ဝီကီရင်းမြစ် mywikisource https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC MediaWiki 1.47.0-wmf.7 first-letter မီဒီယာ အထူး ဆွေးနွေးချက် အသုံးပြုသူ အသုံးပြုသူ ဆွေးနွေးချက် ဝီကီရင်းမြစ် ဝီကီရင်းမြစ် ဆွေးနွေးချက် ဖိုင် ဖိုင် ဆွေးနွေးချက် မီဒီယာဝီကီ မီဒီယာဝီကီ ဆွေးနွေးချက် တမ်းပလိတ် တမ်းပလိတ် ဆွေးနွေးချက် အကူအညီ အကူအညီ ဆွေးနွေးချက် ကဏ္ဍ ကဏ္ဍ ဆွေးနွေးချက် မုခ်ဝ မုခ်ဝ ဆွေးနွေးချက် စာရေးသူ စာရေးသူ ဆွေးနွေးချက် ဘာသာပြန် ဘာသာပြန် ဆွေးနွေးချက် စာမျက်နှာ စာမျက်နှာ ဆွေးနွေးချက် အညွှန်း အညွှန်း ဆွေးနွေးချက် TimedText TimedText talk မော်ဂျူး မော်ဂျူး ဆွေးနွေးချက် Event Event talk အသက်ရှည်လေ ပိုကောင်းလေ 0 6409 22212 2026-06-20T00:05:21Z Tejinda 173 "{{header | title = အသက်ရှည်လေ ပိုကောင်းလေ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = အဘိဓမ္မ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22212 wikitext text/x-wiki {{header | title = အသက်ရှည်လေ ပိုကောင်းလေ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[အဘိဓမ္မာ အနှစ်ချုပ်]] | previous2 = | next = [[အာနာပါနဿတိသုတ် အနှစ်ချုပ်]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

အသက်ရှည်လေ ပိုကောင်းလေ
မှတ်တမ်း သာသနာတော်နှစ် ၂၅၅၈-နှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၆- ခုနှစ်၊ တပေါင်းလဆန်း ၅ရက် (၂၃.၂. ၂၀၁၅)၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗြဟ္မစိုရ်မေတ္တာကျောင်းတိုက် ဆုထူးပန် ရွှေဗိမာန် ဓမ္မာရုံရေစက်ချ အထူးဓမ္မ သဘင် အခမ်းအနား၌ ဟောကြားတော်မူသည်။

“ဗြဟ္မစိုရ်မေတ္တာကျောင်းတိုက်ကြီး”၏ ဦးစီး ပဓာနနာယကဖြစ်တော်မူတဲ့ ဆရာတော်ဘုရားကြီးရဲ့

စာမျက်နှာ-၂
သက်တော် (၉ဝ)ပြည့် မွေးနေ့အမှတ်တရနှင့် ဆုထူး ပန် ရွှေဓမ္မဗိမာန်တော်ကြီး ရေစက်ချဆိုတဲ့ မင်္ဂလာ အခမ်းအနားနှစ်ရပ်ပေါင်းစပ်ပြီး ဆင်ယင်ကျင်းပ ပြုလုပ်အပ်တဲ့ ဒီညဉ့်ဦးယံ ဓမ္မသဘင် အခမ်းအနား မှာ ဆရာတော်ဘုရားကြီးကို ပူဇော်သောအားဖြင့် “အသက်ရှည်လေ ပိုကောင်းလေ”ဆိုတဲ့ တရားဓမ္မကို နာယူမှတ်သားကြရအောင်။

“လူတိုင်းလူတိုင်းဟာ အသက်ရှည်လေ ပိုကောင်းလေ ဖြစ်သလား”လို့ မေးခွန်းထုတ်စရာ ရှိတယ်၊ လူတိုင်းလူတိုင်းကတော့ အသက်ရှည်ချင် ကြတာချည့်ပဲ၊ ဒါကြောင့် တောင်းဆုယူကြတဲ့အခါမှာ “အသက်ရှည်ကြပါစေ ကျန်းမာကြပါစေ အသက်ရှည်ကြပါစေ”ဆိုတဲ့ ဆုတောင်းမှု ဆုယူမှု

စာမျက်နှာ-၃
ပြုကြတာ ဖြစ်တယ်၊ လူ့ဘဝရလာပြီးတဲ့အခါမှာ အသက်ရှည်ဖို့ဆိုတာ လူတိုင်းလူတိုင်း လိုလား တောင့်တတဲ့ အရာတစ်ခု ဖြစ်တယ်၊ သို့သော် လူတိုင်းအဖို့ အသက်ရှည်တာဟာ ပိုကောင်းလားဆိုပြီး မေးခွန်းထုတ်ပြီး အဖြေရှာသင့်တယ်။

ကျေးဇူးရှင် ဆရာတော်ဘုရားကြီးတို့လို သက်တော်(၉၀) အရွယ်ထိအောင် ကျန်းကျန်းမာမာ ခုလို အသက်ရှည်နေတာမျိုး အသက်ရှည်နေတာ တန်ဖိုးရှိတဲ့ အသက်ရှည်မှုဖြစ်သည့် အတွက်ကြောင့် ဆရာတော်ဘုရားကြီးအဖို့ရာ “အသက်ရှည်လေ ပိုကောင်းလေ”လို့ ပြောရမလို ဖြစ်နေတယ်။

မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ ညှိနှိုင်းပြီး ကြည့်မယ်ဆိုရင် ဘယ်လိုပုဂ္ဂိုလ်တွေဟာ အသက်ရှည်

စာမျက်နှာ-၄
လေ ပိုကောင်းလေဖြစ်တယ်၊ ဘယ်လိုပုဂ္ဂိုလ်တွေဟာ အသက်ရှည်ရင် မကောင်းဘူးဆိုတဲ့ အနေအထားမျိုး ရောက်နိုင်သလဲ၊ လူတိုင်းလူတိုင်းအဖို့ အသက်ရှည် တိုင်းတော့ ကောင်းတာမဟုတ်ဘူး၊ အသက်ရှည်ပြီး မကောင်းမှုအကုသိုလ်တွေများမယ့် ပုဂ္ဂိုလ်တွေဆိုရင်တော့ အသက်ရှည်တာ သူ့အဖို့မှာ မကောင်းဘူး၊ အသက်ရှည်လေ ဝန်ထုပ်ဝန်ပိုး ကြီးမားလာလေ လေ၊ အသက်ရှည်လေလေ အကုသိုလ် ဝန်ပိလာ လေ၊ ဒါကြောင့်မို့ လူတိုင်းလူတိုင်း အသက်ရှည် တာဟာ ကောင်းကျိုး ချမ်းသာရဖို့အတွက် မဖြစ်ဘူး လို့၊ အခုလို ဆရာတော်ဘုရားကြီးလို့ ပုဂ္ဂိုလ်မျိုးတွေ ကျတော့ “အသက်ရှည်လေ ပိုကောင်းလေ” လို့ ဒီလို ပြောရမယ်။

စာမျက်နှာ-၅
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဟောထားတယ်၊ ဒေသနာတော်မှာ “ယော စ ဝဿသတံ ဇီဝေ၊ ကုသိတော ဟီနဝီရိယော။ ဧကာဟံ ဇီဝိတံ သေယျော၊ ဝီရိယမာရဘတော ဒဠ” လို့ ဟောတယ်။ အတွေးအမြင်တွေက မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ လောကလူသားတွေရဲ့တွေးခေါ်မှုတွေဟာ ကွဲပြား ခြားနားမှု ရှိတယ်၊ လောကမှာ အကုသိုလ်တွေ ထုပြောနေတဲ့ လူပျင်းတစ်ယောက်ဟာ အသက် တစ်ရာ ရှည်ပေမယ်လို့ တန်ဖိုးမရှိဘူး၊ ကြိုးစား အားထုတ်မှု လုံ့လ ဝီရိယရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ တစ်နေ့တာ အသက်ရှင်ရတာက ပိုကောင်းသေး

စာမျက်နှာ-၆
တယ်၊ ဆိုလိုတာက လူပျင်းတစ်ယောက်ရဲ့ အနှစ် တစ် ရာအသက်ရှင်မှုဟာ ကြိုးစားအားထုတ် သူတစ်ယောက်ရဲ့ တစ်နေ့တာ အသက်ရှင်ရတာ လောက်တောင် တန်ဖိုးမရှိဘူးလို့ ဒီလိုဆိုလိုတယ်။

ကြိုးစားအားထုတ်မှု လုံ့လဝီရိယရှိတဲ့ ပုဂ္ဂိုလ်ရဲ့ အနှစ်တစ်ရာ အသက်ရှည်တာကျတော့ တန်ဖိုး မဖြတ်နိုင်ဘူး၊ အသက်ရှည်လေ ပိုကောင်းလေ၊ တစ်နေ့ အသက်ရှည်တောင် သူ့အတွက် တန်ဖိုးတွေ တက်လာတယ်၊ ဒီလို ဆိုလိုတာပေါ့။

မြတ်စွာဘုရားက “ကုသိတော ဟီနဝီရိယော” ကုသိတဆိုတာ စက်ဆုပ်ဖွယ် နစ်မြုပ်သွားတဲ့ ပုဂ္ဂိုလ်မျိုး၊ ဆိုပါစို့ - လူတစ်ယောက်ဟာ လောကမှာ ကောင်းကျိုး ချမ်းသာတွေရအောင် မကြိုးစားဘူး၊

စာမျက်နှာ-၇
စီးပွားဥစ္စာ တိုးတက်အောင်လည်း မကြိုးစားဘူး၊ ကုသိုလ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း မကြိုးစားဘူး၊ ပျင်းရိပြီး လုံ့လဝီရိယမရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အသက်ရှည်နေလည်း သူ့အတွက် ဘာတန်ဖိုးမှ တက်မလာဘူး၊ ဘာတန်ဖိုးမှ တက်မလာသည့် အတွက်ကြောင့် အနှစ်တစ်ရာ အသက်ရှည်လည်း သူ့အတွက် တန်ဖိုးမရှိဘူး၊ ပျင်းရိနေသည့် အတွက်ကြောင့် အကုသိုလ် အညစ်အကြေးတွေက သူ့သန္တာန်မှာ ပိုလို့ပိုလို့ များလာတာ ဖြစ်တယ်၊ ဒါကြောင့်မို့ ပျင်းရိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အသက် ရှင်မှုဟာ တန်ဖိုးမရှိဘူး၊ လုံ့လဝီရိယရှိရှိနဲ့ ကြိုးစား အားထုတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အသက်ရှင်မှုကတော့ တန်ဖိုးရှိတယ်။

စာမျက်နှာ-၈
ဒီနေရာမှာ “ပျင်းရိတယ်၊ လုံ့လဝီရိယရှိတယ်”ဆိုတာ ဘယ်လိုသိရလဲ၊ လူတွေကတော့ ထင်ကောင်း ထင်လိမ့်မယ်၊ နေ့စဉ်နဲ့အမျှ စားဝတ်နေရေးတွေ လုပ်နေတာ မပျင်းဘူးပေါ့၊ လုပ်စရာ ကိုင်စရာတွေ ရှိတာ တက်တက်ကြွကြွလုပ်ပေးတယ်၊ ဒါကိုလူပျင်းလို့ မခေါ်နိုင်ဘူးလို့ ပြောကောင်း ပြောလိမ့်မယ်။

ဓမ္မရှုထောင့်ကနေ ကြည့်လို့ရှိရင် လူပျင်း ဆိုသည်မှာ ဘယ်လိုဟာလဲ၊ ကာမဂုဏ်အာရုံ အတွေးတွေထဲမှာ နစ်မြုပ်ပြီး နေတဲ့ပုဂ္ဂိုလ်၊ ကာမဂုဏ်အာရုံ ခံစားဖို့ရာတွေးပြီးတော့ အဲဒီ အတွေးရေယဉ်ကြောမှာ လွင့်မျောနေတဲ့ ပုဂ္ဂိုလ်ကို လူပျင်းလို့ပဲ သတ်မှတ်တယ်။

စာမျက်နှာ-၉
နောက်တစ်ခုက လူတစ်ဦးတစ်ယောက်ကို ဒေါသနဲ့ ညှဉ်းပန်းနှိပ်စက်လိုတဲ့ စိတ်ဓာတ်တွေနဲ့ ကြံတွေးနေတဲ့ပုဂ္ဂိုလ်ဟာ၊ ပျင်းရိတဲ့ပုဂ္ဂိုလ်။ (တစ်နည်းအားဖြင့် ပြောမယ်၊ ကိုယ့်သန္တာန်မှာ လောဘတွေ ဒေါသတွေ မောဟတွေ မကောင်းတဲ့ စိတ်ရဲ့ အညစ်အကြေးတွေ ရှိနေပါလျက်နဲ့ ဒီစိတ်ရဲ့ အညစ်အကြေးတွေ ဖယ်ရှားဖို့ မကြိုးစားဘူးဆိုရင် လူပျင်းလို့ပဲ သတ်မှတ်တယ်။

ဘယ်လောက်ပဲ စီးပွားရှာရှာ ကြိုးကြိုးစားစား လုပ်နေနေ၊ မိစ္ဆာဝိတက်လို့ဆိုတဲ့ မှားယွင်းတဲ့အတွေးတွေရဲ့နောက် လိုက်ပြီး ဒါတွေကို လက်ခံနေသမျှ ကာလပတ်လုံး တွန်းလှန်ဖယ်ရှားဖို့ မပြုတဲ့ပုဂ္ဂိုလ်ဟာ မကောင်းတဲ့အကုသိုလ်နဲ့ ပတ်သက်ပြီး ကာမဝိတက်

စာမျက်နှာ-၁၀
ကာမဂုဏ်အာရုံ ခံစားဖို့တွေတွေးတယ်၊ လောဘနဲ့ ကြံတွေးတယ်၊ ဗျာပါဒဝိတက် ဒေါသနဲ့ ကြံတွေးတယ်၊ ဝိဟံသာဝိတက် တစ်ဖက်သားကို ညှင်းဆဲဖို့ သတ်ဖြတ်ဖို့အတွေးတွေနဲ့တွေးတယ်၊ အဲဒီအကုသိုလ် အတွေးတွေ လက်ခံပြီး တွန်းလှန်ဖယ်ရှားခြင်း မလုပ်တဲ့ပုဂ္ဂိုလ်ဟာ လူပျင်းပဲ၊ အဲဒီပုဂ္ဂိုလ် တစ်ယောက်ရဲ့ အနှစ်တစ်ရာ အသက်ရှည်မှုဟာ လုံးဝတန်ဖိုးမရှိဘူးလို့ ဒီလိုဆိုရမယ်။

ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေ ပျင်းရိတယ် ဆိုတဲ့အဆင့်က လွတ်အောင် ဘာလုပ်ရမလဲ၊ ကိုယ့်သန္တာန်မှာ မဖြစ်သေးတဲ့လောဘ ဒေါသ မောဟ တွေဆိုတဲ့ အကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာ မဖြစ်အောင် ကြိုးစားရမယ်၊ ဖြစ်လာတဲ့

စာမျက်နှာ-၁၁
အကုသိုလ်တရားတွေကိုတွန်းလှန်ဖယ်ရှားဖို့ ကြိုးစား ရမယ်၊ မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ကိုယ့်သန္တာန် မှာ ဖြစ်လာအောင် ကြိုးစားရမယ်၊ ဖြစ်ပြီးသား ကုသိုလ်တရားတွေ တိုးပွားအောင် ကြိုးစားရမယ်၊ အဲဒီလို ကြိုးပမ်းအားထုတ်မှုလေးရပ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်မှ ကြိုးပမ်း အားထုတ်သူလို့ ဒီလိုဆိုလိုတာ၊ အဲဒီလို ကြိုးစား အားထုတ်နေတဲ့ပုဂ္ဂိုလ်မှ တစ်ရက် အသက်ရှည်လည်း တန်ဖိုးရှိတယ်၊ ဒီလိုကြိုးစားနေ သည့် အတွက်ကြောင့် အသက်ရှည်လေ ပိုကောင်း လေပဲ။

ဆရာတော်ဘုရားကြီးကို ကြည့်ပေါ့။ အသက် ရှည်လေ ပိုကောင်းတယ်၊ ကြိုးစားနေတယ်၊ ကိုယ့် သန္တာန်မှာ အကုသိုလ်တရားတွေ မဖြစ်ရအောင်

စာမျက်နှာ-၁၂
ကြိုးစားတယ်၊ ဖြစ်လာတဲ့ အကုသိုလ်တရားတွေ ဖယ်ရှားဖို့ ကြိုးစားတယ်၊ မဖြစ်သေးတဲ့ ကုသိုလ် တရားတွေ ဖြစ်လာအောင် ကြိုးစားတယ်၊ ဖြစ်ပြီး သားကုသိုလ် တရားတွေကို တိုးပွားလာအောင် ကြိုးစားတယ်၊ အဲဒီလို လုံ့လဝီရိယရှိရှိနဲ့ ဘဝမှာ နေထိုင်မှ တန်ဖိုးမဖြတ်နိုင်တာ၊ အသက်ရှည်လေ ပိုကောင်းလေလို့ ဒီလိုဆိုတာ၊ အဲဒီတော့ ဒီစံနှုန်းနဲ့ ကြည့်လိုက်လို့ရှိရင် တို့တတွေဟာ ဒီစံနှုန်းထဲ ပါမယ် မပါဘူးဆိုတာ ကိုယ့်ဟာကိုယ် စဉ်းစားဆုံးဖြတ်ကြရ မှာ ဖြစ်တယ်။

အကယ်၍ ဆိုပါစို့- ဒေါသ မဖြစ်သေးရင် မဖြစ်အောင် ကြိုးစားအားထုတ်၊ ဖြစ်လာတဲ့ဒေါသကို လက်မခံနဲ့၊ ဖယ်ရှားပစ်ဖို့ ကြိုးစား၊ မေတ္တာတရားတွေ

စာမျက်နှာ-၁၃
ကိုယ့်စိတ်ထဲမှာ မဖြစ်သေးရင် ဖြစ်အောင်လုပ်၊ ဖြစ်လာတဲ့ မေတ္တာဘာဝနာတွေ တိုးတက် ပွားများ လာအောင်လုပ်၊ ဒီလိုမလုပ်ဘူးဆိုရင် ကိုယ်ဟာ လူပျင်းတစ်ယောက်ပဲ၊ ဒီလိုပဲသတ်မှတ်တယ်။ အကုသိုလ်တွေ လက်ခံထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ လူပျင်းတစ်ယောက်လို့ ဒီလိုပဲ သတ်မှတ်တယ်။

မြတ်စွာဘုရားက ဒါကိုဆိုလိုတာ၊ “ကုသိတော ဟီနဝီရိယော” ကြိုးပမ်းအားထုတ်မှုတွေ ကင်းပြီးတော့ ပျင်းရိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ “ဝဿသတံ ဇီဝေ” အနှစ်တစ်ရာ အသက်ရှည်ပါစေ၊ မမြတ်ပါဘူး၊ တန်ဖိုးမရှိပါဘူး၊ “ဧကာဟံ ဇီဝိတံ သေယျော၊ ဝီရိယမာရဘတော ဒဠ” အကုသိုလ်တွေကို တွန်းလှန်ဖယ်ရှားဖို့ ကုသိုလ်တရားတွေ ကိုယ့်

စာမျက်နှာ-၁၄
သန္တာန်မှာဖြစ်ဖို့ ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ တစ်နေ့တာ အသက်ရှင်ရတာက တန်ဖိုးရှိပါသေးတယ်၊ အကုသိုလ်တွေကို တွန်းလှန်ဖယ်ရှားနေတဲ့ ပုဂ္ဂိုလ်, ကုသိုလ်တရားတွေ ဖြစ်သွားအောင် ကြိုးစား နေတဲ့ပုဂ္ဂိုလ်ရဲ့ အသက်ရှည်မှုကျတော့ “အသက် ရှည်လေ ပိုကောင်းလေ”လို့ ဒီလိုဆိုတယ်။

အဲဒီတော့ ကိုယ့်ကိုယ်ကို အသက်ရှည်လေ ပိုကောင်းလေ ဖြစ်ဖို့ရာအတွက် ဘာလုပ်ရမလဲ၊ မိမိ သန္တာန်မှာရှိတဲ့ အကုသိုလ်တရားတွေ ဖယ်ရှားဖို့ ကြိုးပမ်းနေရမှာ ဖြစ်တယ်၊ မဖြစ်သေးရင် မဖြစ် အောင် ဆို့ပိတ်ရမယ်၊ ဖြစ်လာလို့ရှိရင် ဖယ်ရှားဖို့ ကြိုးစားရမယ်၊ မဖြစ်သေးတဲ့ ကုသိုလ်တွေ၊ မဖြစ် သေးတဲ့ ကုသိုလ်ဆိုတာ ဒါနကောင်းမှု မလုပ်

စာမျက်နှာ-၁၅
သေးဘူးဆိုရင် လုပ်မိအောင် ကြိုးစား၊ သီလ မဆောက်တည်သေးဘူး၊ ငါးပါးသီလ မလုံသေးဘူး ဆိုရင် လုံအောင်ကြိုးစား၊ ဥပုသ် မစောင့်ဘူးဆိုရင် စောင့်ဖြစ်အောင် ကြိုးစား၊ ကမ္မဋ္ဌာန်းဘာဝနာ အားမထုတ်ရသေးဘူး ဆိုရင် အားထုတ်ဖြစ်အောင် ကြိုးစား၊ မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ကိုယ့် သန္တာန်မှာ ဖြစ်အောင်လုပ်၊ ဖြစ်ပြီးသား ကုသိုလ် တရားတွေ ကိုယ့်သန္တာန်မှာ တိုးပွားစေအောင် အမြဲလုပ်နေရမှာ ဖြစ်တယ်။

လောကလူတွေက တိုးပွားအောင် ဘာတွေ လုပ်တုန်းဆိုတော့ ငွေကြေးဓန တိုးပွားအောင် ကြိုးစားကြတယ်လေ၊ ကိုယ့်မှာ သိန်းတစ်ရာရှိရင် နှစ်ရာရှိအောင်၊ နှစ်ရာရှိရင် သုံးရာရှိအောင်၊ ဒီလို

စာမျက်နှာ-၁၆
ကြိုးစား ကြတယ်၊ ကုသိုလ်ရေးရာနဲ့ ပတ်သက်ပြီးတော့ အဲဒီလို ကြိုးစားမှုကမှ တကယ်တန်ဖိုးရှိတယ် လို့ ဆိုရမယ်၊ ပစ္စည်းဥစ္စာတွေ ဘယ်လောက် ချမ်းသာ ချမ်းသာ သေရင် အားလုံးထားခဲ့ရမှာ ဖြစ်တယ်၊ မသေခင် ကာလလေးမှာပဲ အသုံးချလို့ ရတာ၊ တကယ့်တန်ဖိုး အစစ် မဟုတ်ဘူး၊ တကယ့် တန်ဖိုးအစစ်က ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ သာလျှင် တကယ့် တန်ဖိုးအစစ်ပါ၊ အဲဒီတော့ “အသက်ရှည်လေ ပိုကောင်းလေ” ဖြစ်အောင် တို့တတွေဟာ နေ့စဉ်နဲ့အမျှ ကုသိုလ်တစ်ခုကို လုပ်မိနေအောင် ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်။

ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်၊ ငါ့မှာ ငါးပါး သီလ ပြည့်ပြည့်ဝဝလုံရဲ့လား၊ ဒေါင်ဒေါင်မြည်

စာမျက်နှာ-၁၇
ဖြစ်ပြီလား၊ ကိုယ့်ကိုယ်ကို စဉ်းစား၊ မဖြစ်သေးရင် ဖြစ်အောင်လုပ်၊ ဒီလိုကြိုးစားအားထုတ်ရမယ်၊ အဲဒီလို ကြိုးစားအားထုတ်လို့ ငါးပါးကနေ ရှစ်ပါး ထိအောင် တိုးပြီး စောင့်ရှောက်၊ ရှစ်ပါးကနေ ဆယ်ပါး၊ အခုလို တိုးတက် ပွားများလာအောင် ကုသိုလ်တရားကို ကြိုးစားအားထုတ်ရမှာ ဖြစ်တယ်၊ အဲဒီလို ကြိုးစားအားထုတ် သူရဲ့ အသက်ရှည်မှုက သာလျှင် “အသက်ရှည်လေ ပိုကောင်းလေ”လို့ ဒီလို ပြောတာ။ - အဲဒီလို မလုပ်ဘဲနဲ့ စားဝတ်နေရေးနဲ့ပဲ တစ်နေ့တာ အချိန်ကုန်တယ်၊ စားစရာရှာတယ်၊ နေစရာရှာတယ်၊ ဝတ်စရာရှာတယ်၊ ဒါတွေနဲ့ပဲ အချိန်ကုန်နေတာ၊ ကြိုးစားအားထုတ်ရာ မရောက်

စာမျက်နှာ-၁၈
ဘူး၊ သေရင် အကုန်လုံး ထားပစ်ခဲ့ရတာ ဖြစ်သောကြောင့် ကိုယ့်အတွက် ဘာတန်ဖိုးမှ မရှိဘူး၊ ဒီလို ဆိုလိုတယ်၊ အဲဒီတော့ ကိုယ့်မှာ တန်ဖိုးရှိတဲ့ အရာတွေရသွားမှ “အသက်ရှည်လေ ပိုကောင်းလေ” ဖြစ်မှာ။

လူတိုင်း လူတိုင်းမှာ အသက်ရှည်လေ ပိုကောင်းလေ မဖြစ်ဘူး၊ အကုသိုလ်တွေ မရှောင် ရှားတဲ့ ပုဂ္ဂိုလ်တွေ၊ အကုသိုလ်တွေကို မတွန်းလှန် ဘဲနဲ့ အကုသိုလ်တွေရဲ့ နောက်ကို လိုက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ အသက်ရှည်လေ ဝန်ထုပ်ဝန်ပိုး ကြီးလေ၊ အသက်ရှည်လေ အပြစ်တွေက ကြီးလာလေ၊ ဒီလိုဖြစ်မှာ၊ ဒါကြောင့်မို့ သူတို့အတွက်တော့ အသက်ရှည်လေ ပိုကောင်းလေ မဖြစ်ဘူး၊ ဒါကို

စာမျက်နှာ-၁၉
သတိထားပြီးတော့ ဘုန်းကြီးတို့တတွေ ကြိုးစား အားထုတ်ကြရမှာ ဖြစ်တယ်။

နောက်တစ်ခု စဉ်းစားကြည့်ဦး၊ “ယော စ ဝဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော”

ကိုယ်ကျင့်သီလမရှိဘူး၊ လူ့ဘဝဆိုရင် ငါးပါး သီလလေးတောင် မလုံဘူး၊ ကိုယ်ကျင့်သီလတွေ ပျက်ပြားနေတယ်။ သူများအသက် သတ်တယ်၊ သူများဥစ္စာတွေ ခိုးတယ်၊ သူတစ်ပါးသားမယားတွေ ပစ်မှားတယ်၊ လိမ်လည်ပြောကြားတယ်၊ မူးယစ် ဆေးဝါး အရက်သေစာ သောက်စားတယ်၊ ဒုဿီလ၊ ကိုယ်ကျင့်သီလ လုံးဝမရှိဘူး၊ အသမာဟိတ စိတ်တည်ငြိမ်မှု မရှိဘူး၊ အဲဒီလို ကိုယ်ကျင့်သီလ

စာမျက်နှာ-၂၀
ဖောက်ဖျက်ပြီးတော့ လုပ်ချင်ရာလုပ်ပြီး ကိုယ်ကျင့် တရားပျက်ပြားနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အသက်ရှည်လေ အပြစ်ကြီးလေပဲ၊ အသက်ရှည်လေ ပိုဆိုးလေ ဖြစ်တယ်။

အဲဒီလို မဟုတ်ဘဲနဲ့ “ဧကာဟံ ဇီဝိတံ သေယျော၊ သီလဝန္တဿ ဈာယိနော”

ကိုယ်ကျင့်သီလ ရှိတယ်၊ လူဝတ်ကြောင်တွေ ဆိုရင် ငါးပါးသီလနဲ့ ပြည့်စုံတယ်၊ ရဟန်းသံဃာတွေ ဆိုလို့ရှိရင် ရဟန်းတွေ စောင့်ထိန်းတဲ့ ကိုယ်ကျင့် သီလနဲ့ ပြည့်စုံတယ်၊ ဘဝရဲ့ အနေအထားတစ်ခု အသိဉာဏ်နဲ့ ဆင်ခြင်သုံးသပ်တဲ့ မမြဲတဲ့သဘော၊ ဆင်းရဲတဲ့ သဘောတွေကို ဆင်ခြင်သုံးသပ်နိုင်တယ်၊

စာမျက်နှာ-၂၁
အဲဒီလို ကိုယ်ကျင့် သီလရှိပြီးတော့ ဘဝအပေါ်မှာ ရှုမြင်သုံးသပ်နိုင်တဲ့ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တစ် ယောက်ရဲ့ အသက်ရှင်မှုကျတော့ အသက်ရှည်လေ ပိုကောင်းလေ။

ဆရာတော်ဘုရားကြီးကြည့် - အသက်(၉၀)၊ ငယ်စဉ်ကတည်းက သာသနာဘောင် ဝင်ရောက်လာ ပြီး ကိုယ်ကျင့်သီလနဲ့ နေထိုင်သည့်အတွက်ကြောင့် ဆရာတော်ကြီးအတွက် “အသက်ရှည်လေ ပိုကောင်း လေ”ပဲ၊ ကုသိုလ်ကောင်းမှုတွေ တစ်နေ့တခြား နာရီနဲ့ အမျှ စက္ကန့်နဲ့အမျှ တိုးပွားလာတယ်၊ သီလရှိလာပြီ ဆိုရင် ပါရမီကုသိုလ်တွေ တိုးပွားလာတယ်၊ သီလ ကြောင့် အနဝဇ္ဇသုခဖြစ်တယ်၊ အပြစ်ကင်းတယ်၊

စာမျက်နှာ-၂၂
သီလရှိတဲ့ ပုဂ္ဂိုလ်တွေဟာ သီလရှိမှုကို အကြောင်း ပြုပြီးတော့ အပြစ်ကင်းတဲ့ ချမ်းသာကိုရတယ်။

အဲဒီတော့ သီလရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ သီလမရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဘယ်လိုကွာခြားလဲ ဆိုရင်- လူတစ်ယောက်ဟာ သီလမရှိတော့ဘူးဆို ဘယ်အခါ စဉ်းစားစဉ်းစား ဆင်ခြင်သုံးသပ်လိုက် တိုင်း၊ စိတ်မချမ်းသာမှုတွေနဲ့ ကြုံတယ်၊ သီလရှိတဲ့ ပုဂ္ဂိုလ်ကတော့ အပြစ်ကင်းနေသည့် အတွက်ကြောင့် ဘယ်ဘက်က လှည့်စဉ်းစား စဉ်းစား။ စိတ်ထဲမှာ ကြည်နူးဝမ်းသာမှု ဖြစ်တယ်၊ စိတ်ထဲမှာ နှလုံး သာယာမှု ဖြစ်တာကို အဝိပ္ပဋိသာရလို့ ခေါ်တယ်၊ အဝိပ္ပဋိ သာရ စိတ်ထဲမှာ နောက်မသွားဘူး၊ စိတ်နှလုံးကြည်လာတယ်၊ စိတ်နှလုံး ကြည်မှုကို

စာမျက်နှာ-၂၃
အကြောင်းပြုပြီး ပါမောဇ္ဇဆိုတဲ့ ဝမ်းမြောက်မှု ဖြစ်လာတယ်၊ ပါမောဇ္ဇဆိုတဲ့ ဝမ်းမြောက်မှု ဖြစ်လာလို့ရှိရင် ပီတိဆိုတဲ့ ကျေနပ်အားရမှု ဖြစ်လာတယ်၊ ကိုယ့်သီလ ဆင်ခြင်လိုက်တာနဲ့ ပီတိဆိုတဲ့ ကျေနပ်အားရမှုတွေဖြစ်တယ်၊ ပီတိဆိုတဲ့ ကျေနပ် အားရမှုဖြစ်တာနဲ့ ပဿဒ္ဓိလို့ ခေါ်တဲ့ ကိုယ်ရော စိတ်ရော နှလုံးစိတ်ဝမ်း အေးချမ်းမှုတွေ ဖြစ်လာတယ်၊ နှလုံးစိတ်ဝမ်း အေးချမ်းလာတဲ့ ပုဂ္ဂိုလ်မှာ သုခဆိုတဲ့ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှုကို ရတယ်၊ ကိုယ်ချမ်းသာမှု စိတ်ချမ်း သာမှုရှိတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ဓာတ်က တည်ကြည်တယ်၊ သမာဓိရတယ်၊ သမာဓိရှိတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ယထာဘူတဉာဏဒဿန အမှန်တကယ် သိမှုတွေ ဖြစ်ပေါ်လာတယ်၊

စာမျက်နှာ-၂၄
သီလရှိခြင်းရဲ့ အကျိုးကျေးဇူးတွေဟာ ဒီလို ဆင့်ကဲ ဆင့်ကဲ ဖြစ်လာတယ်။

သီလရှိတာကို အကြောင်းပြုပြီးတော့ နောက် ဆုံးမှာ အသိဉာဏ်တွေ ရှိလာသည်အထိအောင် ဖြစ်တယ်၊ စာပေကျမ်းဂန်မှာ ဘယ်လိုဆိုတာတုန်း ဆိုရင် သီလဟာ ခြင်္သေ့ဆီထည့်တဲ့ သိဂီရွှေခွက်ပမာ၊ “ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်မှာ တည်တယ်”လို့ဆိုတာ တန်ဖိုးရှိတဲ့ ကုသိုလ်တရားတွေ ကိုယ်ကျင့်တရားတွေ ရှိမှ ကိုယ့်သန္တာန်မှာ တည်တံ့နိုင်တယ်လို့ ဆိုတယ်၊ သီလမရှိဘူး ဆိုလို့ရှိရင် ကုသိုလ်မှန်သမျှဟာ ပြိုကျ ပျက်စီးသွားမယ်၊ ဒါကြောင့်မို့ သီလဟာ ကုသိုလ် တရားတွေ ရဲ့ အဓိကတည်ရှိနေမှု အတွက် အထောက်အကူ ဖြစ်တယ်၊ ဒါကြောင့်မို့ သီလရှိတဲ့

စာမျက်နှာ-၂၅
ပုဂ္ဂိုလ်ရဲ့ အသက်ရှည်မှုဟာ အင်မတန် တန်ဖိုး ရှိတယ်၊ အသက်ရှည်လေ ပိုကောင်းလေပဲ။

ကိုယ်ကျင့်သီလ ပျက်ပြားနေတဲ့ ပုဂ္ဂိုလ်ဟာ အသက်ရှည်လေ ဒုက္ခတွေများလေလေ၊ အသက် ရှည်လေလေ အပြစ်တွေများလာလေ၊ စိတ်ဆင်းရဲမှု တွေ များလာလေလေ၊ ဒုက္ခသုက္ခတွေနဲ့ ကြုံတွေ့မှု ဖြစ်လာလေလေ ဖြစ်တယ်၊ ဒါကြောင့်မို့ လူတိုင်းဟာ အသက်ရှည်ဖို့ကောင်းသလားလို့ဆို ကိုယ်ကျင့်သီလ ရှိတဲ့ပုဂ္ဂိုလ်မှ အသက်ရှည်လေ ပိုကောင်းလေ၊ ကိုယ်ကျင့်သီလမရှိဘဲနဲ့ အသက်ရှည်မယ်ဆိုရင် အပြစ်တွေ ပိုလေးလာတယ်။

ဒါကြောင့်မို့ အသက်ရှည်လေ ပိုကောင်းလေ ဖြစ်ဖို့ရာအတွက် ကိုယ့်ကိုယ်ကို ဘာလုပ်ရမလဲဆိုရင်

စာမျက်နှာ-၂၆
ကိုယ်ကျင့်သီလရှိအောင် လုပ်ရမယ်၊ အနည်းဆုံး လူဆိုရင် ငါးပါးသီလလုံရမယ်၊ ကိုယ့်ကိုယ်ကို နေ့စဉ် နဲ့အမျှ ငါးပါးသီလခံယူ ဆောက်တည်ထားပြီးတဲ့ နောက် ပြန်လည် ဆန်းစစ်ကြည့်သင့်တယ်။

နေ့တိုင်း နေ့တိုင်း လူတွေ အရောင်းအဝယ် လုပ်ပြီးတဲ့အခါ ဈေးတွက်တွက်ကြတယ်လေ၊ ဒီနေ့ ဘယ်လောက်ရောင်းရတယ်၊ အရင်းဘယ်လောက် အမြတ်က ဘယ်လောက်ဆိုတာကို တွက်ကြတယ်။ နေ့စဉ်နေ့စဉ် နံနက်ခင်းအိပ်ရာထလို့ ဘုရားရှေ့မှာ ငါးပါးသီလခံ၊ ခံပြီးတော့ ညအိပ်ရာဝင်တဲ့အခါ ကျတော့ ပြန်စစ်၊ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ငါတည်ဆောက်တယ်၊ မိမိ စိတ်လိုက်မာန်ပါ သေစေလိုတဲ့စိတ်နဲ့ မည်သည့်

စာမျက်နှာ-၂၇
သတ္တဝါများ ငါသတ်မိလ်၊ ပါဏာတိပါတ သိက္ခာပုဒ် ငါလုံရဲ့လား၊ လုံတယ်ဆိုရင် စိတ်ထဲမှာ ကြည်နူး ဝမ်းသာတယ်။

အဒိန္နာဒါနာရော လုံရဲ့လားလို့ဆို အဒိန္နာဒါန လုံရင် စိတ်ထဲမှာ ကြည်နူးစရာ၊ ကာမေသု မိစ္ဆာစာရ လုံရဲ့လား၊ ကိုယ့်ကိုယ်ကို ကိုယ်စစ်ဆေးတယ်၊ မုသာဝါဒ လုံရဲ့လား၊ သုရာမေရာယရော ကင်းရဲ့ လားဆိုတာတွေကို စစ်ဆေးကြည့်လိုက်တဲ့အခါ ငါ့မှာ ပါဏာတိပါတာ ကျူးလွန်တာလည်း မရှိဘူး၊ အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ မုသာဝါဒ, သူရာမေရယ ကျူးလွန်တာလည်း ငါ့မှာမရှိဘူး၊ ငါ့ရဲ့ ဘဝဟာ တန်ဖိုးရှိလိုက်တာ၊ ရဟန္တာပုဂ္ဂိုလ်ဆိုတာ ဒီလို တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ကို ခေါ်တာ၊ ငါဟာ ဒီနေ့ ရဟန္တာ

စာမျက်နှာ-၂၈
တွေကျင့်တဲ့ အကျင့်မျိုး၊ သောတာပန်တွေကျင့်တဲ့ အကျင့်မျိုး၊ ငါကျင့်လို့ ရသွားပြီလို့ စိတ်ထဲမှာ ကြည်နူး ဝမ်းသာဖြစ်ရတယ်၊ ဒါ မြတ်စွာဘုရားပေးတဲ့ နည်းစနစ်ပါပဲ။

ကိုယ့်ကိုယ်ကို ကြည်နူးလာတယ်၊ စိတ်ထဲ ကနေ ဆင်ခြင်သုံးသပ်ပြီး ကြည်နူးဝမ်းသာတယ်၊ သီလလေး ဆောက်တည်ပြီးတော့ အမှတ်တမဲ့ မနေရဘူး၊ ပြန်လည်ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် ကိုယ့်မှာ ကြည်နူးဝမ်းသာမှုတွေက ကုသိုလ်တရားတွေ တိုးတယ်၊ ဒါကြောင့်မို့ သီလဆောက်တည် ထားပြီးတော့ ထိုသီလနဲ့ ပတ်သက်တဲ့ ဆင်ခြင် သုံးသပ်မှုတွေ လုပ်ရတယ်၊ လုပ်တဲ့အခါမှာ အဖြေ ထွက်လာတယ်၊ အကယ်၍ ငါ သီလတွေ ပျက်တယ်

စာမျက်နှာ-၂၉
ဆိုရင် မပျက်အောင် ဂရုစိုက်၊ နောက်တစ်ခါ မဖြစ်အောင် ကြိုးစား၊ ကျေနပ်စရာ ကောင်းအောင် သီလပြည့်စုံတယ် ဆိုရင်လည်းပဲ ဝမ်းသာပီတိ ကြည်နူးတဲ့စိတ်နဲ့ ကုသိုလ်တရားတွေကို တိုးတက် လာတယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားက ဟောတာ၊ သီလမရှိတဲ့ပုဂ္ဂိုလ် အသက်တစ်ရာ နေရပေမဲ့ တန်ဖိုး မရှိဘူးတဲ့၊ သီလရှိတဲ့ပုဂ္ဂိုလ်က တစ်ရက်လောက် နေရရင်ကိုပဲ တန်ဖိုးရှိတယ်။

ဒါကြောင့်မို့ အသက်ရှည်လေ ပိုကောင်းလေဆိုတာ သီလရှိတဲ့ပုဂ္ဂိုလ်တွေအတွက်ကို ပြောတာလို့ ဒီလိုမှတ်ရမယ်၊ သီလမရှိတဲ့ပုဂ္ဂိုလ်တွေ အတွက် ပြောတာမဟုတ်ဘူး၊ သီလရှိတဲ့ပုဂ္ဂိုလ်တွေ အတွက် ပြောတာ၊ လူတိုင်းလူတိုင်းဟာ ကိုယ့်ဘဝကိုယ်

စာမျက်နှာ-၃၀
အလေးထားပြီးတော့ အခုလိုဆင်ခြင်သုံးသပ်ကြရမှာ ဖြစ်တယ်၊ အဲဒီလိုဆင်ခြင် သုံးသပ်ကြည့်တတ်ဖို့ လိုအပ်တယ်။

မြတ်စွာဘုရားရဲ့ အဆုံးအမတွေမှာ ဆင်ခြင် သုံးသပ်ဖို့ မြတ်စွာဘုရားကဟောတာ၊ “ဗဟူပကာရာ ပစ္စဝေက္ခဏာ ကုသလေသု ဓမ္မေသု” အပြစ်ကင်းပြီးတော့ ကောင်းကျိုးချမ်းသာ ရစေနိုင်တဲ့ ကုသိုလ် တရားတွေနဲ့ ပတ်သက်လာလို့ရှိရင် ဆင်ခြင်သုံးသပ်မှုပြုတာ သိပ်ပြီး တန်ဖိုးကြီးမားတယ်လို့ မြတ်စွာ ဘုရားဟောတယ်၊ ဒါကြောင့် အမှတ်တမဲ့မနေရဘူး၊ ဆင်ခြင်သုံးသပ်ကြည့်ရမယ်၊ ဆင်ခြင်သုံးသပ်တဲ့ နည်းတွေကို မြတ်စွာဘုရားက ပေးတာပဲဖြစ်တယ်။

စာမျက်နှာ-၃၁
နောက်တစ်ချက် စဉ်းစားကြည့်ဦး၊ အကုသိုလ်တွေမဖြစ်အောင် ငါကြိုးစားတယ်၊ ကာကွယ်တယ်၊ ပျင်းရိသူမဖြစ်ဘူး၊ အကုသိုလ်တွေနောက် လိုက်ပြီးတော့ အလျှော့ပေးနေတဲ့ ပုဂ္ဂိုလ် မဖြစ်ရဘူး၊ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်တယ်၊ ကိုယ်ကျင့်သီလရှိသူ ဖြစ်တယ်၊ အသက်ရှည် လေ ပိုကောင်းလေပဲ။

နောက်တစ်ခုကြည့်မယ်ဆို
“ယော စ ဝဿသတံ ဇီဝေ၊ ဒုပ္ပညာ အသမာဟိတော။ ဧကာဟံ ဇီဝိတံ သေယျော၊ ပညဝန္တဿ ဈာယိနော”

စာမျက်နှာ-၃၂
ဒုပ္ပညာဆိုတာ အသိပညာမရှိဘူး၊ ဆင်ခြင် ဉာဏ်မရှိဘူး၊ ဘာပညာမှ မရှိဘူး၊ ဘဝမှာ အထူး သဖြင့် ဓမ္မပညာမရှိဘူး၊ ပညာဆိုသည်မှာ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိတယ်၊ အကောင်းနဲ့ အဆိုး ခွဲခြားသိတယ်၊ အပြစ်ရှိတာနဲ့ အပြစ်မရှိတာ ခွဲခြားသိတယ်၊ ကုသိုလ်အကုသိုလ် ခွဲခြားသိတယ်၊ အဲဒီလို အကောင်း အဆိုး အကြောင်း အကျိုး, ကုသိုလ် အကုသိုလ် ခွဲခြားသိနိုင်တဲ့ ပညာမှ မရှိဘူးဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဘဝမှာ နေရတာ အင်မတန်မှ အပြစ်ကြီးလှတယ်၊ ပညာရှိတဲ့ပုဂ္ဂိုလ် ကျတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြား သိတယ်၊ သိသည့်အတွက်ကြောင့် မလုပ်သင့်တာကို ရှောင်တယ်၊ လုပ်သင့်တာကို လုပ်တယ်၊ အပြစ်

စာမျက်နှာ-၃၃
ရှိတာနဲ့ အပြစ်မရှိတာ ခွဲခြားသိတယ်၊ အပြစ်ရှိတဲ့ အလုပ်ကို ရှောင်တယ်၊ အပြစ်မရှိတဲ့ အလုပ်ကို လုပ်တယ်၊ ကုသိုလ်အကုသိုလ် ခွဲခြားသိပြီးတော့ အကုသိုလ်ကို ရှောင်တယ်၊ ကုသိုလ်ကို ဆောင်ရွက်တယ်ဆိုတဲ့ အသိပညာရဲ့တန်ဖိုးဟာ အလွန်ကြီးမားတယ်၊ ဒါကြောင့်မို့ ဘဝမှာ အသိဉာဏ်ရှိရှိနဲ့ ဘဝကို ဖြတ်သန်းကြရမှာ ဖြစ်တယ်။

အခု ကျေးဇူးရှင် ဆရာတော်ဘုရားကြီး အသက် (၉၀) ရောက်တယ်၊ (၉၀) ရောက်တဲ့အချိန် မှာ သူလုပ်သင့်တာ မလုပ်သင့်တာဆိုတာကအစ ဘယ်တရားက လုပ်သင့်တယ်၊ ဘယ်တရားက မလုပ်သင့်ဘူးဆိုတာတွေအထိ အားလုံးသိရှိပြီး

စာမျက်နှာ-၃၄
တော့ အသက်ရှည်နေတာ ဖြစ်သောကြောင့် အသက်ရှည်လေ ပိုကောင်းလေ ဖြစ်တယ်။

အသိပညာမရှိတဲ့ပုဂ္ဂိုလ်ရဲ့ အသက်ရှည်မှုဟာ တန်ဖိုးမရှိဘူး၊ ဘာကြောင့် တန်ဖိုးမရှိတာတုန်း၊ လုပ်သင့်တာနဲ့ မလုပ်သင့်တာ မသိဘူး၊ မသိသည့် အတွက်ကြောင့် မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်တယ်၊ လုပ်သင့်တာကိုကျတော့ မလုပ်သင့်ဘူး လို့ ထင်တယ်၊ ထင်ရုံတင် မဟုတ်ဘူး၊ မလုပ်သင့်တာကို လုပ်သင့်တယ်ထင်ပြီး လုပ်လိုက်တယ်၊ လုပ်သင့် တာကျတော့ မလုပ်သင့်ဘူး ထင်ပြီးတော့ မလုပ်ဘဲ နေတယ်၊ ကိုယ်ကျိုးနည်းတယ်၊ ကောင်းကျိုးချမ်းသာ ရရမှာ မရဘူး၊ အပြစ်ကင်းရမှာ မကင်းဘူး၊ အပြစ်တွေရတယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားက ဟော

စာမျက်နှာ-၃၅
တာ၊ အသက်ရှည်လေ ပိုကောင်းလေဆိုတာ ဘဝမှာ ဆင်ခြင်တုံတရားရှိတဲ့ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေ အတွက်သာ ဖြစ်တယ်။

ဆင်ခြင်တုံမရှိဘဲနဲ့ အသိဉာဏ်ကင်းမဲ့တဲ့ ပုဂ္ဂိုလ်တွေကျတော့ အသက်ရှည်လေ အပြစ်ကြီး လေ၊ မှားမှားယွင်းယွင်းတွေ လုပ်မိလေ၊ ပိုပြီးတော့ သံသရာဝဋ်ထဲမှာ နစ်မြုပ်လေလေ၊ ဆင်းရဲဒုက္ခနွံထဲ မှာ နစ်လေလေ၊ ဒီလိုပဲ ဖြစ်မှာပေါ့။ အဲဒီတော့ သူ့အဖို့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေတယ်၊ အသက်ရှည်သည့် အတွက်ကြောင့် အကုသိုလ်တွေ ပိုတက်လာတယ်။

ဘာနဲ့ ဥပမာတူတုန်းဆိုလို့ရှိရင် ကြည့်လေ - သူများဆီက ကြွေးတွေယူထားတဲ့ပုဂ္ဂိုလ်၊ ကြွေးယူပြီး တော့ အလုပ်မကြိုးစားဘဲနဲ့ နေတဲ့ပုဂ္ဂိုလ်၊ အကြွေးက

စာမျက်နှာ-၃၆
အတိုးတွေ တက်နေတယ်၊ နောက်ဆုံးကျတော့ မဆပ်နိုင်တဲ့ အနေအထားမျိုးထိ ရောက်လာတယ်။

အဲဒီလို မကောင်းတဲ့ အကြွေးတွေကို အတိုး တက်နေသလိုပဲ ကိုယ့်သန္တာန်မှာ အကုသိုလ်ကြွေးတွေ ဆပ်လို့ မကုန်နိုင်အောင် တိုးတက်နေတယ်၊ သံသရာထဲမှာ ဆပ်ပေရောလို့ ဒီလိုဆိုတယ်။

ဒါကြောင့်မို့လို့ ပညာရှိတဲ့ပုဂ္ဂိုလ်က သံသရာ ကြွေးကိုလည်းပဲ ရှောင်နိုင်တယ်၊ မြတ်စွာဘုရား ဟောကြားဆုံးမတဲ့ အဆုံးအမတွေဟာ အလွန်ပဲ မှန်ကန်တယ်၊ ဘဝခရီးလျှောက်လှမ်းတဲ့အခါမှာ လုပ်သင့်တာနဲ့ မလုပ်သင့်တာ သိဖို့လိုတယ်၊ အပြစ် ရှိတာ မရှိတာ သိဖို့လိုတယ်၊ ကုသိုလ် အကုသိုလ် ခွဲခြား သိတတ်ဖို့ လိုတယ်၊ အဲဒီလို အသိပညာရှိတဲ့

အသက်ရှည်လေ ပိုကောင်းလေဆိုတဲ့ တရားတော်ကို ဖတ်ရှုရခြင်းနှင့် ပတ်သက်၍ အခြား ထပ်မံ၍ သိလိုသည်များ ရှိပါသလားခင်ဗျာ?
စာမျက်နှာ-၃၇
ပုဂ္ဂိုလ်တွေက အသက်ရှည်မှုက တန်ဖိုးရှိတဲ့ အသက်ရှည်မှု ဖြစ်တယ်၊ ပညာရှိရှိနဲ့ ဆင်ခြင်တုံတရားရှိရှိနဲ့ ဘဝမှာ အသက်ရှည်လေ ပိုကောင်းလေ ဖြစ်ရမယ် လို့ ဒီလိုဆိုတယ်။

မိမိတို့အနေနဲ့ အသက်ရှည်အောင် ကြိုးစားဖို့ထက် ဘာကြိုးစားရမလဲ၊ ပညာရှိဖို့ ကြိုးစားရမှာ ဖြစ်တယ်၊ ပညာရှိပြီဆိုရင် အသက်ရှည်မှုက တန်ဖိုးတွေ တက်လာတယ်။ ။

ဒါဖြင့် ပညာရှိလာအောင် ဘယ်လိုလုပ်ရမလဲ၊ တရားပွဲတွေသွားပြီး တရားနာရတယ်၊ တရားဓမ္မနဲ့ ပတ်သက်ပြီး မှတ်သားကြရတယ်၊ အတိုင်းအတာတစ်ခုအရ သင်ယူရတယ်၊ စာအုပ်စာတမ်းတွေ ဖတ်ရှုရတယ်၊ “သုသုသာ လဘတေ ပညံ” လို့ဆိုတဲ့

စာမျက်နှာ-၃၈
အတိုင်း သိချင်တတ်ချင်စိတ် ရှိလို့ရှိရင် ပညာဆိုတာ ရတယ်ပေါ့။

ဒါကြောင့်မို့ တရားပွဲမှာ တရားလာနာ၊ အသိဉာဏ်ရတယ်၊ ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်တွေဖတ်၊ အသိဉာဏ်ရတယ်၊ ဆရာတော်ကြီးတွေဆီ ချဉ်းကပ်ပြီးတော့ သိသင့်သိထိုက်တာတွေ မေး၊ ရဟန်းသံဃာတွေဆီ ချဉ်းကပ်၊ မသိတာလေးတွေ မေး၊ အသိဉာဏ်ရတယ်၊ ဘဝမှာ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုတာကအစ အခြေခံ သိရှိနားလည်အောင် မေးရတယ်။ အမှတ်တမဲ့ မနေနဲ့၊ ဆည်းပူးအားထုတ်ကြရမှာ ဖြစ်တယ်၊ အဲဒီလို အသိဉာဏ်ရှိပြီး အသက်ရှည်မှ တန်ဖိုးရှိတာမို့ အသက်ရှည်လေ ပိုကောင်းလေ ဖြစ်တယ်။

စာမျက်နှာ-၃၉
လောကလူသားတစ်ယောက်မှာ အသိဉာဏ်ရှိရင် အခြေခံအားဖြင့် လုံလောက်တယ်၊ အသိဉာဏ်နဲ့ ကိုယ့်သန္တာန်မှာ အကုသိုလ်တွေ မဖြစ်အောင် ကြိုးစားမယ်၊ ဒေါသမထွက်မိအောင် ကြိုးစားမယ်၊ လောဘ မကြီးအောင် ကြိုးစားမယ်၊ မောဟဆိုတဲ့တွေဝေမှုတွေ နည်းပါးအောင် ကြိုးစားမယ်၊ အသိပညာ ရအောင် ကြိုးစားမယ်၊ အဲဒီကြိုးစားမှုက အသက်ရှည်လေ တန်ဖိုးရှိလေပဲ။

ထို့အတူပဲ ကိုယ်ကျင့်သီလ မရှိသေးရင် ရှိအောင် လုပ်တယ်၊ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့ ဘဝကို ရယူတယ်၊ အသက်ရှည်လေ ပိုကောင်းလေ၊ မသိသေးတာတွေ သိအောင် ပညာကို ဆည်းပူးအားထုတ်တယ်၊ ပညာရှိလေ ပိုကောင်းလာလေ၊ ဒီထက်

စာမျက်နှာ-၄၀
ကောင်းတာ ရှိသေးလားလို့ဆိုတော့ ဒီထက်ကောင်းတာ ရှိတယ်၊ ဘာလုပ်ရမလဲ၊ ဒီထက် တန်ဖိုးရှိတဲ့ အသိပညာတစ်ခုခုရအောင် ဆည်းပူးအားထုတ်ရမယ်။

ဒါက ဘာတုန်းဆိုရင် “ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ၊ ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ”၊

လောကရဲ့ သဘောဝကိုလည်း ဆင်ခြင်သုံးသပ်ကြည့်ရတယ်၊ ကိုယ်ရထားတာ ဘာလဲ၊ ခန္ဓာငါးပါး၊ ခန္ဓာငါးပါးဆိုတာ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင် ရုပ်ခန္ဓာတစ်ပါးနဲ့ နာမ်ခန္ဓာ

စာမျက်နှာ-၄၁
လေးပါး၊ အဲဒီ ခန္ဓာငါးပါးကို ရထားတယ်၊ အဲဒီ ရထားတဲ့ ခန္ဓာငါးပါးဟာ တည်မြဲနေတဲ့အရာ မဟုတ်ဘူး၊ ဖြစ်ပြီးရင် ပျက်သွားတဲ့အရာတွေသာ ဖြစ်တယ်၊ တည်မြဲနေတာ ဟုတ်မဟုတ် ဆင်ခြင်သုံးသပ်ကြည့်ပေါ့၊ “ဒို့အမေက မွေးလာတဲ့အချိန်တုန်းက ငယ်ငယ်လေးပဲ၊ တဖြည်းဖြည်း ကြီးကြီးလာပြီးတော့ ရင့်လာတယ်။” အဲဒီတော့ တည်ငြိမ်နေတာ မဟုတ်ဘူးဆိုတာကို စဉ်းစား၊ ဘဝဆိုတာ ပြောင်းလဲနေခြင်း ဖြစ်တယ်လို့ ဆင်ခြင်စဉ်းစားကြည့်လို့ရတယ်။

အကြမ်းဖျင်းအားဖြင့် စက္ကန့်အလိုက် ပြောင်းနေတာ၊ ငယ်ငယ်လေးကနေ တဖြည်းဖြည်း ရင့်ရင့်လာတယ်၊ ခေါင်းပေါ်က ဆံပင်လေးတွေ ဖြူကုန်

စာမျက်နှာ-၄၂
တယ်၊ သွားတွေ ကျိုးလာတယ်၊ ပါးရေတွေ တွန့်လာတယ်၊ နောက်ဆုံးကျတော့ အိုမင်းရင့်ရော်ပြီး သေဆုံးသွားတယ်ဆိုတဲ့ ဒီမှတ်တိုင်ကြီးကို ဘယ်သူကျော်လို့ ရသလဲ၊ ကျော်လို့ မရဘူး၊ လူတွေရဲ့ ဝေါဟာရအရ ဘယ်နှစ်နှစ် ရှိပြီ၊ ဘယ်နှစ်နှစ်ရှိပြီ ပြောနေတာ၊ အချိန်တွေကြည့်လေ မနက်တုန်းက အချိန်တွေ ကုန်သွားပြီ၊ အခုညမှာ မရှိတော့ဘူး၊ ဒီညအချိန်ကလည်း မကြာခင်ပဲ ကုန်ပြီး နောက်တစ်ရက် ရောက်တော့မယ်၊ အဲဒီတော့ ကုန်တယ်ဆိုတာ အချိန်တင် ကုန်တာလားလို့ဆိုတော့ မဟုတ်ဘူး၊ ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ နုပျိုမှုတွေလည်း ပါသွားတယ်။ အင်အားတွေလည်း ပါသွားတယ်၊ တန်ဖိုးရှိတဲ့အရာတွေ အကုန်လုံး ဆုံးရှုံးသွားတယ်၊ အသက်ကြီးလာ

စာမျက်နှာ-၄၃
တယ်ဆိုတာ ဆုံးရှုံးမှုတစ်ခုပဲ၊ အဲဒီလို ဆုံးရှုံးမှုနဲ့ ကုန်သွားတဲ့အချိန်တွေ၊ အချိန်ကသာ ကုန်တာ မဟုတ်ဘူး၊ ကိုယ့်သန္တာန်မှာ ရှိတာတွေလည်း ကုန်သွားတယ်၊ ဒီလိုဆိုရမယ်။

ဒါကြောင့်မို့လို ဒီသဘောသဘာဝတွေကို ဆင်ခြင်သုံးသပ်ပြီး ကြည့်တဲ့အခါမှာ ဘယ်အရာမှ မမြဲပါလား၊ အားလုံးဟာ ပြောင်းလဲနေတဲ့အရာတွေပဲဆိုတာ သိလာတယ်။ မြစ်ကမ်းပါးနား သွားထိုင်ကြည့်ပြီးတော့ မြစ်ရေတွေ စီးသွားတာကြည့်၊ သာမန်ကြည့်မယ်ဆိုရင် မနေ့ကလည်း ဒီရပ်၊ ကနေ့လည်း ဒီရေပဲ၊ မဟုတ်ဘူး၊ ထိုင်ကြည့်နေတဲ့အချိန်မှာ ပထမထိုင်ကြည့်စဉ်က ရေဟာ မရှိတော့ဘူး၊ နောက်စီးလာတာ နောက်ရေသာ ဖြစ်တယ်။

စာမျက်နှာ-၄၄
ထို့အတူပဲ ကိုယ့်ခန္ဓာကိုယ်ပြန်ကြည့်လိုက်လို့ရှိရင် မနေ့တုန်းရုပ်ဟာ ကနေ့ရုပ်လား၊ ဒီကနေ့ မှန်ထဲမှာ ကြည့်ကြည့်လိုက်၊ မနေ့တုန်းက ရုပ်လို့ လူက ထင်ကောင်းထင်လိမ့်မယ်၊ မဟုတ်ဘူး၊ မနေ့တုန်းက ရုပ်တွေက သွားပြီ၊ မရှိတော့ဘူး၊ ဒီနေ့ဟာ copyပဲ ကျန်ခဲ့တယ်၊ အတုပ်ကျန်ရစ်တာလေ၊ copyတွေချည်းပဲ ကျန်ရစ်တာ။

ကျန်မကျန် စဉ်းစားကြည့်၊ ငယ်ငယ်တုန်းက ရိုက်ထားတဲ့ဓာတ်ပုံလေး အသက်လေးငါးဆယ် ရှိတဲ့အခါ ပြန်ကြည့်၊ ရှိသေးလား၊ သွားပြီလေ မရှိတော့ဘူး၊ အဲဒီလိုမရှိတာ ခုန်ကျော်ပြီး သွားတာ မဟုတ်ဘူး၊ နေ့စဉ်နဲ့အမျှ ရွေ့ပြီးသွားတယ်၊ အဲဒီလို နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတဲ့သဘောတွေ ဖြစ်ပြီးရင်

စာမျက်နှာ-၄၅
ပျက်နေတဲ့ သဘောတွေကို ဆင်ခြင်သုံးသပ်နိုင်တဲ့ အသိဉာဏ်မျိုးကို ဝိပဿနာဉာဏ်လို့ ခေါ်တယ်။ အဲဒီလို ဝိပဿနာဉာဏ်မရှိဘဲနဲ့ စားကာ သောက်ကာ အိပ်ကာ ပျော်ကာ ပါးကာ တနေ့ကုန်သွား၊ နောက်တစ်ရက် မျှော်၊ ပျော်စရာတွေချည်းပဲ တွေးပြီးတော့ နေတဲ့အချိန်က များတယ်။ စဉ်းစားကြည့်၊ ပျော်စရာတွေနဲ့ချည်းပဲ မျှော်လင့်ပြီး နေကြတယ်။

၂၀၁၄-ခုနှစ်ကုန်မယ်ဆိုတုန်းက လူတွေဟာ ၂၀၁၄-ခုနှစ် ကုန်တဲ့ညမှာ ဆိုလို့ရှိရင် ရန်ကုန်က လူတွေ ညသန်းခေါင်အထိ မအိပ်နိုင် မစားနိုင်၊ "Happy New Year" တဲ့။ အော်ကြတယ်၊ တကယ်ရော ပျော်ကြရဲ့လား လို့ဆို၊ "Happy New Year" သာ အော်နေတာ၊ အ

စာမျက်နှာ-၄၆
ကုန်တော့မှာ မကြာခင် ၂၀၁၄-ခုနှစ်က ပြန်ယူလို့ မရဘူး၊ ကုန်သွားပြီ၊ အဲဒီတော့ နှစ်သာကုန်တာ မဟုတ်ဘူး၊ သူတို့ခန္ဓာကိုယ်က နုပျိုမှုတွေ ပါသွားတာ သတိမထားမိဘူး၊ ဘယ်Happy ဟုတ်မလဲ၊ ဝမ်းနည်းစရာပဲ။ ငါတို့သန္တာန်မှာရှိတဲ့ နုပျိုမှုတွေပါသွားပြီ။

လူဆိုရင် သာမန်အားဖြင့် ကြည့်မယ်ဆိုရင် တစ်နှစ်ကြီးလာပြီ၊ တစ်နှစ်ကြီးလာပြီဆိုတာ သေဖို့ တစ်နှစ်နီးလာပြီလို့ တွက်ရမယ်၊ ဟုတ်လား၊ သင်္ချိုင်းနဲ့ တစ်နှစ်နီးလာပြီ၊ ဘယ်လိုလုပ် Happy New Year လို့ ပြောလို့ရမလဲ၊ ဘယ်လိုလုပ်မှ Happy New Year မဖြစ်ဘူး၊ တစ်နှစ်ပြီးတစ်နှစ် တိုးလာတာ သေပဲနီးလာတယ်၊ တန်ဖိုးမရှိဘဲနဲ့ အချိန်တွေဟာ ကုန်ဆုံးပြီးတော့ သွားတတ်တယ်။ မကြာခင်ပဲ သွားလိုက်

စာမျက်နှာ-၄၇
လာလိုက် ပျော်လိုက် ပါးလိုက်၊ ၂၀၁၅-ခုနှစ် ကုန်သွားရော၊ မြန်မာသက္ကရာဇ် ၁၃၇၆-ခု တန်ခူးလ သင်္ကြန်ကျပြီးရင် ကုန်သွားမှာ ၁၃၇၇ ဖြစ်မှာ။ ဘယ်လိုလုပ် Happy New Year ဖြစ်မလဲ၊ မနှစ်ကထက် ဒီနှစ်အိုသွားပြီ၊ နောက်တစ်နှစ်ကျ ဒီထက်အိုသွားပြီ၊ နောက်တစ်နှစ် ဒီထက်အို၊ နောက်ဆုံးမှာ သေဖို့ပဲ ရှိတော့တယ်။

အဲဒီတော့ နှစ်ကုန်သွားလို့ ရောက်လာတဲ့နှစ် ကြိုဆိုနေတာက ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ မတူဘူးလား၊ ကိုယ်သွားနေတာ ဘယ်သွားနေတာတုန်းလို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်လိုက်၊ အဲဒီတော့ ကုန်ဆုံးသွားတဲ့ နှစ်တွေရဲ့ တန်ဖိုးဟာ ငါ့မှာ ဘယ်လောက်ရလိုက်မလဲ၊ အခုရောက်ရှိနေတဲ့

စာမျက်နှာ-၄၈
နှစ်ရဲ့ တန်ဖိုးကိုရအောင် ငါ ဘယ်လိုလုပ်ရမလဲ။ အဲဒီလို တန်ဖိုးမရှိဘဲနဲ့ အချိန်ကုန်သွားတာ မဖြစ်အောင် လုပ်ရမယ်။

အချိန်ကုန်သွားတာက တန်ဖိုးရှိတာတွေ ငါ့မှာ ရလိုက်တာလား၊ ဒါပဲ စစ်ဆေးဖို့ လိုတာပေါ့၊ အဲဒါကို ပြောတာ “ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ” ထာဝရရွေ့လျားပြီး ပြောင်းလဲနေတဲ့ ဖြစ်မှုပျက်မှု သဘောတွေကို မဆင်ခြင်ဘဲနဲ့ အနှစ်တစ်ရာ အသက်ရှည်သွားမယ်ဆိုရင် ဘာတန်ဖိုးမှ မရှိဘူးတဲ့၊ အဲဒီလို ဖြစ်ပျက်မှုကို မြင်ရင်တော့ “ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ”၊ “ထာဝရ ပြောင်းလဲပြီးတော့ ဖြစ်ပြီးပျက်နေတဲ့ အနေအထားတစ်ခုကို မြင်ရင် တစ်နေ့တာလည်း အသက်ရှည်

စာမျက်နှာ-၄၉
ရတာက တန်ဖိုးရှိတယ်လို့ ဟောတာ။ တန်ဖိုးရှိရှိ အသက်ရှည်လေ ပိုကောင်းလေ ဖြစ်အောင် ကိုယ့်ကိုယ်ကို အမြဲတမ်း ဆန်းစစ်ပြီးတော့ ကြည့်၊ ဖြစ်ပြီးပျက်နေတဲ့ သဘောတွေကို မြင်အောင် ကြည့်နိုင်ရမယ်လို့ ဒီလိုဆိုတာ၊ အဲဒီလို ဝိပဿနာဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ပြီးတော့ ကြည့်လိုက်။

ဒီနေရာမှာ လူငယ်လူရွယ်တွေက ပြောကောင်းပြောလိမ့်မယ်၊ ဒါတွေတွေးတော့ ဘာတန်ဖိုးရှိမှာလဲ။ စိတ်ပျက်စရာတွေကြီးကို ဒီလိုတွေးကောင်းတွေးလိမ့်မယ်၊ မဟုတ်ဘူး၊ လောကမှာ အမှတ်တမဲ့ နေတာဟာ အဆိုးဆုံးပဲ၊ ဆင်ခြင်တုံတရား မရှိဘဲနဲ့ အမှတ်တမဲ့နေတာ ဘာနဲ့ ဥပမာတူတုန်းဆိုရင်

စာမျက်နှာ-၅၀
ပစ္စေကဗုဒ္ဓအရှင်မြတ်တစ်ပါး ဟောခဲ့တဲ့ ဥပမာလေးတစ်ခု ကြည့်။

“ဂင်္ဂါမြစ်ကြောမှာ ဆင်သေကြီးတစ်ကောင် မျောလာတယ်၊ ကျီးတစ်ကောင်က ဆင်သေကြီးကို မြင်တော့ ကမ်းစပ်ကနေ ပျံချလာပြီး ဆင်သေကြီးပေါ် နားလိုက်တယ်။ ကျီးမိုက်က ဘာတွေတုန်းဆို “ဟာ ဟန်ကျပြီ၊ ငါ့တစ်သက်တော့ ဒီဆင်သေ စားမကုန်ဘူး၊ ဘယ်မှ ငါသွားစရာ မလိုဘူး၊ ရေဆာရင်လည်း ရေသောက်လိုက်ရုံပဲ၊ အစာဆာရင် ဆင်သေစားလိုက်ရုံပဲ၊ ဒီပေါ်မှာပဲ ငါ အေးအေးချမ်းချမ်း နေမယ်၊ အပင်ပန်းခံပြီး ဟိုသွားဒီသွား ငါမသွားတော့ဘူး၊ အစာရှာစရာ မလိုတော့ဘူး”။ ဆင်သေပေါ်မှာပဲ ဒီအတိုင်းနားပြီးတော့ ဇိမ်ကျကျ နေလိုက်တယ်။

စာမျက်နှာ-၅၁
ဂင်္ဂါမြစ်ကုန်ဆုံးလို့ ပင်လယ်ထဲ ရောက်သွားတဲ့အခါကျတော့ လှိုင်းလေတွေက တဖြည်းဖြည်း ထန်လာတယ်၊ ကိစ္စမရှိသေးဘူး၊ ငြိမ့်တယ်ဆိုပြီးတော့ ကျီးမိုက်က လိုက်သွားတယ်၊ နောက်ဆုံး ကမ်းမမြင် လမ်းမမြင် ဖြစ်လာတယ်။ ဆင်သေကြီးကလည်း တစ်နေ့တခြား ပုပ်ပုပ်လာတယ်၊ ပုပ်လာတော့ လှိုင်းဒဏ်မခံနိုင်ဘူး အောက်ကငါးတွေက စား၊ လှိုင်းက ပုတ်ဆိုတော့ ဆင်သေကောင်ကြီးက ဟိုက ပဲ့ထွက်၊ ဒီက ပဲ့ထွက်။ အဲဒီအချိန် ရောက်တော့မှ ကျီးမိုက်က ဆင်သေပေါ်မှာနားလို့ တည်တည်ငြိမ်ငြိမ် မရှိတော့ဘူး၊ ကမ်းပြန်ဖို့ ကြိုးစားတယ်။ ကမ်းမမြင်လမ်းမမြင်ဖြစ်ပြီး ဘယ်မှ ကမ်းရှာမရတော့ ပင်လယ်ထဲမှာပဲ ကျပြီး သေဆုံးရတယ်။”

စာမျက်နှာ-၅၂
ဘုန်းကြီးတို့တတွေလည်း ဆင်သေကြီးတွေ့ထားသလို ဒီဘဝ ဟန်ကျပြီဆိုပြီးတော့ မေ့မောနေမယ်ဆိုရင် ဘေးရန်အန္တရာယ်တွေ့ကြုံသွားတယ်၊ နောက်ဆုံးမှာ ဘဝကူးမကောင်းဘဲ မရှုမလှ သေဆုံးရနိုင်တယ်၊ တကယ်အစစ်အမှန်ကို သိမယ်ဆိုလို့ရှိရင် ဖြစ်မှုပျက်မှု သဘောတွေကို သိထားပြီဆိုလို့ရှိရင် “ဒါတွေဟာ မက်မောစရာတွေ မဟုတ်ပါဘူး၊ ဒါတွေကို အကြောင်းပြုပြီး အကုသိုလ်တွေ ဖြစ်နေမယ်ဆိုရင် ငါ့မှာ ဘဝနစ်မွန်းတော့မှာပေါ့” ဒီအသိတရားနဲ့ တွယ်တာမှုတွေကို လျှော့ချနိုင်တယ်။

လျှော့ချပြီးရင် ကောင်းတဲ့ အလုပ်တွေကို ကြိုးစားလုပ်ရမည်။ တွယ်တာမှုတွေကို လျှော့ချလိုက်ရင်

စာမျက်နှာ-၅၃
သောကဆိုတာ နည်းနည်းလျှော့သွားနိုင်တယ်၊ တွယ်တာမှုရှိသမျှ သောကတွေ လာနေမှာပဲ။

ဒါကြောင့်မို့ တွယ်တာမှုတွေကို လျှော့ချ။ လျှော့ချတဲ့အခါမှာ သောကလည်း လျှော့ကျသွားပြီး စိတ်နှလုံး အေးချမ်းစွာ ဘဝခရီးကို သွားနိုင်တယ်။ ခြေမကိုင်မိ လက်မကိုင်မိ ဒုက္ခရောက်တယ်ဆိုတော့မှ “ကမ်းရှာတဲ့ ကျီးလို” လူတွေဟာ ကာမဂုဏ်အာရုံကြောမှာ မေ့မျောပြီးနေရာကနေ နောက်ဆုံးအချိန် ရောက်ပြီဆိုတော့မှ ခြေမကိုင်မိ လက်မကိုင်မိဖြစ်လို့ အားကိုးရာရှာရင် တွေ့မှာ မဟုတ်တော့ဘူးတဲ့။

အဲဒီလို မဖြစ်ရလေအောင် ကြိုကြိုတင်တင် ဖြစ်မှုပျက်မှု သဘာဝတရားတွေကို ရှုမြင်သုံးသပ်နိုင်မှ အသက်ရှည်လေ ပိုကောင်းလေဆိုတာ

စာမျက်နှာ-၅၄
ဖြစ်မှာ၊ ဒါကြောင့်မို့လို့ ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်ပြီးတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ကိုယ့်ရဲ့ ဘဝကို ဆင်ခြင်သုံးသပ်ကြည့်တတ်ဖို့ လိုအပ်တယ် လို့ ဒီလိုဆိုတာ။

ဒီထက်တန်ဖိုးရှိတာတွေ ကြည့်ရအောင်၊ ဘယ်လို တန်ဖိုးရှိသလဲဆိုတာ စဉ်းစားကြည့်၊ မြတ်စွာဘုရားက ဟောထားတယ်၊ ဖြစ်မှုပျက်မှုတွေနဲ့ ကိုယ့်ရဲ့ သဘောဝ လောကရဲ့ သဘောကို အမှန်သိအောင် ကြိုးစားအားထုတ်ရမယ်

“ယော စ ဝဿသတံ ဇီဝေ။ အပဿံ ဓမ္မမုတ္တမံ။ ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။”

စာမျက်နှာ-၅၅
လောကလူတွေဟာ အားကိုးရာ ရှာကြတယ်၊ တကယ်ကို ကိုယ့်ကို ကယ်နိုင်တာဟာ ဘယ်သူလဲ၊ တကယ့် ကယ်တင်နိုင်တဲ့ ပုဂ္ဂိုလ်ရှိလားလို့ မေးကြည့်၊

လောကမှာ ကယ်တင်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာ ဘယ်သူမှ မရှိဘူး၊ စဉ်းစားကြည့်လေ- သားအမိလည်း ဆင်းရဲဒုက္ခတွေ့ကြုံရင် မကယ်နိုင်ဘူး။ အမေဆိုတာကို သားသမီးက ကယ်နိုင်မလား၊ မကယ်နိုင်ဘူး၊ အမေ သေတာ အဖေသေတာ သားသမီးက ကယ်နိုင်ရဲ့လား၊ မကယ်နိုင်ဘူး၊ ဘယ်သူ့ဘယ်သူမှ မကယ်နိုင်ဘူး၊ ကယ်နိုင်တဲ့လူ လောကရှိလားဆို မရှိဘူး။

မြတ်စွာဘုရားက “န သန္တိ ပုတ္တာ တာဏာယ၊ န ပိတာ နာပိ ဗန္ဓဝါ။

စာမျက်နှာ-၅၆
အန္တကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသူ တာဏတာ”

သေဘေးကြုံလာတဲ့အခါမှာ ဆွေတွေမျိုးတွေ အားကိုးရာဆိုတာ ဘယ်သူမှ မရှိဘူး၊ ကိုယ့်ကို ကယ်တင်နိုင်တဲ့ပုဂ္ဂိုလ် တစ်ယောက်မှ မရှိဘူး၊ ကြည့်လေ နေမကောင်းလို့ ဆေးရုံတက်၊ မိဘတွေ ဆွေမျိုးသားချင်းတွေ ကြည့်နေတုန်းကိုက ICU ထဲမှာပဲ အသက်ထွက်သွားတာတွေ အများကြီးပဲ၊ ဘာမှမတတ်နိုင်ဘူး၊ သေသွားပြီဆို ဘာတတ်နိုင်လဲ၊ ဘာမှမတတ်နိုင်ဘူး၊ ဘယ်သူက ကယ်နိုင်လဲ၊ ဘယ်သူမှ မကယ်နိုင်ဘူး။

ဒို့ကိုးကွယ်တဲ့ မြတ်စွာဘုရားက ငါတို့ကို ကယ်နိုင်လား၊ ဘယ်ကယ်နိုင်မတုန်း၊ မြတ်စွာဘုရား

စာမျက်နှာ-၅၇
ကိုယ်တိုင်တောင်မှပဲ ပရိနိဗ္ဗာန်စံသွားတဲ့ဥစ္စာ၊ အဲဒီတော့ ကယ်တင်နိုင်တာ လောကမှာ ပုဂ္ဂိုလ်အနေနဲ့ ရှိသလားဆို မရှိဘူး၊ တကယ်ကတော့ ကယ်နိုင်တာ တရားပဲရှိတယ်၊ ဓမ္မကသာလျှင် ကယ်နိုင်တာ ဖြစ်တယ်။ မြတ်စွာဘုရား ကိုယ်တိုင်ကိုက ဟောတယ်လေ၊ “ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ” ဓမ္မတွေ့မှ ငါ့ကိုတွေ့မှာ၊ ငါ့ကိုတွေ့ရကျိုးနပ်မှာ၊ ဓမ္မတွေ့အောင်လုပ်၊ ဓမ္မကသာ မင်းတို့ကို ကယ်တင်နိုင်တာ၊ ငါဟောတဲ့ ဓမ္မက မင်းတို့ကို ကယ်တင်ဖို့အတွက် ဖြစ်တယ်၊ ဒီလို ဟောထားတယ်၊ ဖောင်နဲ့ ဥပမာပေးပြီး မြတ်စွာဘုရားက ဓမ္မကိုဟောတယ်။

ခုနလာတုန်းက ဆိုသွားတဲ့အထဲမှာ “ဓမ္မံ သရဏံ ဂစ္ဆာမိ” လို့ ဆိုကြတယ်၊ အဲဒီလို ဆိုတဲ့

စာမျက်နှာ-၅၈
အထဲမယ် ဓမ္မဆိုတာ ဘာကို ပြောတာလဲ၊ “စတူသု အပါယေသု အပတမာနေ ဓာရေတီတိ ဓမ္မော”၊ မေ့ကို ကျင့်သုံးတဲ့ ပုဂ္ဂိုလ်ကို အပါယ်လေးပါး မကျရအောင် ကယ်တင်နိုင်တာ ဓမ္မပဲ ဖြစ်တယ်၊ ဒီလိုအဓိပ္ပာယ်ကို ပြောတာ၊ အပါယ်လေးပါး မကျအောင် ဘယ်သူက စွမ်းဆောင်နိုင်တုန်းဆို ဓမ္မက စွမ်းဆောင်နိုင်တယ်၊ ကျန်တာ ဘယ်သူမှ မစွမ်းဆောင်နိုင်ဘူး၊ ဒါကြောင့်မို့ မြတ်စွာဘုရား ကိုယ်တိုင်ကိုက

“အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ အနညသရဏာ၊ ဓမ္မဒီပါ ဓမ္မသရဏာ အနညသရဏာ”၊ ကိုယ့်ကိုယ်ကို အားကိုးဆိုတာ ဓမ္မကို အားကိုးခိုင်းတာ ငါ့အားကိုးကြလို့ ဘုရားဘယ်တော့

စာမျက်နှာ-၅၉
မှ မဟောဘူး၊ ငါကိုယ်တော်မြတ် ကယ်မယ်လို့လည်း ဘယ်တော့မှ မဟောဘူး၊ ဓမ္မကိုပဲ အားကိုးရမယ်။

ဒါကြောင့်မို့ ကိုယ့်ကို ကယ်တင်နိုင်တဲ့ ဓမ္မဆိုတာ ဘယ်ဓမ္မတုန်းလို့ မေးလို့ရှိရင် မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်၊ သောတာပတ္တိမဂ်ရရင် အမြင်မှားခြင်းနဲ့ သံသယဖြစ်ခြင်းဆိုတာ ဖယ်ရှားလိုက်ပြီး အပါယ်ဆင်းရဲက လွတ်သွားပြီ၊ ကယ်လိုက်ပြီ၊

သောတာပန် ဖြစ်တာနဲ့ အပါယ်တံခါးပိတ်သွားပြီ၊ ဒါကယ်လိုက်တာပဲလေ၊ အပါယ်ကျဖို့ မရှိတော့ဘူး၊ သကဒါဂါမ် ဖြစ်သွားပြီ၊ ကိလေသာတွေ လျှော့ပါးသွားပြီ၊ အနာဂါမ် ဖြစ်သွားပြီဆိုတာနဲ့ လူ့ဘုံနတ်ဘုံဆိုတဲ့ ကာမဘုံတွေ အဆက်ပြတ်သွားပြီ။ သက်တမ်းရှည်ပြီး ချမ်းသာသုခများတဲ့ ဗြဟ္မာဘုံတောင်မှပဲ

စာမျက်နှာ-၆၀
အနာဂါမ်ဖြစ်ပြီဆိုလျှင် တကယ့်ကို စင်ကြယ်သန့်ရှင်းတဲ့ သုဒ္ဓါဝါသဘုံမှာ အဆင့်မြင့် ဗြဟ္မာမျိုး ဖြစ်သွားတယ်၊ ရဟန္တာဖြစ်သွားပြီဆိုရင် (၃၁)ဘုံ ဘယ်ဘုံမှ ဒုက္ခရောက်စရာ အကြောင်း မရှိတော့ဘူး၊ အားလုံး ဆင်းရဲဒုက္ခက ကွင်းလုံးကျွတ် လွတ်သွားပြီ၊ အဲဒါ ဘယ်သူက ကယ်လိုက်တာလဲဆို မဂ်လေးပါး ဖိုလ်လေးပါးဆိုတဲ့ ဓမ္မက ကယ်တင်တာ။

နိဗ္ဗာန်ရောက်သွားပြီဆိုရင် သင်္ခါရဒုက္ခတွေ အားလုံး ချုပ်ငြိမ်းသွားပြီ၊ နိဗ္ဗာန်ရောက်ရင်တော့ လုံးဝ ဒုက္ခမရှိတော့ဘူး၊ လုံးဝကယ်တင်တယ်၊ ဒါကြောင့်မို့ ဓမ္မံ သရဏံ ဂစ္ဆာမိ ဓမ္မကို ကိုးကွယ်တယ်ဆိုတာ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်၊ ဒါကို ဆိုလိုတာ၊ အဲဒါကမှ တကယ်ကယ်နိုင်တာ ဖြစ်လို့

စာမျက်နှာ-၆၁
မြတ်စွာဘုရားက ဟောတယ်၊ “ယော စ ဝဿသတံ ဇီဝေ။ အပဿံ ဓမ္မမုတ္တမံ၊ အလွန်မြင့်မြတ်တဲ့ ဒီဓမ္မကို မမြင်ဘဲနဲ့ အသက်တစ်ရာရှည်နေတာ တန်ဖိုးမရှိဘူး၊ ဓမ္မကို မြင်လိုက်လို့ရှိရင် တစ်ရက်ပဲ အသက်ရှည်ရှည် တန်ဖိုးရှိတယ်၊ ဒါကြောင့်မို့ ဓမ္မမြင်သူရဲ့ အသက်ရှည်မှုကျတော့ အသက်ရှည်လေ ပိုကောင်းလေပဲ၊ ဒီလိုဆိုတာ။

အဲဒီတော့ ဘာလုပ်မှာတုန်းဆို ဓမ္မမြင်အောင် ကြိုးစားအားထုတ်၊ ဓမ္မကို မျက်မှောက်ပြုနိုင်အောင် ကြိုးစားအားထုတ်၊ ကြိုးစားအားထုတ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့် ဝိပဿနာကျင့်စဉ်ကို ကျင့်နေခြင်းဟာ မဂ် ဖိုလ် နိဗ္ဗာန်ဘက်ကို သွားနေခြင်းပဲ ဖြစ်တယ်။

စာမျက်နှာ-၆၂
ဒီကနေ လှည်းကူးကနေ လမ်းမကြီးအတိုင်း သွား၊ ပဲခူးသွားမယ်ဆိုရင် ဒီလမ်းကြောင်းအတိုင်းသာသွား။ ပြောင်းပြန်မသွားနဲ့၊ ရောက်သွားမှာပဲ။ နေပြည်တော်သွားမယ်ဆိုရင် Highway လမ်းမကြီးအတိုင်းသွား၊ ပြောင်းပြန်တော့ မသွားနဲ့၊ အချိန်တန်ရင် ရောက်မှာပဲ၊ တရားဆိုတာလည်းပဲ ထို့အတူပဲ၊ ကျင့်နေ၊ အချိန်တန်ရင် ရောက်သွားမှာပဲ၊ အချိန်မတန်သေးရင်တော့ မရောက်သေးဘူး၊ မကျင့်ဘဲနဲ့ နေရင်ကတော့ ရောက်မှာ မဟုတ်ဘူး၊ တစ်လှမ်းပြီးတစ်လှမ်း သွားနေတဲ့ပုဂ္ဂိုလ်က နီးတယ်၊ ရပ်နေပုဂ္ဂိုလ်က မနီးဘူး၊ အဲဒီလို ကျင့်ကြံအားထုတ်နေခြင်းအားဖြင့် ဓမ္မဆိုတဲ့ အမြတ်ဆုံးဓမ္မကို မြင်ရမယ့် အနေအထားမျိုး ရောက်တယ်၊ ဒါကြောင့်မို့ ဓမ္မမြင်ဖို့

စာမျက်နှာ-၆၃
ကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေရဲ့ အသက်ရှည်မှုကျတော့ “အသက်ရှည်လေ ပိုကောင်းလေ”လို့ ဆိုလိုတာပါ။ အဲဒီလိုဖြစ်တယ်။

နောက်ဆုံး မြတ်စွာဘုရားက ဘာဟောလိုက်လဲ၊ “ယော စ ဝဿသတံ ဇီဝေ။ အပဿံ အမတံ ပဒံ၊ ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ” - နိဗ္ဗာန်ကိုမြင်တယ်ဆိုတာ နိဗ္ဗာန်ကိုမျက်မှောက်ပြုတာ။ မဂ်ဖိုလ်ရရင် နိဗ္ဗာန်ကို မြင်ပြီ။ သို့သော် ကာမဝဋ် ကိလေသဝဋ်တွေ ပေါင်းစပ်ပြီးတော့ ထုတ်လုပ်နိုင်တဲ့ ခန္ဓာရှိနေသေးတော့ ခန္ဓဒုက္ခတော့

စာမျက်နှာ-၆၄
ခံနေရဦးမှာပဲ၊ ခန္ဓာရှိနေသည့်အတွက်ကြောင့် ခန္ဓဒုက္ခ ခံနေရသေးတယ်၊ နောက်ဆုံးမှာတော့ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုက်ပြီဆိုရင် ဒုက္ခမရှိတော့ဘူး၊ လုံးဝငြိမ်းချမ်းတဲ့အဆင့်မျိုးကို ရောက်သွားပြီ၊ ဒီလိုဆိုလိုတယ်။

အဲဒီတော့ နိဗ္ဗာန်ကို မြင်သွားတဲ့ ပုဂ္ဂိုလ်ရဲ့ အသက်ရှည်မှုကျတော့ တန်ဖိုးရှိတယ်၊ နိဗ္ဗာန်ကို မြင်အောင် ကြိုးစားနေတဲ့ ပုဂ္ဂိုလ်လည်း တန်ဖိုးရှိတယ်၊ အဲဒီလို တန်ဖိုးရှိမှ အသက်ရှည်လေ ပိုကောင်းလေ ဖြစ်မှာ။ နိဗ္ဗာန်ကိုမြင်အောင် ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေအဖို့ အသက်ရှည်လေ ပိုကောင်းလေ။ ဆရာတော်ဘုရားကြီးလည်း အသက်ရှည်နေတာ အသက်ရှည်လေ ပိုကောင်းလေ။

စာမျက်နှာ-၆၅
အသက်ရှည်တာဟာ လူတိုင်းအတွက် ကောင်းသလားလို့ဆိုတဲ့ မေးခွန်းကို ကြည့်၊ လူတိုင်းအတွက် မကောင်းဘူး၊ အကုသိုလ် ဒုစရိုက်သမားဆိုရင် ပိုပြီးတော့ ဘဝမှာ နွံနစ်သွားဖို့ပဲ ရှိတယ်၊ အခုလို ကြိုးစားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ၊ သီလရှိတဲ့ ပုဂ္ဂိုလ်တွေ အသိပညာရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပျက်မြင်တဲ့ ဝိပဿနာဉာဏ်ရှင်တွေ၊ ဓမ္မလို့ဆိုတဲ့ မိမိကိုယ်ကယ်တင်နိုင်တဲ့ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားရအောင် ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ နိဗ္ဗာန်ကိုမြင်အောင် ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အသက်ရှည်မှုကျတော့ အသက်ရှည်လေ ပိုကောင်းလေပဲလို့ ဒီလိုဆိုလိုတယ်။

စာမျက်နှာ-၆၆
အဲဒီတော့ တို့တတွေ အသက်ရှည်နေတာ တန်ဖိုးရှိတဲ့ အသက်ရှည်မှု ဟုတ်ရဲ့လားဆိုတာ ကိုယ့်ဟာကိုယ် ဆန်းစစ်၊ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပြီး တန်ဖိုးရှိတဲ့ အသက်ရှည်မှု ဖြစ်သေးဘူးဆိုရင် ဖြစ်အောင် ကြိုးစား၊ အချိန်မနှောင်းသေးဘူး၊ အချိန်မနှောင်းခင် တန်ဖိုးရှိတဲ့ အသက်ရှည်မှုဖြစ်အောင် ကြိုးစားအားထုတ်ရတယ်။ ။

ဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်လက်ထက်တုန်းက မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သွားကြတဲ့ ပုဂ္ဂိုလ်တွေ၊ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီးသွားတဲ့အခါ သူတို့ ဥဒါန်းကျူးကြတယ်။

စာမျက်နှာ-၆၇
ဘယ်လို ဥဒါန်းကျူးကြလဲဆို “ကိလေသာ ဈာပိတာ မယံ” ငါ့သန္တာန်မှာရှိတဲ့ စိတ်ရဲ့ အညစ်အကြေးတွေ၊ စိတ်ကိုပူစေတတ်တဲ့ လောဘ ဒေါသ မောဟတွေ မာန်မာနတွေဆိုတဲ့ ကိလေသာ အားလုံးကို မီးရှို့ဖျက်ဆီးလိုက်ပြီ၊ ဆိုလိုတာက သူ့သန္တာန်မှာ ကိလေသာတွေ လုံးဝမရှိတော့ဘူး၊ ကိလေသာ အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ။ “ဘဝါ သဗ္ဗေ သမူဟတာ”

လောကမှာ ခန္ဓာကိုယ်ရရှိမှုဆိုတဲ့ ဘဝ၊ ခန္ဓာကိုယ်ရရှိမှုဆိုတဲ့ ဘဝတွေအားလုံးကို ဖယ်ရှားလိုက်ပြီ၊ ဘယ်ဘဝမှ မရှိတော့ဘူး၊ ကောင်းတဲ့ဘဝလည်း မရှိဘူး၊ ဆိုးတဲ့ဘဝလည်း မရှိဘူး၊ ဘယ်ဘဝမှ မရှိဘူး၊ ခန္ဓာတို့ရဲ့ ဖြစ်ပေါ်မှုဆိုတဲ့ ဘဝတွေအားလုံး

စာမျက်နှာ-၆၈
ကို ဖယ်ရှားလိုက်ပြီ၊ ကိလေသာတွေအကုန်လုံး ရှို့မြိုက်ဖျက်ဆီးပြီး ဘဝတွေအားလုံး ကုန်ဆုံးသွားအောင် ဘဝဖြစ်ခြင်းရဲ့ အကြောင်းဖြစ်တဲ့ ကိလေသာတွေ ဖယ်လိုက်သည့်အတွက်ကြောင့် ကံတရားတွေလည်း ကုန်ဆုံးသွားပြီ၊ ကိလေသဝဋ်ကို ဖယ်ရှားလိုက်ခြင်းအားဖြင့် ကမ္မဝဋ်တွေ ကုန်သွားပြီ။

ကုန်သွားတဲ့အချိန်မှာ ဝိပါကဝဋ်ကလေးမျှသာ ကျန်ရစ်ပြီးတော့ ကမ္မဝဋ် ကိလေသဝဋ် ကုန်သွားတာနဲ့ တစ်ပြိုင်နက် ဘာဖြစ်လဲ၊ “နာဂေါဝ ဗန္ဓနံ ဆေတွာ” ထူးခပ်ပြီးတော့ ချည်နှောင်ထားတဲ့ ဆင်ကြီးဟာ နှောင်ကြိုးတွေအားလုံးကို ဖြတ်တောက်ပြီးတော့ သူသွားချင်တဲ့နေရာကို လွတ်လွတ်ကြီးသွားရသလိုပဲ၊ ကိလေသာဆိုတဲ့ နှောင်ကြိုးတွေ

စာမျက်နှာ-၆၉
မရှိတဲ့ဘဝဟာ လွတ်လွတ်လပ်လပ်ကြီး အင်မတန်မှ သွားလာလှုပ်ရှားနိုင်တယ်။ ကိုယ့်အတွက်မှာ နှောင်ကြိုးကြီး မဟုတ်တော့ဘဲနဲ့ လွတ်လွတ်လပ်လပ် ဖြစ်ပြီးတော့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်တယ်။

ရဟန္တာဘဝ ရောက်သွားတဲ့အခါတိုင်းမှာ ဒီစကားကို ပြောပြီး ဥဒါန်းကျူးလေ့ရှိကြတယ်။

“ကိလေသာ ဈာပိတာ မယံ၊ ဘဝါ သဗ္ဗေ သမူဟတာ၊ ဝိက္ခိဏာ ဇာတိ သံသာရော၊ နတ္ထိ ဒါနိ ပုနဗ္ဗဝေါ”၊

ငါ့မှာ ကိလေသာတွေ မီးရှို့ဖျက်ဆီးပြီးပြီ၊ ကိလေသာ ကုန်သွားတာနဲ့ တစ်ပြိုင်နက် “ဘဝါ သဗ္ဗေ သမူဟတာ” ဘဝတွေအားလုံး ဖယ်ရှားပစ်လိုက်ပြီ

စာမျက်နှာ-၇၀
အဲဒီတော့ ဆင်ပြောင်ကြီးဟာ နှောင်ဖွဲ့မှုတွေအားလုံးကို ဖျက်ဆီးပြီးတော့ လွတ်လပ်သွားသလို ငါလည်းပဲ ဘဝဆိုတဲ့ အနှောင်အဖွဲ့တွေ ဖျက်ဆီးပြီး ကိလေသာ အာသဝ ကင်းစင်ကာ လွတ်လွတ်ကြီး နေရပြီလို့ စိတ်ထဲမှာ ဝမ်းသာကြည်နူးစွာ ဥဒါန်းကျူးတယ်။

ဒါကြောင့်မို့ အသက်ရှည်လေ ပိုကောင်းလေဆိုတာ ဖြစ်ကြရအောင် ဘုန်းကြီးတို့တတွေ အသက်ရှည်နေသမျှ ကာလပတ်လုံးမှာ တန်ဖိုးရှိတဲ့အရာတွေကို ရအောင် ကြိုးစားအားထုတ်ရကြရမှာ ဖြစ်တယ်၊ တန်ဖိုးရှိတဲ့အရာတွေ ရမှသာလျှင် အသက်ရှည်လေ ပိုကောင်းလေဆိုတဲ့ အကျိုးမျိုးကို ရကြမှာဖြစ်တယ်။

တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ လူတိုင်းအဖို့ အသက်ရှည်တိုင်း တန်ဖိုးရှိတာ

စာမျက်နှာ-၇၁
မဟုတ်ဘူး၊ အသက်ရှည်လို့ တန်ဖိုးတက်တယ်ဆိုတာ ကောင်းမြတ်တဲ့ အရည်အသွေးတွေနဲ့ ရှိမှသာလျှင် အသက်ရှည်မှုဟာ တန်ဖိုးရှိတာဖြစ်တယ်၊ ဒါကြောင့်မို့ ကောင်းမြတ်တဲ့ အရည်အသွေးတွေ မိမိတို့သန္တာန်မှာ ရရှိအောင် သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့် ဓမ္မလို့ခေါ်တဲ့ မိမိကို ကယ်တင်မယ့် မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်တရားမြတ်ကို မျက်မှောက်ပြုနိုင်အောင် ကိုယ်စီကိုယ်ငှ ကျင့်ကြံအားထုတ်တော်မူကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု။ 5r0tk3swfvod05qdrbhbyeel530x02a 22213 22212 2026-06-20T00:06:22Z Tejinda 173 22213 wikitext text/x-wiki {{header | title = အသက်ရှည်လေ ပိုကောင်းလေ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[အဘိဓမ္မာ အနှစ်ချုပ်]] | previous2 = | next = [[အာနာပါနဿတိသုတ် အနှစ်ချုပ်]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

အသက်ရှည်လေ ပိုကောင်းလေ
မှတ်တမ်း သာသနာတော်နှစ် ၂၅၅၈-နှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၆- ခုနှစ်၊ တပေါင်းလဆန်း ၅ရက် (၂၃.၂. ၂၀၁၅)၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗြဟ္မစိုရ်မေတ္တာကျောင်းတိုက် ဆုထူးပန် ရွှေဗိမာန် ဓမ္မာရုံရေစက်ချ အထူးဓမ္မ သဘင် အခမ်းအနား၌ ဟောကြားတော်မူသည်။

“ဗြဟ္မစိုရ်မေတ္တာကျောင်းတိုက်ကြီး”၏ ဦးစီး ပဓာနနာယကဖြစ်တော်မူတဲ့ ဆရာတော်ဘုရားကြီးရဲ့
စာမျက်နှာ-၂
သက်တော် (၉ဝ)ပြည့် မွေးနေ့အမှတ်တရနှင့် ဆုထူး ပန် ရွှေဓမ္မဗိမာန်တော်ကြီး ရေစက်ချဆိုတဲ့ မင်္ဂလာ အခမ်းအနားနှစ်ရပ်ပေါင်းစပ်ပြီး ဆင်ယင်ကျင်းပ ပြုလုပ်အပ်တဲ့ ဒီညဉ့်ဦးယံ ဓမ္မသဘင် အခမ်းအနား မှာ ဆရာတော်ဘုရားကြီးကို ပူဇော်သောအားဖြင့် “အသက်ရှည်လေ ပိုကောင်းလေ”ဆိုတဲ့ တရားဓမ္မကို နာယူမှတ်သားကြရအောင်။

“လူတိုင်းလူတိုင်းဟာ အသက်ရှည်လေ ပိုကောင်းလေ ဖြစ်သလား”လို့ မေးခွန်းထုတ်စရာ ရှိတယ်၊ လူတိုင်းလူတိုင်းကတော့ အသက်ရှည်ချင် ကြတာချည့်ပဲ၊ ဒါကြောင့် တောင်းဆုယူကြတဲ့အခါမှာ “အသက်ရှည်ကြပါစေ ကျန်းမာကြပါစေ အသက်ရှည်ကြပါစေ”ဆိုတဲ့ ဆုတောင်းမှု ဆုယူမှု
စာမျက်နှာ-၃
ပြုကြတာ ဖြစ်တယ်၊ လူ့ဘဝရလာပြီးတဲ့အခါမှာ အသက်ရှည်ဖို့ဆိုတာ လူတိုင်းလူတိုင်း လိုလား တောင့်တတဲ့ အရာတစ်ခု ဖြစ်တယ်၊ သို့သော် လူတိုင်းအဖို့ အသက်ရှည်တာဟာ ပိုကောင်းလားဆိုပြီး မေးခွန်းထုတ်ပြီး အဖြေရှာသင့်တယ်။

ကျေးဇူးရှင် ဆရာတော်ဘုရားကြီးတို့လို သက်တော်(၉၀) အရွယ်ထိအောင် ကျန်းကျန်းမာမာ ခုလို အသက်ရှည်နေတာမျိုး အသက်ရှည်နေတာ တန်ဖိုးရှိတဲ့ အသက်ရှည်မှုဖြစ်သည့် အတွက်ကြောင့် ဆရာတော်ဘုရားကြီးအဖို့ရာ “အသက်ရှည်လေ ပိုကောင်းလေ”လို့ ပြောရမလို ဖြစ်နေတယ်။

မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ ညှိနှိုင်းပြီး ကြည့်မယ်ဆိုရင် ဘယ်လိုပုဂ္ဂိုလ်တွေဟာ အသက်ရှည်
စာမျက်နှာ-၄
လေ ပိုကောင်းလေဖြစ်တယ်၊ ဘယ်လိုပုဂ္ဂိုလ်တွေဟာ အသက်ရှည်ရင် မကောင်းဘူးဆိုတဲ့ အနေအထားမျိုး ရောက်နိုင်သလဲ၊ လူတိုင်းလူတိုင်းအဖို့ အသက်ရှည် တိုင်းတော့ ကောင်းတာမဟုတ်ဘူး၊ အသက်ရှည်ပြီး မကောင်းမှုအကုသိုလ်တွေများမယ့် ပုဂ္ဂိုလ်တွေဆိုရင်တော့ အသက်ရှည်တာ သူ့အဖို့မှာ မကောင်းဘူး၊ အသက်ရှည်လေ ဝန်ထုပ်ဝန်ပိုး ကြီးမားလာလေ လေ၊ အသက်ရှည်လေလေ အကုသိုလ် ဝန်ပိလာ လေ၊ ဒါကြောင့်မို့ လူတိုင်းလူတိုင်း အသက်ရှည် တာဟာ ကောင်းကျိုး ချမ်းသာရဖို့အတွက် မဖြစ်ဘူး လို့၊ အခုလို ဆရာတော်ဘုရားကြီးလို့ ပုဂ္ဂိုလ်မျိုးတွေ ကျတော့ “အသက်ရှည်လေ ပိုကောင်းလေ” လို့ ဒီလို ပြောရမယ်။
စာမျက်နှာ-၅
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဟောထားတယ်၊ ဒေသနာတော်မှာ “ယော စ ဝဿသတံ ဇီဝေ၊ ကုသိတော ဟီနဝီရိယော။ ဧကာဟံ ဇီဝိတံ သေယျော၊ ဝီရိယမာရဘတော ဒဠ” လို့ ဟောတယ်။ အတွေးအမြင်တွေက မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ လောကလူသားတွေရဲ့တွေးခေါ်မှုတွေဟာ ကွဲပြား ခြားနားမှု ရှိတယ်၊ လောကမှာ အကုသိုလ်တွေ ထုပြောနေတဲ့ လူပျင်းတစ်ယောက်ဟာ အသက် တစ်ရာ ရှည်ပေမယ်လို့ တန်ဖိုးမရှိဘူး၊ ကြိုးစား အားထုတ်မှု လုံ့လ ဝီရိယရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ တစ်နေ့တာ အသက်ရှင်ရတာက ပိုကောင်းသေး
စာမျက်နှာ-၆
တယ်၊ ဆိုလိုတာက လူပျင်းတစ်ယောက်ရဲ့ အနှစ် တစ် ရာအသက်ရှင်မှုဟာ ကြိုးစားအားထုတ် သူတစ်ယောက်ရဲ့ တစ်နေ့တာ အသက်ရှင်ရတာ လောက်တောင် တန်ဖိုးမရှိဘူးလို့ ဒီလိုဆိုလိုတယ်။

ကြိုးစားအားထုတ်မှု လုံ့လဝီရိယရှိတဲ့ ပုဂ္ဂိုလ်ရဲ့ အနှစ်တစ်ရာ အသက်ရှည်တာကျတော့ တန်ဖိုး မဖြတ်နိုင်ဘူး၊ အသက်ရှည်လေ ပိုကောင်းလေ၊ တစ်နေ့ အသက်ရှည်တောင် သူ့အတွက် တန်ဖိုးတွေ တက်လာတယ်၊ ဒီလို ဆိုလိုတာပေါ့။

မြတ်စွာဘုရားက “ကုသိတော ဟီနဝီရိယော” ကုသိတဆိုတာ စက်ဆုပ်ဖွယ် နစ်မြုပ်သွားတဲ့ ပုဂ္ဂိုလ်မျိုး၊ ဆိုပါစို့ - လူတစ်ယောက်ဟာ လောကမှာ ကောင်းကျိုး ချမ်းသာတွေရအောင် မကြိုးစားဘူး၊
စာမျက်နှာ-၇
စီးပွားဥစ္စာ တိုးတက်အောင်လည်း မကြိုးစားဘူး၊ ကုသိုလ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း မကြိုးစားဘူး၊ ပျင်းရိပြီး လုံ့လဝီရိယမရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အသက်ရှည်နေလည်း သူ့အတွက် ဘာတန်ဖိုးမှ တက်မလာဘူး၊ ဘာတန်ဖိုးမှ တက်မလာသည့် အတွက်ကြောင့် အနှစ်တစ်ရာ အသက်ရှည်လည်း သူ့အတွက် တန်ဖိုးမရှိဘူး၊ ပျင်းရိနေသည့် အတွက်ကြောင့် အကုသိုလ် အညစ်အကြေးတွေက သူ့သန္တာန်မှာ ပိုလို့ပိုလို့ များလာတာ ဖြစ်တယ်၊ ဒါကြောင့်မို့ ပျင်းရိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အသက် ရှင်မှုဟာ တန်ဖိုးမရှိဘူး၊ လုံ့လဝီရိယရှိရှိနဲ့ ကြိုးစား အားထုတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အသက်ရှင်မှုကတော့ တန်ဖိုးရှိတယ်။
စာမျက်နှာ-၈
ဒီနေရာမှာ “ပျင်းရိတယ်၊ လုံ့လဝီရိယရှိတယ်”ဆိုတာ ဘယ်လိုသိရလဲ၊ လူတွေကတော့ ထင်ကောင်း ထင်လိမ့်မယ်၊ နေ့စဉ်နဲ့အမျှ စားဝတ်နေရေးတွေ လုပ်နေတာ မပျင်းဘူးပေါ့၊ လုပ်စရာ ကိုင်စရာတွေ ရှိတာ တက်တက်ကြွကြွလုပ်ပေးတယ်၊ ဒါကိုလူပျင်းလို့ မခေါ်နိုင်ဘူးလို့ ပြောကောင်း ပြောလိမ့်မယ်။

ဓမ္မရှုထောင့်ကနေ ကြည့်လို့ရှိရင် လူပျင်း ဆိုသည်မှာ ဘယ်လိုဟာလဲ၊ ကာမဂုဏ်အာရုံ အတွေးတွေထဲမှာ နစ်မြုပ်ပြီး နေတဲ့ပုဂ္ဂိုလ်၊ ကာမဂုဏ်အာရုံ ခံစားဖို့ရာတွေးပြီးတော့ အဲဒီ အတွေးရေယဉ်ကြောမှာ လွင့်မျောနေတဲ့ ပုဂ္ဂိုလ်ကို လူပျင်းလို့ပဲ သတ်မှတ်တယ်။
စာမျက်နှာ-၉
နောက်တစ်ခုက လူတစ်ဦးတစ်ယောက်ကို ဒေါသနဲ့ ညှဉ်းပန်းနှိပ်စက်လိုတဲ့ စိတ်ဓာတ်တွေနဲ့ ကြံတွေးနေတဲ့ပုဂ္ဂိုလ်ဟာ၊ ပျင်းရိတဲ့ပုဂ္ဂိုလ်။ (တစ်နည်းအားဖြင့် ပြောမယ်၊ ကိုယ့်သန္တာန်မှာ လောဘတွေ ဒေါသတွေ မောဟတွေ မကောင်းတဲ့ စိတ်ရဲ့ အညစ်အကြေးတွေ ရှိနေပါလျက်နဲ့ ဒီစိတ်ရဲ့ အညစ်အကြေးတွေ ဖယ်ရှားဖို့ မကြိုးစားဘူးဆိုရင် လူပျင်းလို့ပဲ သတ်မှတ်တယ်။

ဘယ်လောက်ပဲ စီးပွားရှာရှာ ကြိုးကြိုးစားစား လုပ်နေနေ၊ မိစ္ဆာဝိတက်လို့ဆိုတဲ့ မှားယွင်းတဲ့အတွေးတွေရဲ့နောက် လိုက်ပြီး ဒါတွေကို လက်ခံနေသမျှ ကာလပတ်လုံး တွန်းလှန်ဖယ်ရှားဖို့ မပြုတဲ့ပုဂ္ဂိုလ်ဟာ မကောင်းတဲ့အကုသိုလ်နဲ့ ပတ်သက်ပြီး ကာမဝိတက်
စာမျက်နှာ-၁၀
ကာမဂုဏ်အာရုံ ခံစားဖို့တွေတွေးတယ်၊ လောဘနဲ့ ကြံတွေးတယ်၊ ဗျာပါဒဝိတက် ဒေါသနဲ့ ကြံတွေးတယ်၊ ဝိဟံသာဝိတက် တစ်ဖက်သားကို ညှင်းဆဲဖို့ သတ်ဖြတ်ဖို့အတွေးတွေနဲ့တွေးတယ်၊ အဲဒီအကုသိုလ် အတွေးတွေ လက်ခံပြီး တွန်းလှန်ဖယ်ရှားခြင်း မလုပ်တဲ့ပုဂ္ဂိုလ်ဟာ လူပျင်းပဲ၊ အဲဒီပုဂ္ဂိုလ် တစ်ယောက်ရဲ့ အနှစ်တစ်ရာ အသက်ရှည်မှုဟာ လုံးဝတန်ဖိုးမရှိဘူးလို့ ဒီလိုဆိုရမယ်။

ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေ ပျင်းရိတယ် ဆိုတဲ့အဆင့်က လွတ်အောင် ဘာလုပ်ရမလဲ၊ ကိုယ့်သန္တာန်မှာ မဖြစ်သေးတဲ့လောဘ ဒေါသ မောဟ တွေဆိုတဲ့ အကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာ မဖြစ်အောင် ကြိုးစားရမယ်၊ ဖြစ်လာတဲ့
စာမျက်နှာ-၁၁
အကုသိုလ်တရားတွေကိုတွန်းလှန်ဖယ်ရှားဖို့ ကြိုးစား ရမယ်၊ မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ကိုယ့်သန္တာန် မှာ ဖြစ်လာအောင် ကြိုးစားရမယ်၊ ဖြစ်ပြီးသား ကုသိုလ်တရားတွေ တိုးပွားအောင် ကြိုးစားရမယ်၊ အဲဒီလို ကြိုးပမ်းအားထုတ်မှုလေးရပ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်မှ ကြိုးပမ်း အားထုတ်သူလို့ ဒီလိုဆိုလိုတာ၊ အဲဒီလို ကြိုးစား အားထုတ်နေတဲ့ပုဂ္ဂိုလ်မှ တစ်ရက် အသက်ရှည်လည်း တန်ဖိုးရှိတယ်၊ ဒီလိုကြိုးစားနေ သည့် အတွက်ကြောင့် အသက်ရှည်လေ ပိုကောင်း လေပဲ။

ဆရာတော်ဘုရားကြီးကို ကြည့်ပေါ့။ အသက် ရှည်လေ ပိုကောင်းတယ်၊ ကြိုးစားနေတယ်၊ ကိုယ့် သန္တာန်မှာ အကုသိုလ်တရားတွေ မဖြစ်ရအောင်
စာမျက်နှာ-၁၂
ကြိုးစားတယ်၊ ဖြစ်လာတဲ့ အကုသိုလ်တရားတွေ ဖယ်ရှားဖို့ ကြိုးစားတယ်၊ မဖြစ်သေးတဲ့ ကုသိုလ် တရားတွေ ဖြစ်လာအောင် ကြိုးစားတယ်၊ ဖြစ်ပြီး သားကုသိုလ် တရားတွေကို တိုးပွားလာအောင် ကြိုးစားတယ်၊ အဲဒီလို လုံ့လဝီရိယရှိရှိနဲ့ ဘဝမှာ နေထိုင်မှ တန်ဖိုးမဖြတ်နိုင်တာ၊ အသက်ရှည်လေ ပိုကောင်းလေလို့ ဒီလိုဆိုတာ၊ အဲဒီတော့ ဒီစံနှုန်းနဲ့ ကြည့်လိုက်လို့ရှိရင် တို့တတွေဟာ ဒီစံနှုန်းထဲ ပါမယ် မပါဘူးဆိုတာ ကိုယ့်ဟာကိုယ် စဉ်းစားဆုံးဖြတ်ကြရ မှာ ဖြစ်တယ်။

အကယ်၍ ဆိုပါစို့- ဒေါသ မဖြစ်သေးရင် မဖြစ်အောင် ကြိုးစားအားထုတ်၊ ဖြစ်လာတဲ့ဒေါသကို လက်မခံနဲ့၊ ဖယ်ရှားပစ်ဖို့ ကြိုးစား၊ မေတ္တာတရားတွေ
စာမျက်နှာ-၁၃
ကိုယ့်စိတ်ထဲမှာ မဖြစ်သေးရင် ဖြစ်အောင်လုပ်၊ ဖြစ်လာတဲ့ မေတ္တာဘာဝနာတွေ တိုးတက် ပွားများ လာအောင်လုပ်၊ ဒီလိုမလုပ်ဘူးဆိုရင် ကိုယ်ဟာ လူပျင်းတစ်ယောက်ပဲ၊ ဒီလိုပဲသတ်မှတ်တယ်။ အကုသိုလ်တွေ လက်ခံထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ လူပျင်းတစ်ယောက်လို့ ဒီလိုပဲ သတ်မှတ်တယ်။

မြတ်စွာဘုရားက ဒါကိုဆိုလိုတာ၊ “ကုသိတော ဟီနဝီရိယော” ကြိုးပမ်းအားထုတ်မှုတွေ ကင်းပြီးတော့ ပျင်းရိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ “ဝဿသတံ ဇီဝေ” အနှစ်တစ်ရာ အသက်ရှည်ပါစေ၊ မမြတ်ပါဘူး၊ တန်ဖိုးမရှိပါဘူး၊ “ဧကာဟံ ဇီဝိတံ သေယျော၊ ဝီရိယမာရဘတော ဒဠ” အကုသိုလ်တွေကို တွန်းလှန်ဖယ်ရှားဖို့ ကုသိုလ်တရားတွေ ကိုယ့်
စာမျက်နှာ-၁၄
သန္တာန်မှာဖြစ်ဖို့ ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ တစ်နေ့တာ အသက်ရှင်ရတာက တန်ဖိုးရှိပါသေးတယ်၊ အကုသိုလ်တွေကို တွန်းလှန်ဖယ်ရှားနေတဲ့ ပုဂ္ဂိုလ်, ကုသိုလ်တရားတွေ ဖြစ်သွားအောင် ကြိုးစား နေတဲ့ပုဂ္ဂိုလ်ရဲ့ အသက်ရှည်မှုကျတော့ “အသက် ရှည်လေ ပိုကောင်းလေ”လို့ ဒီလိုဆိုတယ်။

အဲဒီတော့ ကိုယ့်ကိုယ်ကို အသက်ရှည်လေ ပိုကောင်းလေ ဖြစ်ဖို့ရာအတွက် ဘာလုပ်ရမလဲ၊ မိမိ သန္တာန်မှာရှိတဲ့ အကုသိုလ်တရားတွေ ဖယ်ရှားဖို့ ကြိုးပမ်းနေရမှာ ဖြစ်တယ်၊ မဖြစ်သေးရင် မဖြစ် အောင် ဆို့ပိတ်ရမယ်၊ ဖြစ်လာလို့ရှိရင် ဖယ်ရှားဖို့ ကြိုးစားရမယ်၊ မဖြစ်သေးတဲ့ ကုသိုလ်တွေ၊ မဖြစ် သေးတဲ့ ကုသိုလ်ဆိုတာ ဒါနကောင်းမှု မလုပ်
စာမျက်နှာ-၁၅
သေးဘူးဆိုရင် လုပ်မိအောင် ကြိုးစား၊ သီလ မဆောက်တည်သေးဘူး၊ ငါးပါးသီလ မလုံသေးဘူး ဆိုရင် လုံအောင်ကြိုးစား၊ ဥပုသ် မစောင့်ဘူးဆိုရင် စောင့်ဖြစ်အောင် ကြိုးစား၊ ကမ္မဋ္ဌာန်းဘာဝနာ အားမထုတ်ရသေးဘူး ဆိုရင် အားထုတ်ဖြစ်အောင် ကြိုးစား၊ မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ကိုယ့် သန္တာန်မှာ ဖြစ်အောင်လုပ်၊ ဖြစ်ပြီးသား ကုသိုလ် တရားတွေ ကိုယ့်သန္တာန်မှာ တိုးပွားစေအောင် အမြဲလုပ်နေရမှာ ဖြစ်တယ်။

လောကလူတွေက တိုးပွားအောင် ဘာတွေ လုပ်တုန်းဆိုတော့ ငွေကြေးဓန တိုးပွားအောင် ကြိုးစားကြတယ်လေ၊ ကိုယ့်မှာ သိန်းတစ်ရာရှိရင် နှစ်ရာရှိအောင်၊ နှစ်ရာရှိရင် သုံးရာရှိအောင်၊ ဒီလို
စာမျက်နှာ-၁၆
ကြိုးစား ကြတယ်၊ ကုသိုလ်ရေးရာနဲ့ ပတ်သက်ပြီးတော့ အဲဒီလို ကြိုးစားမှုကမှ တကယ်တန်ဖိုးရှိတယ် လို့ ဆိုရမယ်၊ ပစ္စည်းဥစ္စာတွေ ဘယ်လောက် ချမ်းသာ ချမ်းသာ သေရင် အားလုံးထားခဲ့ရမှာ ဖြစ်တယ်၊ မသေခင် ကာလလေးမှာပဲ အသုံးချလို့ ရတာ၊ တကယ့်တန်ဖိုး အစစ် မဟုတ်ဘူး၊ တကယ့် တန်ဖိုးအစစ်က ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ သာလျှင် တကယ့် တန်ဖိုးအစစ်ပါ၊ အဲဒီတော့ “အသက်ရှည်လေ ပိုကောင်းလေ” ဖြစ်အောင် တို့တတွေဟာ နေ့စဉ်နဲ့အမျှ ကုသိုလ်တစ်ခုကို လုပ်မိနေအောင် ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်။

ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်၊ ငါ့မှာ ငါးပါး သီလ ပြည့်ပြည့်ဝဝလုံရဲ့လား၊ ဒေါင်ဒေါင်မြည်
စာမျက်နှာ-၁၇
ဖြစ်ပြီလား၊ ကိုယ့်ကိုယ်ကို စဉ်းစား၊ မဖြစ်သေးရင် ဖြစ်အောင်လုပ်၊ ဒီလိုကြိုးစားအားထုတ်ရမယ်၊ အဲဒီလို ကြိုးစားအားထုတ်လို့ ငါးပါးကနေ ရှစ်ပါး ထိအောင် တိုးပြီး စောင့်ရှောက်၊ ရှစ်ပါးကနေ ဆယ်ပါး၊ အခုလို တိုးတက် ပွားများလာအောင် ကုသိုလ်တရားကို ကြိုးစားအားထုတ်ရမှာ ဖြစ်တယ်၊ အဲဒီလို ကြိုးစားအားထုတ် သူရဲ့ အသက်ရှည်မှုက သာလျှင် “အသက်ရှည်လေ ပိုကောင်းလေ”လို့ ဒီလို ပြောတာ။ - အဲဒီလို မလုပ်ဘဲနဲ့ စားဝတ်နေရေးနဲ့ပဲ တစ်နေ့တာ အချိန်ကုန်တယ်၊ စားစရာရှာတယ်၊ နေစရာရှာတယ်၊ ဝတ်စရာရှာတယ်၊ ဒါတွေနဲ့ပဲ အချိန်ကုန်နေတာ၊ ကြိုးစားအားထုတ်ရာ မရောက်
စာမျက်နှာ-၁၈
ဘူး၊ သေရင် အကုန်လုံး ထားပစ်ခဲ့ရတာ ဖြစ်သောကြောင့် ကိုယ့်အတွက် ဘာတန်ဖိုးမှ မရှိဘူး၊ ဒီလို ဆိုလိုတယ်၊ အဲဒီတော့ ကိုယ့်မှာ တန်ဖိုးရှိတဲ့ အရာတွေရသွားမှ “အသက်ရှည်လေ ပိုကောင်းလေ” ဖြစ်မှာ။

လူတိုင်း လူတိုင်းမှာ အသက်ရှည်လေ ပိုကောင်းလေ မဖြစ်ဘူး၊ အကုသိုလ်တွေ မရှောင် ရှားတဲ့ ပုဂ္ဂိုလ်တွေ၊ အကုသိုလ်တွေကို မတွန်းလှန် ဘဲနဲ့ အကုသိုလ်တွေရဲ့ နောက်ကို လိုက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ အသက်ရှည်လေ ဝန်ထုပ်ဝန်ပိုး ကြီးလေ၊ အသက်ရှည်လေ အပြစ်တွေက ကြီးလာလေ၊ ဒီလိုဖြစ်မှာ၊ ဒါကြောင့်မို့ သူတို့အတွက်တော့ အသက်ရှည်လေ ပိုကောင်းလေ မဖြစ်ဘူး၊ ဒါကို
စာမျက်နှာ-၁၉
သတိထားပြီးတော့ ဘုန်းကြီးတို့တတွေ ကြိုးစား အားထုတ်ကြရမှာ ဖြစ်တယ်။

နောက်တစ်ခု စဉ်းစားကြည့်ဦး၊ “ယော စ ဝဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော”

ကိုယ်ကျင့်သီလမရှိဘူး၊ လူ့ဘဝဆိုရင် ငါးပါး သီလလေးတောင် မလုံဘူး၊ ကိုယ်ကျင့်သီလတွေ ပျက်ပြားနေတယ်။ သူများအသက် သတ်တယ်၊ သူများဥစ္စာတွေ ခိုးတယ်၊ သူတစ်ပါးသားမယားတွေ ပစ်မှားတယ်၊ လိမ်လည်ပြောကြားတယ်၊ မူးယစ် ဆေးဝါး အရက်သေစာ သောက်စားတယ်၊ ဒုဿီလ၊ ကိုယ်ကျင့်သီလ လုံးဝမရှိဘူး၊ အသမာဟိတ စိတ်တည်ငြိမ်မှု မရှိဘူး၊ အဲဒီလို ကိုယ်ကျင့်သီလ
စာမျက်နှာ-၂၀
ဖောက်ဖျက်ပြီးတော့ လုပ်ချင်ရာလုပ်ပြီး ကိုယ်ကျင့် တရားပျက်ပြားနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အသက်ရှည်လေ အပြစ်ကြီးလေပဲ၊ အသက်ရှည်လေ ပိုဆိုးလေ ဖြစ်တယ်။

အဲဒီလို မဟုတ်ဘဲနဲ့ “ဧကာဟံ ဇီဝိတံ သေယျော၊ သီလဝန္တဿ ဈာယိနော”

ကိုယ်ကျင့်သီလ ရှိတယ်၊ လူဝတ်ကြောင်တွေ ဆိုရင် ငါးပါးသီလနဲ့ ပြည့်စုံတယ်၊ ရဟန်းသံဃာတွေ ဆိုလို့ရှိရင် ရဟန်းတွေ စောင့်ထိန်းတဲ့ ကိုယ်ကျင့် သီလနဲ့ ပြည့်စုံတယ်၊ ဘဝရဲ့ အနေအထားတစ်ခု အသိဉာဏ်နဲ့ ဆင်ခြင်သုံးသပ်တဲ့ မမြဲတဲ့သဘော၊ ဆင်းရဲတဲ့ သဘောတွေကို ဆင်ခြင်သုံးသပ်နိုင်တယ်၊
စာမျက်နှာ-၂၁
အဲဒီလို ကိုယ်ကျင့် သီလရှိပြီးတော့ ဘဝအပေါ်မှာ ရှုမြင်သုံးသပ်နိုင်တဲ့ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တစ် ယောက်ရဲ့ အသက်ရှင်မှုကျတော့ အသက်ရှည်လေ ပိုကောင်းလေ။

ဆရာတော်ဘုရားကြီးကြည့် - အသက်(၉၀)၊ ငယ်စဉ်ကတည်းက သာသနာဘောင် ဝင်ရောက်လာ ပြီး ကိုယ်ကျင့်သီလနဲ့ နေထိုင်သည့်အတွက်ကြောင့် ဆရာတော်ကြီးအတွက် “အသက်ရှည်လေ ပိုကောင်း လေ”ပဲ၊ ကုသိုလ်ကောင်းမှုတွေ တစ်နေ့တခြား နာရီနဲ့ အမျှ စက္ကန့်နဲ့အမျှ တိုးပွားလာတယ်၊ သီလရှိလာပြီ ဆိုရင် ပါရမီကုသိုလ်တွေ တိုးပွားလာတယ်၊ သီလ ကြောင့် အနဝဇ္ဇသုခဖြစ်တယ်၊ အပြစ်ကင်းတယ်၊
စာမျက်နှာ-၂၂
သီလရှိတဲ့ ပုဂ္ဂိုလ်တွေဟာ သီလရှိမှုကို အကြောင်း ပြုပြီးတော့ အပြစ်ကင်းတဲ့ ချမ်းသာကိုရတယ်။

အဲဒီတော့ သီလရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ သီလမရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဘယ်လိုကွာခြားလဲ ဆိုရင်- လူတစ်ယောက်ဟာ သီလမရှိတော့ဘူးဆို ဘယ်အခါ စဉ်းစားစဉ်းစား ဆင်ခြင်သုံးသပ်လိုက် တိုင်း၊ စိတ်မချမ်းသာမှုတွေနဲ့ ကြုံတယ်၊ သီလရှိတဲ့ ပုဂ္ဂိုလ်ကတော့ အပြစ်ကင်းနေသည့် အတွက်ကြောင့် ဘယ်ဘက်က လှည့်စဉ်းစား စဉ်းစား။ စိတ်ထဲမှာ ကြည်နူးဝမ်းသာမှု ဖြစ်တယ်၊ စိတ်ထဲမှာ နှလုံး သာယာမှု ဖြစ်တာကို အဝိပ္ပဋိသာရလို့ ခေါ်တယ်၊ အဝိပ္ပဋိ သာရ စိတ်ထဲမှာ နောက်မသွားဘူး၊ စိတ်နှလုံးကြည်လာတယ်၊ စိတ်နှလုံး ကြည်မှုကို
စာမျက်နှာ-၂၃
အကြောင်းပြုပြီး ပါမောဇ္ဇဆိုတဲ့ ဝမ်းမြောက်မှု ဖြစ်လာတယ်၊ ပါမောဇ္ဇဆိုတဲ့ ဝမ်းမြောက်မှု ဖြစ်လာလို့ရှိရင် ပီတိဆိုတဲ့ ကျေနပ်အားရမှု ဖြစ်လာတယ်၊ ကိုယ့်သီလ ဆင်ခြင်လိုက်တာနဲ့ ပီတိဆိုတဲ့ ကျေနပ်အားရမှုတွေဖြစ်တယ်၊ ပီတိဆိုတဲ့ ကျေနပ် အားရမှုဖြစ်တာနဲ့ ပဿဒ္ဓိလို့ ခေါ်တဲ့ ကိုယ်ရော စိတ်ရော နှလုံးစိတ်ဝမ်း အေးချမ်းမှုတွေ ဖြစ်လာတယ်၊ နှလုံးစိတ်ဝမ်း အေးချမ်းလာတဲ့ ပုဂ္ဂိုလ်မှာ သုခဆိုတဲ့ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှုကို ရတယ်၊ ကိုယ်ချမ်းသာမှု စိတ်ချမ်း သာမှုရှိတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ဓာတ်က တည်ကြည်တယ်၊ သမာဓိရတယ်၊ သမာဓိရှိတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ယထာဘူတဉာဏဒဿန အမှန်တကယ် သိမှုတွေ ဖြစ်ပေါ်လာတယ်၊
စာမျက်နှာ-၂၄
သီလရှိခြင်းရဲ့ အကျိုးကျေးဇူးတွေဟာ ဒီလို ဆင့်ကဲ ဆင့်ကဲ ဖြစ်လာတယ်။

သီလရှိတာကို အကြောင်းပြုပြီးတော့ နောက် ဆုံးမှာ အသိဉာဏ်တွေ ရှိလာသည်အထိအောင် ဖြစ်တယ်၊ စာပေကျမ်းဂန်မှာ ဘယ်လိုဆိုတာတုန်း ဆိုရင် သီလဟာ ခြင်္သေ့ဆီထည့်တဲ့ သိဂီရွှေခွက်ပမာ၊ “ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်မှာ တည်တယ်”လို့ဆိုတာ တန်ဖိုးရှိတဲ့ ကုသိုလ်တရားတွေ ကိုယ်ကျင့်တရားတွေ ရှိမှ ကိုယ့်သန္တာန်မှာ တည်တံ့နိုင်တယ်လို့ ဆိုတယ်၊ သီလမရှိဘူး ဆိုလို့ရှိရင် ကုသိုလ်မှန်သမျှဟာ ပြိုကျ ပျက်စီးသွားမယ်၊ ဒါကြောင့်မို့ သီလဟာ ကုသိုလ် တရားတွေ ရဲ့ အဓိကတည်ရှိနေမှု အတွက် အထောက်အကူ ဖြစ်တယ်၊ ဒါကြောင့်မို့ သီလရှိတဲ့
စာမျက်နှာ-၂၅
ပုဂ္ဂိုလ်ရဲ့ အသက်ရှည်မှုဟာ အင်မတန် တန်ဖိုး ရှိတယ်၊ အသက်ရှည်လေ ပိုကောင်းလေပဲ။

ကိုယ်ကျင့်သီလ ပျက်ပြားနေတဲ့ ပုဂ္ဂိုလ်ဟာ အသက်ရှည်လေ ဒုက္ခတွေများလေလေ၊ အသက် ရှည်လေလေ အပြစ်တွေများလာလေ၊ စိတ်ဆင်းရဲမှု တွေ များလာလေလေ၊ ဒုက္ခသုက္ခတွေနဲ့ ကြုံတွေ့မှု ဖြစ်လာလေလေ ဖြစ်တယ်၊ ဒါကြောင့်မို့ လူတိုင်းဟာ အသက်ရှည်ဖို့ကောင်းသလားလို့ဆို ကိုယ်ကျင့်သီလ ရှိတဲ့ပုဂ္ဂိုလ်မှ အသက်ရှည်လေ ပိုကောင်းလေ၊ ကိုယ်ကျင့်သီလမရှိဘဲနဲ့ အသက်ရှည်မယ်ဆိုရင် အပြစ်တွေ ပိုလေးလာတယ်။

ဒါကြောင့်မို့ အသက်ရှည်လေ ပိုကောင်းလေ ဖြစ်ဖို့ရာအတွက် ကိုယ့်ကိုယ်ကို ဘာလုပ်ရမလဲဆိုရင်
စာမျက်နှာ-၂၆
ကိုယ်ကျင့်သီလရှိအောင် လုပ်ရမယ်၊ အနည်းဆုံး လူဆိုရင် ငါးပါးသီလလုံရမယ်၊ ကိုယ့်ကိုယ်ကို နေ့စဉ် နဲ့အမျှ ငါးပါးသီလခံယူ ဆောက်တည်ထားပြီးတဲ့ နောက် ပြန်လည် ဆန်းစစ်ကြည့်သင့်တယ်။

နေ့တိုင်း နေ့တိုင်း လူတွေ အရောင်းအဝယ် လုပ်ပြီးတဲ့အခါ ဈေးတွက်တွက်ကြတယ်လေ၊ ဒီနေ့ ဘယ်လောက်ရောင်းရတယ်၊ အရင်းဘယ်လောက် အမြတ်က ဘယ်လောက်ဆိုတာကို တွက်ကြတယ်။ နေ့စဉ်နေ့စဉ် နံနက်ခင်းအိပ်ရာထလို့ ဘုရားရှေ့မှာ ငါးပါးသီလခံ၊ ခံပြီးတော့ ညအိပ်ရာဝင်တဲ့အခါ ကျတော့ ပြန်စစ်၊ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ငါတည်ဆောက်တယ်၊ မိမိ စိတ်လိုက်မာန်ပါ သေစေလိုတဲ့စိတ်နဲ့ မည်သည့်
စာမျက်နှာ-၂၇
သတ္တဝါများ ငါသတ်မိလ်၊ ပါဏာတိပါတ သိက္ခာပုဒ် ငါလုံရဲ့လား၊ လုံတယ်ဆိုရင် စိတ်ထဲမှာ ကြည်နူး ဝမ်းသာတယ်။

အဒိန္နာဒါနာရော လုံရဲ့လားလို့ဆို အဒိန္နာဒါန လုံရင် စိတ်ထဲမှာ ကြည်နူးစရာ၊ ကာမေသု မိစ္ဆာစာရ လုံရဲ့လား၊ ကိုယ့်ကိုယ်ကို ကိုယ်စစ်ဆေးတယ်၊ မုသာဝါဒ လုံရဲ့လား၊ သုရာမေရာယရော ကင်းရဲ့ လားဆိုတာတွေကို စစ်ဆေးကြည့်လိုက်တဲ့အခါ ငါ့မှာ ပါဏာတိပါတာ ကျူးလွန်တာလည်း မရှိဘူး၊ အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ မုသာဝါဒ, သူရာမေရယ ကျူးလွန်တာလည်း ငါ့မှာမရှိဘူး၊ ငါ့ရဲ့ ဘဝဟာ တန်ဖိုးရှိလိုက်တာ၊ ရဟန္တာပုဂ္ဂိုလ်ဆိုတာ ဒီလို တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ကို ခေါ်တာ၊ ငါဟာ ဒီနေ့ ရဟန္တာ
စာမျက်နှာ-၂၈
တွေကျင့်တဲ့ အကျင့်မျိုး၊ သောတာပန်တွေကျင့်တဲ့ အကျင့်မျိုး၊ ငါကျင့်လို့ ရသွားပြီလို့ စိတ်ထဲမှာ ကြည်နူး ဝမ်းသာဖြစ်ရတယ်၊ ဒါ မြတ်စွာဘုရားပေးတဲ့ နည်းစနစ်ပါပဲ။

ကိုယ့်ကိုယ်ကို ကြည်နူးလာတယ်၊ စိတ်ထဲ ကနေ ဆင်ခြင်သုံးသပ်ပြီး ကြည်နူးဝမ်းသာတယ်၊ သီလလေး ဆောက်တည်ပြီးတော့ အမှတ်တမဲ့ မနေရဘူး၊ ပြန်လည်ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် ကိုယ့်မှာ ကြည်နူးဝမ်းသာမှုတွေက ကုသိုလ်တရားတွေ တိုးတယ်၊ ဒါကြောင့်မို့ သီလဆောက်တည် ထားပြီးတော့ ထိုသီလနဲ့ ပတ်သက်တဲ့ ဆင်ခြင် သုံးသပ်မှုတွေ လုပ်ရတယ်၊ လုပ်တဲ့အခါမှာ အဖြေ ထွက်လာတယ်၊ အကယ်၍ ငါ သီလတွေ ပျက်တယ်
စာမျက်နှာ-၂၉
ဆိုရင် မပျက်အောင် ဂရုစိုက်၊ နောက်တစ်ခါ မဖြစ်အောင် ကြိုးစား၊ ကျေနပ်စရာ ကောင်းအောင် သီလပြည့်စုံတယ် ဆိုရင်လည်းပဲ ဝမ်းသာပီတိ ကြည်နူးတဲ့စိတ်နဲ့ ကုသိုလ်တရားတွေကို တိုးတက် လာတယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားက ဟောတာ၊ သီလမရှိတဲ့ပုဂ္ဂိုလ် အသက်တစ်ရာ နေရပေမဲ့ တန်ဖိုး မရှိဘူးတဲ့၊ သီလရှိတဲ့ပုဂ္ဂိုလ်က တစ်ရက်လောက် နေရရင်ကိုပဲ တန်ဖိုးရှိတယ်။

ဒါကြောင့်မို့ အသက်ရှည်လေ ပိုကောင်းလေဆိုတာ သီလရှိတဲ့ပုဂ္ဂိုလ်တွေအတွက်ကို ပြောတာလို့ ဒီလိုမှတ်ရမယ်၊ သီလမရှိတဲ့ပုဂ္ဂိုလ်တွေ အတွက် ပြောတာမဟုတ်ဘူး၊ သီလရှိတဲ့ပုဂ္ဂိုလ်တွေ အတွက် ပြောတာ၊ လူတိုင်းလူတိုင်းဟာ ကိုယ့်ဘဝကိုယ်
စာမျက်နှာ-၃၀
အလေးထားပြီးတော့ အခုလိုဆင်ခြင်သုံးသပ်ကြရမှာ ဖြစ်တယ်၊ အဲဒီလိုဆင်ခြင် သုံးသပ်ကြည့်တတ်ဖို့ လိုအပ်တယ်။

မြတ်စွာဘုရားရဲ့ အဆုံးအမတွေမှာ ဆင်ခြင် သုံးသပ်ဖို့ မြတ်စွာဘုရားကဟောတာ၊ “ဗဟူပကာရာ ပစ္စဝေက္ခဏာ ကုသလေသု ဓမ္မေသု” အပြစ်ကင်းပြီးတော့ ကောင်းကျိုးချမ်းသာ ရစေနိုင်တဲ့ ကုသိုလ် တရားတွေနဲ့ ပတ်သက်လာလို့ရှိရင် ဆင်ခြင်သုံးသပ်မှုပြုတာ သိပ်ပြီး တန်ဖိုးကြီးမားတယ်လို့ မြတ်စွာ ဘုရားဟောတယ်၊ ဒါကြောင့် အမှတ်တမဲ့မနေရဘူး၊ ဆင်ခြင်သုံးသပ်ကြည့်ရမယ်၊ ဆင်ခြင်သုံးသပ်တဲ့ နည်းတွေကို မြတ်စွာဘုရားက ပေးတာပဲဖြစ်တယ်။
စာမျက်နှာ-၃၁
နောက်တစ်ချက် စဉ်းစားကြည့်ဦး၊ အကုသိုလ်တွေမဖြစ်အောင် ငါကြိုးစားတယ်၊ ကာကွယ်တယ်၊ ပျင်းရိသူမဖြစ်ဘူး၊ အကုသိုလ်တွေနောက် လိုက်ပြီးတော့ အလျှော့ပေးနေတဲ့ ပုဂ္ဂိုလ် မဖြစ်ရဘူး၊ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်တယ်၊ ကိုယ်ကျင့်သီလရှိသူ ဖြစ်တယ်၊ အသက်ရှည် လေ ပိုကောင်းလေပဲ။

နောက်တစ်ခုကြည့်မယ်ဆို
“ယော စ ဝဿသတံ ဇီဝေ၊ ဒုပ္ပညာ အသမာဟိတော။ ဧကာဟံ ဇီဝိတံ သေယျော၊ ပညဝန္တဿ ဈာယိနော”
စာမျက်နှာ-၃၂
ဒုပ္ပညာဆိုတာ အသိပညာမရှိဘူး၊ ဆင်ခြင် ဉာဏ်မရှိဘူး၊ ဘာပညာမှ မရှိဘူး၊ ဘဝမှာ အထူး သဖြင့် ဓမ္မပညာမရှိဘူး၊ ပညာဆိုသည်မှာ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိတယ်၊ အကောင်းနဲ့ အဆိုး ခွဲခြားသိတယ်၊ အပြစ်ရှိတာနဲ့ အပြစ်မရှိတာ ခွဲခြားသိတယ်၊ ကုသိုလ်အကုသိုလ် ခွဲခြားသိတယ်၊ အဲဒီလို အကောင်း အဆိုး အကြောင်း အကျိုး, ကုသိုလ် အကုသိုလ် ခွဲခြားသိနိုင်တဲ့ ပညာမှ မရှိဘူးဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဘဝမှာ နေရတာ အင်မတန်မှ အပြစ်ကြီးလှတယ်၊ ပညာရှိတဲ့ပုဂ္ဂိုလ် ကျတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြား သိတယ်၊ သိသည့်အတွက်ကြောင့် မလုပ်သင့်တာကို ရှောင်တယ်၊ လုပ်သင့်တာကို လုပ်တယ်၊ အပြစ်
စာမျက်နှာ-၃၃
ရှိတာနဲ့ အပြစ်မရှိတာ ခွဲခြားသိတယ်၊ အပြစ်ရှိတဲ့ အလုပ်ကို ရှောင်တယ်၊ အပြစ်မရှိတဲ့ အလုပ်ကို လုပ်တယ်၊ ကုသိုလ်အကုသိုလ် ခွဲခြားသိပြီးတော့ အကုသိုလ်ကို ရှောင်တယ်၊ ကုသိုလ်ကို ဆောင်ရွက်တယ်ဆိုတဲ့ အသိပညာရဲ့တန်ဖိုးဟာ အလွန်ကြီးမားတယ်၊ ဒါကြောင့်မို့ ဘဝမှာ အသိဉာဏ်ရှိရှိနဲ့ ဘဝကို ဖြတ်သန်းကြရမှာ ဖြစ်တယ်။

အခု ကျေးဇူးရှင် ဆရာတော်ဘုရားကြီး အသက် (၉၀) ရောက်တယ်၊ (၉၀) ရောက်တဲ့အချိန် မှာ သူလုပ်သင့်တာ မလုပ်သင့်တာဆိုတာကအစ ဘယ်တရားက လုပ်သင့်တယ်၊ ဘယ်တရားက မလုပ်သင့်ဘူးဆိုတာတွေအထိ အားလုံးသိရှိပြီး
စာမျက်နှာ-၃၄
တော့ အသက်ရှည်နေတာ ဖြစ်သောကြောင့် အသက်ရှည်လေ ပိုကောင်းလေ ဖြစ်တယ်။

အသိပညာမရှိတဲ့ပုဂ္ဂိုလ်ရဲ့ အသက်ရှည်မှုဟာ တန်ဖိုးမရှိဘူး၊ ဘာကြောင့် တန်ဖိုးမရှိတာတုန်း၊ လုပ်သင့်တာနဲ့ မလုပ်သင့်တာ မသိဘူး၊ မသိသည့် အတွက်ကြောင့် မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်တယ်၊ လုပ်သင့်တာကိုကျတော့ မလုပ်သင့်ဘူး လို့ ထင်တယ်၊ ထင်ရုံတင် မဟုတ်ဘူး၊ မလုပ်သင့်တာကို လုပ်သင့်တယ်ထင်ပြီး လုပ်လိုက်တယ်၊ လုပ်သင့် တာကျတော့ မလုပ်သင့်ဘူး ထင်ပြီးတော့ မလုပ်ဘဲ နေတယ်၊ ကိုယ်ကျိုးနည်းတယ်၊ ကောင်းကျိုးချမ်းသာ ရရမှာ မရဘူး၊ အပြစ်ကင်းရမှာ မကင်းဘူး၊ အပြစ်တွေရတယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားက ဟော
စာမျက်နှာ-၃၅
တာ၊ အသက်ရှည်လေ ပိုကောင်းလေဆိုတာ ဘဝမှာ ဆင်ခြင်တုံတရားရှိတဲ့ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေ အတွက်သာ ဖြစ်တယ်။

ဆင်ခြင်တုံမရှိဘဲနဲ့ အသိဉာဏ်ကင်းမဲ့တဲ့ ပုဂ္ဂိုလ်တွေကျတော့ အသက်ရှည်လေ အပြစ်ကြီး လေ၊ မှားမှားယွင်းယွင်းတွေ လုပ်မိလေ၊ ပိုပြီးတော့ သံသရာဝဋ်ထဲမှာ နစ်မြုပ်လေလေ၊ ဆင်းရဲဒုက္ခနွံထဲ မှာ နစ်လေလေ၊ ဒီလိုပဲ ဖြစ်မှာပေါ့။ အဲဒီတော့ သူ့အဖို့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေတယ်၊ အသက်ရှည်သည့် အတွက်ကြောင့် အကုသိုလ်တွေ ပိုတက်လာတယ်။

ဘာနဲ့ ဥပမာတူတုန်းဆိုလို့ရှိရင် ကြည့်လေ - သူများဆီက ကြွေးတွေယူထားတဲ့ပုဂ္ဂိုလ်၊ ကြွေးယူပြီး တော့ အလုပ်မကြိုးစားဘဲနဲ့ နေတဲ့ပုဂ္ဂိုလ်၊ အကြွေးက
စာမျက်နှာ-၃၆
အတိုးတွေ တက်နေတယ်၊ နောက်ဆုံးကျတော့ မဆပ်နိုင်တဲ့ အနေအထားမျိုးထိ ရောက်လာတယ်။

အဲဒီလို မကောင်းတဲ့ အကြွေးတွေကို အတိုး တက်နေသလိုပဲ ကိုယ့်သန္တာန်မှာ အကုသိုလ်ကြွေးတွေ ဆပ်လို့ မကုန်နိုင်အောင် တိုးတက်နေတယ်၊ သံသရာထဲမှာ ဆပ်ပေရောလို့ ဒီလိုဆိုတယ်။

ဒါကြောင့်မို့လို့ ပညာရှိတဲ့ပုဂ္ဂိုလ်က သံသရာ ကြွေးကိုလည်းပဲ ရှောင်နိုင်တယ်၊ မြတ်စွာဘုရား ဟောကြားဆုံးမတဲ့ အဆုံးအမတွေဟာ အလွန်ပဲ မှန်ကန်တယ်၊ ဘဝခရီးလျှောက်လှမ်းတဲ့အခါမှာ လုပ်သင့်တာနဲ့ မလုပ်သင့်တာ သိဖို့လိုတယ်၊ အပြစ် ရှိတာ မရှိတာ သိဖို့လိုတယ်၊ ကုသိုလ် အကုသိုလ် ခွဲခြား သိတတ်ဖို့ လိုတယ်၊ အဲဒီလို အသိပညာရှိတဲ့

အသက်ရှည်လေ ပိုကောင်းလေဆိုတဲ့ တရားတော်ကို ဖတ်ရှုရခြင်းနှင့် ပတ်သက်၍ အခြား ထပ်မံ၍ သိလိုသည်များ ရှိပါသလားခင်ဗျာ?
စာမျက်နှာ-၃၇
ပုဂ္ဂိုလ်တွေက အသက်ရှည်မှုက တန်ဖိုးရှိတဲ့ အသက်ရှည်မှု ဖြစ်တယ်၊ ပညာရှိရှိနဲ့ ဆင်ခြင်တုံတရားရှိရှိနဲ့ ဘဝမှာ အသက်ရှည်လေ ပိုကောင်းလေ ဖြစ်ရမယ် လို့ ဒီလိုဆိုတယ်။

မိမိတို့အနေနဲ့ အသက်ရှည်အောင် ကြိုးစားဖို့ထက် ဘာကြိုးစားရမလဲ၊ ပညာရှိဖို့ ကြိုးစားရမှာ ဖြစ်တယ်၊ ပညာရှိပြီဆိုရင် အသက်ရှည်မှုက တန်ဖိုးတွေ တက်လာတယ်။ ။

ဒါဖြင့် ပညာရှိလာအောင် ဘယ်လိုလုပ်ရမလဲ၊ တရားပွဲတွေသွားပြီး တရားနာရတယ်၊ တရားဓမ္မနဲ့ ပတ်သက်ပြီး မှတ်သားကြရတယ်၊ အတိုင်းအတာတစ်ခုအရ သင်ယူရတယ်၊ စာအုပ်စာတမ်းတွေ ဖတ်ရှုရတယ်၊ “သုသုသာ လဘတေ ပညံ” လို့ဆိုတဲ့
စာမျက်နှာ-၃၈
အတိုင်း သိချင်တတ်ချင်စိတ် ရှိလို့ရှိရင် ပညာဆိုတာ ရတယ်ပေါ့။

ဒါကြောင့်မို့ တရားပွဲမှာ တရားလာနာ၊ အသိဉာဏ်ရတယ်၊ ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်တွေဖတ်၊ အသိဉာဏ်ရတယ်၊ ဆရာတော်ကြီးတွေဆီ ချဉ်းကပ်ပြီးတော့ သိသင့်သိထိုက်တာတွေ မေး၊ ရဟန်းသံဃာတွေဆီ ချဉ်းကပ်၊ မသိတာလေးတွေ မေး၊ အသိဉာဏ်ရတယ်၊ ဘဝမှာ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုတာကအစ အခြေခံ သိရှိနားလည်အောင် မေးရတယ်။ အမှတ်တမဲ့ မနေနဲ့၊ ဆည်းပူးအားထုတ်ကြရမှာ ဖြစ်တယ်၊ အဲဒီလို အသိဉာဏ်ရှိပြီး အသက်ရှည်မှ တန်ဖိုးရှိတာမို့ အသက်ရှည်လေ ပိုကောင်းလေ ဖြစ်တယ်။
စာမျက်နှာ-၃၉
လောကလူသားတစ်ယောက်မှာ အသိဉာဏ်ရှိရင် အခြေခံအားဖြင့် လုံလောက်တယ်၊ အသိဉာဏ်နဲ့ ကိုယ့်သန္တာန်မှာ အကုသိုလ်တွေ မဖြစ်အောင် ကြိုးစားမယ်၊ ဒေါသမထွက်မိအောင် ကြိုးစားမယ်၊ လောဘ မကြီးအောင် ကြိုးစားမယ်၊ မောဟဆိုတဲ့တွေဝေမှုတွေ နည်းပါးအောင် ကြိုးစားမယ်၊ အသိပညာ ရအောင် ကြိုးစားမယ်၊ အဲဒီကြိုးစားမှုက အသက်ရှည်လေ တန်ဖိုးရှိလေပဲ။

ထို့အတူပဲ ကိုယ်ကျင့်သီလ မရှိသေးရင် ရှိအောင် လုပ်တယ်၊ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့ ဘဝကို ရယူတယ်၊ အသက်ရှည်လေ ပိုကောင်းလေ၊ မသိသေးတာတွေ သိအောင် ပညာကို ဆည်းပူးအားထုတ်တယ်၊ ပညာရှိလေ ပိုကောင်းလာလေ၊ ဒီထက်
စာမျက်နှာ-၄၀
ကောင်းတာ ရှိသေးလားလို့ဆိုတော့ ဒီထက်ကောင်းတာ ရှိတယ်၊ ဘာလုပ်ရမလဲ၊ ဒီထက် တန်ဖိုးရှိတဲ့ အသိပညာတစ်ခုခုရအောင် ဆည်းပူးအားထုတ်ရမယ်။

ဒါက ဘာတုန်းဆိုရင် “ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ၊ ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ”၊

လောကရဲ့ သဘောဝကိုလည်း ဆင်ခြင်သုံးသပ်ကြည့်ရတယ်၊ ကိုယ်ရထားတာ ဘာလဲ၊ ခန္ဓာငါးပါး၊ ခန္ဓာငါးပါးဆိုတာ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင် ရုပ်ခန္ဓာတစ်ပါးနဲ့ နာမ်ခန္ဓာ
စာမျက်နှာ-၄၁
လေးပါး၊ အဲဒီ ခန္ဓာငါးပါးကို ရထားတယ်၊ အဲဒီ ရထားတဲ့ ခန္ဓာငါးပါးဟာ တည်မြဲနေတဲ့အရာ မဟုတ်ဘူး၊ ဖြစ်ပြီးရင် ပျက်သွားတဲ့အရာတွေသာ ဖြစ်တယ်၊ တည်မြဲနေတာ ဟုတ်မဟုတ် ဆင်ခြင်သုံးသပ်ကြည့်ပေါ့၊ “ဒို့အမေက မွေးလာတဲ့အချိန်တုန်းက ငယ်ငယ်လေးပဲ၊ တဖြည်းဖြည်း ကြီးကြီးလာပြီးတော့ ရင့်လာတယ်။” အဲဒီတော့ တည်ငြိမ်နေတာ မဟုတ်ဘူးဆိုတာကို စဉ်းစား၊ ဘဝဆိုတာ ပြောင်းလဲနေခြင်း ဖြစ်တယ်လို့ ဆင်ခြင်စဉ်းစားကြည့်လို့ရတယ်။

အကြမ်းဖျင်းအားဖြင့် စက္ကန့်အလိုက် ပြောင်းနေတာ၊ ငယ်ငယ်လေးကနေ တဖြည်းဖြည်း ရင့်ရင့်လာတယ်၊ ခေါင်းပေါ်က ဆံပင်လေးတွေ ဖြူကုန်
စာမျက်နှာ-၄၂
တယ်၊ သွားတွေ ကျိုးလာတယ်၊ ပါးရေတွေ တွန့်လာတယ်၊ နောက်ဆုံးကျတော့ အိုမင်းရင့်ရော်ပြီး သေဆုံးသွားတယ်ဆိုတဲ့ ဒီမှတ်တိုင်ကြီးကို ဘယ်သူကျော်လို့ ရသလဲ၊ ကျော်လို့ မရဘူး၊ လူတွေရဲ့ ဝေါဟာရအရ ဘယ်နှစ်နှစ် ရှိပြီ၊ ဘယ်နှစ်နှစ်ရှိပြီ ပြောနေတာ၊ အချိန်တွေကြည့်လေ မနက်တုန်းက အချိန်တွေ ကုန်သွားပြီ၊ အခုညမှာ မရှိတော့ဘူး၊ ဒီညအချိန်ကလည်း မကြာခင်ပဲ ကုန်ပြီး နောက်တစ်ရက် ရောက်တော့မယ်၊ အဲဒီတော့ ကုန်တယ်ဆိုတာ အချိန်တင် ကုန်တာလားလို့ဆိုတော့ မဟုတ်ဘူး၊ ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ နုပျိုမှုတွေလည်း ပါသွားတယ်။ အင်အားတွေလည်း ပါသွားတယ်၊ တန်ဖိုးရှိတဲ့အရာတွေ အကုန်လုံး ဆုံးရှုံးသွားတယ်၊ အသက်ကြီးလာ
စာမျက်နှာ-၄၃
တယ်ဆိုတာ ဆုံးရှုံးမှုတစ်ခုပဲ၊ အဲဒီလို ဆုံးရှုံးမှုနဲ့ ကုန်သွားတဲ့အချိန်တွေ၊ အချိန်ကသာ ကုန်တာ မဟုတ်ဘူး၊ ကိုယ့်သန္တာန်မှာ ရှိတာတွေလည်း ကုန်သွားတယ်၊ ဒီလိုဆိုရမယ်။

ဒါကြောင့်မို့လို ဒီသဘောသဘာဝတွေကို ဆင်ခြင်သုံးသပ်ပြီး ကြည့်တဲ့အခါမှာ ဘယ်အရာမှ မမြဲပါလား၊ အားလုံးဟာ ပြောင်းလဲနေတဲ့အရာတွေပဲဆိုတာ သိလာတယ်။ မြစ်ကမ်းပါးနား သွားထိုင်ကြည့်ပြီးတော့ မြစ်ရေတွေ စီးသွားတာကြည့်၊ သာမန်ကြည့်မယ်ဆိုရင် မနေ့ကလည်း ဒီရပ်၊ ကနေ့လည်း ဒီရေပဲ၊ မဟုတ်ဘူး၊ ထိုင်ကြည့်နေတဲ့အချိန်မှာ ပထမထိုင်ကြည့်စဉ်က ရေဟာ မရှိတော့ဘူး၊ နောက်စီးလာတာ နောက်ရေသာ ဖြစ်တယ်။
စာမျက်နှာ-၄၄
ထို့အတူပဲ ကိုယ့်ခန္ဓာကိုယ်ပြန်ကြည့်လိုက်လို့ရှိရင် မနေ့တုန်းရုပ်ဟာ ကနေ့ရုပ်လား၊ ဒီကနေ့ မှန်ထဲမှာ ကြည့်ကြည့်လိုက်၊ မနေ့တုန်းက ရုပ်လို့ လူက ထင်ကောင်းထင်လိမ့်မယ်၊ မဟုတ်ဘူး၊ မနေ့တုန်းက ရုပ်တွေက သွားပြီ၊ မရှိတော့ဘူး၊ ဒီနေ့ဟာ copyပဲ ကျန်ခဲ့တယ်၊ အတုပ်ကျန်ရစ်တာလေ၊ copyတွေချည်းပဲ ကျန်ရစ်တာ။

ကျန်မကျန် စဉ်းစားကြည့်၊ ငယ်ငယ်တုန်းက ရိုက်ထားတဲ့ဓာတ်ပုံလေး အသက်လေးငါးဆယ် ရှိတဲ့အခါ ပြန်ကြည့်၊ ရှိသေးလား၊ သွားပြီလေ မရှိတော့ဘူး၊ အဲဒီလိုမရှိတာ ခုန်ကျော်ပြီး သွားတာ မဟုတ်ဘူး၊ နေ့စဉ်နဲ့အမျှ ရွေ့ပြီးသွားတယ်၊ အဲဒီလို နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတဲ့သဘောတွေ ဖြစ်ပြီးရင်
စာမျက်နှာ-၄၅
ပျက်နေတဲ့ သဘောတွေကို ဆင်ခြင်သုံးသပ်နိုင်တဲ့ အသိဉာဏ်မျိုးကို ဝိပဿနာဉာဏ်လို့ ခေါ်တယ်။ အဲဒီလို ဝိပဿနာဉာဏ်မရှိဘဲနဲ့ စားကာ သောက်ကာ အိပ်ကာ ပျော်ကာ ပါးကာ တနေ့ကုန်သွား၊ နောက်တစ်ရက် မျှော်၊ ပျော်စရာတွေချည်းပဲ တွေးပြီးတော့ နေတဲ့အချိန်က များတယ်။ စဉ်းစားကြည့်၊ ပျော်စရာတွေနဲ့ချည်းပဲ မျှော်လင့်ပြီး နေကြတယ်။

၂၀၁၄-ခုနှစ်ကုန်မယ်ဆိုတုန်းက လူတွေဟာ ၂၀၁၄-ခုနှစ် ကုန်တဲ့ညမှာ ဆိုလို့ရှိရင် ရန်ကုန်က လူတွေ ညသန်းခေါင်အထိ မအိပ်နိုင် မစားနိုင်၊ "Happy New Year" တဲ့။ အော်ကြတယ်၊ တကယ်ရော ပျော်ကြရဲ့လား လို့ဆို၊ "Happy New Year" သာ အော်နေတာ၊ အ
စာမျက်နှာ-၄၆
ကုန်တော့မှာ မကြာခင် ၂၀၁၄-ခုနှစ်က ပြန်ယူလို့ မရဘူး၊ ကုန်သွားပြီ၊ အဲဒီတော့ နှစ်သာကုန်တာ မဟုတ်ဘူး၊ သူတို့ခန္ဓာကိုယ်က နုပျိုမှုတွေ ပါသွားတာ သတိမထားမိဘူး၊ ဘယ်Happy ဟုတ်မလဲ၊ ဝမ်းနည်းစရာပဲ။ ငါတို့သန္တာန်မှာရှိတဲ့ နုပျိုမှုတွေပါသွားပြီ။

လူဆိုရင် သာမန်အားဖြင့် ကြည့်မယ်ဆိုရင် တစ်နှစ်ကြီးလာပြီ၊ တစ်နှစ်ကြီးလာပြီဆိုတာ သေဖို့ တစ်နှစ်နီးလာပြီလို့ တွက်ရမယ်၊ ဟုတ်လား၊ သင်္ချိုင်းနဲ့ တစ်နှစ်နီးလာပြီ၊ ဘယ်လိုလုပ် Happy New Year လို့ ပြောလို့ရမလဲ၊ ဘယ်လိုလုပ်မှ Happy New Year မဖြစ်ဘူး၊ တစ်နှစ်ပြီးတစ်နှစ် တိုးလာတာ သေပဲနီးလာတယ်၊ တန်ဖိုးမရှိဘဲနဲ့ အချိန်တွေဟာ ကုန်ဆုံးပြီးတော့ သွားတတ်တယ်။ မကြာခင်ပဲ သွားလိုက်
စာမျက်နှာ-၄၇
လာလိုက် ပျော်လိုက် ပါးလိုက်၊ ၂၀၁၅-ခုနှစ် ကုန်သွားရော၊ မြန်မာသက္ကရာဇ် ၁၃၇၆-ခု တန်ခူးလ သင်္ကြန်ကျပြီးရင် ကုန်သွားမှာ ၁၃၇၇ ဖြစ်မှာ။ ဘယ်လိုလုပ် Happy New Year ဖြစ်မလဲ၊ မနှစ်ကထက် ဒီနှစ်အိုသွားပြီ၊ နောက်တစ်နှစ်ကျ ဒီထက်အိုသွားပြီ၊ နောက်တစ်နှစ် ဒီထက်အို၊ နောက်ဆုံးမှာ သေဖို့ပဲ ရှိတော့တယ်။

အဲဒီတော့ နှစ်ကုန်သွားလို့ ရောက်လာတဲ့နှစ် ကြိုဆိုနေတာက ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ မတူဘူးလား၊ ကိုယ်သွားနေတာ ဘယ်သွားနေတာတုန်းလို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်လိုက်၊ အဲဒီတော့ ကုန်ဆုံးသွားတဲ့ နှစ်တွေရဲ့ တန်ဖိုးဟာ ငါ့မှာ ဘယ်လောက်ရလိုက်မလဲ၊ အခုရောက်ရှိနေတဲ့
စာမျက်နှာ-၄၈
နှစ်ရဲ့ တန်ဖိုးကိုရအောင် ငါ ဘယ်လိုလုပ်ရမလဲ။ အဲဒီလို တန်ဖိုးမရှိဘဲနဲ့ အချိန်ကုန်သွားတာ မဖြစ်အောင် လုပ်ရမယ်။

အချိန်ကုန်သွားတာက တန်ဖိုးရှိတာတွေ ငါ့မှာ ရလိုက်တာလား၊ ဒါပဲ စစ်ဆေးဖို့ လိုတာပေါ့၊ အဲဒါကို ပြောတာ “ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ” ထာဝရရွေ့လျားပြီး ပြောင်းလဲနေတဲ့ ဖြစ်မှုပျက်မှု သဘောတွေကို မဆင်ခြင်ဘဲနဲ့ အနှစ်တစ်ရာ အသက်ရှည်သွားမယ်ဆိုရင် ဘာတန်ဖိုးမှ မရှိဘူးတဲ့၊ အဲဒီလို ဖြစ်ပျက်မှုကို မြင်ရင်တော့ “ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ”၊ “ထာဝရ ပြောင်းလဲပြီးတော့ ဖြစ်ပြီးပျက်နေတဲ့ အနေအထားတစ်ခုကို မြင်ရင် တစ်နေ့တာလည်း အသက်ရှည်
စာမျက်နှာ-၄၉
ရတာက တန်ဖိုးရှိတယ်လို့ ဟောတာ။ တန်ဖိုးရှိရှိ အသက်ရှည်လေ ပိုကောင်းလေ ဖြစ်အောင် ကိုယ့်ကိုယ်ကို အမြဲတမ်း ဆန်းစစ်ပြီးတော့ ကြည့်၊ ဖြစ်ပြီးပျက်နေတဲ့ သဘောတွေကို မြင်အောင် ကြည့်နိုင်ရမယ်လို့ ဒီလိုဆိုတာ၊ အဲဒီလို ဝိပဿနာဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ပြီးတော့ ကြည့်လိုက်။

ဒီနေရာမှာ လူငယ်လူရွယ်တွေက ပြောကောင်းပြောလိမ့်မယ်၊ ဒါတွေတွေးတော့ ဘာတန်ဖိုးရှိမှာလဲ။ စိတ်ပျက်စရာတွေကြီးကို ဒီလိုတွေးကောင်းတွေးလိမ့်မယ်၊ မဟုတ်ဘူး၊ လောကမှာ အမှတ်တမဲ့ နေတာဟာ အဆိုးဆုံးပဲ၊ ဆင်ခြင်တုံတရား မရှိဘဲနဲ့ အမှတ်တမဲ့နေတာ ဘာနဲ့ ဥပမာတူတုန်းဆိုရင်
စာမျက်နှာ-၅၀
ပစ္စေကဗုဒ္ဓအရှင်မြတ်တစ်ပါး ဟောခဲ့တဲ့ ဥပမာလေးတစ်ခု ကြည့်။

“ဂင်္ဂါမြစ်ကြောမှာ ဆင်သေကြီးတစ်ကောင် မျောလာတယ်၊ ကျီးတစ်ကောင်က ဆင်သေကြီးကို မြင်တော့ ကမ်းစပ်ကနေ ပျံချလာပြီး ဆင်သေကြီးပေါ် နားလိုက်တယ်။ ကျီးမိုက်က ဘာတွေတုန်းဆို “ဟာ ဟန်ကျပြီ၊ ငါ့တစ်သက်တော့ ဒီဆင်သေ စားမကုန်ဘူး၊ ဘယ်မှ ငါသွားစရာ မလိုဘူး၊ ရေဆာရင်လည်း ရေသောက်လိုက်ရုံပဲ၊ အစာဆာရင် ဆင်သေစားလိုက်ရုံပဲ၊ ဒီပေါ်မှာပဲ ငါ အေးအေးချမ်းချမ်း နေမယ်၊ အပင်ပန်းခံပြီး ဟိုသွားဒီသွား ငါမသွားတော့ဘူး၊ အစာရှာစရာ မလိုတော့ဘူး”။ ဆင်သေပေါ်မှာပဲ ဒီအတိုင်းနားပြီးတော့ ဇိမ်ကျကျ နေလိုက်တယ်။
စာမျက်နှာ-၅၁
ဂင်္ဂါမြစ်ကုန်ဆုံးလို့ ပင်လယ်ထဲ ရောက်သွားတဲ့အခါကျတော့ လှိုင်းလေတွေက တဖြည်းဖြည်း ထန်လာတယ်၊ ကိစ္စမရှိသေးဘူး၊ ငြိမ့်တယ်ဆိုပြီးတော့ ကျီးမိုက်က လိုက်သွားတယ်၊ နောက်ဆုံး ကမ်းမမြင် လမ်းမမြင် ဖြစ်လာတယ်။ ဆင်သေကြီးကလည်း တစ်နေ့တခြား ပုပ်ပုပ်လာတယ်၊ ပုပ်လာတော့ လှိုင်းဒဏ်မခံနိုင်ဘူး အောက်ကငါးတွေက စား၊ လှိုင်းက ပုတ်ဆိုတော့ ဆင်သေကောင်ကြီးက ဟိုက ပဲ့ထွက်၊ ဒီက ပဲ့ထွက်။ အဲဒီအချိန် ရောက်တော့မှ ကျီးမိုက်က ဆင်သေပေါ်မှာနားလို့ တည်တည်ငြိမ်ငြိမ် မရှိတော့ဘူး၊ ကမ်းပြန်ဖို့ ကြိုးစားတယ်။ ကမ်းမမြင်လမ်းမမြင်ဖြစ်ပြီး ဘယ်မှ ကမ်းရှာမရတော့ ပင်လယ်ထဲမှာပဲ ကျပြီး သေဆုံးရတယ်။”
စာမျက်နှာ-၅၂
ဘုန်းကြီးတို့တတွေလည်း ဆင်သေကြီးတွေ့ထားသလို ဒီဘဝ ဟန်ကျပြီဆိုပြီးတော့ မေ့မောနေမယ်ဆိုရင် ဘေးရန်အန္တရာယ်တွေ့ကြုံသွားတယ်၊ နောက်ဆုံးမှာ ဘဝကူးမကောင်းဘဲ မရှုမလှ သေဆုံးရနိုင်တယ်၊ တကယ်အစစ်အမှန်ကို သိမယ်ဆိုလို့ရှိရင် ဖြစ်မှုပျက်မှု သဘောတွေကို သိထားပြီဆိုလို့ရှိရင် “ဒါတွေဟာ မက်မောစရာတွေ မဟုတ်ပါဘူး၊ ဒါတွေကို အကြောင်းပြုပြီး အကုသိုလ်တွေ ဖြစ်နေမယ်ဆိုရင် ငါ့မှာ ဘဝနစ်မွန်းတော့မှာပေါ့” ဒီအသိတရားနဲ့ တွယ်တာမှုတွေကို လျှော့ချနိုင်တယ်။

လျှော့ချပြီးရင် ကောင်းတဲ့ အလုပ်တွေကို ကြိုးစားလုပ်ရမည်။ တွယ်တာမှုတွေကို လျှော့ချလိုက်ရင်
စာမျက်နှာ-၅၃
သောကဆိုတာ နည်းနည်းလျှော့သွားနိုင်တယ်၊ တွယ်တာမှုရှိသမျှ သောကတွေ လာနေမှာပဲ။

ဒါကြောင့်မို့ တွယ်တာမှုတွေကို လျှော့ချ။ လျှော့ချတဲ့အခါမှာ သောကလည်း လျှော့ကျသွားပြီး စိတ်နှလုံး အေးချမ်းစွာ ဘဝခရီးကို သွားနိုင်တယ်။ ခြေမကိုင်မိ လက်မကိုင်မိ ဒုက္ခရောက်တယ်ဆိုတော့မှ “ကမ်းရှာတဲ့ ကျီးလို” လူတွေဟာ ကာမဂုဏ်အာရုံကြောမှာ မေ့မျောပြီးနေရာကနေ နောက်ဆုံးအချိန် ရောက်ပြီဆိုတော့မှ ခြေမကိုင်မိ လက်မကိုင်မိဖြစ်လို့ အားကိုးရာရှာရင် တွေ့မှာ မဟုတ်တော့ဘူးတဲ့။

အဲဒီလို မဖြစ်ရလေအောင် ကြိုကြိုတင်တင် ဖြစ်မှုပျက်မှု သဘာဝတရားတွေကို ရှုမြင်သုံးသပ်နိုင်မှ အသက်ရှည်လေ ပိုကောင်းလေဆိုတာ
စာမျက်နှာ-၅၄
ဖြစ်မှာ၊ ဒါကြောင့်မို့လို့ ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်ပြီးတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ကိုယ့်ရဲ့ ဘဝကို ဆင်ခြင်သုံးသပ်ကြည့်တတ်ဖို့ လိုအပ်တယ် လို့ ဒီလိုဆိုတာ။

ဒီထက်တန်ဖိုးရှိတာတွေ ကြည့်ရအောင်၊ ဘယ်လို တန်ဖိုးရှိသလဲဆိုတာ စဉ်းစားကြည့်၊ မြတ်စွာဘုရားက ဟောထားတယ်၊ ဖြစ်မှုပျက်မှုတွေနဲ့ ကိုယ့်ရဲ့ သဘောဝ လောကရဲ့ သဘောကို အမှန်သိအောင် ကြိုးစားအားထုတ်ရမယ်

“ယော စ ဝဿသတံ ဇီဝေ။ အပဿံ ဓမ္မမုတ္တမံ။ ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။”
စာမျက်နှာ-၅၅
လောကလူတွေဟာ အားကိုးရာ ရှာကြတယ်၊ တကယ်ကို ကိုယ့်ကို ကယ်နိုင်တာဟာ ဘယ်သူလဲ၊ တကယ့် ကယ်တင်နိုင်တဲ့ ပုဂ္ဂိုလ်ရှိလားလို့ မေးကြည့်၊

လောကမှာ ကယ်တင်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာ ဘယ်သူမှ မရှိဘူး၊ စဉ်းစားကြည့်လေ- သားအမိလည်း ဆင်းရဲဒုက္ခတွေ့ကြုံရင် မကယ်နိုင်ဘူး။ အမေဆိုတာကို သားသမီးက ကယ်နိုင်မလား၊ မကယ်နိုင်ဘူး၊ အမေ သေတာ အဖေသေတာ သားသမီးက ကယ်နိုင်ရဲ့လား၊ မကယ်နိုင်ဘူး၊ ဘယ်သူ့ဘယ်သူမှ မကယ်နိုင်ဘူး၊ ကယ်နိုင်တဲ့လူ လောကရှိလားဆို မရှိဘူး။

မြတ်စွာဘုရားက “န သန္တိ ပုတ္တာ တာဏာယ၊ န ပိတာ နာပိ ဗန္ဓဝါ။
စာမျက်နှာ-၅၆
အန္တကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသူ တာဏတာ”

သေဘေးကြုံလာတဲ့အခါမှာ ဆွေတွေမျိုးတွေ အားကိုးရာဆိုတာ ဘယ်သူမှ မရှိဘူး၊ ကိုယ့်ကို ကယ်တင်နိုင်တဲ့ပုဂ္ဂိုလ် တစ်ယောက်မှ မရှိဘူး၊ ကြည့်လေ နေမကောင်းလို့ ဆေးရုံတက်၊ မိဘတွေ ဆွေမျိုးသားချင်းတွေ ကြည့်နေတုန်းကိုက ICU ထဲမှာပဲ အသက်ထွက်သွားတာတွေ အများကြီးပဲ၊ ဘာမှမတတ်နိုင်ဘူး၊ သေသွားပြီဆို ဘာတတ်နိုင်လဲ၊ ဘာမှမတတ်နိုင်ဘူး၊ ဘယ်သူက ကယ်နိုင်လဲ၊ ဘယ်သူမှ မကယ်နိုင်ဘူး။

ဒို့ကိုးကွယ်တဲ့ မြတ်စွာဘုရားက ငါတို့ကို ကယ်နိုင်လား၊ ဘယ်ကယ်နိုင်မတုန်း၊ မြတ်စွာဘုရား
စာမျက်နှာ-၅၇
ကိုယ်တိုင်တောင်မှပဲ ပရိနိဗ္ဗာန်စံသွားတဲ့ဥစ္စာ၊ အဲဒီတော့ ကယ်တင်နိုင်တာ လောကမှာ ပုဂ္ဂိုလ်အနေနဲ့ ရှိသလားဆို မရှိဘူး၊ တကယ်ကတော့ ကယ်နိုင်တာ တရားပဲရှိတယ်၊ ဓမ္မကသာလျှင် ကယ်နိုင်တာ ဖြစ်တယ်။ မြတ်စွာဘုရား ကိုယ်တိုင်ကိုက ဟောတယ်လေ၊ “ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ” ဓမ္မတွေ့မှ ငါ့ကိုတွေ့မှာ၊ ငါ့ကိုတွေ့ရကျိုးနပ်မှာ၊ ဓမ္မတွေ့အောင်လုပ်၊ ဓမ္မကသာ မင်းတို့ကို ကယ်တင်နိုင်တာ၊ ငါဟောတဲ့ ဓမ္မက မင်းတို့ကို ကယ်တင်ဖို့အတွက် ဖြစ်တယ်၊ ဒီလို ဟောထားတယ်၊ ဖောင်နဲ့ ဥပမာပေးပြီး မြတ်စွာဘုရားက ဓမ္မကိုဟောတယ်။

ခုနလာတုန်းက ဆိုသွားတဲ့အထဲမှာ “ဓမ္မံ သရဏံ ဂစ္ဆာမိ” လို့ ဆိုကြတယ်၊ အဲဒီလို ဆိုတဲ့
စာမျက်နှာ-၅၈
အထဲမယ် ဓမ္မဆိုတာ ဘာကို ပြောတာလဲ၊ “စတူသု အပါယေသု အပတမာနေ ဓာရေတီတိ ဓမ္မော”၊ မေ့ကို ကျင့်သုံးတဲ့ ပုဂ္ဂိုလ်ကို အပါယ်လေးပါး မကျရအောင် ကယ်တင်နိုင်တာ ဓမ္မပဲ ဖြစ်တယ်၊ ဒီလိုအဓိပ္ပာယ်ကို ပြောတာ၊ အပါယ်လေးပါး မကျအောင် ဘယ်သူက စွမ်းဆောင်နိုင်တုန်းဆို ဓမ္မက စွမ်းဆောင်နိုင်တယ်၊ ကျန်တာ ဘယ်သူမှ မစွမ်းဆောင်နိုင်ဘူး၊ ဒါကြောင့်မို့ မြတ်စွာဘုရား ကိုယ်တိုင်ကိုက

“အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ အနညသရဏာ၊ ဓမ္မဒီပါ ဓမ္မသရဏာ အနညသရဏာ”၊ ကိုယ့်ကိုယ်ကို အားကိုးဆိုတာ ဓမ္မကို အားကိုးခိုင်းတာ ငါ့အားကိုးကြလို့ ဘုရားဘယ်တော့
စာမျက်နှာ-၅၉
မှ မဟောဘူး၊ ငါကိုယ်တော်မြတ် ကယ်မယ်လို့လည်း ဘယ်တော့မှ မဟောဘူး၊ ဓမ္မကိုပဲ အားကိုးရမယ်။

ဒါကြောင့်မို့ ကိုယ့်ကို ကယ်တင်နိုင်တဲ့ ဓမ္မဆိုတာ ဘယ်ဓမ္မတုန်းလို့ မေးလို့ရှိရင် မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်၊ သောတာပတ္တိမဂ်ရရင် အမြင်မှားခြင်းနဲ့ သံသယဖြစ်ခြင်းဆိုတာ ဖယ်ရှားလိုက်ပြီး အပါယ်ဆင်းရဲက လွတ်သွားပြီ၊ ကယ်လိုက်ပြီ၊

သောတာပန် ဖြစ်တာနဲ့ အပါယ်တံခါးပိတ်သွားပြီ၊ ဒါကယ်လိုက်တာပဲလေ၊ အပါယ်ကျဖို့ မရှိတော့ဘူး၊ သကဒါဂါမ် ဖြစ်သွားပြီ၊ ကိလေသာတွေ လျှော့ပါးသွားပြီ၊ အနာဂါမ် ဖြစ်သွားပြီဆိုတာနဲ့ လူ့ဘုံနတ်ဘုံဆိုတဲ့ ကာမဘုံတွေ အဆက်ပြတ်သွားပြီ။ သက်တမ်းရှည်ပြီး ချမ်းသာသုခများတဲ့ ဗြဟ္မာဘုံတောင်မှပဲ
စာမျက်နှာ-၆၀
အနာဂါမ်ဖြစ်ပြီဆိုလျှင် တကယ့်ကို စင်ကြယ်သန့်ရှင်းတဲ့ သုဒ္ဓါဝါသဘုံမှာ အဆင့်မြင့် ဗြဟ္မာမျိုး ဖြစ်သွားတယ်၊ ရဟန္တာဖြစ်သွားပြီဆိုရင် (၃၁)ဘုံ ဘယ်ဘုံမှ ဒုက္ခရောက်စရာ အကြောင်း မရှိတော့ဘူး၊ အားလုံး ဆင်းရဲဒုက္ခက ကွင်းလုံးကျွတ် လွတ်သွားပြီ၊ အဲဒါ ဘယ်သူက ကယ်လိုက်တာလဲဆို မဂ်လေးပါး ဖိုလ်လေးပါးဆိုတဲ့ ဓမ္မက ကယ်တင်တာ။

နိဗ္ဗာန်ရောက်သွားပြီဆိုရင် သင်္ခါရဒုက္ခတွေ အားလုံး ချုပ်ငြိမ်းသွားပြီ၊ နိဗ္ဗာန်ရောက်ရင်တော့ လုံးဝ ဒုက္ခမရှိတော့ဘူး၊ လုံးဝကယ်တင်တယ်၊ ဒါကြောင့်မို့ ဓမ္မံ သရဏံ ဂစ္ဆာမိ ဓမ္မကို ကိုးကွယ်တယ်ဆိုတာ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်၊ ဒါကို ဆိုလိုတာ၊ အဲဒါကမှ တကယ်ကယ်နိုင်တာ ဖြစ်လို့
စာမျက်နှာ-၆၁
မြတ်စွာဘုရားက ဟောတယ်၊ “ယော စ ဝဿသတံ ဇီဝေ။ အပဿံ ဓမ္မမုတ္တမံ၊ အလွန်မြင့်မြတ်တဲ့ ဒီဓမ္မကို မမြင်ဘဲနဲ့ အသက်တစ်ရာရှည်နေတာ တန်ဖိုးမရှိဘူး၊ ဓမ္မကို မြင်လိုက်လို့ရှိရင် တစ်ရက်ပဲ အသက်ရှည်ရှည် တန်ဖိုးရှိတယ်၊ ဒါကြောင့်မို့ ဓမ္မမြင်သူရဲ့ အသက်ရှည်မှုကျတော့ အသက်ရှည်လေ ပိုကောင်းလေပဲ၊ ဒီလိုဆိုတာ။

အဲဒီတော့ ဘာလုပ်မှာတုန်းဆို ဓမ္မမြင်အောင် ကြိုးစားအားထုတ်၊ ဓမ္မကို မျက်မှောက်ပြုနိုင်အောင် ကြိုးစားအားထုတ်၊ ကြိုးစားအားထုတ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့် ဝိပဿနာကျင့်စဉ်ကို ကျင့်နေခြင်းဟာ မဂ် ဖိုလ် နိဗ္ဗာန်ဘက်ကို သွားနေခြင်းပဲ ဖြစ်တယ်။
စာမျက်နှာ-၆၂
ဒီကနေ လှည်းကူးကနေ လမ်းမကြီးအတိုင်း သွား၊ ပဲခူးသွားမယ်ဆိုရင် ဒီလမ်းကြောင်းအတိုင်းသာသွား။ ပြောင်းပြန်မသွားနဲ့၊ ရောက်သွားမှာပဲ။ နေပြည်တော်သွားမယ်ဆိုရင် Highway လမ်းမကြီးအတိုင်းသွား၊ ပြောင်းပြန်တော့ မသွားနဲ့၊ အချိန်တန်ရင် ရောက်မှာပဲ၊ တရားဆိုတာလည်းပဲ ထို့အတူပဲ၊ ကျင့်နေ၊ အချိန်တန်ရင် ရောက်သွားမှာပဲ၊ အချိန်မတန်သေးရင်တော့ မရောက်သေးဘူး၊ မကျင့်ဘဲနဲ့ နေရင်ကတော့ ရောက်မှာ မဟုတ်ဘူး၊ တစ်လှမ်းပြီးတစ်လှမ်း သွားနေတဲ့ပုဂ္ဂိုလ်က နီးတယ်၊ ရပ်နေပုဂ္ဂိုလ်က မနီးဘူး၊ အဲဒီလို ကျင့်ကြံအားထုတ်နေခြင်းအားဖြင့် ဓမ္မဆိုတဲ့ အမြတ်ဆုံးဓမ္မကို မြင်ရမယ့် အနေအထားမျိုး ရောက်တယ်၊ ဒါကြောင့်မို့ ဓမ္မမြင်ဖို့
စာမျက်နှာ-၆၃
ကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေရဲ့ အသက်ရှည်မှုကျတော့ “အသက်ရှည်လေ ပိုကောင်းလေ”လို့ ဆိုလိုတာပါ။ အဲဒီလိုဖြစ်တယ်။

နောက်ဆုံး မြတ်စွာဘုရားက ဘာဟောလိုက်လဲ၊ “ယော စ ဝဿသတံ ဇီဝေ။ အပဿံ အမတံ ပဒံ၊ ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ” - နိဗ္ဗာန်ကိုမြင်တယ်ဆိုတာ နိဗ္ဗာန်ကိုမျက်မှောက်ပြုတာ။ မဂ်ဖိုလ်ရရင် နိဗ္ဗာန်ကို မြင်ပြီ။ သို့သော် ကာမဝဋ် ကိလေသဝဋ်တွေ ပေါင်းစပ်ပြီးတော့ ထုတ်လုပ်နိုင်တဲ့ ခန္ဓာရှိနေသေးတော့ ခန္ဓဒုက္ခတော့
စာမျက်နှာ-၆၄
ခံနေရဦးမှာပဲ၊ ခန္ဓာရှိနေသည့်အတွက်ကြောင့် ခန္ဓဒုက္ခ ခံနေရသေးတယ်၊ နောက်ဆုံးမှာတော့ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုက်ပြီဆိုရင် ဒုက္ခမရှိတော့ဘူး၊ လုံးဝငြိမ်းချမ်းတဲ့အဆင့်မျိုးကို ရောက်သွားပြီ၊ ဒီလိုဆိုလိုတယ်။

အဲဒီတော့ နိဗ္ဗာန်ကို မြင်သွားတဲ့ ပုဂ္ဂိုလ်ရဲ့ အသက်ရှည်မှုကျတော့ တန်ဖိုးရှိတယ်၊ နိဗ္ဗာန်ကို မြင်အောင် ကြိုးစားနေတဲ့ ပုဂ္ဂိုလ်လည်း တန်ဖိုးရှိတယ်၊ အဲဒီလို တန်ဖိုးရှိမှ အသက်ရှည်လေ ပိုကောင်းလေ ဖြစ်မှာ။ နိဗ္ဗာန်ကိုမြင်အောင် ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေအဖို့ အသက်ရှည်လေ ပိုကောင်းလေ။ ဆရာတော်ဘုရားကြီးလည်း အသက်ရှည်နေတာ အသက်ရှည်လေ ပိုကောင်းလေ။
စာမျက်နှာ-၆၅
အသက်ရှည်တာဟာ လူတိုင်းအတွက် ကောင်းသလားလို့ဆိုတဲ့ မေးခွန်းကို ကြည့်၊ လူတိုင်းအတွက် မကောင်းဘူး၊ အကုသိုလ် ဒုစရိုက်သမားဆိုရင် ပိုပြီးတော့ ဘဝမှာ နွံနစ်သွားဖို့ပဲ ရှိတယ်၊ အခုလို ကြိုးစားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ၊ သီလရှိတဲ့ ပုဂ္ဂိုလ်တွေ အသိပညာရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပျက်မြင်တဲ့ ဝိပဿနာဉာဏ်ရှင်တွေ၊ ဓမ္မလို့ဆိုတဲ့ မိမိကိုယ်ကယ်တင်နိုင်တဲ့ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားရအောင် ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ နိဗ္ဗာန်ကိုမြင်အောင် ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အသက်ရှည်မှုကျတော့ အသက်ရှည်လေ ပိုကောင်းလေပဲလို့ ဒီလိုဆိုလိုတယ်။
စာမျက်နှာ-၆၆
အဲဒီတော့ တို့တတွေ အသက်ရှည်နေတာ တန်ဖိုးရှိတဲ့ အသက်ရှည်မှု ဟုတ်ရဲ့လားဆိုတာ ကိုယ့်ဟာကိုယ် ဆန်းစစ်၊ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပြီး တန်ဖိုးရှိတဲ့ အသက်ရှည်မှု ဖြစ်သေးဘူးဆိုရင် ဖြစ်အောင် ကြိုးစား၊ အချိန်မနှောင်းသေးဘူး၊ အချိန်မနှောင်းခင် တန်ဖိုးရှိတဲ့ အသက်ရှည်မှုဖြစ်အောင် ကြိုးစားအားထုတ်ရတယ်။ ။

ဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်လက်ထက်တုန်းက မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သွားကြတဲ့ ပုဂ္ဂိုလ်တွေ၊ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီးသွားတဲ့အခါ သူတို့ ဥဒါန်းကျူးကြတယ်။
စာမျက်နှာ-၆၇
ဘယ်လို ဥဒါန်းကျူးကြလဲဆို “ကိလေသာ ဈာပိတာ မယံ” ငါ့သန္တာန်မှာရှိတဲ့ စိတ်ရဲ့ အညစ်အကြေးတွေ၊ စိတ်ကိုပူစေတတ်တဲ့ လောဘ ဒေါသ မောဟတွေ မာန်မာနတွေဆိုတဲ့ ကိလေသာ အားလုံးကို မီးရှို့ဖျက်ဆီးလိုက်ပြီ၊ ဆိုလိုတာက သူ့သန္တာန်မှာ ကိလေသာတွေ လုံးဝမရှိတော့ဘူး၊ ကိလေသာ အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ။ “ဘဝါ သဗ္ဗေ သမူဟတာ”

လောကမှာ ခန္ဓာကိုယ်ရရှိမှုဆိုတဲ့ ဘဝ၊ ခန္ဓာကိုယ်ရရှိမှုဆိုတဲ့ ဘဝတွေအားလုံးကို ဖယ်ရှားလိုက်ပြီ၊ ဘယ်ဘဝမှ မရှိတော့ဘူး၊ ကောင်းတဲ့ဘဝလည်း မရှိဘူး၊ ဆိုးတဲ့ဘဝလည်း မရှိဘူး၊ ဘယ်ဘဝမှ မရှိဘူး၊ ခန္ဓာတို့ရဲ့ ဖြစ်ပေါ်မှုဆိုတဲ့ ဘဝတွေအားလုံး
စာမျက်နှာ-၆၈
ကို ဖယ်ရှားလိုက်ပြီ၊ ကိလေသာတွေအကုန်လုံး ရှို့မြိုက်ဖျက်ဆီးပြီး ဘဝတွေအားလုံး ကုန်ဆုံးသွားအောင် ဘဝဖြစ်ခြင်းရဲ့ အကြောင်းဖြစ်တဲ့ ကိလေသာတွေ ဖယ်လိုက်သည့်အတွက်ကြောင့် ကံတရားတွေလည်း ကုန်ဆုံးသွားပြီ၊ ကိလေသဝဋ်ကို ဖယ်ရှားလိုက်ခြင်းအားဖြင့် ကမ္မဝဋ်တွေ ကုန်သွားပြီ။

ကုန်သွားတဲ့အချိန်မှာ ဝိပါကဝဋ်ကလေးမျှသာ ကျန်ရစ်ပြီးတော့ ကမ္မဝဋ် ကိလေသဝဋ် ကုန်သွားတာနဲ့ တစ်ပြိုင်နက် ဘာဖြစ်လဲ၊ “နာဂေါဝ ဗန္ဓနံ ဆေတွာ” ထူးခပ်ပြီးတော့ ချည်နှောင်ထားတဲ့ ဆင်ကြီးဟာ နှောင်ကြိုးတွေအားလုံးကို ဖြတ်တောက်ပြီးတော့ သူသွားချင်တဲ့နေရာကို လွတ်လွတ်ကြီးသွားရသလိုပဲ၊ ကိလေသာဆိုတဲ့ နှောင်ကြိုးတွေ
စာမျက်နှာ-၆၉
မရှိတဲ့ဘဝဟာ လွတ်လွတ်လပ်လပ်ကြီး အင်မတန်မှ သွားလာလှုပ်ရှားနိုင်တယ်။ ကိုယ့်အတွက်မှာ နှောင်ကြိုးကြီး မဟုတ်တော့ဘဲနဲ့ လွတ်လွတ်လပ်လပ် ဖြစ်ပြီးတော့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်တယ်။

