ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.47.0-wmf.7
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
Event
Event talk
အစွမ်းတန်ခိုးများနှင့် သာသနာ
0
6374
22206
22170
2026-06-19T03:35:31Z
Tejinda
173
22206
wikitext
text/x-wiki
{{header
| title = အစွမ်းတန်ခိုးများနှင့် သာသနာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[နိယျာနိကသာသနာ]]
| previous2 =
| next = [[ဒက္ခိဏဝိဘင်္ဂသုတ်အနှစ်ချုပ်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

အစွမ်းတန်ခိုးများနှင့် သာသနာ
မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၅)ရက်၊ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဒုတိယအကြိမ် ဝိသုဒ္ဓိသံဃဒါနဆွမ်းလောင်းအသင်း၊ အထူးဓမ္မပူဇာ ဓမ္မသဘင်အခမ်းအနားဝယ် ဟောကြားအပ်သော “အစွမ်းတန်ခိုးများနှင့် သာသနာ” တရားဒေသနာတော်။

မိမိတို့ကြည်ညိုကိုးကွယ်မြတ်နိုးရာ ဘာသာတရားထွန်းကားဖို့ရန်အတွက် ဆိုင်ရာဆိုင်ရာ ဘာသာတရားတွေမှာ ယုံကြည်မြတ်နိုးကြတဲ့ ပုဂ္ဂိုလ်အသီးသီးဟာ သူတို့ဘာသာ သာသနာကြီးပွားတိုးတက်ရေးအတွက် အစွမ်းတန်ခိုးနဲ့ သာသနာပြုဖို့ စိတ်ကူးကြတယ်။ ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်မှာလည်း ထို

စာမျက်နှာ-၂
အတူပဲ။ အချို့အချို့သော ပုဂ္ဂိုလ်တွေရဲ့ စိတ်ထဲမှာ အစွမ်းတန်ခိုးပြပြီး သာသနာပြုရင် ကမ္ဘာလောကမှာရှိတဲ့ လူသားတွေအားလုံးကို စည်းရုံးနိုင်လိမ့်မယ်လို့ ယုံကြည်ကောင်း ယုံကြည်ကြလိမ့်မယ်။ ဒါ ရိုးသားတဲ့ ယုံကြည်မှုတစ်ခုပေါ့နော်။

သို့သော် အဲဒီအစွမ်းတန်ခိုးနဲ့ သာသနာပြုလို့ တကယ်ရနိုင်သလား။ အစွမ်းတန်ခိုးဆိုတာ ဘာကိုခေါ်တာလဲ၊ လူတွေထင်မြင်ယူဆထားတဲ့ တန်ခိုးအာဏာ ပါဝါတွေကို အစွမ်းတန်ခိုးခေါ်တာလားဆိုတာကို ဘုန်းကြီးတို့ဒီနေ့ည ရှင်းရှင်းလင်းလင်း သိကြရအောင် ဗုဒ္ဓမြတ်စွာရဲ့ အာဘော်ကျ ဒီဃနိကာယ် ကေဝဋသုတ် လာတဲ့အတိုင်း ဟောကြားမှာဖြစ်ပါတယ်။
တရားစဟောသူများ သတိထားစရာ
အားလုံးသော တရားဓမ္မဟာ ဗုဒ္ဓမြတ်စွာဟောကြားထားတဲ့ တရားဓမ္မဖြစ်တယ်။ ဗုဒ္ဓမြတ်စွာဟောကြားထားတဲ့ ထိုတရားဓမ္မကိုပဲ လွယ်လွယ်ကူကူနဲ့

စာမျက်နှာ-၃
ရှင်းရှင်းလင်းလင်း နားလည်အောင် ဘုန်းကြီးတို့က ထပ်ဆင့်ဟောပြောကြရတယ်။ တစ်ခါတရံမှာ ကိုယ့်ရဲ့အာဘော်နဲ့ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်ကို ညစ်နွမ်းမသွားစေဖို့ သိပ်သတိထားရပါတယ်။

လောကကြီးမှာ pollution (ညစ်ညမ်းခြင်း) ဆိုတာရှိတယ်မဟုတ်လား။ air pollution ဆိုတာ လေထုညစ်ညမ်းခြင်းပေါ့။ ရေညစ်ညမ်းခြင်းကို water pollution လို့ခေါ်တယ်။ နောက်တစ်ခုက land pollution (မြေထုညစ်ညမ်းခြင်း) ထပ်တိုးလာတယ်။ အသံတွေဆူညံတာကို noise pollution လို့ခေါ်တယ်။ အခုတစ်ခါ ကမ္ဘာမှာ pollution တစ်မျိုး ထပ်တိုးလာတာက light pollution ပေါ့။ လျှပ်စစ်မီးတွေ သိပ်ပြီးအသုံးပြုတဲ့အခါ တစ်ချို့နိုင်ငံတွေမှာ နေ့တွေညတွေ မကွဲတော့ဘူး။ အဲဒါကို light pollution လို့ခေါ်ကြတယ်။ အဲဒီ pollution တွေက air pollution၊ water pollution၊ light pollution တို့ဟာ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေတယ်။

စာမျက်နှာ-၄
view pollution (အမြင်ညစ်ညမ်းခြင်း) ဆိုတာမျိုးနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ရဲ့အထင်အမြင် အယူအဆတွေ idea တွေထည့်လိုက်သည့်အတွက် တကယ့်အစစ်အမှန်တရားတွေဟာ ညစ်နွမ်းသွားနိုင်တယ်။ ဒါကြောင့် တရားဟောတယ်ဆိုတာ အလွန်သတိထားရတယ်။

ဗုဒ္ဓမြတ်စွာလက်ထက်တော်အခါ ကာလတုန်းက ရာဇဂြိုဟ်မြို့နဲ့ မလှမ်းမကမ်းမှာ နာလန္ဒာဆိုတဲ့ မြို့ကလေးတစ်မြို့ရှိတယ်။ နာလန္ဒာကို တက္ကသိုလ်အနေနဲ့ပဲသိကြတယ်။ နာလန္ဒာမြို့နားမှာ ကြီးကြီးမားမား တက္ကသိုလ်ကြီးတစ်ခုတည်ထောင်ထားလို့ အခုထိ နာလန္ဒာတက္ကသိုလ်လို့ ခေါ်နေကြတယ်။

အဲဒီနာလန္ဒာဆိုတဲ့ မြို့ကလေးမှာ မြတ်စွာဘုရားနဲ့ခေတ်ပြိုင် နိဂဏ္ဌဝါဒဆိုတာရှိတယ်။ ဒီကနေ့ခေတ်တော့ ဂျိန်းဝါဒလို့ခေါ်တယ်။ အိန္ဒိယမှာ ဗုဒ္ဓဝါဒနဲ့ခေတ်ပြိုင် ပေါ်ထွန်းခဲ့တဲ့ ဝါဒတွေအနက် ယခုထိ အိန္ဒိယမှာ ထွန်းကားနေဆဲဝါဒသည် ဂျိန်းဝါဒပဲဖြစ်တယ်။ ပါဠိစာပေအရ နိဂဏ္ဌနာဋပုတ္တ၊ သူတို့စာပေ

စာမျက်နှာ-၅
အရ မဟာဝီရလို့ခေါ်တဲ့ နိဂဏ္ဌဘုရား (ဂျိန်းဘုရား) က နာလန္ဒာမှာ နှစ်ပေါင်းများစွာ သီတင်းသုံးနေထိုင်ခဲ့တယ်။ နာလန္ဒာဟာ သူအတွက် အားအကိုးရဆုံးမြို့တစ်မြို့ဖြစ်ခဲ့တယ်။

သို့သော်လည်း နောက်ပိုင်းမှာ နိဂဏ္ဌဘာသာဝင် (ဂျိန်းဘာသာဝင်) နာလန္ဒာရဲ့ သူဌေးကြီး ဥပါလိဟာ ဗုဒ္ဓကို ဝါဒပြိုင်ဖို့သွားရင်း ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းသွားတယ်။ ဥပါလိသူကြွယ် ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းသွားတဲ့အခါ အဲဒီမဟာဝီရလို့ခေါ်တဲ့ နိဂဏ္ဌဘာသာရေးခေါင်းဆောင် ဂျိန်းဘုရားဟာ စိတ်ဓာတ်တွေကျပြီး ပါဝါမြို့ကို ပြောင်းရွှေ့သွားတယ်။ စိတ်ဆင်းရဲတော့ ရောဂါဝေဒနာတွေရပြီး မကြာခင် ပါဝါမှာပဲ ကွယ်လွန်အနိစ္စရောက်သွားခဲ့တယ်။ ဥပါလိသူကြွယ် ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အချိန်ကနေစပြီး နာလန္ဒာတစ်မြို့လုံးနီးနီး ဂျိန်းဘာသာကိုးကွယ်ရာက ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲသွားကြတယ်။ မြတ်စွာဘုရားကိုလည်းပဲ အလွန်ကြည်ညိုကြ

စာမျက်နှာ-၆
တယ်။ အဲဒီအထဲမှာ ပစ္စည်းဥစ္စာအတော်ကြွယ်ဝတဲ့ သူဌေးသားတစ်ယောက်ရှိခဲ့တယ်။ သူ့ရဲ့အမည်က ကေဝဋပုတ္တလို့ခေါ်တယ်။ အဲဒီသူဌေးသားကလည်း ဗုဒ္ဓဘာသာကို အလွန်ကြည်ညိုတယ်။ ဘာသာရေးကို အလွန်စိတ်ဝင်စားတော့ နာလန္ဒာမြို့တစ်မြို့လုံး ဗုဒ္ဓဘာသာဘက်ကို ပိုပြီးစိတ်ဝင်စားစေချင်တယ်။ ဒါဟာ သူရဲ့ဆန္ဒပဲ။

သာသနာပြုတဲ့အခါမှာ သဒ္ဓါတရားတစ်ခုတည်းနဲ့ မဖြစ်ဘူး။ သူ့ရဲ့သဒ္ဓါက သိပ်အားကောင်းသည့်အတွက် သူ့အတွေးတွေ ဘယ်လိုဝင်လာသလဲဆိုရင် “ဒီကနေ့ နာလန္ဒာမှာရှိတဲ့ ကိုယ်တော်တွေထဲက တစ်ပါးပါးက အစွမ်းတန်ခိုးတွေများပြမယ်ဆိုရင် ဟောဒီနာလန္ဒာမြို့သူမြို့သားတွေ ဗုဒ္ဓဘာသာကို ပိုပြီးတော့ကြည်ညိုကြမယ်၊ ဗုဒ္ဓဘာသာဝင်တွေ ပိုပြီးတော့ခိုင်မြဲစွာဖြစ်လိမ့်မယ်” ဒါ သူ့အတွေး။

ဒီကနေ့ခေတ်မှာလည်း ဒီလိုအတွေးမျိုးရှိကောင်းရှိလိမ့်မယ်။ တစ်ခါတုန်းက ဒကာကြီးတစ်ယောက်က

စာမျက်နှာ-၇
ပြောဖူးတယ်၊ ဘုန်းကြီးတွေ ကောင်းကင်မှာဈာန်ပျံပြနိုင်မယ်ဆိုရင် တစ်ကမ္ဘာလုံး ဗုဒ္ဓဘာသာဖြစ်သွားမှာပဲလို့ အဲဒီဒကာကြီးက ပြောဖူးတယ်။ ဒီအတွေးမျိုးက အခုမှပေါ်တာမဟုတ်ဘူး။ ဗုဒ္ဓမြတ်စွာလက်ထက်တော်အခါကာလတုန်းက ကေဝဋပုတ္တဆိုတဲ့ သူဌေးသားလေးက ဒီစိတ်ကူးမျိုးရလာတယ်။

သူက စိတ်ကူးရရုံတင်မဟုတ်ဘူး၊ မြတ်စွာဘုရားကို သွားလျှောက်တယ်။ “အရှင်ဘုရား၊ တပည့်တော် သာသနာတော်ကြီးပွားထွန်းကားရေးအတွက် အကြံတစ်ခုလျှောက်ထားချင်ပါတယ်။ မြတ်စွာဘုရားက တန်ခိုးဣဒ္ဓိပါဒ်နဲ့ပြည့်စုံတဲ့ ရဟန်းတစ်ပါးကို ဟောဒီနာလန္ဒာအနှံ့ တန်ခိုးပြဖို့ခန့်ထားပါဘုရား” တဲ့။ အဲဒီလိုခန့်ထားမယ်၊ ဒီကိုယ်တော်တန်ခိုးပြမယ်ဆိုရင် နာလန္ဒာမြို့သူမြို့သားတွေက အတိုင်းထက်အလွန် ဗုဒ္ဓဘာသာကို ကြည်ညိုလာကြပါလိမ့်မယ်။ ဒါ သူ့အတွေး။

စာမျက်နှာ-၈
မြတ်စွာဘုရားက ဘာအမိန့်ရှိတုန်းဆိုရင် “ကေဝဋ၊ ငါဒီလိုတရားမျိုးကိုမဟောဘူး၊ ရဟန်းတို့လာကြ၊ လူတွေကို တန်ခိုးပြုကြဆိုတဲ့ ဆုံးမဩဝါဒမျိုး ငါဘယ်တော့မှမပေးဘူး” တဲ့။ ဘုရားက အဲဒီလိုမိန့်တဲ့အခါမှာ သူကဘာပြန်လျှောက်တုန်းဆိုတော့ “အရှင်ဘုရား၊ တပည့်တော်က စိတ်ကောင်းစေတနာကောင်းနဲ့ပြောတာပါ၊ အရှင်ဘုရားကိုနစ်နာဆုံးရှုံးစေလို၍၊ အရှင်ဘုရားရဲ့စည်းကမ်းချက်တွေကို ထိခိုက်စေလို၍ လျှောက်တာမဟုတ်ပါဘူး”။ ဘာဖြစ်လို့တုန်းဆိုရင် မြတ်စွာဘုရားက ရာဇဂြိုဟ်ပြည်မှာ ဝိနည်းစည်းကမ်းတစ်ခုချထားတာရှိတယ်။ တန်ခိုးမပြရဘူးဆိုတဲ့ ဝိနည်းစည်းကမ်းချမှတ်ထားခဲ့တယ်။ တန်ခိုးမပြရ ဝိနည်းစည်းကမ်းချမှတ်ရ ဘယ်တုန်းကစပြီး တန်ခိုးမပြရဘူးဆိုတာကို ချမှတ်ခဲ့သလဲဆိုရင် ဘယ်ဘာသာဝင်မှမဟုတ်တဲ့ non-religious believer (သာသနာပ) ပုဂ္ဂိုလ်တစ်ယောက်က

စာမျက်နှာ-၉
စန္ဒကူးနှစ်ကို သပိတ်လုပ်ပြီး အတောင်(၆၀)ရှိတဲ့ ဝါးလုံးမှာဆွဲထားပြီး “ဘာသာအမျိုးမျိုး ထွန်းကားနေတယ်၊ ကဲ၊ ဘာသာရေးသမားတွေ တန်ခိုးရှိကြတယ်။ အစွမ်းသတ္တိတွေရှိကြတယ်ဆိုရင် ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကောင်းကင်မှာချိတ်ဆွဲထားတဲ့ ဟောဒီစန္ဒကူးသပိတ်ကိုယူပါ။ ယူနိုင်မယ်ဆိုရင် သားရော၊ မယားရော၊ သူ့မှာရှိတဲ့စည်းစိမ်တွေကိုပါ ပုံအပ်ပြီး အဲဒီဘာသာဝင်အဖြစ်ခံယူမယ်” လို့ ကြေညာလိုက်တယ်။ သူကလည်း တန်ခိုးပြတာစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်ပဲနော်။

အတောင်(၆၀)ရှိတဲ့ ဝါးလုံးထိပ်မှာ ချိတ်ဆွဲထားတဲ့ သပိတ်ကို ကောင်းကင်ပျံပြီးယူနိုင်တဲ့ပုဂ္ဂိုလ်ရဲ့ ဘာသာကို သူကဆည်းကပ်မယ်လို့ ကြေညာတာနော်။ ဒီလိုကြေညာတဲ့အခါ တခြားဘာသာဝင်ခေါင်းဆောင်တွေက သွားပြီးစည်းရုံးကြတယ်။ “ဒီသပိတ်ကလေးအတွက်နဲ့ တန်ခိုးပြဖို့မတောင်းဆိုပါနဲ့။ ဒို့မှာ တန်ခိုးပါဝါတွေရှိနေတာမှန်တယ်။ ဒို့နဲ့ပဲထိုက်တန်ပါတယ်။ မင်းရဲ့သပိတ်ကို ဒို့ကိုလှူပါ” လို့သွားပြော

စာမျက်နှာ-၁၀
တယ်။ သူဌေးက ခေါင်းမာမာပဲ။ အားလုံးကိုလှူတယ်။ ဒီအတိုင်းတော့ ဘယ်သူ့မှမပေးနိုင်ဘူး၊ ယူတဲ့သူက ကောင်းကင်ကိုပျံပြီးမှသာ ယူရမယ်တဲ့။

နောက်ဆုံး ဘယ်သူတက်ပြီးယူလိုက်တုန်းဆို ရှင်ပိဏ္ဍလဘာရဒွါဇပဲ။ ဗြဟ္မဏအမျိုးကနေ ရဟန်းဝတ်လာတဲ့ ရှင်ပိဏ္ဍလဘာရဒွါဇဆိုတဲ့ ရဟန္တာတစ်ပါးက ရှင်မဟာမောဂ္ဂလာန်နဲ့အတူ ဆွမ်းခံဝင်လာရင်း သတင်းကြားတယ်။ လမ်းမှာလူတွေက ပြောကြတယ်ပေါ့။ “သူဌေးက ကြေညာထားတာ (၇) ရက်ရောက်ပြီ၊ ဒီသပိတ်ကိုယူမယ့်သူမရှိဘူး။ လောကမှာ သူကလည်းရဟန္တာ၊ ငါကလည်းရဟန္တာနဲ့၊ သူကလည်းတန်ခိုးရှင်၊ ငါကလည်းတန်ခိုးရှင်နဲ့ ပြောနေကြတာ အလကားပါ၊ လောကမှာ တကယ်စွမ်းတဲ့ တန်ခိုးရှင်မရှိပါဘူး” လို့ ပြောနေကြတယ်။ ရှင်မဟာမောဂ္ဂလာန်က ဒီစကားကြားသွားတယ်။ ပြီးသွားတော့ ရှင်ပိဏ္ဍလကို တိုက်တွန်းတယ်။ “ငါ့ရှင်ပိဏ္ဍလ ကြားလား၊ ငါ့ရှင်တတ်နိုင်ပါတယ်။ အစွမ်းတန်ခိုးပြုပြီးတော့

စာမျက်နှာ-၁၁
ဒီသပိတ်ကိုတက်ယူပါ” လို့ဆိုတော့ ရှင်မောဂ္ဂလာန်ရဲ့တိုက်တွန်းချက်အရ ရှင်ပိဏ္ဍလက အဲဒီစန္ဒကူးသပိတ်ကို ကောင်းကင်ကကြွပြီး ရယူသွားခဲ့တယ်။ အဲဒီဇာတ်လမ်းကလေးရှိတယ်။

ကောင်းကင်ပျံပြီးတော့ စန္ဒကူးသပိတ်ကိုယူတဲ့အချိန်မှာ အုန်းအုန်းကျွတ်ကျွတ်ပေါ့။ အလုပ်ကိစ္စနဲ့ ခရီးသွားနေလို့မကြည့်လိုက်ရတဲ့လူတွေ၊ တခြားရောက်နေလို့မကြည့်လိုက်ရတဲ့လူတွေက ရှင်ပိဏ္ဍလနောက်က လိုက်လာပြီး မမြင်လိုက်ရလို့ ပြပါဦး၊ ပြပါဦးနဲ့ တကောက်ကောက်လိုက်လာကြတယ်။ ကျောင်းထိအောင်လိုက်လာတယ်။ မြတ်စွာဘုရားက ဆူဆူညံညံလုပ်တာဆိုရင် လုံးဝကိုမကြိုက်ဘူး။ တိတ်ဆိတ်ငြိမ်သက်မှုကို မြတ်စွာဘုရားက အလွန်နှစ်သက်တယ်။

ရှင်ပိဏ္ဍလနောက်က လူအုပ်ကြီးက တအုန်းအုန်းနဲ့လိုက်လာတာ ကျောင်းတော်ထိအောင် ဆူဆူညံညံဖြစ်နေတော့ မြတ်စွာဘုရားကမေးတယ်။ မေးလို့ဒီသတင်းကြားတော့ ရှင်ပိဏ္ဍလကို ခေါ်ပြီးတော့

စာမျက်နှာ-၁၂
မြတ်စွာဘုရားက မှတ်လောက်သားလောက်အောင် ဆုံးမတယ်။ ဘာမှတန်ဖိုးမရှိတဲ့ ဒီသပိတ်ကလေးအတွက်နဲ့ တန်ခိုးပြရမလားလို့ မြတ်စွာဘုရားက ဆုံးမပြီးတော့ “ဒီကနေ့ကနေစပြီး ရဟန်းတွေ တန်ခိုးမပြရဘူး” လို့ ပညတ်ခဲ့ဖူးတယ်နော်။

ဒါကြောင့် ဒီကေဝဋက ဘုရားကိုလျှောက်တဲ့အခါ “အရှင်ဘုရားရဲ့စည်းကမ်းဥပဒေတွေကို ဖျက်လို၍ တပည့်တော်က လျှောက်တာမဟုတ်ပါဘူးဘုရား။ ဟောဒီနာလန္ဒာမြို့သူမြို့သားတွေ ဗုဒ္ဓဘာသာကို ပိုပြီးတော့စိတ်ဝင်စားလာအောင်၊ အရှင်ဘုရားသာသနာနဲ့ အရှင်ဘုရားအပေါ် ပိုပြီးတော့ကြည်ညိုမှုတွေဖြစ်စေချင်လို့ တပည့်တော်လျှောက်တာပါ” တဲ့။ အဲဒီလိုလျှောက်သော်လည်း မြတ်စွာဘုရားက “ငါဘယ်တော့မှ ရဟန်းတွေကို တန်ခိုးပြဖို့မတိုက်တွန်းဘူး” လို့ ပြန်ပြီးမိန့်ကြားတယ်။

စာမျက်နှာ-၁၃

အစွမ်းတန်ခိုး (၃) မျိုး
အဲဒီလိုမိန့်ကြားတဲ့အခါမှာ (၃) ကြိမ်တိုင်အောင် ထပ်ပြီးတောင်းပန်လျှောက်ထားတော့ မြတ်စွာဘုရားကမိန့်တယ်။ “ကဲ ကေဝဋ ငါပြောမယ်။ လောကမှာ အစွမ်းတန်ခိုး (၃) မျိုးရှိတယ်။ အစွမ်းတန်ခိုး (၃) မျိုးက ဘာတုန်းဆိုရင် နံပါတ်(၁)က ဣဒ္ဓိပါဋိဟာရိယ၊ နံပါတ်(၂)က အာဒေသနာပါဋိဟာရိယ၊ နံပါတ်(၃)က အနုသာသနီပါဋိဟာရိယ၊ ဣဒ္ဓိပါဋိဟာရိယဆိုတာက ပုံစံအမျိုးမျိုးဖန်ဆင်းပြနိုင်တယ်။ အာဒေသနာပါဋိဟာရိယဆိုတာ လူတစ်ယောက်ရဲ့စိတ်ကို အတတ်ဟောတာ။ အနုသာသနီပါဋိဟာရိယဆိုတာ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်တရားကိုကျင့်၊ ဘယ်လိုလိုက်နာရမလဲဆိုပြီးတော့ သွန်သင်ဆုံးမတာတဲ့။ အစွမ်းတန်ခိုး (၃) မျိုးတဲ့။

စာမျက်နှာ-၁၄

ဆုံးမတာလည်း တန်ခိုးပဲ
လောကလူတွေက အမျိုးမျိုးလုပ်ပြဖန်ဆင်းပြမှ တန်ခိုးလို့ထင်နေတယ်။ မြတ်စွာဘုရားက ဆုံးမတာလည်း တန်ခိုးပဲတဲ့။ ဆုံးမဩဝါဒပေးတာဟာ အစွမ်းတန်ခိုးလို့ မှတ်ထားရမယ်။ ဒီအစွမ်းတန်ခိုးတွေကို ပါဠိလို ပါဋိဟာရိယ၊ မြန်မာလိုကျတော့ ပြာဋိဟာလို့သုံးလေ့ရှိတယ်။ ပြာဋိဟာဆိုတဲ့စကားလုံးနဲ့ ပါဠိဟာရိယဆိုတာဟာ အတူတူပဲ။ မြန်မာလိုက ပါဠိနောက်လိုက်ပြီးတော့ ပြာဋိဟာ ပြာဋိဟာနဲ့ ဒီလိုခေါ်တယ်။ အဓိပ္ပာယ်က ဆန့်ကျင်ဘက်တွေကို တွန်းလှန်ဖယ်ရှားနိုင်တဲ့ အစွမ်းသတ္တိလို့ပြောတာနော်။ ဆန့်ကျင်လာတဲ့အရာတွေကို တွန်းလှန်ဖယ်ရှားပစ်နိုင်တဲ့ အစွမ်းတန်ခိုးကို ပါဋိဟာရိယ လို့ခေါ်တယ်။ မြန်မာလို အစွမ်းတန်ခိုးလို့ပဲမှတ်ထားပေါ့။ စကားလုံးရဲ့အဓိပ္ပာယ်ရင်းက ဆန့်ကျင်ဘက်ကို တွန်းလှန်ဖယ်ရှားပစ်နိုင်တဲ့ အစွမ်းသတ္တိကို အစွမ်းတန်ခိုးလို့ခေါ်ပါတယ်။

စာမျက်နှာ-၁၅
အဲဒီလိုအစွမ်းတန်ခိုးဟာ (၃) မျိုးရှိတယ်။ နံပါတ်(၁)က ဣဒ္ဓိပါဋိဟာရိယ၊ ခုခေတ်လည်းပြောကြတယ်မဟုတ်လား၊ ဣဒ္ဓိတို့ မဟိဒ္ဓိတို့ဆိုတာလေ၊ အစွမ်းတန်ခိုးတွေပေါ့။ ဣဒ္ဓိတန်ခိုးဟာ မရှိဘူးမဟုတ်ဘူး ရှိတယ်။ ဘယ်လိုလုပ်ရတုန်းဆိုရင် သမထကျင့်စဉ်တစ်ခုကို ပေါက်ပေါက်ရောက်ရောက်ကျင့်လိုက်လို့ ဈာန်(၄)ဆင့် (သို့) ဈာန်(၅)ဆင့်ရောက်တဲ့အခါမှာ ဖန်ဆင်းနိုင်တဲ့ပညာရပ်တစ်ခုကို ဣဒ္ဓိလို့ခေါ်တယ်။ ပါဠိစာပေအရ အဘိညာလို့ခေါ်တယ်။ ထူးခြားတဲ့ ဣဒ္ဓိဝိဓအဘိညာ။

ဝိဓဆိုတာ အမျိုးမျိုးရှိတယ်တဲ့။ ဆိုပါစို့ တစ်ယောက်တည်းကနေပြီး တစ်ရာ၊ တစ်ထောင်ဖြစ်အောင် ဖန်ဆင်းလို့ရတယ်။ ရှင်စူဠပန်မထေရ်မြတ်က တစ်ပါးတည်းကနေပြီး ရဟန်းတစ်ထောင်ဖြစ်အောင်ဖန်ဆင်းထားတယ်။ ဒီအစွမ်းတန်ခိုးနဲ့နော်။ မရှိမဟုတ်ဘူး၊ ရှိတယ်။ မရမဟုတ်ဘူး၊ လုပ်လို့ရတယ်။ ရှင်စူဠပန်က သူရဲ့ကိုယ်ပွားတွေ တစ်ထောင်ဖန်ဆင်း

စာမျက်နှာ-၁၆
ပြထားတယ်။ ဘယ်ကိုယ်တော်ကိုပဲမေးလိုက်မေးလိုက် အကုန်လုံး စူဠပန်ချည်းပဲ။ တစ်ပါးနဲ့တစ်ပါး မတူအောင်လည်းဖန်ဆင်းထားတယ်။ တစ်ပါးက ကမ္မဋ္ဌာန်းထိုင်နေတယ်။ တစ်ပါးက တံမြက်စည်းလှည်းနေတယ်။ တစ်ပါးက ရေခပ်နေတယ်။ မေးလိုက်ရင်တော့ အကုန်လုံးစူဠပန်ချည်းပဲ။

ဒါမျိုးကို ဣဒ္ဓိပါဋိဟာရိယ ဣဒ္ဓိအစွမ်းတန်ခိုးလို့ခေါ်တယ်။ ဒါက အဘိညာဉ်တန်ခိုးနဲ့မှ ဖန်ဆင်းလို့ရတာဖြစ်တယ်။ တစ်ပါးတည်းကနေ ရာထောင်ထိအောင် ဖန်ဆင်းလို့ရသလို ရာထောင်ကို တစ်ဦးတည်းဖြစ်အောင် ချုံပြီးတော့ယူလို့ရတယ်။ ဘွားခနဲပေါ်လာအောင်လည်း ဖန်ဆင်းလို့ရတယ်။ ဖျတ်ခနဲပျောက်သွားအောင်လို့လည်း ဖန်ဆင်းလို့ရတယ်။ ကိုယ့်မျက်စိအောက်မှာ ဘွားခနဲပေါ်လာနိုင်သလို ဖျတ်ခနဲလည်းပျောက်သွားနိုင်တယ်။ ဟိုဘက်နံရံ၊ ဒီဘက်နံရံကို (တရုတ်ပြည်က မဟာတံတိုင်းကြီးဖောက်ထွက်သွားသလိုမျိုး) လည်းပဲ ဖောက်ထွက်သွားနိုင်အောင် အစွမ်း

စာမျက်နှာ-၁၇
တန်ခိုးတွေ ဖန်ဆင်းလို့ရတယ်။ ဒါတင်မကဘူး ရေပေါ်မှာလမ်းလျှောက်ပြတာ၊ ကောင်းကင်ပေါ်မှာ ငှက်လိုပျံပြတာ တန်ခိုးအမျိုးမျိုး၊ မြေထဲမှာလျှိုပြတာ၊ ကောင်းကင်ပေါ်မှာ ထိုင်ပြတယ်၊ တက်ပြတယ်၊ အမျိုးစုံပေါ့၊ ဒါတွေက အစွမ်းတန်ခိုးလို့ခေါ်တယ်။

အဲဒီအစွမ်းတန်ခိုးတွေ ဖန်ဆင်းတဲ့အခါမှာလည်း သဘာဝကိုဆန့်ကျင်ပြီး လုပ်လို့မရဘူး။ စနစ်တကျ သဘာဝအတိုင်းလုပ်ရတယ်၊ သဘာဝနဲ့ဆန့်ကျင်လို့ရှိရင် မအောင်မြင်ဘူး။ အစွမ်းတန်ခိုးဆိုပေမယ့်လို့ လုပ်ချင်တာလုပ်လို့မရဘူးနော်။ ဒါကြောင့် super natural power (သဘာဝလွန်စွမ်းအား) မဟုတ်ဘူး၊ supernatural power (ပုံမှန်ထက်သာသောစွမ်းအား) ဖြစ်တယ်၊ nature (သဘာဝ) ကိုတော့ ကျော်လွန်လို့မရဘူး။ nature ကို ကျော်လို့မရဘူးဆိုတာကြည့်၊ မြေလျှိုချင်တယ်ဆိုရင် မြေဆိုတာအပေါက်ရှိမှ လျှိုလို့ရတယ်မဟုတ်လား၊ အပေါက်မရှိရင် လျှိုလို့မရဘူးလေ၊ အဲဒီတော့ မြေလျှို

စာမျက်နှာ-၁၈
ချင်တယ်ဆိုရင် ပထမဆုံး ကိုယ်သွားမယ့်မြေကြီးမှာ လမ်းကြောင်းတစ်ခုဖန်တီးရမယ်၊ သဘောက လိုဏ်ဂူကြီးဖြစ်အောင် အရင်ဖန်တီးရမယ်၊ ပြီးမှသွားလို့ရမယ်။

ကောင်းကင်မှာ လမ်းလျှောက်သွားချင်တယ်ဆိုရင် သဘာဝက လေဟာပြင်မှာ လမ်းလျှောက်လို့မရဘူး၊ အဲဒီတော့ လမ်းလျှောက်လို့ရအောင် အရင်ဆုံးလမ်းကို ဖန်ဆင်းရတယ်။ ဖန်ဆင်းပြီးတဲ့အခါမှ ကောင်းကင်မှာလမ်းလျှောက်လို့ရမယ်။ သဘာဝကိုဆန့်ကျင်ပြီးလုပ်ရင် တန်ခိုးကမအောင်မြင်ဘူး။ ဆိုပါစို့ ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ တံတိုင်းကြီးခြားနေတဲ့ ဟိုဘက်ကို လှမ်းကြည့်ချင်တယ်၊ ဒါမှမဟုတ် မြေကြီးထဲကို လှမ်းကြည့်ချင်တယ်။ ဘယ်လိုလုပ်ရမလဲ။ ပကတိမျက်စိရဲ့သဘောက မှောင်နေရင်မမြင်ရဘူး၊ ထို့အတူပဲ ဒိဗ္ဗစက္ခုကလည်း မှောင်နေတာကြည့်လို့မရဘူး၊ ဒါကြောင့် ကိုယ်ကြည့်ချင်တဲ့နေရာကို အာလောကကသိုဏ်းဆိုတဲ့ အလင်းရောင်ကသိုဏ်းကို အရင်ဝင်စားရတယ်၊ ဝင်စားပြီးတော့ ကိုယ်ကြည့်မယ့်နေရာကို မီးထိုး

စာမျက်နှာ-၁၉
သလိုပဲ အလင်းရောင်နဲ့အရင်ထိုးပေးရတယ်။ အဲဒီအလင်းရောင်ဖြန့်ကျက်ထားတဲ့နေရာကိုသာ ကြည့်လို့ရတယ်တဲ့၊ ဖြန့်ကျက်ထားတဲ့ဧရိယာအတိုင်းအတာတစ်ခုသာ မြင်နိုင်တယ်။ အလင်းရောင်မရောက်တဲ့နေရာကို ကြည့်လို့မရဘူး၊ ညမှောင်ထဲခရီးသွားတဲ့အခါ ဓာတ်မီးလေးနဲ့ထိုးသွားကြတယ်မဟုတ်လား၊ ဒိဗ္ဗစက္ခုကလည်း အဲဒီသဘောပဲဖြစ်တယ်။

ရှေးတုန်းက ရှင်သံဃရက္ခိတဆိုတဲ့ ကိုရင်လေးတစ်ပါး သမထကျင့်စဉ်တွေကျင့်လို့ တန်ခိုးအဘိညာဉ်တွေရတယ်၊ ဝိပဿနာကျင့်စဉ်တွေကျင့်လို့ ရဟန္တာဖြစ်သွားတယ်၊ ခုနစ်နှစ်သားကိုရင်လေးက သာသနာတော်ရဲ့အစွမ်းအစကို စနစ်တကျမဟုတ်ဘဲနဲ့ သွားလုပ်ပြတာ သိကြားမင်းကြီးရဲ့ ဝေဇယန္တာနန်းပြဿဒ်ဆောင်ကြီးကို လှုပ်ခါအောင်လုပ်တယ်၊ လုံးဝလှုပ်လို့မရဘူး၊ တန်ခိုးတော့ရှိတယ် လှုပ်လို့မရဘူး၊ လှုပ်မရတော့မှ အရှက်ကွဲပြီးပြန်လာတာ။ သူရဲ့ဆရာထံပြန်လာမေးတဲ့အခါ သူ့ဆရာက ဥပမာနဲ့ပြောလိုက်

စာမျက်နှာ-၂၀
တယ်၊ သူသဘောပေါက်သွားပြီး တစ်ခါပြန်သွားပြီး လှုပ်ဖို့ကြိုးစားတယ်။ အဲဒီလောက်ကြီးမားတဲ့ အရာဝတ္ထုတစ်ခုလုံးကို လှုပ်ဖို့ဆိုရင် ပထမ သူ့ရဲ့ foundation (အောက်ခြေ) တစ်ခုလုံးကို ရေအဖြစ်ဖန်ဆင်းရဦးမယ်တဲ့၊ ရေပြင်ပေါ်ရောက်နေတဲ့အရာက လွယ်လွယ်ကူကူနဲ့ လှုပ်လို့ရတယ်၊ ဒါလည်းဟုတ်တာပဲ၊ ရေပြင်ပေါ်မှာရှိနေမယ်ဆိုရင် ဘယ်လောက်ကြီးမားတဲ့ သင်္ဘောကြီးပဲဖြစ်ဖြစ် လှုပ်လို့ရတာပဲ၊ ကုန်းပေါ်မှာဆို လှုပ်လို့မရဘူးလေ။ ဒါကြောင့် အာပေါကသိုဏ်းဝင်စားပြီးတော့ သိကြားမင်းကြီးရဲ့ ဝေဇယန္တာနန်းပြဿဒ်ဆောင်ကြီးရဲ့ အောက်ခြေကို ရေအဖြစ်ဖန်ဆင်းလိုက်တာ၊ အဲဒီကျတော့မှ လွယ်လွယ်ကူကူနဲ့ လှုပ်လို့ရတယ်။ ဒါဘာပြောတာလဲဆိုရင် ဘာလုပ်လုပ် စနစ်တကျလုပ်ရမှာကို ပြောတာ၊ တန်ခိုးဆိုပေမယ့်လို့ စနစ်တကျမလုပ်ရင် မအောင်မြင်ဘူးပေါ့။ ဒီလိုပြတဲ့တန်ခိုးမှန်သမျှကို ဣဒ္ဓိပါဋိဟာရိယလို့ ခေါ်ပါတယ်တဲ့။ အဲဒီအစွမ်း

စာမျက်နှာ-၂၁
တန်ခိုးဟာ မရှိမဟုတ်ဘူး၊ ရှိတယ်၊ အဲဒီနည်းနဲ့ သာသနာပြုမယ်ဆိုရင် မြတ်စွာဘုရားက အေး၊ ကောင်းပြီ၊ ရဟန်းတစ်ပါးက အခုလို မြေလျှိုးမိုးပျံ တန်ခိုးဈာန်တွေနဲ့ လုပ်ပြနေမယ်ဆိုရင် လူတိုင်းက ယုံမလား၊ ယုံကြည်မှု သဒ္ဓါစွမ်းအားကြီးတဲ့ သူတွေကတော့ လက်ခံတာပေါ့တဲ့၊ တန်ခိုးကြီးလိုက်တာ တန်ခိုးကြီးလိုက်တာ ဆိုပြီးတော့ သိပ်တအံ့တဩ ဖြစ်ကြမှာပဲ။

အခုခေတ်မှာလည်း ရှိတာပဲလေ၊ အစွမ်းတန်ခိုးလေးတစ်ခု လုပ်ပြလိုက်လို့ရှိရင် အကုန်လုံးက အထင်ကြီးကြတာပဲ။ ဘုန်းကြီးတို့ငယ်ငယ်တုန်းက မြင်ဖူးတယ်၊ ဆရာတော်ကြီးတစ်ပါးက ရေကပ်စမ်းဟေ့ ဆိုတော့ ဖန်ခွက်ကလေးနဲ့ ရေကပ်လိုက်တဲ့အခါ အဲဒီရေဖန်ခွက်ထဲမှာ ဓာတ်လုံးလေးတွေ၊ လက်ဖွဲ့ကလေးတွေ ဘယ်ကရောက်လာမှန်း မသိဘူး။ “ဟာ ဓာတ်လုံးလေးတွေ၊ လက်ဖွဲ့ကလေးတွေ ဘယ်က ရောက်လာမှန်းမသိဘူး”ဆိုပြီး လူတွေက သိပ်

စာမျက်နှာ-၂၂
အထင်ကြီးသွားတာပေါ့။ ကန်တော့ပွဲ ထိုးထားတဲ့အထဲ ဓာတ်လုံးလေးတွေရောက်တာတွေ့တော့လည်း သိပ်အထင်ကြီးတာပဲ။ ဘယ်ကရောက်လာမှန်းမသိဘူး။ အဲဒီလိုဟာမျိုးလေးတွေက သာမန်ပုဂ္ဂိုလ်တွေကို စည်းရုံးလို့ရတယ်တဲ့။ ယုံကြည်မှုမရှိတဲ့လူတွေကျတော့ စည်းရုံးလို့မရပြန်ဘူးနော်။ တန်ခိုးရှိတိုင်း လုပ်ပေးလို့မရ။

အဲဒီတော့ ဒီအစွမ်းတန်ခိုးတွေပြပြီး သာသနာပြုနည်းစနစ်ဟာ မမှန်ဘူး။ အဲဒီ အစွမ်းတန်ခိုးပြတဲ့ ဆရာတော်ကြီးဟာ အင်မတန်မှ ရိုးသားဖြောင့်မတ်တဲ့ ဆရာတော်ကြီးဆိုတော့ ဘုန်းကြီးတို့နဲ့လည်း ရင်းနှီးပါတယ်။ အဲဒီ ဆရာတော်ကြီးက အမိန့်ရှိတယ်။ “ကိုယ်တော်၊ တပည့်တော်က ဒါလေးပြုပြီး လူစုရတာပါ။ ဒါမှ ဘုရားတည်လို့ရတာ၊ လူက ဒီလိုစုမှလာတာ၊ နို့မို့ဆိုမလာဘူး”တဲ့။ သူ့အစွမ်းတန်ခိုးက ဒါပဲလေ။ ဒီလိုဟာလေးပြလိုက်ရင် ကျန်တဲ့လူတွေက အကုန်လုံး

စာမျက်နှာ-၂၃
ပြီးတယ်ထင်ပြီး ဒီတန်ခိုးအာဏာ ပါဝါနောက် တကောက်ကောက်လိုက်တယ်။ ဒီလိုဟာမျိုးတွေ အများကြီးရှိတယ်နော်။

ဒါပေမယ့် ဒီထက်ပိုပြီး ဘာလုပ်ပေးနိုင်တုန်း ဆိုတော့ ဘာမှလုပ်မပေးနိုင်ဘူး။ တန်ခိုးက မရှိမဟုတ်ဘူး၊ ရှိတယ်။ ရှိတိုင်းလည်း လုပ်ပေးလို့ရတာ မဟုတ်ဘူး။ သို့သော် လူတွေက အဲဒီတန်ခိုးအာဏာ၊ ပါဝါနောက်ကိုပဲ လိုက်ကြတယ်။ အစွမ်းတန်ခိုးကြီးတယ်။ ဒီကနေ့ပဲ ဘာဖြစ်တော့မယ်။ မနက်ဖြန်ပဲ ဘာဖြစ်တော့မယ်ဆိုတဲ့ အထင်တွေ ဖြစ်လာတတ်တယ်တဲ့။ မြတ်စွာဘုရားက အဲဒီနည်းနဲ့ သာသနာပြုမယ်ဆိုရင် မမှန်ကန်ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ တန်ခိုးအာဏာ ပါဝါတွေကိုပြုပြီး စည်းရုံးမယ်ဆိုရင် ယုံကြည်တဲ့လူစုက နောက်က လိုက်လာပြီး မယုံကြည်တဲ့လူစုက ဒါတွေက မျက်လှည့်တွေပါလို့ ပြောမှာပဲ။

ဂန္ဓာရီဝိဇ္ဇာဆိုတဲ့ အတတ်ပညာတစ်ခုရှိတယ်။ ဂန္ဓာရတိုင်းကလာတဲ့ ပညာပဲ၊ သို့မဟုတ် ဂန္ဓာရဆိုတဲ့

စာမျက်နှာ-၂၄
ရသေ့က သူကိုယ်တိုင် ကျင့်ကြံအားထုတ်ရင်းကနေပြီး မန္တရား အတတ်ပညာတစ်ခု၊ ဝိဇ္ဇာအတတ်ပညာတစ်ခု တတ်သွားတယ်။ အဲဒီ အတတ်ပညာတစ်ခုက တော်တော်လေး စွမ်းဆောင်နိုင်မှု၊ အံ့ဩသွားအောင် လုပ်ဆောင်နိုင်မှုတွေရှိတယ်။ အဲဒီ အတတ်ပညာကို “ဂန္ဓာရီ” လို့ခေါ်တယ်။ မြန်မာပြည်မှာလည်း “ဂန္ဓာရီဝိဇ္ဇာလိုင်း” လိုက်နေတဲ့သူတွေ ရှိပါတယ်။

မြတ်စွာဘုရား လက်ထက်တော်အခါ ကာလတုန်းက ပိလိန္ဒဝစ္ဆဆိုတဲ့ မထေရ်ကြီး ဗုဒ္ဓဘာသာဝင် မဖြစ်ခင်က သူက “စူဠဂန္ဓာရီဝိဇ္ဇာကြီး”၊ အခုခေတ်အခေါ်နဲ့ ခေါ်ရင် ဘိုးတော်ပေါ့နော်။ သူတစ်ပါးစိတ်ကိုသိတယ်၊ ကောင်းကင်ပျံနိုင်တယ်၊ သူက အကုန်လက်တွေ့ပြနိုင်တယ်။ မြတ်စွာဘုရား ကြွလာတဲ့အခါကျတော့ သူ့အတတ်ပညာတွေ ဘာမှလုပ်လို့မရတော့ဘူး။ သူ့ထက် အစွမ်းတန်ခိုးထက်တဲ့ မဟာဂန္ဓာရီဝိဇ္ဇာ ရောက်လာလို့ သူ့ရဲ့တန်ခိုးတွေ မစွမ်းတော့ဘူးလို့ထင်တာ၊ ဘုရားကို ဂန္ဓာရီဝိဇ္ဇာလို့ ယုံမှတ်ပြီး ဝိဇ္ဇာအကျင့်ကို နည်းခံဖို့

စာမျက်နှာ-၂၅
ဘုရားထံကို ရောက်လာတာဖြစ်တယ်။ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းပေးလိုက်တဲ့အခါမှာ ရဟန္တာဖြစ်သွားတယ်။ ရဟန္တာဖြစ်တဲ့အခါမှာ ဒီ ဂန္ဓာရီဝိဇ္ဇာ အတတ်တွေဟာ ဘာမှမဟုတ်ဘူးဆိုတာ သိသွားတယ်နော်။

ဂန္ဓာရီဝိဇ္ဇာ အတတ်တွေကို တတ်ပေမယ့် ကိုယ့်စိတ်လေးကို ဖြူစင်အောင် မထားနိုင်ရင် လောဘ၊ ဒေါသတွေဖြစ်မယ်။ သေရင် သံသရာထဲမှာ လည်ဦးမယ်၊ ဒုက္ခ၊ သုက္ခတွေ ရောက်ဦးမယ်။ မန္တာန်တန်ခိုး၊ အစွမ်းတန်ခိုးကိုမှီပြီး မဟုတ်တာလုပ်ရင် ငရဲကျဦးမယ်။ ဒါကြောင့် ဂန္ဓာရီဝိဇ္ဇာဆိုတဲ့ အတတ်ပညာတွေ ရှိပါတယ်။ သို့သော် ဒီအတတ်ပညာတွေကို မယုံကြည်တဲ့သူက လောကီ အတတ်ပညာ၊ မျက်လှည့်အတတ်ပညာတွေပါဆိုပြီး ဘယ်လိုပဲ စည်းရုံးစည်းရုံး၊ စည်းရုံးလို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဣဒ္ဓိဆိုတဲ့ အစွမ်းတန်ခိုးပြပြီးတော့ သာသနာပြုတာ မမှန်ဘူးလို့ ဒီလို ပြောတာ။ မြတ်စွာဘုရားက ဒါကြောင့် ခွင့်မပြုတာ။

စာမျက်နှာ-၂၆
တချို့က တန်ခိုးအမျိုးမျိုးလုပ်ပြရင်တော့ အကုန်လုံး ဗုဒ္ဓဘာသာတွေဖြစ်သွားလိမ့်မယ်လို့ ထင်လိမ့်မယ်။ မြတ်စွာဘုရားက ဒါဟာ မဖြစ်နိုင်ဘူးတဲ့။ လူရဲ့သန္တာန်မှာ သဒ္ဓါတရား အစစ်ဆိုတာ ဖြစ်မလာနိုင်ဘူး၊ ကံ ကံရဲ့ အကျိုးကို ယုံကြည်လာတဲ့ သဒ္ဓါတရား မဖြစ်ဘူး၊ ထိုသူ့အပေါ်မှာ ယုံကြည်လာတဲ့သဒ္ဓါတော့ ဖြစ်ကောင်းဖြစ်မယ်ပေါ့၊ တန်ခိုးအာဏာပါဝါကို ယုံကြည်လာတာမျိုးတော့ ဖြစ်မယ်ပေါ့။ ကံကံရဲ့ အကျိုးကို တကယ် ယုံကြည်ပြီး တကယ့်အနှစ်သာရကိုရအောင် အားထုတ်လိုတဲ့စိတ်ရှိမှာမဟုတ်ဘူး။ ထိုတန်ခိုးကိုအမှီပြုပြီးတော့ အသုံးချချင်တဲ့စိတ်တွေတောင် ပေါ်ကောင်းပေါ်လာနိုင်တယ်။ ဒါကြောင့် ဣဒ္ဓိပါဋိဟာရိယလို့ခေါ်တဲ့ အဲဒီ အစွမ်းတန်ခိုးနဲ့ သာသနာပြုတဲ့နည်းက မမှန်ဘူးလို့ မြတ်စွာဘုရားက ဟောခဲ့တာဖြစ်တယ်။

(၂) နောက်တစ်ခုက အာဒေသနာ ပါဋိဟာရိယ။ အာဒေသနာဆိုတာ လူတစ်ယောက်ရဲ့ အတွေးကို သိနိုင်တာ။ အခုခေတ်မှာလည်းရှိပါတယ်။ အံ့သြစရာ

စာမျက်နှာ-၂၇
တွေပေါ့။ တချို့ ဝိဇ္ဇာလိုင်းလိုက်တဲ့ ပုဂ္ဂိုလ်တွေက “မင်း အခု ဘာကိစ္စနဲ့ ငါ့ဆီကိုလာတာ မဟုတ်လား” ဆိုပြီးတော့ ကြိုပြောနိုင်ကြတယ်၊ ကြိုပြီးတော့ သိနေကြတယ်၊ ကြားရသူက သိပ်အံ့သြသွားတယ်။ တကယ်တော့ ကြိုသိတာပဲရှိတယ်။ သူ ဘာလုပ်ပေးနိုင်သလဲ ဆိုတော့ ဘာမှတော့ လုပ်မပေးနိုင်ပါဘူး။ သို့သော် လူတွေက ထင်တယ်လေ၊ ဒီလို အကုန်ကြိုပြောနေတယ်ဆိုရင် အကုန်လုပ်ပေးနိုင်လိမ့်မယ်လို့ လူတွေက ယုံသွားကြပြန်ရော၊ တန်ခိုးအာဏာပါဝါဟာ နော်၊ ဘာမှလုပ်ပေးနိုင်တာ မရှိဘူး။

သိတာတစ်ခုပါပဲ ဘာမှမတတ်နိုင်ပါဘူး။

လူဟာ ကိုယ့်ကံကြမ္မာနဲ့ ကိုယ်ပဲ၊ ဒါတွေကို အကုန်လုံး လုပ်ပေးလို့ရတာ မဟုတ်ဘူး။ ဒါပေမယ့် ကံကံ၏အကျိုးကို မယုံကြည်တော့ဘူး၊ တန်ခိုးအာဏာ ပါဝါကိုပဲ ယုံကြည်တော့တယ်၊ အာဒေသနာပါဋိဟာရိယဆိုတာ “မင်းဘာတွေတွေးနေတာ မဟုတ်လား၊ ငါ့ဆီ

စာမျက်နှာ-၂၈
လာတာ မင်းဘာကိစ္စနဲ့လာတာ မဟုတ်လား၊ မင်းလမ်းမှာ ဘယ်သူနဲ့တွေ့ခဲ့တယ်၊ မင်းလမ်းမှာ ဘာတွေ စိတ်ကူးခဲ့တယ်” ဒါတွေပဲ ပြောနိုင်တယ်။

ဘုန်းကြီးတို့ စစ်ကိုင်းမှာပဲ ဘိုးတော်တစ်ယောက် ရှိတယ်၊ သူ့ဆီလာရင် သူက ကြိုတင်ပြီး စာရွက်ကလေးတစ်ခု ရေးလိုက်တယ်၊ ဒီလူကို တစ်ခါမှ မတွေ့ဘူးပေမယ့်လို့ ဘယ်ခုနှစ်၊ ဘယ်ရက်၊ ဘယ်လမှာ မွေးတာမဟုတ်လားဆိုပြီး Date of Birth အဲဒီလူရဲ့ မွေးလ၊ မွေးရက်၊ မွေးနှစ်ကို သူကပြောပြနိုင်တယ်။ ဒါသူ့ရဲ့အစွမ်း။ မရှိဘူးမဟုတ်ဘူး၊ ရှိတယ်၊ ဒါပဲ။ ဒီထက်ပိုပြီး မသိဘူး၊ အဲဒီလို သိတာကိုပဲ အထင်ကြီးပြီး

နောက်ဆုံးကျတော့ စိန်လက်စွပ်တွေပါသွား၊ ရွှေတွေ ပါသွား ဘာတွေပါသွားနဲ့ ပါသွားကြတာ အများကြီးပဲ။ လူတွေက အပေါ်ယံလေးလောက်ပဲ ယုံကြည်ကြတာ များတာကိုး၊ အတွင်းအနှစ်သာရကို မသိကြဘူး။

အာဒေသနာ ပါဋိဟာရိယနဲ့ လူ့ရဲ့စိတ်ကို သူတို့ သိနိုင်တယ်၊ သိတယ်ဆိုတာ တကယ်ထူးခြားတဲ့

စာမျက်နှာ-၂၉
စေတောပရိယ အဘိညာဉ်မျိုးနဲ့ သိတာမဟုတ်ဘူး၊ တချို့ကျတော့ ဘာနဲ့သိသလဲဆိုရင် သူတို့မွေးထားတဲ့ မမြင်ရတဲ့ သတ္တဝါတွေအကူအညီနဲ့ တဆင့် ပြောနေတာဖြစ်တယ်၊ တစ်ခါပြောသံကြားဖူးတယ်၊ ဓာတ်လုံးပေးတာတို့ လက်ဖွဲ့ပေးတာတို့ဆိုတာ၊ ဓာတ်လုံးတွေ လက်ဖွဲ့တွေကို တစ်နေရာရာမှာ ကြိုတင်စုထားရတာ၊ မရှိတဲ့နေရာက ပေးလို့မရဘူး၊ ရှိတဲ့ဆီကနေ ယူပေးတာ၊ ယူတဲ့သူက ကိုယ်မမြင်ရတဲ့သူ ဖြစ်နေတယ်။ ဒါပေမယ့်လို့ လက်ထဲရောက်တဲ့အခါကျမှ ဒီဓာတ်လုံးကိုမြင်ရတာ၊ ဒီဓာတ်လုံးကို ဆောင်ထားရင် ဘာဖြစ်လဲဆိုတော့ ဘာမှမဖြစ်ဘူး၊ သို့သော်လူ့စိတ်မှာတော့ တကယ်ကိုအစွမ်းသတ္တိရှိတယ်လို့ သူကထင်သွားရော။ ထင်သွားတဲ့အခါ ဒါလေးအားကိုးပြီး နေတဲ့အခါကျတော့ ကျန်တဲ့ အစွမ်းအစတွေ လူမှာမရှိတော့ဘူး၊ ကိုယ်လုပ်ရမယ့် ကုသိုလ်တွေ မေ့သွားတယ်။ ကိုယ်လုပ်ရမယ့် အလုပ်တွေ၊ အစွမ်းသတ္တိတွေ အကုန်အသုံးမချတော့ဘူး၊ လူဟာ ဘာဖြစ်သွားသလဲဆိုရင်

စာမျက်နှာ-၃၀
ရုပ်သေးဖြစ်သွားတယ်။ အစွမ်းတန်ခိုးနောက်လိုက်တဲ့ ရုပ်သေးဖြစ်သွားတယ်။ ဘုန်းကြီးတို့ ကိုယ်တိုင်ကိုပဲ အာရုံကြောရောဂါ စပြီးဖြစ်ခါစ အင်မတန် သဒ္ဓါတရားကောင်းတဲ့ ဒကာမကြီးတစ်ဦးက ရောဂါပျောက်စေချင်လို့ ဆရာတစ်ယောက်ကို ပင့်ပေးတယ်။ ဓာတ်နဲ့ကု နတ်နဲ့ကုပေါ့လေ။ ဘုန်းကြီးတို့ကလည်း ယုံတာမယုံတာ အသာထား၊ ကဲ ကုချင်ရင်ကုပေါ့။ ကျောင်းခေါ်ကုရင် သူ့ကို တစ်သိန်းခွဲ ပေးရတယ်။ အဲဒီ ဒကာမကြီးကလည်း ရက်ရက်ရောရော တစ်သိန်းခွဲပေးပြီး ကျောင်းခေါ်ကုတယ်။

အဲဒီဆရာက စကားပီအောင် မပြောနိုင်ဘူး။ ဘိုးတော်ပေါ့လေ၊ သူ့မှာစကားပြန်ပါတယ်၊ သူဘာပြောချင်တယ်ဆိုတာ စကားပြန်တဲ့လူက သိတယ်၊ ဘာပြောပြတုန်းဆိုတော့ သူပြောတာကတော့ လည်ချောင်းထဲမှာ ပညာသည်က တစ်ခုခုထည့်ထားတယ်၊ အဲဒါကို ထုတ်လိုက်ရင် ပျောက်ပါတယ်ပေါ့။

စာမျက်နှာ-၃၁
ကဲ ကောင်းပြီ၊ ထွေးခံလေးတစ်လုံးယူပြီး ပါးစပ်ဟ၊ အာခေါင်ကို တူကလေးနဲ့ကလိတယ်၊ အာခေါင်ကို ကလိတော့ အန်ချင်တာပေါ့။ ဒါတော့သဘာဝပဲ၊ ဒါနဲ့ အန်ချင်စိတ်ပေါက်တဲ့အခါ အန်ချလိုက် အန်ချလိုက် ဆိုတော့ အန်ချလိုက်တာပဲ၊ ဘာထွက်လာသလဲဆိုတော့ ထွေးခံထဲမှာ ဝါးမျှင်ဖတ်ကြီးတွေတွေ့တယ်။ ဝါးအမျှင်အထွေးတွေပေါ့။

သို့သော် ဘုန်းကြီးက သတိထားနေတာဆိုတော့ “ပါးစပ်ထဲကထွက်တာ မဟုတ်ဘူး” လို့သိတယ်။ အန်ထုတ်လိုက်ဆိုပေမယ့် လွယ်လွယ်ကူကူပဲ ထွေးခံထဲရောက်သွားတယ်၊ ဘယ်ကရောက်လာတာလဲဆိုတာတော့ မသိလိုက်ဘူး၊ သို့သော် ကိုယ်က ယုံကြည်စိတ် သိပ်ရှိတာမဟုတ်ဘူး၊ ထွေးခံထဲမှာတော့တွေ့တယ်၊ လည်ချောင်းထဲက ထွက်သွားတာ မဟုတ်ဘူးဆိုတာ

သေချာတယ်၊ အဲဒီဆရာက ဝါးဖတ်လေးကိုကြည့်ပြီး ဒါက အသည်းကို စူးသွားနိုင်တယ်၊ စူးသွားရင် ကုလို့

စာမျက်နှာ-၃၂
မရတော့ဘူး၊ ဒါတွေက သူတို့ရဲ့စကားတွေပေါ့၊ ဒါဟာ ကိုယ်တွေ့။

နောက် ဓာတ်လုံးလေးတစ်လုံး ပေးသွားတယ်။ ဘုရားစင်မှာတော့ တင်ထားလိုက်ပါတယ်။ အခုတော့ ရှိသေးလား မသိတော့ဘူး၊ အဲဒီတုန်းက သေတ္တာထဲမှာ ပိုးချည်ထွေးတစ်ခု ပါလာတယ်။ အဲဒီချည်ခင်ကို တစ်ပတ်လျှိုလေးထုံးပြီး ခါလိုက်တဲ့အခါမှာ လက်ဖွဲ့တွေဖြစ်သွားတယ်။ ဒါကတော့ တကယ့်မျက်လှည့်ပေါ့။ ရှင်းရှင်းလင်းလင်းပဲပြသွားတယ်။ နောက်တစ်ခါ ထပ်ခါလိုက်တဲ့အခါကျတော့ လက်ဖွဲ့တွေက အရောင်ပြောင်းသွားတယ်။ အဝါရောင်လေး၊ အဲဒီ အဝါရောင်လက်ဖွဲ့က အစိတ်၊ ဘုန်းကြီးအတွက် စပါယ်ရှယ်ပေးတာ၊ တစ်ခါမှလည်း မသုံးဖြစ်ပါဘူး။

ကျန်တဲ့လူတွေကိုတော့ လက်ဖွဲ့ တစ်ကုံးတစ်ကုံးကို ငွေအစိတ်စီနဲ့ ရောင်းသွားတယ်။ တော်တော်လေး ရောင်းကောင်းလိုက်တာ၊ လက်ဖွဲ့ရတဲ့သူတွေ ဘာအကျိုးရသွားသလဲတော့ မသိဘူး၊ ဘုန်းကြီးတော့

စာမျက်နှာ-၃၃
ဘာမှမရပါဘူး။ ရောဂါကလည်း ဒီအတိုင်းပါပဲ။ အစွမ်းအစတစ်ခုလေးပဲပြနိုင်တာ၊ မပြနိုင်တာ မဟုတ်ပါဘူး ပြနိုင်တယ်။ အဲဒီ အစွမ်းအစတစ်ခုပေါ်မှာ ယုံကြည်လိုက်လို့ရှိရင် ကျန်တာတွေ အကုန်လုံးကို ကိုယ်ကယုံကြည်သွားရော။ လူတွေမှာ အဲဒီလိုဖြစ်တယ်။ ကိုယ့်သတ္တိမဟုတ်ဘူး သူ့သတ္တိ။

အဲဒီ ဣဒ္ဓိပါဋိဟာရိယတို့ အာဒေသနာပါဋိဟာရိယတို့နောက် လိုက်နေမယ်ဆိုရင် ဘာဖြစ်မှာတုန်းဆိုတော့ ဘာမှမဖြစ်ဘူး။ ဒါက သေချာတယ်။ ဒါဖြင့် စွမ်းရည်သတ္တိမရှိဘူးဆိုတော့ ရှိပါတယ်။ သူတို့မှာ ရှိသင့်သလောက် ရှိပါတယ်။ ဒါပေမယ့် ကိုယ့်သတ္တိမဟုတ်ဘူး။ သူ့သတ္တိလေ။ ကိုယ်ဒီလိုသတ္တိမျိုး ရချင်ရင် ကိုယ့်ဘာသာကျင့်ရမယ်။ ဒါကို လူတွေက မေ့နေကြတယ်။ မေ့တာမှ ဘယ်လောက်ထိအောင် မေ့လည်းဆိုရင် ဘုန်းကြီးတို့ကိုတွေ့တဲ့အခါ ဒကာ၊ ဒကာမတွေက ဘာလျှောက်တုန်းဆိုတော့ “အရှင်ဘုရား၊ တပည့်တော်ကို

စာမျက်နှာ-၃၄
မေတ္တာပို့ပေးပါဘုရား”၊ ဘုန်းကြီးတို့ စာထဲမှာ ပါတာက “မေတ္တာဆိုတာ ကိုယ်တိုင်သွားမှ မေတ္တာရဲ့ အကျိုးကို ခံစားရတယ်။ သူများကပို့ပေးတဲ့မေတ္တာနဲ့ အကျိုးခံစားရတယ်လို့ မကြားဖူးဘူး”။

မြတ်စွာဘုရား ဟောကြားထားတာက မေတ္တာအကျိုး (၁၁)မျိုးဆိုတာ ကိုယ်တိုင်ပွားများအားထုတ်ထားပြီး ကိုယ့်နှလုံးသားထဲ မေတ္တာရောက်မှ အဲဒီမေတ္တာက အကျိုးပြုတာဖြစ်တယ်။ သူများကပို့ပေးတဲ့ မေတ္တာက အကျိုးပြုတယ်လို့ မဟောပါဘူး။ အကျိုးမရှိဘူးလို့ပြောတာမဟုတ်ဘူး၊ ရှိသင့်သလောက်တော့ ရှိပါတယ်။ သူများဆီက တောင်းယူတာကျတော့ နည်းနည်းပဲရမှာပေါ့။ ကိုယ်ကိုယ်တိုင် ပွားရမှာကို မေ့နေပြီး “အရှင်ဘုရား မေတ္တာလေး ပို့ပေးပါဦး” ဆိုတော့ ဘယ်လောက်ရမှာတုန်း။ ဘယ်လောက်မှ မရဘူးနော်။

မေတ္တာက တော်တော်ကြီးကြီးကျယ်ကျယ် ပို့ပေးရင်တောင်မှပဲ ကိုယ့်ရဲ့နှလုံးသားထဲက ပူနေရင် ပူနေ

စာမျက်နှာ-၃၅
မှာပဲ။ အဲဒီလူဟာ မေတ္တာဘယ်ရမလဲ။ မေတ္တာပို့တဲ့ ပုဂ္ဂိုလ်ရဲ့ အရှိန်အဝါကြောင့် ပတ်ဝန်းကျင် ရိုက်ခတ်မှု မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဥပမာ- တောထဲမှာ နေရင်း မေတ္တာဘာဝနာ ပွားနေမယ်ဆိုရင် တိရစ္ဆာန်တွေဟာ တစ်ကောင်နဲ့တစ်ကောင် မညှင်းဆဲကြဘူး၊ အေးအေးချမ်းချမ်း ဖြစ်သွားကြတယ်၊ အနိုင်မကျင့်ကြဘူး၊ ဒီလို အကျိုးသက်ရောက်မှုလေးတော့ ဖြစ်တယ်၊ ဒါက ဥပနိဿယ ပစ္စည်းလို့ ခေါ်တယ်၊ ပတ်ဝန်းကျင်ရဲ့ အကျိုးပြုမှုလို့ခေါ်တယ်။

ဥပမာ ဘုန်းကြီးကျောင်းတစ်ကျောင်း ရောက်သွားတယ်၊ ကျောင်းကလည်း သာသာယာယာ၊ သံဃာတွေအများကြီး မြင်ရတဲ့အခါ စိတ်ထဲမှာ ကြည်နူးသွားတယ်၊ ဒါမျိုး သာယာလှပတဲ့နေရာရောက်ရင် လူ့စိတ်က တစ်မျိုးလေ၊ ရှုပ်ထွေးပွေလိမ်နေတဲ့နေရာ ရောက်သွားရင် လူ့စိတ်က တစ်မျိုး၊ ဒါက ပတ်ဝန်းကျင်ရဲ့ အကျိုးပြုမှုလို့ခေါ်တာ။ ဥပနိဿယ ပစ္စည်းပဲ။

စာမျက်နှာ-၃၆
အစွမ်းတန်ခိုးဆိုတာ မရှိဘူးလို့ ပြောလိုတာ မဟုတ်ဘူး၊ ရှိတယ်၊ အဲဒီအစွမ်းတန်ခိုးက ကိုယ်နဲ့ဆိုင်တာ မဟုတ်ဘူး။ ကိုယ့်အတွက် အကျိုးဖြစ်ချင်မှ ဖြစ်မယ်၊ အပေါ်ယံလေးလောက်ပဲ အကျိုးဖြစ်တယ်၊ ဘယ်အရာပဲဖြစ်ဖြစ် အစွမ်းသတ္တိက မရှိမဟုတ်ဘူး၊ ရှိတယ်၊ ဝမ်းလျောတတ်တဲ့အရွက် သွားစား ဝမ်းလျောမှာပဲ၊ ဒါက အဲဒီအရွက်ရဲ့ အစွမ်းတန်ခိုးပဲလေ၊ အဆိပ်ဖြစ်တဲ့အစာ သွားစားရင် အဆိပ်သင့်မှာပဲ။ ဒါက organism, non-organism ဆိုသလိုပေါ့၊ အစွမ်းတန်ခိုးက ရှိတာပဲလေ။ သို့သော် အစွမ်းတန်ခိုးတွေဟာ သံသရာကလွတ်ဖို့အတွက် ဘာအသုံးကျသလဲဆိုတော့ ဘာမှအသုံးမကျဘူး၊ ဒါတွေကို ယုံကြည်ပြီး လိုက်ကြည့်ရင် အသုံးကျတာကို မတွေ့ရဘူးတဲ့။

ဒါကြောင့် မြတ်စွာဘုရားက အာဒေသနာ ပါဋိဟာရိယ “မင်းဘာတွေတွေးနေတာ မဟုတ်လား” ဆိုပြီးတော့ ဒီအစွမ်းတန်ခိုးတွေကို အသုံးချပြီး သာသနာပြုတာဟာလည်း မအောင်မြင်ပါဘူးတဲ့။

စာမျက်နှာ-၃၇
ဘာဖြစ်လို့လည်းဆိုရင် ယုံတဲ့သူရှိတယ် မယုံတဲ့သူ ရှိတယ်၊ မယုံတဲ့သူကို သွားစည်းရုံးလို့ မရဘူးတဲ့။ မဏိကာဝိဇ္ဇာ လူရဲ့စိတ်ကို သိတာဟာ သိတာက သိတာပဲလေ၊ သူဘာမှလုပ်လို့ မရဘူးလေ၊ ဒီထက်ပိုပြီးတော့ အစွမ်းသတ္တိမရှိပါဘူး။

ဒီလို အစွမ်းတန်ခိုးထက်တဲ့ ဘိုးတော်လို ဆရာတော်ကြီး တစ်ပါးနဲ့အတူ ဘုန်းကြီးတို့ နောင်တော်တစ်ပါး လိုက်သွားဖူးတာ ရှိတယ်၊ ဆရာတော်ကြီးရဲ့ ဝေယျာဝစ္စလုပ်ပေးဖို့ လိုက်သွားရင်း ဘုန်းကြီးနောင်တော်က ပြန်ပြောပြတယ်၊ “ဆရာတော်ကြီးက ထူးထူးဆန်းဆန်းတွေ လုပ်ပြတယ်တဲ့၊ ဥပမာ ဖန်ခွက်ထဲ ဓာတ်လုံးရောက်နေတာတို့၊ လက်ဖွဲ့ရောက်နေတာတို့၊ မမြင်ရဘဲ ဖျတ်ခနဲပေါ်လာတာတို့၊ ဒါတွေကို ကြည့်ပြီး ဘုန်းကြီးရဲ့နောင်တော်က စဉ်းစားတယ်၊ “ဆရာတော်ကြီး မျက်လှည့်တွေ လုပ်ပြနေတာ ထင်ပါရဲ့”။

စာမျက်နှာ-၃၈
အဲဒီလိုတွေးနေတာကို ဆရာတော်ကြီးက စိတ်အကြံသိသွားတယ်၊ ဘာပြောတုန်းဆိုရင် “ဘုန်းကြီးလေး၊ ဘုန်းကြီးလေး၊ မယုံမရှိနဲ့ဗျ၊ လောကီဟာ အကုန်လုပ်လို့ရတယ်” လို့ပြောတယ်၊ ဒါလောကီနဲ့လုပ်တာ။ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ အဲဒီဆရာတော်ကြီးက “ကျုပ်ဗျာ ဒီနည်းနဲ့ လူစုရတာပါတဲ့၊ ခင်ဗျားတို့ရဲ့ ပရိယတ် ပဋိပတ်အလုပ်တွေကမှ တကယ့်သာသနာပြုတာပါ” လို့ အမိန့်ရှိတယ်၊ ဒါကလည်း အင်မတန် ရိုးသားတဲ့ ဆရာတော်ကြီးနော်၊ “ကျုပ်တို့က ဘုရားတည်ချင်တာကိုးဗျတဲ့။ ဘုရားတည်ချင်တာ အဲဒီလိုမှ လုပ်မပြရင် လူမလာဘူးတဲ့။ ဒါဟာ လူလာအောင်လုပ်ရတာ”တဲ့၊ ဒါအမှန်ပဲလေး။

အဲဒီတော့ ဒီအလုပ်လုပ်လို့ ကုသိုလ်မရဘူးလား ဆိုတော့ ရတယ်၊ လှူကြတန်းကြတော့ ကုသိုလ်ရပါတယ်။ သို့သော် လောဘနဲ့လှူရင်တော့ ကုသိုလ်က ညံ့သွားနိုင်တယ်။ စည်းစိမ်ဥစ္စာတွေ တိုးမယ်၊ ငါဒီလိုလှူလိုက်သည့်အတွက်ကြောင့် ငါ့ကို ‘မ’လိမ့်မယ်၊

စာမျက်နှာ-၃၉
ငါစီးပွားဥစ္စာတွေ တိုးပွားအောင် လုပ်ပေးလိမ့်မယ်လို့ အဲဒီလိုယုံကြည်နေရင်တော့ ဒါဖြစ်ချင်မှဖြစ်မှာပေါ့။ အတိတ်ကံရှိရင်တော့ ဖြစ်နိုင်တာပဲ။

ကံပါမှဖြစ်သော

ဆိုပါစို့၊ သင်္ကန်း သပိတ် ပရိက္ခရာ လှူခဲ့ပြီး ဧဟိဘိက္ခု ရဟန်းအဖြစ်နဲ့ ကျွတ်တန်းဝင်လိုပါတယ်လို့ ဆုပန်လာတဲ့ ပုဂ္ဂိုလ်များကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က လက်ယာလက်တော် ဆန့်တန်းပြီးတော့ ဧဟိဘိက္ခု ခေါ်လိုက်တာနဲ့ တစ်ပြိုင်နက် လူ့အသွင်ပျောက်ပြီး ရဟန်းအသွင်ရောက်သွားတယ်ဆိုတာရှိတယ်။ ဒါဖြင့် မြတ်စွာဘုရားက လူတိုင်းကို အဲဒီလိုခေါ်ပေးလို့ရသလားဆိုတော့ မရဘူး။ ဆုပန်ခဲ့တဲ့ပုဂ္ဂိုလ်ကိုသာ ခေါ်လို့ရတယ်။ ဆုမပန်ခဲ့တဲ့ပုဂ္ဂိုလ်တွေကို ဧဟိဘိက္ခု ခေါ်မပေးနိုင်ဘူး။ ခေါ်မပေးဘူးဆိုတာ မရနိုင်လို့။ ဆိုလိုတာက သူ့ကံကို ပွင့်သွားအောင်ပဲ မြတ်စွာဘုရားက လုပ်ပေးတာရှိတယ်၊

စာမျက်နှာ-၄၀
သာမန်အားဖြင့် ပြောမယ်ဆိုရင် ဘုရားက တန်ခိုးနဲ့ ဖန်ဆင်းပေးတယ်လို့ ထင်ကောင်းထင်ကြမယ်၊ အမှန်ကတော့ မဟုတ်ဘူး။ ကံအကျိုးပေးခွင့်ရအောင် မြတ်စွာဘုရားကဖွင့်ပေးတာပဲရှိတယ်။ အကျိုးပေးလိုက်တာက ဘယ်သူက ပေးသလဲဆိုရင် သူ့ကံက ပေးတာနော်။ သူ့မှာကံမပါဘူးဆိုရင် ဘာမှလုပ်ပေးလို့မရဘူး။

သိကြားမင်းကတောင် “မ' လို့ မရဘူးလေ။ အတိတ်ဘဝတုန်းက သူ့သား ဆိုးသွမ်းနေလိုက်တာ အရက်အိုး။ အရက်သောက် မွဲတေပြီးတော့ ရှိသမျှပစ္စည်းတွေကုန်ပြီ၊ သူ့သားဆင်းရဲနေတော့ သိကြားဘဝရောက်ပေမဲ့လို့ မကြည့်ရက်နိုင်ဘူး၊ သူ့သားကို သိကြားမင်းကချစ်တော့ “မ” “စ” ချင်တယ်။ ဒါနဲ့ အိုးလေးတစ်လုံး လာပေးထားပြီးတော့ “မင်းဂရုစိုက်နော်၊ မင်း ဒီအိုးလေးရှိနေရင် စားစရာလည်း ရှိနေမှာပဲ၊ နေစရာတွေလည်း ရှိနေမှာပဲ၊ အိုးကွဲသွားရင်တော့ ငါမတတ်နိုင်ဘူး”ဆိုပြီး ဣစ္ဆာသယအိုးလေး ပေးထားတယ်၊ သူ့သားက အရက်မူးပြီးတော့ မြှောက်မြှောက်ပြီး

စာမျက်နှာ-၄၁
ကစားလိုက်တာ အိုးက ကျကွဲသွားရော။ သိကြားမင်းတောင် လက်မြှောက်ရတယ်၊ “မ” ချင်ပေမယ့်လို့ အကုန်လုံးကို “မ” လို့ မရဘူးဆိုတဲ့သဘော။

အများစုကတော့ ဒီလိုအစွမ်းတန်ခိုး ရှိလာပြီဆိုရင် အကုန်လုံးလုပ်လို့ရတယ်ထင်ပြီး ပိုယုံကြတယ်။ ဒါဟာ သတိထားစရာပဲပေါ့။ မြတ်စွာဘုရားက ကေဝဋ္ဌသုတ်မှာ ဒါကို ဟောထားတာ။ သာသနာပြုပြီဆိုရင် အစွမ်းတန်ခိုးပြပြီး သာသနာပြုလို့ ရာခိုင်နှုန်းပြည့် မအောင်မြင်ဘူးတဲ့။

(၃) နောက် အစွမ်းတန်ခိုးတစ်ခုက အနုသာသနီ ပါဋိဟာရိယ ဆုံးမဩဝါဒပေးတာ၊ ဘယ်လိုနေရတယ်၊ ဘယ်လိုထိုင်ရတယ်၊ ဘယ်လိုတွေးရတယ်၊ မတွေးရဘူး ဆိုပြီးတော့ နေပုံထိုင်ပုံ သင်ပေးတာပေါ့၊ တရားအားထုတ်နည်း သင်ပေးတယ်၊ လှူနည်းတန်းနည်း သင်ပေးတယ် စသဖြင့် သင်ပေးတယ်၊ သင်ပေးလို့ အသိဉာဏ်တွေ ရလာပြီးတော့ လက်တွေ့ခံစားရတဲ့

စာမျက်နှာ-၄၂
အခါမှာ ဒါကတော့ တကယ့်ပါဝါပဲ၊ တကယ့်အစွမ်းတန်ခိုးပဲ။

ဒါကြောင့် မြတ်စွာဘုရားက ဣဒ္ဓိဆိုတဲ့ အစွမ်းတန်ခိုးကိုလည်း အသုံးမပြုနဲ့တဲ့၊ အာဒေသနာဆိုတဲ့ အစွမ်းတန်ခိုးကိုလည်း အသုံးမပြုနဲ့တဲ့။ တကယ့်အနှစ်သာရကတော့ အနုသာသနီ ဆုံးမဩဝါဒပေးတာ အကောင်းဆုံးပါပဲတဲ့။ မြတ်စွာဘုရားဟောတဲ့ တရားဒေသနာတော်တွေ မှန်သမျှကို အနုသာသနီ ပါဋိဟာရိယ လို့ ခေါ်တယ်။
ဆုံးမဩဝါဒကြောင့် အရူးဘဝမှ ရဟန္တာဖြစ်
လောကကြီးမှာ ဆုံးရှုံးမှုတွေအားလုံးနဲ့ ကြုံရလို့ (ယောက်ျားလည်း ဆုံးတယ်၊ သားသမီးတွေလည်း ဆုံးကုန်တယ်၊ မိဘဆွေမျိုးတွေအားလုံးလည်း ဆုံးကုန်တယ်) အရူးမဘဝ ရောက်သွားတဲ့ ပဋာစာရီ၊ အရူးဘဝကနေ ကယ်တင်ပြီးတော့ ရဟန္တာဘဝ ရောက်သွားအောင် ဆုံးမဩဝါဒပေးလိုက်တာ။ တန်ခိုး

စာမျက်နှာ-၄၃
ပါဝါနဲ့လုပ်တာ မဟုတ်ဘူးနော်၊ စဉ်းစားလို့ရအောင် မြတ်စွာဘုရားက ဟောတာ၊ တရားပြလိုက်တဲ့အခါ လုံးဝစိတ်ငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်ဘဝ ရောက်သွားခဲ့တယ်၊ ဒါ အနုသာသနီ ပါဋိဟာရိယ ပဲ၊ ဒီထက်အစွမ်းထက်တာ ဘယ်ရှိမလဲ၊ ဒီလိုပဲ မြတ်စွာဘုရားလက်ထက်မှာ ဆင်းရဲဒုက္ခရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်ချမ်းသာမှု အပြည့်အဝရသွားကြတာဟာ အနုသာသနီ ပါဋိဟာရိယ ကြောင့်ပဲ။

အေး မြတ်စွာဘုရား တန်ခိုးမပြဘူးလားဆိုတော့ ပြတယ်၊ ဘာအတွက်ပြလည်းဆိုရင် စည်းရုံးဖို့ပြတာမဟုတ်ဘူး၊ တို့သန္တာန်မှာ ဒီလိုအစွမ်းသတ္တိတွေရှိတယ်၊ တို့သာသနာဟာ၊ တို့တရားဟာ မှန်ကန်တယ်ဆိုတာပြတာ၊ အဓိကကတော့ တရားကျင့်ဖို့ရာအတွက်ပဲ။ မြတ်စွာဘုရား တန်ခိုးပြတယ်ဆိုတာ ဒါကြောင့်ပါ။

ရှင်မဟာမောဂ္ဂလာန်ဟာ တန်ခိုးအရာမှာ ဧတဒဂ်ရတယ်ဆိုပေမယ့် အားလုံးသိကြတဲ့အတိုင်း ကာဠသိလာဆိုတဲ့ ကျောက်နက်တောင်ပေါ်မှာ သူခိုးဓားပြတွေ

စာမျက်နှာ-၄၄
ဝိုင်းရိုက်လို့ ပရိနိဗ္ဗာန်စံသွားရတာပဲ၊ တန်ခိုးနဲ့ ကာကွယ်ဟန့်တားခြင်း မလုပ်ဘူး။ လုပ်ရင် မလွတ်ဘူးလားဆိုတော့ နှစ်ကြိမ်တိုင်တိုင် လွတ်ခဲ့တယ်၊ သုံးကြိမ်မြောက်မှာ ဘာကြောင့် ကွင်းလုံးကျွတ် မလွတ်သလဲဆိုတော့ ကံကြမ္မာဖိစီးလာပြီဆိုရင်တော့ တန်ခိုးကလည်း ကံကြမ္မာကို မလွန်ဆန်နိုင်လို့ လက်လျော့လိုက်ရတာပဲ၊ အစွမ်းတန်ခိုးဆိုတာ ကံကြမ္မာကို မကျော်လွှားနိုင်ဘူး။ အဲဒီတော့ ကံရဲ့အစွမ်းတန်ခိုးသာလျှင် ကိုယ့်ရဲ့တကယ့်အစွမ်းတန်ခိုးပဲ၊ ကံကောင်းအောင် လုပ်ဖို့သာလျှင် အရေးကြီးတယ်၊ အခုနက အနုသာသနိပါဋိဟာရိယ ဆုံးမဩဝါဒကို နားလည်ပြီး ကျင့်သုံးလိုက်နာရင် ကံကောင်းနိုင်တယ်။ ။

ဒီကနေ့ ကမ္ဘာမှာ ဗုဒ္ဓဘာသာဝင်ဦးရေဟာ တဖြည်းဖြည်း တိုးလာတယ်။ ဘုန်းကြီးတို့ နှစ်စဉ်နှစ်တိုင်း ဂျာမနီတို့ နယ်သာလန်တို့ စသည့်နိုင်ငံတွေ သွားပြီး အဘိဓမ္မာသင်တန်းတွေ ပို့ချတဲ့အခါ ဗုဒ္ဓဘာသာဦးရေ တိုးလာတာကိုတွေ့ရတယ်။ ဘာဖြစ်

စာမျက်နှာ-၄၅
လို့လဲဆိုတော့ စိတ်ဖိစီးမှုတွေ တော်တော်များလာတဲ့အခါ ထိုစိတ်ဖိစီးမှုတွေကို psycho therapist (စိတ်ကုထုံးပညာရှင်)တို့၊ psychiatrist (စိတ်ရောဂါအထူးကု)တို့၊ psychology (စိတ်ပညာ)နည်းတွေနဲ့ ကုစားလို့မရတော့ဘူး။

မရတော့ ဗုဒ္ဓဘာသာကဟောတဲ့ meditation ဆိုတာ ကောင်းမလားဆိုပြီး တရားထိုင်ကြည့်ကြတယ်။ တရားထိုင်ကြည့်တဲ့အခါမှာ အထိုက်အလျောက် သူတို့ရဲ့ စိတ်ဖိစီးမှုတွေဟာ ပျောက်လာတယ်၊ ကမ္မဋ္ဌာန်းဆရာ သွန်သင်ဆုံးမတဲ့အတိုင်း လိုက်နာကျင့်သုံးပြီး တရားအားထုတ်လိုက်တဲ့အခါ စိတ်ဖိစီးမှုတွေပျောက်ပြီး စိတ်ချမ်းသာမှုတွေ ရကြတယ်ပေါ့။ စိတ်ချမ်းသာမှု ရလာသည့်အတွက်ကြောင့် မိရိုးဖလာဘာသာတစ်ခုကို စွန့်ပယ်ပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလာကြတယ်။ ဒါ အနုသာသနီပါဋိဟာရိယ ရဲ့ အစွမ်းပါပဲ။ လူက တန်ခိုးပြတာမဟုတ်ဘူးနော်၊ တရားက တန်ခိုးပြတာလို့ ပြောချင်ပြောပေါ့။

စာမျက်နှာ-၄၆

လမ်းမှန်ဖို့ အရေးကြီးတယ်
မြတ်စွာဘုရားဟောတဲ့တရားဟာ လုံးဝမှန်တယ်၊ သွာက္ခာတော တကယ့်အမှန်အတိုင်း ဟောထားတာ။ တကယ်လုပ်ရင် အဟုတ်ဖြစ်တယ်။ လုပ်သူတိုင်း ဗုဒ္ဓဘာသာကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ဒီလမ်းကြောင်းအတိုင်းလျှောက်ရင် ဒီလမ်းရောက်တာပဲ၊ ဆိုပါစို့၊ ဒီလမ်းကသွားရင် ရွှေတိဂုံဘုရားရောက်တယ်လို့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ရွှေတိဂုံဘုရားကို ဦးတည်ပြီးဖောက်ထားတဲ့ လမ်းကြီးအတိုင်းလျှောက်ရင် ရွှေတိဂုံဘုရားကို ကျိန်းသေရောက်မှာပဲ။ ဆိုလိုတာက “လမ်းမှန်ဖို့ အရေးကြီးတယ်” လို့ ပြောတာနော်။

ဘုရားကိုယ်တော်တိုင်က ဗုဒ္ဓဘာသာကို ကူးပြောင်းပါလို့ မတိုက်တွန်းပါဘူး။ ဥဒုမ္ဗရိကသုတ်မှာ မြတ်စွာဘုရား အတိအလင်း ဟောထားတာရှိတယ်။ ပရိဗိုဇ်တွေကို တရားဟောရင်း မြတ်စွာဘုရားက “ငါပြောတဲ့အတိုင်း လုပ်ကြည့်၊ အသင်တို့က ထင်လိမ့်မယ်

စာမျက်နှာ-၄၇
ငါတရားဟောနေတာ ငါ့ဘာသာဘက်ဝင်အောင် စည်းရုံးတယ်လို့၊ ငါတပည့်ရှာတယ်လို့ ထင်နေလိမ့်မယ်၊ မင်းတို့ရဲ့ ဘာသာတရားအတိုင်းထား၊ မင်းတို့ဆရာနဲ့ မင်းတို့တပည့်အတိုင်းထား၊ ပြောင်းစရာမလိုဘူး၊ သို့သော် ငါပြောတာလေးကို မင်းတို့ (၇)ရက်လောက် စမ်းကြည့်”။ ဒီနေရာမှာ မြတ်စွာဘုရားက တရားကိုသာ စမ်းပြီးအားထုတ်ခိုင်းတာ၊ ဘာသာမပြောင်းခိုင်းဘူး၊ ဥဒုမ္ဗရိကသုတ်မှာရှိတယ်။

အမှန်တရားဆိုတာ စည်းရုံးစရာ သိပ်မလိုဘူး၊ အသိဉာဏ်ရှိရင် သူ့ဟာသူလက်ခံတယ်။ အခု နိုင်ငံခြားသားတွေ ဗုဒ္ဓဘာသာဖြစ်လာတယ်ဆိုတာ သူ့ဟာသူ လက်ခံလာတာ၊ ဘယ်သူကမှ သွားစည်းရုံးပြီး လှုံ့ဆော်နေကြတာမဟုတ်ဘူး။ သူတို့ကိုယ်တိုင် ကမ္မဋ္ဌာန်းတရားကို အားထုတ်ရင်း ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာကြတာ။ စိတ်ဝင်စားရာကနေပြီး တကယ့်ဗုဒ္ဓဘာသာဝင် ဖြစ်လာတာ။

စာမျက်နှာ-၄၈
ဘုန်းကြီးတို့ထံ အကြိမ်ကြိမ် အဘိဓမ္မာသင်တန်းလာတက်တဲ့ ဂျာမန်အမျိုးသမီးကြီးတစ်ယောက်ဆိုရင် သင်တန်းတက်ရင်း ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာတယ်။ သူကိုယ်တိုင် တရားအားထုတ်တယ်။ တရားအားထုတ်တော့ တရားရဲ့အရသာတွေကိုသိလာတယ်။ သိလာတဲ့အခါ ဗမာပြည်မှာ ရောက်နေခိုက် သီလရှင်ဝတ်တယ်။ ဟိုပြန်သွားတဲ့အခါ လူဝတ်ပြန်လဲတယ်။ သို့သော် ရှစ်ပါးသီလကို မချဘူး။ အဲဒီတုန်းက ဘုန်းကြီးဆီ စာရေးတာ “သူဟာ ကနေ့အထိ ရှစ်ပါးသီလ စောင့်တုန်းပါ” တဲ့။

နောက်တော့ ရှစ်ပါးသီလ မချရုံတင်မကဘူး ဘယ်သူတွေက ထူးဆန်းတဲ့မျက်လုံးတွေနဲ့ကြည့်ကြည့်၊ ဘယ်သူကြည့်တာပဲဖြစ်ဖြစ် သူက ဂရုမစိုက်တော့ဘူး၊ သီလရှင်ဝတ်နဲ့ပဲ နေတော့တာ။ ယုံကြည်သွားပြီလေ။ လက်ခံသွားပြီ။ ယုံကြည်တယ်ဆိုတာ သဒ္ဓါစွမ်းအားတစ်ခုထဲနဲ့ မဟုတ်ဘူး။ သူကိုယ်တိုင် အသိဉာဏ်နဲ့ ယုံကြည်တာ။ သဒ္ဓါတစ်မျိုးထဲ စိတ်မချရဘူး။ အသိ

စာမျက်နှာ-၄၉
ပညာပါ။ ဒါကြောင့် “ပညာမဲ့သဒ္ဓါ” ဆိုတာ အန္တရာယ်အလွန်များတယ်။ ပညာမပါဘဲနဲ့ သဒ္ဓါတရားသက်သက်ဆိုရင် မှန်ကန်ဖို့ မဖြစ်နိုင်ဘူး။ ။ ခုနက အစွမ်းတန်ခိုးတွေပြလို့ လက်ခံတယ်ဆိုတာ ပညာမဲ့သဒ္ဓါမျိုးနဲ့သာ ဖြစ်နိုင်တယ်တဲ့။ ပညာအပြည့်အဝရှိတဲ့ သဒ္ဓါတရားမျိုး လိုအပ်တယ်။ အဝေစ္စပသာဒ ဆိုတာ အသိဉာဏ်နဲ့ ကြည်ညိုတာ။ ဘုရား တရား သံဃာကို အသိဉာဏ်နဲ့ ကြည်ညိုတာ။ ဒီကနေ့ ဗုဒ္ဓဘာသာအဖြစ် ကူးပြောင်းလာကြတဲ့ နိုင်ငံခြားသားတွေဟာ ဘုရား တရား သံဃာကို ကြည်ညိုတာ သူတို့ကိုယ်တိုင် လေ့လာအားထုတ်ပြီးမှ ကြည်ညိုလာကြတာများတယ်။ ။

၂၀၀၃-ခုနှစ်က ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ Buddhism House ဆိုတဲ့ သီဟိုဠ်ဂျာမန် ဓမ္မဒူတကျောင်းမှာ (၃)ပတ် အဘိဓမ္မာသင်တန်း ပို့ချတယ်။ နောက်ဆုံးနေ့မှာ သူတို့ရဲ့ (Feedback) တွေကို တင်ပြကြတယ်။ အမျိုးသမီးတစ်ယောက်က “ဒီသင်တန်း

စာမျက်နှာ-၅၀
တက်လိုက်ရတာ သူ့ဘဝ လုံးဝပြောင်းလဲသွားပါတယ်” လို့ လျှောက်တယ်။ နောက်အမျိုးသမီးတစ်ယောက်က “သူ ဒီနေ့ကစပြီး တိဘက်ဗုဒ္ဓဘာသာဝင်အဖြစ်ကနေ ထေရဝါဒဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းလိုက်ပါပြီ” လို့ လျှောက်တယ်။ ဒါဟာ ထူးခြားချက်တွေပေါ့။

ကျန်တဲ့သူတွေကတော့ အထူးအထွေ မလျှောက်ကြဘူး။ မလျှောက်ကြပေမယ့်လို့ တရားကိုရှင်းပြပြီး သူတို့တရားကို သိလိုက်ရတဲ့အချိန်မှာ ကျေနပ်မှုတွေ အများကြီးရတယ်ဆိုတာ သိရတယ်။ ဒါတွေက အနုသာသနီ ပါဋိဟာရိယ ပဲ။ တန်ခိုးပြပြီး စည်းရုံးတာမဟုတ်ဘူး၊ အမှန်တရားကို ထုတ်ဖော်ပြပြီး ဗုဒ္ဓသာသနာ ပြန့်ပွားအောင်လုပ်တာ။ ဒါကို အနုသာသနီ ပါဋိဟာရိယ လို့ခေါ်တယ်။

မြတ်စွာဘုရားက ဣဒ္ဓိခေါ်တဲ့ အစွမ်းတန်ခိုးတွေပြပြီး စည်းရုံးတာမျိုးတို့၊ အာဒေသနာဆိုတဲ့ လူတစ်ယောက်ရဲ့ စိတ်ကို ရည်ညွှန်းပြောဆိုတဲ့ အတတ်ဟောတာမျိုးတွေ ဟောပြီးတော့ စည်းရုံးတာမျိုးတို့

စာမျက်နှာ-၅၁
တကယ်မအောင်မြင်နိုင်ဘူးတဲ့။ အနုသာသနီ လို့ခေါ်တဲ့ တကယ့်အစစ်အမှန် ဆုံးမဩဝါဒပေးခြင်း၊ တကယ့်တရားဓမ္မကို သင်ပြပေးခြင်းကသာလျှင် သာသနာပြုတာ၊ စည်းရုံးတာဖြစ်တယ်။

ဘာကြောင့်လဲဆိုရင် ဒီလိုဟောပြောဆုံးမတာကြောင့် ပညာရသွားတယ်လေ။ ခုနကလိုဟာမျိုးတွေက သဒ္ဓါလောက်ပဲ ရနိုင်တယ်။ ပညာမရဘူး။ မြတ်စွာဘုရားရဲ့ တရားတော်တွေကို ဟောပြောဆုံးမပေးတဲ့အခါကျတော့ သူ့ဟာသူ စဉ်းစားတတ်လာတယ်။ သူ့ဟာသူ စဉ်းစားတတ်လာတဲ့အခါမှာ ယုံကြည်မှုခိုင်မာလာတယ်၊ ပညာမပါတဲ့ယုံကြည်မှုသည် မခိုင်မာဘူးတဲ့။

ခိုင်မာတဲ့ယုံကြည်မှုရဖို့အတွက် မြတ်စွာဘုရားက “အေး ကေဝဋ၊ ဣဒ္ဓိဝိဓ လို့ခေါ်တဲ့နည်းနဲ့ သာသနာပြုလည်းပဲ မအောင်မြင်နိုင်ဘူး။ ငါခွင့်ပြုတာက အနုသာသနီတစ်ခုထဲပဲ။ တို့လည်းပဲ အခုတန်ခိုးပြနေတာပဲ” လို့ မိန့်တော်မူတယ်။ နာလန္ဒာမြို့မှာ

စာမျက်နှာ-၅၂
မြေလျှိုးမိုးပျံဆိုတဲ့ တန်ခိုးတွေ လုပ်မပြပေမယ့်လို့ ဘယ်လိုနေရတယ်၊ ဘယ်လိုထိုင်ရတယ်ဆိုတာ တရားဓမ္မတွေ ဟောနေတာဟာ အစွမ်းတန်ခိုးတွေပြနေတာပဲလို့ ပြောတာနော်။ ဒါကြောင့် ဒီလိုတရားဓမ္မတွေ ဟောပြီး အစွမ်းတန်ခိုးပြခြင်းကသာလျှင် အလွန်ခိုင်မြဲတဲ့စည်းရုံးမှုဖြစ်တယ်။ ဘာဖြစ်လို့တုန်းဆိုရင် တစ်ဖက်သားကို အသိဉာဏ်တွေပေးပြီးသား ဖြစ်သွားလို့ပါပဲတဲ့။
တန်ခိုးရှိပေမယ့် အသိဉာဏ်နည်းရင် လွဲဖြစ်
အဲဒီလို အသိဉာဏ်မပေးဘူးဆိုရင် ဘာဖြစ်နိုင်တုန်း၊ အသိဉာဏ်မပါတဲ့ယုံကြည်မှု၊ ပညာမဲ့သဒ္ဓါဆိုတာ အရာရာယုံကြည်ပြီး လမ်းမှားသွားတတ်တယ်။ လမ်းမှားကို ရောက်သွားနိုင်တယ်။ အဲဒီသုတ္တန်မှာ မြတ်စွာဘုရားက ဆက်ဟောထားသေးတယ်။ တန်ခိုးအဘိညာဉ်တွေ ဘယ်လောက်ရှိရှိ အသိဉာဏ်အားနည်းရင် ပုစ္ဆာတစ်ခုရဲ့ အဖြေမှန်ကို မထုတ်နိုင်ဘူး။ တန်ခိုးရှင်ရဟန်း

စာမျက်နှာ-၅၃
တစ်ပါးဟာ ဓာတ်ကြီးလေးပါး ဘယ်မှာချုပ်ငြိမ်းသလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို သိချင်လို့ နတ်တွေကို လိုက်မေးသတဲ့။

နတ်တွေက “တပည့်တော်တို့ မသိဘူး၊ ဒီဟာ တပည့်တော်တို့ထက် တန်ခိုးကြီးတဲ့ နတ်မင်းကြီး (၄)ယောက်ကို မေးကြည့်ပါ။ အဲဒါနဲ့ နတ်မင်းကြီး (၄)ယောက်ဆီသွားတယ်။ ဓာတ်ကြီး (၄)ပါး ဘယ်မှာချုပ်သလဲ မေးတယ်။ နတ်မင်းကြီး (၄)ယောက်ကလည်း မဖြေနိုင်ဘူး၊ “တပည့်တော်တို့ ဘယ်သိမလဲ၊ တပည့်တော်တို့ထက် တန်ခိုးကြီးတဲ့ တာဝတိံသာနတ်တွေဆိုတာ ရှိတယ်။ အဲဒီသွားမေးပါ” တဲ့။ လွှဲချလိုက်ကြတယ်။

တစ်ဖန် တာဝတိံသာသွားရောက်ပြီး နတ်တွေကို မေးတယ်၊ တာဝတိံသာနတ်တွေက “တပည့်တော်တို့လည်း မသိဘူး၊ တပည့်တော်တို့ထက် တန်ခိုးကြီးတဲ့ သိကြားမင်းရှိတယ်။ သူ့မေးကြည့်ပါ” ဆိုတော့ သွားမေးတယ်။ သိကြားမင်းကလည်း ဒီအဖြေသူ

စာမျက်နှာ-၅၄
မသိပါဘူးတဲ့။ အဲဒီလိုနဲ့ပဲ အထက်ကိုတက်သွားလိုက်တာ တာဝတိံသာကနေ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီ နတ်ပြည်ခြောက်ထပ် ကုန်ရော၊ သူ့ရဲ့မေးခွန်းဟာ အဖြေမထွက်ဘူး။

အဲဒီကနေ တစ်ခါထပ်ပြီး ဗြဟ္မာပြည်ရောက်သွားတော့ ဗြဟ္မာတွေကလည်း အဲဒီအဖြေ သူတို့မသိဘူးတဲ့။ ဒါပေမယ့် သူတို့ထက် တန်ခိုးကြီးတဲ့ ဗြဟ္မာမင်းကြီးဆိုတာ ရှိတယ်တဲ့။ အဲဒါနဲ့ အဲဒီကိုယ်တော်က နေပါဦး၊ အဲဒီဗြဟ္မာမင်းကြီးက ဘယ်မှာနေတာတုန်းဆိုတော့ ဗြဟ္မာမင်းကြီး ဘယ်နေတယ်ဆိုတာ သူတို့မသိပါဘူး။ ဘယ်တော့လာမှာလဲဆိုတော့လည်း သူတို့မသိပါဘူးတဲ့။ “အလင်းရောင်ကြီးတွေ ပေါ်လာရင်တော့ မကြာခင်မှာ သူပေါ်လာတတ်တယ်” လို့ ပြောကြတယ်။

အဲဒီလိုပြောနေတုန်း မကြာခင်မှာပဲ အလင်းရောင်ကြီးတွေ ပေါ်လာတယ်။ ဗြဟ္မာမင်းကြီးက ဘွားခနဲပေါ်လာတယ်၊ ဟန်ကျပြီဆိုပြီးတော့ အဲဒီကိုယ်တော်က ဗြဟ္မာမင်းကြီးဆီ ချဉ်းကပ်ပြီးတော့

စာမျက်နှာ-၅၅
မေးတယ်။ “ဓာတ်ကြီး (၄)ပါး ဘယ်မှာချုပ်လဲ” ဗြဟ္မာမင်းကြီးက ဒီမေးခွန်းကိုမဖြေဘဲနဲ့ မကြားချင်ယောင်ဆောင်ပြီး “ကိုယ်တော်၊ တပည့်တော်က လောကကြီးကို ဖန်ဆင်းတဲ့ ဗြဟ္မာမင်းကြီးပါ၊ အရာခပ်သိမ်းကိုသိတယ်၊ အားလုံးကိုမြင်တယ်၊ အားလုံးကိုလွှမ်းမိုးနိုင်တယ်” လို့ပြောတယ်။ အဲဒီကိုယ်တော်က “ဗြဟ္မာမင်းကြီး၊ ကျုပ်က ခင်ဗျားရဲ့ အစွမ်းတန်ခိုး၊ အစွမ်းသတ္တိတွေကို မေးတာမဟုတ်ဘူး။ ကျုပ်သိချင်တာက ဓာတ်ကြီး (၄)ပါး ဘယ်မှာချုပ်သလဲဆိုတာ သိချင်တာ”

ဗြဟ္မာမင်းကြီးက မဖြေနိုင်ဘူး၊ သူက ဗြဟ္မာမင်းကြီးဖြစ်တဲ့အကြောင်းကိုပဲ ထပ်ထပ်ပြောတယ်။ (၃)ခါတိတိ မေးတယ်။ အလိုက်မသိဘဲ ထပ်မေးနေတော့ ဗြဟ္မာမင်းကြီးက သူ့ကို လက်မောင်းဆွဲခေါ်သွားတယ်။ ဗြဟ္မာတွေကြားထဲမှာ သူ့ကို အထင်သေးမှာ

စာမျက်နှာ-၅၆
ကြောက်တယ်။ အဲဒီကိုယ်တော်ကို အဝေးကိုခေါ်သွားပြီး “ကိုယ်တော်၊ ဒီပုစ္ဆာရဲ့ အဖြေကို တပည့်တော်လည်း မသိဘူး။ ဒါပေမဲ့လို့ ဒီနားရှိတဲ့ဗြဟ္မာပရိသတ်တွေဟာ တပည့်တော်ကို တန်ခိုးအကြီးဆုံး၊ မသိတာမရှိဘူးလို့ သူတို့ကထင်တာ၊ ဒါကြောင့် သူတို့ရှေ့မှာ မသိဘူးလို့ မပြောတာ” တဲ့။

လူတွေမှာမဟုတ်ဘူး၊ ဗြဟ္မာတွေလည်း အထင်သေးခံရမှာ ကြောက်ကြတယ်။ အဲဒီဗြဟ္မာကြီးက ဘာပြောလဲဆိုတော့ အဲဒါကိုယ်တော့်အမှားပဲ၊ ဒီပုစ္ဆာရဲ့ အဖြေက ဘုရားကလွဲပြီး ဘယ်သူမှမဖြေနိုင်ဘူးတဲ့။ ကိုယ်တော်က ဘုရားကိုမမေးဘဲနဲ့ ဒီအထိရောက်လာတာဟာ ကိုယ်တော့်အမှားပဲတဲ့။ သူက “ဘုရားကိုမေးပါ” လို့ လမ်းညွှန်လိုက်တာ။ ဘုရားရှင်ဆီကို အဲဒီကိုယ်တော် ရောက်သွားပြီးတော့ “အရှင်ဘုရား ဓာတ်ကြီး (၄)ပါး ဘယ်နေရာမှာ အကြွင်းမဲ့ချုပ်ပါသလဲ” လို့မေးတယ်။

မြတ်စွာဘုရားက “ရဟန်း၊ မင်းမေးတဲ့ပုစ္ဆာ မှားနေတယ်” ဓာတ်ကြီး (၄)ပါးဆိုတာ မပြည့်စုံဘူး၊ သူက organism, non-organism မခွဲဘဲနဲ့ ဓာတ်ကြီး (၄)ပါး ဘယ်မှာချုပ်သလဲမေးတာ၊

စာမျက်နှာ-၅၇
သူ့မေးခွန်းက သိပ်ကျယ်ပြန့်လွန်းအားကြီးနေတယ်၊ သက်မဲ့ဓာတ်ကြီးလေးပါးတွေပါ မေးရာရောက်နေတယ်၊ သူ့မေးခွန်းက မှားနေတယ်၊ မေးရမှာက သက်ရှိသတ္တဝါတွေရဲ့ သန္တာန်မှာဖြစ်နေတဲ့ ဓာတ်ကြီး (၄)ပါး ဘယ်နေရာမှာချုပ်လဲဆိုတာ မေးရမှာဖြစ်တယ်။ ဒါကြောင့် မြတ်စွာဘုရားက အဲဒီမေးခွန်းကို ပြင်ပေးလိုက်တယ်။

မေးခွန်းက မှားနေလို့ မြတ်စွာဘုရားက “ရဟန်း အဲဒီလို မေးရမှာမဟုတ်ဘူး၊ ဓာတ်ကြီး (၄)ပါးနဲ့ ဓာတ်ကြီး (၄)ပါးကို အမှီပြုပြီးဖြစ်နေတဲ့ ဒီဥပါဒါရုပ်တွေ၊ အရှည်အတို၊ အဆင်းလှမလှဆိုတဲ့ ဥပါဒါရုပ်တွေ၊ နာမ်တွေ ဘယ်မှာချုပ်ငြိမ်းသလဲ” လို့ မေးရမှာတဲ့။ မေးခွန်းကို ပြင်ပေးပြီးတော့ “အဖြေက ဒီလို” ဆိုပြီး မြတ်စွာဘုရားက ဟောတယ်။

“ဝိညာဏံ အနိဒဿနံ အနန္တ သဗ္ဗတောပဘီ” ဆိုတာ ထူးခြားသော အသိဉာဏ်နဲ့သာ သိနိုင်သော နိဗ္ဗာန်။ နိဗ္ဗာန်ဆိုတာ ထူးခြားတဲ့အသိဉာဏ်နဲ့ သိလို့

စာမျက်နှာ-၅၈
မရဘူးတဲ့။ အနိဒဿန = နိဗ္ဗာန်ဆိုတာဟာ ပုံပန်းသဏ္ဍာန်နဲ့ ဖော်ပြလို့မရဘူးတဲ့။ အနန္တ = နိဗ္ဗာန်မှာ ဖြစ်တဲ့အစဆိုတာမရှိဘူး၊ ချုပ်တဲ့အစွန်းဆိုတာ မရှိဘူး၊ အဆုံးအစမရှိဘူးတဲ့။ အန္တ လို့ခေါ်တဲ့ ဖြစ်တဲ့အစ၊ ချုပ်တဲ့အစွန်း၊ ထိုအစွန်း (၂)ခုရဲ့ အလယ်စပ်ကြား မရှိဘူးတဲ့။ သဗ္ဗတော ပဿံ = နိဗ္ဗာန်ဆိုတာ ဘယ်လမ်းကနေဝင်ဝင်၊ ကမ္မဋ္ဌာန်း-၄၀ (သို့) ၃၈ ပါးဆိုတဲ့ ဘယ်လမ်းကနေ လျှောက်လျှောက် နိဗ္ဗာန်ရောက်တာချည်းပဲ။ အဲဒီ နိဗ္ဗာန်ဆိုတဲ့ တရားမှာသာလျှင် ဟောဒီဓာတ်ကြီး (၄)ပါးရော၊ ဓာတ်ကြီး (၄)ပါးကို မှီပြီးဖြစ်တဲ့ ရုပ်တရား နာမ်တရားတွေ အားလုံးချုပ်တယ်လို့ မြတ်စွာဘုရားက ဟောတယ်။ - က် ဒီကိုယ်တော် တန်ခိုးတော့ရှိပါရဲ့၊ တရားဓမ္မကို စေ့စေ့ငုငု မသိသည့်အတွက်ကြောင့် ဟောဒီပုစ္ဆာရဲ့ အဖြေကို မရှာရမယ့်နေရာ လိုက်ရှာတယ်။ မရှာရမယ့်နေရာ လိုက်ရှာလို့ သူ့ရဲ့အစွမ်းတန်ခိုးသည် လမ်းဆုံးကို မပို့နိုင်ဘူးဆိုတာ ဒါကိုပြောတာနော်။ အစွမ်းတန်ခိုး

စာမျက်နှာ-၅၉
ခုနကပြောတဲ့ တန်ခိုးဣဒ္ဓိပါဒ်တွေဟာ တကယ့်အစစ်အမှန် အသိဉာဏ်ကို ဘာမှမပေးနိုင်ဘူး၊ အဆုံးအဖြတ် မပေးနိုင်ဘူး။ ဒါကြောင့် တန်ခိုးဆိုတာ အားကိုးစရာမဟုတ်ဘူး၊ ယုံကြည်စရာမဟုတ်ဘူး။ တကယ့်အစွမ်းတန်ခိုးအစစ်သည် တရားဓမ္မကို မှန်ကန်စွာ သိခြင်းသာလျှင် ဖြစ်တယ်။ ဒါကြောင့် မြတ်စွာဘုရားက အနုသာသနီ ပါဋိဟာရိယ ဆိုတဲ့ အစွမ်းတန်ခိုးနဲ့သာလျှင် သာသနာပြုတာ အကောင်းဆုံးတဲ့နော်။

မြေလျှိုးမိုးပျံဆိုတဲ့ တန်ခိုးတွေနဲ့ သာသနာပြုနေရရင်လည်း မအောင်မြင်နိုင်ဘူးတဲ့။ သူတစ်ပါးရဲ့ စိတ်တွေ အတွေးအကြံတွေကိုသိပြီး ရည်ညွှန်းပြောရုံနဲ့ လူအထင်ကြီးအောင်လုပ်ပြီး သာသနာပြုလို့လည်း မအောင်မြင်နိုင်ဘူးတဲ့။ သာသနာပြုတယ်ဆိုတာ စစ်မှန်တဲ့တရားဓမ္မတွေကို ဟောပြောပြသပြီး ထိုစစ်မှန်တဲ့ တရားတွေကို လူတွေနားလည်အောင် အသိဉာဏ်ပေးပြီး သာသနာပြုမှ တကယ့်အစစ်အမှန်ပါ။ လူတွေဟာ အသိဉာဏ်ရသွားပြီးတော့ ပညာပါတဲ့သဒ္ဓါ

စာမျက်နှာ-၆၀
စွမ်းအားတွေနဲ့မှ အမှန်တရားကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် “အစွမ်းတန်ခိုးများနဲ့ သာသနာ” ဆိုတဲ့စကားမှာ တကယ့်အစွမ်းတန်ခိုးဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမတရားတွေကို လေ့လာသင်ယူခြင်းပဲဖြစ်တယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမတရားတော်တွေကို ကိုယ်တိုင်သိရှိအောင် လေ့လာခြင်း၊ ဖတ်ရှုခြင်း၊ ကျင့်သုံးခြင်း၊ နာယူခြင်းကသာလျှင် တကယ့်အစွမ်းတန်ခိုး၊ တန်ခိုးပါဝါ၊ တကယ့်ကြီးမားတဲ့ အစွမ်းတန်ခိုး၊ နိဗ္ဗာန်ထိအောင် မျက်မှောက်ပြုနိုင်တဲ့ အစွမ်းရှိတဲ့ တန်ခိုးအစစ်ဖြစ်တယ်ဆိုတာ ကေဝဋသုတ်အရ ဆုံးဖြတ်ချက်ချပြီး ဘုရားရဲ့တရားတော်တွေကို သိရှိအောင် လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။
iagmbzmwnltw72gi1zd1wvhftnpokke
သမုဒ္ဒရာ ဝမ်းတစ်ထွာ
0
6400
22200
2026-06-19T03:28:01Z
Tejinda
173
"{{header | title = သမုဒ္ဒရာ ဝမ်းတစ်ထွာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = သမထနှင့် ဝ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22200
wikitext
text/x-wiki
{{header
| title = သမုဒ္ဒရာ ဝမ်းတစ်ထွာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[သမထနှင့် ဝိပဿနာ]]
| previous2 =
| next = [[သာရဏီယတရား]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

သမုဒ္ဒရာ ဝမ်းတစ်ထွာ

စာမျက်နှာ-၂
တိုက် သားသမီးမြေးမြစ်တို့လည်းကောင်း အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “သမုဒ္ဒရာ ဝမ်းတစ်ထွာ” အကြောင်း တရားဒေသနာတော်။

မြန်မာလူမျိုးတွေ ပြောလေ့ ရှိကြတယ်၊ ဝမ်း တစ်ထွာအတွက် ဖြည့်တင်းရတဲ့ပမာဏဟာ ပင်လယ် ကြီးတစ်ခုကို ဖြည့်ရသလိုပဲတဲ့၊ ဘယ်တော့မှ မပြည့် နိုင်ဘူး၊ ပင်လယ်ကြီးလို ကျယ်ပြန့်တယ်၊ ပင်လယ် ကြီးထဲမှာ မြစ်ချောင်းအင်းအိုင်တွေက ဝင်လာတဲ့ရေတွေနဲ့ ဘယ်လိုပဲ ဖြည့်တင်း ဖြည့်တင်း ပင်လယ်ကြီးဟာ ပြည့်သွားတယ်လို့ မရှိဘူး၊ လူ့ဘဝရောက်လာတဲ့ လူသားတွေအနေနဲ့လည်း နေ့စဉ်နဲ့အမျှ အစာ အာဟာရတွေ စားကြရတယ်၊ တစ်ရက်လည်း မပြီး နိုင်၊ နှစ်ရက်လည်း မပြီးနိုင်၊ တစ်သက်လုံးဖြည့်တင်း နေကြရလို့ လူတွေရဲ့တစ်ထွာတစ်မိုက်လောက် ရှိတဲ့ ဝမ်းဗိုက်လေးဟာ ပင်လယ်ကြီးလောက် ဖြည့်တင်းရ ခက်ပါလားလို့ဆိုတဲ့အဓိပ္ပါယ်နဲ့ “သမုဒ္ဒရာ ဝမ်းတစ် ထွာ'လို့ ဆိုကြတာပေါ့။

စာမျက်နှာ-၃
မြတ်စွာဘုရားက ယခုလို အာဟာရဖြည့်တင်းရမှုတွေနဲ့ ပတ်သက်လာတဲ့အခါမှာ ကမ္မဌာန်း-၄ဝ ထဲက နှလုံးသွင်းဆင်ခြင်ရမယ့် ကမ္မဋ္ဌာန်းတစ်ခုအဖြစ် “အာဟာရေပဋိကူလသညာ”ကို ဟောခဲ့တယ်၊ အစာ အာဟာရနဲ့ပတ်သက်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့အခြေအနေတွေကို ရှုမြင်သုံးသပ်ဖို့ အမှတ်သညာထားကြဖို့ ဆုံးမဩဝါဒ ပေးတော်မူခဲ့တာ ဖြစ်တယ်။

အဲဒီထဲမှာလည်း “အာဟာရေပဋိကူလသညာ”ဆိုတာ “သမုဒ္ဒရာ ဝမ်းတစ်ထွာ'အကြောင်း ပါတာပဲ၊ ဘယ်တော့မှ မပြည့်နိုင်တဲ့ ဝမ်းဗိုက်တစ်ခုကို ဖြည့် တင်းဖို့ နေ့စဉ်နှင့်အမျှ လုပ်ကိုင်ဆောင်ရွက်နေကြတယ်၊ အဲဒီလုပ်ကိုင်ဆောင်ရွက်နေမှုတွေဟာ ပြီးနိုင် သလားဆိုတော့ ဘယ်တော့မှ မပြီးဘူး၊ ပြည့်စုံသွား ပြီလားလို့ဆိုရင် ဘယ်တော့မှလည်း မပြည့်စုံဘူး။

မိမိတို့ဝမ်းရေး ဖြည့်တင်းမှုအတွက် လူတွေဟာ နေ့စဉ်နှင့်အမျှ စီးပွားဥစ္စာတွေ ရှာကြရတယ်၊ အလုပ်

