှတ်တံဆိပ်တွေ လူတိုင်းလူတိုင်းမှာရှိတယ်။ ကြည့်လေ .. ကံရဲ့ ပုံရိပ်တွေ ဘယ်လိုပေါ်လာတုန်းလို့ဆိုရင် တစ်ချို့ကျတော့ ရုပ်လှတယ်တဲ့။ တစ်ချို့ကတော့ ရုပ်မလှဘူးတဲ့၊ ဒါဟာ ကံရဲ့ပုံရိပ်အမှတ်တံဆိပ်လေးပါပဲ။

အမေကမွေးလို့ အမေနဲ့တူတယ်။ အဖေနဲ့တူတယ်ဆိုတာ နဲနဲပဲ တူတာ အကုန်လုံးတူတာ မဟုတ်ဘူးနော်။ ရုပ်လှတာဘာဖြစ်လို့၊ ရုပ်မလှတာက ဘာဖြစ်လို့လဲ? ဘယ်သူမှလုပ်တာမဟုတ်ဘူး ကိုယ်လုပ်တာ၊ ကိုယ်

စာမျက်နှာ-၁၈
လုပ်တဲ့အမွေ ကိုယ်ရတာပဲ။ ဒီဘဝမှာ သတိမထားရင် နောက်ဘဝလည်း ဒီအမွေဆက်ခံရဦးမှာ။ အေး .. အတိတ်ဘဝက စိတ်ခဏခဏဆိုးရင် အဲဒီလူဟာ ဒီဘဝမှာ အရုပ်ဆိုး အကျည်းတန်ဖြစ်တယ်။ ဒေါသကြီးသူဟာ

နောင်ဘဝအသာထားလေ၊ ဒီဘဝ စိတ်ဆိုးနေတဲ့အချိန် ကိုယ့်ဟာကိုယ် မှန်ထဲကြည့်ကြည့်စမ်းပါ။ ဘယ်လောက် အရုပ်ဆိုးတုန်း။ ဟုတ်ကဲ့လား?။ စိတ်ဆိုးနေတုန်း လှတယ်လို့ မြင်ရတဲ့ရုပ်များ ရှိလား၊ မရှိပါဘူး။ ဘယ်လောက်လှတဲ့သူဖြစ်ဖြစ် စိတ်ဆိုးရင် အရုပ်ဆိုးသွားမှာပဲ၊ ဟုတ်ကဲ့လား?။ အဲဒီတော့ ဒေါသရဲ့အကျိုးဆက်ဆိုတာ ဒီဘဝမှာတင်ပဲ အကောင်းထွက်မလာဘူးနော်။ စိတ်ဆိုးရင် ငရဲကြီးလား မကြီးလား မေးမနေနဲ့၊ ဒီဘဝမှာတင် အရုပ်ဆိုးသွားတာ သေချာတယ်။ ။

စိတ်ဆိုးသူဟာ မျက်မှောင်ကြီးကုပ်တယ်၊ နှုတ်ခမ်းကြီးစူတယ်၊ နောင်ဘဝမှာလည်း အဲဒါမျိုးကြီးပဲဖြစ်လာတယ်။ အဲဒါ ကိုယ်လုပ်တဲ့ကံရဲ့ ပုံရိပ်ပဲ။ အေး ဒီဘဝမှာ တစ်ချို့ကျတော့ မျက်နှာက ကြည်ကြည်လင်လင် ပြုံးပြုံးရွှင်ရွှင်ရှိတယ်။ ကြည်လင်တဲ့ မျက်နှာရှိတယ်။ ပြုံးရွှင်တဲ့မျက်နှာရှိတယ်။ မျက်နှာကချိုသာတယ်၊ ဟိုဘဝတုန်းက စိတ်ကောင်းနှလုံးကောင်းနဲ့ နေလာခဲ့တဲ့ပုဂ္ဂိုလ်ရဲ့ပုံရိပ်တွေ ဒီမှာလာထင်တယ်လို့ပြောတာ။

ထို့အတူပဲ ဟိုဘဝတုန်းကနှမြောလို့ မလှူဘူး၊ ကိုယ့်ရှိတာ ကိုယ်တစ်ယောက်ထဲသုံးမယ်။ ဘယ်သူ့ကိုမှ မလှူဘူး၊ မပေးဘူး၊ အဲဒီလို စီးကုပ်ပြီးနေတဲ့ပုဂ္ဂိုလ် ဒီဘဝကျတော့ ဘာဖြစ်တုန်းဆိုတော့ တဲကုတ်လာပြီးဖြစ်တယ်ပေါ့။ ဟိုဘဝတုန်းက ရက်ရက်ရောရောလှူလာတဲ့ ပုဂ္ဂိုလ်ကျတော့

စာမျက်နှာ-၁၉
ဒီဘဝမှာ ချမ်းသာတယ်၊ ဟုတ်ကဲ့လား၊ အေး . . . . တစ်ချို့ကလည်း ပြောလိမ့်မယ်။ သူကိုယ်တိုင် ကြိုးစားရှာလို့ ချမ်းသာတာလို့။ ကြိုးစားရှာတယ်ဆိုတာ အထောက်အကူတစ်ခုပဲ၊ ကံမပါရင် ဘာမှလုပ်လို့မရဘူး။ ကံမပါလို့ရှိရင် သစ်ပင်စိုက်တောင်မသိဘူးနော်၊ ဟုတ်ကဲ့လား?။

ဥယျာဉ်စိုက်တဲ့နေရာမှာ တချို့လူရဲ့ ဥယျာဉ်ကသီးပြီး တချို့လူရဲ့ဥယျာဉ်က အသီးမလိုက်ဘူး၊ အဲဒါဟာ ကမ္မပစ္စယ ဥတုသမုဋ္ဌာန လို့ခေါ်တဲ့အရာဖြစ်တယ်။ သူ့ရဲ့ကောင်းတဲ့ကံတွေက သူ့ဥယျာဉ်ထဲမှာရှိတဲ့ ရာသီဥတုကို သစ်ပင်တွေရဲ့ အကြိုက်ရာသီဥတုအဖြစ် ပြောင်းလာစေတယ်။ အဲဒါကြောင့် သူ့ကံရဲ့ အစွမ်းကြောင့် ရာသီဥတုတွေ ပြောင်းလဲလာတယ်။ ပြောင်းလဲလာတဲ့ ရာသီဥတုကြောင့် သစ်ပင်တွေက ပိုသီးတယ်။

ဟော.. ဟိုလူတစ်ယောက်ကျတော့ ကံမကောင်းဘူး၊ ကံမကောင်းသည့်အတွက်ကြောင့် ကံက ထုတ်လုပ်သည့် ခန္ဓာကိုယ်က ထွက်လာတဲ့အရာတွေက မကောင်းဘူး၊ မကောင်းသည့်အတွက်ကြောင့် ဥယျာဉ်မှာ ဖြစ်နေတဲ့ ရာသီဥတုကလည်း မကောင်းတော့ဘူး။ ဒါကို ကမ္မပစ္စယ ဥတုသမုဋ္ဌာန လို့ခေါ်တာ။ ကံကို အခြေခံပြီးတော့ ဥတုက တစ်ဆင့်ခံ အကျိုးပြုတာနော်။

တစ်ချို့ ပန်းပင်ကလေးတွေဟာ အနီးသွားပြီး သီချင်းလေးဆို၊ စောင်းကလေးတီးပေးလို့ရှိရင် လန်းပြီးပွင့်လာတယ်၊ ဒါဖြင့် သစ်ပင်မှာ အသိစိတ်ရှိလို့လားဆိုတော့ မဟုတ်ဘူး။ လူ့စိတ်က ပျော်နေလို့ရှိရင်

စာမျက်နှာ-၂၀
လူ့သန္တာန်က ထွက်တဲ့ Chemical တွေကလည်း အကောင်းတွေ ဖြစ်လာတယ်နော်။ လူမှာ အပြောင်းအလဲရှိတယ်ဆိုတာ သတိမထားရင် မသိနိုင်ဘူး။ လူတွေမှာ စိတ်ဆိုးနေတဲ့အချိန်မှာ လူ့ခန္ဓာကိုယ်က ထွက်တဲ့အရာဟာ စိတ်ကြည်နေတဲ့အချိန်မှာထွက်တာနဲ့ မတူဘူးတဲ့။ နိုင်ငံခြားက လူတွေကတော့ ကြံကြံဖန်ဖန်စဉ်းစားတယ်။ ကမ္မဋ္ဌာန်းအားထုတ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ ဦးနှောက်ကို စက်နဲ့စမ်းပြီး ရိုက်ယူကြည့်တယ်။ Computer နဲ့ ကြည့်တယ်၊ စိတ်လှုပ်ရှားနေတဲ့ပုဂ္ဂိုလ်ရဲ့ ဦးနှောက်၊ ကမ္မဋ္ဌာန်းထိုင်နေတဲ့ ပုဂ္ဂိုလ်ရဲ့ ဦးနှောက်ကို စမ်းသပ်ကြည့်တဲ့အခါ မတူတာကိုတွေ့ရတယ်။

ကမ္မဋ္ဌာန်းထိုင်နေတဲ့ ပုဂ္ဂိုလ်ရဲ့ ဦးနှောက်ဟာ ငြိမ်သက်တယ်။ လူတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားတာနဲ့ တစ်ပြိုင်နက် ရုပ်ပိုင်းဆိုင်ရာပါ ပြောင်းလဲသွားတယ်ဆိုတာ ထင်ရှားတယ်။ ကဲ အဲဒီလိုစမ်းသပ်လို့မှ သိရတာဆိုတာထက် ကိုယ့်ဟာကိုယ်ပဲ အနုမာနဉာဏ်နဲ့ကြည့်ကြည့် ကိုယ့်ကိုယ်ကိုပဲ စိတ်ဆိုးနေတဲ့စိတ်နဲ့ ပကတိငြိမ်းချမ်းနေတဲ့ စိတ်နှစ်ခု ယှဉ်ကြည့်။ မတူညီတဲ့စိတ် အနေအထားအရ ကိုယ့်ရုပ်ပုံဟာ ဘယ်လိုနေသလဲ စဉ်းစားကြည့်။ ဒေါသထွက်နေတဲ့အချိန် ဖြစ်ပေါ်နေတဲ့ရုပ်၊ စိတ်ကြည်ပြီး ပျော်ရွှင်နေတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ရုပ် တူလား?၊ မတူဘူးလား၊ မတူဘူးဆိုရင် ကျန်တာတွေလည်း မတူဘူးပဲ မှတ်ရုံပဲ၊ ဟုတ်ကဲ့လား? ..

ဒီလို အခြေအနေအရပ်ရပ်ကို ပြောင်းလဲသွားစေနိုင်တဲ့ သဘာဝတရားကို ကိုယ်မသိဘူးဆိုလို့ရှိရင် ကိုယ့်ဘဝကြီးဟာ ဘယ်အကောင်း

စာမျက်နှာ-၂၁
ဖြစ်လာနိုင်မတုန်းနော်။ ဒါကြောင့်မို့ ကိုယ့်ဘဝကောင်းဖို့ရန်အတွက် အခြေခံဘာလိုအပ်သလဲဆိုလို့ရှိရင် မှန်ကန်တဲ့အမြင်တစ်ခု လိုအပ်တယ်တဲ့။ အဲဒီမှန်ကန်တဲ့အမြင်ဆိုတာ ငါဘာလုပ်လုပ်၊ ငါဘာတွေတွေး၊ ငါ့ရဲ့အလုပ် ငါ့ရဲ့အတွေးဟာ ငါနဲ့သာသက်ဆိုင်တယ်၊ ငါ့အပေါ်မှာ တုန့်ပြန်လိမ့်မယ်၊ ဘာပြောပြော အပြောတွေဟာလည်း ငါ့အပေါ်မှာ တုံ့ပြန်လိမ့်မယ်။ Responsible လို့ပြောတာပေါ့နော်၊ ကိုယ်ရဲ့ လုပ်ရပ်တွေဟာလည်း ကိုယ့်ပေါ်မှာ တုံ့ပြန်လာမယ်။

လူတွေမှာ ပြုလုပ်မှုသုံးမျိုးရှိတယ်။ “မနောကံ” စိတ်ရဲ့ပြုလုပ်မှု၊ “ဝစီကံ” နှုတ်ရဲ့ပြောဆိုမှု၊ နှုတ်နဲ့ပြောတာ၊ “ကာယကံ” ကိုယ်ထိလက်ရောက်ပြုမှုဆိုပြီး သုံးမျိုးရှိတယ်။

အဲဒီသုံးမျိုးနဲ့ ကိုယ့်ကိုယ်ကို ဆန်းစစ်ရလိမ့်မယ်။ အဲဒီသုံးမျိုးဟာ ဘာတွေးတွေး ဘာလုပ်လုပ် ကိုယ်နဲ့ဆိုင်တယ်။ အဲဒီတော့ လူဖြစ်ကျိုးနပ်အောင် ဘယ်လိုအတွေးမျိုးတွေးရမလဲ၊ လူဖြစ်ကျိုးနပ်အောင် အပြောကရော ဘယ်လိုပြောရမလဲ၊ လူဖြစ်ကျိုးနပ်အောင် လုပ်တဲ့အခါရော ဘယ်လိုမျိုးလုပ်ရမလဲ မစဉ်းစားသင့်ဘူးလား? အေး. . ကိုယ်ကြိုက်တာတွေ ကိုယ်လုပ်၊ ကိုယ်ကြိုက်တာကိုယ်တွေး၊ ကိုယ်ကြိုက်တာကိုယ်ပြော စိတ်ရှိတိုင်းလုပ်လို့ရှိရင်တော့ လူဖြစ်ကျိုးနပ်မှာ မဟုတ်ဘူး။

မြတ်စွာဘုရားက ဒုစရိုက် (၁၀)ပါး သုစရိုက် (၁၀)ပါးဆိုတာ ဟောထားတယ်။ အတွေးနဲ့ပတ်သက်လာရင် အတွေးသုံးမျိုးကို မတွေးနဲ့တဲ့၊ တွေးလို့ရှိရင် လူဖြစ်ကျိုးမနပ်ဖြစ်လိမ့်မယ်။ မကောင်းတဲ့အတွေးဟာ

စာမျက်နှာ-၂၂
ဘာလဲဆိုရင် သူများပစ္စည်း ကိုယ့်ပစ္စည်းဖြစ်ချင်တဲ့အတွေး “အဘိဇ္ဈာ” လို့ခေါ်တယ်။ အဘိဆိုတာ သူများပစ္စည်းကို ဦးတည်ပြီး ရွာရချင်တဲ့စိတ်နဲ့ စိတ်ကူးတာနော်။ သူများပစ္စည်းကို ပိုင်ဆိုင်ချင်တဲ့အတွေးဟာ ဘာကိုဖြစ်စေတတ်တဲ့ အတွေးလဲ၊ သူခိုးဓားပြဖြစ်စေတဲ့အတွေး မဖြစ်ဘူးလား၊

အေး.. အဲဒီ အတွေးဟာ အန္တရာယ်ရှိတဲ့အတွေး၊ အကုသိုလ်အတွေး၊ မနောဒုစရိုက်လို့ခေါ်တယ်၊ သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုမှုဆိုတဲ့ အတွေးတွေးမိလို့ရှိရင် ဒီအတွေးဟာမှားတယ်။ ဒီအတွေးမျိုး မတွေးသင့်ဘူး၊ ဒီအတွေးကို ရှောင်ရမယ်။

နောက် “ဗျာပါဒ"၊ ဘာလဲဆိုရင် ကိုယ်နဲ့မတည့်တဲ့လူတစ်ယောက် စိတ်ထဲပေါ်လာတယ်။ဟာ .. ဒီကောင်သေသွားရင် ကောင်းမှာပဲ၊ ဒီကောင် စီးပွားတွေပျက်သွားရင် ကောင်းမှာပဲ။ ဒီကောင် ဒုက္ခရောက်သွားရင်၊ ထောင်ကျသွားရင် ကောင်းမှာပဲဆိုတဲ့ အတွေးတွေ တစ်ချို့ မတွေးကြဘူးလား။ အဲဒီအတွေးက ဗျာပါဒအတွေး လို့ခေါ်တယ်။ အဲဒီအတွေးမျိုးကို ရှောင်ရှားဖို့လိုတယ်။ လူဖြစ်ကျိုးနပ်ဖို့ရန်အတွက် အဲဒီအတွေးမျိုး မတွေးမိစေနဲ့တဲ့။

နောက်တစ်ခုက “မိစ္ဆာဒိဋ္ဌိ”၊ မိစ္ဆာဒိဋ္ဌိဆိုတာ ကိုယ်လုပ်တာ ကိုယ်နဲ့ဆိုင်တယ်လို့ မတွေးဘူး။ ကောင်းတာလုပ်လဲ ကောင်းတာမဖြစ်ပါဘူး၊ မကောင်းတာလုပ်လဲ ကောင်းတာဖြစ်တယ်၊ မကောင်းတဲ့လူတွေ ကြီးပွားနေတာ ရှိတာပဲ၊ ကောင်းတဲ့လူတွေ ဒုက္ခရောက်နေကြတယ် စသည်ဖြင့် ကံကို မျက်စိလည်နေတတ်ကြတယ်။ တကယ်တော့ မကောင်း

စာမျက်နှာ-၂၃
တာလုပ်ပြီး ကြီးပွားနေတာတွေ တစ်ချိန်တုန်းက ကောင်းတာလုပ်ခဲ့လို့ ကောင်းကျိုးကို ခံစားနေရတယ်လို့ ဒီလိုတွက်ရမယ်။

ဟုတ်တယ်မို့လား၊ ကိုယ်က ခုမှကောင်းတာတွေလုပ်တာ၊ အကျိုးမပေးသေးဘူး။ အခုမှ သရက်ပင်စိုက်တာ၊ သရက်သီးစားရပါ့မလား။ မစားရပါဘူး။ ကောင်းတာအခုမှလုပ်တာ၊ မကောင်းတာတွေ ကြုံနေရတယ်။ အတိတ်က မကောင်းတာတွေ ဘယ်လောက်လုပ်ခဲ့မှန်းမှမသိတော။

တစ်ခါက ကျောင်းတစ်ကျောင်းမှာ သူခိုးခိုးခံရတယ်။ ဆရာတော်ကြီးတစ်ပါးက ဘာပြောလဲမှတ်တယ်။ “အေး .. တိတ်တိတ်နေကြပါ၊ မပြောကြနဲ့တဲ့၊ ဒို့ အတိတ်က မကောင်းတာလုပ်ခဲ့တာတွေ ပေါ်ကုန်လိမ့်မယ်”တဲ့။ ဆရာတော်ကြီး ပြောလိုရင်းအဓိပ္ပာယ်က ဘာလဲဆိုရင် အခု အခိုးခံရတာ ဟိုအရင်ဘဝတုန်းက ငါတို့သူများပစ္စည်းခိုးခဲ့လို့တဲ့။ ငါတို့အခိုးခံရတာ လူမသိစေနဲ့တဲ့၊ ရှက်စရာကြီးလို့ပြောတာ။ အဲဒါကြောင့် မှန်ကန်တဲ့အတွေးမှာ ကံဆိုတာရှိတယ်။

ကံကို ငြင်းပယ်တာ ‘အကိရိယဒိဋ္ဌိ' လို့ခေါ်တယ်။ ကုသိုလ်ဆိုတာ မရှိပါဘူး၊ အကုသိုလ်ဆိုတာ မရှိပါဘူးဆိုတဲ့ ငြင်းပယ်တဲ့ဝါဒကို အကိရိယဝါဒ လို့ခေါ်တယ်။ “အကိရိယဒိဋ္ဌိ' ဆိုတာ ကံကို လုံးဝမယုံဘူးလေ။ နောက် “နတ္ထိကဒိဋ္ဌိ”၊ ကံရဲ့ အကျိုးတရားကို လက်မခံဘူး၊ မကောင်းတာလုပ်လဲ မကောင်းတာမဖြစ်ဘူး။ ကောင်းတာလုပ်လဲ ကောင်းတာမဖြစ်ဘူး၊ အကျိုးတရားကို ငြင်းပယ်တဲ့အမြင်၊ နောက်

စာမျက်နှာ-၂၄
တစ်ခုက “အဟေတုကဒိဋ္ဌိ”၊ အကြောင်းတရားကို ငြင်းပယ်တာ၊ ပေါင်းလိုက်လို့ရှိရင် ကံနှင့်ကံ၏အကျိုးကို ငြင်းပယ်တဲ့ပုဂ္ဂိုလ်ဟာ မိစ္ဆာဒိဋ္ဌိ အမြင်ရှိသူသာ ဖြစ်တယ်။

အဲဒီလို မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းရာသုဂတိတောင် မရောက်နိုင်ဘူးတဲ့၊ သူသွားရမယ့်လမ်းကတော့ အပါယ် (၄)ဘုံပဲ။ ဘာလို့တုန်းဆိုတော့ သူက ကံကိုငြင်းပယ်ထားတော့ သူလုပ်ချင်တာလုပ်တော့မှာလေ။

လုပ်ချင်ရာလုပ်လို့ ဆိုတဲ့နေရာမှာ လူတွေက ဘာလုပ်ချင်သလဲဆိုရင် မကောင်းတာဘဲ လုပ်ချင်ကြတာ များတယ်လေ။ အဲဒီတော့ သူလုပ်ချင်တာလုပ်တော့မယ်၊ လူဆိုတာ အထိန်းအကွပ်ကလေးနဲ့ နေရတယ်။ အထိန်းအကွပ်မရှိဘဲ လုပ်ချင်တာလုပ်ဆိုရင် မကောင်းတာပဲလုပ်ကြတော့မယ်။

ကောင်းတာဆိုတာ ရေဆန်လှော်ခတ်ရတာနဲ့တူတယ်။ ရေဆန်ဆိုတာ သွားလို့ခက်တဲ့နေရာတစ်ခုပေါ့နော်။ မကောင်းတာလုပ်တာဆိုတာ ရေစုန်နဲ့တူတယ်။ လွယ်တယ်၊ မျှောချရုံပဲ။ အေး .. ဒါကြောင့်မို့ အတွေးနဲ့ပတ်သက်လာလို့ရှိရင် ခုနပြောတဲ့အတွေးတွေ မတွေးနဲ့တဲ့၊ တွေးမိပြီဆိုရင် ကိုယ့်သန္တာန်မှာ ကိုယ့်ရဲ့စိတ်အစဉ်မှာ ကိန်းဝပ်သွားတယ်။ စိတ်အစဉ်မှာ ကိန်းဝပ်သွားလို့ရှိရင် အကြောင်းရှိတိုင်း ပေါ်လာလိမ့်မယ်။

တစ်ခါတစ်ရံ ဟိုငယ်ငယ်တုန်းကအကြောင်းတွေ ပေါ်မလာဘူးလား။ ပျောက်သွားတာ မဟုတ်ဘူးဆိုတာ သေချာတယ်နော်။ ကံက

စာမျက်နှာ-၂၅
လည်း အဲဒီလို ပေါ်ပေါ်လာတာ။ အဲဒီလိုပေါ်လာတာဟာ အခုခေတ်စကားနဲ့ Online ဖြစ်နေတာလို့ ပြောနိုင်တယ်။ အကျိုးပေးစရာရှိရင် အကျိုးပေးမှာ။ သူက ပျောက်မသွားဘူး။

အဲဒါကြောင့်မို့ ဒီအတွေးသုံးမျိုးကို မတွေးမိဖို့ သတိထားရမယ်။ အဲဒီတော့ ဘာတွေးရမှာတုန်းဆိုတော့ သူများပစ္စည်းကို ရလိုတဲ့အတွေးနဲ့ မတွေးနဲ့တဲ့၊ တရားသဖြင့်ရတဲ့ ပစ္စည်းကိုသာ လိုချင်တဲ့အတွေးသာ ရှိရမယ်။ သူများကို ပျက်စီးစေလိုတဲ့အတွေးနဲ့ မတွေးနဲ့တဲ့ ကြီးပွားကြပါစေ ချမ်းသာကြပါစေ၊ အဆင်ပြေကြပါစေဆိုတဲ့အတွေးပဲတွေးပါတဲ့။ အဲဒါကို မေတ္တာအတွေးလို့ ခေါ်တယ်နော်။ ပြီးတော့ မှန်ကန်တဲ့အမြင်နဲ့ မိစ္ဆာဒိဋ္ဌိကို ဖယ်ရှားရမယ့် ဘယ်လိုအမြင်မျိုး မြင်ရမလဲဆိုရင် အစကပြောခဲ့တဲ့ (ကမ္မဿကတာ သမ္မာဒိဋ္ဌိ) ကိုယ်လုပ်တာ ကိုယ်ပဲဆိုင်တယ်ဆိုတဲ့ အမြင်မျိုးမြင်ရမယ်။ ကောင်းတာလုပ်လုပ်၊ ဆိုးတာလုပ်လုပ် ငါပဲအမွေခံရမယ်ဆိုတဲ့ အမြင်ရှိပါစေတဲ့၊ ဟော. . အဲဒါဆိုရင် အတွေးနဲ့ပတ်သက်ရင် မှန်ကန်သွားပြီနော်။

အတွေးနဲ့ပတ်သက်လို့ မှန်ကန်သွားရင် အပြောနဲ့ပတ်သက်လို့ မှန်ကန်ဖို့ လိုသေးတယ်။ ပြောတဲ့အခါမှာ လိမ်မပြောရဘူး၊ လိမ်တယ်ဆိုတာ ဖြစ်နေတာကတခြား၊ ပြောတာတခြား၊ သိနေလျက်သားနဲ့ ကိုယ်သိတာကတခြား ပြောတာကတခြား၊ ဖုံးကွယ်ပြီးပြောတာ။ မုသာတိ အဘူတံ ဝတ္ထု တကယ်မဖြစ်တာကို အဖြစ်လုပ်ပြီး ပြောတာမျိုးဆိုရင် လိမ်တယ်ပေါ့။ ဒါက အပြောနဲ့ပတ်သက်ပြီး ထိန်းသိမ်းရမှာ။

စာမျက်နှာ-၂၆
နောက်တစ်ခု ဘာလဲဆိုရင် တစ်ယောက်နဲ့တစ်ယောက် မတည့်အောင် မတိုက်နဲ့။ တစ်ယောက်နဲ့တစ်ယောက် မတည့်အောင် ဂုံးတိုက်ပြီဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ဒီဘဝမှာလဲ ဒုက္ခရောက်တယ်။ နောက်ဘဝကျရင် သားတကွဲ မယားတကွဲ အချင်းချင်းရန်ဖြစ်လို့ မိသားစုတွင်း ဘယ်တော့မှ မတည့်ဘူး။

သူများတွေကို မတည့်အောင် လုပ်ခဲ့တဲ့အတွက်ကြောင့် သူ့မှာ တည့်တဲ့လူမရှိဘူး၊ အမြဲတမ်း ကွဲပြဲနေတာပဲ၊ ကံရဲ့ပုံရိပ်တွေ အမြဲတမ်း ပေါ်နေတယ်။ အဲဒီလို မလုပ်ဘူးဆိုရင် သူက တစ်ယောက်နဲ့တစ်ယောက် ကွဲအောင် မတိုက်ဘူး၊ ကွဲနေတဲ့ပုဂ္ဂိုလ်ဖြစ်ရင် စေ့စပ်စကားပြောပေးတယ်၊ ညီညွတ်အောင်လုပ်တယ်၊ ညီညွတ်တဲ့ပုဂ္ဂိုလ်တွေ ပိုညီညွတ်အောင် လုပ်တယ်၊ တစ်ယောက်နဲ့တစ်ယောက် မတည့်တဲ့အပြောအဆိုမျိုး ရှောင်တယ်၊ ပိုညီညွတ်အောင် လုပ်တယ်။ ဂုံးတိုက်တဲ့စကားပြောလို့ရှိရင် အပါယ်ငရဲကျတဲ့အပြင် လူဖြစ်လာရင်လည်း မကောင်းတဲ့ပုံရိပ်တွေ ပေါ်လာနိုင်တယ်။

ဒါကြောင့်မို့ ပြောတဲ့အခါမှာ သူများတွေ မတည့်အောင်ပြောတဲ့ အပြောမျိုးကို ရှောင်ရမယ်။ ပိသုဏဝါစာ back bite လို့ ခေါ်တယ်။ နောက်ကျောကနေ ကိုက်တာ၊ အဲဒါမျိုး မပြောနဲ့။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် ခင်မင်မှုတွေ ဆိတ်သုဉ်းသွားအောင် မလုပ်နဲ့တဲ့၊ မလုပ်ကောင်းဘူး။

စာမျက်နှာ-၂၇
နောက်တစ်ခုက ဘာလဲဆိုရင် ကြမ်းတမ်းတဲ့စကားကို မပြောရဘူး။ တချို့က နှုတ်ကျိုးနေတာ၊ မကြားဝံ့မနာသာ ဆဲဆိုပြီး ပြောကြတယ်။ သာမန်အောက်မေ့ မနေနဲ့၊ အဲဒီဆဲတတ်တဲ့ပုဂ္ဂိုလ်ဟာ ကိုယ်လည်းကြမ်း၊ စိတ်လည်းကြမ်းတယ်၊ ကြားတဲ့လူတွေကိုလည်း စိတ်ကြမ်းသွားစေတယ်။ ဒါကြောင့်မို့ ဆဲရေးတိုင်းထွာတဲ့ ဖရုသဝါစာကို မပြောရဘူးတဲ့၊ ဘာပြောရမလဲဆိုရင် ကြင်နာတဲ့စကား၊ ခင်မင်ဖွယ်ရာကောင်းတဲ့စကား၊ ချိုသာတဲ့စကား၊ ဒီလိုဟာမျိုး ပြောရမယ်၊ အကျိုးရှိတဲ့ စကားမျိုးပြောရမယ်။ ပြောတော့ ပြောကြတာပဲ။

နှုတ်ချို သျှတစ်ပါးတဲ့။ သို့သော်လည်းပဲ ချိုချိုသာသာ မပြောချင်ကြဘူး၊ ဘာလို့ မပြောချင်ကြလဲဆိုတော့ အတွင်းက ဒေါသရှိနေတာကိုး၊ ဟုတ်ကဲ့လား။ စိတ်တိုနေတော့ ဘယ်တော့မှ ချိုချိုသာသာ မပြောပါဘူး၊ ချိုသာတဲ့စကားကို ကြိုးစားပြီး ပြောရမယ်။

မြတ်စွာဘုရားအလောင်းတော်ဟာ ပါရမီဖြည့်တဲ့အချိန်တုန်းက သူများတွေကို ဂုံးမတိုက်ခဲ့ဘူး၊ ကွဲနေတဲ့သူတွေကို တည့်အောင်လုပ်တယ်၊ ညီညွတ်တဲ့ပုဂ္ဂိုလ်တွေ ပိုညီညွတ်အောင် အားပေးတယ်။ အဲဒီလိုလုပ်လို့ မြတ်စွာဘုရားမှာ ပါရမီပုံရိပ်အနေနဲ့ အမှတ်တံဆိပ်တွေ ပေါ်လာတယ်။ လူတွေမှာ သွားသုံးဆယ့်နှစ်ချောင်းရှိတယ်။ ဘုရားကျတော့ အချောင်း (၄၀) ရှိတယ်။ အပေါ်သွား (၂၀) အောက်သွားက (၂၀)၊ သွားတော် (၄၀)။ ဘာပြုလို့ရလဲဆိုရင် သူများကို ဂုံးမတိုက်ခဲ့လို့၊ ညီညွတ်ရေး ဆောင်ရွက်ပေးခဲ့လို့ပါ။

စာမျက်နှာ-၂၈
ဒါဆိုရင် လူတွေဟာ ကုန်းတိုက်မှုကို မရှောင်ခဲ့လို့ (၃၂) ချောင်းပဲ ရှိတာဖြစ်မယ်။ ကိုယ့်အတိတ်ဘဝကို ပြန်ကြည့်။ တို့မဟုတ်သေးဘူး။ ကိုယ့်သွားကိုယ်ပြန်ရေကြည့်။ ဟိုဘဝတုန်းက ဒီကုသိုလ်မရှိခဲ့ဘူး။ ဒီကုသိုလ် ကြိုးစားလုပ်ပေးရမယ်။

ဖရုသဝါစာဆိုတာ ကြမ်းတမ်းတဲ့စကားကိုပြောတယ်၊ ဆဲတယ်၊ မကြားဝံ့မနာသာတွေပြောတယ်၊ အဲဒီပုဂ္ဂိုလ်ဟာ သိမ်မွေ့တဲ့အသံ ကြားရတယ်ကို မရှိဘူးတဲ့။ နားမချမ်းသာစရာတွေချည်းပဲ ကြားမယ်။ ဘယ်ဘဝမှာပဲနေနေ ချိုသာတဲ့စကား မကြားရဘူး။

တစ်ခါတုန်းက မိသားစုတစ်ခုတွေ့ဖူးတယ်။ တစ်အိမ်လုံး အပြောကြမ်းတယ်။ အမေလုပ်တဲ့လူကလည်း သားကို ချိုချိုသာသာ တစ်ခါမှ မပြောဘူး။ ဆဲနေတာပဲ။ ဆဲပြီးပြောတာ။ ဒါ ရိုးရိုးတန်းတန်း စိတ်ဆိုးတာ မဟုတ်သေးဘူးနော်။ ထမင်းကြွေးတာတောင် “ဟဲ့ အော့နာ ဝမ်းကျ” တို့ ဘာတို့ ဆဲဆိုပြောတာ။ အကျင့်ပါနေတာ၊ ပြင်လို့မရတာ မဟုတ်ဘူး။ ပြင်လို့ရတယ်၊ ပြင်ရမယ်။ ဖရုသဝါစာ မပြောမိအောင် နေရမယ်။

လူဆိုတာ အလုပ်တစ်ခုကို အောင်အောင်မြင်မြင် လုပ်ဖို့ရာအတွက် နံပါတ်(၁)က ယုံကြည်ချက် သဒ္ဓါ ရှိရမယ်။ (၂) ကြိုးစားမှု လုံ့လ ဝီရိယ ရှိရမယ်။ ယုံကြည်ချက်မရှိတဲ့ပုဂ္ဂိုလ်ဟာ မအောင်မြင်ဘူး၊ နောက်ပြီး တည်ငြိမ်မှု သမာဓိဆိုတာ ရှိရမယ်၊ နောက်တစ်ခုက ပညာဆိုတာ ရှိရမယ်။ အဲဒါတွေမရှိရင် ဒီပုဂ္ဂိုလ်ဟာ ဘယ်တော့မှ မအောင်မြင်

စာမျက်နှာ-၂၉
ဘူးတဲ့။ ပြီးတော့ သတိထားတတ်မှု ရှိရမယ်။ သတိထားရမယ်။ ခုန အတွေးမျိုးတွေ မတွေးမိဖို့ သတိထားရမယ်။

တွေးရမယ့်အတွေးမျိုး တွေးတတ်ဖို့ သတိထားရမယ်၊ မပြောရမယ့်စကားတွေကို သတိထားရမယ်၊ ပြောရမယ့်စကားမျိုးကို သတိထားရမယ်။ ဒါတွေ ရှောင်လို့ရတာပဲ၊ မုသာဝါဒ ရှောင်ရမယ်။ မှန်တာပဲ ပြောရမယ်၊ ကုန်းတိုက်စကား မပြောရဘူး၊ တစ်ယောက်နဲ့တစ်ယောက် ညီညွတ်အောင် လုပ်ရမယ်။ ဆဲရေးတဲ့ ရိုင်းပြတဲ့စကား မပြောရဘူး။ ချိုသာတဲ့စကားပဲ ပြောရမယ်။

သမ္ဖပ္ပလာပဆိုတာ အကျိုးမဲ့စကားတွေပြောတာ၊ အချိန်အခါမဟုတ်တဲ့စကားတွေ ပြောတယ်၊ အကျိုးမရှိတဲ့စကားတွေ ပြောတယ်။ သမ္ဖပ္ပလာပကို ပိန်ဖျင်းတဲ့စကားပြောခြင်းလို့ ဘာသာပြန်တယ်။ စပါးနှံများ အဆံမရှိရင် ပိန်မနေဘူးလား။ ဘာမှအနှစ်မရှိတဲ့ စကားမျိုးတွေကို သမ္ဖပ္ပလာပလို့ ခေါ်တယ်။ အဲဒါမျိုးတွေကို ရှောင်ရမယ်။

ပြောပြီဆိုရင် အကျိုးရှိတာကိုပဲ ပြောရမယ်။ ကောင်းတာကို ပြောရမယ်၊ ပညာရေးအတွက် အကျိုးရှိရမယ်၊ လူမှုရေးအတွက် အကျိုးရှိရမယ်။ ပတ်ဝန်းကျင်အတွက် အကျိုးရှိရမယ်၊ အဲဒီတော့ အပြောနဲ့ပတ်သက်ပြီးတော့ အခုလို ဒီ(၄)မျိုးကို ရှောင်လိုက်ပြီဆိုရင် သမ္မာဝါစာ ဖြစ်တယ်။ သမ္မာဝါစာဟာ လူဖြစ်ကျိုးနပ်ပြီလို့ ပြောနိုင်တဲ့တရား။

နောက်တစ်ခု အလုပ်နဲ့ပတ်သက်လာရင် ဘာတွေရှောင်ရမှာလဲဆိုရင် ပါဏာတိပါတ သူများအသက်သတ်တာကို ရှောင်ရမယ်။ ရှောင်

စာမျက်နှာ-၃၀
တယ်ဆိုတာ ဘာကောင်မှမသတ်ဘဲ ရှောင်တာ၊ ကိုယ့်လာကိုက်တဲ့ ခြင်လေး ဂျပိုးလေးကအစ မသတ်ဘဲ ရှောင်တာကိုပြောတာ။ အတော်များများ ဘုန်းကြီးတို့တွေ့ရတယ်။ ခြင်လေးတွေ လူတွေရဲ့ လက်ဝါးကြားမှာ အသက်ထွက်သွားကြတာ။ ဖတ်ခနဲ၊ ဖြန်းခနဲ ရိုက်သတ်ကြတာ ခုခေတ်ဆို သာဆိုးသေးတယ်။ လျှပ်စစ်ယပ်တောင်နဲ့ ဖျတ်ခနဲချပြီး ခြင်တွေကို သတ်နေကြတာ။ အတော်ကြောက်စရာကောင်းတဲ့ဥစ္စာ။

ဒီကောင်လေးတွေဟာ အသက်လည်း သိပ်ရှည်တာမဟုတ်ဘူး။ ခဏနေ သေကြတော့မှာပဲ။ မောင်းထုတ်လိုက်ပေါ့။ ဒါမှမဟုတ်၊ ခြင်မကိုက်အောင် ခြင်ထောင်ထဲ ဝင်နေပေါ့။ ခြင်ဆေးခွေ ထွန်းထားလိုက်ပေါ့။ ဒီလို လွယ်လွယ်ကူကူနဲ့ သတ်ကြလို့ ပါဏာတိပါတက လွတ်တဲ့လူ အတော်နည်းတယ်။ အဲဒီလို ကိုယ်မှုနဲ့ ပတ်သက်လာလို့ရှိရင် ကိုယ့်ရဲ့လက်နဲ့ ဘယ်သူမှ အသက်မထွက်ပါစေနဲ့။ ရှောင်ရမယ်။

တချို့က ကိုယ့်လက်နဲ့ မသတ်သော်လည်း မင်းဘယ်သူ့ကို သတ်လိုက်စမ်းလို့ ခိုင်းတတ်တယ်။ အတူတူပဲ မှတ်ထားနော်။ သတ်တာကို သဘောကျရင်လည်း အတူတူပဲ၊ ချီးမွမ်းရင်လည်း အတူတူပဲ။ တချို့က ပါးတယ်၊ ကိုယ်မလုပ်ချင်လို့ရှိရင် သူတစ်ပါးကို ခိုင်းတယ်၊ အဲဒါ အတူတူပဲ။ “ကိုယ်တိုင် တိုက်တွန်း ချီးမွမ်း စိတ်တူ”တဲ့၊ အကုသိုလ်ဖြစ်တယ်၊ အဲဒါမျိုးကို ရှောင်ရမယ်။

ကဲ.. ပါဏာတိပါတမရှောင်နိုင်ဘူးဆိုရင် ကံရဲ့ပုံရိပ်တွေ ဘာတွေလာလဲဆိုရင် ရောဂါများမယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့သေတယ်၊

စာမျက်နှာ-၃၁
မွေးလာကတည်းက ဆေးခန်းနဲ့ ဆရာဝန်နဲ့ သွားနေရတယ်၊ မွေးလာကတည်းက တချို့ မျက်စေ့တစ်ဖက်ပါမလာဘူး၊ နှုတ်ခမ်းကွဲလာတယ်၊ ဆရာဝန်တွေက ပြောမှာပေါ့။ ဘာဓာတ်ချို့တဲ့လို့ နှုတ်ခမ်းကွဲတာလို့၊ တကယ်တော့ အဲဒီလိုဖြစ်ရတာ ဘာကြောင့်လဲ? ကံကြောင့်ပဲ၊ ကံရဲ့ပုံရိပ်တွေပဲ၊ သူများတွေတော့ မကွဲဘဲ သူ့ကျကွဲတော့ ကံကိုပြောရမယ်၊ ပါဏာတိပါတကံရဲ့ အကျိုးဆက်ကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်လာတယ်။

နောက်တစ်ခုက အဒိန္နာဒါန သူများပစ္စည်းယူတယ်၊ ခိုးတယ်ဆိုတာ အမျိုးမျိုးရှိတယ်။ ကြည့်.. ဈေးရောင်းဈေးဝယ် လုပ်တဲ့အခါ အစစ်နဲ့အတုနဲ့ ရောရောင်းတာမျိုးတို့၊ ဟုတ်ကဲ့လား။ ကိုယ်ကြိုက်တဲ့ဈေး ပြောရောင်းတာတော့ ရပါတယ်၊ အတုတော့ မရောင်းရဘူး၊ ဗမာပြည်မှာ သောက်ဆေးတွေ အတုရောင်းတယ်ဆိုတာ ကြားရတယ်။ ဆေးအတုရောင်းတာတွေ သိပ်ကြောက်စရာကောင်းတယ်၊ အဲဒီလို လုပ်တာမျိုးတွေဟာ ခိုးတဲ့အထဲမှာပါတယ်။ တချို့က မေးကြတယ်၊ ပစ္စည်းတစ်ခုကို ဈေးတင်ပြီးရောင်းတာ အပြစ်ရှိလားတဲ့၊ ဈေးကတော့ ကိုယ်ကြိုက်တဲ့ ပြောရောင်းလို့ရတယ်၊ သို့သော် ငါးရာတန်ပစ္စည်းကို တစ်သောင်းပေးဝယ်ထားရတယ်လို့တော့ လိမ်မပြောနဲ့ပေါ့။ ဘယ်လောက်ပေးရတယ် မပြောနဲ့၊ ကိုယ်ရောင်းနိုင်တာက ဒါပဲရောင်းနိုင်တယ်။ ဒါပဲပြောပေါ့၊ ပြောခွင့်ရှိတယ်၊ ဒါငရဲမကြီးဘူး။ ရောင်းတဲ့လူနဲ့ ဝယ်တဲ့လူ ကြိုက်လို့ရှိရင်ပြီးတာပဲ။

သို့သော် အတုကို အစစ်နဲ့ ရောမရောင်းနဲ့။ ကောင်းတဲ့အထဲကို မကောင်းတာ ရောမရောင်းနဲ့၊ အဲဒီလိုလုပ်ရင်တော့ အပြစ်ရှိတယ်၊ ဒါဟာ

စာမျက်နှာ-၃၂
ခိုးတာပဲ၊ ပြီးတော့ ဆီတို့ဘာတို့ ရောင်းရင် ပိဿာချိန်မပြည့်ဘူး၊ ဒါလည်း ခိုးတာပဲ၊ အဲဒါမျိုးတွေ လုပ်ပြီဆိုရင်တော့ အဒိန္နာဒါန မလွတ်ဘူးပေါ့။ မှန်မှန်ကန်ကန် ရောင်းဝယ်တာ သမ္မာအာဇီဝပဲ။ ရောင်းဝယ်စားသောက်တာ မှန်ကန်တဲ့နည်းနဲ့ ရောင်းလို့ရတယ်၊ မှန်မှန်ကန်ကန်ပြောပြီး ဟောဒီဟာ မကောင်းဘူး၊ ဒါက ဈေးညံ့တယ်၊ ဟိုဘက်ကဟာက ကောင်းတယ်။ ဟော.. မကောင်းတာ မကောင်းဘူး ပြောလို့ရတယ်၊ အဲဒီလိုပြောပြီး ရောင်းလို့ရတယ်။

မကောင်းတာဖြစ်လျက်နဲ့ ဒါလည်း အတူတူပါပဲလို့ဆိုပြီး ရောင်းရင် အပြစ်ရှိတာပေါ့။ အဲတော့ အရောင်းအဝယ်လုပ်တဲ့နေရာမှာ ရိုးသားမှု လိုတယ်ပေါ့၊ ရိုးရိုးသားသားနဲ့ စီးပွားရှာတယ်၊ အမှန်အတိုင်း စီးပွားရှာတယ်၊ အဲဒါ အပြစ်မရှိပါဘူး။ ရိုးသားတယ်။ မရိုးသားဘူးဆိုတာ ဘယ်သူသိလဲ၊ ကိုယ်သိတာပေါ့၊ ကိုယ့်စိတ်ထဲက ရိုးသားတယ် မရိုးသားဘူးဆိုတာ သိတယ်။

အေး.. ဒါကြောင့်မို့ အဒိန္နာဒါနဆိုတာဟာ ခိုးမှ လုမှ အဒိန္နာဒါန မဟုတ်ဘူး၊ အခုလို မမှန်မကန်တွေ လုပ်တာမှန်သမျှ အဒိန္နာဒါနထဲမှာ ပါတယ်။ အဲဒီကံ အကျိုးပေးရင် ဘာဖြစ်တတ်လဲဆိုတော့ လုပ်သမျှတွေ လွဲပြီး ကိုယ့်ပစ္စည်းတွေ ခဏခဏ ဆုံးရှုံးတတ်တယ်၊ မီးလောင်တဲ့အထဲပါတယ်၊ ရေမျောတဲ့အထဲပါတယ်၊ အခိုးခံရတယ် စသည်ဖြင့် ဒီအပျက်အစီးတွေ ကံရဲ့ပုံရိပ်ထဲ ပေါ်လာတတ်တယ်။ အေး.. ဒါကြောင့်မို့လို့ လုပ်တဲ့အခါမှာလဲပဲ အကျိုးရှိတဲ့အလုပ်ကို လုပ်ရတယ်။ သူများမပေးတဲ့ ပစ္စည်းဆိုရင် မယူဘူး။ ပေးတာကိုပဲ ယူတယ်၊ သန့်ရှင်းတယ်၊ စင်ကြယ်

စာမျက်နှာ-၃၃
တယ်ဆိုတဲ့စိတ်နဲ့ အရောင်းအဝယ်လုပ်ပြီးတော့ အသက်မွေးကြတယ်။ အပြစ်မရှိဘူး။ ကောင်းပြီ။

နောက်တစ်ခုက ဘာလဲဆိုရင် ကာမေသု မိစ္ဆာစာရ၊ ကာမေသု မိစ္ဆာစာရဆိုတာ ကာမကိစ္စနဲ့ ပတ်သက်ပြီးတော့ မှားမှားယွင်းယွင်း လုပ်တာမျိုးပေါ့။ အဲဒီလို ကာမေသု မိစ္ဆာစာရကံမျိုးကို ကျူးလွန်မိပြီဆိုရင် လူစဉ်မမီတဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊ အားလုံးက မုန်းတီးခံရတဲ့ပုဂ္ဂိုလ်၊ အရပ်ထဲမှာဆိုရင် ချဉ်ဖတ်ပေါ့၊ လူတကာ အမြင်ကပ်ခံရတဲ့ပုဂ္ဂိုလ်မျိုး ဖြစ်တတ်တယ်။ အပါယ်ငရဲကျမယ်၊ သူလုပ်ရင် လုပ်သလောက် မကောင်းကျိုးပေးတာ ခံရတယ်။

လူ့ဘဝ ရောက်လာပြီးတဲ့အခါမှာ တွေးတာကလည်း တွေးချင်သလိုတွေးတယ်ပေါ့၊ အပြစ်မကင်းတဲ့အတွေးတွေ တွေးတယ်၊ ပြောတဲ့အခါမှာလည်း အပြစ်မကင်းတဲ့ အပြောတွေ ပြောတယ်။ လုပ်တဲ့အခါမှာလည်း အပြစ်မကင်းတဲ့အလုပ်တွေ လုပ်တယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ လူဖြစ်ကျိုးမနပ်ဘူးတဲ့။ ဘာပြုလို့လဲဆိုရင် ဒီကံက အကျိုးပေးတဲ့ကံမှာ ဒိထက်နိမ့်တဲ့ဘဝ ရောက်သွားလိမ့်မယ်၊ ဒုက္ခရောက်ကြလိမ့်မယ်၊ အေး.. ဒါကြောင့် လူဖြစ်ကျိုးနပ်ပါစေဆိုတာ အဲဒါ ပြောတာနော်။ အဲဒီတော့ လူဖြစ်ကျိုးနပ်အောင် ကိုယ်ပဲလုပ်ရမှာ၊ ဒါ သူများကို မေးစရာမလိုဘူး။ ကိုယ်ပဲလုပ်ရမယ်။

လူ့ဘဝ ရောက်လာရင် အသိတရားနဲ့ သတိတရားရှိရမယ်။ အသိတရားနဲ့ သတိတရားကို စာပေလိုပြောမယ်ဆိုရင် သတိသမ္ပဇညလို့ ခေါ်တယ်။ သတိဆိုတာ ငါကောင်းအောင်နေဖို့၊ ဒီအတွေးမျိုး မတွေးဖို့

စာမျက်နှာ-၃၄
သတိထားရမယ်၊ ဒီအပြောမျိုး ငါမပြောရဘူးဆိုတာ သတိရရမယ်၊ ဒီအလုပ်မျိုး ငါမလုပ်ရဘူးဆိုတာလည်း သတိရရမယ်၊ ဒီအတွေးမျိုး တွေးရမယ်၊ ဒီအပြောမျိုးကို ပြောရမယ်၊ ဒီအလုပ်မျိုးကို လုပ်ရမယ်ဆိုတာ သတိထားတယ်။

“သမ္ပဇည” အသိတရားဆိုတာ ဘာတုန်းဆိုရင် ငါပြောနေတဲ့ အပြောဟာ အပြစ်ကင်းတဲ့အပြောလား၊ အပြစ်ရှိတဲ့ အပြောလားဆိုတာ စဉ်းစား၊ ငါတွေးနေတဲ့အတွေးဟာ အပြစ်ကင်းတဲ့အတွေးလား၊ အပြစ်ရှိတဲ့အတွေးလား စဉ်းစားရမယ်။ စဉ်းစားရင် သိလာလိမ့်မယ်၊ အဲဒါက သမ္ပဇည အသိတရား။ အသိတရားနဲ့ သတိတရား အခြေခံအားဖြင့် လူ့လောကမှာ ရှိနေပြီဆိုရင် တစ်ပိုင်းအားဖြင့် လူဖြစ်ကျိုးနပ်ပြီလို့ ပြောရမယ်နော်။

သို့သော် ဒိထက် လူဖြစ်ကျိုးနပ်အောင် လုပ်လို့ရသေးတယ်၊ အများကြီး ရှိသေးတယ်။ ဒါက Foundation အခြေခံပဲ ရှိသေးတယ်။ ဟုတ်လား။ လူ့ဘဝရောက်လာလို့ အရင်းမရှုံးရုံ ရှိသေးတယ်။ အမြတ်မရသေးဘူး၊ အမြတ်ရဖို့ဆိုရင် ဘာလုပ်ရမလဲ၊ အမြတ်ရဖို့ကျတော့ သူ့ထက်တစ်ဆင့် တက်ရဦးမယ်၊ ဘာတွေကို နားလည်အောင် လုပ်ရမလဲဆိုရင် ဪ.. လူဆိုတာ ရုပ်နဲ့နာမ်နှစ်ခု ပေါင်းစပ်ထားတာ ဖြစ်တယ်။ တကယ်တော့ သတ္တဝါဆိုတာ မရှိဘူး၊ သူဆိုတာလည်း မရှိဘူး၊ ငါဆိုတာလည်း မရှိဘူး၊ ယောက်ျားဆိုတာလည်း မရှိဘူး၊ မိန်းမဆိုတာလည်း မရှိဘူး၊ တကယ်တော့ လူတိုင်းလူတိုင်းမှာ ရုပ်နဲ့နာမ်ပဲရှိတယ်လို့ သိရမယ်။

နောက်တစ်ခု ဘယ်အရာမှ မမြဲဘူးဆိုတဲ့အသိ ရှိဖို့လိုတယ်။ ရုပ်နဲ့နာမ် နှစ်မျိုးထဲရှိတယ်ဆိုတဲ့ အသိကလေး ဝင်လာတာနဲ့ တစ်ပြိုင်နက်

စာမျက်နှာ-၃၅
တွယ်တာမှုတွေ လျော့လာတယ်၊ လောဘကို လျော့ချနိုင်တယ်၊ ဒေါသကို လျော့ချနိုင်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ မောဟက လျော့သွားတယ်။ ဒီအသိမျိုး သိလိုက်တာနဲ့တစ်ပြိုင်နက် လူဆိုတာ တစ်နေ့ကျတော့ သေကြမှာပဲ၊ မာန်မာနတွေ ထားနေလို့လည်း မဖြစ်ဘူး။ ဒီအသိကလေး သိလိုက်တာနဲ့ ဘဝပေါ်မှာ တွယ်တာတာ နည်းသွားတယ်။ ပစ္စည်းဥစ္စာပေါ်မှာ တွယ်တာတာ လျော့သွားတယ်၊ မိသားစုပေါ် တွယ်တာတာတွေ လျော့ကျလာနိုင်တယ်။

တွယ်တာမှု လျော့သွားတာနဲ့ တစ်ပြိုင်နက် သောကကလည်း လျော့သွားတာပဲ၊ သောကလျော့တယ်၊ အတွယ်အတာရှိမှ သောကရှိတာ၊ အတွယ်အတာမရှိရင် သောကမရှိဘူးလေ။ နိုင်ငံခြားတိုင်းပြည်မှာ ကိုယ်နဲ့မသိဘူးဆိုရင် အဲဒီနိုင်ငံတွေမှာ ဘာဖြစ်ဖြစ် သောကမဖြစ်ဘူး၊ တွယ်တာမှုမှ မရှိတာ၊ သောကဆိုတာ ကိုယ်တွယ်တာတဲ့နေရာမှာ ဖြစ်တာ၊ မတွယ်တာရင် ဖြစ်ကိုမဖြစ်ဘူး။

အဲဒီတော့ သောကမဖြစ်ဘူးဆိုရင် လူရဲ့စိတ်ဟာ ဒီဘဝတင်ပဲ ငြိမ်းချမ်းမှုရသွားတယ်။ ဒါကြောင့်မို့ လူဖြစ်ကျိုးနပ်အောင် တစ်ဆင့်တက်ကြမယ်။ ဘဝဆိုတာ ဘာနဲ့တည်ဆောက်ထားတာလဲ တစ်ဆင့်တက် သင်ကြားရလိမ့်မယ်။ ဘဝဆိုတာ ရုပ်နဲ့နာမ် နှစ်ခုနဲ့ တည်ဆောက်ထားတယ်၊ အဲဒီရုပ်နဲ့နာမ် နှစ်ခုဟာ ဆိုင်ရာအကြောင်းတရားတွေကြောင့် ဖြစ်နေတယ်၊ အဲဒီ ဆိုင်ရာအကြောင်းတရားတွေကြောင့် ဖြစ်တဲ့ရုပ်နာမ်သည် မမြဲဘူး၊ ထာဝရပြောင်းလဲနေတယ်၊ ဒါကြောင့် အနိစ္စတဲ့။ “အနိစ္စ”

စာမျက်နှာ-၃၆
ဆိုတာ ဖြစ်ပေါ်လာပြီးတော့ အမြဲတမ်း ပြောင်းလဲပျက်စီးနေလို့ “အနိစ္စ” လို့ ခေါ်တာ၊ “ဒုက္ခ” ဆိုတာ အမြဲတမ်း ကပ်ပြီးတော့ ဆင်းရဲဒုက္ခ ဖြစ်ပျက်မှုတွေနဲ့ နှိပ်စက်နေလို့ “ဒုက္ခ” လို့ ခေါ်တာ။

အဲဒီလို ပြောင်းလဲမှုတွေနဲ့ နှိပ်စက်နေတဲ့ ရုပ်တရား နာမ်တရားကို အနှိပ်စက်မခံရအောင် ဘယ်သူမှ တွန်းလှန်ဖယ်ရှားလို့ မရဘူး။ တွန်းလှန်ဖယ်ရှားနိုင်တဲ့ တန်ခိုးပါဝါမရှိဘူး။ ကိုယ့်အလိုကျ ဖြစ်သလား၊ ဆိုတော့ မဖြစ်ဘူးတဲ့။ လူဆိုတာ အမြဲတမ်း ငယ်ငယ်ရွယ်ရွယ်လေး ချောချောလှလှ နေချင်ကြတယ်၊ မအိုချင်ကြဘူး။ အဲဒီအတိုင်း ဖြစ်သလား မဖြစ်ပါဘူး၊ အဲဒီလိုမဖြစ်တာ ကိုယ့်ဆန္ဒအတိုင်း မဖြစ်တာပဲ၊ ကိုယ့်အလိုအတိုင်း မဖြစ်တာ “အနတ္တ”၊ အဲဒီသဘောကို သိလာလို့ရှိရင် ခုနကထက် အဆင့်မြင့်လာတဲ့ အသိမျိုး ရလာလိမ့်မယ်။

ကံကံ၏အကျိုးကို ယုံကြည်တာက ကောင်းရာဘဝပဲ ရောက်နိုင်တာ၊ နိဗ္ဗာန်မရောက်နိုင်သေးဘူး။ အခုလို အမြင်မျိုး မြင်လာပြီဆိုရင်တော့ တစ်ဆင့်တက်ပြီး နိဗ္ဗာန်လမ်းကြောင်းပေါ် ရောက်လာတယ်လို့ ပြောလို့ရတယ်။

အေး.. တစ်ဆင့်တက်ပြီး ကျင့်ကြံကြိုးကုတ် အားထုတ်ကြမယ် ဆိုလို့ရှိရင် ဘဝသံသရာကြီးပေါ်မှာ ငြီးငွေ့တဲ့အသိဉာဏ်တွေ ရလာမယ်။ လွတ်ချင်တဲ့အသိဉာဏ်တွေ ရလာမယ်။ ဘဝသံသရာကြီးရဲ့ သဘာဝတရားတွေကို အကုန်လုံးသိလာမယ်။ ရုပ်တရား၊ နာမ်တရားတွေရဲ့ သဘာဝတရားတွေကို အကုန်သိလာပြီးတော့ နောက်ဆုံးမှာ တွယ်တာမှု

စာမျက်နှာ-၃၇
တွေ၊ အမြင်မှားမှုတွေ၊ သံသယဖြစ်မှုတွေ အားလုံးကို ပယ်ရှားပစ်နိုင်တဲ့ အဆင့် ရောက်နိုင်ရင် လောကကြီးအတွက် ဘာမှသောကမဖြစ်ဘဲနဲ့ ငြိမ်းချမ်းတဲ့ဘဝမျိုးကို ရသွားမှာပါတဲ့။

အဲဒီလို ငြိမ်းချမ်းတဲ့ဘဝမျိုး စိတ်ဓာတ်လေး ငြိမ်းအေးသွားတဲ့ အဆင့်ရောက်ရင် လူဖြစ်ရကျိုးနပ်ပြီ။ အဲဒီကျတော့မှ အပြည့်အဝ လူဖြစ်ရကျိုးနပ်တယ်။ ခုနတုန်းက အခြေခံအားဖြင့် ကုသိုလ်ကမ္မပထ တရားဆယ်ပါးကို ကျင့်သုံးရင် လူဖြစ်ရကျိုးနပ်ပါတယ်၊ ဟုတ်လား။ ဒီထက် တစ်ဆင့်တက်ပြီးတော့ ဝိပဿနာကျင့်စဉ်ကို ကျင့်လို့ မဂ်တရား ဖိုလ်တရား ရသွားပြီဆိုရင်တော့ တကယ့်ကို လူဖြစ်ရကျိုးနပ်ပြီလို့ မှတ်ရမယ်။ လူဖြစ်ရကျိုးနပ်ဖို့ တို့တစ်တွေ လုပ်ဖို့လိုတယ်နော်။

အခြေခံအုတ်မြစ် မချဘဲနဲ့ အထက်ကိုတက်ဖို့ဆိုတာ အတော်ခဲယဉ်းတယ်။ ဒါကြောင့် ပထမအခြေခံလေးကို ရအောင်လုပ်ရမယ်။ အခြေခံရပြီးတဲ့အခါ အထက်ကိုတက်နိုင်အောင် ကြိုးစားရမယ်။ ဒီလိုကြိုးစားမှ တို့တစ်တွေဟာ လူဖြစ်ရကျိုးနပ်မှာ၊ ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် ဗုဒ္ဓမြတ်စွာဟောကြားတဲ့ တရားဓမ္မကို လိုက်နာကျင့်သုံးခြင်းဖြင့် မိမိတို့ရရှိလာတဲ့ လူ့ဘဝ တန်ဖိုးရှိရှိနဲ့ လူဖြစ်ရကျိုးနပ်အောင် ကျင့်ဆောင်နိုင်ကြပါစေကုန်သတည်း။
t1xg9wue8zmrpf567b5e429qnhidusz
သုံးပါးရတနာ ကိုးကွယ်ရာ
0
6395
22195
2026-06-17T23:46:11Z
Tejinda
173
"{{header | title = သုံးပါးရတနာ ကိုးကွယ်ရာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = လူဖြစ်က..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22195
wikitext
text/x-wiki
{{header
| title = သုံးပါးရတနာ ကိုးကွယ်ရာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[လူဖြစ်ကျိုးနပ်ပါစေ]]
| previous2 =
| next = [[သစ္စဒေသနာ ဓမ္မစကြာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

သုံးပါးရတနာ ကိုးကွယ်ရာ
မှတ်တမ်း ၁၃၇၄ ခုနှစ်၊ တပို့တွဲလဆန်း (၁၄)ရက်၊ ၂၄-၂-၂၀၁၃ တနင်္ဂနွေနေ့၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နန္ဒဝန်ရပ် သဒ္ဓမ္မဇောတိက သုဗောဓာရုံကျောင်းတိုက်အတွင်း ဆင်ယင် ကျင်းပပြုလုပ်အပ်သည့် အဂ္ဂဝိသိဋ္ဌရဏပူဇာနှင့် သဒ္ဓမ္မ ဇောတက ဓမ္မာရုံတော်ကြီး ရေစက်ချ ကံထပ်အလှူတော် မင်္ဂလာ ဓမ္မသဘင် အခမ်းအနားဝယ် ဟောကြားအပ်သော “သုံးပါးရတနာ ကိုးကွယ်ရာ” တရားဒေသနာတော်။

“သုံးပါးရတနာ ကိုးကွယ်ရာ”တဲ့။ လောကမှာ ကိုးကွယ်ရာအဖြစ် မိမိတို့ယုံကြည်ရာ ဘာသာတရား အားလျော်စွာ ကိုးကွယ်နေကြတာအများအပြားရှိတယ်။ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ကတော့ ရတနာသုံးပါးကို ကိုးကွယ်တယ်လို့ ဒီလိုဆိုတယ်။ ဒါကြောင့်မို့ ဗုဒ္ဓ

စာမျက်နှာ-၂
ဘာသာဝင်တွေအနေနဲ့ သုံးပါးရတနာ ကိုးကွယ်ရာနဲ့ ပတ်သက်ပြီးတော့ မိမိတို့ ကိုးကွယ်ဆည်းကပ်နေတဲ့ ရတနာသုံးပါးအကြောင်း အလေးအနက်သိရှိဖို့ လိုအပ်တယ်။ ။

လောကမှာ ကိုးကွယ်ဆည်းကပ်မှုတွေ အလွန် များတယ်။ မိမိတို့ ယုံကြည်ရာ ဘာသာတရား အားလျော်စွာ ကိုးကွယ်ဆည်းကပ်ကြတဲ့အထဲမှာ သုံးမျိုး သုံးစား ကိုးကွယ်ကြတဲ့နေရာမှာ ဟိန္ဒူဘာသာဝင်တွေ ကိုးကွယ်တာ သုံးမျိုးရှိတယ်။ သုံးမျိုးက ဘာလဲလို့ဆိုရင် ဗြဟ္မာရယ်၊ ဗိဿနိုးရယ်၊ သိဝရယ်၊ နတ်ဘုရားသုံးပါး ဖြစ်တယ်။ သူတို့ ကိုးကွယ်တာလည်း အဓိကအားဖြင့် ဒီသုံးမျိုးပဲကိုးကွယ်တာ။ ဒါကြောင့်မို့လို့ ဟိန္ဒူဘာသာကို ယုံကြည်ကိုးကွယ်ကြတဲ့ ဘာသာဝင်တွေဟာ သူတို့ရဲ့ သင်္ကေတ အမှတ်အသားက “ဥ”ဆိုတဲ့ စာလုံးလေး ဖြစ်တယ်။ အိန္ဒိယစာလုံးနဲ့ ရေးထားတဲ့ “ဥ”ဆိုတဲ့ စာလုံးလေးကို အဆောင်အဖြစ် အသုံးပြုပြီး ရေးထား ကြတယ်။ ။

စာမျက်နှာ-၃
အဲဒီ ဥ ဆိုတာ နတ်ဘုရားသုံးဆူကို ကိုယ်စားပြုတဲ့ အက္ခရာ သုံးလုံးပဲ၊ ဒါကို မသိတော့ လူတွေက လိုက်ပြီးတော့ ဥ ကိုရွတ်နေကြတာ။ ဒါလည်း သတိထား စရာပဲ၊ ဥ ဆိုတာ ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူးလို့ ဒီလို မှတ်ထားရမယ်။ ဥ ပဲဖြစ်ဖြစ် အုမ် ပဲဖြစ်ဖြစ် အသံထွက် အမျိုးမျိုးထွက်တယ်။ ဗဟုသုတအနေနဲ့ ပြောရမယ်ဆိုရင် ဥ ဆိုတဲ့စကားလုံးဟာ အ-အက္ခရာ ရယ်၊ ဥ-အက္ခရာရယ်၊ မ-အက္ခရာရယ် အဲဒီသုံးလုံးကို ပေါင်းရွတ်တာ။ အိမ်ရောက်တဲ့အခါ ကိုယ့်ဟာကိုယ် ပေါင်းရွတ်ကြည့်၊ ဒီသုံးလုံးဟာ ဘယ်အသံထွက်လာလဲဆိုတာ။ အ၊ ဥ၊ မ အဲဒီသုံးလုံးကို ပေါင်းထွက်တယ် ဆိုလို့ရှိရင် အုမ် (ॐ) ဆိုတဲ့ အသံ ထွက်တယ်။ “အဲဒါ အ-ဆိုတာ ဗြဟ္မာကို ရည်ညွှန်းပြီး ရွတ်တာ၊ ဥ-ဆိုတာ သူတို့အခေါ် ဗိသျှနူ၊ ဗမာတွေခေါ်တာက “ဗိဿနိုး၊ ဗိသျှနူဆိုတာ နောက်က ဥ-ဆုံးတယ်၊ ဗိဿနိုးနတ်ကို ရည်ညွှန်းပြီးတော့ ရွတ်တာ၊ မ-ဆိုတာက ဗမာတွေ အသိအခေါ်က သိဝ၊ သူတို့အခေါ်က

စာမျက်နှာ-၄
ညှိုဗမ်ဆိုတဲ့နတ်၊ နောက်က မ-အက္ခရာအဆုံးရှိတယ်၊ အဲဒီနတ်ဘုရားတွေကို ကိုယ်စားပြုပြီးတော့ ရွတ်တာ။ ဒါကြောင့်မို့ ဥ ဆိုတဲ့ စကားလုံးဟာ ဗုဒ္ဓဘာသာတွေနဲ့ မဆိုင်တဲ့ စကားလုံးဖြစ်သည့်အတွက်ကြောင့် မရွတ် သင့်ဘူးလို့ ဒီလိုမှတ်ရမယ်။

ခရစ်ယာန်တွေကလည်းပဲ သူတို့ ကိုးကွယ်တာ Trinity လို့ခေါ်တယ်၊ သူတို့လည်း သုံးခုပဲ၊ Godဆိုတဲ့ Fatherရယ်၊ သန့်ရှင်းသောဝိညာဉ်တော်ရယ်၊ သားတော် ရယ် ဆိုပြီးတော့ ဒီသုံးခု Trinity ဆိုပြီးတော့ ကိုးကွယ် တာပဲ။ ကမ္ဘာမှာ ဘာသာရေးတွေ တစ်ခါတစ်ရံမှာ ခပ်ဆင်ဆင်ပဲ၊ အယူအဆလေးတွေ နီးစပ်ကြတယ်။

ဗုဒ္ဓဘာသာဝင် သူတော်စင်တွေကတော့ အဲဒီ ကောင်းကင်ဘုံက ဘုရားတွေနဲ့လည်း မသက်ဆိုင်ဘူး၊ ဘာကို ကိုးကွယ်တာတုန်းဆိုတော့ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ လို့ဆိုတဲ့ ရတနာသုံးပါးကို ကိုးကွယ်တယ်။ ကိုယ် ကိုးကွယ်တဲ့ ဘာသာရဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်သိရှိ နားလည်ပြီးတော့မှ ကိုးကွယ်တာ

စာမျက်နှာ-၅
ကောင်းတယ်။ ကိုးကွယ်ခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း နားလည်ဖို့အရေးကြီးပါတယ်။

မိရိုးဖလာဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေက အများလုပ်လို့ လိုက်လုပ်ကြတဲ့ အနေအထားက များတယ်၊ ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားပြီးတော့မှ အလေး အနက်ထားပြီးလုပ်တာ နည်းတယ်။ ဒါကြောင့်မို့ မိမိတို့ ဘဝမှာ သာမန်အနေအထားနဲ့ ကိုးကွယ်ဆည်းကပ်မှု မပြုကြဘဲနဲ့ အလေးအနက် ဆင်ခြင်သုံးသပ်ပြီး စိတ် ထဲမှာ ကျေနပ်မှ ကိုးကွယ်တာကောင်းတယ်၊ အဲဒီလို မဟုတ်လို့ရှိရင် ကိုယ့်ကိုးကွယ်မှုက လေးနက်မှုမရှိဘူး။

လေးနက်မှု မရှိသည့်အတွက်ကြောင့် တစ်ချို့မြန်မာ လူမျိုးတွေရဲ့ အိမ်မှာ ဘုရား၊ တရား၊ သံဃာဆိုတာ တင်မကဘူး။ တစ်ခြားနတ်တွေပါ ရောက်လာကြတယ်၊ အဲဒါဟာ အလေးအနက်မရှိလို့ ဒီလိုဖြစ်လာတာလို့။

ကိုးကွယ်ဆည်းကပ်မှုဆိုတဲ့ ကိစ္စမှာ ကိုးကွယ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုတယ်။ ဘုရားကိုးကွယ်တာ ဘာအတွက်

စာမျက်နှာ-၆
ကိုးကွယ်သလဲ၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဟောတယ် “သုခေါ ဗုဒ္ဓါန မုပ္ပါဒေါ” လောကမှာ ဗုဒ္ဓ လို့ခေါ်တဲ့ အမှန်တရားသိတဲ့ပုဂ္ဂိုလ် ပေါ်ထွန်းတာဟာ သတ္တဝါတွေချမ်းသာဖို့အတွက်ပဲ၊ ဘယ်လိုချမ်းသာဖို့ အတွက် ဖြစ်လာသလဲလို့ဆို အဲဒီဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်က သတ္တဝါတွေ ဆင်းရဲဒုက္ခက လွတ်ကင်းပြီး ချမ်းသာသုခ ရအောင် တန်ခိုးတော်နဲ့ မစကယ်တင်သလားဆိုတော့ မဟုတ်ဘူး၊ လောကကြီးမှာ မစကယ်တင်ဖို့ ဖြစ်နိုင် သလား မဖြစ်နိုင်ဘူးလားဆိုတာ စဉ်းစားကြည့်၊ တစ်ခြား ဟာတွေမကြည့်နဲ့ ကိုယ့်သားသမီးတောင် ကိုယ် မစ ရတာမှ မဟုတ်တာ၊ ကိုယ်လုပ်ချင်တိုင်းလုပ်လို့မရဘူး။ မစလို့ မရဘူး။ ကိုယ့်သားသမီးကို ပညာတတ်ကြီး ဖြစ်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ။ ကိုယ် လုပ်ပေးနိုင်တာက အကြောင်းတစ်ခုကို ဖန်တီးပေးရုံ မျှသာ ဖြစ်တယ်၊ သားသမီးပညာတတ်ကြီး ဖြစ်အောင် မိဘတွေက ဘာလုပ်ပေးရလဲ၊ ကျောင်းကောင်းကောင်း ထားပေးတယ်၊ ဆရာ ဆရာမကောင်းကောင်းထံ အပ်နှံ

စာမျက်နှာ-၇
ပေးတယ်၊ ဒါပဲ။ သားသမီးလုပ်တဲ့ ပုဂ္ဂိုလ်က ကိုယ်တိုင် ကြိုးစားမှ ပညာတတ်ဆိုတာ ဖြစ်တာ။ ဒါဟာလောက မှာ လက်တွေ့ကျတဲ့ အရာဖြစ်တယ်။ အဲဒီလို လက်တွေ့ ကျတဲ့ အရာတစ်ခုကို မျက်နှာလွှဲပြီးတော့ အရာခပ်သိမ်း တန်ခိုးရှင်က မစလိမ့်မယ်လို့ ယုံကြည်တာကတော့ အသိဉာဏ်နည်းပါးတဲ့ အဓိပ္ပာယ်ကို ဖော်ပြနေတာပဲ။

မဖြစ်နိုင်တာ တစ်ခုကို ယုံကြည်နေတာဟာ မှန်ကန်မှုမရှိဘူး။ ဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က “ဟိတေ ပဝတ္တနေန အဟိတာစ နိဝတ္တနေန သတ္တာနံ ဘယံ ဟံသတိ ဗုဒ္ဓေါ” လို့ စာပေ ကျမ်းဂန်မှာဆိုတဲ့အတိုင်း မြတ်စွာဘုရားကို ဘုန်းကြီး တို့တစ်တွေ ဘာကြောင့်ကိုးကွယ်ရသလဲဆိုတာကို စဉ်းစားကြည့်မယ်။ ဘုရား ကိုးကွယ်တာ ဘာဖြစ်လို့ ကိုးကွယ်လဲ၊ နတ်ကိုးကွယ်တာ ဘာဖြစ်လို့ ကိုးကွယ်လဲ ဆိုကြည့်လေ၊ နတ်ကိုးကွယ်တဲ့လူက အရှင်ကြီး မတော် မူပါလို့ လာတာလေ၊ မစတာ ခံချင်တာ။ စီးပွားဥစ္စာ တိုးတက်အောင် မစပါ။ ဘေးရန်အန္တရာယ်ကင်းအောင်

စာမျက်နှာ-၈
မစပါ၊ ဒီလို ချမ်းသာသုခ မျှော်ကိုးပြီးတော့ လက်ရှိ ဘဝမှာ ဖြစ်ပေါ်နေတဲ့ အနေအထားထက် ပိုပြီးတော့ တိုးတက်လာအောင် အားကိုး ယုံကြည်ပြီးတော့ ကိုးကွယ်တာ မြတ်စွာဘုရားကို ကိုးကွယ်တာ အဲဒီ အဓိပ္ပာယ်မျိုး မဟုတ်ဘူး။

လောကလူသားတွေ နတ်ကို ကိုးကွယ်လာတဲ့ အချိန်တုန်းက နတ်ရဲ့အမစ၊ နတ်ရဲ့ အကူအညီကို ယူပြီးတော့ ချမ်းသာချင်တယ်၊ ကြွယ်ဝချင်တယ်၊ ဘေးရန်အန္တရာယ်တွေ ကင်းချင်တယ်၊ ဒီရည်ရွယ်ချက်တွေနဲ့ လုပ်နေကြတာလေ။ တကယ်တော့ ရသလား ဆိုတော့ မရဘူး မရနိုင်ဘူး၊ အကြောင်းအကျိုး ညီညွတ် လို့ မိမိရဲ့ ကုသိုလ်ကံအားလျော်စွာ ဖြစ်နေတာကို တစ်ခါ တစ်ရံကျတော့ နတ်ကမတယ်လို့ လူတွေက အထင် ရှိကြတယ်၊ ဒါမျိုးက ဖြစ်တတ်တယ်၊ သူ့အကြောင်းနဲ့ သူ့ဟာသူ ဖြစ်လာတာကို တစ်စုံတစ်ယောက်က ကိုယ့်ကိုမစတယ်လို့ ဒီလိုထင်လာတယ်။ တစ်ကယ်တော့ နတ်ဆိုတာလည်း သတ္တဝါတစ်ဦးမျှသာ ဖြစ်တယ်။

စာမျက်နှာ-၉
သူ့ကံအရ သူဖြစ်လာတာ၊ သူကိုယ်တိုင်က အကုန်လုံး ဘယ်မစနိုင်မလဲ၊ လူတောင်မှ လူလူချင်း အကုန်လုံး မမနိုင်တာ၊ မစနိုင်တဲ့အတိုင်းအတာမရှိဘူးလားဆိုတော့ ရှိပါတယ်၊ ကိုယ့်မိတ်ဆွေသင်္ဂဟတွေက ကိုယ့်ကို မမဘူးလားဆိုတော့ ငွေကြေးဓနလိုတဲ့အခါ ချေးငှားတယ်၊ ဒါမစတာပဲ၊ ဒီလိုတော့ လုပ်လို့ရတာပေါ့၊ အစစအရာရာ ကြီးပွားတိုးတက်အောင် လုပ်ပေးတယ်ဆိုတာ မဖြစ် နိုင်ဘူး။

နောက်ဆုံးမှာ လုံးဝမဖြစ်နိုင်တာကျတော့ ဒီဘဝက နေပြီးတော့ ကောင်းရာသုဂတိဘုံရောက်အောင်ဆိုတာ ကတော့ လုံးဝမဖြစ်နိုင်ဘူး၊ အသိဉာဏ်တစ်ခုခု ရဲအောင်ဆိုတာလည်း လုံးဝမဖြစ်နိုင်ဘူး။ ကိုယ်ကိုယ်တိုင် ကြိုးစားမှ၊ ကိုယ်ကိုယ်တိုင် သင်ယူမှသာ အသိဉာဏ်ဆိုတာဖြစ်လာတယ်။ ကုသိုလ်ရအောင်လည်း မိမိ ကိုယ်တိုင်ကြိုးစားမှ ကုသိုလ်ဆိုတာ ဖြစ်ပေါ်လာတယ်။ ဒါကြောင့်မို့ ဘုရား ကိုးကွယ်တယ်ဆိုတဲ့ နေရာမှာ ရည်ရွယ်ချက်တစ်ခု၊ အတိုင်းအတာတစ်ခု အတိုင်း

စာမျက်နှာ-၁၀
ကိုးကွယ်ကြရမှာဖြစ်တယ်၊ အဲဒီအတိုင်းအတာ တစ်ခုက ဘာတုန်းဆိုရင် မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ် ပါတယ်ဆိုတာ ဘာရည်ရွယ်ချက်နဲ့ ကိုးကွယ်ဆည်းကပ် တာလဲလို့ဆို မြတ်စွာဘုရားသည် မကောင်းတဲ့အရာက ငါ့ကို တားမြစ်ပြီး ကောင်းတဲ့အရာတွေကို လမ်းညွှန်ပြ လိမ့်မယ်၊ အဲဒီ မြတ်စွာဘုရားထံကအဆုံးအမရလို့ရှိရင် ငါကိုယ်တိုင် ကောင်းတာတွေလုပ်ခြင်းဖြင့် ကောင်းကျိုး ချမ်းသာတွေရမယ်လို့ ဘုရားဆီက လမ်းညွှန်မှု အဆုံး အမ ရရှိဖို့အတွက် ဘုရားကို ကိုးကွယ်ရတာ။ အဲဒီ ထက်ပိုတဲ့ ကိုးကွယ်မှုတွေက မှန်ကန်တဲ့ကိုးကွယ်မှုလို့ မဆိုနိုင်ဘူး။ မြတ်စွာဘုရားရှင်ဆီက ရချင်တာ ဘာလဲဆို အဆုံးအမပဲဖြစ်တယ်၊ တန်ခိုးတော်နဲ့ မစမှာကို ရချင်တယ် ဆိုရင်တော့ ဘယ်သောအခါမှ ရလာမှာ မဟုတ်ဘူး။ ။

သို့သော် ဘာသာတရား ကိုးကွယ်ယုံကြည်နေကြတဲ့ ပုဂ္ဂိုလ်တွေတော်တော်များများဟာ ဘုရားသခင်ရဲ့ တန်ခိုးတော်ကို စောင့်မျှော်နေကြတဲ့ ပုဂ္ဂိုလ်တွေ ကမ္ဘာ

စာမျက်နှာ-၁၁
လောကမှာအများဆုံးပဲ။ အဲဒီလိုစောင့်မျှော်ရင်း စောင့် မျှော်ရင်းနဲ့ပဲ ဆင်းရဲတွင်း နစ်သွားကြတာအများကြီးပဲ။ ဘယ်သောအခါမှလည်း လာကယ်တင်မှာမဟုတ်ဘူး။ ကယ်တင်မှုဆိုတာ မိမိသန္တာန်မှာ ဖြစ်လာတဲ့ ကုသိုလ် တရားသာလျှင် ကိုယ့်ကို ကယ်တင်နိုင်တဲ့ တရား ဖြစ်တယ်။ အဲဒီသဘောတွေကို ဆင်ခြင်စဉ်းစားကြည့်ပြီး တော့ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့အနေနဲ့ မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ မှန်ကန်တဲ့ ကိုးကွယ်မှုရှိဖို့ အင်မတန်မှ အရေးကြီးပါတယ်။

ကိုးကွယ်တယ်ဆိုတာ မိမိသန္တာန်မှာ ကျရောက် လာနိုင်တဲ့ ဘေးရန်အန္တရာယ်တွေကို ဖယ်ရှားပြီးတော့ ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုးချမ်းသာတွေအတွက် လမ်းညွှန်မှုပြုတာ၊ အဲဒီလို ပြုနိုင်သည့်အတွက်ကြောင့် ထိုပုဂ္ဂိုလ်ကို အားကိုးတယ်၊ ယုံကြည်တယ်ဆိုတဲ့ အဓိပ္ပာယ်။ “သုံးပါးရတနာ ကိုးကွယ်ရာ”ဆိုတဲ့ အဓိပ္ပာယ်ထဲမယ် မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ် ခြင်းဖြင့် မိမိတို့တစ်တွေ ဘာတွေရသလဲလို့ဆိုရင်

စာမျက်နှာ-၁၂
“လုပ်သင့်တာနဲ့ မလုပ်သင့်တာ” ကွဲကွဲပြားပြား နားလည် ရခြင်းဆိုတဲ့ အကျိုးဟာ ကြီးမားတဲ့ အကျိုးတစ်ခု ဖြစ်တယ်။ ကိုယ်ကိုယ်တိုင်အနေနဲ့ လုပ်သင့်တာလည်း မသိဘူး၊ မလုပ်သင့်တာလည်း မသိဘူး၊ မသိသည့် အတွက်ကြောင့် မလုပ်သင့်တာတွေလုပ်မိတတ်တယ်၊ လုပ်သင့်တာတွေကျတော့ မလုပ်ဘဲ နေမိတတ်တယ်။ အဲဒီလိုဖြစ်လို့ရှိရင် ကောင်းကျိုးချမ်းသာတွေ ဆုံးရှုံး နစ်နာသွားနိုင်တယ်။ အဲဒီလို ဆုံးရှုံးနစ်နာသွားမှု မရှိရ လေအောင် မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးကြတာ၊ အဲဒီ အဆုံးအမရဖို့အတွက် ကိုးကွယ်ရတာ၊ ဒီလိုဆိုလိုတာ။ အဲဒီထက် ပိုသွားတဲ့ ကိုးကွယ် ဆည်းကပ်မှုဟာ မှန်ကန်တဲ့ ကိုးကွယ် ဆည်းကပ်မှု မဖြစ်ဘူး။

ဆိုပါစို့ အခုခေတ်မှာဆိုလို့ရှိရင် မြတ်စွာဘုရား ရုပ်ထုဆင်းတုတော် အိမ်မှာကိုးကွယ်ထားတယ်။ ဘာ ရည်ရွယ်ချက်နဲ့ ကိုးကွယ်တာတုန်းဆို ခုနကပြောခဲ့တဲ့ အဆုံးအမရလို့ ကျေးဇူးတင်တဲ့အနေနဲ့ ကိုးကွယ်တာ။

စာမျက်နှာ-၁၃
မြတ်စွာဘုရား သက်တော်ထင်ရှားမရှိတော့ ကိုယ်စား ရုပ်ပွားဆင်းတုတော်ကိုကိုးကွယ်တယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို ရရှိလို့ ကျေးဇူးတင်တဲ့အနေနဲ့ ဘုရား ဂုဏ်ကို အာရုံပြုဖို့ ကိုးကွယ်တာပဲ ဖြစ်ရမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ဒီရုပ်ပွားဆင်းတုတော်ကို ကိုးကွယ်ထား ခြင်းဖြင့် တို့အိမ်မှာ စီးပွားဥစ္စာတွေ တိုးတက်တယ် ဒီလို ယုံကြည်ပြီး ကိုးကွယ်လို့ရှိရင် မှားယွင်းမှာပဲ။ ဒီဘုရား ကိုးကွယ်ထားရင် မီးကင်းတယ်၊ မီးမလောင်ဘူးဆိုပြီး ကိုးကွယ်တာလည်းရှိတယ်။ ဒါတွေက မှန်ကန်တဲ့ ရည်ရွယ်ချက်တွေ မဟုတ်ဘူး၊ သရဏဂုံယူတဲ့အခါမှာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” “ဘုရားကို ကိုးကွယ်ပါ၏” လို့ ဆိုရတယ်။ ဒီလို သရဏဂုံယူတဲ့အခါမှာ ရည်ရွယ်ချက်က ဘုရား၏ အဆုံးအမကို ခံယူချင်တာသာဖြစ်တယ်၊ ဘုရားကို မကိုးကွယ်လို့ရှိရင် ဘေးရန်အန္တရာယ်ဖြစ်မှာ ကြောက်တယ် (သို့မဟုတ်) ပတ်ဝန်းကျင်က ကဲ့ရဲ့မှာ ကြောက်တယ်။ အဲဒီလိုကြောက်လို့ ကိုးကွယ်တာမျိုး၊ ကျတော့ သရဏဂုံ မမြောက်ဘူး။

စာမျက်နှာ-၁၄
ဘုရားကို ကိုးကွယ်မှ စီးပွားဥစ္စာတိုးတက်မယ်လို့ ယူဆပြီး စီးပွားဥစ္စာတိုးတက်ချင်လို့ ကိုးကွယ်လို့ရှိရင်လည်း သရဏဂုံမမြောက်ဘူး။ တို့ဆွေတွေမျိုးတွေ မိသားစုတွေက ကိုးကွယ်တဲ့ဘုရား လို့ဆိုပြီးတော့ မိသားစုသံယောဇဉ်နဲ့ ကိုးကွယ်လို့ရှိရင်လည်း သရဏဂုံ မမြောက်ဘူး။ ဒါတွေမပါစေရဘူး။ မြတ်စွာဘုရားဟာ လောကမှာ တကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊ ပါရမီ ဆယ်ပါး၊ အပြားသုံးဆယ်၊ စရိယသုံးပါး၊ စွန့်ခြင်းကြီး ငါးပါး ဖြည့်ကျင့်ပြီးတော့ သတ္တဝါတွေအကျိုး အလို့ငှာ ပါရမီတွေ ဖြည့်ကျင့်ပြီးလို့ ဘုရားအဖြစ်ကို ရောက်လာ ပြီးတော့ အမှန်တရားကို ဟောကြားတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်တယ်၊ ဒီပုဂ္ဂိုလ်ရဲ့ အရည်အချင်းတွေ အင်မတန်မှ မြင့်မြတ်တယ်၊ ထိုအရည်အချင်းတွေကို ပူဇော်တဲ့အနေနဲ့ ကိုးကွယ်တယ်ဆိုမှ ကိုးကွယ်မှု မြောက်တယ်။

အဲဒီလိုကိုးကွယ်မှ ကိုယ်နေ့စဉ်ဆိုနေတဲ့ ဗုဒ္ဓ သရဏံ ဂစ္ဆာမိဆိုတာ ပိုပြီးတော့ အဓိပ္ပာယ်ရှိတယ်၊

စာမျက်နှာ-၁၅
အဲဒါကမှ တကယ့် သရဏဂုံတည်တဲ့ မဟာကုသိုလ် စိတ်လို့ ခေါ်တယ်။ အဲဒီမဟာကုသိုလ်စိတ်နဲ့ မြတ်စွာ ဘုရား ကိုယ်တော်မြတ်ကို ကိုးကွယ်ဆည်းကပ်လို့ ရရှိလာတဲ့ ကုသိုလ်စေတနာတွေကမှ လူချမ်းသာကိုလည်း ပေးနိုင်တယ်၊ နတ်ချမ်းသာကိုလည်း ပေးနိုင်တယ်။

လောကမှာ မြတ်စွာဘုရားပွင့်ပေါ်ပြီးတဲ့နောက်နဲ့ မပွင့်ပေါ်ခင်က လူတွေရဲ့ အခြေအနေ အင်မတန် မကွာခြားတယ်။ ဒီလိုကွာခြားတာကို လူသားတွေက မသိကြဘူး။ နတ်ပြည်က နတ်တွေက ပိုပြီးတော့ သိကြတယ်။ ဘယ်လိုကွဲပြားခြားနားတာလဲလို့ဆိုရင် မြတ်စွာ ဘုရားမပွင့်ခင်ကလည်း မိမိတို့ရဲ့ ဝါသနာအလျှောက် ဖြစ်စေ၊ သူတော်ကောင်းတွေရဲ့ လမ်းညွှန်မှုအရဖြစ်စေ ဒါနကောင်းမှုတွေ လုပ်ကြတယ်၊ သီလတွေ ဆောက် တည်ကြတယ်။ ဒါန၊ သီလ၊ ကုသိုလ်ကောင်းမှုတွေကို လုပ်ပြီးတော့ နတ်ပြည်ရောက်သွားကြတယ်။ ဒါနဆိုတာက ဗုဒ္ဓဘာသာမှလုပ်တာမဟုတ်ဘူး၊ ဗုဒ္ဓဘာသာ

စာမျက်နှာ-၁၆
မဟုတ်တဲ့ ပုဂ္ဂိုလ်တွေလည်းလုပ်တယ်။ သီလဆိုတာလည်း အတိုင်းအတာတစ်ခုနဲ့ သူတို့လည်း သီလ ရှိကြတယ်။ အဲဒီ ဒါန သီလဆိုတာ တကယ့်ကို ကောင်းကျိုး ချမ်းသာကိုပေးနိုင်တဲ့ ကုသိုလ်ကောင်းမှု ဖြစ်လာလို့ရှိရင် ဗုဒ္ဓဘာသာဝင် ဟုတ်သည်ဖြစ်စေ၊ ဗုဒ္ဓဘာသာဝင် မဟုတ်သည်ဖြစ်စေ ဒါနဆိုတဲ့ ကုသိုလ်ကောင်းမှုက နတ်ပြည်ကိုရောက်စေတယ်၊ လူ့ဘုံဘဝကို ရောက်စေတယ်။ သီလဆိုတဲ့ ကုသိုလ်ကောင်းမှုက ဘယ်သူပဲ စောင့်စောင့် သီလသည် လူမျိုးမရွေး ဘာသာမရွေး ကောင်းကျိုးချမ်းသာကို ပေးနိုင်တဲ့ စွမ်းရည်သတ္တိ ရှိတယ်။ အဲဒီတော့ ဒါန သီလ ကုသိုလ်ကောင်းမှုတွေ လုပ်ပြီး နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်၊ ဘုရားမပွင့်မီ နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်၊ မြတ်စွာဘုရား ပွင့်ပြီးတဲ့နောက် ဘုရားရဲ့ အဆုံးအမရလို့ ဒါနကောင်းမှုပြု သီလစောင့်တည်ပြီး နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ် အင်မတန်မှ ကွာခြားတယ်။

စာမျက်နှာ-၁၇
အဲဒီပုဂ္ဂိုလ်တွေမှာ သက်တမ်းကလည်း ပိုရှည်တယ်၊ အဆင်းကလည်း ပိုလှတယ်၊ ချမ်းသာသုခ လည်း ပိုပြီးကြီးမားလာတယ်။ အစိုးရမှုတွေကလည်း ပိုပြီးစွမ်းဆောင်လာနိုင်တယ်။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့လို့ဆိုတဲ့ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဌဗ္ဗာရုံတို့ ရရှိခံစားတာတွေကလည်း ပိုပြီးတော့ အဆင့်မြင့်တယ်၊ ဒီလိုဆိုလိုတယ်။ ဘုရား ဆီမှာ သရဏဂုံတည်ပြီးတော့မှ ဒါနကောင်းမှု သီလကောင်းမှု လုပ်ပြီးတော့ နတ်ပြည်ရောက်သွားတဲ့ ပုဂ္ဂိုလ် တွေဟာ တန်ခိုးအရှိန်အဝါ ပိုပြီးတော့ ကြီးမားတယ်လို့ ဒီလိုပြောတာ။

အဲဒီတော့ မြတ်စွာဘုရားရဲ့ လမ်းညွှန်မှု အဆုံး အမဟာ လူတွေရဲ့သန္တာန်မှာဖြစ်တဲ့ ကုသိုလ်စွမ်းအား တွေ ပိုပြီးတော့ မြင့်မားစေတယ်၊ ဒီလိုဆိုရမှာပဲ။ အမှန် အကန်ကို ပိုသိလာတဲ့အခါကျတော့ လူ့ဘဝက လုပ် လာတဲ့ ကုသိုလ်ကောင်းမှုတွေရဲ့ စွမ်းအားကြောင့် နတ်ပြည်ရောက်သွားတော့ နတ်တွေရဲ့ချမ်းသာသုခက

စာမျက်နှာ-၁၈
အလွန်ပဲ အဆင့်မြင့်တယ်တဲ့။ သာသနာပအခါမှာလှူတဲ့ ဒါန၊ သာသနာအတွင်းမှာလှူတဲ့ ဒါန၊ ဒီ ဒါနနှစ်ခုဟာ အင်မတန်မှ ကွာခြားတယ်ဆိုတာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် (၇)ဝါမြောက်တုန်းက တာဝတိံသာ နတ်ပြည်တက်ပြီး အဘိဓမ္မာတရား ဟောတဲ့အခါမှာ မြတ်စွာဘုရားက သာဓကထုတ်ပြပြီး နတ်သား နှစ်ယောက်ရဲ့ အခြေအနေကွာခြားမှုကို နှိုင်းယှဉ်ပြီး တော့ ဟောကြားထားတာရှိတယ်။

သာသနာပအခါမှာ ထမင်းရည်ချောင်းစီးလောက် အောင် နှစ်ပေါင်းများစွာ အလှူကြီး အတန်းကြီးပေးတဲ့ အကိုရဆိုတဲ့ နတ်သား၊ သာသနာတွင်းကာလမှာ အရှင် အနုရုဒ္ဓါ မထေရ်မြတ် ဆွမ်းခံကြွလာလို့ ဆွမ်းလေး တစ်ဇွန်း လောင်းဖူးတယ်လို့ဆိုတဲ့ ဣန္ဒကနတ်သားရဲ့ ကုသိုလ်ကောင်းမှု၊ သူတို့နှစ်ခုက တစ်ဦးက ရဟန္တာ အရှင်မြတ်ကို ဆွမ်းတစ်ဇွန်းပဲ လောင်းလိုက်တယ်၊ ဟို တစ်ဦးက နှစ်ပေါင်းများစွာ လူပေါင်းများစွာ ထမင်းရည် ချောင်းစီးအောင်လှူခဲ့တယ်။ အဲဒီကုသိုလ်နှစ်ခု အကျိုး

စာမျက်နှာ-၁၉
ပေးခြင်း ယှဉ်လိုက်တဲ့အခါကျတော့ ဘယ်သူက သာနေသလဲ။ ကုန်ကျမှု ကြည့်မယ်ဆိုရင် အကိုရ နတ်သား လှူခဲ့တဲ့ အတိုင်းအတာဆိုတာ အင်မတန်မှ ကြီးမားတယ်။ ဣန္ဒက လှူခဲ့တာ ဆွမ်းလေး တစ်ဇွန်းတည်း။ သို့သော် ဆွမ်းလေးတစ်ဇွန်းသည် နှစ်ပေါင်းများစွာ ထမင်းရည်ချောင်းစီးအောင် လှူခဲ့တဲ့ အကိုရ နတ်သားရဲ့ ကုသိုလ်ကောင်းမှုတွေ၊ စွမ်းရည်သတ္တိတွေကို ကျော်ဖြတ် ပြီးတော့ သူ့စွမ်းရည်သတ္တိက ပိုကြီးသွားတယ်။

ဘာဖြစ်လို့ ပိုကြီးသွားသလဲဆို မြတ်စွာဘုရား သာသနာနဲ့ ကြုံလို့ပဲဖြစ်တယ်။ မြတ်စွာဘုရား အဘိဓမ္မာ တရား ဟောမယ့်နားမှာ ဣန္ဒက နတ်သားက မြတ်စွာ ဘုရားရဲ့ လက်ယာဘက် မလှမ်းမကမ်းမှာ ထိုင်တယ်၊ အကိုရ နတ်သားက ဘုရားရဲ့ လက်ဝဲဘက် မလှမ်း မကမ်းမှာ ထိုင်တယ်၊ အဲဒီလို ထိုင်ရတဲ့အချိန်မှာ စကြဝဠာပေါင်း မြောက်များစွာက တန်ခိုးကြီးတဲ့ နတ်တွေ ဗြဟ္မာတွေ လာလိုက်တဲ့အခါမှာ ဣန္ဒက နတ်သား ရဲ့ အရှိန်အဝါကကြီးတော့ ဘယ်သူလာလာ ဆုတ်ပေး

စာမျက်နှာ-၂၀
စရာမလိုဘူး၊ အကိုရနတ်သားက လုပ်ခဲ့တဲ့ ကုသိုလ် ကောင်းမှုက အရှိန်အဝါ နည်းတဲ့အခါကျတော့ ရှေ့က မနေဝံ့လို့ ဆုတ်ဆုတ်ပေးလိုက်တာ မြတ်စွာဘုရားနဲ့ (၁၂)ယုဇနာ အထိလောက်အောင် ဝေးသွားတယ်။ တစ် ယုဇနာကို (၈)မိုင်နှုန်းနဲ့တွက်ကြည့် ဘုရားနဲ့ ဘယ် လောက် ဝေးသွားလဲ။ ပထမဆုံး နေရာယူခဲ့ပေမယ့်လို့ သူဟာ ဘုရားနဲ့ အင်မတန်ဝေးတဲ့ နေရာထိအောင် ဆုတ်ပေးလိုက်ရတယ်။

ဘာဖြစ်လို့ ဆုတ်ပေးရတာတုန်း၊ ဘုန်းကံခြင်း မတူလို့။ ကိုယ့်ထက် ဘုန်းကံကြီးမားတဲ့ ပုဂ္ဂိုလ်တွေ လာတဲ့အခါ ရှေ့မှာမနေရဲဘူး၊ ဆုတ်သွားရတယ်။ အဲဒါဘာဖြစ်လို့ ဒီလိုကွာရသလဲဆိုရင် မြတ်စွာဘုရားရဲ့ သာသနာ ရှိတာနဲ့ မရှိတာ ကွာသွားရတယ်။ ဒါလည်း သတိထားစရာ အင်မတန်မှ ကောင်းတယ်။ ဒါကြောင့်မို့ သိကြားမင်းကြီးက တစ်ခါပြောတယ်၊ မြတ်စွာဘုရားကို အားရပါးရလျှောက်တယ်။ “အရှင်ဘုရားတဲ့ အရှင် ဘုရား မပွင့်ခင်က တပည့်တော်တို့ တာဝတိံသာ

စာမျက်နှာ-၂၁
နတ်ပြည် ရောက်နေတဲ့ နတ်တွေထက် အရှင်ဘုရား ပွင့်ပြီးမှ ရောက်လာတဲ့ နတ်သစ်တွေက အင်မတန်မှ တန်ခိုးအာဏာကြီးပါတယ်၊ အရှိန်အဝါ တပည့်တော် တို့ထက် ကြီးလှပါတယ်” ဒီလိုလျှောက်ခဲ့ဖူးတယ်။ အဲဒီတော့ မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးဟာ အင်မတန်မှ ကြီးမားတယ်။

ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ အနေနဲ့ ဘုရားကို ကိုးကွယ်တယ်ဆိုတာ သာမန်အနေ အထား မဖြစ်စေချင်ဘူး။ မှန်ကန်တဲ့ ရည်ရွယ်ချက်နဲ့ အလေးအနက်ထားပြီး ကိုးကွယ်ဆည်းကပ်တတ် အောင် စိတ်နေသဘောထားတွေ ပြင်ပေးကြရမှာ ဖြစ်တယ်။ လာဘ်လာဘ ရချင်အောင်လို့ ကိုးကွယ်တာ မျိုး မလုပ်ဘဲနဲ့ တကယ့်ကို ကိုးကွယ်ထိုက်တဲ့ အရည် အချင်းတွေ အရဟံ စတဲ့ ဂုဏ်တော်တွေနဲ့ ပြည့်စုံပြီး လောကအတွင်းမှာ ဦးညွှတ်ပူဇော်ထိုက်တဲ့ဘုရားဖြစ်လို့ ကိုးကွယ်ကြတယ်၊ ဒီမြတ်စွာဘုရားရဲ့ အဆုံးအမကို တို့တစ်တွေရအောင် ကြိုးစားအားထုတ်ကြရမှာ ဖြစ်

စာမျက်နှာ-၂၂
တယ်လို့ မြတ်စွာဘုရားရဲ့ ဂုဏ်တွေကို ရည်စူးကြည်နူး ပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိဆိုတာကို အလေးအနက် ဆိုရမယ်။ ငါရဲ့ဘဝကို ဗုဒ္ဓကို အပ်နှံတယ်၊ မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း ငါလိုက်နာမယ်၊ ဘုရားက ဒါမလုပ်နဲ့ ဆိုရင် ငါမလုပ်ဘူး၊ ဒါလုပ်ဆိုရင်လုပ်မယ်။ မိဘစကား လိုက်နာတဲ့ သားသမီးဟာ မိဘပြောတဲ့အတိုင်း တသွေ မတိမ်း လိုက်နာသလိုပဲ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဟာလည်းပဲ မြတ်စွာဘုရား စကားကို တသွေမတိမ်း လိုက်နာဖို့လိုအပ်တယ်။

အဲဒီလိုလိုက်နာကျင့်သုံးကြမယ်ဆိုလို့ရှိရင် ဘုရား ကိုးကွယ်တယ်ဆိုတဲ့ အရာဟာ အင်မတန်မှ အဓိပ္ပာယ် ရှိလာတယ်။ အဲဒီလိုဖြစ်အောင် ကိုယ့်စိတ်ကို ပြုပြင် ရတယ်၊ အသိဉာဏ်တွေကိုတိုးမြှင့်ပေးရတယ်။ ဒါဘုရား ကိုးကွယ်တာ ဒီအကျိုးလောက်တင်ရှိတာလားဆိုတော့ မကဘူး၊ မြတ်စွာဘုရားကို ကိုးကွယ်ခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေ မြောက်မြားစွာရှိတယ်။ ဘုရားကို ကိုးကွယ်လို့ရှိရင် မြတ်စွာဘုရား အဆုံးအမတွေကို

စာမျက်နှာ-၂၃
လိုက်နာမယ်၊ မြတ်စွာဘုရား လမ်းညွှန်တဲ့တိုင်း လိုက်နာ ကျင့်ကြံကြိုးကုတ် အားထုတ်သည့် အတွက်ကြောင့် သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ပြီး နိဗ္ဗာန်ချမ်းသာထိ အောင် မျက်မှောက်ပြုနိုင်တယ်လို့ ဒီလိုဆိုလိုတာ။ ဒါကြောင့်မို့ သာမန် လာဘ်လာဘ ရရုံလေးကို ရည်ရွယ်ပြီးတော့ ဘုရားကို မကိုးကွယ်နဲ့၊ တကယ့်ကို လေးလေးနက်နက် အနှစ်သာရရှိရှိ စိတ်ထဲမှာ နှလုံးသွင်း ပြီးတော့ ကိုးကွယ်ကြရမယ်၊ အလေးအနက်ထားရမယ်။ ရုပ်ပွားဆင်းတုတော် ကိုးကွယ်လို့ရှိရင် ရုပ်ပွား ဆင်းတု တော်တင် လမ်းဆုံးမနေဘဲ ဒီရုပ်ပွားဆင်းတုတော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆ဝဝ ကျော်က ပွင့်တော်မူခဲ့တဲ့ မြတ်စွာဘုရားရဲ့ ကိုယ်စား ဆင်းတုတော် ရုပ်ပွားတော် ဖြစ်တယ်၊ ဒီရုပ်ပွားဆင်းတုတော်ရဲ့ တကယ့်ပိုင်ရှင် အစစ်ဟာ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ပေါ်ထွန်းတဲ့ အရဟံ အစရှိသော ဂုဏ်တော်တွေနဲ့ ပြည့်စုံတဲ့ မြတ်စွာဘုရားဖြစ်တယ်။ ထိုမြတ်စွာဘုရားရဲ့ လေးနက်တဲ့ ဂုဏ်ရည်တွေကို အာရုံပြုပြီးတော့ ရိုသေ

စာမျက်နှာ-၂၄
မြတ်နိုး လက်စုံမိုးပြီးတော့ ရှိခိုးပါ၏။ ဂုဏ်တော်တွေကို ပူဇော်ပါတယ်။ ရေချမ်းဆက်ကပ်တဲ့အခါမှာ ဂုဏ်တော် တွေကို လှမ်းမြော်ပူဇော်ပါတယ်၊ ဆွမ်းကွမ်းလှူဒါန်းတဲ့အခါမှာလည်း ဂုဏ်တော်တွေကို မှန်းဖော်ပြီး ပူဇော် ပါတယ်လို့ ဒီလို အတွင်းအနှစ်သာရရှိရှိနဲ့ ကိုးကွယ်မှ ပိုပြီးတော့ ကိုးကွယ်မှုထိရောက်တယ်။

အဲဒီလို မဟုတ်လို့ရှိရင် ဘာဖြစ်မတုန်းဆို နတ် ကိုးကွယ်တဲ့ အဆင့်မျိုး ရောက်သွားတယ်။ အဲဒီတော့ နတ်ကိုးကွယ်တဲ့အဆင့်ဆိုတာမျိုးက ဝတ်ကျေတန်းကျ ကိုးကွယ်တာလေ၊ နတ်က ကိုယ့်ကို မလိမ့်မယ်ထင်ပြီး တော့ ကိုးကွယ်တာ။ ဘယ်တော့မှလည်း မမှာ မဟုတ်ဘူး၊ သူ့ဟာသူ အဆင်ပြေရင်ရမှာပဲ။ တစ်လောကပဲ internet မှာ မေးခွန်းမေးထားတာရှိတယ်၊ ဒကာ တစ်ယောက်က ဘာမေးတုန်းဆိုတော့ အနတ္တဆိုတာကို သူသဘောမကျဘူးတဲ့၊ အနတ္တဆိုတာ ကိုယ့်အလို အတိုင်း မဖြစ်ဘူးလို့ ဆိုထားတယ်။ အခု သူသွားချင်တဲ့ နေရာ သွားလို့ရတယ်၊ စားချင်ရင် စားလို့ရတယ်

စာမျက်နှာ-၂၅
ဆိုတော့ ဒါ အနတ္တဆိုတာ သူသံသယရှိတယ်။ ဒီလိုတွေးတဲ့လူက ရှိသေးတယ်။

တစ်ကယ်က အနတ္တဆိုတဲ့ သဘောဟာ ဘာကို ပြောတာလည်းဆို လုပ်လို့မရတဲ့ဟာတွေ အများကြီး ရှိတယ်။ ဆိုပါစို့ တဖြည်းဖြည်း အိုလာတာကို မအိုအောင် လုပ်လို့ရလား မရဘူး။ နာတာကို မနာအောင်လုပ်လို့ မရဘူး၊ သေတာကို မသေအောင် လုပ်လို့မရဘူး။ လူဆိုတာ မွေးဖွားလာပြီးတဲ့နောက်မှာ တဖြည်းဖြည်း အိုမင်းရတယ်၊ အဲဒါကျတော့ ကိုယ့်အလိုလိုက်တာ မဟုတ်ဘူး၊ ဒါဖြင့် ကိုယ်သွားချင်တဲ့နေရာသွားလို့ရတယ်၊ စားချင်တာစားလို့ရတယ်ဆိုတာ ဘာကြောင့်ဖြစ်ရ တာလဲဆိုတော့ အကြောင်းတရားနဲ့ အကျိုးတရား ရုပ်ခန္ဓာကြီးမှာ ညီညွတ်ပြီးတော့နေတဲ့အခါ ကိုယ့်ခန္ဓာ ကိုယ့်အလိုအတိုင်း ဖြစ်နေတယ်လို့ ထင်ကြရတာ။ တကယ်ကတော့ သူ့အကြောင်းအကျိုး ညီညွတ်လို့ ဖြစ်ရတာ။ အကြောင်းအကျိုး မညီညွတ်လို့ ဆိုပါစို့ လူတစ်ယောက်ဟာ လေဖြတ်သွားပြီဆိုတဲ့အခါကျတော့

စာမျက်နှာ-၂၆
လုပ်လို့ရသေးလား၊ မရတော့ဘူး၊ အဲဒါကိုသာ စဉ်းစား ကြည့်။ လေဖြတ်သွားပြီ ဆိုကတည်းက ကိုယ့်ဆန္ဒ အတိုင်း ဘာမှလုပ်လို့မရတော့ဘူး။ အဲဒီတော့ နဂိုကရနေတာ ဘာဖြစ်လို့ ရနေတာလဲ ဆိုတော့ သူ့ဘာသူရနေတာ၊ သူ့ဟာသူရနေတာကို ကိုယ့်အစွမ်းကြောင့် ရနေတာလို့ လူတွေက ထင်နေ ကြတာ။ တကယ်တော့ အကြောင်းအကျိုး ညီညွတ် နေတဲ့အခါ သူ့ဟာသူဖြစ်တဲ့သဘော၊ ကိုယ့်ဆန္ဒရှိတဲ့ အတိုင်း ဖြစ်ဖြစ်လာတော့ လူတွေက အထင်ရောက်ကြ တာပေါ့။ ကိုယ်လုပ်ချင်တာလုပ်လို့ရတယ်လို့ စိတ်ထဲမှာ ဒီလိုစွဲတန်းလာကြတယ်။ ဒါကြောင့်မို့ အနတ္တဆိုတာကို လူတွေမမြင်နိုင်ကြဘူး။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က အနတ္တ လက္ခဏသုတ်မှာ ရှင်းရှင်းလေး ဟောထားတာရှိတယ် “ဧဝံ မေ ရူပံဟောတု ဧဝံ မေ ရူပံ မာအဟောသိ” ငါ့ရုပ်လေး ဒီလိုဖြစ်ပါစေ ဒီလိုဖြစ်မပါစေနဲ့ ကိုယ် လုပ်ချင်တာလုပ်လို့ ရရဲ့လား မရဘူး။ အဲဒါကြောင့်မို့

စာမျက်နှာ-၂၇
မရတဲ့ဟာတွေက အင်မတန်များလို့ ကိုယ့်ရဲ့ဆန္ဒအတိုင်း မဖြစ်နိုင်လို့ အနတ္တလို့ပြောတာကို သာမန်အားဖြင့် အပေါ်ယံလေးတွေးလိုက်လို့ရှိရင် ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်လို့ လူတွေက ထင်နေကြတယ်။ တကယ် တော့လည်း အကြောင်းအကျိုးညီညွတ်လို့ ဖြစ်နေ တာပါလို့ ဒီလိုမှတ်ရမယ်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က မှန်ကန်တဲ့ တရားဓမ္မတွေကို ဟောပြောပြသထားလို့ ဘုရား သခင်ရဲ့ အဆုံးအမကို တို့တတွေ ရရှိထားကြတယ်။ ရရှိထားတဲ့အတိုင်း လိုက်နာကျင့်သုံးကြတယ်။ မြတ်စွာ ဘုရားက ဘာကိုလမ်းညွှန်တုန်းဆို “ဟိတ ပဝတ္တနေန အဟိတာ စ နိဝတ္တနေန” ဆိုတဲ့အတိုင်း အကျိုးစီးပွားကို ဖြစ်ထွန်းစေတတ်တဲ့ ကုသိုလ်တရားတွေ မိမိတို့ သန္တာန် မှာ ဖြစ်အောင်လုပ်ဖို့၊ အကျိုးမဲ့ကို ဖြစ်စေတတ်တဲ့ အကုသိုလ်တရားတွေကို ရှောင်ဖို့ဆိုတဲ့ ဆောင်ဖို့နဲ့ ရှောင်ဖို့ ဒီနှစ်ခုကို မြတ်စွာဘုရားကဟောတယ်။ အဲဒီ အဆုံးအမအတိုင်း ရှောင်သင့်တာကို ကိုယ်ကိုယ်တိုင်