ရဟန္တာဘဝ ရောက်သွားတဲ့အခါတိုင်းမှာ ဒီစကားကို ပြောပြီး ဥဒါန်းကျူးလေ့ရှိကြတယ်။

“ကိလေသာ ဈာပိတာ မယံ၊ ဘဝါ သဗ္ဗေ သမူဟတာ၊ ဝိက္ခိဏာ ဇာတိ သံသာရော၊ နတ္ထိ ဒါနိ ပုနဗ္ဗဝေါ”၊

ငါ့မှာ ကိလေသာတွေ မီးရှို့ဖျက်ဆီးပြီးပြီ၊ ကိလေသာ ကုန်သွားတာနဲ့ တစ်ပြိုင်နက် “ဘဝါ သဗ္ဗေ သမူဟတာ” ဘဝတွေအားလုံး ဖယ်ရှားပစ်လိုက်ပြီ
စာမျက်နှာ-၇၀
အဲဒီတော့ ဆင်ပြောင်ကြီးဟာ နှောင်ဖွဲ့မှုတွေအားလုံးကို ဖျက်ဆီးပြီးတော့ လွတ်လပ်သွားသလို ငါလည်းပဲ ဘဝဆိုတဲ့ အနှောင်အဖွဲ့တွေ ဖျက်ဆီးပြီး ကိလေသာ အာသဝ ကင်းစင်ကာ လွတ်လွတ်ကြီး နေရပြီလို့ စိတ်ထဲမှာ ဝမ်းသာကြည်နူးစွာ ဥဒါန်းကျူးတယ်။

ဒါကြောင့်မို့ အသက်ရှည်လေ ပိုကောင်းလေဆိုတာ ဖြစ်ကြရအောင် ဘုန်းကြီးတို့တတွေ အသက်ရှည်နေသမျှ ကာလပတ်လုံးမှာ တန်ဖိုးရှိတဲ့အရာတွေကို ရအောင် ကြိုးစားအားထုတ်ရကြရမှာ ဖြစ်တယ်၊ တန်ဖိုးရှိတဲ့အရာတွေ ရမှသာလျှင် အသက်ရှည်လေ ပိုကောင်းလေဆိုတဲ့ အကျိုးမျိုးကို ရကြမှာဖြစ်တယ်။

တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ လူတိုင်းအဖို့ အသက်ရှည်တိုင်း တန်ဖိုးရှိတာ
စာမျက်နှာ-၇၁
မဟုတ်ဘူး၊ အသက်ရှည်လို့ တန်ဖိုးတက်တယ်ဆိုတာ ကောင်းမြတ်တဲ့ အရည်အသွေးတွေနဲ့ ရှိမှသာလျှင် အသက်ရှည်မှုဟာ တန်ဖိုးရှိတာဖြစ်တယ်၊ ဒါကြောင့်မို့ ကောင်းမြတ်တဲ့ အရည်အသွေးတွေ မိမိတို့သန္တာန်မှာ ရရှိအောင် သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့် ဓမ္မလို့ခေါ်တဲ့ မိမိကို ကယ်တင်မယ့် မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်တရားမြတ်ကို မျက်မှောက်ပြုနိုင်အောင် ကိုယ်စီကိုယ်ငှ ကျင့်ကြံအားထုတ်တော်မူကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု။ 4v1kcjapwjqvdijceaslvx08w3a4up7 အာနာပါနဿတိသုတ် အနှစ်ချုပ် 0 6410 22214 2026-06-20T00:07:41Z Tejinda 173 "{{header | title = အာနာပါနဿတိသုတ် အနှစ်ချုပ် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = အသက်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22214 wikitext text/x-wiki {{header | title = အာနာပါနဿတိသုတ် အနှစ်ချုပ် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[အသက်ရှည်လေ ပိုကောင်းလေ]] | previous2 = | next = [[ဥပါဒါနပစ္စယာ ဘဝေါ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

အာနာပါနဿတိသုတ် အနှစ်ချုပ်

အပိုင်း(၁)
သာသနာတော်နှစ် ၂၅၅၅-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၃-ခုနှစ်၊ တပို့တွဲလဆန်း ၁-ရက် (၂၄. ၁. ၂၀၁၁)၊ ရန်ကုန်တိုင်းဒေသကြီး၊ မုန့်သတ်ထောင်းကုန်း တောင်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်း၊ သမိဒ္ဓေါဒယ သုခိတာရာမ ဒေါ်ဉာဏစာရီ မြန်အောင်သီလရှင်စာသင်တိုက် ဓမ္မသဘင်အခမ်းအနား၌၊ ဗိုလ်တထောင်မြို့နယ် မင်္ဂလာဈေး ငါးပါးဘိုးဘွားမိဘဆွေမျိုးများ နှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု (ကိုကျော်သင်းဆေးဆိုင်)၊ အမှတ် (၄၈) ဒေယျသုခလမ်းနေ ဦးတင်မောင်၊ တေးရေးညီမ မစန်းလှတို့အား ရည်စူး၍ ဒေါ်သန်းသန်းဆင့်မိသားစု၊ အမှတ် (၈) ဇေယျသုခလမ်းနေ ကွယ်လွန်သူ ဦးရဲညွန့်အား ရည်စူး၍ ဇနီး ဒေါ်နီနှင့် သားသမီးမြေးများ၊ တော်ဝင်ဘိနပ်ဆိုင် ဗိုလ်ချုပ်ဈေးမိသားစု၊ အမှတ်(၂၅) မင်္ဂလာလမ်းနေ ကွယ်လွန်သူ မိခင်ကြီး ဒေါ်လှက်နှင့် ခင်ပွန်းဖြစ်သူ ဦးမောင်မောင်တို့အား ရည်စူး၍ ဒေါ်စောစောမိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ အာနာပါနဿတိဘာဝနာ သုတ္တန်တွေ အတော်များများရှိတဲ့အထဲ ဒီသုတ္တန်မှာ အာနာပါနဿတိ ပွားများအားထုတ်ပုံကို အတော်လေး ပြည့်ပြည့်စုံစုံ ဟောထားတယ်။ မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော်မှာ ပါရှိတယ်။ အဲဒီအာနာပါနဿတိသုတ္တန်ကို အခြေခံပြီး ဘုန်းကြီးတို့ ဟောမှာ။ သံယုတ္တနိကာယ်မှာလည်းပဲ အာနာပါနဿတိသံယုတ်ဆိုပြီးတော့—
စာမျက်နှာ-၂
အာနာပါနဿတိဘာဝနာနဲ့ပတ်သက်တဲ့သုတ္တန်တွေ တော်တော်များများရှိတယ်။ အဲဒီထဲမယ် ဒီသုတ္တန်က ထူးခြားပြီး ပြည့်ပြည့်စုံစုံနဲ့ အာနာပါနဿတိ အားထုတ်ပုံအားထုတ်နည်းကို ရှင်းလင်းဟောကြားထားတယ်။ အဓိပ္ပါယ်အားဖြင့်တော့ အခြားသုတ္တန်တွေလည်း ဒီအာနာပါနဿတိသုတ္တန်ထဲမှာ အကျုံးဝင်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီတစ်သုတ်ကို ကျကျနန မှတ်သားထားလို့ရှိရင် အာနာပါနဿတိဘာဝနာနဲ့ပတ်သက်တဲ့ ကျင့်စဉ်တွေကို အတော်လေး ပြည့်ပြည့်စုံစုံ သိရမှာဖြစ်တယ်။

ဒီအာနာပါနဿတိသုတ္တန်မှာ မြတ်စွာဘုရားက အာနာပါနဿတိဘာဝနာကို မဟောကြားမီ ရှေ့ပိုင်းမှာ ဖော်ပြထားတဲ့ အချက်တွေက အင်မတန်မှ စိတ်ဝင်စားစရာကောင်းတယ်။

အာနာပါနဿတိဘာဝနာဆိုတာက ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်မှာ အင်မတန်မှ ထင်ရှားတယ်။ သမထနဲ့လည်း သက်ဆိုင်၊ ဝိပဿနာနဲ့လည်း သက်ဆိုင်တဲ့ ကမ္မဋ္ဌာန်းနည်းတစ်ခု။ တကယ့်ကို ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေမှ ပေါက်ရောက်အောင်မြင်အောင် လုပ်နိုင်တဲ့ ကမ္မဋ္ဌာန်းနည်းစနစ်တစ်ခုပဲ။ ပြောရမယ်ဆိုရင် ဘုရားအလောင်းတော်ဟာ ဒီအာနာပါနဿတိကမ္မဋ္ဌာန်းကို အားထုတ်ပြီး ဘုရားအဖြစ်သို့ ရောက်သွားတာ။ ကမ္မဋ္ဌာန်း (၄၀) ထဲက ဘာကမ္မဋ္ဌာန်းပွားပြီးတော့ ဘုရားဖြစ်သလဲဆိုရင် ဒီအာနာပါနဿတိကမ္မဋ္ဌာန်းကို ပွားတယ်လို့ပဲ ဒီလိုပြောရမှာပဲ။

ဒီကမ္မဋ္ဌာန်းဟာ လူကြိုက်များပြီး ခေတ်စားနေပေမယ့်လို့ သာမန်ပုဂ္ဂိုလ်တွေ အောင်မြင်နိုင်တဲ့အနေအထားတော့ မရှိဘူးလို့ ဆိုရမှာပေါ့။ ကြိုးစားအားထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက် များစွာ—
စာမျက်နှာ-၃
အကျိုးရှိတာတော့ သေချာတယ်။ အတော်ကြိုးစားရမယ့် ကျင့်စဉ်တစ်ခုပဲပေါ့။

သို့သော် ကမ္မဋ္ဌာန်းအာရုံကို ရှည်ရှည်ဝေးဝေး လိုက်လံရှာဖွေစရာမလိုဘဲ ထွက်လေဝင်လေကို အခြေပြုတဲ့ သတိတွေ သမာဓိတွေ ကောင်းလာတဲ့အခါမှာ အဆင့်ဆင့် ဝိပဿနာပညာရပ်တွေ တိုးတက်ပွားများလာပြီး နောက်ဆုံး မဂ် ဖိုလ် နိဗ္ဗာန်ကိုတွေ့ရှိသွားနိုင်တဲ့ ကမ္မဋ္ဌာန်းနည်းစနစ်တစ်ခုပဲ။

ဒီကနေ့ခေတ်မှာ အာနာပါနကို လူကြိုက်များနေတာ ဘာဖြစ်လို့တုန်း (တခြားအကြောင်းတွေလည်း ရှိကောင်းရှိမှာပေါ့) လူကြိုက်များခြင်းအကြောင်းကတော့ အာနာပါနဟာ ကျန်းမာရေးအတွက်လည်း အကျိုးပြုတယ်။ အသက်ကို မှန်မှန်ရှူသွင်း ရှူထုတ်ခြင်းဖြင့်လည်း ကျန်းမာရေးအတွက် အထောက်အကူပြုတယ်။

နောက်တစ်ခုကလည်း မြတ်စွာဘုရားဟောကြားထားတဲ့ ကျင့်စဉ်တွေကိုလည်း ဒီအာနာပါနဿတိက ခြုံမိငုံမိတယ်။ အာနာပါနဿတိဘာဝနာကို ပွားများအားထုတ်ခြင်းဖြင့် သတိပဋ္ဌာန် ၄-ပါးကိုလည်း ပွားများအားထုတ်ပြီးသား ဖြစ်တယ်။ သမ္မပ္ပဓာန်တရား ၄-ပါး၊ ဣဒ္ဓိပ္ပါဒ် ၄-ပါး၊ ဣန္ဒြေ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင်ဆိုတာတွေလည်း ပွားများအားထုတ်ပြီးသား ဖြစ်သွားတယ်။ သတိပဋ္ဌာန် ပွားလိုက်တာနဲ့ ဗောဇ္ဈင် ၇-ပါးလည်း ပွားပြီးသား ဖြစ်သွားတယ်။ ဗောဇ္ဈင် ၇-ပါး ပွားလိုက်တာနဲ့ မဂ်နဲ့ဖိုလ်လို့ဆိုတဲ့ ဝိဇ္ဇာနဲ့ ဝိမုတ္တိဆိုတဲ့ တရားထူးတရားမြတ်နှစ်ခုကိုလည်း ဆိုက်ရောက်ပြီးတော့ မျက်မှောက်ပြုနိုင်တယ်လို့ ဆိုတယ်။
စာမျက်နှာ-၄
အာနာပါနဿတိကမ္မဋ္ဌာန်းရဲ့ အကျိုးကျေးဇူးတွေကို မြတ်စွာဘုရားဟောထားတာ ရှိတယ်။ တခြားကမ္မဋ္ဌာန်းတွေမှာလည်းပဲ ဆိုင်ရာဆိုင်ရာ အကျိုးကျေးဇူးတွေ မရှိမဟုတ်ဘူး၊ ရှိတယ်။ အားလုံးမှာ အကျိုးကျေးဇူးတွေ ရှိကြတာပဲ။ သို့သော် ဒီကမ္မဋ္ဌာန်းဟာ လူတွေဟာ ၂၄-နာရီ အသက်ရှူသွင်းရှူထုတ် လုပ်နေကြတာဖြစ်တော့ ကိုယ်နဲ့နီးလျက်သားနဲ့ သတိမထားမိတဲ့အာရုံလည်း ဖြစ်တယ်ပေါ့။ လူတိုင်းလူတိုင်းဟာ ၂၄-နာရီ အသက်ရှူရပ်သွားတယ်လို့ မရှိဘူး။ ရပ်သွားတာမရှိသော်လည်း ၂၄-နာရီ အသက်ရှူသွင်းနေတယ် ရှူထုတ်နေတယ်ဆိုတာကို သတိထားမိတာ အင်မတန်မှ နည်းပါတယ်။

ကာယနဲ့ဆက်စပ်ပြီးတော့ အသက်ရှူသွင်းခြင်း ရှူထုတ်ခြင်းလို့ဆိုတဲ့ ဒီထွက်လေဝင်လေ၊ မိမိတို့ရဲ့ နှာသီးဖျား အသက်ရှင်မှုအတွက် လေအပြောင်းအလွဲ လုပ်ပေးနေတဲ့အပေါ်မှာ အကျိုးအမြတ်တစ်ခုရအောင် လုပ်သင့်တယ်။ အကျိုးအမြတ်ဆိုတာ သတိတွေ သမာဓိတွေ ဝီရိယတွေ ပညာတွေ တိုးတက်လာအောင် ကျင့်ဆောင်ရမယ်။ ဒီကမ္မဋ္ဌာန်းမှာ ရှင်းရှင်းလင်းလင်း ဟောကြားထားတယ်ဆိုတော့ အလွန်လည်း စိတ်ဝင်စားစရာကောင်းတယ်။

သို့သော် အာနာပါနဿတိဆိုတာ အင်မတန်မှ သတိကောင်းဖို့တော့ လိုအပ်တယ်။ ဒီကမ္မဋ္ဌာန်းမှာ အာနာပါနကမ္မဋ္ဌာန်းလို့ တင်မပြောဘဲနဲ့ ဘာကြောင့် အာနာပါနဿတိလို့ ပြောရသလဲ။ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိတို့မှာ တကယ့်ကို လေးနက်တဲ့ပရမတ္ထတရားတွေဖြစ်လို့ အဲဒီမှာ သတိထည့်ထားတာ။ အာနာပါနကျတော့ ပရမတ်တရားမဟုတ်ဘူး၊ ပညတ်ဖြစ်—
စာမျက်နှာ-၅
တယ် (သမထကျင့်စဉ် ကျင့်မယ်ဆိုရင် အာနာပါနကို ပညတ်လို့လည်း ခေါ်တယ်နော်၊ ဝိပဿနာကျင့်စဉ်နဲ့ သွားမယ်ဆိုရင် ဝါယောဓာတ်ကို အာရုံပြုရင် ပရမတ်ဖြစ်မှာပေါ့)။ အာနာပါနဆိုတဲ့ ပညတ်ပေါ်မှာ ဒီသတိလေးဟာ အခြေစိုက်ဖို့၊ အဲဒီလိုအခြေစိုက်ပြီးတော့ အားထုတ်တဲ့နေရာမှာ ထွက်လေဝင်လေဟာ သမာဓိကောင်းလာလေလေ ညင်သာသွားလေလေ၊ သမာဓိကောင်းလာလေလေ ညင်သာသွားလေလေ၊ တခြားကမ္မဋ္ဌာန်းတွေနဲ့ မတူတာက အဲဒီအချက်ပဲ။ တခြားကမ္မဋ္ဌာန်းတွေက ကြာကြာရှုလေလေ ပိုပြီးတော့ ထင်မြင်လာလေလေ၊ ထင်သာလာလေလေဖြစ်တယ်။ ဒီအာနာပါနကျတော့ ကြာကြာရှုလေလေ ညင်သာသွားလေလေ သိမ်မွေ့သွားလေလေ၊ ဒီလိုဖြစ်တယ်။

အဲဒီလိုဖြစ်တဲ့အခါ အင်မတန်မှ ကြီးမားတဲ့သတိရှိဖို့ လိုတယ်။ နို့မို့လို့ရှိရင် အာရုံဟာ ပျောက်သွားနိုင်တယ်။ ကိုယ့်ကိုယ်ကို အသက်ရှူနေမှန်း မသိလောက်အောင် ဒီကမ္မဋ္ဌာန်းအာရုံဟာ ကိုယ့်ရဲ့ အသိဉာဏ် စိတ်ရဲ့ အာရုံမြင်ကွင်းက ပျောက်သွားနိုင်တယ်။ ဒီလိုပျောက်သွားတာတွေလည်း အများကြီးရှိတယ်။ ဒါကြောင့်မို့လို့ အာနာပါနဿတိကမ္မဋ္ဌာန်းဟာ တခြားကမ္မဋ္ဌာန်းတွေနဲ့ မတူဘူး၊ ပိုပိုထင်ရှားလာတာ မဟုတ်ဘဲနဲ့ ပိုပိုပြီးတော့ သိမ်မွေ့သွားတယ်။ အဲဒီလို သိမ်မွေ့သွားရင် သတိတွေ သမာဓိတွေ ပညာတွေကလည်း အာရုံက သိမ်မွေ့သွားတဲ့နောက်မှာ လိုက်ပြီးတော့ ဆုပ်မိကိုင်မိရှိနေဖို့ လိုအပ်တယ်။

ဒါကြောင့်မို့လို့ သာမန်သတိနဲ့ ဒီအာနာပါနကို အားထုတ်လို့မရဘူးလို့ ပြောတာ။ သာမန်ကြိုးစားအားထုတ်မှုဝီရိယနဲ့လည်း—
စာမျက်နှာ-၆
ဒီကမ္မဋ္ဌာန်းကို အားထုတ်လို့မရဘူး။ သာမန်သမာဓိနဲ့ မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ထူးခြားတဲ့သတိ၊ ထူးခြားတဲ့လုံ့လဝီရိယ၊ ထူးခြားတဲ့သမာဓိစွမ်းအားတွေနဲ့သာလျှင် ဟောဒီအာနာပါနဿတိကမ္မဋ္ဌာန်းရဲ့ အာရုံကို ပိုင်ပိုင်နိုင်နိုင် သိနိုင်တယ်လို့ ဒီလိုဆိုတယ်နော်။

ဝမ်းသာအားရစကား - ဒါကြောင့်မို့လို့ ဒီကနေ့ ပထမပိုင်းအနေနဲ့ ဒီအာနာပါနဿတိသုတ်ဖွဲ့စည်းထားပုံအခြေခံလေးတစ်ခုကို ပြောပြရမယ်ဆိုရင်၊ ရှေ့ပိုင်းမှာ ဝိသုတ္တန်ကိုမဟောခင် တပည့်ပရိသတ်တွေကို ကြည့်ပြီးတော့ မြတ်စွာဘုရားက အားရတယ်။ အင်မတန်မှ ကြည်နူးတဲ့စကားတွေကို ပြောတယ်။ ရဟန်းတွေဟာ မြတ်စွာဘုရားရှေ့မှာ တရားထူးတရားမြတ်တွေရပြီးတော့ အလွန်ကို ငြိမ်သက်သိမ်မွေ့စွာ ထိုင်နေကြတယ်။ ငြိမ်သက်တဲ့ဣန္ဒြေရှင်တွေဖြစ်ပြီးတော့ တကယ့်ကို ကြည်ညိုစရာအသွင်သဏ္ဌာန်မျိုး ရှိနေကြတယ်။ အဲဒီအခါ မြတ်စွာဘုရားကိုယ်တိုင်ကိုက ကြည်ညိုစိတ်ပေါက်လာပြီး အားရမှုဖြစ်လာတယ်။ ပရိသတ်ထဲမှာပါဝင်တဲ့ပုဂ္ဂိုလ်တွေရဲ့ အရည်အသွေးတွေကို မြတ်စွာဘုရားကိုယ်တိုင် ထုတ်ဖော်ပြောတယ်။

ရှေ့ပိုင်းမှာ အဲဒီလိုထုတ်ဖော်ပြောသော်လည်း ဒီပုဂ္ဂိုလ်တွေ ကျင့်နေတဲ့ကမ္မဋ္ဌာန်းဟာ အာနာပါနကမ္မဋ္ဌာန်းတစ်ခုတည်းမဟုတ်ဘူး၊ တခြားကမ္မဋ္ဌာန်း ၁၂-မျိုး ကျင့်ပြီးတော့ အခုလို အခြေအနေကောင်းတွေကို ရရှိနေတယ်ဆိုတာကို ထုတ်ဖော်ပြတယ်။ ပြီးတဲ့နောက်မှာ အာနာပါနဿတိကမ္မဋ္ဌာန်းကို “သောဠသက္ခတ္ထုက” (၄-ခု ၄-ခုစီ ၁၆-ခု၊ ပွိုင့် ၁၆-ခု) နဲ့ ရှင်းပြတယ်။ အာနာပါနဿတိ—
စာမျက်နှာ-၇
အားထုတ်ပုံအားထုတ်နည်းကို ပြည့်ပြည့်စုံစုံ ဟောတယ်။ မဟာသတိပဋ္ဌာနသုတ်မှာတောင်မှ ဒီလိုပြည့်ပြည့်စုံစုံ ဟောတာမဟုတ်ဘူး။ မဟာသတိပဋ္ဌာန်သုတ်မှာ ပထမစတုက္ကလောက်ပဲ မြတ်စွာဘုရားက ဟောထားတယ်။ ပထမ ၄-ခု၊ အဓိက ၄-ခုကိုပဲ ဟောတယ်။ ဒီကမ္မဋ္ဌာန်းက ၄-ခု တစ်စုံ၊ ၄-ခု တစ်စုံ၊ ၄-မျိုးရှိတယ်။ စတုက္က ၄-မျိုး။

စတုက္က ၄-မျိုးဆိုတော့ အာနာပါနနဲ့ပတ်သက်တဲ့ ကျင့်စဉ်က ၁၆-ခုရှိတယ်လို့ ဒီလိုဆိုတာပေါ့။ ပထမစတုက္က ၄-မျိုး ကျင့်ပုံကျင့်နည်း၊ ဒုတိယစတုက္က ၄-မျိုး ကျင့်ပုံကျင့်နည်း၊ တတိယစတုက္က ၄-မျိုး ကျင့်ပုံကျင့်နည်း၊ စတုတ္ထစတုက္က ၄-မျိုး ကျင့်ပုံကျင့်နည်း ဆိုပြီးတော့ ၁၆-မျိုးအထိအောင် ခွဲခြားပြီးတော့ အာနာပါနကျင့်စဉ်ကို ပြည့်ပြည့်စုံစုံ ဒီသုတ္တန်မှာ ဟောထားတယ်။

အာနာပါနဿတိဘာဝနာကို ပွားလို့ရှိရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရသလဲဆိုတာကို ဟောပြီး အာနာပါနဿတိဘာဝနာကို ပွားခြင်းဖြင့် သတိပဋ္ဌာန် ၄-ပါးလည်း ပွားပြီးဖြစ်တယ်ဆိုတဲ့ ရှုထောင့်၊ သတိပဋ္ဌာန် ၄-ပါး ပွားလို့ရှိရင် ဗောဇ္ဈင် ၇-ပါးလည်း ပွားပြီးဖြစ်တယ်ဆိုတဲ့သဘော၊ ဗောဇ္ဈင် ၇-ပါး ပွားလို့ရှိရင် ဝိဇ္ဇာ ဝိမုတ္တိဆိုတဲ့ မဂ်နဲ့ဖိုလ်ကလည်းပဲ အောင်မြင်ပေါက်ရောက်ပြီးဖြစ်တယ်ဆိုတဲ့ ဒီအချက်တွေကို ဒီသုတ္တန်မှာ ဟောပြောထားတာဖြစ်တယ်။

အဲဒီတော့ ရှေ့ပိုင်းမှာ ဘုရားကိုယ်တော်တိုင် ရဟန်းတော်တွေအပေါ်မှာ အလွန်ကြည်ညိုစိတ် ကြည်နူးစိတ်တွေဖြစ်ရပုံကို ဟောကြားထားတာဖြစ်တယ်။ ဒီတော့ ဒီကနေ့ ရှေ့ပိုင်းမှာ အာနာပါနအကြောင်းတွေ မဟောသေးဘဲနဲ့ ဒီသုတ္တန်တွေရဲ့ ရှေ့ပိုင်း—
စာမျက်နှာ-၈
အနေအထားတစ်ခုကို ဟောပြမယ်။ နောက်ရက် နောက်ရက်တွေကျရင်တော့ အာနာပါနကျင့်စဉ်ကို မြတ်စွာဘုရားဟောကြားထားတဲ့ ဒီသုတ်ကို အခြေခံပြီးတော့ အခြားမှတ်သင့်မှတ်ထိုက်တာလေးတွေကို ဝိသုဒ္ဓိမဂ်မှာလာတဲ့ ဖွင့်ဆိုချက်တွေ၊ အာနာပါနဿတိသံယုတ်က ဒီသုတ်မှာမပါတဲ့အချက်တွေကို အနည်းငယ်ဖြည့်စွက်ပြီး ဒီအာနာပါနဿတိသုတ္တန်ကို အနှစ်ချုပ်အနေနဲ့ ဟောမှာဖြစ်ပါတယ်။

အနှစ်ချုပ်လို့ဆိုလိုက်သဖြင့် Essence ထုတ်ပြီးတော့ ဟောတာပေါ့။ အနှစ်ချုပ်တယ်လို့ဆိုတော့ စကားလုံးတွေအကုန် ပြည့်ပြည့်စုံစုံ ဒီထဲမှာ ပါချင်မှပါမှာပေါ့။ သို့သော် လိုရင်းအဓိကအချက်တွေ ပါသွားအောင် ကြိုးစားပြီးဟောမှာဖြစ်ပါတယ်။ အဲဒီတော့ “အာနာပါနဿတိသုတ်အနှစ်ချုပ်” ဆိုတဲ့နေရာမှာ အနှစ်ချုပ်လို့ဟောရင် အာနာပါနဿတိသုတ်မှာ သိသင့်သိထိုက်တဲ့ အနှစ်သာရပိုင်းဆိုင်ရာတွေကို ချုပ်ပြီးတော့ ဟောတာ။

နောက်တစ်မျိုးအနေနဲ့ ပြောမယ်ဆိုရင် ဒီသုတ္တန်ကို လေ့လာသုံးသပ်ပြီး “အာနာပါနဿတိသုတ်ကို လေ့လာသုံးသပ်ခြင်း” ဆိုတဲ့ခေါင်းစီးနဲ့ ဟောတာကျတော့ အာနာပါနဿတိသုတ်ကို ကိုယ့်ရဲ့ရှုထောင့်အမြင်နဲ့ လေ့လာသုံးသပ်ပြတာမျိုး ဖြစ်တယ်။ ဒီနေ့ ဒီမှာဟောမယ့် “အာနာပါနဿတိသုတ်အနှစ်ချုပ်” ဆိုတာ လေ့လာသုံးသပ်ပြတာမျိုးကို အဓိကမထားဘူး၊ အနှစ်သာရပိုင်းကို အဓိကထားပြီး ဟောမှာလို့—ဒီလိုဆိုလိုတယ်ပေါ့နော်။
စာမျက်နှာ-၉

မိတ်ဆက်နိဒါန်း
ဒီတော့ သုတ္တန်တစ်ခုမှာ ဖြစ်ပေါ်လာပုံ နိဒါန်းဆိုတာ ရှိရတယ်။ ဘယ်သုတ္တန်ပဲဖြစ်ဖြစ် ဒီသုတ္တန်ဟာ ဘာကြောင့်ဖြစ်ပေါ်လာသလဲဆိုတဲ့ အခြေခံနိဒါန်းလေးတွေရှိတယ်။ နိဒါန်းဆိုတာ Introduction လို့လည်း ပြောလို့ရတယ်။ ဘာကြောင့်ဖြစ်ပေါ်လာတယ်၊ ဘယ်လိုဖြစ်လာတယ်ဆိုတာ ဒီသုတ္တန်နဲ့ တရားနာပရိသတ်ကို မိတ်ဆက်ပေးတာမျိုးကို Introduction လို့ ခေါ်တာပေါ့နော်။

ဒီသုတ္တန်ကို ပထမ အရှင်အာနန္ဒာ မိတ်ဆက်ပေးထားတဲ့အတိုင်း ဒီသုတ္တန် ဘယ်လိုဖြစ်ပေါ်လာတာလဲ၊ ဘယ်နေ့ဘယ်ရက်မှာ ပေါ်လာတာလဲဆိုတာ မှတ်ရမယ်။ ထူးခြားတာက ဒီသုတ္တန်ကို ဟောတဲ့လနဲ့ရက်ကို ကောင်းကောင်းသိရတာဖြစ်တယ်။ ဘယ်ခုနှစ်မှာဟောတယ်ဆိုတာ အတိအကျမှတ်သားထားတာ မရှိဘူး၊ သို့သော် ဘယ်လ ဘယ်ရက်မှာ ဟောတယ်ဆိုတာ အတိအကျပြောလို့ရတယ်။

ပိဋက ၃-ပုံမှာ Date တို့ ဘာတို့ဆိုတာ အရေးမပါဘူး။ သမိုင်းလေ့လာတဲ့ပုဂ္ဂိုလ်အတွက်တော့ Date က အရေးပါတာပေါ့။ တရားကိုလေ့လာတဲ့ပုဂ္ဂိုလ်တွေကျတော့ ဒါတွေသာ မှတ်နေလို့ရှိရင် မဆုံးနိုင်တော့ဘူး။ ဒါတွေမှတ်ခြင်းကြောင့်လည်း လောဘ ဒေါသ မောဟက ကင်းမှာမဟုတ်ဘူး။ မဟုတ်သည့်အတွက်ကြောင့် အဲဒီလို Story တို့၊ Data တို့၊ နောက်ခံ Background တို့ဆိုတာတွေကို များများစားစား အချိန်ကုန်ခံပြီးတော့ မပြောဘူး၊ သုတ္တန်တိုင်းမှာနော်။
စာမျက်နှာ-၁၀
တစ်ခါတရံကျတော့ ပြည့်ပြည့်ဝဝ မသိရတာ အားမလိုအားမရတော့ ဖြစ်တယ်။ အဲဒါမသိရတာက အတ္ထုပ္ပတ္တိနဲ့ သမိုင်းကြောင်း မသိရတာပဲရှိတယ်။ တရားအနှစ်သာရပိုင်းမှာ လွတ်မသွားဘူး။ အကယ်၍သာ အဲဒီဘက်ကို ဦးစားပေးပြီး မှတ်တမ်းတင်မယ်ဆိုရင် အနှစ်သာရပိုင်းတွေ လျော့သွားနိုင်တယ်။ ကြည့်မယ်ဆိုရင် အနှစ်သာရက ပိုပြီးတော့ တန်ဖိုးရှိတယ်။ ဒါကြောင့်မို့ ရှေ့ပိုင်းမှာ ဒီ Introduce လုပ်တယ်ဆိုတာတွေလည်း သာမန်လောက်ပဲ လုပ်တာ။

ဆိုပါစို့—သုတ္တန်တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးတော့ ဘုန်းကြီးတို့တွေးပြီးတော့ ယူရတာတွေ အများကြီးရှိတယ်။ သစ္စကပရဗိုဇ်ကြီးနဲ့ မြတ်စွာဘုရား ဘယ်အခါတွေ့သလဲဆိုတာ ဗုဒ္ဓဝင်မှာ ဖတ်ကြည့်ရုံနဲ့ မသိဘူး။ သစ္စကအကြောင်း ဇိနတ္ထပကာသနီတို့ထဲလည်း ပါမှာပဲ၊ ဗုဒ္ဓဝင်တွေထဲလည်း ပါတာပဲ။ သက်တော်ဟာနော် ၃၅-နှစ်မှာ ဘုရားဖြစ်ပြီးတော့ သက်တော် ၈၀-မှာ ပရိနိဗ္ဗာန်စံတယ်။ ၄၅-နှစ် ဘုရားဘဝနဲ့ တရားဓမ္မကိုဟောတယ်။ အဲဒီတော့ ဘုရားနဲ့ သစ္စကပရဗိုဇ် ဘယ်အရွယ်မှာတွေ့တာတုန်းလို့ သိချင်လို့ရှိရင် သုတ္တန်တွေကို လေ့လာကြည့်ရမယ်။ ခန့်မှန်းလို့ရတာလေးတစ်ခု ရှိတယ်။

ဆိုပါစို့—မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် သစ္စကပရဗိုဇ်ကြီးနဲ့တွေ့တဲ့အခါ သစ္စကက မြတ်စွာဘုရားကို လာပြီး ဝါဒပြိုင်တဲ့အခါ မြတ်စွာဘုရားသက်တော် ဘယ်လောက်ရှိပြီလဲ၊ နောက်—
စာမျက်နှာ-၁၁
ဒေဝဒတ်က မြတ်စွာဘုရားကို ဆန့်ကျင်ပြီးတော့ ဘုရားလုပ်ဖို့ ကြိုးစားတာ၊ သံဃာကို သင်းခွဲတာ၊ မြတ်စွာဘုရားသက်တော် ဘယ်အရွယ်မှာလဲ၊ အရှင်အာနန္ဒာက မြတ်စွာဘုရားရဲ့ အလုပ်အကျွေးအဖြစ် တာဝန်ယူတာ ဘယ်အရွယ်က တာဝန်ယူတာလဲ၊ ဒါမျိုးလေးတွေက စာပေထဲလေ့လာကြည့်လိုက်လို့ရှိရင် တွေ့နိုင်တယ်၊ သေသေချာချာ တွေ့လို့ရတယ်။

ဆိုပါစို့—သစ္စကပရဗိုဇ်ကြီးနဲ့ မြတ်စွာဘုရား ဘယ်အချိန်တွေ့တယ်ဆိုတာ သာမန်ဖတ်ကြည့်လို့ကတော့ မသိနိုင်ဘူး။ စူဠသစ္စကသုတ္တန်ကို ကြည့်ရင် သဲလွန်စတွေ့ရတယ်။ မြတ်စွာဘုရားက သစ္စကပရဗိုဇ်ကြီးကို ပြန်ပြီးတော့ မေးခွန်းထုတ်တဲ့အထဲမယ် သစ္စကပရဗိုဇ်က ပြောတယ် “ရုပ် အတ္တာ”၊ “ရုပ်ကို အတ္တ”လို့ ဆိုတော့ မြတ်စွာဘုရား သူ့ကို ပြန်မေးတဲ့မေးခွန်းထဲမှာ ဘာပါလာတုန်းဆိုတော့ “မင်း—ရုပ် ဝေဒနာ သညာ သင်္ခါရကို အတ္တလို့ ပြောချင်တာလား” ဆိုတော့ “ဟုတ်ပါတယ်” “သူလည်း ပြောတယ်၊ ဒီပရိသတ်ကြီးလည်း ပြောတယ်”။ အဲဒီအချိန်မှာ မြတ်စွာဘုရားက ဘာပြန်မေးတုန်းဆိုလို့ရှိရင် “အေး ကောသလတိုင်းကို အစိုးရတဲ့ ကောသလမင်းကြီး သူ့နိုင်ငံမှာ ရာဇဝတ်မှုကျူးလွန်တဲ့ပုဂ္ဂိုလ်တွေကို သူ အပြစ်ပေးနိုင်ခွင့်ရှိသလို မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ မင်း အုပ်ချုပ်နိုင်သလား”လို့ မေးတဲ့မေးခွန်းအပေါ်မှာ မြတ်စွာဘုရားက ဘာမေးလိုက်တုန်းဆိုတော့ မြတ်စွာဘုရားက “မာဂဓတိုင်းကို အုပ်ချုပ်နေတဲ့ အဇာတသတ်မင်း”လို့ ပြောတာ၊ ဗိမ္ဗိသာရမင်းလို့ မပြောဘူး။ ဒီအချက်ဟာ သဲလွန်စပဲ။

အဲဒီသဲလွန်စလေးကို ကြည့်လိုက်လို့ရှိရင် အဇာတသတ်မင်းလက်ထက်မှာ မြတ်စွာဘုရား သစ္စကနဲ့တွေ့တယ်လို့ သိနိုင်တယ်။ အဲဒီတော့ အဇာတသတ်မင်း နန်းတက်တာကို တစ်ခါပြန်ရှာကြည့်၊
စာမျက်နှာ-၁၂
မြတ်စွာဘုရားသက်တော် ၇၂-နှစ်ကျမှ အဇာတသတ်နန်းတက်တာ။ ဗိမ္ဗိသာရနာမည် မသုံးဘဲနဲ့ အဇာတသတ်နာမည်ပြောတော့ သက်တော် ၇၂-နှစ်နောက်ပိုင်းမှ သစ္စကနဲ့တွေ့တယ်လို့ မှတ်လို့ရတယ်။

တစ်ခါ အရှင်အာနန္ဒာမထေရ်မြတ်က မြတ်စွာဘုရားရဲ့ အလုပ်အကျွေးရာထူးရတယ်ဆိုတာ—မြတ်စွာဘုရားကို သူအလုပ်ကျွေးပြုစုခဲ့တာ ၂၅-နှစ်၊ ၂၅-နှစ်ရှေ့ပိုင်းမှာ သူမပြုစုခဲ့ဘူး။ ဒီတော့ မြတ်စွာဘုရားသက်တော်ဟာ သက်တော် ၈၀-ဆိုတော့ တွက်ကြည့်လိုက်ပေါ့။ သက်တော် ၈၀-မှာဆိုတော့ နောက်က ၂၅-နှစ် နှုတ်ကြည့်လိုက်။ နှုတ်ကြည့်လိုက်လို့ရှိရင် မြတ်စွာဘုရားအသက် ၅၅-နှစ်အရွယ်မှာ အရှင်အာနန္ဒာပြုစုတာဆိုတာ ဒီလိုဆိုလိုတယ်ပေါ့။

အဲဒီလို ဘုရားရဲ့အကြောင်းကို သက္ကရာဇ်အစဉ်နဲ့ လေ့လာကြည့်ချင်တယ်ဆိုရင် အချို့ကိစ္စတွေဟာ ဖော်လို့ရသေးတယ်လို့ ပြောရမှာပေါ့။ အခုဒီသုတ္တန်မှာကျတော့ ဘယ်နှခုနှစ်ရယ်လို့တော့ မပါဘူး။ သို့သော် တကယ့်ထင်ပေါ်ကျော်ကြားတဲ့ သာဝကကြီးတွေ ပြည့်ပြည့်စုံစုံ ရှိနေသေးတဲ့အချိန်ဆိုတော့ မြတ်စွာဘုရားရဲ့သက်တော်ဟာ အဲဒီအချိန်မှာ သက်တော်-၅၀ ပတ်ဝန်းကျင်လောက်ပဲ ဖြစ်နိုင်တယ်။

ဆိုပါစို့—မြတ်စွာဘုရားက ၃၅-နှစ်၊ ၃၅-နှစ်ကို နှစ်-၂၀ ထည့်လိုက်တဲ့အခါ ဘယ်လောက်ဖြစ်သွားမလဲ၊ ၅၅-နှစ်၊ အဲဒီအချိန်ပိုင်းမှာ ဖြစ်တယ်လို့ ဒီလိုပြောလို့ရတယ်။ မြတ်စွာဘုရားသက်တော် ၅၅-နှစ်မှာ၊ ၅၅-နှစ်ကို ပထမဗောဓိလို့ ခေါ်တာကိုး။

ပထမအနှစ်-၂၀ အတွင်းမှာ သာသနာတော်ဟာ ခုခေတ်စကားနဲ့ပြောရင် ရွှေခေတ်လို့ ပြောရမှာပေါ့နော်၊ သာသနာဟာ—
စာမျက်နှာ-၁၃
ဖိတ်ဖိတ်တောက်ပြီးတော့ တကယ့်ကို မြတ်စွာဘုရားရဲ့ တပည့်သား သာဝကတွေဟာ စိတ်တိုင်းကျ မြတ်စွာဘုရားဆုံးမဩဝါဒပေးတဲ့အတိုင်း လိုက်နာကြတဲ့အချိန်ပိုင်းလို့ ဒီလိုပြောလို့ရတယ်။ အနှစ် ၂၀-နောက်ပိုင်း၊ မြတ်စွာဘုရားရဲ့ သက်တော် ၅၅-နှစ်ရဲ့နောက်ပိုင်း ရောက်တဲ့အခါကျတော့ တစ်စတစ်စ ယိုယွင်းလာတဲ့သဘောတွေ ပေါ်လာတယ်။ သံဃာတွေထဲမှာလည်း ဘုရားစကား နားမထောင်တာတွေ၊ ဥပဒေဖောက်ဖျက်တာတွေ၊ နည်းနည်းသောင်းကျန်းတာတွေ၊ ဆိုးဝါးတာတွေ ပေါ်လာတယ်။ ဝိနည်းသိက္ခာပုဒ်တွေ ပညတ်လာရတယ်။ နောက်ပိုင်းမှာ အကြီးအကျယ် ပညတ်လာရတယ်။ သာသနာတော်မှာ “အ”လို့ခေါ်တဲ့ ကိုယ်ကျင့်ပျက်တဲ့ပုဂ္ဂိုလ်တွေဟာ အလျှိုလျှိုပေါ်လာတယ်။ ဟိုနားပေါ်လာလိုက်၊ တစ်ပါးပေါ်လိုက်၊ နှစ်ပါးပေါ်လိုက်၊ အင်အားတော့ မကောင်းသေးဘူး၊ ပေါ်တာတော့ ပေါ်နေပြီ။ အဲဒီလို ပေါ်လာလို့ ဝိနည်းစည်းကမ်းချက်တွေ ပညတ်ပြီးတော့ ထိန်းသိမ်းခဲ့ရတယ်။ နောက်ပိုင်းမှာ အဲဒီလိုဖြစ်လာတယ်။

ရှေ့ပိုင်းမှာက အဲဒီလိုမဟုတ်ဘူး၊ မြတ်စွာဘုရားသာသနာကို ဝင်လာတာ တကယ့်သဒ္ဓါတရားတွေနဲ့ ဝင်လာပြီး ဘုရားတရားနာရင်း ပုထုဇဉ်ဘဝက လွန်မြောက်ပြီး တကယ့်အရိယာသူတော်စင်တွေအဖြစ်ကို ရောက်သွားကြတယ်။ အင်မတန်မှ ကြည်ညိုစရာကောင်းတဲ့ အနေအထားတစ်ခုကို ရဟန်းသံဃာတွေ ရောက်ရှိလို့သွားတယ်။ ဒီလိုဆိုလိုတာနော်။

အဲဒီတော့ အခုဒီအာနာပါနဿတိသုတ္တန်ဟောတဲ့အချိန်မှာ မြတ်စွာဘုရား ပုဗ္ဗာရုံကျောင်းနေတာဖြစ်တယ်။ သက်တော်—
စာမျက်နှာ-၁၄
၅၀ ပတ်ဝန်းကျင်ပေါ့။ ဒီတော့ သာဝတ္ထိမြို့ကို မြတ်စွာဘုရားကြွတဲ့အချိန်တုန်းက ငယ်သေးတယ်လို့ ပြောရမယ်။ အခုသီတင်းသုံးတာ ပုဗ္ဗာရုံကျောင်းဆိုတော့ ပုဗ္ဗာရုံကျောင်းက နောက်ပိုင်းမှ ဆောက်တာ၊ ဇေတဝန်ကျောင်းက အရင်ဆောက်တာ။ ဇေတဝန်ကျောင်းပေါ်ပြီးမှ တော်တော်လေးနောက်ကျမှ ပုဗ္ဗာရုံကျောင်း ပေါ်လာတာပေါ့။

ဒီပုဗ္ဗာရုံကျောင်းဖြစ်တာက ပြဿနာတစ်ခုက စတယ်လို့ ပြောရမှာပေါ့။ ဝိသာခါရဲ့ကျွန်မက ဝိသာခါရဲ့ မဟာလတာတန်ဆာကြီးကို မေ့ကျန်ရစ်တဲ့ပြဿနာ၊ အဲဒီကနေ ပုဗ္ဗာရုံကျောင်း ဆောက်ဖြစ်သွားတာ။ အမှန်က ဝိသာခါက အခမ်းအနားတစ်ခုကို သွားတက်တာ၊ ကျောင်းလာတာမဟုတ်ဘူး။ သို့သော် သောတာပန်ပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်က အခမ်းအနားတွေ သွားတက်ရသော်လည်း သူ့စိတ်က ဘုရားတရားသံဃာဘက်ကို အမြဲတမ်းညွတ်နေတာ။ အဲဒီလိုတက်ရင်းကနေပြီးတော့ အချိန်ရတာနဲ့တစ်ပြိုင်နက် ဘုရားကျောင်းသွားမယ်၊ ဘုရားဆီသွားမယ်ဆိုတဲ့စိတ် တစ်ခါတည်းဖြစ်တာ။

အခမ်းအနားပွဲနေပွဲထိုင်တွေ တက်တာဆိုတော့ သူဝတ်လာတဲ့အဝတ်ကြီးက စိန်တွေ ရွှေတွေ ပတ္တမြားတွေနဲ့ တကယ့်ကို အလွန်လေးတဲ့ ရတနာတွေ စီခြယ်ထားတဲ့ မဟာလတာတန်ဆာကြီး၊ အဆင်တန်ဆာကလည်း ဝတ်ပြီးတော့ စွပ်ခြုံထားရတာ၊ အင်မတန်မှ လေးမှာနော်၊ အခုခေတ် အမျိုးသမီးတွေ ဘယ်သူမှ ဝတ်နိုင်မှာမဟုတ်ဘူး၊ အဲဒါမျိုးနဲ့ဆို တစ်ခါတည်း ပုသွားမှာ။
စာမျက်နှာ-၁၅
ဝိသာခါက ဘာကြောင့် ဝတ်လို့ရတာတုန်းဆိုတော့ သူက ဆင်ပြောင် ၅-စီးအား ဆောင်တယ်၊ ဆင်ပြောင် ၅-စီးအားထိအောင် သူ့အင်အားက ကောင်းတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေဆိုရင် အခုလို စိန်ရတနာတွေစီခြယ်ပြီးတော့ အဝတ်ကြီးတစ်ခုလုံး ခေါင်းပေါ်ကနေ စွပ်ချလိုက်ရင် ပုဝင်သွားမှာပဲ၊ သေချာတယ်။ အဲဒီလို လေးလံတဲ့ကျောက်သံပတ္တမြားတွေနဲ့ တန်ဆာဆင်ထားတဲ့ဝတ်ရုံကြီးကို ကျန်သာမန်ပုဂ္ဂိုလ်တွေ မဝတ်နိုင်ဘူး။ အမျိုးသမီးတွေထဲမှာ ဘုရားလက်ထက်က ၃-ယောက်ပဲ ဝတ်နိုင်တယ်၊ ဝိသာခါ၊ ဗန္ဓုလမလ္လိကာ၊ ဗာရာဏသီသူဌေးသမီးတို့။ ဒီအဝတ်ကို ပိုက်ဆံရှိလို့ ဝတ်ချင်ဦး ဝတ်လို့မရဘူး၊ လေးလို့။ ဒီလိုဆိုလိုတယ်၊ မထမ်းနိုင်ဘူး။

အဲဒီဝတ်ရုံကြီးဝတ်ပြီးတော့ သူက ပွဲနေပွဲထိုင်သွားပြီး ဘုရားကျောင်းသွားမယ်ဆိုတဲ့အခါ ဒီအဝတ်ကြီးနဲ့ ကျောင်းသွားလို့မတော်ဘူး။ အဲဒီအဝတ်ကြီးကိုထုပ်၊ ထုပ်ပြီးတဲ့အခါ ဒီအဝတ်ကြီးကို လူတိုင်းမသယ်နိုင်ဘူး။ သယ်ယူနိုင်တာလည်းပဲ ဝိသာခါရဲ့ အနီးကပ်နေတဲ့ (ရှေးတုန်းကအခေါ်တော့ ကျွန်မပေါ့) အနီးကပ်ပြုစုတဲ့ အမျိုးသမီးတစ်ယောက်ပဲ ထမ်းနိုင်တယ်။ ကျန်တဲ့သူ မထမ်းနိုင်ဘူး၊ ဒီအထုပ်ကြီးက အဲဒီလောက်ထိအောင် လေးလံတယ်။

ကဲ ဘုရားထံသွားပြီဆိုကတည်းက ဒါကြီးကို ချွတ်ပြီး အလုပ်ထဲထည့်၊ ရိုးရိုးအဝတ်အစားနဲ့ ဘုရားကျောင်းသွား၊ ဘုရားဆီရောက်ပြီးတဲ့အခါ ဘုရားတရားဟောတာနာ၊ နာပြီး ကျောင်းထဲမှာရှိတဲ့သံဃာတွေ လှည့်ပတ်ကြည့်၊ ဘာလိုတုန်း၊ နေမကောင်းတဲ့ကိုယ်တော်တွေ သတင်းမေး၊ လိုတာတွေကို သူက ဖြည့်စွက်—
စာမျက်နှာ-၁၆
လှူဒါန်းဖို့ လိုက်ကြည့်ပြီး ပြန်လာတဲ့အခါကျတော့ ကျောင်းဦးမှာထားရင်း ဝတ်ရုံထုပ်ကို ပြန်ယူခဲ့ဖို့ မေ့သွားတယ်။ ဒီအထုပ်ယူတဲ့အမျိုးသမီးက မေ့ကျန်ခဲ့တယ်။ အပြင်ရောက်တဲ့အခါမှ ဘယ်မှာလဲဆိုတော့ မေ့ကျန်နေတယ်။

တရားနာလာတဲ့ပုဂ္ဂိုလ်တွေ မေ့ကျန်ရစ်တဲ့ပစ္စည်းတွေဆိုလို့ရှိရင် အရှင်အာနန္ဒာက မပျောက်အောင် သိမ်းထားလေ့ရှိတယ်။ ဘုန်းကြီးတွေက ရတနာတွေ စိန်တွေ ရွှေတွေဟာ ကျောင်းထဲမှာ ခုလို တရားနာပရိသတ်တွေလာလို့ မေ့ကျန်ရစ်တာဆိုရင် ကိုင်ကောင်းတယ်။ အဲဒါ ဝိနည်းစည်းကမ်းမှာ ပါတယ်၊ ဒီပြင်အချိန်မှာဆို မကိုင်ရဘူး၊ မကောက်ရဘူး။ ကျောင်းထဲမှာ ဒကာဒကာမတွေ မေ့ကျန်ရစ်ရင် ပိုက်ဆံထုပ်ပဲဖြစ်စေ၊ ရတနာထုပ်ပဲဖြစ်စေ၊ စိန်လက်ကောက် ဘာညာစသည်ဖြင့် အကုန်လုံး ဘုန်းကြီးတွေ ကောက်ယူသိမ်းပေးထားရတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ပျောက်သွားမှာစိုးလို့။ ဒီမဟာလတာအထုပ်ကြီးကို အရှင်အာနန္ဒာကလည်း အင်မတန်ကို အားကောင်းလို့ မနိုင်တာ၊ “ဟာ ဝိသာခါကျောင်းအမကြီး မေ့သွားပြီ”ဆိုပြီး ကောက်ပြီးတော့ တစ်နေရာမှာ သိမ်းပေးထားတယ်။

မေ့ကျန်ရစ်တာကိုသိတော့ ပြန်ယူတဲ့အခါ ဝိသာခါက ခေါင်းထဲမှာ ဘာပေါ်လာတုန်းဆိုတော့ အရှင်အာနန္ဒာက ပစ္စည်းပျောက်တာတွေ အမြဲတမ်း သိမ်းထားလေ့ရှိတယ်၊ ငါ့ရဲ့မဟာလတာတန်ဆာ အထုပ်ကြီး အရှင်အာနန္ဒာက သူကိုယ်တိုင်ကိုင်ပြီးတော့ သိမ်းထားပြီဆိုလို့ရှိရင် ဒါကြီး ငါပြန်မဝတ်ချင်တော့ဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ အရှင်အာနန္ဒာကို သိပ်လေးစားတယ်၊ ကြည်ညိုတယ်၊
စာမျက်နှာ-၁၇
လေးစားတဲ့အနေနဲ့ “ငါလေးစားတဲ့ပုဂ္ဂိုလ်အရှင်မြတ်ကိုင်ထားတဲ့ မဟာလတာတန်ဆာအဝတ်ကို ပြန်မဝတ်တော့ဘူး၊ ပြန်မယူတော့ဘူးဆိုတဲ့ စိတ်ဆုံးဖြတ်ချက်ချပြီးတော့ မှာလိုက်တယ်၊ “အဲဒီအထုပ်ဟာ သူထားခဲ့တဲ့နေရာမှာထားရင် ပြန်ယူခဲ့၊ အရှင်အာနန္ဒာသိမ်းပြီး မှဆိုရင် မယူခဲ့နဲ့တော့” လို့ ဒီလို မှာလိုက်တယ်။

ဒီလိုဆိုလိုက်တဲ့အခါ အရှင်အာနန္ဒာသိမ်းထားပြီဆိုတဲ့အခါ ကျတော့ တစ်ခါပြန်စဉ်းစားတယ်၊ ဒီအထုပ်ကြီးတကားကားနဲ့ အရှင်အာနန္ဒာ ဘယ်လိုလုပ်မလဲ၊ ဘာအသုံးဝင်မှာလဲ၊ ကျောင်းမှာ နော်။ ဘာမှ အသုံးမဝင်ဘူး၊ ဒီတော့ အသုံးဝင်အောင် ငါလုပ်ပေးမယ်ဆိုပြီးတော့ ဒီအထုပ်ကြီးကို ရောင်းဖို့ စီစဉ်တယ်၊ ရောင်းပြန်တော့ ဘယ်သူမှ မဝယ်နိုင်ဘူး။ ပိုက်ဆံချမ်းသာတဲ့လူကလည်း ဘယ်သူမှ သူ့အထုပ်ကြီးကို ဝယ်နိုင်မှာ မဟုတ်ဘူးလေ၊ ရတနာတွေနဲ့ ဒီတော့ မဝယ်နိုင်တော့ ဘာလုပ်တုန်းဆိုရင် သူ့ဟာသူ ပြန်ဝယ်ရတယ်၊ ပြန်ဝယ်ပြီးတော့ ရောင်းလို့ရတဲ့ပိုက်ဆံနဲ့ ခုနက ပုဗ္ဗာရုံကျောင်းဆောက်တာ၊ ဒါပုဗ္ဗာရုံကျောင်း ဖြစ်ပေါ်လာပုံပဲ။

အဲဒီပုဗ္ဗာရုံကျောင်းကို “မိဂါရမာတုပါသာဒ” လို့ ခေါ်တယ်။ မိဂါရမာတာပြာသာဒ်၊ ဝိသာခါကို “မိဂါရမာတာ”လို့ ခေါ်တာ၊ ဘာဖြစ်လို့ ခေါ်တာတုန်းဆိုတော့ ဓမ္မပဒမှာ ပြောထားတဲ့ အဓိပ္ပါယ်က နှစ်မျိုးပေါ့၊ သူ့ရဲ့ ယောက္ခမဖြစ်တဲ့ မိဂါရသူဌေးကြီးက မိခင်အရာမှာ ထားလို့ မိဂါရမာတာလို့ ဒီလိုပြောတာ၊ တကယ်ကတော့ မိခင်အရာထားပေမယ့်လို့ ဟိုက အသက်ကြီးတယ်လေ၊ အခုခေတ်က အသက်ကြီးလည်း မမတို့ ဘဘတို့ ခေါ်တာ ရှိတာပေါ့၊ အဲဒီတော့ သူ့ရဲ့ယောက္ခမက သူ့ထက် အသက်ကြီးတာကိုး၊ အသက်ကြီး
စာမျက်နှာ-၁၈
တော့ သမီးချွေးမကို အမေအရာထားတယ်ဆိုတာ တကယ်ကတော့ ဖြစ်နိုင်တဲ့ကိစ္စမှ မဟုတ်တာ၊ အမေအရာ ဘယ်လောက်ပဲ တင်တင် ဖြစ်ပါ့မလား၊ ဒါ စဉ်းစားကြည့်တာလေ၊ အမေအရာလို့ ပြောပေမယ့်လို့ အသက်ကြီးတဲ့လူက ဒီချွေးမလေးကို အမေလို့ ခေါ်ရင် တင့်တယ်ပါ့မလား၊ ဖြစ်လည်း မဖြစ်နိုင်လောက်ဘူး နော်။

တကယ် မိဂါရမာတာလို့ နာမည်တွင်သွားဖို့ ဖြစ်နိုင်တာကတော့ (သူတို့က မျိုးရိုးလိုက်တယ်၊ ရှေးက အိန္ဒိယနိုင်ငံမှာ အမျိုးလိုက်ပြီးတော့ အနွယ်နာမည်တွေ ပေးလေ့ရှိတယ်။ ဝိသာခါရဲ့ ပထမဆုံးသားလေးကို မိဂါရလို့ နာမည်ပေးထားတယ်၊ အဲဒီသားကလေးရဲ့ မိခင်ဖြစ်လို့ သူ့ကို မိဂါရမာတာလို့ ဒီလိုခေါ်တာလို့၊ အဲဒါက သဘာဝပိုကျတယ်။

နောက် ဝိသာခါရဲ့သား ဦးပဉ္စင်းတစ်ပါး ရှိသေးတယ်၊ သူ့ကို မိဂဇာလလို့ ခေါ်တယ်၊ ကြည့်လေ မိဂအမျိုးတွေ၊ မိဂလို့ နာမည်ပေးတယ်၊ မိဂဇာလသုတ္တန်ဆိုတာ ရှိတယ်၊ အဲဒီမိဂဇာလသုတ်မှာ မိဂဇာလဆိုတာ ဘယ်သူတုန်းဆို ဝိသာခါရဲ့ သားတဲ့၊ ဒါ မှတ်တမ်းအရ သိရတာနော်၊ အဲဒီတော့ “မိ”ဆိုတာနဲ့ တော်တော်များတယ်။

မိဂသာလာဆိုတဲ့သုတ္တန်တစ်ခု ရှိတယ်၊ ဒါ ဝိသာခါသမီး ဖြစ်ကောင်းဖြစ်နေမလား မသိဘူး၊ သူတို့အုပ်စုထဲက ဖြစ်လောက်တယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ဒီအုပ်စုကြီးတစ်ခုလုံးကို “မိဂ” ဆိုတဲ့အမည်နဲ့ ခေါ်တာကိုး၊ မိဂါရသူဌေးကြီးရဲ့ အမျိုးအုပ်စုတွေ
စာမျက်နှာ-၁၉
အကုန်လုံးကို မိဂဆိုတဲ့နာမည် ထည့်မှည့်တာ၊ ဒီလိုဆိုလိုတယ်ပေါ့နော်။

ဝိသာခါဆောက်ထားတဲ့ကျောင်းကို မိဂါရမာတုပါသာဒ ခေါ်တယ်။ ပါသာဒဆိုတာ ဘုန်းကြီးတို့မြန်မာလူမျိုးတွေက ပြသာဒ်လို့ ပြန်ကြတယ်။ ရွှေတိဂုံဘုရားပေါ်မှာရှိတဲ့ အချွန်အတက်တွေနဲ့ ပြသာဒ်တွေကို သွားမြင်တယ်၊ တကယ်တော့ ပါသာဒဆိုတာ တိုက်ကြီးတွေကို ပြောတာ၊ အိန္ဒိယနိုင်ငံမှာ ဆောက်တဲ့တိုက်ကြီးတွေမျိုးကို ပြောတာ၊ အခုခေတ်ဆောက်တဲ့ပုံစံမျိုးတွေ အိန္ဒိယမှာ ရှိတယ်၊ သို့သော် မြန်မာလူမျိုးတွေရဲ့ မျက်စိထဲမှာ ပြသာဒ်လို့ ပြောလိုက်ရင် အချွန်အတက်တွေနဲ့ အပေါ်မှာ ဘုံအဆင့်ဆင့်နဲ့ သွားတာကိုပဲ မြင်နေတယ်၊ တကယ်က မိဂါရမာတာရဲ့ ပြသာဒ်က အဲဒါမျိုးကြီး ဟုတ်ချင်မှ ဟုတ်မှာလေ။

အဲဒီတော့ “မိဂါရမာတုပါသာဒ”ဆိုတဲ့ပြသာဒ်မှာ မြတ်စွာဘုရားက သံဃာတွေနဲ့ သီတင်းသုံးနေတယ်၊ အဲဒီသီတင်းသုံးနေတဲ့အခါမှာ သီတင်းကျွတ်လပြည့်နေ့ည ပဝါရဏာပြုမယ့်ညမှာ မြတ်စွာဘုရားက မိဂါရမာတာရဲ့ပြသာဒ်ပေါ်က ဆင်းပြီးတော့ လွင်ပြင်မှာ ထိုင်တယ်၊ သံဃာတွေအားလုံးကလည်း အဲဒီလွင်ပြင်မှာ မြတ်စွာဘုရားကို ဝန်းရံပတ်ပြီးတော့ ထိုင်ကြတယ်။

အဲဒီမှာ မြတ်စွာဘုရားသီတင်းသုံးနေတဲ့အချိန်မှာ နာမည်ကြီးတဲ့မထေရ်ကြီးတွေ ၁၁-ပါး စာရင်းထဲမှာ ပြထားတာ ရှိတယ်၊ အဲဒီ ၁၁-ပါးက ဘယ်သူတွေတုန်းဆိုတော့ ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလာန်၊ ရှင်မဟာကဿပ ဟော တကယ့် နာမည်ကြီးတွေနော်၊ ဒီနာမည်တွေကို စဉ်ထားတာ ကြည့်လို့ရှိရင် အဲဒီ
စာမျက်နှာ-၂၀
ခေတ်က အဘိညာတာ အဘိညာတာ ထေရာလို့ ဆိုတဲ့အတိုင်း တကယ့်ကို ထင်ရှားကျော်ကြားတဲ့ မထေရ်မြတ်ကြီးတွေပဲ။

အားလုံးသိတဲ့အတိုင်း ရှင်သာရိပုတ္တရာဆိုတာ လက်ယာရံ၊ တကယ့်ထိတ်ထိတ်ကြဲ ပညာထက်မြက်တဲ့ပုဂ္ဂိုလ်၊ ရှင်မဟာမောဂ္ဂလာန်ဆိုတာကလည်း သမာဓိကျင့်စဉ်နဲ့ တန်ခိုးအရာမှာ ထိတ်ထိတ်ကြဲပဲ၊ ပြိုင်ဘက်ရှားတဲ့ပုဂ္ဂိုလ်၊ တစ်ခါ တတိယ ရှင်မဟာကဿပဆိုတာ ဓုတင်နဲ့ပတ်သက်လာလို့ရှိရင် သူ့ကို မိအောင် ဘယ်သူမှ မကျင့်နိုင်ဘူး၊ ရှင်သာရိပုတ္တရာတို့ ရှင်မဟာမောဂ္ဂလာန်တို့လည်း ဓုတင်ကျင့်တဲ့နေရာမှာ သူ့အဆင့်ကို မိတာမဟုတ်ဘူး၊ သူကတော့ တောရကျောင်းမှာ တစ်သက်လုံးနေပြီးတော့ ဓုတင်ဆောက်တည်သွားတဲ့ပုဂ္ဂိုလ်ကြီးနော်၊ အဲဒါကြောင့် အရှင်မဟာကဿပကလည်း ထိတ်ထိတ်ကြဲပဲ။

နောက်တစ်ခါ အရှင်မဟာကစ္စာယနဆိုတော့ မျိုးရိုးကလည်း အင်မတန်မှ မြင့်တယ်၊ ပညာကလည်း အင်မတန်မှ ထက်မြက်တယ်၊ မရှင်းလင်းတဲ့အချက်ကို အကျယ်တဝင့်ရှင်းပြတဲ့နေရာမှာ အရှင်မဟာကစ္စာယနက ထူးချွန်ထက်မြက်တယ်၊ အဲဒီအရှင်မဟာကစ္စာယနဆိုတာ ရုပ်ကလည်း အင်မတန်မှ ချောတယ်၊ မြတ်စွာဘုရား အကျဉ်းဟောထားလို့ရှိရင် အကျယ်တဝင့် နားလည်ချင်ရင် အရှင်မဟာကစ္စာယနကို မေးကြရတယ်၊ သူရှင်းပြတဲ့အခါမှာ ပိုပြီးတော့ ပြည့်ပြည့်စုံစုံ နားလည်ကြတယ်တဲ့။

နောက်ထပ်တစ်ခါ အရှင်မဟာကောဋ္ဌိက၊ သူလည်းပဲ ဇာတ်မြင့်ထဲကပဲ၊ အင်မတန်မှ ပညာတော်တယ်၊ စိတ်ကူး အင်မတန်မှ ကောင်းတဲ့ပုဂ္ဂိုလ်၊ အရှင်သာရိပုတ္တရာကို အမြဲတမ်း မေးခွန်းတွေ
စာမျက်နှာ-၂၁
မေးတဲ့ကိုယ်တော်ပဲ၊ သူမေးတဲ့မေးခွန်းတွေ အများကြီးရှိတယ်။ အရှင်မဟာကောဋ္ဌိကတို့ အရှင်သာရိပုတ္တရာတို့ တွေ့ဆုံဆွေးနွေးတဲ့ မေးခွန်းတွေဟာ မဟာဝေဒလ္လသုတ်နဲ့ တခြားသုတ်တွေမှာ ရှိတယ်၊ မေးလိုက်ဖြေလိုက် မေးလိုက်ဖြေလိုက်သုတ်တွေမှာ ဒီအရှင်မဟာကောဋ္ဌိကက မေးခွန်းအထုတ်ဆုံးပုဂ္ဂိုလ်၊ ဒီလိုမျိုး မေးတတ်တယ်ဆိုတာ သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး၊ စိတ်ကူးကောင်းလို့ မေးခွန်းတွေ သူမေးနိုင်တာ၊ အဲဒါကြောင့်မို့လို့ သူကလည်းပဲ စိတ်ကူးစိတ်သန်းကောင်းမွန်တဲ့နေရာမှာ ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တစ်ဦးပဲ။

နောက်တစ်ခါ အရှင်မဟာကပ္ပိနတဲ့၊ ကပ်ပိနဘုရင်ကြီးနဲ့ အနောဇာဒေဝီတို့ ဒီဇာတ်လမ်းတွေက နာဖူးကြပါလိမ့်မယ်၊ သူကလည်း အင်မတန်မှ ဘုန်းတန်ခိုးကြီးတဲ့ဘုရင်ကြီးကနေပြီးတော့ သာသနာ့ဘောင်ဝင်လာတာ၊ အလွန်ပဲ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနေတဲ့ တကယ့်ရဟန္တာကြီး၊ ကြည်ညိုစရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်တယ်ပေါ့။

နောက်ပြီးတော့ အရှင်မဟာစုန္ဒ၊ အရှင်သာရိပုတ္တရာရဲ့ ညီတော်တစ်ပါးပဲ၊ ဟော နောက်တစ်ခါကျတော့ ဘယ်သူတုန်းဆိုရင် အရှင်အနုရုဒ္ဓါ၊ မြတ်စွာဘုရားနဲ့ ညီအစ်ကိုဝမ်းကွဲတော်တယ်၊ ဒိဗ္ဗစက္ခုအရာမှာ ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်၊ အားအားရှိရင် သမာဓိဝင်စားပြီးတော့ စကြဝဠာတစ်ထောင်မှာရှိတဲ့ သတ္တဝါတွေကို ကြည့်နေတဲ့ပုဂ္ဂိုလ်ပေါ့၊ အားလုံးကို ကြည့်ပြီးတော့ ပြောနိုင်တဲ့ပုဂ္ဂိုလ်၊ ဒိဗ္ဗစက္ခုအမြင်မှာ ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်။
စာမျက်နှာ-၂၂
နောက်တစ်ခါ ရှင်ရေဝတ၊ ဒါက ရှင်သာရိပုတ္တရာရဲ့ ညီတော်အငယ်ဆုံး၊ ရှားတောထဲမှာပဲ အမြဲတမ်းသီတင်းသုံးနေလို့ သူ့ကို ခဒိရဝနိယ ရှားတောထဲမှာနေတဲ့ အရှင်ရေဝတလို့ ခေါ်တယ်။ ၇-နှစ်အရွယ်လေးမှာ အိမ်ထောင်ချခံရတယ်၊ မင်္ဂလာပွဲက ပြန်လာတဲ့အချိန် လမ်းမှာထွက်ပြေးလာပြီး သင်္ကန်းဝတ်တာနော်၊ မိဘတွေက အရှင်သာရိပုတ္တရာက စပြီးတော့ သူတို့ညီအစ်ကိုတစ်တွေက သင်္ကန်းဝတ်သွားတော့ မဝတ်နိုင်အောင်လို့ ဆိုပြီးတော့ ငယ်ငယ်လေးထဲက အိမ်ထောင်ချတာ၊ အိမ်ထောင်ချတော့ သတို့သမီးလမ်းလည်း ရောက်ရော အဲဒီမှာ ထွက်ပြေးသွားပြီး တောရကျောင်းမှာ ရှိတဲ့ရဟန်းတွေဆီ ခိုလှုံပြီး သင်္ကန်းဝတ်သွားတာ၊ ငယ်ငယ်လေး၊ ၇-နှစ်အရွယ်ပဲ ရှိသေးတယ်။

နောက် ဘယ်သူတုန်းဆိုတော့ နောက်ဆုံး ၁၁-ပါးမြောက်က ရှင်အာနန္ဒာ၊ ဒါ ရှင်အာနန္ဒာတော့ မသိတဲ့သူ မရှိဘူးနော်၊ ဧတဒဂ် ၅-တန်ရပြီး မြတ်စွာဘုရားကို လုပ်ကျွေးပြုစုတဲ့နေရာမှာ ထူးချွန်တဲ့ပုဂ္ဂိုလ်၊ ဒီကနေ့ ပိဋကတ်တော်တွေကို ဘုန်းကြီးတို့တစ်တွေ သင်ခွင့် ကြားနာခွင့်ရတာ အရှင်အာနန္ဒာရဲ့ကျေးဇူးတရားတွေလို့ ဒီလိုပြောရမယ်၊ သူအများကြီးမှတ်သားပြီးတော့ ဘုရားရဲ့ တရားတော်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းလာခဲ့တာ။

အထူးအားဖြင့် အရှင်အာနန္ဒာကို ဘယ်သူတွေက ပိုကြည်ညိုတုန်းဆိုရင် ဘိက္ခုနီတွေက ပိုကြည်ညိုတယ်၊ သာသနာတော်မှာ ဘိက္ခုနီတွေ ဝင်ခွင့်ရအောင် ဘိက္ခုနီသာသနာ ပေါ်လာအောင် အရှင်အာနန္ဒာက လျှောက်ပေးထားတာ၊ မြတ်စွာဘုရားက ၃-ကြိမ်တိုင် ငြင်းပြီးသား၊ အဲဒါကို သူ မရရအောင် လျှောက်ပေးတာ၊
စာမျက်နှာ-၂၃
နောက်ဆုံးမှာ ရှောင်တိမ်းလို့မရအောင် လျှောက်တဲ့နည်းနဲ့ သူက လျှောက်တာ၊ သူ့ရဲ့လျှောက်ပုံလျှောက်နည်းက အင်မတန်မှ လိမ္မာပါးနပ်တယ်၊ မြတ်စွာဘုရားရှောင်တိမ်းမရအောင် လျှောက်တာ၊ စကားပြောကျွမ်းကျင်တယ်လို့ ဒီလိုပြောရမှာပေါ့။ အဲဒီလိုလျှောက်လို့ ဘိက္ခုနီသာသနာပေါ်လာလို့ နောက်ပိုင်းမှာ ဘိက္ခုနီကျောင်းတွေဟာ အရှင်အာနန္ဒာရဲ့ ရုပ်တုကို ကိုးကွယ်တယ်ဆိုတဲ့ အမှတ်အသားတွေတောင် ရှိတယ်ပေါ့၊ နောက်ပိုင်းမှာ ဘိက္ခုနီတွေက အရှင်အာနန္ဒာကို တကယ့်ကျေးဇူးရှင်တစ်ပါးအနေနဲ့ ကိုးကွယ်အားထားကြတယ်တဲ့။

ဒီတော့ အားလုံးဟာ တကယ့်ထိတ်ထိတ်ကြဲ ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးတွေ၊ အဲဒီလိုပုဂ္ဂိုလ်ကြီးတွေနဲ့ မြတ်စွာဘုရားဟာ သီတင်းသုံးနေတော့ အဲဒီခေါင်းဆောင်မထေရ်ကြီးတွေက သံဃာငယ်လေးတွေကို ခေါ်ပြီး ၁၀-ပါးတစ်စု၊ အပါး-၂၀ တစ်စု၊ အပါး-၃၀ တစ်စု၊ အပါး-၄၀ တစ်စု၊ တရားတွေကို ရှင်းလင်းဟောပြောကြတယ်၊ ဟောပြောလိုက်တဲ့အခါ သာသနာတော်ဝင်လာခါစ ရဟန်းငယ်လေးတွေဟာ ဟောပြောကြတဲ့တရားကို အာရုံပြုပြီးတော့ ကမ္မဋ္ဌာန်းဘာဝနာကျင့်ကြံကြိုးကုတ်အားထုတ်ရင်း (သို့မဟုတ်) တရားနာရင်း သီလမရှိတဲ့ပုဂ္ဂိုလ်က သီလရှိလာတယ်၊ သီလရှိပြီးသားပုဂ္ဂိုလ်က သမထကျင့်စဉ်တွေ အောင်အောင်မြင်မြင် ကျင့်လာနိုင်တယ်၊ သမထကျင့်စဉ်တွေ အောင်အောင်မြင်မြင်ကျင့်ရာကနေပြီးတော့ ဝိပဿနာကျင့်စဉ်ကို အောင်အောင်မြင်မြင် ကျင့်နိုင်တယ်၊ နောက်ဆုံးမှာ ဝိပဿနာကျင့်ရင်းကနေ သောတာပန်ဖြစ်ကြတယ်၊ သကဒါဂါမ်ဖြစ်ကြတယ်၊ အနာဂါမ်ဖြစ်ကြတယ်၊ ဒါကို
စာမျက်နှာ-၂၄
စာက ဘာပြောတုန်းဆိုရင် “ပုဗ္ဗေနာပရံ ဝိသေသံ ဇာနန္တိ” တစ်ဆင့်ထက်တစ်ဆင့် ရှေးကနဲ့မတူ ထူးခြားတဲ့အနေအထားမျိုးကို ရောက်ရှိသွားကြတယ်လို့ ပြောတယ်။

“ပုဗ္ဗေနာပရံ ဝိသေသံ” ထူးတယ်ဆိုတာ ပထမအကြိမ်တုန်းက ဒီအဆင့်၊ ဒုတိယကျ ဒီအဆင့်ထက် မြင့်သွားတယ်၊ တတိယအကြိမ်မှာ ဒီအဆင့်ထက် မြင့်သွားပြီဆိုရင် ကိုယ့်ကိုယ်ကို အရည်အချင်း မြင့်မြင့်မြင့်မြင့် လာမှ ထူးတယ်လို့ ပြောတာနော် အခု စာပေက ပြောတယ်၊ “ပုဗ္ဗေနာပရံ ဝိသေသံ” လို့ဆိုတာ “ပုဗ္ဗေန အပရံ” ရှေးကနဲ့မတူ ရှေးကထက် ထူးချွန်လာတယ်၊ နောက် ထူးခြားချက်တွေ ပေါ်လာတယ်လို့ ဒီလိုပြောတာ၊ တစ်ဆင့်ပြီးတစ်ဆင့် ထူးခြားလာတယ်။

ဥပမာအားဖြင့် သောတာပန်ကနေ သကဒါဂါမ်ဖြစ်ရင် အရင်က သောတာပန်၊ အခု သကဒါဂါမ်ဖြစ်သွားတယ်ဆိုတာ ထူးမသွားဘူးလား၊ ထူးသွားတယ်၊ ဒီလိုဆိုလိုတာ၊ သကဒါဂါမ်ကနေ အနာဂါမ်ဖြစ်သွားတယ်၊ အနာဂါမ်ကနေ ရဟန္တာဖြစ်သွားတယ်ဆိုတော့ ဒါက မူလကထက် ထူးထူးသွားတယ်ဆိုတဲ့အဓိပ္ပါယ်ကို ပြောတာ။

အဲဒီလို ရဟန်းတွေကို ဆုံးမသွန်သင်လိုက်တဲ့အခါ ထူးခြားချက်တွေ အများကြီးဖြစ်ပေါ်လာတယ်၊ သံဃာပရိသတ်ထဲမှာ အဲဒီလို ထူးခြားတဲ့ပုဂ္ဂိုလ်တွေ ဘုရားရှေ့မှာ ထိုင်နေကြတယ်၊ အားလုံးဟာ တိတ်ဆိတ်ငြိမ်သက်နေတာ၊ တုပ်တုပ်မျှ မလှုပ်ဘူး၊ တကယ့်ကို
စာမျက်နှာ-၂၅
ကျောက်ဆင်းတုတွေလို ငြိမ်နေတဲ့အချိန်မှာ မြတ်စွာဘုရားက ဒီသံဃာတွေကို ကြည့်ပြီး သီတင်းကျွတ်လပြည့်နေ့မှာ ဘာပြောတုန်းဆိုတော့ “ဒီရဟန်းတွေရဲ့ အကျင့်ဟာ အလွန်ကို ကြေနပ်စရာကောင်းတယ်၊ ငါကြည်နူးလိုက်တာ၊ သူတို့ရဲ့ အကျင့်တရားတွေဟာ အင်မတန်မှ ကောင်းတယ်၊ ပြည့်ပြည့်စုံစုံအကျင့်တရားတွေဖြစ်လို့ ငါ အားရနှစ်သက်မိတယ်”လို့ သံဃာတွေကို ထုတ်ဖော်ပြောတယ်။

ထုတ်ဖော်ပြောပြီး မြတ်စွာဘုရားက တိုက်တွန်းတယ်၊ ဘာတိုက်တွန်းတုန်းဆိုတော့ “ချစ်သားရဟန်းတို့ - မရသေးတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ မသိသေးတဲ့ တရားထူးတရားမြတ်တွေကို သိဖို့ မျက်မှောက်မပြုရသေးတဲ့ တရားထူးတရားမြတ်တွေ မျက်မှောက်ပြုနိုင်ဖို့ ဆက်ပြီးတော့ ကြိုးစားကြ၊ အားထုတ်ကြ”တဲ့၊ တရားမဟောဘူး၊ မြတ်စွာဘုရားက အဲဒီလို ဟောတာ၊ အဲဒီကိုယ်တော်အားလုံးဟာ ငြိမ်နေတဲ့အချိန်လေးမှာနော် “ငါ ကြေနပ်လိုက်တာ”တဲ့၊ တခုလိုငြိမ်သက်နေတဲ့ သူတို့ နေပုံနေနည်း ကျင့်ပုံကျင့်နည်းကို ကြည့်လိုက်ရင် အားရစရာကောင်းလိုက်တာ၊ ဒါကြောင့်မို့လို့ “မရသေးတဲ့တရားထူးတရားမြတ်တွေ ရအောင်၊ မျက်မှောက်မပြုရသေးတဲ့တရားထူးတရားမြတ်တွေ မျက်မှောက်ပြုနိုင်အောင် ဆက်ပြီးတော့ ကြိုးစားအားထုတ်ကြပါ”လို့ မြတ်စွာဘုရားက တိုက်တွန်းတယ်။

တိုက်တွန်းပြီးတော့ မြတ်စွာဘုရားက “ငါ သာဝတ္ထိပြည်မှာပဲ တန်ဆောင်မုန်းလပြည့်နေ့ထိအောင် ဆက်ပြီးနေမယ်၊ ခရီးမထွက်ဘူး”လို့ မိန့်တယ်၊ မြတ်စွာဘုရားရဲ့ထုံးစံက ပဝါရဏာပြုပြီးလို့ရှိရင် ခရီးထွက်တယ်၊ ခရီးထွက်ပြီဆိုတဲ့အချိန်မှာ ဘုရားလည်း ခရီးထွက်ပြီဆိုတော့ ဟိုဟိုဒီဒီကနေ သံဃာတော်တွေအကုန်လုံးကလည်း အလျှိုလျှိုရောက်လာကြတယ် သံဃာတွေ ခရီးသွားတာ
စာမျက်နှာ-၂၆
အင်မတန်မှ များတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ဘုရားရှိတဲ့ဆီ တိုးလာပြီးတော့ စုရုံးကြတယ်၊ ဘုရားသတင်း နားထောင်နေကြတယ်။ မြတ်စွာဘုရားပဝါရဏာပြုပြီးပြီလို့ ကြားလိုက်တာနဲ့ တစ်ပြိုင်နက် နယ်သံဃာတွေက စုရောက်လာလေ့ရှိကြတယ်။

သာဝတ္ထိကို စုရောက်လာတဲ့အခါ သံဃာ့ထုံးစံက ကိုယ်တော်ငယ်တွေက အကြီးတွေလာရင် နေရာဖယ်ပေးရတယ်၊ ဝါကျွတ်လို့ ပဝါရဏာပြုပြီးတာနဲ့ ကိုယ့်ထက်ကြီးတဲ့ပုဂ္ဂိုလ်လာရင် နေရာပေးရတယ်၊ ဒီတော့ နေရာပေးပြီဆိုကတည်းက သူတို့ရဲ့ အနေအထိုင်တွေ ပျက်လာတာပေါ့ တရားအားထုတ်ဖို့ရာအတွက် အဟန့်အတားဖြစ်တယ်၊ ဝေယျာဝစ္စတွေ များလာတယ်၊ နေရာတွေပြောင်းရတယ်ဆိုတဲ့အခါ သမာဓိတွေ ပျက်တယ်၊ ဒါကြောင့်မို့လို့ သမာဓိမဖျက်ဖို့အတွက် မြတ်စွာဘုရားက “နောက် ၁-လ ငါထပ်နေဦးမယ်တဲ့၊ ပဝါရဏာကို ဆိုင်းငံ့ထားလိုက်ဦးမယ်”ဆိုပြီး ပဝါရဏာမပြုသေးဘဲနဲ့ ဆိုင်းငံ့ထားလိုက်တယ်၊ ဒါကို ပဝါရဏာသင်္ကေတလို့ ခေါ်တယ်၊ ဝိနည်းမှာရှိတယ်၊ သီတင်းကျွတ်လပြည့်နေ့ ပဝါရဏာပြုရမယ့်အစား မပြုသေးဘဲနဲ့ တန်ဆောင်မုန်းလပြည့်နေ့အထိအောင် ဘုရားက ဆိုင်းငံ့ထားတာ။

အဲဒီလို ပဝါရဏာဆိုင်းငံ့ထားတာ ဘယ်လိုပုဂ္ဂိုလ်တွေအတွက် ဆိုင်းငံ့တာတုန်းဆိုရင် တရားအားမထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက် ဒီအခွင့်အရေး မပေးဘူး၊ တရားအားထုတ်ပြီးတော့ တရားအားထုတ်လက်စ ပုဂ္ဂိုလ်တွေအတွက်လည်း ဒီအခွင့်အရေး မပေးဘူး၊ ဘယ်လိုပုဂ္ဂိုလ်တွေအတွက် အခွင့်အရေးပေးတာတုန်းဆိုတော့ တရားအားထုတ်လက်စ ဝိပဿနာဉာဏ်တွေက နုသေး
စာမျက်နှာ-၂၇
တယ်၊ သမာဓိလေးတွေက နုသေးတယ်၊ ရှေ့ကိုဆက်လုပ်မှ အကျိုးရှိမယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေအတွက် အချိန်ပေးတဲ့ သဘော၊ ဒါ အင်မတန်မှ သဘာဝကျတယ်နော်၊ အခုအချိန် ခရီးထွက်လိုက်လို့ရှိရင် သူတို့ရဲ့အနေအထားတွေ အကုန်ပျက်သွားမှာ၊ ဒါကြောင့်မို့ မပျက်ဖို့အတွက် မြတ်စွာဘုရားက ဆက်ပြီးနေပေးတာ၊ ၁-လ၊ အဲဒါကို “ပဝါရဏာသင်္ဂဟ” လို့ ခေါ်တာ၊ ဆက်ပြီးတော့ နေပေးလိုက်တာ။

အဲဒီတော့ တန်ဆောင်မုန်းလပြည့်နေ့ကို ရှေးတုန်းက ဘယ်လိုခေါ်တုန်းဆိုတော့ “ကောမုဒီ”တဲ့၊ “ကောမုဒိ”ဆိုတာ ကုမုဒြာကြာပန်းတွေ ပွင့်တဲ့ရာသီလို့ ဒီလိုဆိုလိုတယ်၊ “စတုမာသိနီ”တဲ့၊ မိုး ၄-လကုန်ဆုံးတဲ့လ၊ တန်ဆောင်မုန်းလမှာ မိုး ၄-လ နောက်ဆုံးဖြစ်တယ်။

မြန်မာနဲ့ အိန္ဒိယ လထားပုံချင်း မတူဘူး၊ “လ”ဆိုတာကိုက ၂-ခု ရှိတယ်လို့ မှတ်ထား၊ ကောင်းကင်ပေါ်က လရယ်၊ ရက်-၃၀ “လ”ရယ် ၂-ခု ရှိတယ်၊ ကောင်းကင်ပေါ်က 'လ'က 'စန္ဒ'၊ ရက်-၃၀ လက “မာသ”လို့ ခေါ်တယ်၊ (“မာသ”နဲ့ monthက ခပ်ဆင်ဆင်နော်။) ဒီတော့ ရက်-၃၀က 'လ'၊ ကောင်းကင်က 'လ' မြန်မာစကားမှာ ၂-ခုစလုံးကို 'လ' လို့ပဲ ခေါ်တယ်၊ အဲဒီတော့ 'လ' လို့ ခေါ်တဲ့အခါ 'လပြည့်၊ လပြည့်' လို့ ပြောတာ ရှိတယ်၊ စဉ်းစားကြည့်၊ ရက်-၃၀ လက မပြည့်သေးဘူး၊ ၁၅-ရက်ပဲ ရှိသေးတယ်။ ပြည့်တာက ကောင်းကင်က 'လ' ပြည့်သွားတာ၊ ဟုတ်ကဲ့လား၊ ဒါကြောင့်မို့လို့ Lunar system လို့ ခေါ်တာ၊ ကောင်းကင်ပေါ်က “လ”ကို ကြည့်ပြီးတော့ ပြက္ခဒိန်လုပ်ထားတာ၊ လပြည့်နေ့ဆိုလို့
စာမျက်နှာ-၂၈
ရှိရင် ကောင်းကင်က 'လ' ပဲပြည့်သေးတယ်၊ ရက်-၃၀ 'လ'က မပြည့်သေးဘူး၊ ၁၅-ရက်ပဲ ရှိသေးတယ်၊ ဒါက မြန်မာပြည်က နည်းစနစ်၊

ဟိုး အိန္ဒိယနိုင်ငံ ဘုရားလက်ထက်ကျတော့ အဲဒီလို မဟုတ်ဘူး၊ ကောင်းကင်ကလလည်းပဲ လပြည့်တယ်၊ ရက်-၃၀ လကလည်း ပြည့်တယ်၊ ဒီလိုဆိုလိုတာနော်၊ ရက်-၃၀လည်း ပြည့်သွားတယ်၊ ကောင်းကင်က “လ”လည်း လပြည့်တယ်၊ သူတို့ လပြည့်ခေါ်တာဟာ အခုမြန်မာပြည်က လကွယ်ခေါ်တာနဲ့ သွားတူနေတယ်၊ လဆန်း-၁၅ ရက် လကွယ်၊ သူတို့ကျတော့၊ အဲဒီလိုပုံစံဖြစ်တယ်၊ ဒီတော့ အတိအကျဖြစ်တာပေါ့။ မြန်မာပြည်ကတော့ အတိအကျ မဖြစ်ဘူးလေ။

ဆောင်းရာသီ စတွက်မယ်ဆိုရင် ဘယ်က စတွက်တုန်းဆိုတော့ တန်ဆောင်မုန်းလပြည့်ကျော် ၁-ရက်နေ့က စပြီးတော့ တပေါင်းလပြည့်အထိပေါ့၊ လပြည့်ကျော် ၁-ရက်က စတွက်တာ၊ နွေဦးရာသီတွက်တဲ့အခါ တပေါင်းလပြည့်ကျော် ၁-ရက်နေ့က ဝါဆိုလပြည့်နေ့အထိ၊ မိုးရာသီကို တွက်တဲ့အခါကျတော့ ဝါဆိုလပြည့်ကျော် ၁-ရက်ကနေ စပြီးတော့ တန်ဆောင်မုန်းလပြည့်နေ့အထိ ဒီလိုတွက်ရတယ်၊ လက တစ်ဝက်စီ ပါနေတယ်ပေါ့နော်၊ အိန္ဒိယထုံးစံဆိုလို့ရှိရင် အဲဒီလို မပါဘူး၊ ဒါကြောင့် တန်ဆောင်မုန်းလပြည့်နေ့သည် မိုး ၄-လရဲ့ အဆုံးလို့ ဒီလိုဆိုတာ၊ တန်ဆောင်မုန်းလပြည့်နေ့က မိုး ၄-လဆုံးတာ၊ ဟုတ်တယ်လေ၊ မိုး ၄-လဆုံးတာ တန်ဆောင်မုန်းလပြည့်နေ့မှာ ဆုံးတာ၊ ဒီတော့ မြန်မာပြည်မှာကတော့ တန်ဆောင်မုန်းလဆန်း ၁၅-ရက်ကို တန်ဆောင်မုန်းလပြည့်
စာမျက်နှာ-၂၉
နေ့ ခေါ်တာကိုး၊ အဲဒီအချိန်ထိအောင် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က “ငါ ဆိုင်းဦးမယ်၊ ခရီးမထွက်သေးဘူး” မိန့်တာ ဖြစ်တယ်။

မြတ်စွာဘုရားက ပဝါရဏာ မပြုရသေးဘူး၊ ခရီးမထွက်သေးဘူးလို့လည်း သတင်းကြားရော ဘယ်ကိုယ်တော်မှ သာဝတ္ထိပြည်ကို မလာဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ ပဝါရဏာမပြုသေးရင် လာလို့မရဘူး၊ လက်ရှိကိုယ်တော်တွေမှာလည်း အခွင့်အရေးက ရှိတယ်၊ အဲဒီအတွင်း တခြားကိုယ်တော်တွေ ဝင်လာရင် နေရာပေးချင်မှ ပေး၊ မပေးချင်နေလို့ ရတယ်၊ သူတို့က ဝါဆိုဦးကထဲက နေလာတာ၊ ဝါကျွတ်ရင်တော့ သူတို့ပိုင်ဆိုင်ခွင့် ဆုံးသွားတယ်၊ မရတော့ဘူး၊ ရက်စေ့သွားပြီလို့ ပြောတာ၊ ဒါကတော့ ဝိနည်းစည်းကမ်း၊ ပဝါရဏာမပြုမချင်း သူတို့က ဒီကျောင်းကို ရယူထားတာ၊ “သေနာသနဝါဟ” လို့ ခေါ်တယ်၊ ကျောင်းကို သူတို့နေထိုင်ခွင့် ရထားတယ်၊ မဆုံးရှုံးသေးဘူး၊ ပဝါရဏာပြုလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်ထက်ကြီးတာ လာရင် ဖယ်ပေးရမယ်၊ အဲဒီကျတော့ သူမပိုင်တော့ဘူး၊ အဲဒီလိုစည်းကမ်းရှိတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ အဲဒီခေတ်က သံဃိကကျောင်းတွေပဲ ရှိတာကိုး။

အေး ကောင်းပြီ၊ မြတ်စွာဘုရားက ဒီလို စောင့်ဆိုင်းမယ်လို့ ဆိုပြီးတော့ စောင့်ဆိုင်းနေလိုက်တဲ့အခါ ခုနက မထေရ်ကြီးတွေက ရဟန်းတွေကို တရားဟောကြတယ်၊ တရားဟောကြတာ ၁၀-ပါး တစ်စု၊ အပါး-၂၀ တစ်စု၊ ၃၀-တစ်စု၊ ၄၀-တစ်စု ဆုံးမဩဝါဒ တင်းတင်းကြပ်ကြပ်ပေးကြတယ်၊ ကမ္မဋ္ဌာန်းအားထုတ်စဉ် ကြီးကြပ်ပေးကြတယ်၊ အဲဒီအခါကျတော့ ဒီကိုယ်တော်တွေဟာ တရားထူး
စာမျက်နှာ-၃၀
တရားမြတ်ရလာကြတယ်၊ ရှေးကနဲ့မတူဘဲ ထူးချွန်ရလာကြတယ်၊ တရားအားထုတ်ပြီးတော့ နောက်ဆုံးမှာ ရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်က ဖြစ်၊ ရဟန္တာမဖြစ်ရင် အနာဂါမ်ဖြစ်တယ်၊ အနာဂါမ်မဖြစ်ရင် သကဒါဂါမ်ဖြစ်တယ်၊ သကဒါဂါမ်မဖြစ်ရင် အနည်းဆုံး သောတာပန် ဖြစ်ကြတယ်။

တန်ဆောင်မုန်းလပြည့်နေ့ ရောက်တဲ့အခါကျတော့ လပြည့်နေ့ညမှာ လသာထဲ ထွက်ပြီးတော့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က လွင်ပြင်မှာ ထိုင်တယ်၊ ဘုရားထိုင်တာနဲ့ တစ်ပြိုင်နက် သံဃာ့ပရိသတ်က ဘုရားကို ဝန်းရံပတ်ပြီးတော့ လာထိုင်တယ်၊ အဲဒီအချိန်မှာ မြတ်စွာဘုရားက သံဃာတွေကို ကြည့်လိုက်တယ်၊ သံဃာတွေဟာ အင်မတန်မှ ငြိမ်သက်တယ်၊ ဘယ်သူမှ စကားမပြောဘဲနဲ့ ငြိမ်နေကြတယ်၊ ဘုရားရဲ့ တပည့်သားတွေရဲ့ငြိမ်သက်မှုက အလွန်အံ့သြစရာကောင်းတယ်။

ဒါတွေကို ကောသလမင်းကြီးက သတိထားမိတယ်၊ မြတ်စွာဘုရားကို တစ်ခါလျှောက်ဖူးတယ်၊ “မင်းစိုးရာဇာပရိသတ်ထဲမှာ”တဲ့၊ “တပည့်တော်ပရိသတ်တွေက တပည့်တော်စကားပြောလို့ရှိရင် ဝင်ဝင်ပြီးတော့ ပြောကြတယ်”တဲ့၊ ဘုရင်ပြောနေတဲ့အချိန် အမတ်တွေက ဝင်ဝင်ပြောကြတယ်၊ ဒီတော့ ဘုရင်ကြီးက ပြောတာ “ငါပြောတာကို အဆုံးအောင် နားထောင်ကြဦး၊ မင်းတို့ ငါစကားပြောရင် ဝင်မပြောနဲ့ဆိုတာ မရဘူး”တဲ့၊ “ဝင်ဝင်ပြောလေ့ရှိကြတယ်”တဲ့။ “မြတ်စွာဘုရားရဲ့ တပည့်တွေက အဲဒီလိုမဟုတ်ဘူး”တဲ့၊ “ဘုရား တရားဟောနေတဲ့အချိန်မှာ ဘယ်သူမှ ဝင်ပြီးတော့ မပြောကြဘူး”တဲ့၊ “မပြောရုံတင်မကဘူး”တဲ့၊ “မတော်တဆ ချောင်းဟန့်မိရင်
စာမျက်နှာ-၃၁
တောင် အနားနားကကိုယ်တော်က တံတောင်လေးနဲ့တို့ပြီးတော့ သတိပေးတယ်၊ “ဘုရား တရားဟောနေတယ်၊ တိတ်တိတ်နေလို့” သူကိုယ်တိုင်မြင်ခဲ့တာပေါ့လေ၊ “သူဟာ အာဏာပိုင်မင်းဖြစ်ပေမယ့်လို့ ငြိမ်အောင် မလုပ်နိုင်ဘူး”လို့ ပြောတာ ဟုတ်တယ်၊ ဘုရင်ပေမယ့်လို့ ငြိမ်အောင် မလုပ်နိုင်တာ ရှိတယ်။

မြန်မာဘုရင် မင်းတုန်းမင်းကြီးအကြောင်း ကြားဖူးကြလိမ့်မယ်၊ မင်းတုန်းမင်းကြီးက လက်ညှိုးထိုးပြီးတော့ “ဒီနေရာကောင်းတယ်”လို့ ပြောတဲ့အခါ ယောမင်းကြီး ဦးဘိုးလှိုင်က “ဟိုနေရာက ပိုကောင်းတယ်”ဆိုပြီး ဘုရင်လက်ပေါ်က ကျော်ပြီးတော့ လက်ညှိုးထိုးပြောသတဲ့၊ အဲဒီအခါ မင်းတုန်းမင်းကြီးက ဘာပြောတုန်းဆိုတော့ “ငဘိုးလှိုင် - ဒီလှံ ဘယ်သူ့ကို ထိုးခဲ့တဲ့လှံလဲ၊ မင်းသိရဲ့လား”ဆိုပြီး မင်းတုန်းမင်းကြီးက သူကိုင်တဲ့လှံကို ပြပြီးပြောတယ်။ မင်းတုန်းမင်းကြီးရဲ့ အဖေက သာယာဝတီရွှေဘိုမင်း၊ ယင်းတော်မင်းကြီးဆိုတာက ဦးဘိုးလှိုင်ရဲ့ အဖေ၊ အဲဒီယင်းတော်အမတ်ကြီးကို ဘုရင်က စိတ်ဆိုးပြီးတော့ နန်းရင်ပြင်ပေါ်မှာ ခစားနေတုန်း ရင်ဘတ်ကို လှံနဲ့ထိုးပြီး ကြမ်းကို ကလော်ဖွင့်ပြီးတော့ သူ့အလောင်းကို အောက်ပစ်ချလိုက်တာ အဲဒီလို ရက်ရက်စက်စက်လုပ်တာ၊ “လှံကြီးက ငဘိုးလှိုင် ဘယ်သူ့ထိုးတဲ့လှံတုန်း မင်းသိလား” သူ့အဖေကို ထိုးတဲ့လှံကြီးပေါ့။ “အဲဒီလှံကြီးနဲ့ အထိုးခံရမယ်”တဲ့၊ “ငါပြောတာ ဝင်မပြောနဲ့”ဆိုပြီးတော့ အကြိမ်းခံဘူးသတဲ့နော်။

မြတ်စွာဘုရားပရိသတ်က ဘုရားကို အင်မတန်မှ ရိုသေတယ်၊ လေးစားတယ်၊ မြတ်စွာဘုရားရှေ့မှာ လုံးဝစကားမပြောဘူး၊ ငြိမ်သက်နေတယ်၊ အဲဒါကို တအံ့တဩဖြစ်တာ။
စာမျက်နှာ-၃၂
အဲဒီမှာ သံဃာတော်တွေဟာ အလွန်ငြိမ်သက်ပြီးတော့နေတဲ့အချိန်မှာ မြတ်စွာဘုရားက သံဃာတော်တွေကို ကြည့်ပြီး ဘာပြောတုန်းဆိုတော့ “ချစ်သားရဟန်းတို့ - ဒီပရိသတ်ဟာ အဖွဲအဖျင်းတွေ အင်မတန်မှ ကင်းတယ်၊ တကယ့်ကို အနှစ်သာရပြည့်တဲ့ ပရိသတ်ပဲ” အကာတွေ မပါဘူးပေါ့လေ၊ ဒီပရိသတ်ဟာ အကာကင်းတဲ့ပရိသတ်၊ စပါးဆိုလို့ရှိရင် အခွံမပါဘူး၊ အနှစ်ကြီးပဲ၊ အဆံပြည့်တယ်၊ စပါးထဲမှာ အဆံပြည့်တဲ့စပါးတွေချည်းပဲတဲ့၊ အဆံမပြည့်တဲ့ အခွံချည်းစပါးမျိုး မပါဘူးပေါ့ “ဒီပရိသတ်က တကယ့်ကို အနှစ်သာရရှိတဲ့ပရိသတ်ပဲ”လို့ မြတ်စွာဘုရားက ဝမ်းမြောက်ဝမ်းသာ ပြောပြီးတော့ “ဒီပရိသတ်မျိုးပေါ့”တဲ့၊ “အာဟုနေယျ၊ ပါဟုနေယျ၊ ဒက္ခိဏေယျ၊ အဉ္ဇလီကရဏီယ၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ”၊ “အဝေးက နိုင်ငံခြားက ယူလာတဲ့ပစ္စည်းတွေနဲ့ ပူဇော်ထိုက်တယ်၊ အိမ်မှာဧည့်သည်တွေလာရင် ကျွေးဖို့ထားတဲ့ တကယ့်အမွန်အမြတ်ထားတဲ့ပစ္စည်းတွေနဲ့ ပူဇော်ထိုက်တယ်၊ လှူဒါန်းထိုက်တယ်၊ တစ်စုံတစ်ခုကို ရည်ညွှန်းပြီးတော့ လှူတဲ့အလှူမျိုးကိုလည်း လှူထိုက်တယ်၊ ကုသိုလ်ကောင်းမှုပြုဖို့ရန်အတွက် အကောင်းဆုံးသောလယ်မြေလည်း ဖြစ်တယ်ဆိုတာ ဒီလိုသံဃာမျိုး” လို့ ဆိုပြီးတော့ မြတ်စွာဘုရားက ချီးမွမ်းတယ်။

ဟော နောက်တစ်ခုပြောတာ ဘာတုန်းဆိုလို့ရှိရင် “ဒီလိုပရိသတ်မျိုးပေါ့”တဲ့၊ “ဒီလိုသံဃာမျိုးပေါ့”တဲ့၊ “နည်းနည်းလှူရင် များများရတယ်၊ များများလှူရင် ပိုပြီးတော့ များများရတယ်ဆိုတာ ဒီပရိသတ်ပဲ မြန်မာတွေက ပြောလေ့ရှိတယ် မဟုတ်လား၊ ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီးလောက်ရတယ်ဆိုတာ နည်းနည်း
စာမျက်နှာ-၃၃
ရင် အများကြီးရတယ်၊ များများလှူရင် အများကြီးပိုရတယ်ဆိုတာ အကျိုးကြီးတဲ့အကြောင်းကို ဒီလို မြတ်စွာဘုရားက ချီးမွမ်းတယ်။ ။

ဟော နောက်တစ်ခုက “ဒီလိုပရိသတ်မျိုးပေါ့။ လောကမှာတွေ့ဖို့ရန် အင်မတန်ခက်တယ်”၊ ဟုတ်တယ်၊ အဲဒီလောက် ငြိမ်သက်ပြီးတော့ တည်ငြိမ်အေးချမ်းတဲ့ပရိသတ်မျိုးကိုတွေ့ဖို့ဆိုတာ အင်မတန်မှခက်တယ်၊ ဒါလွယ်တဲ့ကိစ္စမဟုတ်ဘူး၊ တခြားဘာသာတွေမှာလည်း ဘုရားလက်ထက်က ပရဗိုဇ်တို့ အစေလကတို့ဆိုတာ ဆူညံနေတဲ့လူတွေချည်းပဲ၊ တိတ်တိတ်ဆိတ်ဆိတ် မနေတတ်ဘူး၊ တစ်ယောက်နဲ့တစ်ယောက် စလိုက် ပြောင်လိုက် နောက်လိုက်နဲ့၊ အဲဒီလို လုပ်နေတဲ့လူတွေချည်းပဲတဲ့နော်၊ ဣရိယာပုထ်မငြိမ်တဲ့ပုဂ္ဂိုလ် မရှိဘူးတဲ့၊ ဒီလိုဟောတာ မြတ်စွာဘုရားက နော်။

မြတ်စွာဘုရားရဲ့ တပည့်ပရိသတ်တွေကျတော့ အဲဒီလို မဟုတ်ဘူးတဲ့၊ “တတ္ထကုက္ကုစ္စ” - လက်လှုပ်လှုပ်ဆော့ဆော့ မရှိဘူး၊ “ပါဒကုက္ကုစ္စ” - ခြေလှုပ်လှုပ်ဆော့ဆော့ မရှိဘူး၊ အင်မတန်မှ တည်ငြိမ်ပြီးနေတာကို ကြည့်ပြီး မြတ်စွာဘုရားက “ဒီပရိသတ်မျိုးကို တွေ့ရဖို့ အင်မတန်မှ ခဲယဉ်းတယ်”တဲ့၊ “တွေ့ရဖို့ ခဲယဉ်းသည့်အတွက်ကြောင့် ယူဇနာ ဘယ်လောက်ပဲဝေးဝေး၊ မိုင်ပေါင်း ဘယ်လောက်ပဲကွာကွာ ထမင်းထုပ်လေးထမ်းပြီးတော့ သွားရောက်ကြည့်သင့်တဲ့ပရိသတ်” လို့ ဒီလို မြတ်စွာဘုရားက ချီးမွမ်းတာနော်။

ရဟန်းသံဃာတွေကို ချီးမွမ်းပြီးတော့ ဘယ်လိုအမိန့်ရှိတုန်းဆိုတော့ “ဒီပရိသတ်ဟာ သာမန်မဟုတ်ဘူး”တဲ့၊ “ဒီပရိသတ်ထဲမှာ ရဟန္တာပုဂ္ဂိုလ်တွေ ရှိတယ်၊ ဒီပရိသတ်ထဲမှာ သကဒါဂါမ်ပုဂ္ဂိုလ်တွေ ရှိတယ်၊ ဒီပရိသတ်ထဲမှာ အနာဂါမ်ပုဂ္ဂိုလ်တွေ ရှိတယ်၊ ဒီပရိသတ်ထဲမှာ သောတာပန်ပုဂ္ဂိုလ်တွေ ရှိတယ်၊ ဒီပရိသတ်ထဲမှာ အင်မတန်မှထူးချွန်တဲ့ အရိယာသူတော်စင်တွေ ပါဝင်နေတဲ့ ပရိသတ်ဖြစ်တယ်၊ ဒါကြောင့်မို့လို့ ဒါလောက် ချီးမွမ်းအံ့ဩဖွယ်ကောင်းတယ်”လို့ မြတ်စွာဘုရားက ရှေ့ပိုင်းမှာ ဒီလိုဟောတာနော်။
စာမျက်နှာ-၃၄
* ဒီမှာ အာနာပါနဿတိကမ္မဋ္ဌာန်းကို မဟောခင် အခုလို သီတင်းကျွတ်လပြည့်နေ့က တစ်ခါ၊ တန်ဆောင်မုန်းလပြည့်နေ့က တစ်ခါ သံဃာ့ပရိသတ်မှာ တပည့်သာဝကတွေရဲ့ ကျင့်ကြံကြိုးကုတ် အားထုတ်မှုနဲ့ ပတ်သက်ပြီးတော့ စိတ်တိုင်းကျလို့ မြတ်စွာဘုရားက အားရပါးရ ချီးမွမ်းစကားတွေ ပြောနေတဲ့အပိုင်းပါ ဒါကနော်။

အေး နောက်ရက်ကျလို့ရှိရင် ဒီပရိသတ်ထဲမှာပါတဲ့ ရဟန္တာပုဂ္ဂိုလ်တွေဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေလဲ၊ သူတို့ကျင့်တဲ့ကမ္မဋ္ဌာန်းတွေက ဘာကမ္မဋ္ဌာန်းတွေလဲဆိုတာကို အနည်းငယ်ပြောကြားပြီးတော့ အာနာပါနဿတိကျင့်စဉ်ကို မြတ်စွာဘုရားက ဒီသုတ္တန်မှာ အကျယ်တဝင့် ခွဲပြီးတော့ ဟောကြားတော်မူတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်တို့ အာနာပါနဿတိသုတ္တန်ရဲ့ အနှစ်ချုပ်ဆိုတဲ့ ဒီရှေ့ပိုင်းမှာ ဒီတရားအတိုင်း ကျင့်ကြံကြိုးကုတ်အားထုတ်ထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အနေအထိုင်ဟာ အင်မတန်မှ ကျစ်လစ်သိမ်မွေ့ပြီးတော့ အင်မတန်မှ ထူးခြားတဲ့ အနေအထားရှိတယ်၊ ဒါတွေကို ဘုန်းကြီးတို့တွေ့ပြီးတဲ့အခါကျတော့ အင်မတန်မှ စိတ်ထဲက ကြည်နူးပြီးတော့ ဝမ်းမြောက်ကြည်နူးစွာ ထိုပုဂ္ဂိုလ်တွေကို အာရုံပြုရုံနဲ့ပဲ စိတ်ထဲမှာ အလွန်ကြည်နူးရပါတယ်ဆိုတဲ့အကြောင်း မှတ်သားကြပြီးတော့ နောက်ရက်များမှာ
စာမျက်နှာ-၃၅
အာနာပါနဿတိသုတ်အနှစ်ချုပ်ကို ဆက်လက်နာယူကြဖို့ ဖြစ်ပါတယ်။

တရားချစ်ခင်သူတော်စင်အပေါင်းတို့ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် ဟောကြားတော်မူခဲ့တဲ့တရားတွေကို မှတ်သားနာယူကြသဖြင့် တကယ့်ဘုရားဟောတရားအစစ်အမှန်တွေကို သိရှိရပြီးတဲ့နောက် တို့တစ်တွေလည်း လိုက်နာကျင့်သုံး အားထုတ်ကြရမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ တရားဓမ္မကို လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု
စာမျက်နှာ-၃၆

စာမျက်နှာ-၃၇
အာနာပါနဿတိသုတ်အနှစ်ချုပ်
အပိုင်း(၂)
သာသနာတော်နှစ် ၂၅၅၅-ခုနှစ်၊ သက္ကရာဇ် ၁၃၇၃-ခုနှစ်၊ တပို့တွဲလဆန်း(၂)ရက်၊ ညနေ ၃:၀၀-နာရီ၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်းတောင်ရပ်ကွက်၊ ကျွန်းတောလမ်း၊ ထမိဇယသုဒိတာရာမ၊ ဒေါ်ဉာဏစာရီ မြန်အောင်သီလရှင်စာသင်တိုက်အတွင်းရှိ ဓမ္မသဘင်ခန်းမအတွင်း၊ အထူးပင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မပူဇာဓမ္မသဘင်၌ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာတောင်ညွန့်ရပ်ကွက်နှင့် မိဘဘိုးဘွားတွေ အားလုံးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု၊ ကိုကျော်သင်း ဆေးဆိုင်း၊ အမှတ် (၁၂) ထူလမ်း ဦးစိုးဟန် + ဒေါ်ခင်ကြည် မိသားစု၊ စန်းသီတာဆီ၊ နှစ်ဖက်သောမိဘများအား အမှူးထား၍ စမ်းချောင်းမြို့နယ်၊ အမှတ်(၁၀) စာသဇင်လမ်း၊ ဖန်းလှိုင်အဆင့်မြင့်အိမ်ရာနေ ဦးမောင်မောင် + ဒေါ်မိအောင်၊ သမီးမပပထွန်း။

တောင်ဒဂုံမြို့နယ် စက်မှုဇုန်(၁)နေ ဦးဌေးအောင် မိသားစု တို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

ဗုဒ္ဓမြတ်စွာက ဝိသာခါဆောက်လုပ်လှူဒါန်းထားတဲ့ သာဝတ္ထိမြို့ ပုဗ္ဗာရုံ မိဂါရမာတုပါသာဒကျောင်းဆောင်ကြီးရဲ့ အပြင်မှာ ညဉ့်ဦးယံ လပြည့်နေ့အခါသမယ လသာတဲ့လွင်ပြင်မှာ ရဟန်းသံဃာများ ခြံရံပြီး ထိုင်ရင်း ထိုရဟန်းသံဃာများရဲ့ တိတ်ဆိတ်ငြိမ်သက်မှု၊ ဣန္ဒြေရှိမှုတွေကို ကြည့်ပြီး သီတင်းကျွတ်လပြည့်ညက တစ်ကြိမ်၊ တန်ဆောင်မုန်းလပြည့်ညက တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင်
စာမျက်နှာ-၃၈
တပည့်သာဝကတွေပေါ်မှာ အားရတဲ့စိတ်နဲ့ ချီးမွမ်းထောပနာမှုကို ပြုခဲ့တယ်။

ဘာဖြစ်လို့ ချီးမွမ်းရတုန်းဆိုတော့ အဲဒီပရိသတ်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အရည်အချင်းကြောင့်ပဲ၊ မြတ်စွာဘုရားကိုယ်တိုင် ဖော်ထုတ်ဟောကြားထားတာ ရှိတယ်၊ မြတ်စွာဘုရားက “ချစ်သားရဟန်းတို့ - ဟောဒီရဟန်းသံဃာတွေထဲမှာ အာသဝေါကင်းကွာ ရဟန္တာပုဂ္ဂိုလ်တွေ ပါရှိတယ်၊” “ဒါ အကုန်လုံး ရဟန္တာတွေတော့ မဟုတ်ဘူး၊” အာသဝေါကင်းကွာ ရဟန္တာတွေ ပါရှိတယ်လို့ဆိုတဲ့ နေရာမှာ မြတ်စွာဘုရားက ရဟန္တာပုဂ္ဂိုလ်ရဲ့ဂုဏ်ရည်ဂုဏ်သွေးတွေကို စကားလုံးရှစ်လုံး အသုံးပြုပြီး ဖော်ပြထားတယ်၊ ရဟန္တာပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေလဲလို့ဆိုတာ ဒီသုတ္တန်အရလည်းပဲ သိရှိကြည်ညိုလို့ ရတာပေါ့နော်။

အဲဒီတော့ အားလုံးကတော့ ရဟန္တာ ရဟန္တာနဲ့ပဲ သိကြတယ်၊ အဲဒီရဟန္တာပုဂ္ဂိုလ်ဆိုတာ ဘယ်လိုအရည်အချင်းတွေရှိတာလဲလို့ဆိုတာ မြတ်စွာဘုရားက “သန္တိ ဘိက္ခဝေ ဘိက္ခု ဣမသ္မိံ ဘိက္ခုသံဃေ အရဟန္တာ”တဲ့၊ ဒီရဟန်းသံဃာတွေထဲမှာ ရဟန္တာဖြစ်ပြီးရဟန်းတော်တွေ ပါရှိနေတယ်၊ “အရဟန္တာ” ကိလေသာတွေ ဝေးကွာနေတဲ့ပုဂ္ဂိုလ်တွေ၊ ဒီစကားလုံးကို အသုံးပြုတယ်၊ နောက်တစ်ခု အသုံးပြုတဲ့စကားလုံးက ဘာတုန်းဆိုတော့ “ခီဏာသဝ”တဲ့၊ ရဟန္တာပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တုန်းဆိုတာ သိဖို့လိုတယ်ပေါ့နော်။

ခုခေတ်က ရဟန္တာ ရဟန္တာနဲ့ ပြောနေကြတာ၊ ဘယ်လိုအရည်အချင်းတွေနဲ့ ပြောတာတုန်း၊ မြတ်စွာဘုရားက ရဟန္တာလို့
စာမျက်နှာ-၃၉
ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ပြောတာလဲဆိုတာ တိုက်ဆိုင်ပြီးတော့ ကြည့်လို့ရအောင်ပေါ့။

“ခီဏာသဝ” - အာသဝေါကုန်ပြီးကြပြီတဲ့၊ ‘အာသဝ’ဆိုတဲ့ စကားလုံးက ဘာကိုပြောတာတုန်းဆိုတော့ လူတွေရဲ့စိတ်အစဉ်မှာ မပြတ်စီးဝင်နေတဲ့ အကုသိုလ်တွေ၊ အကုသိုလ်တွေဟာ ဒလစပ် စီးဝင်နေတယ်၊ သူတို့ရဲ့နယ်ဟာလည်း အင်မတန်မှ ကျယ်တယ်၊ ဘုံအားဖြင့် ဘဝဂ်အထိ၊ ဓမ္မအားဖြင့် ဂေါတြဘူအထိ၊ အာရုံပြုတဲ့နယ်ကြီးက အင်မတန်မှ ကျယ်တာကိုး၊ ဂေါတြဘူဆိုတာ မဂ်စိတ်တွေရဲ့ရှေ့မှာဖြစ်တဲ့ အာဝဇ္ဇန်းအရာမှာရှိတဲ့ ဇောစိတ်ကို ပြောတာ၊ အဲဒီထိအောင် သူက လိုက်တယ်လို့ ပြောတာ၊ မဂ်ကျမှ ရပ်ကျန်ရစ်တယ်၊ သူ့နယ် ဘယ်လောက်ကျယ်တယ်ဆိုတာ စဉ်းစားကြည့်၊ အဲဒီဂေါတြဘူထိအောင် အာသဝက ကပ်လာတယ်လို့ ပြောတာ။

အာသဝပုဒ်ကို အဓိပ္ပါယ်များစွာဖွင့်တယ်။ အဓိပ္ပါယ်များစွာ ဖွင့်တဲ့ထဲမယ် အာသဝဆိုတာ ကြာရှည်စွာထုံထားလို့ ယစ်မူးစေတတ်တဲ့အရာလို့၊ ဒီလိုယစ်မူးစေတတ်တဲ့အရာတွေနဲ့ တူတဲ့ဟာဆိုတော့ သံသရာထဲမှာ လောဘဆိုတာလည်း ဘယ်တုန်းက စဖြစ်တာတုန်း၊ အင်မတန်မှ ကြာလှပြီ၊ ဒေါသဆိုတာလည်း ဖြစ်လာတာ ကြာလှပြီ၊ မောဟလည်း ဖြစ်လာတာ ကြာလှပြီ၊ မာနတို့ ဒိဋ္ဌိတို့ ဣဿာတို့ မစ္ဆရိယတို့ ဆိုပါစို့၊ မကောင်းတဲ့အကုသိုလ်စိတ်အညစ်အကြေးတွေဟာ သံသရာထဲမှာ ဖြစ်လာတဲ့အချိန်ဟာ အင်မတန်မှ ကြာလှပြီ၊ အင်မတန်မှကြာတော့ အလျဉ်ရပြီးတော့ အရက်များလို ပြင်းနေတာပေါ့။ ဒီလိုဆိုလိုတာနော်၊ အရှိန်ပြင်းနေတယ်၊
စာမျက်နှာ-၄၀
ကြာမြင့်စွာသောကာလက လူတွေရဲ့သန္တာန်မှာ အရှိန်ရနေတဲ့တရားတွေလို့ ဒီလိုလည်း အဓိပ္ပါယ်ရတယ်။ ။

နောက်တစ်ခုကတော့ အာ - အတိုင်းအတာတစ်ခုအထိအောင်၊ “သဝ” - စီးဝင်နေတယ်လို့ ဆိုလိုတယ်၊ လူတွေရဲ့သန္တာန်မှာ မျက်လုံးကလည်း စီးဝင်လာတယ်၊ အာရုံနဲ့တွေ့လိုက်တဲ့အခါမှာ မြင်တဲ့အာရုံပေါ်မှာ လောဘဖြစ်တယ်၊ ဒေါသဖြစ်တယ်၊ ဒါ မျက်လုံးက စီးဝင်တယ်လို့ တင်စားသုံးတာနော်၊ အပြင်က လာတာတော့ မဟုတ်ဘူး၊ လောဘက အပြင်က လာတာ မဟုတ်ဘူး၊ သို့သော် အပြင်အာရုံနဲ့ ဆက်စပ်ပြီး ဖြစ်လို့ အပြင်က လာတာလို့ ပြောတဲ့သဘော၊ စီးဝင်လာတယ်၊ မြင်စရာအာရုံလေးတစ်ခု မြင်လိုက်ရင် လောဘဖြစ်တယ်၊ ဒေါသဖြစ်တယ်၊ အသံလေးကြားလိုက်ရင် လောဘဖြစ်တယ်၊ ဒေါသဖြစ်တယ်၊ အနံ့လေးနမ်းရှူလိုက်ရင်လည်း လောဘဖြစ်တယ်၊ ဒေါသဖြစ်တယ်၊ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် လို့ဆိုတဲ့ ဒီဒွါရ ၆-ပါးကနေ လူတွေရဲ့သန္တာန်မှာ မပြတ်စီးဝင်နေတာမို့ အာသဝလို့ ခေါ်တာ၊ မပြတ်စီးဝင်နေတယ်၊ ရေစီးတွေဟာ စီးဝင်နေသလိုပဲ၊ ဒါကြောင့်မို့ Flux In အတွင်းထဲကို ဝင်နေတဲ့သဘောတရားလို စီးဝင်နေတယ်၊ လျှပ်စီးဟာ Wire ကြိုးထဲမှာ စီးဝင်နေသလိုပဲပေါ့၊ အဲဒီစီးဝင်နေတဲ့ ဒီ Wire ကြိုးကို သွားကိုင်မိလို့ရှိရင် အကာအကွယ်မရှိရင် လူကို ဒုက္ခပေးတာပဲနော်။

လူတွေရဲ့သန္တာန် စိတ်အစဉ်မှာလည်းပဲ ဒီလျှပ်စစ်ဓာတ်တွေ စီးဝင်နေသလိုပဲ လောဘတွေ မောဟတွေ မာနတွေ ဣဿာတွေ မစ္ဆရိယတွေဆိုတဲ့ ဒီတရားတွေဟာ စီးဝင်နေတယ်၊ အဲဒီထဲမှာ
စာမျက်နှာ-၄၁
အာသဝလို့ နာမည်ပေးထားတာကတော့ လောဘ၊ ဒိဋ္ဌိ၊ မောဟ - ဒီ ၃-ခု ပေးထားတယ်။

သို့သော် ကျန်တာတွေကို အာသဝလို့ မခေါ်ဘူးလို့တော့ ဒီလိုပြောတာမဟုတ်ဘူး၊ အဓိက မြတ်စွာဘုရားက ပြောတာနော်၊ စီးဝင်တတ်တဲ့တရားတွေက သူတို့ချည်းတော့ မဟုတ်ဘူး၊ သို့သော် အင်မတန်ပြင်းထန်တဲ့တရားတွေကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝလို့၊ တရားကိုယ်အားဖြင့် ပြောမယ်ဆိုရင် ကာမာသဝနဲ့ ဘဝါသဝက လောဘ၊ ဒိဋ္ဌာသဝက ဒိဋ္ဌိ၊ အဝိဇ္ဇာသဝက မောဟတဲ့၊ အဲဒီတော့ လောဘ၊ ဒိဋ္ဌိ၊ မောဟပေါ့၊ အဲဒါတွေဟာ ဒလစပ်မပြတ် စီးဝင်နေတယ်၊ အာရုံလာတာနဲ့ စီးဝင်လာတတ်တဲ့သဘောရှိလို့ အာသဝလို့ ဒီလိုပြောတာ။

အဲဒီအာသဝတွေ ကုန်သွားပြီတဲ့၊ မလာတော့ဘူး၊ စီးဝင်လာတာတွေ မရှိတော့ဘူး၊ ဒါကို “ခီဏာသဝ”လို့ ခေါ်တာ၊ အာသဝေါကုန်ပြီးသွားတဲ့ပုဂ္ဂိုလ်၊ မြန်မာကတော့လည်း အာသဝကို အဓိပ္ပါယ်မပြန်တော့ဘဲနဲ့ အာသဝေါကင်းတယ်၊ အာသဝေါကုန်တယ်လို့ပဲ ဒီလိုပြောတယ်နော်။

အဲဒီတော့ သံသရာမှာ အလွန်ကြာခဲ့တဲ့အချိန်ကတည်းက ဖြစ်ပေါ်လာတဲ့ ဒီတရားဆိုးတွေ ပျောက်သွားပြီလို့ ပြောတာနော်။ လူ့ရဲ့ဒွါရ ၆-ပါးကနေ စီးဝင်လာနိုင်တဲ့ ဒီတရားဆိုးတွေ မရှိတော့ဘူး၊ ရဟန္တာပုဂ္ဂိုလ်က အဲဒါတွေ မရှိတော့ဘူး၊ မျက်စိရှိလို့ မြင်ပေမယ်လို့ ထိုမြင်တဲ့အာရုံပေါ်မှာ လောဘနဲ့ တွယ်တာတာ မရှိဘူး၊ အမြင်မှားတာ မရှိဘူး၊ မောဟဖြစ်တာ မရှိဘူးလို့ ဆိုလိုတယ်နော်။
စာမျက်နှာ-၄၂
နားရှိလို့ ကြားပေမယ်လို့ အဲဒီပေါ်မှာ တပ်မက်တာ၊ တွယ်တာတာ မရှိဘူး၊ ဒီလိုဆိုလိုတာပေါ့။

မြတ်စွာဘုရားလည်း နားရှိတာပဲ၊ ကြားတာပဲ၊ နှာခေါင်းရှိတော့ အနံ့ရတာပဲ၊ လျှာရှိတော့ အရသာသိတာပဲ၊ ခန္ဓာကိုယ်ရှိတော့ ထိတွေ့၊ စိတ်ရှိတော့ အာရုံနဲ့တွေ့တာပဲ၊ သို့သော် ခုပြောခဲ့တဲ့ အာသဝတွေ စီးဝင်မှု မရှိတော့ဘူး၊ ရပ်တန့်သွားပြီ၊ ဒီလိုဆိုလိုတယ်။ အဲဒီပုဂ္ဂိုလ်မျိုးကို ရဟန္တာလို့ ခေါ်တာပဲ၊ ခီဏာသဝ - ခီဏ အာသဝ၊ အာသဝေါတွေ ကုန်သွားပြီး နောက်ထပ် မလာတော့ဘူး၊ အဆက်ပြတ်သွားပြီး။

နောက်တစ်ခုသုံးတဲ့ စကားလုံးလေးက ဘာတုန်းဆိုရင် “ဝုသိတဝါ”၊ “ဝုသိတဝါ”ဆိုတာ မြတ်သောအကျင့် မဂ္ဂင် ၈-ပါး ကျင့်သုံးပြီးဖြစ်သူ၊ မဂ္ဂင် ၈-ပါးအကျင့် ကျင့်ကြံကြိုးကုတ်အားထုတ်ပြီးသူ၊ ဆိုပါစို့ - သီလကိုလည်း အားထုတ်တယ်၊ သမာဓိကိုလည်း အားထုတ်တယ်၊ ပညာကိုလည်း အားထုတ်တယ်၊ အဲဒီအားထုတ်မှုကိစ္စတွေဟာ လုံးဝပြီးသွားပြီလို့ ပြောတာ၊ “ဝုသိတ” ကျင့်နေတုန်း မဟုတ်ဘူး၊ မြတ်သောအကျင့် ကျင့်ပြီးတော့ နေထိုင်မှုတွေ အောင်မြင်ပြီးစီးသွားပြီလို့၊ ဘုန်းကြီးတို့တတွေက လုပ်စရာတွေ အမြဲတမ်းကျန်နေတယ်၊ ဘယ်တော့မှ မပြီးဘူးပေါ့။ လုပ်ရဦးမယ်၊ လမ်းဆုံးမရောက်သေးဘူး၊ “ဝုသိတဝါ” မဖြစ်ဘူးပေါ့နော်၊ မြတ်သောအကျင့်ကို ကျင့်တဲ့နေရာမှာ လမ်းဆုံးသွားပြီလို့။ ဒါက စကားလုံးတစ်ခု။

နောက်တစ်ခါ ရဟန္တာပုဂ္ဂိုလ်ရဲ့ သရုပ်ဖော်တဲ့စကားလုံးတစ်ခုက “ကတကရဏီယော”တဲ့၊ “ကရဏီယ”ဆိုတာ လုပ်သင့်
စာမျက်နှာ-၄၃
လုပ်ထိုက်တဲ့ကိစ္စ၊ “ကတ”က လုပ်ပြီးပြီ၊ လုပ်သင့်တာတွေ လုပ်ပြီးသွားပြီလို့ ပြောတာ၊ လူတွေကျတော့ လုပ်ပြီးပြီလို့ ပြောနိုင်တာ ဘာရှိတုန်း၊ ထမင်းချက်ပြီးပြီလို့သာ ပြောတာ၊ မနက်ဖြန်ခါ ထပ်ချက်ရဦးမှာ၊ ဘယ်တော့များ ပြီးတုန်း မပြီးဘူးလေ၊ ဒီကနေ့တစ်ရက်အတွက်သာ ပြီးတာ၊ မနက်ဖြန်အတွက် ထပ်ချက်ရဦးမှာ။

ရဟန္တာပုဂ္ဂိုလ်ကျတော့ ကြည့်၊ ကိလေသာအာသဝေါတွေ ကင်းကွာဖို့ရန်အတွက် တရားကျင့်တဲ့အလုပ်၊ ဝိပဿနာကျင့်တဲ့အလုပ်ဟာ လမ်းဆုံးသွားပြီးတော့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ထိအောင် ရောက်သွားပြီဆိုရင် လုပ်စရာ ကျန်သေးသလားဆိုတော့ မကျန်တော့ဘူး၊ လုပ်စရာတွေ လုပ်ပြီးပြီ၊ မဂ္ဂင် ၈-ပါးကျင့်တဲ့အကျင့်ဟာ နောက်ထပ်ပြန်ကျင့်စရာမလိုဘူး။

ထမင်းချက်တာက နောက်ထပ်ပြန်ချက်ရမယ်၊ တံမြက်စည်းလှည်းတာ နောက်ထပ်ပြန်လှည်းရမယ်၊ အဝတ်ဖွတ်တာလည်း နောက်ထပ်ပြန်ဖွတ်ရမယ်၊ ဘယ်တော့မှ မပြီးဘူး၊ မပြီးသည့်အတွက်ကြောင့် “ကတကရဏီယော” လုပ်စရာတွေ လုပ်ပြီးပြီလို့ ဘယ်တော့မှ ပြောလို့မရဘူး၊ မသေမချင်း လုပ်ရဦးမှာ၊ ဝိပတ်ဝ သေသွားရင် ရောက်ရာဘဝမှာ ဒီအလုပ်တွေက နောက်ထပ်ဆက်လုပ်ဦးမှာပဲ၊ ရပ်တယ်လို့ မရှိဘူးနော်၊ ဆက်လုပ်ဦးမှာဆိုတော့ ဘယ်တော့မှ “ကတကရဏီယော” လုပ်သင့်တာတွေ လုပ်စရာတွေ ပြီးပြီလို့ မပြောနိုင်ဘူးတဲ့၊ သတ္တဝါတွေဟာ လုပ်နေရတုန်းပဲ၊ ရဟန္တာပုဂ္ဂိုလ်တွေကျတော့ လုပ်စရာကုန်သွားပြီ၊ နောက်ထပ်လုပ်စရာ မရှိတော့ဘူးဆိုတော့ တကယ်ကုန်သွားတာကို ပြောတာ၊ အဲဒီအဆင့်၊ ဒါကို ရဟန္တာလို့ ဒီလိုဆိုလိုတာ။
စာမျက်နှာ-၄၄
နောက်တစ်ခုက ဘာတုန်းဆိုရင် “ဩဟိတဘာရော”၊ “ဩဟိတ”ဆိုတာ ချထားလိုက်တာ၊ “ဘာရ”ဆိုတာ ဝန်ထုပ်ဝန်ပိုး၊ ပင်ပင်ပန်းပန်း အထုပ်ကြီး ထမ်းလာရတဲ့ပုဂ္ဂိုလ်ဟာ အထုပ်ကို ပစ်ချလိုက်လို့ရှိရင် ဘယ်လောက်များ ပေါ့ပါးပြီး သက်သာသွားမလဲ၊ စဉ်းစားကြည့်ပါလား၊ အထုပ်ချတယ်ဆိုတဲ့လူတွေက ဟိုဘေထုပ်ကြီးတွေတို့ ဘာတို့ လေဘေးအထုပ်ကြီးတွေ ထမ်းလာတဲ့လူက ချတာတော့ အဲဒါ ခဏတဖြုတ်ချတာ၊ သူ နောက်ထပ်ပြန်ထမ်းရဦးမှာနော်၊ လူတွေက အထုပ်ထမ်းလာလို့ ချတယ်ဆိုတာ ခဏပဲ၊ နောက်ထပ်ပြန်ထမ်းနေဦးမှာ။

ရဟန္တာပုဂ္ဂိုလ်က အထုပ်ဆိုတာ ဘာပြောတုန်းဆိုတော့ ခန္ဓာလို့ဆိုတဲ့ ဝန်ထုပ်ကြီးကို ချလိုက်တာ၊ ဘယ်တော့မှ ဒီခန္ဓာဝန်ထုပ် ပြန်မထမ်းတော့ဘူး၊ ဒီအထုပ်ကြီး ဘယ်တော့မှ ပြန်မကောက်တော့ဘူး၊ သာမန်ပုဂ္ဂိုလ်တွေက ပြန်ကောက်ဦးမှာ၊ လူ့ဘဝလူ့ခန္ဓာကုန်သွားတဲ့အခါ နတ်ဘဝနတ်ခန္ဓာ၊ တိရစ္ဆာန်ဘဝတိရစ္ဆာန်ခန္ဓာကြီးတွေ ပြန်ကောက်ဦးမှာ သူက၊ အထုပ်ပြန်ထမ်းကြဦးမှာပဲ။

ခန္ဓာဆိုတာ ဝန်ထုပ်ဝန်ပိုးကြီးတဲ့၊ လူ့ဘဝဆိုတာ ခန္ဓာငါးပါးရဲ့ဝန်ထုပ်ဝန်ပိုးကြီးက ဘယ်လောက်ကြီးလေးသလဲဆိုတာ မနက်အိပ်ရာထတဲ့အချိန်ကစပြီးတော့ သူ့အတွက်လုပ်ပေးနေတာလေ၊ လူတွေက ထင်တာ ငါ့အတွက် လုပ်ပေးတယ်ဆိုပြီးတော့ ပျော်နေကြတာ၊ အမှန်က သူ့အတွက် လုပ်ပေးနေရတာ၊ ခန္ဓာငါးပါးက သူ့အတွက်လုပ်ပေးလို့ သူက ကျေးဇူးတင်ပြီးတော့ မင်းသဘောအတိုင်း ငါဖြစ်ပါ့မယ်လို့များ ရှိရဲ့လား၊ ဘယ်လောက်လုပ်ပေးနေနေ သူခေါင်းကိုက်ချင် ကိုက်တာပဲ၊ ဗိုက်နာချင် နာတာပဲနော်။
စာမျက်နှာ-၄၅
ဘယ်လောက်ပဲ ဒီခန္ဓာအတွက် လုပ်ပေးနေနေ ဒီခန္ဓာက ကိုယ့်ကို ငဲ့မယ်လို့တော့ မအောက်မေ့လေနဲ့။

မြတ်စွာဘုရားက ဟောထားတယ်၊ သူသတ်သမားဆိုတာ တခြားသူ သွားမကြည့်နဲ့၊ ဒီခန္ဓာငါးပါးက သူသတ်သမားပဲတဲ့၊ သူသတ်တာတဲ့၊ ဘယ်သူကမှ လာမသတ်ဘူး၊ ဟုတ်ကဲ့လား၊ သူ့ကို 'ရူပံ'တဲ့၊ 'ဝေဒနာ' သတ်တတ်တယ်လို့ ဒီလိုဆိုလိုတာ။

ခန္ဓာငါးပါးဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးဟာ သာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေကတော့ ဝန်ထုပ်လို့ မထင်ဘူး။ အင်မတန်မှလေးလံတဲ့ ဝန်ထုပ်ကြီးလို့ မမြင်ဘူး၊ ဒီပြင်အထုပ်ကိုသာ ဝန်ထုပ်လို့ထင်တာ၊ ခန္ဓာကိုယ်ကြီးကိုတော့ ဝန်ထုပ်လို့မမြင်ဘူး၊ ရဟန္တာပုဂ္ဂိုလ်တွေကျတော့ မြင်တယ်။

ရှင်သာရိပုတ္တရာပုံကို ကြည့်မယ်ဆိုရင် ရှင်သာရိပုတ္တရာက ဘာပြောတုန်းဆိုတော့ “အာဟရိတော ဘဝဘာရေန နိက္ခိတ္တော ယထာ”တဲ့၊ “ဘဝရဲ့အထုပ်အပိုးကြီးကို သူထမ်းလာရတာ တောင်ကြီးရွက်ထားရသလိုပဲ လေးလံလှပါတယ်” လို့ ပြောတာ၊ ဒါကြောင့်မို့ ရဟန္တာပုဂ္ဂိုလ်တွေက ပရိနိဗ္ဗာန်စံတော့မယ်ဆိုလို့ရှိရင် သူတို့စိတ်ထဲမှာ ရလာမယ့်ဆုလာဘ်အတွက် အင်မတန်မှ စိတ်ချမ်းသာတယ်၊ ပျော်တယ်နော်၊ ပုထုဇဉ်တွေနဲ့တော့ တခြားစီ၊ ပုထုဇဉ်တွေက သေမှာကြောက်တယ်၊ သေတော့မယ်ဆိုရင်လည်း ကြောက်တယ်။

ရဟန္တာပုဂ္ဂိုလ်ကျတော့ အဲဒီလိုမဟုတ်ဘူး၊ သေတော့မယ်ဆိုရင် သူတို့က ပျော်နေတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ဒီအထုပ်
စာမျက်နှာ-၄၆
ကြီး အရှုပ်ကြီး ငါချရတော့မှာပဲ နောက်ထပ်လည်း ပြန်မကောက်တော့ဘူး၊ ဒီဝန်ထုပ်ကြီးရှိနေရင် ရဟန္တာပုဂ္ဂိုလ်တွေလည်း လုပ်ပေးနေရတာပဲ၊ ခန္ဓာကိုယ်ရဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းနေရတာပဲ။

ဒါကြောင့် အရှင်သာရိပုတ္တရာက ပြောတာ၊ 'နိက္ခိတ္တော ယထာ' - တောင်ကြီးထမ်းထားရသလိုကို လေးပါတယ်တဲ့၊ ခန္ဓာကိုယ်ရဲ့တာဝန်က၊ ဟုတ်တယ်လေ၊ ရဟန္တာဖြစ်သွားရင် နောက်ထပ်ခန္ဓာထပ်မယူတော့သည့်အတွက်ကြောင့် “ဩဟိတဘာရော”တဲ့၊ ထာဝရပစ်ချလိုက်ပြီးသား ဖြစ်ပြီ၊ ဘုန်းကြီးတို့တတွေက ထာဝရပစ်ချတာ မဟုတ်ဘူး၊ ပြန်ကောက် ပြန်ထမ်းဦးမှာနော်။

ဒီအထုပ်သေးလို့ နောက်ထပ် ဒီထက်ကြီးတဲ့အထုပ် ထမ်းဦးမှာ၊ ဆင်ကြီးဖြစ်လို့ရှိရင်နော်၊ အင်မတန်မှ ကြီးတဲ့အထုပ်ကြီး၊ ပုရွက်ဆိတ်ကလေးက ဆင်ဖြစ်ရင်တော့ အင်မတန်မှကြီးတဲ့အထုပ်၊ ပုရွက်ဆိတ်ဖြစ်ရင်လည်း သူ့အတိုင်းအတာနဲ့သူ မလေးဘူးလို့ မပြောနဲ့၊ ပုရွက်ဆိတ်ကလည်း ပုရွက်ဆိတ်ခေါင်းကြီးကျတော့လည်း လေးသေးတာပဲနော်၊ သူ့ဟာနဲ့သူတော့ လေးနေကြမှာပါ။ ခန္ဓာကိုယ်ရှိနေသမျှတော့ သူ့အတွက် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေတယ်တဲ့။

ရဟန္တာပုဂ္ဂိုလ်ကျတော့ ဘယ်တော့မှ မယူတော့သည့်အတွက်ကြောင့် “ဩဟိတဘာရော”တဲ့၊ ဒါ မြတ်စွာဘုရားက ရဟန္တာကို သရုပ်ဖော်ပြီး ဟောပြောတာနော်၊ ဒီလိုပုဂ္ဂိုလ်မျိုးတွေ ရှိတယ်တဲ့၊ အာသဝတွေ ကုန်ပြီးနေပြီ၊ ကျင့်စရာတွေ အကုန်ကျင့်ပြီးနေပြီ၊ လုပ်စရာတွေ အကုန်လုပ်ပြီးနေပြီနော်၊ ခန္ဓာငါးပါးဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ထာဝရချပြီးသွားပြီတဲ့၊ အဲဒါ ရဟန္တာပုဂ္ဂိုလ်။
စာမျက်နှာ-၄၇
နောက်တစ်ခုက ဘာတုန်းဆိုရင် “အနုပ္ပတ္တသဒတ္ထော”တဲ့၊ အဆင့်ဆင့်ရောက်ရှိလာတဲ့ တကယ့်ကို ကိုယ်ကျိုးလို့ သတ်မှတ်ရမယ့်အဆင့် နောက်ဆုံးရောက်ရှိလာပြီလို့ ဒီလိုပြောတာ။

'အနုပ္ပတ္တ'ဆိုတာ အစဉ်မပြတ်ရောက်လာတာ၊ တဆင့်ပြီးတဆင့်၊ တဆင့်ပြီးတဆင့်၊ ရောက်လာတဲ့ 'သဒတ္ထ' ကိုယ့်ကျိုး ကိုယ့်စီးပွား၊ လောကလူတွေက ကိုယ့်အကျိုး ကိုယ့်အကျိုးလို့သာ ပြောနေတာ၊ ကိုယ့်အကျိုးဆိုတာ ဘာတုန်း၊ ကိုယ်စားရဖို့ ကိုယ်ဝဖို့ ကိုယ်နေဖို့၊ ဒါကို ကိုယ့်အကျိုးလို့ ထင်နေတာ၊ ဘယ်ဟုတ်မှာတုန်း၊ ခန္ဓာကိုယ်ရဲ့အကျိုးတွေ လုပ်နေတာ၊ ကိုယ့်ကိုဒုက္ခပေးမယ့် ခန္ဓာရဲ့အကျိုးကို လုပ်နေတာ၊ တကယ်ပြောမယ်ဆိုရင် ရန်သူရဲ့အကျိုး လုပ်နေတာ၊ ကိုယ့်ဒုက္ခပေးမှာ ဘယ်သူတုန်း၊ ဒီခန္ဓာကြီးပဲ။ နေ့စဉ်အလုပ်လုပ်နေတာ ဘယ်သူ့အတွက် လုပ်နေတာလဲ၊ ခန္ဓာအတွက် လုပ်နေတာပဲလေ၊ ဒုက္ခပေးတာ ဘယ်သူတုန်း၊ ခန္ဓာပဲ။ ကိုယ်က လုပ်ပေးနေပေမယ့် သူက တဖြည်းဖြည်း အိုကို အိုကိုလာတာ၊ ဒုက္ခမပေးဘူးလား၊ တော်ကြာသွားကိုက်လို့ ဆရာဝန်ဆီသွားရ၊ နားကိုက်လို့ သွားရနဲ့ အမြဲတမ်းဒုက္ခပေးနေတာပဲ၊ အဲဒီတော့ အမြဲတမ်းဒုက္ခပေးနေတဲ့ ဒီခန္ဓာကိုယ်ကြီးအတွက် လုပ်တဲ့အကျိုးစီးပွားတွေကို ငါ့အကျိုး ငါအကျိုးနဲ့ လူတွေက ထင်နေကြတာ။

ရဟန္တာပုဂ္ဂိုလ်တွေကျတော့ ကိုယ့်အကျိုးဆိုတာ ဘာလဲ၊ ကိလေသာအာသဝေါတွေကို အကုန်လုံးရှင်းပစ်နိုင်တဲ့ အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုတာကျမှ ကိုယ့်အကျိုးတဲ့၊ ဒါမှ ကိုယ့်အကျိုးအစစ်၊ ဘယ်တော့မှ ဒုက္ခမပေးဘူးနော်။
စာမျက်နှာ-၄၈
ခန္ဓာရှိနေတဲ့အချိန်မှာလည်း နိဗ္ဗာန်ကို အာရုံပြုပြီးတော့ အရဟတ္တဖိုလ်နဲ့ ဖလသမာပတ္တိဝင်စားနေမယ်ဆိုရင် အင်မတန်မှ ချမ်းသာတယ်၊ ဒုက္ခတွေလျော့ပါးသွားတယ်။ အဲဒီတော့ ကိုယ့်အကျိုးစီးပွားဆိုတာ တကယ့်ကို အရဟတ္တဖိုလ်ကျမှ ကိုယ်ကျိုးစီးပွားလို့ ဒီလိုပြောလို့ရတယ်၊ အဲဒီကိုယ့်ရဲ့အကျိုးစီးပွားအစစ်အမှန်ကို ဒီရဟန္တာပုဂ္ဂိုလ်တွေဟာ အဆင့်ဆင့်ရောက်ရှိပြီးပြီ။

ဟော နောက်တစ်ခု ရဟန္တာဆိုတာ လူနားလည်အောင် မြတ်စွာဘုရားဘာပြောတုန်း၊ “ပရိက္ခိဏဘဝသံယောဇနော”၊ ‘ပရိက္ခိဏ’ဆိုတာ ကုန်သွားတာ၊ ‘ဘဝသံယောဇန’ဆိုတာ ဘဝပေါ်မှာ တွယ်တာတဲ့သံယောဇဉ်၊ တွယ်တာမှုတွေ အားလုံးကုန်သွားပြီးမှ ရဟန္တာလို့ ပြောတာပါတဲ့၊ “ပရိက္ခိဏဘဝသံယောဇနော” ဘဝပေါ်မှာ တွယ်တာနေတဲ့သံယောဇဉ်တစ်ခုမှ မရှိတော့ဘူး၊ သံယောဇဉ်တွေ လုံးဝကင်းသွားပြီးပြီ၊ သံယောဇဉ်တွေ လုံးဝအဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်မှ ရဟန္တာပုဂ္ဂိုလ်။ ။

သာမန်ပုဂ္ဂိုလ်တွေကတော့ သားသမီးတွေ ကြီးကုန်ပြီ သံယောဇဉ် မရှိတော့ဘူး၊ အေးအေးဆေးဆေး ရိပ်သာသွားနေမယ်လို့ဆိုပြီး သံယောဇဉ်မရှိဘူးလို့ သူက ထင်နေတာ၊ ဘယ်ဟုတ်မှာတုန်း၊ ခဏခဏဖုန်းဆက်ပြီး နေကောင်းလား မေးနေတာ၊ သံယောဇဉ်က ရှိနေတာပဲ၊ အတွယ်အတာက ရှိနေတာပဲနော်၊ အတွယ်အတာဆိုတာက လိုက်နေတာပဲ၊ ကိုယ့်ကိုချည်ထားတာ ချည်ထားမှန်း မသိဘူးတဲ့၊ သံယောဇဉ်ကြီးဆိုတာတဲ့ အင်မတန်မှ သိမ်မွေ့တယ်၊ ဟိုဟိုဒီဒီသွားလို့ရတယ်တဲ့၊ မြင်လည်း မမြင်ရဘူး၊ ချည်ထားလို့
စာမျက်နှာ-၄၉
လည်း အရာမထင်ဘူး၊ အရေလည်း မစုတ်ဘူး၊ ရုန်းလို့လည်း မရဘူး။

အဲဒီတော့ စကားဝှက်ပဟေဠိတောင် မေးဖို့ကောင်းတယ်၊ ချည်ထားတယ်၊ ဒါပေမယ့်လို့ မြင်လည်း မမြင်ရဘူး၊ ရုန်းလို့လည်း မပြတ်ဘူး၊ အရေကိုလည်း မဖြတ်ဘူး၊ ချည်ထားလို့ အရာလည်း မထင်ဘူး၊ အဲဒီကြိုးဟာ ဘာကြိုးလဲ? သံယောဇဉ်ကြိုးပဲ၊ တကယ်သိမ်မွေ့တဲ့သံယောဇဉ်ကြိုးလေ၊ ငှက်ကလေးတစ်ကောင်ကို ကြိုးချည်ပြီးတော့ လွှတ်တဲ့အခါ ကြိုးတင်းသွားရင် ပြန်ရောက်လာတယ်၊ လူကျတော့ အဲဒီလိုမတင်းဘဲ ပြန်ပြန်ရောက်လာတယ်နော်၊ မတင်းဘဲ လွှတ်ကြည့်ပါလား၊ နိုင်ငံခြားသွားလည်း ပြန်ရောက်လာတာပဲ၊ တစ်နေရာသွားလည်း ပြန်ရောက်လာတာပဲ၊ ဘာဖြစ်လို့တုန်း ကြိုးရှိတယ်၊ ဒီလိုဆိုလိုတာပေါ့နော်၊ ကြိုးရှိတဲ့နေရာ ပြန်ရောက်လာတယ်၊ အဲဒီလို ဘဝတစ်ခုကို ပြန်ပြန်ရောက်လာတာဟာ “ပရိက္ခိဏဘဝသံယောဇနော” မဟုတ်ဘူး၊

ရဟန္တာပုဂ္ဂိုလ်တွေကျတော့ ဘယ်ဘဝဆို ဘယ်ဘဝမှ ပြန်မရောက်တော့ဘူးတဲ့၊ ဘဝနဲ့ အတွယ်အတာတွေအားလုံး ပြတ်ထွက်သွားပြီ၊ ဒါမှ ရဟန္တာပုဂ္ဂိုလ်လို့ ပြောတာ။

နောက်တစ်ခုက ဘာတုန်းဆိုရင် “သမ္မဒညာဝိမုတ္တော”တဲ့၊ အဲဒီလို သံယောဇဉ်တွေ ကုန်သွားပြီဆိုတဲ့ပုဂ္ဂိုလ်ဟာ ‘သမ္မဒညာ’၊ သမ္မာအညာ မှန်မှန်ကန်ကန်သိမြင်ပြီး အသိဉာဏ်နဲ့ ‘ဝိမုတ္တော’ - ကိလေသာတွေက လွတ်သွားတယ်၊ ဘဝတွေက လွတ်သွားတယ်။ အားလုံးလွတ်မြောက်သွားတဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ဒီလိုဆိုလိုတယ်။
စာမျက်နှာ-၅၀
အသိဉာဏ်နဲ့ လွတ်မြောက်တာကို ပြောတာ၊ အပြောနဲ့ လွတ်မြောက်တာ မဟုတ်ဘူး၊ အသိဉာဏ်နဲ့ လွတ်မြောက်တာ။

ဟော ပေါင်းလိုက်တဲ့အခါကျတော့ ကြည့် - ဂုဏ်ရည်တွေ ရှစ်မျိုးတဲ့နော်၊ အဲဒီတော့ ရဟန္တာပုဂ္ဂိုလ်ဆိုတာ ဒါတွေရှိမှ ရဟန္တာပုဂ္ဂိုလ်လို့ ခေါ်တာနော်၊ ဒီထဲမှာ တော်ကြာကျတော့ ဓာတ်တော်ကျလို့ ရဟန္တာပုဂ္ဂိုလ်ဆိုတာမျိုး မပါဘူးနော် ဒီမှာ၊ အပေါ်ယံကို ယုံတဲ့လူတွေများလို့ ပြောတာပါနော်၊ ရုပ်ဝတ္ထုကို အရမ်းယုံကြတာ။

ရုပ်ဆိုတာ သူ့ဟာသူ ဖြစ်ချင်တာဖြစ်တာ၊ အေး - မပုပ်ဘူးတဲ့ ရဟန္တာ၊ ခန္ဓာကိုယ်ကြီးပဲ တစ်ယောက်နဲ့တစ်ယောက် မတူဘူးလေ၊ ရုပ်ဆိုတာ ပုပ်ချင်မှ ပုပ်မှာပေါ့၊ အဲဒီမပုပ်တာနဲ့လည်း ရဟန္တာလို့ ပြောလို့မရဘူး၊ ဓာတ်တော်ကျတယ်ဆိုပြီးတော့လည်း ရဟန္တာလို့ ပြောလို့မရဘူး၊ အရေးကြီးတာက မြတ်စွာဘုရားဟောထားတဲ့ထဲမယ် အဝါတွေ မပါဘူးဆိုတာကို သတိထားဖို့ လိုအပ်တယ်၊ ဒါက သူဖြစ်ချင်ဖြစ်မှာပဲ၊ ကိုယ်ပြောလို့မရဘူး။

တချို့က ပြောသေးတယ်၊ ရဟန္တာဆိုလို့ရှိရင်တဲ့ သေတဲ့အခါ ညာဘက်စောင်းတယ်၊ ဒါဖြင့်ရင် ရှင်ကောဏ္ဍည ပရိနိဗ္ဗာန်စံတာ ထိုင်ရက်ပဲ ပရိနိဗ္ဗာန်စံတာ၊ ဘယ်လိုလုပ် ညာဘက်စောင်းမတုန်း၊ အဲဒါဆိုလို့ရှိရင် အဲဒီစံနဲ့ လိုက်တိုင်းလို့ရှိရင် ညာဘက်မစောင်းလို့ ဒီကိုယ်တော် ရဟန္တာမဟုတ်ဘူးလို့ သွားပြောရင် ဘယ်လိုနေမတုန်းနော်၊ ပရိနိဗ္ဗာန်စံတယ်၊ ဘယ်ဘက်မှ တောင်းလို့မရဘူး၊ မတ်တပ်ကြီး ရပ်နေတာလေ၊ နောက် စင်္ကြန်သွားရင်း ပရိနိဗ္ဗာန်စံတဲ့ပုဂ္ဂိုလ် ရှိသေးတယ်၊ ရှင်အာနန္ဒာဆိုရင် ကောင်းကင်တက်ပြီး ပရိနိဗ္ဗာန်စံတာ ရှိသေးတယ်ပေါ့။ အမျိုးစုံပဲ။
စာမျက်နှာ-၅၁
ဆိုလိုတာက ဖြစ်နိုင်၏၊ မဖြစ်နိုင်၏၊ ဒါတွေက အဓိက မဟုတ်ဘူးဆိုတာ သတိထားဖို့ လိုအပ်တဲ့အကြောင်း ပြောပြတာ၊ ရဟန္တာဆိုတာ ဓာတ်တော်ကျချင်လည်း ကျမယ်၊ ရုပ်ကလာပ်က ပျော့ချင်လည်း ပျော့မယ်၊ ပျော့တာနဲ့ ရဟန္တာလို့ သွားဆုံးဖြတ်လို့ မရဘူးလို့ ဆိုလိုတယ်၊ အရိယာဖြစ်တယ်လို့ ဆုံးဖြတ်လို့ မရဘူး။

ပူတိဂတ္တတိဿမထေရ်၊ တစ်ကိုယ်လုံးပုပ်ပြီးတော့ အရိုးတွေ ဆွေးပြီးတော့ ပရိနိဗ္ဗာန်စံသွားတာ၊ တစ်ကိုယ်လုံးရောဂါတွေ ဖြစ်နေတာ၊ ပြီးတော့ ပျံတော်မူသွားတယ်ဆိုတာ မပုပ်လို့ ဖြစ်ပါ့မလား။ နဂိုကတည်းက ပုပ်နေတာလေ၊ ဒီတော့ ဒါတွေက မဆိုင်တဲ့ကိစ္စတွေကို မစွဲလမ်းဖို့ပေါ့။ အရေးကြီးတာက အကျင့်ပဲ၊ အကျင့်ကို ကြည့်ပြီး ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ကြည်ညိုတတ်ဖို့၊ ဟိုဟာ ဒီဟာ ရှိမှ ရဟန္တာဆိုရင် မရှိတဲ့ပုဂ္ဂိုလ်ကျတော့ ရဟန္တာမဟုတ်ဘူးလို့ ပြစ်မှား မိမှာ စိုးလို့ ဒီစကားကို ပြောတာနော်၊ ဟိုဟာတွေနဲ့ သွားတိုင်း လို့ရှိရင် အကုန်လုံးတိုင်းလို့ ရချင်မှ ရမှာလေ။

တချို့က အရိုးနဲ့ ကြည့်သေးတယ်၊ ရဟန္တာဖြစ်ရင် ချိတ်ဆက် တို့ ဘာတို့၊ ဒါတွေလည်း မဟုတ်ဘူးနော်၊ စာထဲ ပါတာက မြတ်စွာ ဘုရားက ကွင်းဆက်၊ အရိုးတွေက သံကွင်းလို တစ်ခုနဲ့တစ်ခု ဆက် နေတာ၊ ဒါက ဘုရားသာ ကွင်းဆက်မဟုတ်ဘူး၊ စကြဝတေးမင်းတွေလည်း ကွင်းဆက်ပဲ၊ အရိုးနဲ့ သွားတိုင်းလို့ မရဘူး၊ ပစ္စေကဗုဒ္ဓါတွေက ချိတ်ဆက်၊ ရဟန္တာကျတော့ သာမန်ပဲ ရိုးရိုး၊ ဒါဖြင့် လူသားထဲ မှာ ချိတ်ဆက်တွေ ကွင်းဆက်တွေ မပါနိုင်ဘူးလားဆိုတော့ ပါနိုင်တယ်၊ ဒီချိတ်ဆက်တို့ ကွင်းဆက်တို့ဆိုတာ လူ့ရဲ့ခန္ဓာကိုယ်တည် ဆောက်မှုနဲ့သာ ပတ်သတ်တာ၊ တရားထူးတရားမြတ်နဲ့ မဆိုင်ဘူး။
စာမျက်နှာ-၅၂
လို့ ဒီလိုမှတ်ရမယ်၊ ထူးခြားတဲ့ခန္ဓာကိုယ်တည်ဆောက်မှုကိုသာ ဒီလိုပြောတာနော်၊ ဒါနဲ့လည်း သွားပြီးတော့ မဆုံးဖြတ်လေနဲ့၊ ဆုံးဖြတ်လို့ မရဘူး အဲဒီတော့ ဘာနဲ့ ကြည်ညိုရမလဲဆိုရင် သီလနဲ့ ကြည်ညိုရမယ်၊ သမာဓိနဲ့ ကြည်ညိုရမယ်၊ ပညာနဲ့ ကြည်ညိုရမယ်။ တရားထူးတရားမြတ်နဲ့ ကြည်ညိုရမယ်လို့။ ။

ဘာဖြစ်လို့တုန်းဆိုရင် လောကကြီးဟာ အပေါ်ယံလေးနဲ့တင် အဟုတ်ထင်ထင် နေကြတယ်၊ အတွင်းအနှစ်သာရတွေကို ကြည့်ရမယ်၊ အပေါ်ယံဆိုတာ အကုန်လုပ်လို့ ရတယ်နော်၊ ခေတ်ကြီးက တိုးတက်လာတော့ အကုန်လုပ်လို့ ရတယ်။ ။

အေး ဒါကြောင့်မို့လို့ ရဟန္တာဆိုသည်မှာ “ဓိကသဝ, ပုသိတဝါ, ကတတရဏီသ, ဩဟိတဘာ အနုပ္ပတ္တ သတ္တ ပရိက္ခိဏ တပသံယောဇန, သမ္မဒညာ ဝိမုတ္တ”တဲ့၊ နောက် အရဟန္တ ဒီလို ရဟန္တာပုဂ္ဂိုလ်တွေရဲ့ အနေအထားတွေဟာ ရှစ်ခု၊ ဂုဏ်အရည်အသွေးတွေကို မြတ်စွာဘုရားက ဟောဒီရဟန်းပရိသတ် ထဲမှာ ဒီလိုအရည်အသွေးတွေရှိတဲ့ရဟန်းတွေ အများကြီးပါတယ် လို့ ဒီလိုဟောတာ။

ဟော နောက်တစ်ခါ အဲဒီထက် တစ်ဆင့်နိမ့်တဲ့ ပုဂ္ဂိုလ်တွေကို ပြောတယ်၊ ဒီရဟန်းသံဃာတွေထဲမှာတဲ့ “ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ” ခုနတုန်းက သံယောဇဉ်တွေ အကုန် မကုန်သေးဘူးတဲ့၊ ဒါက အနာဂါမ်ပုဂ္ဂိုလ်တွေရဲ့ အရည်အသွေးကို ပြောတာ၊ အနာဂါမ်ပုဂ္ဂိုလ်ဆိုတာ ဩရမ္ဘာဂိယ သံယောဇဉ် (၅)ပါး ကုန်သွားပြီတဲ့၊ ဩရမ္ဘာဂိယမှာ “ဩရ”ဆိုတာ ကာမဘုံကို ပြောတာ၊ အတွင်းအပြင် ခွဲလိုက်တယ်၊ ကာမဘုံက တစ်ပိုင်း၊ ဗြဟ္မာ
စာမျက်နှာ-၅၃
ဘုံက တစ်ပိုင်းပေါ့၊ ခွဲထားတယ်၊ ခွဲထားလိုက်တဲ့အခါ အတွင်း သံယောဇဉ်, အပြင်သံယောဇဉ် (သို့မဟုတ်) အောက်ပိုင်း သံယောဇဉ်နဲ့ အထက်ပိုင်းသံယောဇဉ် ၂-ခု ခွဲလိုက်တယ်။

ကာမဘုံဆိုတဲ့ အောက်ဘုံတွေပေါ်မှာ သံယောဇဉ်ရှိတယ်။ ဘာတွေတုန်းဆိုတော့ သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ကာမရာဂ၊ ဗျာပါဒ၊ အဲဒါကို ဩရမ္ဘာဂိယသံယောဇဉ် ၅-ပါးလို့ ခေါ်တယ်၊ အနာဂါမ်ဖြစ်သွားလို့ရှိရင် သက္ကာယဒိဋ္ဌိဆိုတဲ့ မှားယွင်းတဲ့အမြင်လည်း မရှိဘူး၊ သီလဗ္ဗတပရာမာသဆိုတဲ့ မှားယွင်းတဲ့အကျင့်တွေလည်း မရှိတော့ဘူး၊ ဝိစိကိစ္ဆာဆိုတဲ့ တရားဓမ္မနဲ့ ပတ်သက်တဲ့ သံသယလည်း မရှိတော့ဘူး၊ ကာမရာဂလို့ဆိုတဲ့ နှစ်သက်စရာအာရုံတွေပေါ်မှာ တွယ်တာမှုဆိုတဲ့ ရာဂလည်း မရှိတော့ဘူး၊ ဗျာပါဒလို့ဆိုတဲ့ ရင်ထဲမှာ မကျေမနပ် ဒေါသဖြစ်တာလည်း မရှိတော့ဘူး၊ အဲဒီ ၅-မျိုး မရှိတဲ့ပုဂ္ဂိုလ်မှ အနာဂါမ်လို့ ခေါ်တယ်နော်၊ အဲဒီအနာဂါမ်ပုဂ္ဂိုလ်တွေဟာ ဒီလိုဩရမ္ဘာဂိယ သံယောဇဉ် ၅-ပါးကုန်သွားပြီးပြီ။ ။

ဩပပါတိကတဲ့၊ အနာဂါမ်ဖြစ်ပြီးသွားတဲ့ရဟန်းဟာ လူ့ပြည် မှာ ဘယ်တော့မှ လူပြန်မဖြစ်ဘူး၊ ဘယ်သွားတုန်းဆိုရင် သုဒ္ဓါဝါသ ဗြဟ္မာပြည်ကို သွားတာ၊ အင်မတန်မှ စင်ကြယ်တဲ့ Pure Land လို့ ခေါ်တယ်၊ သုဒ္ဓါဝါသ၊ အဲဒီသုဒ္ဓါဝါသဗြဟ္မာဘုံကို ရောက်သွားတာ၊ အနာဂါမ်က လူပြန်ဝင်စားတာ မရှိဘူး၊ နတ်ပြည်မှာ ဖြစ်တာ မရှိဘူး၊ ဗြဟ္မာပြည် တစ်ခါတည်း ရောက်သွားတယ်၊ အနာဂါမ်ဖြစ်ပြီး ဆိုလို့ရှိရင်နော်၊ ဩပပါတိကာ - အဲဒီမှာ ကိုယ်ထည်ထင်ရှားပြီး တော့ ဖြစ်တယ်။
စာမျက်နှာ-၅၄
အဲဒီမှာလည်း အနာဂါမ်တွေက အမျိုးမျိုးရှိတဲ့ထဲမယ် ဒီမှာ ပြထားတာကျတော့ တတ္ထုပရိနိဗ္ဗာယီနောတဲ့၊ ဖြစ်တဲ့ဘုံမှာပဲ ပရိ နိဗ္ဗာန်စံသွားမယ်တဲ့၊ အနာဝတ္တိဓမ္မာ တသ္မာ လောကာ အဲဒီဘုံ ကနေပြီးတော့ ဘယ်တော့မှ ပြန်မလာဘူး၊ ပြန်မလာလို့ အနာဂါမီ လို့ခေါ်တာ၊ န အာဂါမီ၊ ကာမဘုံကို ဘယ်တော့မှ ပြန်မလာဘူး ပြန် မလာဘူးဆိုတာ ဘုရားဖူး မလာဘူး, တရားနာ မလာဘူးလို့ ပြောတာ မဟုတ်ဘူးနော်။

ယဋိကာရဗြဟ္မာကြီးက ကဿပဘုရားရဲ့ တပည့် ဒကာ အနာဂါမ်ကြီးပဲ၊ ဘုရားအလောင်းတောထွက်တဲ့အခါ ကြာဖူးထဲက ရတဲ့ပရိက္ခရာရှစ်ပါးကို လာလှူတယ်၊ ကြာဖူးထဲကရတဲ့ ပရိက္ခရာ ရှစ်ပါးကို လှူတာနော်၊ သင်္ကန်းတင် လှူတာ မဟုတ်ဘူး၊ တော်ကြာ ကြာသင်္ကန်း ကြာသင်္ကန်းနဲ့ ကြာရိုးတွေနဲ့ ရက်ရက်ပြီးတော့ ကြာ သင်္ကန်း လုပ်နေကြတယ်၊ ကြာဖူးထဲကရတဲ့ သင်္ကန်းနော်၊ အဲဒီ ကမ္ဘာဦးကာလမှာဖြစ်တဲ့ ကြာဖူးထဲကရတဲ့ သင်္ကန်းပရိက္ခရာရှစ်ပါး၊ ကြာသင်္ကန်းတင် မဟုတ်ဘူး၊ ပရိက္ခရာရှစ်ပါးကို ယဋိကာရဗြဟ္မာက လာလှူတာ၊ လူ့ပြည်ကို သူကိစ္စရှိလို့ လာတာ၊

တစ်ခါတုန်းက ပြဿနာတစ်ခုကြုံတယ်၊ အနာဂါမီဆိုတာ Non Returner, ဘယ်တော့မှ ပြန်မလာဘူး၊ လူ့ပြည်လူ့ဘုံကို ကာမဘုံကို ဘယ်တော့မှ ပြန်မလာဘူးဆိုတဲ့စကားကို ကိုင်ပြီး ပြော ခဲ့တဲ့စကား ရှိတယ်၊ ကောကာလိကဆိုတဲ့ရဟန်းက ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်တို့အပေါ်မှာ မကျေမနပ်ဖြစ်တယ်၊ မကျေမနပ်ဖြစ်တော့ ရှင်သာရိပုတ္တရာတို့ကို ဆဲတာပေါ့ ဆဲတယ်ဆိုတာ ပုတ်ခတ် ပြီး ပြောတာ၊ လောဘကြီးတယ်တို့ ဘာတို့၊ ဒါလည်း ဆဲတဲ့ထဲမယ်
စာမျက်နှာ-၅၅
ပါတာပဲနော်၊ ကိုယ်ကျိုးရှာတယ်တို့ လောဘကြီးတယ်တို့ ဒီလိုတွေ ပြောတော့ မြတ်စွာဘုရားက မပြောနဲ့လို့ ဆုံးမတယ်၊ မရဘူး၊ နောက်ဆုံးပြောမရတဲ့အခါမှာ ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလာန်တို့ ကိုပစ်မှားတာ ဇေတဝန်ကျောင်းအထွက်မှာ လဲကျပြီး တစ်ကိုယ်လုံး ဘုသီးတွေ အနာတွေ ချက်ချင်းပေါက်လာတယ်နော်။ ။

အဲဒီလို တစ်ကိုယ်လုံးဘုကြီးတွေ ထလာပြီး အနာကြီးတွေနဲ့ လဲနေတဲ့အချိန်မှာ သူ့အပေါ် ကရုဏာမကင်းတဲ့ သူ့ရဲ့ဥပဇ္ဈာယ် ဆရာ ဖြစ်ခဲ့တဲ့ “တုရု” ဆိုတဲ့ဗြဟ္မာကြီးက သတင်းကြားတယ်၊ “ဒီ ကိုယ်တော်တော့ ဒုက္ခရောက်တော့မှာပဲ”ဆိုပြီး ဆင်းလာတယ်၊ ဆင်း လာပြီး “ငါ့တပည့် (အရင်တုန်းက သူ့တပည့်ကိုး) မလုပ်နဲ့”တဲ့၊ “ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလာန်တို့အပေါ်မှာ စိတ်ကို ကြည်ညို လိုက်၊ မပြစ်မှားနဲ့၊ မပြစ်မှားနဲ့”လို့ ဆုံးမတာ မရဘူး၊ မျက်လုံးဖွင့် ကြည့်တယ်၊ “ဘယ်သူလဲ”ဟု မေးတယ်၊ “ငါ တုရုဗြဟ္မာ” “တုရု ဗြဟ္မာကို မြတ်စွာဘုရားက အနာဂါမ်လို့ ပြောတယ်”တဲ့၊ “ဘာလို့ လာတာလဲ”တဲ့၊ သူက ပြန်ပြီး အပြစ်တင်နေတယ်၊ မြတ်စွာဘုရားက အနာဂါမီ Never Returner လို့ ပြောထားတာ၊ ဘာဖြစ်လို့ ပြန်လာတာလဲတဲ့၊ မလာနဲ့ပေါ့၊ “ဒီကို လာတာကိုက မှားနေပြီ”တဲ့၊ “ကိုယ့်အပြစ် ကိုယ်မြင်ဦး”တဲ့၊ ပြန်ပြီး ရန်တွေ့တယ်၊ သူကနော်၊ တကယ်က အဲဒီလိုပြန်လာတာမျိုးကို ပြောတာ မဟုတ်ဘူး၊ ပဋိသန္ဓေနေတာကို ပြောတာ၊ လူ့ဘဝ ပြန်မရောက်တော့ဘူးလို့ ဆိုလို တာနော်။

စကားလုံးကလည်း တစ်ခါတလေ ခက်ခဲ့သေးတယ်၊ Non Returner ဘယ်တော့မှ ပြန်မလာဘူးဆိုတာ လူ့အဖြစ် ဘယ်တော့
စာမျက်နှာ-၅၆
မှ ပြန်မမွေးတော့ဘူး၊ ကာမဘုံမှာ ဘယ်တော့မှ ပြန်မမွေးဘူးလို့ ဒီလို ပြောတာ၊ ဘုရားဖူးတော့ လာမှာပေါ့၊ ဒါက အနာဂါမ်ပုဂ္ဂိုလ်တွေတဲ့၊ ဒီသံဃာတွေထဲမှာ အနာဂါမ်ပုဂ္ဂိုလ်တွေ ပါတယ်တဲ့။

နောက်တစ်ခါ အနာဂါမ်ထက် တစ်ဆင့်နိမ့်တဲ့ပုဂ္ဂိုလ်က ဘယ်သူတုန်းဆိုတော့ သကဒါဂါမ်ပဲ၊ “တိဏ္ဏံ သံယောဇနာနံ ပရိက္ခယာ”၊ သက္ကာယဒိဋ္ဌိတဲ့ - ခန္ဓာငါးပါးနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အမြင်၊ သီလဗ္ဗတပရာမာသ - အကျင့်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အမြင်၊ ဝိစိကိစ္ဆာတဲ့ - သံသယ၊ အဲဒီသံယောဇဉ် ၃-ပါးနော်၊ သံယောဇဉ် ၃-မျိုး ကင်းကွာသွားပြီးတော့ လုံးဝလက်ကျန် မရှိအောင် ကုန်သွားပြီးတဲ့အခါမှာ “ရာဂ ဒေါသ မောဟာနံ တနုတ္တာ” ရာဂလည်း နည်းသွားတယ်၊ ဒေါသလည်း နည်းသွားတယ်၊ မောဟလည်း နည်းသွားတယ်၊ ပါးသွားတယ်ဆိုတာ နည်းသွားတယ်၊ ပါး သွားတယ်၊ “တနု”ဆိုတဲ့ စကားလုံးကို ပါးတယ်လို့ အဓိပ္ပါယ်ပြန်တယ်နော်၊ (ခုခေတ်လူတွေကလည်း အဲဒီစာသံပေသံနဲ့ ပြောတာလား မသိဘူး၊ ပါးပါးလေး ပါးပါးလေးနဲ့ သုံးကြတယ်နော်၊ နည်း နည်းလေးလို့ မပြောချင်ဘူး၊ ပါးပါးလေးလို့ ပြောတယ်။)

အဲဒီမှာ ရာဂ ဒေါသ မောဟတွေ ပါးသွားတယ်ဆိုတာ ဖြစ်တဲ့အကြိမ်လည်း နည်းသွားတယ်၊ အရှိန်လည်း လျော့သွားတယ်၊ ဒီလိုဆိုလိုတယ်နော်၊ ဖြစ်တဲ့အကြိမ်ဆိုတာ အရင်တုန်းက လောဘ ဖြစ်တာ ၁၀-ကြိမ်ဖြစ်တယ်ဆိုရင် အခု ၂-ကြိမ်လောက် ဖြစ်တော့တယ် လျော့သွားတယ်နော်၊ အရှိန်အနေနဲ့ကလည်း ခါတိုင်း လောက် မကြီးတော့ဘူးတဲ့၊ အရှိန်မရှိတော့ဘူး၊ ဖြစ်တဲ့လောဘက
စာမျက်နှာ-၅၇
လည်း အရှိန်မကြီးဘူး၊ အဲဒီတော့ အကြိမ်လည်း လျော့တယ်၊ အရှိန်လည်း လျော့တယ်၊ အဲဒီလိုဟာကို “တနု” ပါးသွားတယ်။

ရာဂ ဒေါသ မောဟဆိုတဲ့ ကိလေသာတွေ ပါးသွားတဲ့အခါကျတော့ သူ့ကို သကဒါဂါမီလို့၊ သကဒါဂါမီဆိုတာ ပါးသွား သည့်အတွက်ကြောင့် (ပါးသွားတယ်ဆိုတာ မရှိတော့ဘူးလို့ ပြောတာ မဟုတ်ဘူး။) “သကိ ဒေဝ ဣမံ လောကံ အာဂန္တွာ ဒုက္ခဿန္တံ ကရိဿတိ” ဒီဘဝဒီလောကကို တစ်ကြိမ်သာ ပြန်လာပြီးတဲ့နောက် မှာ ဒုက္ခအဆုံးသတ်သွားမယ့်ပုဂ္ဂိုလ်မျိုးတဲ့၊ ဒါကို သကဒါဂါမီလို့ ခေါ်တယ်၊ ဒါကျတော့ အင်္ဂလိပ်လိုပြန်တော့ Once Returner လို့ ပြန်တယ်၊ တစ်ခါတော့ ပြန်လာမယ်တဲ့၊ ဒါ တစ်ခါပြန်မွေးတဲ့ ပုဂ္ဂိုလ်၊ ဒါက မွေးချင်မှလည်း မွေးမှာပေါ့၊ မွေးရမယ်လို့ ပြောတာ မဟုတ်ဘူးနော်၊ မွေးနိုင်တယ်၊ possibility ဖြစ်နိုင်ချေရှိတာကို ပြောတာ၊ သကဒါဂါမ်တိုင်း ပြန်မွေးရမယ်လို့ ဒီလိုပြောတာ မဟုတ်ဘူး နော်။ ။

နောက်တစ်ခါသောတာပန်ပုဂ္ဂိုလ်ရဲ့ဂုဏ်ရည်တွေကို ဘယ်လို ဖော်ပြတုန်းဆိုတော့ “တိဏ္ဏံ သံယောဇနာနံ ပရိက္ခယာ” - သံယောဇဉ် ၃-မျိုး ကုန်သွားတယ်တဲ့၊ သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ သက္ကာယဒိဋ္ဌိ - ခန္ဓာငါးပါးနဲ့ ပတ်သက်တဲ့ ငါ ငါ့ဟာဆိုတဲ့ အတွေး၊ နောက်တစ်ခါ သီလဗ္ဗတပရာမာသ - မမှန် မကန်တဲ့အကျင့်တွေကို ဆောက်တည်ပြီးတော့ သံသရာဝဋ်က လွတ်တယ်လို့ မှားယွင်းတဲ့သုံးသပ်မှု၊ ဝိစိကိစ္ဆာ - တရားဓမ္မနဲ့ ပတ်သက်ပြီး သံသယရှိတာ၊ တရားကိုယ်နဲ့ပြောရင် ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ၊ သံယောဇဉ်နဲ့ ပြောမယ်ဆိုရင် ၃-ခု၊ အဲဒါတွေ လုံးဝကင်းသွားပြီးတော့
စာမျက်နှာ-၅၈
သောတာပန္နမဂ္ဂဆိုတဲ့ ရေစီးကြောင်း ရောက်သွားသူ၊ သောတာပန္န ဆိုတဲ့အဓိပ္ပါယ်က သောတ အာပန္န၊ “သောတ”ဆိုတာ မဂ္ဂင် ၈-ပါးဆိုတဲ့ ရေစီးကြောင်းကို ခေါ်တယ်၊ (ဒီနေရာမှာ ပရိသတ်များနား သောတဆင်ကြပါဆိုတဲ့ ‘သောတ’ မဟုတ်ဘူးနော်၊ နားကို ပြောတာ မဟုတ်ဘူး။) ဒီနေရာမှာ ရေစီးကြောင်းကို ပြောတာ၊ ရေစီး ကြောင်းဆိုတာ စီးပြီးတော့ ဝင်သွားတာ၊ ပင်လယ်သမုဒ္ဒရာထဲ စီး ဝင်တဲ့ရေစီးကြောင်းမျိုးကို ရည်ရွယ်ပြီးတော့ stream သောတ၊ ရေစီးကြောင်းကြီး၊ မြစ်ရေက ရေစီးကြောင်းတွေက ဘယ်ကိုဝင်သွား တုန်းဆိုတော့ သမုဒ္ဒရာထဲ ရောက်သွားတာ၊ စီးဆင်းသွားတာလေ။

အဲဒီလို သောတာပန်ဖြစ်သွားလို့ရှိရင် မဂ္ဂလို့ ခေါ်တဲ့ ရေစီး ကြောင်းကြီးထဲ ရောက်သွားပြီ၊ မဂ္ဂင် ၈-ပါးပေါ်မှာ တက်မိသွားပြီ။ နိဗ္ဗာန်လမ်းကြောင်းကို ဝင်သွားပြီး ခုခေတ်စကားနဲ့ ပြောမယ်ဆိုရင် Highway ပေါ် ရောက်သွားပြီဆိုရင် မိုင် (၂၀)၊ (၃၁) ပြန်ကွေ့လို့ မရ တော့ဘူး၊ နောက်ကြောင်းပြန်လို့တော့ မရဘူးနော်။

သောတာပန္နဆိုတာ မဂ္ဂင် ၈-ပါးတည်းဟူသော ရေစီး ကြောင်းကြီးထဲကို ရောက်သွားပြီ၊ နိဗ္ဗာန်ကို စီးဝင်နေတဲ့ မဂ္ဂင်လမ်း ကြောင်းဆိုတဲ့ ရေစီးကြောင်းထဲကို ဝင်သွားတာ၊ ဒါကြောင့်မို့ stream enterer လို့ ပြန်တာ၊ Stream winner လို့လည်း ပြန် ကြတယ်၊ winner ဆိုတဲ့အဓိပ္ပါယ် မပါဘူး၊ enterer ပဲ၊ အာပန္န၊ 'အာ'ဆိုတာက ပထမဆုံး၊ အာပန္န ရောက်သွားတာ၊ မဂ္ဂင်လမ်း ကြောင်းပေါ် ရောက်သွားသူပေါ့။
စာမျက်နှာ-၅၉
ကျန်တာတွေလည်း မဂ္ဂင်လမ်းကြောင်းပေါ် ရောက်တာပဲ။ သို့သော် သောတာပန်က မဂ္ဂင်လမ်းကြောင်းပေါ်ကို ပထမဆုံး ရောက်သူဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောတာ၊ ဆိုလိုတာက မဂ္ဂင်လမ်း ကြောင်းဆိုတာ နိဗ္ဗာန်လမ်းကြောင်းပဲ၊ နိဗ္ဗာန်လမ်းပေါ်မှာ နိဗ္ဗာန် သွားတဲ့ High Way ပေါ်မှာ ပထမဆုံးရောက်သွားသူလို့ ဒီလို အဓိပ္ပါယ်ရတယ်၊ သောတာပန္နဆိုတာ အဲဒီလိုဆိုလိုတာ၊ “သောတော - သောတောတိ ဧတံ အရိယဿ အဋ္ဌင်္ဂိကဿ မဂ္ဂဿ အဓိဝစနံ” အင်္ဂါ ၈-ပါးနဲ့ ဖွဲ့စည်းထားတဲ့ အရိယမဂ်ကို သောတာလို့ ခေါ်တယ်လို့ ဒီလို ဆိုလိုတယ်။

အေး သောတာပန္န ဖြစ်သွားပြီ၊ သောတာပန္နဖြစ်သွားတော့ ဘယ်လိုအနေအထားရှိတုန်းဆိုရင် အဝိနိပါတဓမ္မတဲ့၊ ဘယ်တော့မှ ဖြစ်ချင်ရာ ဖြစ်တယ်ဆိုတဲ့ အနေအထားမျိုး မရှိတော့ဘူး၊ ဘယ်တော့မှ ဂျွမ်းထိုးမှောက်ခုံ မဖြစ်တော့ဘူး၊ ပုထုဇဉ်တွေကျတော့ ဖြစ် ချင်ရာ ဖြစ်တယ်၊ ဒီဘဝ ဘယ်လောက်ကောင်းအောင် နေပေမယ့် လို့ သေခါနီး အကြောင်းမသင့်ရင် ဖြစ်ချင်ရာ ဖြစ်သွားတာ၊ Warranty မရှိဘူး၊ သောတာပန် ကျတော့ warranty ရှိတယ်၊ ဖြစ် ချင်ရာ မဖြစ်တော့ဘူး၊ အပါယ်လေးဘုံ မကျဘူး၊ ပုထုဇဉ်တွေတော့ ကျချင် ကျမှာလေ။

မလ္လိကာမိဖုရားကြီး ဘယ်လောက်တော်လဲ၊ မြတ်စွာဘုရားကို တအားကြည်ညိုတယ်၊ ဉာဏ်ပညာလည်း ရှိတယ်၊ ဘုရားတရားတွေလည်း နားလည်တယ်၊ သိတယ်၊ သေခါနီးကျတော့ မလုပ်သင့်တာ လုပ်မိလို့ စိတ်ဆင်းရဲပြီး သေသွားတဲ့အခါ အဝီစိ ၇-ရက် ကျ သွားတယ်၊ ဒါကို ဝိနိပါတဓမ္မလို့ ခေါ်တယ်၊ ဆန္ဒမရှိဘဲနဲ့ ဖြစ်သွား
စာမျက်နှာ-၆၀
တာ၊ ပုထုဇဉ်မှာ Warranty မရှိဘူးလို့ ပြောရမယ်၊ လွတ်ချင်လည်း လွတ်သွားမယ်၊ မလွတ်ချင်လည်း မလွတ်ဘူး၊ ဒီလိုအကုသိုလ်တွေက ရှိတယ်။

“သောတာပန်ဖြစ်သွားရင် warranty ရှိသွားပြီ၊ “အဝိနိပါတ ဓမ္မ”၊ ဘယ်လိုမှ ဘဝမှာ ဇောက်ထိုးမိုးမှောက် ဖရိုဖရဲ ဖြစ်သွားတာ မရှိတော့ဘူး၊ ဘဝမှာတည်ငြိမ်သွားပြီလို့ ပြောတာ၊ ဒီအဓိပ္ပါယ်ကို ဆိုလိုတယ်။ ။

“နိယတ” - သောတာပန်ဖြစ်တယ်ဆိုတာ အမြဲဖြစ်တာ၊ ဒီဘဝသောတာပန် နောင်ဘဝကျတော့ ပျက်ပြယ်သွားတယ်လို့ မရှိဘူးနော်၊ ဒီဘဝသောတာပန်က နောင်ဘ၀ ပျက်ပြယ်သွားတာ မဟုတ်တော့ဘူး၊ ထာဝရခိုင်မြဲသွားပြီလို့ ဒီလိုပြောတာ “နိယတ” ခိုင်မြဲတယ်၊ သူရထားတဲ့တရားက ဘယ်တော့မှ နောက်ဆုတ်တာ မရှိဘူးနော်။

သောတာပန်နဲ့ပတ်သက်ပြီးတော့ ဝါဒတွေ ရှိသေးတယ်၊ လူ့ ဘဝတို့ နတ်ဘဝတို့သာ သောတာပန်က ၇-ဘဝလို့ ပြောတယ်တဲ့။ ဗြဟ္မာဘဝနဲ့ဆိုရင် ၇-ဘဝ မကအောင် နေလို့ ရတယ်လို့ တချို့ကျမ်း မှာ ဆိုတယ်၊ တကယ်ကတော့ သောတာပန်ဟာ ၇-ဘဝထက် မပိုဘူးဆိုတာ ရတနသုတ်ကို ကြည့်ရင် သိသာပါတယ် “ကိဉ္စာပိ တေ ဘာသန္တိ ဘုသံ ပမတ္တာ၊ တေ ဘဝံ အဋ္ဌမံ နာဒိယန္တိ”တဲ့။ သောတာပန်ပုဂ္ဂိုလ်တွေက ၈-ခုမြောက်ဘဝကို ဘယ်တော့မှ မယူဘူးဆိုတဲ့စကားဟာ အသေချာဆုံးစကားပဲပေါ့၊ ဘယ်ဘဝပဲ ရောက် ရောက် လူ့ဘဝပဲဖြစ်ဖြစ် နတ်ဘဝပဲဖြစ်ဖြစ် ဗြဟ္မာဘဝပဲဖြစ်ဖြစ်နော် ရှစ်ခုမြောက်ဘဝ မဖြစ်တော့ဘူးလို့ ဒီလို ဆိုလိုတယ်။
စာမျက်နှာ-၆၁
ဝိသာခါကို “ဘုံစဉ်စံ”လို့ ပြောကြတယ်၊ အခု ဝိသာခါ ကျောင်းအမကြီး ဘယ်ရောက်နေလဲ ကြည့်ကြည့်၊ နတ်ပြည် ၆-ထပ်က နိမ္မာနရတိဘုံ ရောက်နေတယ်တဲ့၊ အဲဒီတော့ သူသေလို့ရှိရင် နိမ္မာနရတိဘုံကနေ ဘယ်သွားမတုန်းဆိုလို့ရှိရင် ပရနိမ္မိတဝသဝတ္တီ ဘုံ ရောက်ချင် ရောက်မယ်ပေါ့နော်၊ နိမ္မာနရတိဘုံကနေ ဘုံစဉ်စံ ဆိုရင် နိမ္မာနရတိပြီးရင် ပရနိမ္မိတဝသဝတ္တီဘုံ၊ အဲဒီဘုံပြီးတဲ့အခါ ကျတော့ ဘယ်သွားတုန်းဆိုတော့ အဝိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌဆိုတဲ့သုဒ္ဓဝါသ (၅) ဘုံ။ ။

အဲဒီတော့ သူက ပရနိမ္မိတဝသဝတ္တီဘုံမှာ အနာဂါမ်ဖြစ်မှာ၊ မဖြစ်ဘဲ နေလို့ မရဘူး၊ သောတာပန်ဖြစ်ပြီးသား အရှိန်ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ တရားထူးတရားမြတ်ရလို့ အဲဒီမှာ အနာဂါမ်ဖြစ်သွားပြီး ပရနိမ္မိတဝသဝတ္တီဘုံက စုတေတဲ့အခါ အနာဂါမ်ဘဝနဲ့ အဝိဟာဘုံ ရောက်တယ်၊ အဝိဟာဘုံပြီးတဲ့အခါ အတပ္ပါဆိုတော့ သူကတော့ ဘုရားအဆူဆူ နောက်ထပ်မှီဦးမှာပေါ့ နော်၊ နောက်ဆုံး အကနိဋ္ဌဘုံရောက်တဲ့အခါကျတော့မှ ပရိနိဗ္ဗာန်စံ သွားမှာ၊ ဒါက ဝိသာခါကို ဘုံစဉ်စံပြောတာ အဲဒီပုံစံကို ဆိုလိုတာ။

အေး ဒီလို သောတာပန်ဆိုတာ “နိယတ” ခိုင်မြဲသွားတယ်၊ ခိုင်မြဲသွားတယ်ဆိုတာ မဂ္ဂနိယာမလို့ ခေါ်တယ်၊ ပယ်ပြီးသား ကိလေသာဟာ ဘယ်တော့မှ နောက်ကြောင်းပြန်မလာနိုင်ဘူး၊ ဆိုလို တာက ဒိဋ္ဌိ ဝိစိကိစ္ဆာ ပယ်ပြီးသား ဖြစ်တယ်၊ အဲဒီ ပယ်ပြီးသား ဒိဋ္ဌိ ဝိစိကိစ္ဆာဟာ ဘယ်တော့မှ နောက်ကြောင်းပြန်မလာနိုင်တော့ဘူးလို့ ဒီလိုပြောတာနော်၊ ပြန်မလာနိုင်ဘူး။
စာမျက်နှာ-၆၂
“သမ္ဗောဓိ ပရာယဏ”တဲ့၊ သမ္ဗောဓိဆိုတာ ဒီထက် အဆင့် မြင့်တဲ့ မဂ်ဉာဏ် ၃-ပါးကို ခေါ်တာ၊ သောတာပတ္တိမဂ်ရပြီးတဲ့ပုဂ္ဂိုလ်ဟာ သကဒါဂါမ်ဖြစ်ဖို့ ကိန်းသေပဲ၊ အနာဂါမ်ဖြစ်ဖို့ ကိန်းသေပဲ၊ ရဟန္တာဖြစ်ဖို့ ကိန်းသေပဲတဲ့၊ ဒီထက်အဆင့်မြင့်တဲ့ဉာဏ်တွေရဖို့ သေချာသွားပြီ၊ ဘယ်တော့မှ နောက်ပြန် မလှည့်တော့ဘူးလို့ ဒီလို ပြောတာနော်၊ အဲဒါသောတာပန်ပုဂ္ဂိုလ်ရဲ့အင်္ဂါရပ်တွေပဲ။