စာမျက်နှာ-၄
တွေ လုပ်ကြရတယ်၊ နှုတ်နဲ့ ပြောပြီး လုပ်တယ်၊ ကိုယ်ထိလက်ရောက် လုပ်ကိုင်လှုပ်ရှားပြီးတော့လည်း စီးပွားဥစ္စာတွေ ရှာဖွေကြတယ်၊ အဓိက ဘာလဲလို့ ဆိုရင် ဝမ်းရေးဖြည့်တင်းဖို့ပဲ၊ ဒါကို အသက်မွေးဝမ်း ကြောင်းလို့ ခေါ်တာပေါ့။ ။

အဲဒီလို အသက်မွေးဝမ်းကြောင်း လုပ်တဲ့အခါ မှာ ကောင်းတဲ့အနေအထားနဲ့ချည်း လုပ်တာ မဟုတ်ဘူး၊ မကောင်းတဲ့အနေအထားနဲ့လည်း လုပ်ကြသည့် အတွက်ကြောင့် သမုဒ္ဒရာဝမ်းတစ်ထွာ ဖြည့်တင်းမှု အတွက် အကုသိုလ်တွေလည်း ဖြစ်ပွားကြတယ်ပေါ့။ အကုသိုလ်တွေ ဖြစ်ပွားလို့ သံသရာဝဋ်ဆင်းရဲမှာ နစ် မွမ်းကြရတယ်၊ အဲဒီတော့ သမုဒ္ဒရာဝမ်းတစ်ထွာကို ဖြည့်ရင်း ဖြည့်ရင်းနဲ့ လူတွေဟာ သံသရာဝဋ်ဆင်းရဲ မှာ နစ်မွမ်းပြီးတော့ ဒုက္ခရောက်သွားကြတယ်၊ ဒီ သဘောကိုလည်း ဆင်ခြင်စဉ်းစားပြီး ကြည့်ဖို့ လိုတယ်။

စာမျက်နှာ-၅
ဘဝတစ်ခု ရလာလို့ရှိရင် “သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ”လို့ ဆိုတဲ့အတိုင်း အစာအာဟာရ မရှိဘူးဆိုရင် ဘဝမှာ ရပ်တည်နိုင်မှာ မဟုတ်ဘူး၊ ဘဝရပ်တည်နေရတာ အဓိကဟာ အစာအာဟာရပဲ ဖြစ်တယ်၊ အစာအာဟာရ စားကြရမှ လူ့ခန္ဓာဆိုတာ တည်တံ့နိုင်တယ်ပေါ့။ ။

ဒါကြောင့်မို့ ဘဝတည်တံ့ရေးအတွက်ဖြစ်တဲ့ အာဟာရကို ရှာဖွေရင်း လူတွေဟာ မကောင်းမှု အကုသိုလ်တွေကို လုပ်မိရက်သား ဖြစ်သွားကြတယ်၊ ဒုစရိုက်တွေ လုပ်ကိုင်ပြီး မိမိတို့ဝမ်းရေးအတွက် ဖြည့် တင်းပေးကြတယ်၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ မြတ်စွာ ဘုရားက ဒေသနာတော်တစ်ပုဒ် ဟောထားတာ ရှိတယ်၊ မြတ်စွာဘုရားရဲ့ အဆုံးအမက လောကမှာ ဖြစ်ပျက်နေမှုတွေနဲ့ အံဝင်ဂွင်ကျ ဖြစ်နေတယ်၊ ဘုရားက လောကမှာ ဖြစ်ပျက်နေတဲ့ လူတွေရဲ့ အခြေအနေတွေကို ဆင်ခြင်သုံးသပ်ပြီးတော့ သတိပေး ဟော ကြားထားတာ ရှိတယ်၊ အဲဒီဟောကြားထားတာကို

စာမျက်နှာ-၆
မှတ်သား နာယူကြပြီးတော့ သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက်နဲ့ မိမိတို့ကိုယ်တိုင်ဟာ ဒုစရိုက်လုပ်ငန်းတွေနဲ့ အသက်မမွေးကြဖို့ အင်မတန်မှ အရေးကြီးတယ် လို့ ဒီလို ပြောရမယ်၊ ဒုစရိုက်တွေနဲ့ အသက်မွေးမိပြီ ဆိုလို့ရှိရင်တော့ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်နဲ့ ဒုက္ခထဲ နစ်မွန်းသွားကြမှာပဲ။ ။

အဲဒီလိုအသက်မွေးတဲ့အခါမှာ အသက်မွေးသူဟာ နှစ်မျိုးနှစ်စား ဖြစ်ပေါ်လာခဲ့တယ်။

မြတ်စွာဘုရားရဲ့ ဒေသနာတော်အရ ပြောရမယ်ဆိုရင် “သုဇီဝံ အဟိရိကေန”တဲ့၊ အရှက်မရှိတဲ့ ပုဂ္ဂိုလ်တွေဟာ အသက်မွေးကျောင်းရှာဖွေဖို့ အတွက် လွယ်ကူတယ်တဲ့၊ လောကကြီးဖြစ်ပျက်နေတဲ့ အခြေ အနေတစ်ခုကို မြတ်စွာဘုရားက ဒီစကားကို ဟောတာ၊ “သုဇီဝံ အဟိရိကေန”၊ အဟိရိကေန မဟုတ်တာ လုပ်ရမှာ မရှက်တတ်တဲ့ပုဂ္ဂိုလ်ဟာ, သုဇီဝံ အသက်မွေးကျောင်းအတွက် ရှာဖွေဖို့ လွယ်ကူတယ်၊

စာမျက်နှာ-၇
တစ်ဖက်ကို ကြည့်မယ်ဆိုရင်တော့ အရှက်မရှိတဲ့ ပုဂ္ဂိုလ်ဟာ အသက်မွေးမှုအတွက် လွယ်ကူသလိုပဲ။

နောက်တစ်ခုကျတော့ “ဟိရိမတာ စ ဒုဗ်” အကုသိုလ်တွေက ရှက်ရွံ့ပြီးတော့နေတဲ့ ပုဂ္ဂိုလ်၊ ဒုစရိုက်လုပ်ငန်းတွေကို ရှောင်ရှားပြီးတော့ သုစရိုက် လုပ်ငန်းနဲ့သာ အသက်မွေးလိုတဲ့ လောကမှာ အရှက် ရှိကြတဲ့ပုဂ္ဂိုလ်မျိုးတွေကျတော့ ဒုဇ္ဇီဝတဲ့၊ အသက်မွေးမှုအတွက် ခက်ခဲတယ်၊ ပင်ပန်းတယ်လို့ ဒီလို ဟော ထားတယ်။

ဒီကနေ့ခေတ်မှာလည်း ဆင်ခြင်စဉ်းစားကြည့် ပေါ့၊ လောကမှာ စီးပွားတိုးတက်ပြီးတော့ ကြီးပွားနေ ကြတဲ့ပုဂ္ဂိုလ်တွေ၊ အားလုံးတော့ မဟုတ်ဘူး၊ တော် တော်များများဟာ ဘယ်ထဲ ပါနေတုန်းလို့ဆိုတော့ အဟိရိကလို့ဆိုတဲ့ မဟုတ်တာ လုပ်ရမှာ မရှက်တဲ့ ပုဂ္ဂိုလ်တွေ အသိုင်းအဝိုင်းမှာ ပါဝင်နေကြတယ်၊ ပါ ဝင်နေသည့်အတွက်ကြောင့် ဒီကနေ့ လူတွေ အသက် ရှင်ဖို့အတွက် အရေးကြီးတဲ့ အစာအာဟာရတွေ

စာမျက်နှာ-၈
ဆေးဝါးတွေ အသုံးအဆောင်တွေမှ စလို့ လူတွေကို အကျိုးမပြုတဲ့ လူတွေကို ဒုက္ခရောက်စေနိုင်တဲ့အရာ မျိုးတွေ ထည့်သွင်းပြီးတော့ အစစ်အမှန်မဟုတ်တဲ့ အတုအယောင်တွေနဲ့ ပစ္စည်းတွေကို ထုတ်လုပ် ဖြန့်ချီရောင်းဝယ်နေကြတဲ့ပုဂ္ဂိုလ်တွေဟာ ကြီးပွားနေကြတယ်။

မြတ်စွာဘုရားရှုမြင်သုံးသပ်တဲ့အတိုင်းပဲ မှန်မှန် ကန်ကန် ရောင်းဝယ်လိုတဲ့ ပုဂ္ဂိုလ်တွေ ပစ္စည်းမှန်မှန် ဈေးမှန်မှန်နဲ့ ရောင်းဝယ်လိုတဲ့ပုဂ္ဂိုလ်တွေဟာ အသက် မွေးကျောင်းပြုဖို့ရာ ခက်လာတယ်၊ မမှန်မကန် လုပ်တဲ့ပုဂ္ဂိုလ်တွေက ရှေ့တန်းရောက်လာတယ်တဲ့၊ ဒီလို ဆိုရမှာပဲ၊ မြတ်စွာဘုရားကိုယ်တိုင်ကလည်း ဒီအတိုင်း ဟောခဲ့တာပဲ။

“သုဇီဝံ အဟိရိကေန”- အရှက်မဲ့တဲ့ပုဂ္ဂိုလ်တွေ၊ အရှက်မဲ့တယ်ဆိုတာ ဘာလဲ၊ မကောင်းတဲ့ အလုပ်လုပ်ရမှာ မရှက်ဘူး၊ ဒုစရိုက်နဲ့ အသက်မွေးရ မှာ မရှက်ဘူး၊ ဘယ်သူသေသေ ငတေမာပြီးရော

စာမျက်နှာ-၉
ဆိုတဲ့ စိတ်ဓာတ်နဲ့ မိမိကြီးပွားရင် ပြီးရော တခြားလူတွေ ဘာဖြစ်ဖြစ်ဆိုတဲ့ အနေအထားမျိုးနဲ့ စီးပွားရှာ ကြတယ်၊ ဆေးဆိုလည်း အတုလုပ်တယ်၊ စားသောက် ကုန်တွေလည်း အတုလုပ်တယ်၊ ပစ္စည်းဥစ္စာတွေလည်း အတုလုပ်ပြီးတော့ စားသုံးတဲ့ပုဂ္ဂိုလ်တွေကို ကောင်းကျိုး မဖြစ်စေရုံမျှမက ဆိုးကျိုးကို ဖြစ်စေ တတ်တာတွေနဲ့ အသက်မွေးနေတဲ့ပုဂ္ဂိုလ်တွေရဲ့ အခြေ အနေကို ဆင်ခြင်သုံးသပ်ကြည့်ပေါ့။ အဲဒီလို အသက် မွေးတဲ့ထဲမယ် ကိုယ်မပါဖို့ အရေးကြီးတယ်။

လောကမှာ သမုဒ္ဒရာဝမ်းတစ်ထွာလေး ဖြည့်ဖို့ ရာအတွက် ဒုစရိုက်နဲ့ အသက်မွေးပြီဆိုလို့ရှိရင်တော့ ဝမ်းတစ်ထွာလေးပြည့်မယ်လို့ ထင်ပြီးတော့ ကြိုးစား လိုက်တာနဲ့ ပြည့်လာမယ့်အရာကတော့ သံသရာထဲ နစ်မွန်းမယ့် ဆင်းရဲဒုက္ခတွေသာ ဖြစ်တယ်ပေါ့၊ ဝမ်း တစ်ထွာဖြည့်ဖို့ဆိုတာတော့ ဘဝတစ်ခုရလာလို့ရှိရင် သေသည်အထိ ဖြည့်နေကြရမှာဘဲ၊ သို့သော်လည်း သေသည်အထိ ဖြည့်နေရတာကို မြန်မြန်ဖြည့်ချင်လို့

စာမျက်နှာ-၁၀
မမှန်မကန်တဲ့စီးပွားရေးတွေ ပြုလုပ်ပြီးတော့ ဒုစရိုက် လုပ်ငန်းနဲ့ အသက်မွေးမယ်ဆိုလို့ရှိရင်ကတော့ ဝမ်း တစ်ထွာ မပြည့်ဘဲနဲ့ ဒုစရိုက်အကုသိုလ်တွေနဲ့ ပြည့် ပြီး သံသရာဆိုတဲ့ ပင်လယ်ကြီးထဲမှာ နစ်မွန်းမယ်၊ အပါယ်ငရဲကနေ ဘယ်တော့မှ တက်လာနိုင်မှာ မဟုတ်ဘူးလို့ ဒီလို ဆိုနိုင်တာပေါ့နော်။

လောကမှာ အသက်မွေးမှုချောင်ပြီးတော့ စီးပွား ရေးလမ်းဖြောင့်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်လိုပုဂ္ဂိုလ်တွေလဲ၊ ကြီးပွားတိုးတက်ဖို့ ခက်ခဲနေတဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်လိုပုဂ္ဂိုလ်တွေလဲ၊ ယေဘူယျ ဒီနှစ်ခုကို နှိုင်းယှဉ်ပြီး မြတ်စွာဘုရားဟောတာ၊ အဓိက ရဟန်း တော်တွေကို ဦးတည်ပြီးတော့ ဟောထားတဲ့ဒေသနာ တော်တစ်ပုဒ်ပဲ၊ သို့သော်လည်း ကမ္ဘာလောကမှာရှိတဲ့ လူသားတွေအားလုံးနဲ့ သက်ဆိုင်တယ်ပေါ့။ ။

အသက်မွေးဖို့ သက်သာချောင်ချိတယ်၊ အဆင် ပြေတယ်၊ ရလွယ်တယ်၊ စီးပွားဖြစ်လွယ်တယ်၊ အဲဒီ လို စီးပွားဖြစ်လွယ်တယ်ဆိုတဲ့အရာတွေဟာ ဘာ

စာမျက်နှာ-၁၁
ကြောင့် ဖြစ်လာရသလဲ၊ မြတ်စွာဘုရားက ကြီးပွား တိုးတက်လွယ်တဲ့ပုဂ္ဂိုလ်တွေဟာ ဘာကြောင့် ကြီးပွား တိုးတက်သလဲ၊ အကုန်လုံးကို ပြောတာ မဟုတ်ဘူး၊ ယေဘူယျ ခြုံပြီးတော့ ဟောတဲ့စကား၊ ယေဘူယျဆိုတာ ရာခိုင်နှုန်းများတာကိုနော်။ ။

လူတိုင်းလူတိုင်းဟာ မကောင်းတဲ့နည်းနဲ့ စီးပွား ရှာနေကြတာ မဟုတ်ဘူး၊ ကောင်းတဲ့နည်းနဲ့ စီးပွား ရှာတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်၊ သို့သော် ယေဘူယျ လို့ဆိုတဲ့ ရာခိုင်နှုန်းနဲ့ တွက်ကြည့်ပြီးတော့ ပြောတဲ့အခါကျတော့ မြတ်စွာဘုရားက ဟောထားတယ်၊ “သုဇီဝံ အဟိရိကေန၊ ကာကသူရေန မံသိနာ၊ ပက္ခဒိနာ ပဂဗ္ဗေန၊ သံကိလိဋ္ဌေန ဇီဝိတံ”၊

မဟုတ်တာလုပ်ရမှာ မရှက်ဘူးဆိုတဲ့ အဟိရိက ပုဂ္ဂိုလ်တွေဟာ အသက်မွေးဝမ်းကျောင်းဖို့ ပစ္စည်း ဥစ္စာရှာဖွေဖို့ လွယ်တယ်၊ အလွယ်တကူနဲ့ ကြီးပွား တိုးတက်တယ်၊ ဒီလိုဆိုတာ၊ ဒုစရိုက်တွေ မဟုတ်တာ လုပ်ရမှာတွေ မရှက်တဲ့ပုဂ္ဂိုလ်ကို အဟိရိက၊

စာမျက်နှာ-၁၂
အဲဒီလို မရှက်တာမှ ဘယ်လောက်ထိအောင် မရှက်တုန်းဆိုတော့ “ကာကသူရေန”လို့ မြတ်စွာ ဘုရားက ဆက်ပြီးတော့ ဟောထားတယ်၊ ကျီးရဲ တစ်ကောင်သည် မကြောက်မရွံ့နဲ့ အစာအာဟာရကို ထိုးသုတ်တတ်သလိုပဲ, ကျီးရဲဟာ ဇွတ်အတင်း အစာအာဟာရကို နှိုက်ယူတတ်သလို ဒီပုဂ္ဂိုလ်ဟာ လည်းပဲ စီးပွားရှာတဲ့အခါမှာ လက်ရဲဇက်ရဲ ရှိတယ်၊ ဘယ်သူ့ဆီကပဲဖြစ်ဖြစ် ရတဲ့နည်းနဲ့ ယူတယ်၊ ရ-သာ လို့ရှိရင် ဘ-နဖူး သိုက်တူးတယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်တယ်ပေါ့၊ ပစ္စည်းဥစ္စာရဖို့ တစ်ခုပဲ ကြည့်တယ်၊ တရားသော မတရားသော ဒါတွေကို မစဉ်းစားဘူး။ အဲဒီပုဂ္ဂိုလ်မျိုးဟာ ကာကသူရ - ကျီးရဲများလိုပဲ အစာရဖို့ တစ်ခုတည်း ကြည့်ပြီးတော့ လက်ရဲဇက်ရဲနဲ့ လုပ်လေ့လုပ်ထ ရှိတဲ့ ပုဂ္ဂိုလ်မျိုးဟာ သုဇီဝံ အသက်မွေးဝမ်းကျောင်း ရှာ ဖွေလို့ လွယ်ကူတယ်၊ စီးပွားဥစ္စာ တက်လွယ်တယ်။ ဒီလိုပြောတာ။

စာမျက်နှာ-၁၃
နောက်တစ်ခုက မံသိနာ၊ ခုခေတ်ပြောနေတဲ့ စကားရပ်တွေပေါ့၊ တစ်ယောက်နဲ့ တစ်ယောက် အပုပ်ချပြီးတော့ တစ်ယောက် မကောင်းကြောင်း တစ်ယောက် ပြောပြီးတော့ စီးပွားရှာကြတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်၊ မိမိကုန်ပစ္စည်းကို အမွှန်းတင်ပြီးတော့ သူများကုန်ပစ္စည်းကို ရှုတ်ချပြောဆိုတဲ့ပုဂ္ဂိုလ်၊ အဲဒီလို လုပ်ပြီးတော့ စီးပွားရှာကြတဲ့ပုဂ္ဂိုလ်တွေ မံသိနာလို့ ခေါ်တယ်၊ သူများဂုဏ်ကို ချိုးချိုးဖဲ့ဖဲဖြစ်အောင် လုပ်ပြီး တော့မှ စီးပွားရှာတာ၊ အဲဒီပုဂ္ဂိုလ်မျိုးကို ပြောကြတာ “သူများ မျက်ရည်ကျမှ ထမင်းဝတဲ့ ပုဂ္ဂိုလ်မျိုး”လို့ ဒီလို ဆိုကြတာ၊ အဲဒီပုဂ္ဂိုလ်မျိုးဟာလည်းပဲ အသက်မွေး ဝမ်းကြောင်း လွယ်ကူတယ်၊ စီးပွားဥစ္စာ ဖြစ်လွယ်တယ်လို့ ဒီလိုပြောတယ်။

နောက်တစ်ခုက ဘာတုန်းဆိုတော့ “ပက္ခဒိနာ”တဲ့၊ ပက္ခဒိနာဆိုတာ အလုပ်လုပ်တာ ကောင်းပြီး တော့ နာမည်ရလာပြီဆိုရင် ကိုယ်လုပ်တာ မဟုတ် ပေမယ့်လို့ ကိုယ်လုပ်တာလိုလို ဟန်ဆောင်ပြီး ဖော်

စာမျက်နှာ-၁၄
ပြတတ်တဲ့ပုဂ္ဂိုလ်မျိုး၊ ကိုယ်တကယ်လုပ်တာ မဟုတ် ဘဲနဲ့ လုပ်သူက တခြား, အယောင်ဆောင် တံဆိပ် ကပ်တဲ့ပုဂ္ဂိုလ်က တခြား၊ မိမိကိုယ်တိုင်ထုတ်လုပ်တာ မဟုတ်ဘဲနဲ့ တခြားသူထုတ်လုပ်တာကို မိမိရဲ့အမည် နာမတပ်ပြီးတော့ စီးပွားရှာတာမျိုးလည်းပဲ လောက ကြီးမှာ ရှိတယ်တဲ့၊ ဒါမျိုးကို ပက္ခဒိနာလို့ ခေါ်တယ်။

သူများ လုပ်ထားတဲ့ အလုပ်ကို မိမိ လုပ်သ ယောင်ယောင် ထင်ရလေအောင် ဟန်ဆောင် လုပ် ကိုင်တတ်တဲ့ပုဂ္ဂိုလ်တွေ၊ သူများအလုပ်ထဲ ပြေးဝင် တတ်တဲ့ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်မျိုးဟာလည်းပဲ အသက် ချောင်တယ်၊ အသက်မွေးဝမ်းကျောင်း လွယ်ကူတယ်၊ ပစ္စည်းဥစ္စာ စီးပွားတိုးတက်လာတယ်၊ ဒါကို အကြောင်းပြုပြီးတော့ ငွေရလွယ်တယ်ပေါ့။

“ပဂဗ္ဗေန” ပဂဗ္ဗဆိုတာ ကြမ်းကြမ်းတမ်းတမ်း လုပ်တတ်သူ၊ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ မဟုတ်ဘူး၊ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတယ်၊ အရောင်းအဝယ်လုပ်တဲ့အခါမှာလည်းပဲ ကြမ်းကြမ်း

စာမျက်နှာ-၁၅
တမ်းတမ်း အတင်းအကျပ်လုပ်တာမျိုးတွေ၊ အဲဒါမျိုးတွေလုပ်တဲ့ ပုဂ္ဂိုလ်မျိုးတွေလည်း ရှိတယ်၊ ယဉ်ကျေး သိမ်မွေ့မှု မရှိဘူး၊ တစ်ဖက်သား နစ်နာချင် နစ်နာ ပစေ၊ စိတ်ဓာတ်ရေးရာက စပြီးတော့ ကြမ်းတမ်းတဲ့ ပုဂ္ဂိုလ်မျိုးတွေကို ပဂဗ္ဗလို့ ဒီလိုခေါ်တယ်၊ အဲဒီပဂဗ္ဗဆိုတဲ့ ရုန့်ကြမ်းတဲ့ပုဂ္ဂိုလ်မျိုးတွေကလည်းပဲ စီးပွားဖြစ် လွယ်ကြတယ်၊ သူများထက် ပိုပြီးတော့ အမြတ်တွေ ရကြတယ်လို့ ဒီလိုပြောတာနော်။ ။

“သံကိလိဋ္ဌေန ဇီဝိတံ” တခြားနည်းမျိုးစုံနဲ့ ညစ်ပတ်တဲ့စိတ်နဲ့ စီးပွားရှာကြသူတွေ၊ မြန်မာပြည် မှာဆိုလို့ရှိရင် အခု မကြားချင်အဆုံးတွေ အများကြီး ပဲ၊ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ဖြစ်သည့်အား လျော်စွာ ကောင်းရောင်း ကောင်းဝယ် မှန်မှန် ကန်ကန် လုပ်သင့်တယ်ပေါ့၊ မှန်မှန်ကန်ကန် မလုပ် ဘဲနဲ့ မိမိစားဝတ်နေရေး ပြည့်စုံရင်ပြီးရော စားသုံးတဲ့ ပုဂ္ဂိုလ်တွေ ဘာဖြစ်ဖြစ်လို့ဆိုတဲ့ စိတ်ဓာတ်မျိုးဟာ အတော်ကြောက်စရာကောင်းတဲ့စိတ်ဓာတ်မျိုးပဲ၊ အဲဒီ

စာမျက်နှာ-၁၆
စိတ်ဓာတ်မျိုးနဲ့ လုပ်နေကြတာ များကုန်ပြီပေါ့၊ ဦးရေက တစ တစ တိုးလာတယ်၊ ရိုးရိုးသားသား လုပ်စား နေလို့ ထမင်းမဝဘူး၊ ဒီလိုလုပ်မှ ထမင်းဝတယ်လို့ဆိုပြီး အစစ်နဲ့ အတု ရောလို ရော၊ အားလုံး ကြားရ သမျှကတော့ အလွန်ကို ကြောက်လန့်စရာကောင်းတဲ့ အနေအထားမျိုးတွေ ရှိနေတယ်။ ။

ငပိထုတ်လုပ်တဲ့ ပုဂ္ဂိုလ်ကလည်း ဓာတ်မြေ ဩဇာတွေနဲ့ ရောတယ်လို့ဆိုတာလည်း ကြားနေကြ မှာပဲ၊ စားသုံးတဲ့ပုဂ္ဂိုလ်တွေဟာ ဘာတွေ ဖြစ်ကုန်နိုင်သလဲ စဉ်းစားဖို့ ကောင်းတယ်ပေါ့။ ဒီကနေ့ မေတ္တာအခါတော်နေ့လို့ဆိုတော့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့ အခုလို တစ်ဖက်သားအကျိုး ပျက်ပြား နိုင်မယ့်အလုပ်မျိုးတွေနဲ့ အသက်မမွေးသင့်ဘူး၊ မိမိ စီးပွားမဖြစ်ချင် နေပါစေ၊ တစ်ဖက်သား ဒုက္ခရောက် မယ့်အလုပ်မျိုးကို မလုပ်သင့်ဘူးလို့၊ တစ်ဖက်သားရဲ့ အကျိုးစီးပွားကိုသာ လိုလားမယ်ဆိုတဲ့ မွန်မြတ်တဲ့ စိတ်နေစိတ်ထားတွေနဲ့ပဲ စီးပွားရှာဖို့ သင့်တယ်ပေါ့။

စာမျက်နှာ-၁၇
အဲဒီလိုမဟုတ်ဘဲနဲ့ ဆီဆိုလည်း အရောအနှော၊ အန္တရာယ်ဖြစ်မယ့်ဟာတွေနဲ့ ရော ရောင်းကြဝယ်ကြတယ်နော်၊ တခြားဟာ မပြောနဲ့ ဘုန်းကြီးတွေဝတ်တဲ့ သင်္ကန်းတောင်မှပဲ ဓာတုဗေဒဆေးတွေနဲ့၊ ကြာ ကြာဝတ်တဲ့ပုဂ္ဂိုလ်တွေဟာ အရေပြားရောဂါ ဖြစ်လာ နိုင်တဲ့အနေအထားမျိုးတွေ ဖြစ်လာတယ်၊ ဘာဖြစ်လို့ လဲဆိုရင် သင်္ကန်းတွေကိုဆိုးတဲ့ ချည်ဆိုးတဲ့ဆေးတွေဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဆေးတွေ ပါလာတယ်၊ ပါလာသည့်အတွက်ကြောင့် ဆရာဝန်တွေအပြောအရဆိုလို့ရှိရင် ဒါတွေ ကြာကြာ ဝတ်လို့ရှိရင် အရေပြားကို ထိခိုက်ပြီးတော့ ဒုက္ခ ရောက်နိုင်တယ်လို့ ဒီလိုဆိုတယ်၊ အဲဒီတော့ ဒါမျိုးတွေလည်း လောကမှာ အတော်ကြောက်စရာ ဖြစ်လာတယ်။

ဘုန်းကြီးတို့ကိုယ်တိုင်ပဲ ဒီသင်္ကန်းတွေဝတ်တဲ့အခါမှာတယ်လီဖုန်း Hand Set အဖြူရောင်လေး ကိုင်တာ တဖြည်းဖြည်း အဝါဖြစ်သွားတယ်၊ ဘာဖြစ်

စာမျက်နှာ-၁၈
လို့ ဝါသွားသလဲလို့ဆိုရင် ဝတ်တဲ့သင်္ကန်းကနေ ကျွတ် ပြီးတော့ လက်စွဲ၊ လက်က နေပြီးတော့တယ်လီဖုန်း Hand Setကို အရောင်ပြောင်းသွားစေတယ်၊ ချွတ်လို့ မရတော့ဘူး၊ ဟော ဒီလိုဖြစ်တာ၊ အဲဒီတော့ ရိုးရိုး အရောင် ဆိုလို့ရှိရင် အကြောင်း မဟုတ်ဘူး၊ လူရဲ့ အရေပြားကို ထိခိုက်စေတတ်တဲ့ ဓာတုဗေဒဆေးမျိုးတွေဆိုလို့ရှိရင် နောက်ထပ်ရောဂါရဖို့ ရှိတယ်။ ။

အစာအာဟာရတွေနဲ့ ပတ်သက်လာလို့ရှိရင်လည်း စားဝံ့စရာ မရှိတော့တဲ့ အနေအထားမျိုး ရောက်လာတယ်၊ ဒါက ကိုယ်ကျင့်တရားတွေ ပျက်ပြား လာတာနဲ့ ပတ်သက်ပြီးတော့ ပြောပြတာ၊ အလကား ပြောတာ မဟုတ်ဘူး၊ တရားပျက်ပြားလာပြီဆိုလို့ရှိရင် ဘုန်းကြီးတို့ဆရာတော်ဘုရားကြီး အမိန့်ရှိသလို “အေး - တရားပျက်ရင်တော့ တစ်ရက်ပြားကြမှာပဲ” ဆိုတဲ့အတိုင်းပဲနော်၊ ပျက်ပြားမှုတွေ တော်တော်များ လာတယ်လို့ ပြောရမယ်။

စာမျက်နှာ-၁၉
ဆီဆိုလည်း မသန့်တာတွေနဲ့ ရောတယ်၊ အကြော်အလှော်ဆိုလည်း မသန့်တာတွေနဲ့ ရောတယ်၊ နောက်ဆုံးမှာ ငှက်ပျောသီးကအစ ဆေးတို့ ဆေးစိမ်, စားဝံ့စရာအနေအထား မရှိတော့ဘူး၊ ဒါ ကြောင့်မို့ မြန်မာနိုင်ငံမှာ စာရင်းဇယားပြုပြီးတော့ သေသေချာချာကြည့်မယ်ဆိုလို့ရှိရင် အသည်းရောဂါ တို့ ကျောက်ကပ်ရောဂါတို့ဟာ ပိုပိုပြီးတော့ များလာတယ်၊ ဘာကြောင့် ဖြစ်ရတာလဲဆိုရင် အစား အသောက်တွေကြောင့် ဖြစ်တယ် ဒီလိုဆိုတယ်။

ပိုးသတ်ဆေးတွေလည်း အလွန်အကျွံ သုံး၊ ဓာတုဗေဒဆေးတွေ ဓာတ်မြေသြဇာတွေ အလွန် အကျွံ အသုံးပြုပြီးတော့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို စားကြတဲ့ပုဂ္ဂိုလ်တွေဟာ ဆေးကုလို့ မဆုံးနိုင်အောင် ရောဂါဝေဒနာတွေ ဖြစ်လာကြမှာဘဲ၊ ဒါကြောင့်မို့လို့ ရောဂါဝေဒနာတွေဟာ တဖြည်းဖြည်း များလာတာဟာ အကုသိုလ်ကံကြောင့်ချည်း မဟုတ်ဘူး၊ လူတွေ

စာမျက်နှာ-၂၀
လုပ်ခြင်းကြောင့် ရောဂါဝေဒနာတွေ ပိုပိုပြီးတော့ ဖြစ်လာတာ။

မြန်မာနိုင်ငံရဲ့မြေပေါ်မှာ တစ်ချိန်တုန်းက သစ် တောကြီးတွေ လွှမ်းမိုးပြီးတော့ စိမ်းလန်းစိုပြေနေတယ်၊ သာယာတဲ့နိုင်ငံတစ်ခုက အခုအချိန်မှာ တောတွေတောင်တွေဟာ တောပြုန်း တောင်ပြုန်း တောင် ကတုန်း ကြပ်တီးကုန်းဘဝ ရောက်ကုန်တာ ဘယ်သူတွေ လုပ်တာလဲလို့ဆိုရင် လူတွေ လုပ်ကြတာပဲ။

ဒီမြေပေါ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ မဆင်မခြင် လုပ်ကိုင်သည့်အတွက်ကြောင့် သဘာဝပတ်ဝန်းကျင် ကြီးဟာ ပျက်စီးသွားပြီးတော့ ဘယ်သူတွေကို ပြန်ပြီး တော့ ထိခိုက်တုန်းဆိုရင် လူတွေကိုပဲ ပြန်ထိခိုက် တာပဲ၊ ဒါတွေဟာ သဘာဝတရားတွေကို မကောင်း အောင် လုပ်ခြင်းသည် မကောင်းကျိုးကို ပြန်ပြီး ဖြစ် စေတယ်ဆိုတဲ့ နိယာမတရားအတိုင်းပဲ၊ ဥပနိဿယ ပစ္စည်းဖြစ်တဲ့ သဘာဝတောတောင် ရေမြေတွေဟာ လူတွေကို အကျိုးပြုရမယ့်အစား လူတွေ ဖျက်ဆီး

စာမျက်နှာ-၂၁
ထားသည့်အတွက်ကြောင့် သူတို့က တစ်ဖန် လူတွေကို ပြန်ဖျက်ဆီးတဲ့အနေအထားမျိုး ရောက်ရှိလာပြီ။

အဲဒီတော့ ဘုန်းကြီးတို့တတွေ ခုချိန်မှာ ဒီ သဘာဝပတ်ဝန်းကျင်တွေကို ထိန်းသိမ်းစောင့်ရှောက် သင့်သလို လူသားတွေရဲ့ကျန်းမာရေးကိုလည်း ထိန်း သိမ်းစောင့်ရှောက်ဖို့ သင့်တယ်၊ နာရေးကူညီမှုအသင်းတွေ ပေါ်လာတယ်ဆိုတာ မကျန်းမာတဲ့သူတွေ များ လာတယ်ဆိုတဲ့အဓိပ္ပါယ် ပေါ် နေတယ်၊ နာရေးကူညီမှုအသင်းထက် ကျန်းမာရေးကို ကူညီတဲ့အသင်းက ပိုပြီးတော့ အရေးကြီးတယ်၊ သေသွားမှတော့ ဘာမှ မထူးတော့ဘူး၊ သေသွားတဲ့ပုဂ္ဂိုလ်ကို ပြန်ရှင်အောင်လည်း လုပ်လို့ မရဘူး၊ အေး အရေးကြီးတာတော့ ကျန်းကျန်းမာမာနဲ့ တိုင်းပြည်အကျိုး ဘာသာအကျိုး သာသနာအကျိုး ဆောင်ရွက်နိုင်ကြဖို့၊ ကုသိုလ်တရားတွေ မိမိတို့သန္တာန်မှာ ဖြစ်ပွားစေဖို့ဆိုတာ ဒါက ပို ပြီးတော့ အရေးကြီးတယ်။

စာမျက်နှာ-၂၂
အရေးကြီးတာနဲ့ အရေးမကြီးတာ ခွဲခြားသိပြီး တော့ အရေးကြီးတာကို ပိုပြီးတော့ လုပ်သင့် လုပ် ထိုက်ကြတယ်ပေါ့။

မြန်မာနိုင်ငံမှာ ဆေးဝါးနဲ့ စီးပွားရှာတဲ့ပုဂ္ဂိုလ်၊ အစာအာဟာရထုတ်လုပ်မှုနဲ့ စီးပွားရှာတဲ့ပုဂ္ဂိုလ်၊ လူ သုံးကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ စီးပွားရှာနေကြတဲ့ပုဂ္ဂိုလ်တွေဟာ လူ့ရဲ့ကျန်းမာရေးကို ထိခိုက်ပြီးတော့မှ စီးပွား ဖြစ်မယ်ဆိုရင် မိမိကိုယ်တိုင်က မလုပ်သင့်ဘူး၊ ဘာ ဖြစ်လို့ မလုပ်သင့်လဲ၊ တစ်ဖက်သားနစ်နာမယ့်အလုပ် ဖြစ်လို့ပဲ၊ တစ်ဖက်သားနစ်နာမယ့်အလုပ်ကို မလုပ် ဘဲ အဘယဒါန ဇီဝိတဒါန အလှူတော်ကြီးကို ပေး ကြဖို့ လိုတယ်၊ မိမိတစ်ဦး စီးပွားရေးလမ်းဖြောင့်ဖို့ အတွက် တစ်ဖက်သား ဒုက္ခရောက်မယ့်အလုပ်မျိုးကို မလုပ်သင့်ဘူး။

အစာအာဟာရဟာ စားပြီးရင် လူကို အကျိုး ဖြစ်စေမှ ကောင်းပါတယ်၊ အကျိုးမဖြစ်စေတဲ့အရာတွေကို လူတွေစားဖို့ ထုတ်လုပ်ထားရင် မိမိတို့အမြတ်

စာမျက်နှာ-၂၃
ရရုံ စီးပွားဖြစ်ရုံသာ ဖြစ်မယ်၊ ဒီတစ်ခုတည်း မကြည့် ဘဲနဲ့ အများသတ္တဝါတွေ ချမ်းသာဖို့ဆိုတဲ့ မေတ္တာ တရားရှေ့ထား ဗြဟ္မစိုရ်တရားပွားပြီးတော့မှ စီးပွား ရှာသင့်တယ်ပေါ့။ အဲဒီလို မဟုတ်လို့ရှိရင် စီးပွား တော့ ဖြစ်မှာပဲ၊ ဖြစ်ပေါ်လာတဲ့စီးပွားကြောင့် မိမိ ပစ္စည်းကို အသုံးပြုတဲ့ ကျန်တဲ့ပုဂ္ဂိုလ်တွေဟာ ဒုက္ခ အနန္တနဲ့ ကြုံတွေ့ ရနိုင်တယ်၊ သံသရာမှာ ရလာတဲ့ ဘဝမှာ ကောင်းမှုလည်း မလုပ်နိုင်ကြ၊ တရားဓမ္မလည်း အားမထုတ်နိုင် နှလုံးမသွင်းနိုင်ကြ၊ လူမမာ ဘဝ ရောက်ရှိပြီးတော့ သနားစရာအနေအထားမျိုးနဲ့ ဘဝတစ်ခုကို အဆုံးသတ်သွားကြမှာ၊ တန်ဖိုးရှိတဲ့ ဘဝဟာ ဘာမှ လုပ်လိုက်ရမှာ မဟုတ်ဘူး၊ အေး ဒါ ကြောင့်မို့လို့ တန်ဖိုးရှိတဲ့ဘဝကို တန်ဖိုးရှိရှိ ကျန်း ကျန်းမာမာ အသက်ရှည်ဖို့အတွက် တို့လုပ်တဲ့ပစ္စည်းဟာ အကူအညီဖြစ်ပါစေလို့ မြင့်မြတ်တဲ့စိတ်ဓာတ်တွေ ထားပြီး မသန့်တဲ့ဆီတွေ၊ မသန့်တဲ့အာဟာရတွေ၊ လူတွေကို အကျိုးမပြုတဲ့အရာတွေ မိမိတို့

စာမျက်နှာ-၂၄
ထုတ်လုပ်ရောင်းချတဲ့ထဲမယ် မပါဝင်ဖို့ ဒါ အင်မတန်မှ အရေးကြီးတယ်။

အဲဒီလို မလုပ်ခြင်းအားဖြင့် ကုသိုလ်မရဘူးလို့ မအောက်မေ့ကြနဲ့၊ ဒါ အလွန်ကြီးမားတဲ့ကုသိုလ်လို့ ခေါ်တယ်၊ ဘာကုသိုလ်တုန်းဆို အဘယဒါန ဇီဝိတ ဒါန၊ လူတွေ ဘေးမဖြစ်အောင် စေတနာထားပြီး တော့ လုပ်သည့်အတွက်ကြောင့် အဘယဒါန၊ လူတွေ အသက်ရှင်မှုအတွက် အထောက်အကူ ဖြစ်စေတာ ဖြစ်သောကြောင့် ဇီဝိတဒါန၊ မေတ္တာတရား ထားပြီးတော့ စီးပွားရှာကြမယ်၊ မိမိတို့ပစ္စည်းကို သုံး စွဲကြတဲ့ ပုဂ္ဂိုလ်တွေလည်း ကျန်းမာကြမယ်၊ အသက် ရှည်ကြမယ်၊ အမျိုး ဘာသာ သာသနာရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြမယ်၊ မိသားစုရဲ့ အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြမယ်၊ ကုသိုလ်တရား ဖြစ်ပွားအောင် ကြိုးစားနိုင်ကြမယ်လို့ ဒီလိုအကျိုးတွေ ဖြစ် ပွားစေပါတယ်။

စာမျက်နှာ-၂၅
အဲဒီလိုမှ မဟုတ်လို့ရှိရင် မိမိတို့အနေနဲ့ စီးပွားဖြစ်ရင်ပြီးရော၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ ဘာဖြစ်ဖြစ်၊ ကောင်းတာရော၊ မကောင်းတာရော အကုန်လုံး လုပ်ကြမယ်ဆိုလို့ရှိရင် မမှန်မကန်လုပ်တဲ့ ဆေးဝါးတွေ သောက်ကြရလို့ ရောဂါမပျောက်ဘဲနဲ့ ရောဂါတွေ တိုးလာနိုင်တယ်။ မမှန်ကန်တဲ့အစားအစာတွေကို စားကြရသည့်အတွက်ကြောင့် ကျန်းမာရေးပျက်စီးပြီးတော့ ဆင်းရဲဒုက္ခ ရောက်နိုင်တယ်။ အဲဒီလို မဖြစ်အောင် လူတိုင်းလူတိုင်းဟာ မေတ္တာစေတနာ ထားပြီးတော့ အဘယဒါန၊ ဇီဝိတဒါန အလှူကို လှူသင့်တယ်။ ဒါဟာ အင်မတန်ကြီးမြတ်တဲ့ ကုသိုလ်ကောင်းမှုကြီးတစ်ခုပါ။

ဘုရားတည်၊ ကျောင်းဆောက်မှ ကုသိုလ်ရတာ မဟုတ်ပါဘူး၊ စိတ်နေစိတ်ထားကောင်းမွန်စွာ အများချမ်းသာဖို့ ဆောင်ရွက်တာတွေမှန်သမျှဟာ ကုသိုလ်တွေချည်းပါပဲ။ အများချမ်းသာအောင် ဆောင်ရွက်တဲ့

စာမျက်နှာ-၂၆
ကုသိုလ်ဟာ အင်မတန်မှကြီးမားတဲ့ကုသိုလ်လို့ ခေါ်ပါတယ်။ ။

အားလုံးစဉ်းစားကြည့်ပေါ့၊ မစလရွာက မာဃလုလင်တို့အမှူးပြုတဲ့ လူငယ်လူရွယ်တွေဟာ လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ကြတယ်။ လူတကာနှစ်သက်တဲ့ ကြည့်ပျော်ရှုဖွယ်ဖြစ်အောင် ပန်းဥယျာဉ်တွေ တည်ဆောက်ကြတယ်။ လမ်းတွေခင်းကြတယ်၊ ပြုပြင်ပေးကြတယ်။ အများစိတ်နှလုံးချမ်းသာအောင် ရေတွင်းရေကန်တွေ တူးကြတယ်။ ဒီလူမှုအကျိုးပြု ကုသိုလ်ကောင်းမှုတွေကြောင့် နတ်ပြည်ရောက်ကြရတယ်။ ဒီကုသိုလ်ကောင်းမှုဟာ ကြီးမားတဲ့ ကုသိုလ်ကောင်းမှုတွေပဲ။

အေး ဒါကြောင့်မို့လို့ မိမိတို့စီးပွားရှာကြတဲ့အခါမှာ မည်သူပဲဖြစ်ဖြစ် ကိုယ်ရှာတဲ့စီးပွားရေးကို ကိုယ့်ဟာကိုယ် ဆင်ခြင်သုံးသပ်ပြီးတော့ တို့ရှာတဲ့စီးပွားရေးကို အကြောင်းပြုပြီးတော့ ဘယ်သူ့ကိုမှ မထိခိုက်ပါစေနဲ့၊ ကျန်းမာရေးကိုလည်း မထိခိုက်ပါ

စာမျက်နှာ-၂၇
စေနဲ့၊ စီးပွားရေးကိုလည်း မထိခိုက်ပါစေနဲ့၊ ပညာရေးကိုလည်း မထိခိုက်ပါစေနဲ့။ မှန်မှန်ကန်ကန်တို့ထုတ်လိုက်တဲ့ပစ္စည်းကို စားသုံးကြရတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်ချမ်းသာ ကိုယ်ချမ်းသာ၊ ကျန်းကျန်းမာမာ ပျော်ရွှင်စွာနဲ့ လူ့ဘဝကောင်းကျိုးတွေကို ဆောင်ရွက်နိုင်ကြပါစေဆိုတဲ့ စေတနာမေတ္တာ ထားလိုက်ပါ။ ဒီစေတနာမေတ္တာထားလိုက်မယ်ဆိုရင် အဘယဒါန၊ ဇီဝိတဒါန အလှူတော်ကြီးကို နေ့စဉ်ပေးလှူနေတာပဲ ဖြစ်တယ်ပေါ့၊ အလွန်မွန်မြတ်ပါတယ်။ ။

ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ မမှန်ကန်တဲ့ပစ္စည်းတွေ ထုတ်လုပ်ရောင်းချခြင်းဟာ ခိုးခြင်း ၂၅-ပါးထဲမှာ ပါဝင်နေတာဖြစ်လို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ရှောင်ကြဉ်ကြရမှာ ဖြစ်တယ်ပေါ့။

ခိုးခြင်း ၂၅-မျိုးဆိုတာ အတုလုပ်ပြီးခိုးတာလည်း ခိုးတာပါပဲ၊ အစစ်ထဲကို အတုရောပြီးခိုးတာလည်း ခိုးတာပဲ။ အဲဒါကြောင့်မို့လို့ ဒါမျိုးတွေဟာ မလုပ်သင့်မလုပ်ထိုက်တဲ့အရာတွေ ဖြစ်လို့ အကုသိုလ်

စာမျက်နှာ-၂၈
တွေ၊ မိမိတို့အတွက် အကုသိုလ်တွေဟာ တစ်ပုံတစ်ခေါင်းကြီး ဝင်လာပြီး နောက်ဆုံးမှာ ပင်လယ်ထဲသွားတဲ့လှေပေါ်မှာ အဆမတန် ကျောက်တုံးတွေတင်လို့ရှိရင် အဲဒီလှေသင်္ဘောဟာ နစ်မြုပ်သွားနိုင်သလိုပဲ နေ့စဉ်နဲ့အမျှ စီးပွားရှာရင်း အကုသိုလ်တွေ အဆမတန်လုပ်လာလို့ရှိရင် ဘဝသံသရာမှာ နစ်မြုပ်သွားနိုင်တယ်လို့ဆိုတာကို သတိထားကြဖို့ပေါ့။

မိမိတို့ကိုယ်တိုင် မှန်မှန်ကန်ကန် အသက်မွေးဝမ်းကျောင်းမှုပြုခြင်းဖြင့် တစ်ဖက်သားကို များစွာအကျိုးပြုနိုင်တယ်။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားဟောထားတဲ့ ဒီဒေသနာတော်ထဲမှာ သမုဒ္ဒရာဝမ်းတစ်ထွာကို ဖြည့်တင်းတဲ့ပုဂ္ဂိုလ် ၂-မျိုး ရှိတဲ့ထဲမယ် မကောင်းတဲ့အမျိုးအစားက ဘာတုန်း၊ မကောင်းတဲ့အမျိုးအစားဖြစ်တဲ့ ပုဂ္ဂိုလ်တွေဟာ စီးပွားဖြစ်လွယ်တယ်။ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေလဲ၊ “အဟိရိကေန သုဇီဝံ” မကောင်းမှုဒုစရိုက်တွေကို လုံးဝမရှက်ဘူး၊ မကောင်းမှုလုပ်ရမှာ မရွံ့ဘူး၊ မစက်ဆုပ်ဘူး၊ မကောင်း

စာမျက်နှာ-၂၉
တဲ့နည်းနဲ့ အသက်မွေးရမှာ မကြောက်ရွံ့ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အသက်မွေးဝမ်းကြောင်းအတွက် လွယ်ကူတယ်တဲ့။

အခု မြန်မာနိုင်ငံမှာဆိုလို့ရှိရင် မူးယစ်ဆေးဝါးဆိုတာလည်း အလွန်ကြီးမားတဲ့အန္တရာယ်ကြီး ဖြစ်လာတယ်။ မြန်မာလူမျိုးတွေရဲ့နောက်ဆက် မျိုးဆက်သစ်ကလေးတွေက မူးယစ်ဆေးဝါးထဲမှာ နစ်မွန်းသွားမယ်ဆိုလို့ရှိရင် မြန်မာလူမျိုးတွေရဲ့မျိုးဆက်တွေဟာ ကြောက်ရွံ့စရာကောင်းတဲ့ အနေအထားမျိုးထိအောင် ရောက်ရှိသွားနိုင်တယ်ပေါ့။ ။ ဒါကြောင့်မို့ ဒါတွေလည်း ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်သင့်၊ ဆောင်ရွက်လိုက်တယ်။ ဒီအလုပ်တွေကို သာမန်အလုပ်တွေလို့ မအောက်မေ့လေနဲ့၊ ကြီးမားတဲ့ကုသိုလ်ကောင်းမှုအလုပ်တွေ ဖြစ်ပါတယ်။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်တဲ့ လုပ်ငန်းဟာလည်း ကြီးမားတဲ့ကုသိုလ်အလုပ်ပဲ ဖြစ်ပါတယ်။

စာမျက်နှာ-၃၀
စီးပွားရှာတဲ့အခါမှာလည်း မှန်ကန်တဲ့နည်းနဲ့ စီးပွားရှာပြီးတော့ အများချမ်းသာဖို့အတွက် လုပ်ကိုင်ဆောင်ရွက်မှုဟာလည်း အများကောင်းကျိုးကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်၊ မေတ္တာတရားအခြေခံပြီးတော့ စီးပွားရှာကြရမှာပေါ့။ အဲဒီမှာ စီးပွားဖြစ်ရုံတစ်ခုတည်းသာ ကြည့်တတ်တဲ့ပုဂ္ဂိုလ်တွေဟာ အဟိရိကမဟုတ်တဲ့အလုပ်နဲ့ အသက်မွေးရမှာ မရှက်တဲ့ပုဂ္ဂိုလ်မျိုး၊ “သုဇီဝံ အဟိရိကေန ကာကသူရေန စံသိနာ” ကျီးရဲလို လက်ရဲဇက်ရဲရှိတဲ့ပုဂ္ဂိုလ်မျိုးတွေ အသက်မွေးဝမ်းကျောင်း လွယ်တယ်။ သူတစ်ပါးဂုဏ်ကို ချိုးနှိမ်ပြီးတော့ အထက်တက်လာတဲ့ပုဂ္ဂိုလ်တွေနော်၊ အများကိုနင်းပြီးတော့ တက်တယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေ၊ အဲဒီလို တစ်ဖက်သားကို ပျက်လိုပျက်စီးလုပ်ပြီးတော့ မိမိရဲ့ကိုယ်ကျိုးကိုရှာတဲ့ ပုဂ္ဂိုလ်မျိုးတွေဟာ အသက်မွေးဝမ်းကြောင်းအတွက် လွယ်တယ်တဲ့။ သူများကောင်းတာတွေလုပ်တာကို ကိုယ့်အလုပ်ယောင်ဆောင်ပြီးတော့ သူများအလုပ်ကို

စာမျက်နှာ-၃၁
ကိုယ့်အလုပ်ဖြစ်အောင် ဟန်ဆောင်တတ်တဲ့ပုဂ္ဂိုလ်မျိုးတွေလည်းပဲ အသက်မွေးဝမ်းကြောင်းလွယ်တယ်တဲ့။ နှုတ်ကြမ်းအာကြမ်းရှိတဲ့ ပုဂ္ဂိုလ်တွေဟာလည်း အသက်မွေးဝမ်းကြောင်းလွယ်တယ်တဲ့။ ။

နောက်ဆုံးမှာ သံကိလိဋ္ဌ ညစ်ပတ်တဲ့နည်းမျိုးစုံနဲ့ စီးပွားရှာတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲ စီးပွားဖြစ်ကြတယ်လို့ မြတ်စွာဘုရား ဒီလိုဟောထားတယ်။

ရဟန်းတော်တစ်ပါးကို ဦးတည်ပြီးတော့ ဟောတာဖြစ်ပေမယ်လို့ လောကလူသားတွေဟာလည်းပဲ ဒီအတိုင်းဖြစ်နေတယ်ဆိုတာ သိသာထင်ရှားတယ်ပေါ့။ အဲဒီမှာ အသက်မွေးဝမ်းကြောင်းရှာဖွေတဲ့အခါမှာ ခက်ခဲပြီးတော့ ကျပ်တည်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ၊ လူတော်လူကောင်းတွေဟာ မကောင်းတဲ့ခေတ်ကာလမှာ နောက်ရောက်သွားတတ်တယ်။ ဒီတော့ နောက်ရောက်သွားလို့ မကောင်းတဲ့အလုပ်နဲ့ ယှဉ်ပြိုင်ရမှာလားဆိုတော့ ဒီလိုတော့ မဟုတ်ဘူး၊ ယှဉ်ပြိုင်စရာမလိုဘူး။

စာမျက်နှာ-၃၂
မြတ်စွာဘုရားက ဟိရိမတာစ ဒုဇ္ဇီဝီ ဒုစရိုက်တွေကို ရှက်တယ်၊ မဟုတ်တာလုပ်ရမှာ ရှက်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အသက်မွေးဖို့ ခက်ခဲတယ်တဲ့။ အသက်မွေးဝမ်းကြောင်းရှာဖွေတဲ့နေရာမှာ သူများလို လွယ်လွယ်ကူကူတော့ ရမှာမဟုတ်ဘူး၊ သို့သော် မရနိုင်ဘူးလို့ ပြောတာမဟုတ်ဘူး၊ မှန်မှန်ကန်ကန် ကြိုးစားအားထုတ်ခြင်းဖြင့်တော့ ရလာမှာပဲ၊ အသက်မွေးဝမ်းကြောင်းနဲ့ ပြည့်စုံလာမှာပဲ။ ဟိရိမတာစ ဒုဇ္ဇီဝီ အရှက်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ မကောင်းတာလုပ်ရမှာ ရှက်တဲ့ပုဂ္ဂိုလ်တွေဟာ အသက်မွေးကျောင်းခက်တယ်တဲ့၊ ဒီလိုဆိုတယ်ပေါ့နော်။ ။

အဲဒီပုဂ္ဂိုလ်တွေဟာ နိစ္စံ သုစိ ဂဝေသိနော ဘယ်တော့ဖြစ်ဖြစ် မဟုတ်တာမလုပ်ဘူး၊ အမြဲတမ်း သုစိ ဂဝေသိနော စင်ကြယ်မှုကိုရှာတယ်၊ မဟုတ်တာနဲ့ အသက်မမွေးဘူး၊ မှန်ကန်တဲ့အရာနဲ့သာ အသက်မွေးတယ်။ အဲဒီလို မှန်မှန်ကန်ကန် စင်စင်ကြယ်ကြယ်

စာမျက်နှာ-၃၃
အသက်မွေးတဲ့ပုဂ္ဂိုလ်မျိုးတွေဟာ အသက်မွေးမှုခက်ခဲတယ်၊ စီးပွားမဖြစ်လွယ်ဘူးလို့ ဒီလိုဆိုလိုတာနော်။

နောက်တစ်ခုက ဘာလဲလို့ဆိုရင် အလီနေန ကြိုးကြိုးစားစား အားထုတ်ရတယ်၊ မကောင်းတဲ့အလုပ်နဲ့ ပတ်သက်လာရင် နောက်တွန့်တာမျိုးတွေ မရှိဘူး၊ ကောင်းတဲ့အလုပ်မှာသာ တွန့်ဆုတ်တတ်တယ်၊ အလီန တွန့်ဆုတ်နစ်မှုတွေမရှိဘူး၊ ရက်ရောတဲ့သဘောရှိတယ်။ အပဂဗ္ဗေန ကြမ်းတမ်းတဲ့ စိတ်နှလုံးမရှိဘူး၊ ကိုယ်အမူအရာ နှုတ်အမူအရာ မကြမ်းတမ်းဘူး၊ သိမ်မွေ့တယ်၊ မှန်မှန်ကန်ကန်လုပ်တယ်၊ စိတ်သဘောထားကောင်းတယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေဟာလည်း အသက်မွေးကျောင်းရှာဖွေတဲ့နေရာမှာ အခက်အခဲရှိတယ်။

သုဒ္ဓါဇီဝေန ပဿတာ ကိုယ့်အသက်မွေးလမ်းကြောင်းနဲ့ ပတ်သက်လာလို့ရှိရင် စင်ကြယ်သန့်ရှင်းတဲ့နည်းလမ်းနဲ့ပဲ အသက်မွေးတယ်။ အဲဒီစင်ကြယ်သန့်ရှင်းတဲ့ ရိုးရိုးအေးအေး မှန်မှန်ကန်ကန် အသက်မွေး

စာမျက်နှာ-၃၄
တဲ့ပုဂ္ဂိုလ်မျိုးတွေဟာ ဒုဇ္ဇီဝံ အသက်မွေးကျောင်းခက်တယ်လို့ ဒါ မြတ်စွာဘုရားက လောကရဲ့သဘာဝအခြေအနေတစ်ရပ်ကို ဟောကြားတာ။

အဲဒီလို ဟောကြားတဲ့အခါမှာ အသက်မွေးမှုလွယ်ချင်လို့ရှိရင် မဟုတ်တာလုပ်ကြလို့ ပြောတာမဟုတ်ဘူး၊ လောကရဲ့သဘာဝကို ရှင်းပြနေတာ။

လောကမှာ မဟုတ်တာလုပ်တဲ့လူက ကြီးပွားပြီး ဟုတ်တာလုပ်တဲ့လူက အောက်ကျနောက်ကျဖြစ်နေတယ်၊ ဒီလိုဆိုလိုတာပေါ့။ အဲဒါ လောကကြီးရဲ့ ကမောက်ကမဖြစ်နေပုံ အခြေအနေကို ပြောပြတာ၊ ဟောကြားတာ။

ဒီတော့ လောကကြီးက ဘယ်လိုပဲ ကမောက်ကမဖြစ်စေကာမူ မဟုတ်တာလုပ်လို့ ကြီးပွားတဲ့ပုဂ္ဂိုလ်က တစ်ခဏမျှသာဖြစ်ပြီးတော့ မှန်မှန်ကန်ကန် ကြီးပွားဖို့အတွက် ရုန်းကန်နေရတဲ့ပုဂ္ဂိုလ်ဟာ ရုန်းကန်နေရသော်လည်းပဲ ဒုက္ခပင်လယ်ဝေစေတတ်တဲ့ အကုသိုလ်တွေ သူ့မှာမရှိဘူး။ မရှိသည့်အတွက်

စာမျက်နှာ-၃၅
ကြောင့် သူခံရတဲ့ဒုက္ခဟာ တစ်ခဏမျှသာဖြစ်တယ်။ ထာဝရကျတော့ မေတ္တာစေတနာတွေ အရင်းခံပြီး လုပ်သည့်အတွက် အဘယဒါန မိမိပစ္စည်းကို စားသုံးတဲ့ပုဂ္ဂိုလ်တွေ ဘေးကင်းကြပါစေ၊ ဇီဝိတဒါန မိမိပစ္စည်းကို စားသုံးတဲ့ပုဂ္ဂိုလ်တွေ အသက်ရှည်ကြပါစေဆိုတဲ့ မေတ္တာအခြေခံတရားကြောင့် ဒီပုဂ္ဂိုလ်ဟာ တစ်ဘဝထက်တစ်ဘဝ မြင့်သွားဖို့သာရှိတယ်။ တစ်ခဏအနေအားဖြင့် ကြည့်မယ်ဆိုရင်တော့ ခဲခဲယဉ်းယဉ်း အသက်မွေးရလို့ ဒီဘဝမှာ နိမ့်ကျသယောင်ယောင်ရှိသော်လည်းပဲ နောင်ဘဝအဆက်ဆက်မှာ မြင့်သွားမယ့်ပုဂ္ဂိုလ်တွေပါ။

မဟုတ်မတရား အသက်မွေးတဲ့ပုဂ္ဂိုလ်တွေကျတော့ ဒီဘဝမှာ လွှားလွှားလွှားလွှားနဲ့ စီးပွားဥစ္စာတွေ တိုးတက်လာပေမယ့်လို့ မကြာခင်မှာပဲ အကုသိုလ်တွေ အကျိုးပေးလို့ ဆင်းရဲဒုက္ခတွေထဲမှာ နစ်မွန်းသွားနိုင်တယ်တဲ့။ ဒီသဘောတရားကိုလည်းပဲ ဆင်ခြင်သုံးသပ်ကြည့်ရမယ်၊ ဘုန်းကြီးတို့တတွေဟာ

စာမျက်နှာ-၃၆
ဗုဒ္ဓရဲ့တပည့်သာဝကတွေ ဖြစ်သည့်အားလျော်စွာ ရဟန်းသံဃာတွေလည်း ရဟန်းသံဃာတွေအနေနဲ့၊ လူဝတ်ကြောင်တွေလည်း လူဝတ်ကြောင်တွေအနေနဲ့ မှန်ကန်တဲ့နည်းနဲ့ အသက်မွေးကြဖို့ အရေးကြီးတယ်။

ရဟန်းတော်တွေအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ဒီဒေသနာဟောပြောရခြင်း အကြောင်းရင်းဖြစ်တဲ့ ရဟန်းတော်တစ်ပါးဟာ ရှင်သာရိပုတ္တရာရဲ့တပည့်သာဝကတစ်ဦးဖြစ်တယ်တဲ့၊ သူ့ရဲ့အမည်ကို စူဠသာရီလို့ ဖော်ပြထားတာရှိတယ်။ အဲဒီစူဠသာရီဆိုတဲ့ ကိုယ်တော်က ဆေးပညာအတတ်တတ်တယ်။ တတ်သည့်အတွက်ကြောင့် ဘာလုပ်လဲ၊ မကျန်းမာတဲ့ပုဂ္ဂိုလ်တွေကို ပစ္စည်းရလိုမှုနဲ့ ဆေးဖိုးဝါးခယူပြီးတော့ ဆေးကုတယ်။ ဆေးကုလို့ရလာတဲ့ပစ္စည်းဥစ္စာတွေနဲ့ အသက်မွေးတယ်။ လူတွေဆိုရင်တော့ ဆေးကုပြီး အသက်မွေးတာ မကောင်းတဲ့အသက်မွေးမှုမဟုတ်ဘူး၊ စိတ်ထားတတ်လို့ရှိရင် မြင့်မြတ်တဲ့အသက်မွေးမှုတောင်ဖြစ်တယ်။ သို့သော် ရဟန်းတော်တွေအနေ

စာမျက်နှာ-၃၇
နဲ့ ဆေးကုပြီး အသက်မွေးပြီဆိုလို့ရှိရင် မမှန်ကန်တဲ့အသက်မွေးမှုလို့ ခေါ်တယ်၊ မိစ္ဆာအာဇီဝ မှားယွင်းတဲ့အသက်မွေးမှုလို့ ပြောတာ။ ရဟန်းသံဃာတွေရဲ့အသက်မွေးမှုဟာ တစ်အိမ်တစ်ဇွန်း ဆွမ်းခံပြီးရလာတဲ့ အစာအာဟာရပေါ်မှာ မှီခိုပြီးတော့ အသက်မွေးရတာ၊ ဒကာဒကာမတွေက သဒ္ဓါစစ်စစ်နဲ့ လှူတဲ့အလှူဒါနကို အလှူခံပြီး အသက်မွေးရတာ။ ဒါဟာ ရဟန်းတော်တွေအဖို့ မှန်ကန်တဲ့အသက်မွေးမှု သမ္မာအာဇီဝလို့ ခေါ်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဆေးကုလို့ ရောဂါဝေဒနာပျောက်သွားတဲ့ ဒကာဒကာမတွေက ကျေးဇူးတင်ပြီးတော့ ကျောင်းဆောက်လှူတယ်၊ သင်္ကန်းလှူတယ်၊ ဆွမ်းကွမ်းတွေလှူတယ်။ ဒီလိုလှူဒါန်းမှုတွေဟာ သဒ္ဓါနဲ့မဟုတ်ဘူး၊ ကျောင်းဆောက်လှူတာလည်း သဒ္ဓါနဲ့မဟုတ်ဘူး၊ သင်္ကန်းလှူတာလည်း သဒ္ဓါနဲ့မဟုတ်ဘူး။ ဆေးကုတယ်ဆိုတဲ့အကြောင်းကြောင့် လှူတယ်၊ တခြားပစ္စည်းတွေလှူတယ်ဆိုတာလည်းပဲ ဆေးကုပေးတယ်ဆိုတဲ့

စာမျက်နှာ-၃၈
အနေအထားနဲ့ လှူတာ၊ သဒ္ဓါနဲ့လှူတာမဟုတ်ဘူး။ ကံ၊ ကံ၏အကျိုးကို ယုံကြည်လို့ လှူတဲ့အလှူကမှ သဒ္ဓါနဲ့လှူတယ်လို့ ဒီလိုဆိုလိုတယ်။ ။

ဒကာဒကာမတွေရဲ့ သဒ္ဓါတရားဟာ ပျက်စီးသွားတယ်လို့ ဒီလိုဆိုလိုတယ်။ အဲဒီလို ဆေးကုခြင်း၊ ဗေဒင်ဟောခြင်း စတဲ့ တခြားနည်းလမ်းတွေနဲ့ ဘုန်းကြီးတွေ အသက်မွေးမယ်ဆိုလို့ရှိရင် မှားယွင်းတဲ့အသက်မွေးနည်း။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဆိုတဲ့ ပစ္စည်းလေးပါးဟာ မှန်ကန်သောနည်းလမ်းနဲ့သာ ရသင့်တယ်။ မှန်ကန်သောနည်းလမ်းမဟုတ်ဘဲနဲ့ ဒကာဒကာမတွေကို မြှောက်ပင့် ပေါင်းသင်းဆက်ဆံခြင်း၊ မကြည်ညိုကြည်ညိုအောင် လုပ်ခြင်း၊ ဗေဒင်ဟောခြင်း စတဲ့နည်းတွေနဲ့ ရလာတဲ့ပစ္စည်းတွေဟာ ဗုဒ္ဓ ပဋိကုဋ္ဌ မြတ်စွာဘုရားကိုယ်တိုင်က စက်ဆုပ်တယ်တဲ့၊ ဒီနည်းနဲ့အသက်မွေးတာဟာ ရဟန်းတော်တွေအတွက် မှားယွင်းတဲ့အသက်မွေးမှု ဖြစ်တယ်ပေါ့။

စာမျက်နှာ-၃၉
အဲဒီလို အသက်မွေးတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးတုန်းဆို အဟိရိက - ဒုစရိုက်နဲ့ အသက်မွေးရမှာ မရှက်တဲ့ပုဂ္ဂိုလ်မျိုး ဖြစ်တယ်ပေါ့၊ အဲဒီပုဂ္ဂိုလ်မျိုး ဖြစ်လာလို့ရှိရင် ရဟန်းအတွက် နစ်မွန်းဖို့ပဲဖြစ်တယ်ပေါ့။

ထို့အတူပဲ လောကမှာ လူတွေ မမှန်မကန်တဲ့နည်းနဲ့ စီးပွားရှာပြီဆိုလို့ရှိရင် ခိုးခြင်း ၂၅-ပါးထဲမှာ အပါအဝင်ဖြစ်တဲ့ အဒိန္နာဒါန တွင်တွင်ကြီးလုပ်နေသည့်အတွက်ကြောင့် ထိုပုဂ္ဂိုလ်ရဲ့ စီးပွားတက်မှုသည် မှန်ကန်တဲ့နည်းလမ်းနဲ့ စီးပွားတက်လာတာမဟုတ်ဘူး၊ သမ္မာအာဇီဝမဟုတ်ဘူး၊ မိစ္ဆာအာဇီဝနဲ့ စီးပွားရှာတာဖြစ်သောကြောင့် နေ့စဉ်နဲ့အမျှ စီးပွားရှာတာကို အကြောင်းပြုပြီးတော့ အကုသိုလ်တွေ ဖြစ်နေမယ်။

အဲဒီတော့ ရှင်သာရိပုတ္တရာရဲ့တပည့်တစ်ပါးဖြစ်တဲ့ စူဠသာရီဆိုတဲ့ကိုယ်တော်က ဆေးကုပြီးတော့ ဒကာဒကာမတွေက ကြည်ညိုလို့ ဆွမ်းကောင်း

စာမျက်နှာ-၄၀
ကောင်းလှူတဲ့အခါမှာ ရှင်သာရိပုတ္တရာကို သွားလှူသတဲ့။ အင်မတန်ကောင်းမြတ်တဲ့ တန်ဖိုးကြီးတဲ့ အရသာရှိတဲ့ အစာအာဟာရကို ရှင်သာရိပုတ္တရာလှူပြီးတော့ ဘာပြောတုန်းဆို ဒီမွန်မြတ်တဲ့ဘောဇဉ်ဟာ သူဆေးကုလို့ရတာ ဖြစ်တယ်ပေါ့၊ အရှင်ဘုရားကို တပည့်တော်ကြည်ညိုတယ်၊ လေးစားတယ်၊ ဒါကြောင့်မို့လို့ တစ်သက်လုံး တပည့်တော်က ဆေးကုပြီးတော့ လုပ်ကျွေးပါ့မယ်လို့ လျှောက်တယ်။

ရှင်သာရိပုတ္တရာက ကောင်းတယ်၊ ဆိုးတယ် မပြောတော့ဘူး၊ သူ့ကို အဖက်လုပ်ပြီးတော့တောင် စကားမပြောတော့ဘူး၊ ဘယ်အရာကိုမှ ငဲ့ကွက်ခြင်းမရှိဘဲ စွန့်ပစ်ပြီး ရှင်သာရိပုတ္တရာမထေရ်မြတ်က ဆွမ်းခံပဲ ကြွသွားတယ်၊ သူပြောတာတွေ တစ်ခုမှ လက်မခံဘူး။

ရှေးက ရဟန်းတော်ကြီးတွေဆိုတာ စင်ကြယ်သန့်ရှင်းတဲ့ ပစ္စည်းလေးပါးကိုသာ သုံးစွဲလေ့ရှိကြတယ်၊ အင်မတန်မှ ဆင်ခြင်တတ်ကြတယ်၊ မမှန်

စာမျက်နှာ-၄၁
မကန်တဲ့နည်းနဲ့ ရလာပြီဆိုရင် လုံးဝလက်ခံလေ့မရှိကြဘူး။

တစ်ခါတုန်းက ရှင်သာရိပုတ္တရာမထေရ်မြတ် တောထဲမှာနေရင်း လေနာရောဂါထတယ်၊ အတူနေဖက်ဖြစ်တဲ့ ရှင်မောဂ္ဂလာန်က “အရှင်ဘုရား လေနာရောဂါ ဘာနဲ့ပျောက်ဖူးတုန်း”ဆိုတော့ “အိမ်မှာနေတုန်းကတော့ မယ်တော်ကြီးက နို့ယာဂုလေး ချက်ပြီး အဲဒီထဲမှာ သကာခဲလေး ခပ်ထားတယ်၊ အဲဒီချိုချိုလေးသောက်လိုက်ရရင် လေနာရောဂါ ပျောက်သွားဖူးတယ်”လို့ နှစ်ပါးဒီလိုပြောကြတယ်။ ရှင်မောဂ္ဂလာန်က နက်ဖြန်ခါ သူဆွမ်းခံကြွသွားလို့ အရှင်ဘုရား ဘုန်းကံကြီးရင်တော့ ရလာမှာပဲလို့ ပြောပြီး ဆွမ်းခံကြွသွားတယ်၊ နှစ်ပါး ညတိုးတိုးပြောတာကို သူတို့အနီးအပါးမှာရှိတဲ့ ရုက္ခစိုးနတ်က ကြားသွားတယ်။

ကြားသွားပြီး ဘာလုပ်တုန်းဆိုတော့ ရှင်သာရိပုတ္တရာကို ကြည်ညိုတဲ့ ဒကာအိမ်သွားပြီး ကလေးကို ဝင်ပူးတယ်၊ ဝင်ပူးတော့ နတ်မေးတဲ့သူက မေး

စာမျက်နှာ-၄၂
တယ်၊ ဘာဖြစ်လို့ ဝင်ပူးတာတုန်း၊ ဘာလုပ်လို့ရှိရင် ကျေနပ်မတုန်းဆိုတဲ့အခါ မနက်ဖြန် ရှင်သာရိပုတ္တရာအတွက် နို့ဃနာချက်ပြီးတော့ သကာခဲလေး ခပ်ပေးတဲ့အစာကို လှူမယ်ဆိုရင် ဒီကလေးကို ပကတိအတိုင်း ပျောက်စေမယ်လို့ပြောပြီးတော့ နတ်က ထွက်သွားတယ်။

အဲဒီမှာ လူတွေကလည်း ရှင်သာရိပုတ္တရာဆိုတာ တို့အိမ်မှာ အမြဲတမ်းဆွမ်းခံကြွနေတဲ့ မထေရ်မြတ်ဖြစ်တယ်၊ အမြဲတမ်းလှူဒါန်းနေတာ၊ ဒါဝန်မလေးဘူးလို့ဆိုပြီးတော့ အဲဒီအစားအစာကို ကြိုတင်ပြီး လုပ်ထားကြတယ်။ ။

မနက်ကျတော့ ရှင်မောဂ္ဂလာန်လည်း ကြွလာရော ရှင်မောဂ္ဂလာန်ကို လှူတယ်။ ရှင်မောဂ္ဂလာန်က ယူသွားမလို့ လုပ်တော့ “အရှင်ဘုရား နောက်ထပ် လှူလိုက်ပါ့မယ်၊ အခုဟာကို ဘုဉ်းပေးပါ” ဆိုတော့ ရှင်မောဂ္ဂလာန်က အဲဒီမှာ ဘုဉ်းပေးလိုက်တယ်။ ရှင်သာရိပုတ္တရာအတွက် သပိတ်ထဲထည့်ပြီးတော့လှူ

စာမျက်နှာ-၄၃
လိုက်တယ်။ ရှင်မောဂ္ဂလာန်က အဲဒီသပိတ်ကိုယူသွားပြီး ရှင်သာရိပုတ္တရာကို “ငါ့ရှင်သာရိပုတ္တရာ - သင့်ရောဂါနဲ့တည့်တဲ့ ဟောဒီအစာကို ရခဲ့ပြီ”ဆိုပြီး ရှင်သာရိပုတ္တရာကို လှမ်းပေးတယ်။

အဲဒီအခါမှာ ရှင်သာရိပုတ္တရာက စဉ်းစားတယ်၊ လွယ်လှချည်လားပေါ့၊ ဘယ်လိုနည်းနဲ့ ရလာပါလိမ့်လို့ စဉ်းစားတယ်။ ရှင်မောဂ္ဂလာန်ပေါ်မှာ သံသယဖြစ်လို့ စဉ်းစားတာမဟုတ်ဘူး၊ “တို့ညက ပြောတဲ့အတိုင်း ရနေပါလား၊ ဘာကြောင့် ဒီလိုဖြစ်ရတာတုန်း”လို့ ကြည့်တဲ့အခါ ညက နတ်ဝင်ပူးပြီးတော့ ပြောသွားတာကို တွေ့လိုက်ရတယ်။ တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ရှင်မောဂ္ဂလာန်ကို ပြောတယ်၊ “ငါ့ရှင်မောဂ္ဂလာန် ဒီအစာဟာ မစင်ကြယ်ဘူး”လို့ ပြောတယ်။ အဲလိုလည်း ပြောလိုက်ရော ရှင်မောဂ္ဂလာန်က သပိတ်ကို ယူပြီး ချက်ချင်းသွန်ပစ်လိုက်တယ်၊ ရှင်မောဂ္ဂလာန်ဆိုတာ စိတ်ကလည်း ခပ်ဆတ်ဆတ်၊

စာမျက်နှာ-၄၄
မစင်ကြယ်ဘူးလို့ ပြောတာနဲ့ ချက်ချင်းသွန်ပစ်လိုက်တယ်။

အဲဒီမှာ ရှင်သာရိပုတ္တရာက ဘာပြောတုန်းဆိုရင် “သူ့ဝမ်းဗိုက်ထဲမှာရှိနေတဲ့အူတွေ လေနာရောဂါကြောင့် ပြတ်ချင်ပြတ်ထွက်ပါစေ၊ အခုလို မစင်ကြယ်တဲ့အစာအာဟာရမျိုးကို သူမစားပါဘူး”လို့ ဒီလိုရင့်ကျူးလိုက်တယ်။

ရှင်မောဂ္ဂလာန်က သပိတ်ထဲက နို့ဃနာတွေ သွန်ပစ်လိုက်လို့ သပိတ်ထဲက နို့ဃနာတွေ မြေကြီးပေါ်လည်း ကျလိုက်ရော ရှင်သာရိပုတ္တရာမှာ ဖြစ်နေတဲ့ လေနာရောဂါလည်း ပျောက်သွားတယ်တဲ့၊ ဒီလိုမှတ်တမ်းတစ်ခု ရှိတယ်ပေါ့။

အဲဒီတော့ ရဟန်းတော်တွေဟာ အင်မတန်မှ သန့်ရှင်းစင်ကြယ်တဲ့ အစာအာဟာရမျိုး ပစ္စည်းမျိုးကိုသာ သုံးစွဲလေ့ရှိကြတယ်၊ အဲဒီလိုမဟုတ်ဘဲနဲ့ မိစ္ဆာအာဇီဝနည်းနဲ့ ရလာတာဆိုရင် လုံးဝရှောင်ကြဉ်ကြတယ်တဲ့။

စာမျက်နှာ-၄၅
ထို့အတူပဲ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေအနေနဲ့လည်း မိမိတို့စီးပွားရေးလုပ်ကြတဲ့အခါမှာ ကောင်းရောင်းကောင်းဝယ် မှန်မှန်ကန်ကန် ပစ္စည်းမျိုးနဲ့သာ အရောင်းအဝယ်ပြုသင့်တယ်ပေါ့။ အဲဒီလို အရောင်းအဝယ်ပြုခြင်းအားဖြင့် မိမိပစ္စည်းကို အသုံးပြုကြတဲ့ပုဂ္ဂိုလ်တွေဟာ ရောဂါဝေဒနာမှ ကင်းရှင်းကြပါစေ၊ အသက်ရှည်ကြပါစေ၊ ဘေးရန်အန္တရာယ်တွေမှ ကင်းရှင်းကြပါစေလို့ ဒီလိုမေတ္တာတရားရှေ့ထားပြီး ဆောင်ရွက်လုပ်ကိုင်ကြမယ်၊ မှန်မှန်ကန်ကန်ပဲ ရောင်းတယ် ဝယ်တယ်၊ ဆေးဝါးအတုတွေ မလုပ်ဘူး၊ အစားအစာထဲမှာ အန္တရာယ်ရှိတာတွေ မထည့်ဘူး၊ ကော်ဖီမစ်ဆိုရင်လည်း ကော်ဖီပဲထည့်တယ်၊ မဟုတ်တာတွေ မထည့်ဘူး၊ ဒီလိုပေါ့လေ။

မြန်မာပြည်မှာက မဟုတ်တာတွေ တော်တော်များတယ်။ ဖရဲသီးတောင်မှ saline သွင်းတဲ့အပ်နဲ့ ချိတ်ပြီးတော့ ချိုအောင်လို့၊ ကြည့်လိုက်ရင် ရဲနေအောင်လို့ ဒီလိုလုပ်ထားကြတယ်ဆိုတာ ကြားနေရ

စာမျက်နှာ-၄၆
တယ်ပေါ့၊ ဘယ်အစားအစာပဲဖြစ်ဖြစ် လူကြိုက်အောင် အယောင်ဆောင်ပြီးတော့ မမှန်မကန်တာတွေ၊ မချိုတာကို ချိုတယ်ထင်အောင်၊ မလှတာကို လှတယ်ထင်အောင် ပြုပြင်ဆေးတွေ သုံးနေကြတယ်။ လူတွေအန္တရာယ်ရှိမှန်း သိရင် မလုပ်သင့်ဘူး၊ ရှောင်ကြဉ်သင့်တယ်ပေါ့။ ။

အဲဒီလို မရှောင်ဘဲနဲ့ ဆက်ပြီးတော့ လုပ်နေမယ်၊ သိသိကြီးနဲ့ လုပ်နေမယ်ဆိုရင်တော့ ခုနက မေတ္တာတွေ ပျက်စီးလာတာတဲ့အတွက်ကြောင့် မိမိတို့ကိုယ်တိုင်က ခိုးခြင်း ၂၅-ပါးထဲမှာပါဝင်တဲ့ အဒိန္နာဒါနကံကြီးကို ကျူးလွန်ပြီး ဖြစ်လိမ့်မယ်။ လူတွေဒုက္ခရောက်အောင် လုပ်တယ်ဆိုတဲ့ပြစ်မှုနဲ့ အကုသိုလ်တရားတွေ ဖြစ်ပွားပြီး မိမိကိုယ်ကို တုန့်ပြန်ဖိစီးနှိပ်စက်လာမှာပဲ ဖြစ်တယ်ပေါ့။

လူ့ဘဝရရှိလာတဲ့အခါ သမုဒ္ဒရာဝမ်းတစ်ထွာကို အစာအာဟာရအနေနဲ့ ရှာဖွေဖြည့်တင်းရုံသာ ဖြည့်တင်းသင့်တယ်ပေါ့။ အကုသိုလ်အမှုတွေကို

စာမျက်နှာ-၄၇
အသုံးပြုပြီးတော့ မိမိသန္တာန်မှာ ဒုက္ခရောက်စေနိုင်တဲ့ အကုသိုလ်တရားတွေကိုတော့ မဖြည့်တင်းသင့်ဘူး။

ဒါကြောင့်မို့ ဗုဒ္ဓရဲ့အဆုံးအမကို ကြည်ညိုလေးစားအားထားကြတဲ့ ဗုဒ္ဓဘာသာဝင်သူတော်စင်များသည် မိစ္ဆာအာဇီဝမှန်သမျှမှ ရှောင်ကြဉ်ကြပြီး သမ္မာအာဇီဝနဲ့ အသက်မွေးကြဖို့ အင်မတန်မှကောင်းပါတယ်။ သမ္မာအာဇီဝဆိုတာ မဂ္ဂင်ရှစ်ပါးထဲမှာ သီလမဂ္ဂင်မှာပါတဲ့ တရားမြတ်ဖြစ်သည့်အတွက်ကြောင့် နိဗ္ဗာန်ကို သွားတဲ့အခါမှာ အရေးပါတဲ့နေရာမှာ ရှိတယ်။ ဒီအချက်ကို ကိုယ်စီကိုယ်စီ သဘောကျပြီး သမ္မာအာဇီဝဖြင့် အသက်မွေးနိုင်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု။
8ve4wz4sihg08atouzkde5tpi5ea5l5
သာရဏီယတရား
0
6401
22201
2026-06-19T03:29:20Z
Tejinda
173
"{{header | title = သာရဏီယတရား | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = သမုဒ္ဒရာ ဝမ်းတစ်ထွာ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22201
wikitext
text/x-wiki
{{header
| title = သာရဏီယတရား
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[သမုဒ္ဒရာ ဝမ်းတစ်ထွာ]]
| previous2 =
| next = [[သာသနာပြုစွမ်းအားစု]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

သာရဏီယတရား
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁ဝ)ရက်၊ စစ်ကိုင်းတိုင်း မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာဘုံဆွမ်းလောင်းအသင်း၏ သတ္တမအကြိမ်မြောက် ဆွမ်းလောင်းအောင်ပွဲ ဓမ္မသဘင် အခမ်းအနားဝယ် ဟောကြားအပ်သော “သာရဏီယတရားနှင့်အသင်းအဖွဲ့များ” တရားဒေသနာတော်။
သာရဏီယတရားနှင့်အသင်းအဖွဲ့များ
ဘာသာရေးအသင်းပဲဖြစ်ဖြစ်၊ လူမှုရေးအသင်းပဲဖြစ်ဖြစ် အသင်းအဖွဲ့တွေ တည်ထောင်ပြီး လောက၏ အကျိုးပြုလုပ်ငန်းတွေကို လုပ်ကြတယ်။ “လူ”ဆိုတာဟာ အသင်းအဖွဲ့နဲ့ နေတတ်တဲ့ သတ္တဝါတစ်မျိုးလို့ ဆိုကြတယ်။ အသေးဆုံး အသင်းအဖွဲ့လေးဟာ ဘဝ

စာမျက်နှာ-၂
ကြင်ဖော်အဖြစ် အမျိုးသား, အမျိုးသမီးတို့ ဘဝခရီးလျှောက်လှမ်းဖို့ လက်တွဲရာမှ အစပြုတဲ့ မိသားစု ‘Family Society’ ကအစ လောကမှာ လူတွေဟာ အသင်းအဖွဲ့နဲ့ နေကြတယ်၊ ဒါသဘာဝပဲ။

အရာခပ်သိမ်းမှာ တစ်ဦးတည်းနဲ့ ဆောင်ရွက်လို့ မဖြစ်တဲ့အတွက် အချင်းချင်းလက်တွဲပြီး ဆောင်ရွက်ကြရတယ်။ မိသားစုတစ်စုမှာ ဘဝကြင်ဖော်အဖြစ် လက်တွဲထားတဲ့ ပုဂ္ဂိုလ်နှစ်ဦး အတူတကွ တိုင်ပင်ညှိနှိုင်းပြီး ညီညီညွတ်ညွတ် ဘဝခရီးကို လျှောက်လှမ်းသွားကြမယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့ပြီး အောင်မြင်တဲ့ ဘဝတစ်ခု ရနိုင်တယ်ပေါ့။ အကယ်၍ မညီညွတ်ဘူးဆိုရင် အောင်မြင်မှုဆိုတာ မရနိုင်တဲ့အပြင် ပြဿနာအမျိုးမျိုးနဲ့ ကြုံတွေ့ရတယ်ဆိုတာကို လောကလူသားတွေအားလုံး သိနေကြတာပဲ။ ။

“လူ”ဆိုတာ အသင်းအဖွဲ့နဲ့ နေတယ်ဆိုတာ အင်မတန်မှ သေချာတယ်။ အသင်းအဖွဲ့နဲ့ နေပြီဆိုရင် ဘာတွေ လိုအပ်သလဲ။ လိုအပ်ချက်တွေကို အားလုံးက

စာမျက်နှာ-၃
သိချင်မှ သိမယ်။ အသင်းအဖွဲ့နဲ့ နေပြီဆိုရင် ဘာတွေ လိုအပ်သလဲဆိုတာကို မြတ်စွာဘုရားက ထောင့်စေ့အောင် ဟောထားတာ ရှိတယ်။ ဒီကနေ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ကုသိုလ်ကောင်းမှုတွေ လုပ်တဲ့အခါမှာ အခု အောင်မင်္ဂလာဘုံ ဆွမ်းလောင်းအသင်းလို စုပေါင်းညီညာ ကုသိုလ်ပြုတဲ့ ပုညသဟာယအနေနဲ့ လက်တွဲဆောင်ရွက်ကြတယ်။ သာမန်မိသားစု အသင်းအဖွဲ့ကနေပြီးတော့ ကုသိုလ်ကောင်းမှု ပေါင်းစုပြုလုပ်ကြတဲ့ အသင်းအဖွဲ့တစ်ခုကို တည်ထောင်ကြတယ်။ ဒီကနေ့ခေတ်မှာ လူမှုရေးအသင်းဆိုပြီး အသင်းအဖွဲ့တွေ အများကြီးတည်ထောင်ကြတယ်၊ လူမှုကူညီရေးအသင်း ဖွဲ့စည်းပြီး ကုသိုလ်ကောင်းမှု ပြုကြတယ်၊ လိုအပ်တဲ့နေရာမှာ လိုက်ပြီး ကူညီကြတယ်၊ ထောက်ပံ့ကြတယ်၊ လူ့လောကကို အကျိုးပြုတဲ့ လုပ်ငန်းတွေကို လုပ်ကြတယ်၊ အင်မတန်မှ ကောင်းတယ်လို့ ပြောရမယ်။ အသင်းဖွဲ့ပြီး ဆိုးမိုက်နေတဲ့ သူတွေကတော့ လောကကို အကျိုးမပြုဘူး၊ လောကကို အန္တရာယ်ပြုတဲ့

စာမျက်နှာ-၄
ပုဂ္ဂိုလ်တွေပေါ့။ သို့သော် လောကမှာ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ထိုအဖွဲ့အစည်း ကြာရှည်ခိုင်မြဲမှုနဲ့ ပတ်သက်ပြီး ဘာတွေ လိုက်နာရမယ်ဆိုတာ သုတ္တန်မှာ မြတ်စွာဘုရား ဟောထားတာ ရှိတယ်၊ အဲဒါ ဒီကနေ့ အောင်မင်္ဂလာဘုံဆွမ်းလောင်းအသင်းရဲ့ အသင်းသူ အသင်းသားတွေ မှတ်သားရအောင် “သာရဏီယသုတ်”ကို ဟောကြားမှာ ဖြစ်တယ်။

“သာရဏီယ”ဆိုတာ စိတ်ထဲ, နှလုံးထဲမှာ အမြဲမပြတ် မှတ်ရမည့်တရားဖြစ်တယ်၊ အမြဲမပြတ် အမှတ်ထားပြီးတော့ လိုက်နာကျင့်သုံးရမည့်တရားကို လိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင် အသင်းအဖွဲ့တစ်ခုဟာ ညီညွတ်မယ်၊ စည်းလုံးမယ်၊ ဆောင်ရွက်ရမည့် ကိစ္စတွေအောင်မြင်မယ်ဆိုတဲ့ အကျိုးထူးတွေ ရနိုင်တယ်။ ဒီသာရဏီယတရားကို လိုက်နာကျင့်သုံးမှု မပြုဘူးဆိုရင် လုပ်ငန်းတစ်ခုဟာ အောင်မြင်မှာ မဟုတ်ဘူး။

အေး... ဒါကြောင့်မို့ ဘာသာရေးအသင်းပဲဖြစ်ဖြစ်၊ လူမှုရေးအသင်းပဲဖြစ်ဖြစ် ပုညသဟာယ ကုသိုလ်ပြုဖော်ပြုဖက်အဖြစ် လက်တွဲတဲ့ အသင်းမျိုးပဲဖြစ်ဖြစ်၊

စာမျက်နှာ-၅
နောက်ဆုံးမှာ အသင်းလို့ ဖွဲ့စည်းထားတာမျိုး မဟုတ်တဲ့ မိသားစုအသိုင်းအဝိုင်းပဲဖြစ်ဖြစ် ဟောဒီ သာရဏီယတရားဆိုတာကို မှတ်သားလိုက်နာသင့်တယ်ပေါ့။ အဲဒီသာရဏီယတရားကို တကယ်လိုက်နာသွားကြမယ်ဆိုရင် မိမိတို့ မိသားစုအတွင်းမှ မိမိတို့အသင်းအဖွဲ့အတွင်းမှာ ဘာပြဿနာမှ မပေါ်ဘဲနဲ့ အစဉ်ထာဝရ ချောပြီး လုပ်ငန်းကိစ္စတွေ အောင်မြင်မှာဆိုတာ သေချာတယ်။

ဗုဒ္ဓမြတ်စွာက တရားဓမ္မကို ဟောပြောတဲ့အခါမှာ နိဗ္ဗာန်ရောက်ကြောင်းကိုချည်း ဟောတာ မဟုတ်ဘူး။ သံသရာထဲ နေထိုင်တဲ့အခါမှာလည်းပဲ အဆင်ပြေပြေ ချမ်းသာသုခတစ်ခုကနေပြီး ချမ်းသာသုခတစ်ခုကို ရရှိစေနိုင်တဲ့ နည်းလမ်းကောင်းတွေကို ညွှန်ကြားတာပါ။ အဲဒီနည်းကောင်းတွေအတိုင်း လိုက်နာကျင့်သုံးသွားကြမယ်ဆိုရင် နိဗ္ဗာန်ကို မရောက်မီစပ်ကြားမှာလည်း အဆင်ပြေကြ၊ နောက်ဆုံး နိဗ္ဗာန်ရောက်သည့်တိုင်အောင် ကုသိုလ်ကောင်းမှုတွေကိုလည်း ညီညွတ်စွာ ပြုလုပ်သွားနိုင်ကြမှာ ဖြစ်တယ်။

စာမျက်နှာ-၆
“သာရဏီယတရားဆိုတာ ညီညွတ်ရေးကို များစွာ အကျိုးပြုတဲ့တရား ဖြစ်တယ်၊ အစဉ်ထာဝရ မှတ်ထားကြရမည့်တရား၊ အစဉ်အောက်မေ့ကြရမည့်တရား၊ အဲဒီသာရဏီယတရားကို မဟောသေးမီ မြတ်စွာဘုရားက သာရဏီယတရားရဲ့ အကျိုးပြုပုံလေးကို ရှေးဦးစွာ ဟောထားတယ်။ “သာရဏီယတရား”ဆိုတာ ပိယကရဏ - တစ်ဦးနဲ့တစ်ဦး ချစ်ခင်အောင် ပြုတတ်တယ်။ တစ်ဦးနဲ့တစ်ဦး ချစ်ခင်မြတ်နိုးနေမှ အသင်းအဖွဲ့တစ်ခုဟာ ခိုင်မာတယ်၊ တစ်ဦးနဲ့တစ်ဦးဟာ ချစ်ခြင်းမေတ္တာ ယိုယွင်းပျက်စီးသွားပြီး မေတ္တာခန်းခြောက်သွားပြီဆိုရင် ထိုအသင်းဟာ ပျက်စီးယိုယွင်းသွားမှာပဲ။ ဒါကြောင့်မို့ ဟောဒီသာရဏီယတရားအတိုင်း လိုက်နာမယ်ဆိုရင် သာရဏီယတရားသည် ဃရကရဏ - အသင်းသူ အသင်းသားမှ မိသားစုတစ်စု, ပုဂ္ဂိုလ်တွေရဲ့ တစ်ဦးနဲ့တစ်ဦး ပိုပြီးတော့ ချစ်ခင်လာကြမယ်။ ။

ဂရုကရဏ - လေးစားလာကြတယ်၊ လေးစားမှုပါတဲ့ ချစ်ခင်မှုကမှ ပိုပြီးလေးနက်တယ်၊ ချစ်တော့ ချစ်ခင်တယ်၊ လေးစားမှု မရှိသေးဘူးဆိုရင်လည်း မလုံလောက်

စာမျက်နှာ-၇
သေးဘူး။ ဒါကြောင့်မို့ တစ်ဦးနဲ့တစ်ဦးရဲ့ ဆက်သွယ်မှုအကြားမှာ ချစ်ခင်မှုနဲ့ လေးစားမှုကို ဖြစ်ပွားစေတယ်ဆိုတာ ဒါ Society တစ်ခုကို ခိုင်မာအောင် လုပ်ပေးတဲ့ သဘာဝတရားတစ်ခုပါပဲ။ အေး... ချစ်ခင်လေးစားရုံတင်မကဘူး။ ဟောဒီသာရဏီယတရားအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် ဘာဖြစ်လဲ၊ သင်္ဂဟ - တစ်ဦးနဲ့တစ်ဦး စုစည်းပြီးသားဖြစ်သွားရမယ်တဲ့။ လူဦးရေ ဘယ်လောက်များများဆိုပါစို့၊ မိသားစုတစ်ခုမှာ လူဦးရေ ဆယ်ယောက်ရှိရင် ဆယ်ယောက်လုံးဟာ စိတ်ဝမ်းမကွဲဘူး၊ တစ်ညီတည်း ဖြစ်နေတယ်။ အသင်းသူ အသင်းသား ငါးရာ, တစ်ရာ ရှိလည်းပဲ စိတ်ဝမ်းမကွဲဘူး၊ တစ်ညီတည်း ဖြစ်နေတယ်။ “သင်္ဂဟ” ဆိုတာ စုစည်းပေးထားတာ၊ ဒီသဘာဝတရားတွေအတိုင်း လိုက်နာကျင့်သုံးကြမယ်ဆိုရင် စုစည်းမှုဟာ ပြီးသွားပြီ။

သုတ္တန်တစ်ခုမှာတော့ မြတ်စွာဘုရားက သင်္ဂဟဝတ္ထုလေးပါးဆိုပြီး စည်းရုံးရေးနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ တရားလေးမျိုး ဟောထားတာ ရှိတယ်။ နေ့စဉ်

စာမျက်နှာ-၈
ဘဝမှာ ဗုဒ္ဓမြတ်စွာဟောတဲ့ တရားတွေဟာ အင်မတန်မှ အရေးပါတယ်။ လောကလူတွေက နေ့စဉ်နှင့်အမျှ ဒီစားဝတ်နေရေးကသာ အရေးကြီးတယ်လို့ ထင်နေကြတာ၊ စားဝတ်နေရေးတင် လုံးပန်းပြီး လိုက်နာကျင့်သုံးရမည့် သဘာဝတရားတွေ မျက်ကွယ်ပြုထားမယ်ဆိုလို့ရှိရင် ပြဿနာတွေ မျိုးစုံတက်မယ်၊ ဆင်းရဲဒုက္ခတွေ ရောက်ကြမယ်၊ စီးပွားဥစ္စာ ဘယ်လိုပဲ တိုးတက်တိုးတက် စိတ်ချမ်းသာမှု မရကြဘူး၊ တစ်ဦးနဲ့တစ်ဦး ပြဿနာတွေ တက်ပြီးတော့ ကွဲကြပြဲကြ၊ ဒီလိုတွေ ဖြစ်ကြတာပေါ့။ အဲဒါကြောင့်မို့လို့ စီးပွားရေးတစ်ခုမှ စားဝတ်နေရေးတစ်ခုတည်းကိုသာ အာရုံမပြုဘဲနဲ့ တို့တစ်တွေမှာ ရှိသင့်ရှိထိုက်တဲ့ စိတ်နေသဘောထားတွေ လုပ်သင့်လုပ်ထိုက်တာတွေက ဘာတွေလဲဆိုတာ မျက်ခြေမပြတ် စဉ်းစားထားဖို့ လိုအပ်တယ်။

မိသားစုကြီးဟာ အသိုက်အအုံပဲ၊ မြန်မာစကားမှာ ပြောကြတယ် “ဥမကွဲ သိုက်မပျက်”တဲ့။ အဲဒီလို နေဖို့ဆိုတာဟာ အကြောင်းမဲ့ မဖြစ်နိုင်ဘူး၊ အကြောင်းရှိပါတယ်။ အဲဒီအကြောင်းတွေက စည်းရုံးရေးအနေနဲ့

စာမျက်နှာ-၉
ဘာတွေတုံးလို့ သင်္ဂဟဝတ္ထုလေးပါးကို မြတ်စွာဘုရားက ဟောထားတာ။

“သင်္ဂဟဝတ္ထုလေးပါး”ဆိုတာ စုစည်းနိုင်တဲ့ အကြောင်းတရားလေးမျိုးကို ခေါ်တယ်၊ အဲဒီအကြောင်းတရားလေးမျိုးဟာ ဘာလဲ၊ နံပါတ်(၁)က ဒါန - အပြန်အလှန် ပေးကမ်းခြင်း။ “ဒါန”လို့ ဆိုလိုက်တာနဲ့ အလှူအတန်းကြီး လုပ်တယ်လို့ စိတ်ထဲမှာ မအောက်မေ့နဲ့။ “ဒါန”ဆိုတာ အပြန်အလှန် ပေးကမ်းတာ။ ဥပမာ - မွေးနေ့ဆိုရင် မွေးနေ့လက်ဆောင် ပေးတာ ရှိတယ်။ နှစ်ဦးကာလဆိုရင် နှစ်ဦးလက်ဆောင်ပေးတာ ရှိတယ်။ သူ့မွေးနေ့ ကိုယ့်မွေးနေ့ နေ့ထူးနေ့မြတ် မှတ်မှတ်သားသား လက်ဆောင်ပေးကြတယ်၊ ခရီးဝေးက ပြန်လာကြရင် လက်ဆောင်ပေးကြတယ်၊ အပြန်အလှန် ဒီလိုပေးတာ, ကမ်းတာဟာ စုစည်းမှုတစ်ခုဖြစ်တယ်။

မိသားစုထဲမှာ ဒါမျိုးကို လုပ်ဖြစ်အောင် လုပ်ဖို့ လိုအပ်တယ်ပေါ့။ ဥပမာ - သားသမီးလုပ်တဲ့ပုဂ္ဂိုလ်က တစ်မြို့တစ်နယ် သွားပြီး ပြန်လာတဲ့အခါကျတော့ အမေ အဖေကို ဟောဒါ အမေကြိုက်တတ်တာလေး

စာမျက်နှာ-၁၀
ဝယ်လာတယ်၊ အဖေကြိုက်တတ်တာလေး ဝယ်လာတယ်။ ညီအစ်ကိုမောင်နှမတွေလည်း ငါ့ညီကြိုက်တတ်တာ၊ ငါ့အစ်ကိုကြိုက်တတ်တာ၊ ငါ့ညီမကြိုက်တတ်တာဆိုပြီး တန်ဖိုးမကြီးပေမယ်လို့ သူကြိုက်တတ်တာလေး ဝယ်လာပြီးတော့ လက်ဆောင်ပေးတယ်။ အဲဒါလည်း စည်းရုံးရေးတစ်ခုပဲ။ မြတ်စွာဘုရားက ဒါကို မမေ့ရအောင် ဟောထားတာ၊ ကိုယ့်အိမ်မှာ ဟင်းလေးချက်ထားရင် အမေဆီ ပို့ပေးတယ်၊ အဖေဆီ ပို့ပေး၊ ညီအစ်ကိုမောင်နှမတွေ ခွဲဝေစား။ ဟော ဒါနပဲ၊ အဲဒီလို ပေးကမ်းခြင်းဟာ တစ်ဦးနဲ့တစ်ဦး မေတ္တာနှောင်ကြိုး ခိုင်မြဲစေတယ်၊ Society ကို ခိုင်မာစေတယ်၊ အသင်းအဖွဲ့တစ်ခုကိုလည်း ခိုင်မာစေတယ်၊ ဒါအရေးကြီးတာတစ်ခု ဖြစ်တယ်ပေါ့။ ။

အေး.. ပေးရုံကမ်းရုံနဲ့ ပြည့်စုံပြီးလား ဆိုတော့ မပြည့်စုံသေးဘူး။ နောက်တစ်ခု လုပ်ဖို့ လိုသေးတယ်။ တချို့လူတွေက ပေးတော့ပေးပါရဲ့၊ အပြောကျတော့ ရိုင်းတယ်၊ ပြောတာ,ဆိုတာ ကြမ်းတယ်ပေါ့။ ဟော ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်မယ်ဆိုရင် မေတ္တာပျက်

စာမျက်နှာ-၁၁
သွားတတ်တယ်၊ စည်းရုံးရေး ပျက်သွားတတ်တယ်။ တစ်ဦးနဲ့တစ်ဦး ဆက်ဆံပေါင်းသင်းတဲ့အခါမှာ အပြောအဆို အင်မတန်မှ အရေးပါတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက နံပါတ်(၂)အနေနဲ့ ပေယျဝဇ္ဇ - ကြင်နာတဲ့စကားမျိုး ပြောတတ်ရမယ်တဲ့၊ ယဉ်ကျေးတဲ့စကားမျိုး ပြောရမယ်။ အသင်းအဖွဲ့ထဲမှာ အသင်းသား တစ်ဦးနဲ့တစ်ဦး၊ မိသားစုထဲမှာ ညီအစ်ကိုမောင်နှမတွေ တစ်ဦးနဲ့တစ်ဦး ရိုင်းပြတဲ့စကားမျိုးတွေ မပြောဘဲနဲ့ ကြင်နာတဲ့စကား၊ ယဉ်ကျေးတဲ့စကားမျိုးတွေ ပြောဖို့ လိုအပ်တယ်တဲ့။ ဒါလည်းပဲ အင်မတန်မှ ထိရောက်တဲ့ စည်းရုံးရေးတစ်ခုပဲ ဖြစ်တယ်။

အေး.. တချို့ကျတော့ ပေးတာကိုလည်း အလေးအနက် မထားဘူး၊ စကားချိုချိုသာသာ ပြောတာကိုလည်း အလေးအနက် မထားဘူး၊ ဘာကို အလေးအနက်ထားတုံးဆိုလို့ရှိရင် သူ့မှာ ကိစ္စဝိစ္စရှိတယ်၊ ဆောင်ရွက်လုပ်ကိုင်စရာ ရှိလို့ရှိရင် ဝိုင်းဝန်းပြီးတော့ ကူညီလုပ်ကိုင်ပေးတယ်။ အဲဒါကို တန်ဖိုးထားတဲ့လူမျိုးကလည်း ရှိသေးတယ်။ အဲဒီတော့ မိသားစုထဲမှာ

စာမျက်နှာ-၁၂
သူ့တာဝန် ကိုယ့်တာဝန် ခွဲခြားသတ်မှတ်ထားပေမယ်လို့ တစ်ခါတစ်ရံ မနိုင်မနင်း ဖြစ်နေတာမျိုးတွေတို့၊ အကူအညီလိုအပ်နေတဲ့ နေရာမျိုးတွေ ဝင်လုပ်ပေးတာမျိုး၊ ဒါဟာလည်းပဲ အင်မတန်ကောင်းတဲ့ စည်းရုံးရေးတစ်ခုပဲတဲ့။ အဲဒါကို အတ္ထစရိယာလို့ ခေါ်တယ်။ အတ္ထစရိယာ = သူ့ရဲ့အကျိုးကို ပြုကျင့်ပေးတာ၊ သူ့အကျိုးကို ဆောင်ရွက်ပေးတာ၊ သူ့ရဲ့ကိစ္စကို ဝိုင်းဝန်းပြီး ဆောင်ရွက်ပေးတာ၊ ဒါလည်း မိတ်ဆွေတွေကြားထဲမှာ လိုအပ်တဲ့အချက်တစ်ခုပဲ ဖြစ်တယ်။

ဟော.. နောက်တစ်ခုက ဘာတုံးဆိုလို့ရှိရင် သမာနတ္တတာ - တန်းတူရည်တူ ထားခြင်း၊ ဆက်ဆံခြင်း။ လောကမှာ သိပ်အထင်သေးပြီး ဆက်ဆံကြမယ်ဆိုရင် မခံနိုင်ကြဘူး ဒါသဘာဝပဲ။ ဘာတွေပေးပေး ချိုချိုသာသာ ဘယ်လိုပဲ ပြောပြော ကိုယ့်ကိစ္စတွေ ဘယ်လိုပဲ လုပ်ပေးလုပ်ပေး အထင်သေးခံရတဲ့ပုဂ္ဂိုလ်က စိတ်ထဲမှာ အင်မတန်မှ နာကြည်းတတ်တယ်။ ဒါကြောင့်မို့လို့ ကိုယ်နဲ့တန်းတူထားပြီးတော့ ဆက်ဆံနိုင်ရမယ်တဲ့။ ဆက်ဆံရေးမှာ ကိုယ်နဲ့တန်းတူထားပြီးတော့ ဆက်

စာမျက်နှာ-၁၃
ဆံကြည့်၊ ဒါလေးတွေဟာ သာမန်ကြည့်လိုက်တော့ ဘာမှမဟုတ်တဲ့ ကိစ္စလေးလို့ ထင်ကောင်းထင်ကြမယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က အခုပြောခဲ့တဲ့ “ဒါန”ဆိုတဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပေးကမ်းခြင်း၊ “ပေယျဝဇ္ဇ”ဆိုတဲ့ ကြင်နာတဲ့စကားကို ပြောဆိုခြင်း၊ “အတ္ထစရိယာ” ကိစ္စဝိစ္စရှိရင် ကူညီဆောင်ရွက်ပေးခြင်း၊ “သမာနတ္တတာ” ကိုယ်နဲ့တန်းတူထားပြီး ဆက်ဆံခြင်းဆိုတဲ့ ဒီအချက်လေးချက်အတိုင်း မလိုက်နာဘူးဆိုရင်တဲ့ အမေ အဖေပင် ဖြစ်ပါစေ သားသမီးဆီက အကျိုးရမှာ မဟုတ်ဘူးတဲ့၊ ဒီလိုဟောထားတာနော်။ ဘယ်လောက်အထိ အရေးကြီးလဲ ဆိုလို့ရှိရင် လှည်းဘီးတို့ မြင်းလှည်းဘီးတို့မှာ နားပန်းစောင့်ဆိုတာ ရှိတယ်၊ ဘီးကျွတ်မထွက်သွားအောင် ကန့်လန့်ကလေး ခံထားတာ။ ကားတွေကျတော့လည်း တစ်မျိုးပေါ့နော်။ ဘီးကျွတ်မထွက်သွားအောင် တပ်ထားတဲ့ ကန့်လန့်ခံပြီး တပ်ထားတဲ့ အချောင်းလေးကို “နားပန်းစောင့်”လို့ ခေါ်တယ်။ ဒါလှည်းနဲ့ ပတ်သက်လို့ ပြောတာပေါ့။ အဲဒီတော့ ဘီးမကျွတ်အောင် တပ်ထားတဲ့ ကန့်လန့်ကား

စာမျက်နှာ-၁၄
နဲ့ဆိုရင် နပ်တို့ ဘာတို့ပေါ့၊ အင်မတန်မှ အရေးကြီးတယ်၊ ကျွတ်ထွက်သွားလို့ရှိရင် ဒီကား, ဒီလှည်း ရှေ့ကို ဆက်သွားနိုင်မှာ မဟုတ်တော့ဘူး။ အဲဒါမျိုးပဲ လူ့ရဲ့ Society, အသင်းအဖွဲ့ကြီးမှာ မိသားစုကြီးတစ်ခုဟာ ဒီသင်္ဂဟဝတ္ထုလေးပါးဟာ နားပန်းစောင့်နဲ့ အလားတူတယ်။ မောင်းနေတဲ့ကား ဘီးကျွတ်ထွက်သွားပြီဆိုရင် အင်မတန်အန္တရာယ်ကြီးတယ်ပေါ့၊ အဲဒီအန္တရာယ်ကြီးတာလိုပဲ၊ မိသားစုထဲမှာ တစ်ဦးနဲ့တစ်ဦး စိတ်ဝမ်းကွဲပြားသွားကြပြီး မတည့်ကြဘူးဆိုရင် ဒါအန္တရာယ်ကြီးတာတစ်ခုဖြစ်တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက သင်္ဂဟတရားလေးပါးအတိုင်း လိုက်နာဖို့ဆိုပြီး ဟောထားတာ ဖြစ်တယ်။

ဒါကြောင့်မို့ သင်္ဂဟ = စုစည်းတယ်ဆိုတာ ဘာနဲ့စုစည်းမှာတုံး။ အခုပြောတဲ့ အချက်လေးချက်နဲ့ စုစည်းပေးရမယ်တဲ့။ အေး... သာရဏီယတရားကလည်း ဒီလိုစုစည်းပေးနိုင်တဲ့ စွမ်းအားတွေ ရှိတယ်တဲ့၊ ဒါတင်လားလို့ ဆိုတော့ နောက်အကျိုးပြုတာတစ်ခုက ဘာလဲဆိုရင် အဝိဝါဒ၊ လောကမှာ တစ်ဦးနဲ့တစ်ဦး အငြင်း

စာမျက်နှာ-၁၅
ပွားကြတာတွေ ရှိပါတယ်။ ဟောဒီသာရဏီယတရားအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ အငြင်းပွားစရာ မရှိဘူး။ ဇနီးမောင်နှံနှစ်ဦးကြားမှာ အငြင်းပွားတာ ရှိတယ်၊ မိသားစုကြားမှာ အငြင်းပွားတာ ရှိတယ်၊ အသင်းအဖွဲ့တွေကြားမှာ အငြင်းပွားတာတွေ ရှိတယ်။ အငြင်းပွားပြီး သူက တစ်မျိုးပြော, ကိုယ်က တစ်မျိုးပြော၊ အငြင်းပွားပြီဆိုလို့ရှိရင် ဘာဖြစ်လဲဆိုတော့ မတည့်ကြတော့ဘူး၊ မတည့်ဘူးဆိုရင် မေတ္တာတဖြည်းဖြည်းခန်းလာမယ်၊ နောက်ဆုံးမှာ ပြဿနာတက်လာတော့တာပေါ့၊ ဒါလောကလူသားတွေ ဒီလိုဖြစ်တယ်။ အဲဒီလို မဖြစ်ရအောင် မြတ်စွာဘုရားက သာရဏီယတရားကို လက်ကိုင်ထားကြရမယ်တဲ့၊ အဲဒီလို လက်ကိုင်ထားကြမယ်ဆိုရင် သူတစ်မျိုး တစ်ဖုံဆိုတဲ့ အငြင်းပွားမှုတွေ လောကမှာ မရှိတော့ဘူး။

အငြင်းပွားစရာ မရှိတော့ ဘာဖြစ်လဲ၊ သာမဂ္ဂီ - စိတ်တူကိုယ်တူ ဘယ်အလုပ်ပဲဖြစ်ဖြစ် အတူတကွ လုပ်ကြတယ်၊ ကိုယ်တူတယ်၊ ဘယ်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက်၊ ဘာကိုပဲ ဆုံးဖြတ်ဆုံးဖြတ် အားလုံး

စာမျက်နှာ-၁၆
သဘောတူတယ်၊ စိတ်တူတယ်၊ ကာယသာမဂ္ဂီ, စိတ္တသာမဂ္ဂီ။ အတူတကွ လုပ်ကိုင်ဆောင်ရွက်ကြတာက ကာယသာမဂ္ဂီ၊ စိတ်သဘောထားချင်း တူညီတာက စိတ္တသာမဂ္ဂီ။ ပြုနေတဲ့အချိန်မှာ ဟောဒီကာယသာမဂ္ဂီ, စိတ္တသာမဂ္ဂီဆိုတာဟာ အင်မတန်မှ အရေးကြီးတယ်၊ တစ်ဦးနဲ့တစ်ဦး သာမဂ္ဂီ မဖြစ်တော့ဘူးဆိုလို့ရှိရင် ကုသိုလ်ရဖို့ရာ အင်မတန်ဝေးသွားတယ်၊ ငြင်းခုံခြင်းကို အကြောင်းပြုပြီးတော့ အကုသိုလ်တွေချည်းပဲ ဖြစ်လာတယ်။ ဟောဒီသာရဏီယတရားအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် ကုသိုလ်တွေချည်းပဲ ဖြစ်လာမယ်တဲ့၊ ညီညွတ်လာမယ်တဲ့၊ ဒါပြောတာနော်။ ။

ဒါတင်လားဆိုတော့ မြတ်စွာဘုရားက ဧကီဘာဝ - အသင်းတစ်ခုမှာ လူငါးဆယ်၊ တစ်ရာ ရှိပေမယ်လို့ ဧကီဘာဝ - တစ်စိတ်တည်း တစ်ဆန္ဒတည်း တစ်လုံးတည်း တစ်စည်းတည်း မိသားစုထဲမှာ ငါးယောက် ခြောက်ယောက် ဆယ်ယောက် ရှိပေမယ့်လို့ တစ်စိတ်တည်း ဖြစ်ကြတာဟာ ဘာလုပ်လုပ် လောကစီးပွားရေး

စာမျက်နှာ-၁၇
လုပ်ကြရင်လည်းပဲ အောင်မြင်မှာပဲ၊ ကုသိုလ်ရေးမှာလည်း အားလုံးဟာ အောင်မြင်ကြတာချည်းပဲ။ ဒါကြောင့်မို့ သာရဏီယတရားဆိုတာ လူ့လောကမှာ အင်မတန်မှ လိုအပ်တယ်၊ ဘယ်ခေတ် ဘယ်ကာလပဲဖြစ်ဖြစ် လောကမှာ ကုသိုလ်ကောင်းမှု လုပ်ကြတဲ့အခါမှာ လူတွေဟာ တစ်ဦးတစ်ယောက်တည်း လုပ်ကြတာ ရှိသလို အသင်းအဖွဲ့နဲ့ လုပ်ကြတာလည်း ရှိတာပဲ၊ အေး... အသင်းအဖွဲ့နဲ့ လုပ်တဲ့အခါကျတော့ ဒီအချက်တွေဟာ သိပ်ပြီးတော့ အရေးကြီးလာတယ်ပေါ့။ ခုနက ပြောတဲ့ သင်္ဂဟဝတ္ထုတရားလေးပါးလည်း အရေးကြီးတယ်။ အခုပြောမည့် သာရဏီယတရားဆိုတာလည်း အင်မတန်မှ အရေးကြီးတယ်။ သာရဏီယ - တစ်သက်လုံး မှတ်ထားဖို့၊ တစ်သက်လုံး သတိရပြီး လိုက်နာနေရမည့်တရားလို့ ဒီလို ပြောတာ။

“သာရဏီယတရား”ဆိုတာ ဘာလဲဆိုတော့ -
၁။ “မေတ္တံ ကာယကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ သဗြဟ္မစာရီသူ အာဝိ စေဝ ရဟော စ။”

စာမျက်နှာ-၁၈
ဒါဘုရားဟောတဲ့ စကား။ မြန်မာလို ပြောမယ်ဆိုရင် လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာတဲ့၊ ရှေ့မှာရော၊ ကွယ်ရာမှာပါ မေတ္တာကာယကံထားပါတဲ့၊ ကာယကံမေတ္တာထားပါ။ ဒါဟာ အင်မတန်အရေးကြီးတယ်။

“ကာယကံမေတ္တာ”ဆိုတာ ဘာတုံးဆိုရင် လုပ်ကိုင်ဆောင်ရွက်မှုနဲ့ မေတ္တာပြတာ။ ဥပမာ - ကိုယ့်အသင်းအဖွဲ့ထဲက တစ်စုံတစ်ယောက်ဟာ မနိုင်ဘဲနဲ့ တစ်ခုခုကို မနေတယ်ဆိုရင် ဝိုင်းမတယ်၊ အရွယ်နဲ့မလိုက်ဘူးဆိုရင် ဟုတ်လား ညီလေး ထားလိုက်၊ ငါလုပ်မယ်၊ ဟော... ကာယကံမေတ္တာလို့ ခေါ်တယ်၊ ကာယကံမေတ္တာ ကိုယ်ထိလက်ရောက် မေတ္တာပြတာ ဖြစ်တယ်။

ဒုက္ခမရောက်အောင် ဒုက္ခရောက်မည့် အရာတွေ ဖယ်ရှားပေးတာ။ ဆိုပါစို့... ကိုယ့်အသင်းအဖွဲ့ထဲကဖြစ်ဖြစ် လူတစ်ယောက်က ပစ္စည်းလေးတစ်ခုခု မေ့ထားရင် သိမ်းထားပေးတယ်၊ သူမမြင်တဲ့နေရာမှာ ပစ္စည်းကို မပျက်စီးရအောင် စောင့်ရှောက်ပေးထားမယ်။ ဒါလေးတွေဟာ ကာယကံမေတ္တာတွေလို့ ခေါ်တယ်။ လမ်းသွားတဲ့အခါမှာ ခလုတ်မထိ ဆူးမငြိကြပါစေနဲ့

စာမျက်နှာ-၁၉
ဆူးတွေဘာတွေတွေ့ရင် ဖယ်ပေးသွားတယ်၊ ခဲတွေဘာတွေတွေ့ရင် ဖယ်ပေးသွားတယ်၊ အဲဒါဟာ ကာယကံမေတ္တာကို ပြတာလို့ ခေါ်တယ်ပေါ့။ ကိုယ်နဲ့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်တာ။ အေး... ဒါငါ့အတွက် မဟုတ်ဘူး၊ ဒါဟာ သူ့အလုပ်လို့ ဒီလိုကတ်သတ်တာမျိုး မရှိဘူး၊ အားလုံးအပေါ် ကာယကံမေတ္တာထားပြီးတော့ လုပ်ပေးနေရမယ်။ ။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက မင်းကွန်းသွားဖူးတယ်၊ မင်းကွန်းရောက်တဲ့အခါမှာ ဆရာတော်ကြီးတစ်ပါး ရှေ့ကကြွသွားတဲ့ နောက်ကလိုက်ရတာပေါ့။ တစ်လမ်းလုံး အဲဒီဆရာတော်ကြီးက လမ်းပေါ်မှာရှိတဲ့ ကျောက်ခဲတွေကို ဖယ်ဖယ်ပြီး သွားလိုက်တာ၊ ကျောင်းကို အတော်နဲ့မရောက်ဘူး၊ ဆူးတွေ့လိုက် ကောက်ဖယ်လိုက်၊ ခဲတွေ့လိုက် ကောက်ဖယ်လိုက်နဲ့ ကျောင်းကို အတော်နဲ့မရောက်ဘူး။ ဒါကို ငယ်ငယ်တုန်းကတော့ သဘောမပေါက်ဘူး။ အခုကြီးတော့မှ သဘောပေါက်တယ်၊ ဒါဟာ ဆရာတော်ကြီးရဲ့ ကာယကံမေတ္တာခေါ်တယ်။ လမ်းသွားတဲ့ပုဂ္ဂိုလ်တွေ “ခလုတ်မထိ ဆူးမငြိပါစေနဲ့”

စာမျက်နှာ-၂၀
ဆိုတဲ့ နှလုံးသွင်းနဲ့ လမ်းပေါ်မှာရှိတဲ့ ဆူးတွေကို, ခဲတွေကို ဖယ်ရှားပြီး သွားတယ်။ ဒါဟာ ကာယကံမေတ္တာ လို့ ခေါ်တယ်၊ ကိုယ့်အသင်းအဖွဲ့၊ ကိုယ့်မိသားစုထဲ မှာလည်းပဲ ကာယကံမေတ္တာထားနိုင်ရမယ်။

တချို့ကတော့ ကာယကံမေတ္တာ မထားနိုင်ကြဘူး၊ ကြားဖူးတာလေးတစ်ခု ပြောမယ် ... အဲဒီလို ကာယကံ မေတ္တာ၊ တပည့်သံဃာတွေထဲမှာ ရှိ, မရှိ ဆရာတော် ကြီးတစ်ပါးက စုံစမ်းချင်တယ်၊ စားပွဲ တင်နာရီလေးတစ် လုံးကို ကျောင်းပေါ်က သူတကာတွေ သွားတဲ့လမ်းမှာ ချထားတယ်၊ လမ်းမှာ ချထားတဲ့ နာရီလေးကို လာသမျှ ကိုယ်တော်တွေ ဘယ်သူမှ ကောက်သိမ်းသွားတာ မရှိဘူးတဲ့။ နောက်ကိုယ်တော်တစ်ပါး လာပြီး ခြေနဲ့ ခတ် ပစ်သွားတယ်။ ဒါဟာ ကာယကံမေတ္တာ မထားနိုင်တာ။ အေး .... ဘယ်သူ့ပစ္စည်းပဲ ဖြစ်ဖြစ်၊ ဘယ်သူထားတာပဲ ဖြစ်ဖြစ် ကာယကံမေတ္တာ ထားနိုင်တဲ့ပုဂ္ဂိုလ်က နေရာ တကျ ပြန်ပြီး သိမ်းပေးသွားတာပဲ၊ ဒါဟာ ကာယကံ မေတ္တာလို့ ခေါ်တယ်ပေါ့။

စာမျက်နှာ-၂၁
မိသားစုထဲမှာ ကာယကံမေတ္တာ မရှိလို့ရှိရင် ဘာ ဖြစ်လဲ၊ ဟေ့ ... ဒီပန်းကန် ဘယ်သူပစ်ထားတာတုံး၊ ဒါဘယ်သူလုပ်တာတုံးနဲ့ ဆိုပြီးတော့ စကားများကြတယ်၊ အသင်းအဖွဲ့တစ်ခုမှာလည်းပဲ ဒါမျိုးကို ကာယ ကံမေတ္တာ မထားနိုင်ဘူး ဆိုလို့ရှိရင်ဟာ ငါလုပ်တာ မဟုတ်ဘူး၊ သူလုပ်တာဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် အပြစ်ရှာကြတယ်။ ကာယကံမေတ္တာ မဖြစ် ကြတော့ဘူး၊ ကာယကံမေတ္တာ မရှိတော့ဘူးဆိုရင် စည်း ရုံးရေး ပျက်ပြားတယ်။

ရှင်ရာဟုလာဆိုတဲ့ ဘုရားရဲ့ သားတော်လေးဟာ ကာယကံမေတ္တာ ထားတဲ့နေရာမှာ စံပြပုဂ္ဂိုလ်ဖြစ်တယ်။ ရှင်ရာဟုလာကို ရဟန်းတော်တွေက စမ်းကြတယ်၊ ရာဟုလာဟာ ကိုယ်ကျင့်တရားကို အင်မတန်မှ မြတ် နိုးတယ်၊ ဟုတ်,မဟုတ် စမ်းမယ်။ ရှင်ရာဟုလာ လာ မည့်လမ်းကို အမှိုက်တွေ ပစ်ထားတယ်၊ တံမြက်စည်းတွေ ပစ်ထားတယ်၊ ပစ်ထားပြီး မကြားတကြား ပြော ကြတယ်၊ ဒီအမှိုက်တွေ ဘယ်သူ ပစ်ထားတာလဲ။ ဒီတံမြက်စည်း ဘယ်သူ ပစ်ထားတာလဲ၊ ဟေ့ ...