စာမျက်နှာ-၂၈
ရှောင်၊ ဆောင်သင့်တာကို ကိုယ်ကိုယ်တိုင်က ဆောင်မှ သာလျှင် ကောင်းကျိုးချမ်းသာတွေဆိုတာရမှာ ဖြစ်ပါ တယ်။ အဲဒါ မြတ်စွာဘုရား ကိုးကွယ်ရခြင်းရဲ့ အကျိုး ကျေးဇူးဆိုတာ အမှန်သိရတာ မြတ်စွာဘုရား ကိုးကွယ် ရခြင်းရဲ့ အကျိုးကျေးဇူးပဲ။

အကယ်၍ ဘုရားသာမပွင့်ဘူးဆိုလို့ရှိရင် ဘုန်းကြီး တို့တတွေ “ဒါက ကုသိုလ်လား၊ ဒါက အကုသိုလ်လား” ဆိုတာ သိနိုင်စွမ်း မရှိပါဘူး။ မသိရင် ကုသိုလ်ကို အကုသိုလ်ထင်မယ်၊ အကုသိုလ်ကို ကုသိုလ်ထင်မယ် ဒီလိုရော မလုပ်ကြဘူးလားဆိုရင် လုပ်တယ်။ ဘုရား သခင်ကို မျက်နှာသာရဖို့ဆိုပြီး သတ္တဝါတွေကိုသတ်ပြီး တော့ သွေးနဲ့ဘုရားကို ပူဇော်တယ်ဆိုတာ အကုသိုလ် ကို ကုသိုလ်ထင်ပြီး လုပ်နေကြတယ် မဟုတ်လား။ အဲဒီလုပ်နေတဲ့ အကုသိုလ်တွေဟာ ဘယ်တော့မှ ကောင်းကျိုးချမ်းသာ ပေးလာမှာမဟုတ်ဘူး။

ကုသိုလ် အကုသိုလ်ကံဆိုသည်မှာ အခု ငရုတ်သီး စား အခုစပ်တာမျိုးမဟုတ်ဘူး။ သစ်ပင်စိုက်တာလိုပဲ

စာမျက်နှာ-၂၉
ဒီကနေ့သစ်ပင်စိုက် ဒီကနေ့ပွင့် ဒီကနေ့သီးမှာ မဟုတ်ဘူး။ အချိန်အခါဆိုတာရှိတယ်ပေါ့။ အချိန်အခါရှိတယ် ကံတရားဆိုတာလည်း ထို့အတူပဲ၊ တစ်ခါတစ်ရံကျတော့ လူတွေက မျက်စိလည်တတ်တယ်။ လူတွေက ကောင်း တာ လုပ်နေလျက်သားနဲ့ မကောင်းတာတွေ ဖြစ်တယ်၊ မကောင်းတာတွေ လုပ်နေလျက်နဲ့ ကောင်းပြီးတော့ ကြီးပွားတိုးတက်နေကြတယ်ဆိုတာတွေကို ကြည့်ပြီး တော့ မကောင်းတာလုပ်ပြီး ကြီးပွားတိုးတက်တယ်လို့ ထင်ချင်ထင်နေတတ်တယ်။ ကောင်းတာလုပ်ပြီး ဆုတ်ယုတ် ပျက်ပြားနေတယ်လို့ ထင်ချင်ထင်နေတတ်တယ်။ အဲဒီ အထင်အမြင်တွေက မှန်ကန်တဲ့ အထင် အမြင် မဟုတ်ဘူး။

ကောင်းစားနေခြင်းသည် တချိန်က ကောင်းခြင်းရဲ့ အကျိုးတရားတွေကို ခံစားနေရတာ၊ မကောင်းစား ခြင်းသည် တစ်ချိန်က မကောင်းခဲ့တာတွေကြောင့်မို့ အကျိုးခံနေရတယ်လို့ ဒီလိုပဲနားလည်ရမယ်၊ ဘယ် အရာပဲဖြစ်ဖြစ် ကောင်းတာလုပ်ရင်ကောင်းတာ ဖြစ်

စာမျက်နှာ-၃၀
တယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တယ်ဆိုတာ လောကရဲ့ သဘာဝနိယာမတစ်ခုပဲ။ မြတ်စွာ ဘုရားဟောတဲ့ ကမ္မနိယာမဆိုတာ ဘယ်တော့မှ လမ်းချော်သွားတာ မရှိဘူး။ အကြောင်းနဲ့ အကျိုး တွဲဖက်လာလို့ရှိရင် အဆိုးဟာ အဆိုးပဲ၊ အကောင်းဟာ အကောင်းပဲ။ ဒါကြောင့်မို့ မြတ်စွာဘုရားသခင် ပွင့်တော်မူလာတဲ့အခါ မှန်ကန်တဲ့တရားကို ဘုန်းကြီးတို့ တစ်တွေ သိခွင့်ရတာဟာ အရေးကြီးဆုံး အကောင်းဆုံး အရာတစ်ခုကို ရရှိခြင်းပဲ ဒီလိုမှတ်သားကြမယ်။

သုံးပါးရတနာ ကိုးကွယ်ရာလို့ဆိုတာ မြတ်စွာ ဘုရားသခင်ကိုယ်တော်မြတ်က အမှန်တရားကို သိပြီး တော့ ဘုရားအဖြစ်သို့ ရောက်လာတာ၊ ဘုရားအဖြစ်သို့ ရောက်တဲ့အချိန်မှာ ဗုဒ္ဓရတနာလို့ဆိုတဲ့ ပထမဆုံး ရတနာ ပေါ်ထွန်းလာတယ်။ အဲဒီ ပေါ်ထွန်းလာတဲ့ ဘုရားရတနာက ဟောပြောတဲ့ တရားတွေက ဒုတိယ ပေါ်ထွန်းလာတဲ့ တရားရတနာပဲ။ တစ်ချို့က မေးတတ် ကြသေးတယ်။ ဘုရားနဲ့ တရား ဘယ်သူက အရင်ပေါ်

စာမျက်နှာ-၃၁
တာလဲတဲ့။ ဒီမေးခွန်းကို မေးတတ်ကြတယ်၊ ဘာဖြစ်လို့ မေးလဲလို့ဆိုရင် တရားကျင့်လို့ ဘုရားဖြစ်တယ်၊ အဲဒီတော့ တရားကျင့်လို့ ဘုရားဖြစ်တယ်ဆိုရင် ဘုရား မဖြစ်ခင်က တရားရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဘုရားမဖြစ်သေးခင် ဒီတရားကိုကျင့်ရတယ်၊ အဲဒီတော့ တရားက အရင်ပေါ်တယ်လို့ တစ်ဖက်ကကြည့်ပြီး ပြောစရာရှိတယ်။

သဘာဝတရားက ရှိနေတာမှန်တယ်၊ သို့သော် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးလို့ဆိုတဲ့အထဲမယ် ဘုရားပွင့်တာက အရင်၊ ဘုရားကကျင့်လို့ ကျင့်တဲ့တရား က ဘုရားမဖြစ်ခင်ကတရား မှန်တယ်၊ သို့သော် ဒီနေရာ မှာ တရားရတနာဆိုတာ ဘုရားမဖြစ်ခင်က ကျင့်တဲ့ တရားကို ပြောတာမဟုတ်ဘူး၊ မြတ်စွာဘုရား ဘုရား ဖြစ်လာပြီးတဲ့နောက်မှာ သိလို့ဟောတဲ့ တရားဒေသနာတွေကို ပြောတာ။

အဲဒီတော့ ဘုရားပွင့်မှ တရားဆိုတာပေါ်တာလေ၊ မြတ်စွာဘုရားဟောပြောမှ ဒီတရားတော်တွေက ထွက်

စာမျက်နှာ-၃၂
ပေါ်လာတာ။ ဒါကြောင့်မို့ ဘုရားပေါ်လာပြီးတဲ့ နောက် မှာ တရားပေါ်လာတယ်။ ကြည့်လေ မြတ်စွာဘုရားနဲ့ ဓမ္မစကြာတရား ဘယ်သူကအရင်ပေါ်လဲ။ ဘုရားက အရင်ပေါ်တာလေ။ ဓမ္မစကြာတရားက နောက်မှ ပေါ်တယ်။ ဒါကြောင့်မို့ ဘုရားရတနာပြီးမှ တရား ရတနာ။ တပုဿတို့ ဘလ္လိကတို့ မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာ ပထမဆုံး သရဏဂုံတည်တာ အဲဒီ တုန်းက သံဃာဆိုတာမပေါ်သေးသည့်အတွက်ကြောင့် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ လို့ ဆိုကြရတယ်။ ဒွေဝါစိက သရဏဂုံလို့ခေါ်တယ်။ ဗုဒ္ဓနဲ့ဓမ္မ ဒီနှစ်ခုပဲ ကိုးကွယ်လို့ရသေးတယ်၊ သံဃာမရှိသေးဘူး ပေါ့။

အဲဒီလို ဒွေဝါစိက သရဏဂုံနဲ့ တပုဿ၊ ဘလ္လိက တို့ဟာ ပထမဆုံး ဗုဒ္ဓဘာသာဝင်ဖြစ်ကြတဲ့ ပုဂ္ဂိုလ် တွေပဲပေါ့။ မြတ်စွာဘုရားပေါ် ပြီးတဲ့နောက်မှာ တရား ပေါ်လာတယ်၊ မြတ်စွာဘုရားဟောတဲ့တရားကို အနှစ် ချုပ်လိုက်ရင် မဂ္ဂင်ရှစ်ပါးပဲ။ အဲဒီမဂ္ဂင်ရှစ်ပါး အကျင့်

စာမျက်နှာ-၃၃
တရားကို ဒီထက် ထပ်ပြီးတော့ ချဲ့လိုက်လို့ရှိရင် သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာသုံးပါးအကျင့်တရားပဲ။ အဲဒီ သိက္ခာသုံးပါး အကျင့်တရားဖြင့် ဖွဲ့စည်းထားတဲ့ မဂ္ဂင် ရှစ်ပါး အကျင့်တရားသည် မည်မျှထိအောင် စွမ်းဆောင်မှုပေးနိုင်သလဲဆိုရင် နိဗ္ဗာန်ထိအောင် စွမ်းဆောင်မှုပေးနိုင်တယ်။ သံသရာဝဋ်က လွတ်စေဖို့ အတွက် မြတ်စွာဘုရားက ဒီလမ်းစဉ်ကို ချမှတ် ဟောကြားတာ ဖြစ်တယ်။

ဆိုပါစို့ ဆေးဆရာပေါ်လာတဲ့အခါမှာ ဆေးဆရာက ဖော်စပ်လိုက်သည့်ဆေးသည် ရောဂါကို ပျောက်စေ နိုင်တယ်၊ ဆေးဆရာက ဆေးကုတယ်လို့ပြောပေမယ့် တကယ်က ရောဂါပျောက်အောင် လုပ်တာ ဆရာက လုပ်တာမဟုတ်ဘူး၊ ရောဂါကိုတကယ်ကုတာ ဘယ်သူ လဲလို့ဆိုရင် ဆေးပဲ။ ဆေး မစားဘဲနဲ့ ရောဂါဆိုတာ ဘယ်လိုမှ မပျောက်ဘူး။ ဒါကြောင့်မို့ ဥပမာအားဖြင့် ပြောမယ်ဆိုရင် မြတ်စွာဘုရားက ဆေးဆရာနဲ့တူတယ်၊ ဘုရားဟောလိုက်တဲ့တရားက ဖော်စပ်လိုက်တဲ့ဆေးနဲ့

စာမျက်နှာ-၃၄
အလားတူတယ်၊ ဒီလိုဆိုလိုတာ။ မြတ်စွာဘုရားသည် မှန်ကန်တဲ့ဆေးကို ညွှန်လိုက်တာကို လူနာဖြစ်တဲ့ ပုဂ္ဂိုလ်က မသောက်ဘူး၊ သတ္တဝါတွေက မကျင့်သုံးဘူး ဆိုလို့ရှိရင် ဒီအကျိုးကျေးဇူးကို ခံစားရမှာမဟုတ်ဘူး။

ဆေးမသောက်တဲ့သူ ရောဂါမပျောက်သလိုပဲ တရား မကျင့်လို့ရှိရင်လည်း နိဗ္ဗာန်ချမ်းသာကို ရမှာမဟုတ်ဘူး။ ဒါကရှင်းနေတာပဲ၊ အဲဒီလိုဆိုလိုတာ။ ဒါကြောင့်မို့ မြတ်စွာဘုရား ဟောကြားထားတဲ့ ဓမ္မစကြာစတဲ့ ဓမ္မဒေသနာတွေဟာ ဓမ္မရတနာပဲလို့ ရတနာသုံးပါးထဲက ကိုးကွယ်ရတဲ့ ဓမ္မကို ကိုးကွယ်တဲ့အခါမှာ ဘယ်လိုအကျိုး ကျေးဇူးရှိတာတုန်းလို့ မေးလိုက် လို့ရှိရင် “ဘဝကန္တာရာနိတ္တာရဏေန၊ အသာသဒါနေနစ သတ္တာနံ ဘယံဟိသတိ”တဲ့။ ဓမ္မရဲ့ စွမ်းရည်ကို အကျဉ်းချုပ်ပြီး ပြောလိုက်တဲ့အခါ ဓမ္မကို ကိုးကွယ် ရတယ်ဆိုတာ ဓမ္မကို ကျင့်သုံးတာကိုပြောတာ၊ တရားကို ကိုးကွယ်တယ်ဆိုတာ ဘုရားကိုကိုးကွယ်တာနဲ့မတူဘူး ဓမ္မကိုကျင့်သုံးတာ၊ ဆိုပါစို့ မြတ်စွာဘုရားက ငါးပါးသီလ

စာမျက်နှာ-၃၅
လုံအောင် ကျင့်သုံးရမယ်လို့ဟောတယ်၊ ဟုတ်တယ် မကျိုး၊ မပေါက်၊ မပြောက်၊ မကျား - အသက်ကဲ့သို့ တန်ဖိုးထားပြီး ငါးပါးသီလကို ထိန်းသိမ်းစောင့်ရှောက်တယ်၊ ဒါဓမ္မကို ကျင့်သုံးတာပဲ။

သီလလုံအောင်လုပ်တယ်၊ သမာဓိတရား ပွားများ အားထုတ်တယ်၊ ဝိပဿနာကျင့်စဉ်ကို ကျင့်ကြံကြိုးကုတ် အားထုတ်တယ်။ ဒါ မဂ္ဂင်(၈)ပါး အကျင့်တရားကို ကျင့်ခြင်းပဲပေါ့။ အဲဒီလို ကျင့်သုံးခြင်းဖြင့် ဒီဓမ္မဟာ စွမ်းဆောင်မှုတွေ ပေးလာတယ်။ ဘယ်လို ပေးလာတာတုန်းဆို စဉ်းစားကြည့်။

“ဘဝကန္တာရာနိတ္တာရဏေန” ဘဝကန္တာရကနေ ထုတ်ဆောင်ပေးနိုင်တယ်၊ အင်မတန်မှ ဘေးရန်အန္တရာယ်များတဲ့ ခရီးကြီးကို ကန္တာရလို့ခေါ်တယ်။ ဝေးလည်းဝေးတယ်၊ ကမ်းမမြင် လမ်းမမြင် ပင်လယ်ကြီးလို အင်မတန်မှ ဝေးလံသီခေါင်ပြီးတော့ အရိပ်နားခိုစရာမရှိ၊ ဘေးရန်အန္တရာယ်တွေ အလွန်ထူပြောတဲ့ ခရီးကြမ်းကြီး၊ အဲဒီ ကန္တာရခရီးကြီးက ထုတ်ဆောင်

စာမျက်နှာ-၃၆
ပေးနိုင်တယ်ဆိုတာ သာမန် စွမ်းရည်သတ္တိနဲ့ ထုတ်ဆောင်မပေးနိုင်ဘူး၊ တကယ် ကန္တာရခရီးသွားတဲ့ လမ်းပြပုဂ္ဂိုလ်နဲ့ ကာကွယ်စောင့်ရှောက်မယ့်ပုဂ္ဂိုလ် မရှိလို့ရှိရင် ဒီကန္တာရခရီးကြီးကို ဖြတ်ကျော်နိုင်စွမ်း မရှိကြဘူးပေါ့။

အဲဒီလိုပဲ ဘုန်းကြီးတို့ ဘဝခရီးကြီးဆိုတာ အင်မတန်မှ ကြမ်းတမ်းတယ်၊ ဘယ်လောက်ထိအောင် ကြမ်းတမ်းတုန်းဆို စဉ်းစားကြည့်ပေါ့။ ဘုန်းကြီးတို့က လွယ်လွယ်လေးနဲ့ ကျော်ဖြတ်ပြီး ဇိမ်လေးနဲ့ သွားနေကြရတယ်လို့ ဒီလိုအောက်မေ့တာ။ ချမ်းသာတယ်ဆိုတဲ့ လူ့ဘဝမှာကြည့်၊ ဘဝခရီးကို လျှောက်လှမ်းနေကြရင်း တဖြည်းဖြည်း အိုမင်းလာတယ်၊ တော်ကြာ ဟိုနားကနာ ဒီနားကနာ၊ ရောဂါဝေဒနာတွေ ဖြစ်လာတယ်။

နောက်ဆုံးကျတော့ သေဆုံးသွားတယ်။ ဘဝခရီးကို အဆုံးမသတ်ခင် ဒါနဲ့ပဲ သွားတာပဲ၊ လူတိုင်းလူတိုင်းဟာ ဒီအန္တရာယ်တွေကို ကျော်လို့မှမရတာ၊ လူတိုင်းလူတိုင်းဟာ အိုခြင်းဆိုတဲ့ ဆင်းရဲဒုက္ခကို ကျော်လို့မရဘူး။

စာမျက်နှာ-၃၇
နာခြင်းဆိုတဲ့ ဆင်းရဲဒုက္ခကို ကျော်လို့မရဘူး၊ သေခြင်းဆိုတဲ့ ဆင်းရဲဒုက္ခကိုလည်း ကျော်သွားလို့မရဘူး၊ ဒီအန္တရာယ်တွေနဲ့ ဧကန်ဒိဋ္ဌတွေ့မှာပဲ၊ မတွေ့ဘဲ မနေဘူး။ အဲဒါကြောင့်မို့လို့ ဒီဘဝဆိုတာ တကယ့်ကို အန္တရာယ်တွေ့ပြွမ်းနေတဲ့ ကန္တာရခရီးကြီးပဲလို့ သေချာ အလေးအနက် ဆင်ခြင်စဉ်းစားပြီးတော့ကြည့်။

အဲဒီ ကန္တာရခရီးကြီးက ထုတ်ဆောင်ဖို့ဆိုတာ သာမန်စွမ်းရည်နဲ့ ထုတ်ဆောင်လို့မရဘူး၊ ဘာနဲ့ ထုတ်ဆောင်တုန်းဆို မြတ်စွာဘုရားဟောကြားထားတဲ့ မဂ္ဂင်(၈)ပါး အကျင့်တရား ကျင့်သုံးခြင်းဖြင့်သာ ဟောဒီ ကန္တာရခရီးက ထွက်နိုင်တယ်။ ဒီလိုပြောတာဟာ ဒီတရားအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်သွားလို့ နောက်ဆုံးမှာ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားပြီဆိုရင် ဘယ်တော့မှ မအိုရတဲ့၊ ဘယ်တော့မှ မနာရတဲ့၊ ဘယ်တော့မှ မသေတဲ့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်မှာ။ မအိုရာ၊ မနာရာ၊ မသေရာ၊ နိဗ္ဗာန်ချမ်းသာလို့ ဆိုတဲ့အခါ ဘဝတဏှာရှိတဲ့လူတွေက စဉ်းစားကြလိမ့်

စာမျက်နှာ-၃၈
မယ်။ မအို၊ မနာ၊ မသေဘူးဆိုတဲ့ နိဗ္ဗာန်ဟာ ဘုံကြီးလိုလို စိတ်ထဲမှာ ထင်ကောင်းထင်လိမ့်မယ်၊ မြတ်စွာဘုရားဆိုလိုတာက ဘာတုန်း၊ ခန္ဓာ လုံးဝချုပ်ငြိမ်းသွားတာ၊ ခန္ဓာချုပ်ငြိမ်းသွားလို့ ခန္ဓာမပေါ်တော့ဘူးဆိုရင် အိုစရာမှမရှိတော့တာ၊ နာစရာလည်း မရှိတော့ဘူး၊ သေစရာလည်း မရှိတော့ဘူး၊ ဒီလိုဆိုလိုတာ။

သို့သော် ဘဝတဏှာ မကင်းသေးတဲ့ သတ္တဝါတွေက ခန္ဓာမရတော့ဘူးဆိုလို့ရှိရင် ကြောက်လန့်ပြီး နိဗ္ဗာန်ချမ်းသာကို ကြောက်နေတယ်၊ တကယ်ကတော့ ချမ်းသာတယ်ဆိုလို့သာ လူတွေက လိုချင်ကြတာ၊ နိဗ္ဗာန်မှာ ခန္ဓာငါးပါးမရှိတော့ဘူး၊ ဘာမှ မဖြစ်တော့ဘူး ဆိုလို့ရှိရင် နိဗ္ဗာန်ကရှောင်ပြေးကြမယ့်လူတွေအများကြီးပဲ။ ဘာဖြစ်လို့တုန်းဆို လူဆိုတာ ဖြစ်ချင်တာ၊ ဖြစ်ချင်တယ်ဆိုတာ ဘဝတဏှာကိုခေါ်တာပဲ၊ မဖြစ်ချင်တော့ဘူးဆိုမှ ဘဝကင်းပြတ်သွားပြီး နိဗ္ဗာန်ရဲ့ အနှစ်သာရ အသွင်သဏ္ဌာန်ဟာ ပေါ်လာမှာဖြစ်တယ်။

စာမျက်နှာ-၃၉
ဒါကြောင့် နိဗ္ဗာန်ကို “တဏှာက္ခယ” လို့ပြောတာ၊ လိုချင်မှုတွေကုန်ဆုံးသွားရတယ်၊ လိုချင်မှုတွေရှိနေသမျှ ကာလပတ်လုံး နိဗ္ဗာန်ချမ်းသာနဲ့ ဝေးနေဦးမှာပဲ။ ဟုတ်ပြီ မဂ္ဂင်(၈)ပါး အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ရမယ်၊ ဘယ်လိုအားထုတ်မှာလဲ? အားထုတ်တဲ့အခါ မြတ်စွာဘုရားက ထိုထို သုတ္တန်တွေမှာ နည်းလမ်းပေးထားတာရှိတယ်၊ တရားအားထုတ်တဲ့အခါ တရားကို အပြင်မှာ သွားရှာစရာမလိုဘဲ ကိုယ့်ခန္ဓာကိုယ်မှာပဲ ရှာကြည့်ရမယ်၊ ကိုယ့်ခန္ဓာကိုယ် ရှာကြည့်တော့ ဘာတွေတွေ့တုန်း။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်တွေ့မယ်၊ စိတ်တွေ့မယ်။ အကြမ်းဖျဉ်းအားဖြင့် ပြောမယ်ဆိုရင် လူတွေရဲ့ သန္တာန်မှာ ပြင်ပ ဗဟိဒ္ဓအာရုံတွေနဲ့ ဆက်သွယ်နေတာ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဒါပဲရှိမယ်။ အဲဒီတော့ ပြင်ပအာရုံတွေနဲ့ ဆက်သွယ်လာတဲ့ ဒီ sense organs လို့ခေါ်တဲ့ အင်္ဂါရပ် (၆)ခု၊ ဒါကိုပဲ အဇ္ဈတ္တိကာယတန ခြောက်ခုလို့ ခေါ်တာပဲ။ ဒါ ကိုယ့်

စာမျက်နှာ-၄၀
သန္တာန်မှာရှိတယ်၊ မျက်စိမှာလာပြီးထင်တာက အဆင်းအာရုံ၊ နားမှာကြားတာက အသံ၊ နှာခေါင်းမှာ ပေါ်လာရတာက အနံ့၊ လျှာပေါ်မှာ လာပေါ်တာက အရသာ၊ ခန္ဓာကိုယ်မှာထိတွေ့တာက အထိအတွေ့အာရုံ၊ စိတ်ကူးထဲမှာ လာပေါ်တာက ဓမ္မအာရုံဆိုတဲ့ အာရုံခြောက်ပါး၊ အပြင်ဘက်က ဗာဟိရာယတန ခြောက်ပါး၊ ကြည့်နော်ဘုန်းကြီးတို့တတွေ အမှန်သိအောင် ကြိုးစားတယ်ဆိုတာ မဂ္ဂင်(၈)ပါး အကျင့်တရားကို ကျင့်တဲ့အခါ ဘယ်မှာသွားကျင့်ရမလဲဆိုရင် အခြားကို သွားကျင့်ရမှာ မဟုတ်ဘူး၊ ကိုယ့်မှာရှိတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်နှင့် ထင်လာတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ အတွေးအာရုံ ဆိုတဲ့အပေါ်မှာ ကျင့်ရတာ။

ဒါတင်ပြီးသွားပြီလားဆို မပြီးသေးဘူး၊ မျက်စိနဲ့ အဆင်းအာရုံ ဆုံလိုက်တဲ့အခါ ဘာလာတတ်တုန်းဆို - မြင်သိစိတ်လာတယ်၊ နားနဲ့အသံဆုံတဲ့အခါ ကြားသိစိတ်ကလေးလာတယ်၊ နှာခေါင်းနဲ့အနံ့ ဆုံတဲ့အခါမှာ နံသိ

စာမျက်နှာ-၄၁
စိတ်လာတယ်၊ လျှာနဲ့အရသာ ဆုံတဲ့နေရာမှာ လျက်သိစိတ်ကလေးလာတယ်၊ ခန္ဓာကိုယ်နဲ့ အထိအတွေ့အာရုံ ဆုံတဲ့နေရာမှာ ထိသိစိတ်ကလေးလာတယ်၊ စိတ်နဲ့ အတွေးအာရုံဆုံတဲ့အခါမှာ ကြံသိစိတ်ကလေးလာတယ်ပေါ့၊ နာမ်တရားတွေ ပေါ်လာပုံကလေးတွေနော်။ အဲဒီလို ပေါ်လာတော့ သုံးခုဖြစ်သွားပြီ၊ မျက်စိနဲ့ ပတ်သက်ပြီးတော့ မျက်စိရယ် မြင်သိစိတ်ရယ် အဆင်းရယ် သုံးခုဖြစ်သွားပြီ၊ နားကလည်း နားရယ်၊ အသံရယ်၊ ကြားသိစိတ်ရယ်၊ နှာခေါင်းနဲ့ ဆိုင်တာကလည်း နှာခေါင်းရယ် အနံ့ရယ် နံသိစိတ်ရယ်၊ လျှာနဲ့ဆုံရာ ကြည့်လိုက်၊ လျှာရယ် အရသာရယ် လျက်သိစိတ်ကလေးရယ်၊ ကိုယ်ကာယရယ် အထိအတွေ့အာရုံရယ် ထိသိစိတ်ရယ်၊ စိတ်နဲ့ကြည့်လိုက်ရင် စိတ်ရယ် ကြံတွေးတဲ့ အာရုံရယ်၊ ကြံသိစိတ်ရယ်။

ဘုန်းကြီးတို့တတွေ နေ့စဉ် ကိုယ့်ကိုကိုယ် သေချာ စဉ်းစားကြည့်၊ ဒါကလွဲရင် ဘာရှိမှာလဲ၊ ဒီဟာတွေနဲ့ပဲ သွားနေတာ၊ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်၊ အဆင်း၊

စာမျက်နှာ-၄၂
အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ အတွေးအာရုံ၊ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ လျက်သိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်။ ဒီရုပ်နာမ်တရားတွေကို ဘယ်လို နှလုံးသွင်းရမလဲဆိုတာ စာပေကျမ်းဂန်အရ မြတ်စွာဘုရားရဲ့ အဆုံးအမကို မှတ်သားကြရမယ်။ မြတ်စွာဘုရားက ဘာဟောလဲဆို “သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေသာယ” ဒီစကားလေးက ဝိပဿနာလမ်းစဉ်ကို ဟောတဲ့စကားလေး။ သဗ္ဗေ ဓမ္မာ အခုပြောတာကြည့် မျက်စိနဲ့ပတ်သက်တာ သုံးခု၊ နားနဲ့ပတ်သက်တာသုံးခု၊ နှာခေါင်းနဲ့ပတ်သက်တာ သုံးခု၊ လျှာနဲ့ပတ်သက်တာ သုံးခု၊ ခန္ဓာကိုယ်နဲ့ ပတ်သက်တာ သုံးခု၊ စိတ်နဲ့ ပတ်သက်တာ သုံးခုလို့။ အဲဒီ(၃)ခု၊ ဒီအားလုံးသော တရားတွေကို “အဘိနိဝေသာယ” ငါ၊ ငါ့ဟာဆိုတဲ့ အတွေးနဲ့ မှတ်ယူဖို့ရန်အတွက် “နာလံ” မသင့်တော်ဘူး။

ဆိုလိုတာက အခုပြောတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ ဒီ (၃)မျိုး သုံးမျိုးစီသော သဘာဝ

စာမျက်နှာ-၄၃
တရားတွေကို ငါ့ဟာလို့ဘယ်တော့မှ မတွေးပါနဲ့၊ ငါလို့လဲ ဘယ်တော့မှ မတွေးပါနဲ့၊ ဘာဖြစ်လို့တုန်းဆို “ငါ”လို့သွားတွေးလို့ရှိရင် မမှန်ကန်ဘူး၊ “ငါ့ဟာ”လို့သွားတွေးလို့ရှိရင်လည်း အမှန်မဟုတ်ဘူး။ အထင်အမြင်မျှသာ ဖြစ်တယ်၊ “ငါ”လည်းမဟုတ်ဘူး၊ “ငါ့ဟာ”လည်း မဟုတ်ဘူး၊ ဒီလိုဆိုလိုတယ်။

ကိုယ်စဉ်းစားကြည့်ပေါ့၊ လူတိုင်းလူတိုင်းဟာ ကိုယ့်မျက်စိကို ငါ့မျက်စိလို့ ထင်မနေကြဘူးလား? ထင်တယ်၊ ထင်နေသည့်အတွက်ကြောင့် ငါ့မျက်စိ မျက်လုံးဆိုပြီးတော့ မျက်စိမှာတစ်ခုခုဖြစ်လာလို့ရှိရင် ပူလိုက်ကြတာ စိုးရိမ်လိုက်ကြတာ၊ ငါ့မျက်စိလေးတစ်ခုခုဖြစ်တော့မှာပဲဆိုပြီး ဆရာဝန်ဆီပြေးပူနေကြတာ၊ လုပ်သင့်လို့လုပ်တာကို ပြောတာမဟုတ်ဘူး၊ စိုးရိမ်စိတ်ဝင်မဝင် ကိုယ့်ဟာကိုယ် ဆင်ခြင်စဉ်းစားကြည့်၊ ဘာဖြစ်လို့စိုးရိမ်တာလည်းလို့ မေးလို့ရှိရင် ငါ့ဟာလို့ ထင်နေလို့ စိုးရိမ်တာလေ။ အစကတည်းက ကံကြောင့်ဖြစ်ပေါ်လာတဲ့ ရုပ်တရားသက်သက်မျှသာ၊ ငါမဟုတ်

စာမျက်နှာ-၄၄
ဘူးလို့ နှလုံးသွင်းထားမယ်ဆိုရင် ပူစရာရှိပါမလား? မရှိဘူး။

လမ်းဘေးက သစ်ပင်ကြီးတစ်ပင် လေတိုက်လို့ကျိုးကျသွားလို့ရှိရင် ငါ့မှဖြစ်ရလေခြင်း၊ ငါ့ဟာကျိုးသွားပြီလို့ ဘယ်သူများတွေးတုန်း၊ မတွေးဘူး။ အဲဒီအတိုင်းပဲ ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်တွေ နာမ်တွေဟာ လမ်းဘေးသစ်ပင်နဲ့ အတူတူပဲ။ ဒါ မြတ်စွာဘုရားဟောထားတဲ့ “နတုမှာက” သုတ်မှာ ဒီအတိုင်းပဲပြောထားတယ်။ “ရူပံ ဘိက္ခဝေ နတုမှာကံ၊ တံ ပဇဟထ၊ တံ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ” ချစ်သားရဟန်းတို့၊ ရုပ်တရားမှန်သမျှဟာ မင်းတို့ဟာမဟုတ်ဘူးတဲ့၊ မင်းတို့ဟာ မဟုတ်သည့်အတွက်ကြောင့် တွယ်မထားကြနဲ့၊ လွှတ်လိုက်ကြတဲ့။

ဘုန်းကြီးတို့တတွေက တွယ်ထားနေတာကိုး၊ ဘယ်လိုတွယ်ထားတုန်း၊ “ငါ၏”လို့လည်း တွယ်ထားတယ်၊ “ငါ့ဟာ”လို့လည်း တွယ်ထားတယ်၊ အမြဲတမ်း စိတ်ထဲမှာ စွဲမှတ်နေတယ် “ငါ၊ ငါ့ဟာ”ဆိုတဲ့ အတွေးတွေနဲ့

စာမျက်နှာ-၄၅
စွဲမှတ်ထားတယ်၊ တွယ်ထားသည့်အတွက်ကြောင့် ဒုက္ခရောက်နေကြတာ။ အဲဒီအတွယ်တွေပြတ်အောင် ကြိုးစားအားထုတ်ရမှာ။

ဒါကြောင့်မို့ ဝိပဿနာတရား အားထုတ်တော့မယ်ဆိုရင် “သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေသာယ” ဟောဒီ ရုပ်တရား နာမ်တရားတွေအားလုံးကို ငါ၊ ငါ့ဟာဆိုတဲ့ အတွေးနဲ့ မတွေးသင့်ဘူးတဲ့။ ငါ၊ ငါ့ဟာ မဟုတ်ဘူး၊ သူ့အကြောင်းနဲ့သူဖြစ်နေတဲ့ တရားမျှဖြစ်တယ်၊ ငါ့ဟာလုပ်နေလည်း ငါ့ဟာဖြစ်မလာဘူး၊ ငါလုပ်နေလည်း ငါမဟုတ်ဘူးဆိုတဲ့ အတွေးတွေ contemplation လို့ခေါ်တယ်၊ အလေးအနက်ထားပြီးတော့ ဆင်ခြင်စဉ်းစားကြည့်ရမယ်။

မြတ်စွာဘုရားက ဘဝဆိုတဲ့ ကန္တာရခရီးက ထွက်ပေါက်ရဖို့ရန်အတွက် ဟောတဲ့ ဓမ္မရတနာပဲပေါ့။ ဒီဓမ္မရတနာကို မိမိတို့ကိုယ်တိုင် လျှောက်လှမ်းပြီးတော့ ဒီအတွေးတွေ ဒီအသိတွေရအောင် ကြိုးစားအားထုတ်မှ ဓမ္မံ သရဏံ ဂစ္ဆာမိ လို့ ရွတ်ဆိုရခြင်းအကျိုးဟာ

စာမျက်နှာ-၄၆
အပြည့်အဝရမှာဖြစ်တယ်၊ အဲဒီလိုမဟုတ်ဘူးဆိုလို့ရှိရင် ဓမ္မံ သရဏံ ဂစ္ဆာမိ လို့ဆိုပေမယ့်လို့ တကယ်မကိုးကွယ် မကျင့်သုံးသည့်အတွက်ကြောင့် အကျိုးကျေးဇူးဟာ ဒီလောက်ခံစားရမှာမဟုတ်ဘူး၊ ဒီလိုမှတ်ရမယ်။ ဒါကြောင့်မို့ ဝိပဿနာကျင့်စဉ်အတိုင်း မြတ်စွာဘုရားက ငါ၊ ငါ့ဟာလို့ မမှတ်ကြနဲ့၊ မမှတ်ထိုက်ဘူး၊ မမှတ်ထိုက်သည့်အတွက်ကြောင့် ဒီရုပ်တရား၊ နာမ်တရားတွေကို သူ့သဘာဝအတိုင်းသိအောင် ကြိုးစားကြ၊ သိအောင်ကြိုးစားပြီးလို့ရှိရင် ဘယ်လိုသိအောင် ကြိုးစားရမလဲ၊ မမြဲဘူးဆိုတာသိအောင်ကြိုးစားရမယ်၊ မမြဲသည့်အတွက်ကြောင့် ကျေနပ်စရာမကောင်းဘူး၊ ဆင်းရဲတယ်ဆိုတာ သိအောင်ကြိုးစားရမယ်၊ ငါမဟုတ်ဘူး (သို့မဟုတ်) ငါဖြစ်ချင်တဲ့အတိုင်း မဖြစ်ဘူးဆိုတဲ့ အနတ္တသဘောတွေသိအောင် ကြိုးစားရမယ်တဲ့။ ဒီလို ပရိညာသုံးပါးနဲ့(ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာ)နဲ့ မိမိစိတ်ထဲမှာ စွဲနေတဲ့ သံသရာကနေ ကပ်ပြီးတော့ ပါလာတဲ့ အတွေးတွေ ဖယ်ရှားပစ်နိုင်မှာ၊ ဓမ္မ

စာမျက်နှာ-၄၇
တူစွမ်းရည် အပြည့်အဝခံစားနိုင်ကြမှာဖြစ်တယ်။ ဒါမှသာ သုံးပါးရတနာကိုးကွယ်ရာဆိုတာ အဓိပ္ပါယ်ရှိပြီး အနှစ်သာရ ပြည့်တာ။ အဲဒီလိုမဟုတ်ဘဲ ထိုင်ရှိခိုးနေရုံနဲ့တော့ မရဘူး ဒီလိုဆိုတာ။

နောက် သံဃရတနာဆိုတာကျတော့ ဘာလဲ? သံဃရတနာဆိုတာ ကြည့်၊ မြတ်စွာဘုရားဟောထားတဲ့ တရားဓမ္မတွေ၊ မြတ်စွာဘုရားကဟောတယ်၊ ဓမ္မာစကြာကနေစပြီးတော့ ၄၅-ဝါ ကာလပတ်လုံး ဟောတာ၊ တရားတွေ မြောက်များစွာဟောတာ၊ ၄၅-ဝါပြည့်လို့ သက်တော် ၈၀-အရွယ်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတယ်၊ ဘာတွေကို ထားခဲ့တာလဲဆိုတော့ ဟောထားတဲ့ ဒေသနာတွေကိုထားခဲ့တာ။ “ယော ဝေါ အာနန္ဒ မယာ ဓမ္မာ စ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ” လို့ မိန့်ကြားခဲ့တာဖြစ်လို့ ဓမ္မရှိနေသမျှ ဗုဒ္ဓရတနာဟာလည်း ဆက်လက်ပြီးတော့ တည်တံ့နေတယ်လို့ ဆိုရမှာပဲ။

စာမျက်နှာ-၄၈
ဒါကြောင့် ဒီကနေ့ခေတ်အထိ သုံးပါးရတနာကိုးကွယ်ရာဆိုပြီး အပြည့်အဝကိုးကွယ်ခွင့်ရနေကြတာ၊ ကုသိုလ်ကောင်းမှုပြုချင်ပြီဆိုလို့ရှိရင် သံဃာတွေမှာ ကုသိုလ်ကောင်းမှုပြုမယ်ဆိုရင် “အပ္ပကာနမ္ပိ ကာရာနံ ဝိပုလဖလ ပဋိလာဘကရဏေန သတ္တာနံ ဘယံ ဟိသတိ သံဃာ” ကုသိုလ်ကောင်းမှုလုပ်တာ နည်းနည်းလေးလုပ်တောင် အများကြီးအကျိုးရတယ်ဆိုတာ သံဃရတနာရဲ့ အကျိုးကျေးဇူးပဲ။ ဒါ အများနားလည်နိုင်အောင် ဖော်ပြတဲ့စကားလုံးပဲ၊ စဉ်းစားကြည့်လိုက်၊ သာသနာဆိုတာ မရှိတော့ဘူး၊ ရဟန်းသံဃာဆိုတာ မရှိတော့ဘူး၊ အခု အိန္ဒိယနိုင်ငံမှာ ဒေလီအနီးပတ်ဝန်းကျင်မှာ ဘုန်းကြီးကျောင်းတွေရှိတယ်၊ ကုလားရွာတွေမှာ ကျောင်းတွေရှိတယ်၊ ဘုန်းကြီးမရှိတော့ဘူး၊ ဘုန်းကြီးမရှိတော့ ကုသိုလ်ကောင်းမှုလုပ်ချင်ရင် သူတို့မှာ လုပ်စရာနေရာမရှိဘူး၊ ဘာဖြစ်လို့သိရတာလဲဆိုတော့ ဒေလီဘက်မှာ ကျောင်းသွားတက်တဲ့ ဗမာရဟန်းတော်တွေတွေ့လို့ရှိရင် အဲဒီ ဗုဒ္ဓ

စာမျက်နှာ-၄၉
ဘာသာဝင် ကုလားတွေက ပင့်ကြတယ်တဲ့၊ သို့သော် ဘုန်းကြီးကို ဘယ်လိုကပ်ရတယ်၊ ဘယ်လိုလှူရတယ်ဆိုတာ မသိတော့ဘူး၊ သူတို့ ဘုန်းကြီးကျောင်းဆိုတာလည်း သိသေးတယ်၊ ဘုန်းကြီးဆိုတာလည်း သိသေးတယ်။ သံဃာမရှိတော့သည့်အတွက်ကြောင့်၊ သွန်သင်ဆုံးမမယ့်ပုဂ္ဂိုလ် မရှိသည့်အတွက်ကြောင့် ယောင်လည်လည်ဖြစ်နေကြတယ်။ လမ်းညွှန်မယ့်ပုဂ္ဂိုလ်မရှိသည့်အတွက်ကြောင့် လမ်းစပျောက်နေတဲ့အနေအထားကို ရောက်နေတယ်။ တစ်ချိန်တုန်းက မြတ်စွာဘုရားပွင့်ခဲ့တဲ့နေရာနော်၊ အခု မြန်မာနိုင်ငံမှာ သံဃာတွေရှိနေသည့်အတွက်ကြောင့် သံဃာတွေက မြတ်စွာဘုရားဟောတဲ့ တရားတွေကို အတိအကျ ဆုံးမဟောပြောပေးနေကြတယ်၊ သံဃရတနာရှိနေသည့်အတွက် ဘုရားအကြောင်းလည်းသိရတယ်၊ တရားအကြောင်းလည်းသိရတယ်၊ အင်မတန်မှ ကျေးဇူးကြီးတယ်လို့ ဒီလိုပြောရမယ်။

စာမျက်နှာ-၅၀
ကုသိုလ်ကောင်းမှုလုပ်ပြီဆိုတဲ့အခါမှာ ကြည့်သံဃာမရှိတော့ဘူးဆိုရင် ဘယ်နေရာသွားလုပ်မလဲ? လမ်းဘေးက တောင်းစားတဲ့လူတွေပဲ အလှူလုပ်ဖို့ရှိတယ်၊ အခု သံဃာရတနာရှိနေသည့်အတွက်ကြောင့် သံဃာတွေဆီသွားပြီး အလှူအတန်းလုပ်ရတော့ စိတ်ထဲမှာ ကြည်နူးမှုတွေနဲ့ ကိုယ်လုပ်လိုက်ရတဲ့ ကုသိုလ်ကောင်းမှုရဲ့ အကျိုးကျေးဇူးတွေဟာလည်း များစွာရကြတယ်၊ အကျိုးကျေးဇူးတွေ ခံစားကြရမှာဖြစ်တယ်။

ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ကိုးကွယ်ကြတဲ့ “သုံးပါးရတနာကိုးကွယ်ရာ”ဆိုတာ တကယ့်ကို ကိုးကွယ်ရာအစစ်ဖြစ်တယ်။ အားလုံးသော တရားချစ်ခင်သူတော်စင်ပရိသတ်တို့ ရတနာသုံးပါးနှင့် ပတ်သက်ပြီးတော့ မှန်ကန်တဲ့ စိတ်နေစိတ်ထားတွေနဲ့ ကိုးကွယ်ဆည်းကပ်ကြဖို့၊ ဒါ လေ့လာဆည်းပူးအားထုတ်ပြီး အမှန်အကန်ကိုးကွယ်ဆည်းကပ်တတ်မှသာလျှင် ကောင်းကျိုးချမ်းသာတွေ ပြည့်ပြည့်ဝဝရနိုင်တယ်ဆိုတာ မှတ်သားနာယူကြပြီး တို့တတွေ

စာမျက်နှာ-၅၁
ကိုးကွယ်နေတဲ့ သုံးပါးရတနာကိုးကွယ်ရာဆိုတာဟာ တကယ့်ကိုးကွယ်ရာအစစ်ကို ကိုးကွယ်နေရတယ်လို့ စိတ်ထဲမှာ အားရကြည်နူး ပီတိထူးဖြင့် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု ... သာဓု သာဓု
ckp5ouh0d5nmzdq035s5mrkhw33fhbi
သစ္စဒေသနာ ဓမ္မစကြာ
0
6396
22196
2026-06-17T23:47:37Z
Tejinda
173
"{{header | title = သစ္စဒေသနာ ဓမ္မစကြာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = သုံးပါးရတနာ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22196
wikitext
text/x-wiki
{{header
| title = သစ္စဒေသနာ ဓမ္မစကြာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[သုံးပါးရတနာ ကိုးကွယ်ရာ]]
| previous2 =
| next = [[သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

သစ္စဒေသနာ ဓမ္မစကြာ

အပိုင်း(၁)
သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပထမ ဝါဆိုလပြည့်ကျော်(၄)ရက်၊ ၂၀၁၀-ခုနှစ်၊ ဇွန်လ(၃၀)ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော်အတွင်း ဆင်ယင်ကျင်းပပြုလုပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး အနန္တ(၅)ပါး ဦးထိပ်ထားလျှက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် မိသားစု(ကိုကျော်သင်းဆေးဆိုင်)၏ အမတဒါန ဓမ္မဒါန အဖြစ်ဖြင့် ဟောကြားအပ်သော “သစ္စဒေသနာ ဓမ္မစကြာ” အပိုင်း(၁) တရား ဒေသနာတော်။

“သစ္စဒေသနာ ဓမ္မစကြာ”ဆိုတာ ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ်သို့ ရောက်ပြီးတဲ့နောက် ပထမဦးဆုံး ဟောကြားခဲ့တာဖြစ်တယ်။ အဦးဆုံးတရားဖြစ်သည့်အတွက် “တရားဦး”လို့လည်း ခေါ်ကြတယ်။ ဓမ္မစကြာတရားမှာ တကယ့်ကိုမှန်ကန်တဲ့ အရိယာပုဂ္ဂိုလ်တွေသာ သိနိုင်တဲ့ သစ္စာတရားကို ဟောကြားခဲ့တာဖြစ်လို့ “သစ္စဒေသနာ ဓမ္မစကြာ” ဆိုရမယ်။ ဓမ္မစကြာဆိုတာ မြန်မာလူမျိုးတွေသိနေတဲ့ ဝေါဟာရ ဖြစ်တယ်။ တကယ်ပါဠိလိုကတော့ “ဓမ္မစက္ကပဝတ္တန” သုတ်လို့ ဒီလိုခေါ်

စာမျက်နှာ-၂
တယ်။ အဲဒါကို အတိုခေါ်တဲ့အနေနဲ့ လူတွေရဲ့ နှုတ်ထဲမှာ ဓမ္မစကြာ လို့ပဲ ခေါ်ကြတယ်။ ။

ရှေးဦးစွာ “ဓမ္မစက္က” သို့မဟုတ် ဗမာလိုပြောတော့ “ဓမ္မစကြာ” ဒီမှာ ဓမ္မစက္ကဆိုတာ ဘာကိုပြောတာလဲ။ ဓမ္မစက္ကဆိုတာ သစ္စာ(၄)ပါးကိုသိတဲ့ ပဋိဝေဓဉာဏ်ရယ်၊ သစ္စာ(၄)ပါးကို ထုတ်ဖော်ဟောကြားနိုင်တဲ့ ဒေသနာဉာဏ်ရယ် ဒီဉာဏ်(၂)မျိုးကို ခေါ်တာ၊ ဒီဉာဏ်(၂)မျိုးကို ဓမ္မစက္က လို့ခေါ်တာ၊ အဲတော့ ဓမ္မစက္ကဆိုတာ မြတ်စွာဘုရားရဲ့ သန္တာန်မှာရှိတဲ့ ဒီထူးခြားတဲ့ဉာဏ်(၂)မျိုး။ ဘာဖြစ်လို့ ထူးခြားတုန်းဆိုရင် အမှန်တရားသိဖို့ရာ ရှာဖွေနေကြတဲ့ ပုဂ္ဂိုလ်တွေထဲမှာ သစ္စာဆိုတာတွေ အမျိုးမျိုး ရှိတယ်။ ဒီအရိယသစ္စာဆိုတာကို မြတ်စွာဘုရားက ပထမဦးဆုံးတွေ့တယ်၊ သိတယ်။ ပဋိဝေဓဉာဏ်နဲ့ ဘုရားကိုယ်တော်တိုင် အမှန်တရားကိုတွေ့ရှိတယ်။

လောကမှာ အမှန်တရားကို မတွေ့ဘူးဆိုလို့ရှိရင် လမ်းမှားနေတဲ့ ပုဂ္ဂိုလ်တွေ ထွက်ပေါက်မရနိုင်သလိုပဲ အမှန်တရားကို ရှာမတွေ့သည့်အတွက်ကြောင့် အမှားတရားတွေထဲမှာ သံသရာလည်ပြီးတော့ နေကြရတာပေါ့။ ။

မြတ်စွာဘုရားကတော့ အဲဒီလိုမဟုတ်ဘူး။ ရှေးဦးစွာ အရိယသစ္စာလို့ပြောတဲ့အမှန်တရားကို ကိုယ်ပိုင်ဉာဏ်နဲ့စူးစမ်းလေ့လာခြင်းဖြင့် စပြီးတော့တွေ့တယ်။ အမှန်တရားဟာ မြတ်စွာဘုရားရဲ့ ဉာဏ်မှာ စတင်ဖြစ်ပေါ်လာတယ်။ အဲဒါကိုရည်ညွှန်းပြီးတော့ “ဓမ္မစက္က”၊ ဓမ္မဆိုတာ သစ္စာတရား၊ စက္ကဆိုတာ စတင်ဖြစ်ပေါ်လာမှု လည်ပတ်မှုလို့ ဒီလိုဆိုလိုတယ်။ မြတ်စွာဘုရားရဲ့ ပဋိဝေဓဉာဏ် လို့ခေါ်တဲ့ အမှန်တရားကို ထိုးထွင်းသိတဲ့ဉာဏ်ကြီးဟာ စတင်ဖြစ်ပေါ်လာခဲ့တယ်။

စာမျက်နှာ-၃
ဘယ်မှာစတင် ဖြစ်ပေါ်လာသလဲလို့ဆို မဟာဗောဓိပင် အပရာဇိတပလ္လင်ထက်မှာ တရားဓမ္မဆင်ခြင်သုံးသပ် နှလုံးသွင်းရင်းနဲ့ ကဆုန်လပြည့်နေ့ညမှာ ထူးခြားတဲ့အသိဉာဏ်ကြီး ရရှိလာတယ်။ အဲဒီအချိန်ကစပြီးတော့ အမှန်တရားကို မြတ်စွာဘုရား သိတယ်။ သိလို့ အဲဒီအချိန်မှာ ဓမ္မစက္ကလို့ခေါ်တဲ့ ပဋိဝေဓဉာဏ်တော်ကြီးကို မြတ်စွာဘုရားက စတင်ရရှိခဲ့ပါတယ်။ ဒါကြောင့်မို့ အဲဒီအချိန်မှာ ဓမ္မစက္ကဆိုတဲ့ ပဋိဝေဓဉာဏ်ကြီးသည် မြတ်စွာဘုရားရဲ့ သန္တာန်မှာ လည်ပတ်ပြီး ဖြစ်ပေါ်နေပြီလို့ ဒီလိုပြောတာ။

မြတ်စွာဘုရားကိုယ်တိုင်က ဒီသစ္စာ(၄)ပါး တရားတော်ကြီးကို ကိုယ်တိုင် ထိုးထွင်းပြီးတော့ သိထားတယ်။ အဲဒီသိပြီးတဲ့အခါ သတ္တဝါတွေ နားလည်အောင် ဘယ်လိုဟောရမလဲလို့ဆိုတဲ့ ဉာဏ်တစ်မျိုးပေါ်လာတာ၊ သိတာနဲ့ဟောတာနဲ့က မတူတတ်ဘူး။ တချို့က ပြောတယ်လေ၊ သိတော့သိတယ်၊ မပြောပြတတ်ဘူးတဲ့။ တစ်ဖက်သားကို နားလည်အောင် မပြောနိုင်ဘူး။ တချို့တွေ သိပ်တော်တယ်၊ သူ့ဟာသူ အကုန်သိနေတယ်။ သို့သော် ပြောပြစမ်းပါ ဆိုလို့ရှိရင် ဘာက စပြောရမှန်းမသိဘူး။ အဲတော့ ဉာဏ်ရည်ဉာဏ်သွေးက တစ်ခုနဲ့တစ်ခု မတူဘူးနော်။

အမှန်တရားကိုထိုးထွင်းသိတာက ပဋိဝေဓဉာဏ်။ အဲ့ဒီအမှန်တရားကို စကားလုံးတွေ တီထွင်ပြီးတော့ တခြားသတ္တဝါတွေသိရှိ နားလည်နိုင်အောင် ဟောတာကျတော့ “ဒေသနာဉာဏ်” လို့ ခေါ်တယ်။ အဲဒီ ဒေသနာဉာဏ်ကိုလည်းပဲ ဓမ္မစက္ကလို့ခေါ်တာ။

အဲ့ဒီဒေသနာ ဉာဏ်တော်ကြီးက ဘယ်မှာစတင်ပြီးတော့ လည်ပတ်လာသလဲလို့ဆိုလို့ရှိရင် ဗာရာဏသီပြည်နားက ဘေးမဲ့ပေး

စာမျက်နှာ-၄
ထားတဲ့ ဣသိပတန တောကြီးထဲမှာ ဒေသနာဉာဏ်ဆိုတဲ့ ဓမ္မစက္ကဟာ စတင်ပြီးတော့လည်ပတ်တယ်တဲ့။ ။

ပဋိဝေဓဉာဏ်ဆိုတဲ့ ဓမ္မစက္က လည်ပတ်တာက ဗုဒ္ဓဂယာမှာ ဗောဓိပင်အောက်မှာ စတင်ခဲ့တယ်။ ဒေသနာဉာဏ်ဆိုတဲ့ ဓမ္မစက္က စတင်လည်ပတ်တာကတော့ ဗာရာဏသီ ဣသိပတန တောမှာ ဖြစ်တယ်။

ဗမာလူမျိုးတွေကတော့ ဣတိပတနဆိုတဲ့ မူရင်းနာမည်ကို ဖျောက်ပြီးတော့ မိဂဒါဝုန် မိဂဒါဝုန်နဲ့ခေါ်ကြတယ်။ တကယ်ကတော့ မိဂဒါဝုန်က နာမည်မဟုတ်ဘူး။ မိဂဒါယဆိုတဲ့ စကားလုံးကိုကြည့်ပြီးတော့ မိဂဒါဝုန်လို့ခေါ်နေကြတာ။ နာမည် မဟုတ်ဘူး။ နာမည်က ဣသိပတန။ အဲဒီ ဣသိပတနတောမှာ သားငှက်တိရစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်ခြင်းမလုပ်ရဘူးလို့ ဘုရင်က အမိန့်ထုတ်ပြီးတော့ ဘေးမဲ့ပေးထားလို့ “မိဂဒါယ” လို့ခေါ်တာ။

အေး-မိဂလို့ပြောတာနဲ့တစ်ချို့ကလည်းပဲ သမင်တွေပေါတဲ့ တောလို့ ဆိုကြတယ်။ (အခုတောင် သမင်တွေမွေးထားကြသေးတယ်) တကယ်ကတော့ မိဂဆိုတာ သမင်တွေတင်ပြောတာမဟုတ်ပါဘူး။ သားငှက်တိရစ္ဆာန်တွေအားလုံးကို ရည်ညွှန်းတဲ့သဘောပါ၊ သမင်တွေချည်းပဲမဟုတ်ပါဘူး။ တောရှိရင် သမင်ကတော့ရှိမှာပေါ့နော်။ ဒါပေမယ့် သမင်တစ်မျိုးထဲ မဟုတ်ဘူးလို့ ဒီလိုမှတ်ရမယ်။ မိဂဆိုတာ သားကောင်တွေအားလုံး ခြေ(၄)ချောင်းရှိတဲ့ သားကောင်တွေအားလုံးကို မိဂလို့ခေါ်တာ။ ခြင်္သေ့ကို မိဂရာဇာ လို့ သုံးတယ်။ သို့သော် ဘာသာပြန်တဲ့အခါကျတော့ သမင်ပေါတဲ့ မိဂဒါဝုန်တောသို့ပြန်တယ်။ အင်္ဂလိပ်လိုပြန်တဲ့အခါ Deer park လို့ပြန်ကြတယ်။ ဘာဖြစ်လို့ Deer

စာမျက်နှာ-၅
park လို့ပြန်လဲလို့ဆိုတော့ မိဂကိုသမင်လို့ အဓိပ္ပာယ်ယူဆပြီးတော့ ပြန်တဲ့သဘောရှိတယ်။ တကယ်ပြန်သင့်တာကတော့ Sanctuary လို့ ပြန်သင့်တယ်ပေါ့။ မိဂဒါယဆိုတာ Sanctuary. ဘေးမဲ့တော။ အဓိပ္ပါယ်က သားငှက်တိရစ္ဆာန်တွေ မဖမ်းရဘူး။ မပစ်ခတ်ရဘူး။ မသတ်ရဘူး။ ဘုရင်ကအမိန့်ထုတ်ပြီးတော့ ဘေးမဲ့ပေးထားတဲ့တော ဖြစ်လို့ Sanctuary ဘေးမဲ့တောလို့ ဒီလိုအဓိပ္ပာယ်ရတယ်။ ဒါလည်းပဲ မှတ်သားစရာတစ်ခုပေါ့။

သို့သော် လူတွေရဲ့ နှုတ်ထဲမှာ တစ်ခုခုက တွင်သွားပြီဆိုလို့ရှိရင် ထိုတွင်နေတာပဲ အတည်ဖြစ်ပြီးတော့ ပြောနေကြတယ်ပေါ့။ ဒါမျိုးကို စာပေကျမ်းဂန်မှာ အတွင်ရုဠလို့ခေါ်တယ်။ လူတွေရဲ့ နှုတ်ထဲမှာ မိဂဒါဝုန် မိဂဒါဝုန်နဲ့ နှုတ်တက်သွားတော့ ပြင်လို့မရတော့ဘူး။ တကယ်က မိဂဒါဝုန်တွေအများကြီးရှိတယ်။ အဲ့ဒီထဲမှာ မြတ်စွာဘုရား လက်ထက်မှာ ဘေသကဠာဆိုတဲ့တောကြီးကလည်းပဲ မိဂဒါယပဲ၊ ခေမ ဆိုတဲ့တောကြီးကလည်းပဲ မိဂဒါယပဲ။ မိဂဒါယတောတွေက ဒီတစ်ခုထဲရှိတာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ မိဂဒါယ Sanctuary တောရဲ့ နာမည်က ဣသိပတန။ ။

အေး- ကောင်းပြီ၊ အဲဒီတောမှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် သည် ပဉ္စဝဂ္ဂီ(၅)ဦးကို သစ္စဒေသနာကို ဟောကြားတယ်။ သစ္စာတရား ဟောရုံတင်မကဘူး မြတ်စွာဘုရားက ဗုဒ္ဓ ဖြစ်ကြောင်း ဝန်ခံစကားလည်း ပြောကြားခဲ့တယ်။

အဲဒီတော့ ဓမ္မစကြာ သို့မဟုတ် ဓမ္မစက္ကဆိုတာ ဉာဏ်တော်(၂)ခု၊ ဉာဏ်တော်(၂)ခုဟာ ပဋိဝေဓဉာဏ်နဲ့သိထားတဲ့သစ္စာတရားကို

စာမျက်နှာ-၆
ဒေသနာဉာဏ်ကိုအသုံးပြီးတော့ ထုတ်ဖော်ရှင်းလင်း ဟောပြတယ်လို့ ဒီလိုအဓိပ္ပါယ်မှတ်ရမယ်။

အေး ဓမ္မစကြာ ဓမ္မစကြာဆိုတာ တချို့ကလည်းပဲ လှည်းဘီးကြီးတွေကိုမြင်ပြီးတော့ ဓမ္မစကြာဆိုတာ အဲဒီလို စကြာကြီးလည်နေတာကြီးလို့ ဒီလို ထင်ကောင်းထင်မယ်နော်။ အမှန်ကတော့ စတင်ပြီးတော့ အသုံးချတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုပြောတာ။ စက္ကဆိုတဲ့စကားလုံးကိုက စစတိ ဘမတီတိ စက္ကံ လည်ပတ်ဆိုတာ ဖြစ်ပေါ်လာတာ။ ဒေသနာဉာဏ်ကြီးကို စတင်လိုက်ပြီ၊ သစ္စာတရားကို ဒီနေ့ကနေစပြီးတော့ မြတ်စွာဘုရားဟောလိုက်တာ မရပ်မနား ဘယ်ထိအောင်ဟောသွားတုန်းဆိုလို့ရှိရင် နောက်ဆုံးမှာ (၄၅)ဝါကာလ သက်တော်(၈၀) အရွယ်ရောက်လို့ ကုသိနာရုံ ညောင်စောင်းပေါ်မှာ ရောက်သည်အထိ သုဘဒ္ဒဆိုတဲ့ပရဗိုဇ်ကြီးကို နောက်ဆုံးဟောခဲ့တာပဲ။ အဲဒီထိအောင် ဟောတယ်လို့ ပြောရမှာပဲ။ ။

(၄၅)ဝါကာလပတ်လုံး မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ဟောဒီသစ္စာဒေသနာနဲ့ ဆက်နွယ်ရာ သတ္တဝါတွေရဲ့ အဇ္ဈာသယကိုကြည့်ပြီး ဟောတာရှိတယ်။ ကိုယ်တော်ရဲ့ အဇ္ဈာသယကိုကြည့်ပြီးဟောတာရှိတယ်။ မေးခွန်းကိုဖြေတဲ့အနေနဲ့ ဟောတာရှိတယ်။ အကြောင်းအတ္ထုပ္ပတ္တိပေါ်လာလို့ဟောတာရှိတယ်။ တရားဟောတာဟာ အကြောင်း(၄)မျိုး ရှိတယ်ပေါ့။

နံပါတ်(၁)အကြောင်းက အတ္တဇ္ဈာသယလို့ခေါ်တယ်။ အတ္တအဇ္ဈာသယ မိမိဆန္ဒအတိုင်းဟောတာ၊ တစ်ခါတစ်ရံကျတော့ အေး- ဒီပရိသတ်ကို ဒီတရားဟောမှပဲလို့ဆိုပြီးတော့ မြတ်စွာဘုရား ကိုယ့်ဆန္ဒနဲ့ ကိုယ်ဟောလိုက်တာ၊ အဲဒါ အတ္တဇ္ဈာသယလို့ခေါ်တယ်။

စာမျက်နှာ-၇
အေး တချို့သုတ္တန်ကျတော့ မြတ်စွာဘုရားကိုယ်ဟောချင်လို့ ဟောတာ မဟုတ်ဘူး။ ပရိသတ်ထဲမှာပါတဲ့ပုဂ္ဂိုလ်တစ်ဦးရဲ့ အဇ္ဈာသယကိုကြည့်ပြီးဟောတာ၊ အဲဒါမျိုးကျတော့ ပရဇ္ဈာသယတဲ့၊ တစ်ခါတစ်ရံကျတော့ ပရိသတ်ထဲကနေပြီး မြတ်စွာဘုရားကို မေးခွန်းတွေမေးတယ်။ မေးတဲ့အခါမှာ ဖြေကြားတဲ့အနေနဲ့ ဟောတာကျတော့ ပုစ္ဆာဝသိကတဲ့။ ဖြစ်ပေါ်လာတဲ့ အကြောင်းရပ်တစ်ခုခုကို အကြောင်းပြုပြီးတော့ ကိစ္စတစ်ခုခုကိုအကြောင်းပြုပြီးတော့ ဟောတာမျိုးကျတော့ အတ္ထုပ္ပတ္တိကလို့ခေါ်တယ်။ မြတ်စွာဘုရား တရားတော်တွေကို ဟောပြောဖို့ရာအတွက် ဒီအကြောင်း(၄)မျိုးထဲက တစ်ခုခုတော့ ရှိတာပေါ့။

“အခု ဒီနေရာမှာ သစ္စဒေသနာလို့ ဆိုတဲ့နေရာမှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟာ အတ္တဇ္ဈာသယအနေနဲ့ ဟောတယ်လို့ ဒီလိုပြောလို့ရတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ပဉ္စဝဂ္ဂီလို့ဆိုတဲ့ လူသား တရားနာမယ့်ပုဂ္ဂိုလ်(၅)ဦး၊ အဲဒီ(၅)ဦးကို အမှန်တရားဆိုတာ မကြားဘူးကြသေးဘူး။ မြတ်စွာဘုရားကိုယ်တိုင်လည်း အရင်က မကြားဘူးတဲ့ တရားပဲ။ အဲဒီရဲ့ အရင်ခေတ်က ပေါ်ကိုမပေါ်ခဲ့လို့ မကြားဘူးဘူး။ အဲဒီ မကြားဘူးတဲ့တရားတွေကို အစဦးဆုံးထုတ်ဖော်ပြီး ပြောတာ။ အသစ်အဆန်းတွေ့ရှိချက်ကို ဟောတာ။

ဒါကြောင့်မို့ ဓမ္မစကြာထဲမှာ ပါတယ်မဟုတ်လား။ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခံ ဥဒပါဒိ လို့။ ပုဗ္ဗေ အနနုဿုတေသုဆိုတာ ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး။ ဘယ်သူ့ဆီကမှ သင်ခဲ့တာလည်း မရှိဘူး။ ဘယ်ဆရာကမှလည်း ဒါမျိုးမဟောခဲ့ဖူးဘူးလို့ ဒီလိုဆိုလိုတယ်။ ဘယ်သူ့ဆီကမှ ဒီတရားမျိုးကို မနာခဲ့ဖူးဘူး၊ ဘယ်သူဆီကမှလည်း သင်ယူခဲ့တာမရှိဘူး။ အဲဒီမကြားဘူးတဲ့၊ မသင်

စာမျက်နှာ-၈
ဘူးတဲ့ တရားထူး တရားမြတ်တွေကို သိမြင်နိုင်တဲ့ အသိဉာဏ်ဟာ တရားထူး တရားမြတ်တွေကိုသိတဲ့ မျက်စိအမြင် ပညာအသိဟာ ဖြစ်ပေါ်လာတယ်လို့ မြတ်စွာဘုရားက ဒီလိုပြောတာ။

ဒါကြောင့်မို့ ဒေသနာဉာဏ်တော်ကြီးကို အသုံးချပြီးတော့ မြတ်စွာဘုရားက ဒီဓမ္မစကြာကိုဟောခဲ့တာ။ အဲဒီတော့ ဒီနေရာမှာ ဗုဒ္ဓမြတ်စွာရဲ့ အတ္ထုပ္ပတ္တိကို တစေ့တစောင်းကြည့် ကြည့်ကြရအောင်။ ဘယ်လောက်ပင်ပန်းခဲယဉ်းစွာ ဒီတရားဓမ္မကို ရှာခဲ့ရသလဲဆိုတာ စဉ်းစားကြည့်သင့်တာပေါ့နော်။ အေး သာမန်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်လို့ ပါရမီပြည့်လာလို့ ဘုရားဖြစ်တယ်လို့ပြောလို့တော့ ရတာပေါ့။ ပါရမီပြည့်လို့ ဘုရားဖြစ်လာတာ သူ့ဟာသူဖြစ်လာတာ မဟုတ်ဘူး။ နန်းတော်ထဲမှာ နန်းစည်းစိမ် ခံစားပြီးတော့နေမယ်။ တောမထွက်ဘူး၊ တရားကို ကျင့်ကြံကြိုးကုတ်အားထုတ်မှု မလုပ်ဘူးဆို မဖြစ်ဘူး။

အဲတော့ ဒီကနေ့ခေတ်လူတွေဟာ အသိဉာဏ်ရှိရက်သားနဲ့ ဘာဖြစ်လို့ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာမဖြစ်ကြသလဲ ဆို မလုပ်ကြလို့မဖြစ်ကြတာ။ အမှန်ကတော့ မဂ်ဖိုလ်နိဗ္ဗာန်ကို မရမနေ မရအရ ကျင့်ကြံကြိုးကုတ်အားထုတ်မယ်လို့ မဟာသီဝမထေရ်ကြီးတို့လို အားလုံးကို စွန့်လွှတ်ပြီးတော့ အနှစ်(၃၀)တရားအားထုတ်မယ် ဆိုရင် ဒီထဲက သောတာပန် သကဒါဂါမ် အနာဂါမ် ဖြစ်မယ့် ပုဂ္ဂိုလ်တွေ အများကြီးပဲပေါ့။ ဘုန်းကြီးတို့တတွေ ဘာလို့မဖြစ်တုန်းဆိုလို့ရှိရင် မလုပ်လို့မဖြစ်တာ။

အဲဒါကြောင့်မို့လို့ သူ့ဘာသူတော့ဖြစ်မလာဘူး၊ မလုပ်လို့ရှိရင် မဖြစ်ရုံမဟုတ်ဘူး၊ အခြေအနေကောင်းလေးတွေပါ ပျက်စီးယိုယွင်း

စာမျက်နှာ-၉
သွားတတ်သေးတယ်တဲ့၊ သတိထားဖို့ပဲ။ လူတိုင်းလူတိုင်းဟာ ပါရမီနဲ့အသိဉာဏ်လေးတွေဟာ အခြေခံအားဖြင့်ရှိနေကြတယ်၊ အဲ့ဒီရှိတဲ့ အခြေခံလေးကို အသုံးမချပဲနဲ့စိတ်ဆန္ဒမပါလို့ တခြားဘက်မှာ အသုံးချနေမယ်ဆိုလို့ရှိရင် ဒီပါရမီတွေဟာ ကုန်ဆုံးသွားမှာပဲ။ ဒီအသိဉာဏ်လေးတွေဟာ တခြားနေရာ ရောက်သွားပြီးတော့ တရားထူး တရားမြတ်အတွက် အကျိုးဖြစ်လာမှာမဟုတ်ဘူး။ ကြည့်လေ ဗာရာဏသီ သူဌေးသားပဲကြည့်၊ ကုဋေ(၈၀)ကြွယ်ဝတဲ့ ဗာရာဏသီသူဌေးသားဟာ တကယ့် Great intelligence အသိဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ၊ အသိဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရဲ့သားနဲ့ နောက်ဆုံးမှာ သူဘဝရဲ့ နိဂုံးချုပ် အဆုံးသတ်သွားတာ မကောင်းဘူး။

ဘာဖြစ်လို့မကောင်းသလဲလို့ဆိုရင် သူ့မိဘတွေရဲ့ အတွက် လွဲသွားတာပါတယ်။ အေး- ကုဋေ(၈၀)ဆိုတော့ ငါတို့သားလေး တစ်သက်စားလို့မကုန်ဘူး။ ဘာလို့ ပင်ပန်းဆင်းရဲတာတွေ ခံမလဲ၊ သူ့ဘာသူထိုင်စားပါစေ၊ သူပျော်သလိုသာ နေပါစေလို့ သားကလေး ဆင်းရဲမှာကြောက်လို့ အဆိုအကလောက်ပဲ သင်ပေးတယ်၊ အတီးအမှုတ်လောက်ပဲသင်ပေးတယ်။ ဘာပညာမှ သင်မပေးဘူး။ စီးပွားရှာနည်းကားနော်၊ လုပ်ငန်းကိုင်တာနဲ့ ပတ်သက်ပြီး ဘာမှ သင်မပေးဘူး။ ဘာမှ မသိဘူး။ သင်မပေးလို့ သူသိတာ ဘာတုန်းဆိုရင် စောင်းတီးတတ်တယ်။ သီချင်းဆိုတတ်တယ်။ ဒါပဲ။ သူနဲ့အိမ်ထောင်ပြုတဲ့ ကလေးမလေးကလည်း စောင်းတီးတတ်တယ်။ သီချင်းဆိုတတ်တယ်။ ဒါပဲ။ ဘယ်သူမှ စီးပွားရေးပညာ နားမလည်ကြဘူး။

နောက်ဆုံးကျတော့ အရက်သမားတွေရဲ့ သွေးဆောင်မှုကြောင့် အရက်ကလေးသောက်မိသွားတဲ့အခါ ရှိသမျှပစ္စည်းတွေ

စာမျက်နှာ-၁၀
သုံးလိုက်ဖြန်းလိုက်တာ ဇနီးမောင်နှံ(၂)ယောက်ဟာ နောက်ဆုံး လမ်းဘေးမှာ ခွက်လက်စွဲပြီးတော့ ထမင်းကျန်၊ ဟင်းကျန်လေးတွေတောင်းစားရတဲ့အဆင့် ရောက်သွားတယ်။ အဲဒါ မလုပ်လို့ မဖြစ်တာ ဖြစ်တယ်၊ မလုပ်ရင်လည်းမဖြစ်ဘူးဆိုတာ သေချာတယ်။

အဲဒီဘဝရောက်နေတဲ့အခါ မြတ်စွာဘုရားက ပြောတယ်။ ရှင်အာနန္ဒာကို “အာနန္ဒာတွေ့လား၊ ဟိုမှာအဖိုးကြီးနဲ့အဖွားကြီး၊ အဲ့ဒါ သာမန်မဟုတ်ဘူး။ ဒီမြို့မှာ ဒိတ်ဒိတ်ကျဲ သူဌေးနဲ့သူဌေးကတော်ပဲ။ သူဟာပထမအရွယ်မှာ စီးပွားဥစ္စာ ရှာဖွေဖို့ကြိုးစားလိုက်မယ်ဆိုရင် ပထမတန်းသူဌေးကြီးဖြစ်မယ်။ (ပထမအရွယ်ဆိုတော့ ၃၃-နှစ်၊ ဒုတိယအရွယ်ဆိုတာ ၃၄-နှစ်ကနေပြီးတော့ အသက် ၆၆-နှစ်၊ ဒီလိုအရွယ်ကို ပိုင်းတာနော်။) အဲဒီဒုတိယအရွယ်မှာ ကြိုးစားလိုက်မယ်ဆိုရင် ပထမတန်းသူဌေး မဖြစ်တော့ဘူး။ ဒုတိယတန်းသူဌေးပဲ ဖြစ်တော့မယ်။” (အရွယ်ကကျသွားသလို သူ့ရဲ့ အသိဉာဏ်တွေကလည်း ဆုတ်ယုတ်သွားတယ်။ တချို့က အသက်ကြီးလာမှ ထက်လာတယ်လို့ အောက်မေ့တာ မဟုတ်ဘူး။ အသက်ကြီးလာရင် ဆုတ်ယုတ်တာနော်) “တတိယအရွယ် ကြိုးစားမယ်ဆိုရင် တတိယတန်းသူဌေးဖြစ်မယ်။” (ဒါ စီးပွားရေးဘက်က မြတ်စွာဘုရားပြောတာ။)

“အကယ်၍ သူပထမအရွယ်မှာ တောထွက်ပြီးတော့ တရားဓမ္မ ကျင့်ကြံအားထုတ်လိုက်မယ်ဆိုရင် ရဟန္တာဖြစ်နိုင်တယ်။”

ဒီဖြစ်နိုင်ချေ ရှိတာလေးတွေဟာ မလုပ်သည့်အတွက်ကြောင့် သူ ရဟန္တာမဖြစ်ဘူးဆိုတာကို ပြောတာနော်။

စာမျက်နှာ-၁၁
“ဒုတိယအရွယ်မှာဆိုလို့ရင် အနာဂါမ်တို့ သကဒါဂါမ်တို့ ဖြစ်နိုင်တယ်။ တတိယအရွယ်မှာဆိုလို့ရှိရင် သောတာပန်ဖြစ်နိုင်တယ်။ အခုတော့ အရွယ်(၃)ပါး လွန်ပြီးတော့ အိုမင်းမစွမ်း ဖြစ်သွားပြီ”တဲ့။

မျှော်လင့်ချက် ကုန်သွားပြီ၊ Hopeless ပေါ့။ လူတွေက အမြဲတမ်းဟုတ်ဘူး၊ ဟုတ်ဘူးနဲ့နော်။ မဟုတ်ဘူးဆိုဘယ်တော့မှ ဟုတ်လာမှာ မဟုတ်ဘူးနော်။ တကယ်ကတော့ အဲဒါ Hopeless ဖြစ်သွားတာ၊ Hopeless မဖြစ်ဘူးလို့ မအောက်မေ့လေနဲ့။ တရားထူး တရားမြတ်ဆိုတာ မလုပ်ရင်မရဘူး၊ ဟို မကျင့်ဘူးဆိုလို့ရှိရင် ဘယ်သူမှ မရနိုင်ဘူး နော်။

အေး ဒါကြောင့်မို့လို့ ဘုရားအလောင်းတော်ဟာလည်း ပါရမီပြည့်လာတယ်။ သူ ဘယ်လောက် ကြိုးစားခဲ့ရလဲ။ ဒီအမှန်တရားတွေ့ဖို့ရာအတွက် မြတ်စွာဘုရားကိုယ်တိုင်ပြန်ပြီးတော့ ကိုယ်တော်မြတ်ရဲ့ အတ္ထုပ္ပတ္တိကို သူကိုယ်တိုင်ပြန်ဟောထားတာရှိတယ်။ ဟို- မဟာဗုဒ္ဓဝင်ထဲပါတဲ့ဟာကို မပြောလိုဘူး။ အဲဒါ အားလုံးသိနေကြတာနော်။ မြတ်စွာဘုရားကိုယ်တိုင်ပြန်ပြီးတော့ ဟောထားတဲ့ ကိုယ်တိုင်ပြော အတ္ထုပ္ပတ္တိ (Auto Biography) ပေါ့။ ကိုယ်တိုင်ပြန်ပြီးတော့ Retold လုပ်ထားတဲ့ သူ့ရဲ့ဘဝဇာတ်လမ်းလေးတွေ။

ဘယ်သုတ္တန်တွေမှာ ဟောထားတုန်းဆိုရင် မဟာသစ္စကသုတ်မှာလည်း ဟောထားတယ်။ ပါသရာသိ ဆိုတဲ့သုတ်မှာလည်း ဟောထားတယ်။ (နိုင်ငံခြားစာမူတွေမှာတော့ အရိယပရိယေသန သုတ်လို့လည်းခေါ်တယ်။ ပါသရာသိသုတ်နဲ့ ဒီအရိယပရိယေသနသုတ်ဆိုတာ အတူတူပဲလို့ မှတ်ရမယ်။)

စာမျက်နှာ-၁၂
အဲဒီသုတ်တွေမှာ မြတ်စွာဘုရားက ကိုယ်တိုင် ဟောထားတာ ရှိတယ်။ မြတ်စွာဘုရားကိုယ်တိုင်ပြန်ဟောထားတာလေးကို ပြောရမယ်ဆိုရင် “ငါဟာတဲ့ နုပျိုနေတုန်း ဆံပင်ကနက်နေတုန်း အရွယ်ကောင်းတုန်း”

ဟုတ်တာပေါ့။ (၂၉)နှစ်ပဲရှိသေးတာကို အဲဒီအချိန်မှာ သုသုကာဠကေသော အရွယ်ငယ်တုန်း နုပျိုတုန်း (၃၃)နှစ်ကျမှ ပထမအရွယ်ကုန်မှာကို အဲဒီတော့ ဘုရားလောင်းတော်ဟာ (၃၃)နှစ် မရောက်သေးဘူး။ (၂၉)နှစ်အရွယ်မှာ နုပျိုနေတုန်း ဆံပင်ကလေးက နက်နေတုန်း မဖြူသေးဘူး။

“ဆံပင်နက်နေတုန်းတဲ့ အရွယ်ကောင်းတုန်း ပထမအရွယ် နုပျိုနေတဲ့အချိန်လေးမှာပဲ မိဘနှစ်ပါးက မခွဲချင်လို့ငိုယိုနေတဲ့အချိန်မှာ ဆံမုတ်ဆိတ်ပယ်ပြီးတော့ သင်္ကန်းဝတ်ခဲ့တယ်” ။

မြတ်စွာဘုရား စကားလုံးအတိုင်း ဘာသာပြန်မယ်ဆို အဲ့လိုအဓိပ္ပာယ်ရတယ်နော်။ အဲဒီစကားပိုဒ်ကို ဖတ်ပြီးတော့ တစ်ချို့နိုင်ငံခြားသားတွေက ပြောတယ်၊ မြတ်စွာဘုရား ညသန်းခေါင် တိတ်တိတ်လေးတောထွက်သွားတယ်ဆိုတာ မဟုတ်ဘူးပေါ့၊ ဘာဖြစ်လို့တုန်းဆိုတော့ မိဘတွေငိုနေတုန်း သူသင်္ကန်းဝတ်သွားတယ်လို့ သူကိုယ်တိုင်ပြောခဲ့တဲ့ စကား ရှိတယ်ပေါ့၊ ညကြီးတောထွက်တယ်ဆိုတာ မဟုတ်ဘူးလို့ သူတို့ကပြောကြတယ်။ ။

အဲဒါဘယ်လိုညှိပြောရမတုန်းဆိုရင် “ဟုတ်တယ် မိဘတွေက ငိုယိုနေတယ်ဆိုတာ တကယ့်ကိုမသွားပါနဲ့လို့ငိုနေတာ ဒီလိုဆိုလိုတာမဟုတ်ဘူး၊ စိုးရိမ်တကြီးနဲ့ သင်္ကန်းမဝတ်စေချင်ဘူး၊ သို့သော် ညကြီးသန်းခေါင်မှာ တောထွက်သွားလို့ ပျောက်သွားတဲ့အချိန်မှာ ငိုကြတယ်။

စာမျက်နှာ-၁၃
အဲဒီငိုနေတဲ့အချိန်မှာ သင်္ကန်းဝတ်သွားတယ်။” ဒီလို ယူရင်ရော မရဘူးလား၊ အဲဒါဆိုလို့ရှိရင် အဋ္ဌကထာတွေရေးတာနဲ့ ပါဠိတော်ဆိုတာနဲ့ တကိုက်ထဲပါပဲ။

အခု သူတို့က ဘယ်လိုထိအောင်ယူတုန်းဆိုလို့ရှိရင် မိဘနှစ်ပါး ငိုနေတုန်း ဆိုပါစို့ အဖေလုပ်တဲ့ သုဒ္ဓေါဒနကြီးက ဟိုမသွားနဲ့ မသွားနဲ့ဆိုတာကို ဇွတ်ထွက်သွားတယ်ဆိုတဲ့ပုံစံမျိုး သူတို့က အဲ့လိုယူဆတယ်။ မိဘနှစ်ပါးလုံး ငိုနေတုန်းဆိုတာ ဟုတ်တာပေါ့၊ နန်းတော်မှာ ငိုကျန်ရစ်တာပဲလေ ညပျောက်သွားတယ်ဆိုတော့ မနက်လင်းတဲ့အခါ မရှိတော့ မိဘနှစ်ပါး ငိုကျန်ရစ်တယ်ပေါ့။ မိဘလို့ သုံးပေမယ့်လို့ ဒီအချိန်မှာ မယ်တော်မာယာကတော့ မရှိတော့ဘူးပေါ့နော်။ အဲ့ဒီတော့ မိဘနှစ်ပါး ငိုယိုနေတုန်း သူဟာ ဆံမုတ်ဆိတ်ပယ်ပြီးတော့ သင်္ကန်းဝတ်ခဲ့တယ်တဲ့။

သင်္ကန်းဝတ်တာ ဘာအတွက်ဝတ်တာတုန်းလို့ဆိုရင် “ကုသလဂဝေသီ” ဆိုတဲ့စကားလုံးလေးကို သုံးတယ်။ ကုသိုလ်ဆိုတာ ဘာလဲ၊ အပြစ်ကင်းတဲ့တရား အမှန်တရားဆိုတာ ဘာလဲလို့ရှာချင်တာ သူသိချင်တာ အဲ့ဒါပဲ။ “ကုသိုလ်ဆိုတာ ဘာလဲ၊ အဆင့်အမြင့်ဆုံး ကုသိုလ်ဆိုတာ ဘာလဲ” ဒါလိုက်ရှာတာ။ ဆိုလိုတာကတော့ Research လုပ်တာ။

လောကမှာ Research လုပ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း စွန့်စားရတာ။ ဓမ္မနဲ့ပတ်သက်ပြီး Research လုပ်တော့ ဘုရားလောင်းဟာ စွန့်စားတာပဲပေါ့။ အိမ်ကနေ ထွက်သွားတယ်။ “ကုသိုလ်ဆိုတာ ဘာလဲဆိုတာ သူအဖြေထုတ်ချင်တယ်” ဒါတစ်ခု။ အနုတ္တရံ သန္တိဝရပဒံ ပရိယေသမာနာ သူရှာနေတာ အကောင်းဆုံးငြိမ်းချမ်းရေးပဲ။

စာမျက်နှာ-၁၄
သန္တိပရ ပဒံ ဆိုတဲ့ အမြတ်ဆုံးသော ငြိမ်းချမ်းမှုဆိုတာကို သူလိုက်ရှာနေတယ်။ အဲ့ဒီမှာ လိုက်ရှာတဲ့အချိန်မှာ ဘယ်နေရာက ဘယ်ကို သွားတယ်ဆိုတာတွေကိုတော့ အသေးစိတ်မဟောဘူး။ သူအဲ့ဒီလိုရှာပြီးတော့ အာဠာရကာလာမ ဆီရောက်သွားတယ်လို့ ဒီလောက်ပဲ ပြောလိုက်တယ်ပေါ့နော်။ ဒါကတော့ လိုရင်းဟောချင်လို့နေမှာပေါ့၊ အဲ့ဒါကို ဖြည့်စွက်ပြီးတော့ မှတ်တမ်းတင်ရမှာကတော့ အနော်မာသောင်ကမ်းမှာ ရဟန်းဝတ်တယ်။ ရဟန်းဝတ်ပြီး မြင်းနဲ့ မောင်ဆန်ကို နိုင်ငံတော် ပြန်ခိုင်းလိုက်ပြီးတော့ သူတစ်ဦးတည်း ယူဇနာ (၃၀)၊ ယူဇနာ (၃၀) ဆို ခုခေတ်နဲ့တွက်မယ်ဆိုရင် တယူဇနာကို (၈) မိုင်နှုန်းနဲ့ တွက်ကြည့်ပေါ့။ အဲဒီ အနော်မာကနေ မိုင် (၂၄၀) ဝေးတယ်။ အဲဒါကို ကုန်းကြောင်းသွားရတာ၊ အခုခေတ်လို ကားတွေ ဘာတွေရှိတာ မဟုတ်ဘူး။ အရင်တုန်းကတော့ မြင်းနဲ့ထွက်လာခဲ့တာ၊ မြင်းလည်း ပြန်လွှတ်လိုက်ပြီ၊ သင်္ကန်းဝတ်ပြီးတဲ့အခါ မိုင် (၂၀၀) ကျော်ခရီးကို ခြေလျင်လျှောက်ခဲ့တာ၊ ဘယ်ကို သွားသလဲဆိုရင် ထိုခေတ်က တရားဓမ္မတွေထွန်းကားပြီးတော့ ထင်ရှားကျော်ကြားခဲ့တဲ့ မဂဓနယ်ကြီးကိုသွားတာ။ မဂဓနယ်ဆိုတာ အခု ဗုဒ္ဓဂယာပတ်ဝန်းကျင်ဒေသပေါ့။ အခုခေတ်တော့ ဗီဟာနယ်လို့ ခေါ်တယ်၊ ဗီဟာဆိုတဲ့ စကားလုံးကတော့ ဝိဟာရက လာတယ်လို့ ပြောကြတယ်ပေါ့။

အဲဒီ ဗီဟာနယ်ဘက်ကို ခရီးထွက်သွားတယ်၊ ဘုရားအလောင်းတော်က အဲဒီမှာ ပြန်ပြောတဲ့ဇာတ်လမ်းလေးမှာတော့ “မဂဓတိုင်းကို ရောက်သွားတယ်၊ ရောက်သွားတော့ မနက်မိုးလင်းတဲ့ အချိန်လေးမှာ ရာဇဂြိုဟ်မြို့ထဲ ဆွမ်းခံတယ်” သပိတ်ကလေးပိုက်ပြီးတော့

စာမျက်နှာ-၁၅
ဆွမ်းခံဝင်လိုက်တဲ့အခါ ဘုရားအလောင်းတော်ဟာ အရွယ်ကလည်း နုနုပျိုပျို၊ ရုပ်ကလည်း အင်မတန်ချောတာဆိုတော့ မြို့ထဲဝင်လာရင် လူတွေက လှုပ်လှုပ်လှုပ်လှုပ်နဲ့ ဝိုင်းအုံလာကြတယ်။ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် အဲ့ဒီခေတ်က သူတော်စင်ဆိုတဲ့ပုဂ္ဂိုလ်တွေက ကိုးရိုးကာတွေများတာကို၊ မုတ်ဆိတ်ကြီးတွေနဲ့ အဝတ်အစားမပါနေတဲ့ ပုဂ္ဂိုလ်တွေနော်၊ ရာဇဂြိုဟ်ပြည်မှာ မက္ခလိဂေါသာလတို့ ပူရဏကဿပတို့ဆိုတာ တုံးလုံးကိုယ်တော်ကြီးတွေလေ၊ တရားကျင့်နေတဲ့ သူတော်စင်ဆိုတာကြီးတွေက ကြည့်လိုက်မယ်ဆိုလို့ရှိရင် ခုနက မုတ်ဆိတ်ဖားလျားနဲ့ ဆံပင်ဖားလျားနဲ့ အဝတ်မဝတ်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်နေတာ၊ အခု ဒီပုဂ္ဂိုလ်ကတော့ အဲဒီလိုမဟုတ်ဘူး၊ သပ်သပ်ရပ်ရပ် ဝတ်စားပြီး ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဣန္ဒြေပြည့်ပြည့်စုံစုံလေးနဲ့ မြို့ထဲမှာ စက္ခုန္ဒြေချပြီးတော့ ဝင်လာတယ်ဆိုတော့ တစ်မြို့လုံးက လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။

အဲဒီ အကြောင်းအရာတွေကို သုတ္တနိပါတ ပါဠိတော်မှာ ပဗ္ဗဇ္ဇသုတ်ဆိုတာရှိတယ်၊ ဘုရားလောင်း တောထွက်လာခြင်းရဲ့ အကြောင်းကို ပဗ္ဗဇ္ဇသုတ်အရ ပြောမယ်ဆိုရင် သူဘာဖြစ်လို့ သင်္ကန်းဝတ်လာသလဲလို့ ဆိုလို့ရှိရင်တဲ့ ဃရာဝါသော သမ္ဗာဓောတဲ့၊ လူ့ဘဝမှာ ကုသိုလ်ရဖို့က အင်မတန်ခက်တယ်၊ မွန်းကြပ်နေတယ်၊ ဟုတ်တယ်၊ လူ့ဘဝမှာ ကုသိုလ်ရဖို့ဆိုတာ မလွယ်ဘူး၊ အင်မတန် မွန်းကြပ်တယ်၊ သမ္ဗာဓ ကျဉ်းမြောင်းတယ်၊ ဟိုကိစ္စ ဒီကိစ္စတွေ များတယ်နော်။ များအောင်လဲလုပ်ထားတာကိုး၊ မလွတ်လပ်ဘူး အတွယ်အတာတွေနဲ့ မွန်းကြပ်မှုတွေများတယ်တဲ့၊ ရောပထော ကိလေသာစိတ်တွေ ပွားတယ်၊ အဖွာကာသော ရဟန်းဘဝက လွင်ပြင်ကြီးနဲ့တူတယ်တဲ့၊

စာမျက်နှာ-၁၆
ဒါကြောင့်မို့ အဲဒီလွတ်လပ်မှုကိုရချင်တာနဲ့ မွန်းကြပ်တဲ့ဘဝကနေ ရုန်းထွက်ပြီး သူသင်္ကန်းဝတ်လာခဲ့တယ်လို့ ဒီလိုပြောတယ်၊ အဲ့လို သင်္ကန်းဝတ်လာပြီးတော့ ရာဇဂြိုဟ်မြို့ထဲ ဆွမ်းခံလိုက်တဲ့အခါမှာ တစ်မြို့လုံးဟာ လှုပ်လှုပ်လှုပ်လှုပ်ဖြစ်သွားတယ်၊ အဲတော့ ဘုရင့်နန်းတော်ကနေ ဘုရင်ကကြည့်တဲ့အခါ ဒီသူတော်စင်တစ်ပါးဟာ သင်္ကန်းကလည်း ဗြဟ္မာကြီးက လှူလိုက်တဲ့သင်္ကန်း။ တောက်တောက်ပြောင်ပြောင် ရှိကောင်းရှိလိမ့်မယ်ပေါ့နော်။ (ကြာသင်္ကန်း၊ ကြာသင်္ကန်းဆိုတာ ကြာဖူးထဲကရတဲ့သင်္ကန်းကို ပြောတာ၊ ကြာရိုးကို ရက်ထားတဲ့ သင်္ကန်းပြောတာ မဟုတ်ဘူး။) ခုခေတ်ကတော့ ဘုရားလောင်းမဟုတ်ဘဲနဲ့ ကြာရိုးကနေယက်ပြီး ကြာသင်္ကန်းဝတ်တာနော်၊ ရှေးတုန်းက ကြာသင်္ကန်းဆိုတာ အဲဒီကြာဖူးထဲကရပြီး ဘုရားအလောင်းတော်တွေကို ဆက်ကပ်တဲ့သင်္ကန်း၊ ကမ္ဘာဦးကာလမှာ ကြာဖူးထဲမှာပါလာတဲ့ ပရိက္ခရာ (၈) ပါးကိုပြောတာ၊ အဲဒီ ကြာသင်္ကန်းကို ဝတ်ထားတဲ့ သူတော်စင်၊ သင်္ကန်းဝတ်ရုံထားတာကို ကြည့်ပြီးတော့ ဗိမ္မိသာရမင်းကြီးကလည်း ငယ်ငယ်ရွယ်ရွယ်ပဲ သက်တူလောက်ပဲရှိမယ်၊ မင်းပျိုးမင်းလွင်၊ ဗိမ္ဗိသာရမင်းက ငယ်ရင်နည်းနည်းငယ်မယ်။ ဘုရင်က စိတ်ဝင်စားသွားတယ်၊ ခါတိုင်းပုဂ္ဂိုလ်တွေနဲ့မတူဘူး သူတော်စင်ဆိုတာ အိုအိုမင်းမင်းကြီးတွေများတယ်။ လောကမှာ ရဟန်းဝတ်တယ်ဆိုတာ အသက်ကြီးမှဝတ်တာ၊ ငယ်ငယ်တုန်းတော့ ကာမဂုဏ်အာရုံခံစားပြီးတော့ အသက်ကြီးမှဝတ်တာ၊ ဒါသူတို့ခေတ်ကထုံးစံနော်။ ခုခေတ်ဆိုရင်တော့ တောထွက်ကိုယ်တော်ကြီးတွေပေါ့နော်၊ အသက်အရွယ်ကြီးပြီဆိုရင် သင်္ကန်းဝတ်ကြတယ်။

စာမျက်နှာ-၁၇
အဲဒီတော့ ဒီလို ငယ်ငယ်ရွယ်ရွယ်မြင်လိုက်တဲ့အခါမှာ သိပ်ထူးဆန်းတော့ ဘုရင်က တမန်တော်တွေကို လွှတ်တယ် “လိုက်ကြည့်စမ်း၊ လိုက်ကြည့်စမ်း၊ ဘယ်သူလဲ ဘယ်သွားတာလဲ လိုက်ကြည့်၊ လိုက်ကြည့်”၊ အဲဒီမှာ ဘုရားအလောင်းက ဆွမ်းခံရင်း မကြာခင်ပဲ သူတစ်ထပ်စာလောက်ရတာနဲ့တပြိုင်နက် ရှေ့ဆက်မသွားတော့ပဲနဲ့ မြို့ပြင်ထွက်သွားလိုက်တယ်။

တမန်တွေက မလှမ်းမကမ်းက ထောက်လှမ်းပြီး လိုက်သွားကြတယ်။ ဘယ်သွားတုန်းဆိုတော့ မြို့ပြင်ထွက်သွားတယ်။ ရာဇဂြိုဟ်ပြည်ဆိုတာ မြို့ပြင်မှာ တောင် (၅) လုံးရှိတယ်။ ဝေပုလ္လ, ဝေဘာရ, ဂိဇ္ဈကုဋ, ပဏ္ဍဝ, ဣသိဂီလိ, တောင် (၅) လုံးရှိတယ်။ အဲဒီတောင် (၅) လုံးထဲက ပဏ္ဍဝဆိုတဲ့ တောင်ခြေဘက်ကို ဦးတည်ပြီးတော့ သွားတယ်၊ ဟိုရောက်တဲ့အခါ ရေအိုင်ကလေးနဲ့ အရိပ်ကလေးကောင်းတဲ့နေရာမှာ ထိုင်ပြီးတော့ ဆွမ်းဘုဉ်းပေးတာ၊ အဲဒါတွေကို နောက်က မလှမ်းမကမ်း နောက်ယောင်ခံလိုက်သွားတဲ့ တမန်တစ်ယောက်က ဘုရင်ကြီးဆီသွားပြီး သံတော်ဦးတင်တယ်။

အဲဒီသူတော်စင်ဟာ ပဏ္ဍဝတောင်ခြေမှာရှိပါတယ်ဆိုတာ တစ်ယောက်ကို အစောင့်ချထားခဲ့ပြီး ကျန်တဲ့ပုဂ္ဂိုလ်က ဘုရင်ကြီးဆီ သွားပြောတာ၊ ဘုရင်ကြီးကချက်ချင်း အမြန်လိုက်လာတယ်၊ လိုက်လာပြီးတဲ့အခါမှာ သူကမြင်လိုက်တာနဲ့ ဘုရားအလောင်းကို ချစ်ခင်သွားတယ်၊ သူငယ်ချင်းလိုပဲ စိတ်ကထင်သွားတယ်၊ “အရှင်ဘုရား၊ ဘယ်ကလာတာတုန်း ဘယ်အရပ်သားတုန်း” မေးတယ်ပေါ့။ ဘယ်ဘာသာစကားနဲ့ပြောတယ်တော့ မသိဘူး။

စာမျက်နှာ-၁၈
အဲဒီခေတ်က ဘာသာစကား ကျယ်ကျယ်ပြန့်ပြန့် ရှိကောင်းရှိလိမ့်မယ်ပေါ့နော်။ ပါဠိဆင်ဆင် စကားလုံးတွေနဲ့ ပြောလိမ့်မယ်၊ ခုခေတ်လိုဆိုလို့ရှိရင် အင်္ဂလိပ်လိုပြောရမှာပေါ့နော်၊ ဟိုက နီပေါနိုင်ငံသား။ သို့သော် အဲဒီခေတ်တုန်းက နီပေါနိုင်ငံတို့ အိန္ဒိယနိုင်ငံတို့မရှိဘူး။ ဘုရားအလောင်းတော်က ကာသိတိုင်း ကောသလတိုင်းက၊ ဒီခုရောက်နေတာက မဂဓတိုင်း၊ ကောသလတိုင်းတို့ မဂဓတိုင်းတို့ဆိုတာ ဆက်သွယ်နေတာပဲ၊ အဲဒီခေတ်က ကျယ်ပြန်တဲ့ စကားလုံး ခုခေတ်လိုပဲ ဆက်သွယ်တဲ့ စကားလုံးတွေ ရှိကောင်းရှိလိမ့်မယ်ပေါ့နော်။ ဘုရားအလောင်းကိုတွေ့တဲ့အခါ ရုပ်ရည်က သပ္ပါယ်တော့ သာမန်အောက်တန်းစားအမျိုးကတော့မဟုတ်ဘူး။ မင်းမျိုးထဲက ဖြစ်လိမ့်မယ်ဆိုပြီးမေးတယ်။

“ဘာရည်ရွယ်ချက်နဲ့ ထွက်လာတာတုန်း၊ ဘယ်ကလာတာတုန်း” ပေါ့လေ မေးတဲ့အခါမှာ ဘုရားအလောင်းက ပြောတယ် “ဟောဒီမြောက်တည့်တည့် ဟိမဝန္တာတောင်ခြေက နိုင်ငံတစ်ခုကပါ” တဲ့။ ဟိမဝန္တာတောင်ခြေကနိုင်ငံဆိုတော့ ခုခေတ်ဆိုရင်တော့ နီပေါနိုင်ငံပေါ့၊ “ကာသိကောသလတိုင်းရဲ့ ထိပ်တန်းအမျိုးထဲမှာ ထိပ်တန်းလူမျိုးထဲမှာ သူပါပါတယ်” ပေါ့၊ ဒီကနေ မြောက်တည့်တည့် သွားလိုက်လို့ရှိရင် အဲ့ဒီ ဟိမဝန္တာတောင်ခြေမှာနေတာ၊ အမျိုးအနွယ်အားဖြင့် ပြောမယ်လို့ဆိုရင် အာဒိစ္စ နေမျိုး၊ လူမျိုးနဲ့အနွယ်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် သာကိယ သာကီဝင်မင်းမျိုးပါ၊ ပစ္စည်းဥစ္စာတွေ ကြွယ်ဝချမ်းသာတယ်၊ အဲဒီ မင်းမျိုးကနေပြီးတော့ သူသင်္ကန်းဝတ်လာပါတယ်၊ ကာမဂုဏ်အာရုံတွေကို လုံးဝစိတ်မဝင်စားပါဘူး။

စာမျက်နှာ-၁၉
ဗိမ္ဗိသာရမင်းကြီးက ဖိတ်တယ်။ သူနဲ့တူတူနေပါ၊ နန်းစည်းစိမ်တစ်ဝက်ခွဲပေးပါ့မယ်။ တူတူမင်းပြုကြရအောင်လို့ခေါ်တယ်။ လူမြင်တာနဲ့ခင်ပြီး ခေါ်တာနော်၊ အဲဒီမှာ ဘုရားအလောင်းက “ကာမဂုဏ်အာရုံတွေကို သူ မလိုချင်လို့ စွန့်လာတာပါ စိတ်မဝင်စားပါဘူး” လို့ ဒီလိုငြင်းပယ်လိုက်တယ်၊ အဲဒါက ပဗ္ဗဇ္ဇသုတ်မှာပါတဲ့စကားပေါ့နော်။

အဲဒီမှာ ဘုရားလောင်းက ပဏ္ဍဝတောင်ကနေပြီး ခရီးဆက်သွားတယ်၊ ရာဇဂြိုဟ်ပြည်မှာ ဘယ်သူ့ဆီသွားတုန်းဆိုတော့ အဲဒီခေတ်က သမထကျင့်စဉ်နဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ဆရာကြီးတွေရှိတယ်။ တစ်ဦးက အာဠာရကာလာမလို့ခေါ်တယ်၊ ကာလာမဆိုတာ သူ့ရဲ့အမျိုးအနွယ်ပေါ့၊ အာဠာရဆိုတာ နာမည်၊ အဲဒီ အာဠာရကာလာမဆိုတဲ့ ဆရာကြီးဆီကို ချဉ်းကပ်ပြီး ဘာပြောတုန်းဆိုတော့ “အရှင်ဆရာကြီးရဲ့ ဆုံးမဩဝါဒ သာသနာမှာ သူဝင်ရောက်ပြီးတော့ တရားကို သင်ယူချင်ပါတယ်” လို့ဆိုတော့ “လာပါ လာပါ သင်ပေးပါ့မယ်” လို့ဆိုပြီးတော့ ဖိတ်ခေါ်တယ်။

သင်လိုက်တာ မကြာဘူးတဲ့၊ ကျင့်စဉ်တွေ ကျမ်းစာတွေ နှုတ်တက်အကုန်ရသွားတယ်။ ကျမ်းစာတစ်ခုကုန်သွားလို့ရှိရင် စာတတ်ပြီ။ ဘာဖြစ်လို့တုန်းဆိုတော့ အဲ့ဒီခေတ်က သင်တယ်ဆိုတာ စာအုပ်နဲ့သင်တာမဟုတ်ဘူး နှုတ်တိုက်ချပေးတာ၊ ခုမိဘတွေက ဓမ္မစကြာသင်ပေးတာတို့ ပရိတ်ကြီးသင်ပေးတာတို့ နမောတဿတို့ သမ္ဗုဒ္ဓတို့ ချပေးတာမျိုးလိုပေါ့။ နှုတ်တိုက်သင်လိုက်တာ မှတ်ဉာဏ်ကလည်းကောင်းတော့ ခဏပဲ အာဠာရကာလာမရဲ့ အဆုံးအမဩဝါဒ တရားကျမ်းစာတွေ နှုတ်တက်ရသွားတယ်။

စာမျက်နှာ-၂၀
ဘုရားအလောင်းက စဉ်းစားတယ်၊ စာထဲမှာ ဆိုထားတာ ကြည့်ပြီးတော့ ဒါစာထဲပါတဲ့ အပြောသက်သက်တော့ မဟုတ်လောက်ဘူး၊ လက်တွေ့လုပ်လို့ရလောက်တယ်ပေါ့။ လက်တွေ့လုပ်လို့ရလောက်တယ်ဆိုပြီး ဆရာကြီးထံချဉ်းကပ်ပြီးမေးတယ်။

“ဒီသာသနာရဲ့ အမြင့်ဆုံးပန်းတိုင်က ဘာလဲ” လို့ဆိုတော့ အာဠာရကာလာမက ဖြေလိုက်တယ်၊ “အာကိဉ္စညာယတနဈာန်ဟာ သူတို့မှာ အမြင့်ဆုံးအဆင့်ပဲ” သူကိုယ်တိုင်လည်း အဲဒီဈာန်ကိုရထားတယ်၊ ရူပဈာန်က ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်ဆိုပြီး (၄) ခု၊ အရူပဈာန်က အာကာသာနဉ္စာယတနဈာန်, ဝိညာဏဉ္စာယတနဈာန်, အာကိဉ္စညာယတနဈာန်, နေဝသညာနာသညာယတနဈာန်, အရူပဈာန် (၄) ခု၊ သူက တတိယအဆင့်ကို ရောက်တယ်။

ဘုရားအလောင်းက စဉ်းစားတယ်၊ ကြည့်နော်၊ ကိုယ့်ရဲ့အရည်အသွေးတွေကို အသုံးချဖို့ အင်မတန်မှအရေးကြီးတယ်၊ သူစဉ်းစားပုံလေးက အာဠာရကာလာမမှာသာ ယုံကြည်ချက်သဒ္ဓါရှိတာမဟုတ်ဘူး၊ ငါ့မှာလည်း ယုံကြည်ချက်ရှိတယ်၊ အာဠာရကာလာမမှာသာ လုံ့လဝီရိယရှိတာမဟုတ်ဘူး၊ ငါ့မှာလည်း လုံ့လဝီရိယရှိတယ်၊ သူ့မှာသာ စွဲမြဲတဲ့သတိရှိတာမဟုတ်ဘူး၊ ငါ့မှာလည်း စွဲမြဲတဲ့သတိရှိတယ်။ သူ့မှာသာ စိတ်တည်ငြိမ်မှု သမာဓိရှိတာမဟုတ်ဘူး၊ ငါ့မှာလည်းရှိတယ်။ သူ့မှာသာ အသိပညာရှိတာမဟုတ်ဘူး၊ ငါမှာလည်းရှိတယ်။ သူရတဲ့တရား ငါဘာလို့မရရမှာလဲ၊ ရအောင်လုပ်မယ်ဆိုပြီး ကြိုးစားတယ်။

လမ်းစဉ်အတိုင်း မရမနေလုပ်မယ်လို့ဆို ကြိုးစားလိုက်တာ မကြာခင်ပဲ အဲဒီ အာကိဉ္စညာယတနဈာန်ကိုရသွားတယ်။ ရသွားတဲ့

စာမျက်နှာ-၂၁
အခါ ဆရာကြီးဆီချဉ်းကပ်ပြီး “ဒီဈာန်အဆင့်ဟာ ဒါပဲလား” လို့ဆိုတော့ ဆရာကြီးက “ဟာ ဟုတ်တယ် တို့က ဒါပဲ ဒါပဲ”။ အဲဒီခေတ်က သူတို့က စိတ်ကောင်းသိပ်ရှိကြတယ်။ ငါရတဲ့အဆင့်ကို ဒီနောက်မှလာတဲ့ ဟိုလူငယ်တစ်ယောက်ကရတယ်ဆိုတာ မနာလိုမဖြစ်ဘူး။ ရတဲ့ဈာန်ကိုပြောတော့ “အေး ဟုတ်တယ်၊ ငါရတဲ့တရား မင်းရတာပဲ။ မင်းရတဲ့တရား ငါရတာပဲ၊ မင်းနဲ့ငါနဲ့ အဆင့်အတန်းအတူတူပဲ၊ ဘာမှမထူးဘူး၊ မင်းနဲ့ငါဟာ တန်းတူပဲ၊ တို့ (၂) ယောက် တို့ရဲ့ ဒီသာသနာတော်ကြီးကို ကြီးပွားအောင် တို့ရဲ့တပည့်တွေကို ဦးဆောင်ကြရအောင်လို့” သူ့ကို ဖိတ်ခေါ်တယ်၊ ခုခေတ်လူတွေဆို မနာလိုဖြစ်ချင်ဖြစ်မယ်နော်၊ သူနဲ့အတူတူလုပ်ပါလို့ ဖိတ်ခေါ်တယ်၊ အဆင့်အတန်းတူတူထားတယ်၊ ပြီးတော့ ပူဇော်တယ်။

အဲဒီတော့ ဘုရားအလောင်းက စဉ်းစားလိုက်တယ် “အာကိဉ္စညာယတနဈာန်ဆိုတာ ဗြဟ္မာပြည်မှာပဲ လမ်းဆုံးမှာပဲ၊ ငါရှာချင်တဲ့ အနုတ္တရသန္တိဝရပဒ မဟုတ်ဘူး။ လုံးဝငြိမ်းချမ်းတဲ့အနေအထားမျိုး မရောက်ဘူး” ဆိုပြီးတော့ အဲဒီမှာ ဆက်မနေတော့ဘဲနဲ့ ခရီးဆက်ထွက်သွားပြန်တယ်။ ဘယ်သွားတုန်းဆိုတော့ နောက်ထပ်ဆရာကြီးတစ်ဦးဆီသွားတယ်။ ဥဒကရာမပုတ္တတဲ့၊ အဲဒီမှာ ရာမဆရာကြီးကတော့ အဲဒီအချိန်မှာ မရှိတော့ဘူး၊ ရောက်သွားတဲ့အခါကျတော့ ခုနကလို ဒီသာသနာမှာ သူဝင်ပြီးတော့ မြတ်သောအကျင့် ကျင့်ပါရစေဆိုတော့ ဟိုက လာပါ လာပါလို့ ဖိတ်ခေါ်တယ်။ သူ့ဆီက စာသင်လိုက်တယ်၊ မကြာခင်ပဲ တတ်သွားတယ်၊ တတ်သွားပြီး ရှေးတုန်းက စဉ်းစားသလိုပဲ စဉ်းစားတယ်၊ ဒါ စာအဆိုသာမဟုတ်လောက်ဘူး။ လက်တွေ့ကျင့်လို့ရလိမ့်မယ်။

စာမျက်နှာ-၂၂
“ရာမဆရာကြီးက ဘယ်အဆင့်ရောက်တုန်း” ရာမဆရာကြီးက နေဝသညာနာသညာယတန အဆင့်ထိ ရောက်တယ်၊ “ရာမဆရာကြီးတောင်ရောက်သေးတာ ငါဘာလို့မရောက်ရမှာလဲ၊ သူလည်း သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဆိုတဲ့ စွမ်းအားတွေကို အသုံးပြုတာပဲ၊ ငါ့မှာလည်းပဲ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဆိုတဲ့ စွမ်းအားတွေရှိတာပဲ၊ ငါလည်းရရမယ်” ဆိုပြီးတော့ သူ့လမ်းစဉ်အတိုင်း တစ်သွေမတိမ်းလိုက်နာကျင့်သုံးလိုက်တာ မကြာခင်ပဲ နေဝသညာနာသညာယတနအဆင့် ရောက်သွားတယ်။ အဲဒီလိုလည်းရောက်ရော ဥဒကကိုသွားပြောတယ်။ “ရာမဆရာကြီးရောက်တဲ့အဆင့်က ဒီအဆင့်လား” လို့ဆိုတော့ “ဟာ ဟုတ်တယ်၊ အံ့သြသွားတယ်၊ သူတောင်မရောက်သေးဘူး။ အဲ့ဒီအချိန် ဥဒကတောင်မရောက်သေးဘူး၊ အဲ့တော့ ဘယ်လိုပြောတုန်းဆိုလို့ရှိရင် “ရာမဆရာကြီးသိတဲ့တရားကို အရှင်က သိတာပဲ၊ ရာမဆရာကြီးနဲ့ အရှင်နဲ့အတူတူပဲ။