အဲဒီတော့ မြတ်စွာဘုရားက တန်ဆောင်မုန်းလပြည့်နေ့မှာ ရဟန်းသံဃာတွေရဲ့အလယ်မှာ တပည့်သံဃာတွေကို အားရလွန်း လို့ “ဒီသံဃာပရိသတ်ထဲမှာတဲ့ ရဟန္တာတွေ ရှိတယ်၊ အနာဂါမ်တွေ ရှိတယ်၊ သကဒါဂါမ်တွေ ရှိတယ်၊ သောတာပန်ပုဂ္ဂိုလ်တွေ ရှိတယ်”တဲ့၊ အဲဒီလို ရှိလာတာဟာ ဘာဖြစ်လို့ ရှိလာရတာတုန်းဆိုရင် ဒီ ကျင့်စဉ်တွေကြောင့်ပဲ၊ နောက် ကျင့်နေတဲ့ပုဂ္ဂိုလ်တွေလည်း ရှိသေးတယ်”ဆိုပြီးတော့ မြတ်စွာဘုရားက ကျင့်နေဆဲပုဂ္ဂိုလ်တွေရဲ့ အကျင့် ပဋိပဒါ ၁၂-မျိုးကို ထုတ်ပြီးတော့ ပြောတာ။ ။

“ဒီကိုယ်တော်တွေထဲမှာ”တဲ့၊ “သတိပဋ္ဌာန် ၄-ပါးဆိုတဲ့အကျင့် တရားကို ကျင့်နေတဲ့ကိုယ်တော်တွေ ရှိတယ်”တဲ့၊ သတိပဋ္ဌာန် ၄ ပါး - ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာဆိုတဲ့ ကာယ ဝေဒနာ စိတ္တ ဓမ္မလို့ဆိုတဲ့ အာရုံတွေ ပေါ်မှာ ကမ္မဋ္ဌာန်းအကျင့်ကို ကျင့်နေတဲ့ပုဂ္ဂိုလ်တွေ”တဲ့၊ “ဒါကြောင့်မို့လို့ ငြိမ်သက်တယ်၊ ကြည်ညိုစရာကောင်းတယ်၊ ဒါတွေကို စွဲစွဲမြဲမြဲ ကျင့်နေတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်”တဲ့။

နောက်တစ်ခါ သမ္မပ္ပဓာန်တရား ၄-ပါးကို ကျင့်နေတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်တဲ့၊ သမ္မပ္ပဓာန်တရား ၄-ပါးဆိုတာ စိတ်ဆန္ဒကိုက
စာမျက်နှာ-၆၃
မဖြစ်သေးတဲ့အကုသိုလ်တွေ မဖြစ်ဖို့ ကြိုးစားတယ်၊ ဆန္ဒရှိတယ်။ ဖြစ်ပြီးသား အကုသိုလ်တွေကို ဖယ်ရှားဖို့ ကြိုးစားနေတယ်၊ မဖြစ် သေးတဲ့ ကုသိုလ်တွေ ဖြစ်ဖို့ ကြိုးစားနေတယ်၊ ဖြစ်ပြီးသားကုသိုလ်တွေ တိုးပွားအောင် ကြိုးစားနေတယ်ဆိုတဲ့ အဲဒီသမ္မပ္ပဓာန်တရား ၄ -ပါးကို ကျင့်ကြံကြိုးကုတ် အားထုတ်နေတဲ့သူတွေ ရှိတယ်တဲ့။

နောက်တစ်ခုကတော့ ဣဒ္ဓိပါဒ် ၄-ပါး ပွားများအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်၊ ဆန္ဒ ဝီရိယ စိတ္တ ဝီမံသဆိုတဲ့ ဣဒ္ဓိပါဒ် ၄-ပါးကို ကျကျနနပွားနေတဲ့ ရဟန်းတွေ ဒီထဲမှာ ရှိတယ်တဲ့။

တစ်ခါ ဣန္ဒြေ ၅-ပါး ပွားနေတဲ့ ကိုယ်တော်တွေလည်း ဒီထဲ မှာ ရှိတယ်တဲ့၊ ဗိုလ် ၅-ပါး ပွားနေတဲ့ ကိုယ်တော်တွေလည်း ရှိတယ်တဲ့၊ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာလို့ဆိုတဲ့ ဣန္ဒြေ ၅-ပါး၊ ဗိုလ် ၅-ပါးကို ခိုင်ခိုင်မြဲမြဲဖြစ်အောင် ပွားများအားထုတ်နေတဲ့ တိုးပွား အောင် ကြိုးစားနေကြတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ။

နောက်တစ်ခါ ဗောဇ္ဈင် ၇-ပါးကို ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်တဲ့၊ ဗောဓိ အင်္ဂါ၊ အသိဉာဏ်ရဲ့ အင်္ဂါရပ်တွေ၊ ဗောဇ္ဈင် ၇-ပါးကို ပွားများအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။

နောက်တစ်ခုကျတော့ အရိယမဂ္ဂင် ၈-ပါး၊ အင်္ဂါရှစ်ပါးနဲ့ ပြည့်စုံတဲ့ မဂ်တရားကို ပွားများအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်၊ အခုလို ဗောဓိပက္ခိယတရား ၃၇-ပါး ပွားများအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေ ဒီသံဃာ့ပရိသတ်ထဲမှာ ရှိနေတယ်ဆိုတာကို မြတ်စွာဘုရားက ရဟန်းတွေကို ထုတ်ဖော်ပြောနေတာနော်။

နောက်တော့ ဒီတရားတွေ တင်လားလို့ဆိုတော့ မဟုတ်ဘူး၊ တချို့ပုဂ္ဂိုလ်တွေက မေတ္တာဘာဝနာ ပွားနေတာလည်း ရှိတယ်တဲ့။
စာမျက်နှာ-၆၄
ကရုဏာဘာဝနာ ပွားနေတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်တဲ့၊ မုဒိတာ ဘာဝနာ ပွားနေတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်၊ ဥပေက္ခာဘာဝနာပွား နေတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်တဲ့၊ ဟော ဗြဟ္မဝိဟာရတရား ၄ ပါးနဲ့ တရားအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေ ဒီထဲမှာ ပါတယ်လို့။

နောက်တစ်ခုက ဘာတုန်းဆိုရင် အသုဘဘာဝနာနုယောဂ မနုယုတ္တာ၊ တချို့ကိုယ်တော်တွေကတော့ အသုဘကမ္မဋ္ဌာန်းကို အားထုတ်နေကြတယ်၊ ခန္ဓာကိုယ်ကြီးရဲ့ မတင့်တယ်မှုတွေ ရွံစဖွယ် ကောင်းမှုတွေ အသုဘရှု ခန္ဓာကိုယ်ကို တွယ်တာမှုတွေ လျော့ ကျဖို့ရန်အတွက် အသုဘကမ္မဋ္ဌာန်း ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ပါတယ်တဲ့။

နောက်ပိုင်းကျတော့မှ ဒီကမ္မဋ္ဌာန်းတွေအားလုံးပြောပြီးတဲ့ နောက်မှာ မြတ်စွာဘုရားက ဟောဒီကိုယ်တော်တွေထဲမှာတဲ့ အာနာပါနဿတိဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်နေတဲ့ ကိုယ်တော်တွေလည်း ပါတယ်လို့ ဆိုတယ်၊ ဆိုပြီးတော့မှ ဒီသုတ္တန် မှာ အာနာပါနကိုသာ အကျယ်ဟောလိုက်တာ၊ ကျန်တာတွေ မဟောတော့ဘူး၊ ပေါင်းလိုက်တဲ့အခါကျတော့ ကမ္မဋ္ဌာန်း ၁၃-မျိုးကို အားထုတ်နေတဲ့ အရိယာပုဂ္ဂိုလ်တွေက ၄-ပါး၊ ဒီရဟန်းသံဃာတွေ ထဲမှာ အရိယာသူတော်စင် ၄-မျိုး ပါရှိတယ်၊ အဲဒီလို ကမ္မဋ္ဌာန်း တရားတွေ အားထုတ်လို့ အရိယာဖြစ်တဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ အရိယာမဖြစ်သေးတဲ့ပုဂ္ဂိုလ်တွေက ဟောဒီကမ္မဋ္ဌာန်းတွေကို ကျင့်ကြံ ကြိုးကုတ် အားထုတ်နေကြတယ်၊ ဒါကြောင့် ဒီသံဃာတွေဟာ အင်မတန်မှ ငြိမ်သက်ပြီးတော့ ကြည်ညိုစရာကောင်းနေတာ။
စာမျက်နှာ-၆၅
ဘယ်လောက်ထိအောင် ကြည်ညိုစရာကောင်းတုန်းဆိုလို့ ရှိ ရင်နော် ဒီကိုယ်တော်တွေဟာ လောကကြီးမှာ အင်မတန်မှ မြင်ဖို့ ခက်တဲ့၊ တွေ့ဖို့ခက်တဲ့၊ ဖူးမြော်ဖို့ခက်တဲ့ ပုဂ္ဂိုလ်မျိုးတွေတဲ့၊ အထုပ် ထမ်းပြီးတော့ ယူဇနာတစ်ရာ ဝေးချင်ဝေးပါစေ သွားပြီး ဖူးရမယ့် ပုဂ္ဂိုလ်မျိုးတွေပါတဲ့၊ ကြည့်နော်၊ အဲဒါဟာ အကျင့်တရားနဲ့ ပတ်သက်ပြီး တန်ဖိုးထားတာတွေ၊ ဒီထဲမှာ ဘယ်လောက်ပါလဲဆိုတာ စဉ်းစားကြည့်ပေါ့၊ ဒါတွေ အားထုတ်နေရင်ပဲ ကျေနပ်စရာ အင်မတန်မှ ကောင်းတယ်၊ ဒါနဲ့ တိုင်းတာရမှာ မဟုတ်တာတွေနဲ့ မတိုင်းတာနဲ့၊ တကယ့်အနှစ်သာရပိုင်းနဲ့ တိုင်းတာပြီးတော့ ကြည်ညို ကြရမှာ၊ ဖူးမျှော်ကြရမှာ ဖြစ်တယ်ပေါ့။

မြတ်စွာဘုရားကိုယ်တိုင်က ဒီသုတ္တန်မှာ အာနာပါနဿတိ ကမ္မဋ္ဌာန်းအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ဒီထဲမှာ အများကြီးပါတယ်တဲ့၊ ဒါကြောင့်မို့ ဒီသံဃာတွေဟာ အင်မတန်ဖူးမြော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်၊ နည်းနည်းလှူရင် အများကြီးရတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီလိုပုဂ္ဂိုလ်မျိုးတွေပဲ၊ တကယ့်ကို ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီပုဂ္ဂိုလ်မျိုးတွေပဲလို့ မြတ်စွာဘုရားက ဒီသုတ္တန်မှာ ဟောတယ်၊ ဟောပြီးတဲ့အခါမှာ တရားအားထုတ်ဆဲပုဂ္ဂိုလ်တွေ အတွက် ကမ္မဋ္ဌာန်းတစ်ခုပေးချင်လို့ အာနာပါနဿတိကမ္မဋ္ဌာန်းကို မြတ်စွာဘုရားဆက်ဟောတာ၊ ဒါ သုတ္တန်ကို ဆက်မိသွားအောင် ပြောပြတာနော်။

အဲဒီတော့ မြတ်စွာဘုရားက အာနာပါနဿတိကမ္မဋ္ဌာန်းကို အားထုတ်ဖို့အတွက် ရဟန်းတွေကို ဆက်ပြီးတော့ ဘယ်လိုဟာ တုန်းဆိုရင် “ချစ်သားရဟန်းတို့”တဲ့၊ “အာနာပါနဿတိ” အာနာ...
စာမျက်နှာ-၆၆
* ပါနဆိုတဲ့အာရုံပေါ်မှာ အခြေစိုက်တဲ့သတိတရားနော်၊ တချို့နေရာမှာ အာနာပါနဿတိသမာဓိလို့လည်း ရှိတယ်၊ ဒီမှာက အာနာပါနဿတိလို့တင်ပဲ ထားတယ်၊ သတိကို ဦးတည်ပြီးတော့ ပြောတယ်၊ သို့သော် တရားနာပရိသတ်တွေအားလုံး နားလည်ရမှာက မဂ္ဂင် ၈-ပါးလို့ပဲ နားလည်ထား၊ အဓိကတစ်ခုပြောပေမယ့်လို့ တရားအားထုတ်တယ်ဆိုရင် မဂ္ဂင် ၈-ပါးနဲ့ပဲ အားထုတ်တယ်လို့ပဲ မှတ်ထား၊ မဂ္ဂင် ၈-ပါးက လွတ်ကင်းတာ မရှိဘူး။

ကြည့်လေ - မဟာသတိပဋ္ဌာန်သုတ်မှာ ဟောတဲ့အခါမှာလည်း ကြည့်၊ “ကာယေ ကာယာနုပဿီ ဝိဟရတိ” ဆိုပြီး ကာယာနုပဿနာသတိပဋ္ဌာန်လို့ ဒီလိုပြောပေမယ့်လို့ ဟောတဲ့အခါကျတော့ - အာတာပီတဲ့၊ သမ္ပဇာနောတဲ့၊ သတိမာတဲ့၊ အာတာပီဆိုတာ ဝီရိယရှိတာကို ပြောတာ၊ သမ္ပဇာနောဆိုတာ ပညာရှိတာကို ပြောတာ၊ သတိမာဆိုတာ သတိရှိတာကို ပြောတာ ဆိုတော့ ဝီရိယရယ် ပညာရယ် သတိရယ် မပါမဖြစ်ဘူးတဲ့၊ ဒါတွေက အဲဒီလောက်တင် ပြောလိုက်တာနဲ့ သမာဓိလည်း မပါဘူးလားလို့၊ ဒီလိုပြောလို့ မရဘူးနော်၊ သမာဓိလည်း ပါတယ်၊ ဒီထဲမှာ သမာဓိပါတယ်၊ အနုပဿနာ အဖန်ဖန်ရှုတယ်၊ သင့်လျော်အောင် ရှုတယ်လို့ ဆိုကတည်းက တွေးတယ်ဆိုတဲ့ သင်္ကပ္ပလည်း ပါတယ်၊ သမာဓိဆိုတဲ့ တည်ငြိမ်တာလည်း ပါတယ်၊ အဲဒီ ၂-ခုကို မဖော်ဘဲနဲ့ဟာ ထားတာ ဒီမှာ၊ အဲဒီမှာ ဟောထားတာလေ။

အဲဒီတော့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဒီ အာနာပါနကမ္မဌာန်းကို မဟာသတိပဋ္ဌာနသုတ်မှာလည်း ဟောထားတာ ရှိတယ် သို့သော် မဟာသတိပဋ္ဌာနသုတ်မှာ ဟောတဲ့ဟာက
စာမျက်နှာ-၆၇
စတုက္က ၄-မျိုး ရှိတယ်၊ စတုက္က ၄-ခုဆိုတာ အစု ၄-ခု၊ အစု ၄-ခု ရှိတဲ့ထဲမယ် ပထမစတုက္က ၄-မျိုးပဲ ဟောတယ်၊ ဒုတိယ ၄-မျိုး မဟောဘူး၊ တတိယ ၄-မျိုး မဟောဘူး၊ စတုတ္ထ ၄-မျိုး မဟောဘူးနော်၊ ၄-၄-လီ ၁၆-ခု ရှိတယ်၊ ဒီကမ္မဌာန်းနဲ့ ပတ်သက်ပြီး 'သောဠသဝတ္ထုက' လို့ ခေါ်တယ်၊ သောဠသဝတ္ထုက - အခြေခံတာ ၁၆-ခု ရှိတယ်၊ အာနာပါနဿတိကမ္မဌာန်းကို ပြီးပြည့်စုံအောင် အားထုတ်ဖို့ရာအတွက် အခြေခံချက် ၁၆-မျိုးရှိတာကို မြတ်စွာဘုရား ဟောထားတယ်၊ အဲဒီထဲမယ် မဟာသတိပဋ္ဌာနသုတ်မှာ ဟောတာက ပထမစတုက္ကလို့ဆိုတဲ့ ပထမ ၄-ခုကိုပဲ ဟောတယ်တဲ့နော်၊ ကျန်တာတွေ မပါဘူး။ နောက်တစ်ခါ အာနာပါနသံယုတ်ဆိုပြီးတော့ သံယုတ်ပါဠိတော်မှာ ရှိတယ်၊ အဲဒီသံယုတ်ပါဠိတော်မှာ တချို့သုတ္တန်တွေက ပြည့်ပြည့်စုံစုံဟောတယ်၊ တချို့သုတ္တန်တွေမှာ ပြည့်ပြည့်စုံစုံ မဟုတ်ဘူး၊ အဲဒီထဲမယ် ထူးထူးခြားခြား ဝေသာလီသုတ်ဆိုတာကျတော့ တကယ်ကို မြတ်စွာဘုရားက အာနာပါနဿတိကို ချီးမွမ်းပြီးတော့ ဟောထားတာ၊ အဲဒီဝေသာလီသုတ္တန်ကိုပဲ ဝိသုဒ္ဓိမဂ်က မူတည်ပြီးတော့ ဖွင့်တာ၊ အခု ဒီအာနာပါနဿတိသုတ်ကို မူတည်ပြီးတော့ ဖွင့်တာ မဟုတ်ဘူး။

ဝေသာလီသုတ်မှာ “အယမ္ပိ ခေါ ဘိက္ခဝေ အာနာပါနသတိ သမာဓိ ဘာဝိတာ ဗဟုလီကတော သန္တာ စေ၀ ပဏီတာ စ အသေစနကော စ သုခေါ စ ဝိဟာရော” ဒီလို ဟောတယ်၊ “အာနာပါနဿတိသမာဓိဟာ ဖြည့်စွက်စရာ မလိုလောက်အောင် ကောင်းတယ်၊ ချမ်းသာတယ်၊ ဘာမှ ရောစွက်စရာ
စာမျက်နှာ-၆၈
မလိုဘူး၊ သူ့အာရုံနဲ့တင် သူကျေနပ်စရာကောင်းတယ်၊ အင်မတန်မှ ငြိမ်သက်တယ်၊ နူးညံ့တယ်၊ သိမ်မွေ့တယ်၊ ဖြစ်ပေါ်လာတဲ့ ကိလေသာတွေကို အကုန်လုံးဖယ်ရှားပစ်နိုင်တယ်” လို့ အဲဒီသုတ္တန်မှာ အဲဒီလို ချီးမွမ်းပြီးတော့ ဟောတယ်၊ ဒီသုတ္တန်မှာတော့ အဲဒါမျိုး မပါဘူး။

ပြီးတော့ မဟာသတိပဋ္ဌာနသုတ်မှာ အာနာပါနဿတိကို ဟောတာက ကာယာနုပဿနာအနေနဲ့ ဟောထားတာနော်၊ အခု ဒီသုတ္တန်မှာကျတော့ မြတ်စွာဘုရားက ဘယ်လိုစတုန်းဆိုတော့ “ချစ်သားရဟန်းတို့ - အာနာပါနဿတိဟာ”တဲ့၊ “ကိုယ့်သန္တာန်မှာ ဖြစ်အောင် လုပ်မယ်၊ အကြိမ်ကြိမ် အထပ်ထပ် ပွားများအောင် လုပ်မယ်ဆိုရင်”တဲ့၊ “မဟပ္ဖလ - အကျိုးကျေးဇူးတွေ အများကြီးရှိတယ်၊ မဟာနိသံသ - သူက ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေလည်း အများကြီး”လို့ ဆိုလိုတယ်။ “တိုက်ရိုက်အကျိုးတွေကလည်း ကြီးမားတယ်၊ အကျိုးဆက်တွေကလည်း အလွန်များပြားတယ်”လို့ ဒီလို ဟောတာ။

အဲဒီအချိန်မှာ မြတ်စွာဘုရား အာနာပါနဿတိ ထွက်လေဝင်လေပေါ်မှာ စိတ်နဲ့ အာရုံနဲ့ ကပ်နေတဲ့ သတိကို ကိုယ့်သန္တာန်မှာ ဖြစ်အောင် လုပ်မယ်၊ တိုးတက်အောင်လုပ်မယ် ဆိုလို့ရှိရင် မဟပ္ပလ, မဟာနိသံသ - အင်မတန်မှ ကြီးမားတဲ့အကျိုး, အင်မတန် ကြီးမားတဲ့ များပြားတဲ့အကျိုးဆက်တွေကို ရနိုင်တယ်၊ ရနိုင်ရုံတင် မကဘူးတဲ့၊ ဒီအာနာပါနဿတိကို ကိုယ့်သန္တာန်မှာ ဖြစ်
စာမျက်နှာ-၆၉
အောင် လုပ်မယ်, ပွားများအားထုတ်မယ်ဆိုရင် သတိပဋ္ဌာန် ၄-ပါးလည်း ကိုယ့်သန္တာန်မှာ ပြည့်လာလိမ့်မယ်၊ သတိပဋ္ဌာန် ၄-ပါးကိုလည်း ပြီးပြည့်စုံအောင် လုပ်ပြီးသား ဖြစ်သွားလိမ့်မယ်၊ ဆိုလိုတာက အာနာပါနအားထုတ်လိုက်တာနဲ့ သတိပဋ္ဌာန်ကျင့်စဉ်ပါသွားပြီလို့ ပြောတာနော်၊ ဒါ လုပ်လိုက်လို့ရှိရင် သတိပဋ္ဌာန်တရား ၄-ပါးဟာလည်း ပြီးပြည့်စုံသွားလိမ့်မယ်။

အဲဒီသတိပဋ္ဌာန်တရား ၄-ပါးကို အားထုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ ဗောဇ္ဈင် ၇-ပါးလည်း ပြီးပြည့်စုံသွားပါလိမ့်မယ်တဲ့။ ဗောဇ္ဈင် ၇-ပါးကို အားထုတ်လိုက်မယ်ဆိုရင် ဝိဇ္ဇာဝိမုတ္တိလို့ ခေါ်တဲ့ မဂ်နဲ့ ဖိုလ်ကိုလည်း ရရှိပြီးသား ဖြစ်သွားလိမ့်မယ်တဲ့၊ ဒီလို အဆင့် ၃-ဆင့် ခွဲပြီးတော့ မြတ်စွာဘုရားက ဟောထားတာနော်၊ အာနာပါနဿတိကနေ ဆက်သွယ်ပြီးတော့ မြတ်စွာဘုရားဟောတာ၊ အာနာပါနဿတိ အားထုတ်လို့ရှိရင် မဟပ္ပလ, မဟာနိသံသ အကျိုးကြီးတယ်လို့ ပြောတာ။

(၁) အာနာပါနဿတိထုတ်လို့ရှိရင် သတိပဋ္ဌာန် ၄-ပါး ပွားပြီးသား ဖြစ်တယ်နော်။
(၂) သတိပဋ္ဌာန်တရား ၄-ပါးကို အားထုတ်ပြီးသားဖြစ်လို့ ဗောဇ္ဈင် ၇-ပါး အားထုတ်ပြီးသား ဖြစ်တယ်။
(၃) ဗောဇ္ဈင် ၇-ပါး အားထုတ်ပြီးသား ဖြစ်လို့ရှိရင် ဝိဇ္ဇာဝိမုတ္တိဆိုတဲ့ ဝိဇ္ဇာဆိုတဲ့ မဂ်၊ ဝိမုတ္တိဆိုတဲ့ ဖိုလ်၊ မဂ်တွေ ဖိုလ်တွေကို ရရှိပြီးသား ဖြစ်လိမ့်မယ်လို့ ဒီလိုမြတ်စွာဘုရားက ရဟန်းတွေကို ရှေးဦးစွာ မိန့်ကြားတယ်။

မိန့်ကြားပြီးတဲ့အခါကျတော့မှ အာနာပါနဿတိကို ဘယ်လိုအားထုတ်ရမလဲ၊ တစ်ခုချင်းကို ရှင်းမှာ၊ အဲဒီတော့ ဒါလေးက မာတိကာသဘောဖြစ်လို့ ထပ်ပြီးတော့ မှတ်ဖို့ လိုတယ်နော်။
စာမျက်နှာ-၇၀
အာနာပါနဿတိကို အားထုတ်လို့ရှိရင် မဟပ္ပလ, မဟာနိသံသ ဒါ ပထမစကား၊ တစ်ခါ အာနာပါနဿတိကို အားထုတ်လို့ရှိရင် သတိပဋ္ဌာန် ၄-ပါးကို အားထုတ်ပြီးဖြစ်တယ်တဲ့၊ ဒီ ၂-ခုဟာ ဒါ အာနာပါနဿတိနဲ့ တိုက်ရိုက်ပြောလိုက်တာ၊ သတိပဋ္ဌာန်အားထုတ်ရင် ဗောဇ္ဈင်အားထုတ်ပြီးသား ဖြစ်တယ်၊ ဗောဇ္ဈင်အားထုတ်လို့ရှိရင် ဝိဇ္ဇာဝိမုတ္တိ အားထုတ်ပြီးသား ဖြစ်တယ်လို့ အဆင့် ၄-ဆင့်ပေါ့။ မြတ်စွာဘုရားက ဒီလိုဟောတာ၊ အဲဒီ ၄-မျိုးကို ဒီသုတ္တန်မှာ ချဲ့ပြီးတော့ ဟောမှာနော်။

ကဲ နံပါတ်(၁)အနေနဲ့ သတိပဋ္ဌာန်ကို ပွားများမယ် အားထုတ်မယ် အကြိမ်ကြိမ်လုပ်မယ်ဆိုရင် ဘယ်ပုံလုပ်ရမလဲ၊ လုပ်ပုံလုပ်နည်းကို မြတ်စွာဘုရားက အသေးစိတ်ရှင်းပြတယ်၊ ဒီသုတ္တန်မှာ အဲဒါကို ရှင်းပြတော့မလို့ မြတ်စွာဘုရားက ရဟန်းတွေကို ဒီအာနာပါနဿတိကမ္မဌာန်းကို ပေးတာ၊ ခုနက ကျင့်နေတဲ့ ကိုယ်တော်တွေကို ဒါကျင့်ခိုင်းတာ။

“ကထံ ဘာဝိတာ စ ဘိက္ခဝေ အာနာပါနဿတိ၊ ကထံ ဗဟုလီကတော ဘယ်လိုသွားရင် ဘယ်လိုအကြိမ်ကြိမ်အထပ်ထပ် လုပ်ရင် အာနာပါနဿတိဆိုတာဟာ အများကြီးအကျိုးကို ဖြစ်ထွန်းစေသလဲဆိုပြီး မြတ်စွာဘုရားက ဒီမေးခွန်းမေးပြီးတော့ အားထုတ်ပုံအားထုတ်နည်းကို အသေးစိတ်က စပြောတာ၊ အသေးစိတ်ဆိုတာ အားထုတ်ရမယ့်နေရာပါ ပြောတယ်။

ဒီကမ္မဋ္ဌာန်းကို အားထုတ်တော့မယ်ဆိုလို့ရှိရင်တဲ့ “အရည” တောမှာပဲဖြစ်ဖြစ် အားထုတ်၊ ဘာဖြစ်လို့ မြို့အားမထုတ်ခိုင်းတာတုန်းဆိုရင် မြို့တွေရွာတွေထဲမှာဆိုရင် ဆူညံတယ်လေ၊ အဲဒီတော့
စာမျက်နှာ-၇၁
တိတ်ဆိတ်ငြိမ်သက်တဲ့တောအရပ်ကို သွား၊ တောထဲမှာ အားထုတ်။

တောထဲ ရောက်တဲ့အခါမှာ ဘယ်နေရာမှာ အားထုတ်ရမှာတုန်း ဆိုရင် သစ်ပင်ရင်း သစ်ပင်အောက် ထိုင်ပြီးတော့ တရားအားထုတ်တယ်၊ “အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ” တရားအားထုတ်နေပြီဆိုရင် တောအရပ်မှာဖြစ်စေ သစ်ပင်အောက်မှာဖြစ်စေ၊ နောက်တစ်ခုကျ သုညာဂါရ၊ ဒါက မြို့ထဲရွာထဲမှာပဲဖြစ်ဖြစ် ဘယ်ဖြစ်ဖြစ် တိတ်ဆိတ်တဲ့နေရာမှန်သမျှ သုညာဂါရပ၊ တောလို့ဆိုတာ ယေဘုယျပြောလိုက်တဲ့စကားပေါ့နော်၊ တောဆိုတာယေဘုယျအားဖြင့် လူတွေရဲ့အသံ တိတ်ဆိတ်တယ်၊ မရှိဘူး၊ ကိုယ့်လာစကားပြောမယ့်သူလည်း မရှိဘူး၊ တစ်ယောက်တည်း နေတဲ့အခါမှာ အဲဒီတော့ တောအရပ်ဆိုတာ အလွန်လွတ်လပ်တယ်၊ လွတ်လပ်တယ်ဆိုတာ တောဟာ ကြောက်စရာလည်း မရှိတော့ဘူး၊ ရှက်စရာလည်း မရှိတော့ဘူး၊ တွေးကြောက်တဲ့သူကတော့ ကြောက်မှာပေါ့နော်၊ ရှက်စရာ ဘာမှ မရှိဘူး။

မြတ်စွာဘုရားဟောထားတဲ့တရားထဲမှာ တစ်ဦးတည်းနေရတာ ဘယ်လောက် အကျိုးရှိတယ်၊ ဘယ်လောက် လွတ်လပ်တယ်ဆိုတာကို တစ်ခါတလေ ပြောတာ၊ မှတ်သားစရာလည်း ကောင်းတယ်၊ တစ်နည်းအားဖြင့်လည်း ရယ်စရာလိုသဘောမျိုး ဖြစ်တယ်ပေါ့နော်၊ ဘုရားက ဘယ်လိုပြောတုန်းဆိုရင် “အေး ရှေ့မျှော်ကြည့်လိုက်၊ တစ်ယောက်မှ မရှိဘူး၊ နောက်လှည့်ကြည့်လိုက်၊ တစ်ယောက်မှ မရှိဘူး၊ အဲဒီအချိန်မှာတဲ့ နောက်နောက်ဖေးသွားလို့တောင် လွယ်တယ်”တဲ့၊ ဒါ ဘုရားဟောတဲ့စကားပဲ၊ ဟုတ်ကဲ့လား။
စာမျက်နှာ-၇၂
တစ်ယောက်တည်းနေရတဲ့ဟာကို လူတိုင်းသိအောင် နားလည်အောင် ပြောလိုက်တာ၊ ဟုတ်တယ်လေ၊ လူတွေအောင့်ထားစရာ မလိုဘူးလေ၊ မြို့ထဲရွာထဲဆိုရင် Toilet မရှိရင် အောင့်နေရမှာလေ၊ တောထဲမှာဆိုရင် အောင့်စရာ မလိုဘူးတဲ့၊ ရှေ့လှမ်းကြည့်လိုက် နောက်လှည့်ကြည့်လိုက် တစ်ယောက်မှ မတွေ့ဘူးဆိုပြီး သိပ်လွယ်တာပဲတဲ့၊ သိပ်လွတ်လပ်တာတဲ့၊ နောက်ဆုံးမှာ နောက်ဖေးနောက်ဖီ သွားတာတောင်မှ လွယ်သေးတယ်တဲ့၊ ဒီလို ဟောတာ ရှိတယ်၊ နာဂိတသုတ်မှာ ဘုရားကိုယ်တိုင် တစ်ယောက်တည်းနေတဲ့ အကျိုးကျေးဇူးကို ဒီလိုဟောခဲ့တာ။

အဲဒါကြောင့်မို့ အရည၊ ရုက္ခမူလ၊ အဲဒါ မရနိုင်ဘူးဆိုရင် သုညာဂါရ၊ အာဂါရဆိုတာ အဆောက်အဦးတစ်ခု၊ သုညဆိုတာ ဘယ်သူမှမရှိတဲ့ အဆောက်အဦးတစ်ခု၊ ဒီလိုဆိုလိုတာနော်၊ ခုတော့ သုညတော့ မဖြစ်ဘူး၊ ဘာလို့တုန်းဆို Group Meditation တွေက များတာကိုး၊ Group Meditation တွေဆိုတော့ အိပ်နေတော့ ဟိုက ခေါခေါ၊ ဟိုက ခေါခေါ၊ အသံတွေတော့ စုံတာပေါ့နော်၊ သုည တစ်ဦးတစ်ယောက်တည်းဆိုရင် သမာဓိပိုပြီးတော့ ဖြစ်လွယ်တယ်တဲ့၊ သုညာဂါရ၊ ဒါ ကမ္မဋ္ဌာန်းအားထုတ်ရမယ့်နေရာကို မြတ်စွာဘုရားက ဒီသုတ္တန်မှာ ညွှန်ကြားပြီးတော့ ပေးတာ။

နောက်တစ်ခု အဲဒီလိုအားထုတ်ပြီဆိုရင် ဘယ်လိုအားထုတ်ရမှာလဲ၊ လမ်းလျှောက်ရမှာလား၊ ထိုင်ရမှာလားဆိုတော့ ထိုင်ရမှာ၊ အာနာပါနဿတိအားထုတ်ပြီဆိုရင် ထိုင်ရမယ်တဲ့။ ဘယ်လိုထိုင်ရမလဲ၊ ပလ္လင်္ကံ အာဘုဇိတွာ - တင်ပလ္လင်ခွေပြီးတော့ ထိုင်တယ်၊ အမျိုးသမီးတွေကျတော့ ထက်ဝက်ပလ္လင်နဲ့ ထိုင်တယ်
စာမျက်နှာ-၇၃
ပေါ့၊ အဲဒီတော့ ဘာဖြစ်လို့ ထိုင်တာတုန်းဆိုတာ သူက ကြိုးစားလွန်းတာလည်း မဟုတ်ဘူး၊ ပျော့လွန်းတာလည်း မဟုတ်ဘူး၊ ထိုင်ခြင်းဣရိယာပုထ်သည် အိပ်နေသလောက်လည်း ဇိမ်ခံတာ မဟုတ်ဘူး၊ လမ်းလျှောက်နေတာလိုလည်း အားမစိုက်ရဘူး၊ ထိုင်နေတယ်ဆိုတာ အင်မတန်မှငြိမ်သက်တဲ့ ဣရိယာပုထ်လို့ ပြောတာ အဲဒီတော့ ထိုင်တာထက် ပိုမငြိမ်သက်ဘူးလားဆိုတော့ အိပ်ရင်တော့ ပိုငြိမ်တယ်၊ ဒါပေမယ့် အိပ်ပျော်သွားမှာ၊ အဲဒီတော့ ရွေးရမှာက ထိုင်တဲ့ဣရိယာပုတ်ကို ရွေးပါတဲ့၊ ဘာဖြစ်လို့ ရွေးတာတုန်းဆိုတော့ မပြင်းလွန်း မလျော့လွန်းတဲ့ အလတ်တန်းစား မဇ္ဈိမပဋိပဒါ အနေအထားမျိုးကို ရွေးတဲ့သဘောပေါ့နော်။

အဲဒီလို ထိုင်တဲ့အခါမှာ ဥဇုံ ကာယံ ပဏိဓာယ - ခါးအထက်က ခန္ဓာကိုယ်၊ ခေါင်းလည်ပင်းထိအောင် ဆန့်ဆန့်လေး ဖြောင့်ဖြောင့်မတ်မတ်ထားပါတဲ့၊ ခါးကြီးကုန်းမနေစေနဲ့တဲ့၊ ခေါင်းကြီးငံ့မနေနဲ့လို့ ဒီလိုပြောတာ၊ ငံ့မနေစေနဲ့ ဖြောင့်ဖြောင့်လေးထား၊ ဘာဖြစ်လို့ ဖြောင့်ဖြောင့်ထားခိုင်းတာတုန်းလို့ဆို လူနောက်မှာ ကျောရိုးတွေရှိတယ်နော်၊ အဲဒီကျောရိုးလေးတွေက အဆစ်တစ်ခုနဲ့တစ်ခုက ဖိပြီးတော့ စောင်းထားမယ်ဆိုရင် ဖိညှပ်ပြီးတော့ ကြာကြာမထိုင်နိုင်ဘူး၊ ခါးနာတာတွေ ကျောအောင့်တာတွေ ဖြစ်လာတတ်တယ်။ အဲဒါမျိုး မဖြစ်ရအောင် မတ်မတ်ကလေးထားလို့ ဒီလိုဆိုလိုတယ်။

တရားအားထုတ်ပုံအားထုတ်နည်းကို သေသေချာချာ ဘုရားက သင်ပေးတာ၊ မဟာသတိပဋ္ဌာနသုတ်မှာလည်း ပါတာပဲနော်၊ အဲဒီလို လုပ်ပြီးတဲ့အခါမှာ 'ပရိမုခံ သတိ ဥပဋ္ဌပေတွာ' ကမ္မဋ္ဌာန်းအာရုံကို focus လုပ်ခိုင်းတာ၊ ကမ္မဋ္ဌာန်းဘက်ကို အာရုံလှည့်တယ်။
စာမျက်နှာ-၇၄
ထွက်လေဝင်လေနဲ့ ချည်ထားရမယ်၊ ထွက်လေဝင်လေပေါ်မှာ အာရုံစိုက်၊ ဆိုလိုတာက လူ့ရဲ့စိတ်ဆိုတာ အာရုံရှိသမျှ ပြေးသွားနေတာလေ၊ မျက်စိက မြင်တဲ့အာရုံဆီ ပြေးတယ်၊ နားက ကြားတဲ့အာရုံ၊ နှာခေါင်းက အနံ့ရတယ်၊ တစ်ခုမှ မရှိဘူးဆိုရင် စိတ်ကတွေးတဲ့အာရုံတွေဆီ ပြေးနေတာ ဘယ်တော့မှ ငြိမ်တယ်လို့ မရှိဘူး၊ အဲဒီမငြိမ်တဲ့စိတ်ကို ဖမ်းပြီး ထွက်လေဝင်လေပေါ်မှာ သူ့ကို ရပ်ခိုင်းထားတာနော်၊ ထွက်လေဝင်လေဆိုတဲ့အာရုံပေါ်မှာ သူ့ကို ရပ်ခိုင်းထားတယ် “ပရိမုခံ သတိ ဥပဋ္ဌပေတွာ” အဲဒီပေါ်မှာ သတိထားလို့ဆိုလိုတယ်။

“ပရိမုခံ” ဆိုတာကို အဓိပ္ပါယ်နှစ်မျိုး ဖွင့်တယ်၊ “ပရိ” ဆိုတာ အာရုံကို သိမ်းပိုက်ထားတာ၊ “မုခ” ဆိုတာ မကောင်းတဲ့အာရုံတွေဆီကနေ ထုတ်ဆောင်ပေးနိုင်တာ၊ ဒိပြင်အာရုံတွေကနေ ထွက်ခွာစေနိုင်တယ်၊ ဒီသတိဟာ မိမိယူရမည့်အာရုံကိုလည်းပဲ သိမ်းပိုက်ထားနိုင်တယ်နော်၊ ကိလေသာဆိုတဲ့ အညစ်အကြေးတွေကလည်း ဆွဲထုတ်ပေးနိုင်တယ်၊ အဲဒီရှိတဲ့ သတိမျိုးကို ကိုယ့်သန္တာန်မှာ ထားပါလို့ ဆိုလိုတယ်။

အဲဒီတော့ ပရိဆိုတာ သိမ်းပိုက်တဲ့သတိ၊ မုခဆိုတာ ထုတ်ဆောင်နိုင်တဲ့သတိ၊ အာရုံကို သိမ်းပိုက်နိုင်တဲ့သတိနော်၊ အဆင့်မြင့်အောင် ထုတ်ဆောင်ပေးနိုင်တဲ့သတိကို ထွက်လေဝင်လေအာရုံပေါ်မှာ စွဲစွဲမြဲမြဲထားပြီးတော့ ဘာလုပ်ရမလဲဆိုရင် “သတောဝ အဿသတိ၊ သတော ပဿသတိ” တဲ့ အသက်ရှူတာရှိုက်တာကို သတိနဲ့ရှူပြီးတော့ သတိနဲ့ရှိုက်ပြီးတော့ တရားအားထုတ်ပါလို့ ဒါ မြတ်စွာဘုရားကိုယ်တိုင်ဟောတဲ့ တရားအားထုတ်ပုံအားထုတ်နည်းပဲ။
စာမျက်နှာ-၇၅
အဲဒီလို မြတ်စွာဘုရားက သတိပဋ္ဌာန်တရားမှာ အခုလို အခြေခံကို စပြီးတော့ ပေးတယ်၊ ပေးပြီးတဲ့အခါ ပထမစတုက္က၊ ဒုတိယစတုက္က၊ တတိယစတုက္က၊ စတုတ္ထစတုက္က ဆိုပြီးတော့ ၁၆-ခု၊ အာနာပါနဿတိနဲ့ ပတ်သက်တဲ့အခါ ၁၆ မျိုးကို အကျယ်ချဲ့ပြီးတော့ ဒီသုတ္တန်မှာ ဟောပါတယ်။

နောက်ရက်မှာ အဲဒီတရားတွေကို ဆက်ပြီးတော့ ဟောမယ်၊ ခု အခြေခံအနေနဲ့ ဒါကို ကြိုပြီးတော့ မှတ်သားပြီး ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ သတိပဋ္ဌာန်တရား၊ သတိနဲ့ပတ်သက်တဲ့ ဒီကမ္မဌာန်းဟာ အင်မတန်မှ သိမ်မွေ့နူးညံ့တဲ့ကမ္မဋ္ဌာန်းဖြစ်တယ်။

ဘာမှလည်း ကြိုတင်ပြင်ဆင်စရာ မလိုဘူး၊ တခြားကသိုဏ်းတွေဆိုရင် ကြိုတင်ပြင်ဆင်ရဦးမယ်၊ နှာခေါင်းက လေရှူနေတာဆိုတော့ ကိုယ်က လိုက်ရှာစရာလည်း မလိုဘူးနော်၊ အဆင့်သင့်ပဲ ၂၄-နာရီလုံး အစဉ်မပြတ်ရနေတယ်၊ ကျန်တာတွေကျတော့ ၂၄-နာရီလုံး ဖြစ်ချင်မှ ဖြစ်မှာလေ) အသက်ရှူသွင်းနေတာ ရှူထုတ်နေတာက ကိုယ့်မှာ ပိုက်ဆံမကုန်ဘဲနဲ့ရတဲ့ အာရုံ အဲဒီအာရုံပေါ်မှာ သတိအခြေစိုက်ပြီးတော့ ထူးခြားတဲ့တရားဓမ္မတွေကို ရရှိအောင် ကြိုးစားဖို့ဆိုတဲ့ နည်းစနစ်ကို မြတ်စွာဘုရားပေးထားတာဖြစ်သောကြောင့် နေ့စဉ်နှင့်အမျှ ရှူသွင်းရှူထုတ်နေတဲ့လေတွေအပေါ်မှာ အလဟဿမဖြစ်စေဘဲနဲ့ ကောင်းမြတ်တဲ့အသိဉာဏ်တွေ ရအောင် ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု
စာမျက်နှာ-၇၆

စာမျက်နှာ-၇၇
အာနာပါနဿတိသုတ်အနှစ်ချုပ်
(အပိုင်း ၃)
သာသနာတော်နှစ် ၂၅၅၅-ခုနှစ် ကောဇာသက္ကရာဇ် ၁၃၇၃-ခုနှစ်၊ တပို့တွဲလဆန်း ၃-ရက်၊ ၂၆.၁.၂၀၁၁ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် မုန့်လက်ဆောင်းကုန်းတောင်ရပ်ကွက် ကျွန်းတောလမ်း သမိဒ္ဓေါဒယ သုခိတာရာမ ဒေါ်ဉာဏစာရီ မြန်အောင်သီလရှင်စာသင်တိုက်အတွင်းရှိ ဓမ္မသဘင်ခန်းမအတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မပူဇာ ဓမ္မသဘင်၌ မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး အနန္တငါးပါးနှင့် မိဘဘိုးဘွားဆွေမျိုးများ ဦးတင်စိုးတို့အား ရည်၍ ဒေါ်လှခင်မိသားစု၊ ကိုကျော်သင်း ဆေးဆိုင် အမှတ်-တ၊ ဇေယျသုခလမ်းနေ ဖခင်ကြီးဦးမြင့်လှိုင်အား ရည်စူး၍ သား မြတ်ကိုကိုမင်း၊ ထက်ကိုကိုလင်း၊ ဗိုလ်ကြီးအောင်ကျော်ကျော်စိုး၊ အမှတ်-၉၊ ဇေယျသုခလမ်းနေ ဦးတင်ဝင်း + ဒေါ်မြစန်း၊ သား သဇင်ဦး၊ မဝင်းမာအို၊ မဇင်မာထွန်း မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

အာနာပါနဿတိကမ္မဋ္ဌာန်းဘာဝနာနဲ့ ပတ်သက်ပြီး အာနာပါနဿတိသံယုတ်မှာ သုတ်ပေါင်း ၂၀-ကျော် ဟောထားတာ ရှိတယ်၊ သို့သော် အာနာပါနဿတိကျင့်စဉ်နဲ့ ပတ်သက်လာတဲ့အခါ ဒီအာနာပါနဿတိသုတ်ထဲမှာ အားလုံးလောက်နီးနီး အကျုံးဝင်သွားတယ်၊ အခု မဇ္ဈိမနိကာယ်မှာလာရှိတဲ့ အာနာပါနဿတိသုတ်၊ သံယုတ္တနိကာယ် အာနာပါနသံယုတ်မှာလာတဲ့ အာနာပါနဿတိသုတ်တွေ တစ်သုတ်နဲ့တစ်သုတ် ကွဲလွဲချက် မရှိဘူး၊ အကျိုးတရား
စာမျက်နှာ-၇၈
ကို ဖော်ပြတဲ့နေရာမှာတော့ ပြည့်ပြည့်စုံစုံ ဖော်ပြထားတာမျိုးတွေ ရှိတယ်ပေါ့၊ ဒီသုတ္တန်မှာတော့ မြတ်စွာဘုရားက မဟပ္ဖလ၊ မဟာနိသံသ - များမြတ်သောအကျိုး ရှိတယ်၊ များမြတ်သော ထူးခြားသောအာနိသင်တွေ ရှိတယ်လို့ - ဒီလောက်ပဲ ဟောတယ်၊ အာနာပါနဿတိကျင့်စဉ်ရဲ့ အခြေခံ ၁၆-ချက်ကိုတော့ ဒီသုတ္တန်မှာ ပြည့်ပြည့်စုံစုံ ဟောထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သုတ္တန်တစ်ခုကို လေ့လာလိုက်မယ်ဆိုလို့ရှိရင် ကျန်တဲ့သုတ်တွေလည်း တော်တော်များများ ပြီးပြည့်စုံသွားတယ်။

သို့သော် ဝိသုဒ္ဓိမဂ်မှာဖွင့်ဆိုတာ ဒီသုတ္တန်ကို ဦးတည်ပြီးတော့ ဖွင့်ဆိုတာ မဟုတ်ဘူး၊ အာနာပါနသံယုတ်မှာလာတဲ့ ဝေသာလီသုတ်ကို ဦးတည်ပြီး ဖွင့်ဆိုတာတွေ့ရတယ်၊ သို့သော် တချို့စကားလုံးတွေဟာ ဒီသုတ္တန်မှာလည်း ပါရှိတာဖြစ်သောကြောင့် ဟိုသုတ်၊ ဒီသုတ် များစွာကွဲပြားခြားနားခြင်း မရှိဘူး၊ ၁၆-မျိုးကို အခြေခံပြီး ဟောထားတဲ့ ဒီအာနာပါနဿတိဘာဝနာမှာ သတိတရားကို အဓိကထားပြီးတော့ မြတ်စွာဘုရားက ဟောကြားတာ မှန်တယ်၊ သို့သော် သတိတရားအခြေခံလို့ရှိရင် သတိနောက်ဆွယ်မှာ ပညာဆိုတာလည်း ပါလာမယ်၊ ပညာဖြစ်ဖို့အတွက် သမာဓိဆိုတာလည်း ပါလာမယ်၊ လုံ့လဝီရိယဆိုတာတွေလည်း ပါလာမယ်၊ ဒီတော့ ပေါင်းစပ်လိုက်မယ်ဆိုလို့ရှိရင်တော့ မဂ္ဂင် ၈-ပါးဟာ အားလုံးပါဝင်တယ်လို့ ဒီလိုဆိုရမှာ၊ မဂ္ဂင် ၈-ပါးက လွတ်တဲ့ ကမ္မဋ္ဌာန်းကျင့်စဉ်ဆိုတာ မရှိဘူးပေါ့၊ ဝိပဿနာကျင့်စဉ်မှန်သမျှ မဂ္ဂင် ၈-ပါးနဲ့ပဲ သွားတယ်။
စာမျက်နှာ-၇၉
ဒီတော့ ဒီအာနာပါနအားထုတ်ပုံအားထုတ်နည်းတွေကို အခြေခံကနေ စပြီး မြတ်စွာဘုရားဟောထားတဲ့အတိုင်း ရှေးဦးစွာ မှတ်သားရမယ်၊ အဋ္ဌကထာတွေမှာလာတဲ့ tradition လို့ ခေါ်တဲ့ အသေးစိပ်လမ်းညွှန်ချက်တွေကို အနည်းငယ်ထည့်သွင်းပြီး ရှင်းပြောဖို့ပဲ၊ မြတ်စွာဘုရားဟောထားတဲ့အတိုင်း ရှေးဦးစွာသိကြဖို့က အာနာပါနဿတိကမ္မဋ္ဌာန်းအားထုတ်တော့မယ်ဆိုရင် ရွေးချယ်ရမယ့်နေရာ ၃-ခု : တောအုပ်ရယ်၊ သစ်ပင်ရင်းရယ်၊ တိတ်ဆိတ်ငြိမ်သက်တဲ့အဆောက်အအုံတစ်ခုရယ်၊ အဲဒီ ၃-မျိုး ရွေးချယ်ရမယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကမ္မဋ္ဌာန်းအားထုတ်ရင် တိတ်ဆိတ်ငြိမ်သက်မှုဟာ အင်မတန်မှ အရေးကြီးတယ်၊ သဒ္ဓါကထုကာ ဇာနလို့ဆိုတဲ့အတိုင်း အာရုံတစ်ခုခုကို စူးစိုက်ပြီး သမာဓိလုပ်ငန်းတစ်ခုခုကို လုပ်ပြီဆိုလို့ရှိရင် အသံဟာ ဆူးခလုတ်ပဲတဲ့။ အသံတွေ ဆူညံနေတဲ့ထဲမှာ အလုပ်လုပ်လို့ မရဘူးတဲ့၊ အသံဟာ အန္တရာယ်တစ်ခု ဖြစ်သည့်အတွက်ကြောင့် အသံတွေနဲ့ ကင်းဝေးပြီး တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမျိုးကို ရွေးချယ်ပြီး အားထုတ်မှ ပိုပြီးလျင်လျင်မြန်မြန် သမာဓိရတယ်၊ ကိုယ်လုပ်တဲ့လုပ်ငန်းတစ်ခုက အောင်မြင်နိုင်တယ်။

တစ်ခါ အာနာပါနအားထုတ်ပြီဆိုတဲ့အခါမှာ Body posture လို့ခေါ်တဲ့ ဣရိယာပုထ်ကလည်း အရေးကြီးတယ်၊ ထွက်လေဝင်လေ အာနာပါန ရှုမှတ်တဲ့အခါမှာ ထိုင်ခြင်းဆိုတဲ့ ဣရိယာပုထ်ဟာ အသင့်တော်ဆုံးဣရိယာပုထ် ဖြစ်တယ်၊ ဒါကြောင့်မို့လို့ ထိုင်ခြင်းဣရိယာပုထ်ကို ရွေးချယ်ပြထားတာ၊ ထိုင်ပြီးတဲ့အခါမှာ မိမိရဲ့
စာမျက်နှာ-၈၀
သတိလေးဟာ ထွက်လေဝင်လေထိတဲ့နေရာမှာ အာရုံစိုက်ထားဖို့ လိုတယ်၊ ပရိမုခံ သတိ ဥပဋ္ဌပေတွာ လို့ဆိုတဲ့အတိုင်း အာရုံဘက်ကို ဦးလှည့်ထားဖို့။

ဘာဖြစ်လို့တုန်းဆိုတော့ လူတွေရဲ့စိတ်ဟာ ဘယ်အာရုံတွေပေါ်မှာ အလေ့အကျင့်ရပြီး, အမြဲတမ်းဘယ်အာရုံတွေနဲ့ နေတာတုန်းဆိုတော့ မျက်စိက မြင်ရတဲ့အဆင်းအာရုံ၊ နားက ကြားရတဲ့ အသံအာရုံ၊ နှာခေါင်းက နမ်းရှူရတဲ့အနံ့အာရုံ၊ လျှာနဲ့ လျက်ရတဲ့ အရသာအာရုံ၊ ခန္ဓာကိုယ်နဲ့ ထိတွေ့ရတဲ့ အထိအတွေ့အာရုံတွေ အပြင် စိတ်ကူးချင်ရာကူးနေတာတဲ့၊ ထို ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့အပေါ်မှာ အပြန်အလှန်စိတ်ကူးနေတဲ့ စိတ်ကူးထဲကအာရုံတွေပေါ်မှာ စိတ်ဟာ အမြဲတမ်းရောက်နေတတ်တယ်၊ အာရုံတစ်ခုကနေ အာရုံတစ်ခုကူးပြောင်းပြီး ကျက်စားနေကျ ဖြစ်နေတယ်၊ အဲဒီအာရုံတွေပေါ်မှာ အလေ့အကျင့်ရှိတော့ အာရုံတစ်ခုတည်းမှာ ထားဖို့ဆိုတာ အလွယ်တကူ မဖြစ်နိုင်ဘူး။

အင်မတန်မှ မငြိမ်မသက်ဖြစ်နေတဲ့ မျောက်လေးတစ်ကောင်ကို ငြိမ်အောင်လုပ်ဖို့ဆိုတာ တော်တော်ခက်တယ်ပေါ့နော်၊ မျောက်ဆိုတာ သစ်ပင်ပေါ်ရောက်လိုက်တာနဲ့တစ်ပြိုင်နက် ဒီသစ်ကိုင်းဆွဲလိုက်၊ သစ်ကိုင်းလွှတ်၊ ဟိုသစ်ကိုင်းဆွဲလိုက်၊ ဟိုအပင်ကူးလိုက် ဒီအပင်ကူးလိုက်နဲ့ ဒီလိုနေမှ သူက စိတ်ချမ်းသာမှုရှိတယ်၊ အဲဒီလိုပဲ လူ့ရဲ့စိတ်ဟာလည်း ဒီအာရုံကနေ ဟိုအာရုံ၊ ဟိုအာရုံကနေ ဟိုအာရုံ၊ အာရုံများလေ ပျော်လေပဲ၊ အာရုံတစ်ခုတည်းဆိုရင် သူ့အလိုကျ မဖြစ်ဘူး၊ သူက ဟိုဟိုဒီဒီလျှောက်သွားနေရမှ ကျေနပ်တယ်
စာမျက်နှာ-၈၁
နော်၊ အိမ်မကပ်တဲ့ကလေးလိုပဲ၊ ဘယ်တော့မှ သူက အာရုံတစ်ခုတည်းပေါ်မှာ ငြိမ်ငြိမ်နေချင်တဲ့သဘော မရှိဘူး။

ဒါကြောင့်မို့ ရူပါရုံစတဲ့အာရုံတွေနဲ့ ကြီးပြင်းလာတဲ့ ပုထုဇဉ်တွေရဲ့ စိတ်ရိုင်းကလေးကို ဆုံးမတော့မယ်ဆိုတဲ့အခါမှာ ရိုင်းတဲ့နွားကလေးတစ်ကောင်ကို ဆုံးမတဲ့နည်းကို အဋ္ဌကထာဆရာများက ညွှန်ပြထားတာ ရှိတယ်ပေါ့။

အင်မတန်ရိုင်းစိုင်းတဲ့နွားတစ်ကောင်ကို ဆုံးမမယ်ဆိုလို့ရှိရင် ငုတ်တိုင်မှာ ကြိုးတစ်ခုခိုင်ခိုင်စိုက်ပြီး အဲဒီငုတ်တိုင်နဲ့ ကြိုးနဲ့ နွားကို ချည်ထားဖို့ပဲရှိတယ်၊ ချည်ထားလို့ရှိရင် ခါတိုင်းလို လွတ်လွတ်လပ်လပ် မသွားရတော့ အားကုန်ရုန်းမှာပဲ၊ ရုန်းပေမယ်လို့ ကြိုးက မပြတ်သည့်အတွက်ကြောင့် နောက်ဆုံးကျ မောပမ်းပြီးတော့ ချည်တိုင်နားမှာပဲ အိပ်သွားတဲ့နွားလိုပဲ လူ့ရဲ့စိတ်ဟာလည်းပဲ အဲဒီလို ချည်တိုင်လေးထားဖို့ လိုအပ်တယ်၊ ကာမဂုဏ်အာရုံတွေနောက် အမြဲတမ်းပြေးလွှားနေတဲ့ စိတ်ကလေးကို အဿာသပဿာသ - ထွက်လေဝင်လေဆိုတဲ့ ချည်တိုင်လေးတစ်ခုကို ထားဖို့ပေါ့။

ကမ္မဋ္ဌာန်းအလုပ်အားထုတ်တယ်ဆိုတာ ချည်တိုင်လေးတစ်ခုပေါ်မှာ စိတ်ကိုချည်နှောင်တာ၊ ချည်နှောင်တဲ့ကြိုးက ဘာတုန်းဆို သတိပဲ၊ သတိက ထွက်လေဝင်လေကနေ တခြားရောက်မသွားအောင် စိတ်ဆိုတဲ့နွားရိုင်းလေးကို သတိကြိုးနဲ့ ခိုင်ခိုင်ချည်ပြီး ထားရမယ်၊ အဿာသပဿာသလို့ခေါ်တဲ့ ထွက်လေဝင်လေအာရုံမှာ ငြိမ်ကျသွားအောင် သတိထားလို့ပြောတာ။

အဲဒီတော့ ကိုယ့်စိတ်ကို ဆုံးမတဲ့အခါမှာ ဒီလိုပဲ ဆုံးမရမှာပဲ၊ လွယ်လွယ်ကူကူနဲ့တော့ ရမှာမဟုတ်ဘူး၊ သူကတော့
စာမျက်နှာ-၈၂
ရုန်းချင်ရုန်းပေစေ၊ ကြိုးခိုင်ခိုင်ထားဖို့ လိုတယ်၊ သို့သော် လူတွေက ချည်တဲ့ကြိုးက မခိုင်တဲ့အတွက်ကြောင့် ခဏခဏ လွတ်တယ်နော်၊ သတိက အားပျော့နေတဲ့အခါ စိတ်က ခဏခဏ လွတ်ထွက်သွားတယ်၊ ကမ္မဋ္ဌာန်းကျောင်းထဲ ရောက်ရာကနေ ဟိုရောက်သွားလိုက် ဒီရောက်သွားလိုက်၊ စိတ်က ခဏခဏ လွတ်ထွက်တယ်၊ ပြန်ဖမ်း ပြန်ချည်နဲ့ အဲဒီလိုလုပ်ရတယ်၊ နောက်ဆုံးမှာ အာရုံငုတ်တိုင်ကိုလည်း ခိုင်ခိုင်စိုက်၊ သတိဆိုတဲ့ကြိုးကို ခိုင်အောင်လုပ်ပြီးတော့မှ စိတ်ဆိုတဲ့နွားရိုင်းလေးကို ဆုံးမဖို့အတွက် ချည်နှောင်ထားဖို့ လိုအပ်တယ်၊ ဒါက ထင်ရှားတဲ့ဥပမာနဲ့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ ရှင်းပြထားချက်ပဲ။

စိတ်ဆိုတာ အာရုံတွေပေါ်မှာ ပြေးလွှားနေလို့ အင်မတန်မှ ရိုင်းစိုင်းနေတယ်၊ သတိလက်လွတ်ဖြစ်နေတယ်၊ ဒါကြောင့်မို့လို့ အာနာပါနကမ္မဋ္ဌာန်းတရားကို အားထုတ်ပြီး ကောင်းကျိုးချမ်းသာတွေကို ရချင်လို့ သတိတွေ တိုးလာဖို့ သမာဓိတွေ တိုးလာဖို့ အသိပညာတွေ ရလာဖို့ဆိုတဲ့အခါမှာ အာရုံချည်တိုင်တစ်ခု ထားပြီးတော့ သတိနဲ့ စွဲစွဲမြဲမြဲ ဒီအာရုံပေါ်မှာ စိတ်ကလေးငြိမ်သွားအောင် လုပ်ဖို့ပါပဲ။ ဒါ ကမ္မဋ္ဌာန်းအလုပ်လို့ ခေါ်တာပဲ။

ကိုယ်လုပ်နေတဲ့အလုပ်ဟာ စိတ်က ကမ္မဋ္ဌာန်းအာရုံပေါ်မှာ ငြိမ်သွားရင် ဒါမှန်ကန်တယ်လို့ပဲ ဒီလိုပြောရမှာပေါ့နော်၊ ဒီတော့ မြတ်စွာဘုရားက ဒီကမ္မဋ္ဌာန်းကို ဟောတဲ့အခါမှာ ပထမဆုံး စလိုက်တာက “သတောဝ အဿသတိ၊ သတော ပဿသတိ” “သတိလေးနဲ့ ဝင်လေကို ရှူပါ”တဲ့၊ “သတိလေးနဲ့ ထွက်လေကို ထုတ်ပါ”လို့၊ ဒါ လူတွေဟာ ၂၄-နာရီပတ်လုံး ကိုယ့်ရဲ့နှာခေါင်းက
စာမျက်နှာ-၈၃
ဝင်လေထွက်လေနဲ့ အသက်ရှင်နေကြတာ ဖြစ်သော်လည်းပဲ သတိ မကပ်ဘူးပေါ့။ လူတွေမှာ ဒီအာရုံပေါ်မှာ သတိမကပ်ဘူး၊ တခြားအာရုံတွေပေါ် လျှောက်ပြေးနေတဲ့ စိတ်ကလေးကို ထွက်လေဝင်လေ ဆိုတဲ့အာရုံပေါ်မှာ သတိနဲ့ ချည်နှောင်ပါလို့ ဒီလို ပြောတာနော်။

ဒါ ကမ္မဋ္ဌာန်းလုပ်ငန်း စတင်ဖို့ကို မြတ်စွာဘုရားက ပြတာ၊ “သတောဝ အဿသတိ၊ သတော ပဿသတိ” သတိလွတ်ပြီးတော့ မရှူနဲ့၊ သတိလွတ်ပြီးတော့ ရိုက်မထုတ်နဲ့၊ အသက်ရှူရင်လည်း သတိထား၊ အသက်ရှူသွင်းလို့ရှိရင်လည်း သတိရှိပါစေ၊ ရှူထုတ်လို့ရှိရင်လည်း သတိနဲ့ရှူထုတ်လို့၊ ဆိုလိုတာက ရှူသွင်းတဲ့လေပဲဖြစ်စေ ရှူထုတ်တဲ့လေပဲဖြစ်စေ ဘယ်လေပဲဖြစ်ဖြစ် သတိရှိနေရမယ်လို့ ပြောတာနော်။ ဝင်လာတဲ့လေပေါ်မှာလည်း သတိရှိနေရမယ်၊ ထွက်သွားတဲ့လေပေါ်မှာလည်း သတိရှိနေရမယ်၊ အဲဒီဝင်လေထွက်လေဆိုတဲ့ အာနာပါနလို့ခေါ်တဲ့ ဒီအာရုံလေးပေါ်မှာ သတိနဲ့ စတင်ပြီးတော့ လေ့ကျင့်ပါလို့ ဒီလိုပြောတာ။

အဲဒီအချိန်မှာ သတိကို အဓိကထားပြီးတော့ ပြောပြီးတဲ့နောက်မှာ နောက်က ပညာပါလာပုံကို ဆက်ပြီးတော့ ပထမစတုက္ကအနေနဲ့ မြတ်စွာဘုရားက ဟောတာ။ “န ဟိ သတိ ဝိရဟိတာ ပညာ နာမ အတ္ထိ” “သတိမပါဘဲ ပညာဘယ်တော့မှ မဖြစ်ဘူး”လို့၊ ဒါကြောင့်မို့လို့ သတိဟာ ပညာရဲ့ ရှေ့ပြေးသဘော ဖြစ်တယ်ပေါ့။ ဒါကြောင့် သတိကောင်းအောင် အရင်လုပ်ရမယ်၊ သတိရှိလာလို့ရှိရင် - ဆိုလိုတာက “သတိမမူ ဂူမမြင်” ဆိုသလို မြင်ဖို့အတွက်က သတိမူဖို့ လိုတယ်၊ ဉာဏ်ဖြစ်ဖို့အတွက်က သတိမူရမယ်လို့ ဒီလို ဆိုတယ်၊ သတိမှ မရှိလို့ရှိရင် ဉာဏ်နဲ့ မြင်တယ်ဆိုတာ မဖြစ်ဘူး။
စာမျက်နှာ-၈၄
ဒါကြောင့်မို့လို့ ရှေးဦးစွာ ရှူသွင်းရှူထုတ် လုပ်တဲ့အချိန်လေးမှာ သတိနဲ့ လုပ်ပါလို့၊ ဒါ စတင်ပြီးတော့ လေ့ကျင့်တာ။

စတင်လေ့ကျင့်တဲ့အခါမှာ အရှိန်ကလေးရလာတဲ့အခါမှာ အသိကလေး ဝင်လာတယ်၊ ဘာဝင်လာတုန်းဆို “ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ၊ ရဿ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ”။ ဟော ဒီ ထွက်လေဝင်လေနဲ့ ပတ်သက်ပြီးတော့ ဝင်လေဟာ အချိန်အခါအားဖြင့် ရှည်လျားတယ်ဆိုတာ ရှိတယ်၊ တိုတယ်ဆိုတာ ရှိတယ်၊ ခန္ဓာကိုယ်ကြောင့်ပဲဖြစ်စေ သတ္တဝါတွေရဲ့ အလိုက်ပဲဖြစ်စေ၊ ဒီနေရာမှာ ဆိုလိုတာက အချိန်အခါရှည်တာကို ရှည်တယ်လို့ ပြောတာ၊ အချိန်အခါကိုပဲ တိုတယ်လို့ ပြောရမှာ၊ ခန္ဓာကိုယ် ရှည်တာ တိုတာကို ဆိုလိုတာ မဟုတ်ဘူး။

ဒီတော့ အသက်ရှူတဲ့အနေအထားတစ်ခုမှာ သက်ပြင်းချတဲ့အခါဆို တချို့က အရှည်ကြီးတယ်လေ၊ တစ်ခါတစ်ခါ လူတွေက မောပန်းသွားတဲ့အခါကျတော့ ဟောဟဲဟောဟဲနဲ့ ရှူတာ ထုတ်တာ မြန်လာတယ်၊ တိုတာ ရှိတယ်၊ အချိန်ရှည်တယ်၊ အချိန်တိုတယ်၊ ဒါ သိတာက ပညာ၊ သတိထားမိတဲ့အခါ ကွဲပြားခြားနားမှုတစ်ခု ပေါ်လာတာကို သိတာက အသိဉာဏ်ပဲ၊ ဒီတော့ ဘယ်လို ကွဲပြားလာတုန်းလို့ဆိုလို့ရှိရင် ကိုယ့်အသက်ရှူဟာ ရှည်လျားတယ်ဆိုလို့ရှိရင်လည်း ရှည်လျားမှန်း သိလိုက်တယ်၊ ဝင်သက်ရှည်လျားတာကိုလည်း သိတယ်၊ ထွက်သက်ရှည်လျားတာကိုလည်း သိတယ်၊ တစ်ခါ ဝင်သက်တိုတောင်းလို့ရှိရင် ဝင်သက်တိုတောင်းမှန်း သိတယ်၊ ထွက်သက်တိုတောင်းလို့ရှိရင် ထွက်သက်တိုတောင်းမှန်း သိတယ်၊
စာမျက်နှာ-၈၅
အဲဒီသိလာတယ်ဆိုတာ သတိထက် ဆင့်ကဲပြီးတော့ ပညာထပ်ဖြစ်လာတဲ့အဓိပ္ပါယ်ကို ပြောတာ။

ပထမကိုယ်က စတင်ထူထောင်တာ သတိပဲ၊ သိဖို့က အဓိက မဟုတ်ဘူး၊ သတိရှိဖို့က အဓိက၊ ဝင်နေတဲ့ဝင်လေပေါ်မှာ သတိရှိရမယ်၊ ထွက်လေပေါ်မှာ သတိရှိရမယ်။ အခုကျတော့ ဝင်လေရဲ့ သဘာဝကို သူက သိတာ၊ ပုံစံမတူတာကို သိလာတယ်၊ ရှည်တဲ့အခါကျတော့ ရှည်တယ်လို့ သိတယ်၊ တိုတိုတောင်းတောင်းဆိုရင် တိုတယ်လို့ သိလာတယ်၊ မတူညီတဲ့အချက်ကလေးတွေ ကွဲပြားခြားနားစွာ သိလာတယ်၊ ဝင်သက်တိုရင် တိုတယ်၊ ထွက်သက်တိုရင် တိုတယ်လို့ သိတယ်၊ ဝင်သက်ရှည်ရင် ရှည်တယ်လို့ သိတယ်၊ ထွက်သက်ရှည်ရင် ရှည်တယ်လို့ သိလာတယ်လို့ဆိုတာ - တစ်ခုတစ်ခုမှာ နှစ်မျိုးနှစ်မျိုးပေါ့ ဝင်လေထွက်လေမှာ အတိုအရှည် ဒီလိုသိလာတာ၊ ဒါက ပစ္စုပ္ပန်ဆတ်ဆတ် အသိဉာဏ်ရောက်လာပုံကို ပြောပြတာ။

အဲဒီရောက်လာတဲ့အသိဉာဏ်လေးတစ်ခုကို ဒီအတိုင်းထားလို့ မရဘူး၊ အသိဉာဏ်ပိုပြီးတော့ ရှင်းလင်းလာအောင် ကြိုးစားအားထုတ်မှုဆိုတာ လိုအပ်လာတယ်နော်၊ ကြိုးစားအားထုတ်မှုရှိမှ တိုးတက်လာမယ်၊ ပညာတစ်ခုရလာလို့ရှိရင် ရလာတဲ့ပညာကို ဒီအတိုင်းနေလို့ မတိုးတက်ဘူးနော်၊ တိုးတက်လာအောင် လုပ်ပေးရမယ်၊ အဲဒါကြောင့်မို့လို့ အခုပထမစတုက္ကမှာ အသိဉာဏ်နှစ်ခု ကွဲကွဲပြားပြားထူးခြားလာပုံကို ပစ္စုပ္ပန်ကျကျနဲ့ ပြောတာ - “ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ” တဲ့၊ သိတယ်တဲ့၊ ဝင်သက်ရှည်ရင် ရှည်တယ်လို့ သိတယ်၊ ထွက်သက်ရှည်ရင် ရှည်
စာမျက်နှာ-၈၆
တယ်လို့ သိလိုက်တယ်၊ ထွက်သက်တိုရင် တိုတယ်လို့ သိလိုက်တယ်၊ အဲဒီလိုသိမှုဟာ ပစ္စုပ္ပန်အနေအထားကို အသိဉာဏ်ဖြစ်ပေါ်လာပုံကို ပြောပြတာ။

အဲဒီလို တိုးတက်လာပြီးတဲ့အခါမှာ နောက်ထပ် ဘာဆက်လုပ်ရမလဲ၊ အသိဉာဏ်တိုးမြှင့်ပေးဖို့ လုပ်ရမယ်၊ “သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ”။ ဒါကျတော့ “သိက္ခတိ” ဆိုတဲ့စကားလုံး ပါလာတယ်၊ ကြိုးစားမှု ပါလာတယ်၊ ပထမဆုံးပြောတာက သတိသက်သက်ကို ပြောခဲ့တယ်၊ အခု ဒုတိယ အရှည်အတိုနဲ့ ပြောတဲ့အခါကျတော့ ပညာပါလာပြီနော်။

အခု ဒီတစ်ခါ တတိယကျတော့ ဘာပါလာတုန်းဆို ဝီရိယပါလာပြီ၊ ဆိုလိုတာက သတိရယ် ဝီရိယရယ် ပညာရယ် - ဒီသုံးခုက ကမ္မဋ္ဌာန်းအားထုတ်ရင် မရှိမဖြစ်တဲ့အင်္ဂါရပ်တွေ၊ ဒါကြောင့်မို့ မဟာသတိပဋ္ဌာနသုတ်မှာ “အာတာပီ သမ္ပဇာနော သတိမာ” ဆိုတာ နာမည်နဲ့ ဖော်ထုတ်ပြီးတော့ ဟောထားတာ၊ အမည်နဲ့ ကောက်ယူပြီးတော့ ဘုရားက ပြထားတာ။ အာတာပီ - သာမန်လုံ့လဝီရိယ မဟုတ်ဘူး၊ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်တဲ့ဝီရိယ ရှိရမယ်၊ သမ္ပဇာနော - သာမန်ပညာမျိုးမဟုတ်ဘဲနဲ့ ကွဲကွဲပြားပြား အကျိုးရှိရင် ရှိတယ်၊ လုပ်သင့်လုပ်ထိုက်တာကို ကွဲကွဲပြားပြား သဘောပေါက်နားလည်တဲ့ပညာမျိုး ရှိရမယ်၊ သတိမာ - စွဲမြဲတဲ့သတိ ရှိရမယ်၊ ဟော ဒီ ၃-ခုကို အဓိကထားတယ်၊ အဲဒါနဲ့ တစ်ထပ်တည်းပဲ ဘာမှ မထူးဘူး။

မြတ်စွာဘုရားဟောတဲ့တရားက ဟိုနားတစ်မျိုး ဒီနားတစ်မျိုး မဟုတ်ဘူးတဲ့၊ ကမ္မဋ္ဌာန်းအားထုတ်ပြီဆိုရင် ဒီမှာလည်း ကြည့် -
စာမျက်နှာ-၈၇
ပထမ သတိလေးနဲ့ စလိုက်တာ၊ “ဒီဃံ ဝါ အဿသန္တော၊ ရဿံ ဝါ အဿသန္တော” နဲ့ လာတဲ့အခါ ပဇာနာတိလို့ ဟောတာ၊ ပဇာနာတိဆိုတာ ပညာဖြစ်လာပုံကို ပြောတာ၊ ဟော အခုတတိယအဆင့်ကို ရောက်တဲ့အခါကျတော့ “သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ”။ သိက္ခတိဆိုတာ ကြိုးစားတာ၊ ကြိုးစားတယ်ဆိုတာ ဝီရိယဖြစ်ကြောင်း ထင်ရှားတယ်၊ သိအောင် ကြိုးစားတာ။

အဲဒီတော့ “သဗ္ဗကာယပဋိသံဝေဒီ” မှာ သဗ္ဗကာယဆိုတာ ဘာပြောတာလဲ၊ သာမန်ပြောမယ်ဆိုရင် သဗ္ဗကာယဆိုတာ အလုံးစုံသောကိုယ်၊ တစ်ကိုယ်လုံးလို့ အဓိပ္ပါယ်ရတယ်၊ ဒါဖြင့် သဗ္ဗကာယ “တစ်ကိုယ်လုံး” ဆိုတာ ဒီနေရာမှာ အဓိပ္ပါယ်ကောက်ယူတာ မှားတတ်တယ်၊ တချို့နည်းစနစ်တွေမှာ အာနာပါနရှုရင်းကနေ တစ်ကိုယ်လုံးကို လိုက်ကြည့်တာတွေ ရှိတယ်။

ဒီမှာဆိုလိုတဲ့ “တစ်ကိုယ်လုံး” ဆိုတာ ဘာကိုပြောတာတုန်းဆိုတော့ “ထွက်လေဝင်လေရဲ့တစ်ကိုယ်လုံး” ကို ပြောတာ၊ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ပြောတာ မဟုတ်ဘူး၊ ခြေဆုံးခေါင်းဆုံးကို လိုက်ရှုဖို့ ပြောတာ မဟုတ်ဘူး၊ အဲဒီနေရာမှာ interpretation အဓိပ္ပါယ်ကောက်ယူမှုတွေ လွဲမှားနေတာတွေ ရှိတယ်၊ စာပေကျမ်းဂန်မှာ သဗ္ဗကာယ ဆိုသည်မှာ ထွက်လေဝင်လေ (The body of breath-in breath-out) ကို ဆိုလိုတာ၊ “ကာယ” လို့ သုံးလိုက်တာဟာ ထွက်လေဝင်လေ ဒီအစုကို ဆိုလိုတာ၊ ထွက်လေဝင်လေအစုကို တစ်ကိုယ်လုံး၊ ထွက်လေဆိုလို့ရှိရင်လည်း အစ အလယ် အဆုံး၊ ဝင်လေဆိုလို့ရှိရင်လည်း အစ အလယ် အဆုံး အကုန်လုံး သိရ
စာမျက်နှာ-၈၈
တယ်၊ ထင်ထင်ရှားရှားကြီးသိအောင် ကြိုးစားအားထုတ်ရမယ်၊ ဒီအဓိပ္ပါယ်ကို ဆိုလိုတာနော်။

ထွက်လေဝင်လေကို မှတ်ရင်းကနေပြီး တစ်ကိုယ်လုံးမှာ ဟိုနားက ယားတာတွေ ဒီနားကယားတာတွေ၊ ယားတာတွေယံတာတွေ အကုန်လျှောက်ပြီးတော့ မှတ်တဲ့နည်းစနစ်တွေလည်း ရှိတယ်၊ အဲဒီလို ညွှန်ကြားတာတွေလည်း ရှိတယ်၊ သို့သော် စာပေကျမ်းဂန်ထဲမှာ အဲဒီလို မပါဘူးလို့တော့ မှတ်ထားပေါ့နော်၊ ကမ္မဋ္ဌာန်းဆိုတာ ဘယ်ဟာ မမှတ်ရဘူးလို့တော့ မရှိဘူးနော်၊ ခန္ဓာကိုယ်မှာဖြစ်တာ မှတ်လို့ မရဘူးလို့ဆိုတာတော့ မရှိဘူး၊ မှတ်လို့ ရတယ်၊ သို့သော် သူပေးထားတဲ့နည်းစနစ်က ဒီနည်းစနစ် မဟုတ်ဘူးဆိုတာကို သတိထားဖို့ လိုတယ်ပေါ့။

“သဗ္ဗကာယပဋိသံဝေဒီ” အလုံးစုံသောကာယကို ထင်ရှားသိစေလျက်၊ ထင်ရှားပေါ်လွင်စေလျက်၊ “အဿသိဿာမိ” ရှူသွင်းမယ်၊ ဝင်လေကို ဖြစ်စေမယ်၊ “ပဿသိဿာမိ” ထွက်လေကို ဖြစ်စေမယ်။ ဖြစ်စေမယ်ဆိုတာ အနာဂတ်ကို ပြောတာ ဖြစ်နေတာကို သိတာလို့ ပြောတာ မဟုတ်ဘူး၊ ဖြစ်စေရမယ်၊ ဒါဖြစ်ကို ဖြစ်ရမယ်၊ ဖြစ်အောင်လုပ်မယ်လို့ “သိက္ခတိ” အားသစ်ပြီးတော့ ကြိုးပမ်းအားထုတ်တယ်၊ ဒါကျတော့ ဝီရိယကို အဓိကထား ဟောပြတာ။

အဲဒီတော့ ထွက်လေဝင်လေကို ရှုမှတ်တဲ့အခါမှာ ပထမ သတိ၊ ဒုတိယ ပညာ၊ တတိယ ဝီရိယဆိုတာ လာပေါင်းစပ်မိသွားတယ်၊ အဲဒီတော့ ဝီရိယပါလိုက်တဲ့အခါ ပညာတို့ သတိတို့က လွတ်သွားသလားဆိုတော့ မဟုတ်ဘူး၊ သုံးခုစုမိသွားတာ၊ အားပိုကောင်းလာတာ၊ ပထမတော့ သတိကလေးနဲ့တင် သွားတာ၊ နောက်ထပ်
စာမျက်နှာ-၈၉
ပညာလိုက်လာ ဟော နှစ်ခုဖြစ်သွားတယ်၊ တတိယကျတော့ ဘာပါလာတုန်း၊ ဝီရိယပါလာတယ်ဆိုတော့ သတိရော ပညာရော ဝီရိယရော စုံသွားတယ်။

ဒီလိုစုံသွားအောင် ကိုယ့်ရဲ့သန္တာန်မှာ ဒီအရည်အချင်းတွေက တက်လာတဲ့သဘောကို ပြောပြတာ၊ ဒါတွေဟာ စွမ်းအားရှိတဲ့အရာ၊ ကြည့်လေ - ဒီသတိဟာ သတိဗလပဲ၊ စွမ်းအားရှိတယ် ပြောတာ၊ ဝီရိယကလည်း ဝီရိယဗလပဲ၊ စွမ်းအားရှိတယ်၊ ပညာကလည်း ပညာဗလပဲ၊ ဟော ဗိုလ်ငါးမျိုးထဲမှာ သူတို့က စွမ်းအားရှိတဲ့အရာတွေပဲပေါ့၊ ဣန္ဒြေချုပ်ကိုင်တဲ့နေရာမှာလည်း သူတို့က ကြီးစိုးနိုင်တဲ့အနေအထားတွေ ရှိတယ်ပေါ့။

ဒါကြောင့်မို့ တရားအားထုတ်ပြီဆိုတဲ့အခါမှာ အဓိကက ဘာတုန်းဆိုရင် အာရုံပေါ်မှာ သတိဖြစ်ဖို့က အဓိက၊ ပညာဖြစ်ဖို့က အဓိက၊ ဝီရိယဖြစ်ဖို့က အဓိက၊ အတွေ့အကြုံတွေ ထူးထူးဆန်းဆန်းတွေတွေ့ဖို့က အဓိက မဟုတ်ဘူးနော်။ တချို့ယောဂီတွေက တရားအားထုတ်ရင်းကနေ ဟိုဟာလေးမြင်၊ ဒီဟာလေးမြင်၊ သဘောတွေ ကျနေတယ်၊ အဲဒါ Meditation movie လို့ ခေါ်တယ်၊ ရုပ်ရှင်ကြည့်တာ၊ ဟိုဟာမြင် ဒါမြင်လေးနဲ့ ရုပ်ရှင်ကြည့်တာ Meditation movie တဲ့၊ အဲဒါမျိုးကို မမျှော်လင့်ရဘူး။

မျှော်လင့်ရမှာက ကိုယ့်သန္တာန်မှာ ဘာတွေ တိုးတက်လာတုန်းဆိုတော့ သတိတွေ တိုးတက်လာတယ်၊ ပညာတွေ ထက်မြက်လာတယ်၊ လုံ့လဝီရိယတွေ ထက်သန်လာတယ်၊ ဟော ဒီ ၃-ခု ဖြစ်လာတယ်၊ “သဗ္ဗကာယပဋိသံဝေဒီ” လို့ ဆိုကတည်းက အာနာပါန ထွက်လေဝင်လေရဲ့ အစအဆုံး၊ အစအဆုံးဆိုတာ တစ်ခုလုံး၊
စာမျက်နှာ-၉၀
ဝင်လေဟာ ပထမဆုံးကတော့ ဝင်စပဲ သိလိုက်တယ်၊ နောက်ပိုင်း မသိတော့ဘူး၊ အစလေးပဲ သိတယ်လို့ ပြောတာ၊ တစ်ခါတလေ အစလေး မသိဘူး၊ အလယ်လောက်မှ သိတာ၊ တစ်ခါတလေကျတော့ အဆုံးကျမှ သိတယ်ဆိုတော့ မပြည့်စုံဘူး၊ အကုန်လုံးသိရမယ်လို့ ဆိုလိုတယ်၊ ထင်ထင်ရှားရှား ဝင်လေရဲ့ အစ အလယ် အဆုံး၊ ထွက်လေရဲ့ အစ အလယ် အဆုံး ပြည့်ပြည့်စုံစုံ အကုန်လုံးကို သတိထားမိပြီး အကုန်လုံးဟာ ကိုယ့်ဉာဏ်ထဲမှာ သတိထဲမှာ ထင်လာတယ်၊ သတိကောင်းလာရင် ဒါတွေက ထင်လာမှာ၊ အဲဒါ မရရအောင် ထင်ရှားလာအောင် ကြိုးစားအားထုတ်ပါလို့ ဒီလိုပြောတာ၊ ဒါကို “သဗ္ဗကာယပဋိသံဝေဒီ” လို့ ဆိုလိုတာဖြစ်တယ်။

ဝေဒီလို့ဆိုတာနဲ့ တချို့က ခံစားတာလို့ ထင်နေတယ်၊ စာပေကျမ်းဂန်ထဲမှာ ခံစားတာကို ပြောတာ - ဝေဒနာ၊ ဒီနေရာမှာ ပဋိသံဝေဒီ၊ ဒီပြင်နေရာမှာ “ပဋိသံဝေဒေတိ” ခံစား၏လို့ ဒီလိုတချို့နေရာမှာ စကားလုံးရှိသော်လည်း ဒီနေရာမှာ အဋ္ဌကထာတို့ ဋီကာတို့ အစဉ်အလာယူတဲ့အဓိပ္ပါယ်က အဲဒါ မဟုတ်ဘူး၊ “ပဋိသံဝေဒီ” - ပါကဋံ ကရောန္တာ ပေါ်လွင်ထင်ရှားအောင် လုပ်တာကို ပြောတာ၊ သိတာက ရှင်းရှင်းကြီးသိတာ။

ဝင်လေကိုလည်း ရှင်းရှင်းကြီးသိတယ်၊ အစ အလယ် အဆုံး၊ ထွက်လေကိုလည်း ရှင်းရှင်းကြီးသိတယ်၊ ဆိုလိုတာက အားလုံးကို ခြုံငုံသိတာ၊ ဒီလို ပြောလိုတာ၊ ဒီတော့ သဗ္ဗကာယပဋိသံဝေဒီ - ထွက်လေဝင်လေတစ်ခုလုံးကို၊ ထွက်လေဝင်လေရဲ့ အစ အလယ် အဆုံး တစ်ခုလုံးကို ထင်ရှားသိလျက် ထင်ထင်ရှားရှားပေါ်လွင်စေလျက်၊ အဿသိဿာမိ - ဝင်လေကို ဖြစ်စေမယ်၊ ပဿသိဿာမိ -
စာမျက်နှာ-၉၁
ထွက်လေကို ဖြစ်စေမယ်လို့၊ သိက္ခတိ - ကျင့်ကြံကြိုးကုတ်အားထုတ်၏၊ ဒါတွေ ပေါ်လာအောင် ကြိုးစားအားထုတ်ပါ၊ ဒီလို ဆိုလိုတယ်။

“သဗ္ဗကာယပဋိသံဝေဒီ” ဟော သိလာပြီဆိုရင် တိုးတက်လာတာပဲ၊ အစက သတိထားပြီး ရှူတယ်၊ ဝင်လေကို ဖြစ်စေတယ်၊ ရိုက်တယ်၊ ထွက်လေကို ဖြစ်စေတယ်၊ အဲဒီလောက်ပဲ၊ နောက်တစ်ခါကျတော့ ရှည်ရင် ရှည်တယ်၊ တိုရင် တိုတယ်၊ အချိန်ပိုင်းလေးပါ၊ ထူးခြားမှုပါ သိလာတယ်၊ ပညာဝင်လာတယ်၊ အခုကျတော့ ထွက်လေဝင်လေရဲ့အစအဆုံးကို ထင်ထင်ရှားရှားကြီး သိဖို့ ကြိုးစားအားထုတ်လာတယ်၊ ဒီလိုဆိုလိုတာနော်၊ အေး တိုးတက်မှုတစ်ခုပဲ။

နောက်တစ်ခါ နံပါတ်(၄)ကျတော့ ဘာပြောတုန်းဆို၊ “ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ၊ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ”၊ ဒီနေရာမှာ 'ကာယသင်္ခါရ' ဆိုတာ ခန္ဓာကိုယ်နဲ့ဆက်စပ်ပြီး ကာယလို့ဆိုတဲ့ ရုပ်ခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီး ဖြစ်နေတဲ့ ထွက်လေဝင်လေကို ပြောတာ၊ “အဿာသပဿာသာ ကာယသင်္ခါရော” လို့ ဆိုတဲ့အတိုင်းပဲ ဒီစကားလုံးက အဘိဓမ္မာယမိုက်ကျမ်းမှာလည်း ပါတယ်၊ စူဠဝေဒလ္လသုတ်ဆိုတဲ့ သုတ္တန်မှာလည်း ပါတယ်။

ဒါကြောင့် ကာယသင်္ခါရဆိုတာ ထွက်လေဝင်လေကိုပဲ ပြောတာ၊ ဒီထွက်လေဝင်လေဟာ ခန္ဓာကိုယ်နဲ့ ဆက်စပ်ပြီးဖြစ်လို့ ကာယက ပြုပြင်အပ်သောအရာဖြစ်လို့ ကာယသင်္ခါရလို့ ခေါ်
စာမျက်နှာ-၉၂
တယ်၊ အဲဒီတော့ ကာယသင်္ခါရဆိုတာ တခြားဟာ မဟုတ်ဘူး၊ ထွက်လေဝင်လေကိုပဲ ခေါ်တယ်လို့ ဒီလိုမှတ်ဖို့ လိုတယ်။

အဲဒီကာယသင်္ခါရကို ပဿမ္ဘယံ ငြိမ်းသွားအောင်၊ သိမ်မွေ့သွားအောင်၊ ချုပ်သွားအောင်၊ ပျောက်သွားအောင် ရှုသွင်းမယ် ရှူထုတ်မယ် (သို့မဟုတ်) ဝင်လေကို ဖြစ်စေမယ်၊ ထွက်လေကို ဖြစ်စေမယ်လို့ ကြိုးကုတ်အားထုတ်ပါ၊ ခုနတုန်းက သူက ငြိမ်သက်သွားတာတွေ ဘာတွေ မပြောဘူး၊ ထွက်လေဝင်လေရဲ့ အစအဆုံး အကုန်လုံးသိအောင် ကြိုးစားတာ၊ ထွက်လေဝင်လေရဲ့ အစအဆုံး သိအောင် ကြိုးစားတယ်၊ နောက်တစ်ဆင့်တက်လာတဲ့အခါကျတော့ ဘာတုန်းဆို အဲဒီထွက်လေဝင်လေဟာ ကြမ်းတမ်းရာကနေပြီးတော့ နုနုသွားတယ်၊ သိမ်မွေ့သိမ်မွေ့သွားတယ်၊ နောက်ဆုံးမှာ မျှင်မျှင်ကလေးဖြစ်တဲ့အဆင့်လောက်ထိ ရောက်သွားအောင် သိမ်မွေ့သွားတယ်၊ ဒီလိုဆိုလိုတာနော်၊ သွင်းနေတဲ့ ဝင်လေလေး၊ ရှိုက်ထုတ်နေတဲ့ ထွက်လေလေးဟာ ငြိမ်သက်သွားတယ်၊ နောက်ဆုံးမှာ ပျောက်သလောက် ဖြစ်သွားတယ်၊ ဒီလိုအနေအထားမျိုး။

ကြည့်လေ - အဝေးကနေပြေးလာတဲ့ လူတစ်ယောက်ရဲ့ အသံကို ကြည့်လိုက်၊ ဟောဟဲ ဟောဟဲနဲ့၊ ထွက်လေဝင်လေကြီးက အင်မတန်မှ ပြင်းထန်တယ်မို့လား၊ ဖားဖိုက အသံထွက်သလို ဟောဟဲ ဟောဟဲနဲ့ ပြင်းတယ်၊ ထိုင်ပြီး အနားယူလိုက်တဲ့အခါကျတော့ ဘယ်လိုဖြစ်သွားလဲ၊ တဖြည်းဖြည်းချင်း ငြင်သာသွားတယ်၊ အိပ်မောကျသွားတဲ့အခါကျ ဒီလူ အသက်မှပါ့မလားလို့ စမ်းကြည့်ရလောက်အောင် ငြိမ်သွားတယ်၊ ထွက်လေဝင်လေလေးက ဒီလို သိမ်မွေ့သွားတယ်။
စာမျက်နှာ-၉၃
ဘာနဲ့ ဥပမာတူတုန်းဆိုလို့ရှိရင် ခေါင်းလောင်းလေးတစ်ခု တိုးလိုက်၊ တီးလိုက်တဲ့အခါ ပထမထွက်လာတဲ့အသံကြီးက အသံကြမ်းကြီး ထွက်လာတယ်၊ အသံကြမ်းကြီး ထွက်သွားပြီးတဲ့နောက်မှာ နောက်ကနေဟိပြီးတော့ လိုက်လာတဲ့အသံလေးတွေက ဖြည်းဖြည်းဖြည်းဖြည်းနဲ့ နောက်ဆုံးမှာ သိမ်မွေ့သွားတာမို့လား၊ တဖြည်းဖြည်းချင်းမှ ပျောက်သွားတာလေ၊ ခေါင်းလောင်းထိုးတယ်ဆိုတာ ဖြည်းဖြည်းချင်းမှ ဟီဟီ ဟီဟီနဲ့ဆိုပြီး ပျောက်သွားတာ၊ အဲဒါမျိုးလိုပဲ၊ ထွက်လေဝင်လေဟာ ပြင်းထန်တဲ့ ထွက်လေဝင်လေကြီးကနေ တဖြည်းဖြည်း သိမ်မွေ့သိမ်မွေ့ နူးညံ့ပြီး နောက်ဆုံးမှာ ပျောက်သွားတဲ့အဆင့်၊ ဒါက ဘာကို ပြောတာတုန်းဆို သမာဓိသိပ်အားကောင်းလာပြီဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ။

သမာဓိသိပ်အားကောင်းလာပြီ၊ စိတ်ကလေးက တည်ငြိမ်သွားပြီ၊ သတိကလည်း ကောင်းတယ်နော်၊ ပညာကလည်း ကောင်းတယ်၊ ဝီရိယကလည်း ကောင်းတယ်၊ ဒီသုံးခုနဲ့ ကြိုးစားလိုက်တဲ့အခါ သမာဓိတွေ တက်လာတယ်၊ သမာဓိတက်လာပြီဆိုတာနဲ့ တစ်ပြိုင်နက် စိတ်က ငြိမ်ပြီး ထွက်လေဝင်လေလေးက ပျောက်သလောက်ကို ဖြစ်သွားတာ၊ နောက်ဆုံး သမာဓိသိပ်ကောင်းပြီး စတုတ္ထဈာန်ရသွားတယ်ဆိုလို့ရှိရင် လုံးဝတောင်မှ အသက်မရှူတော့တဲ့အဆင့်ရောက်သွားတာပဲလေ၊ ဒီလိုဆိုလိုတာ။

အဲဒီတော့ ဒီပထမစတုက္ကကို မြတ်စွာဘုရားက ဟောထားတာ ပြန်ပြီးတော့ ကြည့်၊ အခြေခံက “သတောဝ အဿသတိ၊ သတော ဝ ပဿသတိ”။ တချို့ကလည်း စတုက္ကထဲမှာ ဒါကို ထည့်သွင်းပြီးတော့ ပြောတာလည်း ရှိတယ်။
စာမျက်နှာ-၉၄
အဲဒီတော့ ဒါလေးက မြတ်စွာဘုရားက အာနာပါနအလုပ်ဟာ ဘာနဲ့စ၊ သတိနဲ့ စတယ်နော်၊ ဒါကြောင့်မို့ အာနာပါနဿတိလို့ ပြောတာ၊ သတိနဲ့ စတယ်၊ သတိနဲ့ စပြီး ဒုတိယဘာဝင်လာတုန်း၊ ရှည်ရင် ရှည်တယ်၊ တိုရင် တိုတယ်လို့ သိလာတယ်၊ ပညာဝင်လာတယ်။ ဒီတော့ ပထမအစကို လွှတ်ထားလိုက်ပြီးတော့ ရှည်ရင် ရှည်မှန်းသိတာက ပထမစတုက္ကရဲ့အစ၊ တိုရင် တိုမှန်းသိတာက ပထမစတုက္ကရဲ့ ဒုတိယ၊ တစ်ခါ “အဿာသ ပဿာသ” ထွက်လေဝင်လေရဲ့ အစ အလယ် အဆုံး သုံးမျိုးစလုံးကို ပိုင်ပိုင်နိုင်နိုင် ထင်ထင်ရှားရှားကြီးသိဖို့ ကြိုးစားလာတာက တတိယ၊ နောက်ဆုံးမှာ အဿာသ ပဿာသဆိုတဲ့ ကာယသင်္ခါရ သိမ်မွေ့သထက် သိမ်မွေ့သွားအောင် ကြိုးစားအားထုတ်လာလို့ သမာဓိဖြစ်ပြီး လုံးဝသိမ်မွေ့သွားတဲ့အဆင့် ရောက်သွားတဲ့ဟာက စတုတ္ထတဲ့၊ ဒါ ပထမစတုက္ကရဲ့ အဆင့်ဆင့်တက်သွားပုံကို သတိထားနော်၊ ဒါ ပထမစတုက္က၊ အဲဒီပထမစတုက္ကကို မြတ်စွာဘုရားက အာနာပါနဿတိ စပြီး အားထုတ်တဲ့ပုဂ္ဂိုလ်အတွက် (beginner တွေအတွက်) ဟောတာ၊ တရားစအားထုတ်ပြီဆိုလို့ရှိရင် အဲဒီအနေအထားနဲ့ အားထုတ်ပါလို့ ဒီလို ပြောတာနော်။

ဒါကြောင့်မို့လို့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ “ဒီပထမစတုက္ကဟာတဲ့၊ အာဒိကမ္မိကကမ္မဋ္ဌာန်းအားထုတ်တဲ့ပုဂ္ဂိုလ်အတွက် ဒီနည်းစနစ်ကို မြတ်စွာဘုရားက ပေးတာပါ” တဲ့၊ ဒီပထမစတုက္ကကိုပဲ မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ ဟောတာ၊ နောက်စတုက္ကသုံးခုကို မဟောဘူး၊ ၁၆-ခုလုံး မဟောဘူး၊ အခု ဒီသုတ္တန်မှာ ၁၆-ခုလုံး ဟောထားတာ၊ အဲဒီတော့ "ပထမဆုံး စအားထုတ်ဖို့ အာနာပါန
စာမျက်နှာ-၉၅
-ဿတိသက်သက် အားထုတ်တဲ့ပုဂ္ဂိုလ်ဟာ အခု ဒီပထမစတုက္ကနဲ့ စရမယ်” တဲ့ ဒီလိုပြောတာ၊ ဒုတိယ တတိယ စတုတ္ထ ကျန်တာတွေကျတော့ သမာဓိအရှိန်တက်လို့ ဈာန်ရသွားပြီးတဲ့နောက်မှာ အားထုတ်ပုံတွေကို ပြောတာ၊ အဲဒါတွေက ဈာန်ရတဲ့ပုဂ္ဂိုလ်တွေအတွက် ဟောတာ။

နောက်တစ်ခါ ဒီပထမစတုက္ကဟာ သတိပဋ္ဌာန်နဲ့ ပြောမယ်ဆိုရင် ကာယာနုပဿနာနဲ့ ဆက်စပ်ပြီးတော့ ဟောတာလို့ ဒီလိုမှတ်ရမယ်၊ ဒုတိယစတုက္ကကျတော့ ဝေဒနာနုပဿနာနဲ့ ဆက်စပ်ပြီးတော့ ဟောတာ၊ တတိယစတုက္ကက စိတ္တာနုပဿနာနဲ့ ဆက်စပ်ပြီးတော့ ဟောတာ၊ စတုတ္ထစတုက္ကကျတော့ ဓမ္မာနုပဿနာနဲ့ ဆက်စပ်ပြီးတော့ ဟောတာလို့ - သတိပဋ္ဌာန်လေးပါးနဲ့ သွားတာလေ။

ဘာဖြစ်လို့လဲဆိုရင် နာမည်ကိုက “အာနာပါနဿတိ” ဆိုတဲ့အတိုင်း သတိကို အဓိကထားတာ၊ ဒါကြောင့် သတိပဋ္ဌာန်လေးပါးနဲ့ ဟောဒီအာနာပါနကို တွဲဖက်ပြီးတော့ စတုက္က ၄-မျိုး ၁၆-ခုကို ဟောထားခြင်း ဖြစ်တယ်။

နောက်တစ်ခုပြောရမယ့်ဟာက ဘာတုန်းဆိုရင် အခု ပထမစတုက္ကဟာ သမထနဲ့လည်း သက်ဆိုင်တယ်၊ ဝိပဿနာနဲ့လည်း သက်ဆိုင်တယ်၊ ဒုတိယစတုက္ကက သမထနဲ့လည်း သက်ဆိုင်တယ်၊ ဝိပဿနာနဲ့လည်း သက်ဆိုင်တယ်၊ တတိယစတုက္ကကလည်း သမထနဲ့လည်း သက်ဆိုင်တယ်၊ ဝိပဿနာနဲ့လည်း သက်ဆိုင်တယ်။

နောက်ဆုံးလေးခုမြောက် စတုတ္ထစတုက္ကကျတော့ သုဒ္ဓဝိပဿနာ (ဝိပဿနာသက်သက်) နဲ့သာ သက်ဆိုင်တယ်။
စာမျက်နှာ-၉၆
အခု အုပ်စု ၄-ခု၊ အားလုံးပေါင်း ၁၆-ခု၊ တစ်အုပ်စုတစ်အုပ်စုမှာ လေးခုလေးခုစီ ရှိတယ်၊ စတုက္ကဆိုတာ လေးခုတစ်စုကို ပြောတာ၊ လေးခုစီလေးခုစီ ရှိတဲ့အထဲမယ် ပထမစတုက္က၊ ဒုတိယစတုက္က၊ တတိယစတုက္က ဒီ ၁၂-ခုက သမထပါတယ်၊ ဝိပဿနာလည်း ပါတယ်၊ သမထကျင့်ကျင့် ဝိပဿနာကျင့်ကျင့် ဒီအတိုင်းသွားမယ်၊ သမထလည်း ကျင့်လို့ရတယ်၊ ဝိပဿနာလည်း ကျင့်လို့ရတယ်၊ နောက်ဆုံး စတုတ္ထလေးခုတစ်စုကျတော့ ဝိပဿနာသက်သက်အတွက် အာနာပါနနဲ့ဆက်စပ်ပြီးတော့ ဒီလိုဟောတယ်လို့ မှတ်သားကြရမယ်။

ဒီမှာ မြတ်စွာဘုရားဟောပုံကို ဘုန်းကြီးတို့တတွေ လေ့လာတဲ့အခါမှာ ပထမ သတိဖြစ်အောင် ကြိုးစားရမယ်၊ ဒုတိယ ဉာဏ်ဖြစ်အောင် ကြိုးစားရမယ်၊ တတိယကျတော့ ဝီရိယဖြစ်လာအောင် ကြိုးစားရမယ်၊ စတုတ္ထကျတော့ ဘာဖြစ်လာတုန်း၊ သမာဓိတွေ ဖြစ်လာတယ်၊ ဒီလို အဆင့်ဆင့်အဆင့်ဆင့် တိုးလာတာ၊ အင်အားတွေ ဘယ်လောက်ရလာတုန်းဆို ပထမ သတိ၊ ဒုတိယ ပညာ၊ တတိယ ဝီရိယ၊ စတုတ္ထကျတော့ သမာဓိဆိုတာ ဝင်လာတယ်။ တော်တော်ကို ပြည့်စုံသွားတယ်နော်၊ ဒါတွေက တရားအားထုတ်ပြီဆိုလို့ရှိရင် အဓိကအချက်တွေပဲ၊ အဲဒါတွေရဖို့ တရားအားထုတ်ရတာ၊ အဲဒါတွေဖြစ်အောင် လေ့ကျင့်ပေးတာလို့ ဒီလိုဆိုလိုတယ်။

မြတ်စွာဘုရား ဒီလောက်ပဲဟောတာကို Tradition အနေနဲ့ အဋ္ဌကထာဆရာကြီးတွေ ဖွင့်ပြတဲ့အချက်ကို မှတ်သားဖို့ကောင်းတယ်ပေါ့။ အဲဒါကို ဖြည့်စွက်ပြီးတော့ မှတ်သားမှသာလျှင် လုပ်ငန်းသဘောဟာ ပိုပြီး ပီပြင်နိုင်တယ်။ နို့မို့ဆိုလို့ရှိရင် မပေါ်နိုင်ဘူး။
စာမျက်နှာ-၉၇
ဒီတော့ အာနာပါနဿတိကမ္မဋ္ဌာန်းကို အားထုတ်တော့မယ် အလွယ်ပြောရင် ထွက်လေဝင်လေကမ္မဋ္ဌာန်း အားထုတ်တော့မယ်ဆိုရင် လုပ်ပုံလုပ်နည်းကို စနစ်တကျလုပ်ဖို့အတွက် အဋ္ဌကထာဆရာကြီးတွေက ညွှန်ပြတယ်၊ အဋ္ဌကထာဆိုတာ အစဉ်အလာရှိတဲ့အတိုင်း စနစ်ပေးတာ၊ သူ့စိတ်ကူးနဲ့သူရေးတာ မဟုတ်ဘူးနော်။

မြတ်စွာဘုရားလက်ထက်ကတည်းက ဘုရားထံ ကမ္မဋ္ဌာန်းသွားတောင်းလို့ရှိရင် လိုအပ်တဲ့ပုဂ္ဂိုလ်ဆိုရင် အကျယ်ကြီး မြတ်စွာဘုရားက ရှင်းပြတာ၊ ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေကျတော့ အကျဉ်းချုပ် သင်ပြလိုက်တယ်၊ သူတို့က တစ်ထွာပြ တစ်တောင်မြင်ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုး၊ သဘောမပေါက်သေးဘူးဆိုရင်တော့ အသေးစိပ်ရှင်းပြတယ်။

ဒီတော့ အာနာပါနဿတိ မနသိကာရဝိဓိဆိုတဲ့ အာနာပါနဿတိရဲ့ programme တစ်ခုပေါ့။ စတော့မယ်ဆိုရင် programme နဲ့ ဘယ်လိုစမလဲ၊ မနသိကာရ နှလုံးသွင်းဖို့ ကမ္မဋ္ဌာန်းအလုပ် စတင်အားထုတ်ဖို့ programme တစ်ခုကို ချပြထားတာ ရှိတာပေါ့။ ပိုပြီးတော့ လွယ်ကူမှုရှိအောင် အဋ္ဌကထာမှာ အဆင့်ကလေးတွေ ပေးထားတယ်။

နံပါတ်တစ်ကို ဂဏနာတဲ့၊ ဂဏနာဆိုတာ ထွက်လေဝင်လေကို ရေတွက်တာ၊ counting ပေါ့၊ counting system နဲ့ သွားတာ၊ ဘာဖြစ်လို့တုန်းဆို သတိက အတော်နဲ့ မဖြစ်နိုင်လို့ရှိရင် counting လုပ်ပေးရတယ်၊ ရေတွက်တဲ့နည်းစနစ်နဲ့ လုပ်ရတယ်၊ အဲဒါမှ ဒီသတိဟာ လာမှာ၊ သတိကို လေ့ကျင့်ပေးတဲ့နေရာမှာ ဒီတိုင်း
စာမျက်နှာ-၉၈
အခြောက်တိုက်ထိုင်ပြီးတော့ မှတ်နေလို့ရှိရင် သတိအားပျော့နေတဲ့အခါကျတော့ လွတ်လွတ်သွားတယ်၊ အဲဒီလွတ်သွားတာကို မလွတ်ရအောင် counting တဲ့။ (အခုခေတ်မှာ တာလီလေးတွေ ကိုင်ပြီးတော့ ဂဏန်းလေးတွေ ဖော်နေတာ၊ ဒီဂဏန်းကိုပဲ ဦးစားပေးတာလား မသိဘူး၊ တစ်ထောင်ရပြီ နှစ်ထောင်ပြီ၊ ပိုက်ဆံဆိုရင်တော့ တန်ဖိုးရှိမှာပေါ့၊ ဂဏန်းကတော့ သိပ်တန်ဖိုးရှိမယ် မထင်ပါဘူးနော်၊ ဂဏန်းတွေပဲ စုနေတာ)။

တချို့ကလည်း ပုတီးစိပ်ရင် ဂဏန်းပဲ စုတာလေ၊ ဒီနေ့ ဘယ်နှစ်ပတ်ရပြီ၊ ဘယ်နှစ်ပတ်ရပြီနဲ့ အပတ်ပဲ ရေတွက်နေတာပဲ နော်၊ အပတ်ပဲ ရေတွက်နေလို့ရှိရင် ပုတီးကြိုးပြတ်ဖို့ပဲ ရှိတယ်၊ ရေတွက်ပြီးတော့ နေတာတွေက များနေတယ်၊ တွေးချင်ရာတွေး၊ ပုတီးက ချောက်ချက် ချောက်ချက်၊ တချို့များ ရယ်စရာတောင်ကောင်းသေးတယ်၊ Television ရှေ့မှာ ထိုင်ပြီးတော့ ပုတီးစိပ်တယ်၊ ရယ်စရာပြောရင် ရယ်လိုက်သေးတယ်၊ ပြီးလိုက်သေးတယ်နော်၊ ဘယ်လိုလုပ်များ counting လုပ်နေတာတုန်းဆို ပုတီးပတ်ပြည့်အောင် လုပ်တာနဲ့ တူပါတယ်၊ ပုတီးပတ်ပြည့်တဲ့အကျိုးလေးတော့ ရမှာပေါ့နော်၊ တစ်နေ့တစ်နေ့ကို တစ်ထောင်စိပ်တယ်တို့ နှစ်ထောင်စိပ်တယ်တို့၊ အဲဒီလိုလေးနဲ့ ကျေနပ်နေတဲ့သူတွေလည်းပဲ ရှိတယ်၊ မလုပ်တဲ့လူတွေနဲ့စာရင် ကောင်းတယ်လို့ ပြောရမှာပေါ့နော်။

သို့သော်လည်းပဲ နည်းစနစ်တစ်ခုခု ပီပီပြင်ပြင်လုပ်တာလောက် ဘယ်ကောင်းမလဲ၊ လောကမှာ ပြင်ဟာ မပြောနဲ့ မီးဖိုချောင်ထဲ ဝင်ရင်တောင်မှပဲ ပီပီပြင်ပြင်မလုပ်တဲ့မီးဖိုချောင်က ရှုပ်
စာမျက်နှာ-၉၉
ယှက်ခတ်နေတာပဲ၊ ပိုးဟပ်တွေနဲ့ ကြွက်တွေနဲ့ ရှုပ်နေရော၊ ပြောင်ပြောင်စင်စင် မဆေးကြောဘူးဆိုလို့ရှိရင် မီးဖိုချောင် မသန့်ရှင်းတော့ဘူး၊ မသေသပ်လို့ရှိရင် လောကီကိစ္စတောင်မှ ဒုက္ခရောက်နိုင်တယ်၊ လောကုတ္တရာအလုပ်လုပ်တဲ့အခါလည်း မသေသပ်လို့ရှိရင် ထိုးထိုးထောင်ထောင်တွေ ဖြစ်နေမှာပါ၊ မသေသပ်ဘူးဆိုရင် သမာဓိကလည်း ဟုတ်တိပတ်တိမရှိ၊ သတိကလည်း ဟုတ်တိပတ်တိမဖြစ်၊ ပညာကလည်း ဟုတ်တိပတ်တိမရှိ၊ ဝီရိယကလည်း ဟုတ်တိပတ်တိမရှိဆိုတော့ ဘယ်ဟာမှ ဟုတ်တိပတ်တိမရှိတော့ ကြာတဲ့အခါမှာ မကျတကျ စာရွတ်သလို တောင်ရောက် မြောက်ရောက်တွေ ဖြစ်ကုန်မှာ သေချာတယ်နော်။

အဲဒီလိုလူမျိုးလာလို့ရှိရင် စောင်းအတတ်သင်ပေးတဲ့ဆရာကြီးလို ပြောရမယ်၊ စောင်းအတတ်သင်ပေးတဲ့ဆရာကြီးက ပြောတယ်၊ တစ်ယောက်က စောင်းသင်ဖူးတယ်၊ နောက်တစ်ယောက်က လုံးဝမသင်ဖူးဘူးတဲ့၊ ဆရာကြီးဆီလာသင်တော့ ဆရာကြီးက ပြောတယ် “လုံးဝမသင်ဖူးတဲ့လူက ငါ့ကို (၅၀၀) ပေးရမယ်၊ ဟိုသင်ဖူးတဲ့လူက ငါ့ကို (၁၀၀၀) ပေးရမယ်” တဲ့၊ ဟိုလူက မျက်လုံးပြူးသွားတယ်၊ “ဟာ ကျုပ်က သင်ဖူးတဲ့ဗဟုသုတ ရှိတယ်” “အေး ဟုတ်တယ်၊ မင်းရဲ့ မတတ်တတတ်တွေ ပျောက်အောင် လုပ်ရဦးမှာ၊ အဲဒါက (၅၀၀)၊ နောက်ထပ်တတ်အောင် လုပ်ပေးတာက (၅၀၀)၊ မင်းက (၁၀၀၀) ပေးရမယ်၊ ဟိုလုံးဝမတတ်သေးတဲ့လူကျတော့ ငါ သန့်ရှင်းရေးလုပ်စရာ မလိုတော့ဘူး၊ ဒီတော့ သူကတော့ (၅၀၀) ပဲ ပေးရမယ်” တဲ့။
စာမျက်နှာ-၁၀၀
အဲဒါမျိုးလိုပဲ ကမ္မဋ္ဌာန်းကို တော်အောင်ကျော်အောင် အားထုတ်ဖူးတဲ့လူတစ်ယောက်ဆိုရင်တော့ (၁ဝဝဝ) တောင်းရမှာလို ဖြစ်နေတယ်နော်၊ ဘာဖြစ်လို့တုန်းဆိုတော့ မတတ်တတတ်တွေ ပျောက်အောင် အရင်လုပ်ရမယ်၊ မတတ်တတတ်တွေက ခေါင်းထဲ စွဲနေလို့ရှိရင် အဲဒါတွေကို အရင်ရှင်းပစ်ရမယ်၊ အဲဒါတွေရှင်းခပါ ထည့်တောင်းရမယ့်သဘော ဖြစ်လာတယ်၊ ဒါကြောင့်မို့ လုပ်ပြီဆိုလို့ရှိရင်တော့ သေသေသပ်သပ် စည်းကမ်းစနစ်တကျလုပ်ဖို့တဲ့။

အဲဒါကြောင့်မို့ အာနာပါနလုပ်ပြီဆိုတဲ့အခါ နံပါတ်တစ်က ဂဏနာတဲ့၊ ရေတွက်တဲ့နည်းစနစ်တစုံ၊ နံပါတ်နှစ်က မရေတွက်တော့ဘဲနဲ့ ထွက်လေဝင်လေပေါ်မှာ ဒန်းစီးနေသလိုပဲ စိတ်ကို ထွက်လေဝင်လေဆိုတဲ့အာရုံပေါ်မှာ ကပ်ထားပြီးတော့ ထွက်သွားရင် ထွက်တဲ့လေပေါ်မှာ ဝင်ရင် ဝင်တဲ့လေပေါ်မှာ ဒန်းစီးပြီးတော့ လိုက်နေသလို လိုက်တာ၊ အဲဒါကျတော့ အနုဗန္ဒနာလို့ ခေါ်တယ်၊ မျှောလိုက်နေတာ၊ အာရုံပေါ်မှာ စီးလိုက်နေတဲ့သဘော၊ ပထမဟာက ဂဏနာတဲ့၊ ရေတွက်တဲ့နည်း၊ ဒုတိယဟာက အနုဗန္ဒနာ၊ ထွက်လေဝင်လေဆိုတဲ့အာရုံနောက် မပြတ်လိုက်တာ၊ အာရုံနဲ့ စိတ်နဲ့ ချည်ထားတယ်လို့ ဆိုလိုတာ၊ ချည်ပေးထားတာ၊ အဲဒီနှစ်ခု။ ။

တတိယက ဘာတုန်းဆိုတော့ ဖုသနာတဲ့၊ ဒါကတော့ သီးသန့်ရေတွက်ရတဲ့အရာ မဟုတ်ဘူးတဲ့၊ ဂဏနာဆိုတာ ရေတွက်ရင်လည်းပဲ ဘယ်ကနေ ရေတွက်ရမှာတုန်းဆိုရင် ဖုသနာကနေ ရေတွက်ရမှာ၊ ဖုသနာဆိုတာ ထိတဲ့နေရာ၊ ဒီကမ္မဋ္ဌာန်းအားထုတ်ပြီဆိုလို့ရှိရင် ထိတဲ့နေရာကို အာရုံစိုက်ရမယ်။
စာမျက်နှာ-၁၀၁
လေရှူသွင်းလိုက်တဲ့အခါ တချို့ကျတော့ နှာသီးဖျားမှာ လေမထိဘဲနဲ့ အထက်နှုတ်ခမ်းဖျားမှာ လေလာထိတဲ့လူ ရှိသေးတယ်၊ တချို့ကတော့ နှာခေါင်းမှာ လေထိတာ ရှိတယ်၊ ကိုယ်ရှူသွင်းတဲ့အပေါ်မှာ ကိုယ်မူတည်တယ်၊ ကိုယ့်လေက ဘယ်မှာထိတုန်းဆိုတော့ ထိတဲ့နေရာ မှတ်ရမယ်လို့ ပြောတာနော်၊ ထွက်လေဝင်လေဟာ ဘယ်နေရာမှတ်မှတ်ဆိုတာက ကိုယ်တစ်ယောက်တည်းကို ပြောလို့ မရဘူး၊ နှာသီးဖျားလို့ဆိုတဲ့ နှာသီးဖျားမှာ မှတ်ရမှာလား (သို့မဟုတ်) အထက်နှုတ်ခမ်းဖျားမှာ မှတ်ရမှာလား၊ သွားခေါနေတဲ့သူတွေဆိုရင် အထက်နှုတ်ခမ်းဖျားရောက်သွားတယ်၊ အဲဒါကို မှတ်ရမယ်၊ အဲဒါကို ဖုသနာလို့ ခေါ်တယ်၊ ဖုသနာဆိုတာ ထိတဲ့နေရာကို မှတ်သားခြင်း၊ ဒီတော့ ရေတွက်တာလည်း ထိတာကို ကြည့်ပြီး ရေတွက်ရမယ်၊ အနုဗန္ဒနာ စိတ်နဲ့ အာရုံချည်ထားတာလည်းပဲ ထိတဲ့နေရာပဲ ချည်ထားရတယ်ဆိုတော့ ဖုသနာဆိုတာ သီးသန့်လုပ်စရာမလိုဘူးတဲ့။

ဒါကြောင့်မို့လို့ ဒီလိုမှတ်ဖို့ လိုတယ်ပေါ့၊ ဖုသနာဂဏနာ၊ ဖုသနာအနုဗန္ဒနာ လို့ ထိတဲ့နေရာမှာ ရေတွက်ပါ ထိတဲ့နေရာမှာ ချည်နှောင်ထားပါ။ ဒီလိုဆိုလိုတာပေါ့နော်၊ ထိတဲ့နေရာမှာ ရေတွက်ပါ၊ ထိတဲ့နေရာနောက် လိုက်ပါ လို့၊ ဒီလိုဆိုလိုတယ်ပေါ့၊ အဲဒီတော့ ဂဏနာရယ် အနုဗန္ဒနာရယ် လုပ်ပြီဆိုရင် ဘယ်နေရာလုပ်ရမှာတုန်းဆိုရင် ပကတိလေထိတဲ့နေရာမှာ လုပ်ပါတဲ့၊ ဖုသနာ ဒါကို ဆိုလိုတယ်။

ဟာ အဲဒီနောက်ကျတော့ ဘာဖြစ်တုန်းဆို ဌပနာတဲ့၊ စိတ်က အာရုံပေါ်မှာ ကပ်ကျသွားအောင် ရပ်သွားအောင် စိတ်ကို
စာမျက်နှာ-၁၀၂
အာရုံပေါ်မှာ ဆွဲပြီးတင်ထားလို့ စိတ်နဲ့ အာရုံနဲ့ ကပ်သွားတယ်၊ စိတ်ကို အာရုံပေါ်မှာ စွဲစွဲမြဲမြဲထားနိုင်သွားပြီ၊ ရပ်ထားနိုင်ပြီဆိုတာ ဒါကျတော့ အပ္ပနာလို့ ခေါ်တဲ့ သမာဓိကို ပြောတာ၊ ဈာန်ရတဲ့အဆင့်ကို ပြောတာ ဒီဌပနာက၊ ရှေ့ပိုင်းက လေ့ကျင့်နေတာက ဂဏနာနဲ့ အနုဗန္ဒနာနဲ့ လေ့ကျင့်ရမယ်၊ ဌပနာဆိုတာကျတော့ ထိတဲ့နေရာလေးပေါ်မှာ နိမိတ်ပေါ်မှာ အာရုံကို အပ္ပနာအနေနဲ့ သမာဓိအနေနဲ့ တည်ငြိမ်အောင် ထားနိုင်သွားပြီ ရပ်ထားနိုင်ပြီ။ ထွက်လေဝင်လေပေါ်မှာ စိတ်ကို ရပ်ထားနိုင်တဲ့ အနေအထားမျိုးဆိုရင် ဌပနာဈာန်ရတဲ့အဆင့်၊ သမထအကျင့်ကို ပြောတာ။

နောက်တစ်ခုကျတော့ သလ္လက္ခဏာ၊ သလ္လက္ခဏာဆိုတာက သဘာဝတရားတွေရဲ့ လက္ခဏာတွေကို မှတ်တာ၊ ဒါ ဝိပဿနာကို ပြောတာ၊ သလ္လက္ခဏာဆိုတာ ရှုမှတ်ခြင်းတဲ့နော်၊ သဘာဝတရားတွေရဲ့ အစစ်အမှန်သဘာဝကို ရှုမှတ်ခြင်း သလ္လက္ခဏာ၊ ဌပနာတုန်းက သမထ၊ သလ္လက္ခဏာက ဝိပဿနာဖြစ်သွားပြီ။

နောက်တစ်ခါ ဝိဝဋနာ၊ ဝိဝဋနာဆိုတာ ထွက်လေဝင်လေ အာရုံကနေ ပြောင်းသွားပြီးတော့ နောက်အာရုံတစ်ခုပေါ် ရောက်သွားပြီ၊ အဲဒါက ဘာတုန်းဆိုတော့ နိဗ္ဗာန်အာရုံပဲပေါ့၊ ဝိဝဋနာဆိုတာ မူလအာရုံကို ခွာထုတ်လိုက်ပြီးနောက် အာရုံတစ်ခုပေါ် ရောက်သွားခြင်း၊ ထွက်လေဝင်လေနဲ့ ဝိပဿနာရှုမှတ်လိုက်တဲ့အခါ ဘာဖြစ်လာတုန်းဆို ထွက်လေဝင်လေဆိုတဲ့အာရုံက သင်္ခါရအာရုံဖြစ်တယ်၊ အဲဒီသင်္ခါရအာရုံကို ကျော်ဖြတ်ပြီးတော့ နောက်ဆုံး-သင်္ခါရအာရုံက လွတ်ကင်းသွားတဲ့ နိဗ္ဗာန်ကို အာရုံပြုတာ၊ ဒါကို
စာမျက်နှာ-၁၀၃
ဝိဝဋနာလို့ ခေါ်တယ်၊ ဒီကမ္မဋ္ဌာန်းနဲ့တင်ပဲ နိဗ္ဗာန်အာရုံကို ရောက်သွားတယ်။

နောက်ဆုံးတစ်ခုက ဘာတုန်းလို့ဆိုလို့ရှိရင် ပဋိပဿနာ၊ ပဋိပဿနာဆိုတာ ပြန်ကြည့်တာ၊ ကိုယ်လာခဲ့တဲ့လမ်းကို ပြန်ကြည့်တာ၊ ဒါက သဘာဝပဲလေ၊ အိပ်မက်မက်လို့ရှိရင် မက်ပြီးတဲ့အိပ်မက် ပြန်ပြီး စဉ်းစားသလို တရားထူးတရားမြတ်ရသွားလို့ရှိရင် ပြန်တွေးတာ၊ ပြန်ကြည့်တာ၊ အဲဒါကို ပဋိပဿနာ၊ ပဋိဆိုတာ တစ်ဖန်ပြန်ပြီး၊ ပဿနာ-ရှုမြင်တာ၊ ဒါက ပစ္စဝေက္ခဏာဉာဏ် ဖြစ်တာကို ပြောတာ။

ဒီတော့ အလုပ်သဘောနဲ့ ပြောမယ်ဆိုရင် ဖုသနာဂဏနာက တစ်ခု၊ ဖုသနာအနုဗန္ဒနာက တစ်ခု၊ ဖုသနာဌပနာက တစ်ခု၊ သလ္လက္ခဏာက တစ်ခု၊ ဝိဝဋနာက တစ်ခု၊ ပဋိပဿနာက တစ်ခုလို့။

သော် ကြားထဲမှာ တစ်ခုဘာကျန်သေးတုန်းလို့ဆိုရင် ပါရိသုဒ္ဓိဆိုတာ ကျန်တယ်၊ ဝိဝဋနာဆိုတဲ့ မဂ်ပေါ်ပြီးတဲ့အခါကျတော့ ကိလေသာတွေ လုံးဝစင်ကြယ်သွားတယ်ဆိုတဲ့အဆင့်ကျတော့ ပါရိသုဒ္ဓိ၊ ပါရိသုဒ္ဓိ စင်ကြယ်မှုဆိုတာကျတော့ ဖိုလ်။

ဒီတော့ အားလုံးပေါင်း ကြည့်လိုက်ရင် ဂဏနာရယ်၊ အနုဗန္ဒနာရယ်၊ ဌပနာရယ်၊ သလ္လက္ခဏာရယ်၊ ဝိဝဋနာရယ်၊ ပါရိသုဒ္ဓိရယ်၊ ပဋိပဿနာရယ်၊ ပြောမယ်ဆိုရင် လုပ်ငန်းသဘောအရ ၇-ခု ရှိတယ်၊ ဒီထဲမှာ ရေတွက်ထားတဲ့ဂဏန်းကျတော့ ၈-ခု ရှိတယ်။ အဲဒီ ၈-ခုထဲက ဖုသနာဟာ လုပ်ငန်းသဘောမှာ သူက အဓိက မဟုတ်ဘူး၊ မှတ်ရမယ့်နေရာကို ပြောတာမို့ သူ့ကို ချန်တွက်လို့ရှိရင် ၇-ခု ရှိတယ်၊ ဒီတော့ ၇-ခုထဲမှာလည်းပဲ ဝိဝဋနာရယ် ပါရိသုဒ္ဓိရယ်
စာမျက်နှာ-၁၀၄
ဒါက attainment လို့ ခေါ်တယ်၊ အောင်မြင်ပေါက်ရောက်လာတဲ့ result တစ်ခု ရလာတာကို ပြောတာ အကျိုးကျေးဇူးကို ပြောတာ၊ သူက အားထုတ်ရမယ့်ဟာကို ပြောတာ မဟုတ်ဘူး၊ မဂ်ဆိုတာ အားထုတ်ရတာ မဟုတ်ဘူး၊ ဖိုလ်ဆိုတာလည်း အားထုတ်ရတာ မဟုတ်ဘူး၊ အားထုတ်ခြင်းရဲ့ ရလဒ်တွေကို ပြောပြတာ။

ဒီတော့ လုပ်ငန်းသဘောနဲ့ ပြောမယ်ဆိုလို့ရှိရင် ဖုသနာဂဏနာ၊ ဒါ စတင်လုပ်တာ၊ နောက် ဖုသနာအနုဗန္ဒနာ၊ ဒုတိယဆက်ပြီးတော့ လုပ်တာ၊ နောက်ပြီး ဖုသနာဌပနာ သမထကျင့်စဉ်တစ်ခု အောင်သွားတယ်၊ ပြီးပြီဆိုတဲ့အခါ ဝိပဿနာကူးလိုက်တယ် သလ္လက္ခဏာ၊ ဝိပဿနာနဲ့ မဂ်စိတ်ပေါ်လာရင် ဝိဝဋနာ၊ ဖိုလ်ရောက်သွားရင် ပါရိသုဒ္ဓိ၊ ပစ္စဝေက္ခဏာဉာဏ်နဲ့ ပြန်စဉ်းစားတာကျတော့ ပဋိပဿနာလို့ ဒီလိုဆိုလိုတာနော်၊ ဒါက အဋ္ဌကထာဆရာကြီးတွေက ဒီကျင့်စဉ်တစ်ခုကို အခြေခံကျကျ ကောက်ချက်အနေနဲ့ ဖော်ပြထားတာ၊ အင်မတန်မှ မှတ်သားစရာကောင်းတယ်ပေါ့၊ လုပ်ငန်းသဘောဟာ ပိုပြီးတော့ ပီပြင်သွားတယ်။

ဒါကြောင့်မို့လို့ မြတ်စွာဘုရားက “သတိထားပြီး ရှူပါ၊ သတိထားပြီး ရိုက်ပါ၊ ထွက်လေဝင်လေ သတိထားပါ”လို့ ရှေးဦးစွာ သတိထားခိုင်းတယ်၊ အဲဒီသတိထားရမယ်ဆိုတဲ့နေရာမှာ လွယ်လွယ်ကူကူနဲ့ ဖြစ်နိုင်သလားလို့ဆိုတော့ လူတိုင်းမှာ လွယ်လွယ်ကူကူ မဖြစ်ဘူး၊ ဖြစ်တဲ့ပုဂ္ဂိုလ်ကျတော့ ဖြစ်တယ်၊ ဘာဖြစ်လို့ဖြစ်လဲဆိုရင် သူ့မှာ ပင်ကိုယ်သတိကောင်းတယ်၊ ဝီရိယတွေကောင်းတယ်၊ ပညာတွေထက်မြက်တယ်၊ ဒါတွေချင်း မတူဘူး၊ သမာဓိစွမ်းအားတွေ နဂိုကတည်းကကောင်းတယ်။ အေး အစကတည်းက သတိက
စာမျက်နှာ-၁၀၅
လည်း ပျော့ညံ့ညံ့၊ ဝီရိယကလည်း ပျော့ညံ့ညံ့၊ ပညာကလည်း ပျော့ညံ့ညံ့၊ သမာဓိကလည်း နည်းပါးပါးဆိုတာတွေကျတော့ အတော်လုပ်ယူရမယ်လို့ ဒီလိုပြောတာ။

အဲဒီလိုလုပ်တဲ့အခါမှာ လုပ်ပုံလုပ်နည်းကို အခုက ပြောပြမှာ၊ အဲဒါကြောင့်မို့လို့ ဒီကမ္မဋ္ဌာန်းအားထုတ်ပြီဆိုလို့ရှိရင် ပကတိလေထိတဲ့နေရာကို စိတ်ကိုစိုက်ထားပြီးတော့ နှလုံးသွင်းမှုကို ဖြစ်စေရမယ်တဲ့၊ ထွက်လေဝင်လေကို မှတ်တယ်ဆိုတာ အဲဒါကိုပြောတာ၊ သတိထားဖို့ (ထွက်တယ်ဝင်တယ်၊ ထွက်တယ်ထင်တယ်နဲ့ ပါးစပ်က လိုက်ဆိုစရာ မလိုဘူးနော်၊ ပါးစပ်က လိုက်ဆိုရင် တော်တော်ကြာ ဆိုတဲ့အပေါ်မှာ ရောက်သွားပြန်ရော၊ စိတ်ကနော်၊ ထွက်တယ်ဆိုတဲ့အပေါ် ရောက်သွားပြန်ရော၊ ဝင်တယ်ဆိုတဲ့အပေါ်ရောက်သွားပြန်ရော၊ အဲဒီလိုလုပ်စရာ မလိုဘူး) အာရုံစိုက်ထားရမှာက နှာသီးဖျားမှာ လေထိတဲ့နေရာလေးပဲ၊ ထိရင် ထိမှန်းသိသွားပြီး လွှသွားတဲ့နောက်ကို လိုက်ကြည့်စရာ မလိုဘူးပေါ့၊ လွှသွားကို ကြည့်ပြီးတော့ ဆွဲတဲ့အခါမှာ သစ်တုံးပြတ်သလိုပဲ၊ အာရုံတစ်ခုထဲမှာ စိုက်ပြီးတော့ ကြည့်ရမယ်နော်။ ။

ဒီတော့ ကောင်းပြီ၊ ဂဏနာနည်းနဲ့ ရေတွက်မယ်တဲ့၊ ထွက်လေဝင်လေလုပ်တဲ့အခါမှာ သမာဓိက အတော်နဲ့ မရဘူးဆိုလို့ရှိရင် ဖုသနာဂဏနာ ထိတာကို တွက်ခြင်းဆိုတဲ့ နည်းစနစ်ကို သုံးကြရတယ်၊ ဘယ်လိုသုံးမလဲ။

အဲဒီလိုရေတွက်တဲ့အခါမှာ ရေတွက်ပုံစနစ်နှစ်ခု ပေးထားတယ်၊ ဘာတုန်းဆိုရင် စပါးချင်တဲ့လူရဲ့ ရေတွက်နည်းတဲ့၊ တာလီစာရေးတွေ ရေတွက်တဲ့နည်းတဲ့-အဲဒါက တစ်ခု၊ နောက်ကျောင်း
စာမျက်နှာ-၁၀၆
သားတွေ ရေတွက်တဲ့နည်းတဲ့၊ ဆိုလိုတာက အနှေးရေတွက်နည်းနဲ့ အမြန်ရေတွက်နည်း ဒီရေတွက်နည်းနှစ်ခု ပေးထားတယ်။ ကိုယ်နဲ့သင့်လျော်တဲ့နည်းတစ်ခုကို အသုံးပြုရမယ်၊ ဒီလိုဆိုလိုတာနော်။

အဲဒီလို ဂဏနာနည်းနဲ့ စတင်လုပ်ပြီဆိုတဲ့အခါမှာ အဋ္ဌကထာဆရာက သတိပေးထားတာ တစ် နှစ် သုံး လေး ငါး-အဲဒီအောက်လည်း မလျော့စေနဲ့တဲ့၊ ခြောက် ခုနှစ် ရှစ် ကိုး တစ်ဆယ်ထက်လည်း မပိုစေနဲ့တဲ့၊ ရေတွက်ပြီဆိုတဲ့အခါ အဲဒီထက်လည်း ပိုမသွားစေနဲ့၊ ပိုသွားလို့ရှိရင် တစ်ဆယ်ထက် ပိုပြီး ဂဏန်းတွေ များများလာရင် လူ့ရဲ့စိတ်က ဘယ်ရောက်သွားတုန်းဆို ထွက်လေဝင်လေက ခွာပြီးတော့ ဂဏန်းပေါ် ရောက်သွားပြန်ရော၊ အဲဒါက အလွန်သတိထားရတဲ့ကိစ္စတစ်ခုပဲ။ ။

ကမ္မဋ္ဌာန်းရှုတဲ့အခါမှာ ကိုယ်ရှုနေတဲ့အာရုံမဟုတ်ဘဲနဲ့ ကြားပေါက်ဝင်လာတဲ့အာရုံပေါ်မှာ ကူးပြောင်းသွားတာကို ကိုယ်က မသိလို့ရှိရင် မျောသွားရော၊ ကိုယ်ရှုတဲ့အာရုံမဟုတ်ဘူး၊ ဒါပေမယ့် အဲဒီအပေါ်မှာ မျောနေတာ၊ အဲဒါကြောင့်မို့ ထိတဲ့နေရာရေတွက်ပြီဆိုတဲ့အခါမှာတဲ့ ငါးအောက်လည်း မလျော့စေနဲ့၊ တစ် နှစ် သုံး လေး ငါးထိအောင် ရေတွက်တဲ့ တစ်နဲ့ နှစ်တင် မထားနဲ့ပေါ့။ တစ် နှစ် သုံး လေး ငါးထိအောင် သွား၊ အဲဒါမှ မလုံလောက်သေးဘူးဆိုရင် ခြောက် ခုနှစ် ရှစ် ကိုး တစ်ဆယ်ထိအောင် သွား၊ အများဆုံး တစ်ဆယ်၊ အနည်းဆုံး ငါး ဒီလိုရေတွက်ပါတဲ့။

ဆိုပါစို့-ထွက်လေဝင်လေ တစ်၊ ဟာ တစ်၊ ဒီဟာ တစ်ခုစီ မိတာကိုသာ ရေတွက်ရတယ်၊ (မမိဘဲ ပုတီးစိပ်သလို
စာမျက်နှာ-၁၀၇
ချောက်ချက် ချောက်ချက်တော့ လုပ်မနေရဘူးနော်၊ ပုတီးလုံးလေး မမိဘဲနဲ့ ပုတီးပတ်က ရေတွက်နေတာ၊ ဒါကြောင့်မို့လို့ တချို့က ပြောတာ၊ ပုတီးစိပ်တာ နင်ပြီး နင်ဆင်း၊ နင်ပြီး နင်ဆင်း လုပ်နေကြတာတဲ့၊ တစ်လုံးပြီး တစ်လုံး တစ်လုံးပြီး တစ်လုံး သွားနေတာကိုး၊ ပုတီးလုံးတိုင်းကို စိတ်က မိတာ မဟုတ်ဘူး။ အခု ရေတွက်တဲ့စနစ်မှာ အကုန်လုံးမိဖို့ လိုတယ်တဲ့၊ မမိတာကို ထည့်ပြီး မရေတွက်နဲ့လို့ ပြောတာ၊ မမိတာတွေ ထည့်ရေတွက်လို့ရှိရင် ဂဏန်းတွေပဲ များသွားမှာပဲ၊ တကယ်သတိက တိုးလာမှာ မဟုတ်ဘူးတဲ့။

ဒါကြောင့်မို့ တကယ်မိတဲ့သတိနဲ့ ရှုလိုက်ရင်း ရေတွက်လိုက်၊ သတိနဲ့ ရှိုက်ထုတ်လိုက်ရင်း ရေတွက်လိုက်၊ ဝင်လေကို သတိထားမိရင် ရေတွက်လိုက်၊ ထွက်လေကို သတိထားမိရင် ရေတွက်လိုက်၊ သတိမထားတာ ထည့်ပြီး မရေတွက်နဲ့လို့ ဒီလိုပြောတာ လွတ်သွားပလေ့စေ ဖယ်လိုက်၊ သူ့ကို အရေအတွက်ထဲ မထည့်နဲ့၊ ဒီလိုဆိုလိုတာ။

နောက်တစ်ခါ ခပ်သွက်သွက် ရေတွက်တဲ့အခါလည်း ရှိတယ်၊ ဒီတော့ ဘယ်နည်းပဲသုံးသုံး ကိုယ့်မှာ သမာဓိရစေတတ်တဲ့ နည်းတစ်နည်းကို အသုံးပြုပြီး ဂဏနာဖုသနာဆိုတာနဲ့ စမ်းသပ်ကြည့်ပါတဲ့။

အဲဒီလို စမ်းသပ်ကြည့်လို့ ထွက်လေဝင်လေပေါ်မှာ စိတ်ဟာ နည်းနည်းငြိမ်လာပြီဆိုလို့ရှိရင် ဂဏန်းတွေဖယ်လိုက်၊ ဖယ်ပြီးတဲ့အခါ ထွက်လေဝင်လေပေါ်မှာ ဒန်းစီးပြီး လိုက်နေသလို စိတ်ဟာ အဲဒီဝင်လေဆိုတဲ့အာရုံ ထွက်လေဆိုတဲ့အာရုံကို သိနေမှာ၊ ထိရာထိရာတွေမှာသာ စိုက်ထားပြီး ထိတဲ့နေရာပေါ်မှာ ထိသွားတဲ့
စာမျက်နှာ-၁၀၈
အချိန်တွေကို သိနေအောင် ကြိုးစားပါတဲ့၊ အဲဒါကတော့ ဖုသနာအနုဗန္ဒနာလို့ ခေါ်တယ်၊ ဖုသနာအနုဗန္ဒနာဆိုတာ မရေတွက်ဘဲနဲ့ အာရုံနဲ့စိတ် တွဲချိတ်ထားတာ။

အဲဒီလိုလုပ်တဲ့အခါ ဘာဖြစ်လာတုန်း၊ ရှုတဲ့အခါမှာ စိတ်ကတစ်ခုတည်း မဟုတ်ဘူး၊ အာရုံက သုံးမျိုးဖြစ်လာတတ်တယ်၊ ထွက်လေကို အာရုံပြုတဲ့စိတ်က တစ်ခု၊ ဝင်လေကို အာရုံပြုတဲ့စိတ်က တစ်ခု၊ ဒီနှစ်ခုက မတူဘူးနော်၊ ထွက်လေပေါ်ကို မှတ်လိုက်တဲ့စိတ်က တစ်ခု၊ ဝင်လေကို မှတ်လိုက်တဲ့စိတ်က တစ်ခု၊ ထွက်လေဝင်လေနဲ့ ပတ်သက်ပြီးတဲ့အခါကျတော့ နိမိတ်ပေါ်လာတတ်တယ်၊ အဲဒီပေါ်လာတဲ့နိမိတ်ကို သိတဲ့စိတ်က တစ်ခုလို့ဆိုတော့ သဘာဝတရားသုံးခုဖြစ်လာတယ်၊ ဒီနေရာမှာ ထွက်လေရယ် ဝင်လေရယ် အာရုံနိမိတ်ရယ်ဆိုပြီးတော့ သုံးမျိုးပေါ်လာတယ်၊ အဲဒီသုံးမျိုး ထင်ထင်ရှားရှား သိဖို့လိုတယ်။

အေး ကောင်းပြီး အဲဒီလို ကွဲကွဲပြားပြား ဖြစ်လာတဲ့အခါမှာ သတိထားပြီးတော့ ထွက်လေဝင်လေကို ရှုမှတ်ရင်း ရှုမှတ်ရင်းနဲ့ ထွက်လေဝင်လေဟာ နောက်ဆုံးမှာ ငြင်သာသွားတယ်၊ အာရုံအသစ် နိမိတ်ကလေးတွေ ပေါ်လာတယ်၊ နိမိတ္တလို့ခေါ်တဲ့ နိမိတ်တွေ ပေါ်လာတယ်၊ နိမိတ်က တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ တချို့ကျတော့ အင်မတန်မှ ငြင်သာပြီးတော့ ဘောလုံးလေးက နှာခေါင်းမှာ လည်နေသလိုလည်း ပေါ်တတ်တယ်၊ ဒါက အဋ္ဌကထာထဲမှာ အမျိုးမျိုးပြထားတယ်၊ တချို့ကတော့ ပုတီးလုံးလေးတွေလို ထွက်လေဝင်လေတွေက စီပြီးတော့ ဖြစ်လာတတ်တယ်၊ တချို့ကျတော့ ခပ်ကြမ်းကြမ်းလည်း ပေါ်လာတတ်တယ်၊ တစ်ယောက်နဲ့
စာမျက်နှာ-၁၀၉
တစ်ယောက် မတူဘူး၊ ဒါက သညာလို့ ခေါ်တယ်၊ လူတွေရဲ့ အမှတ်သညာကြောင့် ထင်ချင်ရာထင်တာ၊ ထင်တာက အမျိုးမျိုးပဲ။

ဥဩအော်တာပဲ ကြည့်ဦးပေါ့၊ ဥဩအော်တဲ့အသံကို နားထောင်ပြီးရင် ကိုယ်ထင်တဲ့အသံကို ပြောခိုင်းရင် တစ်ယောက်နဲ့တစ်ယောက် တူမှာ မဟုတ်ဘူး၊ ကိုယ့်နားထဲမှာ ကြားတာကို ကိုယ်ပြောကြမှာပဲ၊ အဲဒါလိုပဲ သညာဆိုတာ မတူဘူးတဲ့၊ တစ်ယောက်နဲ့တစ်ယောက် မတူသည့်အတွက်ကြောင့် အာရုံနိမိတ်ပေါ်တဲ့အခါမှာလည်း မတူညီတတ်ဘူးတဲ့၊ တချို့မှာ အလင်းတန်းကြီးကို နှာသီးဖျားက ထွက်လာတာမျိုးလည်း ပေါ်လာတတ်တယ်တဲ့၊ တချို့ကျတော့ မီးခိုးတန်းကြီးလို ထွက်လာတာလည်း ပေါ်တတ်တယ်၊ တချို့ကျတော့ ပုလဲလုံးတွေ ပုတီးလုံးတွေ စီပြီးထွက်လာတာမျိုးလည်း ပေါ်တတ်တယ်၊ တချို့ကျတော့ ထွက်လေဝင်လေဟာ နှာသီးဖျားမှာ ဘောလုံးကလေးလည်နေသလိုလည်း ပေါ်တတ်တယ်၊ အဲဒီလိုဖြစ်လာလို့ရှိရင် အာရုံနိမိတ်ရလာတယ်လို့ ခေါ်တယ်၊ အဲဒီအာရုံနိမိတ်ပေါ်မှာ စိတ်ကိုစိုက်ပြီးထားရတယ်၊ ဆက်ပြီးကြိုးစားတဲ့အခါ ဘာဖြစ်လာတုန်းဆိုရင် နိမိတ်ပေါ်မှာ သမာဓိစွမ်းအားတွေ တက်လာတယ်။

သမာဓိစွမ်းအားနဲ့ ဘာတွေကို ဖယ်ရှားလိုက်တုန်းဆို ကာမစ္ဆန္ဒလို့ဆိုတဲ့ နှစ်သက်စရာအာရုံတွေတွေ့ရင် လိုချင်တဲ့တဏှာဆိုတာ ပျောက်သွားတယ်၊ ဒီအချိန်မှာ တစ်ခဏအနေနဲ့ ပျောက်နေတယ်၊ အလိုမကျတဲ့ ဗျာပါဒဆိုတာလည်း ပျောက်နေတယ်၊ ဒီအာရုံနဲ့ပတ်သက်ပြီး စိတ်မဝင်စားလို့ အိပ်ချင်တဲ့စိတ်တွေ တွန့်ဆုတ်လာတယ်ဆိုတဲ့ ထိနမိဒ္ဓလည်း ပျောက်သွားတယ်၊ ဥဒ္ဓစ္စဆိုတဲ့
စာမျက်နှာ-၁၁၀
စိတ်လေလွင့်မှုလည်း မရှိဘူး၊ သမာဓိကောင်းလာတယ်၊ ကုက္ကစ္စဆိုတဲ့ စိတ်ထဲမှာ မငြိမ်းချမ်းမှုတွေလည်း မပေါ်တော့ဘူး၊ ဝိစိကိစ္ဆာဆိုတဲ့ သံသယတွေလည်း မဝင်လာတော့ဘူး၊ မဝင်လာတော့ ဒီအာရုံပေါ်မှာ စိတ်က ငြိမ်ပြီးကျသွားတော့ နီဝရဏတရားတွေဟာ ကိုယ်နဲ့ကွာသွားသလိုဖြစ်ပြီး စိတ်ဟာ တည်ငြိမ်လာတယ်လို့ဆိုတဲ့ အနေအထားမျိုး ရလာတယ်တဲ့။

အဲဒီလို တည်ငြိမ်လာတဲ့ အနေအထားမျိုးတွေ ရလာပြီးတဲ့အခါမှာ စိတ်ဟာ နီဝရဏတွေကို ခွာလိုက်လို့ ကျန်တဲ့အကုသိုလ်တရားတွေဟာလည်း ဝေးကွာသွားတဲ့အတွက်ကြောင့် နီဝရဏတရားတွေ ကင်းသွားပြီးတော့ ဖြစ်ပေါ်လာတဲ့ ဝမ်းသာမှုဆိုတဲ့ ပီတိ၊ ချမ်းသာမှုဆိုတဲ့ သုခ၊ ဒီနှစ်ခု ထင်ထင်ရှားရှားနဲ့ သမာဓိစွမ်းအားတွေ ဖြစ်ပေါ်လာပြီဆိုလို့ရှိရင် ဒါ ပထမဈာန်ဖြစ်လာတယ်လို့ ဒီလိုပြောတာနော်။

ပထမဈာန်ဖြစ်လာပြီဆိုတဲ့အချိန်မှာ ဒီနိမိတ်အာရုံပေါ်မှာဖို့ တင်ပေးနေတဲ့ ဝိတက်၊ ဒီနိမိတ်အာရုံနဲ့ စိတ်ကွာမသွားအောင် ထိန်းပေးထားတဲ့ ဝိစာရ၊ နိမိတ်အာရုံပေါ်မှာ ကျေနပ်နေတဲ့ ပီတိ၊ စိတ်ငြိမ်းချမ်းနေတဲ့ သုခ၊ တည်ငြိမ်နေတဲ့ သမာဓိလို့ဆိုတဲ့ ဒီဈာန်အင်္ဂါတွေဟာ ထင်ထင်ရှားရှား ပေါ်လာတယ်၊ အာရုံကို ရှုမှတ်နိုင်တဲ့ ဒီတရားငါးမျိုးနဲ့ ရှုမှတ်ပြီး ထိန်းထားနိုင်တဲ့ အပ္ပနာသမာဓိဆိုတာ ရရှိလာတယ်၊ ဒီလိုပြောတာ၊ ဒါ ပထမဈာန်ရတာ ခေါ်တယ်။

အဲဒီကနေပြီးတော့ ဒုတိယဈာန်ရဖို့အတွက်ကျတော့ ဝိတက်နဲ့ ဝိစာရဆိုတာ နှစ်ခုဖယ်လိုက်တယ်၊ အာရုံပေါ်တင်စရာ မလိုတော့ဘူး၊ ဘာဖြစ်လို့တုန်း၊ သမာဓိစွမ်းအားက သူ့ဖာသူ တက်သွား
စာမျက်နှာ-၁၁၁
သလို automatic ဖြစ်လာတယ်၊ ကျွမ်းကျင်လာရင် ဒီလိုပဲလေ။ automatic ဖြစ်လာတဲ့သဘောပဲ၊ ဒီတော့ ဝိတက်က အာရုံပေါ် စိတ်ကိုတင်ပေးဖို့ဆိုတာ မလိုဘူး၊ ဝိစာရဆိုတာက ထိန်းပေးစရာမလိုဘူး၊ ပီတိ သုခ ဧကဂ္ဂတာ ဒီသုံးခုနဲ့ ကျေနပ်နေတာရယ် ချမ်းသာနေတာရယ် တည်ငြိမ်နေတာနဲ့ ဒီလိုနေလာလို့ရှိရင် ဒုတိယဈာန်လို့ ခေါ်တယ်၊ အဲဒါကို သမာဓိဇပီတိသုခလို့ ခေါ်တယ်။ တည်ငြိမ်မှုသမာဓိစွမ်းအားကြောင့် ရလာတဲ့ ပီတိသုခ။

အဲဒီကနေ တစ်ခါ ခန္ဓာကိုယ်မှာ လှိုက်လှိုက်လှဲလှဲနဲ့ဖြစ်နေတဲ့ သိမ့်သိမ့်သိမ့်သိမ့်ဖြစ်နေတဲ့ ဝမ်းသာမှုပီတိကို ဖယ်လိုက်တဲ့အခါ သုခနဲ့ ဧကဂ္ဂတာ ဒီနှစ်ခုတည်းနဲ့နေရင် တတိယဈာန်လို့ ပြောတယ်။

နောက်တစ်ခါ သုခလည်း ဖယ်လိုက်တယ်၊ ဒုက္ခလည်း ဖယ်လိုက်တယ်၊ သုခဒုက္ခတွေ မပါတော့ဘဲနဲ့ ဥပေက္ခာသန့်သန့်လေးနဲ့ မျှတရုံခံစားတဲ့၊ မထင်ရှားတဲ့ ခံစားမှုလေးနဲ့ သမာဓိနဲ့တင် သွားတာကျတော့ စတုတ္ထဈာန်လို့ ခေါ်တယ်၊ သမာဓိစွမ်းအားဟာ အဲဒီအချိန်မှာ အကောင်းဆုံးပဲတဲ့၊ အဲဒါရလာပြီဆိုလို့ရှိရင် ဌပနာလို့ ခေါ်တာနော်၊ ဌပနာဆိုတာ အပ္ပနာသမာဓိ ရလာပြီ၊ ဈာန်ရလာပြီလို့၊ ဒါက အာနာပါနဿတိကနေပြီးတော့ ဈာန်ရအောင် အားထုတ်ပုံအားထုတ်နည်းထိအောင် အဋ္ဌကထာဆရာများ ညွှန်ကြားထားတဲ့အတိုင်း ကျင့်စဉ်လေးတစ်ခုကို ဖော်ပြတာ။

ဒါကြောင့်မို့လို့ တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့ အခုပြောခဲ့တဲ့ အချက် ၇-ချက်နော်၊ ဖုသနာဂဏနာ၊ ဖုသနာအနုဗန္ဒနာ၊ ဖုသနာဌပနာ၊ သလ္လက္ခဏာ၊ ဝိဝဋနာ၊ ပါရိသုဒ္ဓိ၊
စာမျက်နှာ-၁၁၂
ပဋိပဿနာလို့ဆိုတဲ့ ဒီ ၇-ချက်အတိုင်း ဒီဟာ ကျင့်စဉ်ကြီးတစ်ခုကို နော်၊ Seven steps ပေါ့၊ ကျင့်စဉ်ကြီး ၇-ခုအတိုင်း အာနာပါနဿတိကမ္မဋ္ဌာန်းကို ကျင့်ကြံကြိုးကုတ်အားထုတ်ဖို့ ဗုဒ္ဓမြတ်စွာဟောကြားတဲ့အတိုင်း နံပါတ်တစ် သတိနဲ့ စတင်အလုပ်လုပ်ပြီးတဲ့အခါ ရှည်တာ တိုတာသိလာတဲ့ အသိဉာဏ်ပညာဝင်လာတယ်၊ ပညာဝင်လာတော့ ကြိုးစားအားထုတ်မှုဆိုတဲ့ ဝီရိယဝင်လာတယ်၊ ထွက်လေဝင်လေတွေအားလုံး သိမ်မွေ့သွားစေတတ်တယ်ဆိုတဲ့ သမာဓိဝင်လာတယ်လို့ဆိုတဲ့ ဒီစွမ်းအားတွေ တဖြည်းဖြည်း ပြည့်လာတယ်ဆိုတဲ့ ပထမစတုက္ကနည်းအတိုင်း ဝိပဿနာကျင့်စဉ်တစ်ခုကို ဒီအာနာပါနဿတိကျင့်စဉ်တစ်ခုကို ကျင့်ကြံကြိုးကုတ်အားထုတ်ခြင်းဖြင့် ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ နိဗ္ဗာန်ချမ်းသာကို တို့တတွေ မျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့ ယုံကြည်ပြီးတော့ ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု
စာမျက်နှာ-၁၁၃

အပိုင်း(၄)
သာသနာတော်နှစ် ၂၅၅၅-ခုနှစ် ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ တပို့တွဲလဆန်း ၄-ရက်၊ ၂၇. ၁. ၂၀၁၁၊ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် မုန့်လက်ဆောင်းတုန်းတောင်ရပ်ကွက် ကျွန်းတောလမ်း သမိဒ္ဓေါဒယ သုခိတာရာမ ပေါ်ညဏစာရီ မြန်အောင်သီလရှင်စာသင်တိုက်အတွင်းရှိ ဓမ္မသဘင်ခန်းမအတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မပူဇာဓမ္မသဘင်၌ မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး အငါးဝါးနှင့် မိဘဘိုးဘွားဆွေမျိုးများ ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစုတို့သင်းဆေးဆိုင်၊ စမ်းချောင်းမြို့နယ် အမှတ်(၂) မကြီးကြီးလမ်းနေ သနာ့ဒါယကာ ဦးဘုတ်ကြီးအား ရည်စူး၍ ဒေါ်သန်းရွှေ သမီး မဝင်းဝင်းရွှေ မသန်းသန်းတင် ပူလ်ဖိနပ်ဆိုင်၊ အနောက်ဘိရုံ ဗိုလ်ချုပ်ဈေး၊ အမှတ်(၄၈) ဇေယျသုခလမ်းနေ ဦးသန်းလှိုင် + ဒေါ်သန်းသန်းဆင့် မိသားစုတို့၏ အမတဒါန၊ ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

“အာနာပါနဿတိသုတ်အနှစ်ချုပ်” - ပထမစတုက္က အာနာပါနကမ္မဋ္ဌာန်းကို စတင်အားထုတ်ဖို့ရာအတွက် မြတ်စွာဘုရားက အဆင့်ဆင့်ဟောပြတယ် ရှေးဦးစွာ သတိ၊ ဒုတိယ ပညာ၊ တတိယ ဝီရိယ၊ စတုတ္ထ သမာဓိလို့ဆိုတဲ့ ဒီသဘာဝတရားတွေ မိမိတို့သန္တာန်မှာ ဖြစ်ပေါ်လာတဲ့အခါ အာရုံနိမိတ်တွေ ပေါ်လာပြီးတဲ့နောက်
စာမျက်နှာ-၁၁၄
ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်လို့ဆိုတဲ့ ဈာန်တွေကို အဆင့်ဆင့်ရသွားတယ်၊ အဲဒီဈာန်အဆင့်ဆင့်ရသွားတာကို ဌပနာလို့ ခေါ်တယ်၊ ဖုသနာဌပနာ၊ ထိတဲ့နေရာမှာ အာရုံစိုက်ထားနိုင်ပြီ၊ စိတ်ဟာ ထိတဲ့နေရာမှာ အာရုံနိမိတ်ပေါ် ငြိမ်ပြီးတော့သွားပြီ၊ ဟိုဟိုဒီဒီ မရွေ့တော့ဘူး၊ ရပ်တန့်သွားပြီလို့ ဒီလိုဆိုလိုတယ်နော်၊ အဲဒီဌပနာကိုပဲ အပ္ပနာလို့လည်း သုံးတယ်၊ အပ္ပနာဆိုတာ ထည့်သွင်းထားတာ၊ စိတ်ကို အာရုံထဲ ထည့်ထားလိုက်တာ၊ ဟိုဟိုဒီဒီ မသွားတော့ဘူး၊ ထည့်ထားတဲ့အာရုံပေါ်မှာပဲ ငြိမ်သွားတာ၊ ဒါကို သမာဓိလို့ပြောတယ်ပေါ့။

အဲဒီလို စိတ်လေးဟာ ဖြစ်ရင် ဒီမှာပဲ ထပ်ထပ်ဖြစ်တယ်ပေါ့၊ ငြိမ်သွားတယ်ဆိုတော့ ဒီလိုတော့ မအောက်မေ့လေနဲ့၊ စိတ်က ငြိမ်ပြီးတော့ ဖြစ်ခြင်း ပျက်ခြင်း မရှိဘူးလို့ ဒီလို မအောက်မေ့လေနဲ့၊ ဖြစ်လာသမျှ ဒီအာရုံပေါ်မှာပဲ ဖြစ်တယ်၊ ပျက်သွားတော့လည်း ဒီအာရုံပေါ်မှာပဲ ပျက်တယ်၊ နောက်ထပ်ပြန်ဖြစ်တော့လည်း ဒီအာရုံပေါ်မှာပဲ ဖြစ်တယ်၊ ပျက်တော့လည်း ဒီပေါ်မှာပဲ၊ ဒီစိတ်ဟာ ဖြစ်လိုက်ပျက်လိုက်သည် တခြားအာရုံပေါ်မှာ ရွှေ့ပြီး ဖြစ်ပျက်နေတာ မဟုတ်ဘူး၊ ဒီအာရုံနိမိတ်တစ်ခုတည်းပေါ်မှာ ဖြစ်ပြီး ပျက်နေတာလို့ ဒီလိုဆိုလိုတာနော်။ ။

အဲဒီအာရုံပေါ်မှာ စိတ်က ထည့်သွင်းထားသလို ငြိမ်ကျသွားတယ် အဲဒါကို ဌပနာလို့ဆိုတာ၊ ဌပနာဆိုတာ ရပ်တန့်ထားခြင်း၊ pause လုပ်ထားလိုက်တယ်၊ အာရုံနောက် လျှောက်ပြီးတော့ wandering about လိုက်တာမျိုး မဖြစ်စေဘူး၊ ဟိုအာရုံပြေး
စာမျက်နှာ-၁၁၅
လိုက်၊ ဒီအာရုံပြေးလိုက်နဲ့ စိတ်ကလေးဟာ၊ ထိန်းမရအောင် သွားနေတဲ့စိတ်ကို အာရုံတစ်ခုတည်းမှာ ရပ်တန့်ပစ်လိုက်တာ၊ pause လုပ်ပေးထားတာ၊ pause လုပ်လိုက်တဲ့အခါကျတော့ ဘယ်နှစ်ကြိမ်ပဲဖြစ်ဖြစ် အာရုံတစ်မျိုးမှာပဲ ထပ်ထပ်ဖြစ်တယ်၊ တခြားအာရုံကို မသွားတော့ဘူး၊ မရွေ့တော့ဘူး၊ မကူးပြောင်းတော့ဘူးလို့ ဒီလိုဆိုလိုတယ်။

အဲဒီလို ရောက်လာပြီဆိုတဲ့အခါကျတော့မှ ဘာလုပ်ရတုန်းဆိုတော့ သလ္လက္ခဏာတဲ့ အဲဒီလို ရောက်နေတဲ့အခြေအနေတစ်ခု၊ ဆိုလိုတာကတော့ ဒါ ဈာန်ဝင်စားနေပြီဆိုရင် ဒီအာရုံပေါ်မှာပဲ စိတ်ငြိမ်နေတယ်၊ အဲဒီတော့ ဒီအာရုံနဲ့ဆက်ပြီး စခန်းသွားနေမယ်ဆိုရင် သမာဓိပဲဖြစ်မယ်၊ ဉာဏ်မဖြစ်လာဘူး၊ ဉာဏ်ဖြစ်ဖို့ရာအတွက် သဘာဝကို သိဖို့လိုတယ်၊ ဌပနာဆိုတာ ငြိမ်အောင်တင်လုပ်ထားတယ်၊ စိတ်ကို ရပ်တန့်ပေးထားတာပဲ ရှိတယ်၊ ပညာရဲ့လုပ်ငန်း မပါဘူး။

ဒါကြောင့်မို့လို့ အဲဒီရပ်တန့်ပေးထားတဲ့စိတ်ကို စုစည်းနိုင်တဲ့ စွမ်းအားတစ်ခုကို ယူပြီးတဲ့တခါကျတော့ အဲဒီအာရုံကနေ နောက်ဆုတ်ရတယ်၊ withdraw လို့ခေါ်တယ်၊ ဆုတ်ခွာလိုက်တာ၊ ဒါကိုပဲ ဈာန်က “ထ”တယ်လို့ပြောတယ်၊ အဲဒီအာရုံ၌ ဆက်လက်မနေတော့ဘဲ ဆုတ်ခွာလိုက်တာ၊ ဆုတ်ခွာပြီးတော့ အဲဒီတုန်းက ဖြစ်ပေါ်နေတဲ့အခြေအနေအရပ်ရပ်ကို ပြန်လှန်ပြီး ဆင်ခြင်သုံးသပ်တာ၊ ဘာတွေဖြစ်နေတာပါလိမ့်လို့ ပြန်ပြီးတော့ သုံးသပ်တယ်၊ ပြန်သုံးသပ်တဲ့အခါမှာ အကြမ်းဖျဉ်းအားဖြင့် ဘယ်နှစ်ခုတွေ့သွားတုန်းဆိုတော့ သုံးခုတွေ့သွားတယ်၊ ဘာတွေ့တုန်းဆိုတော့ ထွက်လေဝင်လေ
စာမျက်နှာ-၁၁၆
လည်းတွေ့တယ်၊ ထွက်လေဝင်လေရဲ့ တည်ရာဖြစ်တဲ့ body ဆိုတဲ့ ကာယကိုလည်းတွေ့တယ်၊ နောက် ထွက်လေဝင်လေကို သိတတ်တဲ့စိတ်ကိုလည်းတွေ့တယ်၊ အဲဒီသုံးခုတွေ့တယ်၊ ထွက်လေဝင်လေအပေါင်းကိုလည်းတွေ့တယ်၊ အကြိမ်ကြိမ်ဖြစ်နေတဲ့ ထွက်လေဝင်လေရယ်၊ ထိုထွက်လေဝင်လေတွေရဲ့ တည်ရာ ကရဇကာယလို့ဆိုတဲ့ခန္ဓာရယ်၊ သိတယ်ဆိုတဲ့စိတ်၊ အဲဒီသုံးခုတွေ့တယ်။

တွေ့တဲ့အခါကျ ပြန်ပြီးတော့ ဆင်ခြင်သုံးသပ်လိုက်တယ်၊ စောစောတုန်းကတော့ ထွက်လေဝင်လေရဲ့ အာရုံနိမိတ်ပေါ်မှာ ထွက်လေဝင်လေကနေ ဆင့်ပွားဖြစ်ပေါ်လာတဲ့ ပုလဲလုံးလေးလို ပုတီးလုံးလေးလို (သို့မဟုတ်) မီးခိုးတန်းလေးလို (သို့မဟုတ်) အလင်းတန်းလေးလို ထင်နေတဲ့အာရုံနိမိတ်ပေါ်မှာ စိတ်ကို ရပ်တန့်ထားတာ၊ ဆုတ်ခွာလိုက်တဲ့အခါကျတော့ အဲဒီအာရုံက ပျောက်ကွယ်သွားပြီး တာပေါ်လာတုန်းဆိုတော့ ထွက်လေဝင်လေသဘာဝ ပေါ်လာတယ်၊ ထွက်လေဝင်လေဟာ သူ့ချည်းသက်သက်ဖြစ်တာ မဟုတ်ဘူး၊ ကာယပေါ်မှာ မှီဖြစ်သောကြောင့် ကာယဆိုတာ ပေါ်လာတယ်၊ တစ်ခါ စိတ်ဆိုတဲ့ အသိစိတ်ကလေးပေါ်လာတယ်။ သုံးခု၊ အဲဒီသုံးခုကို သူက သတိထားမိလာတယ်၊ သလ္လက္ခဏာ၊ သဘာဝတွေကို မှတ်သားလိုက်တော့ ထွက်လေဝင်လေက လှုပ်ရှားနေတဲ့ဝါယောဓာတ်ပဲဆိုပြီး လှုပ်ရှားမှုသဘောကို သူသိလာတယ်၊ ဒါလေးက လှုပ်ရှားနေတဲ့သဘောတစ်ခုပါလားလို့ မှတ်တယ်၊ တစ်ခါ ဒီလှုပ်ရှားမှုဆိုတဲ့ ဝါယောဓာတ်ထွက်လေဝင်လေဟာ မှီရာ ရုပ်တရားတွေ မရှိဘဲ သူမဖြစ်ဘူး၊ ကျန်တဲ့ရုပ်တရားတွေရဲ့ အပေါင်း
စာမျက်နှာ-၁၁၇
ကို သူစဉ်းစားပြီး ကြည့်လာတော့ body လို့ဆိုတဲ့ ကာယကိုလည်းတွေ့လာပြန်တယ်။

အဲဒီတော့ ထွက်လေဝင်လေရယ်၊ body ဆိုတဲ့ ကရဇကာယရယ်၊ ဒီနှစ်ခုဟာ ရုပ်တရားတဲ့၊ ဘာမှ သိနိုင်စွမ်းရှိတာ မဟုတ်ဘူး၊ လေကလည်း သူ့ကိုယ်သူသိတာ မဟုတ်ဘူး၊ ငါက ဝင်ထွက်နေတာလို့ လေက မသိဘူး၊ လေဝင်ထွက်ရာ ကရဇကာယနဲ့ ဆက်စပ်နေတဲ့ body ကြီးကလည်း လေလေးဝင်ထွက်နေတာပါလားဆိုတာ မသိဘူး၊ သိတာ ဘယ်သူက သိနေတုန်းဆိုတော့ စိတ်ကပဲ သိတာ။

ကိုယ့်ဖာသာကိုယ် ဘယ်က သိနေတာလဲဆိုတာ သေသေချာချာစဉ်းစားကြည့်၊ စဉ်းစားကြည့်တဲ့အခါမှာ အခုတရားနာနေရင်းပဲ နည်းနည်း အာရုံပြုကြည့်လိုက်၊ အသံတွေက နားကို တိုက်နေတယ်၊ လာတိုက်နေတဲ့အခါ နားက အသံကို သိသလား၊ ဒါမှမဟုတ် အသံကပဲ သိသလားလို့ ကြည့်လိုက်ရင် အသံက နားကို တိုက်နေတာ၊ နားကလည်း မသိဘူး၊ အသံကလည်း မသိဘူး၊ သိနေတာ စိတ်က သိနေတယ်၊ အသံဆိုတာကို သိနေတာက စိတ်၊ အဲဒီတော့ သဘာဝတရားချင်း မတူဘူးဆိုတာ ပြောတယ်။

အဲဒီတော့ အဿာသ ပဿာသရယ်၊ ကရဇကာယရယ်၊ အာရုံကို မသိတတ်လို့ သူတို့ကို ရုပ်တရားလို့ ခေါ်တာနော်၊ အာရုံကို မရယူတတ်လို့ ရုပ်တရား၊ အသိစိတ်ကျတော့ အာရုံကို ရယူတတ်လို့ နာမ်တရား၊ ဟော ကြည့်လိုက်တဲ့အခါကျတော့ ထွက်လေဝင်လေနဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ သဘာဝတရားသုံးခုကို ကွဲကွဲပြားပြား သိလိုက်တယ်။
စာမျက်နှာ-၁၁၈
ထွက်လေဝင်လေရယ်၊ ကိုယ်ကာယရယ်၊ ဒါက ရုပ်တရား၊ သိနေတဲ့အသိစိတ်က နာမ်တရားလို့ဆိုတော့ ရုပ်နဲ့ နာမ် ဒီနှစ်မျိုးပဲ ရှိတာပါလားလို့ သိလာတယ်၊ ရှင်းရှင်းပြတ်ပြတ်ကြီး မြင်လာတယ်၊ မှတ်လာနိုင်တယ်၊ အဲဒါကို သလ္လက္ခဏာလို့ ခေါ်တယ်။

ကောင်းကောင်းကြီး မှတ်နိုင်လာတယ်၊ ကောင်းကောင်းကြီး မှတ်တယ်ဆိုတာ သူ့ရဲ့သဘာဝကို မှတ်နိုင်လာတယ်၊ နို့မို့ဆိုလို့ရှိရင် လုံးရိုက်နေတာလေ၊ လုံးနေတာ၊ ဘာနဲ့ လုံးနေတုန်းဆိုတော့ ငါ ရှူနေတယ်၊ ငါ ကမ္မဋ္ဌာန်းထိုင်နေတယ်နဲ့ ဒီလိုတွေ ဖြစ်နေတာ၊ “ငါ” ပါပြီးတော့ လုံးနေတာ၊ ဘယ်သူက ရှူတာတုန်း၊ ဘယ်သူက သိတာတုန်း၊ ဘယ်သူက ဘာတုန်းဆိုတာကို မသိတော့ဘဲနဲ့ အကုန်လုံး လုံးထားတာနော်၊ အဲဒီလိုပဲ ကွဲကွဲပြားပြား မသိဘူးဆိုရင် လုံးထားတာတစ်ခုတည်းလို ဖြစ်နေတယ်။

အဲဒီမှာ သလ္လက္ခဏာတစ်ခုစီ အသေးစိတ် မှတ်သားလိုက်တဲ့အခါကျတော့ ဒီသုံးမျိုးထဲက ထွက်လေဝင်လေနဲ့ ကရဇကာယက ရုပ်တရား၊ စိတ်က နာမ်တရားလို့ ဒီလို ရုပ်နဲ့ နာမ် ခွဲခြားသတ်မှတ်နိုင်တာကို နာမရူပဝဝတ္ထာနတဲ့၊ နာမ်နဲ့ ရုပ်ကို analyze လုပ်တာနော်၊ အဲဒီဟာကိုပဲ နာမရူပပရိစ္ဆေဒဉာဏ်လို့ ခေါ်တယ်။ Analytical knowledge of mind and matter မတူဘူး၊ သဘာဝကို စဉ်းစားလိုက်တဲ့အခါ မတူဘူး၊ ရုပ်က အာရုံမသိဘူး၊ နာမ်က အာရုံကိုသိတယ်၊ ဒီနှစ်ခုဟာ သူတို့ရဲ့ ကွဲပြားခြားနားတဲ့ သဘာဝလက္ခဏာတွေပဲပေါ့၊ ရုပ်က အာရုံကို မယူနိုင်ဘူး၊ နာမ်က အာရုံကို ယူနိုင်တယ်၊ ဒါက ရုပ်၊ ဒါက နာမ်လို့ ကွဲကွဲပြားပြားသိလိုက်တဲ့အချိန်လေး၊ ဒီအသိဉာဏ်ကိုပဲ နာမရူပပရိစ္ဆေဒ
စာမျက်နှာ-၁၁၉
ဉာဏ်လို့ ပြောတာ။

အဲဒါ ဝိပဿနာကို အခြေစလိုက်တဲ့ သဘောလေးပဲပေါ့။ သလ္လက္ခဏာဆိုတာက ဒီက စမှတ်တာ၊ အဲဒီအချိန်ပိုင်းလေးကိုပဲ ဉာတပရိညာလို့ ခေါ်တာ၊ သိစရာအာရုံတွေ သိလာပြီနော်၊ “ဉာတ” သိသင့်သိထိုက်တဲ့တရားတွေကို၊ “ပရိညာ” ပိုင်းခြားသိလာတဲ့ သဘာဝတရားတစ်ခု၊ ဒီလိုဆိုလိုတာ။

အဲဒီတုန်းက တစ်ခါ ဒီထွက်လေဝင်လေဟာ ဘာကြောင့်ဖြစ်တာတုန်းလို့ အကြောင်းတရားကို စဉ်းစားကြည့်၊ စိတ်ဟာ အကြောင်းတရားတစ်ခုပ်၊ ဥပမာမယ် ဖိုထိုးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ ပန်းပဲသမားပဲဖြစ်ဖြစ် ဖိုဆွဲတာ ရှိတယ်လေ၊ အခုခေတ်တော့ စက်တွေနဲ့ လုပ်နေတော့လည်း ဖိုကိုတွေ့ချင်မှတွေ့ဖူးမှာပေါ့၊ ဖိုဆွဲတဲ့ပုဂ္ဂိုလ်တွေကတော့ ဖားဖိုလို့ခေါ်တယ်။ အဲဒီဖားဖိုက တစ်ခုနော်၊ လေမှုတ်ဖားဖိုရယ်၊ နောက်ပြီး ဆွဲတဲ့ပုဂ္ဂိုလ်ရဲ့ လုံ့လဝီရိယ၊ အားပြုပြီးတော့ ဆွဲတာရယ်၊ နောက်တစ်ခု ထွက်လာတဲ့လေရယ်လို့ အဲဒီလို ၃-မျိုး ၃စား ကွဲလာသလို အဲဒီမှာ ဖားဖိုနဲ့ လုံ့လဝီရိယကို အကြောင်းပြုပြီးတော့ ဒီလေထွက်နေတာဟာ ဖားဖိုနဲ့ ဆွဲတဲ့လူရဲ့စွမ်းအားကြောင့်ပဲ၊ ဖားဖိုချည်းလည်း မထွက်ဘူး၊ ဆွဲတဲ့လူချည်းလည်း မထွက်ဘူး၊ နှစ်ခုပေါင်းမှ ထွက်တာ။

ဒီသဘောကတော့ စောင်းအိုးနဲ့ စောင်းကြိုး၊ စောင်းတီးတဲ့လက်၊ သုံးခုပေါင်းတဲ့အခါမှာ စောင်းသံထွက်တယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ အတူတူပဲ၊ စောင်းအိုးရယ် စောင်းကြိုးရယ် တီးတဲ့လက်ရယ် သုံးခုပေါင်းလိုက်ပြီဆိုရင် သာယာတဲ့အသံမျိုးစုံ ထွက်လာတယ်။
စာမျက်နှာ-၁၂၀
အဲဒါလိုပဲ အခု ဒီမှာလည်းပဲ စိတ်နဲ့ ကရဇကာယကို အကြောင်းပြုပြီးတော့ ဟောဒီထွက်လေဝင်လေဟာ ဖြစ်နေတာလို့ သဘောတရားကို ဆင်ခြင်စဉ်းစားလာနိုင်တယ်၊ အဲဒီလိုအကြောင်းကို ဆင်ခြင်နိုင်လာတာကိုပဲ ပစ္စယပရိဂ္ဂဟတဲ့၊ အကြောင်းကို ဉာဏ်နဲ့ ပိုင်ပိုင်နိုင်နိုင် ရယူနိုင်လိုက်တယ်ပေါ့၊ အကြောင်းကို ကိုင်ပြနိုင်သွားပြီပေါ့။ ဒီလိုဆိုလိုတာ၊ ပရိဂ္ဂဟဆိုတာ အကြောင်းကို သိမ်းပိုက်လိုက်တယ်၊ သိမ်းပိုက်လိုက်တယ်ဆိုတာ အကြောင်းကို ဉာဏ်နဲ့သိတာကို ပြောတာ၊ အဲဒါကို ပစ္စယပရိဂ္ဂဟဉာဏ်လို့ ခေါ်တယ်၊ ခုနတုန်းက သဘာဝတရားကိုသာ သိတာ အကြောင်းကို မသိသေးဘူး။ အခု အကြောင်းကိုပါ သိလိုက်တဲ့အခါကျတော့ ပစ္စယပရိဂ္ဂဟ Knowledge of causality လို့ခေါ်တယ်။

အဲဒီလို နာမရူပပရိစ္ဆေဒဉာဏ် ရုပ်နဲ့ နာမ်လည်း ကွဲပြားသွားတယ်၊ ထိုရုပ်နဲ့ နာမ်နှစ်ခုဟာ ဘာကြောင့်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းတရားကိုလည်း သိလိုက်တယ်လို့ဆိုတဲ့အခါကျတော့ ဉာတပရိညာပိုင်းက သိသင့်သိထိုက်တာတွေ ပြီးပြည့်စုံအောင် သိလိုက်တဲ့အနေအထားမျိုး ရသွားပြီပေါ့၊ ဒါက ဝိပဿနာရဲ့အခြေခံ၊ ဒီကစတာ ဝိပဿနာဆိုတာ၊ ဒီအချိန်မှာ ဖြစ်တာပျက်တာဆိုတာ မမြင်သေးဘူး၊ ဖြစ်ပျက်က မစရဘူး၊ ဒီကစရတယ်၊ ဝိပဿနာလုပ်ပြီဆိုတဲ့အချိန်မှာ။

အေး အခုလည်းပဲ အာနာပါနဿတိကနေ ရထားတဲ့ဈာန်တွေကနေ နောက်ဆုတ်လိုက်တဲ့အခါ ဒီအာရုံ ၃-မျိုးကို သွားတွေ့တယ်၊ အဲဒီအာရုံ ၃-မျိုးကို ရုပ်နဲ့ နာမ် ကွဲပြားစွာ သိသွားတယ်၊ အကြောင်းတရားကို ဆင်ခြင်နိုင်သွားပြီဆိုရင် ပစ္စယပရိဂ္ဂဟဉာဏ်
စာမျက်နှာ-၁၂၁
ရသွားတယ်၊ နာမရူပပရိစ္ဆေဒဉာဏ်ဖြင့် နာမ်နဲ့ ရုပ်ကို အမှန်မြင်လိုက်ခြင်းသည်ပင်လျှင် စင်ကြယ်တဲ့အမြင်လို့ ဒီလိုပြောတာ၊ ဒိဋ္ဌိဝိသုဒ္ဓိတဲ့၊ ဒါကြောင့်မို့ ဝိသုဒ္ဓိမဂ်မှာ “နာမရူပါနံ ယာထာဝဒဿနံ ဒိဋ္ဌိဝိသုဒ္ဓိ”တဲ့၊ ဒိဋ္ဌိဝိသုဒ္ဓိဆိုတာလည်း ဉာဏ်ကို ပြောတာပဲ။ နာမရူပပရိစ္ဆေဒဉာဏ်ဆိုတာလည်း ဉာဏ်ကို ပြောတာပဲ၊ ဒါကြောင့်မို့ “နာမရူပါနံ - နာမ်နဲ့ ရုပ်တို့ကို၊ ယာထာဝဒဿနံ - တကယ့်ဖြစ်နေတဲ့အမှန်အတိုင်း မြင်ခြင်းဟာ ဒိဋ္ဌိဝိသုဒ္ဓိ စင်ကြယ်သွားတဲ့အမြင်”၊ အဲဒီဉာဏ်အမြင်သည် ဘာကို စင်ကြယ်စေတုန်း၊ မှားယွင်းတဲ့ ငါဆိုတဲ့အထင်ကြီးကို ရှင်းပစ်လိုက်တယ်၊ ဆေးကြောပစ်လိုက်တယ်၊ အလင်းပေါ်တာနဲ့ တစ်ပြိုင်နက် အမှောင်ပျောက်မသွားဘူးလား၊ သာမန်အားဖြင့် ပြောမယ်ဆိုရင် မီးထွန်းလိုက်လို့ လင်းသွားတယ်လို့သာ လူက သိတာ၊ အဲဒီအလင်းက ဘာလုပ်တာတုန်းဆိုရင် အမှောင်ကို ရှင်းပစ်လိုက်တာပဲလေ၊ အခုလည်းပဲ အမြင်မှားကို ရှင်းပစ်လိုက်တာ။

နဂိုတုန်းက ငါလို့မြင်တယ်၊ ငါဟာလို့မြင်တယ်၊ ငါ့ဟာလို့ မြင်တဲ့အမြင်တစ်ခုကို ရုပ်နဲ့ နာမ် နှစ်မျိုးသာဆိုတာကို မြင်လိုက်တာနဲ့တစ်ပြိုင်နက် ခုနက မှားယွင်းတဲ့အမြင်တစ်ခု ရှင်းမသွားဘူးလား၊ သက္ကာယဒိဋ္ဌိကို တဒင်္ဂအားဖြင့် ဖယ်ရှားပစ်လိုက်တယ်၊ တဒင်္ဂဆိုတာ ဒီအမြင်က သက္ကာယဒိဋ္ဌိကို ဖယ်လိုက်တာလို့ ဒီလိုဆိုလိုတာ၊ အဲဒီလို ဖယ်ရှားပစ်တာ၊ ဒီဉာဏ်ပေါ်တဲ့အခိုက်မှာ သက္ကာယဒိဋ္ဌိဟာ ပျောက်ထွက်သွားတာ၊ ဒါကြောင့် ဒိဋ္ဌိဝိသုဒ္ဓိလို့ ပြောတယ်။
စာမျက်နှာ-၁၂၂
နောက်တစ်ခု ပစ္စယပရိဂ္ဂဟ - အကြောင်းတရားကို ပိုင်ပိုင်နိုင်နိုင်သိပြီဆိုရင်တော့ ဘာဖြစ်တုန်းဆို ကင်္ခါဝိတရဏဝိသုဒ္ဓိတဲ့၊ ကင်္ခါဝိတရဏဝိသုဒ္ဓိဆိုတာ ကင်္ခဆိုတာ သံသယ၊ ဘာကြောင့်ဖြစ်နေမှန်းမသိဘူး၊ ရုပ်နာမ်ဖြစ်တာပဲ ထာဝရဘုရားက ဖန်ဆင်းလို့လိုလို၊ ဘာကလုပ်သလိုလိုနဲ့ အကြောင်းအစစ်အမှန်မဟုတ်တာတွေနဲ့တွေးပြီးတော့ တော်ကြာ ဘယ်တော့ ဘာဖြစ်မှာလိုလို ဘယ်တော့ ဘာဖြစ်မှာလိုလိုနဲ့ အကြောင်းအစစ်အမှန်ကို မသိတဲ့အခါကျတော့ “အရင်ဘဝတုန်းက ဖြစ်ခဲ့သလား၊ အခုကော ဖြစ်နေတာဟုတ်ကဲ့လား၊ နောင်ရော ငါဖြစ်ဦးမှာလား” ဆိုတာတွေနဲ့တွေးလိုက်လို့ရှိရင် ခေါင်းတွေမှာ ရှုပ်ထွေးသွားတယ်၊ အဲဒါကို ဝိစိကိစ္ဆာလို့ခေါ်တယ်၊ ရှုပ်ထွေးသွားတယ်။

မတွေးတဲ့လူတော့ ရှုပ်ချင်မှ ရှုပ်မယ်၊ တွေးရင် ရှုပ်တယ်၊ ဒီလိုဆိုတာနော်၊ တွေးလိုက်တာနဲ့ ရှုပ်သွားတယ်၊ ဒါကြောင့်မို့ “ဝိစိနန္တဿ ကိစ္ဆာ - ဝိစိကိစ္ဆာ”၊ ဝိစိနန္တဿ - ဆင်ခြင်စဉ်းစားတွေးခေါ်ကြည့်လိုက်မယ်ဆိုရင်၊ ကိစ္ဆာ - ပင်ပန်းသွားတယ်တဲ့၊ အမှန်မသိသည့်အတွက်ကြောင့် “ငါ နောင်ဘဝဖြစ်ဦးမှာလား” တွေးတယ်၊ ခေါင်းရှုပ်သွားတယ်နော်၊ “မဖြစ်တော့ဘူးလား” တွေးလိုက်ရင်လည်း ခေါင်းရှုပ်သွားတယ်၊ ဘာဖြစ်လို့ရှုပ်သွားလဲ၊ အမှန်မသိလို့၊ အဲဒီခေါင်းရှုပ်သွားတာတွေဟာ ပျောက်သွားတယ်တဲ့၊ ဒါကို ဖြတ်ကျော်သွားနိုင်ပြီ။

ဘယ်လိုဖြတ်ကျော်သွားတာတုန်းဆို “အေး အကြောင်းရှိရင် ဖြစ်မှာပဲ၊ အကြောင်းမရှိရင် မဖြစ်ဘူး” ဒီလို နားလည်သွားတယ်၊ ဘာဖြစ်လို့တုန်းဆို အကြောင်းကို မြင်တာကိုး၊ ဒီအလင်း
စာမျက်နှာ-၁၂၃
လေးက ဘယ်လောက်ကြာမှာတုန်း၊ အလင်းက မီးရှိသမျှ လင်းနေမှာပဲ၊ မီးကုန်သွားရင် မလင်းတော့ဘူး၊ ဒါပဲပေါ့၊ လျှပ်စစ်မီးလာသေးသမျှ အမှောင်မရှိဘူး၊ အလင်းလာမှာပဲ၊ ဟော အကြောင်းနဲ့အကျိုး ဆင်ခြင်စဉ်းစားနိုင်သွားတယ်၊ အဲဒီလို ဆင်ခြင်စဉ်းစားနိုင်သွားတော့ ဆုံးဖြတ်နိုင်သွားတဲ့သဘောကို ကင်္ခါဝိတရဏ - သံသယတွေကို ကျော်လွှားသွားနိုင်တဲ့ ဆင်ခြင်မှုလို့ ဒီလိုပြောတာ၊ အမြင်တစ်ခုပဲ။ ဒါလည်း ဉာဏ်ကိုပြောတာပဲ၊ ဘယ်ဉာဏ်ကို ပြောတာလဲဆိုတော့ ပစ္စယပရိဂ္ဂဟဉာဏ်၊ အဲဒီဉာဏ်နှစ်ခုကိုပဲ ဉာတပရိညာလို့ ပရိညာ ၃-မျိုးနဲ့ ခွဲတဲ့အခါကျတော့ ဒီလိုပြောတာ၊ အင်မတန်မှ ရှင်းပါတယ်။

ဉာတပရိညာပိုင်းမှာ သဘာဝတရားတွေရဲ့ ကိုယ်ပိုင်လက္ခဏာတွေကို သိတယ်၊ သဘာဝလက္ခဏာကို သိတယ်လို့ ခေါ်တယ်၊ အနိစ္စ ဒုက္ခ အနတ္တဆိုတာက သာမညလက္ခဏာလို့ ခေါ်တယ်၊ အများဆိုင်တဲ့လက္ခဏာ၊ သဘာဝလက္ခဏာက ကိုယ်ပိုင်လက္ခဏာ။

အေး အဲဒီလို သိပြီးတဲ့နောက်မှာ ဒါ သလ္လက္ခဏာဖြစ်ပုံကို ပြောပြတာနော်၊ အဲဒီကနေပြီးတော့ တစ်ဆင့်တက်လာတယ်၊ အသိဉာဏ်ဆိုတာ တစ်ဆင့်ပြီးတစ်ဆင့် တက်လာတယ်။ ဆက်ပြီးလုပ်ရင် တွေ့မှာပဲ၊ ခရီးများလိုပဲ၊ ဆက်လျှောက်ရင် ဟိုနားရောက်ရင် တစ်မျိုးတွေ့မယ်၊ ဟိုရှေ့ရောက်ရင် တစ်မျိုးတွေ့မယ်၊ ရပ်နေရင်တော့ မတွေ့ဘူးပေါ့ ဒါပဲနေမှာပေါ့၊ ဆက်လျှောက်တယ်၊ ဆက်လျှောက်တယ်ဆိုတာ ဆက်လုပ်မယ်၊ ဆက်မလုပ်ဘဲနဲ့ ဒါလေးနဲ့တင် ကျေနပ်နေရင် ဒါပဲ ပြန်တွေ့နေမှာပဲပေါ့။ ဟော ဆက်လုပ်လိုက်တယ်၊
စာမျက်နှာ-၁၂၄
ဆက်လုပ်လိုက်တဲ့အခါ ဘာဖြစ်လာတုန်းဆိုတော့ သူရှုနေတဲ့ ခုနကပြောတဲ့ အဿာသပဿာသတို့၊ ကရဇကာယတို့လို့ဆိုတဲ့ ထွက်လေဝင်လေရဲ့တည်ရာ ရုပ်ခန္ဓာကြီးတို့၊ စိတ်တို့ဆိုတာတွေဟာ အပိုင်းပိုင်းအပိုင်းပိုင်းဖြစ်ပြီးတဲ့နောက် ပျောက်ကွယ်သွားတာ၊ ဖြစ်ပြီးတဲ့နောက် ပျောက်ကွယ်သွားတာ၊ ရပ်တည်နေတာ မရှိဘူး၊ ဖြစ်လာလိုက် ပျောက်သွားလိုက်၊ ဖြစ်လာလိုက် ပျောက်သွားလိုက်၊ ဟုတွာ အဘာဝ၊ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာပြီးတာနဲ့ ပျောက်သွားတယ်။

စောင်းသံလေးပဲ နားထောင်ကြည့်၊ တစ်ချက်တီးလိုက်ရင် တစ်ချက်ထွက်တယ်၊ ပျောက်သွားပြီ၊ ပြီးတော့ ရှိရဲ့လား၊ မရှိဘူး၊ လက်က တစ်ချက်တီးရင် တစ်သံပဲထွက်တာပဲ၊ နောက်တစ်ချက်တီးရင် နောက်တစ်သံထွက်တယ်၊ နောက်တစ်ချက်တီးရင် နောက်တစ်သံထွက်တာပဲ၊ အဲဒီလို တီးတိုင်းတီးတိုင်းတီးတိုင်း အသံထွက်နေတာ၊ ထွက်တဲ့အသံတွေဟာ တစ်ခုနဲ့တစ်ခု ထပ်မိတာမဟုတ်ဘူး၊ ပျောက်နေတာ၊ အတိုင်းအတာတစ်ခုအရ ပျောက်နေတာ၊