စာမျက်နှာ-၂၂
ရာဟုလာနေမှာ၊ သူက ဘုရားရဲ့ သားတော် ဆိုပြီးတော့ လုပ်ချင်ရာ လုပ်တာ၊ ဒီလမ်းက အမှိုက်တွေကို သူပစ် သွားတာနေမှာ။ ရှင်ရာဟုလာ ကြားတဲ့အခါ အမှိုက်တွေကို ကောက်သိမ်း၊ တံမြက်စည်းတွေကို သိမ်းပြီးတော့ အရှင်ဘုရားတို့ နောက်လည်း ဆုံးမကြပါဘုရား၊ သတိပေးကြပါလို့ ပြောတယ်၊ သူမလုပ်ဘူးလို့ မပြောဘူး၊ တကယ်လည်း သူလုပ်တာ မဟုတ်ဘူး၊ ဘယ်သူ လုပ်ထားထား ကောက်ပြီးတော့ သိမ်းသွားတာ၊ ကျန်တဲ့ ပုဂ္ဂိုလ်တွေ အပြစ်မဖြစ်ပါစေနဲ့ဆိုတဲ့ မေတ္တာစိတ်နဲ့ ကိုယ်လုပ်နိုင်တာလေးကို လုပ်သွားတာ၊ ဒါဟာ ကာယ ကံ မေတ္တာလို့ ခေါ်တယ်။

အသင်းအဖွဲ့တွေထဲမှာ ဒီကာယကံမေတ္တာဆိုတာဟာ အင်မတန်မှ အရေးကြီးတယ်၊ ကာယကံမေတ္တာ ပြနိုင်ရမယ်။ ဒါသာရဏီယတရားတွေထဲမှာ နံပါတ် (၁) တရားဖြစ်တယ်။ အေး ... ရှေ့မှာပဲဖြစ်ဖြစ်၊ ကွယ်ရာ မှာပဲဖြစ်ဖြစ် လောကလူတွေက ရှေ့မှာတော့ ကောင်း တတ်ကြတယ်၊ ကွယ်ရာမှာတော့ သိပ်မကောင်းကြဘူး၊ ကွယ်ရာအတင်းပြောတယ်ဆိုတာ လူရဲ့ သဘောလို့

စာမျက်နှာ-၂၃
ပြောရမလိုဖြစ်နေတယ်၊ ဘာဖြစ်လို့တုံးဆိုတော့ အတင်း ပြောတဲ့ လူက များတာကိုးနော်။ နံပါတ် (၂)က ဘာတုံးဆိုတော့ “ဝစီကံမေတ္တာ”တဲ့။ “မေတ္တံ ဝစီကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ သဗြဟ္မစာရီသု အာဝိ စေဝ ရဟော စ။”

“သဗြဟ္မစာရီသု”ဆိုတာ ရဟန်းတော်တွေကျတော့ သီတင်းသုံးဖော်လို့ ပြောတာပေါ့။ ကုသိုလ်ပြုတဲ့အသင်း အဖွဲ့တွေ၊ လူမှုရေးအသင်းအဖွဲ့တွေကျတော့ လုပ်ဖော် ကိုင်ဖက်တွေပေါ့။ အသင်းဝင်တွေပေါ့။ “သဗြဟ္မစာရီသု အာဝိ စေဝ ရဟော စ” ရှေ့မှာဖြစ်ဖြစ်၊ ကွယ်ရာမှာ ဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ မေတ္တာနဲ့ယှဉ်တဲ့ ဝစီကံ အပြောအဆို ရှိရမယ်။

ဒါလည်း အင်မတန်မှ အရေးကြီးတယ်၊ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်တဲ့နေရာမှာ စကားပြောတာနဲ့ ပတ် သက်တယ်ပေါ့။ လူတွေက ရှေ့တော့ အကောင်းပြော တတ်တယ်၊ ကွယ်ရာကျတော့ အတင်းပြောတတ်တဲ့ ဝါသနာရှိတာကိုး။ အဲဒါဆိုရင် ကျန်တစ်ဘက်သားက ပြန်ကြားလာတယ်၊ ဘယ်သူက ဘယ်သူ့အကြောင်းကို

စာမျက်နှာ-၂၄
ဘယ်လိုပြောတယ်ဆိုပြီးတော့ ပြန်ကြားလာမယ်၊ ပြန် ကြားလာရင် ဘာဖြစ်လဲ၊ မေတ္တာပျက်တာပေါ့။ ဒါကြောင့် မို့ ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး ပြောတာမျိုး မဟုတ် ဘဲနဲ့ မေတ္တာနဲ့ ပြောရမယ်။ ကွယ်ရာမှာ ပြောလည်း သူ့အကျိုးကို လိုလားတဲ့စကား ပြောရမယ်၊ ရှေ့မှာ ပြောလည်း သူ့အကျိုးကို လိုလားတဲ့ စကားမျိုးပြော ရမယ်။ ရှေ့မှာ ပြောတော့ သူ့အကျိုးကို လိုလားသယောင်ယောင် ပြောတယ်၊ ကွယ်ရာကျတော့ မဟုတ် တာတွေ ပြောတယ်ဆိုရင် မေတ္တာပျက်ဖို့ အကြောင်းတွေချည်းပဲတဲ့၊ မေတ္တာပျက်ပြီဆိုကတည်းက စည်းရုံး ရေးပျက်ပြီ။ ဒီမိသားစုက တစ်ဦးနဲ့ တစ်ဦး၊ ဒီအသင်း အဖွဲ့ကြီးက တစ်ဦးနဲ့တစ်ဦး မတည့်တော့ဘူး။ အပြောအဆိုနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား ဆုံးမထားတာ စကားလေးတစ်ခု ရှိတယ်။ ထိုထိုသုတ္တန်တွေမှာ ဟောထားတာ ရှိတယ်။ အားလုံး အပြောအဆိုနဲ့ ပတ်သက်ပြီးတော့ မှတ်သားထားသင့်တယ်ပေါ့။ ဒီတရားတွေက နေ့စဉ်လိုက်နာ ကျင့်သုံးရမည့် တရားတွေပဲ၊ လူဆိုတာ စကားမပြောလို့လည်း နေလို့ မရ

စာမျက်နှာ-၂၅
ဘူး၊ ပြောရမှာပဲ။ ပါးစပ်ဆိုတာ စကားပြောဖို့နဲ့ ထမင်းစားဖို့ ထားတာတဲ့၊ စားစရာရှိလည်း စားရမှာပဲ။ ပြောစရာရှိလည်း ပြောရမှာပဲ၊ ကဲ ... ပြောပြီဆိုရင် ပြောချင်တာတွေ ပြောမှာလား၊ မဖြစ်ဘူးနော်၊ ပြော ချင်ရာတွေ ပြောလို့ရှိရင် “နှုတ်ကြောင့် သေ၊ လက်ကြောင့် ကြေ” ဟုတ်ရဲ့လား၊ ပြောချင်ရာ ပြောရင် ပြဿနာတက်တော့မှာပေါ့။ မြတ်စွာဘုရားက ပြော ချင်ရာ ပြောလို့ မရဘူးတဲ့၊ နှုတ်ကို စည်းကမ်းထားဖို့ ဟောထားတာလေး ရှိတယ်နော်။ စကားပြောပြီဆိုလို့ရှိရင်တဲ့ ကိုယ့်ကို ကိုယ်ပြုပြင်ဖို့ မှတ်သားရမယ်။ “ကာလေန ဝက္ခာမိ၊ နော အကောလေန” = ပြောသင့်တဲ့အချိန်မှ ပြောပါ့မယ်၊ မပြော သင်တဲ့အချိန် မပြောပါဘူး။ တချို့က ကောင်းတာ ပြော တာတောင်မှ လူကြားထဲမှာ ပြောရင် မခံနိုင်တာ ရှိ သေးတယ်လေ။ အချိန်မဟုတ်ဘဲနဲ့ ပြောလို့ရှိရင်လည်း တစ်ဘက်သားက မခံနိုင်တာ ရှိသေးတယ်။ ဒါ့ကြောင့် မို့ စကားပြောရင် ပြောသင့်တဲ့ အချိန်လား၊ မပြော သင့်တဲ့ အချိန်လား ကြည့်သင့်တယ်၊ ဒါတော့ ပညာနဲ့

စာမျက်နှာ-၂၆
စဉ်းစားရမယ်၊ ဘယ်အချိန်ဟာ ပြောသင့်သလဲ၊ ဘယ် အချိန်ဟာ မပြောသင့်ဘူးလဲ။

အေး ... အချိန်တန်လို့ ပြောပြီဆိုရင် ဘယ်လို ပြောမလဲ။ “သန ဝက္ခာမိ နော ဇရုသေန” = ယဉ်ယဉ်ကျေးကျေး ပြောမယ်၊ ရိုင်းရိုင်းစိုင်းစိုင်း မပြောဘူး၊ တချို့က ရိုင်းရိုင်းစိုင်းစိုင်း ပြောတယ်၊ ရိုင်းရိုင်းစိုင်း စိုင်း ပြောတာ အကျင့်ကြီးတစ်ခုလို့ ဖြစ်နေတယ်။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ဆရာတော်ကြီးတစ် ပါး ရှိတယ်၊ နှုတ်ကျိုးနေတာ၊ ဘယ်သူ့တွေ့တွေ့ သူက နှုတ်ဆက်တာ၊ “ဟဲ့ ... ကောင်ကြီး မသေသေးဘူးလား၊ လူကို နှုတ်ဆက်တာ မသေသေးဘူးလား”နဲ့ နှုတ်ဆက် တာ။ ကဲ ... အဲဒီလို နှုတ်ဆက်ခံရရင် တစ်ဘက် သားက ဘယ်လိုနေမလဲ၊ ကြိုက်မှာ မဟုတ်ဘူးနော်၊ ဘယ်တော့ဖြစ်ဖြစ် သူက “ငါ ငါနဲ့”စကားပြောတဲ့ အကျင့်ရှိတယ်။ နှုတ်ကျိုးနေတယ်၊ အဲဒီလိုများ နှုတ် မကျိုးကြစေနဲ့။

ရှင်ပိလိန္ဒဝစ္ဆေဟာ ရဟန္တာဖြစ်တဲ့အထိ နှုတ်ကျိုး သွားလို့ ဒုက္ခတွေ ရောက်တယ်မဟုတ်လား၊ လူမြင်

စာမျက်နှာ-၂၇
တိုင်း “ငယုတ်မာ”လို့ ခေါ်တာ နှုတ်ကျိုးနေတာ။ “ဟေ့ ကောင် ငယုတ်မာ” သူခေါ်ရင်, နှုတ်ဆက်ရင် “ဟေ့ ကောင် ငယုတ်မာ”ဆိုတော့ ကျန်တဲ့သူတွေက ဘယ် ကျေနပ်မတုံးနော်။ အဲဒီတော့ ကိုယ့်နှုတ်ကလေးကို ကိုယ်ပြင်၊ ယဉ်ယဉ်ကျေးကျေး ပြောတတ်အောင် လေ့ ကျင့်ရမယ်၊ ယဉ်ကျေးတာနဲ့ ချွဲတာနဲ့ မတူဘူးနော်၊ တချို့က ချွဲချွဲပျစ်ပျစ် ပြောတာ၊ ဒါဟာ ယဉ်ကျေးတာ မဟုတ်ဘူး၊ ယဉ်ယဉ်ကျေးကျေး ပြောတတ်ရမယ်တဲ့။ ယဉ်ကျေးတဲ့စကားနဲ့ ပြောမယ်၊ ရိုင်းရိုင်းစိုင်းစိုင်း မပြောဘူး၊ ဒါ ဒုတိယ ထားရမည့်အချက်။

ဟော ... နောက်တစ်ခု ယဉ်ယဉ်ကျေးကျေးတော့ ပြောပါရဲ့၊ ပြောတာတွေက တစ်ခုမှ မဟုတ်ဘူးဆိုရင် ကောင်းပါ့မလား၊ အဲဒါကြောင့် “ဘူတေန ဝက္ခာမိ၊ နော အဘူတေန” = ပြောပြီဆိုရင်လည်း မှန်တာပဲ ပြော ပါတဲ့၊ မမှန်တာတွေ လျှောက်မပြောပါနဲ့တဲ့နော်။

အေး မှန်တော့ မှန်တယ်၊ တစ်ခါတစ်ရံကျတော့ အကျိုးမရှိတဲ့ စကားတွေရော မရှိဘူးလား၊ ဆိုပါစို့ - “ဟေ့ကောင် လိပ်ဆိုတာ အမွှေးမပါဘူး”လို့ ပြောရင်

စာမျက်နှာ-၂၈
မှန်တော့ မှန်တာပဲ၊ အကျိုးရှိရဲ့လား၊ အကျိုးမရှိဘူး နော်၊ လိပ်အမွှေးမပါတာ လူတိုင်းသိတာပဲ၊ စကားလုပ် ပြောနေသေးတယ် ဟုတ်ကဲ့လား။ မြတ်စွာဘုရားက သိပ်ပြီးတော့ ထောင့်စေ့အောင် ဟောထားတာ။ “အတ္တသံဟိတေန ဝက္ခာမိ၊ နော အနတ္ထသံဟိတေန”၊ အကျိုးရှိတဲ့စကား ပြောမယ်၊ အကျိုးမရှိတာ မပြောဘူးလို့ ၊ ဟော ... နှုတ်ကို စည်းကမ်းချက်ထား တာ။

ကောင်းပြီ၊ အဲဒီလို ပြောတဲ့အခါ လူတွေက တစ် ခါတစ်ရံကျတော့ မေတ္တာနဲ့ ပြောတာ ရှိသလို မုန်းလို့ ပြောတာလည်း ရှိသေးတယ်၊ မုန်းလို့ ပြောတာမျိုး မဖြစ်စေရဘူးတဲ့၊ မေတ္တာနဲ့ ပြောတဲ့ စကားမျိုးပဲ ဖြစ် စေရမယ်။ ဒါကြောင့်မို့ “မေတ္တစိတ္တော ဝက္ခာမိ၊ နော ဒေါသဒ္ဓါရော”တဲ့။ မြတ်စွာဘုရားက အကုန်လုံးကို သင် ပေးထားတာနော်၊ ဒါလူမှုဆက်ဆံရေး အကုန်လုံး သင် ပေးထားတာပဲ။

အေး ... ပြောပြီဆိုလို့ရှိရင် ပြောသင့်တဲ့အချိန်မှ ပြောမယ်၊ မပြောသင့်တဲ့အချိန် မပြောဘူး၊ ယဉ်ယဉ်

စာမျက်နှာ-၂၉
ကျေးကျေး ပြောမယ်၊ ရိုင်းရိုင်းစိုင်းစိုင်း မပြောဘူး၊ မှန် တာပဲ ပြောမယ်၊ မမှန်တာ မပြောဘူး၊ အကျိုးရှိတာပဲ ပြောမယ်၊ အကျိုးမရှိတာကို မပြောဘူး၊ မေတ္တာစိတ်နဲ့ ပြောမယ်၊ ဒေါသစိတ်နဲ့ မပြောဘူး။ ကဲ ဘယ်လောက် ကောင်းသလဲ၊ အပေါင်းအသင်းတွေအပေါ်မှာ ဒီမေတ္တာ ဝစီကံမျိုး ရှိပြီဆိုရင် ဒီအသင်းအဖွဲ့ ၊ ဒီမိသားစုတွေဟာ မညီညွတ်ဘဲ နေပါ့မလား၊ အမြဲတမ်း ညီညွတ်နေမှာ ပေါ့။ ဒါကြောင့်မို့ မြတ်စွာဘုရားက “သာရဏီယ”ဆိုတာ စိတ်ထဲမှ နှလုံးထဲ အမြဲမှတ်ထားပြီး အမြဲလုပ် ရမှာတဲ့။ နောက်တစ်ခုက “မေတ္တံ မနောကမ္မံ ပစ္စုပဋ္ဌိတံ ဟောတိ သဗြဟ္မစာရီသု အာဝိ စေဝ ရဟော စ။”

လုပ်ဖော်ကိုင်ဖက်တွေ အတူနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အပေါ်မှာ ရှေ့မှာရော ကွယ်ရာမှာပါ မေတ္တာစိတ်ဓာတ် ထားပါတဲ့။ ရှေ့မှာတင်ပဲ မေတ္တာထားပြီး ကွယ်ရာကျ တော့ အမုန်းပွားနေရင် မကောင်းဘူးတဲ့၊ ဒါကြောင့်မို့ မေတ္တာကို မြတ်စွာဘုရားက ကာယကံမေတ္တာ၊ ဝစီကံ မေတ္တာ၊ မနောကံမေတ္တာ၊ စိတ်ထဲ, နှလုံးထဲက မေတ္တာ

စာမျက်နှာ-၃၀
ထားဖို့ ဒါကို ဆုံးမသွန်သင်ပေးတာနော်။ အသင်းအဖွဲ့တွေ ပိုပြီးတော့ အရေးကြီးတယ်၊ ဟော မေတ္တာထား ပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပြဿနာမတက် တော့ဘူး၊ စည်းရုံးညီညွတ်တဲ့အတွက် ဆောင်ရွက်လုပ် ကိုင်ရတဲ့အခါမှာ ပျော်ရွှင်တယ်၊ ညီညွတ်တယ်၊ ချမ်း မြေတယ်၊ တစ်လုံးတစ်စည်းတည်းဖြစ်တယ်။ “သမဂ္ဂါနံ တပေါ သုခေါ”ဆိုတဲ့အတိုင်း စိတ်တူကိုယ်တူ လုပ်ကြ ပြီဆိုရင် အင်မတန်မှ စိတ်ချမ်းသာစရာ ဖြစ်တယ်ပေါ့။ စိတ်ချမ်းသာပြီ ဆိုကတည်းက ပြဿနာ တက်မလာ တော့ဘူး၊ အကုသိုလ်ဝင်မလာတော့ဘူး၊ အကုသိုလ် ဝင်လာပြီဆိုကတည်းက စိတ်ချမ်းသာစရာ မဖြစ်တော့ဘူး၊ သာရဏီယတရား သုံးပါးရှိသွားပြီနော်။

နောက်ထပ်လိုက်နာရမှာ ဘာလဲဆိုရင် “သာဓာရဏ ဘော”- မြန်မာစကားမှာလည်း ရှိတယ်။ “သွားအတူ လာအတူ စားအတူ”၊ တစ်စုံတစ်ခု စားကြပြီ၊ သောက် ကြပြီဆိုတဲ့အခါမှာလည်းပဲ ခွဲခြားခွဲခြား မလုပ်ရဘူးတဲ့။ တချို့က အိမ်တစ်အိမ်မှာတောင် အဲဒီလိုခွဲခြားခွဲခြား လုပ်တယ်၊ မိသားစုထဲမှာ ဒီဟင်းကတော့ ဘယ်သူ့

စာမျက်နှာ-၃၁
အတွက်၊ နင့်အတွက် မပါဘူးလို့ ဟိုတစ်ဘက်သားက စိတ်ကောင်းပါ့မလား၊ မကောင်းဘူးနော်၊ စားတဲ့အခါမှာ ခွဲခြားခွဲခြား မလုပ်ရဘူးတဲ့၊ အကုန်လုံး အတူတူပဲ, ညီတူညီမျှပဲ စားရမယ်နော်။ အဲဒီလို ညီတူညီမျှ စား တာကိုပဲ “သာဓာရဏဘော”တဲ့။ ပစ္စည်းတစ်ခုကို သုံးတဲ့အခါမှာလည်းပဲ ညီတူညီမျှ သုံးရမယ်။ ဒါကတော့ ငါသုံးမယ်၊ နင်မသုံးရဘူးဆိုတာမျိုး မရှိရဘူး၊ ခွဲခြား ခွဲခြား မလုပ်ရဘူးတဲ့၊ ခွဲခြားခွဲခြား လုပ်ရင် ဘာဖြစ်တုံး ဆိုတော့ စိတ်ဓာတ်ပါ ကွဲပြားလာတယ်တဲ့။ အေး ဒါကြောင့်မို့လို့ ဒါလည်းပဲ အင်မတန်မှ အရေးကြီးတယ်တဲ့။

နောက်အရေးကြီးတာတွေ ဘာတွေလဲ ဆိုရင် “သီလသာမညဂတာ”တဲ့။ ကိုယ်ကျင့်တရား တူရမယ်တဲ့၊ အသင်းအဖွဲ့ တစ်ခုတည်းမှာ လူတစ်ယောက်ဟာ ကိုယ်ကျင့်တရား ကောင်းရသလို တစ်ညီတည်း ကိုယ် ကျင့်တရားကောင်းဖို့ လိုအပ်တယ်။ ကိုယ်ကျင့်တရား မကောင်းတဲ့ပုဂ္ဂိုလ်တစ်ယောက် ပါလာပြီဆိုရင် ဒီအသင်း အဖွဲ့ဟာ ပျက်စီးခြင်းရဲ့ အကြောင်းရင်းပဲ၊ ကဲ ... စဉ်း

စာမျက်နှာ-၃၂
စားကြည့်လေ .. မိသားစုတစ်ခုတည်းမှာ ကဲ အကျင့် ပျက်တဲ့ ကလေးတစ်ယောက် ပါလာပြီ, အသောက် အစားရှိတဲ့ကလေးတစ်ယောက် ပါလာပြီ ဆိုရင် ဒီမိသားစု ဘာဖြစ်နေပါမလဲ၊ စိတ်ဆင်းရဲတယ် မဟုတ်လားနော်၊ အားလုံးဟာ တစ်ညီတည်း၊ ဘာသာတရားကို လေးစားတယ်၊ ကိုယ်ကျင့်တရား ကောင်းကြတယ်။

လောင်းကစား အသောက်အစားတို့ မရှိကြဘူး၊ လိမ္မာ ကြတယ်ဆိုရင် အဲဒီမိသားစုဟာ ဘယ်လောက်ချမ်းသာ ကြမလဲနော်၊ ထို့အတူပဲ အသင်းအဖွဲ့ ထဲမှာလည်းပဲ ကိုယ်ကျင့်တရားပျက်ပြားတဲ့ပုဂ္ဂိုလ် မပါဘဲ အားလုံးဟာ တစ်ညီတည်း ကိုယ်ကျင့်တရားအားဖြင့် ညီညွတ်ကြတယ်၊ ဒါလည်း ညီဖို့ လိုတယ်။ သာရဏီယတရား ထဲမှာ “တူနှစ်တူ”ပါတယ်ပေါ့၊ ဘာတွေလဲ ဆိုရင်

ကောင်းတဲ့ ကိုယ်ကျင့်တရား တူရမယ်၊ နောက်ထပ် တူညီရမည့် အချက်တစ်ခုက ဘာလဲဆိုရင် အမြင်ချင်း တူညီရမယ်တဲ့။ “ဒိဋ္ဌိသာမညဂတာ” အမြင်ချင်း တူညီ ရမယ်၊ မတူဘူးဆိုရင် ဒီအသင်းအဖွဲ့တစ်ခုဟာ ဘယ်လို လုပ် စုစည်းရမလဲ၊ စုစည်းလို့ မရဘူး၊ အမြင်ကွဲပြား

စာမျက်နှာ-၃၃
လာခြင်းသည် ပျက်စီးယိုယွင်းခြင်းရဲ့ အကြောင်းတစ်ခု ဖြစ်လာတယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက “သီလသာမည ဂတာ”နဲ့ “ဒိဋ္ဌိသာမညဂတာ”လို့ ဟောတာ၊ ဒီကနေ့ မြတ်စွာဘုရားရဲ့ တပည့်ရဟန်းတော်တွေကို သံဃလို့ ခေါ်တဲ့နေရာမှာ လေးပါးအနည်းအဆုံးရှိတဲ့ အစုအဝေးကို သံဃလို့ ခေါ်တယ်၊ သံဃဆိုတာ အသင်းအဖွဲ့ ပဲဖြစ်စေ၊ “English”လို့ “Community”လို့ ခေါ်တယ်၊ အစုအစည်းတစ်ခု သံဃဆိုတဲ့ စကားလုံးကို ဘယ်တော့မှ ဗဟုဝုစ် “Plural”နဲ့ မသုံးဘူး၊ ဘာဖြစ် လို့တုံး ဆိုတော့ တစ်ခုထဲ တစ်ခုတည်းပဲ ဖြစ်ရမယ်။ အဖွဲ့ လို့ဆိုတာ တစ်ခုတည်းပဲ ဟုတ်ကဲ့လား။ အောင်မင်္ဂလာဘုံဆွမ်းလောင်းအသင်းဆိုတာ တစ် ခုတည်းလား၊ နှစ်ခုလား၊ တစ်ခုတည်းပါနော်၊ ဘယ် နှစ်ယောက်ပါပါ တစ်ခုတည်းပဲ၊ စုစည်းထားတာ ဟုတ် ရဲ့လား၊ ဘယ်နှစ်ယောက်ပါပါလေ အလုပ်တူနဲ့ စုစည်း ထားတာ။

စာမျက်နှာ-၃၄
အေး ... မြတ်စွာဘုရားရဲ့ တပည့်သား ရဟန်း တော်တွေကို သံဃာလို့ ခေါ်တာ၊ တချို့လူတွေကလည်း ဘုန်းကြီးတစ်ပါးတည်းလည်း သံဃာလို့ ခေါ်တယ်၊ ဘုန်းကြီးတစ်ပါးတည်းကိုတော့ သံဃာလို့ ခေါ် လို့ မရဘူးနော်၊ အနည်းဆုံး ဝိနည်းကံအရ လေးပါး ရှိမှ သံဃာလို့ ခေါ်တယ်။ သံဃာဆိုတဲ့ စကားလုံးရဲ့ ဝေါဟာရ အရင်းအမြစ်က ပြောတဲ့ အဓိပ္ပာယ်က ဘာ တုံးဆိုရင် “ဒိဋ္ဌိသီလသာမညသင်္ဃဋေန သင်္ဃာဋိတတ္တာ သံဃော”တဲ့။

(“ဒိဋ္ဌိသီလသာမညန သံဟတတ္တာ သံဃော” (သာရတ္ထဋီကာ၊ ၁))

အယူချင်း, ကိုယ်ကျင့်တရားချင်းတူတဲ့ အဖွဲ့အစည်း လို့ ပြောတာ ဖြစ်တယ်၊ ကွဲပြားနေလို့ရှိရင် ပေါင်းလို့ မရဘူး၊ အမြင်ချင်းတူရမယ်၊ ကိုယ်ကျင့်တရားချင်း တူ ရမယ်။

“သီလသာမည”ဆိုတဲ့နေရာမှာ “သာမည”ဆိုတဲ့ စကားလုံးကို မြန်မာတွေက အဓိပ္ပာယ်တစ်မျိုးပေါက်တယ်၊ ဒီနေရာမှာ “သာမည”ဆိုတာ တူတာကို ပြော

စာမျက်နှာ-၃၅
တာနော်။ “သာမညနဲ့ ဝိသေသ”ဆိုတာကျတော့ အဓိပ္ပာယ်တစ်မျိုး၊ ဒီ “သာမည”ဆိုတာက တူညီမှုဆိုတဲ့ အဓိပ္ပာယ်ရတယ်။ သာမညနဲ့ ဝိသေသဆိုတာ ကျတော့ အဲဒီ သာမညက အများဆိုင်ဆိုတဲ့ အဓိပ္ပာယ် ရတယ်။ ဒီမှာ ဆိုလိုတာက “သာမည”ဆိုတာ တူညီမှုကို ခေါ်တယ်၊ သီလသာမည = ကိုယ်ကျင့်သီလချင်း တူညီတယ်၊ ဒိဋ္ဌိသာမည = အမြင်ချင်း တူညီတယ်၊ အဲဒီတူညီမှု နှစ်ခုနှင့် ပေါင်းစပ်ထားတဲ့ အဖွဲ့အစည်း တစ်ခုကို သံဃာလို့ ခေါ်တယ်၊ ဒီလိုအဓိပ္ပာယ်ရတယ် ပေါ့။

အဲဒီတူညီမှုနှစ်ခု ပျက်ပြားသွားတဲ့အခါမှာ ပေါင်းလို့ ရပါ့မလား၊ မရတော့ဘူး၊ ဒါကြောင့် သာရဏီယတရား ထဲမှာ မြတ်စွာဘုရားက ဟောထားတာ “သီလသာမည ဂတာ”တဲ့၊ ကိုယ်ကျင့်သီလတွေ တူညီဖို့ လိုအပ်တယ်တဲ့။ “ဒိဋ္ဌိသာမညဂတာ”တဲ့၊ အမြင်ချင်း တူညီဖို့ လိုအပ်တယ်၊ ဒါဟာ အခြေခံအားဖြင့် ပြောတာ၊ အဆင့် မြင့်အားဖြင့် ပြောမယ်ဆိုရင် ကိုယ်ကျင့်သီလဆိုတာ လူ့အဖွဲ့အစည်းထဲမှာ ဆိုရင် ငါးပါးသီလပေါ့၊ သံဃာ

စာမျက်နှာ-၃၆
တွေထဲမှာဆိုရင် (၂၂၇)သွယ်သော သိက္ခာပုဒ်တွေပေါ့။ သူဟာနဲ့သူပဲ၊ သီလရှင်အဖွဲ့အစည်းမှာဆိုရင် (၈)ပါး သီလပေါ့။ ဒီလို ကိုယ်ကျင့်တရား တူရမယ်။

အမြင်ချင်း တူရမယ်ဆိုတာက ဘာတုံးဆိုရင် “ကမ္မဿကာ သမ္မာဒိဋ္ဌိ”ဆိုတဲ့ အမြင်ချင်းလည်း တူရ မယ်တဲ့၊ ဒီထက် အဆင့်မြင့်လာလို့ရှိရင် ဝိပဿနာ သမ္မာဒိဋ္ဌိလို့ဆိုတဲ့ သင်္ခါရသဘာဝတရားတွေရဲ့ အမြဲ မရှိတဲ့ မမြဲတဲ့သဘော, ဆင်းရဲတဲ့သဘော, ကိုယ်အစိုး ရခြင်းမရှိတဲ့သဘောတွေကို မြင်တဲ့ ဝိပဿနာသမ္မာဒိဋ္ဌိ၊ အဲဒီအမြင်တွေ တူရမယ်လို့ ဒီလို ပြောတာနော်။

ကောင်းပြီ၊ သာရဏီယတရားအတိုင်း လိုက်နာ ကျင့်သုံးမယ်။ မြတ်စွာဘုရားက သာရဏီယတရား ခြောက်ပါးလို့ ဟောထားတာ၊ အဲဒီခြောက်ပါးကို လိုက် နာကျင့်သုံးဖို့ လိုအပ်တယ်တဲ့။ မြန်မာပြည်မှာ လူမှု ရေးအသင်းအဖွဲ့ ရှိတယ်၊ ဘာသာရေးအသင်းအဖွဲ့တွေ ရှိတယ်။ မည်သည့်အသင်းအဖွဲ့ ပဲဖြစ်ဖြစ် နောက်ဆုံး အသင်းအဖွဲ့လို့ မခေါ်ရတဲ့ မိသားစုတွေပဲဖြစ်ဖြစ် ဟောဒီ

စာမျက်နှာ-၃၇
သာရဏီယတရားအတိုင်း လိုက်နာကျင့်သုံးသွားမယ် ဆိုရင် ပြဿနာ ရှိပါ့ဦးမလား၊ မရှိတော့ဘူးနော်။

ကဲ ... ပြန်ပြီးတော့ ကြည့်ရအောင် - မေတ္တာ ကာယကံ၊ ရှေ့ရော ကွယ်ရာမှာပါ မေတ္တာကာယကံ ထားပါတဲ့။ အချင်းချင်းအပေါ်မှာ ရှေ့မှာရော ကွယ်ရာ မှာပါ မေတ္တာဝစီကံ ထားပါတဲ့၊ ရှေ့မှာရော ကွယ်ရာ မှာပါ မေတ္တာမနောကံ ထားပါ။ မေတ္တာနဲ့ ပတ်သက်တာ သုံးခုနော်။ စားသောက်တဲ့အခါမှာ ခွဲခြားခွဲခြား မလုပ် ပါနဲ့၊ တစ်ညီတည်းထားပါတဲ့။ ကိုယ်ကျင့်တရားလည်း တူညီအောင် ထားပါတဲ့၊ အမြင်ချင်းလည်း တူညီအောင် ထားပါတဲ့။ အားလုံးပေါင်းလိုက်တဲ့အခါကျတော့ ခြောက် ခု။ ဒါကို မြတ်စွာဘုရားက သာရဏီယသုတ္တန်မှာ “ဆယိမေ ဘိက္ခဝေ ဓမ္မာ သာရဏီယာ”-ချစ်သား ရဟန်းတို့ တစ်သက်လုံး မှတ်ထားရမည့်တရား ခြောက် ခုရှိတယ်တဲ့။ အဲဒီတစ်သက်လုံး မှတ်ထားရမည့်တရားတွေဟာ ပိယကရဏ-တစ်ဦးနဲ့တစ်ဦး ချစ်ချင်မှုကို ဖြစ်စေတယ်။ ဂရုကရဏ-တစ်ဦးနဲ့တစ်ဦး လေးစားမှုကို ဖြစ်စေတယ်။ သင်္ဂဟာယ-စုစည်းထားဖို့အတွက်၊

စာမျက်နှာ-၃၈
အဝိဝါဒါယ-အငြင်းအခုံကင်းဖို့အတွက်၊ သာမဂ္ဂီယာကိုယ်စိတ်ညီညွတ်ဖို့အတွက်၊ ဧဏီဘာဝါယ-တစ်ခု တည်းဖြစ်ဖို့ အတွက် ဟောဒီ တရားခြောက်မျိုးဟာ အကျိုးပြုပါလိမ့်မယ်လို့ မြတ်စွာဘုရား ဟောထားတာ။

ဒါကြောင့်မို့ သာရဏီယတရားဟာ အင်မတန်မှ အရေးကြီးတယ်။ ရှေးတုန်းကလည်းပဲ အသင်းအဖွဲ့ တွေမှန်သမျှဟာ သာရဏီယတရားနဲ့အညီ ဆောင်ရွက် ပြီးတော့ သွားကြလို့ မိမိတို့ဆောင်ရွက်လုပ်ကိုင်ကြတဲ့ ပါရမီတွေဟာ ပြည့်လာကြတယ်၊ ကုသိုလ်ကောင်းမှု လုပ်ပြီး ဘာသာရေးအသင်းအဖွဲ့တွေ လုပ်ပြီဆိုရင် ဟောဒီသာရဏီယတရားကို မလိုက်နာဘဲနဲ့ လုပ်မယ် ဆိုရင် အကုသိုလ်တွေ တိုးပွားလာနိုင်တယ်ပေါ့။ ဘာ့ကြောင့် အကုသိုလ်ဖြစ်တုံးဆိုရင် အငြင်းအခုံဖြစ်မှုကို အကြောင်းပြုလို့ ဖြစ်တာ။ တစ်ဦးနဲ့တစ်ဦး မတည့် တာကို အကြောင်းပြုပြီးတော့ အကုသိုလ်တွေ ဖြစ်လာတယ်၊ ကုသိုလ်ရ ရမယ့်အစား အကုသိုလ်တွေ ဖြစ် လာနိုင်တယ်ပေါ့။ ဟောဒိသာရဏီယတရားဟာ အစဉ်

စာမျက်နှာ-၃၉
ထာဝရ လေးစားပြီး လိုက်နာမှတ်သားရမည့်တရားတွေ ဖြစ်တယ်။ ရှေးတုန်းကလည်း ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ ကုသိုလ်ကောင်းမှုတွေ လုပ်ကြတာပဲ၊ အားလုံးလည်း သိကြပါတယ်။ မစလရွာသား မဃတို့ဦးဆောင်တဲ့လူ (၃၃)ယောက်ဆိုတာ ကုသိုလ်ကောင်းမှု လုပ်ကြတာပဲ၊ (၃၃)ယောက်အဖွဲ့အစည်းပေါ့၊ ကုသိုလ်ကောင်းမှုတွေကို လုပ်ကြတယ်၊ စိတ်တူသဘောတူ လုပ်သွားကြလို့ တာဝတိံသာနတ်ပြည်ဆိုတာ ပေါ်လာတယ်။ အေး.. “တာဝတိံသ”ဆိုတဲ့ စကားကိုက (၃၃)ယောက် လို့ အဓိပ္ပာယ်ရတယ်၊ (၃၃)ယောက်အဖွဲ့ဝင် (၃၃)ယောက်ရှိတယ်၊ အဲဒီ (၃၃)ယောက် လုပ်ထားတာကို အကြောင်းပြုပြီးတော့ ဥပမာ - နတ်ပြာသာဒ်ကြီးတွေကလည်း (၃၃)ခု၊ သုဓမ္မာသဘင်ထဲမှာလည်း သူတို့ထိုင်ဖို့ ပလ္လင်ကြီးတွေကလည်း (၃၃)ခု၊ အတူတူ လုပ်တာနော်။ စိတ်တူ ကိုယ်တူ သဘောတူ ကုသိုလ်ကောင်းမှုကို အတူတူဆောင်ရွက်ကြတဲ့အတွက်ကြောင့် အတူတူဖြစ်ကြရတယ်။

စာမျက်နှာ-၄၀
အခုလည်းပဲ ကုသိုလ်ကောင်းမှုကို အတူတူလုပ်ကြလို့ရှိရင် စိတ်ဆန္ဒသဘောထားတွေ တူညီပြီးတော့ နေကြမယ်၊ သဒ္ဓါစွမ်းအားတွေ တူကြမယ်၊ ကိုယ်ကျင့်တရားတွေ တူကြမယ်၊ စာဂဆိုတဲ့ စွန့်လွှတ်မှုတွေ တူကြမယ်၊ အသိပညာတွေ တူကြမယ်ဆိုရင် ဘဝဆက်တိုင်းဟာ လက်တွဲကိုယ်စီ အတူတူဖြစ်ကြမှာပဲ။

လူတွေမှာ အချင်းချင်း အခြေခံအားဖြင့် တူနိုင်ပေမယ့် မတူတာတွေ ရှိသေးတယ်၊ ဘာလဲဆိုရင် ဆန္ဒပြင်းထန်သူ ရှိတယ်၊ မပြင်းထန်သူ ရှိတယ်၊ ဝီရိယထက်သန်တဲ့သူ ရှိတယ်၊ သိပ်မထက်သန်တဲ့သူ ရှိတယ်။ စိတ်ဓာတ်ထက်သန်တဲ့သူ ရှိတယ်၊ သိပ်မထက်သန်တဲ့သူ ရှိတယ်၊ ဝီမံသဆိုတဲ့ အသိပညာထက်သန်တဲ့သူ ရှိတယ်၊ သိပ်မထက်သန်တဲ့သူ ရှိတယ်ပေါ့။ အေး .. ဆန္ဒတို့၊ ဝီရိယတို့၊ စိတ္တတို့၊ ဝီမံသတို့ဆိုတဲ့ ဒီသဘာဝတရားတွေ ထက်သန်ပြင်းထန်လာတဲ့ပုဂ္ဂိုလ်ဟာ ခေါင်းဆောင်ဖြစ်တယ်ပေါ့။ (၃၃)ယောက်သော ကုသိုလ်ပြုဖက်တွေ တာဝတိံသာနတ်ပြည် ရောက်တဲ့အခါမှာ

စာမျက်နှာ-၄၁
ခေါင်းဆောင်လုပ်တဲ့ ပုဂ္ဂိုလ်က သိကြားမင်းဖြစ်တာပေါ့။ ကျန်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲ ပဇာပတိနတ်မင်းကြီးတို့ပေါ့၊ ဓဇဂ္ဂသုတ်ထဲမှာ ပါတယ် မဟုတ်လား။ ဤသာနနတ်မင်းကြီးတို့၊ ဝရုဏနတ်မင်းကြီးတို့ဆိုတာဟာ အဲဒီ (၃၃)ယောက်သော နတ်မင်းထဲကပဲ ဖြစ်ကြတယ်။

အများနဲ့ တူညီလောက် ဆန္ဒရှိတဲ့ပုဂ္ဂိုလ်ရှိသလို ဦးဆောင်ဦးရွက်ပြုပြီး ထက်သန်ပြင်းပြတဲ့ ဆန္ဒရှိတဲ့ပုဂ္ဂိုလ်ရှိတယ်၊ ထက်သန်ပြင်းပြတဲ့ ဆန္ဒရှိတဲ့ပုဂ္ဂိုလ်ကတော့ ဒီအဖွဲ့အစည်းထဲမှာ သူက ခေါင်းဆောင်ဖြစ်သွားမှာပဲ။ ဝီရိယကလည်း သူများထက် ပိုပြီးတော့ ထက်သန်လာလို့ရှိရင် သူဟာ ခေါင်းဆောင်ဖြစ်သွားတာပဲ၊ စိတ်ဓာတ်ကလည်း သူများထက် ပိုပြီးထက်သန်လာရင် သူလည်း ခေါင်းဆောင်ဖြစ်တယ်။ ဝီမံသလို့ဆိုတဲ့ ဆင်ခြင်ဉာဏ်က ထက်သန်လို့ရှိရင် သူဟာ ခေါင်းဆောင်ဖြစ်တယ်။ ဒါ့ကြောင့်မို့လို့ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသတို့ ထက်သန်လို့ရှိရင် ကုသိုလ်တွေလည်း ထက်မြက်တယ်၊ အကျိုးပေးလည်း ထက်မြက်တယ်။

စာမျက်နှာ-၄၂
ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသလို့ဆိုတဲ့ ဒီသဘာဝတရားတွေဟာ နည်းနည်းနိမ့်ကျနေတယ်၊ ညံ့နေတယ်ဆိုရင် အကျိုးပေးလည်း ခပ်ညံ့ညံ့ပဲ အကျိုးပေးတယ်။ ဒါ့ကြောင့်မို့လို့ ကုသိုလ်ကောင်းမှုပေါင်းစုပြီး ပြုကြတဲ့အခါမှာ ဘယ်သူက အဆုံးအဖြတ်ပေးသွားလဲဆိုရင် အခု ဒီ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသတို့က အဆုံးအဖြတ်ပေးသွားတယ်၊ ဒီသဘာဝတရားလေးပါးကို “ဣဒ္ဓိပါဒ” လို့ မြတ်စွာဘုရားက ဟောထားတာ ရှိတယ်။ “ဣဒ္ဓိ”ဆိုတာ အောင်မြင်မှု၊ “ပါဒ”-အကြောင်းတရား၊ အောင်မြင်မှုရရှိနိုင်တယ်လို့ ပြောတာနော်။

ဆန္ဒဆိုတာ “wish to do” လုပ်ချင်တာ၊ ကုသိုလ်လုပ်ချင်တာ ဒါဆန္ဒဖြစ်တယ်။ ပါဠိလို “ဆန္ဒဝတော နာမ ကမ္မံ န သိဇ္ဈတိ”တဲ့။ စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်ဟာ ဘာမဆိုအောင်မြင်တယ်လို့ ပြောတာ၊ မပြီးနိုင်တဲ့ကိစ္စ မရှိဘူးတဲ့၊ အားလုံးပြီးစီးတယ်။ အဲဒါကို ဘုန်းကြီးတို့လျော်အောင် “English”လို့ ပြန်ရင်တော့ “English”ဘာသာစကားနဲ့ မှတ်ချင်ရင် "Chanda makes the impossible possible”.

စာမျက်နှာ-၄၃
အဓိပ္ပာယ်က ဆန္ဒသည် မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်သည်။ ဒီလိုပြောတယ်။ ဒီစကားကို အခြားဘာသာခြားတွေက ဘယ်နေရာမှာ သုံးတာလဲဆိုရင် “God makes the impossible possible”. ဘုရားသခင်သည် မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်နိုင်တယ်လို့ ဒီလိုသုံးတာ။ ဗုဒ္ဓဘာသာတွေအနေနဲ့ အဲဒါကို "Chanda makes the impossible possible" တဲ့။ ဘာဖြစ်လို့တုံးဆိုရင် ဗုဒ္ဓဘာသာဝင်တွေမှာ အောင်မြင်မှုရဲ့ အခြေခံဟာ အပြင်မှာရှိတာလား၊ အတွင်းမှာရှိတာလား၊ အတွင်းမှာရှိတာနော်။ ကိုယ့်အပေါ်မှာရှိတာ၊ အပြင်ကို အားကိုးရမှာလား၊ အတွင်းကို အားကိုးရမှာလား။ အေး.. အတွင်းကို အားကိုးရမှာ။ အေး.. ကိုယ့်သန္တာန်မှာကိုယ်ရှိပြီးတော့ လူတွေက ကိုယ့်သန္တာန်မှာရှိတဲ့ အရည်အသွေးတွေကို အထင်သေးပြီးတော့ လူတွေဟာ အပြင်ဟာတွေကို အားကိုးနေကြတာ၊ အဲဒါဟာ မှားယွင်းချက်ပဲ။ အပြင်ပဟာကို အားကိုးတယ်၊ တစ်လျှောက်လုံး လူ့လောကလူတွေဟာ အပြင်ကို

စာမျက်နှာ-၄၄
အားကိုးလာကြတာဟာ အကျင့်ပါနေတာလေ။ လူ့လောကရောက်လာကတည်းက အပြင်ကို အားကိုးကြတာလေ။ ဟိုအရှင်ကြီးကိုးကွယ်ရ၊ ဒီအရှင်ကြီးကိုးကွယ်ရနဲ့ အပြင်ကို အားကိုးလာတာ။ ဒါကမ္ဘာဦးစကာလကတည်းက ဘာမုန်တိုင်းကြီးတွေကျတာတို့၊ မိုးကြိုးကြီးတွေပစ်တာတို့၊ လျှပ်စီးလျှပ်တာတို့၊ သဘာဝအင်အားကြီးတွေရဲ့ ခြိမ်းခြောက်မှုကို ခံရတဲ့အခါမှာ လူတွေက ကြောက်တယ်၊ ကြောက်တဲ့အခါကျတော့ အားကိုးစရာမရှိ၊ အားကိုးပြီးတော့ အပြင်ကို အားကိုးတဲ့ အလေ့အကျင့်ကြီးတစ်ခု ပါသွားတယ်ပေါ့။

မြတ်စွာဘုရားက ဓမ္မပဒမှာ အဲဒီအတိုင်း ဟောထားတာရှိတယ် - ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ဝနာနိ စ။ အာရာမရုက္ခစေတိယာနိ၊ မနုဿာ ဘယတဇ္ဇိတာ။

ကြောက်စရာဘေးတွေနဲ့ ခြိမ်းခြောက်ခံလိုက်ရတဲ့လူတွေဟာ အားကိုးစရာ ရှာလိုက်တဲ့အခါမှာ တောစောင့်နတ်ကြီးတွေတို့၊ တောင်စောင့်နတ်ကြီးတွေတို့၊ သစ်ပင်စောင့်နတ်ကြီးတွေရဲ့ စိတ်ထဲက ဖန်တီးပြီး

စာမျက်နှာ-၄၅
ကိုးကွယ်နေကြတယ်။ တစ်ခါတစ်ရံ ရယ်စရာကောင်းတာက အဲဒီနတ်ကို ကိုယ်တိုင်လည်း မမြင်ဖူးဘူးနော်၊ သို့သော် ကိုယ်ဟာကိုယ်အရုပ်ထုပြီး ကိုယ်ဟာကိုယ်ကြောက်လိုက်တာ၊ ကြောက်ပြီးတော့ ရှိခိုးနေကြတာ။ အဲဒီလိုဖြစ်တတ်တယ်။ အဲဒါကြောင့် လောကမှာ လူတွေဟာ ကိုယ့်ရဲ့အရည်အချင်းကို ကိုယ်နားလည်ထားရမှာ။

ဒါ့ကြောင့်မို့ မြတ်စွာဘုရားက ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ၊ ဆန္ဒကဘယ်မှာရှိတာတုံး၊ ကိုယ့်စိတ်ထဲမှာရှိတာ။ ဝီရိယကဘယ်မှာရှိတာတုံး၊ ကိုယ့်စိတ်ထဲမှာရှိတယ်။ စိတ္တ-တဲ့၊ ကိုယ့်ရဲ့စိတ်ဓာတ်ကိုပြောတာ။ ဝီမံသ-တဲ့၊ အသိဉာဏ်ကဘယ်မှာရှိသလဲဆိုရင် ကိုယ့်သန္တာန်မှာရှိတာ၊ အဲဒါတွေကို အားကိုးရမယ်။ ကြီးပွားတိုးတက်လာအောင် လုပ်ရမယ်။

နောက်ဆုံး နိဗ္ဗာန်ကိုရအောင်ဆိုတာလည်းပဲ ဒါတွေကို မြှင့်တင်သွားတာပဲ။ ဪ... ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေဟာ နိဗ္ဗာန်ကိုလိုချင်တယ်ဆိုတဲ့ ပြင်းထန်တဲ့ဆန္ဒရှိပြီဆိုရင် နိဗ္ဗာန်ရောက်ကြောင်းတရားကို ရှာတယ်။

စာမျက်နှာ-၄၆
နိဗ္ဗာန်ရောက်ကြောင်းတရားကို ရှာတော့ မြတ်စွာဘုရားကိုယ်တိုင်က “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ”တဲ့။ အဲဒါဟာတစ်ခုတည်းပဲတဲ့။ “နိဗ္ဗာနဿ သစ္ဆိကိရိယာယ” = နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ရာအတွက် ဒါဟာ တစ်ကြောင်းတည်းသောလမ်းပဲလို့ဆိုပြီး မဂ္ဂင်ရှစ်ပါးအကျင့်တရားကို ဟောထားတာ။ အဲဒီမဂ္ဂင်ရှစ်ပါးအကျင့်တရားအတိုင်း ကျင့်ကြံကြိုးကုတ်အားထုတ်မယ်ဆိုရင် နိဗ္ဗာန်ရောက်မှာပါပဲ။ တစ်ခုတည်းသောလမ်းဟာ လမ်းမှားစရာအကြောင်းမရှိဘူး၊ ဒီလမ်းအတိုင်းလျှောက်သွားလို့ရှိရင် နိဗ္ဗာန်ရောက်မှာပါပဲတဲ့။

အဲဒီလမ်းက ဘာတုံးဆိုရင် ကြည့်.. မြတ်စွာဘုရားဟောထားတာ မဂ္ဂင်ရှစ်ပါးကို သမ္မာဒိဋ္ဌိ = မှန်ကန်တဲ့အမြင်ရှိရမယ်၊ ဟုတ်တယ်၊ မှန်မှန်ကန်ကန်မြင်ဖို့ လိုအပ်တယ်၊ မှန်မှန်ကန်ကန်မြင်တယ်ဆိုတာ အမြင့်ဆုံးအဆင့်နဲ့ပြောမယ်ဆိုရင် ဒုက္ခကို ဒုက္ခလို့မြင်တယ်၊ ဒုက္ခဖြစ်ကြောင်းတရားကို မြင်တယ်၊ ဒုက္ခချုပ်ငြိမ်းရာကို မြင်တယ်၊ ဒုက္ခချုပ်ငြိမ်းရာရောက်ကြောင်း အကျင့်တရားကို မြင်တယ်။ ဆိုလိုတာက

စာမျက်နှာ-၄၇
သစ္စာလေးပါးကို မြင်တယ်ပေါ့၊ သစ္စာလေးပါးမြင်တယ်ဆိုတာ အကြောင်းတရားနဲ့ အကျိုးတရားမြင်တာဖြစ်တယ်။ တို့တစ်တွေရထားတာ ဘာကိုရထားတာတုံးလို့မေးရင် ဒုက္ခကိုရထားတာ၊ ကဲ... သုခရထားတာလို့ ဘယ်သူပြောမလဲ၊ ကဲ... ဘုန်းကြီးတို့တစ်တွေ ကိုယ့်ဟာကိုယ်ကြည့်၊ ကိုယ့်ခန္ဓာကိုယ်လေးရထားတာ ဟုတ်လှပြီထင်နေတယ်၊ တဖြည်းဖြည်းအိုလာမယ်၊ နာလာမယ်၊ နောက်ကျတော့ သေမယ်။ အဲဒါမှ ဒုက္ခမထင်ရင် ဘာထင်မလဲ၊ အဲဒီလမ်းကြီးကို ရှောင်လွဲလို့ရပါ့မလား၊ မရနိုင်ဘူး၊ အဲဒီလမ်းကြီးဟာ တစ်ဖြောင့်တည်းပဲ။ ဒီအတိုင်းသွားမယ်လို့ မြင်တာဟာ အခြေခံအားဖြင့်တော့ သမ္မာဒိဋ္ဌိပဲ၊ မှန်ကန်စွာမြင်တာပေါ့။

အဲဒီလို မှန်ကန်စွာ ဒုက္ခကိုမြင်ပြီဆိုရင် ဒီဒုက္ခကို ဘယ်သူလုပ်နေတာလဲဆိုရင် လိုချင်တဲ့တဏှာ၊ တွယ်တာတဲ့တဏှာ-က လုပ်နေတာပါပဲ။ ဆိုလိုတာက - လိုချင်လို့ရနေတာပေါ့၊ မလိုချင်တော့မရဘူးပေါ့။ အေး.. ဒါ့ကြောင့်မို့ မြတ်စွာဘုရားက တဏှာကို

စာမျက်နှာ-၄၈
ဒုက္ခသမုဒယ၊ မလိုချင်တဲ့ဟာကို ရအောင်လုပ်ပေးတာဟာ တဏှာပါပဲတဲ့။ အဲဒီနှစ်ခုကိုသိတာဟာ သမ္မာဒိဋ္ဌိပဲ။ ဒါဖြင့် ဒီဒုက္ခတွေငြိမ်းသွားတဲ့နေရာရော မရှိဘူးလားဆိုတော့ ရှိတယ်၊ နိဗ္ဗာန်သည် ဒီဒုက္ခတွေငြိမ်းသွားတဲ့နေရာပဲ၊ အဲဒီငြိမ်းသွားတဲ့နေရာရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုရင် ဟောဒီမဂ္ဂင်ရှစ်ပါးအကျင့်တရားကို ကျင့်ရမယ်၊ သစ္စာလေးပါးအကျင့်တရားကို သိမြင်တာဟာ သမ္မာဒိဋ္ဌိပဲ၊ မှန်ကန်တဲ့အမြင်ပဲ။

အဲဒီသစ္စာလေးပါးကို ကြည့်လိုက်မယ်ဆိုရင် လုပ်ငန်းတစ်ခုကို ဖော်ဆောင်ပေးထားတာကဖြစ်တယ်။ အကွက်လေးကွက်ချပြီးတော့ လုပ်ငန်းတစ်ခုကို ဖော်ဆောင်ပေးတာပါပဲ၊ ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ အဲဒါပါပဲ၊ ကြည့်... ဒုက္ခဆိုတာဟာ မြင်အောင်ကြည့်ရမည့်အရာဖြစ်တယ်ပေါ့။ ဘုန်းကြီးတို့တစ်တွေ ဒုက္ခကိုမမြင်ကြဘူး ဟုတ်ရဲ့လား၊ အကောင်းလေးတွေချည်းပဲ ရွေးမြင်နေတော့ မကောင်းတာကို သိပ်မမြင်ဘူး၊ မြင်နေသေးလို့ ကြိုက်နေသေးတာပေါ့၊ အကောင်းတွေမမြင်တော့ဘူးဆိုရင် ကြိုက်စရာရှိပါ့ဦးမလား၊ မရှိတော့

စာမျက်နှာ-၄၉
ဘူးပေါ့။ ဒါကြောင့်မို့လို့ ဒုက္ခကို အဟုတ်မမြင်ကြသေးဘူး၊ သုခလို့ထင်နေကြတုန်းပဲ၊ သုခလို့ထင်လို့ ဆုတောင်းကြတယ်လေ။ ကြည့်ပါလား ဒီသားနဲ့၊ ဒီသမီးနဲ့၊ ဒီမောင်နှမတွေ ဒီကောင်းမှုကြောင့် အတူတူတွေ့ပါရစေ၊ ငှက်ဖြစ်ရင်တောင်မှ တစ်ကိုင်းတည်းနားပါရစေတဲ့၊ အကိုင်းကျိုးကျမှာတော့ မမြင်ဘူး၊ အဲဒီလိုလူတွေဟာ အမှန်မမြင်လို့သာ ဒုက္ခကိုဆုတောင်းကြတာပေါ့။

ဒုက္ခကိုအမှန်မြင်ပြီဆိုရင် ဒုက္ခဖြစ်ကြောင်းတရားကို ဖယ်ရှားနိုင်ရမယ်။ ဒါကြောင့်မို့ ဒုက္ခကိုအမှန်မြင်အောင်ကြည့်တာဟာ ဝိပဿနာတရားကိုကျင့်တာပါပဲ။ ဘာနဲ့ကျင့်တာတုံးဆိုတော့ ဒုက္ခကိုအမှန်မြင်အောင် ဘာနဲ့ကြည့်တာလဲဆိုတော့ မဂ္ဂင်ရှစ်ပါးကို ထူထောင်ရမယ်၊ မဂ္ဂင်ရှစ်ပါးကိုထူထောင်တာဟာ ဒုက္ခကိုမြင်အောင်လုပ်ဖို့ပါပဲ။ အဲဒီတော့ပြောမယ်ဆိုရင် မဂ္ဂင်ရှစ်ပါးကကမ္မဋ္ဌာန်း၊ ဒုက္ခကကမ္မဋ္ဌာန်းအာရုံပဲ ဟုတ်ကဲ့လား၊ မဂ္ဂင်ရှစ်ပါးနဲ့ ဒုက္ခကိုမြင်အောင်ကြည့်ရမယ်၊ ကဲ... ကောင်းပါပြီ၊ မဂ္ဂင်ရှစ်ပါးကိုထူထောင်

စာမျက်နှာ-၅၀
လိုက်လို့ ဒုက္ခကိုမြင်ပြီဆိုရင် ဘာအကျိုးရလဲဆိုတော့ အကျိုးနှစ်မျိုးရတယ်၊ အကျိုးနှစ်မျိုးက သမုဒယကိုဖယ်ရှားပြီး နိရောဓကိုမျက်မှောက်ပြုခြင်းတဲ့၊ တစ်ခုကိုဖယ်ရှားလိုက်ပြီးတော့ နောက်တစ်ခုရတယ်၊ ဒါကတော့ သဘာဝပဲ၊ တစ်ခုကိုမဖယ်ဘဲနဲ့ နောက်တစ်ခုယူလို့မှမရတာကိုး။

မုံရွာကနေပြီးတော့ ဥပမာ ဟိုဘက်ကမ်းကို သွားချင်တယ်ဆိုရင် ဒီဘက်ကမ်းကနေမခွာဘဲနဲ့၊ ဟိုဘက်ကမ်းရောက်ပါ့မလား၊ မရောက်ဘူးတဲ့။ တစ်ခုတော့ခွာရမှာပဲ ဟုတ်ကဲ့လား၊ တစ်ခုကိုစွန့်ရမယ်၊ နောက်တစ်ခုကိုယူချင်ရင် တစ်ခုကိုစွန့်ရမယ်။ အဲဒီတော့ ဝိပဿနာဆိုတဲ့ ဒီ “ဒုက္ခနိရောဓဂါမိနီပဋိပဒါ”ဆိုတဲ့ မဂ္ဂင်ရှစ်ပါး မဇ္ဈိမပဋိပါဒအကျင့်ကိုကျင့်တာဟာ ဒုက္ခကိုမြင်ဖို့ကျင့်တာ၊ မြင်လိုက်ပြီဆိုတာနဲ့တစ်ပြိုင်နက် ဒုက္ခမှန်းသိတာနဲ့တစ်ခါတည်း ဘာကိုဖယ်ရှားနိုင်တုံးဆိုရင် ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာကိုဖယ်ရှားပြီးတော့ “ဒုက္ခနိရောဓ”လို့ဆိုတဲ့ ဒုက္ခချုပ်ငြိမ်းရာနိဗ္ဗာန်ကို သိရှိသွားတာဟာ အကျိုးတရားပါပဲ။ အဲဒီ

စာမျက်နှာ-၅၁
တော့ သစ္စာလေးပါးဆိုတာဟာ ဝိပဿနာကျင့်စဉ်တစ်ခုကို ရှင်းပြတဲ့သဘောပါပဲ ဒါဟာနော်၊ ဟုတ်ကဲ့လား၊ အဲဒီလိုရှင်းပြတယ်။

အေး.. ဒါကြောင့်မို့လို့ နံပါတ်(၁)က အမြင်မှန်ရမယ်၊ အမြင်မှန်ဖို့အတွက် ဘာလိုသလဲဆိုရင် အတွေးမှန်ဖို့လိုအပ်တယ်။ ကဲ... အမြင်မှန်ပြီး အတွေးမှန်ပြီဆိုရင် နိဗ္ဗာန်ရောက်ဖို့အတွက် ဘာကစရမှာလဲဆိုတော့ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ-တဲ့၊ မဟုတ်တာတွေမပြောနဲ့၊ မှန်တာပြော။ မဟုတ်တာတွေမလုပ်နဲ့၊ မှန်တာလုပ်။ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်လာလို့ရှိရင် ဒုစရိုက်နဲ့ အသက်မမွေးနဲ့တဲ့။ ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီးတော့ပြောတာနော်၊ နိဗ္ဗာန်ရောက်ချင်ပြီဆိုရင် ကိုယ်ကျင့်တရားမကောင်းဘဲနဲ့ ရောက်ပါ့မလား၊ မရောက်နိုင်ဘူး။ ဒါ့ကြောင့်မို့လို့ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဆိုတဲ့ ဟောဒီသုံးခုကို သီလအနေနဲ့ထူထောင်ထားလိုက်ပြီးတော့ လုပ်ပေတော့တဲ့၊ ဘာလုပ်ရမလဲ၊ သမ္မာဝါယာမ-တဲ့၊ မလုပ်ဘဲနဲ့တော့ မရောက်နိုင်ဘူးလေ၊ သမ္မာဝါယာမ

စာမျက်နှာ-၅၂
ဆိုတာ လုပ်ပုံလုပ်နည်းလေးမျိုးရှိတယ်။ (၁) ဆို့ပိတ်တာ၊ (၂) ဖယ်ရှားတာ၊ (၃) ဖြစ်အောင်လုပ်တာ၊ (၄) တိုးအောင်လုပ်တာ။

ဘယ်နှစ်ခုလဲဆိုရင် လေးခုပါနော်၊ ဆို့ပိတ်တယ်။ ပယ်ရှားတယ်၊ ဖြစ်အောင်လုပ်တယ်၊ တိုးအောင်လုပ်တယ်။ ကဲ... ဒါဖြင့် ဆို့ပိတ်တာဟာ ဘာကိုဆို့ပိတ်တာလဲဆိုတော့ အကုသိုလ်မဖြစ်အောင် ဆို့ပိတ်ရမယ်တဲ့၊ ကိုယ့်ရဲ့စိတ်ထဲကို အကုသိုလ်တွေဝင်မလာအောင် ဆို့ပိတ်ထားရမယ်၊ ဒါ “သမ္မာဝါယာမ”လို့ခေါ်တယ် ဟုတ်ရဲ့လား။

ခြင်တွေဘာတွေမဝင်အောင် အိမ်ထဲ ခွေးတွေ၊ တိရစ္ဆာန်တွေ ကိုယ်မဝင်ချင်တဲ့အရာတွေမဝင်အောင် မဆို့မပိတ်ကြဘူးလား။ အေး.. ဆို့ပိတ်ထားတယ်၊ ဝင်လာပြီဆိုရင် မောင်းမထုတ်ဘူးလား၊ မောင်းထုတ်ရတယ်၊ အေး.. ခြင်တော့ဝင်လာပြီဆိုရင် မောင်းထုတ်တယ်၊ မဝင်အောင်လည်း ပိတ်ထားတယ်နော်။

စာမျက်နှာ-၅၃
ကိုယ်ရဲ့သန္တာန်မှာ ဒေါသကလေးဝင်လာလို့ရှိရင် မဝင်ရအောင် ဆို့ပိတ်ထားရမယ်၊ ဝင်လာပြီဆိုရင်လည်း မောင်းထုတ်နိုင်အောင် ကြိုးစားရမယ်။ အဲဒါလေးတော့ လက်ခံထားပါ။ လောဘဝင်လာလာ၊ ဒေါသဝင်လာလာ၊ မောဟဝင်လာလာ ခြင်ဝင်တာထက် မဆိုးပေဘူးလား၊ ဆိုးတာပေါ့၊ ဒီ သမ္မာဝါယာမ-မှန်ကန်စွာ ကြိုးစားအားထုတ်တယ်ဆိုတာ ကိုယ်ရဲ့နှလုံးသားထဲမှာ အကုသိုလ်ဝင်မလာအောင် ဆို့ပိတ်ထားရမယ်တဲ့၊ ဘာနဲ့ပိတ်ရမလဲ၊ သတိတံခါးနဲ့ပိတ်ရမယ်၊ မတော်တဆ သတိလက်လွတ်လို့ ဝင်လာပြီဆိုရင်လည်း မောင်းထုတ်ပစ်ရမယ်၊ ဒါဟာ တကယ့်သဘာဝပဲ။ ကဲ... ဒါဖြင့်ရင် တိုးပွားအောင်ဖြစ်စေရမယ်ဆိုတာ ဘာတုံးဆိုရင် ကိုယ့်သန္တာန်မှာ ကုသိုလ်စိတ်တွေမဖြစ်သေးဘူးဆိုရင် ဖြစ်လာအောင်လုပ်ရမယ်၊ ဖြစ်လာပြီးတဲ့နောက်လည်း တိုးပွားလာအောင်လုပ်ရမယ်။ လူတွေကတော့ စီးပွားရေးကျတော့ မရသေးမချင်းရအောင် ရှာကြတယ်၊ ရအောင်ရှာကြတယ်၊ ရအောင်ရှာပြီး တိုးအောင်လုပ်ကြတယ်၊ မလုပ်ဘူးလား၊ လုပ်တာပေါ့။ အေး..

စာမျက်နှာ-၅၄
အဲဒါလိုပဲ စီးပွားတင်မဟုတ်ဘူး၊ ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာ ကုသိုလ်တရားတွေဖြစ်အောင်လုပ်ဖို့လိုအပ်တယ်၊ ဖြစ်လာပြီလို့ဆိုရင် အရင်းအနှီးထားပြီးတော့ တိုးအောင်လုပ်ဖို့လိုတယ်တဲ့ ဟုတ်ကဲ့လား၊ တိုးအောင်ဘယ်လိုလုပ်ရမလဲဆိုရင် ထပ်တလဲလဲလုပ်တာဟာ တိုးတာပေါ့။

ဥပမာ - မေတ္တာပို့မယ်၊ မနက်တစ်ခါပို့မယ်၊ နေ့လည်တစ်ခါပို့မယ်၊ ညနေတစ်ခါပို့မယ်၊ (သို့) အချိန်မရွေး အားတဲ့အခါတိုင်း မေတ္တာပို့နေမယ်၊ တိုးမနေဘူးလား၊ ကုသိုလ်စိတ်တွေ ကိုယ့်သန္တာန်မှာတိုးနေတာလေ၊ အဲဒီလို တိုးအောင်လုပ်တာကို “သမ္မာဝါယာမ”လို့ခေါ်တာပဲ။ ကုသိုလ်တွေတိုးလို့ လုံလောက်လာရင် ဆိုပါစို့... ပိုက်ဆံရှာတယ်၊ ပိုက်ဆံတွေလုံလုံလောက်လောက်ရှိလာရင် ကိုယ်လိုချင်တာဝယ်လို့ရတယ်မဟုတ်လား၊ ထို့အတူပဲ ကုသိုလ်တရားတွေတိုးလာလို့ရှိရင် ကိုယ်လိုချင်တာတွေရလာမှာပေါ့။ နိဗ္ဗာန်လောက်ထိအောင် ပေးနိုင်တဲ့အစွမ်းတွေရှိလာရင် နိဗ္ဗာန်ရမှာပေါ့၊ ဒါပြောတာနော်၊ ဒါဟာ သမ္မာဝါယာမ။

စာမျက်နှာ-၅၅
အေး... အဲဒီလို ကြိုးစားပြီဆိုရင် ဘာအရေးကြီးလဲဆိုတော့ သတိအရေးမကြီးဘူးလား၊ ကြီးတယ်နော်၊ အေး... ဒါကြောင့်မို့ သမ္မာသတိ-မှန်ကန်တဲ့သတိ ထားရမယ်။ ဒါဖြင့်ရင် သတိကဘယ်မှာထားရမလဲဆိုရင် ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ ကိုယ့်သန္တာန်မှာပဲထားရမယ်၊ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်တရားလေးပါး သတိထားရမယ့်နေရာပြောတာနော်။ ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ ကာယပေါ်မှာထားမယ်၊ ခံစားချက် ဝေဒနာပေါ်မှာထားမယ်၊ ကိုယ့်စိတ်ပေါ်မှာထားမယ်။ (သို့) ကျန်တဲ့သဘာဝတရားတွေအပေါ်မှာထားမယ်။ ဟော... ဒါက သတိကိုတည်ဆောက်တာနော်။ သတိတည်ဆောက်ထားပြီဆိုရင် စိတ်ကလေးငြိမ်အောင်လုပ်ဖို့ အရေးကြီးလာပြီတဲ့၊ အဲဒီစိတ်ကလေးငြိမ်မှနော်၊ မငြိမ်လို့ရှိရင် မှန်ကန်စွာသိဖို့ဆိုတာဟာ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့်မို့လို့ သမ္မာသမာဓိ စိတ်ကလေးကိုငြိမ်အောင်လုပ်ပါတဲ့။ မဂ္ဂင်ရှစ်ပါးဆိုတာဟာ တကယ်အရေးကြီးတာနော်။ အဲဒါတွေဟာ ဟန်ချက်

စာမျက်နှာ-၅၆
ညီညီနဲ့အလုပ်လုပ်သွားပြီဆိုရင် “နိဗ္ဗာနဿ သစ္ဆိကိရိယာယ” - နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ရာ ဖြစ်သွားတယ်တဲ့။ ဒါကြောင့်မို့ သာရဏီယတရားကိုအခြေခံပြီးတော့ ကျင့်ကြံကြိုးကုတ်အားထုတ်လိုက်မယ်ဆိုလို့ရှိရင် ကုသိုလ်တွေတိုးတက်လာပြီး နောက်ဆုံး နိဗ္ဗာန်ထိအောင် မျက်မှောက်ပြုနိုင်ကြမှာဖြစ်တယ်။ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့သည် မိမိတို့မိသားစုအတွင်းမှာပဲဖြစ်စေ၊ အသင်းအဖွဲ့တွေမှာဖြစ်စေ၊ သာရဏီယတရားလက်ကိုင်ထားပြီးတော့ ကုသိုလ်တရားတွေတိုးပွားအောင် ကြိုးစားခြင်းဖြင့် မဂ္ဂင်ရှစ်ပါးအကျင့်တရားဆိုတဲ့ လမ်းကြောင်းပေါ်လျှောက်ပြီး နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်အောင် ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု....
aguv7wsfxwt6px1pp4lu68l2bpmmupy
သာသနာပြုစွမ်းအားစု
0
6402
22202
2026-06-19T03:30:42Z
Tejinda
173
"{{header | title = သာသနာပြုစွမ်းအားစု | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[သာရဏီယတရား]..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22202
wikitext
text/x-wiki
{{header
| title = သာသနာပြုစွမ်းအားစု
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[သာရဏီယတရား]]
| previous2 =
| next = [[သူတော်ကောင်းတို့၏ စိတ်နေသဘောထား]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

သာသနာပြုစွမ်းအားစု
သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၃-ရက်၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အလယ်ရပ် ရွှေကျင်ဓမ္မာရုံကျောင်းတိုက် ဝိနယဗိမာန်တော်ကြီးအတွင်းဝယ် (၂၇)ကြိမ်မြောက် မုံရွာခရိုင် (၈)မြို့နယ်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနည်း စာတော်ပြန်ပွဲကြီးနှင့် စပ်လျဉ်း၍ ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ညဦးယံဓမ္မသဘင်အခမ်းအနားဝယ် မုံရွာမြို့ အလယ်ရပ် ဗိုလ်ချုပ်လမ်း ဦးဘငြိမ်းနှင့် သားသမီးများ အထည်ဆိုင် မိသားစုများဖြစ်ကြသော ဒေါ်ညွန့်ညွန့်၊ ဦးဉာဏ်ဝင်း၊ ဒေါ်ညွန့်ညွန့်ဆွေ၊ သမီး-မသင်းထက်ဦး၊ ကိုဖုန်းကျော်မြင့်၊ မဇင်မင်းထက်၊ မမေသော်ထက်၊ မြေး-မောင်ရဲရင့်အောင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူအပ်သော “သာသနာပြုစွမ်းအားစု” တရားဒေသနာတော်။

ဗုဒ္ဓမြတ်စွာဘုရားရဲ့ သာသနာတော်ကို မှီခိုကြည်ညိုလေးစားကြတဲ့ သာသနာတော်နဲ့ ကြုံတွေ့နေကြတဲ့ တရားချစ်ခင်သူတော်စင်ပရိသတ်တို့အားလုံးဟာ သာသနာပြုဆိုတဲ့စကားလုံးကို ကြိမ်ဖန်များစွာ

စာမျက်နှာ-၂
ကြားဖူးကြတယ်၊ လောကမှာ သာသနာပြုဆိုတာ ဘယ်လိုမှ သာသနာပြုဆိုတဲ့အဓိပ္ပါယ်ရသလဲ၊ သာသနာပြုဆိုတာ ဘာကို ပြောတာလဲ၊ သာသနာပြုတဲ့နေရာမှာ အဓိကလိုအပ်တဲ့စွမ်းရည်တွေက ဘာတွေလဲဆိုတာ သိရှိနားလည်အောင် ဒီကနေ့ ဒီတရားကို ရွေးချယ်ပြီး ဟောပြောဖို့ စိတ်ကူးတယ်။ ။

ဗုဒ္ဓမြတ်စွာဟာ သာသနာတော်ကို ဘယ်အချိန် ဘယ်လို စတင်ပြီးတော့ တည်ထောင်ခဲ့သလဲဆိုတာ ပြန်ပြီး ကြည့်ရမယ်၊ သာသနာဆိုတာ ဘာကို ခေါ်တာလဲလို့ နံပါတ်တစ်လေ့လာဖို့ လိုတယ်၊ သာသနာဆိုတာ ဗုဒ္ဓမြတ်စွာဟောကြားတဲ့ တရားတော်တွေကို ရည်ညွှန်းတာဖြစ်ပေမယ့်လို့ အဓိက ဘာတွေလဲဆိုရင် မဂ္ဂင်ရှစ်ပါးတရားကို သာသနာလို့ ခေါ်တယ်။ မဇ္ဈိမပဋိပဒါလို့ခေါ်တဲ့ အလယ်လမ်းမဂ္ဂင်ရှစ်ပါးကို သာသနာလို့ သတ်မှတ်တယ်၊ ဒီထက်နည်းနည်း အကျယ်ချဲ့ကြည့်လိုက်မယ်ဆိုရင် ထိုမဂ္ဂင်ရှစ်ပါးထဲမှာ အကျုံးဝင်တဲ့ သတိပဋ္ဌာန် ၄-ပါး၊ သမ္မပ္ပဓာန် ၄

စာမျက်နှာ-၃
ပါးစတဲ့ ဗောဓိပက္ခိယတရား ၃၇-ပါးဟာ ဗုဒ္ဓမြတ်စွာရဲ့သာသနာပါလို့ ဒီလိုသိဖို့ လိုတယ်။

သာသနာဆိုသည်မှာ ဘုရားကျောင်းကန်တွေလို့ မအောက်မေ့နေလေနဲ့၊ ဘုရားကျောင်းကန်တွေ ရှိပြီး သာသနာမရှိတဲ့နိုင်ငံတွေ အများကြီးရှိတယ်၊ အဲဒီတော့ သာသနာဆိုတဲ့မဂ္ဂင်ရှစ်ပါးအကျင့်တရားကို သင်လည်းသင်ကြတယ်၊ လိုက်နာကျင့်သုံးမှုလည်း ရှိနေကြတယ်၊ ဒါကို သာသနာတည်နေတယ်လို့ ခေါ်တယ်။

ဗောဓိပက္ခိယတရား ၃၇-ပါးဆိုတဲ့ ဒီအနှစ်ချုပ်တရားတွေကို ဟောကြားထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဒေသနာတော်တွေကို စုစည်းထားလိုက်တာ ၄၅-ဝါ ဟောတဲ့တရားတွေ နည်းတာမဟုတ်ဘူး၊ ဗုဒ္ဓမြတ်စွာ ၄၅-နှစ်တာကာလပတ်လုံး မရပ်မနားဟောကြားတော်မူခဲ့တဲ့ ဒေသနာတွေဟာ ဒီကနေ့ အနှစ်ချုပ်ပြီး မှတ်တမ်းတင်တာသည်ပင်လျှင် စာမျက်နှာပေါင်းလေးသောင်းခန့် ရှိတယ်၊ ပိဋကအားဖြင့် ပြော

စာမျက်နှာ-၄
မယ်ဆိုရင် ပိဋကသုံးပုံလို့ ပြောရမှာပေါ့နော်၊ သုတ္တန္တလို့ခေါ်တဲ့တရားက တစ်ပုံ၊ သုတ္တန္တ (သုတ္တ) ဆိုတာ မြတ်စွာဘုရားက လိုက်နာကျင့်သုံးဖို့ guide line ပေးထားတာတွေကို ခေါ်တာ၊ မြတ်စွာဘုရားက တရားဓမ္မကို ဘယ်လိုကျင့်သုံးရတယ်၊ သီလဘယ်လိုဆောက်တည်ရတယ်၊ ဒါနကောင်းမှု ဘယ်လိုလုပ်ရတယ်၊ ဘာဝနာကောင်းမှု ဘယ်လိုကျင့်သုံးရတယ်ဆိုတာ နည်းစနစ်တွေ guide line တွေ ပေးတဲ့ဒေသနာမျိုးကို သုတ္တန္တလို့ ခေါ်တယ်။

မူရင်း သုတ္တဆိုတဲ့စကားလုံးက ရှေ့တုန်းက သစ်စက်ကြီးတွေ မပေါ်ခင်တုန်းက သစ်တုံးကြီးတွေကို လွှနဲ့ဆွဲကြရတယ်၊ သစ်တုံးကြီးတွေကို လွှနဲ့ဆွဲပြီးတော့ ခွဲတဲ့အခါမှာ လွှသမားတွေ အသုံးပြုတဲ့တံမျဉ်းချည်ဆိုတာ ရှိတယ်၊ ချည်ကို အနက်ရောင်ဆိုးထားပြီးတော့ ဟိုဘက်ဒီဘက် အစနှစ်ဖက် ကိုင်ထားပြီး မိမိတို့ခွဲစိတ်မယ့်နေရာကို မျဉ်းတားတဲ့အနေနဲ့ တံမျဉ်းကြိုးဆိုတာ ရိုက်ရတယ်၊ အဲဒီလို ရိုက်ပြီးတော့ အဲဒီ

စာမျက်နှာ-၅
မျဉ်းသားထားတဲ့အတိုင်း သစ်လုံးကြီးကို ခွဲတာ၊ သုတ္တဆိုတဲ့စကားလုံးက လွှသမားတွေအသုံးပြုတဲ့တံမျဉ်းကြိုးနဲ့ အလားတူတယ်တဲ့၊ ဒါနကောင်းမှု ဘယ်လိုလုပ်ရမယ်၊ သီလဘယ်လိုဆောက်တည်ရမယ်၊ ဘာဝနာကောင်းမှု ဘယ်လိုပြုရမလဲလို့ နည်းစနစ်တွေပေးထားသလို guide line ပေးထားတဲ့ဒေသနာတော်တွေကို သုတ္တန္တလို့ ခေါ်တာ၊ မြန်မာလူမျိုးတွေက သုတ္တန္တကို အလွယ်တကူ သုတ်လို့ ခေါ်လိုက်တယ်၊ ဒါက ပိဋကတစ်ပုံပေါ့။

နောက် ရဟန်းတော်တွေကို စည်းမျဉ်းစည်းကမ်းနဲ့အညီ လိုက်နာကျင့်သုံးဖို့ ဥပမာမယ်-ရှင်သာမဏေဝတ်တဲ့အခါမှာ ဘယ်လိုဝတ်ရမယ်၊ ရှင်ပြုပေးတဲ့အခါ ဘယ်လိုရှင်ပြုပေးရမယ်၊ ရဟန်းခံပေးတဲ့အခါမှာ ဘယ်လိုရဟန်းခံပေးရမယ်၊ ရှင်ရဟန်းဖြစ်လာလို့ရှိရင် ဘယ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နေရမယ်လို့ ဝိနည်းဆိုင်ရာ ကျင့်ဝတ်ဆိုင်ရာ ရဟန်းတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ ကိုယ်နှုတ်

စာမျက်နှာ-၆
ယဉ်ကျေးအောင်ဆုံးမတဲ့ဒေသနာကို ဝိနယလို့ ခေါ်တယ်၊ ဝိနယဆိုတာ အဆုံးအမ စည်းမျဉ်းဥပဒေ၊ အဲဒါကို မြန်မာလို ဝိနည်းလို့ ခေါ်တယ်။

အဲဒီဝိနည်းတွေ မမေ့ရအောင် ဒီကနေ့ ဝိနည်းစာပြန်ပွဲတွေ ကျင်းပပြီး သာသနာပြုလာတာ (၂၇)ကြိမ်မြောက် ရှိပြီ၊ မုံရွာခရိုင် (၈)မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာပြန်ပွဲကြီးတွေမှာ နှစ်စဉ်နဲ့အမျှ ကျင်းပတာ ဘာဖြစ်လို့တုန်းဆိုတော့ ရဟန်းသံဃာတွေ လိုက်နာကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းတွေ ပျောက်ပျက်မသွားအောင်လို့ပဲ ဖြစ်တယ်။

ပျောက်ပျက်မသွားအောင် ဘယ်လိုထိန်းရမလဲဆိုလို့ရှိရင် နံပါတ်(၁) သင်ယူခြင်း၊ နံပါတ်(၂) သိထားတဲ့အတိုင်း ကျင့်သုံးခြင်း၊ ဒီနှစ်ခုနဲ့ သွားရမယ်။ သင်ယူခြင်းနဲ့ ကျင့်သုံးခြင်း၊ theoretical နဲ့ practical ပေါ့၊ လက်တွေ့ကျင့်သုံးတာလည်း ပါရမယ်၊ သင်ကြားတာလည်း ပါရမယ်၊ အဲဒီလိုမဟုတ်လို့ရှိရင် နည်းစနစ်တွေဟာ မသင်လို့ရှိရင်လည်း ပျောက်ပျက်

စာမျက်နှာ-၇
သွားမယ်၊ မကျင့်လို့ရှိရင်လည်း အသုံးမဝင်ဖြစ်သွားလိမ့်မယ်၊ သင်လည်းသင်ရမယ်၊ သင်ထားတဲ့အတိုင်းလည်း ကျင့်သုံးရမယ်၊ အဲဒီဝိနည်းက ပိဋကတစ်ပုံ၊ ဟုတ်ကဲ့လား။

နောက် အဘိဓမ္မ၊ အဘိဓမ္မဆိုတာကျတော့ သဘာဝတရားတွေဟာ တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီးတော့ ဘယ်ပုံဖြစ်ပေါ်နေကြတယ်၊ ပုဂ္ဂိုလ်သတ္တဝါတွေနဲ့ ရောယှက်ပြီးတော့ မပြောဘဲနဲ့ သဘာဝတရားသက်သက်ကို အကျယ်ချဲ့ပြီးတော့ ရှင်းလင်းဟောကြားတဲ့ဒေသနာမျိုး၊ ပရမတ္ထဒေသနာပေါ့။ ပရမတ္ထတရားဆိုက်တဲ့အထိ ဟောထားတဲ့ဒေသနာမျိုးကို အဘိဓမ္မလို့၊ အဲဒီအဘိဓမ္မက ပိဋကတစ်ပုံ၊ အားလုံးပေါင်းလိုက်ရင် ၄၅-ဝါကာလပတ်လုံး ဟောထားတာ သုတ်၊ ဝိနည်း၊ အဘိဓမ္မ - ဒါကို ပိဋကသုံးပုံလို့ ခေါ်တယ်။

အဲဒီပိဋကသုံးပုံမှာ ပိဋကဆိုတဲ့စကားလုံးက “သင်ယူရမယ့်ကျမ်းစာ”လို့ ဒီလိုအဓိပ္ပါယ်ရတယ်၊

စာမျက်နှာ-၈
ခုခေတ်တော့ နိုင်ငံခြားသားတွေက ပိဋကကို “ခြင်းတောင်း”ဆိုတဲ့အဓိပ္ပါယ်နဲ့ basket လို့ ပြန်ကြတယ်၊ ဒါကြောင့်မို့လည်း ပိဋကသုံးပုံကို three basket လို့ ပြန်တယ်၊ ခြင်းတောင်းကြီးသုံးလုံးပေါ့လေ၊ တစ်ခုစီ တစ်ခုစီ မတူညီတဲ့အရာတွေကို ထည့်သွင်းပြီးထားတဲ့ ခြင်းတောင်းကြီးသုံးလုံးကို ပိဋကသုံးပုံလို့၊ သို့သော်လည်း ပိဋကက “ခြင်းတောင်း”ကို ဟောတာတော့ ရှိပါရဲ့၊ ဗုဒ္ဓမြတ်စွာဟောကြားတဲ့ တရားတော်တွေကတော့ တကယ်က သင်ယူပြီးတော့ လိုက်နာကျင့်သုံးရမယ့်တရားတွေ ဖြစ်နေလို့ ပိဋကလို့ ဒီလိုအဓိပ္ပါယ်ရတယ်၊ “သင်ရမယ့်တရားတွေ”လို့ ဒီလိုပြောတာနော်။ ။

မြတ်စွာဘုရား ၄၅-ဝါကာလပတ်လုံး ဟောထားတဲ့ဒေသနာတော်တွေကို အနှစ်ချုပ်ကြည့်လိုက်မယ်ဆိုရင် သာသနာဆိုတဲ့စကားလုံးက ဖော်ပြတဲ့ မဂ္ဂင်ရှစ်ပါး (သို့မဟုတ်) ဗောဓိပက္ခိယတရား ၃၇-ပါး၊ အဲဒီတရားတွေကို သိအောင်လုပ်ရမယ်၊ သင်လည်း

စာမျက်နှာ-၉
သင်ရမယ်၊ သင်ထားတဲ့အတိုင်းလည်းပဲ လက်တွေ့ကျင့်သုံးရမယ်၊ သင်ခြင်းကို ပရိယတ္တိလို့ ခေါ်တယ်၊ လက်တွေ့ကျင့်သုံးခြင်းကို ပဋိပတ္တိလို့ ခေါ်တယ်။ သင်ရုံသင်ပြီးတော့ မကျင့်သုံးဘူးဆိုရင် အနံ့ကင်းတဲ့ပန်းနဲ့ အလားသဏ္ဌာန်တူနေလိမ့်မယ်၊ သင်လည်းသင်ရမယ်၊ ကျင့်လည်းကျင့်ရမယ်၊ ဒါ သာသနာပြုစွမ်းအားစုပဲ။ အဲဒီတော့ သာသနာပြုတယ်၊ သာသနာပြုတယ်ဆိုတာ ဗုဒ္ဓမြတ်စွာဟောကြားတဲ့ တရားဓမ္မတွေကို သင်ယူခြင်းနဲ့ ထိုတရားဓမ္မတွေအတိုင်း လိုက်နာကျင့်သုံးခြင်းကို ခေါ်တယ်၊ ဒါဟာ တကယ့်အစစ်အမှန် သာသနာပြု။ ကျန်တာတွေကော သာသနာပြုမဟုတ်ဘူးလား? ဘုရားတည်တယ် ကျောင်းဆောက်တယ်၊ ဒါတွေက သာသနာပြုနိုင်အောင် အထောက်အပံ့အကူအညီပေးတာတွေသာ ဖြစ်တယ်၊ ဒီလိုအထောက်အပံ့အကူအညီမပေးလို့ရှိရင်လည်းပဲ သာသနာပြုတယ်ဆိုတဲ့အဆင့်ကို ရောက်နိုင်ပါ့မလား၊

စာမျက်နှာ-၁၀
(မရောက်ပါဘူးဘုရား)၊ ထမင်းစားတော့မယ်ဆိုလို့ရှိရင် စားတာကတော့ ထမင်းပဲစားမှာပေါ့။ သို့သော်လည်းပဲ ဆန်ဆေးရတယ်၊ မီးမွှေးရတယ်၊ ထမင်းအိုးတည်ရတယ်ဆိုတဲ့အလုပ်တွေ မလုပ်ရဘူးလား၊ အဲဒါတွေမလုပ်ဘဲနဲ့ ထမင်းစားလို့ရမလား၊ မရသလိုပဲ အခုလည်း သာသနာပြုဆိုတဲ့လုပ်ငန်းတွေထဲမှာ ဘုရားတည်ရတယ် ကျောင်းဆောက်ရတယ်ဆိုတာ အသိုင်းအဝိုင်းတွေ လုပ်ပေးတာပဲ၊ ဗုဒ္ဓမြတ်စွာဟောကြားတဲ့ တရားဓမ္မတွေက အတိုင်းအတာပမာဏအားဖြင့် လွန်စွာပဲ များပြားလှတယ်၊ ပိဋကအားဖြင့်သုံးပုံ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ။ ။

နိကာယ်ဆိုတာနဲ့ပြောရင် ၅-မျိုး၊ နိကာယ်ဆိုတာ နိကာယဆိုတဲ့ ပါဠိစကားက လာတာ၊ နိကာယဆိုတာ “အပေါင်းအစု”လို့ အဓိပ္ပါယ်ရတယ်၊ ပေါင်းစုထားတာ collection ပေါ့။ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေကို နိကာယ်နဲ့ ခွဲလိုက်လို့ရှိရင် ငါးခုရှိတယ်၊ ဒါကြောင့်မို့ နိကာယ်ငါးရပ်လို့ ခေါ်ကြတာ။

စာမျက်နှာ-၁၁
နိကာယ်ငါးရပ်ဆိုတာ ဘာတွေတုန်းလို့ မေးလို့ရှိရင် ဒီဃနိကာယတဲ့၊ ပါဠိလို အရင်မှတ်၊ ဒီဃဆိုတာ ရှည်လျားသော၊ နိကာယ သုတ်တို့ရဲ့ အစုအပေါင်း၊ အင်မတန်ရှည်လျားတဲ့သုတ္တန်တွေကို စုထားတဲ့အစုကို ဒီဃနိကာယလို့ခေါ်တယ်၊ ဒါကတစ်ခု၊ နောက်တစ်ခုက မဇ္ဈိမနိကာယ၊ မတိုမရှည် အလယ်အလတ်ရှိတဲ့ မြတ်စွာဘုရားဟောကြားတဲ့ သုတ္တန်တွေကို စုထားတာက မဇ္ဈိမနိကာယ်။ ။

တစ်ခါ ပတ်သက်ရာ ပတ်သက်ရာ ဆက်နွယ်ရာ ဆက်နွယ်ရာ အကြောင်းအရပ်တွေအလိုက် ဥပမာ - ဘီလူးတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာရှိတယ်၊ ဘိက္ခုတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာရှိတယ်၊ ဘိက္ခုနီတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာရှိတယ်၊ သိကြားမင်းကြီးနဲ့ပတ်သက်တဲ့ အကြောင်းအရာရှိတယ်၊ အဲဒီလို ပတ်သက်ရာ ပတ်သက်ရာတွေကို ဆက်သွယ်ပြီးတော့ ဖော်ပြထားတဲ့နိကာယ်ကို သံယုတ္တနိကာယလို့ခေါ်တယ်။

စာမျက်နှာ-၁၂
နောက်နိကာယ်တစ်ခုက အင်္ဂုတ္တရနိကာယ၊ အကြောင်းအရာကို တစ်ကနေပြီး တစ်ဆယ့်တစ်ထိအောင် အကြောင်းအရာတစ်မျိုးက တစ်စု၊ အကြောင်းအရာနှစ်မျိုးက တစ်စု၊ သုံးမျိုးက တစ်စု၊ တစ်စုစီ တစ်စုစီ တိုးသွားလိုက်တာ ဘယ်လောက်ထိတောင် တိုးတုန်းဆိုရင် တစ်ကနေ တစ်ဆယ့်တစ်ထိ၊ အဲဒီအကြောင်းအရာ အစုလိုက် အစုလိုက် ဖော်ပြတဲ့နိကာယ်ကိုတော့ အင်္ဂုတ္တရနိကာယလို့ခေါ်တယ်။ အင်္ဂဆိုတာ အချက်အလက်၊ ဥတ္တရက ပိုပိုလာတယ်၊ အချက်အလက်တစ်ခု၊ အချက်အလက်နှစ်ခု၊ အချက်အလက်သုံးခု၊ နောက်ဆုံး အချက်အလက်တစ်ဆယ့်တစ်ခု၊ အဲဒီလို လောကမှာ မှတ်သားစရာတွေ၊ ဓမ္မရေးရာ လောကရေးရာ ကျင့်သုံးလိုက်နာစရာတွေ အချက်အလက်တွေ တစ်ခုပိုပိုပြီးတော့လာတဲ့သုတ္တန်တွေကို စုထားတာက အင်္ဂုတ္တရနိကာယလို့ခေါ်တယ်။

စာမျက်နှာ-၁၃
မြတ်စွာဘုရားဟောထားတဲ့ ကျန်တဲ့တရားတွေအားလုံးကို ရောပြွမ်းပြီးတော့ မှတ်တမ်းတင်ထားတာက ခုဒ္ဒကနိကာယတဲ့၊ နိကာယ်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် ငါးခု။

ဒါကြောင့် ၄၅-ဝါကာလပတ်လုံး မြတ်စွာဘုရားဟောခဲ့တဲ့တရားဓမ္မတွေဟာ အတိုင်းအတာပမာဏအားဖြင့် အလွန်များတယ်၊ ပိဋကအားဖြင့် ပြောမယ်ဆိုရင် သုံးခု၊ နိကာယ်အားဖြင့် ပြောမယ်ရှိလို့ရှိရင် ငါးခု၊ မြတ်စွာဘုရားသည် အားလုံးသိကြတဲ့အတိုင်း “ဒွေမေ ဘိက္ခဝေ အန္တာ” စတဲ့ ဓမ္မစက္ကပဝတ္တနသုတ်ကနေစပြီး ဟောလိုက်တာ နောက်ဆုံးမှာ မဟာပရိနိဗ္ဗာနသုတ် သုဘဒ္ဒပရဗိုဇ်ကြီးကို ချွတ်တဲ့အခန်း မဂ္ဂင်ရှစ်ပါးရှင်းပြသည့်အခန်းထိအောင် မြတ်စွာဘုရားဟောလာခဲ့တဲ့တရားတွေဟာ အလွန်များတယ်၊ ဒီစာပေတွေဟာ ဒီကနေ့ထိအောင် မြန်မာနိုင်ငံမှာ အထင်အရှားရှိနေတုန်းပဲ၊ သင်နေတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်၊ နားလည်းလည်ကြတယ်၊ လိုက်နာကျင့်သုံးနေ

စာမျက်နှာ-၁၄
ကြတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်၊ ဒါကို သာသနာတည်နေတယ်လို့ ခေါ်တာ။

ဘုရားစကားတွေ စာအုပ်ထဲမှာရှိနေတာ သာသနာတည်တာမဟုတ်ဘူး၊ ပေထုပ်ထဲမှာ ရှိနေတာကို သာသနာတည်တယ်လို့ ပြောတာမဟုတ်ဘူး၊ ကျောက်တုံးကြီးပေါ်မှာ ရှိနေတာကို သာသနာတည်တယ်လို့ ပြောတာမဟုတ်ဘူး၊ လူတွေရဲ့နှလုံးသားထဲရောက်မှ သာသနာတည်တယ်လို့ ပြောတာ၊ မြတ်စွာဘုရားအဆုံးအမတွေ ကိုယ့်နှလုံးသားထဲမှာ တည်တယ်ဆိုလို့ရှိရင် ကိုယ့်မှာ သာသနာရှိတယ်လို့ ခေါ်တယ်။

မြတ်စွာဘုရားအဆုံးအမတွေ နှလုံးသားထဲက ပျောက်ကွယ်သွားပြီဆိုရင် ဒီပုဂ္ဂိုလ် သာသနာကွယ်နေတာနဲ့ မတူဘူးလား၊ (တူပါတယ်ဘုရား)၊ ဘယ်လိုပဲ ဘုရားကျောင်းကန်တွေတွေ့ရတွေ့ရမှ ဘုရားဖူးတွေ ဘယ်လိုပဲ လည်နေနေ ကျောင်းတွေ ဘယ်လိုပဲသွားသွား၊ ပိဋကသုံးပုံထဲမှာ ဟောထားတဲ့တရားဓမ္မ

စာမျက်နှာ-၁၅
ရဲ့အနှစ်ချုပ်တွေ ကိုယ့်နှလုံးသားထဲမရောက်ဘူး၊ လက်တွေ့ကျင့်သုံးမှုမရှိဘူးလို့ဆိုရင် သာသနာတည်တယ်လို့ ခေါ်နိုင်ပါ့မလား၊ (မခေါ်နိုင်ပါဘုရား)၊ ဒီတော့ ရင်ထဲကသာသနာက ပိုအရေးမကြီးဘူးလား၊ (အရေးကြီးပါတယ်ဘုရား)၊ ကိုယ့်ရင်ထဲက သာသနာကို မပျောက်အောင် ထိန်းရမယ်။ အဲဒီလိုထိန်းတာ ဘာနဲ့ထိန်းသလဲဆိုရင် သင်ယူရမယ်၊ အခု တရားနာနေတာဟာ သင်နေတာပဲ။ စာအုပ်ကြီးကိုင်ပြီး စာဖတ်နေတာမှ သင်တာမဟုတ်ဘူး၊ ဓမ္မကထိကတွေ တရားဟောတဲ့အခါ တရားနာနေတာဟာ သင်နေတာပဲ၊ ကိုယ်မသိသေးတာတွေ ကိုယ်သိလာတာ ဒါ သင်နေတာပဲ၊ အဲဒီတရားဟောတဲ့ထဲက မှတ်သားပြီး လက်တွေ့ကျင့်သုံးမယ်ဆိုရင် ကျင့်နေတာလို့ခေါ်တယ်၊ ဒါ သာသနာပြုတာ၊ သာသနာပြုတယ်ဆိုတာ သင်တာနဲ့ ကျင့်တာ ဒီနှစ်ခုပဲ၊ ဒါကြောင့်မို့ ပရိယတ္တိသာသနာ ပဋိပတ္တိသာသနာလို့ ဒီလိုပြောတာ။

စာမျက်နှာ-၁၆
မြတ်စွာဘုရားရဲ့သာသနာတော်ဟာ ပိဋကသုံးပုံ နိကာယ်ငါးဖြာ အတိုင်းအတာပမာဏအားဖြင့် အလွန်များလှသော်လည်း အနှစ်ချုပ်ကြည့်လိုက်မယ်ဆိုရင် မဂ္ဂင်ရှစ်ပါးတရားပဲ၊ မြတ်စွာဘုရားက ဒေသနာတော်ကို မဂ္ဂင်ရှစ်ပါးအကျင့်တရားနဲ့ ဓမ္မစကြာမှာ ဖွင့်ဆိုပြီးတော့ နောက်ဆုံးကိုယ်တော်မြတ်ဟာ သက်တော် (၈၀)ရှိလို့ကုသိနာရုံအင်ကြင်းစုံရဲ့အကြားမှာ ပရိနိဗ္ဗာန်စံတော်မူရာညောင်စောင်းမှာ လဲလျောင်းရင်း သုဘဒ္ဒကို နောက်ဆုံးဟောသွားတာဟာလည်း မဂ္ဂင်ရှစ်ပါးပဲ၊ ဗုဒ္ဓမြတ်စွာရဲ့ ပိဋကတ်နဲ့ နိကာယ်ငါးရပ်ကို အနှစ်ချုပ်ကြည့်လိုက်မယ်ဆိုရင် မဂ္ဂင်ရှစ်ပါးပဲ ကျန်တယ်၊ အဲဒီမဂ္ဂင်ရှစ်ပါးတရားကို ကိုယ်တိုင်လည်း သိအောင်သင်ယူတယ်၊ လက်တွေ့လည်း ကျင့်သုံးတယ်ဆိုလို့ရှိရင် ဒါ သာသနာပြုနေတဲ့စွမ်းအားတွေ ကိုယ့်သန္တာန်မှာ ရှိမနေဘူးလား၊ ရှိနေတယ်။ ။

ဘုရားတည်ကျောင်းဆောက်မှ သာသနာပြုတာမဟုတ်ဘူး၊ ကိုယ့်ရင်ထဲမှာ ဗုဒ္ဓမြတ်စွာရဲ့တရားတွေကို

စာမျက်နှာ-၁၇
တစ်လုံးသိသိ နှစ်လုံးသိသိ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ ထဲက ဓမ္မက္ခန္ဓာတစ်ခုပဲသိသိ၊ ဟုတ်ကဲ့လား။

ကြည့်လေ - မြတ်စွာဘုရားက မင်္ဂလသုတ်မှာဆိုရင် အခြေခံလူ့ကျင့်ဝတ်အနေနဲ့ ဟောလိုက်တယ်၊ “အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ” လူမိုက်တွေ မသိမလိမ္မာတဲ့ပုဂ္ဂိုလ်တွေနဲ့ အပေါင်းအသင်းမလုပ်နဲ့တဲ့၊ ပညာရှိတွေနဲ့ပေါင်းတဲ့၊ ဒါ မြတ်စွာဘုရားဟောတဲ့ဓမ္မက္ခန္ဓာပဲ၊ အဲဒီအတိုင်းပဲ မပေါင်းနဲ့ဆိုတဲ့သူကို ရှောင်တယ်၊ ပေါင်းရမယ်ဆိုတဲ့သူကို ကြိုးစားပြီးပေါင်းသင်းတယ်၊ ကိုယ့်အတွက်ကောင်းကျိုးချမ်းသာမင်္ဂလာတွေရတယ်၊ ဒါက လက်တွေ့ကျင့်သုံးတာ၊ ဟော ... သင်လိုက်တယ် - လူမိုက်နဲ့ မပေါင်းနဲ့၊ ပညာရှိနဲ့ ပေါင်း၊ လက်တွေ့ကျင့်သုံးတယ် - လူမိုက်ကို မပေါင်းဘူး၊ ပညာရှိကို ပေါင်းတယ်၊ ဒါဟာ ပရိယတ်နဲ့ ပဋိပတ်ပဲ။ ။

ဒါနကောင်းမှုလုပ်တဲ့အခါမှာ ဘယ်လိုလုပ်ရတယ်၊ မြတ်စွာဘုရားက “ဒါနံ ဒါတဗ္ဗ” ဒါနဆိုတာ

စာမျက်နှာ-၁၈
ပေးလှူရတယ်၊ လှူတဲ့အခါမှာ လှူတဲ့ပစ္စည်းဝတ္တုက နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အဓိကမဟုတ်ဘူး၊ ကောင်းတာညံ့တာလည်း အဓိကမဟုတ်ဘူးတဲ့၊ လှူပြီဆိုလို့ရှိရင် “သက္ကစ္စံ ဒါနံ ဒေတိ” တလေးတစား စိတ်အားစိုက်ပြီးတော့ လှူပါလို့ပြောတာ၊ ဒါကို ပထမသင်ထားပြီးတော့ လူတိုင်းလူတိုင်း စိတ်စိုက်ပြီးတော့ ကောင်းကောင်းမွန်မွန် တလေးတစား လှူတာဟာ ကျင့်သုံးတာပဲပေါ့။

မြတ်စွာဘုရားက ဥပုသ်နေ့တွေမှာ သီတင်းသီလဆောက်တည်ရမယ်၊ ဥပုသ်ကို ကျင့်သုံးရမယ်လို့ ဟောထားတာကို သင်ယူလိုက်တယ်၊ သီတင်းဥပုသ်နေ့တွေမှာ ဥပုသ်စောင့်တယ်၊ ဒါ ကျင့်သုံးတာ၊ ဥပုသ်စောင့်ရမယ်ဆိုတဲ့ စကားလုံးကို သင်တာက ပရိယတ်၊ တကယ်ကျင့်သုံးဆောက်တည်က ပဋိပတ်ပဲ၊ ပရိယတ် ပဋိပတ်ဆိုတာ သူ့အဆင့်နဲ့သူ ဒီလိုရှိတယ်၊ ဟုတ်ကဲ့လား။

စာမျက်နှာ-၁၉
အဲဒီတော့ သာသနာပြုစွမ်းအားစုဆိုတာ တခြားမဟုတ်ဘူး၊ သင်ယူခြင်းနဲ့ လက်တွေ့ကျင့်သုံးခြင်းပဲ၊ သင်လည်းသင်ယူရမယ်၊ လက်တွေ့လည်းကျင့်သုံးရမယ်၊ သူ့အဆင့်လိုက် ဗုဒ္ဓမြတ်စွာက ၄၅-ဝါကာလ အယူအဆအတွေးအခေါ်အမျိုးမျိုးရှိတဲ့ပုဂ္ဂိုလ်တွေကို အကြောင်းပြုပြီး ကိုယ်တော်မြတ်ရဲ့အလိုဆန္ဒအလိုက် ဟောတာရှိတယ်၊ တစ်ပါးပုဂ္ဂိုလ်တွေရဲ့အလိုဆန္ဒအရ ဟောတာရှိတယ်၊ မေးမြန်းလို့ မေးခွန်းကိုဖြေတဲ့အနေနဲ့ ဟောတာရှိတယ်၊ အကြောင်းအရာပေါ်လာလို့ ထိုအကြောင်းအရာကို အကြောင်းပြုပြီး ဟောတာရှိတယ်၊ နောက်ခံ back ground လေးမျိုးရှိတဲ့အထဲက ဟောလာခဲ့တဲ့တရားဒေသနာတော်တွေကို အနှစ်ချုပ်လိုက်တဲ့အခါ မဂ္ဂင်ရှစ်ပါးပဲ။

ဒီလောက်များပြားလှတဲ့ဒေသနာတော်တွေ ဒီကနေ့ထိအောင် မပျောက်မပျက်အောင် ဘယ်လိုသယ်ဆောင်လာသလဲ၊ တို့တတွေကော ဘယ်လိုဆက်ပြီး သယ်ဆောင်သွားမလဲ၊ ဟုတ်ကဲ့လား၊

စာမျက်နှာ-၂၀
တကယ့်သာသနာပြုလုပ်ငန်းလုပ်ချင်ရင် ဓမ္မကိစ္စကို အလေးပေးလုပ်ရမှာ ဖြစ်တယ်။

ဒီကနေ့ တရားချစ်ခင်သူတော်စင်ပရိသတ်တို့ တရားနာခွင့်ရနေတာ ဒီတရားတွေကို ဘယ်သူမှတ်တမ်းတင်လာတာလဲ၊ ဘုရားပရိနိဗ္ဗာန်စံသွားတာပင်လျှင် နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ - ၂၅၅၂၊ ဒါ ဘုရားပရိနိဗ္ဗာန်စံသွားတဲ့နှစ်ကို ပြောတာ၊ အဲဒီထဲကို ၄၅-ဝါထည့်ကြည့်လိုက်မယ်ဆိုရင် တရားဓမ္မစ,ပေါ်တဲ့နှစ်ကို သိလိမ့်မယ်၊ အဲဒီလို ၄၅-ဝါ မြတ်စွာဘုရားဟောထားတဲ့ တရားဓမ္မတွေကို အခုကဲ့သို့ မပျောက်ပျက်အောင် ဘယ်သူတွေက ထိန်းသိမ်းစောင့်ရှောက်ထားတာတုန်းဆိုရင် မြတ်စွာဘုရားရဲ့ တပည့်သားသာဝကတွေ ထိန်းသိမ်းစောင့်ရှောက်လာတာ၊ ဒီလိုမှတ်ရမယ်။ -

ဒါဖြင့် ဘယ်လိုထိန်းသိမ်းစောင့်ရှောက်လာကြတာတုန်းဆိုတော့ မြတ်စွာဘုရားလက်ထက်က စာအုပ်တွေ ပေတွေ ပုရပိုက်တွေ အသုံးပြုပြီး စာပေ

စာမျက်နှာ-၂၁
သင်ကြားတာမလုပ်ဘူး၊ အဲဒီခေတ်က စာမရှိလို့တော့မဟုတ်ဘူး၊ ခေတ်မစားဘူးပေါ့၊ စာသင်တာကို ဘာနဲ့သင်တုန်းဆိုရင် နားနဲ့ပဲသင်တယ်၊ မျက်စိနဲ့မသင်ဘူး၊ ခုခေတ်တော့ မျက်စိနဲ့သင်တော့ မျက်စိမှုန်တဲ့လူတွေ ပေါတယ်၊ မျက်မှန်တပ်နေကြရတယ်၊ ရှေးတုန်းကတော့ စာသင်တာ နားနဲ့ပဲသင်တယ်။ ဒါကြောင့်မို့လို့ ဗဟုသုတဆိုတဲ့စကားလုံးကို သုံးထားတာ။

သုတ္တန်ပါဠိတွေအစမှာတွေ့ဖူးတယ်မဟုတ်လား၊ “ဧဝံ မေ သုတံ”ဆိုတာလေ၊ “ဧဝံ မေ ဒိဋ္ဌိ” လို့မပြောဘူး၊ ရှင်အာနန္ဒာက ဒီအတိုင်း သူသင်ယူခဲ့ပါတယ်၊ နားနဲ့သင်ယူတယ်ဆိုတာက oral tradition လို့ခေါ်တယ်၊ နှုတ်နဲ့သင်ယူသွားတာ၊ ဆရာက နှုတ်တိုက်ချပေးတယ်၊ တပည့်က နှုတ်တိုက်လိုက်ပြီးတော့ ဆိုရတယ်၊ ၄၅-နှစ်ပတ်လုံး စာအုပ်ထဲ ပေထဲ ပုရပိုက်ထဲ မှတ်တမ်းမတင်ဘဲနဲ့ ယခုကဲ့သို့ သယ်ဆောင်လာခဲ့ကြတာ ဘယ်သူတွေတုန်းဆိုရင် ရဟန်းသံဃာတွေ

စာမျက်နှာ-၂၂
ပဲ၊ တစ်လုံးတစ်ပါဒမှ မပျက်အောင် ထိန်းသိမ်း စောင့်ရှောက်လာတာ။

မြတ်စွာဘုရားပရိနိဗ္ဗာန်စံသွားတဲ့အခါကျတော့ ယခုကဲ့သို့ ပိဋကသုံးပုံ နိကာယ်ငါးရပ် စုစုစည်းစည်း ဖြစ်နေအောင် တကယ့်သံဃာ့ခေါင်းဆောင်ကြီးတွေ မထေရ်ငါးရာ ရှင်မဟာကဿပတို့ ရှင်အာနန္ဒာတို့ ရှင်ဥပါလိတို့ ဦးဆောင်တဲ့ တကယ့်ဂုဏ်ထူးနဲ့ ပြည့်စုံတဲ့ ရဟန္တာကြီးငါးရာက စုစည်းပြီးတော့ စနစ်တကျ ဟောဒီကျမ်းစာတွေကို ဖွဲ့စည်းပြီး ပထမသံဂါယနာတင်လာခဲ့ကြတာ။