ဒါကြောင့်မို့လို့ အရှင်က ဒီဂိုဏ်းကြီးကို ခေါင်းဆောင်ပါ။ ဆရာအနေနဲ့နေပါလို့ ဖိတ်ခေါ်ပါတယ်” တပည့်ကိုဆရာတင်တာနော်၊ အဲဒီအခါမှာလည်းပဲ ဘုရားအလောင်းက ဒီ နေဝသညာနာသညာယတနဆိုတာ လမ်းဆုံးမဟုတ်သေးဘူး၊ ဗြဟ္မာပြည်မှာပဲ အဆုံးသတ်ဦးမယ်၊ ငါရှာချင်တဲ့ သန္တိဝရဆိုတာ မဟုတ်သေးဘူးဆိုပြီးတော့ အဲဒီမှာ ဆက်မနေတော့ဘူး၊ ဘယ်သွားတုန်းဆိုတော့ အခု ဗုဒ္ဓဂယာအနီး နေရဉ္စရာမြစ်ကမ်းနားကိုသွားတယ်။

ကနေ့ခေတ် နေရဉ္စရာကတော့ သဲသောင်ပြင်ကြီးပဲရှိတော့တယ်၊ ညစ်လည်းညစ်ပတ်တယ်။ အဲဒီခေတ်တုန်းက နေရဉ္စရာဆိုတာ ရေလေးက ကြည်စိမ်းနေတာပဲ၊ ဒါ့ကြောင့်မို့လို့ ရေမှာအညစ်အကြေး

စာမျက်နှာ-၂၃
မရှိလို့ နေရဉ္စရာလို့ခေါ်တာ၊ နိရဇလ- ရေမှာ လုံးဝအညစ်အကြေးမရှိဘူး၊ အညစ်အကြေးကင်းစင်တယ်၊ ကြည်စိမ်းနေတာလို့ ဆိုလိုတာပေါ့။ ရေလေးက အင်မတန်မှကြည်ပြီးတော့ စီးနေတယ်။

အဲဒီမြစ်ကမ်းနားလေးရောက်တဲ့အခါ ဘုရားအလောင်းက အေး ပဓာနအလုပ်ကို အားထုတ်ရမယ်၊ တရားထူးတရားမြတ်ရှာတယ်ဆိုတာ တရားကျင့်ရမယ်၊ “ဒီနေရာလေးဟာ တရားကျင့်ဖို့ အလွန်ကောင်းတာပေါ့။ ရေလေးလည်းရှိတယ်၊ မြစ်ကမ်းလေးကလည်း သာယာတယ်၊ အနီးအနားမှာလည်းပဲ ဆွမ်းခံရွာလေးရှိတယ်”၊ ဒီနေရာလေးကိုသူရွေးချယ်လိုက်တယ်။ အဲဒီလိုရွေးချယ်ပြီးတော့ ဒုက္ကရစရိယာ ကျင့်နိုင်ခဲတဲ့အကျင့်တွေကို အဲဒီမှာ ကျင့်တယ်၊ အဲဒီ ဒုက္ကရစရိယာကျင့်ပုံလေးကို မဟာသစ္စကသုတ်မှာတို့ ပါသရာသိသုတ်တို့မှာ ရေးထားတယ်။

ဘုရားအလောင်းက ဘယ်လိုစိတ်ကူးတာတုန်းဆိုလို့ရှိရင် သူ့စိတ်ကူးလိုက်တာက သူ့ဉာဏ်ထဲမှာ ဥပမာလေး (၃) ခု ပေါ်လာတယ်တဲ့၊ ရှေးခေတ်တုန်းက မီးရဖို့ဆိုလို့ရှိရင် သစ်သားချောင်း (၂) ချောင်းကို ပွတ်ရတယ်၊ မီးပွတ်ခုံနဲ့ ပွတ်ကျည်လို့ခေါ်တယ်။ အသားမာ (၂) ခုကို ကပ်ပြီးတော့ ပွတ်တာ၊ ပွတ်တဲ့အခါကျတော့ ပူပြီးတော့ အဲဒီမှာ မီးတောက်လာတာနော်၊ ရှေးခေတ်က အဲဒါ မီးခြစ်တွေဘာတွေ မရှိဘူး။ မီးခြစ်တွေမရှိတော့ အဲတော့ သစ်သားအမာ (၂) ချောင်းကို ပွတ်တယ်၊ တောတွေဘာတွေ တစ်ခါတစ်ရံ မီးလောင်တယ်ဆိုတာ သစ်ကိုင်းတွေက တစ်ကိုင်းနဲ့တစ်ကိုင်းပွတ်တာ၊ လေကတိုးတဲ့အခါကျတော့ သစ်ကိုင်းတွေက တစ်ခုနဲ့တစ်ခုပွတ်လို့ရှိရင် မီးလောင်တယ်။ ဟို သခွတ်ပင်က မီးတကျည်ကျည်ဆိုတာ ကြားဖူးတယ်မဟုတ်လား၊

စာမျက်နှာ-၂၄
အဲ သခွတ်ပင်က အဲ့ဒီအကိုင်းတွေက တစ်ခုနဲ့တစ်ခုပွတ်တဲ့အခါကျတော့ ပူပြီးတော့ မီးတောက်တတ်တယ်၊ တောတွေ မီးလောင်တာတွေဘာတွေ တစ်ခါတစ်ခါဖြစ်တယ်ပေါ့။

ဘုရားအလောင်းက စဉ်းစားတာပေါ့။ သူ့ဉာဏ်ထဲမှာပေါ်လာတယ်တဲ့၊ ဆိုပါစို့- သစ်သားချောင်းတစ်ချောင်းဟာ စိုလည်းစိုတယ် ရေထဲလည်းချထားမယ်။ နောက်တစ်ချောင်းကတော့ စိုတော့စိုတယ် ရေထဲတော့ချမထားဘူး၊ ကုန်းပေါ်ထားတယ်။ နောက်တစ်ချောင်းကတော့ ခြောက်ပြီးတော့ ရေထဲချမထားဘူး၊ ကုန်းပေါ်မှာထားတယ်၊ သစ်သား (၃) ချောင်းရှိတယ်နော်၊ အဲဒီမှာ ပထမသစ်သားက စိုလည်းစိုတယ်၊ ရေထဲလည်းထားတယ်ဆိုရင် အဲဒီသစ်သားနဲ့ပွတ်လို့ မီးရနိုင်ပါ့မလား မရနိုင်ဘူး၊ ဘယ်လိုပွတ်ပွတ် မီးထွက်မှာမဟုတ်ဘူးတဲ့၊ ဟုတ်ကဲ့လား၊ မီးမထွက်နိုင်ဘူး။ အဲဒီလိုပဲ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စိတ်ဟာ ကာမဂုဏ်အာရုံတွေထဲမှာနေတယ်၊ ကာမဂုဏ်အာရုံနဲ့နေတာဟာ ရေထဲချထားတာနဲ့အတူတူပဲ၊ စိတ်က ကာမဂုဏ်အာရုံတွေထဲမှာ နစ်မြုပ်နေတာဟာ အဲဒါ စိုနေတာနဲ့အတူတူပဲ၊ အဲလို ကာမဂုဏ်စိတ်တွေနဲ့နေပြီး ကာမဂုဏ်အာရုံထဲမှာနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်မှာ ဘယ်လိုမှအသိဉာဏ်စွမ်းမဖြစ်ဘူးတဲ့။

နောက် ဒုတိယသစ်သားနဲ့တူတဲ့ပုဂ္ဂိုလ်က စိတ်ကတော့ ကာမဂုဏ်အာရုံထဲတော့ရှိတယ်၊ သို့သော် ကာမဂုဏ်အာရုံကနေ ထွက်ခွာလာတယ်၊ သစ်သားလေးက စိုတော့စိုတယ်၊ ဒါပေမယ့် ကုန်းပေါ်မှာထားတယ်၊ ရေထဲမှာမဟုတ်ဘူး။ အဲဒါလည်းပဲ စိုနေသည့်အတွက်ကြောင့် မီးဖြစ်ဖို့ရန်မလွယ်ဘူး။

စာမျက်နှာ-၂၅
နောက်ဆုံး တတိယသစ်သားချောင်းလေးကျတော့ ခြောက်နေတယ်၊ ရေနဲ့လည်းဝေးဝေးထားတယ်ဆိုတော့ အဲ့ဒါကျတော့ ပွတ်ရင်မီးဖြစ်တာပေါ့။ အဲဒီတော့ ဘုရားအလောင်းက စဉ်းစားတယ်။ ကာမဂုဏ်အာရုံတွေ မစွန့်ခွာဘဲ၊ ကာမဂုဏ်အာရုံစိတ်တွေကို မဖယ်ရှားဘဲနဲ့ ထူးခြားတဲ့အသိဉာဏ်ဆိုတာ မရနိုင်ဘူးတဲ့၊ သူ့စိတ်ထဲမှာ ဒီဥပမာလေး ပေါ်လာတယ်ပေါ့။

ဒါ ဘယ်လောက်ခဲယဉ်းတယ်ဆိုတာ စဉ်းစားကြည့်၊ အခုက ဘုရားဟောထားလို့ သမထဆိုတာ ဘယ်လိုကျင့်ရမယ်၊ ဝိပဿနာဆိုတာ ဘယ်လိုကျင့်ရမယ် သိနေကြတာပေါ့။ ကျင့်စဉ်တွေကရှိနေတယ်၊ ဘုရားအလောင်းမှာ စမ်းပြီးတော့ကျင့်ရတာနော်၊ လမ်းစတွေ့ဖို့ ဘယ်လောက်ခဲယဉ်းတယ်ဆိုတာ အဲဒီမှာ အဲဒီဥပမာကြည့်ပြီးတော့ ထိုသစ်သားချောင်းက မီးဖြစ်အောင်ပွတ်သလို ငါလည်းပဲ အသိဉာဏ်တွေရအောင် ကြိုးစားမယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ သူစဉ်းစားရင်း ဘာစကျင့်တုန်းဆိုတော့ အသက်ကိုအောင့်ထားတဲ့အကျင့်ကို အရင်စကျင့်တယ်၊ အပ္ပါဏကဈာနလို့ဆိုတယ်။ အသက်မရှူဘဲနဲ့နေတယ်။ အသက်ကိုအောင့်ထားတဲ့အကျင့်၊ အဲလိုအသက်ကိုအောင့်လိုက်တဲ့အခါ ဘာဖြစ်တုန်းဆို နားကနေ လေတွေထွက်လာတယ်၊ နှာခေါင်းကိုပိတ်ပြီး နှာခေါင်းကလေမထွက်အောင် တားဆီးလိုက်တဲ့အခါ နားကလေတွေထွက်လာတယ်၊ အို တော်တော်ခံရခက်တယ်။

အဲဒီနားကလေတွေ ထွက်တာလည်း ပိတ်လိုက်ဦးမယ်ဆိုပြီး ပိတ်လိုက်တဲ့အခါကျတော့ နှာခေါင်းကရော နားကရော ပါးစပ်ကရော လေတွေအကုန်ပိတ်လိုက်တဲ့အခါကျတော့ ခေါင်းတွေတအားခဲ

စာမျက်နှာ-၂၆
လာတယ်၊ ခေါင်းခဲရုံတင်မကဘူး နောက်ဆုံးမှာ ဗိုက်ထဲမှာလည်း လေတွေ တကုပ်ကုပ်နဲ့ ဗိုက်တွေလည်းနာလာတယ်၊ အင်မတန် ဆင်းရဲ ဒုက္ခ ရောက်တယ်၊ အဲဒါကို ဒုက္ကရစရိယာ အကျင့်လို့ ပြောတာနော်၊ အဲဒီလို လေကိုချုပ်တည်းတဲ့အကျင့်၊ အပ္ပါဏကအကျင့်ကို ကျင့်တယ်၊ လမ်းဆုံးအောင် ကျင့်ပြီးသွားသော်လည်းပဲ တရားထူးတရားမြတ် သူ့မှာ ရမလာဘူး။ အဲဒီလိုကျင့်ရလို့ စိတ်ပျက်သွားတယ်လို့မရှိဘူး။ သတိတွေလည်း ကောင်းတယ်၊ ဝီရိယတွေလည်းကောင်းတယ်။ ကြိုးစားနေတာပဲ။ သို့သော် တရားထူးတရားမြတ် အသိဉာဏ်ထူးတော့ ပေါ်မလာဘူးတဲ့။

အဲဒါနဲ့ ဒီထက် ငါထပ်ပြီးတော့ ခန္ဓာကိုယ်ကို ညှင်းဆဲပြီးတော့ ကြည့်လိုက်ဦးမယ်၊ လူ့ရဲ့ခန္ဓာကိုယ် နာနာဒုက္ခရောက်အောင်လုပ်မှ ခုနက အာခေါင်ကို အံကြိတ်ပြီးတော့ လေတွေကိုချုပ်တဲ့အကျင့် အပ္ပါဏကအကျင့်ကို ကျင့်တာ၊ အံကြိတ်ပြီးတော့ကျင့်တာ၊ နောက် အဲဒီအကျင့်ပြီးတဲ့အခါ နောက်အကျင့်တစ်ခု ဘာကျင့်တုန်းဆိုရင် အစာမစားဘဲနေမယ်ဆိုတဲ့အကျင့်ကို ကျင့်တာ၊ အဲဒီလိုအစာမစားဘဲနေမယ်ဆိုတဲ့အကျင့်ကို ကျင့်တဲ့အခါကျတော့ နတ်တွေက နတ်သြဇာကို ထည့်မယ်လို့ပြောတော့ ဘုရားအလောင်းက လက်မခံဘူး။

သို့သော် အစာဖြတ်တဲ့အကျင့်အစား အစာလျော့စားတဲ့အကျင့်ကို ကျင့်လိုက်တယ်၊ တစ်နေ့မှ နည်းနည်းလေးပဲ ပဲပြုတ်ရည်လေး နည်းနည်းလေးသောက်တဲ့အကျင့်ကို အဲဒီလိုအစာတွေကိုလျော့စားလိုက်တဲ့အခါကျတော့ ဘာဖြစ်သွားတုန်းဆိုရင် လူဟာ တဖြည်းဖြည်း ပိန်ကျလာလိုက်တာ မျက်လုံးကြီးက အတွင်းထဲဝင်သွားသတဲ့၊ ဘာနဲ့တူတုန်းဆိုလို့ရှိရင် ရေနက်တဲ့ ရေတွင်းလိုပဲ၊ ရေတွင်းကိုကြည့်

စာမျက်နှာ-၂၇
လိုက်ရင် ရေကဟိုအထဲမှာရှိတယ်၊ မျက်လုံးကြောင်ကြောင်လေးကလည်း အတွင်းထဲရောက်သွားတယ်၊ ဟောက်ပက်ကလေးဖြစ်သွားတယ်၊ နောက် ခန္ဓာကိုယ်ကလည်း ပိန်လိုက်တာ ဗိုက်ကိုင်လိုက်လို့ရှိရင် ကျောရိုးထိနေသတဲ့နော်၊ အဲ ဒုက္ကရစရိယာကျင့်တဲ့ပုံကြီးတွေ့ဖူး ပါလိမ့်မယ်။

နောက်ဆုံး ဘယ်လောက်ထိအောင် ဆိုးရွားလာသလဲဆိုတော့ အသားအရောင်တွေကလည်း မွဲခြောက်ခြောက်ဖြစ်လာပြီးတော့ လက်ကို ကိုင်ပြီးတော့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်လက်နဲ့ ပွတ်လိုက်တာနဲ့ တပြိုင်နက် အမွေးလေးတွေ ကျွတ်ကုန်တယ်နော်၊ အာဟာရဓာတ် မပြည့်စုံသည့်အတွက်ကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်၊ အစာ အာဟာရ မပြည့်စုံလို့ နေရာကထလိုက်လို့ရှိရင် မှောက်ရက်ကြီးထိုးပြီးတော့ လဲသွားတယ်၊ အဲ့ဒီလောက်ထိအောင် ဒုက္ခရောက်တယ်။

အဲဒီလို လဲသွားတဲ့အခါကျတော့ နတ်တွေကပြောကြတယ်။ ဟာ- ဒါ သမာပတ်ဝင်စားတာ၊ ဒါ တရားထူးတရားမြတ် ရသွားပြီနဲ့ ပြောတဲ့ပုဂ္ဂိုလ်ကပြောတယ်၊ တစ်ချို့ကလည်း မဟုတ်ဘူး၊ သေသွားပြီလို့ ပြောတဲ့ပုဂ္ဂိုလ်ကလည်းပြောတယ်။ သို့သော် ဘုရားအလောင်းလေးက အားမရှိလို့ မှောက်ရက်လဲကျသွားတာနော်၊ စိတ်က တစ်စက်မှ မလျော့ဘူး၊ အဲဒီလောက်ဖြစ်နေတာ အရေးကြီးတာက စိတ်ဓာတ်ပဲ နော်၊ သူလုပ်တဲ့အလုပ်ကို လမ်းဆုံးအောင်လုပ်တယ်၊ တစ်စက်မှ စိတ်လျော့တဲ့စိတ် မရှိဘူး။

အဲဒီအချိန်မှာ သူ့နားမှာ ဘယ်သူတွေအနီးအပါးမှာရှိနေတုန်းဆိုတော့ ပဉ္စဝဂ္ဂီ (၅)ဦး ရှိနေတယ်။ ပဉ္စဝဂ္ဂီ (၅)ဦးဆိုတာ တခြားဟာတွေမဟုတ်ဘူး၊ ဒီဘုရားအလောင်းလေး မွေးဖွားလာတဲ့အခါမှာ

စာမျက်နှာ-၂၈
(၅)ရက်မြောက်မှာ ပုဏ္ဏားတော်(၈)ဦးကို ဖိတ်ခေါ်ပြီးတော့ မင်းသားလေးရဲ့ ကြန်အင်လက္ခဏာကိုဖတ်ခိုင်းတာလေ၊ အမည်ပေးဖို့ ဖတ်ခိုင်းတဲ့ထဲမယ် အဲဒီပုဏ္ဏား (၈)ယောက်၊ ပုဏ္ဏား (၈)ယောက်က အကြီးဆုံးသူက ဘယ်သူတုန်းလို့ဆိုရင် ရာမ လို့ခေါ်တယ်၊ ဒုတိယလူက ဓဇ လိုခေါ်တယ်၊ တတိယလူက လက္ခဏတဲ့ စတုတ္ထက မပြီတဲ့ ပဉ္စမက ကောဏ္ဍညတဲ့နော်၊ ဆဋ္ဌမက ဘောဇ သတ္တမက သုယာမတဲ့ (၈)ယောက်မြောက်ကျတော့ သုဒတ္တတဲ့၊ ပုဏ္ဏား (၈)ယောက်ရဲ့ နာမည်။ အဲတော့ ပုဏ္ဏားတွေဆိုတော့ စဉ်းစားပြီးတော့ ကြည့်လိုက်ပေါ့၊ ဘုရားအလောင်းက မွေးဖွားပြီးလို့ (၅)ရက်ပဲရှိသေးတယ်၊ ပုဏ္ဏားတွေက ဗေဒင်ဟောနိုင်တဲ့ အဆင့်ဖြစ်ပြီးလို့ ဘုရင်ရဲ့ အကြံပေးတွေ ဖြစ်နေပြီဆိုတော့ သူတို့အရွယ်ကို နည်းနည်းစဉ်းစားကြည့်လိုက်မယ်ဆိုရင် သူတို့ဟာအသက် (၅၀)ပတ်ဝန်းကျင်တွေတော့ ရှိနေလောက်ပြီပေါ့နော်၊ ဒီထက်ကြီးဖို့ရှိတယ် ဒီထက်ငယ်ဖို့မရှိဘူး။

ဘာဖြစ်လို့တုန်းဆိုရင် ပုဏ္ဏားတွေက ပညာသင်တာ (၄၈)နှစ်ထိအောင် ပညာသင်ရတာ၊ (၄၈)နှစ်အိမ်ထောင်မပြုရဘူး။ သင်ပြီးတာနဲ့ တပြိုင်နက် အဲဒီကျမှ အိမ်ထောင်ပြုချင်ပြု၊ မပြုချင်လို့ရှိရင် တောထွက်ရဟန်းခံ၊ ဒါ သူတို့ရဲ့ ကျင့်စဉ်ပဲပေါ့၊ သူတို့က အဲဒီလို လုပ်ထားတာ သူတို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာပေါ့။

အဲတော့ ဒီပုဏ္ဏားတွေက သူတို့အသက်(၅၀)ဝန်းကျင်တွေ ရှိလောက်ပြီပေါ့။ အဲဒီထဲမယ် ပုဏ္ဏား(၅)ယောက်က လက်တစ်ချောင်းထဲပဲထောင်တယ်၊ ဘုရားပဲဖြစ်မယ်၊ ကျန်တဲ့ ပုဏ္ဏားတွေကတော့ အေး-ဘုရားရင်လည်းဖြစ်မယ်၊ စကြာမင်းရင်လည်းဖြစ်မယ်လို့ နှစ်ခွဟောကြတယ်။ အဲဒီ (၅)ယောက်ထဲမှာ ပါဝင်တဲ့ ကောဏ္ဍညတစ်ယောက်ပဲ

စာမျက်နှာ-၂၉
အသက်ရှင်ကျန်ရစ်ပြီးတော့ ကျန်တဲ့ပုဂ္ဂိုလ်တွေက သေဆုံးသွားကြတယ်လို့ ဗုဒ္ဓဝင်အဋ္ဌကထာမှာ အဲဒီလိုဆိုတယ်။ ။

တချို့ကလည်း မဟုတ်ဘူး။ အငယ် (၅)ယောက်ကျန်တယ်ပေါ့၊ အဲဒီအငယ်(၅)ယောက် အဲဒီတော့ ဒီစာအရ အငယ်(၅)ယောက် ဆိုတော့ ပဉ္စဝဂ္ဂီ (၅)ပါးရဲ့ နာမည်က ကောဏ္ဍညတစ်ပါးပဲပါတယ်၊ ကျန်တာတွေကတော့ ဝပ္ပတို့ မဟာနာမ အဿဇိ ဒီနာမည်ထဲမှာ မပါဘူး။ မပါသည့်အတွက်ကြောင့် ဒီဗေဒင်ဟောတဲ့ ပုဏ္ဏားတွေထဲမှာ ကောဏ္ဍညတစ်ယောက်ပဲ အသက်ရှင်ကျန်ပြီး ကျန်တဲ့လူတွေက သေသွားကြတယ်၊ (၇)ယောက်က သေသွားတယ်၊ ဒါက ပိုယုတ္တိရှိတယ်ပေါ့နော်၊ ဘုရားလောင်းတောထွက်တဲ့အခါမှာ သေသွားပြီ၊ သို့သော် သူတို့ရဲ့ သားတွေကို ပြောထားခဲ့တယ်၊ ပြောထားခဲ့လို့ သူတို့ရဲ့ သားတွေက ဝပ္ပတို့ ဘဒ္ဒိယတို့ မဟာနာမတို့ အဿဇိတို့ဟာ ကောဏ္ဍညနဲ့ အတူလိုက်ပြီးတော့ တောထွက်လာခဲ့ကြတာ။ ဘုရားအလောင်း တောမထွက်ခင်တည်းက သူတို့က ကြိုတင်ပြီးတော့ အဲဒီဒေသကို ရောက်နှင့်နေကြပြီ။ ဘုရားအလောင်း မရောက်ခင်က ကြိုတင်ပြီး တောထွက်တယ်လို့ဆိုပေမယ့် တခြားဗုဒ္ဓဝင်တွေကို ကြည့်မယ်ဆိုရင် ဘုရားအလောင်း သင်္ကန်းဝတ်သွားတာကို နောက်ကနေလိုက်ပြီး သင်္ကန်းဝတ်ကြတယ်လို့ဆိုတယ်။ တောထွက်ပြီးတော့မှ နောက်မှလိုက်ဝတ်တယ်ဆိုတာ ပိုသဘာဝကျတယ်ပေါ့။

အဲတော့ သူတို့ကလည်းပဲ ဗုဒ္ဓဂယာပတ်ဝန်းကျင်မှာ ဘုရားအလောင်းကို အကူအညီပေးရင်းကနေ တရားအားထုတ်တယ်၊ သူတို့လည်းပဲ စောင့်ပြီးတော့ ကြည့်ကြတယ်ပေါ့လေ၊ တရားကျင့်တာကို ကူညီတဲ့အနေနဲ့ ဘေးကနေပြီး စောင့်ကြည့်နေကြတယ်။

စာမျက်နှာ-၃၀
အလောင်းဟာ မှောက်ရက်လဲသွားပြီးတော့ အားတွေပြတ်ခါနီးမှာ သူစဉ်းစားတယ်၊ ခေါင်းထဲမှာ ဘာဝင်လာလဲဆို ငါဒီလောက်လုပ်တာတောင်မှ အသိဉာဏ်က ထူးခြားတဲ့အသိဉာဏ်တစ်ခုမှ ရမလာဘူး။

အဲဒီတော့ ထူးခြားတဲ့အသိဉာဏ်ရဖို့ရာက ဒီလမ်းမဟုတ်လောက်တော့ဘူး၊ သူလျှောက်တဲ့လမ်းဆုံးနေပြီလေ၊ အစာဖြတ်ပြီးတော့ ကျင့်တဲ့အကျင့်က ကုန်နေပြီး ဒုက္ကရစရိယာ ပင်ပန်းတဲ့အကျင့် ကျင့်တာကုန်နေပြီ၊ ဒီလမ်းနဲ့တော့ တရားထူးတရားမြတ် မရဘူး။ ခန္ဓာကိုယ်ကို ငါ့လောက်ညှဉ်းပမ်းတာမရှိဘူး၊ အဲ့လောက်ညှဉ်းပမ်းရုံနဲ့တော့ တရားထူးတရားမြတ်မရနိုင်ဘူး၊ တခြားနည်းလမ်းဖြစ်နိုင်တယ်လို့တွေးတယ်။

ခေါင်းထဲမှာ ဘာဝင်လာတုန်းဆိုတော့ ငယ်ငယ်လေးတုန်းက ခမည်းတော်မင်းတရား လယ်ထွန်မင်္ဂလာပြုတဲ့အချိန်လေးမှာ သပြေပင်အောက်မှာ ထွက်လေဝင်လေလေးပေါ်မှာ အာရုံစိုက်ရင်းကနေပြီးတော့ ပထမဈာန်ရခဲ့ဖူးတယ်။ သမာဓိစွမ်းအားလေးတစ်ခု ရခဲ့ဖူးတယ်ပေါ့။ ဒါတွေက ဒီအရွယ်ကလေးနဲ့ ဖြစ်နိုင်ပါ့မလားလို့ ဘုရားအလောင်းက လေ့ကျင့်ခဲ့တာတွေကများလှပြီ၊ များလှတဲ့အခါကျတော့ ဆရာညွှန်ကြားချက်မရှိပေမဲ့လို့ သူ့ဘာသူ နှာခေါင်းက လေလေးကို အာရုံစိုက်ပြီးတော့ ဒီဟာလုပ်နေကျလေးက ဘဝကပါလာတဲ့အကျင့်ကလေး ဖြစ်နိုင်တာပေါ့နော်၊ ဖြစ်နိုင်တာပေါ့။ မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူးပေါ့။ ကျင့်လာတဲ့အကျင့်တွေက များလွန်းအားကြီးတော့ သော်-ငယ်ငယ်လေးပဲ နှာခေါင်းက လေထွက်တာလေးကို အာရုံစိုက်ရင်းကနေပြီးတော့ သမာဓိစွမ်းအားတွေရသွားလိုက်တာ၊ ပထမဈာန်အဆင့်ကိုရသွားတယ်။ ကာမဂုဏ်အာရုံနှင့် အကုသိုလ်တရားတွေကို

စာမျက်နှာ-၃၁
ဖယ်ရှားလို့ စိတ်ထဲမှာ တည်ငြိမ်မှုလေးနဲ့ စဉ်းစားမှုလေး ကြံစည်မှုလေး ကျေနပ်နေမှုလေး ချမ်းသာနေမှု တည်ငြိမ်နေမှုလေးနဲ့ပဲ ရပ်တည်နိုင်တဲ့ အနေအထားလေးကို ပြန်သတိရတယ်။

အဲဒီအချိန်မှာ သော် အဲဒါဟာ အသိဉာဏ်ရနိုင်တဲ့နည်းလမ်း ဖြစ်နိုင်လောက်တယ်။ အဲဒီလမ်းကြောင်းပဲ ငါလျှောက်မယ်ဆိုပြီး ကိုယ်တိုင်ရွေးချယ်လိုက်တယ်ပေါ့၊ ဒုက္ကရစရိယာကျင့်တဲ့ မှားယွင်းတဲ့ကျင့်စဉ်တစ်ခုကို အဲဒီအချိန်မှာပြောင်းပစ်လိုက်တယ်၊ ဘုရားအလောင်းတွေရဲ့ ထူးခြားချက်က ဘာတုန်းဆိုရင် မှားမှန်းသိတာနဲ့ တစ်ပြိုင်နက် စွန့်လွှတ်တယ်၊ သာမန်ပုဂ္ဂိုလ်တွေက မစွန့်လွှတ်နိုင်ဘူး၊ ဘုရားအလောင်းတွေကျတော့ မှားပြီဆိုတာနဲ့ တစ်ပြိုင်နက် ချက်ချင်းစွန့်တယ်၊ လမ်းကြောင်းပြောင်းတယ်။ လမ်းကြောင်းပြောင်းဖို့ရာအတွက် ဒီလောက်အားနည်းနေတဲ့ ခန္ဓာကိုယ်ကြီးနဲ့ကျင့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ခန္ဓာကိုယ်ကို ပြန်ပြီးမျှတအောင်လုပ်ရဦးမယ်ဆိုပြီး အစာပြန်စားတယ်၊ အစာပြန်စားတဲ့အခါ စောင့်ကြည့်နေတဲ့ ပဉ္စဝဂ္ဂီရဟန်းတွေက စိတ်ပျက်သွားကြတယ်။

သူတို့ခေတ်က အစွမ်းကုန်ကျင့်တာကို အာဇာနည်လို့ ယူဆတယ်နဲ့တူတယ်၊ အေး- သိဒ္ဓတ္ထမင်းသားက ဒီလောက်အစွမ်းကုန်ကျင့်တာတောင်မှပဲ တရားထူးတရားမြတ်မရဘူး၊ အခုတော့ သူလက်လျော့လိုက်ပြီ၊ အစာပြန်စားနေပြီ၊ ဘယ်တော့မှလဲ တရားထူးတရားမြတ်ရမှာမဟုတ်တော့ဘူး၊ တို့ဗေဒင်တွေလည်း လွဲကုန်ပြီဆိုပြီး သူတို့အဲဒီမှာမနေတော့ဘူး။

ဗာရာဏသီ ဣသိပတန တောဘက်ကို ထွက်သွားကြတယ်၊ ဘုရားအလောင်းဟာ တစ်ပါးတည်း ဖြစ်သွားတယ်။ အဲဒီအခါမှ

စာမျက်နှာ-၃၂
တရားထူးတရားမြတ်ရဖို့ရာအတွက် အခွင့်အလမ်းတစ်ခုပဲ၊ မဟာဇနကဇာတ်တော်မှာ လက်ကောက်ကို တစ်ကွင်းတည်းဝတ်ထားတာနဲ့ (၂)ကွင်းဝတ်တာ ဘာကွာသလဲဆိုရင် လက်ကောက်(၂)ကွင်းဆိုရင် တစ်ခုနှင့်တစ်ခုတိုက်ပြီး တချွင်ချွင်မြည်တယ်၊ တစ်ကွင်းတည်းဆို မြည်စရာမရှိဘူး။ အဲဒီလိုပဲ လူ(၂)ယောက်ဆိုလို့ရှိရင် အဲဒါ စကားပြောဖော်ဖြစ်နေတယ်နော်၊ စကားပြောဖော်ဖြစ်နေတော့ မလွတ်လပ်ဘူး၊ တစ်ယောက်တည်းနေတော့ ပိုလွတ်လပ်တယ်။

ဘုရားလောင်းဟာ ပဉ္စဝဂ္ဂီတွေထွက်သွားလို့ သူတစ်ဦးတည်း ကျန်ရစ်တယ်၊ အဲဒီအချိန်မှာ စိတ်ဓာတ်ဟာ ပိုပြီးတော့ ရင့်သန်လာတယ်၊ တည်ငြိမ်လာတယ်၊ နောက်ဆုံးအစာပြန်စားပြီးတော့ ခုနက အာနာပါနကျင့်စဉ်ကို ပြန်ပြီးတော့လုပ်တာ၊ ပြန်လုပ်တဲ့အခါမှာ အတိုချုံးပြောရရင် ပထမယာမ်မှာ ဈာန် ၄ ပါးလုံးရပြီး ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ကိုရတယ်၊ မဇ္ဈိမယာမ် သန်းခေါင်ယာမ်မှာ ဒိဗ္ဗစက္ခုဉာဏ်ကိုရတယ်၊ အဲဒီကနေပြီးတော့ ဝိပဿနာကျင့်စဉ်တစ်ခုကို ပြောင်းလိုက်တဲ့အခါမှာ နံနက်မိုးသောက်အချိန်မှာ အာသဝက္ခယဉာဏ်ကိုရဖို့ မဂ် ၄ ပါး အဆင့်ဆင့်တက်လို့ နောက်ဆုံးမှာ အရုဏ်တက်သည်နဲ့ တစ်ပြိုင်နက် ဘုရားအဖြစ်သို့ ရောက်သွားတယ်။ ။

ဟော ဒီလိုကျင့်ခဲ့တာ၊ အဲဒီအချိန်မှာ ခုနက ပဋိဝေဓဉာဏ်ဟာ စတင်လည်ပတ်လာပြီတဲ့။ ဓမ္မစက္ကဆိုတာ စလိုက်တာ၊ အမှန်တရားကို စပြီးတော့ သိရှိသွားပြီ၊ သိရှိသွားတဲ့ ဓမ္မစက္ကဆိုတဲ့ ပဋိဝေဓဉာဏ်ကြီးကို မြတ်စွာဘုရားလောင်းတော်ဟာ အဲဒီအချိန်မှာ သူရရှိသွားတာဖြစ်တယ်။ အေး-ဓမ္မစက္ကရဲ့ အဓိပ္ပာယ်ဟာ ပဋိဝေဓဉာဏ်နဲ့ ဒေသနာဉာဏ် ၂ ခုကိုခေါ်တယ်။ အဲဒီတော့ အခု ပဋိဝေဓဉာဏ်ဖြစ်ပုံ

စာမျက်နှာ-၃၃
ကို မြတ်စွာဘုရား ကိုယ်တိုင်ဟောခဲ့တဲ့ အတ္ထုပ္ပတ္တိကျင့်စဉ်အတိုင်း ဘုန်းကြီးတို့ ရှင်းပြခဲ့ပြီ၊ နောက်တရားပွဲကျတော့မှ ပဋိဝေဓဉာဏ်ဖြစ်ပုံနဲ့ ဓမ္မစကြာကို အသေးစိတ်ရှင်းလင်းပြီး ဟောကြားမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ရဲ့ သန္တာန်မှာ ဒေသနာဉာဏ်လို့ဆိုတဲ့ ဓမ္မစက္က စတင်ဖြစ်ပေါ်ပုံဟာ အခုလို ကြိုးပမ်းအားထုတ်လို့ ဖြစ်လာတာဖြစ်တယ်၊ သာမန်အားဖြင့် ဖြစ်လာတာမဟုတ်ဘူး၊ အလွန်ကြိုးစားအားထုတ်ရတယ်ဆိုတာ ကိုယ်စီကိုယ်စီ သဘောကျပြီး တို့တစ်တွေလည်း ကြိုးစားအားထုတ်မှသာလျှင် တရားထူးတရားမြတ်ဆိုတာ ရနိုင်တယ်လို့ဆိုတဲ့ သတိတရား အသိတရားရှိပြီး တရားထူးတရားမြတ်ရလိုတဲ့ဆန္ဒ၊ ကျင့်ကြံကြိုးကုတ် အားထုတ်မှု ဝီရိယတို့ဖြင့် တရားထူးတရားမြတ်ရအောင် ကိုယ်စီကိုယ်ငှ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

စာမျက်နှာ-၃၄

စာမျက်နှာ-၃၅
သစ္စဒေသနာ ဓမ္မစကြာ
အပိုင်း(၂)
သာသနာနှစ် (၂၅၅၄) ခုနှစ် ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ် ပထမ ဝါဆိုလပြည့်ကျော် (၁၄)ရက် ၂၀၁၀-ခုနှစ် ဇူလိုင်လ (၁၀)ရက် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန မ္ဗူသီရိဗိမာန်တော်အတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး အနန္တ(၅)ပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု (ကိုကျော်သင်းဆေးဆိုင်)၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “သစ္စဒေသနာ ဓမ္မစကြာ” တရားဒေသနာတော်။

ဓမ္မစက္က ပါဠိစကားကို မြန်မာလူမျိုးတွေက ဓမ္မစကြာလို့ ပြန်ဆိုကြတယ်။ ဗမာလူမျိုးတွေသိတဲ့ စကြာဆိုတာ လည်နေတဲ့အရာကို ခေါ်တာနော်။ လေတိုက်လို့လည်နေတဲ့ စကြာကို စက္က။ တနည်းအားဖြင့် စက္ကဆိုတာက “လှည်းဘီး”။ အဲဒီလှည်းဘီးကို စက္ကလို့ခေါ်တာ၊ တစ်နည်းအားဖြင့် လည်ပတ်ပြီးတော့ ဖြစ်တဲ့အရာမှန်သမျှကို စက္ကလို့သုံးတယ်။ ပါဠိဘာသာနဲ့ ဆင်ဆင်တူတဲ့ အိန္ဒိယနိုင်ငံရဲ့ ဘာသာတစ်ခုဖြစ်တဲ့ သက္ကဋဘာသာ (Sanscrit) ကျတော့

စာမျက်နှာ-၃၆
“ကျက္ကရ” လို့ ဒီလိုခေါ်တယ်။ သူတို့အသံထွက် ကျက္ကရ၊ အဲဒီ ကျက္ကရမှာ ဗမာ “စ”လုံးကို သူတို့က “ကျ”လို့ဖတ်တယ်။ ဗမာက “စ”သံဖတ်တယ်၊ အသံမတူဘူးပေါ့နော်။ ဒါကတော့ စကားလုံးတွေမှာ ဒီလိုအသံမတူညီမှုတွေရှိတယ်။ အဲဒီတော့ သူတို့ဆီကလာတဲ့ ကျက္ကရ စက္ကကို ဗမာက စလုံးသံနဲ့ထွက်တယ်။ ဟို- အိန္ဒိယနိုင်ငံတို့ တခြားနိုင်ငံတွေကျတော့ ကျက္ကလို့ဖတ်တယ်။ ဒီတော့ အိန္ဒိယ Sanscrit ကျတော့ ကျက္ကတင်မကဘူး၊ ကျက္ကရ၊ ကျက္ကရကို ဗမာပြည်ကနေပြီး ခေါ်လိုက်တော့ ကျက္ကရက စက္ကရ။ စက္ကရကနေပြီးတော့ စကြဖြစ်လာတယ်လို့ ပြောနိုင်တာပေါ့နော်၊ တကယ်ကတော့ ဘီးပဲ၊ လှည်းဘီး။ လည်ပတ်ပြီးတော့ ဖြစ်နေတဲ့အရာတစ်ခုကို ရည်ညွန်းပြီးတော့ စက္ကလို့သုံးတယ်။

ဒီနေရာမှာ ဓမ္မစက္ကဆိုတာ ဘာတုန်းလို့ ဘုန်းကြီးတို့ အရင်တစ်ပတ်က ဟောခဲ့ပြီ။ ဓမ္မစက္ကဆိုတာ ပဋိဝေဓဉာဏ်နဲ့ ဒေသနာဉာဏ်၊ အဲဒီ ပဋိဝေဓဉာဏ်နဲ့ ဒေသနာဉာဏ် ၂-မျိုးကို ဓမ္မစက္ကလို့ ဒီစကားလုံးက ဖော်ညွှန်းထားတယ်။ လှည်းဘီးကို ပြောတာလဲမဟုတ်ဘူး၊ စကြာကိုပြောတာလဲမဟုတ်ဘူး၊ ပဋိဝေဓဉာဏ်ကို ဓမ္မစက္က။ ဒေသနာဉာဏ်ကို ဓမ္မစက္က၊ ဒီတော့ ဘုရားအလောင်းတော်က ဗုဒ္ဓဝင်မှာ လာတဲ့အတိုင်း ၂၉-နှစ်အရွယ်မှာ ထီးနန်းကစွန့်ခွာပြီး ရဟန်းပြုခဲ့တယ်။

ရဟန်းပြုပြီးတဲ့နောက် ထိုခေတ်က ထူးခြားထင်ရှားတဲ့ အာဠာရကာလာမတို့ ဥဒကရာမပုတ္တတို့ဆီမှာ သမထကျင့်စဉ်ကို ကျင့်လို့ အာကိဉ္စညာယတန ဈာန်အဆင့်၊ နေဝသညာနာသညာဈာန် အဆင့်ကို ပေါက်ရောက်ပြီးတဲ့အခါ အဲဒီဈာန်တွေရဲ့ လမ်းဆုံးဟာ

စာမျက်နှာ-၃၇
အာကိဉ္စညာယတနဘုံနဲ့ နေဝသညာနာသညာယတနဘုံသာ ဖြစ်တယ်။ အမတ-မသေရာနိဗ္ဗာန် မဟုတ်သေးဘူးလို့ သိလာတယ်။ အဲဒီကျင့်စဉ်ကို စွန့်ပယ်ခဲ့ပြီးသောအခါ ထူးခြားတဲ့အသိဉာဏ်တစ်ခုကို ရရှိဖို့အတွက် ခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲခံပြီး ဒုက္ကရစရိယာ အကျင့်ကိုကျင့်တယ်။ အဲဒါ ဒုက္ကရစရိယာကို လွယ်လွယ်ခေါ်တဲ့ပုဂ္ဂိုလ်တွေက ဒုက္ခစရိယာလို့ ခေါ်ကြတယ်။ အမှန်ကတော့ ဒုက္ကရဆိုတာ လုပ်နိုင်ခဲတယ်၊ သာမန်လူတွေမလုပ်နိုင်ဘူး၊ စဉ်းစားလို့တောင်မရဘူး။ အင်မတန်လုပ်နိုင်ခဲတဲ့အကျင့်ကို ဒုက္ကရ။ ခန္ဓာကိုယ်ကျန်းမာရေး ထိခိုက်ပိန်ချုံးပြီးတော့ အားအင်တွေကုန်ခမ်းလို့ လဲကျသွားတဲ့အဆင့်ထိအောင် ဆင်းရဲပင်ပန်းခံပြီး ဒုက္ကရစရိယာအကျင့်ကြီးကို ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်ခဲ့တာ။

နောက်ဆုံးကျတော့ ဘုရားအလောင်းတော်က ပြန်စဉ်းစားလိုက်တယ်။ အေး ဒီအကျင့်နဲ့ကတော့ ငါလိုချင်တဲ့အသိဉာဏ်ရမှာမဟုတ်ဘူး။ တခြားနည်းလမ်းကသာလျှင် ဒီအသိဉာဏ်ကိုရနိုင်တဲ့နည်းလမ်းဖြစ်လောက်တယ်။ ငါကမ်းကုန်လမ်းကုန် ကျင့်ပြီးပြီ။ ဘာဉာဏ်ထူးမှမရဘူးဆိုတော့ ဒီအကျင့်ဟာ မဟုတ်သေးဘူး။ သိယာ အညာ မဂ္ဂါ ဗောဓာယ။ ဗောဓာယ-အသိဉာဏ်တစ်ခုအတွက်၊ အညာမဂ္ဂါ-တစ်ခြားနည်းလမ်းဟာ၊ သိယာ-ဖြစ်နိုင်ရာတယ်။ သူ့ဘာသူစဉ်းစားတာ၊ ဒီနည်းကတော့ မဟုတ်သေးဘူး။ အသိဉာဏ်ထူးရဖို့အတွက် ဘုရားလောင်းကကျင့်တာ၊ ဗောဓိဉာဏ်အတွက် ဒီလိုအဆင်းရဲခံပြီးတော့ကျင့်ပေမယ့် ဉာဏ်ဟာဖြစ်ပေါ်ပြီးတော့မလာဘူး၊ ပင်ပန်းတာပဲ အဖတ်တင်တယ်ပေါ့။

စာမျက်နှာ-၃၈
အဲဒါကြောင့်မို့လို့ ဒီလမ်းတော့ မဟုတ်နိုင်ဘူးလို့စဉ်းစားရင်းကနေ ခေါင်းထဲမှာ ဘာပေါ်လာတုန်းဆိုတော့ “ငါ ငယ်ငယ်တုန်းက ခမည်းတော်မင်းတရားကြီး လယ်ထွန်မင်္ဂလာလုပ်တဲ့အချိန်မှာ သပြေပင်အောက် တစ်ဦးတည်းသိပ်ထားလိုက်တဲ့အချိန်လေးမှာ ဘဝါဘဝက အလေ့အကျင့်ရလာလို့ စိတ်ကလေးကို နှာခေါင်းကရှားနေတဲ့ လေလေးပေါ်မှာ ပို့လွှတ်ပြီး အာရုံပြုလိုက်တာနဲ့ပဲ ပထမဈာန်အဆင့်ကို ရသွားတယ်။ အဲဒီပထမဈာန်အဆင့်လေးဟာ အကုသိုလ်တွေလည်း မပါဘူး၊ ကာမဂုဏ်စိတ်တွေလည်းမရှိဘူး၊ အကုသိုလ်တွေက ကင်းကွာလွတ်လပ်၊ ကာမဂုဏ်စိတ်တွေက ကင်းကွာလွတ်လပ်ပြီးနေတယ်။ ထွက်လေဝင်လေကို အာရုံပြုတာနဲ့ ထွက်လေဝင်လေ အာရုံပေါ် စိတ်ကိုတင်ပေးထားတဲ့ ဝိတက်ရယ်၊ ဆင်ခြင်သုံးသပ်နေတဲ့ ဝိစာရရယ်၊ စိတ်ထဲမှာ ကျေနပ်နှစ်သက်နေတဲ့ ပီတိရယ်၊ တစ်ကိုယ်လုံး သိမ့်သိမ့်တုန်အောင် ချမ်းသာနေတဲ့သုခရယ်၊ စိတ်တည်ငြိမ်နေတာရယ်၊ ဒီအခြေအနေလေးတွေ သူခံစားခဲ့ရဖူးတယ်ပေါ့၊ ငယ်ငယ်လေးမှာ အဲဒီလမ်းကြောင်းကို မထင်မှတ်ပဲနဲ့ ရောက်သွားတယ်၊ အဲဒါ ခေါင်းထဲမှာ ပေါ်လာတယ်။ အဲဒီလမ်းကမှ ငါလိုချင်တဲ့အသိဉာဏ်ကို ပေးနိုင်တဲ့လမ်း ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ စိတ်ထဲမှာတွေးမိတော့ ဟုတ်ပြီ အဲဒီလမ်းဟာသေချာတယ်။

ဒါပေမယ့် အဲဒီအခြေအနေမျိုး ရောက်ဖို့ရန်အတွက် ဒီလိုကျန်းမာရေးချို့တဲ့ပြီးတော့နေတဲ့ ခန္ဓာကိုယ်၊ အားအင်ကုန်ခမ်းနေတဲ့ ခန္ဓာကိုယ်ကြီးနဲ့ လုပ်လို့တော့မဖြစ်သေးဘူး။ အားအင်ပြန်ပြည့်အောင်၊ ကျန်းမာရေး ပြန်ကောင်းလာအောင် အစာပြန်စားမယ်။ ကျန်းမာရေးကို ပြန်ပြီးတည်ဆောက်မယ်လို့ ဆုံးဖြတ်တယ်။ ဒါလည်း သတိထား

စာမျက်နှာ-၃၉
စရာကောင်းတယ်ပေါ့နော်။ ခန္ဓာကိုယ်ကျန်းမာဖို့ကလည်း အင်မတန်မှ အရေးကြီးတယ်။ ပဓာနိယင်္ဂ တရား ၅-ပါးထဲမှာဆိုရင် မြတ်စွာဘုရား ကိုယ်တိုင်ကိုက ဟောတာ၊ အေး ရောဂါဝေဒနာကင်းပြီးတော့ ကျန်းမာခြင်းနဲ့ ပြည့်စုံရမယ်တဲ့၊ မမာမကျန်းနဲ့ တရားအားထုတ်တယ်ဆိုရင် မဖြစ်နိုင်ဘူး။ မကျန်းမာပြီဆိုမှ တရားအားထုတ်လို့က မလွယ်ဘူးတဲ့၊ ဒါကြောင့်မို့လို့ ကျန်းမာရေးကောင်းတုန်းမှာ အားထုတ်ရမယ့်တရားတွေပေါ့။ ဘုရားအလောင်းတော်ဟာ ဒီလောက်ကျန်းမာရေး ချို့တဲ့နေတဲ့ ခန္ဓာကိုယ်ကြီးနဲ့ ငါဒီတရား ဒီကျင့်စဉ်ကို ပြန်ကျင့်ဖို့ မလွယ်သေးဘူး။ ကျန်းမာရေးကို ပြန်တည်ဆောက်ဦးမယ်လို့ ဆုံးဖြတ်တယ်။

အဲဒီကစပြီး အစာပြန်စားတယ်၊ ဆွမ်းခံပြန်ထွက်တယ်ဆိုတော့ အနားနားမှာ ဝတ်ကြီးဝတ်ငယ်ပြုနေကြတဲ့ ပဉ္စဝဂ္ဂီတွေက စိတ်ပျက်သွားကြတယ်။ ပဉ္စဝဂ္ဂီတွေက ဘယ်လိုတွေးမိတုန်းဆိုတော့ “ပဓာန ဝိဗ္ဗန္တော-တကယ်ကြိုးပမ်းအားထုတ်နေတဲ့ လုပ်ငန်းကြီးကို သူစွန့်လွှတ်လိုက်ပြီ၊ မလုပ်တော့ဘူး။ ဒီလောက်ခဲခဲယဉ်းယဉ်းကျင့်တာမှ တရားထူးမရဘူးဆိုရင် ခုဆွမ်းခံပြန်စားနေပြီ၊ ဒုက္ကရစရိယာအကျင့်ကြီးကို လက်လွှတ်လိုက်တာ၊ ဒုက္ကရစရိယာကြီး ကျင့်တာတောင်မှပဲ တရားထူးမရဘူးဆိုရင် မျှော်လင့်ချက်မရှိတော့ဘူး”။

အရင်တုန်းက ဘုရားအလောင်း ဖွားမြင်ခါစက အေး-ဘုရား ဧကန်ဖြစ်ရမယ်လို့ ဗေဒင်ဟောခဲ့တဲ့ပုဂ္ဂိုလ်တွေ၊ ကိုယ်ဟောခဲ့တဲ့ ဗေဒင်တောင် မယုံတုံတုံ ဖြစ်လာပြီးတော့ ကဲ အခြေအနေတော့မဟန်ဘူး။ အနီးနားတို့နေလို့တော့မဟန်တော့ဘူး။ တို့မျှော်လင့်ချက်တွေ ဝေးသွားပြီဆိုပြီး ဥရုဝေလတောကနေ ဗာရာဏသီဘက်ကို ထွက်သွားကြ။

စာမျက်နှာ-၄၀
တယ်။ အဲဒီ မနေခြင်းဟာ သိပ်ကောင်းသွားတယ်။ ဘုရားအလောင်းကို များစွာအကျိုးပြုလိုက်တယ်။

တစ်ဦးတည်း လွတ်လပ်မှုဆိုတာလေး ရသွားတယ်။ နဂိုတုန်းကတော့ သူတို့ကလာပြီးတော့ ကြည့်နေကြတယ်။ ဟိုဟာလေးလုပ်ပေး၊ ဒါလေးလုပ်ပေးဆိုတော့ အာရုံပျက်ပြားတာ။ ဒါကြောင့်မို့ ကမ္မဋ္ဌာန်းအားထုတ်ရင် အဖော်လေးနဲ့မထုတ်နဲ့၊ တစ်ယောက်တည်း ထုတ်ရမှာ။ ဒါမို့ ရှေးတုန်းက ဧကစာရီ ကျင့်တာ၊ အဲ-ခုခေတ်တော့ အဖော်နဲ့အားထုတ်ရင် သိပ်မလွယ်လို့နဲ့တူတယ်။ Group Meditation ဆိုပြီးတော့ အစုလိုက်ထိုင်နေကြတယ်နော်။ အဖော်နဲ့ အသင်းနဲ့ တစ်ယောက်ထဲကျတော့ ကြောက်သေးတာကို။ ။

အဲဒီလို ပဉ္စဝဂ္ဂီတွေ ထွက်ခွာသွားတာဟာ သူ့အတွက် အကောင်းဆုံးသော Chance တစ်ခုပဲ။ ဘာဖြစ်လို့လဲဆိုရင် ကာယဝိဝေက ခန္ဓာကိုယ်အနေနဲ့ လွတ်လပ်မှု အပြည့်အဝရတယ်။ လူဆိုတာ တရားအားထုတ်ရင် ကာယဝိဝေကဆိုတာရှိရမယ်။ ကာယဝိဝေကဆိုတာ တစ်ဦးတည်းနေတာ၊ ဘယ်သူမှမရှိဘူး။ အဖော်ရှိရင် အဖော်ကို သွားတွေးတယ်လေ။ ကိုယ်ကတရားအားထုတ်နေပေမဲ့ ဟေ့ ဒီကောင် ဘာလုပ်နေတုန်း သွားတွေးချင်တွေးနေတာ။ ကြောက်တတ်တဲ့လူဆို ငါ့နားမှာ ရှိရဲ့လား၊ တခြားများ ထသွားလားဆိုတာတွေ စိတ်က လွင့်စရာဖြစ်တယ်။

သော် ဘယ်သူမှမရှိဘူး၊ တစ်ယောက်တည်းပဲ။ တစ်ယောက်တည်းနေရခြင်းရဲ့ အရသာကို မြတ်စွာဘုရားက တစ်ခါတစ်ခါ ဟောတယ်။ “တစ်ယောက်တည်းနေရတာတဲ့ အင်မတန်မှ ချမ်းသာတယ်တဲ့၊ ကုန်ကုန်ပြောရမယ်ဆိုရင် နောက်ဖေး နောက်ဖီသွားရတာတောင်

စာမျက်နှာ-၄၁
လွယ်သေးသတဲ့”၊ ဒါမှန်တာပဲ၊ နှစ်ယောက်နေလို့ရှိရင် သူများမြင်နေမလားဆိုပြီးတော့ ကြည့်နေရသေးတယ်။ ဟော တစ်ယောက်တည်းကျတော့ ကြည့်စရာ မရှိတော့ဘူး။ “အဲဒီမှာ ရှေ့မျှော်ကြည့်လိုက် ဘယ်သူမှ မရှိဘူး။ နောက်လှည့်ကြည့် ဘယ်သူမှ မရှိဘူး။ အေး အဲဒီအချိန်ဟာ ချမ်းသာဆုံးပဲ”လို့ ဘုရားကဟောတယ်။ အလွတ်လပ်ဆုံးပဲ အချမ်းသာဆုံးပဲ ဘယ်သူမှမရှိတာကောင်းတယ်ဆိုတဲ့အနေမျိုး၊ သာမန် ပုထုဇဉ် ပုဂ္ဂိုလ်တွေကတော့ ဘယ်သူမှမရှိရင် ပျင်းတယ်။ တစ်ယောက်တည်းဆို မနေနိုင်ဘူးနော် Lonely ဖြစ်တယ်လို့ဆိုတယ်။ အခုခေတ်ဆို သာဆိုးသေးတယ်၊ တစ်ယောက်တည်း မနေတတ်တဲ့အခါကျတော့ ဖုန်းကောက်ဆက်တယ်။ ဆက်သွယ်မှုကတော့ လုပ်တယ်နော်။

ကာယဝိဝေက ရသွားတော့ စိတ္တဝိဝေက ရဖို့ရန်အတွက် တရားကျင့်တယ်။ အဲတော့ ပဉ္စဝဂ္ဂီတွေ ထွက်သွားတာ အလွန်ကောင်းတယ်။ ဘယ်အချိန်လောက် ပဉ္စဝဂ္ဂီတွေ ထွက်သွားတုန်းဆိုတော့ ကဆုန်လပြည့်ခါနီး ကဆုန်လဆန်းလောက်ထွက်သွားတယ်လို့ မှတ်ရမယ်ပေါ့။ အဲဒီအချိန်မှာ ဘုရားအလောင်းဟာ တစ်ပတ်နှစ်ပတ် ခန္ဓာကိုယ် အားအင်ရှိအောင် နဂိုထဲကကျန်းမာရေးလည်း အလွန်ကောင်းတယ်။ ကံတရားရဲ့ တည်ဆောက်မှု ခန္ဓာကိုယ်ကလည်း အလွန်ကြံ့ခိုင်တယ်။ ပင်ပန်းခံလွန်းလို့သာ ဒုက္ခရောက်သွားတာကို ပြန်ပြီးတော့ အစာရေစာ စားလိုက်တာနဲ့ မကြာခင် ကျန်းမာပြည့်ဖြိုးလာတဲ့အနေအထားကို ရောက်လာတယ်။

အဲဒီလို ရောက်လာတဲ့အခါကျတော့ ငယ်ငယ်တုန်းက ကျင့်ခဲ့ဖူးတဲ့ အာနာပါန ကျင့်စဉ်လေးကို စမ်းသပ်ပြီးကျင့်လိုက်တာ ပထမ

စာမျက်နှာ-၄၂
ဈာန်ရသွားတယ်။ ပထမဈာန်ကနေပြီးတော့ တိုးမြှင့်လိုက်ပြီး ဝိတက် ဝိစာရဆိုတဲ့ ဒီ၂-ခု ဖယ်ရှားလိုက်တဲ့အခါ ပီတိ သုခ ဧကဂ္ဂတာ ဒီ၃-ခုနဲ့ နေနိုင်တဲ့ ဒုတိယဈာန်ရသွားတယ်။ တစ်ခါ ပီတိကိုပဲ အနှောင့်အယှက်ပေးတယ်ဆိုပြီး ပီတိကို ဖယ်လိုက်တဲ့အခါ သုခ ဧကဂ္ဂတာ ၂-မျိုးထဲနဲ့နေတယ်။ သုခဆိုတဲ့ ချမ်းသာခံစားမှုကလည်းပဲ ဒီသမာဓိတရားရဲ့ အနှောင့်အယှက်ဖြစ်တယ်ဆိုပြီးဖယ်လိုက်တဲ့အခါ ဥပေက္ခာ ဧကဂ္ဂတာနဲ့နေတယ်၊ ဆိုလိုတာက သမာဓိမှာ အနှောင့်အယှက်ကင်းသွားပြီ၊ ဥပေက္ခာဆိုတာ မထင်ရှားတဲ့ခံစားချက်၊ အဲဒီ မထင်ရှားတဲ့ခံစားချက်နဲ့ စိတ်တည်ငြိမ်မှုဆိုတဲ့ ဒီသဘာဝတရားလေး ၂-ခုနဲ့နေတာကို စတုတ္ထဈာန်လို့ခေါ်တယ်။ အဲဒီ စတုတ္ထဈာန်က အလွန်စွမ်းရည်သတ္တိ ရှိတယ်ပေါ့။

ဒီနေရာမှာ စဉ်းစားစရာကောင်းတာ အဠာရကာလာမကြီးဆီ တရားအားထုတ်တုန်းက စတုတ္ထဈာန်ကနေကျော်ပြီးတော့ အာကာသာနဉ္စာယတနဈာန် ဝိညာဏဉ္စာယတနဈာန် အာကိဉ္စညာယတနဈာန် ဆိုပြီးတော့ သူက ခုနစ်ဆင့်ထိအောင် ရောက်သွားပြီးသား၊ ခုနစ်ဆင့်ထိအောင် ရောက်ရဲ့သားနဲ့ ဘာဖြစ်လို့ အဲဒီကနေ ရှေ့ဆက်မသွားတတ်တာလဲ၊ ခုလည်း သမထကျင့်စဉ်ပဲ၊ သမထက သွားတာပဲ။ သို့သော် အဲဒီဈာန်တွေကိုသွားတဲ့ သူတို့ရဲ့နည်းစနစ်က ဘာကို အခြေခံတာတုန်းဆိုရင် ကသိုဏ်းကို အခြေခံတာဖြစ်တယ်။ သူတို့ရဲ့ ပန်းတိုင် ဦးတည်ချက်က အာကာသာနဉ္စာယတနဘုံကြီးကို ဦးတည်ထားတာ၊ အဲဒါကြောင့်မို့လို့ သူတို့ရဲ့ လမ်းဆုံး (Destination) က အာကိဉ္စညာယတနဘုံပဲရောက်မှာ၊ တခြားသွားလို့ မရဘူး၊ ဒီထက် မကျော်နိုင်ဘူး။ တစ်ခါ ဥဒကရာမပုတ္တဆီ သင်လိုက်တဲ့နည်းစနစ်

စာမျက်နှာ-၄၃
အားထုတ်တော့ နေဝသညာနာသညာယတနဈာန်ဆိုတဲ့ ၈-ဆင့်ထိ ရောက်သွားတယ်။ အဲဒီဟာကနေပြီးတော့လည်း သူတို့ရဲ့ ဦးတည်ချက်ဟာ ကသိုဏ်းရုပ်တွေကစပြီးတော့ အဆင့်ဆင့်ခွာသွားတာ၊ နောက်ဆုံး နေဝသညာနာသညာယတနဈာန် ရောက်သွားတာပဲ။ နေဝသညာနာသညာယတနဘုံကို ဦးတည်ထားတာ၊ အဲဒီဘုံမှာပဲ လမ်းဆုံးတယ်တဲ့။ ဒီတင် လမ်းပြတ်သွားတယ်။

ဒါကြောင့်မို့ အဲဒီလမ်းတွေဟာ မမှန်ဘူး။ ကိုယ်ပိုင်နည်းစနစ်နဲ့ ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ဒီရူပဈာန် ၄-မျိုးကို အားထုတ်ပြီးတော့ အရူပဈာန်ကို မတက်ဘူး ဘုရားက။ စတုတ္ထဈာန်ရပြီးတဲ့အခါ သမာဓိစွမ်းအားတွေ အင်မတန်မှကြီးမားတယ်။ အဲဒီသမာဓိစွမ်းအားတွေရဲ့ အကျိုးကျေးဇူးကို အသုံးချလိုက်တဲ့အခါကျတော့ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ဆိုတာ ရလာတယ်။ ပထမယာမ်မှာတင်ပဲ ကဆုန်လပြည့်နေ့ညရောက်တဲ့အခါ အစွမ်းသတ္တိထက်လာတယ်။ အဲဒီကနေပြီးတော့ နောက် မဇ္ဈိမယာမ် ၁၀နာရီ ကျော်တဲ့အခါကျတော့ ဒိဗ္ဗစက္ခုဉာဏ်ဆိုတာကို ရလာတယ်၊ ပစ္ဆိမယာမ်လို့ဆိုတဲ့ နာရီပြန် ၂-ချက် ဟိုဘက်ရောက်တဲ့အခါကျတော့ ဝိပဿနာကိုကူးတယ်။

ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်လိုက်တယ်။ သမာဓိစွမ်းအားတွေ သိပ်ကောင်းနေတဲ့အတွက်ကြောင့် ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်လိုက်တယ်။ ဝိပဿနာဉာဏ်နဲ့ သင်္ခါရတရားတွေရဲ့ မမြဲဘူးဆိုတဲ့ဘက်ကို ဦးတည်လိုက်တယ်။ အဲဒီ ဦးတည်လိုက်တဲ့အခါ ဒုက္ခဆိုတာ ရှင်းရှင်းကြီး သိသွားတယ်။ ဒုက္ခရဲ့ အကြောင်းတရားဆိုတာ ရှင်းရှင်းကြီး သိသွားတယ်။ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ဆိုတာလည်း

စာမျက်နှာ-၄၄
သိတယ်။ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုရောက်ကြောင်းအကျင့်ဆိုတဲ့ မဂ္ဂသစ္စာ ဒီသစ္စာ ၄-ချက်ကို မှန်မှန်ကန်ကန်သိသွားတဲ့ အသိဉာဏ်တစ်ခု ရသွားတယ်။ ဒါကို အာသဝက္ခယဉာဏ် လို့ခေါ်တယ်။ အဲဒါက ဝိပဿနာကျင့်စဉ်နဲ့ ရသွားတဲ့ဉာဏ်ဖြစ်တယ်။

စတုတ္ထဈာန်ရပြီးတဲ့အခါမှာ သမာဓိစွမ်းအားက အင်မတန် ထက်သည့်အတွက်ကြောင့် ဝိပဿနာကူးတဲ့အခါမှာ အလွန်လျင်မြန်တာပေါ့။ ဘာဖြစ်လို့တုန်းဆိုတော့ သမာဟိတော ဘိက္ခဝေ ယထာ ဘူတံ ဇာနာတိ ပဿတိ တဲ့၊ သမာဓိရှိနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ အမှန်အကန်သိတယ်ဆိုတာ ယထာဘူတဉာဏ်ကို လွယ်လွယ်ကူကူ ရနိုင်တယ်ဆိုတဲ့အတိုင်း ဘုရားအလောင်းတော်က စတုတ္ထဈာန်နဲ့ သမာဓိစွမ်းအားတွေကို အသုံးချပြီးတော့ ဈာန်တရားတွေမှာရှိတဲ့ သဘာဝတရားတွေကို ရှုမှတ်ပွားများလိုက်တဲ့အခါ ဒုက္ခ သမုဒယ နိရောဓ မဂ္ဂ လို့ဆိုတဲ့ ဒီသစ္စာ(၄)ချက် မှန်မှန်ကန်ကန်သိတယ်။

သံသရာကြီးထဲက သတ္တဝါတွေသန္တာန်မှာ စီးဝင်နေတဲ့ အာသဝတရားတွေကိုလည်းတွေ့သွားတယ်၊ ထိုအာသဝတရားတွေရဲ့ ဖြစ်ကြောင်းတရားကိုလည်းသိတယ်။ အာသဝတရားတွေ ဘယ်မှာချုပ်ငြိမ်းမယ်ဆိုတာကိုလည်း သိတယ်။ ထိုချုပ်ငြိမ်းကြောင်း ကျင့်စဉ်ကြီးကိုလည်း သိလိုက်တယ်။ အဲဒီအသိဉာဏ်ကြီးကို ရလိုက်တဲ့အခါ အာသဝတရားတွေဟာ အားလုံးကုန်ဆုံးသွားတယ်။ မဂ်၄-ပါး၊ ဖိုလ်၄-ပါး အဆင့်ဆင့်ရောက်သွားတယ်။

ဒီတော့ အာနာပါနကိုအခြေခံတဲ့ ဝိပဿနာဉာဏ်နဲ့ သွားတာ၊ ကသိုဏ်းရုပ်ကို အခြေခံတဲ့ သမာဓိကရတဲ့ဈာန်နဲ့ သွားတာမဟုတ်ဘူး။ အာနာပါနကိုအခြေခံတဲ့ သမာဓိကျင့်စဉ်၊ သမထကျင့်စဉ်၊

စာမျက်နှာ-၄၅
သမထကျင့်စဉ်ကနေ ဝိပဿနာ ပြောင်းယူတယ်လို့ ဒီလိုမှတ်ရမယ်။ ကသိုဏ်းရုပ်တွေကနေပြီးတော့ ရလာတဲ့ဈာန်ကိုတော့ ပြောင်းလို့ မရဘူးလားဆိုတော့ ကသိုဏ်းရုပ်ဆိုတဲ့ အာရုံကိုတော့ ပြောင်းလို့မရဘူး။ အဲဒီအပေါ်မှာ ရှုလို့ကတော့ ဝိပဿနာ မဖြစ်ဘူးပေါ့။ ဘာကို ရှုရင် ဝိပဿနာ ဖြစ်နိုင်တုန်းဆိုရင် ရထားတဲ့ဈာန်တရားတွေကို ရှုလို့ကတော့ ရတယ်ပေါ့။ မြတ်စွာဘုရားရဲ့ နည်းစနစ်က အာနာပါနကို ပြန်ရှုရင်လည်းပဲ ရနိုင်တယ်၊ အာနာပါနဆိုတာ ဝါယော ဖောဋ္ဌဗ္ဗ ပဲလေ၊ အာနာပါနကို ပထမတော့ အာနာပါနပညတ်အနေနဲ့ ဈာန်ရသွားတာ၊ နောက်ပိုင်းရောက်တဲ့ခါကျတော့ သော် ဒီအာနာပါနဆိုတာ စိတ်ကြောင့်ဖြစ်နေတဲ့ ဝါယောဓာတ်ကြီးပဲလို့ဆိုတယ်၊ ဝါယော ဖောဋ္ဌဗ္ဗရုပ်ကို မြင်လာတယ်ပေါ့။ ထိုရုပ်ရဲ့ အကြောင်းဖြစ်တဲ့ နာမ်တရားတွေကိုလည်း မြင်လာတယ်။ အဲဒီလို ဒီအာရုံကနေပြီးတော့ ဝိပဿနာကူးဖို့ လွယ်ကူတယ်လို့ ဒီလိုဆိုရမယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ အာနာပါန ကမ္မဋ္ဌာန်းကို အခြေခံပြီးတော့ ပထမဈာန်၄-ပါးကို ရအောင်လုပ်တယ်။ ဒုတိယကျတော့ ဝိပဿနာရှုပြီးတော့ သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်အဆင့် မြှင့်လိုက်တဲ့အခါ သကဒါဂါမိမဂ် သကဒါဂါမိဖိုလ်။ ဝိပဿနာကို တိုးမြှင့်ဆင့်လိုက်တဲ့အခါ အနာဂါမိမဂ် အနာဂါမိဖိုလ်၊ ဒါ ဝိပဿနာတစ်ခုပြီးတစ်ခု မြှင့်သွားတာနော်။ ဝိပဿနာမပါပဲ တစ်ခါထဲ သောတာပန်ကနေသကဒါဂါမ်၊ သကဒါဂါမ်ကနေအနာဂါမ်၊ အနာဂါမ်ကနေ ရဟန္တာ ဒီလိုဖြစ်သွားတာမဟုတ်ဘူး။ ကြားထဲမှာ ဝိပဿနာလေးတွေနဲ့ သွားတာချည်းပဲ အကုန်လုံး။ ဝိပဿနာအရှိန်ကို ၄-ခါမြှင့်လိုက်တဲ့အခါ မဂ် ၄-ပါး ရသွားတယ်ပေါ့။ နောက်ဆုံး

စာမျက်နှာ-၄၆
အဆင့်မြှင့်လိုက်တဲ့အခါ အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုတာကိုရပြီး အရဟတ္တမဂ်ရလိုက်တာနဲ့ တစ်ပြိုင်နက် အသိဉာဏ်တွေအားလုံးဟာ ပွင့်သွားတယ်။

သာမန်ပုဂ္ဂိုလ်တွေကျတော့ အရဟတ္တမဂ်ရရင် ကိလေသာ အာသဝေါ ကုန်သွားတာပဲရှိတာပဲ ဉာဏ်ထူးတွေပါမလာဘူး၊ မြတ်စွာဘုရားကျတော့ သဗ္ဗညုတဉာဏ်တော်ကြီး တစ်ခါတည်း ပါလာတယ်။ မနှိုင်းယှဉ်ကောင်းပေမယ့်လို့ သဘောပေါက်အောင် ပြောရမယ်ဆိုလို့ရှိရင် စာမေးပွဲအောင်ကြတာခြင်း အတူတူပေမယ့်လို့ D ပါတဲ့လူနဲ့ မပါတဲ့လူလိုကွာတာပေါ့၊ မြတ်စွာဘုရားရတဲ့ အရဟတ္တမဂ်ဉာဏ်က ဂုဏ်ထူးဝိသေသတွေအားလုံးပါ တစ်ခါတည်း ယူလာတယ်။ အထူးကျင့်စရာ မလိုဘူး။ အရဟတ္တမဂ်ဉာဏ် ရလိုက်တာနဲ့ တပြိုင်တည်း အဘိညာဉ် (၆)ပါးတို့ ဆအသာဓာရဏဉာဏ် သဗ္ဗညုတဉာဏ်တို့၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်တွေသာ ရနိုင်တဲ့ ဗုဒ္ဓစက္ခု လို့ခေါ်တဲ့ အာသယာနုသယဉာဏ်တို့ ဣန္ဒြိယပရောပရိယတ္တိဉာဏ်တို့ ဒါတွေ တစ်ခါထဲရသွားတယ်။ အရဟတ္တမဂ်ဉာဏ် ရလိုက်တာနဲ့ တပြိုင်နက် ဒီဉာဏ်တွေအကုန်လုံးပါသွားပြီ၊ အနုတ္တရသမ္မာသမ္ဗောဓိ ဉာဏ်ကြီးကို မျက်မှောက်ပြုပြီးတော့ ဘုရားအဖြစ်သို့ ရောက်သွားတယ်။ ကဆုန်လပြည့်နေ့ည ကဆုန်လပြည့်ကျော် ၁-ရက် အကူးလေးမှာပေါ့နော်။

အဲဒီလို ဘုရားဖြစ်သွားတဲ့အခါ အင်မတန် ပင်ပန်းနွမ်းနယ်စွာ ကျင့်ကြံကြိုးကုတ် အားထုတ်ထားရတော့ ကိုယ့်တရားတွေကို ပြန်ပြီးတော့ ဆင်ခြင်သုံးသပ်တယ်။ အဲဒါတွေကိုတော့ အကျယ်မပြောတော့ဘူး၊ မြတ်စွာဘုရားဟာ ဗောဓိပင်အနီးက ပလ္လင်ပေါ်မှာထိုင်ပြီးတော့

စာမျက်နှာ-၄၇
ဖလသမာပတ်ချမ်းသာခံစားတယ်။ ဖလသမာပတ်ချမ်းသာခံစားတယ်ဆိုတာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတာတွေနဲ့ ကြုံတွေ့နေရတဲ့ သင်္ခါရအာရုံတွေကို ရှောင်ပြီးတော့ နိဗ္ဗာန်အာရုံတစ်ခုထဲနဲ့ နေလိုက်တာ၊ ဝိမုတ္တိသုခလို့ခေါ်တယ်။ နို့မဟုတ်ရင် စိတ်ဟာ လွတ်မြောက်မှု မရှိဘူး၊ သင်္ခါရတွေနဲ့ပဲ သွားနေကြတာကို။ ဘုန်းကြီးတို့တစ်တွေရဲ့ စိတ်ဟာ အမြဲတမ်း ဖြစ်ပျက်နေတဲ့ သင်္ခါရတွေနဲ့ နေနေရတာလေ၊ ဖြစ်ပျက်ငြိမ်းတဲ့ နိဗ္ဗာန်နဲ့ နေမှမနေဘူးတာကိုး။ မြတ်စွာဘုရားက ဖြစ်ပျက်ကင်းတဲ့ ဖြစ်ပျက်မှုမပါတဲ့ သင်္ခါရတွေချုပ်ငြိမ်းတဲ့ “သဗ္ဗသင်္ခါရ သမထ” သင်္ခါရအားလုံးတွေ ငြိမ်းသွားတဲ့ နိဗ္ဗာန်အာရုံလေးနဲ့ ၇-ရက်တိတိနေတာကို ဖလသမာပတ် ခံစားနေတယ်။ ဝိမုတ္တိသုခ လွတ်မြောက်မှုချမ်းသာ ခံစားနေတယ်လို့ ဒီလိုပြောတာနော်။ စိတ်ကို အငြိမ်းပေးပြီးတော့နေလိုက်တာ ဗောဓိပင်အနီးမှာတင်ပဲ ၇-ရက် ၇-လီ သီတင်းသုံးလိုက်တဲ့အခါကျတော့ ၄၉-ရက် ကြာသွားတယ်။

ဒီတော့ ၄၉-ရက်ဆိုတော့ ဘယ်လောက်ထိအောင် ရှိသွားတုန်း မြန်မာလနဲ့တွက်ကြည့်မယ်ဆိုရင် ကဆုန်လပြည့်ကျော် ၁-ရက်နေ့ကစပြီးတော့ အဲဒီအနီးမှာ သီတင်းသုံးနေလိုက်တာ ဝါဆိုလဆန်း ၄-ရက်လောက်ထိ ရောက်သွားတာပေါ့။ အဲဒီလို သီတင်းသုံးနေရင်းကနေပြီးတော့ တရားဓမ္မကို ဆင်ခြင်စဉ်းစားတယ်။ အဲဒီ ဖလသမာပတ် ချမ်းသာခံစားတဲ့ အဆင့်ကနေပြီးတော့ တရားဓမ္မကို ဆင်ခြင်စဉ်းစားတယ်။ ဝါဆိုလဆန်း ၄-ရက်လောက်ထိအောင် အပန်းဖြေနားနေပြီးတော့ ဝါဆိုလဆန်း ၅-ရက်နေ့ ရောက်တဲ့အခါ သမာပတ်ကနေထပြီး ကိုယ်ဆင်ခြင်သိမြင်တဲ့ တရားဓမ္မတွေကို စဉ်းစားလိုက်တာ။ စဉ်းစားလိုက်တော့ မြတ်စွာဘုရားက ပထမဆုံး ဘာသွားပြီးတော့ စဉ်းစားမိ

စာမျက်နှာ-၄၈
တုန်းဆိုရင် အကြောင်းတရားကြောင့် အကျိုးတရားတွေ ဖြစ်နေတယ်ဆိုတဲ့ ဒီပဋိစ္စသမုပ္ပါဒ်ဟာ အင်မတန်နက်နဲတယ်၊ သိဖို့ခက်တယ်။

ဘုရားလောင်းတော်ကစဉ်းစားတာ ငါတွေ့ထားတဲ့တရားဟာ ဂမ္ဘီရော၊ အလွန်နက်တယ်။ ဒုဒ္ဒဿ၊ သာမန်နဲ့မြင်ဖို့ရာ ခက်တယ်။ နိပုဏ၊ အင်မတန်မှ သိမ်မွေ့တယ်။ ပဏ္ဍိတဝေဒနိယ၊ ပညာရှင်တွေသာ သိနိုင်တယ်။ အင်မတန် နက်နဲခက်ခဲပြီးတော့ သာမန်ပုဂ္ဂိုလ်တွေ လက်လှမ်းမမှီဘူး။ အဲဒီလို တရားတွေထဲမှာလဲပဲ ပဋိစ္စသမုပ္ပါဒ်ဆိုတာဟာ အင်မတန်မြင်ဖို့ခက်တယ်။ ဒါတင်မကဘူး သင်္ခါရတရားတွေရဲ့ အားလုံးချုပ်ငြိမ်းမှု အတွယ်အတာ အားလုံးကို စွန့်လွှတ်နိုင်တဲ့ နိဗ္ဗာန်ဆိုတာလည်းပဲ အင်မတန်မှ သိဖို့ခက်တယ်။ ပဋိစ္စသမုပ္ပါဒ်နဲ့ နိဗ္ဗာန်မြင်ဖို့ ခက်ခဲဆုံးတရား ၂-ခုပဲတဲ့၊ အဲဒီတရား ၂-ခုကို ကာမဂုဏ်အာရုံတွေနဲ့ ပျော်နေကြတဲ့ ပုထုဇဉ်တွေဟာ သိဖို့ခက်လိမ့်မယ်လို့ စိတ်ထဲမှာ ပေါ်လာတယ်။ အေး အဲဒီလောက်ခက်ခဲနက်နဲတယ်။ ပုထုဇဉ်တွေကလည်း ကာမဂုဏ်အာရုံတွေ ပျော်နေတယ်။ ပျော်နေတဲ့သူတွေကို တရားဟောမယ်ဆိုရင် သူတို့ကလည်း စိတ်ဝင်စားမှာမဟုတ်ဘူး။ နားလဲလည်မှာမဟုတ်ဘူး။ စိတ်မဝင်စား နားမလည်ပဲနဲ့ ဟောနေလို့ရှိရင် ငါပင်ပန်းရုံပဲဖြစ်မယ်။ အကျိုးဆိုတာ ထွက်လာမှာမဟုတ်ဘူး။ ရလာဒ်ပေါ်လာမှာမဟုတ်ဘူး။

ဘုရားဆိုတာ ရလာဒ်မပေါ်တဲ့ အလုပ်ကိုမလုပ်ဘူး။ ကြိုးပမ်းအားထုတ်မှုဟာ ရလာဒ်ရှိရမယ်ပေါ့။ အဲဒီ ဗောဓိပင်အောက်မှာ ပဋိဝေဓဆိုတဲ့ သစ္စာ ၄-ပါးကိုသိတဲ့ ဉာဏ်ကြီးကို ရလာတာ။ ဒါ ပထမဆုံးရလိုက်တဲ့ ဓမ္မစက္ကတစ်ခုပဲပေါ့နော်။ အဲဒီလိုရပြီးတော့ ခု ၄၉ရက် အပန်းဖြေနားနေပြီး ဆင်ခြင်စဉ်းစားလိုက်တယ်။ ဆင်ခြင်စဉ်းစား

စာမျက်နှာ-၄၉
လိုက်တဲ့အခါ တရားဟောဖို့အတွက် စိတ်မဝင်စားတော့ဘူး။ ဒါတော့ ဖြစ်နိုင်တာပဲ၊ ဘာဖြစ်လို့တုန်းဆိုတော့ ဒီလောက်ခက်တဲ့ဟာ ဘယ်သူမှလဲ နားလည်မှာမဟုတ်ဘူး။ ဟောနေရင်လဲ ငါပဲပင်ပန်းမှာပဲလို့ဆိုတဲ့ ဒီအတွေးလေး ဝင်လာတဲ့အချိန်လေးမှာ သဟမ္ပတိ ဗြဟ္မာမင်းကြီးက ဘုရားဘာတွေတွေးနေတုန်းဆိုတာ စဉ်းစားလိုက်တယ်။ လောကကြီးတော့ ပျက်စီးပါပြီ၊ ဘုရား တရားမဟောတော့ဘူးဆိုတဲ့စိတ်ကလေး ပေါ်နေတယ်ဆို ချက်ချင်းဆင်းလာပြီးတော့ အဲဒီနေရာမှာပဲ ဒူးထောက်ပြီး ဘုရားကို တောင်းပန်တယ်။ ဗြဟ္မာမင်း တောင်းပန်တယ်ဆိုတာ အဲဒါနော်။ မြတ်စွာဘုရားဖြစ်တဲ့ အချိန်ကလေးကလည်း တစ်ခဏလေး ဖြစ်လိုက်တာ။

ဗြဟ္မာမင်းကြီးကနေပြီးတော့ တောင်းပန်တယ်။ အရှင်ဘုရား သိတဲ့ပုဂ္ဂိုလ်တွေ ရှိပါလိမ့်ဦးမယ်ဘုရား၊ တရားမနာရလို့ရှိရင် အကုန်လုံး ဆုံးရှုံးပျက်စီးသွားနိုင်ကြပါတယ်။ အဲဒါကြောင့်မို့ တရားဟောပါလို့တောင်းပန်တဲ့အခါ မြတ်စွာဘုရားက ဗြဟ္မာမင်းကြီးရဲ့ တောင်းပန်မှုကို လက်ခံစဉ်းစားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့လည်းပဲ ဗြဟ္မာမင်းကြီးရဲ့ တောင်းပန်မှုကို လက်ခံစဉ်းစားရုံမက ကိုယ်တိုင်ကလည်းပဲ သတ္တဝါတွေကို ငါ တရားမဟောဘူးဆိုလို့ရှိရင် ဆင်းရဲတွင်းနက်ကုန်ကြလိမ့်မယ်ဆိုတဲ့ကရုဏာ၊ ဗြဟ္မာမင်းကြီးရဲ့ တောင်းပန်မှုနဲ့ ကိုယ်တော်မှာရှိတဲ့ ကရုဏာ၊ ဒီ ၂-ခုကို အကြောင်းပြုပြီးတော့ ကမ္ဘာလောကကြီးကို ပြန်ပြီးတော့ ဆင်ခြင်သုံးသပ်တယ်။ သတ္တဝါတွေရဲ့ အခြေအနေကို ပြန်ပြီးတော့ ဆင်ခြင်သုံးသပ်တယ်။ လေ့လာတာပေါ့နော်။

ဘယ်အရာပဲဖြစ်ဖြစ်လေ့လာရတယ်။ စာသင်တဲ့ဆရာကောင်း တစ်ယောက်ကလည်း ကျောင်းသားတွေထဲမှာ ဘယ်ကျောင်းသား

စာမျက်နှာ-၅၀
ဟာဖြင့် ဉာဏ်တော်တယ်၊ ဘယ်ကျောင်းသားဟာဖြင့် ကြိုးစားမှုရှိတယ်ဆိုတာ လေ့လာရသလိုပဲ မြတ်စွာဘုရားလည်းပဲ တရားဟောတော့မယ်ဆိုရင် တရားနာမဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို လေ့လာလိုက်တာ အသိဉာဏ်နဲ့ထိုင်ပြီးအာရုံပြုပြီး ကြည့်လိုက်တဲ့အခါမှာ သတ္တဝါတွေ အစားစား သွားတွေ့တယ်ပေါ့။ အားလုံးကိုအာရုံပြုတယ်၊ ဘုရားကလည်း အာရုံပြုကြည့်မှသိတာ။ ဒီအတိုင်းနေလို့မသိဘူး။ ဒါသဘာဝကျတယ်၊ ဓားကို ဓားအိမ်ထဲထည့်ထားလို့ရှိရင် အဲဒီဓားက တစ်ခုခုကို ခုတ်ဖြတ်နိုင်ပါ့မလား မဖြတ်နိုင်ဘူး။ အဲတော့ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးကလည်း အသုံးမချဘူးဆိုလို့ရှိရင် ဘယ်သိမလဲ။ ဉာဏ်ဆိုတာ မီးထွန်းထားသလို အမြဲလင်းနေတာမှ မဟုတ်တာ၊ အသုံးချလိုက်လို့ သိချင်ပြီဆိုရင် သိလာတာက အနာဝရဏ၊ သိချင်တဲ့ အကြောင်းအရာတစ်ခုဘက် ဦးလှည်လိုက်တာနဲ့တပြိုင်နက် အဆို့အပိတ်မရှိ အကုန်အစင် အကုန်သိတာ၊ ဒါဉာဏ်ရဲ့ စွမ်းရည်သတ္တိ။

ဘုန်းကြီးတို့တစ်တွေကျတော့ ဒီလိုမှမဟုတ်တာ။ သိချင်လို့ရှိရင်လည်းပဲ ခေါင်းသာကုပ်နေရတာ သိမှမသိတာ ခေါင်းအကြိမ်ကြိမ်ကုပ်လို့ အဲဒီမှာ အသိဉာဏ် ထွက်လာမလားဆို ထွက်မှာမဟုတ်ဘူး။ ဘာဖြစ်လို့တုန်းဆို အပိတ်အဆို့တွေရှိနေလို့ မြတ်စွာဘုရားကျတော့ အဲဒီလို အပိတ်အဆို့ မရှိဘူးလို့ပြောတာ။ သိချင်လို့ စဉ်းစားလိုက်တာနဲ့ တပြိုင်နက် အကုန်လုံး ရှင်းရှင်းလင်းလင်းကြီး အကုန်သိသွားတယ်။ အကျန်အကြွင်းမရှိသိတယ်၊ သိချင်လို့ပြဿနာလေးတစ်ခု အမေးလေးတစ်ခု အဖြေရှာလိုက်ရတာ ကိုယ်ကြိုက်တဲ့အဖြေကို မတွေ့နိုင်ဘူး နော်။ အဲဒါ ဉာဏ်ရဲ့စူးရှမှုမရှိတာ၊ ဉာဏ်ရဲ့ စွမ်းရည်သတ္တိဟာ တုံးနေတာလို့ ပြောတာ၊ ဘုရားကျတော့ အဲဒီလို မဟုတ်ဘူး။ သိချင်လို့

စာမျက်နှာ-၅၁
ကြည့်လိုက်တာနဲ့တပြိုင်နက် အပိတ်အဆို့မရှိ အားလုံးကို ကုန်စင်အောင်သိတာ။ ဒါ သဗ္ဗညုတ ဉာဏ်တော်ကြီးရဲ့ စွမ်းရည်သတ္တိပဲ။

အဲတော့ သတ္တဝါတွေရဲ့ အခြေအနေကို ကြည့်တာ၊ ဘာနဲ့ ကြည့်တုန်းဆိုတော့ မြတ်စွာဘုရားက ဗုဒ္ဓစက္ခုဆိုတဲ့ ဘုရားမျက်လုံးနဲ့ ကြည့်တာ၊ ဘုရားမျက်လုံးဆိုတာ တင်စားပြီးတော့ပြောတာ၊ ဉာဏ်ကို သုံးတဲ့အခါကျတော့ ၂-မျိုးရှိတယ်။ သိတယ်လို့ပြောတာဟာ ဉာဏ်ရဲ့ စွမ်းရည်သတ္တိ၊ ဉာဏ်ရဲ့ လက္ခဏာကို ပြောတာ။ မြင်တယ်လို့ပြောတာကျတော့ ဉာဏ်ရဲ့ ကိစ္စကိုပြောတာ။ အဲဒီ အသုံး ၂-ခုက အမြဲတမ်းရှိတယ်။ သိတယ်မြင်တယ်နော်။ သိတယ်ဆိုတာ ဉာဏ်ရဲ့ အသွင်အပြင် လက္ခဏာ၊ မြင်တယ်ဆိုတာ ဉာဏ်ရဲ့ ကိစ္စ၊ စက္ခုလို့လည်း သုံးတယ်။

ဗုဒ္ဓစက္ခုဆိုတာ တခြားမဟုတ်ဘူး။ အာသယာနုသယဉာဏ် အာသယ အနုသယ၊ အာသယဆိုတာ သတ္တဝါတွေရဲ့ဆန္ဒ ဒီလူရဲ့ အနေအထား စိတ်အနေအထား ဘယ်လိုရှိသလဲ၊ အနုသယဆိုတာ သူ့ရဲ့ သန္တာန်အခြေအနေတွေ ဘယ်လိုရှိသလဲ၊ သူ့သန္တာန်မှာ အစဉ်အလာက ကိန်းလာတဲ့ အနေအထားတစ်ခုဟာ ဘယ်လိုရှိသလဲ အာသယာနုသယဉာဏ်။ နောက်တစ်ခုက ဣန္ဒြိယပရောပရိယတ္တိဉာဏ်၊ ဣန္ဒြိယဆိုတာ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာလို့ဆိုတဲ့ ဒီစွမ်းရည်သတ္တိတွေက ထက်နေပြီလား၊ နံ့နေသေးသလား၊ ရင့်ကျက်လာပြီလား၊ မရင့်ကျက်သေးဘူးလားဆိုတာကို သိတာ။ သဒ္ဓါတရား နုနေသေးတဲ့ပုဂ္ဂိုလ်ကိုသွားပြီး အတင်းတရားဟောလို့လည်း သဒ္ဓါတရားက ထက်လာမှာမဟုတ်ဘူး။ ဝီရိယပျော့နေတဲ့ပုဂ္ဂိုလ်ကြည့်လေ၊ သဒ္ဓါနုတယ်ဆိုတာ စွမ်းအားသတ္တိက ပျော့ညံ့နေတာ၊ ယုံကြည်မှု

စာမျက်နှာ-၅၂
မပြင်းထန်ဘူး။ မပြင်းထန်သည့်အတွက်ကြောင့် အလုပ်လုပ်တဲ့အခါ မအောင်မြင်ဘူး၊ ဝီရိယကလည်း ကြိုးပမ်းအားထုတ်မှုက မထက်သန်ဘူး၊ ထက်သန်တဲ့ဝီရိယကျတော့ အရိုးကြေကြေ အရည်ခမ်းခမ်းလို့ အားထုတ်တယ်။

အေး- မထက်သန်တဲ့ ဝီရိယဆိုတာ ဘာတုန်း ဆိုလို့ရှိရင် နည်းနည်းလေး ပြောင်းလိုက်တာနဲ့ ထပြေးတာ၊ ကမ္မဋ္ဌာန်းထိုင်ရင် လည်းပဲ နည်းနည်းလေးမှ အညောင်းမခံဘူးနော် လျော့ချင်လာတယ်။ အဲဒါက ဝီရိယက ညံ့နေသေးတယ်လို့ ပြောတာ။ မြတ်စွာဘုရားက ကြည့်တာ သဒ္ဓါစွမ်းအားထက်တဲ့ပုဂ္ဂိုလ် ဘယ်သူရှိသလဲ၊ ဝီရိယ စွမ်းအားနဲ့ သေသေကြေကြေလုပ်မဲ့ပုဂ္ဂိုလ်က ဘယ်သူရှိသလဲ၊ သတိ စွမ်းအားကလည်း ရင့်ကျက်နေတဲ့ပုဂ္ဂိုလ်က ဘယ်သူရှိသလဲ၊ သမာဓိ စွမ်းအားထက်မြက်နေတာ ဘယ်သူရှိလဲ၊ ပညာဉာဏ်ကလည်း ထက်မြက်နေတဲ့ပုဂ္ဂိုလ်ဘယ်သူရှိလဲ၊ ထက်မြက်မှု ရှိမရှိ ဒါတွေကို ကြည့်တာ ဣန္ဒြိယပရောပရိယတ္တိဉာဏ်လို့ခေါ်တယ်။

မြတ်စွာဘုရားက အဲဒီဉာဏ်(၂)မျိုးကို အသုံးချပြီးတော့ လောကကြီးကိုရှုကြည့်လိုက်တဲ့အခါမှာ ကြာ-၃ မျိုးနဲ့ အလားသဏ္ဍာန် တူတဲ့ လူ-၃ မျိုးပေါ်လာတယ်။ လူ-၃ မျိုးဆိုတာ အုပ်စု-၃ ခုပေါ့။ ကြာအုပ်စုက ဘယ်လိုဟာတုန်းဆိုရင် ကြာပန်းတွေပွင့်နေတဲ့ အိုင်ကြီး တစ်ခုကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် တချို့ကြာတွေက ရေပေါ်ထိ

စာမျက်နှာ-၅၃
အောင် ပေါ်မလာဘူး။ ရေမျက်နှာပြင်အောက်ငုပ်ပြီးတော့နေတဲ့ ကြာ မျိုးကရှိတယ် အပေါ်တက်မလာနိုင်ဘူးပေါ့နော်။ အပေါ်တက်လာမဲ့ အနေအထားမရှိဘူး။ ရေမျက်နှာပြင်ပေါ်ကို မရောက်သေးဘူး။ ရေ အောက်မှာပဲ ရေရဲ့ မျက်နှာပြင်အောက်မှာ ငုပ်လျှိုးပြီးတော့နေတဲ့ ကြာအပေါ်မှာ အဖူးအပွင့် မထွက်သေးဘူးလို့ ပြောတာနော်။ အဲဒီ ကြာမျိုးကလည်း တစ်မျိုးပဲ၊ နောက် တချို့ကြာကျတော့ အပေါ်မှာ အပွင့်ကလေးတက်လာတယ်။ သို့သော် ရေမျက်နှာပြင်နဲ့ Level ဖြစ်နေတယ်။

နောက်ကြာတစ်ခုကျတော့ ရေမျက်နှာပြင်ပေါ်မှာ ကြွားကြွား ကြီး အပေါ်တက်လာတယ်။ ကြာလေးဟာ မရင့်သေးဘူးဆိုရင် ရေ အောက်မှာ မြုပ်နေတယ်။ နည်းနည်းလေး ရင့်လာပြီဆို အပေါ် နည်း နည်း တက်လာတယ်။ ပွင့်တော့မဲ့ အနေအထားဆိုရင် ရေနဲ့ တစ်ထွာ တစ်မိုက်လွတ်လာတယ်။ ဒီလို သတ္တဝါ-၃မျိုးကို သွားတွေ့တယ်။

ဒီသတ္တဝါ-၃ မျိုးဟာ ကြာ-၃ မျိုးလိုပဲ။ သတ္တဝါ-၃ မျိုး၊ ပထမ သတ္တဝါက ရေထဲမှာပဲ ငုပ်ပြီးတော့ ကြီးနေတဲ့ဟာ၊ ဘယ်တော့မှ ပေါ်လာမှာမဟုတ်ဘူး။ အဲဒီပုဂ္ဂိုလ်မျိုးကနော် ရေထဲမှာငုပ်နေတဲ့ ကြာ မျိုးလိုပဲ တရားဟောရင်လည်း ပွင့်ဖို့သိပ်ပြီးတော့ မလွယ်သေးဘူးပေါ့။

နောက်တစ်ခါ ရေမျက်နှာပြင်ပေါ်မှာ မျက်နှာပြူလာတဲ့ ကြာမျိုးလည်း ရှိတယ်။ အဲဒီ သတ္တဝါမျိုးကျတော့ အချိန်စောင့်ရဦးမယ်ပေါ့။ ရေထဲမှာ ငုပ်နေတဲ့ကြာလည်း အချိန်စောင့်ရဦးမယ်။ ရေမျက်နှာပြင်ပေါ်မှာ မျက်နှာပြင်နဲ့တစ်ညီတည်းဖြစ်လာတဲ့ ကြာမျိုးကလည်း အချိန်စောင့်ရ ဦးမယ်။ ချက်ချင်းပွင့်နိုင်ဖို့ မရှိသေးဘူး။ အဲဒီထဲမှာ ရေမျက်နှာပြင်ပေါ် တက်လာပြီးတော့ အပေါ်မှာပွင့်တော့မဲ့ အနေအထားရှိနေတဲ့ ကြာက ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်၊ ဣန္ဒြေတွေထက်သန်နေတဲ့ပုဂ္ဂိုလ်၊ တရား လေးဟောလိုက်တာနဲ့ တပြိုင်နက် အဲဒီပုဂ္ဂိုလ်ဟာ နေရောင်နဲ့သင့်လို့ ကြာပန်းကြီး ပွင့်လာသလိုပဲ ရှေ့လောကဓာတ်မှ နေထွက်လို့ နေရောင်နဲ့ ထိလိုက်ရော ကြာပန်းကြီးက ပွင့်ထွက်လာသလိုပဲ ဓမ္မတည်းဟူသော

စာမျက်နှာ-၅၄
နေရောင်နဲ့တွေ့လိုက်တာနဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ အသိဉာဏ်ဟာ ပွင့်သွားမယ်။ အဲဒါက ဥဂ္ဃဋိတညူ ပုဂ္ဂိုလ်မျိုးကို ရည်ညွှန်းပြီးပြောတာ၊ အဆင်သင့် ဖြစ်နေပြီ၊ ကြာပန်းကြီးတစ်ခုဟာ ပွင့်ဖို့အဆင်သင့် ဖြစ်နေတယ်။ အဲဒါလိုပဲ အသိဉာဏ်တွေ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာတွေ ထက်နေလို့ အဆင်သင့်ဖြစ်နေတဲ့ ပုဂ္ဂိုလ်မျိုးကလည်း ရှိတယ်နော်။

အဆင်သင့်မဖြစ်သေးဘူး၊ စောင့်ရဦးမယ်၊ ၄-၅-ရက် ရေ မျက်နှာပြင်ပေါ်မှာ အခုမှ ပြူလာကာရှိသေးတယ်ဆိုတာကျတော့ မရင့်ကျက်သေးဘူး၊ အဲဒီ ပုဂ္ဂိုလ်မျိုးက တစ်မျိုး။ အဲဒီ ပုဂ္ဂိုလ်မျိုးကျ တော့ ဝိပဉ္စိတညူ လို့ခေါ်တယ်။ အကျယ်ရှင်းပြမှ သဘောပေါက်မဲ့ ပုဂ္ဂိုလ်မျိုးတွေ ဉာဏ်ရည်ဉာဏ်သွေးက မပြည့်စုံသေးဘူး၊ ရေထဲမှာငုပ် ပြီးတော့နေတဲ့ ရေပေါ်မှာ ပေါ်မလာသေးတဲ့ သတ္တဝါကျတော့ ခုနက စောင့်ဦး၊ ခုနက ၇-ရက် စောင့်ရရင် သူက ၇-ရက် နှစ်လီ စောင့်ရမယ် ပေါ့၊ အဲဒီပုဂ္ဂိုလ်မျိုးကျတော့ အချိန်အကြာကြီး ယူပြီးတော့မှ သူက အသိဉာဏ်ရမဲ့ပုဂ္ဂိုလ်မျိုး နေယျပုဂ္ဂိုလ်လို့ ဒီလိုခေါ်တယ်နော်။

နေယျ ပုဂ္ဂိုလ်ဆိုတာ ကမ္မဋ္ဌာန်းယူပြီးတော့ကျင့်၊ ၁ဝ-ရက် စခန်း အကြိမ်ကြိမ်ဝင်နော် တစ်သက်လုံးအားထုတ်၊ အတော်နဲ့မရနိုင်ဘူး၊ နောက်ဆုံး တကယ့်ကို ကြိုးစား အားထုတ်တဲ့အခါမှ တရားထူး တရားမြတ်ရတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်တယ်။ အချိန်တွေအများကြီး ယူရမဲ့ ပုဂ္ဂိုလ်မျိုးပဲ။ အဲဒီပုဂ္ဂိုလ်-၃စားကို သွားတွေ့လိုက်တယ်။ သွားတွေ့ လိုက်တဲ့အခါကျတော့ ခုနကပြောခဲ့တဲ့ ပွင့်ဖို့ရာအဆင်သင့်ဖြစ်နေတဲ့ ကြာပန်းကြီးလို ပုဂ္ဂိုလ်မျိုးတွေ လောကကြီးမှာ ရှိနေသေးတယ်ဆိုတာကို မြတ်စွာဘုရားက ဒီဥပမာနဲ့ ထင်ထင်ရှားရှားတွေ့လိုက်တယ်နော်။

စာမျက်နှာ-၅၅
ပဋိဝေဓဉာဏ် ရထားပြီးတဲ့အခါ ဒေသနာဉာဏ်လို့ဆိုတဲ့ ဓမ္မစက္ကကို အသုံးချဖို့အတွက် ကြည့်လိုက်တာ တရားနာပရိသတ် တရား နာမဲ့လူမရှိပဲနဲ့ ဒေသနာဉာဏ်ဆိုတာ ဖြစ်နိုင်တာမှ မဟုတ်တာကိုး၊ ဒီတော့ ပဋိဝေဓဉာဏ်ဆိုတဲ့ ဓမ္မစက္ကကို ရရှိပြီးတဲ့နောက်မှာ ဒေသနာ ဉာဏ်ဆိုတဲ့ ဓမ္မစက္ကကို အသုံးချဖို့အတွက် ဘုရားက သတ္တဝါတွေကို လောကကြီးတစ်ခုလုံး ခြုံငုံပြီးတော့ ကြည့်လိုက်တဲ့အခါမှာ ကြာ ၃မျိုးနဲ့ အလားသဏ္ဍာန်တူတဲ့ ပုဂ္ဂိုလ်-၃မျိုးကို သွားတွေ့တယ်၊ ပြီးတော့ စဉ်းစားလိုက်တယ်။ အဲဒီကြာနဲ့ အလားသဏ္ဍန်တူတဲ့ ပုဂ္ဂိုလ်တွေကို ပထမဆုံးခေါင်းထဲဝင်လာတာဘယ်သူလဲလို့ဆိုရင် အာဠာရကာလာမ ရသေ့ကြီး တကယ့်သူတော်ကောင်းကြီးပဲ အသိဉာဏ်လဲထက်တယ် ဈာန်အဘိဉာဏ် ကျင့်ကြံကြိုးကုတ်အားထုတ်လိုက်တာ ၇-ဆင့်ထိ အောင် ပေါက်ထားပြီးသားပုဂ္ဂိုလ်ကြီး၊ အေး သူ့ကိုဟောလိုက်ရမယ် ဆိုရင် သူဟာ အဆင်သင့်ပွင့်တော့မဲ့ အနေအထားရှိတဲ့ ကြာမျိုးနဲ့ အလားသဏ္ဍန်တူတယ်။ ရှင်းပြလိုက်တာနဲ့ သူဟာ လုံးဝ သဘော ပေါက်သွားနိုင်တယ်၊ သူ့ကိုငါအရင် တရားဟောမှပဲလို့ဆို စဉ်းစား လိုက်ကာရှိသေး အနီးအနားကနေပြီးတော့ ပြောတဲ့အသံကြားလိုက်တယ်။ “အရှင်ဘုရားတဲ့ အာဠာရကာလာမကြီးသေတာ ၇-ရက်ရှိသွား ပြီဆို”တဲ့ စကားသံကိုကြားတယ်။ ဘယ်သူက လာပြောတုန်းဆို မမြင် ရတဲ့နတ်ကနေ လာပြောလိုက်တာ။

မြတ်စွာဘုရားကလည်းပဲ အဲဒီလို အာဠာရကာလာမကို စဉ်းစားလိုက်ပြီးတဲ့အခါ သူ့ကြည့်လိုက်တော့ “သော် သူသေသွားတာ ၇-ရက်တောင် ရှိပြီ”ဆိုတော့ ဘုရားရဲ့ဉာဏ်တော်ထဲမှာ “ဆုံးရှုံး သွားရှာပြီ၊ ဒီတရားမြတ်ကို သူနာလိုက်ရင် ချက်ခြင်းသဘောပေါက်

စာမျက်နှာ-၅၆
သွားမှာ ခုတော့သူမရှိတော့ဘူး” မရှိတော့ရင် လိုက်တရားဟောလို့ရော ရမလားဆို မရဘူး၊ အာကိဉ္စညာတနဘုံဆိုတာက နာမ်ချည်းဖြစ်တဲ့ဘုံ ဆိုတော့ နားမှမပါတာ၊ နားမပါတဲ့လူကို လိုက်တရားဟောလို့ ဘယ်ရ မလဲနော်။ အဲဒါကြောင့် ဘုရားက ဆုံးရှုံးသွားရှာပြီ ခုလည်း ရှိနေမှာပဲ ဘယ်ဘုရားလက်ထက်မှ ကျွတ်မယ်တော့မသိဘူး၊ အရူပဘုံမှာ သူရှိ နေဦးမှာပဲ။

တစ်ခါ အာဠာရကာလာမ မရှိတော့ဘူးဆိုရင် နောက်တစ် ယောက်ကို စဉ်းစားတယ်။ သူ ဆရာတော်ခဲ့ဖူးတဲ့ ဥဒကရာမပုတ္တကို ကြည့်လိုက်တယ်၊ ဥဒကရာမပုတ္တဟာ ဒီတရားနာလိုက်ရင်တော့ ထူးထူးခြားခြား သိမှာပဲလို့တွေးလိုက်တဲ့အချိန်မှာ ခုနက နတ်သား တစ်ယောက်က “အရှင်ဘုရား ညသန်းခေါင်ကပဲဆုံးသွားပြီတဲ့၊ ဒီလူကလည်း မရှိတော့ဘူးတဲ့ ညဦးယာမ်ကပဲ ဆုံးသွားပြီတဲ့”။ မြတ်စွာဘုရား ဉာဏ်တော်မှာလည်းပဲ “သော် ဥဒကရာမပုတ္တကြီး မရှိတော့ဘူး၊ ဆုံး သွားပြီဆိုတာ ဉာဏ်ထဲမှာလည်း ပေါ်လာတယ်တဲ့”။ ဥဒကရာမပုတ္တ ကလည်း အလွန်ဉာဏ်တော်တဲ့ပုဂ္ဂိုလ်၊ ဒီတရားကို နာလိုက်ရရင် သူ ချက်ချင်း သဘောပေါက်သွားမှာပဲ၊ တရားထူး တရားမြတ်ရမှာ၊ အခု တော့ ဆုံးရှုံးနစ်နာသွားပြီ၊ တရားဦးဟောဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ လက်ခံနိုင်တဲ့ပုဂ္ဂိုလ်ကို အရင်စဉ်းစားရတယ်နော်၊ ဘာဖြစ်လို့ တုန်းဆို တရားက အလွန်ခက်ခဲတာ။

အဲဒါနဲ့ ဘုရားကဆက်ပြီးတော့ စဉ်းစားလိုက်တယ်၊ အာဠာရ ကာလာမလည်း မရှိဘူး။ ဥဒကရာမပုတ္တလည်း မရှိဘူးဆိုတော့ ဘာ သွားသတိရတုန်းဆို ငါတရားအားထုတ်နေတုန်းက ငါ့နားမှာ ဝတ်ကြီး ဝတ်ငယ်ပြုတဲ့ ဘုရားသီတင်းသုံးတဲ့ လမ်းနားလေးမှာ တောထွက်

စာမျက်နှာ-၅၇
နေတဲ့ အနားမှာ ရေအိုးလေးတွေ ဘာလေးတွေ တည်ပေးတယ်နော်၊ တံမြက်စည်းလေး ဘာလေး လှဲပေးတာတို့ပေါ့၊ ဝေယျာဝစ္စ လုပ်ပေး ကြတယ်၊ ပဉ္စဝဂ္ဂီ၅-ဦး သူတို့ဟာ ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေပဲ၊ သူတို့ကို တရားဟောရရင်တော့ သိမှာပဲ၊ သူတို့ဘယ်ရောက်နေသလဲလို့ ကြည့် လိုက်တဲ့အခါ စွန့်ခွာသွားပြီးတော့ ဥရုဝေလကနေ ကဆုန်လဆန်း လောက်ကတည်းက ထွက်သွားတာ။ ဗာရာဏသီက ဣသိပတနတော ဘက်ကို ရောက်နေကြတယ်ဆိုတာ ဘုရားမြင်တယ်။ မြင်လိုက်တာနဲ့ “ကဲ ပဉ္စဝဂ္ဂီတွေကိုပဲ အရင်တရားဟောမယ်၊ ငါ့အပေါ်မှာ ကျေးဇူးများ ခဲ့တယ်။ ငါ့ရဲ့ ဝေယျာဝစ္စတွေ သူတို့ လုပ်ပေးဖော်ရတယ်၊ သူတို့ကိုပဲ အရင်ဟောမယ်” လို့ ကျေးဇူးများတာကိုလည်းပဲ မြတ်စွာဘုရားက တစ်ခု တွက်ကြည့်တယ်၊ နောက်တစ်ခုကတော့ ခုနက သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ လို့ဆိုတဲ့ ဣန္ဒြေရင့်ကျက်မှုကိုလည်းပဲ မြတ်စွာ ဘုရားက ကြည့်တယ်ပေါ့နော်။

ဒါကြောင့်မို့လို့ ပဉ္စဝဂ္ဂီတွေကို ငါ တရားဟောမယ်၊ ဝါဆို လဆန်း ၅-ရက်နေ့မှာ ဒီအတွေးပေါက်ပြီးတော့ ဥရုဝေလတောမှာ ၁-ရက် ၂-ရက်မျှသာ သီတင်းသုံးပြီး ဝါဆိုလဆန်း ၆-ရက် ၇-ရက် လောက်မှာ စပြီးထွက်တယ်လို့ ပြောရမှာပေါ့နော်။ ဥရုဝေလတော ဗောဓိပင်ကနေပြီးတော့ ဂယာဘက် ဒီကနေ့ ဘုရားဖူးရောက်ဖူးတဲ့ သူတွေ သိပါလိမ့်မယ်၊ ဘုရားအလောင်းဟာ ဂယာနဲ့ မဟာဗောဓိ ကြားက ၃-ဂါဝုတ်ရှိတယ်၊ ၃-ဂါဝုတ်ဆိုတာ တစ်ယူဇနာမပြည့်ဘူး။ တစ်ယူဇနာ ဆိုလို့ရှိရင် ၈-မိုင်လို့ခေါ်တယ်၊ ခုခေတ် မိုင်နဲ့ပြောရင် ၈-မိုင်လောက်ရှိတယ်ပေါ့။ အဲတော့ ၆-မိုင်လောက် အနေအထား ပေါ့နော်၊ ခုခေတ်နဲ့ ပြန်တွက်ကြည့်ရမှာပေါ့။ ခုခေတ်ဂယာနဲ့ သွားပြီး

စာမျက်နှာ-၅၈
သတ်မှတ်လို့ မရဘူးပေါ့။ ရှေးတုန်းကတော့ ဗောဓိပင်နဲ့ ဂယာကြား မှာ ၃-ဂါဝုတ် ခရီးရှိတယ်လို့ စာထဲမှာ ဒီလိုပါတယ်။