သို့သော် အမြန်ကြီးတီးတဲ့အခါ အသံတွေ ဒလစပ်ထွက်နေတယ်၊ တစ်သံတည်းလို့ လူကထင်တာ၊ ဘာနဲ့ ဥပမာတုတုန်းဆိုရင် မီးစကလေးကိုင်ပြီးတော့ ငယ်ငယ်တုန်းက ကလေးတွေက ဆော့သလို ရမ်းလိုက်မယ်ဆိုရင် မီးစက်ဝိုင်းကြီးလို့ ထင်ရသလိုပဲ၊ သို့သော် တကယ်ကတော့ မီးစက်ဝိုင်းကြီးမဟုတ်ဘူး၊ မြန်လွန်းအားကြီးတော့ မီးဝိုင်းကြီးလိုဖြစ်နေတာ၊ သဘောကိုပြောတာ၊ မျက်စိလည်သွားတတ်တယ်ပေါ့။
စာမျက်နှာ-၁၂၅
အေး အခုလည်း ရုပ်တရားတွေ နာမ်တရားတွေဟာ ဖြစ်လာပြီးတဲ့နောက်မှာ ပျက်သွားတယ်၊ ပျက်သွားတဲ့ အပိုင်းလေးတွေ အပိုင်းလေးတွေ အပိုင်းလေးတွေ မြင်လာပြီဆိုလို့ရှိရင် ဘာကိုမြင်တာတုန်းဆို အနိစ္စကိုမြင်တာ၊ ဟုတွာ အဘာဝ၊ ဖြစ်လာပြီးတဲ့နောက်မှာ မရှိတော့တာ၊ ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက်၊ ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက်ဆိုတဲ့ အနေအထားတစ်ခုကို သတိမူမိလာတယ်၊ မှတ်သားမိလာတယ်၊ အဲဒါ ဝိပဿနာလို့ခေါ်တဲ့ အဆင့်ထဲကို ရောက်လာတယ်၊ ဒီလိုဆိုလိုတယ်၊ ဆင်ခြင်သုံးသပ်နိုင်လာတယ်၊ ဖြစ်မှုပျက်မှုတွေပါ ဆင်ခြင်သုံးသပ်နိုင်လာတယ်၊ ဖြစ်ပြီးပျက်သွားတဲ့ သဘောတွေပါတွေးတောလာနိုင်တယ်။

အဲဒီတွေးတောမှုတွေ အားကောင်းအောင် သမ္မသနဉာဏ်နဲ့ ရှေးဦးစွာ “အတိတ်ကလည်း ဒီလိုဖြစ်လာတာပဲ၊ ဖြစ်ပြီးပျက်သွားတာပဲ၊ နောင်အနာဂတ်လည်း ဒီလိုနေဦးမှာပဲ၊ ပစ္စုပ္ပန်မှာလည်း အခု ဒီအတိုင်းဖြစ်နေတယ်” လို့ အတိတ်ကိုလည်း ရှုလို့ရတယ်၊ အနာဂတ်ကိုလည်း ရှုလို့ရတယ်၊ ပစ္စုပ္ပန်ကိုလည်း ရှုလို့ရတယ်နော်။

တချို့ကတော့ ပြောတယ်၊ ဝိပဿနာရှုတယ်ဆိုတာ ပစ္စုပ္ပန်ဆတ်ဆတ် ရှုရမယ်လို့ ပြောနေကြတယ်၊ ခွဲပြောဖို့တော့ သင့်တာပဲ။ ခွဲပြောရမယ်၊ ဘယ်လိုခွဲပြောရမလဲ၊ ဥဒယဗ္ဗယဉာဏ်ရောက်ရင်တော့ ပစ္စုပ္ပန်ဆတ်ဆတ် မှန်တယ်၊ ရှေ့ပိုင်းမှာတော့ ပစ္စုပ္ပန်တွင်မဟုတ်ဘူး၊ အတိတ်လည်း ရှုလို့ရတယ်။ အတိတ်မရှုကောင်းဘူး မဟုတ်ဘူး၊ ရှုကောင်းတယ်၊ အနာဂတ်မရှုကောင်းဘူး မဟုတ်ဘူး၊ ရှုကောင်းတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ အင်အားယူတာလေ၊ စွမ်းအားတွေ၊ ဒီတွေးတယ်ဆိုတာ သမ္မာသင်္ကပ္ပပဲ။
စာမျက်နှာ-၁၂၆
မှန်ကန်တဲ့အတွေးတစ်ခုရှိမှ၊ အော် စဉ်းစားလိုက်တယ်။ မနေ့ကစိတ်တွေ မရှိတော့ပါလား၊ အခု မြစ်ကမ်းပါးသွားထိုင်ကြည့်လိုက်၊ ရေတွေ စီးသွားတယ်၊ ခုနက ငါကြည့်နေတဲ့ရေတွေ မရှိတော့ဘူး၊ ဒါ နောက်ရေတွေ၊ ဟော မြင်မလာဘူးလား၊ အဲဒီလို မြင်လာသလို ကိုယ့်ကိုယ်ကိုလည်း ခုနတုန်းက ရုပ်တွေ မရှိတော့ဘူး၊ အခုရုပ်တွေက အသစ်အသစ်တွေ လာနေတာပါလားဆိုတဲ့ သဘောတရားကို contemplation ဆင်ခြင်စဉ်းစားနေဖို့၊ ဒါဟာ ပစ္စုပ္ပန်ဆတ်ဆတ်မြင်ဖို့ရာအတွက် အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်ပေါ့။

ဒါကြောင့်မို့ သမ္မသနဉာဏ်အခန်းကို ပြတဲ့အခါမှာ အတိတ်ကိုလည်း ရှုတယ်၊ အနာဂတ်ကိုလည်း ရှုတယ်၊ ပစ္စုပ္ပန်ကိုလည်း ရှုတယ်။ သဘာဝတရားတွေကို အဆင့်ဆင့် အဆင့်ဆင့်၊ သူ့အဆင့်နဲ့သူ သွားတာနော်၊ စစချင်း ပစ္စုပ္ပန်ရှုလို့ ဒီလိုပြောလို့မရဘူး၊ အဲဒီလို အဆင့်ဆင့်သွားရတာ၊ အခုကြည့် သမ္မသနဉာဏ်ခန်းကျတော့ ဆင်ခြင်သုံးသပ်တယ်။

ဝိသုဒ္ဓိမဂ်မှာ ဘယ်လောက်ထိအောင် ဆင်ခြင်ဖို့ ပြောထားတုန်းဆို အရွယ်နဲ့ ဆင်ခြင်လို့ရတယ်၊ အချိန်အလိုက် ဆင်ခြင်လို့ရတယ်၊ မနက်ပိုင်းကရုပ်တွေ နေ့လည်ပိုင်း မရှိဘူး၊ နေ့လည်ပိုင်းကရုပ်တွေ ညနေပိုင်း မပါဘူး၊ ညနေပိုင်းကရုပ်တွေ ညပိုင်းမပါတော့ဘူး၊ ကိုယ်ပြောခဲ့တဲ့အသံတွေ ပျောက်နေတာ ကိုယ့်ဟာကိုယ် ဆင်ခြင်စဉ်းစားကြည့်၊ ဟုတ်တယ် - မနက်တုန်းက ပြောခဲ့တဲ့အသံတွေ ခုရှိသေးလား၊ မရှိဘူး၊ မနက်တုန်းက တွေ့ကြုံခဲ့တာတွေ ခုရှိသေးလား၊ မရှိဘူး၊ ဘယ်အရာပဲဖြစ်ဖြစ် တစ်ခဏလေးအတွင်းမှာ အကုန်လုံး ကျော်ဖြတ်လာခဲ့ကြတာချည်းပဲ။
စာမျက်နှာ-၁၂၇
အဲဒီကျော်ဖြတ်နေသလို ဘုန်းကြီးတို့ခန္ဓာမှာရှိနေတဲ့ ရုပ်တွေ နာမ်တွေကလည်း ဒီအတိုင်းသွားနေတာ၊ ထာဝရရွေ့လျားနေတဲ့ အရာကြီးသာဖြစ်တယ်၊ ever changing အမြဲတမ်းပြောင်းလဲနေတယ်လို့ - ဒီလိုဆိုလိုတာ ခဏလေးမှာတောင် မရပ်ဘူး၊ အမြဲတမ်းပြောင်းလဲနေတဲ့ သဘောတွေကို သမ္မသနဉာဏ်နဲ့ (သမ္မသနဆိုတာ အဖန်ဖန်အထပ်ထပ် အသိဉာဏ်နဲ့ ပွတ်တိုက်ပေးခြင်း)၊ ပွတ်တိုက်ပေးမှ ပိုပိုသိလာတယ်။ ဒါ ပွတ်တိုက်နေတယ်၊ စဉ်းစားနေတယ်လို့ခေါ်တာ၊ ဒီလိုမှမစဉ်းစားဘဲနဲ့ ဘယ်လိုလုပ်ပြီး ဖြစ်ပျက်မှုသဘောကို သိနိုင်မှာလဲ။

ရှေးတုန်းက မှန်ကြည့်ချင်တယ်ဆိုရင် ကြေးမုံအပိုင်းလေး (ကြေးပြားအဝိုင်းလေး) ကို ပွတ်ရတယ်၊ ဝင်းနေအောင် ပွတ်ရတယ်၊ ပွတ်လေလေ ပြောင်လေလေနော်၊ ကိုယ့်မျက်နှာလေးဟာ ထင်ထင်ရှားရှား ပေါ်လေလေ၊ ခုခေတ်တော့ ပွတ်စရာမလိုဘူးပေါ့၊ ပြဒါးမှန်ကို ကိုယ့်ရှေ့ထောင်ထားလိုက်၊ လင်းချင်းနေတာပဲ၊ ပွတ်စရာမလိုဘူး၊ ရှေးတုန်းကတော့ ကြေးမုံဆိုတာ ပွတ်ရတယ်၊ ပွတ်လေ ပြောင်ပဲ။

အဲဒါမျိုးလိုပဲ အသိဉာဏ်ဟာ ဆင်ခြင်စဉ်းစားခြင်းဖြင့် အာရုံနဲ့ စိတ်နဲ့ ပွတ်ပေးတဲ့အခါကျတော့ ဘာဖြစ်တုန်းဆို ဉာဏ်တွေဖြစ်လာတယ်၊ အဲဒါကို သမ္မသနဉာဏ်လို့ခေါ်တာပဲ၊ ဒါလည်း သလ္လက္ခဏာပဲ၊ ဒီတော့ သမ္မသနဉာဏ်ကျတော့ ဘာထူးလာတုန်းဆိုတော့ ရုပ်နာမ်ကိုသိရုံမျှမကဘူး၊ ရုပ်နာမ်ရဲ့ အကြောင်းတရားကို သိရုံမျှမကဘူး၊ ရုပ်နာမ်တွေဟာ မမြဲပါလားဆိုတဲ့ အသိတစ်ခု ထပ်တိုးလာတယ်နော်။
စာမျက်နှာ-၁၂၈
အဲဒီလို ထပ်တိုးလာတဲ့အခါ တဖြည်းဖြည်း “အတိတ်ကလည်း ဒီအတိုင်းပဲ၊ အနာဂတ်လည်း ဒီအတိုင်းပဲ၊ နောင်လည်း ဒီအတိုင်းလာမှာပဲ၊ အခုလည်း ဒီအတိုင်းဖြစ်နေတာပဲ” ဆိုတဲ့ အသိတရား စွမ်းအားတွေ၊ သတိတွေ၊ ဝီရိယတွေရဲ့ အင်အားတွေ ရလာတဲ့အခါကျတော့ ပစ္စုပ္ပန်ဆတ်ဆတ်ဖြစ်နေတဲ့ ရုပ်တရား၊ နာမ်တရားအပေါ်မှာ ဖြစ်မှုပျက်မှု အခိုက်အတန့်လေးတွေပါ မြင်လာနိုင်တဲ့ အနေအထားရောက်ပြီဆိုရင် ဒါ ဥဒယဗ္ဗယဉာဏ်လို့ခေါ်တယ်။ အာရုံက ပစ္စုပ္ပန်ဖြစ်လာတယ်။

အဲဒီတော့ ပစ္စုပ္ပန်ဆိုတဲ့နေရာမှာလည်းပဲ ပစ္စုပ္ပန်ကို နားလည်ရမယ်၊ ပစ္စုပ္ပန်ဆိုတာမှာ ခဏပစ္စုပ္ပန်ရှိတယ်၊ သန္တတိပစ္စုပ္ပန်ရှိတယ်၊ အဒ္ဓါပစ္စုပ္ပန်ရှိတယ်၊ ပစ္စုပ္ပန်အမျိုးမျိုးရှိတယ်၊ ဥပမာ - အခု တရားပွဲကြီးစတဲ့အချိန်ကနေ စပြီး တရားပွဲမပြီးသေးသမျှ ကာလပတ်လုံး ဒါ ပစ္စုပ္ပန်လို့ခေါ်တယ်၊ ဒီကာလကြီးတစ်ခုလုံးကို ပစ္စုပ္ပန်လို့ပဲ ခေါ်တယ်၊ အလုပ်တစ်ခု အချိန်တစ်ခု မပြီးသေးသမျှ ကာလပတ်လုံး ပစ္စုပ္ပန်ပဲ၊ ဒါ တရားနာခိုက် ပစ္စုပ္ပန်လို့ခေါ်တယ်။ ဖြစ်စဉ်ကြီးတစ်ခု မပြီးသေးဘူးဆိုရင် ဒါ သန္တတိပစ္စုပ္ပန်၊ အချိန်ပိုင်း မပြီးသေးဘူးဆိုရင် အဒ္ဓါပစ္စုပ္ပန်၊ ခဏပစ္စုပ္ပန်ကျတော့ အဲဒါမျိုးမဟုတ်ဘူး၊ စောင်းသံလေးတစ်ချက် - လက်နဲ့တီးလိုက်တဲ့အခိုက် စောင်းသံလေးပေါ်လာတာ ဒါကျတော့ ခဏပစ္စုပ္ပန်လို့ခေါ်တယ်။

အဲဒီခဏပစ္စုပ္ပန်အရ ရှုတဲ့စိတ်က ရုပ်တရားကိုတော့ ဖြစ်ခိုက်ရှုလို့ရတယ်၊ နာမ်တရားကျတော့ ဖြစ်ခိုက် ရှုလို့မရဘူး၊ ရတယ် မရဘူးဆိုတာ ကိုယ့်ဟာကိုယ် စဉ်းစား၊ ဥပမာ - ကိုယ့်လက်ညှိုးလေးကို ထောင်လိုက်၊ ထောင်ပြီးရင် အဲဒီလက်ညှိုးဖျား
စာမျက်နှာ-၁၂၉
လေးကို လက်ညှိုးနဲ့ ပြန်ကိုင်လို့ ရမရနော်၊ ကိုယ့်လက်ညှိုးလေးကို ထောင်ကြည့်လေ၊ ထောင်ကြည့်ပြီး အဲဒီလက်ညှိုးဖျားလေးကို ဟိုဘက်လက်ညှိုး မဟုတ်ဘူး၊ ဒီဘက်လက်ညှိုးနဲ့ ပြန်ကိုင်ရမယ်။ ကိုင်လို့ရလား၊ မရဘူးနော်၊ စိတ်ကို စိတ်နဲ့ပြန်မသိဘူးလို့ဆိုတာ ဖြစ်ခိုက်ကို သိလို့မရဘူးလို့ ပြောတာနော်။

စိတ်ဟာ တစ်ပြိုင်နက် နှစ်စိတ်မဖြစ်ဘူး၊ တစ်စိတ်ပဲဖြစ်တယ်၊ တစ်စိတ်ပဲဖြစ်သည့်အတွက်ကြောင့် ရှေ့စိတ်ကို နောက်စိတ်က သိတယ်ဆိုတာတောင်မှ ရှေ့ဝီထိစိတ်ကို နောက်ဝီထိစိတ်နဲ့ သိတယ်လို့သာ ပြောရတယ်၊ အဲဒီမှာလည်းပဲ အဘိဓမ္မာသင်ထားတဲ့သူတွေက ရှိတယ်၊ စိတ်ဟာ ဖြစ်စဉ်တစ်ခုနဲ့ သွားမယ်ဆိုလို့ရှိရင် ဥပမာမယ် မျက်စိက အဆင်းအာရုံကို မြင်လိုက်မယ်၊ မြင်လိုက်တဲ့အခါမှာ အာရုံဝင်လာတဲ့အချိန်မှာ နဂိုလက်ရှိ အရှိန်အဟုန်နဲ့ သွားနေတဲ့ ဘဝင်စိတ်တွေဟာ ဝင်လာတဲ့အာရုံကြောင့် ရုတ်တရက်ပြတ်မသွားဘူး၊ ဝင်လာတဲ့အာရုံရဲ့ တိုက်ခိုက်မှုစွမ်းအားကြောင့် လှုပ်သွားတယ်၊ လှုပ်သွားပြီးတော့ သူက အရှိန်နဲ့ပြတ်သွားတာ၊ မလှုပ်ခင်လေးမှာ သူက တိုက်လိုက်တဲ့အချိန်မှာ အရှိန်ကောင်းတော့ လွန်သွားတာက အတီတဘဝင်လို့ခေါ်တယ်။ တိုက်လိုက်တဲ့အရှိန်ကြောင့် လှုပ်သွားတာ၊ လှုပ်သွားတာဆိုတာ အခြေယိုင်သွားတာကို ပြောတာ၊ အခြေယိုင်သွားပြီးတော့မှ နောက် ပြတ်ထွက်သွားတာ အဲဒါကျတော့ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒလို့ခေါ်တယ်၊ အားလုံး ဘဝင် ၃-ခု ဖြစ်သွားတယ်၊ အာရုံနဲ့ ဝတ္ထုနဲ့ ဆုံဆည်းလိုက်တဲ့အချိန်လေးမှာ ဒီစိတ် ၃-ခု ဖြစ်သွားတယ်။
စာမျက်နှာ-၁၃၀
အဲဒီစိတ် ၃-ခု ဖြစ်ပြီးတဲ့နောက်မှာ ဘယ်စိတ်လာတုန်းဆိုရင် လက်ရှိရောက်လာတဲ့အာရုံကို တံခါးဖွင့်ပေးလိုက်တဲ့ ပဉ္စဒွါရာဝဇ္ဇန်းဆိုတာ ပေါ်လာတယ်၊ ဘယ်ကနေ ရောက်လာတာလို့ ပြောတာမဟုတ်ဘူး၊ အာရုံနဲ့တွေ့တဲ့အခါမှာ ဒါက ဖြစ်စဉ်ကြီးတစ်ခုအနေနဲ့ ပေါ်လာတာနော်၊ ဘယ်ကနေ ပေါ်လာတာလို့ ဘယ်လိုပြောလို့ရမလဲ။

စောင်းတီးတဲ့အခါမှာ စောင်းနဲ့ လက်နဲ့တီးလိုက်တဲ့အခါမှာ အသံ ဘယ်ကရောက်လာတာတုန်းလို့ မေးကြည့်ပါလား၊ အဲဒီစောင်းသံက ဘယ်ကရောက်လာတာတုန်းလို့ မေးရင် ဒီအကြောင်းကြောင့်ဖြစ်တာလို့ပဲ ပြောလို့ရတယ်၊ ဘယ်ကလာတာမှ မဟုတ်ဘူး၊ ကောင်းကင်က ကျလာတာလည်း မဟုတ်ဘူး၊ ဒီအထဲက ထွက်လာတာလည်း မဟုတ်ဘူး၊ ကြိုးထဲမှာလည်း စောင်းသံမရှိဘူး၊ အိုးထဲမှာလည်း စောင်းသံမရှိဘူး၊ တီးတဲ့လက်ထဲမှာလည်း မရှိဘူး၊ ဘယ်မှာမှမရှိဘူး၊ သို့သော် အကြောင်းတွေပေါင်းလိုက်တဲ့အခါ အကျိုးထွက်လာတဲ့သဘော၊ အကြောင်းကြောင့် ဖြစ်ပေါ်လာတယ်။

မယုံလို့ရှိရင် သရက်စေ့လေးတစ်ခု ကိုင်ကြည့်၊ အဲဒီသရက်စေ့လေးမှာ သရက်ပင်တွေ၊ သရက်မြစ်တွေရှိလား၊ (တစ်ခါတရံကျတော့ သူက အထဲထဲမှာ မှည့်ပြီးတော့ အမြစ်ထွက်နေတာတော့ ရှိတတ်သေးတယ်နော်။) ဘာမှမရှိဘူး၊ ခွဲကြည့်၊ သို့သော် မြေမှာချပြီးတော့ စိုက်ကြည့်လိုက်၊ စိုက်ကြည့်ရင် ဘာတွေ့မလဲ၊ အမြစ်ထွက်လာလိမ့်မယ်၊ အညှောင့်ပေါက်လာလိမ့်မယ်၊ အချိန်တန်လို့ရှိရင် ဘယ်ကရောက်လာတုန်းလို့နော်၊ မြေရေဆိုတဲ့အကြောင်းနဲ့
စာမျက်နှာ-၁၃၁
ပေါင်းစပ်ပေးလိုက်တဲ့အခါကျတော့ ပြောင်းလဲဖြစ်စဉ်တစ်ခုပေါ့။ အကြောင်းကြောင့် ဖြစ်လာတာ။

ကဲ ဆိုပါစို့ - လျှပ်စစ်မီးမထွန်းခင်က ဒီအထဲမှာ အမှောင်မရှိဘူးလား၊ လျှပ်စစ်မီးထွန်းလိုက်တဲ့အချိန်ကျတော့ ဒီအလင်းရောင်လာတယ်၊ ဒါဖြင့် အလင်းက ဘယ်ကရောက်လာတာတုန်းလို့ မေးလို့ရှိရင် အကြောင်းကြောင့်ပဲဖြစ်လာတာ၊ ဘယ်ကမှ အလင်းက ပြေးလာတာမဟုတ်ဘူး၊ နဂိုတုန်းက သူ ဘယ်နားပုန်းနေတာလို့ ပြောလို့ရလား၊ မရဘူး၊ ဘယ်နေရာမှ ပုန်းမနေဘူးနော်၊ မီးချောင်းထဲမှာ အလင်းဓာတ်ကို ပေးနိုင်တဲ့သဘာဝတရားတွေ စုပြီးတော့ လင်းလာတဲ့သဘောပဲ ပြောတာ၊ အဲဒီလို သဘာဝတရားတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ ဆင်ခြင်စဉ်းစားကြည့်လိုက်ရင် မြင်လာနိုင်တယ်ပေါ့၊ စိတ်ဖြစ်တာလည်း ဒီအတိုင်းပဲပေါ့။

အဲဒီတော့ အာရုံနဲ့ ဝတ္ထု ဆုံစည်းမှုကြောင့် ပဉ္စဒွါရာဝဇ္ဇန်း စိတ်ဆိုတဲ့ အာရုံကို ဆင်ခြင်တဲ့စိတ် ပေါ်လာတယ်၊ ပေါ်လာပြီးတော့ မြင်တဲ့ စက္ခုဝိညာဏ်စိတ် ပေါ်တယ်၊ ပြီးတဲ့အခါ လက်ခံတဲ့ သမ္ပဋိစ္ဆယစိတ် ပေါ်တယ်၊ စုံစမ်းတဲ့ သန္တီရဏစိတ် ပေါ်တယ်၊ ပြီးတော့ ဆုံးဖြတ်တဲ့စိတ် ပေါ်ပြီး အာရုံရဲ့အရသာ အကောင်းအဆိုးကို ခံစားတဲ့ ဇောဆိုတာ ပေါ်လာတယ်၊ ဇောရဲ့နောက်မှာ ဆက်ခံတဲ့ တဒါရုံဆိုတာ ပေါ်လာပြီးတဲ့အခါ ဒီအာရုံသက်တမ်းဟာ ကုန်သွားတယ်၊ အဲဒီဝီထိစိတ်တွေဟာ တစ်ခုနဲ့တစ်ခု ဘယ်သူမှမသိဘူး၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကလည်း “ရှေ့က ဘဝင်စိတ်ဖြစ်သွားပါလား” လို့ မသိဘူး၊ တစ်စိတ်နဲ့တစ်စိတ်တွေ့လည်း မတွေ့ဘူး၊ သိလည်းမသိဘူး၊ ဖြစ်စဉ်အနေနဲ့ သွားတာ၊ သို့သော်
စာမျက်နှာ-၁၃၂
ပျောက်သွားတာ၊ ရှေ့ကချုပ်မှ နောက်ကပေါ်လို့ ရတာ၊ ဒါကို နတ္ထိပစ္စယောလို့ ခေါ်တယ်၊ မရှိတဲ့နောက်မှာ ဒီဟာ ဖြစ်နိုင်တယ်၊ ရှိနေတုန်း ဖြစ်လို့ မရဘူး၊ စောင်းသံလေးပဲ ကြည့်ဦး၊ တစ်ချက်တီး တစ်ချက်ပေါ် ပျောက်သွားတာ၊ နောက်ထပ်စောင်းသံက နောက်ဟာလေ၊ နောက်တီးလို့ နောက်ဟာ ပေါ်တာလေ။

အဲဒါမျိုးလိုပဲ ဒီစိတ်လေးတွေဟာ တစ်ခုနဲ့တစ်ခု သိသလားလို့ဆိုတော့ မသိဘူး၊ စိတ္တာနိယာမအနေနဲ့ ဖြစ်စဉ်တစ်ခုအနေနဲ့ သွားလိုက်ကာ ပြီးတော့ ချုပ်သွားတယ်၊ ဟော အဲဒီမှာတောင် ရှေ့စိတ်က နောက်စိတ်ကို သိနိုင်သလားဆိုတော့ မသိနိုင်ဘူး၊ သိနိုင်တာ ဘာတုန်းဆိုရင် နောက်ထပ် ဒီလိုဝီထိစိတ်မျိုးတွေ ဆင့်ကဲ ဆက်ဖြစ်လာတဲ့ နောက်ဝီထိစိတ်တွေက ရှေ့ဝီထိစိတ်တွေကို သိနိုင်တယ်လို့ ပြောတာ၊ ဒါကို ရှေ့စိတ်နောက်စိတ်လို့ ပြောတာ၊ ဝီထိစဉ်ကြီးတစ်ခုလုံးကို ပြောတာ၊ စိတ်ဆိုတာ အစိတ်အပိုင်းတွေ အများကြီးရှိတယ်။ ။

ကဲ generator လေးတစ်ခုကို ကြည့်၊ မြင်ဖူးကြပါလိမ့်မယ်။ မီးခဏခဏပျက်တယ်ဆိုတော့ generator နဲ့ မီးရှို့ကြရတယ်၊ နှိုးဖူးတဲ့လူတော့ မသိဘူးပေါ့၊ နှိုးဖူးတဲ့လူ သိမှာပေါ့၊ နှိုးလိုက်တဲ့အခါကျတော့ မလည်ဘူးလား၊ မော်တာလေး လည်လာတယ်၊ လည်လည်ချင်း မီးပွင့်ရဲ့လား၊ မပွင့်ဘူး၊ အကြာကြီးနေမှ ပွင့်တယ်၊ တော်တော်လေးအရှိန်ရမှ ပွင့်တယ်၊ ဟုတ်ကဲ့လား၊ အဲဒါမျိုးလိုပဲ စိတ်ကလည်း ဒီလို generator လိုပဲ၊ အပတ်တွေ များစွာဖြစ်ပြီးတော့မှ အာရုံသိတယ်ဆိုတဲ့သဘော ပေါ်လာတာ၊ သို့သော် အားလုံးဟာ အာရုံဘက်ကို ဦးတည်ထားတာ ဖြစ်သောကြောင့် သိတယ်လို့ပဲ ပြော
စာမျက်နှာ-၁၃၃
ထားတာနော်၊ ဒါကို initial process လို့ ခေါ်တယ်၊ ရှေ့ပိုင်းကနေပြီးတော့ ပြင်ဆင်နေတဲ့ process တွေ ရှိရမယ်၊ ဒီလိုသွားတာ။

အဲဒီတော့ ရှေ့စိတ်ကို နောက်စိတ်က သိတယ်ဆိုတာတောင် ဝီထိစိတ်နဲ့ သိတယ်လို့ ဒီလိုပဲ မှတ်ရမယ်၊ ရှေ့စိတ်ကို နောက်စိတ်က သိတယ်ဆိုတာ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကို စက္ခုဝိညာဏ်စိတ်က သိတာ မဟုတ်ဘူး၊ သမ္ပဋိဒိန်းစိတ်က စက္ခုဝိညာဏ်စိတ်ကို သိတာ ပြောတာ မဟုတ်ဘူး၊ ဒါလည်းပဲ ရှင်းအောင် မှတ်သားဖို့ လိုအပ်တယ်ပေါ့။

ရုပ်တရားကျတော့ တိုက်ဆိုင်ပြီးတော့ သိလို့ရတယ်၊ သိတာက နာမ်တရားက သိမှာ၊ အသိဉာဏ်နဲ့၊ သတိ ဝီရိယ ပညာ ဦးစီးထားတဲ့ နာမ်ကနေ သိတာ၊ အဲဒီတော့ ရုပ်ကို ရှုတဲ့အခါမှာ ရုပ်ဖြစ်ခိုက်ကလေးတွေကို ရှုလို့ရတယ်၊ “ဖြစ်ခိုက် ရှု” ဖြစ်ခိုက်ရှုဆိုတာ ပစ္စပ္ပန်တစ်ခုကို ပြောတာနော်၊ အဲဒီတော့ စိတ်ဖြစ်ခိုက်ကို နောက်စိတ်တစ်ခုကနေ ရှာလို့မရဘူး၊ သို့သော်လည်းပဲ ပစ္စပ္ပန်လို့ ပြောရမယ်၊ ဒေါသဖြစ်နေလို့ရှိရင် နောက်စိတ်ကနေ ဒေါသဖြစ်နေတာပါလား၊ ဒေါသငြိမ်းသွားတဲ့အခါ နောက်ဖြစ်လာတဲ့စိတ်ကနေ သိတာ၊ ဒေါသထွက်နေတုန်း သိပါ့မလား၊ မသိဘူး၊ ဒီလိုဆိုလိုတာ နော်၊ အဲဒီတော့ ရှေ့ကဖြစ်သွားတာကို နောက်က လိုက်သိနေတာ သည်ပင်လျှင် တိုးတက်မှုလို့ ပြောရမှာပဲ။ ။

အေး ပစ္စပ္ပန်ဆတ်ဆတ် ပစ္စပ္ပန်ဆတ်ဆတ်လို့ ပြောနေကြပေမယ့်လို့ ဘယ်လိုပစ္စပ္ပန်ဆတ်ဆတ်တုန်းဆိုတာကိုတော့ နားလည်အောင် မှတ်သားဖို့ လိုအပ်တယ်ပေါ့၊ ပြောတာကတော့ လွယ်လွယ်လေး ပြောလိုက်တာ ပစ္စပ္ပန်ဆတ်ဆတ်ဆိုတာ ဟုတ်ကဲ့
စာမျက်နှာ-၁၃၄
လား၊ ပစ္စပ္ပန်တည့်တည့် တည့်တည့်ဆိုတာ ဘယ်လိုတည့်ရမှာတုန်း၊ အပ်ဖျားချင်းတည့်သလို တည့်ရမှာလား၊ ဒီလိုမဟုတ်ဘူး၊ ဖြစ်စဉ်တစ်ခုကို သိတဲ့သဘောကို ပြောပြတာ၊ ကဲ ကောင်းပြီ ရှေ့က ကြားတွေ ဝင်မလာခင် ပစ္စပ္ပန်။

အဲဒါကို ကြည့်ပြီးတော့ ရှုပြီဆိုတဲ့အခါမှာ ဖြစ်တာလည်း မြင်တယ်၊ ပျက်သွားတာလည်း မြင်တယ်၊ အဲဒီခဏလေး အခိုက်ကလေးတွေ အခိုက်ကလေးတွေကို မြင်သွားတယ်၊ ဖြစ်ခိုက်ကလေးကိုလည်း မြင်လိုက်တယ်၊ ပျက်ခိုက်ကိုလည်း မြင်သွားတယ်၊ ဖြစ်ခိုက်မှာ စိတ်ကတစ်ခု၊ ပျက်ခိုက်မြင်တာက စိတ်တစ်ခု၊ နှစ်ခုနော်၊ ဖြစ်ခိုက်မြင်ပြီးတော့ ဖြစ်ခြင်းနှင့်အတူတကွ သိလိုက်တဲ့စိတ်လည်း ချုပ်သွားတယ်၊ ပျက်ခိုက်ကို မြင်ပြီးတော့ ပျက်ခြင်းနှင့်အတူတကွ သိလိုက်တဲ့စိတ်ကလည်း ချုပ်သွားတယ်၊ သူ့အခိုက်အတန့် အခိုက်အတန့် သိတဲ့စိတ်နဲ့ အစုံလိုက်အစုံလိုက် ပျက်သွားတာနော်၊ ကျန်နေရစ်တာ မဟုတ်ဘူး၊ သိတဲ့စိတ်လေးက တန်းကျန်နေရစ်တာမျိုး မဟုတ်ဘူး။

ရုပ်တရားတွေဖြစ်တဲ့အခါမှာ သူက ဖြစ်ခိုက်ကလေးတွေ သိသိသိသိပြီးတော့ ခဏအနေနဲ့ အကုန်လုံးသိသွားတာ ကွဲကွဲပြားပြားသိပြီဆိုတဲ့အခါကျတော့ အဲဒါကို ဖြစ်ခိုက်ကလေးတွေ သိတယ်၊ ပျက်ခိုက်ကလေးတွေ ခဏလေးအတိုင်း ထိုးထွင်း၍ သိနိုင်လာပြီ၊ ဖြစ်တိုင်းဖြစ်တိုင်း ခဏတိုင်းခဏတိုင်းကို သိလာနိုင်တယ်ဆိုတဲ့ ဒီစွမ်းအားတစ်ခု ရလာပြီဆိုရင် သူက ဖြစ်ခိုက်တိုင်း ဖြစ်ခိုက်တိုင်း လိုက်သိနေတဲ့အခါကျတော့ သူက ဘာဖြစ်လာတုန်းဆို ဖြစ်ခိုက်တိုင်း သိနေသည့်အတွက်ကြောင့် သူ့စိတ်ဟာ တခြားအာရုံ
စာမျက်နှာ-၁၃၅
ဘက် ရောက်မသွားဘူး၊ ဖြစ်မှုပျက်မှုဆိုတဲ့ ဒီခဏလေးပေါ်မှာပဲ ရောက်နေသည့်အတွက်ကြောင့် ဒါကို ခဏိကသမာဓိလို့ ခေါ်တယ်။

ခဏိကသမာဓိဆိုတာ ခဏလေးဖြစ်ပြီး ပျက်သွားတာကို ပြောတာ မဟုတ်ဘူး၊ ခဏအခိုက်ကလေးတွေ အခိုက်ကလေးတွေကို သိလိုက်တဲ့အခါ အခိုက်ပေါင်းများစွာ သိလိုက်တဲ့အခါ အများကြီးဖြစ်သွားတယ်၊ စွမ်းအားတွေ ပြည့်သွားတယ်၊ ဒါကို ခဏိကသမာဓိလို့ ပြောတာနော်၊ ခဏိကသမာဓိအယူအဆကလည်း အများမျိုးရှိတယ်၊ စာပေထဲကို ကြည့်လိုက်လို့ရှိရင် ဝါထင်ရှားတယ်၊ ဖြစ်တဲ့အခိုက်ကလေးကို သိတယ်၊ အဲဒီသိတဲ့အခိုက်ပေါင်းကလည်း ဖြစ်ခိုက်တစ်ရာရှိရင် သိခိုက်လည်း တစ်ရာရှိသွားမယ်နော်၊ တစ်ရာလုံးလုံး စဉ်ဆက်မပြတ် သိတယ်၊ သမာဓိရသွားတယ်ဆိုရင် ဒါ ခဏိကသမာဓိပဲ၊ တစ်ရာဆိုတော့ အားရှိပြီပေါ့၊ တစ်ကြိမ်တည်း သိတာ ပြောတာ မဟုတ်ဘူး၊ ခဏိကသမာဓိဆိုတာ ခဏလေးသိလိုက်ပြီး နောက်ပျောက်သွားတာ၊ ဒါမျိုး ပြောတာ မဟုတ်ဘူးနော်၊ အာရုံကလည်း ဖြစ်တဲ့အခိုက်ကလေး၊ သိတဲ့စိတ်ကလည်း အခိုက်ကလေး၊ ဒီအခိုက်ပေါင်း မြောက်မြားစွာဖြစ်သွားတဲ့အခါကျတော့ ရာထောင်ချီသွားတဲ့အခါကျတော့ ဒါ သမာဓိစွမ်းအားဟာ ဒလစပ်ဖြစ်လာသည့်အတွက်ကြောင့် ခဏိကသမာဓိဆိုတာလည်း စွမ်းအားပြည့်တဲ့သမာဓိတစ်ခု ဖြစ်လာတယ်။

ဒါကြောင့်မို့လို့ ဝိပဿနာအားထုတ်လို့ရှိရင် ဥပစာရသမာဓိ မရှိချင်နေ၊ အပ္ပနာသမာဓိမရှိချင်နေ (ဥပစာရသမာဓိဆိုတာ ဈာန်နားကပ်နေတဲ့သမာဓိကို ပြောတာ၊ အပ္ပနာသမာဓိဆိုတာ ဈာန်သမာဓိကို ပြောတာ) အဲဒီ ဥပစာရသမာဓိ အပ္ပနာသမာဓိ မရှိချင်
စာမျက်နှာ-၁၃၆
နေ၊ အခိုက်ပေါင်း မြောက်များစွာကို စဉ်ဆက်မပြတ်အာရုံလေးပေါ်မှာ စိုက်ကျတဲ့ခဏိကသမာဓိ ရှိပြီဆိုရင် ဝိပဿနာဖြစ်တယ်၊ အဲဒီလောက်မှ မကြာဘူး၊ အဲဒီသမာဓိမျိုးမှ မရှိဘူးဆိုရင် ဝိပဿနာမဖြစ်ဘူးတဲ့။

စာပေကျမ်းဂန်အထောက်အထား ရှိသလားဆိုတော့ ရှိတယ်၊ “န ဟိ ခဏိကသမာဓိ ဝိနာ ဝိပဿနာ နာမ သမ္ဘဝတိ”တဲ့၊ ထိုထိုဋီကာတွေမှာ ဝိသုဒ္ဓိမဂ်မဟာဋီကာတို့ တခြားဋီကာတွေမှာ ဒီလိုပဲ ရေးထားတာနော်၊ “ခဏိကသမာဓိ ဝိနာ - ခဏိကသမာဓိမပါဘဲတဲ့၊ ဝိပဿနာ နာမ န သမ္ဘဝတိ - ဝိပဿနာ မဖြစ်ဘူးတဲ့၊ အနည်းဆုံးတော့ ခဏိကသမာဓိရှိရင် ဝိပဿနာဖြစ်တယ်။ ခဏိကသမာဓိမှ မရှိဘူးဆိုရင် ဝိပဿနာမဖြစ်ဘူး”လို့ ပြောတာ။

သမာဓိကို တချို့ကျမ်းတွေမှာ ၃-မျိုး ပြတယ်၊ အဘိဓမ္မတ္ထသင်္ဂဟကျမ်းကျတော့ “ဥပစာရသမာဓိ အပ္ပနာသမာဓိဝသေန ဒုဝိဓော ပိ သမာဓိ စိတ္တဝိသုဒ္ဓိ နာမ” ဆိုပြီးတော့ သမာဓိနှစ်ခုတည်းပဲ ပြတယ်၊ ဥပစာရသမာဓိ အပ္ပနာသမာဓိနှစ်ခုကို စိတ္တဝိသုဒ္ဓိလို့ ဒီလိုပြောတာ ဒါကြောင့်မို့လို့ ခဏိကသမာဓိက အသိနည်းနေတာ၊ သို့သော် အဋ္ဌသာလိနီအဋ္ဌကထာမှာကျတော့ သမာဓိ ၃-မျိုး ပြတယ်၊ ခဏိကသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိလို့ ပြထားတယ်။

ခဏိကသမာဓိဆိုတာ ဝိပဿနာသက်သက်အတွက်၊ ဝိပဿနာကျင့်တဲ့ပုဂ္ဂိုလ်သက်သက်ဟာ ခဏိကသမာဓိ အနည်းဆုံး ရှိရမယ်၊ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဈာန်တရားကို ရှေးဦးစွာ အားထုတ်တဲ့အခါ ဥပစာရသမာဓိကနေပြီး ဝိပဿနာကူးလို့ရတယ်။
စာမျက်နှာ-၁၃၇
အပ္ပနာသမာဓိကနေ ဝိပဿနာကူးလို့ရတယ်၊ ဥပစာရသမာဓိလည်း မရစေဘူး၊ အပ္ပနာသမာဓိလည်း မရဘူး၊ ဝိပဿနာသက်သက်ကူးမယ်ဆိုရင် ခဏိကသမာဓိ ဖြစ်ရမယ်၊ ဒီလိုဆိုလိုတာ နော်၊ အဲဒီခဏိကသမာဓိစွမ်းအားနဲ့ ဝိပဿနာဖြစ်သွားရင် ဘာတွေလာတုန်းဆို ဖြစ်တဲ့အခိုက်တွေ မြင်လာတယ်၊ ပျက်သွားတဲ့အခိုက်တွေ မြင်လာတယ်၊ သူ့အခိုက်လေးနဲ့သူ မြင်လာတဲ့အခါ သမာဓိတွေဟာ ဒလစပ်ဖြစ်လာပြီဆိုရင် စွမ်းအားပြည့်သွားတယ်၊ အဲဒါကြောင့်မို့လို့ ဥဒယဗ္ဗယဉာဏ်ရှေ့ပိုင်း နုသေးရင် စွမ်းအားမပြည့်ဘူး၊ ရင့်လာတဲ့အခါကျတော့ စွမ်းအားပြည့်လာတယ်။

အဲဒီတော့ ဝိပဿနာနုနေတဲ့အချိန်ပိုင်းမှာ ဝိပဿနုပက္ကိလေသ ၁၀-ပါးဆိုတာ အလင်းရောင်တွေ ပေါ်လာတာတို့ သမာဓိတွေ ကောင်းလာတာတို့ ချမ်းသာမှုတွေ ဖြစ်လာတာတို့ ဉာဏ်တွေထွက်လာတာတို့၊ သတိတွေ ပိုကောင်းလာတာတို့ဆိုတဲ့ အခြေအနေအမျိုးမျိုး ဖြစ်လာတဲ့အခါမှာ တရားအားထုတ်တဲ့ပုဂ္ဂိုလ်က သူ့ကိုယ်သူ တရားထူးတရားမြတ်လို့ ထင်သွားပြီး အဲဒီနေရာလေးနဲ့ ကျေနပ်သွားရင် လမ်းရပ်သွားတယ်၊ ရှေ့မတိုးတော့ဘူး၊ အဲဒါကြောင့်မို့လို့ ဝိပဿနုပက္ကိလေသလို့ ခေါ်တယ်၊ အလင်းရောင်ကို သာယာလိုက်တယ်ဆိုရင် ရှေ့မတိုးတော့ဘူး၊ ပြီးရော၊ ဒါတွေက ဝိပဿနာစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့အခြေအနေအရပ်တွေသာ ဖြစ်တယ်၊ ကိုယ်သွားရမယ့်လမ်း မဆုံးသေးဘူး၊ ဘာနဲ့တူတုန်းဆိုရင်

တောအုပ်ကြီးကို ဖြတ်သန်းသွားတဲ့အခါမှာ ရွာမရောက်ခင် လမ်းမှာ ကျတ်တွေ ဖန်တီးထားတဲ့ရွာကို ရွာရောက်ပြီလို့ ထင်ပြီးတော့ ဒီနာ
စာမျက်နှာ-၁၃၈
တင် ရပ်တဲ့လူဟာ ဘီလူးအစားခံရသလိုပဲပေါ့။ အဲဒီနေရာတင်ပဲ သံသရာပြန်လည်သွားမှာပဲနော်၊ ရှေ့မတိုးနိုင်ဘူး။

အဲဒီတော့ ဒါတွေက ထင်ယောင်မြင်ယောင် ဖန်ဆင်းထားတဲ့အရာတွေသာ ဖြစ်တယ်၊ အစစ်အမှန် မဟုတ်သေးဘူး၊ အစစ်အမှန် ရှေ့မှာ ရှိတယ်လို့ ဒါကလမ်း, ဒါက လမ်းမဟုတ်ဘူး၊ ငါသွားတဲ့လမ်း မဟုတ်သေးဘူး၊ ဒါက လမ်းမှားဖြစ်နေတယ်၊ ဒါကမှ လမ်းမှန်ဆိုပြီးတော့ ဒါတွေကို ဂရုမစိုက်ဘဲနဲ့ ရှေ့ဆက်သွားလိုက်ပြီဆိုရင် ရင့်သန်ထက်မြက်တဲ့ ဥဒယဗ္ဗယဉာဏ်တစ်ခု ရလာတယ်၊ ရလာတော့ အဲဒီကနေ ဆက်ပြီးသွားတဲ့အခါမှာကျတော့ ဘင်္ဂဉာဏ်ဆိုတာ ဖြစ်လာတယ်၊ ဖြစ်တာပျက်တာထဲကနေပြီးတော့ မြန်လွန်းအားကြီးတာ၊ သတိတွေကလည်း သိပ်ကောင်းလာတယ်၊ ပညာကလည်း သိပ်ကောင်းလာတယ်၊ သမာဓိစွမ်းဆောင်မှုတွေကလည်း ထက်လာတယ်ဆိုတဲ့အခါ ပျက်မှုတွေကို ဒလစပ်သိလာတယ်၊ ဒလစပ်သိလာတဲ့အခါ ဘင်္ဂဉာဏ်ဆိုတဲ့အဆင့် ရောက်သွားတယ်၊ အဲဒီတော့ ဘင်္ဂဉာဏ်ရောက်သွားပြီဆိုကတည်းက “ဘင်္ဂါ နာမ အနိစ္စတာယ ပရမာကောဋိ”တဲ့၊ ဒါ နောက်ဆုံးအဆင့်ပဲ၊ အနိစ္စရဲ့ နောက်ဆုံးအဆင့်ပဲ၊ အပျက်တွေချည်းပဲ မြင်တာ ဖြစ်တာတောင် မမြင်တော့ဘူး၊ ဒီလိုဆိုလိုတာ၊ ဘင်္ဂဉာဏ်ရသွားပြီဆိုတာ ဘင်္ဂဉာဏ်ရသွားလို့ရှိရင် အနိစ္စလက္ခဏာ အထွဋ်အထိပ် ရောက်သွားပြီလို့ ပြောလို့ရတယ်နော်၊ အနိစ္စမြင်ရင် ဒုက္ခမြင်တယ်၊ အနတ္တမြင်တယ်၊ ဒါက ဆက်စပ်နေတယ်၊ “ယဒနိစ္စံ တံ ဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ” မြတ်စွာဘုရားက အနိစ္စဖြစ်လို့ရှိရင် ဒုက္ခပဲ၊ ဒုက္ခ
စာမျက်နှာ-၁၃၉
ဖြစ်တဲ့အရာဟာ အနတ္တပဲလို့ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးတော့ သိလို့ရတယ်။

ကဲ ကောင်းပြီ၊ အဲဒီလို ဘင်္ဂဉာဏ်ရောက်သွားပြီဆိုတဲ့အခါမှာ ရင့်သန်တဲ့ဝိပဿနာဉာဏ်ဖြစ်သည့်အတွက်ကြောင့် နောက်ပိုင်းလာတဲ့ ဝိပဿနာဉာဏ်တွေကျတော့ သင်္ခါရတွေအပေါ်မှာ ရှုမြင်သုံးသပ်မှုလေးတွေပဲ ကွဲသွားတယ်၊ အနိစ္စ ဒုက္ခ မဟုတ်တော့ဘဲ ရှုမြင်သုံးသပ်မှုတွေ ကွဲလာတယ်၊ ဘယ်လိုကွဲလာတုန်းဆိုတဲ့အခါ ဒလစပ်ဖြစ်နေတဲ့ ရုပ်တွေနာမ်တွေကို နောက်ဆုံးမှာ အပျက်တွေချည်းပဲ မြင်လာတဲ့အခါကျတော့ ဘာဖြစ်တုန်းဆို ကြောက်စရာကောင်းလိုက်တာပါလားလို့ သိလာတယ်၊ သင်္ခါရတရားတွေပေါ်မှာ သူမြင်ပုံက နဂိုတုန်းက ဖြစ်တာပျက်တာပဲ မြင်တယ်လေ၊ ကြောက်စရာကောင်းမှန်း သူမသိဘူးနော်၊ နောက်ကျတော့ ကြောက်စရာကောင်းလိုက်တာပါလားလို့ မြင်လာလို့ရှိရင် ဘယဉာဏ်ဖြစ်သွားပြီး ကြောက်စရာကောင်းတော့ ဘေးရန်တွေ အင်မတန်များလှချည်လားလို့ သိတဲ့အခါ အာဒီနဝဉာဏ်၊ သာယာစရာဆိုတာ တစ်ခုမှ ရှာမတွေ့ပါလား၊ ပေါ်လာလိုက် ပျောက်သွားလိုက်၊ ချက်ချင်းပျက်နေတာတွေဆိုတော့ ဒီပေါ်မှာ ကျေနပ်စရာ ဝမ်းသာစရာ ကြည်နူးစရာတစ်ခုမှ ရှာမတွေ့ဘူး၊ ဒါ နိဗ္ဗိဒါဉာဏ်၊ ကျေနပ်မှုတွေ ဘာမှမရဘူး။

နိဗ္ဗိဒါဉာဏ် ဖြစ်လာတဲ့အခါ အသိဉာဏ်က အဆင့်ဆင့်မြင့်လာတယ်၊ ငြီးငွေ့စရာတွေ ဖြစ်လာတယ်၊ ငြီးငွေ့စရာတွေ ဖြစ်လာတဲ့အခါကျတော့ လောကလူတွေဟာ ငြီးငွေ့လာပြီဆိုရင် မထားချင်
စာမျက်နှာ-၁၄၀
တော့ဘူးလေ၊ ကိုယ့်အိမ်တောင်မှ ပစ္စည်းတစ်ခု အသုံးမဝင်တော့ဘူးဆိုရင် ဘာလုပ်တုန်း၊ အမှိုက်ပုံးထဲ ထည့်တယ်၊ ငြီးငွေ့လာပြီဆိုတော့ ဟုတ်ကဲ့လား၊ မလိုချင်တော့ဘူးဆို ပစ်တာပဲလေ၊ အခုလည်း ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေဟာ ကြောက်စရာကြီးတွေပဲ အပြစ်တွေပဲ၊ သာယာစရာတစ်ခုမှ အကောင်းတစ်ခုမှ မရှိတော့ဘူးဆိုရင် ပစ်ဖို့ ကြိုးစားလာတယ်၊ ဒါ လွတ်ချင်လာတယ်၊ မုဉ္စိတုကမျတာဉာဏ် (မုဉ္စိတုကမျတာဉာဏ်)၊

လွတ်ချင်လာလို့ လွတ်ရာလွတ်ကြောင်း ရှာကြံလာတယ်၊ ဘယ်လိုလုပ်ရင် လွတ်မလဲလို့ စဉ်းစားတာ ပဋိသင်္ခါဉာဏ်၊ သင်္ခါရတရားတွေအပေါ် နောက်ဆုံးမှာ ဖြစ်မှုပျက်မှုနဲ့ ဒီသင်္ခါရတရားတွေရဲ့သဘာဝဟာ ဒီအတိုင်းပဲလို့ မြင်တဲ့အခါ ခုနတုန်းကလို ကြောက်စရာကြီးလို့လည်း မတွေးတော့ဘူး၊ အန္တရာယ်ကြီးလို့လည်း မတွေးတော့ဘူး၊ ငြီးငွေ့စရာကောင်းလိုက်တာလို့လည်း မတွေးတော့ဘူး၊ သင်္ခါရတရားကို စူးစမ်းတဲ့ကိစ္စမှာ လျစ်လျူရှုတဲ့သဘော ဖြစ်လာတဲ့အခါ သင်္ခါရုပေက္ခာဉာဏ် ဖြစ်သွားတယ်၊ အဲဒီသင်္ခါရတွေပေါ်မှာ အသိဉာဏ်ရင့်သန်လာတဲ့အခါ ဂရုမစိုက်တော့ဘူး၊ ဂရုမစိုက်တော့ဘဲနဲ့ သင်္ခါရဆုံးရာ သင်္ခါရတွေအားလုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ရှာကြံလာတဲ့ အသိဉာဏ်မျိုးတစ်ခု ဖြစ်လာပြီဆိုတဲ့အခါကျရင် ဒါ ဝိပဿနာဉာဏ်ထဲမှာ အထွဋ်အထိပ်ဖြစ်တဲ့ သင်္ခါရုပေက္ခာဉာဏ်လို့ ခေါ်တယ်၊ အဲဒီသင်္ခါရုပေက္ခာဉာဏ် ရင့်သန်လာပြီဆိုတဲ့အခါမှာ နောက်ဆုံးမှာ အနုလောမဉာဏ်ဆိုတဲ့ ပေါင်းကူးတံတားလေးတစ်ခု ပေါ်လာတယ်။

ဒီသင်္ခါရုပေက္ခာဉာဏ်ကိုပဲ အနုလောမဉာဏ် ကူးတော့မယ်ဆိုရင် ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း ဖြစ်နေတယ်၊ သင်္ခါရုပေက္ခာဉာဏ်က remain လုပ်နေတာ ဒီဘက်ကမ်းမှာပဲ ရှိနေတာနော်၊
စာမျက်နှာ-၁၄၁
သင်္ခါရတွေ ရှိနေတာ ဒီဘက်ကမ်း၊ သင်္ခါရတွေ လုံးဝငြိမ်းသွားတာ ဟိုဘက်ကမ်းလို့ သူ့စိတ်ထဲမှာ ခွဲခြားပြီးတော့ မြင်လာတယ်၊ ဟိုဘက်ကမ်းကူးဖို့ရာအတွက် တံတားလိုလာတယ်၊ အဲဒီကူးဖို့ရာအတွက် တံတားအနေနဲ့ ဘာဝင်လာတုန်းဆိုတော့ ဒီသင်္ခါရတရားတွေကိုပဲ ရှုရင်းရှုရင်းနဲ့ ဘာဖြစ်လာတုန်းဆိုတော့ အနုလောမဉာဏ်ဆိုတာ ပေါ်လာတယ်၊ ပေါ်လာတဲ့အခါမှာ ဒီအနုလောမဉာဏ်ရလာလို့ရှိရင် ဒီဉာဏ်က နောက်မဆုတ်တော့ဘူး၊ ဂေါတြဘူဆိုတဲ့စိတ်က ဟိုဘက်ကမ်းကို မြင်ရပြီ နိဗ္ဗာန်ကို မြင်ရပြီလို့ ဆိုလိုတာ၊ အဲဒီဂေါတြဘူက မှတ်ချက်ပေးလိုက်တာ - “သင်္ခါရတွေ ချုပ်တဲ့နေရာဆိုတာ ရှိတယ်”ဆိုတဲ့ မှတ်ချက်ကလေး၊ point out လုပ်တာပေါ့၊ pointer လို ပြလိုက်တာ၊ ပြလိုက်တာနဲ့တစ်ပြိုင်နက် ဂေါတြဘူလည်း ချုပ်သွားရော ဘာပေါ်လာတုန်းဆိုတော့ ဟိုဘက်ကမ်းနဲ့တူတဲ့ မဂ်စိတ် လောကုတ္တရာပေါ်လာတယ် ဝိပဿနာဉာဏ်ရဲ့ အရှိန်အဝါနဲ့ မဂ်စိတ်ပေါ်လိုက်တာနဲ့တစ်ပြိုင်နက် ဟိုဘက်ကမ်းကို ဖြတ်ကန်ရောက်သွားသလို ဖြစ်သွားတာပေါ့၊ အဲဒီအချိန်လေးမှာ ပယ်စရာရှိတဲ့ ကိလေသာတွေကို ပယ်သွားတယ်။

သောတာပန်ဖြစ်ရင် ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပယ်တယ်၊ သကဒါဂါမ်ဖြစ်လို့ရှိရင် ကာမရာဂနဲ့ ဗျာပါဒတွေ အားပျော့သွားအောင် လုပ်တယ်၊ အနာဂါမ်ဖြစ်ရင် ကာမရာဂနဲ့ ဗျာပါဒကို လုံးဝဖယ်ရှားပစ်လိုက်တယ်၊ ရဟန္တာဖြစ်ရင် ကျန်တဲ့ကိလေသာတွေအားလုံးကို ဖယ်ရှားပစ်လိုက်တယ်၊ အဲဒီလို ကိလေသာတွေကို လေးခါဖယ်လိုက်တဲ့အခါ အရဟတ္တမဂ်ဆိုတဲ့ နောက်ဆုံးအဆင့်ကို ရောက်သွားပြီဆိုရင် နောက်ထပ်ဖယ်စရာ ကိလေသာ မရှိတော့ဘူးတဲ့။
စာမျက်နှာ-၁၄၂
အဲဒီမှာ ခုနက ဝိပဿနာရှုနေတာကို သလ္လက္ခဏာလို့ ခေါ်တယ်၊ ဝိပဿနာဉာဏ်ရင့်သန်ပြီးတော့ ဂေါတြဘူက အချက်ပြလိုက်လို့ ဟိုဘက်ကမ်းကို ရောက်သွားတာ၊ သင်္ခါရတွေကို ဖယ်ပြီးလို့ သင်္ခါရတွေကို တွန်းပစ်လိုက်ပြီးတော့ သင်္ခါရချုပ်တဲ့နိဗ္ဗာန်ကို ကူးသွားတာကျတော့ ဝိဝဋ္ဋလို့ ခေါ်တယ်၊ အဲဒါက မဂ်စိတ်ပေါ်လာတာ၊ အဲဒီလို မဂ်စိတ်ပေါ်လာပြီးတဲ့နောက် မဂ်စိတ်က ချက်ချင်းအကျိုးကို ထုတ်လိုက်တာ၊ အဲဒါကျတော့ ဖလသမာပတ္တိတဲ့၊ စင်ကြယ်တဲ့ ဖိုလ်တရား ပေါ်လာခြင်း ဖြစ်တယ်။ ပေါ်လာပြီးပြီဆိုတဲ့အခါမှာ ပြန်စဉ်းစားတယ်၊ ပြန်စဉ်းစားခြင်း ပြန်ပြီးစဉ်းစားလိုက်တာကျတော့ ပစ္စဝေက္ခဏာဉာဏ်လို့ ခေါ်တယ်၊ အဲဒါကို ကျင့်စဉ်လေးတစ်ခုအနေနဲ့ အဋ္ဌကထာက ပြတယ်၊ ပဋိပဿနာ ပြန်စဉ်းစားတာ၊ ကိုယ်လာခဲ့တဲ့လမ်းကို ပြန်တွေးတာ၊ အဲဒါကို ပစ္စဝေက္ခဏာဉာဏ်လို့ ခေါ်တယ်။

ဒီနည်းနဲ့ပဲ သင်္ခါရတရားတွေကို လွန်မြောက်တယ်၊ အာနာပါနဿတိကို အခြေခံပြီး ကျင့်တဲ့အခါမှာ ပထမစတုက္ကတဆုံးမှာ ဒီပုံစံနဲ့ သွားတယ်လို့ - ဒါက အာနာပါနဿတိသုတ္တန်အဋ္ဌကထာက ရှင်းပြတဲ့အချက်နဲ့အညီ ကမ္မဋ္ဌာန်းတရား လက်တွေ့အားထုတ်ပုံကို ပြောပြတာ ဖြစ်တယ်ပေါ့နော်၊ စာတွေ့အနေနဲ့ ပထမ သင်ကြားမှတ်သားကြရတယ်၊ သင်ကြားမှတ်သားပြီးတဲ့အခါမှာ ကိုယ်ကိုယ်တိုင် လက်တွေ့ဖြစ်အောင် ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်။

စာတွေ့ရှိတာကို တချို့ကလည်း “စာခံတယ်”လို့ ပြောကြတယ်၊ စာခံတာ မဟုတ်ပါဘူး၊ ရှင်အာနန္ဒာလောက် စာတတ်တာ ဘယ်ရှိမလဲ၊ ရှင်အာနန္ဒာစာခံရဲ့လား၊ စာခံတာ မဟုတ်ဘူး၊ စာဉာဏ်
စာမျက်နှာ-၁၄၃
ရှိတဲ့အခါမှ မှားတယ် မှန်တယ်ဆိုတာ သိတာ၊ နို့မို့ဆိုရင် အမှားကြီးကို အမှန်ထင်နေတယ်၊ ဟိုလူပြော ခေါင်းငြိမ့်လိုက် ဒီလူပြော ခေါင်းငြိမ့်လိုက်၊ ပုတ်သင်ညိုဖြစ်မှန်းမသိ ဖြစ်နေတယ်၊ အဲဒီတော့ ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုး၊ ဟိုတရားက ကောင်းတယ်၊ ဒီတရားက မကောင်းဘူးနဲ့၊ အဲဒီလိုတွေ ဆရာအမျိုးမျိုးကို ခေါင်းမော့ပြီး တမော့မော့နဲ့ ဆရာရှာနေရတဲ့ဒုက္ခက ပုထုဇဉ်တွေရဲ့ ဒုက္ခပဲ၊ အဲဒီတော့ ကိုယ်ကိုယ်တိုင်သိမှ၊ သိအောင်ဆိုတာက လုပ်မှသိကာလေ၊ ကလေးတွေတောင် ကျောင်းနေရတယ်၊ ကျူရှင်တက်ရတယ်၊ သိအောင် လုပ်ရတာလေ၊ အဲဒီတော့ ဒါလည်းပဲ သိအောင်လုပ်ရတယ်၊ သိအောင်လုပ်မှ အမှန်ဆိုတာ ပေါ်လာနိုင်တယ်။

ဒါကြောင့်မို့လို့ အမှန်သိတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ကိုယ်ဟုတ်တာလည်း သိတယ်၊ ကိုယ်မဟုတ်တာလည်း သိတယ်၊ စာဖတ်ထားလို့ရှိရင် ကိုယ်ဟုတ်တာ သိတယ်၊ ကိုယ်မဟုတ်တာ သိတယ်၊ ဘယ်ကလာ ခံစရာရှိမှာတုန်းနော်၊ ဒါက စာမတတ်တဲ့သူတွေပြောတဲ့စကား ဖြစ်နေတယ်၊ အဲဒါပြောတာ၊ စာခံတယ် စာခံတယ်ဆိုတာ စာမတတ်တဲ့သူတွေ ပြောတာ၊ သူတို့ကလည်း ဥပမာပေးတော်တော်ကောင်းတယ်၊ ပေါဋ္ဌိလရဟန်း စာဘယ်လောက်တတ်တတ် ဘုရားကတုစ္ဆလို့ခေါ်တယ်တို့၊ ဒါငယ်ငယ်တုန်းက ကြားဖူးတာတွေ ပြောတာပါ၊ ခုခေတ်တော့ အဲဒီလို မပြောကြတော့ပါဘူး။

တရားအားထုတ်တဲ့လူက တရားအားမထုတ်တဲ့လူကို အပုတ်ချ၊ ဒါမျိုးတော့ မပြောထိုက်ဘူးပေါ့နော်၊ ကိုယ့်အဆင့်နဲ့ကိုယ် လုပ်နေကြတာ၊ စာသင်တဲ့ပုဂ္ဂိုလ်ကလည်း သင်ရတယ်၊ စာကလည်း
စာမျက်နှာ-၁၄၄
အရေးကြီးတယ်၊ သင်ကြားမှုတွေ အရေးကြီးတယ်၊ သင်ကြားမှုမရှိရင် ဒီနည်းစနစ်တွေ ပျောက်သွားရင် ဘယ်လိုလုပ်သိပါမလဲ။ မသိနိုင်ဘူး၊ ရွှေတိဂုံဘုရားကို လူတိုင်းတက်ပြီး နေကြတယ် မဟုတ်လား၊ လူတိုင်းဖူးနေတာ၊ ကဲ ရွှေတိဂုံဘုရားမှာ တောက်တဲ့ရုပ် ဘယ်နားမှာလဲ၊ သိတဲ့လူများရဲ့လား၊ နည်းသလား၊ ရွှေတိဂုံမှာ တောက်တဲ့ရုပ်ရှိတာကို သမိုင်းဖတ်ထားတဲ့လူမှ သိတယ်၊ ရွှေတိဂုံရဲ့ လျှို့ဝှက်ချက် ထူးဆန်းအံ့သြဖွယ်ရာက စာဖတ်ထားတဲ့သူသာ သိတယ်၊ ဘုရားကို နေ့စဉ်တက်ရှိခိုးနေတဲ့လူ မသိဘူး၊ အဲဒါမျိုးလိုပဲ၊ စာသင်တဲ့လူက ပိုသိတယ်လို့ ဒီလိုပြောချင်တာ၊

ရန်ကုန်မြို့မှာ နေပေမယ်လို့ ရန်ကုန်မြို့အကြောင်း သိချင်မှ သိတာလေ၊ သမိုင်းကြောင်းကို ဖတ်ထားတဲ့ပုဂ္ဂိုလ်က ပိုသိတယ်၊ အဲဒါမျိုးလိုပဲ ပိဋကတ်သင်ထားတဲ့ပုဂ္ဂိုလ်က ပိုသိတယ်လို့ ဒီလိုပြောတာနော်၊ မြတ်စွာဘုရားက ပေါဋ္ဌိလရဟန်းကြီးကို တုစ္ဆပေါဋ္ဌိလလို့ခေါ်တာက သူက သူစာတတ်တာကို အထင်ကြီးနေလို့ မြတ်စွာဘုရားက သူ့အတွက် ပြောတာ၊ စာတတ်လို့ ရှုတ်ချတာ မဟုတ်ဘူး၊ လုပ်သင့်တာကို မလုပ်လို့ ရှုတ်ချတာ၊ အဲဒါကိုလည်း သိထားဦး၊ သူလုပ်ရမယ့်အလုပ်ကို မလုပ်ဘူး၊ လုပ်ရမယ့်အလုပ်ကို မလုပ်လို့ “တုစ္ဆ - မင်း အလကားလူပဲ၊ ကိုယ်လုပ်ရမယ့်ဟာပြီးမှ မပြီးသေးဘဲ အလုပ်တစ်ခုခု တန်းလန်းကြီးထားလိုက်လို့ရှိရင် အပြစ်တင်ကြမှာပဲပေါ့။ အလုပ်တစ်ခုပြီးအောင်တောင် မလုပ်ဘူးဆိုလို့ရှိရင် အပြစ်တင်ခံရမှာပဲပေါ့၊ ဒါက အပြစ်တင်တယ်ဆိုတာ အဲဒီသဘောနဲ့ အပြစ်တင်တာ။
စာမျက်နှာ-၁၄၅
မြတ်စွာဘုရားက စာတတ်လို့ ပေါဋ္ဌိလကို ရှုတ်ချတာ မဟုတ်ဘူး၊ ဒီလိုပြောမှ ပေါဋ္ဌိလက သဘောပေါက်မှာမို့ အဲဒီလို ပြောတာ၊ ကျန်တဲ့နေရာတွေမှာ ကြည့်၊ မြတ်စွာဘုရားက ရဟန်းတော်တွေကို ချီးမွမ်းတဲ့အခါမှာ နံပါတ်တစ် ကိုယ်ကျင့်သီလ ရှိတယ်၊ နံပါတ်နှစ် ဗဟုသုတရှိတယ်၊ ဟော ဗဟုသုတရှိတဲ့ပုဂ္ဂိုလ်က သုတဗုဒ္ဓ၊ ဒီလိုတောင် ဟောခဲ့တာ။

ဒါကြောင့်မို့လို့ စကားလုံးလေးတစ်ခုတည်းနဲ့ အဓိပ္ပါယ်အစစ်အမှန်ကို မယူတတ်လို့ရှိရင် အတော်ဒုက္ခရောက်တယ်နော်၊ Interpretation problem လို့ ခေါ်တယ်၊ ဘာသာပြန်တဲ့အမှားတွေ၊ ကောက်ယူချက်လွဲမှားမှုတွေ၊ ဒါမျိုးတွေက မရှိသင့်ဘူးပေါ့။ အေး ဒီကိစ္စမှာ တတ်တာရဲ့ အပြစ်မဟုတ်ဘူး၊ မလုပ်တာရဲ့အပြစ်၊ အဲဒီ မလုပ်တဲ့အပြစ်ကို တတ်တဲ့အပြစ်လို့ထင်ပြီး မတတ်အောင် လုပ်ရင် ပိုမဆိုးပေဘူးလား၊ ပိုဆိုးမှာပေါ့၊ နဂိုကမှ အသုံးမကျဘူးလို့ ပြောခံရတာ စာမတတ် ပိုအသုံးမကျဖြစ်တော့မှာပေါ့။ ဒီလိုဆိုလိုတာနော်၊ အဲဒါကို လွဲလွဲမှားမှား မဖြစ်စေဖို့ အင်မတန်မှ အရေးကြီးတယ်ပေါ့။

အဲဒီမှာ ဒီလို ဝိပဿနာဉာဏ်အဆင့်ဆင့်နဲ့ ကျင့်လိုက်တဲ့အခါမှာ နောက်ဆုံးမှာ ဉာဏ်စဉ်တွေ အဆင့်ဆင့်တက်သွားပြီးတော့ အရဟတ္တမဂ် အရဟတ္တဖိုလ်ထိ ရောက်သွားပြီဆိုရင် ဒါ အာနာပါနကျင့်စဉ်တစ်ခုရဲ့ အကျိုးအမြတ်တွေ ပြည့်ပြည့်ဝဝရတယ်လို့ မြတ်စွာဘုရားက ပထမစတုက္ကအနေနဲ့ ဒီလိုဟောခဲ့တာ၊ အခြေခံနားလည်လို့ရှိရင် ကျန်တဲ့ဟာတွေက သိပ်ပြီးမခဲယဉ်းတော့ဘူး၊ ပုံစံချင်းတူတယ်၊ အဲဒီတော့ ဒုတိယစတုက္က တတိယစတုက္က စတုတ္ထ
စာမျက်နှာ-၁၄၆
စတုက္ကလို့ဆိုတဲ့ ကျန်တဲ့ ၁၂-ခုကို နောက်ရက်များမှာ ဆက်ဟောမယ်၊ အာနာပါနဿတိကျင့်စဉ်ကို ကျင့်ခြင်းဖြင့် သတိပဋ္ဌာန် ၄-ပါး ကျင့်ပြီး ဖြစ်သွားပုံ၊ သတိပဋ္ဌာန် ၄-ပါး ကျင့်ခြင်းဖြင့် ဗောဇ္ဈင် ၇-ပါး ပါဝင်သွားပုံ၊ ဗောဇ္ဈင် ၇-ပါး ကျင့်ခြင်းဖြင့် ဝိဇ္ဇာဝိမုတ္တိဆိုတဲ့ မဂ်ဖိုလ်ရပုံ ဒီကနေ့တင်ပဲ ဒီထဲမှာ သဘောအားဖြင့်တော့ ပါသွားပြီ၊ မဂ်ဖိုလ်ရတာ ဒီလမ်းကြောင်းနဲ့ပဲ သွားတာပဲ။

သို့သော် မြတ်စွာဘုရားရဲ့ ဒေသနာအစဉ်အတိုင်း မနက်ဖြန်ကျတော့မှ အပြီးသတ်ကို ဟောပေးမှာ ဖြစ်တယ်၊ ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ အာနာပါနဿတိသုတ်လာ ကျင့်စဉ်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမှာ ဖြစ်တယ်၊ ထိုသို့ ကျင့်ကြံကြိုးကုတ် အားထုတ်မှသာလျှင် မှန်ကန်တဲ့လမ်းစဉ်အရ မှန်ကန်တဲ့ကျင့်စဉ်နဲ့ ကျင့်ကြံကြိုးကုတ်အားထုတ်ခြင်းဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို တို့တတွေ မျက်မှောက်ပြုကြရမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု
စာမျက်နှာ-၁၄၇
အာနာပါနဿတိသုတ်အနှစ်ချုပ်
အပိုင်း(၅)
သာသနာတော်နှစ် ၂၅၄၅-ခု၊ သက္ကရာဇ် ၁၃၆၃-ခုနှစ်၊ တပို့တွဲလဆန်း ၅-ရက်၊ ၂၀၀၁၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်းရပ်ကွက်၊ ကျွန်းကုန်း၊ သမိဒ္ဓေါဒယ သုခိတာရာမ၊ ဒေါ်ဉာဏစာရီ မြန်အောင်သီလရှင်စာသင်တိုက်အတွင်းရှိ ဓမ္မသဘင်ခန်းမအတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မပူဇာ ဓမ္မသဘင်၌ မင်္ဂလာတောင်ညွန့်နယ် မင်္ဂလာဈေး အန္တရာယ်ကင်းပါစေရန်နှင့် မိဘဘိုးဘွားဆွေမျိုးများအား ရည်စူး၍ ဒေါ်လှခင်မိသားစု၊ ကိုကျော်စန်း ဆေးဆိုင်၊ (၄၀) ဇေယျသုခလမ်းနေ မေတ္တာသောမိသားစုအား အမှူးထား၍ ဦးညွန့်လှိုင် + ဒေါ်အုန်းမြင့်မိသားစု၊ စမ်းချောင်းမြို့နယ် အမှတ် (၁-ခ) သဇင်လမ်း ပန်းလှိုင်အဆင့်မြင့်အိမ်ရာနေ နှစ်ဘက်မိဘများအား အမှူးထား၍ ဦးမောင်မောင်သန်းထွန်း + ဒေါ်ခင်မာရီ၊ သမီး မသန်းသန်းထွန်း၊ အမှတ် (၅) ပန်းတနော်လမ်းနေ ဒေါ်တင်တင်အေးနှင့် ဓမ္မမိတ်ဆွေများ၊ အမှတ် (၅) ပန်းတနော်လမ်းနေ ဖခင်ကြီးဦးဖေအား ရည်စူး၍ ဇနီးဒေါ်အေး၊ သား ကိုသိန်းဝင်း + မသီတာမြင့်၊ ဖိနပ်နှင့် ဇင်ယော်နီဖိနပ်ဆိုင်၊ အမှတ် (၃၅) ပန်းတနော်လမ်းနေ ဦးဘဖေ + ဒေါ်အေးမိသားစုတို့၏ အပရာဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

စတုက္က ၄-ခုနဲ့ အာနာပါနကမ္မဋ္ဌာန်းအားထုတ်နည်းကို ပြည့်ပြည့်စုံစုံ ဒီသုတ်မှာ ဟောကြားပြီးတော့ ထားခဲ့တာ ကမ္မဋ္ဌာန်း စတင်အားထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက် ပထမစတုက္က ၄-ခုကို ဟော-
စာမျက်နှာ-၁၄၈
ကြားပြီး ဒီပထမစတုက္ကနဲ့ အာနာပါနဿတိသမာဓိကို အခြေခံလို့ ဈာန်တရားများ ရပြီးတဲ့နောက်မှာ ဝိပဿနာဘက်ကူးပြောင်းလို့ မဂ်ဖိုလ် နိဗ္ဗာန် ရသည့်တိုင်အောင် နည်းစနစ်တွေကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဟောပြောပြီး ဖြစ်တယ်၊ ကမ္မဋ္ဌာန်း သဘောနဲ့ပတ်သက်ပြီး ဒီနည်းဟာ ပြီးပြည့်စုံတယ်လို့ ပြောလို့ရတယ်၊ ဈာန်ရပြီးတဲ့ပုဂ္ဂိုလ်တွေ အာနာပါနကမ္မဋ္ဌာန်းနဲ့ ပတ်သက်ပြီး ဆက်လက်အားထုတ်လို့ ရအောင် ဒုတိယစတုက္က၊ တတိယစတုက္က၊ စတုတ္ထစတုက္ကဆိုတဲ့ ကျန်တဲ့စတုက္က ၃-မျိုးကို မြတ်စွာဘုရားက ဆက်ပြီး ဟောတယ်၊ အဲဒီစတုက္က ၃-မျိုးကတော့ ဈာန်ရပြီးမှ အားထုတ်ရတဲ့ ကမ္မဋ္ဌာန်းလို့ ဒီလိုမှတ်ရမယ်၊ ဈာန်မရသေးတဲ့ပုဂ္ဂိုလ်တွေ အားထုတ်ဖို့အတွက်ကတော့ ပထမစတုက္ကနဲ့ပဲ ပြီးပြည့်စုံသွားပြီ။
ဒုတိယစတုက္က
ဈာန်ရပုဂ္ဂိုလ်တွေအတွက် ဒုတိယစတုက္ကနဲ့ အာနာပါနကို ဘယ်လိုအားထုတ်မလဲဆိုတာကို ဆက်ပြီးတော့ ရှင်းလင်းဖော်ပြတယ်၊ ဒီအာနာပါနကမ္မဋ္ဌာန်းအားထုတ်ခြင်းဖြင့် ကြီးမြတ်သော အကျိုးကျေးဇူးတွေကို ရရှိနိုင်တယ်၊ အဲဒီတော့ ဈာန်ရတဲ့ပုဂ္ဂိုလ်မှာ ပထမဈာန်ရတာ ရှိတယ်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် ရတာ ရှိတယ်၊ တစ်ဦးနဲ့တစ်ဦး မတူညီတဲ့အခြေအနေတွေကို ကြည့်ပြီး မြတ်စွာဘုရားက ပြည့်ပြည့်စုံစုံ ဟောကြားပြတာ။

အဲဒီတော့ ဒုတိယစတုက္ကမှာ အဓိက အာနာပါနနဲ့ တွဲဖက်ပြီးတော့၊ အာနာပါနလုပ်ငန်းနဲ့ ဆက်သွယ်ပြီး၊ အာနာပါနအာရုံနဲ့ တွဲဖက်လာတဲ့အာရုံတွေ ဖြစ်ပေါ်လာတယ်၊ အာနာပါနနဲ့ ဆက်စပ်နေ-
စာမျက်နှာ-၁၄၉
လို့ အာနာပါနဿတိကမ္မဋ္ဌာန်းလို့ မြတ်စွာဘုရားက နာမည်ပေးတဲ့ သဘောရှိတယ်၊ သို့သော် တကယ်ကျတော့ အာနာပါနနဲ့ ဆက်စပ်နေပေမယ့်လို့ တကယ့်အာရုံကျတော့ အာနာပါနမဟုတ်ဘူး၊ ရှုမှတ်ပုံက ဝိပဿနာလမ်းကြောင်းဘက် တက်သွားတယ်၊ ထွက်လေဝင်လေမဟုတ်ဘဲ ထွက်လေဝင်လေနဲ့ ဆက်သွယ်နေတဲ့ စိတ်အခြေအနေတွေကို ရှုမှတ်သွားတဲ့သဘောကို ဖော်ပြတယ်။ ။

အဲဒီတော့ ဒုတိယစတုက္က ၄-မျိုးမှာ ပထမအချက်က ဘာတုန်းဆိုလို့ရှိရင် “ပီတိ ပဋိသံဝေဒီ” တဲ့၊ လူတွေရဲ့စိတ်ထဲမှာ နှစ်ခြိုက်ကြည်နူးမှုဆိုတာ ရှိတယ်၊ အာနာပါနအားထုတ်လို့ ဈာန်ရပြီးတဲ့အခါ စိတ်ထဲမှာ နှစ်ခြိုက်မှုပီတိဆိုတာတွေကို သိရှိလာတယ်၊ အဲဒီပီတိတရားကိုပဲ အခြေခံထားပြီး ဝိပဿနာကျင့်စဉ်ကို ကျင့်သွားတာ၊ အဲဒါကို “ပီတိ ပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ”၊ ပီတိကို ထင်ရှားအောင် သိပြီး ဝင်သက်ကို ဖြစ်စေမယ်၊ ထွက်သက်ကို ဖြစ်စေမယ်လို့ ကြိုးစားအားထုတ်ပါလို့ ဒီလိုဆိုလိုတာ။

ထို့အတူပဲ နောက်တစ်ခုက သုခ၊ ပီတိနဲ့ သုခက တွဲဖက်နေတာ များတယ်၊ ပီတိရှိတဲ့နေရာတိုင်း သုခရှိတယ်၊ ဒါကြောင့်မို့ ဒုတိယကျတော့ “သုခ ပဋိသံဝေဒီ”၊ သုခကို ထင်ထင်ရှားရှား သိပြီး ဝင်သက်ကို ဖြစ်စေတယ်၊ ထွက်သက်ကို ဖြစ်စေမယ်လို့ ကြိုးစားအားထုတ်ရမယ်၊ အဲဒီတော့ ဒီနေရာမှာ အဓိကရှုတာတော့ ပီတိနဲ့ သုခကို အဓိကထားတဲ့သဘော ရှိတယ်။ ။

နောက်တတိယကျတော့ ဘာတုန်းဆို “စိတ္တသင်္ခါရ ပဋိသံဝေဒီ”၊ စိတ္တသင်္ခါရဆိုတာ ဘာကို ပြောတာတုန်းဆိုတော့ သညာနဲ့ ဝေဒနာ- ဒီစေတသိက်နှစ်ခုနဲ့ ဝိတက် ဝိစာရက ကြွင်းတဲ့-
စာမျက်နှာ-၁၅၀
ကျန်တဲ့စေတသိက်တွေကို စိတ္တသင်္ခါရ (စိတ်ကို ဖန်တီးနေတဲ့တရားတွေ)လို့ ခေါ်တယ်၊ ဒါတွေတော့ မှတ်သားရမယ်ပေါ့၊ စိတ္တသင်္ခါရ - စိတ်ကို ပြုပြင်ပေးတဲ့တရားဆိုတာ သညာရယ် ဝေဒနာရယ် အချို့သော စေတသိက်တရားတွေကို ခေါ်တာ။

အဲဒီထဲက စိတ်ကိုပြုပြင်ဖန်တီးနေတဲ့ သညာကိုပဲဖြစ်စေ ဝေဒနာကိုပဲဖြစ်စေ သညာနဲ့ယှဉ်တဲ့ဝေဒနာကိုပဲဖြစ်စေ ထင်ထင်ရှားရှားသိပြီးတော့ ထွက်လေဝင်လေနဲ့ သွားနေတယ်ဆိုလို့ရှိရင် ဒါဟာ “စိတ္တသင်္ခါရ ပဋိသံဝေဒီ” ဒုတိယစတုက္ကရဲ့ တတိယကမ္မဋ္ဌာန်း ရှုပုံ ဖြစ်တယ်။

နောက်တစ်ခါ ဒုတိယစတုက္ကရဲ့ စတုတ္ထကျတော့ ဘာတုန်းဆို “ပဿမ္ဘယံ စိတ္တသင်္ခါရံ”၊ စိတ္တသင်္ခါရလို့ဆိုတဲ့ သညာ ဝေဒနာနဲ့ စေတသိက်တွေ တဖြည်းဖြည်း ငြင်သာသွားအောင် သမာဓိစွမ်းအားတွေကို မြှင့်မြှင့်ပြီးတော့ သွားတာ၊ ကြမ်းတမ်းတဲ့သညာ ကြမ်းတမ်းတဲ့ဝေဒနာတွေ မပေါ်လွင်စေဘဲ တဖြည်းဖြည်း သိမ်မွေ့သွားတဲ့အနေအထားမျိုးရောက်အောင် ကျင့်ကြံကြိုးကုတ်အားထုတ်သွားတာလို့ ဆိုလိုတယ်။

အဲဒီတော့ အခု ဒီမှာကြည့်မယ်ဆိုလို့ရှိရင် ဝေဒနာနုပဿနာနဲ့ ဆက်စပ်ပြီးတော့ ဒုတိယစတုက္ကကို မြတ်စွာဘုရားက ဟောတာ သတိပဋ္ဌာန် ၄-ပါးထဲမှာ ဝေဒနာနုပဿနာနဲ့ ဆက်သွယ်တာ၊ ဒါကြောင့်မို့ ဝေဒနာနဲ့ အနီးကပ်ရှိနေတဲ့သဘာဝတရားတွေက ပီတိတဲ့၊ သုခတဲ့၊ နောက် စိတ္တသင်္ခါရတဲ့၊ ဒါလည်း သညာနဲ့ယှဉ်တဲ့ ဝေဒနာပါတာပဲ၊ အဲဒီတော့ ဒီနေရာမှာ အဓိကတရားက ၃-ခုပဲ။ ပီတိရယ် သုခရယ် စိတ္တသင်္ခါရရယ်။
စာမျက်နှာ-၁၅၁
အဲဒီတော့ ဒုတိယစတုက္ကက ဈာန်ရပြီးမှ အာနာပါနဿတိကမ္မဋ္ဌာန်းနဲ့ ဆက်လက်ပြီးတော့ ရှုတဲ့နည်းစနစ်ကို ပြောတာ၊ ဒီတော့ သမထကျင့်စဉ်နဲ့လည်း ဆိုင်တယ်၊ ဝိပဿနာကျင့်စဉ်နဲ့လည်း ဆိုင်တယ်။

ဆိုပါစို့ - ပီတိလို့ဆိုတဲ့နေရာမှာ ဈာန်ရပြီးမှ အားထုတ်တာ ဖြစ်သောကြောင့် ဈာန်စိတ်တွေထဲမှာ ပီတိပါတဲ့ဈာန်တွေက ဘယ်ဈာန်တွေတုန်းဆိုလို့ရှိရင် ပထမဈာန်မှာ ပီတိပါတယ်၊ ဒုတိယဈာန်မှာ ပီတိပါတယ်၊ ဒီဈာန်နှစ်ခု၊ ဒီဈာန်နှစ်ခုဟာ ပီတိပါတဲ့ဈာန်နှစ်ခု၊ တတိယဈာန်နဲ့ စတုတ္ထဈာန်ကျတော့ ပီတိမပါဘူး၊ အဲဒီတော့ ပထမဈာန်နဲ့ ဒုတိယဈာန် ရထားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ဈာန်စိတ်တွေနဲ့ ဒိဋ္ဌဓမ္မသုခဝိဟာရကို ခံစားတယ်၊ ထိုဈာန်က ထလိုက်တဲ့အခါ မိမိသန္တာန်မှာဖြစ်လာတဲ့ ပီတိဆိုတဲ့သဘာဝတရားကို အာရုံပြုတယ်၊ ပီတိကို အာရုံပြုပြီး သမာဓိထူထောင်ပြန်တာပေါ့၊ ပီတိကို အာရုံပြုပြီး သမထကျင့်စဉ်နဲ့ သမာဓိရအောင် ကြိုးစားပြန်တယ်၊ အဲဒါဟာ သမထကျင့်စဉ်အနေနဲ့ ဈာန်ထဲမှာပါတဲ့ပီတိကို ထင်ထင်ရှားရှားသိပြီး ထွက်လေဝင်လေရှုမှတ်နေတဲ့သဘော။

နောက်တစ်ခါ ဝိပဿနာအနေနဲ့ကျတော့ အဲဒီပီတိကို အာရုံအနေအားဖြင့် သိတယ်၊ ပီတိရဲ့ သဘာဝကို ရှုမြင်သုံးသပ်တာ၊ ပီတိရဲ့သဘာဝဆိုတာ သပ္ပီတိလက္ခဏာ၊ စိတ်ထဲမှာ ကျေနပ်နေတဲ့အနေအထားရှိတဲ့ သဘာဝတရား၊ အဲဒီသဘာဝကို ရှုမှတ်ရင်းကနေပြီး ဒီပီတိရဲ့ ဖြစ်လာတဲ့သဘော ပျက်သွားတဲ့သဘော၊ ခယဝသ၊ ချုပ်သွားပုံ ပျက်စီးသွားပုံ ဒါတွေကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်သုံးသပ်တယ်၊ ထွက်လေဝင်လေနဲ့ ပီတိရဲ့ဖြစ်မှု-
စာမျက်နှာ-၁၅၂
ပျက်မှုကို ရှုမြင်သုံးသပ်ပြီးသွားတာကို ပီတိ ပဋိသံဝေဒီလို့ ပြောတာ။

ဒီတော့ ဆိုလိုတာက ဒီဈာန်ရပြီးတဲ့အခါ ပီတိပါတဲ့ဈာန်တွေကနေ ထပြီးတော့ အဲဒီပီတိကို အာရုံပြုတာ (သို့မဟုတ်) ပီတိရဲ့သဘာဝလက္ခဏာကို ရှုတာ၊ အဲဒီလို ရှုပြီးတော့ သွားတာ၊ ထွက်လေဝင်လေကတော့ ရှိနေမှာပဲလေ ကမ္မဋ္ဌာန်းအားထုတ်တဲ့အခါမှာလည်း ရှိနေမှာပေါ့၊ အဲဒီတော့ ထွက်လေဝင်လေကို အခြေခံပြီး ရထားတဲ့ ဈာန်တရားကနေ ပီတိကို ပြောင်းပြီး ပီတိနဲ့ သဘာဝတရားတွေကို ထင်ရှားအောင် ရှုတဲ့ ရှုနည်းစနစ်တစ်ခုကို မြတ်စွာဘုရားက ဒီမှာ ပေးထားတာ၊ ပီတိကို ရှုခြင်းအားဖြင့် ပီတိနဲ့ အလွန်နီးတဲ့ ခံစားမှုဝေဒနာကိုလည်း ရှုပြီးသား ဖြစ်သောကြောင့် ဝေဒနာနုပဿနာလို့ အလျော်အားဖြင့် ဝေဒနာထဲမှာပဲ ထည့်ပြီး ဟောခြင်း ဖြစ်တယ်။

နောက်တစ်ခုကျတော့ သုခ ပဋိသံဝေဒီ တဲ့၊ သုခဖြစ်နိုင်တဲ့ဈာန်က ဘယ်နှစ်ခုတုန်းလို့ဆိုတော့ ပထမဈာန်မှာ သုခရှိတယ်၊ ဝိဝေကဇ ပီတိသုခ၊ ဒုတိယဈာန်မှာ သုခ ရှိတယ်၊ သမာဓိဇ ပီတိသုခ၊ ပထမဈာန်က နီဝရဏတွေ ကင်းကွာသွားခြင်းကြောင့် ရလာတဲ့ ပီတိသုခ၊ ဒုတိယဈာန်ကျတော့ သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ ပီတိသုခ၊ နောက် တတိယဈာန်ကျတော့ နိပ္ပီတိကသုခ၊ ပီတိမပါတဲ့သုခ-ဆိုတော့ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန် ဒီ ၃-ခုမှာရှိတဲ့ သုခဝေဒနာကို အာရုံပြုတယ်၊ ထိုသုခဝေဒနာရဲ့ ဖြစ်မှုပျက်မှုကို ရှုဆင်ခြင်သုံးသပ်ပြီး ဝိပဿနာဉာဏ်ဖြစ်စေတယ်။ ဒါကို သုခ ပဋိသံဝေဒီလို့ ပြောတာနော်၊ သီးသန့်အားထုတ်တဲ့နည်းစနစ်တစ်ခု-
စာမျက်နှာ-၁၅၃
ကို ပြောတာ မဟုတ်ဘူး၊ ယောဂီပုဂ္ဂိုလ်ရဲ့ အတွေ့အကြုံသဘောမျိုးလေးတွေ မြတ်စွာဘုရားက ဟောထားတာ။

တချို့ပုဂ္ဂိုလ်တွေမှာ သုခကို ထင်ထင်ရှားရှားသိတာ ရှိတယ်၊ တချို့ပုဂ္ဂိုလ်တွေမှာ သုခကောင်းကောင်းသိပြီး သုခကို ရှုရင်းနဲ့ အသိဉာဏ်တွေ တက်သွားတာ ရှိတယ်၊ ပြည့်ပြည့်စုံစုံအားထုတ်နည်းကတော့ ပထမစတုက္ကမှာ ဟောထားတဲ့အတိုင်းပဲ အားထုတ်ရမယ်၊ ဒါက ဘာဝနာနည်းသီးသန့် ပြောတာ မဟုတ်ဘူး၊ အခုလို အတွေ့အကြုံတွေ ရှိနိုင်တာကို ဟောတာ။

နောက်တစ်ခုက ဘာတုန်းဆို စိတ္တသင်္ခါရ ပဋိသံဝေဒီ တဲ့၊ သညာတို့ ဝေဒနာတို့ဆိုတဲ့ ခုနတုန်းက သုခဝေဒနာသပ်သပ်၊ ဒီကျတော့ သုခဝေဒနာတင် မဟုတ်ဘူး။ သာမန်ဝေဒနာကို ပြောတာ၊ သညာနဲ့ယှဉ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ဝေဒနာ (သို့မဟုတ်) သညာတရား၊ အဲဒီတရားကို ရှုမှတ်ပြီးတော့ သညာရဲ့ဖြစ်မှုပျက်မှု စေတသိက်တွေရဲ့ ဖြစ်မှုပျက်မှုကို ရှုမှတ်ပြီးတော့ ဝိပဿနာဉာဏ်အဆင့်ဆင့်တက်သွားတဲ့နည်းကို စိတ္တသင်္ခါရ ပဋိသံဝေဒီ လို့ ခေါ်တယ်။

နောက် စတုတ္ထမြောက်ကျတော့ ပဿမ္ဘယံ စိတ္တသင်္ခါရံ၊ စိတ္တသင်္ခါရတွေဟာ ဖြစ်လာကာစအချိန်မှာ ဖြစ်မှုဟာ အင်မတန်မှ သိသာတယ်၊ သိသာတာကိုပင် ကြမ်းတမ်းတယ်လို့ ပြောလို့ရတယ်။ နောက် တဖြည်းဖြည်းသိမ်မွေ့သွားတယ်၊ သမာဓိစွမ်းအားတွေ မြှင့်လိုက်တဲ့အခါ သိမ်မွေ့သည်ထက် သိမ်မွေ့သွားတယ်၊ စိတ္တသင်္ခါရ စိတ်ရဲ့ လှုပ်ရှားမှုလေးတွေဟာ သိမ်မွေ့သည်ထက် သိမ်မွေ့သွားအောင်၊ သိမ်မွေ့သမျှတွေ ပျောက်မသွားဘဲ အသိဉာဏ်ထဲမှာ ရှင်း-
စာမျက်နှာ-၁၅၄
ရှင်းလင်းလင်းသိပြီး ရှုနိုင်အောင် ဝိပဿနာဉာဏ်မြင့်တက်သွားပုံကို ပြောတာတဲ့၊ ဒါလည်း ဒုတိယစတုက္ကအနေနဲ့ ဝေဒနာကို ဦးစားပေးပြီးတော့ ဝေဒနာနုပဿနာအနေနဲ့ ဟောတာ။
တတိယစတုက္က
တစ်ခါ တတိယစတုက္က (၃-ခုမြောက်လေးစု)၊ အဲဒါကျတော့ ဘာကို ရှုမှတ်တာတုန်းဆိုတော့ စိတ္တ ပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ စိတ္တလို့ဆိုတာ ဘယ်စိတ်ကို ပြောတာတုန်းဆိုတော့ ဈာန်ရပြီးမှ အားထုတ်တာ ဖြစ်သောကြောင့် ဈာန်စိတ်ကို ပြောတာ၊ ဈာန်ဝင်စားပြီး ဈာန်ကထတဲ့အခါ ခုနကလို ပီတိကို မကြည့်ဘူး၊ သုခကို မကြည့်ဘူး၊ ဘာကို ကြည့်တုန်း၊ ဈာန်စိတ်ကို ကြည့်တယ်၊ အဲဒီဈာန်စိတ်ကို ထင်ထင်ရှားရှားသိပြီးတော့ ဈာန်စိတ်ကို ရှုမှတ်ရင်းကနေပြီးတော့ ဝိပဿနာဉာဏ်အဆင့်ဆင့်တက်သွားပုံကို ဟောတာ ဖြစ်တယ်။

နောက်တစ်ခုကျတော့ ဘာတုန်းဆိုရင် အဘိပ္ပမောဒယံ စိတ္တံ၊ ထွက်လေဝင်လေ ဖြစ်တဲ့အခါမှာ ဝင်သက်ကို ရှုလိုက်တဲ့အခါမှာ ထွက်သက်ကို ထုတ်တဲ့အခါမှာ မိမိရဲ့စိတ်ကို ရွှင်လန်းသွားအောင်၊ လန်းဆန်းတက်ကြွလာအောင် လန်းဆန်းတက်ကြွမှုတွေနဲ့ ဆက်စပ်ပြီးတော့ ထိုစိတ်ကို ရွှင်လန်းတက်ကြွစေပြီး အာနာပါနအာရုံနဲ့ သွားတာ၊ ရွှင်လန်းတက်ကြွစေတယ်ဆိုတာ ပီတိကို ဖြစ်စေတာ၊ ပီတိဖြစ်လို့ရှိရင် စိတ်ဆိုတာ ရွှင်လန်းတက်ကြွသွားတာပဲ။ အဲဒီအာရုံပေါ်မှာ ကျေနပ်နှစ်သက်မှုပီတိတွေနဲ့ လွှမ်းခြုံထားပြီးတော့ စိတ်ကို ရွှင်လန်းတက်ကြွစေပြီး (သို့မဟုတ်) ပီတိနဲ့ဈာန်ကို-
စာမျက်နှာ-၁၅၅
ဝင်စားပြီးတဲ့အခါမှာ စိတ်စွမ်းအားတက်လာတဲ့အခါမှ ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်တာကို အဘိပ္ပမောဒယံ စိတ္တံ လို့ ဟောတာ၊ စိတ်ကို ရွှင်လန်းတက်ကြွစေပြီး အသက်ရှူသွင်းထုတ်လုပ်တယ်။

နောက်တစ်ခုကျတော့ ဘာတုန်းဆိုတော့ သမာဓဟံ စိတ္တံ၊ စိတ်ကို အာရုံတစ်ခုတည်းပေါ်မှာ ငြိမ်ငြိမ်ထားပြီး ကြိုးစားအားထုတ်တာ၊ ငြိမ်ငြိမ်ထားတယ်ဆိုတာ သမာဓိ၊ ဘာနဲ့ထားတုန်းဆိုတော့ သမထနဲ့ထားရင်လည်း ငြိမ်ငြိမ်ထားတယ်လို့ ခေါ်တယ်၊ သမထအာရုံပေါ်မှာ စိတ်ကို တည်ဆောက်ထားရင်လည်း စိတ်ကို တည်ငြိမ်စွာထားတယ်လို့ ဆိုတယ်၊ စိတ်ရဲ့ကုန်ခမ်းခြင်း ပျက်စီးခြင်းကို အခိုက်အတန့်လေးတွေ ခဏလေးတွေမှာ ဝိပဿနာရှုမှတ်နေတဲ့အချိန်မှာ စိတ်ဟာ ငြိမ်နေတာပဲ၊ ဒါဟာ စိတ်ကို လက္ခဏာပေါ်မှာ ကောင်းစွာတင်ထားတာ ဖြစ်တယ်၊ သဘာဝတရားရဲ့ လက္ခဏာ (သို့မဟုတ်) သာမညလက္ခဏာ (အနိစ္စ ဒုက္ခ အနတ္တ) ဆိုတဲ့ ဒီလက္ခဏာတစ်မျိုးမျိုးပေါ်မှာ စိတ်ကို ကောင်းစွာထားခြင်း၊ သမာဓိရအောင် ကြိုးစားအားထုတ်ခြင်းပဲ၊ ဒါကို ခဏိကသမာဓိလို့ ခေါ်တယ်၊ ဖြစ်ပျက်နေတဲ့သဘောတရားပေါ်မှာ စိတ်ကို စိုက်ထားပြီးတော့ ဝင်သက်ကို ဖြစ်စေတယ်၊ ထွက်သက်ကို ဖြစ်စေတယ်၊ ဒါက ကမ္မဋ္ဌာန်းအားထုတ်တဲ့ပုဂ္ဂိုလ်တွေမှာ အမျိုးမျိုးတွေ့ကြုံမှုတွေ ရှိနိုင်တာကို မြတ်စွာဘုရားက ဟောသွားတာ၊ ဒီပုံစံနဲ့လည်းပဲ အသိဉာဏ်တွေ ဖြစ်ပေါ်သွားတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။

နောက်တစ်ခုကတော့ ဘာတုန်းဆိုရင် ဝိမောစယံ စိတ္တံ၊ စိတ်ကို လွတ်မြောက်စေတယ်၊ စိတ်ကို လွတ်မြောက်စေတယ်ဆိုတာ-
စာမျက်နှာ-၁၅၆
အခြေအနေတစ်ခုကနေ အခြေအနေတစ်ခုသို့ တိုးတက်သွားအောင် လုပ်တာ၊ ရှုရင်းထုတ်ရင်းကနေပြီးတော့ စိတ်ဟာ အခြေအနေတစ်ခုကို တက်စေခြင်း ဖြစ်တယ်။

ဆိုပါစို့ - ပထမဈာန်ရလိုက်ပြီဆိုတာနဲ့ ဘယ်ကနေ လွတ်မြောက်သွားတုန်းဆိုတော့ နီဝရဏတရားတွေက လွတ်သွားတယ်၊ သမထကျင့်စဉ်မှာ ပထမဈာန်ရလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ကို ဆို့ပိတ်ထားတတ်တဲ့ နီဝရဏတရားတွေက လွတ်ထွက်သွားတယ်၊ ဒါ လွတ်မြောက်သွားခြင်း ဖြစ်တယ်။

ဒုတိယဈာန်ရလိုက်တာနဲ့ တစ်ပြိုင်နက် ဝိတက် ဝိစာရဆိုတဲ့ အတွေးအကြံတွေကနေ လွတ်မြောက်သွားတယ်၊ တတိယဈာန်ရလိုက်တာနဲ့ ပီတိကနေ လွတ်မြောက်သွားတယ်၊ စတုတ္ထဈာန်ရလိုက်တာနဲ့ သုခဆိုတာကနေ လွတ်မြောက်သွားတယ်၊ ဟော တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဈာန်အင်္ဂါတွေကို လွတ်မြောက်သွားအောင် ကြိုးစားအားထုတ်တာ။

ဘယ်လိုလုပ် ကြိုးစားအားထုတ်တာတုန်းဆိုတော့ သမာဓိစွမ်းအားတွေ မြှင့်လိုက်တာပဲ၊ သမာဓိစွမ်းအားတွေ မြှင့်ပြီးတော့ ကိုယ်မလိုချင်တဲ့ သဘာဝတရားရဲ့ အပြစ်တွေကို ရှုဆင်ခြင်ပြီး သမာဓိစွမ်းအားကို မြှင့်လိုက်တဲ့အခါမှာ တစ်ဆင့်ချင်း တစ်ဆင့်ချင်း သမာဓိစွမ်းအားတွေဟာ ကောင်းသည်ထက်ကောင်းသွားတယ်၊ ကောင်းသည်ထက်ကောင်းသွားတယ်ဆိုတော့ အနှောင့်အယှက်ကလေးတွေက လွတ်မြောက်သွားတယ်၊ ဒီလိုဆိုလိုတာ။

ပထမဆုံးဈာန်မရခင်က လူတွေရဲ့စိတ်ထဲမှာ ဘာက နှောင့်ယှက်တုန်း၊ နီဝရဏတွေက နှောင့်ယှက်နေတယ်၊ လိုချင်တာတွေ-
စာမျက်နှာ-၁၅၇
မုန်းတီးတာတွေ အိပ်ငိုက်တာတွေနော်၊ စိတ်တွန့်ဆုတ်တာတွေ၊ စိတ်မပါတာ၊ စိတ်မဝင်စားတာ၊ စိတ်ပျံ့လွင့်တာ၊ စိတ်ပူတာ၊ သံသယဖြစ်တာဆိုတဲ့ ဒီသဘာဝတရားတွေက စိတ်ကို နှောင့်ယှက်နေတယ်၊ အဲဒီနှောင့်ယှက်နေတဲ့တရားတွေက လွတ်ထွက်သွားတယ်ဆိုတာ အဲဒီလိုဆိုလိုတာ။

အဲဒီတော့ သမာဓိစွမ်းအားမြှင့်လိုက်လို့ရှိရင် ကြံတွေးစရာ ဝိတက်၊ ထိန်းပေးထားတဲ့ ကြံစည်မှု ဝိစာရ ဒါတွေ မလိုတော့ဘူး၊ မလိုတော့ဘဲနဲ့ သမာဓိစွမ်းအားနဲ့ ရပ်တည်နိုင်သွားပြီ၊ နောက်တစ်ခါ ပီတိဆိုတဲ့ နှစ်သက်ကျေနပ်မှုဟာ သမာဓိကို အနှောင့်အယှက်ဖြစ်တာ ဖြစ်သောကြောင့် ပီတိကိုလည်းပဲ လွန်မြောက်အောင်လုပ်တော့ သုခနဲ့ သမာဓိနဲ့ နေတာ။

နောက် စတုတ္ထဈာန်ရောက်တဲ့အခါမှာ သုခကိုပါ ကျော်လွှားလိုက်တဲ့အခါ ဥပေက္ခာနဲ့ ဧကဂ္ဂတာ၊ ဒီနှစ်ခုနဲ့ ရပ်တည်သွားတယ်၊ ဒါက သမထအနေနဲ့ ဝိမောစယံ စိတ္တံ - စိတ်ကို လွတ်မြောက်စေပြီး ကျင့်သွားတယ်ဆိုတဲ့အဓိပ္ပါယ်၊ ဒါက သမထကျင့်စဉ်နဲ့ ဆိုင်တယ်။

တစ်ခါ ဝိပဿနာကျတော့ ဘယ်လိုလုပ်ပြီးတော့ စိတ်ကို လွတ်မြောက်စေတုန်းဆိုရင် စိတ်ဟာ သင်္ခါရတရားတွေကို မရှုမှတ်ခင်တုန်းက ဘာဖြစ်လဲဆို - မြဲတယ်လို့ ထင်နေတာ၊ မနေ့ကလည်း ငါပဲ၊ ဒီနေ့လည်း ငါပဲ၊ ဟိုနှစ်ကလည်း ငါပဲ၊ ငါ့စိတ်ဟာ ရှိနေတာပဲ။ ဒီလိုပဲ ထင်နေတာ၊ ဒလစပ် ရှိနေတယ်လို့ပဲ ထင်နေတာ၊ ဝိပဿနာရှုမှတ်တဲ့အခါကျတော့ အဲဒီ နိစ္စ မြဲနေတယ်လို့ ထင်တဲ့အမြင်က လွတ်ထွက်သွားတယ် မမြဲဘူးဆိုတာ သိတာနဲ့ တစ်ပြိုင်နက် မြဲတယ်ဆိုတဲ့အထင်က လွတ်သွားတယ်၊ တစ်သံသရာလုံး ကိုယ့်ကိုယ်ကို-
စာမျက်နှာ-၁၅၈
ခန္ဓာငါးပါးနဲ့ပတ်သက်ပြီး သုခလို့ ထင်မှတ်လာတဲ့အထင်ကြီးဟာ ဒုက္ခကို ကျကျနနမြင်လိုက်တဲ့အခါ မဟုတ်ဘူးဆိုတာ သိလာတယ်၊ သုခဆိုတဲ့ အမှတ်သညာတစ်ခုက လွတ်ထွက်သွားပြန်တယ်။

တစ်သံသရာလုံး ဘာဖြစ်ဖြစ် ကိုယ်လုပ်ရင် ရတယ်၊ ကိုယ့်အလိုအတိုင်း ဖြစ်တယ်လို့ ထင်လာတဲ့ အတ္တသညာကြီးဟာလည်းပဲ အနတ္တလို့ မြင်လိုက်တဲ့အချိန်မှာ လွတ်ထွက်သွားပြန်တယ်ပေါ့၊ ဒီလိုလွတ်မြောက်သွားတာကို ဆိုလိုတယ်ပေါ့။

သင်္ခါရတရားတွေဟာ ငြီးငွေ့စရာကောင်းတယ်လို့ မြင်လိုက်တာနဲ့ တစ်ပြိုင်နက် နှစ်သက်စရာကောင်းတယ်ဆိုတဲ့ အတွေးကနေ လွတ်ထွက်သွားပြန်တယ်၊ ဒီလိုဆိုလိုတာနော်။

အဲဒီလို ဝိပဿနာအနေနဲ့ကလည်းပဲ စိတ်ကလေးဟာ လွတ်မြောက်သွားတယ်၊ နဂိုထင်မှတ်မှုတွေကနေ လွတ်ကင်းလွတ်ကင်းပြီးတော့ သွားတာ၊ အဲဒါကို ပြောတာ၊ ဝိမောစယံ စိတ္တံ၊ မိမိရဲ့စိတ်ကလေးကို လွတ်မြောက်စေတယ်၊ တစ်ဆင့်ချင်း တစ်ဆင့်ချင်း လွတ်မြောက်အောင် လုပ်သွားတာ၊ သမထနည်းနဲ့ လွတ်မြောက်အောင် လုပ်တယ်၊ ဝိပဿနာနည်းနဲ့ လွတ်မြောက်အောင် လုပ်တယ်၊ ဘာလို့လဲဆိုတော့ ဒီကမ္မဋ္ဌာန်းတွေက သမထနဲ့လည်း သက်ဆိုင်တယ်၊ ဝိပဿနာနဲ့လည်း သက်ဆိုင်တယ်၊ သမထနည်းနဲ့လည်း လွတ်မြောက်အောင် လုပ်တယ်၊ ဝိပဿနာနည်းနဲ့လည်း လွတ်မြောက်အောင် လုပ်တယ်၊ ဒီလိုနဲ့ အသိဉာဏ်တွေ တိုးတက်သွားတယ်တဲ့၊ ဒါက စိတ်နဲ့ပတ်သက်တာ ဖြစ်သောကြောင့် စိတ္တာနုပဿနာနဲ့ သက်ဆိုင်တယ်၊ ဒီတတိယစတုက္ကက စိတ္တာနုပဿနာနဲ့ သက်ဆိုင်တယ်လို့ ပြောတာ။
စာမျက်နှာ-၁၅၉

စတုတ္ထစတုက္က
နောက်ဆုံးတစ်ခုက ဘာတုန်းဆိုလို့ရှိရင် စတုတ္ထစတုက္က၊ စတုတ္ထစတုက္ကမှာ မြတ်စွာဘုရားက ဘာကိုဟောတုန်းဆိုတော့ ထွက်လေဝင်လေနဲ့ ဆက်စပ်ပြီး ဝိပဿနာသက်သက်ကျင့်ပုံကျင့်နည်းကို ဟောတယ်၊ အဲဒါက ဓမ္မာနုပဿနာနဲ့ ပတ်သက်တာ။

အဲဒီလေးချက်က ဘာတုန်းဆိုရင် နံပါတ် (၁)က အနိစ္စာနုပဿီ တဲ့၊ မမြဲတဲ့သဘောကို အထပ်ထပ်ရှုမြင်သုံးသပ်တာ၊ မမြဲတဲ့သဘောကို သာမညလက္ခဏာလို့ ဆိုတယ်၊ ရုပ်နာမ်ဓမ္မသင်္ခါရတို့ရဲ့ မမြဲတဲ့သဘောကို အဖန်ဖန်တလဲလဲ ရှုဆင်ခြင်ပြီး မမြဲတဲ့သဘောကို ထပ်တလဲလဲ ရှုမှတ်ဆင်ခြင်ပြီး ထွက်လေဝင်လေကို ဖြစ်စေတယ်။

သင်္ခါရတရားတွေဆိုတာ မမြဲဘူး၊ ခန္ဓာငါးပါးကလည်း မမြဲဘူး၊ မမြဲတဲ့ခန္ဓာငါးပါးရဲ့ မမြဲတဲ့သဘောကို ရှုတာနော်၊ သူ့ရဲ့သဘာဝ၊ အများဆိုင်သာမညလက္ခဏာလို့ဆိုတဲ့ အားလုံးတရားနဲ့သက်ဆိုင်တဲ့ အနိစ္စသဘာဝကို ရှုမြင်သုံးသပ်တာက၊ ဒါက ဝိပဿနာသက်သက် ဖြစ်သွားတယ်။

နောက်တစ်ခုက ဘာတုန်းဆို ဝိရာဂါနုပဿီ၊ ဝိရာဂဆိုတာ ကင်းပြတ်သွားတာ၊ ဖြစ်နေတဲ့ သဘာဝတရားတစ်ခုဟာ ကင်းပြတ်သွားတာ၊ ကင်းပြတ်သွားတယ်ဆိုတာ ချုပ်သွားတာ၊ ပြတ်ထွက်သွားတာ၊ ဖြစ်လာတဲ့ သဘာဝတရားရဲ့ ပြတ်ထွက်သွားတာ ၂-မျိုး ရှိတယ်၊ ခယဝိရာဂဆိုတာ သဘာဝတရားဟာ ဖြစ်လာပြီးတဲ့နောက် သူ့သဘာဝအတိုင်း ပျက်သွားတယ်၊ အဲဒါကို ခယဝိရာဂလို့ ခေါ်တယ်၊ မကုန်ဘဲ မနေဘူး၊ ဒီအတိုင်း ဘယ်တော့မှ ရပ်တည်ပြီး မနေဘူး၊ ဖြစ်ပြီးရင် ပျောက်သွားမယ်။
စာမျက်နှာ-၁၆၀
စောင်းတီးတဲ့အခါ စောင်းသံလေးပဲ ကြည့်နော်၊ တီးလိုက်တဲ့အခါမှာ အသံလေးက ပေါ်လာပြီး ပျောက်သွားတာ၊ အဲဒါ ခယဝိရာဂလို့ ခေါ်တယ်၊ သဘာဝတရားတွေမှာလည်းပဲ ဒီအတိုင်းပဲ၊ ရုပ်တရားတွေပဲဖြစ်ဖြစ် နာမ်တရားပဲဖြစ်ဖြစ် ပြတ်စဲပြတ်စဲပြီးတော့ သွားတာ၊ ဖြစ်လာပြီးတဲ့နောက်မှာ ချုပ်ပျက်သွားတယ်၊ ပြတ်စဲသွားတယ်၊ ဒါက ခယဝိရာဂ၊ သဘာဝတရားအားလုံးဟာ အခိုက်အတန့် အခိုက်အတန့် ပြတ်စဲသွားတဲ့အနေအထားတွေ ရှိတယ်။

အစ္စန္တဝိရာဂဆိုတာ တစ်ခါတည်း ပြတ်စဲတာ၊ ဒါက နိဗ္ဗာန်ကို ရည်ညွှန်းတာ၊ နိဗ္ဗာန်ရောက်သွားလို့ရှိရင် ပြန်မလာတော့ဘူး၊ ဘယ်သင်္ခါရတရားမှ နိဗ္ဗာန်နဲ့ဆက်စပ်ပြီး တည်နေတာ မရှိဘူး။ အဲဒါ ထာဝရပြတ်စဲသွားတဲ့ ပြတ်စဲမှုမျိုးလို့ အစ္စန္တဝိရာဂ၊ အဲဒီသဘောတွေကိုလည်း ရှုမှတ်ဆင်ခြင်သွားနိုင်တယ်လို့ ဒီလိုဆိုလိုတာပေါ့၊ သဘာဝတရားတွေကို ရှုရင်။

နောက်တစ်ခုကျတော့ ဘာတုန်းဆိုရင် နိရောဓာနုပဿီ၊ ခုနက ဝိရာဂဆိုတာ ပြတ်စဲသွားတာ၊ နိရောဓဆိုတာ ချုပ်ငြိမ်းသွားတာ၊ အတူတူပဲ၊ ဒီ ၂-ခုဟာ စကားကို အလဲအလှယ်သုံးတဲ့သဘောပဲ၊ ဒီမှာလည်း ခယနိရောဓ၊ အစ္စန္တနိရောဓ၊ ခယနိရောဓဆိုတာ ကုန်ခမ်းခြင်းဖြင့် ချုပ်သွားတဲ့သဘော၊ အစ္စန္တနိရောဓဆိုတာ နိဗ္ဗာန်ကို ရောက်လို့ ချုပ်သွားတဲ့သဘော၊ အဲဒီ ချုပ်သွားတဲ့သဘောတွေကို ရှုမြင်သုံးသပ်ပြီးတော့လည်း ထွက်သက်ဝင်သက်ကို ဖြစ်စေတယ်လို့ ဒီလိုဆိုတာ၊ ဒါက အာနာပါနနဲ့ ဆက်စပ်ပြီးတော့ ကျင့်နည်းတစ်ခု။
စာမျက်နှာ-၁၆၁
နောက်တစ်ခု ပဋိနိဿဂ္ဂါနုပဿီ၊ ပဋိနိဿဂ္ဂဆိုတာ စွန့်လွှတ်လိုက်တာ၊ စွန့်လွှတ်ခြင်းနဲ့ ပြေးဝင်ခြင်းလို့ နှစ်ခုရှိတယ်၊ စွန့်လွှတ်ခြင်းကို ပရိစ္စာဂလို့ ခေါ်တယ်၊ ပြေးဝင်ခြင်းကို ပက္ခန္ဒနလို့ ခေါ်တယ်၊ စွန့်လွှတ်ခြင်းနဲ့ ပြေးဝင်ခြင်း ဒီအလုပ် ၂-ခုကို လုပ်တယ်၊ ဝိပဿနာဖြစ်သည့်အတွက်ကြောင့် ဝိပဿနာဉာဏ်ဖြစ်လာတာနဲ့ တစ်ပြိုင်နက် ဘာကို စွန့်လွှတ်လိုက်တာလဲဆိုတော့ ကိလေသာတွေကို စွန့်လွှတ်လိုက်တာ၊ ဖယ်ရှားပစ်လိုက်တာ၊ ကိလေသာရဲ့အကျိုးဆက်ဖြစ်တဲ့ ခန္ဓာနှင့်တကွ အဘိသင်္ခါရဆိုတဲ့ ကံတွေနဲ့တကွ ကိလေသာတို့ကို တဒင်္ဂအားဖြင့် ဖယ်ရှားစွန့်လွှတ်လိုက်တာပဲ၊ အဲဒါကို ပရိစ္စာဂပဋိနိဿဂ္ဂလို့ ခေါ်တယ်၊ အဲဒီလို တစ်ဖက်က ကိလေသာတွေကို ဆုပ်ကိုင်မထားဘဲ ကိလေသာတွေကို ဖယ်ပစ်လိုက်ပြီး တစ်ဘက်က နိဗ္ဗာန်အာရုံထဲကို ပြေးဝင်သွားတယ်၊ အဲဒါကို ပက္ခန္ဒနပဋိနိဿဂ္ဂလို့ ခေါ်တယ်။

ဆိုလိုတာက သင်္ခါရကို စွန့်လွှတ်ပြီး သင်္ခါရချုပ်ရာ နိဗ္ဗာန်ထဲ ပြေးဝင်သွားတယ်၊ ဒီ ၂-ခု၊ ပဋိနိဿဂ္ဂရဲ့သဘောက၊ ဝိပဿနာဉာဏ်ဖြစ်လာပြီဆိုရင် တဒင်္ဂအားဖြင့် ကိလေသာကို စွန့်တယ်၊ နိဗ္ဗာန်ကို ရည်မှန်းပြီးတော့ ပြေးဝင်တယ်၊ သို့သော် နိဗ္ဗာန်ကိုရောက်အောင် မဝင်နိုင်သေးဘူး၊ ဝိပဿနာက သင်္ခါရအာရုံကို မကျော်နိုင်ဘူး၊ ဒါကြောင့်မို့ အစွမ်းမထက်သေးဘူး၊ ဘယ်ကျမှ အစွမ်းထက်တုန်းဆိုတော့ မဂ္ဂဆိုတဲ့ မဂ်စိတ်ပေါ်တဲ့အခါကျ ကိလေသာတွေကို သမုစ္ဆေဒအားဖြင့် စွန့်လွှတ်လိုက်တယ်၊ ဖယ်ရှားပစ်လိုက်ပြီး ပက္ခန္ဒန နိဗ္ဗာန်ထဲကို ပြေးဝင်သွားတယ်တဲ့။ ဒီလိုဆိုလိုတာ။
စာမျက်နှာ-၁၆၂
အဲဒီတော့ မဂ္ဂလို့ဆိုတဲ့ အဓိပ္ပါယ်ကိုက “ကိလေသေ မာရေတွာ နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ” တဲ့၊ တစ်ဖက်က ကိလေသာတွေကို ဖယ်ပစ်လိုက်ပြီးတော့ တစ်ဖက်က နိဗ္ဗာန်ထဲကို ပို့ပေးလိုက်တာ၊ ဒီအလုပ် ၂-ခု လုပ်တယ်လို့ ပြောတာ၊ မဂ္ဂဆိုတာ ဒီအလုပ် ၂-ခုကို လုပ်တာ၊ တစ်ဖက်က ကိလေသာတွေကို ရှင်းလိုက်တယ်။ တစ်ဖက်က နိဗ္ဗာန်ထဲကို ပို့လိုက်တယ်၊ ဒီသဘာဝတရားတွေကို ဒီနေရာမှာလည်းပဲ ပဋိနိဿဂ္ဂါနုပဿီလို့ဆိုတာ၊ ဒီသဘောကို ဆင်ခြင်စဉ်းစားပြီး ရှုမှတ်၍ ဝိပဿနာဉာဏ်ဖြစ်သွားတာ၊ ဒါက ဝိပဿနာဉာဏ် အဆင့်မြင့်သွားတဲ့သဘော။ ။

အဲဒီတော့ ထွက်လေဝင်လေဆိုတဲ့ အာရုံနိမိတ်ကို အခြေခံပြီးတော့ အခုလို ဝိပဿနာနဲ့ ဆင့်ပွားပြီးတော့ ဈာန်ရပြီးတဲ့နောက်မှာ ဝိပဿနာကျင့်စဉ်တွေကို ကျင့်လို့ အခုလိုအနေအထားမျိုးနဲ့ ဝိပဿနာဉာဏ်တွေ ရင့်သန်ပြီး မဂ်ဖိုလ် နိဗ္ဗာန်ကို ရသွားတာ၊ ဒါဟာ ပြီးပြည့်စုံတဲ့ အာနာပါနဿတိကမ္မဋ္ဌာန်းပဲ၊ ဒီ ၁၆-မျိုးကို အခြေခံထားပြီးတော့ ကျင့်ကြံပွားများအားထုတ်ရတဲ့ အာနာပါနဿတိဆိုတဲ့သတိတရား၊ အာနာပါနဿတိဘာဝနာဟာ အင်မတန်မှ အကျိုးကျေးဇူးကြီးတယ်လို့ မြတ်စွာဘုရားက ဒီလိုဟောခဲ့တာ။

ဒီတော့ ဒီနေရာမှာ မြတ်စွာဘုရားကိုယ်တိုင် မေးခွန်းထုတ်ခဲ့တယ်လေ၊ “အာနာပါနဿတိကို ဘယ်လိုပွားရမှာလဲ၊ ဘယ်လိုပွားရင် မဟပ္ဖလ အကျိုးကြီးပြီးတော့မှ မဟာနိသံသ အာနိသင်တွေ ဆက်တိုက်ရနိုင်သလဲ” အခုအားထုတ်တဲ့နည်းအတိုင်း အားထုတ်ခြင်းဖြင့် ရနိုင်တယ်လို့ ဒီမေးခွန်းနဲ့ အဖြေကို မြတ်စွာဘုရားကိုယ်တိုင် မေးပြီး မြတ်စွာဘုရားကိုယ်တိုင် ဖြေလိုက်တာ။
စာမျက်နှာ-၁၆၃
နောက်တစ်ခါ မြတ်စွာဘုရားက မေးတယ်၊ သူ့ဟာသူ မေးပြီး ဖြေတာ၊ အာနာပါနဿတိဘာဝနာကို ပွားခြင်းဖြင့် သတိပဋ္ဌာန်တရား ၄-ပါးလည်း ပွားပြီး ဖြစ်သွားတယ်တဲ့နော်၊ ဒါကျတော့ အင်မတန်မှ ရှင်းတယ်၊ အရင်ရက်တွေက ပြောခဲ့တဲ့အခြေခံပဲ၊ ခု မြတ်စွာဘုရားက ဒုတိယမေးခွန်းလေး မေးလိုက်တာ၊ “ဘယ်လို ပွားရင် အာနာပါနဿတိဟာ သတိပဋ္ဌာန်တရား ၄-ပါးကို ပြည့်သွားအောင် လုပ်သလဲ” ဆိုတဲ့မေးခွန်းကို မေးပြီးတော့ ဖြေတဲ့အခါမှာ ခုပြောတဲ့ ၁၆-မျိုးနဲ့ပဲ ဖြေသွားတယ်နော်၊ ဒီ ၁၆-မျိုးပဲ မှတ်ထားရမယ်။

၁၆-မျိုးဆိုတာ ပြန်ပြီးတော့ ပြောမယ်ဆိုရင် (၁) လေရှူတဲ့အခါမှာ ရှည်ရင် ရှည်တယ်လို့ သိတယ်၊ (၂) တိုရင် တိုတယ်လို့ သိတယ်၊ (၃) ထွက်လေဝင်လေအစအဆုံး အားလုံးကို သိအောင် ရှူရှိုက်ဖို့ ကြိုးစားတယ်၊ (၄) ကြမ်းတမ်းတဲ့ ကာယသင်္ခါရလို့ဆိုတဲ့ ထွက်လေဝင်လေကို သိမ်မွေ့သွားအောင် ချုပ်ငြိမ်းသွားအောင် လျော့ပါးသွားအောင် ကြိုးစားအားထုတ်တယ်၊ ဒါက ပထမစတုက္ကနည်း။

ဒုတိယစတုက္ကကျတော့ (၁) ပီတိကို ထင်ထင်ရှားရှား သိလျက်၊ (၂) သုခကို ထင်ထင်ရှားရှား သိလျက်၊ (၃) စိတ္တသင်္ခါရကို ထင်ထင်ရှားရှား သိလျက်၊ (၄) စိတ္တသင်္ခါရတွေကို သိမ်မွေ့သွားအောင် ငြိမ်ဝပ်သွားစေလျက်လို့ ဒါ ဒုတိယစတုက္က။

တတိယစတုက္ကက (၁) စိတ်ကို ကျနစွာ သိစေလျက်၊ (၂) စိတ်ကို ရွှင်လန်းအားတက်စေလျက်၊ (၃) စိတ်ကို ကောင်းစွာ ထားလျက်၊ (၄) စိတ်ကို လွတ်မြောက်စေလျက် အားထုတ်တယ်ဆိုတော့ ဟော ဒါက တတိယစတုက္က။
စာမျက်နှာ-၁၆၄
နောက် စတုတ္ထစတုက္က (၁) အနိစ္စလို့ ရှုမှတ်ရင်း၊ (၂) ဝိရာဂလို့ ရှုမှတ်ရင်း၊ (၃) နိရောဓလို့ ရှုမှတ်ရင်း၊ (၄) ပဋိနိဿဂ္ဂလို့ ရှုမှတ်ရင်းနဲ့ ဝိပဿနာဉာဏ်တွေ ဖြစ်ပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ် ရသွားတယ်၊ ဒီစတုတ္က ၄-ခုကို အစဉ်အတိုင်း ဆက်စပ်ပြီး ကြည့်လိုက်ရင် သတိပဋ္ဌာန်တရား ၄-ပါးနဲ့ ဆက်စပ်ထားတာတွေ့ရတယ်။
စတုက္က ၄-မျိုးနှင့် သတိပဋ္ဌာန်တရား ၄-ပါး ဆက်စပ်ပုံ
ပထမစတုက္ကက ကာယနုပဿနာသတိပဋ္ဌာန်နဲ့ ဆက်စပ်တယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ထွက်လေဝင်လေပေါ်မှာပဲ မူတည်ထားတာကိုး၊ ပထမစတုက္ကက ထွက်လေဝင်လေပဲ၊ ရှည်တယ် တိုတယ်ဆိုတာ ထွက်လေဝင်လေပဲ၊ ထွက်လေဝင်လေတွေ အကုန်သိအောင် လုပ်တယ်၊ ထွက်လေဝင်လေတွေ သိမ်မွေ့သွားအောင် လုပ်တယ်ဆိုတော့ တခြားတရားကို သွားတာ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ ပထမစတုက္ကက အာနာပါနပေါ်မှာ remain လုပ်တယ်၊ အာနာပါနပေါ်မှာပဲ ကိုယ့်ရဲ့ အကျင့်ဟာ ရပ်တည်ထားတာတဲ့။ ဒါကြောင့် ကာယနုပဿနာသတိပဋ္ဌာန်လို့ ဒီလိုပြောတာနော်။

ကြည့် - ထွက်လေဝင်လေဆိုတာ ကာယထဲက ကာယတစ်ခုပဲ၊ မြတ်စွာဘုရားက အကြောင်းပြတယ်၊ ထွက်လေဝင်လေဆိုတာ ဘယ်ကာယထဲက တစ်ခုလဲလို့ဆိုတော့ ကြည့် - ပထဝီ အာပေါ ဝါယော တေဇော ကာယကြီး ၄-ခု၊ အဲဒီကာယကြီး ၄-ခုထဲက တစ်ခုလို့ဆိုတော့ ဘယ်သူ့ကို ပြောတာတုန်းဆိုတော့ ဝါယောကာယကို ပြောတာ၊ လေဆိုတဲ့ ကာယကို ပြောတာ၊ တစ်ခါ ရူပကာယ ၂၅-မျိုး၊ ရုပ် ၂၅-ပါးပေါ့လေ၊ ဒါက ဓမ္မသင်္ဂဏီမှာ ပြောတဲ့
စာမျက်နှာ-၁၆၅
၂၅-ပါးကို ပြောတာ၊ (အဘိဓမ္မတ္ထသင်္ဂဟမှာ ၂၈-ပါးလို့ ပြောတယ်) အဲဒီ ၂၅-ပါးထဲမှာလည်းပဲ ဒီဟာက ဖောဋ္ဌဗ္ဗရုပ်ထဲမှာပါတဲ့ ရုပ်တစ်ခုပဲပေါ့၊ ဖောဋ္ဌဗ္ဗရုပ်ပဲပေါ့၊ သို့မဟုတ် ဝါယောပဲပေါ့၊ အဲဒီလို ဆိုလိုတယ်၊ အဲဒီတော့ ထွက်လေဝင်လေဆိုတာ ကာယပဲ၊ ကာယထဲက တစ်ခုသောကာယပဲ၊ ဒါကြောင့် မြတ်စွာဘုရားက ကာယနုပဿနာသတိပဋ္ဌာန်လို့ ပထမစတုက္ကကို ဟောတယ်။

နောက် ဒုတိယစတုက္ကကျတော့ ဝေဒနာနုပဿနာလို့ ဟောတယ်၊ ပီတိက ဝေဒနာလားလို့ဆိုတော့ မဟုတ်ဘူး၊ သုခက ဝေဒနာဟုတ်တယ်၊ စိတ္တသင်္ခါရက ဝေဒနာတစ်ခြမ်း သညာတစ်ခြမ်း၊ အဲဒီတော့ ဒီဒုတိယနည်းစနစ်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်လို့ရှိရင် ဝေဒနာနုပဿနာဆိုတဲ့ သတိပဋ္ဌာန်တရားဟာ ပြီးပြည့်စုံသွားတယ်လို့ ဘာဖြစ်လို့ပြောတာတုန်းဆိုတော့ အဿာသပဿာသကို စနစ်တကျ နှလုံးသွင်းနိုင်တဲ့ မနသိကာရဟာ စေတသိက်ပဲ၊ စေတသိက်တွေဟာ ဝေဒနာနဲ့ စေတသိက်ချင်းတူသည့်အတွက်ကြောင့် ဝေဒနာကို စေတသိက်လို့ ခေါ်ရင် ကျန်တဲ့ စေတသိက်တွေဟာလည်းပဲ ဝေဒနာရဲ့သဘာဝပဲလို့ ဆိုပြီးတော့ မြတ်စွာဘုရားက ဒီနေရာမှာ မှန်မှန်ကန်ကန် နှလုံးသွင်းဆင်ခြင်မှု မနသိကာရကိုပဲ ဝေဒနာလို့ ယူပြီးတော့ ဝေဒနာနုပဿနာလို့ ဟောတာပါတဲ့နော်၊ ဒါကြောင့် ပါဠိမှာ "ဝေဒနာသု ဝေဒနာညတရာဟံ ဧဝံ ဝဒါမိ ယဒိဒံ အဿာသပဿာသာနံ သာဓုကံ မနသိကာရံ” “အဿာသပဿာသ ကျကျနန နှလုံးသွင်းနိုင်ခြင်းကိုက ပညာနဲ့ ကင်းတာ မဟုတ်ဘူး၊ ဝေဒနာထဲက ဝေဒနာပဲ” လို့ ဒီလို ဟောတာ။
စာမျက်နှာ-၁၆၆
ဆိုလိုတာက အဿာသပဿာသကို နှလုံးသွင်းရင် ဝေဒနာနုပဿနာ ဖြစ်တယ်ပေါ့၊ ခုနတုန်းက ထွက်လေဝင်လေ အဿာသပဿာသဟာ ကာယနဲ့ဆက်စပ်နေလို့ ကာယနုပဿနာ ဖြစ်တယ်၊ အဲဒီကာယနုပဿနာဖြစ်တဲ့ အဿာသပဿာသအာရုံကိုပဲ နှလုံးသွင်းဆင်ခြင်ပြန်တဲ့အခါ ဝေဒနာနုပဿနာဖြစ်တယ်လို့ ဒီလိုဟောတာ။

နောက်တစ်ခါ တတိယစတုက္ကကျတော့ စိတ္တာနုပဿနာလို့ ဟောတယ်၊ ဘာ့ကြောင့်လဲ၊ “သတိလက်လွတ် ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ပုဂ္ဂိုလ်မှာ ဒီအာနာပါနဿတိကမ္မဋ္ဌာန်းဟာ မဖြစ်နိုင်ဘူးလို့ ဆိုတယ်”လို့ ဘုရားက ရှင်းပြတယ်၊ ဒီနေရာမှာ သတိကင်းမဲ့တယ်ဆိုတာ စိတ်ပဲ၊ စိတ်ဟာ သတိကင်းမဲ့နေရင် (သို့မဟုတ်) ဆင်ခြင်တုံတရားကင်းမဲ့နေရင် အဲဒီစိတ်နဲ့ လုပ်လို့မရဘူးလို့ ပြောတာ၊ ဒါ စိတ်နဲ့ ဆက်စပ်ပြီး ပြောတာဖြစ်သောကြောင့် တတိယစတုက္ကကို စိတ္တာနုပဿနာထဲ ထည့်ပြီးတော့ မှတ်သားရမယ်တဲ့။ ဒီလိုဆိုလိုတယ်။

အဲဒီတော့ ထွက်လေဝင်လေကို မမေ့မပျောက်အောင် သတိနဲ့ ကြိုးစားခြင်း ဆင်ခြင်သုံးသပ်ခြင်းသည်ပင်လျှင် စိတ္တာနုပဿနာလို့ ဒီလိုဆိုလိုတာ၊ ဟုတ်တယ်လေ၊ စိတ္တာနုပဿနာဆိုတာ တကယ်ကတော့ “ငါ့စိတ်လေးမှာ ရာဂနဲ့ ယှဉ်တွဲနေသလား၊ ဒေါသနဲ့ ယှဉ်တွဲနေသလား၊ မောဟနဲ့ ယှဉ်တွဲနေသလား၊ သို့မဟုတ် ငါ့စိတ်ကလေးဟာ ရာဂမရှိဘူးလား၊ ဒေါသမရှိဘူးလား” ဒီလို ဆင်ခြင်တာပဲလေ၊ အဲဒီတော့ သဘာဝတရားတွေနဲ့ ဆက်စပ်ပြီး ဆင်ခြင်စဉ်းစားတာ
စာမျက်နှာ-၁၆၇
ဖြစ်သောကြောင့် ဒါကိုလည်းပဲ စိတ္တာနုပဿနာလို့ မြတ်စွာဘုရားက ဒီလိုဟောတယ်။

နောက်တစ်ခါ စတုတ္ထစတုက္ကကိုတော့ ဓမ္မာနုပဿနာလို့ ဟောတယ်၊ ဓမ္မာနုပဿနာမှာ ဘယ်ဝိပဿနာပဲဖြစ်ဖြစ် ရှုရင်းရှုရင်းနဲ့ ဘာကို ဖယ်တာတုန်းဆိုတော့ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံလို့ ဆိုတဲ့အတိုင်း အဘိဇ္ဈာလို့ဆိုတဲ့ ကာမစ္ဆန္ဒ၊ ဒေါမနဿလို့ဆိုတဲ့ ဒေါမနဿဝေဒနာနဲ့ ယှဉ်တွဲလာတဲ့ ဗျာပါဒ၊ ဒီနီဝရဏ ၂-ခုကို ဖယ်တာပဲ၊ ကျန်တဲ့နီဝရဏတွေ မဖယ်ဘူးလို့ ဒီလိုဆိုတာ မဟုတ်ဘူး၊ နီဝရဏ ၅-ပါးလုံးကို ဖယ်ရှားပစ်တာပဲ။ အဲဒီနီဝရဏတရား ၅-ပါးလုံးကို ပညာနဲ့ သိပြီးတဲ့အခါမှာ ဖယ်ရှားပစ်နိုင်ခြင်း၊ နီဝရဏတရားတွေကို လျစ်လျူရှုလိုက်ခြင်း၊ ငြိမ်ဝပ်သွားအောင် လုပ်လိုက်ခြင်းသည်ပင်လျှင် ဓမ္မာနုပဿနာလို့ ခေါ်တာတဲ့။

အဲဒါဟာ အာနာပါနဿတိကမ္မဋ္ဌာန်းအားထုတ်ရင်းကနေပြီးတော့ သတိပဋ္ဌာန်တရား ၄-ပါး ပြည့်စုံသွားတယ်လို့ ဒီလိုပြောတာနော်၊ အားထုတ်တာက အာနာပါနဿတိကမ္မဋ္ဌာန်းအားထုတ်တာ၊ ပြီးပြည့်စုံသွားတာက သတိပဋ္ဌာန်တရား ၄-ပါး၊ ဒီလိုပြောတာ၊ ဒါက ဒုတိယမေးခွန်းကို မြတ်စွာဘုရားကိုယ်တိုင်ဖြေပြီး နောက် တတိယမေးခွန်းက ဘာတုန်းဆိုတော့ “ဘယ်လိုပွားလို့ရှိရင် သတိပဋ္ဌာန်တရား ၄-ပါးဟာ ဗောဇ္ဈင် ၇-ပါးကို ပြီးပြည့်စုံစေနိုင်သလဲ” ဆိုတဲ့မေးခွန်းပဲ။
စာမျက်နှာ-၁၆၈

သတိပဋ္ဌာန်တရား ၄-ပါး ပွားခြင်းဖြင့် ဗောဇ္ဈင် ၇-ပါး ဆိုက်ရောက်ပုံ
သတိပဋ္ဌာန်တရား ၄-ပါးကို ပွားရင် ဘယ်လို ဗောဇ္ဈင် ၇-ပါး ဆိုက်ရောက်သွားတာလဲဆိုတဲ့အချက်ကို ရှင်းပြတာ၊ အဲဒီတော့ အားလုံးသိကြတဲ့အတိုင်း သတိပဋ္ဌာန်တရား ၄-ပါးဆိုတာ သိပြီ - ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ၊ ကာယကို အဖန်တလဲလဲ ရှုတယ်၊ ကာယကို ရှုမှတ်တယ် ကာယာနုပဿနာ၊ ဝေဒနာကို ရှုမှတ်တယ် ဝေဒနာနုပဿနာ၊ စိတ်ကို ရှုမှတ်တယ် စိတ္တာနုပဿနာ၊ ဓမ္မကို ရှုမှတ်တယ် ဓမ္မာနုပဿနာ၊ အဲဒီသတိပဋ္ဌာန်တရား ၄-ပါးကို ရှုမှတ်ပွားများအားထုတ်လို့ရှိရင်တဲ့ ဗောဇ္ဈင် ၇-ပါး ရှုမှတ်ပြီးသွားတယ် ပွားများအားထုတ်ရင် ပြီးတယ်ဆိုတာ ဘယ်ပုံပြီးသလဲဆိုတာ တစ်ခုချင်းကို ဆင်ခြင်စဉ်းစားကြည့်ရအောင်။

ကြည့် - ထွက်လေဝင်လေကို ဆင်ခြင်သုံးသပ်တယ်၊ ကာယာနုပဿနာအနေနဲ့ ဆင်ခြင်သုံးသပ်တာပေါ့။ ထွက်လေဝင်လေကို ဆင်ခြင်သုံးသပ်နေတဲ့အခါမှာ ဘာဖြစ်လာတုန်းဆိုတော့ ထွက်လေဝင်လေပေါ်မှာ သတိရှိမနေဘူးလား၊ ဥပမာ - ကိုယ်လုပ်တာက ကာယာနုပဿနာသတိပဋ္ဌာန်လို့ဆိုတဲ့ အာနာပါနပေါ်မှာ သတိထားပြီးတော့ အားထုတ်နေတယ်ပေါ့၊ ထွက်လေဝင်လေပေါ်မှာ အမြဲမပြတ် သတိတည်နေတယ်လို့၊ ဒီလိုဆိုလို့ရှိရင် အဲဒီအချိန်မှာ သတိသမ္ဗောဇ္ဈင် မဖြစ်ဘူးလား၊ ဒါက အားထုတ်တာက ကာယာနုပဿနာသတိပဋ္ဌာန်ကို အားထုတ်တာ၊ ရလိုက်တာ ဘာရ
စာမျက်နှာ-၁၆၉
လိုက်တုန်းဆိုတော့ သတိသမ္ဗောဇ္ဈင် ရလိုက်တယ်၊ ဒီလိုဆိုတာနော်၊ သတိတရားဟာ ထွက်လေဝင်လေပေါ်မှာ စူးစိုက်ပြီးတော့ တည်ရှိနေခြင်းအားဖြင့် ကာယာနုပဿနာသတိပဋ္ဌာန်ကို အားထုတ်ရင်းက သတိသမ္ဗောဇ္ဈင်အားထုတ်မှု ပြီးသွားတယ်လို့ ဒီလိုဆိုလိုတာ။

သတိရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဆိုင်ရာဓမ္မတွေကို ဆင်ခြင်စဉ်းစားမှု မရှိဘူးလားလို့ဆိုတော့ ရှိတယ်၊ သတိဖြစ်လာပြီဆိုရင် ဓမ္မကို ဆင်ခြင်သုံးသပ်မှုတွေ ဝင်လာတယ်၊ အဲဒီဓမ္မကို ဆင်ခြင်သုံးသပ်မှုကို ဘာခေါ်တုန်းဆိုတော့ ဓမ္မဝိစယသမ္ဗောဇ္ဈင်လို့ ခေါ်တယ်၊ သတိဖြစ်လာတာက သတိသမ္ဗောဇ္ဈင်၊ ဓမ္မကို ဆင်ခြင်သုံးသပ်မှုက ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ တစ်ခါ ဓမ္မကို ဆင်ခြင်သုံးသပ်တဲ့အခါမှာ ကြိုးစားအားထုတ်မှုဆိုတာ ပေါ်လာတယ်နော်၊ ပညာနဲ့ ဆင်ခြင်သုံးသပ်တယ်ဆိုတာ ကြိုးစားမှုပါရတယ်၊ ကြိုးစားမှုမပါဘဲနဲ့ ပညာနဲ့ ဆင်ခြင်သုံးသပ်မှု မဖြစ်ဘူး၊ ဒါကြောင့်မို့ ကြိုးစားမှုဟာ ပါလာတော့ ထိုကြိုးစားမှုသည် ဝီရိယသမ္ဗောဇ္ဈင် ဖြစ်တယ်၊ ဒါက အားထုတ်တုန်းကတော့ ကာယာနုပဿနာသတိပဋ္ဌာန်အားထုတ်တာပဲ၊ အာရုံနဲ့ သတိနဲ့ ကပ်နေလို့ သတိသမ္ဗောဇ္ဈင်၊ အဲဒီအာရုံကို ဆင်ခြင်သုံးသပ်နေလို့ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ကြိုးပမ်းအားထုတ်မှုကြောင့် ဝီရိယသမ္ဗောဇ္ဈင်တဲ့၊ ဒီလိုဆိုလိုတာနော်။

အဲဒီကြိုးပမ်းအားထုတ်တဲ့အခါမှာ ဘာဖြစ်လာတုန်းဆို စိတ်ကလေးဟာလည်း ကြည်နူးလာတယ်၊ ကြိုးစားအားထုတ်မှုနဲ့ အာရုံနဲ့ ယှဉ်တွဲလာတဲ့အခါမှာ ကိုယ်ကျေနပ်သောက်တဲ့အရာတွေ့လို့ ပီတိတွေ ဖြစ်လာတယ်၊ အဲဒီဖြစ်လာတဲ့ပီတိကို ပီတိသမ္ဗောဇ္ဈင်လို့ ခေါ်တယ်။
စာမျက်နှာ-၁၇၀
တစ်ခါ ပီတိဖြစ်လာရင် ဘာဖြစ်လာတုန်းဆိုတော့ ကိုယ်လည်း ငြိမ်းချမ်းလာတယ်၊ စိတ်လည်း ငြိမ်းချမ်းသွားတယ်၊ ဒါ ပီတိဖြစ်လိုက်တာနဲ့ ကိုယ်ငြိမ်းချမ်းမှု စိတ်ငြိမ်းချမ်းမှု ရလာတယ်၊ အရင်ကလို ကာယ၊ စိတ္တဟာ မငြိမ်းမချမ်း ပူလောင်နေတာမျိုး မရှိဘူး။ ပီတိက လွှမ်းခြုံထားလိုက်တဲ့အခါ ကိုယ်လည်း ငြိမ်းချမ်းသွားတယ်၊ စိတ်လည်း ငြိမ်းချမ်းသွားတယ်၊ အဲဒါက ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်လာတာ ဒီလိုဆိုလိုတာ။

ပဿဒ္ဓိသမ္ဗောဇ္ဈင်ဖြစ်လာတဲ့ပုဂ္ဂိုလ်ဟာ စိတ်ထဲမှာ ချမ်းသာလာတယ်၊ အဲဒီချမ်းသာလာတဲ့စိတ်ဟာ သမာဓိရသွားတယ်၊ စိတ်ချမ်းသာရင် စိတ်ဟာ တည်ငြိမ်တာပဲ၊ မချမ်းသာတဲ့လူရဲ့စိတ်ဟာ တောင်တွေးမြောက်တွေးနဲ့ ဘယ်တော့မှ မငြိမ်ဘူး၊ ချမ်းသာနေတဲ့လူရဲ့စိတ်ဟာ အေးအေးဆေးဆေးပဲ၊ ဒါကြောင့် စိတ်ပူပန်နေတဲ့လူ တစ်ယောက်ဟာ ညအိပ်မပျော်ဘူးတို့ ဘာတို့ ပြောကြတာပေါ့။ စိတ်အေးလက်အေးနဲ့ ဘာမှပူစရာမရှိတဲ့ပုဂ္ဂိုလ်ကျတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရတယ်၊ သုခဖြစ်လာပြီဆိုရင် သမာဓိဆိုတာလည်း လွယ်လွယ်ကူကူနဲ့ ရသွားတယ်၊ ဒါကို သမာဓိသမ္ဗောဇ္ဈင်လို့ ခေါ်တယ်။

အဲဒီလို သမာဓိရှိတဲ့စိတ်က လျစ်လျူရှုထားနိုင်တယ်၊ လျစ်လျူရှုတယ်ဆိုတာ အဲဒီအချိန်လေးမှာ သဘာဝတရားတွေကို အလွန်အကျွံလည်း မဖြစ်စေဘူး၊ လျော့နည်းတဲ့အနေအထားလည်း မဖြစ်စေဘူး၊ ထိန်းညှိပေးထားတယ်၊ ဒါက ဥပေက္ခာသမ္ဗောဇ္ဈင်လို့ ခေါ်တယ်၊ ဒီသဘာဝတရားတွေ ထိန်းညှိပေးတာ။
စာမျက်နှာ-၁၇၁
ကဲ ပြန်ပြီးတော့ စဉ်းစားကြည့်လိုက် - ကိုယ်က ကာယာနုပဿနာသတိပဋ္ဌာန်ကို အားထုတ်တယ်၊ အားထုတ်တဲ့အခါမှာ ကာယဆိုတဲ့အာရုံပေါ်မှာ သတိရောက်နေတာက သတိသမ္ဗောဇ္ဈင်၊ အဲဒီကာယဆိုတဲ့အာရုံကို သုံးသပ်ဆင်ခြင်မှုက ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ အဲဒီသုံးသပ်ဆင်ခြင်မှုကို ကြိုးပမ်းအားထုတ်တာက ဝီရိယသမ္ဗောဇ္ဈင်၊ ကြိုးပမ်းအားထုတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပီတိက ပီတိသမ္ဗောဇ္ဈင်၊ ဒီလိုဆိုလိုတာနော်၊ ပီတိဖြစ်လာတဲ့အခါမှာ ကိုယ်စိတ်ငြိမ်းချမ်းသွားတာက ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ ကိုယ်စိတ်ငြိမ်းချမ်းတဲ့အခါမှာ သမာဓိရလာတာက သမာဓိသမ္ဗောဇ္ဈင်၊ အားလုံး ဒီသဘာဝတရားတွေ အလွန်လည်း မဖြစ်စေဘူး၊ အလျော့အနည်းလည်း မဖြစ်စေဘူး၊ သူ့ဟာသူ ဟန်ချက်ညီညီနဲ့ အာရုံတွေကို ရှုမှတ်နိုင်လာအောင် ထိန်းပေးတာက ဥပေက္ခာသမ္ဗောဇ္ဈင်တဲ့၊ ဒီလိုဆိုလိုတာ။

အဲဒီတော့ ကာယာနုပဿနာသတိပဋ္ဌာန် အားထုတ်လိုက်တာနဲ့ တစ်ပြိုင်နက် ဗောဇ္ဈင် ၇-ပါးဟာ ပါသွားပြီလို့ ဗောဇ္ဈင် ၇-ပါးဟာ ပြီးပြည့်စုံသွားတယ်လို့ မြတ်စွာဘုရားက ဒီလိုဟောတာ။

အဲဒီအတိုင်းပဲ ဝေဒနာနုပဿနာအားထုတ်လို့ရှိရင်လည်းပဲ ဝေဒနာအာရုံနဲ့ သတိနဲ့ ယှဉ်တွဲနေသည့်အတွက်ကြောင့်၊ ဝေဒနာအာရုံပေါ်မှာ စိတ်က တည်နေသည့်အတွက်ကြောင့် အဲဒီအချိန်မှာ သတိသမ္ဗောဇ္ဈင် ဖြစ်တယ်၊ ဝေဒနာကို ဆင်ခြင်သုံးသပ်နေတဲ့အခါ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်တယ်၊ အဲဒီလို နားလည်ရတယ်၊ စိတ္တာနုပဿနာလည်း ထို့အတူပဲ၊ ဓမ္မာနုပဿနာလည်း ထို့အတူပဲ။
စာမျက်နှာ-၁၇၂
သတိပဋ္ဌာန်တရား ၄-ပါးကို ပွားများအားထုတ်လိုက်တိုင်း အားထုတ်လိုက်တိုင်း ဗောဇ္ဈင် ၇-ပါးဟာ ပြီးပြည့်စုံသွားတယ်၊ အဲဒီတော့ ဗောဇ္ဈင် ၇-ပါး မပါဘဲနဲ့ ဖြစ်မှမဖြစ်ဘဲကိုး၊ ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ မိမိရဲ့သန္တာန်မှာ ဒီသဘာဝတရားတွေ ဖြစ်အောင် လုပ်တာကို ဆိုလိုတယ်ပေါ့၊ အဲဒါကို မြတ်စွာဘုရားက ရည်ညွှန်းတာ သတိပဋ္ဌာန်တရား ၄-ပါး ပွားများအားထုတ်ခြင်းဖြင့် ဗောဇ္ဈင် ၇-ပါး အားထုတ်ပြီးသား ဖြစ်သွားတယ်၊ ဒီလိုဆိုလိုတာ။

ဟော နောက်ဆုံးကျတော့ မြတ်စွာဘုရားက ဘာဟောတုန်းဆိုတော့ ဗောဇ္ဈင် ၇-ပါး ပွားများအားထုတ်လိုက်လို့ရှိရင်တဲ့ ဘာတွေ ပြီးပြည့်စုံတုန်း၊ ဝိဇ္ဇာနဲ့ ဝိမုတ္တိပဲ၊ ဒီ ၂-ခုဟာ ပြီးပြည့်စုံသွားတယ်တဲ့၊ ဝိဇ္ဇာဆိုတာ အသိဉာဏ်ကို ပြောတာ၊ ဒီနေရာမှာ အသိဉာဏ်ဆိုတာ ကိလေသာတွေကို ဖယ်ရှားပြီးတော့ နိဗ္ဗာန်ကို မြင်နိုင်တဲ့ စွမ်းရည်ထက်တဲ့ အသိဉာဏ်မျိုး (မဂ်ဉာဏ်)ကို ဆိုလိုတယ်၊ မဂ်စိတ်ဖြစ်တာကို ပြောတာ၊ ဝိမုတ္တိဆိုတာ ကိလေသာတွေက လုံးဝလွတ်သွားတဲ့ အနေအထားတစ်ခု၊ ဖိုလ်စိတ်ကို ပြောတာ (သို့မဟုတ်) နိဗ္ဗာန်ကိုလည်း ပြောတာ၊ အဲဒီတော့ ဗောဇ္ဈင် ၇-ပါး ပွားများအားထုတ်လိုက်တာနဲ့ တစ်ပြိုင်နက် ဒီဝိဇ္ဇာနဲ့ ဝိမုတ္တိဟာလည်း ပြီးပြည့်စုံသွားတယ်တဲ့၊ ဒီလိုဆိုလိုတာ။

ဗောဇ္ဈင် ၇-ပါးကို ဘယ်လိုအားထုတ်သလဲဆိုရင် မြတ်စွာဘုရားက ဆက်ဟောတယ်၊ သတိသမ္ဗောဇ္ဈင်ကို အားထုတ်တယ်။ သတိသမ္ဗောဇ္ဈင်ကို အားထုတ်တဲ့အခါမှာ ဘယ်အတိုင်းအတာထိ အားထုတ်ရမလဲ၊ မြတ်စွာဘုရားက “သတိသမ္ဗောဇ္ဈင်္ဂါ ဘာဝေတိ ဝိဝေကနိဿိတံ ဝိရာဂနိဿိတံ နိရောဓနိဿိတံ ဝေါဿဂ္ဂ
စာမျက်နှာ-၁၇၃
ပရိဏာမိ”တဲ့၊ ဒီအချက်ကို မှတ်ထားရမယ်၊ ဝိဝေကနိဿိတ၊ ဝိရာဂနိဿိတ၊ နိရောဓနိဿိတ၊ ဝေါဿဂ္ဂပရိဏာမိ - ဒီအဆင့်ထိအောင် အားထုတ်ပါလို့ ဆိုလိုတယ်၊ အဲဒီတော့ ဒီမှာ သတိဆိုတာ သာမန်သတိမျိုး မဟုတ်ဘူး၊ သတိပဋ္ဌာန်ကို ပွားများအားထုတ်လို့ သတိသမ္ဗောဇ္ဈင် ဖြစ်နေပြီဆိုတဲ့အခါမှာ အဲဒီသတိသမ္ဗောဇ္ဈင်ဟာ ဘယ်အရာနဲ့ ယှဉ်တွဲပြီးတော့ ဘယ်ထိအောင် သွားနေတာလဲဆိုရင် ဝိဝေကနိဿိတတဲ့၊ ဝိဝေကဆိုတာ ကြည့် - ကိလေသာအာသဝေါတွေကနေ ကင်းဆိတ်သွားတယ်၊ ကိလေသာတွေကနေ လွတ်ကင်းသွားတယ်၊ နီဝရဏတရားတွေက လွတ်ကင်းသွားတယ်၊ အမှားအယွင်းတွေက လွတ်ကင်းသွားတယ်၊ တွယ်တာမှုတွေက လွတ်ကင်းသွားတယ်၊ မုန်းတီးမှုတွေက လွတ်ကင်းသွားတယ်၊ ဝိဝေကဆိုတာ လွတ်ကင်းသွားတာကို ဆိုလိုတာ။

အဲဒီမှာ လွတ်ကင်းသွားတာက ဝိပဿနာနဲ့ လွတ်ကင်းသွားတာ ရှိတယ်၊ မဂ်နဲ့ လွတ်ကင်းတာ ရှိတယ်ပေါ့၊ ဝိပဿနာနဲ့ လွတ်ကင်းတာက တဒင်္ဂအားဖြင့် လွတ်ကင်းတာ၊ မဂ်နဲ့ လွတ်ကင်းတာကျတော့ သမုစ္ဆေဒအားဖြင့် ကိလေသာတွေက လုံးဝလွတ်သွားတာ၊ သင်္ခါရတရားတွေက လုံးဝလွတ်သွားတယ်ဆိုတာ နိဗ္ဗာန်ကို ပြောတာ၊ အဲဒီတော့ နိဗ္ဗာန်ဆိုက်ထိသည်တိုင်အောင် သတိကို ဖြစ်ပွားစေရမယ်၊ ကြားမှာ ရပ်မထားရဘူးနော်၊ သင်္ခါရတရားတွေကနေ လုံးဝလွတ်သွားတာ၊ ကွာသွားတယ်၊ မဆက်စပ်တော့ဘူးနော်၊ သင်္ခါရတရားတွေက လွတ်ထွက်သွားတာကို ဝိဝေကလို့ ခေါ်တယ်။ ကိလေသာတွေ လုံးဝမရှိတော့ဘူး၊ ကိလေသာတွေက လွတ်ထွက်သွားတာကို ဝိဝေကလို့ ခေါ်တယ်။
စာမျက်နှာ-၁၇၄
အဲဒီမှာ ဝိပဿနာနဲ့ဖြစ်တဲ့ ဝိဝေကက တဒင်္ဂဝိဝေက၊ မဂ်နဲ့ ဖြစ်ပေါ်လာတာက သမုစ္ဆေဒဝိဝေက၊ တဒင်္ဂဝိဝေကဆိုတာ ဆိုင်ရာဆိုင်ရာအကြောင်းကလေးနဲ့ ပယ်သွားတဲ့သဘောကို ပြောတာ၊ တစ်ခါတည်း ပယ်တာ မဟုတ်ဘူး၊ ဆိုင်ရာဆိုင်ရာအကြောင်းနဲ့ တစ်စစီ တစ်စစီ ပယ်သွားတဲ့သဘောကို တဒင်္ဂ၊ (တဒင်္ဂဆိုတာ တစ်ခဏကို ပြောတာ မဟုတ်ဘူးနော်)။

ဘယ်လို ပယ်တုန်းဆိုရင် ကြည့် - အနိစ္စလို့ ရှုမြင်လိုက်တဲ့ အသိဉာဏ်က နိစ္စသညာကို ပယ်တယ်၊ သုခသညာကို မပယ်နိုင်သေးဘူး၊ ဒုက္ခလို့ ရှုမြင်တဲ့အခါကျမှ သုခသညာကို ပယ်တယ်၊ အနတ္တလို့ ရှုမြင်တဲ့အခါကျမှ အတ္တသညာကို ဖြုတ်တယ်၊ တစ်စစီ ဖြုတ်ပယ်သွားတာလို့ ဒီလိုဆိုလိုတယ်၊ သူ့အခိုက်အတန့်လေး အခိုက်အတန့်လေးမှာ အနိစ္စလို့ မြင်လိုက်တဲ့အခါမှာ နိစ္စသညာ ပြုတ်သွားတယ်၊ ဒုက္ခလို့ မြင်လိုက်တဲ့အခါမှာ သုခဆိုတဲ့အထင် ပြုတ်သွားတယ်၊ အနတ္တလို့ မြင်လိုက်တဲ့အခါမှာ အတ္တဆိုတဲ့အထင် ပြုတ်သွားတယ်၊ အဲဒါ လွတ်ထွက်သွားတာပဲပေါ့။ အဲဒီလိုထိအောင် ပွားပါတဲ့။

နောက် မဂ်စိတ်ရောက်တဲ့အခါကျတော့ သမုစ္ဆေဒဝိဝေက၊ ပြတ်ထွက်ခြင်းဟာ ထာဝရပြုတ်ထွက်ခြင်း၊ နောက်ထပ်ပြန်မဆက်နိုင်တဲ့ပြုတ်ထွက်ခြင်းပဲ၊ အကြွင်းမဲ့ပယ်ဖြတ်ခြင်းဆိုတဲ့ သမုစ္ဆေဒဝိဝေက၊ အဲဒီထိရောက်အောင် သတိသမ္ဗောဇ္ဈင်ကို ပွားပါလို့ ဒီလိုဆိုလိုတာ၊ အဲဒီထိအောင် ပွားမှ ခုနက ဝိဇ္ဇာနဲ့ ဝိမုတ္တိဆိုတာ ရမှာတဲ့။ ဒီအဓိပ္ပါယ်ကို ပြောတာနော်၊ ဝိဝေကနိဿိတ၊ ဝိဝေကဆိုက်ထိသည်ထိအောင် ပွားတယ်။
စာမျက်နှာ-၁၇၅
အဲဒီဝိဝေကကို နားလည်လို့ရှိရင် ဝိရာဂဆိုတာလည်း ဝိဝေကရဲ့သဘောတစ်ခု၊ စကားလှယ်ပြီးတော့ သုံးတာ၊ ဝိရာဂဆိုတာ ကင်းပြတ်သွားတာ၊ ကင်းပြတ်တယ်ဆိုတာ သင်္ခါရတရားတွေက ပြတ်ထွက်သွားတာ၊ တစ်ခဏအနေနဲ့ ပြတ်တာရှိတယ်၊ ထာဝရပြတ်သွားတာရှိတယ်၊ ထာဝရပြတ်သွားတာကျတော့ နိဗ္ဗာန်၊ ဆိုင်ရာဆိုင်ရာအကြောင်းတရားတွေကြောင့် ပြတ်သွားတာကျတော့ ဝိပဿနာ၊ အဲဒီတော့ ၂-ခုစလုံးနဲ့ ဝိရာဂဖြစ်သွားအောင် ကင်းကွာသွားအောင် လုပ်တာ။

နိရောဓ ချုပ်ငြိမ်းတယ်ဆိုတာလည်း ထို့အတူပဲ ၂-မျိုးပဲ၊ တဒင်္ဂအားဖြင့် ချုပ်ငြိမ်းတာ ရှိတယ်၊ သမုစ္ဆေဒအားဖြင့် ချုပ်ငြိမ်းတာ ရှိတယ်၊ ဒီလို ချုပ်ငြိမ်းသွားတဲ့အနေအထားမျိုး ရောက်သည်ထိအောင်၊ ဆိုလိုတာက ဘယ်မဂ်ကို သွားသွား၊ ဝိပဿနာနဲ့ သွားတာချည်းပဲ၊ သောတာပတ္တိမဂ်သွားရင်လည်း ဝိပဿနာနဲ့ပဲ၊ သကဒါဂါမိမဂ်ကလည်း ဝိပဿနာနဲ့ သွားတာ၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် ဝိပဿနာနဲ့ပဲ သွားတာ၊ ဝိပဿနာက တဒင်္ဂ၊ မဂ်က သမုစ္ဆေဒ၊ ဖိုလ်ကျတော့မှ ပဋိပဿဒ္ဓိ၊ မဂ်နဲ့ ဖိုလ်ကို ဒီနေရာမှာ ဝိဇ္ဇာနဲ့ ဝိမုတ္တိလို့ ဒီလိုသုံးထားတာ၊ အဲဒီတော့ ဗောဇ္ဈင် ၇-ပါး ပွားများအားထုတ်ရင်းကနေ အဲဒီအထိကို ရောက်သွားတာ၊ သတိသမ္ဗောဇ္ဈင်ကိုလည်းပဲ ဝိဝေကနိဿိတ၊ ဝိရာဂနိဿိတ၊ နိရောဓနိဿိတ ဖြစ်အောင်ပွား။

ထို့အတူပဲ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင်၊ ကျန်တဲ့ဗောဇ္ဈင် ၇-ပါးလည်း ဒီအတိုင်းပဲ ဘယ်အထိ
စာမျက်နှာ-၁၇၆
အောင် ပွားရမလဲ၊ ဝိဝေကရောက်သည်ထိအောင် ပွားရမယ်၊ ဝိရာဂရောက်သည်ထိအောင် ပွားရမယ်၊ နိရောဓရောက်သည်ထိအောင် ပွားရမယ်။

နောက်ဆုံးပြောလိုက်တဲ့စကားကျတော့ မြတ်စွာဘုရားက “ဝေါဿဂ္ဂပရိဏာမိ”၊ ဝေါဿဂ္ဂဆိုတာ စွန့်လွှတ်ခြင်း၊ ပရိဏာမိဆိုတာ ရင့်ကျက်ခြင်း၊ တစ်ဘက်က လွှတ်လိုက်တယ်၊ ဒီမှာလည်းပဲ လွှတ်တာဆိုတာ သူက ၂-ခု၊ ပရိစ္စာဂနဲ့ ပက္ခန္ဒန၊ တစ်ခုကို လွှတ်ပြီး တစ်ခုထဲကို ဝင်ရောက်သွားတာ။

ဒါ ခြေလှမ်းဆိုတာလည်း လူသွားတဲ့ခြေလှမ်းကို ကြည့်လိုက်လေ၊ လှေကားနဲ့ တက်တယ်ဆိုလို့ရှိရင် တစ်ထစ်ကို လွှတ်လိုက်တာပဲ မဟုတ်လား၊ ခြေလှမ်းကလည်း ဒုတိယခြေလှမ်းလှမ်းလိုက်တာနဲ့ ပထမခြေလှမ်းကို လွှတ်လိုက်တာပဲ၊ အဲဒီလို ဝေါဿဂ္ဂပရိဏာမိဆိုတာ သတိကလည်း ရင့်ကျက်လာတယ်၊ ဓမ္မဝိစယက ရင့်ကျက်လာတယ်၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ ရင့်ကျက်လာတယ်၊ ရင့်ကျက်လာပြီးတော့ နိဗ္ဗာန်ကို ပြေးဝင်နိုင်လောက်အောင် စွမ်းရည်သတ္တိတွေ ပြည့်လာအောင် ဒီအနေအထားမျိုးထိအောင် ပွားပါ။ ဆိုလိုတာက ဗောဇ္ဈင် ၇-ပါးကို ဘယ်အတိုင်းအတာထိ ပွားရမှာလဲဆို မဂ်ဆိုက်သည်အထိ ဖိုလ်ဆိုက်သည်အထိ ပွားလို့ ဒီလိုပြောတာနော်၊ အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ ဝိပဿနာကျင့်စဉ်တင် မဟုတ်ဘူး၊ ဝိပဿနာကနေပြီးတော့ မဂ်ရသည်ထိအောင် ပွားပါလို့ မြတ်စွာဘုရားက ဒီလိုဟောလိုရင်း ဖြစ်တယ်။

အေး ဒါကြောင့်မို့လို့ ဗောဇ္ဈင် ၇-ပါးကို ပွားလိုက်တာနဲ့ ဝိဇ္ဇာဆိုတဲ့ မဂ်ဉာဏ်ကို ရတယ်၊ နောက်တစ်ခါ ဝိမုတ္တိဆိုတဲ့ ဖိုလ်ကိုရတယ်၊ ဒါကြောင့် ဝိပဿနာ
စာမျက်နှာ-၁၇၇
လည်း ရတယ်တဲ့ - နောက်ဆုံးမှာ၊ ဒါ ဗုဒ္ဓမြတ်စွာရဲ့ သံသရာဝဋ်က လွတ်မြောက်ကြောင်းကျင့်စဉ်တစ်ခုကို ဒီလိုနဲ့ ပြီးပြည့်စုံသွားတယ်လို့ ဆိုတယ်။

အဲဒီတော့ အာနာပါနဿတိအခြေခံတဲ့ကျင့်နည်းကို ဒီအာနာပါနဿတိသုတ်မှာ မြတ်စွာဘုရားက ပြီးပြည့်စုံအောင် ဟောပြထားတာ ဖြစ်ပါတယ်၊ ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်းတို့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ဟောကြားတော်မူခဲ့တဲ့ အာနာပါနဿတိသုတ်မှာ အာနာပါနအခြေခံပြီးတော့ ၁၆-မျိုးနဲ့ ဝိပဿနာ၊ မဂ်၊ ဖိုလ်ဆိုက်သည်ထိအောင် ပွားများနည်းကို ဟောပြီးတော့ သတိပဋ္ဌာန်တရား ၄-ပါးကို ပွားများခြင်းအားဖြင့် ဗောဇ္ဈင် ၇-ပါးလည်း ပွားများပြီးသား ဖြစ်တယ်၊ ဗောဇ္ဈင် ၇-ပါး ပွားများခြင်းအားဖြင့် ဝိဇ္ဇာ၊ ဝိမုတ္တိဆိုတဲ့ မဂ်တွေ၊ ဖိုလ်တွေကိုလည်း ရရှိနိုင်တယ်လို့ ဟောကြားတော်မူခဲ့တယ်၊ အာနာပါနဿတိသုတ်မှာ ဒီအဆင့်ထိအောင် ဟောကြားခဲ့တာ ဖြစ်ပါတယ်။

မြတ်စွာဘုရား ဒီသုတ်ကို ဘယ်နေရာမှာ ဟောနေတာတုန်း၊ ဘယ်နေ့မှာ ဟောနေတာတုန်းဆိုတော့ ဝိသာခါရဲ့ မိဂါရမာတုပြာသာဒ်အနီးအနားမှာရှိတဲ့ ကွင်းပြင်မှာ မြတ်စွာဘုရားက ညအခါ လသာထဲမှာ ထိုင်ရင်း တန်ဆောင်မုန်းလပြည့်နေ့ ညကြီးမှာ ဟောနေတာနော်။

ဒီတရားလည်း ပြီးဆုံးသွားရော ရဟန်းတော်တွေဟာ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ကျင့်နေဆဲပုဂ္ဂိုလ်တွေဟာလည်းပဲ တရားထူးတရားမြတ်တွေ တက်ကြတယ်၊ ရဟန္တာတွေလည်းပဲ ဒိဋ္ဌဓမ္မသုခဝိဟာရ ပီတိ၊ သောမနဿတွေ ဖြစ်ကြတယ်၊ သောတာပန်၊ သကဒါဂါမ်တို့လည်း
စာမျက်နှာ-၁၇၈
အဆင့်တွေ မြင့်ကြလို့ အနာဂါမ်ပုဂ္ဂိုလ်တွေလည်းပဲ သူတို့ရဲ့ ဝိပဿနာအဆင့်မြင့်ဖို့ ကျင့်ကြံကြိုးကုတ်အားထုတ်ခြင်းဖြင့် နောက်ဆုံးမှာ ကိလေသာအာသဝေါကင်းစင်တဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေ ဖြစ်သွားကြတယ်။

တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်းတို့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ဟောကြားတော်မူခဲ့တဲ့ကျင့်စဉ်ကို ဖော်ပြတဲ့ အာနာပါနဿတိသုတ်အနှစ်ချုပ်ကို ကြားနာကြရသဖြင့် တို့တတွေဟာလည်း မိမိတို့ရဲ့နေ့စဉ်ဘဝမှာ ၂၄-နာရီလုံးလုံး အသက်ရှူသွင်းရှူထုတ် လုပ်နေပါလျက်နဲ့ ဒီအတိုင်း အချိန်ကုန်သွားမယ်ဆိုရင် အမှိုက်ထဲက အမြတ်မထုတ်နိုင်သလို ထွက်လေဝင်လေထဲက အမြတ်မထုတ်နိုင် ဖြစ်ကြလိမ့်မယ်၊ အမြတ်ထုတ်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာ သံသရာက လွတ်သွားကြပြီ၊ တို့တတွေဟာ ထွက်လေဝင်လေလေးနဲ့ပဲ အဆုံးသတ်ပြီး နောက်ဆုံးအချိန်ရောက်တဲ့အခါကျရင် ဒီထွက်လေဝင်လေတွေ ရပ်သွားလို့ ခန္ဓာကိုယ်ကြီး သဂြိုဟ်လိုက်ရသည်အထိ ဘာတစ်ခုမှ အမြတ်မရလိုက်ဘူး မဖြစ်စေရအောင် ထွက်လေဝင်လေပေါ်မှာ သတိတရားကြီးစွာထားပြီးတော့ အမြတ်ရအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု qarjutfljzs2t7ry8lu55d9a9neb55h ဥပါဒါနပစ္စယာ ဘဝေါ 0 6411 22215 2026-06-20T00:08:36Z Tejinda 173 "{{header | title = ဥပါဒါနပစ္စယာ ဘဝေါ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = အာနာပါနဿတိသု..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22215 wikitext text/x-wiki {{header | title = ဥပါဒါနပစ္စယာ ဘဝေါ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[အာနာပါနဿတိသုတ် အနှစ်ချုပ်]] | previous2 = | next = [[ဥပုသ်စောင့်ခြင်းအဓိပ္ပါယ်]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

“ဥပါဒါနပစ္စယာ ဘဝေါ”
တရားတော်

သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊
ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၈) ရက်
၉• ၁၂- ၂၀၀၉
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်
အမှတ် (၅) ရပ်ကွက်၊ ပုဂံဆောင်မိသားစု၏ ၂၁- ကြိမ်မြောက် ဆင်ယင်ကျင်းပအပ်သော အမတဒါန၌
ဟောကြားတော်မူသည်။