ပထမသံဂါယနာတင်တဲ့အချိန်မှာ မူသုံးချက် ချပေးထားရတယ် (၁) “အပညတ္တံ န ပညပေတဗ္ဗ”၊ ဘုရားမပညတ်တာ ဘုရားမဟောခဲ့တဲ့ဟာတွေကို ထပ်ထည့်မသွင်းရဘူး၊ ဒါ သိပ်အရေးကြီးတဲ့အချက်ပဲ၊ ဘာဖြစ်လို့လဲဆိုတော့ နောက်လူတွေကတယ် ပြင်ချင်တာကိုး၊ ပြင်ပါများတဲ့အခါကျတော့ မူရင်း ကျန်ပါဦးမလား၊ (မကျန်ပါဘုရား) ဒါကြောင့်မို့လို့

စာမျက်နှာ-၂၃
“အပညတ္တံ န ပညပေတဗ္ဗ” ဘုရားမဟောတာကို နောက်ထပ် ထပ်မထည့်ရဘူး၊ (၂) “ပညတ္တံ သမုစ္ဆိန္ဒိတဗ္ဗ”၊ ဘုရားပညတ်ထားတဲ့ ဘုရားဟောထားတဲ့တရားကို မနုတ်ပယ်ရဘူး၊ ဒီစကားကတော့ ခေတ်နဲ့မညီပါဘူး date out သွားပြီဆိုပြီးတော့ နုတ်မပစ်ရဘူး၊ ဟုတ်ကဲ့လား၊ ဒါ အရေးကြီးတဲ့အချက်တွေပဲ၊ တချို့က ကိုယ်မကြိုက်တာနဲ့ ဖယ်ထုတ်လိုက်တာ ရှိသေးတယ်လေ၊ ဒါတော့ အသုံးမဝင်ပါဘူးဆိုပြီး ဖယ်ထားတတ်တယ်၊ အဲဒီတော့ ဒီရဟန္တာ မထေရ်ကြီးတွေက မူချလိုက်တာ၊ (၃) “ယထာ ပညတ္တေသု သိက္ခာပဒေသု သိက္ခိတဗ္ဗ” ကျင့်သုံးစရာတွေ မြတ်စွာဘုရားဟောထားတဲ့အတိုင်းသာ လိုက်နာရမယ်ဆိုတဲ့ မူသုံးချက်။ ။

ဘုရားလက်ထက်က ၄၅-နှစ်၊ ဘုရားမရှိတော့တဲ့နောက်က ၄၅၀၊ စာအုပ်မရှိဘူး၊ ပေပုရပိုက်ပေါ်မှာ ရေးထားတာ မရှိဘူး၊ နှုတ်တိုက်ဆို နှုတ်တိုက် - ချ၊ နှုတ်တိုက်သင်၊ ဒီလိုနဲ့ လာခဲ့တာနော်၊ oral

စာမျက်နှာ-၂၄
tradition လို့ ခေါ်တယ်၊ နှုတ်နဲ့သင်တဲ့ခေတ်၊ နောက်ပိုင်းကျတော့ တဖြည်းဖြည်းနဲ့ စာရတဲ့ပုဂ္ဂိုလ်တွေ မှတ်တမ်းတင်နိုင်တဲ့ပုဂ္ဂိုလ်တွေ ကျက်မှတ်နိုင်တဲ့ပုဂ္ဂိုလ်တွေ ဉာဏ်စွမ်းအားတွေ ဝီရိယစွမ်းအားတွေက နည်းနည်းလာတယ်၊ အင်မတန်မှ တန်ဖိုးရှိလှတဲ့ တရားတော်တွေ ပျောက်ပျက်ကုန်မှာ စိုးသည့်အတွက်ကြောင့် သီဟိုဠ်ကျွန်းမှာ သာသနာနှစ်-၄၅၀ ရောက်တဲ့အခါမှာ ပေပုရပိုက်ပေါ်မှာ ကညစ်ကိုင်ပြီးတော့ မှတ်တမ်းတင်ခဲ့ကြတယ်၊ အဲဒီကျမှ စာလုံးဖြစ်လာပြီး ပေပုရပိုက်ပေါ် ရောက်လာတာ၊ ကျောက်ပြားပေါ် ရောက်လာတာ၊ စာအုပ်ပေါ်ရောက်လာတာ၊ ယနေ့ခေတ်ပိဋကတ်စာပေတွေဟာ စာအုပ်ထဲ ရောက်လာပြီးတော့ ဖတ်ရှုလေ့လာကျက်မှတ်လို့ ရနိုင်တဲ့အဆင့်ကို ရောက်လာတယ်၊ ဒီလိုထိန်းသိမ်းစောင့်ရှောက်လာတာဟာ ဘယ်သူတွေ ထိန်းသိမ်းစောင့်ရှောက်လာတာတုန်းဆိုရင် သံဃာတွေ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တာ။

စာမျက်နှာ-၂၅
ဒါကြောင့်မို့လို့ ဋီကာဆရာကြီးတွေက သံဃာတွေကို ချီးကျူးတဲ့အနေနဲ့ “ဘဂဝတော အပရဘာဂေ ဗုဒ္ဓဓမ္မရတနာနံ သမဓိဂမော သံဃရတနာဓိနော” ဘဂဝတော ရွှေဘုန်းတော်သခင်ရှင်တော်ဘုရား၏၊ အပရဘာဂေ ပရိနိဗ္ဗာန်စံတော်မူသွားတဲ့ နောက်ခါကာလမှာ၊ ဗုဒ္ဓဓမ္မရတနာနံ ဘုရားရတနာ တရားရတနာတို့ကို၊ သမဓိဂမော သိရှိခွင့်ရခြင်းသည်၊ သံဃရတနာဓိနော သံဃရတနာနဲ့ ဆက်စပ်၍နေပါပေတော့သည်။

ဟော - ဘုရားအကြောင်း၊ တရားအကြောင်း သိခွင့်ရတာဟာ ဘယ်သူတွေကြောင့်လဲ၊ (ရဟန်းသံဃာတွေကြောင့်ပါဘုရား) ဒါက တိုက်ရိုက် သံဃာတွေရဲ့ကျေးဇူးကို ပြောတဲ့စကား၊ ကောင်းပြီ - သံဃာတွေက ယခုကဲ့သို့ စာပေကျမ်းဂန်တွေကို ကျက်မှတ်ပြီးတော့ လက်တွေ့ကျင့်သုံးလာခဲ့လို့ ဟောဒီပိဋကသုံးပုံဟာ မပျောက်ပျက်ဘဲ ရှိနေတယ်၊ ဒီကနေ့ နှစ်ပေါင်း-၂၅၅၂ ထိအောင် ရှိနေတယ်။

စာမျက်နှာ-၂၆
ဒီလိုရှိနေအောင် သံဃာတွေက စွမ်းဆောင်နိုင်တာ ဘယ်သူတွေကြောင့်လဲလို့ တစ်ဖက်ကနေ ကျေးဇူးတရားကို ရှာကြည့်လို့ရှိရင် အဆက်ဆက် သာသနာတော်ကို ထောက်ပံ့လာတဲ့ဒကာဒကာမတွေပဲနော်၊ ဒကာဒကာမတွေက ဆွမ်း သင်္ကန်း ကျောင်း ဆေး ဆိုတဲ့ပစ္စည်းလေးပါးကို မထောက်ပံ့ဘူးဆိုလို့ရှိရင် ဒီသံဃာတွေ ဒီစာတွေကို ကျက်မှတ်နိုင်ပါ့မလား၊ မကျက်မှတ်နိုင်ဘူး၊ ဒါကြောင့် ဗုဒ္ဓမြတ်စွာက “သာဂါရာနာဂါရာ စ ဥဘော အညောညနိဿိတာ” သာဂါရဆိုတာ အိမ်ရာတည်ထောင် လူ့ဘောင်မှာနေတဲ့ ဒကာဒကာမတွေ၊ အနာဂါရဆိုတာ အိမ်ရာကစွန့်ခွာပြီး ရဟန်းဘောင်ပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေ၊ အဲဒီပုဂ္ဂိုလ်နှစ်မျိုးဟာ “ဥဘော အညောညနိဿိတာ” တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လက်တွဲညီညာလုပ်ပြီး သာသနာပြုခဲ့ကြတာပါလို့ ဒီလိုပြောတာ။

စာမျက်နှာ-၂၇
မြန်မာစကားမှာ “ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ” ဆိုတဲ့စကားပုံလိုပေါ့။ “ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ” ဆိုတဲ့စကားက ကျွန်းမြေပေါ်မှာ ကိုင်းပင်တွေ ပေါက်နေသည့်အတွက်ကြောင့် အဲဒီကျွန်းမြေကြီးဟာ ရေတိုက်စားခြင်း မခံရဘူး၊ ကိုင်းပင်တွေကြောင့်မို့လို့၊ ကိုင်းပင်တွေက ခံထားတဲ့အတွက်ကြောင့် ကမ်းပါးပြိုမသွားဘူး၊ ဒီလိုပြောတာနော်၊ ကျွန်းမြေရှိတဲ့အတွက် ကိုင်းပင်တွေဟာ ရှင်သန်ခွင့်ရတာ၊ ကိုင်းပင်တွေ ရှိသည့်အတွက်ကြောင့်လည်း ဟောဒီကျွန်းမြေတွေက ခိုင်မြဲတာ၊ ဒါကို ဆိုလိုတယ်၊ ထို့အတူပဲ သာသနာတွင်းမှာ သီတင်းသုံးကြတဲ့ ရဟန်းသံဃာတွေ၊ သာသနာကို ထောက်ပံ့နေကြတဲ့ ဒကာဒကာမတွေ ဒီနှစ်ဦးနှစ်ဝဟာ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်လာကြတာ ဒီနေ့ထိပဲ၊ ဒါ သာသနာပြုနေကြတာလို့ တစ်ဖက်တစ်လမ်းက ပြောရမယ်။

စာမျက်နှာ-၂၈
ဒကာဒကာမတွေကလည်း တို့ထောက်ပံ့ရုံနဲ့ တို့တာဝန်ကျေပြီလို့ မအောက်မေ့ရဘူး၊ အဲဒီလိုဆိုရင် သာသနာအပြင်ကလူ ဖြစ်မနေပေဘူးလား၊ (ဖြစ်နေပါတယ်ဘုရား)၊ အထောက်အပံ့လေး ပေးရုံပေးတယ်ဆိုရင် အဓိပ္ပါယ်မရှိဘူးနော်၊ အဲဒီတော့ ဘာလုပ်ရမလဲဆိုတော့ တတ်နိုင်သမျှ ပိဋကတ်စာပေတွေကို မှတ်သားရမယ်၊ သင်ယူရမယ်၊ သင်ယူပြီးတော့ လက်တွေ့ကျင့်သုံးရမယ်၊ လူတွေလည်း လူအလျောက် ရှင်လည်း ရှင်အလျောက် သူ့အတိုင်းအတာအလျောက် သူ့ level နဲ့သူ သင်ယူခြင်း ကျင့်သုံးခြင်းဆိုတာ ရှိရမယ်။

သင်တယ်ဆိုတာ ခုနကပြောသလို ဒါနကောင်းမှုဘယ်လိုလုပ်ရသလဲ၊ ကြည့် - ဝေလာမသုတ်မှာ မြတ်စွာဘုရားဟောထားတယ်လေ၊ ဒါနကောင်းမှု လှူတိုင်းလှူတိုင်း “သက္ကစ္စံ ဒါနံ ဒေတိ” တလေးတစား၊ စိတ်စိုက်ပြီးတော့ လှူတဲ့၊ “စိတ္တီကတွာ ဒါနံ ဒေတိ” စိတ်ထဲမှာ မြတ်မြတ်

စာမျက်နှာ-၂၉
နိုးနိုးထားပြီး လှူတဲ့၊ “သဟတ္တာ ဒါနံ ဒေတိ” လှူစရာရှိရင် ကိုယ့်လက်နဲ့တဲ့၊ သူများကို လှူမခိုင်းနဲ့တဲ့၊ ဒါ ပြောတာနော်။ ။

ဒကာမကြီးတွေကတော့ ကိုယ်တိုင်လှူတတ်ကြပါတယ်၊ ဒကာကြီးများက တစ်ခါတရံကျတော့ ကုလားထိုင်နဲ့ထိုင်ပြီး ရေနွေးကြမ်းအိုးနဲ့နေ၊ ဆွမ်းခံကိုယ်တော်လာတဲ့အခါ “ဟေး-ဆွမ်းခံရပ်နေတယ်၊ ဆွမ်းရပ်နေတယ်၊” ကိုယ်တိုင်ထမလောင်းဘူး၊ ပြောတတ်လေ့ရှိကြတယ်၊ ဟုတ်လား၊ မြတ်စွာဘုရားက ဒါနကောင်းမှု လုပ်တိုင်းလုပ်တိုင်း “သဟတ္တာ ဒါနံ ဒေတိ” ကိုယ်လက်ကလေးနဲ့ လှူပါတဲ့၊ ဟော ဒါက နည်းလမ်းတွေ ပေးတာလေ၊ “အာဂမနဒိဋ္ဌိကော ဒါနံ ဒေတိ” လှူတိုင်းလှူတိုင်းဟာ ကောင်းမှုကုသိုလ်ရဲ့ အကျိုးတရား ဧကန်ဒေထ တို့ရမှာဆိုတဲ့အမြင် ရှိပါစေတဲ့၊ ဒါနနဲ့ပတ်သက်ပြီး မြတ်စွာဘုရားက အတိအကျလိုက်နာကျင့်သုံးရမယ့်အချက်တွေကို ဟောတာ ဘယ်လောက်တန်ဖိုးရှိလိုက်လဲ။

စာမျက်နှာ-၃၀
ဝေလာမသုတ္တန်တစ်ခုပဲ ကြည့်လိုက်ဦး - ဒါနထက်ကောင်းတဲ့ကုသိုလ် မရှိဘူးလားတဲ့၊ ရှိတယ်တဲ့၊ သရဏဂုံဆောက်တည်လိုက်တဲ့၊ သရဏဂုံထက်ကောင်းတာကော ရှိသေးလားတဲ့၊ အေး-သရဏဂုံထက်သာအောင်ကတော့ ငါးပါးသီလထပ်တိုးလိုက်တဲ့၊ ဒါဖြင့် ဒီထက်ကောင်းတာ ရှိသေးလားတဲ့ဆိုတော့ ရှိတယ်တဲ့၊ မေတ္တာဘာဝနာပွားတဲ့၊ မေတ္တာဘာဝနာပွားတယ်ဆိုတာက သမထကျင့်စဉ်တစ်ခု ကျင့်လို့ပြောတာနော်၊ ဒီထက်ကောင်းတာကော ရှိသေးလားဘုရားဆိုတော့ ရှိတယ်တဲ့၊ ဝိပဿနာကျင့်စဉ်ကို ကျင့်ပါတဲ့၊ ဝေလာမသုတ္တန်မှာ တစ်ခုထက်တစ်ခု ကောင်းတာတွေကို မြတ်စွာဘုရားက ဟောသွားတယ်၊ ဒါတွေကို မသင်သင့်ဘူးလား၊ (သင်သင့်ပါတယ်ဘုရား)။

အေး - ခုသင်ယူလိုက်ပြီလေ၊ ဒါ ဝေလာမသုတ်အနှစ်ချုပ်ကို ပြောလိုက်တာ သိသွားပြီ၊ သင်လိုက်တာပဲ၊ ဟုတ်ကဲ့လား၊ ဒါကို ပရိယတ်လို့ပြော

စာမျက်နှာ-၃၁
တာ၊ သိသွားပြီ၊ သိသွားရင် ဘာလုပ်မလဲ၊ (ကျင့်ရမယ်ဘုရား) အေး - အဲဒါကို ပဋိပတ်လို့ပြောတာနော်၊ သီလဆိုရင် သီလပုံစံနဲ့ ကျင့်ရမယ်၊ ဒါနကိုလည်း ဒါနကောင်းမှု ဒီအတိုင်း လုပ်တာဟာ ကျင့်သုံးတာပဲ၊ သီလကို ဆောက်တည်တာဟာလည်း ကျင့်သုံးတာပဲ၊ ဘာဝနာကမ္မဋ္ဌာန်း ပွားပုံပွားနည်းကို သင်ယူတယ်၊ သင်ယူပြီးတော့ ကျင့်သုံးတယ်၊ ဟော - ဒါဟာ သာသနာပြု တကယ့်စွမ်းအားစုတွေပဲနော်၊ သာသနာပြုရဲ့အဓိပ္ပါယ်ကို မသိလို့ရှိရင် ကိုယ့်ကိုကိုယ် ဘာလုပ်နေတယ်ဆိုတာ မသိလိုက်ဘဲ ဖြစ်နေလိမ့်မယ်၊ သာသနာပြုအစစ်ကို မဖြစ်ဘဲနဲ့နေလိမ့်မယ်၊ သာသနာပြုအစစ်ဆိုတာ ဗုဒ္ဓမြတ်စွာဟောထားတဲ့ တရားဓမ္မတွေကို သင်ယူတာနဲ့ ကျင့်သုံးတာဟာ တကယ့်သာသနာပြုအစစ်ပဲ၊ အဲဒီလို သင်ယူမှ ကျင့်သုံးမှ သာသနာသည် ရင်ထဲရောက်မှာပေါ့။ ရင်ထဲကသာသနာ မပျောက်မှ သာသနာမကွယ်တာ၊ နို့မို့ဆိုရင် သာသနာဆိုတာ ကွယ်သွားနိုင်တယ်။

စာမျက်နှာ-၃၂
အေး - တချို့က ဘုရားတွေ ကျောင်းကန်တွေ ရှိနေရင် သာသနာထွန်းကားနေတယ်လို့ ထင်တယ်၊ ကိုယ်ကတော့ ငါးပါးသီလတောင် မလိုဘူးဆိုရင် သူ့အတွက် သာသနာကွယ်နေတာပဲလေ၊ ဘုရားကတော့ ရှိတာပဲ၊ ဒီပြင် ဗုဒ္ဓဘာသာမဟုတ်တဲ့နိုင်ငံတွေမှာလည်း ဘုရားရှိနေတာပဲ ဟုတ်ကဲ့လား၊ ကျောင်းဟောင်းကြီးတွေ ဘုရားရုပ်ပွားတော်တွေ ဆင်းတုတော်တွေ ဒီကနေ့ကမ္ဘာမှာ ဗုဒ္ဓဘာသာနိုင်ငံမဟုတ်တဲ့နိုင်ငံတွေမှာလည်း ရှိနေတာပဲ၊ အဲဒါ သာသနာတည်တယ်လို့ ခေါ်ရမှာလား၊ ခေါ်လို့မရဘူးနော်၊ တကယ့်သာသနာသည် ကိုယ့်ရဲ့ရင်ထဲ နှလုံးသားထဲမှာ တည်တယ်၊ ကိုယ်တိုင်ကျင့်သုံးမှ ကိုယ့်သာသနာ၊ ဒါကြောင့်မို့ ဒီကနေ့မှတ်ဖို့ရာက ရင်ထဲကသာသနာ မပျောက်စေနဲ့၊ အပြင်ကသာသနာက ကိုယ်နဲ့ဆိုင်ချင်မှဆိုင်မယ်၊ ကိုယ့်ရင်ထဲကသာသနာ ကိုယ်မပျောက်ဖို့ အရေးကြီးတယ်၊ မြတ်စွာဘုရားဓမ္မတွေ

စာမျက်နှာ-၃၃
ကိုယ်ဘယ်လောက် လိုက်နာကျင့်သုံးသလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။

မြတ်စွာဘုရားက ကိုယ်ကျင့်တရားနဲ့ ပတ်သက်လာရင် စာရိတ္တသီလ ဝါရိတ္တသီလလို့ နှစ်မျိုးဟောတယ်၊ ဝါရိတ္တသီလဆိုတာ မလုပ်ရဘူးလို့ပြောတာ၊ မလုပ်ရဘူးဆိုတာ ဘုရားကနေပြီးတော့ အပြစ်ဖြစ်စေဆိုပြီးတော့ ပညတ်ထားတဲ့ဟာမျိုး မဟုတ်ဘူး၊ သဘာဝကိုက အပြစ်ဖြစ်တဲ့အရာတွေ၊ ဆိုပါစို့ - အနည်းငယ်ဆုံး ငါးပါးသီလကိုကြည့်၊ ငါးပါးသီလတောင် လူတွေက လျှော့ချင်သေးတယ်၊ တစ်ပါးသီလတို့ နှစ်ပါးသီလတို့၊ သီလပဲ ငါးပါးလုံးစောင့်စရာမလိုဘူး၊ တစ်ပါးလောက်လုံရင်ရတယ်၊ နှစ်ပါးလောက်လုံရင်ရတယ်လို့၊ မရတာလေးတစ်ခု ပြောပြမယ်၊ လူ့ဘဝမှာ ငါးပါးလုံးမလုံရင် ဘယ်လိုဖြစ်သလဲဆိုတာ ဆင်ခြင်စဉ်းစားကြည့် -

ပါဏာတိပါတ မလုံလို့ရှိရင် အသက်တိုတယ်၊ ရောဂါရတယ်၊ လူ့ဘဝတော့ ရတယ်ထားပါတော့

စာမျက်နှာ-၃၄
နော်၊ ကုသိုလ်ကောင်းမှုကြောင့် လူ့ဘဝတော့ ရလာတယ်၊ သို့သော် ပါဏာတိပါတ နံပါတ်တစ် ငါးပါးသီလမလုံခဲ့တဲ့အတွက်ကြောင့် ရောဂါများတယ်၊ ငယ်ငယ်နဲ့သေတယ်၊ ဒါလည်း ကောင်းသလား၊ (မကောင်းပါဘူးဘုရား)၊ ပါဏာတိပါတလုံတဲ့အတွက်ကြောင့် အသက်ရှည်တယ်၊ ကျန်းမာတယ်။

အဒိန္နာဒါန မလုံလို့ရှိရင် ဆင်းရဲမွဲတေတယ်၊ ပစ္စည်းဥစ္စာ ခဏခဏပျက်တယ်၊ ရန်သူမျိုးငါးပါးကြောင့် ပျက်စီးဆုံးရှုံးတယ်၊ အဒိန္နာဒါန လုံလို့ရှိရင် ချမ်းသာတယ်၊ ကိုယ့်ပစ္စည်းမပျက်စီးဘူး၊ ဘယ်လောက်ကောင်းသလဲ။

ကာမေသုမိစ္ဆာစာရ မလုံသည့်အတွက်ကြောင့် လူမုန်းများတယ်၊ ရန်သူများတယ်၊ လူ့လောက လူဖြစ်ပြီး ပစ္စည်းဥစ္စာလည်း ချမ်းသာပါရဲ့၊ အသက်လည်းရှည်ပါရဲ့၊ လူတကာရဲ့ ချဉ်ဖတ်ကြီးဖြစ်နေရင် ကောင်းပါ့မလား၊ အရပ်ထဲမှာ လူတကာမေးငေါ့စရာကြီးဖြစ်နေရင် ဘယ်ကောင်းမလဲနော်၊ ကာမေသု

စာမျက်နှာ-၃၅
မိစ္ဆာစာရ လုံမှ လူတကာက ချစ်ခင်တာနော်၊ အေး - လုံပါပြီတဲ့၊ ကာမေသုမိစ္ဆာစာရလည်း လုံတယ်၊ ငါးပါးသီလထဲမှာ ပါဏာတိပါတလုံလို့ အသက်လည်းရှည်တယ်၊ ကျန်းလည်းကျန်းမာတယ်၊ ပစ္စည်းဥစ္စာလည်းပေါတယ် အဒိန္နာဒါနလုံလို့၊ ရန်သူလည်းနည်းတယ် ကာမေသုမိစ္ဆာစာရလုံလို့၊ သို့သော်လည်း မုသာဝါဒ မလုံခဲ့သည့်အတွက်ကြောင့် လူတကာစွပ်စွဲမှုတွေ မကြာခဏခံရတယ်တဲ့၊ ဟိုလူကစွပ်စွဲ ဒီလူကစွပ်စွဲနဲ့၊ မတရားစွပ်စွဲမှုနဲ့ ရုံးခဏခဏရောက်၊ ထောင်ခဏခဏကျ၊ ကောင်းရဲ့လား (မကောင်းပါဘုရား) ကိုယ်မဟုတ်ပေမယ့် စွပ်စွဲခံရတာ မုသာဝါဒရဲ့ အပေါ့ဆုံးအပြစ်လေးပဲ။

အေး - နောက်ဆုံးကျတော့ သုရာမေရယ မလုံခဲ့ရင် ဘာဖြစ်သလဲဆိုရင် အရူးအနှမ်းဖြစ်တယ်၊ ဦးနှောက်က ကျပ်မပြည့်ဘူး၊ ခုခေတ်လိုဆိုရင် ဉာဏ်ကလည်း နိမ့်တယ်၊ စာသင်လို့လည်းမရဘူး၊ ရူးရူးနှမ်းနှမ်းနဲ့၊ အဲဒီလိုလူကျတော့လေ မိဘတွေက ဒီ

စာမျက်နှာ-၃၆
ကောင်လေး ဘုန်းကြီးဝတ်သွားကောင်းတယ်လို့၊ ဘုန်းကြီးထဲ အရူးအနှမ်းပို့လို့ ဘယ်ကောင်းမလဲ။ အိမ်မှာအသုံးမဝင်တာနဲ့ ဘုန်းကြီးဝတ်ရင်ကောင်းတယ်ဆိုပြီး ဘုန်းကြီးထဲပို့၊ ဘုန်းကြီးက အရူးအနှမ်းဆို ဘယ်ကောင်းမလဲ။

အဲဒီတော့ ငါးပါးသီလကိုလိုက်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ငါးပါးသီလလုံးလုံမှ လူ့ဘဝမှာ ပြည့်စုံတယ်၊ အသက်ရှည်ရမယ်၊ ကျန်းမာရမယ်၊ ပစ္စည်းဥစ္စာပေါရမယ်၊ တည်မြဲတဲ့ပစ္စည်းဥစ္စာရှိရမယ်၊ လူချစ်လူခင် မိတ်ဆွေသင်္ဂဟပေါတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်၊ အစွပ်စွဲမခံရတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်၊ အသိပညာထက်သန်တဲ့ပုဂ္ဂိုလ် IQ မြင့်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုတော့ ဒီလိုတကယ်လူထဲမှာ အဆင့်အတန်းမှီပြီး လူတစ်ယောက်ဖြစ်ဖို့အတွက် ငါးပါးသီလဟာ ငါးပါးလုံးမလိုအပ်ပေဘူးလား။

ဒါကြောင့် မြတ်စွာဘုရားက ငါးပါးသီလမြဲရမယ်လို့ ဒီလိုဟောတာနော်၊ သွားပြီးတော့ လျှော့ဖို့

စာမျက်နှာ-၃၇
များ မကြိုးစားလေနှင့်၊ လျှော့ရင် လူရဲ့အရည်အသွေးလျော့သွားမှာပဲလေ၊ ဘယ်အရည်အသွေးမှ အလျော့မခံနိုင်ဘူးမဟုတ်လား၊ ဘယ်အရည်အသွေးမှ အလျော့မခံနိုင်လို့ရှိရင် ငါးပါးသီလကို တင်းတင်းကျပ်ကျပ်ဆောက်တည်ရမှာပေါ့။ အဲဒါဟာ ဝါရိတ္တသီလလို့ခေါ်တယ်။

မြတ်စွာဘုရားက သူများအသက်မသတ်ရဘူး၊ သူ့ဥစ္စာမခိုးရဘူးဆိုတော့ တချို့ကပြောတယ်၊ သူ့ဥစ္စာမခိုးရဘူး၊ သူများအသက်မသတ်ရဘူးဆိုရင် လောကဘယ်လိုလုပ် အသက်မွေးမတုန်း၊ ဟုတ်လား၊ ငါးပါးသီလရှောင်နေလို့ရှိရင် စီးပွားဥစ္စာလုပ်စားလို့မဖြစ်နိုင်ပါဘူးလို့ ပြောတဲ့လူကရှိသေးတယ်၊ စီးပွားဥစ္စာရှာတာဟာ ငါးပါးသီလချိုးဖောက်မှ ရှာလို့ရတာလား၊ မချိုးဘဲနဲ့ကော ရှာလို့မရဘူးလား (ရပါတယ်ဘုရား)။

ဘုန်းကြီးတို့ဆီတစ်ခါတုန်းက တောင်ကိုးရီးယားက ဘိက္ခုနီမတစ်ယောက် - ယခုဘိက္ခုနီပေါ့လေ၊

စာမျက်နှာ-၃၈
မြန်မာလိုတော့ သီလရှင်ပဲ ပြောပါတော့၊ သူက thesis လာလုပ်တယ်၊ PhD အတွက်၊ သူလုပ်တာကတော့ အိန္ဒိယနိုင်ငံ ပူနေး university မှာ thesis လုပ်တာ၊ သို့သော် သူလုပ်တဲ့ကျမ်းက အင်မတန်ခက်တဲ့ကျမ်းဆိုတော့ ဟိုမှာမရတော့ ဘုန်းကြီးတို့ဆီလာပြီး အကူအညီတောင်းတယ်၊ သူလုပ်တဲ့ကျမ်းက အဘိဓမ္မာကျမ်းတွေထဲက “မူလဋီကာ”ဆိုတဲ့ အဘိဓမ္မာကျမ်းတစ်ခု၊ နှစ်ယောက်ရှိတယ်၊ ပထမတစ်ယောက်က ဝိသုဒ္ဓိမဂ်ကျမ်းကြီးကို ဖွင့်ဆိုတဲ့ “ဝိသုဒ္ဓိမဂ်မဟာဋီကာ”လို့ခေါ်တဲ့ ပါဠိကျမ်းကိုလုပ်တယ်၊ တစ်နေ့ သူ့စာသင်ပေးရင်းနဲ့ စပ်မိစပ်ရာ ဘာပြောတုန်းဆိုတော့ သူတို့တောင်ကိုးရီးယားနိုင်ငံမှာ ဘာသာမဲ့တွေ များတယ်၊ ဗုဒ္ဓဘာသာလည်းရှိတယ်၊ အခြားဘာသာလည်းရှိတယ်၊ အဲဒီထဲမှာ ခေတ်လူငယ်တွေမှာ ဘယ်လိုအတွေးအခေါ်တွေ ဝင်နေတုန်းလို့ - သူကပြောပြတယ်၊ ဗုဒ္ဓဘာသာဖြစ်ရင် စီးပွားမတိုးတက်ဘူးလို့ လူငယ်တွေက ထင်နေ

စာမျက်နှာ-၃၉
ကြတယ်တဲ့၊ ဒါမှားယွင်းတဲ့အယူအဆတစ်ရပ် ဖြစ်ပေါ်နေတာကို ပြောတာ၊ ဘာသာတရားနဲ့ ဘာမှမဆိုင်ဘူး၊ ကြီးပွားဖို့ရာအတွက် မြတ်စွာဘုရားဟောထားတာ ရှိတယ်လေ။ ။

ဒီဃဇာဏသုတ်မှာ မြတ်စွာဘုရားက ကြီးပွားတိုးတက်ချင်လို့ရှိရင် ဘာလုပ်ရမလဲဆိုတာ အတိအကျ guide line ဆွဲပေးထားတာ ရှိတယ်၊ “ဥဋ္ဌာနသမ္ပဒါ” စီးပွားရေးနဲ့ပတ်သက်ပြီး ကြိုးစားပါတဲ့၊ အဲဒါကတစ်ခု၊ အဲဒီကြိုးစားဆိုတဲ့စကားထဲမှာ အံ့သြဖွယ်ရာကောင်းလောက်အောင် မြတ်စွာဘုရားက ထည့်သွင်းပေးထားတဲ့ အချက်သုံးချက်ရှိတယ်၊ ကြိုးစားတိုင်း ကြီးပွားအောင်မြင်သလားလို့ဆိုရင် မအောင်မြင်ဘူး၊ လုပ်တိုင်းရပါ့မလား (မရပါဘူးဘုရား)။ ။

ကြိုးစားပါဆိုတဲ့အထဲမှာ မြတ်စွာဘုရားက သုံးချက်ထည့်ထားတာ၊ (၁) “ဒက္ခ” လုပ်ငန်းကျွမ်းကျင်မှုရှိရမယ်၊ ကြိုးစားပြီဆိုရင် လုပ်ငန်း

စာမျက်နှာ-၄၀
ကျွမ်းကျင်မှုရှိရမယ်၊ အရောင်းအဝယ်လုပ်ရင် အရောင်းအဝယ်ကျွမ်းကျင်ရမယ်၊ ကုန်ထုတ်လုပ်ငန်းတစ်ခုလုပ်ရင် ကုန်ထုတ်လုပ်ငန်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်ရမယ်၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ရင် စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုရှိရမယ်၊ ခြံလုပ်ငန်းလုပ်ရင် ခြံနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုရှိရမယ်။

(၂) “အနုလသ” ဇွဲကောင်းရမယ်၊ ဇွဲမရှိလို့ရှိရင်လည်း မအောင်မြင်ဘူး၊ (၃) “ဥပါယဝီမံသာ” နည်းပညာရှိရမယ်၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား နည်းပညာနိမ့်ကျလို့ရှိရင်လည်း မရဘူး၊ ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်း-၂၅၀၀က ဟောခဲ့တဲ့တရားနော်၊ မြတ်စွာဘုရားက စီးပွားရေးတိုးတက်ဖို့ရာ “ဥဋ္ဌာနသမ္ပဒါ” ဆိုတဲ့အချက်ထဲမှာ ဒီသုံးချက်ထည့်သွင်းပြီးတော့ ဟောထားတာ။

“အာရက္ခသမ္ပဒါ” ကိုယ်ရထားတဲ့ ပစ္စည်းဥစ္စာ အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်မှု၊ ဒါလည်း သိပ်အရေးကြီးတာပဲ၊ ရှာတော့ရှာပါရဲ့၊

စာမျက်နှာ-၄၁
အထိန်းအသိမ်းမတတ်တော့ အလေအလွင့်တွေဖြစ်တယ်၊ အဲဒါလည်း မဖြစ်စေနဲ့တဲ့။

နောက်တစ်ခုက “သမဇီဝိတာ”၊ ကိုယ့်ရဲ့ဝင်ငွေထွက်ငွေ အမြဲတမ်းညှိနှိုင်းပြီးတော့ သုံးစွဲရမယ်တဲ့၊ ဝင်ငွေက တစ်နေ့ကို တစ်သောင်းလောက် ဝင်တယ်၊ သုံးတာက ငါးသောင်းလောက်သုံးတယ်။ ဘယ်လိုလုပ်မလဲ၊ ဟော အဲဒါမျိုးတွေ ဖြစ်နေရင်မရဘူးတဲ့၊ စီးပွားရေးပညာကိုလည်း မြတ်စွာဘုရားက ဟောခဲ့တာ။

“ဟိတာယ သုခါယ” အကျိုးစီးပွားအလို့ငှာ အခြေအနေကောင်းတွေ ဖန်တီးပေးဖို့ ဘုရားက လောကမှာ ပွင့်လာတာလေ၊ ချမ်းသာသုခဆိုတာ အခြေအနေကောင်းတွေမရှိဘဲ မတည်မြဲဘူး၊ ဟိတဆိုတာ ဘာကိုပြောတာတုန်းဆိုရင် condition ကိုပြောတာ၊ condition ဆိုတာ အခြေအနေကောင်းကိုပြောတာနော်၊ အခြေအနေမကောင်းရင် ဘာမှလုပ်လို့မရဘူး၊ စီးပွားရေးလည်း အခြေအနေမကောင်း

စာမျက်နှာ-၄၂
ရင် လုပ်မရဘူး၊ စိုက်ပျိုးရေးကော အခြေအနေမကောင်းရင် လုပ်လို့ရပါ့မလား၊ (မရပါဘုရား)၊ မိုးခေါင်ရေရှားတဲ့နေရာ အခြေအနေမကောင်းရင် စိုက်ပျိုးရေးလုပ်လို့ဘယ်ရမလဲ၊ အားလုံးအခြေအနေကောင်းတွေ ရှိဖို့လိုတယ်၊ အဲဒါကို ဟိတလို့ခေါ်တယ်၊ ဟိတဆိုတဲ့အခြေအနေကောင်းရှိမှ သုခဆိုတဲ့ ချမ်းသာကို ရနိုင်မယ်တဲ့။

ကြည့် - မင်္ဂလသုတ်မှာဆို ဘယ်လောက်တောင်ထင်ရှားသလဲ၊ အရာရာမှာ အောင်မြင်တာကို မင်္ဂလာမေးတယ်၊ “သဗ္ဗတ္ထ မပရာဇိတာ” ဘယ်အရာမှ အရှုံးမရှိ၊ “သဗ္ဗတ္ထ သောတ္ထိ ဂစ္ဆန္တိ” ဘယ်အရာမှာမဆို ချမ်းသာသုခရတာ၊ ဒါမင်္ဂလာပဲ၊ အဲဒီမင်္ဂလာရဖို့ရာ အခြေအနေကောင်းတွေက ဘာတွေတုန်းဆိုရင် လူမိုက်ကိုမပေါင်းရဘူး၊ ပညာရှိကိုပေါင်းရမယ်၊ ဒါ အခြေအနေကောင်းတွေကို ဖန်တီးပေးနေတာ၊ အကြောင်းတရားတွေပဲ၊

စာမျက်နှာ-၄၃
အဲဒီအခြေအနေကောင်းမရှိဘဲနဲ့ ချမ်းသာသုခဆိုတာ မရနိုင်ဘူး။ ။ ဒါကြောင့် ကြီးပွားတိုးတက်ဖို့ အခြေအနေကောင်းဆိုတာ ခုနက “သမဇီဝိတ” ဝင်ငွေထွက်ငွေ မျှမျှတတသုံးတတ်ဖို့ဆိုတာ အရေးကြီးတယ်၊ မြတ်စွာဘုရားက စီးပွားရေးနဲ့ပတ်သက်ပြီးတော့ မူချပြထားတာရှိတယ်၊ ဆိုပါစို့ - မင်းမှာ ငွေလေးကျပ်ရှိတယ်ဆိုရင် (ခုခေတ်နဲ့တော့ လေးကျပ်နဲ့ ပြောလို့တော့ မရနိုင်တော့ဘူးနော်) ငွေလေးကျပ်ရှိလို့ရှိရင် တစ်ကျပ်ဖိုးပဲသုံး၊ တစ်ကျပ်ဖိုးက emergency အတွက်ထားတဲ့၊ ဟုတ်ကဲ့လား၊ တစ်ကျပ်ဖိုးက စားတဲ့၊ နှစ်ကျပ်က အရင်းအနှီးလုပ်ပြီး တိုးပွားအောင်လုပ်တဲ့၊ အဲဒီအတိုင်းနေလို့ရှိရင် ဘယ်သူမှမဆင်းရဲနိုင်ဘူး၊ သေချာစဉ်းစားကြည့်၊ အခုကတော့ လေးကျပ်ရှိရင် လေးကျပ်လုံးသုံးတာ၊ လေးကျပ်နဲ့ မလောက်သေးဘူး၊ သူများဆီက တစ်ဆယ်ချေးသေးတယ်၊ emergency ထားဖို့ဆိုတာ အသာထား၊ ကိုယ့်

စာမျက်နှာ-၄၄
ရှိတဲ့ငွေ လေးပုံပုံ၊ တစ်ပုံကို emergency အတွက် ထား၊ emergencyဆိုတာ နေမကောင်းရင် သုံးဖို့၊ အသုံးချဖို့ရာ emergencyဆိုတာ ရှိရတယ်။

ဗုဒ္ဓဟောထားတဲ့ ဒီတရားဓမ္မတွေဟာ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ ဒီအချက်တွေ ပျောက်ကွယ်နေသော်လည်းပဲ ကြီးပွားတိုးတက်နေတဲ့နိုင်ငံကြီးတွေမှာ ရှိတယ်၊ လူတိုင်းလူတိုင်းကို စုငွေတွေ ထည့်ပေးထားတယ်၊ ဒါ အလွန်ခေတ်မှီတဲ့နည်းစနစ်နဲ့ သုံးနေတာနော်၊ မြတ်စွာဘုရားက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ဝဝက ဟောတာ။

နောက်တစ်ခုက ဘာလဲဆိုတော့ “ကလျာဏမိတ္တ” မိတ်ကောင်းဆွေကောင်း ရှိပါစေတဲ့၊ စီးပွားရေးနဲ့ပတ်သက်တဲ့ အကြံပေးပုဂ္ဂိုလ်, ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး ဆုံးမဩဝါဒပေးမယ့် အကြံပေးမယ့် ပုဂ္ဂိုလ်တွေ- ဒါတွေဟာ မိတ်ကောင်းဆွေကောင်းတွေပဲ၊ စီးပွားတိုးတက်ချင်လို့ရှိရင် ဒီသင်္ဂဟတရားလေးပါးနဲ့ ပြည့်စုံအောင်လုပ်လို့ဆိုတာ မြတ်စွာဘုရား

စာမျက်နှာ-၄၅
က guide line ပေးထားတာပဲ၊ ဒီတော့ ဗုဒ္ဓတရားတော်တွေထွန်းကားနေရင် ဗုဒ္ဓဘာသာလုပ်ရင် စီးပွားရေးမတိုးတက်ဘူးဆိုတဲ့ အယူအဆတစ်ရပ် ပေါ်တာဟာ လုံးဝမှားယွင်းနေတဲ့ အယူအဆတစ်ရပ်ပဲ။

အဲဒီပုဂ္ဂိုလ်မျိုးဟာ ဘာတွေးတာတုန်းဆိုတော့ “ပါဏာတိပါတာ ဝေရမဏိ” သူ့အသက်မသတ်ရဘူး၊ ငါ မွေးမြူရေးလုပ်လို့ မဖြစ်ဘူး၊ ဒါ တွက်လိမ့်မယ်၊ အဲဒါတွေ သွားတွက်တယ်၊ တခြားနည်းနဲ့ စီးပွားရှာလို့ကော မရဘူး၊ ရပါတယ်၊ ငါးပါးသီလ မချိုးဖောက်ဘဲနဲ့ စီးပွားရှာလို့ရတာ အများကြီးပဲ။ ကြီးပွားတိုးတက်ခြင်းအကြောင်းက တခြားပါန သီလနဲ့ မဆိုင်ပါဘူးနော်၊ သီလဆိုတာ စည်းကမ်း, ကိုယ်ကျင့်ရမယ့် ကျင့်ဝတ်တရားကို ဖော်ပြထားတာ ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ဒေသနာတော် ပိဋကသုံးပုံကို အနှစ်ထုတ်လိုက်လို့ရှိရင် မဂ္ဂင်

စာမျက်နှာ-၄၆
ရှစ်ပါးတွေ့တယ်၊ မဂ္ဂင်ရှစ်ပါးကို အနှစ်ချုပ်လို့ရှိရင် ဘာတွေ့မတုန်းဆိုရင် သီလတွေ့မယ်၊ မဂ္ဂင်ရှစ်ပါးထဲမှာ အားလုံးသိကြတဲ့အတိုင်း သမ္မာဝါစာ, သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါစာ - နှုတ်နဲ့ ပတ်သက်တဲ့စည်းကမ်းတစ်ခု ထားပေးတယ်၊ စကားပြောတဲ့အခါ ပရမ်းပတာမပြောနဲ့တဲ့၊ ဒါပြောတာ သမ္မာဝါစာ၊ ပြောရင် အကျိုးရှိအောင် ပြော၊ လူဆိုတာ ပါးစပ်ရှိ ပြောမှာပဲလေ၊ ပါးစပ်ကို အသုံးပြုလို့ရှိရင် ကိုယ်ပြောတဲ့စကားလုံးသည် သမ္မာဝါစာဖြစ်ဖို့ လိုတယ်၊ လိမ်မပြောနဲ့၊ တစ်ယောက်နဲ့ တစ်ယောက် မတည့်အောင် ဂုံးမတိုက်နဲ့၊ မဆဲနဲ့၊ ကြမ်းတမ်းတဲ့စကားတွေ မပြောနဲ့၊ အကျိုးမရှိတဲ့စကားတွေ မပြောနဲ့၊ အဲဒါတွေကို ရှောင်ရမယ်။

ဒါဖြင့် မပြောနဲ့ဆိုရင် ပြောရမှာ ဘာလဲဆိုတော့ ကြည့် - လိမ်မပြောနဲ့ မှန်တာပြော၊ လိမ်မပြောနဲ့ဆိုတာ မပြောရဘူးကို ပြောတာနော်၊ အဲဒီတော့ မပြောရင် ပါးစပ်ပိတ်ထားရင်လည်း မပြောတာဘဲ

စာမျက်နှာ-၄၇
လေ၊ မလုံလောက်သေးဘူး၊ သမ္မာဝါစာဖြစ်ဖို့အတွက် ဘာလုပ်ရမတုန်း၊ “မပြောနဲ့"ဆိုတာ “လိမ်မပြောနဲ့”လို့ ပြောတာ၊ လုံးဝပါးစပ်ပိတ်နေလို့ ပြောတာ မဟုတ်ဘူး၊ ဘာလုပ်ရမတုန်း? မှန်တာကို ပြောရမယ်၊ ဟုတ်ကဲ့လား၊ ဂုံးမတိုက်နဲ့တဲ့၊ ဂုံးမတိုက်ရင် ပြီးရောလားတဲ့၊ မပြီးသေးဘူး၊ မတည့်တဲ့လူ တည့်အောင် လုပ်ပေးဦးတဲ့၊ united လုပ်ပေးရမယ်၊ ညီညွတ်အောင် လုပ်ရမယ်၊ စေ့စပ်ပေးရမယ်၊ ဒါ လုပ်ရမယ့်အလုပ်တစ်ခု၊ အားလုံးဟာ ရှောင်ရမှာနဲ့ ဆောင်ရမှာ၊ နှစ်ခုရှိတယ်၊ ဒါဖြင့် သူများမဆဲရင် ပြီးရောလား မပြီးသေးဘူး၊ ချိုသာတဲ့စကားပြောဖို့ လိုသေးတယ်၊ ကြင်နာတဲ့စကား ချိုသာတဲ့စကားပြောရမယ်။ နောက် သမ္မပ္ပလာပ အကျိုးမဲ့တဲ့စကားတွေ မပြောနဲ့၊ ဒါဆို ငုတ်တုတ်ထိုင်နေရမှာလား၊ မဟုတ်ဘူး၊ အကျိုးရှိတာ ပြော၊ မလုပ်နဲ့ လုပ်-ဆိုတာ နှစ်မျိုးရှိတယ်၊ အဲဒီတော့ လောကမှာ မလုပ်သင့်တာ

စာမျက်နှာ-၄၈
ကို မလုပ်ဖို့နဲ့ လုပ်သင့်တာ လုပ်ဖို့ဆိုတာ နှစ်ခုရှိတယ်၊ အဲဒီထဲမှာ မလုပ်သင့်တာကိုလုပ်တာ အပြစ်ဖြစ်သလိုပဲ လုပ်သင့်တာကို မလုပ်ဘဲ နေရင်လည်း အပြစ်ဖြစ်တယ်တဲ့၊ ဟုတ်ကဲ့လား၊ အဲဒီနှစ်ခုဟာ အတူတူပဲ၊ မလုပ်သင့်တာတော့ ရှောင်ရမယ်၊ လုပ်သင့်တာကျတော့ ဆောင်ရမယ်၊ အေး - မလုပ်သင့်တာကတော့ ရှောင်ပါတယ်၊ လုပ်သင့်တာကျတော့ မလုပ်ဘဲ ငုတ်တုတ်ထိုင်နေတယ်၊ အဲဒါလည်း မရဘူး၊ ဒါကြောင့်မို့ သမ္မာဝါစာဖြစ်အောင် ဘာပြောရမလဲ၊ လိမ်မပြောနဲ့၊ မှန်တာပြော၊ မပြောနဲ့ကတစ်ခု ပြောရမှာကတစ်ခု။

နောက် သူများတွေကွဲအောင် မလုပ်နဲ့၊ စေ့စပ်ညှိနှိုင်းပေး၊ သူတစ်ပါးတွေကို မဆဲနဲ့၊ ကြင်နာတဲ့စကားကို ပြော၊ နားချမ်းသာတဲ့စကားကို ပြော၊ အကျိုးမရှိတဲ့စကားတွေ မပြောနဲ့၊ အကျိုးရှိတဲ့စကားကို ပြော၊ ဒါမှ သမ္မာဝါစာဆိုတဲ့ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံမယ်တဲ့။

စာမျက်နှာ-၄၉
သမ္မာကမ္မန္တဆိုတာလည်း ထို့အတူပဲ၊ သမ္မာကမ္မန္တဆိုတာ ကာယဒုစရိုက်သုံးပါးကို ရှောင်ကြဉ်တာ၊ သူများအသက် မသတ်နဲ့တဲ့၊ မသတ်ရုံနဲ့ ပြီးရောလား၊ အိပ်နေရင်လည်း ဘယ်သူ့အသက်မှ မသတ်ဘူး၊ ဒါကို သီလလို့ ပြောမလား၊ မဟုတ်ဘူး နော်၊ သူများအသက်ကိုမသတ်နဲ့ဆိုတာ ရှောင်ကြဉ်တာတစ်ခု၊ ဘာလုပ်ရမတုန်းဆို သနားရမယ်၊ မေတ္တာပို့ရမယ်၊ ကူညီရမယ်၊ စောင့်ရှောက်ရမယ်၊ ဒါတွေပါတယ်၊ ဒါက လုပ်ရမယ့်ဟာ၊ မသတ်ရုံတင် မဟုတ်ဘူး၊ ကယ်တင်ရမယ်နော်။

ပါဏာတိပါတနဲ့ပတ်သက်လာလို့ရှိရင် မြတ်စွာဘုရားကို ချီးမွမ်းတဲ့အခါ ဘယ်လိုချီးမွမ်းလဲဆိုတာ ပါဏာတိပါတာ ပဋိဝိရတော သူများအသက်သတ်မှုက ရှောင်တယ်၊ ရှောင်ရုံတင်လား၊ မဟုတ်ဘူး၊ နိဟိတဒဏ္ဍာ နိဟိတသတ္တော သူများကို ညှင်းဆဲဖို့ တုတ်တို့ လက်နက်တို့တောင် သူ့ဆီမှာ မထားဘူးတဲ့၊ တချို့က သူခိုးလာရင် ချမယ်ဆိုပြီး

စာမျက်နှာ-၅၀
ဓားတော့ ထားတယ်နော်၊ ပါဏာတိပါတ ကိုယ်တိုင်ကတော့ မလွန်ကျူးဘူးပေါ့လေ၊ ဒါဖြင့် ကြုံလာလို့ရှိရင် လုပ်ဦးမယ်ဆိုတဲ့ပုံစံမျိုးကို ပြထားတယ်။ လက်နက်သိမ်းထားတယ် သူခိုးလာရင် ရိုက်မယ်ဆိုပြီးတော့၊ အဲဒီတော့ သူဟာ ဖောက်ဖျက်ဖို့ရာ အဆင်သင့်ဖြစ်နေတယ်လေ၊ မြတ်စွာဘုရားက အဲဒီလို မဟုတ်ဘူး၊ ဒုတ်ဓားလက်နက်တွေ လုံးဝ မထားဘူး။

ဒါတင် မကသေးဘူး၊ မပြည့်စုံသေးဘူး၊ အဲဒီလို အလုပ်မျိုး လုပ်ရမှာ ရှက်တယ်၊ ရှက်တယ်ဆိုတဲ့ အဆင့်ကိုရောက်ဖို့ သိပ်လိုတယ်နော်၊ ကိုယ့်ထိလာရင် မခံဘူးဆိုတဲ့လူက များတယ်။ ဒီအလုပ်က ရှက်စရာကြီး, မလုပ်ဘူးဆိုတာ ရှိရမယ်၊ ကိုယ့်စိတ်ထဲ အဲဒီလိုထိအောင် မွေးမြူထားရတာ၊ ဒါ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပုဒ်တစ်ခုလုံးအတွက် ပြောတာနော်။

စာမျက်နှာ-၅၁
နောက် “ဒယာပန္နာ သဗ္ဗပါဏဘူတဟိတာနုကမ္ဗ” သတ္တဝါတွေအပေါ်မှာ သနားတဲ့စိတ်ထားရမယ်၊ ကရုဏာထားရမယ်၊ မေတ္တာထားရမယ်၊ အားလုံးအပေါ်မှာ မေတ္တာထားနိုင်အောင် ကြိုးစား၊ ဒါမှ ပါဏာတိပါတာ ဝေရမဏိဆိုတာ ပြည့်ပြည့်စုံစုံ ဖြစ်တယ်။

အဒိန္နာဒါနာ ဝေရမဏိ - မခိုးပါဘူးဆိုရုံနဲ့ ပြည့်စုံလား၊ မပြည့်စုံသေးဘူး၊ မခိုးဘူး၊ ဘယ်တော့မှ မခိုးဘူး၊ စင်ကြယ်ရမယ်၊ လိမ်ယူတာ မရှိဘူး၊ ညာယူတာ မရှိဘူး၊ ခိုးတာနဲ့ပတ်သက်ပြီး ခိုးခြင်း ၂၅-မျိုး ရှိတယ်، မကောင်းတာနဲ့ ကောင်းတာကို လဲပေးလိုက်တယ်၊ ဈေးရောင်းဝယ်သမားတွေ ပိုသိတယ်၊ ဒါလေးကလည်း အတူတူပါပဲဆိုပြီး quality ကောင်းတာနဲ့ မကောင်းတာ လဲယူလိုက်တာမျိုးလည်း ရှိသေးတယ်နော်၊ ဈေးမတူတာကို အတူထားပြီး ရောင်းလိုက်တာမျိုးလည်း ရှိတတ်သေးတယ်၊ အလေးချိန်လျှော့သွားတာမျိုးလည်း ရှိ

စာမျက်နှာ-၅၂
တတ်သေးတယ်၊ နည်းအမျိုးမျိုးနဲ့ပဲ၊ အဲဒါမျိုးတွေက ခိုးမှန်းမသိ ခိုးတယ်၊ အဲဒါမျိုး မဖြစ်စေရဘူးတဲ့။ အထေနေန သုစီဘူတေန ဘယ်လိုနည်းနဲ့မှ သူများပစ္စည်းကို ကိုယ့်ထဲမှာ တစ်ရွေးသားမှ မပါစေချင်ဘူး၊ သူများပစ္စည်းနဲ့ ပတ်သက်လာလို့ရှိရင် စင်စင်ကြယ်ကြယ် နေတယ်။

တချို့နိုင်ငံတွေမှာဆိုလို့ရှိရင် သတင်းစာတွေ ဘာတွေ ရောင်းတဲ့လူ မရှိပါဘူး၊ လမ်းဘေးမှာ ဒီအတိုင်း ပုံထားတာ၊ ဖတ်ချင်တဲ့လူက ကောက်ယူသွားပြီးတော့ သတင်းစာဖိုး ချထားခဲ့တာပဲ၊ အဲဒီပိုက်ဆံကို ဘယ်သူမှမခိုးဘူး၊ ဒီတော့ အဒိန္နာဒါနာဆိုတာ လုံးဝစင်ကြယ်တဲ့အနေအထားမျိုး။ ကာမေသုမိစ္ဆာစာရဆိုတာ စိတ်ထဲကကို မပြစ်မှားတာမျိုး ဖြစ်ရမယ်၊ ကိုယ်ထိလက်ရောက် မပြောနဲ့၊ စိတ်ထဲကကို မပြစ်မှားရဘူး၊ နှုတ်နဲ့လည်း မကျူးလွန်ရဘူး၊ စိတ်နဲ့လည်း မပြစ်မှားရဘူး၊ ဒါမှ ပြီးပြည့်စုံတယ်၊ အဲဒါမှ သမ္မာကမ္မန္တအစစ် ဖြစ်တယ်။

စာမျက်နှာ-၅၃
သမ္မာအာဇီဝဆိုတဲ့ ကိုယ်ကျင့်တရားရဖို့ရာအတွက်ကတော့ ခုနကပြောတဲ့ ကာယဒုစရိုက် ၃ပါး၊ ဝစီဒုစရိုက် ၄-ပါးနဲ့ အသက်မွေးဝမ်းကျောင်း မလုပ်ရဘူးလို့ ပြောတာ၊ သူတစ်ပါးအသက်ကို သတ်ပြီး အသက်မမွေးဘူး၊ သူများဥစ္စာခိုးပြီး အသက်မမွေးဘူး၊ သူတစ်ပါးသားမယား စော်ကားပြီးတော့ အသက်မမွေးဘူး၊ ပိုက်ဆံရလို့ လိမ်ပြောတာ မလုပ်ဘူး၊ ပိုက်ဆံရလို့ သူများသွားဆဲတာမျိုး မလုပ်ဘူး၊ ပိုက်ဆံရလို့ ဂုံးတိုက်တာမျိုး မလုပ်ဘူး၊ အဲဒီနေရာမှာ နှစ်ခုရှိတယ်၊ စိတ်ဆိုးလို့ မခံချင်လို့ ဆဲတာ၊ ဒါ ဒုစရိုက်သက်သက်ပဲ၊ အသက်မွေးဝမ်းကျောင်းနဲ့ ဆက်စပ်လာပြီဆိုလို့ရှိရင် မိစ္ဆာအာဇီဝ၊ အဲဒီတော့ မိစ္ဆာအာဇီဝ မဖြစ်ရအောင် သမ္မာအာဇီဝကျင့်သုံး ဆောက်တည်ရမယ်၊ အဲဒီလို ပြောတာ။

အဲဒါဆိုရင် ရင်ထဲကသာသနာ ကိုယ့်အဖို့မှာ ပြည့်စုံသွားပြီ၊ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ဆိုတဲ့မဂ္ဂင်သုံးမျိုးဟာ ကိုယ့်သန္တာန်မှာ တည်ရှိပြီး

စာမျက်နှာ-၅၄
သွားပြီ၊ ဒါ လက်တွေ့ကျင့်သုံးတာ၊ သာသနာတည်တယ်လို့ ခေါ်တယ်။

အဲဒီပုဂ္ဂိုလ် ဒီထက်အဆင့်မြင့်ပြီး ကျင့်သုံးလိုက်မယ်၊ သမ္မာဝါယာမဆိုတာ ဘာပြောတာတုန်းလို့ သမ္မာဝါယာမအကြောင်းကို အရင်သင်လိုက်၊ သမ္မာဝါယာမဆိုတာ လေးဘက်လေးတန်က ကြိုးစားအားထုတ်မှုကို ခေါ်တယ်၊ လေးဘက်လေးတန်က ကြိုးစားအားထုတ်မှုဆိုတာ ဘာလဲ (၁)အကုသိုလ် မဖြစ်ရအောင် ဆို့ပိတ်ရမယ်၊ (၂) မတော်တဆဖြစ်လာလို့ရှိရင် ဖယ်ရှားဖို့ ကြိုးစားရမယ်၊ (၃) ကုသိုလ်မဖြစ်သေးရင် ဖြစ်အောင် ကြိုးစားရမယ်၊ (၄) ဖြစ်လာတဲ့ကုသိုလ်ကို ကြီးပွားတိုးတက်အောင် လုပ်ရမယ်။

အကုသိုလ်ကို ဆို့ပိတ်ထားရမယ်။ မဝင်စေရဘူး၊ လူတွေက ဆို့ပိတ်ပါတယ် - ခြင်တွေ မဝင်အောင်တော့ ခြင်ထောင်ချထားတယ်နော်၊ ခြင်ထောင်ချပြီး ခြင်ကို ဆို့ပိတ်တယ်၊ သူခိုးမဝင်

စာမျက်နှာ-၅၅
အောင် အိမ်တံခါး သော့ခတ်ထားတယ်၊ သို့သော်လည်း စိတ်တံခါးကျတော့ ဖွင့်ထားတယ်၊ လောဘတွေ ဝင်ချင်တိုင်း ဝင်၊ ဒေါသတွေ ဝင်ချင်တိုင်း ဝင်၊ အကုသိုလ်တွေ ဝင်ချင်တိုင်း ဝင်၊ တံခါးပိတ်ရမှန်း မသိဘူး၊ ပိတ်ရမယ်တဲ့၊ ဘာနဲ့ပိတ်ရမလဲဆိုတော့ သတိဆိုတဲ့တံခါးနဲ့ ပိတ်ထား၊ အကုသိုလ်အဝင်မခံနဲ့တဲ့။

ကိုယ့်အချင်းချင်းထဲက ကြီးပွားတိုးတက်နေတာ မြင်လို့ရှိရင် ဣဿာဖြစ်တယ်၊ “ဟာ ဒါ အကုသိုလ်ပဲ”ဆိုပြီး အဝင်မခံနဲ့၊ အစထဲက Congratulation လုပ်နိုင်အောင် ထားရမယ်နော်၊ လူတစ်ယောက် ကြီးပွားတိုးတက်လာလို့ရှိရင် ဣဿာမဖြစ်စေရဘူး၊ အဲဒီလိုလုပ်မှ သမ္မာဝါယာမဆိုတာ ဖြစ်တယ်၊ မဖြစ်သေးတဲ့အကုသိုလ် မဖြစ်ရအောင် ဆို့ပိတ်ထား၊ ဖြစ်လာပြန်လို့ရှိရင် ဖယ်ရှားပစ်၊ ဆိုပါစို့ - စိတ်မဆိုးသေးရင် မဆိုးအောင် ထိန်းသိမ်းထား၊ ဘယ်တော့မှ စိတ်မဆိုးအောင် နေ၊ မတော်တဆ ဆိုးလာလို့

စာမျက်နှာ-၅၆
ရှိရင် ဖယ်ရှားပစ်၊ မေတ္တာဘာဝနာ မပွားရသေးဘူးဆို ပွား၊ ပွားပြီးပြီဆိုလို့ရှိရင်လည်း ဒီထက်တိုးတက်လာအောင် ကြိုးစား၊ ဒါ သမ္မာဝါယာမလို့ ခေါ်တယ်။ အဲဒီအတိုင်း ကျင့်သုံးလို့ရှိရင် သမ္မာဝါယာမမဂ္ဂင် ကိုယ့်သန္တာန်မှာ ပြည့်စုံလာလိမ့်မယ်။

သမ္မာသတိဆိုတာ ဘာတုန်းဆိုရင် အမြဲတမ်း ကိုယ်လုပ်တဲ့အပေါ်မှာ သတိရှိနေဖို့ လိုတယ်၊ တရားဓမ္မနဲ့ ပြောလို့ရှိရင် ကြည့် - ကိုယ်ထိုင်နေရင် ထိုင်နေတဲ့အပေါ်မှာ သတိရှိရမယ်၊ လူတွေက ထိုင်တော့ ထိုင်နေတာပဲ၊ တွေးနေတာက တခြားလေ၊ လူကတော့ အိပ်ယာထဲမှာ လဲလျောင်းနေတယ်၊ ဒါပေမယ့်တွေးနေတာက တခြား၊ စိတ်နဲ့လူနဲ့ ကွာနေတယ်လို့ ပြောတာ၊ ဘာနဲ့ဥပမာတူတုန်းဆိုရင် အိမ်တံခါးဖွင့်ပြီး လျှောက်လည်နေတာနဲ့ မတူဘူးလား၊ အိမ်တံခါးဖွင့်ပြီး လျှောက်လည်နေရင် ရှိတာကုန်မှာပဲလေ၊ အဲဒီတော့ သတိဟာ လွတ်နေတာပဲ၊ သေချာစဉ်းစားကြည့်လို့ရှိရင် သတိလွတ်နေတယ်၊ ကာယ

စာမျက်နှာ-၅၇
စိတ္တ ဝေဒနာ ဓမ္မ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့အရာတွေပေါ်မှာ ဘာတစ်ခုမှ သတိမရှိဘူး၊ တွေးချင်ရာတွေးနေတယ်ဆိုတော့ အိမ်တံခါးဖွင့်ပြီး လျှောက်လည်နေတာနဲ့ မတူဘူးလား။

အဲဒီလိုဆိုတော့ အိမ်ထဲမှာရှိတဲ့ ကုသိုလ်ရတနာတွေ အကုန်ကုန်၊ လောဘ ဒေါသ မောဟဆိုတဲ့ သူခိုးဓမြတွေ ခဏခဏ ဝင်၊ ရှိသမျှတက်တက်ပြောင်၊ ဘာမှမကျန်တော့ဘူး၊ အဲဒီလို မဖြစ်ရအောင် သမ္မာသတိကို လေ့ကျင့်ရမယ်တဲ့၊ သတိပဋ္ဌာန်ကျင့်စဉ်ဆိုတာ အဲဒါကို ပြောတာပါ၊ သွားနေရင် သွားမှန်း စားနေတဲ့အချိန် စားမှန်းသိတယ်ဆိုတဲ့ သတိရှိနေရမယ်၊ သတိဆိုတာ ကိုယ်လုပ်နေတာ ကိုယ်သိနေဖို့ ပြောတာ၊ ကဲ စဉ်းစားကြည့် - ကိုယ်ထိုင်နေတာ ငါထိုင်နေတာပါလားလို့ ဘယ်နှစ်ခါ သိမိလဲ၊ သွားနေရင်လည်း သွားနေတယ်လို့ မသိရင် ဟိုကြည့်ဒီကြည့် ဟိုတွေးဒီတွေးနဲ့ သွားတာပဲ၊ အဲဒါကို သိနေအောင် လုပ်ဖို့ လေ့ကျင့်ရမယ်၊ အဲဒီလို

စာမျက်နှာ-၅၈
လေ့ကျင့်လို့ အောင်မြင်လာပြီဆိုရင် သမ္မာသတိမဂ္ဂင် ကိုယ့်သန္တာန်မှာ တည်ပြီလို့ ဒီလိုတွက်ရတယ်။

သမ္မာသမာဓိ ကိုယ့်စိတ်လေးငြိမ်နေအောင် ကမ္မဋ္ဌာန်းအာရုံတစ်ခုခုပေါ်မှာဖြစ်စေ အပြစ်ကင်းတဲ့အာရုံတစ်ခုပေါ်မှာ စိတ်ငြိမ်အောင်ထားတာ၊ မငြိမ်သေးရင် ငြိမ်အောင်ထားတယ်၊ ငြိမ်တဲ့အဆင့်ကလည်း ပိုပြီးအဆင့်မြင့်လာအောင် လုပ်တယ်၊ ကြိုးစားတယ်၊ သမ္မာသမာဓိဖြစ်လာတယ်၊ ဟော ဒီမဂ္ဂင်တွေ ကိုယ့်သန္တာန်မှာ ဖြစ်လာပြီ။

သမ္မာသင်္ကပ္ပဆိုတဲ့ မှန်ကန်တဲ့အတွေးတွေတွေးဖို့ လိုတယ်။ အဲဒီတော့ မှန်ကန်တဲ့အတွေးနဲ့ မှားယွင်းတဲ့အတွေး နှစ်မျိုးရှိတယ်၊ မှားယွင်းတဲ့အတွေးဆိုတာက တရားဓမ္မနဲ့ပတ်သက်ရင် မှားယွင်းတယ်လို့ ပြောရတာ၊ မျက်စိက လှတာမြင်ပြီး အာရုံခံစားဖို့တွေးတယ်၊ နားက သီချင်းနားထောင်ဖို့တွေးတယ်၊ နှာခေါင်းက မွှေးကြိုင်တဲ့အနံ့ကိုတွေးတယ်၊ အဲဒီလို လောဘနဲ့တွေးတဲ့အတွေးတွေမှန်သမျှ

စာမျက်နှာ-၅၉
မှားယွင်းတဲ့အတွေးလို့ ပြောတာ၊ လောဘနဲ့တွေးတဲ့အတွေး၊ ဒေါသနဲ့တွေးတဲ့အတွေး၊ သူတစ်ပါးကို ညှင်းဆဲသတ်ဖြတ်လိုတဲ့အတွေး၊ စာပေလိုပြောမယ်ဆိုလို့ရှိရင် ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိသာဝိတက်၊ နားလည်အောင် ပြောမယ်ဆိုရင် ကာမဝိတက်ဆိုတာ လောဘနဲ့တွေးတဲ့အတွေး၊ လောဘနဲ့တွေးတဲ့အတွေးဟာ မှားတဲ့အတွေးပဲ၊ ဗျာပါဒဝိတက်ဆိုတာ ဒေါသနဲ့တွေးတဲ့အတွေး၊ ဒေါသနဲ့တွေးတဲ့အတွေးဟာလည်း မှားတဲ့အတွေးပဲ၊ ဝိဟံသာဝိတက်ဆိုတာ သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲဖို့တွေးတဲ့အတွေး၊ ဒီအတွေးဟာလည်း မှားတဲ့အတွေးပဲ၊ အဲဒီမှားတဲ့အတွေးတွေကို လက်မခံရဘူး။

ကာမဂုဏ်အာရုံတွေကို စွန့်လွှတ်ပြီးတော့ တရားဓမ္မနဲ့နေမယ်ဆိုတဲ့အတွေးတွေးတာက နေက္ခမ္မသင်္ကပ္ပ၊ သူတစ်ပါးတွေအပေါ်မှာ မေတ္တာထားနိုင်တယ်၊ မေတ္တာနဲ့တွေးတဲ့အတွေးဟာ အဗျာပါဒသင်္ကပ္ပ၊ သူတစ်ပါးတွေအပေါ်မှာ သနား

စာမျက်နှာ-၆၀
ကြင်နာတဲ့စိတ်နှလုံးနဲ့တွေးတဲ့အတွေးဟာ အဝိဟိသာသင်္ကပ္ပ၊ ဒါဟာ မှန်ကန်တဲ့အတွေးသုံးခု၊ အဲဒီမှန်ကန်တဲ့အတွေးတွေနဲ့ အချိန်ကုန်ပြီဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ မဂ္ဂင်ရှစ်ပါးထဲက သမ္မာသင်္ကပ္ပမဂ္ဂင်ကို ကျင့်သုံးနေတာလို့ ဒီလိုပြောရမယ်နော်။

သမ္မာဒိဋ္ဌိဆိုတာကျတော့ ဒီထက်ကျယ်တယ်၊ သမ္မာဒိဋ္ဌိဆိုတာ နံပါတ်တစ် အခြေခံသမ္မာဒိဋ္ဌိက ဘာတုန်းဆိုလို့ရှိရင် ကိုယ်လုပ်တာ ကိုယ်ပဲတာဝန်ယူရမယ်ဆိုတာ ဒါကတစ်ခု၊ အဲဒါကို ကမ္မဿကတာ သမ္မာဒိဋ္ဌိလို့ ခေါ်တယ်၊ ကိုယ်လုပ်တာ ကိုယ်ပဲတာဝန်ယူရတယ်ဆိုတာ အင်္ဂလိပ်လိုပြောရင် I am responsible what I have done. ငါနဲ့ဆိုင်တယ်၊ ငါတာဝန်ယူရမယ်၊ အဲဒီတာဝန်ယူတဲ့အမြင်ကို ကမ္မဿကတာ သမ္မာဒိဋ္ဌိလို့ ခေါ်တာ၊

ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် ကိုယ်နဲ့ပဲဆိုင်တယ်ဆိုရင် မကောင်းတာ လုပ်ပါဦးမလား၊ (မလုပ်တော့ပါဘုရား)၊ အေး - ကိုယ်လုပ်သမျှ ကိုယ်

စာမျက်နှာ-၆၁
ပဲအမွေခံရမယ်ဆိုရင် မကောင်းတဲ့အမွေကို ဘယ်သူမှမခံချင်ဘူး၊ ကောင်းတဲ့အမွေသာ ခံချင်တာကိုး၊ အဲဒီတော့ လူတော်လူကောင်းဖြစ်တယ်၊ အဲဒါကို ကမ္မဿကတာ သမ္မာဒိဋ္ဌိလို့ ခေါ်တယ်။

ဒီမှန်ကန်တဲ့အမြင်ဟာ အခြေခံအကျဆုံး မှန်ကန်တဲ့အမြင်ပဲ၊ အဲဒီအမြင်ရှိပြီဆိုရင် သံသရာထဲမှာ လူတော်လူကောင်းဖြစ်ပြီးတော့ ဘဝနောက်ကြောင်းကောင်းတယ်၊ အဲဒီပုဂ္ဂိုလ်ဟာ လူ့ပြည်နတ်ပြည် ရောက်နိုင်တယ်၊ သို့သော် နိဗ္ဗာန်ရောက်ဖို့ မရှိသေးဘူး၊ တစ်ဖက်က မှားနေသေးတယ်။

နိဗ္ဗာန်ရောက်ဖို့အတွက်ကျတော့ ဘာဖြစ်တုန်းဆိုရင် သတ္တဝါဆိုတာ မရှိဘူး၊ ရုပ်နဲ့နာမ် နှစ်မျိုးတည်းပဲရှိတယ်၊ တို့ခန္ဓာကိုယ်ထဲမှာ ခန္ဓာငါးပါးဟာ ဘယ်ခန္ဓာမှ မြဲတာမရှိဘူး၊ အားလုံးဟာ ပြောင်းလဲနေတဲ့အရာတွေချည်းပဲလို့ မြင်ရမယ်တဲ့၊ အဲဒီလိုမြင်လိုက်တဲ့အခါကျတော့မှ ခန္ဓာကိုယ်နဲ့စွဲပြီးတော့ လွဲမှားနေတဲ့ သက္ကာယဒိဋ္ဌိဆိုတဲ့အယူအဆ ပျောက်ကင်း

စာမျက်နှာ-၆၂
သွားတာ၊ အဲဒီသက္ကာယဒိဋ္ဌိဆိုတဲ့ အယူအဆအမှားအယွင်းပျောက်သွားပြီး မှန်ကန်တဲ့အမြင်ကို မြင်ပြီ၊ ဒါကို ဝိပဿနာသမ္မာဒိဋ္ဌိလို့ ခေါ်တယ်၊ အဲဒီ ဝိပဿနာသမ္မာဒိဋ္ဌိရှိပြီဆိုမှ နိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်တယ်တဲ့။

သက္ကာယဒိဋ္ဌိရှိနေရုံနဲ့ ငရဲတော့ မကျပါဘူးတဲ့၊ သဂ္ဂါဝရဏတော့ မဖြစ်ဘူး၊ နတ်ပြည်ကိုတော့ မတားဘူး၊ ဘာကိုတားတုန်းဆိုရင် နိဗ္ဗာန်လမ်းကြောင်းကိုတော့ တားထားတယ်၊ နိဗ္ဗာန်ကိုတော့ မရောက်နိုင်ဘူးတဲ့၊ ဒါကြောင့်မို့လို့ သမ္မာဒိဋ္ဌိဆိုတာ အနည်းဆုံးဘာဖြစ်ရမလဲ၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတဲ့ အခြေခံရှိရမယ်၊ ပြီးတော့ ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာ အခြေခံရှိရမယ်၊ အဲဒီနှစ်ခုနဲ့ ပြည့်စုံသွားပြီဆိုလို့ရှိရင် သံသရာမှာ ကောင်းသွားပြီ၊ နိဗ္ဗာန်လမ်းကြောင်းပေါ်လည်း ရောက်သွားပြီလို့ ဒီလိုမှတ်ပေတော့။

အခုပြောတဲ့အတိုင်း မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံကြိုးကုတ်အားထုတ်လိုက်မယ်ဆိုရင် ကိုယ့်သန္တာန်

စာမျက်နှာ-၆၃
မှာ သာသနာမတည်ပေဘူးလား၊ (တည်ပါတယ် ဘုရား) ပထမ မဂ္ဂင်ကို ဘယ်လိုကျင့်သုံးရတယ်လို့ သင်တာက ပရိယတ္တိ၊ လက်တွေ့ကျင့်သုံးတာက ပဋိပတ္တိ၊ သင်တော့သင်တယ် မကျင့်ပါဘူးဆိုရင် ပဋိပတ္တိဘက်က ချို့ယွင်းနေသေးတယ်၊ ဒီအင်အားစုနှစ်ခုသည် ဟန်ချက်ညီညီနဲ့ လုပ်သွားပြီဆိုတော့မှ ကိုယ်ရဲ့ရင်ထဲက သာသနာဟာ အခိုင်အမာတည်နိုင်တယ်၊ ဒါဟာ သာသနာပြုစွမ်းအားစုနှစ်ခု။

ဒါကြောင့်မို့ သာသနာပြုတယ်ဆိုတာ ကိုယ့်သန္တာန်မှာ ဘုရားရဲ့အဆုံးအမဩဝါဒတွေ ပထမတည်အောင် ကြိုးစားတယ်၊ ကိုယ့်ကိုယ်တည်စေပြီးတဲ့အခါ သူများတွေမှာလည်း တည်အောင် ကြိုးစားတယ်၊ ဒါ သာသနာပြုတာပဲနော်၊ ကိုယ့်သန္တာန်မှာ တည်အောင်လုပ်သလို သူများကိုလည်း တိုက်တွန်းပေးတယ်၊ သာသနာပြုပေးတယ်၊ ဒါက တကယ့်သာသနာပြုအစစ်တဲ့၊ ကျန်တာတွေက သာသနာကို ပံ့ပိုးပေးမှုသာဖြစ်တယ်။

စာမျက်နှာ-၆၄
တရားချစ်ခင်သူတော်စင်ပရိသတ်တို့ သာသနာပြုစွမ်းအားစုဆိုတာကို ဒီကနေ့ ရှင်းလင်းဟောကြားတာ ဖြစ်ပါတယ်၊ ဒါကြောင့် တရားချစ်ခင်သူတော်စင်ပရိသတ်တို့သည် မိမိတို့ရင်ထဲက သာသနာမပျောက်ဖို့ရာအတွက် ဗုဒ္ဓမြတ်စွာဟောကြားတဲ့တရားဓမ္မတွေကို နာကြားသင်ယူခြင်းဆိုတဲ့ စွမ်းအားစုတစ်ခု, သင်ယူထားတဲ့အတိုင်း ကျင့်သုံးခြင်းဆိုတဲ့ စွမ်းအားစုတစ်ခု၊ အဲဒီစွမ်းအားစုနှစ်ခုနဲ့ တကယ့်သာသနာပြုပုဂ္ဂိုလ်အစစ် ဖြစ်ကြပါစေကုန်သတည်း။

သာဓု • • • သာဓု • • • သာဓု
nglaew82nusvc6j5czu2o9dhv33aw6v
သူတော်ကောင်းတို့၏ စိတ်နေသဘောထား
0
6403
22203
2026-06-19T03:31:45Z
Tejinda
173
"{{header | title = သူတော်ကောင်းတို့၏ စိတ်နေသဘောထား | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previou..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22203
wikitext
text/x-wiki
{{header
| title = သူတော်ကောင်းတို့၏ စိတ်နေသဘောထား
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[သာသနာပြုစွမ်းအားစု]]
| previous2 =
| next = [[အံ့ဖွယ်လူသား မြတ်ဘုရား]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

သူတော်ကောင်းတို့၏ စိတ်နေသဘောထား
ဤစာအုပ်သည် ဟောတရားကို အသံမှ စာအဖြစ် ကူးပြောင်းဖလှယ်ကာ ပြင်ဆင်တည်းဖြတ် ရေးသားအပ်သောစာအုပ်ဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် (၁၁)ရက်၊ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်း(အရှေ့)ရပ်ကွက်၊ မဟာသုခိတာလမ်း သီရိရတနာဓမ္မာရုံ၌ တရားပွဲဖြစ်မြောက်ရေး အကျိုးဆောင်အဖွဲ့က ကျင်းပသော ပထမအကြိမ် ဓမ္မပူဇာသဘင်ဝယ် ဤတရားကို ဟောကြားအပ်သည်။

ဤတရားကို ဟောရာ၌ ပိဋကတ်စာပေမှ သူတော်ကောင်းအကြောင်းဆိုင်ရာ ဒေသနာအချို့ကိုသာ ညွှန်ပြ ဟောကြားခဲ့ပါသည်။ သူတော်ကောင်းဆိုင်ရာ ဒေသနာ များစွာကျန်ပါသည်။

ဤတရား၌ “သူတော်ကောင်း” ဟူသော မြန်မာစကား၊ “သမ္ဗုရိသ” ဟူသော ပါဠိစကားတို့၏ အဓိပ္ပါယ်ကို ရှေးဦးစွာ ဖော်ပြခဲ့သည်။ ထို့နောက် သူတော်ကောင်းတို့၏အရည်အချင်း (၂)ရပ်၊ အရည်အချင်း(၇)ရပ်တို့ကို သက်ဆိုင်ရာ ဒေသနာတော်မှ ထုတ်နုတ်ဖော်ပြပါသည်။

အဓိကအားဖြင့် “ပုဏ္ဏာဝါဒသုတ္တန်” ကို ကျောရိုးအဖြစ် ဟောကြားထားခြင်းဖြစ်သည်။ ဤတရားစာအုပ်ပါ တရားများကို ဖတ်ရှုလေ့လာမှတ်သား၍ သူတော်ကောင်းတို့ရဲ့ စိတ်နေသဘောထားကို ထားရှိနိုင်ကြပါစေ။

ဓမ္မအသိရှိလျက်နေမည်

(ဂ)

ယော ကပ္ပကောဋီဟိပိ အပ္ပမေယျ၊ ကာလံ ကရောန္တော အတိဒုက္ကရာနိ။
ဒီဂတော လောကဟိတာယ နာထော၊ နမော မဟာကာရုဏိကဿ တဿ။

ယော နာထော - ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား အကြင်ရှင်တော်မြတ်ဘုရားသည်၊ ကပ္ပကောဋီဟိပိ - ကုဋေကမ္ဘာ အရေအတွက်သင်္ချာတို့ဖြင့်သော်လည်း၊ အပ္ပမေယျ - ရေတွက်တိုင်းတာဖော်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊ ကာလံ - လေးအသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊ လောကဟိတာယ - သတ္တလောက၏ အကျိုးစီးပွား

(ဃ)

အလို့ငှာ။ အတိဒုက္ကရာနိ - ဥစ္စာအသက်၊ ခြေလက်အင်္ဂါ၊ မေတ္တာကြီးမား သမီးသားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ် ငါးသွယ်အစု အလွန်ခဲယဉ်းသောအမှုတို့ကို၊ ကရောန္တော - ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်တော်မူရသည်ဖြစ်၍၊ ခေဒံ - လက်ခြေ မျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ပင်ပန်းခြင်းသို့၊ ဂတော - ဘဝတန်တန် ကြိမ်ဖန်များစွာ ရောက်တော်မူခဲ့ရှာရလေပြီ။ မဟာကာရုဏိကဿ - သတ္တဝါများ ရင်ဝယ်သားကဲ့သို့၊ သနားချစ်ခင် မဟာကရုဏာရှင် ဖြစ်တော်မူသော၊ တဿ နာထဿ - ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား ထိုရှင်တော်မြတ်ဘုရားအား၊ နမော - ရိုသေပျောင်းပျော့ မာန်ကိုလျော့၍ ကန်တော့ရိုကျိုး ရှိခိုးခြင်းသည်၊ အတ္ထု ဘဝတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
သူတော်ကောင်းဆိုတာ
“သူတော်ကောင်း” ဆိုတဲ့ စကားလုံးကို ပါဠိဘာသာမှာ “သမ္ဗုရိသ” လို့ခေါ်တယ်၊ “သန္တာ ပုရိသာ သမ္ဗုရိသော” ဆိုတဲ့အတိုင်း ငြိမ်သက်အေးချမ်းသောသူဟု အဓိပ္ပါယ်ရတယ်။

မြန်မာလို သူတော်ကောင်းဆိုတာ တော်လည်းတော်၊ ကောင်းလည်းကောင်းတယ်လို့ ဆိုလိုတယ်၊ တော်တယ်ဆိုတာ အရည်အချင်းရှိတာ၊ ကောင်းတယ်ဆိုတာ စိတ်

စာမျက်နှာ-၂
ထားကောင်းတာ၊ ကိုယ်ကျင့်တရားနဲ့ အသိဉာဏ်ဆိုတဲ့ အရည်အချင်းလည်းရှိတယ်၊ စိတ်နေစိတ်ထားလည်းကောင်းတယ်ဆိုရင် ဒီလိုပုဂ္ဂိုလ်မျိုးကို “သူတော်ကောင်း”တဲ့။

တစ်နည်းအားဖြင့် ပြောရရင် “တော်”တယ်ဆိုတာ ပညာအရည်အချင်းကိုပြောတာ၊ “ကောင်း”တယ်ဆိုတာ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ကောင်းတာကို ပြောတာ၊ လူတွေက လူတစ်ယောက်ကို “လူတော်”လို့ ပြောတာ သူ့ရဲ့ ပညာအရည်အချင်းကိုရည်ညွှန်းပြီး ပြောတာ၊ “လူကောင်း”လို့ ပြောတာကျတော့ အကျင့်စာရိတ္တပိုင်းကို ရည်ညွှန်းတာ၊ ပညာလည်းတော်တယ်၊ ကိုယ်ကျင့်တရားလည်းကောင်းတယ်ပေါ့။

စာမျက်နှာ-၃
သို့သော် လူတွေထဲမှာ ပညာတော်တယ်၊ ကိုယ်ကျင့်တရားမကောင်းဘူး၊ ကိုယ်ကျင့်တရားကောင်းတယ်၊ ပညာမတော်ဘူးဆိုသူတွေလည်း ရှိနိုင်တယ်၊ ကိုယ်ကျင့်တရားကောင်းတယ်၊ ပညာမတော်ဘူး၊ ပညာတော်တယ်၊ ကိုယ်ကျင့်တရားမကောင်းဘူးဆိုရင် တစ်ခြမ်းပဲ့နေတယ်၊ မပြည့်စုံဘူး။
အရည်အချင်း (၂) ရပ်
အဲဒီတော့ ဒီ (၂) ခုဟာ လူတစ်ဦးတစ်ယောက်အတွက် အခြေခံအားဖြင့်ရှိရမယ့် အရည်အချင်းဖြစ်တယ်၊ ဒီ (၂) ခုအောက် လျော့လို့မဖြစ်ဘူး၊ သို့သော် မဖြစ်မနေတစ်ခုကိုသာ ရွေးချယ်ရမယ်ဆိုရင် ကိုယ်ကျင့်တရားကို ရွေးရမှာဖြစ်တယ်၊ ကိုယ်ကျင့်တရားကောင်းဖို့က ပိုပြီး အဓိကကျတယ်၊ “သီလမေဝ သုတာ သေယျာ” တဲ့၊ ကိုယ်ကျင့်သီလက အကြားအမြင်ပညာထက် ပိုပြီး ချီးမွမ်းထိုက်တယ်လို့ ဆိုတယ်။

သို့သော် ကိုယ်ကျင့်ကောင်းသော်လည်း အသိပညာနည်းပါးသူဟာ အများအကျိုးအတွက် လုပ်နိုင်စွမ်းသိပ်မရှိဘူး။ ပညာအရည်အချင်းက တော်ပါရဲ့၊ ကိုယ်

စာမျက်နှာ-၄
ကျင့်တရားက မကောင်းဘူးဆိုရင်တော့ ဒီပုဂ္ဂိုလ်မျိုးက အန္တရာယ်များတဲ့ပုဂ္ဂိုလ် ဖြစ်လာတတ်တယ်။ အဲဒါကြောင့် သီလနှင့်ပညာလို့ဆိုတဲ့ ဒီအရည်အသွေး (၂) မျိုးလုံး ရှိရမယ်။ ဒီအရည်အသွေး (၂) မျိုးလုံးရှိတယ်ဆိုရင် အလွန်တန်ဖိုးရှိတဲ့လူ ဖြစ်တာပေါ့။

ဒီအရည်အသွေး (၂) ခုထဲမှာ တစ်ခုမှ လျှော့ပစ်လို့မရဘူး၊ သီလရှိမှ ပညာရှိနိုင်တယ်၊ ပညာရှိမှ သီလရှိနိုင်တယ်၊ သီလပရိဘေဒါ ပညာ - ပညာကို သီလနဲ့ ဆေးကြောရတယ်၊ ပညာပရိဘေဒံ သီလံ - သီလကို ပညာနဲ့ ဆေးကြောရတယ်။

အေး သူတော်ကောင်းဆိုတာ ကိုယ်ကျင့်တရားလို့ခေါ်တဲ့ သီလလည်းကောင်းတယ်၊ ပညာလည်းတော်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးပဲ၊ သို့သော် အဆင့်အမြင့်ဆုံး သူတော်ကောင်းဆိုတာကတော့ ဘုရားရဟန္တာသာ ဖြစ်တယ်။

စာမျက်နှာ-၅
အခြေခံအားဖြင့် သီလနဲ့ပညာရှိသူကို သူတော်ကောင်းလို့ပြောရတယ်၊ ဒီနေရာမှာ သီလဆိုတာ သုစရိုက်တရား (၁၀) ပါးကို ကျင့်သုံးခြင်းပဲ၊ သုစရိုက်တရား ကျင့်သုံးတဲ့သူကို လူကောင်းလို့ ပြောရမယ်၊ ကံ ကံ၏အကျိုးကို သိမြင်တဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ၎င်းသမ္မာဒိဋ္ဌိထက် အဆင့်မြင့်တဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိဆိုတဲ့ အသိဉာဏ်မျိုးရှိရင်တော့ “လူတော်” လို့ ပြောရမယ့် အဆင့်ရောက်တယ်။ ဒါ အခြေခံစံအားဖြင့် ဒီလိုသတ်မှတ်တာ။
နတ်တွေပြောတဲ့ သူတော်ကောင်း
သူတော်ကောင်းဆိုတဲ့ အဓိပ္ပါယ်ကို တာဝတိံသာနတ်တွေက အမျိုးမျိုး ဖွင့်ဆို သတ်မှတ်ကြသေးတယ်။ နတ်တွေကသတ်မှတ်တဲ့ အရည်အသွေးတွေဟာ မှတ်သားစရာကောင်းတယ်။

တာဝတိံသာနတ်တွေက သူတော်ကောင်းလို့

စာမျက်နှာ-၆
ဘယ်ပုဂ္ဂိုလ်မျိုးကိုခေါ်တာလဲ၊ အရည်အသွေး (၇) ရပ်ကို သူတို့က ထုတ်ဖော်သတ်မှတ်ပြထားတာ၊ ဒီအရည်အသွေး (၇) ရပ်ကိုပြုပြီး ပြဋ္ဌာန်းပြောဆိုတာလည်း သူတို့နတ်တို့ရဲ့ ဘုရင်၊ နတ်တို့ရဲ့ ခေါင်းဆောင် သိကြားမင်း ကိုယ်တိုင် လူ့ဘဝတုန်းက ကျင့်သုံးခဲ့တဲ့ ကျင့်ဝတ်တွေကို ရည်ညွှန်းတာပါ။

သိကြားမင်းကြီး လူ့ဘဝတုန်းက ကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ ကျင့်ဝတ်တရားတွေကို ကျင့်တဲ့ပုဂ္ဂိုလ်ကို သူတော်ကောင်းလို့ တာဝတိံသာနတ်တွေက သတ်မှတ်ကြတာ။ အဲဒါဘာတုန်းဆိုရင်

(၁) လူ့ဘဝရောက်လာတဲ့အခါ လူတွေရဲ့ ပထမဆုံးကျေးဇူးရှိတဲ့ပုဂ္ဂိုလ် ဘယ်သူတုန်းဆိုရင် အမေနှင့်အဖေပဲ။ မိဘနှစ်ပါးဟာ ကျေးဇူးအရှိဆုံးပုဂ္ဂိုလ်တွေ၊ အဲဒီကျေးဇူးအရှိဆုံးပုဂ္ဂိုလ်တွေကို ကျေးဇူးဆပ်တတ်လို့ရှိရင် ဒါ သူတော်ကောင်းပဲ၊ မာတာ ပေတ္တိဘရော - အသက်

စာမျက်နှာ-၇
ထက်ဆုံး မိဘနှစ်ပါးကို လေးလေးစားစားနဲ့ ပြုစုစောင့်ရှောက်တတ်တဲ့ သားသမီးကို သူတော်ကောင်းလို့ တာဝတိံသာနတ်တွေက သတ်မှတ်တယ်။ ဒါတင်မကဘူး၊

(၂) ကုလေ ဇေဋ္ဌာပစာယီ - ဆွေထဲမျိုးထဲမှာ အမေ့ဘက်ကတော်တဲ့အမျိုးတွေ၊ အဖေ့ဘက်ကတော်တဲ့အမျိုးတွေရှိတယ်၊ ကိုယ့်မိသားစုထဲမှာ ကိုယ့်ထက်အသက်ကြီးတဲ့ အကိုတွေ အမတွေဆိုတာရှိတယ်၊ အဲဒီ ကိုယ့်အမျိုးထဲက ရိုသေလေးစားထိုက်တဲ့ပုဂ္ဂိုလ်တွေကို လေးစားတာလည်း သူတော်ကောင်းပဲ။

အဲဒီမှာ အပြန်အားဖြင့်ပြောမယ်ဆိုရင် အမေအဖေကို မပြုစုဘူးဆိုရင် သူယုတ်မာ၊ ဝသလသုတ္တန်မှာ ဒီလိုပဲဟောထားတယ်၊ သူတော်ကောင်းရဲ့ ဆန့်ကျင်ဘက်က သူယုတ်မာ၊ အမေအဖေပြုစုမယ်ဆိုရင် သူတော်ကောင်း၊ ဆွေထဲမျိုးထဲက ကြီးတဲ့ပုဂ္ဂိုလ်ကို ရိုသေလေးစားတဲ့ အဲဒီ

စာမျက်နှာ-၈
ပုဂ္ဂိုလ်ဟာလည်း သူတော်ကောင်းပဲတဲ့။ အဲဒီတော့ သူတော်ကောင်းလို့သတ်မှတ်တဲ့ အင်္ဂါ (၂) ချက်ရတယ်။

နောက်တစ်ခုက ဘာတုန်းဆိုရင် (၃) စကားပြောတဲ့အခါမှာ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ပြောတဲ့ ပုဂ္ဂိုလ်ဟာလည်း သူတော်ကောင်းပဲ။ နူးညံ့သိမ်မွေ့တဲ့စကားပြောရမယ်တဲ့။

ကြမ်းတမ်းတဲ့စကားမျိုးကို ဖရုသဝါစာ လို့ခေါ်တယ်။ ဖရုသဝါစာ ပြောလို့ရှိရင် မိစ္ဆာဝါစာဖြစ်တယ်။ ဒါကြောင့်မို့ ကြမ်းတမ်းတဲ့စကားမျိုး မပြောရဘူးတဲ့။

ဘယ်လိုစကားမျိုးပြောရတုန်းဆိုလို့ရှိရင် ယာသာ ဝါစာ နေလာ - ကိုယ်ပြောလိုက်တဲ့စကားတစ်ခုဟာ အပြစ်မပါဘူး၊ အပြစ်ကင်းရမယ်။

ကဏ္ဏသုခါ - ကြားလိုက်ရတဲ့ ပုဂ္ဂိုလ်ရဲ့ နားမှာ ချမ်းသာရမယ်။ နားချမ်းသာတယ်ဆိုတာ တင်စားပြီးတော့ပြောတာ။ စိတ်ချမ်းသာမှုကိုဖြစ်စေတယ်။

စာမျက်နှာ-၉
ပေမနီယာ - ဒီစကားကို လူတိုင်းက နှစ်မြို့ကြတယ်။ ဟဒယင်္ဂမာ - စိတ်ထဲနှလုံးထဲမှာ ရောက်သွားတယ်။ ဗဟုဇနကန္တာ - လူအများက ကြိုက်တယ်။

ပေါရီ - တကယ်ယဉ်ကျေးတဲ့ မြို့သူမြို့သားတွေသုံးတဲ့ စကားလုံးဖြစ်တယ်။ အဲဒီလို စကားပြောလို့ရှိရင် ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့နဲ့ နားထောင်ရတဲ့သူ 'နားချမ်းသာလို့ စိတ်ထဲနှလုံးထဲမှာ စိမ့်ဝင်သွားတဲ့စကားမျိုးတဲ့၊

ဒါက ချွဲချွဲပျစ်ပျစ်ပြောတာမျိုးမဟုတ်ဘူးတဲ့။ အဲဒါမျိုးကိုပြောတာပေါ့။ သူပြောတဲ့စကားလေးက တန်ဖိုးရှိလိုက်တာ၊ တစ်ဖက်သား စိတ်ချမ်းသာစရာဖြစ်တယ်။ ကြားလိုက်ရတဲ့စကားကလည်း တန်ဖိုးရှိတယ်။ အနှစ်သာရရှိတယ်။ ဒီစကားမျိုးကိုဆိုလိုတာ။

အဲဒီစကားမျိုးကို ပြောလို့ရှိရင် ဖရုသဝါစာကင်းသည့်အတွက်ကြောင့် သဏ္ဍာ - သိမ်မွေ့တယ်။ သင်္ဂလာ

စာမျက်နှာ-၁၀
* ပြေပြေပြစ်ပြစ် ပြောတတ်တယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးကိုလည်း တာဝတိံသာနတ်တွေက သူတော်ကောင်းလို့ သတ်မှတ်တယ်။

နောက်တစ်ခုက (၄) အရပ်ထဲမှာနေလို့ရှိရင် အချို့ပုဂ္ဂိုလ်တွေက အရပ်ထဲကလူတွေ တစ်ယောက်နှင့်တစ်ယောက်၊ တစ်အိမ်နှင့်တစ်အိမ်၊ မိသားစုတစ်ဦးနှင့်တစ်ဦး မတည့်အောင် အတင်းအဖျင်းပြောတတ်တဲ့ အလေ့အထရှိတယ်ဆိုတာ အားလုံးသိတယ်နော်။

လူနှစ်ယောက်ဆုံမိလို့ရှိရင် နောက်တစ်ယောက်အကြောင်းကို ပြောမိတတ်ကြတယ်။ ပြောတယ်ဆိုတာ အကောင်းပြောတာထက် အဆိုးပြောတာက ပိုများတတ်တယ်နော်။ ဒါ လူ့ရဲ့သဘာဝကိုပြောတာ။ အဲဒီလိုပြောတဲ့အခါမှာ ဒါ အတင်းအဖျင်းပြောတယ်ခေါ်တာပေါ့။

သူတို့နှစ်ယောက်က ကျန်တဲ့သူတစ်ယောက်ရဲ့

စာမျက်နှာ-၁၁
အတင်းတွေပြောပြီးတော့ တစ်ယောက်ကသွားစရာရှိလို့ ထသွားလို့ရှိရင် ကျန်ရစ်တဲ့သူတစ်ယောက်က ဘာလုပ်တုန်းဆိုလို့ရှိရင် မေးငေါ့လိုက်တယ်။ သူလည်းတူတူပါပဲတဲ့။ အဲဒီတော့ လူတွေရဲ့အကျင့်ဟာ အတင်းအဖျင်းပြောတာမျိုး၊ ကုန်းတိုက်တာမျိုး၊ တစ်ယောက်နဲ့တစ်ယောက် မတည့်အောင်လုပ်ချင်တဲ့ စိတ်ဓာတ်မျိုးတွေ။ အဲဒီလိုစိတ်ဓာတ်မျိုးကင်းပြီဆိုလို့ရှိရင် သူတော်ကောင်းတဲ့။

အေး အဆင်မပြေလို့ တစ်ယောက်နဲ့တစ်ယောက် အထင်အမြင်တွေလွဲပြီး မတည့်ဘူးဆိုရင် ဘိန္နာနံ သန္ဓာတာ - ကွဲနေတဲ့သူတွေကို စေ့စပ်ပေးတယ်။ ညီညွတ်အောင်လုပ်ပေးတယ်။ သံဟိတာနံ အနုပ္ပဒါတာ - ခင်ခင်မင်မင်ရှိနေတဲ့ ပုဂ္ဂိုလ်တွေ ပိုပြီးခင်မင်အောင် ရင်းနှီးအောင်လုပ်ပေးတယ်။

သမဂ္ဂကရဏီ ဝါစံ ဘာသိတာ - ညီညွတ်တဲ့စကားလုံး တစ်ဦးနှင့်တစ်ဦး ညီညွတ်အောင်သာပြောပေး

စာမျက်နှာ-၁၂
တယ်၊ ကွဲမယ့်ပြမယ့်စကားမျိုး၊ တစ်ယောက်နဲ့တစ်ယောက် အထင်လွဲမယ့်စကားမျိုး ဘယ်တော့မှမပြောဘူးတဲ့။

သိကြားမင်းကြီးကိုယ်တိုင် လူ့ဘဝ လူ့လောကမှာနေတုန်းက ဒီကျင့်ဝတ်တရားတွေကို တလေးတစား လိုက်နာကျင့်သုံးခဲ့တယ်။

အို အရပ်ထဲမှာဆိုလို့ရှိရင် အတင်းအဖျင်းပြောပြီး တစ်ယောက်နှင့်တစ်ယောက် မတည့်အောင်လုပ်တဲ့ပုဂ္ဂိုလ်မျိုးရှိရင် ညီညွတ်ရေးပျက်ပြားစေတာပေါ့၊ အဖွဲ့အစည်းတစ်ခုမှာလည်း ဒီလိုပုဂ္ဂိုလ်ပါရင် ညီညွတ်ရေးပျက်ပြားစေတာပေါ့။ ညီညွတ်မှုပျက်စီးသွားတာဟာ မေတ္တာပျက်စီးသွားစေတာပဲ။

ရင်ထဲနှလုံးထဲက မေတ္တာတွေခန်းခြောက်သွားတယ်။ မေတ္တာခန်းခြောက်သွားတော့ တစ်ယောက်နှင့်တစ်ယောက် အကောင်းမမြင်တော့ဘူးလေ၊ အဲဒါမျိုး

စာမျက်နှာ-၁၃
မဖြစ်ရအောင် ညီညွတ်တဲ့စိတ်ဓာတ်ကို ဖြစ်ပေါ်စေတာ၊ အဲဒါဟာ သူတော်ကောင်းပဲတဲ့၊ ဒါ တာဝတိံသာနတ်တွေက အသိအမှတ်ပြုတဲ့ သူတော်ကောင်း။

နောက်တစ်ခုက (၅) မစ္ဆရိယ တရားကို ဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်၊ မစ္ဆရိယဆိုတာ ဘာပြောတာလဲဆိုတော့ ကိုယ်ရထားတဲ့ အခွင့်အရေးတစ်ခုကို သူများကိုမရစေချင်တာ၊ သာမန်အားဖြင့်ပြောနေကြတာက မစ္ဆရိယဆိုတာ နှမြောတယ်လို့ပဲ ပြောနေကြတာ၊ နှမြောတယ်ဆိုတဲ့ အဓိပ္ပါယ်က ကိုယ့်ပစ္စည်း ကိုယ်မလှူရက်လို့ နှမြောတယ်ဆိုတဲ့ အဓိပ္ပါယ်တစ်မျိုးထင်ရတာ၊

မစ္ဆရိယဆိုတာ ကိုယ်ရထားတဲ့ အခွင့်အရေးကို သူများကိုမရစေချင်တာ။ ကိုယ်အောင်မြင်ကြီးပွားသလို သူများကို မကြီးပွားစေချင်တာ၊ ဒါမျိုးကို မစ္ဆရိယလို့ခေါ်တယ်။ ဥပမာ - လူတစ်ယောက်ရဲ့ ဂုဏ်ကျေးဇူးကို

စာမျက်နှာ-၁၄
ချီးမွမ်းတဲ့အခါမှာ အမှန်ကိုအမှန်အတိုင်း မချီးမွမ်းချင်ဘူး၊ ထိမ်ချန်ထားချင်တယ်။ ဒါလည်း မစ္ဆရိယပဲ။

မစ္ဆရိယ (၅) မျိုးရှိတယ်၊ အာဝါသမစ္ဆရိယ - အဆောက်အအုံ နေရာထိုင်ခင်းနှင့်ပတ်သက်ပြီး ဝန်တိုတာ၊ ကုလမစ္ဆရိယ - အပေါင်းအသင်းနှင့်ပတ်သက်ပြီး ဝန်တိုတာ၊ လာဘမစ္ဆရိယ - ကိုယ်ရတဲ့ လာဘ်လာဘနှင့်ပတ်သက်ပြီး ဝန်တိုတာ၊ ဝဏ္ဏမစ္ဆရိယ - ဂုဏ်ကျေးဇူးတို့ ချီးမွမ်းခံရတဲ့စကားတို့နှင့်ပတ်သက်ပြီး ဝန်တိုတာ၊ ဓမ္မမစ္ဆရိယ - တရားဓမ္မနှင့်ပတ်သက်ပြီး ဝန်တိုတာတို့၊ ထိုဝန်တိုမှု မစ္ဆရိယတရား (၅) မျိုးရှိတယ်။

အဲဒီအထဲက ဓမ္မမစ္ဆရိယဟာ အဆိုးဆုံးပဲတဲ့။ ကိုယ်သိတဲ့တရားဓမ္မနှင့်ပတ်သက်ပြီး ဝန်တိုပြီး သူများကိုမပြောဘူး၊ ကိုယ်သိတဲ့တရား သူများသိသွားရင် ကိုယ်နဲ့သူနဲ့ တန်းတူဖြစ်သွားမှာဆိုပြီး ဝန်တိုတာ၊ ကြံကြံဖန်ဖန် ဝန်တိုတာနော်၊ အဲဒါမျိုးကို ဓမ္မမစ္ဆရိယလို့ခေါ်တယ်။

စာမျက်နှာ-၁၅
အကျဉ်းအားဖြင့်တော့ ကိုယ်ကြီးပွားသလို မကြီးပွားစေချင်တာ။ အဲဒီမစ္ဆရိယတရားဟာ ဘာနဲ့ယှဉ်တွဲလာလဲဆိုတော့ ဒေါသနှင့်ယှဉ်တွဲလာတာ။ လောဘနှင့်မတွဲဘူး၊ နှမြောတယ်ဆိုလို့ လောဘနှင့်တွဲတယ်လို့ ထင်ကြတယ်။ မဟုတ်ဘူး မစ္ဆရိယကဒေါသနှင့်တွဲတာ။

မစ္ဆရိယရဲ့ သဘောတရားကို စဉ်းစားကြည့်၊ အားလုံးတွေ့ဖူးကြပါလိမ့်မယ်၊ ကြောင်ကလေးတွေ၊ ခွေးကလေးတွေ၊ ကြောင်ကလေးတွေ သူတို့ပါးစပ်ထဲမှာ ကြွက်ကလေးတစ်ကောင်ရလာလို့ရှိရင် မာန်ဖီနေတာကိုတွေ့ရလိမ့်မယ်။ ဘာအတွက်မာန်ဖီတာတုန်းဆိုရင် သူရထားတဲ့အစာကို လာပြီးမထိနဲ့ဆိုတဲ့ အဓိပ္ပါယ်ပဲ၊ ဘေးကအကောင်တွေကို ရန်လုပ်တယ်။

အေး တိရစ္ဆာန်ရုံရောက်ဖူးလို့ ကျားတွေ ခြင်္သေ့တွေ အစာကျွေးတဲ့အချိန်ကိုတွေ့ဖူးကြပါလိမ့်မယ်။ အစာရေစာ ဝဝလင်လင်ကြီး သူတို့စားကြရမှာမဟုတ်ဘူး။ ညနေ

စာမျက်နှာ-၁၆
အစာကျွေးတဲ့အချိန် သွားကြည့်၊ အစာကျွေးမည့်သူ လာခါနီးဆိုရင် ကျားတွေ ခြင်္သေ့တွေဟာ ယောက်ယက်ခတ်နေတာ၊ အေး အစာကျွေးတဲ့သူက အသားတစ်ပေါင်လောက် အထဲထဲကို ပစ်ထည့်လိုက်တာနဲ့ တစ်ပြိုင်နက် ကျားတွေ ခြင်္သေ့တွေ ဘာလုပ်တုန်းဆို အဲဒီအသားကို ကိုက်ပြီးတော့ ရန်လိုက်လုပ်နေတာပဲ၊ မာန်ဖီပြီးတော့နေတယ်။ ဒါဘာတုန်းဆိုရင် မစ္ဆရိယသဘောပြောတာ။

သူရထားတဲ့အစာကို သိမ်းပိုက်ထားပြီးရင် ကျန်တာတွေကို မထိနဲ့လို့ပြောတာ၊ ဒေါသနဲ့ မာန်ဖီတာ၊ မစ္ဆရိယဖြစ်လာရင် ဒေါသဖြစ်လာတာပဲ၊ စမ်းကြည့်ပေါ့ ခွေးကလေးနှစ်ကောင်ဟာ တစ်ကောင်နှင့်တစ်ကောင် ကစားနေတဲ့ကြားထဲမှာ အမဲတုံးလေးသာ ပစ်ချကြည့်လိုက်၊ ကိုက်မှာသေချာတယ်နော်။ အစာအတွက်ရတဲ့ အကောင်ကလည်း လာမထိနဲ့၊ ဟိုဘက်ကအကောင်ကလည်း လုမယ်၊ အဲဒီတော့ မစ္ဆရိယသဘောတရားက

စာမျက်နှာ-၁၇
ကိုယ်ရထားတဲ့ အခွင့်အရေးတစ်ခုကို သူများနဲ့ရှယ်ယာမလုပ်နိုင်ဘူး။ အဲဒီမစ္ဆရိယတရားသည် လူရဲ့ society အသင်းအဖွဲ့တစ်ခုမှာ အန္တရာယ်ပြုပြီး စည်းလုံးရေးကို ပျက်ပြားစေတဲ့တရားဖြစ်သောကြောင့် အဲဒီမစ္ဆရိယတရား ဖယ်ရှားရမယ်တဲ့။ အဲဒီမစ္ဆရိယတရား ဖယ်ရှားနိုင်လို့ရှိရင် ဘာတရားထွန်းကားတုန်းဆိုတော့ “စာဂ-စွန့်ကြဲမှု၊ စွန့်လွှတ်မှု” တဲ့၊ ကိုယ်ရလာတဲ့ အခွင့်အရေးတစ်ခုကို အားလုံးနဲ့ရှယ်ယာလုပ်ပြီးတော့ မျှမျှတတ လူ့လောကမှာ အသုံးပြုတတ်တယ်။ စာဂါသည် မွန်မြတ်တဲ့တရားတစ်ခု၊ ဒါ့ကြောင့်မို့လို့ တာဝတိံသာနတ်တွေက မစ္ဆရိယဆိုတဲ့ စိတ်အညစ်အကြေးကို ဖယ်ရှားပစ်နိုင်ပြီ၊ မစ္ဆရိယကင်းတဲ့ပုဂ္ဂိုလ်ဆိုရင် သူတော်ကောင်းလို့ သတ်မှတ်ကြတယ်။

နောက်တစ်ခုက ဘာတုန်းဆိုလို့ရှိရင် (၆) လောကလူတွေက စကားပြောလို့ရှိရင် အမှန်

စာမျက်နှာ-၁၈
တရားကို တိတိကျကျပြောဖို့ရာ ဝန်လေးနေသလိုဖြစ်တယ်။ ဒါ့ကြောင့်မို့ ပြောတယ်လေ။ “မုသားမပါ လင်္ကာမချော” တဲ့။ ချောအောင် အပိုလေး အဆစ်လေး မဟုတ်တာလေးတွေတော့ ဖြည့်စွက်ပြီးပြောတတ်တယ်။ အဲဒီလို မမှန်မကန်တာလေး လုံးဝမထည့်ဘဲနဲ့ တကယ့်အမှန်ကိုသာလျှင်၊ အဖြစ်မှန်ကိုသာလျှင် မှန်တဲ့အတိုင်းပြောလို့ရှိရင် သစ္စာ လို့ခေါ်တယ်။ အဲဒီမှန်တဲ့ သစ္စာစကားဟာ အလွန်တန်ဖိုးရှိပြီး အလွန်တန်ခိုးကြီးတယ်။ လူတိုင်းလူတိုင်းမှာ ဝစီသစ္စာလို့ခေါ်တဲ့ မှန်တဲ့စကားကို အသုံးချပြီးတော့ ကိုယ်လိုချင်တာတစ်ခုပြောမယ်ဆိုလို့ရှိရင် ဒီသစ္စာရဲ့အစွမ်းသတ္တိတွေရှိတယ်လို့ဆိုတယ်။ အဲဒီလို မှန်မှန်ကန်ကန် မှန်တဲ့စကားကိုသာ ပြောရဲတဲ့ပုဂ္ဂိုလ်ဟာလည်း သူတော်ကောင်းပဲတဲ့။

နောက်တစ်ခုက သူတော်ကောင်းလို့သတ်မှတ်ဖို့ရာ ဘာတုန်းဆိုလို့ရှိရင်

စာမျက်နှာ-၁၉
(၇) အမျက်ဒေါသကို ထိန်းသိမ်း ဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်၊ လောကမှာ စိတ်ဆိုးလို့ ပြဿနာတက်တာ အများကြီးပဲလေ၊ မိသားစုထဲမှာ အိမ်ထောင်စုပြိုကွဲသွားတာတို့၊ သားသမီးမိဘ မိသားစုအချင်းချင်း ပြိုကွဲသွားတာတို့ တော်တော်များများဟာ ဒေါသကြောင့်ဖြစ်တာ။

ဒေါသက တော်တော်များများ လောကကို ဒုက္ခပေးနေတယ်။ ဒါသေချာတယ်၊ ကံကြီးတွေထိုက်အောင်လုပ်တာကြည့်လေ။ ဒေါသကြောင့်ဖြစ်တာပဲ။ မာတုဃာတက - အမိသတ်တဲ့ကံ၊ ပိတုဃာတက - အဖသတ်တဲ့ကံ၊ အရဟန္တဃာတက - ရဟန္တာသတ်တဲ့ကံ၊ လောဟိတုပ္ပါဒက - ဘုရားသွေးစိမ်းတည်အောင်လုပ်တဲ့ကံ ဒါတွေက ဒေါသအခြေခံပြီးတော့ဖြစ်တာ။

အဲဒီဒေါသကို မထိန်းနိုင်ဘူး၊ မဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင် လောကကြီးမှာ ပြဿနာတွေ အများကြီးတက်တယ်။ ဒါ့ကြောင့်မို့လို့ ကိုယ့်ဒေါသကို ကိုယ်ထိန်းနိုင်တဲ့ပုဂ္ဂိုလ်ဟာ လူတော်လူကောင်းတစ်ယောက်ပဲ။

စာမျက်နှာ-၂၀
“ရဟန်းတော်တွေ သစ်ပင်မခုတ်ရ” ဆိုတဲ့ ပညတ်ချက်နှင့်ပတ်သက်ပြီးတော့ ရုက္ခစိုးနတ်တစ်ဦးရဲ့ ဒေါသထိန်းနိုင်ပုံကို မြတ်စွာဘုရားက ဟောထားတာရှိတယ်။

အေး မြင်းရထားမောင်းတဲ့ပုဂ္ဂိုလ်ဟာ မြင်းရဲ့ဇက်ကို နိုင်အောင်ထိန်းနိုင်ပေမယ့် တကယ့်ရထားထိန်းလို့ မခေါ်နိုင်ဘူးတဲ့။ ကိုယ့်ဒေါသကိုထိန်းနိုင်တဲ့ပုဂ္ဂိုလ်မှ တကယ့်ရထားထိန်းလို့ ခေါ်နိုင်တယ်လို့ မြတ်စွာဘုရားက ဟောထားတာရှိတယ်။

ရဟန်းတော်တစ်ပါးက ကျောင်းဆောက်ဖို့ရန်အတွက် ကြီးမားတဲ့ သစ်ပင်ကြီးတစ်ပင်ကို လှဲတယ်။ လှဲတဲ့အခါမှာ အဲဒီသစ်ပင်ရဲ့ ဘုံဗိမာန်မှာရှိနေတဲ့ ရုက္ခစိုးနတ်က “အရှင်ဘုရား ကိုယ့်အတွက် အဆောက်အအုံလုပ်ချင်တာနဲ့ တပည့်တော်ရဲ့ အဆောက်အအုံကို မဖျက်ဆီးပါနဲ့” တဲ့ ပြောတော့ ဟိုကိုယ်တော်က နားမထောင်ဘူး။

အဲဒီတော့ ရုက္ခစိုးဘာလုပ်တုန်းဆိုလို့ရှိရင် ခုတ်မည့်နေရာကို သူ့ရဲ့သားငယ်လေး ရှေ့ကထားလိုက်ရင် ဒီ

စာမျက်နှာ-၂၁
ကိုယ်တော် ခုတ်မှာမဟုတ်ဘူးဆိုပြီး ခုတ်မည့်နေရာကို သူ့သားလေးကိုထားလိုက်တယ်။ ဟိုကိုယ်တော်ကလည်း အားနဲ့ခုတ်ချလိုက်တဲ့အချိန်မှာ မထိန်းနိုင်တော့ဘဲနဲ့ ရုက္ခစိုးသားလေး လက်မောင်း ခုတ်မိသွားလို့ အရင်းကနေ ပြတ်သွားတယ်။

ကဲ စဉ်းစားကြည့်၊ ကိုယ်ကိုယ်တိုင်ကြုံရင် မခုတ်ပါနဲ့လည်းပြောတယ်။ ဒီကလေးလေးမြင်ရက်သားနဲ့ ခုတ်လိုက်တယ်ဆိုတော့ ဘယ်လောက်စိတ်ဆိုးမလဲ။ သို့သော် အဲဒီနတ်က သူ့ရဲ့တန်ခိုးပါဝါနဲ့ အဲဒီရဟန်းကို အဲဒီနေရာမှာပဲ သတ်လိုက်တော့မလို့ စိတ်ဖြစ်လိုက်တဲ့အချိန်မှာ ဒေါသကို ပြန်ပြီးထိန်းလိုက်တယ်။

ဘယ်လိုထိန်းလိုက်လဲဆိုတော့ “အော် ဒီကိုယ်တော်မှာ ဆရာသမားရှိတယ်။ ဘုရားရှိတယ်။ ငါသတ်လိုက်လို့ရှိရင် ငါ့မှာ အကုသိုလ်တွေဖြစ်မယ်၊ သူ့ရဲ့ဆရာဆီသွားပြီး တိုင်မယ်” ဆိုပြီး မြတ်စွာဘုရားထံသွားပြီးလျှောက်တယ်။