မြတ်စွာဘုရားဟာ ဈာန်အဘိညာဉ်နဲ့ မကြွဘဲနဲ့ ဗာရာဏသီကို ၁၀-ရက်လောက် ခရီးသွားတယ်၊ ကုန်းကြောင်းသွားတယ်။ ကုန်းကြောင်းခရီးထွက်သွားတော့ ဂယာနဲ့ ဗောဓိပင်ကြားမှာ ဥပကဆိုတဲ့ အာဇီဝကကြီးနဲ့ သွားဆုံမိတယ်။ အာဇီဝကဆိုတာ အဝတ် မဝတ်ဘဲနဲ့ကျင့်တဲ့ တက္ကတွန်းကို ခေါ်တာ။ ဒီကနေ့ခေတ်မှာလည်း အိန္ဒိယသွားတဲ့လူတွေတွေ့ဖူးလိမ့်မယ် ဂျိန်းဘုန်းကြီးတွေဆိုတာ အဝတ်မှမဝတ်တာနော်၊ အဲဒါကို သွားဖူးတဲ့သူက ရှိသေးတယ်။ ထိုင်း ဘုန်းကြီးတစ်ပါးက အဲဒီမှာ Television သွားရိုက်တယ်၊ အဲဒီ ဂျိန်း ဘုန်းကြီးနဲ့ အတူတူထိုင်ပြီး စကားတွေပြောလို့ အဲဒီမှာ ဟိုကိုယ်တော်က အဝတ်ဝတ်တာ မဟုတ်ဘူး။

( သူ့ကြည်ညိုတဲ့ဒကာဒကာမတွေက ဆွမ်းကျွေးလို့ရှိရင်လည်း သူ့ထဲမှာ သပိတ်မပါဘူး၊ လာလို့ရှိရင် သူက လက်ကလေးဖြန့်ရင် အဲဒီလက်ထဲ ထည့်စားလိုက်၊ နောက်တစ်ခါ လက်ကမ်းလိုက် ထပ် ထည့်လိုက် စားလိုက်နဲ့ လက်ထဲထည့်ပေးရတာ။ ဒါကြောင့်မို့ ငယ် ငယ်တုန်းက စာသင်တုန်းက ဟတ္တေသု ပိဏ္ဍာယ စရတိဆိုတဲ့ စကားလုံးလေးပါတယ်၊ လက်တို့ဖြင့် ဆွမ်းခံတယ်ဆိုတဲ့စကားရှိတယ်၊ ရဟန်းတွေကို အဲလို လက်နဲ့ဆွမ်းခံခွင့်မပြုဘူး။ ဘုရားက သပိတ်နဲ့ ဆွမ်းခံရမယ် လက်နဲ့ ဆွမ်းမခံရဘူး။ ဘာဖြစ်လို့တုန်းဆို အဲဒီအကျင့် ကျင့်တဲ့ပုဂ္ဂိုလ်တွေက လက်နဲ့ ဆွမ်းခံတာ၊ သပိတ်မဆောင်ဘူး။ ဒကာ ဒကာမက သူ့လက်ထဲ ထည့်ပေးရတာ၊ ထည့်လိုက် စားလိုက်၊ ထည့် လိုက် စားလိုက်ပဲ။ စားပြီးတဲ့အခါကျတော့ လက်တွေဘာတွေ ခုခေတ်

စာမျက်နှာ-၅၉
တော့ ဆေးပေးတယ်ထင်ပါရဲ့၊ ဟိုတုန်းကတော့ တင်ပါးသုတ်လိုက်ပုံ ရပါတယ်။

အာဇီဝက ဥပကကြီးနဲ့ လမ်းမှာဆုံမိရော ဘုရားက အဲဒီ အချိန်မှာ ၃၅-နှစ်အရွယ် ငယ်ငယ်ရွယ်ရွယ်ရှိသေးတယ်။ အင်မတန် ရုပ်ကလည်းလှ သပ္ပါယ်တယ်၊ သူတော်စင်အနေအထားနဲ့ တည်တည် ငြိမ်ငြိမ်ကို သွားတာ၊ အဲဒီခေတ်ကလည်း အလွန်ရှားတယ်။ ငယ်ရွယ် သူတွေက ဘာသာရေးတရား မလုပ်ဘူး၊ လူငယ်လူရွယ်တွေဆိုတာ ကာမဂုဏ်ချမ်းသာခံစားနေတဲ့ အနေအထားပဲရှိတယ်။ ဥပကတို့ဆိုတာ သက်ကြီးရွယ်အိုတွေ အဖိုးကြီးအဖွားကြီးတွေ၊ အဖိုးကြီးတွေဖြစ် နေမှ အဲဒီတရား ကျင့်ကြတာကို၊ အဲဒီခေတ်က အဲဒီမှာ ငယ်ငယ်ရွယ် ရွယ်နဲ့ သူတော်စင်ကို မြင်ရတဲ့အခါ ဥပကကြီးက သူ့စိတ်ထဲမှာ နည်း နည်းအံ့အားသင့်တယ်၊ နေစမ်းပါဦးတဲ့၊ ကိုယ်တော့်အသားအရေ ကြည့်လိုက်ရတာလည်း စိုလို့ ပြောလို့ ဣနြေတွေကလည်း ပြည့်ပြည့် ဖြိုးဖြိုးလေးနဲ့ ဘယ်သူ့ကိုရည်ညွှန်းပြီးတော့ သာသနာ့ဘောင်မှာရဟန်း ပြုတာလဲ၊ ဘယ်သူ့တရား ကြိုက်တာလဲဆိုပြီး မေးမြန်းစုံစမ်းတယ်။

ဘုရားကပြောတယ် သူဟာ အားလုံးကို စွန့်လွှတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်ပေါ့၊ တရားဓမ္မတွေကို ကိုယ်တိုင်သိထားသည့် အတွက်ကြောင့် ဘယ်သူ့ကိုဆိုတာ ငါရည်ညွှန်းစရာ မရှိဘူးပေါ့။

လောကမှာ ငါဟာ ထူးခြားတဲ့ တရားတစ်ခုကို ကိုယ်တိုင်သိလာတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ငါ့မှာ ဆရာမရှိဘူးလို့ပြန်ပြောတယ်။ ဒါက ဘာကို ရည် ညွှန်းပြောလဲဆိုတော့ အာဠာရကာလာမတို့ ဥဒကရာမပုတ္တတို့ဆီ သမထကျင့်စဉ်ကျင့်နည်းခံတာ၊ အဲဒီနည်းနဲ့ ဒီအသိဉာဏ်ထူးရတာ မဟုတ်ဘူးနော်၊ ကိုယ်တိုင်တီထွင်လိုက်တဲ့နည်းလမ်းနဲ့ ဝိပဿနာ

စာမျက်နှာ-၆၀
ကျင့်စဉ်ကို ကျင့်ပြီးတော့ ဒီ သဗ္ဗညုတဉာဏ်တော်ကြီးကိုရတာ၊ အနုတ္တရသမ္မာသမ္ဗောဓိ ကိုရတဲ့နေရာမှာ ဆရာမရှိဘူးလို့ပြောတာ။

ဘုရားက ဘာဆက်ပြောတုန်းဆိုရင် “ဓမ္မစက္ကံ ပဝတ္တေတုံ ဂစ္ဆာမိ ကာသိနံ ပုရံ” ဓမ္မစက္ကဆိုတဲ့ ဒေသနာဉာဏ်ကို အသုံးချ ဖို့အတွက် ကာသိတိုင်းရဲ့မြို့တော်ကြီးကို ငါသွားရလိမ့်မယ်။ “အန္ဓီ ဘူတသ္မိံ လောကဿိ၊ အာဟနီ အမတဒုန္ဒုဘိ” လောကကြီးဟာ အမှောင်ကျနေတယ်တဲ့၊ အမှောင်ကျနေတဲ့ လောကကြီးထဲမှာ ငါဟာ အမတဒုန္ဒူဘိဆိုတဲ့ မသေရာ ဓမ္မအမြိုက်စည်ကြီးကို တီးခတ်မယ် တရားဟောမယ်လို့ ပြောတာနော်။

အဲဒီစကားနဲ့ ပြန်ကြားပြောဆိုလိုက်တဲ့အခါ ဥပကကြီးက သဘောကျတယ်၊ “အရှင်ဘုရားကို ဇိနလို့ခေါ်လို့ရမလားတဲ့” ဇိနဆိုတာ Conqueror အောင်မြင်သူ အောင်နိုင်သူ ဘာတွေကို အောင် နိုင်သွားတာတုန်းဆိုရင် ကြည့်- ကိလေသာတွေကို အောင်နိုင်ခဲ့တာ။ ဘုန်းကြီးတို့တစ်တွေက ကိလေသာတွေကို မအောင်နိုင်ဘူး၊ အရှုံးပေး နေကြရတာနော်။ လောဘဖြစ်ရင်လည်း လောဘကိုအရှုံးပေး လိုက်ရ တာပဲ၊ ဒေါသဖြစ်ရင်လည်း ဒေါသကို အရှုံးပေးလိုက်ရတာ၊ မောဟဆိုတာ မပြောနဲ့တော့ အရှုံးပေးနေရတာ အမြဲတမ်းနော်။ အဲဒီလို ကိလေသာတွေကို အရှုံးပေးနေရတဲ့ ရှုံးနေတဲ့လူတွေသာ ဖြစ်တယ်။ မြတ်စွာဘုရားကတော့ မဟုတ်ဘူး၊ Conqueror အောင်နိုင်သူ ကိုယ့် စိတ်ကို အောင်နိုင်သွားပြီ။ စိတ်က ဘုရားရဲ့ အလိုအတိုင်း ဖြစ်ရတယ်၊ သူက စိတ်အလိုအတိုင်း မဖြစ်တော့ဘူး။ စိတ်ကို ပိုင်စိုးသွားတယ်။ ဘုရားက ဒါကြောင့်မို့ သူက အောင်နိုင်သူအစစ် အားလုံးကို ချုပ်ကိုင် ထားနိုင်တဲ့ အနေအထားရှိတယ်။

စာမျက်နှာ-၆၁
ဘုန်းကြီးတို့တစ်တွေ ကိုယ့်စိတ်ကို မချုပ်ကိုင်နိုင်ဘူး၊ မချုပ် ကိုင်နိုင်လို့ ကိုယ်က အရှုံးသမားပဲ၊ အရှုံးသမားဘဝက မလွတ်ကြသေးဘူး၊ ဘုရားကျတော့မှ တကယ့်အနိုင်ရတဲ့ပုဂ္ဂိုလ် ဖြစ်သွားတယ်။ ဒါကြောင့်မို့ သူဟာ အနိုင်ရသူ ဇိန ဆိုတဲ့နာမည် မြတ်စွာဘုရားက ပြောတယ်၊ ဥပကကြီးက သဘောကျတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲရဲ ဝံ့ဝံ့ ပြတ်ပြတ်သားသားပြောတော့ သဘောကျ မိတ်ဆွေဖွဲ့ပြီး သူက သူသွားမယ့်လမ်းကို ရှောင်ပေးလိုက်တယ်၊ အသက်အရွယ်ကြီးပေမယ့် လို့ သူလေးစားသွားတယ်။ အသက်အရွယ်ငယ်ပေမယ့် ဘုရားကို လေးစားလို့ အရိုအသေပေးပြီးတော့ သူက လမ်းဖယ်ပေးလိုက်တယ်၊ လမ်းမှာဆုံကြတာကိုး။

အဲဒီကနေ မြတ်စွာဘုရားက ကုန်းကြောင်းကြွသွားတာ၊ ဒီခရီးက ဘယ်လောက်ဝေးတုန်းဆိုရင် အခုခေတ်အနေနဲ့ ပြောမယ်ဆိုရင် ဗာရာဏသီကနေလာတာ ဘုန်းကြီးမှတ်မိသလောက်ဆိုရင် ၄-နာရီ လောက်မောင်းရမယ်ထင်တယ်၊ ကားကကွေ့ကောက် မောင်းလို့လား တော့ မသိဘူးပေါ့နော် အတော်ဝေးတာ။ စာပေထဲမှာဆို ၁၈-ယူဇနာတဲ့၊ တစ်ယူဇနာကို ၈-မိုင်နှုန်းနဲ့တွက်ရင် မိုင်တစ်ရာကျော်နေပြီ၊ တစ် နေ့တစ်နေ့ကို မြတ်စွာဘုရားက တစ်ယူဇနာနှုန်းနဲ့ ကြွတာမဟုတ်ဘူး။ ၁၀-ရက်လောက်နဲ့ အရောက်သွားတာဆိုတော့ တစ်နေ့ကို၂-ယူဇနာ လောက်ပေါက်အောင် သူသွားတဲ့သဘောရှိတယ်။ ခပ်မြန်မြန်သွားတယ်ပေါ့၊ သိပ်မနားဘဲနဲ့သွားတယ်၊ ညညကျမှ ခေတ္တခဏနားမယ် ပေါ့၊ ကုန်းကြောင်းသွားတာ။

တစ်ခါတုန်းက အိန္ဒိယရောက်သွားတော့ အဲဒီဗုဒ္ဓဂယာနဲ့ ဗာရာဏသီကို ကုန်းကြောင်းသွားနေကြတဲ့ ထိုင်းက ဘုရားဖူးအဖွဲ့

စာမျက်နှာ-၆၂
တွေ့ဖူးတယ်၊ သူတို့ကုန်းကြောင်းသွားတာတော့ တော်တော်သွားချင် စရာပဲ၊ စားစရာသောက်စရာတွေနဲ့ ဟိုက ကားက ဘေးကနေ ရံလိုက် လာရတာ၊ သူတို့က ကုန်းကြောင်းသွားတာ။ သူတို့ရပ်တဲ့နေရာကို ကျွေးဖို့မွေးဖို့ ကားတွေနဲ့ လိုက်လာတာ။ ဘုရားကို အားကျပြီး ကုန်းကြောင်းလျှောက်တာ အမောပဲ အဖတ်တင်မှာ၊ တရားကတော့ ရမှာမဟုတ်ဘူး။ အေး ဘုရားကိုပူဇော်တဲ့အနေနဲ့ လျှောက်ရင်တော့လည်း ဘုရားကို အာရုံပြုရင်တော့ ကုသိုလ်တော့ ရမှာပေါ့နော်။

ဘုရားက ကုန်းကြောင်းလျှောက်ပြီးတော့သွားတာ၊ လဆန်း ၆-ရက်နေ့လောက်က သွားလိုက်တာ ဝါဆိုလပြည့်နေ့ဆိုတော့ ၁၀ရက်လောက်သွားရတယ်၊ ၁၀-ရက်လောက်ကြာတဲ့အခါ ခုနက ဗာရာ ဏသီရောက်သွားပြီး ဣသိပတနတောဘက်ကို ရောက်သွားတယ်၊ နေမဝင်ခင် အဲဒီရောက်သွားတယ်ဆိုပါစို့။

ရောက်သွားတာနဲ့ ပဉ္စဝဂ္ဂီတွေက ခပ်လှမ်းလှမ်းကတည်းက ဂေါတမရဟန်းတော် ကြွရောက်လာတာကို မြင်ကြတော့ တိုးတိုး တိုးတိုး ပြောကြတယ်။ “ဟိုမှာ လာနေပြီ လာနေပြီ” အရင်တုန်းက သူတို့ အင်မတန်အထင်ကြီးခဲ့တာနော်၊ နောက်တော့ ဆွမ်းပြန်စား ကတည်းက ခွာသွားကြတာ၊ ကဲ-လာလို့ရှိရင် ခရီးဦးလည်းမကြိုဆိုနဲ့။ သူ့လက်ထဲပါတဲ့ သပိတ်သင်္ကန်းတွေလည်း လှမ်းမယူကြနဲ့၊ ဘယ်သူ ကမှ ဝေယျာဝစ္စမလုပ်နဲ့၊ ဒါပေမယ့်လို့ နေရာလေးတော့ ခင်းထားမယ် ပေါ့၊ ထိုင်ချင်ထိုင်ဖို့ နေရာလေးခင်းထားတယ်။

ဘာဖြစ်လို့ ဒီလိုလုပ်တာတုန်းလို့ဆိုတော့ ကြည့်- လူဆိုတာ လေ ဒီ မြတ်စွာဘုရားက သိဒ္ဓတ္ထမင်းသားဘဝကလာတာကို မင်းသား ဆိုတော့ သူတို့က ခေါင်းထဲမှာကို အလိုလိုအရိုအသေ ပေးနေရတယ်။

စာမျက်နှာ-၆၃
ဒီ ပုဏ္ဏားတွေက မင်းကိုခစားရတဲ့လူတွေပဲလေ၊ ဘုရားအလောင်းလေးကို ခစားရတယ်။ သုဒ္ဓေါဒနမင်းကြီးဆီ အခစားဝင်ရတဲ့ ဗြဟ္မဏတွေကိုး၊ သူတို့က ပဉ္စဝဂ္ဂီတွေဆိုတာ တခြားမှမဟုတ်တာ၊ အဲဒီတုန်းက ဘုရားအလောင်း မွေးဖွားတုန်းက ဗေဒင်ဟောတဲ့ ၈ -ယောက်ထဲက ၅ -ယောက်ကို အငယ် ၅-ယောက်လို့လည်းဆိုတယ်၊ အငယ် ၅ ယောက်ရဲ့ သားတွေလို့လည်း ပြောတယ်ပေါ့။ အဲဒီအချိန်မှာ သူတို့က အသက် ၄၀-ကျော် ၅၀-ပတ်ဝန်းကျင်ဖြစ်မယ်။ ဘုရားအလောင်း မွေးဖွားတဲ့အချိန်မှာ သူတို့အသက် ၄၀-ကျော်လောက်တော့ ရှိလောက် နေပြီပေါ့။ ဘုရားအလောင်း တောထွက်တဲ့အခါ ဘုရားက ၃၅-နှစ် ဆိုတော့ သူတို့ဟာ အသက်၇ဝ-ကျော် ၈၀-အရွယ်တွေ ဖြစ်နေကြပြီ ပေါ့။

အဲဒါကြောင့်မို့လို့ “လာနေပြီ ကမ္မဋ္ဌာန်းအလုပ် မလုပ်ဘဲနဲ့ လျှောက်သွားနေတယ်၊ ဘယ်တော့မှ တရားထူးလည်းရမှာမဟုတ်ဘူး၊ လာချင်လာပစေ ခရီးဦးမကြိုဆိုနဲ့” ပစ်ထားလိုက်ပေါ့၊ ဒါ ဒီလိုပဲ စိတ်ဓာတ်ရှိကြတာပဲလေ၊ သို့သော် နေရာလေးတော့ ခင်းထားတယ်။ သူက မင်းသားဘဝကလာတာဆိုတော့ သူတို့အချင်းချင်း တိုင်ပင် ထားတာ၊ အနီးလဲရောက်ရော ဘယ်သူမှ မနေနိုင်ဘူးတဲ့။ အနီးအနား ကြိုတဲ့သူကကြိုး၊ သပိတ်လှမ်းယူတဲ့သူကယူ၊ သူတို့ဘာသာသူတို့ ကတိ ဖျက်ပြီးသားဖြစ်သွားတယ်။ ဘုရားကို နဂိုထဲက လေးစားရတဲ့ပုဂ္ဂိုလ် ဖြစ်သည့်အတွက်ကြောင့် အားလုံးဝေယျာဝစ္စတွေလုပ်၊ ထိုင်ပြီး စကား စမြည်ပြောတဲ့အခါ ဘုရားက “ငါ တရားထူး တရားမြတ် ရခဲ့ပြီ၊ ငါတရားဟောမယ် မင်းတို့ နားထောင်ကြလို့” ဆိုတော့ လက်မခံဘူး၊ မဟုတ်နိုင်ဘူး၊ သူတို့ကငြင်းတယ်။ အရင်တုန်းက ကျင့်တာမှမရဘူး။

စာမျက်နှာ-၆၄
အခုလိုလျှောက်သွားနေတာ ဘယ်ရမလဲဆိုတော့ ဘုရားအလောင်းက မဟုတ်ဘူး၊ ငါရခဲ့ပြီး မင်းတို့ကို ငါတရားဟောမယ်ဆိုတာ ပြောလို့ မရဘူး။

ခါလောက်ပြောတာကို မရဘူး၊ မရတဲ့အခါ ဘုရားက ဘာအမိန့်ရှိလိုက်တုန်းဆိုရင် ကဲ နေစမ်းပါဦးတဲ၊ ငါတစ်ခုမေးမယ်တဲ့၊ တရားကျင့်နေတုန်းက မင်းတို့စိတ်မပျက်ကြနဲ့၊ မကြာခင် ငါတရားထူး ရမယ်လို့ မင်းတို့များ အားပေးစကားပြောတာများရှိသလား ဆိုတော့ အဲဒီကျတော့ သူတို့ခေါင်းထဲမှာ စဉ်းစားလာတယ် “ဟုတ်တယ်၊ သူ ဘယ်တုန်းကမှ မပြောဖူးဘူး၊ သူ့အလုပ်ပဲ သူလုပ်တယ်၊ အခု ဒီတစ်ခါ ရလို့ပဲပြောတာနေမှာပဲ”ဆိုတဲ့ ယုံကြည်ချက်ကလေး ရလာတယ်။

လောကလူတွေမှာ ယုံကြည်ဖို့က အင်မတန်အရေးကြီးတယ်၊ ယုံကြည်ရမယ်၊ ဒါကြောင့်မို့ ဘုရားက ဗြြဟ္မာကြီးကို တရားဟောမယ် လို့ အာမခံလိုက်တဲ့အချိန်မှာ ဘာပြောလိုက်တုန်းဆိုရင်နော် “ယေ သောတဝန္တာ ပမုဉ္စန္တ သဒ္ဓံ” တဲ့ ယုံကြည်ချက်ကို ငါ့ဆီလွှတ်ထား၊ ယုံကြည်ချက်ထားကြ၊ ငါ့အပေါ်မှာ ယုံကြည်ချက်ထားလို့ ဆိုတယ်၊ သူ့မှမယုံကြည်ရင် ဘယ်အားကိုးမလဲ။ ဥပမာမယ် လူတွေက ရောဂါ ဖြစ်လို့ ဆရာဝန်ဆီသွားရင် ဆရာဝန်ကို ယုံကြည်လို့ သွားတာပေါ့။ ဘယ်ဆရာဝန်က ကောင်းတယ်၊ ဘယ်ဆရာဝန်က ဆေးပေးကောင်းတယ်၊ ဘယ်ဆရာဝန်ကုရင် ပျောက်တယ်ဆိုတာ ယုံကြည်ချက်နဲ့ သွားနေတာ၊ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့ ဟုတ်လား၊ အဲတော့ ယုံကြည်ချက်ဟာ အင်မတန်မှ အရေးကြီးတယ်လို့ဆိုတယ်၊ ဒါကြောင့်မို့ ဘုရားက ဒီလိုပြောလိုက်တော့မှ မြတ်စွာဘုရားအပေါ်မှာ သူတို့ ယုံကြည်ချက် ရသွားတယ်၊ ယုံကြည်သွားတယ်၊ ယုံကြည်သွားတဲ့အခါကျတော့မှ

စာမျက်နှာ-၆၅
အားလုံးထိုင်ကြတယ်။

အဲဒီအချိန်လေးဟာ မိဂဒါဝုန်မှာ နေဝင်ဖြိုးဖျ အချိန်လေး ဖြစ်လာတယ်၊ အနောက်လောကဓာတ်ကို နေကြီးကဝင်နေပြီ။ ဣသိပတနတောကနေ လှမ်းကြည့်လိုက်ရင် နေဝင်တယ်၊ နေဝင်တာမမြင်ဖူးတဲ့လူတွေက ကြံကြံဖန်ဖန် sunset beauty ဆို သွားကြည့်သေးတယ်နော်၊ နေဝင်နေပြီ နေဝင်နေတဲ့အချိန် လပြည့်နေ့ကြီး ဖြစ်နေတော့ အရှေ့လောကဓာတ်ကလည်း လဝန်းကြီးပေါ်လာတယ်။ အဲဒီအချိန်မှာ ဓမ္မစကြာတရား စဟောတယ်လို့ဆိုတာကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် တရားဟောမလို့ ထိုင်လိုက်တဲ့အချိန်ကလေးမှာပဲ စကြဝဠာတိုက်တစ်သောင်းမှာ မြတ်စွာဘုရားဟာ တရားဟောမယ့် အနေအထားကို အားလုံးနတ်တွေ ဗြဟ္မာတွေသိလို့ အားလုံးရောက်ရှိလာကြတယ်။ အဲဒီလိုရောက်ရှိလာတာ လူသားတွေအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ပဉ္စဝဂ္ဂီ ၅-ဦးပဲရှိတယ်ပေါ့။

အဲဒီအချိန်မှာ အဲဒီ ပဉ္စဝဂ္ဂီ ၅-ဦးနဲ့ ဘုရားကို စဉ်းစားကြည့်၊ ဘုရားက ၃၅-နှစ်ပဲရှိသေးတယ်၊ ပဉ္စဝဂ္ဂီတွေက အသက် ၇၀-ကျော် ၈၀-တွေ အဖိုးကြီးတွေနော်၊ ထိုခေတ်က ကျန်းမာကြလို့ပေါ့၊ အသက် ၈၀-ကျော်အရွယ်တွေ သူတို့ကို တရားဟောတော့မှာ၊ တရားဟောတဲ့အခါမှာ အဓိကဘာပြောလဲ ဓမ္မစက္က လို့ဆိုတဲ့ ဒေသနာဉာဏ်တော်ကြီးကို စတင်အသုံးချတာကိုပဲ ဓမ္မစက္ကပဝတ္တန လို့ပြောတာ နော်။

ကဲ စတင်အသုံးချပြီဆိုလို့ ဘုရားက ဘာကစတုန်းဆိုတော့ “ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ” တိတိလင်းလင်း ပြောလိုက်တာနော်၊ ကာမဂုဏ်အာရုံတွေက ထွက်ခွာပြီး

စာမျက်နှာ-၆၆
တော့ လူ့ဘောင်ကခွာရှောင်လို့ ရဟန်းဘောင်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေဟာ မလုပ်ရမယ့်ဟာ ၂-ခုရှိတယ်တဲ့၊ အဲဒီအလုပ် ၂-ခုမလုပ်နဲ့၊ ဘာဖြစ်လို့ မလုပ်ရဘူးလို့ ပြောတာတုန်းဆိုရင် ဘာအသိဉာဏ်ထူးမှ ရမှာမဟုတ်ဘူး၊ ဒါတွေလုပ်လို့ကတော့ ဘာအကျိုးမှ ရမှာမဟုတ်ဘူး၊ အဲဒါကို အနုယောဂ ၂-မျိုးလို့ခေါ်တယ်။

အနုယောဂ ၂-မျိုးက ဘာလဲလို့ဆိုရင် ဘုရားက ဓမ္မစကြာဟောတဲ့နေရာမှာ မလုပ်ရတာ ၂-ခုကို အရင်ပြောတယ်။ ပြီးတော့ လျှောက်လှမ်းရမဲ့လမ်းကြောင်းကို တတိယ ပြောတယ်နော်။ မသွားရမယ့်လမ်းကို ပထမပြောပြီးတော့ သွားရမယ့်လမ်းကို ဒုတိယ ပြောတယ်၊ ဒါ ဘုရားရဲ့ အဆုံးအမတိုင်းဟာ ဒီအတိုင်းပဲ၊ ရှောင်ရမှာနဲ့ဆောင်ရမှာ ၂-ခုကို ရှောင်ရမှာကို အရင်ပြောလေ့ရှိတယ်၊ ကြည့်လေမင်္ဂလသုတ်ပဲကြည့် - “အသေဝနာစ ဗာလာနံ ပဏ္ဍိတာနဉ္စ သေဝနာ”ဆိုတာ ဟေ့-လူမိုက်ကိုမပေါင်းနဲ့ဆိုတာ ဒါ နံပါတ် ၁ ပြောတာ၊ မလုပ်ရမယ့်ဟာကို အရင်ပြောတာ၊ ပြီးပြီဆိုတော့မှ လုပ်ရမယ့်ဟာကို နံပါတ် ၂ ပြောတယ်။

ဒါက လမ်းညွှန်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ကျင့်လို့ရတဲ့ ထုံးတမ်းစဉ်လာတစ်ခုလို့ ဒီလိုဆိုလိုတယ်၊ ပြောချင်ရာပြောတာ မဟုတ်ဘူး၊ မလုပ်ရဘူးဆိုတာကို အရင်ပြောရမယ်၊ လုပ်ရမယ်ဆိုတာကို ဒုတိယပြောရမယ်။ ဒါလည်း သိပ်သဘာဝကျတယ်၊ သိပ်Reasonable ဖြစ်တယ်ပေါ့၊ ဘာဖြစ်လို့တုန်းဆိုတော့ ကြည့်လေ- မလုပ်ရတာကို သွားလုပ်ရင် ကိုယ်ကျိုးနည်းတယ်လေ၊ လုပ်ရတာကို မလုပ်ဘူးဆိုတာက နည်းနည်း သက်သာဦးမယ်၊ အဆိပ်ဆိုပါစို့-အဆိပ်ဆိုတာနဲ့ စားစရာ ဒီ ၂-ခုဟာ ဒါက အဆိပ်၊ ဟိုဟာက အစား ဆိုလို့ရှိရင် အစားစားဖို့

စာမျက်နှာ-၆၇
ပြောဖို့ထက် ဒီအဆိပ်ကို မစားမိဖို့ရာ ပိုအရေးကြီးတယ်လေ။ ဒါမလုပ်နဲ့ဆိုတာကို အရင်ပြောရမယ်၊ လုပ်ဆိုတာကို ဒုတိယပြောရမယ်။

အဲဒီအတိုင်းပဲ ဓမ္မစကြာမှာ မြတ်စွာဘုရားက အေး- ဒီလမ်း ၂-လမ်းကိုတော့ မင်းတို့မသွားနဲ့၊ ပဗ္ဗဇိတ လို့ဆိုရင် ကာမဂုဏ်အာရုံတွေက ထွက်ခွာလာတဲ့ပုဂ္ဂိုလ်တွေဟာ ဒီလမ်း ၂-လမ်းကို မလျှောက်မိစေနဲ့တဲ့၊ ဒီအလုပ် ၂-လုပ်ကို မလုပ်နဲ့၊ အဲဒါ နံပါတ် ၁ ပြောလိုက်ပြီးတော့ လုပ်ရမယ့်အလုပ်ကိုနောက်ထပ်ပြောတယ်။ လျှောက်ရမယ့်လမ်းကို အရင်ပြောတယ်။ ပြီးတဲ့အခါကျတော့မှ မြတ်စွာဘုရားက သစ္စဒေသနာလို့ဆိုတဲ့အတိုင်း သစ္စာ ၄-ချက်ကို ရှင်းပြတယ်။

အဲဒီတော့ ဘုရားဟောပုံက အင်မတန်မှ ရှင်းရှင်းလေးရယ်၊ ဓမ္မစကြာမှာ ဓမ္မစကြာရဲ့ အနှစ်သာရကို ခြုံကြည့်မယ်ဆိုလို့ရှိရင် အသိဉာဏ်ရဖို့ရာအတွက် လွဲမှားနေတဲ့ လူတွေ အများလိုက်စားနေတဲ့ လွဲမှားနေတဲ့လုပ်ငန်းကြီး ၂-ခု၊ လွဲမှားနေတဲ့ အကျင့် ၂-မျိုးကို ဖယ်ရှားလိုက်ပြီးတော့ မှန်ကန်တဲ့အကျင့်တစ်ခုကို ချပြတယ်။ အဲဒီလို ချပြပြီးတဲ့အခါကျတော့ အမှန်တရား ၄-ချက်ကို ရှင်းပြတယ်။

အမှန်တရား ၄-ချက်ကို ရှင်းပြပြီးတဲ့အခါမှာ အဲဒီအမှန်တရား ၄-ချက်နဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်ရမယ့်အရာ ဒါကို ရှင်းပြတယ်။ လုပ်ဆောင်ရမယ့်အရာ ရှင်းပြပြီးတော့ ကိုယ်တော်မြတ်အနေနဲ့ လုပ်သင့်တာကို လုပ်ပြီးပြီဆိုတာကို တစ်ခါပြောတယ်။ အမှန်တရား ၄-ချက်နဲ့ ပတ်သက်ပြီးတော့ ဒီအသိဉာဏ် ၃-မျိုး၊ ဘာတုန်းဆိုရင် စာလိုပြောရင် လုပ်သင့်တာဘာလုပ်ရမလဲ၊ လုပ်ပြီးပြီလို့ သိတာတစ်ခု၊ လုပ်သင့်တာကတစ်ခုနော်။ နံပါတ်-၁ ဒါကို သစ္စဉာဏ်လို့ ခေါ်တယ်။ သစ္စဉာဏ်ဆိုတာ၊ အမှန်တရားဆိုတာ ဘယ်ဟာလဲ ဒါကို

စာမျက်နှာ-၆၈
အရင်သိရမယ်။ အဲဒီအမှန်တရားမှာ ပထမ ဘာလုပ်သင့်သလဲ၊ နံပါတ် ၂ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်၊ ဘာလုပ်ပြီးပြီလဲ ၃ မျိုး။ အဲဒါကို “တိပရိဝဋ” သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် လို့ ခေါ်တယ်။ ဒီအသိဉာဏ် ၃-မျိုးနဲ့ အမှန်တရားကို ကြည့်လိုက်တဲ့အခါမှာ သစ္စာက ၄-မျိုး။ သိတဲ့ဉာဏ်က ၃-မျိုးစီနဲ့ မြှောက်လိုက်တဲ့အခါကျတော့ သုံးလေးလီ ၁၂၊ အဲဒါကို ဒွါဒသာကာရ လို့ပြောတာနော်၊ အဲဒီလို သစ္စာနဲ့ပတ်သက်ပြီးတော့ အခြေအနေ ၁၂-ပါးကို ပိုင်ပိုင်နိုင်နိုင်သိပြီ ဆိုတော့မှ သမ္မာသမ္ဗောဓိဉာဏ်ကြီးကို ရရှိပြီဆိုတာကို သူဝန်ခံတာတဲ့။

ဘုရားဖြစ်တယ်ဆိုတာကို သက်သေပြတာ၊ မြတ်စွာဘုရားက အသိဉာဏ်ထူးကြီးကို ရခဲ့ပြီဆိုတာကို သက်သေပြတာ၊ ဟုတ်တာပေါ့။ ဉာဏ်ရတယ်ဆိုတာ ဘာနဲ့ တိုင်းတာမှာလဲ။ ခုခေတ် စာမေးပွဲအောင်ထားတယ်ဆိုရင် ဘာပြလဲ Certificate ထုတ်ပြတယ် ဟုတ်လား။ ဘာအောင်ထားတယ်ဆိုတာ Certificate ပဲထုတ်ပြတာ၊ မြတ်စွာဘုရားက သဗ္ဗညုတဉာဏ်တော်ကြီးကို သူရပြီးပြီဆိုတာကို သစ္စာနဲ့ တိုင်းတာပြလိုက်တယ်။ ဒါတွေ ငါမသိသေးဘူးဆိုရင် ငါဘုရားလို့ ဝန်မခံဘူးတဲ့၊ ဒါတွေ သိပြီးဖြစ်လို့ ငါဘုရားလို့ဝန်ခံတာ၊ ဒါ သက်သေပြတာလို့ ခေါ်တယ်။ ဓမ္မစကြာရဲ့ အနှစ်သာရက အဲဒါပဲ။

ကဲ ကောင်းပြီ မြတ်စွာဘုရားက ပဉ္စဝဂ္ဂီတွေကို ဒီအလုပ်တွေကို မလုပ်ကြနဲ့၊ ဒီလမ်းကြောင်းတွေကို မလျှောက်နဲ့တဲ့၊ နံပါတ် ၁ လမ်းကြောင်းက ကာမသုခလ္လိကာနုယောဂါ ဇိမ်ခံတဲ့လမ်းကြောင်း။ ကာမဂုဏ်ချမ်းသာတွေ ခံစားပြီးတော့ ကာမဂုဏ်ထဲ နစ်မျောနေတဲ့

စာမျက်နှာ-၆၉
လမ်းစဉ် မလုပ်နဲ့တဲ့။ ဘာကြောင့်လဲဆိုရင် ဘာဉာဏ်မှရမှာမဟုတ်ဘူး။ ပျော်တော့ပျော်ရမှာပေါ့နော်၊ ပျော်တာတော့သေချာတယ်။ လူတွေ ဘာလုပ်လုပ် ပျော်နေတာ၊ မျက်စိက နှစ်သက်စရာအာရုံတွေ စိတ်ထဲမှာ ချမ်းသာသုခရကြတယ်။ နားကလည်းပဲ နားထောင်ချင်တဲ့ သီချင်းလေးနားထောင်ပြီးတော့ ချမ်းသာသုခရနေကြတယ်၊ နှာခေါင်းကလည်း မွှေးကြိုင်တဲ့အနံ့ကလေး၊ လျှာကလည်း ကောင်းတာမြတ်တာလေးစား၊ ခန္ဓာကိုယ်ကလည်း အထိအတွေ့ အိအိညက်ညက်နဲ့နေ၊ ဒီလို ကာမဂုဏ်အာရုံတွေထဲမှာ ခံစားပြီးတော့ ဇိမ်ခံပြီးတော့နေရင် ဘာအသိဉာဏ်မှ ရလာမှာမဟုတ်ဘူးလို့ ဒီလိုပြောတာနော်။ အသိဉာဏ်ရချင်လို့ ကြိုးစားအားထုတ်မယ်ဆိုရင် အဲဒီလမ်းကို လိုက်နေလို့ကတော့ အသိဉာဏ်မရနိုင်ဘူးလို့ပြောတာ၊ ဆိုလိုရင်းက အသိဉာဏ်မရနိုင်တာကို ပြောတာနော်၊ အသိဉာဏ်မရနိုင်တဲ့ လမ်းစဉ်ပဲတဲ့။

ဒီထဲမှာ ဒိဌဓမ္မနိဗ္ဗာန်ဝါဒသမားတွေက ဆိုသေးတယ်၊ လူဆိုတာ သေရင်ပြတ်သွားတာ၊ ဒီဘဝပဲ နောက်ဘဝဆိုတာမရှိဘူးနော်၊ ဒိဋ္ဌဓမ္မနိဗ္ဗာနသမားတွေက လူဆိုတာ သေပြီးတဲ့နောက်မှာ မဖြစ်တော့ဘူး။ အဲတော့ အခုဖြစ်နေတဲ့ ဘဝလေးမှာ ပျော်ပျော်နေ၊ ကာမဂုဏ် အာရုံခံစား ဝဝလင်လင်ခံစားနော်၊ အနောက်တိုင်းကလူတွေပြောလေ့ရှိတဲ့စကား life is too short Enjoy yourself အဲဒီစကားကို တွင်တွင်ပြောတယ်၊ သူတို့က life is too short အေး ဘဝဆိုတာ တိုတိုလေးပဲ Enjoy yourself ပျော်ပျော်နေကြ၊ နောက်ဘဝဆိုတာ မရှိဘူးတဲ့။ ဒီဘဝမှာ ပျော်သလိုနေ နောက်ဘဝကို မစဉ်းစားနဲ့လို့ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ကာမသုခလ္လိကာနုယောဂ အကျင့်ကို ကျင့်တာပဲ။ သူတို့က ကာမသုခလ္လိကာနုယောဂဆိုတာ ကာမဂုဏ်အာရုံတွေထဲမှာ

စာမျက်နှာ-၇၀
ချမ်းသာသုခ ခံစားနေသေးသမျှ ကာလပတ်လုံး အသိဉာဏ်ဟာ ဘယ်တော့မှ မပေါ်ပေါက်နိုင်ဘူးလို့ ဒါပြောတာ။

ဘာဖြစ်လို့တုန်းဆို ကြည့်လေ၊ ကာမစ္ဆန္ဒဆိုတာကို ဘုရားက နီဝရဏလို့ ဟောထားတာလေ၊ ကာမဂုဏ်အာရုံတွေပေါ်မှာ တပ်မက်နေတယ်၊ တဏှာဆန္ဒရှိနေသေးသမျှ ကာလပတ်လုံး ပညာယ ဒုဗ္ဗလီ ကရဏာ တဲ့ အသိပညာတွေအားပျော့သွားတယ်၊ အစက္ခုကရဏဉာဏ်မျက်စိ ဘယ်တော့မှ မပေါ်ဘူး။ အဉာဏ ကရဏံ-ဉာဏ်ကို မဖြစ်စေနိုင်ဘူးတဲ့၊ ဒါကြောင့်မို့ အသိဉာဏ်ကို ရဖို့ရာအတွက် ဒါ အဆို့အပိတ်ကြီးတစ်ခု၊ ဒါကြောင့် ဒီလမ်းကြောင်းကို မလျှောက်နဲ့၊ ဒီအလုပ်ကို မလုပ်နဲ့လို့ပြောတာ၊ ကာမေသု ကာမသုခလ္လိကာ နုယောဂေါ -ကာမဂုဏ်အာရုံတွေနဲ့ ပတ်သက်ပြီးတော့ ချမ်းသာသုခ ခံစားနေမယ်ဆိုလို့ရှိရင် ဘယ်လိုမှ အသိဉာဏ်ရလာမှာမဟုတ်ဘူး ဆိုပြီးတော့ အပြစ် ၅-မျိုးကိုလည်း ထောက်ပြထားတယ်။

ဘုရားက ဟီနော တဲ့၊ ဒီကိစ္စတွေက အင်မတန်အောက်တန်းကျပါတယ်တဲ့။ ကာမဂုဏ်အာရုံခံစားတဲ့ဟာ အင်မတန် အောက်တန်းကျတယ်၊ စဉ်းစားကြည့်လေ၊ တိရစ္ဆာန်တွေလည်းပဲ ခံစားကြတာပဲ။ အဆင့်မြင့်တဲ့ပုဂ္ဂိုလ်မှ မဟုတ်ဘူး၊ ကျန်တဲ့ပုဂ္ဂိုလ်တွေလည်း သူ့အတိုင်းအတာနဲ့သူ အကုန်လုံးပဲ ခံစားနေကြတာချည်းပဲ၊ ဂမ္မာ တဲ့၊ အပေါင်းနဲ့အသင်းနဲ့ အိမ်နဲ့ယာနဲ့ အဲဒီလိုနေတဲ့ပုဂ္ဂိုလ်တွေရဲ့ အမူအကျင့်ပါတဲ့၊ ဟော ရွာထဲကလူတွေဆိုတာ ပျော်သလိုနေကြတာလေ၊ တီးလို့မှတ်လို့ ကခုန်လို့ သားနဲ့သမီးနဲ့ ပျော်လို့ပါးလို့ ဒီလိုနေကြတာ၊ ဂောပေါထုဇ္ဇနိကော-အများစုကြိုက်တဲ့ကိစ္စတစ်ခုပဲ၊ ဟုတ်တာပေါ့ Majorityက ဒါပဲ၊ ပျော်စရာဆိုတာ အမျိုးမျိုးရှာကြတယ်၊ လူတွေက

စာမျက်နှာ-၇၁
ဘောလုံးပွဲကြည့်ပြီး ပျော်တဲ့လူကလည်းရှိတာပဲ အစုံပဲပေါ့နော်။ ဟိုအာဖရိကတောရိုင်းကြီးထဲသွားပြီးတော့ ပျော်တဲ့လူကလည်းရှိတာပဲ။ ဧဝရက်တောင်တက်ပြီးတော့ ပျော်တဲ့ပုဂ္ဂိုလ်ကလည်း ရှိတာပဲ။ စိတ်ပျော်ရာကို လူတွေက လုပ်နေကြတာပဲလေ။ စိတ်ပျော်ရာကိုလုပ်တာ၊ အဲဒါတွေအားလုံးဟာ ကာမသုခလ္လိကာနုယောဂပဲပေါ့၊ ကိုယ်ပျော်တာ ကိုယ်ရွေးချယ်ပြီးတော့ လုပ်နေကြတာ၊ ဓမ္မနဲ့ မပတ်သက်တာတွေပဲ၊ ပေါထုဇ္ဇနိကော အနရိယော တဲ့၊ အရိယာဖြစ်အောင် ဘယ်လိုမှ မစွမ်းဆောင်နိုင်ဘူး။ အဲဒီအကျင့်ကြီးက အနတ္တသံဟိတော-သော် အသိဉာဏ်ထူးကိုရခြင်းဆိုတာနဲ့ ဘာမှမပတ်သက်ဘူးတဲ့၊ ဘာအသိဉာဏ်မှထွက်လာမှာမဟုတ်ဘူး။ လောကီအသိဉာဏ်ကိုပြောတာမဟုတ်ဘူး၊ ဓမ္မအသိဉာဏ်ကို ရမှာမဟုတ်ဘူးလို့ ပြောတာနော်၊ ဒါကြောင့်မိုလို့ ဒီအကျင့်ကို မကျင့်နဲ့တဲ့။ ။

နောက်တစ်ခုကျတော့ အတ္တကိလမထာနုယောဂ- ကာမဂုဏ်အာရုံတွေကို ဖယ်ရှားပြီးတော့ ခန္ဓာကိုယ်ကြီးကို ညှင်းဆဲပြီးတော့ အသိဉာဏ်ရအောင်ကြိုးစားတဲ့ပုဂ္ဂိုလ်တွေက တစ်ပိုင်းရှိသေးတယ်။ အတ္တကိလမထ- ခန္ဓာကိုယ်ပင်ပန်းအောင်လုပ်တယ်၊ ပင်ပန်းလိုက်တာနဲ့တပြိုင်နက် လူတွေမှာ တအားပင်ပန်းလာပြီဆိုလို့ရှိရင် ပျော်ချင်ပါးချင်တဲ့စိတ်ကကုန်သွားတယ် မဟုတ်လား။ အေး- သိပ်ပင်ပန်းနေလို့ရှိရင် ဘယ်လောက်ကောင်းတဲ့ ရုပ်ရှင်ပြနေနေ အိပ်တော့တာနော် ပင်ပန်းနေပြီဆိုလို့ရှိရင်လေ။ အဲဒီလို ပင်ပန်းခံလိုက်လို့ ဒီစိတ်တွေကုန်သွားတာကိုပဲ သူက ကိလေသာကုန်တယ် ထင်နေတာ၊ ထင်နေသည့်အတွက်ကြောင့် ခန္ဓာကိုယ်ကို ပင်ပန်းအောင် အမျိုးမျိုးကျင့်ကြံကြိုးစားအားထုတ်တယ်။ ခန္ဓာကိုယ်ကို နှိပ်စက်တယ်။ အဲဒီလို နှိပ်စက်

စာမျက်နှာ-၇၂
ခြင်းဖြင့်လည်းပဲ အသိဉာဏ်ထူးရလာမှာမဟုတ်ဘူးတဲ့။ မလိုအပ်ပဲနဲ့ အပင်ပန်းခံစရာမလိုဘူးလို့ ဘုရားကပြောတာ။

အဲဒါကို အပြစ် ၃-ချက်နဲ့ ထောက်ပြထားတယ်။ ဒုက္ခာ တကယ့်ကို ဒုက္ခဖြစ်တဲ့ အလုပ်ကြီးပဲ၊ အနရိယော-အရိယာအဖြစ်ကိုလည်းမပေးနိုင်ဘူး၊ အနတ္တသံဟိတော- ထူးခြားတဲ့ အသိဉာဏ်ဆိုတဲ့ အကျိုးကျေးဇူးနဲ့လည်း ဘာမှမပတ်သက်ဘူး၊ မရနိုင်ဘူးတဲ့။ ဟော- ထူးခြားတဲ့အသိဉာဏ်ကို မပေးနိုင်လို့ ဒီလမ်းကြောင်း ၂-ကြောင်းကို မလျှောက်နဲ့လို့ပြောတာနော်၊ ဒီလမ်း ၂-လမ်းလျှောက်လို့ကတော့ ဘာမှထူးခြားတဲ့အသိရမှာမဟုတ်ဘူး၊ ဒါကြောင့်မို့ ဒီလမ်း ၂-လမ်းကို မလျှောက်နဲ့။

ဧတေန္တေ ဥဘော အန္တေ အနုပဂမ္မ အဲဒီလမ်း ၂-လမ်းကို ဖယ်ရှားပြီးတော့ မဇ္ဈိမပဋိပဒါ လို့ခေါ်တဲ့ ချမ်းသာခံစားတဲ့လမ်းလဲ မဟုတ်ဘူး။ ခန္ဓာကိုယ်ကို ညှင်းပန်းတဲ့လမ်းလဲ မဟုတ်ဘူး။ ခံစားသင့်တဲ့ချမ်းသာ ခံစားရမယ်။ ညှင်းပန်းသင့်တဲ့အခါ ညှင်းပန်းရမယ် ဒီလိုဆိုလိုတယ်။ အလယ်လမ်းဆိုတာ ပင်ပန်းဆင်းရဲခံပြီး လုပ်ရင်လုပ်ရမယ်။ တစ်ချို့ကပြောတယ်၊ ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ မျှမျှတတ အားထုတ်ရတယ်။ အတ္တကိလမထ ဖြစ်တယ်၊ အကြာကြီးမထိုင်နဲ့လို့ ပြောတဲ့လူက ရှိသေးတယ်နော်။ အဲဒီလိုမဟုတ်ဘူး၊ ဘုရားက တရားအားထုတ်ပြီဆိုရင် အရိုးကြေကြေ အရည်ခမ်းခမ်း အားထုတ်ရမယ်။ လမ်းစဉ်မှန်နေပြီဆိုရင်ပေါ့။ အတ္တကိလမထဆိုတာက ခန္ဓာကိုယ်ညှင်းပန်းနှိပ်စက်ပြီးတော့ ဒီစိတ်ဓာတ်တွေ ကုန်ဆုံးသွားအောင် မူးမေ့သွားအောင် လုပ်တဲ့ဟာမျိုးကိုဆိုလိုတာ၊ မလိုအပ်ပဲနဲ့ ဒုက္ခခံတာတွေကိုပြောတာ။ အေး ကောင်းပြီ အဲဒီ အတ္တကိလမထာနုယောဂ

စာမျက်နှာ-၇၃
ကာမသုခလ္လိကာနုယောဂဆိုတဲ့ ဒီလမ်း ၂-သွယ်ကို မချဉ်းကပ်ပဲနဲ့ မဇ္ဈိမပဋိပဒါ ဆိုတဲ့လမ်းက လျှောက်ပါလို့ ကိုယ်တော်တိုင် ရှာဖွေတွေ့တဲ့လမ်းကို ဒီဓမ္မစကြာမှာ ရှေးဦးစွာ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ်။

နောက်ရက်ကျမှ ဘုန်းကြီးတို့တစ်တွေ အဲဒီ မဇ္ဈိမပဋိပဒါဆိုတဲ့ မြတ်စွာဘုရားတွေ့ရှိထားတဲ့လမ်းရဲ့ အကျိုးအကြောင်းနဲ့ သစ္စဒေသနာကို ထပ်ရှင်းပြပြီးတော့ ဟောကြားပါမယ်။ ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့သည် သစ္စဒေသနာ ဓမ္မစကြာဆိုတဲ့နေရာမှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သည် ကိုယ်တော်တိုင် ကျင့်သုံးခြင်းဖြင့် ပဋိဝေဉာဏ်ဆိုတဲ့ ဓမ္မစက္ကကို ရရှိပြီးတဲ့နောက်မှာ သတ္တဝါတွေရဲ့ အကျိုးကို မျှော်ကိုးပြီးတော့ ဒေသနာဉာဏ်ဆိုတဲ့ ဓမ္မစက္ကကို အသုံးချပြီးတော့ ဟောပြောတဲ့အကြောင်းကို သိရှိကြည်ညိုကြရသဖြင့် မိမိတို့ကိုယ်တိုင် မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ တရားအတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

စာမျက်နှာ-၇၄

စာမျက်နှာ-၇၅
သစ္စဒေသနာ ဓမ္မစကြာ
အပိုင်း(၃)
သာသနာတော်နှစ် (၂၅၅၄)ခုနှစ် ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ် ပထမ ဝါဆိုလပြည့်ကျော် (၁၅)ရက် ၂၀၁၀-ခုနှစ် ဇူလိုင်လ (၁၁)ရက် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ဇမ္ဗူသီရိဗိမာန်တော်အတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာအနန္တ(၅)ပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် မိသားစု (ကိုကျော်သင်း ဆေးဆိုင်)၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “သစ္စဒေသနာ ဓမ္မစကြာ” အပိုင်း(၃) တရားဒေသနာတော်။

သစ္စဒေသနာ ဓမ္မစကြာ အပိုင်း(၃)၊ ဒေသနာဉာဏ်လို့ဆိုတဲ့ “ဓမ္မစက္က”ကို စပြီး မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က အသုံးချလည်ပတ်စေတော်မူတယ်။ ပဉ္စဝဂ္ဂီ(၅)ဦးကို အမှူးထားပြီး ဒေသနာဉာဏ်တော်ကြီးကို စတင်အသုံးချတာ။ တရားဟောပြောတဲ့လုပ်ငန်းကို စတင်တာ။ အရေးကြီးဆုံးအချက်ကို ရှေးဦးစွာ မြတ်စွာဘုရားက ဟောကြားတယ်။ မလုပ်ရမယ့်အချက်(၂)ခုနဲ့ လျှောက်လှမ်းရမယ့်

စာမျက်နှာ-၇၆
လမ်းကြောင်းတို့ကို ရှေးဦးစွာ ချမှတ်ပေးတယ်။ ခုခေတ်စကားနဲ့ ပြောလို့ရှိရင် မြတ်စွာဘုရားက ပေါ်လစီအသစ် ချမှတ်ပေးတယ်လို့ ပြောလို့လည်း ရတာပေါ့နော်။

ဘာသာရေးနဲ့ပတ်သက်လာလို့ရှိရင် ရှေးတုန်းက အယူအဆ (၂)ရပ်ရှိခဲ့တယ်။ မြတ်စွာဘုရား အလောင်းတော်ဘဝက တရားဓမ္မကို ရှာကြံတဲ့အခါမှာ အယူအဆနှစ်ရပ် ပေါ်ပေါက်လာခဲ့ဘူးတယ်။ အယူအဆတစ်ရပ်က ဘာတုန်းဆိုရင် ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ မျက်မှောက်ဘဝ ချမ်းသာခံစားရမယ်။ တတ်နိုင်သမျှ စိတ်ကို ပျော်အောင်ထား၊ တတ်နိုင်သမျှ ကာမဂုဏ်အာရုံတွေကို ခံစားလို့ဆိုတဲ့ အယူဝါဒပဲ။ အဲဒီ ဒိဌဓမ္မနိဗ္ဗာနဝါဒ လမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးလို့ တရားထူးတရားမြတ် ရလာမှာမဟုတ်ဘူး။ ထူးခြားတဲ့အသိဉာဏ်ကို ဘယ်လိုမှမရနိုင်ဘူး။

နောက်တစ်ခုက အသိဉာဏ်တွေ ထွက်ပေါ်လာဖို့ရာအတွက် ခန္ဓာကိုယ်ကြီးကို ညှင်းပန်းနှိပ်စက်ပေးရမယ်။ ဆူးပေါ်အိပ်တာတို့၊ ဣရိယာပုထ်တစ်မျိုးထဲ စောင့်ကြောင့်ထိုင်ပြီးနေတာတို့ မြေကြီးပေါ်မှာ ဒီအတိုင်းအိပ်တာတို့၊ အင်မတန်ပူလှတဲ့ ရာသီဥတုကြီးမှာ ကောင်းကင်က နေမင်းကြီး နေမွန်းတည့်နေတဲ့အချိန် (၄)ဘက် (၄)တန်က မီးပုံကြီးတွေဖိုလို့ အလယ်ခေါင်မှာ သွားထိုင်နေတဲ့ ပဉ္စာတပ အကျင့်မျိုးတွေ။ ခန္ဓာကိုယ်ကို ဒုက္ခရောက်အောင် ညှင်းပန်းနှိပ်စက်ခြင်းဖြင့် အသိဉာဏ်တွေ ထွက်လာလိမ့်မယ်လို့ ယူဆကြတယ်။ အင်မတန် အေးမြတဲ့ ဆောင်းရာသီမှာ တစ်နေ့ (၃)ကြိမ်ချိုးခြင်းဖြင့် ခန္ဓာကိုယ်စင်ကြယ်ပြီး အသိဉာဏ်ထူးကြီးကို ရလာလိမ့်မယ်။ မြတ်စွာဘုရား မပွင့်ခင်ကာလ ပွင့်ပြီးတဲ့နောက်ထိအောင်မှပဲ အဲဒီလို ဘာသာရေး

စာမျက်နှာ-၇၇
ကျင့်စဉ်ကြီး (၂)ခုဟာ မဂဓတိုင်းထဲမှာ အလွန်ခေတ်စားနေတယ်။ အဲဒီလမ်းစဉ်(၂)ရပ်နဲ့ ဘာမှ အသိဉာဏ်ပေါ်လာမှာမဟုတ်ဘူး။

ဒါကြောင့်မို့ “ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ” လူ့ဘောင်က ခွာရှောင်ပြီးတော့ တရားဓမ္မကို ရှာကြံမယ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အဲဒီကျင့်ကြံကြိုးကုတ် အားထုတ်မှု (၂)မျိုးကို လုံးဝမလုပ်ကြနဲ့လို့ အနုယောဂ (၂)မျိုးကို တားမြစ်တော်မူတယ်။ အနုယောဂဆိုတာ မပြတ်ကြိုးပမ်းအားထုတ်မှု။ “ကာမသုခလ္လိကာနုယောဂ” ကာမချမ်းသာခံစားမှုမှာ မပြတ်အားထုတ်တဲ့အကျင့်တစ်မျိုး၊ “အတ္တကိလမထာနုယောဂ” ခန္ဓာကိုယ်ကြီးကို ပင်ပန်းအောင် နှိပ်စက်ပြီးတော့ကျင့်တဲ့ ကျင့်ကြံကြိုးကုတ် အားထုတ်မှုမျိုးဆိုတဲ့ ဒီ အနုယောဂ ကျင့်စဉ်(၂)မျိုးဟာ မှားယွင်းတယ်။ ဘယ်လိုမှ အသိဉာဏ်ထူးကို ရလာမှာမဟုတ်ဘူး။ မြတ်စွာဘုရားက တိတိလင်းလင်း “ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ” တရားထူး တရားမြတ်ကိုရလိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီကျင့်စဉ်(၂)ရပ်ကို လုံးဝမလိုက်နဲ့လို့ မိန့်ကြားခဲ့တယ်။

“ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ” အဲဒီကျင့်စဉ်(၂)ရပ် အနုယောဂ(၂)မျိုးကို လုံးဝရှောင်ကွင်းပြီးတော့ ဟိုဘက်လည်းမရောက်၊ ဒီဘက်လည်းမရောက် ချမ်းသာခံစားတာလည်းမဟုတ်ဘူး။ ဆင်းရဲခံစားတာလည်းမဟုတ်ဘူး။ ချမ်းသာတာ ခံစားသင့်တဲ့ ချမ်းသာဆိုရင် ခံစားမယ်။ ဆင်းရဲခံသင့်ရင်ခံရမယ်ဆိုတဲ့ မဇ္ဈိမပဋိပဒါ အလယ်လမ်းကို လျှောက်ခိုင်းတယ်။ အဲဒီမှာ အလယ်လမ်းလို့ဆိုတာ ဟိုဘက်မရောက်၊ ဒီဘက်မရောက် ဒီလိုလမ်းမျိုးကို ပြောတာမဟုတ်ဘူး။

စာမျက်နှာ-၇၈
အလယ်လမ်းဆိုတဲ့ အဓိပ္ပာယ်က ချမ်းသာခံစားသင့်ရင် ခံစားရမယ်။ တရားသဖြင့်ရလာတဲ့ “ဓမ္မသုခ”ကို မစွန့်ပယ်ရဘူး။ ဆင်းရဲခံသင့်ရင်လည်း ခံရမယ်ဆိုတဲ့ဟာ ချမ်းသာကိုသာ ခံစားရမယ်ဆိုတဲ့ ဝါဒဟာ တစ်ဖက်စွန်းရောက်နေတယ်။ ဆင်းရဲခံရမယ်ပြောတဲ့ဟာကလည်း တစ်ဖက်စွန်းရောက်နေတယ်။ အဲဒီလို အစွန်းမရောက်ဘဲနဲ့ မှန်ကန်တဲ့ အလယ်လမ်းစဉ်တစ်ခုကို ချမှတ်တယ်။ မဇ္ဈိမပဋိပဒါကို Middle Way လို့ ဒီလိုဘာသာပြန်ကြတယ်။ အခုခေတ် နိုင်ငံရေးပေါ်လစီလို “ကြားနေဝါဒ”ဆိုတာ Non-aligned ဒီဟိုဟာမျိုးကို ပြောတာမဟုတ်ဘူး။

မဇ္ဈိမပဋိပဒါဆိုတာ အလယ်လမ်းဟာ မှန်ကန်တဲ့လမ်းစဉ်တစ်ရပ်ကို မြတ်စွာဘုရားက ချမှတ်ပြီးတော့ပြောတာ။ ဟိုဘက်မပါ ဒီဘက်မပါ ကြားမှာဝင်ထိုင်နေတဲ့ဝါဒလို့ တစ်ချို့ကလည်းထင်တယ်နော်၊ စည်းရိုးပေါ်တက်ထိုင်နေတဲ့လမ်းက မဇ္ဈိမပဋိပဒါလမ်းလို့ ထင်နေကြတယ်။ ဟိုဘက်လည်းမရောက် ဒီဘက်လည်းမရောက်။ အဲဒါမျိုးကို ပြောတာမဟုတ်ဘူး။ အစွန်းရောက်ပြီးတော့ တစ်ဖက်သတ်ဝါဒမျိုးကို မလုပ်ရဘူးလို့ ဆိုလိုတာ။

ကာမသုခလ္လိကာနုယောဂ ဆိုတဲ့လမ်းက ချမ်းသာပဲ ခံစားရမယ်။ ခန္ဓာကိုယ် အပင်ပန်းမခံနဲ့ဆိုတာ ဒါတစ်ခုနော်။ အတ္တကိလမထာနုယောဂ လမ်းစဉ်က ဒုက္ခပဲခံရမယ် ချမ်းသာ လုံးဝမခံရဘူးဆိုတာ လမ်းစဉ်တစ်ခု။ အဲဒီလမ်းစဉ်(၂)ခုလုံးဟာ တစ်ဖက်သတ်ကျနေတယ်။ မြတ်စွာဘုရားက အေး ချမ်းသာသုခဆိုတာ ခံစားသင့် ခံစားထိုက်တဲ့ ချမ်းသာသုခရှိတယ်။ ဥပမာမယ် ဈာန်ချမ်းသာတွေ ဘာတွေဆို ခံစားသင့်တယ်ပေါ့။ အဲဒီ ခံစားသင့် ခံစားထိုက်တဲ့

စာမျက်နှာ-၇၉
ချမ်းသာသုခဟာ အသိဉာဏ်ဖွံ့ဖြိုးဖို့အတွက် အများကြီး အထောက်အကူဖြစ်တယ်။ အဓိကကတော့ အသိဉာဏ်ရဖို့ပဲ။ ဆင်းရဲဒုက္ခဆိုတာ ခံသင့်ရင်ခံရတယ်။ မခံသင့်ဘဲနဲ့တော့ မခံနဲ့။ အဲဒီလို အကျိုးရှိမယ်ဆိုလို့ရှိရင် ပင်ပင်ပန်းပန်း ကြိုးပမ်းအားထုတ်မှုဆိုတဲ့ ဆင်းရဲဒုက္ခမျိုးတော့ ခံရမယ်ပေါ့။ အရိုးကြေကြေ အရေခမ်းခမ်း ကြိုးပမ်းအားထုတ်မှုဆိုတဲ့ လုံ့လဝီရိယမျိုးဟာ ခန္ဓာကိုယ်ဆင်းရဲမှုတော့ ရှိတာပေါ့။ တရားကို ကြာရှည်ထိုင်လို့ရှိရင် ပင်ပန်းဆင်းရဲမှုဆိုတာရှိတာပဲ။ အဲဒီလို ပင်ပန်းဆင်းရဲမှုမျိုးကတော့ အသိဉာဏ်ရရှိဖို့အတွက် အများကြီး အထောက်အကူဖြစ်လို့ အဲဒီဆင်းရဲဒုက္ခမျိုးတော့ ခံရမယ်လို့ ဒီလိုပြောတာနော်။ အဲဒါကို မဇ္ဈိမပဋိပဒါ Middle Way လို့ပြောတာ။ တစ်ဖက်သတ်ကြီးပြောတဲ့စကားမဟုတ်ဘူး။ တိတိကျကျ အလယ်လမ်းက မှန်ကန်တဲ့လမ်းစဉ်ကို ရွေးချယ်ပြီး အားထုတ်ရမယ်လို့ မြတ်စွာဘုရားက ဒီလိုဟောလိုတာ။

အဲဒီ မဇ္ဈိမပဋိပဒါဆိုတာဘာလဲ? ဘယ်လို အထူးတွေ အကျိုးထူးတွေရှိလို့လဲလို့ဆိုရင် “အယံ ခေါ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ” ဒီလမ်းစဉ်က မြတ်စွာဘုရားကိုယ်တိုင် ထိုးထွင်းသိမြင်ခဲ့တဲ့ လမ်းစဉ်တစ်ခုပဲ။ ဘုရားက ကိုယ်တိုင်လျှောက်လှမ်းပြီးမှ သူများလျှောက်ဖို့ လမ်းညွှန်တာ၊ ဒါကြောင့်မို့ တထာဂတေန အဘိသမ္ဗုဒ္ဓါ ငါဘုရားကိုယ်တိုင် ထိုးထွင်းသိမြင်ထားတဲ့လမ်းတဲ့။

အဲဒီလမ်းရဲ့ အကျိုးကျေးဇူးတွေက ဘာတုန်းဆိုရင် စက္ခုကရဏီ ဒီလမ်းကြောင်းကလျှောက်ပြီး ဒီကျင့်စဉ်ကိုကျင့်မယ်ဆိုလို့ရှိရင် မျက်စိအမြင်ကို ထုတ်လုပ်ပေးလိမ့်မယ်။ ဉာဏကရဏီ

စာမျက်နှာ-၈၀
အသိဉာဏ်တွေကို ဖွံ့ဖြိုးလာစေလိမ့်မယ်။ အဓိကက အဲဒါ။ အနုယောဂ အကျင့်(၂)မျိုးကို ကျင့်ခြင်းဖြင့် အမြင်စက္ခုကိုလည်းပဲ ဖြစ်စေနိုင်မှာမဟုတ်ဘူး။ အသိဉာဏ်ကိုလည်းပဲ ဖြစ်စေနိုင်တာမဟုတ်ဘူး။ မဇ္ဈိမပဋိပဒါဆိုတဲ့ ဒီလမ်းစဉ်ကို ကျင့်မယ်ဆိုရင်တော့ စက္ခုကရဏီ အမြင်တစ်မျိုးရလာမယ်။ ပကတိမျက်စိနဲ့ မတူတဲ့ မှန်မှန်ကန်ကန်မြင်နိုင်တဲ့ ဓမ္မမျက်စိရလာနိုင်တယ်လို့ ဒီလိုပြောတာ။ ဉာဏကရဏီ အသိဉာဏ်တွေကိုလည်းပဲ ဟောဒီကျင့်စဉ်က ဖြစ်ပေါ်လာစေမယ်။

ဒါတင်မကဘူး၊ အဲဒီအသိဉာဏ်တွေ ပေါ်လာပြီးတဲ့နောက် ဘယ်လိုအကျိုးကျေးဇူးတွေရတုန်းဆိုရင် ဥပသမာယ စိတ်ရဲ့ ပူပန်မှုတွေ အားလုံးဟာလည်း ငြိမ်းသွားလိမ့်မယ်။ ခုနက ကိလေသာအာရုံ ကာမဂုဏ်တွေခံစားပြီး ကာမသုခလ္လိကာနုယောဂ အကျင့်ကိုလိုက်ပြီး ကာမဂုဏ်အာရုံတွေကို ခံစားနေမယ်ဆိုလို့ရှိရင် စိတ်ဟာ ငြိမ်းချမ်းမှုရမှာမဟုတ်ဘူး။ ခဏတဖြုတ်လေး ပျော်သလိုလိုဖြစ်ပြီးတဲ့နောက်မှာ ပူပန်မှုတွေနဲ့ပဲသွားတယ်။ သူက စိတ်ငြိမ်းချမ်းမှုကို မပေးနိုင်ဘူး။ အခုကျင့်စဉ်ကတော့ အဲဒီလိုမဟုတ်ဘူးတဲ့။ ဥပသမ စိတ်ဟာ ငြိမ်းအေးသွားလိမ့်မယ်။ စိတ်ထဲမှာ ပူလောင်စေတတ်တဲ့ လောဘတွေ ဒေါသတွေ မောဟတွေ မာန်မာနတွေ ဣဿာ, မစ္ဆရိယတွေဆိုတဲ့ ကိလေသာအပူတွေ မရှိတော့သည့်အတွက်ကြောင့် စိတ်ဟာ လုံးဝငြိမ်းသွားလိမ့်မယ်။ အေးငြိမ်းတဲ့ အနေအထားတစ်ခု ဖြစ်ပေါ်စေနိုင်တယ်။

ဒါတင်မကဘူး အဘိညာယ အမှန်တရားကို ထူးခြားတဲ့အသိဉာဏ်၊ ခါတိုင်းသိတာနဲ့မတူဘဲနဲ့ ထူးထူးခြားခြားသိဖို့ရာအတွက်လည်း ဟောဒီကျင့်စဉ်က ပေးလိမ့်မယ်။ သမ္ဗောဓာယ မှန်မှန်ကန်ကန်

စာမျက်နှာ-၈၁
သိဖို့ရာအတွက်လည်းပဲ ဟောဒီကျင့်စဉ်က ဖြစ်ပေါ်လာစေလိမ့်မယ်။ နိဗ္ဗာနာယ နိဗ္ဗာန်အငြိမ်းဓာတ်ကြီးကို မျက်မှောက်ပြုဖို့ရာလည်း ဟောဒီကျင့်စဉ်ကပေးလိမ့်မယ်လို့။ ဒါ မြတ်စွာဘုရားက အာမခံချက်ပေးလိုက်တာ။ မဇ္ဈိမပဋိပဒါရဲ့ အကျိုးကျေးဇူးတွေကို ထုတ်ဖော်ပြတာ။

လောကလူတွေက အလုပ်လုပ်တဲ့အခါ အကျိုးကျေးဇူးရှိမှ လုပ်ချင်တာ။ ဒီမဇ္ဈိမပဋိပဒါဆိုတဲ့ အကျင့်ကိုကျင့်လို့ ဘယ်လိုအကျိုးတွေရမှာမို့လဲလို့ မေးစရာရှိလို့ မြတ်စွာဘုရားက အေး ဒီအကျိုးတွေရလိမ့်မယ်။ မဇ္ဈိမပဋိပဒါအကျင့်ကို ကျင့်ခြင်းဖြင့် အမြင်မျက်စိတွေ ဖြစ်ပေါ်လာစေလိမ့်မယ်။ အသိဉာဏ် ဖြစ်ပေါ်လာစေလိမ့်မယ်။ စိတ်ဓာတ်တွေကို ငြိမ်းအေးသွားစေလိမ့်မယ်။ ထူးခြားတဲ့ဉာဏ်အမြင် မှန်ကန်တဲ့ဉာဏ်အမြင်ကြီးတွေ ဖြစ်စေရုံမျှမက တကယ့်ငြိမ်းချမ်းတဲ့ နိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုနိုင်တယ်။ ဒီလို ဒီမဇ္ဈိမပဋိပဒါရဲ့ အကျိုးကျေးဇူးတွေကို မြတ်စွာဘုရားက ထုတ်ဖော်ဟောကြားတယ်။

ဒီ မဇ္ဈိမပဋိပဒါဆိုတာ ဘုရားမပွင့်ခင်က ရှေ့မှာပေါ်ခဲ့တာ မရှိဘူးပေါ့။ ဒီလမ်းကြောင်းကို ဘယ်သူမှ မလျှောက်ခဲ့ဘူး။ အစွန်းရောက်တဲ့ လမ်းကြောင်းတွေကပဲ လျှောက်သွားနေကြတယ်။ အဲဒီ မဇ္ဈိမပဋိပဒါဆိုတာ မြတ်စွာဘုရားကိုယ်တိုင်တွေ့ရှိထားတဲ့ ဒီလမ်းကြောင်းပဲ။

ကတမာ စ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ အဲဒီလို အကျိုးကျေးဇူးတွေနဲ့ ပြည့်စုံတဲ့ မဇ္ဈိမပဋိပဒါဆိုတဲ့ ဒီအကျင့်ဟာ ဘာလဲ? မြတ်စွာဘုရားက အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ တခြားမဟုတ်ဘူးတဲ့။ သဘာဝတရား(၈)မျိုးနဲ့ ဖွဲ့စည်းထားတဲ့ အင်မတန်မှ မြင့်မြတ်တဲ့ မဂ္ဂင်(၈)ပါး

စာမျက်နှာ-၈၂
အကျင့်တရားပဲ။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ လို့ မဇ္ဈိမပဋိပဒါကို ဒီ(၈)ခုနဲ့ ဖွဲ့စည်းထားတယ်။

ဟောဒီ(၈)ခုကို တစ်ခုစီ အသေးစိတ်ကြည့်လို့ရှိရင် နံပါတ်(၁) သမ္မာဒိဋ္ဌိ မှန်မှန်ကန်ကန်မြင်ရမယ်တဲ့ အမြင်မှန်ရှိရမယ်။ ဒါ ဘာပြောတာတုန်းဆိုတော့ သမ္မာဒိဋ္ဌိလို့ ဆိုလိုက်သဖြင့် ဒါ ဝိပဿနာကျင့်စဉ်တစ်ရပ်ကို မြတ်စွာဘုရားက ထုတ်ဖော်ပေးတာပဲ။ အကျဉ်းချုပ်အားဖြင့် သမ္မာဒိဋ္ဌိ မှန်မှန်ကန်ကန်မြင်တယ်ဆိုတာ ဘာလဲ၊ ရုပ်နာမ်ဓမ္မသင်္ခါရတွေကို ရုပ်တရားတွေကို ရုပ်တရားလို့မြင်တယ်။ နာမ်တရားတွေကို နာမ်တရားလို့မြင်တယ်။ သဘာဝလက္ခဏာ ရှုထောင့်ကနေကြည့်ပြီး မြင်သဖြင့် ခါတိုင်းမြင်နေတဲ့ ပုဂ္ဂိုလ်သတ္တဝါဆိုတာမျိုး မရှိတော့ဘဲနဲ့ တကယ့်ရုပ်နဲ့နာမ်(၂)မျိုးသာလို့ဆိုတဲ့ အစစ်အမှန်ကို စပြီးတော့မြင်တာ။ ဒါ သမ္မာဒိဋ္ဌိပဲပေါ့။

အဲဒီလို မှန်မှန်ကန်ကန်မြင်ဖို့အတွက် ဘယ်သူက အထောက်အကူပြုတုန်းဆိုတော့ မှန်မှန်ကန်ကန်တွေးတောမှုက အထောက်အကူပြုတယ်။ ဒါကြောင့်မို့ သမ္မာဒိဋ္ဌိပြီးတော့ သမ္မာသင်္ကပ္ပလို့ မြတ်စွာဘုရားက ဒီလိုအပ်ချက်ကို ထုတ်ပြီးဟောတယ်။ အဲဒီ(၂)ခု ဦးဆောင်ပြီးတော့သွားမှာဖြစ်သည့်အတွက်ကြောင့် သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပကို မဇ္ဈိမပဋိပဒါမှာ ဦးဆောင်အင်္ဂါရပ်အဖြစ် မြတ်စွာဘုရားက ရှေးဦးစွာ ဟောကြားတာဖြစ်တယ်။

ဘာဖြစ်လို့တုန်းဆိုရင် ကာမသုခလ္လိကာနုယောဂတို့ အတ္တကိလမထာနုယောဂတို့ ဒီ အနုယောဂကျင့်စဉ်(၂)ခုက ဘယ်သူကဦးဆောင်နေတာတုန်းဆို မိစ္ဆာဒိဋ္ဌိက ဦးဆောင်နေတာ။ မှားယွင်း

စာမျက်နှာ-၈၃
တဲ့ အမြင်တွေက ဦးဆောင်ထားတာ။ ဘယ်လိုမှားယွင်းတဲ့အမြင်တုန်းဆိုရင် အေး ဘဝဆိုတာ ဒါပဲ၊ နောက်ဘဝဆိုတာမရှိဘူး၊ ရတဲ့ဘဝလေးကို ကာမဂုဏ်အာရုံတွေနဲ့ ပျော်မွေ့အောင် ကြိုက်သမျှ ချမ်းသာသုခကို ခံစားတာဟာ ဒါမှန်ကန်တယ်ဆိုတဲ့ ဒီအမြင်ဟာ မိစ္ဆာဒိဋ္ဌိအမြင်တစ်ခုပဲ။

ဘာဖြစ်လို့တုန်းဆိုတော့ သူပြောတဲ့အတိုင်း သူမြင်တဲ့အတိုင်း ဘဝဆိုတာ ဒါပဲမဟုတ်ဘူး၊ အကြောင်းရှိသေးရင် နောက်ထပ်လာဦးမှာ။ သူပြောတဲ့အတိုင်း ဒီဘဝပြီးရင် အဆုံးသတ်သွားတယ်ဆိုတာ မဟုတ်ဘူး။ နောက်ထပ်လာတယ်။ လာတယ်ဆိုကတည်းက လွဲသွားပြီလေ။ သူ့အမြင်က မှန်ကန်တဲ့အမြင် မဟုတ်တော့ဘူး။ မိစ္ဆာဒိဋ္ဌိဖြစ်သွားပြီ။ မိစ္ဆာအမြင် ဦးဆောင်လာတဲ့ အယူအဆတစ်ရပ် ဖြစ်သည့်အတွက်ကြောင့် မှားယွင်းတယ်။ အဲဒါကိုပဲ မှန်မှန်ကန်ကန်မြင်တတ်အောင်လို့ သမ္မာဒိဋ္ဌိဆိုတာ ရှေးဦးစွာမြတ်စွာဘုရားက ဟောလိုက်တာ။ မိစ္ဆာဒိဋ္ဌိအမြင်ရဲ့ ဆန့်ကျင်ဘက် မှန်ကန်တဲ့အမြင်တစ်ခု ရှိရမယ်။

နောက် အတ္တကိလမထာနုယောဂ ခန္ဓာကိုယ်ပင်ပန်းခံလို့ရှိရင် အသိဉာဏ်ရတယ်ဆိုတဲ့အတွေးဟာ မှားနေတယ်။ ခန္ဓာကိုယ်ပင်ပန်းခံတိုင်း အသိဉာဏ်ဆိုတာ ရလာမှာမဟုတ်ဘူး။ ပင်ပန်းခံလို့ အသိဉာဏ်ရလာမယ်ဆိုရင်တော့ အပင်ပန်းခံထိုက်တာပေါ့။ သို့သော် အပင်ပန်းခံရက်သားနဲ့ အသိဉာဏ်က ရမလာဘူး။ ခန္ဓာကိုယ်ကြီး ပင်ပန်းနွမ်းနယ်သွားရုံပဲရှိတယ်။ ကိလေသာက တန်းလန်းပဲဆိုတော့ ဒီအယူအဆဟာလည်းပဲ မှားယွင်းတဲ့ အယူအဆတစ်ခုဖြစ်နေတယ်။ မိစ္ဆာဒိဋ္ဌိက ဦးဆောင်နေတာဖြစ်တယ်။

စာမျက်နှာ-၈၄
ဒါကြောင့်မို့လို့ အဲဒီကျင့်စဉ်(၂)ရပ်ကို မိစ္ဆာဒိဋ္ဌိက အမြင်မှားက ဦးဆောင်ထားတာဖြစ်တယ်။ အဲဒီ အမြင်မှားကို ပယ်ဖျောက်ဖို့ရာအတွက် သမ္မာဒိဋ္ဌိဆိုတာကို မြတ်စွာဘုရားက အရင်ဟောလိုက်တာနော်။ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် မှန်ကန်တဲ့ အမြင်ရှိဖို့က အင်မတန်မှ အရေးကြီးတယ်။ သီလပဲဆောက်တည် ဆောက်တည်၊ သမထကျင့်စဉ်ပဲ ကျင့်ကျင့်၊ ဝိပဿနာတရားပဲအားထုတ် အားထုတ်၊ အလုပ်တစ်ခုကို လုပ်ပြီဆိုရင် အမြင်က တိမ်းစောင်းနေလို့ရှိရင် လုပ်သမျှတွေဟာ အကုန်ချွတ်ချော်သွားမှာမဟုတ်လား။ ဒါကြောင့်မို့ လုပ်သမျှတွေဟာ မမှန်ကန်နိုင်ဘူး။ မှန်ကန်နိုင်ဖို့ရာအတွက် ဘာတုန်းဆိုတော့ အမြင်မှန်ရမယ်။ မဇ္ဈိမပဋိပဒါမှာ ရှေးဦးစွာ သမ္မာဒိဋ္ဌိဆိုတာကို မြတ်စွာဘုရားက အရင်ဟောတာ၊ စဉ်ချင်သလိုစဉ်ထားပြီး ဟောချင်သလိုဟောတာမဟုတ်ဘူး။ အဓိပ္ပာယ်ရှိရှိ ဟောထားတာနော်။ ကာမသုခလ္လိကာနုယောဂနဲ့ အတ္တကိလမထာနုယောဂ (၂)ခုက မိစ္ဆာဒိဋ္ဌိအမြင်လွှမ်းမိုးထားလို့ ဒီကျင့်စဉ်(၂)ရပ်ကို တန်ဖိုးရှိတယ်လို့ ယူဆတယ်။ အဲဒီအယူအဆကိုပယ်ဖျက်ဖို့ မဇ္ဈိမပဋိပဒါလမ်းကြောင်းကို ချမှတ်တာဖြစ်တယ်။

မဇ္ဈိမပဋိပဒါလမ်းကြောင်းကျတော့ သမ္မာဒိဋ္ဌိ မှန်ကန်တဲ့အမြင်ရှိတယ်။ အေး ကာမဂုဏ်ချမ်းသာခံစားနေလို့ ဘာအသိဉာဏ်မှ ရလာမှာမဟုတ်ဘူးဆိုတာ သမ္မာဒိဋ္ဌိ မှန်ကန်တဲ့အမြင်တစ်ခုပဲ။ ခန္ဓာကိုယ်ပင်ပန်းခံရုံနဲ့ပဲ အသိဉာဏ်ရလာမယ်ဆိုတာ ဒါလည်းပဲ မမှန်ကန်ဘူး။ မြင်လာတာဟာ သမ္မာဒိဋ္ဌိပဲပေါ့၊ အဲဒီသမ္မာဒိဋ္ဌိဦးဆောင်ဖို့ရာအတွက် မဇ္ဈိမပဋိပဒါမှာ သမ္မာဒိဋ္ဌိဆိုတာကို ရှေးဦးစွာဟောတာ၊ ဒီတော့ သမ္မာဒိဋ္ဌိတစ်ခုထဲ အလုပ်လုပ်မလားလို့ဆို မဟုတ်ဘူး။

စာမျက်နှာ-၈၅
အားလုံးဟာ စုပေါင်းပြီးတော့ အလုပ်လုပ်ရတယ်။ သဘာဝတရားတွေက စုပေါင်းပြီးတော့ အလုပ်လုပ်တာ။

သမ္မာဒိဋ္ဌိကို အနီးကပ်အထောက်အကူပြုနေတဲ့ အင်္ဂါရပ်က သမ္မာသင်္ကပ္ပတဲ့။ သမ္မာသင်္ကပ္ပဆိုတာ မှန်မှန်ကန်ကန်တွေးတောကြံစည်မှုဟာ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ခြင်းရဲ့ အထောက်အကူတစ်ခုပဲပေါ့၊ အေး- မှန်မှန်ကန်ကန်မြင်ဖို့အတွက် မှန်မှန်ကန်ကန်တွေးတောတတ်ဖို့က အရေးကြီးတယ်။ ကောင်းပြီ- အမှန်လည်းမြင်တယ်၊ အမှန်လည်းတွေးတတ်ပြီဆိုရင် ဘာတွေလုပ်ရမှာလဲ၊ ဘာကို အခြေခံရမှာလဲ။ မဂ္ဂင်(၈)ပါးဟောတာဟာ ကျင့်စဉ်တစ်ခုကိုဟောတာ။ အမြင်မှန်နေပြီ အတွေးမှန်နေပြီဆိုရင် ဘာလုပ်ရမလဲဆိုရင် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ကိုယ်ကျင့်သီလ မှန်ကန်ပါစေလို့ ဒီလိုဆိုလိုတာ၊ ကိုယ်ကျင့်သီလပေါ် မရပ်တည်ဘဲနဲ့ အသိဉာဏ်တစ်ခု မရနိုင်ဘူး။ ကိုယ်ကျင့်သီလဟာ အင်မတန်မှ အရေးကြီးတယ်။

လူတွေဟာ ပင်ပင်ပန်းပန်း အလုပ်တစ်ခုလုပ်ပြီဆိုရင် ရပ်တည်စရာတစ်ခုရှိရမယ်။ ဆိုပါစို့- မြေကြီးပေါ်ရပ်တည်ပြီး သစ်ပင်တွေရှင်းကြတယ်။ ခုတ်ကြတယ်။ မြေကြီးပေါ်ရပ်ပြီး လုပ်ရတယ်၊ ရပ်စရာနေရာရှိရမယ်။ Ground ရှိရမယ်လို့ ဆိုလိုတယ်။ ထူးခြားတဲ့အသိဉာဏ်တစ်ခုရဖို့ရန်အတွက် ရပ်တည်ဖို့ရာတစ်ခုရှိရမယ်။ အဲဒီရပ်တည်ရာက ဘာလဲလို့ဆိုရင် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ သီလပေါ်မှာ ရပ်တည်ရမယ်လို့ ဒီလိုပြောတာ။ သီလပေါ်ရပ်တည်လိုက်တဲ့အခါ သီလက ဘာအကျိုးရှိတုန်းလို့ မြတ်စွာဘုရားက တခြားသုတ္တန်တွေမှာ ဆက်ပြီးဟောထားတာရှိတယ်။ ကိုယ်ကျင့်သီလရှိလာပြီဆိုလို့ရှိရင် အလိုလိုစိတ်က ဝမ်းသာကြည်နူးမှု

စာမျက်နှာ-၈၆
တွေရှိတယ်။ ငါမဟုတ်တာ မလုပ်ဘူးလို့ ပြန်တွေးလိုက်တိုင်း နောင်တပူပန်တာတို့ မဖြစ်ဘူး။ စိတ်ထဲမှာ ပြန်တွေးလိုက်တိုင်း ဝမ်းနည်းစရာဆိုတာ မပေါ်ဘူး။ ကိုယ်ကျင့်ကောင်းတဲ့ သီလကို အကြောင်းပြုပြီး ဝမ်းနည်းစရာဆိုတာ ဘာတစ်ခုမှ မရှိဘူးနော်။ ကိုယ်ကျင့်တရားကောင်းမှုကိုကြည့်ပြီး ဝမ်းသာစရာတွေချည်းပဲ။ အဲဒီဝမ်းသာမှုကို အကြောင်းပြုပြီး ဝမ်းမြောက်ခြင်းဆိုတဲ့ ပါမောဇ္ဇဖြစ်လာတယ်။ ဝမ်းမြောက်မှုကို အကြောင်းပြုတဲ့အခါ ပီတိဆိုတဲ့ စိတ်ထဲမှာ ကျေနပ်လာတာ ဖြစ်လာတယ်။ ပီတိဖြစ်လာလို့ရှိရင် ခန္ဓာကိုယ်ရော စိတ်ရော ငြိမ်းချမ်းလာတဲ့ ပဿဒ္ဓိဖြစ်လာတယ်။ ခန္ဓာကိုယ်ရော စိတ်ရော ငြိမ်းချမ်းလာပြီဆိုရင် သုခချမ်းသာတယ်ဆိုတာ ဝင်လာတယ်။ သုခချမ်းသာမှုရလာတာနဲ့ တစ်ပြိုင်နက် သမာဓိ စိတ်ကလေးဟာ ငြိမ်လာတယ်။ သီလက ဒီလိုအကျိုးပြုတာ။

ဒါကြောင့်မို့ မဂ္ဂင်(၈)ပါးမှာ အမှန်မြင် အမှန်တွေးမှုအပေါ်မှာ အခြေခံပြီးတော့ လုပ်ရမှာက ကိုယ်ကျင့်သီလပဲ။ နှုတ်ကို စောင့်စည်းတယ်- သမ္မာဝါစာ။ ကိုယ်မှုကို စောင့်စည်းတယ်- သမ္မာကမ္မန္တ။ မှန်ကန်တဲ့အသက်မွေးမှုနဲ့ အသက်မွေးဝမ်းကြောင်းပြုတယ်- သမ္မာအာဇီဝ။ စိတ်ဓာတ်ကို ကြည်နူးစေတဲ့ သီလအကျင့်တရားပေါ်မှာ အခြေခံရမယ်လို့ ဒီလိုပြောတာ။

အဲဒီလို အခြေခံပြီးတဲ့အခါ ကြိုးပမ်းအားထုတ်ပါ၊ ကြိုးပမ်းအားထုတ်မှုက သမ္မာဝါယာမ၊ ကြိုးပမ်းအားထုတ်တဲ့အခါမှာ လုပ်တိုင်းလုပ်တိုင်း သတိထားတာက သမ္မာသတိ၊ အေး သတိထားပြီးတော့ စိတ်ကလေးငြိမ်အောင်ဖြစ်စေတာက သမ္မာသမာဓိလို့။ အဲဒီလို မဂ္ဂင်(၈)ပါးကို အားလုံးပေါင်းစည်းပြီးတော့ အလုပ်လုပ်ဖို့ရန်အတွက်

စာမျက်နှာ-၈၇
မြတ်စွာဘုရားက မဇ္ဈိမပဋိပဒါကို ဒီအင်္ဂါ(၈)ရပ်နဲ့ ဖွဲ့စည်းပြီးတော့ ပေးထားတာ။ ဒီတော့ မဇ္ဈိမပဋိပဒါဆိုတာ တခြားဟာကို ပြောတာမဟုတ်ဘူး။

လက်တွေ့ကျင့်သုံးဖို့ ပြောမယ်ဆိုလို့ရှိရင် မဇ္ဈိမပဋိပဒါဆိုတာ သမထကျင့်စဉ်နဲ့ ဝိပဿနာကျင့်စဉ်ကို အကျဉ်းချုပ်ပြောပြတာပဲ။ အကျဉ်းချုပ်ဟောလိုက်တာ။ ဘယ်လိုအကျဉ်းချုပ်ဟောတာတုန်းဆိုရင် ကြည့်- မြတ်စွာဘုရားက ဒီမဂ္ဂင်(၈)ပါးထဲက တစ်ခုစီတစ်ခုစီရဲ့ အသေးစိတ်ကို ရှင်းပြတဲ့ သုတ္တန်တွေရှိတယ်။ သံယုတ်ပါဠိတော် မဂ္ဂသံယုတ်မှာ ဝိဘင်္ဂသုတ်ဆိုတာရှိတယ်။ အဲဒီ ဝိဘင်္ဂသုတ်မှာ သမ္မာသမာဓိဆိုတာဘာလဲလို့ မေးခွန်းထုတ်ပြီးတော့ မြတ်စွာဘုရားက ရှင်းပြတယ်။

သမ္မာသမာဓိဆိုတာတဲ့ ကာမဂုဏ်အာရုံတွေက စိတ်ကိုလွတ်ထွက်သွားအောင်၊ အကုသိုလ်အတွေးတွေက စိတ်ကိုလွတ်ထွက်သွားအောင် မှန်ကန်တဲ့အာရုံလေးတစ်ခုပေါ်မှာ ကြံစည်ခြင်း၊ စိတ်ကူးခြင်း၊ နှစ်သက်မှု ပီတိဖြစ်ခြင်း၊ ချမ်းသာခြင်း၊ တည်ငြိမ်ခြင်းဆိုတဲ့ သဘာဝတရား(၅)ခုနဲ့ ရပ်တည်ပြီးတော့နေတဲ့အဆင့်ကို ဆိုလိုတယ်။ ဒါကို ပထမဈာန်အဆင့်လို့ ခေါ်တယ်။ အဲဒီ ပထမဈာန်အဆင့်က ကာမဂုဏ်အာရုံ အကုသိုလ်တွေကို ဖယ်ရှားလိုက်လို့ရလာတဲ့ နှစ်သက်ကျေနပ်မှု ချမ်းသာမှုကို ဝိဝေကဇပီတိသုခလို့ခေါ်တယ်။ ဝိဝေကဆိုတာ ကာမဂုဏ်အာရုံတွေကို စွန့်ခွာလိုက်ခြင်းဖြစ်တယ်။ အကုသိုလ်တွေအားလုံးကို ဖယ်ရှားပစ်လိုက်တယ်။ အကုသိုလ်တွေ ကာမဂုဏ်အာရုံတွေမှ လွတ်ထွက်သွားတာကို “ဝိဝေက”လို့ခေါ်တယ်။ “ဇ”ဆိုတာ အဲဒီလွတ်ထွက်သွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပီတိသုခ။

စာမျက်နှာ-၈၈
နှစ်သက်ကျေနပ်မှု ချမ်းသာမှုတဲ့။ အဲဒီချမ်းသာဟာ သမာဓိစွမ်းအားနဲ့ ရလာတဲ့ချမ်းသာ ဖြစ်သည့်အတွက်ကြောင့် သမ္မာသမာဓိပဲတဲ့။ ဒါက သမထကျင့်စဉ်က အဆင့်မြင့်တဲ့ သမာဓိစွမ်းအားတစ်ခုကို ပြောပြတာ။ အရှင်ကောဏ္ဍညအမှူးပြုတဲ့ ပဉ္စဝဂ္ဂီတွေကို မြတ်စွာဘုရားက သမထကျင့်စဉ်ကို ဒီသမ္မာသမာဓိနဲ့ ဟောပြောတာနော်။

ဓမ္မစကြာထဲမှာ မဂ္ဂင်(၈)ပါးကို အကျဉ်းချုပ်ရေတွက်ထားတာ သာပါတာ။ တကယ်ဟောနေတဲ့အချိန်မှာ သမ္မာသမာဓိဆိုတာဘာလဲဆိုတာကို ရှင်းပြောနေတာ။ ထိုထိုသုတ္တန်တွေကို ကြည့်မယ်ဆိုရင် ဘုရားက အသေးစိတ်ရှင်းပြောနေတာ။ အဲဒီလိုရှင်းပြောနေတာကို နားထောင်ရင်းပဲ ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေက တရားရဲ့နောက်ကနေ လိုက် Apply လုပ်ပြီး ကျင့်သွားတာ။ ဒါကြောင့် တရားနာရင်း ထူးခြားတဲ့ အသိဉာဏ်တွေရကြတာ။ အာရုံစိုက်ပြီးတော့နာသည့်အတွက်ကြောင့်ပေါ့။ အေး- ကိလေသာတွေက လွတ်လပ်သွားတယ်။ ကာမဂုဏ်အာရုံတွေက လွတ်လပ်သွားတယ်ဆိုကတည်းက စိတ်ကလေးက တကယ်လည်း လွတ်လပ်သွားတဲ့ အနေအထားမျိုး ရောက်သွားတယ်ပေါ့။ ဝိဝေကဇပီတိသုခဆိုတဲ့ အဆင့်ကို ရလာပြီ။ ဒါဟာ သမ္မာသမာဓိတစ်ခုပဲ။

အဲဒီနောက်မှာ ကြံစည်မှုတွေးတောမှုဆိုတာတွေဟာ သမာဓိကို အနှောင့်အယှက်ပေးသည့်အတွက်ကြောင့် အဲဒီ(၂)ခုကို ဖယ်ရှားလိုက်တယ်။ ဝမ်းသာခြင်း၊ ချမ်းသာခြင်း တည်ငြိမ်ခြင်းဆိုတဲ့ သဘာဝ(၃)ခုနဲ့ ရပ်တည်နိုင်တာကို ဒုတိယဈာန်အဆင့်လို့ ခေါ်တယ်။ အဲဒီ ဒုတိယဈာန်အဆင့်မှာလည်းပဲ ပီတိဟာ စိတ်ကို အနှောင့်အယှက်ပေးတာဖြစ်သောကြောင့် ထိုပီတိကို ဖယ်ရှားပစ်လိုက်ရင် သုခနဲ့

စာမျက်နှာ-၈၉
သမာဓိ ဒီ(၂)ခုနဲ့ ရပ်တည်နေတယ်။ တစ်ခါ သုခချမ်းသာခံစားမှု ကလည်းပဲ သမာဓိကို အနှောင့်အယှက်ပေးတယ် ဆိုပြီးတော့ ချမ်းသာမှု ခံစားတဲ့ဝေဒနာ သုခဝေဒနာကို ဖယ်ရှားလိုက်တဲ့အခါ သုခဝေဒနာအစား ဥပေက္ခာဝေဒနာဆိုတာ ဝင်လာတယ်။ ဥပေက္ခာ ဝေဒနာနဲ့ သမာဓိကျတော့ သမာဓိကို နှောင့်ယှက်တာ တစ်ခုမှ မရှိတော့ဘူးတဲ့။ အင်မတန်မှ အဆင့်မြင့်တဲ့ သမာဓိရသွားပြီ။ အဲဒါကို သမ္မာသမာဓိလို့ခေါ်တာ။ မြတ်စွာဘုရားက မဂ္ဂင်(၈)ပါးဟောတဲ့အခါ သမ္မာသမာဓိလို့ပြောပြီး သမ္မာသမာဓိရဲ့ အဓိပ္ပာယ်ကို သမထကျင့်စဉ် တစ်ခုရဲ့ အောင်မြင်ပေါက်ရောက်မှုကိုရှင်းပြတာပဲ၊ ဒီထဲမယ် ဘာတွေ လုပ်ရမယ်ဆိုတာလည်းပဲ ပါသွားပြီးပြီပေါ့။ ။

နောက်တစ်ခါ သမ္မာဝါယာမဆိုတာကျတော့ မြတ်စွာဘုရားက ကြိုးပမ်းအားထုတ်ရမယ်၊ အရှင်ကောဏ္ဍညတို့ကို မဇ္ဈိမပဋိပဒါမှာ ဒီလမ်းကြောင်းကလျှောက်ပြီဆိုရင် ကြိုးပမ်းအားထုတ်မှု (၄)ရပ်နဲ့ ပြည့်စုံဖို့လိုအပ်တယ်။ ကြိုးပမ်းအားထုတ်မှု (၄)ရပ်ဆိုတာ ဘာတုန်း? ၁။ မဖြစ်သေးတဲ့ အကုသိုလ်တရားတွေ မဖြစ်ရအောင် တားဆီးပိတ်ဆို့ ခြင်း၊ ၂။ မတော်တဆ ဖြစ်ပေါ်လာတဲ့ အကုသိုလ်တရားတွေကို ဖယ်ရှားဖို့ ကြိုးပမ်းအားထုတ်ခြင်း၊ ၃။ မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်ပေါ်လာအောင် ကြိုးပမ်းအားထုတ်ခြင်း၊ ၄။ ဖြစ်ပြီးတဲ့ ကုသိုလ်တရားတွေ တိုးပွားလာအောင် ကြိုးပမ်းအားထုတ်ခြင်း။ ဒီ ကြိုးပမ်းအားထုတ်မှု (၄)ခုသည် သမ္မာဝါယာမပဲလို့ဆိုတော့ အရှင်ကောဏ္ဍညတို့ သဘောပေါက်တယ်လေ။ အာရုံတွေနဲ့တွေ့တဲ့အခါမှာ လောဘမဖြစ်အောင် ထိန်းရမယ်။ ဒေါသမဖြစ်အောင် ထိန်းရမယ်။ မောဟမဖြစ်အောင် ထိန်းရမယ်။ အဲဒီလိုထိန်းနေတာ မဖြစ်သေးတဲ့

စာမျက်နှာ-၉၀
အကုသိုလ်မဖြစ်အောင်လုပ်တာပဲလေ။ မတော်တဆ လောဘဖြစ်သွားလို့ရှိရင် ဖယ်ရှားဖို့ရန်ကြိုးစားရမယ်။ မတော်တဆ ဒေါသဖြစ်သွားရင် ဖြစ်လာတဲ့ဒေါသကို မြန်မြန်ကြီးဖယ်ရှားပစ်ဖို့ ကြိုးစားရမယ်။ မဖြစ်သေးတဲ့ အသိထူးတွေ၊ ဉာဏ်ထူးတွေ မဖြစ်သေးတာတွေကို ဖြစ်အောင်လုပ်ရမယ်။ ဖြစ်လာတဲ့ အသိဉာဏ်လေး တိုးပွားလာအောင် လုပ်ရမယ်ဆိုတာကို ဟောဒီ မဂ္ဂင်(၈)ပါးထဲမှာ သမ္မာဝါယာမဆိုတဲ့ အချက်နဲ့ ထင်ရှားပြပြီးသားဖြစ်တယ်ပေါ့။ ။

သမ္မာဝါယာမဆိုတာ သမထကျင့်စဉ်ကိုကျင့်တာနဲ့ ဝိပဿနာ ကျင့်စဉ်ကို တကယ်ကြိုးပမ်းအားထုတ်နေခြင်းသည်ပင် သမ္မာဝါယာမ ပဲပေါ့။ ဒါဖြင့် ကြိုးပမ်းအားထုတ်မှုဆိုတဲ့အခါမှာ စိတ်ကလေးက ဘယ်မှာထားရမှာတုန်း။ စိတ်က ဘာကိုသတိရနေမှာတုန်း၊ ဘယ်ပေါ်မှာ Mindful လုပ်နေရမှာလဲလို့ ဆိုတဲ့အခါကျတော့ မြတ်စွာဘုရားက သမ္မာသတိ ဆိုပြီးတော့ တစ်ခါ အာရုံ(၄)မျိုးကို ခွဲဟောထားတယ်။ သတိပဋ္ဌာန်တရား (၄)ပါး ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မလို့ဆိုတဲ့ ဒီအာရုံ ပေါ်မှာ စိတ်ကိုထားပါလို့ဆိုတာ။ ဒါ ကမ္မဌာန်းကျင့်စဉ်တစ်ခုကို ပေးနေတဲ့သဘောပေါ့နော်။

ကာယဆိုတာ မိမိသန္တာန်မှာရှိနေတဲ့ ထွက်လေဝင်လေဟာ လည်းပဲ ကာယပဲ၊ ဝေဒနာဆိုတာ ကိုယ်သန္တာန်မှာရှိတဲ့ ခံစားမှုပဲ၊ ဝမ်းသာတဲ့ ခံစားမှု၊ ချမ်းသာတဲ့ ခံစားမှု၊ ဆင်းရဲတဲ့ခံစားမှု။ ဝမ်းသာ ချမ်းသာ (၂)ခုရဲ့ စပ်ကြားမှာ ဖြစ်တဲ့ခံစားမှု၊ အဲဒီခံစားမှုရဲ့ သဘာဝ တရားတွေဟာ ဒါ အာရုံပြုရမယ့် အရာတစ်ခု၊ သတိလေးထားရမယ့် အရာတစ်ခု၊ နောက်တစ်ခါ ကိုယ့်ရဲ့ စိတ်ကလေး အခြေအနေကိုသိဖို့၊ စိတ်ဟာ အာရုံပြုပြီးတော့ သိရမယ့် အရာတစ်ခု၊ ကျန်တဲ့သဘာဝ

စာမျက်နှာ-၉၁
တရားတွေကိုလဲပဲ သိရမယ်လို့ ပေါင်းလိုက်တဲ့အခါကျတော့ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ ဒီအာရုံတွေပဲသတိထားရမယ်လို့။ ဪ- သတိထားတယ်ဆိုတာ ဘာကျင့်စဉ် ကျင့်နေတာတုန်းဆိုတော့ သမထကျင့်စဉ်နဲ့ ဝိပဿနာကျင့်စဉ် ကျင့်နေတာပဲ။ ဒီအကျင့်ကျင့်နေလို့ရှိရင် သမ္မာသတိ လုပ်ငန်းဟာ ပြီးနေတယ်။ အဲဒီတော့ ခြုံကြည့်လိုက်မယ်ဆိုရင် သမထကျင့်စဉ်ပဲ ကျင့်ကျင့်၊ ဝိပဿနာကျင့်စဉ်ပဲကျင့်ကျင့် မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်ရအောင်၊ ဖြစ်ပြီးသား အကုသိုလ်တွေ ဖယ်ရှားဖို့၊ မဖြစ်သေးတဲ့ အကုသိုလ်တွေမဖြစ်ဖို့၊ ဖြစ်ပြီးသား ကုသိုလ်တွေ တိုးပွားလာအောင် လုပ်ဖို့ ခြုံပြောလိုက်ရင် ကြိုးစားနေတာပဲ။ ။

အေး- ဒါကြောင့်မို့ သမ္မာဝါယာမနဲ့ သမ္မာသတိက ဘယ်သူ့ကို အထောက်အကူ ပြုတာတုန်းဆို သမ္မာသမာဓိကို အထောက်အကူ ပြုတာ။ ဖွဲ့စည်းလိုက်တဲ့အခါ ဒါ သမာဓိမဂ္ဂင်ဆိုပြီးတော့ ဖွဲ့စည်း ပေးထားတယ်ပေါ့။ သီလမဂ္ဂင်ပြီးလို့ရှိရင် သမာဓိမဂ္ဂင်ကျင့်စဉ်ကို ကျင့်ရမယ်။ အဲဒီလို ကျင့်စဉ်ကျင့်လို့ရှိရင် ဘယ်မှာ အထွတ်အထိပ် ရောက်တုန်းဆိုရင် သမ္မာဒိဋ္ဌိမှာပဲ အထွတ်အထိပ် ရောက်တယ်ပေါ့။

သမ္မာဒိဋ္ဌိဆိုတာ ဘာကိုပြောတာလဲ? “ဒုက္ခ ဉာဏံ၊ ဒုက္ခ သမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓော ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏ်” လို့ သမ္မာဒိဋ္ဌိရဲ့ အဓိပ္ပာယ်ကို ရှင်းတယ်။ မြတ်စွာ ဘုရားက ဒုက္ခကို ဒုက္ခလို့သိတယ်လို့ ဆိုကတည်းက ဒါ ဝိပဿနာ ကျင့်စဉ်တစ်ခုရဲ့ အာရုံတစ်ခုကိုပြောတာပဲ။ ရုပ်ပဲမြင်မြင်၊ နာမ်ပဲမြင်မြင်၊ ဒါဒုက္ခပဲ။ အဲဒီဒုက္ခကို သိလာတယ်။ ဒုက္ခကို ဒုက္ခလို့သိတယ်။ သိရုံတင် မကဘူး။ ဒီဒုက္ခ ဘာကြောင့်ဖြစ်ရတယ်ဆိုတာလည်း သိတယ်၊

စာမျက်နှာ-၉၂
ဒုက္ခသမုဒယေ ဉာဏံ။ ဒီဒုက္ခ ဘယ်နေရာမှာ အဆုံးသတ်တယ်ဆိုတာ အဆုံးသတ်မဲ့ နေရာကိုလည်းပဲ ရှင်းရှင်းကြီးသိတယ်၊ ဒုက္ခနိရောဓော ဉာဏံ။ အဲဒီလို အဆုံးသတ်ဖို့ နည်းလမ်းက ဘာလဲဆိုတာ ကိုလည်း ရှင်းရှင်းကြီး သိလာတယ်၊ ဒုက္ခနိရောဓ ဂါမီနိယာပဋိပဒါ ဉာဏံ။ အဲဒါကို မှန်ကန်တဲ့အမြင်လို့ပြောတာနော်။

ဒီထဲမှာ ကြည့်လိုက်မယ်ဆိုရင် သမ္မာဒိဋ္ဌိမှာ ဒုက္ခ ဉာဏံ လို့ ပြောလိုက်ကတည်းက ဒါ ဝိပဿနာရှုဖို့ မြတ်စွာဘုရားက ဟောတဲ့တရားပဲ၊ ရှုတယ်ဆိုတာ ဒုက္ခကိုပဲ ရှုရမယ်။ ဒုက္ခဆိုတာ ဘာတွေ ကိုပြောတာတုန်းဆိုရင် ရုပ်နဲ့နာမ်ပဲ။ အဲဒီရုပ်နဲ့နာမ်တွေဟာ ဒုက္ခပဲ။

အေး- ဒုက္ခကို မြင်ပြီးလို့ရှိရင် ဒုက္ခသမုဒယကိုလည်းပဲ မြင်လာတယ်။ အဲဒီ ဒုက္ခသမုဒယ မြင်လာပြီးတော့ ဒုက္ခနိရောဓ၊ နောက်ဆုံး ဒုက္ခ နိရောဓဂါမိနီ ပဋိပဒါနဲ့ ဒုက္ခနိရောဓကို သိတယ်။ အကျဉ်းချုပ် ပြောရမယ်ဆိုရင် ဝိပဿနာကျင့်စဉ်တစ်ခုကို သစ္စာ(၄)ပါးက ဖော်ညွှန်းပေး ထားတာ။

ဘယ်လိုဖော်ညွှန်းပေးတာတုန်းဆိုတော့ ဝိပဿနာအလုပ်ကို လုပ်တယ်ဆိုတာ ဘာနဲ့လုပ်ရမလဲလို့ဆိုရင် ဒုက္ခနိရောဓဂါမိနီပဋိပဒါ၊ အတိုချုပ်ပြောမယ်ဆိုရင် မဂ္ဂသစ္စာပေါ့နော်။ မဂ္ဂသစ္စာဆိုတာ တခြား ဟာမဟုတ်ဘူး။ ဒီပြောခဲ့တဲ့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဒီ(၈)ခုနဲ့ပူးပေါင်းထားတာ။ အဲဒီ(၈)ခုနဲ့ ဘာကို မြင်အောင်ကြည့်ရတာ တုန်းဆိုတော့ ဒုက္ခကိုမြင်အောင်ကြည့်ရတာ။ ဒုက္ခပေါ်မှာ အလုပ် လုပ်ရမယ်လို့ ဒီလိုပြောတာ အဲဒီဒုက္ခပေါ်မှာ အလုပ်လုပ်သည့်အခါမှာ ဘယ်လို အကျိုးကျေးဇူးတွေ ရလာတုန်းဆိုရင် ဒုက္ခကို ဖြစ်စေတတ်တဲ့

စာမျက်နှာ-၉၃
အကြောင်းတရားကိုဖယ်ရှားပြီး ဒုက္ခအဆုံးသတ်ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဟာ ဒါအကျိုးပဲ။

ဝိပဿနာကျင့်စဉ်တစ်ခု ဘယ်လိုကျင့်ရမှာတုန်းဆိုတာ ဒီမှာ ပါလာတယ်ပေါ့။ မဂ္ဂသစ္စာကို မိမိသန္တာန်မှာထူထောင်၊ ထူထောင် ပြီးတော့ ဒုက္ခသစ္စာပေါ်မှာ အလုပ်လုပ်၊ အလုပ်လုပ်တဲ့အခါမှာ ဒုက္ခ သမုဒယဆိုတဲ့ တဏှာကို ဖယ်ရှားပြီး ဒုက္ခနိရောဓဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုတာပဲ။ အဲဒါဟာ ဗုဒ္ဓမြတ်စွာ၏ မဇ္ဈိမပဋိပဒါလမ်းစဉ်ပဲ။ ပြည့်ပြည့်စုံစုံကြီး ဖော်ပြထားတယ်။ ထူထောင်ရမယ့်ဟာ၊ အလုပ်လုပ် ရမယ့်နေရာ၊ ရလာတဲ့အကျိုးကျေးဇူး၊ ဖယ်ရှားရမယ့်အရာ၊ ရလာမယ့် အကျိုးကျေးဇူး ဆိုပြီးတော့ ဒါကိုပဲ သစ္စာ(၄)ပါး လို့ပြောတာ။

အဲဒီလို သမ္မာဒိဋ္ဌိလို့ ဟောလိုက်တာနဲ့ တပြိုင်နက် သစ္စာ(၄) ပါးအမှန်တရား၊ အမှန်တရားဆိုတာ အလုပ်လုပ်ဖို့ပဲ။ အဲဒီအလုပ်လုပ် လို့ ရရှိလာတဲ့ အသိဉာဏ်။ အဲဒီအသိဉာဏ်ကို ဆိုလိုတယ်။ အဲတော့ သမ္မာဒိဋ္ဌိကိုချဲ့ပြီးတော့ ပဋိစ္စသမုပ္ပါဒ်နဲ့ ပြောမယ်ဆိုရင် သမ္မာဒိဋ္ဌိက ဘာတွေမြင်တာတုန်းဆိုရင် ဆိုပါစို့- အဝိဇ္ဇာကိုလည်း မြင်တယ်။ အဝိဇ္ဇာဖြစ်ကြောင်းတရားကိုလည်းမြင်တယ်။ အဝိဇ္ဇာချုပ်တဲ့နေရာ ကိုလည်း မြင်တယ်။ အဝိဇ္ဇာချုပ်ရာချုပ်ကြောင်းအကျင့်ကိုလည်း မြင်တယ်။ မဂ္ဂင်သစ္စာ(၄)ပါးပဲ။