“ဥပါဒါန်ကြောင့် ဘဝဆိုတာ ပေါ်လာရတယ်”လို့ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်တရားတော်မှာ ဟောကြားထားတာ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ ကြားဖူးနေကြလို့ ဒီ ခေါင်းစီးနဲ့ပဲ ဟောပါမယ်။
သတ္တဝါတိုင်း မိမိတို့ရရှိထားတဲ့ လက်ရှိဘဝကို ဗုဒ္ဓမြတ်စွာဟောကြားထားတော်မူတဲ့ ဒီဒေသနာတော်နဲ့ ဆက်စပ်ပြီးတော့ “ဥပါဒါနပစ္စယာ ဘဝေါ”ကို မှတ်သားကြရမှာ ဖြစ်ပါတယ်။ ။
ဥပါဒါန်ဆိုတာ အစွဲအလမ်း၊ စွဲနေတယ်ဆိုတာ တော်တော်နဲ့ ဖြုတ်လို့ မရဘူးပေါ့။ အဲဒီစွဲလမ်းမှုကြောင့် ဘဝဆိုတာ ဖြစ်လာရတာ၊ လူတိုင်းလူတိုင်း သူ့ဘဝ ကိုယ့်ဘဝ ဘဝကိုယ်စီ ရှိနေကြတယ်၊ အဲဒီ
စာမျက်နှာ-၂
ဘဝတွေ ဘာကြောင့် ဖြစ်တာလဲဆိုတဲ့ ဘဝရဲ့ အကြောင်းကို စူးစမ်းလေ့လာတဲ့အခါမှာ အဖြေအမျိုးမျိုး ထွက်ကြတယ်၊ ဘာသာအမျိုးမျိုးရှိသည့်အတွက် ကြောင့် အဖြေကလည်း အမျိုးမျိုးထွက်တယ်။
အကြောင်းတရားကို ရှာဖွေတဲ့အခါမှာ မှန်ကန်တဲ့အကြောင်းကို မရှာနိုင်ဘူးဆိုရင် အကြောင်းတွေ အမျိုးမျိုး ဖြစ်နေမှာပဲ၊ မှန်ကန်တဲ့အကြောင်းကို ရှာနိုင်ပြီဆိုရင် ထိုအကြောင်းသည် အကြောင်းစစ် အကြောင်းမှန် ဖြစ်သည့်အတွက်ကြောင့် တစ်ခုပဲ ရှိရမယ်၊ ဘဝတစ်ခုရလာတာ ဘာကိုအခြေခံပြီး ရလာသလဲဆိုတာ နားလည်နေကြရမယ်၊ အဲဒီလိုနားလည်မှုဟာ ဘဝတစ်ခုကို မလိုချင်တော့ဘူးဆိုရင်လည်း ဘာလုပ်ရမယ်ဆိုတာကို သဘောပေါက်နိုင်တယ်၊ ဘဝတစ်ခု ဘယ်လိုရတယ်ဆိုတာကို သိရင် အဲဒီ ရ ထားတဲ့ ဘဝတစ်ခုရဲ့ ချုပ်ငြိမ်းမှု “ဘဝနိရောဓကို ဖြစ်ချင်ရင်လည်း ဘယ်လိုလုပ်ရမယ်ဆိုတာကို အထင်အရှား သိနိုင်တယ်ပေါ့။
စာမျက်နှာ-၃
အကြောင်းတရားကို ဖယ်ရှားလိုက်ခြင်းဖြင့် အကျိုးတရားတွေဟာ ရပ်ဆိုင်းသွားနိုင်တယ်။ ဥပမာ - သစ်ပင်ကြီးတစ်ပင် ရှင်သန်နေတယ်၊ အိမ်ကို သစ်ရွက်တွေနဲ့ အရိပ်ထိုးနေတယ်၊ ဒီသစ်ပင်ကြီးရဲ့အရိပ်ကို မလိုချင်တော့ဘူးဆိုရင် ထိုသစ်ပင်ရဲ့ အကိုင်းကို ခုတ်လိုက်မယ်၊ ဒါပေမယ့် ခုတ်လိုက်တဲ့အကိုင်းဟာ အချိန်အတော်လေး ရလာတဲ့အခါ ပြန်ပြီး ပေါ်မလာဘူးလား၊ ဒီလို ပြန်ပေါ်လာရတာဟာ ဆိုင်ရာ အကြောင်းကို သတ်တာ မဟုတ်လို့ဘဲ၊ ခဏတဖြုတ် ဖြေရှင်းတဲ့သဘောပဲ ဖြစ်တာမို့လို့ပေါ့။ ။
ဒီတော့ ဒီသစ်ပင်ကြီး ဘာကြောင့်ရှင်သန်နေသလဲလို့ ကြည့်ရင် အဓိကက အမြစ်ပဲ၊ ဒါကြောင့် သစ်ပင်ကို မလှဲနဲ့၊ ရေသောက်မြစ်ကိုပဲ ရှင်သန်မှုမရှိအောင် လုပ်ရမယ်၊ ရှေးတုန်းကတော့ သစ်ပင်တစ်ပင်ကို မပေါက်စေချင်ဘူးဆိုရင် အဆိပ်ဆူးကို သစ်ပင်ထဲ ရိုက်သွင်းလိုက်ကြတယ်၊ အဲဒီအခါ အမြစ်က ရှင်သန်မှု မရှိတော့ဘူး၊ အဲဒီလို အမြစ်ကို ဖြတ်လိုက်ပြီဆိုရင် အပေါ်က အကိုင်းအခက်တွေ မခုတ်နဲ့ဦး
စာမျက်နှာ-၄
အမြစ်ပြတ်သွားတဲ့ အပင်တစ်ပင်ဟာ ရှင်သန်ပါဦးမလား၊ မရှင်သန်နိုင်တော့ဘူးနော်၊ သစ်ပင်ကြီး ရှင်သန်နေတာဟာ အမြစ်ကြောင့်လို့ သဘောပေါက်ထားတဲ့ ပုဂ္ဂိုလ်ဟာ ဒီသစ်ပင်ကြီးကို မလိုချင်တော့ဘူးဆိုရင် အမြစ်ကို ဖြတ်ဖို့ လိုအပ်တာပေါ့။ ။
အဲဒီလိုပဲ ဘဝတစ်ခုဟာ ဘာကြောင့် ဖြစ်နေသလဲဆိုတာကို မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်မှာ အနီးဆုံး အကြောင်းတစ်ခုကို ရှာပြထားတယ်၊ “ဥပါဒါနပစ္စယာ ဘဝေါ” - “ဥပါဒါန်ကြောင့် ဘဝဖြစ်တယ်”တဲ့။ ဥပါဒါန်ဟူသည် - - ဥပါဒါန်ဆိုတာ ဘာလဲ?- မြန်မာစကားမှာလည်း ဥပါဒါန်လို့ပဲ သုံးတယ်၊ အဓိပ္ပါယ်က စိတ်စွဲလမ်းမှု၊ literal meaning လို့ ခေါ်တဲ့ - “စကားလုံးက ဖေါ်ပြတဲ့အဓိပ္ပါယ်”ဟာ အင်မတန်မှ နက်ရှိုင်းတယ်၊ သာမန်ပြောလိုက်တဲ့စကားက အဲဒီလို နက်ရှိုင်းမှု ရှိချင်မှ ရှိမယ်။
စာမျက်နှာ-၅
“ဥပါဒါန”ဆိုတဲ့ ပါဠိစကားကို မြန်မာတွေက ဥပါဒါန်လို့ပဲ ခေါ်လိုက်တယ်၊ ဘာသာပြန်ရင်လည်း အစွဲအလမ်းလို့ ပြန်တယ်၊ Literal meaningက ဘာလဲ? “ဥပ + အာဒါန”လို့ ပုဒ်ခွဲတယ်၊ “ဥပ”ဆိုတာ ခိုင်ခိုင်မြဲမြဲ၊ “အာဒါန”ဆိုတာ စွဲယူထားတာ၊ ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ထားတယ်လို့ ဆိုလိုတယ်။
မြွေတစ်ကောင်က ဖားကိုဖမ်းရင် သာမန်ဖမ်းတာ မဟုတ်ဘူး၊ ဖားဟာ ရုန်းထွက်လို့ မရနိုင်ဘူး။ မိချောင်းတစ်ကောင်က သူ့ရဲ့အစာကို ပါးစပ်နဲ့ကိုက်ပြီးတော့ ဖမ်းတဲ့အခါမှာလည်း ထိုသတ္တဝါဟာ မိချောင်းရဲ့ ပါးစပ်ကနေ ရုန်းထွက်ဖို့ဆိုတာ မလွယ်ဘူး၊ အဲဒီလို မြဲမြံစွာဖမ်းကိုင်ထားတဲ့သဘောကို ဥပါဒါန်လို့ ပြောတာ၊ အဲဒီ ဖမ်းကိုင်ထားတဲ့သဘောဟာ ရုပ်ဝတ္ထုတွေမှာ အလွန်ထင်ရှားတယ်, ရုန်းထွက်လို့ မရအောင် ရုပ်ဝတ္ထုကို လက်နဲ့အတင်းအကြပ် ဆုပ်ကိုင်ထားတာမျိုးပဲ။
အဲဒီလိုပဲ စိတ်ထဲမှာ အာရုံတစ်ခုကို အတင်းအကြပ် ဆုပ်ကိုင်ထားတာမျိုး ရှိတယ်၊ အဲဒီအဓိပ္ပါယ်
စာမျက်နှာ-၆
ကို မြန်မာလူမျိုးတွေက စွဲလမ်းတယ်လို့ ပြောတာနော်၊ “စွဲလမ်းတယ်”ဆိုတာ ဥပါဒါန်ကို မြန်မာလို ပြန်ဆိုတဲ့စကား၊ သို့သော် literal meaningက အခိုင်အမာဆုပ်ကိုင်ထားတယ်လို့ ဆိုတယ်။
ဥပါဒါန်တရားကိုယ် နှစ်မျိုး
ကောင်းပြီ- လူတွေရဲ့ သန္တာန်မှာဖြစ်တဲ့ တရားတွေမှာ ဘယ်ဟာကို ဥပါဒါန်လို့ ခေါ်တာလဲ၊ စိတ်အားလုံးကို ဥပါဒါန်လို့ ခေါ်သလား၊ ထိုစိတ်ပေါ်မှီတဲ့ စေတသိက်အားလုံးကို ဥပါဒါန်လို့ ခေါ်သလား? ဆိုတော့ မခေါ်ဘူး၊ ဥပါဒါန်လို့ ပြောတာ နှစ်ခုတည်းပဲ ရှိတယ်- အဲဒါ တဏှာနဲ့ ဒိဠိ။
“တဏှာကို တစ်ခါတစ်ရံ ရာဂလို့လည်း သုံးတယ်၊ တစ်ခါတစ်ရံ လောဘလို့လည်း သုံးတယ်၊ တဏှာ, ရာဂ, လောဘ- သဘောတရား အတူတူပဲ။ တစ်ခုတည်းသော သဘာဝတရားကို ရှုဒေါင့်အသီးသီးက ခေါ်ထားတာ။
စာမျက်နှာ-၇
တဏှာဆိုတဲ့ သဘာဝတရားရဲ့ အဓိပ္ပါယ်က ပူလောင်စေတယ်လို့ အဓိပ္ပါယ်ရတယ်၊ ပူလောင်စေတယ်, ဆာလောင်စေတယ်၊ ရာဂဆိုတာကတော့ စိတ်ကို အရောင်ဆိုးပေးတယ်၊ စွဲလမ်းစေတယ်။
လောဘဆိုတာကတော့ လိုချင်တယ်, တပ်မက်တယ်၊ ဒီလို အဓိပ္ပါယ်နဲ့ ခေါ်ထားတာ၊ သဘာဝအားဖြင့် အတူတူပဲ။
တဏှာအားလုံးကို ဥပါဒါန်လို့ ခေါ်သလား ဆိုတော့ ပဋိစ္စသမုပ္ပါဒ်မှာပဲကြည့်- “တဏှာပစ္စယာ ဥပါဒါန”လို့ - ရှေ့က တဏှာဆိုတာလေး ပါသေးတယ်၊ ဘယ်အရာပဲဖြစ်ဖြစ် စတင်လာတဲ့အချိန်မှာ ခိုင်မာမှု မရှိသေးဘူး၊ ထိုတဏှာက စွမ်းအင်သတ္တိတွေ ပြည့်လာတဲ့အခါကျတော့ ခိုင်မာသွားတယ်ပေါ့။
ရောဂါများလိုပဲ- စဖြစ်ခါစတုန်းက ဒုက္ခသိပ်မပေးသေးဘူး၊ စွဲသွားပြီဆိုရင် ပျောက်အောင် ကုဖို့ ခက်တယ်ပေါ့။ အဲဒီလိုပဲ လူတွေရဲ့ သန္တာန်မှာ လိုချင်တယ်, တပ်မက်တယ်, တွယ်တာတယ်ဆိုတဲ့ တဏှာဟာ ဖြစ်စတုန်းကတော့ အင်အားမကောင်းသေးဘူး၊
စာမျက်နှာ-၈
အင်အားကောင်းသွားပြီး အာရုံကို ဖမ်းဆွဲထားပြီ ဆိုရင်တော့ ဥပါဒါန်လို့ ခေါ်တယ်နော်၊ ဒါ တဏှာနဲ့ ဥပါဒါန် ထူးခြားမှုပဲ။
ညီတော် နန္ဒမင်းသား ဥပမာ
ပိုပြီးတော့ ထင်ရှားအောင်ပြောရရင် ဘုန်းကြီးတို့ မြတ်စွာဘုရားရဲ့ ညီတော် နန္ဒမင်းသားချွတ်ခန်းကို ကြားဖူးကြလိမ့်မယ်၊ အဲဒီနန္ဒမင်းသားဟာ လက်ထပ်မယ့်ဆဲဆဲ မိမိရဲ့ နှမအရင်းအချာ ရူပနန္ဒာဆိုတာ ရှိတယ်၊ (ဇနပဒကလျာဏီ လို့လည်း ခေါ်တယ်)။ အဲဒီရူပနန္ဒာအပေါ်မှာ အခိုင်အမာ စွဲလမ်းနေတယ်၊ စိတ်က ထိုအာရုံပေါ်မှာ မလွှတ်နိုင်အောင် ဖြစ်နေတယ်၊ ဥပါဒါန်ဖြစ်နေတယ်၊ အဲဒီဥပါဒါန်ကို တရားဟောပြီး ချွတ်လို့ မရဘူး၊ မြတ်စွာဘုရားက ဒီဥပါဒါန်ကို အပျော့စားတဏှာကို သုံးပြီးတော့ ချွတ်တယ်၊ မြန်မာစကားမှာ “ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တယ်”တဲ့၊ “ဆူးစူးရင် ဆူးနဲ့ ပြန်ထွင်တယ်”တဲ့။ အဲဒီအဓိပ္ပါယ်မျိုးကို ပြောတာ။
စာမျက်နှာ-၉
အဲဒီနန္ဒမင်းသားက ရူပနန္ဒာအပေါ်မှာ ဖြစ်တဲ့ တဏှာဟာ ဆုပ်ကိုင်ထားတဲ့ ဥပါဒါန် ဖြစ်သွားပြီ။ အဲဒီဥပါဒါန်ကို ဖြုတ်ဖို့ ရူပနန္ဒာထက် အဆပေါင်းများစွာ ချောမောတဲ့ နတ်သမီးတွေ ပြလိုက်တယ်၊ နတ်သမီးမြင်လိုက်ရရင်ပဲ နတ်သမီးအပေါ်မှာ နှစ်သက်မက်မောတဲ့တရား ဖြစ်မသွားဘူးလား၊ အဲဒီ တဏှာက ရူပနန္ဒာအပေါ်မှာဖြစ်တဲ့ ဥပါဒါန်ကို ဆွဲနှုတ်ဖြတ်ပစ်လိုက်တယ်။
ဘယ်လောက်တောင် ပြုတ်သွားသလဲဆိုရင် မြတ်စွာဘုရားကို လျှောက်တယ်- “ရူပနန္ဒာရဲ့အလှနဲ့ နတ်သမီးရဲ့ အလှ နှစ်ခုယှဉ်ကြည့်မယ်ဆိုရင် နှမတော်ရူပနန္ဒာရဲ့ အလှဟာ လမ်းမှာတွေ့ခဲ့တဲ့ မျောက်အိုမကြီးနဲ့ တူပါတယ်” လို့တောင် ဖြစ်သွားတယ်။ ကဲ- ဟုတ်ရဲ့လား၊ ပြုတ်သွားတယ်ဆိုတာ အင်မတန် ထင်ရှားတယ်၊ ဥပါဒါန်တရားကို တဏှာနဲ့ ဖြုတ်ပေးလိုက်တာ။
ဒီတော့ အာရုံကို ခိုင်ခိုင်မြဲမြဲ ဆွဲကိုင်ထားတဲ့ တဏှာကို ဥပါဒါန်လို့ ခေါ်တယ်၊ အဲဒီလောက်
စာမျက်နှာ-၁၀
မခိုင်မြဲသေးတဲ့ တဏှာကို တဏှာလို့ပဲ ခေါ်တယ်။ ဒါကြောင့်မို့ “တဏှာပစ္စယာ ဥပါဒါန”တဲ့၊ တဏှာအနုစားလေးက ရင့်သွားရင် ဥပါဒါန်ဖြစ်သွားတယ်လို့ ပြောတာ။
နောက်တစ်ခုက ဒိဋ္ဌိ၊ ဒိဋ္ဌိဆိုတာ အမြင်ကို ပြောတာ၊ လူတွေမှာ အမြင်ဆိုတာ ရှိတယ်၊ ကိုယ့်အမြင် သူ့အမြင်ဆိုတာကို လွှတ်ခဲတယ်၊ ဒီလူမြင်တာက တစ်မျိုး၊ ဟိုလူမြင်တာက တစ်မျိုး၊ သူမြင်တာနဲ့ ကိုယ်မြင်တာ မတူဘူးဆိုရင် မငြင်းကြပေဘူးလား၊ အေး- အဲဒီ ဒိဋ္ဌိဆိုတဲ့ အမြင်မှာလည်း သူ့ရဲ့ စိတ်ထဲမှာ စွဲပြီးတော့ ခိုင်ခိုင်မာမာဆုပ်ကိုင်ထားတဲ့ သဘောလေး ရှိတယ်၊ အဲဒီ ဒိဋ္ဌိကိုလည်း ဥပါဒါန်လို့ ခေါ်တယ်။
“အာဒါနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ”တဲ့- မြတ်စွာဘုရားက ဒီစကားလုံးလေးကို အသုံးပြုပြီး ဟောထားတယ်၊ “အာဒါနဂ္ဂါဟီ- ‘မြဲမြဲဆုပ်ကိုင်ထားတယ်’
စာမျက်နှာ-၁၁
“ဒုပ္ပဋိနိဿဂ္ဂီ” - ‘လွှတ်ဖို့ ခဲယဉ်းတယ်”တဲ့၊ လူတွေရဲ့ အမြင် အတွေးအခေါ် viewဆိုတာ သာမန်နဲ့ မပျောက်ဘူး၊ အဲဒီလို သာမန်နဲ့ လက်မလွှတ်နိုင်အောင် စွဲသွားတဲ့အယူအဆဟာ မြန်မာနိုင်ငံမှာလည်း ရှိတာပဲ၊ မှားယွင်းတဲ့အယူအဆတစ်ရပ် ပေါ်လာလို့ ဒီအယူအဆကို ဟုတ်တယ် မှန်တယ်လို့ စိတ်ထဲက သဘောကျသွားရင် ဘေးက လူတွေက မဟုတ်ဘူး မှားနေတယ်လို့ ဘယ်လောက်ပြောပြော မရတော့ဘူး။
မြန်မာနိုင်ငံမှာလည်း အဓမ္မဝါဒဆိုတာ ပေါ်နေတာပဲ၊ စာပေနဲ့မညီ, ဘုရားဟောထားတဲ့ တရားနဲ့ မညီဘူးဆိုရင် အဓမ္မလို့ ခေါ်တာပေါ့၊ အဓမ္မဆိုတာ ဓမ္မရဲ့ ဆန့်ကျင်ဖက်ကို ခေါ်တာ။
တစ်ဦးက တရားအားထုတ်ရမယ်လို့ ကြိုးစားရမယ်လို့ ပြောတာကို တစ်ဦးက ဆန့်ကျင်ပြီးတော့ အားထုတ်စရာမလိုဘူးလို့ ပြောရင် “အားထုတ်ရမယ်”ဆိုတာက ဘုရားစကား၊ ဒါနဲ့ ဆန့်ကျင်ပြီး
စာမျက်နှာ-၁၂
“အားမထုတ်ရဘူး” ပြောရင် အဓမ္မဖြစ်သွားတယ် ခေါ်တာပေါ့၊ အဲဒီသဘောကို ပြောတာ။
တစ်စုံတစ်ယောက်က အယူအဆတစ်ရပ်ကို ပြောလို့ အဲဒီအယူအဆကို ကြိုက်သွားပြီဆိုရင် စွန့်ပယ်ဖို့ သာမန်နဲ့ ချွတ်ဖို့ ခဲယဉ်းသွားပြီ၊ အတွေးအခေါ် အယူအဆတစ်ရပ် မှားယွင်းသွားပြီဆိုရင် အင်မတန်ကြောက်ဖို့ကောင်းတယ်၊ သူတို့က ဘယ်လိုပြောလဲဆိုရင် “ဣဒမေဝ သစ္စာ မောဃမညံ”တဲ့၊ ပြောလိုက်တဲ့စကားက “ဣဒမေဝ - ဟောဒီ ငါပြောလိုက်တဲ့စကားသာလျှင်၊ သစ္စ - အမှန်၊ အညံ - တခြားပုဂ္ဂိုလ်တွေပြောတဲ့စကားတွေက၊ မောဃ - အလကားပဲ”တဲ့၊ “ငါပြောတာမှအမှန်, တခြားပုဂ္ဂိုလ်တွေပြောတာ အမှား”တဲ့၊ အခိုင်အမာ စွဲလမ်းပြီဆိုရင် အဲ့ဒီလို စွဲတာ၊ “ဣဒမေဝ သစ္စံ အညံ မောဃံ” “ဒါသာ အမှန်, တခြားဟာတွေက အမှား”လို့ ယူဆသွားတယ်။
အမှား, အမှန်ဆိုတာ ဝေဖန်ပိုင်းခြားရမယ့်ကိစ္စ၊ မှန်တယ်ဆိုရင်လည်း ဘာကြောင့်မှန်တာလဲ၊
စာမျက်နှာ-၁၃
မှားတယ်ဆိုရင်လည်း ဘာကြောင့်မှားတာလဲ။ အကြောင်းအကျိုးရှိတယ်ပေါ့။
ဒိဋ္ဌိဆိုတဲ့ အယူအဆ အတွေးအခေါ် အမြင်တစ်ခုဟာ အင်မတန်မှ ပြင်းပြင်းထန်ထန် ဆုပ်ကိုင်ထားတတ်လို့ စွဲလမ်းတတ်လို့ ဒိဋ္ဌိကိုလည်း ဥပါဒါန်လို့ ခေါ်တာတဲ့၊ ဒိဋ္ဌိဆိုတာ အမြင်ကို ပြောတာနော်၊ ကိုယ့်ရဲ့ အထင်အမြင်ဟာ စွဲလမ်းတတ်ရင် ဥပါဒါန်ပဲ။
ဒါကြောင့် ပေါင်းလိုက်တော့ “ဥပါဒါနပစ္စယာ ဘဝေါ”ဆိုတာမှာ ဥပါဒါန်လို့ အခိုင်အမာ စွဲလမ်းဆုပ်ကိုင်ထားတတ်တဲ့အရာနှစ်ခုဟာ တဏှာနဲ့ ဒိဋ္ဌိ၊ တဏှာနဲ့ဒိဋ္ဌိနှစ်ခုဟာ စွဲလမ်းတဲ့အဆင့် ရောက်လာပြီဆိုရင် ယင်းတို့ကို အခြေခံပြီး ဘဝတစ်ခုဖြစ်ပေါ်လာနိုင်တယ်။
ဥပါဒါန် (၄) မျိုး
ဥပါဒါန်ဆိုတာ ဘယ်နှစ်မျိုးရှိလဲ ဆိုတော့ သဘာဝတရားကိုယ်အားဖြင့်ဆိုရင် တဏှာနဲ့ ဒိဋ္ဌိ ဆိုပြီးတော့ နှစ်မျိုး၊ အမျိုးအစားအားဖြင့် ဆိုရင်တော့
စာမျက်နှာ-၁၄
၄-မျိုး ရှိတယ်၊ စွဲလမ်းတဲ့အရာကို ကြည့်ပြီး ၄-မျိုး ခွဲတာ၊
(၁) ကာမုပါဒါန်
“ကာမ”ဆိုတာ လိုချင်စရာ အာရုံတွေကို “ဥပါဒါန” - စွဲလမ်းတာ၊ “ကာမေ ဥပါဒိယတိ ကာမုပါဒါန - လိုချင်စရာ အာရုံတွေကို စွဲလမ်းတဲ့ အစွဲအလမ်းကို ကာမုပါဒါန်”လို့ ခေါ်တယ်၊ နှစ်သက်စရာအာရုံကို ကိုယ်တိုင်မြင်လို့ဖြစ်စေ, ကိုယ်တိုင်ကြားလို့ဖြစ်စေ, ကိုယ်တိုင်နမ်းရှူရလို့ဖြစ်စေ, ကိုယ်တိုင်အရသာခံလို့ဖြစ်စေ, ကိုယ်တိုင်ထိတွေ့ရလို့ဖြစ်စေ (သို့မဟုတ်) တဆင့်မြင်, ကြား, နမ်းရှူ၊ အရသာခံ, ထိတွေ့ခဲ့လို့ပဲ ဖြစ်စေပေါ့၊ အဲဒီအာရုံတွေပေါ် စိတ်ကလေးက စွဲလမ်းသွားတယ်၊ အဲဒီစွဲလမ်းသွားတာကိုပဲ ကာမုပါဒါန်လို့ ခေါ်တယ်၊ ကာမ + ဥပါဒါန- နှစ်သက်စရာအာရုံနဲ့ ပတ်သက်ပြီး စွဲလမ်းနေမှုတဲ့။
စာမျက်နှာ-၁၅
တဏှာမကင်းသေးတဲ့ ပုဂ္ဂိုလ်တိုင်းမှာ နှစ်သက်စရာအာရုံတွေပေါ်မှာ စွဲလမ်းမှုဆိုတာ ရှိတယ်၊ ထိုစွဲလမ်းမှုကို အကြောင်းပြုပြီးတော့ ကံတရားများကို ပြုလုပ်လေ့ရှိကြတယ်၊ လောကမှာ သတ္တဝါတွေဟာ ဒီအတိုင်းပဲ၊ အဲဒီ ကာမုပါဒါန်ဆိုတာ တခြားကို ပြောတာမဟုတ်ဘူး၊ တဏှာကိုပဲ ပြောတာ၊ နှစ်သက်စရာအာရုံတွေကို နှစ်သက်တာမှ လိုချင်တာ, စွဲလမ်းတာ, တပ်မက်တာ။
နောက် အမြင်နဲ့ပတ်သက်ပြီးတော့ သုံးမျိုး၊
(၂) ဒိဋ္ဌုပါဒါန - ဒိဋ္ဌိ - အယူအဆနဲ့ပတ်သက်ပြီး၊
(၃) သီလဗ္ဗတုပါဒါန- သီလဝတ - အလေ့အထအကျင့်နဲ့ ပတ်သက်ပြီး၊
(၄) အတ္တဝါဒုပါဒါန- အတ္တဝါဒ- အတ္တရှိတယ်လို့ပြောဆိုတဲ့ဝါဒနဲ့ ပတ်သက် ဥပါဒါန - စွဲလမ်းမှု။
စာမျက်နှာ-၁၆
ဒီသုံးမျိုးကတော့ ဒိဋ္ဌိနဲ့ပတ်သက်တာ၊ အမြင်နဲ့ ပတ်သက်ပြီး စွဲလမ်းတာ သုံးမျိုး, တဏှာနဲ့ ပတ်သက်ပြီး တစ်မျိုး- ပေါင်း ဥပါဒါန်လေးမျိုးတဲ့။
တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့ ကိုယ့်သန္တာန်မှာ ဒိဋ္ဌိဆိုတဲ့ တရားနဲ့ ပတ်သက်ပြီး စွဲလမ်းမှု ရှိ မရှိ ကိုယ့်ဖာသာကိုယ် ဆန်းစစ်ဖို့ ကောင်းတယ်။
(၂) ဒိဋ္ဌုပါဒါန်
ဒိဋ္ဌိအမြင်ဆိုတာ ဘယ်လိုအမြင်မျိုးကို ပြောတာလဲ ဆိုရင် ဒီကနေ့ခေတ်မှာ ရုပ်ဝါဒလို့ ပြောတဲ့အရာမျိုးပေါ့၊ နတ္ထိကဒိဋ္ဌိတဲ့- ကံရဲ့အကျိုးတရားဆိုတာ မရှိဘူး၊ ကုသိုလ်ကံရဲ့ အကျိုးတရား မရှိဘူး၊ အကုသိုလ်ရဲ့ အကျိုးတရားလည်း မရှိဘူး၊ ဘာလုပ်လုပ် ဘာမှရမှာ မဟုတ်ဘူး၊ လူဆိုတာ သေသွားရင် ပြတ်ရော၊ နောက်ဘဝဆိုတာ မရှိဘူး၊ ပရလောကကသူတွေဆိုတာလည်း မရှိဘူး၊ ပြန်ပြီးတော့ မွေးတဲ့ သတ္တဝါဆိုတာ လောကမှာမရှိဘူး အစရှိတဲ့ ငြင်း
စာမျက်နှာ-၁၇
ပယ်မှု ၁၀-ချက်၊ နတ္ထိကဒိဋ္ဌိ ၁၀-ချက်လို့ ခေါ်တယ်၊ အဲဒီ ငြင်းပယ်မှုဆိုတဲ့ ကံရဲ့ အကျိုးတရားကို ငြင်းပယ်မှု “နတ္ထိကဝါဒ”ကို ဒီနေရာမှာ ဒိဋ္ဌုပါဒါန်လို့ ခေါ်တယ်။
မြတ်စွာဘုရား လက်ထက်တော်တုန်းက ဒီဝါဒကို စွဲကိုင်လာတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဆိုရင် အဇိတကေသကမ္ဗလဆိုတဲ့ ပုဂ္ဂိုလ်၊ သူက ဒီဝါဒကို စွဲကိုင်ထားသည့်အတွက်ကြောင့် “မင်းတို့ လုပ်မနေနဲ့၊ လုပ်နေရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး” “နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော” - ကုသိုလ် အကုသိုလ်ကံတွေရဲ့ အကျိုးတရားဆိုတာ မရှိဘူး၊ “နတ္ထိ မာတာ၊ နတ္ထိ ပိတာ - လောကမှာ အဖေဆိုတာလည်း မရှိဘူး၊ အမေဆိုတာလည်း မရှိဘူး”လို့ အဖေအမေကို အသိအမှတ်မပြုတဲ့သဘောပဲ၊ စာပေကျမ်းဂန်အရပြောမယ်ဆိုရင် “နတ္ထိ မာတာ - အမေ မရှိဘူး၊ နတ္ထိ ပိတာ - အဖေ မရှိဘူး”ဆိုတာ “အဖေအမေရဲ့ မိမိအပေါ် ကျေးဇူးပြုမှုကို အသိအမှတ်မပြုတဲ့သဘော”ပဲ။
စာမျက်နှာ-၁၈
“အဖေအပေါ်မှာကောင်းရင်လည်း ကောင်းတဲ့အကျိုး မရဘူး ဆိုရင်လည်း ဆိုးတဲ့အကျိုး မရဘူး၊ အမေအပေါ်မှာကောင်းရင်လည်း ကောင်းတဲ့အကျိုး မရဘူး, ဆိုးရင်လည်း ဆိုးတဲ့အကျိုး မရဘူး၊ အဖေအမေနဲ့ ပတ်သက်ပြီး ဘာမှကောင်းကျိုး ဆိုးကျိုးမရဘူး” လို့ ပြောတာ။
အဲဒီလို ပြောခြင်းဖြင့် “မာတုဃာတကကံ - အမိသတ်လည်း အပြစ်မရှိဘူး၊ ပိတုဃာတကကံ - အဖသတ်လည်း အပြစ်မရှိဘူး” လို့ ပြောရာရောက်မသွားပေဘူးလား၊ အဲဒါကြောင့်မို့ အဖေအမေကို အသိအမှတ်မပြုဘူးလို့ ပြောတာနော်၊ အဲဒါနတ္ထိကဝါဒလို့ ခေါ်တယ်။
ဘုန်းကြီးတို့တစ်တွေ ကံကောင်းလို့ ဒီဘဝမှာ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး မြတ်စွာဘုရားတရားတော်ကို နာရတာ၊ ကိုယ့်ပတ်ဝန်းကျင်မှာလည်း မှန်ကန်တဲ့အယူအဆတွေ ပြောဟောနေတာကို ငယ်စဉ်ကတည်းက ကြားနေကြလို့ ဒီလိုမှန်ကန်တဲ့ အတွေးလေး ရနေတာ- အထင်မကြီးလေနဲ့၊ ဒီဘဝရဲ့ အခြားမဲ့မှာ ဒီအယူအဆက ပြောင်းမသွားဘူးလို့ မပြော
စာမျက်နှာ-၁၉
နိုင်ပါဘူး၊ အေး အဲဒီလိုအယူဝါဒရှိတဲ့ ပတ်ဝန်းကျင်ရောက်သွားပြီး ပြန်လည်မွေးဖွားသွားပြီဆိုရင် အဲဒီလို အယူဝါဒမျိုးကို ဆုပ်ကိုင်မိမှာပဲ၊ အဲဒီအယူဝါဒကို ဆုပ်ကိုင်ထားမိရင် ဘယ်သူလာတရားဟောလို့မှ မရနိုင်ဘူး၊ ဥပါဒါန် ဖြစ်နေပြီ။
ဒီကနေ့ခေတ် ကမ္ဘာကြီးမှာ လူဦးရေ သန်းပေါင်း ၆၀၀၀-ကျော် ရှိတယ်၊ ဒီအယူဝါဒ စွဲကိုင်ထားတဲ့ပုဂ္ဂိုလ်ဟာ နည်းမယ် မထင်ဘူး၊ မြောက်မြားစွာ ရှိလိမ့်မယ်၊ ဗုဒ္ဓဘာသာကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာလို့ စာရင်းဝင်တဲ့ ပုဂ္ဂိုလ်ဟာ အင်မတန်မှ နည်းတယ်နော်၊ အခု နိုင်ငံခြားတွေမှာဆိုရင် Non Religious Believer ဘာသာတရားကို လက်မခံတဲ့သူတွေ အများကြီးပေါ်နေပြီ၊ ဘာသာမဲ့လို့ ပြောတယ်၊ ဘာသာမဲ့ဆိုတာ ငြင်းပယ်ထားတာလေ၊ လုပ်ရပ်တွေအားလုံးပေါ်မှာ ငြင်းပယ်ထားတာလည်း ဖြစ်နိုင်တယ်၊ ဒါကြောင့်မို့ ဒီဝါဒကို စွဲကိုင်ထားပြီးရင် ထိုဝါဒကို စွန့်ဖို့အတွက် ဟောပြောဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးတဲ့၊ အယူဝါဒတစ်ခုကို ဆုပ်ကိုင်ထား
စာမျက်နှာ-၂၀
ပြီဆိုရင် အဲဒီအယူဝါဒကို ရှင်းပြလည်း လက်ခံချင်မှ လက်ခံမယ်၊ ချွတ်ဖို့ ခက်သွားပြီပေါ့။ ဒါကြောင့်မို့ ဥပါဒါန်လို့ ပြောတာနော်။ ။
အဲဒီတော့ ဒိဋ္ဌုပါဒါန်ဆိုတာ အကြမ်းအားဖြင့် ပြောရရင် အလှူဒါနရဲ့ အကျိုးဆိုတာ မရှိဘူး၊ ကံကံ၏အကျိုးဆိုတာ မရှိဘူး၊ အဖေအမေအပေါ် ပြုစုလုပ်ကျွေးတဲ့ အကျိုးတရားဆိုတာ မရှိဘူး၊ တမလွန်လောကဆိုတာ မရှိဘူး၊ သေပြီး ပြန်ဖြစ်တယ်ဆိုတာ မရှိဘူး၊ လောကမှာ အမှန်တရားကို ဟောနိုင်တဲ့ သူတော်စင် သူတော်မြတ်ဆိုတာ မရှိဘူးတဲ့၊ အဲဒီနတ္ထိကအမြင်နဲ့ ငြင်းပယ်ထားတဲ့ အယူဝါဒကို ဒိဋ္ဌုပါဒါန်လို့ ခေါ်တယ်။
(၃) သီလဗ္ဗတုပါဒါန်
သီလဆိုတာ ဒီကနေ့ ဗုဒ္ဓဘာသာဝင်တွေ ဆောက်တည်နေကြတဲ့ သီလကို ပြောတာမဟုတ်ဘူး၊ ဒီနေရာမှာ သီလဆိုတာ လူတစ်ယောက်ရဲ့ အလေ့အထ အမူအကျင့်ကို ပြောတာ- Habitual
စာမျက်နှာ-၂၁
practice၊ ဝတဆိုတာ အဲဒီအလေ့အထကို လိုက်နာမယ်လို့ဆိုပြီး စိတ်ထဲခံယူထားပြီးတော့ လိုက်နာနေတာ၊ ဥပမာပြောရင်- ငါသက်သတ်လွတ် စားမယ်ဆိုတာ ဝတပဲ၊ သဘောပေါက်အောင် ပြောရရင် ဆောက်တည်ထားတဲ့ အကျင့်တစ်ခုဟာ ဝတပဲ။
သီလဆိုတဲ့ အလေ့အထတစ်ခုဟာ မိမိတို့သန္တာန်မှာရှိတဲ့ သံသရာကို ရှည်စေတတ်တဲ့ ကိလေသာတွေကို စင်ကြယ်စေတယ်လို့ ယူဆတယ်။ အဲဒီအလေ့အထတွေကို ကျင့်သုံးတဲ့ ဝတဟာ ကိလေသာတွေကို စင်ကြယ်စေနိုင်တယ်လို့ ယူဆစွဲလမ်းတာဟာ သီလဗ္ဗတုပါဒါနပဲ၊ အဲဒါလည်း အလွန်စွဲလမ်းတတ်တယ်။
အဲဒီသီလဗ္ဗတနဲ့ ပတ်သက်ပြီး နိုင်ငံခြားက ရေးကြတဲ့ ဗုဒ္ဓဘာသာစာအုပ်တွေထဲမှာ rite and ritual လို့ ပါတယ်၊ ဒါ မှန်ကန်တဲ့ဘာသာပြန်မဟုတ်ဘူး၊ သီလဗ္ဗတရဲ့ အဓိပ္ပါယ်က- ဥပမာပြောကြပါစို့ - ခွေးတစ်ကောင်ရဲ့ အလေ့အထ မရှိဘူးလား၊ ခွေးရဲ့ အလေ့အထ အမူအရာဟာ ဘာလဲဆိုရင် ခွေးက
စာမျက်နှာ-၂၂
လေးဖက်ထောက်သွားတယ်၊ အိပ်တဲ့အခါ သူအိပ်မယ့်နေရာကို ယက်တတ်တယ် ယက်ပြီးရင် သုံးပတ်ပတ်ပြီး အဲဒီနေရာမှာ ကွေးကွေးလေး အိပ်လေ့ရှိတယ်၊ နောက်ဖေးနောက်ဖီစွန့်ရင် သူ့အမူအရာက တစ်မျိုးပေါ့ ဟုတ်လား၊ ဒါ နမူနာသိရုံလေး ပြောတာ၊ ခွေးတစ်ကောင်ရဲ့ အမူအကျင့်တွေကို အားလုံးမြင်ဖူးနေကြတယ်၊ အဲဒါတွေကို သီလလို့ ပြောတာပဲ။
ကုက္ကူရသီလဆိုတာ ခွေးတစ်ကောင်ရဲ့အကျင့်၊ အဲဒီခွေးတစ်ကောင်ရဲ့ အလေ့အထကို လိုက်နာကျင့်သုံးဖို့ ခံယူလိုက်တာက ကုက္ကူရဝတတဲ့၊ မြတ်စွာဘုရားလက်ထက်တုန်းက တကယ့်ကို ခွေးလိုကျင့်ခဲ့တဲ့ပုဂ္ဂိုလ် ရှိခဲ့ဖူးတယ်၊ ခွေးလိုကျင့်တယ်ဆိုတာက ခွေးလိုလေးဖက်ထောက်သွားတယ်၊ အစာစားတဲ့အခါ ခွေးဆိုတာ လက်နဲ့ယူစားတာ ဟုတ်ရဲ့လား၊ ပါးစပ်နဲ့ ကိုက်ပြီးတော့ စားတယ်, နှုတ်သီးနဲ့စားတယ်၊ လူသားဖြစ်ပေမယ့်လို့ ခွေးလိုကျင့်တဲ့အခါ ခွေးအမူအရာ ခွေး styleတွေ အကုန်လုပ်ရတယ်၊ ဒါမှ သူ့ရဲ့အကျင့်အောင်မှာကိုး။
စာမျက်နှာ-၂၃
နွားအကျင့်ကျင့်တဲ့သူကလည်း နွား styleတွေ အကုန်ယူရတယ်၊ နောက်ဆုံးမှာ ကျင်ကြီးကျင်ငယ် စွန့်တာကအစ နွားပုံစံ ကျကျနနလုပ်ရတယ်၊ အဲဒီလိုကျင့်နိုင်ရင် သံသရာဝဋ်က လွတ်တယ်တဲ့၊ အဲဒီအစွဲအလမ်းမျိုး ခွေးတွေနွားတွေမက အခြားသတ္တဝါတွေရဲ့အကျင့်ကိုလည်း မှားမှားယွင်းယွင်း လိုက်အတုယူပြီး ကျင့်ကြတာတွေ အများကြီးရှိတယ်ပေါ့။ အဲဒါကို သီလဗ္ဗတလို့ ခေါ်တယ်။
အဲဒီသီလဗ္ဗတနဲ့ပတ်သက်ပြီး မှားမှားယွင်းယွင်း သုံးသပ်ယူဆတာက ပရာမာသတဲ့၊ သီလဗ္ဗတပရာမာသဆိုတာ စာပေကျမ်းဂန်ထဲမှာ ပရာမာသဆိုတဲ့အထဲမှာလည်း ပါတယ်၊ ဥပါဒါန်ထဲမှာလည်း ပါတယ်၊ အဲဒီအကျင့်ဟာလည်း အလွန်စွဲလမ်းစေတဲ့အတွက်ကြောင့် ဥပါဒါန်ပဲတဲ့။
(၄) အတ္တဝါဒုပါဒါန်
အတ္တဆိုတဲ့ စကားလုံးကို မြန်မာလူမျိုးတွေကျ တစ်မျိုးပြောင်းရမှာပေါ့၊ ဝိညာဉ်လို့ ပြောကြမယ်။
စာမျက်နှာ-၂၄
လူသေရင် ဝိညာဉ်လေးက ထွက်သွားတယ်, အဲဒီဝိညာဉ်လေးက ပြန်ပြီးတော့ ဝင်စားတယ်တို့, လိပ်ပြာစင်သွားတယ်တို့ မြန်မာလူမျိုးတွေပြောတဲ့ အတ္တဟာ အဲဒါပဲ၊ ဝိညာဉ်ကောင်၊ လိပ်ပြာကောင်၊ အင်္ဂလိပ်လိုပြောတော့ spirit သို့မဟုတ် soul လို့ ပြောရတယ်၊ အိန္ဒိယစကားလုံးက အာတမံ၊ ဒါတွေဟာ အတူတူပဲ၊ လူတွေဟာ သေသွားရင် ခန္ဓာကိုယ်ထဲက ဝိညာဉ်လေးက ထွက်သွားပြီးနောက် ဘဝတစ်ခုမှာ ဝင်စားတယ်၊ အဲဒီအယူဝါဒကို ကိုင်စွဲပြီး ပြောတာလည်း ဥပါဒါန်တစ်မျိုးပဲတဲ့၊ အတ္တဝါဒုပါဒါန်လို့ ခေါ်တယ်။
ဥပါဒါန်ကို အခြေပြုပြီး သတ္တဝါတွေမှာ ဘာဖြစ်လဲ?
ဥပါဒါန် ၄-မျိုးကို အခြေပြုပြီး သတ္တဝါတွေမှာ ဘာဖြစ်လဲ? ဆိုပါစို့- ကာမုပါဒါန် - လိုချင်စရာ နှစ်သက်စရာ အာရုံတွေနဲ့ ပတ်သက်ပြီး တဏှာဖြစ်ကြတယ်၊ အာရုံတွေပေါ်မှာ အစွဲအလမ်းပေါ်လာတယ်၊ ဒီလိုအာရုံတစ်ခုခုပေါ်မှာ စွဲလမ်းရင်, အစွဲအလမ်းတစ်ခုပေါ်လာရင် ရချင်တယ်ဆိုတဲ့စိတ်ပေါ်လာတယ်၊ ဒီအာရုံကို ဘယ်လိုနည်းနဲ့ ရနိုင်မလဲ။
စာမျက်နှာ-၂၅
ဥပါဒါနပစ္စယာ ဘဝေါဆိုတာ နည်းလမ်းတစ်ခုခု ရှာရမယ်ပေါ့။ အဲဒီနည်းလမ်းအတိုင်း လုပ်တယ်၊ လုပ်တဲ့နေရာမှာ အဲဒီနည်းလမ်းက အပြစ်ရှိတဲ့နည်းလမ်းလည်း ဖြစ်နိုင်တယ်၊ အပြစ်မရှိတဲ့နည်းလမ်းလည်း ဖြစ်နိုင်တယ်၊ အပြစ်ရှိတဲ့နည်းလမ်းဆိုရင်တော့ အပြစ်ခံရမှာပဲ။ အပြစ်မရှိတဲ့နည်းလမ်းဆိုရင်လည်း ကောင်းကျိုးချမ်းသာရမှာပဲ၊ ဒါ သေချာတယ်။ ။

ဆိုပါစို့- လူတစ်ယောက်ဟာ တာဝတိံသာ နတ်ပြည်က သိကြားမင်းရဲ့ စည်းစိမ်ဟာ အင်မတန်ကြီးမားတယ်၊ နတ်တွေဟာ အလွန်ချမ်းသာတယ်လို့ ဒီလိုကြားရတဲ့အခါ သူ့စိတ်ထဲမှာ နတ်ဖြစ်ချင်တဲ့စိတ်တွေ ဖြစ်လာတယ်၊ နတ်ဖြစ်ချင်တဲ့စိတ်တွေ ဖြစ်လာတဲ့အခါ ဘာလုပ်လဲဆိုရင် သူ့ကို အကြံပေးတဲ့ပုဂ္ဂိုလ်က နှစ်မျိုးဖြစ်နိုင်တယ်။

တစ်မျိုးက “နတ်ဖြစ်ချင်ရင် သတ္တဝါလေးတွေရဲ့လည်ချောင်းကို လှီးပြီး ပူဇော်ရင် နတ်ဖြစ်နိုင်တယ်” ဒီလိုပြောတဲ့ပုဂ္ဂိုလ်လည်း ရှိနိုင်တယ်၊ နောက်
စာမျက်နှာ-၂၆
တစ်မျိုးက အဲဒီလိုမဟုတ်ဘဲ “ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘာဝနာကောင်းမှုတွေ လုပ်ရင် နတ်ဖြစ်တယ်” လို့ ဒီလိုပြောတဲ့ပုဂ္ဂိုလ်လည်း ရှိမယ်။ ။

အေး - ကောင်းရာသုဂတိဘုံဘဝရောက်ချင်လို့ ကောင်းရာဘုံကို ပို့နိုင်တဲ့ ထာဝရဘုရားသခင် ကျေနပ်အောင် သတ္တဝါတွေရဲ့အသက်နဲ့ ပူဇော်ပါပြီတဲ့၊ အဲဒီယဇ်ပူဇော်တဲ့အလုပ်ကို သူတော်ကောင်းတွေက ဘယ်လိုသတ်မှတ်လဲဆိုရင် ဒုစ္စရိတ - အကျင့်ဆိုးတဲ့၊ ဘာဖြစ်လို့ အကျင့်ဆိုးဖြစ်လဲဆိုရင် တစ်ဖက်သားကို ထိခိုက်နစ်နာစေလို့ အကျင့်ဆိုးဖြစ်တာ၊ ကိုယ်ကောင်းစားချင်လို့ သူတစ်ပါးကို သတ်ဖြတ်ပြီးတော့ ကိုယ့်ကောင်းစားမှုကို ရယူတယ်ဆိုတာ တရားသလား၊ မတရားဘူးလား၊ ဒါပဲ စဉ်းစားကြည့်ပေါ့၊ ကိုယ်ကောင်းစားချင်တယ်၊ ဟိုတစ်ယောက်က သေရမယ်ဆိုရင် နည်းလမ်းကျလား၊ ဟိုတစ်ယောက်က ဘယ်လိုတွေးမလဲ၊ သူလည်း မကောင်းစားချင်ဘူးလား၊ သူများကောင်းစားဖို့အတွက် သူက သေပေးရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ကိုယ်ချင်းစာကြည့်
စာမျက်နှာ-၂၇
ကြည့်ပေါ့။ ကိုယ်ချင်းစာကြည့်ရင် ဒါတရားသလား၊ မတရားဘူးလားဆိုတာ ရှင်းရှင်းလေးရယ်၊ ဟုတ်ရဲ့လား။

အဲဒီတော့ မကောင်းတဲ့အလုပ်ကို ဒုစရိုက်လို့ ခေါ်တယ်၊ နတ်ပြည်ရောက်မယ်အထင်နဲ့ ဒုစရိုက်ကို လုပ်တယ်၊ လုပ်ပြီဆိုတော့ ဖြစ်ချင်တာက နတ်ပြည်၊ စွဲလမ်းတာက နတ်ပြည်၊ လုပ်တာက ဒုစရိုက်တဲ့။

ဟောဒုစရိုက်လုပ်လိုက်တာက ဘဝတစ်ခုကို ရောက်စေတတ်တဲ့ ကံကို လုပ်တာ။ ဘဝနှစ်မျိုး။

“ဥပါဒါနပစ္စယာ ဘဝေါ” မှာ ဘဝကို နှစ်မျိုးခွဲထားတယ်၊ ကမ္မဘဝနဲ့ ဥပပတ္တိဘဝတဲ့၊ ဘဝကို တည်ဆောက်ပေးနိုင်တဲ့ ကံတရားကို ကမ္မဘဝလို့ ခေါ်တယ်၊ အဲဒီကံက တည်ဆောက်ပေးလို့ ရလိုက်တဲ့ဘဝကို ဥပပတ္တိဘဝလို့ ခေါ်တယ်၊ ဒီနှစ်ခုလုံးကို ဘဝလို့ ပြောထားတာ။
စာမျက်နှာ-၂၈
လိုချင်တာက နတ်ပြည်၊ ထိုနတ်ပြည်ကို စွဲလမ်းနေသည့်အတွက်ကြောင့် နတ်ပြည်ရောက်ကြောင်း ကံတစ်ခုကို လုပ်တယ်၊ လုပ်တာက အကုသိုလ်မှုဆိုရင် အဲဒီလူသည် ကာမုပါဒါန်ဆိုတဲ့အကြောင်းကြောင့် ငရဲဘုံငရဲဘဝ ရောက်မသွားပေဘူးလား၊ သူလုပ်တဲ့ကံသည် အကုသိုလ်ကံ ဖြစ်တယ်။

ကာမုပါဒါန်ဆိုတဲ့ အစွဲအလမ်းကို အခြေခံပြီး အကုသိုလ်လုပ်တာက “ကမ္မဘဝ”၊ အကုသိုလ်လုပ်သည့်အတွက်ကြောင့် အပါယ်ဘဝ အပါယ်ခန္ဓာရသွားတာက “ဥပပတ္တိဘဝ”၊ အဲဒါကြောင့် “ဥပါဒါနပစ္စယာ ဘဝေါ” လို့ ပြောတာ၊ စွဲလမ်းမှုကို အခြေခံပြီး ကံကိုလုပ်တာ။

ထို့အတူပဲ လူတွေ တစ်ခါတစ်ရံ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်သွားတယ်၊ နတ်ပြည်ဆိုတာ အင်မတန်ချမ်းသာတယ်လို့ သိထားတဲ့အတွက်ကြောင့် လိုချင်တယ်၊ လိုချင်သည့်အတွက် ဒါနကောင်းမှုတွေ လုပ်တယ်၊ သီလတွေ ဆောက်တည်တယ်၊ ဤကောင်းမှုကြောင့် နတ်ပြည်ရောက်ရပါလို
စာမျက်နှာ-၂၉
၏” လို့ ဆုတောင်းတယ်၊ ဟောကြည့် - လိုချင်မှုဖြင့် စွဲလမ်းနေတာက “ကာမုပါဒါန်”၊ ကံပြုလုပ်တာက “ကမ္မဘဝ”၊ အဲဒီပြုလုပ်မှုကြောင့် ဒီဘဝကနေ သေသွားတဲ့အခါ နတ်ပြည်မှာ သွားဖြစ်တာက “ဥပပတ္တိဘဝ”၊ အဲဒါကြောင့် “ဥပါဒါနပစ္စယာ ဘဝေါ”။ ဥပါဒါန်ကြောင့် ဘဝဖြစ်သွားတယ်။ လူတိုင်း၌ စွဲလမ်းမှု ရှိကြသည်

လူတိုင်းလူတိုင်းဟာ တစ်ခုခုဖြစ်ချင်နေတဲ့ စွဲလမ်းမှုဟာ ဥပါဒါန်ပဲ၊ အဲဒီဥပါဒါန်ကို အခြေပြုပြီး ကံတစ်ခုကို ပြုလုပ်မယ်၊ အဲဒီကံတစ်ခုသည် ဘဝကို ဖြစ်ပေါ်စေမယ်၊ အဲဒါကြောင့် ပဋိစ္စသမုပ္ပါဒ်မှာ “ဥပါဒါနပစ္စယာ ဘဝေါ” လို့ ဟောတာ။

ဘဝဆိုတဲ့ စကားလုံးလေးမှာ နှစ်မျိုးပါတယ်လို့ မှတ်ရမယ်၊ ကံတရားကို “ကမ္မဘဝ”၊ ထိုကံတရားတွေက ထုတ်လုပ်တဲ့ခန္ဓာကို “ဥပပတ္တိဘဝ” လို့ ခေါ်တယ်၊ ဥပါဒါန်ကို အခြေပြုပြီး လုပ်တယ်၊ စိတ်စွဲလမ်း
စာမျက်နှာ-၃၀
မှုကို အခြေခံပြီး ဖြစ်လာတာဟာ အင်မတန်မှ ထူးဆန်းအံ့သြဖွယ်ကောင်းတယ်။ စွဲလမ်းမှု ပြင်းထန်လျှင်

ဒီကနေ့ လူ့လောကထဲမှာကြည့်- စိတ်စွဲလမ်းမှုကို အခြေခံပြီး သေခါနီးမှာ စိတ်ထဲမှာ တစ်ခုခုဖြစ်တာလည်း မနောကံလို့ ခေါ်တာပဲနော်၊ ဆိုပါစို့ -

တွေ့ဖူးကြပါလိမ့်မယ်၊ မတွေ့ဖူးရင်လည်း ကြားဖူးကြပါလိမ့်မယ်၊ လူ့လောက လူကလေးမွေးလာတဲ့အခါ လက်ကို ကြိုးတုပ်လျက် မွေးလာတယ်ဆိုတာ ကြားဖူးကြလိမ့်မယ်နော်၊ လက်ကလေးပြတ်လျက် ပါလာတယ်ဆိုတာလည်း ကြားဖူးကြလိမ့်မယ်၊ လူဖြစ်ပြီးတော့ ခေါင်းမှာ အမာရွတ်ကြီးပါလာတယ်ဆိုတာလည်း ကြားဖူးကြလိမ့်မယ်။

အဲဒါတွေဟာ ဘာ့ကြောင့်ဖြစ်ရတာလဲ? အခုပြောတဲ့ “ဥပါဒါနပစ္စယာ ဘဝေါ” ပဲ၊ ကံမကောင်းအကြောင်းမလှလို့ လူဆိုးလူဆိုးတွေနဲ့တွေ့တဲ့အခါ လက်အဖြတ်ခံလိုက်ရတဲ့အချိန်မှာ “လက်ကြီးပြတ်
စာမျက်နှာ-၃၁
သွားပြီဆိုတဲ့ ဝမ်းနည်းမှု ဒေါမနဿ အကုသိုလ်”, သူ့စိတ်ထဲမှာ “ငါ့လက်မရှိတော့ဘူး” ဆိုတဲ့ အတွေးလေးနဲ့ “ငါ့လက်ပြတ်သွားပြီ” ဆိုတဲ့ စိတ်စွဲလမ်းမှုလေးဟာ ကံဖြစ်လာတာပဲ၊ တခြားကံဝင်မလာနိုင်အောင် လွှမ်းမိုးနေသည့်အတွက်ကြောင့် အဲဒီကံနဲ့ စိတ်စွဲလမ်းမှုကြောင့် အဲဒီလူဟာ ဒီဘဝမှာ လက်ပါမလာတာ ဖြစ်နိုင်တယ်၊ စိတ်စွဲလမ်းမှုဟာလည်း အလွန်ပြင်းထန်တယ်၊ ဒီဘဝတင်မကဘူး နောက်ဘဝထိအောင် ပါလာတယ်။ စိတ်အစဉ်သည် တစ်ဆက်တည်းသာ

ဘာဖြစ်လို့ ဒီလိုဖြစ်ရလဲဆိုရင် ရုပ်ခန္ဓာကြီးကသာ အကြီးအကျယ်ပြောင်းလဲသွားတာ၊ စိတ်ဆိုတာကတော့ အခုလက်ရှိဘဝမှာ စိတ်တွေဟာ တစ်စက္ကန့်ပြီး တစ်စက္ကန့် ဒီလိုဖြစ်နေသလို အင်မတန်မြန်တဲ့နှုန်းနဲ့ ဖြစ်ပျက်နေတယ်၊ တစ်စက္ကန့်ဆိုတာက နားလည်အောင် ပြောတာ၊ တကယ်တော့ တစ်စက္ကန့်မှာပဲ စိတ်တွေ ကုဋေတစ်သိန်းခန့်ဖြစ်နေတယ်လို့
စာမျက်နှာ-၃၂
ပြောချင်တာနော်၊ အဲဒီစိတ်အစဉ်ဆိုတာ ဒီဘဝနဲ့ ဟိုဘဝကြားမှာ ပြတ်သွားတယ်လို့မှ မရှိဘဲ၊ အခုခေတ်စကားနဲ့ပြောရင် on line ပေါ့။ ဒီ line လေးတစ်ခုတည်းပေါ်မှာ ရောက်နေတာ။

လူတစ်ယောက်ဟာ သေခါနီးမှာ စိတ်စွဲလမ်းမှုတွေ ရှိနေတဲ့အခါ အဲဒီစိတ်စွဲလမ်းမှုလေးကြောင့် နောင်ဘဝမှာ အမှတ်ကလေးပါသွားတာတို့၊ နောက်ဘဝမှာ လက်ကလေးပြတ်လျက် ဖြစ်တာတို့၊ နောက်ဘဝမှာ ချို့တဲ့တဲ့ကလေး မွေးလာတာတို့ - အမျိုးမျိုးအဖုံဖုံ ဖြစ်လာတတ်တယ်၊ ဘာဖြစ်လို့ ဒီလိုဖြစ်သလဲဆိုရင် စိတ်စွဲလမ်းမှု ဥပါဒါန်ရဲ့ ပြင်းထန်မှုကြောင့်ပဲ။ ယနေ့ခေတ် မြန်မာပြည်မှ ဥပမာများ

ဘုန်းကြီးတို့ဇာတိ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ ဘောကမိခင်တစ်ယောက်မှ မွေးလာတဲ့ ကလေးနှစ်ယောက်- တကယ့်ဥရောပသားအတိုင်း မွေးလာတယ်၊ မျက်လုံးကအပြာ၊ ဆံပင်ကအဖြူ၊ ငွေရောင်ဆံပင်၊ အသားကလည်း ဖွေးဆွတ်နေတယ် အမေနဲ့တခြားစီ၊ အဖေနဲ့တခြားစီပဲ ကြည့်လိုက်ရင်
စာမျက်နှာ-၃၃
ဥရောပသားလေးတွေလိုပဲ၊ အဲဒီလိုမွေးလာတာ ရှိတယ်၊ ဘာဖြစ်လို့ ဒီလိုမွေးလာလဲဆိုရင် အကြောင်းအကျိုးဆက်စပ်မှု ရှိတယ်၊ အဲဒီမှာလည်း ဥပါဒါန်လို့ ပြောလို့ရတယ်၊ အဲဒီအမျိုးသမီးက မြန်မာအမျိုးသမီးစစ်စစ်၊ မြန်မာမိခင်ဖခင်က မွေးတဲ့ကလေးဟာ ဘာဖြစ်လို့ ဥရောပရုပ်ပေါက်သွားသလဲဆိုတာ အကြောင်းနှစ်မျိုးရှိတယ်ပေါ့။

အကြောင်းတစ်ခုက- မိခင်ရဲ့စိတ်စွဲလမ်းမှု၊ ဘုန်းကြီးတို့ သိရှိရသလောက်ဆိုရင် မြန်မာပြည်မှာ နိုင်ငံခြားကဆရာဝန်တွေ လာရောက်ပြီး ငှက်ဖျားရှိမရှိ တောရွာတွေအနှံ့ သွားရောက်စစ်ဆေးပေးတယ်။ လုပ်အားပေးတာပေါ့။ အဲဒီအမျိုးသမီးဟာ မျက်နှာဖြူနိုင်ငံခြားသားကြီးတွေကို မကြည့်ရဲဘူး၊ သိပ်ကြောက်တယ်၊ ကြောက်စိတ်အစွဲအလမ်းပေါ့ phobia တဲ့၊ နိုင်ငံခြားသားကြောက်တဲ့ရောဂါ ရှိတယ်၊ အင်္ဂလိပ်
စာမျက်နှာ-၃၄
ကြောက်တဲ့ရောဂါဆိုတော့ Englophobia လို့ ခေါ်တယ်။

အဲဒါ ဆေးစစ်မခံဘူး ပုန်းနေတယ်၊ ရွာလူကြီးတွေက လိုက်ရှာပြီး ဆေးစစ်ခိုင်းရတယ်၊ သူ့စိတ်ထဲမှာ အဲဒီမျက်နှာဖြူလူမျိုးကြီးတွေကို ကြောက်ပြီး စွဲလမ်းနေတာ၊ ကလေးမွေးလာတဲ့အခါ အဲဒီကလေးတွေဟာ မျက်နှာဖြူရုပ်တွေ ဖြစ်နေတယ်၊ အကြောင်းရှာမယ်ဆိုရင် အဲဒါ ဥပါဒါန်ပဲ၊ ဒါ မိခင်ရဲ့ဥပါဒါန်ပဲ။ မိခင်ရဲ့ဥပါဒါန်က သားသမီးကို ဖြစ်စေသလားဆိုရင် ဖြစ်တာပေါ့။ မြေနက်တွင်းထဲမှာ အောင်းပြီး မွေးလာတဲ့ ဖွတ်သတ္တဝါဟာ အနက်ဖြစ်တယ်၊ မြေနီတွင်းထဲမှာ အောင်းပြီး မွေးလာတဲ့ ဖွတ်သတ္တဝါဟာ အနီဖြစ်တယ်၊ ထို့အတူပဲ မိခင်ရဲ့စိတ်စွဲလမ်းမှု ဥပါဒါန်ကြောင့် ဖြစ်လာတဲ့သတ္တဝါဟာ အဲဒီလိုပဲ ဖြစ်တယ်ပေါ့။ ဒါက အကြောင်းတစ်ခု။ ။

နောက်အကြောင်းတစ်ခုကတော့ သန္ဓေသားကိုယ်တိုင်က စိတ်စွဲလမ်းမှုရှိတယ်၊ ခုနကပြောသလို အတိတ်ဘဝက စိတ်စွဲလမ်းမှုကြောင့် သေခါနီးဆဲဆဲမှာ သူ့ရဲ့စိတ်စွဲလမ်းမှု ပြင်းထန်သည့်အတွက်ကြောင့် မြန်မာနိုင်ငံအထက်ပိုင်း ကျောက်ဆည်မြို့
စာမျက်နှာ-၃၅
နားမှာ ဖြစ်ဖူးတယ်၊ အမေရိကန်လေယာဉ်ပျံတစ်စင်း ဒုတိယကမ္ဘာစစ်တုန်းက ပျက်ကျသွားတယ်၊ အမေရိကန်နှစ်ယောက် လေယာဉ်ပျက်ကျပြီး သေသွားတယ်၊ နောင်အခါကျတော့ သူတို့က အဲဒီရွာမှာ အရပ်ပြောပြောရင် လူဝင်စားဖြစ်တယ်ပေါ့နော်၊ လူဝင်စားဖြစ်လာတဲ့အခါ သူတို့ရုပ်တွေဟာ မူလရုပ်အတိုင်း ဖြစ်လာတယ်၊ မြန်မာရုပ်မဖြစ်ဘူး၊ အဲဒါကတော့ သူတို့ကိုယ်တိုင်ရဲ့ စိတ်စွဲလမ်းမှုပဲ။ “ဥပါဒါနပစ္စယာ ဘဝေါ” ပဲ၊ သူတို့ကိုယ်တိုင်ရဲ့ စိတ်စွဲလမ်းမှုကြောင့် အဲဒီလိုဖြစ်တယ်လို့ ပြောရမယ်။

အဲဒီတော့ စိတ်စွဲလမ်းမှုဆိုတာ အင်မတန်မှ ပြင်းထန်တဲ့စွမ်းရည်သတ္တိရှိတဲ့ အရာတစ်ခုဖြစ်တယ်။

စစ်ကိုင်းက ဘုန်းကြီးတို့ကျောင်းမှာပဲ ဦးပဉ္စင်းတစ်ပါးရှိတယ်၊ သူ့ခေါင်းမှာ အမာရွတ်ကြီးတွေပါတယ်၊ တစ်ရက်ကျတော့ ဘုန်းကြီးက မေးတယ် - “မင်းခေါင်းက အမာရွတ်ကြီးတွေက ဘာဖြစ်တာလဲ” လို့ သူက ပြောတယ် “မွေးရာပါ”တဲ့၊ “ဘာဖြစ်လို့ မွေးရာပါရတာတုန်း” ဆိုတော့ အတိတ်ဘဝတုန်းက
စာမျက်နှာ-၃၆
သူက တံငါဖြစ်ခဲ့တယ်၊ အင်းစောင်းမှာ တံငါဖျာလေးဆောက်ပြီး နေတာ၊ တစ်ညကျတော့ သူ့ကို ဓားပြလာတိုက်တာ ခေါင်းမှာဒဏ်ရာတွေရတယ်ပေါ့၊ အဲဒီဒဏ်ရာတွေကို စိတ်စွဲလမ်းမှု ဖြစ်သွားပြီးတော့ ဒီဘဝမှာလည်း ခေါင်းမှာ ဒဏ်ရာကြီးတွေ ပါလာတယ်၊ ဒါတွေဟာ “ဥပါဒါနပစ္စယာ ဘဝေါ” ဆိုသည့်အတိုင်း စိတ်စွဲလမ်းမှုအချက်ကြောင့် ဖြစ်တာတွေပဲ။ ဗိမ္ဗိသာရမင်းကြီး ဥပမာ။

ကံတရားနဲ့ပတ်သက်ပြီး - ဆိုပါစို့ - ကောင်းတာလုပ်ရင် ကောင်းတဲ့ဘဝရောက်တယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့ဘဝရောက်တယ်။ ယေဘူယျအားဖြင့် အဲဒီလိုပြောတယ်၊ သို့သော် စိတ်စွဲလမ်းမှုရှိသွားပြီဆိုရင် စိတ်စွဲလမ်းတဲ့နေရာမှာ ဖြစ်တတ်တယ်။

ဥပမာတစ်ခု ပြောပြမယ်- ဝေဠုဝန်ကျောင်းဒါယကာကြီး ဗိမ္ဗိသာရမင်းဟာ သားအဇာတသတ်မင်းရဲ့အမိန့်နဲ့ ထောင်ချ၊ ခြေဖဝါးဓားခွဲပြီး အသတ်
စာမျက်နှာ-၃၇
ခံရတယ်၊ သူက သောတာပန်ပုဂ္ဂိုလ်ဖြစ်တယ်။

သောတာပန်ပုဂ္ဂိုလ်ဖြစ်သည့်အတွက် သူ့မှာသာ ဥပါဒါန်ဆိုတဲ့ တဏှာအစွဲအလမ်းမရှိခဲ့ဘူးဆိုရင် သူဟာ တာဝတိံသာနတ်ပြည်တို့၊ တုသိတာနတ်ပြည်တို့မှာ မဖြစ်နိုင်ပေဘူးလား၊ ဖြစ်နိုင်တယ်နော်။ ။

အနာထပိဏ်သူဌေးကြီးဟာ တုသိတာနတ်ပြည်မှာဖြစ်တယ်၊ ဘုရားအလောင်းတွေဟာ ဘုရားဖြစ်မယ့်ဘဝရဲ့အရင်ဘဝ (နောက်ဆုံးဘဝ) မှာ တုသိတာနတ်ပြည်မှာနေကြတယ်နော်၊ အဲဒီဝတ္ထုတွေ ကြားဖူးတဲ့အခါ - တချို့ကုသိုလ်ကောင်းမှုပြုပြီးရင် “တုသိတာနတ်ပြည်မှာ ဖြစ်ရပါစေ” ဆိုတဲ့ ဆုတောင်းမှုတွေရှိတယ်၊ အထူးသဖြင့် ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ဘုန်းကြီးတို့ရဲ့ခမည်းတော်ကြီးက ဘာကုသိုလ်လုပ်လုပ် တုသိတာနတ်ပြည်မှာ ဘုရားအလောင်းနတ်သားတွေရှိတာ ကြားဖူးလို့ ဘုရားအလောင်းနတ်သားနဲ့ တွေ့ရအောင်လို့ “တုသိတာနတ်ပြည်မှာ ဖြစ်ရပါလို၏” လို့ ဆုတောင်းတယ်ဆိုတာ ကြားဖူးတယ်။
စာမျက်နှာ-၃၈
ကောင်းပြီ - အနာထပိဏ်သူဌေးကြီးက တုသိတာနတ်ပြည်မှာဖြစ်တယ်၊ ဝိသာခါကျောင်းအမကြီးကတော့ အဲဒီထက်မြင့်တယ်၊ နိမ္မာနရတိနတ်ပြည်မှာ၊ အဲဒီလို အနာထပိဏ်တို့၊ ဝိသာခါတို့ အထက်နတ်ပြည်မှာဖြစ်ပေမယ့် ဗိမ္ဗိသာရမင်းကြီးက ဘယ်မှာဖြစ်သလဲဆိုရင် စာတုမဟာရာဇ်နတ်ဘုံမှာ ဝေဿဝဏ်နတ်မင်းကြီးရဲ့ အခြံအရံဘီလူးတစ်ယောက် သွားဖြစ်တယ်၊ သူ့နာမည်က “ဇနဝသဘ” တဲ့၊ ဒီဃနိကာယ်မှာ ဇနဝသဘသုတ်ဆိုတာရှိတယ်၊ သောတာပန်ဖြစ်ပေမယ့် ဘီလူးသွားဖြစ်တယ်၊ ဘီလူးဆိုပေမယ့် နတ်ဘီလူးပေါ့၊ စာတုမဟာရာဇ်နတ်ဘုံဆိုတာ အနိမ့်ဆုံးနတ်ဘုံပဲလေ၊ အဲဒီနတ်ဘုံမှာ ဘုရင်တောင်မဟုတ်ဘူး၊ ဘုရင်ရဲ့အောက်က အာဠာဝကတို့၊ ပုဏ္ဏကတို့နဲ့ တစ်တန်းတည်း ဇနဝသဘနာမည်နဲ့ နတ်ဘီလူးသွားဖြစ်တယ်၊ ဘာဖြစ်လို့ အဲဒီဘုံသွားဖြစ်ရသလဲဆိုရင် ဥပါဒါန်ကြောင့်ပဲ၊ သူက အဲဒီဘုံမှာ အကြိမ်ကြိမ်ဖြစ်ခဲ့တာကိုး၊ သေ
စာမျက်နှာ-၃၉
ခါနီးမှာ အဲဒီအကြိမ်ကြိမ်ဖြစ်ခဲ့တဲ့ဘဝကို စွဲလမ်းပြီးတော့ အဲဒီဘုံပဲ ရောက်သွားတယ်။

အဲဒါလည်း သတိထားစရာတစ်ခုပဲနော်၊ အစွဲအလမ်းဆိုတာ မထားလေနဲ့၊ စွဲလမ်းမှုရှိရင် အဲဒီမှာပဲ ထပ်ဖြစ်ဖို့များတယ်၊ ဒါပေမယ့် ကံလည်းရှိသေးတာပေါ့၊ သူ့ကံက အစွမ်းထက်သလား၊ မထက်ဘူးလား၊ သူက သောတာပန်လည်းဖြစ်၊ ဘုရားကျောင်းဒကာကြီးလည်းဖြစ်တယ်ဆိုတော့ သူ့ကံက အစွမ်းထက်တော့ ထက်သားနော်၊ ဘယ်လိုပဲ အစွမ်းထက်ထက် ဘဝနိကန္တိဆိုတဲ့ အစွဲအလမ်းလေးကြောင့် အဲဒီဘုံသွားဖြစ်တာပဲ၊ ဒါ ဥပါဒါန်ကြောင့် ဖြစ်ရတဲ့ ဘဝလေးတစ်ခုပဲ။

အဲဒါကြောင့် ဒီဥပါဒါန်ဆိုတဲ့ စွဲလမ်းမှုလေးဟာ ဘဝတစ်ခုတည်ဆောက်တဲ့နေရာမှာ အင်မတန်မှ အရေးပါလှလို့ မြတ်စွာဘုရားက “ဥပါဒါနပစ္စယာ ဘဝေါ” လို့ ဟောတာ။
စာမျက်နှာ-၄၀

ဓမ္မပဒလာ ဥပမာ
တချို့သေခါနီးမှာ ဆုပန်ကြတာတွေရှိတယ်။ ကြိုတင်ပြီးတော့ ဆုပန်ကြတာတွေလည်းရှိတယ်။

ကောင်းတာဆုပန်သလို မကောင်းတာဆုပန်သွားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတာပဲ၊ ဓမ္မပဒထဲမှာပါတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် အိမ်ထောင်တစ်ခုတည်းမှာ အငယ်သွားဖြစ်တယ်၊ ဖြစ်တဲ့အခါ အငယ်က သားသမီးရတယ်၊ အကြီးက သားသမီးမရဘူး၊ အဲဒီအခါ အကြီးက ပစ္စည်းတွေ သူပိုင်တော့မှာမဟုတ်လို့ (ဒါက အိန္ဒိယထုံးစံပေါ့နော်)၊ သူ မပိုင်ရမှာစိုးသည့်အတွက် အငယ်ရတဲ့ကိုယ်ဝန်တိုင်းကို ဖျက်ဆီးပစ်တယ်၊ အဲဒီလိုဖျက်ဆီးပစ်တဲ့အခါ

နောက်တစ်ကြိမ်မှာ ကိုယ်ဝန်ပျက်ရုံတင်မကဘူး၊ အသက်ပါထိခိုက်သွားတယ်၊ ထိခိုက်တဲ့အခါ အငယ်ဇနီးဖြစ်သူက အကြီးဖြစ်သူလုပ်တာကိုလည်း သိရော သေခါနီးမှာ ဒေါသအာဃာတ ပြင်းပြင်းထန်ထန်နဲ့ “နောက်ဘဝရောက်ရင် သူ့ကို သားသမီးနှင့်
စာမျက်နှာ-၄၁
တကွ အနိုင်ရတဲ့ပုဂ္ဂိုလ် ဖြစ်ရပါလို၏” လို့ ဆုတောင်းတယ်။

အဲဒီအခါမှာ သူက ကြောင်မသွားဖြစ်တယ်။ သူ့ကို ဒုက္ခပေးတဲ့ အမျိုးသမီးကြီးက ကြက်မသွားဖြစ်တယ်၊ ဒီလိုသေခါနီးမှာ ဆုတောင်းကြတာတွေကလည်း ဒေါသအာဃာတနဲ့မို့ တိရစ္ဆာန်ဘဝ ရောက်ကြရတယ်၊ အဲဒီကြောင်မက ကြက်မရဲ့ကလေးတွေ၊ ကြက်ဥတွေရော၊ ကြက်မပါ ကိုက်သတ်စားတာပေါ့။ ကြက်မကလည်း သေခါနီးမှာ ခံပြင်းတဲ့စိတ်နဲ့ “နင့်ကို နောင်ဘဝမှာ ကလေးတွေနဲ့တကွ စားရပါလို၏” လို့ ဆုတောင်းသွားပြန်တယ်၊ ဒေါသနဲ့ကျိန်သွားပြန်တယ်၊ သေတဲ့အခါကျတော့ ကျားသစ်မသွားဖြစ်ပြန်တယ်၊ ဟိုကြောင်မကျတော့ သမင်မသွားဖြစ်တယ်၊ “သမင်မွေးရင်း ကျားစားရင်း” ဆိုတာ၊ နောက်ဆုံးမှာ မိခင်လုပ်တဲ့ သမင်မပါ အစားခံလိုက်ရတယ်။

အဲဒီလိုသေပြီး သူတို့ရဲ့စိတ်စွဲလမ်းမှုအငြိုးတွေက မပြေသည့်အတွက်ကြောင့် တစ်ယောက်က
စာမျက်နှာ-၄၂
လူလာဖြစ်သလို တစ်ယောက်က ဘီလူးမလာဖြစ်တယ်၊ လူမက ကလေးမွေးတိုင်းမွေးတိုင်း ဘီလူးမက လာပြီးတော့ စားတယ်။

ကြည့်- သေခါနီးမှာ မကောင်းတဲ့ဆုကို ယူသွားရင် အဲဒီမကောင်းတဲ့အကုသိုလ်တွေကြောင့် မကောင်းတဲ့အခြေအနေတွေမှာ ဖြစ်ပြီးတော့ မကောင်းတဲ့ လက်စားချေမှုတွေကိုလည်း ဖြစ်ပေါ်စေတတ်တယ်၊ စွဲလမ်းမှုဆိုတာ အလွန်ကြောက်စရာကောင်းတယ်၊ သူတို့ရဲ့ဘဝဟာ အပြန်အလှန် ဂလဲ့စားချေနေကြတဲ့ ဘဝမျိုးကို ရောက်ရှိသွားတယ်။ ။

အဲဒါကြောင့်မို့ “ဥပါဒါနပစ္စယာ ဘဝေါ” - ဖြစ်လာတဲ့ စိတ်စွဲလမ်းမှုလေးကို အခြေခံပြီး လူတွေရဲ့သန္တာန်မှာ ဘဝတစ်ခုဖြစ်လာတတ်တယ်တဲ့၊ အစွဲအလမ်းကို အခြေခံပြီး ကံတရားကိုလည်း လုပ်ကြတယ်။

ဆိုပါစို့- ခုနကပြောတဲ့ ဒိဋ္ဌုပါဒါန် - ကံရဲ့အကျိုးကို မယုံကြည်ဘူး၊ ငြင်းပယ်တယ်၊ သီလဗ္ဗတုပါဒါန် - နွားလိုကျင့်၊ ခွေးလိုကျင့်တယ်၊
စာမျက်နှာ-၄၃
ဒီအကျင့်ဖြင့် ဘဝကလွတ်မြောက်တယ်လို့ ယုံကြည်တယ်၊ လိုက်နာကျင့်သုံးတယ်၊ ကံဖြစ်လာတယ်၊ အဲဒီကံတွေရဲ့ အကျိုးပေးမှုကြောင့် ဘဝတစ်ခုဟာ ဖြစ်ပေါ်လာရပါတယ်တဲ့၊ ဆိုလိုတာက ဥပါဒါန်နဲ့ ဘဝအကြားမှာ ကံရှိသေးတယ်ပေါ့၊ အဲဒီကံကိုပဲ ကမ္မဘဝလို့ခေါ်တယ်၊ အဲဒီကံက ထုတ်လုပ်လိုက်တဲ့ဘဝကျတော့ ဥပပတ္တိဘဝ၊ အဲဒီကမ္မဘဝနဲ့ ဥပပတ္တိဘဝနှစ်ရပ်ကို ပေါင်းပြီးတော့ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်မှာ “ဥပါဒါနပစ္စယာ ဘဝေါ” လို့ ဟောထားတယ်။

အစွဲအလမ်းရှိနေသေးသမျှ ဘဝကိုဖြစ်စေတဲ့ ကံတရားတွေကို ဖန်တီးနေကြဦးမှာပဲ၊ လုပ်နေကြဦးမှာပဲ၊ ကံတရားတွေကလည်း မိမိတို့သန္တာန်မှာ စုမိဆောင်းမိဖြစ်နေဦးမှာပဲ၊ ထိုကံတရားတွေ စုမိဆောင်းမိဖြစ်နေသမျှ ကံတရားရဲ့အကျိုးလို့ခေါ်တဲ့ ဘဝခန္ဓာတွေဟာ ပေါ်နေဦးမှာပဲ၊ အဲဒီဥပါဒါန်ကို မဖြစ်အောင်လုပ်ဖို့ လိုတယ်၊ တဏှာဆိုတာ မဖြစ်အောင်လုပ်ဖို့ လိုတယ်။
စာမျက်နှာ-၄၄
ဥပါဒါန် ဘာကြောင့် ဖြစ်လာသလဲ?

အဲဒီတဏှာ ဘာကြောင့် ဖြစ်လာသလဲ? “ဝေဒနာပစ္စယာ တဏှာ” လို့ ဆိုတဲ့အတိုင်း အာရုံခံစားမှုဖြစ်တဲ့အတွက်ကြောင့် တဏှာဖြစ်လာတယ်၊ ဝေဒနာဟာ တဏှာဖြစ်လာဖို့အတွက် လမ်းခင်းပေးတယ်၊ ဒီဝေဒနာဟာ ဘာကြောင့်ဖြစ်လာသလဲဆိုရင် အာရုံနဲ့စိတ်ဆုံမိတဲ့ ဖဿကြောင့် ဝေဒနာဖြစ်လာရတာ၊ ဒါဖြင့် ဖဿက ဘာဖြစ်လို့ ဖြစ်လာရသလဲဆိုရင် လူတွေမှာ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ စိတ်ဆိုတဲ့ အာရုံနဲ့ဆက်သွယ်တဲ့အရာတွေ ပါလာတယ်၊ ဆက်သွယ်မိတယ်၊ ဆက်သွယ်မိလို့ ဖဿဆိုတာဖြစ်လာတယ်။

ဒါဖြင့် ဒီလိုဆက်သွယ်မိတာ ဘာကြောင့်လဲဆိုရင် ရုပ်တွေ၊ နာမ်တွေဖြစ်လာတဲ့အတွက်ကြောင့်ပဲ၊ ရုပ်တွေ၊ နာမ်တွေ ဘာကြောင့်ဖြစ်လာသလဲဆိုရင် သန္ဓေစိတ်ကလေးကြောင့်ပဲ၊ ဒီသန္ဓေစိတ်ကလေး ဘာကြောင့်ဖြစ်လာသလဲဆိုရင် ဟိုဘဝက ဘဝကို ပြုပြင်ဖန်တီးပေးနိုင်တဲ့ သင်္ခါရဆိုတဲ့ စေတနာကြောင့်
စာမျက်နှာ-၄၅
ဖြစ်လာရတာ၊ အဲဒီစေတနာလေးဟာ ဘာကြောင့်ဖြစ်လာရသလဲဆိုရင် အဝိဇ္ဇာကြောင့်တဲ့၊ အမှန်ကိုမသိမှုကြောင့် ဖြစ်လာရတယ်၊ ပဋိစ္စသမုပ္ပါဒ်မှာ ဒီလိုဟောထားတယ်။

ဥပါဒါန် ပျောက်လိုလျှင်?

ဒါဖြင့် ဥပါဒါန်ပျောက်ချင်ရင် ဘယ်လိုလုပ်ရမလဲ? အမှန်မသိတဲ့အဝိဇ္ဇာကို ဖယ်ရှားရမယ်၊ အမှန်မသိတဲ့ အဝိဇ္ဇာချုပ်သွားရင် သင်္ခါရဆိုတာ မလာတော့ဘူး၊ သင်္ခါရချုပ်သွားရင် ဝိညာဉ်ဆိုတာ မလာတော့ဘူး၊ ဝိညာဉ်ချုပ်သွားရင် နာမ်ရုပ်ဆိုတာ ဆင့်ပွားပြီး မလာတော့ဘူး၊ နာမ်ရုပ်ချုပ်ရင် သဠာယတနဆိုတဲ့ ဒီမျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တွေ မလာတော့ဘူး၊ အဲဒါတွေ ချုပ်သွားရင် အာရုံနဲ့ဆက်သွယ်တဲ့ ဖဿဆိုတာ မလာတော့ဘူး၊ ဖဿ မလာတော့ရင် အာရုံနဲ့အတွေ့အကြုံရှိတဲ့ ဝေဒနာ မလာတော့ဘူး၊ ဝေဒနာ မလာရင် တဏှာဆိုတာ မလာတော့ဘူး၊ တဏှာ မလာရင် ဥပါဒါန်ဆိုတာ လာစရာမရှိ
စာမျက်နှာ-၄၆
တော့ဘူး၊ ဥပါဒါန်မလာရင် ဘဝကို ဖြစ်စေတတ်တဲ့ ကံတရားတွေ မလုပ်တော့ဘူး၊ ကံတရားတွေ မလုပ်တော့ရင် ဘဝတွေ မဖြစ်လာတော့ဘူးလို့ မြတ်စွာဘုရားက ကြောင်းကျိုးဆက်ပြီးတော့ ပြထားတယ်။

အဲဒီလိုကြောင်းကျိုးတွေဆက်ပြီးတော့ မလာအောင်လုပ်ရမယ့်နည်းလမ်း ရှိသလား? ဆိုတော့ နည်းလမ်းက မဂ္ဂင်ရှစ်ပါးပဲ၊ မဂ္ဂင်ရှစ်ပါးတရားဟာ သမ္မာဒိဋ္ဌိလို့ဆိုတဲ့ အမှန်မြင်မှုကို ဦးဆောင်ပြီးတော့ မှန်ကန်စွာ မြင်လို့၊ မှန်ကန်စွာ တွေးတောပြီးမှ မှန်ကန်စွာ လုပ်ဆောင်မယ်၊ မှန်ကန်စွာ အမှတ်ထားပြီးတော့ မှန်ကန်စွာ စိတ်တည်ငြိမ်အောင် ထားမယ်ဆိုရင် ထိုမှန်ကန်မှုအပေါ်မှာ အခြေခံထားတဲ့ မဂ္ဂင်တရားဟာ ခုနကပြောတဲ့ အဝိဇ္ဇာချုပ်မှုကို ဦးဆောင်ပြီး သွားလိမ့်မယ်၊ အဝိဇ္ဇာချုပ်တာနဲ့ နောက်က ဆက်တိုက်ဆက်တိုက်- အဝိဇ္ဇာ မရှိတော့ရင် သင်္ခါရတွေ မရှိတော့ဘူးဆိုပြီး နောက်ဆုံးမှာ ဥပါဒါန်တွေ ပျောက်သွားလိမ့်မယ်၊ အဲဒါ ဘဝနိရောဓဆိုတာ နိဗ္ဗာန်ပဲ၊ “ဥပါဒါနပစ္စယာ ဘဝေါ” - ဥပါဒါန်တွေ ရှိ
စာမျက်နှာ-၄၇
နေသေးသမျှ ဘဝဆိုတာ လာနေဦးမှာပဲ၊ “ဥပါဒါန နိရောဓာ ဘဝနိရောဓော” - ဥပါဒါန်တွေ ချုပ်သွားပြီဆိုရင် ဘဝလည်း ချုပ်သွားပါပြီတဲ့။

ဒါကြောင့်မို့ တရားချစ်ခင်ပရိသတ်အပေါင်းတို့သည် “ဥပါဒါနပစ္စယာ ဘဝေါ” နှင့်ပတ်သက်ပြီး အကျယ်တဝင့်ရှင်းလင်းဟောကြားတာကို အားလုံးနာယူကြရသဖြင့် “မိမိတို့တစ်တွေမှာ ဘဝတစ်ခုရရှိနေတာဟာ အနီးကပ်ဆုံးအကြောင်းတရားကတော့ ဥပါဒါန်ကြောင့်ပဲ၊ ဥပါဒါန်ဆိုတာ တဏှာနဲ့ ဒိဋ္ဌိပဲ။ တို့သန္တာန်မှာ ဖြစ်နေတဲ့ တဏှာတို့၊ ဒိဋ္ဌိတို့ဆိုတာတွေကို တို့တစ်တွေဟာ ဖယ်ရှားကြရမှာ” ဆိုတာကို ကိုယ်စီကိုယ်စီသဘောပေါက်ပြီးတော့ တဏှာဒိဋ္ဌိဆိုတဲ့ အစွဲအလမ်းတွေကို ဖယ်ရှားနိုင်ရာ၊ ဖယ်ရှားနိုင်ကြောင်းဖြစ်တဲ့ သီလအကျင့်၊ သမာဓိအကျင့်၊ ပညာအကျင့်လို့ဆိုတဲ့ မဂ္ဂင်တရားကို ကိုယ်စီကိုယ်စီ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု - သာဓု - သာဓု 5r2h2q25izoaotfu8gr8x7mbjc68auj ဥပုသ်စောင့်ခြင်းအဓိပ္ပါယ် 0 6412 22216 2026-06-20T00:09:51Z Tejinda 173 "{{header | title = ဥပုသ်စောင့်ခြင်းအဓိပ္ပါယ် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဥပါ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22216 wikitext text/x-wiki {{header | title = ဥပုသ်စောင့်ခြင်းအဓိပ္ပါယ် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ဥပါဒါနပစ္စယာ ဘဝေါ]] | previous2 = | next = [[ကောသလအိပ်မက်နှင့် ယနေ့ကမ္ဘာ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

ဥပုသ်စောင့်ခြင်းအဓိပ္ပါယ်
သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ တန်ခူးလဆန်း ၈-ရက်နေ့၊ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်၊ ဦးကြွယ်ဟိုးလမ်း မိသားစုတို့၏ ပထမအကြိမ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မပူဇာ ဓမ္မသဘင် အခမ်းအနားဝယ် ဟောကြားအပ်သော ဥပုသ် စောင့်ခြင်းအဓိပ္ပါယ် တရားဒေသနာတော်။

ဗုဒ္ဓဘာသာမှာ ဘာသာရေးကိစ္စတစ်ခုဖြစ်တဲ့ ဥပုသ် စောင့်ခြင်းဆိုတာ ရှိတယ်၊ ဘာသာရေးကျင့်စဉ်တစ်ခုအနေနဲ့ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာ ဥပုသ်နေ့ရောက်လာ ပြီဆိုရင် ဥပုသ်စောင့်ကြတယ်၊ ဥပုသ်စောင့်တယ်ဆိုတာ ဘာလုပ်တာလဲလို့-သိရအောင် ဗုဒ္ဓမြတ်စွာဟောကြားတော် မူခဲ့တဲ့ သုတ္တန်တွေကနေ ထုတ်နှုတ်ပြီး ရှင်းပြမယ်၊ ဗုဒ္ဓ မြတ်စွာရဲ့ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဥပုသ်စောင့်သုံးခြင်း ရဲ့ အဓိပ္ပါယ်ကို ကျကျနန သိထားဖို့ လိုအပ်တယ်။ “ မိရိုးဖလာ မိဘတွေ ဥပုသ်စောင့်လို့ လိုက်ပြီး စောင့် ရာကနေ ဥပုသ်စောင့်တယ်လို့ သိနေကြသော်လည်း ဥပုသ်
စာမျက်နှာ-၂
စောင့်သုံးခြင်းရဲ့ ရည်ရွယ်ချက်၊ ဥပုသ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကစပြီး အလေးအနက်သိဖို့ လိုတယ်၊ ဘာဖြစ်လို့တုန်း ဆိုလို့ရှိရင် ဥပုသ်စောင့်တယ် ဆိုတဲ့နေရာမှာ ဗုဒ္ဓ ဘာသာတင်မကဘူး အခြားဘာသာတွေကလည်း ဥပုသ် စောင့်တယ်ဆိုတာ ရှိတယ်၊ ဒီတော့ သူတို့ဥပုသ်နဲ့ ကိုယ့် ဥပုသ်- အတူတူပဲလို့ ထင်နေတတ်ကြတယ်။ “ ဒါကြောင့် ဥပုသ်စောင့်ခြင်းရဲ့ အနှစ်သာရပိုင်းကို ကြည့်ရမယ်၊ တစ်ခါတစ်ရံကျတော့ အသံတူသော်လည်း အဆံမတူဘူးဆိုတာလို အနှစ်သာရပိုင်းမှာ ကွာခြားမှုတွေ အများကြီး ရှိတတ်တယ်၊ အခြားဘာသာဝင်တွေလည်း ဥပုသ်စောင့်တယ်၊ သူတို့မှာလည်း သူတို့ရည်ရွယ်ချက်တွေနဲ့ ဥပုသ်စောင့်တယ်ဆိုတာ ရှိမယ်ပေါ့။
ဥပုသ်ရက်သတ်မှတ်ပုံ
ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ဥပုသ်စောင့်တာ ရှေးအစဉ်အလာအရ ပြောရမယ်ဆိုရင် လဆန်း ၈-ရက်၊ လဆုတ် ၈-ရက်, လပြည့်, လကွယ်လို့ တစ်လမှာ လေး သီတင်းသတ်မှတ်ပြီး ဥပုသ်စောင့်လေ့ ရှိကြတယ်။

အဲဒီ တစ်လလေးသီတင်း ဥပုသ်စောင့်ရုံမျှ မကဘူး၊ “ပဋိဇာဂရဥပုသ်”ဆိုတာ ရှိသေးတယ်၊ အကြိုနဲ့ အပိုစောင့်
စာမျက်နှာ-၃
တာ၊ ဆိုပါစို့- ဥပုသ်နေ့ မရောက်ခင် တစ်ရက်က ကြိုပြီး တော့ စောင့်တယ်၊ ဥပုသ်ထွက် တစ်ရက်အပို စောင့်တယ်၊ အကြိုအပိုနှင့်တကွ ဆိုတော့ လဆန်း ၇-ရက်, လဆန်း ၈-ရက်, လဆန်း ၉-ရက် သုံးရက်၊ လပြည့်နေ့မှာဆိုရင် အဖိတ်နေ့၊ လပြည့်နေ့ လပြည့်ကျော် ၁-ရက် သုံးရက်၊ ထို့အတူပဲ လပြည့်ကျော် ၈-ရက်မှာလည်း သုံးရက်၊ လ ကွယ်နေ့မှာလည်း သုံးရက်ဆိုတော့ တစ်လတစ်လမှာ ၁၂ ရက် စောင့်တာကို ပဋိဇာဂရဥပုသ်လို့ ခေါ်တယ်၊ ရှေး သူတော်စင်တွေက အဲဒီလို ဥပုသ်ကို စောင့်လေ့ရှိကြတယ်။

မြန်မာနိုင်ငံမှာလည်းပဲ ရှေးပိုင်းခေတ်ကာလတွေမှာ ဝါတွင်းကာလ ၃-လလုံးလုံး ဥပုသ်စောင့်တယ်ဆိုတာမျိုးတွေ လုပ်ကြတယ်၊ ရှေးသူတော်စင်တွေ ဝါတွင်း ၃-လမှာ နေ့စဉ်နှင့်အမျှ သီလဆောက်တည်ပြီး ဥပုသ်စောင့်ကြတယ်။

ပါဋိဟာရိယပက္ခဥပုသ်တို့၊ ပဋိဇာဂရဥပုသ်တို့- ဒီဥပုသ်တွေဟာ သာမန်ရက် မျှသာမကဘဲနဲ့ တိုးချဲ့ပြီးတော့ စောင့်တဲ့ ဥပုသ်တွေ ဖြစ်တယ်၊ ဒါက ရက်နဲ့ ပတ်သက်ပြီး မှတ်ရမယ်၊ ရှေးကထုံးစံ အနည်းဆုံးတော့ တစ်လ ၄-သီတင်း၊ ဥပုသ်စောင့်လေ့ ရှိကြတယ်။

ဥပုသ်စောင့်တယ်ဆိုတာ ပုထုဇဉ်ပုဂ္ဂိုလ်တွေမှ ဥပုသ် စောင့်တာ မဟုတ်ဘူး၊ မြတ်စွာဘုရား လက်ထက်တော်
စာမျက်နှာ-၄
အခါကာလတုန်းက သောတာပန်ဖြစ်တဲ့ ဝိသာခါကျောင်း အမကြီးတို့လို သောတာပန်ပုဂ္ဂိုလ်တွေလည်းပဲ ဥပုသ် စောင့်တယ်၊ ဥပုသ်ကိစ္စကို မြတ်မြတ်နိုးနိုးထားပြီး သီတင်း နေ့ဆို ဥပုသ်စောင့်လေ့ ရှိကြတယ်။
ဥပုသ်ဆိုတာ ဘာကိုပြောတာလဲ?
“ဥပုသ်”ဆိုတဲ့ စကားလုံးက မြန်မာစကား စစ်စစ် မဟုတ်ဘူး၊ ပါဠိ “ဥပေါသထ”ဆိုတဲ့ စကားလုံးက လာတာ၊ “ဥပေါသထ”ဆိုတာ ပုဒ်ခွဲလိုက်တော့ “ဥပ”နဲ့ “ဝသထ”၊ “ဥပ”ဆိုတာ ကျင့်စဉ်တစ်ရပ်နဲ့ ပြည့်စုံပြီး “ဝသထ” ကျင့် သုံးနေထိုင်ခြင်းလို့ အဓိပ္ပါယ်ရတယ်။ ဆိုပါစို့- ရှစ်ပါးသီလ ဆောက်တည်ပြီးတော့ နေတယ်ဆိုတာ ကျင့်စဉ်တစ်ခု အဓိဋ္ဌာန်ပြီးတော့ နေတာပဲ၊ ဒီ ဥပုသ်စောင့်တဲ့အတွင်းမှာ ဒီအင်္ဂါရှစ်ပါးထဲမှာပါတဲ့ အချက် အလက်တွေကို ရှောင်ကြဉ်မယ်၊ လွန်ကျူးအောင် ထိန်း သိမ်းစောင့်ရှောက်မယ်ဆိုတဲ့ မွန်မြတ်တဲ့စိတ်ထားနဲ့ ဒီလို စောင့်သုံးတာ၊ ကိုယ်ကျင့်သီလနဲ့ ကျင့်သုံးနေထိုင်ခြင်းလို့ ဒီလိုအဓိပ္ပါယ် ရတယ်နော်။

“ဥပေါသထ”ဆိုတဲ့ စကားလုံးကို မြန်မာမှုပြုလိုက် တော့ ဥပုသ်ဆိုတဲ့ စကားလုံးဖြစ်လာတယ်၊ ဥပုသ် ဆိုတဲ့
စာမျက်နှာ-၅
စကားလုံးကို မှန်အောင် ရေးရမယ်ဆိုရင် အက္ခရာ “ဥ” ပစောက် တစ်ချောင်းငင်နဲ့ “သ”ကလေး နောက်က သတ် ပြီးတော့ ရေးရတယ်- `ဥပုသ်'။ ဥပုသ်စောင့်တယ်ဆိုတာ ကိုယ်ကျင့်တရားတွေနဲ့ နေတာ၊ ကိုယ်ကျင့်တရားတွေ ကိုယ်ကျင့်သီလတွေကို “ဥပုသ်” ခေါ်တယ်၊ “စောင့်တယ်”ဆိုတာ အဲဒီ ကိုယ်ကျင့်သီလတွေကို ထိန်းသိမ်းတာ၊ မကျိုး မပေါက် မပျောက် မ အောင် ထိန်းသိမ်းစောင့်ရှောက်တာ၊ ဒီလို အဓိပ္ပါယ်ရတယ်။

အဲ့ဒီတော့ နံနက်အချိန်မှာ ရှစ်ပါးသီလကို ခံယူ ဆောက်တည်လိုက်ကြတယ်၊ ဆောက်တည်တယ်ဆိုတာ ဒီ အတိုင်း လိုက်နာမယ်လို့ စိတ်ကို ဒုန်းဒုန်းချပြီးတော့ သတ်မှတ်တာ၊ ဒီကနေ့ဒီရက်မှာ ဒီအင်္ဂါရှစ်ပါးအတိုင်း ဒီ စည်းကမ်းချက်အတိုင်း ငါလိုက်နာမယ်လို့ ကိုယ့်ကိုယ်ကို စည်းကမ်းချပြီးတော့ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ချုပ်တည်း ပြီးတော့ စောင့်စည်းတဲ့သဘော ဖြစ်တယ်။

အဓိကအားဖြင့် ကာယကံနှင့် ဝစီကံ နှစ်ခုကို ထိန်း သိမ်းစောင့်ရှောက်တဲ့သဘော၊ ဘာဖြစ်လို့ ဒီလိုလုပ်ရတုန်း ဆိုတော့ ကာယကံမှု ဝစီကံမှုဆိုတာ သာမန်အားဖြင့် နေ လိုက်လို့ရှိရင် လွယ်လွယ်ကူကူနဲ့ ကျူးလွန်မိတတ်ကြတယ်။ အဲဒီလွယ်လွယ်ကူကူနဲ့ ကျူးလွန်မိတတ်တာတွေကို မကျူး
စာမျက်နှာ-၆
လွန်ရအောင်လို့ စည်းကမ်းချပြီး ထိန်းသိမ်းစောင့်ရှောက် ပြီးတော့ နေတာမျိုး၊ ဒီလို ဆိုလိုတာ။

ဥပုသ်စောင့်သုံးခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လောဘတွေ လျော့ကျဖို့၊ ဒေါသတွေ လျော့ကျဖို့၊ မောဟတွေ လျော့ ကျဖို့၊ ဆိုလိုတာက အကုသိုလ်တွေ လျော့နည်းသွားပြီး တော့ ကုသိုလ်ဘက်က တိုးပွားအောင် အကျင့်တရားတစ်ခုကို ဒီနေ့ဒီရက် အချိန်ကန့်သတ်ပြီးတော့ စောင့်သုံးကြတာ။ အဲဒီလို စောင့်သုံးတဲ့ ဥပုသ်ရဲ့အကျိုးကလည်းပဲ အင်မတန်မှ ကြီးမားတယ်၊ မှန်မှန်ကန်ကန် စောင့်သုံးလို့ရှိရင် ရရှိအပ်တဲ့အကျိုးက အင်မတန်မှကြီးမားတယ်၊ တခြား ဘာသာတွေမှာလည်း သူတို့နည်း သူတို့ဟန်နဲ့ ဥပုသ် စောင့်ကြတယ်၊ ဒါကြောင့် ဥပုသ်လို့ ဆိုလိုက်တာနဲ့ အတူတူ ပဲလို့- ဒီလိုတော့ မအောက်မေ့နဲ့။
အဓိပ္ပါယ်ရှိသော ဥပုသ်စောင့်နည်း
ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ အဓိပ္ပါယ်ရှိရှိ ဥပုသ်စောင့်မယ် ဆိုရင် ဘယ်လို စောင့်ရမလဲ၊ ဝိသာခါ ကျောင်းအမကြီးဟာ တစ်နေ့ ကျောင်းလာပြီးတော့ ဥပုသ် စောင့်တယ်၊ ဥပုသ်စောင့်နေတဲ့ ဝိသာခါကို မြတ်စွာဘုရားက မေးတယ်၊ “ဒီကနေ့ ဘာလုပ်တာလဲ” လို့ မေးတော့
စာမျက်နှာ-၇
“အရှင်ဘုရား- ဒီကနေ့ ဥပုသ်နေ့မို့ တပည့်တော် ဥပုသ် စောင့်ပါတယ်” လို့ဆိုတော့ မြတ်စွာဘုရားက ဥပုသ် ၃-မျိုး ရှိတဲ့အကြောင်း ရှင်းပြတယ်၊ အဲဒီနေရာမှာ အသွင် သဏ္ဌာန်ချင်း ကွဲပြားခြားနားသွားပြီဆိုတာ သတိထား ပေါ့နော်။

နာမည်အားဖြင့် ဥပုသ်စောင့်တယ်လို့ ဆိုပေမယ့် အနှစ်သာရပိုင်း ကွာခြားသွားလို့ရှိရင် အကျိုးပေးခြင်းကလည်း ကွာခြားသွားနိုင်တယ်၊ ဒါ့ကြောင့်မို့ မှန်ကန်တဲ့ နည်းလမ်းနဲ့ အဓိပ္ပါယ်ရှိရှိ ဥပုသ်စောင့်တတ်ဖို့ ပိုအရေး ကြီးတယ်။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေဟာ ဥပုသ်နေ့ ဥပုသ် စောင့်ကြတယ်၊ ဥပုသ်စောင့်တယ်ဆိုတာ လူတိုင်းလည်း ကြားဖူးတယ်၊ စောင့်လည်း စောင့်ကြတယ်။ သို့သော် ဥပုသ်စောင့်ခြင်းရဲ့ အနှစ်သာရကို အဓိပ္ပါယ်ရှိရှိ သိဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဘာဖြစ်လို့တုန်း” ဥပုသ် စောင့်တာ ဘာသာရေးလုပ်ငန်း တစ်ခုလို ဖြစ်နေတယ်၊ အဲဒီတော့ မြတ်စွာဘုရားက ဝိသာခါကို ဥပုသ် ၃-မျိုး အကြောင်း ရှင်းပြတယ်။

နံပါတ်တစ်ဥပုသ်က နွားကျောင်းသားရဲ့ စိတ်ထားနဲ့ နှိုင်းယှဉ်ပြီးတော့ ပြောရတဲ့ ဥပုသ်စောင့်နည်းတဲ့၊ အဲဒါကို
စာမျက်နှာ-၈
ပါဠိလို “ဂေါပါလကဥပေါသထ” လို့ ခေါ်တယ်၊ “ဂေါပါလက”ဆိုတာ နွားကျောင်းသား၊ “ဥပေါသထ”ဆိုတာ ဥပုသ်၊ “နွားကျောင်းသားဥပုသ်”ဆိုတာ နွားကျောင်းသားတွေ စောင့်တဲ့ဥပုသ်ကို ပြောတာ မဟုတ်ဘူး၊ နွားကျောင်းသားရဲ့ စိတ်နေစိတ်ထားနဲ့ နှိုင်း ယှဉ်ပြီးတော့ ပြောရတဲ့ ဥပုသ်မျိုးလို့ ဒီလိုဆိုလိုတယ်။

ဥပုသ်သည်တွေဟာ ဥပုသ်စောင့်ပြီဆိုရင် မှန်ကန်တဲ့ စိတ်ထားရှိဖို့၊ ကျင့်သုံးတဲ့အခါမှာ နည်းစနစ်ကျနဖို့ အင်မတန်မှ အရေးကြီးတယ်ဆိုတာ ထင်ရှားတယ်၊ ဥပုသ် စောင့်တယ် ဆိုပြီးတော့ မှန်ကန်တဲ့ ရည်ရွယ်ချက်တွေ မရှိဘူး ဆိုရင် ထိုဥပုသ်စောင့်ခြင်းရဲ့ အကျိုးဟာ များစွာရမှာ မဟုတ်ဘူး၊ ဒါကြောင့်မို့ ဝိသာခါကို မြတ်စွာဘုရားရှင်းပြတဲ့ နံပါတ်တစ်ဥပုသ်က နွားကျောင်းသားရဲ့ စိတ်ထားနဲ့ နှိုင်း ယှဉ်ရမယ့် ဥပုသ်မျိုးတဲ့။

နောက်တစ်ခုက “နိဂဏ္ဌဥပေါသထ” လို့ ခေါ်တယ်။ “နိဂဏ္ဌ”ဆိုတာ ဗုဒ္ဓလက်ထက်တော်အခါကာလတုန်းက ဘာသာရေးတစ်ခုပေါ့ ဒီကနေ့ အိန္ဒိယပြည်မှာ ဂျိန်းဘာသာ လို့ ခေါ်တယ်၊ ဗုဒ္ဓမြတ်စွာ လက်ထက်တော်တုန်းက ဂျိန်း လို့ မခေါ်ဘူး၊ “နိဂဏ္ဌ” လို့ ခေါ်တယ်၊ အဲဒီ နိဂဏ္ဌရဟန်းတွေက လမ်းညွှန်မှုပြုပြီးတော့ နိဂဏ္ဌတွေရဲ့ ဒကာ ဒကာမ
စာမျက်နှာ-၉
တွေ စောင့်တဲ့ ဥပုသ်မျိုး၊ အဲဒီဥပုသ်ကို မြတ်စွာဘုရားက ထည့်ပြီးတော့ ဟောထားတာရှိတယ်၊ ဒါလည်း သတိထား စရာပဲ။ ဒီနေ့ခေတ်မှာလည်းပဲ အခြားဘာသာတွေမှာလည်း ဥပုသ်တွေ ရှိနေကြတယ်။

နောက်တစ်ခုက “အရိယဥပေါသထ” မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေ စောင့်သုံးတဲ့ဥပုသ် ဒီဥပုသ်က အဓိပ္ပါယ်ရှိတဲ့ ဥပုသ် ဖြစ်ရမယ်၊ ဒီတော့ ဘာသာရေးလုပ်ငန်း တစ်ခုဟာ စနစ် တကျ နည်းလမ်းမှန်မှန်ကန်ကန် လုပ်တတ်မှ အကျိုးရှိတယ်၊ ဘယ်အရာပဲဖြစ်ဖြစ် မှန်ကန်တဲ့နည်းလမ်းနဲ့ ကြိုးစား အားထုတ်မှ အရာရာမှာ အောင်မြင်တယ်၊ အကျိုးရှိတယ်ဆိုတာ ဖြစ်လာမယ်၊ သို့မဟုတ်လို့ရှိရင် ရည်မှန်းချက် အတိုင်း ဖြစ်ချင်မှ ဖြစ်မယ်။

နံပါတ်(၁) ဥပုသ် 'နွားကျောင်းသားစိတ်ထားနဲ့ နှိုင်းယှဉ်ပြီးတော့ ပြောရတဲ့ ဥပုသ်စောင့်နည်း'ဆိုတာ ဘယ်လိုဟာမျိုးတုန်းဆိုတော့ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် အထူးအားဖြင့် ဗုဒ္ဓဘာသာဝင်တွေ သီတင်းနေ့အခါကာလမှာ ရှစ်ပါးသီလဆောက်တည် ကျောင်းကန်ဘုရား သွားပြီး ဥပုသ်စောင့်ကြတယ်၊ အဲဒီလို
စာမျက်နှာ-၁၀
ဥပုသ်စောင့်တဲ့အခါမှာ မစောင့်ခင်ကတည်းက ဘာတွေ လုပ်ထားလဲ။

တချို့ဥပုသ်သည်တွေရဲ့ စိတ်ထားကို ပြောပြမယ်၊ မစောင့်ခင်က ဘာလုပ်တုန်းဆိုတော့ ဥပုသ်စောင့်တယ် ဆိုရင် နေ့ ၁၂-နာရီကနေ နောက်တစ်ရက်နံနက် အရုဏ် မတက်ခင် မစားရဘူးဆိုတဲ့ အသိကလေး ဝင်မနေဘူး လား? “ဝိကာလဘောဇနာ” - မစားရဘူးဆိုတာလေး သိ နေတော့ ဘာကြောက်တုန်းဆိုရင် ထမင်းဆာမှာ ကြောက်တယ်၊ အဲဒီလို ထမင်းဆာမှာ ကြောက်တော့ ဥပုသ်စောင့် သွားမယ် ဆိုလို့ရှိရင် ဖွယ်ဖွယ်ရာရာတွေ ချက်ပြုတ်၊ ကောင်းနိုးရာရာတွေ ချက်ပြုတ်ပြီးတော့ ထမင်းမဆာ အောင်ဆိုပြီးတော့ ပိုပြီးတော့ စားဖို့ ကြိုတင်ပြင်ဆင်တယ်၊ အဲဒါမျိုး လုပ်တယ်။ အဲဒီလို ကြိုတင်ပြင်ဆင်ပြီး ကောင်းနိုးရာရာတွေ စား ပြီးတော့ နောက်တစ်ရက်အတွက်တွေးသေးတယ်၊ ဒီနေ့ တော့ ကြက်သားဟင်းနဲ့စားပြီး နောက်ရက်တော့ ဝက်သား ဟင်းနဲ့ စားမယ်၊ ဟိုး နောက်တစ်ရက်ကျတော့ ဘာဟင်း ချက်မယ်ဆိုပြီး အစားအသောက်တွေ စိတ်ကူးပြီးတော့ စောင့်တဲ့ဥပုသ်မျိုးတွေလည်း ရှိတာပဲ။
စာမျက်နှာ-၁၁
မြတ်စွာဘုရားက ဒီကနေ့ ဘာဟင်းနဲ့ စားမယ်, နက် ဖြန်ခါ ဘာဟင်းနဲ့ စားမယ်, သဘက်ခါ ဘာဟင်းနဲ့ စား မယ်လို့ အစားအသောက်တွေကို စီမံစိတ်ကူးပြီးတော့ စောင့်တဲ့ ဥပုသ်မျိုးတွေဟာ အကျိုးသိပ်ပြီးတော့ မရှိဘူးတဲ့၊ နွားကျောင်းသားတွေရဲ့ စိတ်သဘောထားနဲ့ သွားတူ နေတယ်၊ အစားအသောက်ပေါ် မျှော်တွေးပြီးတော့ စောင့်တဲ့ဥပုသ်ဟာ နွားကျောင်းသားဥပုသ်ပဲ၊ စားစရာ သောက် စရာတွေကို မျှော်တွေးခြင်းသည် အဘိဇ္ဈာ၊ အဘိဇ္ဈာဆိုတာ စားစရာအာရုံပေါ်မှာ ရှေးရှုတွေးနေတဲ့ လောဘတွေ ဖြစ်နေတာကို ပြောတာနော်။

ဒီနေ့ ဒီဟင်းစားပြီးတော့ ဥပုသ်စောင့်တယ်၊ နောက် ရက်ကျတော့ ဟိုဟင်းစားမယ် ဟိုအစားအစာ စားမယ်နဲ့ အစားတွေပေါ်မှာ စိတ်အများကြီး ရောက်ပြီးတော့ စောင့်တဲ့ ဥပုသ်တဲ့၊ ဥပမာ - နွားကျောင်းသားတွေဟာ နွားတွေကို ကျောင်းပြီး တစ်နေကုန်တဲ့အခါ နွားတွေကို မောင်းပြီး ခြံထဲထည့် နွားပိုင်ရှင်ကို ပြန်အပ်၊ ပြန်အပ်ပြီးတော့ သူတို့ ဘာတွေ စိတ်ကူးလဲဆိုတော့ ဒီကနေ့ ဒီရွာအုပ်ကို ဒီစားကျက်မှာ ကျောင်းပြီး ဒီနေရာမှာ ရေတိုက်တယ်။ မနက်ဖြန်ကျရင်တော့ တို့တစ်နေရာ စားကျက်ပြောင်းရမယ်၊ ဒီစားကျက် မဟုတ်တော့ဘူး၊ နောက်ထပ် စားကျက်
စာမျက်နှာ-၁၂
တစ်နေရာ ပြောင်းပြီးတော့ ဘယ်နေရာမှာ ရေတိုက်မယ်ဆိုတဲ့ စီမံချက်တွေ မချကြဘူးလား၊ နွားကျောင်းသားတွေဟာ ဒီကနေ့ ဒီနေရာမှာ နွားကျောင်းမယ်၊ မနက်ဖြန် ဟိုနေရာမှာ ကျောင်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ နေသလိုပဲ - ဥပုသ်သည်ဟာလည်းပဲ ဒီကနေ့ ဒီဟင်းနဲ့ စားတယ်။ နက်ဖြန်ခါကျတော့ ဟိုဟင်းချက်မယ်၊ ဟိုအစားအစာ စားမယ်ဆိုပြီး စားရေးသောက်ရေးသာ ကြိုတွေးတောလုံးပမ်း နေပြီးတော့ စောင့်တဲ့ဥပုသ်မျိုးဟာ နွားကျောင်းသား စိတ် သဘောထားနဲ့တူနေသည့် အတွက်ကြောင့် မြတ်စွာဘုရားက အဲဒါကို “ဂေါပါလကဥပေါသထ”တဲ့၊ နွားကျောင်းသား ရဲ့ စိတ်နဲ့ နှိုင်းယှဉ်ပြီးတော့ ပြောရမယ့် ဥပုသ်စောင့်ခြင်း မျိုးလို့ ခေါ်တယ်။ အဲဒီဥပုသ်စောင့်ခြင်းမျိုးဟာ လောဘနဲ့ အချိန်များများ ကုန်တာမို့ လောဘစိတ်ကို ထိန်းနိုင်တာ မဟုတ်သည့် အတွက်ကြောင့် မြတ်စွာဘုရားက “န မပူလော”တဲ့ 'အကျိုးများများ မရှိဘူး”တဲ့၊ “န မဟာနိသံသော” ‘များစွာသော အာနိသင်တွေရမှာ မဟုတ်ဘူး”တဲ့၊ အဲဒီ တော့ မမှန်ကန်ဘူးပေါ့။ အဲဒီ စိတ်ဓာတ်မျိုးနဲ့ ဥပုသ် မစောင့်သင့်ဘူးတဲ့။
စာမျက်နှာ-၁၃

နံပါတ်(၂) ဥပုသ်
နောက်တစ်ခုက နိဂဏ္ဌတွေ စောင့်တာ (ဒါကတော့ ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူး)၊ “နိဂဏ္ဌ”ဆိုတဲ့ ပုဂ္ဂိုလ်တွေက ဥပုသ်နေ့မှာဆိုရင် သူတို့ဒကာဒကာမတွေကို ဆောက်တည် ခိုင်းတယ်တဲ့၊ သူတို့ယူခိုင်းတဲ့ သီလက ရှေ့အရပ်မျက်နှာ မှာ ယူဇနာ-၁ဝဝ ရဲ့ ဟိုဘက်က သတ္တဝါတွေကို မသတ်ဘူး လို့ အဓိဋ္ဌာန်လိုက်တယ်၊ တောင်ဘက်ကလည်းပဲ ယူဇနာ-၁ဝဝ ရဲ့ဟိုဘက်က သတ္တဝါတွေကို မသတ်ဘူး၊ အနောက် ဖက်ကလည်း ယူဇနာ-၁ဝဝ ရဲ့ဟိုဘက်က သတ္တဝါတွေကို မသတ်ဘူး၊ မြောက်ဘက်ကလည်းပဲ ယူဇနာ-၁ဝဝ ရဲ့ဟို ဘက်က သတ္တဝါတွေကို မသတ်ဘူး။

ယူဇနာ-၁၀၀ ဆိုတာ တစ်ယူဇနာတင်ပဲ ၈-မိုင် ၁၂-မိုင်ရှိတာ၊ ယူဇနာ-၃ဝဝ ဆိုရင် အလွန်ဝေးတာ မဟုတ် လား၊ အဲဒီတော့ ဒီအတွင်းက သတ္တဝါတွေကိုတော့ သတ်မယ်ဆိုတဲ့ အဓိပ္ပါယ်ရတယ်။ ဟုတ်ကဲ့လား၊ သူ့ဥပုသ်စောင့် ပုံစောင့်နည်းက နယ်မြေနဲ့ ကန့်သတ်ပြီးတော့ စောင့်တာ၊ ယူဇနာ-၁ဝဝ အပြင်ဘက်က သက်ရှိသတ္တဝါတွေကို မသတ်ဘူး၊ “ပါဏာတိပါတ” ထိန်းသိမ်းစောင့်ရှောက်မယ်လို့ အရှေ့ဘက်က ယူဇနာ-၁၀၀ ဟိုဘက်၊ တောင်ဘက်က ယူဇနာ-၁၀၀ ဟိုဘက်၊ အနောက်ဘက်က ယူဇနာ-၁၀၀
စာမျက်နှာ-၁၄
ရဲ့ဟိုဘက်၊ မြောက်ဘက်က ယူဇနာ-၁ဝဝ ရဲ့ဟိုဘက်မှာ ရှိတဲ့ သတ္တဝါတွေကို မသတ်ပါဘူးလို့ ရှောင်ကြဉ်တယ်၊ “ပါဏာတိပါတာ ဝေရမဏိ” - သူတို့အပေါ်မှာ သတ်ဖြတ် ညှဉ်းဆဲမှု မလုပ်ပါဘူး၊ ရှောင်ကြဉ်ပါမယ်လို့ဆိုတဲ့ ဥပုသ်။ အဲဒီဥပုသ်ကတော့ တော်တော်လူပါးဝတဲ့ ဥပုသ်ပဲနော်။

ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် သတ္တဝါသတ်ချင်ရင် ဟို အဝေးကြီးထိအောင် ဘယ်သူက သွားသတ်နေမတုန်း၊ ဒီ တော့ အတွင်းနားက လက်လှမ်းမီတာတွေတော့ သတ်လို့ ရတယ်ဆိုတဲ့ အဓိပ္ပါယ်က ရနေပြီ။

ပြီးတော့ ဥပုသ်နေ့မှာ ဘာဆိုခိုင်းသေးတုန်းလို့ ဆို တော့ “ငါဟာ ဘယ်သူနဲ့မှ မပတ်သက်ဘူး၊ ဘယ်သူ့ဟာမှ မဟုတ်ဘူး၊ တခြားလူဟာလည်း ငါနဲ့မဆိုင်ဘူး၊ ငါ့ရဲ့ဟာ ငါ့ရဲ့ ဆွေမျိုး မဟုတ်ဘူး”လို့ နှုတ်ကနေဆိုပြီးတော့ ဆောက်တည်ရတယ်၊ “နာဟံ ကဿစိ၊ ကဿစိ ကိဥ္စနတ္ထိ၊ န စ မမ ကဿစိ၊ ကိဉ္စနတ္ထိ”၊ အဓိပ္ပါယ်ကတော့ “ငါဆိုတာ ဘယ်မှာမှ မတွေ့ရဘူး၊ ငါဟာ ဘယ်သူမှ ကြောင့်ကြစိုက်ရမယ့်အရာ မဟုတ်ဘူး၊ အခြားလူတစ် ယောက်ဟာလည်း ငါ့ရဲ့ကြောင့်ကြစိုက်ရမယ့်အရာ မဟုတ်ဘူး၊ ငါ့အမျိုးလည်း မဟုတ်ဘူး၊ ဘာမှလည်း မတော်ဘူး”
စာမျက်နှာ-၁၅
ဥပုသ်စောင့်ခြင်းအဓိပ္ပါယ်ဆိုတဲ့ ဒီအဓိဋ္ဌာန်ချက်ကို ဆိုရတယ်တဲ့- အဲဒီ ဥပုသ်စောင့်တဲ့နေ့မှာ၊ ဒါ နိဂဏ္ဌတွေ စောင့်တဲ့နည်း။

ဒီတော့ သူတို့စောင့်တဲ့ ဥပုသ်က ၂-ချက် ရှိတယ်။ ယူဇနာ-၁ဝဝ ရဲ့ဟိုဘက်က သတ္တဝါတွေကို မသတ်ဘူး လို့ ဆိုတော့ တချို့ သတ္တဝါတွေကိုတော့ သတ်ခွင့်ရှိတယ်၊ သနားရမယ့်သတ္တဝါ ရှိတယ် မသနားရမယ့် သတ္တဝါ ရှိတယ်၊ သတ်လို့ရတဲ့သတ္တဝါ ရှိတယ်, သတ်လို့ မရတဲ့ သတ္တဝါ ရှိတယ်ပေါ့။

တချို့သတ္တဝါတွေအပေါ်မှာ မေတ္တာကရုဏာထားပြီး တချို့သတ္တဝါတွေအပေါ်မှာ မေတ္တာကရုဏာ မထားရာ မရောက်ပေဘူးလား? ရောက်သည့်အတွက်ကြောင့် သူတို့ ဟာ သတ္တဝါတချို့အပေါ်မှာ မေတ္တာကရုဏာထားတယ်, သတ္တဝါတချို့အပေါ်မှာ မေတ္တာကရုဏာမထားဘူး လို့ဆို ကတည်းက မမျှတတဲ့ မေတ္တာစိတ်နဲ့ စောင့်တဲ့ဥပုသ် ဖြစ် နေတယ်၊ မမျှတတဲ့စိတ်ဓာတ်နဲ့ စောင့်တာဖြစ်နေလို့ မြတ်စွာဘုရားက အကျိုးမရှိဘူးတဲ့။ အဲဒီလို စာထဲမှာ ဆိုတယ်။

နောက်တစ်ခုက ငါဟာ ဘယ်သူရဲ့ဆွေမျိုးမှ မဟုတ်ဘူး၊ ငါဟာ ဘယ်သူမှ ကြောင့်ကြစိုက်ရမယ့် ပုဂ္ဂိုလ် မဟုတ်ဘူးလို့ ဆိုခိုင်းတယ်၊ အခြားလူတစ်ယောက်ဟာ
စာမျက်နှာ-၁၆
လည်း ငါနဲ့ ဘာမှမသက်ဆိုင်ဘူး၊ ငါ့ရဲ့ ဆွေမျိုး မဟုတ်ဘူး၊ ပစ္စည်းဥစ္စာတွေလည်း ငါ့ဟာမဟုတ်ဘူးလို့ ကြေငြာ ခိုင်းတယ်။ အဲဒီလို ကြေငြာပြီး နောက်တစ်ရက်ကျတော့ သူ့မိသားစုတွေ အားလုံးဟာလည်းပဲ ငါသည် ဘယ်သူနဲ့မှ မပတ်သက်ဘူးလို့ ပါးစပ်ကသာဆိုတာ သူ့အမေက အမေ ပဲ၊ အဖေက အဖေပဲ၊ သားသမီးက သားသမီးပဲ မဖြစ်ဘူးလား၊ မိဘတွေကလည်းပဲ ဒါဟာ ငါတို့သားပဲ၊ အဲဒီ လိုပဲ မသိဘူးလား။

အဲဒါဟာ အတင်းလိမ်ခိုင်းရာ ရောက်တယ်တဲ့ မြတ်စွာဘုရားက၊ မုသာဝါဒက ရှောင်ရမယ့်အစား မုသာဝါဒကို ဆိုခိုင်းတာနဲ့ တွဲနေတယ်တဲ့၊ ငါဟာ ဘယ်သူ နဲ့မှ မပတ်သက်ဘူး၊ ဘယ်သူ့ရဲ့ ဆွေမျိုးမှ မဟုတ်ဘူးဆိုတာက လိမ်ညာခြင်းတစ်မျိုး ဖြစ်နေတယ်တဲ့၊ မုသာဝါဒကို ဆိုခိုင်းရာ ရောက်တယ်တဲ့။

နောက်တစ်ရက် ဥပုသ်ကထွက်တဲ့အခါကျတော့ အိမ် မှာ ရှိတဲ့ပစ္စည်းတွေ - ခုနတုန်းကတော့ ကြေငြာထားတယ် “ငါ့မှာ ငါနဲ့ဆိုင်တဲ့ပစ္စည်း မရှိဘူးလို့ ငါ့ဟာ မဟုတ်ဘူး” လို့ ကြေငြာထားပေမယ့်လို့ မပြောမပြုနဲ့ အဲဒီ ကြေငြာထားတဲ့ ပစ္စည်းတွေကို သူယူသုံးတယ်၊ အရင်က ဒါသူ့ပစ္စည်းကိုး-ဟုတ်ကဲ့လား၊ အဲဒီလို ယူသုံးတယ်ဆိုရင်
စာမျက်နှာ-၁၇
ဘာဖြစ်တုန်း? “အဒိန္နာဒါန” မဖြစ်ဘူးလား၊ သူကြေငြာထားတာ ငါ့ဟာမဟုတ်ဘူးလို့ သူကြေငြာထားတာ၊ အဲဒီတော့ ကြေငြာထားတဲ့ပစ္စည်းကို သူ နောက်တစ်ရက်မှာ ဘယ်သူ့မှ မပြောဘဲနဲ့ ယူပြီးတော့သုံးလို့ရှိရင် “အဒိန္နာဒါန” ဖြစ်တယ်တဲ့၊ မပေးတဲ့ပစ္စည်းကို သုံးတာဖြစ်သောကြောင့် “အဒိန္နာဒါန” ဖြစ်တယ်။ လိမ်တာမို့ “မုသာဝါဒလည်း ဖြစ်တယ်”တဲ့။

ဒါတွေကို ရှောင်ကြဉ်ရမယ့်အစား ဒီအတိုင်းကျူးလွန် မိရက်သား ဖြစ်နေသည့်အတွက်ကြောင့် နိဂဏ္ဌတွေ စောင့်တဲ့ဥပုသ်ဟာ ရယ်စရာကောင်းတယ်, အကျိုးလည်း မရှိဘူးလို့ မြတ်စွာဘုရားက ဒီလိုဟောတယ်နော်၊ ဒီတော့ လောကမှာ ဘာသာတရားတွေဟာ ဒီလိုပဲ ဥပုသ်ကို အမျိုးမျိုးစောင့်ကြတယ်၊ ဥပုသ်နေ့ သတ်မှတ်ပုံခြင်းကလည်း တစ်ဦးနဲ့တစ်ဦး မတူဘူး, ဥပုသ်စောင့်တာခြင်းလည်း မတူဘူး။
နံပါတ်(၃) ဥပုသ်
ဗုဒ္ဓမြတ်စွာရဲ့ “အရိယဥပေါသထ” လို့ခေါ်တဲ့ သူတော် စင်တွေ စောင့်သုံးတဲ့ ဥပုသ်ကတော့ အဲဒါမျိုး မဟုတ်ဘူးတဲ့၊ ဘယ်လိုတုန်းဆိုရင် ညစ်နွမ်းနေတဲ့စိတ်ကို ဖြူစင်
စာမျက်နှာ-၁၈
အောင် ကြိုးစားမှုပဲ၊ ဥပုသ်စောင့်ရင်း ညစ်နွမ်းနေတဲ့စိတ်တွေကို ဖြူစင်အောင် ကြိုးစားပေးဖို့ လိုအပ်တယ်တဲ့။ ဒီတော့ “အရိယဥပေါသထ” ဆိုတဲ့နေရာမှာ စိတ်ကို ဖြူစင် အောင်လုပ်ရမယ်၊ ရှစ်ပါးသီလ ဆောက်တည်လိုက်တယ်။ “ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” - သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ပါတယ် ဆိုတဲ့နေရာ မှာ ဥပုသ်သည်က ဘယ်လိုနှလုံးသွင်းရမလဲလို့ ဆိုရင်

လောကမှာရှိတဲ့ သူတော်စင်တွေ - ရဟန္တာပုဂ္ဂိုလ်တွေဆိုတာ သူတစ်ပါးအသက်ကို သတ်ခြင်းမှ လုံးဝရှောင်ကြတယ်၊ ရှောင်ရုံတင်မကဘူး- သတ္တဝါတွေကို ရိုက်ပုတ် ညှဉ်းဆဲကြောင်းဖြစ်တဲ့ တုတ်၊ ဓား စတဲ့ လက်နက်တောင် မထားဘူး၊ ပါဏာတိပါတအမှုကို ရှက်ကြတယ်၊ သတ္တဝါ တွေအပေါ်မှာလည်း သနားတယ်, ကရုဏာထားတယ် မေတ္တာထားတယ်၊ ရဟန္တာပုဂ္ဂိုလ်တွေရဲ့ စိတ်ထားက အဲ ဒီလို ရှိတယ်နော်။

ဥပုသ်သည် တစ်ယောက်က “ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” လို့ ဆောက်တည်လိုက် လို့ရှိရင် ရဟန္တာပုဂ္ဂိုလ်ရဲ့ စိတ်ထားမျိုးကို ထားတာနဲ့ အတူတူပဲ၊ ရဟန္တာပုဂ္ဂိုလ်တွေထားတဲ့ စိတ်ဓာတ်မျိုး ဒီ ကနေ့ ထားရပေပြီလို့ သူ့စိတ်ထဲမှာ ကျေနပ်မှု ဝမ်းသာ
စာမျက်နှာ-၁၉
မှု၊ ကြည်နူးမှုတွေ ဖြစ်ရမယ်၊ အဲဒီလိုဖြစ်အောင် နှလုံးသွင်း ရမယ်လို့ ပြောတယ်နော်၊ ဒါဘယ်လောက် အဓိပ္ပါယ် ရှိ တုန်း၊ သူတော်စင်တွေဟာ သူများအသက်ကို မသတ်ဘူး၊ ဒီကနေ့ ငါသူတော်စင်တွေ လုပ်တဲ့အတိုင်း ငါလိုက်ပြီး တော့ ကျင့်သုံးမယ်၊ သူများအသက်ကို မသတ်ဘူး။

“အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” - သူတစ်ပါးမပေးတဲ့ ပစ္စည်းကို ပိုင်ရှင်မပေးတဲ့ ပစ္စည်းကို နည်းအမျိုးမျိုးနဲ့ ရယူခြင်းဆိုတာ ငါမလုပ်ဘူး ရှောင်ကြဉ်တယ်၊ လောကမှာရှိတဲ့ ရဟန္တာပုဂ္ဂိုလ်မြတ်တွေဟာလည်းပဲ သူများပစ္စည်းကို ဘယ်တော့မှ ယူလေ့မရှိကြဘူးတဲ့။ အဲဒီပုဂ္ဂိုလ်တွေရဲ့ အကျင့်တရားကို ဒီကနေ့ ငါလိုက်နာပြီး တော့ ကျင့်သုံးရတယ်လို့ စိတ်ထဲမှာ အားတက်သရောဖြစ် လာတယ်၊ ကြည်နူးလာတယ်၊ ဝမ်းသာလာတယ်။

သူတော်ကောင်းရဲ့ အကျင့်ကို အတုယူပြီး ကျင့်သုံးရတယ်ဆိုတာ ဒီအကျင့်ကြောင့် သူတော်ကောင်း ဖြစ်တယ် ဆိုတော့ ကိုယ်ကိုယ်တိုင်လည်းပဲ ဒီအကျင့်ကို ထာဝရ မကျင့်နိုင်တောင်မှ ဒီကနေ့ တစ်ရက် ကျင့်လိုက်ရတယ်ဆိုတာ ရဟန္တာကျင့်တဲ့အဆင့်ကို တို့တတွေ ကျင့်ပြီ လို့ ဆိုပြီးတော့ ဝမ်းသာစရာ မကောင်းဘူးလား၊ အဲဒီလို စိတ်ဓာတ်မျိုးနဲ့တွေးပြီးတော့ ဥပုသ်စောင့်ရမယ်တဲ့။
စာမျက်နှာ-၂၀
ထို့အတူပဲ “အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” - ရဟန္တာပုဂ္ဂိုလ်တွေဟာ 'မမြတ်သော မေထုန် အကျင့်ဆိုတာကို ရာသက်ပန် ရှောင်ကြဉ်ကြတယ်၊ ထို ရဟန္တာပုဂ္ဂိုလ်တွေ ရှောင်ကြဉ်သလို ငါလည်းပဲ ဒီကနေ့ ဒီ ရက်မှာ ရှောင်ကြဉ်လိုက်ရပြီမို့ စိတ်ထဲမှာ ဝမ်းသာတဲ့စိတ်နဲ့ ရဟန္တာပုဂ္ဂိုလ်တွေကို အတုလိုက်ပြီးတော့ ကျင့်သုံးတယ်။ တစ်ခုချင်း တစ်ခုချင်း သိက္ခာပုဒ်တွေ၊ “မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” - ရဟန္တာပုဂ္ဂိုလ်တွေဟာ ဘယ်တော့မှ လိမ်ပြောလေ့ မရှိဘူး၊ မုသာဝါဒက ရှောင်ကြဉ်ကြတယ်။ ဒီကနေ့ ငါလည်းပဲ မုသာဝါဒက ရှောင်ကြဉ်ရပေပြီ၊ ရဟန္တာပုဂ္ဂိုလ်တွေကို အတုယူပြီးတော့ ကျင့်သုံးရတယ်လို့ စိတ်ထဲမှာ အားရဝမ်းသာဖြစ်ရမယ်, စိတ်ထဲမှာ ကြည်နူးရမယ်။

ထို့အတူပဲ “သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” - ဆိုပြီးတော့ ဆောက်တည် လိုက်တယ်။ ရဟန္တာ အရှင်မြတ်များသည် ဘယ်တော့မှ မူးယစ်ဆေးဝါး သုံးစွဲတာမျိုး မရှိဘူး၊ ငါလည်းပဲ ဒီကနေ့ ရဟန္တာပုဂ္ဂိုလ်တွေ ကျင့်တဲ့ အကျင့်မျိုးကို လိုက်နာပြီးတော့ ကျင့်သုံးရပေပြီလို့ စိတ်ထဲမှာ ဝမ်းသာကြည်နူးရမယ်၊ ရဟန္တာဆိုတာ အင်မတန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်၊ ထိုပုဂ္ဂိုလ်တွေ
စာမျက်နှာ-၂၁
ရဲ့ အကျင့်မျိုးကို လိုက်ပြီးတော့ ကျင့်ရတယ်ဆိုတာ နည်းတဲ့ အဆင့်အတန်းမှ မဟုတ်ဘဲနဲ့ ဟုတ်ကဲ့လား၊ ကိုယ် ကျင့်တရားအားဖြင့် ကိုယ့်ကိုယ်ကိုမြှင့်တင်ပြီးတော့ ဥပုသ် စောင့်တဲ့အခါ အဲဒီလို စောင့်သုံးရမယ်တဲ့။ ။

နောက်တစ်ခါ 'ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ' - ဆိုလိုက်တဲ့အခါ ရဟန္တာအရှင် မြတ်များဟာ နံနက်တစ်ကြိမ်သာ ဘုဉ်းပေးသုံးဆောင်တော် မူကြတယ်၊ မွန်းလွဲတဲ့အချိန်မှာ ဘုဉ်းမပေးဘူး၊ ညနေစာလည်း ဘုဉ်းမပေးဘူး၊ ညစာလည်း ဘုဉ်းမပေးဘူး၊ နံနက် ပိုင်းတစ်ချိန်သာ ဘုဉ်းပေးတော်မူကြတယ်၊ ငါလည်းပဲ ဒီ ကနေ့ ရဟန္တာပုဂ္ဂိုလ်တွေရဲ့ အကျင့်ကို လိုက်ပြီးတော့ ကျင့် သုံးရတယ်လို့ စိတ်ထဲမှာ ဝမ်းသာရမယ်၊ အဲဒီတော့ ဗုဒ္ဓ ဘာသာက ညနေစာမစားဘူးလို့ဆိုတာက သက်သက် အငတ်ခံတာ မဟုတ်ဘူးနော်၊ တကယ့် သူတော်စင်ပုဂ္ဂိုလ်တွေဟာ ညစာကို ရှောင်ကြတယ်။

ဘာဖြစ်လို့ ညစာကို ရှောင်သလဲလို့ ဆိုလို့ရှိရင် အဓိပ္ပါယ်က ညစာစားခြင်းအားဖြင့် လူတွေမှာ အစာဝလာတဲ့အခါ အိပ်ချင်ထိုင်းမှိုင်းမှုတွေ ပိုပြီးတော့ မများဘူးလား၊ များတယ်၊ တန်ဖိုးရှိတဲ့ ညအခါမှာ ဗိုက်လေးလေးနဲ့ အိပ်ဖို့ပဲ ကြိုးစားတော့မှာပေါ့။ သူတော်စင်သူတော်မြတ်များဟာ
စာမျက်နှာ-၂၂
အရှင်နမာလာဘိဝံသ ညအခါဟာ သိပ်တန်ဖိုးရှိတယ်လို့ ယူဆကြတယ်၊ ဒါကြောင့်မို့လို့ အအိပ်အနေ နည်းအောင်လည်း ညစာကို မစားဘဲနဲ့ နံနက်စာပဲ စားတယ်။

နောက်တစ်ခုက ညစာစားမယ်ဆိုရင် ဝေယျာဝစ္စတွေ ရော မလုပ်ရဘူးလား၊ ချက်ပြုတ်ရမယ်၊ ထမင်းပွဲပြင်ရမယ်ဆိုတဲ့ ဝေယျာဝစ္စတွေ၊ 'မချက်ပါဘူး ဆိုင်သွားမယ်” ဆိုလည်း သွားရသေးတာပဲ ဟုတ်ကဲ့လား၊ စားပြီးပြီဆိုတာနဲ့ ဗိုက်လေးသွားပြီလေ၊ ဗိုက်လေးသွားရင် အိပ်ဖို့ စဉ်းစားတော့မှာပဲ၊ တန်ဖိုးရှိပြီးတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ ညချမ်းလေးကို အချိန်ဖြုန်းပစ်ဖို့ပဲ ရှိတယ်တဲ့၊ ကာမ ဂုဏ်အာရုံစိတ်တွေ၊ လောဘစိတ်တွေနဲ့ အိပ်လိုက်ကြပြီ။ “ သူတော်စင်သူတော်မြတ်တွေကတော့ အဲဒီလို မဟုတ်ဘူး၊ သူတို့ပြောတာ 'န တာဝ သုပိတုံ ဟောတိ၊ ရတ္တိ နက္ခတ္ထမာလိနီ'၊ ညအခါမှာ ကောင်းကင်ကို မော့ကြည့် လိုက်လို့ရှိရင် အင်မတန်မှ ကြည်နူးစရာ ကောင်းတယ်၊

ကောင်းကင်မှာ လနဲ့ နက္ခတ် ကြယ်တာရာတွေ ရှိမနေဘူးလား၊ နေ့အခါမှာ ကြည့်မယ်ဆိုလို့ရှိရင် နေကြီးမှ လွဲလို့ အခြား မမြင်ရဘူး၊ ညမှာကျတော့ အလွန်လှတဲ့ နက္ခတ်တွေ ဟိုနားက ဝင်းဝင်းလက်လက်၊ ဒီနားက ဝင်းဝင်း လက်လက်နဲ့၊ အလွန်လှတဲ့ ညအခါကို လူတွေက အိပ်ပြီး
စာမျက်နှာ-၂၃
တော့ ဖြတ်ကျော်ပစ်လိုက်ကြတယ် မေ့ထားလိုက်ကြတယ်။ ညရဲ့ အလှကို လူတွေမသိကြဘူးတဲ့နော်။ ။

ဒါ့ကြောင့်မို့လို့ သူတော်စင်သူတော်မြတ်တွေက “န တာဝ သုပိတံ ဟောတိ၊ ရတ္တိ နက္ခတ္ထမာလိနီ” - “ညဆိုတာတဲ့ ... နက္ခတ်ပန်းတွေနဲ့ အဆန်းတကြယ် အလွန် လှတဲ့ ညအခါဆိုတာ အိပ်ဖို့ မဟုတ်ဘူး” တို့၊ “ပဋိဇဂ္ဂိတု မေဝေသာ” - ညဆိုတာက ကိုယ့်ကိုယ်ကို ထိန်းသိမ်း စောင့်ရှောက်ပြီးတော့ အကုသိုလ်တရားတွေ ကင်းအောင် ကိလေသာတရားတွေက လွတ်မြောက်အောင် ကြိုးစားဖို့ ကောင်းတဲ့အချိန် ဖြစ်ပါတယ်”တဲ့။

ဘာဖြစ်လို့တုန်းဆိုတော့ ညအခါဆိုတာ ရာသီဥတုကလည်း အေးချမ်းတယ်၊ နေ့လို မပူဘူး၊ နေ့အခါမှာလို လူသံတွေ ငှက်သံတွေ ဆူညံနေတာ မရှိဘူး၊ ညအခါ တိတ်ဆိတ်တယ်၊ တိတ်ဆိတ်ငြိမ်သက်အေးချမ်းပြီး တန်ဖိုး ရှိတဲ့ အချိန်ကြီးတစ်ခုကို အိပ်ပြီးတော့ ဖြတ်ကျော်ပစ် လိုက်တာတဲ့၊ ဒါကြောင့်မို့ “ဝိကာလဘောဇနာ” ဆိုတာ တန်ဖိုးရှိတဲ့ညကို တန်ဖိုးရှိအောင် နေနိုင်အောင်လို့ ရည်ရွယ်တဲ့ ကိစ္စတစ်ခုပဲနော်၊ ဒါ့ကြောင့်မို့လို့ ရဟန္တာပုဂ္ဂိုလ်တွေဟာ ညအခါမှာ သုံးဆောင်ခြင်း မရှိကြဘူး၊ မွန်းလွဲတဲ့ အချိန်မှာ သုံးဆောင်ခြင်း မရှိကြဘူး၊ ငါလည်းပဲ ဒီကနေ့
စာမျက်နှာ-၂၄
ရဟန္တာပုဂ္ဂိုလ်တွေရဲ့ အကျင့်အတိုင်း လိုက်နာကျင့်သုံးရပေ ပြီလို့ စိတ်ထဲမှာ ဝမ်းသာကြည်နူးပြီး စောင့်တယ်။

“နစ္စ၊ ဂီတ” ဆိုတာလည်း ကြည့်လိုက်ဦး၊ နစ္စဆိုတာ ကိုယ်ကိုယ်တိုင် ကတယ်၊ သူများကို ကပြတယ်။ သူများ ကတာကို ကြည့်တယ်၊ ဒါတွေဟာ စဉ်းစားကြည့် လိုက်မယ်ဆိုရင် သက်သက်ပျော်ဖို့ပဲ မဟုတ်လား၊ ကိုယ် ကကပြတာလည်းပဲ ကိုယ်ကတာကို သူများတွေ သဘော ကျစေချင်တယ်၊ သူများကတာကို ကြည့်ပြီးတော့လည်း ကိုယ်က သဘောထားချင်တယ်၊ ဘာတွေဖြစ်တာတုန်း ဆိုရင် လောဘတွေပဲ ဖြစ်တာနော်၊ ဂီတ ဆိုရင်လည်း ကိုယ်က သာသာယာယာအသံလေးနဲ့ သီချင်းဆိုပြတယ်၊ သို့မဟုတ် သူများဆိုထားတဲ့ သီချင်းကို နားထောင်တယ်၊ ဒါလည်းပဲ အာရုံအရသာကို ခံစားတဲ့ လောဘတွေပဲဖြစ်တာနော်။

‘ဝါဒိတ’ - တူရိယာတွေကို ကိုယ်တိုင်တီးတယ်။ သို့မဟုတ် သူများတီးတာကို နားထောင်တယ်၊ “နစ္စ၊ ဂီတ၊ ဝါဒိတ၊ ဝိသူက ဒဿန” - တရားဓမ္မရဲ့ ဆန့်ကျင်ဖက်၊ သာသနာတော်ရဲ့ဆန့်ကျင်ဖက်၊ သာသနာတော်ရဲ့ ဆန့် ကျင်ဖက်ဆိုတာ ဘာလဲဆိုတော့- မြတ်စွာဘုရားက “အကုသိုလ်ဆိုတာ မဖြစ်စေနဲ့၊ ကုသိုလ်ဖြစ်အောင်လုပ်” ဆိုတော့ “အကုသိုလ် မဖြစ်စေနဲ့” ဆိုတဲ့ မြတ်စွာဘုရားရဲ့
စာမျက်နှာ-၂၅
အဆုံးအမနဲ့ မဆန့်ကျင်ဘူးလား၊ အဲဒါကြောင့်မို့လို့ “ဝိသူက ဒဿန” - လို့ ပြောတာနော်။

တချို့ပွဲကြိုက်တဲ့သူက ပြောသေးတယ် 'ကြည့်တတ်ရင် ဘာဝနာ၊ မကြည့်တတ်က တဏှာ' ဆိုပြီးတော့၊ သူတို့ ကိုယ်သူတို့ ဘာဝနာဖြစ်အောင်ကြည့်တယ်လို့ ဒီလိုကြံဖန် ပြီး ပြောတဲ့သူ ရှိသေးတယ်နော်၊ သို့သော် ကြည့်တယ် ဆိုရင် ဘယ်လိုစိတ် ဖြစ်တယ်ဆိုတာ ကိုယ့်ဟာကိုယ် အသိ ဆုံးပဲ၊ လူရဲ့စိတ်ကို တွေဝေမိန်းမောစေတတ်တဲ့ အရာတွေကို ကြည့်ရှုခြင်း၊ နားထောင်ခြင်း၊ ဒါတွေကနေ ရှောင် ကြဉ်လိုက်တယ်ဆိုရင် ရဟန္တာပုဂ္ဂိုလ်တွေ ရှောင်ကြဉ်တဲ့ အတိုင်း ငါလည်းပဲ ဒီကနေ့ တန်ဖိုးရှိတဲ့အချိန်ကို တန်ဖိုး ရှိရှိ ကောင်းတဲ့အရာတွေနဲ့ အချိန်ကုန်ဖို့ ကြိုးစားရတယ် လို့ စိတ်ထဲမှာ ဟောဒီလိုတွေးတောဆင်ခြင်ရမယ်။ နောက်တစ်ခုက “မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ” - ပန်းပန်တယ်ဆိုတာ ကိုယ့်ကိုယ်ကို အလှဆင်တာ၊ သို့မဟုတ် သူများက မြင် လို့ရှိရင်လည်း ကိုယ့်ကို တပ်မက်အောင် လုပ်တာ၊ ကိုယ့် ကိုယ်ကိုလည်း တပ်မက်စေတယ်၊ တပ်မက်အောင် လုပ်တယ်၊ သူတစ်ပါးကိုလည်း တပ်မက်စေတယ်၊ နံ့သာတွေ လိမ်းကျုံးလိုက်သည့်အတွက်ကြောင့် ကိုယ့်ဟာကိုယ်လည်း
စာမျက်နှာ-၂၆
အနံ့အပေါ်မှာကြိုက်တယ်၊ သူများက အနံ့ရရင်လည်းပဲ လောဘ ဖြစ်စေတယ်။ မိတ်ကပ်တို့ ပေါင်ဒါတို့ လိမ်းတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုသာယာပြီးတော့ လောဘ ဖြစ်စေတယ်။ သူတစ်ပါးကမြင်ရင်လည်း လောဘဖြစ်စေတယ်ဆိုတော့ ဒါတွေလည်း အကုသိုလ်ဖြစ်စေတဲ့အရာတွေချည်းပဲ မဟုတ်လား။ “ သာမန်နေ့စဉ်မှာ မရှောင်နိုင်ပေမယ့်လို့ ဥပုသ်စောင့်တဲ့နေ့မှာ ဒါတွေကို ဖယ်ရှားပစ်လိုက်တယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ “မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ” ဆိုပြီးတော့ ရဟန္တာပုဂ္ဂိုလ်တွေဟာ ရာသက်ပန် မိမိကိုယ်ကို လှအောင်ပအောင် တန်ဆာဆင်တာ မလုပ်ဘူး၊ သူတစ်ပါးတွေ တပ်မက်အောင် မလုပ်ဘူး၊ ပုံမှန် အတိုင်း ကိုယ့်ကိုယ်ကို သန့်သန့်ပြန့်ပြန့်ကလေး နေတာပဲ - ရှိတယ်၊ တမင်လုပ်တာမျိုး မလုပ်ဘူး၊ လူဆိုတာ သန့် သန့်ပြန့်ပြန့်တော့ နေရတာပေါ့။ ရေမိုးချိုးပြီးတော့ သန့် သန့်ပြန့်ပြန့် နေရမယ်၊ သန့်သန့်ပြန့်ပြန့်နေတာထက် ပို သွားပြီဆိုရင် တပ်မက်အောင် လုပ်တာပဲ ဟုတ်ကဲ့လား။ - သန့်သန့်ပြန့်ပြန့်နေရုံ အနံ့အသက်ပျောက်ရုံလုပ်တာ ကတော့ လုပ်သင့်တဲ့ကိစ္စတစ်ခုပဲ၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် လူရဲ့ခန္ဓာကိုယ်က မတင့်တယ် ရွံရှာစဖွယ် ဖြစ်တဲ့
စာမျက်နှာ-၂၇
အရာ ဖြစ်တယ်၊ အဲဒီ မတင့်မတယ် ရွံ့ရှာစဖွယ် ဖြစ်တဲ့ အရာကို ပျောက်ရုံမျှ ရေမိုးချိုးတယ်၊ သန့်သန့်ပြန့်ပြန့်နေတယ်၊ ဒါက ရိုးရာအလုပ်တွေ၊ အဲဒီသန့်ပြန့်မှုထက် ပိုပြီး

တော့လှအောင် ပြင်တာကျတော့ လောဘပါလာပြီပေါ့။ “ဆဝိရာဂ” လို့ ခေါ်တဲ့ အရေပေါ်မှာ တပ်မက်တဲ့ စိတ်တွေ၊ အဆင်းသဏ္ဌာန်ပေါ်မှာ တပ်မက်တဲ့စိတ်တွေ၊ အလှပြင်တဲ့ အပေါ်မှာ တပ်မက်တဲ့စိတ်တွေ၊ အဲဒီစိတ်တွေနဲ့ လုပ်တာ ဖြစ်တော့ လောဘတွေ တိုးပွားပြီးတော့ မလာဘူးလား၊ - မိမိကိုယ်တိုင်လည်း လောဘတွေ တိုးပွားလာတယ်၊ သူတစ်ပါးကိုလည်းပဲ လောဘတွေ တိုးပွားစေတယ် ဆို တော့ ကုသိုလ်တွေ တိုးတာလား၊ အကုသိုလ်တွေ တိုးတာလား? အကုသိုလ်တိုးတဲ့ အလုပ်ဆိုရင် မကောင်းတဲ့အလုပ် လို့ ဒီလိုသတ်မှတ်ရတယ်၊ ဒါကြောင့်မို့ ဥပုသ်စောင့်တဲ့ နေ့မှာ အဲဒီလို မဖြစ်ရအောင်လို့ ထိန်းသိမ်းစောင့်ရှောက်တယ်၊ ရဟန္တာပုဂ္ဂိုလ်တွေဟာ ယခုကဲ့သို့ ကိုယ့်ကိုယ်ကို အလှပြင်ခြင်းဆိုတာ လုပ်တော်မမူကြဘူး၊ “ငါလည်းပဲ ဒီကနေ့ ရဟန္တာပုဂ္ဂိုလ်တွေလို လိုက်နာကျင့်သုံး ရပေပြီလို့ စိတ်ထဲမှာ ဝမ်းမြောက်ကြည်နူးမှုနဲ့ နေရမယ်တဲ့ ဒီလိုဆိုလိုတယ်။
စာမျက်နှာ-၂၈
နောက်တစ်ခုက “ဥစ္စာသယန မဟာသယနာ ဝေရမဏိ” - “ဥစ္စာသယန” ဆိုတာ နှစ်တောင့်ထွာထက် မြင့်ပြီးတော့ ကိန်းခမ်းကြီးတဲ့နေရာကြီးတွေ အမြင့်ကြီးတွေ မှာ အိပ်တာမျိုး၊ “မဟာသယန” ဆိုတာ အင်မတန်ထူးခြားတဲ့ နေရာကြီးတွေမှာ အိပ်တာမျိုး၊ ဒါက ဇိမ်ခံပြီးတော့ အိပ်တဲ့အိပ်ယာတွေကို ရည်ညွှန်းပြီးတော့ ပြောတာနော်၊ ဇိမ်ခံပြီးတော့ အိပ်တဲ့ အိပ်ယာတွေနဲ့ မအိပ်ဘူးတဲ့၊ အဲဒါ မျိုးကို မသုံးဘဲနဲ့ မြင့်သောနေရာ မြတ်သောနေရာလို့ဆိုတဲ့ ကိန်းခမ်းကြီးတဲ့ဟာတွေ မလုပ်ဘဲနဲ့ ရိုးရိုးကလေး အိပ်ဖို့၊ အိပ်စက်တဲ့နေရာ လုပ်ဖို့၊ ရိုးရိုးလေး အိပ်တယ်ဆိုတာ သက်တောင့်သက်သာအိပ်ဖို့ မပြင်သင့်ဘူး- ဒီလို ပြောတာ မဟုတ်ဘူး။ . . .။

တချို့က အိပ်ယာကို သေသေချာချာ ခမ်းနားအောင် ပြင်ပြီးတော့ထားတာ ရှိတယ်လေ၊ သေသေချာချာကို ခမ်း ခမ်းနားနားဆိုဖာကြီးတွေနဲ့ အလှပြင်ပြီးတော့ အိပ်ကြတာ ရှိသေးတယ်။ အဲဒီလို အလှပြင်ပြီးတော့ ခမ်းခမ်းနားနား ကြီး အင်မတန်အဆင့်မြင့်ပြီးတော့ တကယ့်မင်းစိုးရာဇာတွေ သူဌေးသူကြွယ်တွေသုံးတဲ့ အသုံးမျိုးတွေနဲ့ သုံးပြီး တော့ ကိန်းခမ်းကြီးတဲ့နေရာမျိုးကို မနေပါဘူး။ ရိုးရိုးလေး
စာမျက်နှာ-၂၉
ပဲ နေပါမယ်လို့ ရဟန္တာပုဂ္ဂိုလ်တွေဟာ ဒီအတိုင်း ကျင့် သုံးကြတယ်။ “မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ မင်းသား ဘဝတုန်းက အဲဒီလို ကိန်းခမ်းရှိတဲ့ အင်မတန်မြင့်တဲ့ နေရာတွေ မြတ်တဲ့နေရာတွေ ကောင်းတဲ့နေရာတွေမှာ နေလာပေမယ့်လို့ တောထွက်ပြီး တရားကျင့်တဲ့အခါကျ တော့ သစ်ပင်အောက်မှာ ဒီအတိုင်းထိုင်တာ မဟုတ်လား၊ အိပ်စရာရှိရင်လည်း သစ်ပင်အောက်မှာပဲ ဒီအတိုင်းပဲ လေ၊ ဘုရားဖြစ်တော်မူတဲ့အခါတောင်မှ ကြည့်ပါလား သုဒ္ဓိယဆိုတဲ့ ပုဏ္ဏားလှူလိုက်တဲ့ မြက်ရှစ်ဆုပ်ကို ဖြန့်ခင်း ပြီးတော့ ထိုင်တာ၊ မြက်အခင်းလေးဆိုတော့ အလွန် ပေါ် ထိုင်လိုက်ရရင် မြက်စိမ်းစိမ်းပေါ်မှာ အင်မတန်အေးတယ်၊ အဲဒီပေါ်မှာ တင်ပလ္လင်ခွေထိုင်ပြီးတော့ မြတ်စွာ ဘုရား အလောင်းတော်ဟာ တရားရှုမှတ်ပြီးတော့ ဘုရား အဖြစ်သို့ ရောက်သွားတာလေ၊ အဲဒီတော့ ကိန်းခမ်းကြီးတဲ့ နေရာတွေမှာ မဟုတ်ဘူးတဲ့။

အဲဒီလို ရိုးရိုးလေးနဲ့ ကျင့်ကြံကြိုးကုတ် နေသွားတဲ့
စာမျက်နှာ-၃၀
ရဟန္တာပုဂ္ဂိုလ်တွေ ကျင့်သုံးသလို လိုက်နာကျင့်သုံးရပေပြီ လို့ စိတ်ထဲမှာ ဝမ်းသာကြည်နူးမှု ဖြစ်ရမယ် . .ဒီလို ဆိုတယ်နော်။

အဲဒီလို ရှစ်ပါးသီလကို တစ်ခုစီတစ်ခုစိဆောက်တည် ပြီးတော့ ကျင့်သုံးချင်ရင် စိတ်ထဲက ဒီအတွေးလေးတွေနဲ့ မှန်ကန်တဲ့အမြင်လေးတွေနဲ့စောင့်သုံးတဲ့ဥပုသ်ဟာ အလွန် အကျိုးကျေးဇူးများတဲ့ ဥပုသ်လို့ ဒီလိုပြောတယ်။ ဥပုသ်စောင့်ခြင်းသည် ကာယကံနှင့် ဝစီကံကို ထိန်းခြင်း

ဥပုသ်စောင့်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ စိတ်ရဲ့ အညစ်အကြေးတွေ မဖြစ်အောင် လုပ်တာ ဆိုပေမယ့် အဓိက အားဖြင့် ကာယကံမှုနဲ့ ဝစီကံမှု မကျူးလွန်အောင် ထိန်းသိမ်းထားတယ်၊ စိတ်ကို မထိန်းသိမ်းဘူး။ စိတ်ကိုထိန်းနည်း (၁)

အဲဒါကြောင့်မို့လို့ စိတ်ကိုထိန်းနိုင်အောင် ဥပုသ် စောင့်တဲ့ပုဂ္ဂိုလ်ဟာ ဘာအာရုံနဲ့ နေရမလဲဆိုရင် နံပါတ် (၁) ဗြဟ္မပေါသထ - မြင့်မြတ်တဲ့ပုဂ္ဂိုလ်နဲ့ နေနိုင်အောင် ကြိုးစားတဲ့၊ မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာ ဘယ်သူ့ကို ပြောတာ လဲဆိုရင် မြတ်စွာဘုရားတဲ့၊ ဥပုသ်စောင့်တဲ့ ဥပုသ်သည်
စာမျက်နှာ-၃၁
တစ်ယောက်ဟာ ဘုရားဂုဏ်တော်ကို နှလုံးသွင်းပြီး နေရမယ်၊ နှလုံးသွင်းတယ်ဆိုတာ ဘုရားဂုဏ်ကို အာရုံပြုပြီး တော့ သူ့သန္တာန်မှာ ဖြစ်မယ့် လောဘ ဒေါသ မောဟတွေကို ဖယ်ရှားပစ်တာ၊ စိတ်ရဲ့အညစ်အကြေးတွေ မိမိ သန္တာန်မှာ မဖြစ်အောင် ဆေးကြောပစ်တာ၊ ဘာနဲ့ ဆေး ကြောပစ်လဲ၊ ဘုရားဂုဏ်တော်နဲ့ ဆေးကြောပစ်တယ်တဲ့ နော်။ “ ခုခေတ်မှာတော့ ဂုဏ်တော်ပုတီးစိပ်တယ်ဆိုပြီး စိပ် ကြတယ်၊ ဂုဏ်တော်ပုတီးစိပ်တဲ့အခါမှာ ဂုဏ်တော်ပေါ် စိတ်မရောက်ဘဲနဲ့ ပုတီးပတ်အရေအတွက်ပေါ်မှာ စိတ် ရောက်နေလို့ရှိရင် အနှစ်သာရအားဖြင့်တော့ နဲနဲလျော့ နည်းမှု ရှိမှာပဲနော်၊ ပုတီးပေါ် စိတ်ရောက်ရမှာ မဟုတ်ဘူး၊ အဓိကကတော့ ဂုဏ်တော်ပေါ် စိတ်ရောက်ရမှာ၊ ဘုရားဂုဏ်တော်တွေကို တစ်ခုစီတစ်ခုစီ မိမိတတ်သိနား လည်သလို ဂုဏ်တော်တွေပေါ်မှာ စိတ်ရောက်ပြီးတော့ နှလုံးသွင်းဆင်ခြင်ပြီးတော့ ဥပုသ်စောင့်နိုင်ရမယ်၊ အဲဒီလို ဥပုသ်စောင့်နိုင်လို့ရှိရင် လူ့ရဲ့စိတ်ထဲမှာ အညစ်အကြေးတွေကို ဂုဏ်တော်ပေါ် အာရုံပြုခြင်းအားဖြင့် ဆေးကြော
စာမျက်နှာ-၃၂
: ဘုရားဂုဏ်တော်ကို အာရုံပြုပြီးတော့ ကြည်နူးတဲ့စိတ် တွေ ဖြစ်ပေါ်လာရင် ဝမ်းသာတယ်၊ ပီတိတွေ ဖြစ်တယ်။ အဲဒီပီတိကို ဝိပဿနာရှုလိုက်တယ် ဆိုလို့ရှိရင် တစ်မဂ် တစ်ဖိုလ် ရသွားနိုင်သေးတယ်၊ အဲဒီလို တစ်မဂ် တစ်ဖိုလ် ရသွားတဲ့ ပုဂ္ဂိုလ်တွေလည်း မြောက်မြားစွာရှိတယ်၊ အဲဒီ တော့ ဥပုသ်စောင့်ရင်းကနေပြီးတော့ မြတ်စွာဘုရားဂုဏ်ကို အာရုံပြုပြီးတော့ နေရင် အဲဒီဥပုသ်ကို ဗြဟ္မပေါသထ တဲ့၊ မြင့်မြတ်တဲ့ပုဂ္ဂိုလ်နဲ့ အတူနေပြီးတော့ စောင့်သုံးတဲ့ ဥပုသ်တဲ့၊ ဒီလိုဖြစ်ဖို့ လိုတယ်နော်။ စိတ်ကိုထိန်းနည်း (၂)

နောက်တစ်ခုကျတော့ ဘုရားဂုဏ်ကို အာရုံမပြုဘူး၊ ဘာကို အာရုံပြုတုန်းဆိုရင် မြတ်စွာဘုရားဟောကြားထားတဲ့ မိမိသိတဲ့တရားတွေကို သို့မဟုတ် တရားရဲ့ ဂုဏ်ရည်တွေကို ဆင်ခြင်စဉ်းစားပြီးတော့ နေတယ်။ မြတ်စွာဘုရား ဟောတဲ့တရားဟာ တကယ့်မှန်ကန်တဲ့ တရားပဲ၊ အမှန် အတိုင်းဟောတာ ဖြစ်တယ်၊ သွာက္ခာတ -မှန်မှန်ကန်ကန် ဟောတဲ့တရားဖြစ်လို့ ဘုရားဟောတဲ့ တရားဟော ကြားနာ လိုက်ရုံနဲ့ အပူစင်တယ်၊ ကျင့်လိုက်လို့ရှိရင်လည်း ချမ်းသာ
စာမျက်နှာ-၃၃
ကောင်းကျိုးချမ်းသာတွေ ပေးနိုင်တယ်လို့ နာရုံနဲ့ပဲ ပူပန်မှုတွေ ကင်းသွားတယ်။

ဒီတရားကို မြတ်စွာဘုရားဟောတယ်လို့ ဓမ္မရဲ့ ဂုဏ် ရည်တွေကို “သွာက္ခာတ, သန္ဒိဋ္ဌိက, အကာလိက” မိမိ တို့ နားလည်သလို ဆင်ခြင်စဉ်းစားပြီးတော့ ဥပုသ်စောင့်မယ်ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်ရဲ့ စိတ်တွေဟာ တရားနဲ့အတူ ရှိ နေသည့် အတွက်ကြောင့် တရားတော်ကို အာရုံပြုရင်း တရားဂုဏ်နဲ့ မကောင်းတဲ့ စိတ်တွေကို ဆေးကြောပစ်ရာ မရောက်ပေဘူးလား၊ အဲဒီလို ဆေးကြောပစ်လိုက်လို့ စိတ် ကလေးဖြူစင်ပြီး ဝမ်းသာကြည်နူးတဲ့စိတ်တွေဖြစ်လာတယ်၊ အဲဒီဝမ်းသာကြည်နူးတဲ့ စိတ်ကလေးတွေနဲ့ နေလို့ရှိရင် “ဓမ္မပေါသထ” တရားဂုဏ်ကို အာရုံပြုပြီးတော့ စောင့်သုံး တဲ့ဥပုသ် ဒီလိုခေါ်တယ်။ စိတ်ကိုထိန်းနည်း (၃)

ထို့အတူပဲ အရိယာသံဃာတွေရဲ့ ဂုဏ်တွေ၊ အရိယာ သံဃာတွေဆိုတာ “သုပ္ပဋိပန္နော” မှန်ကန်တဲ့အကျင့်တွေ ကျင့်တယ်၊ “ဥဇုပ္ပဋိပန္နော” ဖြောင့်မှန်စွာကျင့်တယ်၊ “ဉာယပ္ပဋိပန္နာ” နိဗ္ဗာန်လမ်းကြောင်းပေါ် ရောက်တဲ့အ ကျင့်မျိုး ကျင့်တယ်၊ “သာမီစိပ္ပဋိပန္နာ” မှန်ကန်တဲ့အကျင့်
စာမျက်နှာ-၃၄
တွေ ကျင့်တယ်လို့ ဒီလို ကျင့်ကြံကြိုးကုတ် အားထုတ်မှု အပိုင်းက ဆင်ခြင်စဉ်းစားတာ။

အဲဒီအကျင့်တွေကို အောင်မြင်အောင် ကျင့်ထားသည့် ပုဂ္ဂိုလ်ဖြစ်သည့် အတွက်ကြောင့် “အာဟုနေယျ” အဝေးက ယူလာတဲ့ ပစ္စည်းတွေနဲ့ ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ၊ “ပါဟုနေယျ” အိမ်မှာ ဧည့်သည်တွေလာရင် ကျွေးဖို့ ဆိုပြီးတော့ အဆင်သင့်ထားတဲ့ ပစ္စည်းတွေနဲ့ ကျွေးမွေး သင့်တဲ့ပုဂ္ဂိုလ်တွေ လို့ - ဒီလို သံဃာဂုဏ်တွေကို တစ်ခုစီ တစ်ခုစီ အာရုံပြုပြီးတော့ စောင့်မယ်ဆိုလို့ရှိရင် “သံဃပေါသထ” လို့ ခေါ်တယ်၊ သံဃာ့ဂုဏ်ကို အာရုံပြုပြီး တော့ ကြည်နူးဝမ်းသာတဲ့ စိတ်တွေနဲ့ နေတာ။ စိတ်ကိုထိန်းနည်း (၄)

ထို့အတူပဲ ကိုယ်ရဲ့ ကိုယ်ကျင့်သီလတွေကို ဆင်ခြင်တွေးတောပြီးတော့ စောင့်သုံးမယ် ဆိုလို့ရှိရင် “သီလာနုဿတိ”၊ ကိုယ်ရဲ့ သီလကို အာရုံပြုပြီးတော့ စောင့်သုံးတာ လည်းပဲ ထို့အတူပဲ၊ သီလကိုအာရုံပြုပြီးတော့ ကိုယ့်ရဲ့ စိတ် အညစ်အကြေးတွေကို ဆေးကြောပစ်တယ်။
စာမျက်နှာ-၃၅
စိတ်ကိုထိန်းနည်း (၅)

နောက်တစ်ခုက ‘ဒေဝတာနုဿတိ’၊ ‘ဒေဝတာ နုဿတိ’ ဆိုတာ နတ်တွေကို သတိရတာကို ပြောတာ မဟုတ်ဘူး၊ ‘ဒေဝတာနုဿတိ’ က နတ်တွေကို နှိုင်းယှဉ် စရာ ပြုပြီးတော့ ဆင်ခြင်တာ၊ ဘယ်လို ဆင်ခြင်တုန်း ဆိုရင် ကောင်းရာသုဂတိ ရောက်သွားကြတဲ့ နတ်တွေဟာ အခု ငါ့မှာ သဒ္ဓါတရားရှိတယ်၊ ဒီသဒ္ဓါတရားမျိုး ရှိသည့် အတွက်ကြောင့် သူတို့ နတ်ပြည်ရောက်ကြတာ၊ ငါ့မှာ လည်းပဲ ဒီသဒ္ဓါတရားတွေ အခုဖြစ်နေပါလားလို့ ဒီလိုတွေးတာ၊ သီလရှိလို့ နတ်ဘဝ ရောက်သွားကြတာ၊ ငါ့မှာလည်း အဲဒီသီလတွေ အခုရှိတယ်၊ အကြားအမြင် ဗဟု သုတတွေရှိလို့ နတ်ပြည်ရောက်သွားကြတယ် ငါ့မှာလည်းပဲ အဲဒီအကြားအမြင်တွေ ရှိတယ်။

စွန့်ကြဲမှုတွေရှိသည့် အတွက်ကြောင့် နတ်ပြည်ကို ရောက်သွားကြတယ်၊ ငါ့မှာလည်းပဲ စွန့်ကြဲမှုဆိုတဲ့ ဂုဏ်တွေရှိတယ်၊ အသိပညာရှိသည့် အတွက်ကြောင့် နတ်ပြည်ကို ရောက်သွားကြတယ်၊ ငါ့မှာလည်းပဲ အဲဒီအသိပညာတွေ ရှိတယ်လို့- နတ်တွေရဲ့ဂုဏ်ရည်တွေကို စဉ်းစားပြီး တော့ ကိုယ့်မှာရှိတဲ့ ဂုဏ်တွေနဲ့ နှိုင်းယှဉ်ပြီး ကြည်နူး ဝမ်းသာတဲ့ စိတ်ကလေး ဖြစ်တယ်၊ အဲဒီလို ကြည်နူး
စာမျက်နှာ-၃၆
ဝမ်းသာတဲ့ စိတ်ကလေးနဲ့ ကိုယ့်ရဲ့ စိတ်ထဲမှာရှိတဲ့ အညစ် အကြေးတွေကို ဆေးကြောပစ်တယ်။ အဲဒါဟာ ‘ဒေဝတူပေါသထ’ လို့ ခေါ်တယ်၊ အဲဒီလို ဥပုသ်ကို စောင့်သုံးရ မယ်လို့ မြတ်စွာဘုရားက ဟောကြားတယ်။ ဥပုသ်စောင့်ခြင်း၏အကျိုးကျေးဇူး

အဲဒီလို ဟောကြားပြီးတော့ ဒီလိုစောင့်သုံးလိုက်တဲ့ ဥပုသ်ရဲ့ အကျိုးကျေးဇူးဟာ ဘယ်လောက်များသလဲ လို့ဆို လို့ရှိရင် အင်မတန်မှ အကျိုးကျေးဇူးများတယ်တဲ့၊ ဘုရားက နားလည်အောင် ဘယ်လိုဟောတုန်းဆိုတော့ ကမ္ဘာ လောကမှာရှိတဲ့ အဖိုးတန်ရတနာတွေကို စုစည်းလိုက်၊ အဲဒီအခါမှာ အဖိုးတန်ရတနာတွေကို စုစည်းပြီး တစ်ခါ စေတနာတွေရဲ့ တန်ဖိုးနဲ့ တစ်ကြိမ် တစ်ခါ စောင့်လိုက်ရတဲ့ အခုလို မွန်မြတ်တဲ့ စည်းစနစ်ကျ ကြည့်လိုက်မယ် ဆိုလို့ရှိရင် ရတနာတွေရဲ့ တန်ဖိုးဟာ ဥပုသ် တစ်ခါစောင့်ရတဲ့ ကုသိုလ်တန်ဖိုးရဲ့ ၁၆-ပုံပုံ ၁-ပုံ တောင်မရှိဘူးလို့ ပြောတယ်။

ဘာဖြစ်လို့ ဒီလိုပြောတုန်း ဆိုရင်၊ တစ်ကြိမ်တစ်ခါ စောင့်ရင် နတ်စည်းစိမ် နတ်ချမ်းသာတွေ ပေးနိုင်တယ်၊ နတ်ချမ်းသာ
စာမျက်နှာ-၃၇
တွေဆိုတာ အဲဒီရတနာတွေရဲ့ တန်ဖိုးထက် ကြီးတယ်။ ဥပုသ်ကလေး တစ်ခါစောင့်လိုက်တာနဲ့ ဒီပုဂ္ဂိုလ်ဟာ လူ့ ချမ်းသာထက် သာလွန်တဲ့ နတ်ချမ်းသာ၊ လူ့ချမ်းသာဆိုတာ နတ်ချမ်းသာနဲ့ နှိုင်းယှဉ်လိုက်လို့ရှိရင် ဘာမှ မပြောပလောက်တော့ဘူး၊ ချမ်းသာသုခလို့တောင် မဆို နိုင်တော့ဘူး။

ဘာဖြစ်လို့တုန်းဆိုတော့ စဉ်းစားကြည့်လေ-လူ့ပြည် မှာ အနှစ်-၅ဝမှ စတုမဟာရာဇ် နတ်ပြည်မှာ ၁-ရက်ပဲ ရှိ သေးတာ၊ သက်တမ်းခြင်းအားဖြင့်လည်း ကွာတယ်၊ စည်း စိမ်ချမ်းသာခြင်းအားဖြင့်လည်း ကွာတယ်၊ လူ့ပြည်မှာ အနှစ် -၁ဝဝ ဆိုရင် တာဝတိံသာနတ်ပြည်မှာ ၁-ရက် ရှိ သေးတယ်နော်၊ အဲဒီရက်တွေနဲ့တွက်လိုက်တဲ့ အနှစ်-၅၀၀ဟာ စတုမဟာရာဇ်နတ်ပြည်ရဲ့ သက်တမ်းတစ်ခုပဲ၊ အဲဒီ ရက်တွေနဲ့ တွက်လိုက်တဲ့ အနှစ်-၁ဝဝဝဟာ တာဝတိံသာ နတ်ပြည်ရဲ့ အသက်ပဲ။

နတ်သက်ဟာ တဖြည်းဖြည်း တစ်ဆတစ်ဆ တိုးသွားတာ နည်းတဲ့အသက်တွေ မဟုတ်ဘူး ရှည်လျားတယ်၊ ချမ်းသာသုခကလည်း အလွန်တရာကြီးမားတယ်ဆိုတော့ လူချမ်းသာနဲ့ နတ်ချမ်းသာ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် မနှိုင်းယှဉ်နိုင်လောက်အောင် နတ်ချမ်းသာက သာလွန်နေ
စာမျက်နှာ-၃၈
အရှင်နမာလာဘိဝံသတယ်၊ လူဆိုလို့ရှိရင် အသက်-၅၀ လောက်ဆို မအိုဘူးလား၊ ဟိုမှာ တစ်ရက်ပဲ ရှိသေးတယ်လေ၊ စည်းစိမ် ချမ်းသာ ခံစားရတာခြင်းကလည်း တအားကွာတယ်၊ သက်တမ်းကလည်း တအား ကွာတယ်၊ စတုမဟာရာဇ် နတ်ပြည်မှာ တစ်ရက်ရှိပေမယ့် တာဝတိံသာနတ်ပြည်မှာ နေ့ဝက်ပဲ ရှိသေးတယ်၊ အဲဒီလိုနတ်ပြည်တွေဟာ တစ်ခုနဲ့ တစ်ခု သာလွန်သွားလို့ ဟောဒီ ဥပုသ်စောင့်လို့ရှိရင် အခု ပြောတဲ့ နတ်ပြည်တွေအားလုံး ရောက်နိုင်တာဖြစ်သော ကြောင့် ဥပုသ်စောင့်ရခြင်းရဲ့ အကျိုးကျေးဇူးဟာ အလွန် ကြီးမားတယ်လို့ မြတ်စွာဘုရားက ဟောတယ်။

ဒါတင်မကဘူး သိကြားမင်းကြီးက တစ်ခါက ပြောတယ်၊ “လူ့လောကမှာ ရှိတဲ့ပုဂ္ဂိုလ်တွေ လဆန်း ၈-ရက် လဆုတ် ၈-ရက် လပြည့် လကွယ်တွေမှာ ဥပုသ်စောင့်ကြမယ်ဆိုလို့ရှိရင် - အဲဒီပုဂ္ဂိုလ်တွေ သူ့လို “သိကြားဘဝ ရောက်ချင်လို့ရှိရင်တဲ့ ဥပုသ်စောင့်ကြပါ” လို့ သိကြားမင်း ကြီးက နတ်သဘင်အစည်းအဝေးတစ်ခုမှာ မိန့်ခွန်းပြော သတဲ့။ ။

အဲဒီလို မိန့်ခွန်းပြောတာကို မြတ်စွာဘုရားက ပြောတုန်းဆို- “သိကြားမင်းပြောတဲ့ “ငါ့လို သိကြားဖြစ်ချင် လို့ရှိရင် ဥပုသ်စောင့်” ဆိုတဲ့စကားဟာ မပြည့်စုံဘူး”တဲ့
စာမျက်နှာ-၃၉
တကယ်ပြောရမှာက “ရဟန္တာပုဂ္ဂိုလ်က ငါလိုရဟန္တာ ဖြစ် ချင်ရင် ဥပုသ်စောင့်” လို့ ပြောရမယ်တဲ့။ ဒါ့ကြောင့်မို့လို့ ဥပုသ်စောင့်တယ်ဆိုတာ နည်းတဲ့ ကုသိုလ် မဟုတ်ဘူးတဲ့၊ ရဟန္တာပုဂ္ဂိုလ်ကသာလျှင် “ငါလို ရဟန္တာဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တွေ ဥပုသ်စောင့်ကြပါ” လို့ ပြောရတဲ့ အဓိပ္ပါယ်ရှိလှတဲ့ “ ဗုဒ္ဓဘာသာတို့ရဲ့ ကျင့်စဉ် တစ်ခုဟာ ပုံပျက်ပန်းပျက် မဖြစ်စေဘဲနဲ့ အဓိပ္ပါယ်ရှိရှိ ဥပုသ်ကို စောင့်သုံးနိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဥပုသ်လို့ ပြောလိုက်တာနဲ့ ဘာသာခြားတွေက သူတို့လည်း ဥပုသ်၊ ဒါလည်း ဥပုသ်- အတူတူလို့ တချို့က ထင်နေတတ်ကြတယ်၊ အနှစ်သာရပိုင်းမှာ အလွန်ကွာခြားတယ်ဆိုတာ အားလုံးသဘောပေါက်နားလည်ပြီး ဗုဒ္ဓမြတ် စွာ ဟောကြားတော်မူခဲ့တဲ့ တကယ့်စစ်မှန်တဲ့ “အရိယုပေါသထ” လို့ခေါ်တဲ့ သူတော်စင်သူတော်မြတ်တို့ စောင့် သုံးတဲ့ဥပုသ်ကို ကိုယ်စီကိုယ်ငှ ကျင့်ကြံကြိုးကုတ် အားထုတ် စောင့်သုံးနိုင်ကြပါစေကုန်သတည်း။ ပြီးပါပြီ။ ib6pb6mxwvuhloqcx1gv06eyzew84q3 ကောသလအိပ်မက်နှင့် ယနေ့ကမ္ဘာ 0 6413 22217 2026-06-20T00:10:57Z Tejinda 173 "{{header | title = ကောသလအိပ်မက်နှင့် ယနေ့ကမ္ဘာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဥပ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22217 wikitext text/x-wiki {{header | title = ကောသလအိပ်မက်နှင့် ယနေ့ကမ္ဘာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ဥပုသ်စောင့်ခြင်းအဓိပ္ပါယ်]] | previous2 = | next = [[တောင်ပို့ထဲက ရတနာ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

ကောသလအိပ်မက်နှင့် ယနေ့ကမ္ဘာ

အပိုင်း-၁
သာသနာတော်နှစ် ၂၅၅၈-ခု၊ ကောဇာသက္ကရာဇ် ၁၁၇၆-ခု၊ နှောင်းတန်ခူးလပြည့်ကျော် ၁၀-ရက်၊ ၁၃. ၄. ၂၀၁၅၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာ၊ ဓမ္မသဟာယသာသနစင်တာ၊ ဓမ္မတိ မဟာဓမ္မသဘာ ဓမ္မာရုံကျောင်းတော်ကြီးအတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် နှစ်သစ်ကူး အထူးဓမ္မသဘင်ပွဲ၌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်နှင့် ဇနီး ဒေါ်ဆွေဆွေဦး၊ ကိုဝေဖြိုးအောင် (Chairman GMG Co.,Ltd) နှင့် မဥမ္ဘာကျော်ထွန်း၊ ဗိုလ်ကြီးခိုင်ကျော်ဦး (Ds.M.A) နှင့် မလွင်ယဉ်မင်း၊ ချစ်မြေးများ၊ ချစ်သူ့ဆွေနှင့် ကြင်သူ့ဆွေမိသားစု တို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ကောသလအိပ်မက်နှင့် ယနေ့ကမ္ဘာ” အကြောင်း တရားဒေသနာတော်။
စာမျက်နှာ-၂
“ကောသလအိပ်မက်နှင့် ယနေ့ကမ္ဘာ” ဗုဒ္ဓမြတ်စွာရဲ့ ခေတ်ကာလမှာ မြတ်စွာဘုရားနဲ့ သက်တူရွယ်တူ ပသေနဒီ ကောသလမင်းကြီးဆိုတာ ရှိတယ်။ မြတ်စွာဘုရားနဲ့ အလွန်ရင်းနှီးတယ်။ သာဝတ္ထိမြို့မှာ မြတ်စွာဘုရား နှစ်ပေါင်းနှစ်ဆယ်ကျော် သီတင်းသုံးတဲ့အခါ ကောသလမင်းကြီးဟာ ကျောင်းတော်ကို တစ်နေ့သုံးခေါက်လောက် အမြဲတမ်းသွားလေ့ရှိပြီး မြတ်စွာဘုရားနဲ့ အလွန်ရင်းနှီးတဲ့ဘုရင်တစ်ပါး ဖြစ်တယ်။ ဘယ်လိုပဲ ရင်းနှီးရင်းနှီး ရံဖန်ရံခါ ကောသလမင်းကြီးဟာ မှားမှားယွင်းယွင်း လုပ်ရပ်တွေကို လုပ်လေ့ရှိတယ်။ သူ့ရဲ့ကြင်ယာတော်ဖြစ်တဲ့ မလ္လိကာမိဖုရားက ထက်မြက်တယ်၊ ပညာရှိတယ်။ သို့သော် မင်းမျိုးမင်းနွယ်တော့ မဟုတ်ဘူး၊ ပန်းဥယျာဉ်စိုက်ပျိုးပြီး အရောင်းအဝယ်လုပ်ရတဲ့မိသားစုက ပေါက်ဖွားလာတဲ့ သတို့သမီးဖြစ်တယ်။ ပညာအလွန်ထက်မြက်တယ်။ ကောသလမင်းကြီးလမ်းမှားပြီဆိုလို့ရှိရင် မလ္လိကာက လမ်းဖြောင့်ပေးလေ့ရှိတယ်။ ။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် သာဝတ္ထိမြို့မှာ သီတင်းသုံးနေတဲ့အချိန် အဖြစ်အပျက်တွေ များစွာဖြစ်ပျက်ခဲ့တာ၊ အဲဒီမှာ ကောသလမင်းကြီးဟာ အိပ်မက်တွေ အမျိုးမျိုး မြင်မက်ခဲ့တယ်။ ပိဋကတ်မှာ မှတ်တမ်းတင်ရလောက်အောင် မက်တဲ့ သူ့ရဲ့ အိပ်မက်တွေဟာ တစ်ဆယ့်ခြောက်မျိုးရှိတယ်ဆိုတာ ကြားဖူးနားဝတော့ ရှိနေကြတာ ဖြစ်တယ်။
စာမျက်နှာ-၃
အိပ်မက်နဲ့ ပတ်သက်ပြီး မြန်မာစကား၊ အိပ်မက်ဆိုတာ ပါဠိလိုကျတော့ “သုပိန” လို့ ခေါ်တယ်။ သို့မဟုတ် “သုပိနန္တ”၊ အဲဒီစကားလုံးနှစ်လုံးနဲ့ အသုံးပြုတယ်။ အိပ်မက်ဆိုတာ အိပ်ပျော်နေတဲ့အချိန်မှာ မြင်မက်လေ့ရှိတဲ့ စိတ်ရဲ့ခံစားမှုတစ်မျိုးကို အိပ်မက်လို့ ခေါ်တာ၊ အိပ်ပျော်နေတဲ့အချိန်မှာ မြင်မက်လေ့ရှိတယ်၊ တွေ့ကြုံခံစားရလေ့ရှိတယ်။

ဒီနေရာမှာ အိပ်မက်ဆိုတဲ့သဘာဝတရားကို အဘိဓမ္မာသဘောအရ ကြည့်မယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်မောကျနေတဲ့အချိန်မှာ အိပ်မက်မက်တာလားလို့ဆိုတော့ မဟုတ်ဘူးတဲ့။ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေလို့ရှိရင် “ဘဝင်စိတ်” လို့ ခေါ်တဲ့ ငြိမ်သက်တဲ့စိတ်သာ ဖြစ်နေတယ်။ ပဋိသန္ဓေစိတ်လို အတိတ်ကအာရုံတစ်ခုနဲ့ ငြိမ်သက်စွာ ဖြစ်ပေါ်နေတဲ့ ဘဝင်စိတ်တွေ စဉ်ဆက်မပြတ်ဖြစ်နေတဲ့အခါမှာ လူတွေဟာ အိပ်မက်မမက်ဘဲနဲ့ အိပ်မောကျနေတယ်ပေါ့။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်ပေါ့၊ အိပ်မက်မမက်ဘူး။

အိပ်မက်မက်တယ်ဆိုတာ “ကပိမိဒ္ဓ ပရေတ” တဲ့၊ စာပေကျမ်းဂန်မှာ “ကပိမိဒ္ဓ = မျောက်မြီးငိုက်” လို့ ဘာသာပြန်လေ့ရှိတယ်။ ကပိ-ဆိုတာ မျောက်၊ မိဒ္ဓ-ဆိုတာ မြိုက်တာ၊ မျောက်ဆိုတာ အားလုံးသိကြတဲ့အတိုင်း သစ်ပင်ပေါ်နေတဲ့သတ္တဝါ၊ သစ်ပင်ပေါ်နေတဲ့သတ္တဝါဆိုတာဟာ မြေကြီးပေါ်နေတာလို လွတ်လွတ်လပ်လပ်ကြီး မဟုတ်ဘူး၊ သစ်ပင်ပေါ်က ခြေချော်လက်ချော် အချိန်မရွေးကျနိုင်တယ်၊ ဒါကြောင့်မို့ မျောက်များ
စာမျက်နှာ-၄
ဟာ အိပ်လိုက်ပြီဆိုရင် ဖျတ်ခနဲအိပ်ပျော်သွားလိုက် ဖျတ်ခနဲနိုးလိုက်၊ ဖျတ်ခနဲအိပ်ပျော်လိုက် ဖျတ်ခနဲနိုးလိုက်၊ ဒါကို မျောက်မြီးငိုက်လို့ ခေါ်တယ်။ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်သွားတာမျိုး မရှိဘူးတဲ့။ ။

အဲဒီလို မျောက်မြီးငိုက်သလို လူဟာ အိပ်ပျော်တစ်ဝက် နိုးတစ်ဝက်ဆိုတဲ့အချိန်မျိုးမှာ ဘဝင်စိတ်ဖြစ်လိုက် ဝီထိစိတ်ဖြစ်လိုက် ဘဝင်စိတ်ဖြစ်လိုက် ဝီထိစိတ်ဖြစ်လိုက် ဖြစ်နေတယ်။ ဘဝင်စိတ်ဆိုတဲ့ Passive mind လို့ ခေါ်တဲ့ ဘာမှလှုပ်ရှားမှု မရှိတဲ့စိတ် ဖြစ်ပေါ်လာတဲ့အခါ မိန်းမောအိပ်ပျော်သွားပြီး ဝီထိစိတ်ဖြစ်တဲ့အခါမှာ စိတ်လှုပ်ရှားမှုလေးတွေ ပေါ်လာတယ်။ သို့သော် ဘဝင်စိတ်နဲ့ ဝီထိစိတ်ဟာ အလျင်အမြန် ပြောင်းလဲဖြစ်နေသည့်အတွက် အိပ်မက်မက်တာ ဖြစ်တယ်။ နိုးနေသလို ပီပီပြင်ပြင် action တွေ မရှိဘူး၊ သို့သော် စိတ်ခံစားမှုရှိနေတယ်။ အိပ်မက်ဆိုတာ လူတိုင်းမက်ဖူးကြတာ ဖြစ်သောကြောင့် အိပ်မက်အတွေ့အကြုံတွေကတော့ ရှိနေကြတာပဲပေါ့၊ နိုးတစ်ဝက် အိပ်ပျော်တစ်ဝက် မျောက်မြီးငိုက်တဲ့အချိန်မျိုးမှာ အိပ်မက်မက်လေ့ရှိတယ်တဲ့၊ ဒီလိုဆိုတယ်။

ဒီတော့ အိပ်မက်မက်တာဟာ လူတိုင်း အိပ်မက်မက်သလားလို့ဆိုရင် ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာ အိပ်မက်မက်လေ့ရှိကြတယ်။ တစ်ခါ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်အဖြစ် ရောက်တဲ့အခါမှာလည်း အိပ်မက်မက်တယ်။ ရဟန္တာဖြစ်သွားပြီဆိုရင်တော့ “ဝိပ္ပလ္လာသ” လို့ဆိုတဲ့ အမှတ်မှားတာတွေ အသိ
စာမျက်နှာ-၅
မှားတာတွေ မရှိတော့ဘူး၊ စိတ်အစဉ်က ကြည်လင်နေတာဖြစ်သောကြောင့် ရဟန္တာပုဂ္ဂိုလ်များ အိပ်မက်မက်လေ့ မရှိဘူးတဲ့၊ ဒီလိုဆိုတယ်။ ဘုရားရဟန္တာတွေဟာ အိပ်မက်မမက်ဘူး၊ အိပ်မက်မက်တာဟာ ပုထုဇဉ်နဲ့ သေက္ခလို့ ပြောတယ်။ ပုထုဇဉ်ပုဂ္ဂိုလ်တွေ အိပ်မက်မက်ကြတယ်၊ သောတာပန် သကဒါဂါမ် အနာဂါမ်ထိအောင် အိပ်မက်မက်မှုတွေ ရှိတတ်တယ်။

လောကကြီးမှာ လူတွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့အခါ ရှိသလို နှစ်နှစ်ခြိုက်ခြိုက် မဟုတ်ဘဲနဲ့ နိုးလိုက် အိပ်ပျော်လိုက်၊ ဖျတ်ခနဲအိပ်ပျော်လိုက် ဖျတ်ခနဲနိုးလာလိုက်၊ နိုးတာတောင်မှ သိသိသာသာကြီးနိုးတာ မဟုတ်ဘဲနဲ့ ဘဝင်စိတ်ဖြစ်လိုက်၊ ဝီထိစိတ်ဖြစ်လိုက်ဆိုတော့ သေသေချာချာ သိတာ မဟုတ်သည့်အတွက်ကြောင့် လူအနေနဲ့ကတော့ ဘာမှသိပ်ပြီး မသိလိုက်ဘူး၊ အိပ်မက်ထဲမှာတွေ့ကြုံနေရတဲ့အာရုံနဲ့ပဲ လှုပ်ရှားနေတယ်။ အဲဒီလိုအိပ်မက်ဆိုတာ လူတိုင်းလူတိုင်း ခံစားကြရတာ။

အဲဒီလို ခံစားတဲ့အခါမှာ အိပ်မက်ဆိုတာ ကုသိုလ်လား အကုသိုလ်လား၊ ကုသိုလ် အကုသိုလ်မှ တစ်ပါးလားလို့ မေးခွန်းထုတ်စရာ ရှိတယ်ပေါ့။ အိပ်မက်မက်တဲ့အခါမှာ ရံဖန်ရံခါ အိပ်မက်ထဲမှာ ဒေါသတွေ ထွက်နေတာတို့ တစ်ဦးတစ်ယောက်ကို ရိုက်နှက်သတ်ဖြတ်တာတို့ ဒီလို အိပ်မက်ထဲမှာ ဒုစရိုက်မှုတစ်ခုကို ကျူးလွန်ပြီး လောဘဒေါသတွေ လွှမ်းမိုးဖြစ်နေတယ်။ တစ်ခါတစ်ရံကျတော့ အိပ်မက်မက်ရင်းက လူ
စာမျက်နှာ-၆
ဟာ ပေါက်ထွက်လာပြီးတော့ အသံတွေ ဘာတွေ ထွက်လာသည်ထိအောင် ဖြစ်တတ်တယ်ပေါ့နော်၊ စိတ်ခံစားမှုတွေ ပြင်းထန်လာတဲ့အခါ အိပ်မက်တွေက သာမန်စိတ်တင် ဖြစ်ရုံမျှမက အသံထွက်လာသည်ထိအောင် ဖြစ်လာတတ်တာမျိုးတွေလည်း ရှိတယ်ပေါ့။ အကုသိုလ်စိတ်နဲ့ အိပ်မက်ထဲမှာ သတ်တယ်၊ ဖြတ်တယ်၊ ဒုစရိုက်မှုတွေ လုပ်တယ်ဆိုတာတို့၊ ကြောက်လို့ ပြေးရတာတို့၊ တစ်စုံတစ်ယောက် ရန်သူတွေက ကိုယ့်ကိုဝိုင်းလိုက်လို့ ပြေးရတာတို့၊ အဲဒီလိုဟာမျိုးတွေ၊ မကောင်းတဲ့စိတ်ခံစားမှုတွေနဲ့ မက်တဲ့အိပ်မက်ဟာ အကုသိုလ်ပဲတဲ့။

အဲဒီလို မဟုတ်ဘဲနဲ့ ကြည်လင်အေးမြစွာ တောတောင် ရေမြေ ကြည်ညိုဖွယ်ကောင်းတဲ့ ဘုရားပုထိုးတွေ လှည့်လည်ပြီး ရှိခိုးရတယ်၊ စာသင်နေတာတို့ တရားနာနေတာတို့ တရားအားထုတ်နေတာတို့ ဘုရားဖူးနေရတာတို့ စသည်ဖြင့် ဒီလိုကောင်းတဲ့အနေအထားမျိုးတွေနဲ့လည်း အိပ်မက်က မက်တတ်တယ်။ အဲဒါကျတော့ ကုသိုလ်ဖြစ်တယ်။ ဆိုလိုတာက ကုသိုလ်စိတ်နဲ့ အိပ်မက်မက်ရင် ကုသိုလ်စိတ်၊ အကုသိုလ်စိတ်တွေနဲ့ အိပ်မက်မက်လို့ရှိရင် အကုသိုလ်စိတ် ဖြစ်တယ်။

ဒါဖြင့် အဲဒီ ကုသိုလ် အကုသိုလ်ကရော အကျိုးပေးသလား မေးမယ်ဆိုရင် ဘဝတစ်ခုကို ဖြစ်စေတတ်တဲ့ ပဋိသန္ဓေအကျိုးကိုတော့ မပေးနိုင်ဘူး။ ဆိုလိုတာက Rebirth လို့ဆိုတဲ့ ဘဝတစ်ခုမှာ မွေးဖွားမှုကို ဖြစ်စေနိုင်လောက်တဲ့ ကံမျိုးစေ့တော့ မဟုတ်ဘူး။ အဲဒီအိပ်မက်ထဲက စေတနာနဲ့ ဘဝတစ်ခုမှာ
စာမျက်နှာ-၇
သတ္တဝါအနေနဲ့ ဖြစ်လောက်အောင် အဲဒီစေတနာက မျိုးစေ့မအောင်ဘူးတဲ့။ သို့သော်လည်း ဘဝလို့ ဖြစ်လာပြီးတဲ့အခါ ပဝတ္တိ လို့ ခေါ်တဲ့ ဘဝတစ်ခုဖြစ်စဉ်အတွင်းမှာတော့ အိပ်မက်ထဲက အကုသိုလ်၊ ကုသိုလ်တွေဟာ အကျိုးသက်ရောက်မှုလေးတွေ ရှိတတ်တယ်လို့ ဒီလိုဆိုတယ်နော်။ ဒီတော့ အိပ်မက်မက်တဲ့အခါမှာ ကောင်းတာတွေ မက်မယ်ဆိုရင် ကောင်းကျိုးချမ်းသာ အကျိုးသက်ရောက်မှုကို ဖြစ်စေတယ်။ အိပ်မက်က အကျိုးပေးသေးတယ်။ မကောင်းတာတွေချည်းပဲ အိပ်မက်မက်နေရင် မကောင်းကျိုးတွေကလည်း သက်ရောက်မှု ဖြစ်စေနိုင်တယ်လို့ စာပေကျမ်းဂန်မှာ အဲဒီလိုဆိုထားတယ်၊ ဒါမှတ်သားစရာပေါ့။

အိပ်မက်ဆိုတာ အားလုံး ကြားဖူးကြလိမ့်မယ်၊ ဗုဒ္ဓရဲ့ မယ်တော်မာယာဒေဝီဟာ ဘုရားလောင်းလေး သန္ဓေယူတော့မယ်ဆိုတော့ အိပ်မက်မက်ခဲ့တာပဲ၊ နတ်မင်းကြီးလေးပါးက မိမိအိပ်နေတဲ့သလွန်ကို ထမ်းယူပြီး ဟိမဝန္တာတောင်က ငွေတောင်ဘက်ကို သယ်ဆောင်သွားတယ်။ ငွေတောင်ရှိ လိုဏ်ဂူကြီးအတွင်းမှာ သလွန်ကို ထားပြီးတော့ ရေမိုးချိုးသန့်စင်ပြီး အဲဒီမှာ အိပ်နေရတယ်။ အနီးနားမှာရှိတဲ့ ရွှေတောင်ကြီးတစ်ခုမှာ ကျက်စားနေတဲ့ ဆွတ်ဆွတ်ဖြူတဲ့ဆင်ဖြူတော်ကြီးဟာ အဲဒီရွှေတောင်ကြီးပေါ်ကနေ ဆင်းလာပြီး ငွေတောင်ဘက်ကို လာပြီးတော့ မယ်တော်မာယာလျောင်းစက်နေတဲ့အခန်းထဲကို ဝင်လာပြီး လက်ယာရစ်လှည့်ပြီး လက်ယာနံပါးကို ဖောက်ထွင်း
စာမျက်နှာ-၈
ပြီး ဝမ်းထဲဝင်သွားတယ်လို့ အိပ်မက်မက်တယ်၊ ဒါ ဘုရားလောင်းလေး သန္ဓေတုန်းက မက်တဲ့အိပ်မက်။
အိပ်မက်အကြောင်း ၄-မျိုး
ဒီလို အိပ်မက်ဆိုတာမျိုးက အမျိုးမျိုးတော့ မက်တတ်ကြတယ်ပေါ့၊ ထူးထူးဆန်းဆန်းတွေလည်း မက်ကြတယ်ပေါ့။ ဒီတော့ အိပ်မက်မက်တာဟာ ဘာ့ကြောင့်မက်တာလဲ? အိပ်မက်မက်တာဟာ အကြောင်းမဲ့ဖြစ်တာလားဆိုတော့ လောကမှာ အကြောင်းမရှိဘဲနဲ့ ဘာတစ်ခုမှ မဖြစ်ဘူး၊ အိပ်မက်မက်တာလည်းပဲ အကြောင်းရှိတယ်။ အိပ်မက်မက်ခြင်းရဲ့ အကြောင်း လေးမျိုးလို့ ပါဠိစာပေကျမ်းဂန်မှာတော့ ဆိုထားတယ်။

အိပ်မက်မက်ပြီဆိုတဲ့အခါမှာ ဘာ့ကြောင့် မက်တတ်သလဲဆို နံပါတ်တစ်အကြောင်းကတော့ ကျန်းမာရေးအခြေအနေကြောင့် မက်တာ၊ လူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး မက်တယ်။ အဲဒါကို ပါဠိစကားလုံးနဲ့ ပြောရင် ဓာတုက္ခောဘ လို့ ခေါ်တယ်။ ဓာတုဆိုတာ ဓာတ်ကြီးလေးပါး၊ အဲဒီဓာတ်ကြီးလေးပါးဟာ မညီမမျှဖြစ်ပြီး မငြိမ်မသက်ဖြစ်နေတဲ့ အချိန်အခါမျိုးမှာ အိပ်ပျော်နေရင်း စိတ်ခံစားမှုတွေ ပေါ်လာတတ်တယ်တဲ့။ ကျန်းမာရေးအခြေအနေအရ ဥပမာမယ်- ပထဝီဓာတ်တွေ များပြီးတော့ ခန္ဓာကိုယ်က တောင့်တင်းနေတဲ့အခါမျိုး ရှိတယ်၊ အာပေါဓာတ်တွေ များပြီးတော့ ခန္ဓာကိုယ်က အေးစိမ့်ပြီး အရည်ဓာတ်တွေ များလာတဲ့သဘောရှိ
စာမျက်နှာ-၉
တယ်၊ တေဇောဓာတ်တွေ များလာလို့ ခန္ဓာကိုယ်က ပူလောင်နေတဲ့အနေအထားမျိုးတွေ ရှိတယ်၊ ဝါယောဓာတ်တွေ များပြီးတော့ ခန္ဓာကိုယ်ထဲမှာ လေလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာတတ်တယ်။ အဲဒီလိုဖြစ်ပေါ်လာတဲ့အခါမှာ ဓာတ်အခြေအနေလွန်ကဲမှုကို အကြောင်းပြုပြီးတော့ အိပ်မက်တွေဟာ အမျိုးမျိုး မက်တတ်တယ်ပေါ့။ ။

ဝါယောဓာတ်တွေ လွန်ကဲပြီဆိုလို့ရှိရင် လူဟာ ကောင်းကင်ပြန်တက်သွားရသလို အိပ်မက်မျိုးတွေ မက်တတ်တယ်ပေါ့။ အာပေါဓာတ်တွေ လွန်ကဲနေပြီဆိုရင် ရေထဲမှာ ရေကူးနေရတဲ့အိပ်မက်မျိုးတွေ မက်တတ်တယ်ပေါ့။ အဲဒီလို ဓာတ်လေးပါးအခြေအနေအပေါ်မှာမူတည်ပြီးတော့ အိပ်မက်တွေ မက်တတ်တယ်။ ပထဝီဓာတ်တွေ လွန်ကဲနေပြီဆိုရင် မလှုပ်နိုင် မယှက်နိုင်ဖြစ်နေတာမျိုးတို့ ထလို့မရတာမျိုးတွေ ဒါမျိုးတွေ မက်တတ်တယ်ပေါ့။ အဲဒီလို ဓာတ်လေးပါးချောက်ချားပြီးတော့ ကျန်းမာရေးအခြေအနေတစ်ခုကြောင့် မက်တဲ့အိပ်မက်မျိုးတွေလည်း ရှိတယ်တဲ့၊ ဒါကြောင့်မို့ ဓာတ်လေးပါး မညီမမျှဖြစ်လို့ရှိရင်လည်း အိပ်မက်မက်တတ်တယ်။ ဒါကြောင့် ကျန်းမာရေးရှုထောင့်က ပြောတဲ့အခါမှာ အိပ်မက်ခဏခဏ မက်တတ်တဲ့ပုဂ္ဂိုလ်ဟာ ကျန်းမာရေးချို့တဲ့တယ်လို့ ဒီလိုဆိုထားတယ်ပေါ့။ အိပ်မက်တွေ မက်ပါများရင် ကျန်းမာရေးမကောင်းဘူး၊ အဲဒီလို တစ်ချို့က အိပ်မက်တွေ တစ်ညလုံး မပြီးအောင် မက်တဲ့လူတွေလည်း ရှိတယ်။
စာမျက်နှာ-၁၀
ကောသလမင်းကြီးက တစ်ခါတည်း အိပ်မက်မက်တာ နည်းတာ မဟုတ်ဘူး၊ သူမက်တဲ့အိပ်မက်တွေကလည်း အများကြီး။ အဲဒီလို အိပ်မက်မက်ခြင်းအကြောင်း နံပါတ်တစ်က ဓာတ်လေးပါး ချောက်ချားမှု မညီမျှမှုကြောင့် မက်တယ်တဲ့။

နောက်တစ်ခု ဒုတိယအကြောင်းကတော့ အနုဘူတပုဗ္ဗ တဲ့၊ တွေ့ကြုံခံစားဖူးတဲ့ နေ့စဉ်ဖြစ်စေ လွန်ခဲ့တဲ့လတွေက လွန်ခဲ့တဲ့နှစ်တွေကဖြစ်စေ အတွေ့အကြုံတွေ စိတ်ထဲမှာ စွဲလာတဲ့ ခံစားချက်တွေ ရှိတယ်။ အဲဒါတွေကို စွဲပြီးတော့ ညကျလို့ရှိရင် အိပ်မက်မက်တတ်တယ်။ တွေ့ကြုံခံစားမှုတွေကို စွဲပြီးတော့ မက်တဲ့အိပ်မက်မျိုးတွေကိုလည်း လောကလူတွေဟာ မက်လေ့ရှိကြတယ်တဲ့။ ။

တတိယအကြောင်းကတော့ ဒေဝတောပသံဟာရ လို့ ပါဠိလိုဆိုတယ်။ ဒေဝတာ + ဥပသံဟာရ၊ ဒေဝတာဆိုတာ နတ်၊ ဥပသံဟာရဆိုတာ ဆောင်ပြတာ။ နတ်တွေ အိပ်မက်ပေးလို့ မက်တဲ့အိပ်မက်မျိုးလည်း ရှိတတ်တယ်၊ သူတို့က အိပ်မက်မက်အောင် ပြတာမျိုးတွေ ရှိလာတတ်တယ်ပေါ့။ အဲဒီလို နတ်ပြတဲ့အိပ်မက်မျိုးကိုလည်း လူတွေဟာ မက်လေ့မက်ထရှိကြတယ်တဲ့။