စာမျက်နှာ-၂၂
လျှောက်လိုက်တဲ့အခါမှာ မြတ်စွာဘုရားက ခုနကစကားလေးကိုဟောတယ် “အေး ကိုယ့်ဒေါသကို ကိုယ်ထိန်းနိုင်တဲ့သူဟာ တကယ့်ရထားထိန်းအစစ်ပဲ” တဲ့။

အရှိန်နဲ့ထွက်လာတဲ့ဒေါသကို သူထိန်းလိုက်တယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုပြီး မြတ်စွာဘုရားက ချီးမွမ်းတယ်။ ဒီရဟန်းက သီလရှိတဲ့ရဟန်းတဲ့၊ မင်းသွားသတ်မိလို့ရှိရင် မင်းအကုသိုလ်တွေဖြစ်ပြီး ငရဲကျလိမ့်မယ်။ ကိုယ့်ဒေါသကိုကိုယ်ထိန်းတာ သိပ်ကောင်းတာပဲလို့ မြတ်စွာဘုရားက တရားဟောပြီး ဇေတဝန်ကျောင်းထဲမှာ မကြာခင်ကဘဲ နတ်ကစုတေပြီးသွားလို့ အားသွားတဲ့ဘုံဗိမာန်တစ်ခုကို ညွှန်ပြီးတော့ အဲဒီမှာ သူ့ကိုနေရာချပေးထားတယ်။

အော် ဒေါသကိုထိန်းတဲ့သူဟာ သူတော်ကောင်းပဲတဲ့။ ဒါ တရားကျင့်တယ်ဆိုတာ ဒီလိုလက်တွေ့ကျင့်တာကို ပြောတာနော်။ ဒါ တာဝတိံသာနတ်တွေက သူတော်ကောင်းလို့သတ်မှတ်ရတဲ့စံတွေကို ထုတ်ပြောတာ။

စာမျက်နှာ-၂၃

ကိုယ်ကျင့်တရားကို တန်ဖိုးထားတာ
အေး ကောင်းပြီ ဒီလိုသူတော်ကောင်းတွေက “သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထား” ဆိုတာ ဘာကိုပြောတာလဲဆိုတော့ ကိုယ်ကျင့်တရားကို တန်ဖိုးထားတာ။ ကိုယ်ကျင့်တရားကို မစွန့်လွှတ်ဘူး၊ ဘာအကြောင်းနဲ့မှ မစွန့်လွှတ်ဘူး။ အသက်ကိုစွန့်ချင်စွန့်ရပါစေ၊ ကိုယ်ကျင့်တရားကို မပျက်ပြားစေတာ သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားပဲ။

ဒါကို စာပေမှာဆိုတာက.. ပါဏံ စဇန္တိ န စ ဓမ္မံ တဲ့

သန္တာ - သူတော်ကောင်းတွေဟာ၊ ပါဏံ - ကိုယ့်အသက်ကို၊ စဇန္တိ - စွန့်ကြတယ်၊ ဓမ္မံ - ဓမ္မကိုတော့ န စဇန္တိ - မစွန့်ကြဘူး။

ဒါ သူတော်ကောင်းတို့ရဲ့ စိတ်နေသဘောထား။ ကိုယ်ကျင့်တရားကို ဘာနဲ့မှမလဲဘူး။ ကိုယ်ကျင့်ရမယ့်

စာမျက်နှာ-၂၄
တရားကို လွယ်လွယ်ကူကူနဲ့ မစွန့်လွှတ်ဘူး။ ဒါဖြင့် ဒါလွယ်တဲ့ကိစ္စလားဆိုတော့ မလွယ်ဘူး။

အများလူတွေက လွယ်လွယ်ကူကူနဲ့ ကိုယ်ကျင့်တရားကို စွန့်ကြတယ်။ ဆိုပါတော့ ဥပုသ်စောင့်ဖို့ သီလဆောက်တည်ထားတာ ထမင်းဆာတယ် မနေနိုင်တော့ဘူး၊ ဥပုသ်ချပြီးစားတော့တယ်၊ အစာနဲ့ဥပုသ်လဲလိုက်တာလေ၊ နေမကောင်းဘူး၊ ဒါကို အကြောင်းပြုပြီး ကိုယ်ကျင့်တရားကို စွန့်လွှတ်လိုက်တယ်။ ဒါဟာ ကိုယ်ကျင့်တရားနဲ့လဲတာပဲ။

တန်ဖိုးရှိတဲ့အရာနဲ့ တန်ဖိုးမရှိတဲ့အရာ လဲလေ့ရှိတယ်။ ဒါသာမန်ပုဂ္ဂိုလ်တွေက အဲဒီလိုလဲလိုက်တာ၊ နှစ်ခုရွေးစရာပေါ်လာပြီဆိုလို့ရှိရင် ကိုယ်ကျင့်တရားကို စွန့်လွှတ်လိုက်ပြီး ကျန်တာကိုရွေးလိုက်ကြတယ်။ နောင်ခါလာ နောင်ခါဈေးဆိုပြီး စွန့်ကြတယ်။ အတ္တဟေတု - ကိုယ့်အတွက်နဲ့လည်း ကိုယ်ကျင့်

စာမျက်နှာ-၂၅
တရားကိုစွန့်လွှတ်တယ်။ ပရဟေတု - သူများအတွက်နဲ့လည်း ကိုယ်ကျင့်တရားကို စွန့်လွှတ်တယ်။ အာမိသ ကိဉ္စိက္ခ ဟေတု - လာဘ်လာဘလေးတစ်ခုအတွက်နဲ့လည်း ကိုယ်ကျင့်တရားကို စွန့်လွှတ်ကြတယ်။ ဒါအများစုက တန်ဖိုးထားပုံချင်းမတူတဲ့အချက်ပဲ။ သူတော်ကောင်းတွေကျတော့ အဲဒီလိုမဟုတ်ဘူး၊ ကိုယ်ကျင့်တရားကို အသက်ထက်တန်ဖိုးထားတယ်။ ဘယ်လိုကိစ္စနဲ့မှ ကိုယ်ကျင့်တရားကို စွန့်လွှတ်မှာမဟုတ်ဘူးတဲ့။ အသက်သေသာခံမယ်။

အရင်တုန်းက မြန်မာပြည်မှာ စာရေးဆရာကြီးတစ်ယောက်က ရေးဖူးတယ်။ “သောတာပန်ဟာ ကျားနဲ့ရင်ဆိုင်တွေ့လာရင် သူ့မှာလည်း လက်နက်ပါလာရင် သူ့အသက်ကိုကာကွယ်တဲ့အနေနဲ့ ကျားကိုသတ်မှာပဲ” လို့ ရေးထားတယ်။ ဒါသောတာပန်ရဲ့ သဘောထားမဟုတ်ဘူး၊ သူ့သဘောထား။

စာမျက်နှာ-၂၆
သောတာပန်ပုဂ္ဂိုလ်များကတော့ အဲဒီလိုသဘောထားမရှိဘူး၊ ကိုယ်အသက်အတွက်နဲ့ သူများအသက်ကို သတ်တာမျိုး ဘယ်တော့မှမလုပ်ဘူး။ သေခြင်းသေရင် ကိုယ်ပဲအသေခံမယ်၊ သူများအသက်ကိုမသတ်ဘူး ဆိုတဲ့အဓိပ္ပါယ်ရှိတယ်။ သာမန်ပုဂ္ဂိုလ်တွေကျတော့ ဒီလိုသဘောထားမရှိဘူး၊

ဓနံ စ ဇီဝိတံ အင်္ဂဝရဿ ဟေတု - ခြေလက်အင်္ဂါ ကိုယ့်ခြေကိုယ့်လက် တစ်စုံတစ်ခုထိခိုက်မှာစိုးရင် ဥပမာ ခြေဖြတ်ခံရမယ်၊ လက်ဖြတ်ခံရမယ်၊ အင်္ဂါခြေလက်ပျက်စီးသွားမှာကို ကာကွယ်ဖို့အတွက် ပစ္စည်းဥစ္စာကို စွန့်ရတယ်။ ပစ္စည်းဥစ္စာနဲ့ အကာအကွယ်လုပ်ကြတယ်။ တစ်ခုခုတော့ စွန့်ရမယ်၊

ဆိုပါစို့ - ခြေလက်တွေ မျက်စိတွေ အပျက်မခံနိုင်ဘူး၊ ပိုက်ဆံပဲပေးလိုက်မယ်၊ ကိုယ်အင်္ဂါအတွက်နဲ့ ပစ္စည်းဥစ္စာကိုစွန့်တယ်။

စာမျက်နှာ-၂၇
အင်္ဂါ စ ဇီဝိတံ ရက္ခမာနော - တစ်ဖန် အသက်ကိုယ်အင်္ဂါ ဒီနှစ်ခုဆိုလို့ရှိရင် အသက်ရှင်ရင်တော်ပြီ။ ကိုယ်အင်္ဂါကို စွန့်တယ်၊ ဒါကြောင့်မို့လို့ အသက်မသေရင်ပြီးရောဆိုပြီး ခြေထောက်လည်းဖြတ်ရတယ်၊ လက်လည်းဖြတ်ရတယ်၊ ခြေထောက်ဖြတ်လို့အသက်ရှင်မယ်ဆို ဖြတ်ရတယ်၊ လက်ဖြတ်လို့အသက်ရှင်မယ်ဆို ဖြတ်ရတယ်၊ ဘာကြောင့်လဲဆိုလို့ရှိရင် အသက်ကို တန်ဖိုးထားလို့ရှိရင် ကိုယ့်ခြေ ကိုယ့်လက် ချို့ယွင်းသွားပါစေ အသက်မသေရင်ပြီးရောဆိုပြီး လူ့လောကမှာ ဒီလိုလုပ်လေ့ရှိကြတယ်။ တရားနှင့်ပတ်သက်လာတဲ့အခါကျတော့.. ဓနံ ဇီဝိတာ စ ဓမ္မံ ရက္ခေ၊

ပစ္စည်းဥစ္စာလည်းကုန်ပါစေ၊ ကိုယ်အင်္ဂါတွေလည်း ပျက်စီးချင်ပျက်စီးပါစေ၊ အသက်ပါသေချင်သေပါစေတဲ့၊ တရားကိုတော့ အပျက်မခံဘူး၊ သူတော်ကောင်းရဲ့ စိတ်--

စာမျက်နှာ-၂၈
ဓာတ်ဟာ အဲဒါပဲ။ ကိုယ်ကျင့်တရားကိုတော့ စွန့်လွှတ်မှာ မဟုတ်ဘူး။

ဇာတ်တော်ကြီးဆယ်ဘွဲ့ထဲက “ဘူရိဒတ္ထ”ဆိုတဲ့ နဂါးမင်းကြီးဇာတ်လမ်းကို ဖတ်ဖူးတဲ့သူတွေက တွေ့လိမ့်မယ်။ ဥပုသ်သီလ ဆောက်တည်တဲ့အခါမှာ ဘုရားအလောင်းတွေက အဓိဋ္ဌာန်ထားလေ့ရှိတယ်။

လူ့ပြည် လူ့လောကလာပြီး တောင်ပို့ပေါ်မှာ ခွေပြီးတော့ သီလဆောက်တည်တယ်၊ သီလဆောက်တည်တယ်ဆိုတာ ကျင့်စရာကျင့်ဖို့ အဓိဋ္ဌာန်ပြုတာ၊ သူများအသက်သတ်တာ မလုပ်ဘူး၊ သူများဥစ္စာခိုးတာ မလုပ်ဘူးဆိုတာမျိုးပေါ့၊ အဓိဋ္ဌာန်လိုက်တယ်၊ ဘယ်နည်းနဲ့မှ သူများအသက်ကို မသတ်ဘူး၊ ငါ့အသက်ကို လာသတ်ချင်သတ်ပါစေ၊ ငါ့ကိုယ်ကျင့်တရားတော့ မပျက်စေရဘူး။ ဒီလိုမျိုး အဓိဋ္ဌာန်ပြီးတော့မှ အသက်စွန့်ပြီး ဥပုသ်စောင့်တာ၊ ဒါ သီလပရမတ္ထပါရမီ ခေါ်တယ်။

စာမျက်နှာ-၂၉
အလမ္ပာယ်သမားနဲ့တွေ့တဲ့အခါကျတော့ ဘုရားအလောင်း ဘူရိဒတ္တနဂါးမင်းကို အလမ္ပာယ်ပြဖို့အတွက် မန္တန်ရွတ် ဆေးဖျန်းပြီးတော့ အားပျော့အောင် ရိုက်နှက် ဖမ်းဆီးခေါ်သွားတာတဲ့၊ အဲဒီအချိန်မှာ သီလစောင့်ထားသည့်အတွက်ကြောင့် မျက်စိကို စုံမှိတ်ထားတာ။ စိတ်ဆိုးပြီးကြည့်လိုက်ရင် နဂါးတွေရဲ့ တန်ခိုးတေဇော်ကြောင့် တစ်ဖက်သားက ဖွဲပြာကျသွားမယ်။ အဲဒီလို ကိုယ့်အသက်ကိုစွန့်ပြီး ကိုယ်ကျင့်တရားကို တန်ဖိုးထားတာ သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားပဲ။

ဒီလို သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားနဲ့ ကျန်တဲ့သူတွေရဲ့ စိတ်နေသဘောထားက အများကြီးကွာတယ်။ များသောအားဖြင့် လူတွေက ငါ့ထိမခံဘူး၊ ငါ့ပိုက်ဆံထိမခံဘူး၊ ငါ့သားသမီးထိမခံဘူးဆိုတဲ့သူက များတယ်လေ။ အဲ ကိုယ်ကျင့်တရားထိရင် မခံဘူးဆိုတဲ့သူက အင်မတန်ရှားတယ်။ တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်

စာမျက်နှာ-၃၀
ကိုယ်ကျင့်တရားကို လွယ်လွယ်ကူကူ စွန့်လွှတ်ကြတယ်။ သူတော်ကောင်းတွေကျတော့ အဲဒီလိုမဟုတ်ဘူး။ ကိုယ်ကျင့်တရားကို တန်ဖိုးထားပြီး အသက်ထက် မြတ်နိုးတယ်။ ထိန်းသိမ်းစောင့်ရှောက်တယ်။ ဒါသူတော်ကောင်းတွေရဲ့ စိတ်ဓာတ်၊ သူတော်ကောင်းတွေရဲ့ အတွေးနဲ့ ကျန်တဲ့သူတွေရဲ့ အတွေးဟာ အများကြီးကွာတယ်။

အကောင်းမြင်ဝါဒ အဲဒီတော့ ကိုယ့်ဘဝကိုယ် မကောင်းတဲ့စိတ်ဓာတ် မပေါ်ရလေအောင်၊ မကောင်းတဲ့အလုပ် မလုပ်မိရလေအောင် ဘယ်အရာကိုပဲဖြစ်ဖြစ် အကောင်းဘက်ကနေ ရှုမြင်တတ်တဲ့အရာ (optimism)တစ်ခု၊ အရာရာမှာ အကောင်းဘက်ကနေ ကြည့်တတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဒေါသကို ထိန်းနိုင်တာမှန်တယ်။ ကောင်းတဲ့ဘက်က လှည့်တွေးတာကိုး။

အဲဒါနဲ့ပတ်သက်လို့ ပုံဝတ္တုလေးတစ်ခု ရေးထား

စာမျက်နှာ-၃၁
မီးရထားစက်ခေါင်းမောင်းသူ (engine driver) တစ်ယောက်ရဲ့ ဇာတ်လမ်းလေးတစ်ခု၊ သူက ဘယ်တော့ပဲဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အကောင်းဘက်ကပဲတွေးတယ် ပြောတယ်။ တစ်ခုခုဖြစ်သွားပြီဆိုရင် အကောင်းဘက်ကပ်ပြောတော့တာပဲ။ အဆိုးဘက်က ဘယ်တော့မှမကြည့်ဘူး။ သူက အဲဒီလို အကောင်းဘက်က ပြောလေ့ပြောထရှိလို့ နာမည်ကြီးနေတယ်။ တစ်နေ့ကျတော့ မီးရထားတိုက်လို့ သူ့ခြေထောက်မှာ ဒဏ်ရာအကြီးအကျယ်ရတယ်။ ဆေးရုံတက်တော့ ခြေထောက်တစ်ဖက် ဖြတ်ရမယ့်အနေအထားရောက်တယ်။

သူငယ်ချင်းတွေက လာမေးတယ်၊ ဒီလူကတော့ ဘယ်တော့မဆို အကောင်းဘက်ကချည်းပဲ ပြောလေ့ရှိတယ်။ ဥပမာဆိုပါစို့ ပိုက်ဆံပျောက်သွားရင်တောင် ငါသိမ်းရသက်သာတာပေါ့ဆိုတဲ့ လူစားမျိုး၊ ဘယ်လိုမကောင်းတာဖြစ်ဖြစ် အကောင်းဘက်ကတွေးပြီး နေတတ်တဲ့လူတစ်ယောက်၊ ဒါပေမယ့် ဒီတစ်ခါ အကောင်းဘက်က

စာမျက်နှာ-၃၂
တွေးနိုင်တော့မှာ မဟုတ်ဘူးတဲ့။ ဘာဖြစ်လို့တုန်းဆိုရင် ဆေးရုံမှာ သူ့ခြေထောက်တစ်ဖက် ဖြတ်ရတော့မယ်။ ဒီတစ်ခါ သူဘယ်လိုများ အကောင်းမြင်ဦးမလဲဆိုပြီး သူငယ်ချင်းတွေက မေးတယ်။ “ဒီတစ်ခါ မင်းခြေထောက်တစ်ဖက် ဖြတ်ရတော့မယ်၊ မင်း ဘယ်လိုများ အကောင်းပြောဦးမလဲ”လို့ဆိုတော့ သူက “သူငယ်ချင်းတို့ရေ အရင်က ငါဖိနပ်နှစ်ဖက်ဝယ်ရတယ်၊ ဒီတစ်ခါ ငါဖိနပ်တစ်ဖက်ပဲ ဝယ်ရတော့မယ်၊ တစ်ဖက်ဖိုး ငါသက်သာသွားပြီတဲ့။ သူက ဘယ်တော့မှ အဆိုးဘက်ကမတွက်ဘူး။ အဲဒါလိုပဲ တချို့ကိစ္စတွေမှာ သူတော်ကောင်းတွေက တရားကိစ္စကိုပဲတွေးပြီး မကောင်းတဲ့စိတ်ဓာတ်ကို ကိုယ့်သန္တာန်မှာ ဖယ်ရှားပစ်လေ့ရှိတယ်။

မတ္တရာဆရာတော် မတ္တရာဆရာတော်ဆိုတာ မင်းတုန်းမင်းကြီးလက်ထက်တုန်းကရှိတယ်။ အရာရာမှာ အကောင်းဘက်ကနေထား

စာမျက်နှာ-၃၃
တွေးပြီး သည်းခံလေ့ရှိတယ်။ သည်းခံတဲ့နေရာ၊ အကောင်းမြင်တဲ့နေရာမှာ နာမည်ကြီးလို့ အဲဒီဆရာတော်ကြီးကို စမ်းကြတယ်။ တစ်နေ့ကျတော့ ဆွမ်းကို ပျော့နေအောင် ချက်ထားတယ်၊ ဆရာတော်ကြီးက ဘာပြောတုန်းဆိုရင် “အေး ဒီနေ့ ဆွမ်းကပျော့နေတယ်၊ ဝါးရသက်သာတာပေါ့ကွယ်”တဲ့။ အဲဒါနဲ့ ပျော့တာမပြောရင် မာရင်ဘာပြောမလဲဆိုပြီး ဆွမ်းကို မာမာချက်လိုက်တော့ “အေး ဒီနေ့ ဆွမ်းက မာမာတောင့်တောင့်လေးစားရတာပေါ့”လို့ပြောတယ်၊ ဒါနဲ့ တစ်ရက်ကျတော့ ဆားလေးလေးငန်ငန် ချက်ပြီးပေးတော့ “ဒီနေ့ ဆားငန်ငန်လေးနဲ့ဆိုတော့ အစာပိုကြေတာပေါ့”လို့ပြောတယ်၊ ဆားငန်ရမလားဆိုပြီး စိတ်မဆိုးဘဲ ဆားငန်သည့်အတွက်ကြောင့် အစာပိုကြေတာပေါ့တဲ့၊ နောက်တစ်ရက်ကျတော့ ဆားမပါဘဲ ချက်ကျွေးတော့ “အေး ဒီနေ့ ရေငတ်သက်သာတာပေါ့”တဲ့ ပြောတယ်။ အဲဒီလို အကောင်းဘက်ကနေတွေးပြီးတော့ ကိုယ့်စိတ်ကိုယ်ထိန်းတာ သူတော်ကောင်းတွေရဲ့

စာမျက်နှာ-၃၄
စိတ်နေသဘောထားတစ်ခုပဲ။ ဒေါသဖြစ်စရာမရှိဘူးလေ။ နို့မို့ရင် သာမန်ပုဂ္ဂိုလ်ဆိုရင် ထမင်းပျော့ပျော့ရမလားဆိုပြီး ရန်ဖြစ်ကြ၊ မာမာရမလား၊ ဆားငန်ငန်ရမလား၊ ဆားပေါ့ပေါ့ရမလားဆိုပြီး ရန်ဖြစ်ကြတယ်၊ အဆင်မပြေကြဘူး။ မတ္တရာဆရာတော်လိုမျိုး သဘောထားမယ်ဆိုရင် ဘာပြဿနာမှ တက်မှာမဟုတ်ဘူး။ ဒါ အကောင်းဘက်ကနေ ရှုမြင်ပေးတဲ့ သဘောတရား။

အရှင်ပုဏ္ဏ အေး အဲဒီသဘောမျိုးလိုပဲ ဗုဒ္ဓမြတ်စွာလက်ထက်တော်ကာလတုန်းက ရှင်ပုဏ္ဏဆိုတာရှိတယ်။ တစ်နေ့တော့ မြတ်စွာဘုရားဆီလာပြီး “အရှင်ဘုရား တပည့်တော်ကို လိုက်နာကျင့်သုံးရမည့် ဆုံးမသြဝါဒတရားလေး ဟောပေးပါ”တဲ့။ “အရှင်ဘုရား ဟောထားတဲ့အတိုင်း တပည့်တော်ဟာ အားတက်သရော ကြိုးကြိုးစားစားနဲ့ လိုက်နာကျင့်သုံးပါ့မယ်”တဲ့ ဘုရားကိုလျှောက်တယ်။

စာမျက်နှာ-၃၅
ဒါနဲ့မြတ်စွာဘုရားက ကမ္မဋ္ဌာန်းတစ်ပုဒ်ပေးလိုက်တယ်။

အဲဒီကမ္မဋ္ဌာန်းက ဘာတုန်းဆိုရင် မျက်စိက နှစ်သက်စရာ မြင်စရာအာရုံကို မြင်တဲ့အခါ၊ နားက သာယာစရာ နှစ်သက်စရာအသံကို ကြားတဲ့အခါ၊ နှာခေါင်းက မွှေးကြိုင်ပြီးတော့ နှစ်သက်စရာအနံ့ကို ရှုရှိုက်ရတဲ့အခါ၊ လျှာကလည်း အင်မတန်မှ အရသာရှိတဲ့ အစာအာဟာရကို လျက်ရတဲ့အခါ၊ ခန္ဓာကိုယ်ကလည်း အင်မတန်မှ အထိအတွေ့ကောင်းတဲ့ အရာဝတ္ထုကို ထိတွေ့ရတဲ့အခါ၊ စိတ်ထဲကလည်း ကြည်နူးစရာကောင်းတဲ့အရာမျိုးကို တွေ့ရတဲ့အခါမျိုးမှာတဲ့ မင်း လောဘမဖြစ်အောင်ထိန်းတဲ့။ ဒါက ကျင့်ရမယ့်ကျင့်ဝတ်တစ်ခုပဲ၊ လောဘမဖြစ်စေနဲ့။

အာရုံ(၅)ပါး၊ အာရုံ(၆)ပါး လူတိုင်းလူတိုင်းဟာ အာရုံမုန်တိုင်းက ကိုယ့်စိတ်ကို အမြဲတမ်းလာတိုက်တယ်။ မုန်တိုင်းတိုက်ပြီဆိုရင် သာမန်အခုအခံမရှိဘူးဆိုရင် လူတွေရဲ့စိတ်ဟာ ပြိုလဲသွားတယ်။

စာမျက်နှာ-၃၆
လောဘဖြစ်စရာအာရုံနဲ့တွေ့ရင် လောဘဖြစ်တယ်။ ဒါ ပြိုလဲသွားတာပဲ၊ စိတ်ကလှုပ်ရှားသွားတာပဲ၊ ဒေါသဖြစ်စရာအာရုံနဲ့တွေ့ရင် ဒေါသဖြစ်တယ်။ မျက်စိက မြင်တာ၊ နားက ကြားတာ၊ နှာခေါင်းက အနံ့ရတာ၊ လျှာက အရသာသိတာ၊ ခန္ဓာကိုယ်ကထိတာ၊ စိတ်ကူးစိတ်သန်းထဲကရတာ၊ ဒါကိုအကြောင်းပြုပြီး နှစ်သက်စရာအာရုံနဲ့တွေ့ရင် လောဘဖြစ်တယ်၊ နှစ်သက်စရာမဟုတ်ဘူးဆိုရင် ဒေါသဖြစ်တယ်၊ အဲဒါ စိတ်ရဲ့လှုပ်ရှားမှု၊ အာရုံမုန်တိုင်းတွေရဲ့ အတိုက်ကို ခံရသည့်အတွက်ကြောင့် လူရဲ့စိတ်ဟာ ယိမ်းထိုးနေတယ်၊ မြတ်စွာဘုရားက အဲဒါ မဖြစ်အောင်ထိန်းတဲ့။ ဘာဖြစ်လို့လည်းဆိုတော့ နန္ဒ ဒုက္ခဿ မူလံ နှစ်သက်စွဲလမ်းတဲ့ တဏှာရာဂသည် ဒုက္ခဖြစ်စေတဲ့ အကြောင်းရင်းတဲ့။ ဟုတ်တယ်လေ မျက်စိက နှစ်သက်စရာအာရုံတွေ့လာရင် လောဘကဖြစ်လာ၊ လောဘဖြစ်လာရင် ဒီလောဘကိုမထိန်းနိုင်ရင် ရှေ့ဆက်ပြဿနာတွေ ဆောင်ကျဉ်းတော့မယ်၊ နသမုဒယာ ဒုက္ခ

စာမျက်နှာ-၃၇
သမုဒယော အေး အာရုံတွေပေါ်မှာနှစ်သက်တဲ့ တဏှာပေါ်လာပြီဆိုလို့ရှိရင် ဒုက္ခကိုဖြစ်စေတော့မှာ သေချာပြီတဲ့။ ဒါကြောင့်မို့ နန္ဒကိုမဖြစ်စေနဲ့လို့ မြတ်စွာဘုရားက ဆုံးမခဲ့တယ်။

တစ်ခါ အာရုံ(၆)ပါးတွေ့လာတဲ့အခါမှာ ထိုအာရုံ(၆)ပါးပေါ်မှာ တွယ်တာမှုကို ထိန်းလိုက်နိုင်ပြီဆိုရင် ဘယ်လိုအကျိုးရလဲ၊ နန္ဒဆိုတဲ့တဏှာဟာ ချုပ်ငြိမ်းသွားလိမ့်မယ်၊ နန္ဒီဆိုတဲ့တဏှာ ချုပ်သွားပြီဆိုရင် နန္ဒိနိရောဓာ ဒုက္ခနိရောဓော၊ မင်းဆင်းရဲဒုက္ခတွေ ပြဿနာတွေ ချုပ်မှာပဲ၊ သူရှိနေရင် ပြဿနာတွေရှိနေမယ်၊ သူချုပ်သွားရင် ပြဿနာတွေ ချုပ်သွားမယ်၊ အဲဒါကို သတိထားပြီး ကျင့်လို့၊ ဒါ မြတ်စွာဘုရားက သူကိုယ်တိုင် လိုက်နာကျင့်သုံးရမည့်အကျင့်ကို အကျဉ်းကလေးပြောတာ။

ဒီနေရာမှာ နှစ်သက်စရာအာရုံနဲ့တွေ့ရင် နှစ်သက်တတ်တဲ့တဏှာမဖြစ်စေနဲ့လို့ မြတ်စွာဘုရားကပြောတာ။

စာမျက်နှာ-၃၈
တဏှာမဖြစ်အောင် ဒါဖြင့် မဖြစ်အောင် ဘာနဲ့လုပ်ရမှာလဲဆိုလို့ရှိရင် အတွေးပြောင်းလွဲတဲ့ နည်းစနစ်တွေ ဗုဒ္ဓမြတ်စွာဟောကြားတဲ့ ဒေသနာတွေထဲမှာရှိတယ်။ ကမ္မဋ္ဌာန်းကျင့်စဉ်နဲ့ ကျင့်တယ်။ တရားဆိုတာက နေရာရွေးပြီးမှသာ ကျင့်ရမယ့်ဟာ မဟုတ်ဘူး။ ကမ္မဋ္ဌာန်းထိုင်နေမှ တရားကျင့်တာ မဟုတ်ဘူး။ တရားဆိုတာ ဣရိယာပုထ်(၄)ပါးနဲ့ ကိုယ့်ရဲ့စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ အညစ်အကြေးတွေကို သန့်ရှင်းအောင်လုပ်တာဟာ တရားပဲ၊ လက်တွေ့ကျင့်သုံးနေတယ်လို့ခေါ်တယ်။ တရားထိုင်နေတဲ့ပုဂ္ဂိုလ်သာ တရားကျင့်တယ်လို့ မအောက်မေ့နဲ့၊ အာရုံတွေနဲ့တွေ့နေတဲ့အခါမှာ မကောင်းတဲ့အာရုံတွေကို ဖယ်ရှားပစ်နေတာလည်း တရားကျင့်တာပဲ။

တဏှာဖယ်ရှားနည်း ကဲကောင်းပြီ၊ မျက်စိက နှစ်သက်စရာအာရုံတွေ့လို့

စာမျက်နှာ-၃၉
နားက နှစ်သက်စရာအသံကြားလို့၊ ကျန်တဲ့အာရုံတွေကလည်း နှစ်သက်စရာဆုံမိလို့ တဏှာလောဘတွေ နှစ်သက်စရာတွေတွေ့လာပြီဆိုရင် ဘာနဲ့တားမလဲ။

အဲဒီမှာ နှစ်သက်စရာအာရုံဆိုတာ သတ္တဝါရှိတယ်၊ သင်္ခါရရှိတယ်၊ သက်ရှိရှိတယ်၊ သက်မဲ့ရှိတယ်။ သက်ရှိပေါ်မှာ တွယ်တာစိတ် ချစ်ခင်စိတ် တဏှာလောဘ ပေါ်လာရင် ဘာနဲ့ဖယ်ရှားရမလဲဆိုလို့ရှိရင် အသုဘဘာဝနာပွားပြီး ဖယ်ရှားပစ်ပါတဲ့။ သက်မဲ့အပေါ်မှာ တွယ်တာမှုတွေဖြစ်လာလို့ရှိရင် မမြဲတဲ့သဘောကို ဆင်ခြင်စဉ်းစားပြီး ဖယ်ရှားပစ်ပါတဲ့။

ဒါ ဖယ်ရှားပုံ ဖယ်ရှားနည်းတွေကတော့ ကမ္မဋ္ဌာန်းအာရုံတွေ လိုက်ရှာရမယ်၊ မှန်ကန်တဲ့အတွေးနဲ့ ဖယ်ရှားပစ်ရမယ်၊ မှန်ကန်တဲ့အတွေးဆိုတာ သမ္မာသင်္ကပ္ပကို ပြောတာ၊ သမ္မာသင်္ကပ္ပကို အခြေခံပြီးနောက် အသိဉာဏ်နဲ့ ဖယ်ရှားပစ်တယ်။

စာမျက်နှာ-၄၀
အေး လောဘဖြစ်လာပြီဆိုရင် ထိုလောဘဖြစ်စရာအာရုံကို ဖျောက်ပြီးတော့ တခြားအာရုံတစ်ခုနဲ့ ဖယ်ရှားပစ်လို့ရတယ်တဲ့။ ရှင်ပုဏ္ဏကို မြတ်စွာဘုရားက အကျဉ်းချုပ်ဟောလိုက်တဲ့အခါ အာရုံ(၆)ပါးနဲ့တွေ့လို့ နှစ်သက်စရာအာရုံတွေပေါ်မှာ တွယ်တာမှု၊ နှစ်သက်မှု လောဘဖြစ်လာပြီဆိုရင် မဖြစ်အောင်ထိန်းတဲ့၊ လောဘဖြစ်နေရင် ဒုက္ခဖြစ်လိမ့်မယ်တဲ့၊ လောဘငြိမ်းသွားရင် ဒုက္ခငြိမ်းလိမ့်မယ်တဲ့၊ ဒီအတိုင်းကျင့်လို့ ဟောလိုက်တယ်။ ရှင်ပုဏ္ဏက သဘောကျသွားတယ်။ လုပ်ရမည့်အလုပ်က ဒါပဲ။

ကိုယ်သန္တာန်မှာ လောဘမဖြစ်အောင်ထိန်း၊ ထိန်းတဲ့အခါမှာ ကိုယ်ကအသိဆုံးပဲ၊ ဘယ်နည်းနဲ့ထိန်းရင် လောဘပျောက်သလဲ၊ လောဘပျောက်တဲ့နည်းနဲ့ထိန်း၊ တရားတွေထဲက ဆင်ခြင်စဉ်းစားပြီးတော့ လောဘပျောက်တဲ့နည်းနဲ့ထိန်း။

တစ်ခါက ရှင်ဂီသအရပ်ထဲ ဆွမ်းခံသွားတုန်း နှစ်သက်စရာ မာတုဂါမ တစ်ယောက်နဲ့တွေ့လာလို့

စာမျက်နှာ-၄၁
စိတ်တွေဖောက်ပြန်လာတဲ့အခါ ရှင်အာနန္ဒာကို ဖွင့်ပြောတယ်။

“တပည့်တော်ဘုရား ကာမဂုဏ်အာရုံစိတ်တွေ လွှမ်းမိုးနေပါတယ်၊ အဲဒီစိတ်တွေကြောင့် စိတ်ထဲမှာ ပူလောင်နေပါတယ်၊ တပည့်တော်ကို ငြိမ်းအေးအောင် အရှင်ဘုရားဆုံးမပါ”တဲ့၊ အဲဒီတော့ ရှင်အာနန္ဒာက “အေး မင်းအမှတ်သညာလွဲနေလို့ ဒီလိုဖြစ်တာ မင်းသညာလေးကိုပြောင်းလိုက်။ စိတ်ထဲမှာ လှတယ်ဆိုတဲ့အတွေးကြောင့် ဒီလိုဖြစ်တာ၊ မလှဘူးဆိုတာ ပေါ်အောင်တွေး၊ တင့်တယ်တယ်ဆိုလို့ ဒီလိုဖြစ်တာ၊ မတင့်တယ်ဘူးဆိုတာ ပေါ်အောင်တွေး၊ မတင့်တယ်ဘူးဆိုတဲ့ ရွံစဖွယ်တွေကို လိုက်ရှာတွေး၊ လူရဲ့ခန္ဓာကိုယ်မှာ ရွံ့စရာတွေအများကြီးရှိတယ်၊ ရွံ့စရာတွေမတွေးဘဲနဲ့ နှစ်သက်စရာတွေတွေးနေရင်တော့ လောဘဖြစ်တယ်။ အသုဘာယ စိတ္တံ ဘာဝေဟိ၊ မာနာနုသယ မုဇ္ဇဟ”တဲ့။ ဒါဟာ တားဆီးတဲ့

စာမျက်နှာ-၄၂
နည်းတစ်ခုပဲ၊ အဲဒီနည်းနဲ့ ဖြေဖျောက်လိုက်တဲ့အခါမှာ ပူလောင်နေတဲ့ သူ့ရဲ့တဏှာရာဂစိတ်တွေဟာ ချိုးနှိမ်ပြီးသားဖြစ်သွားတယ်၊ ဒါ တရားကျင့်တာပဲ။

ကိုယ့်သန္တာန်မှာ လောဘဖြစ်ရင် မဖြစ်အောင်ထိန်းဖို့၊ ဒေါသဖြစ်နေရင် မဖြစ်အောင်ထိန်းဖို့၊ ပထမ လောဘဖြစ်နေရင် ဖြစ်မှန်းသိရမယ်၊ မာနဖြစ်ရင် ဖြစ်မှန်းသိရမယ်၊ အဲဒီစိတ်ရဲ့အညစ်အကြေးတွေ၊ သဘာဝတွေကို သိလာပြီဆိုလို့ရှိရင် သူတို့ရဲ့ထွက်ပေါက်ကို ရှာရမယ်၊ အဲဒီထွက်ပေါက်ရှာပြီး ဖယ်ရှားပစ်တာဟာ တရားကျင့်တာပဲ။

သမ္မာဝါယာမ-မှန်ကန်သောလုံ့လဆိုတာ အဲဒါပဲ၊ မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင် ပိတ်ဆို့ရမယ်၊ မတော်တဆဖြစ်ပေါ်လာတဲ့ အကုသိုလ်တွေရှိလာရင်လည်း ဖယ်ရှားပစ်ရမယ်၊ ဆိုလိုတာက စိတ်

စာမျက်နှာ-၄၃
မဆိုးသေးရင် စိတ်မဆိုးမိအောင် ထိန်းသိမ်းထား၊ အေး သတိမေ့ပြီး စိတ်ဆိုးမိလို့ရှိရင် အဲဒီဒေါသကို မြန်မြန်ပယ်ဖျောက်၊ ဒါက တရားကျင့်တာလို့ခေါ်တယ်။

နောက် မဖြစ်သေးတဲ့ စိတ်ကောင်းနှလုံးကောင်းလေးတွေ ဖြစ်လာအောင် မျက်စိလေးနှစ်လုံးဖွင့်လိုက်တာနဲ့ ဘုရားဂုဏ်တော်ပွားမလား၊ မေတ္တာပွားမလား၊ ကိုယ့်အိမ်မှာရှိတဲ့သူတွေကအစ အော် ချမ်းသာကြပါစေ၊ ရပ်ကွက်ထဲကလူတွေ ချမ်းသာကြပါစေ၊ ကိုယ်နဲ့သိတဲ့ မိတ်ဆွေတွေ၊ မျက်စိထဲပေါ်လာတဲ့သူတွေ ချမ်းသာကြပါစေ၊ ကိုယ်မမြင်ရတဲ့သတ္တဝါတွေ ချမ်းသာကြပါစေ၊ အားလုံးကို စိတ်ထဲက မေတ္တာဆိုတဲ့ မနောကံနဲ့ပို့ရမယ်၊ စိတ်ထဲမှာ ချမ်းသာကြပါစေဆိုတဲ့စိတ် စဉ်ဆက်မပြတ်ဖြစ်နေအောင် ပွားများအားထုတ်ရမယ်၊ ဒါ တရားကျင့်နေတာပဲ၊ အဲဒီလို မေတ္တာဘာဝနာ ပွားများခြင်းအားဖြင့် ဒေါသတရားကိုလည်း ဖယ်ရှားပစ်နိုင်တယ်။

စာမျက်နှာ-၄၄
ပြီး အကျဉ်းချုပ်အားဖြင့် ပုဏ္ဏာဝါဒသုတ်မှာ နန္ဒဆိုတဲ့တရားကို ဖယ်ရှားဖို့ ရှင်ပုဏ္ဏကို မြတ်စွာဘုရားက သြဝါဒပေးလိုက်တယ်။

သြဝါဒပေးလိုက်တော့ ဒီတရားကျင့်ဖို့ရာအတွက် သူတော်ကောင်းရဲ့ စိတ်နေသဘောထားက အင်မတန်မှ အရေးကြီးတယ်၊ စိတ်နေစိတ်ထား မပြည့်ဝဘူးဆိုရင် အောင်မြင်စွာ ကျင့်နိုင်မှာမဟုတ်ဘူး။

အဲဒီတော့ မြတ်စွာဘုရားက ရှင်ပုဏ္ဏရဲ့ သဘောထားကို မေးတယ်၊ “အေး ငါဆုံးမလိုက်တဲ့ သြဝါဒကို နာခံပြီးတော့ မင်းဘယ်သွားနေမှာတုန်း”ဆိုတော့ “တပည့်တော်ဘုရား သုနာပရန္တဆိုတဲ့ အရပ်ဒေသကို သွားနေပါ့မယ်”တဲ့။

သုနာပရန္တ သုနာပရန္တဆိုတာ ဘယ်နေရာမှာရှိလဲဆိုတော့ location ကတော့ အမျိုးမျိုးပဲ၊ အခု သုဝဏ္ဏဘူမိရှာ

စာမျက်နှာ-၄၅
သလို ပြောရမလိုပဲ၊ အေး သုနာပရန္တဆိုတာ အခုအိန္ဒိယနိုင်ငံမှာ မွန်ဘိုင်းလို့နာမည်ပြောင်းထားတဲ့ ဘုံဘေဘက်ကနယ်တွေကို သုနာပရန္တလို့ဆိုတယ်၊ သို့သော် မြန်မာပြည်အလယ်ပိုင်း ကျောင်းတော်ရာဒေသကို သုနာပရန္တလို့ မြန်မာရာဇဝင်တွေက ရေးတာလည်းရှိတယ်၊ ထားပါတော့ ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့။

“သုနာပရန္တဆိုတဲ့ အရပ်ကို တပည့်တော်သွားပြီး နေမှာပါ”လို့ဆိုတော့ မြတ်စွာဘုရားက ဘာအမိန့်ရှိလဲဆိုတော့ “ပုဏ္ဍတဲ့ သုနာပရန္တအရပ်ကလူတွေက လူကြမ်းတွေ၊ လူဆိုးတွေများတယ်။ မင်းအဲဒီနေရာ သွားနေမယ်ဆိုလို့ရှိရင် မင်းကို အဲဒီလူတွေက မြင်တော့ ဝိုင်းဆဲရင် ဘယ်လိုလုပ်မတုန်း”

ရှင်ပုဏ္ဏက “အရှင်ဘုရား တပည့်တော်ကိုလာဆဲမယ်ဆိုရင် ဒီလူတွေ လူတော်လူကောင်းတွေပဲ ဆဲရုံပဲဆဲတာ သူတို့ငါ့ကို ခဲနဲ့မှမထုတာ၊ ဒီလိုနှလုံးသွင်းမှာပါဘုရား”တဲ့။

စာမျက်နှာ-၄၆
“ဒါဖြင့်သူတို့က ခဲနဲ့ထုရင်ရော မင်းဘယ်လိုလုပ်မတုန်း” ဆိုတော့ “ဒီလူတွေက လူကောင်းတွေပဲ၊ ငါ့ကို ခဲနဲ့ပဲထုတာ၊ လက်နဲ့မှမရိုက်သေးတာလို့ တပည့်တော်က ဒီလိုနှလုံးသွင်းမှာပါဘုရား”

ဒါဖြင့် လက်နဲ့ရိုက်ပြီဆိုရင် မင်းဘယ်လိုနှလုံးသွင်းမှာလဲဆိုတော့ “ဒီလူတွေ လက်နဲ့သာရိုက်တာ၊ တုတ်နဲ့မှမရိုက်သေးဘဲလို့ နှလုံးသွင်းမှာပါဘုရား”

ဒါဖြင့် မင်းကိုတုတ်နဲ့ ရိုက်ပြီဆိုရင် မင်းဘယ်လိုနှလုံးသွင်းမှာလဲတဲ့” “ဒီလူတွေက လူကောင်းတွေပါဘုရား၊ တုတ်နဲ့သာရိုက်တာ၊ ဓားနဲ့မှမခုတ်တာလို့ အဲဒီလိုနှလုံးသွင်းပါ့မယ်”တဲ့။

ကဲ ဒါဖြင့် သူတို့က ဓားနဲ့ခုတ်ပြီဆိုရင်ရော “အော် ဓားနဲ့သာခုတ်တာ၊ အသေမှမသတ်သေးတာဘဲလို့၊ ဒီလူတွေက လူကောင်းတွေပဲလို့ တပည့်တော် ဒီလိုနှလုံးထားပါ့မယ်”။

ဆိုလိုတာက သူတို့တွေ ဘယ်လောက်ကြမ်းကြမ်း

စာမျက်နှာ-၄၇
ပတ်ဝန်းကျင်ကဒဏ်တွေ ဘယ်လောက်ခံရခံရ သည်းခံခွင့်လွှတ်နိုင်တဲ့ ခန္တီတရားကို ပြောပြတာ၊ စဉ်းစားပုံလေးကြည့်လေ၊ အော် ဆဲရုံဆဲတာပဲ။ အရပ်ထဲမှာလည်း ရှိတာပဲလေ။ “အော်ကိုယ့်ဆဲတာ ကပ်ပါတာလိုက်လို့” ပြောကြတယ်။ သည်းခံနေလိုက်။ ဒီလိုပြောရင် ကျေအေးသွားတာပဲ၊ အဲဒီလိုမဟုတ်ဘဲ ကိုယ့်ဆဲတာမခံနဲ့ ငုံ့မခံနဲ့ ချဆိုရင် ပြဿနာတွေတက်ကုန်ရော။

ရှင်ပုဏ္ဏကတော့ အဲဒီလိုမဟုတ်ဘူး၊ ဒီလူတွေ ဆဲရုံဆဲတာ ခဲနဲ့မှမထုတာ၊ ခဲနဲ့ထုပြန်တော့လည်း လက်နဲ့မှမရိုက်တာ၊ လက်နဲ့ရိုက်ပြန်တော့လည်း တုတ်နဲ့မှမရိုက်တာ၊ တုတ်နဲ့ရိုက်ပြန်တော့လည်း ဓားနဲ့မှမခုတ်သေးတာ၊ ဓားနဲ့ခုတ်ပြန်တော့လည်း အသေမှမသတ်သေးတာတဲ့။

မြတ်စွာဘုရားက စကားကုန်မေးတယ်၊ “မင်းကို အသေသတ်ပြီဆိုတော့ မင်းဘယ်လိုနှလုံးသွင်းမလဲ” ဆိုတော့ “အရှင်ဘုရားတဲ့ မြတ်စွာဘုရားရဲ့ တပည့်သား

စာမျက်နှာ-၄၈
တွေ တချို့တရားဓမ္မကျင့်တဲ့အခါကျတော့ ဟောဒီခန္ဓာကိုယ်ကြီးပေါ်မှာ အပြစ်မြင်ကြတယ်။ အပြစ်မြင်ပုံက အရှင်သာရိပုတ္တရာတို့လို “ဘာရိတော ဘဝဘာရေန၊ ဂီရိ ဥစ္စာရိတော ယထာ” ခန္ဓာကိုယ်ကြီးတာဝန်က အင်မတန်လေးလံတယ်၊ တောင်ကြီးထမ်းထားရသလို လေးလံတယ်တဲ့။

သေချာ စဉ်းစားမကြည့်ကြလို့ပါ။ တကယ်တော့ လူ့ဘဝကြီးက ဘယ်လောက်ဝန်ပိသလဲ၊ ခန္ဓာကိုယ်ကြီးရဲ့တာဝန်က ဘယ်လောက်ကြီးသလဲဆိုတာ မစဉ်းစားကြလို့ရှိရင် မသိဘူး၊ သူ့တာဝန်ပဲ လုပ်နေကြရတာ၊

အဲဒီလိုလုပ်နေသည့်အတွက်ကြောင့် သူက ကိုယ့်ကို favour ပေးလားဆိုတော့ မပေးဘူး၊ လုံးဝမငဲ့ဘူး၊ ကြည့်လေ မနက်အိပ်ရာထတဲ့အချိန် မျက်နှာသစ်ပေးရတယ်။ သွားတိုက်ပေးရတယ်၊ အကုန်လုံး စားစရာကျွေးရတယ်။ ခန္ဓာကိုယ်ရဲ့ ဝတ္တရားတွေ ဘယ်လောက်များလဲ၊ ဒီထဲ

စာမျက်နှာ-၄၉
ကနေ သူကကောင်းလာလားဆိုတော့ မကောင်းလာဘူး၊ တဖြည်းဖြည်း အိုအိုလာတယ်၊ အသက်ကြီးလာတယ်၊ မျက်စိကမကောင်းဘူး၊ နားကမကောင်းဘူး၊ သွားကမကောင်းဘူး၊ ခါးကမကောင်းဘူးတဲ့၊ မကောင်းတဲ့စာရင်းတွေက တက်လာတာကိုး။ နောက်ဆုံးကျတော့ ကောင်းတဲ့စာရင်း သိပ်မကျန်တော့ဘူး၊ နောက်ဆုံးကျတော့ အခေါင်းတလားထဲဝင်ရသည်ထိအောင် ကုန်ရော၊ တဖြည်းဖြည်းချင်း စာရင်းထဲမှာ မကောင်းတာတွေ များလာတယ်။ အဲဒီလောက် ဒုက္ခပေးတဲ့ ခန္ဓာကိုယ်ကြီးကို ထမ်းထားရတာ။

မြတ်စွာဘုရားရဲ့ တပည့်တွေထဲက ခန္ဓာဝန်ကြီးကို ငြီးငွေ့ပြီးတော့ ရှေးတုန်းက ကိုယ့်ဟာကိုယ် suicide လုပ်တဲ့ ကိုယ်တော်တွေရှိတယ်။ suicide လုပ်တဲ့သူတွေက ရဟန္တာတော့ မဟုတ်ဘူး၊ ပုထုဇဉ်တွေ၊ ဒါပေမယ့် ပုထုဇဉ်ဆိုပေမယ့်လို့ သူတို့က နိဗ္ဗဒါဉာဏ်လို ဝိပဿနာ

စာမျက်နှာ-၅၀
ဉာဏ်တွေ အစွမ်းထက်နေသည့်အတွက်ကြောင့် ဘဝကို ငြီးငွေ့နေတဲ့ပုဂ္ဂိုလ်တွေ၊ အဲဒီပုဂ္ဂိုလ်တွေ ကိုယ့်ဟာကိုယ် suicide လုပ်တာရှိတယ်။

တချို့လည်း အကုသိုလ်ကံကြောင့် ဖြစ်သွားတာ၊ ကိုယ့်ကိုယ်ကို သတ်သေကြတာရှိတယ်၊ ဥပမာ ရှင်ဝက္ကလိတို့၊ ရှင်အဿဇိတို့ဆိုတာ (သံယုတ်ထဲမှာပါတယ်)၊ ရှင်ဂေါဓိကတို့ဆိုတာ ခန္ဓာကိုယ်ကြီးရဲ့ ဒုက္ခကို မခံနိုင်လို့ ကိုယ့်အသက်ကိုယ် မနှမြောကြတော့ဘူး။

ပုထုဇဉ်ဆိုတော့ မုန်းတီးမှုဒေါသလေးတော့ အနည်းငယ်ရှိတာပေါ့၊ သို့သော် ဝိပဿနာဉာဏ် ရင့်သန်နေသည့်အတွက် ကိလေသာတွေ တိမ်မြုပ်နေတတ်တယ်။ ဥပမာ ရှင်အဿဇိဆိုလို့ရှိရင် ရောဂါဝေဒနာ ပြင်းပြင်းထန်ထန် နှိပ်စက်နေသည့်အတွက်ကြောင့် ဘဝကြီးမှာ သူမနေချင်တော့ဘူး၊ မနေချင်တော့ သင်တုန်းဓားနဲ့ သူ့လည်ပင်းသူလှီးဖြတ်ပြီး ဘဝကိုအဆုံးသတ်ဖို့ ကြိုးစားတယ်။

စာမျက်နှာ-၅၁
ရှင်သာရိပုတ္တရာတို့က မလုပ်ဖို့ သွားပြီးဖျောင်းဖျတယ်၊ သို့သော်လည်း သူ့ကိုယ်သူ အဆင့်မြင့်တဲ့တရားကို သိထားတယ်လို့ ယုံကြည်တယ်၊ အဲဒါနဲ့ ခန္ဓဒုက္ခကို မခံနိုင်တာနဲ့ သူ့လည်ပင်းကိုသူ သင်တုန်းဓားနဲ့ လှီးလိုက်တယ်၊ လှီးလိုက်တဲ့အချိန်မှာ ကြောက်စိတ်ကလေးဝင်လာတယ်၊ သေချင်တဲ့သူကလည်း တကယ်သေရမယ်ဆိုရင် ကြောက်သေးတယ်။

ရှင်အဿဇိက ဘယ်လောက် တရားရှိလဲဆိုရင် ကြောက်စိတ်လေးဝင်လိုက်တာနဲ့ ငါရဟန္တာမဖြစ်သေးဘူး။ ဒါ မကောင်းတဲ့စိတ်ပဲ၊ ဒီစိတ်မျိုး အရင်တုန်းက မပေါ်ဖူးဘူး၊ အခုပေါ်လာတယ်ဆိုပြီး ရှုမှတ်နေတဲ့တရားကို ဆက်ပြီးအားထုတ်လိုက်တယ်။ လည်ပင်းကို ဓားနဲ့လှီးလို့ သေအံ့ဆဲဆဲမှာ ဝိပဿနာအကျင့်ကို ကျင့်လိုက်တယ်။

ကျင့်လိုက်သည့်အတွက်ကြောင့် မဂ်လေးပါး ဖိုလ်လေးပါး ဝိပဿနာစွမ်းအားနဲ့ အစဉ်အတိုင်းဖြစ်လာ

စာမျက်နှာ-၅၂
တယ်၊ ရဟန္တာဖြစ်သွားတယ်။ ရဟန္တာလည်းဖြစ်ပြီးရော စုတိလည်းကျသွားတယ်။

အဲဒီပုဂ္ဂိုလ်မျိုးကို ဇီဝိတသမသီသီလို့ခေါ်တယ်။ ဒီရဟန္တာဖြစ်တာနဲ့ အသက်ကုန်ဆုံးသွားတာ ခေါင်းချင်းဆိုင်ပြီးဝင်လာတယ်၊ အမှန်ကတော့ ရဟန္တာဖြစ်တာက နည်းနည်းရှေးကျတယ်၊ သို့သော် ချက်ချင်း ရဟန္တာလည်းဖြစ် သေလည်းသေလို့ ဒီလိုဖြစ်သွားတယ်၊ ဒီလိုပုဂ္ဂိုလ်မျိုးကို ဇီဝိတသမသီသီလို့ခေါ်တယ်။

ဒီလို အချိန်မျိုးလေးအတွင်းမှာ တရားဓမ္မကျင့်ပြီးတော့ ကိလေသာကုန်အောင်လုပ်နိုင်တဲ့ သူ့ရဲ့ ဝိပဿနာစွမ်းအား ဘယ်လောက်ထက်တယ်ဆိုတာ သိနိုင်တယ်။ သာမန်ပုဂ္ဂိုလ်မှာတော့ မဖြစ်နိုင်ပါဘူးနော်၊ လည်ပင်းကို ဓားနဲ့လှီးတုန်းကတော့ ပုထုဇဉ်ပဲ၊ အသိတရားရသွားသည့်အချိန်မှာ ချက်ချင်း တရားကျင့်လိုက်သည့်အတွက်ကြောင့် သူ့ရဲ့ ဝိပဿနာဉာဏ်စွမ်းအားက မြင့်လာတယ်၊ ပိုပြီးတော့ စွမ်းအားတွေ တက်လာတယ်။

စာမျက်နှာ-၅၃
လူဆိုတာ အခက်အခဲကြုံလာရင် သတ္တိပိုကောင်းတယ်၊ အဲဒီအခါမှာ ခါတိုင်းမလုပ်နိုင်တာတွေကို လုပ်နိုင်လာတယ်၊ ဒါထူးခြားချက်ပေါ့။

ဘုန်းကြီးတို့ မန္တလေးက ဒါကာမကြီးတစ်ယောက် နှစ်ထပ်အိမ်မှာသူနေတယ်၊ ည ဓားပြလာတိုက်တဲ့အခါကျတော့ သူ့အိမ်နဲ့သူ့ခြံက အတော်လေးကျယ်တယ်၊ အဲဒါ ကြောက်အားလန့်အားနဲ့ ပြတင်းပေါက်ဖွင့်ပြီး ဟိုဘက်ခုန်ချတာ ခြံရဲ့ဟိုဘက်ကျတယ်။ သာမန်အချိန်မှာဆိုရင် ဘယ်လိုမှမခုန်နိုင်ဘူးနော်၊ စိတ်စွမ်းအားတွေနဲ့ ကြောက်အားလန့်အား လုပ်ရတဲ့အခါကျတော့ အောင်မြင်သွားတယ်။

အခုလည်းပဲ ဒီပုဂ္ဂိုလ်ဟာ ဝိပဿနာကျင့်စဉ်အစွမ်းထက်တော့ ပုထုဇဉ်ဘဝနဲ့သေရမှာ မလိုလားဘူး၊ ဒါ့ကြောင့်မို့ သူ့ရဲ့ဝိပဿနာကျင့်စဉ်စွမ်းအားကို မြှင့်လိုက်တာ၊ မသေခင်စပ်ကြားလေးမှာ ရဟန္တာဖြစ်သွားတယ်။

စာမျက်နှာ-၅၄
ရှင်ပုဏ္ဏက ဆက်ပြီးလျှောက်တယ်။ အဲဒီလို ကိုယ့်ဟာကိုယ်တောင် ဘဝတစ်ခုကို အဆုံးသတ်ကြသေးတာ၊ တပည့်တော်ကို သူတို့ကလာပြီး ဘဝကိုအဆုံးသတ်ပေးတယ်ဆိုတော့ တပည့်တော်ကကျေးဇူးတင်ရဦးမှာပါတဲ့။

ဒါနောက်ဆုံးပိတ် ရှင်ပုဏ္ဏ ပြောတဲ့စကားပဲ။ “တပည့်တော်ကို အသေသတ်လည်း တပည့်တော်က ကျေးဇူးတင်မှာပါတဲ့။”

မြတ်စွာဘုရားက “အေး ပုဏ္ဏ မင်းဒီလိုစိတ်သဘောထားမျိုးနဲ့ဆိုရင် သုနာပရန္တမှာ နေလို့ရပြီတဲ့၊”

ကြည့် ဒါ သူတော်ကောင်းရဲ့ စိတ်နေသဘောထားလို့ခေါ်တယ်၊ ဘယ်လိုအခက်အခဲပဲတွေ့တွေ့ တရားကို ဘယ်တော့မှမစွန့်ဘူးလို့ပြောတာ။

ရှင်ပုဏ္ဏဟာ သုနာပရန္တကို သွားပြီးနောက် သူ့ရဲ့ဟောပြောချက်ကြောင့် ဝါတွင်း(၃)လမှာပဲ အမျိုးသား(၅၀၀) အမျိုးသမီး(၅၀၀) ဗုဒ္ဓဘာသာဝင်အဖြစ် သရဏဂုံတည်သွားကြတယ်။

စာမျက်နှာ-၅၅
သူလည်းပဲ ဝါတွင်း(၃)လအတွင်းမှာ ရဟန္တာဖြစ်သွားတယ်၊ အဲဒီအရပ်မှာပဲ ရှင်ပုဏ္ဏ ပရိနိဗ္ဗာန်စံသွားတယ်လို့ ပုဏ္ဏာဝါဒသုတ္တန်မှာ မှတ်တမ်းတင်ထားတယ်။

အဲဒီလို ရှင်ပုဏ္ဏရဲ့ စိတ်နေသဘောထားဟာ သူတော်ကောင်းရဲ့ စိတ်နေသဘောထားပဲတဲ့၊ အဲဒီလို စိတ်နေသဘောထားကို ထားနိုင်မယ်ဆိုလို့ရှိရင် ဘာပြဿနာမှမတက်ဘဲနဲ့ ကိုယ့်ရဲ့ရင်တွင်းက ထာဝရငြိမ်းချမ်းတဲ့ စိတ်အနေအထားတစ်ခုကို မျက်မှောက်ပြုနိုင်ကြမှာဖြစ်ပါတယ်။ ။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်တို့သည် သာမန်ပုဂ္ဂိုလ်တွေလို သဘောထားမျိုး မထားဘဲနဲ့ ကိုယ်ကျင့်တရားကို တန်ဖိုးထားရမယ်။ ။

ဆိုပါစို့ တိဗက်နွားလို့ပြောကြတဲ့ “စမရ”သားကောင်ဟာ သူ့ရဲ့မြီးဆံ(စာမရီ)ကို သိပ်ပြီးတန်ဖိုးထား

စာမျက်နှာ-၅၆
တယ်၊ ဆူးခက်တွေဘာတွေနဲ့ငြိနေရင် မြီးဆံကျွတ်ကျသွားမှာစိုးသည့်အတွက် မရုန်းဘဲ အသေခံတယ်ပြောတယ်၊ အဲဒီစမရသားကောင်တွေမြီးဆံအတွက် အသက်အသေခံသလို ကိုယ်ကျင့်တရားအတွက် အသက်အသေခံဝံ့တဲ့စိတ်နေသဘောထားဟာ သူတော်ကောင်းရဲ့စိတ်နေသဘောထား။

ဒီကနေ့ တရားချစ်ခင်သူတော်စင်ပရိသတ်တို့သည် သရဏဂုံနှင့် ငါးပါးသီလကို ခံယူဆောက်တည်ထားပြီး ငါးပါးသီလကို ဘာအတွက်နဲ့မှ အပျက်မခံသင့်ဘူး၊ အသက်ကဲ့သို့တန်ဖိုးထားမယ်၊ အသက်စွန့်ပြီးတော့ စောင့်နိုင်အောင် တို့ကြိုးစားမယ်လို့ ဒီလိုစိတ်သဘောထားနိုင်မယ်ဆိုလို့ရှိရင် တကယ့်သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထားမျိုးဖြစ်ပါတယ်။

တရားချစ်ခင် သူတော်စင်အပေါင်းတို့အနေနဲ့ ဗုဒ္ဓမြတ်စွာဟောထားတဲ့ဓမ္မကို လက်တွေ့ကျင့်သုံးခြင်း

စာမျက်နှာ-၅၇
ဖြင့် သာသနာတော်နဲ့ကြုံတွေ့ရကျိုးနပ်ပြီး ဓမ္မကိုကျင့်သုံးခြင်းကြောင့် မိမိတို့၏စိတ်နေသဘောထားအားလုံးဟာ အလွန်မွန်မြတ်ပြီးတော့ တကယ့်သူတော်စင်ဘဝကို ရောက်ရှိနိုင်မှာဖြစ်တယ်၊

ဒါ့ကြောင့် ကိုယ်စီကိုယ်င သူတော်ကောင်းတို့ရဲ့ စိတ်နေသဘောထားများကိုထားပြီး လက်တွေ့ကျင့်သုံးနိုင်ကြပါစေကုန်သတည်း။

(ပြီးပါပြီ)
ptzzxu1g3bth28pma0slshgzvmuk4z0
အံ့ဖွယ်လူသား မြတ်ဘုရား
0
6404
22204
2026-06-19T03:33:04Z
Tejinda
173
"{{header | title = အံ့ဖွယ်လူသား မြတ်ဘုရား | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = သူတော်က..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22204
wikitext
text/x-wiki
{{header
| title = အံ့ဖွယ်လူသား မြတ်ဘုရား
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[သူတော်ကောင်းတို့၏ စိတ်နေသဘောထား]]
| previous2 =
| next = [[အကာကိုပစ်၍ အနှစ်ကိုရှာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

အံ့ဖွယ်လူသား မြတ်ဘုရား
မှတ်တမ်း
သာသနာတော်နှစ် ၂၅၅၅-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၄-ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ၅.၅.၂၀၁၂ (စနေနေ့)၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာ၊ ဓမ္မသဟာယသသာသနစင်တာ၊ ဓမ္မရတိမဟာဓမ္မသဘာ ဓမ္မဗိမာန်တော်ကြီးအတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သော ညဉ့်ဦးယံ ဓမ္မသဘင် အခမ်းအနားဝယ် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ၃၇-လမ်းနှင့် ၃၈-လမ်းကြား၊ ၅၉လမ်းနှင့် ၆၀-လမ်းကြား အမှတ်-၅၈၊ ၂/၁+၆နေ ဦးဝင်းမြင့်ဦး (ရွှေမိ အထက်ဆင်လုပ်ငန်း)မိသားစု၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူအပ်သော အံ့ဖွယ်လူသား မြတ်ဘုရား တရားဒေသနာတော်

“အံ့ဖွယ်လူသား”ဆိုတာ ပါဠိဘာသာနဲ့ “အစ္ဆရိယမနုဿ”လို့ သုံးတယ်၊ အင်္ဂုတ္တရပါဠိတော်မှာ အစ္ဆရိယမနုဿလို့ မြတ်စွာဘုရားကိုယ်တော်တိုင် သုံးနှုန်းဖော်ပြခဲ့တဲ့ စကားဖြစ်တယ်၊ ဒီကနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အင်မတန်မှ ထူးခြားတဲ့ ထူးမြတ်တဲ့ “ဗုဒ္ဓနေ့”ဖြစ်သည့်အားလျှော်စွာ ဗုဒ္ဓအကြောင်း မှတ်သားနာယူခြင်းဖြင့် ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားများပြီးဖြစ်အောင် ဗုဒ္ဓအကြောင်းပဲ ဆက်လက်ဟောကြားဖို့ ရည်ရွယ်ထားပါတယ်။ ဒါကြောင့်မို့ “အံ့ဖွယ်လူသား မြတ်ဘုရား”ဆိုတဲ့ ဒီခေါင်းစဉ်နဲ့ ဟောကြားမှာ ဖြစ်ပါတယ်။

စာမျက်နှာ-၂
မဇ္ဈိမပဏ္ဏာသပါဠိတော်မှာ အစ္ဆရိယအဗ္ဘုတသုတ်ဆိုတာ ရှိတယ်၊ အစ္ဆရိယအဗ္ဘုတဆိုတာ အံ့သြဖွယ်ကောင်းတယ်၊ မဖြစ်စဖူး ထူးခြားတယ်လို့ အဓိပ္ပာယ်ရတဲ့ စကားလုံးနှစ်လုံးကို ပေါင်းစပ်ထားတာ၊ အဲဒီ အစ္ဆရိယအဗ္ဘုတသုတ်ကို ခြုံငုံအကျဉ်းချုပ်ပြီး ဟောမယ်၊ မြတ်စွာဘုရားရဲ့ ဂုဏ်တော် ကျေးဇူးတော်တွေဆိုတာ အင်မတန်မှ များတယ်၊ ပြောလို့မကုန် အံ့သြလို့မကုန်နိုင်လောက်အောင် ရှိတယ်၊ ဒီလိုဘုရားဂုဏ်တော်တွေကို အာရုံပြုနေတာဟာ ဗုဒ္ဓါနုဿတိ ဘာဝနာ လွှမ်းခြုံထားလို့ စိတ်ထဲမှာကြည်နူးတဲ့ ပီတိတွေ ဖြစ်တယ်၊ အဲဒီပီတိဟာ မဂ်ဖိုလ်နိဗ္ဗာန်ထိအောင် စွမ်းဆောင်သွားနိုင်တဲ့ ပီတိသမ္ဗောဇ္ဈင် ဖြစ်တယ်၊ အဲဒီပီတိမျိုး ကိုယ့်သန္တာန်မှာဖြစ်ဖို့ ကြိုးစားရမယ်၊ ဖြစ်ဖို့လည်း အင်မတန်မှ ခဲယဉ်းတယ်၊ သဒ္ဓါစွမ်းအားတွေ၊ ဉာဏ်စွမ်းအားတွေ ကြီးမားတဲ့ ပုဂ္ဂိုလ်တွေမှာသာ ဒီပီတိမျိုး ဖြစ်တတ်တယ်။

စာမျက်နှာ-၃
အဲဒီပီတိမျိုးတွေ ဖြစ်ခွင့်ရကြရအောင် မြတ်စွာဘုရားရဲ့ ထူးခြားတဲ့ ဂုဏ်ထူးဝိသေသရှိတဲ့ အံ့သြဖွယ်ကောင်းတဲ့ အချက်အလက်တွေကို မှတ်သားနာယူကြရအောင်။ ဒီသုတ္တန်မှာ အရှင်အာနန္ဒမထေရ်မြတ်က မြတ်စွာဘုရားကို လျှောက်ကြားထားတဲ့အနေအားဖြင့် ဘုရားရဲ့ အံ့သြဖွယ်တွေကို သိခွင့်ရကြတယ်။ မြတ်စွာဘုရားရဲ့ ဘဝမှာ ထူးခြားတဲ့ အဖြစ်အပျက်တွေ ဘာတွေရှိခဲ့သလဲဆိုတာ ရှင်အာနန္ဒက မြတ်စွာဘုရားကို လျှောက်ထားတာ အံ့သြဖွယ်ကောင်းတဲ့ အချက်တွေ (၁၉)ချက် ရှိတယ်။

အဲဒီ အစ္ဆရိယအဗ္ဘုတသုတ်ကို မြန်မာလို မှတ်လို့လွယ်အောင် “အံ့ဖွယ်လူသား မြတ်ဘုရား”ဆိုတဲ့ ခေါင်းစီးနဲ့ ဟောပါ့မယ်၊ “အစ္ဆရိယမနုဿ”ဆိုတဲ့ စကားလုံးကို ဘာသာပြန်တဲ့အခါကျ “အံ့ဖွယ်

စာမျက်နှာ-၄
လူသား”လို့ အဓိပ္ပာယ်ရတယ်ပေါ့၊ ဘုရားဆိုတဲ့ ပုဂ္ဂိုလ်ဟာ လူကမွေးတဲ့ လူသားဖြစ်သော်လည်း ပါရမီရှင် ဘုန်းကံရှင် ဖြစ်သည့်အတွက် သာမန်ပုဂ္ဂိုလ်တွေနဲ့ မတူအောင် အင်မတန်မှထူးခြားတယ်၊ အံ့သြဖွယ်ကောင်းတယ်။

ဒီနေရာမှာ အစ္ဆရိယဆိုတဲ့ စကားလုံးက စိတ်ဝင်စားစရာကောင်းတယ်၊ ဒီပါဠိစကားလုံး ဖြစ်ပေါ်လာပုံက အိန္ဒိယနိုင်ငံမှာ လူတွေက အံ့သြစရာနဲ့ ကြုံပြီဆိုရင် လက်ဖျောက်တီးကြတယ်၊ နဖူးကို လက်ဖဝါးနဲ့ ရိုက်တာလည်း ရှိတယ်၊ ပါးစပ်ဟောင်းလောင်းဟထားတဲ့ လူလည်းရှိတယ်ပေါ့၊ မျိုးစုံလုပ်တဲ့အထဲမှာ အံ့သြဖွယ်နဲ့ ကြုံပြီဆိုရင် လက်ဖျောက်တီးကြတယ်၊ အဲဒီလက်ဖျောက်တီးတဲ့ အစဉ်အလာတစ်ခုကို အကြောင်းပြုပြီးတော့ အစ္ဆရိယဆိုတဲ့ စကားလုံးလေး ပေါ်လာတာ၊ လက်ဖျောက်တီးထိုက်တဲ့ အဖြစ်အပျက်ပဲလို့ ဒီလိုဆိုလိုတာ၊ သာမန်ကိစ္စ

စာမျက်နှာ-၅
ဆိုရင်ဘယ်သူမှ မအံ့သြဘူး၊ ဒီသာမန်မဟုတ်တဲ့ ကိစ္စတစ်ခုခု ကြုံလာပြီ ထူးထူးခြားခြားကြီး ဖြစ်ပေါ်လာပြီဆိုရင် လူတွေက မိမိရဲ့အံ့သြခြင်းကို ပြသဖို့ရန်အတွက် လက်ဖျောက်တီးလိုက်ကြတယ်။ အဲဒီလို လက်ဖျောက်တီးလောက်အောင် အံ့သြဖွယ်ကောင်းတဲ့ ဂုဏ်ရည်တွေဟာ မြတ်စွာဘုရားရဲ့ သန္တာန်မှာရှိလို့ အစ္ဆရိယလို့ ဒီစကားလုံးကို အသုံးပြုထားတာ၊ ဒါက ဒီစကားလုံးနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်တစ်ခု။

နောက်စကားလုံး အဓိပ္ပာယ်တစ်ခုက ဘာလဲလို့ဆိုတော့ အစ္ဆရိယဆိုတာ လောကမှာ မဖြစ်ဖူးတဲ့ ကိစ္စတစ်ခု ထူးထူးခြားခြား ဖြစ်သွားတာ၊ ဥပမာ- မျက်မမြင်တစ်ယောက် လမ်းပမ်းမရှိတဲ့ တောင်ထိပ်ကြီးကို ရောက်အောင်တက်သွားတယ်၊ စဉ်းစားကြည့်မယ်ဆိုရင် ဒီလူမျက်စေ့လည်း မမြင်ဘဲနဲ့ တောင်ပေါ်ဘယ်လို ရောက်လာလဲဆိုပြီး

စာမျက်နှာ-၆
အံ့သြစရာကောင်းတယ်ပေါ့၊ အဲဒီလို မျက်မမြင်တဲ့ ပုဂ္ဂိုလ်တစ်ယောက် တောင်ထိပ်ရောက်လာအောင် တက်လာနိုင်တဲ့ စွမ်းရည်သတ္တိကို ကြည့်ပြီးတော့ လူတွေဟာ တအံ့တသြ ပြောကြတယ်၊ အဲဒီကိစ္စမျိုးကိုလည်း အစ္ဆရိယလို့ဆိုတယ်။

ဆိုလိုတာက ဘယ်တုန်းကမှ မဖြစ်ဖူးဘူး၊ ဖြစ်လာလို့ရှိရင်လည်း မဖြစ်နိုင်လောက်အောင် ထူးဆန်းတဲ့ အဖြစ်အပျက်များကို အစ္ဆရိယလို့ ဒီလိုပြောတာ၊ အဲဒီတော့ သာမန်ပုဂ္ဂိုလ်တွေနဲ့ မနှိုင်းယှဉ်နဲ့၊ မြတ်စွာဘုရား အလောင်းတော်နဲ့ ပတ်သက်ပြီး ဖြစ်ပျက်လာခဲ့တာတွေ ဒီနေ့ခေတ်လူတွေက ဒါတွေဟာ ယုတ္တိရှိရဲ့လားလို့ ပြောလာတတ်ကြတယ်။ သို့သော် ယုတ္တိရှိတာ မရှိတာထက် ထူးခြားတဲ့ အဖြစ်အပျက်ဆိုတာ လောကမှာ တစ်ခါတစ်ရံ ပေါ်လာတတ်တယ်ဆိုတာကိုတော့ မှတ်သားထားဖို့လိုတယ်ပေါ့။

စာမျက်နှာ-၇
“အဗ္ဘုတ”ဆိုတာ အတိတ်တုန်းက မဖြစ်ဖူးဘူး၊ အခုမှဖြစ်လာတာ၊ အဲဒီမဖြစ်ဖူးတဲ့ အရာတွေကို အဗ္ဘုတ၊ မဖြစ်ဘူးလို့ မကြုံဘူးလို့ လူတွေက အံ့သြကြတာ။ ဒါကြောင့်မို့ မြတ်စွာဘုရားနဲ့ ပတ်သက်ပြီး ဒီလိုအံ့သြဖွယ် အခြေအနေတွေကို မှတ်သားနာယူဖို့ ကောင်းတဲ့ သုတ္တန်တစ်ခုလို့ မှတ်ရမယ်။ သာမန်ဗုဒ္ဓဝင်ဖတ်ရင်တော့ ဒါတွေတွေ့ချင်မှလည်းတွေ့မယ်၊ တွေ့သင့်သလောက်တော့တွေ့မယ်၊ ဒီသုတ္တန်မှာ ဆိုထားတဲ့ အချက်တွေဟာ အားလုံးအချက်ပေါင်း နှစ်ဆယ်ရှိတယ်၊ မြတ်စွာဘုရားရဲ့ အံ့ဖွယ်ဂုဏ်ရည်တွေဟာ သူများနဲ့မတူအောင် အလွန်ထူးခြားတယ်၊ တူနေရင်လည်း သာမန်ပုဂ္ဂိုလ် ဖြစ်သွားမှာပေါ့။

မတူဘူးဆိုတာ ဘာကြောင့်မို့ မတူရတာလဲ၊ အကြောင်းမဲ့ မတူတာမဟုတ်ဘူး၊ စိတ်ဓာတ်လည်း မတူဘူး၊ ကိုယ်ကျင့်သီလအားဖြင့်လည်း

စာမျက်နှာ-၈
မတူဘူး၊ ပညာအားဖြင့်လည်း မတူဘူး၊ အဲဒီမတူတဲ့ အတွင်းစိတ်ဓာတ် သီလ ပညာဆိုတဲ့ ကုသိုလ်တွေရဲ့ စွမ်းဆောင်မှုကြောင့် ဘုရားရဲ့ဘဝဟာ သာမန်ပုဂ္ဂိုလ်တွေနဲ့ မတူတဲ့ အနေအထားတစ်ခုကို ရတာ၊ ဘုန်းကြီးတို့တတွေလည်း သူများနဲ့မတူအောင် ကြိုးစားနိုင်လို့ရှိရင် မတူတဲ့အခြေအနေကို ရလာမှာပဲပေါ့၊ ဒါက ဘယ်သူ့ပေါ်မှာ မူတည်သလဲဆိုရင် ကိုယ့်အပေါ်မှာ မူတည်တာ၊ ကြိုးစားတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ဓာတ်၊ ကြိုးစားတဲ့ပုဂ္ဂိုလ်ရဲ့ လုပ်ရပ်အပေါ်မှာ မူတည်ပြီးတော့ ထူးခြားမှုဝိသေသတွေ ပေါ်လာစမြဲဖြစ်တယ်။

နိုင်ငံတိုင်းမှာ ထူးထူးချွန်ချွန် သူရဲကောင်းဆိုတာတွေဟာ ရှိလာတတ်တယ်။ သူများနဲ့မတူအောင် ထူးချွန်လာတဲ့ ပုဂ္ဂိုလ်တွေဟာ အများကလေးစားရတဲ့ အနေအထားမျိုး ရောက်တာပေါ့၊ မြတ်စွာဘုရားကမှာ လူသားတွေကသာမက နတ်တွေ

စာမျက်နှာ-၉
ဗြဟ္မာတွေကပါ ဦးညွတ်လေးစားလောက်တဲ့ စိတ်ဓာတ်တွေ၊ လေးစားလောက်တဲ့ သီလ၊ လေးစားလောက်တဲ့ ပညာတွေရှိတယ်၊ ဒီစွမ်းပကားတွေကြောင့် မြတ်စွာဘုရားဟာ ကမ္ဘာကြီးတစ်ခုလုံးက ဦးညွတ်ပြီး လေးစားရတဲ့ အနေအထားမျိုးတွေ ရောက်လာတယ်လို့ ဒီလိုဆိုလိုတာ။

အစ္ဆရိယအဗ္ဘုတသုတ် အံ့ဖွယ်လူသား မြတ်ဘုရားရဲ့ အံ့သြဖွယ်ကောင်းတဲ့ ဂုဏ်ရည်တွေနဲ့ ပတ်သက်ပြီး ဘယ်ပုံဖြစ်ပေါ်လာသလဲ။ ရှေးတုန်းက ရဟန်းတော်တွေဟာ နေ့စဉ်နဲ့အမျှ တရားနာတဲ့အချိန်မှာ အခုလို ဓမ္မာရုံကြီးတို့၊ မဏ္ဍလမာဠလို့ဆိုတဲ့ အဝန်းအဝိုင်းသဏ္ဌာန် ဆောက်လုပ်ထားတဲ့ အဆောက်အအုံမှာ စုတိုင်ကြပြီး မြတ်စွာဘုရား ကြွမလာခင် စကားစမြည်ပြောကြတယ်၊ အဲဒီလိုပြောကြတဲ့အခါမှာ စပ်မိစပ်ရာ

စာမျက်နှာ-၁၀
ပြောကြတာတွေလည်း ပါတယ်၊ ထူးခြားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ပါလာတတ်တယ်။

တစ်နေ့ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတိုက် ဥပဋ္ဌာနသာလာဓမ္မာရုံကြီးအတွင်းမှာ ရဟန်းတော်တွေ ရောက်ရှိလာကြတယ်၊ မြတ်စွာဘုရား တရားဟောတာကို နာဖို့စုလာကြတယ်၊ အဲဒီလို ရောက်နေတဲ့အချိန်မှာ ဘုရားကြွမလာခင် စကားပြောကြတယ်၊ ပြောတဲ့အခါမှာ ရဟန်းသံဃာတွေအထဲမှာ ဘယ်စကားကို ဦးတည်ပြီး ပြောကြသလဲဆိုရင် မြတ်စွာဘုရားရဲ့ ကြီးမားသော အောင်မြင်မှု မဟိဒ္ဓိက၊ ကြီးမားတဲ့ စွမ်းဆောင်နိုင်မှု မဟာနုဘာဝ၊ အဲဒီလိုကြီးမားတဲ့ အောင်မြင်မှုနဲ့ ကြီးမားတဲ့ စွမ်းဆောင်နိုင်မှုတွေဟာ အင်မတန်မှ အံ့သြစရာကောင်းတယ်၊ ဘယ်လောက်ထိအောင် ကြီးမားပြီး အောင်မြင်သလဲ၊ ဘယ်လောက်ထိအောင် စွမ်းဆောင်နိုင်သလဲဆိုတဲ့ အကြောင်း မြတ်စွာဘုရားရဲ့

စာမျက်နှာ-၁၁
ဉာဏ်ရည်ဉာဏ်သွေးနဲ့ပတ်သက်ပြီး ရဟန်းတွေဟာ ဆွေးနွေးကြတယ်။

မြတ်စွာဘုရားရဲ့ အစွမ်းသတ္တိဟာ အင်မတန်မှ ထက်မြတ်ပါပေတယ်၊ ဗျာဒိတ်တော်ခံခဲ့တဲ့ နှစ်ဆယ့်လေးဆူသော ဘုရားတွေရဲ့ အမည်နာမတော်တွေ၊ ဘယ်ခေတ်ကပွင့်ခဲ့တယ်ဆိုတာတွေ၊ နာမည်ကဘယ်လို၊ မယ်တော်တွေ ခမည်းတော်တွေကဘယ်လို၊ သက်တမ်းကဘယ်လောက်ရှိတယ်။ အရပ်အမောင်းကဘယ်လောက်ရှိတယ် ဆိုပြီးတော့၊ ဒီဘုရားတွေရဲ့ အသေးစိတ်တွေ၊ ဘယ်လိုနေခဲ့တယ် ဘယ်လိုထိုင်ခဲ့တယ်၊ ဘယ်လိုတရားဟောတယ်ဆိုတာကစပြီးတော့ သံသရာဝဋ်ပြတ်သွားတဲ့ ပရိနိဗ္ဗာန်စံပြီးဖြစ်တဲ့နှစ်ပေါင်း အလွန်ကြာက ကမ္ဘာကြီးမှာ ပျောက်ကွယ်သွားပြီးသားဖြစ်တဲ့ ဘုရားတွေရဲ့ အတိတ်သမိုင်းတွေကို တိတိကျကျ ဖော်ထုတ်ပြီးတော့ပြနိုင်တဲ့ စွမ်းရည်သတ္တိဟာ

စာမျက်နှာ-၁၂
နည်းတဲ့ စွမ်းရည်သတ္တိလား။

ဘုန်းကြီးတို့တတွေဆို မနေ့က ဘာဟင်းနဲ့စားခဲ့သလဲဆိုတာတောင် ပြည့်စုံအောင် ပြောနိုင်မှာမဟုတ်တော့ဘူး၊ ကိုယ်နဲ့တွေ့ကြုံခဲ့တာတောင်မှ မပြောနိုင်တာဆိုတော့ ကိုယ်မတွေ့ခဲ့တာတွေကို ဘယ်လိုပြောမလဲ၊ မပြောနိုင်ဘူး၊ အများကြီး မေ့ပစ်လိုက်ကြတယ်၊ မြတ်စွာဘုရားရဲ့ စွမ်းဆောင်မှုတွေကျတော့ အဲဒီလိုမဟုတ်ဘူး၊ ဉာဏ်ရည်ဉာဏ်သွေးဟာ အင်မတန်ထက်မြတ်တော့ မိမိကိုယ်တိုင် မကြုံတွေ့လိုက်ရတဲ့ မြတ်စွာဘုရားတွေ အမည်နာမတော်တွေကစပြီးတော့ ဖော်ထုတ်ပြီး ဟောနိုင်ပြောနိုင်တယ်ဆိုတဲ့ အရည်အသွေးဟာ နည်းတာမဟုတ်ဘူးလို့ ရဟန်းတော်တွေက တအံ့တသြ ပြောကြတယ်။

အဲဒီလို ပြောနေတဲ့အထဲမှာ ရှင်အာနန္ဒမထေရ်မြတ်က “ဟုတ်တာပေါ့ ကိုယ်တော်တို့၊

စာမျက်နှာ-၁၃
မြတ်စွာဘုရားဆိုတာ အံ့ဖွယ်လူသားပဲ၊ အင်မတန်အံ့သြစရာကောင်းတယ်၊ အံ့သြစရာကောင်းတဲ့ ဂုဏ်တွေနဲ့လည်း ပြည့်စုံတယ်၊ မြတ်စွာဘုရားဟာ မဖြစ်စဖူး ထူးကဲတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်၊ မပေါ်ပေါက်ဖူးသေးတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ အရည်အသွေးတွေနဲ့လည်း အကုန်လုံးပြည့်စုံတယ်” လို့ ဒီလိုပံ့ပိုးပြီး ပြောလိုက်တယ်၊ အဲဒီအချိန်မှာ မြတ်စွာဘုရား ရောက်လာတယ်။

အဲဒီလို ရောက်လာတဲ့အချိန်မှာ ထုံးစံအတိုင်းပဲ မြတ်စွာဘုရား ကြွလာပြီဆိုရင် အားလုံးဟာ ပြောလက်စစကားကို ရပ်ပစ်လိုက်ကြတယ်၊ ရပ်ပြီးဘုရားရှိရာ လက်အုပ်ချီပြီးတော့ တိတ်တိတ်ဆိတ်ဆိတ် နေထိုင်ကြတယ်၊ မြတ်စွာဘုရားက ရောက်ပြီး နေရာမှာထိုင်ပြီးတဲ့အခါမှာ မေးလေ့ရှိတယ်၊ ဒါထုံးစံ၊ ဘာစကားများ ပြောနေကြသလဲဆိုတဲ့ မေးခွန်းလေးတစ်ခု အရင်မေးတယ်၊ ငါမလာ

စာမျက်နှာ-၁၄
ခင် စပ်ကြားမှာ ဘာစကားများပြောနေကြသလဲလို့ မေးတယ်။

ရှင်အာနန္ဒက ခေါင်းဆောင်ပြီး လျှောက်တယ်၊ ဒီအချက်ကို တပည့်တော်တို့ တအံ့တသြ ပြောနေပါတယ်လို့ဆိုတော့ တပည့်တော်က လျှောက်တယ်ဘုရား၊ မြတ်စွာဘုရားဆိုတာ အလွန်အံ့သြစရာလည်းကောင်းတယ်၊ အလွန်ထူးခြားတယ်၊ ထူးခြားတဲ့ ဂုဏ်ထူးဝိသေသတွေ အခြေအနေတွေနဲ့လည်း ပြည့်စုံတယ်လို့ တပည့်တော်က ဒီလိုပြောလိုက်ပါတယ်။

မြတ်စွာဘုရားက “အာနန္ဒ အဲဒီလိုဆိုရင် ငါဘုရားရဲ့ အံ့သြဖွယ်ကောင်းတဲ့ ဂုဏ်တွေကို မင်းဆက်ပြောစမ်း ဘယ်လောက်ပြောနိုင်သလဲ ဘာတွေရှိသလဲ” ဆက်ပြောခိုင်းတာ၊ ဆက်ပြောစမ်းပါ ဘာတွေထူးခြားသလဲဆိုတော့ အဲဒီမှာ ရှင်အာနန္ဒက ဘုရားရဲ့ ထူးခြားတဲ့ ဂုဏ်ရည်ဂုဏ်သွေးတွေ

စာမျက်နှာ-၁၅
အံ့သြဖွယ်ကောင်းတဲ့ ဂုဏ်ရည်ဂုဏ်သွေးတွေကို ဆက်ပြီးတော့ပြောတယ်၊ အဲဒီလိုပြောတဲ့အခါမှာ ရှင်အာနန္ဒာက သူထင်ရာကို စွတ်ပြောတာမဟုတ်ဘူး၊ မြတ်စွာဘုရားထံက သူကြားခဲ့တယ်၊ မှတ်သားခဲ့တယ် လေ့လာခဲ့ဖူးတယ်ဆိုတဲ့ စကားနဲ့ချည်းပဲ ပြောတာ၊ မြတ်စွာဘုရားထံတော်က တိုက်ရိုက်ကြားခဲ့တဲ့ အံ့သြဖွယ်တွေ ပြောပါမယ်၊ သူ့အပြောမဟုတ်ဘူး၊ ဘုရားဆီက သူကြားနာဖူးတယ်၊ သင်ယူခဲ့ဖူးတယ်၊ မြတ်စွာဘုရားရဲ့ အံ့သြဖွယ်ကောင်းတဲ့ ဂုဏ်ထူးဝိသေသတွေကို ဘုရားထံက သူတိုက်ရိုက်ကြားခဲ့တာ၊ ကိုယ်တိုင်ကြားခဲ့ရတဲ့ စကားတွေကို ဘုရားကိုပြန်ပြီးတော့ အံ့သြဖွယ်တွေနဲ့ ပတ်သက်ပြီးတော့ လျှောက်တယ်။

အဲဒီလို လျှောက်တဲ့အထဲမှာ အခု ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဘုရားအလောင်းတော်တွေ မွေးဖွားလာတာနဲ့ ပတ်သက်မှုတွေ အများကြီးပါလာ

စာမျက်နှာ-၁၆
တယ်ပေါ့၊ စလျှောက်တဲ့အခါ မြတ်စွာဘုရားဆီက သင်ယူမှတ်သားထားတဲ့ သုတ္တန်တစ်ခုကို ဦးတည်ပြီးတော့ ရှင်အာနန္ဒက လျှောက်တာ။

တပည့်တော် ကြားဖူးတဲ့အတိုင်း လျှောက်ပါမယ်၊ မြတ်စွာဘုရားထံက တချိန်တခါတုန်းက အရှင်ဘုရားဟောတာကို တပည့်တော် မှတ်သားနာယူခဲ့ရပါတယ်၊ ရှင်အာနန္ဒာဆိုတာ ဘယ်တော့ဖြစ်ဖြစ် သူပြန်ပြောတဲ့ စကားတွေထဲမှာ “ဧဝံ မေ သုတံ”ဆိုတာ ပါတယ်၊ သူ့ရဲ့ လက်သုံးစကားပဲ၊ ဧဝံမေသုတံဆိုတဲ့ အဓိပ္ပါယ်က သာမန်အားဖြင့် ဘာသာပြန်မယ်ဆိုရင် မြတ်စွာဘုရားဆီက ဒီလိုကြားခဲ့တယ်ဆိုတာ အရပ်ထဲသူပြောသူပြောကြားတဲ့ အကြားမျိုးမဟုတ်ဘူး၊ ဒီလိုဆိုလိုတာမဟုတ်ဘူး၊ အခုလိုကြားခဲ့တယ် အင်္ဂလိပ်လို ဘာသာပြန်တဲ့အခါကျတော့လည်း Thus have I heard ဒီလိုကြားခဲ့ရပါတယ်၊ ကြားရုံကြားခဲ့တယ်ဆိုတဲ့ စကား

စာမျက်နှာ-၁၇
ဟာ အလွန်ပေါ့တယ်၊ ဟိုလူပြောလို့ကြားခဲ့တာ ဒီလူပြောလို့ကြားခဲ့တာ ဒါမျိုးမဟုတ်ဘူး၊ ဒါကြောင့်မို့ သုတဆိုတဲ့ စကားလုံးဟာ ကြားရုံမျှမကဘူး၊ ကြားပြီးတဲ့အခါ သင်ယူမှတ်သားထားခဲ့ပါတယ်လို့ ဒီလိုဆိုလိုတာ။

ဒါကြောင့်မို့ ဧဝံမေသုတံကို ကျကျနန အဓိပ္ပါယ်ပြန်ရင် Thus have I heard ဘုရားထံက ဒီစကားတွေ သင်ယူမှတ်သားခဲ့ပါတယ်လို့ ဒီလိုပြောရမှာ၊ ဆရာသမားဆီက သင်ထားတာ၊ မြတ်စွာဘုရားဆီက ဒီဂုဏ်ထူးဝိသေသတွေ မြတ်စွာဘုရားဟောတုန်းက မမေ့မပျောက်အောင် မှတ်သားနာယူပြီး သင်ထားတာလို့ ဒီလိုဆိုလိုတယ်။

ဧဝံမေသုတံလို့ ပြောလိုက်ခြင်းအားဖြင့် ရှင်အာနန္ဒာက ဒါသူ့စကားမဟုတ်ဘူး၊ ဘုရားစကား၊ သူ့စကားဆိုရင် အလေးအနက်ထားချင်မှ ထားကြမှာ၊ ဒါကြောင့်မို့ ဘုရားဆီက သူကိုယ်တိုင်

စာမျက်နှာ-၁၈
ကြားခဲ့တာ ဒါသူ့စကားမဟုတ်ဘူး၊ ဘုရားစကားဆိုတော့ မယုံကြည်တဲ့ ပုဂ္ဂိုလ်တွေအတွက် ယုံကြည်မှုကိုဖြစ်စေတယ်၊ သူပြောမဲ့စကားတွေအပေါ်မှာလည်း မြတ်စွာဘုရားရဲ့ စကားတွေပါလားလို့ဆိုပြီး ပိုပြီးတော့ လေးစားလာကြတာမျိုးတွေလည်း ဖြစ်နိုင်တယ်။

ဒါကြောင့်မို့ ဧဝံမေသုတံဆိုတဲ့ စကားလုံးဟာ အင်မတန်မှ ထူးခြားတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်တယ်။ မြတ်စွာဘုရား အဆုံးအမ သာသနာတော်မှာ ဧဝံမေသုတံဆိုတဲ့ စကားလေးတစ်ခွန်းဟာ မယုံကြည်မှုတွေကို ပယ်ဖျက်နိုင်တယ်၊ ယုံကြည်မှုကို တိုးတက်စေနိုင်တယ်၊ လောကမှာ hearsay သူပြောသူပြောတွေ ကြားလာတာ၊ ကောလဟာလတွေကို ဟိုကကြားလို့ပြော ဒီကကြားလို့ပြော အတည်ပြုချက်မရှိတဲ့ သတင်းကိုပြောတာ၊ ရှင်အာနန္ဒာပြောတဲ့စကားက အဲဒါမျိုးမဟုတ်ဘူး၊ မြတ်စွာဘုရားထံက တိုက်ရိုက်

စာမျက်နှာ-၁၉
သင်ယူမှတ်သားနာထားခဲ့တဲ့ စကားလုံးကို တိတိကျကျ ဘုရားဟောတဲ့အတိုင်း ပြန်ပြောတာလို့ ဒီလိုဆိုတယ်။

ရှင်အာနန္ဒက မြတ်စွာဘုရားထံက တပည့်တော် မှတ်သားနာယူခဲ့တဲ့အတိုင်း လျှောက်ပါမယ်။ ဗောဓိသတ္တဆိုတာ ဘုရားလောင်းကို ခေါ်တယ်။ ဗောဓိဆိုတာ အသိဉာဏ်ပေါ်မှာ သတ္တဆိုတာ တကယ့်ကို ဆန္ဒပြင်းထန်တဲ့ ပုဂ္ဂိုလ်လို့ ဒီလိုပြောတာ၊ တစိုက်မတ်မတ် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ဖို့အတွက် ကြိုးစားအားထုတ်လာတဲ့ ပုဂ္ဂိုလ်ကို ဗောဓိသတ္တလို့ ခေါ်တယ်။

နောက်တစ်မျိုးက “ဗောဓိယာ သတ္တာ ဗောဓိသတ္တာ”ဆိုတဲ့ အဓိပ္ပါယ်က သူများထက် ထူးခြားတဲ့ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကို ဗောဓိသတ္တလို့ ခေါ်တယ်။ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် အင်မတန်မှ အသိဉာဏ်ထက်မြက်တယ်၊ သာမန်ပုဂ္ဂိုလ်တွေ

စာမျက်နှာ-၂၀
မစဉ်းစားနိုင်တဲ့ ကိစ္စတွေ မသိနိုင်တဲ့ ကိစ္စတွေ ဘုရားအလောင်းတွေက သိကြတယ်၊ ဉာဏ်ရည်ဉာဏ်သွေးဟာ သူများထက် ထက်မြက်တယ်။

သာမန်ပုဂ္ဂိုလ်တွေတောင် ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်နဲ့ ဉာဏ်မထက်တဲ့ပုဂ္ဂိုလ် အလွန်ကွာတယ်၊ ဉာဏ်ဆိုတဲ့နေရာမှာ သင်လို့မှတ်ထားတဲ့ဟာမျိုးကို ပြောတာမဟုတ်ဘူး၊ ဘယ်ကိစ္စပဲဖြစ်ဖြစ် သူက စဉ်းစားဉာဏ်နဲ့ မမြင်ဘူး မကြားဘူးသော်လည်း စဉ်းစားဉာဏ်ကို အသုံးပြုပြီး မှန်ကန်တဲ့အရာကို ရယူနိုင်တာကို ဉာဏ်လို့ခေါ်တယ်။

Knowledge, Wisdom ကိုခွဲတဲ့အခါမှာ Wisdom ဆိုတာ တကယ့်ပင်ကိုဉာဏ်ကိုပြောတာ၊ Wisdom ဆိုတာ အကြောင်းအရာတစ်ခုကို ဆင်ခြင်သုံးသပ်ပြီဆိုလို့ရှိရင် သင်ထားလို့သိတာ မှတ်ထားတာ မှတ်ဉာဏ်၊ သင်ထားလို့သိတာ မဟုတ်ဘဲနဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်သုံးသပ်

စာမျက်နှာ-၂၁
ပြီးတော့ အမှန်တရားကို ရယူနိုင်တာကို Wisdom ပင်ကိုဉာဏ်လို့ ဒီလိုပြောတယ်၊ ပြောပြထားလို့ နားလည်နေတာ ပြောပြထားလို့ သိနေတာတွေကို Wisdom လို့ပြောတာ၊ ဘုရားအလောင်းတွေကျတော့ Knowledge ထက် Wisdom က အင်မတန်မှ အားကောင်းတယ်၊ ပင်ကိုဉာဏ်တွေ အင်မတန်မှ ထက်မြက်တယ်၊ ဒါကြောင့်မို့ ဗောဓိယာ သတ္တာ ဗောဓိသတ္တာ အသိဉာဏ်ထက်မြက်တဲ့ ပုဂ္ဂိုလ်လို့ ဒီလိုပြောတာ။

ကောင်းပြီ ရှင်အာနန္ဒမထေရ်မြတ်က လျှောက်တယ်၊ ဗောဓိသတ္တဆိုတဲ့ ဘုရားအလောင်းတော်တွေဟာ ပါရမီပြည့်တဲ့ နောက်ဆုံးဘဝမှာ (ဂေါတမမြတ်စွာဘုရားဆိုရင်) ဝေဿန္တရာမင်းဘဝမှာ ပါရမီပြည့်တာ။

ပထမဆုံးလည်း ဒါနပါရမီနဲ့ စခဲ့တာ၊

စာမျက်နှာ-၂၂
နောက်ဆုံးလည်း ဒါနပါရမီပဲ၊ ဘုရားအလောင်း ဝေဿန္တရာမင်း မွေးဖွားလာတဲ့အခါမှာ မွေးဖွားပြီးပြီးခြင်း စကားပြောတယ်၊ မွေးပြီးစ စကားပြောတယ်ဆိုတာ သုံးဘဝရှိတယ်၊ ဝေဿန္တရာမင်းဘဝ တစ်ဘဝအပါအဝင်ပဲ၊ ဝေဿန္တရာမင်းသားလေး မွေးဖွားလာတဲ့အခါမှာ မိခင်ဝမ်းက မွေးဖွားပြီးတဲ့အခါမှာ လက်ကလေးဖြန့်ပြီး “အမေ ဘာလှူစရာရှိလဲ”လို့ တောင်းတယ်၊ လှူချင်တာ၊ လှူစရာလေးတစ်ခုကို သူတောင်းတယ်၊ ဘာလှူရမလဲ၊ သူများကို ဘာပေးရမလဲ၊ သူ့လက်ထဲမှာ ဘာမှပါမလာဘူး၊ “မေမေ ဘာပေးရမလဲ”ဆိုတဲ့စကားက သူစပြောတယ်၊ “အလှူရဲ မင်းဝေယံ”လို့ စကားပုံရှိတယ်။

လှူလိုက်တာ နောက်ဆုံးမှာ တိုင်းပြည်က နှင်ထုတ်ခံရသည်ထိအောင် လှူတာ၊ နောက်ဆုံးတောထဲရောက်တော့လည်း လှူနေတာပဲ၊ အဲဒီနောက်ဆုံးဘဝမှာ ကြုံလှူသွားတာ၊ အဲဒီလို ဒါန

စာမျက်နှာ-၂၃
ပါရမီမှာ အလွန်ရင့်ကျက်တယ်၊ ဒါနတင်မကဘူး၊ သီလတို့ ခန္တီတို့ ကျန်တဲ့ပါရမီတွေပါ အကုန်လုံးဖြည့်ကျင့်ပြီး ပြီးပြည့်စုံတဲ့ ဘဝမျိုးနဲ့ နောက်ဆုံးမှာ ဝေဿန္တရာမင်းဘဝ ဆုံးသွားတဲ့အခါမှာ ဘုရားအလောင်းတွေရဲ့ ထုံးတမ်းစဉ်လာအရ အင်မတန်မှ အေးချမ်းပြီး နှစ်သက်စရာကောင်းတဲ့ တုသိတာ နတ်ပြည်ကို ရောက်သွားတယ်။

ဘုရားလောင်းရဲ့ ထူးခြားချက် နံပါတ်(၁) အံ့သြဖွယ်က တုသိတာဘုံကို ရောက်သွားတဲ့အခါမှာ အိပ်မောကျပြီးတော့ ရောက်သွားတာမဟုတ်ဘူး၊ သိသိသာသာကြီး ရောက်သွားတာ၊ သေတဲ့အခါမှာ လူတွေဟာတွေဝေပြီးတော့ သေကြတာများတယ်၊ ဘာမှမသိတော့တဲ့ အနေအထားမျိုးနဲ့ သေသွားကြတာက များတယ်၊ သမ္မဠာကာလံ ကရောတိဆိုတာတွေတွေဝေဝေနဲ့ သေသွားတာ၊ တချို့ကတော့တွေတွေဝေဝေနဲ့ သေတာမဟုတ်ဘူး၊ သိသိသာသာနဲ့

စာမျက်နှာ-၂၄
သေသွားတာ၊ အကုန်သိနေတယ်၊ မသေခင်ကလည်းသိတယ်၊ သေပြီးတဲ့နောက် မွေးဖွားတဲ့အချိန်မှာလည်း သိသွားတယ်၊ သတော သမ္ပဇာနော သတိရှိတယ်၊ ဆင်ခြင်တုံတရားရှိတယ်၊ အဲဒီလို သတိမကွာ ဆင်ခြင်ဉာဏ်ပညာနဲ့ပဲ ဝေဿန္တရာမင်းဘဝက သေဆုံးပြီးတော့ တုသိတာ နတ်ပြည်မှာ သွားမွေးတာ၊ အဲဒီအချိန်မှာလည်း ဘုရားအလောင်းလေးဟာ မေ့မေ့မျောမျော ဘာမသိလိုက် ညာမသိလိုက် ဖြစ်သွားတာမဟုတ်ဘူး၊ သိသိသာသာဖြစ်တယ်။ ဒါဟာ နံပါတ်(၁) ထူးခြားတဲ့ ဂုဏ်ရည်တစ်ခုပဲ။ အဲဒါမျိုး သာမန်ပုဂ္ဂိုလ်တွေ ဒီလိုဖြစ်နိုင်သလားဆိုရင် အင်မတန်မှရှားတယ်။

နောက်(၂)ခုမြောက် အံ့သြဖွယ်က တုသိတာနတ်ပြည်မှာ နတ်စည်းစိမ်ခံစားတဲ့အခါမှာလည်း ကာမဂုဏ်အာရုံတွေထဲမှာ မေ့မျောပြီးတော့ သတိလက်လွတ်ဖြစ်နေသလားဆိုတော့ မဟုတ်ဘူး၊

စာမျက်နှာ-၂၅
တုသိတာနတ်ပြည်မှာ နေသမျှကာလပတ်လုံး အမှတ်တမဲ့မနေဘူး၊ သတိသမ္ပဇညနဲ့နေတယ်။

မြတ်စွာဘုရားက သတိပဋ္ဌာန်ကျင့်စဉ်မှာ (၇)ဌာန သတိကိုလေ့ကျင့်ဖို့ ဟောထားတာရှိတယ်၊ ဘုရားအလောင်းတော်ဟာ အဲဒီလို လေ့ကျင့်ထားသည့်အတွက် သူ့ရဲ့ သတိသမ္ပဇညဟာ ကင်းလွတ်သွားတယ်မရှိဘူး၊ အမြဲတမ်း သတိသမ္ပဇညကပ်နေတယ်၊ ဘုန်းကြီးတို့တတွေကျတော့ သတိတို့ သမ္ပဇညတို့ဆိုတာ လွတ်သွားတဲ့အချိန်ကများပြီး ရှိတဲ့အချိန်က အင်မတန်မှနည်းတယ်၊ သတိသမ္ပဇည လွတ်သွားသည့်အတွက်ကြောင့် တစ်ခါတစ်ရံ ရေချိုးခန်းထဲချော်လဲလို့ အရိုးကျိုးသွားပြီ၊ တော်ကြာခလုတ်တိုက်မိပြန်ပြီနဲ့ သတိသမ္ပဇည အားနည်းပြီဆိုလို့ရှိရင် မဖြစ်သင့်တာတွေ တခုခုဖြစ်တာပေါ့။

(၃)ခုမြောက် အံ့သြဖွယ်က တချို့နတ်တွေကျတော့ သက်တမ်းစေ့မနေရဘူး၊ ဘုရားအလောင်း

စာမျက်နှာ-၂၆
ကျတော့ တုသိတာနတ်ပြည်ရဲ့ သက်တမ်းစေ့ နေသွားတယ်၊ သက်တမ်းစေ့မှ သေတယ်၊ နတ်သက်ဆိုတာ သတ်မှတ်ချက်ရှိတယ်၊ လူ့ပြည်မှာ အနှစ် (၅၀) ဆိုရင် စတုမဟာရာဇ်နတ်ပြည်မှာ တစ်ရက်၊ အဲဒီတစ်ရက်နဲ့တွက်တဲ့ အနှစ်(၅၀၀) သူတို့ အသက်ရှည်တယ်၊ ဒီလိုဆိုလိုတယ်၊ အဲဒီလိုသက်တမ်းတွေ ပြည့်အောင် နေသွားတာလည်း ထူးခြားချက်တစ်ခုပဲ။

နောက်(၄)ခုမြောက် အံ့သြဖွယ်က တုသိတာနတ်ပြည်ကနေ နတ်တွေက ဝိုင်းတောင်းပန်လို့ စုတေပြီး လူ့ပြည်မှာ ဘုရားဖြစ်ဖို့ မယ်တော်ဝမ်းထဲမှာ သန္ဓေတည်တဲ့အခါမှာလည်း သာမန်ပုဂ္ဂိုလ်တွေလို သတိလက်လွတ် ဖြစ်သွားတာမျိုး မဟုတ်ဘူး၊ မြတ်စွာဘုရားအလောင်းတော်က တုသိတာနတ်ပြည်ကနေ မယ်တော်ဝမ်းထဲ သန္ဓေခတဲ့အခါမှာလည်း သတိသမ္ပဇည အပြည့်ပဲလို့ ဒီလိုဆိုတာ။

ဘယ်နေရာသွားမယ်၊ ဘယ်သူ့ဝမ်းထဲမှာ သူ

စာမျက်နှာ-၂၇
ဖြစ်ရမယ်ဆိုတာတွေကို သတိသမ္ပဇည ရှိတယ်၊ တုသိတာနတ်ပြည်က ဆင်းလာပြီးတော့ မယ်တော်ဝမ်းထဲ ဝင်သွားတာ ဒီလိုတော့ မအောက်မေ့လေနဲ့၊ တုသိတာနတ်ပြည်မှာ စုတိစိတ်ကျတယ်၊ ရုပ်တွေ နာမ်တွေ လုံးဝပျောက်ကွယ်သွားတယ်၊ ကံကြောင့် မယ်တော်ဝမ်းထဲမှာ အသစ်ဖြစ်တယ်၊ ဒီလိုပဲအဓိပ္ပါယ် ယူရတယ်၊ ဒါကိုပဲ အရပ်စကားနဲ့ ပြောတော့ မယ်တော်ဝမ်းထဲမှာ သန္ဓေခတယ်လို့ ပြောတာ၊ စာထဲမှာ ဝမ်းထဲဝင်လာတယ်လို့ သုံးတယ်။ ဒါအရပ်စကားနဲ့ ပြောတာ၊ တကယ့် ပရမတ္ထစကားနဲ့ ပြောတဲ့အခါကျတော့ အဲဒီလိုမဟုတ်ဘူး၊ စုတိစိတ် ချုပ်လိုက်တာနဲ့ တပြိုင်နက် ပဋိသန္ဓေစိတ် ပေါ်လာတာ စုတိစိတ်လို့ ခေါ်တဲ့ တုသိတာဘဝရဲ့ နောက်ဆုံးစိတ်လေး ဖြစ်လိုက်တာဟာ ဖြစ်လိုက်တာနဲ့ တပြိုင်နက် စုတိစိတ်ကလေး မရှိတော့ဘဲ နောက်မှာ ချက်ချင်းပဲ ပဋိသန္ဓေစိတ်ဆိုတာ မယ်တော်ဝမ်းမှာ လာပေါ်

စာမျက်နှာ-၂၈
တယ်၊ ဒါကိုပဲ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော လို့ပြောတာ၊ ရှေ့က စိတ်တစ်ခု ချုပ်သွားတဲ့အခါမှာ နောက်ထပ် စိတ်တစ်ခုပေါ်လာတယ်၊ ဒါက အမှန် ယူရမယ့် အဓိပ္ပါယ်ပဲ။ ။

သို့မဟုတ်လို့ရှိရင် တုသိတာနတ်ပြည်က ဆင်းလာပြီးတော့ မယ်တော့ဝမ်းထဲ ဝင်သွားတယ်ဆိုတာ အရပ်စကားနဲ့ ပြောတာ၊ အဲဒီလိုဝင်တာမျိုး မဟုတ်ဘူး၊ မဝင်ခင်တော့ စိတ်ညွတ်တယ်၊ စိတ်ဆိုတာ ညွတ်လို့ရတာပဲ၊ လူဟာလည်း အေး ပြင်ဦးလွင် သွားဦးမှပဲ ဆိုပြီးတော့ စိတ်အရင်ညွတ်တာပဲ။ နေပြည်တော်ကလာတဲ့ လူပဲဖြစ်ဖြစ်၊ ရန်ကုန်က လာတဲ့ လူပဲဖြစ်ဖြစ်၊ ဒီပတ်ဝန်းကျင်ကလာတဲ့ လူပဲဖြစ်ဖြစ်၊ တရားပွဲသွားလိုက်ဦးမယ်ဆိုရင် စိတ်ညွတ်တာ အရင်ပဲ၊ အဲဒီစိတ်ညွတ်မှုပဲရှိတာ၊ ဒီလိုဆိုလိုတာ။

နောက်(၅)ခုမြောက်အံ့သြဖွယ်က မယ်တော်

စာမျက်နှာ-၂၉
ဝမ်းထဲမှာ သန္ဓေခပြီးတာနဲ့ တပြိုင်နက် လောကကြီးတစ်ခုလုံးမှာ ကြီးမားတဲ့ အလင်းရောင်ကြီး ပေါ်လာတယ်၊ ဘာနဲ့မှမတူတဲ့ အလင်းရောင်ကြီးတစ်ခု ဖြစ်ပေါ်လာတယ်၊ အဲဒီအလင်းရောင်ကြီးက အမှောင် လုံးဝကင်းသွားအောင်၊ အမှောင်မရှိတဲ့ အလင်းရောင်မျိုးကြီးဖြစ်တယ်၊ သာမန် နေတွေလတွေလင်းတဲ့ အလင်းထက် ရာထောင်ပေါင်းများစွာ ကြီးမားတယ်။

ဘာဖြစ်လို့တုန်းဆိုတော့ ကမ္ဘာကြီး တည်နေပုံကို သာမန်လူတွေ အနေနဲ့တော့ မြင်နိုင်မယ် မဟုတ်ဘူး၊ ဘုန်းကြီးတို့ နေတဲ့ စကြာဝဠာကြီးက တစ်ခု၊ အခုခေတ်လိုဆိုရင် ကောင်းကင်မှာ ဂြိုဟ်ကြီးတစ်ခု၊ အဲဒီ စကြာဝဠာတွေဟာ ကောင်းကင်ယံမှာ အနန္တရှိတယ်၊ စကြာဝဠာသုံးခု ဆုံတဲ့ကြားမှာ အင်မတန်မှ မှောင်ကျနေတဲ့ လောကန္တရိက်ဆိုတဲ့ နေရာတစ်ခုရှိတယ်၊ အဲဒါကို လောကန္တရိက်ငရဲလို့ ခေါ်တယ်။

စာမျက်နှာ-၃၀
လူ့ဘဝမှာ အမေလည်း စော်ကားတယ်၊ အဖေလည်း စော်ကားတယ်၊ အင်မတန်မှ ကြမ်းတမ်း ရက်စက်တဲ့ ပုဂ္ဂိုလ်မျိုးတွေဟာ အဲဒီအမှောင်ထုကြီးထဲမှာ သွားပြီးဖြစ်လေ့ရှိတယ်၊ လောကန္တရိက်ငရဲကြီးဆိုတာ နေရောင် လရောင်လည်း မရောက်ဘူး၊ အပူလည်းမရောက်ဘူး။ လောကန္တရိက်ငရဲကြီးအတွင်း ငရဲသားတွေဟာ လင်းနို့တွေလိုပဲ နံရံတွေမှာ တွယ်ဖက်ပြီး ဖြစ်နေကြတာ၊ တစ်ဦးနဲ့ တစ်ဦးတွေ့မိလို့ရှိရင် အစာထင်ပြီးတော့ ဟပ်လိုက်တဲ့အခါ ပြုတ်ကျတယ်၊ အောက်ခြေက သိပ်အေးတဲ့ ဆားငန်ရေထဲမှာ တခါတည်း အရည်ပျော်ထွက်သွားတယ်၊ အေးလွန်းရင်လည်း အရည်ပျော်သွားတာပဲ၊ အေးလို့ရှိရင်လည်း လူကိုယ်ကာယ ပျက်စီးတာပဲ၊ ပူလွန်းရင်လည်း ပျက်စီးတာပဲ၊ အပူလောင်သွားတာက တစ်မျိုး၊ အအေးလောင်သွားတာလည်း ရှိသေးတယ်၊ အအေးလောင်သွားတာကို အင်္ဂလိပ်လို freeze bite

စာမျက်နှာ-၃၁
လို့ ခေါ်တယ်၊ ဧဝရတ်တောင်တို့လို အင်မတန်မှ အေးတဲ့နေရာ တက်တဲ့သူတွေရဲ့ နှာခေါင်းဖျားလေးတွေ၊ နားရွက်ဖျားလေးတွေဟာ မဲသွားတာ၊ သွေးမရောက်တဲ့အခါကျတော့ မဲနေတာ၊ အဲဒါကို freeze bite လို့ ခေါ်တယ်၊ အအေးကိုက်တာ မြတ်စွာဘုရားက "သီတေန ရုပ္ပတိ" အအေးကြောင့်လည်း ပျက်စီးတယ်၊ ပြောင်းလဲတယ်၊ "ဥဏေန ရုပ္ပတိ" အပူကြောင့်လည်း ပျက်စီးတယ်၊ ဒါဟာ ရုပ်ရဲ့ သဘာဝပဲ။

အဲဒီလို လောကန္တရိက်ငရဲကြီးမှာ နံရံကနေ ပြုတ်ကျသွားပြီဆိုလို့ရှိရင် သိပ်အေးတဲ့ရေထဲ ရောက်သွားပြီး ချက်ချင်းအရည်ပျော်သွားတယ်၊ အဲဒီ လောကန္တရိက်ငရဲတောင်မှပဲ ဘုရားလောင်း သန္ဓေလိုက်တဲ့အခါမှာ အလင်းရောင်ရသွားတယ်၊ အလင်းရောင်ရသွားချိန် အဲဒီခဏလေးမှာ ငရဲသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် မြင်လိုက်ကြရတယ်။

စာမျက်နှာ-၃၂
ငါလိုသတ္တဝါတွေ ဒီထဲမှာ ရှိပါသလားလို့ သိလိုက်ရတယ်၊ နတ်တွေရဲ့ အလင်းရောင်ထက် သာတယ်၊ အင်မတန် ကြီးမားတဲ့ အလင်းရောင်ကြီးဟာ ဘုရားအလောင်း သန္ဓေတည်တဲ့အချိန်မှာ ပေါ်လာတယ်။

ဒါတင်မကဘူး စကြာဝဠာ ကုဋေတစ်သောင်း ငလျင်လှုပ်တယ်၊ သိမ့်သိမ့်ခါ တုန်သွားတယ်၊ အထိမ်းအမှတ်တစ်ခုအနေနဲ့ သြဘာပေးတဲ့အနေနဲ့ ငလျင်လှုပ်သွားတယ်။