သင်္ခါရနဲ့ ပတ်သက်ပြီးတော့လည်း ဒီ(၄)ချက်ကိုပဲမြင်တာ။ သင်္ခါရဆိုတာ ဘာလို့သိတယ်။ အဲဒီသင်္ခါရတွေ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ သမုဒယကိုလည်းသိတယ်။ အဲဒီ သင်္ခါရတွေ ဘယ်မှာချုပ်တယ်ဆိုတဲ့ နိရောဓကိုလည်းသိတယ်။ အဲဒီလိုချုပ်ခြင်းသို့ရောက်စေတတ်တဲ့ အကျင့်လို့ဆိုတဲ့ မဂ္ဂကိုလည်းသိတယ်။

စာမျက်နှာ-၉၄
ပဋိစ္စသမုပ္ပါဒ် အင်္ဂါ(၁၂)ရပ်စလုံးကို သစ္စာ(၄)ပါးရှုထောင့် ကနေ အကုန်သိသွားတယ်။ ဝိညာဏ်ဆိုတာကိုသိတယ်။ ဝိညာဏ် ဖြစ်ကြောင်း တရားကိုသိတယ်။ ဝိညာဏ်ချုပ်ရာကိုသိတယ်။ ဝိဉာဏ်ချုပ်ကြောင်း အကျင့် ပဋိပဒါကိုသိတယ်။ (၄)ချက် (၄)ချက် (၄)ချက် ရှင်းရှင်းကြီး မြင်သွားတယ်။ သမ္မာဒိဋ္ဌိ ဒါဘာပြောတာတုန်းဆိုတော့ ဝိပဿနာကျင့်စဉ်တစ်ခုကို အကျဉ်းချုပ် ဖော်ထုတ်တာ။

အရှင်ကောဏ္ဍညတို့ဆိုတာက ကနေ့ပဲ ပွင့်တော့မယ့် ရေပေါ် မှာ ပေါ်တက်ပြီးတော့ ရင့်နေတဲ့ကြာဖူးကြီးတွေနဲ့တူတယ်ပေါ့။ နည်း နည်းလေး ပြောလိုက်တာနဲ့ သဘောပေါက်သွားမယ့် ပုဂ္ဂိုလ်တွေကိုး။ အဲတော့ သမ္မာဒိဋ္ဌိဆိုတာ ဒုက္ခ၊ ဒုက္ခသမုဒယ၊ ဒုက္ခနိရောဓ၊ ဒုက္ခ နိရောဓ ဂါမိနီ ပဋိပဒါ ဒီ(၄)ချက်ကို သိတာ။ သမ္မာဒိဋ္ဌိလို့ ပြောလိုက် သဖြင့် ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်တတ်သွားတယ်။ ကျင့်နည်း တစ်ခု ရသွားတယ်။ ဒီလိုဆိုလိုတာနော်။ ။

အဲဒါကြောင့်မို့လို့ မဇ္ဈိမပဋိပဒါဆိုတဲ့ ဒီမဂ္ဂင်(၈)ပါး လမ်း ကြောင်းကနေ လျှောက်လိုက်လို့ရှိရင် စက္ခုကရဏီ အမြင်မျက်စိတွေ ဖြစ်ပေါ်လာတယ်။ ဉာဏကရဏီ အသိဉာဏ်ထူးတွေဖြစ်ပေါ်လာတယ်။ ဥပသမ စိတ်တွေငြိမ်းအေးလာတယ်။ အဘိဉာ ထူးသော ဉာဏ်ဖြင့် သိလာတယ်။ သမ္ဗောဓ မှန်မှန်ကန်ကန် သိလာတယ်။ နိဗ္ဗာန နိဗ္ဗာန်ကို မျက်မှောက်ပြုလာနိုင်တယ်လို့ဆိုတဲ့ ဒီအကျိုးကျေးဇူးတွေဟာ ရရှိသွားနိုင်တယ်။ အဲတော့ မြတ်စွာဘုရားက ဒီ မဇ္ဈိမပဋိပဒါ လမ်းစဉ်နဲ့ ငါကိုယ်တိုင်ကျင့်ခဲ့လို့ ဒီအဆင့်တွေကို ရောက်လာတယ်။

သော် အနုယောဂ(၂)ပါးကို ဖယ်ရှားပြီး ဟောဒီ မဇ္ဈိမပဋိပဒါ လမ်းကြောင်းက ကျင့်လို့ရှိရင် လမ်းကြောင်းကသွားလို့ရှိရင် ထူးခြားတဲ့

စာမျက်နှာ-၉၅
အသိဉာဏ်တွေ ရလာလိမ့်မယ်လို့ အရှင်ကောဏ္ဍည အမှူးပြုတဲ့ ပဉ္စဝဂ္ဂီတွေကို ဒီလိုရှင်းပြတာနော်။ အဲဒီမှာ မဂ္ဂင်(၈)ပါးကို အသေးစိတ်ထဲကမှ သမ္မာဒိဋ္ဌိဆိုတာ အင်မတန်မှ အရေးကြီးတာဖြစ်သောကြောင့် ရှေ့က နေပြီးတော့ ဟောထားတယ်။

သမ္မာသင်္ကပ္ပ မှန်မှန်ကန်ကန်တွေးတယ်ဆိုတာ ဘာတုန်း ဝိပဿနာကျင့်စဉ်ကို ကျင့်နေတယ်။ သမထကျင့်စဉ်တစ်ခုကို ကျင့်နေတယ်။ အဲဒီကျင့်နေခြင်းသည်ပင်လျှင် နေက္ခမ္မသင်္ကပ္ပ၊ မှန်မှန်ကန်ကန်တွေးနေတဲ့ အတွေးတစ်ခုပဲပေါ့။ ရုပ်ကို ရုပ်လို့တွေးတာ နာမ်ကိုနာမ် လို့တွေးတာ မှန်ကန်တဲ့အတွေးတစ်ခုပဲ။ နေက္ခမ္မသင်္ကပ္ပ ထဲမှာပါတယ် ပေါ့။ လောဘနဲ့တွေးတဲ့ အတွေးမဟုတ်ဘူး။ နောက် ဒေါသနဲ့တွေးတဲ့ အတွေးမျိုးမရှိဘူး။ ညှင်းဆဲလိုတဲ့အတွေးနဲ့ အတွေးမျိုးလည်းမရှိဘူး ဆိုတော့ သမ္မာသင်္ကပ္ပ မှန်မှန်ကန်ကန်တွေးတယ်ဆိုတာ တရားကျင့် နေတဲ့ ပုဂ္ဂိုလ်ရဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရအပေါ်မှာ ရှုမြင်သုံးသပ်ပြီးတွေးနေတဲ့ အတွေးသည် မှန်ကန်တဲ့အတွေးပဲ။ မှန်ကန်တဲ့အတွေးနဲ့ စိတ်ကို အာရုံပေါ်မှာ တင်ပေးနေခြင်းဖြင့် အသိဉာဏ်ဖြစ်ပေါ်ဖို့ရန်အတွက် များစွာအထောက်အကူပြုနေတယ်လို့ ဒီလိုဆိုလိုတယ်။ အဲဒီလို အထောက်အကူပြုဖို့ ကိုယ်ကျင့်သီလကို အခြေခံပြီးတော့ ကြိုးပမ်းအားထုတ်ကြမယ်။ ကြိုးပမ်းအားထုတ်ကြတဲ့အခါမှာ စိတ်က သတိရှိဖို့၊ ကာယ, ဝေဒနာ, စိတ္တ, ဓမ္မလို့ဆိုတဲ့ ဒီအာရုံပေါ်မှာ သတိရှိတယ်။ အေး ရုပ်နာမ်ပေါ်မှာသတိရှိနေတယ်ဆိုရင် ရုပ်တရား ပေါ်မှာ သတိရှိနေတယ်ဆိုရင် ဒါ ဓမ္မာနုပဿနာကို အာရုံပြုနေတဲ့ သဘောပဲပေါ့။ ဝေဒနာကို သတိရှိနေတယ်ဆိုရင် ဝေဒနာနုပဿနာကို အာရုံပြုနေတဲ့သဘောပေါ့။ စိတ်ကို အာရုံပြုနေတယ်ဆိုလို့ရှိရင်

စာမျက်နှာ-၉၆
စိတ္တာနုပဿနာပဲပေါ့။ အဲဒီလို သဘာဝတရားတစ်ခုခုကို အာရုံပြု နေတာဟာ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ လို့ဆိုတဲ့ ဒီ ရှုမှတ်ဖွယ်ရာ အာရုံ(၄)မျိုးက လွဲပြီးတော့ သတိထားစရာ ဘာမှမရှိဘူး။ အဲဒီလိုရှုခြင်းဖြင့် သမထ ကျင့်စဉ်အရ ကျင့်လိုက်လို့ တည်ငြိမ်လာတဲ့ သမာဓိစွမ်းအားကို အသုံးချလိုက်တယ်။ အသုံးချပြီးတော့ ပညာအဆင့်ကိုမြှင့်တင်လိုက်တဲ့အခါမှာ အမှန်တရားတွေကို ရှင်းရှင်းလင်းလင်းကြီး သိသွားတယ်လို့ ဒီလိုဆိုလိုတာ။ အဲဒါ မဇ္ဈိမပဋိပဒါ အကျင့်ပဲ။

အဲတော့ ဓမ္မစကြာကို သာမန်အားဖြင့် ကြည့်မယ်ဆိုရင် သမထကျင့်နည်းလည်း မပါဘူး။ ဝိပဿနာကျင့်နည်းကလည်း မပါဘူး။ အရှင်ကောဏ္ဍညတို့ ဘယ်လိုလုပ်ပြီးတော့ မဂ်ဖိုလ်ရသွားတုန်းလို့တွေးမိကောင်းတွေးမိကြလိမ့်မယ်။ မဟုတ်ဘူး၊ အလွန်ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်တွေဟာ သမ္မာဒိဋ္ဌိလို့ ပြောလိုက်တာနဲ့ တပြိုင်နက် သမ္မာဒိဋ္ဌိဆိုတာ ဒုက္ခကိုသိတာ၊ ဒုက္ခသမုဒယကိုသိတာ၊ ဒုက္ခနိရောဓကိုသိတာ၊ ဒုက္ခနိရောဓဂါမိနီပဋိပဒါကိုသိတာ၊ ဟော အကျင့်ကိုလည်း သိတယ်။ ထိုအကျင့်ဖြင့်ရှုမှတ်ရမယ့်ဟာကိုလည်း သိတယ်။ ဖယ်ရှားရမယ့်အရာ ကိုလည်း သိတယ်။ မျက်မှောက်ဖြစ်ရမယ့်အရာကိုလည်း သိတယ် ဆိုတော့ သူ့ရဲ့ သိမှုက ပြည့်စုံသွားပြီလေ။ နောက်ထပ် ဘာမှမလိုတော့ဘူး။ ဒါကြောင့်မို့လို့ မဇ္ဈိမပဋိပဒါလို့ဆိုတဲ့ထဲမယ် သမထကျင့်စဉ် ရော ဝိပဿနာကျင့်စဉ်ရော မြတ်စွာဘုရားက ဟောပေးလိုက်တာ ဖြစ်တယ်ပေါ့။ ခြုံငုံပြီးတော့ပြောမယ်ဆိုရင် ကိုယ်တော်မြတ်ကိုယ်တိုင် ကျင့် လာတာ အာနာပါန ကမ္မဋ္ဌာန်းကိုအာရုံပြုတယ်၊ ဆိုပါစို့။ အာနာပါနကို

စာမျက်နှာ-၉၇
အာရုံပြုပြီးတော့ သမာဓိရလာတယ်။ ဒါသမ္မာသမာဓိကို ထူထောင်တာ သမထကျင့်စဉ်။ အဲဒီသမာဓိရလာပြီးတဲ့အခါမှာ ထိုဈာန်မှာရှိတဲ့ သဘာဝတရားတွေကို ရှုမှတ်ဆင်ခြင်လိုက်တာကျတော့ သမ္မာဒိဋ္ဌိ၊ ရှုမှတ်ဆင်ခြင်မှုကို စိတ်ကနေပြီးတော့ တင်ပေးနေတာက သမ္မာသင်္ကပ္ပ၊ အဲဒီရှုမှတ်ဆင်ခြင်မှုတွေ တိုးပွားလာအောင် ကြိုးစားနေ တာက သမ္မာဝါယာမ၊ ထိုရှုမှတ်ဆင်ခြင်မှု သမ္မာသတိ နှင့် ထိုစိတ် ကလေးနဲ့ ကွာမသွားအောင် ထိန်းပေးနေတာက စိတ်တည်ကြည်မှု သမ္မာသမာဓိဆိုပြီး ဟော ဒီ(၅)ခုနဲ့ အလုပ်လုပ်သွားတာပဲ၊ ဒါကြောင့် မို့ ကာရာပကမဂ္ဂင် တရားအားထုတ်နေတဲ့အချိန်မှာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဆိုတဲ့ ဒီ(၅)ခုနဲ့ အလုပ်လုပ်ပြီးတော့ တရားကျင့်သွားကြတာ။ အဲဒီ(၅)ခုဟာ တရား အားထုတ်နေတဲ့အချိန်မှာ အစွမ်းကုန် စွမ်းဆောင်မှု ပေးနေကြတယ်လို့ ဒီလိုဆိုလိုတယ်။ ဘယ်တရားပဲကျင့်ကျင့် မှန်ကန်တဲ့လမ်းစဉ်နဲ့ ကျင့်လို့ရှိရင် ဒီ(၅)ခုနဲ့ သွားနေတာပဲပေါ့။ အဲဒီလို မဇ္ဈိမပဋိပဒါကို မြတ်စွာ ဘုရားသခင်ကိုယ်တော်မြတ်က တောတယ်။

မဇ္ဈိမပဋိပဒါ သာသနာတော်မှာ မှန်ကန်တဲ့အကျင့်ဆိုတာ ဒီအကျင့်ပဲလို့ဆိုပြီးတော့ ဒီမှန်ကန်သောအကျင့်ကို ကျင့်ဖို့ရာအတွက် မှန်ကန်တဲ့အချက်(၄)ချက်ကို မြတ်စွာဘုရားက ဆက်ပြီးတော့ ဟော ကြားတယ်။ အဲဒါဟာ သစ္စာ(၄)ပါးကိုဟောပြောတာ။ အဲတော့ ဓမ္မစကြာဟာ သစ္စဒေသနာလို့ဆိုတဲ့အတိုင်း အမှန် တရား(၄)ချက်ကို မသိဘဲနဲ့ သမ္မာဒိဋ္ဌိဆိုတာ မဖြစ်နိုင်ဘူးပေါ့။ အမှန် တရားသိလို့ သမ္မာဒိဋ္ဌိလို့ခေါ်တာ။ အဲဒီမှာ မြတ်စွာဘုရားက ကမ္မဋ္ဌာန်း အားထုတ်ရတဲ့နေရာမှာ လိုအပ်တဲ့အချက်(၄)ချက်နဲ့ ဟောဒီ မဇ္ဈိမ

စာမျက်နှာ-၉၈
ပဋိပဒါ ကျင့်စဉ်ကျင့်တယ်ဆိုတာကို အပြည့်အစုံဖော်ပြလိုက်တယ်။ မဇ္ဈိမပဋိပဒါတုန်းက သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ စတဲ့ ဒီ(၈)မျိုးကိုပဲ မြတ်စွာ ဘုရားက ထူထောင်ဖို့ပြောတယ်။ အဲဒီလိုထူထောင်ဖို့ပြောပြီးတဲ့အခါ ဘယ်ပေါ်မှာထူထောင်ရမှာလဲဆိုတာကို ဘယ်ပေါ်မှာ ထူထောင်ပြီးတော့ ဘယ်ဟာကိုဖယ်ရှားပြီး ဘယ်ဟာကိုမျက်မှောက်ပြုရမှာလဲဆို တာကို ထင်ရှားအောင်လို့ သစ္စာ(၄)ပါးကို ဆက်ပြီးတော့ ဟောတာ။

အဲတော့ ကြည့်လေ- နောက်ကနေပြီး မြတ်စွာဘုရားက ဟောတာ “ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စ” တကယ် မှန်ကန်တာကို အရင်မြင်ဖို့ အရေးကြီးတယ်။ ဒုက္ခဆိုတဲ့ အရိယသစ္စာ၊ ဘာတွေကို ဒုက္ခလို့ပြောလိုတာတုန်းဆိုတော့ ထင်ရှားတာလေးတွေကို အရင်ပြောပြတယ်။ မြတ်စွာဘုရားက ဘာလို့တုန်းဆို အသိခက်မှာ စိုးလို့ လွယ်လွယ်လေးနဲ့ သိနိုင်တာဘာတုန်း။

ဇာတိပိ ဒုက္ခာ၊ ပဋိသန္ဓေ နေရတယ်ဆိုတာ ဒုက္ခလို့ အဲလို ပဋိသန္ဓေနေရတာဒုက္ခလို့ဆိုတာ ဘာကြောင့် ဒုက္ခလို့ပြောတာတုန်း ဆိုရင် လောကမှာ ကြုံတွေ့ရတဲ့ဆင်းရဲမှုမှန်သမျှဟာ မွေးဖွားလာခြင်း ကစတာပဲမဟုတ်လား။ သို့သော် အဋ္ဌကထာမှာ ဘာတွေကိုရေးတုန်း လို့ ဆိုလို့ရှိရင် ဇာတိဒုက္ခ အမိဝမ်းမှာ ဆင်းဆင်းရဲရဲ နေရတဲ့ဒုက္ခတွေကိုပြောတာ။ သို့သော် အဲဒီဒုက္ခတွေကို လူတွေက ကိုယ်တိုင်ခံစား ပြီးတော့ မှတ်မိ မှတ်သိနေကြလားဆို ဘယ်သူမှမသိဘူး။ အမေ့ဝမ်း ထဲမှာ ဘယ်လိုနေခဲ့တယ်။ ဘယ်သူသိလဲ ဘယ်သူမှ မသိဘူး။

ဒါကြောင့်မို့လို့ ဇာတိဒုက္ခလို့ဆိုတာ အဋ္ဌကထာဆရာက အေး အဲဒီလိုဒုက္ခရောက်ခဲ့တာလို့ဆိုတာ ထောက်ပြတယ်။ ဆိုလိုရင်းကတော့ အဲဒီလိုမွေးဖွားလာခဲ့သည့်အတွက်ကြောင့် အခုကြုံတွေ့ရတဲ့ ဒုက္ခတွေ

စာမျက်နှာ-၉၉
က မွေးဖွားလာခဲ့လို့ ကြုံရတာလို့ ဒီလိုဆိုလိုတာ။ ဒါကြောင့်မို့ ဒုက္ခ ဝတ္ထုဘာဝ ဒုက္ခဖြစ်ဖို့ ရာရဲ့ အကြောင်းဖြစ်တယ်။ မမွေးခဲ့ဘူး ဆိုလို့ရှိရင် ခေါင်းကိုက်တာတို့၊ ကျောအောင့်တာတို့၊ ဖျားနာတာတို့၊ ရောဂါ ဝေဒနာတွေတို့ ဖြစ်မှာမှ မဟုတ်တာကိုး။ ဖြစ်လာခဲ့သမျှ ပြဿနာတွေ အားလုံးဟာ မွေးဖွားလာခြင်းကြောင့် ဖြစ်တာ။ ဒါကြောင့်မို့ ဇာတိကို ဒုက္ခလို့ ဒီလိုပြောတာ။

အဋ္ဌကထာဆရာကြီးကတော့ အမိဝမ်းထဲမှာ ဘယ်လိုနေရတယ်ဆိုတာတွေကို အမိဝမ်းထဲမှာနေရမှာ ကြောက်ရွံ့လာအောင် ဇာတိဒုက္ခရဲ့ သရုပ်ကို ဖော်ထုတ်ပြီးတော့ရေးထားတယ်နော်။ “စာသစ် စာကျက်၊ အောက်ထက်ဝန်းရံ၊ ပုပ်နံ့ညံ့လှောင်း၊ ကျဉ်းမြောင်းမဲမိုက်၊ မိဝမ်းတိုက်ဝယ်၊ ဘင်၌လောက်လို၊ ကျောက်ကိုဝမ်းဖြူ၊ ဒူးနှစ်ခုကြား၊ ဦးခေါင်းထားလျက်” လို့ဆိုပြီး ဇာတိဒုက္ခနဲ့ ပတ်သက်လို့ ဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးက ကဗျာရေးထားတာတွေရှိတယ်။ သို့သော် ဘုန်းကြီးတို့တစ်တွေ ပြန်ပြီးတော့ စဉ်းစားကြည့်လိုက်မယ်ဆိုရင် မိဘ ဝမ်းထဲမှာ အဲဒီလိုနေခဲ့ရတာ မသိခဲ့ရဘူးပေါ့။ သို့သော် သိရမယ်ဆိုလို့ရှိရင်လည်း ကြောက်စရာကြီးလို့ ထင်လာတာပေါ့။ သံဝေဂ ဖြစ်စရာတော့ ရတာပေါ့။ အေး- မြတ်စွာဘုရားဟောလိုရင်းက ဇာတိပိ ဒုက္ခာဆိုတာ မွေးဖွားလာတာက ဒုက္ခအားလုံးရဲ့ လက်သည်ဖြစ်လို့ ဇာတိပိ ဒုက္ခာ လို့ဟောလိုက်တာ။

အေး နောက်ပြီးတော့ မွေးလာရင်ဘာဖြစ်လို့ဆိုရတာ၊ ဇရာပိ ဒုက္ခာ၊ အေး ခန္ဓာကိုယ်ရလာလို့ မွေးလာပြီးတဲ့နောက်မှာ ဖျားရတာ၊ နာရတာ၊ ခန္ဓာကိုယ်ဒုက္ခရောက်တာတွေအားလုံး နာကျင်ကိုက်ခဲမှုတွေ ဗျာတိပိ ဒုက္ခာ၊ နောက်ဆုံးသေဆုံးရခြင်းဆိုတဲ့ ဒုက္ခ။ ဒီ ဒုက္ခတွေက

စာမျက်နှာ-၁၀၀
အားလုံးသိကြတာဖြစ်လို့ မရဏံပိ ဒုက္ခ၊ ဒုက္ခ(၄)မျိုးကို ရှေးဦးစွာ ရှင်းပြတယ်။ ဒါအများနဲ့သက်ဆိုင်တဲ့ ဒုက္ခတွေ။

နောက် တချို့ပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်တာ ပြောဦးမယ်။ “ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခေ” ကိုယ်ချစ်ခင်တဲ့ သတ္တဝါ သင်္ခါရ ကိုယ်နှစ်သက်တဲ့ပစ္စည်း ဒါကြောင့်မို့ (၂)မျိုးစလုံး ကိုယ်နှစ်သက်တဲ့ ပုဂ္ဂိုလ်၊ ကိုယ်နှစ်သက်တဲ့ပစ္စည်း အဲဒါနဲ့ ခွဲခွာသွားရတာလည်းပဲ ဒုက္ခ၊

ဟော- သိသာမြင်သာတဲ့ ဒုက္ခတွေကို ပြောပြတာ။ “ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခေ” ကိုယ်မချစ်တဲ့ပုဂ္ဂိုလ်၊ ကိုယ်မနှစ်သက်တဲ့ ပစ္စည်း ဝတ္ထုအသုံးပြုနေရတယ်။ နွေရာသီ အလွန်ပူအိုက် Aircon ကလည်းမရှိဘူးနော်။ ဆိုပါစို့ - အင်မတန် ပူအိုက်နေတဲ့အထဲမယ် ပူအိုက်မှုဆိုတဲ့ ဒီရာသီဥတုကြီးနဲ့ ပေါင်းသင်းဆက်ဆံနေရတာ ဘယ်လောက်ဒုက္ခရောက်မလဲပေါ့။ ဒါ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခာဆိုတာ ဒါမျိုးပြောတာနော်။ ကိုယ်မနှစ်သက်တဲ့ သတ္တဝါသင်္ခါရတွေနဲ့ ပေါင်းသင်းနေကြရတယ်။

နောက်တစ်ခုက “ယမ္ပိန္တံ နလဘတိ တံပိဒုက္ခ”တဲ့။ ကိုယ်လိုချင်တာတွေ မရဘူး။ ဖြစ်ချင်တာတွေ မဖြစ်နိုင်ဘူး။ မဖြစ်နိုင် တာတွေ အများကြီး။ သို့သော် စာပေကျမ်းဂန်မှာ မရတာ မဖြစ်နိုင်တာကို တောင့်တလို့မရတာဆိုတာ ဘာတုန်းဆိုရင် အိုခြင်းဆင်းရဲနဲ့ မကြုံချင်ကြဘူး။ တောင့်တလို့မရဘူး။ ကိုယ်လိုချင်တာကအမြဲတမ်း နုပျိုနေချင်တယ် မရဘူး။ ကိုယ်ကိုယ်တိုင်က အမြဲတမ်း ကျန်းမာချင်တယ် မရဘူး။ ကိုယ်ကိုယ်တိုင်က မသေချင်ဘူး။ အသက်ရှင်ချင်တယ် မရဘူး။ ဟော အဲဒါကို ပြောတာ။

စာမျက်နှာ-၁၀၁
ဟော နောက်ဆုံးမှာ လူတွေက ဒုက္ခလို့မသိတဲ့ဟာတွေကို မြတ်စွာဘုရားက ထုတ်ပြတယ်။ သံခိတ္တေန ပစ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ ဆိုပါစို့ ဘုန်းကြီးတို့တတွေ ရထားတဲ့ခန္ဓာဟာ မျက်စိတို့၊ နားတို့၊ နှာခေါင်းတို့၊ လျှာတို့၊ ကိုယ်တို့၊ စိတ်တို့ဆိုတဲ့ နောက်ပြီးတော့ ခံစားချက်တွေ၊ မှတ်သားချက်တွေ၊ စေ့ဆော်ချက်တွေ အားလုံးဟာ အသိစိတ်တွေ အားလုံးဟာ ခန္ဓာ(၅)ပါးပဲ မဟုတ်လား။ အဲဒီခန္ဓာ(၅) ပါးဟာ ဒုက္ခပဲလို့ပြောတာ။ ဒါဝိပဿနာရှုဖို့ ဒုက္ခဆိုတာ ဘာလုပ်ဖို့တုန်း ဝိပဿနာရှုဖို့ အာရုံအနေနဲ့ မြတ်စွာဘုရားက ထုတ်ပြလိုက်တာပေါ့။ အဲဒီဝိပဿနာအာရုံအနေနဲ့ ဒုက္ခကို ထုတ်ပြလိုက်တယ်။ အဲဒါဘာနဲ့ ဒီဒုက္ခကို သိအောင်လုပ်ရမှာလဲလို့ဆိုရင် ခုနတုန်းက မဇ္ဈိမပဋိပဒါလို့ ပြောထားတဲ့ မဂ္ဂင်(၈)ပါးနဲ့ပဲ လုပ်ရမှာပဲ။

ဒါကြောင့်မို့လို့ “ကတမာ စ သာ ဘိက္ခဝေ ဒုက္ခနိရောဓ ဂါမိနီပဋိပဒါ အရိယသစ္စ” ဆိုပြီးတော့ (၄)ခုမြောက် သစ္စာကို ဟောတဲ့အခါမှာ အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ၊ ဒါပဲ ဒီပြင်ဟာ မဟုတ်ဘူးတဲ့နော်။ အဲတော့ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါဆိုတဲ့ မဂ္ဂသစ္စာနဲ့ မဇ္ဈိမပဋိပဒါဆိုတာ အတူတူပဲလို့ ဒီလိုမှတ်ရမယ်။ မဇ္ဈိမပဋိပဒါဆိုတာ ဒါကိုပြောတာ။ အဲတော့ မဇ္ဈိမပဋိပဒါက ဘယ်သူ့ အပေါ် အလုပ်လုပ်ရမလဲဆိုရင် ဟောဒီ ဒုက္ခကိုသိအောင် လုပ်ရမယ်။

ဒုက္ခကိုသိလို့ရှိရင် ဒီဒုက္ခဟာ ဘာကြောင့် ဖြစ်နေတာတုန်းလို့ ဆင်ခြင်သုံးသပ်လိုက်တဲ့အခါကျတော့ ဒုက္ခဖြစ်နေခြင်းအကြောင်းဟာ ကတမာ စ သာ ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ ဒုက္ခ ဖြစ်ကြောင်း သမုဒယသစ္စာဆိုတာ ဘာလဲလို့ဆိုတဲ့အခါမှာ “ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂ သဟဂတာ တတြတတြာ

စာမျက်နှာ-၁၀၂
ဘိနန္ဒိနီ၊ သေယျထိဒံ ကာမတဏှာ ဘဝတဏှာ၊ ဝိဘဝ တဏှာ” လို့ တဏှာ(၃)မျိုးကို ခွဲပြီးတော့ မြတ်စွာဘုရားက ဟောတယ်။ ယာယံတဏှာ ပေါနောဗ္ဘဝိကာ ဘဝအသစ်ကို ထပ်တစ်လဲလဲဖြစ်စေတိုင်း သူ့ရဲ့ စွမ်းဆောင်နိုင်မှုတွေကို ပြတယ်။

နန္ဒီရာဂသဟဂတာ အာရုံတွေနဲ့ ပတ်သက်လာလို့ရှိရင် နှစ်သက်တတ်တယ်။ ကျေနပ်တတ်တယ်။ တတြတတြာဘိနန္ဒိနီ၊ ဘယ်အာရုံပဲဖြစ်ဖြစ်။ ဒီအာရုံတစ်မျိုးရိုးသွားရင် နောက်အာရုံတစ်မျိုး ပြောင်းပြောင်းပြီးတော့ နှစ်သက်တတ်တယ်။ ကျေနပ်တတ်အောင် အဲဒီ တဏှာဟာ ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာဆိုပြီး တဏှာ(၃)မျိုးရှိတယ်။ အဲ တဏှာ(၃)မျိုးထဲမှာ အဓိပ္ပာယ်အစစ်အမှန်က ကာမတဏှာလို့ဆိုတာ မျက်စိကမြင်ပြီးတော့ နှစ်သက်စရာအာရုံ၊ မျက်စိက မြင်ရတဲ့ နှစ်သက်စရာအာရုံ၊ နားကကြားရတဲ့ နှစ်သက်စရာ အာရုံဆိုတဲ့ ဒီ နှစ်သက်စရာအာရုံတွေပေါ်မှာ တွယ်တာနှစ်သက်မှုကို ကာမတဏှာလို့ ခေါ်တယ်။

ဘဝတဏှာကျတော့ မှားယွင်းတဲ့သဿတဒိဋ္ဌိအတွေးနဲ့ အဲဒီ အာရုံတွေပေါ်မှာ ရှုမြင်သုံးသပ်ပြီး တွယ်တာတဲ့တဏှာကို ဘဝတဏှာ လို့ခေါ်တယ်။

ဝိဘဝတဏှာဆိုတာကျတော့ သေလို့ရှိရင် ဘာမှ မဖြစ်ဘူးလို့ အားလုံးဟာ ပြတ်သွားတာပဲလို့ ယူဆတဲ့ ဥစ္ဆေဒဒိဋ္ဌိနဲ့ တွဲလာတဲ့ဟာကျတော့ ဝိဘဝတဏှာ၊ ဝိဘဝဆိုတာ ဘဝကင်းပြတ်သွားခြင်းဆိုတဲ့ အဓိပ္ပာယ်ကိုပြောတာ။

သို့သော် စာအုပ်တစ်အုပ်ထဲမှာရေးထားတယ်။ ဝိဘဝတဏှာ ဆိုတဲ့နေရာမှာ ဝိဘဝဆိုတာ တခြားနေရာမှာ စည်းစိမ်ကို ဝိဘဝ

စာမျက်နှာ-၁၀၃
သဒ္ဒါကဟောတာရှိတယ်ပေါ့။ စည်းစိမ်ကို ဟောတာကြည့်ပြီးတော့ ဝိဘဝတဏှာဆိုတာ စည်းစိမ်တွေကို တွယ်တာတဲ့တဏှာလို့ ဒီလို သူ့ အတွေးနဲ့ ရေးထားတာ ရှိသေးတယ်နော်။ ဘုရားသုံးတဲ့စကားဟာ ဘုရားဟောတဲ့အတိုင်းပဲ မှတ်ရမှာပေါ့။ ဗမာလို ရေးထားတဲ့စာအုပ် တစ်အုပ်ထဲမှာ ဝိဘဝတဏှာဆိုတာ စည်းစိမ်ဥစ္စာတွေပေါ်မှာ တပ်မက်တာ၊ အဲဒီ စည်းစိမ်ဥစ္စာတွေပေါ်မှာ တပ်မက်တဲ့တဏှာဆိုတာ ကာမ တဏှာထဲမှာ ပါသွားပြီပဲ၊ ဝိဘဝတဏှာဆိုတာ ဥစ္ဆေဒဒိဋ္ဌိနဲ့တွဲတဲ့ တဏှာဆိုတာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ရေးကြတာတွေ ရှိသေးတယ်နော်။ အဲဒီ စာအုပ်မျိုးတော့ မဖတ်ထိုက်ဘူးပေါ့၊ မှန်ကန်မှုလည်း မရှိဘူး။

အဲတော့ တကယ့်အစစ်အမှန်က ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာပါ။ ဘဝတဏှာဆိုတာ ဘဝမှာ အစဉ်ထာဝရ မြဲနေချင်တယ်။ ဘဝအဆက်မပြတ်ချင်ဘူးဆိုတဲ့ သဿတ အယူအဆနဲ့ တွဲနေတဲ့ တဏှာမျိုး။ ဝိဘဝတဏှာဆိုတာ ဒီဘဝပြီးရင် ပြတ်သွားတယ်လို့ ယူဆတဲ့ ဥစ္ဆေဒဒိဋ္ဌိနဲ့ယှဉ်တဲ့ တဏှာမျိုးကို ဒီလိုဆိုလိုတယ်။ ဒါက အမှန်အကန် အဓိပ္ပာယ်ပေါ့နော်။ အေး ဒုက္ခဖြစ်ကြောင်းတရားဆိုတာ ဒီတဏှာပဲလို့ သိလာတယ်။

အဲဒီမှာ တစ်ခါ ဒုက္ခနိရောဓ ဒုက္ခချုပ်ငြိမ်းသွားတယ်ဆိုတာ ဘာလဲလို့ဆိုတော့ ဒီမှာ ဒုက္ခချုပ်ငြိမ်းတယ်လို့ပြောပြီးတော့ မြတ်စွာ ဘုရားကဖွင့်ဆိုတဲ့အခါ ဘယ်လိုဆိုတုန်းဆိုရင် “ယော တဿာယေဝ တဏှာယ အသေသဝိရာဂ နိရောဓော စာဂေါ ပဋိနိဿဂ္ဂါ မုတ္တိ အနာလယော”လို့ ဒီလိုဖွင့်ဆိုတယ်။ အဲဒီတဏှာကို လုံးဝစွန့်ပယ် နိုင်လိုက်တဲ့အရာသည် ဒုက္ခနိရောဓပဲလို့ မှတ်ရမယ်။ ဒါက ဘာဖြစ်လို့

စာမျက်နှာ-၁၀၄
ဒီလိုပြောလဲဆိုရင် ဒုက္ခနိရောဓဆိုတာ ဒုက္ခချုပ်တယ် ဆိုတဲ့နေရာမှာ ဒုက္ခရဲ့ ချုပ်ခြင်းလို့ မပြောဘဲနဲ့ တဏှာရဲ့ ချုပ်ခြင်းလို့ မြတ်စွာဘုရားက ဟောထားတယ်။ တကယ်တော့ ဒုက္ခနိရောဓဆိုတဲ့ စကားလုံးဟာ ဒုက္ခ ချုပ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ပဲရတယ်။ ဒါပေမယ့် အဓိပ္ပာယ်ရှင်းတဲ့အခါမှာ တဏှာရဲ့ချုပ်ခြင်းဆိုတာနဲ့ ရှင်းတယ်။ ဘာဖြစ်လို့ ဒီလိုရှင်းတုန်းလို့ ဆိုတော့ အကြောင်းမချုပ်ဘဲနဲ့ အကျိုးက ဘယ်တော့မှမရပ်ဘူးတဲ့။ ဒါကြောင့်မို့လို့ အကြောင်းကိုပယ်သတ်မှ အကျိုးရပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ထင်ရှားအောင်လို့ မြတ်စွာဘုရားက တဏှာချုပ်မှ ဒုက္ခ ချုပ်တာတဲ့။ အေး- ဒါကြောင့်မို့လို့ ဒုက္ခနိရောဓကို ရှင်းပြတဲ့အခါ မှာ တဏှာရဲ့ချုပ်ခြင်းလို့ ဒီလိုရှင်းပြတယ်ပေါ့။

အဲဒါတွေအတွက် သိမြင်လာအောင် ဘာလုပ်ရမလဲလို့ဆိုလို့ရှိရင် ဒုက္ခနိရောဓဂါမိနီပဋိပဒါ၊ အဲဒီ ဒုက္ခနိရောဓဆိုတဲ့ အဆင့်ကို ရောက်အောင် ကျင့်ရမယ့်အကျင့်ကတော့ ဟောဒီ မဇ္ဈိမပဋိပဒါ အကျင့်ပဲဖြစ်ပါတယ်။ သစ္စာ(၄)ပါးဆိုတာလည်း သေချာကြည့်လိုက်တဲ့အခါ ဝိပဿနာကျင့်စဉ်တစ်ခုကို လမ်းစဉ်ချပြထားတာပဲ။ ။

အေး- ဒါကြောင့်မို့လို့ ဓမ္မစကြာတရားတော်မှာ အလုပ် သဘော ဘာတွေပါနေတုန်းဆိုတော့ ကြည့်- သမ္မာသမာဓိကို ကြည့် လိုက်လို့ရှိရင် သမထကျင့်စဉ်တစ်ခုကို ဟောထားတယ်။ သမ္မာဒိဋ္ဌိကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဝိပဿနာကျင့်စဉ် ဝိပဿနာရဲ့ အာရုံ၊ ဝိပဿနာအာရုံကို ဒုက္ခနဲ့ပြထားတယ်။ ဒုက္ခနဲ့ပြပြီးတော့ မဂ်စိတ် ပေါ်လာတဲ့အခါ အလုပ်လုပ်ရမယ့် သဘာဝတရားကျတော့ မဂ္ဂသစ္စာ ပေါ့။ မဂ္ဂသစ္စာနဲ့ ဒုက္ခသစ္စာပေါ်မှာ အလုပ်လုပ်တယ်။ အလုပ်လုပ် လိုက်တဲ့အခါကျတော့ ဒုက္ခသမုဒယဆိုတဲ့ တဏှာကို ဖယ်လိုက်နိုင်

စာမျက်နှာ-၁၀၅
တယ်။ ဒုက္ခသမုဒယဆိုတဲ့အကြောင်းတဏှာ ဖယ်လိုက်တာနဲ့ တပြိုင် နက်၊ ဒုက္ခကို ထုတ်လုပ်နေတဲ့ သမုဒယ ငြိမ်းသွားတာနဲ့ တပြိုင်နက် ဒုက္ခဟာလည်းပဲ ငြိမ်းသွားတယ်ဆိုတဲ့ နိရောဓကို ဆိုက်ထိသွားတာပဲ ပေါ့။

အေး ဒါကြောင့်မို့လို့ တရားချစ်ခင်သူတော်စင်ပရိသတ်အ ပေါင်းတို့သည် ဗုဒ္ဓမြတ်စွာက သစ္စဒေသနာ ဓမ္မစကြာတရားတော် ကြီးကို အရှင်ကောဏ္ဍညအမှူးပြုတဲ့ ပဉ္စဝဂ္ဂီ(၅)ဦးတို့ကို အသေးစိတ် ရှင်းလင်း ဟောကြားပြီးတော့နေတာဟာ သမထကျင့်စဉ်၊ ဝိပဿနာ ကျင့်စဉ်ကို အကျဉ်းချုပ်အားဖြင့် ဟောပြောနေခြင်းသာဖြစ်တယ်။ ဒီကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့်သာလျှင် မှန်ကန်တဲ့အသိဉာဏ်တွေကိုရရှိနိုင်ပြီး နောက်ဆုံး နိဗ္ဗာန်ကိုမျက်မှောက် ပြုနိုင်တယ်လို့ ယုံကြည်ကြပြီးတော့ သမထကျင့်စဉ်၊ ဝိပဿနာကျင့်စဉ်၊ ဗုဒ္ဓမြတ်စွာဟောကြားတဲ့ မဇ္ဈိမပဋိပဒါ လမ်းစဉ်အတိုင်း ကျင့်ကြံ ကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

စာမျက်နှာ-၁၀၆
(စာမျက်နှာလွတ်)

စာမျက်နှာ-၁၀၇
#သစ္စဒေသနာ ဓမ္မစကြာ
(အပိုင်း-၄)
သာသနာတော်နှစ် ၂၅၅၄ ခုနှစ် ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ဒုတိယ ဝါဆိုလဆန်း (၂)ရက်၊ ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့် ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော်အတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ် သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး အနန္တ (၅)ပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင် မိသားစု(ကိုကျော်သင်း ဆေးဆိုင်)၏ အမတဒါန ဓမ္မဒါန အဖြစ်ဖြင့် ဟောကြားအပ်သော “သစ္စဒေသနာ ဓမ္မစကြာ” အပိုင်း(၄) တရား ဒေသနာတော်။

သစ္စဒေသနာ ဓမ္မစကြာအပိုင်း(၄)၊ အရှင်ကောဏ္ဍည အမှူး ရှိတဲ့ ပဉ္စဝဂ္ဂီ(၅)ဦးတို့အား ဗုဒ္ဓမြတ်စွာက အနုယောဂ(၂)မျိုးကို ရှောင်ရှားပြီး မဇ္ဈိမပဋိပဒါလမ်းကသွားဖို့ သစ္စာ(၄)ပါး ရှင်းပြခြင်းဖြင့် သွားပုံသွားနည်းကို ရှင်းပြတယ်။ သစ္စဒေသနာ သစ္စာ(၄)ပါးကို ရှင်းပြ ခြင်းဖြင့် မြတ်စွာဘုရားက မဇ္ဈိမပဋိပဒါလမ်းကို လျှောက်ခိုင်းခဲ့တယ်။ ဒါကြောင့် ဓမ္မစကြာပါဠိတော်မှာ မဇ္ဈိမပဋိပဒါဆိုတာ ရှင်းလင်း ဟောကြားပြီးတဲ့နောက်မှာ သစ္စာ(၄)ပါးကို ရှင်းပြတယ်ပေါ့။

စာမျက်နှာ-၁၀၈
သစ္စာ(၄)ပါးကို ရှင်းပြတဲ့အခါမှာ “ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခာ၊ မရဏံပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခေ၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခေ၊ ယံပိန္တံ န လဘတိ တံ ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ”လို့ ရှေးဦးစွာ ဒုက္ခသစ္စာကို ရှင်းပြတယ်။ မဇ္ဈိမပဋိပဒါ လမ်းကြောင်းကနေ လျှောက်မယ်ဆိုလို့ရှိရင် ဟောဒီ ဒုက္ခတွေကို မြင်အောင်ကြည့်ဖို့လိုတယ်လို့ ပြောတာနော်။

ဒီတော့ ပထမ လူသိ သူသိ ဒုက္ခပေါ့လေ၊ အများအတွက် ထင်ရှားတဲ့ဒုက္ခတွေကို မြတ်စွာဘုရားက အရင်ရှင်းပြတယ်။ “ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခာ၊ မရဏံပိ ဒုက္ခ” မွေးဖွား ရတာလည်း ဆင်းရဲတာပဲ၊ အိုရတာ နာရတာ သေရတာလည်း ဆင်းရဲ တာပဲ အိုတယ်၊ နာတယ်၊ သေတယ်ဆိုတာ ဘယ်သူမှ မကြိုက်တဲ့ အရာတွေပဲ။ နောက် “အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခေ၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခေ” ကိုယ်မနှစ်သက်တာတွေနဲ့ အတူတူ နေနေရရင်၊ ကိုယ်နှစ်သက်တာတွေနဲ့ ခွဲခွာရရင် စိတ်ဆင်းရဲတယ်ဆိုတာလည်း လူသိ သူသိ ဒုက္ခမျိုးပဲ။ နောက် “ယံပိန္တံ န လဘတိ၊ တံ ပိ ဒုက္ခ” လိုချင်တာမရဘူးဆိုတာလည်းပဲ ဆင်းရဲဒုက္ခတစ်မျိုးဆိုတာ အားလုံးသဘောပေါက်ထားကြတယ်။ သို့သော် မြတ်စွာဘုရား ဆိုလိုတဲ့ ဒုက္ခကတော့ ဒီထက် ပိုလေးနက်တယ်၊ “သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ” အဲဒါကတော့ ပိုလေးနက်တယ်၊ ဝိပဿနာ ဉာဏ်နဲ့ကြည့်မှ ဥပါဒါနက္ခန္ဓာကို ဒုက္ခလို့ဆိုတာ သိနိုင်တယ်ပေါ့။ ဝိပဿနာဉာဏ်နဲ့ မကြည့်နိုင်ဘူး ဆိုလို့ရှိရင် ဒုက္ခလို့မသိနိုင်ကြဘူး။

စာမျက်နှာ-၁၀၉
အဲတော့ ဒီနေရာမှာ ဒုက္ခဆိုတဲ့ စကားလုံးကို မြန်မာလိုလည်း ဆင်းရဲလို့ ပြန်တယ်။ အင်္ဂလိပ်လို ပြန်တဲ့အခါမှာလည်း Suffering လို့ ပြန်တယ်။ ဒုက္ခအရိယသစ္စာကို The Noble Truth Of Suffering နဲ့ပဲ ပြန်ကြတယ်ပေါ့။ အဲဒီ ပြန်ဆိုချက်ကိုကြည့်မယ်ဆိုရင် ဒုက္ခဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို မထိရောက်ဘဲနဲ့ ဖြစ်နေတယ်ပေါ့။ အဲဒီ Traditional Meaning အစဉ်အလာဖွင့်ဆိုခဲ့တဲ့ အဓိပ္ပာယ်နဲ့ မကိုက်ညီဘူးတဲ့။ “ဒု”ဆိုတာ ဘာလဲလို့ဆိုရင် ရွံမုန်းစရာကောင်းတယ်။ ကျေနပ်စရာမကောင်းဘူး လို့ အဓိပ္ပါယ်ရတယ်။ “ခ”ဆိုတာကတော့ ကိုယ်ထင်တဲ့အရာတစ်ခုမှ မရှိလို့ Emptiness “ဘာမှမရှိတဲ့အရာ” ကိုယ်က မြဲတယ်ထင်ပေမယ့် မမြဲဘူး။ ချမ်းသာတယ်ထင်ပေမယ့်လို့ မချမ်းသာဘူး။ ကိုယ်ပိုင်တယ် ထင်ပေမယ့်လို့ တကယ်ပိုင်တာ မဟုတ်ဘူး။

အဲတော့ ကိုယ်ရဲ့ အထင်အမြင်ယူဆချက်တွေဟာ တစ်ခုမှ မရှိလို့ “ခ”၊ “ခ”ရဲ့ အဓိပ္ပာယ်ရင်းက ကောင်းကင်၊ ကောင်းကင်ဆိုတာ လေဟာပြင်ကိုပြောတာ။ လေဟာပြင်ဆိုတာ ဘာမှမရှိတဲ့ နေရာကို ပြောတာလေ။ “ဒု”ဆိုတာ ပြဿနာတွေအားလုံးရဲ့ စုဝေးရာဖြစ်သော ကြောင့် ရွံမုန်းစရာကောင်းတယ်။ စက်ဆုပ်စရာကောင်းတယ်။ ကြည့်လေ ဒီ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေပေါ်မှာ ပြဿနာတွေ အားလုံးဟာ စုနေတယ်။ ခုနကပြောတဲ့ ပြဿနာတွေ အိုရတယ်၊ နာရတယ်၊ သေရတယ်ဆိုတဲ့ ဒီပြဿနာတွေ၊ အဲဒါတွေ အားလုံးစုပြီးတော့ နေသည့်အတွက်ကြောင့် ကျေနပ်စရာမကောင်းဘူး။ နှစ်သက်စရာ မကောင်းဘူး။ ရွံမုန်းစရာကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ “ဒု”။ ဒါကြောင့် “ဒု”ဆိုတဲ့ စကားလုံးက ကုစ္ဆိတ၊ စက်ဆုပ်စရာကောင်းတယ်၊

စာမျက်နှာ-၁၁၀
ရွံမုန်းစရာကောင်းတယ်။ “ခ”ဆိုတာ ကောင်းကင် ဘာမှမရှိဘူး။ လဟာပြင်၊ ဘာမရှိတာတုန်းဆို ကိုယ်ရဲ့ ထင်မြင်ယူဆထားတဲ့ အရာတွေ တစ်ခုမှမရှိဘူးလို့ ဒီလိုပြောတာနော်။

အဲတော့ ဒီအဓိပ္ပာယ်ကို ကြည့်မယ်ဆိုလို့ရှိရင် ဒုက္ခဆိုတဲ့ ပထမအရိယသစ္စာ “သံခိတ္တေန ပစ္စုပါဒါနက္ခန္ဓာ ဒုက္ခာ”ဆိုတဲ့ မြတ်စွာဘုရား နောက်ဆုံးခြုံငုံပြီးတော့ ဟောလိုက်တဲ့ အင်မတန် လေးနက်တဲ့ ဒုက္ခဆိုတာ ဒီအဓိပ္ပါယ်နဲ့မှ ပိုပြီးတော့ ဆီလျော်တယ်ပေါ့။ လူတွေက ခန္ဓာ(၅)ပါးကိုကြည့်ပြီး တစ်ခုခုရှိနေတယ်။ မြဲတဲ့ သဘောတွေရှိတယ်။ နှစ်သက်စရာတွေရှိတယ်။ ဒီလိုထင်နေကြတာ အဲဒီ အထင်အမြင်တွေ နိစ္စတို့၊ သုခတို့၊ သုဘတို့၊ အတ္တတို့ဆိုတာ တစ်ခုမှ မရှိဘူး။ ဒီလို မရှိတဲ့အရာဖြစ်သောကြောင့် ဒုက္ခလို့ဆိုတာ။ ခန္ဓာ(၅) ပါးကို တကယ်တော့ လူတွေအားလုံးက နိစ္စ မြဲတယ်လို့ထင်တယ်။ မြဲတဲ့သဘော ခန္ဓာမှာမရှိဘူး။ ခန္ဓာ(၅)ပါးမှာ ချမ်းသာတယ်လို့ ထင်တယ်။ ချမ်းသာတဲ့သဘော ခန္ဓာမှာမရှိဘူး။ တင့်တယ်တယ်လို့ ထင်တယ်။ တင့်တယ်တဲ့သဘော ခန္ဓာမှာမရှိဘူး။ အတ္တ ကိုယ့်အလိုကျ ဖြစ်တယ်လို့ လူတွေက ထင်နေတယ်။ အဲဒီ ခန္ဓာကိုယ်မှာ အတ္တဆိုတဲ့ သဘောလည်းမရှိဘူးလို့ဆိုတာ ဘာမှမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ကို ပြော တာနော်။ အဲဒီလိုပြောတော့ ဒါ suffering လို့ ပြန်တဲ့ အဓိပ္ပါယ်နဲ့က ဝေးတယ်။ Suffering ဆိုတာက လူတွေက နားကိုက်တာတို့၊ သွား ကိုက်တာတို့၊ ဒုက္ခရောက်နေတာတို့ ဒါမျိုးကိုသာ ရည်ရွယ်တာကိုး။

အဲဒါကြောင့်မို့လို့ သီဟိုဠ်နိုင်ငံက ဒေါက်တာ ဝါလ်ပေါလ ရာဟုလာဆိုတာရှိတယ်၊ ဗမာပြည် ရောက်လာဖူးတယ်။ အဲဒီ ဆရာတော်ကြီးရေးတဲ့ What the Buddha Taught ဆိုတဲ့ စာအုပ်ရှိတယ်။

စာမျက်နှာ-၁၁၁
အင်မတန်မှ နာမည်ကြီးတယ်ပေါ့။ What the Buddha Taught ကို မြန်မာပြည်မှာ ဇေယျာမောင် ဦးကိုလေးက “မြတ်ဗုဒ္ဓဒေသနာ” အမည်နဲ့ ဗမာလိုပြန်ထားတယ်။ အဲဒီစာအုပ်မှာ ဒုက္ခကို Suffering လို့ မပြန်ဘူး။ ဒုက္ခလို့ပဲ ပြန်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ Suffering လို့ ပြန်လို့ရှိရင် အလွန် ဘောင်ကျဉ်းသွားတယ်။ တကယ်ဆင်းရဲနေမှ Suffering လို့ခေါ်တာမဟုတ်ဘူး၊ ဒုက္ခသစ္စာဆိုတဲ့ထဲမယ် ဈာန်ချမ်းသာ တွေပါတယ်ဆိုတာ သတိထားဖို့ လိုအပ်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဥပါဒါနက္ခန္ဓာ(၅)ပါး၊ ဥပါဒါနက္ခန္ဓာ (၅)ပါးဆိုတာ လောကီခန္ဓာတွေ။ လောကီခန္ဓာထဲမယ် ဈာန်တရားတွေလည်းပါနေတယ်။ အဲတော့ ဈာန် တရားတွေကို ဆင်းရဲတယ်လို့ သွားပြောမယ်ဆိုလိုရှိရင် ဖြစ်နိုင်ပါ့ မလား။ မဖြစ်နိုင်ဘူး။ အေး- ဒါကြောင့်မို့လို့ ဈာန်ချမ်းသာတွေပါ ပါဝင်တဲ့ အားလုံးကို ခြုံငုံမိဖို့ရာအတွက် ဒုက္ခဆိုတဲ့ စကားလုံးဟာ ပြန်နေကျ ရိုးရာဖြစ်တဲ့ ဆင်းရဲတယ်ဆိုတဲ့ အဓိပ္ပာယ်မပြန်ဘဲ ဒုက္ခလို့ပဲ ထားတယ်။ ဆိုလိုတဲ့ အဓိပ္ပာယ်ကျတော့ ဘာတုန်းဆိုရင် အင်္ဂလိပ်လို ကျေနပ်စရာမကောင်းသောအရာ Unsatisfactoriness လို့ဆိုတယ်။ ကျေနပ်စရာမကောင်းဘူးလို့ဆိုတာ ကိုယ်ထင်တဲ့အတိုင်း ဘာမှမရှိဘူး။

အဲဒါကြောင့်မို့လို့ “ဒု”ဆိုတာ အင်္ဂလိပ်လိုကျတော့ Disgusted ရွံစရာကောင်းတယ်။ “ခ”ဆိုတာ Disgusted and Emptiness ဒီလို ဆိုလိုတဲ့ အဓိပ္ပာယ်ကို ဝိသုဒ္ဓိမဂ်မှာ ဖွင့်ပြထားတယ်။ မျှော် - အဲဒီ အဓိပ္ပာယ်က အလွန်ဆီလျော်တယ်လို့ ပြောရမယ်။ ဘာဖြစ်လို့တုန်း ဆိုလိုရှိရင် ဈာန်ချမ်းသာတွေက ဈာန်ချမ်းသာလို့ဆိုပေမယ့်လို့ ဆင်းရဲ ဒုက္ခတွေရဲ့ စုပြုံတည်ရှိရာဖြစ်လို့ ကျေနပ်စရာ မကောင်းဘူး။ အဲဒါကြောင့်မို့လို့ “ဒု-ခ”ဆိုတဲ့ နာမည်ကို ပေးထားတယ်။ စကားလုံးလေး

စာမျက်နှာ-၁၁၂
(၂)လုံးဟာ တစ်လုံးစီ အဓိပ္ပါယ်ရှိတယ်လို့ ဒီလိုမှတ်ရမယ်နော်။ “ဒု”ဆိုတာ ကုစ္ဆိတ၊ “ခ”ဆိုတာ တုစ္ဆ ဘာမှမရှိဘူး။ ကုစ္ဆိတနဲ့ တုစ္ဆ ကုစ္ဆိတဆိုတာ ရွံစရာကောင်းတယ်။ တုစ္ဆဆိုတာ ဘာမှ မရှိဘူး။ အချည်းနှီး ဒီလိုပြောလိုတာ။ အေး- သင်္ခါရတရားတွေပေါ်မှာ ဒီလို ရှုမြင်နိုင်အောင် မဇ္ဈိမပဋိပဒါလမ်းက လျှောက်ရတယ်။ သင်္ခါရတရားတွေပေါ်မှာ ဒီလိုရှုရမယ်လို့ မြတ်စွာဘုရားက ဒုက္ခသစ္စာကို ရှင်းပြနေတဲ့ အချိန်မှာ အရှင်ကောဏ္ဍညမထေရ်ကြီးဟာ (အဲဒီတုန်းကတော့ ရဟန်း မဖြစ်သေးဘူး) အလေးအနက် စဉ်းစားတယ်။ ပဉ္စဝဂ္ဂီတွေ(၅)ပါးစလုံးဟာ ဒုက္ခအကြောင်းကို သူတို့အလေးအနက် စဉ်းစားနေကြတဲ့အချိန်၊ စဉ်းစားတယ်ဆိုကတည်းက Apply လုပ်နေတာလို့ပြောတာ။ ဒုက္ခကို ဒုက္ခလို့ ရှုမြင်နေတာ။ သူတို့သန္တာန်မှာ ဝိပဿနာဉာဏ်တွေ ဖြစ်နေပြီ လို့ ဒီလိုပြောရမယ်။ ဓမ္မစကြာတရားနာရင်း ဝိပဿနာဉာဏ်ဖြစ်တယ်။

အေး- တချို့ကတော့ထင်တယ်၊ ဒို့ ရိပ်သာသွားပြီး ကျင့်လိုက် ရတာ တော်ကြာ(၁၀)ရက်စခန်း၊ တော်ကြာ (၁၀)ရက်စခန်းနဲ့ (၁၀) ရက်ပေါင်းမြောက်မြားစွာ ကျင့်ထားသော်လည်း သောတာပန် မဖြစ်ပါလားလို့၊ အရှင်ကောဏ္ဍညတို့ကျတော့ ဓမ္မစကြာတရားနာလိုက်တာနဲ့ သောတာပန် ဖြစ်သွားတယ်။ ဝိသာခါတို့ကျတော့ (၇)နှစ် အရွယ်လေး သောတာပန်ဖြစ်သွားတယ်။ မကျင့်လိုက်ရဘူးလို့ ထင်ကောင်းထင် လိမ့်မယ်။ ဟောနေတဲ့အချိန်မှာ ဓမ္မပဒ အဋ္ဌကထာမှာ ရေးထားတဲ့ စကားလေး သတိစူးစိုက်ပြီးတော့ လေးလေးစားစား တရားနာနေခြင်း သည်ပင်လျှင် အဲဒီတရားက သောတာပတ္တိမဂ် စသော ကောင်းကျိုး များကို ပေးနိုင်စွမ်းရှိပါတယ်လို့ ဒီလိုပြောတယ်နော်။ အာရုံစိုက်ပြီး တော့ နာရတာ။ အင်္ဂလိပ်လိုပြောမယ်ဆိုရင် အာရုံစိုက်နာတာဟာ

စာမျက်နှာ-၁၁၃
Mindfulness ဖြစ်တယ်။ အာရုံစိုက်ပြီးတော့ တရားနာတယ်ဆိုတာ Apply လုပ်ပြီးတော့နာတာ။

ငါ့ခန္ဓာကိုယ်မှာလည်း ဒီအတိုင်းပဲ ဟုတ်လိုက်တာ တရားနာ ရင်းနဲ့ Apply လုပ်သွားလို့ရတာပဲ။ ဒါ Apply လုပ်နေတာပဲလေ။ တရားကို အာရုံစိုက်ပြီး နာလိုက်လို့ရှိရင် ဪ - ဒုက္ခအကြောင်းကို ရှင်းပြနေတဲ့အချိန်မှာ ဒုက္ခရဲ့ သဘောတွေကို သိနေတယ်ပေါ့။ အဲဒီလို သိတယ်ဆိုတဲ့နေရာမှာ ပထမကတော့ သဝန ပဋိဝေဓလို့ ခေါ်တယ်။ ကြားနာတဲ့အခါမှာ ကြားနာခြင်းဖြင့် ထိုးထွင်းသိတဲ့အသိဉာဏ်ရတယ်။ ပထမ ဒုက္ခအကြောင်း မြတ်စွာဘုရားရှင်းပြနေတော့ သဝနပဋိဝေဓ။ အဲဒီ သဝနပဋိဝေဓကို အခြေခံပြီးတော့ လေ့ကျင့်လိုက်တဲ့အခါ ထပ်တလဲလဲဖြစ်အောင် ကြားနာပြီးရင် လူက စဉ်းစားတာပဲလေ။ ကြား လိုက်တဲ့ စကားအပေါ်မှာ ထပ်ပြီးစဉ်းစားနေတာ။ အဲဒီထပ်ပြီးစဉ်းစား နေတယ်ဆိုတာ သမ္မာသင်္ကပ္ပ ဖြစ်နေတာပဲပေါ့။ အဲဒီလို ထပ်ပြီးတော့ စဉ်းစားနေအောင်က စိတ်ကနေ အားစိုက်ပေးနေတာ သမ္မာဝါယာမ ပေါ့။ ဒီသဘာဝတရားလေးပေါ်မှာ စိတ်စိုက်ထားတာက သမ္မာသတိ ပေါ့။ စိတ်တွေ တခြားလွင့်မသွားဘဲနဲ့ ဒီ သဘာဝတရားပေါ်မှာ စုစည်း ထားတာက သမ္မာသမာဓိပေါ့။ အဲဒီလို သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိဆိုတဲ့ ဒီမဂ္ဂင်တွေ စွမ်းအားနဲ့ကြည့်လိုက်တဲ့အခါကျတော့ စုစည်းပြီး အကြိမ်ကြိမ်ဖြစ်အောင် ပထမကြားလိုက်တာ တစ်ကြိမ်ပဲ ကြားလိုက်တဲ့အကြိမ်ပေါ်မှာ ထပ်တလဲလဲ စဉ်းစားတာ ကျတော့ ဘာဝနာလို့ဖြစ်လာတယ်။ အကြိမ်ကြိမ် ဒီစိတ်တွေဖြစ်လာတယ်။ ဒီအသိတွေ ဖြစ်လာတယ်။ အဲဒီလိုဖြစ်လာလို့ ထိုးထွင်းပြီးတော့...

စာမျက်နှာ-၁၁၄
သော် - ဒုက္ခဆိုတာ မှန်တာပဲလို့ သဘောကျသွားပြီ ဆိုတဲ့အခါ ကျတော့ ဘာဝနာပဋိဝေဓလို့ခေါ်တယ်။

အေး- ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်တွေကျတော့ သဝနပဋိဝေဓ ပြီးလို့ရှိရင် ဘာဝနာပဋိဝေဓဆိုတာ လာတာပေါ့။ ဒုက္ခသစ္စာကို ထိုးထွင်းပြီးတော့ သိတယ်လို့ ဒီလိုပြောတာနော်။ သို့သော် ထိုးထွင်း သိခြင်းကိစ္စဟာ ဘယ်မှာကျမှ ပြီးတုန်းဆိုလို့ရှိရင် ဒုက္ခသစ္စာကို မြင်ပြီးတော့ ပယ်စရာရှိတဲ့ ကိလေသာတွေကို ပယ်ပြီးမှ သူရဲ့တာဝန်က ပြီးတယ်ပေါ့။ ကိလေသာတွေကျန်နေသေးရင် မပြီးသေးဘူး။ သူ့တာဝန် ဆိုပါစို့။ သောတာပန် ဖြစ်သွားလို့ရှိရင် ကိလေသာတွေအကုန် မပယ်သေးဘူး။ မပယ်သေးသည့်အတွက်ကြောင့် သောတာပန်တွေ ဖြစ်ဖို့ သောတာပန်ဖြစ်ရုံဖြစ်တဲ့ ဖြစ်စေတတ်တဲ့ ဝိပဿနာဉာဏ်ဟာ အဆုံးမသတ်နိုင်သေးဘူး။ ဒါကြောင့်မို့လို့ သကဒါဂါမ်ဖြစ်ဖို့ ဝိပဿနာ ကျင့်စဉ် ထပ်ကျင့်ရတယ်။ တစ်ခါ သကဒါဂါမိမဂ် သကဒါဂါမိဖိုလ် ရသွားပေမယ့်လို့ ဝိပဿနာကျင့်စဉ်က အဆုံးသတ်ပြီလားဆိုတော့ မသတ်သေးဘူး။ အနာဂါမိ မဂ် ဖိုလ် ရဖို့ရန်အတွက် ကျင့်စဉ်တစ်ခု ထပ်ကျင့်ရပြန်တယ်။ အဲဒါလည်း ကိလေသာတွေ မကုန်သေးသည့် အတွက်ကြောင့် ဝိပဿနာကျင့်စဉ်ကို ထပ်ပြီး တိုးမြှင့်ကျင့်လိုက်မှ အရဟတ္တမဂ် အရဟတ္တဖိုလ် ကိလေသာတွေကုန်သွားပြီဆိုမှ ဘာဝနာ ပဋိဝေဓ လမ်းဆုံးပြီးတော့ သစ္စာ(၄)ပါးကို အားလုံးသိပြီး ဖြစ်တာပေါ့ နော်။

ဒီတော့ မဇ္ဈိမပဋိပဒါ လမ်းမှန် မဇ္ဈိမပဋိပဒါလမ်းကြောင်းက လျှောက်လှမ်းတယ်ဆိုတာ ဒုက္ခကိုသိအောင်လုပ်တာပဲ။ ဘာတွေနဲ့ သိတုန်း သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ

စာမျက်နှာ-၁၁၅
သမ္မာသမာဓိဆိုတဲ့ ဒီမဂ္ဂင် (၅)ပါးနဲ့သိတာပဲ။ အေး - သီလမဂ္ဂင်ဆိုတာက ကြိုတင်ပြီးတော့ ပြင်ဆင်ပြီးသားဖြစ်နေပြီ။ ပြောမယ်ဆိုရင် ဒီအချိန်မှာ သူက တစ်နွယ်ငင် တစ်စင်ပါဆိုတာလို ဒီအချိန်မှာ မုသား စကားပြောနေတာမဟုတ်သည့်အတွက်ကြောင့် သမ္မာဝါစာ ပြီးနေပြီ ပေါ့။ ကာယကံမှုကို ကျူးလွန်နေတာ မဟုတ်သည့်အတွက်ကြောင့် သမ္မာကမ္မန္တကိစ္စလည်းပဲ ပြီးနေတာပေါ့။ ဒုစရိုက်နဲ့ အသက်မမွေးဘူး။ ဖြူစင်နေတဲ့အတွက်ကြောင့် သမ္မာအာဇီဝဆိုတာလည်း ပြီးနေတာ ပေါ့။ အဲတော့ မဂ္ဂင်(၈)ပါးပဲလို့ ပြောရမှာပဲ။ အလုပ်လုပ်နေကြတယ်။

အေး- ဒါ မဇ္ဈိမပဋိပဒါလမ်းက လျှောက်လှမ်းတာ။ အဲဒီလို ဒုက္ခကို မှန်မှန်ကန်ကန်သိလာလို့ရှိရင် ဒီဒုက္ခဟာ ဘာကြောင့်ဖြစ် နေရသလဲဆိုတဲ့ အကြောင်းတရားကိုလည်း သိဖို့လိုသေးတယ်။ နို့မို့ဆို မပြည့်စုံဘူး။ အကျိုးတရားကိုသာ သိပြီးတော့ အကြောင်းတရားကို မသိသေးဘူးဆိုရင် မပြည့်စုံသေးဘူး။ ဒါကြောင့်မို့ မြတ်စွာဘုရားက အဲဒီဒုက္ခရဲ့ အကြောင်းစစ်အကြောင်းမှန် ဒီနေရာမှာ အဓိက ပဓာန အကြောင်းတရားတစ်ခုထဲပဲထုတ်ပြောတယ်။ သို့သော် ဒုက္ခသမုဒယဆိုတာ ဒီတဏှာတစ်ခုထဲ မဟုတ်ဘူး။ အဝိဇ္ဇာလည်းပါမှာပဲနော်။ ကိလေသာတွေ အားလုံးပါတာပဲ။ ဒါကြောင့်မို့ တိတ္ထာယတနသုတ်မှာ မြတ်စွာဘုရားက သစ္စာ(၄)ပါးကို ရှင်းပြတဲ့အခါမှာ ဒုက္ခသမုဒယဆိုတဲ့ အရိယသစ္စာဟာ ဘာလဲလို့မေးခွန်းထုတ်ပြီးတော့ ပဋိစ္စသမုပ္ပါဒ်ကြီး တစ်ခုလုံးထည့်သွင်းပြီးတော့ ဟောထားတာ။ အဲဒီမှာ ဓမ္မစကြာနဲ့ မတူတဲ့အချက်နော်။ ဓမ္မစကြာမှာ “တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ ဣဒံခေါ ပနဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ယာသံ

စာမျက်နှာ-၁၁၆
တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတကြာဘိ နန္ဒိနီ၊ သေယျထိဒံ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ” လို့ ဒီလို ဒုက္ခသမုဒယကို မြတ်စွာဘုရားက ဒီဒုက္ခဟာ အကြောင်းမဲ့ ဖြစ်နေတာ မဟုတ်ဘူး။ ခုနကပြောခဲ့တဲ့ သံခိတ္တေန ပဉ္စပါဒါဒုက္ခန္ဓာပိ ဒုက္ခာဆိုတဲ့ ပြောခဲ့တဲ့ ဒုက္ခဟာ အကြောင်းမဲ့ဖြစ်နေတာ မဟုတ်ဘူး။ ဟောဒီ တဏှာဦးဆောင်တဲ့ ကံတွေ ကိလေသာတွေ ကြောင့် ဖြစ်နေတာလို့ ဒီလို ရှင်းပြလိုတာနော်။

ဒီတော့ သမ္မာဒိဋ္ဌိက ဒုက္ခကို မြင်ပြီးတဲ့အခါမှာ ဒုက္ခသမုဒယ ကိုပါ တိုးချဲ့ပြီးတော့ မြင်လာတယ်လို့ ပြောလို့မရဘူးလား။ ဟော အကျိုးလည်းမြင်တယ်။ အကြောင်းလည်း မြင်တယ် ဆိုလို့ရှိရင် ဒါ သူရဲ့ သိမြင်မှုဟာ အင်မတန်မှ ပြီးပြည့်စုံတဲ့သိမြင်မှုလို့ ပြောရမယ်ပေါ့။ ပြီးပြည့်စုံတဲ့ သိမြင်မှုပဲ ဒုက္ခမြင်ပြီးတော့ ဒုက္ခသမုဒယကို မမြင်ဘူးဆို လို့ရှိရင် အကျိုးသာမြင်ပြီးတော့ အကြောင်းကို မသိဘူးဆိုတဲ့ အဓိပ္ပါယ်ရနေတယ်ပေါ့။ ဪ - အကျိုးလဲ သိတယ်။ အကြောင်းလဲ သိတယ်။ (၂)ခုလုံးဆိုပါစို့။ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ ဆိုလို့ရှိရင် သင်္ခါရကိုသိတယ်။ သင်္ခါရရဲ့အကြောင်း ဖြစ်တဲ့ အဝိဇ္ဇာကိုလည်းသိတယ်။ ဝိညာဏကိုလည်း သိတယ်။ ဝိညာဏရဲ့ အကြောင်းဖြစ်တဲ့ သင်္ခါရကိုလည်း သိတယ်ဆိုတော့ ဟောပြီးပြည့်စုံသွားပြီပေါ့။

အဲဒါကြောင့်မို့လို့ ဒုတိယအနေနဲ့ ဒုက္ခသမုဒယ အရိယသစ္စာ ဆိုပြီးတော့ ဒါကို သရုပ်ထုတ်ပြီးတော့ ရှင်းပြတယ်။ ကဲ-ကောင်းပြီ၊ ဒီတဏှာရှိနေလို့ ဒုက္ခဟာ ဖြစ်နေရတယ်။ တဏှာတည်းဟူသော အကြောင်းကြောင့် ဒုက္ခဟာ ဖြစ်နေရတယ်လို့။ အကြောင်းနဲ့ အကျိုး

စာမျက်နှာ-၁၁၇
ဒီ(၂)ခုကို ရှုမြင်ခိုင်းတဲ့အခါမှာ ဒါဖြင့် အဲဒီ ဒုက္ခတွေ အဆုံးသတ်တဲ့ နေရာရော ရှိရဲ့လားလို့ မေးစရာရှိလာတယ်ပေါ့။ အကယ်၍ ဒုက္ခတွေ အဆုံးသတ်တဲ့နေရာမရှိဘဲနဲ့ ကြိုးစားနေရင်တော့ အလဟဿ ဖြစ်မှာ ပဲ။ မရှိဘဲနဲ့ အလုပ်လုပ်နေရင် ပင်ပန်းရုံပဲဖြစ်မှာပေါ့။ ဒါကြောင့်မို့ ဒုက္ခတွေရဲ့ အဆုံးသတ်ချုပ်ငြိမ်းတဲ့နေရာရော ရှိနိုင်ရဲ့လားလို့ဆိုတော့ မြတ်စွာဘုရားက ဒါကို တတိယအနေနဲ့ ထပ်ပြီးတော့ ဟောတယ်။ ဒါလည်းပဲ သမ္မာဒိဋ္ဌိရဲ့ အမြင်တစ်ခုပဲပေါ့နော်။ မဂ်ကို ဆိုက်ပြီလို့ ဆိုလိုက်တာနဲ့ တပြိုင်နက် ဒုက္ခနိရောဓကိုသိပြီ။ ဝိပဿနာကျင့်နေတဲ့ အချိန်မှာ သဝနပဋိဝေဓ၊ ဘာဝနာပဋိဝေဓ အနေနဲ့ ဒုက္ခနဲ့ ဒုက္ခသမုဒယကို ရှင်းရှင်းကြီးသိနေတယ်။ မဂ်စိတ်ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ဒုက္ခနိရောဓဆိုတာကို သိလာတယ်။ ဝိပဿနာ ရင့်ကျက်ပြီးတော့ ဒုက္ခနိရောဓဆိုတာကို သိလာတယ်။

ဒါဖြင့် ဒုက္ခနိရောဓဆိုတာ ရှိတယ်ဆိုရင် ဘယ်လိုရှိတာလဲ ဆိုတဲ့နေရာမှာ အေး- အကြောင်းတရားတွေကို ဖယ်ရှားပစ်လိုက်လို့ရှိရင် ဒီအကျိုးတရားဟာ ငြိမ်းသွားရမှာပဲ၊ အကြောင်းသတ်လို့ရှိရင် အကျိုးပြတ်တယ်။ အကျိုးတွေ ရပ်သွားတယ်။ အကြောင်းတရားတွေ ကင်းပြတ်သွားလို့ရှိရင် အကျိုးတရားဟာ ရပ်ဆိုင်းသွားတယ်။ ဆိုပါစို့ စည်တီးနေတဲ့ လူတစ်ယောက်ကြောင့်မို့လို့ စည်သံဟာ အဆက်မပြတ် ကြားနေရတယ်။ ဆိုပါစို့ - ဒါဖြင့် တီးတဲ့လူကို ဖယ်ရှားလိုက်မယ်။ တီးနေတဲ့ တုတ်တွေကို ဖယ်ရှားလိုက်မယ်ဆိုရင် စည်သံဟာ ကြားနိုင်ပါ ဦးမလား။ မကြားနိုင်တော့ဘူး။ စည်ကိုဖယ်ရှားတာမဟုတ်ဘဲနဲ့ အကြောင်းတရားကို ဖယ်ရှားလိုက်တယ်နော်။ အဲဒါကို မြတ်စွာဘုရားက အကျိုးကို ဖယ်ရှားတာ မဟုတ်ဘူး။ အကြောင်းကို ဖယ်ရှားတာ၊

စာမျက်နှာ-၁၁၈
အကြောင်းကိုဖယ်ရှားရင် အကျိုးကိုပါ ဖယ်ရှားပြီးသားဖြစ်တယ်။ ဒီနေရာမှာ အဋ္ဌကထာ ဆရာကြီးတွေက ရှင်းပြလေ့ရှိတယ်။ မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်ဟာ သူ့ရဲ့ အပြုအမူ ဘာနဲ့အလား သဏ္ဍာန်တူတုန်းဆိုရင် ခြင်္သေ့မင်းတို့ရဲ့ အပြုအမူနဲ့ အလားသဏ္ဍာန် တူတယ်တဲ့။ ဘယ်လို ခြင်္သေ့မင်းတို့ရဲ့ အပြုအမူနဲ့ အလားသဏ္ဍာန် တူသလဲဆိုရင် ခြင်္သေ့ကို ခဲနဲ့ပေါက်လို့ရှိရင် ခဲကို သူက လုံးဝမကြည့်ဘူး။ ဘယ်သူပေါက်တာလဲ ပေါက်တဲ့ဆီပဲကြည့်တယ်။ ပေါက်တဲ့လူကို ဖယ်ရှားမှ ဒီခဲက သူ့ဆီမရောက်မှာပေါ့။ ခဲလိုက်ကောက်မယ် ဆိုလို့ရှိရင်၊ ခဲကို လိုက်ကိုက်နေမယ်ဆိုရင် နောက်ကပေါက်တဲ့လူက ထပ် ပေါက်မနေဘူးလား။ အေး- ပေါက်တဲ့လူကို ရှင်းလိုက်လို့ရှိရင် နောက် ထပ် ခဲလာနိုင်ပါဦးမလား။

ဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်တို့ဟာ အကြောင်းကိုရှင်းတဲ့နည်းစနစ်ကို သုံးတယ်။ အညတိတ္ထိယတွေ ကျတော့မဟုတ်ဘူး။ သူတို့ကအကျိုးကိုလိုက်သတ်နေတယ်။ ဒါကြောင့် မို့လို့ သူတို့ကျတော့ မြေခွေးနဲ့တူတဲ့ အလုပ်ကိုလုပ်ကြတယ်တဲ့။ မြေခွေးတွေရဲ့ အပြုအမူနဲ့တူတယ်။ ခွေးတစ်ကောင်ရဲ့အပြုအမူနဲ့ တူတယ်ပေါ့။ ခွေးဆိုတာ ခဲနဲ့ပေါက်လိုက်လို့ရှိရင် ပေါက်တဲ့လူကို မကြည့်ဘူး။ ခဲလိုက် ကိုက်တာ။ သူက ဒီနားခဲ ဘုတ်ကနဲကျလိုက်၊ အဲဒီခဲပဲလိုက်ကိုက်လိုက် ဘယ်သူပေါက်တယ်ဆိုတာ သူမကြည့်ဘူး။ အဲဒီ ခဲကိုက်နေတုန်း နောက်ထပ် ခဲတစ်လုံးကျလာ။ အဲဒီခဲပဲ လိုက်ကိုက်ပြန်တာ၊ အဲတော့ အကျိုးတရားပေါ်မှာလိုက်ပြီး အလုပ်လုပ်နေလို့ရှိရင် မဆုံးနိုင်တော့ဘူးပေါ့။ ခဲက တစ်လုံးပြီးတစ်လုံး လာနေမှာပဲပေါ့။

စာမျက်နှာ-၁၁၉
အေး- ဒါကြောင့်မို့လို့ ကြည့်၊ မြတ်စွာဘုရားက ဒုက္ခနိရောဓဆိုတာ ခုနကပြောခဲ့တဲ့ ဥပါဒါနက္ခန္ဓာတွေ ငြိမ်းသွားတာဟာ ဒုက္ခနိရောဓလို့ ဒီလိုမဟောဘဲနဲ့ “ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊ ယော တဿာယေဝ တဏှာယ အသေသဝိရာဂ နိရောဓါ စာဂေါ ပဋိနိဿဂ္ဂါ မုတ္တိ အနာလယော”လို့ အဲဒီ ဒုက္ခကို ထုတ်လုပ်တဲ့ တဏှာကို လုံးဝဖယ်ရှားပစ်လိုက်လို့ရှိရင် ဒုက္ခဟာ ငြိမ်းသွားမှာပဲ။ ဘယ်လောက်ထင်ရှားတဲ့ နည်းစနစ်ကိုပေးတာလဲဆိုရင် ပဉ္စဝဂ္ဂီတွေကို မဇ္ဈိမပဋိပဒါလမ်းကနေလျှောက်၊ ဒုက္ခကိုမြင်အောင် ကြည့်၊ ဒုက္ခကို ဘယ်သူထုတ်နေတာလဲ မြင်အောင်ကြည့်၊ အေး ဒုက္ခ ထုတ်နေတဲ့အကြောင်းတရားကို ဖယ်ပစ်လိုက်လို့ရှိရင် ဒုက္ခနိရောဓကို မင်းတို့တွေ့လိမ့်မယ်။ ဟော- နိဗ္ဗာန်ကို မြင်ဖို့ရာအတွက် ဒုက္ခရဲ့ အကြောင်းတရားကို ဖယ်ရှားပစ်တာနော်။ အကြောင်းတရားကို ဖယ်ရှားပစ်လိုက်တာနဲ့ ဒုက္ခနိရောဓကိုတွေ့ရတယ်တဲ့။ ဒါဖြင့် အဲဒီလို အလုပ်တွေ လုပ်ဖို့ရာအတွက်က ဘာနဲ့လုပ်ရမှာလဲဆိုတဲ့အခါကျတော့ မဇ္ဈိမပဋိပဒါကိုပဲ နာမည်တစ်မျိုးနဲ့ ဒီမှာထပ်ပြီးတော့ ဟောလိုက်တယ်။ “ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စံ၊ အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂါ၊ သေယျထိဒံ သမ္မာ ဒိဋ္ဌိ” ဆိုပြီးတော့ ဟောဒီ မဂ္ဂင်(၈)ပါးပဲ မဇ္ဈိမပဋိပဒါတုန်းကလည်း ဒီမဂ္ဂင် (၈)ပါးလို့ ပြောခဲ့တယ်။

အေး- ဒုက္ခနိရောဓကို ရောက်အောင် သွားဖို့ကျတော့ ဘယ် လမ်းကသွားရမှာတုန်းဆို ဒီလမ်းကပဲသွားလို့ဆိုပြီး ပြန်ပြီးတော့ ဟောတာပဲ။ အဲဒါဟာ ဝိပဿနာကျင့်စဉ်တစ်ခုကို မြတ်စွာဘုရား ရှင်းပြနေတာ။ အဲတော့ ဓမ္မစကြာမှာ တစ်ချို့က ထင်တယ်၊ အလုပ်

စာမျက်နှာ-၁၂၀
သဘော မပါဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ ဓမ္မစကြာဟာ အလုပ်ပေးတရားပဲပေါ့။ အလုပ်ပေးတရားပဲကြည့်လေ၊ နံပါတ်(၁)က ဘာတုန်း၊ ဒုက္ခကိုမြင်အောင်ကြည့်၊ ဒုက္ခကို မြင်အောင်ကြည့်ပြီး ဒုက္ခရဲ့ အကြောင်းကိုရှာ၊ အဲဒီအကြောင်းကို ပယ်သတ်လိုက်လို့ရှိရင် ဒုက္ခငြိမ်းတာကိုတွေ့လိမ့်မယ်နော်။ အဲဒီလို လုပ်နိုင်အောင် ဘာကို ထူထောင်ရမလဲဆိုရင် မဂ္ဂသစ္စာပဋိပဒါကို ထူထောင်တဲ့။ မဂ္ဂင်(၈)ပါး အကျင့်တရားကို ထူထောင်တဲ့။ ဒါအင်မတန်မှကို စနစ်ကျတဲ့ ကျင့်စဉ် တစ်ခု၊ ပြီးပြည့်စုံတဲ့ ကျင့်စဉ်တစ်ခုကို မြတ်စွာဘုရားဟောပြတာ။ အဲတော့ ဝိပဿနာတရား အားထုတ်နေတယ်ဆိုတာ မဂ္ဂသစ္စာအလုပ်ကို လုပ်နေတာ။ မဂ္ဂသစ္စာက ဘာကိုကြည့်နေတာတုန်း။ ဘာကိုရှုရမှာ တုန်းဆိုရင် ဒုက္ခကိုရှုရမှာ။ ဒုက္ခကိုရှုပြီးတော့ ဒုက္ခရဲ့ အကြောင်း သမုဒယကိုတွေ့တာ။ မတွေ့ဘဲနဲ့ သတ်လို့ဘယ်ရမလဲ။ အကြောင်း တရားကို ရှာရတယ်။ ဥပမာမယ် ဆိုပါတော့ လူတစ်ယောက် ရောဂါ ဖြစ်နေတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ ရောဂါဖြစ်ခြင်း အကြောင်းကို အရင်ရှာရမယ်။ ရောဂါဖြစ်ခြင်းအကြောင်းကိုမရှာဘဲနဲ့ ဒီရမ်းကု နေလို့ကတော့ မပျောက်နိုင်ဘူးပေါ့။ ဘာကြောင့်ဖြစ်တယ်ဆိုတာ အကြောင်းကိုရှာရတယ်။ အဲဒါလိုပဲ ဒုက္ခတော့တွေ့ပြီ၊ ဒုက္ခကိုသိရပြီ။ ဥပါဒါဒုက္ခန္ဓာ (၅)ပါးဟာ ဒုက္ခ၊ သို့သော် ဒီဒုက္ခဘာကြောင့် ဖြစ်လာ တုန်းလို့ မသိဘူးဆိုလို့ရှိရင် ဒီဒုက္ခရဲ့ ချုပ်ငြိမ်းရာကိုတွေ့နိုင်ပါ့မလား။ မတွေ့နိုင်ဘူး။

ဒါကြောင့်မို့လို့ ဒုက္ခရဲ့ အကြောင်းကိုတွေ့အောင်ရှာ၊ အဲဒီ အကြောင်းကို ဖယ်လိုက်တာနဲ့တစ်ပြိုင်နက် ဒုက္ခနိရောဓဆိုတာ ရလာ လိမ့်မယ်တဲ့။ ဒါ တကယ့် ဝိပဿနာကျင့်တော့လည်းပဲ ဒီကျင့်စဉ်နဲ့

စာမျက်နှာ-၁၂၁
သွားတာ။ ဒါကြောင့်မို့လို့ ဝိပဿနာကျင့်စဉ် ရင့်သန်လာတာနဲ့ တပြိုင်နက်၊ ဝိပဿနာဉာဏ် ရင့်သန်လာတာနဲ့တပြိုင်နက် ဝိပဿနာ ဉာဏ်က ဘာကိုအပ်နှင်းလိုက်တုန်းဆိုလို့ရှိရင် မဂ်စိတ်နဲ့ ဖိုလ်စိတ်တွေကို အပ်နှင်းပေးလိုက်တာပဲပေါ့။ ဒါကြောင့်မို့ မဂ်စိတ်နဲ့ ဖိုလ်စိတ်ဟာ ဝိပဿနာရဲ့ အကျိုးလို့ ပြောလို့ရတယ်ပေါ့။ ဝိပဿနာဉာဏ်က ထုတ်လုပ်ပေးတဲ့ အကျိုးတရားတွေပဲပေါ့။ ကောင်းပြီ-ဝိပဿနာဉာဏ် မပါဘဲနဲ့ မဂ်စိတ်ဆိုတာမပေါ်ဘူး။ ဖိုလ်စိတ်ဆိုတာမပေါ်ဘူး။ အဲဒီ မဂ်စိတ် ဖိုလ်စိတ် ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ခုနက ကိစ္စဟာ (၄)ခုလုံး တစ်ခါတည်းပြီးသွားတယ်။

ပထမ ရှေ့ပိုင်းမှာ ကျင့်နေတာကို ပုဗ္ဗဘာဂ ပဋိပဒါ ဝိပဿနာ အကျင့် ကျင့်နေတုန်းကတော့ တစ်ကဏ္ဍစီသွားတာ၊ သူက ဝိပဿနာ အကျင့်ကို ကျင့်နေတဲ့အချိန်မှာ ဝိပဿနာအာရုံရဲ့ ဝိပဿနာရဲ့ အာရုံ အနေနဲ့ ဒုက္ခကိုကြည့်တယ်။ ထိုဒုက္ခ ဘာကြောင့် ဖြစ်တယ်ဆိုတာကို သိတယ်။ ဒီဒုက္ခကို ဒီဒုက္ခရဲ့ ဖြစ်ကြောင်း သမုဒယကိုပယ်လိုက်ရင် ဒုက္ခနိရောဓတွေ့မယ်ဆိုတာ သိတယ်။ ဒါဝိပဿနာနဲ့သိတဲ့အသိက အဲဒီလောက် တစ်ကဏ္ဍစီ တစ်ချိန်စီသိတာ။ တပြိုင်နက် မဟုတ်ဘူး ပေါ့။ မဂ်စိတ်ပေါ်လာပြီ ဆိုလိုက်တာနဲ့တပြိုင်နက် ဒီသစ္စာ(၄)ပါးက တပြိုင်နက်သိပြီးသားဖြစ်သွားတယ်။ ဒါဖြင့် ဗမာစကားတော့ရှိတယ်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်တဲ့။ အခုဒီမှာကျတော့ တစ်ချက်ခုတ်ရင် (၄)ချက်ပြတ်ရမယ်။ သူက မဂ်စိတ်ပေါ်လိုက်တာနဲ့တပြိုင်နက် ကိစ္စ (၄)မျိုးကို တစ်ခါတည်း ဆောင်ရွက်တယ်။ ဒါမျိုးဖြစ်နိုင်ရဲ့လားလို့ မေးကောင်းမေးကြလိမ့်မယ်။ ဖြစ်နိုင်တယ်ဆိုတာကို ဥပမာနဲ့ပေးထားတာ ရှိတယ်ပေါ့။

စာမျက်နှာ-၁၂၂
ကြည့်-မဂ်စိတ်ပေါ်လာတဲ့အခါမှာ မဂ်စိတ်သည် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိတယ်။ သိလိုက်ပြီး သူက ဘာဝနာပဋိဝေဓ မဂ်စိတ် ပေါ်လာတာနဲ့ တပြိုင်နက် ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင်သိလိုက်တယ်။ သမုဒယသစ္စာကို ဖယ်ရှားလိုက်တယ်။ နိရောဓသစ္စာကို မျက်မှောက် ပြုလိုက်တယ်။ မဂ္ဂသစ္စာပွားပြီးသားဖြစ်သွားတယ်။ ဟော - မဂ်စိတ် ပေါ်လိုက်တာနဲ့ တပြိုင်ထဲ ဒီအချက်(၄)ချက်ဟာ တပြိုင်ထဲဖြစ်တယ်။ ဖယောင်းတိုင်မီးလေးထွန်းလိုက်တာနဲ့တပြိုင်နက် ကြည့် မီးတောက် ကလေး လင်းလာတာနဲ့တပြိုင်နက် အမှောင်ပျောက်သွားတယ်။ ဆီကလည်း မီးကြောင့်မို့လို့ အတိုင်းအတာတစ်ခုအရ ဆီခမ်းသွားတယ်နော်။ နောက်ပြီးတော့ မီးစာလေးလည်း တိုသွားတယ်။ တပြိုင်နက်ဖြစ်တဲ့ ကိစ္စတွေကို ပြောတာနော်။ အလင်းကိုလည်း ဆောင်လိုက်တယ်။ အမှောင်ကိုလည်း ဖျောက်လိုက်တယ်။ မီးစာကိုလည်းပဲ တိုတောင်းစေတယ်။ ဆီကိုလည်း ခမ်းစေတယ်။ ဒီအချက်(၄)ချက်ဟာ တပြိုင်တည်း ဖြစ်သလိုပဲ မဂ်စိတ် ပေါ်လိုက်တာနဲ့တပြိုင်ထဲ သစ္စာ(၄)ချက်ကို တပြိုင်ထဲသိတယ်လို့ ဒီလိုပြောတာ။

ဒါ ဝိပဿနာကျင့်စဉ်ကို မြတ်စွာဘုရားက အကျဉ်းချုပ် အင်မတန်ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်တွေကို အကျဉ်းကလေးတင် ဟောပြတာ၊ နောက်ပိုင်းကျတော့ ဒီလောက်လေးဟောရုံနဲ့ နားမလည်လို့နဲ့ တူတယ်၊ ပိုပြီးတော့ အကျယ်ချဲ့ပြီးတော့ ဝိပဿနာကျင့်စဉ်တွေကို ဟောလာရတယ်ပေါ့။ စဉ်းစားကြည့်လေ- တရားဓမ္မကို အရှင် ကောဏ္ဍညက ပထမဆုံး သူများထက်အရင် သောတာပန်ဖြစ်ရတယ်ဆိုတာ ဉာဏ်အထက်ဆုံးပုဂ္ဂိုလ်လို့ ပြောရမှာပေါ့။ သို့သော်လည်းပဲ အရှင်သာရိပုတ္တရာရဲ့ဉာဏ်ကို မှီမလားလို့ဆိုတော့ အရှင်သာရိပုတ္တရာ

စာမျက်နှာ-၁၂၃
က သူက သာဝကပါရမီဉာဏ်နေရာမှာတော့ အရှင်သာရိပုတ္တရာက သာတာပေါ့။ သို့သော် သစ္စာ(၄)ပါးကို ပထမဆုံးသိတဲ့ ပုဂ္ဂိုလ်အနေနဲ့ တော့ အရှင်ကောဏ္ဍညက သာတယ်လို့ ပြောရမှာပေါ့။ အရှင် ကောဏ္ဍည သိတဲ့နေရာဟာ အဂ္ဂသာဝကပါရမီ သူကမပါဘူး။ အဂ္ဂ သာဝက အဆင့်မျိုးတော့ မဟုတ်ဘူး။ သို့သော် သစ္စာ(၄)ပါးကို သူ အရင်ဆုံးသိတယ်။ ဒီလို ပြောရမယ် ဟုတ်ကဲ့လား။ ကောင်းပြီ သစ္စာ (၄)ပါးကို အခုလိုရှင်းပြလိုက်တာဟာ ဒီလိုရှင်းပြတဲ့အဆုံးမှာပဲ အရှင် ကောဏ္ဍည သောတာပန်ဖြစ်တယ်လို့ ယူဆရမယ်။ ဓမ္မစကြာ တရားက မဆုံးသေးဘူး။ သစ္စာ(၄)ပါးကို မြတ်စွာဘုရားရှင်းပြနေတာဟာ ဒါ ဝိပဿနာ လုပ်ငန်းစဉ်ကြီးတစ်ခုကို ရှင်းပြနေတာပဲ။ ပြီးတဲ့အခါမှာ နောက်က ဘာဆက်ရှင်းပြတုန်းဆိုတော့ မြတ်စွာဘုရားက ဒီလိုသိတဲ့ အသိတွေဟာ သူများဆီက တဆင့်ကြားလို့ ငါပြောတာ မဟုတ်ဘူး။ ငါကိုယ်တိုင်သိတယ်ဆိုတာ ဆက်ပြီးတော့ ကိုယ်ကိုယ်တိုင် လက်တွေ့ကို ထုတ်ဖော်ပြောနေတာ။

ဒါကြောင့်မို့လို့ “တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ” နော် “ဣဒံ ဒုက္ခံ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။” ဒါဒုက္ခလို့ ခုနတုန်းက ပြောခဲ့တယ်နော်။ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာဆိုတဲ့ အဲဒီဒုက္ခတွေဆိုတဲ့ ဟာတွေနဲ့ ပတ်သက်ပြီး ငါဘယ်သူ့ဆီကမှ သင်ထားတာ မဟုတ်ဘူးတဲ့၊ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု ဘယ်သူ့ဆီကမှ မကြားခဲ့ဘူးဘူး။ မကြားခဲ့ဘူးဆိုတာ ဘယ်သူ့ဆီကမှ သင်ထားတာ မဟုတ်ဘူး။ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းပြီးတော့သိတဲ့အသိဉာဏ်တွေ ပေါ်လာခဲ့

စာမျက်နှာ-၁၂၄
တယ်လို့ ကိုယ်တွေ့ကို ရှင်းပြတာ။ တနည်းအားဖြင့်ပြောမယ် ဆိုလို့ရှိရင် အခုနောက်ပိုင်း စာပိုဒ်တွေက ဘာကိုပြောတာတုန်းဆို ပဉ္စဝဂ္ဂီတွေ သူ့အပေါ်မှာ ယုံကြည်မှုရှိအောင် ငါဘုရားဖြစ်တယ်ဆိုတာ အရမ်း ပြောတာ မဟုတ်ဘူး။ ဟောဒီအချက်တွေ ဒီအချက်တွေကိုသိလို့ ငါ ဘုရားလို့ ကြေငြာတာလို့ပြောတာနော်။ ငါ့မှာ အသိဉာဏ်ထူးကြီးရပြီ လို့ဆိုတာ ဒီအချက် ဒီအချက်တွေကို ငါသိလို့ပြောတာ။

ဒါကြောင့်မို့ နံပါတ်(၁) ဒုက္ခသစ္စာနဲ့ပတ်သက်ပြီးတော့ “ဣဒံ ဒုက္ခံ အရိယသစ္စန္တိ မေ ဘိက္ခဝေ” ဒါဟာ ဒုက္ခ အရိယာသစ္စာဖြစ်တဲ့ ဒုက္ခလို့ ငါရဲ့ အသိဉာဏ်ကြီးကဖြစ်ပေါ်လာတယ်။ ဘယ်သူ့ဆီကမှ မကြားဘူးခဲ့တဲ့ ထူးခြားတဲ့တရားဓမ္မအပေါ်မှာ ငါ့မှာ ပညာမျက်စိတွေ၊ အသိဉာဏ်တွေ၊ အလင်းရောင်တွေ ပေါ်လာခဲ့တယ်လို့ ဒီလိုပြောတာ နော်။ ဒါဖြင့် ဒုက္ခကို ဒုက္ခလို့သိရုံနဲ့ ပြီးသလားလို့ဆိုတော့ မပြီးသေးဘူး။ အဲဒီ ဒုက္ခဟာ ဘာလုပ်ရတာလဲဆိုတာကိုလည်း သိတယ်။ ဒါကြောင့်မို့ “တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျန္တိ မေ ဘိက္ခဝေ” ဒီလိုလာတာ။ ပရိညေယျဆိုတာ ဒုက္ခသစ္စာဆိုတာ ဖယ်ရှား ရမယ့်အရာ မဟုတ်ဘူး။ လူတွေက ဒုက္ခဆိုလို့ရှိရင် ပြော့ မလိုချင်ဘူး ဆိုပြီးတော့ ဖယ်ပစ်ချင်တယ်။ ဒုက္ခဆိုတာ ဖယ်လို့မရဘူး။ ဘာတုန်း ဒုက္ခမှန်းသိအောင် ကြိုးစားဖို့ပဲလိုတယ်တဲ့။ ဒုက္ခမှန်းသိအောင် ကြိုးစား ရမယ်။ ပရိညာဆိုတာ ပိုင်ပိုင်နိုင်နိုင်ကြီးသိတာ၊ အေး- ပိုင်ပိုင်နိုင်နိုင် မသိသေးဘူးဆိုလို့ရှိရင် ကိုယ်သိသလောက်လေးပဲရဦးမယ်။ ပိုင်ပိုင် နိုင်နိုင်သိမှ ဒီက ဒုက္ခသစ္စာကိုသိတယ်လို့ ပြောရမယ်နော်။ သင်ထားလို့ သိတဲ့အသိက သဝနပဋိဝေဓ မျှသာ ဖြစ်တယ်ပေါ့။

စာမျက်နှာ-၁၂၅
အေး - ဒုက္ခသစ္စာအကြောင်းပြောစမ်း ဆိုလို့ရှိရင် သင်ထားတဲ့အတိုင်းတော့ ပြောတတ်မှာပဲ။ ဒါပေမဲ့ အဲဒီအသိမျိုးကို ဆိုလိုတာ မဟုတ်ဘူးတဲ့။ ဒီဒုက္ခဆိုတာ ပိုင်ပိုင်နိုင်နိုင်သိရမယ့် သစ္စာမျိုးဖြစ်တယ်။ ဒီအချက်ကိုလည်းပဲ ငါဟာ ရှင်းရှင်းလင်းလင်း ငါ့ထဲမှာ၊ ငါ့ဉာဏ်မှာ၊ ငါ့မှာ အသိဉာဏ်ကြီးတွေ ဖြစ်ပေါ်လာခဲ့ဖူးတယ်။ ဘယ်သူ့ဆီကမှ မကြားဘူးပဲနဲ့ ဖြစ်ပေါ်လာခဲ့တယ်။ “တံ ခေါ ပနိဒံ ဒုက္ခ အရိယသစ္စံ ပရိညာတန္တိ မေ ဘိက္ခဝေ” ကြည့် - ဒုက္ခဆိုတာ ဘာလဲလို့သိတာ သစ္စဉာဏ်၊ အဲဒီဒုက္ခနဲ့ ပတ်သက်ပြီး ဘာလုပ်ရမယ်လို့သိတာ ကိစ္စဉာဏ်။ ဘုရားကိုယ်တိုင်အနေနဲ့ လုပ်ရမယ့်ကိစ္စကို မလုပ်ရသေးဘူး ဆိုလို့ရှိရင် အလုပ်က တန်းလန်းပဲဖြစ်နေမှာ၊ မပြီးသေးဘူးပေါ့။ ဘုန်းကြီးတို့တစ်တွေ အလုပ်ဟာ ဘယ်တော့မဆို တန်းလန်းပဲနော်၊ မပြီးသေးဘူး၊ ပုထုဇဉ်တွေရဲ့ အလုပ်ဟာ ပြီးတယ်လို့ ပြောလို့မရဘူး။

ဒါကြောင့်မို့လို့ ငှက်ဆိုတာ ပျံရင်းသေတယ်။ လူကျတော့ ကြံရင်းသေတယ်ဆိုတာ၊ သေသာသွားရော အလုပ်ကမပြီးဘူး။ ကြည့် မြတ်စွာဘုရားက ဒုက္ခကို ပိုင်းခြားသိတဲ့အလုပ်က ငါလုပ်ပြီးပြီ။ ပရိညာတံ ပိုင်းခြားသိပြီးသွားပြီ၊ ဒုက္ခနဲ့ ပတ်သက်လာလို့ သစ္စာဆိုတာကိုလည်းသိတယ်။ သစ္စဉာဏ်။ ဘာလုပ်ရမယ်ဆိုတဲ့ လုပ်ရမယ့်ကိစ္စကိုလည်းသိတယ်။ ကိစ္စဉာဏ်။ ပရိညာတံဆိုတော့ လုပ်ပြီးပြီ မလုပ်ရသေးဘူးဆိုတာနဲ့ ပတ်သက်ပြီး လုပ်ပြီးပြီလို့သိတာက ကတဉာဏ်တဲ့။ ဟော ဒုက္ခသစ္စာနဲ့ပတ်သက်ပြီးတော့ ဒီဉာဏ် (၃) မျိုး ဘယ်သူ့ဆီကမှ မကြားဘူးပဲနဲ့ မြတ်စွာဘုရား ရခဲ့တယ်။ အဲဒီအတိုင်းပဲ ကျန်တဲ့သစ္စာတွေကိုလည်း ထည့်ပြီးတော့ “ဣဒံ ဒုက္ခံ အရိယသစ္စံ၊ ဣဒံ ဒုက္ခ

စာမျက်နှာ-၁၂၆
သမုဒယော အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု” ဒုက္ခသမုဒယသစ္စာဆိုတာလည်း မကြားဘူးပဲနဲ့ ခု အသိဉာဏ်တွေ ဖြစ်ပေါ်လာတယ်။ “တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗန္တိ မေ ဘိက္ခဝေ” ဒုက္ခသမုဒယဆိုတာ ဖယ်ရှားပစ်ရမယ်။ အကြောင်းကို ဖယ်လိုက်မှ အကျိုးရပ်မှာကို အဲဒီသမုဒယသစ္စာဆိုတာ ဖယ်ရှားပစ်ရမယ့်သစ္စာ ဖြစ်တယ်ဆိုတာကိုလည်း သိတယ်။

“တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီနန္တိ မေ ဘိက္ခဝေ” ငါ့မှာ ဖယ်ရှားပြီးပြီ၊ မရှိတော့ဘူး။ ဟော ဒီမှာလည်းပဲ (၃) ချက်ပဲ၊ ဒုက္ခသမုဒယဆိုတာ ဘာလို့ဆိုတာသိတယ်။ သစ္စဉာဏ်။ ဘာလုပ်ရမယ်ဆိုတာသိတယ်။ ပဟာတဗ္ဗဆိုတာကိုသိတာ ကိစ္စဉာဏ်။ ပယ်ပြီးပြီလို့သိတာ ကတဉာဏ်။ အဲဒီဉာဏ်ထူး (၃) မျိုး မြတ်စွာဘုရားသန္တာန်မှာ ဖြစ်ပြီးသားဖြစ်သွားပြီဆိုတော့ ဒုက္ခနဲ့ ပတ်သက်လို့လည်း ပြီးပြည့်စုံပြီ။ ဒုက္ခသမုဒယနဲ့ ပတ်သက်လို့လည်း ပြီးပြည့်စုံပြီလို့ ဒီလိုပြောတာနော်။ ဟော - နောက်တစ်ခါ “ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓော အရိယသစ္စံ၊ ဣဒံ ဒုက္ခံ အရိယသစ္စံ ဒုက္ခနိရောဓါ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု” သော် ဒုက္ခနိရောဓဆိုတဲ့ တရားကိုလည်း ရှေးတုန်းက မကြားဘူးဘဲနဲ့ အသိဉာဏ်တွေ ဖြစ်လာခဲ့တယ်။ “တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗန္တိ မေ ဘိက္ခဝေ” မျက်မှောက်ပြုရမယ်။ မျက်မှောက်ပြုရမယ်ဆိုတာ ကိုယ်တိုင်တွေ့ရှိတာကို ပြောတာနော်။ မျက်မှောက်ပြုတယ်။ သူများပြောလို့ ကြားပြီးတော့ လက်ခံယုံကြည်ရတာမဟုတ်ဘူး။ ကိုယ်တိုင်မျက်မှောက်ပြုတယ်။ သစ္ဆိကာတဗ္ဗဆိုတာ

စာမျက်နှာ-၁၂၇
ကိုယ်တိုင် အသိဉာဏ်နဲ့တွေ့ရှိတာ၊ သစ္ဆိကာတဗ္ဗ ဒုက္ခနိရောဓဆိုတာ ပိုင်းခြားသိရမယ့်ဟာလည်း မဟုတ်ဘူး။ ပယ်ရမယ့်ဟာလည်း မဟုတ်ဘူး။ ကိုယ်တိုင်သိရှိအောင် လုပ်ရမယ့်ဟာဖြစ်တယ်။

ဟော - နောက်တစ်ခုက “တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတန္တိ မေ ဘိက္ခဝေ” လုပ်သင့်တာ သူလုပ်ပြီးသွားပြီ၊ ဒီမှာလည်းပဲ ဒုက္ခနိရောဓကိုသိတာ သစ္စဉာဏ်၊ လုပ်ရမယ့်အလုပ်ကိုသိတာက ကိစ္စဉာဏ်၊ လုပ်ပြီးပြီလို့သိတာက ကတဉာဏ်။

ဟော (၃) မျိုး၊ (၃) မျိုး ဒီအသိဉာဏ်တွေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတယ်။ နောက်ဆုံးဖြစ်တဲ့ မဂ္ဂသစ္စာနဲ့ပတ်သက်ပြီးတော့လည်းပဲ “ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခံ ဥဒပါဒိ” ကြည့် ဒီမှာလည်းပဲ ဒုက္ခနိရောဓဂါမိနီ ဒုက္ခနိရောဓသို့ ရောက်စေတတ်တဲ့ အကျင့်ဆိုတာ ဒါပဲဆိုတာ မကြားဘူးပဲနဲ့ ငါ့မှာ အသိဉာဏ်တွေဖြစ်ပေါ်လာခဲ့တယ်။ ဒါက ဒုက္ခနိရောဓ ရှိသမျှ ပိုင်ပိုင်နိုင်နိုင်သိတယ်လို့ပြောတာ။ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါဟာ ဒါအကုန်လုံးပဲ၊ တခြားကို လိုက်ရှာစရာမလိုဘူး။ မရှိဘူး။ ဒီအကျင့်ဟာ ပြီးပြည့်စုံတဲ့အကျင့်ပဲ။ ဒီထက်နောက် မရှိတော့ဘူးလို့ ပြောတာ။ အဲဒီ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါကို ဘာလုပ်ရမလဲလို့ အလုပ်သဘောနဲ့သိတာကျတော့ “တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗန္တိ မေ ဘိက္ခဝေ” ကိုယ့်သန္တာန်မှာ ဖြစ်စေရမယ်၊ ပွားစေရမယ်။ ဖြစ်တယ်ဆိုတာ စတင်ဖြစ်ဖို့ရာ အရေးကြီးတယ်။ ပွားတယ်ဆိုတာ အထပ်ထပ် ဖြစ်တာကို ပြောတာ။ ပထမဖြစ်အောင်လုပ်ရမယ်။ ဖြစ်ပြီးရင် အထပ်ထပ်ဖြစ်အောင်လုပ်ရမယ်လို့ ဆိုလိုတယ်။

စာမျက်နှာ-၁၂၈
နောက်ဆုံးကျတော့ “တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတန္တိ မေ ဘိက္ခဝေ” ဟော ပွားပြီးပြီ အကုန်လုံးလုပ်ပြီးပြီ။ ဒီမှာလည်းပဲ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါကို ပြီးပြည့်စုံသိတာက သစ္စဉာဏ်၊ ဘာလုပ်ရမယ်လို့သိတာက ကိစ္စဉာဏ်၊ လုပ်ပြီးပြီလို့သိတာက ကတဉာဏ်လို့ဆိုတော့ သစ္စာ (၄) ပါးမှာ ဟောဒီဉာဏ် (၃) မျိုး၊ (၃) မျိုးစီဆိုတော့ (၄) ခုကို (၃) ခုနဲ့ မြှောက်တဲ့အခါကျတော့ ဘယ်လောက်ဖြစ်သွားတုန်း (၁၂) ဖြစ်သွားမယ်။ အဲဒီမှာ မြတ်စွာဘုရားက နိဂုံးအနေနဲ့ ပြောလိုက်တာနော်။ “ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝတ္တံ ဒွါဒသာကာရံ” တိပရိဝဋဆိုတာ (၃) မျိုး၊ (၃) ဖလှယ်၊ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် ဒီ (၃) မျိုး။ ဒီ (၃) မျိုး သစ္စာတစ်ပါးတစ်ပါးမှာ၊ ဥပမာမယ် ဒါဟာ ဒုက္ခအကုန်ပဲ။ ဒိပြင် ဒုက္ခဆိုတာ မရှိဘူး။ ဒုက္ခသစ္စာနဲ့ ပတ်သက်ပြီးသိတာ၊ ဒုက္ခသစ္စာ အမှန်ဆိုတာ ဒါပဲ။ အဲဒီဒုက္ခသစ္စာဆိုတာ ပိုင်းခြားသိရမယ့်အရာဖြစ်တယ်၊ ကိစ္စဉာဏ်။ အဲဒီဒုက္ခသစ္စာဆိုတာ ငါပိုင်းခြားသိပြီးပြီလို့သိတာ ကတဉာဏ်။ ဟော တိပရိဝဋ အဲဒီတိပရိဝဋ (၄) ခုရှိတဲ့အခါကျတော့ အခြင်းအရာ အပြား တစ်ဆယ့်နဲ့နှစ်ပါး။ အဲဒီလို သစ္စာ (၄) ပါးနဲ့ ပတ်သက်ပြီး ပြီးပြည့်စုံတဲ့ ယထာဘူတဉာဏဒဿန မှန်မှန်ကန်ကန်သိတဲ့ဉာဏ်အမြင်ကြီး မရှိသေးသမျှကာလပတ်လုံး ငါဟာဘုရားဖြစ်တယ်လို့၊ ထူးခြားတဲ့အသိဉာဏ်ကြီးကို ရပြီလို့ မကြေညာသေးဘူး။ ဒါသိလို့ ငါရတယ်လို့ပြောတာ။ ပဉ္စဝဂ္ဂီတွေကို နိဂုံးချုပ်တာလေ။ ပဉ္စဝဂ္ဂီတွေက ဂေါတမဘုရားကြွလာတဲ့အချိန်မှာ ဟေ့ လာပြီ၊ ကမ္မဋ္ဌာန်းလည်း မထုတ်တော့ဘူး။ လျှောက်သွားနေတယ်။ ဘာမှလဲ တရားထူးရမှာ မဟုတ်ဘူးဆိုပြီးတော့ သူတို့က မယုံကြဘူးလေ။