နောက် လေးခုမြောက်အကြောင်းတရားကတော့ ဘာတုန်းလို့ဆိုရင် ပုဗ္ဗနိမိတ္တ တဲ့၊ ပုဗ္ဗနိမိတ္တ၊ ပုဗ္ဗနိမိတ်ဆိုတာ မဖြစ်ခင်က ကြိုတင်ပြီး ဖြစ်မယ့်အရာတွေကို ဖော်ညွှန်းတဲ့အနေနဲ့ နိမိတ်ပြတဲ့အနေနဲ့ မက်လာတာမျိုးတွေ ဖြစ်တတ်တယ်တဲ့။
စာမျက်နှာ-၁၁
ပုဗ္ဗနိမိတ်၊ နောင်ဖြစ်မယ့်အနေအထားတစ်ခုကို စွဲပြီးတော့ မက်တာ၊ အဲဒါကျတော့ လူတစ်ဦးတစ်ယောက်ရဲ့ ကုသိုလ်ကြောင့် သို့မဟုတ် အကုသိုလ်ကြောင့် မက်တာလည်း ဖြစ်နိုင်တယ်။ လောကသားတွေနဲ့ဆက်စပ်နေတဲ့ ကုသိုလ်အကုသိုလ်ကြောင့်လည်း ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှာ လာရောက်ပြီး အကြောင်းထင်ဟပ်လာပြီးတော့ မက်တာမျိုးလည်း ရှိတယ်။

ဘုရားအလောင်းဟာ ဘုရားဖြစ်ခါနီး ကဆုန်လပြည့် အဖိတ်နေ့ည တရားဓမ္မကျင့်ကြံကြိုးကုတ်အားထုတ်ရင်း နံနက်မိုးသောက်အချိန် မှေးခနဲပျော်သွားတဲ့အချိန် အိပ်မက်တွေ မက်ဖူးတယ်။ အဲဒါ “အိပ်မက်ကြီးငါးမျိုး” လို့ ခေါ်တယ်။ မြတ်စွာဘုရားအလောင်းတော် အိပ်မက်မက်တာ မဟာဗုဒ္ဓဝင်မှာ ကြည့်ရင် သိမယ်ပေါ့နော်၊ အဲဒီနံနက်စောစောအချိန်လေးမှာ ဘုရားလောင်းဟာ တရားဓမ္မကျင့်ရင်းကနေပြီးတော့ ကဆုန်လပြည့်အဖိတ်နေ့ နံနက်မိုးသောက် အလင်းရောက်ခါနီးအချိန်လေးမှာ မှေးခနဲပျော်သွားရာက ဘာတွေမက်လိုက်တုန်းလို့ဆိုရင် သူ့ရဲ့နှလုံးကိုယ်ကြီးက အလွန်ကြီးမားပြီးတော့ ဟိမဝန္တာတောင်ကြီးပေါ်မှာ ပက်လက်လှန်အိပ်တဲ့အနေအထား၊ ဟိမဝန္တာတောင်ကြီးကို သူက ခေါင်းအုံးလုပ်ပြီးတော့ အုံးနေတယ်။ ဟိမဝန္တာတောင်ကြီးဆိုတာ မြောက်ဘက်မှာ ရှိတာနော်၊ ဟိမဝန္တာတောင်ကို ခေါင်းအုံး၊ လက်တစ်ဖက်က အရှေ့သမုဒ္ဒရာ၊ လက်တစ်ဖက်က အနောက်ဘက်သမုဒ္ဒရာ၊ ခြေနှစ်ဖက်က တောင်သမုဒ္ဒရာပေါ်မှာ ဆန့်တန်းပြီး မြောက်ဘက်ကို ခေါင်းပြုပြီး
စာမျက်နှာ-၁၂
တော့ အိပ်နေတဲ့အနေအထားကြီး၊ သူ့ကိုယ်သူ ပြန်ပြီးတော့ အိပ်မက်မက်တာ၊ အဲဒါ အိပ်မက်တစ်ခုပဲ၊ အဲဒီလို မက်လိုက်တာ၊ လောကမှာ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်မယ့် အနေအထားတစ်ခု တရားထူးတရားမြတ်ရတော့မယ့် အနေအထားအနေနဲ့ ဒီအိပ်မက်ကို မက်တာတဲ့။

နောက်တစ်ခုမှာ အဲဒီလိုပက်လက်လှန်အိပ်နေတဲ့အချိန် ချက်က မြေဇာမြက်ပင်လေးဟာ ပေါက်ထွက်လာပြီးတော့ ကောင်းကင်ယံထိအောင် တက်သွားတယ်ဆိုတဲ့ အိပ်မက်ကိုလည်း မက်တယ်။

နောက်တစ်ခါ မြတ်စွာဘုရားခြေထောက်ကနေပြီးတော့ ခေါင်းကအနက်ရောင်ပိုးတွေဟာ တက်လာတာ ဒူးဆစ်လောက်ထိအောင် ဖုံးသွားတယ်၊ ဒီအိပ်မက်ကိုလည်း မက်လိုက်တယ်ပေါ့။

နောက်အိပ်မက်တာတော့ အရပ်လေးမျက်နှာက အရောင်မျိုးစုံရှိတဲ့ ငှက်တွေဟာ ပျံလာကြတယ်၊ အားလုံး သူ့ဆီဦးတည် ပျံလာပြီး သူ့ခြေရင်းမှာ ငှက်တွေဟာ ပျံကျကြတယ်။ ငှက်တွေ ပျံကျလို့ ခြေရင်းလည်းရောက်ရော အရောင်မျိုးစုံရှိတဲ့ငှက်တွေဟာ အဲဒီမှာ အားလုံး ဖွေးဖွေးဖြူ ဖြစ်သွားတယ်လို့ ဒီအိပ်မက်ကိုလည်း မက်တာ၊ အဲဒီလို ဘုရားအလောင်းတော်ဟာ အခုလိုမက်တာ ဘုရားဖြစ်မယ့်အတိတ်နိမိတ်အနေနဲ့ အိပ်မက်ကြီးငါးမျိုးဆိုပြီးတော့ မက်ခဲ့ဖူးတယ်ပေါ့။
စာမျက်နှာ-၁၃
အဲဒီလို အိပ်မက်ဆိုတာ အခုလို ပုဗ္ဗနိမိတ်ကြောင့် မက်လာတယ်၊ မယ်တော်မာယာဒေဝီ အိပ်မက်မက်တာလည်း ပုဗ္ဗနိမိတ်အနေနဲ့ မက်တာ၊ ဘုရားအလောင်း အိပ်မက်မက်တာလည်း ပုဗ္ဗနိမိတ်အနေနဲ့ မက်တယ်။

နောက်တစ်ခုမှာ ဘုရားအလောင်းဟာ မစင်တွေအနှံ့ရှိတဲ့ အလွန်ရွံစရာကောင်းတဲ့ မစင်တောင်ကြီးပေါ်မှာ သူဟာ လမ်းလျှောက်နေတယ်၊ သို့သော်လည်း သူ့ခြေထောက်ကြည့်လိုက်လို့ရှိရင် မစင်လူးတာတစ်ခုမှ မရှိဘူး၊ ပတ်ဝန်းကျင်ကြည့်လိုက်ရင် မစင်ပုံတွေချည်းပဲ၊ အဲဒီပေါ်မှာ သူလမ်းလျှောက်နေရတဲ့အိပ်မက်ကိုလည်း မက်တယ်ပေါ့။ ငါးခုမက်တာပေါ့နော်၊ အဲဒီလို ဘုရားအလောင်းတော်ဟာ အိပ်မက်မက်ပြီး နောက် ကဆုန်လပြည့်နေ့ကျတော့ ဘုရားအဖြစ်သို့ ရောက်လာတယ်။

အဲဒီမှာ မြတ်စွာဘုရားအလောင်းအိပ်မက်တွေအရ ဖြစ်ပေါ်လာတဲ့အခြေအနေတွေက ဆိုပါစို့ - မစင်ပုံပေါ်မှာ လမ်းလျှောက်ရတယ်ဆိုတာ မြတ်စွာဘုရားကို ကြည်ညိုတဲ့လူတွေ နတ်တွေက ပူဇော်ကြတယ် လှူကြတယ်၊ တန်းကြတယ်၊ အဲဒီလှူတဲ့တန်းတဲ့အရာတွေပေါ်မှာ မြတ်စွာဘုရားဟာ တွယ်တာမှုတွေ မရှိဘူးဆိုတဲ့ ဒီသဘာဝကို ဖော်ပြတဲ့အနေနဲ့ မစင်ပုံတွေပေါ်မှာ လမ်းလျှောက်သော်လည်းပဲ ခြေထောက်ကို မလူးဘူးဆိုတဲ့ အိပ်မက်မက်တာတဲ့။
စာမျက်နှာ-၁၄
အရပ်လေးမျက်နှာက အရောင်မျိုးစုံရှိတဲ့ငှက်တွေ ပျံကျလာပြီး ခြေရင်းရောက်ပြီး အားလုံး အဖြူဖြစ်သွားတယ်ဆိုတာ လူမျိုးအသီးသီးနေပြီးတော့ သာသနာဘောင်ဝင်လာတဲ့အခါမှာ အားလုံးဟာ တစ်သွေးတည်း တစ်ညီတည်း သမဏသကျပုတ္တိယ ဆိုတာမျိုး တပည့်သာဝကတွေ ဖြစ်လာတယ်ဆိုတဲ့ အတိတ်နိမိတ်ကို အိပ်မက်မက်တာပဲပေါ့။

တစ်ခါ ခေါင်းလေးတွေနက်နေတဲ့ ပိုးလောက်တွေဟာ ခြေထောက်ကနေ တက်လာတာ ဒူးဆစ်အထိဆိုတာကတော့ လောကမှာရှိတဲ့ လူသားတွေဟာ မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်တယ်ဆိုတဲ့အဓိပ္ပါယ်ကို ဖော်ပြတာတဲ့။ ။

ချက်ကနေ ပေါက်လာတဲ့ မြေဇာမြက်ဟာ ကောင်းကင်ထိအောင် တက်သွားတယ်ဆိုတာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ရဲ့ ဂုဏ်သတင်းတွေဟာ တစ်လောကလုံးကို ပျံ့နှံ့ပြီးတော့ မြတ်စွာဘုရားဟောကြားတဲ့တရားတွေကို လူတွေရော နတ်တွေရော အားလုံးသိတယ်ဆိုတဲ့အဓိပ္ပါယ်ကို ဖော်ကျူးတဲ့အနေနဲ့ မက်တာတဲ့။

ဟိမဝန္တာတောင်ကြီးကို ခေါင်းအုံးပြီးတော့ အရှေ့သမုဒ္ဒရာ အနောက်သမုဒ္ဒရာ လက်နှစ်ဖက်ထား၊ တောင်သမုဒ္ဒရာပေါ်မှာ ခြေထားတယ်ဆိုတာ တရားထူးတရားမြတ်တွေရပြီးတော့ လောကမှာ အထွတ်အထိပ် မြတ်ဘုရားအဖြစ်ကို ရောက်တော့မယ်ဆိုတဲ့ အဓိပ္ပါယ်ကို မက်တာတဲ့၊ ဒီလိုဆိုတယ်။
စာမျက်နှာ-၁၅
ဒီတော့ လောကမှာ အိပ်မက်မက်တဲ့ဟာတွေက ပုဗ္ဗနိမိတ်လို့ဆိုတဲ့ ထူးခြားတဲ့ အာရုံနိမိတ်အနေနဲ့ မက်တဲ့ဟာမျိုးတွေကျတော့ မှန်ကန်တယ်လို့ ဒီလိုပြောတယ်။

ဒီတော့ မှန်မမှန်နဲ့ စစ်ဆေးကြည့်မယ်ဆိုရင် ဓာတုက္ခောဘ ဓာတ်တွေချောက်ချားလို့ မက်တယ်ဆိုတာ မမှန်ဘူး။ ဘုန်းကြီးတို့ကိုယ်တိုင် တစ်ခါတစ်ခါမက်တဲ့ အိပ်မက်တွေကို သေသေချာချာ စဉ်းစားစစ်ဆေးကြည့်မိတယ်၊ တစ်ခါတစ်ရံ မြစ်ထဲရေကူးနေရတယ်လို့ အိပ်မက်မက်တဲ့အခါကျတော့ စောင်ကနေကွာပြီးတော့ အေးနေတဲ့အချိန်မျိုး ဖြစ်တတ်တယ်ပေါ့။ အဲဒါမျိုးကို ကိုယ်ကိုယ်တိုင်က ရေထဲရောက်နေတဲ့အိပ်မက်မျိုးတွေ မက်တတ်တယ်။ တစ်ခါတစ်ရံကျတော့ ခန္ဓာကိုယ်မှာ လေတွေများလာတဲ့အခါမျိုးမှာ ကောင်းကင်ပျံတဲ့အိပ်မက်မျိုးလည်း မက်ဖူးတယ်ပေါ့။ ဒါတွေက ဓာတုက္ခောဘလို့ ခေါ်တယ်။ ဓာတ်ချောက်ချားလို့ ဓာတ်လေမညီမျှလို့ မက်တဲ့အိပ်မက်မျိုးတွေပဲ၊ အဲဒီလို ဓာတ်လေချောက်ချားလို့ မက်တဲ့အိပ်မက်မျိုးကျတော့ ဒီအိပ်မက်ရဲ့ အကျိုးဟာ မှန်ကန်မှု မရှိဘူး။

တစ်ဖန် စွဲပြီးတော့မက်တဲ့အိပ်မက်ဟာလည်း မှန်ကန်မှု မရှိဘူးတဲ့။ နတ်တွေက ဖန်ဆင်းပြတဲ့အိပ်မက်ကျတော့ မှန်တာလည်း ရှိတယ်၊ မမှန်တာလည်း ရှိတယ်၊ ဘာကြောင့်လဲဆိုတော့ တချို့နတ်တွေက အကျိုးလိုလားလို့ အမှန်အကန် ဖော်ပြပြီး အိပ်မက်ပေးတာကျတော့ မှန်တယ်တဲ့၊ တချို့နတ်က ချောက်တွန်းပြီး မမှန်မကန်တွေ သွေးဆောင်မှုတွေ ပြတာ
စာမျက်နှာ-၁၆
မျိုးလည်း ရှိတတ်တယ်၊ အဲဒါကျတော့ မမှန်ဘူးလို့ ဒီလိုဆိုတယ်။ ပုဗ္ဗနိမိတ်အနေနဲ့ မက်တဲ့အိပ်မက်ကျတော့ မှန်ကန်တယ်၊ အခု ကောသလမင်းကြီးမက်တဲ့အိပ်မက်ဟာ ပုဗ္ဗနိမိတ်အနေနဲ့ မက်တယ်လို့ ဒီလိုဆိုတယ်။ ဒါ အိပ်မက်မက်ခြင်းရဲ့ အကြောင်း လေးမျိုးနှင့် မှန်မမှန်ကို ရှင်းပြခြင်း ဖြစ်တယ်။

အိပ်မက်ကို အချိန်ကာလနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် အိပ်ရာဝင်တဲ့အချိန် စောစောအိပ်ရာဝင်လို့ ပထမယံမှာ အိပ်ပျော်သွားလို့ အိပ်မက်မက်တယ်၊ မဇ္ဈိမယံဆိုတဲ့ သန်းခေါင်ယံအချိန်မှာ အိပ်မက်မက်တယ်၊ ပစ္ဆိမယံဆိုတဲ့ မိုးသောက်ယံမှာ အိပ်မက်မက်တယ်၊ နေ့အိပ်လို့ အိပ်မက်မက်တယ်။ အဲဒီလို အိပ်မက်မက်တဲ့အချိန်နဲ့ တွက်ပြီးလို့ ပြောမယ်ဆိုရင်လည်း ညဦးယံမှာမက်တဲ့အိပ်မက်က မမှန်ဘူးတဲ့၊ ညသန်းခေါင်ယံမှာမက်တဲ့အိပ်မက်ကလည်း အမှန်အကန် မဟုတ်ဘူးတဲ့။ မှန်ကန်တဲ့အိပ်မက်တစ်ခုဟာ နံနက်မိုးသောက် အလင်းရောက်ခါနီးလေး လင်းအားကြီးအချိန်လေးမှာမက်တဲ့ အိပ်မက်မျိုးကတော့ မှန်တယ်လို့ စာပေကျမ်းဂန်မှာ ဆိုထားတယ်။

မြန်မာပြည်မှာတော့ ငယ်ငယ်တုန်းက ဖတ်ဖူးတယ်။ 'အိပ်မက်တိတ္တံကျမ်း' တို့ ဘာတို့ ရှိတယ်ပေါ့နော်၊ ဘာအိပ်မက်မက်ရင် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့၊ ဟုတ်တာမဟုတ်တာတော့ မသိဘူး၊ ရေးထားတာကို ပြောတာနော်၊ အဲဒီလို အိပ်မက်မက်လို့ရှိရင် ဖြစ်တတ်တဲ့အကြောင်းအရာတွေကိုတော့ ရေးထားတယ်။
စာမျက်နှာ-၁၇
ဒီတော့ နံနက်မိုးသောက်ချိန်မှာ မက်တဲ့အိပ်မက်တွေက၊ မယ်တော်မာယာ အိပ်မက်မက်တာလည်း နံနက်မိုးသောက်ချိန်မှာ မက်တယ်၊ ဘုရားအလောင်း အိပ်မက်မက်တာလည်း နံနက်မိုးသောက်ချိန်မှာ မက်တယ်။ အဲဒီမိုးသောက်ချိန်မှာ မက်တဲ့အိပ်မက်ဟာ ဘာဖြစ်လို့ မှန်သလဲဆိုတော့ လူဟာ ညက အစာစားတာတွေ ညဦးယံမှာဆို မကျေတတ်သေးဘူး၊ ညသန်းခေါင်မှာဆိုလည်း အဆီသြဇာတွေက ခန္ဓာကိုယ် မပြန့်နှံ့သေးဘူး၊ သန်းခေါင်ကျော်သွားပြီး နံနက်မိုးသောက် အလင်းရောက်ပြီဆိုလို့ရှိရင် စားထားတဲ့အစာအာဟာရတွေက အဆီဩဇာအဖြစ် ရောက်ပြီး ခန္ဓာကိုယ်ကို အကျိုးပြုပြီးနေတဲ့အချိန်ဖြစ်လို့တဲ့၊ အဲဒီအချိန်မှာတော့ အိပ်မက်ဟာ မှန်ကန်တတ်တယ်ပေါ့။ မှန်ကန်တယ်ဆိုတဲ့နေရာမှာလည်းပဲ ခုနက ပုဗ္ဗနိမိတ်အနေနဲ့ မက်တာက မှန်တယ်ပေါ့။ အဲဒီလို အိပ်မက်နဲ့ ပတ်သက်ပြီးတော့ စာပေကျမ်းဂန်မှာ ဆိုထားတယ်။

ခုနက အိပ်မက်နဲ့ ပတ်သက်ပြီးတော့ အိပ်မက်ဟာ ဘဝင်စိတ်နဲ့ ဝီထိစိတ် နှစ်ခုစပ်ကြားမှာ ဖြစ်ပြီးတော့ အိပ်မက်မက်တာမို့ အဘိဓမ္မာသဘောအရ အကုသိုလ်စိတ်ပင် ဖြစ်သော်လည်း ကုသိုလ်စိတ်ပင်ဖြစ်သော်လည်း ပီပြင်တဲ့အကုသိုလ်မျိုး ပီပြင်တဲ့ကုသိုလ်မျိုး မဟုတ်သည့်အတွက်ကြောင့် ဘဝတစ်ခုကို ပေးနိုင်လောက်တဲ့စွမ်းရည်သတ္တိတော့ မရှိဘူးတဲ့။

တစ်ခါ အိပ်မက်နဲ့ ပတ်သက်ပြီးတော့ ရဟန်းတော်တစ်ပါးဟာ အိပ်မက်ထဲမှာ ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့လို့ဆိုလို့ရှိရင်
စာမျက်နှာ-၁၈
ရှိရင် ဝိနည်းစည်းကမ်းအရ အိပ်မက်ထဲမှာ ကျူးလွန်တဲ့ပြစ်မှုဟာ ပြစ်မှုမမြောက်ဘူးလို့ ဒီလိုဆိုတယ်၊ အဲဒါ ဝိနည်းကျတော့ ပြစ်မှုမမြောက်ဘူးလို့ ပြောတယ်၊ အဘိဓမ္မာသဘောအရ ကြည့်တဲ့အခါကျတော့ အကုသိုလ်စိတ်နဲ့ မက်ရင် အကုသိုလ် ဖြစ်တယ်၊ ကုသိုလ်စိတ်နဲ့ မက်ရင် ကုသိုလ်ဖြစ်တယ်လို့ ဒီလိုဆိုတယ်၊ အကုသိုလ်လုပ်ရင် အကုသိုလ်ဖြစ်မှာပဲ၊ ကုသိုလ်လုပ်ရင် ကုသိုလ်ဖြစ်မှာပဲ၊ အဲဒါကတော့ အဘိဓမ္မာသဘောက ပြောင်းလဲမှုမရှိဘူး၊ သို့သော် ပြစ်မှုကျူးလွန်တဲ့အိပ်မက်မျိုး မက်လို့ ဝိနည်းသိက္ခာပုဒ် ကျူးလွန်ရာရောက်လို့ အပြစ် ရောက်သလားလို့ဆိုတော့ အိပ်မက်ထဲမှာကျတော့ အပြစ် မရောက်ဘူးလို့ ဒီလိုဆိုလိုတယ်ပေါ့နော်၊ ဝိနည်းနဲ့ကျတော့ အပြစ်မရောက်ဘူးလို့ ဒီလိုဆိုလိုတယ်ပေါ့နော်၊ “အညတြ သုပိနန္တာ” ဆိုပြီးတော့ အိပ်မက်ထဲမှာ ဖြစ်တာမှန်သမျှ ပြစ်မှု မမြောက်ဘူးလို့ ဒီလိုဆိုတယ်၊ ဒါက အိပ်မက်နဲ့ ပတ်သက်ပြီးတော့ မှတ်သားစရာ အချက်အလက်ကလေးတွေပေါ့။

အေး ကောသလမင်းကြီးဟာလည်း အခုလိုပဲ တစ်ရက်မှာ ညသန်းခေါင်ကျော်လို့ နံနက်မိုးသောက် အလင်းရောက်ခါနီးမှာ ထူးဆန်းတဲ့အိပ်မက်တွေ တစ်နေ့ တစ်မျိုး မက်တာတော့ မဟုတ်ဘူး၊ တစ်ခါတည်းနဲ့ တစ်ဆယ့်ခြောက်မျိုး မက်ပုံတော့ ရတယ်နော်၊ တစ်နေ့တစ်မျိုး မဟုတ်ဘဲနဲ့ သု မက်တယ်၊ သူ့အိပ်မက်ကလည်း တသီတတန်းကြီး မက်ထားတာ နော်၊ သူက တိုင်းခန်းလှည့်လည်ပြီးတော့ ကြည့်လို့ မြင်မက်
စာမျက်နှာ-၁၉
တာမျိုးလည်း ဖြစ်နိုင်တယ်ပေါ့၊ အိပ်မက်ဆိုတာမျိုးက တစ်ခါတလေ ဇာတ်လမ်းကြီး ရှည်နေပေမယ်လို့ အချိန်လေးကတော့ တိုလေးပဲ ဖြစ်ချင် ဖြစ်တယ်၊ အိပ်မက်ထဲမှာ ဇာတ်လမ်းက တစ်ခါတလေ ရှည်တတ်တယ်ပေါ့၊ ပြန်ပြန်မက်တာမျိုးတွေလည်း ရှိတယ်၊ ကိုယ့်အိပ်မက်ကို ဆန်းစစ်ကြည့်ပေါ့နော်။

ကောသလမင်းကြီးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရာက နံနက်မိုးသောက် အလင်းရောက်ခါနီးလေးမှာ အိပ်မက် တစ်ဆယ့်ခြောက်မျိုးကို သူ မက်လိုက်တယ်၊ အဲဒီ တစ်ဆယ့်ခြောက်မျိုးကို တစ်မျိုးစီ တစ်မျိုးစီ အကျိုးနဲ့ အကြောင်းနဲ့ မြတ်စွာဘုရားရဲ့ ရှင်းပြချက်ကလေးနဲ့ သွားရအောင်၊ ဒီတော့ ကောသလမင်းကြီး အိပ်မက်မက်တာ မနက်လင်းခါနီးလေးမှာ ထူးထူးဆန်းဆန်းတွေ တစ်ခါတည်း စီကာစဉ်ကာ မက်တယ်၊ အဲဒီလိုမက်လိုက်တာ အိပ်မက်မက်ပြီးတာနဲ့ တစ်ပြိုင်နက် သူဟာ တစ်ခါမှ မတွေ့ဘူး မကြုံဘူးတာတွေ မြင်လိုက်ရတော့ စိတ်ထဲမှာ ထူးဆန်းအံ့သြပြီး ဖျတ်ခနဲ လန့်နိုးလာတယ်၊ သူဟာ အိပ်မက်အရေးကိုတွေးပြီးတော့ အိပ်ရာပေါ်က ဖျတ်ခနဲ ထ ပြီး ထိုင်နေလိုက်တယ်၊ အိပ်မက်တွေက ပီပီပြင်ပြင် ထူးထူး ခြားခြားကြီး ဖြစ်တဲ့အခါ အိပ်ရာပေါ်မှာ ထထိုင်ပြီးတော့ ပြန် အိပ်လို့ မရတဲ့အနေအထားမျိုး ရောက်သွားတယ်။

အဲဒါနဲ့ မနက်လင်းသွားတယ်၊ နံနက်လင်းတာနဲ့ တစ်ပြိုင်နက် ပရောဟိတ်ပုဏ္ဏားကြီးဟာ ဘုရင့်ဆီရောက်လာတယ်၊ “အရှင်မင်းကြီး ချမ်းချမ်းသာသာ ကျိန်းစက်ရပါရဲ့လား”
စာမျက်နှာ-၂၀
ဆိုတဲ့မေးခွန်းကို မေးလေ့ရှိတာပေါ့နော်၊ အမြဲတမ်းမေးတယ်။ ချမ်းချမ်းသာသာ အိပ်စက်ရပါရဲ့လားလို့ အိပ်စက်ရတဲ့အခြေအနေကို လာပြီး မေးတဲ့အခါမှာ ဒီအိပ်မက်အကြောင်းကို ပြောတယ်၊ သူဟာ မနက်လင်းခါနီးမှာ မက်လိုက်တဲ့အိပ်မက်က တစ်သက်မှာ တစ်ခါမှမကြုံဘူးတဲ့အိပ်မက်ကြီးတွေ ဖြစ်လို့ သူ့ စိတ်ထဲမှာ လန့်ဖျပ်နေတဲ့အကြောင်းပြောတော့ ပုရောဟိတ် ပုဏ္ဏားကြီးက ဘာတွေများ မက်လို့တုန်းလို့ဆိုတော့ တစ်ခုစီ တစ်ခုစီ သူမက်တဲ့အိပ်မက်တွေကို စီကာစဉ်ကာ ပြောလိုက်တယ်။

ပုရောဟိတ်ပုဏ္ဏားကြီးက လက်ဖျားခါသတဲ့၊ “အမလေး ဆိုးလိုက်တဲ့အိပ်မက်ပါလား” ဆိုးလိုက်တဲ့အိပ်မက်၊ ဒီအိပ်မက်က အလွန်ကြမ်းတမ်းတဲ့အိပ်မက်၊ “အန္တရာယ်မြင်တယ် အရှင်မင်းကြီး” ပုဏ္ဏားဆိုတာကလည်း ဘုရင်ဆီက အမြဲတမ်း ခြောက်လှန့်ပြီးတော့ ငွေတောင်းနေကျလူတွေကိုး၊ ဒီတော့ ဘုရင်ကြီးအိပ်မက်မက်တာ ကြားလိုက်တာနဲ့ သူက လက်ဖျား ခါပြီးတော့ ဘုရင်ကြီး စိုးရိမ်ရတယ်၊ “ဟ ဘာကို စိုးရိမ်ရမှာလဲ”ဆိုတော့ အန္တရာယ်သုံးမျိုး မြင်တယ်ပေါ့ ဒီအိပ်မက်ကြီးတွေက ထူးထူးခြားခြားကြီးဆိုတော့ အန္တရာယ် သုံးမျိုး မြင်တယ်တဲ့ “ဘာအန္တရာယ်တုန်း”၊ အရှင်မင်းကြီးရဲ့ရာထူး အန္တရာယ်ကိုလည်း မြင်တယ်ပေါ့။ “ရဇ္ဇန္တရာယော၊ နောက် တစ်ခါ အသက်အန္တရာယ်ကိုလည်း မြင်ရတယ်၊ စည်းစိမ် ချမ်းသာအန္တရာယ်ကိုလည်း မြင်ရတယ်၊ အရှင်မင်းကြီးမှာ ဒီ
စာမျက်နှာ-၂၁
အန္တရာယ်သုံးမျိုးနဲ့ မလွဲမသွေ ကြုံလာနိုင်တယ်၊ ဒါက အင်မတန်မှဆိုးတဲ့အိပ်မက်ကြီးတွေပဲလို့၊ ဒီအိပ်မက်ကြီးတွေဟာ မကောင်းတဲ့အိပ်မက်ကြီးတွေ ဖြစ်လို့ ဒီအိပ်မက်ရဲ့ အကျိုး သက်ရောက်မှုကြောင့် ဒီအန္တရာယ်မျိုးတွေ ကြုံနိုင်တယ်လို့ ဆိုတော့ ဘုရင်ကြီးက ကြောက်တာပေါ့၊ လန့်သွားတယ်လေ။

“ဒါဖြင့် လုပ်ပါဦး၊ ယတြာချေလို့ ရမလား၊ သပ္ပဋိကမ္မ အပ္ပဋိကမ္မ၊ ယတြာချေလို့ ရသလား”၊ မြန်မာပြည်မှာလည်း ယတြာချေတယ်ဆိုတာ နားလည်ကြတာပေါ့။ ယတြာချေလို့ ရွှေတိဂုံဘုရားပေါ် တက်တက်ပြီးတော့ ကျောက်ဆင်းတုတော်တွေ ရေလောင်းနေတာတွေတွေ့ရတယ်၊ အဲဒီမှာ ယတြာ ချေလို့ ရသလားလို့ဆိုတော့ “အရှင်မင်းကြီးတဲ့ အိပ်မက်ကတော့ တော်တော်ဆိုးတယ်ပေါ့ ကျွန်တော်မျိုး ကြံဖန်ပါ့မယ်။ မရဘူးဆိုတာ မရှိပါဘူး၊ ယတြာချေလို့ ရအောင် ကြိုးစားမယ်”။

ယတြာဆိုတာဟာ သုက ရွှေ့ပစ်တဲ့သဘောပေါ့၊ ကျရောက်လာမယ့်အန္တရာယ်တစ်ခုကို ပျောက်သွားအောင် ရွှေ့ပစ်တဲ့သဘော၊ ဖယ်ရှားပစ်တဲ့သဘော၊ တခြားနိုင်ငံတွေမှာလည်းပဲ အဲဒီယတြာဆိုတာလေးတွေ ရှိတတ်တယ်ပေါ့နော်၊ တွေ့ရတယ်၊ ယတြာချေတယ်ဆိုတဲ့သဘောလေးတွေ ရှိတယ်။

အင်္ဂလိပ်စာအုပ်တစ်အုပ်ထဲမှာ ဖတ်ရတဲ့ ယတြာချေပုံ လေးကတော့ ဘာတုန်းဆိုရင် ထမင်းပွဲမှာ ထမင်းစားရင်းကနေ အဲဒီဆားဘူးလေး ဒီဘက် ပေးလိုက်စမ်းပါ ကမ်းလိုက်စမ်းပါလို့ အဲဒီဆားဘူးလေး လှမ်းပေးတဲ့အခါ မတော်တဆ ဆား
စာမျက်နှာ-၂၂
ဘူးလေး လွတ်ကျပြီးတော့ ထားဖိတ်သွားတယ်ဆိုရင် အဲဒါဟာ ကံမကောင်းဘူးပေါ့။ ကံမကောင်းဘူးဆိုတာ ဆားဘူးဖိတ်သွားသည့်အတွက်ကြောင့် ကံမကောင်းဘူး၊ အဲဒီကံမကောင်းတာကို ဘယ်လို ယတြာချေရတုန်းဆို ဆားကလေးကို နည်းနည်းယူပြီးတော့ ဘယ်ဘက်ပခုံးပေါ်ကနေ ကျော်ပြီးတော့ နောက်ကို နည်းနည်းပက်လိုက်လို့ရှိရင် ယတြာကျေတယ်တဲ့၊ အဲဒီယတြာကျေတယ်ဆိုတဲ့စကားကို အင်္ဂလိပ်လို ဘယ်လိုသုံးတုန်းဆိုတော့ To keep bad luck away လို့သုံးတယ်။ To keep bad luck away. Bad luckဆိုတဲ့ ဆိုးဝါးတဲ့ကံကြမ္မာကို အဝေး တခြားကို ဖယ်ပစ်လိုက်တယ်ပေါ့၊ ဒီလိုအဓိပ္ပါယ်နဲ့ ရေးထားတာ ရှိတယ်၊ To keep bad luck away ဆိုတာနဲ့ အဲဒါတွေကလည်း ယတြာချေတာမျိုးတွေ။

ဒီတော့ လူမျိုးတိုင်း လူမျိုးတိုင်းဟာ ယတြာဆိုတာတော့ ရှိပုံရတယ်၊ ယတြာချေတဲ့အလေ့အထတွေ ရှိကြတယ်ပေါ့၊ မြန်မာပြည်မှာတော့ ဗုဒ္ဓဘာသာကိုးကွယ်သည့်နိုင်ငံ ဖြစ်သည့်အတွက်ကြောင့် ယတြာချေမှု တော်တော်များများဟာ ဘုရားတရားနဲ့ ပတ်သက်ဖြစ်ပေါ်တတ်တယ်ပေါ့။ မကောင်းတဲ့ကံကြမ္မာကို တခြားပို့ပစ်တာကိုပဲ ယတြာ၊ တခြားကို ပို့ပစ်တယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ ယတြာချေကြတယ်ပေါ့၊ ပါဠိစာပေမှာတော့ သပ္ပဋိကမ္မ ကုစားလို့ ရတယ်၊ အပ္ပဋိကမ္မ ကုစားလို့ မရဘူးဆိုတဲ့အသုံးကို သုံးတယ်။
စာမျက်နှာ-၂၃
“ဒါဟာ ကုစားဖြေဖျောက်လို့ ရမလား”ဆို ရပါတယ်။ “ဒါဖြင့် လုပ်ပါ”လို့ အမိန့်ပေးလိုက်တယ်၊ ဘုရင်ကြီးက ကြောက်တယ်၊ ကြောက်တော့ “ဆရာတို့ ကြည့်လုပ်ပါ”လို့ ဆိုတော့ အရှင်မင်းကြီးတဲ့ ဒါ လွယ်ပါတယ်၊ သဗ္ဗစတုက္က ယဇ်ကြီးကို ပူဇော်ရမယ်၊ ယဇ်ပွဲတစ်ခု ကျင်းပရမယ်။

ယဇ်ဆိုတာမျိုးဟာ ဘာတုန်းဆိုရင် သားကောင်တွေကို သတ်တာ၊ အကောင်တွေကို သတ်ပြီးတော့ လည်ချောင်းသွေးနဲ့ ယဇ်နတ်ပူဇော်တာ၊ သူတို့က မန္တန်ရွတ်, အကောင်တွေ သတ်ပြီးတော့ ယဇ်ပူဇော်တယ်၊ ဒီအသားတွေ သူတို့ အကုန် ရတယ်၊ ပိုက်ဆံတွေလည်း အကုန်ရတယ်၊ ယဇ်ပူဇော်မှုကို Sacrifice လို့ ခေါ်တာ၊ မြတ်စွာဘုရားလက်ထက်မှာကို ဒီ ပွဲကြီးတွေဟာ ရှိနေတုန်းပဲ၊ ဒါကြောင့်မို့ မြတ်စွာဘုရားဟာ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊ သူများ အသက်ကို မသတ်ဖို့ရာ တွင်တွင်ဟောရတာ၊ Sacrificeဆိုတဲ့ ယဇ်ပွဲကြီးတွေဟာ ကောင်းကျိုးချမ်းသာ မရတဲ့အပြင် လူတွေရဲ့ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေနိုင်တယ်လို့ မြတ်စွာဘုရားက ယဇ်ပွဲရဲ့အပြစ်တွေကို အမြဲတမ်း ဟောလေ့ရှိတယ်ပေါ့၊ သားသတ်တဲ့ယဇ်တွေဟာ မှားယွင်းနေတယ်၊ သူတော်ကောင်းတွေလည်း ဘယ်တော့မှ မလာဘူး၊ ရှောင်တယ်။

သားကောင်တွေကို သတ်တယ်တဲ့၊ သဗ္ဗစတုက္ကဆိုတာ ဆင်ကို လေးကောင်သတ်မယ်၊ မြင်းကလည်း လေးကောင် သတ်မယ်၊ နွားက လေးကောင်သတ်မယ်၊ ဆိတ်က လေး
စာမျက်နှာ-၂၄
ကောင်သတ်မယ်ဆိုတော့ အဲဒီလေးမျိုးလေးမျိုးတွေ အကုန်လုံး သတ်ပြီးတော့ ယဇ်ပူဇော်တာ၊ အဲဒီလိုယဇ်ပူဇော်ဖို့ ပုဏ္ဏားတွေက ချက်ချင်းအားချင်း အစီအစဉ်လုပ်ကြတယ်၊ ဘုရင့်ဆီက အမိန့်လည်း ရရော အားချင်းစီစဉ်ကြတယ်။

အဲဒီလို ပုဏ္ဏားတွေဟာ နန်းတော်ထဲမှာ ဝင်လိုက် ထွက်လိုက်နဲ့ အလုပ်ရှုပ်နေတာကို မလ္လိကာမိဖုရားက မြင်တဲ့အခါကျတော့ ဘုရင်ကြီးဆီ သွားပြီးတော့ မေးတယ်၊ ဘာလုပ်ကြတာလဲဆို ဘုရင်ကြီးက စိတ်တိုနေတယ်၊ “ငါ့နားမှာ မြွေပွေး တစ်ကောင် ရောက်နေတာကို နင်မသိဘူးလား” ပေါ့လေ၊ ငါ့မှာ ဒုက္ခရောက်နေတယ်၊ ဘာတွေ ဒုက္ခရောက်တာတုန်းဆို မနက်က အိပ်မက်ဆိုးတွေ မက်တယ်ပေါ့။ ဒီအိပ်မက်ဆိုးတွေကြောင့်မို့လို့ အသက်အန္တရာယ် ရာထူး စည်းစိမ်အန္တရာယ် ဒါတွေ မြင်နေလို့ ဒါ ပြေပျောက်အောင် ယတြာချေဖို့ ကြိုးစားနေရတယ်ဆိုတော့ “အရှင်မင်းတရား ဘယ်သူက ပြောတာတုန်း”လို့ဆိုတော့ “ပုဏ္ဏားတွေက ပြောတာ”၊ “ပုဏ္ဏားတွေကို ဘာလို့ သွားမေးတာလဲ၊ ဘုရားကို သွားမေးပါ”ဆိုပြီး အကြံပေးတော့ အဲဒီကျတော့မှ ဘုရားကို သတိရတယ်၊ အားကိုးပြီး ကျောင်းသွားတယ်။

ကျောင်းသွားတဲ့အခါကျတော့ ဒီလိုအိပ်မက်တွေ မက်တဲ့အကြောင်း မြတ်စွာဘုရားကို လျှောက်တယ်၊ အိပ်မက်ရဲ့ အကျိုးအပြစ်တွေကို သူသိချင်ပါတယ်၊ မြတ်စွာဘုရားက “ပြောပါဦး”တဲ့ “ဘာတွေ မက်တာတုန်းဆိုတာ”၊ တစ်ခုချင်း တစ်ခု
စာမျက်နှာ-၂၅
ချင်း လျှောက်တယ်၊ “မဟာသုပိနဇာတက”ဆိုတာ ၅၅၀-ဇာတ် ထဲမှာ ၇၇-ခုမြောက်ဇာတ်မှာ ဒီအကြောင်းကို မှတ်တမ်းတင် ထားတာပါတယ်၊ ဘုရားပုထိုးတွေမှာလည်းပဲ ဒီကောသလ အိပ်မက် တစ်ဆယ့်ခြောက်ချက်ဆိုတာ ပန်းချီကားတွေ ရေးထားတာတွေ ရှိကြတယ်ပေါ့နော်၊ အဲဒီမှာ သူက အိပ်မက် အကြောင်းကို သူမက်တာတွေကို တစ်ခုချင်း လျှောက်တယ်။

နံပါတ်-၁ အိပ်မက်

ပထမဆုံး သူမက်တာ ဘာမက်တုန်းဆိုတော့ “အိပ်မက်ထဲမှာဘုရား“တဲ့၊ “မျက်စဉ်းရောင် (မျက်စဉ်းဆိုတာ အညိုရောင် အဆင်းပေါ့၊ မျက်စဉ်းတောင့်ရဲ့ အရောင်) မျက်စဉ်းရောင် နွားနက်ကြီးလေးကောင်ဟာ တွန်သံတွေ ပေးပြီးတော့ တပည့်တော်ရဲ့ နန်းရင်ပြင်ဘက်ကို အရပ်လေးမျက်နှာက ဝင်လာတယ်တဲ့၊ အနက်ရောင်ကြီးလေးကောင် နွားလားဥသဘ လို့ ခေါ်တဲ့ နွားကြီးလေးကောင် တွန်သံပေးပြီးတော့ အရပ် လေးမျက်နှာကနေပြီး ဝင်လာကြတယ်တဲ့၊ ဝင်လာပြီးတော့ တစ်ကောင်နဲ့ တစ်ကောင် စောင်ကြတယ်၊ ဝှေ့တော့မယ့်ပုံစံ ပေါ့။ အရပ်လေးမျက်နှာ ကောင်ကလာတဲ့ကောင် မြောက်က လာတဲ့ကောင် အရှေ့ကလာတဲ့ကောင်နဲ့ အနောက်ကလာတဲ့ ကောင် ကြတော့မယ်လို့ ဟန်ရေးပြုပြီးတော့ နန်းရင်ပြင်ကို ရောက်လာတယ်၊ ဟန်ရေးပြပြီးတော့ ဝှေ့မလို့ လုပ်ပြီးတဲ့အခါကျတော့ နွားကြီးလေးကောင်ဟာ မဝှေ့ဘဲနဲ့ တစ်
စာမျက်နှာ-၂၆
ကောင်နဲ့ တစ်ကောင် ရှောင်ထွက် တွန်သံတွေ ပေးပြီးတော့ လာရာအရပ်ကို ပြန်ထွက်ပြေးတာကို သူမြင်လိုက်ရတယ်”လို့။

သူကလည်း ဂယောက်ဂယက်တွေ တော်တော်မက်တဲ့ လူကြီးနော်၊ အဲဒီလို နွားလေးကောင်ဟာ ဝှေ့ကြမလို့ဆိုပြီး တွန်သံတွေ ပေးလာပြီး အနီးအနားကျမှ ရှောင်သွားကြတာကို မြင်ပြီးတော့ ဘာများပါလိမ့် အိပ်မက်က၊ ပထမ ဒီ အိပ်မက်ကို တပည့်တော်မက်ပါတယ်လို့ ဆိုတယ်။

မြတ်စွာဘုရားက သူပြောပြတာ နားထောင်ပြီးတော့ “အရှင်မင်းကြီးတဲ့၊ ဒီအိပ်မက်က သင်မင်းကြီးအတွက် ဘာမှ အကျိုးသက်ရောက်မှု မဖြစ်ပါဘူး”တဲ့၊ “ဒါဟာ နောင်အနာဂတ် မှာ ဖြစ်ပေါ်လာမယ့်အခြေအနေတစ်ခုကို ဖော်ပြတဲ့ အိပ်မက် သာ ဖြစ်တယ်ပေါ့။ နောင်အချိန်ကျလို့ရှိရင် လူ့လောကကြီးဟာ ဆုတ်ယုတ်ပျက်ပြားလာတဲ့အခါမှာ မိုးခေါင်ရေရှား တောတွေ ပြုန်းလာတဲ့ပြသနာတွေ ပေါ်လာနိုင်တယ်ပေါ့၊ အဲဒီမှာ မေဃပါဒလို့ဆိုတဲ့ မိုးရဲ့အခြေအမြစ်တွေ အကုန်လုံး ပျက်စီးကုန်တယ်” မိုးရွာတယ်ဆိုတာ တောတွေတောင်တွေကနေပြီးတော့ ထွက်လာတဲ့အပူငွေ့တွေပင်လယ်ထဲက တက်လာတဲ့ ရေငွေ့တွေ၊ အဲဒါတွေက ကောင်းကင်ယံတက်ပြီးတော့ အပေါ်ကနေပြီး အအေးနဲ့တွေ့တဲ့အခါမှာ ပြန်ရွာချလေ့ရှိတာကိုး၊ အဲဒီလို ရေဓာတ်တွေဟာ မြေကြီးက တက်သွားပြီးတော့မှ အပေါ်ကနေ ပြန်ရွာချတာ။
စာမျက်နှာ-၂၇
“နောက်ပိုင်းရောက်လာတဲ့အခါမှာ လူတွေဟာ လောဘတွေ ကြီး ဒေါသတွေ ကြီး, ဆုတ်ယုတ်လာတဲ့အချိန်အခါမှာ တောတွေတောင်တွေ ပြုန်းလို့ မိုးခေါင်တဲ့အနေအထားမျိုးတွေ ဖြစ်လာနိုင်တယ်”တဲ့၊ “မိုးရွာဖို့ အခြေအမြစ်တွေ(ဖြစ်တဲ့)ရေဓာတ်တွေဟာ အကုန်လုံးပျက်စီးကုန်တယ်၊ မြစ်တွေ ချောင်းတွေ အဲဒီက ရေခိုးရေငွေ့တွေ မရှိလောက်အောင် ခြောက်သွေ့လာပြီးတော့ မိုးရဲ့ အခြေအမြစ်ဖြစ်တာတွေ အားလုံး ပျက်စီးလာတဲ့အခါမှာတဲ့ မိုးသားတိမ်လိပ်တွေ ကောင်းကင်မှာ ဆင်လာပြီးတဲ့အခါ မိုးရွာမယ့်ရာသီရောက်သော်လည်းပဲ ခြိမ်းပြီးတော့ မိုးတွေဟာ အရှေ့ကရော အနောက်ကရော တောင်ကရော မြောက်ကရောဆိုတာလို တက်လာပြီးတဲ့အခါ မိုးသံတွေ ပေးပြီးတော့ မရွာဘဲနဲ့ တိမ်တွေ လွင့်စင်သွားတာမျိုး၊ အဲဒီမိုးခေါင်ရေရှားတဲ့ အနေအထားတွေဟာ နောင်နှစ်ပေါင်း ကြာလာတဲ့အခါမှာ ကမ္ဘာကြီးမှာ ဖြစ်ပေါ်လာလိမ့်မယ်”တဲ့။

ကောသလမင်းကြီးက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀လောက်ကမက်ခဲ့တဲ့ အိပ်မက်ဟာ ဒီကနေ့မှာ မိုးခေါင်ရေရှားတယ်ဆိုတာ ဖြစ်ပေါ်နေတယ်ပေါ့။ ဒီလိုဆိုကာ၊

ဒီတော့ အခြေအနေတစ်ခုဟာ အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ဘူး၊ “အားလုံးဟာ ပူနွေးပြီးတော့ လောကကြီးမှာ ရေဓာတ်မြေဓာတ်တွေ ဆုတ်ယုတ်လာပြီးတဲ့အခါမှာ မိုးရွာဖို့ အခြေအနေတွေဟာ အလွန်နည်းလာတယ်၊ အလွန်နည်းလာသည့်အတွက်ကြောင့် လူတွေဟာ မိုးရွာတော့မယ်လို့ ထင်ပြီး
စာမျက်နှာ-၂၈
သီးနှံတွေ စိုက်ပျိုးထားတဲ့အချိန်မှာ မိုးက မရွာတဲ့အခါမှာ ကောက်ပဲသီးနှံတွေလည်း ခြောက်သွေ့ပျက်စီးကုန်တယ်တဲ့၊ အရပ်လေးမျက်နှာက တက်လာတဲ့ မိုးတွေက ခြိမ်းပြီးတော့ မှန်မှန်မရွာဘဲနဲ့ မိုးခေါင်ရေရှားမှုတွေ မကြာခဏ ဖြစ်ပေါ်လာနိုင်တဲ့အနေအထားမျိုး နောင်ကျလို့ရှိရင် ဖြစ်ပေါ်လာလိမ့်မယ်၊ နောင်မှာ ဖြစ်ပေါ်လာမယ့်အခြေအနေတစ်ရပ်ကို ယခု အချိန်က ကြိုတင်ပြီးတော့ မက်တာပါ၊ သင်မင်းကြီးရဲ့ လက်ထက်မှာ ဒီအိပ်မက်ရဲ့အကျိုးဟာ ဘာမှ ဖြစ်ဦးမှာ မဟုတ်သေးပါဘူး၊ နောင်နှစ်ပေါင်းကြာလာတဲ့အခါကျတော့ လောကကြီးဟာ ဆုတ်ယုတ်လာပြီဆိုရင် ဒီအကျိုးသက်ရောက်မှုတွေ ပေါ်လာလိမ့်မယ်”လို့ မြတ်စွာဘုရားက အဲဒီလို ဟောခဲ့တယ်နော်၊ နောင်ကျမှ အကျိုးသက်ရောက်မှာ, အခုချိန်မှာ မဖြစ်သေးဘူးလို့ ဆိုတယ်။

ဘုန်းကြီးတော့ စဉ်းစားကြည့်မိတယ်၊ ဘုန်းကြီးတို့စဉ့်ကူးမြို့နယ်က ရွာပေါ့လေ၊ ကိုယ့်ရဲ့ ဇာတိရွာ၊ ဇာတိရွာက မြစ်ကမ်းခြေမှာ ရှိတယ်၊ မြစ်ကမ်းခြေက ဧရာဝတီမြစ် မြစ်ခွဲကလေး မြောင်မြစ်လို့ ခေါ်တယ်၊ ဧရာဝတီမြစ်လက်တက်ကလေး၊ ဧရာဝတီမြစ်မကြီးက ခွဲထွက်လာပြီးတော့ မြစ်လက်တက်ကလေးမှာ အဲဒီကမ်းခြေမှာ ဘုန်းကြီးတို့ရွာ ရှိတယ်ပေါ့၊ အဲဒီမြစ်နဲ့ ပတ်သက်ပြီးတော့ သုံးခါလောက် မက်ဖူးတာကို မှတ်မှတ်ရရရှိတယ်။ အိပ်မက်ထဲမှာ အဲဒီမြစ်ရေတွေဟာ ခန်းသွားပြီးတော့
စာမျက်နှာ-၂၉
ခြောက်ကမ်းပါးကြီးတွေလို ဖြစ်ပြီး ဟိုဘက်ဒီဘက်ကို လမ်းလျှောက်သွားလို့ ရတာကို သုံးခါလောက်မက်ဖူးတယ်၊ ကနေ့ခေတ်မှာ တော်တော်ကို နီးစပ်လာတယ်၊ အခုဆို မြစ်ကလေးဟာ တော်တော်ကို ကျဉ်းသွားပြီး တချို့နေရာတွေဆိုရင် ဖြတ်ကူးလို့တောင် ရနေပြီ၊ သောင်တွေ ထွန်းပြီးတော့ အဲဒီမြစ်လက်တက်လေးဟာ တဖြည်းဖြည်းနဲ့ တိမ်ကောပပျောက်သွားမယ့် အနေအထားမျိုးလားလို့ စိတ်ထဲမှာတောင်မှပဲ မှတ်နေမိတယ်ပေါ့နော်၊ မက်တာဟာ လွန်ခဲ့တဲ့ ၁၀-နှစ်လောက်ကတို့ ၁၅-နှစ်လောက်ကတို့ အဲဒါ မက်တာ၊ သုံးခါလောက် မက်ဖူးတယ်ပေါ့ အဲဒီမြစ်ကြောင်းဟာ ရေခန်းသွားလို့ ဟိုဘက်ရွာကို ကုန်းကြောင်းလျှောက်ရတယ်လို့ အိပ်မက်မက်ခဲ့တယ်ပေါ့၊ မြစ်ကလေးဟာ အခုအချိန်မှာ တဖြည်းဖြည်း ရေတွေ တိမ်လာတာကိုတွေ့ရတယ်၊ ခုဆိုလို့ရှိရင် ကမ်းခြေတစ်ဖက်နဲ့ တစ်ဖက်ဟာ သောင်တွေ ထွန်းပြီးတော့ နီးနီးကလေး ဖြစ်လာတယ်၊ တချို့နေရာမှာဆိုရင် ဖြတ်ကူးလို့တောင် ရတဲ့အနေအထားမျိုးတွေ ဖြစ်လာတယ်။

အိန္ဒိယနိုင်ငံမှာရှိတဲ့ ဘုရားအလောင်းတော် ရွှေခွက်မျှောခဲ့တဲ့ နေရဉ္စရာမြစ်ဆိုတာလည်း အိန္ဒိယဘုရားဖူးရောက်တဲ့လူတွေတွေ့မှာ၊ အခု သဲချောင်းကြီး ဖြစ်နေပြီလေ၊ ရေမရှိတော့ဘူး၊ ဒီတော့ တစ်ကြိမ်တစ်ခါကျတော့ ဖြစ်လာမယ်ဆိုတဲ့အနေအထားတွေကို ကြိုတင်ပြီးတော့ မက်တာများလားလို့ စိတ်ထဲမှာ ဒီလို ထင်မိတယ်ပေါ့နော်၊ ပုဗ္ဗနိမိတ္တဆိုတာတွေဟာ
စာမျက်နှာ-၃၀
လောကမှာ ဖြစ်လာမယ့်အနေအထားတွေကို မက်တက်တယ်ဆိုတာ ဒါ သဘာဝတစ်ခုပဲပေါ့။

ကောသလမင်းကြီးရဲ့ ဒီနွားကြီးလေးကောင်ဟာ တစ်ကောင်နဲ့ တစ်ကောင်တွေ့ကြတော့မယ် ကြတော့မယ်ဆိုတဲ့ အနေအထားနဲ့ ဟန်ပြပြီးတော့ လာပြီး ရှောင်ထွက်သွားတာမျိုးလို မိုးတွေဟာလည်း တချိမချိမ်းနဲ့ တက်လာပြီး နောက်ဆုံးမှာ တစ်စက်မှမကျဘဲနဲ့ မိုးတွေက ပျက်ပြယ်သွားတာမျိုးတွေ လောကကြီးမှာ မကြာမကြာတွေ့ရတာမျိုးတွေ ရှိတယ်ပေါ့။ အဲဒီလို အခြေအနေမျိုးတွေ ဖြစ်လာပြီဆိုရင် မိုးခေါင်ရေရှားခြင်းဒဏ်ကို ခံကြရပြီ။

တချို့နိုင်ငံတွေမှာဆိုရင် သီးနှံတွေ မဖြစ်ထွန်းလို့ ရိက္ခာတွေ ပြတ်လို့ ဆင်းရဲဒုက္ခရောက်ကြရတယ်ဆိုတာ ဒေသအလိုက် ဖြစ်တယ်ပေါ့နော်၊ ဒီတော့ နောင်တစ်ခေတ်မှာ ဖြစ်ပေါ်လာမယ့်အနေအထားတစ်ခုကို အခုလို ကောသလမင်းကြီးဟာ အိပ်မက်မက်ခဲ့တာ၊ ဒါကြောင့်မို့ “ကောသလအိပ်မက်နဲ့ ယနေ့ကမ္ဘာ”ဟာ ဆက်စပ်မှု ရှိနေတယ်ဆိုတာ သေချာတယ်ပေါ့။ ဒီလိုဆိုလိုတာ။

ငယ်ငယ်တုန်းကတော့ စဉ်းစားတယ်၊ ကောသလမင်းရဲ့ အိပ်မက်က ဘာဖြစ်လို့ မြန်မာပြည်မှာလာပြီး မှန်ရမှာလဲ၊ သူက အိန္ဒိယနိုင်ငံမှာ မက်တာ၊ အိန္ဒိယပဲ ဖြစ်သင့်တယ်လို့ ငယ်ငယ်တုန်းကတော့ အဲဒီလိုတွေးမိတယ်။ အမှန်ကတော့ လူ့လောကကြီးတစ်ခုလုံးနဲ့ သက်ဆိုင်တယ်လို့ပဲ ပြောရမှာ ဖြစ်
စာမျက်နှာ-၃၁
တယ်ပေါ့၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ် လူ့လောကကြီးတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့အိပ်မက်တစ်ခုလို့ ဒီလို မှတ်ယူရမှာ။

ဒါ့ကြောင့်မို့ ဒေသအလိုက် လောကကြီးဟာ ဆုတ်ယုတ်ပျက်ပြားလာပြီဆိုရင် မိုးခေါင်ရေရှားမှုဒဏ်ကို ကမ္ဘာမှာ ခံရမှာဖြစ်လို့ သိပ္ပံဆရာတွေက ရေရှားမယ့်ဒဏ်တွေ ဖြစ်ပေါ်လာမယ်ဆိုတာကို အကြိမ်ကြိမ် သတိပေးစကားတွေ ရေးသားနေကြပြီပေါ့၊ တစ်နေ့ကျရင် ကမ္ဘာမှာ ရေချိုတွေ ရှားသွားလိမ့်မယ်ဆိုတာကို သတိပေးနေကြတယ်ပေါ့။ ဒါက ကောသလအိပ်မက် တစ်ဆယ့်ခြောက်ချက်ထဲက နံပါတ်တစ် သူမက်တဲ့ အိပ်မက်လေးတစ်ခုပဲ။
နံပါတ်-၂ အိပ်မက်
နောက်ထပ် သူ ဘာတွေ ဆက်မက်ပြန်တုန်းဆိုရင် သူ့ရဲ့မျက်စိထဲမှာ မြင်လိုက်ရတယ်၊ ဘာတွေ မြင်ရတုန်းဆိုလို့ရှိရင် သစ်ပင်ငယ်လေးတွေ ခြုံငယ်လေးတွေ မြေကြီးပေါ်ကနေပြီးတော့ ပေါက်ထွက်လာပြီး ဘာမှ မကြာဘူး၊ တစ်ထွာလောက် တစ်မိုက်လောက်တောင် မရောက်ဘူး၊ အဲဒီသစ်ပင်လေးတွေဟာ မကြာခင်ပဲ အပွင့်တွေ ပွင့်ပြီး အသီးတွေ သီးကြတာကို သူမြင်တယ်၊ မြေကြီးပေါ်က ထွက်လာတဲ့အပင်ပေါက်စလေးတွေဟာ ခဏလေးနဲ့ အပွင့်ပွင့်သွားကြတယ်၊ ခဏလေးနဲ့ အပွင့်တွေက အသီးတွေ သီးနေတာကို မြင်ရတယ်၊ ထူးထူးဆန်းဆန်း၊ သာမန်အားဖြင့်ဆိုရင် သစ်ပင်တစ်ပင်ဟာ
စာမျက်နှာ-၃၂
အတော်ကြာမှ သုံးနှစ် လေးနှစ် ငါးနှစ်ဆိုတာမျိုး နေပြီးတော့မှ အပွင့်ပွင့်တယ်၊ အသီးသီးတယ်။

ဒီကနေ့ခေတ်မှာလည်းပဲ တမင်ဖန်တီးတာလားတော့ မသိဘူး၊ သစ်ပင်လေးတွေ စကားဝါပင်ဆိုလို့ရှိရင် တော်တော်ကြီးမှ အပွင့်ပွင့်လေ့ ရှိကြတယ်၊ အခု စကားဝါပင်ဟာ နိမ့်နိမ့်လေးနဲ့ အပွင့်တွေ ပွင့်တယ် ကံ့ကော်ပင်တွေလည်း ပွင့်တယ်၊ သေးအောင် လုပ်ထားတာ၊ ကိုင်းကူးတာတို့ ဘာတို့ အမျိုးစုံ လုပ်ကြတယ်ပေါ့လေ၊ သစ်ပင်ငယ်ငယ်လေးတွေဟာလည်းပဲ သဘာဝအားဖြင့် ပွင့်ကုန်ကြတယ်ပေါ့၊ အသီးသီးလာကြတယ်၊ ပိန္နဲပင်တွေဆိုလို့ရှိရင် လူတစ်ရပ်လောက်တောင် မရှိသေးဘူး အသီးတွေ သီးနေကြတယ်၊ လက်တွေ့အားဖြင့်လည်း သစ်ပင်တွေဟာ ကိုင်းကူးတွေနဲ့ မျိုးဆက်တွေနဲ့ လုပ်ထားသည့်အတွက်ကြောင့် ငယ်ငယ်လေးနဲ့ အသီးသီးတဲ့အနေအထားတွေ မြင်ရတယ်။

ကောသလမင်းကြီးကတော့ သဘာဝကိုက မြေက ပေါက်ထွက်လာတဲ့သစ်ပင်လေးတွေဟာ မြေကပေါက်ခါစ အပွင့်ပွင့်လိုက်တာ, အသီးတွေ သီးလိုက်တာ ခဏလေးပဲ၊ ချက်ချင်းကြီးပဲ မြေက ပေါ်လာပြီးတော့ ပွင့်တာ သီးတာကို မြင်ရတယ်၊ အဲဒါ တပည့်တော်အိပ်မက်ထဲမှာ ထူးထူးဆန်းဆန်း မြင်လိုက်ရတဲ့အချက်ပါပဲလို့ ဆိုတယ်။

မြတ်စွာဘုရားက “ဒါဟာလည်းပဲ သင်မင်းကြီးလက်ထက်မှာ အကျိုးသက်ရောက်မှုရှိမယ့်အရာ မဟုတ်ဘူး”
စာမျက်နှာ-၃၃
သစ်ပင်လေးတွေဟာ ပေါ်လာပြီး မကြာခင်ပွင့် မကြာခင်သီးတယ်ဆိုတာ နောင်တစ်ချိန်ကျလို့ရှိရင် လူ့လောကကြီးဟာ သက်တမ်းတွေ တိုပြီးတော့ သက်တမ်းဆုတ်ယုတ်တဲ့အချိန်အခါမျိုး ကြုံလိမ့်မယ်၊ အဲဒီလို သက်တမ်းဆုတ်ယုတ်လာပြီဆိုရင် အမျိုးသမီးငယ်ငယ်လေးတွေဟာ အိမ်ထောင်ရက်သား ကျပြီးတော့ သားသမီးတွေ မွေးကြလိမ့်မယ်၊ ဒီလိုအဓိပ္ပါယ်မျိုးကို ဖော်ဆောင်တယ်တဲ့။

ဟုတ်ပြီ ဒီကနေ့ ဂျာနယ်တွေထဲမှာ ကြည့်ရင် ကိုးနှစ်သမီး ကိုယ်ဝန်ဆောင်တာတို့ ဒါမျိုးတွေပါတွေ့လာရပြီပေါ့နော်၊ အဲဒီလိုအနေအထားမျိုးတွေ ဖြစ်ပေါ်လာခဲ့တယ်၊ ဒီတော့ ကောသလရဲ့ အိပ်မက်ရဲ့ အကျိုးသက်ရောက်မှုဟာ တဖြည်းဖြည်းမှန်လာပြီလို့ ပြောရမှာပဲ။

စက္ကဝတ္တိသုတ္တန်မှာ မြတ်စွာဘုရားဟောထားတာ ရှိတယ်၊ ၁၀-နှစ်တမ်း ရောက်လို့ရှိရင်တဲ့ ငါးနှစ်သမီးဟာ အိမ်ထောင်ပြုတဲ့အရွယ် ဖြစ်လာမယ်လို့ ဒီလိုဆိုတာ၊ အဲဒါကို ဘုန်းကြီးတို့က တွက်ကြည့်တယ်၊ ဆယ်နှစ်တမ်းအရွယ်မှာ ငါးနှစ်သမီး အိမ်ထောင်ပြုတယ်ဆိုတာ တော်တော်ကို နောက်ကျတယ်လို့နော်၊ ဘာပြုလို့လဲဆိုတော့ အခုခေတ် အသက်တစ်ရာမှာ ငါးဆယ်မှ အိမ်ထောင်ပြုသလို ဖြစ်နေတယ်။

စာပေမှာ ကြည့်လိုက်တဲ့အခါ မူကွဲတစ်ခုရှိတယ်၊ အဲဒီမူကွဲမှာ ကြည့်လိုက်မယ်ဆိုရင်တော့ သူက ငါးလသမီးလို့ ဒီလိုဆိုတယ်၊ “ပဉ္စမာသိကာ၊ ဒီတော့ ငါးလသမီးဆိုတာ အချိုး
စာမျက်နှာ-၃၄
ကျနဲ့ တွက်ကြည့်ရင်တော့ သေချာသိနိုင်တယ်ပေါ့၊ လူ့ရဲ့ သက်တမ်းဟာ ဆယ်နှစ်ပဲ ရှိတယ်၊ ဆယ်နှစ်ပဲရှိတော့ အခုခေတ်အနေအထားနဲ့ တွက်ကြည့်ပေါ့၊ ခုခေတ်အနေအထားက ဥပမာမယ် - တစ်ရာတမ်းဆိုပါစို့၊ တစ်ရာတမ်းမှာဆိုရင် ဆယ့်ရှစ်နှစ် အခုခေတ်မှာ အရွယ်ရောက်တယ် ထား၊ ခုနစ်ဆယ့်ငါးနှစ်တန်းပဲ ထားဦးတော့၊ ဆယ့်ရှစ်ဆိုရင် အရွယ်ရောက်တယ်လို့ သတ်မှတ်တယ်ပေါ့၊ ဒီတော့ ဆယ်နှစ်ဆိုလို့ရှိရင် ဘယ်အချိန် အရွယ်ရောက်ရမလဲ ကိန်းဂဏန်းနဲ့ တွက်ကြည့်လိုက်ပေါ့။ တွက်ကြည့်တော့ ငါးလသမီးဆိုရင်တော့ ပိုနီးစပ်တယ်လို့ ဒီလိုထင်တယ်ပေါ့၊ ငါးနှစ်ဆိုတာတော့ ကြီးလွန်းအားကြီးသွားပြီ၊ နောက်ထပ် ငါးနှစ်ဆိုရင် အဖွားကြီးဖြစ်ပြီး သေတော့မှာပဲ ရှိတော့တယ်၊ ဒီတော့ ငါးနှစ်မှာ အိမ်ထောင်ကျတယ်ဆိုရင် နောက်ကျတယ်လို့ ထင်တယ်ပေါ့။

အဲဒီလို သက်တမ်းတွေ ဆုတ်ယုတ်လာတဲ့အခါမှာ အခု ဒီကျောင်းထဲမှာ ပေါက်ဖွားနေတဲ့ ခွေးတွေကို သတိထားကြည့်မိတယ်, ခဏလေးပဲကြီး မွေးလာလို့ ခွေးပေါက်စလေး၊ တော်ကြာကျတော့ အိမ်ထောင်ကျကုန်ကြပြီ၊ မကြာဘူး တစ်နှစ်တောင် မနေဘူး၊ သူတို့ အိမ်ထောင်ကျကုန်ပြီ၊ အဲဒီလိုတွေ ဖြစ်တယ်။

ဒီတော့ ကောသလမင်းကြီး အိပ်မက်မက်တာက သစ်ပင်လေးတွေဟာ မြေကြီးပေါ်ကနေ ပေါ်ထွက်လာပြီးတော့ မကြာဘူး အပွင့်တွေ ပွင့်၊ အသီးတွေ သီးတယ်ဆိုတဲ့ အိပ်မက်
စာမျက်နှာ-၃၅
မှုဟာတဲ့ သက်တမ်းတိုလာတဲ့ ဆုတ်ယုတ်လာတဲ့ လူ့လောကမှာ အရွယ်တွေငယ်ငယ်နဲ့ အိမ်ထောင်ရက်သားကျမယ်ဆိုတာ နောင်တစ်ချိန်ဖြစ်ပေါ်လာမယ့် အနေအထားတွေကို ပုဗ္ဗနိမိတ်အနေနဲ့ မက်တာပါ၊ သင်မင်းကြီးအတွက် ဘာအန္တရာယ်မှ မရှိပါဘူးလို့ မြတ်စွာဘုရားက ဒုတိယမြောက်အိပ်မက်ကို အခုလို ဖြေရှင်းပြီးတော့ ဆုံးမဟောကြားခဲ့တာ ဖြစ်ပါတယ်။

လောကမှာ အိပ်မက်နဲ့ပတ်သက်ပြီးတော့ မှတ်သားစရာတွေ များစွာရှိတယ်၊ ဒီကနေ့ ကောသလမင်းကြီးရဲ့ အိပ်မက်တစ်ဆယ့်ခြောက်ချက်ထဲက နှစ်ချက်လောက်ကို မှတ်သားပြီး နောက်ရက်တွေမှာ ဆက်လက်ပြီး ကောသလမင်းကြီးအိပ်မက်တွေအကြောင်းနဲ့ မြတ်စွာဘုရားရှင်းလင်းပြောကြားတဲ့ အိပ်မက်ရဲ့ အကျိုးအပြစ်တွေကို မှတ်သားပြီးတော့ သံဝေဂတရားဖြစ်ပွားဖို့၊ လောကကြီးရဲ့ အခြေအနေတွေဟာ အခုလိုပဲ အနေအထားတစ်ခုဟာ ဖြစ်ပေါ်လာတယ်၊ အကြောင်းကင်းပြီးတော့ အကျိုးတရားဆိုတာ မဖြစ်ဘူးဆိုတာကို မှန်ကန်တဲ့အတွေးတွေကိုတွေ့ရှိပြီးတော့ မှန်ကန်တဲ့အသိဉာဏ်တွေရအောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု။
စာမျက်နှာ-၃၆

စာမျက်နှာ-၃၇

အပိုင်း-၂
သာသနာတော်နှစ် ၂၅၅၈-ခု၊ ကောဇာသက္ကရာဇ် ၁၃၇၆-ခု၊ နှောင်းတန်ခူးလပြည့်ကျော် ၁၁-ရက်၊ ၁၄-၄-၂၀၁၅၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာရွာ ဓမ္မသဟာယသာသနစင်တာ ဓမ္မရတိ မဟာဓမ္မသဘာဓမ္မာရုံကျောင်းတော်ကြီးအတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် နှစ်သစ်ကူးအထူးဓမ္မသဘင်ပွဲ၌ မုံရွာမြို့ မိဘများဖြစ်ကြသော ဦးလှအောင် ဒေါ်ခင်မေရီတို့အား ရည်စူး၍ သားမောင်ချမ်းမြေအောင်နှင့် ဒေါက်တာတင်အောင် ဒေါ်ခင်ဌေးတို့အား အမှူးထား၍ အမှတ် ၁၁၁၇-၂ ရွှေနှင်းဆီ ၅ လမ်း ကိုးမိုင် နှင့် ရန်ကုန်မြို့ ဦးအောင်လွင်အောင် ဒေါ်ဖြာအောင် သားမောင်အောင်စည်ဖြိုး သမီးမချောသီလွင်မိသားစုတို့၏ အမတဒါနဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ကောသလအိပ်မက် နှင့် ယနေ့ကမ္ဘာ အပိုင်း-၂” အကြောင်း တရားဒေသနာတော်။
စာမျက်နှာ-၃၈
ဖြစ်ပေါ်လာမယ့်အခြေအနေကို ရှေ့ပြေးနိမိတ်အနေနဲ့ ကောသလမင်းကြီးက မြင်ခဲ့တဲ့အိပ်မက်တွေကို ၅၅၀-ဇာတ်တော်မှာ မဟာသုပိနဇာတ်အဖြစ် မှတ်တမ်းတင်ထားတယ်၊ အဲဒီမှတ်တမ်းတင်ထားတဲ့ မဟာသုပိနဇာတ်အရ မြတ်ဗုဒ္ဓရဲ့ လက်ထက်မှာ အိပ်မက်ကို ကောသလမင်းကြီးမက်တာဟာ ပထမဦးဆုံးမက်တယ်လို့ ဆိုလို့မရဘူး၊ ဘုရားအလောင်း ဘုရားအဖြစ်သို့ မရောက်ခင်ကလည်း ဗာရာဏသီပြည်မှာ ကာသိမင်းကြီးဟာ အခုလိုပဲ ထပ်တူညီမျှသော အိပ်မက်မျိုးတွေကို မက်ခဲ့ဖူးတယ်ဆိုတာ ၅၅၀-ဇာတ်ထဲက ၇၇-ဇာတ်မြောက် မဟာသုပိနဇာတ်မှာ ဆိုထားတယ်၊ တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်မှာ အကြောင်းတစ်ခုခုကြောင့် လောကကြီးမှာ ဖြစ်ပေါ်လာမည့် အခြေအနေမျိုးတွေကို ကြိုတင်ပြီးတော့ နိမိတ်ပြတဲ့အနေနဲ့ မက်လာတာမျိုးတွေဟာ ဖြစ်လေ့ဖြစ်ထရှိတယ်၊ အများနဲ့ဆိုင်တဲ့အိပ်မက်မျိုးတွေ ရှိသလို အိပ်မက်မက်သူနဲ့သာ သက်ဆိုင်တဲ့အိပ်မက်မျိုးတွေလည်းပဲ ရှိတယ်ပေါ့၊ ကောသလမင်းကြီးအိပ်မက်ကတော့ မက်သူကိုယ်တိုင်နဲ့ သက်ဆိုင်မှုမရှိဘဲနဲ့ နောင်အနာဂတ်မှာ လူ့လောကကြီးမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို အတိတ်နိမိတ်ပြတဲ့အနေနဲ့ ကြိုတင်ပြီးတော့ မက်တယ်လို့ ဒီလိုဆိုတယ်၊ ဒါတွေကလည်း လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အနေအထားမျိုးတွေပဲ။
စာမျက်နှာ-၃၉
ကိုယ့်ရဲ့ အိပ်မက်အကြောင်းတွေကို ကိုယ်ကိုယ်တိုင်က မှတ်တမ်းတင်ထားခြင်းမရှိသည့်အတွက်ကြောင့်သာ မသိကြတာ၊ ဘုန်းကြီးတို့ အမှတ်တမဲ့မက်ခဲ့တဲ့ အိပ်မက်လေးတွေအကြောင်း နည်းနည်းပြောပြရမယ်ဆိုရင် ကိုယ့်ကိုယ်ကို နည်းနည်းပြန်ပြီး စဉ်းစားကြည့်ကြရမယ်၊ တစ်ခါတုန်းက ရက်စွဲတွေ နှစ်တွေတော့ မမှတ်မိဘူး၊ မက်ဖူးတဲ့အိပ်မက်ထဲမှာ ဘာတွေ့ရတုန်းဆိုရင် ကျယ်ပြန့်တဲ့ရေပြင်ကြီးမှာ အလွန်စိမ်းတဲ့သစ်ပင်တွေ ပေါက်နေတဲ့ ကောင်လေးတွေဟာ ရေပင်လယ်ကြီးမှာ မျောနေသလိုပဲ၊ ရေပြင်ထဲမှာ တောင်ကုန်းလေးတွေ၊ အဲဒီလို ရေပြင်ကြီးနဲ့ တောင်ကုန်းကလေးတွေ အိပ်မက်ထဲမှာ ကြုံတွေ့ခဲ့ရဖူးတယ်၊ အဲဒီကြုံတွေ့ခဲ့အိပ်မက်နဲ့ ထပ်တူညီမျှ ဘယ်မှာ သွားတွေ့ရသလဲလို့ဆိုရင် ကော့သောင်းတို့ မြိတ်တို့သွားတဲ့အခါ အဲဒီအိပ်မက်ထဲက ပုံစံကလေးပဲနော်၊ ရေမျက်နှာပြင်ပေါ်မှာ တောင်ကုန်းလေးတွေ စိမ်းညိုညိုနဲ့တွေ့ရတော့ “ငါ အိပ်မက်မက်ဖူးတဲ့နေရာပါလား”လို့ စိတ်ထဲမှာ ဒီလိုဖြစ်တယ်၊ ဒါက အများနဲ့ သက်ဆိုင်မှုမရှိဘူး၊ မက်သူကိုယ်တိုင်နဲ့သာ သက်ဆိုင်တာ ဖြစ်တယ်။

တစ်ခါတုန်းက အိပ်မက်ထဲမှာ သင်္ဘောကြီးစီးပြီးတော့ သွားရတာ၊ သင်္ဘောကြီးက တော်တော်ကြီးတဲ့သင်္ဘောကြီး၊ သွားတာလည်း ဖြည်းဖြည်းလေး ငြိမ့်ငြိမ့်လေးပဲ၊ လှုပ်ရှားမှမရှိဘူး၊ အဲဒီ ငြိမ့်ငြိမ့်လေး သင်္ဘောကြီးစီးရင်း ကမ်းခြေအနီး ဖြတ်သန်းသွားတဲ့အခါမှာ သစ်ပင်တွေကြားမှာ မြင့်မား
စာမျက်နှာ-၄၀
တဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူကို အမှတ်မထင် ဖူးမြင်လိုက်ရတယ်ပေါ့၊ အဲဒီလိုဖူးမြင်ပြီးတဲ့နောက်ပိုင်းမှာ အဲဒီလိုရုပ်ပွားတော်ကြီးနဲ့ ရေမျက်နှာပြင် ဘယ်မှာ သွားတွေ့ရတုန်းဆို ၁၉၈၇-ခုနှစ်က သီရိလင်္ကာနိုင်ငံရောက်သွားတော့ ကိုလံဘိုအနီးနားက မြို့တစ်မြို့မှာ အဲဒီပုံစံနဲ့ ခပ်ဆင်ဆင် ရုပ်ပွားတော် မတ်တပ်ရပ်ကိုယ်တော်ကြီးကို ဖူးတွေ့လိုက်ရတော့ “သော် ငါ့အိပ်မက်ထဲမှာ မက်ထားတာပါလား” လို့တွေးမိတယ်၊ အဲဒီလိုအနေအထားလေးတွေဟာ ကိုယ့်ဟာကိုယ် မှတ်တမ်းတင်ထားမယ်ဆိုရင် ကြိုတင်ဖြစ်ပေါ်မှုလေးတွေဟာ အနည်းငယ်ရှိနေတယ်ဆိုတာ သိသာထင်ရှားတယ်ပေါ့။

တစ်ခါ သင်္ဘောကြီးဟာ အလွန်ငြိမ့်ပြီး သွားမှန်းမသိဘူး၊ ငြိမ်ငြိမ်ကလေး ရွေ့ရွေ့လေး သွားပြီးတော့နော် သင်္ဘောစီးနေမှန်း မသိရအောင် ငြိမ့်ငြိမ့်ကလေးသွားနေတာ၊ တုန်ခါမှုမရှိဘဲနဲ့ ငြိမ်သက်တဲ့သင်္ဘောကြီးနဲ့ ခရီးသွားရတာဟာ မနှစ်ကပဲ ကြုံတွေ့ခဲ့ရတယ်ပေါ့။ ဒါကြောင့်မို့ ကြိုတင်ပြီးတော့ အိပ်မက်မက်တာလေးတွေဟာ ထပ်တူညီမျှ
စာမျက်နှာ-၄၁
သဘောလေးတွေ ဆောင်တာတွေကိုတွေ့နိုင်တယ်လို့ လူတိုင်းလူတိုင်းဟာ မိမိတို့အိပ်မက်မက်တာလေးတွေကို အမှတ်တမဲ့မနေဘဲနဲ့ မှတ်တမ်းလေးတင်ထားမယ်ဆိုရင် ပုဗ္ဗနိမိတ်ကြောင့် မက်တာလေးတွေဟာ ကြိုတင်ပြီးတော့ ဖြစ်ပေါ်နေတတ်တဲ့အနေအထားမျိုးလေးတွေ ရှိတယ်ပေါ့။

လောကကြီးမှာ ဖြစ်ပေါ်မယ့် အနေအထားမျိုးမဟုတ်ပေမယ့်လို့ ကိုယ်တွေ့ခံစားရမယ့် အနေအထားတွေအတွက်လည်း ကြိုတင်မက်တတ်တယ်ဆိုတာလေးတွေဟာ လူတိုင်းမှာ ရှိတတ်တယ်ပေါ့၊ ကောသလမင်း အိပ်မက်မက်တာလို မက်တတ်တာလေးတွေဟာ ရှိနေမှာပဲ။
အိပ်မက် နံပါတ်-၃
ဒီကနေ့ ကောသလမင်းကြီးက မြတ်စွာဘုရားနဲ့ ဆုံတွေ့ပြီး သူ့ရဲ့အိပ်မက်အကြောင်းတွေကို လျှောက်ထားတဲ့အခါမှာ နံပါတ်သုံးအိပ်မက်ကို သူက လျှောက်ထားတယ်။ “နွားမကြီးတွေဟာ မွေးစနွားမငယ်ကလေးတွေ (အခုပ်မွေးလာလို့ ရပ်နိုင်ခါစလေး နွားမငယ်လေးတွေ)ရဲ့ နွားမငယ်လေးဆိုတော့ နွားမကြီးက ရှေ့လက်နှစ်ဖက်ကို ထောက်ပြီးတော့ မွေးခါစလေးဖြစ်တဲ့ မတ်တပ်ရပ်ခါစ နွားမငယ်လေးရဲ့ နို့ကိုစို့နေတာ”ကို သူက မြင်ရတယ်၊ အိပ်မက်ထဲမှာ သွားတွေ့တယ်၊ ရှေ့လက်နှစ်ဖက်ကို ဒူးထောက်ပြီးတော့ ခေါင်းငုံ့ပြီး မွေးစနွားမငယ်လေးရဲ့ နို့ကိုစို့နေတာကို သူတွေ့ရတယ်
စာမျက်နှာ-၄၂
တဲ့ “အရှင်ဘုရား ဒီအိပ်မက်က ဘယ်လို အကျိုးအပြစ်တွေ ဖြစ်လာနိုင်ပါသလဲ”လို့ မြတ်စွာဘုရားကို မေးတာ။

မြတ်စွာဘုရားက “ဒီအိပ်မက်ဟာ အခုအချိန်တော့ ဘာမှဖြစ်လာဦးမှာ မဟုတ်သေးဘူး၊ နောင်နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာ လူ့လောကကြီးမှာ ကိုယ့်ထက်အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကို မလေးစားတဲ့ အနေအထားမျိုးတွေ ဖြစ်ပေါ်လာလိမ့်မယ်၊ ဇေဋ္ဌာပစာယိကဓမ္မ အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေ၊ ဝယဂုဏဝုဍ္ဎိ အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကို ရိုသေလေးစားမှုပြုသင့်တယ်၊ အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကို ဂါရဝမထားတဲ့ခေတ်မျိုးဟာ ရောက်လာမယ်၊ အသက်ကြီးတဲ့ပုဂ္ဂိုလ်ဆိုတာ ရိုသေလေးစားထိုက်တဲ့ပုဂ္ဂိုလ်၊ အသက်ကြီးရုံနဲ့တင်ပဲ ငယ်တဲ့ပုဂ္ဂိုလ်တွေက လေးစားရမယ်ပေါ့၊ ဘာ့ကြောင့်လဲ? သူဟာ ကိုယ့်ထက်အရင်မွေးတာဖြစ်တယ်၊ ကိုယ့်ထက်အရင်မွေးလို့ လောကကြီးအကြောင်းကို ကိုယ့်ထက်အရင်တွေ့ကြုံထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊ အသက်အရွယ်ကြီးမားတဲ့ပုဂ္ဂိုလ်ဆိုတာ ဝယဂုန်အနေနဲ့ လေးစားရမှာပေါ့၊ ဇေဋ္ဌာပစာယနဓမ္မလို့ ခေါ်တယ်၊ လောကလူယဉ်ကျေးတွေရဲ့ အသိုင်းအဝိုင်းမှာဆိုရင် ကိုယ့်ထက်ကြီးတဲ့ပုဂ္ဂိုလ်တွေကို ရိုသေလေးစားမှုဟာ တကယ့်လူ့ယဉ်ကျေးတွေ လိုက်နာကျင့်သုံးရတဲ့တရား။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားတောင် ဝေရဉ္စာမြို့မှာ အပြောအဆိုခံခဲ့ရဖူးတယ်၊ အဲဒီအချိန်မှာ
စာမျက်နှာ-၄၃
မြတ်စွာဘုရားရဲ့ သက်တော်က ၄၀-ပတ်ဝန်းကျင်လောက်ပဲ ရှိသေးတယ်၊ အသက်အရွယ် ၇ဝ-ကျော် ၈ဝ, ၉၀ အဘိုးကြီးအရွယ်ဖြစ်တဲ့ ဗြာဟ္မဏတွေတွေ့တဲ့အခါမှာ မြတ်စွာဘုရားက ဒီဗြာဟ္မဏကြီးတွေကို ရိုသေလေးစားမှုမပြဘူး၊ ရိုသေလေးစားမှုမပြဘဲနေတာကို ဝေရဉ္စာမြို့က ဥဒယဆိုတဲ့ပုဏ္ဏားကြီးက စိတ်ထဲမှာ မကျေနပ်ဘူး၊ သူက သတင်းလည်း ကြိုတင်ကြားထားတယ်၊ ဂေါတမရဟန်းဟာ ကိုယ့်ထက်အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်ကို ရိုသေလေးစားမှု ပြလေ့မရှိဘူး၊ လူ့ရဲ့ယဉ်ကျေးမှုကို မလိုက်နာဘူးဆိုတာ သိရှိထားတယ်။

သူကိုယ်တိုင် မြတ်စွာဘုရားဆီ ရောက်တဲ့အခါ သူ့ကို အရိုအသေပေးတာ မတွေ့ရဘူး၊ အရိုအသေပေးတာ မတွေ့ရတော့ မြတ်စွာဘုရားနားလာပြီး ပြောတယ် “သူကြားဖူးတယ်”တဲ့၊ “ဂေါတမရဟန်းဟာ ကိုယ့်ထက်ကြီးတဲ့ပုဂ္ဂိုလ်ကို မလေးစားဘူး၊ အရိုအသေမှု မပြဘူး၊ ခရီးဦးမကြိုဆိုဘူး”၊ အခုတော့ သူကိုယ်တိုင်တွေ့ရပြီ၊ သူ့ကို ခရီးဦးကြိုဆိုတာတွေ မလုပ်ဘူး၊ ပရိသတ်အလယ်မှာ ထိုင်ပြီးနေတယ်၊ အဲဒါဟာ ကိုယ်တွေ့ပဲ၊ ကြားတဲ့သတင်းနဲ့ ကိုယ်တွေ့အဖြစ်အပျက်ဟာ အလွန်မှန်ကန်နေတယ်၊ “အရှင်ဂေါတမ၊ အခုလိုလုပ်တာဟာ လူ့ယဉ်ကျေးမှု ရိုသေလေးစားရမယ်ဆိုတဲ့ ဂါရဝနိဝါတတရား ပျက်ပြားခြင်းဖြစ်တယ်”၊ မြတ်စွာဘုရားကို အပြစ်တင်တာ။
စာမျက်နှာ-၄၄
အဲဒီလိုအပြစ်တင်တော့ မြတ်စွာဘုရားက ဘာပြန်ပြောတုန်းဆိုတော့ “ပုဏ္ဏားတဲ့ ငါ့အနေနဲ့ ရိုသေလေးစားမှုမပြုဘူးဆိုတာ မှန်တယ်၊ ဘာ့ကြောင့်လဲဆိုရင် ငါ့ထက်အသက်ကြီးချင်တော့ကြီးမယ်၊ သီလအရာ ငါ့ထက်သာတဲ့ပုဂ္ဂိုလ်, သမာဓိအရာ ငါ့ထက်သာတဲ့ပုဂ္ဂိုလ်, ပညာအရာ ငါ့ထက်သာတဲ့ပုဂ္ဂိုလ်၊ ငါက ရိုသေလေးစားလောက်အောင် သီလ သမာဓိ ပညာ ရှိတဲ့ပုဂ္ဂိုလ် လူ့လောကမှာ မပြောနဲ့ နတ်တွေ ဗြဟ္မာတွေ အသိုင်းအဝိုင်းမှာတောင် မရှိဘူးတဲ့၊ ကနေ့မပြောနဲ့တဲ့ လောကကြီးမှာ ငါလူ့ဘဝနဲ့ မွေးဖွားလာတဲ့အချိန်မှာတောင် လောကကြီးတစ်ခုလုံးကို ငါကြည့်လိုက်တဲ့အခါမှာ အားလုံးက ငါ့ကိုသာ respect ပေးနေကြတယ်၊ ငါက ပြန်ပြီးတော့ respect ပေးရမယ့် ရိုသေလေးစားရမယ့်ပုဂ္ဂိုလ် အဲဒီတုန်းကတည်းက မတွေ့ခဲ့ဘူးတဲ့၊ အခု တရားထူးတရားမြတ်ကို သိပြီး ဘုရားအဖြစ်သို့ ရောက်တဲ့အချိန်မှာ ဘယ်မှာတွေ့မလဲ၊ အကယ်၍သာ ငါက လောကကျင့်ဝတ်အရ တစ်ဦးတစ်ယောက်ကို ခရီးဦးကြိုဆိုလိုက်မယ်၊ အရိုအသေပေးလိုက်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ငါ့ရဲ့ရိုသေလေးစားမှုကို ခံနိုင်ရည်မရှိဘူး၊ ခေါင်းပြတ်သွားနိုင်တယ်”။

ကနေ့ခေတ်မှာပဲ ကြည့်လေ၊ သားနဲ့အဖ ဒီလိုနေကြရာ သားကအဖေကို ရိုသေလေးစားတယ်၊ သို့သော် အဲဒီသားက သာသနာဘောင်ဝင်ပြီး ရဟန်းခံတယ်၊ သူတော်စင်အသွင်နဲ့ သူတော်စင်တို့ ကျင့်သုံးရမယ့် သီလဆိုတာကို
စာမျက်နှာ-၄၅
ဆောက်တည်လိုက်တဲ့အခါ မိဘက ပြန်ပြီးတော့ ရိုသေလေးစားမှုကို ပြုရတယ်၊ မိဘရဲ့ရိုသေလေးစားမှုကို ခံရတယ်၊ ခံနိုင်တဲ့အရည်အချင်းတွေ ရှိသွားတယ်၊ အဲဒီခံယူနိုင်တဲ့အရည်အချင်းဟာ ဘာလဲလို့ဆိုရင် သီလပဲဖြစ်တယ်၊ သီလကြောင့် အရိုအသေခံနိုင်တဲ့အတိုင်းအတာတစ်ခု ဖြစ်ရတယ်။

မြတ်စွာဘုရားကလည်း သီလအရာ သမာဓိအရာ ပညာအရာ တစ်လောကလုံးကို ကြည့်လိုက်တဲ့အခါမှာ အားလုံးဟာ သူ့ထက်နိမ့်ကျနေတာသာဖြစ်တယ်ပေါ့၊ ဒါကြောင့်မို့ ရိုသေလေးစားမှုကို မပြုဘူးလို့ မြတ်စွာဘုရားက ရှင်းပြတယ်၊ “အကယ်၍ ငါရိုသေလေးစားမှုပြုလိုက်မယ်ဆိုရင် သူဟာ ခေါင်းတောင်ပြတ်သွားနိုင်လောက်တဲ့ အခြေအနေဆိုးတွေ ကြုံတွေ့နိုင်တယ်”လို့ ဒီလိုဆိုတာ၊

အဲဒီလိုပြောပေမယ့် မကျေနပ်ဘူး၊ မကျေနပ်လို့ မြတ်စွာဘုရားကို စွဲချက်တွေ အမျိုးမျိုးတင်တယ်၊ မြတ်စွာဘုရားက ရှင်းပြတယ်၊ “လောကကြီးမှာ အရင်မွေးလို့ အကြီးဆိုလို့ရှိရင်တဲ့ ဟုတ်ပြီ ပကတိလူသားတစ်ယောက်အနေနဲ့ ငါနောက်မှမွေးတာ မှန်တယ်၊ သို့သော်လည်း အမှန်တရားကို သိပြီး ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းက မွေးလာတာတော့ ငါဟာ အရင်ဆုံးပဲ”တဲ့၊ ဒီလိုဆိုတာ၊ သစ္စာလေးပါးအမှန်တရားကို သိခြင်းဖြင့် လောကကြီးမှာ မွေးဖွားလာတာတော့ ငါဟာ ပထမဆုံးပဲတဲ့၊ ကျန်တဲ့ပုဂ္ဂိုလ်တွေဟာ ငါ့ထက်ငယ်နေတယ်၊ တရားထူးတရားမြတ်အသိနဲ့ ပတ်-
စာမျက်နှာ-၄၆
သက်လာလို့ရှိရင် ငါဟောမှ နောက်မှ သိကြရတာဖြစ်လို့ အသိအနေနဲ့ ငါဟာ အကြီးဆုံးပဲဖြစ်တယ်လို့ - ဒီရှုဒေါင့်ကနေ မြတ်စွာဘုရားက ရှင်းပြတာ၊ ပထမဆုံးမွေးလို့ အကြီးဖြစ်ရမယ်ဆိုလို့ရှိရင် ဓမ္မအသိဉာဏ်အနေနဲ့ ငါဟာ ပထမဆုံးမွေးလာတာ၊ ပထမဆုံး ဒီတရားတွေကို ဟောကြားလာတာဖြစ်တော့ ဓမ္မမွေးဖွားခြင်းအားဖြင့် ငါဟာ အကြီးဆုံးဖြစ်တယ်လို့ ဒီလိုရှင်းပြလိုက်တဲ့အခါ ဝေရဉ္စာမြို့က ဥဒယပုဏ္ဏားကြီးက လက်ခံပြီးတော့ “အရှင်ဂေါတမ အကြီးဆုံးဖြစ်ပါပေတယ်”ဆိုပြီး ဘုရားကို ကိုးကွယ်ဆည်းကပ်တဲ့ ဗုဒ္ဓဘာသာအဖြစ် ခံယူသွားတယ်၊ ဒီလိုအခြေအနေမျိုးတွေ ရှိခဲ့တယ်ပေါ့။

အခုလည်းပဲ လောကကြီးမှာ ကြီးတဲ့ပုဂ္ဂိုလ်ကို ရိုသေလေးစားရမယ်ဆိုတဲ့ ကျင့်ဝတ်ထုံးတမ်းစဉ်လာတွေဟာ တစ်နေ့ကျလို့ရှိရင် ပျက်ပြားသွားနိုင်တယ်ပေါ့၊ ဆုတ်ယုတ်ပျက်ပြားလာပြီး ကြီးတဲ့ပုဂ္ဂိုလ်တွေကို အလေးမထားဘူး၊ အဲဒီလိုဖြစ်လာပြီဆိုလို့ရှိရင်တဲ့ အဲဒီတရား ပျောက်ကွယ်သွားပြီ၊ နောင်အနာဂတ်မှာ သတ္တဝါတွေဟာ ဘာဖြစ်လဲဆိုရင် လေးစားရမယ့်အမေတွေ အဖေတွေ ယောက္ခမတွေ၊ ယောက္ခမအဖေနဲ့ ယောက္ခမအမေပေါ့နော်၊ ယောက္ခမကို ယောက္ခဖလို့ ခေါ်ရင် နည်းနည်းတော်လိမ့်ဦးမယ်၊ ယောက္ခထီးဆိုတာ မဟုတ်လောက်ဘူးထင်ပါတယ်နော်၊ ယောက္ခမအမေအဖေတွေ၊ အဲဒီအမေအဖေတွေနဲ့ ယောက္ခမအမေအဖေတွေအပေါ်မှာ လေးစားရမယ့်အနေအထားတွေ ပျက်ပြားသွားပြီးတော့ ဘယ်သူ့မှ ဗိုလ်-
စာမျက်နှာ-၄၇
မထားတဲ့အနေအထားမျိုးတွေ ဖြစ်လာတယ်နော်၊ ဇေဋ္ဌာပစာယိကဓမ္မဆိုတာ ယုတ်လျော့လာတယ်။

အဲဒီလို မလေးစားရုံတင်မကဘူး၊ ဘာဖြစ်လာတုန်းဆိုတော့ လူငယ်လူရွယ်ပီပီ ပညာတွေသင်ကြားလို့ ပညာတတ်ပြီး စီးပွားဥစ္စာတွေ ရှာနိုင်လာတယ်၊ ရှာနိုင်လာတဲ့အခါ ကုမ္ပဏီတွေထောင်ပြီးတော့ ကိုယ့်ဟာကိုယ် ချမ်းသာကြွယ်ဝလာတယ်ဆိုရင် အမေတွေအဖေတွေအပေါ်မှာ ပိုပြီးတော့ မောက်မာလာတဲ့သဘော၊ စားဝတ်နေရေး မိဘကို ပေးချင်ပေးတယ်, မပေးချင်မပေးဘူး၊ ဒီတော့ မိဘတွေ ယောက္ခမအမေအဖေတွေဟာ အသက်အရွယ်ကြီးလာတဲ့အခါကျတော့ အားကိုးရာမရှိဘူး၊ ကိုယ်တိုင်လည်း လုပ်ကိုင်စားသောက်နိုင်ခြင်းမရှိဘူး၊ မရှိတဲ့အခါ ကိုယ့်သားကိုယ့်သမီး ချော့မော့ပြီး ပေါင်းနေကြရတယ်၊ သူတို့စိတ်တိုင်းကျ မအေဖအေအနေနဲ့ ဩဇာမပေးနိုင်တော့ဘူး၊ သားသမီးပေးတာလေးနဲ့ ကျေနပ်ရတယ်။

လွန်ခဲ့တဲ့အနှစ် ၂၀-လောက်ကတွေ့ခဲ့တဲ့အဖြစ်အပျက်လေးတစ်ခု ပြောရဦးမယ်၊ ဘူတာရုံတစ်ခုမှာ မီးရထားဆိုက်တဲ့အခါ ဘူတာရုံထဲမှာ သားအမိနှစ်ယောက်ထိုင်နေတယ်၊ သားအမိနှစ်ယောက်ထိုင်နေရာနဲ့ ဘုန်းကြီးတို့ရထားတွဲ ဆိုက်လာတာနဲ့ ပြတင်းပေါက်နဲ့က တည့်တည့်၊ အဲဒီအချိန်မှာ သမီးလုပ်တဲ့ပုဂ္ဂိုလ်က အမေကို ဘာပြောနေတုန်း၊ အမေက ဘာပြောတယ်တော့ မကြားလိုက်ဘူး၊ သမီးလုပ်တဲ့ပုဂ္ဂိုလ်က သူ့-
စာမျက်နှာ-၄၈
အမေကို “တော်လုပ်စာကို ကျပ်စားနေတာ မဟုတ်ဘူးတဲ့။ လာပြီးတော့ လျှာမရှည်နဲ့”တဲ့၊ အမေကို သမီးကပြောနေတဲ့ စကား၊ ကိုယ်တိုင်ကြားခဲ့ရတာနော်၊ “တော်လုပ်စာ ကျုပ်စားနေတာ မဟုတ်ဘူး”တဲ့၊ ဘောသူတွေနဲ့ တူပါတယ်၊ တော်နဲ့ ကျုပ်တို့နဲ့ ပြောတာကြားလိုက်တာ၊ ကြည့်ပါလား အမေကိုများ ပြန်ရန်တွေ့တာ၊ ဒီတော့ အမေလုပ်တဲ့ပုဂ္ဂိုလ်က ပြန်မပြောရဲတော့ဘူး ငြိမ်သွားတယ်၊ အဲဒီမှာ စောစောကတော့ ဘာတွေပြောကြတယ်တော့ မသိဘူး၊ ကတောက်ကဆဖြစ်နေပုံတော့ရတယ်၊ အဲဒီမှာ “တော်လုပ်စာ ကျုပ်စားနေတာ မဟုတ်ဘူးတဲ့ လျှာမရှည်နဲ့”တဲ့၊ ဟော.. အဲဒါနဲ့ မိဘလုပ်တဲ့ပုဂ္ဂိုလ်က ပါးစပ်ကလေးပိတ် ဆေးလိပ်ကလေးသောက်ပြီး ဒီတိုင်းထိုင်နေရှာတယ်၊ ဘာမှမပြောတော့ဘူး၊ မီးရထားကြီးထွက်သွားတော့ သူတို့ကိုကြည့်ပြီးတော့ မျှော်ဖြစ်မှဖြစ်ရလေ၊ အမေအဖေကို ပြန်ငေါက်နေတယ်၊ အဲဒါတော့ ကိုယ်တိုင်တွေ့ခဲ့တဲ့ဟာပေါ့၊ တခြားတွေမှာလည်းပဲ ဒီလိုဟာတွေဟာ အလားတူရှိတယ်ပေါ့၊ အဲဒီလို ရိုသေလေးစားမှုတွေဟာ ကင်းမဲ့လာတတ်တယ်။

နောက်ပိုင်းကျတော့ သားသမီးလုပ်စာကို မိဘက မှီစားနေရမယ်ဆိုရင် အဲဒီမိဘဟာ ဩဇာမရှိတော့ဘူး၊ သားသမီးကြီးစိုးလာတယ်၊ သူတို့ပေးချင်မှပေးမယ်၊ သူ့စကားနားထောင်ရမယ်၊ သူထားတဲ့နေရာမှာနေရမယ်၊ သူခိုင်းတာလုပ်ရမယ်ဆိုတဲ့ အနေအထားမျိုးတွေကြောင့် မိဘတွေဟာ
စာမျက်နှာ-၄၉
သနားစရာအခြေအနေမျိုး ရောက်နေကြတယ်၊ လောကမှာ ရှိနေတာ အမှန်ပဲ၊ အဲဒီလိုအနေအထားမျိုးတွေဟာ စိတ်မကောင်းစရာဖြစ်တယ်၊ ငယ်စဉ်တောင်ကျေးက ကျွေးမွေးစောင့်ရှောက်လာတဲ့ကျေးဇူးတွေကို မထောက်ထားဘဲ ကိုယ်က လုပ်နိုင်ကိုင်နိုင်အရွယ်ရောက်လာတဲ့အခါ မိအိုဖအိုတွေကို ယခုလို ဆူလိုက်ငေါက်လိုက်နဲ့ဆိုတဲ့ အနေအထားမျိုးတွေဟာ အတော်ရင်နာစရာကောင်းတယ်၊ ယဉ်ကျေးမှုဟာ ပျက်ပြားလာတယ်လို့ဆိုရမယ်၊ အဲဒီလိုပျက်ပြားလာတော့ မိအိုဖအိုတွေ ယောက္ခမအမေအိုအဖေအိုတွေဟာ အားကိုးစရာမရှိဘူး၊ ကိုယ့်ကိုယ်ကိုလည်း မစွမ်းဆောင်တော့ဘူး၊ မစွမ်းဆောင်နိုင်တော့ သားကလေးသမီးလေးတွေ ချော့၊ မြေးကလေးတွေ ချော့လို့၊ အဲဒီလိုချော့မော့ပြီး သူတို့စိတ်ကျေနပ်အောင်လုပ်ပြီး ကျွေးတာလေးနဲ့ ကျေနပ်ပြီးနေရတယ်၊ ဒီလိုအမေအိုအဖေအိုတွေ လောကကြီးမှာ ရှိနေပြီပေါ့ ဒီလိုဆိုတာ -

ဒါကြောင့်မို့လို့ ထင်ပါရဲ့၊ ဘိုးဘွားရိပ်သာတွေ ရောက်သွားကြတာတွေ ရှိတယ်ပေါ့နော်၊ အဆင်ပြေတဲ့မိဘတွေရှိသလို အဆင်မပြေတဲ့မိဘတွေက သားသမီးတွေရဲ့ အအော်အောက်တွေ အဆူအပူတွေကိုခံပြီးတော့ ငြီးပြီးနေကြရတယ်၊ မိအိုဖအိုတွေဟာ လောကမှာ သနားစရာဖြစ်လာတယ်၊ ဒီဦးရေဟာ တဖြည်းဖြည်းတိုးတက်လာတယ်၊ နောက်ပိုင်းမှာ ကြီးတဲ့ပုဂ္ဂိုလ်ကို ရိုသေလေးစားရမယ်ဆိုတဲ့ ကိုယ်ကျင့်တရားတွေ
စာမျက်နှာ-၅၀
ဟာ ပျက်ပြားလာပြီး မာန်မာနတွေ တက်ကြွလို့ ကျေးဇူးတရားကို မထောက်ထားဘဲနဲ့ မိအိုဖအိုတွေကို အော်ငေါက်ပြီး နေတတ်တဲ့ သားဆိုးသမီးဆိုးတွေနဲ့ ကြုံတွေ့လာရတယ်၊ အနာဂတ်မှာ ဒီလိုအခြေအနေမျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်။

ဒီအိပ်မက်က လူ့လောကကြီးတစ်ခုလုံးအတွက် မက်တာ၊ မြန်မာပြည်အတွက်တင်မဟုတ်ဘူး၊ နိုင်ငံတကာမှာ ဒီလိုအနေအထားမျိုးတွေ ရှိတယ်၊ အမေရိကန်နိုင်ငံသွားတုန်းက မြန်မာလူမျိုးထဲကပဲ အမေရိကန်နိုင်ငံရောက်သွားပြီး အမေရိကန်နိုင်ငံမှာ ကြာကြာနေလိုက်လို့ရှိရင် အမေရိကန်လိုက်ဖ် (American life) ဝင်သွားတယ်၊ ပတ်ဝန်းကျင်က ဥပနိဿယပစ္စည်းကြောင့် ပတ်ဝန်းကျင်ပုံစံတွေ ဝင်သွားတဲ့အခါ အမေအဖေကို နှုတ်ဆက်ကာ “တာ့တာ”တဲ့နော်၊ လုပ်ချင်ရာလုပ်တယ်၊ သွားချင်ရာသွားတယ်၊ အမေအဖေကို နှုတ်ဆက်သွားတယ်၊ အဲဒီလောက်လေးပဲ၊ အမေအဖေကို ရိုသေလေးစားဖို့ အသာထားနော်၊ မိဘရှေ့ကော ဘာကော မသိဘူး၊ ဘာ friend ညာ friendတွေ ခေါ်လာကြတာ၊ အဲဒီလိုဟာမျိုးတွေ ရှိတော့ ဒကာကြီးတစ်ယောက်က ဘုန်းကြီးကို လျှောက်တယ်၊ “တပည့်တော် ဒီကောင်တွေ ခေါ်ပြီးတော့ ထားတာမှားတယ် ဘုရားတဲ့၊ သူတို့လုပ်ချင်ရာ လုပ်နေတာ၊ တပည့်တော်ဘာမှလည်း ပြောလို့မရတော့ဘူး” အဲဒါ တကယ်လျှောက်ထား-
စာမျက်နှာ-၅၁
တာ ကြားဖူးခဲ့တယ်ပေါ့။ လောကကြီး ဆုတ်ယုတ်ပျက်ပြားလာပြီဆိုရင် အခြေအနေတွေက ဒီတိုင်းပဲဖြစ်လာတယ်။

မြန်မာမိသားစုထဲကပဲ၊ အမေတွေအဖေတွေကတော့ သံယောဇဉ်မပြတ်နိုင်ဘူး၊ မြန်မာအမျိုးသမီးတစ်ဦးဟာ Black လို့ခေါ်တဲ့ ကပ္ပလီတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ပြောင်းချင်တဲ့ဆီကို ပြောင်းသွားတယ်၊ မိဘတွေကတော့ ဘယ်သွားတုန်း, မလာမလာနဲ့ မျှော်ကြတယ်၊ တယ်လီဖုန်းလည်း ဆက်မသွားဘူး၊ နောက်ကျတော့ သူတို့ပြောင်းချင်တဲ့နေရာ ပြောင်းသွားတယ်၊ အလုပ်အကိုင်ရှိရာ ပြောင်းသွားတယ်၊ မိဘကတော့ တမျှော်မျှော်နဲ့၊ ဒီလိုနေကြရတာ၊ အဲဒီလို မိဘတွေက ဩဇာကျသွားတဲ့အနေအထားမျိုးတွေရှိတယ်။

အဲဒီလိုအနေအထား ဖြစ်လာမှာကို ကြိုတင်ပြီး နွားမကြီးတွေဟာ ရှေ့ကဒူးကလေးနှစ်ဖက် တုပ်ပြီးတော့ ကနေ့မှမွေးကာစ နွားမငယ်ပေါက်စလေးရဲ့ နို့ကိုစို့ပြီးတော့ နေရတယ်ဆိုတဲ့အိပ်မက်ကို မြင်မက်တာ၊ ဒီမြင်ကွင်းဟာ အနာဂတ်မှာ မိအိုဖအိုတွေအတွက် မကောင်းတဲ့အတိတ်နိမိတ်တစ်ခု ဖြစ်ပေါ်လာခြင်းပဲ၊

နိုင်ငံခြားတွေမှာဆိုရင် မိအိုဖအိုကို ဂရုမစိုက်နိုင်ကြတော့ဘူး၊ စိုက်ချင်တောင်မှ မစိုက်နိုင်တဲ့အနေအထားဖြစ်တော့ ဘယ်ပို့တုန်းဆို Nursing Home ပို့ထားတယ်၊ တော်တဲ့သားသမီးဆိုရင် မိခင်ဖခင်သွားပြီးတော့ ကြည့်တယ်၊ အားပေးစကားလေးဘာလေး ပြောကြသေးတယ်၊ မိဘကို မလေး-
စာမျက်နှာ-၅၂
စားကြတဲ့ပုဂ္ဂိုလ်တွေကျတော့ အဲဒီပို့ထားပြီးတော့နော် တစ်လနေလို့လည်း မရောက်ဘူး၊ နှစ်လနေလို့လည်း မရောက်ဘူး၊ အဲဒီထဲမှာ complain တက်တဲ့ မိအိုဖအိုတွေဆိုရင် ဆေးနဲ့ငြိမ်အောင် ထိုးလိုက်တယ်လို့တောင် ကြားဖူးတယ်၊ complain လုပ်တဲ့ မိအိုဖအိုတွေကို Nursing Home မှာ စောင့်တဲ့ nurseတွေက ဆေးကလေးထည့်ပေးလိုက်လို့ရှိရင် ငြိမ်သွားတာတဲ့၊ အဲဒါ ငြိမ်ဆေးထိုးလိုက်တာ နောက်ဆုံးမှာ စန့်စန့်ကြီးဖြစ်သွားတာ၊ အဲဒီငြိမ်ဆေးက လုံးဝမလုပ်တော့တဲ့ ငြိမ်ဆေးထိုးပစ်လိုက်တာတဲ့၊ အဲဒီလိုတောင် ကြားခဲ့တယ် အမေရိကန်နေတုန်းကနော်။

ဒီတော့ ကောသလမင်းကြီး အိပ်မက်မက်တာဟာ ဒီကနေ့ခေတ်မှာ ဒါမျိုးတွေ ဖြစ်လာပြီဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ဂျာမနီနိုင်ငံသွားတုန်းကဆိုရင် အဘိုးကြီးတွေ အမယ်ကြီးတွေ ခြင်းကလေးတွေဆွဲပြီး ကိုယ့်ဟာကိုယ် ဈေးဝယ်နေကြတယ်၊ သားသမီးတွေရှိသော်လည်း သားသမီးတွေက မပြုစုကြဘူး၊ တချို့များဆိုရင် လမ်းတွင်ပဲ ဈေးဝယ်သွားရင်း ဆုံးသွားတာရှိတယ်၊ တချို့လည်း အိမ်ပေါ်မှာတင်ပဲ ဘဝအဆုံးသတ်သွားကြတယ်နော်၊ သားသမီးတွေက လုံးဝမကြည့်ကြတော့ဘူး၊ အဘိုးကြီး အဘွားကြီး တစ်ယောက်ယောက် ပဲ့သွားပြီဆိုလို့ရှိရင် ခွေးလေးတစ်ကောင် မွေးပြီးတော့ ခွေးလေးနဲ့ အဖော်လုပ်ပြီး သွားတာကိုလည်း တွေ့ရတယ်၊ ဈေးသွားဝယ်တယ်၊ ခြင်းကလေးနဲ့၊ အဲဒီလို လုပ်ကိုင်စားသောက်ကြရတဲ့
စာမျက်နှာ-၅၃
အမေအဖေတွေဟာ ဘဝမှာ သားသမီးတွေက ပစ်ထားခဲ့တာတွေ၊ ဒါမျိုးတွေ တော်တော်များတယ်ပေါ့။

တချို့နိုင်ငံတွေမှာ ဆိုလို့ရှိရင် မိဘတွေကို တောထဲ ခေါ်သွား၊ အဲဒီတောထဲမှာပဲ ကြိုးလေးတုပ်ပြီးတော့ ထားပစ်ခဲ့သတဲ့၊ ညကျတော့ ဝံပုလွေတွေ ဘာတွေ လာရင် စားသွားတာ၊ အဲလိုတောင် ထားတယ်ဆိုတာမျိုးတွေက ရှိလာပြီ၊ ဒီလို မိအိုဖအိုတွေကို မပြုစုနိုင်တဲ့အခါ တောထဲ ခေါ်သွားပြီးတော့ ထားပစ်ခဲ့တဲ့ဟာတွေ ဒီလိုဇာတ်လမ်းတွေတောင် ရှိတယ်ပေါ့နော်။

ဒီတော့ လောကကြီးဆုတ်ယုတ်ပျက်ပြားလာပြီဆိုရင် အင်မတန်မှ ရင်နာစရာ အဖြစ်အပျက်တွေ ဖြစ်ပျက်လာပြီ၊ နွားမကြီးတွေဟာ နွားမပေါက်စလေးရဲ့နို့ကို စို့ရသလိုပဲ မိဘတွေဟာ သားသမီးတွေ ကျေနပ်အောင် ချော့မော့ပြီး ကပ်ရပ်စားရတဲ့ဘဝမျိုး၊ အဲဒီကပ်ရပ်စားလို့ ကျေကျေနပ်နပ် လက်ခံထားရင်ပဲ ကျေးဇူးရှင်မကြီးတွေ ကျေးဇူးတင်ရဦးမှာပဲ၊ ကျေးဇူးရှင်ကြီးတွေ ဖြစ်ဦးမှာပဲ၊ အဲဒီလိုမဟုတ်ဘဲ ဝံပုလွေစာ ကျွေးရင် ဒုက္ခရောက်ဦးမှာပေါ့နော်၊ ဘဝမှာ အဲဒီလိုတွေတောင် ဖြစ်ကြရတယ်ပေါ့။

ဒါဟာ ကောသလမင်းရဲ့ တတိယမြောက်မြင်မက်တဲ့ အိပ်မက်ရဲ့ အကျိုးအပြစ်အနေနဲ့ မြတ်စွာဘုရားက ဒီလိုဟောကြားခဲ့တာ ဖြစ်တယ်ပေါ့။ “ဒီအိပ်မက်ကြောင့် သင်မင်းကြီးအတွက် ဘေးအန္တရာယ် ဘာမှ မဖြစ်ပါဘူးတဲ့၊ နောင်အနာဂတ်မှာဖြစ်ပေါ်လာမယ့် အခြေအနေတွေကို ကြိုတင်ပြီးတော့ မြင်မက်တာပဲ ဖြစ်တယ်”။
စာမျက်နှာ-၅၄
ဂတ်မှာဖြစ်ပေါ်လာမယ့်အခြေအနေတွေကို ကြိုတင်ပြီးတော့ မြင်မက်တာပဲ ဖြစ်တယ်”။
အိပ်မက် နံပါတ်-၄
ကောသလမင်းကြီးက စတုတ္ထမြောက်အိပ်မက်ကို မြတ်စွာဘုရားအား လျှောက်ပြန်တယ်၊ “အရှင်ဘုရားတဲ့ နောက်အိပ်မက်တစ်ခုကတော့ ခွန်အားဗလရှိပြီးတော့ ဝန်ထုပ်ဝန်ပိုးကို ထမ်းနိုင်လောက်တဲ့အရွယ်ရောက်တဲ့ လုံးရပ်သဏ္ဌာန်နဲ့ ပြည့်စုံတောင့်တင်းတဲ့နွားကြီးတွေ ရှိတယ်ဘုရားတဲ့၊ အဲဒီ ဝန်ရုန်းနိုင်တဲ့နွားကြီးတွေကို လှည်းထမ်းပိုးမှာ မကဘဲနဲ့ နွားပေါက်စလေးတွေကို ထမ်းပိုးမှာ ကတာ၊ နွားကြီးတွေကို ဖြုတ်ပစ်၊ ဖြုတ်ပစ်ပြီးတော့ ဘာမှဝန်မရုန်းနိုင်တဲ့ နွားပေါက်စလေးတွေကို ထမ်းပိုးမှာ ကတယ်၊ အဲဒီလို ကပြီးတော့ ဝန်ထုပ်တွေ တင်ပြီးတော့ လှည်းကို ရုန်းခိုင်းနေတယ်၊ အဲဒီလိုရုန်းခိုင်းတဲ့အခါမှာ လှည်းတွေက လုံးဝမရွေ့ဘူး၊ နွားလေးတွေက မသွားနိုင်ကြဘူး၊ ရုန်းကန်ပြီးတော့ နေကြတယ်ပေါ့၊ ဝန်ထုပ်ကို မဆောင်ရွက်နိုင်တာကို တပည့်တော်အိပ်မက်မက်တယ်”တဲ့။ လှည်းဘီးတစ်လိမ့်မှ မလိမ့်ဘဲနဲ့ ဒီလိုနေတာ၊ သို့သော်လည်းပဲ နွားကြီးတွေ ရှိလျက်သားနဲ့ နွားကြီးတွေ ဖယ်ပစ်ပြီး နွားပေါက်စလေးတွေကို ကပြီးတော့ လှည်းနဲ့ မောင်းတာကို မြင်ခဲ့ရတယ်၊ အဲဒါဟာ တပည့်တော် စတုတ္ထမြောက် မြင်မက်တဲ့
စာမျက်နှာ-၅၅
အိပ်မက်ပါပဲ၊ အဲဒီအိပ်မက်ရဲ့ အကျိုးအပြစ်ကရော ဘာဖြစ်နိုင်တုန်း။

မြတ်စွာဘုရားက ဒီအိပ်မက်ရဲ့ အကျိုးအပြစ်က လည်းပဲတဲ့ အခုဖြစ်မယ့်ဟာ မဟုတ်ဘူးတဲ့၊ နောင်တစ်ခေတ်ရောက်လာတဲ့အခါ ကိုယ်ကျင့်တရားကင်းမဲ့တဲ့ တရားဓမ္မနဲ့ အုပ်စိုးမှုမပြုကြတဲ့ မင်းစိုးရာဇာတွေလက်ထက် ရောက်လာလို့ရှိရင် ဒါမျိုး ဖြစ်လာနိုင်တယ်ပေါ့၊ နောင်အခါ လူ့လောကမှာ မင်းကျင့်တရားနဲ့အညီ အုပ်စိုးမှုမရှိတဲ့မင်းတွေရဲ့ လက်ထက်မှာ တကယ်ပညာရှိပြီး အစဉ်အလာကောင်းနဲ့ ပြည့်စုံပြီးတော့ မင်းမှုထမ်းသက်ရှည်လျားတဲ့ အသိပညာကြွယ်ဝတဲ့ ဆောင်ရွက်နိုင်စွမ်းရှိတဲ့ အမတ်ကြီးတွေကို ရာထူးမပေးဘူးတဲ့ ရာထူးက ဖြုတ်ပစ်တယ်၊ ခုနက ဝန်ထမ်းနိုင်တဲ့ နွားတွေကို ထမ်းပိုးကနေ ဖြုတ်ပစ်သလိုပဲ၊ အဲဒီလို တကယ့်ကို စွမ်းဆောင်နိုင်တဲ့ စွမ်းရည်သတ္တိရှိတဲ့ မျိုးရိုးကောင်းတဲ့ ပညာရှိတဲ့ပုဂ္ဂိုလ်တွေကို ရာထူးမပေးဘူးတဲ့၊ ဒါတင်မကဘူး တရားရုံးတွေမှာလည်း တရားဥပဒေကျွမ်းကျင်တဲ့ တကယ့် တရားသူကြီးတွေ ဥပဒေရေးရာကျွမ်းကျင်တဲ့သူတွေကို ရာထူးခန့်ထားခြင်း မပြုဘဲ ဥပဒေမကျွမ်းကျင်တဲ့ လူငယ်လူရွယ်တွေကို ရာထူးခန့်ထားကြတယ်တဲ့၊ တရားရုံးတွေမှာ အဲဒီလို ရာထူးအပြောင်းအလဲတွေ လုပ်ပြီး တကယ့်ပညာရှိတဲ့ ပုဂ္ဂိုလ်တွေကို မခန့်ဘဲနဲ့ ထားတယ်။
စာမျက်နှာ-၅၆
အဲဒီလိုထားတော့ ဘာတွေဖြစ်လာတုန်းဆိုတော့ သူတို့ဟာ မင်းမှုထမ်းတွေ လုပ်ဆောင်ရတဲ့ကိစ္စတွေကို သင့်တော်တယ် မသင့်တော်ဘူးဆိုတာတွေ တစ်ခုမှ မသိဘူး၊ မသိတော့ အဲဒီရာထူးရဲ့တာဝန်ဝတ္တရားတွေကို ထမ်းဆောင်နိုင်ခြင်း မရှိကြဘူးတဲ့၊ ကျေပွန်အောင် မထမ်းဆောင်နိုင်ကြဘူး၊ အဲဒီလို မထမ်းဆောင်နိုင်တဲ့အခါ အဲဒီအလုပ်ကို သူတို့ စွန့်ခွာနေကြတယ်။

အဲဒီမှာ အသက်အရွယ်ကြီးတဲ့ ပညာရှိအမတ်ကြီးတွေဟာ ဘာဖြစ်လာတုန်း၊ ရာထူးမရ အလုပ်အကိုင်မရှိတဲ့အခါကျတော့ “အေး ငါတို့ကို ဘေးဖယ်ထားလိုက်ပြီ၊ ငါတို့ဟာ အပြင်ရောက်သွားပြီ လူငယ်လူရွယ်တွေက ငါတို့ထက် အရာရောက်လာတယ်”ဆိုပြီး သူတို့တကယ်ကျွမ်းကျင်သော်လည်းပဲ ဘာမှ ဝင်ပြီးတော့ မပြောကြတော့ဘူး၊ သိပေမယ့်လို့ သိတာကို မပြောကြတော့ဘူး။

လူငယ်လူရွယ်တွေက မှားမှားယွင်းယွင်းတွေ လုပ်ဆောင်ကုန်ကြတယ်၊ လုပ်ရမယ့်ကိစ္စတွေဟာ အကုန်တလွဲတချော်တွေ ဖြစ်၊ မှန်မှန်ကန်ကန် မဖြစ်တော့ လုပ်ငန်းကိစ္စတွေဟာ အောင်မြင်မှုမရှိဘူးတဲ့၊ တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေရဲ့ ကိစ္စတွေဟာ အောင်မြင်မှုမရဘူး၊ မင်းတွေရဲ့ လုပ်ငန်းဆောင်တာကိစ္စတွေဟာ ဆုတ်ယုတ်ပျက်ပြားလာတယ်ပေါ့။ လုပ်ငန်းတွေ မအောင်မြင်တော့ဘူး၊ ဘယ်နေရာကြည့်လိုက်ကြည့်လိုက် တိုးတက်မှုမရှိဘဲနဲ့ ဆုတ်ယုတ်ပျက်ပြားမှုတွေ
စာမျက်နှာ-၅၇
ချည်းပဲ ဖြစ်လာတယ်။

ဥပမာမယ် တကယ်တာဝန်ထမ်းဆောင်နိုင်တဲ့ ရုန်းနိုင်တဲ့နွားကြီးတွေကို ဖြုတ်ပစ်ပြီးတော့ တာဝန်ထမ်းဆောင်နိုင်စွမ်းမရှိတဲ့နွားငယ်လေးတွေကို ထမ်းပိုးမှာ ကပြီး မောင်းခိုင်းတဲ့အခါမှာ ဘာမှ ဝန်ထုပ်ဝန်ပိုးကို မရုန်းနိုင်သလိုပဲတဲ့၊ အဲဒီလို မင်းစိုးရာဇာကိစ္စတွေဟာ အားလုံးပျက်ပြား ဆုတ်ယုတ်ပြီးတော့ သွားတယ်တဲ့။

နောင်တစ်ချိန်မှာ ဒါမျိုးတွေ ဖြစ်လာနိုင်တယ်တဲ့၊ လောကကြီးရဲ့ ဆုတ်ယုတ်ပျက်ပြားမှုတွေ လုပ်ငန်းကိစ္စတွေ မအောင်မြင်မှုတွေဟာ ဒီလိုအခြေအနေကြောင့် ဖြစ်ပေါ်လာမယ်၊ “ဒီအိပ်မက်ကြောင့် သင်မင်းကြီးမှာ ဘာမှ အန္တရာယ်မရှိဘူး၊ နောင်အနာဂတ်မှာ ဒါမျိုးတွေဟာ ဖြစ်ပေါ်လာနိုင်တယ်၊ ဒါကိုစွဲပြီးတော့ မက်ခြင်းသာ ဖြစ်တယ်”လို့ မြတ်စွာဘုရားက ဖြေရှင်းတယ်။
အိပ်မက် နံပါတ်-၅
နောက်တစ်ခါ ထူးထူးဆန်းဆန်း ပဉ္စမမြောက်အိပ်မက် အကြောင်းကို သူက လျှောက်ပြန်တယ် “တပည့်တော် ထူးထူးဆန်းဆန်း မြင်မက်တာတစ်ခုကတော့ ဘုရားတဲ့၊ ခေါင်းနှစ်လုံးနဲ့ မြင်းတစ်ကောင်ကို တပည့်တော်တွေ့တယ်တဲ့၊ ခေါင်းနှစ်လုံးဆိုတော့ ပါးစပ်နှစ်ပေါက် ရှိမှာပေါ့နော်၊ အိပ်မက်ထဲမှာ
စာမျက်နှာ-၅၈
ထူးထူးဆန်းဆန်း ခေါင်းနှစ်လုံးနဲ့မြင်းကြီးကို သူတွေ့ရတယ်တဲ့။

မြင်းက ခေါင်းနှစ်လုံးရှိတော့ ဟိုဘက်ခေါင်းကိုလည်း အစာကျွေးတယ်၊ ဒီဘက်ခေါင်းကိုလည်း အစာကျွေးတယ်၊ အစာကျွေးတော့ သူက ဟိုဘက်ပါးစပ်ကလည်း စားတယ်၊ ဒီဘက်ပါးစပ်ကလည်း စားတယ်နော်၊ အခုဟာနော် မြင်းတစ်ကောင်တည်းကနေ ခေါင်းနှစ်လုံးတဲ့၊ ခေါင်းနှစ်လုံးဆိုတော့ ပါးစပ်ပေါက်ပါတာပေါ့။ ဒီဘက်ပါးစပ်ကလည်း စားတယ်၊ ဟိုဘက်ပါးစပ်ကလည်း စားတယ်၊ ကိုယ်ကတော့ တစ်ခုတည်းပဲ။

"ထူးထူးဆန်းဆန်း အိပ်မက်ထဲမှာ ခေါင်းနှစ်လုံးနဲ့မြင်းတစ်ကောင် ဟိုဘက်ကလည်း ကျွေး ဒီဘက်ကလည်း ကျွေး၊ အဲဒါ နှစ်ဖက်စလုံး စားနေတာကို တပည့်တော်မြင်မက်တယ် ဘုရားတဲ့၊ ဒါ တပည့်တော်ရဲ့ငါးခုမြောက်အိပ်မက်ပဲတဲ့၊ အဲဒီအိပ်မက်ရဲ့ အကျိုးအပြစ်ကရော ဘယ်လိုဖြစ်လာနိုင်ပါသလဲ။

ဒါလည်းပဲ နောင်အခါမှာ ကိုယ်ကျင့်တရားပျက်ပြားတဲ့ မင်းစိုးရာဇာတွေရဲ့နိုင်ငံမှာ ဖြစ်ပေါ်လာနိုင်တယ်၊ နောင်အနာဂတ်ရောက်တဲ့အခါ ကိုယ်ကျင့်တရားပျက်ပြားတဲ့ မိုက်မဲတဲ့ မင်းစိုးရာဇာတွေဟာ ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ လော်လီတဲ့လူတွေ၊ လော်လီတဲ့လူတွေဆိုတာ ကိုယ်ကျင့်တရားလုံးဝမရှိတဲ့လူတွေကို တရားရုံးတွေမှာ ခန့်ထားလိမ့်မယ်၊ အဲဒီလို တရားရုံးတွေမှာ ခန့်ထားတဲ့အခါမှာ အကြောင်းအကျိုး
စာမျက်နှာ-၅၉
အကောင်းအဆိုးကို သူတို့နားမလည်ကြဘူးတဲ့၊ နားမလည်လို့ ဥပဒေကိုလည်း ဘယ်တော့မှ မလေးစားဘူး၊ တရားရုံးထိုင်ပြီးတော့ ဝိနိစ္ဆယချတဲ့အခါမှာ တရားလိုဘက်က ပေးတာလည်း ယူလိုက်တာပဲ တရားခံဘက်က ပေးတာလည်း ယူလိုက်တာပဲ၊ ဟိုဘက်က လာဘ်လည်း စားတယ်၊ ဒီဘက်ကလည်း စားတယ်၊ ဟိုဘက်ကလည်း ယူ ဒီဘက်ကလည်း ယူ နော်၊ အဲဒီလို နှစ်ဖက်တရားပြိုင်တွေ ပေးသမျှ လက်ဆောင်တွေကို စားတာတဲ့။

အဲဒါမျိုးတွေဟာ လောကကြီးမှာ ဖြစ်ပွားလာလိမ့်မယ်၊ ပိုပြီးတော့ ခေတ်စားလာနိုင်တယ်၊ အဲဒါကို စွဲပြီးတော့ ခုချိန်က အတိတ်နိမိတ်ပြတဲ့အနေနဲ့ မက်ခြင်းသာ ဖြစ်တယ်။ သင်မင်းကြီးရဲ့လက်ထက်မှာ ဘာမှမဖြစ်ဘူး၊ သင့်မှာလည်းပဲ ဒီအိပ်မက်ကြောင့် ဘယ်လိုဘေးရန်အန္တရာယ်မှ ဖြစ်နိုင်စရာ မရှိဘူးလို့ မြတ်စွာဘုရားက ဒီလိုမိန့်ကြားတယ်။
အိပ်မက် နံပါတ်-၆
ဒါဖြင့် ဘုရားတဲ့ တပည့်တော် ခြောက်ခုမြောက်မက်တဲ့အိပ်မက်ကလေးကို လျှောက်ပါရစေတဲ့။

ခြောက်ခုမြောက်မက်တဲ့အိပ်မက်က ဘာတုန်းဆိုရင် “တပည့်တော် လှည့်ကြည့်တဲ့အခါ လူအုပ်ကြီးတစ်အုပ်တွေ့တယ်၊ အဲဒီလူအုပ်ကြီးတွေ့တော့ တပည့်တော် သွားကြည့်တယ်၊ အိပ်မက်ထဲမှာပေါ့နော်၊ လူအုပ်ကြီးကို သွားကြည့်တဲ့
စာမျက်နှာ-၆၀
အခါ ဒီလူတွေ ဘာလုပ်နေကြတုန်းဆိုတော့ အဖိုးတစ်သိန်းတန်တဲ့ ရွှေခွက်ကြီးကို ဝင်းနေအောင် ပွတ်ထားပြီး ခြေလေးချောင်းရှိတဲ့သတ္တဝါတွေထဲမှာ အယုတ်မာဆုံးလို့ဆိုတဲ့ မြေခွေးတစ်ကောင်ကို အဲဒီခွက်ကြီးထဲမှာ ကျင်ငယ်စွန့်ဖို့ ကြိုးစားနေကြတယ်၊ ဆိုပြီးတော့ အဲဒီမြေခွေးကို ရွှေခွက်ကြီးနဲ့ ခံထားပြီး ကျင်ငယ်စွန့်အောင် ကြိုးစားနေကြတာကို သွားတွေ့တယ်”တဲ့။

မြေခွေးကို ရွှေခွက်နဲ့ ခံပေးပြီး ကျင်ငယ်စွန့်အောင် လုပ်နေကြတာ၊ အဲဒီမှာ မြေခွေးကလည်းနော် ပေါင်လေးတစ်ချောင်းမြှောက်ပြီးတော့ အဲဒီရွှေခွက်ထဲကို ပန်းထည့်နေတာတွေ့တာ၊ ထူးထူးဆန်းဆန်းပေါ့။ မြေခွေးဆိုတဲ့ကောင်ဟာ အဲဒီရွှေခွက်ကြီးထဲမှာ ကျင်ငယ်စွန့်နေတာကို တပည့်တော် မြင်ရတယ်ဘုရား၊ အင်မတန်မှ ထူးဆန်းတဲ့မြင်ကွင်းတစ်ခုကို တပည့်တော်တွေ့ရတယ်၊ အဲဒီအိပ်မက်ကို တပည့်တော် မြင်မက်တာပါလို့ လျှောက်တယ်။

မြတ်စွာဘုရားက “ဒါလည်းပဲ အခုအကျိုးသက်ရောက်မှု ဖြစ်ဦးမှာ မဟုတ်သေးဘူးတဲ့၊ နောင်အနာဂတ်မှာ အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်”တဲ့။

အဲဒီအကျိုးသက်ရောက်မှုကတော့ ဘာတုန်းဆိုရင် နောင်အနာဂတ်ရောက်တဲ့အခါမှာ တရားဓမ္မကို ကျင့်သုံးမှုမရှိဘဲနဲ့ မျိုးရိုးမကောင်းတဲ့ ငတပါးမင်းဆိုတာ တိုင်းပြည်အုပ်ချုပ်လိမ့်မယ်၊ ငတပါးမင်းဆိုတာ ဘုရင်မျိုးရိုးကလာတဲ့ဟာ
စာမျက်နှာ-၆၁
မဟုတ်ဘူး၊ လေးစားလောက်တဲ့ဟာတွေ မဟုတ်ဘူး၊ မြန်မာရာဇဝင်ထဲမှာ ရှိတယ်မဟုတ်လား၊ ငတပါးဆိုတာလေ၊ ငတပါးဆိုတာ Royal Family က မွေးလာတာ မဟုတ်ဘူး။ ကြားဖောက်ဝင်ရောက်လာတဲ့ မင်းတွေပေါ့၊ “အနာဂတေ အဓမ္မိကာ ဝိဇာတိရာဇ ရာဇာနော” လို့၊ ဝိဇာတိရာဇာဆိုတာ မင်းမျိုးမစစ်တဲ့အုပ်ချုပ်ရေးသမားတွေ မျိုးရိုးမစစ်တဲ့လူတွေ၊ အဲဒီမျိုးရိုးမစစ်တဲ့လူတွေက မျိုးရိုးကောင်းပြီး ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေကို မကြိုက်ဘူး၊ မျိုးရိုးကောင်း မျိုးရိုးသန့် ပညာတတ်တဲ့ပုဂ္ဂိုလ်တွေ အထက်တန်းကျတဲ့ပုဂ္ဂိုလ်တွေပေါ်မှာ မယုံဘူး၊ မယုံသည့်အတွက်ကြောင့် သူတို့လို မျိုးရိုးညံ့တဲ့ ပုဂ္ဂိုလ်တွေကို ရာထူးပေးတယ်တဲ့၊ အဲဒီလို ရာထူးပေးတဲ့အခါ မျိုးရိုးကောင်းတဲ့ပုဂ္ဂိုလ်တွေဟာ အလုပ်အကိုင်မရှိ ဆင်းရဲဒုက္ခရောက်လာကြတယ်၊ မျိုးရိုးညံ့တဲ့လူတွေက ခေါင်းဆောင်ဖြစ်လာတယ်၊ မျိုးရိုးကောင်းတဲ့ပုဂ္ဂိုလ်တွေက နောက်လိုက်ဖြစ်သွားကြရတယ်။

မျိုးရိုးကောင်းတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့ဘာမှမတတ်နိုင်တဲ့အခါ ဒီပုဂ္ဂိုလ်တွေကို အမှီပြုပြီး တို့တစ်တွေ အသက်မွေးကြရမှာပဲလို့ ဆိုပြီးတော့ မျိုးရိုးညံ့တဲ့ပုဂ္ဂိုလ်တွေကို သမီးကညာ ဆက်ကြရတယ်၊ ဒီလိုဖြစ်လာတယ်၊ ဒါက ရှေးက ဘုရင်တွေခေတ်မျိုး၊ သမီးဆက်တဲ့အခါမှာ မျိုးရိုးကောင်းတဲ့ သမီးတွေဟာ မျိုးရိုးညံ့တဲ့အမျိုးသားတွေနဲ့ ပေါင်းသင်းရတဲ့အနေအထားမျိုးတွေကို ရောက်သွားတာ၊ ဒီမှာ မျိုးရိုးညံ့တဲ့လူ
စာမျက်နှာ-၆၂
တွေက မြေခွေးပေါ့၊ မျိုးရိုးကောင်းတဲ့သတို့သမီးတွေက ရွှေခွက်ပေါ့၊ အင်မတန်မှ ယုတ်ညံ့တဲ့မြေခွေးကနေပြီးတော့ ရွှေခွက်ထဲမှာ ကျင်ငယ်စွန့်ထည့်တယ်ဆိုတာ လောကကြီးမှာ မျိုးရိုးကောင်းတဲ့ပုဂ္ဂိုလ်တွေဟာ အောက်တန်းကျသွားပြီးတော့ မျိုးရိုးညံ့တာတွေက အထက်တန်းရောက်လာတဲ့အနေအထားမျိုး၊ မျိုးရိုးကောင်းတဲ့ပုဂ္ဂိုလ်တွေဟာ မျိုးရိုးညံ့တဲ့ပုဂ္ဂိုလ်တွေကို ရိုကျိုးပြီးတော့ ဆက်သရတဲ့အနေအထားမျိုးတွေ နောင်အခါမှာ ဖြစ်လာနိုင်တယ်၊ ဒီအကြောင်းကို ရည်ညွှန်းပြီးတော့ အိပ်မက်ဟာ မက်လာတာ ဖြစ်တယ်၊ သင်မင်းကြီးမှာ အိပ်မက်ကြောင့် ဘာမှ ဘေးရန်အန္တရာယ်တွေ မဖြစ်ပါဘူးလို့ ဒီလိုမြတ်စွာဘုရားက ဖြေရှင်းတယ်။
အိပ်မက် နံပါတ်-၇
နောက် ဆက်ပြီး လျှောက်တယ်၊ “တပည့်တော် ခုနစ်ခုမြောက်မက်တဲ့ အိပ်မက်ကလေးကို ပြောပါရစေဦးဘုရားတဲ့၊ တပည့်တော် ဘာမြင်တုန်းဆို ခုံလေးတစ်ခုံပေါ်မှာ လူတစ်ယောက် ထိုင်ပြီး ကြိုးကျစ်နေတယ်ဘုရား၊ ကျစ်ထားတဲ့ကြိုးကို အောက်တွဲလောင်းချတဲ့အခါမှာ သူထိုင်တဲ့ခုံအောက်မှာ ဝပ်နေတဲ့မြေခွေးမတစ်ကောင်က ကျစ်ပြီးတော့ အောက်ချလိုက်တဲ့ ကြိုးစလေးကို ကိုက်ဖြတ်စားနေတယ်၊ အဲဒါကို တပည့်တော် သွားမြင်တယ်ဘုရား”တဲ့။
စာမျက်နှာ-၆၃
လူက ကြိုးကျစ်ပြီးတော့ အောက်ကို ကြိုးစတွေချပြီး ဆက်ကျစ်နေတဲ့အချိန်မှာ ခုံအောက်မှာ ဝပ်နေတဲ့မြေခွေးမက အကုန်ကိုက်ပြီးတော့ စားပစ်နေတယ်၊ ကျစ်သမျှကြိုးတွေဟာ အဲဒီမြေခွေးကိုက်တာနဲ့ အကုန်ပြတ်သတ်ပြီးတော့ ထွက်ကုန်တယ်တဲ့၊ အဲဒါကို တပည့်တော် မြင်မက်တယ်တဲ့၊ အဲဒီအိပ်မက်ရဲ့အကျိုးကတော့ ဘာရှိတုန်းဘုရားတဲ့။

အေး ဒါလည်းပဲ ခုချိန်မှာ ဖြစ်ပေါ်မယ့်အနေအထား မဟုတ်ဘူးတဲ့၊ နောင်အနာဂတ်ကျတော့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာမယ်၊ ဘာတုန်းဆိုရင် ဒါက အမျိုးသမီးတွေနဲ့ ပတ်သက်တယ်နော်၊ ဟုတ်မဟုတ်တော့ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ကြပေါ့နော်၊ အမျိုးသမီးလေးတွေဟာ သုရာလောလာတဲ့၊ အရက်သောက်တတ်လာကြတယ်၊ ဘီယာတွေ သောက်တတ်လာကြတယ်၊ အလင်္ကာရလောလာ-လှချင်ပချင်လာကြတယ်၊ ဝတ်ချင်ကြတယ်၊ သူများလို စိန်ရွှေဘယက်တွေ ဆင်ချင်တယ်၊ ရွှေတွေ ဝတ်ချင်စိတ်တွေ များလာကြတယ်၊ ဝိသိခါလောလာ-လမ်းပေါ် ထွက်ချင်လာကြတယ်။ အာမိသလောလာ-ကောင်းတာတွေ စားချင်လာကြတယ်၊ အဲဒီလို စားချင်လာတော့ ကိုယ်ကျင့်တရားတွေဟာ ပျက်ပြားလာတယ်၊ ပျက်ပြားလာတဲ့အခါမှာ မိသားစုအတွက် အမျိုးသားတွေက ကြိုးစားအလုပ်လုပ်ပြီးတော့ ရှာဖွေလို့အပ်လိုက်တဲ့ ပစ္စည်းဥစ္စာကို အရက်သောက်ပစ်တယ်၊ အဝတ်အစားတွေ ဝယ်တယ်၊ ဒီဇိုင်းလှလှထွက်တိုင်း ဝယ်တယ်၊ ဖက်ရှင်တွေ
စာမျက်နှာ-၆၄
လုပ်တယ်၊ “ကြိုးကျစ်ချသမျှကို မြေခွေးမစားသလို” ရှာဖွေသမျှ ပစ္စည်းဥစ္စာတွေကို အကုန်လုံး သုံးပစ်လိမ့်မယ်တဲ့။ အဲဒီလို သုံးဖြုန်းပစ်တာမျိုး နောင်အနာဂတ်ကျတော့ ပိုပိုပြီးတော့ များလာမယ်။

ပစ်ချသမျှကြိုးတွေကို မြေခွေးမက အောက်ကနေ စားပစ်သလိုပဲ ယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်က ရှာဖွေစုဆောင်းတဲ့ ပစ္စည်းဥစ္စာမှန်သမျှကို သုံးဖြုန်းပစ်လိမ့်မယ်တဲ့၊ ဒီလိုဟာမျိုး လောကမှာ ဖြစ်ပွားလာလိမ့်မယ်၊ ဒါကို အကြောင်းပြုပြီးတော့ ဒီအိပ်မက်မက်တာလို့ မြတ်စွာဘုရားက ဒီလိုအမိန့်ရှိပါတယ်၊ “ဒီအိပ်မက်ကြောင့် သင်မင်းကြီးမှာတော့ ဘာမှ ဘေးအန္တရာယ်ဖြစ်စရာ မရှိဘူး၊ နောင်လူ့လောက ဆုတ်ယုတ်လာတဲ့အခါမှာ ဒီလိုအနေအထားမျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်”။
အိပ်မက် နံပါတ်-၈
အဲဒါနဲ့ပဲ သူက ရှစ်ခုမြောက်အိပ်မက်ကို မြတ်စွာဘုရားကို လျှောက်တယ်၊ “သူ လှည့်လှည့်ကြည့်တယ်ဘုရားတဲ့၊ အိပ်မက်ထဲမှာ ဘာသွားတွေ့တုန်းဆို မင်းရဲ့နန်းတော်တံခါးနားမှာ ရေအိုးတွေ အများကြီးချထားပြီး အလယ်မှာ ရေပြည့်နေတဲ့အိုးကြီးတစ်လုံး ထားတယ်၊ ရေမရှိတဲ့အိုးအလွတ်တွေကို ဘေးက ရံထားတယ်၊ အဲဒီလို ရေပြည့်အိုးကို မီးကနေပြီးတော့ ရေမထည့်ရသေးတဲ့အိုးတွေ ရံထားတာကို
စာမျက်နှာ-၆၅
တပည့်တော်တွေ့ရတယ်ဘုရား”တဲ့၊ အဲဒီမှာ အရပ်လေးမျက်နှာကလူတွေဟာ ရေတွေ သယ်လာကြ၊ ပြီးတဲ့အခါ အလယ်ခေါင်ချထားတဲ့ ပြည့်နေတဲ့အိုးကြီးထဲကိုပဲ လောင်းထည့်ကြတယ်တဲ့၊ ရေမရှိတဲ့အိုးထဲကို ဘယ်သူမှ မလောင်းဘူးတဲ့၊ ရေပြည့်တဲ့အိုးထဲပဲ ထပ်လောင်းထည့်နေကြတယ်တဲ့၊ ရေမရှိတဲ့အိုးထဲကို ဘယ်သူမှ မလောင်းကြဘူးတဲ့၊ ဒီတော့ ရေပြည့်နေတဲ့အိုးထဲကို လောင်းထည့်လိုက်တဲ့ရေတွေဟာ အကုန်လုံး လျှံပြီးတော့ စီးထွက်သွားတယ်၊ ဒါပေမယ့် သူတို့က လောင်းနေတုန်းပဲ၊ ရေမရှိတဲ့ အိုးဟောင်းလောင်းတွေကို သူတို့က လုံးဝလှည့်မကြည့်ကြဘူး၊ ဒါ တပည့်တော် ရှစ်ခုမြောက်မြင်မက်တဲ့အိပ်မက်ပါဘုရား”တဲ့နော်။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက English by Stages ဆိုတဲ့ အင်္ဂလိပ်ဖတ်စာအုပ်တစ်အုပ်ထဲမှာ ပုံပြင်ကောင်းကောင်းလေးတွေ ရေးထားတာ ဖတ်ရတယ်၊ အဲဒီပုံပြင်ကောင်းလေးတွေထဲမယ် ခေါင်းစီးမှာ ဘာရေးထားတုန်းဆို "The wise fool" "အသိဉာဏ်ရှိသော လူမိုက်များ" ဆိုပြီးတော့ အသိဉာဏ်ရှိသော လူမိုက်များဆိုတဲ့ ခေါင်းစီးလေးနဲ့ ရေးထားတဲ့ ဇာတ်လမ်းလေးတစ်ခု ဖတ်ဖူးတယ်၊ အဲဒီဇာတ်လမ်းလေးမှာ လူတွေဟာ တော်တော်ကို ထူးဆန်းတဲ့အနေအထားမျိုး ရှိတယ်။

“နော်သင်ဂန်”ဆိုတဲ့ရွာလေး၊ အဲဒီမှာနေတဲ့လူတွေက တော်တော်ကို ထူးဆန်းတယ်၊ လူလေးယောက် သစ်ပင်
စာမျက်နှာ-၆၆
အောက်မှာ အိပ်နေကြတယ်၊ တစ်ယောက်ခြေထောက် တစ်ယောက် ယှက်ပြီး အိပ်နေကြတာ၊ ဘုရင်ရဲ့ မင်းမှုထမ်းတစ်ယောက်က မြင်းကြီးစီးပြီး အဲဒီနားက ဖြတ်သွားတယ်၊ လူတွေ ခြေထောက်တွေ တစ်ဦးနဲ့တစ်ဦး ယှက်ပြီး အိပ်နေကြတာ မြင်တော့ “ဟာ ဒီလူတွေ ထူးဆန်းလှချည်လား ဘာလုပ်နေကြတာပါလိမ့်” ဆိုပြီးတော့ မြင်းပေါ်က ခုန်ဆင်းပြီး “မင်းတို့ ဒီနား ဘာလုပ်နေကြတာတုန်း” “ကျွန်တော်တို့ မိုးရွာမှာ ကြောက်လို့ သစ်ပင်အောက် နေကြတာ”ဆိုတော့ “ဘယ်မလဲ၊ ကောင်းကင်မှာ တိမ်လည်း မရှိဘူး၊ မင်းတို့ အလုပ်မလုပ်ကြဘူးလား” ပြောတဲ့အခါ “ဟုတ်တယ် ကျွန်တော်တို့ အလုပ်လုပ်ချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ခြေထောက်ကို မမှတ်မိကြတော့ဘူး”တဲ့၊ တစ်ယောက်နဲ့တစ်ယောက် ယှက်ပြီးတော့ အိပ်နေကြတဲ့အခါ ကိုယ့်ခြေထောက်ကို မမှတ်မိလို့တဲ့။

ဒီတော့ ဘုရင်ရဲ့အမှုထမ်းက ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ အော် အဲဒီလိုလား၊ အဲဒါဆိုရင် မင်းတို့ ငါကူညီမယ်၊ ပိုက်ဆံပေးမလား”ဆိုတော့ “ပေးပါ့မယ်၊ ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာ ပေးမယ်၊ ကျွန်တော်တို့ခြေထောက်ကို ပြန်တွေ့အောင် ရှာပေးမလား” “ရှာပေးမယ်၊ ကောင်းပြီ”ဆိုပြီးတော့ မြင်းရိုက်တဲ့ကြာပွတ်ကို ယူပြီးတော့ ရွှတ်ခနဲချလိုက်တဲ့အခါ နာတော့ ခြေထောက်ရုတ်လိုက်တာပေါ့၊ နောက်တစ်ခါချလိုက် ရွှမ်းခနဲဆို နာတော့ အဲဒီကောင် ခြေထောက်ရုတ်
စာမျက်နှာ-၆၇
သွားတယ် အားလုံး မတ်တပ်ထရပ်လိုက်ကြတယ်၊ “ကျေးဇူးတင်လိုက်တာခင်ဗျား၊ သိပ်ကျေးဇူးတင်တာ၊ နို့မို့ဆို ကျုပ်တို့ အိမ်တောင် ပြန်ရမှာ မဟုတ်ဘူး”တဲ့။

အဲဒီမှာ ဘုရင်ရဲ့အရာရှိက “ဪတယ်ရူးတဲ့ကောင်တွေပါလား”လို့ ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ ခရီးဆက်ထွက်သွားတယ်၊ တကယ်တော့ ရူးချင်ယောင်ဆောင်ကြတာတဲ့။

နောက်ပိုင်း ဇာတ်ပေါင်းတဲ့အခါ အဲဒီရွာကလူတွေက တမင်အယောင်ဆောင်ကြတာပေါ့နော်၊ အဲဒီလို နော်သင်ဂန်ရွာကလူတွေက ဘာဖြစ်လို့ အရူးယောင်ဆောင်ကြသလဲဆိုတော့ ဇာတ်ပေါင်းခန်းမှာ ပြောတယ်၊ ဘုရင်ကြီးက ဒီလမ်းက သွားမှာမို့ အရာရှိကို ရှေ့ပြေးစုံစမ်းခိုင်းလိုက်တာ၊ အဲဒီလူက မြင်းစီးပြီး ဒီလမ်းကို စုံစမ်းတာ၊ ဒီလမ်းဘေးမှာရှိတဲ့လူတွေက ဘယ်လိုလူတွေလဲဆိုတာ ဘုရင်ကြီး သိအောင် သူက လာစုံစမ်းတာ၊ လာစုံစမ်းတဲ့အခါ ရူးချင်ယောင်ဆောင်လိုက်တော့ဟာ ဒီရွာကလူတွေက အရူးတွေချည်းပဲ သူတို့ဆီ လာလို့မဖြစ်ဘူးဆိုပြီး လမ်းကြောင်းပြောင်းသွားတယ်၊ အကယ်၍ ဘုရင်လာလို့ရှိရင် သူတို့မွေးထားတဲ့ ကြက်တွေဝက်တွေ အကုန်ပါသွားမှာ၊ အဲဒါကြောင့်မို့ ရူးချင်ယောင်ဆောင်ကြတာတဲ့။

ဘုရင်စစ်တပ် ဖြတ်သွားပြီဆိုရင် လမ်းရှိရွာတွေက ရိက္ခာတွေ အကုန်လုယက်ခံကြရတယ်၊ အဲဒါကြောင့် သူတို့ရွာလမ်းက မလာအောင် ရူးချင်ယောင်ဆောင်ကြတယ်၊ The
စာမျက်နှာ-၆၈
wise fool ဆိုတဲ့ ဇာတ်လမ်းလေးဟာ အတော်စိတ်ဝင်စားစရာကောင်းတယ်၊ စာအုပ်ရဲ့နာမည်က English by Stages တဲ့၊ တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေကို အဲဒီစာအုပ်မှာ ရေးထားတယ်။

ဒီတော့ အဲဒီလိုပဲနော်၊ အခု ဒီလူတွေလည်း ရေပြည့်နေတဲ့အိုးကိုပဲ ထပ်ဖြည့်ပြီး ရေမရှိတဲ့အိုးကို ဖြည့်တဲ့လူမရှိဘူး၊ လှည့်တောင်မကြည့်ကြဘူး၊ ရေတွေ လျှံထွက်နေတာတောင် လောင်းကုန်းပဲ၊ အဲဒါကို တပည့်တော်မြင်တယ်ဘုရားတဲ့၊ ဘာများ ဖြစ်နိုင်တုန်းဆိုတော့ “ဒါလည်း နောင်အနာဂတ်ကျမှ ဖြစ်မှာပါတဲ့၊ အနာဂတ်ရောက်တဲ့အခါ လူ့လောကကြီးဟာ ဆုတ်ယုတ်ပျက်ပြားလာလိမ့်မယ်တဲ့၊ ဆုတ်ယုတ်ပျက်လာတဲ့အခါ တိုင်းတွေပြည်တွေမှာ မြေဩဇာဓာတ်တွေ ယုတ်လျော့လာပြီး စိုက်ပျိုးလို့လည်း အောင်မြင်ကြမှာ မဟုတ်ဘူး၊ မအောင်မြင်တော့ တိုင်းပြည်မှာ အုပ်ချုပ်တဲ့မင်းတွေဟာ ဆင်းရဲနွမ်းပါးလာလိမ့်မယ်တဲ့၊ ဆင်းရဲနွမ်းပါးလာတဲ့အခါ အုပ်စိုးနိုင်တဲ့ပုဂ္ဂိုလ်က သူ့ရဲ့ဘဏ္ဍာတိုက်ကို ငွေဖြည့်တင်းလိမ့်မယ်၊ ငွေသိန်းချီ ချမ်းသာလိမ့်မယ်၊ ဘုရင်က ချမ်းသာပြီး တိုင်းသူပြည်သားတွေက ဆင်းရဲလာကြမယ်။

ရှိသမျှလူတွေဟာ ဘာလုပ်ကြတုန်းဆိုတော့ ကိုယ့်အလုပ်ကို ကိုယ်လုပ်ဖို့ရာတွေ မလုပ်နိုင်ကြတော့ဘူး၊ လူတွေဟာ ဒုက္ခရောက်လာတဲ့အခါကျတော့ ကိုယ့်အလုပ်ကို ဘေးဖယ်ထားပြီးတော့ ဘုရင်မင်းရဲ့ အလုပ်တွေကို လုပ်ကြရ
စာမျက်နှာ-၆၉
တယ်၊ ဘုရင်မင်းရဲ့ ဘဏ္ဍာကို ဖြည့်ဆည်းတဲ့အလုပ်တွေကို သူတို့လုပ်ကြရတယ်၊ ကောက်ပဲသီးနှံတွေ စိုက်ပျိုးကြရပြီး ရလာတာကို ရိတ်သိမ်း၊ အကုန်လုံးကို မင်းရဲ့ဘဏ္ဍာတိုက်ထဲပဲ အကုန်ထည့်ကြရတယ်၊ မင်းပိုင်တဲ့ ပြည့်ပြီးသားကျီတွေထဲမှာချည်းပဲ ထပ်ပြီးတော့ ပို့နေကြရတယ်တဲ့။

အဲဒီလို ပို့ရတာမျိုးတွေ နောင်တစ်ချိန်ကျတော့ ဖြစ်လာလိမ့်မယ်တဲ့နော်၊ ပြည့်လျှံနေတဲ့ ဘုရင်မင်းကိုသာလျှင် ဆက်သပြီးတော့ ဆင်းရဲတဲ့အိမ်တွေမှာ ဘာတစ်ခုမှ မရှိဘူး၊ အကုန်လုံးဟာ အိမ်နဲ့ဟောင်းလောင်း၊ ဒီလိုဖြစ်နေတဲ့ အနေအထားမျိုးတွေဟာ နောင်တစ်ချိန်ကျတော့ ဖြစ်ပေါ်လာလိမ့်မယ်၊ ပြည့်နေတဲ့အိုးကိုသာ ထပ်လောင်းနေကြရပြီး ရေဟောင်းလောင်းဖြစ်နေတဲ့ အိုးတွေထဲကို ဘယ်သူမှ မလောင်းကြသလို ကိုယ့်အိမ်မှာ ကိုယ့်ဝမ်းဖြည့်ဖို့ရာ မလုပ်နိုင်ကြဘူးတဲ့၊ အားလုံးဟာ ဘုရင့်ဘဏ္ဍာကိုပဲ ဖြည့်တင်းပေးနေကြရတယ်ဆိုတာဟာ နောင်တစ်ချိန်ကျတော့ ဖြစ်ပေါ်လာနိုင်တယ်ပေါ့၊ အဲဒီဖြစ်ပေါ်လာမယ့်အနေအထားအတွက် ဒီအိပ်မက်မျိုးကို မက်တာဖြစ်တယ်တဲ့၊ သင်မင်းကြီးမှာ ဒီအိပ်မက်ကြောင့် ဘေးရန်ဖြစ်ပေါ်လာနိုင်စရာ မရှိဘူးလို့ မြတ်စွာဘုရားက ဒီရှစ်ခုမြောက်အိပ်မက်ကို အခုလို ဟောကြားခဲ့တာ ဖြစ်တယ်ပေါ့။

မြတ်စွာဘုရားဟာ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို ကြိုတင်မက်တယ်ဆိုတာကို ဖြေရှင်းပြီး
စာမျက်နှာ-၇၀
တော့ ဘုရင်မင်းကြီးကို အကျိုးအကြောင်း ရှင်းပြတော်မူခဲ့တာ ဖြစ်တယ်။

တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ “ကောသလအိပ်မက်နှင့် ယနေ့ကမ္ဘာ”ဟာ ဆက်စပ်မှုတွေ ရှိနေတယ်နော်၊ နိုင်ငံတကာမှာ ဒီလိုဆက်စပ်မှုတွေ ရှိနေတဲ့အရာတွေကို သုတေသနလုပ်ကြည့်မယ်ဆိုရင်တော့ နိုင်ငံပေါင်းတော်တော်များများမှာ ဆက်စပ်မှုတွေ့ရှိနိုင်စရာ အကြောင်းရှိတယ်။

လူ့လောကကြီးမှာ ဒီလိုအခြေအနေမျိုးကို ဆိုက်လာနေတယ်ဆိုတာ ကောသလမင်းကြီးရဲ့ အိပ်မက်ကြောင့် ဖြစ်တာတော့ မဟုတ်ဘူး၊ ဖြစ်ပေါ်လာတာကတော့ တခြားအကြောင်းကြောင့်သာ ဖြစ်တယ်၊ အိပ်မက်ကြောင့် ဒီလိုဖြစ်ရတာ မဟုတ်ဘူး၊ ဒီတော့ အိပ်မက်မက်တဲ့လူကို အပြစ်ကင်းစရာ မဟုတ်ဘူးပေါ့၊ ကနေ့ဖြစ်ပေါ်နေတဲ့အခြေအနေမျိုးတွေဟာ ကမ္ဘာမှာ ဒီလိုအခြေအနေဆိုးတွေနဲ့ ကြုံတွေ့နေရတဲ့နေရာမျိုးတွေဟာ မရှိဘူးလို့ မဆိုနိုင်ဘူး၊ တစ်စတစ်စ များပြားပြီးတော့သာ လာနိုင်စရာရှိနိုင်တယ်လို့ ဒီလိုမှတ်သားကြရမှာ ဖြစ်တယ်၊ လောကကြီးဆိုတာ အခုလိုအခြေအနေမျိုးတွေနဲ့ ကြုံတွေ့ရတဲ့ခေတ်အခါမျိုးတွေဟာ ရှိတာဖြစ်သောကြောင့် သတိသံဝေဂတရား ကြီးကြီးထားပြီး မိမိတို့ဘဝမှာ တရားဓမ္မကျင့်သုံးကြရမှာပါ၊ တရားနဲ့အညီ ကုသိုလ်တရားဖြစ်ပွားအောင် တို့တတွေ ကြိုးစားကြရမှာပါ
စာမျက်နှာ-၇၁
ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကုသိုလ်တရား ဖြစ်ပွားအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
သာဓု သာဓု သာဓု။
စာမျက်နှာ-၇၂

စာမျက်နှာ-၇၃

အပိုင်း-၃
သာသနာတော်နှစ် ၂၅၅၈-ခု၊ ကောဇာသက္ကရာဇ် ၁၃၇၆-ခု၊ နှောင်းတန်ခူးလပြည့်ကျော် ၁၂-ရက်၊ ၁၅-၄-၂၀၁၅။ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာရွာ ဓမ္မသဟာယသာသနစင်တာ ဓမ္မရတိ မဟာဓမ္မသဘာဓမ္မာရုံကျောင်းတော်ကြီးအတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် နှစ်သစ်ကူး အထူးဓမ္မသဘင်ပွဲ၌ မုံရွာမြို့ မိဘများဖြစ်ကြသော ဦးလှအောင် ဒေါ်ခင်မေရီတို့အား ရည်စူး၍ သားမောင်ချမ်းမြေ့အောင်နှင့် ဒေါက်တာတင်အောင် ဒေါ်ခင်ဌေးတို့အား အမှူးထား၍ အမှတ် ၁၁၇၄/၂ ရွှေနှင်းဆီ ၅ လမ်း ကိုးမိုင်ရန်ကုန်မြို့ ဦးအောင်လွင်အောင် ဒေါ်ဣန္ဒာအောင် သား မောင်အောင်စည်ဖြိုး သမီး မနောသီရိလွင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ကောသလအိပ်မက်နှင့် ယနေ့ကမ္ဘာ အပိုင်း-၃” အကြောင်း တရားဒေသနာတော်။
စာမျက်နှာ-၇၄
ကောသလမင်းကြီးက အိပ်မက်ရဲ့ အကျိုးအပြစ်တွေကို မေးလျှောက်တဲ့အခါမှာ မြတ်စွာဘုရားက တစ်ခုချင်း နားထောင်ပြီး အိပ်မက်ရဲ့ အကျိုးအပြစ်တွေကို ရှင်းလင်းဟောကြားတော်မူတယ်၊ ကောသလမင်းကြီးရဲ့ အိပ်မက် တစ်ဆယ့်ခြောက်ချက်ထဲက ဒီကနေ့ ကိုးခုမြောက်အိပ်မက်အကြောင်းကို ကောသလမင်းကြီးက လျှောက်ထားတယ်။
အိပ်မက် နံပါတ်-၉
“တပည့်တော်အိပ်မက်ထဲမှာ တောထဲက ရေအိုင်ကြီး တစ်တိုင်ကို ထူးထူးဆန်းဆန်းတွေ့ရပါတယ်၊ အဲဒီရေအိုင်ကြီးဟာ လှလှပပ အရောင်ငါးမျိုးရှိတဲ့ကြာမျိုးစုံ ပွင့်လန်းနေတာကိုတွေ့ရပါတယ်၊ တွေ့တဲ့အခါမှာ ထူးခြားတဲ့အချက်ကို တပည့်တော် သတိပြုမိတာ ရှိပါတယ်၊ အဲဒီရေအိုင်ကြီးကို ပတ်ဝန်းကျင်အရပ်လေးမျက်နှာက တောရိုင်းသတ္တဝါတွေ လာရောက်ပြီး ရေကန်ကမ်းစပ် ဆင်းပြီးတော့ ရေသောက်ကြတယ်ဘုရား၊ အဲဒီရေကန်ကြီးဟာ သားကောင်တွေ ဆင်းပြီးသောက်တဲ့ကမ်းစပ်တွေမှာ ရေက ကြည်ပြီးတော့နေတယ်၊ အလယ်ခေါင် ကြည့်လိုက်တဲ့အခါ ရေတွေက နောက်နေတာကို တပည့်တော် သတိပြုမိတယ်ဘုရား၊ တကယ်ကတော့ တိရစ္ဆာန်တွေ ကျွဲနွားတွေ ဆင်းပြီးတော့ သောက်တဲ့နေရာတွေဟာ သူတို့ဆင်းလို့ ခွာရာကြောင့် ရေနောက်စရာကောင်းတယ်၊ ရေက ကမ်းစပ်မှာ လုံးဝမနောက်ဘဲနဲ့ အလယ်
စာမျက်နှာ-၇၅
ခေါင် သွားရောက်နေတာ တပည့်တော် တအံ့တသြ ဖြစ်ခဲ့တယ်၊ အဲဒီအိပ်မက်ကို တပည့်တော်မြင်မက်ပါတယ်”တဲ့၊ “အဲဒီအိပ်မက်ရဲ့ အကျိုးအပြစ်ကကော ဘယ်လိုများ ဖြစ်နိုင်ပါသလဲ ဘုရား။

မြတ်စွာဘုရားက “ဒီအိပ်မက်ရဲ့ အကျိုးဟာလည်း အခုအချိန်မှာတော့ ဘာမှဖြစ်ဦးမှာမဟုတ်သေးဘူးတဲ့၊ နောင်တစ်ခေတ် လူ့လောကမှာ အုပ်စိုးကြတဲ့မင်းစိုးရာဇာတွေဟာ တရားဓမ္မနှင့်အညီ တိုင်းပြည်တွေကို အုပ်စိုးမှုမပြုကြဘဲနဲ့ အဂတိတရားလေးပါး လိုက်စားပြီးတော့ တိုင်းပြည်ကို အုပ်ချုပ်ကြလိမ့်မယ်၊ အဂတိလေးပါးလိုက်စားလို့ တရားဥပဒေရဲ့ ဆန့်ကျင်ဘက်နဲ့ တိုင်းပြည်ကို အုပ်စိုးရုံမျှမက တရားဥပဒေဖြင့် ရုံးပြင်ကနားတွေမှာ အဆုံးအဖြတ်ပေးရမယ့်အစား ‘ငွေများ တရားနိုင်’ ဆိုတာလို တန်စိုးလက်ဆောင်ပေးတဲ့ပုဂ္ဂိုလ်တွေကို အနိုင်ပေးလေ့ရှိကြတယ်၊ အနိုင်ပေးလေ့ရှိတော့ ‘ရလေလိုလေ အိုတစ္ဆေ’ ဆိုတဲ့အတိုင်း အဲဒီငွေကြေးဓန ရလေလေ ပိုပြီးတော့ လိုချင်လေလေ၊ ‘ဓနုလောလ’ လို့ခေါ်တာ၊ ဥစ္စာပစ္စည်းတွေအပေါ်မှာ ပိုပိုပြီး လိုချင်လောဘတွေဟာ ကြီးလာတယ်၊ ကြီးလာရုံမျှမက တရားဥပဒေရင်ဆိုင်ရလို့ ငွေမပေးနိုင်လို့ တရားရှုံးသွားကြပြီး ငိုကြယိုကြတဲ့ပုဂ္ဂိုလ်တွေအပေါ် သနားကြင်နာကရုဏာ မထားနိုင်ဘဲနဲ့ ငွေကြေးဓနပေးနိုင်တဲ့ပုဂ္ဂိုလ်တွေကို အနိုင်ပေးတယ်၊ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံကြ
စာမျက်နှာ-၇၆
တယ်၊ မပေးနိုင်တဲ့ပုဂ္ဂိုလ်တွေကို တရားရှုံးအောင် လုပ်ပြီး ပေးနိုင်တဲ့ပုဂ္ဂိုလ်တွေကို အနိုင်ပေး ဆုံးဖြတ်ကြတယ်”။

အဲဒါတင်မကဘူး၊ ဘုရင်နေတဲ့မြို့တော်တွေမှာဆိုရင် အခွန်အတုတ်တွေ များစွာကောက်တဲ့အခါမှာ လူတွေဟာ အခွန်ပေးလွန်းအားကြီးပြီး ဒုက္ခတွေရောက်လာကြတယ်၊ အခွန်နှိပ်စက်သည့်အတွက်ကြောင့် လူတွေဟာ မြို့ထဲရွာထဲမှာ မနေကြတော့ဘူး၊ တောတောင်ဇနပုဒ်တွေ တောတောင်ထူထပ်တဲ့နေရာတွေကို ထွက်သွားကြပြီး အပြင်မှာပဲ နေကြတယ်တဲ့၊ တိုင်းပြည်ရဲ့ မြို့တွေမှာ လူဦးရေနည်းပါးသွားတယ်၊ မြို့ထဲရွာထဲမှာလူတွေ နည်းပါးပြီး တောတွေဘောင်တွေထဲမှာ သွားရောက်ပြီး ဖြစ်သလို လုပ်ကိုင်စားသောက်နေကြတယ်၊ ဒီလိုဆိုတယ်၊ အဲဒီလို ဖြစ်သလို လုပ်ကိုင်စားသောက်တော့ တောတွေတောင်တွေ မြို့စွန်တွေမှာ လူစည်ကားပြီး မြို့ထဲမှာ ကျတော့ ခြောက်ကပ်နေတယ်၊ အဲဒီအချိန်ကျတော့ အဲဒီအနေအထားမျိုးတွေ ဖြစ်လာမယ်။

ဒါကြောင့်မို့လို့ ဒီရေကန်ကြီးဟာ အနားမှာကြည်နေပြီးတော့ အလယ်ခေါင်မှာ နောက်နေတယ်ဆိုတာ အဲဒီသဘောကို ဆောင်တယ်၊ ‘အနားကြည်၍ အလယ်ရေနောက်’ တဲ့ရေအိုင်ကြီးလိုပဲ အလယ်ဖြစ်တဲ့ မင်းစိုးရာဇာတွေနေတဲ့နေရာတွေမှာ လူဦးရေတွေ လျော့သွားပြီး စည်ကားမှုမရှိတော့ဘူး၊ တောတွေတောင်တွေမှာ သွားပြီးတော့ လူတွေ
စာမျက်နှာ-၇၇
စည်ကားနေကြတယ်၊ အနားကြည်ပြီးတော့ အလယ်နောက်တာနဲ့ တူတယ်။

မြတ်စွာဘုရားက “နောင်တစ်ချိန် ဖြစ်ပေါ်လာမယ့် အခြေအနေဟာ ဒီပုံစံအတိုင်း လူ့လောကကြီးမှာ ဖြစ်ထွန်းလာလိမ့်မယ်၊ အတိတ်နိမိတ်အနေနဲ့ ဒီအိပ်မက်ကို မက်တာဖြစ်တယ်၊ သင်မင်းကြီးအတွက် ဒီအိပ်မက်ကြောင့် ဘယ်လိုမှ အကျိုးဆက် သက်ရောက်နိုင်ဖွယ်ရာ မရှိဘူး၊ နောက်အိပ်မက်တစ်ခု ပြောပါဦး” လို့ဆိုတော့ ကောသလမင်းကြီးက နောက်အိပ်မက်တစ်ခုကို ဆက်လက်ပြီး လျှောက်ထားတယ်၊ သူကလည်း မက်လိုက်တာ၊ အိပ်မက်တွေကလည်း စီကာစဉ်ကာနော် တစ်ရက်တည်း မက်တာမှ ဟုတ်ရဲ့လား မသိပါဘူး။
အိပ်မက် နံပါတ်-၁၀
ဘုရင်က ဘယ်လိုလုပ်ပြီး မီးဖိုချောင်ရောက်သွားသလဲတော့ မသိဘူး၊ မီးဖိုချောင်ရောက်သွားတယ်၊ “အိပ်မက်ထဲမှာ ထမင်းအိုးတစ်လုံး ချက်နေတာ၊ အဲဒီချက်နေတဲ့ ထမင်းအိုးဟာ ထူးထူးဆန်းဆန်း ဖြစ်တယ်၊ ထမင်းအိုးက အိုးတစ်လုံးတည်းမှာပဲ ထမင်းဟာ တစ်နေရာက ပျော့ပြီး တစ်နေရာက မာ၊ ပြီးတော့ တစ်နေရာကမှ ကောင်းကောင်းကျက်တယ်တဲ့၊ ထမင်းအိုးတစ်အိုးတည်းမှာပဲ သုံးမျိုးဖြစ်သွားတယ်၊ တမင်ချက်ရင်တောင် ဖြစ်ဖို့မလွယ်ဘူးလေ၊ အိုးတစ်အိုးတည်းမှာဆိုရင်
စာမျက်နှာ-၇၈
တစ်နေရာက ပျော့မနပ်၊ တစ်နေရာက မာ၊ တစ်နေရာကမှ ကျက်တယ်၊ အဲဒီလို ထမင်းအိုးတစ်လုံးတည်းမှာပဲ ထမင်းသုံးမျိုးသုံးစား ဖြစ်ပေါ်လာတာကိုတွေ့ရှိရလို့ အလွန်အံ့ဩမိပါတယ်၊ အိပ်မက်ထဲမှာ ဒီအိပ်မက်ကို မြင်မက်ခဲ့တာ ဖြစ်လို့ ဒီအိပ်မက်ရဲ့ အကျိုးအပြစ်ကကော ဘယ်လိုဖြစ်နိုင်ပါသလဲ ဘုရား” လို့ လျှောက်တော့ မြတ်စွာဘုရားက “ခုအချိန်မှာ ဖြစ်လာမယ့်အခြေအနေ မရှိဘူး”။

ဒါရဲ့သင်္ကေတက ဘာတွေတုန်းဆိုရင် နောင်နှစ်ပေါင်းကြာလာတဲ့အခါ လူ့လောကမှာ တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေဟာ တရားဓမ္မနဲ့အညီ မအုပ်စိုးကြတော့ဘူး၊ မင်းစိုးရာဇာတွေ တရားပျက်တဲ့အခါကျတော့ မင်းမှုထမ်းတွေကလည်းပဲ တရားပျက်လာတယ်တဲ့၊ မင်းမှုထမ်းတွေ တရားပျက်လာတဲ့အခါမှာ တိုင်းသူပြည်သားတွေလည်း တရားပျက်လာတယ်၊ အဲဒါကို ပြောတာ “ခေါင်က မိုးမလုံဘူး” ဆိုတာ။

တိုင်းပြည်အုပ်ချုပ်တဲ့ မင်းစိုးရာဇာတွေဆိုတာ ဦးစီးခေါင်းဆောင်တွေ၊ ဘုရင်က တရားမစောင့်ဘူးဆိုတော့ မင်းမှုထမ်းတွေကလည်း တရားမစောင့်ကြတော့ဘူး၊ သူတို့တရားမစောင့်ရင် တိုင်းသူပြည်သားတွေက ကောင်းလာလားဆိုတော့ မကောင်းဘူး၊ သူတို့လည်း တရားမစောင့်ကြတော့ဘူး၊ ကိုယ်ကျင့်တရားတွေ ပျက်ပြားလာကြတယ်၊ လူတွေဟာ တရားမစောင့်တဲ့အနေအထားမျိုးတွေ ဖြစ်ပြီးတော့ မတရားမှုတွေ များလာတယ်၊ တရားဥပဒေနဲ့ ဆန့်ကျင်ဘက်တွေ လုပ်
စာမျက်နှာ-၇၉
လာကြတယ်။

လူ့လောကမှာ ရွှေခေတ်လို့ဆိုရတဲ့အချိန်အခါတုန်းက စကြဝတေးမင်းဆိုတဲ့ဘုရင်တွေဟာ တရားသဖြင့် တိုင်းပြည်ကို အုပ်စိုးကြတယ်၊ အုပ်စိုးပြီး အချိန်တန်အရွယ်ရောက်လို့ ထီးနန်းစည်းစိမ်ကို ဆက်ခံမယ့်သားတော်ကြီးကို လွှဲအပ်တဲ့အခါမှာ သူ့သားတော်ကို မှာတယ်၊ မှာတဲ့စကားမှာ “မာ တေ တာတ ဝိဇိတေ အဓမ္မကာရော ပဝတ္တယိတ္ထ” “ငါ့သား မင်းအုပ်ချုပ်တဲ့နိုင်ငံမှာ မတရားမှုတွေ မဖြစ်စေနဲ့နော်”၊ ဒီစကားကို ထည့်မှာတယ်ပေါ့၊ ဘာဖြစ်လို့တုန်းဆိုရင် ဦးစီးခေါင်းဆောင်လုပ်တဲ့မင်းက မတရားဘူးဆိုရင် မင်းမှုထမ်းတွေကလည်း တရားမစောင့်ကြတော့ဘူး၊ မင်းမှုထမ်းတွေ တရားမစောင့်သွားရင် တိုင်းသူပြည်သားအားလုံးဟာလည်း တရားမစောင့်တော့ဘူး၊ ဒီတင်ရပ်လားဆိုတော့ မရပ်သေးဘူး၊ လူတွေတရားကင်းမဲ့သွားပြီဆိုတဲ့အခါ လူတွေနဲ့ ဆက်စပ်နေတဲ့ အိမ်စောင့်နတ်တွေ ကိုယ်စောင့်နတ်တွေလည်း တရားပျက်လာကြတယ်။

လူတွေရဲ့ အကျင့်ပျက်မှုက နတ်တွေထိအောင် ကူးစက်တတ်တယ်ဆိုတဲ့ အဓိပ္ပါယ်နော်၊ “လူတွေကောင်းမှ နတ်ကောင်းမယ်” ဆိုတဲ့ အဓိပ္ပါယ်မျိုး ရောက်နေတယ်နော်၊ ဒီတော့ လူတွေတရားပျက်တဲ့အခါမှာ နတ်တွေလည်း တရားပျက်လာတယ်၊ လူတွေရဲ့ အပူဇော် “ဒေဝတာဗလီ” ကို ခံကြတဲ့ နတ်တွေလည်း တရားပျက်လာကြတယ်၊ ဘုမ္မစိုး ရုက္ခစိုးတွေ
စာမျက်နှာ-၈၀
လည်း တရားပျက်လာတယ်၊ ဘုမ္မစိုးတွေ ရုက္ခစိုးတွေ တရားပျက်တော့ ကောင်းကင်ယံဗိမာန်မှာ နေကြတဲ့ “အာကာသဋ္ဌ” အာကာသစိုးနတ်တွေလည်း တရားပျက်လာကြတယ်တဲ့၊ တရားမစောင့်ကြတော့ဘူး။

အဲဒီလို ဆင့်ကဲဆင့်ကဲနဲ့ တရားပျက်လာတဲ့အခါမှာ ဘာတွေဖောက်ပြန်လာတုန်းဆိုရင် လေလမ်းကြောင်းတွေဟာ ပြောင်းလာတယ်၊ လေတွေက လမ်းမမှန်တော့ ကောင်းကင်မှာရှိကြတဲ့နတ်ဗိမာန်တွေကို လေတိုက်တဲ့အခါမှာ ဗိမာန်တွေက လှုပ်ရှားသွားတယ်၊ ရာသီဥတုမကောင်းတဲ့အခါ လေယာဉ်ပျံစီးတော့ လှုပ်သလိုနေမှာပေါ့၊ နတ်ဗိမာန်ကြီးတွေဟာလည်း ကောင်းကင်မှာ ရှိနေတော့ လေနဲ့တွေ့တဲ့အခါ လှုပ်ကုန်ကြတယ်၊ အဲဒီလို ဗိမာန်ကြီးတွေလှုပ်လာတဲ့အခါ ဗိမာန်ထဲမှာနေတဲ့နတ်တွေက စိတ်ဆိုးတယ်၊ လေယာဉ်ပျံစီးတဲ့အခါလည်း လေယာဉ်ပျံလှုပ်သွားပြီဆိုရင် ခါးပတ်တွေပတ်ထားပြီး ဣတိပိသော ရွတ်ကြ၊ အဌာနမေတံ ရွတ်ကြနဲ့ လုပ်ကြရမဟုတ်လား။

နတ်တွေကလည်း သူတို့ဗိမာန်တွေ လှုပ်လာတဲ့အခါကျ စိတ်ဆိုးကြတယ်၊ “ဘာဖြစ်လို့ဒီလို ဖြစ်ရတာလဲ၊ ခါတိုင်းတို့ဗိမာန်တွေ ဘာမှမဖြစ်ဘူး၊ အခု လေတိုက်လို့ လှုပ်လာပြီ” လှုပ်တော့ နတ်တွေက စိတ်ဆိုးပြီး မိုးမရွာအောင် လုပ်လိုက်တယ်။

လူ့လောကမှာ မိုးကွက်ကြားရွာလာခဲ့ပြန်တယ်၊ ဟို
စာမျက်နှာ-၈၁
နားလေး ရွာတယ်၊ ဒီနားကျတော့ မရွာပြန်ဘူးနော် မိုးကွက်ကြားတွေ ရွာလာတယ်၊ မိုးကွက်ကြားရွာလာတဲ့အခါ မိုးကောင်းတဲ့နေရာက ကောင်း၊ မကောင်းတဲ့နေရာက မကောင်း၊ မိုးခေါင်တဲ့နေရာတွေ ခေါင်၊ မိုးလွန်တဲ့နေရာတွေက လွန်၊ လူတွေသီးနှံတွေ စိုက်ပျိုးကြတယ်၊ စိုက်ပျိုးတဲ့အခါ မိုးကောင်းလွန်းအားကြီးတော့ ပျက်စီးသွားပြန်တယ်၊ မိုးခေါင်လွန်းအားကြီးတဲ့နေရာတွေကလည်း တစ်ခါ ပျက်စီးသွားပြန်တယ် မိုးရေမရလို့ စိုက်ပြီးသားသီးနှံတွေ ညှိုးကုန်ကြပြန်တယ်ပေါ့။ ဒီလိုမိုးမှန်မှန်မရွာသည့်အတွက်ကြောင့် မိုးမှန်တဲ့နေရာလေးတွေက သီးနှံလေးတွေဖြစ်သော်လည်း မိုးလွန်ကဲတဲ့နေရာက ပျက်စီးပြန်တယ်၊ မိုးခေါင်သွားတဲ့နေရာတွေကျတော့ သစ်ပင်တွေခြောက်တယ်။

လူ့ပြည်မှာ နယ်တစ်နယ်ထဲမှာပဲ မိုးခေါင်တဲ့နေရာက ခေါင်၊ မိုးလွန်တဲ့နေရာက လွန်၊ မှန်မှန်ရွာတဲ့နေရာက ရွာ၊ သုံးမျိုးသုံးစား ကွဲပြားသွားတယ်တဲ့ အဲဒီလို သုံးမျိုးကွဲပြားသွားတဲ့အခါမှာ တိုင်းပြည်မှာ ဖြစ်ပေါ်လာတဲ့ စိုက်ပျိုးတဲ့သီးနှံတွေဟာလည်း ကောင်းတဲ့နေရာ ကောင်းမှု မကောင်းတဲ့နေရာ မကောင်း၊ ခြောက်တဲ့နေရာက ခြောက်နဲ့၊ အဲဒီလို သီးနှံအထွက်တွေက မှန်ကန်မှုမရှိဖြစ်လာတယ်တဲ့။

ထမင်းအိုးတစ်အိုးတည်းမှာ ပျော့တာက ပျော့၊ မာတာက မာ၊ နပ်တာက နပ်နဲ့ ဆိုပြီးတော့ ပျော့မနပ်နဲ့ မာမနပ်နဲ့ နပ်တာက နပ် ဆိုပြီးတော့ အဲဒီလို သုံးမျိုးသုံးစား ကွဲပြားပြီး
စာမျက်နှာ-၈၂
တော့သွားတာဟာ နောင်တစ်ချိန်ကျလို့ရှိရင် နေရာတစ်နေရာမှာပဲ အခုလိုအခြေအနေမျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကို ကြိုတင်ပြီးတော့ အရိပ်နိမိတ်ပြတဲ့အနေနဲ့ ဒီအိပ်မက်မက်တာဖြစ်တယ်၊ “ဒီအိပ်မက်ကြောင့် သင်မင်းကြီးရဲ့လက်ထက်မှာ ဘာမှဖြစ်လာမှာမဟုတ်ဘူး၊ ဒီအိပ်မက်အတွက် စိတ်မပူနဲ့။
အိပ်မက် နံပါတ်-၁၁
“အေး တစ်ဆယ့်တစ်ခုမြောက်အိပ်မက်ကို ပြောပါဦး” လို့ဆိုတော့ ကောသလမင်းကြီးက ဆက်ပြီးတော့ လျှောက်တယ် “တပည့်တော်အိပ်မက်ထဲမှာ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကို မြင်တယ်ဘုရား” တဲ့၊ “တစ်သိန်းတန်တဲ့စန္ဒကူးနံ့သာတုံး၊ sandalwood၊ စန္ဒကူးနံ့သာအနှစ်ကို ဘာမှတန်ဖိုးမရှိတဲ့ယက်တက်ရည်နဲ့ လဲစားတာကို တပည့်တော် တအံ့တဩ သွားတွေ့ရတယ်”။

စန္ဒကူးနှစ်က သိန်းချီတန်တယ်၊ ယက်တက်ရည်က ပြားလောက်ပဲ တန်တာ၊ လူတွေဟာ လဲပြီးတော့ အသုံးပြုနေကြတာတဲ့၊ စန္ဒကူးနှစ်နဲ့ ယက်တက်ရည် တန်ဖိုးချင်း မညီမျှတဲ့ အရာနှစ်ခု အရောင်းအဝယ် အလဲအလှယ် ပြုနေကြတာကို တပည့်တော်အိပ်မက်ထဲမှာ မြင်ပါတယ်တဲ့။

အဲဒီအိပ်မက်ရဲ့ အကျိုးက ဘာဖြစ်မှာတုန်းဆိုတော့ မြတ်စွာဘုရားက “နောင်တစ်ခေါက် ငါဘုရားရဲ့သာသနာ
စာမျက်နှာ-၈၃
နောက်ပိုင်း ရောက်လာတဲ့အခါမှာ ရဟန်းတွေဟာ ပစ္စည်းလာဘ်လာဘ လောဘတွေကြီးလာမယ်၊ ပစ္စည်းရဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဘုရားဟောတရားတွေကို ဟောကြမယ်၊ ပြောကြမယ်၊ ရလာတဲ့ပစ္စည်းတွေအပေါ်မှာ မက်မက်မောမောနဲ့ သုံးကြပြုကြမယ်။

နိဗ္ဗာန်ကို ဦးတည်ပြီး တရားဟောတာမဟုတ်ဘဲ အပြောကောင်း အဟောကောင်း အငိုကောင်းဆိုတာတွေနဲ့ သံသရာဝဋ်က လွတ်ဖို့မရည်ရွယ်ဘဲ ဇာတ်သဘင်ဆန်ဆန်တွေ ဟောပြောလာကြလိမ့်မယ်၊ ဒါလည်း အင်မတန်မှ သတိထားစရာကောင်းတဲ့အချက်ပဲ၊ ဘုန်းကြီးတွေနဲ့ ပတ်သက်တယ်။

မြန်မာနိုင်ငံမှာ တစ်ချိန်တုန်းက ခေတ်စားပြီး ဟောလာခဲ့ကြတာ၊ ရှေးတုန်းကတော့ “ယပ်ဆောင်တရား” ဆိုပြီးတော့ ယပ်ကြီးကို ထောင်ပြီး ကျက်မှတ်ခဲ့တာတွေရွတ်တယ်၊ “ဗုဇ္ဈတီတိ ဗုဒ္ဓေါ” ဂြိုဟ်ဆိုတဲ့အတိုင်း သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားကုန်ဝင်သိတော်မူတတ်သောကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ဖြစ်သည်ဆိုတဲ့ ကျက်ထားအတိုင်းပဲ ရွတ်ဆိုဟောပြောနည်းကို “ယပ်ထောင်တရား” လို့ခေါ်တယ်။

နောက်ပိုင်းကျတော့ ဘာဖြစ်လာတုန်းဆိုရင် “ယပ်လှဲတရား” ပေါ်လာတယ်၊ ယပ်လှဲတရားကျတော့ ဇာတ်သဘင်ဆန်ဆန် အငိုတွေနဲ့ အဆိုတွေနဲ့ ဟောကြပြောကြတယ်၊ အဲဒီလို တရားပွဲတွေမှာ တဟားဟား တဝါးဝါး စိတ်ခံစားချက်များနဲ့ ဖြစ်လာတယ်၊ ပျော်စရာအသွင် အဲဒီလိုဟောပြောကြတဲ့
စာမျက်နှာ-၈၄
ခေတ်ဟာ မြန်မာပြည်မှာ ဖြစ်ပေါ်လာခဲ့တယ်ပေါ့၊ “ယပ်လှဲခေတ်” တဲ့။

တစ်ချိန်တုန်းက မန္တလေးမှာ နာမည်ကြီးတဲ့ ဆရာတော် ဦးဇနိတဆိုတာ ပေါ်ခဲ့ဖူးတယ်၊ ဆရာတော်ဦးဇနိတတရားပွဲနဲ့ စိန်ခြယ်အငြိမ့် ပြိုင်ပြီး ကျင်းပကြတယ်၊ တရားပွဲနဲ့ အငြိမ့်ပြိုင်တဲ့အခါ အငြိမ့်က ရှုံးသွားသတဲ့၊ တရားပွဲက နိုင်တယ်လို့ဆိုတယ်၊ အဲဒီလို အဆိုကောင်းအကောင်းတွေနဲ့ ပြိုင်ပြီးဟောတာ၊ အဲဒီဆရာတော်ကိုလည်း ဦးဇနိတလို့ မခေါ်တော့ဘူး စိန်ဇနိလို့ခေါ်တယ်၊ အဲဒီလို တစ်ချိန်တုန်းက ဖြစ်ခဲ့ဖူးတယ်နော်၊ စိန်ဇနိဆိုတာ ဧရာဝတီတိုင်းက သမိန်ထောရွာ ဇာတိသား၊ စစ်ကိုင်းတောင်ရိုး သမိဒ္ဓေါဒယချောင်ဆရာကြီးကလည်း ညောင်တုန်းနားက ခတ္တိယသူ၊ နောက်ပိုင်းရောက်တဲ့အခါကျတော့ သမိန်ထောရွာကို ပြောင်းသွားတယ်၊ သူ့ရဲ့အကို ဘော်တယ်ပေါ့၊ ဒါကြောင့်မို့ ဒေါ်မာလာရီအတ္ထုပ္ပတ္တိထဲမှာ အဲဒီစိန်ဇနိအကြောင်းလေး ပါတယ်၊ အဲဒီလို အဟောကောင်း အပြောကောင်းတွေနဲ့ ယပ်လှဲတရားတွေ ပေါ်ထွန်းခဲ့တယ်၊ ဘုန်းကြီးတို့ငယ်ငယ်တုန်းကတောင်မှ အဲဒီတရားမျိုးတွေကို နာခဲ့ရတယ်ပေါ့။