(၅)ခုမြောက် အံ့သြဖွယ်က အဲဒီလို ဘုရားအလောင်းလေး သန္ဓေတည်နေတဲ့အချိန်မှာ အရပ်လေးမျက်နှာက မမြင်ရတဲ့ နတ်သားလေးယောက်ဟာ Security လာယူကြတယ်၊ စောင့်ကြပ်ကြတယ်။ ဒါ ဘုရားလောင်းရဲ့ ကံကြောင့် လာပြီးတော့ သူ့အလိုအလျောက် စောင့်ကြပ်ကြတာ၊ ဘေးရန်အန္တရာယ်တွေ မရောက်ဖို့ အဲဒီနတ်သားလေးယောက်က စောင့်ရှောက်ကြတယ်။

စာမျက်နှာ-၃၃
(၇) ခုမြောက် အံ့သြဖွယ်က ဘုရားအလောင်းလေး သန္ဓေခလိုက်တာနဲ့ တစ်ပြိုင်နက် မယ်တော်ဟာ သာမန်အနေအထား မဟုတ်ဘဲနဲ့ ပကတိရိုးရာကိုက ငါးပါးသီလ လုံပြီးသား ဖြစ်သွားတယ်၊ ပါဏာတိပါတ၊ အဒိန္နဒါနစသည် တစ်ခုမှ မကျူးလွန်ဘူး၊ ငါးပါးသီလ လုံခြုံသွားတယ်။

နောက်(၈)ခုမြောက် အံ့သြဖွယ်က ဘုရားအလောင်းလေး သန္ဓေခနေတဲ့အချိန်မှာ မယ်တော်မှာ ဆန့်ကျင်ဖက်လိင်နဲ့ ပတ်သက်ပြီး မည်သည့်ယောက်ျားကမှ မလွန်ဝံ့ဘူး၊ ကာမဂုဏ်စိတ်တွေ မဖြစ်ဘူး၊ (၉)ခုမြောက်အံ့ဩဖွယ်က ကာမဂုဏ်စိတ်တွေ မဖြစ်ပေမယ့်လို့ မယ်တော်မှာ လိုလေသေးမရှိအောင် ပြီးပြည့်စုံခဲ့တယ်၊ မျက်စေ့ကလည်း

စာမျက်နှာ-၃၄
ကောင်းတာကိုပဲ မြင်ရတယ်၊ နားကလည်း ကောင်းတာကိုပဲ ကြားရတယ်၊ နှာခေါင်းကလည်း မွှေးကြိုင်တဲ့ ရနံ့လေးပဲ ရှူရတယ်၊ လျှာကလည်း ကောင်းတဲ့အရသာ၊ ခန္ဓာကိုယ်ကလည်း ကောင်းတဲ့ အထိအတွေ့တွေ ပြည့်ပြည့်ဝဝ အလိုကျပြီးတော့ ဘုရားအလောင်းလေးရဲ့ အစွမ်းသတ္တိဟာ မယ်တော်ထိအောင် အကျိုးသက်ရောက်ပြီး မယ်တော်ကြီးဟာ လိုတရ အနေအထားမျိုး ရောက်ရှိတယ်။

(၁၀)ခု မြောက် အံ့သြဖွယ်က ဘုရားအလောင်းလေး သန္ဓေနေတဲ့အချိန်မှာ မယ်တော်ကြီးမှာ ဘာရောဂါမှ မဖြစ်ဘူး၊ အင်မတန်မှ ကျန်းမာတယ်၊ ကျန်းမာရုံတင်မကဘူး၊ ဝမ်းထဲမှာ သန္ဓေခနေတဲ့ ဘုရားအလောင်းလေးကို ဖန်ပေါင်းချောင်ထဲမှာရှိနေတဲ့ ရုပ်ဆင်းတုကို မြင်နေရသလို မယ်တော်က သူ့ဝမ်းထဲက ကလေးကိုမြင်နေရတယ်၊ ဒါလည်း အင်မတန်မှ ထူးခြားတာ၊ သာမန်အားဖြင့်တော့ မမြင်နိုင်ဘူးပေါ့၊ အဲဒီလို ဘုရားလောင်းလေးကို မြင်နေရတယ်လို့ ဒီလိုဆိုလိုတာ။

(၁၁)ခုမြောက် အံ့သြဖွယ်က ဘုရား

စာမျက်နှာ-၃၅
အလောင်းလေးဟာ ဆယ်လပြည့်မြောက်တဲ့အခါ ဖွားမြင်တယ်၊ ဘုရားအလောင်း ဖွားမြင်ပြီးတဲ့နောက် (၇)ရက်မြောက်တဲ့နေ့မှာ မယ်တော်ကံကုန်ပြီး တုသိတာနတ်ပြည်မှာ ဖြစ်တယ်၊ ဒါဟာလည်း ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာတစ်ခုလို့ ဆိုတယ်၊ ဘုရားအလောင်းတွေရဲ့ မယ်တော်တွေတိုင်းဟာ ဒီအတိုင်းချည်းပဲ၊ မယ်တော်တွေဟာလည်း တော်တော်အသက်ကြီးမှပဲ သားယောက်ျားလေးတစ်ဦးပဲ ထွန်းကားလေ့ရှိတယ်၊ ဘုရားအလောင်းလေးရဲ့ မယ်တော်တောင်မှပဲ တွက်ချက်ကြည့်တဲ့အခါမှာ အသက်(၅၀)ကျော်လောက်မှပဲ သန္ဓေတည်တယ်ဆိုတဲ့ အဓိပ္ပါယ်ရတယ်။ ။

(၁၂)ခုမြောက် အံ့သြဖွယ်က သာမန်လူတွေဟာ ကိုးလနဲ့ ဖွားတာရှိတယ်၊ ဆယ်လနဲ့ ဖွားတာ ရှိတယ်၊ ခုနှစ်လနဲ့လည်း ဖွားတယ်၊ ရှစ်လနဲ့လည်း ဖွားတယ်၊ အဲဒီလို ဆယ်လမပြည့်မီ အမျိုးမျိုး မွေးဖွား

စာမျက်နှာ-၃၆
ကြတယ်၊ ဘုရားလောင်းကျတော့ ဆယ်လတိတိ ပြည့်မှ မွေးဖွားတယ်၊ ဒါလည်း ထူးခြားချက်တစ်ခုပဲ။

ခုခေတ်တော့ ဖွားချင်တဲ့နေ့ကို ဖွားလို့ရတယ်ထင်ပါရဲ့၊ တစ်ချို့ကလည်း စနေသားဖြစ်ချင်တော့ စနေနေ့ မလွန်အောင်ဆိုပြီး မွေးတာတွေလည်း ရှိတယ်၊ ဗေဒင်တွေတော့ မှားကုန်လား မသိဘူး၊ ကိုယ်ကြိုက်တဲ့နေ့ကို ဖွားလို့ရအောင်လုပ်တယ်၊ ရက်ကောင်းလို့ဆိုပြီး ရွေးကြတယ်၊ ဘုရားအလောင်းကျတော့ ဆယ်လတိတိပြည့်မှပဲ ဖွားတယ်။

(၁၃)ခုမြောက် အံ့သြဖွယ်က လောကမှာ အများစုက ထိုင်လျက်နဲ့ အိပ်လျက် ဒီနှစ်မျိုးနဲ့ မွေးဖွားကြသော်လည်း ဘုရားလောင်းလေးကို မွေးဖွားတဲ့အခါကျတော့ မယ်တော်ဟာ မတ်တပ်ရပ်လျက် မွေးဖွားတယ်၊ မတ်တပ်ရပ်နဲ့ မွေးဖွားတာဟာ မွေးဖွားမှု လွယ်ကူတယ်လို့လဲ တစ်ချို့က ဆိုကြတယ်။

ဘုရားလောင်းလေး မွေးဖွားတဲ့ရုပ်ထု ပုဂံ

စာမျက်နှာ-၃၇
အာနန္ဒာဘုရားမှာလည်း ရှိတယ်၊ မယ်တော်မာယာဟာ လုမ္ဗိနီအင်ကြင်းကိုင်း ကိုင်နေတဲ့ပုံဘေးက မိထွေးတော်ဂေါတမီနဲ့ အထိန်းအရံတွေ စောင့်ကြပ်နေတဲ့ပုံ၊ အဲဒီလို ဘုရားအလောင်းဖွားတော်မူတဲ့ အခန်းပြတယ်၊ အဲဒီမှာ မယ်တော်မာယာရဲ့ ခါးပေါ်မှာ ကလေးလေး ပါတတ်တယ်၊ အဲဒီရုပ်ထုလေးတွေ့ရင် ဒါဟာ မဟာယာနတွေရဲ့ အယူအဆ၊ ဘုရားအလောင်းတော်ဟာ မွေးရိုးမွေးစဉ် မွေးတာမဟုတ်ဘူး၊ ဗိုက်ဖောက်ထွက်ပြီး မွေးတယ်လို့ ယူဆတယ်၊ ဒါကြောင့်မို့ ခါးအထက်မှာ ဘုရားအလောင်းလေးရဲ့ ပုံလေး ပါသေးတယ်၊ အဲဒီသင်္ကေတလို့ ဒီလိုမှတ်သားရတယ်။

ထေရဝါဒစာပေကျမ်းဂန်မှာတော့ အဲဒီလို မဆိုဘူး၊ မွေးရိုးမွေးစဉ်မွေးတာပါ၊ အဲဒီရုပ်ထုမျိုးတွေ့တဲ့အခါမှာ သေသေချာချာ ကြည့်ပါ၊ ခါးအထက်မှာ ကလေးလေး ပါနေတယ်ဆိုရင် ဒါဟာ

စာမျက်နှာ-၃၈
ခါးကဖွားတယ်ဆိုတဲ့ အယူအဆတစ်ခုအနေနဲ့ ထုထားတယ်လို့ ဒီလိုမှတ်ရမယ်။

(၁၄)ခုမြောက် အံ့သြဖွယ်က ဘုရားအလောင်းကို မွေးဖွားလိုက်တာနဲ့တပြိုင်နက် နတ်တွေက ပထမခံယူလိုက်တယ်၊ မတ်တပ်ရပ်လျက် မွေးတာဆိုတော့ ဘုရားအလောင်းတော်လေး အောက်ပြုတ်မကျအောင် ပထမဆုံး နတ်တွေက ခံယူလိုက်တယ်၊ ပြီးမှ လူတွေရဲ့ လက်ထဲကို ရောက်တာ ဒီလိုဆိုတယ်။

(၁၅)ခုမြောက် အံ့သြဖွယ်ရာက ဘုရားအလောင်းလေး မြေပေါ်မကျခင် နတ်တွေက ခံယူထားပြီး မိခင်ရဲ့ ရှေ့ထားပြီး "မိခင်ကြီး ဝမ်းမြောက်ပါ။ ဟောဒီမှာ အင်မတန်မှ ဘုန်းကံကြီးတဲ့ သားကလေးတစ်ဦး ဖွားမြင်ပါတယ်"လို့ နှစ်သိမ့်စကား ပြောကြားတယ်။

(၁၆)ခုမြောက် အံ့သြဖွယ်က ဘုရားအလောင်းလေး မွေးဖွားလာတဲ့အခါမှာ ပေနေပြီး

စာမျက်နှာ-၃၉
တော့ မွေးဖွားတာမဟုတ်ဘူး၊ သာမန်ပုဂ္ဂိုလ်တွေဆိုရင် ညစ်ပေပြီး မွေးဖွားတာ၊ ဘုရားအလောင်းလေးကျတော့ အဲဒီလိုမဟုတ်ဘူး၊ ကြာပန်းဟာရေထဲ ဘယ်လိုနှစ်နှစ် ရေမကူးဘူး၊ ဘုရားအလောင်းလေးဟာ မိခင်ဝမ်းထဲမှာနေပေမယ့် အညစ်အကြေးတစ်ခုမှမထူးဘူး၊ ကြာပန်းလေး ရေမလူးသလို ဘုရားအလောင်းလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ အညစ်အကြေးတွေ မတင်ဘူး၊ သန့်ရှင်းစင်ကြယ်တယ်။

(၁၇)ခုမြောက် အံ့သြဖွယ်က ကောင်းကင်ယံကနေ ရေပန်းကြီးနှစ်ခု ပေါ်ထွက်လာတယ်၊တစ်ခုက အနွေး တစ်ခုက အအေး၊ အဲဒါနဲ့ ရေသန့်စင်ခြင်းကိစ္စပြီးတယ်၊ အညစ်အကြေးကို သန့်စင်တာမဟုတ်ဘူး၊ ခန္ဓာကိုယ်ရဲ့ အပူအအေးအတွက် ရေနွေးရေအေးနဲ့ ဆေးကြောသန့်စင်ခြင်းကိစ္စအတွက် မယ်တော်ကြီး သန့်စင်ဖို့အတွက်နဲ့ ဘုရားအလောင်း

စာမျက်နှာ-၄၀
လေး ဆေးကြောသန့်စင်ဖို့အတွက် အဲဒီရေနှစ်မွှာဟာ ကောင်းကင်ယံက ကျလာတယ်လို့ ဒီလိုဆိုလိုတယ်။ ဒါဟာလည်း ထူးခြားအံ့သြဖွယ်ကောင်းတဲ့ အရာပဲ။

(၁၈)ခုမြောက် အံ့သြဖွယ်က ဘုရားအလောင်းလေးဟာ မွေးဖွားလို့ ရေမိုးချိုး သန့်စင်ပြီးတဲ့အချိန်မှာ ခြေစုံမတ်တပ်ရပ်တယ်။

တစ်ချို့က ဒီနေရာမှာ စဉ်းစားကြတယ်၊ ဒီကလေးလေးဟာ မွေးမွေးချင်း မတ်တပ်ရပ်တယ်ဆိုတာ physical body အနေအထားနဲ့ ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလားဆိုတော့ စဉ်းစားစရာတစ်ခုက သူများလို နေ့မစေ့လမစေ့ မွေးတာမဟုတ်ဘူး၊ ဆယ်လတင်းတင်းပြည့်မှ မွေးတယ်၊ သူ့ရဲ့ သန်စွမ်းမှုက ရှိတယ်၊ ပင်ကိုယ်ကပဲ physical body အနေနဲ့ သန်စွမ်းမှုက ရှိတယ်၊ မဖြစ်နိုင်တာတော့ မဟုတ်ဘူး ဖြစ်နိုင်တယ်၊ သာမန်ပုဂ္ဂိုလ်တွေတော့ ဖြစ်ချင်မှဖြစ်နိုင်မယ်၊ ချက်ချင်း မတ်တပ်ရပ်ဖို့ဆိုတာတော့

စာမျက်နှာ-၄၁
ဖြစ်နိုင်မှာမဟုတ်ဘူး။

လူတွေ မဖြစ်နိုင်ပေမယ့်လို့ တိရစ္ဆာန်တွေမှာ ဖြစ်တာတွေ့ရတယ်၊ မြင်းလေးတွေ နွားလေးတွေ မွေးဖွားတယ် ဘုတ်ကနဲ ပြုတ်ကျပြီးတော့ ဘာဖြစ်သလဲဆိုရင် နွားမကြီး၊ မြင်းမကြီးက လျာနဲ့ လျက်လိုက်တာနဲ့ လူးလဲထတော့တာပဲ၊ ပြီးတော့လျှောက်ပြေးတာတွေ့ရတယ်၊ မွေးပြီးဘာမှမကြာခင် ထပြေးတာ၊ ဒါမျိုးရှိတယ်။ ။

ဘုရားအလောင်းလေးကလည်း ဆယ်လတင်းတင်းပြည့်မှ ဖါးတယ်၊ ခွန်အားဗလတွေဟာ ပါရမီဘုန်းကံတွေကြောင့် ခွန်အားဗလ အပြည့်အဝ ရထားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့အတွက်ကြောင့် မွေးဖွားပြီးတာနဲ့တစ်ပြိုင်နက် မြေပြင်ပေါ်မှာ ခြေစုံရပ်နိုင်တဲ့ အနေအထားမျိုးရတယ်။

ခြေစုံရပ်ပြီးတဲ့အခါ မြောက်ဘက်ကို မျက်နှာလှည့်တယ်၊ မြောက်ဆိုတာ မြင့်မောက်နေတဲ့အရပ်၊

စာမျက်နှာ-၄၂
ကမ္ဘာလောကကြီးကိုကြည့်မယ် မြောက်ဘက်က မြင့်တယ်၊ မြင့်မောက်တဲ့ မြောက်ဘက်အရပ်ကို လှည့်ပြီး ခုနှစ်လှမ်းလှမ်းတယ်၊ ဘုရားအလောင်းလေးကို ထီးဖြူတွေ အုပ်မိုးပြီးပေးတယ်၊ ခုနှစ်ဖဝါး ရွေ့လျားလှမ်းသွားပြီး လောကကြီးကို ရှုစားတယ်၊ ဟိုအရပ် ဒီအရပ် လှည့်ပတ်ပြီး ကြည့်တယ်၊ ကြည့်ပြီး ကြုံးဝါးတဲ့စကားသံ သုံးခွန်းကို ပြောဆိုတယ်၊ (ဘုရားအလောင်းတော်တွေဟာ မွေးပြီးပြီးချင်း စကားပြောတာ သုံးဘဝလို့ ဆိုတဲ့အထဲမှာ ဒီနောက်ဆုံးဘဝမှာလည်း စကားပြောတယ်၊ နောက်တစ်ဘဝကတော့ မဟော်သဓာဘဝမှာ ဆေးတောင့်လေး ပါလာတဲ့အခါမှာ သူ့အမေကို လက်ကလေးဖြန့်ပြီးတော့ ဆေးပေးတာ "ဒီဆေးတောင့်လေး ယူလိုက်ပါ"ဆိုပြီး စကားစပြောတာ၊ ဒါကြောင့် စကားပြောတာ သုံးဘဝရှိတယ်လို့ဆိုတာ။)

မြောက်အရပ်ရှေးရှုသွားပြီး လောကကြီးကို

စာမျက်နှာ-၄၃
ကြည့်လျက် "အဂ္ဂေါဟမသ္မိံ လောကဿ၊ ဇေဋ္ဌောဟမသ္မိံ လောကဿ၊ သေဋ္ဌောဟမသ္မိံ လောကဿ" လောကကြီးမှာ ငါအမြတ်ဆုံးပဲလို့ ပြောတာ။

ဘုရားအလောင်းရဲ့ ဘုန်းကံပါရမီတွေကို မှီတဲ့ပုဂ္ဂိုလ်မရှိဘူး၊ ကောင်းကင်ယံကနတ်တွေ ဗြဟ္မာတွေကလည်း သူ့ကိုလက်အုပ်ချီနေတာကို သူမြင်ရတယ်၊ သူက Respect ပေးရမယ့်ပုဂ္ဂိုလ်မရှိဘူး၊ သူ့ကို အားလုံးက ဦးညွတ်လေးစားနေကြတာကို မြင်တဲ့အခါ အဂ္ဂေါဟမသ္မိံ လောကဿ - လောကကြီးထဲမှာ ငါအမြတ်ဆုံးပဲ၊ ဇေဋ္ဌောဟမသ္မိံ လောကဿ - ငါဟာ အကြီးအမြတ်ပဲ၊ သေဋ္ဌောဟမသ္မိံ လောကဿ - ငါဟာ မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပဲ၊ အယမန္တိမာ ဇာတိ - ဒီဘဝဟာ ငါ့အတွက် နောက်ဆုံးဘဝပဲ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ - နောက်ဘဝ မရှိတော့ဘူး၊ သာမန်ဘဝတွေကတော့ အကြိမ်ကြိမ် မွေးကြမှာပဲလေ၊ အထူးသဖြင့် တိရစ္ဆာန်ဘဝတွေဆို ခဏခဏ

စာမျက်နှာ-၄၄
မွေးတာ၊ လူဖြစ်ဖို့ဆိုတာတောင် နည်းနည်းခက်လာပြီ၊ အခုလို ထူးခြားတဲ့ ပုဂ္ဂိုလ်ဆိုတာ အကြိမ်ကြိမ် ထပ်ပြီးမွေးဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်၊ ဒါကြောင့်မို့ ဒီဘဝဟာ နောက်ဆုံးဘဝပဲလို့ သူ့ကိုယ်သူ ပြောဆိုကြေငြာခဲ့တာ၊ ဒါ(၁၈)ခုမြောက် အံ့သြဖွယ်ပဲ။

နောက်ဆုံး (၁၉)မြောက် အံ့သြဖွယ်က ဘုရားအလောင်းလေး မွေးဖွားလိုက်တာနဲ့ တစ်ပြိုင်နက် ကမ္ဘာလောကကြီးတစ်ခုလုံးဟာ အလင်းရောင်တွေနဲ့ လွှမ်းဖုံးသွားတယ်၊ လောကန္တရိတ်ငရဲကြီးအထိတောင် အမှောင်ဆိုတာ မရှိတော့ဘူး၊ အားလုံး အလင်းရောင်လွှမ်းဖုံးသွားရုံသာမက ကမ္ဘာမြေကြီးဟာ သိမ့်သိမ့်တုန်ဟည်းသွားခဲ့တယ်။

ဒါက ဒီကဆုန်လပြည့်နေ့မှာ ဂေါတမဗုဒ္ဓ အလောင်းတော် မွေးဖွားလာတဲ့အခါမှာ ဒီထူးခြားတဲ့ အံ့သြဖွယ်တွေ ဖြစ်ခဲ့တယ်၊ ဒီဖြစ်ခဲ့တယ်ဆိုတဲ့

စာမျက်နှာ-၄၅
မှတ်တမ်းကို မြတ်စွာဘုရားကိုယ်တိုင်ကလည်း ပြန်ဟောတယ်၊ ရှင်အာနန္ဒမထေရ်မြတ်ကလည်း မှတ်တမ်းတင်ခဲ့တယ်၊ အဲဒါကို မြတ်စွာဘုရားကို ပြန်လျှောက်တာ။

ဒီကဆုန်လပြည့်နေ့မှာ ဒီလို ဘုရားအလောင်းဘဝနဲ့ ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တဲ့ အံ့သြဖွယ် (၁၉)မျိုးကို ရှင်အာနန္ဒလျှောက်ထားလို့ ပြီးပြည့်စုံတဲ့အခါ မြတ်စွာဘုရားက "နောက်ထပ် အံ့သြဖွယ်တစ်ခု မှတ်လိုက်ပါဦး"လို့ မိန့်ကြားတယ်၊ ဘုရားက ဖြည့်စွက်ပြီးပေးတဲ့ အံ့သြဖွယ်က ဝိပဿနာကျင့်စဉ်နဲ့ ပတ်သက်တယ်။

အဲဒီထူးခြားချက်ကတော့ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဝေဒနာလို့ခေါ်တဲ့ စိတ်ရဲ့ ခံစားမှုလေးတွေကို ရှင်းရှင်းကြီးသိတာ ဖြစ်တယ်၊ ဘုန်းကြီးတို့ သန္တာန်မှာဆိုရင် စိတ်ရဲ့ ခံစားမှုတွေဟာ ကိုယ်ကမသိလိုက်တာတွေ များတယ်၊ အလွန်ဝမ်းသာတဲ့

စာမျက်နှာ-၄၆
အခါမှသာ အမလေး ပျော်လိုက်တာတို့ ဝမ်းသာလိုက်တာတို့ ပြောတာ၊ သိပ်ဝမ်းနည်းမှသာ ဝမ်းနည်းတယ်ဆိုတာ သိလိုက်တာ၊ သာမန်ဝမ်းသာတာ သာမန်ဝမ်းနည်းတာတို့ကို သိလိုက်တာ ခပ်ရှားရှားပဲ၊ စိတ်ရဲ့ ခံစားမှုကို မသိလိုက်ကြဘူး၊ ဝမ်းသာဝမ်းနည်း မဟုတ်တဲ့ ချမ်းသာလည်းမဟုတ် ဆင်းရဲလည်း မဟုတ်ဘူးဆိုတဲ့ အဒုက္ခမသုခဝေဒနာကို သိဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်၊ မသိနိုင်ကြဘူး။

မြတ်စွာဘုရားကျတော့ စိတ်ရဲ့ ခံစားမှုတွေဟာ ပေါ်လာလို့ရှိရင် ထင်းထင်းကြီးပေါ်လာတယ်။ ဖြစ်ပေါ်လာတဲ့အချိန်မှာလည်း ရှင်းရှင်းကြီးသိလိုက်တယ်၊ ဖြစ်ပြီးတော့ တည်နေတဲ့အချိန်မှာလည်း ရှင်းရှင်းကြီးသိတယ်၊ ပျက်သွားတာကိုလည်း ရှင်းရှင်းကြီးမြင်တယ်၊ (ဝေဒနာဆိုတာ စိတ်ရဲ့ ခံစားမှုလေးကိုပြောတာ၊ ဝေဒနာဆိုတာရောဂါကို ပြောတာမဟုတ်ဘူး။)

စာမျက်နှာ-၄၇
စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားမှုလေးတွေ အဲဒီစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ခံစားမှုလေးကို သိတယ်ဆိုတာ သာမန်နဲ့မသိဘူး၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကျတော့ ဝေဒနာတရားတွေ ဖြစ်ပေါ်လာတဲ့အခါမှာ ထင်ထင်ရှားရှားသိတယ်၊ ဒီလိုဆိုတာ၊ ဘုန်းကြီးတို့တစ်တွေကျတော့ ဒီဝေဒနာတွေ သိဖို့အတွက် ဝေဒနာနုပဿနာ ကျင့်စဉ်တစ်ခုကို ကျင့်ရတယ်၊ ဒီလိုကျင့်တာတောင်မှ လွတ်သွားတာတွေ အများကြီး၊ အဲဒီ ဝေဒနာနုပဿနာဆိုတဲ့ ဝေဒနာကို အဖန်တလဲလဲ ရှုကြည့်တဲ့ ဆင်ခြင်သုံးသပ်တဲ့ ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်ရတယ်၊ အဲဒီလိုကျင့်မှ ဝေဒနာဖြစ်ပေါ်လာတယ်ဆိုတာကို သိနိုင်တယ်။

ဘုရားအလောင်းတော်ကျတော့ ဒီလိုမဟုတ်ဘူး၊ ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေထင်ရှားတယ်၊ ပျက်ပြားသွားတဲ့ ဝေဒနာတွေလည်း ထင်ရှားတယ်။

စာမျက်နှာ-၄၈
ထင်ထင်ရှားရှားကြီးပဲ ဘာဖြစ်ဖြစ် မသိလိုက်တာဆိုတာမရှိဘူး၊ အားလုံးသိလိုက်တယ်၊ သိသိကြီးနဲ့ ပျက်စီးသွားတယ်။

ဝေဒနာတင်လားဆိုတော့ မဟုတ်ဘူး၊ စိတ်ရဲ့ မှတ်သားမှု သညာကိုလည်း သိတယ်၊ ဘုန်းကြီးတို့တစ်တွေကျတော့ ကိုယ့်စိတ်က ဘာမှတ်လိုက်တယ်ဆိုတာ သိချင်မှသိတာ၊ စိတ်နဲ့ အာရုံနဲ့တစ်ခုခုတွေ့ရင် စိတ်က အလိုအလျောက် automatic မှတ်လိုက်တာ၊ အဲဒီမှတ်လိုက်တဲ့သဘောလေးကို ကိုယ်ကမသိလိုက်ဘူး၊ မြတ်စွာဘုရားကျတော့ အဲဒီ သညာလို့ဆိုတဲ့ စိတ်ရဲ့ မှတ်သားမှုကို သိတယ်၊ ဖြစ်လာတာကိုလည်း သိလိုက်တယ်၊ တည်နေမှုကိုလည်း သိလိုက်တယ်၊ ချုပ်ပျက်သွားတာကိုလည်း သိလိုက်တယ်။

နောက်တစ်ခုက ဝိတက္က စိတ်ရဲ့ အတွေးကိုလည်း သိတယ်၊ ဘုန်းကြီးတို့တစ်တွေက တွေးချင်ရာတွေးနေပေမယ့် ငါတွေးနေတယ်ဆိုတာ သိချင်မှ

စာမျက်နှာ-၄၉
သိတာ၊ ဒီပြင်တွေးတဲ့ အကြောင်းအရာ သိကောင်းသိလိမ့်မယ်၊ တွေးနေတဲ့စိတ်ကို ဘယ်တော့မှ မသိဘူး။ မသိသည့်အတွက်ကြောင့် အကောင်းတွေးလား အဆိုးတွေးလားလဲ ဘာမှမသိဘူး။

မြတ်စွာဘုရားကျတော့ ဒီလိုမဟုတ်ဘူး၊ ဝိတက္ကလို့ဆိုတဲ့ စိတ်ရဲ့ အတွေးတွေကိုလည်း ဖြစ်ပေါ်လာတဲ့အခါမှာလည်း ထင်ထင်ရှားရှားသိလိုက်တယ်၊ ရပ်တည်တဲ့အချိန်မှာလည်း ထင်ထင်ရှားရှားသိလိုက်တယ်၊ ပျက်စီးသွားတဲ့အချိန်မှာလည်း ထင်ထင်ရှားရှားကြီး သိလိုက်တယ်၊ ဆိုလိုတာက ဖြစ်တာတည်ရှိတာကိုလည်း သိလိုက်တယ်။ ချုပ်တာကိုလည်း သိလိုက်တယ်။

ဒီနေရာမှာ ဝေဒနာ၊ သညာ၊ ဝိတက္က ဒီတရားသုံးမျိုးကိုသာ ပြောသော်လည်း မြတ်စွာဘုရားရဲ့ သန္တာန်မှာဖြစ်တဲ့ စိတ်ရဲ့ သဘာဝတရားတွေအားလုံး မြတ်စွာဘုရားက ထင်ထင်ရှားရှားသိတယ်လို့ ဒီလို

စာမျက်နှာ-၅၀
ဆိုလိုတာ၊ စိတ္တာနုပဿနာအနေနဲ့ သတိသမ္ပဇည အင်မတန်အားကောင်းသည့်အတွက်ကြောင့် ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ စိတ်အခြေအနေတွေအားလုံးကို ထင်ထင်ရှားရှားကြီး သိနိုင်တယ်လို့ ဒီလိုပြောတာ။

မြတ်စွာဘုရားက "ချစ်သားအာနန္ဒာ၊ ဝေဒနာ၊ သညာ၊ ဝိတက်လို့ဆိုတဲ့ ဒီသဘာဝတရားတွေ ငါ့သန္တာန်မှာ ထင်ထင်ရှားရှား ဖြစ်လာတာတွေကို ငါဘုရားက ထင်ထင်ရှားရှားကြီးသိတယ်ဆိုတာကို ထည့်ပြီးတော့ ငါ့ရဲ့အံ့သြဖွယ်တစ်ခုအနေနဲ့ မှတ်သားလိုက်ပါဦး"တဲ့။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ ဘယ်တော့မှသတိကင်းကွာသွားတယ်ဆိုတာ မရှိဘူးလို့ ဒီလိုယူရတယ်၊ အဲဒီလို ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယမှာ ဗုဒ္ဓမြတ်စွာနဲ့ ပတ်သက်ပြီး အလွန်အံ့သြဖွယ်ကောင်းတဲ့ ဒီအချက်တွေကို မှတ်သား

စာမျက်နှာ-၅၁
နာယူကြရပြီး "အစ္ဆရိယမနုဿ" "အံ့ဖွယ်လူသား မြတ်ဘုရား"ကို တို့တစ်တွေဟာ ကိုးကွယ်ရတယ်၊ ဆည်းကပ်ရတယ်၊ ဒီမြတ်စွာဘုရားရဲ့ တရားတော်တွေကို မှတ်သားကြရတယ်၊ နာယူကြရတယ်။ မြတ်စွာဘုရား ဟောကြားတဲ့အတိုင်း လိုက်နာကျင့်သုံးရတာ တို့တစ်တွေ အင်မတန်မှ ကံကောင်းလှပါပေတယ်။

ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ဖြစ်ပေါ်လာတာဖြစ်သောကြောင့် ဘုရားတစ်ဆူဖြစ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်၊ ပွင့်တဲ့ဘုရားတစ်ဆူကို ကြုံဖို့ဆိုတာလည်း အင်မတန်မှ ခဲယဉ်းတယ်၊ အဲဒီခဲယဉ်းတဲ့ အခြေအနေတွေအားလုံးကို ကျော်ဖြတ်ပြီး ဘုရားသာသနာနဲ့ ကြုံတွေ့နေရလို့ မြတ်စွာဘုရားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ မြတ်စွာဘုရား ဟောကြားတဲ့ တရားဓမ္မတွေကို နာကြရတယ်၊

စာမျက်နှာ-၅၂
တို့တစ်တွေ ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။ ။

သာဓု... သာဓု.. သာဓု။
956jvovttknl6r31vz7cmkic89k6s0i
အကာကိုပစ်၍ အနှစ်ကိုရှာ
0
6405
22205
2026-06-19T03:34:06Z
Tejinda
173
"{{header | title = အကာကိုပစ်၍ အနှစ်ကိုရှာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = အံ့ဖွယ်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22205
wikitext
text/x-wiki
{{header
| title = အကာကိုပစ်၍ အနှစ်ကိုရှာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[အံ့ဖွယ်လူသား မြတ်ဘုရား]]
| previous2 =
| next = [[အစွမ်းတန်ခိုးများနှင့် သာသနာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

အကာကိုပစ်၍ အနှစ်ကိုရှာ
မှတ်တမ်း
၁၃၆၉-ခုနှစ်၊ မွေးနေ့ပွဲတစ်ခုတွင် ဟောကြားသည်။

ကုသိုလ်ကောင်းမှုဆိုတာ ဘဝသံသရာထဲမှာ သက်တောင့်သက်သာနဲ့ ချမ်းသာတစ်ခုကနေ ချမ်းသာတစ်ခုရရှိပြီး၊ ဘဝတစ်ခုမှာ သက်သက်သာသာနဲ့ ဘဝခရီးကို လျှောက်လှမ်းစေနိုင်တဲ့ အကြောင်းတရားဟာ ကုသိုလ်ပဲ။ ။

“သုခေါ ပုညဿ ဥစ္စယော။” ပုညဿ-ကုသိုလ်ကောင်းမှု၏။ ဥစ္စယော-စုမိဆောင်းမိခြင်းသည်။ သုခေါ-ချမ်းသာသုခရခြင်း၏ အကြောင်းရင်း ဧကန်စင်စစ်မှန်ပါပေ၏။”လို့ မြတ်စွာဘုရားက ဟောတော်မူတယ်။ ဘဝတစ်ခုရလာတာနဲ့ ကုသိုလ်ကောင်းမှု

စာမျက်နှာ-၂
စုဆောင်းမိဖို့ပါ။ ချမ်းသာချင်ရင် ကုသိုလ်ကောင်းမှုရအောင် လုပ်ရမယ်။

ကုသိုလ်ကောင်းမှုကို အကြောင်းပြုပြီးတော့ ရလာတဲ့ ချမ်းသာသုခဟာ အင်မတန်မှ ကြီးမားတဲ့ ချမ်းသာသုခ ဖြစ်တယ်။ ဥစ္စာဓနကို အကြောင်းပြုပြီး ရလာတဲ့ ချမ်းသာသုခဆိုတာ အလွန်တရာမှ နည်းတယ်။ အတိုင်းအတာတစ်ခုအနေနဲ့လည်း နည်းတယ်။ အချိန်အခါအနေနဲ့လည်း နည်းတယ်။

ပိုက်ဆံရှိလို့ ချမ်းသာတယ်ဆိုတာ “ရှိချမ်းသာ”ပဲ ခံစားလို့ရတယ်။ ပိုက်ဆံရှိတယ်ဆိုတဲ့ အတွေးလေးနဲ့ စိတ်ထဲမှာ ချမ်းသာတယ်။ သို့သော် ရှိချမ်းသာဆိုလို့ ရှိတိုင်းချမ်းသာတာလားလို့ မေးရင်၊ ရှိလို့ ဆင်းရဲနေတာတွေလည်း ရှိသေးတယ်။ စဉ်းစားကြည့်၊ ရှိချမ်းသာဆိုတာ၊ ရှိလို့ ချမ်းသာတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ရှိလို့မချမ်းသာမှုက ဘာတွေလဲဆိုရင် ပိုက်ဆံချမ်းသာတဲ့ ပုဂ္ဂိုလ်တွေ၊ စည်းစိမ်ဥစ္စာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေကြည့်၊ ရှိတဲ့ စည်းစိမ်ဥစ္စာတွေပေါ်မှာ ကြောင့်ကြစိုးရိမ်မှု ဖြစ်ကြတယ်။ တို့ပိုင်ဆိုင်တဲ့ပစ္စည်း တစ်စုံတစ်ခုကြောင့်

စာမျက်နှာ-၃
ပျက်စီးသွားမှာလားလို့ တွေးပူရတဲ့အခါမှာ ရှိချမ်းသာတဲ့သူတွေ (ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ရင်) ရှိတဲ့ ပစ္စည်းကို အကြောင်းပြုပြီး ချမ်းသာတာတစ်ခုထဲ မဟုတ်ဘူး၊ ဆင်းရဲတာလဲပါလာတယ်၊ စိုးရိမ်ကြောင့်ကြမှု ဖြစ်တတ်တယ်၊ ဒါ ရှိလို့ စိုးရိမ်ရတာ၊ မရှိတဲ့သူက အဲဒီလို စိုးရိမ်စရာမရှိဘူး။

အဲဒီ “အတ္ထိသုခ”ဆိုတဲ့ ရှိချမ်းသာဟာ တစ်စိတ်တစ်ဒေသလောက်ပဲ ချမ်းသာတယ်လို့ ပြောရမယ်၊ အပြည့်အဝ ချမ်းသာတာ မဟုတ်ဘူး။ ဒါကြောင့်မို့ မြတ်စွာဘုရားက “စည်းစိမ်ဥစ္စာရှိရင် ချမ်းသာလိမ့်မယ်၊ စည်းစိမ်ဥစ္စာများများရအောင်စုကြ” ဒီလိုမဟောဘူး။ ကုသိုလ်ကောင်းမှု စုဆောင်းမိအောင်လုပ်၊ “ကုသိုလ်ကောင်းမှုရှိမှချမ်းသာတယ်”လို့သာဟောတာ။ အင်မတန်မှ လေးနက်မှန်ကန်တယ်နော်။ “ပိုက်ဆံရှိတာနဲ့ ကုသိုလ်ရှိတာ မတူဘူး၊ ပိုက်ဆံရှိလို့ ငါရှိတယ်၊ ငါသုံးနိုင်တယ်ဆိုတဲ့ အတွေးလေးဝင်လာတဲ့အခါမှာ ချမ်းသာတယ်။ အော် ငါပိုင်ဆိုင်တဲ့ ပစ္စည်းတွေ လုံခြုံမှုရှိရဲ့လားလို့တွေးလိုက်လို့ရှိရင် စိတ်

စာမျက်နှာ-၄
ဆင်းရဲစရာ ဖြစ်လာတယ်။ တစ်ဖက်ကကြည့်ရင် ချမ်းသာသော်လည်း တစ်ဖက်ကကြည့်ရင် ချမ်းသာတယ်လို့ ပြောလို့မရဘူး။

ကုသိုလ်ကောင်းမှုကတော့ အဲဒါမျိုးမဟုတ်ဘူး၊ ကုသိုလ်ကောင်းမှုရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကိုယ့်မှာ အားကိုးတစ်ခုရှိနေတယ်။ ငါ့မှာ ကုသိုလ်ကောင်းမှုရှိတယ်ဆိုတဲ့ အတွေးဝင်တဲ့အခါမှာလည်း ချမ်းသာတယ်၊ ကုသိုလ်ကောင်းမှုရှိသည့်အတွက် ထိုကုသိုလ်ကောင်းမှုတွေ ပျောက်ပျက်သွားမလားလို့ တွေးပြီး ပူပန်စရာလည်း မရှိဘူး။ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်အပ်သော အမွေခံသားဆိုး သမီးဆိုးတွေရဲ့ အန္တရာယ်ကြောင့် ကိုယ့်မှာရှိတဲ့ ကုသိုလ်တွေ ပျောက်သွားမလားလို့တွေးပြီး ပူပန်စရာလည်း မရှိဘူး။ အဲဒီတော့ ကုသိုလ်က ချမ်းသာသက်သက်ပေးတာ။

ဒါကြောင့်မို့ “သုခေါ ပုညဿ ဥစ္စယော။ ပုညဿ-ကုသိုလ်ကောင်းမှု၏။ ဥစ္စယော-မိမိသန္တာန်မှာ စုမိဆောင်းမိခြင်းသည်။ သုခေါ-ချမ်းသာသုခရရှိခြင်း၏ အကြောင်းဧကန် အစစ်အမှန်ပဲ”လို့ ဒီလိုဟော

စာမျက်နှာ-၅
တယ်။ ကုသိုလ်ကောင်းမှုဆိုတာ ဒီလောက်အားကိုးရတယ်နော်။ ဘဝသံသရာ သွားတဲ့အခါမှာလည်း ဒုက္ခနည်းနည်းနဲ့ သက်သက်သာသာ သွားရတယ်။ ကုသိုလ်ကောင်းမှု ရှိလာပြီဆိုရင် လူဖြစ်ရင်လည်း သက်သက်သာသာနဲ့ လူ့ဘဝမှာ ဖြစ်ရတယ်။ လူ့ဘဝရတိုင်း သက်သာတာမဟုတ်ဘူး။ စဉ်းစားကြည့် တချို့လူ့ဘဝရပါရဲ့၊ စီးပွားဥစ္စာပြည့်စုံတဲ့ အိမ်မှာလူဖြစ်ရတယ်၊ ဒါပေမယ့် မွေးလာကတည်းက ရောဂါနဲ့။ တချို့စားဝတ်နေရေးမပြေလည်ဘူး။ ရောဂါတွေရှိတော့ ကျန်းမာရေးအတွက် မပြေလည်ဘူး။ ထမင်းတစ်လုပ်စားရဖို့ အမြဲတမ်းကြောင့်ကြစိုက်နေရတယ်ဆိုတဲ့ လူ့ဘဝတွေဟာ အများကြီးနော်။ အဲဒီတော့ လူ့ဘဝရတိုင်း ချမ်းသာတာမဟုတ်ဘူး။ ကုသိုလ်ကောင်းမှု ရှိသည့်အတွက် ချမ်းသာတဲ့ လူ့ဘဝမှာ ကျန်းမာတဲ့လူ ဖြစ်လာတယ်၊ ဆင်းရဲဒုက္ခတွေ အများကြီး သက်သာတယ်။ မတောင့်မတ မကြောင့်မကျ ဒီလိုနေထိုင်ရတဲ့ လူ့ဘဝ။

အဲဒီလို ဘ၀ ၂-ခု ခြားနားနေတာ ဘာဖြစ်လို့လဲဆိုရင် ကုသိုလ်ကောင်းမှုရှိခဲ့သည့် လူ့ဘဝသည် ပြည့်စုံ

စာမျက်နှာ-၆
တဲ့ လူ့ဘဝ ဖြစ်ပြီး၊ ကုသိုလ်ကောင်းမှု အားနည်းတဲ့ လူ့ဘဝသည် မပြည့်မစုံ လူ့ဘဝမျိုး ဖြစ်လာလို့ပဲ။ ခြားနားစေတာကတော့ ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုရဲ့ စွမ်းအားခြားနားလို့ ဒီမှာလာပြီး ခြားနားတယ်လို့ မှတ်ရမယ်။ သံသရာလည်တဲ့အခါ ကုသိုလ်ကလည်း (အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင်) ၃-မျိုးရှိတယ်။ လှူဒါန်းတမ်းတ ပေးကမ်းတာ၊ ကိုယ့်ရှိတဲ့ပစ္စည်း တစ်လုပ်တစ်ဆုပ်ကနေစပြီး လှူဒါန်းပေးကမ်းမှုကို ပြုတာ။ ဒါ ဒါနကောင်းမှု၊ ဒါနကုသိုလ်ခေါ်တယ်။ ဒါနကောင်းမှုလုပ်တဲ့အခါမှာ မိမိလှူတဲ့ပုဂ္ဂိုလ်ရဲ့၊ မိမိပစ္စည်းကို သုံးစွဲမည့်ပုဂ္ဂိုလ်ရဲ့ အကျိုးကို ဦးတည်ပြီးတော့ လုပ်တယ်။ ဆိုပါစို့ ရေငတ်နေသူ ရေလေးတစ်ခွက်တိုက်လိုက်မယ်၊ “အော် ရေဆာနေတဲ့ ဆင်းရဲဒုက္ခ ပျောက်သွားပါစေ”၊ ထမင်းဆာနေလို့ ထမင်းတစ်နပ် ကျွေးလိုက်မယ်၊ ကုသိုလ်ကောင်းမှု လုပ်လိုက်တယ်။ တစ်ဖက်သားရဲ့ အကျိုးကို မျှော်ကိုးပြီး ဒီလိုလုပ်လိုက်တဲ့ဒါနက အလွန်မွန်မြတ်တဲ့ဒါနလို့ ခေါ်တယ်။

စာမျက်နှာ-၇
ဘုရားအလောင်းတွေကျတော့ သုံးမျိုးသုံးစား ခွဲခြားပြီးတော့ ဒါနကောင်းမှုလုပ်လေ့ရှိကြတယ်။ ပထမအနေနဲ့ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းကို တခြားပုဂ္ဂိုလ်တစ်ဦးအား ခွဲဝေပြီး ပေးကမ်းလှူဒါန်းတယ်။ အပြင်ပစ္စည်းကို ခွဲဝေပြီး ပေးကမ်းလှူဒါန်းတယ်။ ပစ္စည်းလှူတာ မွန်မြတ်တဲ့အလုပ်ဖြစ်လို့ ပါရမီလို့ခေါ်တယ်။ ပါရမီဆိုတာ မွန်မြတ်တဲ့အလုပ်။ တစ်ဘက်သားရဲ့ အကျိုးစီးပွားကို မျှော်ကိုးပြီးတော့ ကိုယ့်ရှိတဲ့ပစ္စည်းနဲ့ တစ်ဘက်သားရဲ့အကျိုးကို ရှေးရှုပြီး လုပ်တဲ့အလုပ်ကို လုပ်တယ်။ ဒါကို ဒါနပါရမီလို့ခေါ်တယ်။

ဒါနပါရမီ ရင့်ကျက်လာတဲ့အခါ တစ်ဆင့်တိုးတယ်။ မိမိတို့ပိုင်တဲ့ ပြင်ပပစ္စည်းကို လှူရရုံနဲ့ မကျေနပ်တော့ဘူး၊ ဘယ်လောက်ထိအောင် လှူလာသလဲဆိုရင် မိမိခန္ဓာကိုယ်မှာရှိတဲ့ အင်္ဂါရပ်တွေကို လိုအပ်တဲ့ပုဂ္ဂိုလ်တွေကို ဖြတ်တောက်လှူတယ်။ ဘာလှူတုန်းဆိုရင် သွေးလှူတယ်၊ ဥပမာဆိုပါစို့ ကျောက်ကပ်ပျက်စီးနေတဲ့ ပုဂ္ဂိုလ်ကို ကျောက်ကပ်ထုတ်လှူတာမျိုးတို့၊ ကိုယ့်ခန္ဓာကိုယ်ထဲက သွေးကိုလှူတာ၊ သိဝိမင်းကြီး

စာမျက်နှာ-၈
တို့လို မျက်လုံးလှူတာ၊ ဒီလို ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုယ်ပိုင်တဲ့ကိုယ်ရဲ့ အင်္ဂါရပ်တွေကို လှူနိုင်တဲ့အထိ ရောက်လာပြီဆိုရင် ဒါနဥပပါရမီလို့ခေါ်တယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ပစ္စည်းနဲ့ တစ်ဘက်သားကို အကျိုးပြုတာ။ တခါ အဲဒီထက် တစ်ဆင့်တိုးလိုက်တဲ့အခါ ကိုယ့်အသက်ပါ အသေခံပြီးတော့ သူများအတွက် ပေးဆပ်တာမျိုးကျတော့ ဒါနပရမတ္ထပါရမီလို့ ခေါ်တယ်။ ဘုရားအလောင်းတော်ကြီးတွေကတော့ အဲဒီ ဒါနဆိုတဲ့ ကုသိုလ်ကောင်းမှုကိုပဲ သုံးမျိုးသုံးစား တစ်ဆင့်ပြီးတစ်ဆင့် လှူသွားကြတယ်။ မလှူနိုင်တဲ့ပစ္စည်း ဘာမှမရှိတော့ဘူး။ နောက်ဆုံးမှာ ကိုယ်မြတ်နိုးတဲ့ ကိုယ့်ရဲ့အသက်လေးတောင် စွန့်လွှတ်နိုင်တဲ့ အနေမျိုးရောက်နိုင်တယ်တဲ့။ အသက်စွန့်ပြီးတော့ ပေးကမ်းလှူဒါန်းတာဟာ ဒါနပရမတ္ထပါရမီ။

ဒါဖြင့် ဘဝမှာ အနှစ်သာရရှိတာနဲ့ အနှစ်သာရမရှိတာ ခွဲခြားသိသင့်တယ်။ ဘယ်ဟာ အနှစ်သာရရှိပြီး ဘယ်ဟာက အနှစ်သာရမရှိတုန်းလို့ဆို အကြမ်းဖျင်း

စာမျက်နှာ-၉
နည်းနည်းစဉ်းစားကြည့်ပေါ့။ ကိုယ်ရထားတဲ့ ရုပ်ခန္ဓာ မိခင်ဝမ်းထဲဖြစ်လာတဲ့ အချိန်ကစပြီး တစ်နေ့တစ်ခြား တစ်ဆင့်ဆင့်ကြီးထွား၊ တစ်ဆင့်ထက်တစ်ဆင့် အိုအိုလာ၊ နောက်ဆုံးအိုမင်းရင့်ရော်လာ၊ တစ်နေ့ထက်တစ်နေ့ အိုလာတယ်။ ခန္ဓာကိုယ်ကြီးဟာ တစ်နေ့ကျတော့ ပျက်စီးသွားတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ အနှစ်သာရဆိုတာ ဘာတစ်ခုမှမရှိဘူး၊ သိမ်းထားစရာ ဘာမှမရှိဘူး။

၁၀-နှစ်နေရမယ့်ပုဂ္ဂိုလ်၊ ၁၀-နှစ်နေပြီး သေသွားရင် ဒီရုပ်ခန္ဓာကိုယ်ကြီးဟာ အသက်နဲ့ ခန္ဓာကွဲသွားတာနဲ့ တပြိုင်နက် အသုံးဝင်မှုရပ်ဆိုင်းသွားတယ်။ သူ့ရဲ့ အတိုင်းအတာတစ်ခု အသက်(၆၀)၊ (၇၀)၊ (၈၀)။ အသက်နဲ့ ခန္ဓာကိုယ် အိုးစားကွဲသွားတာနဲ့ ဟောဒီရုပ်ခန္ဓာကြီးမှာယူပြီး သိမ်းထားစရာ ဘာမှမရှိဘူး။ မြတ်မြတ်နိုးနိုးနဲ့ သိမ်းထားစရာမရှိဘူး။ အားလုံးပစ်လိုက်ရမှာချည့်ပဲ။

လူ့ခန္ဓာကိုယ်ထဲကနေ မပစ်လိုက်ရတာဆိုတာ ဘာတစ်ခုမှမရှိဘူး။ အားလုံးပစ်လိုက်ရမှာချည့်ပဲ။ အသက်ရှင်တုန်းမှာတော့ တန်ဖိုးရှိသလိုဖြစ်ပြီးတော့

စာမျက်နှာ-၁၀
အသက်နှင့် ခန္ဓာကိုယ်ကွဲသွားပြီဆိုတာနဲ့ တပြိုင်နက် ဘာမှတန်ဖိုးမရှိတော့ဘူး။ ချစ်ခင်လှပါတယ်ဆိုတဲ့ မိသားစုကတောင်မှ အိမ်မှာကြာကြာမထားနိုင်ကြပါဘူး။ ဒါသဘာဝပဲ။ အဲဒီ ရုပ်ခန္ဓာကိုယ်ကြီးမှာ အနှစ်ရှာမယ်ဆိုရင် လုံးဝမတွေ့နိုင်ဘူး။ ဘာမှမတွေ့နိုင်ဘူး။

နာမ်ထဲမှာ အနှစ်ရှာအုံးမလားဆိုတော့ နာမ်ဆိုတာ အခုဖြစ်ပြီး အခုချက်ခြင်းပျက်သွားတာဆိုတော့ သူ့ကိုအနှစ်ရှာဖို့ဟာ အလွန်ခက်တယ်။ အနှစ်သာရဆိုတာ ဘာမှမရှိဘူး။ နာမ်ဆိုတာ တစ်ခဏလေးအတွင်းမှာ ဖြစ်ပျက်သွားတာ။ အနှစ်သာရပြောစရာ ခန္ဓာကိုယ်ကြီးမှာ တစ်ခုမှမရှိဘူး။ နာမ်ထဲမှာလည်း ဖြစ်တာမြန်လို့ အနှစ်သာရဆိုတာ ဘာမှမရှိဘူး။ သို့သော် နာမ်တရားကို မှီဖြစ်တဲ့ အနှစ်သာရလေးကို ရအောင်ယူနိုင်မယ်ဆိုလို့ရှိရင်တော့ ခန္ဓာကိုယ်ထဲက အနှစ်ကို ထုတ်ယူလို့ရနိုင်သေးတယ်လို့။

အနှစ်နဲ့ အကာကို ခွဲခြားပြီးသိမယ်ဆိုလို့ရှိရင် အကာအတွက် အချိန်များများမပေးတော့ဘူး။ အနှစ်သာရရဖို့အတွက် အချိန်များများပေးရမယ်။

စာမျက်နှာ-၁၁
တကယ့်အနှစ်သာရက ကိုယ့်ကျင့်တရားသာဖြစ်သည်။ အဲဒီ အနှစ်သာရလေးကို ဖျက်ပြီးတော့ ဘာမှအနှစ်မရှိတဲ့ ခန္ဓာကြီးအတွက် သီလတွေရပ်နားပြီးတော့ အနှစ်သာရကိုဖယ်ရှားပြီး အနှစ်မဲ့တဲ့အရာကို ယူတယ်။ ထို့အတူပဲ အကုသိုလ်ဖြစ်တာကြည့်မယ်ဆိုရင် အကာအတွက် အကုသိုလ်ဖြစ်တာများတယ်။ အနှစ်သာရအတွက် အကုသိုလ်ဖြစ်တာနည်းတယ်။

ဘယ်ဟာက အကာ၊ ဘယ်ဟာက အနှစ်ဆိုတာ သိဖို့လိုတယ်။ သိလာပြီးတဲ့နောက်မှာ အကာကို ဂရုမစိုက်ဘဲနဲ့ အနှစ်သာရကို ရအောင်ယူတတ်ဖို့၊ အနှစ်သာရမှ မယူတတ်ဘူးဆိုရင် နောက်ဆုံးမှာ ဘာမှမကျန်ရစ်တဲ့ အနေအထားမျိုး ရောက်မယ်။ အကာကို ခင်တွယ်နေတဲ့အတွက်ကြောင့် အနှစ်မရဘူး။ အကာကြီးကလဲ ကိုယ်ခင်တွယ်ပြီးနောက် စွန့်ပစ်ရမယ့် အနေအထားမျိုးရောက်သွားတယ်။ ကိုယ်ဘာမှမရတဲ့ အနေအထားဖြစ်တယ်။

ဒါကြောင့်မို့လို့ မြတ်စွာဘုရားက အင်္ဂုတ္တရနိကာယ် သုတ္တန်မှာ ဟောထားတယ်။ ဘဝမှာ

စာမျက်နှာ-၁၂
ရနိုင်တဲ့ အနှစ်တွေက ဘာတွေလဲဆိုရင် သဒ္ဓါဆိုတဲ့ အနှစ်၊ သီလဆိုတဲ့ အနှစ်၊ သုတဆိုတဲ့ ဘုရားဟောထားတဲ့ တရားဒေသနာကြားနာမှု အနှစ်၊ စာဂလို့ဆိုတဲ့ စွန့်လွှတ်မှု လှူဒါန်းပေးကမ်းနိုင်မှု အနှစ်၊ ပညာလို့ဆိုတဲ့ အနှစ်၊ နာမ်တရားထဲမှာ ဒီအနှစ်သာရတွေရှိပြီးတော့ နေတယ်။ သို့သော် အနှစ်ဟာ ထုတ်မယူတတ်လို့ရှိရင် မရပါဘူး။ ထုတ်မယူတတ်လို့ရှိရင် အကာပဲရမယ်။

ဆိုပါစို့ သစ်ပင်တစ်ပင်ရဲ့ အနှစ်ဟာ အကာတွေဖုံးထားတဲ့ အတွင်းမှာရှိတယ်။ အရွက်ထဲမှာလည်း မရှိဘူး။ အခက်ထဲမှာလည်း မရှိဘူး။ ပင်စည်ထဲမှာသာ ရှိတယ်။ အနှစ်ရှိတဲ့နေရာကို သိပြီး အဲဒီအနှစ်ကို ယူတတ်ဖို့ အရေးကြီးတယ်။ မိမိရုပ်ခန္ဓာကိုယ်ထဲမှာလည်း အနှစ်မရှိဘူး။ အပေါ်ယံနာမ်မှာလည်း အနှစ်မရှိဘူး။ နာမ်ကိုမှီပြီး ဖြစ်ပေါ်လာတဲ့ သဘာဝတရားမှာသာ အနှစ်တွေရှိတယ်။ အဲဒီ အနှစ်သာရတွေကို ယူတတ်ရင်ရမယ်။ မယူတတ်ဘူးဆိုရင် ရမှာမဟုတ်ဘူး၊ လွတ်သွားမှာ။

စာမျက်နှာ-၁၃
နာမ်တရားမှာ ဖြစ်ပေါ်တဲ့ သဒ္ဓါဆိုတဲ့ ယုံကြည်မှု၊ ယုံကြည်တယ်ဆိုတာ ဘာကိုယုံကြည်တာလဲဆိုရင် ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးရမယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့အပြစ်ကို ရလိမ့်မယ်၊ အဆိုးတရားလာမယ်။ စာပေက ကံကံ၏အကျိုးကို ယုံကြည်တယ်လို့ဆိုတယ်။ ကံဆိုတာ ကိုယ့်သန္တာန်မှာရှိတဲ့ စေတနာစွမ်းအားကို ခေါ်တယ်။ အဲဒီ စေတနာစွမ်းအားကို အသိအမှတ်ပြုတယ်။ အဲဒီ စေတနာစွမ်းအားမှ ရလာတဲ့အကျိုးတရားကို အသိအမှတ်ပြုတယ်။ ကောင်းတာလုပ်ရင် ကောင်းကျိုးရနိုင်တယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးရနိုင်တယ်လို့ ကံကံ၏အကျိုးကို ယုံကြည်တာ၊ သိမြင်တာဟာ ကမ္မဿကတာသမ္မာဒိဋ္ဌိ ဖြစ်တယ်၊ အမှန်အတိုင်းမြင်တာ။

ကိုယ်လုပ်တဲ့ကံ၊ ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ အယုံအကြည်မရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းတာလုပ်မှာမဟုတ်ဘူး၊ လုပ်ချင်တာသာလုပ်မှာ။ သူလုပ်ချင်တဲ့အလုပ်မှာ အကောင်းအဆိုးလည်း ခွဲခြားမှာမဟုတ်ဘူး။ သူလုပ်သင့်တဲ့အပေါ်မှာ မသတ်မှတ်ဘဲ

စာမျက်နှာ-၁၄
လုပ်ချင်တဲ့အပေါ်မှာ သတ်မှတ်တယ်။ လောကမှာ လုပ်ချင်တဲ့အလုပ်၊ လုပ်သင့်တဲ့အလုပ်နဲ့ လုပ်ရမည့်အလုပ်လို့ (၃)မျိုးခွဲလို့ရတယ်။ အဲဒီ(၃)မျိုးထဲမှာ လုပ်ချင်တဲ့အလုပ်ကို လုပ်တယ်ဆိုရင် အမှန်ကို မရနိုင်ဘူး။ ကောင်းတာလုပ်ချင်လုပ်မယ်၊ မကောင်းတာလုပ်ချင်လုပ်မယ်။ လူ့ရဲ့ဆန္ဒပေါ်မှာ မူတည်ပြီးတော့ ကိုယ်လုပ်ချင်သလိုလုပ်တာနဲ့ ခွဲတာ။

လုပ်သင့်တယ်ဆိုတာကျတော့ ကောင်းတာသာဖြစ်သည်။ သဒ္ဓါအား၊ ပညာစွမ်းအားပါတယ်။ လုပ်နေရတဲ့ အလုပ်ကတော့ အခြေအနေပေးတာ ဖြစ်နိုင်တယ်။

ကောင်းတာလည်းဖြစ်နိုင်တယ်၊ မကောင်းတာလည်းဖြစ်နိုင်တယ်။ အကောင်းကိုချည်း သတ်မှတ် မဖြစ်နိုင်ဘူး။ လုပ်သင့်တဲ့အလုပ်ဆိုတာသာကောင်းတယ်။ လုပ်သင့်တဲ့အလုပ်ကို ယုံကြည်တယ်။ ဘယ်အလုပ်ဟာ လုပ်သင့်တယ်လို့ ဆုံးဖြတ်နိုင်စွမ်းရှိတယ်၊ ဒါလဲ သဒ္ဓါပဲ။ အဲဒီ သဒ္ဓါကို အဓိမောက္ခလို့ခေါ်တယ်။ ဆုံးဖြတ်ပြီး ကောင်းတာကို လက်ခံယုံကြည်ရုံမျှမက သဒ္ဓါဆိုတဲ့ စိတ်ပေါ်လာပြီဆိုရင် သူ့ရဲ့စွမ်းအားနဲ့

စာမျက်နှာ-၁၅
လူရဲ့စိတ်ဟာ ကြည်လင်လာတယ်။ ကောင်းတာလုပ်ဖို့ စဉ်းစားလာတယ်။ ကောင်းတဲ့အလုပ်ပေါ်မှာ စိတ်ဝင်စားလာတယ်။ သဒ္ဓါရဲ့စွမ်းအားကြောင့် ကောင်းတဲ့အလုပ်ပေါ်မှာ စိတ်ဝင်စားလာတယ်။ တနည်းအားဖြင့် ကုသိုလ်လုပ်ချင်လာတယ်။

ကုသိုလ်ဆိုတာ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူများအကျိုးပြုတဲ့ အလုပ်တွေလုပ်ချင်တယ်။ သူများကို အကူအညီပေးချင်တယ်။ ကိုယ့်ကိုယ်ကိုလည်း ကိုယ်ကျင့်တရားကောင်းအောင် လုပ်ချင်တယ်။ တရားနာချင်တယ်။ စာပေနဲ့ပတ်သက်ပြီးတော့ လေ့လာချင်တယ်။ ဟောဒီလိုဘက်မှာ စိတ်ဝင်စားလာတယ်။ ဒါ သဒ္ဓါစွမ်းအားလို့ခေါ်တယ်။

သဒ္ဓါတရား စွမ်းအားထက်လာပြီဆိုလို့ရှိရင် အပျော်အပါးပေါ်မှာ စိတ်မဝင်စားဘူး။ အာရုံနဲ့ပတ်သက်ပြီး မကျေနပ်တာတွေလည်း စိတ်ထဲမှာမရှိဘူး။ စိတ်လွင့်တာ၊ စိတ်လေတာ၊ စိတ်ထဲမှာ အလိုမကျဖြစ်နေတာတွေလည်း မရှိဘူး။ လုပ်သင့်မလုပ်သင့်တဲ့အပေါ်မှာ သံသယတွေဝင်ပြီး မဆုံးဖြတ်နိုင်ဘဲ

စာမျက်နှာ-၁၆
ချီတုံချတုံဖြစ်နေတာတွေလည်း မရှိဘူး။ စာလိုပြောလို့ရှိရင် နီဝရဏလို့ခေါ်တဲ့ အဆို့အပိတ်တွေမရှိဘူး။

ပျော်ရွှင်စရာအာရုံတွေပေါ်မှာပဲ စိတ်ဝင်စားပြီးနေတာ၊ ဘယ်အာရုံပေါ်မှ စိတ်အလိုမကျ မုန်းတီးမှုဖြစ်နေတာတွေ မရှိတော့ဘူး။ ကောင်းတဲ့လုပ်ငန်းတွေပေါ်မှာ စိတ်ဆုတ်နစ်သွားတာမရှိဘူး။ အားတက်သရောဖြစ်နေတယ်။ စိတ်တွေလေးနေတာတို့၊ အလိုမကျဖြစ်နေတာတို့ မရှိဘူး။ ကိုယ်လုပ်နေတဲ့ လုပ်ငန်းအပေါ်မှာ လုပ်သင့်မလုပ်သင့် စဉ်းစားနေတာမျိုး မဟုတ်တော့ဘဲ၊ လုပ်သင့်တဲ့အလုပ်ကို လုပ်နေတယ်လို့ ဆုံးဆုံးဖြတ်ဖြတ်ရှိတယ်။

နီဝရဏတရားတွေကို ဟောဒီသဒ္ဓါစွမ်းအားတွေက ဖယ်ရှားပစ်လိုက်တယ်။ လူဟာ သဒ္ဓါစွမ်းအားရှိလာပြီ၊ ထက်လာပြီဆိုလို့ရှိရင် ကောင်းတဲ့အလုပ်တွေ လုပ်ဖြစ်လာတယ်။ ကောင်းတဲ့အလုပ်ဆိုတာ ဘာတုန်းဆိုရင် ဒါနကောင်းမှုလုပ်ဖို့လည်း လက်မနှေးဘူး၊ သီလဆောက်တည်ဖို့လည်း လက်မနှေးဘူး၊ ဆောက်တည်တဲ့ သီလကိုလည်းပဲ တလေးတစား ခံယူတယ်။

စာမျက်နှာ-၁၇
ဗဟုသုတရှိအောင် တရားဓမ္မနာဖို့ဆိုတာလည်း အမြဲတမ်းစိတ်ဝင်စားနေတယ်။ မိမိမှာရှိတဲ့ပစ္စည်းကိုလည်းပဲ အများနဲ့ ခွဲဝေသုံးစွဲဖို့ စိတ်ထဲမှာ အမြဲရှိနေတယ်။

နေ့စဉ်ဘဝမှာ ၂၄-နာရီရှိတဲ့အထဲမယ်၊ ထို ၂၄-နာရီအချိန်ကာလထဲမှာ ဘယ်လိုအခြေအနေမျိုးနဲ့ ဒီအချိန်တွေကုန်ဆုံးနေသလဲဆိုတာ ဉာဏ်နဲ့စဉ်းစားပြီးတော့ အချိန်ကို အလဟဿအကုန်မခံဘူး၊ အကျိုးရှိရာရှိကြောင်း လုပ်ဆောင်တယ်။ ပညာစွမ်းအားတွေလည်း သူ့မှာထက်လာတယ်။ ထက်လာသည့်အတွက်ကြောင့် အရာရာမှာ စဉ်းစားလာတယ်၊ လုပ်သင့်မလုပ်သင့်ကိုလဲ စဉ်းစားလာတယ်။ လုပ်သင့်တဲ့အလုပ်ပေါ်မှာလည်းပဲ လုပ်ပုံလုပ်နည်းတွေ စဉ်းစားလာတယ်၊ အကျိုးရှိရာရှိကြောင်း လုပ်ဖို့ကိုလည်း စဉ်းစားလာတယ်။

အဲဒီ နာမ်ပိုင်းဆိုင်ရာ အနှစ်ကလေးတွေ မိမိသန္တာန်မှာ ရလာပြီ။ ထိုအနှစ်သည် နိဗ္ဗာန်ပို့နိုင်လောက်အောင် အခိုင်အမာဖြစ်လာပြီဆိုရင် ထိုပုဂ္ဂိုလ်ဟာ ဒုက္ခတွေနဲ့ အဆုံးသတ်ရမည့် ဘဝမျိုးကို ကျော်လွှားပြီး

စာမျက်နှာ-၁၈
တော့ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ထိအောင် လှမ်းတက်သွားနိုင်တယ်။

ဘယ်ဟာ အနှစ်သာရလို့သိတာနဲ့ တပြိုင်နက် ရုပ်ခန္ဓာကိုယ်ကြီးအတွက် သဒ္ဓါတရားကို အပျက်မခံဘူး၊ ရုပ်ခန္ဓာကိုယ်ကြီးအတွက် အသိပညာတွေ လက်လွတ်ဆုံးရှုံးမခံဘူး၊ ရုပ်ခန္ဓာကိုယ်ကြီးအတွက် ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မနာယူဖို့အတွက်ကို အပျက်မခံဘူး၊ ရုပ်ခန္ဓာကိုယ်ကြီးအတွက် စွန့်လွှတ်မှုတွေကို အပျက်မခံဘူး၊ ရုပ်ခန္ဓာကိုယ်ကြီးအတွက် အသိပညာတွေ လက်လွတ်ဆုံးရှုံးမခံဘူး။ အနှစ်နဲ့ အကာမှာ အနှစ်ကို ဦးစားပေးတာ၊ အကာကို ဦးစားမပေးတော့ဘူး။ အကာတွေ ဘာဖြစ်ဖြစ် “အနှစ်သာရရအောင် ယူမယ်”ဆိုတဲ့ စိတ်ဓာတ်ဝင်လာတယ်။

ဘုရားအလောင်းတော် ဘူရိဒတ္တ နဂါးမင်းကြီးကြည့်ပေါ့။ နဂါးပြည်မှာ အင်မတန်မှ စည်းစိမ်ချမ်းသာကြွယ်ဝပြီး ရတနာတွေအတိရှိတဲ့ နဂါးနန်းတော်နဲ့ စံနေရတယ်။ ဒီစံနေရတဲ့ဘဝကို အနှစ်သာရလို့ မယူဆဘူး။ ဒီအနှစ်သာရဟာ ဘာတုန်းလို့ဆိုရင် သီလ

စာမျက်နှာ-၁၉
ဆိုတဲ့ အနှစ်သာရကို ငါရအောင်ယူမယ်လို့ လူ့ပြည်လာပြီး သီလယူတယ်။ နဂါးပြည်မှာဆို သီလကိုလုံအောင်ထိန်းဖို့ မလွယ်ဘူး။ ဒါကြောင့်မို့ တစ်ယောက်တည်းထွက်လာပြီး တောထဲမှာ ကိုယ်ကျင့်သီလကို ထိန်းသိမ်းစောင့်ရှောက်တယ်။ သီလစောင့်တဲ့အခါမှာ ပြင်ပပစ္စည်းတွေကို အပျက်ခံပြီးတော့ ဆောက်တည်တဲ့သီလကို သီလပါရမီလို့ခေါ်တယ်။ ခန္ဓာကိုယ်နဲ့ ကိုယ်လက်အင်္ဂါတွေကို အပျက်စီးခံပြီး ဆောက်တည်တဲ့သီလကို သီလဥပပါရမီလို့ခေါ်တယ်။ အသက်အသေခံပြီး စောင့်တဲ့သီလကို သီလပရမတ္ထပါရမီလို့ခေါ်တယ်။

ဘူရိဒတ္တ နဂါးမင်းကြီး ဆောက်တည်တဲ့သီလကိုတော့ သီလပရမတ္ထပါရမီလို့ခေါ်တယ်။ အဆင့်အမြင့်ဆုံးသီလကို ဆောက်တည်တယ်။ “အကယ်၍များ ငါ့ရဲ့ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက် ငါ့ရဲ့အသက်ကို ရန်ရှာမယ်ဆိုလည်း ငါဒီနေ့စောင့်တဲ့ သီလကို လုံးဝမစွန့်လွှတ်ဘူး၊ လုံးဝမဖောက်ဖျက်ဘူး၊ ခန္ဓာကိုယ်ကြီး သေချင်သေပါစေ”ဆိုပြီး တောင်ကုန်းတစ်ခုပေါ်

စာမျက်နှာ-၂၀
မှာ ခွေပြီးတော့ ဘူရိဒတ္ထ နဂါးမင်းကြီးဟာ သီလ စောင့်တယ်။ အားလုံးသိကြတဲ့အတိုင်းပဲ မြွေအလမ္ပာယ်သမားက ဖမ်းပြီး ညှင်းဆဲတဲ့အခါမှာ မြွေအလမ္ပာယ်သမားကို သူအန္တရာယ်ပြုချင်ရင် လွယ်လွယ်လေးပဲ၊ နဂါးမှာ အဆိပ်က အင်မတန်ပြင်းတယ်နော်။ “ဖူး”လို့ တစ်ချက်မှုတ်လိုက်တာနဲ့ ဟိုလူ ပြာဖြစ်သွားမှာနော်။ သူ့မှာ အဲဒီလောက်ထိအောင် ပြင်းထန်တဲ့ အစွမ်းလက်နက် ရှိသော်လည်း သီလပျက်မှာစိုးလို့ လုံးဝမလုပ်ဘူး၊ အသေခံမယ်လို့ အဓိဌာန်ထားတဲ့အတိုင်း ကိုယ်ကျင့်တရားကို မဖျက်ဘဲနဲ့ သီလ ဆောက်တည်တယ်။

ဒါ ဘာကြောင့် ဒီလိုလုပ်နိုင်တာတုန်းဆို “အနှစ်နဲ့ အကာ” သိလို့၊ ရုပ်ခန္ဓာကြီးဟာ အနှစ်မဟုတ်ဘူး၊ အကာကြီး၊ တစ်နေ့ကျတော့ သူဘာသူပျက်စီးသွားမှာပဲ၊ အဲဒီအခါကျတော့ ဘာမှရလိုက်မှာ မဟုတ်ဘူး၊ ခန္ဓာကိုယ်ကြီးမှာ ဖြစ်နေတဲ့ နာမ်တရားကိုမှီနေတဲ့ ကိုယ်ကျင့်တရားလေးကသာ အနှစ်။ ဒီအနှစ်လေးကိုတော့ ငါ အပျက်မခံဘူးလို့ ဆောက်တည်တာနော်။ ထို့အတူပဲ

စာမျက်နှာ-၂၁
ကျန်တဲ့အနှစ်တွေကိုလည်း ဒီလိုပဲ ထိန်းသိမ်းသွားရမှာပဲ။

အဲဒီတော့ အကျဉ်းချုပ် ပြန်ပြောရမယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့ ဘဝမှာ ဘယ်ဟာက အကာလဲ၊ ဘယ်ဟာက အနှစ်လဲဆိုတာ နံပါတ်(၁) သိရမယ်။ အကာအတွက်နဲ့ အနှစ်ကို အပျက်မခံနဲ့၊ အနှစ်သာရရဲ့ သဘာဝက တန်ဖိုးရှိတယ်၊ ကြာရှည်ခံတယ်၊ အကျိုးကြီးမားတယ်၊ ဒါ အနှစ်သာရ။

ရုပ်ခန္ဓာကိုယ်ကြီးဆိုတာ ကြာရှည်လည်း မခံဘူး။ တန်ဖိုးလည်း ဒီလောက်မရှိဘူး၊ လူတစ်ယောက်ဟာ မိမိရဲ့ အသက်ပမာဏအတိုင်း ဒီရုပ်ခန္ဓာကိုယ်ကြီးကို ပစ်ထားခဲ့ရမှာ၊ သူက အတိုင်းအတာရှိတယ်၊ ဒီကြားထဲမှာလည်း သူက ရောဂါဝေဒနာ ဖြစ်ပြီး ဒုက္ခရောက်မယ်၊ အမြဲတမ်းသူက ဒုက္ခပေးနေတယ်၊ အနှစ်သာရဆိုတာ သူ့မှာရှာလို့မရဘူး။

အဲဒီတော့ ပညာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ခုနက အနှစ်ဆိုတာ ဘာလဲလို့ စဉ်းစားဆင်ခြင်ပြီး အဲဒီအနှစ်ကို ရအောင်ယူတယ်။ ဘုရားအလောင်းတော်တွေဟာ အဲဒီလို အနှစ်ကိုရအောင် ယူနိုင်ကြတယ်။

စာမျက်နှာ-၂၂
သုမေဓာဘဝကနေစပြီးတော့ အနှစ်ကို ရအောင် ရှာလာလိုက်တာ (၄)သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာတယ်။ (၄) သင်္ချေနဲ့ ကမ္ဘာတစ်သိန်းဆိုတာ မရေတွက်နိုင်တဲ့ ကမ္ဘာဟာ (၄)ခါကြုံတယ်၊ ရေတွက်လို့ရတဲ့ ကမ္ဘာက တစ်သိန်း၊ အဲဒီလောက် ရှည်ကြာအောင် စုဆောင်းရတယ်။ လွယ်လွယ်နဲ့တော့ မရဘူး။

ဒီအနှစ်တွေကို အမြင့်ဆုံးအကောင်းဆုံး အဆင့်အတန်းရှည်ကြာအောင် စုဆောင်းပြီးတော့ နောက်ဆုံးမှာ အနှစ်တွေ ပြည့်သွားပြီဆိုတဲ့အခါ အင်မတန် စွမ်းအားကြီးတဲ့ သဗ္ဗညုတဉာဏ်တော်ကိုရပြီး ဘုရားဖြစ်သွားတာနော်၊ ဘုရားမှန်သမျှ ဘုရားအဖြစ်သို့ ရောက်သွားတယ်ဆိုတာ အဲဒီအနှစ်ကို ရအောင်ယူနိုင်လို့ ဖြစ်တယ်၊ အနှစ်ကို နည်းနည်းရအောင်ယူလျှင် နည်းနည်းချမ်းသာမယ်။ အနှစ်ကို များများရအောင်ယူလျှင် များများချမ်းသာမယ်၊ လောကလူတွေဟာ အကာကိုပဲ မက်မောနေကြတာ။

အရှင်ကုမာရကဿပ ဥပမာပေးသလိုပဲ။ သူငယ်ချင်း ၂-ယောက် ပစ္စည်းဥစ္စာရှာဖွေဖို့ ထွက်လာ

စာမျက်နှာ-၂၃
ကြတယ်၊ ထွက်လာတဲ့အခါ ရွာပျက်ကုန်းတစ်ခုမှာ ပိုက်ဆံလျှော်ထုပ်ကြီးတွေတွေ့ကြတယ်။ တွေ့တဲ့အခါ “ဟန်ကျပြီဟေ့ ဒီပိုက်ဆံလျှော်တွေ အဝတ်ယက်ရတယ်”ဆိုပြီး အဲဒီကနေ ပိုက်ဆံလျှော်ထုပ်တွေ ထမ်းယူလာကြတယ်။ နောက်တစ်ရွာ ရောက်လာတဲ့အခါမှာ ပိုက်ဆံလျှော်နဲ့ယက်ထားတဲ့ အဝတ်တွေတွေ့ပြန်တယ်။

တွေ့တော့ တစ်ယောက်က ဆုံးဖြတ်တယ်၊ “ဟ ငါပိုက်ဆံလျှော်တွေ ထမ်းလာတာ ဒီအဝတ်ယက်လုပ်ဖို့ ထမ်းလာတာ အခုပိုက်ဆံလျှော်နဲ့ လုပ်တဲ့ အဝတ်တွေတွေ့မှတော့ ပိုက်ဆံလျှော်ထုပ်က ဘာလုပ်ရတော့မှာလဲ” လျှော်ထုပ်ပစ်ချပြီးတော့ အဝတ်ထုပ်ကို ထမ်းတယ်။ ဟိုတစ်ယောက်ကတော့ ဘယ်လိုတွေးတုန်းဆိုတော့ အဝေးကြီးက ထမ်းလာတာ မပစ်ရက်ဘူးဆိုပြီးတော့ အဲဒီ လျှော်ထုပ်ကြီးကိုပဲ ဆက်ထမ်းတယ်။

နောက်တစ်ရွာရောက်တဲ့အခါ ရွှေထုပ်ကြီးတွေ့ပြန်တယ်၊ ရွှေထုပ်ကြီးတွေ့တဲ့အခါ “ရွှေထုပ်တွေ့မှတော့ ဒီပိုက်ဆံလျှော်အဝတ်ထုပ်က ဘာလုပ်မှာလဲ”လို့ စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကတော့ ပိုက်ဆံလျှော်နဲ့ယက်

စာမျက်နှာ-၂၄
တဲ့ အဝတ်ထုပ်ကို ပစ်ချပြီးတော့ ရွှေထုပ်ကိုသာယူတယ်။ ဟိုတစ်ယောက်ကတော့ ငါ အဝေးကြီးကနေ ထမ်းလာတာ မပစ်နိုင်ဘူးဆိုပြီး လျှော်ထုပ်ကြီးပဲ ဆက်ထမ်းလာတယ်။ အိမ်ပြန်ရောက်တဲ့အခါ တစ်ယောက်က ရွှေထုပ်၊ တစ်ယောက်က လျှော်ထုပ်၊ အဲဒါ စဉ်းစားကြည့်ပေါ့။ ဟိုတစ်ယောက်က လျှော်ထုပ်ပဲ ရတယ်၊ အသိဉာဏ်ရှိတဲ့လူကတော့ ရွှေထုပ်ကြီးရပြီး ချမ်းသာသွားတယ်။

အကာပေါ်မှာပဲ လူတွေက သံယောဇဉ်တွယ်ပြီးတော့ အကာနဲ့ပဲ အချိန်ကုန်သွားတယ်၊ အနှစ်မရလိုက်ဘူး၊ လောကမှာ အနှစ်ဆိုတာ ဘာလဲလို့ ရှေးဆရာတော်ကြီးတွေ ဟောထားတာရှိတယ်၊ ယံကိဉ္စိ ဗာဟိယံ ဝတ္ထု၊ ယထာကာမံ ပဘိဇ္ဈတု၊ ကိုယ့်ခန္ဓာကိုယ်၊ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ တိုက်တွေ စိန်တွေ ကားတွေ ရွှေတွေ ငွေတွေ ဝတ်တဲ့ အဝတ်အစားတွေ ခန္ဓာကိုယ်ကြီး အပါအဝင်၊ ဒါတွေ အပြင်ပစ္စည်းတွေလို့ခေါ်တယ်။

“ဗာဟိယံ - အတွင်းအနှစ်သာရမဟုတ်တဲ့

စာမျက်နှာ-၂၅
အပြင်ပမှာ ဖြစ်တဲ့၊ ယံကိဉ္စိ ဝတ္ထု - မည်သည့်ပစ္စည်းမဆို၊ ယထာကာမံ ပဘိဇ္ဈတု - သူဟာသူ ပျက်ချင်ပျက်ပါစေ” ဘာတွေပျက်ပျက် ဂရုမစိုက်နဲ့လို့ ဒီလိုဆိုလိုတယ်။ တန်ဖိုးမရှိတဲ့ အနှစ်သာရမဟုတ်တဲ့ အကာတွေမှာ ပျက်ချင်ပျက်ပါစေ။ အဇ္ဈတ္တမှီ အဘိန္နမှိ - အတွင်းဖြစ်တဲ့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ တကယ့်အနှစ်သာရ မပျက်စီးဘူးဆိုရင် (အကာတွေ ဘယ်လောက်ပျက်ပျက်) အနှစ်မပျက်ရင် မပျက်ဘူးတဲ့၊ အဲဒီတော့ အနှစ်သာရရအောင်ယူဖို့ အရေးကြီးတယ်နော်။

လူတွေအထင်ကြီးနေကြတာက အကာတွေပါ။ လောကမှာ လူအများက ဘာတွေအထင်ကြီးသလဲဆိုရင် ရှိတဲ့ပစ္စည်းဥစ္စာတွေပေါ်မှာ အထင်ကြီးကြတယ်၊ ရာထူးပေါ်မှာ အထင်ကြီးကြတယ်၊ အာဏာပါဝါပေါ်မှာ အထင်ကြီးကြတယ်၊ ရာထူးဆိုတာလဲ တခဏပဲ၊ အာဏာပါဝါဆိုတာလဲ တခဏပဲ၊ စည်းစိမ်ဥစ္စာဆိုတာလဲ တခဏပဲ၊ အကန့်အသတ်တွေနဲ့ချည်းပဲ၊ အကုန်လုံး ဘယ်အရာမှ ခိုင်မြဲတာမရှိဘူး။ အဲဒါတွေအပေါ်မှာ လူတွေနေ့စဉ်နဲ့အမျှ ရှာဖွေပြီး တပ်မက်နေကြတာ

စာမျက်နှာ-၂၆
လက်လွတ်မခံနိုင်ကြတာ ဒါတွေအတွက်ပဲ၊ သဒ္ဓါတရားပျက်သွားလို့ ကိုယ်ကျင့်တရားပျက်သွားလို့ဆိုတာမျိုးကို စိုးရိမ်သောကရောက်ရမှာကို မသိဘူး၊ တကယ်စိုးရိမ်သင့်တာကတော့ ကိုယ့်ကျင့်တရားပျက်ခြင်း၊ အသိအမြင်ပျက်စီးခြင်း၊ ဒါက စိုးရိမ်စရာကောင်းတာ။

ဗျသနတရား ၅-ပါးဆိုတာရှိတယ်၊ ဉာတိဗျသန - ဆွေမျိုးတွေထဲက ပျက်စီးမှု၊ ဘောဂဗျသန - စည်းစိမ်ဥစ္စာတွေရဲ့ ပျက်စီးမှု၊ ရောဂဗျသန - ရောဂါဝေဒနာဖြစ်ခြင်းဖြင့် ပျက်စီးမှု၊ သီလဗျသန - ကိုယ်ကျင့်တရားပျက်စီးမှု၊ ဒိဋ္ဌိဗျသန - အယူဝါဒအမြင်ရဲ့ ပျက်စီးမှုလို့၊ အဲဒီပျက်စီးမှု ၅-မျိုးကို ဗျသနတရား ၅-ပါးလို့ ခေါ်တယ်။

သူတော်စင်တွေ ဆုတောင်းတိုင်း ဝိပတ္တိတရား ၄-ပါး၊ ဗျသနတရား ၅-ပါးဆိုတာ အဲဒါကို ပြောတာနော်။ ပျက်စီးခြင်း ၅-ပါးတဲ့၊ အဲဒီပျက်စီးခြင်း ၅-မျိုးထဲက လူတွေအလေးထားနေကြတာ ပျက်စီးမှာကြောက်ကြတာ ဉာတိဗျသန - ဆွေမျိုးတွေပျက်စီးမှာ ကြောက်ကြတယ်၊ ဘောဂဗျသန - စည်းစိမ်ဥစ္စာတွေ

စာမျက်နှာ-၂၇
ပျက်စီးမှာ ကြောက်ကြတယ်၊ ရောဂဗျသန - ရောဂါတွေဖြစ်မှာ ကြောက်ကြတယ်၊ အဲဒီ ၃-မျိုးအပေါ်မှာသာ အလေးထားနေကြတယ်။ သီလဗျသန - ကိုယ်ကျင့်တရားပျက်မှာကို မကြောက်ဘူး။ ဒိဋ္ဌိဗျသန - အယူဝါဒအမြင်စောင်းသွားမှာ ပျက်စီးမှာ မကြောက်ကြဘူး။

တကယ်ကြောက်စရာကောင်းတာက သီလဗျသနနဲ့ ဒိဋ္ဌိဗျသနက ကြောက်စရာကောင်းတယ်။ ကျန်တဲ့ဗျသနတွေက ကြောက်စရာမကောင်းဘူး။ လောကမှာ လူတွေစိုးရိမ်သောက ရောက်နေကြရတာ ရှေ့ ၃-ပါးအတွက် စိုးရိမ်နေကြတာ၊ နောက် ၂-ပါးအတွက် မစိုးရိမ်ကြဘူး၊ ဆွေမျိုးသားချင်းတွေပျက်စီးမှာ စိုးရိမ်တယ်၊ ငိုတယ်၊ ပစ္စည်းဥစ္စာတွေပျက်သွားလို့ ငိုတယ်၊ ရောဂါဖြစ်လို့ ငိုတယ်။ သီလပျက်လို့ ငိုတဲ့ပုဂ္ဂိုလ်ဟာ မကြားဘူးလောက်အောင်ကို ရှားတယ်။ အယူဝါဒပျက်စီးလို့ ငိုတဲ့ပုဂ္ဂိုလ်လည်း မကြားဘူးလောက်အောင် ရှားပါးတယ်။ သို့သော် မြတ်စွာဘုရားဟောထားတာက ဉာတိဗျသန၊ ဘောဂဗျသန၊ ရောဂဗျသန၊ ဒါတွေပျက်စီးလို့က

စာမျက်နှာ-၂၈
တော့ ငရဲမကျဘူး၊ သံသရာဝဋ်ဆင်းရဲမှာ ဒုက္ခမဖြစ်ဘူး။ သီလဗျသန၊ ဒိဋ္ဌိဗျသန၊ အဲဒါ ၂-ခု ပျက်စီးသွားရင်တော့ သံသရာမှာ ဒုက္ခရောက်ပြီတဲ့။ သေချာစဉ်းစားကြည့်ရင် အဲဒါတွေအတွက် လူတွေက မပူကြဘူး။ မပူကြသည့်အတွက်ကြောင့် တန်ဖိုးရှိတဲ့ သီလကို ငွေကြေးနဲ့လဲလိုက်ကြတာပဲ။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ “သူများပစ္စည်း မယူပါဘူး”လို့ ဆောက်တည်ထားပေမယ့်လို့ တော်တော်များများက အခွင့်သာလို့ရှိရင် သီလအပျက်ခံပြီးတော့ ယူလိုက်ကြတာပဲ။ သစ်ကျုတ်ရဲ့ သီလလိုပေါ့။ သစ်ကျုတ်ဆိုတဲ့ အကောင်က သူ့နားမှာ သမင်တို့ဘာတို့ ဒီလိုဟာတွေမရှိတဲ့အခါမှာ ဥပုသ်စောင့်မယ်ဆိုပြီး ဥပုသ်စောင့်တယ်။ ငတ်မဲ့အတူတူ မထူးပါဘူးဆိုပြီး ဥပုသ်စောင့်တာ။ တကယ်ပဲ ဥပုသ်စောင့်တာလားလို့ သူ့အနားမှာ သမင်ဖြတ်သွားတဲ့အခါ နောက်မှ ဥပုသ်စောင့်မယ်၊ ရှိတုန်းဖမ်းစားလိုက်ဦးမယ်ဆိုပြီး ထလိုက်တော့တာပဲ။ အဲဒါမျိုးကို သစ်ကျုတ်သီလလို့ ခေါ်တာ။

စာမျက်နှာ-၂၉
အခွင့်အရေး မပေးသေးတဲ့အခါ၊ စားစရာမရှိတဲ့အခါမှာ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိတဲ့။ စားစရာနဲ့ကြုံတဲ့အခါကျတော့ အေး နောက်မှပဲ တည်ဆောက်တော့မယ်ဆိုပြီး လုပ်ထည့်လိုက်တာ။ အဲဒါမျိုးဟာ အနှစ်နဲ့အကာ မကွဲလို့ အနှစ်ကိုအနှစ်မှန်းမသိလို့ ဒီလိုဖြစ်တာတဲ့၊ လူ့ဘဝမှာ လူရယ်လို့ဖြစ်လာတဲ့အခါ တကယ့်အရေးကြီးတဲ့အနှစ်ကို ယူတတ်ဖို့လိုတယ်။

လောကမှာ ရာထူးဂုဏ်သိမ်စည်းစိမ်ဥစ္စာ မခံစားဖူးဘူးဆိုတာ မရှိဘူးလို့ မြတ်စွာဘုရားက အနမတဂ္ဂသုတ်မှာ ဟောထားတယ်။ ဒါလည်းပဲ စဉ်းစားစရာ အလွန်ကောင်းတယ်၊ အေး.. အင်မတန်ကောင်းတဲ့ အာရုံတွေ အင်မတန်နှစ်သက်စရာနှစ်သက်တဲ့အရာတွေ့လို့ရှိရင် ဘယ်လိုစဉ်းစားရမလဲဆိုရင် ဒီလောက်ရှည်ကြာတဲ့သံသရာ ငါလည်း ဒါမျိုးတွေ ကြုံဖူးတယ်လို့ ဒီလိုပဲအောက်မေ့ပါ။ အဲဒီလို အောက်မေ့လိုက်တာနဲ့ တန်းတန်းစွဲမဖြစ်တော့ဘူးပေါ့။ စိတ်ကိုထိန်းတဲ့ နည်းတစ်နည်း။

စာမျက်နှာ-၃၀
အေး.. ဒုက္ခရောက်နေတာတို့ ဆိုပါစို့၊ လမ်းဘေးမှာ အနူအဝဲစွဲပြီးတော့ လူတကာက မကြည့်ချင်လောက်အောင် ရွံ့စရာပုဂ္ဂိုလ်မျိုးတွေ့ရင်လည်း “အော် ဒီဒုက္ခမျိုး ငါလည်း အကြိမ်ကြိမ်တွေ့ခဲ့ဖူးတယ်”လို့၊ တိရိစ္ဆာန်တွေတွေ့တဲ့အခါမှာ “အော် ငါတို့လည်း ဒီဘဝရောက်ပြီး ဒီလိုခံခဲ့ရဖူး”လို့ ဆင်ခြင်နိုင်ဖို့ အနမတဂ္ဂသုတ်မှာ မြတ်စွာဘုရားက ဟောထားတာ။

ဘဝဆိုတာ သိပ်ရှည်ခဲ့ပြီ၊ ဘယ်လောက်များ ရှည်တုန်းဆိုရင် ပြောလို့မဆုံးအောင် ရှည်တယ်၊ ဒါကြောင့် မြတ်စွာဘုရားက ဘဝသံသရာမှာ အမေမတော်ဘူးတဲ့ ပုဂ္ဂိုလ်လည်းမရှိဘူး၊ အဖေမတော်ဘူးတဲ့ ပုဂ္ဂိုလ်လည်းမရှိဘူး၊ ညီအကို မောင်နှမ မတော်တာလည်းမရှိဘူး၊ ကဲ လူလူချင်းတွေ့တဲ့အခါ တစ်ချိန်တုန်းက သူ ငါ့အမေဖြစ်ခဲ့ဖူးမှာပဲ၊ ငါ့သားဖြစ်ခဲ့ဖူးမှာပဲ။ ငါ့သမီးဖြစ်ခဲ့ဖူးမှာပဲ၊ ငါ့အဒေါ် စသည်ဖြင့်ပေါ့လေ၊

ဆွေမျိုးတွေအနေနဲ့ တွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင် လူကိုပဲတွေ့တွေ့ တိရစ္ဆာန်ကိုပဲတွေ့တွေ့ အကြင်နာတရားနဲ့ မေတ္တာထားနိုင်ဖို့ အဲဒီလို စဉ်းစားလိုက်ပါတဲ့။

စာမျက်နှာ-၃၁
အဲဒီလိုစဉ်းစားလိုက်မယ်ဆိုရင် မုန်းစရာကြီးဆိုတာ ပျောက်သွားလိမ့်မယ်၊ ကိုးပါးသီလထဲမှာ အထွဋ်တင်ဆောက်တည်ထားတဲ့ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု - သတ္တဝါတွေအပေါ်မှာ မေတ္တာထားတယ်။ မုန်းစရာပုဂ္ဂိုလ်တွေ့ရင် ဟိုအရင်ဘဝတုန်းက ငါ့အမေ (သို့မဟုတ်) ငါ့အဖေ၊ ငါ ဆွေမျိုးတော်ခဲ့ဖူးမှာပဲ၊ တို့ဟာ မေ့နေကြလို့ သံသရာမှာ ဆွေမျိုးတွေပဲလို့ နှလုံးသွင်းလိုက်မယ်ဆိုရင် အမုန်းတရားတွေဟာ ပျောက်ကွယ်သွားမှာပါ။

အဓိကကတော့ ကိုယ့်သန္တာန်မှာ အမုန်းတရားပျောက်ဖို့ပဲဖြစ်တယ်။ ဘယ်လိုပဲ စဉ်းစားစဉ်းစား ကိုယ့်သန္တာန်မှာ အမုန်းတရားပျောက်သွားပြီဆိုရင် နှလုံးသားဟာ အေးချမ်းသွားမှာ သေချာတယ်၊ အချိန်မဆိုင်းဘဲနဲ့ အေးချမ်းလာမှာ၊ ခုလိုစဉ်းစားလိုက်တာနဲ့ တပြိုင်နက် ကိုယ့်ရဲ့သန္တာန်မှာ ပူလောင်နေမှုဟာ အေးမြသွားမှာသေချာတယ်။ ဗုဒ္ဓတရားတော်ကို လက်တွေ့ကျင့်သုံးတယ်ဆိုတာ အဲဒါမျိုးကိုပြောတာနော်။

အေး သံသရာမှာ ဒီလိုအနှစ်သာရလေးတွေကို

စာမျက်နှာ-၃၂
ရအောင်ယူကြမယ်ဆိုရင် ဘဝသံသရာမှာ သက်သက်သာသာနဲ့ ခရီးသွားနိုင်တယ်၊ လူဖြစ်ရင်လဲ သက်သက်သာသာပဲ၊ နတ်ဖြစ်ရင်လဲ ချမ်းသာသုခရမှာပဲ၊ ဗြဟ္မာဖြစ်ရင်လဲ ချမ်းသာသုခရမယ်၊ သံသရာထဲ ကျင်လည်နေတဲ့အခါမှာ ဟောဒီကုသိုလ်ကသာလျှင် ချမ်းသာသုခကို ပေးနိုင်တယ်။ ကုသိုလ်ဆိုတာ ချမ်းသာသုခကို ပေးနိုင်တယ်။

ဒါဖြင့်ရင် ဒီဘဝကြီးက ထွက်ချင်ရင် ဘာလုပ်ရမလဲ၊ ဟောဒီကုသိုလ်ကိုပဲ လုပ်၊ ဦးတည်ချက်ပြောင်းဖို့ပဲလိုတယ်။ ကုသိုလ်ကို ၂-ပိုင်းခွဲရမယ်၊ သံသရာထဲမှာ ချမ်းချမ်းသာသာနေနိုင်စေတာလည်း ကုသိုလ်ပဲ၊ သံသရာထဲမှ လွတ်မြောက်ဖို့ရာလည်း ကုသိုလ်ပဲ။

သံသရာလည်စေတဲ့ကုသိုလ်က တဏှာရဲ့ အလွှမ်းအမိုးကို ခံနေရတဲ့ ကုသိုလ်၊ တဏှာမကင်းသေးတဲ့ ကုသိုလ်။ တကယ်တော့ ကုသိုလ်က သံသရာထဲကို လည်စေတာမဟုတ်ဘူး။ အတွယ်အတာက လည်စေတာ။ တဏှာက လည်စေတာ၊ အဲဒီလို တဏှာဆိုတဲ့ အတွယ်အတာ ဘာကြောင့်ပေါ်တုန်းလို့

စာမျက်နှာ-၃၃
ဆိုရင် အမှန်မသိတဲ့ အဝိဇ္ဇာကနေ ပုံဖော်ပေးနေလို့ ပေါ်တာဖြစ်သည်။

မလှတာကို လှတယ်လို့ ပုံဖော်ပေးတယ်။ မကောင်းတာကို ကောင်းတယ်လို့ ပုံဖော်ပေးတယ်။ မျက်စေ့ထဲမှာ အကောင်းလို့မြင်လာအောင်လုပ်တယ်။ အဝိဇ္ဇာက အကောင်းမြင်လာအောင် သွေးဆောင်တဲ့အတိုင်း တဏှာကနေ လိုက်ပြီးတွယ်တာတယ်။ ဟော အဝိဇ္ဇာ၊ တဏှာ နှစ်ခုကြောင့် သံသရာရှိနေတာ။ သူတို့ဟာ သံသရာရဲ့ အမြစ်နှစ်ခုပဲ။ အဲဒီအမြစ်နှစ်ခုကို ဖြုတ်လိုက်လို့ရှိရင် ကုသိုလ်သည် သံသရာဟိုဘက်ကိုကျော်ပြီး နိဗ္ဗာန်ထိအောင် စွမ်းဆောင်နိုင်မယ်။ အဲဒီအမြစ်နှစ်ခုကို မဖယ်နိုင်ရင်တော့ သံသရာထဲမှာ သူက အကျိုးပေးနေမှာ အဲဒီအမြစ်နှစ်ခု ဖယ်ရှားလိုက်တာနဲ့ သံသရာရဲ့ ဘောင်ကိုဖြတ်ကျော်ပြီးတော့ နိဗ္ဗာန်ထိရောက်မယ်။ ဒီအနှစ်သာရက အဲဒီထိအောင် ပို့ဆောင်နိုင်တယ်။

မြတ်စွာဘုရားရဲ့ နောင်တော်တစ်ဦးဖြစ်တဲ့ မဟာနာမ်ဆိုတဲ့ သာကီဝင်ဘုရင်တစ်ဦးရှိတယ်။ အဲဒီ

စာမျက်နှာ-၃၄
ဘုရင်က သကဒါဂါမ်အဆင့်ကို ရောက်သွားပြီ။ သကဒါဂါမ်ဆိုတာ သောတာပန်အဆင့်ရင့်သွားတဲ့ သဘောမျိုး၊ အနာဂါမ်နဲ့ သောတာပန်ကြားမှာ

သောတာပန်အဆင့်ထက် သာလွန်မြင့်မြတ်သွားတဲ့ ပုဂ္ဂိုလ်၊ သကဒါဂါမိမဂ်ကတော့ ဘာမျှဖယ်ရှားနိုင်တာမရှိဘူး။ အနာဂါမိမဂ်နဲ့ ဖယ်ရှားမည့် ကာမရာဂတို့၊ ဗျာပါဒတို့ နည်းပါးအောင်လုပ်ပေးတာပဲရှိတယ်။

အဲဒီသကဒါဂါမ်အဆင့် ရောက်နေတဲ့ သာကီဝင်မင်းကြီးက မြတ်စွာဘုရားနဲ့တွေ့တဲ့အခါ လျှောက်တယ်။ “အရှင်ဘုရား တပည့်တော် စိတ်ထဲမှာ စိုးရိမ်မိတယ်”တဲ့။ ညနေချိန် ကပ္ပိလဝတ်မြို့တော်ထဲဝင်တဲ့အခါမှာ (အဲဒီခေတ်က လမ်းတွေကလည်း ကျဉ်းတာပေါ့၊ လမ်းပေါ်မှာ ဆင်တွေ၊ မြင်းတွေ ရထားတွေနဲ့ သွားနေတာ၊ ခုခေတ်ဆိုတော့ ကားတွေပေါ့။) မြင်းရထားတွေတို့၊ မြင်းတွေတို့၊ ဆင်တွေတို့နဲ့ လမ်းသွားရတာ သိပ်သတိထားရတယ်။ တစ်ခါတစ်ရံ လွတ်လာတဲ့ မြင်းပြေးတာရှိတယ်။ တစ်ခါတစ်ရံ ခွေးတွေလွတ်လာတာရှိတယ်။ တစ်ခါတစ်ရံ ဆင်ဆိုးတွေပြေး

စာမျက်နှာ-၃၅
လာတာရှိတယ်။ “အရှင်ဘုရား တပည့်တော် လွတ်လာတဲ့ ဆင်တွေနဲ့လည်းတွေ့ရတယ်ဘုရား၊ လွတ်လာတဲ့ မြင်းတွေနဲ့လည်းတွေ့ရတယ်ဘုရား။ အရက်သမားတွေ လူရမ်းကားတွေနဲ့တွေ့ရတယ်ဘုရား။ အဲဒီအချိန်မှာ တပည့်တော် ဘုရားကိုလည်း အာရုံမပြုနိုင်ဘူး၊ တရားကိုလည်း အာရုံမပြုနိုင်ဘူး၊ တပည့်တော်စိတ်တွေ အဲဒီအချိန်မှာ လွတ်သွားတယ်။” ဒါ သကဒါဂါမ်က လျှောက်တာနော်။

အဲဒီအချိန် ဆင်ဆိုးကြီးလာနေပြီဆိုရင် ထိုဆင်ဆိုးကြီး ကြောက်သေးတာနော်၊ မြင်းဆိုးကြီးလာနေရင်၊ လူဆိုးကြီးတွေလာနေရင် ဒါတွေကို ကြည့်ရှောင်ရတာနဲ့ တရားကို အာရုံမပြုနိုင်တော့ဘူး။ သူ့စိတ်တွေ လွတ်သွားတာ။ သူစိတ်ဆိုးတာလည်း ပါမှာပေါ့။ သူက သကဒါဂါမ်ဆိုတော့ ဒေါသမကုန်သေးဘူး။ “တပည့်တော်စဉ်းစားမိတယ်ဘုရား၊ “အဲဒီအချိန်လေးများ ငါသေသွားရင် ဒုက္ခပဲ၊ ဘယ်လိုများနေမလဲ။ အဲဒီအချိန်မှာ တပည့်တော်စိတ်ဟာ မငြိမ်သက်ဘူး။ ငါကောင်းရာသုဂတိများရောက်ပါ့မလား”တဲ့။

စာမျက်နှာ-၃၆
မြတ်စွာဘုရားက “အေး မဟာနာမ် မကြောက်နဲ့၊ မကြောက်နဲ့၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် မင်းရဲ့စိတ်မှာ သဒ္ဓါပရိဘာဝိတ - သဒ္ဓါတရားနဲ့ ထုံမွှမ်းထားတယ်။ သဒ္ဓါအခြေအနေ မင်းမှာ သိပ်ကောင်းနေပြီး သီလပရိဘာဝိတ - သီလနဲ့ ထုံမွမ်းထားပြီ၊ ပညာပရိဘာဝိတ - အသိပညာတွေနဲ့ မင်းစိတ်ကလေးဟာ ထုံထားတယ်။ အဲသလို သဒ္ဓါတို့ သီလတို့ ပညာတို့နဲ့ အလေ့အကျင့်လုပ်ထားတာ။ သဒ္ဓါစွမ်းအားတွေက မင်းစိတ်ထဲမှာ ခဏခဏဖြစ်တယ်။ သီလစွမ်းအားတွေနဲ့လည်း ထက်ထက်သန်သန်ကြီး ထုံမွှမ်းထားတယ်။ ပညာစွမ်းအားတွေကလည်း ထက်ထက်မြက်မြက်ဖြစ်တယ်။ အဲဒါကြောင့် အဲဒီအချိန်မှာ မေ့သွားဦးတော့ မင်းဘယ်လိုမှ အောက်မရောက်ဘူးတဲ့။ ဒီထုံမွမ်းထားတဲ့ စိတ်အစဉ်တွေဟာ မင်းကို အထက်ကိုပဲ ဆောင်သွားမှာပါ။ အောက်ကို ဘယ်တော့မှ မပို့နိုင်ပါဘူး”တဲ့။

မြတ်စွာဘုရားက ဥပမာလေးနဲ့ ဟောတယ်။ “အေး.. ငါပြောမယ်တဲ့။ ထောပတ်အိုးကြီးကို ရေထဲမြှုပ်ထည့်ပြီး အဲဒီထောပတ်အိုးကြီးကို ခွဲလိုက်မယ်

စာမျက်နှာ-၃၇
ဆိုရင် အိုးရဲ့အစိတ်အပိုင်းတွေကတော့ အောက်ကျသွားမှာပဲ၊ ထောပတ်တွေကတော့ အပေါ်တက်လာမှာ။ ထောပတ်အိုးကို ရေထဲမှာ ခွဲလိုက်လို့ရှိရင် အိုးခြမ်းကွဲတွေက အောက်ကျသွားပြီး ထောပတ်ဆီတွေကတော့ ရေပေါ်ပေါ်တက်လာမှာပဲ။ ရုပ်ခန္ဓာကိုယ်ကြီးကတော့ နောက်ဆုံးမှာ သုဿန်တစသင်္ချိုင်းဝမှာ ပစ်လိုက်ရမှာပဲ။ မီးရှို့လိုက်မယ်။ အကောင်ပလောင်တွေ စားချင်စားသွားမယ်။ သင်္ချိုင်းမှာ မြှုပ်လိုက်မယ်။ သို့သော် သဒ္ဓါစွမ်းအားတွေနဲ့ ထုံမွမ်းထားတဲ့စိတ်၊ သီလစွမ်းအားတွေနဲ့ ထုံမွမ်းထားတဲ့စိတ်၊ ပညာစွမ်းအားတွေနဲ့ ထုံမွမ်းထားတဲ့စိတ်ကလေးကတော့ မင်းကို အပေါ်ဆောင်သွားမှာပါ”တဲ့။ ထူးခြားတဲ့ တရားအရင်းအမြစ်ကလေး ရရှိစေပြီးတော့ နောက်ဆုံး နိဗ္ဗာန်ထိအောင် ပို့ပေးမှာပါ။ မဟာနာမ်မှာ ဘဝအနှစ်သာရတွေ အများကြီးရှိတယ်လို့ ဆိုလိုတာ။

အဲဒီသုတ္တန်လေးကို သဘောကျပြီးတော့ ဒီကနေ့ အနှစ်သာရကိုသာ များများရအောင် ယူရမယ်။ အကာအတွက် အချိန်မကုန်စေဘဲ အနှစ်တွေကို ငါ

စာမျက်နှာ-၃၈
များများရအောင်ယူမယ်လို့ နှလုံးသွင်းပြီးတော့ သဒ္ဓါဆိုတဲ့ အနှစ်တွေ၊ သီလဆိုတဲ့ အနှစ်တွေ၊ သုတဆိုတဲ့ အနှစ်တွေ၊ စာဂဆိုတဲ့ အနှစ်တွေ၊ ပညာဆိုတဲ့ အနှစ်တွေကို ရအောင်ယူပြီးတော့ တကယ်မြင့်မြတ်တဲ့ ပါရမီအလုပ်တွေကို ကြိုးစားအားထုတ်မယ်လို့ ဒီကနေ့ စိတ်ဆုံးဖြတ်ချက်ချပြီး “အနှစ်သာရ”ရအောင် ယူနိုင်ကြပါစေကုန်သတည်း။

သာဓု ------- သာဓု ------- သာဓု။ ။
pmek0dsk090isihvnokqi8lgiky1mzy
22207
22205
2026-06-19T03:37:23Z
Tejinda
173
22207
wikitext
text/x-wiki
{{header
| title = အကာကိုပစ်၍ အနှစ်ကိုရှာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[အံ့ဖွယ်လူသား မြတ်ဘုရား]]
| previous2 =
| next = [[အတ္တဟိတ နှင့် ပရဟိတ]]

c15klgtyob2sxfbyui6slj522et1hzd
အတ္တဟိတ နှင့် ပရဟိတ
0
6406
22208
2026-06-19T03:40:02Z
Tejinda
173
"{{header | title = အတ္တဟိတ နှင့် ပရဟိတ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = အကာကိုပစ်၍..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22208
wikitext
text/x-wiki
{{header
| title = အတ္တဟိတ နှင့် ပရဟိတ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[အကာကိုပစ်၍ အနှစ်ကိုရှာ]
| previous2 =
| next = [[အတ္တာ ဟိ အတ္တနော နာထော]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

“အတ္တဟိတ နှင့် ပရဟိတ”
မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၇-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၅ ခုနှစ်၊ နတ်တော်လဆန်း (၃)ရက်၊ ၅-၁၂-၂၀၁၃၊ မန္တလေးတိုင်းဒေသကြီး၊ ပလိပ်မြို့၊ မဟာဗောဓိညောင်ပင်ဝန်း ဓမ္မမဏ္ဍပ်အတွင်း၌ သစ္စာပါရမီ နာမှုကူညီရေးအသင်း (၄)နှစ်ပြည့် ပဉ္စမအကြိမ်မြောက် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် အထူးဓမ္မသဘင် အခမ်းအနားဝယ် ပလိပ်မြို့ နှစ်ဖက်မိဘများ အမှူးထား၍ ဦးမျိုးသန့် + ဒေါ်ဖြူဖြူဝင်း (UMT အထည်စက်) မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “အတ္တဟိတ နှင့် ပရဟိတ”အကြောင်း တရားတော်။

စာမျက်နှာ-၂
ဒီကနေ့ခေတ်မှာ ပရဟိတလို့ဆိုတဲ့စကားလုံးဟာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့စကားလုံး ဖြစ်တယ်။ ပရဟိတလို့ ဆိုလိုက်တာနဲ့တပြိုင်နက် လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ခြင်းလို့ အများအားဖြင့် နားလည်နေကြတယ်လို့ ထင်တယ်။ များသောအားဖြင့် အတ္တဟိတနှင့် ပရဟိတ ဒီနှစ်ခုမှာ ပရဟိတကသာ ကုသိုလ်ရတယ်၊ အတ္တဟိတက ကုသိုလ်မရဘူးလို့ ဒီလိုယူဆနေတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်ပေါ့။

အဲဒီတော့ မြတ်စွာဘုရားသခင်ဟောထားတဲ့ အင်္ဂုတ္တရနိကာယ်မှာလာတဲ့ အတ္တဟိတသုတ်ဆိုတာလည်း ရှိတယ်၊ ဆဝါလာတသုတ်ဆိုတာလည်း ရှိတယ်၊ ရာဂဝိနယသုတ်ဆိုတာလည်းရှိတယ်၊ ဓိပ္ပနိသန္တိသုတ်နဲ့ သိက္ခာပဒသုတ်ဆိုတာလည်း ရှိတယ်။

စာမျက်နှာ-၃
သုတ်ပေါင်း (၅)သုတ်၊ အတ္တဟိတ ပရဟိတနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား ဟောထားတဲ့ ဒေသနာကို နာယူမှတ်သားကြပါ။ ။

ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့ ဗုဒ္ဓမြတ်စွာရဲ့အဆုံးအမကို လိုလားသောကြောင့် မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ကြတာ ဖြစ်တယ်။ တခြားဘာသာနဲ့ မတူတဲ့အချက်က ဘာလဲ၊ တခြားဘာသာတွေမှာ ဘာသာတရားကို ကိုးကွယ်ဆည်းကပ်တယ်ဆိုတာ အနန္တတန်ခိုးရှင်ရဲ့ အစွမ်းတန်ခိုးကို ယုံကြည်လက်ခံပြီး ကိုးကွယ်ဆည်းကပ်ကြတာ ဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့က အနန္တတန်ခိုးကို ကိုးကွယ်ဆည်းကပ်တာ မဟုတ်ဘူးလို့ မှတ်သားကြရမယ်၊ မြတ်စွာဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်တာဟာ

စာမျက်နှာ-၄
အနန္တတန်ခိုးရှင် ဖြစ်လို့ ကမ္ဘာကြီးကို ဖန်ဆင်းနိုင်လို့ အရာရာ သတ္တဝါတွေရဲ့ ကောင်းကျိုးဆိုးကျိုးကို ဖန်တီးနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ကိုးကွယ်ဆည်းကပ်တာ မဟုတ်ဘူး။

ဗုဒ္ဓဘာသာဝင်တွေ မြတ်စွာဘုရားအပေါ်မှာ ယုံကြည်တဲ့ ယုံကြည်မှုတွေရယ်၊ တခြားဘာသာဝင်တွေ ယုံကြည်တယ်ဆိုတဲ့ ယုံကြည်မှုရယ် အသံသာတူသော်လည်း အနှစ်သာရအားဖြင့် မတူဘူးဆိုတာကို ကွဲကွဲပြားပြား မှတ်သားထားကြဖို့ လိုအပ်တယ်။ ယုံကြည်တယ်ဆိုတဲ့ အသံအားဖြင့်တော့ တူတယ်၊ ဗုဒ္ဓဘာသာဝင်တွေက ဘာကိုယုံကြည်တာလဲ၊ တခြားဘာသာဝင်တွေက ဘာကိုယုံကြည်တာလဲလို့ ယုံကြည်မှုချင်းကို ကွဲကွဲပြားပြား မှတ်သားရမယ်။

စာမျက်နှာ-၅
တခြားဘာသာဝင်တွေ ယုံကြည်တာက ဘာလဲလို့ဆိုရင် အနန္တတန်ခိုးရှင်ရဲ့အစွမ်းတန်ခိုးကို ယုံကြည်တာ၊ ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်တာက မြတ်စွာဘုရားရဲ့ အနန္တတန်ခိုးကို ယုံကြည်တာ မဟုတ်ဘူး၊ ဘာကိုယုံကြည်တာတုန်းဆို မြတ်စွာဘုရားရဲ့ အသိဉာဏ်ကို ယုံကြည်တာလို့၊ ဒီလိုခွဲခြားပြီး မှတ်သားဖို့လိုအပ်တယ်။

ဒါဖြင့် အစွမ်းတန်ခိုးယုံတာနဲ့ အသိဉာဏ်ယုံတာ ဘာကွာလဲ၊ သေချာစဉ်းစားကြည့်ရမယ်၊ အစွမ်းတန်ခိုးကို ယုံတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ တန်ခိုးရှင်ရဲ့ မစမှုကို ခံယူချင်တဲ့ပုဂ္ဂိုလ်ပဲ။ “တန်ခိုးနဲ့ ကယ်လိမ့်မယ်၊ ကိုယ့်ကို ကယ်လိမ့်မယ်”ဆိုတဲ့ မျှော်လင့်ချက်နဲ့ တန်ခိုးရှင်ကို အားကိုးယုံကြည်ကြတယ်၊ မိမိရဲ့ ကောင်းကျိုးဆိုးကျိုးကို တန်ခိုးရှင်က ပြုလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကိုးကွယ်ကြတယ်။

စာမျက်နှာ-၆
အသိဉာဏ်ကို ယုံကြည်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ “မစလိမ့်မယ်”ဆိုတဲ့အတွေးနဲ့ မစလိမ့်မယ်၊ အကောင်း အဆိုး အကျိုးနှစ်မျိုးကို ဒို့အတွက် ခွဲခြားပြီးတော့ ကောင်းကျိုးတွေကို ပေးလိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘူး။ အသိဉာဏ်ကို ယုံကြည်တဲ့ပုဂ္ဂိုလ်ဟာ “မြတ်စွာဘုရားရဲ့ အဆုံးအမတရားတွေ၊ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်က ဟောပြောတဲ့ အဆုံးအမတရားတွေဟာ ဘယ်တော့မှ လွဲချော်တိမ်းပါးခြင်းမရှိဘူး”။ မြတ်စွာဘုရားက မလုပ်သင့်ဘူးဆိုတာကို မလုပ်ဘဲနေဖို့၊ လုပ်သင့်တယ်ဆိုတာကို လုပ်ဖို့၊ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားပြီးတော့ ဟောပြောတဲ့အခါမှာ မှားယွင်းချွတ်ချော်မှုဆိုတာ မရှိဘူး။ မလုပ်သင့်ဘူးဆိုတာ လုပ်ရင် အပြစ်ဖြစ်တယ်၊ လုပ်သင့်တယ်ဆိုတာ လုပ်ရင် ကောင်းကျိုး