စာမျက်နှာ-၁၂၉
အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားက ဒီကျင့်စဉ်တစ်ခုကို ပထမ မင်းတို့အနုယောဂတွေကို မလိုက်နဲ့၊ ငါ့လိုတရားထူးတရားမြတ် ရချင်ရင် အနုယောဂ (၂) မျိုးကို မလိုက်နဲ့၊ လုပ်ရမှာက၊ လျှောက်ရမှာက မဇ္ဈိမပဋိပဒါလမ်း၊ ဘယ်လိုလျှောက်ဆိုတာ သစ္စာ (၄) ပါးနဲ့ ရှင်းပြပြီး ပြီးတဲ့အခါကျတော့ ငါဒီနည်းနဲ့လျှောက်ခဲ့လို့ ဒါတွေသိတာ၊ ဒါတွေသိလို့ ငါဘုရားလို့ကြေညာတာလို့ ဒါ ဓမ္မစကြာရဲ့ Perspective ခြုံငုံသုံးသပ်ကြည့်ရင် ဒီအတိုင်းပဲမြင်ရမယ်။ နံပါတ်တစ်က မလိုက်ရမယ့် အနုယောဂ (၂) မျိုး၊ နံပါတ် (၃) က ချမှတ်ပေးထားတဲ့ မဇ္ဈိမပဋိပဒါလမ်းကြောင်း၊ နံပါတ် (၄) က ဘယ်လိုလျှောက်တယ်ဆိုတာ လျှောက်လှမ်းပုံ၊ နံပါတ် (၅) ကျတော့ အဲဒီအတိုင်းလျှောက်လှမ်းခဲ့လို့ ငါဟာ ယထာဘူတဉာဏဒဿနနဲ့ သမ္မာသမ္ဗောဓိဆိုတဲ့ ဉာဏ်ကြီးကိုရခဲ့တယ်။ ဘုရားဖြစ်ခဲ့တယ်ဆိုတာကို ကြေညာတာ။ အဲဒီလိုကြေညာပြီးတဲ့အခါ နောက်ဆုံးမှာ မြတ်စွာဘုရားက ဟောတယ်လေ - “အယမန္တိမာ ဇာတိ နတ္ထိ ဒါနိ ပုနဗ္ဘဝေါတိ။ ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ နာပရံ ဣတ္ထတ္တာယာ” နော်၊ အယမန္တိမာ ဇာတိ နတ္ထိ ဒါနိ ပုနဗ္ဘဝေါတိ ဒီဘဝဟာ ငါ့အတွက် နောက်ဆုံးပဲနော်။ အန္တိမဇာတိ နောက်ဆုံးဘဝပဲ။ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ ငါ့အတွက် နောက်ဘဝသစ်ဆိုတာ မရှိတော့ဘူးဆိုတာကို တိတိလင်းလင်း မြတ်စွာဘုရားက ရှင်းလင်းပြီးတော့ ဟောကြားလိုက်တယ်။ အဲလိုရှင်းလင်းဟောကြားလိုက်တဲ့ ဒီဓမ္မစကြာ တရားတော်ဟာ ဂါထာမန္တ ဖွဲ့ထားတာ မပါသည့်အတွက်ကြောင့် ဝေယျာကရဏလို့ခေါ်တယ်။ ဝေယျာကရဏဆိုတာ စကားပြေနဲ့တင်ဟောတာ၊ ရှင်းလင်းတာ။

စာမျက်နှာ-၁၃၀
“ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခု ဥဒပါဒိ၊ ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗန္တံ နိရောဓဓမ္မန္တိ” ဒီတော့ ဒီနေရာမှာ ဓမ္မစကြာတရားဟောပြီးတဲ့အဆုံးမှာ အရှင်ကောဏ္ဍည ဒီဓမ္မစက္ခုရသွားတယ်လို့ ပြောတာမဟုတ်ဘူး။ ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေဆိုတာ ဓမ္မစကြာတရား၊ အခု ဝေယျာကရဏဆိုတဲ့ ဒီသစ္စဒေသနာကို ရှင်းပြနေတုန်း အရှင်ကောဏ္ဍညဟာ ဓမ္မစက္ခုရလာတယ်လို့ဆိုတာ။ ဒိပြင်ဓမ္မပဒတွေမှာ ကြည့်ရင် ဒေသနာဝသာနေ ဒေသနာတော်၏အဆုံး၌ ဒီလိုပြောတာနော်၊ အခုဒီနေရာမှာ ဒေသနာဝသာနေ လို့ဆုံးတာပြောတာမဟုတ်သည့်အတွက်ကြောင့် အရှင်ကောဏ္ဍညဟာ ဓမ္မစကြာတရားနာရင်း ဒီသုတ္တန် မပြီးဆုံးခင်ပဲ သူက သောတာပန်ဖြစ်သွားတယ်လို့ ပြောလို့ရတာပေါ့။ ဘာဖြစ်လို့တုန်းဆိုတော့ ဘညမာနေ ဒီတရားဟောနေတုန်း ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ ဟောဒီဓမ္မစကြာတရားကို ဟောနေတုန်း အရှင်ကောဏ္ဍညရဲ့ သန္တာန်မှာ ဓမ္မစက္ခုဟာ ဖြစ်လာတယ်။ တရားအမြင် မျက်စိပေါ်လာတယ်။

အဲတော့ ဓမ္မစက္ခုဆိုတာ တစ်ခါတစ်ခါကျတော့ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်ကို ရည်ညွှန်းတယ်။ တစ်ခါတစ်ရံကျတော့ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်ကို ရည်ညွှန်းတယ်။ တစ်ခါတစ်ခါကျတော့ အရဟတ္တမဂ်ထိအောင် ရည်ညွှန်းတယ်ပေါ့။ ဓမ္မစက္ခုဆိုတာ တရားမျက်စိပဲပေါ့။ တရားနဲ့ပတ်သက်လာတဲ့မျက်စိ၊ ဟော Eye for Dhamma လို့ပြန်ချင်ပြန်၊ တရားပေါ်မှာ တရားအတွက် မျက်စိ၊ တရားကိုမြင်တဲ့မျက်စိ၊ Eye on Dhamma တရားကိုမြင်တဲ့မျက်စိ၊ အဲဒီ

စာမျက်နှာ-၁၃၁
တရားကိုမြင်တဲ့မျက်စိဆိုတာ တခြားဟာမဟုတ်ဘူး။ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ မဂ် (၄) ပါးကိုပဲ ရည်ညွှန်းပြောတယ်။ ဒီနေရာမှာကျတော့ အရှင်ကောဏ္ဍည သန္တာန်မှာ ဖြစ်တာကျတော့ ဓမ္မစက္ခုက သောတာပတ္တိမဂ်ပဲ ကောက်ရမယ်။ သောတာပတ္တိမဂ်ဉာဏ်ကို ဆိုလိုတယ်။ အဲဒီလို ဖြစ်ပုံအခြင်းအရာကျတော့ ဘာနဲ့ပြတုန်းဆိုတော့ “ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗန္တံ နိရောဓဓမ္မန္တိ” ဓမ္မစက္ခုဖြစ်တယ်ဆိုတဲ့ နေရာမှာ ဘယ်ပုံဖြစ်သလဲ၊ ဖြစ်ပုံဖြစ်နည်းက သူ့မှာ ရှင်းရှင်းလင်းလင်းကြီး သဘောပေါက်သွားတာ ဘာလဲဆိုရင် -

အေး၊ ဖြစ်ခြင်းသဘောရှိတဲ့ တရားမှန်သမျှဟာ ချုပ်ခြင်းသဘောရှိတာပဲ၊ ဖြစ်ခြင်းသဘော မရှိဘူးဆိုရင် ချုပ်ခြင်းသဘော မရှိဘူးဆိုတဲ့ အဓိပ္ပါယ် အပြန်အလှန်ရတာပေါ့။

ဒီတော့ နိဗ္ဗာန်ကို သိတယ်ဆိုတဲ့နေရာမှာ နိဗ္ဗာန်ဟာ ဖြစ်ခြင်းသဘောရှိတာ မဟုတ်ဘူး။ သို့သော်လည်း ဖြစ်ခြင်းသဘောရှိတဲ့တရားတွေဟာ ချုပ်ခြင်းသဘောရှိတယ်ဆိုတဲ့ ဝိပဿနာဉာဏ်နဲ့ ဒီကိစ္စအားဖြင့် သင်္ခတတရားတွေရဲ့ သဘာဝတရား၊ သင်္ခတတရားတွေဟာ ဖြစ်တတ်တဲ့သဘောရှိတယ်။ ဖြစ်တတ်တဲ့သဘောရှိသည့်အတွက်ကြောင့် ချုပ်တတ်တဲ့သဘောရှိတယ်နော်။ ဖြစ်လာတာမှန်သမျှ ချုပ်ရမှာဖြစ်တယ်။ အဲဒါ သင်္ခတသဘောတွေရဲ့ သဘောပဲ။ အဲဒီသင်္ခတတရားတွေရဲ့ သဘောကို ဒီတရားတွေရဲ့ ကိစ္စကိုတွေတွေဝေဝေ မရှိဘဲနဲ့ ပိုင်းပိုင်းခြားခြား ထိုးထွင်း၍သိပြီးတဲ့အဆုံးမှာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တာဖြစ်သောကြောင့် ဒီနေရာမှာ ဓမ္မစက္ခု၊ သောတာပတ္တိမဂ် ဖြစ်တယ်ဆိုတာဟာ ဖြစ်ပြီးသားဖြစ်တတ်တဲ့သဘောရှိတဲ့ သဘာဝတရားမှန်သမျှ ချုပ်တတ်တဲ့သဘောရှိတာပဲ၊ နိဗ္ဗာန်ကျတော့ ဖြစ်တတ်

စာမျက်နှာ-၁၃၂
တဲ့သဘော မရှိသည့်အတွက်ကြောင့် ချုပ်တတ်တဲ့သဘော မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ဟာ ပြီးမသွားဘူးလား။

အေး - ဒါကြောင့်မို့လို့ ဓမ္မစက္ခုဖြစ်ပေါ်လာပုံဆိုတဲ့ဟာ အဲဒီသဘာဝတရားကို ရည်ညွှန်းပြီးတော့ ပြောတဲ့စကားတစ်ခုပေါ့နော်။ ကောင်းပြီ အရှင်ကောဏ္ဍည သောတာပန်ဖြစ်သွားပြီ။ ဓမ္မစကြာတရားဟောနေတုန်း နာရင်းကနေပြီးတော့ သောတာပန်ဖြစ်သွားတယ်။ အဲဒီလို မြတ်စွာဘုရားကလည်း တရားကိုအဆုံးသတ်လိုက်ပြီ။ အဆုံးသတ်လိုက်တဲ့အခါကျတော့ နောက်ဆက်တွဲဖြစ်တာတွေကတော့ အထူးပြောစရာ မလိုတော့ဘူး။ နောက်ဆက်တွဲမှာ ထူးထူးခြားခြား အလင်းရောင်ကြီးတွေ ပေါ်လာတာတို့၊ စကြဝဠာတစ်သောင်း ကမ္ဘာတုန်လှုပ်သွားတာတို့၊ တရားဦးဟောတဲ့အခါမှာ ထူးခြားတဲ့အချက်လေးတွေပေါ်လာတယ်ပေါ့။ အဲဒီမှာ မြတ်စွာဘုရား ဓမ္မစကြာတရားဟောလိုက်လို့ မြေပြင်မှာရှိတဲ့နတ်တွေကနေပြီးတော့ မြတ်စွာဘုရားဟောလိုက်တဲ့ တရားကို ဘယ်သူမှ မပယ်ဖျက်နိုင်ဘူးတဲ့၊ လူတင်မကဘူး နတ်တွေ၊ ဗြဟ္မာတွေ ဘယ်သူမှ မပယ်ဖျက်နိုင်ဘူး။ ဘယ်သူမှ မဟန့်တားနိုင်ဘူး။ မဟန့်တားနိုင်ဘူးဆိုတာဟာ “သစ္စာ (၄) ပါးဆိုတာ မဟုတ်ဘူး၊ သစ္စာတစ်ပါးပိုနေတယ်၊ (၃) ပါးဆိုရင် လုံလောက်တယ်” လို့ ပြောစရာအကြောင်း မရှိတော့ဘူး။ သို့မဟုတ် “သစ္စာ (၄) ပါးဆိုတာ မပြည့်စုံသေးဘူး။ နောက်ထပ် (၅) ပါးတစ်ခု ထည့်ရဦးမယ်” လို့ ဒီလိုပယ်ဖျက်ပြီးတော့ ဟန့်တားနိုင်တဲ့ပုဂ္ဂိုလ်တစ်ဦးမှ မရှိတော့ဘူး။ အားလုံးဟာ ပြည့်ပြည့်စုံစုံဖြစ်လို့ အပ္ပဋိဝတ္တိယံနော်။

မြတ်စွာဘုရားရဲ့ ဒီဒေသနာဉာဏ်တော်ကြီးကို ပယ်ဖျက်ပြီးတော့ ဟန့်တားနိုင်တဲ့ပုဂ္ဂိုလ် လုံးဝမရှိဘူးတဲ့။ ဘုမ္မစိုးနတ်တွေကစပြီး

စာမျက်နှာ-၁၃၃
တော့ ကြေညာလိုက်တာ မြတ်စွာဘုရားဟာ ဣသိပတနတောမှာ ဓမ္မစက္ကဆိုတဲ့ ဒေသနာဉာဏ်တော်ကြီးကို စတင်ဖြစ်စေလိုက်ပြီဆိုတဲ့ သတင်းဟာ ဟိုးလေးတကျော်ဖြစ်သွားပြီး စကြဝဠာတစ်သောင်းထိအောင် ရိုက်ခတ်ပြီးတော့သွားတယ်လို့ဆိုတယ်။ သာဓုခေါ်လိုက်တဲ့အသံကြီးဟာ တုန်ဟီးသွားတာပဲ၊ ဖြစ်နိုင်တာပေါ့နော်။ အဲဒီလို ကမ္ဘာလောကဓာတ်ကြီးတစ်ခုလုံးဟာ ဓမ္မစကြာတရားဟောလိုက်တဲ့၊ ဟောလိုက်တယ်ဆိုတဲ့ ဒီတရားသံ၊ ဟောလိုက်တဲ့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ဓမ္မစက္ကကို ဖြစ်စေလိုက်ပြီ။ ဘုရားအဖြစ်သို့ရောက်ပြီ၊ ဒါကိုအားလုံးက မျှော်လင့်နေကြတာလေ။ တရားနာဖို့ မျှော်လင့်နေကြတာ၊ အခုအချိန်မှာ ပြည့်ဝသွားသည့်အတွက်ကြောင့် အားလုံးနတ်တွေဟာ ဝိုင်းဝန်းပြီးတော့ သဒ္ဒမနုဿာဝေသု ကြွေးကြော်ကြတာ ဒီစကားကိုနော်။ ဘုရား ဓမ္မစကြာတရားဟောလိုက်ပြီး တရားထူးတရားဦးကို ဟောလိုက်ပြီဆိုတဲ့အသံကြီးဟာ ကြွေးကြော်တဲ့အသံကြီးဟာ စကြဝဠာတစ်သောင်းကို ရိုက်ခတ်ပြီးတော့ ပျံ့နှံ့သွားတယ်တဲ့။ ထူးခြားတဲ့အလင်းရောင်ကြီးတွေ ဖြစ်ပေါ်လာပြီးတော့ ကမ္ဘာမြေကြီးဟာလည်း တုန်ဟီးပြီးတော့သွားတယ်။

အဲဒီအချိန်မှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ကြည့်လိုက်တဲ့အခါမှာ ပဉ္စဝဂ္ဂီ (၅) ပါးထဲမှာ အရှင်ကောဏ္ဍညကြီးဟာ သဘောပေါက်သွားပြီဆိုတာက ဓမ္မစက္ခုရသွားပြီ၊ အရှင်ကောဏ္ဍညကြီး သဘောပေါက်သွားပြီ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေက သဘောတော့ပေါက်တယ်၊ မပြည့်စုံသေးဘူးပေါ့။ အရှင်ကောဏ္ဍည သဘောပေါက်တာက ပြည့်ပြည့်စုံစုံ သဘောပေါက်တယ်ပေါ့။ ဒါကြောင့်မို့ မြတ်စွာဘုရားက “အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ

စာမျက်နှာ-၁၃၄
ဝတ ဘော ကောဏ္ဍညော” ဓမ္မစကြာတရားဟောပြီးတော့ အေး ကောဏ္ဍညတစ်ယောက်တော့ နားလည်သွားပြီပေါ့။ ကောဏ္ဍညက သဘောပေါက်သွားပြီ၊ ဒီလိုပြောတဲ့စကားနော်၊ ကောဏ္ဍညကြီးတော့ သဘောပေါက်သွားပြီ၊ ကောဏ္ဍည သဘောပေါက်သွားပြီ၊ ငါပြောတဲ့ဟာ သူတကယ့်ကို ပေါက်ပေါက်ရောက်ရောက် ဖြစ်သွားပြီလို့ မြတ်စွာဘုရားက ကြွေးကြော်လိုက်တယ်။ အဲဒီကြွေးကြော်သံကို အကြောင်းပြုပြီးတော့ ကောဏ္ဍညဆိုတဲ့ အမည်နာမရဲ့ ရှေ့က အညာသိကောဏ္ဍညလို့ ဒီလိုပထမဆုံးသိတာပေါ့။

ဆိုလိုတာက အညာသိ ဝတ ဘော ကောဏ္ဍညောဆိုတာ ကောဏ္ဍညကတော့ ပထမဆုံးသိသွားပြီ။ ငါဟောတဲ့တရား ပထမဆုံး သူနားလည်သွားပြီ၊ အစအဆုံးနားလည်တဲ့ပုဂ္ဂိုလ်မို့ ဂုဏ်ပြုတာပေါ့။ ဒါက ကျန်တဲ့ပုဂ္ဂိုလ်တွေက နားမလည်သေးဘူး။ နားမလည်သေးလို့ မြတ်စွာဘုရားက နောက်ရက်တွေမှာ ထပ်ရှင်း၊ ထပ်ရှင်း၊ ထပ်ရှင်း၊ ဝါဆိုလပြည့်နေ့ညမှာ တရားဟောနေတာ၊ ဝါဆိုလပြည့်ကျော် (၁) ရက်၊ (၂) ရက်၊ (၃) ရက်နော်။ ပဉ္စဝဂ္ဂီတွေက အဆင့်ဆင့် သောတာပန်ဖြစ်သွားကြတယ်။ နောက်ဆုံး ဝါဆိုလပြည့်ကျော် (၅) ရက်နေ့ ရောက်တဲ့အခါကျတော့မှ အနတ္တလက္ခဏသုတ်ကို ဟောလိုက်တော့ အားလုံးဟာ ရဟန္တာဖြစ်သွားတယ်။ ဒီတော့ ပဉ္စဝဂ္ဂီတွေတောင်မှပဲ ကြည့်၊ ဒုတိယက ဘဒ္ဒိယတို့၊ ဝပ္ပတို့ပဲ၊ ဘဒ္ဒိယတို့နောက် မဟာနာမတို့၊ အဿဇိတို့ ကျန်တဲ့ (၂) ပါးစီက (၂) ပါးစီ၊ (၂) ပါးစီ ဒီလိုရှင်းလင်းဟောကြားပြီးမှ သူတို့က သဘောပေါက်လာကြတယ်တဲ့။ နောက်ဆုံး သောတာပန်ဖြစ်လာကြတယ်လို့ ဒီလိုဆိုလိုတာနော်။

စာမျက်နှာ-၁၃၅
အေး - ဒါကြောင့်မို့လို့ သစ္စဒေသနာ ဓမ္မစကြာ ဒီမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ဒီသစ္စဒေသနာဟာ နောက်ထပ် ဘယ်နေရာမှာပဲဟောဟော ဒီသစ္စာ (၄) ပါးပဲ၊ မဂ္ဂင် (၈) ပါးကလည်း ဘယ်နေရာမှာပဲဟောဟော မဂ္ဂင် (၈) ပါးပဲ၊ ဒီမဇ္ဈိမပဋိပဒါနဲ့ မှန်ကန်တဲ့ကျင့်စဉ်တစ်ခုကို အရှင်ကောဏ္ဍညကို ချပြခဲ့သလို နောက်ဆုံး မြတ်စွာဘုရားဟာ (၄၅) ဝါ ဘုရားအဖြစ်နဲ့ လှည့်လည်တရားဟောလို့ သက်တော် (၈၀) ပြည့်တဲ့အခါ ပရိနိဗ္ဗာန်စံတော်မူမည့်နေ့မှာလည်းပဲ သုဘဒ္ဒပရိဗိုဇ်ကြီးကို ရှင်းပြောလိုက်တာလည်း ဒီမဂ္ဂင် (၈) ပါးပဲ၊ အဲဒီမှာ မြတ်စွာဘုရားက မဂ္ဂင် (၈) ပါးမရှိဘူးဆိုရင် သောတာပန်လည်း မဖြစ်နိုင်ဘူး၊ သကဒါဂါမ်လည်း မဖြစ်နိုင်ဘူး၊ အနာဂါမ်လည်း မဖြစ်နိုင်ဘူး၊ ရဟန္တာလည်း မဖြစ်နိုင်ဘူး။ မဂ္ဂင် (၈) ပါးအကျင့်ကလွဲလို့ တခြားနည်းလမ်းမရှိဘူးဆိုတာ တိတိလင်းလင်း နောက်ဆုံးအကြိမ်မှာလည်းပဲ မိန့်ကြားသွားတယ်။

ဒါကြောင့်မို့ ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာ သာသနာတော် ပွင့်လင်းပြီးတော့ မဂ္ဂင် (၈) ပါးအကျင့်တရားဟာ မှန်ကန်တဲ့ကျင့်စဉ်ကြီးတစ်ခုရှိနေသည့်အတွက်ကြောင့် မိမိတို့အတိုင်းအတာအလျှောက် ဒီဘဝမှာ ကျွတ်တန်းဝင်ချင်တဲ့ပုဂ္ဂိုလ်တွေဟာ ဒီလမ်းစဉ်ကနေပြီးတော့ လျှောက်ဖို့လိုအပ်တာပေါ့နော်။ အေး - ဒီဘဝမှာ ကျွတ်တန်းမဝင်ချင်သေးဘူး၊ ပါရမီဖြည့်ချင်သေးတယ်ပေါ့၊ ဆုကြီးပန်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကျတော့လည်း ဆုကြီးပန်ကြဦးပေါ့နော်။ အေး - ဆုကြီးမပန်တော့ဘူး ဒီဘဝပဲအကျွတ်ကျင့်ချင်တယ်ဆိုလို့ရှိရင် ကျွတ်ရင်ကျွတ်၊ မကျွတ်ရင် နောက်ဘဝတော့ သေချာကျွတ်မှာပေါ့။ ဒီဘဝကြိုးစားလို့ရှိရင် နောက်ဘဝမှာတော့ သေချာနီးသွားမှာ၊ မကြိုးစားသေးပဲနဲ့ တို့က

စာမျက်နှာ-၁၃၆
ပါရမီမပါသေးဘူး ဆိုပြီးတော့ အိပ်နေလို့ရှိရင် နောက်ဘဝလည်း ဆက်အိပ်ဦးမှာပဲပေါ့။

အေး - ဒါကြောင့်မို့လို့ သစ္စဒေသနာ ဓမ္မစကြာတရားကို ဘုန်းကြီးတို့ (၄) ညတိုင်တိုင် ရှင်းလင်းဟောကြားတာ ဒီကနေ့မှာတော့ နိဂုံးချုပ်အပြီးသတ်ပါပြီ။ ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ တရားဦး ဓမ္မစကြာ သစ္စဒေသနာတော်ကို ကြားနာပြီးတော့ တကယ့်မှန်ကန်တဲ့လမ်းစဉ်ဆိုတာ မဂ္ဂင် (၈) ပါးအကျင့်တရားသာဖြစ်တယ်။ မဂ္ဂင် (၈) ပါးအကျင့်တရားအတိုင်း ကျင့်ကြံကြိုးကုတ်အားထုတ်ခြင်းဖြင့် တို့တစ်တွေ သန္တိသုခ နိဗ္ဗာနလို့ဆိုတဲ့ အငြိမ်းဓာတ်ကို မျက်မှောက်ပြုကြမှာဖြစ်တယ်လို့ ယုံကြည်ပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု
9wvol7arwfasdbq42ofkjcy2qfxry19
သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း
0
6397
22197
2026-06-18T00:25:33Z
Tejinda
173
"{{header | title = သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previo..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22197
wikitext
text/x-wiki
{{header
| title = သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[သစ္စဒေသနာ ဓမ္မစကြာ]]
| previous2 =
| next = [[သဒ္ဓမ္မပတိရူပကသုတ် အနှစ်ချုပ်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း
မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပထမဝါဆိုလဆန်း (၂) ရက်
၁၃. ၆. ၂၀၁၀ (တနင်္ဂနွေနေ့) ရန်ကုန်တိုင်း လှိုင်မြို့နယ် MICT Park “မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း”၌ ဟောကြားတော်မူအပ်သော သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း တရားဒေသနာတော်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ ဘာသာရေးကိစ္စအနေနဲ့ တရားဟောခြင်း၊ တရားနာခြင်းကို အဓိကထားပြီး ဆောင်ရွက်ကြတယ်။ လောကမှာ ဘာသာတရားတွေ မြောက်မြားစွာရှိတဲ့အထဲမယ် ဗုဒ္ဓဘာသာက “ဘာသာတရား”ဆိုတဲ့ အမည်အောက်မှာ ပါဝင်နေသော်လည်း ထာဝရဘုရားထံမှာ ဆုတောင်းခြင်း၊ ဆုယူခြင်းဆိုတာတွေနဲ့ ပတ်သက်မှု လုံးဝမရှိဘူး။ မိမိတို့သန္တာန်မှာရှိတဲ့ စိတ်ဓာတ်ဆိုင်ရာ အရည်အချင်းတွေကို စနစ်တကျ ကျင့်သုံးခြင်း၊ မြှင့်တင်ပေးခြင်းဖြင့် အသိဉာဏ်ရရှိအောင် ကြိုးစားတယ်၊ ဘဝဒုက္ခ၊ ဘဝဆင်းရဲတွေမှ လွတ်မြောက်အောင် လိုက်နာကျင့်သုံးကြတာ

စာမျက်နှာ-၂
ဖြစ်လို့ တခြားဘာသာတရားတွေနဲ့ များစွာကွာခြားတယ်ဆိုတာ သတိထားဖို့ လိုအပ်တယ်။

တခြားဘာသာတရားတွေမှာ ဆုတောင်း၊ ဆုယူတာ အဓိကဖြစ်တယ်။ မိမိတို့ကိုယ်ပိုင် ဆုံးဖြတ်နိုင်ခွင့်မရှိဘဲနဲ့ မိမိတို့ဘဝကို ပိုင်ဆိုင်ပြီးတော့ အဆုံးအဖြတ်ပေးနေတဲ့ တန်ခိုးရှင်ကြီးတစ်ဦး ရှိနေတယ်ဆိုတာကို ယုံကြည်ကြတယ်။ ထိုတန်ခိုးရှင်ကြီး ပြောသမျှ၊ ဆိုသမျှ၊ ဆုံးမဩဝါဒပေးသမျှကို လိုက်နာကျင့်သုံးပြီး မိမိတို့ဘဝကို အပ်နှံထားရတဲ့ အနေအထားမျိုးပေါ့။ ။

ဗုဒ္ဓဘာသာမှာတော့ အဲဒီလိုမဟုတ်ဘူး။ ဘုရားကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာ အမှန်တရားကို ထုတ်ဖော်ဟောကြားတဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ကိုးကွယ်တာ။ ဘုရားဟောတဲ့ မှန်ကန်တဲ့ လမ်းစဉ်တစ်ရပ်ကို သင်ယူပြီး မိမိကိုယ်တိုင် ကိုယ့်ကိုယ်ကိုကောင်းအောင် ပြုပြင်ပြီး ကျင့်သုံးလိုက်

စာမျက်နှာ-၃
နာတဲ့ နည်းစနစ်ဖြစ်တယ်။ ဒီတော့ နည်းစနစ်ချင်းက မတူဘူးပေါ့နော်။ ။

ဒါကြောင့်မို့ ဒီကနေ့ ဘုန်းကြီးတို့က “သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း”ဆိုတာကို ခေါင်းစဉ်ထားပြီး ဟောကြားမှာ ဖြစ်ပါတယ်။ မြတ်စွာဘုရားက ဒီအကြောင်းကို သံယုတ္တနိကာယ် သတိပဋ္ဌာနသံယုတ်မှာ “သတိသုတ်” အမည်နဲ့ နှစ်နေရာ ဟောကြားထားတာရှိတယ်။ ပါဠိဘာသာနဲ့ ဟောတာမို့ မြတ်စွာဘုရားဟောတဲ့ စကားလုံးကို ရှေးဦးစွာ မှတ်သားကြရမယ်။ သတိသုတ် (ပဌမ)

မြတ်စွာဘုရားက “သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ သမ္ပဇာနော” တဲ့၊ ဆိုလိုတဲ့အဓိပ္ပာယ်က “ရဟန်းတို့ သတိမကွာ အသိပညာရှိလျက် နေထိုင်ကြရမယ်”၊ ဒီအဓိပ္ပာယ်ပဲ။ မြတ်စွာဘုရားက နောက်တစ်ပုဒ် ဆက်ပြီး ဟောတာကတော့ “အယံ

စာမျက်နှာ-၄
ဝေါ အမှာကံ အနုသာသနီ” “ဒါ-တို့ရဲ့ ဆုံးမချက်ပဲ”တဲ့။

မြတ်စွာဘုရားက ဘဝမှာ ဘယ်လိုနေရမယ်ဆိုတာ ညွှန်ပြတယ်။ နေနည်းထိုင်နည်းကို သင်ကြားပေးတယ်။ ဘုန်းကြီးတို့တစ်တွေက သင်ယူပြီး အဲဒီနည်းစနစ်အတိုင်း ကျင့်သုံးနေထိုင်ဖို့ပဲ။ ပြီး အဲဒီနည်းစနစ်အတိုင်း ကျင့်သုံးနေထိုင်ရင် ထူးခြားတဲ့ အသိဉာဏ်တွေကို ရလာနိုင်တယ်။ ထိုထူးခြားတဲ့ အသိဉာဏ်တွေရမှ မိမိရဲ့ဘဝမှာ ကြုံတွေ့ကြရတဲ့ သောကဆိုတဲ့ စိုးရိမ်မှုတွေ၊ ဒေါမနဿဆိုတဲ့ ကြေကွဲဝမ်းနည်းမှုတွေ စတဲ့ ဘဝရဲ့ ဒုက္ခတွေကို ကျော်လွှားနိုင်ကြမှာ ဖြစ်တယ်။ “သောကကင်းသူ” မရှိ။

တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လိုက်ကြည့်မယ်ဆိုရင် လောကလူသားတွေဟာ နေ့စဉ်နဲ့အမျှ ရုန်းကန်နေကြရတယ်ဆိုတာ အင်မတန် ထင်ရှား

စာမျက်နှာ-၅
တယ်။ စီးပွားရေးနဲ့ ရုန်းကန်နေကြတယ်၊ လူမှုရေးနဲ့ ရုန်းကန်နေကြတယ်၊ ပညာရေးနဲ့ ရုန်းကန်နေကြရတယ်၊ နိုင်ငံရေးကိစ္စတွေနဲ့ ရုန်းကန်နေကြရတယ်။ ထိုရုန်းကန်နေရတဲ့အခါမှာ အဆင်ပြေတဲ့အခါရှိသလို အဆင်မပြေတဲ့အခါလည်း ရှိတယ်။ အမြဲတမ်း အဆင်ပြေနေတယ်လို့ မရှိနိုင်ဘူး။ အခြေအနေ အရပ်ရပ်ကို ထောက်ထားပြီး အဆင်မပြေတဲ့အခါမှာ လူတွေမှာ စိတ်ဖိစီးမှုဒဏ်တွေကို ခံစားကြရတယ်။ အဲဒီစိတ်ဖိစီးမှုဒဏ်တွေကိုပဲ ပါဠိစာပေမှာ “သောက, ဒေါမနဿ” လို့ ဒီလိုဟောတာ။

“သောက”ဆိုတာ ကိုယ်မဖြစ်စေချင်တာတစ်ခုခု ဖြစ်လာတော့မယ်ဆိုရင် ကြိုတင်ပြီး စိတ်ထဲမှာ မငြိမ်မသက်ဖြစ်ပြီး ပူတဲ့သဘော၊ မဖြစ်ချင်တာတွေ ဖြစ်တော့မယ်ဆိုရင် စိုးရိမ်စိတ်တွေ ပေါ်လာတာ၊ ဒါကို “သောက”လို့ ခေါ်တယ်။ (သို့မဟုတ်) မဖြစ်ချင်တာတွေ ဖြစ်သွားပြီဆိုရင်လည်း သောကဆိုတာ ပေါ်လာတယ်။

စာမျက်နှာ-၆
“ဒေါမနဿ”ဆိုတာကတော့ စိတ်ထဲမှာ အလိုမကျဖြစ်လာတာ။ မိမိစိတ်တိုင်းကျ မဖြစ်ဘူး။ အလိုမကျဖြစ်လာတယ်ဆိုရင် ခံစားမှုတစ်ခု ဖြစ်ပေါ်လာတယ်။ အဲဒီခံစားမှုကို ဒေါမနဿ စိတ်ဆင်းရဲမှုလို့ ပြောတာ။

အဲဒီ သောကတို့၊ ဒေါမနဿတို့ဆိုတာတွေက လူတွေရဲ့စိတ်ထဲမှာ ထင်ရှားပေါ်လာတတ်ပြီး လူမျိုးမရွေး၊ ဘာသာမရွေး ပုဂ္ဂိုလ်တိုင်းမှာလိုလို ဖြစ်တယ်။ အဲဒီသောကဆိုတာ ဘာကြောင့်ဖြစ်သလဲ၊ ဒေါမနဿဆိုတာ ဘာကြောင့်ဖြစ်တာလဲ? အကြောင်းတရားကို မရှာနိုင်ဘူး၊ ထိုအကြောင်းတရားကို မဖယ်ရှားနိုင်ဘူးဆိုရင် ဒီ “သောက”ဟာ ဆက်ပြီးလာနေမှာပဲ၊ ဒေါမနဿဆိုတာလည်း ဆက်ပြီးဖြစ်နေမှာပဲ။ ဘယ်အရာပဲဖြစ်ဖြစ် ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေကို မှီပြီးဖြစ်ရတာ။ ဒါကြောင့် အကြောင်းတရားတွေကို သိဖို့ရာ အင်မတန်မှ အရေးကြီးတယ်။

စာမျက်နှာ-၇
လောကလူသားတွေဟာ ဆိုင်ရာဆိုင်ရာ အကြောင်းတရား အစစ်အမှန်ကို မသိတဲ့အတွက် သောကပြေပျောက်ရာ ပြေပျောက်ကြောင်း၊ စိတ်ဆင်းရဲမှုတွေ ပြေပျောက်ရာ ပြေပျောက်ကြောင်းဆိုပြီး မမှန်ကန်တဲ့ နည်းမျိုးစုံကို အသုံးပြုကြတယ်ပေါ့။ နည်းမျိုးစုံသုံးကြသော်လည်း - အဲဒီနည်းမျိုးစုံတွေထဲမှာ တချို့ကလည်း လုံးဝမေ့ပစ်ဖို့ ကြိုးစားကြတယ်။ ကြိုးစားတဲ့အခါမှာ အကူအညီတွေ အသုံးပြုပြီး ကြိုးစားတယ်။ ဘာတွေအကူအညီယူတုန်းဆိုတော့ မူးယစ်ဆေးဝါးအကူအညီနဲ့လည်း သောကကို ဖြေဖျောက်ကြတယ်ပေါ့။ နောက်တခြားနည်းတွေ သုံးပြီးတော့လည်း ဖြေဖျောက်ကြတယ်။ တကယ်ကတော့ ဒါဟာ ပြေပျောက်သွားတာ မဟုတ်ဘူး၊ အကြောင်းတရားက ကိုယ့်သန္တာန်မှာ ရှိနေသည့်အတွက် ခေတ္တခဏ စိတ်ထဲမှာ ပေါ့ပါးသွားသလို ဖြစ်ပေမယ့် ဒုက္ခ

စာမျက်နှာ-၈
တစ်ခု၊ ပြဿနာတစ်ခု ထပ်တိုးလာတတ်တယ်။ အဲဒါမျိုးဟာ အဖြေမဟုတ်ဘူး။ ဘုရားပေးသောနည်းကသာလျှင် -

မြတ်စွာဘုရားဟောတဲ့တရားကတော့ ဒီလိုမဟုတ်ဘူး။ “နောက်ထပ်ပြဿနာတစ်ခု ထပ်မတက်ဘဲ လက်ရှိအနေအထားတစ်ခုကို မှန်မှန်ကန်ကန် အသိဉာဏ်နဲ့ စဉ်းစားတွေးခေါ်ပြီး အမှန်သိပြီး Stress လို့ခေါ်တဲ့ ဒီစိတ်ရဲ့ဖိစီးမှုတွေကို လျော့ချနိုင်တဲ့ နည်းစနစ်” ဖြစ်တယ်။

ကမ္ဘာမှာ ကြီးပွားတိုးတက်ပြီး အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေမှာ စိတ်ဖိစီးမှုတွေ ရှိတာပဲ၊ အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေမှာလည်း Stress က ရှိတာပဲ။ ဒီဖိစီးမှုတွေက လူတွေရဲ့စိတ်ကို အမြဲတမ်း လွှမ်းမိုးနေတယ်။ ဒီကနေ့ခေတ်မှာ ပိုပြီးထင်ရှား၊ ယှဉ်ပြိုင်ပြီး ပြေးလွှားနေကြရတယ်။ ဟို-တိုးတက်တယ်ဆိုတဲ့ နိုင်ငံတွေမှာ ပိုပြီးတော့ Stress တွေ များတယ်။ ပိုပြီးထင်ရှားတယ်ပေါ့၊ အားလုံးမှာ။

စာမျက်နှာ-၉
ဒီ Stress တွေကို လျော့ချဖို့ နည်းစနစ်တွေထဲမှာ တခြားနည်းက ဖြစ်ကောင်းဖြစ်နိုင်သော်လည်းပဲ ထိုလျော့ချမှုဟာ အစဉ်ထာဝရ ငြိမ်းချမ်းသွားတဲ့အဆင့်ကို ရောက်နိုင်ဖို့ကတော့ အင်မတန်မှ ခဲယဉ်းတယ်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ နည်းစနစ်ကသာလျှင် အစဉ်ထာဝရ လျော့ချနိုင်တဲ့ နည်းစနစ်မျိုးဆိုတာ သေချာတယ်။

ဘုန်းကြီးတို့ မနှစ်က ကိုရီးယားနိုင်ငံ အဘိဓမ္မာသင်တန်း သွားပို့ချတဲ့အခါမှာ Dongguk University က ပါမောက္ခတွေ၊ ကထိကတွေ လာပြီး သင်တန်းတက်ကြတယ်။ အဘိဓမ္မာဆိုတာ ဘဝနဲ့အနီးစပ်ဆုံးပဲ၊ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ သဘာဝတရားတွေကို လေ့လာတဲ့ ပညာရပ်တစ်ခုပဲပေါ့။ အဲဒီမှာ သင်တန်းစီမံဆောင်ရွက်တဲ့ ထေရဝါဒ

စာမျက်နှာ-၁၀
ကိုရီးယား ရဟန်းတော်က ဘုန်းကြီးနဲ့တွေ့ဖို့ သင်တန်းပြီးတဲ့အချိန် တစ်နေ့ (၅) ဦး စီစဉ်ပေးတယ်။ မေးချင်တာလေးမေးဖို့ဆိုပြီး သင်တန်းပြီးတဲ့ အချိန်ပိုင်းလေးမှာ လာလာပြီးတွေ့ကြတယ်။

တက္ကသိုလ်က ပါမောက္ခ ဆရာ၊ ဆရာမတွေက သူတို့ကိုယ်သူတို့ ပါမောက္ခပါ၊ ကထိကပါဆိုပြီး မိတ်ဆက်ကြတယ်။ ဘုန်းကြီးက မေးကြည့်တယ်၊ “တက္ကသိုလ်မှာ ဘာပညာရပ်ကို ပို့ချသလဲ” ဆိုတော့ တစ်ဦးက ဖြေတယ်၊ သူပို့ချတဲ့ ဘာသာရပ်က MBSR တဲ့။ BSR ဆိုတာ ဘာပြောတာလဲလို့ မေးလိုက်တော့ Mindfulness Based Stress Reduction တဲ့၊ “သတိတရားကို အခြေခံထားပြီးတော့ စိတ်ဖိစီးမှုကို လျော့ချခြင်း” လို့ဆိုတဲ့ ဘာသာရပ်တဲ့၊ “အဲဒီဘာသာရပ်က ဘယ်ကလာတုန်း”လို့ မေးတော့ “အမေရိကန်က လာပြီး သူတို့ဆီမှာ ပို့ချတာ”တဲ့။

စာမျက်နှာ-၁၁
အဲဒီပညာရပ်က တကယ်တမ်း ကြည့်လိုက်တဲ့အခါ မြန်မာနိုင်ငံကသွားတဲ့ သတိပဋ္ဌာန်နည်းစနစ်တစ်ခုပဲ။ အဲဒီသတိပဋ္ဌာန်နည်းကို အသုံးပြုပြီး Mindfulness ဆိုတဲ့ သတိကို အခြေခံထားပြီး လူတွေရဲ့သန္တာန်မှာ ဖြစ်နေတဲ့ စိတ်ဖိစီးမှုတွေကို လျော့ချတယ်။ ဒီနည်းစနစ်ကို သူတို့က ပညာရပ်တစ်ခုအနေနဲ့ တက္ကသိုလ်မှာ သင်နေကြတယ်။ ဘုရားဟောတဲ့ တရားကိုပဲ လိုအပ်ချက်တွေနဲ့အညီ တီထွင်ပြီး သင်ကြားနေကြတာ၊ သင်ကြားနေပုံ အသေးစိတ်ကိုတော့ မမေးခဲ့ဘူး။

အဲဒီတော့ မြန်မာနိုင်ငံမှာ မြတ်စွာဘုရား ဟောကြားထားတဲ့ တရားဓမ္မတွေ ထွန်းကားနေလို့ ထိုထိုကမ္မဋ္ဌာန်းရိပ်သာတွေမှာ ဒီနည်းစနစ်တွေကို ဟောပြောပြီး လက်တွေ့လည်း ကျင့်သုံးနေကြတယ်ပေါ့။ ကမ္ဘာမှာလည်း ဒီကနေ့ခေတ်မှာ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ Meditation ဆိုတဲ့ နည်းစနစ်ကို ကျန်းမာရေးအတွက်၊ စိတ်ဖိစီးမှု လျော့ချရေး

စာမျက်နှာ-၁၂
အတွက် အသုံးပြုနေကြတာကို သိရတယ်။ အဲဒီတော့ မြတ်စွာဘုရားကိုယ်တိုင်က ဒီမှာ “သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း” ဆိုတဲ့ နည်းစနစ်ကို ဟောကြားတော်မူခဲ့တယ်။

သို့သော် ဒီနေရာမှာ “သတိမကွာ အသိပညာဖြင့် နေခြင်း” ဆိုတာကို အဆင့်ဆင့်ပြောလို့ရတယ်။ သာမန်လူမှုကိစ္စ ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်တွေကလည်း သူ့လုပ်ငန်းပေါ်မှာ သူ “အမြဲတမ်းသတိရှိတယ်၊ အသိပညာဖြင့် နေတယ်” လို့ ပြောတာပဲ၊ အဲဒါမျိုးကို ဆိုလိုတာလား?

လူတွေက “သတိ-အသိ”ဆိုပြီး ပြောနေကြတယ်လေ၊ သတိရှိတယ်၊ အသိရှိတယ်၊ အဲဒီအားလုံးဟာ မြတ်စွာဘုရားရဲ့ သွန်သင်ချက်နဲ့ ကိုက်ညီသလား၊ အခြေခံအားဖြင့် အဲဒါကို ဆိုလိုတာလား? ဒီစကားလုံးနဲ့ ပတ်သက်လာရင် သာမန်အားဖြင့်

စာမျက်နှာ-၁၃
ကြည့်မယ်ဆိုရင် အသွင်သဏ္ဌာန်က တူနေသော်လည်း အနှစ်သာရပိုင်းမှာ အလွန်ကွာခြားနိုင်တယ်။

မြတ်စွာဘုရား ဆိုလိုတဲ့ “သတိမကွာ အသိပညာနဲ့ နေခြင်း”ဆိုတာ ဘယ်ပုံနေတာလဲ? ဘုရားကိုယ်တိုင်က ဒီသုတ္တန်မှာ ရှင်းပြထားတယ်။ ဒီတော့ “သာမန် သတိမကွာ အသိပညာနဲ့ နေတာမျိုး”ကို ဆိုလိုတာမဟုတ်ဘူး။ တကယ့်ကို ရင်တွင်းမှာ ဖြစ်ပေါ်နေတဲ့ သောကတို့၊ ဒေါမနဿတို့ဆိုတဲ့ စိတ်နှလုံးရဲ့ပူလောင်မှုတွေကို လွန်မြောက်သွားဖို့၊ အဲဒါတွေချုပ်ငြိမ်းပြီးတော့ ငြိမ်းချမ်းသာယာတဲ့ ဘဝမှာ ရပ်တည်နိုင်ဖို့ ဘယ်လိုသတိမကွာ နေရမှာလဲ၊ ဘယ်လိုအသိပညာနဲ့ နေရမှာလဲ? ဒါကို အတိအကျသိဖို့ လိုတယ်ပေါ့နော်။ “သာမန်လူပြောသူပြော ပြောတဲ့ သတိမကွာလား၊ သာမန်ပြောကြတဲ့ အသိပညာနဲ့ နေတာကို ဆိုလိုတာလား” လို့ဆိုတာကို အတိအကျသိဖို့

စာမျက်နှာ-၁၄
လိုတယ်ပေါ့နော်။ “သာမန်လူပြောသူပြော ပြောတဲ့ သတိနဲ့ နေတာကို ဆိုလိုတာမဟုတ်ဘူး၊ သာမန်ပြောကြတဲ့ အသိပညာနဲ့ နေတာကို ဆိုလိုတာမဟုတ်ဘူး”။ မြတ်စွာဘုရား ကိုယ်တိုင်က ဒီနည်းစနစ်တွေကို သုတ္တန်နှစ်ခုမှာ ဟောပေးထားတယ်။

မြန်မာနိုင်ငံမှာ ထင်ရှားပြီး လူသိများတဲ့ မဟာသတိပဋ္ဌာန်သုတ်မှာလည်းပဲ ဒီနည်းစနစ်ကို ပေးထားတာရှိတယ်။ ဒီနည်းစနစ်ဟာ သာမန်အားဖြင့် ကြည့်မယ်ဆိုရင် အချို့အချို့ပုဂ္ဂိုလ်တွေက “ဒါဘာသာရေးလုပ်ငန်းပဲ” လို့ ထင်ကောင်းထင်လိမ့်မယ်။ “လူမှုရေးနဲ့ မဆိုင်ဘူး၊ စီးပွားရေးနဲ့ မဆိုင်ဘူး၊ ပညာရေးနဲ့ မဆိုင်ဘူး၊ နိုင်ငံရေးနဲ့ မဆိုင်ဘူး၊ ဒါဘာသာရေးအလုပ်” လို့ ဒီလိုမြင်ကောင်းမြင်လိမ့်မယ်။

စာမျက်နှာ-၁၅
သို့သော် မြတ်စွာဘုရား ဟောကြားထားတဲ့ နည်းစနစ်တွေဟာ ဘာသာရေးသက်သက်လည်း မဟုတ်ဘူး၊ ပညာရေးသက်သက်လည်း မဟုတ်ဘူး၊ လူမှုရေးသက်သက်လည်း မဟုတ်ဘူး။ ဘဝတစ်ခုလုံးရဲ့အရေးအတွက် ဟောထားတာ။ ဘဝရထားတဲ့ ပုဂ္ဂိုလ်တိုင်း ဒီနည်းစနစ်ကို ကျင့်သုံးနေထိုင်ကြရမှာ ဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်စေ၊ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ပုဂ္ဂိုလ်ဖြစ်စေ ဒီနည်းစနစ်အတိုင်း လိုက်နာကျင့်သုံးရင် အကျိုးတရားကို ရမှာပဲ။

တရားကို ကျင့်သုံးတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်ဖြစ်မှ ကျင့်သုံးရတာ မဟုတ်ဘူး၊ ဗုဒ္ဓဘာသာဝင်မဟုတ်လည်း ကျင့်သုံးလို့ရတယ်။ ဘာဖြစ်လို့တုန်းဆိုရင် တရားဆိုတာ The law of nature ပဲ။ သဘာဝပဲ။ လမ်းကြောင်းနဲ့ အလားသဏ္ဌာန်တူ

စာမျက်နှာ-၁၆
တယ်။ လမ်းကြောင်းဆိုတာ လူတိုင်း လျှောက်လို့ရတယ်။ ဥပမာ ရွှေတိဂုံဘုရားကို ဦးတည်ထားတဲ့ လမ်းကြီးဆိုကြပါစို့- အဲဒီလမ်းကြောင်းပေါ် လျှောက်သွားလို့ရှိရင် ရွှေတိဂုံဘုရား ရောက်ချင်တဲ့သူရော၊ မရောက်ချင်တဲ့သူရော ရောက်သွားမှာ သေချာတယ်။ ဒီလမ်းကြောင်းပေါ် လျှောက်မယ်ဆိုရင် ရောက်တာချည်းပဲ၊ မရောက်တဲ့သူ မရှိဘူး။

အဲဒါမျိုးလိုပဲ မြတ်စွာဘုရား ဟောကြားတဲ့ တရားဓမ္မဟာ လူတိုင်းနဲ့သက်ဆိုင်တဲ့တရား ဖြစ်တယ်။ ဘာသာရေးအလုပ်သက်သက်မဟုတ်ဘူး။ နေ့စဉ်ဘဝမှာ လိုအပ်ချက်တွေရှိတယ်။ ဘာဖြစ်လို့ လိုအပ်ချက်တွေ ရှိတာတုန်းဆိုတော့ ဘုန်းကြီးတို့တစ်တွေမှာ နေ့စဉ်နဲ့အမျှ သောကနဲ့နေကြရတယ်၊ စိတ်ဆင်းရဲမှုတွေနဲ့ ကြုံတွေ့ကြရတယ်။ အေး “တပည့်တော်တို့ကတော့ အဆင်ပြေနေလို့ ဘာသောကမှ မရှိဘူး” လို့ ဒီလိုပြောကောင်းပြောကြ

စာမျက်နှာ-၁၇
လိမ့်မယ်။ “မရှိဘူး” လို့ ပြောလို့မရဘူး၊ မကြုံသေးတာပဲ ရှိလိမ့်မယ်နော်။ သောကမရှိတဲ့ လူဆိုတာ မရှိဘူး၊ သောကဟာ ရှိနေကြတာပေါ့။ ။

သာမန်ပုထုဇဉ်မှန်သမျှမှာ သောကတို့၊ ဒေါမနဿတို့ဆိုတာတွေဟာ စိတ်ရဲ့ဖိစီးမှုအနေနဲ့ ရှိနေကြတယ်။ အဲဒီရှိနေတာတွေကို မဖယ်ထုတ်နိုင်လို့ရှိရင် ငြိမ်းချမ်းတဲ့ဘဝ “ချမ်းမြေ့သာယာတဲ့ ဘဝ” လို့ ဘယ်လိုပဲ စကားလုံးလှလှသုံးထားထား ဘယ်သူမှ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မယ်မဟုတ်ပါဘူး။

ဒါကြောင့်မို့ ဒီလိုချမ်းမြေ့သာယာတဲ့ဘဝ၊ အေးချမ်းသာယာတဲ့ဘဝမှာ နေဖို့ရာအတွက် လိုအပ်ချက်တွေက ဘာတွေလဲ? တချို့က “ပစ္စည်းဥစ္စာတွေ ကြွယ်ဝချမ်းသာရင် ချမ်းမြေ့သာယာတဲ့ဘဝမှာ နေနိုင်မယ်” လို့ တွက်ကောင်းတွက်မယ်။ “ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်တွေ ရှိထားရင်လည်း ချမ်းမြေ့သာယာတဲ့ဘဝမှာ နေရမယ်” လို့

စာမျက်နှာ-၁၈
ထင်ကောင်းထင်လိမ့်မယ်။ “အဆင်ပြေနေတဲ့ လူမှုရေးဘဝမှာ နေရလို့ရှိရင်လည်း ချမ်းမြေ့သာယာတဲ့ဘဝမှာ နေရမယ်” လို့ ထင်ကောင်းထင်လိမ့်မယ်။

တကယ်တော့ လောကအရေးတွေ မည်မျှပင် အဆင်ပြေနေနေ စစ်မှန်တဲ့နည်းစနစ်တစ်ခု မရှိဘဲနဲ့ သောကကင်းတဲ့ဘဝ၊ ဒေါမနဿကင်းတဲ့ဘဝ၊ ချမ်းမြေ့သာယာတဲ့ဘဝမှာ နေရဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါလိမ့်မယ်၊ ချမ်းမြေ့တဲ့ဘဝကို နေနိုင်မှာမဟုတ်ပါဘူး။

ချမ်းမြေ့သာယာတဲ့ဘဝကို နေချင်ရင် အခု မြတ်စွာဘုရားဟောတဲ့ “သတိမကွာ အသိပညာဖြင့် နေခြင်း” ဆိုတဲ့ ဒီစနစ်ကို လိုက်နာကျင့်သုံးကြရမယ်။ ဒီလိုဆိုရင်တော့ ချမ်းမြေ့ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝမှာ နေနိုင်မှာဖြစ်တယ်။ ဘယ်လိုအခက်အခဲ၊ ဘယ်လိုပြဿနာနဲ့ပဲ ကြုံကြုံ စိတ်ဓာတ်ကြံ့ခိုင်မှုဟာ အင်မတန်မှ အရေး

စာမျက်နှာ-၁၉
ပါတယ်၊ စိတ်ဓာတ်ကြံ့ခိုင်မှု မရှိရင် ခုနပြောတဲ့ မိမိမလိုလားအပ်တဲ့ အခြေအနေတစ်ခုခုနဲ့ ရင်ဆိုင်လိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် လူ့ရဲ့ စိတ်နှလုံးဟာ တုန်လှုပ်ချောက်ချားပြီး ငြိမ်းချမ်းသာယာမှုတွေ အားလုံးဟာ ဆုံးရှုံးသွားနိုင်တယ်။

ဒီလို ဆုံးရှုံးမသွားရအောင် မြတ်စွာဘုရားက နေနည်းထိုင်နည်းကို ယခုလို ဟောတော်မူထားတာ၊ “သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ သမ္ပဇာနော” = “ချစ်သားရဟန်းတို့။ ရဟန်းသည် သတိမကွာ အသိပညာဖြင့် နေပါ”၊ “အယံ ဝေါ အမှာကံ အနုသာသနီ” = “ဒါဟာ ငါဘုရားရဲ့ ဆုံးမသွန်သင်ချက်ပဲ ဖြစ်တယ်”တဲ့။

ယခုလို မြတ်စွာဘုရား ဟောတဲ့နေရာမှာ “သတိမကွာ” ဆိုတာ ဘယ်မှာ သတိမကွာရမှာလဲ? “အသိပညာ” ဆိုတာ ဘယ်လို အသိပညာမျိုးလဲ? ဆိုတာ define လုပ်ဖို့ လိုအပ်တယ်ပေါ့။ နို့မို့ဆိုရင် လူတိုင်းလူတိုင်းဟာ ထင်ကြမယ်၊ အိမ်မှာပဲ အလုပ်လုပ်တာဖြစ်စေ၊ ရုံးမှာပဲ အလုပ်လုပ်တာဖြစ်စေ၊ တက္ကသိုလ်မှာပဲ အလုပ်လုပ်တာဖြစ်စေ ကိုယ်

စာမျက်နှာ-၂၀
လုပ်ရမယ့် အလုပ်တစ်ခုပေါ်မှာ သတိရှိနေတယ်။ ဒါကိုပဲ “သတိမကွာ” လို့ ဆိုလိုတာလား၊ အသိပညာဆိုတာ တို့တတ်ထားတဲ့ အသိပညာနဲ့ နေတယ်၊ ဒါ ‘အသိပညာနဲ့ နေတယ်’ လို့ ဆိုလိုတာလားလို့ ထင်မြင်ယူဆမိကြလိမ့်မယ်။

မြတ်စွာဘုရား မိန့်ကြားချက်နဲ့ စကားလုံးချင်း တူပေမယ့်လို့ အနှစ်သာရချင်း မတူတာကို ဒီနေရာမှာ ခွဲခြားပြီးတော့ ပြထားတယ်။

“သတိ” ဟူသည်

အဲဒီတော့ ဘဝမှာ ခုနပြောတဲ့ နှလုံးသားထဲက ပူလောင်မှုတွေ ကင်းပြီး အေးငြိမ်းတဲ့ဘဝကို နေချင်ရင် သတိတရားနဲ့ နေရမယ်၊ သတိဆိုတာ မြန်မာလူမျိုးတွေအဖို့မှာ အင်မတန်မှ ရင်းနှီးနေတဲ့ စကားလုံးတစ်လုံး ဖြစ်တယ်၊ သို့သော် သတိဆိုတဲ့ စကားလုံးဟာ မြန်မာစကားလုံး မဟုတ်ဘူး၊ ပါဠိစကားလုံး ဖြစ်တယ်၊ သတိဆိုတာ အာရုံတစ်ခုကို ရယူပေးနေတဲ့ သဘောလေးကို ပြောတာ၊ အင်္ဂလိပ်

စာမျက်နှာ-၂၁
လို ပြန်တဲ့အခါမှာ သတိကို mindfulness လို့ ပြန်လေ့ရှိကြတယ်၊ အဲဒီ mindfulness လို့ ပြန်တာကတော့ ပစ္စုပ္ပန်အာရုံပေါ်မှာ mindful ဖြစ်တာကို အဓိကထားပြီး ပြောတဲ့သဘောပဲ၊ အာရုံတစ်ခုက ပစ္စုပ္ပန်မဟုတ်ဘူး၊ လွန်မြောက်ခဲ့ပြီ- ဥပမာ- လွန်ခဲ့တဲ့နှစ်က၊ ဟိုလွန်ခဲ့တဲ့ ကိုးနှစ် ဆယ်နှစ်က အကြောင်းအရာတွေကျတော့ ဒီသတိကို memory လို့ ပြန်ရမှာပဲ၊ အမှတ်ရနေတာကို ပြောတာ။

ဒီတော့ သတိဆိုတာ အဓိပ္ပါယ် ၂-မျိုး ရှိတယ်။ မှတ်မိတာရယ်၊ စိတ်အားစိုက်ထားတာရယ် - ဒီနှစ်ခု၊ အမှတ်ရတာ၊ မှတ်မိတာကလည်း သတိပဲ၊ မှတ်မိတာက ဘယ်အရာနဲ့ တွဲဖက်လာတုန်းဆိုရင် အမှတ်သညာနဲ့ တွဲဖက်လာတယ်၊ အမှတ်သညာဆိုတာ အာရုံနဲ့တွေ့တဲ့အချိန်မှာ စိတ်က မှတ်သားလိုက်တာ noting system ပေါ့။ စိတ်က မှတ်သားလိုက်တဲ့အတိုင်း နောက်တစ်ခါ ဒါမျိုးတွေ့ရင် ဒါပဲဆိုတာကို သိတာ၊ ဒါက သညာရဲ့ အလုပ်ပဲ။ သတိကျတော့

စာမျက်နှာ-၂၂
အဲဒီ အာရုံကို ရယူပေးတာ၊ ဒါကြောင့် အာရုံကို ရယူပေးတာက သတိ၊ မှတ်မိတာက သညာလို့ ဒီလို နှစ်ခု ပြောလို့ရတာပေါ့။

“ပစ္စုပ္ပန်တည့်တည့် မျက်စိကမြင်နေရတဲ့အာရုံ၊ ပစ္စုပ္ပန်တည့်တည့် နားက ကြားနေရတဲ့အာရုံ စတဲ့ အဲဒီအာရုံတွေကို သိတာကျတော့ mindfulness လို့ ခေါ်တယ်၊ စိတ်အားကုန် စိုက်ထားတယ်၊ စိတ်အားကုန် ပို့လွှတ်ပြီး ထားတယ်၊ အဲဒီ mindfulness လို့ဆိုတဲ့ သတိဟာ အင်မတန်မှ အရေးကြီးတဲ့ သတိပဲ။ ဒါကြောင့် သတိနဲ့ ပတ်သက်လာလို့ရှိရင် အတိတ်က အာရုံတစ်ခုကို မှတ်မိတာရယ်၊ ပစ္စုပ္ပန်မှာ ဖြစ်ပေါ်နေဆဲ အာရုံကို ရယူပေးတာရယ်ဆိုပြီး အဲဒီလို သတိရဲ့ ဆောင်ရွက်မှုနှစ်ခု ရှိတယ်။

သတိမကွာ နေခြင်း -

အဲဒီထဲမယ် မြတ်စွာဘုရားဆိုလိုတဲ့ “သတိမကွာ” ဆိုတဲ့ သတိကတော့ ပစ္စုပ္ပန်တည့်တည့် ကိုယ်ဘာလုပ်နေတယ် ဆိုတဲ့အပေါ်မှာ၊ ကိုယ့်ရဲ့ action

စာမျက်နှာ-၂၃
ပေါ်မှာ mindful ဖြစ်တဲ့ သတိကို ပြောတာ၊ ဘာပဲလုပ်နေလုပ်နေ လုပ်နေတဲ့အပေါ်မှာ သတိရှိဖို့ ပြောတာ၊ ဒီပစ္စုပ္ပန်ကျတဲ့ အားစိုက်မှု သတိကမှ စိတ်ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်တယ်။

သတိရှိဖို့ ဆိုတဲ့နေရာမှာ ဘယ်နေရာမှာ သတိရှိရမလဲ? ခုနက “စိတ်ရဲ့ငြိမ်းချမ်းမှုကို ရယူချင်တဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်လိုလေ့ကျင့်ရမလဲ?” ဆိုတာကို မဟာသတိပဋ္ဌာနသုတ်မှာ မြတ်စွာဘုရားက အာရုံလေးမျိုး ပေးထားတာ ရှိတယ်။

နံပါတ်တစ်က ကာယ (body) ပေါ့၊ မိမိရဲ့ ကာယပေါ်မှာ mindful လုပ်တာပေါ့။

နောက်တစ်ခုက လူတွေမှာ ခံစားမှုဆိုတာ ရှိတယ်၊ ခံစားမှုဆိုတာ ကောင်းတဲ့အာရုံနဲ့တွေ့လို့ရှိရင် ဝမ်းသာတယ်ဆိုတဲ့ခံစားမှု၊ မကောင်းတဲ့အာရုံနဲ့တွေ့တဲ့အခါ စိတ်ပျက်ဝမ်းနည်းတယ်ဆိုတဲ့ခံစားမှု၊ ကောင်း မကောင်း အလယ်အလတ်ရှိတဲ့ အာရုံမှာ

စာမျက်နှာ-၂၄
မထင်ရှားတဲ့ ခံစားမှုလို့ဆိုပြီး အကျဉ်းချုပ်အားဖြင့် လူတွေရဲ့ စိတ်ခံစားမှုက ၃-မျိုး ရှိတယ်၊ ဒီခံစားမှုဆိုတာလည်း လူတွေအဖို့မှာ အင်မတန်မှ အရေးကြီးတဲ့ အရာတစ်ခုပဲ၊ အဲဒီခံစားမှုပေါ်မှာလည်းပဲ mindful ဖြစ်ဖို့ မြတ်စွာဘုရားက ဟောတယ်။

နောက်တစ်ခုကတော့ လူတွေရဲ့ သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်အခြေအနေပေါ်မှာလည်းပဲ mindful ဖြစ်ဖို့၊ သာမန်အားဖြင့် ကိုယ့်စိတ်ကိုကိုယ် သိတယ်လို့ ထင်ကောင်းထင်မယ်။ သို့သော် ကိုယ့်စိတ်ကိုကိုယ်မသိတာက ပိုများပါတယ်။ သိရမှာက ဘာလဲဆိုရင် “လိုချင်တပ်မက်မှုဆိုတဲ့ လောဘတွေ ငါ့စိတ်ထဲမှာ ဖြစ်ပေါ်လာသလား၊ မုန်းတီးတဲ့ ဒေါသတွေ ငါ့စိတ်ထဲမှာ ဖြစ်ပေါ်လာသလား၊ အမှန်မသိတဲ့တွေဝေမှု မောဟတွေ ငါ့စိတ်ထဲမှာ ဖြစ်ပေါ်လာသလား” လို့ ကိုယ့်စိတ်ကလေးရဲ့ အနေအထားတစ်ခုကို ဆင်ခြင်သုံးသပ်ရမယ်။ ဒီလို ကိုယ့်စိတ်ကိုလည်းကိုယ် လေ့လာအကဲခပ်

စာမျက်နှာ-၂၅
နေရမယ်လို့ဆိုတာဟာလည်း သတိထားစရာတစ်ခုပါပဲ။

နောက်တစ်ခုကတော့ မြတ်စွာဘုရားက general point အနေနဲ့ ဓမ္မာနုပဿနာဆိုတာကို ပေးလိုက်တာ၊ ဓမ္မဆိုတာ အားလုံးကို ရည်ညွှန်းပြီး ပေးလိုက်တဲ့ အမည်နာမတစ်ခုပဲ၊ ဥပမာ ပြောမယ်ဆိုရင် လူတွေရဲ့ စိတ်မှာ ဖြစ်ပေါ်လာတတ်တဲ့ နီဝရဏတရား ၅-ပါးဆိုတာ ရှိတယ်။

(၁) ကာမစ္ဆန္ဒနီဝရဏ - နှစ်သက်စရာအာရုံပေါ်မှာ နှစ်သက်တွယ်တာတဲ့ စိတ်ဆန္ဒ - desire for sense pleasure၊ အဲဒီအာရုံပေါ်မှာ ခံစားလိုတဲ့စိတ်ဆန္ဒဟာ ကိုယ့်သန္တာန်မှာ ရှိသလား မရှိဘူးလား၊ ဖြစ်သလား မဖြစ်ဘူးလား- သတိထားရမယ်လို့ ပြောတာ။

နံပါတ်(၂)က စိတ်ထဲမှာ အလိုမကျဖြစ်တတ်တာတွေ ရှိတယ်၊ ဗျာပါဒနီဝရဏ - မုန်းတီးမှု၊ အလို

စာမျက်နှာ-၂၆
မကျမှု၊ အဲဒါတွေကော ကိုယ့်စိတ်ထဲမှာ ဖြစ်သလား မဖြစ်ဘူးလား ဆင်ခြင်စဉ်းစားတာ။

နောက် နံပါတ်(၃)က ကောင်းတာလုပ်တဲ့အခါ ပညာရေးကိစ္စပဲဖြစ်ဖြစ်၊ ဘာသာရပ်တစ်ခုခု လေ့လာနေတာပဲဖြစ်ဖြစ် စိတ်အားတွေ လျော့ကျသွားစေတဲ့ ထိနမိဒ္ဓနီဝရဏ၊ အဲဒီမှာ ထိနဆိုတာ ဆောင်ရွက်ချင်တဲ့စိတ် လျော့ကျသွားတာ၊ tiredness of mind - စိတ်ရဲ့နွမ်းနယ်မှု ဖြစ်သွားတဲ့သဘော။ မိဒ္ဓဆိုတာ tiredness of body၊ စေတသိက်တရားတွေရဲ့ ထိုင်းမှိုင်းသွားမှု။

ထိနနဲ့ မိဒ္ဓက ယှဉ်တွဲလာပေမယ့်လို့ ထိနဆိုတဲ့သဘောတရားက ဆက်ပြီးတော့ မလုပ်ချင်ဘူး၊ စိတ်တွေ တွန့်ဆုတ်လာတယ်၊ မိဒ္ဓက ထိုတွန့်ဆုတ်မှု လွန်ကဲလာလို့ရှိရင် ခန္ဓာကိုယ်ကိုပါ ငိုက်မျဉ်းလာစေတယ်၊ ဒီသဘောကို ဆိုလိုတာပေါ့နော်၊ စာပေ

စာမျက်နှာ-၂၇
ကျမ်းဂန်တွေမှာကတော့ ဒီထိနနဲ့ မိဒ္ဓဟာ စိတ်နဲ့ စေတသိက် နှစ်ခုအနက် စိတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းမရှိတဲ့သဘောကို ထိန၊ စေတသိက်တို့ရဲ့ လုပ်ဆောင်နိုင်စွမ်းမရှိတဲ့သဘောကို မိဒ္ဓလို့ ဒီလို ဟောတယ်။ သို့သော် တစ်ခါတစ်ရံ မိဒ္ဓဟာ ရုပ်ခန္ဓာကိုယ်နဲ့လည်း ပတ်သက်ဖြစ်တာ ရှိတယ်၊ ခန္ဓာကိုယ်ရဲ့ ပင်ပန်းနွမ်းနယ်မှုကြောင့် လူတွေဟာ ငိုက်မျဉ်းလာတတ်တယ်။

အဲဒီ စိတ်ဝင်စားမှု လျော့ကျလာတဲ့ သဘောတရားဟာလည်း အောင်မြင်မှုအတွက် အနှောင့်အယှက်တစ်ခုအနေနဲ့ တို့စိတ်ထဲမှာ ရှိနေသလား မရှိဘူးလား၊ စိတ်အားတက်ကြွမှုတွေ ကုန်ဆုံးနေသလားဆိုတာကိုလည်း သိရှိဖို့လိုတယ်တဲ့။

နောက်တစ်ခုက (၄) ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ - စိတ်ကလေးဟာ ငြိမ်အောင်ထားလို့မရဘူး၊ ပျံ့လွင့်နေတယ်၊ ဒါက ဥဒ္ဓစ္စ။ အဲဒါ ကိစ္စတစ်ခုကို လုပ်မိတာတို့ မလုပ်မိတာတို့အပေါ်မှာ နောင်တရနေ

စာမျက်နှာ-၂၈
တယ်၊ စိတ်ထဲမှာ ပူပင်နေတယ်၊ ဒါက ကုက္ကုစ္စ၊ အဲဒါမျိုးကော ရှိသလား မရှိဘူးလား၊ အလုပ်တစ်ခုလုပ်လို့ မအောင်မြင်တဲ့အပေါ်မှာရော စိတ်ဟာ မကျေမနပ်ဖြစ်နေသလား မဖြစ်ဘူးလား၊ ဒီသဘောကလည်း ကုက္ကုစ္စပဲ၊ အဲဒီလို ဖြစ်နေလို့ရှိရင် ဒါ ဥဒ္ဓစ္စ-ကုက္ကုစ္စဆိုတဲ့ နီဝရဏဖြစ်တယ်လို့ ပြောတာနော်။

နောက်တစ်ခုက (၅) ကိုယ်လုပ်နေတဲ့ လုပ်ငန်းတစ်ခုပေါ်မှာ ဟုတ်သလား မဟုတ်ဘူးလားဆိုတဲ့ ဇဝေဇဝါဖြစ်မှု၊ သံသယဖြစ်မှုက ဝိစိကိစ္ဆာ၊ ဒီဝိစိကိစ္ဆာဟာလည်း အနှောင့်အယှက်တစ်ခု - ဝိစိကိစ္ဆာနီဝရဏ။

ဒါကြောင့်မို့ ဒီဓမ္မာနုပဿနာကျတော့ စိတ်ရဲ့ သဘာဝတရားတွေကို ဆင်ခြင်သုံးသပ်ဖို့၊ သိဖို့၊ သတိထားမိတတ်ဖို့ မြတ်စွာဘုရားက ဟောထားတယ်ပေါ့။

စာမျက်နှာ-၂၉
အဲဒီ နီဝရဏဆိုတဲ့ mental hinderances တွေဟာ ကုသိုလ်စိတ်ရဲ့ အဟန့်အတားတွေပေါ့။ ကုသိုလ်စိတ်တွေ ဖြစ်ဖို့ရာအတွက် အဟန့်အတား၊ စိတ်ကောင်းနှလုံးကောင်းတွေ ဝင်လာဖို့ရာအတွက် အဟန့်အတားတွေမို့ စိတ်ရဲ့ အညစ်အကြေးလို့ သတ်မှတ်တယ်။

ဒီသဘာဝတရားတွေ မိမိရဲ့ သန္တာန်မှာ လွှမ်းမိုးလာလို့ရှိရင် ဘာတွေဖြစ်လာနိုင်သလဲ? စဉ်းစားဉာဏ်တွေ အားပျော့သွားနိုင်တယ်၊ ဒါကြောင့်မို့ ဒီတရားတွေ မိမိသန္တာန်မှာ ရှိမရှိ အမြဲတမ်း mindful လုပ်ဖို့ လိုတယ်လို့ ဆိုလိုတာ။

မြတ်စွာဘုရားက “သတိမကွာ နေရမယ်” ဆိုတာ ဘယ်မှာ သတိမကွာ နေရမှာလဲ ဆိုတော့ ကိုယ့်ခန္ဓာကိုယ်မှာ။ ဥပမာမယ်- ဘုန်းကြီးတို့တစ်တွေဟာ ကိုယ်ကတော့ ထိုင်နေတယ်၊ စိတ်က တစ်နေရာ ရောက်နေတယ်၊ ကိုယ်ကတော့ လဲလျောင်းနေတယ်၊ စိတ်က တစ်နေရာ ရောက်နေ

စာမျက်နှာ-၃၀
တယ်၊ ကိုယ်က လမ်းလျှောက်နေတယ်၊ စိတ်က တစ်နေရာ ရောက်နေတယ်၊ စိတ်နဲ့ကိုယ်နဲ့ဟာ အမြဲတမ်း ကွာနေသလို ဖြစ်တယ်၊ အံကျမဖြစ်ဘူး၊ အံကျမဖြစ်တဲ့အတွက်ကြောင့် mindfulness ဖြစ်နေတာလို့ ပြောလို့မရဘူး။

mindfulness ဆိုတာ ထိုင်နေရင် ထိုင်နေတယ်လို့ သတိရှိနေတာ၊ အိပ်နေရင် အိပ်နေတယ်လို့ သတိရှိနေတာ၊ လမ်းလျှောက်နေရင် လမ်းလျှောက်နေတယ်လို့ သတိရှိနေတာ၊ အဲဒီသတိရှိနေဖို့ ကိုယ့်ကိုယ်ကို လေ့ကျင့်ပေးရမယ်တဲ့၊ ဒါက အစပထမ သတိကောင်းအောင် လေ့ကျင့်တဲ့ နည်းစနစ်တွေပဲ။

သတိ၏ အထောက်အကူများ

အဲဒီလို လေ့ကျင့်တဲ့အခါမှာ ဘာတွေလိုအပ်တုန်းဆိုရင် ကြိုးပမ်းအားထုတ်မှုဆိုတာ အထောက်အကူပစ္စည်းတစ်ခုအနေနဲ့ လိုတယ်၊ အထောက်

စာမျက်နှာ-၃၁
အကူပြုတဲ့ သဘာဝတရားတစ်ခုအနေနဲ့ ကိုယ့်သန္တာန်မှာ ရှိထားရမယ်၊ မရှိဘူးဆိုလို့ရှိရင် ဒီ mindfulness ဟာ အားပျော့နေလိမ့်မယ်။

မိမိစိတ်ကို အားတင်းပြီး “ငါ့ရဲ့ ခန္ဓာကိုယ်အမူအရာတိုင်း ငါဟာ စဉ်ဆက်မပြတ် သိနေအောင် ကြိုးစားမယ်” လို့ အားစိုက်ဖို့ လိုတယ်။ ဒီလိုကြိုးစားတာကို သမ္မာဝါယာမ လို့ ခေါ်တာပဲ။

အဲဒီလို ကြိုးပမ်းမှုမျိုးကို မဟာသတိပဋ္ဌာန်သုတ်မှာ အာတာပီ လို့ သုံးတယ်၊ ဒီလို ကြိုးပမ်းအားထုတ်မှုဟာ စိတ်ရဲ့ အညစ်အကြေးတွေကို ဖယ်ရှားပစ်နိုင်လောက်အောင် စွမ်းဆောင်နိုင်တာဖြစ်လို့ ဒါကို “အာတာပါ” လို့ ခေါ်တယ်၊ ပြင်းထန်တဲ့ လုံ့လဝီရိယကြိုးပမ်းအားထုတ်မှု ရှိရမယ်။

ကြိုးပမ်းအားထုတ်တယ်ဆိုတဲ့နေရာမှာ ဘာလိုသေးတုန်းဆိုလို့ရှိရင် သမ္ပဇည ဆိုတာလည်း လိုသေးတယ်တဲ့၊ အမှန်အကန်သိဖို့ လိုတယ်ပေါ့၊ ဒါ

စာမျက်နှာ-၃၂
ကြောင့် သတိမကွာ နေရမယ်ဆိုတဲ့ အချိန်မှာ သတိတစ်ခုတည်းတော့ မဟုတ်ဘူး၊ သတိကို ခေါင်းတပ်ပြီးတော့ ပြောတာ။

သတိရဲ့အထောက်အကူတွေက ဘာတွေတုန်းဆိုရင် “ဝီရိယက အထောက်အကူပြုတယ်၊ သမာဓိက အထောက်အကူပြုတယ်၊ သင်္ကပ္ပဆိုတဲ့အတွေးတွေက အထောက်အကူပေးတယ်၊ ဒီလို သတိကို အထောက်အပံ့ပြုပေးတဲ့ သဘာဝတရားတွေနဲ့ ယှဉ်တွဲပြီး လုပ်ရတယ်၊ ဒါ သတိကို အခြေခံပြီး ဘုန်းကြီးတို့တစ်တွေဟာ နေ့စဉ်ဘဝမှာ လေ့ကျင့်ပေးခြင်း ဖြစ်တယ်။

အဲဒီလို လေ့ကျင့်ပေးလို့ရှိရင် ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ကိုယ့်ရဲ့ သတိဟာ အမြဲတမ်း အံဝင်ဂွင်ကျ ဖြစ်လာလိမ့်မယ်။ မြတ်စွာဘုရားက သတိထားဖို့ဆိုတာ အကုန်လုံးပဲ၊ ဒီသတိပဋ္ဌာန်သုတ်မှာ ဟောထားတဲ့ ဒီအာရုံတွေကို ရယူပေးတာဟာ သတိပဲ။

စာမျက်နှာ-၃၃
သတိရဲ့တာဝန်၊ သတိရဲ့ ဆောင်ရွက်မှု၊ သတိရဲ့ function က အာရုံကို ရယူပေးတာ တစ်မျိုးပဲ၊ အာရုံကို အမှန်အကန်ဆုံးဖြတ်မှုတို့ သဘာဝကိုသိမှုတို့ဆိုတာကျတော့ သတိရဲ့တာဝန် မဟုတ်ဘူး၊ သတိက အဲဒါကို မလုပ်နိုင်ဘူး၊ သတိက အာရုံကို ယူပေးရုံပဲ ယူပေးနိုင်တယ်။

အမှန်အကန် သိဖို့ကျတော့ ပညာက လုပ်တာ၊ ပူးပေါင်းပြီးတော့ ဆောင်ရွက်တဲ့ သဘောလေးတစ်ခုပေါ့နော်၊ သတိက အာရုံကို ယူမပေးဘူးဆိုရင် ပညာက မလုပ်နိုင်ဘူး၊ သတိက ယူပေးတဲ့ အာရုံပေါ်မှာ ပညာက အလုပ်လုပ်ရမယ်၊ ဒီသဘာဝနှစ်ခုဟာ ယှဉ်တွဲနေတာ၊ ဒါကြောင့်မို့ မြတ်စွာဘုရားက “သတိမကွာ အသိပညာဖြင့်နေ” လို့ဆိုတာ။

ဥပမာ - ဘာနှင့်တူတုန်းဆိုလို့ရှိရင် ဘုန်းကြီးတို့တစ်တွေ စာအုပ်ဖတ်ချင်တယ်ဆိုရင် လက်က စာအုပ်ကို ဖွင့်ပေးဖို့ လိုအပ်တယ်ပေါ့၊ လက်က

စာမျက်နှာ-၃၄
စာအုပ်ကို ဖွင့်ပေးပြီးမှ မျက်စိက စာအုပ်ကို ကြည့်လို့ရတာ၊ လက်ရဲ့အကူအညီ မပါလို့ရှိရင် မျက်စိက ဘာမှမတတ်နိုင်ဘူး၊ မျက်စိက စာအုပ်ကို မဖွင့်နိုင်ဘူး၊ အဲဒီတော့ လက်ကနေ စာအုပ်ဖွင့်ပေးတယ်၊ မျက်စိက ကြည့်တယ်၊ ပူးပေါင်းပြီး ဆောင်ရွက်တဲ့ သဘောပေါ့။

သတိနဲ့ ပညာကလည်း အဲဒီအတိုင်းပဲ- သတိက အာရုံကို ရယူပေးတယ်၊ သတိရယူပေးတဲ့ အာရုံရဲ့ သဘာဝကို သိတာက ပညာ၊ ဒါကြောင့်မို့ သတိနဲ့ ပညာဟာ တွဲဖက်ပြီး လာရတယ်။

အလုပ်တစ်ခုလုပ်တဲ့အခါမှာ မြတ်စွာဘုရားဆိုလိုတဲ့ “သတိမကွာ” - “သတိနဲ့ နေရမယ်” ဆိုတာဟာ မိမိခန္ဓာကိုယ် body မှာ သတိစိုက်ထားဖို့၊ မိမိရဲ့ ခံစားချက် ဝေဒနာပေါ်မှာ သတိစိုက်ထားဖို့၊ မိမိရဲ့ အသိစိတ်ပေါ်မှာ သတိစိုက်ထားဖို့၊ ဓမ္မလို့ဆိုတဲ့ general object ပေါ်မှာ သတိစိုက်ထားဖို့ ဖြစ်တယ်။

စာမျက်နှာ-၃၅
အဲဒီလို အာရုံ ၄-မျိုးပေါ်မှာ သတိကို လေ့ကျင့်ပေးရမယ်။

အသိပညာဖြင့် နေထိုင်ခြင်း

အဲဒီလို သတိကို လေ့ကျင့်ပေးပြီး မြတ်စွာဘုရားက “အသိပညာဖြင့် နေရမယ်” လို့ ဟောတယ်၊ အဲဒီနေရာမှာ အသိပညာကို သမ္ပဇည လို့ သုံးတယ်၊ ပုဂ္ဂိုလ်ကို ရည်ညွှန်းတဲ့အခါမှာ သမ္ပဇာန လို့ သုံးတယ်၊ သို့သော် “သမ္ပဇာန” ဟာ ပုဂ္ဂိုလ်ကို ရည်ညွှန်းတာနဲ့ ပညာကို ရည်ညွှန်းတာလို့ နှစ်မျိုးရှိတယ်ပေါ့။

သမ္ပဇညဆိုတာ ဆင်ခြင်တုံတရားလို့ ဘာသာပြန်လို့ရတယ်၊ သတိကယူပေးတဲ့ အာရုံပေါ်မှာ ဆင်ခြင်တုံတရား ရှိရမယ်၊ ဆင်ခြင်တုံတရားဆိုတဲ့ နေရာမယ် စာပေကျမ်းဂန်တွေမှာ သမ္ပဇညအမျိုးအစားကို ခွဲပြထားတာ ရှိတယ်။

စာမျက်နှာ-၃၆
(၁) သပ္ပါယသမ္ပဇည။ သပ္ပါယသမ္ပဇညဆိုတာ သင့်မသင့် ဆင်ခြင်တာ၊ ဥပမာ - အစာအာဟာရတစ်ခုပဲ ကြည့်၊ ဒီအစာအာဟာရက ငါနဲ့သင့်တော်သလား၊ ငါနဲ့မသင့်တော်ဘူးလား၊ ဒီလို ဆင်ခြင်တုံတရား ရှိရမယ်တဲ့၊ အဲဒီလို အရာရာမှာ စဉ်းစားဉာဏ်နဲ့ ဆင်ခြင်ပြီး ကြည့်တတ်ရမယ်တဲ့၊ အဲဒီလို ကိုယ်နဲ့သင့်တော်တာကိုသာ ရွေးချယ်တတ်တာကို “သပ္ပါယသမ္ပဇည” လို့ ခေါ်တယ်။

(၂) သဗ္ဗကသမ္ပဇည၊ ကိုယ့်အတွက် အကျိုးဖြစ်ထွန်းမယ့်ဟာကို ရွေးချယ်တာ၊ အကျိုးဖြစ်ထွန်းမယ့်ဟာကို ရွေးချယ်တယ်ဆိုတာ- ဆိုပါစို့ ဒါလုပ်ရင် ကောင်းကျိုးဖြစ်မလား၊ ဆိုးကျိုးဖြစ်မလား၊ ဒီစကားကို ပြောလို့ရှိရင် ကောင်းကျိုးဖြစ်မလား၊ ဒီစကားကို ပြောလို့ရှိရင် ဆိုးကျိုးဖြစ်မလားလို့ ဖြစ်ပေါ်လာမည့် အကျိုးတရားတွေကို

စာမျက်နှာ-၃၇
ဆင်ခြင်သုံးသပ်နိုင်တာကို “သာတ္ထကသမ္ပဇည” လို့ ခေါ်တယ်။

အဲဒီ သာတ္ထကသမ္ပဇညတို့ သပ္ပါယသမ္ပဇညတို့ ကို အခြေခံပြီး နောက်ဆုံး ဒီထက် အဆင့်မြင့်တဲ့ သမ္ပဇညကျတော့ “အသမ္မောဟသမ္ပဇည” လို့ ခေါ်တယ်။ “အသမ္မောဟသမ္ပဇည” ဆိုတာ သဘာဝ တရားတွေရဲ့ လှုပ်ရှားမှုမှာ သဘာဝတရားသက်သက် အကြောင်းအကျိုး ဆက်စပ်ပြီးတော့ လှုပ်ရှားတယ်၊ ပုဂ္ဂိုလ်သတ္တဝါ မပါဘူးဆိုတာကို သိမြင်တဲ့ အသိဉာဏ်မျိုး ဖြစ်တယ်။ အဲဒီ “အသမ္မောဟသမ္ပဇည” က ပိုပြီးတော့ အဆင့်မြင့်တယ်ပေါ့။

မြတ်စွာဘုရားက “သတိမကွာ အသိပညာဖြင့် နေပါ” လို့ ဆိုတဲ့နေရာမှာ ဘုန်းကြီးတို့တတွေ နေ့စဉ်နဲ့အမျှ လှုပ်ရှားသွားလာနေတဲ့အခါမှာ သတိထားပြီးတော့ အသိပညာဖြင့် နေရမည့်အရာတွေက—

စာမျက်နှာ-၃၈
သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း ဘာတွေလဲဆိုတာကို မြတ်စွာဘုရားက ၇-မျိုး ခွဲပြထားတယ်၊ မဟာသတိပဋ္ဌာနသုတ်မှာလည်း ဒီအတိုင်း ၇-မျိုးကို ဟောထားတယ်၊ ဒီ “သတိသုတ်” မှာလည်းပဲ ဒီ ၇-မျိုး ဟောကြားထားတယ်။

နံပါတ်တစ်က ကိုယ်လက်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး သမ္ပဇညထားပုံ ဖြစ်တယ်၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ ပတ်သက်၍ သတိမကွာ အသိပညာဖြင့် လုပ်ရမယ်လို့ ဒီလိုဆိုလိုတာ၊ ကိုယ်လက်လှုပ်ရှားတယ် ဆိုတဲ့အခါမှာ သာမန် အသေးစား လှုပ်ရှားမှုလေးတွေ၊ ဥပမာမယ်- ရှေ့ကို ခြေတစ်လှမ်းလှမ်းတယ် (သို့မဟုတ်) နောက်ကို ခြေတစ်လှမ်း ဆုတ်တယ်၊ ခန္ဓာကိုယ်ကို ရှေ့ကိုတိုးတယ်၊ နောက်ကို ဆုတ်တယ်၊ အဲဒီလို အတိုးအဆုတ် လုပ်တာကိုလည်း သတိသမ္ပဇညနဲ့ လေ့ကျင့်ပြီး လုပ်ရမယ်လို့ ဒီလိုပြောတာ။

“အေး- သတိလွတ်သွားတာနဲ့ တစ်ပြိုင်နက် ကြည့်- လူတွေဟာ ဒုက္ခ မတော်တဆ ချော်ကျတာတို့ လဲတာတို့ ဘာတို့ ဖြစ်ကြတယ်၊ ဒါ သတိလွတ်

စာမျက်နှာ-၃၉
သွားတဲ့သဘောပေါ့နော်။ မြတ်စွာဘုရားက ဒီ အသေးစိတ်လေးတွေ ရှေ့တိုးနောက်ဆုတ် လုပ်တာက စပြီးတော့ သတိရှိရမယ်၊ ဆင်ခြင်တုံ ရှိရမယ်တဲ့၊ ရှေ့ကို တိုးလိုက်လို့ရှိရင် ရှေ့မှာ အန္တရာယ်ရှိသလား (သို့မဟုတ်) ရှေ့ကိုတိုးရင် ဘာမှ မဖြစ်ဘူးလားဆိုတာကို ဆင်ခြင်စဉ်းစားမှု- ဒါ လေ့ကျင့်နေတာပဲ၊ ကိုယ့်ဘဝမှာ ဒီ အသေးစိတ်ကလေးတွေက စပြီး လေ့ကျင့်သွားတာ၊ အဲဒါ နံပါတ်တစ်။

နံပါတ်နှစ်က ကြည့်တာ ရှုတာနဲ့ ပတ်သက်ပြီးတော့ သတိနဲ့ ဆင်ခြင်မှုကို လေ့ကျင့်တာ၊ မျက်လုံးဆိုတာ ကြည့်ဖို့ထားတာ ဟုတ်တယ်၊ သို့သော် ကြည့်တဲ့အခါမှာလည်းပဲ သတိရှိရမယ်၊ ဆင်ခြင်တုံ ရှိရမယ်တဲ့၊ အမှတ်တမဲ့ မကြည့်ရဘူးလို့ ဆိုလိုတာ၊ ဘာဖြစ်လို့တုန်းဆိုတော့ ကြည့်တာကို အကြောင်းပြုပြီး ကိုယ့်သန္တာန်မှာ လောဘလည်း ဖြစ်နိုင်တယ်၊ ဒေါသလည်း ဖြစ်နိုင်တယ်ပေါ့၊ အဲဒီလို လောဘတွေ

စာမျက်နှာ-၄၀
သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း ဒေါသတွေ မဖြစ်ရအောင် ကြည့်မှုနဲ့ ပတ်သက်ပြီး ခုနက “သာတ္ထကသမ္ပဇည” ဆိုတဲ့အတိုင်း အကျိုးရှိတဲ့နေရာကို ကြည့်မယ်၊ အကျိုးမရှိတဲ့နေရာကို မကြည့်ဘဲ နေမယ်လို့ ဆင်ခြင်တုံတရား ရှိရမယ်။

နံပါတ်သုံးကျတော့ ကိုယ့်ရဲ့ လက်တွေ ကွေးတာ ဆန့်တာ၊ ခြေထောက်တွေ ကွေးတာ ဆန့်တာက စပြီးတော့ သတိသမ္ပဇည ထားရမယ်၊ အမှတ်တမဲ့ မကွေးရဘူးတဲ့၊ သတိထား ကွေးရမယ်၊ သတိထားပြီး ဆန့်ရမယ်လို့၊ ဒီလိုဆိုလိုတာ၊ သတိထားပြီး ကွေးတဲ့ ဆန့်တဲ့အခါမှာ အမှတ်တမဲ့ လုပ်လိုက်လို့ရှိရင် ပြဿနာတစ်ခု တက်လာနိုင်တာပေါ့။

ဥပမာ- လူကြားထဲမှာ ကိုယ့်နား လူရှိတာကို သတိမထားဘဲ အမှတ်တမဲ့ လက်ကို ဆန့်လိုက်လို့ တစ်စုံတစ်ယောက်ကို သွားပြီး ထိမိမယ်၊ ဖိမိမယ်ဆိုတာမျိုး ဖြစ်နိုင်တယ်ပေါ့နော်၊ (သို့မဟုတ်) အန္တရာယ်ရှိတဲ့ အရာတစ်ခုကို ထိမိကိုင်မိတာမျိုး

စာမျက်နှာ-၄၁
လည်း ဖြစ်နိုင်တယ်ပေါ့။ ဒါကြောင့်မို့ ဒီ လှုပ်ရှားမှု အသေးစိတ်ကလေးတွေက စပြီး မြတ်စွာဘုရားက ကိုယ့်ဘဝမှာ လေ့ကျင့်ပြီးတော့ ပေးရမယ်လို့ ပြောတာ။

နံပါတ်လေးက ဝတ်တာ စားတာနဲ့ ပတ်သက်ပြီးတော့လည်း သတိသမ္ပဇည ရှိရမယ်တဲ့၊ ဘယ်အဝတ်ပဲ ဝတ်ဝတ် ဝတ်ပြီဆိုတဲ့နေရာမှာ ကိုယ်အသုံးပြုတဲ့ အချိန်ကလေးမှာ သတိထားရမယ်၊ ဆင်ခြင်တုံတရား ထားရမယ်။

နောက် နံပါတ်ငါးက စားတာ သောက်တာနဲ့ ပတ်သက်တယ်၊ စားတဲ့ သောက်တဲ့အခါ သတိနဲ့ အသိတရား ရှိရမယ်လို့ ဆိုလိုတာ၊ စားတာပဲဖြစ်ဖြစ်

သောက်တာပဲဖြစ်ဖြစ် ဝါးတာပဲဖြစ်ဖြစ် လျက်တာပဲဖြစ်ဖြစ် ဒါတွေနဲ့ ပတ်သက်ပြီး အသိတရားရှိဖို့ လိုအပ်တယ်။

နံပါတ်ခြောက်က နောက်ဆုံး သဘာဝတရား အလျောက် Toilet ထဲ ဝင်ပြီး ကိုယ်လက်သန့်စင်တာ

စာမျက်နှာ-၄၂
(အလေးအပေါ့သွားတာ) က စပြီးတော့ သတိရှိဖို့ လိုအပ်တယ်လို့ ဆိုထားတယ်၊ အသေးစိတ် ဟောထားတယ်။

အဲသလို ဟောပြီးတော့ နောက်ဆုံးနံပါတ်ခုနစ်ကျတော့ သတိရှိရမယ့် အချက်တွေက လမ်းလျှောက်နေရင်လည်း လမ်းလျှောက်တဲ့အခါ သတိရှိရမယ်၊ မတ်တပ်ရပ်နေလို့ရှိရင်လည်း မတ်တပ်ရပ်တာကို သတိရှိရမယ်၊ ထိုင်နေလို့ရှိရင်လည်း ထိုင်တဲ့နေရာမှာ သတိရှိရမယ်၊ အိပ်တော့မယ်လို့ လဲလျောင်းတဲ့အချိန်မှာလည်းပဲ သတိရှိရမယ်၊ အိပ်ယာက နိုးတဲ့အခါမှာလည်းပဲ သတိရှိရမယ်၊ သတိနဲ့ အသိမကွာအောင် လေ့ကျင့်ပေးရမယ်။

နောက်ပြီး စကားပြောတဲ့အခါမှာလည်းပဲ အသိရှိရမယ်၊ သတိရှိရမယ်၊ စကားပြောတဲ့အခါသာ သတိထားရတာ မဟုတ်ဘူးတဲ့၊ မြတ်စွာဘုရားက ကုန်အောင် ဟောလိုက်တယ်၊ တိတ်တိတ်ကလေး

စာမျက်နှာ-၄၃
စကားမပြောဘဲနဲ့ ထိုင်နေရင်လည်း သတိရှိရမယ်တဲ့နော်၊ Silent လုပ်နေတဲ့အချိန်မှာလည်းပဲ သတိရှိရမယ်။

ဒီတော့ Silent လုပ်နေတဲ့အချိန်မှာ စကားမပြောဘဲ နေတဲ့အချိန်မှာလည်း သတိရှိရမယ်၊ များသောအားဖြင့် လူတွေက “ဒီလူ- ငြိမ်ပြီး စကားမပြောဘဲ ငုတ်တုတ်ထိုင်နေတယ်” လို့ ထင်တာကိုး၊ သူ့စိတ်ထဲမှာ ဘာတွေဖြစ်နေမှန်းမှ မသိတာ၊ အကယ်၍ သတိမရှိဘူးရှိရင် ဘာမှ မပြောပေမယ့် သူ့စိတ်ထဲမှာ လောဘတွေ သောင်းကျန်းနေတာလည်း ဖြစ်နိုင်တယ်၊ ဒေါသတွေ သောင်းကျန်းနေတာလည်း ဖြစ်နိုင်တယ်၊ မာနတွေ၊ ဣဿာတွေ ဒါတွေ သောင်းကျန်းနေတာလည်း ဖြစ်နိုင်တယ်ပေါ့။

အဲဒါတွေ မဖြစ်ရအောင် မြတ်စွာဘုရားက “သတိမကွာ အသိပညာရှိရှိနေပါ” လို့ ဆိုတာ၊ ဒါ ဘဝတစ်ခုမှာ နေရမယ့် နည်းလမ်းပဲ၊ ဒါ Mental

စာမျက်နှာ-၄၄
Exercise လုပ်တာပဲ၊ ထိုင်နေမှ ကမ္မဋ္ဌာန်း အားထုတ်တာ မဟုတ်ဘူး၊ ကိုယ့်စိတ်ကလေးကို ကိုယ့်သဘာဝ အာရုံကလေးနဲ့ ဒီလို လေ့ကျင့်ပြီးတော့ သတိတရားတွေ ကြီးထွားလာအောင်၊ အသိပညာတွေ ကြီးထွားလာအောင် ဒီလိုလေ့ကျင့်တာ Meditation လုပ်တာပဲ၊ Contemplation လုပ်တာပဲ။

အကျိုးကျေးဇူးများ

ဒီလိုလုပ်ခြင်းဖြင့် ခုနပြောခဲ့တဲ့ ဒီလို သဘာဝတရားတွေကို သိနေတဲ့အခါမှာ ဘာအကျိုးကျေးဇူး ရှိသလဲ? ဆိုရင် အမှတ်တမဲ့နေလို့ ဖြစ်ပေါ်လာတတ်တဲ့ လောဘတွေ၊ ဒေါသတွေ၊ မာန်မာနတွေ၊ ဣဿာတွေ၊ မစ္ဆရိယတွေ- ဒါတွေ ကိုယ့်သန္တာန်မှာ မဖြစ်ဘူး၊ ဒါတွေမဖြစ်ဘူးဆိုကတည်းကိုက ဒါတွေက ထုတ်လုပ်တဲ့ မကောင်းတဲ့ အကျိုးတွေလည်း ကိုယ့်သန္တာန်မှာ မဖြစ်တော့ဘူးပေါ့။ စိတ်ဆိုတာက

စာမျက်နှာ-၄၅
ဖြစ်ရင် ချက်ချင်း အကျိုးတစ်ခုကို ထုတ်လုပ်တယ်၊ ဒါကို မသိလိုက်ကြဘူးပေါ့။

ဆိုပါစို့- လူတစ်ယောက်မှာ ဒေါသဖြစ်လိုက်တယ်၊ သူကတော့ ဒေါသဖြစ်တာပဲ သိတယ်။ သို့သော် ဒေါသက ဘာတွေ ထုတ်လုပ်မှန်း သူ မသိလိုက်ဘူးပေါ့နော်။

ဒေါသဖြစ်ပြီဆိုတဲ့ လူတစ်ယောက်ဟာ ကြည့်- ပထမဆုံး စိတ်ထဲမှာ အလိုမကျဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် သူ့ရဲ့နှလုံးသားထဲမှာ ငြိမ်းချမ်းတဲ့ အနေအထားလေးဟာ ပျက်စီးသွားတယ်၊ ဒါ ဘယ်သူက ထုတ်လုပ်လိုက်တာတုန်း၊ နှလုံးသား ပူသွားအောင် လှုပ်ရှားလာအောင် ဘယ်သူက လုပ်လိုက်တာတုန်းဆိုတော့ ဒေါသက ထုတ်လုပ်လိုက်တာ၊ ချက်ချင်း အကျိုးကို ထုတ်လုပ်လိုက်တာ။

အဲဒီကနေ မထိန်းလို့ရှိရင် ဘာဖြစ်လာတုန်းဆိုတော့ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်လာတာတို့၊ မျက်စိကြီး နီလာတာတို့- ဟော ဒါတွေက ဒေါသက

စာမျက်နှာ-၄၆
ထုတ်လုပ်လိုက်တာ၊ သူ့ရဲ့ အကျိုးဆက်တွေက ချက်ချင်း ဆက်လာတာ။

နောက်ဆုံးမှာ မပြောအပ်တဲ့ စကားတွေကို နှုတ်ကနေ ထုတ်ပြီးတော့ ပြောလာတဲ့အဆင့်အထိ သူရောက်လာပြန်တယ်၊ ဒါလည်း ဒေါသက ထုတ်လုပ်တာပဲ၊ အေး နောက်ကျတော့ ကိုယ်ထိလက်ရောက် တစ်စုံတစ်ခု ပြုလုပ်မှုတွေ ပါလာတယ်။ ဒီလိုထိအောင် အဆင့်ဆင့် သူက ဖြစ်ပေါ်လာစေတယ်၊ အဲဒီနောက် ရောက်လာတဲ့ မကောင်းတဲ့ အကျိုးဆက်တွေမှန်သမျှ ဒါ သူက ချက်ချင်းထုတ်သွားတာ။

ဒါကြောင့်မို့ ကိုယ့်သန္တာန်မှာ လောဘပဲဖြစ်ဖြစ်၊ ဒေါသပဲဖြစ်ဖြစ်၊ မာနပဲဖြစ်ဖြစ်၊ ဣဿာပဲဖြစ်ဖြစ်- ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် စိတ်နှလုံးရဲ့ ငြိမ်းချမ်းမှုတွေ ဆုံးရှုံးသွားတာ၊ ဒါ သူဖြစ်လာသည့်အတွက်ကြောင့် ဆုံးရှုံးနစ်နာသွားတာ၊ အဲဒါတွေ မဖြစ်အောင် ထိန်းလိုက်တယ်ဆိုကတည်းက အခုပြောခဲ့တဲ့ မကောင်းတဲ့အကျိုးဆက်တွေဟာ မလာ

စာမျက်နှာ-၄၇
တော့ဘူး၊ မလာတာကိုက ကိုယ့်ဘဝအတွက်မှာ တိုးတက်မှုတစ်ခုပဲပေါ့၊ အင်မတန်မှ ငြိမ်းချမ်းသွားတယ်၊ ပြဿနာတစ်စုံတစ်ခုမှ တက်မလာတော့ဘူး။

ဒေါသကို ထိန်းထားနိုင်သည့်အတွက်ကြောင့် ဒေါသကြောင့်ဖြစ်တဲ့ ပြဿနာတွေ တစ်ခုမှ မလာတော့ဘူး၊ လောဘကို ထိန်းထားနိုင်သည့်အတွက်ကြောင့် လောဘကြောင့်တက်တဲ့ ပြဿနာတွေ မလာတော့ဘူး၊ မောဟကြောင့်ဖြစ်တဲ့ ပြဿနာတွေ၊ မောဟကို ထိန်းထားနိုင်သည့်အတွက်ကြောင့် မလာတော့ဘူးဆိုတာ၊ ချက်ချင်းလုပ် ချက်ချင်းအကျိုးရှိတယ်ဆိုတာ ဒီအကျိုးလေးတွေကို မစဉ်းစားလို့ရှိရင် မသိနိုင်ဘူးပေါ့။

“ဒါဟာ တကယ့် လက်တွေ့ရနိုင်တဲ့အကျိုး၊ လူတိုင်း လူတိုင်း သိရှိနိုင်တဲ့ အကျိုးကို မြတ်စွာဘုရားက “သန္ဒိဋ္ဌိကော” လို့ ပြောတာ၊ ဒါတွေက ဆုတောင်းယူရမှာတွေ မဟုတ်ဘူး၊ အခုလုပ် အခုရတဲ့ အကျိုးတရားလေးတွေပဲ။

စာမျက်နှာ-၄၈
မြတ်စွာဘုရားက “ဘယ်အရာပဲ လုပ်လုပ် သတိသမ္ပဇညနဲ့၊ သတိပညာနဲ့ လုပ်ပါ” လို့ ဟောတာ။ ဒါ လူရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ရှိသမျှကုန်သလောက် မြတ်စွာဘုရားက ဟောလိုက်တာ၊ ခုနစ်မျိုးခွဲပြီး ဟောထားတာ၊ ဒီအပေါ်မှာ သတိနဲ့ ပညာကို လေ့ကျင့်ပေးပါတဲ့။

ဒုတိယ သတိသုတ်အဆို

နောက်တစ်သုတ်ကျတော့ မြတ်စွာဘုရားက ဘာနဲ့ ဟောပြတုန်းဆို အသိပညာရဲ့အစွမ်းဟာ ဒါတင်မကသေးဘူး၊ ဒါက အခြေခံပဲ ရှိသေးတယ်၊ ဒီထက် အသိပညာ တိုးတက်လာတဲ့အခါကျတော့ သဘာဝတရားတွေရဲ့ ဖြစ်ပေါ်လာမှုတွေ၊ ဖြစ်ပြီးတဲ့နောက် ပျောက်သွားတာတွေ ထင်ထင်ရှားရှား သိလာအောင် အသိပညာကို တိုးမြှင့်ပေးရမယ်တဲ့။ ဒါကတော့ ခုခေတ် အားလုံးသိတဲ့ စကားနဲ့ပြောရင် ဝိပဿနာကျင့်စဉ်ပေါ့။

စာမျက်နှာ-၄၉
ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်လိုက်မယ်ဆိုရင် ဘာတွေ သိလာနိုင်တုန်း? ဒီသုတ္တန်မှာ မြတ်စွာဘုရားက တရား ၃-မျိုး၊ ကိုယ့်စိတ်ထဲမှာ ဖြစ်တတ်တဲ့ အချက် ၃-မျိုးကို ဟောထားတယ်၊ ဒါ လူတွေနဲ့ အင်မတန် နီးစပ်တာမို့ မြတ်စွာဘုရားက ဒီ ၃-မျိုးတင် ဟောတာ။

နံပါတ်တစ်က ခံစားချက် ဝေဒနာ၊ လောကလူတွေမှာ ခံစားချက်ဟာ အဓိကကျတယ်၊ ခံစားချက်ပေါ်မှာ မူတည်ပြီးတော့ လူတွေက လှုပ်ရှားနေကြတယ်၊ ခံစားချက်လို့ ဆိုတဲ့နေရာမှာ Happiness လို့ဆိုတဲ့ ပျော်ရွှင်ချမ်းမြေ့ခြင်း ခံစားမှု၊ Unhappiness လို့ဆိုတဲ့ ဝမ်းနည်းကြေကွဲမှု ခံစားမှု၊ နောက်တစ်ခုကတော့ ဝမ်းနည်းတာလည်း မဟုတ်ဘူး၊ ဝမ်းသာတာလည်း မဟုတ်ဘူး၊ “အဒုက္ခမသုခ” လို့ဆိုတဲ့ ခံစားမှု၊ အဲဒီခံစားချက်ကတော့ မထင်ရှားတဲ့ ခံစားချက်ပဲ။

စာမျက်နှာ-၅၀
အဲဒီ ခံစားချက်တွေကို မိမိသန္တာန်မှာ ဖြစ်တာကိုလည်း ထင်ထင်ရှားရှား သိတယ်၊ ဖြစ်လာပြီးသည့်နောက် မိမိသန္တာန်မှာ တည်နေတာကိုလည်း ထင်ထင်ရှားရှား သိတယ်၊ ပျက်သွားတာကိုလည်း ထင်ထင်ရှားရှား သိတယ်၊ ခံစားချက်နဲ့ ပတ်သက်ပြီး သတိသမ္ပဇညတရားကို အရှိန်မြှင့်လိုက်တဲ့အခါမှာ ဝိပဿနာဉာဏ်နဲ့ ထင်ထင်ရှားရှားကြီး သိသွားတယ်။

နောက်တစ်ခုက အာရုံနဲ့တွေ့တိုင်းတွေ့တိုင်း မှတ်တမ်းတင်တတ်တဲ့ သညာ၊ အဲဒီသညာတရား ပေါ်လာတာကိုလည်းပဲ ထင်ထင်ရှားရှား သိတယ်။ သညာတရားရဲ့ လုပ်ဆောင်မှုတွေကိုလည်းပဲ ထင်ထင်ရှားရှား သိတယ်၊ ချုပ်ငြိမ်းသွားတာကိုလည်းပဲ ထင်ထင်ရှားရှား သိတယ်။

နောက်တစ်ခုက ဘုန်းကြီးတို့တစ်တွေမှာ စိတ်ကလေးပေါ်လာတာနဲ့ တစ်ပြိုင်နက် ဟိုတွေး ဒီတွေး

စာမျက်နှာ-၅၁
တွေးတတ်တဲ့ အတွေးလေးတွေ ရှိတယ်ပေါ့၊ အဲဒီအတွေးကို ဝိတက်လို့ ခေါ်တယ်၊ ကြံစည်ခြင်း စိတ်ကူးခြင်းလို့ ခေါ်တယ်၊ အဲဒီ ကြံစည်ခြင်း စိတ်ကူးခြင်းဆိုတဲ့ အတွေးနဲ့ ပတ်သက်ပြီး ပေါ်လာတာကိုလည်း သိလိုက်တယ်၊ ပျောက်သွားတာကိုလည်း သိလိုက်တယ်၊ ထင်ရှားရှိစဉ် ဆောင်ရွက်နေတာကိုလည်း သိလိုက်တယ်။ ဒီလို ကိုယ့်သန္တာန်မှာ သဘာဝတရားတွေရဲ့ ဖြစ်လာမှု ပျက်စီးသွားမှုတွေကို ထင်ထင်ရှားရှား သိလာပြီဆိုရင် ဒါ အဆင့်မြင့်တဲ့ Insight knowledge ပဲ၊ ဝိပဿနာဉာဏ်လို့ ခေါ်တယ်။

ပညာအဆင့်ဆင့်တက်ပုံ

အဲဒီ ဝိပဿနာဉာဏ် ရှိလာပြီဆိုရင် လောဘတွေ၊ ဒေါသတွေ၊ မောဟတွေကို ပိုပြီး ဝေးဝေးလံလံ ရောက်သွားအောင် တွန်းထုတ်ဖယ်ရှားပစ်နိုင်တဲ့

စာမျက်နှာ-၅၂
စွမ်းရည်သတ္တိတွေ ရလာတယ်၊ ဝိပဿနာဉာဏ် ရင့်သန်သွားပြီဆိုတဲ့အခါ အဲဒီ ဝိပဿနာဉာဏ် အရှိန်အဟုန် ကြီးမားလာတာနဲ့ တစ်ပြိုင်နက် သူက အကျိုးတစ်ခုကို ဖြစ်ပေါ်စေတယ်။

ဝိပဿနာကျင့်လိုက်လို့ နောက်ဆုံးရလာတဲ့ အသိဉာဏ်က ဘာတုန်းဆိုလို့ရှိရင် သင်္ခါရတရားတွေရဲ့ သဘာဝကို ဆင်ခြင်စဉ်းစားရင်းကနေပြီး သင်္ခါရသဘာဝတွေအားလုံး နောက်ဆုံးပိတ် ချုပ်သွားတဲ့နေရာကို မြင်နိုင်ခြင်းဖြစ်တယ်။ မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ခုနက လောဘဆိုတာ အမြစ်ပါပြုတ်သွားတယ်၊ ဒေါသဆိုတာလည်း အမြစ်ပါပြုတ်သွားတယ်၊ မောဟဆိုတာလည်း အမြစ်ပါပြုတ်သွားတယ်၊ နောက်ထပ် မလာနိုင်တော့ဘူး၊ အဲဒါကိုပဲ ဝိပဿနာ အရှိန်မြှင့်လို့ ရလာတဲ့ မဂ်စိတ်ပေါ်တာလို့ ပြောတာနော်။ အဲဒီလို မဂ်စိတ်ပေါ်

စာမျက်နှာ-၅၃
လာပြီးတဲ့နောက်မှာ လောဘ၊ ဒေါသ၊ မောဟတွေရဲ့ အပူတွေကို ထပ်ပြီး ငြိမ်းပေးတဲ့ ဖိုလ်စိတ်ပေါ်တယ်။

သင်္ခါရတွေရဲ့ ချုပ်ဆုံးရာဖြစ်တဲ့ နိဗ္ဗာန်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်သန္တာန်မှာရှိတဲ့ အဆိုးတရားတွေဟာ လုံးဝ အမြစ်ပါမကျန် ပျောက်သွားတယ်၊ အသိပညာကို Insight knowledge အဆင့်ရောက်အောင် မြှင့်တင်ပေးလိုက်နိုင်ပြီဆိုရင် ကိုယ့်ရဲ့ စိတ်နှလုံးထဲမှာ ပူလောင်ညစ်နွမ်းစေတတ်တဲ့ သောကတွေ၊ ဒေါမနဿတွေ အားလုံးကို ဖယ်ရှားပစ်နိုင်တယ်။ တကယ့်ကို ငြိမ်းတဲ့ အငြိမ်းဓာတ်နဲ့ ချမ်းမြေ့တဲ့ ဘဝမှာ နေနိုင်တယ်လို့ မြတ်စွာဘုရားက ဒီသုတ္တန်မှာ ဟောထားခြင်း ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့သည် “သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း” လို့ဆိုတဲ့ မြတ်စွာဘုရား