ဒီလိုအသံကောင်းကောင်း အဟောကောင်းကောင်းနဲ့ ဓမ္မကထိကတွေရဲ့ တရားဓမ္မ သွားရောက်နာကြတယ်၊ လှူကြတန်းကြတယ်၊ တစ်ခါတလေများ ကြားလိုက်ရသေးတယ်၊ အဲဒီမှာ အဟောကောင်း အပြောကောင်းတရားတွေ သွားပြီးနာကြ
စာမျက်နှာ-၈၅
တဲ့အခါမှာ အိမ်က လှူစရာပါမလာတဲ့လူတွေက လက်စွပ်ချွတ်လှူတာတို့ နားကပ်ချွတ်လှူတာတို့ ရှိခဲ့တယ်၊ အဲဒီလိုလှူတာကို တချို့က ဘာပြောတုန်းဆို “ဇိတံ မေ” “အောင်ပြီ” ဆိုပြီး “ရှိတာတွေ ပြောင်ပြီ” လို့တောင် ဆိုကြသတဲ့နော်၊ တရားပွဲမှာ သဒ္ဓါတရားတွေပေါက်ပြီး လှူပြီးတဲ့အခါ “ဇိတံ မေ အောင်ပြီ” ဆိုတာတင်မကဘူး၊ “ရှိတာတွေ ပြောင်ပြီ” ဆိုတာ ဖြစ်ကုန်ရော၊ လူတွေဆိုတာ သဒ္ဓါတရားပေါက်ပြီဆိုရင် ကိုယ့်ပါလာတာ ချွတ်ပြီးတောင် လှူတတ်ကြတယ်၊ အဲဒီလို အဟောကောင်း အပြောကောင်း ဓမ္မကထိကတွေက ဘုရားတရားတော်တွေကို နိဗ္ဗာန်ဦးတည်ပြီး ဟောတာမဟုတ်ဘဲ ဇာတ်သဘင်ဆန်ဆန် ဟောသွားတဲ့ခေတ်ကြီး ပေါ်လာတယ်တဲ့။

တန်ဖိုးရှိလှတဲ့ စန္ဒကူးနှစ်နဲ့ တူတဲ့ မြတ်စွာဘုရားရဲ့ အဖိုးတန်တရား၊ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပတ်လုံး ပါရမီဖြည့်မှ ဟောနိုင်ပြောနိုင်တဲ့ အင်မတန်မှလေးနက်တဲ့ နိဗ္ဗာန်ကို ပို့ဆောင်ပေးနိုင်တဲ့တရားဓမ္မဆိုတဲ့ စန္ဒကူးနှစ်လို တန်ဖိုးရှိတဲ့အရာကို ဘာမှအဖိုးမတန်တဲ့ပစ္စည်းတွေနဲ့ လဲပြီးတော့ ယူတာနဲ့တူတယ်တဲ့၊ ဒီလိုဆိုတာပေါ့၊ တစ်သိန်းတန် စန္ဒကူးနှစ်ကို ယက်တက်နဲ့လဲစားသလိုပဲ ဒါလည်း သတိထားစရာကောင်းတယ်ပေါ့။

ကိုယ်ဟောတဲ့တရားဟာ နိဗ္ဗာန်ကို ဦးတည်ပြီး ဟောမှ အဖိုးတန်တဲ့တရားဖြစ်မှာ၊ ပစ္စည်းလေးပါးရလိုမှုနဲ့ မဟောသင့်ဘူး၊ တရားဟောပြီဆိုကတည်းက “သိကြပါစေ သဘောပေါက်
စာမျက်နှာ-၈၆
ကြပါစေ” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ဟောရမှာ၊ “ဟောသူနာသူ စိတ်ထားဖြူ” ဆိုတဲ့အတိုင်း ဟောတဲ့သူကလည်း စိတ်ထားဖြူဖို့လိုတယ်။ နာတဲ့သူကလည်း စိတ်ထားဖြူဖို့လိုတယ်၊ ပစ္စည်းလေးပါးကို ရလိုမှုနဲ့ မဟောသင့်ဘူး၊ ဓမ္မပူဇာရလို့ ဟောတာမျိုး မဖြစ်စေရဘူး၊ တရားဟောလို့ ဓမ္မပူဇာရတာမျိုးကသာ ဖြစ်သင့်တယ်။

ဓမ္မပူဇာဆိုတာ တရားနာသူတွေဘက်က လုပ်သင့်တဲ့အလုပ်ကို လုပ်တာ၊ တရားဟောတဲ့ပုဂ္ဂိုလ်က ဓမ္မပူဇာရချင်တဲ့ စိတ်ဓာတ်ထားပြီဆိုရင် အဲဒီတရားဟာ ယက်တက်နဲ့ လဲစားတဲ့ပုံစံမျိုး ဖြစ်သွားနိုင်တယ်ပေါ့၊ ဒါကြောင့်မို့ ဟောသူလည်း စိတ်ထားဖြူရမယ်၊ နာတဲ့ပုဂ္ဂိုလ်ကလည်း စိတ်ထားဖြူရမယ်လို့ ဒီလိုဆိုတာ။

ကောသလမင်းကြီးရဲ့ အိပ်မက်ထဲမှာ အင်မတန်တန်ဖိုးရှိလှတဲ့ တစ်သိန်းတန်ကဲ့စန္ဒကူးနှစ်ကို ယက်တက်ရည်နဲ့ လဲစားနေကြတယ်ဆိုတဲ့အဓိပ္ပါယ်ဟာ နောင်တစ်ခေတ်မှာ ပစ္စည်းလေးပါးကို မက်မောပြီး အောက်တန်းကျတဲ့စိတ်ဓာတ်ရှိတဲ့ အလိုရဟန်းတွေ အရှက်ကင်းမဲ့တဲ့ရဟန်းတွေဟာ မြတ်စွာဘုရားဟောကြားတဲ့ တန်ဖိုးရှိတဲ့တရားတွေကို ပစ္စည်းလေးပါးရလိုမှုနဲ့ ဟောပြောကြလိမ့်မယ်၊ လူ့အကြိုက်လိုက်ပြီးတော့ ဟောတယ်ဆိုတာဟာတဲ့ ယက်တက်ရည်နဲ့ တန်ဖိုးရှိတဲ့တရားကို လဲစားတာမျိုး ဖြစ်လာတတ်တယ်တဲ့၊ ဒါကြောင့်မို့ သတိကြီးစွာ ထားပြီး တရားဟောသင့်တယ်။
စာမျက်နှာ-၈၇
“အနုဒ္ဒယတံ ပဋိစ္စ” လို့ဆိုတဲ့အတိုင်း မသိသေးတာတွေ သိစေချင်တဲ့စိတ်ဓာတ်မျိုးနဲ့သာ တရားဓမ္မကို ဟောပြောကြရမှာ ဖြစ်တယ်ပေါ့၊ အကယ်၍ ဒီလိုမဟောနိုင်ဘူးဆိုရင် စန္ဒကူးနှစ်ကို ယက်တက်နဲ့ လဲစားသလို ဖြစ်လိမ့်မယ်၊ ဒါလည်း သတိချပ်စရာပဲ၊ “သင်မင်းကြီးရဲ့ လက်ထက်မှာတော့ ဘာမှအကျိုးသက်ရောက်မှု ဖြစ်မှာမဟုတ်ဘူး၊ နောင်ကျတော့ ဖြစ်လာနိုင်တဲ့ အနေအထားတစ်ခုကို အတိတ်နိမိတ်ပြတဲ့အနေနဲ့ ပေါ်ထွန်းလာတာသာ ဖြစ်တယ်” လို့ မိန့်ကြားပြီး ကဲ ဆယ့်နှစ်ခုမြောက်အိပ်မက်အကြောင်းကို ပြောပါဦးဆိုတော့ ကောသလမင်းကြီးက ဆယ့်နှစ်ခုမြောက်အိပ်မက်အကြောင်းကို လျှောက်တယ်။
အိပ်မက် နံပါတ်-၁၂
“တပည့်တော်ဘုရား ထူးထူးဆန်းဆန်း ဘာသွားတွေ့ရတုန်းလို့ဆိုရင် မြစ်ကြီးတစ်မြစ်အနီးအပါး ရောက်တဲ့အခါ အဲဒီမြစ်ထဲကို လှမ်းကြည့်လိုက်တယ်၊ ဘာတွေတွေ့ရတုန်းဆိုတော့ အင်မတန်မှ ပေါ့ပြီး ဘာမှမရှိတဲ့ဘူးတောင်းတွေ ရေထဲချလိုက်ရင် မြုပ်၊ မြုပ်သွားတယ်ဘုရားတဲ့၊ ဘူးတောင်းတွေ ရေထဲချလိုက်တာနဲ့ တစ်ပြိုင်နက် မြုပ်သွားတာကိုတွေ့ရပါတယ်၊ အဲဒီလိုဘူးတောင်းတွေ ရေထဲမြုပ်မြုပ်သွားတာကို မြင်ရတော့ တပည့်တော်စိတ်ထဲမှာ အံ့သြတယ်၊ ဘာကြောင့် ဒီဘူးတောင်းဟာ ရေပေါ်ပေါ်ရမယ့်အစား မြုပ်သွား
စာမျက်နှာ-၈၈
ရသလဲလို့ စဉ်းစားမိတယ်၊ ဒီအိပ်မက်ရဲ့ အကျိုးအပြစ်ကရော ဘယ်လိုဖြစ်လာနိုင်ပါသလဲ”၊

မြတ်စွာဘုရားက “ဒီအိပ်မက်ဟာလည်းပဲ ခုအချိန်မှာ အကျိုးသက်ရောက်ဦးမှာမဟုတ်သေးဘူး၊ နောင်အနာဂတ်ကျတော့ တရားမစောင့်တဲ့တိုင်းပြည်ကို အုပ်ချုပ်တဲ့မင်းမျိုးတွေ လောကမှာပေါ်လာမယ့်အချိန်ကျရင် ဒီလိုအနေအထားမျိုးတွေ ဖြစ်လာနိုင်တယ်” တဲ့။

“တိုင်းပြည်ကို မတရားအုပ်ချုပ်ကြတဲ့ မင်းစိုးရာဇာခေတ်မှာဆိုရင် အရည်အချင်းမရှိတဲ့ပုဂ္ဂိုလ်တွေကို ရာထူးပေးပြီး အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်တွေကိုတော့ ဖယ်ရှားပစ်လိမ့်မယ်တဲ့၊ အဲဒီလို ဖယ်ရှားပစ်လိုက်တဲ့အခါ အရည်အချင်းမရှိတဲ့ပုဂ္ဂိုလ်တွေဟာ ရာထူးဌာနန္တရတွေရလာကြတယ်၊ အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်ကျတော့ ရာထူးဌာနန္တရ မရကြဘူး၊ တကယ်အရေးပါတဲ့တရားရုံးတွေမှာလည်း အရည်အချင်းမရှိတဲ့ပုဂ္ဂိုလ်တွေ မျိုးရိုးမမြတ်တဲ့ပုဂ္ဂိုလ်တွေကို ခန့်ထားတယ်၊ တကယ့်ကို မျိုးရိုးအစဉ်အလာကောင်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ရာထူးကဖယ်ရှားပြီး အဲဒီလို ခန့်ထားလာတဲ့အခါမှာ လောကမှာ အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်တွေဟာ မြုပ်သွားပြီး အရည်အချင်းမရှိတဲ့ပုဂ္ဂိုလ်တွေဟာ ထင်ရှားပေါ်ပေါက်ပြီးတော့ လာတာ။

ငါဘုရားရဲ့သာသနာမှာ အရည်အချင်းမရှိတဲ့ရဟန်းတွေက ထိပ်ရောက်လာတယ်၊ စီမံခန့်ခွဲတဲ့နေရာမှာ ရာထူးအာဏာတွေ ရှိလာတယ်၊ ရာထူးအာဏာတွေ ရှိလာတဲ့အခါ
စာမျက်နှာ-၈၉
မှာ ကိုယ်ကျင့်တရားမကောင်းတဲ့ကိုယ်တော်တွေက ရှေ့တက်လာပြီး ကိုယ်ကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်တွေက နောက်ဆုတ်သွားကြတယ်။

ဘူးတောင်းတွေဟာ မြုပ်ကုန်တယ်ဆိုတာ ထင်ပေါ်ရမယ့်ပုဂ္ဂိုလ်တွေက မထင်ပေါ်ဘဲနဲ့ မထင်ပေါ်ရမယ့်ပုဂ္ဂိုလ်တွေက ထင်ပေါ်လာရတယ်ဆိုတဲ့အဓိပ္ပါယ်ပဲ၊ ဖြစ်ပေါ်လာမယ့် အခြေအနေတစ်ရပ်ကို စွဲပြီးတော့ အခုအိပ်မက်မက်တာပါ။ သင်မင်းကြီးလက်ထက်မှာ ဘာမှမဖြစ်သေးဘူး၊ သင်မင်းကြီး ဒီအိပ်မက်မက်ခြင်းကြောင့်လည်း တစ်စုံတစ်ခုအကျိုးအပြစ် မဖြစ်ပါဘူးလို့ မြတ်စွာဘုရားက ဒီလိုအိပ်မက်အကြောင်းကို ရှင်းပြဟောတော်မူတယ်။
၁၃-ခုမြောက် အိပ်မက်
“ကဲ ဒါဖြင့် နောက်ထပ် အိပ်မက်တစ်ခုအကြောင်းကို ပြောပါဦး” လို့ဆိုတော့ ဆယ့်သုံးခုမြောက်အိပ်မက်ကို လျှောက်ထားပြန်တယ်၊ “အရှင်ဘုရား ဒီအိပ်မက်ထူးဆန်းတာက ဘာတုန်းဆိုလို့ရှိရင် ခုနက ပေါ့တဲ့ဘူးတောင်းတွေ မြုပ်သွားသလို အင်မတန်မှလေးလံတဲ့ အိမ်ထွဋ်ပမာဏလောက်ရှိတဲ့ ကျောက်တုံးကြီးတွေကို ရေပေါ်မှာ ပေါလောပေါ်နေကြတယ်ဘုရားတဲ့၊ မြုပ်ရမယ့်ကျောက်တုံးကြီးတွေကတော့ ရေပေါ်မှာ ပေါလောပေါ်နေတာကို တပည့်တော်မြင်ရတယ်တဲ့၊ အဲဒီအိပ်မက်ရဲ့ အကျိုးအပြစ်ကရော ဘာများဖြစ်လာနိုင်သလဲ” လို့ဘုရား
စာမျက်နှာ-၉၀
ကို လျှောက်တော့ မြတ်စွာဘုရားက ဒီအိပ်မက်ဟာလည်းပဲ အခုအချိန်မှာ အကျိုးသက်ရောက်မှု မဖြစ်သေးဘူး။

နောင်တစ်ခေတ် ရောက်လာတဲ့အခါမှာ ခုနကလို တရားနဲ့မညီ တိုင်းပြည်အုပ်ချုပ်တဲ့မင်းစိုးရာဇာတွေလက်ထက် ရောက်လာတဲ့အခါ မျိုးရိုးမစစ်တဲ့ပုဂ္ဂိုလ်တွေ ရာထူးတွေ ရလာ ကြလိမ့်မယ်၊ အရည်အချင်းမရှိတဲ့ပုဂ္ဂိုလ်တွေ ရာထူးရလာကြ လိမ့်မယ်၊ မျိုးရိုးစစ်တဲ့ပုဂ္ဂိုလ်တွေဟာ ဆင်းရဲဒုက္ခကြုံကုန်ကြ လိမ့်မယ်၊ ဒီတော့ မျိုးရိုးစစ်ပြီး အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်တွေ အပေါ်မှာ သူတို့က တလေးတစား မဆက်ဆံကြတော့ဘူး၊ ဘုရင့်ရဲ့မျက်မှောက်မှာပဲဖြစ်စေ အမတ်ကြီးတွေရဲ့မျက်မှောက် မှာပဲဖြစ်စေ တရားရုံးဌာနတွေမှာဖြစ်စေ တရားဓမ္မနဲ့ ပတ် သက်ပြီး လိမ္မာကျွမ်းကျင်ကြတဲ့ပုဂ္ဂိုလ်တွေရဲ့ စကားဟာ တရား မဝင်တော့ဘူး ဖြစ်သွားလိမ့်မယ် သူတို့စကားကို နားထောင်တဲ့ပုဂ္ဂိုလ်တွေ မရှိကြတော့ဘူး၊ ပျက်ရယ်ပြုပြီး အပြောင် အလှောင် ခံရလိမ့်မယ်၊ သူတို့ဝင်ပြောရင် အခုခေတ်ပြောတာ လိုပေါ့၊ တကယ့်ကို စာအုပ်နဲ့ပြောရင် “ဟေ့ ဒီလူက စာအုပ်ကြီး သမား”ဆိုပြီးတော့ အပြောခံရတာမျိုးလိုပေါ့၊ တကယ့် သေသေ ချာချာ တရားဥပဒေအတိုင်း လုပ်တဲ့အခါကျတော့ အပြောခံရ ပြီတဲ့၊ အဲဒီလို အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်တွေ အပြောခံရတယ်။

သံဃာတွေထဲမှာလည်းပဲ ထို့အတူပဲတဲ့၊ ကိုယ်ကျင့် သီလကောင်းတဲ့ပုဂ္ဂိုလ်တွေဟာ နောက်ရောက်သွားပြီး ကိုယ် ကျင့်သီလမရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့စကားဟာ အောင်သွားတယ်။
စာမျက်နှာ-၉၁
ဘယ်အရာပဲဖြစ်ဖြစ် အကျင့်မကောင်းတဲ့ပုဂ္ဂိုလ်တွေ အရည် အချင်းမရှိတဲ့ပုဂ္ဂိုလ်တွေရဲ့စကားဟာ ရှေ့တန်းရောက်လာပြီး အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ စကားဟာ နောက်ရောက်သွားတယ်၊ ဆိုလိုတာက ကျောက်တုံးဆိုတာ မြုပ်ရမှာ အရည် အချင်းမရှိတဲ့ပုဂ္ဂိုလ်တွေက မြုပ်သွားရမှာ၊ ဒီတော့ မြုပ်ရမယ့် ဟာတွေက ပေါ်လာတယ်လို့ ဒီလိုအဓိပ္ပါယ် ရတယ်ပေါ့။

အဲဒီလို လောကကြီးမှာဘူးတောင်းတွေကျတော့ မြုပ် ပြီးတော့ ကျောက်တုံးကြီးတွေကျတော့ ပေါ်လာတဲ့ ဆန့်ကျင် ဘက်အနေအထားတွေဟာ ဖြစ်ပေါ်လာတာ ဖြစ်တယ်၊ အဲဒါ မျိုးလိုပဲ အခုလို အိပ်မက်အရ ဖြစ်လာတာဟာ နောင်တစ်ချိန် လောကကြီးပျက်ပြားလာတဲ့အချိန်မှာ အရည်အချင်းမရှိတဲ့လူတွေရဲ့စကားဟာ တည်ပြီးတော့ အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်တွေ ရဲ့စကားဟာ ပျက်ရယ်ပြုခံရပြီး သူတို့စကားတွေဟာ နောက် ရောက်သွားမှာ ဖြစ်တယ်၊ ဒါကို အကြောင်းပြုပြီးတော့ ဒီ အိပ်မက်မက်တာသာ ဖြစ်တယ်၊ ဒီကနေ့အချိန်မှာတော့ ဘာမှ မဖြစ်သေးဘူး၊ ဒီအိပ်မက်ကြောင့် သင်မင်းကြီးမှာ ဘာမှ ဘေးရန်မဖြစ်နိုင်ပါဘူးလို့ မြတ်စွာဘုရားက ဟောကြားတော် မူတယ်။
၁၄-ခုမြောက် အိပ်မက်
“နောက် ဆယ့်လေးခုမြောက် အိပ်မက်အကြောင်းကို ပြောပါဦး”ဆိုတော့ ဆယ့်လေးခုမြောက်အိပ်မက်ကတော့ ဘာ
စာမျက်နှာ-၉၂
မက်သလဲဆိုရင် “ထူးထူးဆန်းဆန်း ဇာကောင်ကလေးတွေက သေးသေးလေးတွေနော်၊ သစ်မယ်ဇယ်အပွင့်ပမာဏလောက် ရှိတယ်၊ လက်သည်းခွံလောက်ပမာဏ ရှိတယ်၊ အဲဒီဖားပေါက်စ လေးတွေက အလွန်ကြီးမားတဲ့မြွေဟောက်ကြီးတွေနဲ့တွေ့တဲ့အခါ ဖားပေါက်စလေးတွေက ခုန်ပြီး မြွေကြီးတွေကို လိုက်ပြီး ကိုက်စားတာ၊ မြွေဟောက်ကြီးတွေက အဲဒီဖားလေးတွေ မြင် လိုက်တာနဲ့ ပြေးကြတယ်၊ အဲဒီပြေးကြတာကို ခုန်ပြီးတော့ အတင်းလိုက်တယ်၊ မြွေဟောက်ကြီးတွေကို ကြာရိုးကြာစွယ် ကိုက်သလို ဖားတွေက ကိုက်စားပြီး မျိုးနေတာကို ထူးထူး ဆန်းဆန်း အံ့ဩဖွယ်တွေ့ရပါတယ်တဲ့၊ “ဖားက မြွေမျိုတယ်”ဆိုတာ ရံဖန်ရံခါ ကြားကြရတယ်ပေါ့၊ အခု ဖားငယ်ငယ်လေးတွေက ကြောက်စရာကောင်းလောက်အောင် ကြီးမားတဲ့မြွေ ဟောက်ကြီးတွေကို လိုက်ပြီး ကိုက်ပြီးစားကြတယ်ဆိုတာဟာ တော်တော်ထူးဆန်းတဲ့အိပ်မက်ပဲ၊ အဲဒီအိပ်မက်ရဲ့ အကျိုးအပြစ် ရော ဘယ်လိုများဖြစ်လာနိုင်ပါသလဲ”။

မြတ်စွာဘုရားက “လူ့လောက နောင်တစ်ခေတ် ဆုတ် ယုတ်လာတဲ့အခါမှာ ဒီလိုအခြေအနေမျိုးတွေ ဖြစ်ပေါ်လာလိမ့် မယ်တဲ့၊ လောကမှာ လူတွေဟာ ကိလေသာစိတ်တွေ လွှမ်းမိုး ကြီးစိုးလာကြမယ်၊ လွမ်းမိုးကြီးစိုးလာတဲ့အခါမှာ ကိလေသာစိတ်ကို မနိုင်ကြတဲ့အခါ ဘာလုပ်တုန်း”။

ဒါကနော် ဟို ပြောရမယ်ဆိုလို့ရှိရင် ဒါက အိမ်ထောင် ရေးကိစ္စတွေနဲ့ ပတ်သက်လာတယ်၊ အမျိုးသားကြီးတွေဟာ
စာမျက်နှာ-၉၃
small လေးတွေ ထားလာတာကို ပြောချင်တာပေါ့။ အဲဒီလို ဆိုတယ်။

ငယ်ရွယ်တာတွေကို ထားလာကြတဲ့အခါမှာ နောက်ဆုံး မှာ ငယ်ရွယ်တဲ့ဇနီးတွေရဲ့ စကားကို မလွန်ဆန်နိုင်ကြဘူး၊ ဖားမ ငယ်လေးတွေကို မြွေဟောက်ကြီးတွေက ကြောက်ပြီး ပြေးရ သလိုပဲ အမျိုးသားယောက်ျားကြီးတွေဟာ အမျိုးသမီးငယ်ငယ် လေးတွေကို ကြောက်ရပြီး အအော်အောက် ခံပြီးတော့နော် ဒီလိုနေကြရမယ်ဆိုတဲ့အနေအထားတစ်ခုကို ပြောတာတဲ့၊ စာ ထဲ ပါတဲ့အတိုင်း ပြောရတာနော်။

အဲဒီမှာ စာထဲပါတဲ့အတိုင်း ဘာသာပြန်ပြရမယ်ဆိုရင် “တိဗ္ဗရာဇာတိကာ” တိမ္ဗရာဂဆိုတာ ထက်သန်ပြင်းပြတဲ့ တဏှာရာဂစိတ်ရှိသူတွေ၊ “ကိလေသာနုဝတ္တကာ”- ကိလေသာ နောက်လိုက်ကြသူတွေ၊ ဟုတွာ- ဖြစ်လာပြီးတဲ့နောက် “တရုဏ တရုဏာနံ ဘရိယာနံ အတ္တနော ဝသေ ဝဿန္တိ”တဲ့၊ ငယ် ကုန်သော ဇနီးသည်လေးတွေရဲ့ အလိုကို လိုက်ကြရတယ်တဲ့၊ ဒီလိုဆိုတယ်နော်၊ ဒီလိုဖြစ်လာလိမ့်မယ်တဲ့။ ။

အဲဒီလိုဖြစ်လာတဲ့အခါ အိမ်ထောင်ရှင်အမျိုးသားကြီးတွေဟာ ဇနီးသည်လေးတွေရဲ့အလိုကို လိုက်ပြီးတော့ အားလုံး ပစ္စည်းဥစ္စာတွေရော ဘာတွေရော သူတို့ကို ပေး၊ သူတို့က အကုန်လုံးလက်ဝါးကြီးအုပ်ထားပြီး သူတို့စီမံသ ခံရတယ်၊ ချက်ကျွေးသမျှ စား၊ သူတို့ ပေးသမျှလေးနဲ့ ကျေနပ်ပြီးတော့ အဲဒီလိုလုပ်တာတောင် မကျေနပ်ဘူးတဲ့၊ ရံဖန်ရံခါ မောင်း
စာမျက်နှာ-၉၄
စောင်းမြောင်းမြောင်း ပြောပြီးတော့ အရေးမပါသလို လုပ် ထားပြီးတော့ မိမိရဲ့ ဒီအိမ်ရှင်ယောက်ျားအမျိုးသားကိုပဲ ဆဲလို ဆဲ, မာန်လို မာန်, ငေါက်လို ငေါက်နဲ့ ချောင်ကုပ်နေကြရမယ်တဲ့၊ ဒီလိုဆိုလိုတာနော်၊ အဲဒီလိုအနေထားမျိုးတွေ ဖြစ်လာ မယ်တဲ့။

လောကကြီးဟာ ပြောင်းပြီးပြောင်းပြန် ကမောက်ကမတွေ ဖြစ်လာတော့ အခုဖားမငယ်ငယ်လေးတွေက မြွေဟောက် ကြီးတွေကို ကိုက်စားတယ်ဆိုတာမျိုးလို ဖြစ်လိမ့်မယ်တဲ့၊ ဒီလို ဆိုလိုတယ်နော်၊ အဲဒါ တစ်ချိန်ကျတော့ ဒါတွေ ဖြစ်ပေါ်လာမယ်ဆိုတာကို အတိတ်နိမိတ်ပြတဲ့အနေနဲ့ အိပ်မက်မက်တာပါ၊ သင်မင်းကြီးအတွက် ဘာမှ ဘေးအန္တရာယ် မရှိပါဘူး၊ လူ့ လောကကြီးဟာ ဆုတ်ယုတ်လာလို့ရှိရင် ဒီအနေအထားမျိုးတွေဟာ များသထက် များလာပါလိမ့်မယ်တဲ့၊ ဒီလိုဆိုတယ်။
၁၅-ခုမြောက် အိပ်မက်
မြတ်စွာဘုရားက ဒီအိပ်မက်ရဲ့ အကျိုးအပြစ်ကို ဟော ကြားပြီးတဲ့နောက်မှာ ကဲ နောက်ထပ်အိပ်မက်ကို ပြောပါဦး လို့ဆိုတော့ ကောသလမင်းကြီးက ဘာလျှောက်တုန်းလို့ ဆို တော့ “မြတ်စွာဘုရား တပည့်တော်အိပ်မက်ထဲမှာ ဘာတွေ့ တုန်းဆိုတော့ ငှက်တွေထဲမှာ အယုတ်ညံ့ဆုံးဖြစ်တဲ့ကျီးငှက် တစ်ကောင်ကို (ငှက်ဆိုတာဟာ ငှက်ထဲမှာတော့ အယုတ်
စာမျက်နှာ-၉၅
ညံ့ဆုံးလို့ ဆိုတယ်၊ ငှက်တကာတွေထဲမှာ အယုတ်ညံ့ဆုံး) ရွှေဟင်္သာတွေက ဝန်းရံနေတာတွေ့ရပါတယ်၊

ကျီးငှက်ဆိုတာ မသူတော်တရားအင်္ဂါဆယ်ပါးနဲ့ ပြည့်စုံတယ်လို့ အင်္ဂုတ္တရနိကာယ်မှာ ဟောထားတာ ရှိတယ်၊ မသူတော်တရားဆယ်ပါးကို “အသဒ္ဓမ္မကာကသုတ်”မှာ ကားရဲ့ အကျင့် မကောင်းမှုတွေဟာ ဆယ်မျိုး ရှိတယ်ပေါ့၊ အသဒ္ဓမ္မဆိုတာ အတော်ယုတ်ညံ့တဲ့ စိတ်နေသဘောထားတွေပဲ၊ တခြား ငှက်တွေနဲ့ မတူဘူးတဲ့၊ ကျီးဟာ အလွန်ယုတ်ညံ့တယ်၊ သူက ဘာလုပ်တတ်တုန်းဆိုရင် ခံသီ - သိပ်ကျေးဇူးကန်းတယ်တဲ့။ ကျီးကန်းက သူများရဲ့ ဂုဏ်ကျေးဇူးကို အလေးမထားဘူး၊ ကျေးဇူးတရားကို ချေဖျက်တတ်တယ်။

ပဂဗ္ဗ - ကြမ်းတမ်းတယ် ရက်စက်တယ်၊ ဟုတ်တယ် ကြီးဆိုတဲ့သတ္တဝါဟာ တခြားငှက်ကလေးတွေရဲ့ ဥတွေ အကောင် လေးတွေ လိုက်စားတယ်၊ သူက ကြမ်းတမ်းတယ် ရက်စက်တယ်တဲ့။

တိန္တိဏ - တဏှာရာဂလည်း ကြီးကယ်တဲ့၊ မဟဂ္ဂသတခြားငှက်တွေနဲ့ မတူဘူး၊ အစားလည်း ကြီးတယ်၊ ကျီးကန်းဆိုတာ အမြဲတမ်း ချောင်းနေတတ်တယ်၊ ဟင်းကောင်းကောင်း ချက်ပြီဆိုလို့ရှိရင် အိမ်ခေါင်မိုးကနေပြီး အနံ့ရပုံ ရတယ်၊ အဲဒီ မှာ ချောင်းနေတာ၊ အခွင့်သာလို့ရှိရင် ဝက်သားတုံးတို့ ကြက် သားတုံးတို့ ဝင်ဆွဲတတ်တယ်၊ သူက အဲဒါကြောင့်မို့လို့ အစားလည်း ကြီးတယ်တဲ့။
စာမျက်နှာ-၉၆
လုဒ္ဒ - ရက်စက်ကြမ်းကြတ်တယ်။ အကာရုဏိက- ကြင်နာတရား အလွန်ကင်းမဲ့တယ်။

ဒုဗ္ဗလ - ကျီးငှက်ဟာ ကကယ်တော့ သိန်းငှက်ကြီးတို့ လို အင်အားကောင်းတဲ့အကောင် မဟုတ်ဘူးတဲ့၊ အင်အား မရှိဘူးတဲ့။

ဩရဝိတ - ကြီးဆိုတာ ဆူဆူညံညံ တအာအာ လုပ် တတ်တဲ့အကောင်ပဲ၊ ဟုတ်တယ် တစ်ခါတစ်ခါ ကျီးလေးတစ် ကောင် မိပြီဆိုလို့ရှိရင် ဝိုင်းအာကြတာလေ၊ ကျီးကန်းဆိုတာ ဝိုင်းအာလေ့ရှိတယ်၊ ဆူညံတတ်တယ်တဲ့။

နောက်တစ်ခု မုဋ္ဌဿတိ - ကျီးကန်းတွေဟာ အလွယ် တကုနဲ့ မေ့ပစ်တတ်တယ်တဲ့၊ သတိကင်းမဲ့တတ်တယ်။

နေစယိက - သူဟာ ချီသွားပြီးတော့ စားစရာလေးတွေ အသိုက်ထဲမှာ သိမ်းထားတတ်တယ်တဲ့။ ။

ဒါ ကျီးရဲ့ ယုတ်ညံ့တဲ့အနေအထားအနေနဲ့ ပတ်သက် ပြီးတော့ အင်္ဂုတ္တရနိကာယ်မှာ ဟောကြားထားတဲ့အချက် ဆယ် ချက်ပဲ၊ အသဒ္ဓမ္မလို့ ဒီလိုပြောတာ၊ ကျီးရဲ့ မတော်တရားတွေပေါ့၊ မကောင်းတဲ့အခြေအနေတွေ၊

“အဲဒီလို ငှက်ထဲမှာ အလွန်ယုတ်ညံ့ပြီးတော့ မကောင်းတဲ့အခြေအနေတွေရှိတဲ့ ကျီးကန်းကို အလွန်လှပတဲ့ရွှေရောင် တောက်နေတဲ့ ရွှေဟင်္သာကြီးတွေက ဝန်းရံခစားကြတယ်တဲ့။ အောက်တန်းကျတဲ့ကျီးကန်းကို ဝန်းရံပြီးတော့ အလေးပေးနေ ကြတာကို တပည့်တော်မြင်မက်ပါတယ်တဲ့၊ ဒီအိပ်မက်ရဲ့ အကျိုး
စာမျက်နှာ-၉၇
အပြစ်ကရော ဘယ်လို ဖြစ်လာနိုင်ပါသလဲ”

မြတ်စွာဘုရားက “ဒါလည်း နောင်အနာဂတ် ရောက်တဲ့အခါမှာ အသိဉာဏ်ကင်းမဲ့ပြီး အင်အားမရှိတဲ့မင်းစိုးရာဇာတွေ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့အခါမှာ ဖြစ်လိမ့်မယ်တဲ့၊ အဲဒီမင်းစိုးရာဇာတွေဟာ ဆင်စီးခြင်းအတတ် မြင်းစီးခြင်း အတတ်ဆိုတဲ့ စစ်ပွဲအတတ်တွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှု မရှိဘူးတဲ့၊ ပြီးတော့ စစ်တိုက်ရမှာလည်း ကြောက်တယ်တဲ့။ အဲဒီလို မင်းစိုးရာဇာလုပ်နေပြီးတော့ ပညာအရည်အချင်းကလည်း ကင်းမဲ့လာတယ်၊ ကင်းမဲ့လာတဲ့အခါကျတော့ သူနဲ့ အရည်အချင်းတူတဲ့ ပုဂ္ဂိုလ်တွေကိုတော့ ရာထူးမပေးရဲဘူး။ ဘာပြုလို့တုန်း၊ သူ့ရာထူးကို လုသွားမှာစိုးလို့၊ ဒါကြောင့်မို့လို့ သူ့အောက်က အင်မတန်မှ နိမ့်ကျတဲ့လူတွေ သူ့ရဲ့ကျေးကျွန် တွေ ဘုရင်ကို ခစားရတဲ့ ကျေးကျွန်တွေ အောက်တန်းစား အနေအထား၊ ဒီလိုမင်းမှုထမ်းအောက်တန်းစားတွေကို ရာထူး ပေးတယ်၊ ရာထူးပေးတဲ့အခါကျတော့ တကယ့်ကို အရည် အချင်းရှိတဲ့ပုဂ္ဂိုလ်တွေက ဘုရင့်ထံက ချီးမြှောက်မှုကို မရဘူး။ အရည်အချင်းမရှိတဲ့လူတွေက ဘုရင့်ထံကနေ ရာထူးတွေ ရတယ်”။

“အဲဒီလို ဖြစ်လာတော့ ရာထူးမရတဲ့ပုဂ္ဂိုလ်တွေဟာ အသက်မွေးလမ်းကြောင်း ခက်ခဲလာကြတယ်၊ အသက်မွေး လမ်းကြောင်း လုပ်ဖို့ရာ မဖြစ်ဘူး၊ ခုနက အောက်တန်းစားတွေက အပေါ်မှာ အထက်တန်းလုပ်ပြီး မင်းကို ကပ်မြှောက်ပြီး
စာမျက်နှာ-၉၈
တော့ အုပ်ချုပ်ရေးလုပ်နေကြတဲ့အခါကျတော့ အရည်အချင်း ရှိတဲ့ပုဂ္ဂိုလ်တွေဟာ အရည်အချင်းမရှိတဲ့သူကိုပဲ ခယပြီးတော့ အသက်မွေးရတယ်၊ အဲဒါဟာ အရည်အချင်း မရှိတဲ့ကျီးကန်းကို အရည်အချင်းရှိတဲ့ လှပတဲ့ ဟင်္သာငှက်ကြီးတွေက ဝန်းရံ ခံစားကြရတာ အိပ်မက်မက်ခြင်းပဲ ဖြစ်တယ်ပေါ့၊ အဲဒီအနေ အထားဟာလည်းပဲ နောင်တစ်ချိန်မှာ ခုလိုဖြစ်လာနိုင်တဲ့အနေ အထားတွေ စွဲပြီးတော့ မက်ခြင်းသာ ဖြစ်တယ်၊ ဒီအိပ်မက် ကြောင့် သင်မင်းကြီးမှာ ဘယ်လိုမှ အကျိုးအပြစ်မဖြစ်နိုင်ဘူး” လို့ ဟောပြောရှင်းပြတယ်။
၁၆-ခုမြောက် အိပ်မက်
နောက်ဆုံးအိပ်မက်ကို ပြောပါဦးဆိုတော့ ဆယ့်ခြောက်ခု မြောက်အိပ်မက်ကို ပြောတယ်၊ အဲဒါကျတော့ တောတွင်း တစ်နေရာရောက်သွားကာ၊ တောတွင်းတစ်နေရာရောက်သွား တော့ ဘာတွေတွေ့ရတုန်းလို့ဆိုတော့ သစ်ကျုတ်ဆိုတဲ့ ခပ် သေးသေးအကောင်. ကျားသစ်ထက် နည်းနည်းငယ်တဲ့ အကောင်၊ အဲဒီသစ်ကျုတ်ဆိုတဲ့အကောင်က ပုံမှန်အားဖြင့် သိုးတွေသမင်တွေကို ကိုက်ပြီး စားလေ့ရှိတာ၊ သို့သော် အဲဒီ အိပ်မက်ထဲမှာကျတော့ အဲဒီသစ်ကျုတ်တွေဟာ သိုးကိုလည်း မြင်လိုက်ရော လန့်ဖြန့်ပြီး ထွက်ပြေးကြတယ်တဲ့၊ သိုးတွေက အဲဒီသစ်ကျတ်ကို နောက်က အတင်းလိုက်ပြီး ကိုက်စားကြ တာတွေ့ရတယ်ဆိုတော့ ဒီနေရာ ဘာသာပြန်တာများ မှား
စာမျက်နှာ-၉၉
သလား မသိဘူး၊ ဧဠက ဆိုတဲ့စကားလုံးကို ဘာသာပြန်ရင် သိုးလို့ပဲ ပြန်လေ့ရှိကြတယ်ပေါ့နော်၊ သိုးလို့ ပြန်တာ ရှိတော့ သိုးဆိုတဲ့သတ္တဝါက အသားစားတဲ့သတ္တဝါ မဟုတ်ဘူး၊ မြက် စားတဲ့သတ္တငါ ဖြစ်တယ်နော်၊ သစ်ကျုတ်ဆိုတဲ့အကောင်က တော့ အသားစားတဲ့အကောင် မှန်တယ်၊ ဒီနေရာမှာ လွဲမှားမှု များ ရှိသလားလို့ စဉ်းစားမိတယ်ပေါ့နော်၊ ဘာဖြစ်လို့တုန်းဆို တော့ ဒီသိုးဆိုတဲ့အကောင်က သတ္တဝါတစ်ကောင်ကို ကိုက် စားဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ သူက သက်သတ်လွတ်စားတဲ့ အကောင်လေ၊ သက်သတ်လွတ်စားတာ၊ မြက်တို့ သစ်ရွက် တို့ စားတဲ့ အကောင်က သစ်ကျုတ်ကို ကိုက်စားတယ်ဆိုတာ ကိုက်လောက်အောင်လည်းပဲ သူ့သွားက ဒီလိုအစွယ်တွေ ချွန်ထက်တာတွေ မရှိဘူးလို့ ထင်တယ်၊ ဒီတော့ ဒီ ဧဠက ဆိုတဲ့စကားလုံးကို ဘာသာပြန်တာဟာ ဟုတ်မှ ဟုတ်ရဲ့လား လို့လည်း စဉ်းစားမိတယ်ပေါ့။ တခြားအကောင်များ ဖြစ်နေ မလား။

သို့သော်လည်း ဒီသိုးဆိုတဲ့အကောင်က စားတာ မဟုတ်ဘဲနဲ့ သစ်ကျုတ်ဆိုတဲ့အကောင်ဟာ သိုးကို မြင်တာနဲ့ လန့်ပြီး ပြေးတော့ သိုးကောင်ကို ကြောက်နေတဲ့အဓိပ္ပါယ်မျိုး လောက်ဆိုရင်တော့ ဒီအဓိပ္ပါယ်ဟာ နည်းနည်း နီးစပ်တယ် ပေါ့၊ အခုတော့ စာထဲမှာ ဘာပါတုန်းဆို “မုမုစ္စတိ ခါဒန္တ အဒ္ဓသာ”တဲ့၊ကျွတ်ကျွတ်ဝါးစားတာကိုတွေ့ရတယ်လို့ ဆိုတော့
စာမျက်နှာ-၁၀၀
သိုးက အဲဒီလောက် စားလို့ ရမလားဆိုတာကို စဉ်းစားကြည့် မိတာပေါ့နော်။

ဒီတော့ အခုလို အိပ်မက်မက်တဲ့အခါမှာ တစ်ခါတစ်ခါ ကျတော့လည်း ဒီ ဘာသာပြန်တဲ့စကားလုံးလေးတွေဟာ ဖြစ် နိုင်တာနဲ့ မဖြစ်နိုင်တာမှာ စဉ်းစားစရာလေးတွေတော့ ရှိနိုင် တာပေါ့။ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာ စကားလုံးတစ်လုံး ရဲ့ ပြောင်းလဲသွားမှုတွေ တစ်ခါတစ်ရံကျလို့ရှိရင် အဓိပ္ပါယ် ပြန်ဆိုမှုတွေဟာ လွဲမှားတာလေးတွေ ရှိကောင်း ရှိနိုင်တယ်။

ဒီကနေ့ခေတ်မှာ ဘုန်းကြီးတို့စဉ်းစားရှာဖွေပြီး အမျိုးမျိုး ပြောနေကြတဲ့စကားတစ်ခု ရှိတယ်၊ “တရ” အောင်းဆိုတဲ့ အကောင်ရဲ့ အသားကို မစားရဘူးလို့ ရဟန်းတွေမှာ မအပ်တဲ့ အသားကြီးဆယ်မျိုးဆိုတာ ရှိတယ်၊ အဲဒီအသားကြီးဆယ်မျိုး ထဲက အောင်းဆိုတဲ့သတ္တဝါရဲ့ အသားကို မစားရဘူးဆိုတာ အဲဒီအောင်းဆိုတဲ့အကောင်ဟာ ဘယ်လိုဟာလဲ၊ တချို့ကလည်း နွားနောက်သတ္တဝါလို့ ပြောတယ်၊ နွားနောက်သားက စားကြတယ်လေ၊ ဒီတော့ ဘယ်လိုအကောင် ဖြစ်နိုင်တုန်းဆိုတော့ သုံးသပ်ကြည့်မယ်ဆိုရင် သူက အသားစားတဲ့သတ္တဝါမျိုးထဲက ဖြစ်သင့်တယ်ပေါ့။ ဒီတော့ တရဋ္ဌဆိုတဲ့စကားလုံးကို အင်္ဂလိပ် လိုပြန်တဲ့ စာအုပ်တွေထဲမှာ ကြည့်မယ်ဆိုလို့ရှိရင် သုက hyena လို့ ပြန်တယ်၊ hyenaဆိုတဲ့ အကောင်ဟာ ဘယ်လို အကောင်တုန်းဆိုလို့ရှိရင် သူက ဝံပုလွေလောက်လည်း မကြီးဘူး, တောခွေးလောက်လည်း မသေးဘူး။ အဲဒီနှစ်ခုကြားမှာ
စာမျက်နှာ-၁၀၁
ခါးကုန်းကုန်းလေးနဲ့ နေတဲ့ ဝံပုလွေလို ပုံစံမျိုး, တောခွေးလို ပုံစံမျိုး အကောင်ကို hyena လို့ ခေါ်တယ်ပေါ့၊ အဲဒီ hyena လို့ဆိုတဲ့အကောင်ကတော့ သားစားသတ္တဝါပဲ၊ တစ်ခါတစ်ရံ သူတို့က အုပ်လိုက်နေသည့်အတွက်ကြောင့် ခြင်္သေ့ဆီက အစာကိုတောင် လုစားတတ်တယ်၊ ကျွဲတွေ ဘာတွေတွေ့ရင်လည်း သူတို့ခိုင်းလိုက်တယ်၊ ဝိုင်းလိုက်ပြီး ကျွဲစိတ်ညစ်အောင် လုပ်ပြီး နောက်ဆုံးကျတော့ ကျွဲကို သတ်စားတဲ့အနေအထား မျိုးအထိ ရှိတယ်ပေါ့၊ တရဋ္ဌ အောင်းဆိုတဲ့ သတ္တဝါဟာ hyena ဖြစ်လောက်တယ်လို့ ဘုန်းကြီးတို့က ယူဆမိတယ်။

အခုလည်းပဲ သစ်ကျတ်တွေကို ဝါးစားတယ်ဆိုတာ သိုးက ငါးစားနိုင်ပါ့မလားလို့ စဉ်းစားကြည့်မိတာပေါ့ သိုး ဆိုတဲ့သတ္တဝါက အကောင်ကို ဝါးစားတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ခါတိုင်းက ရှုံးနေကျအကောင်တစ်ခုကနေ အနိုင်ရသွားတဲ့အနေအထားမျိုးကတော့ ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ ခုနကနဲ့ မြွေလို, မြွေက ဖားကို မျိုးတယ်,က မြွေကို မျိုးတယ်ဆိုတာ အပြန်အလှန်အားဖြင့်တော့ ဖြစ်နိုင်ကောင်း ဖြစ်နိုင် လိမ့်မယ်၊ အခု သက်သတ်လွတ်စားတဲ့အကောင်တစ်ကောင်က သားစားကောင်တစ်ကောင်ကို ဝါးစားနိုင်တယ်ဆိုတာ တော့ စဉ်းစားစရာပဲ၊ တခြားအကောင်မျိုးများ ဖြစ်နိုင်မလား လို့ စဉ်းစားမိတာကို ပြောပြတာ။

ဒီတော့ ဆယ့်ခြောက်ခုအိပ်မက်အကြောင်း စာထဲမှာ ဆိုထားတာကတော့ “ဒီပိနော - ကျားသစ်တွေဟာ (အဲဒီ
စာမျက်နှာ-၁၀၂
သစ်ကိုပဲ နောက်ကျတော့ ဝကလို့ သုံးတယ်၊ ဝကကို မြန်မာ လို ပြန်တော့ သစ်ကျုတ်လို့ ဘာသာပြန်လေ့ရှိတယ်။) ဒီပိနော - ကျားသစ်တွေဟာ၊ ဧဠကေ- သိုးကောင်တို့ကို၊ ခါဒန္တိ-စား လေ့ရှိကြကုန်၏၊ ဒါ ပုံမှန်က ကျားသစ်က သိုးကောင်ကို သတ် စားတယ်၊ “ဧဠကေ ပိနော အနုဗန္ဒိတွာ မုစ္စမုစ္စတိ ခါဒန္တေ အဒ္ဓသာ” သစ်ကျတ်တွေကို လိုက်ဖမ်းပြီး တကျွတ်ကျွတ်ဝါး စားတဲ့သိုးတွေကို မြင်မက်တယ်။

ယုန်နဲ့ခွေးလိုပေါ့၊ ယုန်ဆိုတဲ့သတ္တဝါလည်းပဲ သက်သတ် လွတ်စားတဲ့ကောင်ပဲ၊ ခွေးက ယုန်တွေ့ရင် လိုက်တယ်၊ အခု ဒီတစ်ချိကျကော့ ယုန်ကနေ ခွေးကို လိုက်တယ်၊ အဲဒီလိုပုံစံ မျိုးတော့ ဖြစ်နိုင်တယ်၊ သိုးက ကျားသစ်ကို လိုက်တယ်ဆိုတာ ဖြစ်နိုင်တယ်၊ သို့သော် ငါးစားတယ်ဆိုတဲ့အဆင့် ရောက်ဖို့ ကျတော့ မှတ်ယူဖို့ရာ ခက်ခဲတယ်ပေါ့နော်၊ ဒီတော့ ဒီနေရာမှာ ခုနကလို ယုန်နဲ့ခွေးလို ပြောင်းပြန်ပြန်တာမျိုးတော့ ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ ကျားသစ်တွေဟာ သိုးကိုမြင်လို့ ကြောက်လန့် ပြီးတော့ ထွက်ပြေးသွားကြတာကို တပည့်တော်မြင်မက်ပါတယ်လို့ဆိုရင် အဓိပ္ပါယ်ဟာ ဖြစ်နိုင်တယ်ပေါ့၊ သိုးကောင်တွေမြင်လို့ သစ်ကျုတ်တွေဟာ ကြောက်လန့်တကြီးထွက်ပြေး ပြီး ချုံထဲမှာ ပုန်းအောင်းနေကြတယ်ဆိုတဲ့စကားကတော့ မှန်တယ်၊ “ဝါးစားတယ်”ဆိုတဲ့ စကားကိုတော့ နည်းနည်းသတိ ထားရမယ့်အနေအထားမျိုး ရှိတယ်။
စာမျက်နှာ-၁၀၃
နောက်ပိုင်းဆိုလိုက်တဲ့ စကားကျတော့ “ဝကာ - သစ် ကျုတ်တို့ဟာ၊ ဧဠကေ - သိုးတို့ကို ဒူရတော ဒိသွာ - အဝေး ကြီးက မြင်ပြီးတဲ့နောက်၊ တသိတာ တာသပတ္တာ ဟုတွာထိတ်လန့်ကြောက်ရွံ့တကြီးဖြစ်ကြပြီး၊ ဧဠကာနံ ဘယာ - သိုးတွေကို ကြောက်ပြီး၊ ပလာယိတွာ- ထွက်ပြေးပြီး၊ ဂုမ္ပဂဟနာဒီနို - တောချုံပုက်စသည်တို့သို့၊ ပဝိသိတွာ- ဝင်၍၊ နိလီယံသုပုန်းနေကြကုန်၏”၊ အဲဒီအနေအထားကတော့ ဖြစ်နိုင်တယ်၊ အဲဒီအိပ်မက်ကို တပည့်တော်မက်ပါတယ်တဲ့၊ အဲဒီအိပ်မက်ဟာ ဘယ်လိုများ အကျိုးအပြစ် ဖြစ်နိုင်ပါသလဲ။

မြတ်စွာဘုရားက ရှင်းတယ်၊ “ဒီအိပ်မက်ဟာလည်း နောင်အနာဂတ်မှာ အကျိုးသက်ရောက်မယ့်နိမိတ်ပဲ”၊ ဒီမှာ မင်းစိုးရာဇာချည်းတွေပဲ ပြောတာဟာ တခြားမဟုတ်ဘူး၊ တိုင်း ပြည်တစ်ခု ကောင်းဖို့ဆိုတာလည်းပဲ ခေါင်းဆောင်နဲ့ သက် ဆိုင်တယ်ပေါ့၊ တိုင်းပြည်အုပ်ချုပ်မင်းစိုးရာဇာတွေဟာ တိုင်း ပြည်ကောင်းဖို့ သူတို့အပေါ်မှာ တည်တယ်၊ တိုင်းပြည်မကောင်း ဖို့ဆိုတာလည်း သူတို့အပေါ်မှာ တည်တယ်။

“ရှေ့ဆောင်နွားလား အကောက်သွားက နောက်နွား တစ်သိုက် အကောက်လိုက်၏” ဘုရားဟောတဲ့ဒေသနာတော်တွေကို ကြည့်ရင် ခေါင်းဆောင်ဟာ သိပ်အရေးကြီးတယ်ပေါ့။ “ရှေ့ဆောင်နွားလား အကောက်သွားက၊ နောက်နွားတစ်သိုက် အကောက်လိုက်၏။ ရှေ့ဆောင်နွားလား အဖြောင့် သွားမှ နောက်နွားတစ်သိုက် အဖြောင့်လိုက်၏”ဆိုတဲ့အတိုင်းပဲ။
စာမျက်နှာ-၁၀၄
“မင်းစိုးရာဇာတွေ တရားမစောင့်ဘူးဆိုတဲ့အခါမှာ အရည်အချင်းမရှိတဲ့ပုဂ္ဂိုလ်တွေဟာ မင်းနဲ့အကျွမ်းဝင်ပြီး ရာထူး အာဏာတွေ ရလာတယ်၊ အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်တွေက မင်းနဲ့ အကျွမ်းမဝင်တော့ သူတို့ ရာထူးအာဏာ မရဘူး၊ မင်းနဲ့ ရင်းနှီးမှုမရှိသည့်အတွက်ကြောင့် သူတို့ရဲ့စကားတွေဟာ မအောင်ဘူး၊ မင်းနဲ့ အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်တွေရဲ့ စကားတွေသာ အောင်ပြီး နောက်ဆုံးမှာ သူတို့ပိုင်ဆိုင်တဲ့ကိစ္စတွေနဲ့ ပတ်သက် ပြီးတော့ တရားတဘောင်ရောက်တဲ့အခါမှာလည်းပဲ တကယ့်ကို အစဉ်အလာရှိတဲ့ပုဂ္ဂိုလ်တွေဟာ တရားရှုံးပြီး မင်းကျွမ်းဝင်တဲ့ပုဂ္ဂိုလ်တွေရဲ့ စကားက အောင်မြင်ပြီး ပစ္စည်းဥစ္စာတွေ လက် လွတ်ဆုံးရှုံးကြ အကြိမ်းမောင်းခံကြရ၊ အဲဒီလို လူ့လောက ကြီးမှာ ပြောင်းပြီးပြောင်းပြန်တွေ အကုန်လုံးဖြစ်ပြီးတော့ တစ် ချိန်ကျလို့ရှိရင် ပျက်စီးသွားနိုင်တယ်”တဲ့။

“အဲဒါလိုပဲ ရဟန်းသံဃာတွေအတွင်းလည်း စိတ်ဓာတ် ညံ့ဖျင်းတဲ့ရဟန်းယုတ်တွေဟာ တကယ့်ကို ကိုယ်ကျင့်တရား ကောင်းတဲ့ ရဟန်းတွေကို စိတ်တိုင်းကျ အနိုင်ကျင့်ကြတယ်။ ကိုယ်ကျင့်တရားနဲ့ပြည့်စုံကဲ့ရဟန်းတွေဟာ တောထဲတောင်ထဲ ပုန်းပြီးတော့ နေကြရတာ၊ အဲဒါလိုအခြေအနေမျိုးတွေ ဖြစ် လာနိုင်တယ်၊

သစ်ကျုတ်တွေဟာ သိုးတွေကိုတွေ့တဲ့အခါမှာ ကြောက် လန့်ပြီး တောထဲမှာ ပုန်းကြရသလို အခုလို လူတော်လူကောင်းတွေဟာလည်းပဲ မကြောက်ရမယ့်ပုဂ္ဂိုလ် သိုးဆိုတဲ့အကောင်
စာမျက်နှာ-၁၀၅
ဟာ အလွန်ထုံထိုင်းတဲ့အကောင်၊ သူ့မြင်ပြီး ကြောက်လန့် တကြား ပုန်းကြရသလို လူတော်လူကောင်းတွေဟာ နောက် ဆုတ်သွားရတယ်ဆိုတဲ့အနေအထားမျိုးတွေ ဖြစ်လာနိုင်တယ်တဲ့ ဒါကြောင့်မို့လို့ ဒီအိပ်မက်ကို မြင်မက်တာ ဖြစ်တယ်၊ ဒါ လည်းပဲ အနာဂတ်ကို အစွဲပြုပြီးတော့ မက်တာသာ ဖြစ်တယ်၊ သင်မင်းကြီးမှာ ဘာအန္တရာယ်မှ မရှိပါဘူး”။

မြတ်စွာဘုရားက အိပ်မက်ဆယ့်ခြောက်မျိုးရဲ့ အကျိုး အပြစ်ကို ရှင်းပြပြီးနောက် ကောသလမင်းကြီးကို ဘာဆက် ပြောတုန်းဆိုတော့ “ဒီလိုအိပ်မက်မျိုးတွေ ပက်တာဟာ သင် မင်းကြီးသာ မက်တာ မဟုတ်ဘူး၊ လွန်ခဲ့တဲ့အတိတ်ကာလ တုန်းကလည်း မက်ဖူးတယ်” ဆိုပြီးတော့ ဗာရာဏသီပြည်က ဗြဟ္မဒတ်မင်းကြီးမက်တဲ့ အိပ်မက်အကြောင်းကို ဟောတယ်၊ ဒါလည်း ထပ်တူညီမျှပ်၊ အဲဒီတုန်းက အိပ်မက်ကို ဖြေရှင်း ဆုံးဖြတ်ပေးတဲ့ပုဂ္ဂိုလ်ကလည်း ဘုရားအလောင်း ဈာန်အဘိညာဉ် ရတဲ့ရသေ့ကြီးပဲ ဖြစ်တယ်၊ အဲဒီလို ဇာတ်ကြောင်း လှန်ပြီး တော့ မြတ်စွာဘုရားက ဒီအိပ်မက်တွေကြောင့် တစ်စုံတစ်ခု ဘေးရန်အန္တရာယ် မရှိဘူး”။

“သို့သော်နန်းတော်မှာ ပုဏ္ဏားတွေက စားပေါက်ထွင်တဲ့ အနေနဲ့ ယဇ်ပူဇော်ဖို့ရာ လုပ်ကြတာ၊ သားကောင်တွေ သတ်ပြီး တော့ လုပ်တယ်ဆိုတာ သဘာဝမကျဘူး၊ သူများအသက်ကို သတ်ပြီး ကိုယ့်အသက်ရှည်ဖို့ရာ ကြိုးစားတယ်ဆိုတာ တရား မျှတမှု မရှိဘူး၊ သူများအသက်ကို သတ်ပြီး ကိုယ့်အသက်
စာမျက်နှာ-၁၀၆
ရှည်တယ်ဆိုတာလည်း ယုတ္တိမရှိဘူး”လို့ မြတ်စွာဘုရားက ကောသလမင်းကြီးကို ဆုံးမတော်မူတယ်၊ အဲဒီအခါ ကောသလ မင်းကြီးက နန်းတော်မှာ ချက်ချင်းပဲ အမိန့်ပြန်ခိုင်းလိုက်တယ်၊ “ဖမ်းထားတဲ့သတ္တဝါတွေအားလုံးကို အကုန်လွှတ်၊ ယဇ်ပွဲကြီးကို ဖျက်သိမ်း” အားလုံးသတ္တဝါတွေဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ သေဘေးက လွတ်မြောက်သွားကြတယ်တဲ့။ ။

ဒါ တစ်ချိန်တုန်းက ကောသလအိပ်မက်ရဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က ကောသလအိပ်မက်တွေရဲ့ အကျိုးဆက်တွေဟာ နောင်တစ်ခေတ် ကျမှ ဖြစ်ပေါ်လာမှာ ဖြစ်သည့်အတွက်ကြောင့် ယနေ့ကမ္ဘာနဲ့ ချိန်ဆပြီးတော့ ကြည့်ကြရမှာ ဖြစ်တယ်၊ မြတ်စွာဘုရားဟာ ကြားခဲ့တဲ့အိပ်မက်ဆိုးကျိုးတွေဟာ ယနေ့ကမ္ဘာမှာ တချို့ တစ် ဝက် ဖြစ်ပေါ်နေပြီဆိုတာ ထင်ရှားတယ်။ အပြည့်အစုံဖြစ်လာ နိုင်တယ်ဆိုတာ သတိကြီးစွာထားပြီး အဆိုးတရားတွေ မဖြစ် ကြရလေအောင် ကိုယ်ကျင့်သီလနဲ့ ပြည့်စုံအောင် နေကြဖို့နဲ့ မေတ္တာကရုဏာမုဒိတာ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရား အလေး ထားလို့ စိတ်ကောင်းနှလုံးကောင်း မွေးမြူကြပြီး လောကကြီး မှာ အားလုံးကြီးပွားတိုးတက်အောင် ကြိုးစားအားထုတ်နိုင် ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု။ f7do1iot8ee0l33js7gg3a0asbnu1ys တောင်ပို့ထဲက ရတနာ 0 6414 22218 2026-06-20T00:12:52Z Tejinda 173 "{{header | title = တောင်ပို့ထဲက ရတနာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ကောသလအိပ်မက်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22218 wikitext text/x-wiki {{header | title = တောင်ပို့ထဲက ရတနာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ကောသလအိပ်မက်နှင့် ယနေ့ကမ္ဘာ]] | previous2 = | next = [[ပေါ်လာသည့်အာရုံများနှင့် ရှုပွားရမည့်ဝိပဿနာတရား]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

တောင်ပို့ထဲက ရတနာ
အမှာစာ

သာသနာတော်နှစ် ၂၅၅၂-နှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ခုနှစ်၊ နတ်တော်လဆန်း (၁၀)ရက်နေ့၊ ၇-၁၂-၀၈၊ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၉)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ်(၉)ရပ်ကွက်လုံးဆိုင်ရာ ဆွမ်းအောင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ၊ အဘိဓမ္မာရံပုံငွေ အထူးတရားပွဲအဖြစ်ဖြင့် ဆင်ယင်ကျင်းပသည့် ဓမ္မသဘင်အခမ်းအနားဝယ် ဟောကြားအပ်သော “တောင်ပို့ထဲက ရတနာ” တရားဒေသနာတော်။

ဤစာအုပ်သည် နှုတ်ဟောတရားကို အသံမှ စာလုံးအဖြစ် ကူးပြောင်းရေးသား၍ တည်းဖြတ်ပြင်ဆင်ထားသော စာအုပ်ဖြစ်သည်။ မဇ္ဈိမနိကာယ၌ ပါရှိသော ဝမ္မိကသုတ်ကို လက်တွေ့ကျင့်သုံးနိုင်ရန် ရည်သန်လျက် ကျင့်စဉ်နှင့်ကိုက်ညီအောင် ရှင်းလင်းဟောပြထားသည်။ ဤစာအုပ်ကို ဖတ်ရှုလေ့လာပြီးနောက် မူရင်းသုတ်ကိုပါ ဖတ်ရှုလေ့လာသင့်သည်။

ဝမ္မိကသုတ္တန်မှာ ဗြဟ္မာတစ်ဦး လာရောက်ပြောဆိုသည့် ပုံပြင်ဆန်ဆန်ဝတ္ထုနှင့် ထိုဝတ္ထုကို အခြေခံသည့် ပဟေဠိပုစ္ဆာ (၁၅)ချက်ပါရှိပြီး အဆိုပါ ပုစ္ဆာ (၁၅)ချက်ကို မြတ်ဗုဒ္ဓက ရှင်းလင်းဖြေဆိုထားပေသည်။ ပဟေဠိပုစ္ဆာ (၁၅)ချက်မှာ ဖော်ပြပါအချက်များနှင့် သက်ဆိုင်သည့်မေးခွန်းများ ဖြစ်သည်။

၁။ တောင်ပို့။ ၂။ ညအခါ မီးခိုး။ ၃။ နေ့မီးလျှံ။ ၄။ ဆရာ ဗြာဟ္မဏ။ ၅။ သုမေဓ တပည့်။ ၆။ လက်နက်။ ၇။ တူးဖော်ခြင်း။ ၈။ တံခါးကျည်မင်းတုတ်။ ၉။ ဥဒ္ဓမာယိကာ ဖား။ ၁၀။ လမ်းနှစ်သွယ်။ ၁၁။ ဆပ်ပြာရေစစ်။ ၁၂။ လိပ်။ ၁၃။ ဓားနှင့် စဉ်းတီတုံး။ ၁၄။ သားတစ်။ ၁၅။ နဂါး တို့ပင် ဖြစ်သည်။

တရားရှာ ကိုယ်မှာတွေ့ ဆိုသည့်အတိုင်း ကိုယ်ခန္ဓာဆိုသည့် တောင်ပို့ကြီးထဲမှာ ထူးခြားတဲ့ “ဗောဓိပက္ခိယ” တရားရတနာတွေကို ရရှိအောင် အဆင့်ဆင့် တူးဖြိုပြီး ရှာကြရမှာ ဖြစ်သည်။

ရှာတဲ့အခါ တံခါးကျည်နဲ့တူတဲ့ အဝိဇ္ဇာ၊ ဥဒ္ဓမာယိကာ ဖားငယ်နဲ့တူတဲ့ ဒေါသတရားတို့ကို ဖယ်ရှား၊ လမ်းနှစ်သွယ်နဲ့တူတဲ့ ဝိစိကိစ္ဆာကို ကျော်ဖြတ်၊ ဆပ်ပြာရေစစ်နဲ့တူတဲ့ နီဝရဏတရား ငါးပါးတို့ကို ဟန့်တား ပယ်ဖျက်၊ လိပ်နဲ့တူတဲ့ ခန္ဓာငါးပါးပေါ်မှာ တွယ်ကပ်မနေဘဲ၊ အာရုံငါးပါးနဲ့တူတဲ့ ဓားနဲ့ စဉ်းတီတုံးကို ဖယ်ရှားပစ်ရမည်။

နောက်ဆုံး သားတစ်နဲ့တူတဲ့ အတွယ်အတာကို ဖယ်ရှားလိုက်နိုင်ပြီဆိုလျှင် ထူးခြားတဲ့ ဗောဓိပက္ခိယ တရားရတနာတွေကို ရရှိပိုင်ဆိုင်ကာ နိဗ္ဗာန်ချမ်းသာကို ခံစားကြရမှာ ဖြစ်တယ်ဆိုတာ ဝမ္မိကသုတ်အရ သိကြရပေသည်။

ဝမ္မိကသုတ်သည် ဝိပဿနာကျင့်စဉ်ကို ရှင်းလင်းဖော်ပြထားသည့် သုတ်တစ်သုတ်ဖြစ်ရာ ဝိပဿနာတရား ပွားများအားထုတ်သူတိုင်း ဖတ်ရှုလေ့လာသင့်ပေသည်။ အရှင်ကုမာရကဿပကဲ့သို့ ဝမ္မိကသုတ်ကျင့်စဉ်ဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ကိုယ်တိုင်မျက်မှောက်ပြုနိုင်ကြပါစေ။

ဓမ္မအသိရှိလျက်နေမည်။ မုချ လှမည်မှတ်။

ကိုယ့်ကျိုး-သူ့ကျိုး၊ တိုင်းပြည်ကျိုးနှင့် အမျိုးဘာသာ၊ သာသနာအကျိုး ပွားတိုးစေမှု၊ လုပ်ကျွေးပြုမှ ဒို့ဘဝ၊ မုချ လှ-မည်မှတ်။

တောင်ပို့ထဲကရတနာလို့ အမည်ပေးထားတဲ့ တရားဒေသနာဟာ ဗုဒ္ဓမြတ်စွာ ကိုယ်တိုင်ဖြေဆိုဟောကြားခဲ့တဲ့ မဇ္ဈိမနိကာယ် ဝမ္မိကသုတ်မှာ လာရှိတဲ့ တရားဒေသနာဖြစ်တယ်။ ဝမ္မိကဆိုတာ တောင်ပို့ကိုခေါ်တာ။ ဆရာနဲ့တပည့် တောင်ပို့ကြီး တူးပြီး ရတနာတွေရှာကြပုံ ဥပမာစကားကို ဖြေရှင်းဟောကြားခဲ့တာ ဖြစ်တယ်။
စာမျက်နှာ-၂
ဥပမာနဲ့ ရှင်းလင်းဟောကြားခဲ့တဲ့ ဒေသနာတော်တွေ ပိဋကတ်သုံးပုံမှာ မြောက်များစွာရှိတယ်။ “ဥပမာယ မိကစ္စေ အတ္တံ ဇာနန္တိ ပဏ္ဍိတာ” လို့ ဆိုတဲ့အတိုင်း ဥပမာနဲ့ ရှင်းပြရင် အဓိပ္ပာယ်ပိုပြီး ထင်ရှားတယ်၊ သိလွယ်တယ်။ ဒါကြောင့်မို့ ဝမ္မိကသုတ်ဆိုတာ ဥပမာကို အသုံးပြုပြီး ဟောထားတဲ့ တရားဒေသနာတစ်ပုဒ်ဖြစ်တယ်။

သုတ္တန်တစ်ခုကို လေ့လာကြည့်မယ်ဆိုရင် ထိုသုတ္တန်ရဲ့ background ကို အရင်ရှာရတယ်။ နောက်ခံအကြောင်းရင်းက ဘာလဲ။ ဘာကြောင့် ဒီသုတ္တန် ဖြစ်ပေါ်လာသလဲ။ ဒီသုတ္တန်ကို ဟောရခြင်းရဲ့ အကျိုးကျေးဇူးရလဒ်က ဘာလဲဆိုတာတွေကို ပြည့်ပြည့်စုံစုံ လေ့လာနိုင်မယ်ဆိုရင် တရားတော်ရဲ့ အနှစ်သာရကို ပိုပြီးတော့တွေ့ရှိနိုင်တယ်။ အဲဒီတော့ ဒီ ဝမ္မိကသုတ္တန်ရဲ့ နောက်ခံ background က ဘာလဲ။
စာမျက်နှာ-၃
နောက်ခံ background က အံ့သြဖွယ်ကောင်းတယ်။ ရဟန်းတော်လေးတစ်ပါးဟာ ဇေတဝန်ကျောင်းကြီးနှင့် ဆက်စပ်နေတဲ့ အန္ဓဝနခေါ်တဲ့ တောအုပ်ကြီးထဲမှာ သီတင်းသုံးနေတယ်။ ညသန်းခေါင်ကျော်အချိန်မှာ ကိုယ်ရောင်ကိုယ်ဝါ ထွန်းတောက်စွာနဲ့ ဗြဟ္မာတစ်ယောက် သူ့ထံရောက်လာတယ်။ အဲဒီဗြဟ္မာက ထူးဆန်းတဲ့ ပုံပြင်တစ်ခုကို ပြောသွားတယ်။ အဲဒီပုံပြင်ဟာ လျှို့ဝှက်တဲ့ စကားတွေနဲ့ ပဟေဠိဆန်နေတယ်။ ဗြဟ္မာပြောသွားတဲ့ ပုံပြင်က ဒီလိုပါ။
ထူးဆန်းတဲ့ပုံပြင်
“ကိုယ်တော် ကိုယ်တော်တဲ့၊ ထူးဆန်းတဲ့ တောင်ပို့ကြီးတစ်ခုရှိတယ်။ အဲဒီတောင်ပို့ကြီးက ညကျရင် မီးခိုးတွေ ထွက်နေပြီး နေ့အခါကျရင် မီးအလျှံတွေ ထွက်နေတယ်။ ဒီထူးဆန်းတဲ့ တောင်ပို့ကြီးကိုတွေ့ရတဲ့အခါ ဆရာတပည့်နှစ်ယောက်...
စာမျက်နှာ-၄
တောင်ပို့ကြီးကို တူးကြည့်ဖို့ လက်နက်ကိရိယာတွေ ယူပြီး ရောက်လာကြတယ်။ ဆရာလုပ်တဲ့ပုဂ္ဂိုလ်က ပြောတယ် “ငါ့တပည့် ဟောဒီတောင်ပို့ကြီးကို မင်းမှာပါလာတဲ့ လက်နက်နဲ့ တူးစမ်း” ဆိုတော့ တပည့်က တောင်ပို့ကြီးကိုတူးတယ်။ တူးဖြိုလိုက်တဲ့အခါ ပထမဆုံးဘာတွေလဲဆိုတော့ တံခါးကန့်လန့် (သို့မဟုတ်) မင်းတုတ်ကိုတွေ့ရတယ်တဲ့။

တပည့်ကပြောတယ် “ဆရာရေ တံခါးကန့်လန့်ကြီး တစ်ခုတွေ့တယ်၊ “ငါ့တပည့် အဲဒီတံခါးကန့်လန့်ကြီးကို ဖယ်ပစ်လိုက်၊ ပြီးတော့ ရှေ့ဆက်တူး” လို့ ဆရာကပြောတယ်။ ဆက်တူးတဲ့အခါကျတော့ ဖားကလေးတစ်ကောင် ဝပ်နေတာကိုတွေ့ရတယ်။ အဲဒီဖားကလေးက အကောင်မကြီးဘူး၊ သေးသေးလေးရယ်။ ဒါပေမဲ့ သွားထိလိုက်ရင် အဲဒီဖားကလေးက ဖောင်းဖောင်းလာတယ်။ ဖောင်း...
စာမျက်နှာ-၅
လာတော့ အင်မတန်ကြီးတဲ့ ဖားကြီးတစ်ကောင် ဖြစ်လာတယ်။ အဲဒီဖားမျိုးကို ပါဠိစာပေမှာ ဥဒ္ဓမာယိကာဖားလို့ ခေါ်တယ်။

တပည့်ကပြောတယ် 'ဆရာရေ ဥဒ္ဓမာယိကာ ဖားတစ်ကောင်တွေ့နေပါတယ်တဲ့၊ “ဒါဖြင့် အဲဒီဖားကို ဖယ်ထုတ်ပစ်လိုက်၊ မင်း ဆက်ပြီးတူးဦး” ဆရာက ခိုင်းတော့ တောင်ပို့ကြီးကို ဆက်ပြီးတူးလိုက်တဲ့အခါမှာ လမ်းနှစ်သွယ်ကိုတွေ့ရတယ်။ တပည့်ကပြောတယ် “ဆရာရေ လမ်းနှစ်သွယ်တွေ့နေပြီ” ဆိုတော့၊ ဆရာက “အဲဒီလမ်းနှစ်သွယ်ကို တူးပစ်လိုက်ကွာ”တဲ့၊ တပည့်က ဆက်တူးပြန်တယ်။ တူးရင်းတူးရင်းနဲ့ ဆပ်ပြာချက်တဲ့နေရာမှာ အသုံးပြုတဲ့ ဆပ်ပြာရေစစ်ကြီးတစ်ခုတွေ့ရတယ်။ တပည့်က “ဆရာရေ ဟောဒီမှာ ဆပ်ပြာရေစစ်ကြီးတွေ့နေပြီ”တဲ့။ ဆရာက 'အေး အဲဒီဆပ်ပြာရေစစ်ကြီးကို ဖယ်လိုက်ပြီး...
စာမျက်နှာ-၆
ဆက်တူးဦး'တဲ့။ ဆက်တူးတော့ လိပ်ကြီးတစ်ကောင်တွေ့ပြန်တယ်။ တပည့်က “ဆရာရေ လိပ်ကြီးတစ်ကောင်တွေ့နေပါလား”တဲ့။

“အေး အဲဒီလိပ်ကြီးကိုလည်း ဖယ်ပစ်လိုက်ကွာ၊ ဆက်တူးဦး'ဆိုတော့ ဆက်တူးတာ ဘာတွေတုန်းဆိုရင် အသားငါးတင်လှီးတဲ့ သစ်တုံးတစ်တုံးနဲ့ သားလှီးဓားလေးတစ်ချောင်း တောင်ပို့ထဲရောက်နေတာတွေ့ရတယ်။ တပည့်က ပြောတယ်၊ “သားလှီးဓားနဲ့ စဉ်းတီတုံးတစ်ခုတွေ့တယ် ဆရာ”တဲ့။ ဆရာက အဲဒါကိုဖယ်ပြီး ဆက်တူးကွာဆိုတော့ ဆက်ပြီးတူးလိုက်တဲ့အခါ သားတစ်တစ်ခုတွေ့ရပြန်တယ်။ တပည့်က “ဆရာရေ ဒီမှာ သားတစ်တစ်ခုလာတွေ့နေတယ်” ဆိုတော့ “အေး အဲဒါကို ဖယ်ပြီး ဆက်တူးစမ်းကွာ” လို့ပြောတယ်။ ဆက်တူးတဲ့အခါ နဂါးကြီးတစ်ကောင် သွားတွေ့တယ်။ တပည့်က...
စာမျက်နှာ-၇
“ဆရာရေ ဟောဒီမှာ နဂါးကြီးတွေ့နေပြီ" ဆိုတော့ ဆရာက “အေး ငါ့တပည့် နဂါးကြီးကို အရိုအသေပေးလိုက်၊ သွားမထိနဲ့၊ ဆက်မတူးနဲ့တော့'တဲ့။ တပည့်က နဂါးကြီးကို လက်အုပ်ချီရှိခိုးလိုက်တယ်”။

ဗြဟ္မာကြီးက အဲဒီပဟေဠိဆန်ဆန် ပုံပြင်ကို ပြောပြီး “ဒီပုံပြင်ထဲမှာ ညအခါမှာ အခိုးတွေထွက်နေပြီး နေ့အခါမှာ မီးလျှံတွေ ထွက်နေတဲ့ တောင်ပို့ကြီးကို ဆရာနဲ့တပည့် လာတူးတယ်ဆိုတဲ့ ဒီစကားရပ်တွေရဲ့ အဓိပ္ပာယ်ကို ကိုယ်တော်သိချင်ရင် မြတ်စွာဘုရားထံ သွားပြီးမေးပါ။ မြတ်စွာဘုရား အဖြေပေးတဲ့အတိုင်း မှတ်ပါ။ ကုန်ကုန်ပြောလိုက်မယ်၊ အခုပြောလိုက်တဲ့ ပဟေဠိပုစ္ဆာကို ဖြေနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဘုရားသော်လည်းကောင်း၊ ဘုရားရဲ့တပည့်သား သာဝကသော်လည်းကောင်း၊ ဟောဒီသာသနာက တရားဓမ္မကို သင်ထားတဲ့ ပုဂ္ဂိုလ်သော်လည်းကောင်း ဖြစ်ရမယ်၊ အဲဒီပုဂ္ဂိုလ်မျိုးမှ ဒီ...
စာမျက်နှာ-၈
ပဟေဠိပုစ္ဆာကို အဖြေပေးနိုင်မယ်” ဒီစကားတွေပြောပြီး ပျောက်သွားတယ်။ ဒါ ဒီသုတ္တန်ဖြစ်ပေါ်လာခြင်းရဲ့ အကြောင်းပဲ။

အဲဒီရဟန်းတော်လေးဟာ ထူးဆန်းတဲ့ စကားတွေကို ကြားရပြီး လာမေးသွားတဲ့ ပဟေဠိပုစ္ဆာတွေရဲ့ အဖြေတွေကို သိချင်နေတယ်။ နံနက်မိုးသောက်အလင်းရောက်တော့မှ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး ဟောဒီပဟေဠိပုစ္ဆာရဲ့ အဖြေကိုရှာရတော့မှာပဲလို့ တောင်ပို့ကြီးအကြောင်း တစ်ညလုံးစဉ်းစားရင်း နံနက်လင်းသွားခဲ့တယ်။

အဲဒီရဟန်းတော်လေးဟာ တခြားပုဂ္ဂိုလ်မဟုတ်ဘူး၊ အရှင်ကုမာရကဿပဖြစ်တယ်၊ အဲဒီအရှင်ကုမာရကဿပဆိုတာ သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး။ ပါရမီအရင့်အသန် ရှိပြီးသား ပုဂ္ဂိုလ်တစ်ပါး။ သူ့ရဲ့ဘဝဇာတ်လမ်းကလည်း တော်တော်ထူးဆန်း...
စာမျက်နှာ-၉
တယ်လို့ ပြောရမယ်။ သူက ဘိက္ခုနီမတစ်ဦးရဲ့ သားဖြစ်တယ်။

အဲဒီဘိက္ခုနီမဟာ လူ့ဘဝက ပစ္စည်းဥစ္စာချမ်းသာတဲ့ သူဌေးသမီးတစ်ယောက်ပဲ။ သာသနာဘောင်ဝင်ချင်ပေမယ့် မိဘနှစ်ပါးက ခွင့်မပြုဘူး၊ အတင်းအိမ်ထောင်ချပေးတာ ခံလိုက်ရတယ်။ အိမ်ထောင်ကျပြီးမှ ဒီအမျိုးသမီးလေးဟာ သူ့ရဲ့အိမ်ရှင်ယောက်ျားကို တောင်းတောင်းပန်ပန်လုပ်ပြီး သာသနာဘောင် မရအရဝင်ခဲ့ရတာ ဖြစ်တယ်။

အဲဒီလို သာသနာဘောင်ဝင်တဲ့အချိန်မှာ သူ့မှာ ကိုယ်ဝန်က ပါလာတယ်။ မသိဘဲနဲ့ ပါလာခဲ့တာ။ ဘိက္ခုနီမဘဝရောက်တဲ့အခါ တဖြည်းဖြည်း ဒီဇာတ်လမ်းက ပေါ်လာတော့ ရှင်ဒေဝဒတ်ရဲ့ အသင်းအပင်းဖြစ်တဲ့ ဘိက္ခုနီမတွေက ရှင်ဒေဝဒတ်ဆီ သတင်းပို့တယ်။ ရှင်ဒေဝဒတ်က မကောင်း...
စာမျက်နှာ-၁၀
သတင်းကျော်စောမှာကြောက်လို့ ဒီဘိက္ခုနီမကို လူထွက်ပေးလိုက်ကြလို့ ပြောတယ်။

ဒါပေမဲ့ ဒီဘိက္ခုနီမလေးက လူမထွက်ချင်ဘူး။ မြတ်စွာဘုရားထံသွားပြီး ခွင့်တောင်းတယ်။ သူဟာ ဘိက္ခုနီမဝတ်လာတဲ့ အချိန်ကနေစပြီး ကိုယ်ကျင့်သီလ လုံးဝပျက်ပြားခြင်းမရှိပါဘူးလို့ လျှောက်ထားပြောကြားတယ်။ မြတ်စွာဘုရားက ပသေနဒီကောသလမင်းကြီးတို့၊ အနာထပိဏ်တို့၊ ဝိသာခါတို့ကို ဒီအမှုကိစ္စ စစ်ဆေးခိုင်းတယ်။

ထိုအခါ ဝိသာခါက အဆုံးအဖြတ်ပေးတယ်။ ဒီအမျိုးသမီးလေး ဘိက္ခုနီဖြစ်လာတဲ့ရက်နဲ့ ကိုယ်ဝန်ကို တွက်ချက်ကြည့်လိုက်တဲ့အခါ ဘိက္ခုနီမလေးရဲ့ ကိုယ်ကျင့်တရားဟာ မပျက်ဘူး။ လူ့ဘဝကပါလာတဲ့ ကိုယ်ဝန်ပါလို့ ဆုံးဖြတ်ချက်ချတယ်။ ဒီဘိက္ခုနီမလေးဟာ ဘိက္ခုနီမဘဝနဲ့ ဆက်လက်နေထိုင်ခွင့်ရပြီး သားကလေးတစ်ဦး ဖွားမြင်ခဲ့တယ်။
စာမျက်နှာ-၁၁
သားကလေး ဖွားတဲ့အခါ ကလေးနဲ့ဘိက္ခုနီမ အမြင်မတော်သည့်အတွက် ကောသလမင်းကြီးက ကလေးကို နန်းတော်ခေါ်ပြီး ကျွေးမွေးစောင့်ရှောက်ထားတယ်။ ဒါကြောင့်မို့ မျိုးရိုးအမည်နာမ် “ကဿပ”ဆိုတဲ့ အမည်အပြင် မင်းသားလို့ အဓိပ္ပာယ်ရတဲ့ “ကုမာရ”ဆိုတဲ့ အမည်ထည့်ပြီး ကုမာရကဿပဆိုတဲ့ နာမည်နဲ့ နန်းတော်မှာ ကြီးပြင်းခဲ့ရတယ်။ နောက်ဆုံး အရှင်ကုမာရကဿပဟာ သူ့ရဲ့ဘဝဇာတ်ကြောင်းကို ကြားသိရတာနဲ့ တစ်ပြိုင်နက် သံဝေဂဖြစ်ပြီး သာသနာဘောင်ဝင်လာခဲ့တယ်။ “အရှင်ကုမာရကဿပ”လို့ နာမည်ထင်ရှားတယ်ပေါ့။
အာဇာနည်ရဟန်းတော် ခုနစ်ပါး
အရှင်ကုမာရကဿပဟာ ကဿပမြတ်စွာဘုရားလက်ထက်က ရဟန်းတော်တစ်ပါးဖြစ်ခဲ့ဖူးတယ်၊ သာသနာနောက်ပိုင်းရောက်လာတဲ့အခါ...
စာမျက်နှာ-၁၂
ကိုယ်ကျင့်တရားတွေပျက်ပြားလို့ သာသနာတော်ကြီးဟာ ကွယ်လုနီးပါးအခြေအနေ ရောက်လာတော့ ရဟန်းတော်ခုနစ်ပါးဟာ သံဝေဂကြီးစွာဖြစ်ကြပြီး တိုင်ပင်ကြတယ်- “ငါ့ရှင်တို့ မကြာခင်မှာပဲ သာသနာကွယ်တော့မည့် အနေအထားမျိုးတွေ ဖြစ်နေပြီ။ ကိုယ်ကျင့်တရားပျက်ပြားတဲ့ ပုဂ္ဂိုလ်တွေ အလွန်များလာပြီး သာသနာမကွယ်ခင် တို့တတွေ အသက်စွန့်ပြီး တရားဓမ္မကို ကျင့်ကြံကြိုးကုတ်အားထုတ်ကြရအောင်” လို့ တိုင်ပင်လိုက်တဲ့အခါ ခုနစ်ပါးလုံး စိတ်ဓာတ်တူညီစွာရရှိပြီး တောထဲထွက်လာခဲ့ကြတယ်။

အဲဒီတောထဲမှာ မြန်မာပြည်က ပုပ္ပါးတောင်ကလပ်လို တောင်မျိုးပေါ့လေ၊ မတ်မတ်စောက်စောက် ကျောက်တုံးကြီးတစ်လုံးလို တည်နေတဲ့ တောင်ပေါ်ကို လှေကားထောင်ပြီး တက်လိုက်ကြတယ်။ တောင်ပေါ်ရောက်တဲ့အခါ အကြီးဆုံး...
စာမျက်နှာ-၁၃
ကိုယ်တော်ကပြောတယ်၊ “လှေကားထောင်တက်ပြီး အခု ဒီတောင်ထိပ်ရောက်နေကြပြီ။ ကိုယ်တော်တို့အားလုံး သဘောတူမယ်ဆိုရင် ဟောဒီလှေကားကို လှဲပစ်လိုက်မယ်။ ဟောဒီတောင်ပေါ်က ပြန်ဆင်းဖို့ အခွင့်အလမ်းမရှိတော့ဘူး။ အသက်စွန့်ပြီး တရားအားထုတ်ကြမယ်၊ အားလုံးသဘောတူကြလား”တဲ့၊ အားလုံးက တူပါတယ်ဆိုပြီး သူတို့တက်လာတဲ့ လှေကားကို လှဲပစ်လိုက်ကြတယ်။

ပြီးတော့ အကြီးဆုံးကိုယ်တော်ကြီးက ဆုံးမဩဝါဒပေးတယ် “ငါ့ရှင်တို့ ဘုရားပွင့်တဲ့အချိန်နဲ့ ကြုံဖို့ဆိုတာ အင်မတန်မှခဲယဉ်းတယ်။ ကြုံတဲ့အချိန်မှာ ယခုလို တရားဓမ္မကို ယုံကြည်တဲ့ သဒ္ဓါတရားရှိဖို့ဆိုတာလည်း အလွန်ခဲယဉ်းတယ်ပေါ့။ မြတ်စွာဘုရားသာသနာနဲ့ကင်းပြီး တို့တတွေ ဘာမှတန်ဖိုးရှိမှာမဟုတ်ဘူး။ သာ...
စာမျက်နှာ-၁၄
သနာတော်ကို ကြုံရတဲ့အချိန်လေးမှာ တရားဓမ္မမကျင့်လိုက်ရလို့ အခွင့်ကောင်းအခါကောင်းတွေ လက်လွတ်ဆုံးရှုံးပြီး သံသရာထဲမှာ တဝဲလည်လည်နဲ့ ဆင်းရဲဒုက္ခတွေ ကြုံခဲ့ရတဲ့ ဘဝတွေများလှပြီ။ ဒါကြောင့်မို့ ဒီဘဝမှာ သက်စွန့်ကြိုးပမ်း ကမ္မဋ္ဌာန်းတရားကို အားထုတ်ကြပါ” လို့ ဆုံးမဩဝါဒပေးတယ်။

အာဇာနည်ရဟန်းတော် ခုနစ်ပါးဟာ တောင်ထိပ်တက်ပြီး တရားကျင့်လိုက်ကြတာ၊ အကြီးဆုံးကိုယ်တော်က မကြာခင်အတွင်းမှာ ရဟန္တာဖြစ်သွားတယ်။ ရဟန္တာဖြစ်သွားတော့ တန်ခိုးဣဒ္ဓိပါဒ်နဲ့ ဆွမ်းခံထွက်ပြီး ကျန်တဲ့ကိုယ်တော်တွေကို ဆွမ်းကျွေးဖို့ ကြိုးစားတယ်။ သို့သော် ကျန်တဲ့ကိုယ်တော်တွေက လက်မခံဘူး။ “အရှင်ဘုရား၊ တပည့်တော်တို့ တရားအားထုတ်မယ်လို့လာတုန်းက ပထမဆုံး တရားထူးရတဲ့ပုဂ္ဂိုလ်က အစာရေစာရှာပြီး ကျွေးရမယ်လို့ စည်းမျဉ်းမချခဲ့ဘူး။ အဲဒီတော့ အရှင်ဘုရားရဲ့...
စာမျက်နှာ-၁၅
အစွမ်းသတ္တိနဲ့ ရဟန္တာဖြစ်သွားတာ ဝမ်းသာပါတယ်။ အရှင်ဘုရားခံကျွေးတဲ့ ဆွမ်းကို တပည့်တော်တို့ မစားပါဘူးဆိုပြီး ဆက်လက်တရားအားထုတ်ကြတယ်။

နောက်မကြာဘူး ဒုတိယကိုယ်တော်က အနာဂါမ်အဆင့်ရောက်သွားတယ်။ အဲဒီကိုယ်တော်ကလည်း သူ့အစွမ်းတန်ခိုးနဲ့ ဆွမ်းခံကြွလို့ ဆွမ်းခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာတွေ ယူဆောင်လို့ ကျန်တဲ့ညီတော်တွေကို ကျွေးဖို့လုပ်တယ်။ ဘယ်သူကမှ လက်မခံဘူး။ ကျန်တဲ့ငါးပါးဟာ တရားထူးမရဘဲ အစာရေစာငတ်ပြတ်ပြီး တောင်ထိပ်မှာပင် ပျံလွန်တော်မူသွားခဲ့ကြတယ်။

သူငယ်ချင်း ၅ ယောက်... ရဟန္တာဖြစ်တဲ့ကိုယ်တော်ကတော့ ပရိနိဗ္ဗာန်စံသွားတယ်။ အနာဂါမ်ဖြစ်တဲ့ကိုယ်တော်က ဘဝ...
စာမျက်နှာ-၁၆
ဆုံးသွားတော့ သုဒ္ဓါဝါသဗြဟ္မာဘုံမှာ ဗြဟ္မာကြီးသွားဖြစ်တယ်။ ကျန်တဲ့ငါးယောက်က သံသရာလည်လာလိုက်ကြတာ၊ ဂေါတမမြတ်စွာဘုရားလက်ထက်မှာ ဘယ်သူတွေလာဖြစ်ကြလဲဆိုတော့ တစ်ယောက်က ဂန္ဓာရတိုင်း (အခုခေတ်ဆိုရင် ပါကစ္စတန်) တက္ကသိလာမြို့မှာ ဘုရင်ပုက္ကုသာတိဆိုတာ လာဖြစ်တယ်။ အဲဒီပုက္ကုသာတိမင်းကြီးဟာ ဗိမ္ဗိသာရမင်းကြီးထံက တရားစကားတွေ ကြားရတာနဲ့ ထီးနန်းကိုစွန့် သင်္ကန်းသပိတ်လွယ်ပြီး မြတ်စွာဘုရားရှိရာ လာရောက်တရားနာတယ်။ နောက်ဆုံးသူဟာ အနာဂါမ်ဖြစ်ပြီး ဗြဟ္မာပြည်ရောက်သွားတယ်။

နောက်တစ်ယောက်က ဗာဟိယဒါရုစိယဆိုတဲ့ ပုဂ္ဂိုလ်လာဖြစ်ပြီးတော့ မြတ်စွာဘုရားထံ တရားဟောဖို့ တောင်းပန်ရင်းကနေ ဘုရားတရားဟော...
စာမျက်နှာ-၁၇
တာနာပြီး ချက်ချင်းပဲ ရဟန္တာဖြစ်သွားတယ်။ သင်္ကန်းမဝတ်လိုက်ရဘဲ ပရိနိဗ္ဗာန်စံသွားရတဲ့ပုဂ္ဂိုလ်။ နောက်တစ်ယောက်က သဘိယဆိုတဲ့ ပရိဗိုဇ်တစ်ယောက်လာဖြစ်တယ်။ နောက်ဆုံးမြတ်စွာဘုရားထံရောက်လာကာ တရားဓမ္မနာယူပြီး သူလည်း ရဟန္တာဖြစ်သွားတယ်။

နောက်တစ်ယောက်က ဘယ်သူတုန်းဆိုရင် မြတ်စွာဘုရားလက်ထက်တော်မှာ မလ္လမင်းသား ဒဗ္ဗဆိုတဲ့ ကိုယ်တော်လေးလာဖြစ်တယ်။ သူလည်းပဲ ခုနစ်နှစ်အရွယ်မှာ သာသနာဝင်ပြီးတော့ ရဟန္တာဖြစ်သွားတယ်။ ငါးယောက်မြောက်က ဘယ်သူတုန်းဆိုရင် အခု အရှင်ကုမာရကဿပဆိုတဲ့ ပုဂ္ဂိုလ်လာဖြစ်တယ်။

ကဿပမြတ်စွာဘုရားလက်ထက်က တရားထူးတရားမြတ်ရအောင် ကျင့်ကြံကြိုးကုတ်အား...
စာမျက်နှာ-၁၈
ထုတ်ခဲ့တဲ့ မိတ်ဆွေတွေ သံသရာထဲမှာ အမျိုးမျိုးအဖုံဖုံကွဲပြီးတော့ အခုလို ဘဝအသီးသီးရောက်သွားခဲ့ကြတယ်။ အေး-တောင်ထိပ်တက်ပြီး တရားအားထုတ်တဲ့အထဲက အနာဂါမ်ဖြစ်ပြီးတော့ ဗြဟ္မာပြည်ရောက်သွားတဲ့ ပုဂ္ဂိုလ်က သူငယ်ချင်းတွေကို လိုက်စောင့်ရှောက်တယ်။

အန္ဓဝနဆိုတဲ့ သူကန်းတောကြီးထဲမှာ အရှင်ကုမာရကဿပ နေ့မအားညမနား ကမ္မဋ္ဌာန်းဘာဝနာပွားများအားထုတ်နေတဲ့အချိန် သူနဲ့သင့်တော်သည့် ကမ္မဋ္ဌာန်းတရားကို နာကြားရလျှင် တရားထူးတရားမြတ်ရမှာပဲဆိုပြီး ညသန်းခေါင်ကျော်မှာ အရှင်ကုမာရကဿပထံလာပြီး ဟောဒီပဟေဠိစကားကို ပြောကြားသွားတာဖြစ်တယ်။ သူငယ်ချင်းက လာကူတာ။

ထို့အတူပဲ ဗာဟိယဒါရုစိရိယဟာလည်း အယူ...
စာမျက်နှာ-၁၉
ဝါဒတွေမှားပြီးတော့ သူကိုယ်သူ ရဟန္တာလို့ထင်နေတာ။ ဒီဗြဟ္မာကြီးကပဲ ဆင်းလာပြီးတော့ ပြောတယ်-“ကိုယ့်လူ မင်းမှာ ရဟန္တာဖြစ်ဖို့ အကျင့်လည်းမရှိဘူး။ မင်းဟာ ရဟန္တာလည်းမဟုတ်ဘူး။ တကယ်ရဟန္တာဖြစ်ချင်လို့ရှိရင် ဂေါတမမြတ်စွာဘုရားဆိုတာ လောကမှာပွင့်နေပြီ။ အဲဒီရောက်အောင်သွား” လို့ သူကလမ်းညွှန်လိုက်လို့ ဘုရားထံရောက်လာတာ။ သဘိယပရိဗိုဇ်ကြီးဟာလည်း ပရိဗိုဇ်အယူအဆတွေနဲ့ မှောက်မှောက်မှားမှားဖြစ်နေတာ သူကလမ်းညွှန်လိုက်လို့ မြတ်စွာဘုရားဆီရောက်လာတာ။

အခု ဒီအရှင်ကုမာရကဿပမထေရ်မြတ်ကတော့ သာသနာ့ဘောင်ဝင်လာပြီး ရဟန်းဖြစ်နေပေမယ်လို့ တရားထူးတရားမြတ်မရနိုင်သေးဘူး။ ဝိပဿနာတရားကျင့်ကြံကြိုးကုတ်အားထုတ်နေတာ သူနဲ့သင့်တော်တဲ့ ဝိပဿနာတရားကို...
စာမျက်နှာ-၂၀
အကူအညီပေးတဲ့အနေနဲ့ ဟောဒီဗြဟ္မာကြီးကပဲ လာရောက်ပြီးတော့ ပဟေဠိပုစ္ဆာအနေနဲ့ အမေးစကားတွေကို ပြောသွားတာ။

“ကိုယ်တော် တောင်ပို့ကြီးတစ်ခုရှိတယ်' အစချီပြောသွားပြီး “အဲဒီပဟေဠိစကားတွေကို မြတ်စွာဘုရားထံ သွားမေးပါ။ အဖြေရလို့ရှိရင် အဲဒီအဖြေဟာ ကိုယ်တော်လိုက်နာရမည့် ကမ္မဋ္ဌာန်းတရားပဲ။ မြတ်စွာဘုရားကလွဲပြီး ဒီပဟေဠိစကားကို အဖြေပေးနိုင်တဲ့ ပုဂ္ဂိုလ်မရှိဘူး”လို့ မှာကြားပြီး ပျောက်ကွယ်သွားတယ်။

ဒါနဲ့ အရှင်ကုမာရကဿပဟာ ထူးဆန်းတဲ့ ပဟေဠိစကားတွေယူဆောင်ပြီး မြတ်စွာဘုရားထံလာပြီး “အရှင်ဘုရား ညသန်းခေါင်ကျော်အချိန်က တပည့်တော်ဆီ ဗြဟ္မာကြီးတစ်ဦးရောက်လာပြီး ဒီပဟေဠိစကားကို ပြောသွားပါတယ်ဘုရား။ အဲဒီထဲ...
စာမျက်နှာ-၂၁
မှာ သူပြောတဲ့ ထူးဆန်းတဲ့တောင်ကြီးဆိုတာ ဘာကိုဆိုလိုပါသလဲဆိုတာကအစချီပြီး မေးလျှောက်တယ်။

မေးခွန်းပေါင်း ၁၅-ချက် ရှိတယ်ပေါ့။ ဒီမေးခွန်း ၁၅-ချက်ဟာ အရှင်ကုမာရကဿပအဖို့ တရားထူးတရားမြတ်ရစေနိုင်တဲ့ ဝိပဿနာကျင့်စဉ်ဖြစ်လာတယ်။ ထိုအခါ မြတ်စွာဘုရားက အဲဒီမေးခွန်းပုစ္ဆာ ၁၅-ပုဒ်ကို အဖြေပေးတော်မူတယ်။
မြတ်စွာဘုရားရဲ့ ဖြေဆိုချက်

တောင်ပို့ဆိုတာ
မြတ်စွာဘုရားက “ချစ်သားရဟန်း တောင်ပို့ဆိုတာ ဟောဒီရုပ်ခန္ဓာကြီးကို ပြောတာ”တဲ့။

ကိုယ့်ခန္ဓာကိုဉာဏ်စိုက်ပြီးတော့ ကြည့်ရအောင်၊ လူတွေရဲ့ခန္ဓာကိုယ်ဟာ တောင်ပို့ကြီးနဲ့တူ...
စာမျက်နှာ-၂၂
တယ်။ ခန္ဓာကိုယ်ကြီးကို ဘာနဲ့တည်ဆောက်ထားသလဲဆိုရင် မဟာဘုတ်လေးပါးနဲ့ တည်ဆောက်ထားတယ်။ ပထဝီလို့ခေါ်တဲ့ အတုံးအခဲတွေပါတယ်။ အာပေါဆိုတဲ့ အရည်ပျော်နေတဲ့ သဘောတွေ၊ စုစည်းထားတဲ့ သဘောတွေပါတယ်။ တေဇောဆိုတဲ့ အပူငွေ့၊ အအေးငွေ့တွေ ပါတယ်။ ဝါယောဆိုတဲ့ လေသဘောတွေပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက `စာတုမဟာဘူတိကော အယံ ကာယော” ခန္ဓာကိုယ်ကြီးဟာ ဒီမဟာဘုတ်လေးပါးနဲ့ တည်ဆောက်ထားတာ။

ဘယ်အရာကို မှီတည်ဖြစ်ပေါ်လာသလဲဆိုရင် “မာတာပတ္တိကသမ္ဘဝေါ” မိခင်ဖခင်တို့ရဲ့ သုတ်သွေး (အင်္ဂလိပ်လို sperm နဲ့ ovum) ကိုမှီပြီး ဟောဒီရုပ်ခန္ဓာကြီးပေါ်လာတာတဲ့။ မွေးဖွားလာတဲ့အခါမှာလည်း အစာအာဟာရတွေနဲ့ ခန္ဓာကိုယ်ကို ကြီး...
စာမျက်နှာ-၂၃
ထွားစေရတယ်။ အဲဒီရုပ်ခန္ဓာကြီးကိုပဲ တောင်ပို့ကြီးလို့ ပြောတာပါတဲ့။

စဉ်းစားကြည့်မယ်ဆိုရင် ရုပ်ခန္ဓာကြီးဟာ တောင်ပို့ကြီးနှင့် အလားတူတယ်လေ။ ရုပ်ခန္ဓာကြီးမှာ အပေါက်တွေရှိတယ်။ မျက်စိရှိတယ်။ နား၊ နှာခေါင်း၊ ပါးစပ်ရှိတယ်။ ကိုးပေါက်ဒွါရ အမအိုးတွေရှိပြီးတော့နေတယ်။ တကယ့်ပင် တောင်ပို့ကြီးနဲ့တူတယ်။
ညမီးခိုး
အရှင်ကုမာရကဿပက မေးလျှောက်ပြန်တယ်- “အရှင်ဘုရား အဲဒီတောင်ပို့ကြီးက ညအခါမှာ မီးခိုးတွေ ထွက်နေတယ်ဆိုတာ ဘာတုန်းဘုရား”တဲ့။

မြတ်စွာဘုရားက ဖြေတော်မူတယ်- “အေး ညအခါ မီးခိုးထွက်တယ်ဆိုတာ လူတွေဟာ ညရောက်...
စာမျက်နှာ-၂၄
ရင် နေ့မှာလုပ်ခဲ့တဲ့ အလုပ်တွေ၊ နောက်နေ့မှာ လုပ်ကိုင်ရမည့်အလုပ်တွေ၊ ပြန်ပြီးမတွေးကြဘူးလား။ ဒီကနေ့ ဘာတွေလုပ်ခဲ့တယ်၊ နက်ဖြန်ခါ ဘာလုပ်မယ်၊ သန်ဘက်ခါ ဘာလုပ်မယ်ဆိုပြီး လုပ်ခဲ့တဲ့ကိစ္စတွေ၊ လုပ်ကိုင်ရမယ့်အလုပ်တွေကို တွေးတတ်ကြတယ်။

အဲဒီလိုတွေးနေတာဟာ အခိုးတွေထွက်နေတာပဲလို့ ဆိုလိုတယ်။ လူတွေဟာ အတွေးလွန်ပြီး ညအခါမှာ တစ်ခါတစ်ရံ အိပ်တောင်မပျော်ကြဘူး။

ဪ ဒါဟာ တောင်ပို့ထဲကမီးခိုးတွေ ထွက်နေတာပဲတဲ့။
နေ့မီးလျှံ
အရှင်ကုမာရကဿပက မေးလျှောက်ပြန်တယ် - “အရှင်ဘုရား နေ့အခါမှာ မီးလျှံထွက်တယ်ဆိုတာ ဘာတုန်း ဘုရား”တဲ့။
စာမျက်နှာ-၂၅
မြတ်စွာဘုရားက- “နေ့အခါမှာ မီးလျှံတွေ ထွက်တယ်ဆိုတာ ညကတွေးထားတာတွေ နေ့လယ်ကျတော့ အကောင်အထည်မဖော်ဘူးလား။ အေး ပြောစရာရှိတာတွေပြောတယ်။ လုပ်စရာရှိတာတွေကို ကိုယ်ထိလက်ရောက်လုပ်တယ်။ ညကတွေးထားပြီး နေ့လယ်ကျ အကောင်အထည်ဖော်တာဟာ နေ့မီးလျှံတွေ လွှတ်နေတာပဲ”တဲ့။

စဉ်းစားကြည့်ရင် တောင်ပို့ဆိုတာ ဘာမှအနှစ်သာရမရှိဘဲ အပေါက်အပေါက်တွေပါတဲ့ အရာဝတ္ထုတစ်ခုပဲ။ အဲဒီထဲမှာ မီးခိုးတွေထွက်နေတယ်ဆိုတာ အလုပ်ကိစ္စတွေလုပ်ဖို့ တွေးနေတာ။ မီးလျှံတွေ လွှတ်နေတယ်ဆိုတာ တွေးထားတဲ့အတိုင်း အလုပ်တွေလုပ်နေတာ။ ကိုယ့်ဘဝ ကိုယ့်ခန္ဓာပြန်ကြည့်မယ်ဆိုရင် တကယ်တောင်ပို့ကြီးပါလား။
စာမျက်နှာ-၂၆
“တောင်ပို့ထဲမှာ ရတနာရှာ” ဆိုတာက ဘာကိုပြောတာတုန်းဆိုရင် တရားရှာ ကိုယ်မှာတွေ့ ဆိုတဲ့အတိုင်း ဝိပဿနာတရားအားထုတ်ချင်ရင် ကိုယ့်ခန္ဓာကိုယ်ကို ပြန်ပြီးမရှုရဘူးလား။ ဒါဟာ တောင်ပို့ကြီးထဲမှာ ရတနာရှာကြည့်တာပဲ။
ဆရာဆိုတာ
အရှင်ကုမာရကဿပက “ဒါဖြင့်ဘုရား ဆရာတပည့်လာကြတယ်ဆိုရာမှာ ဆရာဆိုတာ ဘယ်သူ့ကိုပြောတာတုန်း”တဲ့။

မြတ်စွာဘုရားက- “တောင်ပို့ကို တူးဖို့လာတဲ့ ဆရာဆိုတာ ဒီတောင်ပို့ကိုတူးပြီး တောင်ပို့ထဲက ရတနာတွေတွေ့အောင် လမ်းညွှန်မှုပေးနိုင်တဲ့သူကို ပြောတာ၊ အဲဒီပုဂ္ဂိုလ်ဟာ သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး။ သုံးလောကထွတ်ထား မြတ်စွာဘုရားပဲဖြစ်တယ်”တဲ့။
စာမျက်နှာ-၂၇
ကြည့်လေ-လူတွေဟာ ဘဝရဲ့ အနှစ်သာရရတနာကို အပြင်မှာပဲ သွားရှာနေကြတယ်။ ခန္ဓာကိုယ်ထဲမှာ မရှာကြဘူး ဟုတ်ရဲ့လား။ လူတွေ နေ့စဉ် ရွှေတွေ၊ ငွေတွေ၊ ပိုက်ဆံတွေ ရှာကြတယ်။ အလုပ်ရှာကြတယ်။ ပျော်စရာတွေရှာကြတယ်။ မရှာကြဘူးလား။ အေး အပြင်မှာရှာလို့ကတော့ အနှစ်သာရဘာတစ်ခုမှ တွေ့မှာမဟုတ်ဘူးတဲ့။ တကယ့်ရတနာအစစ်ကို ခန္ဓာကိုယ်ထဲမှာရှာရမယ်။ အဲဒါကြောင့်မို့ တောင်ပို့ကြီးထဲမှာ ရတနာရှာဖို့ လမ်းညွှန်မှုပြုနိုင်တဲ့ ဆရာဆိုတာ ဘုရားပဲတဲ့။
တပည့်ဆိုတာ
အရှင်ကုမာရကဿပက - “ဒါဖြင့် ဆရာပြောတဲ့အတိုင်း လုပ်တဲ့တပည့်ဆိုတာ ဘယ်သူတုန်း ဘုရား” လို့ဆိုတော့ မြတ်စွာဘုရားက ဖြေတော်မူတာက...
စာမျက်နှာ-၂၈
“တပည့်ဆိုတာ ငါဘုရားဟောထားတဲ့အတိုင်း လိုက်နာကျင့်သုံးတယ်၊ ကိုယ်ကျင့်တရားကိုလည်း ဖြူစင်အောင်ကျင့်သုံးတယ်၊ သမာဓိတရားကိုလည်း ပွားများအားထုတ်တယ်၊ ပညာကိုလည်း ထက်သန်စေတယ်၊ တကယ်ကျင့်တဲ့ ယောဂီပုဂ္ဂိုလ်ကို တပည့်လို့ ခေါ်တာ”တဲ့။

ကဲ ဆရာတပည့် ဘယ်မှာအလုပ်လုပ်ကြတုန်း ဆိုတော့ တောင်ပို့ကြီးမှာ အလုပ်လုပ်ကြမယ်။ သူတို့ယူလာတဲ့ လက်နက်နဲ့ တောင်ပို့ကြီးကို စပြီးတူးကြတယ်။ ဒီလိုတူးတဲ့နေရာမှာ လက်နက်ဆိုတာကို ကြည့်ရမယ်။
လက်နက်ဆိုတာ
အရှင်ကုမာရကဿပက-“ဒါဖြင့်ဘုရား သူတို့ယူလာတဲ့ လက်နက်ဆိုတာ ဘာပြောတာတုန်း” ဆိုတော့ မြတ်စွာဘုရား ရှင်းပြတော်မူတယ်-
စာမျက်နှာ-၂၉
“ရဟန်း လက်နက်ဆိုတာ တခြားမဟုတ်ဘူး။ အသိဉာဏ်ကိုပြောတာ”တဲ့။

ရုပ်ခန္ဓာကိုယ်ဆိုတဲ့ တောင်ပို့ကြီးကိုတူးဖြိုပြီး ကြည့်ကြမယ်၊ အနှစ်သာရရတနာကို ရှာကြတော့မယ်ဆိုရင် နံပါတ်တစ် အရေးကြီးဆုံးက ပညာပဲ။

တောင်ကြီးကိုတူးဖြိုတဲ့အခါ လက်နက်မပါဘဲ မတူးနိုင်သလို ပညာမပါဘဲနဲ့ ဟောဒီရုပ်ခန္ဓာကိုယ်ကြီးရဲ့ အကြောင်းကို သိနိုင်ပါ့မလား။ မသိနိုင်ဘူးနော်၊ ဒါကြောင့် လက်နက်ဆိုတာ တခြားအရာကို ပြောတာမဟုတ်ဘူး၊ “ပညာ” ကိုပြောတာတဲ့။

ပညာဆိုတာ မဂ္ဂင်ရှစ်ပါးထဲမှာ အဦးဆုံးလာတဲ့ သမ္မာဒိဋ္ဌိ (right understanding) ပဲ။ အဲဒီပညာမှမရှိရင် ဘာမှလုပ်လို့မရဘူးတဲ့။ ကမ္မဋ္ဌာန်းတရားအားထုတ်မယ်ဆိုရင် ဘယ်လိုအားထုတ်မယ်ဆိုတဲ့ အသိက မရှိရဘူးလား။ ကမ္မဋ္ဌာန်းဆရာဆီသွားပြီး...
စာမျက်နှာ-၃၀
တော့ တရားကို ဘယ်လိုမှတ်ရမယ်။ ဘယ်လို နားလည်ရတယ်ဆိုတာ အရင်သင်ကြရတယ်နော်။ အဲဒီလို သင်ယူရတာကိုက ပညာပဲ။ အေး အဲဒီ ပညာဆိုတဲ့ လက်နက်နဲ့ တောင်ပို့ကြီးကို တူးဖျက် ပြီးတော့ ကြည့်ရမယ်။ တူးတယ်ဆိုတာ...

ဒီတော့ အရှင်ကုမာရကဿပက မေးပြန်တယ် “အရှင်ဘုရား တူးတယ်ဆိုတာဘာတုန်းဘုရား”တဲ့။ မြတ်စွာဘုရားက- “တူးတယ်ဆိုတာ လုံ့လဝီရိယကို ပြောတာ”လို့ ဖြေဆိုတော်မူတယ်။

လက်နက်တော့ရှိပါရဲ့၊ မတူးဘူးဆိုရင် ဘာမျှ ဖြစ်လာမှာ မဟုတ်ဘူး၊ ပညာတော့ရှိပါရဲ့၊ မကြိုးစားဘူးဆိုရင် ရပါ့မလား။ ခန္ဓာကိုယ်ဆိုတဲ့ တောင်ပို့ကြီးကို တူးဖြိုကြည့်ရန်
စာမျက်နှာ-၃၁
အသိဉာဏ်ဆိုတဲ့ လက်နက်ရှိဖို့လိုတယ်။ ကြိုးပမ်း အားထုတ်မှု ဝီရိယဆိုတဲ့ အလုပ်လုပ်ဖို့ လိုတယ်တဲ့။ ကမ္မဋ္ဌာန်းအားထုတ်တဲ့အခါမှာ ဝီရိယဟာ အရေးပါတဲ့ အရည်အချင်းတစ်ခုဖြစ်တယ်။ ဒါကြောင့် သတိပဋ္ဌာန် တရားတော်မှာ မြတ်စွာဘုရားက ဟောထားတယ် မဟုတ်လား။ “ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ”တဲ့။

အာတာပီဆိုတာ ဝီရိယ ရှိရမယ်လို့ ပြောတာ။ ကမ္မဋ္ဌာန်းအားထုတ်တဲ့အခါ ပေါ့ပေါ့လျော့လျော့ အားထုတ်လို့မရဘူး။ ဆိုပါစို့။ အခုခေတ်မှာ ထိုင်နေတာကိုမှ ကမ္မဋ္ဌာန်းအားထုတ်တယ်လို့ ယူဆကြတယ်။ မထိုင်ရင် ကမ္မဋ္ဌာန်းမဖြစ်ဘူးလို့ ထင်နေကြတယ်။ မဟုတ်ဘူး။ ကမ္မဋ္ဌာန်းထိုင်တဲ့အခါမှာ အရေးကြီးဆုံးက စေတသိကဝီရိယဆိုတဲ့ စိတ်ထဲ
စာမျက်နှာ-၃၂
က ကြိုးပမ်းအားထုတ်မှုက ပိုအရေးကြီးတယ်။ ခန္ဓာကိုယ်အနေအထားက ဘယ်လိုပဲ နေနေ စိတ်ဓာတ်က ပြင်းပြင်းထန်ထန် ကြိုးစားနေဖို့လိုတယ်။ ခန္ဓာကိုယ်အနေနဲ့ မအိပ်မနေ လုပ်နေပါရဲ့။ စိတ်က ဟိုလွင့်ဒီလွင့်ဆိုရင် မရဘူး။

ကာယိကဝီရိယဆိုတာ ခန္ဓာကိုယ်ကလှုပ်ရှား သွားလာနေတာ၊ ထိုင်တယ်ဆိုရင် စွဲစွဲမြဲမြဲနဲ့ တစ်နာရီ၊ နှစ်နာရီ ထိုင်နေတာ။ ပိုပြီးအရေးကြီးတာက စေတသိက ဝီရိယတဲ့။ စိတ်အားတွေ တွန်းပြီးထားဖို့ လိုတယ်။ သမ္မာဝါယာမဆိုတဲ့ အဓိပ္ပါယ်ပါ။ အာတာပီ-လုံ့လ ဝီရိယရှိရမယ်။ မရမနေ ကြိုးပမ်းအားထုတ်တာကို ပြောတာ။ အကုသိုလ်တွေဝင်လာရင် မဝင်ရအောင်တားဆီးမယ်။ ဝင်လာရင် ဖယ်ထုတ်နိုင်အောင် ကြိုးစားရမယ်။ ကုသိုလ်စိတ်ဝင်လာလျှင် တိုးပွားအောင် လုပ်ရမယ်။ ကုသိုလ်စိတ်မဝင်လာ
စာမျက်နှာ-၃၃
လျှင် ဝင်လာအောင် ကြိုးစားရမယ်ဆိုတဲ့ သမ္မပ္ပဓာန် တရားလေးပါးနဲ့ ကြိုးစားရမယ်။

ဒီနေရာမှာ တူးတယ်ဆိုတာ ကြိုးစားပြီး ခန္ဓာကိုယ်ကို အာရုံစိုက်ထားလို့ပြောတာ။ ကြိုးစားတဲ့အခါမှာ အရမ်းလုပ်လို့မရဘူး။ ခန္ဓာကိုယ်ရဲ့ အခြေအနေ စိတ်အခြေအနေတွေကို အမြဲတမ်း နားလည်နေရမယ်။ ဒါကို သမ္ပဇာနောလို့ ခေါ်တယ်။ ပညာဉာဏ် အဆင်ခြင် ရှိနေရမယ်။

ဒါကြောင့်မို့ လက်နက်လည်းရှိရမယ်။ ကြိုးပမ်း အားထုတ်မှုလည်းရှိရမယ်။ ဆရာညွှန်ကြားတဲ့ အတိုင်း တပည့်က တောင်ပို့ကြီးကို အသိဉာဏ်ဆိုတဲ့ လက်နက်နဲ့ ကြိုးပမ်းအားထုတ်မှုဆိုတဲ့ ဝီရိယ၊ ဤနှစ်ခုပေါင်းပြီး တူးဖြိုကြည့်တာ။

လုပ်ငန်းသဘောအရပြောရရင် ဒါတရားစခန်း
စာမျက်နှာ-၃၄
ဝင်တာလို့ ပြောရမယ်၊ တောင်ပို့ဆိုတဲ့ ခန္ဓာကိုယ်ကို တူးဖြိုလျှင် ပထမဆုံး လက်နက်ဖြစ်တဲ့ အသိဉာဏ် ရှိရမယ်။ မရှိဘူးဆိုဆိုရင် အဝိဇ္ဇာဆိုတဲ့ အမှန်မသိတဲ့ ကန့်လန့်ကြီး ခံနေတယ်။

အဲဒါဘာလဲဆိုလျှင် ဒုက္ခဆိုတာ အမှန်မသိဘူး။ သုခလို့ထင်နေတယ်။ ဒုက္ခသမုဒယကို အမှန်မသိလို့ အကြောင်းမဲ့ သူ့ဘာသာသူဖြစ်တယ်။ သို့မဟုတ် ဘုရားသခင် ဖန်ဆင်းလို့ဖြစ်တယ်လို့ထင်တယ်။ ဒုက္ခနိရောဓ ဒုက္ခတွေချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ရှိတယ်ဆိုတာ အမှန်မသိလို့ ဘဝအချို့ကို နိဗ္ဗာန်လို့ ထင်နေတယ်။ ဒုက္ခနိရောဓဂါမိနီပဋိပဒါ ဒုက္ခချုပ်ရာသို့ ရောက်ကြောင်း အကျင့်ဆိုတာ မသိလို့ မိစ္ဆာအကျင့်ကို အကျင့်မှန်လို့ ထင်နေတယ်။ ဒီလိုအဝိဇ္ဇာက ရှေ့တိုးလို့မရအောင် ကန့်လန့်ချထားသလို ပိတ်ဆီးထားတာကို ပြောတာ။
စာမျက်နှာ-၃၅
တရားအားထုတ်တဲ့အခါ ရှေ့ကိုမတိုးနိုင်လျှင် ကန့်လန့်နဲ့တူတဲ့ အဝိဇ္ဇာကို ဖယ်ရှားပစ်ဖို့လိုတယ်။ ဒုက္ခကို ဒုက္ခလို့မြင်အောင် ကြိုးစားရမယ်။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာကို သမုဒယသစ္စာလို့ မြင်အောင် ကြည့်ရမယ်။ ဒါမမြင်ရင် အဝိဇ္ဇာက ဖုံးနေသေးတယ်တဲ့။ ဟုတ်ရဲ့လား။ ရတနာကို ရှာတွေ့ဖို့မဖြစ်နိုင်ဘူးတဲ့။ ဒါကြောင့် ဒီဥပမာပေးတာ။ တံခါးကန့်လန့်ကြီး ဖယ်ပစ်လိုက်ဆိုတာ အမှန်မသိတဲ့ အဝိဇ္ဇာကိုဖယ်ပစ်လိုက်တာပဲ။ ဘာနဲ့ ဖယ်ရမလဲဆိုရင် အသိဉာဏ်နဲ့ဖယ်ရမယ်။ ဒုက္ခအကြောင်း ဒုက္ခသမုဒယအကြောင်း မသိသေးလျှင် သိအောင် သင်ရမယ်။ အဲဒါ ဖယ်ရှားခြင်းပဲ။

လက်တွေ့သိလာလို့ ကန့်လန့်ကြီးကို ဖယ်လိုက်တဲ့အခါ ဖားကလေး တစ်ကောင်သွားတွေ့ပြန်တယ်။
စာမျက်နှာ-၃၆

ဖားဆိုတာ
အရှင်ကုမာရကဿပက- “အရှင်ဘုရား၊ ဖားဆိုတာ ဘာကိုပြောတာတုန်းဘုရား” ဆိုတော့ မြတ်စွာဘုရားက “ဖားဆိုတာ တခြားမဟုတ်ဘူး၊ ဒေါသပဲ”တဲ့။

ကမ္မဋ္ဌာန်းတရားအားထုတ်တဲ့ ယောဂီတွေ ကြည့်၊ အသိဉာဏ်နဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် တရားဓမ္မကို အာရုံပြုနိုင်တဲ့ အနေအထားရှိလာလျှင် နာတာ ကျင်တာ ကိုက်ခဲတာ တာရှည်ထိုင်တော့ ပေါ်မလာဘူးလား။ ပေါ်လာလျှင် စိတ်ထဲမှာ ခံပြင်းတာတွေ ဖြစ်မလာဘူးလား။ အဲဒါဒီအာရုံပေါ်မှာ မုန်းတီးရွံရှာတဲ့ 'ကောဓ' လို့ခေါ်တဲ့ ဒေါသတရားဟာ ပေါ်လာတတ်တယ်။

ဒုက္ခအပေါ်မှာ ဒေါသဖြစ်တာ ခန္ဓာကိုယ်က တရားထိုင်လို့ သိပ်နာလျှင် ကြိတ်မှိတ်ခံစားရတာ။
စာမျက်နှာ-၃၇
စိတ်ထဲမှာ မကြေမချမ်းဖြစ်လျှင် ဒေါသပဲ။ ကြီးလာလေလေ ပြင်းထန်လာလေလေ။

ဒါကြောင့် ဒီ ဒေါသကို ဥဒ္ဓမာယိကာ ဖားတဲ့။ သွားမထိနဲ့။ ထိရင်ဖောင်းလာတယ်။ နောက်တစ်ခါ ထိ ပိုဖောင်းတယ်။ ထိရင်းထိရင်း နောက်ဆုံးကျ အကြီးကြီး ဖြစ်လာတယ်။ ထို့အတူ ဒေါသကလည်း လျှော့မသွား။

ဒေါသရဲ့ သဘောတရားက စိတ်ထဲမှာ အလိုမကျလျှင် ပထမဆုံး မျက်မှောင်ကြုတ်သွားတယ်။ မျက်ကျောတင်းသွားတယ်။ မကျေနပ်ဘူးဆိုရင် ပါးစပ်က လှုပ်လာတယ်။ ဒီထက် မကျေနပ်ရင် ဖားဖောင်းလာသလို ပါးစပ်က တစ်ခုခု ပြောတော့တာပဲ။ ဆဲတာလုပ်လာတယ်။ ဒါထက် မကျေနပ်ရင် ထပ်ဖောင်းလာတယ်။ တုတ်ကိုင် ဓားကိုင်လာတယ်။ ဒီထက် မကျေနပ်လျှင် ရိုက်တယ် နှက်တယ်၊ ဒေါသ
စာမျက်နှာ-၃၈
ကလည်း အဲဒီလိုပဲ။ တစ်ခါထိ ပိုပိုဖောင်းလာသလို ဒေါသဟာ အရှိန်တက်တက်လာတယ်။

ကမ္မဋ္ဌာန်းတရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ လုံ့လဝီရိယ ကြိုးပမ်းအားထုတ်ရင်း ဝီရိယဒဏ်ကို မခံနိုင်တဲ့အခါ စိတ်ထဲမှာခံပြင်းတဲ့ ဒေါသတွေ ဖြစ်လာတယ်။ ဒါတွေကို ကျော်လွှားနိုင်အောင် ကြိုးစားဖယ်ရှားပစ်လိုက်။ ဒါတွေကို အာရုံမပြုဘဲ သည်းခံတဲ့စိတ် မွေးပြီး ထိုဒေါသတွေကို ဖယ်ရှားပစ်ရမယ်။ ဒုက္ခတွေလို့ ပဋိဃာနုသယ ကိန်းနေတာကို မကိန်းရအောင် ဖားနဲ့ အလားတူတဲ့ ဒေါသကို ဖယ်ရှားလိုက်နိုင်ပါပြီတဲ့။ အဲဒီနောက် လမ်းနှစ်ခွကိုတွေ့ရတယ်။ လမ်းနှစ်သွယ်

အရှင်ကုမာရကဿပက- “အရှင်ဘုရား၊ တောင်ပို့ကြီးထဲမှာ လမ်းနှစ်သွယ်တွေ့တယ်လို့ ပြောပါတယ်။
စာမျက်နှာ-၃၉
အဲဒီလမ်းနှစ်သွယ်ဆိုတာ ဘာကိုခေါ်တာလဲဘုရား” ဆိုတော့ မြတ်စွာဘုရားက “ချစ်သားရဟန်း၊ လမ်းနှစ်သွယ်ဆိုတာ တခြားမဟုတ်ဘူး ဝိစိကိစ္ဆာကို ပြောတာ”တဲ့။

တရားအားထုတ်လာတဲ့အခါ လူတွေဟာ သမာဓိလေး နည်းနည်းရလာရင် တရားထူး တရားမြတ်ရပြီလို့ ထင်လာကြတယ်။ အဆင်မပြေတဲ့အခါ တရားအားထုတ်တာ ဟုတ်မှဟုတ်ရဲ့လား။ တကယ်ရော မဂ်ဖိုလ် နိဗ္ဗာန်ဆိုတာ ရှိရဲ့လားဆိုတဲ့ အတွေးဝင်လာတတ်ကြတယ်။ တစ်ခါတစ်ရံ သမာဓိလေးကောင်းလာလို့ ခန္ဓာကိုယ်က အလင်းရောင်လေး ပေါ်လာရင် မဂ်တရား ဖိုလ်တရားဆိုတာ ဒါပဲလို့ မှားမှားယွင်းယွင်း စွဲလန်းသွားတာလည်း ရှိတယ်။ အဲဒီအတိုင်းဆက်သွားရင် လမ်းကြောင်းလွဲမသွားနိုင်ဘူးလား။ ဒါ့ကြောင့် တရားဓမ္မနဲ့ ပတ်သက်လို့
စာမျက်နှာ-၄၀
အရှင်မာလာဘိဝံသ သံသယဝင်ပြီး လမ်းကြောင်း လွဲသွားတယ်ဆိုတာ ဝိစိကိစ္ဆာရဲ့ လက်ချက်ပဲ။

ဝိစိကိစ္ဆာဆိုတာ စဉ်းစားပေမယ့် ဆုံးဖြတ်နိုင်စွမ်းမရှိဘူး။ ဒါက မှန်ကန်တဲ့လမ်းလား၊ မမှန်ကန်တဲ့လမ်းလား၊ ဒါက တကယ့်မဂ်ပဲလား၊ ဒါက တကယ့်မဂ်မဟုတ်ဘူးလားဆိုတဲ့ စိတ်ရဲ့ နှစ်ခွ အတွေးတွေ ယောဂီပုဂ္ဂိုလ်မှာဝင်လာတတ်တယ်တဲ့။ အဲဒါလမ်းနှစ်သွယ်နဲ့ တူတယ်။ ဟိုဘက်လမ်းလိုက်ရမလား။ ဒီဘက်လမ်းလိုက်ရမလား၊ ဇဝေဇဝါ ဖြစ်စေတတ်တယ်။

ဝိစိကိစ္ဆာပေါ်လာလျှင် တရားဓမ္မနဲ့ ပတ်သက်ပြီး ဇဝေဇဝါတွေ ဖြစ်ပေါ်စေတတ်တယ်။ ဒါ့ကြောင့် ဒါကိုလည်း ဖယ်ထုတ်ပစ်လိုက်လို့ ပြောတာ။ ဖယ်ရင် ဘယ်လိုဖယ်မလဲဆိုရင် တရားဓမ္မကို ရှင်းရှင်းလင်းလင်း သိအောင် ဆရာသမားထံ ချဉ်းကပ်ပြီး
စာမျက်နှာ-၄၁
မေးမြန်းစုံစမ်းရတယ်။

ဘုန်းကြီးတို့ သီဟိုဠ်မှာနေတုန်းက အမျိုးသမီးတစ်ယောက်က လာမေးတယ်။ သူတရားထိုင်တုန်းက သိပ်မကြာခင်ဘဲ သမာဓိရလာတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ အသိစိတ်တွေလည်း ချုပ်သွားတယ်။ ရုပ်ခန္ဓာကိုယ်ကြီးလည်း ပျောက်သွားတယ်။ နာမ်လည်း ချုပ်သွားတယ် ရုပ်လည်းချုပ်သွားတယ်။ ဘာမှမသိတော့ဘူးတဲ့။ အဲဒါ 'နာမရူပ နိရောဓရုပ်နာမ်ချုပ်သွားတာလား'လို့ သူကမေးတယ်။ အဲဒါရုပ်နာမ်ချုပ်သွားတာ မဟုတ်နိုင်ဘူး၊ အိပ်ပျော်သွားတာပဲ ဖြစ်မယ်လို့ ဘုန်းကြီးက ပြောလိုက်တယ်။

ထိနမိဒ္ဓတွေလွှမ်းပြီး အိပ်ပျော်သွားတဲ့သူဟာ ဘာမှမသိတော့ဘူး။ မဂ်ဖိုလ်နိဗ္ဗာန်ရတယ်ဆိုတဲ့ ပုဂ္ဂိုလ်က သိတယ်။ မသိတာ မဟုတ်ဘူး။ သူ့ခံစားမှုတွေ သူကိုယ်တိုင် အကုန်လုံးသိနေတယ်။
စာမျက်နှာ-၄၂
တရားဓမ္မကို ရှင်းရှင်းလင်းလင်းမြင်ပြီး နေတယ်။ ဖြစ်လာတာလည်း မြင်ရတယ်။ ချုပ်သွားတာလည်း မြင်ရတယ်။ အခု သူက ဘာမှမဖြစ်တော့ဘဲ ဘာမှမရှိတော့ပဲ ချုပ်သွားတယ် ဆိုကတည်းက အိပ်ပျော်သွားတာပဲဖြစ်မှာပေါ့။ အဲဒါမျိုးတွေလည်း ကြုံတွေ့ရတတ်တယ်တဲ့။

လမ်းနှစ်ခွနဲ့တူတဲ့ ဝိစိကိစ္ဆာတွေကို ဖယ်ရှားပစ်ရမယ်တဲ့။ တရားအားထုတ်တဲ့အခါ ဒါမျိုးတွေတွေ့နိုင်တယ်လို့ပြောတာ။ ကဲ ကောင်းပြီ။ လမ်းနှစ်ခွကို ဖြတ်ကျော်ဖယ်ရှားပြီးတဲ့နောက် ဆပ်ပြာရေစစ်ကြီးတွေ့တယ်လို့ ပြောတယ်။ ဆပ်ပြာရေစစ်ကြီး

အရှင်ကုမာရကဿပက မေးတယ်- “အရှင်ဘုရား ဆပ်ပြာရေစစ်ကြီးဆိုတာ ဘာကိုပြောတာပါလဲဘုရား”တဲ့၊ မြတ်စွာဘုရားက- “ချစ်သားရဟန်း
စာမျက်နှာ-၄၃
ဆပ်ပြာရေစစ်ဆိုတာ နီဝရဏတရားငါးပါးကိုပြောတာတဲ့။

ကဲ တရားချစ်ခင် သူတော်စင်အပေါင်းတို့ စဉ်းစားကြည့်၊ တရားအားထုတ်တဲ့အခါမှာ နီဝရဏတွေပေါ်လာတတ်တယ်နော်။ တရားအားထုတ်လို့ကောင်းလာပြီ၊ သမာဓိရလာပြီဆိုလျှင်လည်း အဲဒီသမာဓိအပေါ်မှာ တွယ်တာမှုဆိုတာတွေ ပေါ်လာတတ်တယ်နော်။ အဲဒီတွယ်တာမှုက လောဘပဲ။ တရားအားထုတ်လို့ အဆင်မပြေဘူးဆိုရင် စိတ်အလိုမကျမှုတွေ ပေါ်လာတတ်တယ်။ အဲဒါက “ဗျာပါဒ”၊ အိပ်ချင်ငိုက်မြည်းတယ် စိတ်ဓါတ်တွေ ဆုတ်နစ်လာတယ်ဆိုရင် “ထိနမိဒ္ဓ”ပေါ်တာ၊ စိတ်တွေက အာရုံကိုစိုက်လို့မရဘဲ လွင့်နေပြီး ဟိုတွေး ဒီတွေး ပူပန်မှုလေးတွေ ပေါ်လာတယ်ဆိုရင် “ဥဒ္ဓစ္စကုက္ကုစ္စ” ပေါ်တာ။ သံသယတွေဝင်လာပြီဆိုရင် ဝိစိကိစ္ဆာ ပေါ်တာ။
စာမျက်နှာ-၄၄
အဲဒီ နီဝရဏတရား ၅-ပါး ဝင်လာလျှင်တော့ရှိသမျှ စုဆောင်းထားသမျှ အသိဉာဏ်တွေ၊ သမာဓိစွမ်းအားတွေ၊ စိတ်စွမ်းအားတွေ၊ ကုသိုလ်တရားတွေ အားလုံးယိုထွက်သွားတယ်။ ဆပ်ပြာရေစစ်ထဲမှာ ရေတွေလောင်းထည့်ရင် အကုန်လုံး ယိုကျမသွားပေဘူးလား။ ရေစစ်ဆိုတာ အပေါ်က ရေလောင်းလိုက်တာနဲ့တစ်ပြိုင်နက် အကုန်စစ်ထုတ်လိုက်တာ၊ ရေတွေ အကုန်ထွက်သွားတယ်။ ရေစစ်နဲ့ခံရင် ရေတွေ တစ်စက်မှ မကျန်တော့သလိုပဲ နီဝရဏ ၅-ပါးဆိုတဲ့ အတွေးတွေ စိတ်ထဲမှာပေါ်လာလိုက်တာနဲ့ တစ်ပြိုင်နက် ကုသိုလ်တရားတွေဟာ ဘာမှမကျန်တော့အောင် ယိုကျသွားတယ်တဲ့။ တရားအားထုတ်တဲ့အခါမှာ အင်မတန်သတိထားရမည့် အဟန့်အတားတွေပေါ်လာတတ်တယ်တဲ့။ ယောဂီပုဂ္ဂိုလ်တွေ အထူးသဖြင့်တရားကြာကြာ
စာမျက်နှာ-၄၅
ထိုင်ရင် အဖြစ်အများဆုံး ဆပ်ပြာရေစစ်လို့ ခေါ်ရမယ့် အဟန့်အတားကတော့ ထိနမိဒ္ဓပဲ။ ဒါကြောင့် တချို့ယောဂီတွေဆိုရင် ထိုင်ရင်း အိပ်တတ်သွားတယ်။ အိပ်ငိုက်သွားတာနဲ့တစ်ပြိုင်နက် ခုနက သမာဓိစွမ်းအားတွေရော ဘာတွေရော အကုန်လုံး ပျောက်ကွယ်သွားတယ်။ အသိပညာလည်း အားနည်းသွားတယ်။

ဒါ့ကြောင့် ဆပ်ပြာရေစစ်ဆိုတာ တခြားဟာကို ပြောတာမဟုတ်ဘူးတဲ့။ နီဝရဏတရား ၅-ပါးကို ပြောတာတဲ့။ “ကာမစ္ဆန္ဒလောဘ ဖြစ်တယ်။ လောဘမဖြစ်ရင် “ဒေါသ”ဖြစ်တယ်။ “ထိနမိဒ္ဓ” ဖြစ်မယ်။ လွင့်ပျံနေတဲ့ “ဥဒ္ဓစ္စ”။ စိတ်ထဲမှာ ပူပန်လာတဲ့ “ကုက္ကုစ္စ”။ ကိုယ်လုပ်တာ မအောင်မြင်ဘူးဆိုရင် စိတ်ထဲမှာ အလိုမကျဖြစ်တာ “ကုက္ကုစ္စ”ပဲ။ ငါဒီလောက် ကြိုးစားလျက်သားနဲ့ သမာဓိတောင်
စာမျက်နှာ-၄၆
မရပါလားဆိုတဲ့အတွေး၊ တစ်နာရီ ထိုင်တာတောင် မှတ်တစ်မိနစ်တောင်မမိပါလား ဆိုတဲ့အတွေးနဲ့ ကြိုးစားလျက်သားနဲ့ ငါဘာလို့မရတာလဲဆိုတဲ့ အတွေးတွေ ဝင်လာလျှင် ကုက္ကုစ္စပဲ။ ငါလုပ်နေတဲ့ လမ်းစဉ်ဟာ မှန်မှမှန်ပါ့မလား။ ဘုရားဟောခဲ့တယ်ဆိုတဲ့ နည်းလမ်းရော တကယ်ဟောခဲ့တာ ဟုတ်ပါ့မလား ဆိုတဲ့အတွေးဝင်လာရင် ဝိစိကိစ္ဆာပဲ။

အဲဒီအတွေးတွေဝင်တာနှင့် ရှိသမျှဟာတွေ အကုန်သွားပြီ။ ဆပ်ပြာရေစစ်ထဲလောင်းထည့်လျှင် ရေတွေဝေါကနဲ ထွက်သွားသလို ကုသိုလ်စိတ်တွေ အားလုံးအခြေအနေကောင်းတွေ လျှောကျသွားတယ်။ ဒါ့ကြောင့် မြတ်စွာဘုရားက ချစ်သားရဟန်း ဆပ်ပြာရေစစ်ဆိုတာ နီဝရဏတရား ၅-ပါးကို ပြောတာတဲ့။
စာမျက်နှာ-၄၇

လိပ်ဆိုတာ
တောင်ပို့ကြီး တူးတဲ့အခါ ဆပ်ပြာရေစစ်ကို ဖယ်ပြီးနောက် လိပ်ကြီးတစ်ကောင်သွားတွေ့တယ်တဲ့။ အရှင်ကုမာရကဿပက- 'လိပ်ဆိုတာ ဘာကိုဆိုလိုတာလဲဘုရား'လို့ မေးတဲ့အခါ မြတ်စွာဘုရားက ဖြေတော်မူတယ် 'လိပ်ဆိုတာ တခြားမဟုတ်ဘူး ခန္ဓာငါးပါးတဲ့။ ဘာကြောင့်လဲဆိုတော့ လိပ်တစ်ကောင်မှာ ကြည့်၊ ခေါင်းရှိတယ်၊ ခြေထောက်နှစ်ဖက်၊ လက်နှစ်ဖက် ရှိတယ်။ အဲဒီငါးခုပေါင်းလိုက်တဲ့အခါ လိပ်ဟာ ဟိုဟို ဒီဒီ ရွေ့လျှားသွားလာနိုင်တယ်၊ မဖြစ်ဘူးလား။ ခေါင်းကလည်း အပြင်ထွက်မယ်။ လက်နှစ်ဖက် ခြေနှစ်ဖက်ကလည်း အပြင်ထွက်မယ်ဆိုရင် လိပ်မှာ လှုပ်ရှားသွားလာမှုဖြစ်တယ်။ အဲဒီငါးခုကို အခွံထဲသွင်းထားကြည့်၊ လိပ်ကြီးသွားလို့ရသေးရဲ့
စာမျက်နှာ-၄၈
လား။

သတ္တဝါတွေမှာလည်း ခန္ဓာငါးပါး ပေါင်းစပ်မိလျှင် လိပ်လိုလှုပ်ရှားသွားလာလို့ရတယ်။ ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိဉာဏက္ခန္ဓာဆိုတဲ့ ဟောဒီ ခန္ဓာငါးပါး ပေါင်းစပ်လိုက်ထားတာနှင့်တစ်ပြိုင်နက် စွမ်းအားတွေရပြီး စကားပြောတယ်၊ သွားတယ်၊ လာတယ်၊ လှုပ်ရှားတယ်။ လိပ်နဲ့ တူတဲ့ အဲဒီခန္ဓာငါးပါးကို တွယ်တာမနေဘဲ ဖယ်ရှားပစ်လိုက်ပါ။

မြတ်စွာဘုရားက 'ရူပံ ဘိက္ခဝေ န တုမှာကံ၊ တံ ပဇဟထ၊ တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ' - ချစ်သားရဟန်းတို့ ရုပ်ခန္ဓာကြီးဟာ သင်တို့ဟာ မဟုတ်ဘူး၊ လူတွေကထင်နေကြတယ်လေ၊ ငါ့မျက်စိ၊ ငါ့နား၊ ငါ့နှာခေါင်း၊ ငါ့ခန္ဓာကိုယ်၊ ငါ့စိတ်လို့ ထင်နေကြတယ်။ မြတ်စွာဘုရားက
စာမျက်နှာ-၄၉
န တုမှာကံ' သင်တို့ဟာမဟုတ်ဘူး။ 'တံ ပဇဟထ' ကိုယ့်ဟာမဟုတ်တဲ့အပေါ်မှာ တွယ်မနေနဲ့။ စွန့်လွှတ်လိုက်။ ခန္ဓာငါးပါးကို တွယ်မနေနဲ့။ လွှတ်ထားလိုက်။ လွှတ်ထားလိုက်လျှင် 'တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ' အဲဒါမှ ချမ်းသာသုခရမှာ ဖြစ်တယ်တဲ့။ အဲဒါကြောင့် တောင်ပို့ထဲမှာ လိပ်တွေ့လျှင် ဖယ်ပစ်လိုက်ဆိုတာ ခန္ဓာငါးပါးမှာ တွယ်မနေနဲ့၊ တွယ်တာတဲ့တဏှာကို ဖယ်လိုက်တဲ့။
သားလှီးဓားနဲ့ စဉ်းတီတုံး
လိပ်ကြီးဖယ်ပြီးတော့ ဘာသွားတွေ့သလဲဆိုရင် “သားလှီးဓားနဲ့စဉ်းတီတုံး”တဲ့။ ဒီတော့ အရှင်ကုမာရကဿပက မေးတယ်၊ 'သားလှီးဓားနဲ့စဉ်းတီတုံးဆိုတာ ဘာကိုခေါ်ပါသလဲဘုရား'တဲ့။ မြတ်စွာဘုရားက ဖြေတော်မူတယ်။ သားလှီးဓားနဲ့ စဉ်းတီတုံးဆိုတာ အာရုံငါးပါး ကာမဂုဏ်တရားကို ပြောတာ။
စာမျက်နှာ-၅၀
လူတွေဟာ ဘာနဲ့ပတ်သက်ပြီး အလှီးခံနေရသလဲဆိုရင် အာရုံငါးပါးနဲ့ပတ်သက်ပြီး အလှီးခံမနေရဘူးလား။ ကြည့်လေ-မျက်စိက နှစ်သက်စရာ အာရုံတွေ့လိုက်ရင် လောဘဖြစ်တယ်။ နားကနှစ်သက်စရာ အသံလေးကြားလိုက်ရင်၊ နှာခေါင်းက မွှေးကြိုင်တဲ့ အနံ့လေး ရှုလိုက်ရင်၊ လျှာက ကောင်းမြတ်တဲ့အရသာလေး စားလိုက်ရရင်၊ ခန္ဓာကိုယ်က အိစက်တဲ့ အထိအတွေ့လေး ထိလိုက်ရရင် 'လောဘ' ဖြစ်တယ်။

လောဘဖြစ်တယ်ဆိုကတည်းက အဲဒီလောဘဆိုတဲ့ ကိလေသာက အာရုံနဲ့ပေါင်းပြီး လူရဲ့ သန္တာန်မှာရှိတဲ့ ကောင်းမြတ်တဲ့အရာတွေကို လှီးပစ်နေတာနဲ့ အတူတူပဲတဲ့။ ဒါကြောင့်မို့ လူတွေဟာ ဘယ်သူရဲ့ အငြိုးကို ခံနေကြရသလဲဆိုရင် အာရုံငါးပါးနှင့်ပတ်သက်လာရင် ကိလေသာရဲ့ အငြိုးကို ခံနေကြရတယ်လို့ပြောတာ။
စာမျက်နှာ-၅၁
မျက်စိကမြင်တဲ့ ရူပါရုံ၊ နားကကြားရတဲ့ သဒ္ဒါရုံ၊ နှာခေါင်းက နမ်းရှူရတဲ့ ဂန္ဓာရုံ၊ လျှာကတွေ့ရတဲ့ ရသာရုံ၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ ဒီအာရုံတွေနဲ့ အာရုံအပေါ်မှာ တွယ်တာမှုဆိုတဲ့ ကိလေသာ ဒီနှစ်ခုပေါင်းပြီးတော့ လူတွေဟာ တောက်တောက် အစဉ်းခံနေရတာဖြစ်သောကြောင့် အဲဒီနှစ်ခုဟာ စဉ်းတီတုံးနဲ့ သားလှီးဓားလိုပဲတဲ့။

အဲဒါကိုဖယ်ရှားပါဆိုတာက အာရုံငါးပါးကာမဂုဏ်တရားတွေနဲ့ပတ်သက်ပြီး ကိလေသာ အဝင်မခံပါနဲ့လို့ပြောတာ။ တရားအားထုတ်တဲ့အခါ အာရုံငါးပါးနဲ့ပတ်သက်တဲ့ ကိလေသာတရား ကိုယ့်သန္တာန်မှာ မဖြစ်စေနဲ့၊ ဖြစ်ရင် ကိလေသာရဲ့ အလှီးခံရမှာ သေချာတယ်။
သားတစ်ဆိုတာ
တောင်ပို့ကြီးထဲမှာ နောက်တစ်ခု ဘာသွားတွေ့
စာမျက်နှာ-၅၂
သလဲဆိုတော့ သားတစ်တဲ့။ သားတစ်ဆိုတာ သားငါးဈေးထဲသွားဝယ်လျှင် တုံးပြီးတစ်ပြီး အသားကို ပြောတာ။ အဲဒီသားတစ်ဆိုတာ ဘာကိုဆိုလိုတာတုန်းဘုရားလို့ အရှင်ကုမာရကဿပက မေးတဲ့အခါ “သားတစ်”ဆိုတာ 'နန္ဒီရာဂ'ကိုခေါ်တာလို့ မြတ်စွာဘုရားက ဖြေတော်မူတယ်။

သားတစ်နဲ့ပတ်သက်ပြီး အဓိပ္ပါယ်နှစ်မျိုးပေးထားတယ်၊ ထင်ရှားတဲ့အဓိပ္ပါယ်တစ်ခုက သားတစ်ဆိုတာ မီးပူဒယ်အိုးထဲမှာထည့်လိုက်ရင် ထည့်တဲ့နေရာမှာပင် ရဲကနဲ ကပ်သွားတယ်။ အဲဒီကပ်သွားသလို လူတွေရဲ့ သန္တာန်မှာ သားတစ်နဲ့ အလားတူတာ 'နန္ဒီရာဂ'တဲ့။ အခုခေတ်အရပြောရင် “စူပါဂလူး” လို့ ပြောလို့ရတာပေါ့။

အာရုံတွေနဲ့တွေ့ရင် ကပ်သွားတာ တဏှာကြောင့်ပဲ။ နန္ဒီရာဂလို့ ခေါ်တဲ့တဏှာဟာ အာရုံ
စာမျက်နှာ-၅၃
တွေပေါ်မှာနှစ်သက်တယ်၊ စွဲလမ်းတယ်၊ တဏှာရာဂနဲ့ယှဉ်တဲ့ စိတ်ကလေးဟာ အာရုံနှင့်တွေ့လျှင် ကပ်ကပ်ပြီးသွားတတ်တယ်။

ဒါကြောင့် သားတစ်ဆိုတာ အာရုံတွေပေါ်မှာ တွယ်တာတတ်တဲ့ “နန္ဒီရာဂ တဏှာ”ကိုပြောတာ။ ဒါကြောင့် ဓမ္မစကြာမှာ မြတ်စွာဘုရားက ဟောထားတယ်။ 'ယာယံ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ'တဲ့။ တဏှာဟာ အာရုံတွေပေါ်မှာ သွားသွားတွယ်တတ်တယ်လေ။ အသစ်မြင်ရင် မြင်တဲ့အပေါ်မှာ သွားတွယ်တယ်။ အသစ်နဲ့အဟောင်းတွေ့လျှင် အဟောင်းကိုပစ် အသစ်ကို သွားတွယ်ပြန်တယ်။ ဒါကြောင့်လူတွေဟာ အသစ်အသစ်ကို ရှာနေကြတာ။ အဲဒီလိုရှာတာ ဘယ်သူ့ကြောင့်လဲဆိုရင် နန္ဒီရာဂကြောင့်ပဲ။

ကမ္မဋ္ဌာန်းတရားအားထုတ်တဲ့အခါ ကာမဂုဏ်
စာမျက်နှာ-၅၄
အာရုံတွေကို ပယ်စွန့်လိုက်နိုင်တယ်။ ခုနက ဓားနှင့် စဉ်းတီတုံးနဲ့ အလားတူတဲ့ အာရုံငါးပါးနှင့် ဖယ်ရှားလိုက်နိုင်ပေမယ့် နန္ဒီရာဂဆိုတဲ့ အတွယ်အတာလေးက ကျန်နေသေးတယ်တဲ့။ ကြည့် ဘယ်ထိအောင် လိုက်သလဲဆိုရင် တရားဓမ္မအားထုတ်လို့ တရားထူး တရားမြတ်ရလို့၊ သောတာပန်ပုဂ္ဂိုလ်ဖြစ်လာပြီဆိုပါစို့။ ဒီပုဂ္ဂိုလ်မှာလည်း သူ့ဘဝအခြေအနေလေးကို သူတွယ်တာတဲ့ စိတ်ကလေးပေါ်လာတာပဲ။

သာမန်ယောဂီပုဂ္ဂိုလ်တစ်ယောက်ပဲ ကြည့်ဦး၊ ဒီကနေ့တရားထိုင်လို့ကောင်းလိုက်တာ၊ သမာဓိတွေရလိုက်တာဆိုပြီး အဲဒီသမာဓိပေါ်မှာမတွယ်ဘူးလား။ ဒီကနေ့မှတ်လို့ကောင်းလိုက်တာဆိုပြီး အဲဒီမှတ်စိတ်ကလေးအပေါ်မှာ တွယ်တာမှုဖြစ်တာပဲ။

နောက်ထပ်ရချင်တယ်။ တရားအားထုတ်လို့ အတွေ့အကြုံသစ်ကလေးတွေတွေ့လာပြီဆိုရင် အဲဒီ
စာမျက်နှာ-၅၅
အတွေ့အကြုံလေးကိုမျှော်မှန်းပြီး တရားအားထုတ်လေ့ရှိကြတယ်။ အဲဒါ နန္ဒီရာဂရဲ့ သဘောပဲ။

နောက်ဆုံး အနာဂါမ်ဖြစ်သွားလျှင် အနာဂါမ်ပုဂ္ဂိုလ်သည် သူ့ရဲ့ဝိပဿနာ၊ သူ့ရဲ့ အသိဉာဏ်တွေပေါ်မှာ တွယ်တာမှုတွေရှိနေသေးတယ်။ အဲဒါကို ဓမ္မရာဂလို့ ခေါ်တယ်။ တရားပေါ်မှာ တွယ်တာမှုလို့ ပြောတယ်။ သူ့ရဲ့ ဝိပဿနာဉာဏ်တွေ၊ သူရထားတဲ့ တရားဓမ္မတွေပေါ်မှာ တွယ်တာတယ်။ ဓမ္မရာဂ၊ ဓမ္မနန္ဒလို့ခေါ်တဲ့ အတွယ်အတာတွေကို မစွန့်လွှတ်နိုင်သေးသမျှ ဘယ်လိုမှ ရဟန္တာမဖြစ်ဘူး။ ဓမ္မအပေါ်မှာ တွယ်တာမှုဆိုတာ လုံးဝစွန့်လွှတ်နိုင်ပြီဆိုတော့မှ ရဟန္တာအဖြစ်ကို ရောက်နိုင်တာ။

ဒါကြောင့်မြတ်စွာဘုရားက သားတစ်ဆိုတာ နန္ဒီရာဂကိုပြောတာတဲ့။ နောက်ဆုံးတော့ ကာမဂုဏ်အာရုံတွေကို ဖယ်လိုက်ပေမယ့် တရားဓမ္မပေါ်မှာ
စာမျက်နှာ-၅၆
သွားတွယ်ပြန်တယ်။

ဒါ့ကြောင့်မြတ်စွာဘုရားက ကုလ္လောပမာတရားဆိုတာ ဖောင်နဲ့အလားတူတယ်။ ဖောင်ဆိုတာ ဟိုဘက်ကမ်းကူးဖို့ထားတာ။ ကူးပြီးလို့ ဟိုဘက်ကမ်းရောက်တာနဲ့ တစ်ပြိုင်နက် အဲဒီဖောင်ကြီးကိုပစ်ထားလိုက်။ ထမ်းသွားစရာမလိုဘူးလို့ ဆိုလိုတယ်၊ မြတ်စွာဘုရားက “တရားဓမ္မကိုတောင် စွန့်ရသေးတာ အဓမ္မဆိုရင် ဘယ်မှာမစွန့်ဘဲနေရမလဲ”တဲ့။ စွန့်တယ်ဆိုတာ တွယ်မနေရဘူးလို့ပြောတာ၊ ကိုယ်ရထားတဲ့တရားဓမ္မပေါ်မှာ တွယ်ကပ်မနေရဘူးလို့ပြောတာ၊ နောက်ဆုံးအဆင့် နန္ဒီရာဂကို ဖယ်ရှားပစ်လိုက်နိုင်ပြီတဲ့။
နဂါးကြီး
တောင်ပို့ကြီးကို အဆင့်ဆင့်တိုးလိုက်ကြတာ ကိုယ်မလိုချင်တာတွေ ဖယ်ရှားပစ်ပြီး
စာမျက်နှာ-၅၇
နောက်ဆုံး နဂါးကြီးကို သွားတွေ့တယ်။ နာဂ-နဂါးဆိုတာ တခြားဟာကို ပြောတာမဟုတ်ဘူးတဲ့။ ရဟန္တာကို ပြောတာ၊

သားတစ်နှင့်အလားတူတဲ့ တဏှာရာဂကို ဖယ်ရှားပစ်လိုက်နိုင်တာနဲ့တစ်ပြိုင်နက် ဒီပုဂ္ဂိုလ်ဟာ ရဟန္တာဖြစ်သွားပြီ။ ရဟန္တာကို ပါဠိစာပေမှာ နာဂလို့ခေါ်တယ်၊ 'အာဂုံ န ကရောတီတိ နာဂေါ' မကောင်းမှု အကုသိုလ်ကို မလုပ်တော့သူလို့ အဓိပ္ပါယ်ရတယ်။

နဂါးကို သွားမထိနဲ့ဆိုတာ အကုသိုလ်မှန်သမျှ လုံးဝကုန်သွားတဲ့ ရဟန္တာကိုသွားပြီး မပြစ်မှားနှင့်လို့ ပြောတာ။

နဂါးတွေ့လျှင် နဂါးက ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ရတနာရွှေငွေတွေ များစွာရှိတယ်၊ နဂါးက စောင့်ရှောက်ထားတဲ့ ရတနာတွေဟာ တစ်သက်စာ
စာမျက်နှာ-၅၈
မက အင်မတန်များပြားတယ်တဲ့။ ဒါကြောင့် ရတနာတွေရယူနိုင်ရန်အတွက် နဂါးကို ရှိခိုးလိုက်လို့ပြောတာ။

ဪ-သားတစ်ကြီးဆိုတဲ့ နန္ဒီရာဂကို ဖယ်ပြီးတာနဲ့ နာဂဆိုတဲ့ရဟန္တာဖြစ်သွားပြီလို့ပြောတာ။ ရဟန္တာဖြစ်တာနှင့် တစ်ပြိုင်နက် ဗောဓိပက္ခိယတရားရတနာတွေအားလုံး သူ့လက်ထဲ ရောက်ရှိမသွားဘူးလား။ ရဟန္တာပုဂ္ဂိုလ်ဆိုတာ ဗောဓိပက္ခိယတရားရတနာတွေအားလုံး ပိုင်ဆိုင်သူဖြစ်တယ်။

ဝမ္မိကသုတ်ရဲ့ အနှစ်ချုပ်ကတော့ တောင်ပို့ကြီးထဲမှာ ရတနာရှာတယ်ဆိုတော့ ကိုယ့်ခန္ဓာကိုယ်ထဲမှာ သတိသမ္ပဇဉ်စိုက်ပြီး ကမ္မဋ္ဌာန်းတရားအားထုတ်တားအားထုတ်ရာမှာ အဆင့်ဆင့်အခက်အခဲတွေကို ကျော်လွှားသွားပြီးတော့ နောက်ဆုံးမှာ တရားဓမ္မပေါ်မှာတောင် တွယ်တာတဲ့ နန္ဒီရာဂကို
စာမျက်နှာ-၅၉
ဖယ်ရှားနိုင်ရမယ်တဲ့။

အဲဒီပဟေဠိပုစ္ဆာ ၁၅-ချက်ကို သုဒ္ဓါဝါသဘုံကလာတဲ့ ဗြဟ္မာတစ်ဦးက (သို့သော် စာထဲမှာ “ဒေဝတာ”လို့သုံးထားတယ်) သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းကို ကူညီတဲ့အနေနဲ့ ဒီပဟေဠိပုစ္ဆာတွေကို မေးသွားတာ။ ဒီမေးခွန်းတွေရဲ့ အဖြေက အရှင်ကုမာရကဿပကို သူ့ရဲ့ဝိပဿနာလုပ်ငန်းမှာ ဘာတွေလုပ်ရမယ်။ ဘာတွေဖယ်ရှားရမယ်။ ဘယ်အထိလှမ်းတက်ရမယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်သွားစေတယ်။

မြတ်စွာဘုရားထံမှ ပဟေဠိပုစ္ဆာတွေကို ဖြေဆိုတဲ့ ဒီသုတ္တန်ကိုနာကြားပြီး အရှင်ကုမာရကဿပဟာ ဝိပဿနာကျင့်စဉ်ကို ဆက်လက်ကျင့်လို့ နောက်ဆုံးမှာ ရဟန္တာအရှင်မြတ်ဖြစ်သွားပါတယ်။
စာမျက်နှာ-၆၀

နိဂုံးစကား
တရားချစ်ခင် သူတော်စင်အပေါင်းတို့သည်လည်း ဝမ္မိကသုတ္တန်မှာလာတဲ့အတိုင်း 'တရားရှာ ကိုယ်မှာတွေ့' ဆိုသလို ကိုယ်ခန္ဓာဆိုတဲ့ တောင်ပို့ကြီးထဲမှာ ထူးခြားတဲ့ “ဗောဓိပက္ခိယ' တရားရတနာတွေကို ရရှိအောင် အဆင့်ဆင့် တူးဖြိုပြီးတော့ ရှာကြရမှာဖြစ်တယ်။

ရှာတဲ့အခါ တံခါးကျည်နဲ့တူတဲ့ 'အဝိဇ္ဇာ'၊ ဥဒ္ဓမာယိက ဖားငယ်နဲ့တူတဲ့ “ဒေါသ” တရားတို့ကိုဖယ်ရှားလို့၊ လမ်းနှစ်သွယ်နဲ့တူတဲ့ “ဝိစိကိစ္ဆာ'ကိုကျော်ဖြတ်လို့ ဆပ်ပြာရေစစ်နဲ့တူတဲ့ 'နီဝရဏတရားငါးပါး'တို့ကို ဖယ်ရှားလို့၊ လိပ်နဲ့တူတဲ့ ခန္ဓာငါးပါးပေါ်မှာတွယ်

ကပ်ပြီးတော့ မနေဘဲ၊ ‘အာရုံငါးပါး’နဲ့တူတဲ့ ဓားနဲ့စဉ်းတီတုံးကို ဖယ်ရှားပစ်ပြီး၊ နောက်ဆုံးသားတစ်နဲ့တူတဲ့ “အတွယ်အတာ'ကို ဖယ်ရှားလိုက်နိုင်ပြီဆိုလျှင် ထူးခြားတဲ့ “ဗောဓိပက္ခိယ'ဆိုတဲ့ တရားရတနာတွေ ပြီး နိဗ္ဗာန်ချမ်းသာကို ခံစားကြရမှာဖြစ်တယ်ဆိုတာ ဝမ္မိကသုတ်အရ သိကြရပါတယ်။

ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာက အရှင်ကုမာရကဿပအား ဖြေကြားထားသည့်အတိုင်း မိမိတို့ကိုယ်တိုင် ဝိပဿနာကျင့်စဉ်ကို ကျင့်ကြတော့မယ်ဆိုလျှင် ယခုကဲ့သို့ တောင်ပို့ထဲမှာ ရတနာရှာကြံသလို ခန္ဓာကိုယ်ထဲမှာ ရှာကြံမယ်ဆိုရင် အခက်အခဲတွေအမျိုးမျိုးကို ဖြတ်ကျော်သွားပြီး နောက်ဆုံးမှာ ရတနာနဲ့တူတဲ့ ဗောဓိပက္ခိယတရားတွေကို ကိုယ်စီကိုယ့်ငှ ပိုင်ဆိုင်ကြမှာဖြစ်တယ်လို့ ယုံကြည်ပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

မေတ္တာနှင့် သစ္စာ
• မိတ်ဆွေရဲ့ နှလုံးသားမှ ပေါက်ဖွားလာတဲ့ စိတ်ထားမျိုးကို၊ “မေတ္တာ” ပကတိသရုပ်ကို၊ မဖုံးမအုပ်ဘဲ၊ အရှိအတိုင်း ဖော်ထုတ်ပြောတာ၊ “သစ္စာ”၊ မေတ္တာနဲ့ သစ္စာဟာ အလွန်အစွမ်းထက်တဲ့ မန္တာန်ဖြစ်တယ်။ အန္တရာယ်ကင်း၊ ပရိတ်တရားတော်တွေဟာ အများအားဖြင့်၊ မေတ္တာနဲ့ သစ္စာစွမ်းအားကို အသုံးပြုထားတာ ဖြစ်တယ်။ 220rsn37ym8leszdf1oec6axklva796 ပေါ်လာသည့်အာရုံများနှင့် ရှုပွားရမည့်ဝိပဿနာတရား 0 6415 22219 2026-06-20T00:13:56Z Tejinda 173 "{{header | title = ပေါ်လာသည့်အာရုံများနှင့် ရှုပွားရမည့်ဝိပဿနာတရား | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22219 wikitext text/x-wiki {{header | title = ပေါ်လာသည့်အာရုံများနှင့် ရှုပွားရမည့်ဝိပဿနာတရား | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[တောင်ပို့ထဲက ရတနာ]] | previous2 = | next = [[ဗောဇ္ဈင်္ဂသုတ် အနှစ်ချုပ်]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

ပေါ်လာသည့်အာရုံများနှင့် ရှုပွားရမည့်ဝိပဿနာတရား
မှတ်တမ်း
သာသနာတော်နှစ် ၂၅၅၆ ခုနှစ် ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁)ရက်၊ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၄ ရက်၊ မန္တလေးမြို့၊ မိုးထိအောင် စည် သာသနာ့ရိပ်သာ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ၁၄-ကြိမ်မြောက် သံဃာ့ဒါနဆွမ်းလောင်းပွဲတော်နှင့် စပ်လျဉ်း၍ ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် အကြိုဓမ္မသဘင် အခမ်းအနားဝယ် မန္တလေးမြို့၊ ရဲမွန်တောင်ရပ်ကွက်နေ ဦးဝင်းမြင့်ဦး၊ ရွှေမိအထက်ဆင် မိသားစုတို့၏ အမတဒါန ဓမ္မဒါန အဖြစ်ဖြင့် ဟောကြားအပ်သော “ပေါ်လာသည့်အာရုံများနှင့် သွားရမည့် ဝိပဿနာတရား” အကြောင်း ဒေသနာတော်

သီလ သမာဓိ ပညာလို့ သံသရာဝဋ်က လွတ်မြောက်ဖို့အတွက် ကျင့်ကြံကြိုးကုတ် အားထုတ်ရမယ့် အကျင့်တရားများကို မြတ်စွာဘုရားက မဂ္ဂင်ရှစ်ပါးထဲမှာ
စာမျက်နှာ-၂
အားလုံးစုစည်းပြီး ဖော်ပြထားတာ ဖြစ်တယ်။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ လို့ဆိုတဲ့ သီလမဂ္ဂင်ကို အခြေခံပြီးတော့ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ လို့ဆိုတဲ့ သမာဓိကို ထူထောင်ကာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ ဆိုတဲ့ ပညာကို အရယူနိုင်တဲ့ နည်းစနစ်ကို မြတ်စွာဘုရားဟောကြားခဲ့တာ ဖြစ်ပါတယ်။ “သီလံ သာသနဿ အာဒီ” လို့ဆိုတဲ့အတိုင်း ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်မှာ မြတ်သောအကျင့်ကိုကျင့်ပြီ ဆိုတဲ့အခါ သီလက စတင်ကြရတယ်။ စတင်တယ်လို့ ဆိုပေမယ့်လို့ ဘယ်လောက်ကြာအောင် သီလကို စောင့်ထိန်းရမှာလဲလို့ဆိုရင် အခုဆောက်တည်ပြီးတော့ အခု ဒီသီလဟာ စင်ကြယ်တဲ့ အနေအထားမျိုးကိုရမယ်။ ဒါကြောင့်မို့လို့ သီလနဲ့ ပတ်သက်တဲ့အခါ သမာဒါနလို့ခေါ်တဲ့ ဆောက်တည်မှုဟာ အဓိကပဲ။ အခု ရှစ်ပါးသီလ
စာမျက်နှာ-၃
ဆောက်တည်လိုက်တဲ့အချိန်ဟာ ဒါ ရှစ်ပါးသီလနဲ့ ပြည့်စုံသွားတဲ့ အချိန်အခါလို့ ဒီလိုပြောလို့ရတယ်။ မကျူးလွန်သေးသမျှ ကာလပတ်လုံး မိမိတို့သန္တာန်မှာ ရှစ်ပါးသီလ တည်နေတယ်လို့ ဒီလိုဆိုတယ်။ ဒါက ဆောက်တည်လို့ရတဲ့ အတိုင်းအတာတစ်ခုကိုပြောတာ။ အဲဒီလို ဆောက်တည်လို့ရတဲ့ အတိုင်းအတာတစ်ခု မပျက်ပြယ်သေးသမျှ ကာလပတ်လုံး သီလနဲ့ ပြည့်စုံသူလို့ခေါ်လို့ရတယ်။ အကယ်၍ ကျူးလွန်စရာ အာရုံတစ်ခုခု ပေါ်လာလို့ လွန်ကျူးဖောက်ဖျက်လိုက်တယ်ဆိုရင် ထိုသီလဟာ ပျက်ပြယ်သွားနိုင်တယ်ပေါ့။

အဲဒီတော့ သီလက စတင်တာတော့ တခြားကြောင့် မဟုတ်ဘူး။ သီလဆိုတာ “အနဝဇ္ဇသုခ”ကို ပေးစွမ်းနိုင်တယ်။ အပြစ်ကင်းတဲ့ ချမ်းသာ။ လောကမှာ အပြစ်ကင်းတဲ့ ချမ်းသာဟာ တခြားချမ်းသာတွေနဲ့ မတူဘူး။ အပြစ်ကင်းတဲ့ ချမ်းသာတစ်ခုဟာ ထာဝရ ချမ်းသာသုခမျိုးကိုပေးနိုင်တယ်။ ကိုယ့်ဘဝကို၊ ကိုယ့်အနေအထားကို ဆင်ခြင်သုံးသပ်လိုက်တဲ့ အချိန်တိုင်း အချိန်တိုင်းမှာ ငါ အပြစ်ကင်းတယ်လို့ ဆိုတဲ့စိတ်ဟာ အင်မတန်မှ ကြည်လင် အေးမြသွားစေနိုင်တဲ့အရာ ဖြစ်တယ်ပေါ့။ ဒါ သီလက တိုက်ရိုက် စွမ်းဆောင်ပေးမှု
စာမျက်နှာ-၄
ပဲ။ သီလဆောက်တည်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ငါ ဒီပြစ်မှုတွေ တစ်ခုမှကျူးလွန်ထားတာ မရှိဘူး။ ငါ သီလလုံနေတယ်လို့ဆိုရင် စိတ်နှလုံး ကြည်သာတယ်လို့ ခေါ်တယ်။

အဲဒီကနေတဆင့် ထပ်မံပြီးတော့ သီလ ဆင်ခြင်လိုက်တဲ့အခါ အရတော်လိုက်တာဆိုတဲ့ ဝမ်းမြောက်မှုတွေ ဖြစ်လာနိုင်တယ်၊ နှစ်သက်ကြည်နူးမှုဆိုတဲ့ ပီတိလည်း ဖြစ်လာတယ်။ ပီတိဖြစ်လာလို့ရှိရင် ဆက်တိုက် ကိုယ်ရော စိတ်ရော ငြိမ်းချမ်းမှုဆိုတဲ့ ပဿဒ္ဓိ ဖြစ်လာတယ်။ ပဿဒ္ဓိ ဖြစ်လာရင် သုခဆိုတဲ့ မလွဲမသွေ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှုကိုရတယ်။ အဲဒီချမ်းသာဟာ “အနဝဇ္ဇသုခ” လို့ခေါ်တယ်။ အပြစ်ကင်းလို့ရတဲ့ ချမ်းသာမျိုး၊ ဒီပြင်ချမ်းသာနဲ့ မတူဘူးတဲ့။

မြတ်စွာဘုရားက ချမ်းသာအမျိုးမျိုးကို ဟောထားတာရှိတယ်။ “အနဝဇ္ဇသုခ”ကို သာမန်ချမ်းသာတွေက တုပြီးတော့ မမှီနိုင်ဘူး။ လောကလူတွေရနိုင်တဲ့ ချမ်းသာကို ပြောရမယ်ဆိုရင် ပစ္စည်းဥစ္စာ ရှိတယ်၊ နေစရာ
စာမျက်နှာ-၅
ရှိတယ်၊ စားစရာရှိတယ်။ မိမိပိုင်ဆိုင်မှု ပစ္စည်းတွေ အများကြီးရှိတယ်။ ရှိတာကို အကြောင်းပြုပြီးတော့ စိတ်ထဲမှာ အားရမှုဖြစ်တာကို အတ္ထိသုခလို့ ခေါ်တယ်။ ရှိလို့ချမ်းသာတာ။ အဲဒီ ရှိလို့ချမ်းသာတာဆိုတာလည်း ခိုင်မာတာ မဟုတ်ဘူး။ မရှိပြီဆိုလို့ရှိရင် ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတတ်တယ်။ အဲဒီ အတ္ထိသုခဆိုတာလည်း ရှိခိုက်မှာ ချမ်းသာတာ ဖြစ်သောကြောင့် အင်မတန် တိုတောင်းတဲ့ ချမ်းသာတစ်ခုလို့ ပြောရမယ်။

ရှိတဲ့ပစ္စည်းကို အသုံးပြုတယ်။ ကိုယ့်ကားရှိလို့ ကားနဲ့သွားရတယ်။ ကိုယ့်အိမ်မှာ ပြည့်ပြည့်စုံစုံရှိလို့ အနေအထိုင် ချမ်းချမ်းသာသာ နေနိုင်ထိုင်နိုင်တယ်။ အသုံးပြုလို့ရတဲ့ ချမ်းသာကို ဘောဂသုခလို့ခေါ်တယ်။ ဘယ်ပစ္စည်းပဲဖြစ်ဖြစ် သုံးလိုက်တဲ့အချိန်မှာ၊ အသုံးပြုနေတဲ့အချိန်မှာ ချမ်းသာမှုကိုရရှိစေတယ်။ ဒါက ဘောဂသုခ။ အဲဒါလည်းပဲ စားသုံးနေတုန်း အသုံးပြုနေတုန်းသာ ချမ်းသာမှုကိုပေးနိုင်တာ။ ပြီးသွားတာနဲ့တပြိုင်နက်
စာမျက်နှာ-၆
ချမ်းသာမှုဟာ ဆုံးရှုံးသွားပြန်တယ်။ တိုတောင်းတဲ့ ချမ်းသာသုခ တစ်ခုပဲ။

ဟော နောက်တစ်ခုက ဘာတုန်းဆိုရင် လောကမှာ လူတွေဟာ ပစ္စည်းဥစ္စာ မပြည့်မစုံ၍ဖြစ်စေ၊ မိမိအသုံးအဖြုန်း၍ဖြစ်စေ သူတစ်ပါးထံက ကြွေးယူပြီးတော့ သုံးကြရတာမျိုးတွေ ဖြစ်တတ်တယ်။ အဲဒီ ကြွေးတင်နေပြီဆိုရင် လူတွေဟာ တအုံနွေးနွေးနဲ့ ကြွေးပေးစရာရှိတယ်လို့ဆိုတဲ့ စိတ်ဆင်းရဲမှုမျိုးတွေ ကြုံတတ်တယ်။ အေး- ကြွေးကင်းသွားတဲ့ ပုဂ္ဂိုလ်တွေ၊ ကြွေးတွေ ဆပ်လိုက်လို့ သူများကြွေး ကိုယ့်မှာ လုံးဝမရှိဘူးဆိုတဲ့ လူတစ်ယောက်ဟာ လက်မထောင်နိုင်ပြီး အနဏသုခ ကြွေးကင်းတဲ့ချမ်းသာလို့ခေါ်တယ်၊ အဲဒါနော်။ ဘယ်သူ့ဆီကမှ ကြွေးယူထားတာမရှိဘူး၊ စီးပွားဥစ္စာ ပြေလည်လို့ ကြွေးကင်းတယ်။ အဲဒီ ကြွေးကင်းတယ်ဆိုတဲ့ ချမ်းသာဟာလည်း တွေးလိုက်တဲ့အခိုက်မှာ ငါ့မှာ ကြွေးမရှိဘူးလို့ဆိုတဲ့ တွေးလိုက်တဲ့အချိန်မှာ ဒီချမ်းသာမှုကို
စာမျက်နှာ-၇
ရတယ်။ ဒါလည်းပဲ တိုတောင်းတဲ့ ချမ်းသာလေးတစ်ခု။

အဲဒီချမ်းသာတွေထက် သာလွန်တဲ့ ချမ်းသာကတော့ ဘာတုန်းဆိုရင် အနဝဇ္ဇသုခတဲ့။ အပြစ်ကင်းလို့ရတဲ့ ချမ်းသာ။ ဘာအပြစ်မှ မိမိအနေနဲ့ ကျူးလွန်ထားတာ မရှိဘူး။ ဘယ်အချိန်တွေးလိုက်တွေးလိုက် အေး ငါ့ကိုယ်ကျင့်တရားကောင်းတယ်။ ဒီဘဝသေသွားမှာလည်း ပူစရာမလိုဘူး။ ဘာဖြစ်လို့လဲ၊ ငါ့မှာ ဘာအပြစ်မှ ကျူးလွန်ထားတာမရှိဘူး။ ကုသိုလ်ကောင်းမှုတွေ ငါ့မှာ ရှိတယ်ဆို ဘယ်အချိန်တွေးတွေး စိတ်အေးစရာကောင်းတဲ့ ချမ်းသာမျိုးကို ဒါ အနဝဇ္ဇသုခ၊ ဘယ်သူကပေးလဲဆို သီလကပေးတာ၊ ဒီလိုပြောတာနော်။

အဲဒီ သီလဟာ အနဝဇ္ဇသုခ ရလာတာနဲ့ တပြိုင်နက် စိတ်လေးတည်ငြိမ်မှုကို လျင်လျင်မြန်မြန် ရစေနိုင်တယ်။ သမာဓိဆိုတာ စိတ်ချမ်းသာတဲ့ ပုဂ္ဂိုလ်တစ်ယောက်မှာ သမာဓိဆိုတာ လွယ်လွယ်ကူကူနဲ့ ရနိုင်လို့ မြတ်စွာဘုရားက သီလပြီးတော့ သမာဓိလို့
စာမျက်နှာ-၈
ဒီလိုဟောတာ။ အေး အဲဒီ သမာဓိရှိလာပြီဆိုတဲ့အခါမှာ အရာရာကို ဆင်ခြင်သုံးသပ်တဲ့ စိတ်တည်ငြိမ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘာကိုပဲ စဉ်းစား စဉ်းစား စဉ်းစားတဲ့အခါမှာ အမှန်အကန် စဉ်းစားလာနိုင်သည့်အတွက်ကြောင့် ယထာဘူတ ဒဿနတဲ့၊ တကယ်အဖြစ်မှန်ကို မြင်နိုင်တယ်၊ သိနိုင်တယ်ဆိုတဲ့ဉာဏ်မျိုးကို ရလာတယ်ပေါ့။ အဲဒါ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပ။ အတွေး။

အဲဒီတော့ ဘဝမှာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့ ဗုဒ္ဓဟောကြားတဲ့ ဗုဒ္ဓရဲ့ အဆုံးအမတိုင်း ဘဝမှာနေမယ်ဆိုလို့ရှိရင်တော့ ဒီကျင့်စဉ်လေးနဲ့ နေတာ မိမိအိမ်မှာ နေရင်း ထိုင်ရင်း သွားရင်းလာရင်း စားရင်းသောက်ရင်း စီးပွားရှာရင်း ဒီလိုပဲ နေကြရတယ်။ ဒီအနေနဲ့ ဒီလိုအနေအထားမျိုးအတိုင်းနေမယ်ဆိုလို့ရှိရင် နောက်ဆုံးမှာ နိဗ္ဗာန်မရသည့်တိုင်အောင်၊ မရသေးသည့်တိုင်အောင် သံသရာမှာ အဆင်တပြေနဲ့ ချမ်းသာသုခတွေကို ရသွားနိုင်တယ်ပေါ့။ ဒါက Way
စာမျက်နှာ-၉
of Life ပေါ့၊ Buddhist Way of Life ပေါ့။ ဘုရားရဲ့ နေနည်းပေါ့နော်။ ဘုရား အဆုံးအမအတိုင်းနေတာ ဗုဒ္ဓဘာသာဝင်တွေမှာ ဒီအပြစ်ကင်းမှုဆိုတဲ့ အနဝဇ္ဇသုခဆိုတာ သီလကမှ ပေးနိုင်တယ်။ ကဲ ကောင်းပြီ။

အဲဒီလိုနေတဲ့အခါမှာ သီလလည်းပဲ ပြည့်စုံလာပြီ၊ သမာဓိလည်း သီလပေါ်မှာ အခြေခံပြီးတော့ သမာဓိလည်း ဖြစ်လာပြီ ဆိုတဲ့အခါမှာ သံသရာကပါလာတဲ့ လူတွေရဲ့ စိတ်ထဲမှာ Positive ဖြစ်နေတဲ့ ကိလေသာတွေဆိုတာရှိတယ်။ နှစ်သက်စရာအာရုံနဲ့တွေ့လို့ရှိရင် လိုချင်တဲ့ လောဘဟာ ထောင်းကန်ထလာတာပဲနော်။ ဣဋ္ဌာရုံလို့ခေါ်တဲ့ နှစ်သက်စရာ မြတ်နိုးစရာ အာရုံတွေနဲ့တွေ့လာပြီဆိုရင် အဲဒီ အာရုံကို လိုချင်တယ် တပ်မက်တယ် တွယ်တာတယ်ဆိုတဲ့ စိတ်အနေအထားတစ်ခုဟာ ပေါ်လာတယ်။ အဲဒီ ပေါ်လာတာကို ထိန်းနိုင်ရင်ထိန်း၊ မထိန်းနိုင်ရင် သီလလည်း ကျိုးသွားနိုင်တယ်။ သမာဓိလည်း ပျက်ပြားသွားနိုင်တယ်ပေါ့။ အဲဒီ သီလ သမာဓိတွေ အခြေခိုင်သွားအောင် ထိန်းပုံ
စာမျက်နှာ-၁၀
ထိန်းနည်းကို မြတ်စွာဘုရားက 'ပေါ်လာသည့် အာရုံများနှင့် ရှုပွားရမည့် ဝိပဿနာတရား'ဆိုတာ စိတ်ကိုထိန်းတဲ့ နည်းတစ်ခုကို ပေးထားတာနော်။ အဲဒီတော့ ဝိပဿနာတရားဆိုတာ ဘယ်နေရာပဲဖြစ်ဖြစ် ရှုပွားလို့ရတယ်ဆိုတဲ့ အနေအထား။ အဲဒီတော့ ဝိပဿနာဆိုတာ သေချာပြောမယ်ဆိုလို့ရှိရင် သမ္မာဒိဋ္ဌိကို ခေါ်တာပဲ၊ မှန်မှန်ကန်ကန် မြင်တတ်ဖို့။ ဒါကြောင့်မို့ ဝိပဿနာဆိုတာ ဉာဏ်ကိုခေါ်တာ၊ ဉာဏ်ဆိုတာ သမ္မာဒိဋ္ဌိ၊ ဒါကြောင့်မို့ သမ္မာဒိဋ္ဌိကို ခွဲတဲ့အခါမှာ ကံ, ကံ၏အကျိုးရှိတယ်လို့လက်ခံတာဟာ ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေရဲ့ မမြဲတဲ့ သဘော၊ ဆင်းရဲတဲ့သဘော၊ ကိုယ်မပိုင်တဲ့သဘောကို ဆင်ခြင်စဉ်းစား သိမြင်တာက ဝိပဿနာ သမ္မာဒိဋ္ဌိလို့ခေါ်တယ်။ သိမြင်မှုကို အခြေခံပြီးတော့ ကိလေသာတွေကိုဖယ်လို့ နိဗ္ဗာန်ကို မြင်တာကျတော့ မဂ္ဂသမ္မာဒိဋ္ဌိလို့ခေါ်တယ်။ ထို ကိလေသာတွေကို ပြန်လည်
စာမျက်နှာ-၁၁
ငြိမ်းသတ်ပြီး နိဗ္ဗာန်ကိုအာရုံပြုနိုင်တာ ဖလသမ္မာဒိဋ္ဌိလို့ခေါ်တယ်။ ဒီလို သမ္မာဒိဋ္ဌိဟာ အဆင့်ဆင့်သွားတာ။

အခြေခံ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ရှိပြီးတဲ့နောက်မှာ မိမိရဲ့ နေ့စဉ်ဘဝမှာ ဝိပဿနာ သမ္မာဒိဋ္ဌိနဲ့နေဖို့လိုတယ်။ ဝိပဿနာ သမ္မာဒိဋ္ဌိနဲ့ မနေဘူးဆိုလို့ရှိရင် ဆောက်တည်ထားတဲ့သီလဟာလည်း ကျိုးပေါက်သွားနိုင်တယ်။ ရရှိထားတဲ့ သမာဓိတရားဟာလည်း ပျက်ပြယ်သွားနိုင်တယ်ပေါ့။ ဘာကြောင့် သီလတွေ ချိုးဖောက်ပြီးတော့ ကျိုးပြီးတော့ သမာဓိတွေ ပျက်ပြားရသလဲလို့ဆိုတော့ လူဆိုတာ နေ့စဉ်ဘဝမှာ မိမိရဲ့ စိတ်ထဲမှာ အာရုံအမျိုးမျိုးနဲ့ ဆုံတွေ့နေတာ၊ မျက်စိက မြင်ရတဲ့ အာရုံအမျိုးမျိုး လာပြီးတော့ တွယ်ကပ်မှပ် မြင်စရာ အာရုံတွေဟာလည်း လိုချင်စရာကောင်းတာ ရှိတယ်၊ လိုချင်စရာ မကောင်းတာရှိတယ်။ ဟော ဣဋ္ဌာရုံ အနိဋ္ဌာရုံလို့ ခေါ်တယ်။ ဣဋ္ဌဆိုတာ မက်မောစရာကောင်းတဲ့အာရုံဆိုတဲ့ အမြင်အာရုံဟာလည်း လူ့စိတ်ကို စွဲဆောင်ပြီး လွှမ်းမိုးသွားနိုင်တယ်တဲ့။ အဲဒီ
စာမျက်နှာ-၁၂
အာရုံရဲ့ လွှမ်းမိုးမှုခံလိုက်ရတဲ့အခါမှာ ကိုယ့်သန္တာန်မှာ တဏှာရာဂတွေဖြစ်ပေါ်လာပြီး ထို တဏှာရာဂတွေကို မထိန်းနိုင် မသိမ်းနိုင်ဘူးဆိုရင် မနောကံကနေပြီးတော့ ဝစီကံ၊ ကာယကံ မြောက်ပြီးတော့ လွန်ကျူးသွားနိုင်တဲ့ အနေအထားမျိုးဖြစ်တယ်ပေါ့။ ဒါကြောင့်မို့ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့၊ ဆောက်တည်ထားတဲ့ သီလဟာလည်း ကျိုးပေါက်သွားနိုင်တယ်ပေါ့။ ရရှိထားတဲ့ သမာဓိတရားတွေလည်း ပျက်ပြားသွားနိုင်တယ်။

ငါးရာ့ငါးဆယ်ဇာတ်ထဲမှာကြည့်လေ၊ ကောင်းကင်က ပျံလာတဲ့ရသေ့ ဘုရင့်နန်းတော်ကို ဆွမ်းစားကြွတယ်၊ ဆွမ်းစားကြွလာတဲ့အခါမှာ အမှတ်တမဲ့ ဝင်ရောက်လာတဲ့အခါ နန်းတော်မှာရှိနေတဲ့ မိဖုရားက ရသေ့ကြီးမလာသေးဘူးဆိုပြီးတော့နေတဲ့ အနေအထားလေးမှာ ရသေ့က ဖျပ်ကနဲ လေသာပြတင်းပေါက်က ဝင်လာလိုက်တဲ့အချိန်မှာ မသင့်လျော်တဲ့ အာရုံကို မြင်လိုက်ရတော့ ရသေ့ကြီးဟာ ကောင်းကင်မပျံနိုင်
စာမျက်နှာ-၁၃
တော့ဘူး၊ ဈာန်လျော့သွားတယ်ဆိုတဲ့ဇာတ်လမ်းရှိတယ်လေ။

အဲဒီတော့ ရရှိထားတဲ့ သမာဓိတရား ပျက်ပြားသွားတာ ဘယ်သူ့ကြောင့် ပျက်ပြားသွားလဲ၊ ဣဋ္ဌာရုံတစ်ခုနဲ့တွေ့တဲ့အခါမှာ မထိန်းသိမ်းနိုင်လို့ တဏှာရာဂ စိတ်က လွှမ်းမိုးပြီး သမာဓိကို ဖျက်ဆီးလိုက်တာလို့ခေါ်တယ်။ အဲဒီလို ရာဂကလည်းပဲ သမာဓိကို လွှမ်းမိုးဖျက်ဆီးနိုင်တယ်။ ဒေါသတရားကလည်း သမာဓိကို လွှမ်းမိုးဖျက်ဆီးသွားနိုင်တယ်။ အေး- သမာဓိတင် ဖျက်ဆီးနိုင်တာ မဟုတ်ဘူး။ ရာဂက ကိုယ်ကျင့်သီလကိုလည်းပဲ ဖျက်ဆီးနိုင်တယ်။ ဒေါသက ကိုယ်ကျင့်သီလကိုပဲ ဖျက်ဆီးနိုင်တယ်ဆိုတော့ အခြေကောင်း အနေကောင်းတွေ သမာဓိလည်း ပျက်ပြားသွားတယ်။ သီလလည်း ပျက်ပြားသွားတယ်။ သီလလည်း ပျက်ပြားသွားတယ်ဆိုတော့ အားလုံးဟာ ဒီအခြေအနေကောင်းတွေ လုံးဝပျက်စီးသွားနိုင်တဲ့ အနေအထားမျိုး ရောက်
စာမျက်နှာ-၁၄
သွားတယ်။ အဲဒီ အနေအထားမျိုး မရောက်အောင် ဝိပဿနာတရားကို ရှုပွားနိုင်ရမယ်။

ဝိပဿနာတရား ရှုပွားတယ်ဆိုတာ မှန်ကန်တဲ့ နည်းနဲ့ ဆင်ခြင်စဉ်းစားတဲ့ ယောနိသော မနသိကာရပဲ။ သူက အရာခပ်သိမ်းဟာ ကြည့်တတ်ဖို့ မြင်တတ်ဖို့၊ ဒါကြောင့်မို့ ဝိပဿနာလို့ဆိုတဲ့ စကားလုံးကို စာပေကျမ်းဂန်ကတော့ အနိစ္စ ဒုက္ခ အနတ္တဆိုတဲ့ အခြေအနေ အမျိုးမျိုးတွေနဲ့ ရှုမြင်သုံးသပ်နိုင်တဲ့ဘက်လို့ပြောတာ၊ အဆင့်အမြင့်ဆုံးကိုပြောတာ၊ သာမန်အားဖြင့် ဒီစကားလုံးကိုကြည့်ပြီး ပြောမယ်ဆို ဝိ-ဆိုဘာ ထူးထူးခြားခြား သူများနဲ့ မတူအောင်၊ ပဿနာ- မြင်နိုင်တယ် မြင်တတ်တယ်ဆိုတာ ဝိပဿနာဆိုတာ သူများထက် ထူးကဲပြီးတော့ ဆိုလိုတာက သတ္တဝါဆိုတဲ့အမြင်မျိုးကိုမမြင်ဘူး။ သင်္ခါရ ရုပ်နာမ်ဆိုတဲ့ အမြင်မျိုးကိုမြင်သွားတာ၊ ဒါထူးတဲ့ အမြင်တစ်ခုပဲပေါ့။ သာမန်မြင်တဲ့အမြင် မဟုတ်ဘူး။ မြဲတယ် မမြဲဘူးမြင်ရင် မြဲတယ်ဆိုတဲ့ အမြင်ထက် ထူးချွန်သွားတဲ့ အမြင်တစ်ခုပဲ။ ချမ်းသာတယ်လို့ ဆင်းရဲ
စာမျက်နှာ-၁၅
တယ်လို့ မြင်တာဟာ အများမြင်တဲ့ ချမ်းသာတယ်ဆိုတဲ့ အမြင်ထက် ထူးချွန်သွားတာ။ ထူးချွန်သွားတဲ့ အမြင်တစ်ခုပဲ။ ကိုယ်လုပ်နိုင်တယ် ကိုယ်ပိုင်တယ်၊ ငါ့ဟာ ဖြစ်တယ်လို့ မြင်နေတဲ့အမြင်၊ အဲဒီအမြင်ထက် သာလွန်သွားပြီးတော့ သူများဒီလိုမြင်ကြပေမယ့်လို့ ငါဘာမှ မတတ်နိုင်ဘူး၊ ငါ့အလိုအတိုင်း ဘာတစ်ခုမှ မဖြစ်ဘူးဆိုတဲ့ မြင်တဲ့အမြင်ဟာ ထူးခြားတဲ့ အမြင်တစ်ခု ဖြစ်တယ်ပေါ့။ အဲဒါကိုပဲ ဝိပဿနာလို့ ခေါ်တာပဲနော်။ တရားကိုယ်ပြောမယ်ဆိုရင်တော့ သမ္မာဒိဋ္ဌိပေါ့။