စာမျက်နှာ-၇
ချမ်းသာတွေကို ရနိုင်တယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမ ဒီလိုအသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ရဲ့ အဆုံးအမဟာ ဘယ်တော့မှ လွဲချော်မှုမရှိဘူး။ ဒါကြောင့်မို့ ဘုရားက မလုပ်ရဘူးဆိုတာ တို့ရှောင်မယ်၊ လုပ်ရမယ်ဆိုတာ တို့လုပ်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကိုးကွယ်ကြတာ ဖြစ်တယ်။ အဲဒီတော့ အသိဉာဏ်ကို ယုံကြည်လို့ ကိုးကွယ်တာက ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ရှိတယ်၊ အစွမ်းတန်ခိုးကို ယုံကြည်လို့ ကိုးကွယ်တာကျတော့ ကိုယ့်အားကိုယ်ကိုး မဟုတ်ဘူး၊ ဘုရားသခင်ကိုပဲ အားကိုးတာ၊ အဲဒီလို မတူညီတာရှိတယ်။ ။

ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့ ယုံကြည်တာ ဘုရားကိုယုံကြည်တယ်ဆိုတာ ဘာယုံကြည်တာတုန်း သိရမယ်။ စာပေကျမ်းဂန်မှာ

စာမျက်နှာ-၈
အတိအလင်းဆိုထားတယ် “သဒ္ဒဟတိ တထာဂတဿ ဗောဓိ”၊ တထာဂတဿ - မြတ်စွာဘုရားရဲ့။ ဗောဓိ - ဉာဏ်တော်ကြီးကို။ သဒ္ဒဟတိ - ယုံကြည်တယ်။ အသိဉာဏ်ကို ယုံကြည်တယ်လို့ ပြောတာနော်၊ တန်ခိုးကို ယုံကြည်တယ်လို့ ပြောတာမဟုတ်ဘူး၊ အသိဉာဏ်ယုံကြည်သောအားဖြင့် ဒီဘုရားဟောကြားတဲ့တရားဟာ လွဲမှားမှုမရှိဘူး၊ လွဲမှားမှုမရှိတာကို လိုက်နာကျင့်သုံးဖို့ ဒို့တာဝန်ဆိုတဲ့ ခံယူချက်ဟာ ရှိလာတယ်၊ ဒီအဓိပ္ပါယ်ကို ဆိုလိုတာ။

ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း ဘဝမှာ နေထိုင်ကြရတာ၊ မြတ်စွာဘုရားက ရှောင်ကြရမယ်ဆိုတာကို

စာမျက်နှာ-၉
ရှောင်ကြတယ်၊ လုပ်ရမယ်ဆိုတာကို လုပ်ကြရတယ်။ သံသရာဝဋ်က လွတ်ချင်လို့ရှိရင် ဒီလမ်းကို သွားရမယ်၊ ဒီလမ်းကို မသွားရဘူးဆိုတာ မသွားရမယ့်လမ်းကို ရှောင်တယ်၊ သွားရမယ့်လမ်းကို သွားတယ်၊ ဒီလိုဆိုလိုတာ။

ဒါကြောင့်မို့လို့ ခုလိုတရားပွဲကြီးတွေ ကျင်းပပြီးတော့ တရားနာကြတယ်ဆိုတာ ဘာလဲ၊ အသိဉာဏ်ရဖို့ပဲ၊ မြတ်စွာဘုရားဟောပြောတဲ့ တရားဓမ္မတွေကို မိမိတို့သိအောင် ကြိုးစားကြရမယ်၊ သိအောင်ကြိုးစားပြီး ဘာလုပ်မှာလဲ၊ “သိပြီးတဲ့အခါမှာ အဓိပ္ပါယ်ကို နားလည်အောင် စဉ်းစားကြရမယ်၊ အဓိပ္ပါယ်ကို စဉ်းစားနားလည်ပြီးတဲ့အခါမှာ လက်တွေ့ကျင့်သုံးကြရမယ်၊” ဒီလိုဆိုတာ၊ ဒါကြောင့်မို့ တရားနာတယ်

စာမျက်နှာ-၁၀
ဆိုတာ နာရုံနဲ့မပြီးဘူး၊ “နာပြီး မှတ်သားရမယ်၊ မှတ်သားပြီး အဓိပ္ပါယ်စဉ်းစားရမယ်၊ စဉ်းစားပြီး လက်တွေ့ကျင့်သုံးရမယ်၊” လက်တွေ့ကျင့်သုံးမှ ကောင်းကျိုးဆိုတာ ဖြစ်မယ်၊ ဒါက ရှင်းရှင်းလေးပဲ။ ဆရာဝန်က ဆေးညွှန်လိုက်တယ်၊ ရောဂါပျောက်ချင်တယ်ဆိုရင် ဒီဆေးကိုသောက်ရမယ်။ လူနာလုပ်တဲ့ပုဂ္ဂိုလ်က ဆေးကိုတော့ယူထားတယ်၊ ဆေးမသောက်ဘူးဆိုရင် ရောဂါမပျောက်ဘူး။ ထို့အတူပဲ မြတ်စွာဘုရားက ဒီအကျင့်ကို ကျင့်ရမယ်လို့ ဆုံးမဩဝါဒပေးထားတယ်၊ ဒီလမ်းကိုမလိုက်ရဘူး၊ ဒီလမ်းကိုလိုက်ရမယ်လို့ ညွှန်းတယ်။ မလိုက်ရဘူးဆိုတဲ့လမ်းကို လိုက်မယ်၊ လိုက်ရမယ့်လမ်းကို မလိုက်ဘူးဆိုလို့ရှိရင်တော့ ကောင်းကျိုးဆိုးကျိုး မရနိုင်ဘူးတဲ့၊ ဒီလိုဆိုလိုတယ်။

စာမျက်နှာ-၁၁
ကောင်းကျိုးမရနိုင်ဘူး၊ မလိုက်ရမယ့်လမ်းကို လိုက်ရင်တော့ ဆိုးကျိုးတွေပဲ ဖြစ်မှာပဲ။ ဒါကြောင့်မို့လို့ ယုံကြည်မှုခြင်းဟာ မတူညီကြဘူး။

“မြတ်စွာဘုရားကိုယုံတယ်ဆိုတာ အသိဉာဏ်ကို ယုံကြည်တယ်၊ အသိဉာဏ်ကို ယုံကြည်တော့ အသိဉာဏ်နဲ့ ဟောပြောထားတဲ့တရားကို ယုံကြည်တယ်၊ အသိဉာဏ်နဲ့ ဟောပြောထားတဲ့တရားကို ယုံကြည်ခြင်းကြောင့် လိုက်နာကျင့်သုံးတယ်”ဆိုတဲ့ ဒီ process လို့ခေါ်တဲ့ ဖြစ်စဉ်တစ်ခုဟာ ဖြစ်ပေါ်လာတယ်၊ ဒါမှ လမ်းကြောင်းမှန်ပေါ်ရောက်တယ်လို့ ဒီလိုမှတ်ရမယ်။ ။

ဒီကနေ့ ဟိတနဲ့ပတ်သက်တဲ့ သုတ္တန် (၅)ခု အနှစ်ချုပ်ပြီးတော့ ဘုန်းကြီးတို့ရှင်းပြမယ်၊ အတ္တဟိတ

စာမျက်နှာ-၁၂
ပရဟိတ၊ အတ္တဟိတဆိုတာ ဘာလဲ၊ ပရဟိတဆိုတာ ဘာလဲ၊ ဟိတဆိုတဲ့စကားလုံးလေးရဲ့ အဓိပ္ပါယ်က၊ ဟိတဆိုတာ အကျိုးစီးပွား၊ အကျိုးစီးပွားဆိုတာ အကျိုးတရားတွေကို ဖြစ်ထွန်းစေတတ်တဲ့ အကြောင်းတရားလို့ ဒီလိုဆိုလိုတယ်။ အကျိုးကိုပွားစီးစေတတ်တဲ့ အကြောင်းတရား၊ ဖြစ်စေတတ်တဲ့ အကြောင်းတရားကို ဟိတလို့ခေါ်တာ။ ဒီတော့ အကြောင်းက ဘာတုန်းဆိုရင် အခြေအနေကောင်းတွေပေါ့။ ။

ဟိတဆိုတာ အခြေအနေကောင်းတွေကို ပြောတာ၊ ဆိုပါစို့ - စိုက်ပျိုးရေးလုပ်တဲ့ ပုဂ္ဂိုလ်ရဲ့ အခြေအနေကောင်းက ဘာလဲ၊ စိုက်ပျိုးရေးလုပ်မယ်ဆိုလို့ရှိရင် အခြေအနေကောင်းဆိုတာ မြေကောင်း၊ ရေကောင်း ရှိရမယ်၊ ရာသီဥတု ကောင်းမွန်ရမယ်၊

စာမျက်နှာ-၁၃
စိုက်ပျိုးရေးတော့လုပ်တယ်၊ မြေကလည်း ညံ့တယ်၊ မိုးကလည်းခေါင်တယ်ဆိုတဲ့ဒေသမှာ သွားလုပ်လို့ အောင်ပါ့မလား၊ မအောင်နိုင်ဘူး၊ အခြေအနေကောင်းဆိုတာ ရှိရမယ်၊ အခြေအနေကောင်းရှိမှ အကျိုးဆိုတာ ဖြစ်ထွန်းမှာ၊ အဲဒီတော့ ဟိတဆိုတာ အဲဒီလို အခြေအနေကောင်းကို ပြောတာ၊ စီးပွားရှာဖို့အတွက် အခြေအနေကောင်းတယ်၊ စိုက်ပျိုးရေးလုပ်ဖို့ အခြေအနေကောင်းတယ်၊ ပညာသင်ဖို့အတွက် အခြေအနေကောင်းတယ်၊ ဒီအခြေအနေကောင်းတွေကို ဆိုလိုတာ၊ အဲဒီအခြေအနေကောင်းတွေ ဖန်တီးပေးတော့မှ အကျိုးတရားတွေဆိုတာ ဖြစ်လာတာ၊ အဲဒီအကျိုးတရားတွေကို ပွားစီးစေတတ်တာ အခြေအနေကောင်းပဲ၊ ဒီလိုပြောတာ။

စာမျက်နှာ-၁၄
မိဘတွေက သားသမီးတွေကို ချစ်လို့ ပညာတတ်ဖို့ဆိုတဲ့ အကျိုးတရားရဖို့၊ ပညာတတ်ကြီး ဖြစ်တယ်ဆိုတဲ့ အကျိုးတရားရဖို့အတွက် ဘာအခြေအနေတွေ ဖန်တီးပေးလဲ၊ ကိုယ်ကိုယ်တိုင် သားသမီးရှိနေကြတဲ့ မိဘတွေအနေနဲ့ စဉ်းစားကြည့်၊ အခြေအနေကောင်းတွေကို ဖန်တီးပေးတာ ဘာလဲဆိုလို့ ကျောင်းကောင်းကောင်း ထားပေးမယ်၊ ဆရာကောင်းကောင်းထံ အပ်ပေးမယ်၊ ဒါ အခြေအနေကောင်းကို ဖန်တီးပေးတာလေ။ ကိုယ်ကိုယ်တိုင်က သားသမီး ပညာတတ်အောင် စာကျက်ပေးလို့ ရတာမှ မဟုတ်တာ၊ မိဘလုပ်နိုင်တာက အခြေအနေကောင်းတစ်ခုကို ဖန်တီးပေးရုံပဲ ဖန်တီးပေးနိုင်တာ။

အဲဒီလို ဖန်တီးပေးလျက်သားနဲ့ အခြေအနေကောင်းလျက်သားနဲ့ သားသမီးက မလုပ်ဘူးဆိုလို့ရှိရင်

စာမျက်နှာ-၁၅
ပညာတတ်ပါ့မလား။ မတတ်ဘူး၊ ထို့အတူပဲ စီးပွားဥစ္စာရှာတဲ့နေရာမှာ အခြေအနေကောင်းဆိုတာ ဘာလဲ၊ ငွေကြေးမတတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို ငွေကြေးထောက်ပံ့ ကူညီပေးတယ်၊ စီးပွားရှာနည်းမသိတဲ့ ပုဂ္ဂိုလ်တွေကို စီးပွားရှာနည်း ပြောပြပေးတယ်၊ အကြံဉာဏ်ကောင်းတွေပေးတယ်၊ ဒါ အခြေအနေကောင်းတွေ ဖန်တီးပေးတာ။ သူကိုယ်တိုင် အလုပ်လုပ်ရမယ်၊ အကယ်၍ ကိုယ်တိုင်မလုပ်ဘူးဆိုလို့ရှိရင် အခြေအနေကောင်းလျက်သားနဲ့ မလုပ်လို့ရှိရင် စီးပွားတိုးတက်ခြင်းဆိုတဲ့ အကျိုးတရား မရနိုင်ဘူး။ ဘယ်အရာပဲဖြစ်ဖြစ် အကြောင်းတရားကို ဖန်တီးပေးရတယ်၊ အခြေအနေကောင်းတွေကို ဖန်တီးပေးမှ ကောင်းမြတ်တဲ့ အကျိုးစီးပွားဆိုတာ ရတယ်။

စာမျက်နှာ-၁၆
ဒါကြောင့် အတ္တဟိတ ပရဟိတမှာ ဟိတဆိုတဲ့စကားသည် အကျိုးတရားတွေကို ဖြစ်ပွားစေတတ်တဲ့ အကြောင်းတရား၊ အကျိုးတရားတွေကို ပွားစီးစေတတ်တဲ့ အကြောင်းတရားကို ဟိတလို့ ဒီလိုဆိုတယ်၊ ဒီလိုမှတ်ရမယ်။

အခု မြတ်စွာဘုရားပွင့်တော့ ဘုရားတရားတော်တွေ ထင်ရှားရှိတယ်၊ ဘုရားဟောတဲ့တရားတွေ ကြားနာခွင့် လေ့လာခွင့် သင်ယူခွင့် ရနေကြတယ်၊ ဒါ အခြေအနေကောင်းလို့ခေါ်တယ်၊ အဲဒီလို အခြေအနေကောင်း ကြုံရဲ့သားနဲ့ ဘုရားတရားတော်တွေကို မိမိက သင်ယူခြင်း၊ လေ့လာခြင်း၊ လိုက်နာခြင်း မရှိဘူးဆိုရင် အသိပညာဆိုတာ ဖြစ်ပါ့မလား၊ မဖြစ်နိုင်ဘူး။ အခြေအနေကတော့ ကောင်းတယ်၊ မလုပ်ဘူး၊ ဒါ မလုပ်တဲ့လူရဲ့ အပြစ်ပဲလေ၊ ဒီလိုဆိုလိုတာ။

စာမျက်နှာ-၁၇
ဒါကြောင့်မို့လို့ အတ္တဟိတဆိုတာ ကိုယ့်ရဲ့ အခြေအနေကောင်းတွေ ဖန်တီးရမယ်၊ ပရဟိတဆိုတာ တစ်ဖက်သားရဲ့ အခြေအနေတွေကို ဖန်တီးပေးတာ၊ အဲဒါကိုပဲ အတ္တဟိတ၊ ပရဟိတလို့ခေါ်တယ်။ “အတ္တ”ဆိုတာ မိမိကိုယ်ကိုပြောတာ၊ “ပရ”ဆိုတာ မိမိမှတစ်ပါး အခြားသူတွေကို ပြောတာ။ အဲဒီတော့ အခြေအနေကောင်းအောင် ဖန်တီးပေးတဲ့အခါမှာ ကိုယ့်အတွက် အခြေအနေကောင်းရယ်၊ သူ့အတွက် အခြေအနေကောင်းရယ်၊ ဒီအခြေအနေကောင်းနှစ်ခု ဖန်တီးပေးခြင်းကို အတ္တဟိတ၊ ပရဟိတလို့ခေါ်တယ်။ အဲဒီမှာ အတ္တဟိတကိုလည်း လုပ်ရမယ်၊ ပရဟိတကိုလည်း လုပ်ရမယ်၊ ဒီလိုဆိုလိုတာနော်။

များသောအားဖြင့် ပရဟိတ၊ ပရဟိတဆိုပြီးတော့ ပြောနေကြတယ်၊ လောကလူတွေက ဂုဏ်ယူပြီးတော့

စာမျက်နှာ-၁၈
ပြောကြတယ်၊ ကိုယ်ကျိုးမငဲ့ဘဲနဲ့ သူတစ်ပါးအကျိုးကို လုပ်တယ်ဆိုတဲ့ စကားပြောပြီးတော့ ဂုဏ်ယူတတ်ကြတယ်၊ အမှန်မသိလို့ အမှန်သိရမယ်၊ ဘယ်ဟာက ကိုယ်ကျိုးလဲ၊ ဘယ်ဟာက သူ့အကျိုးလဲဆိုတာကို အမှန်သိဖို့လိုတယ်။

မြတ်စွာဘုရားက လောကလူသားတွေကို ပုဂ္ဂိုလ်လေးမျိုးနဲ့ ထည့်သွင်းပြီးတော့ ခွဲခြားပြတယ်၊ ကမ္ဘာမှာရှိတဲ့ လူသားတွေအားလုံးကို ဟောဒီလေးချက်နဲ့ပဲ ခွဲပြထားတယ်၊ မြန်မာနိုင်ငံရှိတဲ့ လူတွေရော အကုန်လုံး ဒီလေးမျိုးနဲ့ပဲ ခွဲတယ်၊ အဲဒီလေးမျိုးထဲမှာ ထင်ရှားလာလိမ့်မယ်၊ ဘယ်ဟာအကောင်းဆုံးလဲဆိုတာ။

အဲဒီတော့ ပထမအတ္တဟိတသုတ္တန်အရ ရှေးဦးစွာ ဒါကိုမှတ်သားရမယ်၊ မြတ်စွာဘုရားက

စာမျက်နှာ-၁၉
“စတ္တာရော မေ ဘိက္ခဝေ ပုဂ္ဂလာ သန္တာ သံဝိဇ္ဇမာနာ လောကသ္မိံ”တဲ့။ ဒီလောကကြီးထဲမှာ ပုဂ္ဂိုလ်လေးမျိုး ရှိတယ်၊ လူလေးမျိုးရှိတယ်လို့ (မြန်မာပြည်မှာ ပုဂ္ဂိုလ်လို့ဆိုတဲ့အခါ တစ်မျိုးထင်တယ်၊ ပုဂ္ဂိုလ်ကြွလာတယ် [?])၊ ကိုယ်မမြင်ရတဲ့ဟာကို ပုဂ္ဂိုလ်လို့ ထင်နေသေးတယ်။ ပုဂ္ဂိုလ်ကြီးဆိုတဲ့အခါကျတော့လည်း တစ်မျိုးပဲ၊ ရာထူးကြီးတဲ့လူကိုလည်း ပုဂ္ဂိုလ်လို့ခေါ်တာ၊ သာမန်လူတွေကို ပုဂ္ဂိုလ်လို့မခေါ်သည့်အတွက်ကြောင့် တော်ကြာကျတော့ ပုဂ္ဂိုလ်အသုံး မှားနေတယ်ဆိုတာကို ပြောပြတာ။)

“ပုဂ္ဂလ” ပုဂ္ဂိုလ်ဆိုတဲ့စကားက သတ္တဝါလို့ ပြောလိုတာပဲ၊ အားလုံးအားလုံးကို ရည်ညွှန်းတယ်။ “သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာ၊ သဗ္ဗေဘူတာ၊ သဗ္ဗေ ပုဂ္ဂလာ” ဆိုရာမှာ ပုဂ္ဂလဆိုတာ သတ္တဝါကိုပြောတာ၊

စာမျက်နှာ-၂၀
လူဆိုရင် လူတွေအားလုံးကို ညွှန်းတဲ့ စကားလုံးပေါ့၊ ဒီလိုဆိုတယ်။

ဒါကြောင့်မို့လို့ ကမ္ဘာလောကကြီးကို ကြည့်လိုက်မယ်ဆိုရင် လူသားတွေပဲ ဦးတည်ပြောရအောင်၊ လူလေးမျိုးနဲ့ ခွဲခြားပြတယ်၊ လူလေးမျိုးရှိတယ်တဲ့၊ လူလေးမျိုးက ဘာတုန်းဆို—

နံပါတ် (၁) အမျိုးအစားက “အတ္တဟိတာယ ပဋိပန္နော နော ပရဟိတာယ” ရှင်းရှင်းလေး။ မြတ်စွာဘုရားက ဟောတာ၊ “မိမိရဲ့ အကျိုးစီးပွားကိုတော့ လုပ်တယ်၊ သူတစ်ပါးရဲ့ အကျိုးစီးပွားကိုတော့ မလုပ်ဘူး”၊ မိမိရဲ့ အကျိုးစီးပွားကိုသာ လုပ်ပြီးတော့ သူတစ်ပါးရဲ့ အကျိုးစီးပွားကို မလုပ်ဘဲနေတဲ့ပုဂ္ဂိုလ်၊ ဒါကတစ်ဦး။

နောက် ဒုတိယအမျိုးအစားက ဘာတုန်းဆို၊ “ပရဟိတာယ ပဋိပန္နော၊ နော အတ္တဟိတာယ”၊ အများရဲ့အကျိုးကိုတော့

စာမျက်နှာ-၂၁
လုပ်တယ်၊ ကိုယ့်အကျိုးကိုတော့ မလုပ်ဘူးဆိုတဲ့ ပုဂ္ဂိုလ်က တစ်စု၊

နောက် တတိယအမျိုးအစားကတော့ “နေဝ အတ္တဟိတာယ ပဋိပန္နော၊ န ပရဟိတာယ ပဋိပန္နော”၊ ကိုယ့်အကျိုးလည်း မလုပ်ဘူး၊ အများအကျိုး တစ်ဖက်သားရဲ့အကျိုးကိုလည်း မလုပ်ဘူးဆိုတဲ့ ပုဂ္ဂိုလ်တစ်စု၊

စတုတ္ထအမျိုးအစားက “အတ္တဟိတာယ စေဝ ပဋိပန္နော၊ ပရဟိတာယ စ ပဋိပန္နော”၊ ကိုယ့်အကျိုးအတွက်လည်း လုပ်တယ်၊ အများအကျိုးအတွက်လည်း လုပ်တယ်၊ လေးမျိုး၊ ဒီလေးမျိုးကို ရှေးဦးစွာမှတ်သားရမယ်၊ မှတ်သားပြီးတော့ ငါတို့ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်၊ ဘယ်လိုလူစားမျိုးဖြစ်ဖို့လိုသလဲဆိုတာကို မြတ်စွာဘုရားဟောတဲ့အတိုင်း မှတ်ရမယ်။

စာမျက်နှာ-၂၂
ကိုယ့်အကျိုးသာလုပ်ပြီး သူတစ်ပါးအကျိုးမလုပ်သူက တစ်ဦး၊ သူတစ်ပါးအကျိုးသာလုပ်ပြီးတော့ ကိုယ့်အကျိုးမလုပ်တာက တစ်ဦး၊ ဘယ်သူ့အကျိုးမှ မလုပ်ဘူး၊ ကိုယ့်အကျိုးလည်းမလုပ်ဘူး၊ သူတစ်ပါးအကျိုးလည်း မလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်က တစ်ဦး၊ ကိုယ့်အကျိုးလည်းလုပ်တယ်၊ သူတစ်ပါးအကျိုးလည်းလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်က တစ်ဦး။ အတ္တဟိတသုတ္တန်မှာ မြတ်စွာဘုရားက ဒီလိုလေးမျိုးပဲပြတယ်၊ ခွဲပြပြီးတော့ ဘယ်သူက ကောင်းတယ်၊ ဘယ်သူက မကောင်းဘူးဆိုတာကို မြတ်စွာဘုရားက မဟောဘူး၊ မဟောဘဲနဲ့ ထားတယ်။

“ဆဝါလာတသုတ်”ကျတော့ ဒီလူလေးမျိုးကို ခွဲခြားပြီးတော့ မြတ်စွာဘုရားက ဘယ်ပုဂ္ဂိုလ်က

စာမျက်နှာ-၂၃
အကောင်းဆုံးလဲ၊ ဘယ်ပုဂ္ဂိုလ်က အဆိုးဆုံးလဲဆိုတာကို ရှင်းပြတယ်၊ “ဆဝါလာတ”မှာ “ဆ”ဆိုတာ လူသေကောင်၊ “အလာတ”ဆိုတာ မီးရှို့တဲ့ထင်းစ၊ လူသေမီးရှို့တဲ့ မီးစကို ဆဝါလာတလို့ ခေါ်တယ်။ အလောင်းကောင်ကို မီးရှို့တဲ့ထင်းပေါ့။ မီးရှို့ထားတဲ့ ထင်းစကို “ဆဝါလာတ”လို့ ခေါ်တယ်။

ဒီသုတ္တန်ကျတော့ မြတ်စွာဘုရားက လူလေးမျိုး ခွဲပြတယ်၊ နံပါတ်တစ်၊ ကိုယ်ကျိုးသာလုပ်ပြီး သူများအကျိုး မလုပ်တဲ့ပုဂ္ဂိုလ်၊ နံပါတ်နှစ်၊ သူများအကျိုးသာလုပ်ပြီး ကိုယ့်အကျိုးမလုပ်တဲ့ ပုဂ္ဂိုလ်၊ နံပါတ်သုံး၊ ကိုယ့်အကျိုးလည်းမလုပ်ဘူး၊ သူတစ်ပါးအကျိုးလည်း မလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်၊ နံပါတ်လေး၊ ကိုယ့်အကျိုးလည်းလုပ်တယ်၊ သူ့အကျိုးလည်းလုပ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်၊

စာမျက်နှာ-၂၄
အဲဒီလို လူလေးမျိုးခွဲခြားပြီးတော့ မြတ်စွာဘုရားက ဥပမာပေးတယ်။

အဲဒီပုဂ္ဂိုလ်လေးမျိုးထဲမှာ နံပါတ်သုံးဖြစ်တဲ့ ကိုယ့်အကျိုးလည်းမလုပ်ဘူး၊ သူတစ်ပါးအကျိုးလည်း မလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာ ဘာနဲ့ဥပမာတူတုန်းဆိုရင် လူသေကောင်ကို မီးရှို့တဲ့ထင်းနဲ့ အလားတူတယ်။ ဘယ်လိုတူတာတုန်းလို့ဆို— လူသေကောင်ကို မီးသင်္ဂြိုဟ်ကြတယ်၊ လူသေကောင်ဆိုတာ လူတွေက အမင်္ဂလာလို့ သတ်မှတ်ကြတယ်လေ၊ အသက်ရှိနေတုန်းတော့ မင်္ဂလာပဲ၊ အမင်္ဂလာထင်ပြီးတော့ လူသေကောင်ဝတ်သွားတဲ့ အဝတ်တောင်မှပဲ ဘုန်းကြီးကျောင်းပို့တာ၊ အိမ်မထားဘူး။ သူအိပ်သွားတဲ့ အိပ်ရာ ကုတင် ဘုန်းကြီးကျောင်းသွားတယ်၊ ငယ်ငယ်တုန်းကတော့ အဲဒါတွေ

စာမျက်နှာ-၂၅
လာပို့ရင် ကြောက်တယ်၊ ကုတင်တွေဆိုရင် စားပွဲလုပ်ပြီးတော့ ဘုန်းကြီးကျောင်းလာလှူတယ်၊ အိမ်မှာမသုံးဘူး၊ ကုသိုလ်ရအောင်လုပ်ရင်တော့လည်း ကောင်းပါတယ်။ အဲဒီလိုမဟုတ်ဘူး၊ အိမ်မှာ အမင်္ဂလာဆိုပြီးတော့ မထားဘူး၊ သူ့အဝတ်တွေ အကုန်လုံး လိုက်ကာချုပ်တာတို့ နေရာထိုင်ချုပ်တာတို့ အကုန်လုံးလုပ်ပြီးတော့ ဘုန်းကြီးကျောင်းပို့လုပ်တာပဲ။ သို့သော် မပို့တာဘာတုန်းဆို စိန်နားကပ်တို့ ဘာတို့ကျတော့ မပို့ဘူး၊ သူသုံးသွားတဲ့ဟာတွေထဲက အသုံးမကျတာတော့ ပို့တယ်၊ အသုံးကျတဲ့ သူပိုင်တဲ့ ရွှေတွေ ငွေတွေကျတော့ မင်္ဂလာရှိတယ်၊ အဲဒါကျတော့ မရရအောင် လိုက်ရှာတယ်၊ အဲဒါကျတော့ မင်္ဂလာရှိတယ်ယူဆတယ်၊ ကျန်တာကျတော့ မင်္ဂလာမရှိဘူးလို့ ယူဆတယ်၊ ဒါ လူတွေမှာဖြစ်နေပုံ ပြောပြတာ။

စာမျက်နှာ-၂၆
အဲဒီတော့ သေသွားလို့ အလောင်းကောင်ကို မီးရှို့လိုက်တဲ့ထင်းစ၊ လူသေကောင်ကို မီးရှို့ထားတဲ့ထင်းစ၊ တစ်ဝက်တစ်ပျက်လောင်ထားတဲ့ထင်းစကို အိမ်ကိုထမင်းချက်ဖို့ယူလာတယ်လို့တော့ မကြားဖူးဘူး။ မြတ်စွာဘုရားကလည်း ဥပမာပေးတယ်၊ ရှေးတုန်းကတော့ မယူဘူး၊ အဲဒါ ဟိုဘက်ဒီဘက် မီးလောင်ထားတဲ့ ထင်းတုံးတဲ့၊ လူသေကောင်ကိုဖုတ်တဲ့ ထင်းတုံး၊ ဟိုဘက်လည်း မီးလောင်ထားတယ်၊ ဒီဘက်လည်း မီးလောင်ထားတယ်။ မြတ်စွာဘုရားက ထည့်လိုက်သေးတယ်၊ မီးမလောင်တဲ့နေရာမှာ မစင်လူးနေသေးတယ်တဲ့။

ကဲ စဉ်းစားသာကြည့်၊ လူသေကောင်ဖုတ်တဲ့ ထင်းစ၊ ဟိုဘက်ဒီဘက်ကလည်း မီးကျွမ်းထားတယ်၊ အလယ်ကလည်း လူ့မစင်တွေနဲ့ ပေနေတယ်၊ အဲဒါ

စာမျက်နှာ-၂၇
ဟာ တောထဲမှာလည်း အသုံးမဝင်ဘူး၊ ရွာထဲမှာလည်း အသုံးမကျဘူး၊ ဘယ်ဘက်မှ အသုံးမကျတဲ့ ထင်းတုံးပဲ။ အခုလို ကိုယ့်အကျိုးလည်း မလုပ်ဘူး၊ အများအကျိုးလည်း မလုပ်ဘူးဆိုတဲ့လူဟာ အဲဒီထင်းတုံးနဲ့ အလားတူတယ်လို့ မြတ်စွာဘုရားပြောတယ်၊ “ဆဝါလာတ”ဆိုတဲ့ အသုံးနဲ့ မြတ်စွာဘုရား ဟောတာ။

သို့သော် ဒီဥပမာ ခေတ်ပြောင်းတယ်လို့ ပြောရမယ်၊ မြန်မာပြည်မှာတော့ မပြောင်းသေးဘူး၊ အိန္ဒိယနိုင်ငံမှာ ပြောင်းသွားပြီ။ ဘုန်းကြီးတို့ အိန္ဒိယနိုင်ငံရောက်တုန်းက Sanskrit University မှာနေတဲ့ ပါမောက္ခကြီးတစ်ယောက် မကျန်းမမာဖြစ်ပြီးတော့ ဆုံးသွားတယ်၊ ဆုံးသွားတဲ့အခါ သူ့အသုဘ လိုက်ပို့ကြရတာပေါ့။ ညကြီးလာပင့်လို့ ပရိတ်တွေဘာတွေ

စာမျက်နှာ-၂၈
သွားပြီး ရွတ်ပေးရသေးတယ်၊ အသုဘချတဲ့နေ့ကျတော့ လိုက်ပို့တယ်၊ “ကုလားသေ ကပ်နဲ့”တာ ဟုတ်တယ်၊ ဘယ်လောက်ပိုက်ဆံချမ်းသာချမ်းသာ ဝါးစိမ်းတွေ ခုတ်ပြီးတော့ အဲဒီဝါးပေါ်မှာ တင်ပြီးထမ်းချတာပဲ၊ သယ်တုန်းကတော့ ကားနဲ့သယ်သွားတယ်၊ ရုပ်အလောင်းကြီးတစ်ခုလုံးကို ပိတ်တစ်အုပ်လုံး ကုန်အောင်ရစ်ပတ်ပြီးတော့ ထုတ်တယ်၊ ထုတ်ထားပြီးတော့ ဝါးကပ်ပေါ်တင်ပြီးတော့ ထမ်းသွားကြတာ၊ ထမ်းသွားရင်း ပါးစပ်ကဆိုတော့ ဘာဆိုတုန်းဆို “ရာမနာမ် ဆတျာဟဲ၊ ရာမနာမ် ဆတျာဟဲ”ဆိုတာပဲ၊ တစ်လမ်းလုံးဆိုသွားတယ်။ “ရာမနာမ် ဆတျာဟဲ”ဆိုတာ ဘာအဓိပ္ပါယ်တုန်း၊ “ရာမနာမ်တာ ရာမဘုရားရဲ့ အမည်နာမတော်ဟာ။ ဆတျာဟဲ၊ မှန်ပါပေတယ်” ဒီလို

စာမျက်နှာ-၂၉
ပြောတာတဲ့၊ ရာမဘုရားကို ကိုးကွယ်တာကို။ ကုလားမသာချရင် အဲဒီအတိုင်းပဲ “ရာမနာမ် ဆတျာဟဲ၊ ရာမနာမ် ဆတျာဟဲ” တစ်လမ်းလုံး ဟဲသွားတာပဲ။ ရှေ့ကတိုင်ပေးတဲ့လူက “ရာမနာမ်”လို့ဆိုတဲ့အခါ နောက်လိုက်ဆိုတဲ့ လူတွေက “ဆတျာဟဲ” အဲဒီလိုဆိုရတယ်၊ ကိုယ်လည်း ဝိုင်းပြီးတော့ ဆိုလိုက်ရတာပေါ့။

အဲဒီလို တစ်လမ်းလုံးဆိုသွားပြီး ဟိုကျတော့ ဗာရာဏသီမြို့ မြစ်ကမ်းဘေးမှာ မီးသင်္ဂြိုဟ်တယ်၊ မီးသင်္ဂြိုဟ်တဲ့အခါ အဲဒီမှာ ထင်းတွေ ထောပတ်တွေ ထည့်ပြီးတော့ မီးသင်္ဂြိုဟ်တယ်၊ အတော်လေး လောင်ကျွမ်းပြီဆိုတဲ့အခါကျတော့ ပြန်ကြတာပေါ့။ ပြန်ကြတော့ အဲဒီအနားနေတဲ့လူတွေက မီးသင်္ဂြိုဟ်တိုင်း စောင့်ကြည့်တယ်၊ ကာယကံရှင်တွေ ပြန်သွားပြီဆိုတာနဲ့

စာမျက်နှာ-၃၀
အဲဒီ ထင်းတွေကို လာပြီးတော့ ယူကြတာ။ ဘာလုပ်ဖို့တုန်းဆို အိမ်မှာထမင်းချက်စားဖို့ အဲဒီထင်းတွေကို ယူကြတာ မြင်ခဲ့ရတယ်ပေါ့၊ တို့ဆီမှာတော့ မင်္ဂလာမရှိဘူးဆိုပြီး ယူမှာမဟုတ်ဘူး၊ သူတို့ကျတော့ ကာယကံရှင်တွေလည်း ပြန်သွားရော ငြိမ်းပြီးတော့ ယူ၊ မလောင်သေးတဲ့ အဆီအသားတွေကို ရေထဲပစ်ချ၊ အဲဒီလို ယူသွားကြတာ။

မြတ်စွာဘုရားကတော့ ရှေးခေတ်လူတွေရဲ့ ယုံကြည်ချက်အတိုင်း ဒီမှာ ဥပမာပေးထားတာ။ ဟိုဘက်ဒီဘက် မီးကျွမ်းနေတဲ့ လူသေကောင်ဖုတ်တဲ့ထင်း၊ အလယ်ကောင်မှာ မစင်လူးနေတယ်၊ တောထဲမှာလည်း အသုံးမဝင်ဘူး၊ တစ်စုံတစ်ခု အသုံးပြုမယ်ဆိုပြီး အိမ်ယူလာတော့လည်း မင်္ဂလာမရှိလို့ ဘယ်သူမှ

စာမျက်နှာ-၃၁
အသုံးမချကြတော့ဘူး၊ အသုံးမဝင်တဲ့ လူသေကောင်ဖုတ်တဲ့ ထင်းစလိုပဲတဲ့ ကိုယ့်အကျိုးလည်း မလုပ်ဘူး၊ သူတစ်ပါးအကျိုးလည်း မလုပ်ဘူး။ မြန်မာလူမျိုးတွေက ဘာပြောတုန်းဆို “ဆန်ကုန်မြေလေး”တဲ့။ ဆန်လည်းကုန်တယ်၊ မြေလည်းလေးတယ်၊ ဘာမှအကျိုးမရှိတဲ့လူလို့ ဒီလိုပြောတာ။ အဲဒီတော့ ဘုန်းကြီးတို့တတွေ ကိုယ့်အကျိုးလည်း မလုပ်ဘူး၊ သူ့အကျိုးလည်း မလုပ်ဘူးဆိုတဲ့ လူစားမျိုးတော့ မဖြစ်သင့်ဘူး။

တစ်ခါ နံပါတ်(၂) သူများအကျိုးစီးပွားကိုလုပ်ပြီး ကိုယ့်အကျိုးစီးပွားကို မလုပ်တဲ့လူ၊ နံပါတ်(၃)နဲ့ စာရင်

စာမျက်နှာ-၃၂
တော်တယ်လို့ ပြောရမယ်၊ အတော်ဆုံးတော့ မဟုတ်ဘူး။ ။

စတုတ္ထအမျိုးအစားကျတော့ ဘာတုန်း၊ “အတ္တဟိတာယ စေဝ ပဋိပန္နော ပရဟိတာယစ”တဲ့၊ ကိုယ့်အကျိုးစီးပွားအတွက်လည်းလုပ်တယ်၊ သူများအကျိုးစီးပွားအတွက်လည်းလုပ်တယ်တဲ့၊ အဲဒီပုဂ္ဂိုလ်ဟာ အကောင်းဆုံးပုဂ္ဂိုလ်တဲ့၊ ဘာနဲ့ဥပမာပေးတုန်းဆိုတော့ မြတ်စွာဘုရားက နွားကနေနို့ဖြစ်တယ်။ ဟုတ်တယ်၊ ဂဝါခီရံ နွားကနို့ကိုရတယ်၊ နို့ဟာ အကောင်းဆုံးလားဆိုတော့ မဟုတ်သေးဘူး၊ နို့ထက်ကောင်းတာဘာတုန်းဆို ဒိန်၊ ဒိန်ကနို့ထက်ပိုကောင်းတယ်၊ (ဘာလို့နို့မကောင်းတာတုန်းဆို ရေရောတာ များတာကိုး၊ နွားနို့က ရေရောထားတာ။)

တစ်ခါတုန်းက နွားနို့လာလာရောင်းတဲ့ ကုလားကြီးတစ်ယောက်ပေါ့နော်၊ မန္တလေး ကျောင်းတိုက်

စာမျက်နှာ-၃၃
တစ်တိုက်ထဲမှာ လာလာရောင်းတော့ ဦးဇင်းတွေက “ဒကာကြီး နွားနို့က ရေရောတယ်ထင်တယ်။ မကောင်းဘူး”ဆိုတော့ “ဟာ မရောပါဘူး၊ မရောပါဘူး” “ကျုပ်က ရေရောတာ လိုချင်တာ၊ ရေမရောတာ မဝယ်ချင်ဘူး” ဆိုတော့ “နည်းနည်းတော့ပါပါတယ်”တဲ့။ ဘာဖြစ်လို့တုန်းဆို ညှစ်ကတည်းက ရေခံညှစ်တာလေ၊ မရောဘူးဆိုတာတောင်မှဘဲ ရေခံပြီးတော့ ညှစ်တာ၊ အောက်ကရေလေး ခံထားပြီးတော့မှ နွားနို့ညှစ်ချလိုက်တဲ့အခါ ပလုံပလုံဆိုတဲ့အသံကြားမှ နွားကလည်း နို့ချပေးတယ်ထင်ပါရဲ့၊ အဲဒီအသံပလုံ ကြားရအောင် သူက ရေထည့်ထားရတယ်၊ လမ်းရောက်တဲ့အခါ ထပ်ရော၊ ထပ်ရောဆိုတော့ နို့က အရောင်လေးပဲ ပါတော့တာ။

စာမျက်နှာ-၃၄
ဒီတော့ နွားနို့ဆိုတာ အကောင်းမဟုတ်ဘူး၊ နွားနို့ရေခမ်းအောင် ကျိုလိုက်တဲ့အခါ ဒဓိဆိုတဲ့ ဒိန် ဖြစ်လာတယ်၊ အဲဒါက နွားနို့ထက်ကောင်းတယ်၊ သူအကောင်းဆုံးလားဆိုတော့ မဟုတ်သေးဘူး၊ နို့ထွက်ပစ္စည်းထဲမှာ သူက အကောင်းဆုံးမဟုတ်ဘူး။ ဒဓိဆိုတဲ့ ဒိန်ကို ချက်လိုက်တဲ့အခါကျတော့ ဘာဖြစ်လာတုန်းဆို နဝနီတဆိုတဲ့ ဆီဦး၊ ဒိန်ကိုချက်တဲ့အခါ အဆီလေးတွေပေါ်လာတယ်၊ အဲဒီဆီဦးက အလွန်ကောင်းတယ်တဲ့။ ဒါဖြင့် ဆီဦးဟာ အကောင်းဆုံးလားဆိုတော့ မဟုတ်သေးဘူး၊ ဆီဦးကို ထပ်ပြီးချက်လိုက်တဲ့အခါကျတော့ ဘာဖြစ်လာလဲ၊ ထောပတ်ဖြစ်လာတယ်၊ အဲဒီထောပတ်ဟာကောင်းတယ်၊ ဒါဖြင့်ထောပတ်အကောင်းဆုံးလားဆိုတော့ မဟုတ်သေးဘူး၊ ထောပတ်ထဲမှာ အနယ်တွေပါသေးတယ်၊ ထပ်ပြီးချက်လိုက်တဲ့အခါ “ထောပတ်

စာမျက်နှာ-၃၅
ကြည်”ဆိုတာရတယ်၊ နို့ထွက်ပစ္စည်းထဲမှာ ထောပတ်ကြည်ဟာ အကောင်းဆုံးပဲ။ အကောင်းဆုံးဆိုတာ အနှစ်အပြည့်ဆုံးကို ပြောတာ။

နွားကနေ နို့၊ နို့ကနေ ထွက်တဲ့ပစ္စည်းထဲမှာ ထောပတ်ကြည်ဟာ အကောင်းဆုံးပဲ၊ အဲဒီကျရင်တော့ အနှစ်ချည့်ပဲ၊ ဒါ မြတ်စွာဘုရားပေးထားတဲ့ ဥပမာ၊ မြတ်စွာဘုရားက ဂဝါ ခီရံ နွားကနေ နို့ရတယ်၊ ခီရမှာ ဒဓိ နို့ကနေ ဒိန်ဖြစ်တယ်၊ ဒဓိမှာ နဝနီတံ၊ နို့ဓမ်းကနေ ဆီဦးဖြစ်တယ်၊ နဝနီတမှာ သပ္ပိ ဆီဦးကနေ ထောပတ် ဖြစ်တယ်၊ သပ္ပိမှာ သဒ္ဓိမဏ္ဍံ ထောပတ်ကြည် ကျတော့ အကောင်းဆုံးပဲတဲ့ နို့ကထွက်တဲ့ပစ္စည်းထဲမှာ ထောပတ်ကြည်ဟာ အနှစ်အပြည့်ဆုံးပဲလို့ ဒီလိုတာ။ အဲဒါလိုပဲတဲ့ နံပါတ်(၄) ကိုယ့်အကျိုးစီးပွားလည်း လုပ်တယ်၊ သူများအကျိုးစီးပွားလည်း လုပ်တယ်ဆိုတဲ့

စာမျက်နှာ-၃၆
ပုဂ္ဂိုလ်က အကောင်းဆုံးသော ပုဂ္ဂိုလ်၊ အချီးမွမ်းထိုက်သော ပုဂ္ဂိုလ်ပါလို့ ဆဝါလာတသုတ်မှာ မြတ်စွာဘုရားက ဒီလိုဟောတယ်။

အဲဒီတော့ ဒီသုတ္တန်နှစ်ခုကို ကြည့်လိုက်တယ် ဆိုရင် ပုဂ္ဂိုလ်လေးမျိုး လူလေးမျိုးကို ခွဲခြားပြပြီးတော့ ဘယ်ဟာကောင်းတယ်လို့ ဒီသုတ္တန်နှစ်ခုအရသိရတယ်။ မသိရသေးတာ ဘာလဲ၊ အတ္တဟိတ လုပ်တယ်ဆိုတာ ဘာလဲ၊ ပရဟိတ လုပ်တယ်ဆိုတာ ဘာလဲ၊ သေသေ ချာချာ ကွဲကွဲပြားပြား မသိရသေးဘူး။

မြတ်စွာဘုရားက ပရဟိတလုပ်ငန်းဆိုတာကို သိက္ခာပဒသုတ်မှာ ဘယ်လိုရှင်းပြတုန်းဆို လူတစ်ယောက်ဟာတဲ့၊ နံပါတ်တစ် ကိုယ့်ကျိုးစီးပွားတော့ လုပ်တယ်၊ သူတစ်ပါးအကျိုးစီးပွားတော့ မလုပ်ဘူး

စာမျက်နှာ-၃၇
ဆိုတာ ဘာလဲဆိုပြီးတော့ မြတ်စွာဘုရားက အဆင့်မြင့် အတ္တဟိတ အဆင့်မြင့် ပရဟိတ ဒီအလုပ်တွေကို ပြောတယ်။

လူတစ်ယောက်ဟာ မိမိကိုယ်တိုင်တော့ သူများ အသက်သတ်ခြင်းမှ ရှောင်ကြဉ်တယ်၊ သူများရဲ့ အခိုးခြင်းမှ ရှောင်ကြဉ်တယ်၊ သူတစ်ပါး သားမယား ပြစ်မှားခြင်းမှ ရှောင်ကြဉ်တယ်၊ လိမ်လည် ပြောကြားခြင်းမှ ရှောင်ကြဉ်ပြီး မူးယစ်ဆေးဝါးက ရှောင်ကြဉ်တယ်၊ ဒါ အတ္တဟိတပဲ၊ ကိုယ်ကိုယ်တိုင် ကောင်းအောင် နေတယ်၊ ကိုယ်ကိုယ်တိုင် ငါးပါးသီလ လုံတယ်၊ ဒါပေမယ့်လို့ သူများငါးပါးသီလ လုံအောင် တိုက်တွန်း နှိုးဆော်ပေးတာ မရှိဘူး၊ သူတော့ ကောင်းတယ်၊ သူ့ပတ်ဝန်းကျင်ကလူတွေကောင်းအောင် မလုပ်နိုင်ဘူး၊

စာမျက်နှာ-၃၈
အဲဒါဟာ အတ္တဟိတ ကိုယ်ကျိုးစီးပွားလုပ်ပြီး အများရဲ့ အကျိုးစီးပွားကို မလုပ်သူလို့ မြတ်စွာဘုရားက သတ်မှတ်တယ်၊ ဒါ အဆင့်မြင့်ပရဟိတ၊ အဆင့်မြင့် ဆိုပေမယ့် အခြေခံပဲ ရှိသေးတယ်၊ ဒီထက် အဆင့် မြင့်တာ လာဦးမယ်၊ ငါးပါးသီလနဲ့ ပတ်သက်ပြီး ဒီလိုဟောတယ်။

နောက်တစ်ယောက် သူများ အကျိုးစီးပွား လုပ်ပြီး ကိုယ့်အကျိုးစီးပွားမလုပ်တဲ့ ပုဂ္ဂိုလ်က ဘယ်လို တုန်းဆိုတော့ သူများတော့ ငါးပါးသီလလုံစေတယ်၊ ကိုယ်ကျတော့ မလုံဘူး ဆိုတဲ့ပုဂ္ဂိုလ်မျိုး၊ သူများကျတော့ ငါးပါးသီလလုံအောင် တိုက်တွန်းပြီးတော့ ပေးတယ်၊ ကိုယ်ကျတော့ တိတ်တဆိတ် အရက်ကလေး မြည်းနေတယ်၊ ဘီယာလေးနဲ့ဆိုတော့၊ အဲဒီပုဂ္ဂိုလ်ကတော့ ဒါ

စာမျက်နှာ-၃၉
သူများကိုတော့ ငါးပါးသီလလုံစေတယ်၊ ကိုယ်ကတော့ ငါးပါးသီလ မလုံဘူးဆိုတဲ့ ပုဂ္ဂိုလ်သည် ပရဟိတသာ လုပ်ပြီးတော့ အတ္တဟိတ မလုပ်ရာ ရောက်တယ်တဲ့ ဒီလိုဆိုတာ။

ဒါဖြင့် နှစ်ခုစလုံး မလုပ်ဘူးဆိုတော့ ကိုယ်တိုင်လည်း ငါးပါးသီလ မလုံဘူး၊ သူတစ်ပါးကိုလည်း ငါးပါးသီလလုံအောင် တိုက်တွန်းနှိုးဆော်မှု မပေးဘူးတဲ့ပုဂ္ဂိုလ်ဟာ ခုနက သူသေကောင် ဖုတ်တဲ့ထင်းလိုပဲ၊ ကိုယ်လည်း ငါးပါးသီလမလုံဘူး၊ သူများကိုလည်း လုံအောင် လုပ်မပေးနိုင်ဘူး။ နံပါတ်သုံးပုဂ္ဂိုလ်သည် အညံ့ဆုံးပုဂ္ဂိုလ်ပဲတဲ့။

နံပါတ်လေးပုဂ္ဂိုလ်ကျတော့ မိမိကိုယ်တိုင်ကလည်း ငါးပါးသီလလုံခြုံတယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ

စာမျက်နှာ-၄၀
ကိုလည်း ငါးပါးသီလလုံဖို့တိုက်တွန်းနှိုးဆော်ပေးတယ်၊ သူ့ကို အကြောင်းပြုပြီးတော့ ငါးပါးသီလလုံတဲ့ ပုဂ္ဂိုလ်တွေ ပေါ်လာတယ်၊ အဲဒီပုဂ္ဂိုလ်ကျတော့ အကောင်းဆုံး သောပုဂ္ဂိုလ်။

စဉ်းစားကြည့်နော်၊ ပရဟိတ ပရဟိတလို့ဆိုတာ ဘယ်ဟာ အရေးကြီးဆုံးလဲ စဉ်းစားကြည့်၊ ဒါ မြတ်စွာ ဘုရားဟောထားတာကို နမူနာယူ၊ အကောင်းတွေ ကိုယ်ကိုယ်တိုင်လည်း လုပ်တယ်၊ သူများတွေကိုလည်း တိုက်တွန်းပေးတယ်။

ဆိုပါစို့ ကိုယ်ကိုယ်တိုင်ကလည်း ဆွမ်းလောင်းတယ်၊ သူများလည်း ဆွမ်းလောင်းအောင် တိုက်တွန်းပေးတယ်၊ ဒါလည်း အတ္တဟိတ ပရဟိတ၊ ကိုယ်တိုင်လည်း ဥပုသ်စောင့်တယ်၊ သူများကိုလည်း ဥပုသ်စောင့်ဖို့

စာမျက်နှာ-၄၁
ခေါ်တယ်၊ ကိုယ်တိုင်လည်း တရားနာတယ်၊ သူတစ်ပါး ကိုလည်း တရားနာဖို့တိုက်တွန်းပေးတယ်၊ အတ္တဟိတ ပရဟိတ ဒီလိုဆိုလိုတာနော်။

အင်မတန်ကောင်းတဲ့ မြတ်စွာဘုရားဟောတဲ့ တရားတော်ကို ချဲ့ပြီးတော့ ကြည့်၊ မိမိကိုယ်တိုင်လည်း ကမ္မဋ္ဌာန်းဘာဝနာတရားကို အားထုတ်တယ်၊ သူများ ကိုလည်း ပွားများအားထုတ်စေတယ်၊ ကောင်းတဲ့ လုပ်ငန်းလုပ်သမျှ အခြေခံသီလက စပြီးတော့ ကောင်းတဲ့အလုပ်မှန်သမျှ ကိုယ်တိုင်လည်း လုပ်တယ်။ သူများကိုလည်း လုပ်စေတယ်ဆိုတဲ့ ပုဂ္ဂိုလ်သည် အတ္တဟိတလည်း လုပ်တယ်၊ ပရဟိတလည်း လုပ်တယ် ဆိုတဲ့အဓိပ္ပါယ် ရတယ်၊ ဒါကိုပြောတာ၊ ကိုယ်တိုင် ကလည်း နေ့စဉ် ဘုရားရှိခိုးတယ် သူတစ်ပါးကိုလည်း

စာမျက်နှာ-၄၂
ဘုရားရှိခိုးဖို့ တိုက်တွန်းတယ်၊ အတ္တဟိတ ပရဟိတ နှစ်ခုစုံပြီးတော့ လုပ်ရမယ်လို့ မြတ်စွာဘုရားက သိက္ခာပဒသုတ်မှာ ငါးပါးသီလကိုသာ အခြေခံအနေနဲ့ ဟောတာ။

ကိုယ်တိုင်လည်း ဥပုသ်စောင့်တယ်၊ သူများကိုလည်း ဥပုသ်စောင့်စေတယ်၊ ဒီလိုဆိုတာ၊ ကောင်းတဲ့ ဘက်ကို ချဲ့ပြီးတော့ ကြည့်ရမယ်၊ အဲဒီ ပုဂ္ဂိုလ်ဟာ အကောင်းဆုံးပဲလို့ သိက္ခာပဒသုတ္တန် အရ မှတ်သား ကြရမယ်၊ အတ္တဟိတ ပရဟိတလုပ်ငန်းနဲ့ ပတ်သက်ပြီး တော့ မြတ်စွာဘုရားက အဆင့်တစ်ခုကို ဖော်ပြတာ။

နောက်ထပ်ဒိပ္ပနိသန္တိဆိုတဲ့သုတ်အရ အတ္တဟိတ ပရဟိတနဲ့ ပတ်သက်ပြီးတော့ မှတ်သားရမယ်၊ ဒိပ္ပနိသန္တိဆိုတာ ငါးပါးသီလထက် ပိုအဆင့်မြင့်လာတယ်၊

စာမျက်နှာ-၄၃
အတ္တဟိတက ဘာကိုပြောတာလဲဆိုရင် ဒီလောကမှာ အချို့ပုဂ္ဂိုလ်တွေက ကုသိုလ်တရားနဲ့ ပတ်သက်ပြီးတော့ လျင်လျင်မြန်မြန် ထက်ထက်မြက်မြက် သိနိုင်စွမ်း အသိ ပညာ ရှိတယ်၊ ကုသိုလ်တရားတွေနဲ့ ပတ်သက်ပြီးတော့ ထက်မြက်တယ် သိတယ်၊ ဒိပ္ပနိသန္တိ၊ လျင်လျင်မြန်မြန် သဘောပေါက်တယ်၊ ကုသိုလ်လုပ်ငန်း ကုသိုလ်တရား တွေနဲ့ ပတ်သက်ပြီးတော့ လျင်လျင်မြန်မြန် သဘော ပေါက်တယ်ဆိုတာ ဒါ အတ္တဟိတတဲ့၊ ကိုယ့်အကျိုး တစ်ခုပဲ။

နောက်တစ်ခုက ဘာတုန်းဆိုရင် သုတာနဉ္စ ဓမ္မာနံ ဓာရဏဇာတိကော၊ တရားနာတယ် သုတ၊ စာပေကျမ်းဂန်တွေ ဖတ်ရှုတယ် သုတ၊ မြတ်စွာ ဘုရားဟောတဲ့ တရားတွေကို နားထောင်တယ်၊

စာမျက်နှာ-၄၄
သူများဖတ်ပြတာ နားထောင်တာပဲဖြစ်ဖြစ် စာအုပ် ဖတ်တာပဲဖြစ်ဖြစ် တရားနာတာပဲဖြစ်ဖြစ် သုတ ကြားနာတာ၊ ဘုရားဟောတဲ့တရားတွေကို ကြားနာ ပြီးတော့ ရင်ထဲနှလုံးသားထဲမှာ မှတ်သားထားတယ်၊ ဒါ အတ္တဟိတပဲ၊ တရားနာခြင်းသည် အတ္တဟိတ၊ တရားနာပြီးတော့ တရားကို မှတ်သားထား ခြင်းသည် အတ္တဟိတ၊ ကိုယ့်အတွက် အလုပ်လုပ် နေတယ်ဆိုတာ သဘောပေါက်ဖို့၊ ကိုယ့်အတွက် အလုပ်လုပ်နေတာ အသိပညာတွေ တိုးတက်ဖို့ အတွက်။

နောက်တစ်ခုက ဘာတုန်း၊ တရားဆိုတာ နာပြီး မှတ်သားထားရုံနဲ့ မပြီးသေးဘူး၊ ဓာတာနဉ္စ ဓမ္မာနံ အတ္တူပပရိက္ခာ၊ မှတ်သားထားတဲ့ တရားဓမ္မတွေရဲ့ အနက်အဓိပ္ပါယ်ကို ဆင်ခြင်စဉ်းစားတယ်၊ အမှတ်တမဲ့

စာမျက်နှာ-၄၅
မနေဘူး၊ အကြောင်းအကျိုးဆင်ခြင် စဉ်းစားရမယ်၊ ဟုတ်တယ်မဟုတ်ဘူး၊ ယုတ္တိရှိတယ်မရှိဘူး၊ အကြောင်း အကျိုး ဆီလျော်မှု ရှိတယ် မရှိဘူးဆိုတာ တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ အလေးအနက် ဆင်ခြင်စဉ်းစားမှု ရှိရမယ်တဲ့ ဒါလည်း အတ္တဟိတပဲ။

နောက်တစ်ခုက ဘာတုန်းဆို အတ္ထမညဿ ဓမ္မမနုဓမ္မော ဓမ္မနုဓမ္မပဋိပန္နော၊ ကိုယ်မှတ်သားထားတဲ့ စကားလုံးရဲ့အနက်အဓိပ္ပါယ် အဲဒါတွေကို သိရှိနားလည် ပြီးတော့ ဓမ္မတဲ့လောကုတ္တရာ တရားဖက်ကို ဦးတည် နေတဲ့ အနုဓမ္မဆိုတဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်၊ ပုဗ္ဗဘာဂမဂ္ဂလို့ဆိုတဲ့ ဝိပဿနာကျင့်စဉ် ကျင့်ကြံကြိုးကုတ် အားထုတ်တာကို ဓမ္မာနုဓမ္မပဋိပန္န၊ ဓမ္မ+အနုဓမ္မ၊ ဓမ္မဆိုတာ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်၊

စာမျက်နှာ-၄၆
အနုဓမ္မတာ မဂ်ဖိုလ်နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့ သီလ၊ သမာဓိ၊ ပညာ (သို့မဟုတ်) မဂ္ဂင်ရှစ်ပါးအကျင့်တရား၊ ဒီလိုဆိုလိုတယ်၊ အဲဒါကို လက်တွေ့ကျင့် သုံးတယ်။

တရားနာ၊ တရားနာပြီးတော့ မှတ်သားထားတယ် အဓိပ္ပါယ်အတိုင်း လက်တွေ့ကျင့်သုံးတယ်၊ ဒါ အတ္တဟိတ လို့ ခေါ်တယ်။

ဒီမှာ အတ္တဟိတဆိုတာကို ကုသိုလ်တရားတွေနဲ့ ပတ်သက်ပြီးတော့ သဘောပေါက်နားလည်တာ နံပါတ် တစ်။ ကြားနာထားတဲ့ တရားဓမ္မတွေကို စွဲစွဲမြဲမြဲ မှတ်သားထားတာ၊ နံပါတ်(၂)။ မှတ်သားထားတဲ့တရား ဓမ္မတွေရဲ့ အနက်အဓိပ္ပါယ်ကို ဆင်ခြင်စဉ်းစားတာ၊ နံပါတ်(၃)။ အနက်အဓိပ္ပါယ်ကို သိပြီးတော့ လက်တွေ့ ကျင့်သုံးတာ နံပါတ်(၄)လို့အဆင့်လေးဆင့်နဲ့ ပြောတယ် အဲဒါဟာ အတ္တဟိတပဲ၊ ဒီလိုဆိုလိုတာ။

စာမျက်နှာ-၄၇
ဒီတော့ အတ္တဟိတကို ပြည့်ပြည့်စုံစုံ လုပ်ဖို့ လိုတယ်၊ တရားပွဲတော့ လာတယ်၊ တရားတော့ နာတယ်၊ တရားပွဲက ထပြန်တာနဲ့ ဘာမှမကျန်ဘူး၊ “ရယ်စရာလည်း မပါဘူး၊ ဒီနေ့တရားကြီးက ပျင်းခြောက်ကြီး”ဆိုပြီးတော့ သွားရင် အဲဒါ ဘာမှပါမှာ မဟုတ်ဘူး၊ အသိဉာဏ်တွေရဖို့ တရားနာရင်ရတယ်၊ မှတ်သားထားပြီးတော့ လက်တွေ့ဘဝမှာ တို့ဘယ်လို အသုံးချရမလဲဆိုတာကို သိရမယ်၊ အနက်အဓိပ္ပါယ်ကို သိပြီးတော့ ဘာလုပ်ရမယ်၊ ဒီကနေ့ဟောတဲ့ တရား ထဲမှာ အတ္တဟိတ ပရဟိတ အတ္တဟိတဆိုတဲ့လုပ်ငန်း ဘယ်လိုလုပ်ရမှာလဲ၊ ထင်နေတဲ့ အတ္တဟိတလား၊

လောကမှာ လူတွေကတော့ အတ္တဟိတဆိုလို့ရှိရင် ကိုယ်ဝန့်ဖို့ ကိုယ်စားဖို့ ကိုယ်လှဖို့ လူတိုင်းလုပ်တာပဲ လေ၊ တိရစ္ဆာန်တွေလည်း လုပ်တာပဲ။

စာမျက်နှာ-၄၈
အဲဒီတော့ တကယ့်အတ္တဟိတဆိုတာ အခုလို တရားနာတယ်၊ တရားနာပြီး မှတ်သားတယ်၊ မှတ်သား ပြီး အနက်အဓိပ္ပါယ် စဉ်းစားတယ်၊ စဉ်းစားပြီး လက်တွေ့ကျင့်သုံးတယ်, ဒါ အတ္တဟိတပဲ၊ အဆင့်မြင့်တဲ့ အတ္တဟိတတစ်ခု၊ အခုလိုအခြေအနေတွေနဲ့ နာယူ မှတ်သားပြီးတော့ ကျင့်သုံးတယ်, ပရဟိတမလုပ်ဘူးဆိုတာ ဘာကိုဆိုလိုတာတုန်းဆိုတော့ တရားပွဲက ပြန်လာပြီးတဲ့ နောက်မှာ ဓမ္မ နာတော့ နာတာပဲ၊ မပြောပြတတ်ဘူးဆိုရင် အဲဒါ ပရဟိတ မလုပ်ရာ ကျတယ်ပေါ့။

တရားနာမလိုက်ရတဲ့ပုဂ္ဂိုလ်ကို ပြန်ပြီးတော့ ပြောပြရမယ်၊ တရားအဓိပ္ပါယ်က ဘယ်လိုဆိုတာ တဆင့်ပြောတာ, အဲဒီလိုပြောတဲ့ ပုဂ္ဂိုလ်မှာလည်း

စာမျက်နှာ-၄၉
အရည်အချင်း ရှိသေးတယ် သူက ကလျာဏ ဝါစောတဲ့ ကောင်းကောင်းပြောတတ်တယ်၊ ကလျာဏ ဝါစာ၊ ပီပီပြင်ပြင် စကားလုံးတွေကို အသုံးပြုပြီး တော့ပြောတတ်တယ်, စကားအနေနဲ့လည်း ပေါရိယာ ဝါစာယ သမန္နာဂတော, ဒါ ဘုရားဟောတဲ့ အတိုင်း ပြောတာနော်, မြို့မှာနေတဲ့ လူတွေရဲ့ ယဉ်ကျေးတဲ့ စကားနဲ့ပြည့်စုံတယ် ဝိသဒ္ဓ၊ ရှင်းလင်းတယ်, ပြတ်သားတယ်, အနလဂလာယ စကားလုံးတွေ ကျကျန်တာ မရှိဘူး, ပြည့်ပြည့်စုံစုံ ပြောတတ်တယ်, အတ္ထဿ ဝိညာပနိယာ ဆိုလိုတဲ့ အဓိပ္ပါယ်ကိုရှင်းကနဲ လင်းကနဲ ဖြစ်သွားအောင် ပြောတယ်, အဲဒီစကားမျိုး ပြောတတ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်တဲ့, ပရဟိတလုပ်ချင်တဲ့ပုဂ္ဂိုလ်က ခုနကလို တရားနာပြီးတော့ ပြန်ပြောနိုင်တဲ့ စွမ်းရည် သတ္တိမျိုး ရှိရတယ်, ဒီလိုဆိုလိုတာ။

စာမျက်နှာ-၅၀
အဲဒီလိုစွမ်းရည်သတ္တိ ရှိပြီးတဲ့အခါ ဘာလုပ်လဲ သန္ဒဿကော ဟောတိ သမာဒပကော, သမုတ္တေဇကော, သမ္ပဟံသကော, သဗြဟ္မစာရိနံ, ကိုယ့်အပေါင်း အသင်းတွေကို သန္ဒဿက တရားဆိုတာ ဘယ်လို ထင်သာမြင်သာရှိအောင် ရှင်းလင်းပြောပြတတ်တယ်,

ပြောပြပြီးတော့ လက်ခံကျင့်သုံးစေတယ် သမာဒပက, စိတ်အားတွေ တက်စေတယ် သမုတ္တေဇ ရွှင်လန်း အားရစေတယ် သမ္ပဟံသက, အဲဒါမျိုးကို တဆင့် ပြောပြတတ်တဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်, ဒီလိုဆိုလိုတယ်။

အဲဒီတော့ ဓမ္မနဲ့ပတ်သက်ပြီး ပရဟိတလုပ်မယ် ဆိုလို့ရှိရင် စကားကို ပြတ်ပြတ်သားသား ပြောတတ်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ရမယ်, ကိုယ့် အပေါင်းအသင်း ပတ်ဝန်းကျင်ကိုလည်း ပြတ်ပြတ်သားသား ရှင်းရှင်း

စာမျက်နှာ-၅၁
လင်းလင်း အဓိပ္ပါယ်နားလည်အောင် ရှင်းပြတတ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်, အဲဒီလို ရှင်းပြတာ ပရဟိတပဲ, အများနားလည်အောင် ပညာပေးတာ, ဓမ္မနဲ့ပတ်သက်တဲ့ပညာ လောကီနဲ့ ပတ်သက်တဲ့ပညာ ဒါ ပရဟိတထဲ မှာ အကျုံးဝင်တယ်, မြတ်စွာဘုရားက ဓမ္မပညာ အမြင့်ဆုံးကိုသာ ပြောတာ, ကိုယ်သိထားတဲ့ ပညာရပ် တစ်ရပ်ကိုပတ်ဝန်းကျင်တွေ ရှင်းလင်းနားလည်အောင် ရှင်းပြတာလည်း ပရဟိတပဲပေါ့, ကိုယ်က ပညာသင် ထားတယ်, သင်ထားတဲ့ပညာတွေကို ဖြန့်ဖြူးပေးတယ်။

ပညာဆိုတဲ့နေရာမှာ အပြစ်ကင်းတဲ့ ပညာမျိုး ကိုသာယူရမယ်, ဒီနေရာမှာ ငါးမျှားနည်းပညာ ဘယ်လို မျှားရတယ်ဆိုတာ ပြောရမှာ မဟုတ်ဘူး, အကောင် ပလောင်သတ်တာ ဘယ်လို သတ်ရမယ် ပြောတာ မဟုတ်ဘူး။

စာမျက်နှာ-၅၂
အဲဒီတော့ အခုလို မိမိတတ်ထားတဲ့ ပညာရပ်တွေကို တစ်ဖက်သား နားလည်အောင် ဖြန့်ဖြူးတယ်, မိမိကိုယ်တိုင် လေ့လာတာက အတ္တဟိတ, တစ်ဖက်သား နားလည်အောင် ပြောပြတာက ပရဟိတ, ဒီသုတ္တန်အရ ဒီလိုနားလည်ရမယ်, အတ္တဟိတလည်း လုပ်ရမယ်, ပရဟိတလည်း လုပ်ရမယ်, ဒီလိုဆိုတာ။ ပညာပေး ဟောပြောတာလည်း ပရဟိတလုပ်ငန်း တစ်ခုပဲတဲ့ ဒါက ဒိပ္ပနိသန္တိသုတ္တန်အရ မှတ်သားကြရတာ။

နောက်သုတ္တန်တစ်ခုက ရာဂဝိနယသုတ်တဲ့ ရာဂဝိနယဆိုတာ တွယ်တာမှုတွေကို ရှင်းပစ်တယ်, ဒေါသဝိနယဒေါသကိုဖယ်ရှားပစ်တယ် မောဟဝိနယတွေဝေမှုတွေကို ဖယ်ရှားပစ်တယ်, ဒီအဆင့် ဒါကျ တော့ အဆင့်အမြင့်ဆုံးဖြစ်သွားပြီ အတ္တဟိတ လုပ်ငန်း

စာမျက်နှာ-၅၃
ပရဟိတလုပ်ငန်းမှာ ဒါက အဆင့်မြင့်ဆုံး လုပ်ငန်း, မြတ်စွာဘုရားဟောတဲ့ တရားဟာ ဘယ်တော့ဖြစ်ဖြစ် အဆင့်ကို မြင်ပြီးဟောတာ, ဘာဖြစ်လို့တုန်းဆိုလူတွေကို အောက်တန်းချဟောရင် အောက်တန်းက တက်မှာမှ မဟုတ်တာ, တရားက မြင့်နေတယ်, လူတွေက မလိုက်နိုင်ဘူးဆိုရင် ထောင်, တချို့ကျတော့ မဟုတ်ဘူး, လူတွေက အဆင့်နိမ့်လို့တရားကို အဆင့်နိမ့်ဟောရင် ပြန်နိမ့်သွားမှာပဲလေ, အောက်ဝင်သွားမှာ။ အဲဒီလို မဟုတ်ဘူး, ဆွဲတင်, ဆွဲတင်ပေးလို့ရှိရင် လူက မြင့်တက်လာမှာပေါ့, ငယ်တုန်းက ဟိုးခပ်ဝေးဝေးက ဘုရားတောင်ထိပ်က ရွှေမြင်တင်ဘုရား ဖူးမလား, ဖူးမယ်လို့ပြောရင် နားရွက်ဆွဲမတာ ခံရတယ်။ အဲဒါလိုပဲ ဆွဲတင်ရမှာ။

စာမျက်နှာ-၅၄
ဒီတော့ ရာဂဝိနယသုတ္တန်မှာကတော့ ကြည့် အတ္တဟိတဆိုတာ ဘာခေါ်တာတုန်း, ကိုယ်တိုင်က ရာဂကင်းဖို့ ကြိုးစားနေတယ်, ကျင့်ကြံနေတယ်, အားထုတ်နေတယ်, ဒေါသကင်းဖို့ ကြိုးစားနေတယ်, ကျင့်ကြံနေတယ်, အားထုတ်နေတယ်, မောဟကင်းဖို့ ကြိုးစားနေတယ်, ကျင့်ကြံနေတယ်, အားထုတ်နေတယ်, ကိုယ့်သန္တာန်မှာရှိတဲ့ ရာဂ ဒေါသ မောဟတွေ ကင်းအောင် ကြိုးစားနေတာ, ရာဂဝိနယာယ ပဋိပန္နောတဲ့, ကိုယ့်အကျိုးစီးပွားအတွက်, ဘုန်းကြီး တို့တတွေရဲ့သန္တာန်မှာ တွယ်တာမှုဆိုတဲ့ ရာဂတွေ ရှိနေတယ်။

တွယ်တာက နံပါတ်တစ် ကိုယ့်ကိုယ်ကို တွယ် တာတယ်, ကိုယ့်ဘဝကို တွယ်တာတယ်, ကိုယ့်ဘဝကို

စာမျက်နှာ-၅၅
တွယ်တာတာကို အကြောင်းပြုပြီး တွယ်တာမှုကို တိုးချဲ့လိုက်တဲ့အခါ နောက်တစ်ယောက် ရောက်လာတယ်, တွယ်တာမှုက ဒုတိယနောက်တစ်ခု ဖြစ်လာတယ်, အဲဒီထဲမယ်, ပစ္စည်းဥစ္စာတွေ တွယ်တာတာတွေ ပါသေးတယ်, ဘဝကိုတွယ်တာတာ, တွယ်တာရင်း ကတော့ ကိုယ့်ကိုယ်ကို တွယ်တာတာပဲ, ကိုယ့်ကိုယ်ကို တွယ်တာရာက ပစ္စည်းဥစ္စာတွေ တွယ်တာတယ်, တွယ်တာပြီးတဲ့အခါ နောက်တစ်ယောက် တွယ်တာဖို့ ကြိုးစားတယ်, နောက်တစ်ယောက် တွယ်တာဖို့ ကြိုးစားရာကနေပြီးတော့ သုံးယောက် လေးယောက် ငါးယောက်နဲ့ မပြတ်နိုင်တော့ဘူး, တွယ်တာမှုတွေ တိုးချဲ့သွားတာ, အဲဒီလိုပဲ ဝမ်းတွေသာလို့ သားသမီးတွေနဲ့ မြေးတွေနဲ့ မြစ်တွေနဲ့ဆိုပြီး ပျော်နေကြတာ, ဘယ်

စာမျက်နှာ-၅၆
တွယ်တာမှုတွေ လျော့အောင်လုပ်တာ ဟုတ်မလဲ, တိုးချဲ့နေတာ။

ကိုယ့်အကျိုးစီးပွားဆိုတာ တွယ်တာမှုကို လျှော့ချ ရမယ်, တွယ်တာမှုကို ဘာဖြစ်လို့ လျှော့ချရမလဲ, လူ့ဘဝဟာ အတွယ်လေးရှိမှ ပျော်စရာကောင်းတယ်လို့ ထင်တဲ့လူက ထင်နေဦးမှာလေ။

တွယ်တာမှုရဲ့ အပြစ်ကလေးကို စဉ်းစားကြည့်, တွယ်တာမှုကြောင့်ငရဲကျတယ်လို့ပြောတာ မဟုတ်ဘူး, တွယ်တာမှုရှိပြီး ပစ္စည်းကိုပဲ တွယ်တွယ်, လူကိုပဲ တွယ်တွယ်, တွယ်တာမှုဆိုတဲ့ ရာဂမကင်းလို့ရှိရင် ဘာဖြစ်လဲဆို လူတွယ်ရင် သူ့အတွက် သောက ဖြစ်တယ်, ပစ္စည်းတွယ်ရင် အဲဒီ ပစ္စည်းအတွက် သောက, ရင်ထဲမှာ မအေးတဲ့ဟာ ဖြစ်လာတာဟာ

စာမျက်နှာ-၅၇
တွယ်တာမှုရဲ့ အပြစ်ပဲ, တခြား အဝေးကြီးမရှာနဲ့, ပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုခုအပေါ်မှာ သောကဆိုတာ လူတွေမှာ ရှိကြတယ်, ပိုက်ဆံများများ ချမ်းသာလေလေ သောကများများ ဖြစ်လေ, မြန်မာစကားလည်း ရှိတယ် မဟုတ်လား, “မရှိတောင့်တ ရှိကြောင့်ကျ,” ကြောင့်ကျဆိုတာ သောကကို ပြောတာ, မရှိရင်တော့ ရှိချင်တာ, တောင့်တ၊ ရှိလာတော့ ဘာဖြစ်လဲ, သောကဖြစ် လာတယ်, ဘယ်သူ့ပေါ်မှသောကမရှိရင် ကိုယ့်ကိုယ်ကို သောက ဖြစ်တယ်။ လူတွေက တစ်ခါတလေပြောတယ်, သားတွေသမီးတွေ ကြီးကုန်ပြီ, တို့ကတော့ အေးအေး ဆေးဆေးပဲ, ဘယ်အေးမှာတုန်း, မအေးလို့ပဲတယ်လီ ဖုန်းဆက်ပြီး “နေကောင်းကြလား” လှမ်းမေးနေတာ, သူကသာ အေးတယ် ထင်နေတာလေ, မလာလို့ရှိရင်

စာမျက်နှာ-၅၈
“ဟဲ မလာကြဘူးလား, ဖုန်းလေးမှ ဆက်ဖော်မရဘူး”နဲ့ဆိုပြီး ပြောသေးတယ်, အဲဒီလို ကြောင့်ကျမှုတွေဟာ ဘယ်သူ့ကြောင့် ဖြစ်ရတာလဲလို့ဆိုရင် ဒီရာဂကြောင့် ဖြစ်တာ, အဲဒီရာဂကို ဖယ်ရှားဖို့ ကြိုးစားရမယ်တဲ့, ဒီလို ဆိုလိုတာနော်။

အဲဒီရာဂကိုပယ်နိုင်မှ ကိုယ်ကျိုးကိုယ့်စီးပွားက အပြည့်အဝရမယ်, စိတ်နှလုံးအေးချမ်းမှုဆိုတဲ့ ကိုယ်ကျိုးတရား အပြည့်အဝရမယ်, ရာဂကို ပယ်နိုင်ဖို့ ကြိုးစားရမယ်။

ဒေါသကို ပယ်နိုင်ဖို့ ကြိုးစားရမယ်, ဒေါသဆိုတဲ့ တရားကလည်း ကြည့်လေ။လူတိုင်း သဘောပေါက်ပါတယ်, စိတ်ထဲမှာ အလိုမကျတဲ့ ဒေါသဖြစ်ကြည့်ပါလား, မျက်နှာကြီး နီရဲသွားတယ်, နှလုံးခုန်တွေ မြန်လာတယ်,

စာမျက်နှာ-၅၉
တချို့ကျတော့ ဒေါသကိုမထိန်းနိုင်တဲ့အခါ ဘာဖြစ်သွား လဲ, သွေးတက်တာတို့ သွေးတိုးသွားတာတို့ ဦးနှောက် သွေးကြောပြတ်သွားတာတို့ ဖြစ်ကုန်တယ်, ဒီဘဝတင်ပဲ ဖြစ်တာ။

ဒါတင်လားဆိုတော့ မဟုတ်ဘူး, ဒေါသ အလျောက် ပြောလိုက်မိပြီဆိုရင် “ငါပြောလိုက်တာ မှားလိုက်တာ”လို့ရင်ထဲမှာ ပူဆာတယ်, ဒါ အနည်းဆုံး, ဟိုတစ်ဖက်ကလည်း ပြန်ပြီးတော့ ကိုယ်ဒေါသနဲ့ ပြောလိုက်တဲ့ စကားကို မကျေနပ်လို့ ရန်ငြိုးဖွဲ့မယ် (သို့မဟုတ်) တရားစွဲမယ်ဆိုရင် ပြဿနာမပြီးတော့ဘူး, ဆက်သွားတယ်, ဒီလိုဆိုလိုတာ, ဒီဘဝတင်ပဲ problemတွေ အများကြီးလာတာ, ဒေါသမထိန်းနိုင်လို့လူသတ်မှု

စာမျက်နှာ-၆၀
ဖြစ်ပွားတယ်, ပြဿနာတွေ ဆက်စပ် ရောက်လာတယ်, ဒါကြောင့်မို့ အဲဒီဒေါသကို ဖယ်ရှားရမယ်။

ဒေါသမပယ်နိုင်သည့်ပုဂ္ဂိုလ်သည် ကိုယ့်ကိုယ်ကို သတ်သေတာတို့ နောက်ဆုံးမှာ ကိုယ့်ရဲ့ ကျေးဇူး အကြီးမားဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ မိဘသတ်တာတို့ ဒါမျိုးတွေ ဖြစ်လာတယ်, ညီအစ်ကိုမောင်နှမချင်း သတ်တာတို့, ဒါတွေဟာ အားလုံးဒေါသရဲ့ အပြစ်ချည်းပဲ, အဲဒီလို ဒေါသရဲ့အပြစ်တွေကို ဆင်ခြင်ပြီးတော့ ဒေါသကင်း အောင် ကြိုးစားခြင်းသည် ကိုယ့်အကျိုး ကိုယ့်စီးပွား လုပ်တာပဲ, အတ္တဟိတလုပ်ငန်းတစ်ခုပဲ, ဒီလိုပြောတာ။

မောဟဆိုတာက ဘာလဲ? မောဟဆိုတာတွေဝေနေတာ,တွေဝေတယ်ဆိုတာ လုပ်သင့်တာနဲ့ မလုပ်သင့်တာ မသိတာ, မသိတော့ မလုပ်သင့်တာကို

စာမျက်နှာ-၆၁
လုပ်သင့်တယ်လို့ထင်တယ်, လုပ်သင့်တာကိုမလုပ်သင့်ဘူးလို့ထင်တယ်, မှားမှားယွင်းယွင်းတွေ ဖြစ်တယ်, ဘာလုပ်လုပ် လွဲကုန်တယ်, လွဲကုန်တော့ ဘာဖြစ်လဲ။ ပြဿနာတွေတက်တယ်, အဲဒါမောဟကြောင့် ဖြစ်တာ, လွဲလွဲမှားမှားတွေ ဖြစ်ပြီး အကျိုးစီးပွားတွေ ဆုံးရှုံးကုန်တယ်, စီးပွားရေးတွေ ပျက်တယ်, လူမှုရေးတွေ ပျက်တယ်, ပညာရေးတွေ ပျက်တယ်, ဒါ မောဟက ပျက်စီးတာ။

ဒါကြောင့်မို့လို့ နောင်ဘဝ ငရဲကျတာ မကျတာ အသာထား, ဒီဘဝတင်ပဲ ဆိုးကျိုးတွေမဖြစ်ဘူး။ အဲဒါကြောင့် ဒီတွေဝေမှုဆိုတဲ့ မောဟကို ဖယ်ရှား နိုင်ရမယ်, ဘာနဲ့ဖယ်ရှားမလဲ, ပညာနဲ့ ဖယ်ရှားမယ်။

စာမျက်နှာ-၆၂
ရာဂဆိုတာ ဘာနဲ့ဖယ်ရှားရမလဲ, တွယ်တာမှုကို ပြတ်အောင်, လူကိုတွယ်တာလို့ရှိရင် အသုဘဘာဝနာ ပွားပြီးတော့ ဖယ်ရှားရမယ်, မြန်မာတွေကတော့ အသုဘဆိုတာ သေတဲ့လူသေတွေပဲ အောက်မေ့တာ, အသုဘဆိုတာ မတင့်မတယ် ရွံစဖွယ်တွေကိုစဉ်းစားပြီး ရာဂကို ဖယ်ရှားတာ, လူကိုတွယ်တာလို့ရှိရင် ရွံစရာတွေကိုတွေးပြီးတော့ပယ်, ပစ္စည်းကို တွယ်တာလို့ရှိရင် မမြဲတဲ့သဘောကို စဉ်းစားပြီးတော့ ဖယ်ရှား, ဒါ ထွက်ပေါက်တွေပဲ။

ဘယ်လိုစဉ်းစားမတုန်း?, စိန်နားကပ်ကလေးပေါ် တွယ်နေတယ်ဆိုပါစို့, ဒီစိန်နားကပ်လေးက ငါ မဝတ်ရက်ပဲ ထားလို့ရှိရင်လည်း တစ်နေ့ကျတော့ ပျက်စီးသွားမှာပဲ, “ငါကသော်လည်း ပစ္စည်းကို စွန့်,

စာမျက်နှာ-၆၃
ငါကသော်လည်း ငါ့ကို စွန့်, တွယ်တာနေလို့ အပိုပဲ, အသုံးဝင်တဲ့ပစ္စည်း အသုံးအဆောင်အဖြစ် သုံးရမှာပဲလို့ အဲဒီစိတ်နဲ့ထားရင် တွယ်တာမှုကို လျော့ချပြီးသား ဖြစ်သွားမယ်, ဒီလိုဆိုလိုတာ, ပစ္စည်းတွယ်ရင် အနိစ္စသညာနဲ့ ပွား, လူတွယ်လို့ရှိရင် မတင့်မတယ် ရွံစဖွယ်တွေကို စဉ်းစားပြီး ဖယ်ရှားတဲ့။

ဒေါသ, ဒေါသကြီးနေပြီဆိုရင် ဘာနဲ့ ပယ်ရမလဲ, မေတ္တာနဲ့ ပယ်ရမယ်, မေတ္တာ ဘာဝေတဗ္ဗာ, ဒေါသဿ ပဟာနာယတဲ့ ဒေါသကိုပယ်ဖို့အတွက် မေတ္တာပွား, မေတ္တာဆိုသည်မှာ အကျိုးစီးပွားကို လိုလားသည့်စိတ်, အကျိုးစီးပွားကို လိုလားသည့်စိတ်သည် တည်ဆောက် တော့မယ်ဆိုရင် “ကောင်းကွက်ကိုရှာ, မေတ္တာကိုပွား” ဆိုတဲ့အတိုင်း လူတွေဆိုတာ ဘယ်သူပဲဖြစ်ဖြစ်

စာမျက်နှာ-၆၄
အဆိုးနဲ့အကောင်း ရောနေမှာပဲ, အဆိုးကို စဉ်းစား ရသမျှ ဒေါသပွားနေမှာပဲ, ဒါကြောင့်မို့ အဆိုးကို မကြည့်နဲ့, ကောင်းတာလေးကို တွက်ကြည့်, ဒီဘက်က သူတော်တယ်, ချမ်းသာပါစေ, ကြီးပွားပါစေ, ဟော အကျိုးစီးပွားကို လိုလားတဲ့မေတ္တာ သက်ရောက်တဲ့ စိတ်မျိုးဖြစ်အောင် ကိုယ့်ကိုယ်ကို ဆင်ခြင်ပြီး မေတ္တာပွားတဲ့, မေတ္တာပွားရင် ဒေါသကို လျော့ချလို့ ရတယ်။

ပညာဖြစ်အောင် သတိဆောင်ပြီးတော့ ပွားများမယ်ဆိုရင်တော့ မောဟပယ်ဖို့အတွက် စာပေဖတ်ရှု ရမယ်, တရားနာရမယ်, စဉ်းစားရမယ်, ဆင်ခြင်ရမယ် ဆိုလို့ရှိရင် မောဟဟာ နည်းပါးနည်းပါး သွားမယ်။

စာမျက်နှာ-၆၅
အဲဒီလို ကိုယ့်သန္တာန်မှာရှိတဲ့ စိတ်ရဲ့ အညစ် အကြေးဖြစ်တဲ့ လောဘတွေ ဒေါသတွေ မောဟတွေဆိုတဲ့ ဒီသဘာဝတရားတွေ ဖယ်ရှားဖို့ရန် ကြိုးစား နေတယ်ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ အတ္တဟိတ လုပ်နေတယ်လို့ပြောရမယ်။ သူများကိုတော့ လောဘပယ်ဖို့ ဒေါသပယ်ဖို့မောဟပယ်ဖို့မတိုက်တွန်းဘူး ဟောပြော မပေးဘူးဆိုလို့ရှိရင်တော့ ပရဟိတမလုပ်ဘူးလို့ ဒီလိုပြောရမှာပဲ, သူများကိုတော့ ဟောပါရဲ့, ကိုယ်တိုင် ကျတော့ လောဘကြီး လိုက်တာ, ဒေါသကြီးလိုက်တာ မောဟကြီးလိုက်တာ, ကိုယ်ကိုယ်တိုင်ကျတော့ လောဘ မလျှော့နိုင်ဘူး, သူများကိုတော့ လှူကြတဲ့, သူကျတော့ နှမြောနေတယ်, အဲဒါကျတော့ ပရဟိတသာဖြစ်ပြီး အတ္တဟိတ မလုပ်တာနဲ့ အတူတူပဲ, ဒီလိုဆိုလိုတာပေါ့။

စာမျက်နှာ-၆၆
ကိုယ်တိုင်လည်း လောဘ ဒေါသ မောဟ ပယ်ဖို့ မကြိုးစားဘူး, သူများကိုလည်း မတိုက်တွန်းဘူး ဆိုလို့ရှိရင်တော့ ကိုယ့်အကျိုးလည်း မလုပ်ဘူး, သူ့အကျိုးလည်း မလုပ်ဘူးဆိုတဲ့ အသုံးမကျတဲ့ လူစားမျိုး ဖြစ်တယ်ပေါ့။ ကိုယ်ကိုယ်တိုင်ကလည်း လောဘ ဒေါသ မောဟ ဖယ်ရှားလို့ ကြိုးစားနေတယ်, သူများကိုလည်း လောဘ ဒေါသ မောဟ ဖယ်ရှားဖို့ လောဘ ဒေါသ မောဟတွေရဲ့ အပြစ်ကို ဖော်ပြပြီးတော့ သူ့နည်းတူ ဖယ်ရှားနိုင်အောင် တိုက်တွန်းနှိုးဆော်ပေးတယ်။

ဆိုပါစို့ - မြတ်စွာဘုရားကို ကြည့်, မြတ်စွာ ဘုရားဟာ ကိုယ်တိုင်တရားဓမ္မကို ရှာဖွေပြီးတော့ ကိုယ်တိုင်သိတဲ့အခါမှာ ဗုဒ္ဓဂယာ မဟာဗောဓိပင်

စာမျက်နှာ-၆၇
အောက်မှာ ကိလေသာတွေကို ဖယ်ရှားတယ်, မိမိသန္တာန်မှာရှိတဲ့ လောဘ ဒေါသ မောဟတွေကို ဖယ်ရှားပြီးသား ဖြစ်သွားတယ်, သူ့ရဲ့ကိုယ်ကျိုးစီးပွား ပြည့်ပြည့်ဝဝရတယ်, ပြီးတဲ့အခါ ဓမ္မစကြာတရားဦး ကနေစပြီး တရားဓမ္မတွေကိုရှင်းလင်းဟောပြောတယ်။ ရာဂပယ်ဖို့ဒေါသပယ်ဖို့ မောဟပယ်ဖို့တရားဓမ္မတွေကို ဟောပြောပြသတယ်, ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ မဟာနာမ် အဿဇိလို့ဆိုတဲ့ ပဉ္စဝဂ္ဂီ ငါးပါးဟာ ဓမ္မစကြာတရား ဟောပြီးတဲ့နောက် အဆင့်ဆင့် သောတာပန်ဖြစ်သွားပြီး နောက်ဆုံး အနတ္တလက္ခဏ သုတ်ကို နာရတဲ့အခါမှာ ရဟန္တာဖြစ် သွားကြတယ်ပေါ့, လောဘ ဒေါသ မောဟတွေ ကင်းသွားကြတယ်။

အဲဒီတော့ မြတ်စွာဘုရားကိုယ်တော်မြတ်သည် ဒီရှုထောင့်ကနေကြည့်ရင် အတ္တဟိတလည်း

စာမျက်နှာ-၆၈
အကောင်းဆုံး ပြည့်ပြည့်ဝဝ ကျင့်သုံးတယ်, ပရဟိတ ကိုယ်လည်း အကောင်းဆုံးဖြစ်အောင် ကျင့်သုံးတယ်လို့ ဒီလိုမှတ်ရမယ်, ဒီလိုဆိုတာ, ဒါက အဆင့်မြင့်တဲ့ ပရဟိတလုပ်ငန်းပဲ, အဆင့်အမြင့်ဆုံးဖြစ်တဲ့ ပရဟိတ လုပ်ငန်းဟာ ဒီလုပ်ငန်းပဲဖြစ်တယ်။

ဒီတော့ အလုပ်လုပ်ပြီဆိုလို့ရှိရင် အတ္တဟိတလည်း လုပ်ရမယ်, ပရဟိတလည်း လုပ်ရမယ်, အတ္တဟိတ မလုပ်ဘဲနဲ့ ပရဟိတ လုပ်ရင်လည်း အကောင်းလို့ ပြောလို့မရဘူး, ပရဟိတ မလုပ်ဘဲ အတ္တဟိတ လုပ်ရင်လည်း အကောင်းမဟုတ်ဘူး, အတ္တဟိတရော ပရဟိတပါ စွယ်စုံလုပ်နိုင်တဲ့ ပုဂ္ဂိုလ်မှ လောကမှာ အကောင်းဆုံးပုဂ္ဂိုလ် ဖြစ်တယ်လို့ ဗုဒ္ဓမြတ်စွာက ဒီသုတ္တန်ငါးရပ်မှာ ဟောကြားတော် မူခဲ့တာ ဖြစ်ပါတယ်။

စာမျက်နှာ-၆၉
ဒါကြောင့်မို့လို့ တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်းတို့ - ဗုဒ္ဓမြတ်စွာ ဟောကြားတော် မူခဲ့တဲ့ အတ္တဟိတနဲ့ ပရဟိတကို သေသေချာချာ မှတ်သား နားလည်ထားကြပြီး မိမိတို့ကိုယ်တိုင် ပြုလုပ်ရမယ့် အတ္တဟိတလုပ်ငန်း ပရဟိတလုပ်ငန်းဆိုတာတွေကို ရှင်းရှင်းလင်းလင်းသိပြီး အမြင့်ဆုံး အတ္တဟိတ အမြင့်ဆုံး ပရဟိတလုပ်ငန်းတွေ လုပ်နိုင် အောင် တို့တတွေ ကြိုးစားအားထုတ်ကြရမှာ ဖြစ်တယ် လို့ ကိုယ်စီကိုယ်စီ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြ ပါစေကုန်သတည်း။

သာဓု ... သာဓု ... သာဓု။
hvotz5l4jpvq9z3mswi45e453zyjkj5
22209
22208
2026-06-19T03:40:24Z
Tejinda
173
22209
wikitext
text/x-wiki
{{header
| title = အတ္တဟိတ နှင့် ပရဟိတ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[အကာကိုပစ်၍ အနှစ်ကိုရှာ]]

ndzs6z3pt4gd4fvbuiqxeqzasz0ryxs
အတ္တာ ဟိ အတ္တနော နာထော
0
6407
22210
2026-06-19T04:28:36Z
Tejinda
173
"{{header | title = အတ္တာ ဟိ အတ္တနော နာထော | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = အတ္တဟိတ န..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22210
wikitext
text/x-wiki
{{header
| title = အတ္တာ ဟိ အတ္တနော နာထော
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[အတ္တဟိတ နှင့် ပရဟိတ]]
| previous2 =
| next = [[အဘိဓမ္မာ အနှစ်ချုပ်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

စာမျက်နှာ-၁

အတ္တာ ဟိ အတ္တနော နာထော
တရားအလှူတော် မှတ်တမ်း
သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊
တပို့တွဲလပြည့်ကျော် ၅-ရက် ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်၊ အမှတ် ၆-ရပ်ကွက်
သာသနာ့ဗိမာန်ဓမ္မာရုံကြီးဝယ် ပထမအကြိမ်ဆင်ယင်ကျင်းပပြုလုပ်သည့်
ဓမ္မသဘင်အထူးတရားပွဲ၌ တိုက်အမှတ် ၂၃၃-နေ ကွယ်လွန်သူ နှစ်ဘက်သော မိဘများနှင့် သားဦးဇော်ထွင်နိုင်အား ရည်စူး၍
လှူဒါန်းပူဇော်အပ်သည့် ဦးခင်မောင်ဌေး + ဒေါ်ခင်မြရင်မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ် ဟောကြားတော်မူသည်။

“အတ္တာ ဟိ အတ္တနော နာထော” ဟု လူတိုင်း ကြားဖူးနေကြလိမ့်မယ်၊ “အတ္တာ ဟိ အတ္တနော နာထော”ဆိုတာ “မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာ ဖြစ်တယ်”လို့ အဓိပ္ပါယ်ရတယ်၊ ဒါက မြတ်စွာဘုရား ဟောကြားတဲ့စကား ဖြစ်တယ်၊ လောကလူသားတွေက အဲဒီအတိုင်း မိမိသာလျှင် ကိုးကွယ်ရာဟု ဒီလို သတ်မှတ်ကြသလားဆိုတော့ မဟုတ်ဘူး၊ မိမိမှ တစ်ပါး အားကိုးရာတစ်ခုရှာပြီး ထားကြတယ်၊ ဘယ်သူ့ကို အားကိုးကြသလဲ? မိဘကို အားကိုးကြတယ်။ မိတ်ဆွေသင်္ဂဟတွေကို အားကိုးကြတယ်၊ ဆွေမျိုးသားချင်းတွေကို အားကိုးကြတယ်၊ ကိုယ်နှင့် ခင်မင်ရာပုဂ္ဂိုလ်တွေကို အားကိုးကြတယ်၊ အားမကိုးကြဘူး။

စာမျက်နှာ-၂
လား၊ မြတ်စွာဘုရားက “ငါ့ကို အားကိုးကြ” လို့ ဟောတာရော ရှိရဲ့လား၊ မရှိပါဘူး၊ သို့သော် လူတွေက ဘာကို အားကိုးရာရှာကြသလဲဆိုရင် ကိုယ့်ရဲ့ မိသားစုထဲက ပုဂ္ဂိုလ်တစ်ဦးဦးကို အားကိုးရာ ရှာနေကြတယ်၊ ပုဂ္ဂိုလ်ဆိုတာ တကယ်အားကိုးရာ ဟုတ်ကဲ့လား၊ တကယ်အားကိုးရာ မဟုတ်ပါဘူး၊ မြတ်စွာဘုရားက ထာဝရအားကိုးရာဟာ ကိုယ့်ကိုယ်ကိုသာ ဖြစ်တယ်လို့ ထိုထိုသုတ္တန်တွေမှာလည်း ဟောထားတာပဲ။

“အတ္တဒီပါ”ဆိုတာ ကိုယ့်ကိုယ်ကို အားကိုးကြ၊ သူများကို အားမကိုးကြနဲ့လို့ ပြောတာ၊ တကယ်တော့ အားကိုးရာအစစ်ဟာ မိမိမှတစ်ပါး ဘယ်သူမှ အားကိုးရာအစစ် မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုရင် လောကကြီးမှာ လူရယ်လို့ ဖြစ်လာလျှင် “ကိုယ့်ဝန် ကိုယ်ထမ်း” “ကိုယ့်အား ကိုယ်ကိုး” “ကိုယ့်လမ်း ကိုယ်လျှောက်” “ကိုယ့်စခန်း ကိုယ်ရောက်” တာပဲ မဟုတ်လား။

စာမျက်နှာ-၃

ကြံတွေးကြည့်ပါ
နည်းနည်းလေး ကြံတွေးပြီးကြည့်၊ ဒီဘဝ စုပြုံးပြီး ရောက်လာကြတယ်၊ ညီအစ်ကိုမောင်နှမတွေ ဖြစ်လာကြတာ၊ အဲဒီမိသားစုဝင်တွေဟာ ဒီအိမ်ကို တိုင်ပင်ပြီး ရောက်လာကြတာလား၊ ကိုယ့်ဟာကိုယ် ရောက်လာကြတာလား? ပြန်ထွက်တော့လည်း မင်းက အရင်သွားနှင့် ငါက နောက်မှ လိုက်မယ်လို့ တိုင်ပင်ပြီး ထွက်သွားကြတာလား? တကယ်စဉ်းစားကြည့်ရင် ဘဝဟာ ဘာနဲ့ ဥပမာတူသလဲဆိုရင် မီးရထားနဲ့ တူတယ်၊ မီးရထားစီးဖို့ဆိုရင် လက်မှတ်ဝယ်ရတယ်၊ လက်မှတ်ပေါ်မှာ ထိုင်ခုံနံပါတ်၊ တွဲနံပါတ်တွေ ရေးထားတယ်၊ ကိုယ်စီးရမယ့် တွဲနံပါတ်နှင့် ထိုင်ခုံနံပါတ် ရေးထားတာကို လိုက်ရှာရလိမ့်မယ်၊ တွဲနံပါတ်နှင့် ထိုင်ခုံနံပါတ်တွေ့ရင် အဲဒီမှာ ထိုင်ရမယ်၊ သူများထိုင်နေရင်လည်း ဖယ်ခိုင်းတယ်၊ ကိုယ့်ဟာလို့ သတ်မှတ်လိုက်တယ်၊ ကိုယ်ပိုက်ဆံပေးထားတယ်ဆို ကိုယ်အခွင့်အရေးရတာပဲ၊ သူများ

စာမျက်နှာ-၄
လာထိုင်လို့ လက်မခံဘူး၊ ကိုယ်ပဲ ထိုင်တယ်၊ အဲဒီလိုထိုင်ပြီး မီးရထားပေါ် တက်စီးသွားလို့ ကိုယ်ဆင်းမယ့် ဘူတာရောက်ရင် တွဲပေါ်က ဆင်းသွားရတယ်၊ ကိုယ့်တွဲ၊ ကိုယ့်မီးရထား၊ ကိုယ့်ထိုင်ခုံ ဟုတ်သေးလား? မဟုတ်တော့ဘူး၊ ရထားပေါ်က ဆင်းပြီးတော့ ကိုယ့်လမ်း ကိုယ်လျှောက်သွားရတယ်၊ “ငါထိုင်ခုံလေး ဘယ်သူထိုင်နေသလဲ” လို့တွေးမိသေးလား? မတွေးမိပါဘူး။

မိသားစု အိမ်တစ်အိမ် - ရန်ကင်း ဆိုပါစို့ - ရပ်ကွက်ထဲက အိမ်တစ်အိမ်ကို စုရောက်လာကြတယ်၊ ကံပေးလို့ ဒီအိမ်၊ ဒီမိသားစုထဲ ဝင်လာကြတယ်၊ အဲဒီလိုဝင်လာတဲ့အခါ အမေလုပ်တဲ့ပုဂ္ဂိုလ်နဲ့ ဆွေတွေမျိုးတွေက လာပါလို့ ခေါ်တာ ဟုတ်ရဲ့လား? မဟုတ်ပါဘူး၊ မြတ်စွာဘုရားက “အနိတော တတော အာဂတာ”တဲ့၊ မဖိတ်ခေါ်ဘဲ လာတာ၊ “အနနုညာတော ဣတော ဂတာ” - ခွင့်မပြုဘဲ ဒီ

စာမျက်နှာ-၅
အိမ်က ထွက်သွားကြတာ၊ ဘယ်သူကမှ သွားတော့ မနေနဲ့လို့ ပြောတာ ရှိလား? မရှိပါဘူး။

အဲဒီလိုတွေ့လာတဲ့အခါ တစ်ယောက်နှင့် တစ်ယောက် အားကိုးကြတယ် ဆိုတော့ ထာဝရ အားကိုးလို့ရော ရရဲ့လား? မရပါဘူး၊ ဆင်းရဲတဲ့အခါမှာရော အားကိုးလို့ ရပါ့မလား? လဲကျရင် ထူရင် ထူပေးမှာပေါ့၊ ဝိုင်းပြီး မ,မှာပေါ့၊ ကဲ အိုနေတာကို ဝိုင်းပြီးတော့ အိုပေးကြလို့ ရရဲ့လား? မရပါဘူး။

ရောဂါဝေဒနာ ဖြစ်နေတယ် - တစ်ဦးတည်း ခံစားနေရတာ ပင်ပန်းလိုက်တာ၊ နည်းနည်းစီ မျှခံရအောင်ဆိုပြီး မျှခံလို့ ရလား? မရပါဘူး၊ သို့သော် - လောကကြီးဟာ အားကိုးလို့ မရဘူးဆိုတာ မထင်ရှားပေဘူးလား? ထင်ရှားတယ်၊ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ နောက်ဆုံး သေခြင်းဆင်းရဲအတွက် ဘယ်သူ့အားကိုးလို့ ရလဲ၊ အဲဒီတော့ အားကိုးလို့ ရတာ ဘယ်သူလဲဆိုတော့ ကိုယ့်ကိုယ်ကိုပဲ။

စာမျက်နှာ-၆

ကိုယ့်ကိုယ်ကို အားကိုး ဟူသည်
ဒါဖြင့် ကိုယ့်ကိုယ်ကို အားကိုးဆိုတာ ဘာလဲဆိုရင် မြတ်စွာဘုရားက ကိုယ်ကျင့်သုံးတဲ့ ဓမ္မကို အားကိုးခိုင်းတာ၊ ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံတော့ ညီတော်စုန္ဒက ရှင်သာရိပုတ္တရာရဲ့ သပိတ်သင်္ကန်း စတဲ့ ကျန်ရစ်တဲ့ ပစ္စည်းတွေကို ယူပြီး ရှင်အာနန္ဒနဲ့ မြတ်စွာဘုရားဆီ သွားကြတယ်၊ ရှင်အာနန္ဒက လျှောက်တယ်- “အရှင်ဘုရား - ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံသွားပြီ ကြားတော့ စိတ်မကောင်းဖြစ်လိုက်တာ၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်မျက်နှာတွေတောင် မသိအောင် ဖြစ်နေပါတယ်၊ တရားဓမ္မတွေလည်း တပည့်တော်စိတ်ထဲ ပေါ်မလာတော့ဘူး၊ တရားနှလုံးသွင်းလို့လည်း မရဘူး ဖြစ်နေပါတယ်” သောတာပန်ပုဂ္ဂိုလ်ပေမယ့် စိတ်ဆင်းရဲမှုတွေ ဖြစ်နေတယ်၊ “အဲဒီလို ကြားရတော့ တပည့်တော် အင်မတန်မှ စိတ်ဆင်းရဲမှုတွေ ဖြစ်ပါတယ်”။

စာမျက်နှာ-၇
မြတ်စွာဘုရားက လမ်းကြောင်းဖြောင့်ပေးတဲ့အနေနဲ့ “နေပါဦး အာနန္ဒ- ရှင်သာရိပုတ္တရာ ပျံလွန်တဲ့အခါ မင်းဆီက သီလတွေ၊ ပညာတွေ ပါသွားလို့လား”တဲ့၊ “အဲဒီလိုတော့ ပါမသွားပါဘူး”တဲ့၊ “ရှင်သာရိပုတ္တရာမထေရ်မြတ်က ဆုံးမတတ်တယ်၊ တရားဓမ္မတွေ ဟောတတ်တယ်၊ ပညာရှိတယ်၊ သူဟောပြောတဲ့ တရားဓမ္မကို နာရမယ့် အခွင့်အရေးတွေ ဆုံးရှုံးသွားလို့ပါ”တဲ့။

“အာနန္ဒ - သင်္ခါရတရားဆိုတာ ဘယ်ဟာမှ မမြဲဘူး၊ ကိုယ့်ကိုယ်ကို အားကိုးရမှာ၊ ပုဂ္ဂိုလ်ကို အားမကိုးနဲ့၊ ပုဂ္ဂိုလ်ကို အားကိုးရင် ထိုပုဂ္ဂိုလ်က မကြာခင်ပဲ ပျောက်ဆုံးသွားတတ်တယ်၊ ထိုအခါ အားကိုးစရာ မရှိတော့ဘူး”

မြတ်စွာဘုရားလက်ထက်ကဆိုရင် ဘုရားကို ကြည်ညိုလို့ ဘုရားကို အားထားကြတယ်၊ ဘုရား ပရိနိဗ္ဗာန်စံသွားတယ်၊ ရှင်သာရိပုတ္တရာကို အားကိုးကြတယ်၊ ရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံသွားတယ်၊

စာမျက်နှာ-၈
ရှင်အာနန္ဒကို အားကိုးကြတယ်၊ ရှင်အာနန္ဒ ပရိနိဗ္ဗာန်စံသွားတယ်၊ ပုဂ္ဂိုလ်ဆိုတာ ထာဝရအားကိုးလို့ မရဘူးတဲ့၊ အမြဲရှိနေတာက ဓမ္မပဲ၊ ကိုယ်ကျင့်သုံးနေတဲ့ဓမ္မဟာ ကိုယ်နဲ့အတူ ရှိနေတာပဲ၊ ဘဝသံသရာ ခရီးသွားတဲ့အခါ ကိုယ်တစ်ယောက်တည်း သွားရတာ၊ အဲဒါကြောင့် ကိုယ်နဲ့အတူ သွားတာဆိုရင် ဓမ္မသာ ဖြစ်တယ်။

မြတ်စွာဘုရားက “အတ္တာ ဟိ အတ္တနော နာထော - မိမိသည်သာလျှင် မိမိ၏ကိုးကွယ်ရာ”တဲ့၊ ကိုယ်ကျင့်သုံးထားတဲ့ တရားဓမ္မသည်သာလျှင် ကိုယ့်ရဲ့ ကိုးကွယ်ရာ၊ ပုဂ္ဂိုလ်ဆိုတာ တကယ်အားဖြင့် ကိုးကွယ်ရာ မဟုတ်ဘူးတဲ့၊ အကူအညီလောက်သာ ရတာ။ - မြတ်စွာဘုရားဟောတဲ့ ဂါထာအပြည့်အစုံက “အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ” “မိမိသာလျှင် မိမိရဲ့ ကိုးကွယ်ရာ ဖြစ်တယ်၊ မိမိမှတစ်ပါး တခြားပုဂ္ဂိုလ်သည် ကိုးကွယ်ရာ

စာမျက်နှာ-၉
ဘယ်မှာ ဖြစ်နိုင်မလဲ”၊ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့ မဖြစ်နိုင်တာလဲဆိုရင် ကိုယ်ကိုယ်တိုင် မလုပ်ဘဲနဲ့၊ ကိုယ့်ကိုယ်ကို မဆုံးမဘဲနဲ့ ပေးလို့ကမ်းလို့ ရတယ်ဆိုတာ မရှိနိုင်ပါဘူး၊ ကိုယ်ကိုယ်တိုင်ကျင့်သုံးမှ၊ ကိုယ့်စိတ်ထဲ ဖြစ်အောင်လုပ်မှ ဖြစ်နိုင်တယ်၊ ထာဝရ ကိုယ်အားကိုးရမယ့်အရာဟာ ကိုယ့်ရဲ့ တရားပဲ၊ ဟုတ်တယ်လေ၊ ကိုယ့်ရဲ့ တရားကသာ ကိုယ်နဲ့ အမြဲရှိနေမှာ၊ ဒီပြင်အရာဟာ ကိုယ်နဲ့ အမြဲမရှိနိုင်ဘူး။

မိဘတွေက သားသမီးတွေကို အားကိုးရမယ် ထင်နေတာ၊ သူတို့အလုပ်အကိုင်နှင့်သူတို့ တခြားရောက်နေရင် အားကိုးလို့ ရမှာမဟုတ်ဘူး၊ မိတ်ဆွေတွေဆိုရင်လည်း သူတို့အလုပ်အကိုင်နဲ့သူတို့၊ ကိုယ်လည်း ကိုယ့်အလုပ်အကိုင်နဲ့ကိုယ်၊ ကိုယ်အားထားရာဆိုတာ ကိုယ့်ရဲ့တရားသာလျှင် ဖြစ်တယ်၊ ဘဝခရီးကို ဖြတ်သန်းသွားရာမှာ ကိုယ်နှင့်အတူ ရှိနေရမယ့်အရာက တရားသာ ဖြစ်တယ်၊ ဒါ့ကြောင့် အား

စာမျက်နှာ-၁၀
ကိုးမှု မလွဲစေဖို့ လောကအမြင်နဲ့ မတူတဲ့ အမြင်တစ်ခုကို ဟောတာ။ “အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ၊ အတ္တနာ ဟိ သုဒန္တေန၊ နာထံ လဘတိ ဒုလ္လဘံ” “အတ္တာ ဟိ - မိမိကိုယ်တိုင်သာလျှင်”, “အတ္တနော - မိမိရဲ့” “နာထော - ကိုးကွယ်အားထားရာ ဖြစ်ပေတော့သည်။” - အဲဒီလို စိတ်ထဲမှတ်ထား၊ ဒီကြားထဲ သားအားကိုးရမလား၊ သမီးအားကိုးရမလား၊ ဆွေမျိုးအားကိုးရမလား၊ သွားမတွေးနဲ့၊ အားကိုးမှားသွားရင် တကယ့်အချက်ကျ ဘယ်သူမှ မကယ်နိုင်ဘူး၊ အဲဒီတော့ အားကိုးရမှာက “အတ္တာ ဟိ - မိမိသာလျှင်၊ အတ္တနော နာထော - မိမိရဲ့ ကိုးကွယ်ရာအစစ် ဖြစ်၏” မိမိမှတစ်ပါး သားပင်ဖြစ်စေ၊ သမီးပင်

စာမျက်နှာ-၁၁
ဖြစ်စေ၊ မိဘပင်ဖြစ်စေ အခြားဘယ်သူမှ ကိုးကွယ်ရာ မဖြစ်နိုင်ဘူး။

“အတ္တနာ ဟိ သုဒန္တေန - မိမိကိုယ်တိုင် ဆုံးမ၍ တရားဓမ္မကို ကျင့်သုံးနိုင်ခြင်းဖြင့်၊ နာထံ - တကယ်အားကိုးရာဖြစ်တဲ့ တရားထူး တရားမြတ်ကို၊ လဘတိ - ရနိုင်ကြပါပေ၏” လို့ မြတ်စွာဘုရားက ဟောကြားတော်မူခဲ့တယ်။ ။

“ကိုယ့်ကိုယ်ကို အားထား”ဆိုတာ ဓမ္မကို အားထားရမှာကို ဆိုလိုတာ၊ “အားကိုးရာအစစ်က ကိုယ့်သန္တာန်မှာ ရှိတာ၊ အပြင်မှာ မရှာနဲ့” လို့ ပြောတာ၊ ကိုယ့်ကိုယ်ကို အားထားရမှာ၊ ကိုယ့်ကိုယ်ကို ဆုံးမရမှာလို့ ပြောတာ၊ သူများကို ဆုံးမရတာ လွယ်တယ်၊ ကိုယ့်ကိုယ်ကို ဆုံးမရတာကျ ခက်တယ်၊ “အတ္တာ ဟိ ကိရ ဒုဒ္ဓမော”တဲ့ - ကိုယ့်ကိုယ်ကို ဆုံးမရတာ ခက်တယ်၊ မိဘတွေက သားဆုံးမကြတယ်၊ သမီးဆုံးမကြတယ်၊ လူကြီးသူမတွေက လူငယ်တွေကို ဆုံးမကြတယ်၊ သူတစ်ပါးကို ဆုံးမရတာ

စာမျက်နှာ-၁၂
လွယ်တယ်၊ ကိုယ့်ကိုယ်ကို ဆုံးမရတာ ခက်တယ်။ အဲဒီလို ကိုယ့်ကိုယ်ကို ဆုံးမလို့ ကိုယ်တိုင်ယဉ်ကျေးသွားပြီဆိုမှ အားကိုးရာအစစ်ကိုတွေ့မှာ၊ ကိုယ့်ကိုယ်ကို မဆုံးမရင် အားကိုးရာအစစ်ကို မရနိုင်ဘူး။
အားကိုးရာအစစ် ဓမ္မဟူသည်?
အားကိုးရာအစစ်ဆိုတာ ဘာလဲ? အကြမ်းအားဖြင့် အားကိုးရာအစစ်သည် ဓမ္မပဲ၊ ဓမ္မဆိုတာ ကိုယ်ကျင့်သုံးတဲ့ ကိုယ့်ရဲ့ ဓမ္မဖြစ်တယ်။ ဆိုပါစို့ - လူ့လောကရောက်ရှိလာတဲ့ ပုဂ္ဂိုလ်တစ်ယောက်သည် သူ့အသက်သတ်ခြင်းမှ ရှောင်တယ်၊ သူ့ဥစ္စာခိုးခြင်းမှ ရှောင်တယ်၊ သူတစ်ပါးသားမယား ပြစ်မှားခြင်းမှ ရှောင်တယ်ဆိုတဲ့ ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြဉ်မှုနှင့် ကုသိုလ်ကောင်းမှုဖြစ်တဲ့ ကာယသုစရိုက် ၃-မျိုးကို ကျင့်သုံးရမယ်၊ အဲဒီလို ကျင့်သုံးတာကို အကြောင်းပြုပြီးတော့ လူ့ဘုံမှာ လူဖြစ်ရတာ၊ နတ်

စာမျက်နှာ-၁၃
ဖြစ်ရတာ ဘာကြောင့်လဲဆိုရင် ကုသလကမ္မပထ တရား ၁၀-ပါးကို ကျင့်သုံးလို့။ ။

ဝစီကံနှင့် ပတ်သက်လို့ လိမ်ပြောခြင်းမှ ရှောင်တယ် - မှန်တာကိုပဲ ပြောတယ်၊ တစ်ဦးနှင့် တစ်ဦး ဂုံးတိုက်ပြီး မတည့်အောင် မလုပ်ဘူး၊ ရိုင်းစိုင်းတဲ့ စကားမျိုး မပြောဘူး - ယဉ်ကျေးသိမ်မွေ့တဲ့ စကားမျိုး ပြောတယ်၊ အကျိုးမရှိတဲ့ စကားမျိုး မပြောဘူး - အကျိုးရှိတဲ့ စကားမျိုး ပြောတယ်၊ ဓမ္မကို ကျင့်သုံးတယ်၊ အဲဒီကျင့်သုံးတဲ့ဓမ္မဟာ လူ့ပြည်နတ်ပြည်ကို ရောက်စေနိုင်တယ်၊ ဒီကနေ့ လူ့ဘဝ လူရယ်လို့ ဖြစ်လာတာဟာ အဲဒီကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့လို့ - ဟုတ်လား၊ အဲဒီဓမ္မတွေက ပို့ခဲ့တာ။