စာမျက်နှာ-၅၄
ဟောကြားတော်မူခဲ့သော ဒီတရားတော်ကို နာယူမှတ်သားပြီးတဲ့အခါမှာ “တို့တစ်တွေ ဘဝမှာ ဘာတွေလုပ်ရမယ်” ဆိုတာ ကိုယ်စီကိုယ်စီ မှတ်သားလေ့လာပြီး ဘဝရဲ့ငြိမ်းချမ်းမှုကို ရလိုသူတိုင်း “ဒီလမ်းစဉ်အတိုင်း လေ့ကျင့်ခြင်းဖြင့် ဘဝရဲ့ငြိမ်းချမ်းမှုကို ရမှာပဲ” လို့ ဧကန်ယုံကြည်ပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။
cqlolzw8dp3iixa0b23z62u52xnwt6m
သဒ္ဓမ္မပတိရူပကသုတ် အနှစ်ချုပ်
0
6398
22198
2026-06-18T00:26:39Z
Tejinda
173
"{{header | title = သဒ္ဓမ္မပတိရူပကသုတ် အနှစ်ချုပ် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22198
wikitext
text/x-wiki
{{header
| title = သဒ္ဓမ္မပတိရူပကသုတ် အနှစ်ချုပ်
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း]]
| previous2 =
| next = [[သမထနှင့် ဝိပဿနာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

သဒ္ဓမ္မပတိရူပကသုတ် အနှစ်ချုပ်
သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂-ခုနှစ်၊ တပိုတွဲလဆန်း ၁၅-ရက်၊ ၂၀၁၁-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၈-ရက်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ နန္ဒဝန်ရပ်ကွက် သဒ္ဓမ္မဇောတက သုဗောဓာရုံ ကျောင်းတိုက်ကြီး တည်ထောင်ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည်အခါသမယဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် ဟောကြားတော်မူအပ်သော “သဒ္ဓမ္မပတိရူပကသုတ် အနှစ်ချုပ်” တရားဒေသနာတော်။

“သဒ္ဓမ္မပတိရူပကသုတ် အနှစ်ချုပ်” သဒ္ဓမ္မပတိရူပကဆိုတာ တရားအတုအယောင်၊ ထိုတရား

စာမျက်နှာ-၂
အတုအယောင်နဲ့ ပတ်သက်ပြီး မြတ်စွာဘုရားဟောကြားတဲ့သုတ္တန်တစ်ခုပဲ။ သံယုတ္တနိကာယ် ကဿပသံယုတ်မှာ သဒ္ဓမ္မပတိရူပကသုတ် ပါတယ်။ သဒ္ဓမ္မတာ = သူတော်ကောင်းတရား၊ ပတိရူပကတာ = အတုအယောင် လောကမှာ အတုအယောင်ဆိုတာတွေဟာ အစစ်နဲ့ ဆင်ဆင်တူတဲ့အရာတွေသာ ဖြစ်တယ်၊ ရွှေနဲ့တူတဲ့အရာကို ရွှေတု၊ စိန်နဲ့တူတဲ့အရာကို စိန်တု၊ ပတ္တမြားနဲ့တူတဲ့အရာကို ပတ္တမြားအတု သို့သော် တန်ဖိုးချင်းကျတော့ အလွန်ကွာခြားတယ်။

ဒီအတုတွေဆိုတာ လောကမှာ ရှိစမြဲပဲ၊ ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့အခါမှာလည်းပဲ ပစ္စည်းအတုဆိုတာ ရှိတယ်၊ အစစ်နဲ့တူအောင် လုပ်ထားတဲ့အတုတွေကို မှားမှားယွင်းယွင်း အသုံးပြုမိတဲ့ ပုဂ္ဂိုလ်တွေဟာ

စာမျက်နှာ-၃
ကောင်းကျိုးချမ်းသာမရဘဲ ဖြစ်တတ်တယ်၊ တချို့အတုက မိမိမှာ ကောင်းကျိုးချမ်းသာ မရရုံသာဖြစ်ပြီး လူကိုတော့ ဒုက္ခမပေးဘူး။ ငွေကြေးဓနဆုံးရှုံးရုံမျှသာ ဖြစ်စေပြီး ဒုက္ခမပေးတဲ့အတုတွေ ရှိတယ်။

တချို့အတုကျတော့ ဥပမာမယ် ဆေးဝါးအတုတို့ ဘာတို့ကျတော့ သောက်သုံးတဲ့ ပုဂ္ဂိုလ်ဟာ အဆိပ်အတောက်ဖြစ်ပြီး အသက်အန္တရာယ်တောင် ဖြစ်နိုင်တယ်ပေါ့၊ ဒါကြောင့်မို့ လောကမှာ အစစ်ကို ဆင်တူယိုးမှား ပြုလုပ်ထားတဲ့အတုတွေ ရောင်းဝယ်နေတဲ့အရာတွေ လူတွေစားသုံးနေကြတဲ့ အစားအစာတွေ အားလုံးဟာ အတုနဲ့ မကင်းနိုင်ဘူး၊ ဝတ်ဆင်ကြတဲ့အဝတ်တွေလည်း အတုနဲ့ မကင်းနိုင်ဘူး၊ လူတွေတန်ဖိုးထားပြီး နေ့စဉ်နဲ့ ရှာကြံနေကြတဲ့ ငွေကြေးဓနတွေလည်း အတုနဲ့ မကင်း

စာမျက်နှာ-၄
နိုင်ဘူး၊ အတုတစ်ခုခု မိမိလက်ထဲရောက်ပြီဆိုရင် အနည်းနဲ့အများတော့ လူတွေမှာ ဒုက္ခရောက်ကြရတာပဲ၊ နစ်နာကြတယ်၊ ဆုံးရှုံးကြတယ်ပေါ့၊ ဆေးဝါးအတုတို့လို အန္တရာယ်ပြုနိုင်တဲ့အရာတွေ အသုံးပြုမိပြီဆိုရင် ပိုပြီး ဒုက္ခရောက်ကြတယ်၊ ဒါ လောကဘက်မှာ သိနိုင် မြင်နိုင်တဲ့အတုတွေ။ တစ်ဘဝမှာ ဒုက္ခပေးနိုင်တဲ့ အတုတွေပဲ။

သဒ္ဓမ္မပတိရူပက သူတော်ကောင်းတရားအတုဆိုတာကျတော့ ဒီဘဝမှာတင် ဒုက္ခပေးမှာ မဟုတ်ဘူး၊ ဘဝအဆက်ဆက်ကို ဒုက္ခပေးသွားနိုင်တယ်၊ အတုကို အစစ်ထင်ပြီး လိုက်နာကျင့်သုံးမယ်ဆိုရင် အင်မတန်မှ အန္တရာယ်များတယ်ပေါ့။ တချို့ကျတော့ အတုဟာ ကောင်းကျိုးချမ်းသာ မဖြစ်ထွန်းရုံသာဖြစ်ပြီး “သာကုန်

စာမျက်နှာ-၅
မောင်စောင်းမတတ်”ဆိုတာလို အချိန်တွေကုန်ဆုံးပြီး ကောင်းကျိုးချမ်းသာ မရနိုင်ရုံမျှသာ ဖြစ်တယ်။ တချို့အတုကျတော့ အလိုက်မှားလို့ မိုက်မဲတဲ့ဘဝရောက်ပြီး ဒုက္ခအကြီးအကျယ်ရောက်သွားစေနိုင်တယ်၊ ဒါကြောင့်မို့ တရားဓမ္မနဲ့ပတ်သက်ပြီး အတုဆိုတာကို သတိထားကြဖို့ပေါ့နော်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဒီသုတ္တန်ကို ဘယ်သူ့ကို ဟောခဲ့တာတုန်းဆိုရင် ရှင်မဟာကဿပမထေရ်ကြီးကို ဟောတာ၊ ရှင်မဟာကဿပ လူ့ဘဝတုန်းကတော့ သူ့နာမည် ပိပ္ပလိလို့ခေါ်တယ်။ ကဿပဆိုတာ သူတို့ရဲ့မျိုးရိုးနာမည်ပေါ့ သာသနာတော်မှာ မဟာကဿပတဲ့နာမည်နဲ့ ထင်ရှားတယ်။

လူ့ဘဝတုန်းက အလွန့်အလွန်ချမ်းသာ

စာမျက်နှာ-၆
ကြွယ်ဝလှတဲ့သူဌေးကြီးပဲ၊ သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ အင်မတန်မှ သန့်သန့်ရှင်းရှင်း မောင်လိုနှမလို နေကြတယ်။ သံဝေဂတွေဖြစ်ပြီး သာသနာဘောင်ဝင်လာကြတာ၊ မြတ်စွာဘုရားကို သိတာမဟုတ်ဘူး၊ သို့သော် လောကမှာ အမှန်တရားကိုသိတတ်တဲ့ဘုရားဆိုတာကို ဦးတည်ပြီးတော့ ဖန်ရည်စွန်းတဲ့အဝတ်သင်္ကန်းကို ဇနီးမောင်နှံနှစ်ယောက် ဝတ်ဆင်ပြီး မြတ်စွာဘုရားရှိရာကို မှန်းဆပြီး ထွက်လာခဲ့ကြတယ်။

အဲဒီလို ထွက်လာတဲ့အခါမှာ မြတ်စွာဘုရားကိုယ်တိုင်က ရှင်မဟာကဿပ လာတဲ့လမ်းမှာ သူ့ကို စောင့်ကြိုတယ်။ မြတ်စွာဘုရားနဲ့တွေ့ရော သူ့ကိုယ်သူ ဆုံးဖြတ်ချက် တစ်ခါတည်းချတယ်၊ “ဆရာတင်ရမယ်ဆိုလို့ရှိရင် မြတ်စွာဘုရားကိုပဲ ဆရာတင်ပါ့မယ်”လို့

စာမျက်နှာ-၇
ချက်ချင်းဆုံးဖြတ်ချက်ချပြီး တပည့်သာဝကအဖြစ် ခံယူလိုက်တယ်၊ သင်္ကန်းဝတ်ပြီး ရှစ်ရက်မြောက်နေ့မှာ အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုတဲ့ တရားထူးတရားမြတ်ရပြီး ရဟန္တာပုဂ္ဂိုလ်ကြီး ဖြစ်သွားတယ်။

မြတ်စွာဘုရားဆီ လာရောက်တဲ့အချိန်မှာ သူဝတ်လာတဲ့အပေါ်ရုံ ၂-ထပ်သင်္ကန်းကြီးက အလွန်ကောင်းတဲ့အစနဲ့ ချုပ်ထားတာ၊ အဲဒီအချိန်မှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် အသုံးပြုနေတဲ့ ၂-ထပ်သင်္ကန်းက ကာဠိတဲ့ သူများအိမ်မှာအလုပ်လုပ်ရတဲ့ အမျိုးသမီးကြီးတစ်ယောက် ကွယ်လွန်အနိစ္စရောက်သွားလို့ အဲဒီအမျိုးသမီးကြီးကို ရစ်ပတ်ပြီးပစ်ထားတဲ့ ပိုက်ဆံလျှော်အဝတ်၊ ဘုရားကိုယ်တိုင် ရုပ်အလောင်းကနေ ခွာယူဖွတ်လျှော်ပြီး ကိုယ်တိုင်ဝတ်ဆင်ခဲ့တာ၊

စာမျက်နှာ-၈
အဲဒီလိုကိုယ်တိုင်ဝတ်ဆင်ထားတဲ့ပံသကူသင်္ကန်းကြီးကို အဲဒီနေ့မှာ ရှင်မဟာကဿပယူလာတဲ့ ၂-ထပ်သင်္ကန်းကြီးနဲ့လဲပြီး ဝတ်ခဲ့တယ်၊ မြတ်စွာဘုရားက ကိုယ်တိုင်အသုံးပြုခဲ့တဲ့ ၂-ထပ်သင်္ကန်းကြီးကို ရှင်မဟာကဿပကို ပေးလိုက်တယ်၊ ရှင်မဟာကဿပယူလာတဲ့ ၂-ထပ်သင်္ကန်းအသစ်ကို မြတ်စွာဘုရားက ယူတယ်၊ အဲဒီလို သင်္ကန်းချင်းလဲလှယ်ဝတ်လိုက်တာ တာဝန်တစ်ခုပေးလိုက်တဲ့ သဘောပဲ။

အဲဒီအချက်ကို အလေးအနက်ထားပြီး ရှင်မဟာကဿပဟာ တစ်သက်လုံး ပံသကူသင်္ကန်းပဲ ဝတ်ရုံတယ်၊ အသက် ၁၂ဝ-ထိအောင် ပံသကူသင်္ကန်းပဲ ဝတ်တယ်၊ အင်မတန်ချမ်းသာတဲ့ သူဌေးကြီးက အဝတ်နဲ့ပတ်သက်ပြီး ငြီးခြင်းမရှိဘဲ အသုံးပြုတယ်။

စာမျက်နှာ-၉
သူ့သင်္ကန်းကြီးဟာ ပံသကူသင်္ကန်းဆိုတော့ နဂိုတည်းက အကောင်းမဟုတ်ဘူး၊ ရိတဲ့နေရာကိုဖာလိုက်၊ ထပ်ချပ်လိုက်နဲ့ ပံသကူသင်္ကန်းကြီးက တဖြည်းဖြည်း အဖာတွေများလာတယ်။ အဲဒီအခါကျတော့ တစ်ထပ်ပြီး တစ်ထပ် တစ်ထပ်ပြီး တစ်ထပ် ဖာလိုက်ချုပ်လိုက်တာ ပံ့သကူသင်္ကန်းကြီးက အလေးကြီးဖြစ်လာတယ်၊ အဲဒီလို လေးလံတဲ့ပံသကူသင်္ကန်းကြီးကို ဝတ်ရုံပြီး တောရကျောင်းမှာ တစ်သက်လုံးနေမှ တစ်သက်လုံး ဆွမ်းခံစား၊ အကျင့်အားဖြင့် တကယ့်ကို ထူးခြားတဲ့ အရှင်မြတ်ကြီးပေါ့၊ သူဌေးကြီးဘဝက သင်္ကန်းဝတ်လာပြီး ဓူတင်တွေကျတယ်ဆိုတာဟာ အလွန်ခဲယဉ်းတာပဲ၊ ချို့ချို့ငဲ့ငဲ့ အမြဲတမ်း ဆွမ်းခံစားတယ်၊ အမြဲတမ်း ပံသကူသင်္ကန်းကြီးဝတ်တယ် တောရကျောင်းမှာသာ

စာမျက်နှာ-၁၀
နေတယ်၊ သစ်ပင်အောက်မှာသာ နေတယ်၊ မအိပ်ဘဲနေတယ်။ ဓူတင် ၁၃-မျိုးလုံးကို အခါအားလျော်စွာ ရှင်မဟာကဿပမထေရ်မြတ်ဟာ ကျင့်သုံးခဲ့တာ၊ ဒါကြောင့်မို့ သာသနာမှာ “နေအသွင် လအလား” ထင်ရှားတဲ့ မထေရ်မြတ်ကြီးတစ်ပါးပဲ။

ဗုဒ္ဓမြတ်စွာသာသနာတော်မှာ တတိယသာဝကလို့ ထင်ရှားခဲ့တယ်ပေါ့၊ ရှင်သာရိပုတ္တရာ ရှင်မဟာမောဂ္ဂလာန်တို့ပြီးရှိရင် တတိယမြောက် မဟာသာဝကအဖြစ် ထင်ရှားခဲ့တယ်၊ ရှင်ကောဏ္ဍညတို့က စောစောပရိနိဗ္ဗာန်စံသွားပုံရတယ်၊ နောက်ပိုင်း ဘုရားပရိနိဗ္ဗာန်စံသွားတဲ့အခါ ပထမသင်္ဂါယနာတင်ဖို့ လှုံ့ဆော်စည်းရုံးပြီး ခေါင်းဆောင်တာလည်း ဒီရှင်မဟာကဿပမထေရ်မြတ်ကြီးပဲ၊ အလွန်ကျေးဇူးတင်စရာကောင်းတယ်။

စာမျက်နှာ-၁၁
ဒီကနေ့ခေတ် သင်ယူမှတ်သားနေကြရတဲ့စာပေကျမ်းဂန်တွေဟာ ရှင်မဟာကဿပ ဦးဆောင်လှုံ့ဆော်စည်းရုံးပြီး စုဆောင်းခဲ့တာ ဖြစ်တယ်။ မြတ်စွာဘုရားဟောတဲ့ တရားတွေကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခဲ့လို့ မြတ်စွာဘုရားတရားတော်တွေကို လေ့လာခွင့်၊ နာယူခွင့်ရကြတယ်၊ အင်မတန်မှကျေးဇူးကြီးတဲ့ အရှင်မြတ်ကြီးတစ်ပါးလို့ ဒီလိုပြောရမှာပေါ့။

ဒီတော့ တစ်နေ့မှာ အဲဒီရှင်မဟာကဿပမထေရ်မြတ်က မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး မေးခွန်းတစ်ခု မေးလျှောက်တယ်၊ သူမေးတဲ့မေးခွန်းက ခေတ်အခြေအနေကို လေ့လာသုံးသပ်တဲ့ မေးခွန်းပဲ။ သူက တောရကျောင်းမှာ သီတင်းသုံးတဲ့ တောရ

စာမျက်နှာ-၁၂
ဘုန်းကြီး ဖြစ်ပေမယ့်လို့ သာသနာရဲ့အခြေအနေကို အမြဲတမ်း အကဲခတ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ။

မြတ်စွာဘုရားက နှစ်ပေါင်း ၄၅-နှစ်သာသနာပြုခဲ့တာဆိုတော့ ဝါ ၂၀-ကို ရှေ့ပိုင်းခေတ်လို့ သုံးလေ့ရှိကြတယ်၊ နောက်ပိုင်း ၂၅-နှစ်ကို နောက်ပိုင်းခေတ်လို့ သုံးကြတယ်၊ ၄၅-ဝါကို အနှစ် ၂ဝ-စီ ပိုင်းလိုက်တယ်ဆိုပါစို့ နောက်ပိုင်းကို ၂၅-နှစ်လို့သတ်မှတ်ပြီး ရှေ့ပိုင်းကို အနှစ်-၂ဝ။

သူမေးတဲ့မေးခွန်းက “အရှင်ဘုရား”တဲ့၊ ဒါ သူသာသနာဘောင်ဝင်စကို ရည်ညွှန်းပြီးတော့ ပြောတာပေါ့။ “ရှေ့ပိုင်းခေတ်မှာ”တဲ့၊ “ဘုရားပွင့်ပြီးတဲ့ နောက်အနှစ် ၂၀-ကာလအတွင်းမှာဆိုရင် ဘုရားပညတ်တဲ့ သိက္ခာပုဒ်က အလွန်နည်းပြီး တရားထူး

စာမျက်နှာ-၁၃
တရားမြတ်ရတဲ့ ပုဂ္ဂိုလ်တွေက အလွန်များတယ်” ဆိုလိုတာက စည်းကမ်းတွေသိပ်ပြီးတော့ မချမှတ်ရဘဲနဲ့ တရားထူးတရားမြတ်ရတဲ့ပုဂ္ဂိုလ်တွေ အလွန်များတယ်တဲ့ “အခု နောက်ပိုင်းခေတ် ရောက်လာတဲ့အခါကျတော့ စည်းမျဉ်းစည်းကမ်းတွေကလည်း များပြားလာတယ်၊ စည်းမျဉ်းစည်းကမ်းတွေက တိုးတိုးလာသော်လည်း တရားထူးတရားမြတ်ရတဲ့ ပုဂ္ဂိုလ်ရဲ့အရေအတွက်က လျော့ကျသွားတယ်”၊

ဒီ ၂-ခုကို နှိုင်းယှဉ်ကြည့်တာ၊ “အရင်တုန်းက စည်းမျဉ်းစည်းကမ်း နည်းနည်းလေးပဲ၊ သို့သော် တရားထူးတရားမြတ်ရတဲ့ပုဂ္ဂိုလ်ရဲ့ အရေအတွက်က အားရစရာကောင်းတယ်၊ အခု နောက်ပိုင်းခေတ်ကို ရောက်လာတဲ့အခါကျတော့ စည်းမျဉ်းစည်းကမ်းတွေက

စာမျက်နှာ-၁၄
များသည်ထက်များလာပေမယ့် တရားထူးတရားမြတ်ရတဲ့ပုဂ္ဂိုလ်ရဲ့ အရေအတွက်ကျတော့ လျော့ကျသွားတယ်”တဲ့ “အဲဒါ ဘာဖြစ်လို့လဲဘုရား” လို့ သူမေးတဲ့မေးခွန်းက အဲဒီလိုမျိုးပဲ။

အဲဒီလိုမေးတော့ မြတ်စွာဘုရားက “လောကကြီး ဆုတ်ယုတ်လာရင် ဒီလိုပဲဖြစ်တတ်တာပဲ”တဲ့ “သတ္တဝါတွေက ဆုတ်ယုတ်လာလို့ သူတော်ကောင်းတရားတွေ လျော့ကျပျောက်ကွယ်လာသည့်အတွက်ကြောင့် အခုလို စည်းမျဉ်းစည်းကမ်းတွေက တိုးလာပြီးတော့ တရားထူးတရားမြတ်ရတဲ့ ပုဂ္ဂိုလ်တွေက နည်းနည်းနည်းနည်းသွားတယ်၊ ဒါဟာ ဆုတ်ယုတ်မှုကို ပြတယ်” လို့ ဒီလိုပြောတာပေါ့။

စာမျက်နှာ-၁၅
ဘုန်းကြီးတို့တတွေရဲ့ ခေတ်မှာလည်းပဲ တစ်ဖက်ကနေကြည့်မယ်ဆိုရင် ရုပ်ဝတ္ထုပစ္စည်းတွေ အလွန်တိုးတက်တယ်၊ တိုးတက်တယ်လို့ ပြောလို့ရကောင်းရနိုင်သော်လည်းပဲ ကိုယ်ကျင့်တရားဘက် ကြည့်လိုက်မယ်ဆိုရင် အများကြီးဆုတ်ယုတ်သွားတာကို တွေ့ရတယ်၊ အတော်ကို ဆုတ်ယုတ်သွားတာကို တွေ့ရတယ်။

လူတွေရဲ့စိတ်နေစိတ်ထားတို့ဆိုတာ တစ်ကမ္ဘာလုံးအတိုင်းအတာတစ်ခုနဲ့ ပြောမယ်ဆိုရင် ဟိုးလွန်တဲ့ ဆိုပါစို့ နှစ် ၆၀-လောက်က ဘုန်းကြီးတို့ငယ်စဉ်ကာလက ဆိုလို့ရှိရင် ကမ္ဘာမှာ အကြမ်းဖက်သမားဆိုတာ မကြားဖူးဘူး၊ Terrorist ခေါ်တဲ့ အကြမ်းဖက်သမားဆိုတာ မကြားဖူးဘူး၊ ဘယ်သတင်းစာ ဘယ်ရေဒီယိုက

စာမျက်နှာ-၁၆
မှ ဒီအသုံးအနှုန်းသုံးတာ မရှိဘူး၊ အကြမ်းဖက်ဝါဒဆိုတာလည်း မကြားခဲ့ဖူးဘူး၊ လူတွေသေကြေပျက်စီးအောင်ဆိုပြီး အစွမ်းထက်တဲ့လက်နက်တွေ အသုံးပြုပြီးတော့ ဘယ်သူသေသေ လုပ်တာမျိုးလည်း အင်မတန်မှရှားတယ်၊ မကြားဖူးဘူး၊ နောက်ပိုင်းခေတ်ရောက်လာတဲ့အခါ ဒါတွေက အရေအတွက် အလွန်များလာတယ်၊ အလွန်များလာတာကို ထောက်မယ်ဆိုရင် ဒါ တဖြည်းဖြည်းဆိုးဝါးလာတယ်တဲ့ အနေအထားဟာ ထင်ထင်ရှားရှား သိသာလာတယ်ပေါ့။

ရုပ်ဝတ္ထုပစ္စည်းဘက်က ဘယ်လောက်ပဲ တိုးတက်တိုးတက်၊ ကိုယ်ကျင့်တရားဆိုင်ရာ စိတ်နေစိတ်ထားတွေက အင်မတန်မှ ကျဆင်းသွားတယ်၊ ကျဆင်းသွားတာ အရေအတွက်နဲ့ တိုင်းတာလိုက်မယ်

စာမျက်နှာ-၁၇
ဆိုရင် ကောင်းတဲ့ဘက်က ရာခိုင်နှုန်းနည်းပြီးတော့ ဆိုတဲ့ဘက်က ရာခိုင်နှုန်းတွေများများလာတယ်၊ ဒါဟာ ဆုတ်ယုတ်တာပဲ။

ဒါကြောင့်မို့ မြတ်စွာဘုရားက ဖြေတယ်၊ “အဲဒီလိုဖြစ်ရတာ တခြားအကြောင်းကြောင့်မဟုတ်ဘူး”တဲ့၊ “သတ္တဝါတွေရဲ့ ကိုယ်ကျင့်တရားတွေ သူတော်ကောင်းတရားတွေ ဆုတ်ယုတ်လာတဲ့ အနေအထားကြောင့် ဒီလိုဖြစ်ရတာ”လို့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဟောတယ်။

ဒီသူတော်ကောင်းတရားဆိုတဲ့ မြတ်စွာဘုရားဟောကြားထားတဲ့ တရားစစ်တရားမှန်တွေ ပျက်စီးဆုတ်ယုတ်သွားတယ်ဆိုတာ တရားဓမ္မကျင့်သုံးကြတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပိုပြီးတော့သက်ဆိုင်တယ်၊ အပြင်က

စာမျက်နှာ-၁၈
လာဖျက်တာ မဟုတ်ဘူး၊ ဘုရားက ဥပမာနဲ့ဟောတာ ရှိတယ်၊ ရတနာတွေတင်ထားတဲ့ လှေတစ်စင်း မြုပ်သွားလို့ရှိရင် ရတနာပစ္စည်းတွေပါ တစ်ခါတည်းယူဆောင်ပြီးတော့ မြုပ်သွားတယ်၊ တည်ရာဖြစ်တဲ့ လှေမြုပ်မှတော့ ရတနာတွေလည်း မြုပ်မှာပဲ၊ ဆိုလိုတာက မြတ်သောအကျင့်ကို ကျင့်ကြတဲ့ပုဂ္ဂိုလ်တွေ အကျင့်ပျက်ပြီဆိုလို့ရှိရင် မြတ်စွာဘုရားဟောကြားတဲ့ တရားတော်တွေကို ယူဆောင်ပြီး သူတို့ပျက်သလို ဒီတရားမြတ်တွေဟာလည်းပဲ ပျက်စီးဆုံးရှုံးကုန်ရတယ်၊ အဲဒီရတနာတွေတင်ထားတဲ့ လှေကြီးမြုပ်သွားသလို သူတော်ကောင်းတရားဟာ ပုဂ္ဂိုလ်တွေနဲ့အတူ တိမ်မြုပ်ပျောက်ကွယ်သွားတယ်။

စာမျက်နှာ-၁၉
အဲဒီစကားကို နားထောင်ကြည့်မယ်ဆိုလို့ရှိရင် မြတ်စွာဘုရားရဲ့ တရားတော်တွေ ပုဂ္ဂိုလ်တွေပေါ်မှာ တည်ဖို့ အင်မတန်မှ လိုအပ်တယ်၊ ဒါကြောင့်မို့လို့ ခုလို ပရိယတ္တိကျောင်းတိုက်ကြီးတွေ တည်ထောင်ပြီးတော့ စာတတ်ပုဂ္ဂိုလ်တွေ မွေးထုတ်နေကြရတယ်။ အကယ်၍ စာတတ်ပုဂ္ဂိုလ်တွေ လျော့ကျသွားပြီဆိုရှိရင် ဆိုပါစို့ စာတတ်ဘုန်းကြီးတစ်ပါးမျှ မရှိတော့ဘူးဆိုရင် သူနဲ့အတူ လှေမြုပ်သွားသလိုပဲ ရတနာထုပ်တွေပါသွားသလို တရားဓမ္မတွေပါသွားမှာပဲ၊ စာအုပ်တွေရှိတယ်၊ ကျောက်စာတွေရှိတယ်လို့ တချို့က ပြောကောင်းပြောလိမ့်မယ်၊ အဲဒီစာအုပ်တွေကို ကျောက်စာတွေတို့ဟာ အဓိပ္ပါယ်မဖော်နိုင်လို့ရှိရင် ဘာမှ

စာမျက်နှာ-၂၀
အသုံးမဝင်တော့ဘူးပေါ့၊ မဖော်နိုင်တဲ့ခေတ်ဟာ နီးနီးကပ်ကပ်မှာပဲ ရှိတယ်။

ဒီကနေ့ခေတ်မှာတောင်မှပဲ အဓိပ္ပါယ်မဖော်နိုင်သေးတဲ့ စာပေတွေရှိတယ်၊ ဆဋ္ဌသင်္ဂါယနာတင်ခဲ့တာ နှစ်ပေါင်း ၆၀-ရှိသွားပြီ၊ အဲဒီဆဋ္ဌသင်္ဂါယနာတင်တုန်းက မဇ္ဈိမနိကာယ်ကို အဓိပ္ပါယ်ရှင်းလင်းဖွင့်ဆိုတဲ့ဋီကာတစ်စောင်မှာ စာတစ်မျက်နှာလောက် ရေးထားတာရှိတယ်။ အဓိပ္ပါယ်ရှင်းလို့မရသည့်အတွက်ကြောင့် အဲဒီအရှုပ်အတိုင်းပဲ ပုံနှိပ်ပြီးတော့ ထည့်ထားတာ၊ ဒီကနေ့အထိ ရှင်းနိုင်တဲ့ပုဂ္ဂိုလ် မပေါ်သေးဘူး။

အဲဒီလို ဗုဒ္ဓမြတ်စွာရဲ့တရားတော်တွေ စာပေကျမ်းဂန်တွေကို တတ်သိနားလည်တဲ့ပုဂ္ဂိုလ်တွေ

စာမျက်နှာ-၂၁
မရှိဘူးဆိုရင် စာအုပ်တွေ ဘယ်လောက်ရှိရှိ၊ ကျောက်စာတွေနဲ့ ဘယ်လောက်ထားထား၊ မြတ်စွာဘုရားရဲ့တရားတော်တွေဟာ ကျင့်သုံးတဲ့ပုဂ္ဂိုလ်သင်ယူတဲ့ပုဂ္ဂိုလ် မရှိရင် ပုဂ္ဂိုလ်နဲ့အတူ ပျောက်ကွယ်သွားမှာပါပဲ။

ဒါကြောင့် တရားဓမ္မဆိုတာ ရတနာလှေကြီးမြုပ်သွားရင် ရတနာထုပ်ကြီးပါသွားသလို ပရိယတ္တိသင်ယူနေကြတဲ့ပုဂ္ဂိုလ်တွေ ပျောက်ကွယ်သွားတာနဲ့ တစ်ပြိုင်နက် ပျောက်ကွယ်သွားနိုင်တယ်။ အဓိကသာသနာကို ပျောက်စေတဲ့ပုဂ္ဂိုလ်တွေက ဘယ်သူတွေလဲ၊ ဆိုလိုတာက ပျောက်တယ်ဆိုတာ သူတို့ကြောင့် ပျောက်တာမဟုတ်ဘူး။

မြတ်စွာဘုရားဆိုလိုတဲ့ အဓိပ္ပါယ်က မြေကြီးကလည်း သာသနာကိုဖျက်တာ မဟုတ်ဘူးတဲ့၊ ဒီ

စာမျက်နှာ-၂၂
နှစ်သိန်းလေးသောင်း အထုရှိတဲ့ ကမ္ဘာမြေကြီးကလည်းပဲ သာသနာကိုဖျက်ဆီးတာ မဟုတ်ဘူးတဲ့၊ မြေကြီးပေါ်ကနေဖြစ်ပေါ်လာပြီး ဟိုး ဗြဟ္မာဘုံ အာဘဿရာဘုံထိအောင် ရေတွေပြည့်လျှံပြီး ကမ္ဘာဖျက်တဲ့ ရေထုကြီးကလည်းပဲ သာသနာကို ဖျက်ဆီးတာ မဟုတ်ဘူးတဲ့၊ မြေပေါ်ကနေဖြစ်ပြီးတော့ သုဘကိဏှာဘုံထိအောင် တောက်လောင်သွားတဲ့ ကမ္ဘာဖျက်မီးကြီးကလည်းပဲ သာသနာကို ဖျက်တာ မဟုတ်ဘူး၊ မြေပေါ်ကနေပြီး အထက်ဗြဟ္မာဘုံထိအောင် တိုက်ခတ်သွားတဲ့ ကမ္ဘာဖျက်လေထုကြီးကလည်း သာသနာကိုဖျက်တာ မဟုတ်ပါဘူးတဲ့၊ သာသနာကို ပျောက်ကွယ်စေတာ မဟုတ်ပါဘူး၊ သာသနာပျောက်ကွယ်စေတာကတော့ ဒီသာသနာ

စာမျက်နှာ-၂၃
ထဲမှာ ရှိနေကြတဲ့ အသုံးမကျတဲ့ပုဂ္ဂိုလ်တွေကြောင့်ပါလို့ မြတ်စွာဘုရားက အဲဒီလိုဟောတယ်။

အသုံးမကျသူကို မောဃပုရိသလို့ ခေါ်တယ်။ သာသနာတွင်းမှာနေတဲ့ ပုဂ္ဂိုလ်တွေက မြတ်စွာဘုရားဟောကြားတဲ့ တရားဓမ္မတွေကို သင်ယူမှုမပြုကြတော့ဘူး၊ နားလည်အောင် မကြိုးစားကြတော့ဘူးဆိုရင် ဒီတရားတွေဟာ ပျောက်သွားမှာပဲ၊ ဒါကြောင့်မို့ ဗုဒ္ဓရဲ့တရားတော်တွေကို သင်ယူနေကြတဲ့ စာသင်တိုက်ကြီးတွေ တည်ထောင်ကြရတယ်၊ ထိုစာသင်တိုက်ကြီးတွေကို အားပေးထောက်ပြုလုပ်ပြီးတော့ စာပေတတ်မြောက်တဲ့ ပုဂ္ဂိုလ်တွေကို မွေးထုတ်ပေးနေကြရတယ်၊ ဒီလုပ်ငန်းဟာ အင်မတန်မှအရေးပါတဲ့ လုပ်ငန်းတစ်ခုပဲ၊ သာသနာအရှည်တည်ဖို့အတွက်

စာမျက်နှာ-၂၄
အရေးကြီးတဲ့ လုပ်ငန်းတစ်ခုလို့ဆိုတာ ဒီ “သဒ္ဓမ္မပတိရူပကသုတ်”အရ အင်မတန်မှ ထင်ရှားတယ်ပေါ့၊ ပြင်ပအင်အားစုတွေကြောင့် သာသနာပျက်သွားတာ မဟုတ်ဘူးလို့ မြတ်စွာဘုရားက အဲဒီမှာ ဒီသုတ္တန်မှာ ဟောထားတယ်။

မြတ်စွာဘုရားဟောတဲ့အထဲမယ် သာသနာပျက်ခြင်းရဲ့အကြောင်း၊ သာသနာကို ယုတ်လျော့သွားစေတတ်တဲ့ အကြောင်းကတော့ ဘာလဲဆိုရင် သာသနာကိုမှီခိုနေကြတဲ့ မြတ်စွာဘုရားရဲ့တပည့် ပရိသတ် ၄-မျိုးရှိတယ်၊ အဲဒီပရိသတ် ၄-မျိုးက ဘိက္ခု, ဘိက္ခုနီ, ဥပါသကာ, ဥပါသိကာ, ပရိသတ် ၄-မျိုး၊ သာသနာတွင်းဝင်ရောက်ပြီး သင်ယူကျင့်ကြံနေကြတဲ့ ဘိက္ခု, ဘိက္ခုနီ အမျိုးသားရဟန်း အမျိုးသမီးရဟန်း။

စာမျက်နှာ-၂၅
သာသနာ့အပြင်ကနေပြီးတော့ မြတ်စွာဘုရား တရားတော်တွေကို ကျင့်ကြံကြိုးကုတ်အားထုတ်ပြီး သာသနာတော်ကို ထောက်ပံ့နေကြတဲ့ အမျိုးသား ဥပါသကာ၊ အမျိုးသမီး ဥပါသိကာမ၊ အဲဒီ ဗုဒ္ဓဘာသာဝင် ပရိသတ် ၄-မျိုးက မြတ်စွာဘုရားအပေါ်မှာ အလေးအနက်ထားခြင်း မရှိဘူး၊ တရားဓမ္မအပေါ်မှာ အလေးအနက်ထားခြင်း မရှိဘူး၊ အရိယာသံဃာတွေအပေါ်မှာ အလေးအနက်ထားခြင်း မရှိဘူး၊ ကိုယ်ကျင့်ရမယ့် ကျဝတ်သိက္ခာတွေအပေါ်မှာ အလေးအနက်မထားဘူး၊ အပ္ပမာဒ မမေ့မလျော့ခြင်း တရားဓမ္မပေါ်မှာ အလေးအနက်မထားဘူးဆိုလို့ရှိရင် ဒါ သာသနာကွယ်ပခြင်းရဲ့ အကြောင်းဖြစ်တယ်။

စာမျက်နှာ-၂၆
အခုပြောတဲ့ ဘုရား၊ တရား၊ သံဃာ၊ ကိုယ်ကျင့်တရား၊ အပ္ပမာဒတရားလို့တဲ့ ဒီတရားတွေအပေါ်မှာ အလေးအနက်ထားပြီး လိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင် သာသနာကို တည်စေနိုင်တယ်လို့ မြတ်စွာဘုရားက ရှင်မဟာကဿပမေးခွန်းကို အခုလိုသဘော ဖြစ်တယ်။

အဲဒီမှာ မြတ်စွာဘုရားက “ကဿပ”တဲ့၊ “လောကမှာ ရွှေအတု မပေါ်သေးသမျှကာလပတ်လုံး ရွှေအစစ်က မပျောက်ဘူး”တဲ့၊ “ငွေအတု မပေါ်သမျှကာလပတ်လုံး ငွေအစစ်ဆိုတာ မပျောက်ဘူး၊ ရတနာအတုတွေ မပေါ်သေးသမျှကာလပတ်လုံး ရတနာအစစ်ဆိုတာ မပျောက်ဘူး”၊

အတုဆိုတာ စဉ်းစားကြည့်ပေါ့။ ရွှေဆိုတာပဲ ကြည့်လိုက်ဦး၊ ရွှေအစစ်ဆိုတာ တန်ဖိုးကြီးတယ်။

စာမျက်နှာ-၂၇
သာမန်ပုဂ္ဂိုလ်တွေ ဝယ်ယူဝတ်ဆင်နိုင်ခြင်း မရှိဘူး။ ရွှေနဲ့လုပ်ထားတဲ့ ရတနာအစစ်တွေဟာ လူတိုင်း ဝတ်ဆင်နိုင်ခြင်း မရှိတော့ ရွှေရောင်ဝင်းနေတဲ့ ရွှေအတုနဲ့လုပ်ထားတဲ့ ဝတ်စားတန်ဆာကျတော့ တန်ဖိုးနည်းနည်းနဲ့ အမြင်အားဖြင့် ရွှေအစစ်ကဲ့သို့ မခြားတွေ့မြင်နေကြရတယ်။ ရွှေလက်ကောက်အစစ်ဝတ်တာနဲ့ ရွှေအတု လက်ကောက်ဝတ်တာ ကြည့်လိုက်မယ်ဆိုရင် လှတာချင်းက အတူတူပဲ၊ တန်ဖိုးချင်းသာ ကွာခြားတာ၊ အဲဒီလို အတုတွေ ပေါ်လာတဲ့အခါကျတော့ အစစ်ဆိုတာက တန်ဖိုးအင်မတန်ကြီးလို့ လူတိုင်းမဝတ်နိုင်ဘူး၊ အတုဆိုတာကျတော့ လူတိုင်း ဝတ်နိုင်တယ်၊ အဲဒီလို အတုတွေ ပေါ်လာတဲ့အခါမှာတဲ့ အစစ်ဟာ အလိုအလျှောက် လုံခြုံတဲ့သေတ္တာထဲက

စာမျက်နှာ-၂၈
ထွက်မလာတော့ဘူး၊ အတုနဲ့ပဲ စခန်းသွားကြတော့တယ်၊ အဲဒါဟာ အစစ်ပျောက်ခြင်းရဲ့ အကြောင်းပဲတဲ့။

တရားထူးနဲ့ ပတ်သက်လာလို့ရှိရင်လည်းပဲ ဒီအတိုင်းပဲ၊ မြတ်စွာဘုရား တရားအစစ်က မဂ်ဖိုလ်နိဗ္ဗာန်ဖြစ်တယ်။ ရဖို့ကျင့်ကြံကြိုးကုတ် အားထုတ်ကြရတယ်၊ အဲဒီလို မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ တရားအားထုတ်တယ်၊ သောတာပန်ဖြစ်ဖို့၊ သကဒါဂါမ်ဖြစ်ဖို့၊ အနာဂါမ်ဖြစ်ဖို့၊ ရဟန္တာဖြစ်တာ ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်ပြီး အရိုးကြေကြေ အရေခမ်းခမ်း နည်းမှန်မှန်နဲ့ ကြိုးစားအားထုတ်ကြရတယ်။

မဟာသီဝမထေရ်ကြီးတို့ဆိုရင် တရားအားထုတ်လိုက်တာ ဝါတွင်းကာလ အဓိဋ္ဌာန်ပြီးတော့ ကြိုးကြိုးစားစား အားထုတ်တယ်၊ ဒီတစ်ဝါဖြင့် ရဟန္တာဖြစ်လိမ့်

စာမျက်နှာ-၂၉
မယ်လို့ ကြိုးစားပေမယ့် ဝါသာကျွတ်သွားရော ရဟန္တာ မဖြစ်ဘူး၊ အဲဒီလို မျှော်လင့်ချက်နဲ့ ဝါတွင်းဝါတွင်းမှာ အမြဲတမ်း အဓိဋ္ဌာန်ပြီး ကြိုးစားလိုက်တာ၊ ဘယ်နှစ်နှစ် ကြိုးစားရတုန်းဆိုရင် နှစ်ပေါင်း ၃၀-ကြိုးစားရတယ်။ အဲဒီလို နှစ်ပေါင်း ၃၀-ထိအောင် ကြိုးစားမှ တရားထူး တရားမြတ်ဟာ ရလာတယ်၊ အင်မတန်မှ ကြိုးပမ်းအားထုတ်ရတယ်။

တရားအစစ်ဆိုတာကျတော့ လွယ်လွယ်ကူကူနဲ့ မရဘူး၊ ရလို့ရှိရင်လည်း တန်ဖိုးက အပြည့်ရှိတယ်၊ အဲဒါကိုလိုက်တာတဲ့ တရားအတုတွေကျတော့ လွယ်လွယ်ကူကူနဲ့ ရနိုင်တယ်၊ အဲဒီလို တရားအားထုတ်တဲ့ နေရာမှာလည်းပဲ အတုအယောင်ဆိုတာ ပေါ်လာတတ်တယ်။

စာမျက်နှာ-၃၀
အဋ္ဌကထာမှာတော့ အတုအယောင်နဲ့ ပတ်သက်ပြီး ၂-မျိုးပြထားတယ်၊ အဓိဂမသဒ္ဓမ္မနဲ့ ပရိယတ္တိသဒ္ဓမ္မ။ အဓိဂမသဒ္ဓမ္မဆိုတာ တရားဓမ္မ ကြိုးစားအားထုတ်လို့ ရရှိလာတဲ့၊ သိရှိလာနိုင်တဲ့ တရားထူး တရားမြတ်ကို ခေါ်တယ်၊ ဆိုလိုတာက ဈာန်တရား၊ မဂ်တရား၊ ဖိုလ်တရား၊ အဘိညာဉ် ၆-ပါး၊ ပဋိသမ္ဘိဒါဉာဏ် ၄-ပါး၊ ဝိဇ္ဇာ ၃-ပါးဆိုတဲ့ ထူးခြားတဲ့ တရားထူးတရားမြတ်တွေဟာ အဓိဂမသဒ္ဓမ္မ ဖြစ်တယ်။

အဓိဂမသဒ္ဓမ္မရဲ့ အတုအယောင်တွေက ဘာတွေလဲလို့ဆိုရင် ဝိပဿနာကျင့်စဉ်ကို ကျင့်တဲ့အခါမှာ သမာဓိစွမ်းအားလေးတွေ တက်လာပြီး ဖြစ်ပျက်မြင်လို့ အသိဉာဏ် ဝင်လာတဲ့အခါမှာ ခန္ဓာကိုယ်က အလင်းရောင် ထွက်လာတတ်တယ်၊ ဩဘာသလို့ ဆိုတယ်။

စာမျက်နှာ-၃၁
ဝိပဿနာစိတ်ကြောင့် ဖြစ်ပေါ်လာတာ၊ သန့်ရှင်းကြည်လင်သော စိတ်ကြောင့် ခန္ဓာကိုယ်က အလင်းရောင်တွေ ထွက်လာတာ၊ အဲဒါကို တကယ့်တရားထူး တရားမြတ်လို့ ယူဆလိုက်လို့ရှိရင် အဲဒါဟာ “အဓိဂမသဒ္ဓမ္မပတိရူပက”ပဲ၊ တရားအတုအယောင်ပဲ၊ အဲဒါကို ငါ မဂ်ဖိုလ်နိဗ္ဗာန်ရပြီ၊ တရားထူးတရားမြတ် ရပြီဆိုပြီး နှစ်သိမ့်ကျေနပ်သွားလို့ရှိရင် ဘာအကျိုးမှ ရမှာမဟုတ်ဘူး။

အဲဒီလို ဝိပဿနာရဲ့ အညစ်အကြေးဆိုတဲ့ တရားတွေဟာ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ ပေါ်လာတတ်တယ်၊ တရားအားမထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာတော့ ဒါမျိုး ပေါ်လာမှာမဟုတ်ဘူး၊ တရားအားထုတ်

စာမျက်နှာ-၃၂
တဲ့ ပုဂ္ဂိုလ်တွေမှာ ဒီလိုတရားအတုဆိုတာ တွေ့ကြုံလာရတတ်တယ်။

အဲဒီလို တွေ့ကြုံလာတဲ့အခါ အဲဒီတရားအတုနဲ့ပဲ စိတ်ထဲမှာ ကျေနပ်သွားပြီး ဒီပုဂ္ဂိုလ်ဟာ တကယ့် အစစ်အမှန်တရားကို မရဘူး။ နောက်ဆုံးသေခါနီးမှာ အချိန်မမှီတော့ဘဲနဲ့ တရားထူးတရားမြတ် မရဘဲနဲ့ ရာဂရှိတဲ့ဘဝနဲ့ပဲ သေဆုံးသွားရတယ်။ သံသရာထဲမှာ ဆက်ပြီးတော့ လည်နေရပြန်တယ်ပေါ့၊ အဲဒီလို တရားအတုတွေဟာ ကိုယ်ကျိုးကို ထိခိုက်နစ်နာပျက်စီးစေတတ်တယ်။

ကျင့်သုံးဖို့နဲ့ ပတ်သက်လာတော့ ပဋိပတ္တိဆိုတဲ့ တရားအတုကလည်း ရှိသေးတယ်၊ မမှန်မကန် ကျင့်သုံးမှုတွေ၊ မြတ်စွာဘုရားမဟောဘဲနဲ့ ဟောတယ်ဆိုပြီး

စာမျက်နှာ-၃၃
တော့ ရေးသားထားတဲ့စာအုပ်တွေ ဒါမျိုးတွေကလည်း ခေတ်အဆက်ဆက်မှာ ပေါ်လာတတ်တယ်၊ အဲဒါတွေကျတော့ ပရိယတ္တိသဒ္ဓမ္မပတိရူပက၊ သင်ကြားရမယ့်စာအုပ်တွေကလည်း အတုဖြစ်လာတတ်တယ်။ ကျင့်သုံးရမယ့် အကျင့်တရားတွေကလည်း အတုဖြစ်တယ်၊ အဋ္ဌကထာမှာ ဒီ ၂-မျိုးပဲ ပြထားတယ်၊ အဓိဂမသဒ္ဓမ္မပတိရူပကနဲ့ ပရိယတ္တိသဒ္ဓမ္မပတိရူပကလို့ ဆိုပြီးတော့ မျက်မှောက်ပြုရမယ့် တရားအတုရယ်၊ သင်ကြားရတဲ့ စာပေအတုရယ်- အဲဒီ ၂-ခုဟာ အန္တရာယ်ကို ဖြစ်စေတယ်လို့။

ဒီကနေ့ခေတ်မှာ မျက်မှောက်ပြုရမယ့် တရားအတုတင်မကဘူး၊ စာပေအတုတင်မကဘူး၊ အကျင့်တရားနဲ့ ပတ်သက်တဲ့ အတုတွေကလည်း ပေါ်နေတာပဲ

စာမျက်နှာ-၃၄
ဆိုပါစို့- ဘုန်းကြီးတစ်ပါးက တရားဟောတယ်၊ သူ့ဆီလာမှ နာရီဝက်လောက် တရားနာ၊ တရားနာရင်း ကြက်သီးမွှေးညှင်း ထတယ်၊ ပီတိဖြစ်သွားတယ်၊ သူ့တရားကို အာရုံစိုက်ပြီးတော့ နာ၊ သဒ္ဓါတရားရှိရင် လာခဲ့၊ သူ့တရားကို နာရီဝက်လောက်ကလေးနာ၊ နာလိုက်တာနဲ့ တစ်ပြိုင်နက် ကြက်သီးမွှေးညှင်းလေး ထသွားရင် အဲဒါ သောတာပန်ဖြစ်သွားပြီလို့ ဟောတယ်။ တကယ် မြန်မာပြည်မှာ ပေါ်တာ၊ နောက်ဆုံးကျတော့ သောတာပန်ဆိုတဲ့ Certificate တောင် ပေးတယ်နော်၊ တရားရက်စေ့လို့ရှိရင် တရားထူးတရားမြတ်ကို ကျတဲ့ပုဂ္ဂိုလ်က ရတယ်ပြောပြော မရဘူးပြောပြော သူက လက်မှတ်ပေးတယ်။ အဲဒါမျိုးဟာ အတုအယောင်လို့ ခေါ်တယ်။

စာမျက်နှာ-၃၅
တရားထူးတရားမြတ်ဆိုတာ ကိုယ်ကျင့်ရင် ကိုယ်ရတာ၊ ကိုယ်သိတာပေါ့၊ ကိုယ့်စိတ်ထဲမှာ ဖြစ်တဲ့အရာတွေပဲ၊ ကိုယ်မသိဘဲနဲ့ တခြားလူတစ်ယောက်ကနေ လာပြီးတော့ သောတာပန်ဖြစ်ပြီ၊ သကဒါဂါမ်ဖြစ်ပြီ၊ အနာဂါမ်ဖြစ်ပြီ ဆိုတော့ ကိုယ်က ငါသောတာပန်ပါလား၊ သကဒါဂါမ်ပါလား၊ အနာဂါမ်ပါလားနဲ့ ကိုယ့်ကိုယ်ကို အထင်ရောက်သွားတဲ့ ပုဂ္ဂိုလ်တွေကလည်း ရှိသေးတာကိုး၊ ဒါကြောင့်မို့လို့ ဒီကနေ့ခေတ်မှာ အတုအယောင်တွေ မရှိဘူးလို့ မအောက်မေ့လေနဲ့၊ အတုအယောင်တွေက အင်မတန်မှ ပေါတယ်၊ စာပေနဲ့ ပတ်သက်ပြီးတော့လည်း အတုအယောင်တွေ၊ တရားကျင့်စဉ်နဲ့ ပတ်သက်ပြီးတော့လည်း အတုအယောင်တွေ၊ တရားထူး တရားမြတ်ရပုံ ရနည်းနဲ့ပတ်သက်လို့လည်း

စာမျက်နှာ-၃၆
အတုအယောင်တွေ၊ သောတာပန်အတုတွေ၊ သကဒါဂါမ်အတုတွေ၊ အနာဂါမ်အတုတွေ၊ ရဟန္တာအတုတွေ ဖြစ်နေတယ်။

ဒါ ဘာဖြစ်လို့ပြောရတာတုန်းဆိုရင် မြတ်စွာဘုရားဟောတဲ့ သဒ္ဓမ္မပတိရူပကသုတ်မှာ ဒီလိုသတိပေးထားတာ ဖြစ်သောကြောင့် တို့တတွေ အတုနဲ့အစစ် ခွဲခြားသိဖို့ လိုအပ်တယ်၊ အစစ်နဲ့အတု ခွဲခြားမသိဘူး၊ အတုကို လက်ခံကျင့်သုံးပြီဆိုလို့ရှိရင် သံသရာမှာပါ နစ်နာသွားနိုင်တယ်၊ ဒါကြောင့်မို့ အဲဒီလိုမဖြစ်ရအောင် အခုလို စာပေလေ့လာဖို့၊ သင်ကြားဖို့၊ မှတ်ယူဖို့ ပရိယတ္တိစာသင်တိုက်ကြီးတွေ တည်ထောင်ထားရတယ်။ ရည်ရွယ်ချက်ဟာ အင်မတန်မှ ကြီးမားတဲ့ရည်ရွယ်ချက်ပဲ ဖြစ်တယ်။

စာမျက်နှာ-၃၇
စာပေသင်နေတဲ့ ပရိယတ္တိစာသင်တိုက်ကြီးတွေမှာ စာပေပို့ချနေကြတဲ့ နာယကဆရာတော်တွေ၊ တော်ကြပ်တွေ၊ စာချဘုန်းကြီးတွေဆိုတာ ရှိတယ်၊ အဲဒီလို ကျောင်းတိုက်ကို ပစ္စည်းလေးပါး ထောက်ပံ့နေကြတဲ့ ဒကာဒကာမတွေဟာ တရားဓမ္မကိုလည်း နာယူနိုင်တယ်၊ မသိလို့ရှိရင်လည်း ဒီအကြောင်းအရာဟာ ဟုတ်ရဲ့လား၊ စာထဲမှာပါသလား၊ ဘယ်လိုဆိုလိုတာလဲလို့ မေးမြန်းဖို့လိုအပ်တာပေါ့၊ အဲဒီလို မေးစရာပုဂ္ဂိုလ်ရှိလည်း လိုအပ်တယ်၊ မေးတဲ့အခါမှာလည်းပဲ အမှန်အကန် ပြောပြနိုင်တဲ့ပုဂ္ဂိုလ်ဟာလည်း အရေးကြီးတယ်၊ ဒါကြောင့်မို့ ပရိယတ္တိစာသင်တိုက်ကြီးတွေမှာ စာတတ်တဲ့ပုဂ္ဂိုလ်တွေ ပေါ်ပေါက်လာအောင် ကြိုးစားပြီးတော့

စာမျက်နှာ-၃၈
ဆောင်ရွက်နေကြရတယ်၊ ဒီတာဝန်ဟာ သေးတဲ့တာဝန် မဟုတ်ဘူး။

အကယ်၍ ဒီတာဝန်ကို မထမ်းဆောင်နိုင်ဘူးဆိုရင် အခု ဒီနားပတ်ဝန်းကျင် နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်၊ ဘုန်းကြီးတို့ “အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်”မှာ သင်တန်းတက်နေတဲ့ ထေရဝါဒနိုင်ငံတွေက ကမ္ဘောဒီးယားတို့၊ လာအိုတို့ အဲဒီနိုင်ငံလေးတွေ အနေအထားနဲ့ ယှဉ်ကြည့်လိုက်ရင် မြန်မာပြည်က ပရိယတ္တိအရည်အချင်းနဲ့ သူတို့ရဲ့ ပရိယတ္တိအရည်အချင်းဟာ အလွန်ကို ကွာခြားသွားပြီး တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ မသိသလောက်ကို ဖြစ်သွားပြီ၊ သာမန်ဘုရားရှိခိုးတာတို့၊ ပရိတ်ရွတ်တာတို့ ဒါလောက်ပဲ ကျန်တယ်၊ ပရိတ်ရွတ်တယ်ဆိုတာလည်းပဲ

စာမျက်နှာ-၃၉
အဓိပ္ပါယ်သိလို့ မဟုတ်ဘူး၊ ဒီလိုရွတ်ရတယ်ဆိုလို့ ရွတ်တာ၊ နားထောင်ကောင်းအောင် ရွတ်တာ၊ တခြားဘာသာတွေမှာလည်းပဲ အဲဒီလိုပဲ၊ Chanting လုပ်တာ။ ဘုန်းကြီးတို့ ဂျပန်သွားတုန်းက ဂျပန်မဟာယာန ဘုန်းကြီးတွေ၊ ဆိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်တွေက တောင်းတဲ့အခါ သင်္ချိုင်းသွားပြီးတော့ Chanting လုပ်တယ်၊ ဗုံလေးခေါက်ပြီး မဟာယာနသုတ္တန်တွေကို ရွတ်ဖတ်သရဇ္ဈာယ်ပေးတာ၊ အဲဒီလို ရွတ်ဖတ်သရဇ္ဈာယ်ပေးတော့ လက်တွေ့အကျိုးက ဘာလဲဆိုလို့ရှိရင် ဓနငွေကြေးရတာပေါ့နော်၊ တန်ရာတန်ကြေးတွေရတယ်၊ အဲဒါနဲ့ပဲ မဟာယာနဘုန်းကြီးတွေက ချမ်းသာကြတယ်။ အဲဒီမှာ ဘာဖြစ်လို့ ရွတ်ရတာတုန်းဆိုတာ နာတဲ့သူကလည်း

စာမျက်နှာ-၄၀
မသိဘူး၊ ရွတ်တဲ့ပုဂ္ဂိုလ်ကလည်း ဘာအဓိပ္ပါယ်မှမသိဘူး၊ ဒီလိုပဲ သင်ထားတဲ့အတိုင်း ရွတ်လိုက်တာပဲ။

အဲဒီမှာ မဟာယာနဘုန်းကြီးတစ်ပါးကို မေးကြည့်တယ်၊ ဒါတွေ ဘာရည်ရွယ်ချက်နဲ့ ရွတ်တာလဲဆိုတော့ သေသွားတဲ့လူရဲ့ ဝိညာဉ်လမ်းဖြောင့်ပါစေဆိုပြီးတော့ ဒီလိုရည်ရွယ်ချက်နဲ့ ရွတ်တာတဲ့၊ သေသွားတဲ့လူရဲ့ ဝိညာဉ်က ဒီနားရှိမရှိ သိတာတော့ မဟုတ်ဘူး၊ ဒါနဲ့ ဘုန်းကြီးက မေးတယ်၊ အဲဒီလို လမ်းဖြောင့်အောင် ရွတ်လိုက်လို့ ဝိညာဉ်ဘယ်နှစ်ခုဟာ လမ်းဖြောင့်သွားသလဲလို့ဆိုတော့ အဲဒီလိုတော့ မသိဘူးတဲ့နော်၊ အဲဒီလိုတော့ မသိဘူး၊ ထုံးစံမို့သာ ဒီလိုရွတ်တာတဲ့ ဆိုတော့ ဘာမှမသိဘဲနဲ့ ရွတ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ အင်မတန်မှ ထင်ရှားတယ်ပေါ့၊ သို့သော် အကျိုး

စာမျက်နှာ-၄၁
မရှိဘူးလားဆိုတော့ အကျိုးရှိတယ်လေ၊ တစ်ခါရွတ်တယ်ဆိုလို့ရှိရင် ဓနငွေကြေးရတာပဲ၊ အလကား ရွတ်ရတာမှမဟုတ်ဘဲ၊ အဲဒီ ပစ္စုပ္ပန်အကျိုးတော့ ရှိတယ်။ သို့သော် လမ်းပျောက်နေတဲ့ ဝိညာဉ်လေး၊ ဝိညာဉ်က လမ်းပျောက်နေတယ်ဆိုတာလည်း ထေရဝါဒတရားတော်အရ ဖြစ်နိုင်တာမှ မဟုတ်ဘဲ။

လူတစ်ယောက် သေတော့မယ်ဆိုရင် မသေခင်မီ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဆိုတာ ပေါ်လာတာ၊ စုတိစိတ် ကျလိုက်တာနဲ့ တစ်ပြိုင်နက် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် အာရုံအားလျော်စွာ ကံတရားက နောက်ဘဝတစ်ခုကို ချက်ချင်းဖန်တီးပေးလိုက်တာ၊ စုတိပြီး ပဋိသန္ဓေ ချက်ချင်းရောက်သွားတာ၊ ဘဝတစ်ခုကို ချက်ချင်းရောက်သွားတာ၊ အဲဒီလို ချက်ချင်းရောက်သွားတာ

စာမျက်နှာ-၄၂
ဘယ်လိုလုပ် လမ်းပျောက်ပါ့မတုန်း၊ သူ့လမ်းသူ ဖြောင့်နေတာပဲ၊ သူသွားရမယ့်လမ်းတွေက ရှိတယ်လေ၊ အကုသိုလ်လုပ်လို့ရှိရင် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးဘုံလမ်းက ဖြောင့်နေတာပဲ။ လမ်းမှားစရာလည်း မရှိဘူး၊ အဲဒီလမ်းကြီးက ဖုန်နေတာပဲ၊ လမ်းသွယ်လမ်းမြှောင်တွေလည်း မရှိဘူး၊ သွားတဲ့လူတွေက အလွန်များတယ်၊ အဲဒီလို ဖြာတန်းနေတဲ့လမ်းကြီးမှာ ဒီဝိညာဉ်လေးဟာ လမ်းပျောက်သွားမယ်ဆိုတာ စိုးရိမ်စရာမရှိဘူးပေါ့။

တကယ်ကတော့ မြန်မာလူမျိုးတွေထဲမှာလည်းပဲ သံသယရှိသူတွေ ရှိတယ်ပေါ့။ ဆိုပါစို့- လူတစ်ယောက်က ကိုယ့်ရဲ့ဆွေမျိုးသားချင်းထဲက ဝေးလံတဲ့အရပ်ဒေသမှာ သူက သေဆုံးသွားတယ်၊ ဒီက အဝေးမှာနေတဲ့

စာမျက်နှာ-၄၃
ဆွေမျိုးက မသိသေးဘူး၊ သူသေသွားကြောင်း သတင်းမရသေးခင်မှာ သူလာတယ်လို့ အိပ်မက်မက်တာတို့၊ သူ့ကိုလမ်းမှာတွေ့ခဲ့တယ်လို့ ပြောတာတို့ ဒါမျိုးတွေဟာ ဒီကနေ့ခေတ်မှာလည်း ကြားနေရတယ်ပေါ့၊ အဲဒီလို ဖြစ်တာဟာ ဘာကြောင့်လဲလို့ဆိုလို့ရှိရင် သူဟာ သေဆုံးသွားပြီးတော့ တန်ခိုးဣဒ္ဓိပါဒ်များစွာ မရှိတဲ့ ဘုမ္မစိုးနတ် (သို့မဟုတ်) ပြိတ္တာ တစ်ခုခုဖြစ်သွားတယ်၊ ဖြစ်သွားသည့်အတွက်ကြောင့် သူတွယ်တာတဲ့ သံယောဇဉ်ရှိတဲ့ပုဂ္ဂိုလ်ကို လာပြတာ၊ အဲဒီတော့ သူမသေသေးခင် လာပြီးတော့ပြတယ်လို့ ဒီကလူတွေက ယူဆတယ်၊ မဟုတ်ဘူး၊ သေပြီးလို့ သူပြိတ္တာဖြစ်တာ၊ ပြိတ္တာဖြစ်တယ်ဆိုတာ မွေးနေရတာ မဟုတ်ဘူး၊ ချက်ချင်းဖြစ်သွားတာ၊ ချက်ချင်းရောက်နိုင်တဲ့ဘဝမျိုး၊

စာမျက်နှာ-၄၄
အဲဒါကြောင့်မို့လို့ သူ့ကို မြင်လိုက်တယ်တို့ တွေ့လိုက်တယ်တို့ ဖြစ်လာတာ။

လောကလူတွေက ပကတိမျက်စိနဲ့ မမြင်ရသည့်အတွက်ကြောင့် ဝိညာဉ်လောကလို့ ပြောနေကြတာ၊ လူသားတွေရဲ့ မျက်စိအောက်မှာ ပေါ်ထင်လာခြင်း မရှိဘူး၊ သူတို့ရဲ့ ဘဝ သူတို့ရဲ့ ရုပ်ခန္ဓာဟာ သူတို့ကိုယ်တိုင်က ပြတဲ့အခါမှာသာ ပေါ်ထင်လာတယ်၊ အဲဒီလို လောကမှာ ယုံမှားသံသယ ဖြစ်ပေါ်စရာတွေ များစွာ ဖြစ်ပေါ်လာတတ်တယ်။

ဒါကြောင့်မို့လို့ ဒါတွေကို အခြေအမြစ်ကနေ သိဖို့အတွက် ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မကို သင်ယူကြရတယ်၊ လေ့လာကြရတယ်၊ မှတ်သားကြရတယ်၊ အဲဒီလို မှတ်သားထားလို့ရှိရင် ဒီလိုအဖြစ်အပျက်တွေနဲ့

စာမျက်နှာ-၄၅
ပတ်သက်ပြီးတော့ အဖြေထုတ်နိုင်တယ်ပေါ့၊ သံသယတွေနဲ့ ဟိုလိုဟုတ်ပါ့မလား၊ ဒီလိုဟုတ်ပါ့မလားဆိုတဲ့ ယုံမှားတွေးတောစရာတွေနဲ့ စခန်းမသွားရတော့ဘူးပေါ့၊ ဒါကြောင့်မို့ တရားဓမ္မကို သင်ယူလေ့လာဖို့ အင်မတန်မှ အရေးကြီးတယ်။

မိမိကျင့်တဲ့တရားဟာ စာပေကျမ်းဂန်နဲ့ ညီရဲ့လား သိရအောင် ထိုက်သင့်သလောက် တတ်သိတဲ့ပုဂ္ဂိုလ်ထံ သင်ရတယ်။ လူတွေအနေနဲ့ ပြောမယ်ဆိုရင် တို့က စာသင်တာမဟုတ်ဘူးလို့ တွေးမိကောင်း တွေးမိလိမ့်မယ်။ ကမ္မဋ္ဌာန်းတရားအားထုတ်ပြီဆိုလို့ရှိရင် အားထုတ်ပုံ အားထုတ်နည်းတို့၊ အားထုတ်လို့ ရလာမယ့် အကျိုးတရားတို့ ဒါတွေကို မှတ်သားတာ ဒါသင်တာပဲပေါ့။ သီလဆိုလည်း ငါးပါးသီလ၊ ရှစ်ပါးသီလ ဒီလိုမှတ်သား

စာမျက်နှာ-၄၆
တာ၊ ဒါသင်တာပဲပေါ့၊ အဲဒီလို သင်ကြားမှုဆိုတာ ရှိရတာချည်းပဲ၊ သင်ကြားမှုမပါဘဲနဲ့ ကျင့်သုံးမှုဆိုတာ မဖြစ်နိုင်ဘူး။

ဒါကြောင့်မို့လို့ ရှေးဦးစွာ နာယူမှတ်သားတဲ့ သုတမယဉာဏ်ကို အရင်ဆည်းပူးအားထုတ်ကြရပြီး ထိုသုတမယဉာဏ်ကို အဆင့်မြှင့်တဲ့အနေနဲ့ ဘာဝနာမယဉာဏ်ကို ဖြစ်စေရတယ်။ လက်တွေ့ကျင့်သုံးကြည့်တဲ့အခါမှာ မှန်ကန်တဲ့ တရားထူးတရားမြတ်တွေကို မိမိတို့ ရရှိနိုင်တယ်၊ သာသနာတော်မြတ်ကြီးမှာ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာလို့ဆိုတဲ့ ဗုဒ္ဓမြတ်စွာရဲ့ တပည့်ပရိသတ်တွေဟာ လက်တွဲညီညီ သာသနာတော်ကြီးကို ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်း

စာမျက်နှာ-၄၇
မရှိဘူးဆိုရင် တစ်နေ့ကျ ကွယ်ပခြင်းငါးမျိုးနဲ့ ကွယ်သွားမှာပဲ။

ဒီတော့ သာသနာရှည်ကြာအောင် မိမိတို့ရဲ့ စွမ်းဆောင်မှုဟာ အင်မတန်ကြီးမားတဲ့ ကုသိုလ်တရားတစ်ခုပဲ၊ မိမိတို့စွမ်းဆောင်ချက်ကြောင့် အနှစ် ၁၀၀ ပိုသွားတယ်၊ အနှစ် ၅၀-ပိုသွားတယ်၊ အနှစ် ၂၅-နှစ် ပိုသွားတယ်ဆိုရင် နည်းတဲ့ ကုသိုလ်ကောင်းမှု မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ မိမိတို့လက်လှမ်းမီသမျှ မိမိတို့သန္တာန်မှာ သာသနာတည်အောင်၊ တခြားပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာလည်း သာသနာတည်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နေကြတဲ့ပုဂ္ဂိုလ်တွေ၊ စာပေကျမ်းဂန်ကို အလွယ်တကူနဲ့ အပင်ပန်းမရှိအောင် သင်ယူနိုင်အောင်

စာမျက်နှာ-၄၈
ဆိုတဲ့ ကြီးမားတဲ့ မျှော်လင့်ချက်နဲ့ ထောက်ပံ့ကြရတယ်။ လှူဒါန်းကြရတယ်၊ အားပေးကြရတယ်။

“ကွယ်ပခြင်း ၅-မျိုး”။ မြတ်စွာဘုရား ဟောကြားထားတဲ့ တရားတော်တွေထဲမယ် ကျင့်ကြံကြိုးကုတ် အားထုတ်လို့ရလာတဲ့ အဆင့်မြင့်ဆုံး မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တို့၊ အဘိညာဉ် ၆-ပါးတို့၊ ပဋိသမ္ဘိဒါ ၄-ပါးတို့၊ ဝိဇ္ဇာ ၃-ပါးတို့ဆိုတာ ဒါ အဓိဂမ၊ မျက်မှောက်ပြုရတဲ့ တရားထူး တရားမြတ်တွေ၊ အဲဒီ မျက်မှောက်ပြုရမယ့် တရားထူး တရားမြတ်တွေဟာ မြတ်စွာဘုရားလက်ထက်မှာကတည်းက တဖြည်းဖြည်း လျော့ကျလာတယ်။

စာမျက်နှာ-၄၉
ဘုရားလက်ထက်အစမှာဆိုရင် ပဋိသမ္ဘိဒါပတ္တရဟန္တာတွေ၊ ပဋိသမ္ဘိဒါဉာဏ် ၄-ပါးနဲ့ ထူးခြားတဲ့ ရဟန္တာပုဂ္ဂိုလ်တွေ မြောက်မြားစွာ ပေါ်ထွန်းခဲ့သော်လည်း အခု ရှင်မဟာကဿပလျှောက်သလိုပဲ သိက္ခာပုဒ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကသာ များလာတယ်၊ တရားထူးရတဲ့ပုဂ္ဂိုလ်တွေက နည်းလာတယ်။ နောက်ပိုင်းကျတော့ လျော့ကျလာတာ၊ နောက်ဆုံးမှာ ရဟန္တာဖြစ်တာတောင်မှပဲ ဂုဏ်ထူးဝိသေသမပါတဲ့ ကိလေသာကုန်ရုံ ပညာဝိမုတ္တရဟန္တာအဆင့်မျိုး ဖြစ်သွားတယ်၊ အဲဒီလို အဓိဂမဟာ တဖြည်းဖြည်း လျော့ကျလာပြီးတော့ နောက်ဆုံး သောတာပန်ဖြစ်ဖို့ရာပဲ ခဲယဉ်းလာပြီးတော့ နောက်ဆုံးသောတာပန်ဖြစ်တဲ့ ပုဂ္ဂိုလ်ဘဝ အဆုံးသတ်

စာမျက်နှာ-၅၀
သွားတာနဲ့ တစ်ပြိုင်နက် နောက်ထပ် အဓိဂမဆိုတာ ရရှိဖို့ အင်မတန်ခဲယဉ်းသွားပြီ။

မြတ်စွာဘုရားရဲ့ သာသနာတော်မှာ အဓိဂမ အန္တရဓာနဆိုတဲ့ “အဓိဂမ”က စတင်ပြီးတော့ ကွယ်မှာပဲ၊ ဒါကြောင့်မို့ ဒီကနေ့ခေတ်မှာ ရဟန္တာပုဂ္ဂိုလ်တို့၊ သောတာပန်တို့၊ သကဒါဂါမ်တို့ဟာ အင်မတန် ရှာမှရှား ဖြစ်လာတယ်၊ အဲဒီလို ရှာမှရှားဖြစ်တာကို အကြောင်းပြုပြီးတော့ အတုအယောင်ကလည်းပဲ ပေါ်လာတာပဲပေါ့၊ အဓိဂမဆိုတာ ထိန်းသိမ်းမရလောက်အောင် ပျောက်ကွယ်လာတဲ့ အနေအထားမျိုးမှာ ရှိလာတယ်။ အဲဒီ အဓိဂမ အန္တရဓာနဖြစ်ပြီးရင် ဘာလာလဲလို့ဆိုရင် ပဋိပတ္တိ အန္တရဓာနဆိုတာ လာတယ်၊ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီးတော့လည်း လျော့ကျလာတယ်။

စာမျက်နှာ-၅၁
ကိုယ်ကျင့်တရားတွေ တဖြည်းဖြည်း တဖြည်းဖြည်း လျော့ကျလာတယ်၊ ဘုန်းကြီးပိုင်းကလည်း ကိုယ်ကျင့်တရားတွေ လျော့လာတယ်၊ လူတွေအပိုင်းကလည်းပဲ ကိုယ်ကျင့်တရားတွေ လျော့ကျလာတယ်၊ နောက်ဆုံးမှာ ကိုယ်ကျင့်သီလဟာ လူတွေ စောင့်ထိန်းရမယ့် ငါးပါးသီလကနေ နောက်တစ်ပါးလောက်ပဲ ကျန်တဲ့အဆင့်၊ နောက်ဆုံး တစ်ပါးမှမကျန်တဲ့အဆင့် ကိုယ်ကျင့်သီလဟာ လုံးဝ ပျောက်ကွယ်သွားပြီ ဆိုလို့ရှိရင် ဒါ ပဋိပတ္တိအန္တရဓာနပဲ။ ကိုယ်ကျင့်တရား ပျောက်ကွယ်သွားပြီ။ တစ်နေ့ကျတော့ ဒီလို ပျောက်ကွယ်သွားမှာ ဖြစ်တယ်။

ဘာကျန်နေသေးတုန်းဆိုတော့ ပရိယတ္တိလို့တဲ့၊ သင်ရမယ့် စာပေကျမ်းဂန်တွေဟာ ကျန်ရှိနေတတ်သေးတယ်။

စာမျက်နှာ-၅၂
အဲဒီသင်ရတဲ့ စာပေကျမ်းဂန်တွေဟာ အခုနောက်ပိုင်းခေတ်မှာ စာအုပ်နဲ့ ပေပုရပိုက်နဲ့ မှတ်တမ်းတင်ထားတာ ဖြစ်တယ်၊ စာအုပ်အနေနဲ့ ကျန်လာရာကနေပြီး စာအုပ်ထဲကနေ တဖြည်းဖြည်း အဓိပ္ပါယ်မဖော်နိုင်တဲ့ စာပေတွေ အဖြစ် ရောက်ရှိလာတယ်၊ မြန်မာစကားနဲ့ ပြောမယ်ဆိုရင်တော့ “ကျမ်းအိပ်” ဖြစ်တာပေါ့။ နိုးထခြင်း မရှိဘဲနဲ့ အိပ်ပျော်နေတဲ့ ကျမ်းစာတွေက များတယ်၊ သင်တဲ့လူ မရှိဘူး၊ ဖတ်တဲ့လူ မရှိဘူး၊ စာအုပ်တွေ ဗီရိုထဲမှာပဲ ဒီတိုင်းပဲ၊ တစ်နှစ်လာလည်း မဖွင့်တဲ့စာအုပ်၊ အဲဒီအနေအထားမျိုး ရောက်လာလို့ရှိရင် သင်ယူရတဲ့ ပရိယတ္တိဟာ တဖြည်းဖြည်း ကွယ်ပလာတယ်လို့ ဒီလိုဆိုတယ်။

စာမျက်နှာ-၅၃
အဋ္ဌကထာမှာ ဘယ်ကျမ်းက စကွယ်မယ်ဆိုတာ ရေးသားထားတယ်၊ ဒါကတော့ အခက်ဆုံးဖြစ်လို့ ပြောတဲ့သဘောလောက်ပါပဲ၊ ပဋ္ဌာန်းကျမ်းကြီးကစပြီးတော့ ကွယ်မယ်တဲ့၊ ကွယ်တယ်ဆိုတာ ပဋ္ဌာန်းတော့ ရွတ်နေကြမှာပဲ၊ သို့သော် ပဋ္ဌာန်းရဲ့ အဓိပ္ပါယ်မသိဘူးဆိုရင် ဒါ တစ်ပိုင်းကွယ်သွားပြီလို့ ပြောရမှာပဲ၊ အဓိပ္ပါယ်မသိရင် အသံပဲ ကျန်တော့တယ်၊ ဒီအသံကတော့ တော်တော်ကြာအောင် ကျန်ချင် ကျန်နေဦးမှာပဲပေါ့။ အဓိပ္ပါယ်သိရှိနိုင်စွမ်း မရှိလို့ရှိရင် တဖြည်းဖြည်း ကွယ်သွားတာပဲ၊ အဲဒီကနေ နောက်ဆုံး မှန်ကန်အောင် ဖတ်နိုင်စွမ်းမရှိလို့ အဓိပ္ပါယ်ဖော်နိုင်စွမ်းမရှိရင် မှားမှားယွင်းယွင်းတွေ အကုန်ဖြစ်ပြီး စာအုပ်စာပေပင် ရှိလင့်ကစား ဒီစာပေတွေဟာ တဖြည်းဖြည်းနဲ့

စာမျက်နှာ-၅၄
ကွယ်ပသွားတယ်၊ နောက်ဆုံးကျတော့ ပရိယတ္တိအန္တရဓာန ဖြစ်တယ်။ ဂါထာလေးတစ်ပုဒ်တောင် ဟောမယ့် ပြောမယ့် နှုတ်တတ်ရတဲ့ပုဂ္ဂိုလ်တောင် မရှိတော့ဘူးဆိုလို့ရှိရင် ပရိယတ္တိအန္တရဓာန အဆုံးစွန် ရောက်သွားပြီလို့ ပြောရမယ်။

ရှေးတုန်းက အင်မတန်မှ သဒ္ဓါတရားထက်သန်လို့ မြတ်စွာဘုရားဟောတဲ့ တရားတစ်ပုဒ်လောက် ဟောနိုင်မယ်ဆိုလို့ရှိရင် ရွှေဒင်္ဂါးတစ်ထောင် ပေးမယ်လို့ ရွှေဒင်္ဂါးထုပ်ကြီးကို ဆင်ပေါ်တင်ပြီးတော့ လှည့်လည်ကြော်ငြာတောင်မှပဲ ဟောပြောနိုင်မယ့်ပုဂ္ဂိုလ် မရဘူးဆိုရင် ဒါ သာသနာကွယ်တယ်လို့ အဋ္ဌကထာမှာ ဒီလိုဆိုထားတယ်၊ ပရိယတ္တိသာသနာကွယ်တယ်၊ ဒီကနေ့ခေတ်နဲ့ ကြည့်မယ်ဆိုရင်တော့ ဆင်နဲ့လှည့်မှာ မဟုတ်ပါဘူးနော်၊

စာမျက်နှာ-၅၅
ကားနဲ့လှည့်လည်ပြီးတော့ ပြောမှာပါ၊ ကြည့်ရတာ အဲဒီလို လှည့်အော်တောင်မှပဲ ဘုရားဟောတဲ့ ဂါထာလေးတစ်ပုဒ်ကို ဟောပြောနိုင်မယ့်ပုဂ္ဂိုလ်ဟာ ရှာတွေ့နိုင်မယ့်အနေအထား မရှိတော့ဘူးတဲ့၊ အဲဒီအချိန်ကျရင် ပရိယတ္တိအန္တရဓာနဆိုတာ ဖြစ်ပေါ်လာပြီ။

ပရိယတ္တိမကွယ်သေးသမျှတော့ ပဋိပတ္တိလည်း ကွယ်တယ်လို့ ပြောလို့မရဘူး၊ ပဋိဝေဓလည်း ကွယ်တယ်လို့ ပြောလို့မရဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် စာတွေရှိနေသေးရင် ထိုစာရဲ့အဓိပ္ပါယ်ကို ဖော်ဆောင်ပြီး လက်တွေ့လိုက်နာ ကျင့်သုံးမယ်၊ လက်တွေ့လိုက်နာ ကျင့်သုံးလို့ရှိရင် ရရှိလာတဲ့အကျိုးတရားဆိုတာ ဖြစ်ပေါ်လာမယ်၊ မျှော်လင့်ချက်တွေ ရှိတာပေါ့။

စာမျက်နှာ-၅၆
အကျိုးဆက်အနေနဲ့ အဲဒီလိုပရိယတ္တိအန္တရဓာန တတိယမြောက်ကွယ်ခြင်းပြီးတဲ့အခါမှာ ဘာကျန်တော့တုန်းဆိုရင် အသွင်သဏ္ဌာန်လေးတွေ ကျန်တယ်၊ ရဟန်းသံဃာတွေနဲ့ ရည်ညွှန်းပြီးတော့ ပြောတာ။ အဲဒါကတော့ လိင်္ဂအန္တရဓာန၊ ကျန်နေတဲ့ ရဟန်းအသွင်လေးဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားမယ်။

အဲဒါ အခုစဉ်းစားကြည့်မယ်ဆိုရင် ရဟန်းအသွင် ပျောက်ကွယ်တယ်ဆိုတာ အခု သာသနာတော်မှာ မြတ်စွာဘုရားရဲ့ တပည့်သားလို့ ခံယူထားကြတဲ့ ဂိုဏ်း ၂-ဂိုဏ်းပဲ ကြည့်လိုက်ဦး၊ ထေရဝါဒသာသနာနဲ့ မဟာယာနသာသနာလို့ ၂-မျိုးရှိတဲ့အထဲမယ် ထေရဝါဒသာသနာရဲ့ အဝတ်အစားက ဘုရား

စာမျက်နှာ-၅၇
လက်ထက်က အဝတ်အစားမျိုး ဝတ်တယ်၊ အသွင်သဏ္ဌာန် ရှိနေသေးတယ်လို့ ပြောရမယ်၊ မဟာယာနတွေကျတော့ အသွင်သဏ္ဌာန် ပြောင်းလိုက်ပြီ၊ ဘောင်းဘီရှည်နဲ့၊ အင်္ကျီနဲ့၊ သို့သော် ကတုံးတော့ တုံးထားသေးတယ်၊ ဘုန်းကြီးတို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှာ မဟာယာန ဘုန်းကြီး သီလရှင်တွေ စာလာသင်တယ်၊ ထေရဝါဒ ကျမ်းစာတွေကို သင်ကြတယ်၊ သို့သော် သူတို့ရဲ့အသွင်သဏ္ဌာန်က ဘုန်းကြီးအသွင်သဏ္ဌာန်တွေ မဟုတ်တော့ဘူး၊ ပြောင်းလဲထားတဲ့ အသွင်သဏ္ဌာန်တွေ ဖြစ်နေတယ်၊ မြန်မာနိုင်ငံမှာတောင် အသွင်ပြောင်းထားတာတွေ ရှိတယ်လေ။

စာမျက်နှာ-၅၈
သာသနာကွယ်တယ်ဆိုတာ ဝုန်းကနဲ့ ကွယ်သွားတာ မဟုတ်ဘူး၊ တစ်စတစ်စ ကွယ်လာတာ၊ ကြည့် - အရောင်တဖြည်းဖြည်း ပြောင်းလာတယ်။ ဟုတ်လား အညိုရောင်ကနေပြီးတော့ အပြာရောင်ဝတ်တာတို့ ဒါမျိုးတွေ ဖြစ်လာတယ်။ ဒါ လိင်္ဂအန္တရဓာန အသွင်ပျောက်လာတဲ့ သဘောပဲပေါ့။

ဒီကနေ့ခေတ်မှာ မဟာယာနဗုဒ္ဓဘာသာ ထွန်းကားတဲ့ တရုတ်ပြည်တို့ ဂျပန်ပြည်တို့ ကိုရီးယားပြည်တို့မှာ ကြည့်လိုက်မယ်ဆိုရင် အသွင်သဏ္ဌာန်တွေက ထေရဝါဒအသွင်သဏ္ဌာန်တွေ လုံးဝ ပျောက်ကွယ်သွားပြီ၊ လိင်္ဂအန္တရဓာနဟာ ဒေသဆိုင်ရာ ပျောက်ကွယ်လာတယ်လို့ ဒီလိုပြောရမှာပေါ့၊ ထေရဝါဒနိုင်ငံတွေမှာ လိင်္ဂအန္တရဓာန မဖြစ်သေးသော်လည်း

စာမျက်နှာ-၅၉
ကမ္ဘာရဲ့အချို့ဒေသတွေမှာ လိင်္ဂအန္တရဓာန ဖြစ်လာပြီး သူတို့လည်း ဘုရားတပည့်ပဲ၊ သို့သော် လိင်္ဂအန္တရဓာနအနေနဲ့ ပျောက်ကွယ်လာပြီ။

ဘုန်းကြီးတို့ ကြုံတွေ့ဖူးတဲ့ မဟာယာနဘုန်းကြီးတစ်ပါးဆိုလို့ရှိရင် သူက ဘောင်းဘီရှည်နဲ့ အင်္ကျီနဲ့ ဘိုကေနဲ့ နက်က်တိုင်နဲ့၊ သီရိလင်္ကာနိုင်ငံလာပြီးတော့ သင်တန်းပို့ချတာ၊ ဘုန်းကြီးတို့က သာမန်လူပုဂ္ဂိုလ်လို့ အောက်မေ့တာ၊ သို့သော် သူတို့ရဲ့လိပ်စာကဒ်ကလေး ကြည့်လိုက်တဲ့အခါ သူက Reverent ဆိုတာပါတယ်။ သူက ဇင်ဘုန်းကြီး၊ ဇင်ဘုန်းကြီးက ဒီကနေ့ မြန်မာနိုင်ငံမှာ နေကြတဲ့ ဒကာတွေ ဝတ်ဆင်တဲ့အတိုင်းပဲ ဝတ်ဆင်ထားတာ၊ အိမ်ထောင်လည်း ရှိတယ်၊ ဒါပေမယ့် သူက ဘုန်းကြီးတဲ့နော်၊ အဲဒါဟာ သာသနာရဲ့

စာမျက်နှာ-၆၀
အသွင်ကွယ်နေလို့ လိင်္ဂအန္တရဓာန ဖြစ်နေပြီ။ ကွယ်ပခြင်းထဲက ဒီလိုကွယ်ပခြင်းတွေက နောင်တစ်ချိန်ကျတော့ များပြားလာလိမ့်မယ်။

ဘုန်းကြီးတို့နီပေါနိုင်ငံရောက်တုန်းက ကာဌမန္ဒူမြို့နဲ့ မြစ်ကလေးပဲခြားတဲ့မြို့တစ်မြို့ ရှိတယ်၊ ပါတန်းမြို့လို့ ခေါ်တယ်၊ အဲဒီမြို့ကိုသွားပြီး လည်ပတ်တဲ့အခါ ဘာတွေ သတိထားမိတုန်းဆိုတော့ အိမ်ဝိုင်းတွေရဲ့ အလယ်ခေါင်မှာ စေတီတွေရှိတာကို သတိထားမိတယ်။ “ဘာဖြစ်လို့ စေတီတွေ အိမ်ကြိုအိမ်ကြားမှာ တည်ထားသလဲ” လို့မေးတော့ “အခုမှ အိမ်ကြိုအိမ်ကြားဖြစ်တာတဲ့၊ ဟိုရှေးတုန်းက ဝဇိရယာန ဘုန်းကြီးတွေရဲ့ ကျောင်းတွေတဲ့”။ ဘုန်းကြီးကျောင်းရဲ့ အလယ်ခေါင်မှာ စေတီတည်ထားပြီး ဘေးကပတ်ပြီးတော့ တန်းလျားကျောင်းတွေ

စာမျက်နှာ-၆၁
ဆောက်ထားတာ၊ အထဲမှာ ဘုရားတွေ စေတီတွေနဲ့။ အခုကျတော့ အဲဒီဘုန်းကြီးတွေက လူထွက်ပြီး အိမ်ထောင်သားမွေး လုပ်တဲ့အခါ အိမ်တွေဖြစ်သွားတာတဲ့နော်၊ အဲဒါဟာလည်းပဲ လိင်္ဂအန္တရဓာနပဲ၊ အသွင်ကွယ်သွားတာ၊ ဒါ ဒီကနေ့ခေတ်ထိအောင် ရှိတယ်။

နီပေါနိုင်ငံမှာက အင်မတန်မှအေးတဲ့ဒေသမှာ ဖြစ်တော့ သူတို့နိုင်ငံမှာ မီးဘေးသိပ်ရှိပုံ မပေါ်ဘူး၊ ဒါကြောင့်မို့လို့ သစ်သားနဲ့ ဆောက်ထားတဲ့ အင်မတန်မှ ရှေးကျတဲ့ အဆောက်အဦးတွေကို တွေ့ရတယ်၊ ကာဌမန္ဒူတဲ့ နာမည်က ကဋ္ဌမှိ၊ မှာ မနှိုးရတာ အဆောက်အဦးပဲ၊ အိမ်တို့နန်းတော်တို့ကို မန္ဒိရလို့ ခေါ်တာ၊ ကဋ္ဌဆိုတာ သစ်သား၊ မန္ဒိရက အဆောက်အအုံ၊ အိမ်ပေါ့၊ သစ်သားအိမ်လို့ အဓိပ္ပါယ်ရတဲ့

စာမျက်နှာ-၆၂
စကားလုံး၊ အဲဒီမှာ အင်မတန်မှကြီးမားတဲ့ သစ်သားနဲ့ ဆောက်လုပ်ထားတဲ့ နန်းတော်ကြီးတွေ ရှိတယ်။ ဒါကြောင့် အဲဒီမြို့ကို ကာဌမန္ဒိရမြို့လို့ ခေါ်ရာကနေပြီး ဒီကနေ့ခေတ်တော့ ကာဌမန္ဒူလို့ ခေါ်နေကြတယ်၊ နီပေါနိုင်ငံရဲ့ မြို့တော်ပဲ၊ အဲဒီကာဌမန္ဒူကို သွားကြည့်မယ်ဆိုရင်တော့ သစ်သားနဲ့ဆောက်ထားတဲ့ နန်းတော်ကြီးတွေဟာ ဒီကနေ့ထိအောင် ရှိတယ်ပေါ့။

အဲဒီမှာ ကြည့်ခဲ့ရ တွေ့ခဲ့ရတာတွေကို သံဝေဂ ယူမယ်ဆိုလို့ရှိရင် တစ်ချိန်တုန်းက ရဟန်းတော်တွေ သံဃာတော်တွေ သီတင်းသုံးတဲ့ ကျောင်းတွေဟာ ဒီကနေ့ အိမ်တွေ ဖြစ်သွားပြီ၊ အလယ်ခေါင် တည်ထားတဲ့စေတီပုထိုးတွေဟာ အိမ်ကြိုအိမ်ကြားမှာ ကျန်နေသေးတယ်၊ အဆောက်အအုံတွေက ဘုန်းကြီးကျောင်း

စာမျက်နှာ-၆၃
မဟုတ်တော့ဘူး၊ အိမ်ဖြစ်သွားပြီ၊ လူတွေရဲ့ အသွင်သဏ္ဌာန်ကလည်းပဲ ပြောင်းသွားပြီ။ အိမ်ထောင်သားမွေးလုပ်ပြီး လူဝတ်ကြောင်တွေ ဝတ်ထားကြပြီ။ ဒါ လိင်္ဂအန္တရဓာန အသွင်ပျောက်ကွယ်ခြင်းလို့ ဒီလိုပြောရမယ်။

အဋ္ဌကထာမှာ ရေးထားတဲ့ စကားဝါကျလေးတစ်ခုက “တဖြည်းဖြည်းနဲ့ ဟောဒီဖန်ရည်စွန်းတဲ့ အဝတ်သင်္ကန်းကို ချွတ်ပစ်လာကြတယ်၊ (ခေတ်မီတဲ့ ဒီဇိုင်းသစ်နဲ့ အဝတ်တွေ လဲဝတ်လာကြတယ်။) နောက်ဆုံး ဘာသာရေးကိစ္စ ဆောင်ရွက်တဲ့အချိန်မှာ အပေါ်က သင်္ကန်းလေးပတ်လိုက်တယ်”၊ အခု မဟာယာနတွေ အဲဒီအတိုင်းပဲ လုပ်နေပြီး သင်္ကန်းလေး အပေါ်က သင်္ကန်းရောင်အဝတ်ကလေး ပတ်လိုက်ပြီး

စာမျက်နှာ-၆၄
ဘာသာရေးကိစ္စ ဆောင်ရွက်ပေးကြတယ်၊ နောက်ကျတော့ အဲဒီအဝတ်ကြီးတောင်မှပဲ ရှုတ်ပါတယ်ဆိုပြီး လည်ပင်းမှာ သင်္ကန်းရောင်အဝတ်ပိုင်းကလေးကို စည်းထားကြလိမ့်မည်။ ရဟန်းသံဃာရဲ့အကျင့် လုံးဝ မရှိတော့ဘူး။ သင်္ကန်းအရောင်ရှိတဲ့ အဝတ်ကလေးကို လည်ပင်းစီးထားတဲ့ပုဂ္ဂိုလ်တွေကို ဂေါတြဘူ ကာသာဝကဏ္ဏ ရဟန်းလို့ ခေါ်တယ်။

မြတ်စွာဘုရားက ဒက္ခိဏဝိဘင်္ဂသုတ်မှာ ဘယ်လိုဟောထားတာ ရှိတယ်။ “နောင်တစ်ချိန်ကျလို့ရှိရင်တဲ့ တကယ့်အနွယ်စစ်ကို ဖျက်ဆီးတတ်တဲ့ (သို့မဟုတ်) အနွယ်သစ်တစ်မျိုးကို ဖြစ်ပေါ်လာစေပြီး လည်ပင်းမှာ သင်္ကန်းအစလေးကို ချည်ထားတဲ့ အကျင့်ပျက်တဲ့ ပုဂ္ဂိုလ်တွေ သာသနာတော်မှာ

စာမျက်နှာ-၆၅
ပေါ်လာလိမ့်မယ်တဲ့၊ အဲဒီအကျင့်ပျက်တဲ့ ပုဂ္ဂိုလ်တွေကိုပဲ လှူဒါန်းပြီး အရိယာသံဃာတွေကို မျှော်မှန်းနိုင်မယ်ဆိုရင် အလှူဒါနဟာ သံဃဂတဒက္ခိဏာ သံဝိသုဒ္ဓဒါန ဖြစ်သေးတယ်” လို့ ဒက္ခိဏဝိဘင်္ဂသုတ်မှာ ဒီလိုဟောထားတာ ရှိတယ်။

ပုဂ္ဂိုလ်လှူရင်တော့ အကျိုးမရှိဘူးလို့ မြတ်စွာဘုရားဆိုလိုရင်းပဲ၊ သံဃာကို ရည်မှန်းမယ်ဆိုရင် သူတို့ဟာ သံဃာရဲ့ အနွယ်အဆက်တွေ၊ သို့သော် ပုဂ္ဂိုလ်အနေနဲ့ ကြည့်မယ်ဆိုရင် ကိုယ်ကျင့်တရား ပျက်ပြားနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်သွားပြီ၊ သံဃာကို ရည်စူးပြီး လှူနိုင်လို့ရှိရင်တော့ သံဃဒါန ကုသိုလ်ရသေးတယ်လို့ ဟောလိုရင်းပဲ။

စာမျက်နှာ-၆၆
နောင်တစ်ခေတ်မှာ ဒီလိုအသွင်တွေ အမျိုးမျိုး ပြောင်းပြီးတော့ ရဟန်းအသွင် ပျောက်ကွယ်သွားခြင်းကို လိင်္ဂအန္တရဓာနလို့ ခေါ်တယ်ပေါ့၊ သာသနာကွယ်တဲ့ နေ့တစ်နေ့မှာ ဖြစ်မယ်။

နောက်ဆုံးကွယ်ပခြင်းတစ်မျိုးက ဘာလဲဆိုရင် ဓာတုအန္တရဓာနတဲ့ ဓာတ်တော်တွေ ကွယ်ပျောက်ခြင်း ဖြစ်တယ်၊ မြတ်စွာဘုရားရဲ့ ဓာတ်တော်မွေတော်တွေဟာ စေတီပုထိုးတွေထဲမှာ ကိန်းဝပ်နေကြတယ်၊ တချို့မှာ ပူဇော်တဲ့ပုဂ္ဂိုလ်တွေ ရှိသော်လည်း တချို့ကျတော့ စေတီပျက်တွေ ဖြစ်ပြီးတော့ တွေးလို့ ပူဇော်မယ့်သူ မရှိတဲ့နေရာတွေ ရောက်သွားတာတွေလည်း ရှိတယ်၊ နောက်ဆုံး တစ်နေ့ကျတော့ ဘုရားဓာတ်တော်တွေ ဘုရားပုထိုးတွေ ရှိခိုးတဲ့ပုဂ္ဂိုလ်တွေ လုံးဝ မရှိ

စာမျက်နှာ-၆၇
တော့ဘူး။ အဲဒီနောက်ဆုံးနေ့ ရောက်လာတဲ့အခါမှာ ဓာတုအန္တရဓာန ဓာတ်တော်တွေကွယ်ခြင်းဆိုတဲ့ အချိန်ဟာ ရောက်လာဦးမယ်တဲ့။

အဲဒီလိုရောက်လာတဲ့အခါမှာ စေတီပုထိုးတွေ အမျိုးမျိုး ဒေသအနှံ့အပြား တည်ထောင်ထားကြတဲ့ စေတီပုထိုးတွေ၊ အဲဒီစေတီပုထိုးတွေထဲမှာရှိတဲ့ မြတ်စွာဘုရားရဲ့ ဓာတ်တော်တွေဟာ အကုန်လုံး သီဟိုဠ်ကျွန်းက မဟာစေတီသို့ အကုန်ကြွကြလိမ့်မယ်တဲ့၊ မဟာစေတီကနေပြီးတော့ နာဂဒီပမှာရှိတဲ့ ရာဇာယတန စေတီကိုကြွ၊ အဲဒီကနေပြီးတော့ ဗုဒ္ဓဂယာ မဟာဗောဓိပင်အနီးမှာ အားလုံးဓာတ်တော်တွေ စုဝေးကြလိမ့်မယ်တဲ့၊ နောက်ဆုံးအချိန် ဗုဒ္ဓဂယာမှာ ဓာတ်တော်တွေဟာ နှမ်းစေ့လေးလောက် အငယ်ဆုံးဓာတ်တော်လေးပဲ

စာမျက်နှာ-၆၈
ဖြစ်စေ မြတ်စွာဘုရားရဲ့ ဓာတ်တော်မွေတော်တွေဟာ ပျက်စီးသွားတယ်လို့ မရှိဘူးတဲ့၊ ကြားမှာ၊ အားလုံး အဲဒီနောက်ဆုံးနေ့မှာ ဗုဒ္ဓဂယာ မဟာဗောဓိပင်မှာ စုရုံးကြလိမ့်မယ်။

စုရုံးကြပြီး အဲဒီဓာတ်တော်တွေဟာ တစ်ဆူနဲ့တစ်ဆူ ပူးတွဲသွားပြီး မြတ်စွာဘုရားရဲ့ အသွင်သဏ္ဌာန်ကြီး ပြန်ပေါ်လာမယ်တဲ့၊ ရုပ်ပုံလွှာကြီး ပြန်ပေါ်လာပြီး တန်ခိုးပြာဋိဟာ အမျိုးမျိုး ပြလိမ့်မယ်တဲ့၊ အဲဒီဓာတ်တော်တွေ တန်ခိုးပြာဋိဟာပြတဲ့ပွဲကို လူသားတွေအနေနဲ့ မရောက်နိုင်ဘူးလို့ ဆိုတယ်၊ လူသားတွေအနေနဲ့ မရောက်ဘူးလို့ဆိုသဖြင့် ဒီကနေ့ ဗုဒ္ဓဂယာမှာ ကြက်ပျံမကျ လူတွေစည်ကားနေသော်လည်း ဓာတ်တော်တွေ ကွယ်တဲ့အချိန်မှာ အဲဒီနေရာ လူမရှိတော့

စာမျက်နှာ-၆၉
ဘူးလို့ ပြောရမယ့်အဓိပ္ပါယ်မျိုး ရောက်တယ်ပေါ့။ အဲဒီတော့ လူတွေ ဘယ်ရောက်ကုန်တုန်းလို့လည်း စဉ်းစားစရာပေါ့နော်။

လောကမှာ အန္တရာယ်ဆိုတာက တစ်ခါတစ်ခါ ကြုံတတ်တယ်လေ၊ မြန်မာပြည်မှာ ဆူနာမီဆိုတဲ့ အန္တရာယ်တစ်ခါ ကြုံတာရှိတယ်၊ နာဂစ်မုန်တိုင်း ကြုံတာရှိတယ်၊ ဒေသအလိုက် လူတွေ မြောက်မြားစွာ သေဆုံးကြတယ်။ ကမ္ဘာမှာလည်းပဲ ဒီလိုပဲ၊ အန္တရာယ်ကြုံလို့ ငလျင်လှုပ်တာတို့ ဘာတို့နဲ့ သေဆုံးသွားကြတာတွေ အများကြီးပဲ။

တစ်နေ့တစ်ချိန်ကျတော့ အင်မတန် စည်ကားတဲ့ မြို့ကြီးတွေဟာ ပျောက်သွားတာလည်း ဖြစ်နိုင်တယ်ပေါ့။ နှစ်ပေါင်းရှည်ကြာလာတဲ့အခါမှာ ပျောက်ကုန်တာ၊

စာမျက်နှာ-၇၀
ဒေသတွေဟာ ပြောင်းပြောင်းပြီး စည်တဲ့နေရာစည်၊ ပျောက်တဲ့နေရာဟာ ပျောက်သွားတယ်၊ အခုကြည့်လေ ရာဇဂြိုဟ်တို့ ဘာတို့ဆိုတာ ပျောက်နေပြီပဲ၊ တချို့ဆို သာမန်တောရွာလေးလောက် ဖြစ်နေတယ်၊ တချို့ဆို သာမန်တောရွာတောင် မဟုတ်ဘူး၊ မြန်မာပြည်မှာလည်း ရှိတာပဲလေ၊ ဗိဿနိုးမြို့တို့ ဘာတို့ဆိုတာ တောကြီးဖြစ်သွားပြီပဲ၊ သရေခေတ္တရာက ပြန်ပြီးတော့ ပြည်မြို့ဖြစ်နေလို့ အဲဒီနားပတ်ဝန်းကျင်က အလွန်စည်ကားခဲ့တဲ့ ဗိဿနိုးမြို့တို့ဆိုတာ ပျောက်သွားတယ်၊ မြို့ဟောင်းအဖြစ် ရောက်သွားတယ်၊ အဲဒီလိုပဲ ဗုဒ္ဓဂယာဟာ ဒီကနေ့ခေတ်မှာတော့ အလွန်ကို စည်ကားနေတယ်၊ အဲဒီလို စည်ကားတဲ့ ဗုဒ္ဓဂယာ ဒေသကြီးမှာ ဓာတ်တော်တွေ စုဝေးရောက်ရှိတဲ့အချိန်

စာမျက်နှာ-၇၁
ဆိုရင် လူသားတစ်ယောက် တစ်လေမှ မရောက်နိုင်တဲ့ နေရာဖြစ်သွားပြီတဲ့။

ဓာတ်တော်တွေ တန်ခိုးပြတဲ့အချိန်မှာ ဖူးတွေ့ခွင့်ရမှာကတော့ နတ်တွေ ဗြဟ္မာတွေပဲတဲ့၊ အဲဒီဓာတ်တော်တွေဟာ နောက်ဆုံးအချိန်မှာ ဗုဒ္ဓဂယာ မဟာဗောဓိပင်နားမှာ ဘုရားရဲ့ ရုပ်ပုံတော်ဖန်ဆင်းလို့ ရောင်ခြည်တော်ခြောက်ပါးလွှတ်လို့ တန်ခိုးပြာဋိဟာတွေ ပြပြီးတဲ့အခါ အလိုအလျောက် မီးတောက်မီးလျှံတွေ ထွက်ပေါ်လာပြီးတော့ တေဇောဓာတ်လောင်မယ်။ ဓာတ်တော်တွေဟာ အကြွင်းအကျန် မရှိသည်ထိအောင် အကုန်လုံး ပျက်စီးဆုံးရှုံးသွားမှာပဲတဲ့။

ဓာတ်တော်လေးတစ်ဆူ ရှိတောင်မှပဲ ဒီဘုရား ရှိသေးတယ်ဆိုတဲ့အဓိပ္ပါယ် ရသည့်အတွက်ကြောင့်

စာမျက်နှာ-၇၂
နောက်ဘုရား မပွင့်နိုင်ဘူးတဲ့၊ ဒီဘုရားရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ လက်ကျန်တွေဟာ တစ်ခုမှမရှိဘူး၊ ဓာတုအန္တရဓာန၊ ဓာတ်တော်တွေ ကွယ်ပျောက်ခြင်းဆိုတဲ့ ပဉ္စမမြောက် ကွယ်ပျောက်ခြင်း ဖြစ်တယ်။ ဒီလို ကွယ်ပျောက်သွားပြီဆိုလို့ရှိရင် ဘုရားရဲ့ သာသနာတော်ဟာ လုံးဝ ကွယ်ပျောက်သွားပြီလို့ ဒီလိုဆိုပါတယ်။ တစ်နေ့တစ်ချိန်ကျတော့ အဲဒီလို ကွယ်ပျောက်သွားခြင်းမျိုးအထိ တဖြည်းဖြည်း ရောက်ရှိလာမှာ ဖြစ်တယ်။

ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေဟာ “အဓိဂမ အန္တရဓာန၊ ပဋိပတ္တိအန္တရဓာန၊ ပရိယတ္တိအန္တရဓာန၊ လိင်္ဂအန္တရဓာန၊ ဓာတုအန္တရဓာန” ဆိုတဲ့ ဒီကွယ်ပျောက်မှုတွေ မကြုံခင် မြတ်စွာဘုရား တရားဓမ္မတွေ ထင်ရှားရှိနေတဲ့အချိန်မှာ ကြိုးစားပြီး နာယူကြရမယ်၊

စာမျက်နှာ-၇၃
သင်ယူကြရမယ်၊ ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမယ်။ ဒီဘဝမှာ အဆမမီလို့ တရားထူးတရားမြတ်မရတောင် ဝမ်းနည်းစရာ မလိုဘူး၊ ဒီကုသိုလ်ကောင်းမှုတွေရဲ့ အစွမ်းကြောင့် နတ်ပြည်မှာ ဖြစ်ကြမှာ ဖြစ်တယ်၊ နတ်ပြည်ရောက်တဲ့အခါ ဒီတရားဓမ္မတွေ အလိုအလျောက် ပေါ်လာတတ်တယ်၊ သို့မဟုတ် သတိပေးတဲ့ပုဂ္ဂိုလ် ရှိတဲ့အခါမှာ ပေါ်လာတတ်တယ်၊ သို့မဟုတ် နတ်ပြည်မှာ တရားဓမ္မဟောပြောတတ်တဲ့ နတ်သားတွေ၊ ဗြဟ္မာတွေက ဟောပြောတဲ့အခါ လူ့ပြည်တုန်းက နာခဲ့ရတဲ့တရားတွေ ပြန်ပေါ်လာတတ်တယ်။ နတ်တွေဆိုတာ အင်မတန်မှ ဉာဏ်ထက်သည့်အတွက်ကြောင့် သိလိုက်တာနဲ့ တစ်ပြိုင်နက် တရားထူးတရားမြတ်တွေ ရရှိပြီးသွားနိုင်တယ်။

စာမျက်နှာ-၇၄
အဲဒီလို မြတ်စွာဘုရား ဟောထားတဲ့ သုတ္တန်တွေ ရှိလို့ အင်မတန်မှ အားရစရာ ကောင်းတယ်၊ အခုလက်ရှိဘဝမှာ ရရှိထားတဲ့ အခွင့်အရေး အားလျော်စွာ မြတ်စွာဘုရား ဟောကြားတဲ့ တရားဓမ္မအစစ်ကို တစ်လုံးသိသိ နှစ်လုံးသိသိ နာယူခြင်း မှတ်သားခြင်း လေ့လာပွားများခြင်းဖြင့် တို့တတွေဟာ ဘုရားရဲ့တရားတော်တွေ မကွယ်သေးမီ အတုအယောင်တွေ ပေါ်မလာသေးမီ တရားစစ်တရားမှန်တွေကို တို့ရဲ့သန္တာန်မှာရအောင် ကျင့်ကြံကြိုးကုတ် အားထုတ်မှ ဖြစ်မယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။ ။

သာဓု သာဓု သာဓု ပါ။
eqvv5gzib45wnd8szij55xk7yu49ec0
သမထနှင့် ဝိပဿနာ
0
6399
22199
2026-06-18T00:27:23Z
Tejinda
173
"{{header | title = သမထနှင့် ဝိပဿနာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = သဒ္ဓမ္မပတိရူပက..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22199
wikitext
text/x-wiki
{{header
| title = သမထနှင့် ဝိပဿနာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[သဒ္ဓမ္မပတိရူပကသုတ် အနှစ်ချုပ်]]
| previous2 =
| next = [[သမုဒ္ဒရာ ဝမ်းတစ်ထွာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

သမထနှင့် ဝိပဿနာ
မှာစကား

သာသနာတော် ၂၅၅၂ နှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇ဝ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် ၆ရက်နေ့ည၊ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ပျားရည်ကုန်းရပ်ကွက်၊ ၁၄၈ လမ်း အောင်ဓမ္မာရုံ ဝေယျာဝစ္စ ဆွမ်းလောင်းအသင်းက ကျင်းပသည့် ဓမ္မသဘင်ဝယ် ဟောကြားအပ်သော “သမထနဲ့ ဝိပဿနာ” တရားဒေသနာတော်။

ဤစာအုပ်သည် နှုတ်ဖြင့် ဟောအပ်သော တရားကို အသံမှစာလုံးအဖြစ် ရေးကူးပြီး တည်းဖြတ် ပြင်ဆင် ရေးသားအပ်သော စာအုပ်ဖြစ်သည်။ နှုတ်ဟောတရားနှင့် လက်ရေးတရားသည် အခြေခံ အနှစ်သာရ အပြောင်းအလဲ မရှိသော်လည်း ပိုမို တိကျစေရန် အချို့သောအချက်အလက် အကြောင်းအရာများ အသုံးအနှုန်းများကိုမူ ပြင်ဆင်တည်းဖြတ် ရသည်။

ယနေ့ခေတ်၌ လူအများ စိတ်ဝင်စားလျက် ရှိသော ဘာသာရေးလုပ်ငန်းတစ်ခုမှာ ကမ္မဋ္ဌာန်း အားထုတ်ခြင်း အလုပ်ဖြစ်၏။ ကမ္မဋ္ဌာန်းသည် သမထနှင့် ဝိပဿနာ ဟူ၍ ၂-မျိုး ရှိ၏။ ထို ၂-မျိုး လုံးပင် မိမိတို့သန္တာန်မှာ ဖြစ်ပွားစေထိုက်သည့် တရားမျိုးဖြစ်သောကြောင့် 'ဘာဝနာ'ဟု ခေါ်သည်။ ထိုဘာဝနာအလုပ်၏ အခြေပြုရာ အာရုံများကိုမူ “ကမ္မဋ္ဌာန”ဟု ခေါ်သည်။

သမထနှင့် ဝိပဿနာ ၂-မျိုးလုံးပင် “ဝိဇ္ဇာဘာဂိယ' ခေါ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို အကျိုးပြုသည့် တရားမျိုး ဖြစ်၏။ “သမထကို ဖြစ်ပွားစေလျှင် တည်ငြိမ်သည့်စိတ် တိုးတက်၏၊ တည်ငြိမ်အောင် လေ့ကျင့်ထားသော စိတ်သည် ရာဂကို ဖယ်ရှားပစ်နိုင်၏။ ဝိပဿနာအကျင့်သည် အသိပညာကို တိုးပွားစေနိုင်၏။ ပွားများလေ့ကျင့်အပ်သော ပညာသည် အဝိဇ္ဇာကို ဖယ်ရှားပစ်နိုင်၏” ဟူသော ဝိဇ္ဇာဘာဂိယသုတ် (အင်္ဂုတ္တရ၊ ဒုက) နှင့် သမထနှင့် ဝိပဿနာ ၂-မျိုး၏ အကျိုးကျေးဇူးကို မှတ်သားထိုက်၏။

စာအုပ်ပါ ဟောပြောချက်များသည် သမထနှင့် ဝိပဿနာအကြောင်း အကျဉ်းချုပ် မိတ်ဆက်သဘောမျှသာ ဖြစ်သည်။ သမထနှင့် ဝိပဿနာ ပွားများအားထုတ်ပုံ အားထုတ်နည်း အပြည့်အစုံကိုမူ ဝိသုဒ္ဓိမဂ် ကျမ်းလာသည့်အတိုင်း မှတ်သားရမည်ဖြစ်သည်။ လက်တွေ့ အားထုတ်ထားသည့်အပြင် စာပေကျမ်းဂန် နှံ့စပ်သိမြင်သော ဆရာတော်များထံ ချည်းကပ်မေးမြန်းပြီး မရှင်းလင်းသောအချက်များ ရှင်းလင်းအောင် ကြိုးစားသင့်၏။ “သမထနဲ့ ဝိပဿနာ” စာအုပ်ကို ဖတ်ရှုပြီး သမထအကျင့်နှင့် ဝိပဿနာအကျင့် ၂-မျိုး ရှင်းလင်း ပြတ်သားစွာ သိမြင်နိုင်ကြပါစေ။

ဓမ္မအသိ ရှိလျက်နေမည်။

စာမျက်နှာ-၂

သမထနဲ့ ဝိပဿနာ
ဒီကနေ့ခေတ်မှာ ကမ္ဘာအနှံ့ ကျယ်ကျယ် ပြန့်ပြန့် လုပ်နေကြတဲ့ အလုပ်တစ်ခုဟာ meditation လို့ လူသိများတဲ့ ကမ္မဋ္ဌာန်းအားထုတ်ခြင်း အလုပ်ပဲ ဖြစ်တယ်။ လူအများ စိတ်ဝင်စားကြတဲ့အတွက် နိုင်ငံတကာမှာ meditation center လို့ခေါ်တဲ့ ကမ္မဋ္ဌာန်းဌာနတွေ ရိပ်သာတွေ များစွာပေါ်ပေါက်လျက် ရှိတယ်။ လူတွေဟာ ဘာသာမရွေး ကမ္မဋ္ဌာန်း ဌာနတွေ သွားရောက်ပြီး ကမ္မဋ္ဌာန်း အားထုတ်ကြတယ်။ သို့သော် ကမ္မဋ္ဌာန်းအလုပ် အားထုတ်ရာ၌မူ ရည်ရွယ်ချက် အမျိုးမျိုးရှိကြတယ်။ တချို့က စိတ်ဖိစီးမှုဒဏ် လျော့ချပြီး စိတ်ငြိမ်းချမ်းမှုရရန် ရည်ရွယ်ချက်ထားကြတယ်၊ တချို့က သံသရာ ဝဋ်ဆင်းရဲမှ လွတ်ကင်းရန် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ရည်သန်ကြတာ ဖြစ်တယ်။
ကမ္မဋ္ဌာန်း ၂ မျိုး
ကမ္မဋ္ဌာန်းဆိုတာ ဘာဝနာလုပ်ငန်းရဲ့ ဦးတည်ရာအာရုံ သို့မဟုတ် ဘာဝနာလုပ်ငန်းရဲ့ လုပ်ငန်းစဉ်လို့ အဓိပ္ပါယ်ရတယ်၊ ကမ္မဋ္ဌာန်းဟာ သမထနဲ့ ဝိပဿနာလို့ ၂-မျိုး ရှိတယ်၊ ကမ္မဋ္ဌာန်း အားထုတ်သူတိုင်း ဒီ ၂-မျိုးကို ကွဲကွဲပြားပြား သိထားဖို့လိုတယ်၊ သို့မှသာ မိမိတို့ အားထုတ်နေတဲ့ ကမ္မဋ္ဌာန်းဟာ သမထလား ဝိပဿနာလားဆိုတာ ခွဲခြား သိနိုင်မှာ ဖြစ်တယ်။

စာမျက်နှာ-၃

သမထဆိုတာ
သမထဆိုတာ ဘာလဲလို့မေးရင် သမထဆိုတာ ကာမစ္ဆန္ဒ စတဲ့ ဆန့်ကျင်ဘက် တရားများကို ငြိမ်သက် ပျောက်ကင်းစေနိုင်တဲ့ တရားလို့ အဓိပ္ပါယ်ရတယ်။ စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုကို ငြိမ်သက် ပျောက်ကင်းစေနိုင်တဲ့ သမာဓိတရားဟာ သမထပဲ ဖြစ်တယ်။

လူတွေရဲ့စိတ်ဟာ အာရုံနဲ့တွေ့ရင် လှုပ်ရှား ယောက်ယက်ခတ်မှုတွေ ဖြစ်တယ်၊ စဉ်းစားကြည့်ပေါ့။ အာရုံနဲ့တွေ့လို့ လောဘဖြစ်ရင်လည်း စိတ်လှုပ်ရှားတာပဲ၊ ယောက်ယက်ခတ်တာပဲ၊ ဒေါသဖြစ်ရင်လည်း ယောက်ယက်ခတ်တာပဲ၊ မောဟဖြစ်ရင်လည်း တွေဝေပြီး ယောက်ယက်ခတ်တာပဲ၊ ဒီလိုစိတ်ယောက်ယက်ခတ်မှုမျိုးတွေကို ငြိမ်သက် ပျောက်ကင်းစေနိုင်တဲ့ ကမ္မဋ္ဌာန်း အကျင့်ကို သမထ လို့ ခေါ်တယ်။

စာမျက်နှာ-၄
ဒါ့အပြင် အဆိုပါ သမထအကျင့်ဖြင့် ရရှိလာတဲ့ သမာဓိစွမ်းအားဟာလည်း ယောက်ယက်ခတ်တဲ့ စိတ်အခြေအနေများကို ပျောက်ကင်းစေနိုင်သည့်အတွက် တကယ့် သမထ ဖြစ်တယ်။ ဒါကြောင့် ကမ္မဋ္ဌာန်းကျင့်စဉ်နဲ့ သမာဓိ ၂-မျိုးလုံးကိုပင် သမထလို့ ခေါ်ရမှာ ဖြစ်တယ်။ စာပေကျမ်းဂန်များမှာ “ပစ္စနီကဓမ္မ သမေ-တီတိ သမထော” လို့ ဖွင့်ဆိုကြတယ်။ ဆန့်ကျင်ဘက် တရားများကို ငြိမ်သက် ပျောက်ကင်းစေနိုင်တဲ့ တရားကို သမထလို့ဆိုလိုတာ ဖြစ်တယ်။
ဝိပဿနာဆိုတာ
ဝိပဿနာဆိုတာ ဘာလဲမေးရင် ဝိပဿနာဆိုတာ ထူးခြားတဲ့ ဉာဏ်အမြင်လို့ အဓိပ္ပါယ်ရတယ်၊ “ဝိ” - အထူးထူးအပြားပြားသော အခြင်းအရာအားဖြင့် “ပဿနာ” - ရှုမြင်တတ်သော ဉာဏ်ကို ဝိပဿနာ ဟု ခေါ်ဆိုခြင်းဖြစ်၏။ တစ်နည်းအားဖြင့် ဝိပဿနာ

စာမျက်နှာ-၅
ဆိုတာ ထူးခြားစွာ သိမြင်တတ်သော ဉာဏ်ကို ခေါ်တာဖြစ်တယ်။

ဘယ်လို ထူးခြားစွာ မြင်တတ်သလဲဆိုရင် သာမန်အားဖြင့် လူတွေက ဘဝကို ချမ်းသာတယ် ကိုယ်ပိုင်တယ်လို့ မြင်ကြတယ်။ အဲဒီအမြင်တွေနဲ့ မတူဘဲ ဘဝဆိုတာ မမြဲဘူး ဆင်းရဲတယ် ကိုယ်မပိုင်ဘူးလို့ မြင်တယ်၊ အဲဒီလိုမြင်တဲ့ အသိဉာဏ်မျိုးကို ဝိပဿနာလို့ ခေါ်တယ်။

စာပေကျမ်းဂန်များမှာ “အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ” လို့ ဖွင့်ဆိုကြတယ်။ အနိစ္စ စသည်နှင့် ဆက်စပ်ပြီး အမျိုးမျိုးသော အခြင်းအရာတွေနဲ့ ဓမ္မတို့ကို ရှုမြင်တတ်သောဉာဏ်သည် ဝိပဿနာမည်၏ဟု ဆိုလိုတယ်။

စာမျက်နှာ-၆

ကျင့်ရမယ့်တရား
ဒီသမထနဲ့ ဝိပဿနာ ၂-မျိုးလုံးဟာ ဖြစ်ပွားစေရမဲ့ “ဘာဝေတဗ္ဗ” တရား၊ ကျင့်ရမဲ့ တရား ဖြစ်တယ်။ မငြိမ်မသက် ယောက်ယက်ခတ်နေတဲ့ စိတ်ကလေး ငြိမ်သက်သွားအောင် သမထကို ကျင့်ရမယ်၊ စိတ်ကလေး မငြိမ်သက်ရင်ဖြစ်စေ ထူးခြားတဲ့ အမြင်မရှိရင်ဖြစ်စေ နိဗ္ဗာန်ကို မရောက်နိုင်ဘူး။ နိဗ္ဗာန်ကို ရောက်နိုင်အောင် စိတ်ကလေး ငြိမ်သက်ပြီး ထူးခြားတဲ့ ဉာဏ်အမြင်ရရှိရန် ဝိပဿနာ ကျင့်စဉ်ကိုလည်း ကျင့်ရမှာဖြစ်တယ်။ သို့သော် သမထနဲ့ ဝိပဿနာ ကျင့်စဉ် ၂-ခုဟာ စိတ်ရဲ့ ဦးတည်ရာ အာရုံချင်း မတူကြဘူး။
သမထ အာရုံ
သမထရဲ့ အာရုံက အများအားဖြင့် ပညတ် ဖြစ်တယ်၊ ပညတ်ဆိုတာ လူအများစုက သတ်မှတ်ပြီး

စာမျက်နှာ-၇
အရှိအနေနဲ့ လက်ခံထားတဲ့ အရာသာ ဖြစ်တယ်။ အမှန်တကယ် ရှိတဲ့အရာ မဟုတ်ဘူး။ ဥပမာ လူတွေက ဒါ အဖြူလို့ သတ်မှတ်လျှင် အဖြူပဲ၊ အနီလို့ သတ်မှတ်လျှင် အနီ၊ အဝါလို့ သတ်မှတ်လျှင် အဝါဖြစ်တယ်၊ ဒါတွေဟာ အထင်အမြင် အယူအဆမျှသာဖြစ်တယ်။

ဒီလို အထင်အမြင်မျှသာဖြစ်တဲ့ ပညတ်အာရုံပေါ်မှာ စိတ်ကိုစုစည်းပြီး တည်ငြိမ်အောင် လုပ်တာဖြစ်တယ်၊ သမထကျင့်စဉ်ဟာ အများအားဖြင့် ပညတ်အာရုံတွေမှာ အခြေပြုတာ ဖြစ်သော်လည်း ဗုဒ္ဓါနုဿတိ တို့လို စတုဓာတုဝဝတ္ထာန် (ဓာတ်ကြီး ၄ ပါး ခွဲခြားခြင်း) တို့လို သဘာဝအာရုံ ပရမတ်အာရုံတွေပေါ်မှာလည်း အခြေပြုတာမျိုးလည်း ရှိသေးတယ်။

စာမျက်နှာ-၈
သမထကျင့်စဉ်နဲ့ ရရှိလာတဲ့ သမာဓိဟာ ဥပစာရ သမာဓိ (ဈာန်ရခါနီး အဆင့်)နဲ့ အပ္ပနာ သမာဓိ (ဈာန်ရပြီး အဆင့်)လို့ ၂-မျိုးရှိတယ်။ အပ္ပနာသမာဓိတိုင်အောင် ရစေနိုင်တဲ့ ပညတ်အာရုံ ပေါင်း ၂၈-မျိုးရှိတယ်။
ကသိုဏ်းပညတ်
သမထကျင့်စဉ်ကို ကျင့်မယ်ဆိုရင် ပညတ် အာရုံတစ်ခုခုမှာ အခြေပြုရတယ်၊ မြေရေလေမီးဆိုတဲ့ ဓာတ်ကြီး ၄-ပါးနဲ့စပ်တဲ့ ပညတ်ပေါ်မှာ အခြေပြုလို့ရတယ်၊ ညို ရွှေ နီ ဖြူဆိုတဲ့ အရောင်ပညတ်မှာလည်း အခြေပြုလို့ ရတယ်။ အာကာသလို့ ခေါ်တဲ့ လဟာပြင် (space) ပေါ်မှာလည်း အခြေပြုလို့ရတယ်၊ ဒီအာရုံတွေကိုလည်း ကသိုဏ်းလို့ခေါ်တယ်။ အဲဒီ ကသိုဏ်းအာရုံတွေမှာ အခြေပြုပြီး သမထ ကျင့်စဉ်ကို ကျင့်လို့ရတယ်။

စာမျက်နှာ-၉

အာနာပါနနဲ့ ပညတ်
သို့မဟုတ် သမထကျင့်တဲ့အခါ ထွက်လေ ဝင်လေဆိုတဲ့ အာနာပါနပညတ်ကို အာရုံပြုလို့ ရတယ်၊ လူတိုင်း လူတိုင်းဟာ ၂၄-နာရီ စဉ်ဆက်မပြတ် အသက်ရှူနေကြတယ်၊ ဒီလိုရှူထုတ် ရှူသွင်းနေတဲ့လေကိုပဲ အခြေပြုပြီး သမာဓိ ဖြစ်ပွားအောင် ကြိုးစားရတယ်။
ဘုရားဂုဏ်တော်
ဘုရားဂုဏ်တော်ကို ပွားပြီး သမထကျင့်စဉ်ကို ကျင့်လို့မရဘူးလား မေးရင် ရပါတယ်လို့ ဖြေရမှာပါ။ သို့သော် ဘုရားဂုဏ်တော်မှာ အခြေပြုပြီးရတဲ့ သမာဓိက ဈာန်အထိ အပ္ပနာသမာဓိအထိ မရောက်ဘူး၊ ဘာကြောင့် မရောက်သလဲဆိုရင် ဘုရားဂုဏ်

စာမျက်နှာ-၁၀
တော်က အလွန်လေးနက်တယ်၊ ပရမတ္ထ အာရုံဖြစ်တယ်၊ ဒါကြောင့် ဘုရားဂုဏ်တော်ကို အခြေပြုတဲ့ သမာဓိဟာ ဈာန်အဆင့်အထိ မရောက်ဘူးလို့ ပြောတာ။

ဘုရားဂုဏ်တော်ကို သမထကျင့်စဉ်အရ ကျင့်မယ်ဆိုရင် ဂုဏ်တော်ရဲ့ အနက်အဓိပ္ပါယ်ကို နားလည်ရမယ်၊ ဥပမာ “အရဟံ” ဆိုရင် ကိလေသာ ခပ်သိမ်းကို ဖယ်ရှားပြီးသော မြတ်စွာဘုရားလို့ အာရုံပြုရမယ်၊ ပိုပြီး အဓိပ္ပါယ်ထင်ရှားအောင် နှိုင်းယှဉ်ပြီး စဉ်းစားရတယ်၊ အော် ငါ့မှာ လောဘဆိုတာ ရှိတယ်၊ ဒေါသဆိုတာလည်း ရှိတယ်၊ မောဟဆိုတာလည်း ရှိတယ်၊ မာနဆိုတာလည်း ရှိတယ်၊ မြတ်စွာဘုရားမှာ လောဘဆိုတာလည်း မရှိဘူး ဒေါသဆိုတာလည်း မရှိဘူး၊ မောဟဆိုတာလည်း မရှိဘူး၊ မာနဆိုတာလည်း မရှိဘူး၊ ကိလေသာမှန်သမျှ လုံးဝ ကင်းစင်နေပါကလားလို့ ဒီလိုယှဉ်ကြည့်ပြီး နှလုံးသွင်းရင် အရဟံရဲ့ အဓိပ္ပါယ်ဟာ ပိုပြီးပေါ်လွင် ထင်ရှားလာ

စာမျက်နှာ-၁၁
နိုင်တယ်၊ မိမိရဲ့ စိတ်အစဉ်ဟာ ဘုရားဂုဏ်တော်ထဲ နစ်ဝင်နေရမယ်၊ ဒါမှသာ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ဖြစ်မယ်။

အဲဒီလို မဟုတ်ဘဲ ဂုဏ်တော်ကို ရွတ်ပြီး ပုတီးလုံးချနေလို့ ပုတီးအပေါ် စိတ်ရောက်နေပြီး ဘုရားဂုဏ်တော်အပေါ် စိတ်မရောက်ဘူးဆိုရင် ဗုဒ္ဓါနုဿတိလို့ ပြောလို့ရမှာမဟုတ်ဘူး၊ ဘုရားရဲ့ တကယ့်ဂုဏ် အရည်အသွေးတွေပေါ် အာရုံရောက်မှ ဝမ်းမြောက်မှု ပါမောဇ္ဇ ကျေနပ်နှစ်သိမ့်မှု ပီတိဆိုတာ ဖြစ်လာနိုင်တယ်။
သမထ ကျင့်နည်း
သမထကျင့်စဉ်ကို စံနစ်တကျ ကျင့်ချင်တယ်ဆိုရင် ကသိုဏ်းကို အာရုံပြုမှာလား၊ ထွက်လေဝင်လေကို အာရုံပြုမှာလား တစ်ခုခုကို ရွေးရတယ်၊ သမထပဲ ဖြစ်ဖြစ်၊ ဝိပဿနာပဲ ဖြစ်ဖြစ် ကမ္မဋ္ဌာန်း

စာမျက်နှာ-၁၂
အားထုတ်တော့မယ်ဆိုရင် ပထမဆုံး ကိုယ်ကျင့်တရား ဖြူစင်အောင် သီလဆောက်တည်သင့်တယ်၊ ကိုယ်ကျင့်သီလ မရှိတဲ့ ပုဂ္ဂိုလ်မှာ စိတ်ကို ကမ္မဋ္ဌာန်း အာရုံထဲထားဖို့ ကြိုးစားတာနဲ့ တစ်ပြိုင်နက် အတိတ်က အာရုံပုံရိပ်တွေ စိတ်ထဲ တိုးဝင်လာတတ်တယ်၊ အဲဒီ အာရုံပုံရိပ် အနှောင့်အယှက်တွေ မဝင်လာရအောင် ကိုယ်ကျင့်သီလကို ဆောက်တည်ပြီး ကိုယ်ကျင့်သီလကို ဆင်ခြင်ပြီး ဝမ်းမြောက်မှု စိတ်ကြည်နူးမှုကို ဖြစ်စေရမယ်။

သီလံ အဝိပ္ပဋိသာရာယ တဲ့၊ သီလဆိုတာ စိတ်နှလုံး ရွှင်ကြည်မှုကို ဖြစ်စေရန်အတွက် ဖြစ်တယ်။ စိတ်နှလုံးရွှင်ကြည်မှ ပါမောဇ္ဇဆိုတဲ့ ဝမ်းမြောက်မှု ဖြစ်နိုင်တယ်၊ ဝမ်းမြောက်မှု ဖြစ်မှ နှစ်သက်ကြည်နူးမှု ပီတိ ဖြစ်နိုင်တယ်၊ ပီတိဖြစ်မှ ကိုယ်စိတ်ငြိမ်းချမ်းမှု ပဿဒ္ဓိ ဖြစ်နိုင်တယ်၊ ပဿဒ္ဓိဖြစ်မှ ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှု သုခ ဖြစ်နိုင်တယ်၊

စာမျက်နှာ-၁၃
သုခဖြစ်မှ စိတ်တည်ငြိမ်မှု သမာဓိ ဖြစ်နိုင်တယ်။ သမာဓိဖြစ်မှ ယထာဘူတဉာဏ ခေါ် အမှန်အတိုင်း သိတဲ့ဉာဏ် ဖြစ်နိုင်တယ်၊ ဒါ့ကြောင့် ကိုယ်ကျင့်သီလကို ရှေးဦးစွာ စင်ကြယ်အောင် ဆောက်တည်ရခြင်း ဖြစ်တယ်။

လူဝတ်ကြောင်ဖြစ်လျှင် ငါးပါးသီလကို ထပ်မံ ဆောက်တည်ရမယ်၊ ပြီးရင် ကိုယ့်သီလကို ဆင်ခြင်လိုက်၊ အခုအချိန်မှစပြီး ဘယ်သတ္တဝါကိုမှ ငါမသတ်ဘူး၊ သူတစ်ပါး အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်တယ်၊ ဒီသီလနဲ့ ငါပြည့်စုံနေတယ်လို့ စဉ်းစားလိုက် စိတ်ကြည်နူးမှု ရလာနိုင်တယ်၊ သူတစ်ပါးဥစ္စာကို ငါမခိုးဘူး၊ ငါ့မှာ ဒီသီလလည်း စင်ကြယ်တယ်၊ သူတစ်ပါး သားမယားအပေါ် မပြစ်မှားဘူး၊ လိမ်လည်လှည့်ဖြား မုသားစကားကိုလည်း ငါမပြောဘူး၊ မှန်တာကိုသာ ပြောတယ်၊

စာမျက်နှာ-၁၄
သေရည်သေရက် ဘီယာကအစ ငါမသောက်ဘူး ရှောင်တယ်၊ ဒီလို ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး ကိုယ်သီလ ကိုယ်တွေးလိုက်ရင် စိတ်ထဲ ကြည်နူးမှုတွေ ဖြစ်လာနိုင်တယ်။

အဲဒီလို ကြည်နူးတဲ့စိတ်ကလေးကို သမထအာရုံပေါ် တင်ပေးလိုက်ရင် သမာဓိမြန်မြန် ရလာနိုင်တယ်၊ အဲဒီလို မဟုတ်ဘဲနဲ့ ကိုယ်ကျင့်သီလ မစင်ကြယ်ဘဲ ကမ္မဋ္ဌာန်း အားထုတ်ဖို့ ကြိုးစားရင် ကိုယ်ကျင့်သီလ ပျက်ပြားမှုကို အခြေခံပြီး ပေါ်လာတတ်တဲ့ အတိတ်က ပုံရိပ်ကြီးတွေ တိုးဝင်လာလို့ စိတ်တွေဟာ ဂဏာမငြိမ် ဖြစ်တတ်တယ်၊ စိတ်ဂဏာမငြိမ်ခြင်းဆိုတဲ့ ဥဒ္ဓစ္စ တရား လွှမ်းမိုးထားလို့ရှိရင် သမာဓိတရား ဘယ်လိုမှ မရနိုင်ဘူး။

ဒါ့ကြောင့် မြတ်စွာဘုရားက “သီလံ အဝိပ္ပဋိသာရာယ” ကိုယ်ကျင့်သီလဟာ စိတ်နှလုံး

စာမျက်နှာ-၁၅
ကြည်သာဖို့အတွက် လုပ်ရတယ်တဲ့။ စိတ်နှလုံးကြည်သာဖို့ဆိုတာ သိပ်အရေးကြီးတယ်ပေါ့။ မြတ်စွာဘုရားက သမထ ကျင့်စဉ်ဖြစ်ဖြစ် ဝိပဿနာ ကျင့်စဉ်ဖြစ်ဖြစ် ကျင့်တော့မယ်ဆိုရင် ကိုယ်ကျင့်တရားပေါ်မှာ ရပ်တည်နိုင်အောင် ကြိုးစားပါတဲ့၊ ရဟန်းတော်တွေဆိုရင် ၂၂၇-ခုသော သိက္ခာပုဒ်တွေကို ပြန်ပြီး သန့်ရှင်းအောင် ကိုယ့်ကိုကိုယ် ပြုပြင်ပြီး မှားမှားယွင်းယွင်း ကျူးလွန်ဖေါက်ဖျက်မိတဲ့ သိက္ခာပုဒ်တွေ မရှိစေရဘဲ ကိုယ်ကျင့်သီလ ဖြူစင်အောင် ကြိုးစားရမယ်၊ ပြီးမှ ကိုယ်ကျင့်သီလကို အာရုံပြုပြီး စိတ်ကြည်နူးမှု ဖြစ်တော့မှ အဲဒီကြည်နူးမှုကို အခြေခံပြီး သမထအာရုံတစ်ခုကို သယ်သွားရမယ်တဲ့။

အဲဒါကြောင့် ရှေးဦးစွာ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ဘဲနဲ့ ချက်ချင်း ကောက်ခါငင်ခါ

စာမျက်နှာ-၁၆
ကမ္မဋ္ဌာန်း ထိုင်လိုက်မယ်ဆိုရင် အောင်မြင်မှုဆိုတာ မလွယ်ဘူးပေါ့။ ဒီပြင်ဟာ မပြောနှင့် ထမင်းချက်ရင်တောင် ပြင်ရတယ် မဟုတ်လား။ သစ်ပင်တစ်ပင်ရဲ့ မျိုးစေ့လေးချရင်တောင် စိုက်ပျိုးမဲ့နေရာကို ပြင်ရတယ် ဆင်ရတယ်၊ မြေသန့်ရှင်းမှု လုပ်ရတယ်။ ရှေးဦးစွာ လုပ်ရမဲ့ အလုပ်တွေ လုပ်ကိုလုပ်ရတယ်။

အခုလည်းပဲ တရားအားထုတ်တော့မယ်ဆိုရင် ကိုယ်လက်သန့်စင်တာကမှအစ ကိုယ်ကျင့်တရား သန့်ရှင်းတာအထိ ကိုယ့်ကိုယ်ကို သန့်ရှင်းရေးတွေ အားလုံးလုပ်ပြီးတဲ့နောက် ကိုယ်ကျင့်တရားပေါ်မှာ အာရုံပြုပြီး စိတ်ကလေးက ကြည်နူးလာတဲ့အခါမှ အလုပ်ကို စတင်ရမယ်၊ အဲဒီအချိန်မှာ ကြားထဲက အနှောင့်အယှက်တွေ ပေါ်လာလို့ရှိရင် ခံနိုင်ရည်ရှိအောင် ဘာလုပ်ရတုန်းဆိုရင် ကိုယ့်ကိုယ်ကို ဘုရားကို စွန့်လှူထားပါတဲ့။ ဒါက အဋ္ဌကထာ ဆရာတွေရဲ့ အကြံပေးတဲ့ စကားတစ်ခု။

စာမျက်နှာ-၁၇
အန္တရာယ်တစ်ခု ကြုံလာတဲ့အခါ လူက ကြောက်တတ်တယ်။ ကြောက်လာတဲ့အခါ ကိုယ်လုပ်တဲ့လုပ်ငန်းတစ်ခုဟာ မအောင်မမြင် ဖြစ်လာတယ်။ မစွန့်စားရဲဘူး။ အဲဒီလို မဖြစ်အောင် ကိုယ့်ခန္ဓာကိုယ်ကြီးကို ဘုရားလှူလိုက်တယ်။ လှူထားသည့်အတွက်ကြောင့် တစ်စုံတစ်ခု အန္တရာယ်ရှိလည်း ငါ့ခန္ဓာ ဘုရားလှူထားတာပဲလို့ တွေးလို့ရတယ်။ ဒါဆို ရဲတင်းတဲ့စိတ်တွေ ကိုယ့်သန္တာန်မှာ ရတယ်။ စိတ်ဆိုတာ ဒီလိုတွေးရင် တစ်မျိုးဖြစ်တယ်။ ဟိုလိုတွေးရင် တစ်မျိုးဖြစ်တယ်။ မှန်ကန်တဲ့အတွေးတွေ တွေးပြီးတော့ စိတ်အားတွေ ပြန်ဖြည့်ပေးရတယ်လို့ ဒီလိုပြောတာနော်။

နောက်ပြီး ကမ္မဋ္ဌာန်းထိုင်ဖို့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုက ဘာတုန်းဆိုရင် တစ်ခါတစ်ရံ နှုတ်မစောင့်စည်းဘဲနဲ့ သူတော်ကောင်းတွေကို

စာမျက်နှာ-၁၈
ပြစ်မှားမိတာမျိုး၊ စွပ်စွဲမိတာမျိုး ဖြစ်တတ်သေးတယ်။ အဲဒီလိုမျိုး ဖြစ်ခဲ့ရင် ဒါကြီးက အနှောင့်အယှက် ဖြစ်တတ်တယ်တဲ့။ အကယ်၍များ သူတော်ကောင်းတွေကို စွပ်စွဲမိရင် ဝန်ချပါတယ် ကန်တော့ပါတယ် ပေါ့။ စိတ်ထဲက ဒီလို ကန်တော့ဝန်ချခြင်းအားဖြင့် ကိုယ့်စိတ်ထဲမှာ တင်းကျပ်နေတာတွေ ဘာမှမရှိတော့ဘူး။ စဉ်းစားလိုက်ရင် လုပ်သင့်တာတွေ ငါလုပ်ထားပြီးပြီဆိုရင် စိတ်ထဲမှာ ဘက်စုံက ဘယ်ဟာပဲတွေးတွေး ကြည်နူးမှုတွေရတယ်။ သံသယဖြစ်စရာ၊ ကြောက်စရာ၊ စိတ်တင်းကျပ်စရာတွေ မဖြစ်ဘူး။ အဲဒီလို စိတ်ရဲ့တင်းကျပ်မှုတွေကို ဖြေလျော့နိုင်စေရန်အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရမယ်တဲ့။

အဲဒီတော့ အာနာပါနဆိုတဲ့ ထွက်လေဝင်လေနဲ့ ပတ်သက်ပြီး လူတိုင်းလူတိုင်းမှာ ၂၄-နာရီ

စာမျက်နှာ-၁၉
နှာခေါင်းက အသက်ရှူနေတာ ဖြစ်တယ်။ ထွက်လေဝင်လေဟာ ရှားပါးပစ္စည်း မဟုတ်ဘူး။ လူတိုင်း ကိုယ်ပိုင်အနေနဲ့ ရှိနေကြတယ်။ အဲဒီကိုယ်ပိုင် ရှိနေတဲ့ အာရုံကလေးမှာ အခြေပြုပြီးတော့ သမထကျင့်စဉ်တစ်ခုကို ကျင့်ကြည့်လို့ရတယ်။

အဲဒီအာနာပါနဆိုတဲ့ ကျင့်စဉ်တစ်ခုဟာ သမထနည်းအရ ပေါက်ပေါက်ရောက်ရောက် ဖြစ်သွားလို့ရှိရင် ပထမဈာန်ကိုလည်း ရနိုင်တယ်။ ဒုတိယဈာန်၊ တတိယဈာန် စတုတ္ထဈာန်ကိုလည်း ရစေနိုင်တယ်။ ဆိုလိုတာ ဈာန်အားလုံးကို ရနိုင်တယ်ပြောတာ။

ဂေါတမ မြတ်စွာဘုရားအလောင်း တောထွက်ပြီး တရားကျင့်စဉ် ၆-နှစ်ပတ်လုံး မမှန်ကန်တဲ့ လမ်းစဉ်လိုက်ပြီး ခန္ဓာကိုယ်ကို ပင်ပန်းခံပြီး ကျင့်ခဲ့တာ။ အဲဒီကျင့်နေတဲ့ အကျင့်တွေက မှားနေလို့

စာမျက်နှာ-၂၀
ဘာအကျိုးမှ မဖြစ်ထွန်းဘူး၊ နောက်ဆုံး မှန်ကန်တဲ့လမ်းကို ရွေးပြီး ကျင့်တော့မှ အောင်မြင်လာတယ်။ ဘာကမ္မဋ္ဌာန်း အားထုတ်သလဲဆိုရင် “အာနာပါန” ကမ္မဋ္ဌာန်း အားထုတ်တယ်။

ဘုရားဖြစ်ဖို့ ကျင့်တဲ့အကျင့်ဟာ “ထွက်လေဝင်လေပဲ။ ရဟန္တာဖြစ်ဖို့ အကျင့်ဟာလည်း ထွက်လေဝင်လေပဲ။ ဈာန်တရားတွေ မဂ်တရားရချင်လည်း ထွက်လေဝင်လေပဲ။ ထွက်လေဝင်လေရဲ့ တန်ဖိုးဟာ ဘယ်လောက်ကြီးသလဲဆိုရင် လူတွေမှာ အသက်ရှင်ဖို့အတွက် နေ့စဉ် ဒီလေကိုရှူလိုက် ထုတ်လိုက် ရှူလိုက် ထုတ်လိုက် လုပ်နေကြတာ မဟုတ်လား။ အဲဒီ “လေ”ကို အသုံးမချဘူးဆိုရင် အလဟဿ ကုန်မသွားပေဘူးလား။

လောကလူတွေထဲမှာ ဗာလဆိုတဲ့ လူတွေရှိတယ်၊ အသက်ရှူရုံတင် ရှူတတ်တယ်တဲ့။ အသက်

စာမျက်နှာ-၂၁
ရှူတဲ့လေပေါ်မှာ အသုံးချပြီး ဘာပညာမှ မရသူကို ဗာလလို့ ခေါ်တယ်တဲ့။ ဗာလရဲ့ အဓိပ္ပါယ်တစ်ခု ဖွင့်ထားတာ။ လူတွေတင် မကဘူး။ အသက်ရှူတဲ့ တိရစ္ဆာန်တွေမှန်သမျှ ဒီလိုပဲ နှာခေါင်းက ရှူလိုက် ထုတ်လိုက် ရှူလိုက်ထုတ်လိုက်နဲ့ ဒီလေလေးက အသက်ရှင်ဖို့ပဲ အသုံးကျတယ်။ ဘာအတွက်မှ အသုံးမကျဘူး။

အေး သူတော်ကောင်းတွေကတော့ ကိုယ့်သန္တာန်မှာ ၂၄-နာရီ စဉ်ဆက်မပြတ် ဖြစ်ပြီး အသက်ရှင်နေဖို့ အသုံးဝင်နေတဲ့ ဒီလေလေးကို ကမ္မဋ္ဌာန်းအာရုံတစ်ခုအဖြစ် အသုံးချလိုက်မယ်ဆိုရင် ကိုယ့်ပါရမီကလည်း ရှိမယ်။ ကြိုးလည်းကြိုးစားမယ်၊ စိတ်ဆန္ဒတွေကလည်း လုံလောက်တယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟာ ဈာန်တွေ မဂ်ဖိုလ်တွေ ရပြီး နိဗ္ဗာန်ထိအောင် ရသွားနိုင်ပါတယ်။

စာမျက်နှာ-၂၂
ဂေါတမမြတ်စွာဘုရား အလောင်းတော်ဟာ ဒီထွက်လေဝင်လေလေးပေါ်မှာ အခြေပြုပြီး ဈာန်ရသွားတယ်။ ထိုဈာန်တရားတွေကို ဝိပဿနာအာရုံအဖြစ် ပြောင်းလဲပြီး ရှုမှတ်လိုက်တဲ့အခါ ဝိပဿနာ ကျင့်စဉ်တစ်ခု အောင်မြင်ပေါက်မြောက်သွားပြီး မဂ်လေးပါး အဆင့်ဆင့်ကူးပြီး နောက်ဆုံး ဘုရားအဖြစ် ရောက်သွားတယ်။ ဒီကျင့်စဉ်ပဲ ဒီအာရုံနဲ့ သွားတာ။

အေး ဒါ့ကြောင့် သမထကျင့်စဉ်တစ်ခုကို ကျင့်တော့မယ်ဆိုရင် ထွက်လေဝင်လေကို ဘယ်ပေါ် အသုံးချသလဲ။ ခန္ဓာကိုယ်ရဲ့ ဣရိယာပုထ်တစ်ခုကို ရွေးရတယ်။ ဣရိယာပုထ် ရွေးမယ်ဆိုရင် ဘာရွေးမလဲ။ လမ်းလျှောက်နေမယ်ဆိုရင် လှုပ်ရှားနေသည့်အတွက်ကြောင့် စိတ်ကလမ်းကို ကြည့်ရတာတစ်မျိုး၊ ထွက်လေဝင်လေကို ရှူရတာ တစ်မျိုး

စာမျက်နှာ-၂၃
မို့ ဒီလိုဆိုရင် စိတ်ဟာ အလုပ်များတယ်။ အလုပ်တွေ မပိုဘူးလား။ မကြည့်ရင်လည်း ခလုတ်တိုက်အုံးမယ်၊ အဲဒီနည်းက မသင့်တော်ဘူး။ လမ်းလျှောက်ပြီးလည်း အားမထုတ်နဲ့။

မတ်တပ်ရပ်ပြီး အားထုတ်မယ်ဆိုရင် ခန္ဓာကိုယ်ကြီးလည်း မသွားအောင် ထိန်းထားရအုံးမယ်။ အလုပ်တစ်ခု ပိုတယ်။ အိပ်ပြီး အားထုတ်မယ်ဆိုရင်လည်း လုံ့လဝီရိယက လျော့ပြီး မကြာခင် အိပ်ပျော်သွားမှာ။ အဲဒါကတော့ ဇိမ်ခံလွန်းအားကြီးတယ်။ လဲလျှောင်းနေတဲ့ ဣရိယာပုထ်လည်း မကောင်းဘူး။ လမ်းလျှောက်နေတဲ့ ဣရိယာပုထ်လည်း မကောင်းဘူး။ ရပ်နေရင်လည်း မကောင်းဘူး။ အကောင်းဆုံးက မတ်မတ်ကလေး ထိုင်နေတဲ့ ဣရိယာပုထ်က ငြိမ်သက်တယ်တဲ့။

အဲဒါကြောင့် အာနာပါနကမ္မဋ္ဌာန်း အား-

စာမျက်နှာ-၂၄
ထုတ်တဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းကို မြတ်စွာဘုရားက “ပလ္လင်္ကံ အာဘုဇိတွာ”- တင်ပလ္လင်ခွေထိုင်ပါတဲ့။ “ဥဇုံ ကာယံ ပဏိဓာယ”- ခါးအထက် ခန္ဓာကိုယ်ကို ဆန့်ဆန့်ထား၊ တင်ပလ္လင်ခွေ ထိုင်လိုက်တဲ့အခါကျတော့ လူက လှုပ်ရှားမှု နည်းပြီးတော့ ငြိမ်သက်မှု ပိုလာတယ်။ အိပ်နေတာလိုလည်း ဇိမ်ခံလွန်းနေတာ မဟုတ်ဘူး။ လမ်းလျှောက်တာတို့ မတ်တပ်ရပ်တာတို့ လိုလည်း ထိန်းစရာ မလိုဘူး။

ဒါ့ကြောင့် အမျိုးသားတွေဆို တင်ပလ္လင်ခွေ ထိုင်၊ အမျိုးသမီးတွေဆို ထက်ဝက်ပလ္လင်ခွေထိုင်ပြီး ခါးအထက်ကိုယ်ကို ဆန့်ဆန့်လေး ထားတဲ့။ ဘာကြောင့် ဆန့်ဆန့်ကလေး ထားခိုင်းသလဲဆိုရင် ကျောမှာ အရိုးအဆစ်ကလေးတွေ ၁၈ ခုလောက် ရှိတယ်။ အဲဒီ အရိုးလေးတွေကို မတ်မတ်ကလေး ထားရမယ်။ ဒီလိုမထားဘဲ ခါးလေးကုန်းထိုင်မယ်-

စာမျက်နှာ-၂၅
ဆိုရင် အရိုးအဆစ်တွေ တစ်ခုနဲ့တစ်ခု ဖိနေသည့်အတွက်ကြောင့် ကြာလာတဲ့အခါ ခါးကိုက်တဲ့ရောဂါ၊ ခါးညောင်းတဲ့ရောဂါ၊ ခါးအောင့်တဲ့ရောဂါတွေ ဖြစ်လာနိုင်တယ်။

အဲဒါကြောင့် ခန္ဓာကိုယ်ရော ခေါင်းရော မတ်မတ်ကလေးထားလို့ ပြောတာ။ စာပေက တရားထိုင်နည်းတွေ သေချာသင်ပေးတယ်။ ပလ္လင်္ကံ အာဘုဇိတွာ- တင်ပလ္လင်ခွေ ထိုင်နည်း၊ ဥဇုံ ကာယံ ပဏိဓာယ- ခါးအထက် ခန္ဓာကိုယ်ကို မတ်မတ်ကလေးထားတဲ့။ ပဋိမုခံ သတိံ ဥပဋ္ဌပေတွာ- အာရုံဘက်ကို စိတ်ကို လွှတ်လိုက်။ အာရုံကို စိတ်ကို ဦးတည်ထား။ ဘယ်ကို ဦးတည်ပြီး သတိထားရမလဲဆိုရင် နှာခေါင်းက ထွက်နေတဲ့ လေကလေး ထိတဲ့နေရာကို သတိထားရတယ်။ နှုတ်ခမ်းတိုတဲ့လူကတော့ နှာခေါင်းဖျားမှာ ထိတယ်။ နှုတ်ခမ်း-

စာမျက်နှာ-၂၆
ရှည်တဲ့ သူကျတော့ နှုတ်ခမ်းထိပ်ဖျားလေးမှာ လေကလေး လာထိတယ်။ ဆိုလိုတာက ဘယ်လို ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ကိုယ့်နှာခေါင်းမှာ အသက်ရှူသွင်းလိုက်တဲ့အခါ လေထိတဲ့နေရာ၊ ရှိုက်ထုတ်လိုက်တဲ့အခါ လေထိတဲ့နေရာ။ အဲဒီထိတဲ့နေရာကလေးမှာ စိတ်ကိုထားပါလို့ ပြောတာ။

သမထကျင့်စဉ်အရ အာနာပါန ကျင့်တော့မယ်ဆိုရင် “လေကို မှန်မှန်လေးနဲ့ ဖြည်းဖြည်း။”

အေး တချို့ကျတော့ သမာဓိ မရနိုင်လို့ သမာဓိရအောင်ဆိုပြီး ပြင်းပြင်းထန်ထန် ရှူတဲ့နည်းလည်း ရှိတယ်။ အဲဒီနည်းက စာလာပေလာတော့ မဟုတ်ဘူး။ ကြိုက်တဲ့သူက လုပ်နေကြတာ။ ရှူးရှဲ ရှူးရှဲ လုပ်တဲ့နည်းက ကြာလို့ရှိရင် မောပြီးသွားတတ်တယ်။ ခန္ဓာကိုယ်ကို ပင်ကိုယ်ရှူနေကျအနေအထားလေးနဲ့ မှန်မှန်လေး ရှူလိုက်ပါတဲ့။ စိတ်တွေ ဘာတွေ-

စာမျက်နှာ-၂၇
ဖြေလျော့ထားလိုက်။ Tension လုပ်မထားနဲ့။

အာရုံလေးပေါ်မှာ စိတ်ကလေးကို လွှတ်ထားပြီး ငြိမ်နေအောင် စိတ်နဲ့ခန္ဓာကိုယ်မှာ တင်းကျပ်နေတာ မရှိစေဘဲနဲ့ အားလုံးအကြောတွေ ဖြေလျော့ထားပြီး နှာသီးဝမှာ လေကလေးထိတဲ့နေရာမှာ စိတ်ကို ငြိမ်သွားအောင် ထားပါတဲ့။ လေကလေးကို အာရုံပြုရင်းကနေ စိတ်ကလေး ငြိမ်လာတယ်။ ထွက်လေ ဝင်လေလေး ရှုမှတ်နေတာကို ဘာနိမိတ်ခေါ်သလဲဆိုရင် ပရိကမ္မ နိမိတ် (sign of preliminary) တဲ့။ ပရိကမ္မနိမိတ်ဆိုတာ ဘာတုန်းဆိုရင် ပြင်ဆင်ပေးနေတဲ့ အာရုံနိမိတ်လို့ ပြောတာ။

အဲဒီ အာရုံနိမိတ် အတော်လေး ကြာလာတဲ့အခါ စိတ်ထဲမှာ တော်တော် ထင်ထင်ရှားရှားကြီး ဖြစ်လာတဲ့အခါကျလို့ရှိရင် စိတ်က မှတ်ယူနိုင်တဲ့-

စာမျက်နှာ-၂၈
အနေအထားရောက်ရင် ဥဂ္ဂဟနိမိတ် လို့ ခေါ်တယ်။ နောက်ဆုံးကျတော့ ဒီထွက်လေ ဝင်လေလေးဟာ ပုံသဏ္ဌာန်လေး ပြောင်းလာတယ်။ ကိုယ့်စိတ်ထဲမှာ ဖြစ်လာတယ်။ သူကပြောင်းတာ မဟုတ်ဘူး။ ကိုယ့်စိတ်က ပြောင်းတာ။ လေလေးကို ရှူနေရင်း ဒီထွက်လေ ဝင်လေလေးဟာ ဘာဖြစ်လာသလဲဆိုရင် မီးခိုးတန်းကလေး ထွက်လာသလို မြင်လာတယ်။

တချို့ကျတော့ ပုလဲလုံးကလေးတွေ ထွက်လာသလို မြင်ရတယ်။ တချို့ကျတော့ ဒီနှာခေါင်းဝ နှာသီးဖျားမှာ ဘောလုံးကလေးက လည်နေသလို မြင်တာမျိုးလည်း ရှိတယ်။ အမျိုးစုံပေါ့။ မီးခိုးတန်းကြီးလိုလည်း မြင်လာတယ်။ အာရုံအလင်းတန်းကြီးနှစ်ခု ထွက်နေတယ်လို့လည်း မြင်လာတယ်။ ဒါလူတစ်ယောက်နှင့်တစ်ယောက် အမှတ်သညာချင်း မတူသည့်အတွက်ကြောင့် ဖြစ်ပေါ်-

စာမျက်နှာ-၂၉
လာတဲ့ အာရုံနိမိတ်က တစ်ယောက်နှင့်တစ်ယောက် မတူဘူးတဲ့။

အဲဒီအာရုံနိမိတ်ပေါ်လာရင် ပေါ်လာတဲ့ နိမိတ်ပေါ်မှာ ဆက်ပြီး အလုပ်လုပ်ရမယ်တဲ့။ ဒါကို နိမိတ်ရတယ် ခေါ်တယ်။ အဲဒီ နိမိတ်ပေါ်မှာ ရှုမှတ်ပွားများပြီး သမာဓိစွမ်းအားတွေ မြှင့်မြှင့်ပေးလိုက်တဲ့အခါမှာ ကိုယ့်ရဲ့သန္တာန်မှာ နီဝရဏဆိုတဲ့ တရားတွေ ငြိမ်းလာတယ်။ ဘာတွေ ငြိမ်းလဲဆိုရင် အာရုံခံစားချင်တဲ့ ဆန္ဒတွေ ငြိမ်းလာတယ်။ ကာမစ္ဆန္ဒ လို့ဆိုတဲ့ ပျော်စရာရွှင်စရာတွေပေါ်မှာ ပျော်ရွှင်ချင်တဲ့ လောဘနည်းလာတယ်။ အာရုံတစ်ခုပေါ်မှာ မုန်းတီးတဲ့ ဆန့်ကျင်တဲ့ သဘောထားတွေ ပျောက်သွားတယ်။ စိတ်မငြိမ်မသက် ဖြစ်ပြီးတော့ စိတ်ထဲမှာ ပူပန်နေတာတွေ ပျောက်သွားတယ်။ အာရုံနဲ့ ဆက်ပြီးတော့ စိတ်ဟာ စွမ်းဆောင်နိုင်စွမ်း မရှိအောင်-

စာမျက်နှာ-၃၀
စွမ်းရည်သတ္တိတွေကျသွားတာ၊ ဒါတွေ မရှိတော့ဘူး။

သူ ရှုမှတ်နေတဲ့ အာရုံပေါ်မှာလည်းပဲ ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ အတွေးလေးတွေ သံသယတွေ မရှိတော့ဘူး။ အဲဒါ မရှိတာကို နီဝရဏတရား ငါးပါး ကင်းသွားတယ်လို့ ပြောတာ။ ဘယ်သူက ကင်းအောင် လုပ်တာလဲဆိုရင် သမာဓိစွမ်းအားက ဖယ်ရှားပစ်လိုက်တာ။ စိတ်စိတ်ချင်း ဖယ်ရှားနေတာ။ စိတ်ထဲမှာ ခုနကပြောတဲ့ အညစ်အကြေးတွေ မလာတော့ဘူး။ နီဝရဏတရား ငါးပါး လုံးဝပျောက်ကင်းသွားတယ်။ ခုနက နိမိတ် အလင်းတန်း သို့မဟုတ် မီးခိုးတန်းလေးနှစ်ခု ပေါ်တယ်။ နောက်ဘာတွေ ဆက်ဖြစ်နေလဲဆိုရင် ဒီအာရုံနိမိတ်ပေါ်မှာ စိတ်ကူးနေတာတွေ ပေါ်လာတယ်။

စိတ်ကူးတယ်ဆိုတာ စိတ်က အာရုံပေါ်-

စာမျက်နှာ-၃၁
ကူးနေတာကို ခေါ်တာ။ ဆိုလိုတာက စိတ်နှင့် အာရုံ မပြတ်ထိနေတာ။ ပေါင်းကူးပေးနေတဲ့ သဘောကို စိတ်ကူးတယ်လို့ ခေါ်တယ်။ အဲဒါကို စာပေလို ပြောရင် “ဝိတက်” လို့ ခေါ်တယ်။ မိမိရဲ့ စိတ်ကလေးကို အာရုံပေါ် တွန်းပို့နေတာ။ အဲဒီသဘောလေးဟာ ထင်ထင်ရှားရှား ပေါ်လာတယ်။ သူ့ရဲ့ စွမ်းဆောင်ချက်တွေက ကောင်းလာတယ်။ ပေါ်လာတဲ့ နိမိတ်ကလေးပေါ်မှာ ကိုယ့်ရဲ့ စိတ်က စဉ်ဆက်မပြတ် စိတ်ကူးနေတဲ့ ဒီ ဝိတက်သဘောတွေ ပေါ်လာတယ်။ နောက်တစ်ခုက အဲဒီ အာရုံနှင့် စိတ်ကလေးကို ချည်နှောင်ထားသလို အာရုံပေါ်မှာ စိတ်ကလေးက ရစ်ဝဲပြီးနေတဲ့ “ဝိစာရ” ဆိုတဲ့ သဘောပေါ်လာတယ်။ ကြံစည်တယ်လို့ မြန်မာလို ပြောကြတယ်။

ကြံစည်တယ်ဆိုတာ ဒီအာရုံ အနီးကလေး-

စာမျက်နှာ-၃၂
မှာ ရစ်ဝဲနေတယ်။ စိတ်ကလေးက အာရုံနဲ့ ကွာမသွားဘူး။ အမြဲတမ်း တွဲနေတာဖြစ်တယ်။ ဒါ “ဝိစာရ” ရဲ့ စွမ်းရည်သတ္တိ။ နောက်ဘာဖြစ်လာသလဲဆိုရင် အဲဒီအာရုံကလေးပေါ်မှာ ခုနက မီးခိုးတန်း အလင်းတန်းကလေးပေါ်မှာ စိတ်ကလေးက နှစ်ခြိုက်နေတယ်ပေါ့။ ဒါကို 'ပီတိ' လို့ ခေါ်တယ်။ ကျေနပ်နေတယ်။ နှစ်ခြိုက်နေတဲ့အခါ ဘာတွေ ဖြစ်လာသလဲဆိုရင် ကိုယ်ရော စိတ်ရော ပေါ့ပေါ့ပါးပါး ဖြစ်နေတယ်။ ခန္ဓာကိုယ်မှာ ညောင်းတာ ညာတာ ကိုက်တာ ခဲတာတွေ မရှိဘူး ပျောက်သွားတယ်။ စိတ်ထဲမှာလည်း ပူပန်တာ တစ်ခုမှ မရှိဘူး။ စိတ်ကလေး ချမ်းမြေ့လာတယ်။ ဒါကို “သုခ” လို့ ခေါ်တယ်။ အဲဒီလိုဖြစ်နေအောင် ဘယ်သူက စွမ်းဆောင်ပေးသလဲဆိုရင် နောက်ပိုင်းက သမာဓိဆိုတဲ့ စွမ်းအားက အာရုံပေါ် စိတ်တွေ စုသွားအောင် ထိန်းထားတယ်။

စာမျက်နှာ-၃၃
အားလုံး ပေါင်းလိုက်တဲ့အခါကျတော့ စိတ်ကူးနေတာက “ဝိတက်”၊ ကြံစည်နေတာက “ဝိစာရ”၊ နှစ်ခြိုက်နေတာက “ပီတိ”၊ ကိုယ်ရောစိတ်ရော ငြိမ်းချမ်းသွားတာက “သုခ”တဲ့၊ တည်ငြိမ်နေတာက 'ဧကဂ္ဂတာ' လို့ဆိုပြီး အဲဒီတရားတွေကို ဈာန်အင်္ဂါငါးပါးလို့ ခေါ်တယ်။ ဒီအင်္ဂါငါးပါးသည် တညီတည်း စွမ်းရည်သတ္တိပြည့်ပြည့်နှင့် ဒီအာရုံလေးပေါ်မှာ ဟန်ချက်ညီညီနဲ့ ဒီအာရုံပေါ်မှာ အလုပ်လုပ်နေပြီဆိုရင် ဒါ ပထမဈာန်ရတယ်လို့ ခေါ်တယ်။ အာရုံတစ်ခုပေါ် စူးစိုက်ပြီးတော့ ရှိနေတယ်။

ပထမဈာန်ရတဲ့ ပုဂ္ဂိုလ်ဟာ ဘာဖြစ်လာသတုန်းဆိုရင် ဝိဝိစ္စေဝ ကာမေဟိ- ကာမအာရုံတွေမှ ကင်းကွာ လွတ်လပ်သွားတယ်။ မျက်စိကကြည့်ပြီး ပျော်စရာအာရုံ၊ နားကနားထောင်ပြီး ပျော်စရာ-

စာမျက်နှာ-၃၄
အာရုံ၊ နှာခေါင်းက အနံ့ရလို့ ပျော်စရာအာရုံ၊ လျှာက လျက်ပြီး ပျော်စရာအာရုံ၊ ခန္ဓာကိုယ်က ထိတွေ့ပြီး ပျော်စရာအာရုံဆိုတဲ့ ဒီကာမအာရုံတွေက လွတ်မြောက်တယ်။ ဒီပေါ်မှာ လုံးဝ စိတ်မရောက်တော့ဘူး။ မျက်စိကကြည့်ပြီး နားကကြားပြီး ပျော်တဲ့ အပျော်မျိုး မရှိတော့ဘူး။ အဲဒီ ကာမအာရုံတွေက လုံးဝ ကင်းဆိတ်သွားတယ်။

ဒီ “ကာမ” ဆိုတဲ့ ပျော်စရာအာရုံတွေပေါ်မှာ ပျော်ချင်နေတဲ့ လောဘကင်းဆိတ်သွားမှ ဈာန်ဆိုတာ ရနိုင်တယ်။ ဒါ မကင်းသေးရင် မရသေးဘူးတဲ့။ ဥပမာ ဘာနဲ့တူသလဲဆိုရင် ဟိုဘက်ကမ်း ရောက်ချင်တဲ့သူဟာ ဒီဘက်ကမ်းကို စွန့်ကိုစွန့်ရတယ်။ ဒီဘက်ကမ်းကို မစွန့်ဘဲ ဟိုဘက်ကမ်းရောက်တယ်ဆိုတာ မရှိဘူး။ ဒါကြောင့်မို့ စာပေမှာ ဝိဝိစ္စေဝ ကာမေဟိ- ကာမတွေကို လုံးဝ စွန့်လွှတ်ပြီးသား ဖြစ်ရမယ်တဲ့။

စာမျက်နှာ-၃၅
ဝိဝိစ္စေဝ အကုသလေဟိ ဓမ္မေဟိ- ကျန်တဲ့ အကုသိုလ်တရားတွေလည်း မဖြစ်တော့ဘူး။ အဲဒီအချိန်မှာ ငြိမ်သွားပြီလို့ ဆိုလိုတာ။ ဘာတွေ မဖြစ်သလဲဆိုရင် ဒေါသတွေ မဖြစ်ဘူး။ မာန်မာနတွေ မဖြစ်ဘူး။ ဣဿာတွေ မဖြစ်ဘူး။ မစ္ဆရိယတွေ မဖြစ်ဘူး။ စိတ်ရဲ့ အညစ်အကြေးတွေ တစ်ခုမှ မဖြစ်တော့ဘူး။

အဲဒီလို မဖြစ်တော့ဘဲ ဘာတွေ ဖြစ်နေသလဲဆိုရင် ဝိဝေကဇံ- ကာမဂုဏ်အာရုံတွေက လွတ်သွားပြီးတော့ ဖြစ်ပေါ်လာတဲ့ ပီတိသုခံ- နှစ်ခြိုက်နေတာနှင့် ချမ်းမြေ့နေတာဆိုတဲ့ ဒီသဘာဝလေး နှစ်ခု လက်တွေ့ခံစားရတယ်တဲ့။ ဒါကို “ဝိဝေကဇ ပီတိသုခ” လို့ခေါ်တယ်။ ကာမဂုဏ်အာရုံတွေက ကင်းကွာ လွတ်လပ်သွားပြီးတော့ ချမ်းမြေ့ကြည်နူးနေတဲ့ ကြည်နူးမှုပဲ။

စာမျက်နှာ-၃၆
လောကလူတွေရဲ့ ကြည်နူးမှုက ဘာနဲ့ကြည်နူးတာလဲဆိုရင် ကိုယ်မြင်ချင်တဲ့ အာရုံလေးကို ကြည့်ပြီး ကြည်နူးကြတာ၊ နားက ကိုယ်ကြိုက်တဲ့ သီချင်းလေး နားထောင်ပြီး ကြည်နူးကြတယ်။ နှာခေါင်းက ကိုယ်ကြိုက်တဲ့ အမွေးနံ့သာလေး ရှူပြီး ကြည်နူးကြတယ်။ လျှာက ကိုယ်ကြိုက်တဲ့ အစာလေး စားပြီး ကြည်နူးကြတယ်။ ခန္ဓာကိုယ်ကလည်း ကိုယ်ထိတွေ့ချင်တာလေး ထိတွေ့ပြီး ကြည်နူးကြတယ်။ ဒါက ကာမကြည်နူးမှုလို့ ခေါ်တယ်။

အဲဒီကြည်နူးမှုနဲ့ မတူတဲ့ ကာမအာရုံတွေကို ကျော်လွှားသွားပြီး ဒါတွေကို စွန့်လွှတ်ထားပြီးတဲ့နောက် ခုနက ပြောတဲ့ အလင်းတန်းလေး သို့မဟုတ် မီးခိုးတန်းလေးလို့ဆိုတဲ့ နိမိတ်အာရုံလေးနဲ့ ကြည်နူးနေတဲ့ ကြည်နူးမှုမျိုးတဲ့။ ဒါက ပထမဈာန်အဆင့်ကို အဲဒီလိုရသွားတယ်။

စာမျက်နှာ-၃၇
“ဈာန်” ဆိုတာ တချို့က ဈာန်ရတာနဲ့ ဈာန်ပျံတယ်လို့ ထင်ကြတယ်။ ဈာန်ပျံတယ်ဆိုတာ ဈာန်က ပျံတာ မဟုတ်ဘူး။ “ဈာန်” ဆိုတာ အဓိပ္ပါယ်နှစ်မျိုးရတယ်။

လောင်ကျွမ်းတယ်ဆိုတဲ့ အဓိပ္ပါယ်ကတစ်ခု၊ အာရုံပေါ်မှာ စူးစိုက်ပြီး ကပ်ပြီးရှုနေတယ်ဆိုတာက တစ်ခု၊ အဓိပ္ပါယ်နှစ်မျိုးရတယ်။ ပထမဈာန် ရလာပြီဆိုတာနှင့် တစ်ပြိုင်နက် စိတ်ရဲ့ အညစ်အကြေးဖြစ်တဲ့ နီဝရဏတရားတွေကို လောင်ပစ်လိုက်တာ၊ မရှိတော့ဘူး။

မီးက တစ်စုံတစ်ခုကို လောင်ပစ်လိုက်သလိုပေါ့။ ဥပမာအားဖြင့် စက္ကူကို မီးရှို့လိုက်ရင် စက္ကူကို လောင်ပစ်လိုက်တာမျိုးကို ပြောတာ။ ဒီသဘာဝတရားတွေက ကာမတဏှာတွေကို လောင်ပစ်လိုက်တယ်ဆိုတာ ဖျက်ဆီးပစ်လိုက်တာ။ ဒါကို ပြောတာ။ နောက်တစ်ခုက နိမိတ်အာရုံလေးပေါ်မှာ စိတ်-

စာမျက်နှာ-၃၈
ကလေးက စူးစိုက်ပြီးတော့ ကြည့်နေတာ ရှုနေတာကို “ဈာန်” လို့ခေါ်တာတဲ့။ အဲဒီ ဈာန်ဆိုတာကို ဘာနဲ့ဖွဲ့စည်းထားသလဲဆိုရင် ခုနက ပြောတဲ့ အာရုံပေါ်မှာ စိတ်ကူးနေတာရယ်၊ ကြံစည်နေတာရယ်၊ နှစ်ခြိုက်နေတာရယ်၊ ချမ်းမြေ့နေတာရယ်၊ တည်ငြိမ်နေတာရယ်ဆိုတဲ့ စိတ်ရဲ့ စွမ်းအားငါးမျိုးနဲ့ ဖွဲ့စည်းထားတာကို ဈာန်လို့ခေါ်တယ်တဲ့။

အဲဒီနောက် ဒုတိယဈာန်ကျတော့ ဘာကို ကျော်လွှားလိုက်သလဲဆိုရင် ဝိတက်ဆိုတာကို ကျော်လွှားလိုက်တယ်။ စိတ်ကူးနေစရာ မလိုတော့ဘူး။ သမာဓိစွမ်းအားကို မြှင့်လိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ကူးနေတာ ကြံစည်နေတာ မပါတော့ဘဲနဲ့ နှစ်ခြိုက်နေတာ၊ ချမ်းမြေ့နေတာ၊ တည်ငြိမ်နေတာ၊ ဒီသုံးမျိုးထဲနဲ့ နေတာကို “ဒုတိယဈာန်” လို့ ခေါ်တယ်။ တစ်ခါ အဲဒီထဲက နှစ်ခြိုက်နေသည့် သဘောသည်-

စာမျက်နှာ-၃၉
စိတ်၏ လှုပ်ရှားမှုသဘောဖြစ်သည့်အတွက်ကြောင့် အပြစ်မြင်လာလို့ နှစ်ခြိုက်မှုကို ဖယ်ရှားလိုက်တဲ့အခါ ကိုယ်ရောစိတ်ပါ ချမ်းမြေ့နေတာရယ်၊ တည်ငြိမ်နေတာရယ် ဒီ ၂-ခုထဲနဲ့ ရှုနေတယ်။ အဲဒါကို “တတိယဈာန်” လို့ခေါ်တယ်။

အဲဒီကနေ တစ်ခါ ကိုယ်ရောစိတ်ရော သိမ့်သိမ့်သိမ့်သိမ့်နှင့် ချမ်းမြေ့နေတဲ့ သဘာဝကို မလိုချင်ဘူး။ စိတ်လှုပ်ရှားမှု ခံစားမှုတွေ ဘာမှ မလိုချင်ဘူးဆိုပြီး သုခကို ဖယ်ရှားလိုက်တဲ့အခါ ဘာမှ လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်နေတဲ့ ဥပေက္ခာနှင့် သမာဓိစွမ်းအား ဒီ ၂-ခုတည်းနဲ့ ရှုနေတာကို “စတုတ္ထဈာန်” လို့ခေါ်တယ်။

အဲဒီ စတုတ္ထဈာန်ရောက်သွားရင် သူ့ရဲ့ စိတ်စွမ်းအားသည် အဆင့်အမြင့်ကို ရောက်သွားပြီ။ အဲဒီအမြင့်ရောက်ရင် သူဘာတွေ စွမ်းဆောင်နိုင်-

စာမျက်နှာ-၄၀
သလဲဆိုရင် အဘိညာဉ်တန်ခိုးတွေ၊ ဈာန်ပျံတာတွေ စွမ်းဆောင်နိုင်တယ်။ ဒီအဆင့်ရောက်မှ ဒါတွေလုပ်လို့ရတယ်။ ဒီလိုအဆင့်မျိုးဆိုတာလည်း လွယ်လွယ်ကူကူနဲ့ ရောက်တာမဟုတ်ဘူး။ စွမ်းရည်သတ္တိတွေ မြင့်အောင် အကြိမ်ကြိမ် အထပ်ထပ် လုပ်ဖို့လိုတယ်တဲ့။ အဲလို ကြိုးစားလိုက်ရင် ဟောဒီဈာန်ရထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အဘိညာဉ်အထိ ပေါက်မြောက်သွားရင် မြေလျှိုးတာတို့၊ မိုးပျံတာတို့၊ တန်ခိုးအမျိုးမျိုး ဖန်ဆင်းတာတို့ လုပ်နိုင်သွားတယ်။ စွမ်းနိုင်သွားတယ်။

သို့သော် အဲဒီလို ဖန်ဆင်းတဲ့အခါမှာ သဘာဝကို ဆန့်ကျင်ပြီး ဖန်ဆင်းလို့ မရဘူး။ သဘာဝအတိုင်း ဖန်ဆင်းရတယ်။ ဆိုပါစို့၊ ရေပေါ် လမ်းလျှောက်ပြချင်ရင် ရေကို မာကြောသွားအောင် ဖန်ဆင်းရမယ်၊ ပြီးတော့မှ လမ်းလျှောက်လို့ရတယ်။-

စာမျက်နှာ-၄၁
နို့မဟုတ်ဘူးဆိုရင် ရေပေါ် ဒီအတိုင်း လမ်းလျှောက်ရင် မြုပ်သွားမှာပေါ့။ ဒါသဘာဝပဲ၊ မြေလျှိုးချင်တယ်ဆိုရင် သူလျှိုးမဲ့နေရာကို ဟာလာဟင်းလင်းဖြစ်သွားအောင် တွင်းကြီးလိုဖြစ်အောင် စိတ်နဲ့ ဖန်ဆင်းရမယ်၊ ပြီးမှ အဲဒီလဟာပြင်ထဲ ဝင်သွားတာမျိုးဖြစ်ရမယ်။ ကောင်းကင်ကို လမ်းလျှောက်သွားချင်တယ်ဆိုရင်လည်း သွားချင်တဲ့နေရာ လမ်းကြောင်းကို ဖန်ဆင်းရမယ်၊ ပြီးမှ အဲဒီလမ်းပေါ်မှာ လျှောက်ရမယ်။ သဘာဝကို ဆန့်ကျင်ပြီးတော့ လုပ်လို့မရဘူး။ ဒါကြောင့်မို့ super normal power လို့သာ ခေါ်ရတယ်၊ super natural power မဟုတ်ဘူး။ nature ရဲ့အပေါ်မှာ ကျော်လို့မရဘူးလို့ ဆိုလိုတယ်။ တန်ခိုးရှင် ဖန်ဆင်းတယ်ဆိုပေမယ့် သဘာဝအတိုင်း လုပ်ရတာ။

သမထကျင့်စဉ်တစ်ခုဟာ ပေါက်ပေါက်-

စာမျက်နှာ-၄၂
ရောက်ရောက် အောင်မြင်သွားပြီဆိုရင် အခုလို အဆင့်တွေ အဆင့်တွေ တက်လာတယ်။ ဟောဒီသမထကျင့်စဉ်နဲ့ စိတ်ကို ငြိမ်နေအောင် လုပ်ထားပြီးတော့ တစ်နေကုန် နေလို့ရတယ်။ နှစ်ရက်နေလို့ရတယ်။ သုံးရက်နေလို့ရတယ်။ ဒီစိတ်စွမ်းအားတွေနဲ့ ရုပ်ကိုဖြည့်တင်းထားသည့်အတွက်ကြောင့် ရုပ်မှာ နာတာ ကျင်တာ မရှိဘူး။ ကိုက်တာ ခဲတာဆိုတာ မရှိဘူး။ ရုပ်ခန္ဓာကြီးက ပေါ့ပြီး အကုန်လုံး ငြိမ်းချမ်းနေတယ်။

ဒါ့ကြောင့် ဘုရားရဟန္တာတွေဟာ ဈာန်ဝင်စားတယ်ဆိုတာ ဒိဋ္ဌဓမ္မသုခဝိဟာရ မျက်မှောက်ဘဝမှာ ချမ်းသာစွာ နေဖို့အတွက် ဈာန်ဝင်စားကြတာ ဖြစ်တယ်။ အဲဒါမျိုးကိုမှ အစစ်အမှန် သမထကျင့်စဉ်လို့ ခေါ်တယ်။ အဲဒီသမထကျင့်စဉ်မျိုးကို-

စာမျက်နှာ-၄၃
အပြစ်မပြောရဘူး။ ဘုရားသာသနာနှင့် ကြုံနေစဉ်မှာ သမထကို မကျင့်ရဘူးလို့ မပြောရဘူး။ ဘုရားကိုယ်တိုင်လည်း ကျင့်တယ်။ ရဟန္တာတွေလည်း ကျင့်တယ်။ အကြိမ်ကြိမ်ပဲ ဈာန်ဝင်စားကြတယ်။ သမထကျင့်စဉ်ဆိုတာ ကျင့်ရတယ်။

ကဲ သမထကျင့်စဉ်ရဲ့ လမ်းဆုံးက ဘာလဲဆိုရင် သူ့ရဲ့လမ်းဆုံးကတော့ အဘိညာဉ်ပဲ။ ဒီဘဝမှာ ခံစားရတဲ့ လမ်းဆုံးက အဘိညာဉ်ပဲ။ နောက်ဘဝကျတော့ ဘယ်ရောက်သလဲဆိုရင် ဈာန်မလျှော့ဘူးဆိုရင် ဗြဟ္မာပြည်ရောက်တယ်။ ပထမဈာန်ရရင် ပထမဈာန် ဗြဟ္မာဘုံရောက်မယ်။ ဒုတိယဈာန်ရရင် ဒုတိယဈာန် ဗြဟ္မာဘုံရောက်မယ်။ တတိယဈာန် စတုတ္ထဈာန်ရရင် တတိယဈာန်ဗြဟ္မာဘုံ၊ စတုတ္ထဗြဟ္မာဈာန်ဘုံရောက်မယ်။ သူ့အဆင့်အတိုင်း သွားမယ်။ ဒါက သူ့ရဲ့ အဆင့်အမြင့်ဆုံးလမ်း။

စာမျက်နှာ-၄၄

ဝိပဿနာ ကျင့်စဉ်
အဲဒီတော့ သမထကျင့်စဉ် အောင်မြင်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ရချင်ပါတယ်ဆိုရင် technique ပြောင်းရမယ်တဲ့။ ရှေ့ကပြောတဲ့ မီးခိုးတန်းလေးလို၊ အလင်းတန်းလေးလို အာရုံနိမိတ်ပေါ်မှာ ဆက်ပြီးတော့ မနေဘဲနဲ့ ဝိပဿနာကျင့်စဉ်ကို ပြောင်းရမယ်။ ဈာန်မှ ဝိပဿနာကျင့်စဉ်ကို ပြောင်းချင်ရင် ဘယ်လို ပြောင်းရမလဲ။

ပထမ အာရုံနိမိတ်ကလေးပေါ်မှာ ဈာန်ဝင်စားလိုက်တယ်။ ဈာန်ဝင်စားပြီး ဈာန်ကနေ ပြန်ထလိုက်တဲ့အခါ (ပြန်ထတယ်ဆိုတာ ဈာန်ဝင်စားနေတာကို ပြန်ပြီးတော့ နောက်ဆုတ်လိုက်တာပါ။) အဲလို နောက်ဆုတ်ပြီးတဲ့အခါ သူ့ရဲ့ စိတ်အခြေအနေတွေ ဆက်လက်ပြီးတော့ ဖြစ်နေတယ်ပေါ့။-

စာမျက်နှာ-၄၅
လူက နောက်ဆုတ်လိုက်ပြီ၊ နောက်ဆုတ်လိုက်ပေမဲ့လို့ ခုနက ဖြစ်သွားတဲ့ စိတ်တွေရဲ့ အခြေအနေတွေ ဆက်ဖြစ်နေတယ်။

ဥပမာ- လူတစ်ယောက် စိတ်ဆိုးပြီးသွားပြီဆိုရင် အဲဒီစိတ်ဆိုးတာကို ပြန်ပြီးတွေးလို့ မရဘူးလား။ ရတယ်၊ ကိုယ့်စိတ်ထဲမှာ ဘာဖြစ်သွားတယ်ဆိုတာ ပြန်စဉ်းစားလို့ရတယ်။ အဲဒါမျိုးလိုပဲ ဈာန်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်က ဈာန်ကနေ ပြန်ထလိုက်တဲ့အခါ အဲဒီဈာန်စိတ်တွေကို အာရုံအဖြစ် အသုံးချပြီး ဝိပဿနာရှုရတယ်တဲ့။ ဝိပဿနာကျတော့ ခုနက အလင်းတန်းလိုမျိုး ပညတ်ကို ရှုလို့မရဘူး။ အလင်းတန်းကို အာရုံပြုပြီး ဖြစ်ပေါ်နေတဲ့ ကြံစည်တာတွေ၊ စိတ်ကူးတာတွေ၊ စိတ်ကြည်နူးတာတွေ၊ ချမ်းမြေ့တာတွေဆိုတဲ့ ဈာန်အင်္ဂါတွေကို ပြန်ပြီးတော့ ရှုလိုက်တယ်။

စာမျက်နှာ-၄၆
ရှုတယ်ဆိုတဲ့ အချိန်မှာ ဝိပဿနာကို သွားတဲ့အခါ အဆင့် ၂-ဆင့်ရှိတယ်။ နံပါတ်(၁)က သဘာဝလက္ခဏာ (individual characteristic) လို့ခေါ်တယ်။ သူ့ရဲ့ nature ကို ရှုရမယ်လို့ ပြောတာ။ အဲဒါ ဘာလဲဆိုရင် ကြံစည်တယ်ဆိုတဲ့ “ဝိတက်” ရဲ့ သဘာဝကို ကြည့်လျှင် ဝိတက်ဆိုတာ စိတ်ကလေးကို အာရုံပေါ်သို့ ပို့ပေးနေပါလားဆိုတဲ့ သူ့ရဲ့ nature ကို သိရတယ်။

ဝိစာရကို ကြည့်လိုက်ရင် အာရုံကလေးနှင့် စိတ်ကို ချည်နှောင်ထားပါလား၊ တွဲထားပါလားဆိုတဲ့ သူ့ရဲ့ သဘာဝကိုတွေ့မယ်။ ပီတိကို ကြည့်ရင် အာရုံပေါ်မှာ နှစ်ခြိုက်နေတဲ့ သဘောပါလားဆိုတဲ့ သူ့ရဲ့ သဘာဝကိုတွေ့မယ်။ သုခကို ကြည့်မယ်ဆိုရင် ကိုယ်ချမ်းမြေ့မှု၊ စိတ်ချမ်းမြေ့မှုကို ဖြစ်ပေါ်စေတဲ့ သဘောပါလားလို့ သူ့ရဲ့ သဘောကိုတွေ့လိမ့်မယ်။

စာမျက်နှာ-၄၇
သမာဓိကို ကြည့်လိုက်ရင် အာရုံနှင့် စိတ်ပေါ်မှာ ငြိမ်နေအောင် လုပ်တဲ့သဘောပါလားလို့ သူ့ရဲ့ သဘောကိုတွေ့ရမယ်။ ဒါလေးတွေကို သူတို့ရဲ့ သဘာဝလက္ခဏာလို့ ခေါ်တယ်။

ဝိပဿနာလမ်းကြောင်း ပြောင်းတာနှင့် တစ်ပြိုင်နက် အဲဒီ အစစ်အမှန်ဖြစ်တဲ့ သဘာဝ လက္ခဏာတွေကို သိရမယ်။ ဥပမာအားဖြင့် စိတ်ဆိုး ပြီးတဲ့ လူတစ်ယောက်ဟာ အော် ဒေါသဆိုတာ စိတ်ကို ယောက်ယက်ခတ်ပြီး စိတ်ကို ပူစေတတ်တဲ့ သဘောပါလား။ တည်ငြိမ်နေတဲ့စိတ်ကို ဖျက်ဆီး တတ်တဲ့ သဘောပါလားလို့ မတွေ့နိုင်ဘူးလား။

“ဒုဿတီတိ ဒေါသော” တည်ငြိမ်နေတယ်ဆိုတဲ့ အနေအထားလေးတစ်ခု ပျက်သွားအောင် ဖျက်ဆီးတတ်တယ်တဲ့။ စိတ်ဆိုးတယ် ဆိုကတည်းက တည်ငြိမ်နေတဲ့ ငြိမ်းချမ်းနေတဲ့ သဘာဝလေးတစ်ခု

စာမျက်နှာ-၄၈
ပျက်သွားတာလေ။ အဲဒီလို ဖျက်ဆီးတတ်တဲ့ သဘောကိုသိတာ ဒေါသရဲ့ သဘာဝကို သိတာပဲ။

လောဘ ဆိုရင်လည်း အာရုံပေါ်မှာ တွယ်ကပ်နေတဲ့ သဘောလေးပါလားလို့ လောဘရဲ့ သဘောကို ဒီလို မြင်တယ်။ အဲဒီလို သဘာဝလေးတွေမှာလည်း ကိုယ်ပိုင်သဘာဝတွေ ရှိတယ်။ အဲဒီ ကိုယ်ပိုင် သဘာဝလေးတွေကို “သဘာဝလက္ခဏာ” လို့ ခေါ်တယ်။

နံပါတ်၂-က သဘာဝလက္ခဏာကို ကြည့် ရင်း ကြည့်ရင်းကနေ သာမညလက္ခဏာလို့ခေါ်တဲ့ အများဆိုင်တဲ့ လက္ခဏာကို တိုးချဲ့ပြီးတော့ မြင်လာတယ်။ သာမညလက္ခဏာဆိုတာ မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ စိုးမပိုင်တဲ့သဘော။ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ သဘာဝတွေကို သာမညလက္ခဏာလို့ ခေါ်တယ်။ (universal characteristic) ဒီလို

စာမျက်နှာ-၄၉
universal characteristic ကို တွေ့ပြီးတော့ “ဝိပဿနာ” ဖြစ်ပြီး ထူးထူးခြားခြား မြင်လာတယ်လို့ ပြောတာ။

အဲဒီလို သမထကျင့်စဉ်ကနေ ဝိပဿနာ ကျင့်စဉ်ကို ပြောင်းတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း အခုလိုပဲ ပြောင်းတယ်။ အဲဒီကနေဆက်ပြီး ဘာတွေတွေ့သလဲဆိုရင် ဒီသဘာဝ တရားလေးတွေဟာ ဘယ်မှာ မှီပြီးဖြစ်တာလဲလို့ စဉ်းစားလိုက်ရင် စိတ်ရဲ့ ဖြစ်ပေါ်ရာဖြစ်တဲ့ နှလုံးသားကို မှီပြီးဖြစ်တာပါလား လို့ မှီရာရုပ်တရားကအစ ရုပ်တရားတွေကို စဉ်ဆက် မပြတ် မြင်လာတတ်တယ်။ စိတ်ရော ရုပ်ရော ဒီနှစ်ခု စလုံး မြင်လာတယ်။ ပြီးတော့ စိတ်နဲ့ရုပ် မတူညီတဲ့ သဘောထားလေးတွေ မြင်လာတယ်။ မြင်လာပြီး စိတ်ရော ရုပ်ရော ဒီနှစ်ခုစလုံးဟာ ထာဝရ တည်မြဲ နေတဲ့ အရာမဟုတ်ဘူး။ ဖြစ်လာပြီးတဲ့နောက်

စာမျက်နှာ-၅၀
ပျောက်သွားတယ်။ အကြောင်းတိုက်ဆိုင်လို့ ဖြစ်လိုက်တယ်။ ပေါ်ပြီးရင် ပျောက်သွားတယ်။

ပျောက်တယ်ဆိုတာ နောက်ထပ် ပေါ်မလာဘဲ ပျောက်တာ၊ နောက်ထပ်ဖြစ်တာက နောက်ထပ် အကြောင်းတစ်ခုကြောင့်ဖြစ်တာ။ အဲဒီလို စဉ်ဆက်မပြတ် ဖြစ်ပြီး ပျက်သွားတဲ့ သဘောတွေကို မြင်လာတာ အနိစ္စ၊ အဲဒီ ဖြစ်ပျက်မှုကြီးဟာ စိတ်ပျက်စရာ ကောင်းလောက်အောင် ဖြစ်နေတာ ဒုက္ခ၊ အဲဒီအပေါ်မှာ ကိုယ်က ဘာမှချုပ်ကိုင်နိုင်စွမ်း မရှိတာက အနတ္တတဲ့။ ဒီသဘောတွေကို မြင်လာတာက ဝိပဿနာလို့ ခေါ်တယ်။

အဲဒီ ဝိပဿနာ ဉာဏ်အဆင့်ဆင့်က ပထမဆုံး ရုပ်နဲ့ နာမ်နဲ့ ခွဲတဲ့ ‘နာမရူပပရိစ္ဆေဒဉာဏ် (ခွဲခြားပြီး သိမြင်တဲ့ဉာဏ်)၊ အဲဒီနောက် ထိုရုပ်နာမ်တွေရဲ့ ဖြစ်ပေါ်လာခြင်း အကြောင်းတရားကိုပါ

စာမျက်နှာ-၅၁
တွဲဖက်ပြီး သိလာတဲ့ “ပစ္စယပရိဂ္ဂဟဉာဏ်” ထို့နောက် ထိုရုပ်နာမ်တို့ရဲ့ မမြဲတဲ့ အနိစ္စသဘော၊ ဆင်းရဲတဲ့ ဒုက္ခသဘော (ဒီနေရာမှာ ဆင်းရဲတယ်ဆိုတာ ပိုက်ဆံမရှိလို့ ဆင်းရဲတာကို ပြောတာ မဟုတ်ဘူး။ ဖြစ်ပြီး ပျက်နေတာကိုက စိတ်ပျက်စရာ ကြီးလို့ပြောတာနော်။) ဖြစ်ပျက်မှုတွေရဲ့ နှိပ်စက်မှုကို ခံနေရတဲ့ စိတ်ပျက်စရာကောင်းတာက ဒုက္ခ၊ အဲဒီလို ဖြစ်ပြီး ပျက်နေတာကို ရပ်တန့်ပစ်လို့ မရဘဲ ကိုယ် မပိုင်တာက “အနတ္တ”။

ဒီ ဖြစ်မှု ပျက်မှု သဘောတွေကို အထပ်ထပ် စဉ်းစားတယ် (သမ္မသနဉာဏ)၊ ဖြစ်မှု ပျက်မှု သဘောတွေကို ရှင်းရှင်းကြီးမြင်လာတယ် (ဥဒယဗ္ဗယဉာဏ) တဖြည်းဖြည်းနဲ့ မြင်လာတဲ့အခါ သင်္ခါရတွေအပေါ်မှာ စိတ်ပျက်လာတယ် (ဘင်္ဂဉာဏ)၊ ကြောက်စရာလို့ မြင်လာတယ် (ဘယဉာဏ)။ ငြီးငွေ့

စာမျက်နှာ-၅၂
လာတယ် (နိဗ္ဗဒါဉာဏ)။ ဒီလို မြင်လာတော့ စွန့်လွတ်ချင်လာတယ် (မုဉ္စိတုကမျတာဉာဏ)။ ထို့နောက် လွတ်ရာလွတ်ကြောင်း ထွက်ပေါက် ရှာလာတယ် (ပဋိသင်္ခါဉာဏ)၊ ဒီလို ထွက်ပေါက်ရှာလာတော့ သင်္ခါရသဘာဝတရားတွေ အပေါ်မှာ စိတ်ကလေး တည်ငြိမ်မှုကို ပြန်ရလာတယ် (သင်္ခါရုပေက္ခာဉာဏ)။ အဲဒါကို ဝိပဿနာမှာ အဆင့် အမြင့်ဆုံး “သင်္ခါရုပေက္ခာဉာဏ်”လို့ ခေါ်တယ်။ အဲဒီ အဆင့်ကို တဖြည်းဖြည်းနှင့် ရောက်သွားတယ်။

သမထနှင့် ဝိပဿနာမှာ ဝိပဿနာက ဘယ်ထိအောင်သွားသလဲဆိုရင် မဂ်၊ ဖိုလ်ထိအောင် သွားတယ်။ အဲဒီမှတစ်ဆင့် နိဗ္ဗာန်၊ ဒါ ဝိပဿနာရဲ့ လမ်းကြောင်း၊ သမထ လမ်းကြောင်းရဲ့ လမ်းဆုံးက အဘိညာဉ်၊ သေရင် ဗြဟ္မာဘုံ။

သမထကျင့်ပြီးတော့ ဝိပဿနာကို ကူးတဲ့

စာမျက်နှာ-၅၃
လမ်း ရှိတယ်တဲ့။ သမထကို မကျင့်ဘဲ ဝိပဿနာ တိုက်ရိုက်သွားတဲ့ နည်းလမ်းလည်း ရှိတယ်။ ဒါကြောင့်မို့ “ယာန” နှစ်မျိုးဆိုပြီး ပြထားတယ်။ ယာနဆိုတာ vehicle စီးစရာယာဉ်ကလေး၊ သမထယာဉ်ကိုပဲ စီးမလား သို့မဟုတ် ဝိပဿနာယာဉ်ကိုပဲ စီးမလား၊ ဘယ်ယာဉ်နဲ့ပဲ သွားသွားပေါ့။ သမထကို အရင်ကျင့်ပြီးမှ ဝိပဿနာ ကျင့်တဲ့နည်း ရှိတယ်။ ဝိပဿနာကို တိုက်ရိုက်ကျင့်တဲ့နည်း ရှိတယ်တဲ့။

ဒီနည်း နှစ်နည်းစလုံးက မှန်ကန်တဲ့ နည်းတွေချည်းပဲ။ မိမိကြိုက်နှစ်သက်တဲ့ လမ်းကြောင်းက သွားလို့ရတယ်။ ဥပမာ ရွှေတိဂုံဘုရားကြီးကို ဖူးချင်ရင် တောင်ဘက်မုခ်က တက်မလား၊ အနောက်မုခ်က တက်မလား၊ အရှေ့မုခ်၊ မြောက်ဘက်မုခ်က တက်မလား ဘုရား မရောက်ဘူးလား၊ ရောက်တာ ချည်းပဲ။ ဒီအတိုင်းပဲ ကိုယ်ကြိုက်တဲ့ လမ်းနဲ့သွား၊

စာမျက်နှာ-၅၄
ကိုယ်ကြိုက်တဲ့ယာဉ်ကို စီးသွားလို့ ရတယ်။

သမထကျင့်စဉ်ဆိုတာ စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးမှ ဉာဏ်စွမ်းကို ထူထောင်တာ သဘာဝတရားများရဲ့ အနိစ္စ ဒုက္ခ အနတ္တ သဘောကို မြင်အောင် လေ့ကျင့်တာကို ဝိပဿနာ ကျင့်စဉ် ခေါ်တာပေါ့။ အေး ဒီနှစ်ခုစလုံးကို ဗုဒ္ဓမြတ်စွာက “ဒွေမေ ဘိက္ခဝေ ဓမ္မာ ဝိဇ္ဇာဘာဂိယာ” မဂ်ဉာဏ်ကို ဆိုက်ထိ သွားစေနိုင်တဲ့ ကျင့်စဉ်လို့ ဟောတော်မူတာ။ ဝိဇ္ဇာဆိုတာ မဂ်ဉာဏ်ကို ပြောတာ။ (ဝိဇ္ဇာဆိုတာ ယခုခေတ်ပြောနေကြတဲ့ ဝိဇ္ဇာတွေ ဇော်ဂျီတွေ ပြောတာ မဟုတ်ဘူးနော်။) ဝိဇ္ဇာဆိုတာ ကိလေသာတွေကို ကုန်သွားအောင် ဖယ်ရှားပေးနိုင်တဲ့ စွမ်းရည် သတ္တိရှိနိုင်တဲ့ အသိဉာဏ်တစ်မျိုးကို ခေါ်တယ်။

အဲဒီ ကိလေသာတွေ ကုန်သွားစေတတ်တဲ့ ဝိဇ္ဇာဉာဏ်မျိုးကို ပေါက်မြောက် သွားစေတတ်တဲ့

စာမျက်နှာ-၅၅
အကျင့် ၂-မျိုးက ဘာလဲဆိုရင် “သမထနှင့် ဝိပဿနာ”တဲ့။ သမထကျင့်ရင် ဘာဖြစ်လဲဆိုတော့ အတွယ်အတာ တဏှာ ရာဂ၊ အာရုံတွေအပေါ်မှာ မက်မောတဲ့ လောဘကို ဖယ်ရှားပစ်နိုင်တယ်။ အဲဒါ အကျိုးပဲပေါ့။ အင်မတန် ကြီးမားတဲ့ အကျိုးတစ်ခုပဲပေါ့။

ဒါဖြင့် ဝိပဿနာကျင့်စဉ်က ဘာပေးလဲဆိုတော့ ဝိပဿနာကျင့်စဉ်ကို ကျင့်ရင် ပညာဉာဏ် တိုးတက်တယ်တဲ့။ သဘာဝကိုသိတဲ့ အသိဉာဏ်တွေ ရသွားတယ်။ ကိုယ်တိုင် ကျင့်ကြည့်လိုက်တဲ့အခါကျတော့ မမြဲတဲ့ ဆင်းရဲတဲ့ မပိုင်တဲ့ သဘောလေးတွေ ထင်ထင်ရှားရှား သိလာတယ်။ ကိုယ်တိုင်တွေ့သိ ရှိလာတဲ့ အသိဉာဏ်တွေ ရလာတယ်။ အဲဒါကြောင့် ဝိပဿနာကျင့်စဉ်ဟာ အသိပညာတိုးတက်စေတယ်တဲ့။ အသိပညာ တိုးတက်တော့ ဘာဖြစ်သလဲ

စာမျက်နှာ-၅၆
ဆိုရင် “အဝိဇ္ဇာ”ဆိုတဲ့ အမှန် မသိတဲ့ အမှောင်ကို ဖယ်ရှားပစ်နိုင်တယ်ဆိုတဲ့ အကျိုးရတယ်။

ဆိုလိုတာက သမထကျင့်စဉ်က “ရာဂ”ကို ဖယ်ရှားနိုင်တယ်။ အဲဒီ ရာဂက ဒုက္ခပေးနေတာလေ။ အဲဒီရာဂဆိုတာ နှစ်သက်စရာ အာရုံလေးတွေ့ရင် စိတ်ကို အရောင် အမြဲတမ်းဆိုးနေတာ။ ဒါမျိုးတစ်ခါ မြင်ပြီးရင် နောက်ထပ်တွေ့ချင်တယ်။

နောက်ထပ်လိုချင်အောင် စွဲမက်အောင် သူက အရောင်ချယ်ပေးလိုက်တာ။ အဲဒီတော့ သမထကျင့်စဉ် ကျင့်လိုက်လို့ရှိရင် အာရုံပေါ်မှာ အရောင် ဆိုးပေးတဲ့ ရာဂ၊ စွဲမက်သွားတယ်ဆိုတဲ့ ရာဂ မလာဘူး။ မလာသည့်အတွက်ကြောင့် နောက်ထပ် ဖြစ်စရာ မရှိဘူးလို့ ဆိုလိုတယ်။ သမထကျင့်စဉ် ကျင့်လိုက်တဲ့အခါကျတော့ စိတ်တွေ တည်ငြိမ်လာတယ်။ သမာဓိ စွမ်းအားတွေ တက်လာတယ်။

စာမျက်နှာ-၅၇
စိတ်တွေ တိုးတက်လာတယ်။ အဲဒီအခါကျတော့ တွယ်တာမှုဆိုတဲ့ ပျော့ညံ့တဲ့ သဘောတရားကို ဖယ်ရှားပစ်နိုင်တယ်တဲ့။

ဝိပဿနာကျင့်စဉ်ကို ကျင့်တဲ့အခါကျတော့ အသိပညာတွေ တိုးတက်လာတယ်။ အသိပညာဆိုတာ အမှန်တရားကို နားလည်တာ။ သဘာဝကို သိတာ။ သဘာဝကို သိဖို့ဆိုတာ အလွန်ခဲယဉ်းတယ်။ အာရုံရဲ့ သဘာဝအမှန်ကို မသိဘူး။ အဲဒီ သဘာဝအမှန်ကိုသိတဲ့ အသိပညာ တိုးတက်လာတယ်တဲ့။ ဒါကြောင့် အမှန်ကိုမသိတဲ့ မောဟဆိုတဲ့ အဝိဇ္ဇာကို ဖယ်ရှား ပစ်နိုင်တယ်တဲ့။

ရာဂကစိတ်ကို ညစ်နွမ်းအောင် လုပ်ထားမယ်ဆိုရင် အဲဒီစိတ်ကလေးဟာ လွတ်မြောက်မှုကို ရနိုင်ပါမလား။ မရနိုင်ဘူး။ တွယ်တာမှုက ဆုပ်ကိုင်ထားသည့်အတွက်ကြောင့် အဲဒီစိတ်ကလေးက

စာမျက်နှာ-၅၈
အကျဉ်းမိနေတယ်။ ထွက်ပေါက်မရှိဘူး။ ဒါကြောင့်မို့ လူတွေမှာ အကျဉ်းအကျပ် မိနေတယ်ဆိုတာ အဲဒါပေါ့။ တဏှာရာဂရဲ့ ဆို့ပိတ်ထားမှု ဘောင်ကို ကျော်ပြီး ထွက်မသွားနိုင်ဘူး။

လောကကြီးတစ်ခုလုံးကို ခြုံကြည့်။ သတ္တဝါတွေအားလုံး ရာဂရဲ့ သားကောင်တွေချည်းပဲ။ အားလုံး ရာဂရဲ့ ကျေးကျွန်တွေချည်းပဲ။ ကိုယ့်ကိုယ်ကို freedom ပိုင်တယ်လို့ ပြောနေပေမဲ့လို့ ဘယ်သူက ချုပ်ကိုင် စိုးမိုးထားလဲဆိုရင် ရာဂက ကိုယ့်ကို စိုးမိုးထားတာပဲ။ သူ့အလိုကျပဲ ဖြစ်နေရတယ်၊ ဟုတ်ရဲ့လား၊ အတွယ်အတာရှိရာ စိတ်က သွားမနေဘူးလား။ မတော်လှန်နိုင်ဘူး။ ဒါကြောင့်မို့ ရာဂရဲ့ ချုပ်ကိုင်မှုအောက်မှာ နေရရင် မလွတ်လပ်ဘူးတဲ့။ ဒါတစ်ခုပေါ့။ ဒါကြောင့် သမထကျင့်စဉ်နဲ့ ရာဂကို ဖယ်ရှားပစ်တယ်။

စာမျက်နှာ-၅၉
အဝိဇ္ဇာက လွှမ်းမိုးထားရင် ဘာဖြစ်သလဲဆိုရင် ပညာရဲ့ လွပ်လွပ်လပ်လပ် စွမ်းဆောင်ချက်တွေ မပေါ်ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဝိဇ္ဇာက ပညာကို အားနည်းအောင်လုပ်ထားတယ်။ အဝိဇ္ဇာကို ဖယ်ရှားလိုက်တာနဲ့ တစ်ပြိုင်နက် ပညာရဲ့စွမ်းရည် သတ္တိတွေ အကုန်လုံး ထက်မြက်လာတယ်။ ဒီ ကျင့်စဉ် ၂-ခုကို မြတ်စွာဘုရားက ဒီလိုဟောထားတယ်။

အေး ဒါကြောင့် အာနာပါနကနေ သမထ ကျင့်စဉ်ကို တိုက်ရိုက်ကျင့်မယ်ဆိုရင် “အာရုံနိမိတ်” ပေါ်မှာ အလုပ်လုပ်ရတယ်။ အာနာပါနကနေ သမထ မသွားတော့ဘဲ ဝိပဿနာ တိုက်ရိုက်သွားချင်ပါတယ်ဆိုရင် မရဘူးလားဆိုတော့ ရတယ်။ အဲဒါ ကျတော့ အလုပ်လုပ်ပုံချင်း ကွာသွားတယ်။

ပထမ ထွက်လေဝင်လေလေးကို အာရုံပြု

စာမျက်နှာ-၆၀
ရင်းကနေ ဝိပဿနာအလုပ် လုပ်တော့မယ်ဆိုရင် အာရုံပြုရမှာက တစ်ခုမကဘူး။ အဲဒါဘာလဲဆိုရင် ရှူလိုက်တဲ့ လေလေးရယ်၊ ထိုလေလေး ထိသွားတဲ့ နှာသီးဖျားက ကာယပသာဒရုပ်လေးရယ်၊ ထိတဲ့အခါ ထိမှန်းသိလိုက်တဲ့ စိတ်ကလေးရယ်၊ ဘယ်နှစ်ခုတုန်း၊ သုံးခုနော်။ ဟုတ်ရဲ့လား။ ထွက်လေဝင်လေရယ်၊ ထွက်လေဝင်လေ ထိတဲ့နေရာရယ် ထိမှန်းသိလိုက်တာရယ်။ အဲဒီသုံးခုကို အာရုံပြုပြီး ရှုမှတ်ရမယ်။ အဲဒါက ဝိပဿနာလမ်းကြောင်းကို တိုက်ရိုက် သွားတာတဲ့။

ကိုယ်ဘာသာကိုယ် စမ်းကြည့်။ ရှူလိုက်ရင် ရှူလိုက်တဲ့လေကလေး ထိသွားတယ်။ ရှူလိုက်တဲ့ လေကလေးကို “ဝါယောဖောဋ္ဌဗ္ဗရုပ်” လို့ ခေါ်တယ်။ စာပေအသုံးနဲ့ မခေါ်တတ်ချင် နေပါစေ။ ဒီ ဝါယောဖောဋ္ဌဗ္ဗက ရုပ်တစ်ခု၊ အဲဒီရုပ်ကလေး တိုးထိသွားတဲ့

စာမျက်နှာ-၆၁
နေရာက “ကာယပသာဒရုပ်” တစ်ခု၊ ဟော ရုပ်နှစ်ခု ပေါင်းဆုံလိုက်တဲ့အခါကျတော့ “ထိသိစိတ်” ပေါ်လာတယ်။ သုံးခု ဖြစ်မသွားဘူးလား။

ဥပမာ မျက်စိက မြင်တာကိုကြည့်၊ မျက်စိရယ် အဆင်းရယ်၊ အာရုံရယ် ဒီနှစ်ခု ဆုံလိုက်တဲ့အခါကျတော့ မြင်သိစိတ် မပေါ်လာဘူးလား။ အသံက နားကို လာတိုက်တဲ့အခါ ကြားသိစိတ် မပေါ်လာဘူးလား။ အနံ့က နှာခေါင်းလာထိလိုက်တဲ့အခါ “နံသိစိတ်” မပေါ်ဘူးလား၊ အရသာက လျှာပေါ်မှာ ရောက်လာတဲ့အခါ “လျက်သိစိတ်” မပေါ်လာဘူးလား။ အာရုံက ခန္ဓာကိုယ်နဲ့ လာထိတဲ့အခါကျတော့ “ထိသိစိတ်”ပေါ့။ ဟော “လေ”လေးက ဖောဋ္ဌဗ္ဗာရုံ လေထိတဲ့ နေရာက ကာယပသာဒ၊ အဲဒီနှစ်ခု ပေါင်းစပ်လိုက်လို့ ပေါ်လာတာက “ကာယဝိညာဉ်စိတ်”တဲ့။

စာမျက်နှာ-၆၂
မြတ်စွာဘုရားက ပါဠိလိုဟောတော့လည်း ဒီအတိုင်း ဟောတာပါ။ “ကာယံ စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ” - ကာယပသာဒရုပ်ကလေးရယ် ဖောဋ္ဌဗ္ဗာရုံရယ် ဒီနှစ်ခုကို မှီပြီးတော့ ထိသိစိတ်ကလေး ပေါ်တာပါတဲ့။ အာနာပါနအလုပ်ကို ဝိပဿနာ တိုက်ရိုက်လုပ်ချင်ပြီဆိုလျှင် လေကလေးရယ်။ ထိုလေကလေး ထိတဲ့ ကာယပသာဒရုပ်ရယ်၊ အဲဒီရုပ်နှစ်ခု ပေါင်းဆုံလိုက်တဲ့အခါကျမှ ထိသိစိတ် နာမ်တရားပေါ်လာတယ်လို့ သတိထား။ အဲဒီလို သတိထားရင် ကိုယ့်စိတ်မှာ လေကလေးက သဘာဝတစ်ခု။ လေကလေး ထိတဲ့နေရာလေးက သဘာဝတစ်ခု၊ အဲဒီသဘာဝ၂ ခုသည် သိတတ်ခြင်းသဘော မရှိဘူး။ အာရုံကို သိခြင်း သဘောမရှိဘူး။ အဲဒီနှစ်ခု ထိလိုက်တဲ့အခါ ပေါ်လာတာလေးကမှ နာမ်တရား၊ အာရုံကို သိတတ်တဲ့ သဘောပဲ။

စာမျက်နှာ-၆၃
ဂက်စ်မီးခြစ်ကလေး ဥပမာကြည့်ရအောင်။ ဂက်စ်မီးခြစ် ခြစ်ကြည့်ရင် ဘယ်နှစ်ခုလဲ လူရဲ့ လက်ကလေးနဲ့ ဖိခြစ်တာရယ်၊ ဂက်စ်မီးခြစ် ဘီးလုံးရယ်၊ လက်ရယ်ဟုတ်ရဲ့လား။ အနည်းဆုံးအကြမ်းဖျင်း ၃ခု၊ ဘီးလုံးပေါ် လက်တင်ပြီး ဖိခြစ်လိုက်တယ်။ တွက်ကြည့် ဘီးလုံးက တစ်ခု၊ လက်က တစ်ခု၊ ဖိခြစ်မှုက တစ်ခု၊ ဒီသုံးခုဆုံတော့ ဘာပေါ်လာလဲဆိုရင် “မီးတောက်ကလေး” ပေါ်လာတယ်။ ဒါ တစ်ခုစီပဲ မဟုတ်လား။ အဲဒီသဘောပဲ စိတ်ကလေးက မီးတောက်ကလေး ပေါ်လာသလို ပေါ်လာတာ။

အဲဒီတော့ ဒီစိတ်ကလေးက သူ့ဟာသူ ဖြစ်တာ မဟုတ်ဘူး။ ဒီမီးတောက်ကလေးရော သူ့ဟာသူ ရှိနေတာ ဟုတ်ရဲ့လား။ ခုနက ဖိခြစ်တာရယ် လက်ရယ် ဘီးလုံးရယ် ဒီသုံးခု ပေါင်းဆုံလိုက်တဲ့အခါ ပေါ်လာတာ။

စာမျက်နှာ-၆၄
ကဲ - ဒီထက် ထင်ရှားတဲ့ ဥပမာ တစ်ခုကို ပြောမယ်။ စောင်းတီးတယ် ဆိုပါစို့။ စောင်းကြိုးပေါ် လက်ကလေးတင်ပြီး တီးလိုက်တယ်။ စောင်းကြိုးရယ်၊ လက်ရယ်၊ တီးလိုက်တာရယ်၊ ထွက်ပေါ်လာတဲ့အသံရယ်၊ ဘယ်နှစ်ခုလဲ၊ လေးခု၊ ဒီနေရာမှာ အကြောင်းသုံးခု ပေါင်းဆုံမှုကြောင့် အသံဆိုတဲ့ အကျိုး ဖြစ်လာတယ်ဆိုတာ မထင်ရှားဘူးလား။ အဲဒါကို ရှင်းရှင်းလင်းလင်း သိပြီဆိုရင် ထွက်ပေါ်လာတဲ့ အသံကလေးနဲ့ အခု အသိစိတ် ပေါ်လာတာလေးဟာ တူတူပဲတဲ့။

အဲဒီတော့ “လေ”လေးက ရုပ်တရား၊ ထို “လေလေး တိုက်သွားတဲ့ “ကာယပသာဒ”က ရုပ်တရား၊ ထိုရုပ်တရားနှစ်ခု ထိခတ်ခြင်းကြောင့် “အသိစိတ်”ကလေး ပေါ်လာတာ၊ ဒါက “နာမ်”တရားတဲ့။ အသိဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ သော်

စာမျက်နှာ-၆၅
ဒီမိနစ်ပိုင်းကလေး၊ ဒီစက္ကန့်ပိုင်းကလေးမှာ ရုပ်နဲ့နာမ် ဒီနှစ်ခုပဲ ရှိတာပါလားလို့ မြင်လာတယ်။ အဲဒီလို မြင်လာရင် “နာမရူပပရိစ္ဆေဒဉာဏ်” ရုပ်နဲ့နာမ် ခွဲခြားသိနိုင်သွားတယ်လို့ ပြောတာ။ နောက်တစ်ဆင့် တက်ပြီး စဉ်းစားလာတော့ အသိဉာဏ်က တိုးတိုးလာတယ်။

လေကလေးနဲ့ နှာသီးဖျား မထိခင်က အသိစိတ် မပေါ်ဘူး။ ထိမှ အသိစိတ်ကလေး ပေါ်တယ် ဆိုတော့ “လေကလေးရယ် နှာသီးဖျားက ကာယပသာဒရယ် ဒီနှစ်ခုက အကြောင်းတရား။ သူတို့ကြောင့်ဖြစ်ပေါ်လာတဲ့ အသိစိတ်ကလေးက အကျိုးတရား။

ခုနကလို စောင်းကြိုးနဲ့ လက်ကလေးနဲ့ တီးခတ်လိုက်လို့ ပေါ်တဲ့အသံမှာ အသံက အကျိုးတရား၊ စောင်းကြိုးရယ်၊ တီးခတ်တဲ့ လက်ကလေး

စာမျက်နှာ-၆၆
ရယ်က အကြောင်းတရားတဲ့။ ဟော အကြောင်း အကျိုးကို သိလာပြီး ဒါကို “ပစ္စယပရိဂ္ဂဟဉာဏ်” လို့ခေါ်တယ်။ အခြေခံ ပထမ နာမ်ရုပ် ကွဲသွားပြီး၊ ရုပ်နာမ်ရဲ့ အကြောင်းတရားကို သိလာပြီဆိုလို့ရှိရင် ဒီဉာဏ်နှစ်ခုဟာ ဝိပဿနာဉာဏ်ရဲ့ အခြေခံ ၂ ခုပဲတဲ့။

စာလိုပြောရင် ရုပ်နဲ့ နာမ်ကို ကွဲပြားသိတဲ့ နာမ-ရူပပရိစ္ဆေဒဉာဏ်၊ ထိုရုပ်နာမ် နှစ်ခုရဲ့ ဆိုင်ရာ အကြောင်းကိုသိတဲ့ “ပစ္စယပရိဂ္ဂဟဉာဏ်”တဲ့။ အဲဒီ ဉာဏ်နှစ်ခု ရထားပြီဆိုရင် အားမငယ်နဲ့၊ ဝိသုဒ္ဓိမဂ်မှာ ပြဆိုထားတာက ဘုရားသာသနာနဲ့ ကြုံတဲ့အခါ အဲဒီ ဉာဏ်လေးနှစ်ခု ရအောင်ကြိုးစား၊ ဒီဉာဏ်နှစ်ခု ရထားပြီဆိုရင် “စူဠသောတာပန်” သောတာပန် အငယ်စားလို့ ခေါ်တယ်တဲ့။

သောတာပန်အငယ်စားလို့ ဘာလို့ခေါ်

စာမျက်နှာ-၆၇
သလဲ ဆိုရင် ရုပ်နဲ့နာမ် ကွဲသွားတာနဲ့ တစ်ပြိုင်နက် သတ္တဝါဆိုတဲ့ အတွေးမရှိတော့ဘူး။ အမြင်မှန် သွားပြီ။ အကြောင်းကို မြင်သည့်အတွက်ကြောင့် အကြောင်းအကျိုးနဲ့ ပတ်သက်ပြီး သံသယကင်း သွားတယ်။ သောတာပန် ဖြစ်တယ်ဆိုတာ “အမြင်မှန်တာနဲ့ သံသယကင်းတာ”ပဲ။ အမြင်မှန်တာနဲ့ သံသယကင်းတာဟာ သောတာပန်တို့ရဲ့ အရည်အသွေးပဲ။ ဒါ့ကြောင့် စူဠသောတာပန်လို့ ဒီလို ပြောတာ။

ဘုရားသာသနာနဲ့ ကြုံတဲ့အခါမှာ အဲဒီ အဆင့်လေး အနည်းဆုံးရအောင် ကြိုးစား။ အဲဒီက တစ်ဆင့်တက်ပြီး ရှုမှတ်လိုက်တဲ့အခါ ဝိပဿနာ ဉာဏ်တွေ အဆင့်ဆင့်နဲ့ နောက်ဆုံးသင်္ခါရတွေ အပေါ်မှာ စိတ်ပျက်ငြီးငွေ့ရာကနေ သင်္ခါရတွေ အပေါ်မှာ တည်ငြိမ်နေတဲ့ စိတ်နဲ့ ရှုမှတ်နိုင်တဲ့

စာမျက်နှာ-၆၈
“သင်္ခါရုပေက္ခာဉာဏ်” အဆင့် ရောက်သွားရင် ဒီဉာဏ်ဟာ ဝိပဿနာမှာ အဆင့်အမြင့်ဆုံးပဲ။

အဲဒီ“သင်္ခါရုပေက္ခာဉာဏ်” ရင့်သန်သွားပြီ ဆိုရင် မကြာမီ သင်္ခါရအာရုံတွေ အားလုံး ချုပ်ငြိမ်းသွားတဲ့ နိဗ္ဗာန်ကိုတွေ့မှာပါတဲ့။ “လမ်းဆုံးရင် ရွာရောက်တယ်” လို့ ပြောကြတယ် မဟုတ်လား။

အေး ဝိပဿနာ ကျင့်စဉ်မှာ သင်္ခါရအာရုံ ဆုံးသွားရင် နိဗ္ဗာန်တွေ့မှာပဲ။ အဲဒီထိအောင် လိုက်ရမယ်တဲ့။

သမထကျင့်စဉ်၊ ဝိပဿနာကျင့်စဉ် ဒီကျင့်စဉ် နှစ်ခုစလုံးဟာ ဗုဒ္ဓမြတ်စွာရဲ့ သာသနာမှာ လိုအပ်တဲ့ ကျင့်စဉ် နှစ်မျိုးဖြစ်တယ်။ အဲဒီကျင့်စဉ် နှစ်မျိုးစလုံးကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ကျင့်ကြံကြိုးကုတ် အားထုတ်ဖို့ လိုတယ်။ ဗုဒ္ဓမြတ်စွာ သာသနာနဲ့ကြုံတွေ့ခိုက် ကိုယ့်အိမ်မှာလည်း ကျင့်နိုင်တယ်။ ဘယ်နေရာမှာဖြစ်ဖြစ် ကျင့်နိုင်တယ်။

စာမျက်နှာ-၆၉
ဘယ်သူဖြစ်ဖြစ် ကျင့်နိုင်တယ်။ လူဝတ်နဲ့လည်း ကျင့်နိုင်တယ်။ ဘုန်းကြီးဝတ်နဲ့လည်း ကျင့်နိုင်တယ်။ ဒီကျင့်စဉ်ဟာ ကိုယ်ကျင့်ရင် ကျင့်သလောက် အကျိုးကို ဖြစ်ထွန်းစေတယ်။ နောင်ဘဝအတွက် မျှော်လင့်နေစရာ မလိုဘူး။ ဒီဘဝကျရင် ဒီဘဝမှာ အကျိုး ခံစားရမှာပဲ။ ကိုယ်လုပ်နိုင်တဲ့ စွမ်းအားအလျှောက် အကျိုးတရား ရလာမယ်။ ဗုဒ္ဓမြတ်စွာဟောတဲ့ "သန္ဒိဋ္ဌိကော အကာလိကော" ဆိုတဲ့အတိုင်း ဒီကနေ့ လုပ် ဒီကနေ့ အကျိုးကို အတိုင်းအတာ တစ်ခုအထိတော့ ရလာမှာပဲတဲ့။

အေး ဒါကြောင့်မို့ သမထကျင့်စဉ်သည် နီဝရဏတရား၊ ဆန့်ကျင်ဘက်တရားတွေကို ဖယ်ရှားပစ်တယ်။ ငြိမ်းအေးစေတယ်။ ဝိပဿနာကျင့်စဉ်သည် ထူးခြားတဲ့ အမြင်တွေနဲ့ သဘာဝတရားကို မြင်သိစေတယ်။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာ ပွင့်ပေါ်

စာမျက်နှာ-၇၀
လာတဲ့အခါ ဘုရားဟောထားတဲ့ ဒီ အသိဉာဏ် နှစ်ခုစလုံး သာသနာနဲ့ကြုံခိုက် တို့တစ်တွေ ရအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ရမယ်လို့ ကိုယ်စီကိုယ်စီ ယုံကြည်ပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေသတည်း။

သာဓု သာဓု သာဓု

မုချ လှမည်မှတ်။
ကိုယ့်ကျိုး-သူ့ကျိုး၊
တိုင်းပြည်ကျိုးနှင့် အမျိုးဘာသာ၊
သာသနာအကျိုး ပွားတိုးစေမှု၊
လုပ်ကျွေးပြုမှ ဒို့ဘဝ။
မုချ လှ-မည်မှတ်။

သည်းခံခြင်း၊
သည်းခံတယ်ဆိုတာ
အရာရာကို အပြုံးမပျက်
ရင်ဆိုင်ရဲတဲ့သတ္တိကို ခေါ်တယ်။
15rc8vq5rc9jd4ve23xp026uuyuzw9h