နောက်တစ်ခုက သူများပစ္စည်းကို ကိုယ့်ပစ္စည်း ဖြစ်လိုမှု မရှိဘူး၊ သူတစ်ပါးကို ပျက်စီးစေလိုမှု ဗျာပါဒ မရှိဘူး၊ သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုမှု လောဘကို ဖယ်ရှားတယ်၊ ပျက်စီးဆုံးရှုံးစေလိုမှု ဒေါသ မရှိဘူး၊ ကောင်းတာလုပ်သည်ဖြစ်စေ

စာမျက်နှာ-၁၄
မကောင်းတာလုပ်သည်ဖြစ်စေ ကောင်းကံ မကောင်းကံတို့၏ ကောင်းမွေ ဆိုးမွေတွေ ရှိတယ်လို့ လက်ခံတဲ့ သမ္မာဒိဋ္ဌိ ရှိတယ်၊ ဒီလိုကျင့်သုံးတာဟာ ဓမ္မကို ကျင့်သုံးတာ၊ အားလုံးပေါင်း ၁၀-မျိုး၊ အဲဒီ ၁၀-မျိုးကြောင့် လူ့လောကဆိုတာ ရှိတာ၊ လူဖြစ်ဖို့ ကုသိုလ်ကောင်းမှုကို ကျင့်သုံးရမယ်၊ မကောင်းမှု ၁၀-မျိုးကို ကျင့်သုံးမယ်ဆိုရင် လူဆိုတာ မဖြစ်နိုင်ဘူး၊ လူ့ဘုံဆိုတာ ကုသိုလ်ကမ္မပထတရား ၁၀-မျိုးကို ကျင့်သုံးလို့ ရတာ၊ နတ်ဘုံလည်း ဒီအတိုင်းပဲ။ ။

အကုသိုလ်ကမ္မပထတရား ၁၀-ပါး ကျင့်သုံးသူဟာ အပါယ်ဘုံကို ရောက်ရတာ၊ ငရဲဆိုတာ ကိုယ်မမြင်ရလို့ မရှိဘူးလို့ ပြောလို့ မရဘူး၊ လူ့လောကမှာ မကောင်းတာတွေ လုပ်နေတာကို မြင်ရရင် မတူညီတဲ့လုပ်ရပ်တွေကြောင့် မတူညီတဲ့အကျိုးတွေ ဖြစ်မယ်ဆိုတာ ထင်ရှားတယ်၊ အကုသိုလ်ကမ္မပထတရား ၁၀-ပါးကို အရှိန်အဟုန်နှင့် ပြုလုပ်နေတဲ့သူဟာ သေတဲ့အခါ ငရဲကို ရောက်တယ်ဆိုတာ ထင်

စာမျက်နှာ-၁၅
ရှားတယ်၊ အဲဒီထက် သက်သာတဲ့ တိရစ္ဆာန်ဘုံမှာ ဖြစ်တယ်၊ အဲဒီထက် သက်သာတဲ့ ပြိတ္တာ၊ အသူရကာယ်ဘုံတို့မှာ ဖြစ်ကြရတယ်၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်တို့ဆိုတာ အကုသိုလ်ကမ္မပထတရား ၁၀-ပါးရဲ့ အကျိုးဆက်တွေပဲ။ ။

ဓမ္မကို မကျင့်သုံးသည့်အတွက်ကြောင့် အပါယ်ဘုံရောက်နေတဲ့ သတ္တဝါဦးရေသည် လူ့ဘုံ နတ်ဘုံမှာရှိတဲ့ ဦးရေထက် များတယ်၊ လူတွေက ထင်ကြတယ် - လူ့လောကမှာ လူဦးရေတွေ အင်မတန်မှ များတယ်လို့၊ လူဦးရေတိုးလာတယ်လို့ ပြောကြတယ်၊ တချို့နိုင်ငံဆို လူတောင်ဖြစ်ခွင့် မပေးချင်ဘူး၊ လာချင်တာတောင် လာခွင့်မပေးတာတွေ ရှိတယ် နော်၊ အဲဒီလို လာခွင့်မပေးတာက လူဦးရေများတယ် ထင်လို့။

သို့သော် တိရစ္ဆာန်အမျိုးမျိုးကို မကြည့်နဲ့ဦး၊ တိရစ္ဆာန်တစ်မျိုးတည်းကိုပဲ နှိုင်းစာကြည့်လိုက်လျှင် အတိုင်းအတာ အလွန်ကွာခြားတယ်၊ ငါးတစ်ကောင်

စာမျက်နှာ-၁၆
ရဲ့ဝမ်းထဲမှာ ဥတွေ သန်းချီရှိနေတာ၊ ဒါက ငါးတစ်မျိုးတည်းပဲ၊ ငါးသေးသေးလေးက လူဦးရေထက် မများပေဘူးလား၊ ဒီတော့ တိရစ္ဆာန်ဦးရေက များနေတော့ အဓမ္မဆိုတဲ့ တရားကို ကျင့်သုံးနေတဲ့သူက ပိုများနေတယ်ဆိုတာ ထင်ရှားတယ်။

လောကမှာ ကုသိုလ်ကမ္မပထတရား ၁၀-ပါး လုပ်သူများတယ်လို့ အောက်မေ့ပေမယ့် ကိုယ့်ဘဝကို ကိုယ်ပြန်စဉ်းစားကြည့် - နံနက်မိုးသောက် အလင်းရောက်တဲ့အချိန်ကစပြီး “ငါဘာမဟုတ်တာ လုပ်မိသလဲ” “အကုသိုလ်ကမ္မပထတရား ၁၀-ပါးထဲက တစ်ခုခုများ ကျူးလွန်မိသလား” လို့ မသုံးသပ်ထိုက်ဘူးလား၊ မသုံးသပ်ရင် မသိနိုင်ဘူးလေ၊ နံနက်မိုးလင်းကနေ ညအိပ်ရာဝင်ထိ တစ်နေ့တာဖြတ်ကျော်လာတဲ့ ငါ့ရဲ့ဘဝဟာ တစ်နေ့တာအချိန်အတွင်း - “သူများအသက်ကို သတ်မိသလား၊ သူများဥစ္စာကို မပေးဘဲနှင့် ယူမိတာရှိသလား၊ သူများသားမယားကို စိတ်နဲ့ ပစ်မှားမိတာရော ရှိလား၊ လိမ်ပြီး ပြောမိ

စာမျက်နှာ-၁၇
သလား၊ ရိုင်းပြဆဲရေးတဲ့စကား ပြောမိသလား” လို့ ကိုယ့်ကိုယ်ကို ပြန်စစ်၊ “သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုမှု လောဘနဲ့တွေးမိသလား၊ လူတစ်ဦးတစ်ယောက်ကို ပျက်စီးအောင်တွေးမိသလား၊ ကံ၊ ကံ၏အကျိုးကို ယုံကြည်မှုကင်းမဲ့တဲ့ အတွေးအမြင်များ ပေါ်မိသလား” ကိုယ့်ကိုယ်ကို အမှန်အတိုင်း ဆန်းစစ်ကြည့်ဖို့ လိုတယ်၊ ဒီလို ဆန်းစစ်ကြည့်ရင် ကိုယ်လုပ်တဲ့ အလုပ်တွေ ရှင်းရှင်းလင်းလင်း ပေါ်လာလိမ့်မယ်၊ ပေါ်လာတဲ့အခါကျရင် မကောင်းတဲ့ အကုသိုလ်အလုပ်တွေ လုပ်မိခဲ့ရင် ပြောင်းလုပ်ဖို့၊ ကောင်းတာလုပ်မိရင် ဆက်လုပ်ဖို့၊ ကိုယ့်ကိုယ်ကို အားကိုးတယ်ဆိုတာ အဲဒါကို ပြောတာ။

မကောင်းတာလုပ်မိရင် ကိုယ့်ကိုယ်ကို ဆုံးမရတယ် “ဒါမျိုး မလုပ်နဲ့” လို့၊ လူဆိုတာ ဘာပဲဖြစ်ဖြစ် သူများကျ ပြောတတ်တယ်၊ ကိုယ့်ကိုယ်ကိုကျတော့ ခွင့်လွှတ်တတ်တယ်၊ ဆိုပါစို့ - ပန်းကန်လေး လွတ်ကျသွားရင် သူများကျ နမော်နမဲ့နိုင်တယ်တဲ့၊ ကိုယ့်

စာမျက်နှာ-၁၈
ကျတော့ မတော်တဆတဲ့၊ ကိုယ့်ကိုယ်ကျတော့ ခွင့်လွှတ်ရင် သူများကိုလည်း ခွင့်လွှတ်တတ်အောင် ကြိုးစားကြရမယ်၊ ခုတော့ သူများလည်း မတော်တဆ၊ ကိုယ်လည်း မတော်တဆ - အဲဒီလို မထားနိုင်ဘူး၊ “သူက ဒီလိုချည်းပဲ၊ ငါက ဂရုစိုက်တယ်၊ သူက ဂရုမစိုက်ဘူး” အဲဒါ ဘာပြုလို့လဲဆိုတော့ လူရဲ့သဘာဝက ကိုယ့်ကိုယ်ကို ဦးစားပေးချင်တဲ့ သဘောရှိလို့၊ အဲဒီလို ကိုယ့်ကိုယ်ကို အမှန်မြင်ဖို့ လိုအပ်တယ်။

အမှန်မြင်ပြီး ကိုယ့်ကိုယ်ကို နှိပ်ကွပ်ရမယ်၊ မနှိပ်ကွပ်လျှင် ကိုယ်မယဉ်ကျေးဘူး၊ သူများကိုတော့ နှိပ်ကွပ်တယ်၊ ကိုယ့်ကိုတော့ မနှိပ်ကွပ်ဘူး၊ တော်တော်များများက ကိုယ့်ကိုယ်ကိုကျတော့ မနှိပ်ကွပ်ဘူး၊ ခွင့်လွှတ်တယ်၊ အကြောင်းအမျိုးမျိုး ပြတယ်၊ သူများကို ခွင့်မလွှတ်ဖြစ်တတ်တယ်၊ သူများကို ခွင့်မလွှတ်နိုင်သလို ကိုယ့်ကိုယ်ကိုလည်း ခွင့်မလွှတ်

စာမျက်နှာ-၁၉
သင့်ဘူး၊ ကိုယ့်ကိုယ်ကို ခွင့်လွှတ်နေသမျှ လူတော်လူကောင်း မဖြစ်နိုင်ဘူး။

ရှေးသူတော်ကောင်းတွေက မဟုတ်တာလုပ်မိရင် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်ကြဘူး၊ အဲဒီကိုယ့်ကိုယ်ကို ခွင့်မလွှတ်ဘဲ ယဉ်ကျေးအောင် ဆုံးမတာ သုဒန္တ၊ ကိုယ့်ကိုယ်က ယဉ်ကျေးမှ နာထံအစစ်ဖြစ်တဲ့အားထားရာကို ရနိုင်တယ်၊ တကယ်အားကိုးရာအစစ်က ကိုယ့်ကိုယ်ကို နှိပ်ကွပ်နိုင်မှ ဖြစ်မယ်၊ သားအားကိုးမလား? လွဲသွားပြန်ပြီ၊ သမီးအားကိုးမလား? လွဲသွားပြန်ပြီ၊ ဆွေမျိုးတွေ အားကိုးမလား? လိုက်ကြည့်လိုက်ပြန်တယ်၊ အားကိုးစရာ ဘာမှမရှိဘူး၊ လူတွေက အားကိုးရာလိုက်ရှာနေကြတာ၊ အားကိုးရာအစစ်က ပတ်ဝန်းကျင်လူတွေမှာ မရှိဘူး၊ မိမိရဲ့အသိုင်းအဝန်းထဲမှာလည်း မရှိဘူး၊ ဆွေမျိုးထဲမှာလည်း မရှိဘူး၊ ဘယ်နေရာမှာမှ မရှိဘူး၊ ရှိတာက ကိုယ့်ရင်ထဲ နှလုံးထဲမှာပဲ ရှိတဲ့တရားကို

စာမျက်နှာ-၂၀
အားကိုးရမှာ၊ သေငယ်ဇောနှင့် မျောနေတဲ့အချိန်မှာဆို ဘယ်သူက ဘာတတ်နိုင်မှာတုန်း။

အဲဒီအချိန်မှာ သားစွဲလမ်းတဲ့စိတ်၊ သမီးစွဲလမ်းတဲ့စိတ်၊ ပစ္စည်းဥစ္စာစွဲလမ်းတဲ့စိတ် ဒီစိတ်တွေနဲ့ သေမယ်ဆိုရင် ဒုက္ခရောက်လိမ့်မယ်၊ အဲဒီလိုမဟုတ်ဘဲနဲ့ ကိုယ်ကျင့်သုံးနေတဲ့တရားကို အားကိုးပြီး နှလုံးသွင်းနေမယ်ဆိုရင် ကောင်းရာသုဂတိ ရောက်မယ်၊ အဲဒါကြောင့် အားကိုးမလွဲမိစေနဲ့၊ အားကိုးရမှာက မိမိရင်ထဲ နှလုံးထဲမှာ ကျင့်သုံးတဲ့တရားသာ ဖြစ်တယ်၊ အဲဒီလို ဖြစ်ဖို့ရန်အတွက် ကိုယ့်ကိုယ်ကို နှိပ်ကွပ်ဖို့ လိုတယ်၊ ကိုယ့်ကိုယ်ကို မလိမ်နဲ့ မညာနဲ့၊ လူတွေဟာ များသောအားဖြင့် ကိုယ့်ကိုယ်ကို လိမ်နေကြတာကို မသိကြဘူး၊ သူများကို မလိမ်ရင် လူတော်လူကောင်းလို့ သတ်မှတ်ကြတယ်။ သို့သော် ကိုယ့်ကိုယ်ကိုတော့ လိမ်နေကြတယ်၊ ဒါ့ကြောင့်မို့ ကိုယ့်ကိုယ်ကို နှိပ်ကွပ်ရမယ်။

စာမျက်နှာ-၂၁
၅၅၀-ဇာတ်တော်ထဲမှာ မှတ်သားစရာလေးတွေ ရှိတယ်၊ နှိပ်ကွပ်ပြီဆိုရင် တကယ့်အားကိုးရာအစစ်ဟာ ကိုယ့်ကိုယ်ကိုပဲ၊ “အတ္တာ ဟိ အတ္တနော နာထော” ဆိုတဲ့အတိုင်းပဲ ကိုယ့်ကိုယ်ကိုသာ အားကိုးရာအစစ်၊ အဲဒီပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓမြတ်စွာ သာသနာတော်နှင့် မဆုံကြဘူး၊ ဘုရားမပွင့်တဲ့အခါ သမယမှာ လူဖြစ်ကြတယ်၊ သို့သော် နှိပ်ကွပ်နိုင်လောက်အောင် အသိတရားရှိကြတဲ့ပုဂ္ဂိုလ်တွေ လာဖြစ်တယ်၊ ဒီလိုအသိတရားရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကို နှိပ်ကွပ်ပြီး အားကိုးရာရှာကြတာ။

အဲဒီပုဂ္ဂိုလ်တွေကို “ပစ္စေကဗုဒ္ဓ” လို့ ခေါ်တယ်၊ “ပစ္စေက”ဆိုတာက တစ်သီးတစ်ခြား၊ “ဗုဒ္ဓ”ဆိုတာ သိတာ၊ “သမ္မာသမ္ဗုဒ္ဓ”ဆိုတာ ကိုယ်တိုင် မှန်မှန်ကန်ကန် သစ္စာ ၄-ပါးကို သိတာ၊ ကိုယ်တိုင်သိတာကို သူများကို မှန်မှန်ကန်ကန် ဟောပြောနိုင်တာ၊ ပစ္စေကဗုဒ္ဓဆိုတာ ကိုယ်ပိုင်နည်းနဲ့ သစ္စာ ၄-ပါးကို သိတာ၊ သူတစ်ပါး နားဝင်အောင်, သိသွား

စာမျက်နှာ-၂၂
အောင်တော့ မပြောတတ်ဘူး၊ သူသိသလို အခြားသူသိအောင် သစ္စာ ၄-ပါးကို မဟောပြောနိုင်ဘူးတဲ့။

ပစ္စေကဗုဒ္ဓဆိုတာ ဘုရားမပွင့်တဲ့အချိန်မှာ ပွင့်တာ၊ ဘယ်လိုပုဂ္ဂိုလ်တွေ ဖြစ်တာတုန်းဆိုရင် ဒီဘဝမှာ ဝိပဿနာတရားကို စွဲစွဲမြဲမြဲ အားထုတ်တဲ့ ပုဂ္ဂိုလ်၊ အဲဒီလို ကြိုးပမ်းအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ ဒီဘဝမှာ ရဟန္တာ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သေခါနီးမှာ ဖြစ်နိုင်တယ်၊ သေခါနီးမှာ မဖြစ်ရင် ဒီဘဝက သေသွားပြီးတော့ နောက်ဆုံးအချိန်မှာ ပစ္စေကဗုဒ္ဓဖြစ်နိုင်တယ်လို့ - တရားကို စွဲစွဲမြဲမြဲအားထုတ်ရင် တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးကျေးဇူးကို ဖော်ပြထားတယ်။

တရားအားထုတ်ဖို့ရာက ကိုယ့်တာဝန်၊ တရားထူး, တရားမြတ်ကို ရဖို့ရာက ကိုယ့်တာဝန် မဟုတ်ဘူး၊ ဆိုပါစို့ - ဘာနဲ့ ဥပမာတူသလဲဆိုရင် သစ်ပင်စိုက်တဲ့အခါ ကိုယ်လုပ်ပေးရမှာက ပေါင်းသင်ရမယ်, မြေဩဇာထည့်ရမယ်, ရေလောင်းပေးရမယ်, ပိုးမကျ

စာမျက်နှာ-၂၃
အောင် ဖယ်ရှားပေးရမယ် - ဒါ ကိုယ့်တာဝန်ပေါ့။ အပွင့်လေးပွင့်အောင် ကိုယ်လုပ်နိုင်သလား- မလုပ်နိုင်ဘူး၊ ကိုယ်က အခြေအနေကောင်းလေးတွေ ဖန်တီးပေးတာပဲ ရှိတာ၊ ရေလောင်းမယ်၊ နေရောင်ထဲ ထားမယ်၊ နေပူရင်လည်း အရိပ်ထဲ ရွှေ့ထားမယ် စသည်ဖြင့် ကိုယ်က အခြေအနေကောင်းလေးတွေ ဖန်တီးပေးမယ်၊ ထိုအခြေအနေကောင်းလေးတွေက သူ့ဟာသူ ဆောင်ရွက်ကြတော့ အဖူးလေးတွေ အပွင့်လေးတွေ ဖြစ်လာတာပေါ့။

အဲဒါလိုပဲ - တရားအားထုတ်ပြီးနေရင် သူ့ဟာသူ အခြေအနေကောင်းလေးတွေနဲ့ တရားထူး တရားမြတ်ရလာမှာပါ၊ ဘယ်ဟာပဲဖြစ်ဖြစ် သူ့ဟာသူ ရင့်ကျက်လာမှာပေါ့၊ ပွင့်ချိန်တန်ပွင့် သီးချိန်တန်သီး၊ လက်ရှိကြိုးပမ်းအားထုတ်နေတဲ့သူဟာ ဒီဘဝ တရားထူးတရားမြတ် ရနိုင်တယ်၊ သေခါနီးအချိန်မှာ ရနိုင်တယ်၊ သေခါနီးအချိန်မှာ မရရင် နောက်ဘဝမှာရမယ်၊ မရသေးဘူးဆိုရင် ပစ္စေကဗုဒ္ဓအဖြစ်

စာမျက်နှာ-၂၄
ရောက်နိုင်တယ် ... ကိုယ်ပိုင်အသိဉာဏ်နဲ့၊ အဲဒါကြောင့် လုပ်ရမယ်၊ လုပ်မှ ဒီလမ်းကြောင်းကို ရှာတွေ့မှာပေါ့။ ကိုယ်တိုင်လုပ်မှ ဒီလမ်းကြောင်းကို မှတ်မိနေမှာပေါ့။

ပစ္စေကဗုဒ္ဓဆိုတာ အသီးအခြား သစ္စာ ၄-ပါးကို သိတာ၊ အဲဒီပုဂ္ဂိုလ်ဖြစ်ဖို့ရာအတွက် ၂-အသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတယ်၊ ၂-အသင်္ချေဆိုတာ မရေမတွက်နိုင်တဲ့ ကမ္ဘာပေါင်း ၂-ခါကြုံရတယ်၊ ရေတွက်လို့ရတာက တစ်သိန်း၊ ဒါ့ကြောင့် ၂-အသင်္ချေ နှင့် ကမ္ဘာတစ်သိန်း၊ ဘုရားဖြစ်ဖို့ရန်အတွက်ကျတော့ ၄-အသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ မရေတွက်နိုင်တာက ၄-ခါကြုံပြီး ရေတွက်နိုင်တာက တစ်သိန်း ဒီလိုဆိုတယ်။

ပစ္စေကဗုဒ္ဓဖြစ်ဖို့ရာ နည်းတဲ့ပါရမီ ဖြည့်ရတာ မဟုတ်ဘူး၊ ၂-အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ရတာ၊ ဘယ်သူကမှ နည်းလမ်းမပြဘဲနှင့် ကိုယ့်ကိုယ်ကို နှိပ်ကွပ်ဆုံးမပြီးတော့မှ နည်းလမ်းရှာတာ၊

စာမျက်နှာ-၂၅
ကိုယ့်အတွက် အားကိုးစရာဆိုတာ ကိုယ့်သန္တာန်မှာပဲ ရှိတာ၊ အပြင်မှာ မရှိဘူး။

တစ်ခါတုန်းက အတိတ်ဘဝမှာ ဂေါတမမြတ်စွာဘုရားအလောင်း ဗာရာဏသီပြည်မှာ ဘုရင်ကြီးတစ်ပါး ဖြစ်တယ်၊ ဘုရားအလောင်းတွေဟာ ကုသိုလ်ကောင်းမှုပြုတဲ့နေရာမှာ အမြဲစိတ်ညွတ်နေတယ်၊ ဖြစ်ရာဘဝမှာ သမထဘာဝနာ ပွားများတယ်ဆိုတဲ့ အလေ့အထတွေ ရှိနေတယ်၊ သာသနာပဖြစ်တဲ့အချိန်မှာလည်း ဒါနကောင်းမှုပြုလုပ်တယ်၊ သီလဆောက်တည်တယ်၊ လူတွေဟာ တစ်ယောက်နှင့်တစ်ယောက် စရိုက်ချင်း မတူဘူး၊ အတိတ်ဘဝက ပါလာတဲ့ အကျင့်စရိုက်တွေနဲ့ တချို့က တရားနာဖို့ ဝါသနာပါတယ်၊ တချို့က တရားနာဖို့ ဝါသနာမပါဘူးပေါ့၊ တချို့က လှူချင်တန်းချင်တဲ့စိတ် ရှိတယ်၊ တချို့က လုံးဝမရှိဘူး၊ ဝါသနာမပါဘူး။

ဝါသနာဆိုတာ လုပ်ခဲ့တဲ့အပြုအမူတွေ ပြန်ပေါ်တာ၊ ဘဝါဘဝက လေ့ကျင့်ခဲ့တဲ့ အလေ့အကျင့်

စာမျက်နှာ-၂၆
တွေ ပြန်ပေါ်လာတာ၊ ကောင်းတဲ့အလေ့အကျင့်တွေ လုပ်ခဲ့တဲ့အတွက်ကြောင့် ကောင်းတဲ့အလေ့အကျင့်တွေ ပြန်ပေါ်တာ၊ ဘုရားမပွင့်တဲ့ ကမ္ဘာမှာ ပစ္စေကဗုဒ္ဓ သူတော်စင် သူတော်မြတ်တွေ ရှိတယ်၊ ဗာရာဏသီပြည် ဘုရင့်နန်းတော်ကို ပစ္စေကဗုဒ္ဓ ၅-ဆူ ကြွလာတယ်၊ ပစ္စေကဗုဒ္ဓဆိုတာ အများကြီးပွင့်လို့ ရတယ်၊ သမ္မာသမ္ဗုဒ္ဓဆိုတာက တစ်ဆူပဲ ပွင့်လို့ရတယ်၊ အများကြီးပွင့်ရိုး ထုံးစံမရှိဘူး၊ ပစ္စေကဗုဒ္ဓက အဆူပေါင်းမြောက်မြားစွာ လောကကြီးမှာ ဖြစ်ပေါ်လာကြတာ၊ ဂေါတမမြတ်စွာဘုရား မပွင့်ခင် ပစ္စေကဗုဒ္ဓမြတ်စွာ အများကြီး ပေါ်ပေါက်ခဲ့တယ်၊ ဣသိဂိလိသုတ်မှာ ဘွဲ့တော်တွေကို မြတ်စွာဘုရားက ဟောထားတယ်၊ သုတ္တနိပါတ်ပါဠိတော်မှာ ခဂ္ဂဝိသာဏသုတ်ဆိုတာလည်း ရှိတယ်။

ပစ္စေကဗုဒ္ဓတွေက သူတို့ ဘယ်လိုကျင့်ခဲ့တယ်၊ ဘယ်လို ပစ္စေကဗုဒ္ဓဖြစ်ခဲ့တယ်ဆိုတာတွေကို ပြန်ပြီး ဟောပြောကြတယ်၊ ကိုယ့်ရဲ့ ဘဝမှတ်တမ်းတွေ၊

စာမျက်နှာ-၂၇
ကိုယ်တရားထူးတရားမြတ် ဘယ်လိုရှာခဲ့တယ်၊ ဘယ်လိုတွေ့လာတယ်ဆိုတာကို ပြန်ဟောကြတယ်။

ဗာရာဏသီပြည်ကြီးရဲ့ နန်းတော်မှာ ဘုရင်ကြီးကပင့်လို့ ပစ္စေကဗုဒ္ဓ ၅-ပါး ရောက်လာတယ်၊ ဘုရင်ကြီးက ဆွမ်း ခဲဘွယ် ချိုချဉ်ရသာတွေ ဆက်ကပ်လို့ ဒါနကောင်းမှုတွေပြုပြီး ပစ္စေကဗုဒ္ဓ ၅-ပါး အနီးထိုင်ပြီး တရားနာနေတယ်၊ တရားနာနေတဲ့အချိန်မှာ သူတို့အကြောင်းကို ဘုရင်ကြီးက သိချင်တယ်၊ သိချင်လို့ မေးတယ်။ ပထမပစ္စေကဗုဒ္ဓ

ပစ္စေကဗုဒ္ဓ ၅-ပါးမှာ အကြီးဆုံးကို စပြီးမေးတယ်၊ “အရှင်ဘုရားက လူ့ဘဝကို ရှောင်ပြီး အခုလို သူတော်စင်ဘဝကို ဘာကြောင့်ရောက်လာတာလဲ” လို့ မေးကြည့်တယ်၊ ခုခေတ်လည်း ဘုန်းကြီးဝတ်တဲ့ပုဂ္ဂိုလ်တွေ အမေကဝတ်ခိုင်းလို့ ဝတ်တာလည်း ရှိတာပဲ၊ ကိုယ့်ဟာကိုယ် အိမ်ကထွက်ပြေးပြီး

စာမျက်နှာ-၂၈
ဝတ်တာလည်း ရှိတယ် - အမျိုးစုံပေါ့၊ ဘုန်းကြီးတို့တော့ အမေက ဝတ်ခိုင်းလို့ ဝတ်တာ၊ နောက်ကိုယ့်ဟာကိုယ် စိတ်ပါလာတာ၊ ဘဝမှာ အကြောင်းဆိုတာ ရှိတတ်တယ်။

ကောင်းပြီ - ပစ္စေကဗုဒ္ဓကို “အရှင်ဘုရားအခုလို သူတော်စင်ဘဝ ဘယ်လိုနည်းနဲ့ ရောက်လာတာလဲ” လို့ မေးတော့ ပစ္စေကဗုဒ္ဓက သူ့အကြောင်းကို ရှင်းပြတယ်။

သူက ကာသိတိုင်းက ရွာကလေးတစ်ရွာမှာ သာမန်လယ်သမားတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်နှင့် လယ်ထဲမှာ လယ်ထွန်နေကြတယ်၊ အိန္ဒိယမှာ ပူပြင်းတဲ့အချိန်ဆို အလွန်ပူတယ်၊ ရေဘူးလေးတွေ ကိုယ်စီယူသွားပြီး လယ်လုပ်ငန်းကို လုပ်ကြတယ်၊ ချွေးက ပြိုက်ပြိုက်ကျ၊ ရာသီဥတုကလည်း ပူနဲ့၊ ပင်ပင်ပန်းပန်း လုပ်ကြတဲ့အခါ ရေငတ်လာကြတော့ ကိုယ်ရေဘူးကိုယ်ဖွင့်ပြီး သောက်ကြတယ်၊ အခုခေတ်ဆိုရင် ရေသန့်ဘူးလေးတွေ

စာမျက်နှာ-၂၉
ပေါ့၊ အဲဒီလို အလုပ်ပင်ပန်းလို့ ရေငတ်တဲ့အခါ သူ့သူငယ်ချင်းတစ်ယောက်က ရေဘူးဖွင့်ပြီး ရေသောက်တယ်။

သူလည်း ရေသောက်မလို့ ကြည့်တော့ သူ့ရေဘူးက ရေနည်းနေတယ်၊ “ငါ့ရေဘူးက ရေကုန်လိမ့်မယ်၊ ဟိုကောင့်ရေဘူးထဲက ရေခိုးမှပ်” ဆိုပြီးတော့ သူများရေဘူးထဲက ရေကို မပြောမဆိုဘဲနဲ့ တိတ်တိတ်ကလေး ခိုးသောက်တယ်၊ ကိုယ့်ဟာမဟုတ်ဘဲ သူများရေကို ခိုးသောက်တာ၊ ပြီးတော့ အလုပ်ဆက်လုပ်ကြတယ်၊ ညနေလုပ်ငန်းသိမ်းတဲ့အချိန်ကျတော့ ညောင်းလို့ ရေသွားချိုးကြတယ်၊ ပြီးတော့ အိမ်ပြန်ကြမယ်ပေါ့၊ ရေချိုး အဝတ်အစားလဲပြီးတော့ အေးသွားတယ်။

အေးသွားပြီး အမောပန်းပြေတဲ့အခါ “ငါ ဒီနေ့ ဘာမဟုတ်တာ လုပ်မိသလဲ” လို့တွေးတော့ ရေခိုး

စာမျက်နှာ-၃၀
သောက်မိတာ သတိရမိတယ်၊ “သော် - ငါအတော်ဆိုးတဲ့ အကောင်ပဲ၊ သူများရေကို ခိုးသောက်ရအောင် ငါ့မှာ လောဘတွေ ဖြစ်နေပါလား၊ ဟောဒီလောဘကို မနှိပ်ကွပ်ရင် အပါယ်ငရဲ ကျတော့မှာပဲ ငါ အတော်ဆိုးတဲ့အကောင်ပဲ” လို့၊ တချို့ဆို အဲဒီလိုတွေးမှာ မဟုတ်ဘူးနော်၊ ဒီရေလေးက ဘယ်လောက်တန်ဖိုးရှိလို့တုန်းလို့ပဲ တွေးမှာ။

သူကတော့ အဲဒီလို မတွေးဘူး၊ သူများရဲ့ရေကို ငါမပြောဘဲနဲ့ ခိုးသောက်မိတယ်၊ တကယ်တော့ အဲဒီရေခိုးသောက်တာဟာ သာမန်အပြစ်ကလေးလို့ ပြောရမယ်၊ “မင်းရေ ငါသောက်မိတယ်” လို့ ပြောရင် ပြီးသွားမှာပဲ၊ သူက အဲဒါနဲ့ကို မကျေနပ်ဘူး၊ ယူကြုံးမရဖြစ်နေတာ- “ကြော် - ငါ မဟုတ်တာ လုပ်မိပြီ၊ ဒီလိုလုပ်တာဟာ သံသရာမှာ ဆင်းရဲဒုက္ခ ရောက်နိုင်တယ်၊ ဒီအကုသိုလ်ဟာ တယ်ဆိုးပါလား” လို့ လောဘရဲ့အပြစ်ကို တွေးလိုက်တာ - မတ်တပ်ရပ်ပြီး တွေးနေတာ၊ တွေးရင်းကနေ ဘယ်ထိအောင် ရောက်သွားသလဲဆိုရင် လောဘရဲ့သဘာဝတွေ ဆိုးဝါးမှုတွေကို သိပြီး မမြဲတဲ့ သင်္ခါရသဘောတွေကို

စာမျက်နှာ-၃၁
ဆင်ခြင်မိသွားတဲ့အခါမှာ တစ်ထိုင်တည်းနဲ့ ပစ္စေကဗုဒ္ဓ ဖြစ်သွားတယ်၊ ဘာလို့ ဖြစ်သွားလဲ - မြန်လှချည်လားလို့ မအောက်မေ့နဲ့၊ လေ့ကျင့်ထားခဲ့တဲ့ အရှိန်အဝါတွေကြောင့်မို့ ဖြစ်သွားတာ။

ကြားဖူးကြတယ် မဟုတ်လား၊ ရှင်စူဠပန်ဟာ ပုဝါဖြူလေးနဲ့ တရားထူးရသွားတာ၊ မြတ်စွာဘုရားက ပုဝါပိုင်းလေး ပေးထားတယ်၊ အဲဒီပုဝါပိုင်းလေးနဲ့ပဲ တရားရှုတယ်၊ ပုဝါလေးနွမ်းလာတာ မြင်တဲ့အခါ ခန္ဓာကိုယ်ကြောင့် နွမ်းရတယ်လို့ သံဝေဂစိတ်ဖြစ်တယ်၊ အတိတ်ဘဝနဲ့ ဘုရားက ဆက်ပေးလိုက်တာ၊ ဒီစိတ်မျိုးက အရင်ကလည်း ပေါ်ခဲ့ဖူးတယ်၊ ပုဝါလေး နွမ်းသွားတာကို ကြည့်ပြီး ပေါ်ခဲ့ဖူးတယ်၊ အဲဒီစိတ်ကလေးနဲ့ ဆက်ပေးလိုက်တာ၊ ယခင်စိတ်နဲ့ ယခုစိတ် ပေါင်းလိုက်တဲ့အခါ စွမ်းအင်တွေ တက်သွားတယ်၊ ပြန်အောက်မေ့သွားတယ်၊တစ်ခုသောဘဝမှာ ဘုရင်ဖြစ်စဉ်က မိမိမှာပါတဲ့ လက်ကိုင်ပုဝါလေးနဲ့ နဖူးကိုသုတ်ပြီး ပြန်ကြည့်လိုက်တဲ့အခါ မည်းညစ်

စာမျက်နှာ-၃၂
သွားတာတွေ့တော့ ဒီခန္ဓာကိုယ်ကြီးနဲ့ ထိစပ်လို့ ဖြူစင်ရာကနေ မည်းသွားပါလား၊ ခန္ဓာကိုယ်ကြီးက မတင့်တယ်ပါလား ဆိုတဲ့အတွေးလေး ဝင်ခဲ့တယ်။

ဒီအတွေးလေးက ဓမ္မအတွေးလေးပဲ၊ အဲဒီဓမ္မအတွေးနဲ့ နောက်ဆုံးဘဝမှာ မြတ်စွာဘုရားက ဆက်ပေးလိုက်တာ၊ Energy အရှိန်အဝါတွေ ဖြစ်သွားပြီးတော့ ရဟန္တာအဆင့် ရောက်သွားတာ။

ပစ္စေကဗုဒ္ဓအလောင်းက ဒီအသိဉာဏ်နဲ့ပဲ ရေကလေးတစ်ခွက် ခိုးသောက်မိတာနဲ့ သူ့ကိုယ်သူ စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကို နှိပ်ကွပ်ပြီး “တယ်ဆိုတာပဲ၊ ငါ မဟုတ်တဲ့အလုပ်တွေ လုပ်ထားတယ်၊ လောဘဆိုတဲ့တရားက အလွန်ဆိုးပါလား” ဆိုတဲ့ လောဘရဲ့ သဘောကို ဆင်ခြင်လိုက်တာ - မကောင်းတဲ့တရားတွေကို တစ်ခုပြီးတစ်ခု ဆင်ခြင်လိုက်တာ၊ သင်္ခါရတရားတွေရဲ့ မမြဲတဲ့သဘောတွေ ဒုက္ခပေးနေတဲ့သဘောတွေ ဒါတွေကို ဆင်ခြင်ရင်း

စာမျက်နှာ-၃၃
ဝိပဿနာဉာဏ် အဆင့်ဆင့်တက်လို့ ပစ္စေကဗုဒ္ဓအဆင့်ထိ ရောက်သွားတယ်။

သူ့သူငယ်ချင်းက ရေမိုးချိုးပြီး တက်လာတဲ့အခါ “သူငယ်ချင်း - တို့ပြန်ကြစို့လေ မိုးချုပ်ပြီ” လို့ ပြောတော့ သူက ဘာပြောလဲဆိုတော့ “ငါ အိမ်မပြန်တော့ဘူး၊ ငါ ပစ္စေကဗုဒ္ဓ ဖြစ်နေပြီ”၊ ပစ္စေကဗုဒ္ဓ ဖြစ်ပေမယ့်လို့ သူ့ပုံပန်းသဏ္ဌာန်က လယ်သမားပဲ ရှိသေးတာ၊ အဲဒါနဲ့ သူ့သူငယ်ချင်းက ပြောတယ် - “မင်း မဟုတ်သေးပါဘူး၊ ဘာတွေလျှောက်ပြောနေတာလဲ၊ မင်းပေါက်သွားပြီ ထင်တယ်၊ ပစ္စေကဗုဒ္ဓဆိုတာ မင်းလိုမှ မဟုတ်တာ၊ ခေါင်းကလည်း ကတုံး၊ အဝတ်ကလည်း ဆေးဆိုးရောင်နဲ့ - ပစ္စေကဗုဒ္ဓဆိုတာ အဲဒီလိုနေရမှာ”၊ အဲဒီမှာ သူသတိရပြီး သူ့ခေါင်းလေးကို လက်နဲ့ သပ်လိုက်တဲ့အခါ ခေါင်းလည်း ရိတ်ပြီးသား ဖြစ်သွားတယ်၊ ပရိက္ခရာ ရှစ်ပါးလွယ်လျက် ကောင်းကင်ပျံတက်ပြီး ပစ္စေကဗုဒ္ဓတွေ သီတင်းသုံးရာ ဂန္ဓမာဒနတောင်က နန္ဒမူ

စာမျက်နှာ-၃၄
လိုဏ်ဂူရှိရာအရပ်ကို ကြွသွားတယ်၊ သူငယ်ချင်းက အဲဒီမှာတင် ကျန်ရစ်တယ်။

သူငယ်ချင်းနှစ်ယောက်နော် - သူလည်း လူပဲ၊ သူက အသိဉာဏ်ထူးရပြီး ကျန်သူငယ်ချင်းက ဘာလို့မရတာလဲ- သူက မလုပ်ခဲ့ဖူးဘူးလေ၊ မလုပ်ခဲ့ဖူးတဲ့အတွက်ကြောင့် ဒီအသိဉာဏ်မျိုး သူ မပေါက်ရောက်နိုင်ဘူး - ဟုတ်လား၊ သူကတော့ ကိုယ့်ကိုယ်ကို နှိပ်ကွပ်ဆုံးမလိုက်တာ၊ ကိုယ့်သန္တာန်မှာ တကယ့်အားကိုးရာအစစ် တွေ့သွားတယ်။

အားကိုးရာအစစ်ဆိုတာ တခြားမဟုတ်ဘူး၊ "အရဟတ္တမဂ်" ဆိုတဲ့ ကုသိုလ်ထူးပဲ၊ အဲဒီကုသိုလ်ထူးကို ရပြီးတဲ့နောက်မှာဆိုရင် သံသရာဆိုတာ မရှိတော့ဘူး၊ ဘဝအဆုံးသတ်သွားတယ်၊ အဲဒါမှ တကယ့်အားကိုးရာအစစ် ဖြစ်သွားတယ်၊ အဲဒီနည်းနှင့် သူပစ္စေကဗုဒ္ဓဖြစ်လာပါတယ်လို့ ပြောကြားသွားတယ်။

စာမျက်နှာ-၃၅

ဒုတိယပစ္စေကဗုဒ္ဓ
ဒုတိယတစ်ပါးကို မေးပြန်တယ်- “အရှင်ဘုရားကရော ဘယ်လို ရဟန်းဘဝရောက်လာတာလဲ” လို့၊ သူလည်း ကာသိတိုင်းက ရွာတစ်ရွာက ဆိုင်ရှင်တစ်ယောက်တဲ့၊ ဆိုင်မှာထိုင်ပြီး ဈေးရောင်းနေတာ၊ ဆိုင်ရှေ့ကနေပြီး အမျိုးသားနှင့် အမျိုးသမီး စုံတွဲ လျှောက်သွားတယ်၊ အမျိုးသမီးက ရုပ်ချောတယ်၊ အဲဒီချောမောတဲ့အမျိုးသမီးကို စိတ်ထဲက ပြစ်မှားမိတယ်၊ ပြစ်မှားမိတဲ့အခါ “ဒီကနေ့ ငါ ဘာများမဟုတ်တာ လုပ်မိသလဲ” လို့ ဆင်ခြင်တဲ့အခါ “သူများသားမယားကို ငါ စိတ်နဲ့ ပြစ်မှားမိပြီ၊ ဒီစိတ်မျိုးတွေ လက်ခံမိရင် ငါ့ထက်ဆိုးတဲ့သူ ရှိမှာမဟုတ်ဘူး၊ ငါလက်ခံလို့တော့ မဖြစ်ဘူး” လို့ တွေးမိပြီး အဲဒီလို မကောင်းတဲ့စိတ်တွေကို အကြောင်းပြုပြီး အဆိုးတရားတွေကို ဆင်ခြင်သုံးသပ်လိုက်တဲ့အခါ အဆိုးတရားတွေက သင်္ခါရတရားတွေ ဖြစ်သည့်အတွက်ကြောင့် ပထမပစ္စေကဗုဒ္ဓလိုပဲ သူလည်း ပစ္စေကဗုဒ္ဓ

စာမျက်နှာ-၃၆
ဖြစ်သွားတယ်၊ သာမန်လူဆိုရင် “စိတ်ထဲက ပြစ်မှားမိတာလေးနဲ့ ဘာမှမဖြစ်ပါဘူး” လို့ ထင်ကြမှာပေါ့။ သူကတော့ မဟုတ်ဘူး၊ “ငါ မဟုတ်တာ လုပ်တာ အပါယ်ငရဲ ရောက်နိုင်တယ်” ဆိုပြီး ကိုယ့်ကိုယ်ကို ကြောက်လန့်ပြီး နှိပ်ကွပ်လိုက်တာ ပစ္စေကဗုဒ္ဓအဆင့်ထိ ရောက်သွားတယ်။
တတိယပစ္စေကဗုဒ္ဓ
ကဲ တတိယပစ္စေကဗုဒ္ဓက ဘယ်လိုပြောလဲ။ သူဟာ ကာသိတိုင်းက ဖြစ်တယ်၊ သားအဖ ၂-ယောက် ခရီးသွားကြတယ်၊ ခရီးသွားတဲ့အခါ တစ်ရွာနှင့်တစ်ရွာအကြား တောစခန်းတွေ ဖြတ်သွားရတယ်၊ တောစခန်းတစ်ခု ရောက်တဲ့အခါ ဓားပြတွေက ပြန်ပေးဆွဲတာတွေ ရှိတယ်၊ သူတို့မှာ စနစ်တစ်ခုရှိတယ်၊ သားနဲ့အဖဆိုရင် သားကို ဖမ်းထားပြီး အဖေကို ပိုက်ဆံရှာခိုင်းတယ်၊ ဆရာနဲ့တပည့်ဆိုရင် ဆရာကိုဖမ်းထားပြီး တပည့်ကို ပိုက်ဆံရှာခိုင်းတယ်။

စာမျက်နှာ-၃၇
သူတို့လုပ်ပုံလုပ်နည်းက အဲဒီလိုလုပ်လေ့ရှိတယ်၊ ဒီတော့ “အေး - ဓားပြတွေ ဟောဒီတောထဲမှာ ရှိတယ်၊ ဒို့အဖမ်းခံရလို့ရှိရင် မင်းကလည်း ငါ့သားလို့ မပြောနဲ့၊ ငါကလည်း မင်းအဖေလို့ မပြောဘူး” လို့ တိုင်ပင်ပြီးတော့ သားအဖ ၂-ယောက် တောထဲကို သွားတယ်၊ ဓားပြတွေနဲ့တွေ့တော့ “မင်းတို့ ၂-ယောက် ဘာတော်လဲ” လို့ မေးတယ်၊ “ဘာမှမတော်ပါဘူး” လို့ ပြောတယ်၊ လိမ်ကြတာပေါ့၊ အဖေကလည်း လိမ်တာပဲ၊ သားကလည်း လိမ်တာပဲ၊ အဲဒီတော့ လွတ်လာကြတယ်၊ လွတ်လာတော့ အဖေကတော့ ဘာမှ မစဉ်းစားဘူး၊ သူလိမ်တာ ဟန်ကျတယ်၊ လိမ်လို့ လွတ်လာတယ်ပေါ့။

သားလုပ်သူကတော့ အဲဒီလို မဟုတ်ဘူး၊ “ဟာ ငါ့အဖေကို အဖေမဟုတ်ဘူးလို့ ပြောမိတယ်၊ ငါ လိမ်မိတယ်၊ ဒီလိုမျိုး လိမ်မိတာ မကောင်းတဲ့အကုသိုလ်တစ်ခုပဲ၊ ငါ အပါယ်ငရဲကျတော့မယ်” ဆိုပြီး ကြောက်လန့်တကြားနဲ့ သူ့ကိုယ်သူ နှိပ်ကွပ်လိုက်

စာမျက်နှာ-၃၈
တာ - မုသာဝါဒရဲ့ အပြစ်နဲ့ တရားဓမ္မတွေကို ရှုလို့ ခုန ပစ္စေကဗုဒ္ဓတွေလိုပဲ ဆင်ခြင်သုံးသပ်လိုက်တာ လိမ်မိတာကို အကြောင်းပြုတဲ့ သံဝေဂအခြေခံနဲ့ ပစ္စေကဗုဒ္ဓ ဖြစ်သွားတယ်၊ အဖေလုပ်တဲ့သူက ဘာမှမဖြစ်ဘူး၊ သားလုပ်တဲ့သူက ပစ္စေကဗုဒ္ဓ ဖြစ်တယ်၊ ဘာပြုလို့လဲဆိုတော့ အတိတ်ဘဝက ကုသိုလ်ကံတွေ ရှိနေခဲ့လို့၊ ဒါ သာမန်အကုသိုလ်လေးတွေကိုပဲ ကိုယ့်ကိုယ်ကို မညှာမတာ ဝေဖန်ပြီးတော့ ကိုယ့်ရဲ့အားကိုးရာအစစ်ကို ရှာသွားကြတဲ့ သူတော်ကောင်းကြီးတွေပဲ။
စတုတ္တပစ္စေကဗုဒ္ဓ
နောက် စတုတ္ထမြောက် ပစ္စေကဗုဒ္ဓက ဘယ်လိုပြောသလဲ၊ သူကလည်း ကာသိတိုင်းက သူကြီးတစ်ဦးပေါ့၊ ရွာသူကြီးက သူ့ရွာကလူတွေကို ကျွဲနွားတွေကို မသတ်ရဘူး၊ ကျွဲနွားအသား မပေါ်ရဘူးလို့ အမိန့်ထုတ်ထားတယ်၊ အဲဒီလို အမိန့်ထုတ်ထားတာ

စာမျက်နှာ-၃၉
ဟာ တိရစ္ဆာန်တွေကို သနားလို့ အမိန့်ထုတ်ထားတာ၊ သို့သော် ရွာသူရွာသားတွေက စုသွားပြီးတော့ “ကျုပ်တို့ ထုံးစံအတိုင်း ဆိတ်တွေ နွားတွေ သတ်ပြီး ယဇ်ပူဇော်ရမယ်၊ ထုံးစံဖျက်လို့မရဘူး၊ သူကြီး မပိတ်ပင်ပါနဲ့” “ဒါဖြင့် မင်းတို့ထုံးစံရှိတာ လုပ်ချင်လုပ်ကြပေါ့” လို့၊ အဲဒီလို အခွင့်ပေးလိုက်တဲ့အခါ သတ်ကြတယ်၊ အခုခေတ်လည်း ရှိတယ်မို့လား - အသားငါးတွေ ပေါ်ကြတဲ့အခါကျတော့ သူကြီးက ခွင့်ပြုလို့ ဖြစ်သွားတယ်။

သူကြီးက စိတ်မကောင်းဖြစ်သွားတယ်၊ “ငါ အခွင့်ပေးလိုက်လို့ ဒီအကောင်တွေ သေကြတာပဲ။ ဒီအကုသိုလ်တွေက ငါ့ဆီလည်း ရောက်မှာပဲ” လို့ ကြောက်သွားတယ်၊ အကုသိုလ်ရဲ့ အပြစ်ကို ဆင်ခြင်မှု ကုသိုလ်တွေရဲ့ အကျိုးကို ဆင်ခြင်ပြီးတော့ သူကလည်း အတိတ်ဘဝက တရားလမ်းကြောင်းကို လျှောက်ခဲ့ဖူးသည့်ပုဂ္ဂိုလ် ဖြစ်သည့်အတွက်ကြောင့် သင်္ခါရတရားတွေကို မြင်ပြီး နောက်ဆုံးတော့ ပစ္စေက

စာမျက်နှာ-၄၀
ဗုဒ္ဓဘဝ ရောက်သွားတယ်၊ သူကလည်း ဒီလိုပစ္စေကဗုဒ္ဓ ဖြစ်သွားတယ်။
ပဉ္စမပစ္စေကဗုဒ္ဓ
ပဉ္စမမြောက်ကတော့ ဘုရင်ကြီးက မေးလျှောက်တဲ့အခါ သူက ကာသိရွာက ရွာသူကြီးတစ်ယောက်ပဲ၊ သူ့ရွာမှာ အရက်သေစာ မသောက်စားရလို့ အမိန့်ထုတ်ထားတယ်၊ အဲဒီလို အမိန့်ထုတ်ထားတော့ အရက်သေစာ သောက်စားဖို့နဲ့ ကြုံတော့ ရွာသူရွာသားတွေက သွားပြီး ပြောကြတာပေါ့။ “သူကြီး - ကျုပ်တို့ အစဉ်အလာအရ အရက်ပွဲတော် ဘီယာပွဲတော် ကျင်းပရတယ်၊ အစဉ်အလာကို ဖျက်လို့မဖြစ်ဘူး” ဆိုတော့ သူက “လုပ်ကြပေါ့” လို့ ခွင့်ပေးလိုက်တယ်၊ အဲဒီလို ခွင့်ပေးလိုက်တဲ့အခါ အရက်သေစာတွေ သောက်စားပြီး ရမ်းကြတာပေါ့၊ သွေးထွက်သံယိုဖြစ်ပြီး ရပ်ကွက်ရုံးကို ရောက်ကြတယ်။

စာမျက်နှာ-၄၁
အဲဒီတော့ သူကြီးက စိတ်မကောင်းဖြစ်တယ်၊ “ဒီကောင်တွေ ရူးကြ ရိုက်ကြနဲ့ ပေါက်ပြဲကုန်တာပေါ့ ခုပြဿနာဖြစ်ကြပြီ၊ ဒီပြစ်မှုတွေဟာ ငါနဲ့ပတ်သက်နေတယ်” ဆိုပြီး စိတ်မကောင်းဖြစ်တယ်၊ သာမန်ပုဂ္ဂိုလ်ဆို စိတ်မကောင်းဖြစ်မှာ မဟုတ်ဘူး၊ ထူးခြားတဲ့ အသိဉာဏ်ရှိတဲ့သူကျတော့ စိတ်မကောင်းဖြစ်မှာပေါ့၊ အပြစ်ကြီးတစ်ခုလို စိတ်ထဲမှာ ထင်လာတယ်၊ ဒါ့ကြောင့်မို့ “အကုသိုလ်တရားတွေရဲ့ အပြစ်ဟာ အလွန်ကြီးမားပါလား၊ ငါလည်းပဲ ဒီအကုသိုလ်တရားတွေနဲ့ ဆက်ပြီးနေမယ်ဆိုရင် ငရဲရောက်တော့မှာပဲ” ဆိုပြီး အကုသိုလ်တရားတွေရဲ့ အပြစ်ကို ဆင်ခြင်ရင်း အဆင့်ဆင့် သင်္ခါရတရားတွေရဲ့ ဖြစ်ပျက်မှုတွေ ဆင်းရဲမှုတွေ ကိုယ်ရဲ့ အလိုဆန္ဒအတိုင်း မဖြစ်ဘူးဆိုတဲ့ သဘောတွေကို ဆင်ခြင်ရင်း နောက်ဆုံး သူလည်း ပစ္စေကဗုဒ္ဓ ဖြစ်သွားတယ်။

အားလုံးပေါင်း ပစ္စေကဗုဒ္ဓ ၅-ဆူ ဖြစ်တယ်၊ သို့သော် တူညီတာက ဘာလဲဆိုတော့ ကိုယ့်ကိုယ်

စာမျက်နှာ-၄၂
ကို နှိပ်ကွပ်တာပဲ၊ ကိုယ့်ကိုယ်ကို နှိပ်ကွပ်ပြီး ဆုံးမလို့ ယဉ်ကျေးသွားလို့ တရားထူးတရားမြတ် ရကြတာ၊ ကိုယ့်ကိုယ်ကို ညှာတဲ့ပုဂ္ဂိုလ် ဘာမှမဖြစ်ဘူး၊ ကိုယ့်ကိုယ်ကို ညာတဲ့ပုဂ္ဂိုလ်လည်း ဘာမှမဖြစ်ဘူး၊ တရားထူးတရားမြတ် မရဘူး၊ ရင်ထဲရှိတဲ့ တရားထူးတရားမြတ်ကို မတွေ့နိုင်ကြဘူး၊ ကိုယ့်ကိုယ်ကို မညှာမတာ ဆုံးမတယ်၊ ကိုယ့်ကိုယ်ကို မညာတဲ့ပုဂ္ဂိုလ်တွေကျတော့ တကယ် တရားထူးတရားမြတ်ကို ရရှိသွားကြတယ်။

၅၅၀-ထဲမှာ ပါနီယဇာတ်ဆိုတာ ရှိတယ်၊ အဲဒီလို သူတော်စင် သူတော်မြတ်တွေဟာ “အတ္တာ ဟိ အတ္တနော နာထော” “မိမိသည်သာ မိမိ၏ ကိုးကွယ်ရာ” ဆိုသည့်အတိုင်း ကိုယ့်ကိုယ်ကို ကိုးကွယ်ရာအစစ် ဖြစ်အောင် လုပ်ကြပါ၊ အဲဒီပုဂ္ဂိုလ်တွေဟာ ထပ်ပြီးတော့ အပါယ်ငရဲ ကျစရာမရှိတော့ဘူး၊ ကိလေသာတွေလည်း မဖြစ်တော့ဘူး၊ ထာဝရငြိမ်းချမ်းပြီး နောက်ဆုံး သူတို့ရဲ့သန္တာန်မှာ ရုပ်နာမ်ဓမ္မ

စာမျက်နှာ-၄၃
သင်္ခါရ အကြောင်းတရား ပြတ်သွားလို့ နောက်ဆုံး ပြန်မဆက်တော့ဘဲ အငြိမ်းဓာတ်တစ်ခုကို ရရှိသွားကြမှာ ဖြစ်တယ်၊ အဲဒီအငြိမ်းဓာတ်သာ နာထ - တကယ့်အားကိုးရာအစစ် ဖြစ်တယ်။

သားသမီးအားကိုးရင် အပေါ်ယံပဲ ရမယ်၊ ဆွေမျိုးအားကိုးရင် အပေါ်ယံပဲ ရမယ်၊ ဆင်းရဲက လွတ်သည်အထိ အားကိုးရာ ဖြစ်ပါ့မလား၊ ကျန်တာတွေက သာမန်အားကိုးရာသာ ဖြစ်တယ်၊ ဒါကြောင့် “အတ္တာ ဟိ အတ္တနော နာထော၊
ကော ဟိ နာထော ပရော သိယာ၊ အတ္တနာ ဟိ သုဒန္တန်၊ နာထံ လဘတိ ဒုလ္လဘဲ။”

အတ္တာ ဟိ - မိမိကိုယ်တိုင်သာလျှင်၊ အတ္တနော - မိမိရဲ့ နာထော - ကိုးကွယ်အားထားရာ ဖြစ်ပါတော့၏၊ ကော ဟိ နာထော ပရော သိယာ -

စာမျက်နှာ-၄၄
မိမိမှတစ်ပါး ကိုးကွယ်ရာဟု အဘယ်မည်သော ပုဂ္ဂိုလ်သည် အားထားရာ ဖြစ်နိုင်ပါမည်နည်း၊ အတ္တနာ ဟိ - မိမိကိုယ်တိုင် နှိပ်ကွပ်ဆုံးမ၍ အလွန်ယဉ်ကျေးမှသာလျှင်၊ နာထံ ဒုလ္လဘီ - အလွန်တရာမှ ရခဲလှသော အားကိုးရာအစစ်ဆိုတဲ့ တကယ့်တရားထူးတရားမြတ် အရဟတ္တမဂ်, အရဟတ္တဖိုလ် ဆိုတဲ့တရားကို၊ လဘတိ - မုချမသွေ ရနိုင်ပါသည် ဟု၊ ဘဂဝါ - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ - ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။
n10gfd2iqab8ud3h7ng459qusdklcev
အဘိဓမ္မာ အနှစ်ချုပ်
0
6408
22211
2026-06-19T04:30:47Z
Tejinda
173
"{{header | title = အဘိဓမ္မာ အနှစ်ချုပ် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = အတ္တာ ဟိ အတ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22211
wikitext
text/x-wiki
{{header
| title = အဘိဓမ္မာ အနှစ်ချုပ်
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[အတ္တာ ဟိ အတ္တနော နာထော]]
| previous2 =
| next = [[အသက်ရှည်လေ ပိုကောင်းလေ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

အဘိဓမ္မာ အနှစ်ချုပ်

(၁) ပရမတ္ထတရား ၄-ပါး

ပရမတ္ထ (ပရမ+အတ္ထု) - အနှစ်ချုပ်၊ အမြင့်ဆုံး သိစရာ။

သစ္ဆိကဌ (သစ္စာက+အတ္ထု) - အမှန်တရား၊ လွဲမှားမှုကင်းသော သိစရာ။

၁။ စိတ်

၂။ စေတသိက်

၃။ ရုပ်

၄။ နိဗ္ဗာန်

{ နာမ်

သင်္ခတ

အသင်္ခတ

(၂) ရူပ ပရိစ္ဆေဒ (ရုပ်ကို မှတ်ယူခြင်း)

ရူပ (ရုပ်) - ဆန့်ကျင်ဘက်အကြောင်းနှင့် ဆုံမိလျှင် ပျက်စီးခြင်း၊ ပြောင်းလဲခြင်း သဘာဝရှိ တရား။

ရုပ် ၁၈-ပါး

ရုပ်သည် (၁) မဟာဘူတ ကြီးမားထင်ရှား ဖြစ်ပေါ်ရုပ်၊ (၂) ဥပါဒါယ (ဥပါဒါ) ရုပ် မဟာဘူတ ၄-မျိုးကို မှီလျက်သာ ဖြစ်သောရုပ် ဟူ၍ ၂-မျိုးရှိ၏။

ဘူတ

(၁) ပထဝီ (၂) အာပေါ (၃) တေဇော (၄) ဝါယော

ဥပါဒါယ

(၅) စက္ခု (၆) သောတ (၇) ဃာန (၈) ဇိဝှါ (၉) ကာယ

ဂေါစရ

(၁၀) ရူပ (ဝဏ္ဏ) (၁၁) သဒ္ဓ (၁၂) ဂန္ဓ (၁၃) ရသ (၁၄) ဖောဋ္ဌဗ္ဗ (ပ၊ တေ၊ ဝါ)

ဘာဝ

(၁၅) ဣတ္ထိဘာဝ (၁၆) ပုမ္ဘာဝ

ဇီဝိတ

(၁၇) ဇီဝိတ

အာဟာရ

(၁၈) အာဟာရ

(၁၉) ဟဒယ

အနိပ္ဖန္နရုပ် ၁၀-ပါး

(၁) အာကာသဓာတု (ပရိစ္ဆေဒ)

ဝိညတ်

(၂) ကာယဝိညတ္တိ (၃) ဝစီဝိညတ္တိ

ဝိကာရ

(၄) လဟုတာ (၅) မုဒုတာ (၆) ကမ္မညတာ

လက္ခဏ

(၇) ဥပစယ (၈) သန္တတိ (၉) ဇရတာ (၁၀) အနိစ္စ

ရူပ သမုဋ္ဌာန (ရုပ်၏အကြောင်း ၄-ပါး)

{| class="wikitable"

! အမည်နှင့် သရုပ် !! သမုဋ္ဌာန !! ဖြစ်စေသောရုပ်များ

| '''ကမ္မ''' || အကုသိုလ် စေတနာ-၁၂၊ ကာမာဝစရကုသိုလ်စေတနာ-၈၊ ရူပါဝစရကုသိုလ်စေတနာ-၅ || (ဒွေပဉ္စ-၁၀၊ အရူပဝိပါက ၄-ခုမှ တပါး) စိတ်-၇၅

| '''စိတ္တ''' || စိတ်-၇၅ ||

| '''ဥတု''' || တေဇောဓာတ် (အပူ၊ အအေး) ||

| '''အာဟာရ''' || အာဟာရ ဩဇာရုပ် ||

(၁) ပသာဒရုပ်-၅၊ ဘာဝရုပ်-၂၊ ဇီဝိတရုပ်-၁၊ ဟဒယရုပ်-၁၊ ပေါင်း ရုပ် ၉-မျိုးသည် ကံကြောင့်သာ ဖြစ်၏။

(၂) ဝိညတ်ရုပ် ၂-သည် စိတ်ကြောင့်သာ ဖြစ်၏။

(၃) သဒ္ဒရုပ်သည် စိတ်၊ ဥတု ၂-မျိုးကြောင့် ဖြစ်၏။

(၄) လဟုတာ၊ မုဒုတာ၊ ကမ္မညတာ ရုပ် ၃-မျိုးသည် စိတ်၊ ဥတု၊ အာဟာရ ၃-မျိုးကြောင့် ဖြစ်၏။

ဘူတရုပ်-၄၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ အာကာသ ဤရုပ် ၉-မျိုး သည် အကြောင်း ၄-မျိုးလုံးကြောင့် ဖြစ်၏။

ရူပ ကလာပ (ရုပ်တို့၏ အစုလိုက် တည်ရှိမှု)

အကြောင်းတရားကြောင့် ဖြစ်လာသောရုပ်တို့သည် ဖြစ်ချိန်တူခြင်း၊ ချုပ်ပျောက်ချိန်တူခြင်း၊ မှီရာတူခြင်း၊ အတူတကွ တည်ရှိခြင်း အားဖြင့် အစုလိုက်သာ ဖြစ်ကြ၏။

အဝိနိဗ္ဗာဂရုပ် ၈-မျိုး (အမြဲတွဲပြီး ခွဲထုတ်၍မရသော ရုပ်များ)

ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ။

ဘူတရုပ် ၄-ခုသည် အမြဲပေါင်းစပ်နေ၏။ ဘူတရုပ် ၄-ခုကို မှီ၍သာ ဖြစ်နိုင်သော ဝဏ္ဏ စသော ဥပါဒါယ ရုပ် ၄-မျိုးသည် ဘူတရုပ်နှင့်လည်းကောင်း၊ မိမိတို့ အချင်းချင်းလည်းကောင်း၊ အမြဲပေါင်းစပ်လျက် ဖြစ်၏။

ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်း ၄-မျိုးတွင် တစ်မျိုးမျိုးကြောင့် ဖြစ်နိုင်၏။

ကမ္မဇရူပကလာပ ၉-မျိုး

ကံကြောင့်ဖြစ်သမျှ ရုပ်များသည် အနည်းဆုံး ၉-မျိုး စုဝေးပေါင်းစပ်ဖြစ်၏။ အဝိနိဗ္ဗာဂရုပ် ၈-မျိုးနှင့် ဇီဝိတရုပ် (ရုပ်အသက်)တို့ ဖြစ်၏၊ (၈ + ဇီဝိတ = ၉)။

၉ + စက္ခု၊ ၉ + သောတ၊ ၉ + ဃာန၊ ၉ + ဇိဝှာ၊ ၉ + ကာယ၊ ၉ + ဣတ္ထိဘာဝ၊ ၉ + ပုမ္ဘာဝ၊ ၉ + ဝတ္ထု။

ရူပသန္တတိ (ရုပ်တို့၏ ဖြစ်စဉ်)

ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်း ၄-မျိုးတို့တွင် တစ်မျိုးမျိုးကြောင့် ဖြစ်သော ရုပ်တို့သည် တစ်ဘဝအတွင်း ဖေါ်ပြပါဖြစ်စဉ်အတိုင်း ဖြစ်ကြ၏။

(၁) ကံသည် ကမ္မဇရုပ်တို့ကို ဘုံနှင့်သတ္တဝါအားလျော်စွာ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှ အစပြု၍ ဘဝတစ်ခုအတွင်း စုတိစိတ်၏ရှေ့ (စုတိစိတ်မှ ပြန်ရေတွက်လျှင်) ၁၇-ခုမြောက်စိတ်၏ ဥပါဒ်ခဏအထိ စိတ်တိုင်း၏ ဥပါဒ်၊ ဌီ၊ ဘင် ခဏတိုင်းမှာ ဖြစ်စေကြ၏။

ဖြစ်ပြီး ကမ္မဇရုပ်မှန်သမျှ စိတ္တက္ခဏ ၁၇-ချက်ပြည့်တိုင်း ချုပ်ပျက်ကြ၏။ နောက်ဆုံး ကမ္မဇရုပ်သည် စုတိစိတ်၏ ဘင်ခဏ၌ အပြီးသတ်ချုပ်၍ တစ်ဘဝကုန်ဆုံး၏။

(၂) စိတ်သည် (ရုပ်ကိုဖြစ်စေနိုင်သည့် စိတ် ၇၅-မျိုးတွင် ပါဝင်သည့် စိတ်တိုင်း) တစ်ဘဝ၏အစ ပဋိသန္ဓေနောက်ရှိ ပဌမဘဝင်စိတ်၏ ဥပါဒ်ခဏမှစ၍ စုတိအထိ မိမိ၏ ဥပါဒ်ခဏတိုင်းမှာ စိတ္တဇရုပ်ကို ဖြစ်စေ၏။

သို့သော် ရဟန္တာတို့၏ စုတိစိတ်ကား စိတ္တဇရုပ်ကို မဖြစ်စေနိုင်။ သေဆုံးပြီးက စိတ္တဇရုပ်အားလုံး ချုပ်ငြိမ်း၏။

(၃) ဥတုသည် မိမိ၏ ဌီခဏမှစ၍ သက်ရှိသက်မဲ့ သန္တာန် ၂-မျိုးလုံးမှာပင် ဥတုဇရုပ်တို့ကို ဖြစ်စေ၏၊ တစ်ဘဝတာ ကုန်ဆုံး၍ ရုပ်အလောင်းမှုအထိ ဆက်လက် တည်ရှိ၏။

(၄) အာဟာရသည် မျိုးချပြီး ဝမ်းတွင်းရောက်သည်မှစ၍ အာဟာရဇရုပ်ကို ဖြစ်စေ၏။ သေဆုံးပြီးက ချုပ်ငြိမ်း၏။

ရုပ်အကြောင်း လေ့လာရန် ဓမ္မသင်္ဂဏီပါဠိမှ ကောက်နှုတ်ချက်

ရူပကထာ

၁။ ကတမံ တံ ရူပံ၊ စတ္တာရော စ မဟာဘူတာ, စတုန္နံ မဟာဘူတာနံ ဥပါဒါယ ရူပံ, ဣဒံ ဝုစ္စတိ တံ ရူပံ၊ (ဓမ္မသံ၊ ၁၄၅)

၂။ တံ ရူပံ သင်္ခတံ အနာရမ္မဏံ, အစေတသိကံ စိတ္တဝိပ္ပယုတ္တံ, နေဝ ဒဿနေန (ပဟာတဗ္ဗံ) န ဘာဝနာယ ပဟာတဗ္ဗံ, ဆဟိ ဝိညာဏေဟိ ဝိညေယျံ, အနိစ္စ ဇရာဘိဘူတံ, (ဓမ္မသံ၊ ၁၄၆)

၃။ ကတမေ စတ္တာရော မဟာဘူတာ, ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတု, ဣမေ ဝုစ္စတိ စတ္တာရော မဟာဘူတာ။

တတ္ထ ကတမံ တံ ရူပံ ပထဝီဓာတု၊ ယံ ကက္ခဠံ ခရဂတံ ကက္ခဠတ္တံ ကက္ခဠဘာဝေါ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဥပါဒိဏ္ဏဝါ အနုပါဒိဏ္ဏဝါ, ဣဒံ တံ ရူပံ ပထဝီဓာတု။ (ဓမ္မသံ၊ ၂၀၁)

တတ္ထ ကတမံ တံ ရူပံ အာပေါဓာတု၊ ယံ အာပေါ အာပေါဂတံ သိနေဟော သိနေဟဂတံ, ဗန္ဓနတ္တံ ရူပဿ, အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဥပါဒိဏ္ဏဝါ အနုပါဒိဏ္ဏဝါ, ဣဒံ တံ ရူပံ အာပေါဓာတု။ (ဓမ္မသံ၊ ၂၀၁)

တတ္ထ ကတမံ တံ ရူပံ တေဇောဓာတု၊ ယံ တေဇော တေဇောဂတံ, ဥဏှံ ဥဏှဂတံ, ဥသုမံ ဥသုမဂတံ, အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဥပါဒိဏ္ဏဝါ အနုပါဒိဏ္ဏဝါ, ဣဒံ တံ ရူပံ တေဇောဓာတု, (ဓမ္မသံ၊ ၂၀၂)

တတ္ထ ကတမံ တံ ရူပံ ဝါယောဓာတု၊ ယံ ဝါယော ဝါယောဂတံ ထမ္ဘိတတ္တံ ရူပဿ, အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဥပါဒိဏ္ဏဝါ အနုပါဒိဏ္ဏဝါ, ဣဒံ တံ ရူပံ ဝါယောဓာတု။ (ဓမ္မသံ၊ ၂၀၂)

၄။ တတ္ထ ကတမံ တံ ရူပံ ဥပါဒါ? (၁) စက္ခာယတနံ, (၂) သောတာယတနံ (၃) ဃာနာယတနံ, (၄) ဇိဝှါယတနံ, (၅) ကာယာယတနံ, (၆) ရူပါယတနံ, (၇) သဒ္ဒါယတနံ, (၈) ဂန္ဓာယတနံ, (၉) ရသာယတနံ, (၁၀) ဇီဝိတိန္ဒိယံ, (၁၁) ဣတ္ထိန္ဒိယံ (၁၂) ပုရိသိန္ဒိယံ, (၁၃) ကဗဠိကာရော အာဟာရော, (ဝတ္ထု ရူပံ)

(၁၄) အာကာသဓာတု, (၁၅) ကာယဝိညတ္တိ, (၁၆) ဝစီဝိညတ္တိ, (၁၇) ရူပဿ လဟုတာ, (၁၈) ရူပဿ မုဒုတာ, (၁၉) ရူပဿ ကမ္မညတာ, (၂၀) ရူပဿ ဥပစယော, (၂၁) ရူပဿ သန္တတိ, (၂၂) ရူပဿ ဇရတာ, (၂၃) ရူပဿ အနိစ္စတာ, (ဓမ္မသံ၊ ၁၅၆)

တတ္ထ ကတမံ တံ ရူပံ စက္ခာယတနံ၊ ယံ စက္ခု စတုန္နံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ အတ္တဘာဝပရိယာပန္နော အနိဒဿနော သပ္ပဋိဃော ယေန စက္ခုနာ ရူပံ သနိဒဿနံ သပ္ပဋိဃံ ပဿတိ။ (ဓမ္မသံ၊ ၁၅၇)

ကတမံ တံ ရူပံ သောတာယတနံ, ယံ သောတံ စတုန္နံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ အတ္တဘာဝပရိယာပန္နော အနိဒဿနော သပ္ပဋိဃော, ယေန သောတေန သဒ္ဒံ အနိဒဿနံ သပ္ပဋိဃံ သုဏာတိ။ (ဓမ္မသံ၊ ၁၅၈)

ကတမံ တံ ရူပံ ဃာနာယတနံ, ယံ ဃာနံ စတုန္နံ မဟာဘူတာနံ

ဥပါဒါယ ပသာဒေါ အတ္တဘာဝ ပရိယာပန္နော အနိဒဿနော သပ္ပဋိဃော, ယေန ဃာနေန ဂန္ဓံ အနိဒဿနံ သပ္ပဋိဃံ ဃာယတိ။ (ဓမ္မသံ၊ ၁၅၉)

ကတမံ တံ ရူပံ ဇိဝှါယတနံ, ယာ ဇိဝှါ စတုန္နံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ အတ္တဘာဝပရိယာပန္နာ အနိဒဿနာ သပ္ပဋိဃာ, ယာယ ဇိဝှါယ ရသံ အနိဒဿနံ သပ္ပဋိဃံ သာယတိ။ (ဓမ္မသံ၊ ၁၆၀)

ကတမံ တံ ရူပံ ကာယာယတနံ, ယော ကာယော စတုန္နံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါ အတ္တဘာဝပရိယာပန္နော အနိဒဿနော သပ္ပဋိဃော, ယေန ကာယေန ဖောဋ္ဌဗ္ဗံ အနိဒဿနံ သပ္ပဋိဃံ ဖုသတိ။ (ဓမ္မသံ၊ ၁၆၁)

ကတမံ တံ ရူပံ ရူပါယတနံ, ယံ ရူပံ စတုန္နံ မဟာဘူတာနံ ဥပါဒါယ ဝဏ္ဏနိဘာ သနိဒဿနံ သပ္ပဋိဃံ, နီလံ ပီတံ, လောဟိတံ မဇ္ဇံ, အဏု ထူလံ, ဆာယာ အာပေါ, အာလောကော အန္ဓကာရော, ယံ ရူပံ စက္ခုနာ ပဿတိ။ (ဓမ္မသံ၊ ၁၆၂)

ကတမံ တံ ရူပံ သဒ္ဒါယတနံ, ယော သဒ္ဒော စတုန္နံ မဟာဘူတာနံ ဥပါဒါယ အနိဒဿနော သပ္ပဋိဃော သတ္တာနံ နိဒွေသသဒ္ဒါ ဓာတူနံ သဃာတသဒ္ဒါ, ယံ သဒ္ဒံ သောတေန သုဏာတိ။ (ဓမ္မသံ၊ ၁၆၄)

ကတမံ တံ ရူပံ ဂန္ဓာယတနံ, ယော ဂန္ဓော စတုန္နံ မဟာဘူတာနံ ဥပါဒါယ အနိဒဿနော သပ္ပဋိဃော သုဂန္ဓော ဒုဂ္ဂန္ဓော, ယံ ဂန္ဓံ ဃာနေန သာယတိ၊ (ဓမ္မသံ၊ ၁၆၅)

ကတမံ တံ ရူပံ ရသာယတနံ, ယော ရသော စတုန္နံ မဟာဘူတာနံ ဥပါဒါယ အနိဒဿနော သပ္ပဋိဃော အမ္ဗီလံ မဓုရံ တိတ္တကံ ကဋုကံ, လောဏိကံ ခါရိကံ, သာဒု အသာဒု, ယံ ရသံ ဇိဝှါယ သာယတိ၊ (ဓမ္မသံ၊ ၁၆၇)

(ဂ) ကတမံ တံ ရူပံ ဇီဝိတိန္ဒိယံ, ယော တေသံ ရူပီနံ ဓမ္မာနံ အာယု ဇီဝိတံ ဇီဝိတိန္ဒိယံ။ (ဓမ္မသံ၊ ၁၆၈)

ကတမံ တံ ရူပံ ဣတ္ထိန္ဒိယံ, ယံ ဣတ္ထိယာ ဣတ္ထိလိင်္ဂံ ဣတ္ထိနိမိတ္တံ ဣတ္ထိကုတ္တံ ဣတ္ထာကပ္ပံ ဣတ္ထိတ္တံ ဣတ္ထိဘာဝေါ, (ဓမ္မသံ၊ ၁၆၈)

ကတမံ တံ ရူပံ ပုရိသိန္ဒိယံ, ယံ ပုရိသဿ ပုရိသလိင်္ဂံ ပုရိသနိမိတ္တံ ပုရိသကုတ္တံ ပုရိသာကပ္ပံ ပုရိသတ္တံ ပုရိသဘာဝေါ။ (ဓမ္မသံ၊ ၁၆၈)

ကတမံ တံ ရူပံ ကဗဠိကာရော အာဟာရော, ဩဒနော ကုမ္မာသော သတ္တု မစ္ဆာမံသံ ခီရံ ဒဓိ သပ္ပိ နဝနီတံ တေလံ မဓု ဖာဏိတံ, ယံ ဝါ ပနညမ္ပိ အတ္ထိ ရူပံ ယံ ယမ္ပိ ဇနပဒေ တေသံ တေသံ သတ္တာနံ မုခေန ဒန္တဝိဓါနံ ဂလဝိဇဟရဏီယံ ကုစ္ဆိဝိတ္ထမ္ဘနံ, ယာယ ဩဇာယ သတ္တာ ယာပေန္တိ၊ (ဓမ္မသံ၊ ၁၆၉)

ကတမံ တံ ရူပံ အာကာသဓာတု, ယော အာကာသော အာကာသဂတော အယံ အဃဂတော ဝိဝရော ဝိဝရဂတော အသမ္ဗုဋ္ဌော စတူဟိ မဟာဘူတေဟိ။ (ဓမ္မသံ၊ ၁၆၉)

ကတမံ တံ ရူပံ ကာယဝိညတ္တိ, ယာ ကုသလစိတ္တဿ ဝါ အကုသလ စိတ္တဿ ဝါ အဗျာကတစိတ္တဿ ဝါ အဘိက္ကမန္တဿ ဝါ ပဋိက္ကမန္တဿ ဝါ အာလောကေန္တဿ ဝါ ဝိလောကေန္တဿ ဝါ သမိဉ္ဇေန္တဿ ဝါ ပသာရေန္တဿ ဝါ ကာယဿ ထမ္ဘနော ဝိညာပနာ ဝိညာပိတတ္တံ, (ဓမ္မသံ၊ ၁၆၈)

ကတမံ တံ ရူပံ ဝစီဝိညတ္တိ, ယာ ကုသလစိတ္တဿ ဝါ အကုသလ စိတ္တဿ ဝါ အဗျာကတစိတ္တဿ ဝါ ဝါစာ ဂိရာ ဗျာဟရော ဝစီဘေဒေါ ယာ တာယ ဝါစာယ ဝိညတ္တိ ဝိညာပနာ ဝိညာပိတတ္တံ (ဓမ္မသံ၊ ၁၆၈)

ကတမံ တံ ရူပံ ရူပဿ လဟုတာ, ယာ ရူပဿ လဟုတာ လဟု

ပရိဏာမတာ အဒရုဏတာ အဝိတ္ထမ္ဘနတာ, (ဓမ္မသံ၊ ၁၆၉)

ကတမံ တံ ရူပံ ရူပဿ မုဒုတာ, ယာ ရူပဿ မုဒုတာ မဒ္ဒဝတာ အက္ခဠတာ အကထိနတာ။ (ဓမ္မသံ၊ ၁၆၉)

ကတမံ တံ ရူပံ ရူပဿ ကမ္မညတာ, ယာ ရူပဿ ကမ္မညတာ ကမ္မညတ္တံ ကမ္မညဘာဝေါ။ (ဓမ္မသံ၊ ၁၆၉)

ကတမံ တံ ရူပံ ရူပဿ ဥပစယော, ယော အာယတနာနံ အာစယော, သော ရူပဿ ဥပစယော။ (ဓမ္မသံ၊ ၁၆၉)

ကတမံ တံ ရူပံ ရူပဿ သန္တတိ, ယော ရူပဿ ဥပစယော, သာ ရူပဿ သန္တတိ။ (ဓမ္မသံ၊ ၁၆၉)

ကတမံ တံ ရူပံ ရူပဿ ဇရတာ, ယာ ရူပဿ ဇရာ ဇီရဏတာ ခဏ္ဍိစ္စံ ပါလိစ္စံ ဝလိတ္တစတာ, အာယုနော သံဟာနိ, ဣန္ဒြိယာနံ ပရိပါကော။ (ဓမ္မသံ၊ ၁၆၉)

ကတမံ တံ ရူပံ ရူပဿ အနိစ္စတာ, ယော ရူပဿ ခယော ဝယော ဘေဒေါ ပရိဘေဒေါ အနိစ္စတာ အန္တရဓာနံ, (ဓမ္မသံ၊ ၁၆၉)

(၃) နာမ ပရိဂ္ဂဟ (နာမ်တရားကို မှတ်ယူခြင်း)

နာမ - အာရုံသို့ ညွတ်ခြင်း၊ ဦးလှည့်ခြင်း၊ သိခြင်းသဘာဝရှိတရား။

စိတ် - အာရုံသိခြင်း သဘာဝတရား။

စေတသိက် - စိတ်မှာဖြစ်ခြင်း၊ စိတ်နှင့်ပေါင်းစပ် အလုပ်လုပ်ခြင်း သဘာဝရှိတရား။

အမြဲပေါင်းစပ်သည့် စေတသိက် ၇-မျိုး

(၁) ဖဿ (၂) ဝေဒနာ (၃) သညာ (၄) စေတနာ (၅) ဧကဂ္ဂတာ (၆) ဇီဝိတိန္ဒြိယ (၇) မနသိကာရ

ရံခါပေါင်းစပ်သည့် စေတသိက် ၆-မျိုး

(၁) ဝိတက္က (၂) ဝိစာရ (၃) ဝီရိယ (၄) ပီတိ (၅) ဆန္ဒ (၆) အဓိမောက္ခ

အကုသိုလ်စေတသိက် ၁၄-မျိုး

အကုသိုလ်စေတသိက် ၁၄-မျိုးမှာ -

(၁) အကုသိုလ်စိတ်မှန်သမျှနှင့် တွဲဖက်ဖြစ်သော အကုသိုလ်စေတသိက်

(၂) လောဘမူလစိတ်မှန်သမျှနှင့် တွဲဖက်ဖြစ်သော စေတသိက် ၁-မျိုး၊

(၃) အချို့သော လောဘမူလစိတ်နှင့်သာ တွဲဖက်ဖြစ်သော စေတသိက် ၂-မျိုး၊

(၄) ဒေါသမူလစိတ်မှန်သမျှနှင့် တွဲဖက်ဖြစ်သော စေတသိက် ၄-မျိုး။

(၅) လောဘမူလစိတ်အချို့၊ ဒေါသမူလစိတ်အချို့နှင့် တွဲဖက်ဖြစ်သော စေတသိက် ၂-မျိုး၊

(၆) မောဟမူလစိတ် အချို့နှင့်သာ တွဲဖက်ဖြစ်သော စေတသိက် ၁-မျိုး။

စုစုပေါင်း အကုသိုလ်စေတသိက် ၁၄-မျိုး။

အကုသိုလ်စိတ်မှန်သမျှမှာ -

(၁) မောဟ

(၂) အဟိရိက

(၃) အနောတ္တပ္ပ

(၄) ဥဒ္ဓစ္စ

လောဘမူလစိတ်မှာ -

(၅) လောဘ

(၆) ဒိဋ္ဌိ

(၇) မာန

ဒေါသမူလစိတ်မှာ -

(၈) ဒေါသ

(၉) ဣဿာ

(၁၀) မစ္ဆရိယ

(၁၁) ကုက္ကုစ္စ

လောဘမူလ-ဒေါသမူလစိတ်မှာ -

(၁၂) ထိန

(၁၃) မိဒ္ဓ

မောဟမူလစိတ်မှာ -

(၁၄) ဝိစိကိစ္ဆာ

သောဘနစေတသိက် ၂၅-မျိုး

သောဘနစေတသိက် ၂၅-မျိုးမှာ -

(၁) သောဘနစိတ် ၅၉-မျိုးလုံးနှင့်တွဲဖက်ဖြစ်သော သောဘနသာဓာရဏစေတသိက် ၁၉-မျိုး၊

(၂) သောဘနစိတ်အချို့နှင့်သာ တွဲဖက်ဖြစ်သော စေတသိက် ၆-မျိုး၊

စုစုပေါင်း သောဘနစေတသိက် ၂၅-မျိုး။

သောဘနသာဓာရဏ ၁၉-မျိုး

(၁) သဒ္ဓါ (၂) သတိ (၃) ဟိရီ (၄) သြတ္တပ္ပ (၅) အလောဘ (၆) အဒေါသ (၇) တတြမဇ္ဈတ္တတာ (၈) ကာယ ပဿဒ္ဓိ (၉) စိတ္တ ပဿဒ္ဓိ (၁၀) ကာယ လဟုတာ (၁၁) စိတ္တလဟုတာ (၁၂) ကာယ မုဒုတာ (၁၃) စိတ္တ မုဒုတာ (၁၄) ကာယကမ္မညတာ (၁၅) စိတ္တ ကမ္မညတာ (၁၆) ကာယ ပါဂုညတာ (၁၇) စိတ္တ ပါဂုညတာ (၁၈) ကာယုဇုကတာ (၁၉) စိတ္တုဇုကတာ

သောဘနစိတ် အချို့နှင့်သာ တွဲဖက် - ၆

ဝိရတီ

(၁) သမ္မာဝါစာ (၂) သမ္မာကမ္မန္တ (၃) သမ္မာအာဇီဝ

အပ္ပမညာ

(၄) ကရုဏာ (၅) မုဒိတာ

(၆) ပညာ

စိတ္တုပ္ပါဒ (စိတ်တို့၏ ဖြစ်ခြင်း)

အာရုံနှင့်ဝတ္ထု တိုက်ခိုက်မှုကြောင့် စိတ်နှင့်စေတသိက်တို့ ပြိုင်တူဖြစ်လာကြ၏။ စိတ်စေတသိက် ပေါင်းစပ်ပြီး အာရုံကို ဖမ်းယူကြ၏။ အာရုံမှာ အလုပ်လုပ်ဆောင်ကြ၏။

စိတ်စေတသိက် ၂-မျိုးတွင် စိတ်ဖြစ်မှသာ စေတသိက်များ ဖြစ်နိုင်၏။ စိတ်သည် နာမ်တရား၏ ကိုယ်ထည်နှင့်တူပြီး စေတသိက်များက နာမ်တရား၏ အင်္ဂါအစိတ်အပိုင်းများနှင့် တူ၏။

စိတ်သည် အာရုံကို သိမှု၊ အာရုံကို ရယူမှု တစ်မျိုးသာ ဖြစ်သော်လည်း - (က) ဇာတိဘေဒ၊ (ခ) ဘူမိဘေဒ၊ (ဂ) ဝေဒနာဘေဒ၊ (ဃ) ယောဂဘေဒ၊ (င) သင်္ခါရဘေဒ၊ (စ) ကိစ္စဘေဒ၊ (ဆ) အာရမ္မဏဘေဒ၊ (ဇ) ဈာနဘေဒ ဒေါင့်များမှ အမျိုးမျိုး ခွဲခြားနိုင်၏။

စိတ်တို့၏ဖြစ်ပုံ လေ့လာရာ၌ လွယ်ကူစေရန် ဤ၌ ကိစ္စဘေဒအားဖြင့် စိတ်တို့ကို ခွဲခြမ်းပြဆိုပေအံ့။

(၁) ပဋိသန္ဓေကိစ္စကို ဆောင်ရွက်သည့် ပဋိသန္ဓေစိတ် ၁၉-မျိုး

(၁) အပါယ ပဋိသန္ဓေ - အကုသလဝိပါက ဥပေက္ခာသန္တီရဏ (၁)

(၂) ကာမသုဂတိ ပဋိသန္ဓေ - ကုသလဝိပါက ဥပေက္ခာသန္တီရဏ (၁)၊ မဟာဝိပါက (၈) (၁+၈=၉)

(၃) ရူပါဝစရ ပဋိသန္ဓေ - ရူပါဝစရ ဝိပါကစိတ် (၅)

(၄) အရူပါဝစရ ပဋိသန္ဓေ - အရူပါဝစရ ဝိပါကစိတ် (၄)

(၂) ဘဝင်ကိစ္စကို ဆောင်ရွက်သည့် ဘဝင်စိတ် ၁၉-မျိုး

(ပဋိသန္ဓေစိတ် ၁၉-ပင်တည်း။)

(၃) စုတိကိစ္စကို ဆောင်ရွက်သည့် စုတိစိတ် ၁၉-မျိုး

(ပဋိသန္ဓေစိတ် ၁၉-မျိုးပင်တည်း။)

(၄) အာဝဇ္ဇနကိစ္စ ဆောင်ရွက်သော စိတ် (၂)

(၁) ပဉ္စဒွါရာဝဇ္ဇန (စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ - ငါးဒွါရ၌ အာဝဇ္ဇနကိစ္စ ဆောင်ရွက်သည်။)

(၂) မနောဒွါရာဝဇ္ဇန (မနောဒွါရ၌ အာဝဇ္ဇနကိစ္စ ဆောင်ရွက်သည်)

(၅) ဒဿနကိစ္စ ဆောင်ရွက်သော စိတ် (၂)

(၁) အကုသလဝိပါက စက္ခုဝိညာဏ၊ (၂) ကုသလဝိပါက စက္ခုဝိညာဏ။

(၆) သဝနကိစ္စ ဆောင်ရွက်သော စိတ် (၂)

(၁) အကုသလဝိပါက သောတဝိညာဏ၊ (၂) ကုသလဝိပါက သောတဝိညာဏ။

(၇) ဃာယနကိစ္စ ဆောင်ရွက်သော စိတ် (၂)

(၁) အကုသလဝိပါက ဃာနဝိညာဏ၊ (၂) ကုသလဝိပါက ဃာနဝိညာဏ။

(၈) သာယနကိစ္စ ဆောင်ရွက်သော စိတ် (၂)

(၁) အကုသလဝိပါက ဇိဝှါဝိညာဏ၊ (၂) ကုသလဝိပါက ဇိဝှါဝိညာဏ။

(၉) ဖုသနကိစ္စ ဆောင်ရွက်သော စိတ် (၂)

(၁) အကုသလဝိပါက ကာယဝိညာဏ၊ (၂) ကုသလဝိပါက ကာယဝိညာဏ။

(၁၀) သမ္ပဋိစ္ဆနကိစ္စ ဆောင်ရွက်သော စိတ် (၂)

(၁) အကုသလဝိပါက သမ္ပဋိစ္ဆန၊ (၂) ကုသလဝိပါက သမ္ပဋိစ္ဆန။

(၁၁) သန္တီရဏကိစ္စ ဆောင်ရွက်သော စိတ် (၃)

(၁) ဥပေက္ခာ သန္တီရဏ (အကုသလဝိပါက)၊ (၂) ဥပေက္ခာ သန္တီရဏ (ကုသလဝိပါက)၊ (၃) သောမနဿ သန္တီရဏ (ကုသလဝိပါက)။

(၁၂) ဝေါဋ္ဌဗ္ဗနကိစ္စ ဆောင်ရွက်သော စိတ် (၁)

မနောဒွါရာဝဇ္ဇနစိတ်ပင် ပဉ္စဒွါရ၌ ဝေါဋ္ဌဗ္ဗနကိစ္စကို ဆောင်ရွက်သည်။

(၁၃) ဇဝနကိစ္စ ဆောင်ရွက်သော စိတ် (၅၅)

(၁) အကုသလစိတ် - ၁၂၊ (၂) ဟသိတုပ္ပါဒစိတ် - ၁၊ (၃) မဟာကုသလစိတ် - ၈၊ (၄) မဟာကြိယစိတ် - ၈၊ (၅) ရူပါဝစရကုသလစိတ် - ၅၊ (၆) ရူပါဝစရကြိယစိတ် - ၅၊ (၇) အရူပါဝစရကုသလစိတ် - ၄၊ (၈) အရူပါဝစရကြိယစိတ် - ၄၊ (၉) လောကုတ္တရစိတ် - ၈။

ပေါင်း - ၅၅။

(၁၄) တဒါရမ္မဏကိစ္စ ဆောင်ရွက်သော စိတ် (၁၁)

(၁) သန္တီရဏစိတ် - ၃၊ (၂) မဟာဝိပါကစိတ် - ၈။

ပေါင်း - ၁၁။

စိတ်၏ ဒွါရများ

စိတ်သည် အာရုံနှင့် ဆက်သွယ်ရာ၌ ဒွါရ ၆-မျိုးမှ ဆက်သွယ်သည်။ ဒွါရ ၆-မျိုးကို စိတ်၏တံခါး ၆-ပေါက်ဟု ဆိုနိုင်သည်။

{| class="wikitable" style="text-align: center;"
|+ ဒွါရနှင့် စိတ်ဖြစ်တည်မှုဇယား

! ဒွါရ ၆-ပါး !! ဒွါရ၌ဖြစ်သော စိတ်များ !! သီးသန့်ဖြစ်နိုင် !! စုစုပေါင်း

| ၁။ စက္ခုဒွါရ || || || ၄၆

| ၂။ သောတဒွါရ || || || ၄၆

| ၃။ ဃာနဒွါရ || || || ၄၆

| ၄။ ဇိဝှါဒွါရ || || || ၄၆

| ၅။ ကာယဒွါရ || || || ၄၆

| ၆။ မနောဒွါရ || || || ၆၇

ရှင်းလင်းချက်

(၁) စက္ခုဝိညာဏစိတ် ၂-ခုသည် စက္ခုဒွါရ၌သာ သီးသန့်ဖြစ်၏။ ပဉ္စဒွါရာဝဇ္ဇန-၁၊ သမ္ပဋိစ္ဆန-၂၊ သန္တီရဏ-၃၊ ဝေါဋ္ဌဗ္ဗန-၁၊ ကာမဇော-၂၉၊ တဒါရမ္မဏ-၈၊ ပေါင်း-၄၄ မျိုးသည် စက္ခုဒွါရ၌ ဖြစ်နိုင်၏။ နှစ်ရပ်ပေါင်းသော် စက္ခုဒွါရ၌ စိတ်ပေါင်း ၄၆-ခု ဖြစ်နိုင်၏။

(၂) သောတဒွါရစသည် အတူတူ။

(၃) အပ္ပနာဇော ၂၆-ခုသည် မနောဒွါရ၌သာ သီးသန့်ဖြစ်၏။ မနောဒွါရာဝဇ္ဇန-၁၊ ကာမဇော-၂၉၊ တဒါရမ္မဏ-၁၁၊ စုစုပေါင်း ၄၁-ခုသည် မနောဒွါရ၌ ဖြစ်နိုင်၏။ နှစ်ရပ်ပေါင်းသော် မနောဒွါရ၌ စိတ်ပေါင်း ၆၇-ခု ဖြစ်၏။

စိတ်၏မှီရာ ဝတ္ထုရုပ်များ

စိတ်သည် ၆-မျိုးရှိ၏။

{| class="wikitable" style="text-align:center;"
|+ ဝတ္ထုရုပ် ၆-မျိုးနှင့် စိတ်ဖြစ်ပျက်ပုံ ဇယား

! ဝတ္ထုရုပ် ၆-မျိုး !! မှီ၍သာ !! ရံခါမှီ !! လုံးဝမမှီ

| ၁။ စက္ခုဝတ္ထု || ၂ || ကျန်စိတ်များ (၈၇) ||

| ၂။ သောတဝတ္ထု || ၂ || ကျန်စိတ်များ (၈၇) ||

| ၃။ ဃာနဝတ္ထု || ၂ || ကျန်စိတ်များ (၈၇) ||

| ၄။ ဇိဝှါဝတ္ထု || ၂ || ကျန်စိတ်များ (၈၇) ||

| ၅။ ကာယဝတ္ထု || ၂ || ကျန်စိတ်များ (၈၇) ||

| ၆။ ဟဒယဝတ္ထု || ၃၃ || ၄၂ || ၄

ရှင်းလင်းချက်

(၁) စက္ခုဝတ္ထုကို မှီ၍သာဖြစ်သော စိတ်သည် စက္ခုဝိညာဏစိတ် ၂-ခု ဖြစ်၏။

(၂) သောတဝတ္ထုကို မှီ၍ သာဖြစ်သော စိတ်သည် သောတဝိညာဏစိတ် ၂-ခု စသည် မှတ်ပါ။

(၃) ဟဒယဝတ္ထုကို မှီ၍သာဖြစ်သော စိတ်သည် ၃၃-မျိုး ရှိ၏။

ပဉ္စဒွါရာဝဇ္ဇန-၁၊ သမ္ပဋိစ္ဆန-၂၊ သန္တီရဏ-၃၊ ဟသိတုပ္ပါဒ-၁၊ ဒေါသမူလ-၂၊ မဟာဝိပါက-၈၊ ရူပါဝစရ-၁၅၊ သောတာပတ္တိမဂ္ဂ-၁၊ စုစုပေါင်း-၃၃ ခု ဖြစ်၏။

(၄) ဟဒယဝတ္ထုကို ရံခါမှီ၍ဖြစ်သော စိတ်သည် ၄၂-မျိုးရှိ၏။ လောဘမူ-၈၊ မောဟမူ-၂၊ မနောဒွါရာဝဇ္ဇန-၁၊ မဟာကုသလ-၈၊ မဟာကြိယ-၈၊ အရူပါဝစရကုသလကြိယ-၈၊ သောတာပတ္တိမဂ္ဂကြဉ် လောကုတ္တရာစိတ်-၇၊ စုစုပေါင်း- ၄၂ ခု ဖြစ်၏။

(၅) ဝတ္ထုရုပ်ကို လုံးဝမမှီဘဲဖြစ်သော အရူပါဝစရ ဝိပါက ၄-ခု ဖြစ်၏။

စိတ်၏ အာရုံများ

{| class="wikitable" style="text-align:left;"

! အာရုံ ၆-ပါး !! တရားကိုယ် !! အမျိုးအစား !! အာရုံပြုသောစိတ်

| (၁) ရူပါရုံ || ဝဏ္ဏရုပ် || ဧကန်-၂၅ || ကာမ

| (၂) သဒ္ဒါရုံ || သဒ္ဒရုပ် || ||

| (၃) ဂန္ဓာရုံ || ဂန္ဓရုပ် || rowspan="3" | အနေကန်-၃၁ ||

| (၄) ရသာရုံ || ရသရုပ် ||

| (၅) ဖောဋ္ဌဗ္ဗာရုံ || ပ၊ တေ၊ ဝါ ||

| rowspan="3" | (၆) ဓမ္မာရုံ || rowspan="3" | (၁) ပသာဒရုပ် (၂) သုခုမရုပ် (၃) စိတ်-၈၉ (၄) စေ-၅၂ (၅) နိဗ္ဗာန် (၆) ပညတ် || မဟဂ္ဂတ || မဟဂ္ဂတ ဧကန်-၆ အနေကန်-၃၁

| လောကုတ္တရ || ဧကန်-၈ အနေကန်-၁၁

| ပညတ် || ဧကန်-၂၁ အနေကန်-၃၁

ရှင်းလင်းချက်

(၁) ကာမအာရုံကို ဧကန်အာရုံပြုသောစိတ် ၂၅-မျိုး - ကာမဝိပါက်စိတ်-၂၃၊ ပဉ္စဒွါရာဝဇ္ဇန-၁၊ ဟသိတုပ္ပါဒ-၁၊ ပေါင်း ၂၅-မျိုး။

(၂) မဟဂ္ဂတအာရုံ (အာကာ ၃ + အာကိဉ္စ ၃ = ၆) ကို ဧကန်အာရုံပြုသောစိတ် - ဝိညာဏဉ္စာယတနစိတ်-၃၊ နေဝသညာနာသညာယတနစိတ်-၃၊ ပေါင်း ၆။

(၃) ပညတ်ကို ဧကန်အာရုံပြုသောစိတ် ၂၁-မျိုး - အဘိညာဉ်စိတ်-၂ ကြဉ် ရူပါဝစရစိတ်-၁၅၊ အာကာသာနဉ္စာယတနစိတ်-၃၊ အာကိဉ္စညာယတနစိတ်-၃၊ ပေါင်း ၂၁-မျိုး။

(၄) ကာမ၊ မဟဂ္ဂတ၊ ပညတ် တို့ကို အနေကန်အာရုံပြုသောစိတ် ၃၁-မျိုး။

အကုသိုလ်စိတ်-၁၂၊ မနောဒွါရာဝဇ္ဇန-၁၊ မဟာကုသိုလ်စိတ်-၈၊ မဟာကြိယစိတ်-၈၊ အဘိညာဉ်စိတ်-၂ ပေါင်း ၃၁-မျိုး။

အဆိုပါ ၃၁-မျိုးတွင် -

(က) အကုသိုလ်စိတ်-၁၂၊ မဟာကုသိုလ် မဟာကြိယ ဉာဏဝိပ္ပယုတ်-၈၊ ပေါင်း ၂၀-သည် လောကုတ္တရအာရုံမှတပါး အားလုံးကို အာရုံပြု၏။

(ခ) မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ်-၄၊ ကုသိုလ်အဘိညာဉ်စိတ်-၁၊ ပေါင်း ၅-ခုသည် အရဟတ္တမဂ် အရဟတ္တဖိုလ်အာရုံမှတပါး အားလုံးကို အာရုံပြု၏။

(ဂ) မနောဒွါရာဝဇ္ဇန ၁-ခု၊ မဟာကြိယ ဉာဏသမ္ပယုတ်စိတ် ၄-ခု၊ ကြိယအဘိညာဉ်စိတ် ၃-ခု၊ ပေါင်း ၆-ခုသည် အာရုံအကြွင်းအကျန်မရှိ အားလုံးကို အာရုံပြု၏။

(၅) နိဗ္ဗာန်ကို ဧကန်အာရုံပြုသောစိတ် ၈-ခုမှာ လောကုတ္တရာစိတ် ၈-ခု ဖြစ်၏။

(၆) နိဗ္ဗာန်ကို အနေကန်အာရုံပြုသောစိတ် ၁၁-ခုမှာ မဟာကုသိုလ် မဟာကြိယ ဉာဏသမ္ပယုတ် ၈-ခု၊ အဘိညာဉ်စိတ် ၂-ခု၊ မနောဒွါရာဝဇ္ဇန ၁-ခု၊ ပေါင်း ၁၁-ခု ဖြစ်၏။

စိတ္တသမ္ပယုတ္တ (စိတ်နှင့် စေတသိက်တို့ ပေါင်းစပ်မှု)

စိတ်နှင့်စေတသိက်တို့ ယှဉ်တွဲဖြစ်ကြရာ၌ (၁) တူသောမှီရာဝတ္ထုတစ်ခုကို မှီ၍ (၂) အာရုံတစ်ခုဆီသို့ ဦးတည်လျက် (၃) ပြိုင်တူဖြစ်ပြီး (၄) ပြိုင်တူပျောက်ကွယ်ခြင်းတို့သည် သမ္ပယုတ္တလက္ခဏာ ၄-ပါးဖြစ်၏။ သမ္ပယုတ္တလက္ခဏာနှင့် ညီမှသာ ပေါင်းစပ်မှုဟု ဆိုနိုင်၏။

(၁) ပဉ္စဒွါရာဝဇ္ဇနစိတ် (၁)

(က) ဇာတိ - ကြိယ အဗျာကတ။

(ခ) စေတသိက် - ၁၀ (သဗ္ဗစိတ္တ ၇ + ဝိတက္က၊ ဝိစာရ၊ အဓိမောက္ခ - ၃ = ၁၀)

(ဂ) ဝေဒနာ - ဥပေက္ခာ။

(ဃ) ဟေတု - အဟေတုက။

(င) ကိစ္စ - အာဝဇ္ဇနကိစ္စ။

(စ) ဒွါရ - ၅-ဒွါရ (စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ)။

(ဆ) ဝတ္ထု - ဟဒယဝတ္ထု (ဧကန်)။

(ဇ) အာရုံ - အာရုံ ၅-ပါး (ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗ)။

(၂) စက္ခုဝိညာဏစိတ် (၂)

(က) ဇာတိ - ဝိပါက။

(ခ) စေတသိက် - သဗ္ဗစိတ္တ (၇)။

(ဂ) ဝေဒနာ - ဥပေက္ခာ။

(ဃ) ဟေတု - အဟေတုက။

(င) ကိစ္စ - ဒဿနကိစ္စ (အာရုံကို မြင်ခြင်းကိစ္စ)။

(စ) ဒွါရ - စက္ခုဒွါရ။

(ဆ) ဝတ္ထု - စက္ခုဝတ္ထု။

(ဇ) အာရုံ - ရူပါရုံ။

(၃) သောတဝိညာဏစိတ် (၂) စသည်

(ကိစ္စ - အစဉ်အတိုင်း) သဝနကိစ္စ၊ ဃာယနကိစ္စ၊ သာယနကိစ္စ၊ ဖုသနကိစ္စ။

(ဒွါရ - သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ။)

(ဝတ္ထု - သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု။)

(အာရုံ - သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ။)

ကြွင်းကျန်သမျှ စက္ခုဝိညာဏနှင့် တူ၏။

(၄) သမ္ပဋိစ္ဆနစိတ် (၂)

(က) ဇာတိ - ဝိပါက။

(ခ) စေတသိက် - ၁၀-ပါး (သဗ္ဗစိတ္တ-၇ + ဝိတက္က၊ ဝိစာရ၊ အဓိမောက္ခ-၃ = ၁၀)။

(ဂ) ဝေဒနာ - ဥပေက္ခာ။

(ဃ) ဟေတု - အဟေတုက။

(င) ကိစ္စ - သမ္ပဋိစ္ဆနကိစ္စ (အာရုံကို လက်ခံခြင်းကိစ္စ)။

(စ) ဒွါရ - ၅-ဒွါရ (စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ)။

(ဆ) ဝတ္ထု - ဟဒယဝတ္ထု။

(ဇ) အာရုံ - အာရုံ ၅-ပါး (ရူပါရုံ - ဖောဋ္ဌဗ္ဗာရုံ)။

(၅) သန္တီရဏစိတ် (၃)

(က) ဇာတိ - ဝိပါက အဗျာကတ။

(ခ) စေတသိက် - ၁၀/၁၁။

* ဥပေက္ခာသန္တီရဏစိတ် ၂-ခုမှာ သဗ္ဗစိတ္တ ၇-ခု၊ ဝိတက္က၊ ဝိစာရ၊ အဓိမောက္ခ ၃-ခု၊ ပေါင်း စေတသိက် ၁၀-ခု။

* သောမနဿသန္တီရဏစိတ်မှာ ယခင် ၁၀-၌ ပီတိ တိုး၍ ၁၁-ခု မှတ်ပါ။

(ဂ) ဝေဒနာ - သောမနဿ၊ ဥပေက္ခာ။

(ဃ) ဟေတု - အဟေတုက။

(င) ကိစ္စ - ဥပေက္ခာသန္တီရဏ ၂-ခုမှာ ၅-ကိစ္စ (ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ သန္တီရဏ၊ တဒါရမ္မဏ)။

* သောမနဿသန္တီရဏမှာ ၂-ကိစ္စ (သန္တီရဏ၊ တဒါရမ္မဏ)။
(စ) ဒွါရ - ဥပေက္ခာသန္တီရဏသည် သန္တီရဏကိစ္စနှင့် တဒါရမ္မဏကိစ္စ ဆောင်ရွက်စဉ် ၆-ဒွါရ၌ ဖြစ်၏။ ကျန်ကိစ္စ ဆောင်ရွက်စဉ် ဒွါရ ၆-ပါးမှ လွတ်၏။

* သောမနဿသန္တီရဏသည် ၆-ဒွါရ၌ ဖြစ်၏။
(ဆ) ဝတ္ထု - ဟဒယဝတ္ထု။

(ဇ) အာရုံ - သောမနဿသန္တီရဏစိတ်သည် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်၊ ကာလဝိမုတ်ဖြစ်သော အာရုံ ၆-ပါး။

* ဥပေက္ခာသန္တီရဏစိတ် ၂-ခုသည် - (က) ဒွါရ၌ဖြစ်ခိုက် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်၊ ကာလဝိမုတ် ဖြစ်သော အာရုံ ၆-ပါး၊ (ခ) ဒွါရမှ လွတ်သောအခါ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟု ဆိုအပ်သော အာရုံ ၆-ပါး။

(၆) မနောဒွါရာဝဇ္ဇန / ဝေါဋ္ဌဗ္ဗနစိတ်

(က) ဇာတိ - ကြိယ အဗျာကတ။

(ခ) စေတသိက် - ၁၀-ပါး (ဆန္ဒ၊ ပီတိမှတစ်ပါး အညသမာန်းစေတသိက် ၁၁-ပါး)။

(ဂ) ဝေဒနာ - ဥပေက္ခာ။

(ဃ) ဟေတု - အဟေတုက။

(င) ကိစ္စ - မနောဒွါရ၌ အာဝဇ္ဇနကိစ္စ၊ ပဉ္စဒွါရ၌ ဝေါဋ္ဌဗ္ဗနကိစ္စ။

(စ) ဒွါရ - ဒွါရ ၆-ပါး။

(ဆ) ဝတ္ထု - ဟဒယဝတ္ထု။

(ဇ) အာရုံ - အာရုံ ၆-ပါး (အလုံးစုံ)။

(၇) ဇဝန (ဇော) စိတ် (၅၅)

(က) ဇာတိ - အချို့ ကုသလ၊ အချို့ အကုသလ၊ အချို့ အဗျာကတ။

(ခ) စေတသိက် -

* အကုသလစိတ် - ၁၂၊ စေတသိက် - ၂၇။
* ဟသိတုပ္ပါဒစိတ် - ၁၊ စေတသိက် - ၁၂။
* မဟာကုသလစိတ် - ၈၊ စေတသိက် - ၃၈။
* မဟာကြိယစိတ် - ၈၊ စေတသိက် - ၃၅။
* ရူပါဝစရကုသလစိတ် - ၅၊ စေတသိက် - ၃၅။
* ရူပါဝစရကြိယစိတ် - ၅၊ စေတသိက် - ၃၅။
* အရူပါဝစရကုသလစိတ် - ၄၊ စေတသိက် - ၃၀။
* အရူပါဝစရကြိယစိတ် - ၄၊ စေတသိက် - ၃၀။
* လောကုတ္တရစိတ် - ၈၊ စေတသိက် - ၃၆။

(ဂ) ဝေဒနာ - အချို့ သောမနဿ၊ အချို့ ဥပေက္ခာ၊ အချို့ ဒေါမနဿ။

(ဃ) ဟေတု - ဟသိတုပ္ပါဒ အဟေတုက၊ အချို့ ဧကဟေတု၊ အချို့ ဒွိဟေတုက၊ အချို့ တိဟေတုက။

(င) ကိစ္စ - ဇဝနကိစ္စ။

(စ) ဒွါရ - အပ္ပနာဇော ၂၆-သည် မနောဒွါရ၊ ကာမဇော ၂၉-သည် ဒွါရ ၆-ပါး။

(ဆ) ဝတ္ထု - ဟဒယဝတ္ထု။

(ဇ) အာရုံ -

* ဟသိတုပ္ပါဒ သည် ကာမအာရုံ (ဧကန်)။
* အကုသလဇော ၁၂-ခုသည် လောကီ အာရုံ။
* မဟာကုသလ မဟာကြိယ ဉာဏဝိပ္ပယုတ်ဇော ၈-ခု သည် လောကီ အာရုံ။
* မဟာကုသလ ဉာဏသမ္ပယုတ်ဇော ၄-ခု သည် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်မှတပါး အလုံးစုံ အာရုံ။
* မဟာကြိယ ဉာဏသမ္ပယုတ်ဇော ၄-ခု သည် အကြွင်းမဲ့ အလုံးစုံ အာရုံ။
* ဝိညာဏဉ္စာယတန၊ နေဝသညာနာသညာယတန ဇော ၄-ခုသည် မဟဂ္ဂတ အာရုံ (ဧကန်)။
* ရူပါဝစရဇော ၁၀-ခု၊ အာကာသာနဉ္စာယတန၊ အာကိဉ္စညာယတန ၄ (ပေါင်း-၁၄)ခုသည် ပညတ်အာရုံ (ဧကန်)။
* အဘိညာဉ်ကုသိုလ်ဇောသည် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်မှတပါး အလုံးစုံ အာရုံ။
* အဘိညာဉ်ကြိယဇောသည် အကြွင်းမဲ့ အလုံးစုံ အာရုံ။
* လောကုတ္တရ ၈-ခုသည် နိဗ္ဗာန်အာရုံ (ဧကန်)။
(၈) တဒါရမ္မဏစိတ် (၁၁)

(က) ဇာတိ - ဝိပါက အဗျာကတ။

(ခ) စေတသိက် -

* မဟာဝိပါကစိတ် ၈-ခု၊ စေတသိက် - ၃၃။
* သန္တီရဏစိတ် ၃-ခု၊ စေတသိက် - ၁၁။

(ဂ) ဝေဒနာ - အချို့ သောမနဿ၊ အချို့ ဥပေက္ခာ။

(ဃ) ဟေတု - အချို့ အဟေတုက၊ အချို့ ဒွိဟေတုက၊ အချို့ တိဟေတုက။

(င) ကိစ္စ - မဟာဝိပါကသည် ပဋိသန္ဓေ၊ ဘဝင်္ဂ၊ စုတိ၊ တဒါရမ္မဏ (၄-ကိစ္စ)။

* သောမနဿ သန္တီရဏသည် သန္တီရဏကိစ္စ၊ တဒါရမ္မဏကိစ္စ (၂-ကိစ္စ)။
* ဥပေက္ခာသန္တီရဏ ၂-ခုသည် ပဋိသန္ဓေ၊ ဘဝင်္ဂ၊ စုတိ၊ သန္တီရဏ၊ တဒါရမ္မဏ (၅-ကိစ္စ)။
(စ) ဒွါရ - သောမနဿ သန္တီရဏသည် ဒွါရ ၆-ပါး၌ ဖြစ်၏။

* မဟာဝိပါကနှင့် ဥပေက္ခာသန္တီရဏတို့သည် ရံခါ ဒွါရ ၆-ပါး၌ ဖြစ်၍ ရံခါ ဒွါရမှ လွတ်၏။
(ဆ) ဝတ္ထု - ဟဒယဝတ္ထု။

(ဇ) အာရုံ - ကာမအာရုံ (ဧကန်)။

(၉) ပဋိသန္ဓေစိတ် (၁၉)

* ဥပေက္ခာသန္တီရဏစိတ် ၂-ခု။
* မဟာဝိပါကစိတ် ၈-ခု။
* ရူပါဝစရဝိပါကစိတ် ၅-ခု။
* အရူပါဝစရဝိပါကစိတ် ၄-ခု။
စုစုပေါင်း - ၁၉-ခု။

(က) ဇာတိ - ဝိပါက အဗျာကတ။

(ခ) စေတသိက် -

* ဥပေက္ခာသန္တီရဏ ၂၊ စေတသိက် - ၁၀။
* မဟာဝိပါက၊ စေတသိက် - ၃၃။
* ရူပါဝစရဝိပါက၊ စေတသိက် - ၃၅။
* အရူပါဝစရဝိပါက၊ စေတသိက် - ၃၀။
(ဂ) ဝေဒနာ - အချို့ သောမနဿ၊ အချို့ ဥပေက္ခာ။

(ဃ) ဟေတု - အချို့ အဟေတုက၊ အချို့ ဒွိဟေတုက၊ အချို့ တိဟေတုက။

(င) ကိစ္စ - ဥပေက္ခာသန္တီရဏ ၅-ကိစ္စ၊ မဟာဝိပါက ၄-ကိစ္စ၊ ရူပ၊ အရူပ ဝိပါက ၃-ကိစ္စ (ပဋိသန္ဓေ၊ ဘဝင်္ဂ၊ စုတိ)။

(စ) ဒွါရ - ဥပေက္ခာသန္တီရဏ၊ မဟာဝိပါကပေါင်း ၁၀-ခုသည် ရံခါ ၆-ဒွါရ၊ ရံခါ ဒွါရမှ လွတ်၏။ ရူပ၊ အရူပ ဝိပါက ၉-ခုသည် အမြဲ ဒွါရမှ လွတ်၏။

(ဆ) ဝတ္ထု - အရူပဝိပါက ၄-ခုသည် ဝတ္ထုရုပ်ကို လုံးဝ မမှီ။ ကျန်စိတ် ၁၅-ခုသည် ဟဒယဝတ္ထုကို မှီကြ၏။

(ဇ) အာရုံ -

* ဥပေက္ခာသန္တီရဏ ၂-ခု၊ မဟာဝိပါက ၈-ခုသည် ကာမအာရုံ (ဧကန်) (ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်)။
* ဝိညာဏဉ္စာယတန၊ နေဝသညာနာသညာယတန ဝိပါက စိတ် ၂-ခုသည် မဟဂ္ဂတ အာရုံ (ကမ္မနိမိတ်)။
* အာကာသာနဉ္စာယတန၊ ဝိညာဏဉ္စာယတန ဝိပါကစိတ် ၂-ခုနှင့် ရူပဝိပါက ၅-ခု သည် ပညတ်အာရုံ (ဧကန်) (ကမ္မနိမိတ်)။

(၁၀) ဘဝင်္ဂစိတ် (၁၉)

ပဋိသန္ဓေစိတ်နှင့် တူ၏။

(၁၁) စုတိစိတ် (၁၉)

ပဋိသန္ဓေစိတ်နှင့် တူ၏။

အဘိဓမ္မာ အနှစ်ချုပ် ပြီး၏။

92gwkyocmon75w2kx9xst45fyz7hug0