အဲဒီ သမ္မာဒိဋ္ဌိဆိုတဲ့ မှန်ကန်တဲ့အမြင်ရှိဖို့အတွက်က ဘာလုပ်ဖို့လိုလဲဆိုတော့ သမ္မာသင်္ကပ္ပတဲ့။ မှန်ကန်တဲ့ အတွေးတစ်ခုရှိဖို့လိုတယ်။ အဲဒီတော့ တရားအားထုတ်ရင် မတွေးရဘူး မတွေးရဘူး ပြောတာဟာ ဒီအခြေအနေကိုပြောတာ မဟုတ်ဘူးနော်။ အဲဒီတော့ ဒီအဆင့်မြင့်လာပြီဆိုလို့ရှိရင်တော့ ပညာက လွှမ်းမိုးသွားမှာ သေချာတယ်။ အဆင့်မမြင့်သေးတဲ့အချိန်မှာ မှန်မှန်ကန်ကန်တွေးတောမှုဟာ မှန်မှန်ကန်ကန် သိမြင်မှု
စာမျက်နှာ-၁၆
အတွက် အထောက်အကူ အများကြီး ဖြစ်တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရား ကိုယ်တိုင်ကိုက အမှန်တွေးဖို့အတွက် သမ္မာသင်္ကပ္ပဆိုတာ သမ္မာဒိဋ္ဌိနဲ့ တွဲဖက်ပြီးတော့ ပေးထားတာလေ။ ဒီသဘာဝ ၂-ခုဟာ မတူဘူး။ မတူတဲ့ သဘာဝ ၂-ခုဟာ အမှန်တွေးမှ အမှန်မြင်နိုင်တာ ဖြစ်သောကြောင့် အမှန်အကန်ကိုတွေးတတ်ဖို့ ဒီလိုဆိုလိုတာနော်။ ဒီ ၂-ခု တွဲဖက်ပြီးတော့ထားတာ။ ဒါကြောင့်မို့လို့ အရာခပ်သိမ်းကို မှန်မှန်ကန်ကန်စဉ်းစား၊ မှန်မှန်ကန်ကန်တွေးတောဆင်ခြင်မှုဟာ အရေးကြီးတယ်တဲ့။

အခု မြတ်စွာဘုရား ဟောထားတဲ့ သုတ္တန်တစ်ခု ရှိတယ်။ တိကဏ္ဍကီသုတ်လို့ ခေါ်တယ်။ တိကဏ္ဍကီဆိုတာ ဒီသုတ္တန်ကိုဟောတဲ့ နေရာဒေသကို စွဲပြီးတော့ ခေါ်တဲ့ အမည်တစ်ခုပဲ။ တိကဏ္ဍကီဆိုတာ ဆူး(၃)မျိုး ရှိတဲ့တော၊ ဆိုလိုတာကတော့ တောရဲ့ နာမည်တစ်ခုပေါ့။ အဲဒီတောက ဘယ်နားမှာရှိတာတုန်းလို့ဆိုတော့ သာဝတ္ထိမြို့နဲ့ ခြောက်ယူဇနာဝေးကွာတဲ့ သာကေတမြို့
စာမျက်နှာ-၁၇
အနီးမှာရှိတယ်၊ သာကေတမြို့ဆိုတာ ဝိသာခါရဲ့ မိဘများကတည်တဲ့မြို့ပဲ၊ ဝိသာခါတို့က ဘဒ္ဒိယမြို့ကနေ ရွှေ့ပြီးတော့ လာကြရတာ။ ကောသလမင်းကြီးက သူ့နိုင်ငံမှာ သူဌေးမရှိဘူး ဆိုလို့ ဗိမ္မိသာရမင်းကြီးဆီက သူဌေးတစ်ဦးတောင်းတဲ့အခါမှာ မေဏ္ဍကသူဌေးကြီးရဲ့ သား မနဉ္စယကို ပေးလိုက်တာ။ အဲဒီတော့ သူက သူ့အသင်းအပင်းနဲ့ လာပြီးတော့ သာဝတ္ထိမြို့အထိအောင် မလာတော့ဘဲနဲ့ သာဝတ္ထိမြို့နဲ့ ခပ်လှမ်းလှမ်းမှာ သာကေတဆိုတဲ့မြို့ကို တည်လိုက်တာ။ သူဌေးတစ်ဦးက တည်လိုက်တဲ့ မြို့ကြီးပေါ့နော်၊ အဲဒီမှာ ဝိသာခါတို့ရောက်နေတာ အဲဒီမှာနော်။ အဲဒီ တိကဏ္ဍကီသုတ်ဆိုတာ အဲဒီမှာ မြတ်စွာဘုရားက သာကေတမြို့နားက တိကဏ္ဍကီလို့ဆိုတဲ့ တောအုပ်ထဲမှာ သီတင်းသုံးနေတဲ့အချိန် ရဟန်းတော်တွေကို ဟောတဲ့ သုတ္တန်တစ်ခုပဲ။ အဲဒီတော့ ရဟန်းတော်တွေကိုဟောတယ်ဆိုပေမယ့်လို့ အားလုံးသော ပရိသတ်လေးပါးအတွက် ဘဝမှာ
စာမျက်နှာ-၁၈
နေနည်း ထိုင်နည်းတစ်ခုကိုဟောတဲ့ အနေအထားတစ်ခုပေါ့။

အဲဒီတော့ ဘာဖြစ်လို့ ဒီလိုဟောတာတုန်းဆိုတော့ သီလကို ထိန်းနိုင်ဖို့၊ ရရှိထားတဲ့ သမာဓိတွေ ပျက်ပြားမသွားအောင် ထိန်းနိုင်ဖို့ မှန်ကန်တဲ့ အမြင်တစ်ခုနဲ့ ထိန်းမှ ဒါတွေဟာ ဖြစ်နိုင်မယ်။ အဲဒီတော့ သီလထိန်းထားခြင်းဖြင့် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဆိုတဲ့ မဂ္ဂင်တရားတွေပြည့်စုံမယ်။ သမာဓိ မပျက်ပြားအောင် ထိန်းထားခြင်းအားဖြင့် သမ္မာဝါယာမ၊ သမ္မာသမာဓိ၊ သမ္မာသတိ လို့ဆိုတဲ့ မဂ္ဂင်တွေနဲ့ ပြည့်စုံမယ်။ ဘာနဲ့ထိန်းတုန်းဆိုတော့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ ဒီ ၂-ခုနဲ့ ထိန်းပြီးတော့ အလုပ်လုပ်သွားတဲ့ နည်းစနစ်ကို ပေးတာ။ အဲဒီတော့ မြတ်စွာဘုရားရဲ့ အဆုံးအမဩဝါဒတွေဟာ သူများကိုအားကိုးဖို့ပြောတာ တစ်ခုမှ မပါဘူးနော်။ တခြားဘာသာတွေကြည့်၊ ဘုရားသခင်ပဲ ကောင်းကင်ဘုံပဲ မျှော်ပြီးတော့ ပြောနေကြတဲ့ စကားတွေချည်းပဲ အကုန်လုံး။ ကိုယ့်ရဲ့ အစွမ်းအစ ဘာ
စာမျက်နှာ-၁၉
တစ်ခုမှ မရှိဘူး။ အားလုံးဟာ ဘုရားသခင်ရဲ့ အလိုတော်ကျ၊ ဘုရားသခင်ရဲ့ အကျိုးကျေးဇူး၊ ဘုရားသခင်ကိုပဲ ကျေးဇူးတင်ပြီးတော့ ဒီလိုလုပ်နေတယ်။

မြတ်စွာဘုရားသခင်ရဲ့ အဆုံးအမဟာ ဒီလိုမဟုတ်ဘူး။ လူတိုင်းလူတိုင်းမှာ အသိစိတ်တွေရှိတယ်။ အဲဒီအသိပညာကိုအားကိုးပြီး ကိုယ်တိုင်လိုက်နာကျင့်သုံးပြီး ကိုယ်တိုင်နေတတ်ထိုင်တတ်ဖို့ပါပဲ။ Mind center teaching လို့ခေါ်တယ်၊ စိတ်ကိုဗဟိုပြုတဲ့ အဆုံးအမဩဝါဒ၊ ဘယ်သူ့ကိုမှ အားကိုးစရာမလိုတဲ့ လွတ်လပ်ပြီး ကိုယ့်ကိုယ်ကိုကောင်းအောင် ကိုယ်လုပ်နိုင်တဲ့ အနေအထားတစ်ခုဖြစ်လို့ အင်မတန်မှ ကျေနပ်စရာကောင်းတယ်။ သူများကို အားကိုးစရာမလိုဘူးဆိုတာ အင်မတန်မှကောင်းတာ၊ အရာရာမှာ စဉ်းစားကြည့်လေ၊ သူများအားကိုးနေရရင် ဘယ်ကိစ္စမှ မကောင်းဘူးနော်၊ ကိုယ့်ဟာကိုယ် လုပ်လို့ရတာတွေ မြတ်စွာဘုရားက ဟောပြောထားတာ။ အဲဒီတော့ အဲဒီ တိကဏ္ဍကီသုတ်မှာ မြတ်စွာဘုရားက ဝိပဿနာရှုပုံ၊
စာမျက်နှာ-၂၀
ပေါ်လာတဲ့အာရုံများကို ရှုပွားရမည့် ဝိပဿနာတရားဆိုပြီးတော့ မြတ်စွာဘုရားက ငါးမျိုးခွဲခြားပြီးတော့ ဟောထားတယ်။ အဲဒီတော့ ဘုရားစကားနဲ့ပြောရမယ်ဆိုလို့ရှိရင် မြတ်စွာဘုရားက ရဟန်းတွေကို စဟောတယ်၊ ဘယ်လိုဟောလဲ။ “သာဓု ဘိက္ခဝေ ကာလေန ကာလံ အပ္ပဋိကူလေ ပဋိကူလသညီ ဝိဟရေယျ” ဘုရားဆိုလိုတဲ့ အဓိပ္ပာယ်က ဒီနေရာမှာ ပဋိကူလ၊ အပ္ပဋိကူလဆိုတဲ့ စကားလုံးလေးကို မှတ်ဖို့လိုတယ်။ ပဋိကူလဆိုတာ ရွံစရာကောင်းတယ်၊ လိုချင်စရာ မကောင်းဘူး။ အပ္ပဋိကူလဆိုတာ ရွံစရာမကောင်းဘူး၊ လိုချင်စရာကောင်းတယ်။ ဘုန်းကြီးတို့တတွေ မျက်စိကမြင်လိုက်တဲ့ အာရုံမှာ လိုချင်စရာကောင်းတဲ့ အာရုံရှိတယ်။ လိုချင်စရာမကောင်းတဲ့ အာရုံရှိတယ်။ ထိန်းနိုင်စွမ်းမရှိဘူး။ ဘယ်အာရုံဖြစ်ဖြစ် မျက်စိဆိုတာ မြင်မှာပဲလေ။ ကောင်းတာလေးပဲ မြင်ပါစေ၊ မကောင်းတာတွေ မမြင်ပါစေနဲ့လို့ လုပ်လို့ရမှမရတာ။ မျက်စိထဲမှာ အကောင်းလည်း
စာမျက်နှာ-၂၁
လာမှာပဲ၊ အဆိုးလည်း လာမှာပဲ။ နားကရော ကောင်းတဲ့ အသံလေးပဲ ကြားပါရစေ၊ အသံဆိုးတွေ မကြားပါရစေနဲ့ လုပ်လို့မရဘူးလေ။ နားဆိုတာ ကောင်းတာလည်း ကြားမှာပဲ၊ မကောင်းတဲ့အသံလည်း ကြားမှာပဲ။ နှာခေါင်းကလည်း ထို့အတူပဲ မွှေးတဲ့အနံ့လည်း ရမှာပဲ၊ ပုပ်တဲ့အနံ့လည်း ရမှာပဲ။ လျှာကရော ကိုယ်ကြိုက်တဲ့ အရသာတွေ လျှာကသိတာမဟုတ်ဘူး၊ မကြိုက်တဲ့ အရသာလည်း ခံရမှာပဲ။ ခန္ဓာကိုယ်က အထိအတွေ့ကရော ထို့အတူပဲ၊ သက်သာတဲ့ အထိအတွေ့ရှိတယ်၊ မသက်သာတဲ့ အထိအတွေ့ရှိတယ်။ ဟော- ကောင်း မကောင်းကတော့ အမြဲတမ်း လာနေမှာပဲ အာရုံဆိုတာ။

အဲဒီတော့ အဲဒီလိုလာနေတဲ့အခါမှာ အာရုံအလိုက် ကိုယ့်စိတ်ကို ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုဆောက်တည်ရမလဲ၊ ဘယ်လိုကာကွယ်ရမလဲဆိုတာ မြတ်စွာဘုရားက “သာဓု ဘိက္ခဝေ ကာလေန ကာလံ အပ္ပဋိကူလေ ပဋိကူလသညီ”ဆိုတာ မျက်စိနဲ့မြင်ရတဲ့ ဣဋ္ဌာရုံ၊ နားနဲ့ကြားရတဲ့ ဣဋ္ဌာရုံ၊ နှာခေါင်းနဲ့ နမ်းရှူရတဲ့
စာမျက်နှာ-၂၂
ဣဋ္ဌာရုံနော်၊ လျှာနဲ့ လျက်ရတဲ့ ဣဋ္ဌာရုံ၊ ခန္ဓာကိုယ်နဲ့ ထိတွေ့ရတဲ့ ဣဋ္ဌာရုံ၊ ဘယ်ဣဋ္ဌာရုံပဲဖြစ်ဖြစ် စိတ်ကူးကြံစည်ရတဲ့ ဣဋ္ဌာရုံ၊ လိုချင်စရာ နှစ်သက်စရာဆိုတဲ့ ဣဋ္ဌာရုံတွေကြုံလာလို့ရှိရင်တဲ့ အဲဒီ ဣဋ္ဌာရုံကို မကောင်းတဲ့အာရုံအဖြစ် ပြောင်းပြီးတော့ တစ်ခါတရံ နေတာဟာ အင်မတန်မှ အကျိုးရှိတယ်လို့ ဆိုလိုတာနော်။

ဆိုလိုတာက ဣဋ္ဌာရုံနဲ့တွေ့လို့ရှိရင် အဲဒီ ဣဋ္ဌာရုံကို ရံဖန်ရံခါ အနိဋ္ဌာရုံလို့ ပြောင်းလဲဆင်ခြင်သုံးသပ်ပြီးတော့ နေလို့ရှိရင် ကောင်းကျိုးချမ်းသာတွေ ရနိုင်ပါတယ်လို့ ဒီလိုပြောတာ။ အာရုံပြောင်းရမယ်လို့ ပြောတာနော်။ ပြောင်းလာတဲ့ အာရုံအပေါ်မှာ ဆင်ခြင်သုံးသပ်မှု ပြောင်းရမယ်။ ဆိုပါစို့ - မျက်စိနဲ့မြင်တာ ကောင်းတဲ့အာရုံကိုမြင်တယ်။ ထုံးစံအတိုင်းဆိုရင် ကောင်းတဲ့အာရုံမြင်ရင် ဘာဖြစ်လဲ၊ လောဘဖြစ်မှာပဲ။ ဪ- နှစ်သက်စရာကောင်းတဲ့ ဣဋ္ဌာရုံမျိုးကို မြင်လာပြီဆိုရင် အဲဒီ ဣဋ္ဌာရုံကို ဒီအတိုင်း ကောင်းလိုက်တာလို့ ဆိုလို့ရှိရင် ရာဂတရားတွေ
စာမျက်နှာ-၂၃
လာတော့မှာ။ အဲဒါတွေမလာအောင် မလာခင်ဟန့်တား လိုက်ပါလို့ ဒီလိုပြောတာနော်။ အာရုံရဲ့ သဘောကို ဆင်ခြင်သုံးသပ်ပြီးတော့ မိမိစိတ်ထဲမှာ ပြောင်းလဲပေး ရမယ်။ ဒါ ဝိပဿနာရှုနည်းကိုပြောတာ။ ခုခံအားထုတ် နည်းကိုပြောတာ။ ဒါကို “သာဓု ဘိက္ခဝေ ကာလေန ကာလံ အပ္ပဋိကူလေ ပဋိကူလသညီ ဝိဟရေယျ” ချစ်သားရဟန်းတို့- တခါတရံကျလို့ရှိရင်တဲ့ ဣဋ္ဌာရုံနဲ့ ကြုံတဲ့အခါမှာ အဲဒီဣဋ္ဌာရုံကို နှစ်သက်စရာမကောင်းဘူးဆိုတဲ့ အတွေးလေးတွေးပြီး နေလိုက်ပါတဲ့နော်။ နှစ်သက်စရာကောင်းတယ်ဆိုရင် လောဘတွေဖြစ်မှာ စိုးလို့၊ မဖြစ်အောင် အာရုံအပေါ်အမြင်ပြောင်းလိုက်ပါ။

အဲဒီလိုပြောင်းလို့ရှိရင် ဘယ်လိုအကျိုးရှိတာတုန်းဆိုတာ မြတ်စွာဘုရားက ဆက်ပြီးတော့ ဟောထားတာ။ ဘယ်လို ရည်ရွယ်ချက်နဲ့တုန်းဆို တော့ “မာ မေ ရဇနီယေသု ဓမ္မေသု ရာဂေါ ဥဒပါဒီ” တဲ့ တပ်မက်စရာ အာရုံတွေနဲ့တွေ့တယ်ဆိုလို့ရှိရင် ရာဂဖြစ်လာလိမ့်မယ်။ အဲဒီရာဂ မဖြစ်စေဖို့အတွက် ဟော ရည်ရွယ်ချက်က
စာမျက်နှာ-၂၄
ကောင်းတဲ့ နှစ်သက်စရာအာရုံနဲ့တွေ့လာတဲ့အခါမှာ အဲဒီ ဣဋ္ဌာရုံလေးကို မကောင်းတဲ့ အနေအထားဘက်က ရှုထောင့်ကနေ ဆင်ခြင်ပြီးတော့ နေလိုက်ပါတဲ့။ မနေလို့ရှိရင် ဘာဖြစ်လာမလဲဆိုလို့ရှိရင် ရာဂ ဖြစ်လာ လိမ့်မယ်တဲ့။ အဲဒီလို ရာဂ မဖြစ်လာအောင် တွယ်တာ စရာ နှစ်သက်စရာကောင်းတဲ့ အာရုံတွေပေါ်မှာ ရာဂ မဖြစ်စေရအောင် နှစ်သက်စရာကောင်းတဲ့ အာရုံကို နှစ်သက်စရာမကောင်းတဲ့ အသွင်သဏ္ဌာန်ဖြစ်အောင် အမှတ်သညာကို ပြောင်းလဲပေးပါ၊ ဆင်ခြင်ပါလို့ ဒီလို ပြောတာနော်။ ပေါ်လွင်ထင်ရှားအောင် ပြောမယ်ဆိုရင် ဒီ ဣဋ္ဌာရုံတစ်ခုကိုတွေ့တယ်။ လိုချင်စရာကောင်းတဲ့အာရုံ တစ်ခုကိုမြင်တယ်၊ လိုချင်စရာကောင်းတဲ့ အသံကိုကြားတယ်။ လိုချင်စရာကောင်းတဲ့ အနံ့ကိုရတယ်၊ လိုချင် စရာ ကောင်းတဲ့ အရသာကို ခံရတယ်၊ လိုချင်စရာ ကောင်းတဲ့ အထိအတွေ့ကို ဖြစ်လာပြီဆိုလို့ရှိရင် အမြင် အာရုံနဲ့ ပတ်သက်ပြီးတော့ကြည့်၊ နှစ်သက်စရာ
စာမျက်နှာ-၂၅
အင်မတန်မှလှပတဲ့ အရာတစ်ခုကို မြင်လိုက်တဲ့အခါမှာ ရာဂ မဖြစ်စေဖို့အတွက် ဘာဆင်ခြင်ရမလဲလို့ဆိုလို့ရှိရင် မတင့်တယ်တဲ့ သဘောကို ပြောင်းလဲပေးလိုက်ပါလို့ဆိုတာ၊ မတင့်တယ်တဲ့ သဘောကို ဆင်ခြင်စဉ်းစား ကြည့်လိုက်။

ဆိုပါစို့ လူတွေဟာနော် အမျိုးသား အမျိုးသမီး တပ်မက်စရာအာရုံကိုတွေ့လာပြီဆိုတဲ့အခါမှာ အသုဘ သဘောကို ဆင်ခြင်ပါ။ အသုဘဆိုတာ မသာအိမ်ကို ပြောတာမဟုတ်ဘူး၊ ကိုယ့်ခန္ဓာကိုယ်ရဲ့ မတင့်တယ် မစင်ကြယ်မှုတွေ၊ ရွံစရာကောင်းတာတွေကိုတွေးကြည့် လိုက်။ အဲဒီ နှစ်သက်စရာအာရုံလေးတစ်ခုရဲ့ နှစ်သက် စရာ မကောင်းတဲ့ အခြေအနေတွေကို ဆင်ခြင် စဉ်းစား ကြည့်ပါလို့ ဒီလိုပြောတာ။

အဲဒီလို ဆင်ခြင်စဉ်းစားလိုက်ခြင်းဟာ ဝိပဿနာ တရားတစ်ခုပ်ပေါ့။ အဲဒီ ဝိပဿနာတရားဖြင့် ရာဂ မဖြစ်အောင် ဟန့်တားလိုက်တာပဲလို့ ဒီလိုပြောတာနော်။ ဒါကိုယ့်ကိုယ်ကို လုပ်ကြည့် တကယ်ရမရ၊ တကယ်
စာမျက်နှာ-၂၆
ဆင်ခြင် စဉ်းစားကြည့်လိုက်လို့ရှိရင် ဟန့်တားမှုဟာ ဖြစ်သွားတယ်။

တစ်ခါတုန်းက ရှင်ဂီသဆိုတဲ့ ရဟန်းတော်ဟာ ရှင်အာနန္ဒာနဲ့ အတူတကွ မြို့ထဲကို ဆွမ်းခံသွားတယ်။ ဆွမ်းခံသွားတဲ့အခါကျတော့ နှစ်သက်စရာ အာရုံတစ်ခု ပေါ့နော်၊ အမျိုးသမီး၊ နှစ်သက်စရာ အာရုံတစ်ခုကို မြင်ပြီးတော့ ရာဂစိတ်တွေ ဖြစ်ပွားတာ ရှင်အာနန္ဒာကို ဖွင့်ပြီးတော့လျှောက်တယ်။ “တပည့်တော်မှာ ရာဂ စိတ်တွေဖြစ်နေတယ်ဘုရား။ အဲဒီ ရာဂတရား ငြိမ်း အောင် တပည့်တော်ကို ဟောပေးပါ” လို့ ဆွမ်းခံ သွားရင်း လျှောက်တာ၊ လျှောက်တော့ ရှင်အာနန္ဒာက သူ့ကို တရားဟောလိုက်တယ်။ ရှင်အာနန္ဒက ဘယ်က စပြောတုန်းဆိုတော့ “သညာယ ဝိပရိယေသာ စိတ္တံ တေ ပရိဇယတိ” “ငါ့ရှင်တဲ့၊ မင်း အမှတ်မှားနေလို့ စိတ်တွေဟာ ဖောက်ပြန်သွားတာ။ လှတယ်လို့ မင်းမှတ်နေလို့ စိတ်တွေဟာ ဖောက်ပြန်သွားတာ”တဲ့။
စာမျက်နှာ-၂၇
အဲဒါကြောင့်မို့လို့ “အသုဘာယ စိတ္တံ ဘာဝေ” မတင့်တယ်ဘူးဆိုတဲ့ အနေအထားကို မင်း သေသေ ချာချာ ဆင်ခြင်စဉ်းစားလိုက်ပါ။ ဟုတ်တယ်လေ၊ လူ တစ်ယောက်ဟာ လှတယ် မလှဘူးဆိုတာ အပေါ်ယံ လေးတင်ကြည့်ပြောတာ။ အပေါ်ယံလေး ကြည့်ပြောတာ၊ နေ့စဉ်သဘာဝတွေ ဆင်ခြင်စဉ်းစားကြည့် လူမှာ ကိုးပေါက်ဒွါရအမာ ရှိတယ်၊ မျက်စိကထွက်တဲ့ဟာ ရော နှစ်သက်စရာကောင်းတာ ရှိရဲ့လား။ နားက ထွက်တာ နှစ်သက်စရာကောင်းတာရှိရဲ့လား။ ပါးစပ်က ထွက်တဲ့ အရာတွေနော်၊ နှာခေါင်းပေါက်က ဘယ်က ထွက်ထွက် ကိုးပေါက်ဒွါရ အမာဝက ထွက်တာတွေဟာ ရွံစရာတွေချည်းပဲဆိုတာကို စဉ်းစားကြည့်ပါလို့။ ဘယ်သူများ ကိုယ့်ပစ္စည်း ဆိုပြီးတော့ သိမ်းထားတာ များရှိလို့လဲ။ အားလုံးဟာ ကိုယ့်ခန္ဓာကထွက်တဲ့ပစ္စည်းဟာ တန်ဖိုးရှိတာ တစ်ခုမှမရှိဘူး။ လူတွေဟာ စားတုန်း ကတော့ ထမင်းပွဲကြီးနဲ့ ပျော်ပျော်ပါးပါး အတူတကွ စားကြတယ်။ အေး- စွန့်ထုတ်ပြီ ဆိုတဲ့အခါကျတော့
စာမျက်နှာ-၂၈
တစ်ယောက်ထဲ တံခါးချက်ထိုးပြီးတော့ Toilet ထဲဝင်ကြတယ် နော်၊ ဘာဖြစ်လို့ တုန်းဆို တော့ ကိုယ်တောင်မှ နှာခေါင်းပိတ်ရတာ သူများတွေမြင်ရင် ဘယ်လိုလုပ်မတုန်း၊ မကောင်းလို့ပေါ့။ အဲဒီသဘောကို ဆင်ခြင်စဉ်းစားကြည့်လိုက်တာနဲ့ တပြိုင်နက် ခုနက လိုချင်စရာဆိုတဲ့ အတွေးတွေဟာ ပျောက်ထွက်သွားတယ်။ ဒါကိုပြောတာ သမ္မာသင်္ကပ္ပ လိုချင်စရာအတွေး ပျောက်သွားအောင်ဆင်ခြင် ၊
မပျောက်သေးဘူးဆို ထပ်တွေး။ ဆံပင် မွေးညှင်း ခြေသည်းလက်သည်း သွား အရေ အသား အကြော အရိုး ခြင်ဆီ တစ်ခုစီ တစ်ခုစီ ခန္ဓာကိုယ်မှာ ရှိသမျှ အရာတွေကို ဖြုတ်ပြီးတော့ ကြည့်လိုက်။ ဆံပင်ဆိုတာ ခေါင်းပေါ်မှာ ရှိတုန်းတော့ လှတယ်လေ။ အရောင်လေး ကလည်း အမျိုးမျိုးဆိုး၊ အမွှေးအကြိုင်လေးကလည်း အဲဒီဆံပင်ကမွှေးတာမဟုတ်ဘူး၊ တကယ်ကတော့ လိမ်း ထားတဲ့ဆီကြောင့်မွှေးတာ၊ နံ့သာဆီကြောင့်မွှေးတာ။ အဲဒါကို ဆံပင်က မွှေးတယ်လို့ထင်သွားတယ်။ တကယ်
စာမျက်နှာ-၂၉
ပေါ်လာသည့်အာရုံများနှင့် ရှုပွားရမည့်ဝိပဿနာတရား၊ ဆံပင်ဟာ တစ်ပတ်၊ တစ်လ မဖွပ်မလျှော်ဘဲနဲ့ ခေါင်း မလျှော်ဘဲနဲ့ ထားကြည့်ပါလား။ ဘယ်လိုအနံ့လည်းဆိုတာတွေ့လာမှာပဲနော်။ ကိုယ့်ကိုယ်ကိုတောင် နှာခေါင်းပိတ်နေရမယ့် အနေအထားမျိုးဖြစ်လာတယ်။

အဲဒီတော့ မွှေးတယ် ကြိုင်တယ်ဆိုတာ အပြင်က ဟာတွေနဲ့ ဖုံးထားတာ။ တကယ်က မွှေးတာကြိုင်တာ တစ်ခုမှ မရှိဘူး။ ခန္ဓာကိုယ်ကထွက်သမျှ အမွှေးအကြိုင် မရှိဘူးဆိုတာ လူတိုင်းသိပါတယ်။ သိလို့ပဲ မနက် အိပ်ရာကထတယ်ဆိုရင် ဘယ်အရင်သွား Toilet အရင်သွားကြတယ်။ မျက်နှာသစ်ရတယ်၊ သန့်ရှင်း ရတယ်၊ အကုန်လုပ်ပေး ရတယ်။ အဲဒီသဘောတွေကို ဆင်ခြင်စဉ်းစားကြည့်လိုက်လို့ရှိရင် “အသုဘာယ စိတ္တံ ဘာဝေဟိ မာနာနုသယမုဟ” အေး- ခန္ဓာကိုယ်ရဲ့ သဘောဆိုတာ ဘာမှတင့်တယ်တာမရှိဘူး၊ အားလုံးဟာ ရွံစရာအတိသာ ဖြစ်တယ်လို့၊ လိုချင်စရာလို့ ထင်လာရင် နှစ်သက်စရာလို့ မြင်လာတဲ့ အာရုံတစ်ခု
စာမျက်နှာ-၃၀
အပေါ်မှာ နှစ်သက်စရာ မကောင်းဘူးဆိုတဲ့ ဒီ အတွေး လေးနဲ့ ဖယ်ရှားပစ်လိုက်ပါတဲ့။

အဲဒီလို ဖယ်ရှားပစ်လိုက်လိုရှိရင် အလွန်တပ်မက် စရာကောင်းတဲ့ အာရုံပေါ်မှာတောင် ရာဂဆိုတာ မလာ တော့ဘူး။ ဒါတားထားလိုက်နိုင်ပြီပေါ့။ ဒါကိုပြောတာ နော်။ ဣဋ္ဌာရုံနဲ့တွေ့လို့ရှိရင် အနိဋ္ဌာရုံဖြစ်အောင် နှလုံးသွင်းဆင်ခြင်၊ အပြစ်အနာအဆာကို ရှာကြည့်။ အဲ့ဒီလို ရှာကြည့်လိုက်တာနဲ့ တပြိုင်နက် ရာဂဆိုတာ ဖြစ်ဖို့ အခြေအနေတစ်ခု မရှိတော့ဘူး။ စားလိုက်တယ် တားလိုက်သည့်အတွက်ကြောင့် ပြဿနာတွေ အများ ကြီး အေးသွားတယ်။ သီလကျိုးမှာ မကျိုးတော့ဘူး။ သမာဓိ ပျက်ပြားမှာ မပျက်ပြားတော့ဘူး။ ဟောဒီသဘောကို ပြောတာနော်၊ မတားဘဲနဲ့ နေကြည့်ပါလား၊ ဒုက္ခရောက်မှာပေါ့။ ဒီလိုဆိုလိုတာ။

အဲဒါဟာ နမူနာတစ်ခုပဲနော်၊ မြတ်စွာဘုရားက အဲဒါကိုပြောတာ ဣဋ္ဌာရုံနဲ့ လိုချင်စရာ အာရုံကိုတွေ့လာလို့ရှိရင် လိုချင်စရာမကောင်းတဲ့ အနေအထား
စာမျက်နှာ-၃၁
ပေါ်လာသည့်အာရုံများနှင့် ရှုပွားရမည့်ဝိပဿနာတရား၊ ၃၁
တစ်ခုကို ဆင်ခြင်စဉ်းစားပေးတာ ကောင်းတယ်။ ဘာဖြစ်လို့ကောင်းလဲ၊ ရာဂ မဖြစ်လို့ ကောင်းတယ်၊ ဒီလိုပြောတာ။ ရာဂ မဖြစ်ဖို့ရာ အဓိက ကျတယ်ပေါ့။ ဒါက နံပါတ်(၁)။ ။

အဲဒီတော့ ဆင်ခြင်တယ်ဆိုတာ အသုဘ မတင့်တယ်တဲ့သဘောနဲ့ ဆင်ခြင်မှ မပျောက်သလားလို့ ဆိုတော့ တခါတရံကျတော့ အသုဘ မဟုတ်တာ ရှိသေးတယ်။ ဆိုပါစို့ ကိုယ်က တပ်မက်တာက လူမဟုတ်ဘူး နော်၊ လည်ပင်းဆွဲထားတဲ့ စိန်ဆွဲကြိုးကလေးကို တပ်မက်တယ်၊ နားကပ်ပန်ထားတဲ့ စိန်နားကပ်ကို တပ်မက်တယ် ဆိုပါစို့နော်။ ပစ္စည်းဥစ္စာကို တပ်မက် ပြီ၊ ဪ- နှစ်သက်စရာကောင်းတဲ့ ပစ္စည်းဥစ္စာ ဆိုပြီး တော့ တပ်မက်ပြီဆိုရင် အဲဒါကျတော့ ဘယ်လို ဆင်ခြင်ရမလဲလို့ဆိုရင် အနိစ္စသဘောကို ဆင်ခြင်ပါတဲ့ အဲဒီကျတော့နော်။ ။

ဪ ဒီပစ္စည်းလေးဟာ ခဏပဲ၊ သူပိုင်ဆိုင်တာလည်း ခဏ၊ အကယ်၍ ငါပိုင်ဆိုင်ဆိုလည်း ဒါလည်း
စာမျက်နှာ-၃၂
ခဏပဲ။ ဘယ်အရာမှ သင်္ခါရဆိုတာ မမြဲဘူး။ ပစ္စည်းက သော်လည်း လူကိုစွန့်၊ လူကသော်လည်း ပစ္စည်းကိုစွန့် နှစ် ၁၀၀ အတွင်းမှာ ခွဲကြမှာပဲလို့ဆိုတဲ့ မမြဲတဲ့ သဘော လေးတစ်ခုကို ဆင်ခြင်စဉ်းစားပါတဲ့။ အနိစ္စ သဘောကို ဆင်ခြင်စဉ်းစားကြည့်ရင် အေး- ဘယ်ပစ္စည်းပဲဖြစ်ဖြစ် ရေရှည်မဟုတ်ဘူးနော်၊ ခဏလေးနဲ့ ပျက်စီးသွားမှာတွေချည်းပဲလို့ အနိစ္စသဘောကို ဆင်ခြင်စဉ်းစား ကြည့်ခြင်းအားဖြင့် ရာဂ ဖြစ်မှာကို တားလို့ရပါတယ် လို့ ဒီလိုပြောတာနော်။ အဲဒီတော့ ဒါဟာ ဝိပဿနာ ရှုတဲ့သဘောကိုပြောတာ။ အင်မတန်မှ အရေးကြီး နေ့စဉ် ဘဝမှာ မှတ် ရမယ့် ဝိပဿနာ တရားတွေပဲ။ လူကို တပ်မက်တယ် ဆိုရင် အသုဘ အနေအထားကြည့် အနိစ္စမကြည့်ရဘူးလားဆို ကြည့်ရတယ်၊ အဲဒါနဲ့ဖြေလည်းရတယ်၊ ပစ္စည်းကို တပ်မက်တယ်။ သင်္ခါရ တစ်ခုကို တပ်မက်တယ် ဆိုလို့ရှိရင် အနိစ္စသဘောနဲ့ဆင်ခြင်ပြီးတော့ တပ်မက်မှုကို ဖြေဖျောက်ရမယ်လို့ ဒီလိုဆိုလိုတာနော်။
စာမျက်နှာ-၃၃
ဒုတိယတစ်ခု၊ ကြည့်- ဒုတိယတစ်ခုကျတော့ ဘာတုန်းဆို “ပဋိကူလေ အပ္ပဋိကူလသညီ” လိုချင်စရာ မကောင်းဘူး၊ အလွန်ရွံစရာကောင်းတဲ့ အလိုမရှိအပ်တဲ့ အာရုံ၊ ကိုယ်မျက်စိထဲမှာ မတည့်တဲ့အာရုံကို မြင်တယ်၊ မကြားချင်တဲ့ အသံကိုကြားတယ်။ မရှူချင်တဲ့ အနံ့နော်၊ မခံချင်တဲ့ အရသာ၊ မထိချင်တဲ့အရာ၊ အဲဒီလို အနိဋ္ဌာရုံတစ်ခု အာရုံနဲ့ဆုံလာပါပြီဆိုလို့ရှိရင် အနိဋ္ဌာရုံကို ဆက်ပြီးတော့ ဒီအတိုင်းပဲ အနိဋ္ဌသဘောနဲ့နေမယ် ဆိုရင် ဘာဖြစ်လာတုန်းဆို ဒေါသဖြစ်မှာပေါ့။

အဲဒီလို ဒေါသမဖြစ်ရအောင် ဘာနဲ့ ဟန့်တား မလဲဆိုတော့ အဲဒါကျတော့ ဘယ်လောက် နှစ်သက် စရာ မကောင်းတဲ့ အရာပဲဖြစ်ဖြစ် အနိဋ္ဌာရုံကို ဣဋ္ဌနှစ်သက်စရာအဖြစ် ပြောင်းရှု။ ဥပမာမယ် လူ တစ်ယောက်ကို ကိုယ်နဲ့မတည့်တဲ့ လူတစ်ယောက်ကို မြင်လိုက်တယ်၊ မြင်လိုက်တာနဲ့ မထိန်းဘူး ဆိုလို့ရှိရင် ဒေါသဖြစ်သွားမှာ၊ လူကိုမြင်ပြီးတဲ့နောက် ဘာတွေ မြင်တာတုန်းဆိုတော့ အေး-ဘယ်တုန်းက ငါ့အကို
စာမျက်နှာ-၃၄
လုပ်ထားတယ်။ ငါ့မိတ်ဆွေရဲ့ အကျိုးမဲ့ကို လုပ်ထားတယ်ဆိုတဲ့ သူ့ရဲ့လုပ်ရပ်တွေအပေါ်မှာတွေးပြီးတော့ နေမယ်ဆိုရင် ဒေါသဖြစ်တော့မှာပဲ။

အဲဒီအခါကျတော့ ဘာ ဆင်ခြင်ရမလဲ၊ ကိုယ်နဲ့ မတည့်တဲ့လူ (သို့မဟုတ်) မပြစ်ရှိတဲ့ လူတစ်ယောက်ကိုတွေ့ပြီဆိုတဲ့အခါမှာ အဲဒီအပြစ်တွေကိုသာရှုမယ် ဆိုလို့ရှိရင် ဒေါသဖြစ်ဖို့ သေချာတယ်။ အဲဒီတော့ ဘာလုပ် ရမလဲနော်၊ “ကောင်းကွက်ကိုရှာ မေတ္တာကိုပွား” လို့ ဆိုတဲ့အတိုင်း လူတစ်ယောက်ဟာ အကောင်းဆိုတာ ရှိတယ်၊ ကောင်းတဲ့ အကွက်ကလေးကို ရှာပြီးတော့ မေတ္တာပွားအောင်လုပ်ပါ၊ မေတ္တာနဲ့ပွားပါတဲ့။ မုန်းစရာတွေဖြစ်နေတဲ့ လူတစ်ယောက်ဟာ မုန်းစရာ အချက်တွေ မတွေးပါနဲ့တဲ့ ကောင်းတဲ့ အချက်ကလေးကိုတွေးပြီးတော့ မေတ္တာပွားပေးပါတဲ့။ ဟော ဒီအချက် ကျတော့ မေတ္တာနဲ့ခုခံဖို့ မြတ်စွာဘုရားက ဟောတာ။ “ပဋိကူလေ အပ္ပဋိကူလသညီ” အနိဋ္ဌာရုံဆိုရင် ဒီ နှစ်သက်စရာဘက်ကတွေးပြီးတော့ ဆင်ခြင်ပါတဲ့။
စာမျက်နှာ-၃၅
အဲဒီလိုမှ မရဘူးဆိုရင် ဓာတ်သဘောနဲ့လည်း ဆင်ခြင်ပေးလို့ရတယ်။ သင်္ခါရတွေဆိုရင် ဓာတ်သဘောနဲ့ ဆင်ခြင်ပြီးတော့ပေး၊ အေး-သူ့စိတ်ဆိုးနေလို့ရော ငါဘာအကျိုးရှိမှာလဲ၊ သူလည်း ပထဝီဓာတ်ပဲ၊ ငါလည်း ပထဝီဓာတ်ပဲ။ သူလည်း အာပေါ တေဇော ဝါယော ငါလည်း ဒီ ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတာပဲ။ ငါသူ့ကို မုန်းနေတော့ရော ဘာဖြစ်မလဲ၊ ဟော ဒီလို ဆင်ခြင်စဉ်းစားပါဘူး။ ဒီမှာ နည်းလမ်း ၂ သွယ်ကတော့ နံပါတ် ၁က ဒေါသဖြစ်စရာ အနိဋ္ဌာရုံနဲ့ကြုံပြီ ဆိုလို့ရှိရင် ကောင်းကွက်ကိုရှာ မေတ္တာကိုပွား၊ ကောင်းတာကို ရှာကြည့်ပြီးတော့ မေတ္တာဖြစ်အောင်လုပ်တဲ့။ နောက် တစ်နည်းက ဓာတ်သဘောကို ဆင်ခြင်စဉ်းစား၊ ဓမ္မ သဘာဝကို ဆင်ခြင်စဉ်းစားပြီးတော့ အဲဒီ ဒေါသ ဖြစ်မယ့်ဟာကို ဟန့်တားပါလို့ ဒီလို မြတ်စွာဘုရားက ဟောတာ။

ဒါက နေ့စဉ် ကျင့်သုံးရမယ့် ဝိပဿနာပဲ။ ဒါကို ပြောတာ “ပေါ်လာသည့် အာရုံများနှင့် ရှုပွားရမည့်
စာမျက်နှာ-၃၆
ဝိပဿနာ တရား”ဆိုတာ ပေါ်လာတဲ့ အနေအထား အပေါ်မှာကြည့်ပြီးတော့ ကိုယ်စိတ်ကို ပြင်ပေးတာပေါ့။ နော် ဒီလိုဆိုလိုတာ။

ဟော- နောက်တစ်ခု တတိယအချက်ကျတော့ မြတ်စွာဘုရားက တွဲဖက်ပြီးတော့ပြတယ်၊ တခါတရံ အာရုံဆိုတာဆန်းတယ်၊ တစ်ပိုင်းက နှစ်သက်စရာ ကောင်းပေမယ့် တစ်ပိုင်းက စက်ဆုပ်စရာကောင်းတဲ့ အာရုံမျိုးကိုလည်း မြင်ချင်မြင်တယ်လေ၊ အကောင်း တစ်ဝက် အဆိုးတဝက် အဲဒီလိုလာပြီဆိုလို့ရှိရင် အဲဒီလို အကောင်းတဝက် အဆိုးတဝက် လာပြီဆိုရင် ဘာဖြစ် နိုင်တုန်းဆို အကောင်းကိုတွေ့လို့ရှိရင် ရာဂ ဖြစ်လိမ့်မယ်၊ အဆိုးကိုကြည့်လို့ရှိရင် ဒေါသဖြစ်လိမ့်မယ်။ အဲဒီလိုဖြစ်လာတဲ့အခါမှာတဲ့ ဘယ်သူက စွမ်းအား ပိုပြင်း တတ်တုန်းဆိုလို့ရှိရင် ရာဂဘက်က အကောင်းဘက်က ပိုပြီးတော့ စွမ်းအားပြင်းတတ်တယ်။ ဒါကြောင့်မို့လို့ အဲဒီအခါကျလို့ရှိရင် “ပဋိကူလသညီ” တဲ့ ကျေနပ်စရာ မကောင်းတဲ့ သဘာဝတရားကို ဆင်ခြင်စဉ်းစားကြည့်။
စာမျက်နှာ-၃၇
ပေါ်လာသည့်အာရုံများနှင့် ရှုပွားရမည့် ဝိပဿနာတရား ၃၇

အေး- သင်္ခါရတရားဆိုတာ ဘယ်ဟာမှ မမြဲဘူး၊ အားလုံးဟာ တခဏအတွင်း ပျက်စီးသွားကြမှာတွေ ချည်းပဲလို့ ဒီလိုဆင်ခြင်သုံးသပ်ခြင်းဖြင့် ရာဂ မဖြစ် အောင် တားလိုက်နိုင်တယ်။ ဒေါသမဖြစ်အောင် တားလိုက်နိုင်တယ်လို့ ဒီလိုဆိုတာနော်၊ ဒီလိုဆိုတာ။ - နောက်တစ်ခါ ပဋိကူလ အဆိုးကတစ်ဝက်၊ အပ္ပဋိကူလ အကောင်းကတစ်ဝက် အဲဒီလိုလာတဲ့အခါ မှာလည်း နောက်တစ်နည်းကတော့ အကောင်းဘက်ကို ကြည့်ပြီးတော့တာပဲ။ ဆိုလိုတာက ဒီ နံပါတ်-၃နဲ့ နံပါတ်-၄ကို မြတ်စွာဘုရားက အကောင်းအဆိုး ရောလာတယ်ဆိုလို့ရှိရင် အဆိုးကို စဉ်းစားပြီးတော့လည်း တားလို့ရတယ်။ အကောင်းကို စဉ်းစားပြီးတော့လည်း တားလို့ရတယ်လို့ အဲဒီတော့ အကောင်းအဆိုး စဉ်းစားတယ်ဆိုတာဘာလဲ အကောင်းကိုစဉ်းစားတယ် ဆိုရင် မေတ္တာပွားဖို့နဲ့ ဓာတ်သဘောကို ဆင်ခြင်စဉ်းစား ဖို့။ သဘာဝဓမ္မကို ဆင်ခြင်စဉ်းစားတာ ဒါ အကောင်း ဘက်။ အဆိုးဘက်ကို စဉ်းစားတယ်ဆိုတာ ဘာတုန်း
စာမျက်နှာ-၃၈
ဆိုရင် အသုဘနဲ့ အနိစ္စပေါ့။ ဒီလိုဆိုလိုတာနော်။ အဲဒီလို ဆင်ခြင်စဉ်းစားခြင်းဖြင့် ဒီ ဖြစ်ပေါ်လာတဲ့ အာရုံတွေ ပေါ်မှာ ရာဂမဖြစ်အောင်၊ ဒေါသမဖြစ်အောင် ဒီလို တားလိုက်နိုင်တယ်။

နောက်ဆုံး နံပါတ်-၅ အနေနဲ့ကြည့်၊ နံပါတ်-၅ အနေနဲ့ကျတော့ “ပဋိကူလံ စ အပ္ပဋိကူလံ စ တဒုဘယံ အဘိနိဝဇ္ဇေတွာ ဥပေက္ခာဝိဟရေယျ သတော သမ္ပဇာနော” ဒါက နံပါတ်၅၊ ဒီနည်းလမ်းတစ်ခုကို ထပ်ပြတာ။ မြတ်စွာဘုရားက အာရုံဆိုတာ အကောင်းနဲ့ အဆိုး ၂ မျိုးပဲ ထားတာနော်။ နှစ်သက်စရာကောင်းတဲ့ အာရုံရှိတယ်၊ သဘာဝအတိုင်းထားမယ်ဆိုရင် နှစ်သက် စရာကောင်းတဲ့အာရုံဆိုရင် လောဘဖြစ်မယ်၊ မုန်းတီး စရာကောင်းတဲ့အာရုံဆိုရင် ဒေါသ ဖြစ်မယ်၊ ဒီလိုလာ တာ။ အဲဒီတော့ အဲဒီ ၂ ခုစလုံးကိုနော် လိုချင်စရာ မကောင်းတဲ့အာရုံရော လိုချင်စရာကောင်းတဲ့ အာရုံ ရော အဲဒီ ၂ ခု စလုံးကို ပေါ်လာတဲ့ အာရုံတွေကို ရှောင်လိုက်ပါတဲ့၊ နှလုံးမသွင်းနဲ့တဲ့။ နှလုံးမသွင်းဘဲနဲ့
စာမျက်နှာ-၃၉
လျစ်လျူရှုပြီးတော့ သတိသမ္ပဇညနဲ့နေပါလို့ ဒီလို ပြောတာ။

အဲဒီဟာကတော့ ရဟန္တာ ပုဂ္ဂိုလ်တွေရဲ့ ဆဠုပေက္ခာ လို့ခေါ်တယ်။ အင်္ဂါခြောက်ပါးနဲ့ပြည့်စုံတဲ့ ဥပေက္ခာဆိုတာ စိတ်ကိုတည်ငြိမ်အောင်ထားတဲ့အကျင့် တစ်ခုပဲ။ မျက်စိက ကောင်းတာမြင်လည်း ဂရုမစိုက်ဘူး၊ မကောင်းတာမြင်လည်း ဂရုမစိုက်ဘူး။ အာရုံရဲ့ သဘာဝကို ဆင်ခြင်စဉ်းစားပြီး သတိသမ္ပဇညနဲ့နေတယ်။

လောဘမဖြစ်ဘူး၊ ကောင်းတာမြင်လို့ လောဘမဖြစ်ဘူး၊ မကောင်းတာမြင်လို့ ဒေါသမဖြစ်ဘူးနော်၊ အာရုံရဲ့ သဘောကို အမှန်အကန်သိပြီးတော့ သတိနဲ့ လျစ်လျူရှု လိုက်တယ်တဲ့။ တတြမဇ္ဈတ္တတာ လို့ခေါ်တဲ့အတိုင်း ကိုယ့်စိတ်ကို မှန်ကန်တဲ့ အတွေးတစ်ခုနဲ့ ထိန်းထား လိုက်တယ်ပေါ့။ ကောင်းတယ်လို့လည်း မစဉ်းစားဘူး။ မကောင်းဘူးလို့လည်း မစဉ်းစားဘဲနဲ့ လျစ်လျူရှုထား လိုက်တဲ့နည်း။
စာမျက်နှာ-၄၀
အဓိပ္ပာယ်က ဘာတုန်းဆိုရင် ကိုယ့်လာ ချီးမွမ်းလည်း မကြားချင်ယောင်ဆောင်နေလိုက်တဲ့ သဘော နော်၊ ဆဲရင်လည်း မကြားချင်ယောင်ဆောင်နေလိုက်တဲ့ သဘောပဲ၊ ခေါင်းထဲမှာ မထည့်ဘူးလို့ ဆိုလိုတယ်။ ဒါတွေကို အမှိုက်သရိုက်တွေ ငါ့ခေါင်းထဲမှာ မထည့်ဘူး ဆိုပြီးတော့ ရှောင်နေလိုက်တယ်, ကိုယ်စဉ်းစားရမယ့် အလုပ်တစ်ခုကိုပဲ ဆင်ခြင်စဉ်းစားနေလိုက်တယ်။

ရှောင်ရှားနေလိုက်တယ်။ အဲဒီနည်းကိုပြောတာ။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက ပဋိကူလဉ္စ အပ္ပဋိကူလဉ္စ ဣဋ္ဌာရုံ အနိဋ္ဌာရုံကို ကိုယ်လည်းရှောင်ရှားလိုက်မယ်၊ ဣဋ္ဌာရုံကိုလည်း ရှောင်ရှားလိုက်မယ်။ အဲဒီအာရုံတွေ ပေါ်မှာ ဥပေက္ခာ မျှမျှတတ သဘောထားလိုက်မယ်။ မကောင်းဘူးလို့လည်း မတွေးဘူး၊ ကောင်းတယ်လို့လည်း မတွေးဘူး၊ ကြားချထားလိုက်မယ်။ သတော သမ္ပဇာနော ဆင်ခြင်တုံတရားနဲ့ အမှတ်တရားလေးနဲ့ နေလိုက်မယ်ဆိုလို့ရှိရင်လည်း ခုနက လောဘ ဖြစ်စရာတွေ၊ ဒေါသဖြစ်စရာတွေ၊ မောဟဖြစ်စရာတွေ ဒါတွေ
စာမျက်နှာ-၄၁
ပေါ်လာသည့်အာရုံများနှင့် ရှုပွားရမည့် ဝိပဿနာတရား ၄၁
အကုန်လုံး လွတ်သွားမယ်လို့ ဒီလိုပြောတာနော်။ အားလုံးလွတ်သွားနိုင်တယ်တဲ့။ ။

အဲဒီလို လွတ်သွားဖို့အတွက် အခု ၅ နံပါတ်ကို မြတ်စွာဘုရားက ဟောတာ။ အဲဒီလိုအချိန်မှာ ရည်ရွယ်ချက်က ဘာရမတုန်းဆိုလို့ရှိရင် အဲဒီလို အာရုံတွေပေါ်မှာ လျစ်လျူရှုနိုင်တာဟာ ဘာအတွက် ဘာကြောင့် ရှုတာတုန်းလို့ဆိုရင် သူက ငါ့ရဲ့သန္တာန်မှာတဲ့ ဘယ်အာရုံ ဘယ်နေရာ ဘယ်လောက်ပဲ အနေအထား ရှိရှိ ဒီနှစ်သက်စရာကောင်းတဲ့ အာရုံတွေပေါ်မှာ ရာဂ မဖြစ်စေဘူး၊ ဘယ်အာရုံပေါ်မှာပဲဖြစ်ဖြစ်၊ ဘယ်နေရာ မှာပဲနေနေ၊ ဘယ်လောက် အတိုင်းအတာပဲ ဖြစ်ဖြစ် ဒေါသ မဖြစ်စေဘူး။ ဘယ်အာရုံ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ငါ့သန္တာန်မှာ မောဟဆိုတဲ့တွေဝေစရာ အာရုံ တွေ ပေါ်မှာလည်းပဲ မောဟမဖြစ်စေရဘူး လို့ဆိုတဲ့ စိတ်ကို ဆောက်တည်ထားတဲ့ အနေအထားနဲ့ အာရုံတွေပေါ်ကို အမှန်သိနေအောင် ဆင်ခြင်စဉ်းစားနေတဲ့
စာမျက်နှာ-၄၂
သဘောတဲ့။ အဲဒီလို နည်းလမ်း ၅ သွယ် မြတ်စွာဘုရားက ဒီသုတ္တန်မှာ ထည့်သွင်းပြီးတော့ ဒီလိုဟောကြားတာ။

အဲဒီတော့ ဒီနည်းလမ်း ၅ သွယ်နဲ့ ရာဂ ဒေါသ မောဟဆိုတဲ့ ကိလေသာတွေကို တားနိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်လိုပုဂ္ဂိုလ်တွေ တားနိုင်တာတုန်းလို့ ဆိုတော့နော် ဘယ်လိုပုဂ္ဂိုလ်တွေ တားနိုင်တာတုန်း ဆိုရင် အဋ္ဌကထာက ဖြည့်စွက်ပြီးတော့ ပြောထားတယ်။

နံပါတ်(၁)ကတဲ့ ဝိပဿနာတရားကို အမြဲမပြတ် အားထုတ်နေတဲ့ ပုဂ္ဂိုလ်မျိုးလည်းပဲ ဒီအတိုင်း လုပ်နိုင်တယ်လို့။ ဆိုတော့ ဒါ ကိုယ်ကြိုးစားရမယ့် ကိစ္စတစ်ခု ပဲနော်။ အမြဲတမ်း ဆင်ခြင်သုံးသပ်တဲ့ အလေ့အကျင့် တစ်ခုလုပ်ထားတဲ့၊ အလေ့အကျင့်ရပြီးတဲ့ ပုဂ္ဂိုလ်။

* နောက်တစ်ခုက ဘယ်လိုပုဂ္ဂိုလ်မျိုး တားနိုင် တုန်းဆို (၂) သုတ္တန်တစ်ခုကို နာယူမှတ်သားပြီးတော့ စိတ်ထဲမှာ စွဲထားပြီး ဒီသုတ္တန်ကို အထပ်ထပ် ဆင်ခြင် စဉ်းစားပြီးတော့ လိုက်နာကျင့်သုံးနေတဲ့ ပုဂ္ဂိုလ်ဟာ
စာမျက်နှာ-၄၃
လည်းပဲ တားနိုင်စွမ်းရှိပါတယ်။ ဟုတ်တယ်လေ။ တွေ့နေမှာပဲ။ မျက်စိနှစ်လုံး ဖွင့်လိုက်တာနဲ့ ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ ကောင်းတာ ဆိုးတာလာမှာပဲ။ နားစွင့်လိုက်တာနဲ့ အသံကလည်း လာမှာပဲ။ နှာခေါင်းက အနံ့ရတာနဲ့ လာမှာပဲ၊ လျှာက အရသာနဲ့ ပတ်သက်ပြီးလာမှာပဲ၊ ခန္ဓာကိုယ် အထိအတွေ့ကလည်း လာမှာပဲ၊ လာသမျှ အပေါ်မှာ ဒီသုတ္တန်ကို သတိထားပြီးတော့ ဆင်ခြင် စဉ်းစားခြင်း အလေ့အကျင့်တစ်ခုကို လုပ်ပေးလို့ရှိရင်လည်း တားနိုင်တယ်နော်။ ။

(၃) သောတာပန် ဖြစ်သွားရင်လည်း တားနိုင်တယ်။ (၄) သကဒါဂါမ် ဖြစ်သွားရင်လည်း တားနိုင်တယ်။ (၅) အနာဂါမ် ဖြစ်သွားရင်လည်း တားနိုင်တယ်။ (၆) ရဟန္တာ ပုဂ္ဂိုလ်ကျတော့ မဆိုထားပေနဲ့တော့တဲ့။ ရဟန္တာပုဂ္ဂိုလ်မှာကျတော့ လာသမျှ အာရုံတွေပေါ်မှာ ရဟန္တာပုဂ္ဂိုလ်ဟာ သတိသမ္ပဇညနဲ့ အားလုံးကို လျစ်လျူရှုနိုင်တဲ့ အနေအထားရှိတယ်။ ဒါကြောင့်မို့ ဆိုပေက္ခာဆိုတာ ရဟန္တာတွေမှာဖြစ်တာ။ အခု
စာမျက်နှာ-၄၄
ဒီနေရာမှာပြောတဲ့ ဆဠင်္ဂုပေက္ခာဆိုတာ ရဟန္တာတွေမှာ ဖြစ်တဲ့ဟာကို ဆိုလိုတာ မဟုတ်ဘူး။ သာမန်ပုထုဇဉ် ပုဂ္ဂိုလ်တွေဟာလည်း ရဟန္တာပုဂ္ဂိုလ်တွေ ကျင့်သလို ကျင့်နိုင်အောင်လို့ မြတ်စွာဘုရားက ဒီသုတ္တန်မှာ ထည့်သွင်းဟောကြားတာ ဖြစ်တယ်။ ရဟန္တာပုဂ္ဂိုလ်တွေမှ ရနိုင်တဲ့ ဥပေက္ခာ ဒီနေရာမှာ ထည့်သွင်းပြီး တော့ ဟောကြားထားတာတဲ့။ ။

အေး- ဝါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ် အပေါင်းတို့၊ မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ ဖြစ်ပေါ် လာတဲ့ အာရုံများနဲ့ ရှုပွားရမယ့် ဝိပဿနာတရားတွေဟာ ဘာအတွက်လည်းလို့ဆိုရင် နှစ်သက်စရာ အာရုံနဲ့တွေ့လာလို့ရှိရင် ရာဂ မဖြစ်အောင်၊ မုန်းတီးစရာ အာရုံနဲ့တွေ့လာလို့ရှိရင်လည်း ဒေါသ မဖြစ်ရအောင်၊ တွေဝေမိန်းမောစေတတ်တဲ့ အာရုံနဲ့တွေ့လာလို့ရှိရင်လည်း မောဟ မဖြစ်ရအောင် သတိသမ္ပဇညတရား လက်ကိုင်ထားပြီးတော့ ဒီလို အာရုံအလိုက် ရှုပွားရမယ့် ဝိပဿနာအမြင်တွေနဲ့ ထိန်းသိမ်း စောင့်ရှောက်မယ်
စာမျက်နှာ-၄၅
ပေါ်လာသည့်အာရုံများနှင့် ရှုပွားရမည့် ဝိပဿနာတရား ၄၅
ဆိုလို့ရှိရင် ကိုယ့်သန္တာန်မှာ ကိလေသာတရားတွေဟာ ပါးသထက်ပါး၊ နည်းသထက် နည်းသွားပြီး ကိုယ်က ကိလေသာကို ထိန်းနိုင်တဲ့ အနေအထားတစ်ခု under control ပေါ့၊ ကိုယ့်ရဲ့ ထိန်းနိုင်တဲ့အောက်ကို ရောက် သွားတယ်။ အဲဒီလို မလုပ်ဘူးဆိုရင် သူ့ရဲ့ လွှမ်းမိုးမှုတွေ ခံရမှာ ဖြစ်တယ်ပေါ့။

အဲဒီတော့ ကိလေသာရဲ့ လွှမ်းမိုးမှု မခံရအောင် ဒီကျင့်စဉ်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကျင့်ကြံ ကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု ... သာဓု ... သာဓု oizizx90ux9vgpyi760i213b0xmo0z2 ဗောဇ္ဈင်္ဂသုတ် အနှစ်ချုပ် 0 6416 22220 2026-06-20T00:14:47Z Tejinda 173 "{{header | title = ဗောဇ္ဈင်္ဂသုတ် အနှစ်ချုပ် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ပေါ်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22220 wikitext text/x-wiki {{header | title = ဗောဇ္ဈင်္ဂသုတ် အနှစ်ချုပ် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ပေါ်လာသည့်အာရုံများနှင့် ရှုပွားရမည့်ဝိပဿနာတရား]] | previous2 = | next = [[ဘေသဇ္ဇဂုရု]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

ဗောဇ္ဈင်္ဂသုတ် အနှစ်ချုပ်
မှတ်တမ်း ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း (၁၁)ရက်၊ မန္တလေးမြို့ ရွှေကြီးမြင်ဘုရား ဓမ္မာရုံအတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် သာသနာတော်မြတ်ကြီးနှင့် အနန္တော အနန္တငါးပါး ဦးထိပ်ထားလျှက် တိပိဋကဓရဂုဏ ဝိသိဋ္ဌ ဓမ္မပူဇာအဖြစ် ဆင်ယင်ကျင်းပအပ်သော ဓမ္မသဘင် အခမ်းအနားဝယ် ဟောကြားအပ်သော “ဗောဇ္ဈင်္ဂသုတ် အနှစ်ချုပ်” တရားတော်။

ပရိတ်ကြီး (၁၁)သုတ်ထဲမှာ ဗောဇ္ဈင်္ဂသုတ်ဆိုတာရှိတယ်။ အားလုံးဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ကြားနာဖူးကြတယ်။ အချို့လည်း နှုတ်တတ်ဆောင်ပြီး ထားကြတယ်။ နေမကောင်း ထိုင်မသာ ရှိတဲ့အခါမှာ ဗောဇ္ဈင်္ဂသုတ်ကို ရွတ်ဖတ်ကြ နာကြားကြတယ်ဆိုတဲ့ အလေ့အထ မြန်မာလူမျိုးတွေမှာ ရှိတယ်။ ဒီ ဗောဇ္ဈင်္ဂသုတ်နဲ့ ပတ်သက်ပြီး နားလည်ဖို့ ဒီကနေ့ “ဗောဇ္ဈင်္ဂသုတ်အနှစ်ချုပ်” တရားကို ရွေးချယ်ပြီး ဟောပါ့မယ်။ ။

ပရိတ်ကြီး (၁၁)သုတ်ထဲမှာ ပါတာဖြစ်သည့် အတွက် ပရိတ်ကြီး (၁၁)သုတ်လာ ဗောဇ္ဈင်္ဂသုတ် ရဲ့ နိဒါန်းအနေနဲ့ ရေးသားပြီးတော့ထားတာ။
စာမျက်နှာ-၂
“ဗောဇ္ဈင်္ဂသုတ်” မူရင်းကတော့ သံယုတ်ပါဠိတော်မှာ ပါတယ်။ “ရှင်မဟာကဿပ” မကျန်းမမာ ဖြစ်တဲ့အခါ မြတ်စွာဘုရားက ဗောဇ္ဈင်္ဂါ(၇)ပါး ဟောကြားတယ်။ ကြားနာပြီးတဲ့အခါမှာ ကျန်းမာသွားတယ်။ ထို့အတူပဲ ရှင်မဟာမောဂ္ဂလာန် မထေရ်မြတ် မကျန်းမမာ ဖြစ်တဲ့အခါမှာလည်း မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ကြွရောက်ပြီး ဒီ ဗောဇ္ဈင်္ဂသုတ္တန်ကို ဟောလိုက်တဲ့အခါ ရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်လည်း ကျန်းမာသွားတယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်လည်း သွေးနဲ့သားနဲ့ကိုယ် ဖြစ်သည့်အတွက် မကျန်းမမာ ဖြစ်တဲ့အခါမျိုးရှိတယ်။ အဲဒီလို မကျန်းမမာ ဖြစ်တဲ့အခါ ရှင်သာရိပုတ္တရာရဲ့ ညီတော်ဖြစ်တဲ့ “စုန္ဒ”ဆိုတဲ့ မထေရ်ကို ဗောဇ္ဈင်္ဂသုတ် ရွတ်ဖတ်ခိုင်းပြီး မြတ်စွာဘုရားက နာယူတယ်။ အဲဒီလို နာယူပြီးတဲ့ အဆုံးမှာလည်း
စာမျက်နှာ-၃
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ကျန်းမာသွားတယ်။ အဲဒီ မူရင်းသုတ္တန်တွေက သံယုတ်ပါဠိတော်မှာ ပါတယ်။ ပရိတ်ကြီးမှာပါတာက အဲဒီသုတ္တန်တွေရဲ့ အကြောင်းကို ဖွဲ့ဆိုထားတဲ့ ဂါထာလေးတွေနဲ့ သစ္စာပြုပုံ ရေးထားတာ။ မူရင်း ဗောဇ္ဈင်္ဂသုတ်မှာ သစ္စာပြုပုံ မပါဘူး။ ။

ပရိတ်ကြီးဆိုတာ “ပရိတ္တ”ဆိုတဲ့ စကားလုံးက လာတာ၊ ဘေးရန်အန္တရာယ်ကို အကာအကွယ်ပြုခြင်း စောင့်ရှောက်ခြင်းဆိုတဲ့ အဓိပ္ပါယ်ရတယ်။ ဘေးရန်အန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ရန်အတွက် မြတ်စွာဘုရားက ပရိတ်တရားတော်များကို ဟောတယ်။ ပရိတ်တရားတော်တွေကို မြန်မာနိုင်ငံမှာ တစ်စုတည်း စုဆောင်းပြီး ပရိတ်ကြီး (၁၁)သုတ်လို့ ရိုက်နှိပ်ထားတယ်။

သို့သော် ပရိတ်ကြီးက (၁၁)သုတ်တင် ရှိသလားဆို (၁၁)သုတ် မကဘူး။ မြန်မာနိုင်ငံ
စာမျက်နှာ-၄
နောက်ဆုံး သာသနာပိုင်ဖြစ်သွားတဲ့ တောင်ခွင်ဆရာတော်ကြီးက ပိဋကတ်ထဲမှာပါတဲ့ ပရိတ္တခေါ် အကာအကွယ်ပြုမယ့် သုတ်တွေကို စုပေါင်းပြီး ရေးသွားတာရှိတယ်။ အဲဒါကို ဒီကနေ့ခေတ်မှာ သိပ်ပြီး မသိကြတော့ဘူး။ သင်ရိုးအနေနဲ့ သင်နေတာကတော့ ပရိတ်ကြီး (၁၁)သုတ်ပဲပေါ့။ ကျက်လည်း ကျက်မှတ်ကြတယ်၊ နာလည်း နာကြတယ်ပေါ့။ ဗောဇ္ဈင်္ဂသုတ်ဟာ မူရင်းသုတ်မဟုတ်ဘဲ နေ့စဉ် ရွတ်ဖတ်ပူဇော်မှုအတွက် အသုံးဝင်အောင် စီရင်ရေးသားထားတာ၊ တနည်းအားဖြင့် ဗောဇ္ဈင်္ဂတရားဆိုတာက လူတိုင်းအဆင့်မြင့်မြင့် ပွားနိုင်ကြတာမဟုတ်သည့်အတွက် ဗောဇ္ဈင်္ဂတရား ကြားနာလို့ ဒီရောဂါပျောက်ဖို့ဆိုတာက အင်မတန်မှ ခဲယဉ်းသွားလိမ့်မယ်။ အဲဒါကြောင့်မို့ သစ္စာစကားအနေနဲ့ ရောဂါဝေဒနာ ပျောက်အောင် ပရိတ်ထဲက
စာမျက်နှာ-၅
ဗောဇ္ဈင်္ဂသုတ်မှာ သစ္စာစကားကို ထည့်ရေးထားတာ။
မေတ္တာနဲ့ သစ္စာ
ပရိတ်တရားကို ကြည့်မယ်ဆိုရင် အဓိကဘာကို အသုံးပြုပြီးတော့ မြတ်စွာဘုရားက အကာအကွယ် စောင့်ရှောက်မှုဖြစ်စေသလဲဆိုရင် မေတ္တာနဲ့သစ္စာကို အသုံးပြုပြီး အကာအကွယ် ဖြစ်စေတာ။ မေတ္တာကို အသုံးပြုပြီး အကာအကွယ်ပေးတယ်။ သစ္စာဆိုပြီး အကာအကွယ်ပေးတယ်။ မေတ္တာတရားဟာလည်းပဲ အကာအကွယ် ဖြစ်တယ်။ ဒါကြောင့်မို့လို့ လူတွေကပြောကြတယ် “မေတ္တာခြုံမှ လုံတယ်” လို့။ အေး. . မေတ္တာပို့မယ်ဆိုလို့ရှိရင် ကိုယ့်အပေါ်မှာ ဘေးအန္တရာယ်တွေ မရောက်နိုင်ဘူး။ မေတ္တာထားမယ်ဆိုရင် ဘေးအန္တရာယ်တွေ ကင်းနိုင်တယ်ပေါ့။
စာမျက်နှာ-၆
ဆိုပါစို့ မြတ်စွာဘုရားကို အန္တရာယ်ပြုဖို့ မူးနေအောင် အရက်တွေတိုက်ပြီး လွှတ်လိုက်တဲ့ နာဠာဂီရိ ဆင်ကြီးသည်ပင်လျှင် မြတ်စွာဘုရားက မေတ္တာပို့လိုက်တဲ့အခါ အမူးပြေပြီး မြတ်စွာဘုရား ရှေ့မှာ ဒူးထောက်ပြီး အရိုအသေပြုတဲ့ အဆင့် ရောက်သွားတယ်။ ဒါမေတ္တာရဲ့ စွမ်းအားပေါ့နော်။ အဲဒီတော့ မြတ်စွာဘုရားရဲ့ မေတ္တာတန်ခိုးကတော့ အင်မတန်မှ ကြီးမားတယ်။ ဘာဖြစ်လို့လဲဆိုရင် လေ့ကျင့်ထားလို့။ ဘုန်းကြီးတို့တစ်တွေ ရွတ်ရုံနဲ့ အဲဒီလိုရမှာမဟုတ်ဘူး။ ဘာဖြစ်လို့ မရတုန်းဆိုရင် ဘုရားမေတ္တာလောက် လေ့ကျင့်ထားတာ မဟုတ်လို့။ မေတ္တာတရားကတော့ စွမ်းရည်သတ္တိ ထက်တာမှန်တယ်၊ သို့သော် လေ့ကျင့်တဲ့ အပေါ်မှာ မူတည်ပြီး အစွမ်းထက်တာနော်၊ အလေ့အကျင့် မရှိရင် ကိုယ့်ရဲ့မေတ္တာဟာ စူးရောက်ချင်မှ စူးရောက်မယ်။
စာမျက်နှာ-၇
အဲတော့ စူးရောက်အောင် ဘာလုပ်ရမတုန်းဆိုရင် အလေ့အကျင့် ပြုရတယ်တဲ့။ မေတ္တာနဲ့ ပတ်သက်ပြီး ပုံပြင်လေးလိုပြောတဲ့ စကားတစ်ခုရှိတယ်။ လယ်ကွင်းကိုဖြတ်ပြီး ဆရာတော်ကြီး တစ်ပါး ခရီးကြွတဲ့အခါမှာ ကျွဲတစ်ကောင်နဲ့တွေ့တယ်။ ကျွဲက သင်္ကန်းကို မြင်တဲ့အခါ သင်္ကန်းနီနီ သူတို့စိတ်ထဲမှာ သိပ်ပြီးတော့ မတည့်ဘူး။ သူတို့ရဲ့ ဒေါသစိတ်ကို နှိုးဆွပေးသလိုဖြစ်တယ်။ သင်္ကန်းမြင်တော့ ကျွဲက တရှူးရှူးဖြစ်လာပြီး ဆရာတော်ကြီးနောက် လိုက်တယ်တဲ့။ အဲဒီလို လိုက်တဲ့အခါမှာ ဆရာတော်ကြီးက မေတ္တာပို့တာ၊ မေတ္တာပို့ပေမယ်လို့ ကျွဲကမရပ်ဘူး လိုက်လာတယ်။ နောက်တော့ လမ်းကလူတစ်ယောက်က ခဲလုံးကောက်ပြီး ကျွဲကိုထုလိုက်တယ်။ ချိုကိုမှန်တဲ့အခါမှ ကျွဲကြီးက နောက်ပြန်ပြေးသတဲ့။ အဲဒီအခါမှာ ဆရာတော်ကြီးကပြောတယ်။ “မင်းခဲက ငါ့မေတ္တာထက်ကို စူးရောက်ပါပေတယ်” လို့။ အဲဒီလို “ခ” ကုရတာမျိုးလည်း ဖြစ်တတ်သေးတယ်နော်။ ။
စာမျက်နှာ-၈
အဲဒီတော့ မေတ္တာဆိုတာ အလေ့အကျင့် လုပ်ပေးရတယ်။ အလေ့အကျင့် မလုပ်လို့ရှိရင် စူးရောက်မှုတော့ ရှိမှာမဟုတ်ဘူး၊ တကယ်အလေ့အကျင့် လုပ်ပေးလို့ရှိရင် မေတ္တာရဲ့ စွမ်းအားတွေဟာ တက်လာမှာပါ။ ဒါကြောင့် မေတ္တာဆိုတာ မနောကံ၊ မနောကံ မေတ္တာကို အလေ့အကျင့် လုပ်ပြီး ပွားပေးဖို့ လိုအပ်တယ်တဲ့။

နောက်တစ်ခု သစ္စာ၊ သစ္စာဆိုတာ မှန်တာကိုပြောတာ။ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် မှန်တာကိုပြောပြီး ကိုယ်ဖြစ်စေချင်တာတစ်ခုကိုပြောရတယ်။ အဲဒါ သစ္စာဆိုတာ။ အဲဒီ သစ္စာစကားမှာလည်း အမှားမပါဘူးဆိုရင် စွမ်းရည်သတ္တိထက်တယ်တဲ့။ ဒီ ဗောဇ္ဈင်္ဂသုတ်ကို သစ္စာပြုတဲ့အနေနဲ့ ပြင်ဆင်ပြီး ထည့်သွင်းရေးထားတယ်။
စာမျက်နှာ-၉
မူရင်း ဗောဇ္ဈင်္ဂသုတ်တွေမှာ သစ္စာပြုတာ မပါဘူးပေါ့။ ဒါကြောင့်မို့ ပရိတ်ထဲကျတော့ သစ္စာဆိုပြီး အန္တရာယ်ကင်းအောင် စီမံထားတယ်ပေါ့။ အေး ဗောဇ္ဈင်္ဂသုတ်မှာ အားလုံးသိကြတဲ့အတိုင်း

“သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခဝိနာသနေ၊ သတ္တဓမ္မ စ ဗောဇ္ဈင်္ဂေ၊ မာရသေနာပမဒ္ဒနေ၊ ဗုဒ္ဓါ ယေ စိမေ သတ္တာ၊ တိဘဝါ မုတ္တကုတ္တမာ၊ အဇာတိ အဇရာ ဗျာဓိ၊ အမတံ နိဗ္ဘယံ ဂတာ။ ဧဝမာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ၊ ဩသဓဉ္စ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ” လို့
စာမျက်နှာ-၁၀
ဗောဇ္ဈင်္ဂသုတ် ရွတ်ဖတ်ဖို့ အချီနိဒါန်း ပေးထားတယ်။ အဲဒီ အချီနိဒါန်းရဲ့ ဆိုလိုတဲ့အဓိပ္ပါယ်က ဘာတုန်းဆိုရင် “သံသာရေ သံသရန္တာနံ” ဘုန်းကြီးတို့တစ်တွေဟာ သံသရာကြီးထဲမှာ ခရီးသွားနေကြတာ။ လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်၊ တိရစ္ဆာန်ဖြစ်လိုက်၊ (၃၁)ဘုံလှည့်ပြီးတော့ သွားနေကြတဲ့ ပုဂ္ဂိုလ်တွေ။ လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ်၊ တိရစ္ဆာန်ပဲဖြစ်ဖြစ် သံသရာကြီးထဲမှာ ခရီးသွားနေကြတယ်။ ဘဝမျိုးစုံနဲ့ သွားနေကြတယ်။ အဲဒီလို သံသရာကြီးထဲ ခရီးသွားနေတဲ့ အချိန်မှာ အကောင်းတွေချည်းတွေ့မှာမဟုတ်ဘူး။ အဆိုးကလည်းတွေ့တယ်။ သုခလို့ခေါ်တဲ့ ချမ်းသာကိုသာတွေ့မှာမဟုတ်ဘူး။ ဒုက္ခလို့ဆိုတဲ့ ဆင်းရဲတွေကိုလည်းတွေ့နိုင်တယ်။ ဘယ်ဘဝမှာပဲဖြစ်ဖြစ် ဒုက္ခဆိုတာ ကြုံတတ်တယ်။ အဲဒီလို ကြုံလာတဲ့အခါ ဒုက္ခကို ကာကွယ်
စာမျက်နှာ-၁၁
ပေးနိုင်တာ ဘယ်တရားလည်းလို့ဆိုရင် ဟောဒီ ဗောဇ္ဈင်တရားပဲတဲ့။

ဒါဖြင့် ဗောဇ္ဈင်(၇)ပါးတရားဟာ ဘယ်မှာရှိတာတုန်းဆိုရင် ကိုယ့်သန္တာန်မှာရှိတာ။ ကိုယ့်သန္တာန်မှာရှိတဲ့ အရည်အချင်းတွေကို စွမ်းရည်သတ္တိထက်အောင် လေ့ကျင့်ပြီး ယူရတယ်။ စွမ်းရည်သတ္တိဆိုတာ လေ့ကျင့်ယူမှ ရတယ်။ မလေ့ကျင့်ရင် မရဘူးပေါ့။ ဆိုပါစို့ လူတွေမှာ ခြေထောက်ပါတယ်။ လက်ပါတယ်။ သာမန်အားဖြင့် ပြောမယ်ဆိုရင် ခြေထောက်က မလေ့ကျင့်လို့ရှိရင် သာမန်လမ်းလျှောက်ရုံပဲ လမ်းလျှောက်နိုင်တယ်။

ဟော အပြေးသမားတွေကျတော့ လေ့ကျင့်ထားတဲ့အခါ အမြန်ကြီး ပြေးသွားနိုင်တယ်ပေါ့။

ဘောလုံးသမားတွေလည်း အတူတူပဲ။ အမောခံနိုင်အောင် လေ့ကျင့်ရတယ်။ ဝိတ်မတဲ့ ပုဂ္ဂိုလ်တွေလည်း ထို့အတူပဲ။ အလေးအပင်ကို ပိုပြီး
စာမျက်နှာ-၁၂
မနိုင်အောင် လေ့ကျင့်ရတယ်။ Boxing ထိုးတဲ့လူတွေလည်း လေ့ကျင့်တာပဲ။ လက်တို့၊ ခြေတို့၊ သာမန်ပါရုံနဲ့ မလေ့ကျင့်ဘူးဆိုလို့ရှိရင် ဒီလို စွမ်းရည်သတ္တိတွေ ရမှာမဟုတ်ဘူး။ အဲဒီတော့ စွမ်းရည်သတ္တိရအောင် လေ့ကျင့်ရတယ်။ ။

အဲဒီလိုပဲ ဘုန်းကြီးတို့တစ်တွေရဲ့ စိတ်ထဲမှာ ပင်ကိုယ်အနေအထား၊ အခြေခံအားဖြင့် ပါလာတဲ့ သဘာဝတရားတွေရှိတယ်။ ဆိုပါစို့ “သတိ” ဆိုတာ ပါတယ်။ လူတိုင်းလည်း ကြားဖူးကြတယ်။ သတိရတယ်၊ သတိရတယ်၊ မှတ်မိတယ်နဲ့ ပြောကြတယ်လေ။ အဲဒီ သတိဆိုတဲ့ တရားလည်းပဲ ကောင်းတဲ့ဘက်မှာ လေ့ကျင့်ပေးရမယ်။ “ပညာ” က အရာရာမှာ ထိုးထွင်းသိတတ်တယ်။ အသိပညာဆိုတာလည်း လူတွေမှာရှိတယ်။ မသင်ဘဲနေသူဟာ ပညာလျော့ကျသွားတယ်။ လူချင်းတူပေမယ့်လို့
စာမျက်နှာ-၁၃
ပညာသင်ထားတဲ့ပုဂ္ဂိုလ်က ပိုပြီးစွမ်းရည်သတ္တိထက်တယ်။

နောက်တစ်ခါ “ဝီရိယ”၊ လူတိုင်းမှာ လုံ့လဝီရိယ အခြေခံအားဖြင့် ရှိပေမယ့်လို့ အချို့ပုဂ္ဂိုလ်တွေက ပျင်းတယ်လေ။ မလုပ်ချင်ဘူး။ စိတ်ဓါတ်တွေက အောက်တန်းကျတယ်။ စိတ်ထက်သန်မှု မရှိဘူး။ ဟောလေ့ကျင့်ပေးလိုက်တဲ့အခါကျတော့ စိတ်ထက်သန်မှု ရှိလာတယ်။ ဝီရိယရှိလာတယ်။ မူလက ရှိတာကို လေ့ကျင့်ပေးတာ။

နောက် “ပီတိ” တဲ့၊ နှစ်သက်ကျေနပ်တာ။ ဒါလည်းပဲ လူတွေမှာ တစ်ခါတစ်ရံ ပေါ်တတ်တယ်။ ကျေနပ်စရာ အာရုံနဲ့တွေ့ရင် ပီတိတွေဖြစ်လိုက်တယ်။ ဟော ဒါလည်းပဲ ကောင်းတဲ့ဘက်မှာ ပီတိဖြစ်အောင် လေ့ကျင့်ပေးရမယ်။ ။

“ပဿဒ္ဓိ” တဲ့။ ကိုယ်ငြိမ်းချမ်းမှု၊ စိတ်ငြိမ်းချမ်းမှု။ ဒါလည်း တစ်ခါတစ်ရံ ကြုံရတတ်တယ်။ အဲဒါ
စာမျက်နှာ-၁၄
ကိုလည်းပဲ တရားတဲ့ဘက်က လေ့ကျင့်ပေးလိုက်မယ်ဆိုရင် စွမ်းရည်သတ္တိတွေ ထက်လာမယ်။

နောက် “သမာဓိ” တဲ့။ စိတ်ရဲ့တည်ငြိမ်မှု ကလေး အာရုံထဲမှာ စိတ်ကလေး စူးစိုက်ထားနိုင်မှုဆိုတဲ့ သမာဓိကိုလည်း လေ့ကျင့်ပေးရတယ်။

နောက်တစ်ခါ “ဥပေက္ခာ” တဲ့။ အားလုံးကို ညီညီမျှမျှ ချစ်ခြင်း၊ မုန်းခြင်းဆိုတာ မရှိဘဲ ဘယ်ဘက်မှ ဘက်မလိုက်ဘဲနဲ့ တည့်မတ်တဲ့ စိတ်အနေအထားမျိုးဆိုတာကိုလည်း လေ့ကျင့်ပေးရတယ်။

ဟောဒီ သဘာဝတရားတွေဟာ လူတွေရဲ့ သန္တာန်မှာ ရှိနိုင်တာတွေချည်းပဲ။ မလေ့ကျင့်ရင်တော့ စွမ်းရည်သတ္တိ မရှိဘူး။ လေ့ကျင့်လိုက်လို့ရှိရင် စွမ်းရည်သတ္တိတွေ ထက်လာတယ်။ အဲဒီ စွမ်းရည်သတ္တိတွေကို အသုံးပြုပြီး သံသရာထဲမှာ ကျင်လည်နေတဲ့အခါမှာ ဆင်းရဲဒုက္ခ ကြုံလာရင် သံသရာဝဋ်ဆင်းရဲကလွတ်လောက်အောင် ဟောဒီ
စာမျက်နှာ-၁၅
ကိုယ့်သန္တာန်မှာရှိတဲ့ သဘာဝတရားတွေက စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။ “သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခ ဝိနာသနေ”

ဟောဒီ ဗောဇ္ဈင်တရားတွေရဲ့ စွမ်းရည်သတ္တိက “သဗ္ဗဒုက္ခ ဝိနာသန” တဲ့၊ ဘုန်းကြီးတို့တစ်တွေ ရံဖန်ရံခါ ကာယိကဒုက္ခ၊ ခန္ဓာကိုယ်က နေမကောင်းတာတို့ ကိုက်တာခဲတာတို့ ကြုံကြရတယ်။ ဒုက္ခဆိုတာ ကြုံကြရတယ်၊ ရံဖန်ရံခါ စိတ်ဆင်းရဲမှုဆိုတာတွေ ကြုံကြရတယ်။ အဲဒီ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုဆိုတာတွေ မဖြစ်ရလေအောင်၊ ဒါတွေ အကြွင်းမဲ့ ချုပ်ငြိမ်းသွားအောင် ဘယ်သူက စွမ်းဆောင်ပေးနိုင်လဲဆိုရင် ဒီတရားတွေက စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။ စနစ်တကျ လေ့ကျင့်ထားမယ်ဆိုရင် ဒီဒုက္ခတွေက လွတ်သွားမှာပဲ သေချာတယ်ပေါ့။
စာမျက်နှာ-၁၆
ဒါတင်မကဘူး။ အဲဒီ ဗောဇ္ဈင်(၇)ပါးဟာ ဒုက္ခကို ထုတ်လုပ်နေတဲ့ ကိလေသာလို့ဆိုတဲ့ “မာရ” ကိုလည်းပဲ နှိမ်နင်းပေးနိုင်တယ်။ ဒီနေရာမှာ ကိလေသာကို “မာရသေနာ ပမဒ္ဒနေ” လို့ ဒီလို သုံးထားတယ်။ မာရ်စစ်တပ်ကို နှိမ်နင်းနိုင်တယ်တဲ့။ မာရ်စစ်တပ်ဆိုတာ အပြင်ကအရာကို ပြောတာမဟုတ်ဘူး။ ကိုယ့်သန္တာန်မှာရှိတဲ့ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ဒါတွေကိုပြောတာ။

ဟောဒီ ဗောဇ္ဈင်(၇)ပါးက ဆင်းရဲဒုက္ခ အားလုံးကို ငြိမ်းစေရုံမျှမက ထိုဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတတ်တဲ့ ကိလေသာတွေကိုပါ ဖယ်ရှားပစ်နိုင်ပါတယ်တဲ့။ ချိုးနှိမ်ပစ်နိုင်ပါတယ်တဲ့။ ဒီလိုဆိုလိုတာနော်။ အဲဒီတော့ ဗောဇ္ဈင်တရားကို အပြင်မှာ လိုက်ရှာရမှာ မဟုတ်ဘူး။ ကိုယ့်သန္တာန်မှာရှိတယ်။ မြတ်စွာဘုရား ဟောထားတဲ့ ဒီ ဗောဇ္ဈင်(၇)ပါးရဲ့ စွမ်းရည်သတ္တိ(၂)မျိုးကို ဒီနေရာမှာ မှတ်လိုက်ပေါ့။ တစ်ခု
စာမျက်နှာ-၁၇
က “သဗ္ဗဒုက္ခဝိနာသန” ဆင်းရဲဒုက္ခ အားလုံးကို ဖယ်ရှားပစ်နိုင်တယ်တဲ့။ ဘယ်သူမှ မဆင်းရဲချင်ဘူး။ လိုက်မေးကြည့် ချမ်းသာချင်ကြတာချည့်ပဲ။ ဆင်းရဲဒုက္ခကို လူတိုင်းမုန်းတယ်နော်။ အဲဒီ မိမိတို့ အလိုမရှိတဲ့၊ မုန်းတီးတဲ့ ဆင်းရဲဒုက္ခကို ဖယ်ရှားပစ်နိုင်တဲ့တရားဟာ ဘာလဲလို့ဆိုရင် ဗောဇ္ဈင်တရားပဲတဲ့။ ။

နောက်တစ်ခုက အဲဒီဆင်းရဲဒုက္ခဟာ သူ့ဟာသူဖြစ်လာတာ မဟုတ်ဘူး၊ သူ့မှာလည်း ဖြစ်စေတတ်တဲ့ အကြောင်းတရားရှိတယ်။ အဲဒီ အကြောင်းတရားက ဘယ်ဟာလဲဆိုရင် ကိလေသာတွေပဲ။ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ လောဘ၊ ဒေါသ၊ မောဟ စတဲ့ အညစ်အကြေးတွေက ဟောဒီ ဒုက္ခကို ဖြစ်စေတတ်တယ်။ အဲဒီ ကိလေသာဆိုတဲ့ အညစ်အကြေးတွေကိုလည်းပဲ ဟောဒီ ဗောဇ္ဈင်(၇)ပါးက နှိမ်နိုင်ပါတယ်တဲ့။ ဖြူစင်သွားအောင်၊ သန့်ရှင်း
စာမျက်နှာ-၁၈
သွားအောင် ဆေးကြောပစ်နိုင်ပါတယ်လို့ ဒီလိုပြောတာ။ ဒါ ဗောဇ္ဈင်(၇)ပါးရဲ့ စွမ်းရည်(၂)မျိုးကို ဒီနေရာမှာ ဖော်ပြထားတယ်။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘဝါ မုတ္တ ကုတ္တမာ၊ အဇာတိ အဇရာ ဗျာဓိ၊ အမတံ နိဗ္ဘယံ ဂတာ။

သံသရာထဲမှာ ဒီဒုက္ခတွေကိုသာ ချိုးနှိမ်နိုင်တာ မဟုတ်ဘူးတဲ့။ ဗောဇ္ဈင်(၇)ပါးကို စဉ်ဆက်မပြတ် ဖြစ်နေအောင် ကြိုးစားအားထုတ်မယ်။ ဗောဇ္ဈင်(၇)ပါးကို အသုံးပြုမယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ “မုတ္တ” ဆင်းရဲဒုက္ခအားလုံးက လွတ်သွားမယ်တဲ့။ သံသရာကြီးက လွတ်သွားနိုင်တယ်၊ သံသရာကြီးက လွတ်သွားလို့ရှိရင် ဘာဖြစ်မလဲ။ “အဇာတိ” ဘယ်တော့မှ မမွေးရတဲ့၊ “အမတ” ဘယ်တော့မှ မသေရတဲ့ နိဗ္ဗာန်ကို ပို့ပေးနိုင်တယ်လို့ ဒီလိုပြောတာ။ အားလုံး ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ ကုသိုလ်ကောင်းမှု လုပ်တိုင်း
စာမျက်နှာ-၁၉
လုပ်တိုင်း ဘာဆုတောင်းကြလဲ နိဗ္ဗာန်ပဲ ဆုတောင်းကြတယ်နော်။ အဲဒီ နိဗ္ဗာန်ကို ပို့ပေးနိုင်တဲ့ တရားက ဘယ်တရားတုန်းဆိုတော့ ဗောဇ္ဈင်တရားပဲ။ ဗောဇ္ဈင်(၇)ပါးကို မပွားဘဲနဲ့ ကိုယ့်သန္တာန်မှာ ဖြစ်အောင်မလုပ်ဘဲနဲ့ နိဗ္ဗာန်ရတယ်ဆိုတဲ့ ပုဂ္ဂိုလ်ဆိုတာ တစ်ယောက်မှ မရှိဘူး။

ဒါဖြင့် ဝိသာခါတို့ (၇)နှစ်သမီး သောတာပန် ဖြစ်သွားတာ ဘယ်အချိန်များ ဗောဇ္ဈင်ပွားလိုက်တုန်းလို့ မေးကောင်းမေးကြလိမ့်မယ်။ မြတ်စွာဘုရားတရားကို နာနေတဲ့အချိန်မှာ သူ့သန္တာန်မှာ သတိတွေတို့၊ ဝီရိယတွေတို့၊ ပညာတွေတို့ ဖြစ်မနေဘူးလား။ (ဖြစ်နေပါတယ်ဘုရား) သူ့သန္တာန်မှာ ဖြစ်ပွားနေတာ။ နိဗ္ဗာန်ရောက်သွားတဲ့ ပုဂ္ဂိုလ်တိုင်း၊ ပုဂ္ဂိုလ်တိုင်းဟာ ဟောဒီ သတိ၊ ပညာ၊ ဝီရိယတို့နဲ့ ကင်းပြီး ဘယ်တော့မှ မရောက်ဘူးတဲ့။ ဒီစွမ်းရည်သတ္တိကို တရားဓမ္မ အားထုတ်နေမှ
စာမျက်နှာ-၂၀
ရတာမဟုတ်ဘူး။ တရားနာရင်းလည်း ဟောဒီ စွမ်းရည်သတ္တိတွေ တက်လာနိုင်တယ်။ တရားကို အာရုံစိုက်ပြီး နာနေတာ၊ သတိထားနေတာ၊ တရားပေါ်မှာ အာရုံရောက်နေတာ ဒါ “သတိ” ပဲပေါ့။ တရားရဲ့ သဘာဝတရားကို ဆင်ခြင်နိုင်တာ “ပညာ” ပဲပေါ့။ ကြိုးစားပြီးတော့ မှတ်နေတာ “ဝီရိယ” ပဲပေါ့။ စိတ်ထဲမှာ တရားအသိလေးတွေ ရတဲ့အခါ ကြည်နူးနေတာ “ပီတိ” ပဲပေါ့။ အဲဒီလို ကြည်နူးနေတဲ့အခါ ကိုယ်ရောစိတ်ရော ငြိမ်းချမ်းတယ်။ ညောင်းတယ်၊ ညာတယ်ဆိုတာ မရှိဘူး။ တစ်နာရီလုံးလုံး ထိုင်နာလည်းပဲ ညောင်းတယ်၊ ညာတယ် မရှိဘူးဆိုတော့ “ပဿဒ္ဓိ” ပဲပေါ့။ အဲဒီလို ဒီသဘာဝတရားတွေ တရားနာရင်းလည်းပဲ ဖြစ်တာပဲ။ အဲဒါကို ဗောဇ္ဈင်(၇)ပါး ပွားတာလို့ ဒီလို ပြောတာပဲပေါ့။ အေး. . ကောင်းပြီ အဲဒီလို ဗောဇ္ဈင်(၇)ပါးကို အသုံးပြုတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေဟာ
စာမျက်နှာ-၂၁
ဘာဖြစ်မလဲလို့ဆိုရင် အိုခြင်း၊ နာခြင်း၊ သေခြင်း စတဲ့ ဘေးရန်တွေကင်းတဲ့ နိဗ္ဗာန်ကို ရောက်ရှိပြီး သံသရာဝဋ်ဆင်းရဲက လွတ်မြောက်သွားနိုင်ပါတယ်တဲ့။ “ဧဝမာဒိ ဂုဏူပေတံ၊ အနေက ဂုဏ သင်္ဂဟံ”

အခုပြောခဲ့တဲ့ အရည်အချင်းတွေ ဟောဒီ ဗောဇ္ဈင်တရားတွေမှာ ရှိပါတယ်တဲ့။ များစွာသော ဂုဏ်ကျေးဇူးတွေ၊ အကျိုးကျေးဇူးတွေလည်း ဟောဒီ ဗောဇ္ဈင်(၇)ပါး တရားတော်ထဲမှာ ရှိပါတယ်။
ရောဂါနှစ်မျိုး
“ဩသဓဉ္စ ဣမံမန္တံ” ဟောဒီ ဗောဇ္ဈင်တရားဟာ ဩသဓ တကယ့်အစွမ်းထက်တဲ့ ဆေးကြီးလည်း ဖြစ်ပါတယ်။ လောကမှာ ရောဂါနှစ်မျိုးရှိတယ်လို့ မှတ်ရမယ်။ ရောဂါနှစ်မျိုးက ကာယိကရောဂါနဲ့ စေတသိကရောဂါ။ ရုပ်ခန္ဓာ
စာမျက်နှာ-၂၂
ကြီးမှာ ဖြစ်တဲ့ရောဂါကို “ကာယိကရောဂါ” လို့ ခေါ်တယ်။ စိတ်ထဲမှာဖြစ်တဲ့ ရောဂါကို “စေတသိကရောဂါ” လို့ ခေါ်တယ်တဲ့။ လောကလူတွေ နေ့စဉ် ကုစားနေကြတာ ကာယိကရောဂါကို ကုနေကြတာ။ မြတ်စွာဘုရားက ဘယ်လိုဟောထားတုန်းဆိုလို့ရှိရင် ကာယိကရောဂါဟာ ဘယ်လိုပဲကုကု ခန္ဓာရှိနေသမျှ ပျောက်မှာမဟုတ်ဘူးတဲ့။ ဒါ သေချာပေါက်ပဲလေ။ ခန္ဓာကိုယ်ရှိနေရင် ရောဂါရှိနေမယ်။ လူတွေက အဆင်မပြေမှ ရောဂါလို့ ထင်နေတာ။ ခန္ဓာမှာရနေတဲ့ ရုပ်တရားတွေဟာ အမြဲတမ်းကိုယ့်ကို နှိပ်စက်နေတယ်၊ သူတို့ကိုယ်သူတို့လည်း ပြန်နှိပ်စက်နေတယ်။ ။

ကြည့် မျက်စိဆိုတာ သူက အလကားနေတာမဟုတ်ဘူး၊ တခါတရံ ကြည့်ပါများ မျက်စိက ညောင်းလာတယ်။ ဒီအတိုင်းနေရင်းကနေ တိမ်ကျလာတယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဟုတ်လား၊
စာမျက်နှာ-၂၃
မျက်စိရှိလို့ရှိရင် မျက်စိဒုက္ခ၊ နားရှိတော့ နားဒုက္ခ၊

ဟောဒါတွေက ကိုယ်မြင်သာတဲ့ ဒုက္ခကိုပြောတာ။ မမြင်သာတဲ့ ဒုက္ခက ဘာတုန်းဆိုရင် အစဉ်ထာဝရ ပြောင်းလွဲမှုကြီးက ဒီမျက်စိမှာ ရှိတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ မျက်စိက ကိုယ်ငယ်ငယ်တုန်းက မွေးဖွားလာတဲ့ မျက်စိမဟုတ်တော့ဘူး။ တဖြည်းဖြည်းပြောင်းနေတာ။

ထင်ရှားအောင် မြစ်ရေကို လှမ်းကြည့်လိုက်၊ မြစ်ကို ကြည့်လိုက်လို့ရှိရင် ဟိုး မနှစ်ကစီးတဲ့ မြစ်ရေတွေ ရှိသေးသလား၊ မရှိတော့ဘူး။ သို့သော် ဒီကနေ့ သွားကြည့် မြစ်ထဲမှာ ရေမရှိဘူးလား? ရှိတယ်။ အေး . အဲဒါကို ကြည့်ပြီး လူက ရှိတယ်လို့ ထင်နေတာ။ သို့သော် မနေ့က ရေမဟုတ်ဘူး။ မနှစ်က ရေမဟုတ်တော့ဘူး။ အဲဒီအတိုင်းပဲမှတ်။

ကိုယ့်ကိုယ်ကို မှန်ထဲ ကြည့်လိုက်လို့ရှိရင် ဒီကနေ့ ရုပ်ကလေးကို ကြည့်ထား၊ မနက်ဖြန်ခါ
စာမျက်နှာ-၂၄
ကျတော့ ဒီရုပ်မဟုတ်တော့ဘူးလို့ မှတ်ပါ။ ဒါက ခပ်ကျဲကျဲပြောတာ၊ ဒီထက်စိပ်စိပ် ပြောလိုက်လို့ရှိရင် မှန်ကြည့်ပြီး မျက်စိမှိတ်လိုက်၊ ပြန်ကြည့်လိုက်၊ ချက်ခြင်းပြောင်းသွားပြီလို့ ဒီလိုပြောတာ။ သို့သော် ပြောင်းလွဲမှု မထင်ရှားသည့်အတွက်ကြောင့် လူတွေက မသိဘူးတဲ့။ ခုနက တသွင်သွင် စီးနေတဲ့ ရေတွေရဲ့ ပြောင်းလဲမှုကို လူတွေက မသိသလိုဘဲ ကိုယ့်ရုပ် ကိုယ့်ခန္ဓာပြောင်းလဲမှုကို လူတွေက မသိကြဘူးတဲ့။ မပြောင်းလွဲဘဲ နေလို့ရှိရင် အိုလာတယ်ဆိုတာ ဖြစ်ပါ့မလား။ အေး.. ဆံပင်ဖြူတဲ့ ပုဂ္ဂိုလ်ကလည်း ဖြူတဲ့ဘက် ယိုင်လာတာ၊ ဒါ တဖြည်းဖြည်း လာနေတာလို့ ဒီလိုပဲမှတ်ရမယ်။ အဲတော့ ခန္ဓာကိုယ်ကြီးဟာ အိုတဲ့ဘက်ကို နေ့စဉ်သွားနေတာ။ ခုန်ပျံသွားတာ မဟုတ်ဘူးနော်။ အကယ်၍ မပြောင်းလဲဘူးဆိုလို့ရှိရင် ဘုန်းကြီးတို့
စာမျက်နှာ-၂၅
တစ်တွေ အမေမွေးတုန်းက ပုံစံကလေးပဲ နေမှာ ပေါ့။ အခု အဲဒီလိုမှ မနေတာဘဲ။
အဲဒါကြောင့် ဒီရောဂါဝေဒနာဆိုတာ ရုပ်ရှိ နေလို့ရှိရင် ကာယိကရောဂါဆိုတာ ရှိနေတယ်။ ရှိနေလို့ မြတ်စွာဘုရားက လောကမှာတဲ့ ကာယိကရောဂါကို ကုစားလို့ မရဘူးတဲ့။ ကာယိကဝေဒနာ ကင်းတဲ့ ပုဂ္ဂိုလ်ဆိုတာ တစ်ယောက်မှ မရှိဘူးတဲ့ ဒီလိုပြောတာ။ “ဒီခန္ဓာကိုယ်ကြီး ရှိနေရဲ့ သားနဲ့ ကျန်းမာပါတယ်လို့ ပြောတဲ့ပုဂ္ဂိုလ်ဟာ မသိမလိမ္မာ လို့ ပြောတာ။ ကိုယ့်အကြောင်း ကိုယ်မသိလို့ပြော တာ” လို့ ဒီလိုပြောတယ်။ ကိုယ့်ကိုယ်ကို မသိလို့ ပြောတာတဲ့။ အဲဒါကြောင့် မြတ်စွာဘုရားက ရုပ်ခန္ဓာကြီး မကျန်းမာတာဟာ သဘာဝပဲတဲ့ အသာထားလိုက်။ ခန္ဓာကိုယ် မကျန်းမာတာနဲ့ ငရဲ မကျဘူး။ နောက်ရောဂါတစ်မျိုးဖြစ်တဲ့ “စေတသိက ရောဂါ”ကို ပျောက်အောင် ကုစားရမယ်တဲ့။ အဲဒီ
စာမျက်နှာ-၂၆
စေတသိကရောဂါကို ပျောက်အောင်ကုစားပေးဖို့ အကောင်းဆုံး ဆေးကတော့ ဟောဒီ ဗောဇ္ဈင် (၇)ပါး ပါပဲတဲ့။ ။

ခန္ဓာကိုယ်ကြီး ကျန်းမာတယ်ဆိုတာ တခဏပဲ ကျန်းမာတာ။ စိတ်ကျန်းမာသွားရင် ထာဝရ ကျန်းမာတာ။ ဒါကြောင့်မို့ စေတသိကရောဂါ ကင်းတဲ့ ပုဂ္ဂိုလ်ဆိုတာ ရဟန္တာပဲ ဖြစ်တယ်တဲ့။ ကျန်တဲ့ပုဂ္ဂိုလ်တွေကို စေတသိကရောဂါ ကင်းတယ် လို့ မဆိုနိုင်ဘူး။ ဒါပေမယ့် လူတွေက စိတ်ရောဂါ သည်တို့၊ စိတ္တဇရောဂါသည်တို့ သူများသွားခေါ် နေကြတာနော်။ ကိုယ့်ကိုယ်ကိုတော့ အဲဒီထဲမှာ စာရင်းမသွင်းဘူးလေ။

သို့သော် မြတ်စွာဘုရားက စိတ်ရောဂါလို့ ပြောတာဟာ ကိလေသာတွေကို ပြောတာ။ “လောဘ”လည်း စိတ်ရောဂါပဲ၊ “ဒေါသ”ကလည်း စိတ်ရောဂါပဲ။ “ဒေါသ” စိတ်ရောဂါဆိုတာ ဘယ်
စာမျက်နှာ-၂၇
လောက်ထင်ရှားတုန်း၊ ကြည့်လေ စိတ်ဆိုးတဲ့လူ တစ်ယောက်ဟာ မပြောသင့်တဲ့ စကားတွေပြောတယ်၊ မလုပ်သင့်တာတွေ လုပ်တယ်။ အရပ်ထဲမှာ ဆိုလို့ရှိရင် အရှက်တကွဲအကျိုးနည်း။ တချို့များဆိုရင် ဆဲကြ ဆိုကြ၊ ခုန်ကြ ပေါက်ကြနဲ့ တခါတည်းကို ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်မကုန်ဘူးလား။ တကယ့်ကို ဒေါသဖြစ်လာလို့ရှိရင် တကယ့်ကို အရူးဖြစ်သွားတာပဲ။ အဲဒါ ရောဂါပဲပေါ့။ မောဟ ဖြစ်ရင်လည်း ရောဂါပဲ။ ဣဿာမစ္ဆရိယ ဖြစ်ရင်လည်း ကိလေသာတွေဖြစ်တာမို့ ရောဂါပဲ။ အဲဒီ ရောဂါတွေကို ကုစားဖို့ အကောင်းဆုံးကတော့ ဟောဒီ ဗောဇ္ဈင်(၇)ပါး ပါပဲတဲ့။ ။

ဒီဂါထာမှာ “ဩသဓဉ္စ ဣမံ မန္တ” လို့ ဆိုတယ်။ “မန္တ”ဆိုတာ အစွမ်းထက်တဲ့ မန္တရား ပေါ့။ အစွမ်းထက်တဲ့ မန္တာန်၊ မန္တရားကလည်းပဲ မှန်မှန်ကန်ကန်နဲ့ ဒီ မန္တရားကို အသုံးပြုပြီ ဆိုလို့
စာမျက်နှာ-၂၈
ရှိရင် ရောဂါကို ပယ်ဖျောက်ပေးနိုင်တာပဲ။ သူကလည်း အစွမ်းထက်တဲ့ မန္တရားကို အသုံးပြုပြီး ရောဂါကို ပယ်ဖျောက်ပေးနိုင်တယ်။ အဲဒါကြောင့် တကယ့်ရောဂါကို ပယ်ဖျောက်ပေးနိုင်တဲ့ မန္တရား အစစ်ဆိုတာ ဟောဒီ ဗောဇ္ဈင်ပဲတဲ့။ ဒီလိုဆိုလိုတာ။ ဒါကြောင့်မို့ “ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ” ဒီဗောဇ္ဈင်သုတ်ကြီးကို ရွတ်ဖတ်ကြပါစို့တဲ့။ ဒီဂါထာ လေးက အဲဒီအဓိပ္ပါယ်ကို ဆောင်တယ်။

ဗောဇ္ဈင် (၇)ပါးဆိုတာ ဘာတုန်းဆိုတာ နောက်ကနေ တစ်ခေါက်ပြောတယ်။

ဗောဇ္ဈင်္ဂါ သတိသင်္ခတော၊ ဓမ္မာနံ ဝိစယော တထာ၊ ဝီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာပရေ။ သမာဓု ပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ တေ သဗ္ဗဒဿိနာ။
စာမျက်နှာ-၂၉
“သဗ္ဗဒဿိ”ဆိုတာ အရာခပ်သိမ်းကိုမြင်တဲ့ မြတ်စွာဘုရားတဲ့။ “သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနာယ စ ဗောဓိယာ”

ဒီ ဗောဇ္ဈင်(၇)ပါးဟာ သတိ၊ ဓမ္မဝိစယ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ။ ဟော ဗောဇ္ဈင်(၇)ပါး၊ ဒါပြောတာနော် အဲဒီလို စာ အတိုင်း ရွတ်ဆိုနေတဲ့အခါ ဒီတရားတွေ ဒို့သန္တာန် မှာ မရှိဘူးလို့ ဒီလိုမအောင်းမေ့လေနဲ့။ ။

မြတ်စွာဘုရားက ဟောထားတာ “သတိ”၊ လူတိုင်းလည်းပြောတာ ဟေ့.. သတိထားနော်၊ သတိရှိရမယ်နဲ့ ပြောကြတယ်။ ကိုယ့်သန္တာန်မှာ ရှိတဲ့ သတိလေးရှိတယ်။ “သတိ”က မဟုတ်တဲ့ နေရာ မှာ သွားရှိရင် ဒီ သတိကတော့ ကောင်းတဲ့သတိ မဟုတ်ဘူးပေါ့။ ခု ဗောဇ္ဈင်(၇)ပါးထဲမှာ ပါတဲ့ သတိကျတော့ တရားနဲ့ ပတ်သက်တဲ့ သတိကို ဆိုလိုတယ်ပေါ့။ ဘာကို သတိရရမယ့် သတိလဲ။
စာမျက်နှာ-၃၀
တရားနဲ့ ပတ်သက်တာကို သတိရဖို့နော်။ ဒါဖြင့် အိမ်ကို သတိရတာတို့၊ ပစ္စည်းတွေ သတိရတာ၊ ဟိုဟာ ဒီဟာ သတိရတာ၊ သားသတိရတာ၊ သမီး သတိရတာ အဲဒါ သတိ မဟုတ်ဘူးလားလို့ဆိုတော့ သူကျတော့ ဘာနဲ့လာနေတုန်း၊ သတိရတယ် ဆိုကတည်းက လွမ်းတယ် ဆွေးတယ်ဆိုတာ ပါမလာဘူးလား။ နောက်က အကုသိုလ်တွေနဲ့ ရောထွေးလာတာလေ။ အဲဒါကြောင့်မို့ သတိဆိုတာ ဘယ်ပေါ်မှာ ပွားရမလဲဆိုရင် ကိုယ့်ခန္ဓာ ကာယ မှာ ပွားရမယ်။

ကဲ ဘုန်းကြီးတို့တစ်တွေ ဘယ်လောက် သတိ လက်လွတ် ဖြစ်နေလဲဆိုတာ စဉ်းစားကြည့်။ လူတွေက (၂၄)နာရီ အသက်ရှူနေပါလျက်သားနဲ့ ငါ့နှာခေါင်းက အသက်ရှူနေပါတယ်လို့ မသိကြဘူး။ ဟုတ်ကဲ့လား။ ကမ္မဋ္ဌာန်းထိုင်မှပဲထွက်လေ၊ ဝင်လေ လေး မှတ်ရတယ်ဆိုလို့ မှတ်နေတာ။ အဲဒါတောင်
စာမျက်နှာ-၃၁
မှ အကြိမ်ပေါင်း တစ်ရာလောက် ဟိုပြေးဒီပြေး ဖြစ်နေတာ။ အဲတော့ လူတွေဘယ်လောက် သတိ လက်လွတ် ဖြစ်နေကြလဲ၊ ကိုယ့်သန္တာန်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ ကိုယ်မသိဘူး။ ထိုင်တော့ ထိုင်နေတယ်၊ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့စိတ်က ကိုယ့်နားမှာ မရှိဘူး၊ တခြားရောက်နေတာ။

ဒါကြောင့်မို့လို့ မြတ်စွာဘုရားက “ကာယာနုပဿနာ သတိပဋ္ဌာန”၊ ကာယပေါ်မှာ သတိ ထားတဲ့။ နောက်တစ်ခါ ကိုယ့်ရဲ့ခံစားချက် ပျော်ရင် ပျော်တယ်၊ မပျော်ရင် မပျော်ဘူး၊ စိတ်ချမ်းသာရင် စိတ်ချမ်းသာတယ်၊ စိတ်မချမ်းသာရင် စိတ်မချမ်းသာဘူးဆိုတဲ့ ကိုယ့်ရဲ့ခံစားချက်ပဲ အဲဒီ ခံစားချက်တွေပေါ်မှာလည်းပဲ “သတိဆိုတာရှိရမယ်။ ဘုန်းကြီး တို့တစ်တွေက အဲဒီပေါ်မှာ “သတိ”က မရှိဘူး။ ပျော်ရင် ပျော်စရာအာရုံပေါ် စိတ်ကရောက်နေ တာ။ စိတ်ညစ်ရင်လည်း စိတ်ညစ်စရာ အာရုံ
စာမျက်နှာ-၃၂
ပေါ်ပဲ ရောက်နေတယ်။ ခံစားချက်ကို မသိလိုက်ဘူး၊ ဟုတ်ကဲ့လား။ နောက် ကိုယ့်ရဲ့ စိတ်အခြေ အနေရော သိသလားဆိုတော့ မသိဘူး။ ကိုယ့်ရဲ့ စိတ်အခြေအနေကိုလည်း ကိုယ်မသိဘူး။ လူတွေ နောက်တစ်ခါ ကျန်တဲ့သဘာဝတရားတွေရော သိလားဆိုတော့ မသိဘူး။ ဒါကြောင့်မို့လို့ သတိကို လေ့ကျင့်မွေးမြူပေးဖို့ မြတ်စွာဘုရားက “ကာယ, ဝေဒနာ, စိတ္တ၊ ဓမ္မ” လို့ ဒီအာရုံလေးမျိုးကို မဟာသတိပဋ္ဌာန်သုတ်မှာ ဟောထားပေးတာ။ ကာယ, ဝေဒနာ, စိတ္တမှ ဓမ္မဆိုတာ တခြားသွားရှာ စရာလည်း မလိုဘူး။ ကိုယ့်သန္တာန်မှာ ရှိတာ ကိုယ့်သန္တာန်မှာ ရှိတဲ့အာရုံအပေါ်မှာ သတိကို လေ့ကျင့်မွေးမြူပေးတာ။ အဲဒါကို “သတိသမ္ဗောဇ္ဈင်” လို့ ခေါ်တာပဲ။

ကဲ ကောင်းပြီ ဓမ္မဝိစယဆိုတာ သဘာဝကို စူးစမ်းဆင်ခြင်တဲ့ ပညာပဲ။ အဲဒီ အသိပညာက
စာမျက်နှာ-၃၃
လည်းပဲ အင်မတန်မှ အရေးကြီးတယ်တဲ့။ အေး.. သတိထားလိုက်တာနဲ့ တပြိုင်နက် တရားဓမ္မကို ဆင်ခြင်စဉ်းစားတတ်တယ်၊ လေ့လာတတ်တယ်။ စူးစမ်းတယ်ဆိုတဲ့ဟာ ပေါ်လာတယ်။ အဲဒါကို ဓမ္မဝိစယလို့ ခေါ်တာ။

အဲဒီလို စူးစမ်းတယ်လို့ ဆိုတဲ့အခါမှာ ကြိုးပမ်း အားထုတ်မှုလေး ရလာတယ်။ အဲဒါက “ဝီရိယ”၊ ကြိုးပမ်းအားထုတ်တဲ့အခါမှာ စိတ်ကလေးက ကြည်နူးလာတယ်၊ ထူးခြားတာလေးတွေတွေ့ လာတော့ စိတ်ထဲက “ပီတိ” ဖြစ်လာတယ်။ ဒါကို “ပီတိသမ္ဗောဇ္ဈင်” လို့ ခေါ်တာ။ ပီတိဖြစ်လာတဲ့အခါကျတော့ ကိုယ်ရောစိတ်ရော ငြိမ်းချမ်းလာတယ်။ ဒါကို “ပဿဒ္ဓိ” လို့ ခေါ်တယ်။ ကိုယ်စိတ် ငြိမ်းချမ်းလို့ ချမ်းသာသုခရလာတာနဲ့ တပြိုင်နက် စိတ်ကလေးကလည်း ငြိမ်းလာတယ်၊ အဲဒါကို ‘သမာဓိ” လို့ ခေါ်တယ်။ အဲဒီ စိတ်ကလေး ငြိမ်း
စာမျက်နှာ-၃၄
လာပြီဆိုလို့ရှိရင် သဘာဝတရားတွေဟာ ဆိုင်ရာ ဆိုင်ရာ သူ့ကိစ္စတွေကို ဟန်ချက် ညီညီနဲ့ သူတို့က ဆောင်ရွက်သွားကြတယ်တဲ့။ အစွန်းမထွက်ကြဘူး၊ ဘယ်ဟာကမှ ပိုတယ်မရှိဘဲနဲ့ ဟန်ချက်ညီညီ ဖြစ်နေတယ်။ အဲဒါကို “ဥပေက္ခာ” လို့ ခေါ်တာပဲ။

အားလုံးပေါင်းလိုက်တဲ့အခါကျတော့ အဲဒီ ဗောဇ္ဈင်(၇)ပါးဟာ ဆိုင်ရာဆိုင်ရာ ကိစ္စတွေကို စွမ်းဆောင်ပြီ ဆိုလို့ရှိရင် လူတွေမှာ ဖြစ်ပေါ်လာလဲဆိုရင် ထူးခြားတဲ့ အသိဉာဏ်တွေ တရား ဓမ္မနဲ့ ပတ်သက်တဲ့ ဉာဏ်တွေဟာ ပေါ်လာတယ်တဲ့။ အဲဒီဉာဏ်တွေ ပေါ်လာတဲ့အခါကျတော့ မိမိ တို့လိုချင်တဲ့ နိဗ္ဗာန်ချမ်းသာဆိုတာ ကိုယ်တိုင်မြင် လာခဲ့တယ်။ အဲဒါမှ မြင်နိုင်တာ၊ နို့မို့ဆို မမြင်နိုင်ဘူး။ နိဗ္ဗာန်ချမ်းသာဆိုတာ ရော်ရမ်းမှန်းဆပြီး တော့သာ နိဗ္ဗာန်ကို ဆုတောင်းနေကြတာ။ အခုလို သဘာဝတရားတွေ စွမ်းရည်သတ္တိ တက်လာ
စာမျက်နှာ-၃၅
အောင် လေ့ကျင့်ပေးမှ နိဗ္ဗာန်ဆိုတာ မြင်လာမှာ ပါ။ ဒီ သဘာဝတရားတွေ၊ ဗောဇ္ဈင်(၇)ပါးတရားတွေဟာ “အဘိညာ”တဲ့၊ ထူးသော အသိဉာဏ်တွေ ရလာဖို့အတွက်လည်းပဲ အထောက်အကူ ဖြစ်တယ်။ ဒါတွေကို ကိုယ့်သန္တာန်မှာ ဖြစ်အောင် ကြိုးစားမယ် ဆိုလို့ရှိရင် ထူးခြားတဲ့ အသိဉာဏ် တွေရလာမယ်။ “သမ္ဗောဓ” မှန်မှန်ကန်ကန် သိလာမယ်။ “နိဗ္ဗာန” လိုချင်တဲ့ နိဗ္ဗာန်ချမ်းသာကိုလည်း ရလာမယ်လို့ ဒီလို မြတ်စွာဘုရားက ဟောတာ။

အဲဒါကို သစ္စာဆိုလိုက်တာ။ “ဧတေန သစ္စ ဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ”၊ ဟောဒီ သဘာဝတရားတွေ ရှိနေတာ မှန်တယ်။ အဲဒီ ဗောဇ္ဈင်(၇)ပါး အကယ်၍ မိမိသန္တာန်မှာ တိုးပွား အောင် လုပ်နိုင်ပြီဆိုလို့ရှိရင် ထူးခြားတဲ့ အသိဉာဏ်တွေ ရလာမယ်။ သစ္စာ(၄)ပါးကို မှန်မှန်ကန်ကန် သိလာမယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လာမယ်
စာမျက်နှာ-၃၆
ဆိုတဲ့ ဒီစကားဟာ မှန်ကန်ပါတယ်တဲ့။ ဤမှန်ကန်သော သစ္စာစကားကြောင့် ချမ်းသာပါစေ၊ သင့်မှာ ချမ်းသာသုခ ရပါစေလို့ သစ္စာပြုတာ။ ဒါက ပရိတ်ကြီးထဲမှာပါတဲ့ ဗောဇ္ဈင်သုတ်က ဒီလို သစ္စာဆိုတာနော်။

မူရင်းသုတ်တွေကို ရည်ညွှန်းပြီးတော့သစ္စာပြုတဲ့ ဂါထာလေးတွေက ဘာတုန်းဆိုတော့

ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလာနဉ္စ ကဿပံ၊ ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂ သတ္တ ဒေသယိ။ တေစ တံ အဘိနန္ဒိတွာ၊ ရောဂါ မုက္ကံသု တင်္ခဏေ။ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
စာမျက်နှာ-၃၇
တစ်ခါတုန်းက ရှင်မဟာကဿပ မကျန်းမာ ဖြစ်တယ်တဲ့။ မြတ်စွာဘုရားက ရာဇဂြိုဟ် ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေတယ်။ ရှင်မဟာကဿပက ပိပ္ပလိလှိုဏ်ဂူထဲမှာ မကျန်းမာ ဖြစ်နေတယ်၊ နေမကောင်းဖြစ်တာ။ အဲဒီလို နေမကောင်း ဖြစ်နေတဲ့အချိန်မှာ မြတ်စွာဘုရား ကြွသွားပြီး ဒီ ဗောဇ္ဈင်(၇)ပါးကို ဟောတာ။ အဲဒီ မူရင်းသုတ်ကို ဘယ်လိုဟောတုန်းဆိုတော့

“သတ္တိမေ ကဿပ ဗောဇ္ဈင်္ဂါ မယာ သမ္မဒက္ခာတာ ဘာဝိတာ ဗဟုလီကတာ။ အဘိညာယ သံမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တန္တိ”

အဲဒီမှာ မြတ်စွာဘုရားက “ငါဟောထားတဲ့ ဗောဇ္ဈင်(၇)ပါးကို ပွားများအားထုတ်မယ်ဆိုရင်
စာမျက်နှာ-၃၈
ထူးခြားတဲ့ အသိဉာဏ်တွေ၊ သစ္စာလေးပါးကို သိတဲ့ အသိတွေ၊ နိဗ္ဗာန်ချမ်းသာတွေ ဒါတွေဟာ ဖြစ်ပေါ်လာနိုင်တယ်”တဲ့။ အဲဒီ ဗောဇ္ဈင်(၇)ပါးဆိုတာ ဘာလဲဆိုပြီးတော့ မြတ်စွာဘုရားက တစ်ခုခြင်း၊ တစ်ခုခြင်း ဟောတာနော်။

“သတိ သမ္ဗောဇ္ဈင်္ဂါ ခေါ ကဿပ မယာ သမ္မဒက္ခာတော ဘာဝိတော ဗဟုလီကတော အဘိညာယ သမ္ဗောဓါယ နိဗ္ဗာနာယ သံသတ္တတိ”တဲ့။

“ဘာဝိတ”ဆိုတာ ကိုယ့်သန္တာန်မှာဖြစ်တာ။ “ဗဟုလီကတ”ဆိုတာ အများကြီး ဖြစ်အောင် လုပ်တယ်တဲ့။ အကြိမ်ကြိမ် အထပ်ထပ် ဖြစ်အောင် လုပ်တာ။ အဲဒီလို ဖြစ်အောင်လုပ်ပြီဆိုရင် ဘာဖြစ် လဲ။ “အဘိညာယ” ထူးသောဉာဏ်တွေ ရလာဖို့၊ “သမ္ဗောဓာယ” သစ္စာလေးပါးကို သိဖို့၊ “နိဗ္ဗာနာယ” နိဗ္ဗာန်ချမ်းသာကို မျက်မှောက် ပြုဖို့ဆိုတဲ့ ဒီအကျိုးတရားတွေ ရလာမှာလို့ မြတ်စွာဘုရားက တစ်ခုခြင်း တစ်ခုခြင်း ဟောလိုက်တာနော်။
စာမျက်နှာ-၃၉
အဲဒီလို ဟောလိုက်တဲ့အခါ ရှင်မဟာ ကဿပက မြတ်စွာဘုရားဟောတဲ့ ဗောဇ္ဈင်(၇)ပါးကို နားထောင်ရင်း ဘုရားဟောတာကို နှလုံးသွင်း ရင်း ဒီသဘာဝတရားတွေဟာ စွမ်းရည်သတ္တိတွေ ပိုပိုပြီးထက်လာတယ်။ ဘုရားဟောတဲ့ တရားကို နာရင်း နာရင်းနဲ့ ပီတိတွေ ဖြစ်လာတယ်၊ ပီတိတွေ ဖြစ်လာတဲ့အခါ သူ့ခန္ဓာကိုယ်မှာရှိတဲ့ သွေးသားတွေ စင်ကြယ်လာပြီး ရောဂါဝေဒနာဟာ ပျောက်သွားတယ်။

ဘာဖြစ်လို့တုန်းဆိုတော့ ပီတိ ဖြစ်လိုက်တာနဲ့ တပြိုင်နက် သွေးသားဟာ ကြည်လင်သွားတယ်၊ ကြည်လင်သွားသည့်အတွက်ကြောင့် ရောဂါဖြစ်တဲ့ သွေးသားကလည်း မြဲနေတာမှ မဟုတ်ဘဲကိုး၊
စာမျက်နှာ-၄၀
(မှတ်ချက်- ဤစာမျက်နှာတွင် မူရင်းစာသား မပါရှိပါ)
စာမျက်နှာ-၄၁
(မှတ်ချက်- ဤစာမျက်နှာတွင် မူရင်းစာသား မပါရှိပါ)
စာမျက်နှာ-၄၂
က Pollen (ဝတ်မှုံ)တွေ လွင့်လာတယ်။ အဲဒီ ဝတ်မှုံတွေ ရှူမိ ရှိုက်မိလိုက်တဲ့အခါ အဖျားရောဂါ တစ်မျိုး ဖြစ်လာတယ်။ အခုခေတ် Flue ပေါ့လေ။ (ခုခေတ်ခေါ် နေတဲ့ ဘာ Flue ညာ Flueဆိုတာ တွေ အများကြီးပဲပေါ့နော်) အဲဒီလို ရောဂါ ဖြစ်တာတဲ့။ ဖျားတာပေါ့။ အဆိပ်ပန်းနဲ့ အဆိပ် ပွင့်က အနံ့တွေ ရှူမိ၊ ရှိုက်မိတဲ့အခါ ရှင်မဟာ ကဿပလည်း ဖျားတယ်။ ရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်လည်း ဖျားတယ်။ မြတ်စွာဘုရား ကိုယ်တိုင်လည်း ဖျားတယ်။ အဲဒီဖျားတဲ့ ရောဂါကို မြတ်စွာဘုရားက ဆေးမတိုက်ဘဲနဲ့ ဗောဇ္ဈင်(၇)ပါး ဟောပေးတာ။ ရှင်မဟာကဿပလည်း ကျန်းမာ သွားတယ်။ ရှင်မဟာမောဂ္ဂလာန်လည်း ကျန်းမာ သွားတယ်။ မြတ်စွာဘုရား နေမကောင်း ဖြစ်တဲ့အခါ မြတ်စွာဘုရား အနီးမှာ ဝတ်ကြီးဝတ်ငယ် ပြုပြီးနေတဲ့ စုန္ဒမထေရ်မြတ်ကို မြတ်စွာဘုရားက
စာမျက်နှာ-၄၃
“စုန္ဒရေ ဗောဇ္ဈင်(၇)ပါး ဟော ပေးစမ်းပါဦး”ဆိုပြီး ကိုယ်တော်မြတ်က ရိုရိုသေသေ ဗောဇ္ဈင် တရားကို နာယူပြီး နှလုံးသွင်းတယ်။ ။

ဒီ ဗောဇ္ဈင်သုတ်မှာ “ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာဘိပီဠိတော”တဲ့။ တခါတရံ မြတ်စွာ ဘုရား ကိုယ်တော်တိုင်တောင်မှ မကျန်းမာမှုက လာပြီးနှိပ်စက်တယ်တဲ့။ အဲဒီလို နှိပ်စက်တဲ့အခါ “စုန္ဒထွေရေန တံယေဝ၊ ဘဏာပေတွာန သာဒရံ” မြတ်စွာဘုရားကိုယ်တော်တိုင်က စုန္ဒကိုရွတ်ခိုင်းပြီး တလေးတစား နာတယ်တဲ့။ အဲဒီလိုနာပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်တဲ့အခါမှာ မြတ်စွာဘုရားလည်း ရောဂါပျောက်သွားတယ်တဲ့။ ဒါ မှန်သော စကား ဖြစ်ပါတယ်။ အဲဒီ မှန်သောစကားကို ဆိုရခြင်းကြောင့်အခါခပ်သိမ်း သင်ချမ်းသာသုခ ရပါစေလို့ သစ္စာဆိုတာပဲ။
စာမျက်နှာ-၄၄
အဲဒါကို နိဂုံးချုပ်တဲ့အနေနဲ့ “ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏမ္ပိ မဟေသိန” လို့ဆိုတာ။ “အာဗာဓ”ဆိုတာ ရောဂါတွေ၊ စာပေကျမ်းဂန်မှာ “အာဗာဓနဲ့ အာတက်”ဆိုပြီး ရောဂါနှစ်မျိုး ခွဲပြ ထားတာရှိတယ်။ အာဗာဓဆိုတာ ခေါင်းကိုက်တာ တို့၊ ခါးနာတာတို့၊ သွားကိုက်တာတို့ အဲဒီလို ခန္ဓာ ကိုယ်ထဲမှာ နာကျင်ကိုက်ခဲနေတဲ့ ရောဂါဝေဒနာကို ခေါ်တာ။ ခန္ဓာကိုယ်ကြီး တစ်ကိုယ်လုံး မလှုပ် နိုင်၊ မရှားနိုင်၊ မလှုပ်ချင်၊ မရှားချင် ဒီလိုဖြစ်နေတာ နာကျင်ကိုက်ခဲတဲ့ ရောဂါတွေကို အာဗာဓလို့ ခေါ်တယ်။ အဲဒီလိုတော့ မနာဘူး၊ လူက လမ်းလျှောက်လိုက်ရင်လည်း မောတယ်၊ ဟိုဟာ လေး လုပ်ရင်လည်း မောတယ်ဆိုတဲ့ သွေးတိုး ရောဂါတို့၊ ဆီးချိုရောဂါတို့ ဘာတို့ ညာတို့ဆိုတဲ့ အဲဒီ ရောဂါမျိုးတွေကြတော့ “အာတက်” လို့ ခေါ်တယ်တဲ့။ လုပ်စားကိုင်စားဖို့ရာအတွက် အခက်
စာမျက်နှာ-၄၅
အခဲဖြစ်တယ်။ တချို့လည်း အဲဒါကို သူဌေးရောဂါ လို့ပြောတယ်။ အဲဒီအတိုင်းဆိုရင် ဘယ်သူ သူဌေး ဖြစ်ချင်မှာတုန်းနော်။ သွေးတိုးရောဂါတို့ ဘာမှ မလုပ်နဲ့ လုပ်တာနဲ့ သွေးကတိုးလာတယ်။ အဲဒါမျိုး ကျတော့ “အာတက်” လို့ ခေါ်တယ်။ အသက်မွေး ဝမ်းကျောင်း လုပ်ဖို့ခက်တယ်။ အပင်ပန်း မခံနိုင်ဘူးတဲ့၊ အလှုပ်အရှားမခံနိုင်တဲ့ ရောဂါမျိုးတဲ့။ “တိက္ကန္နမ္ပိ မဟေသိနီ၊ မဂ္ဂဟတာ ကိလေသာဝ”

ဥပမာ ပေးထားတာ ကိလေသာကို မဂ်နဲ့ ပယ်လိုက်တဲ့အခါ အဲဒီ ကိလေသာဆိုတဲ့ လောဘ တွေ၊ ဒေါသတွေ၊ မောဟတွေ ပြန်ပြီးမပေါ်လာဘူး၊ တစ်ခါတည်း ပျောက်တာ။ ဥပမာမယ် သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပယ်လိုက် နိုင်တယ်ဆိုရင် အဲဒီ ဒိဋ္ဌိဟာ ဘယ်တော့မှ သူ့ သန္တာန်မှာ ပြန်မဖြစ်တော့ဘူး။ ဝိစိကိစ္ဆာဆိုတာလည်း ဘယ်တော့မှ ပြန်မဖြစ်တော့ဘူး။ အဲဒီလို
စာမျက်နှာ-၄၆
တစ်ခါတည်း မဂ်က အပြီးသတ် ပယ်လိုက်တာ။ အဲဒါမျိုးလိုပဲ မြတ်စွာဘုရား အပါအဝင် အရှင် မြတ်(၃)ဦးတို့ရဲ့ သန္တာန်မှာ ဖြစ်တဲ့ ရောဂါတွေဟာ မဂ်နဲ့ကိလေသာကို ပယ်လိုက်သလို တခါတည်း ပျောက်သွားပါတယ်တဲ့။ အဲဒါလည်း မှန်သော စကား ဖြစ်ပါတယ်။ ဒီ မှန်သောစကားကို ဆိုရ ခြင်းကြောင့် ချမ်းသာပါစေလို့ ပရိတ်ကြီးထဲမှာ ပါတာ။

အဲဒီတော့ ဒီပုဂ္ဂိုလ်အရှင်မြတ် (၃)ဦးစလုံးကို ကြည့်လိုက်၊ ရှင်မဟာကဿပဆိုတာလည်း ရဟန္တာပုဂ္ဂိုလ်ကြီး၊ မြတ်စွာဘုရားရဲ့ တပည့်တွေ ထဲမှာ တတိယသာဝက၊ ရှင်မဟာမောဂ္ဂလာန်ဆိုတာလည်း လက်ဝဲရံ ဒုတိယသာဝက၊ အဂ္ဂ မဟာသာဝက ရဟန္တာပုဂ္ဂိုလ်ကြီးပဲ။ နောက်ပြီးတော့ မြတ်စွာဘုရားကိုယ်တိုင် ဒီပုဂ္ဂိုလ်မြတ်ကြီးတွေ
စာမျက်နှာ-၄၇
ဗောဇ္ဈင်သုတ်ကို နာရလို့ ရောဂါဝေဒနာတွေ ပျောက်သွားကြတာ။

ဒါဖြင့် သာမန်ကြားနာရုံနဲ့ ရောဂါပျောက် နိုင်သလားလို့ဆိုတာကို စဉ်းစားစရာရှိတယ်ပေါ့။ မပျောက်ရင် ပြဿနာတက်လိမ့်မယ်၊ ပျောက်ရင်လည်း ဆရာဝန်တွေ ဆေးကုရမှာ မဟုတ်တော့ဘူး။ အဲတော့ မပျောက်တာက ဘာဖြစ်လို့လဲ။ ပျောက်တာက ဘာဖြစ်လို့လဲ စဉ်းစားရမယ်။ ကြား နာရုံလေးနဲ့ ရောဂါဝေဒနာ ပျောက်နိုင်သလား။ ရောဂါဝေဒနာ ပျောက်ဖို့ရာအတွက် ဘာတွေ လိုအပ်သလဲဆိုရင် ဟောဒီ ဗောဇ္ဈင်(၇)ပါးကို ပွား များဖို့ လိုအပ်ပါတယ်တဲ့။ အဲဒီလို ပွားများလို့ရှိရင် “ကာယိကရောဂါ” မပျောက်တောင် “စေတ သိကရောဂါ” ပျောက်မှာ သေချာတယ်ပေါ့။

ဘုရားတို့၊ ရှင်မဟာကဿပတို့၊ ရှင်မဟာ မောဂ္ဂလာန်တို့မှာ စေတသိကရောဂါ မရှိဘူး။
စာမျက်နှာ-၄၈
ခုနတုန်းက အဆိပ်ပွင့်ရဲ့ အနံ့တွေကို ရှူရှိုက် မိသည့်အတွက်ကြောင့် ဖျားတာ၊ အဖျားရောဂါ ရှိတာ၊ တုပ်ကွေးပေါ့ဗျာ။ ခုခေတ်လိုဆိုရင် Flueဆိုတာနော်၊ တုပ်ကွေးဖျားလေးတွေ ဖျားတာ အဲဒီ တုပ်ကွေးဖျားလေးတွေကို ဒီဗောဇ္ဈင်သုတ် ရွတ်ပြီး သစ္စာဆိုရင်တော့ ပျောက်ကောင်း ပျောက်နိုင်တယ်ပေါ့။

ကောင်းပြီ ဒီထက်လေးနက်အောင် ဘုန်းကြီး တို့တစ်တွေ ဒီဗောဇ္ဈင်(၇)ပါးကို ဘယ်လိုလုပ်ရ မလဲ၊ ဗောဇ္ဈင်(၇)ပါးပွားဆိုတာ ဘယ်လိုပွား ရမလဲဆိုတာ မြတ်စွာဘုရား ဗောဇ္ဈင်္ဂသံယုတ်မှာ ဗောဇ္ဈင်နဲ့ ပတ်သက်ပြီး ဟောထားတဲ့သုတ်တွေ အများကြီးရှိတယ်။ ဗောဇ္ဈင်္ဂ အဓိပ္ပါယ်

ကောင်းပြီ “ဗောဇ္ဈင်္ဂ”ဆိုတဲ့ စကားလုံးကို အရင်ကြည့်။ “ဗောဇ္ဈဂ်” ဆိုတဲ့စကားလုံးရဲ့ မူရင်း
စာမျက်နှာ-၄၉
စကားလုံးက “ဗောဓိအင်္ဂ”၊ ဒီနှစ်ခု တွဲလိုက်တဲ့အခါ အသံအနေအထား ပြောင်းသွားတာ။ ဗောဓိဆိုတာ အသိဉာဏ် (သို့) အသိဉာဏ်ရှိသူ၊ အသိဉာဏ်ကိုလည်း “ဗောဓိ”လို့ ခေါ်တယ်။ အသိ ဉာဏ်ရှိသူကိုလည်း “ဗောဓိ”လို့ ခေါ်တယ်။ အဲဒီ အသိဉာဏ်ရဲ့ အကြောင်းတရားတွေ အခြံအရံ အကြောင်းတရားတွေ ဖြစ်သောကြောင့် “ဗောဓိ အင်္ဂ”၊ “ဗောဓိအင်္ဂ”မှ “ဗောဇ္ဈင်္ဂ” လို့ ဒီလို ဖြစ်လာတယ်ပေါ့။ ပြောင်းလွဲထားတာ။

တစ်ခါ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ရဲ့ အကြောင်း တရားတွေဖြစ်လို့၊ အသိဉာဏ်ရခြင်းရဲ့ အကြောင်း တရားတွေ ဖြစ်သောကြောင့် ဗောဇ္ဈင်္ဂ၊ သိဖို့ရာ အတွက် လောကလူတွေဟာ အသိဉာဏ်ဆိုတာ သူ့ဟာသူ ဖြစ်လာတာ မဟုတ်ဘူးတဲ့။ အဲဒီ အသိ ဉာဏ် ရဖို့အတွက် ဒီစွမ်းရည်သတ္တိတွေ ကိုယ့် သန္တာန်မှာ ထက်အောင်လုပ်ရမယ်တဲ့။ ဒါတွေက
စာမျက်နှာ-၅၀
စိတ်ရဲ့ စွမ်းရည်တွေပဲ။ စိတ်ထဲမှာရှိတဲ့ စွမ်းရည် သတ္တိတွေ ထက်အောင် လေ့ကျင့်ပါတဲ့။ ထက်အောင် လေ့ကျင့်လို့ရှိရင် အသိဉာဏ်ရဖို့အတွက် ဖြစ်လာပါလိမ့်မယ်တဲ့။ အသိဉာဏ်ရခြင်းရဲ့ အကြောင်း ဖြစ်သောကြောင့် “ဗောဇ္ဈင်္ဂ” လို့ ခေါ်တာတဲ့။ အဲဒါကို ဗမာတွေက “ဗောင်”ဆိုတဲ့ စကားလုံးကို ဆုံးအောင်မခေါ်တော့ဘဲနဲ့ “ဗောဇ္ဈင် ဗောဇ္ဈင်” လို့ ခေါ်ကြတယ်။ တချို့က “ဘောဇဉ်” လို့ အသံထွက်ကြတယ်၊ ဘောဇဉ်ဆိုရင် စားစရာ ဖြစ်နေတယ်နော်။ ဘောဇဉ် မဟုတ်ဘူး “ဗောဇ္ဈင်” နော်။ ။

အဲဒီလို ဗောဇ္ဈင်တရားဆိုတာ ခုနက ပြောခဲ့တဲ့အတိုင်း တစ်ခုစီမှတ်ဖို့လိုတယ်။ နံပါတ် တစ်က သတိ၊ နံပါတ်နှစ်က ဓမ္မဝိစယ၊ နံပါတ်သုံးက ဝီရိယ၊ နံပါတ်လေးက ပီတိ၊ နံပါတ်ငါးက ပဿဒ္ဓိ၊ နံပါတ်ခြောက်က သမာဓိ၊ နံပါတ်ခုနှစ်က
စာမျက်နှာ-၅၁
ဥပေက္ခာ၊ ဒီသဘာဝတရားတွေဟာ မိမိတို့ စိတ်ထဲမှာ အခြေခံအားဖြင့် ရှိနေတယ်။ ရှိနေတာကို စွမ်းရည်သတ္တိထက်အောင် လေ့ကျင့်ပါတဲ့။

လေ့ကျင့်ပုံ လေ့ကျင့်နည်းတွေကို မြတ်စွာ ဘုရားက ဟောထားတာရှိတယ်။ ကဲ ဘယ်လို လေ့ကျင့်မလဲ။ မြတ်စွာဘုရားက သုတ္တန်တွေမှာ ဟောထားတာ၊ ဘယ်ကမ္မဋ္ဌာန်းနဲ့ ဘယ်အာရုံ နဲ့ဖြစ်ဖြစ် တွဲဖက်ပြီးတော့ လေ့ကျင့်လို့ ရတယ်တဲ့။ ဆိုပါစို့ “အာနာပါနနဲ့ တွဲဖက်ပြီးတော့ လေ့ကျင့်မလား၊ “မေတ္တာ”နဲ့ တွဲဖက်ပြီးတော့ လေ့ကျင့်မလား၊ “ကရုဏာ”နဲ့ တွဲဖက်ပြီးတော့ လေ့ကျင့်မလား။ ဘာ နဲ့တွဲဖက် တွဲဖက် လေ့ကျင့်လို့ ရတယ်လို့ ဆိုလိုတယ်နော်။ တစ်ခြား ကမ္မဋ္ဌာန်းအာရုံတွေနဲ့လည်း တွဲဖက်လေ့ကျင့်လို့ ရတယ်။

ကဲကောင်းပြီ အများသိလို့ လွယ်အောင် “အာနာပါနနဲ့ တွဲဖက်ပြီး လေ့ကျင့်ပုံလေးကို
စာမျက်နှာ-၅၂
ကြည့်ရအောင်။ “အာနာပါန”နဲ့ တွဲဖက်ပြီးတော့ လေ့ကျင့်မယ်။ “အာနာပါန” ကမ္မဋ္ဌာန်းကို အားထုတ်တယ်။ “အာနာပါန” ကမ္မဋ္ဌာန်းကို အားထုတ်တဲ့အခါ မြတ်စွာဘုရားက ကြိုတင်ပြင်ဆင်မှုလေးတွေကို ပေးထားတာရှိတယ်။ ဒီကမ္မဋ္ဌာန်း အားထုတ်ပြီဆိုလို့ရှိရင်တဲ့ ဆိတ်ငြိမ်တဲ့နေရာမှာ လုပ်ဖို့လိုတယ်ပေါ့။ ဒါကြောင့်မို့ ဆိတ်ငြိမ်တဲ့နေရာကို ပြထားတာ။ ရုက္ခမူလ သစ်ပင်ရင်းမှာပဲဖြစ်စေ၊ အရည တောထဲမှာဖြစ်စေ၊ သုညာဂါရ လူသူမရှိတဲ့၊ ဘယ်သူမှမနေတဲ့ အခန်းထဲမှာဖြစ်စေပေါ့ အဲဒီလို တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာလေးတစ်ခုကို ရွေး၊ ရွေးပြီးတဲ့အခါ အမျိုးသားဖြစ်ရင် တင်ပလ္လင်ခွေထိုင်၊ အမျိုးသမီးဖြစ်ရင် ဒူးတုပ်တဲ့ အဒ္ဓပလ္လင် ထိုင်မျိုးထိုင်၊ ခါးအထက် ခန္ဓာကိုယ်လေးကို မတ်မတ်ကလေးထား၊ ဒါက ဘာဖြစ်လို့ မတ်မတ်ထားခိုင်းတာတုန်းဆိုတော့
စာမျက်နှာ-၅၃
ကုန်းပြီးနေရင် ခါးအောင့်တဲ့ရောဂါ ဖြစ်လာတတ်တယ်။ ခေါင်းရယ်၊ ခါးရယ် မတ်မတ်ကလေးထားလို့ ဒီလိုဆိုလိုတယ်။ ဒါ အာနာပါန လုပ်ပြီဆိုရင် အဲဒီပြင်ဆင်မှုလေးတွေ ရှိတယ်ပေါ့။ ။

ဒါဖြင့် တင်ပလ္လင်ခွေကတော့ ဘာဖြစ်လို့တုန်းဆိုတော့ ဣရိယာပုထ်အနေနဲ့ မရွှေ့မပြောင်းဘူး၊ ခိုင်မြဲတယ်၊ ကြာကြာထိုင်နိုင်တယ်။ ဒါဖြင့် ဘာဖြစ်လို့ အိပ်ပြီးတော့ မလုပ်တာလဲဆိုတော့ အိပ်လုပ်ရင် အိပ်ပျော်သွားမှာပေါ့။ ဇိမ်ခံတဲ့ဘက် ရောက်သွားတယ်နော်။ ထိုင်နေတယ်ဆိုတာကျတော့ သူကအိပ်မပျော်တော့ဘူး။ အဲဒါကြောင့်မို့ ထိုင်ခြင်းဣရိယာပုထ်ဟာ ငြိမ်သက်တယ်။ လမ်းလျှောက်နေရင်လည်း လှုပ်ရှားနေတယ်။ သိပ်အဆင်မပြေဘူး။ အဲတော့ လမ်းမလျှောက်နဲ့၊ မတ်တပ်ရပ်မနေနဲ့၊ ထိုင်နေပြီးတဲ့အခါမှာ အိပ်လည်းမနေနဲ့၊ ထိုင်ပြီးတဲ့အခါမှာ ခန္ဓာကိုယ်
စာမျက်နှာ-၅၄
ခါးမတ်မတ်ကလေး ထားပြီးတော့ ပုံမှန်ကလေး ရှုနိုင်အောင် ကြိုးစားတဲ့။ ပြင်းပြင်းကြီး ရှုစရာမလိုဘူးတဲ့၊ ပုံမှန်အနေအထားလေး အသက်ရှူ၊ စိတ်ကို နှာသီးဖျားကို ပို့လိုက်၊ ပို့ထားပြီးတော့ အဲဒီ ထွက်လေ၊ ဝင်လေလေးကို မှတ်နေပါတဲ့။ သတိနဲ့ ရှူလိုက်ပါ။ သတိနဲ့ ရှိုက်လိုက်ပါ။ အဲဒါ သတိကို လေ့ကျင့်နေတာပဲ။ မဟာသတိပဋ္ဌာနသုတ်ထဲမှာ “သတောဝ အဿသတိ၊ သတောဝ ပဿသတိ” လို့ ဟောပြောညွှန်ပြထားတယ်။

သတိလေးနဲ့ ရှူနေတာ၊ ရှူတာလည်းသိတယ်၊ ရှိုက်တာလည်းသိတယ်၊ လေလေးကို စဉ်ဆက်မပြတ် သိနေတယ်။ အဲဒါ ဘာလုပ်နေတာတုန်းဆိုတော့ “သတိသမ္ဗောဇ္ဈင်”ကို ပွားနေတာတဲ့။ အဲဒီ “သတိသမ္ဗောဇ္ဈင်”ကို ပွားနေတာဟာ ဘယ်အဆင့်အထိ ပွားရတုန်းဆိုတော့ မြတ်စွာဘုရားက ဟောထားတာက “ဝိဝေကနိဿိတ၊
စာမျက်နှာ-၅၅
ဝိရာဂနိဿိတ၊ နိရောဓနိဿိတ၊ ဝေါဿဂ္ဂပရိဏာမိ” လို့ ဒီစကားလေးလုံးပါတယ်။ ။

“ဝိဝေကနိဿိတ”ဆိုတာ ကာမဂုဏ်အာရုံတွေက စိတ်ကလေးဟာ လွတ်သွားတာ။ ကြည့်.. ဒီအသက်ရှူနေတဲ့ အာရုံလေးပေါ်မှာ ရှိနေတဲ့ အချိန်ကလေးမှာ “လောဘ”ဆိုတာ မလာဘူး၊ “ဒေါသ”ဆိုတာ မလာဘူး၊ မလာတဲ့အခါ ကိလေသာတွေက လွတ်မသွားဘူးလား၊ လွတ်သွားတယ်။ အဲဒီ လွတ်သွားတဲ့အချိန်လေးမှာ ဝိဝေကဖြစ်နေတာ၊ ဒီသတိစိတ်ကလေးဟာ “ဝိဝေကနိဿိတ” ဖြစ်နေတာတဲ့။ အဲဒီလို လွတ်သွားတဲ့ အနေအထားလေးပေါ် ရောက်အောင် ကြိုးစားပါ။ ဒါ ပထမအဆင့်။

အဲဒီနေရာမှာ “ဝိဝေက”က သုံးမျိုးရှိတယ်။ နံပါတ်(၁)က “တဒင်္ဂဝိဝေက”တဲ့။ “တဒင်္ဂဝိဝေက”ဆိုတာ ဆိုင်ရာဆိုင်ရာ အကြောင်းလေးတွေကို အကြောင်းပြုပြီးတော့ ကိလေသာ လွတ်သွား
စာမျက်နှာ-၅၆
တဲ့ သဘောလေးကို ပြောတာ။ ဆိုပါစို့ “အနိစ္စ”လို့ သိလိုက်တာနဲ့ “နိစ္စ”ဆိုတာလေးက လွတ်သွားတယ်။ “ဒုက္ခ”လို့ သိလိုက်တာနဲ့ “သုခ”ဆိုတဲ့ အထင်က လွတ်သွားတယ်။ “အနတ္တ”လို့ သိလိုက်တာနဲ့ အတ္တဆိုတဲ့ သညာလေးက လွတ်သွားတယ်။ အဲဒီလို လွတ်သွားတာကို “တဒင်္ဂဝိဝေက”လို့ ပြောတာနော်။ အဲဒီလို ဝိပဿနာအသိကလေး၊ ဝိပဿနာသတိကလေး ရှိနေရင် ဒါ “ဝိဝေကနိဿိတ” ဖြစ်တယ်ပေါ့။

နောက်နံပါတ်(၂)က “သမုစ္ဆေဒဝိဝေက”တဲ့။ ခုနကပြောတဲ့ လောဘလေးဟာ လွတ်သွားရုံတင်မကဘူး အဲဒီလောဘလေးကို ဖယ်ရှားပစ်လိုက်နိုင်တယ်။ အဲဒီလို “မဂ်”နဲ့ ဖယ်ရှားပစ်လိုက်တာကျတော့ “သမုစ္ဆေဒဝိဝေက”လို့ ခေါ်တယ်။ အဲဒီလို ဖယ်ရှားပစ်လိုက်လို့ နိဗ္ဗာန်ကို အာရုံပြုပြီး မျက်မှောက်ပြုနိုင်ပြီဆိုတဲ့အခါမှာ၊ နိဗ္ဗာန်ကို အာရုံပြု
စာမျက်နှာ-၅၇
နိုင်သည့်အတွက်ကြောင့် နံပါတ်(၃) “နိဿရဏဝိဝေက” ထွက်ပေါက်ကလေး ရသွားပြီ။ ဒီသတိလေးက ထွက်ပေါက်ကလေး ရသွားတယ်။ ပထမသတိကလေးဟာ လောဘ၊ ဒေါသ၊ မောဟဆိုတာတွေနဲ့ လွတ်သွားအောင်လုပ်တယ်။ နောက်တစ်ခါ လောဘ၊ ဒေါသ၊ မောဟဆိုတာတွေကို ဖယ်ရှားပစ်လိုက်နိုင်တယ်။ နောက်ဆုံးကျတော့ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုက်နိုင်တယ်ဆိုတဲ့ အဆင့်ကို ရောက်သွားတယ်။ အဲဒီအဆင့်ရောက်အောင် ပွားပါလို့ပြောတာ။ သာမန်ပွားတာ မဟုတ်ဘူးနော်၊ အဲဒီအဆင့်ရောက်အောင် ပွားရတာ။ နောက်တစ်ခါ “နိရောဓနိဿိတ”တဲ့။ “နိရောဓနိဿိတ”ဆိုတာ ချုပ်ငြိမ်းသွားတာတွေ၊ ချုပ်ငြိမ်းသွားတဲ့ သဘောလေးတွေကလည်း ဒီလိုပဲ။ အဆင့်လိုက် အဆင့်လိုက်ပဲ။ ဒီရှူလိုက်တဲ့ အချိန်လေးမှာ သဘာဝတရားလေး ချုပ်ငြိမ်းသွားတာကို
စာမျက်နှာ-၅၈
လည်း မြင်ရတယ်။ ရှူလိုက်တဲ့ အာရုံလေးပေါ်မှာ သတိလေးကပ်နေသည့်အတွက်ကြောင့် လောဘမဖြစ်တာ ချုပ်ငြိမ်းသွားတာလေးတွေ့ရတယ်။ ဒေါသမဖြစ်တာ ချုပ်ငြိမ်းသွားတာလေးတွေ့ရတယ်၊ မောဟမဖြစ်တာ ချုပ်ငြိမ်းသွားတာလေးတွေ့ရတယ်။ နောက်ဆုံး မဂ်စိတ်ပေါ်လာတဲ့အခါကျတော့ ဒီလောဘ၊ ဒေါသ၊ မောဟတွေကို ထာဝရချုပ်ငြိမ်းအောင် လုပ်လိုက်တာလည်း သိရတယ်။ နောက်ဆုံး နိဗ္ဗာန်ကို မျက်မှောက်ပြုလိုက်နိုင်တဲ့အခါကျတော့ လုံးဝထာဝရ ချုပ်ငြိမ်းသွားတဲ့ အနေအထားမျိုးကိုလည်း သိလိုက်ရတယ်တဲ့။ ဟော.. “နိရောဓနိဿိတ”

“ဝိရာဂ”ဆိုတာ ဒီအာရုံလေးပေါ်မှာ တွယ်တာမှုဆိုတာလည်းပဲ ကင်းပြတ်သွားတယ်ဆိုတဲ့ အဆင့်ကို ရောက်အောင် ဒီလိုရှုမှတ်ပွားများရမယ်လို့။ “ဝေါဿဂ္ဂပရိဏာမိ၊ ဝေါဿဂ္ဂပရိဏာမိ”
စာမျက်နှာ-၅၉
ဆိုတာ စွန့်လွှတ်မှုနဲ့ ပြေးဝင်မှု၊ ဒီနှစ်ခုကို ပြောတာ။ စွန့်လွှတ်မှုဆိုတာ ကိလေသာတွေကို စွန့်လွှတ်လိုက်ရင် နိဗ္ဗာန်ကို ရောက်သွားတယ်။ တစ်ဖက်ကို လွှတ်လိုက်တာနဲ့ တစ်ဖက်ကို ပြေးဝင်သွားတယ်။ ဆိုလိုတာက ကိလေသာကို ဖယ်လိုက်မှ နိဗ္ဗာန်ဆိုတာ မြင်လာတယ်။ ဥပမာ ကောင်းကင်မှာ လကြီးတော့ သာနေတယ်၊ သို့သော် တိမ်တွေဖုံးနေတယ်၊ အဲဒီတိမ်တွေ ဖယ်လိုက်တာနဲ့ တပြိုင်နက် လကြီးက ဘွားကနဲ ပေါ်လာတယ်။ အဲဒါမျိုးလိုပဲ၊ ကိလေသာတွေဟာ တိမ်တွေနဲ့ အလားတူတယ်။ “လ”က နိဗ္ဗာန်နဲ့တူတယ်ပေါ့။ အဲတော့ တိမ်နဲ့တူတဲ့ ကိလေသာတွေကို ဖယ်လိုက်တာနဲ့ တပြိုင်နက် လနဲ့တူတဲ့ နိဗ္ဗာန်ကို မြင်ရတယ်လို့ ဒီလိုပြောတာနော်။ အဲဒါဟာ “ဝေါဿဂ္ဂပရိဏာမိ”၊ ကိုယ့်ရဲ့သတိလေးဟာ အဲဒီလို ဖယ်ရှားမှု၊ စွန့်လွှတ်မှု၊ ပြေးဝင်မှုဆိုတဲ့ ဒီအနေအထားနှစ်ခု
စာမျက်နှာ-၆၀
ထိအောင် ရင့်ကျက်သွားအောင် သတိသမ္ဗောဇ္ဈင်ကို ပွားနေတယ်လို့ ဒီလိုမှတ်ရမယ်။

ကဲ အဲဒီလို အာနာပါနလုပ်ရင်း ဖြစ်ပုံက အော်.. ဝင်လေလေးက ထွက်လေမရောက်ခင် ပျက်သွားတာပါလား၊ ထွက်လေလေးက ဖြစ်ပြီးရင် ပျက်သွားတာပါလား၊ နှာသီးဖျားလေးကို လာတိုက်လိုက်မှ ထိမှန်းသိတဲ့ စိတ်ကလေး ပေါ်လာတာပါလားဆိုတဲ့ အသိကလေးတွေ ပေါ်မလာဘူးလား။ အဲဒီလို အသိကလေးတွေ ရလာအောင် ဓမ္မကို ဆင်ခြင်ခြင်းသည်ပင်လျှင် “ဓမ္မဝိစယ”ပဲ။ သဘာဝတရားတွေကို စူးစမ်းတယ်၊ သိလာတယ်၊ နဂိုတုန်းက ဒီလေလေးပဲ စဉ်ဆက်မပြတ် ဖြစ်နေတယ်လို့ ထင်တယ်၊ သိမှုကလည်း ရှိနေတယ်လို့ ထင်တယ်။ မဟုတ်ဘူး လေလေးက နှာသီးဖျားကို တိုက်လိုက်မှ ထိမှန်းသိတာ၊ ဒီပြင်အချိန်မှာ ဒီစိတ်က ရှိနေတာ မဟုတ်ဘူးနော်။ အဲဒီလို သဘာဝတရားတွေ
စာမျက်နှာ-၆၁
ဖြစ်ပြီးပျက်သွားတာကို သတိက စူးစိုက်ပြီး ကြည့်လိုက်တဲ့အခါ ဒီအသိဉာဏ်လေး ထွက်လာတယ်။ သဘာဝတရားကို ဆင်ခြင်စူးစမ်းနိုင်တဲ့ “ဓမ္မဝိစယသမ္ဗောဇ္ဈင်”ဆိုတာ ပေါ်လာတယ်တဲ့။

အဲဒီလို ပေါ်လာအောင် ဘာလုပ်ရတုန်းဆိုတော့ ကြိုးစားအားထုတ်မှုလေးတွေ လုပ်ရတယ်။ မပေါ်ပေါ်အောင် ကြိုးစားရတယ်။ ဒီကြားထဲမှာ မကောင်းတဲ့ စိတ်ကလေးဝင်လာရင် တွန်းထုတ်ပစ်တယ်၊ မကောင်းတဲ့ စိတ်ကလေးတွေ ဝင်လာရင် ဖယ်ရှားပစ်တယ်။ ကောင်းတဲ့ စိတ်ကလေးတွေကို ထူထောင်ပေးတယ်။ ဒါလေးတွေက “ဝီရိယသမ္ဗောဇ္ဈင်”ပဲပေါ့။ တရားအားထုတ်နေလို့ရှိရင် “သတိသမ္ဗောဇ္ဈင်”လည်း ဖြစ်တယ်၊ “ဓမ္မဝိစယသမ္ဗောဇ္ဈင်”လည်း ဖြစ်တယ်၊ “ဝီရိယ”လည်း ဖြစ်တယ်။
စာမျက်နှာ-၆၂
အဲဒီလို ဝီရိယဖြစ်နေတဲ့အချိန်မှာ ကိုယ့်စိတ်ကလေးဟာ ငြိမ်လာပြီး သဘာဝတရားလေးတွေကို ကြည်ကြည်လင်လင်နဲ့ ပီပီပြင်ပြင် မြင်လာပြီဆိုရင် ဘာဖြစ်သလဲ၊ စိတ်ထဲမှာ ကျေနပ်မှုဆိုတဲ့ ပီတိလေး ပေါ်လာတယ်။ ဒါ “ပီတိသမ္ဗောဇ္ဈင်” ဖြစ်တာပါ။ အဲဒီလို ကျေနပ်မှုလေး ပေါ်လာတဲ့အခါကျတော့ အို... တစ်နာရီထိုင်လည်း ဘာမှမဖြစ်ဘူး၊ နှစ်နာရီထိုင်လည်း ဘာမှမဖြစ်ဘူး၊ ညောင်းတယ်၊ ညာတယ် မရှိတော့ဘူး။ ဟော.. ကိုယ်ရော စိတ်ရော ငြိမ်းချမ်းလာတယ်။ ဒါက “ပဿဒ္ဓိသမ္ဗောဇ္ဈင်” ဖြစ်လာတာ။ အဲဒီလို ငြိမ်းချမ်းတဲ့အခါ စိတ်ကလေးဟာလည်း ဒီအာရုံလေးပေါ်မှာပဲ ငြိမ်ပြီးတော့သွားတယ်။ ဟော.. “သမာဓိသမ္ဗောဇ္ဈင်” ဖြစ်တယ်။

အဲဒီလို ငြိမ်သွားတဲ့အခါမှာ ကိုယ့်အနေနဲ့ ဘာမှလှုံ့ဆော်စရာမလိုဘူး၊ အားစိုက်စရာမလို
စာမျက်နှာ-၆၃
ဘူး။ ထွက်လေလေးကို သတိလေးစိုက်လိုက်တယ်။ စိုက်လိုက်တာနဲ့ သူ့ရဲ့ သဘာဝလေးကို “ဓမ္မဝိစယ”က သိလိုက်တယ်ဆိုတော့ မကြိုးစားရဘဲနဲ့ သူ့ဟာနဲ့သူ Automatic ဖြစ်ပြီး တည်ငြိမ်လာတယ်ဆိုရင် ဒါ “ဥပေက္ခာသမ္ဗောဇ္ဈင်” ဖြစ်တယ်လို့ ခေါ်တာပေါ့။

ပေါင်းလိုက်တဲ့အခါ တရားအားထုတ်နေတဲ့ အချိန်မှာ “သတိသမ္ဗောဇ္ဈင်”လည်းဖြစ်တယ်၊ ဓမ္မဝိစယ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာဆိုတဲ့ သမ္ဗောဇ္ဈင်တရားတွေ ဖြစ်နေတယ်လို့ ဒီလိုပြောတာနော်။

အဲဒီတရားတွေကို ခုနက ဘယ်ထိအောင် သွားရမှာတုန်းဆိုရင် ဝေါဿဂ္ဂပရိဏာမိတဲ့။ ကိလေသာတွေကို ဖယ်ရှားပြီးတော့ နိဗ္ဗာန်ကို ပြေးဝင်သွားသည်အထိ ရင့်ကျက်လာအောင် ပွားရမယ်လို့ ဒီလိုပြောတာ။ အဲဒီလိုပွားမှ ဒီ “ဗောဇ္ဈင်”
စာမျက်နှာ-၆၄
က တကယ်ကို ဆေးဖြစ်မှာတဲ့။ သာမန်လေးနဲ့တော့ ဆေးဖြစ်ဦးမှာ မဟုတ်သေးဘူး။ ဟုတ်ကဲ့လား။ ဒါက သုတ္တန်တွေမှာ ဗောဇ္ဈင်(၇)ပါး ပွားပုံပွားနည်းတွေကို အသေးစိတ် ဒီလိုဟောထားတာရှိပါတယ်။ “ဝိဝေကနိဿိတ”တဲ့၊ ကင်းဆိတ်ငြိမ်သက်မှုထိအောင် ပွားပါတဲ့။ “ဝိရာဂနိဿိတ”၊ လောဘ၊ ဒေါသ၊ မောဟတွေ ပျက်ပြယ်ကင်းဆိတ်သွားအောင် ပွားပါ။ “နိရောဓနိဿိတ”၊ လောဘ၊ ဒေါသ၊ မောဟတွေ ချုပ်ငြိမ်းသွားအောင် ပွားပါ။ “ဝေါဿဂ္ဂပရိဏာမိ”၊ ကိလေသာတွေကို စွန့်လွှတ်ပြီး နိဗ္ဗာန်ကို ပြေးဝင်သည်ထိ၊ ရင့်ကျက်လာသည့်တိုင်အောင် ပွားပါလို့ဆိုတာ။ ကမ္မဋ္ဌာန်းတရားအားထုတ်တယ်ဆိုတာ ဗောဇ္ဈင်(၇)ပါးပွားနေတာပဲ။ ပြောတော့ ထွက်လေဝင်လေမှတ်နေတယ်ပဲ ပြောတာမဟုတ်လား။ အဲတော့ ထွက်လေ
စာမျက်နှာ-၆၅
ဝင်လေမှတ်နေတယ်ဆိုတာ ဗောဇ္ဈင်(၇)ပါး ပွားနေတာပဲလို့ ဒီလိုဆိုလိုတာ။

ဒါကြောင့်မို့ သုတ္တန်မှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဒီဗောဇ္ဈင်(၇)ပါး ပွားခြင်းဖြင့် ဘာတွေကို ဖယ်ရှားပစ်တုန်းဆိုရင် နီဝရဏတရားတွေကို ဖယ်ရှားပစ်တာတဲ့။ နီဝရဏတရားတွေဆိုတာ အားလုံးသိတဲ့အတိုင်း ကုသိုလ်စိတ်တွေကို ဆို့ပိတ်တတ်တဲ့ သဘာဝတရားတွေ။ အဲဒါတွေက အာရုံငါးပါး ကာမဂုဏ်တရားတွေကို ခံစားချင်တဲ့ လောဘ၊ မခံစားရလို့ရှိရင် စိတ်အလိုမကျတဲ့ ဒေါသ၊ စိတ်ထဲမှာ မတည်ငြိမ်မှု၊ ပျံ့လွင့်မှု၊ ပူပင်မှုဆိုတဲ့ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ၊ စိတ်တွေအားပျော့သွားမှု၊ ထိုင်းမှိုင်းမှု၊ အိပ်ချင်မှုဆိုတဲ့ ထိနမိဒ္ဓ၊ ကိုယ်လုပ်တဲ့အလုပ်တွေပေါ်မှာ သံသယရှိနေမှုဆိုတဲ့ ဝိစိကိစ္ဆာတဲ့၊ အဲဒါတွေဟာ နီဝရဏလို့ခေါ်တယ်။ အဲဒီသဘာဝတရားတွေကို ဖယ်ရှားပစ်တာ။
စာမျက်နှာ-၆၆
ဗောဇ္ဈင်ပွားလိုက်လို့ရှိရင် အဲဒီသဘာဝတရားတွေဟာ လေတိုက်လိုက်လို့ ကောင်းကင်မှာ တိမ်တွေလွင့်သွားသလို။ ဗောဇ္ဈင်တရား ပွားလိုက်တာနဲ့ တပြိုင်နက် ခုနတုန်းက ကာမဂုဏ်အာရုံ ခံစားချင်တဲ့စိတ်တွေ (ဆိုပါစို့ ပွဲကြည့်ချင်တဲ့စိတ်တွေ၊ ရုပ်ရှင်ကြည့်ချင်တဲ့စိတ်တွေ) ကာမစ္ဆန္ဒတွေ မရှိတော့ဘူး၊ ကွာသွားတယ်လို့ ဒီလိုပြောတာနော်။ အဲဒါတွေ ကွာရမယ်။ ကွာပြီးတော့ ကိုယ့်စိတ်ကလေးဟာ ဘယ်ပေါ်မှာ အခြေစိုက်ရမလဲဆိုလို့ရှိရင် သတိပဋ္ဌာန် တရားလေးပါးပေါ်မှာ အခြေစိုက်ရမယ်။ အာနာပါနဆိုတာ ဘယ်ပေါ်မှာ အခြေစိုက်တာတုန်းဆိုရင် ကာယာနုပဿနာ သတိပဋ္ဌာန်ပေါ်မှာ အခြေစိုက်တာ၊ တစ်ခါတစ်ခါ ကိုယ့်စိတ်ကလေးကို အကဲခတ်လို့ စိတ်လေးရဲ့အခြေအနေကို သိတဲ့အခါ “စိတ္တာနုပဿနာ”ပေါ့။ ခံစားမှုလေးကို အာရုံစိုက်မိတဲ့အခါ “ဝေဒနာနုပဿနာ”ပေါ့။ ကျန်
စာမျက်နှာ-၆၇
တဲ့ သဘာဝတရားတွေကို အခြေစိုက်မိတဲ့အခါမှာ “ဓမ္မာနုပဿနာ”ပေါ့။ ။

ကိုယ့်ရဲ့စိတ်ကလေးဟာ ဗောဇ္ဈင်တရား ပွားတဲ့အခါမှာ “နီဝရဏတရား”တွေကို ဖယ်ရှားပစ်ပြီး သတိပဋ္ဌာန်လေးပါးပေါ်မှာ အခြေစိုက်မိသွားတယ်။ အခြေစိုက်ပြီး ဟောဒီဗောဇ္ဈင်(၇)ပါး မိမိတို့ရဲ့သန္တာန်မှာ ကြီးထွားလာအောင် လေ့ကျင့်ပြီးပေးတာတဲ့။ လေ့ကျင့်ပြီးတော့ယူတာ။ ကမ္မဋ္ဌာန်းအားထုတ်တာ သည်ပင်လျှင် ဗောဇ္ဈင်တရားပွားများခြင်းပဲတဲ့။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က “နာညတြ ဗောဇ္ဈာတပသာ၊ နာညတြိန္ဒိယသံဝရာ။ နာညတြ သမ္ဗနိဿဂ္ဂါ၊ သောတ္တိပဿာမိ ပါဏိနံ”တဲ့။ ဒီလိုဟောထားတာရှိတယ်။ နတ်သားတစ်ယောက်ရဲ့အမေး
စာမျက်နှာ-၆၈
ကို မြတ်စွာဘုရားက ထားတာ၊ “နာညတြ ဗောဇ္ဈာတပသာ”ဆိုတာ ဗောဇ္ဈင်ဆိုတဲ့ အကျင့်တရား။ ကမ္မဋ္ဌာန်းတရား အားမထုတ်ဘဲနဲ့ သတ္တဝါတွေ ချမ်းသာသုခရတယ်ဆိုတာ မရှိဘူးတဲ့၊ မဖြစ်နိုင်ဘူး။ ဒီလမ်းပဲရှိတယ်။ နိဗ္ဗာန်လိုချင်ရင် ဗောဇ္ဈင်(၇)ပါး အကျင့်တရားဆိုတဲ့ ဒီလမ်းက လျှောက်လို့ပြောတာ။ ကမ္မဋ္ဌာန်းတရားကို နည်းမှန်လမ်းမှန် အားထုတ်နေခြင်းသည်ပင်လျှင် ဗောဇ္ဈင်(၇)ပါး ပွားနေခြင်းပဲ ဖြစ်တယ်။ ဗောဇ္ဈင်(၇)ပါးပွားတာကတခြား၊ ကမ္မဋ္ဌာန်းအားထုတ်တာက တခြား ဒီလိုမဟုတ်ဘူးနော်။ ဒီထဲမှာ “သတိသမ္ဗောဇ္ဈင်”ဆိုတာ ဖြစ်နေတယ်။ “ဓမ္မဝိစယသမ္ဗောဇ္ဈင်” ပညာတွေ ဖြစ်နေတယ်။ “ဝီရိယသမ္ဗောဇ္ဈင်” ကြိုးစားမှုတွေ ဖြစ်နေတယ်နော်။ “ပီတိသမ္ဗောဇ္ဈင်”တွေ ဖြစ်တယ်။ “ပဿဒ္ဓိသမ္ဗောဇ္ဈင်”တွေ ဖြစ်တယ်။
စာမျက်နှာ-၆၉
“သမာဓိသမ္ဗောဇ္ဈင်”တွေ ဖြစ်တယ်။ “ဥပေက္ခာသမ္ဗောဇ္ဈင်”တွေ ဖြစ်တယ်တဲ့။

ဒါဖြင့် မဂ္ဂင်(၈)ပါးနဲ့ ဘာကွာလဲလို့ မေးစရာရှိတယ်။ မဂ္ဂင်(၈)ပါးနဲ့ ပြောမယ်ဆို တရားအားထုတ်နေရင် ဘာမဂ္ဂင်တွေဖြစ်နေတာတုန်းဆိုရင် “သမ္မာဒိဋ္ဌိ” မှန်ကန်စွာမြင်မှု၊ “သမ္မာသင်္ကပ္ပ” မှန်ကန်စွာတွေးတောကြံစည်မှု၊ “သမ္မာဝါယာမ” မှန်ကန်စွာ ကြိုးစားအားထုတ်မှု၊ “သမ္မာသတိ” မှန်ကန်စွာ အမှတ်ရမှုနဲ့ “သမ္မာသမာဓိ” မှန်ကန်စွာ တည်ငြိမ်မှု။ ဒါက မဂ္ဂင်ရှုထောင့်က ပြောတာ။

ဗောဇ္ဈင်ရှုထောင့်က ပြောလို့ရှိရင် ဒီဗောဇ္ဈင်(၇)ပါး ပြောရမှာ။ ။

အဲဒီထဲမှာ “ဓမ္မဝိစယ”ဆိုတာ “သမ္မာဒိဋ္ဌိ”၊ “သတိသမ္ဗောဇ္ဈင်”က “သမ္မာသတိ”၊ “ဝီရိယသမ္ဗောဇ္ဈင်”က “သမ္မာဝါယာမ”၊ “သမာဓိသမ္ဗောဇ္ဈင်”က “သမ္မာသမာဓိ”၊ ဘာမပါတုန်းဆိုတော့
စာမျက်နှာ-၇၀
“သမ္မာသင်္ကပ္ပ” ဒီဗောဇ္ဈင်ထဲမှာ မပါဘူး။ “သမ္မာသင်္ကပ္ပ”ဆိုတာ ထည့်မထားဘူး။ ဟုတ်ကဲ့လား။ မဂ္ဂင်(၈)ပါးထဲမှာကျတော့ ဥပေက္ခာမပါဘူး။ ပဿဒ္ဓိမပါဘူး။ ပီတိမပါဘူး။ ကျန်တာတွေပါတယ်။ ။

အဲဒီတော့ ဗောဇ္ဈင်(၇)ပါးဆိုတဲ့ထဲမှာ “သတိ”က အချုပ်ဖြစ်တယ်။ ကျန်တဲ့ဗောဇ္ဈင်တွေကို နှစ်စုခွဲလိုက်။ ဗောဇ္ဈင်(၇)ပါးရှိတာ “သတိသမ္ဗောဇ္ဈင်”ကို ထိပ်ကထားလိုက်။ ကျန်တဲ့ဗောဇ္ဈင်တွေကို နံပါတ်စဉ်နဲ့ကြည့်လိုက်၊ ဘာတွေလာတုန်း ဓမ္မဝိစယတဲ့၊ ဝီရိယတဲ့၊ ပီတိတဲ့၊ အဲဒီသုံးခုကို တစ်စုထား။ တစ်ခါ နောက်အစဉ်အတိုင်း ပဿဒ္ဓိတဲ့၊ သမာဓိတဲ့၊ ဥပေက္ခာတဲ့၊ တစ်စုထား။ အဲဒီနှစ်စုကို စိတ်အခြေအနေအလိုက် အချိုးအဆုတ် လုပ်ပေးရတယ်။ ဒါက လိမ္မာကျွမ်းကျင်မှုနော်။ ဆေးကုသတယ်ဆိုတာ ဒီလိုလုပ်ရတာပဲမဟုတ်
စာမျက်နှာ-၇၁
လား။ ဒီဆေးလေးကို တိုးသောက်လိုက်၊ ဟိုဆေးလေးကို လျှော့လိုက်၊ ဒီလိုပဲမဟုတ်လား၊ ရောဂါဝေဒနာ ပျောက်အောင်လုပ်လို့ရှိရင် ဒီဆေးချည်းပဲ ဖိသောက်လို့မရဘူး။ ဒီဆေးလေးက လျှော့လိုက်၊ ဟိုဆေးလေးက တိုးလိုက်၊ အဲဒါမျိုးလိုပဲတဲ့။

ဗောဇ္ဈင်(၇)ပါးဆိုတဲ့ အကျင့်တရားကို ကျင့်တဲ့အခါမှာ စိတ်ဓာတ်တွေ သိပ်ပြီးကျနေလို့ရှိရင် ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ အဲဒီသုံးမျိုးကို မပွားနဲ့။ နည်းနည်းလျှော့ပစ်လိုက်၊ ခဏဖယ်ထားလိုက်။ ဘာတွေပွားရမှာတုန်း၊ စိတ်ဓာတ်ကျနေတဲ့ ပုဂ္ဂိုလ်ဟာ “ဓမ္မဝိစယ”ဆိုတဲ့ ပညာတိုးအောင် လုပ်ရမယ်။ ဝီရိယရှိအောင် လုပ်ရမယ်။ ပီတိဆိုတဲ့ စိတ်ကျေနပ်မှုတွေ နှစ်သက်မှုတွေ တိုးအောင် ကြိုးစားရမယ်။ အဲဒီဘက်က မြှင့်ပေးလို့ ဒီလိုပြောတာ။ ဒီအခြေအနေတွေကို ဘယ်သူက အကဲခတ်ရမတုန်းဆိုရင် သတိသမ္ဗောဇ္ဈင်က
စာမျက်နှာ-၇၂
အကဲခတ်ပေးရမယ်ပေါ့။ သူက ထိန်းညှိပေးမယ်။ ကျန်တာတွေကို ထိန်းညှိပေးဖို့ အင်မတန်မှ လိုအပ်တယ်။ တစ်ခါတစ်ရံကျတော့ လူတွေက စိတ်ဓာတ်တွေက သိပ်တက်ကြွနေတယ်၊ တရားထူး တရားမြတ်ကို အခုချက်ခြင်းရချင်တယ်။ အဲဒီလို စိတ်ဓာတ်တွေ တအားတက်ကြွနေပြီဆိုတဲ့ အချိန်မှာဆိုရင် ဓမ္မဝိစယတို့၊ ပီတိတို့၊ ဝီရိယတို့ကို လျှော့ချလိုက်ဦး၊ စိတ်ကလေးနဲနဲ ငြိမ်သွားအောင် ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ အဲဒီ(၃)မျိုးကို တိုးမြှင့်ပေးရမယ်တဲ့။

ပန်းတိမ်ဆရာများလိုပဲတဲ့၊ ရွှေကိုဖုတ်တဲ့အခါမှာ တစ်ခါတရံ ရွှေကိုမီးပြင်းပြင်းလေး ဖုတ်လိုက်မယ်။ တစ်ခါတရံကျတော့ အပူပေး၊ တစ်ခါ အအေးပေးရမယ်၊ အဲလိုလုပ်ပြီးတော့မှ ရွှေထဲကကို ထုတ်ရတယ်၊ စိတ်ထဲကကို ထုတ်တဲ့အခါမှာလည်းပဲ သတိကနေ ထိန်းကွပ်ပြီး ဒီ(၂)အုပ်စု
စာမျက်နှာ-၇၃
ကို အခြေအနေအလိုက် အတိုးအလျော့လုပ်ပြီး ပွားရမယ်တဲ့။ ဒါက ဗောဇ္ဈင်(၇)ပါးမှာ ဒီလိုသွားရတာနော်။

အေး ဒါကြောင့်မို့ သံသရာဝဋ်ဆင်းရဲက ထွက်မြောက်ဖို့ နိဗ္ဗာန်ကို သွားကြမယ်ဆိုလို့ရှိရင် ဗောဇ္ဈင်(၇)ပါး အကျင့်တရားကို မကျင့်ဘဲနဲ့ ဘယ်သူမှ နိဗ္ဗာန်မရောက်ပါဘူးတဲ့။ ဒါကြောင့်မို့လို့ ဗောဇ္ဈင်(၇)ပါးကို ကျင့်ရမှာတဲ့။ ကျင့်တဲ့အခါ ဘာပေါ်အခြေခံကျင့်မတုန်းဆိုရင် “ဝိဝေကနိဿိတ”တဲ့၊ လွတ်လပ်အောင်လုပ်ရမယ်။ ဘာတွေက လွတ်သွားအောင်လုပ်ရမလဲ။ ကိလေသာတွေက လွတ်အောင်လုပ်ရမယ်။ “နိရောဓနိဿိတ” တွယ်တာမှုတွေ ချုပ်ငြိမ်းသွားအောင် ကျင့်ရမယ်။ “ဝေါဿဂ္ဂပရိဏာမိ” ကိလေသာတွေကို ဖယ်ရှားစွန့်လွှတ်ပြီး၊ နိဗ္ဗာန်ကို ပြေးဝင်သည်အထိ ရင့်ကျက်သွားအောင် ကြိုးစားအားထုတ်ရမယ်တဲ့။ အဲဒီလို
စာမျက်နှာ-၇၄
ကြိုးစားမှသာလျှင် ဗောဇ္ဈင်(၇)ပါး ကျင့်ခြင်းဟာ ပြီးပြည့်စုံတယ်လို့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဟောထားတာ ဖြစ်ပါတယ်။ ။

ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့သည် ဗောဇ္ဈင်(၇)ပါး အကျင့်တရားကလွဲ၍ ချမ်းသာသုခကို မရနိုင်တာ ဖြစ်သောကြောင့် ချမ်းသာသုခထဲမှာ နိဗ္ဗာန်ချမ်းသာဆိုတာ အဓိကမြင့်မြတ်ဆုံး ချမ်းသာဖြစ်တယ်။ အကောင်းဆုံးဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ရဖို့ရာအတွက် ဗောဇ္ဈင်(၇)ပါး အကျင့်တရားကလွဲ၍ တခြားမရှိဘူး။ ဗောဇ္ဈင်(၇)ပါး အကျင့်တရားကို တို့တစ်တွေဟာ ကျင့်ကြံကြိုးကုတ် အားထုတ်ရမှာ ဖြစ်တယ်။ နေမကောင်းလို့ ဗောဇ္ဈင်တရားကို သတိရတာမဟုတ်ဘဲ၊ အမြဲတမ်းသတိရပြီး အမြဲတမ်းကျင့်ဖို့ပါ။ အဲဒီလို အမြဲမပျက် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမယ်လို့ ကိုယ်စီကိုယ်စီ သဘော
စာမျက်နှာ-၇၅
ကျပြီး ဗောဇ္ဈင်(၇)ပါး အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု awjt5pl5ygrzov6kizfgvvkq65rc1v9 ဘေသဇ္ဇဂုရု 0 6417 22221 2026-06-20T00:15:46Z Tejinda 173 "{{header | title = ဘေသဇ္ဇဂုရု | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဗောဇ္ဈင်္ဂသုတ် အနှစ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22221 wikitext text/x-wiki {{header | title = ဘေသဇ္ဇဂုရု | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ဗောဇ္ဈင်္ဂသုတ် အနှစ်ချုပ်]] | previous2 = | next = [[မေတ္တာနှလုံးအစဉ်သုံး]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

ဘေသဇ္ဇဂုရု
ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက်နေ့။

၂၀၁၁-ခုနှစ် ဇန်နဝါရီလ ၂၈ ရက် နေပြည်တော် အရပ်ဖက်ဆိုင်ရာ ခုတင် ၁၀၀၀ ဆေးရုံကြီး၌ ဆေးရုံအုပ် ဆရာမကြီး အမှူးပြုသော ဆရာ၊ ဆရာမများ ဓမ္မသဘင်အခမ်းအနား၌ ဟောကြားအပ်သော “ဘေသဇ္ဇဂုရု” အကြောင်း တရားနာတော်။

ကြီးမြတ်သော သမားတော်ကြီး

“ဘေသဇ္ဇဂုရု”ဆိုတာ သမားတော်ဖြစ်တယ်။ ထေရဝါဒ ဗုဒ္ဓသာသနာမှာ “ဘေသဇ္ဇဂုရု” လို့ ရုပ်ပွားထုလုပ်ပြီး ကိုးကွယ်တာ မရှိဘူး။ မဟာယာန ဗုဒ္ဓဘာသာမှာ “ဘေသဇ္ဇဂုရု”ဆိုပြီး ရုပ်ပွားထုလုပ်ပြီးတော့ ကိုးကွယ်လေ့ရှိကြတယ်ပေါ့နော်။ ဘေသဇ္ဇဂုရုဆိုတာ ကြီးမြတ်တဲ့ သမားတော်ကြီးလို့ ဒီလိုအဓိပ္ပါယ်ရတယ်ပေါ့နော်။
စာမျက်နှာ-၂
ဒီထေရဝါဒ ဗုဒ္ဓတရားတော်တွေထဲမှာ မြတ်စွာဘုရားကို ဘိသက္က = ဆေးဆရာ၊ ဧတံ တထာဂတဿ = ဤသည်ကား မြတ်စွာဘုရား၏၊ အဓိဝစနီ = အမည်နာမတော်ပေတည်း။ လို့ အဆိုရှိတယ်။ ဘိသက္ကဆိုတာ မြတ်စွာဘုရားရဲ့ ဘွဲ့တော်တစ်မျိုးပဲလို့ အဲဒီတော့ ဘိသက္ကဆိုတဲ့စကားလုံးကို မြန်မာလို ပြန်လို့ရှိရင် "ဆေးဆရာ" လို့ပဲအဓိပ္ပါယ်ရတယ်။

မြတ်စွာဘုရားဟာ "ဆေးဆရာ" လို့ ပြောမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အကုသိုလ် အညစ်အကြေး တရားတွေကို ပျောက်ကင်းစေနိုင်တဲ့ ဆေးနဲ့ အလားတူတဲ့ တရားဓမ္မကို ဟောပြောလို့ ဘိသက္ကလို့ ခေါ်တာ။ အဲဒါကြောင့်မို့ မြတ်စွာဘုရားဟာ ဘိသက္က သမားတော်ကြီး သို့မဟုတ် ဆေးဆရာကြီး။ တစ်လောကလုံး ကုလို့ မပျောက်ကင်းနိုင်တဲ့ ရောဂါဝေဒနာကို ပျောက်ကင်းအောင် ကုနိုင်တယ်။ နောက်ဆုံးမှာ သံသရာ ဝဋ်ဆင်းရဲမှာ ကြုံတွေ့ရတဲ့ ရောဂါတွေအားလုံး ဘယ်တော့မှ ပြန်မဖြစ်အောင်၊
စာမျက်နှာ-၃
ပျောက်ကင်းအောင် ကုနိုင်တယ်လို့ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဒီလိုတင်စားပြီးတော့သုံးတဲ့ စကားလုံးပဲ။ အဲဒီစကားလုံးကို ယူပြီးတော့ ဂျပန်နိုင်ငံမှာ ဗုဒ္ဓရုပ်တုတွေမှာ “ဘေသဇ္ဇဂုရု” ဆိုတဲ့ပုံနဲ့ ဆေးကို ညွှန်ကြားနေတဲ့ မြတ်စွာဘုရားရဲ့ ရုပ်ပွားတော် တည်ထားကိုးကွယ်ကြတယ်။ ဒါက အာရုံပြုဖို့အတွက်ပဲ။

သဘာဝအရှိတရား

ဗုဒ္ဓရဲ့ တရားတော်တွေကိုကြည့်ပြီး အနောက်တိုင်းက western scholar တွေ (philosopher) တွေ ဗုဒ္ဓရဲ့ အယူအဆနဲ့ ပတ်သက်ပြီးတော့ ပြောဆိုကြတာရှိတယ်။ မြတ်စွာဘုရားဟာ အမြဲတမ်း စိတ်ကို အဓိကထားပြီး ဟောလေ့ရှိတယ်၊ စိတ်ကို အဓိကထားပြီး ဟောတာဖြစ်သောကြောင့် ဗုဒ္ဓဘာသာ အယူအဆကို idealism လို့ ဖော်ပြကြတယ်။ တကယ်တော့ idealism ဆိုတာ စိတ်သာ အရှိတရားလို့ဆိုတဲ့ အဓိပ္ပါယ်ရတယ်။ မြတ်စွာ
စာမျက်နှာ-၄
ဘုရား တရားတော်က တကယ်တော့ စိတ်သာ အရှိတရားလို့ ဟောတာ မဟုတ်ဘူး၊ ဒါကြောင့်မို့ သူတို့ပြောတဲ့ idealism ဆိုတာ မဟုတ်ဘူး။

Idealism ၊ materialism ။ Materialism က နာမ်တရားဆိုတာ တကယ်က ရှိတာမဟုတ်ဘူး။ စိတ်ဆိုတာ ရှိတာမဟုတ်ဘူး၊ ရှိတာက ရုပ်တရားပဲ၊ ရုပ်သာ အရှိတရားလို့ ပြောကြတဲ့ဝါဒကို materialism ဆိုကြတယ်။ idealism ပြောတာတို့၊ materialism ပြောတာတို့ဟာ အစစ်အမှန် ဗုဒ္ဓဝါဒကို ဖော်ပြနိုင်ခြင်း မရှိဘူး။ တကယ်တော့ မြတ်စွာဘုရား ဟောတာက ရုပ်တရားနဲ့ နာမ်တရားဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန်ဆက်သွယ်မှုရှိတယ်၊ ရုပ်တရားကိုလည်း ဟောတယ်၊ နာမ်တရားကိုလည်း ဟောတယ်။ ဒီနှစ်ခုဟာ အပြန်အလှန်ဆက်သွယ်ပြီးတော့ နေကြတယ်။ တကယ်အစစ်အမှန်ကို
စာမျက်နှာ-၅
ဟောတာဘာဖြစ်လို့ မြတ်စွာဘုရားရဲ့ ဝါဒကို ပြောမယ်ဆိုရင် realism လို့ ပြောရမှာပဲ။ ရုပ်သာ အရှိတရားလို့လည်း မဟောဘူး၊ နာမ်သာ အရှိတရားလို့လည်း မဟောဘူး။ ရှိနိုင်တာ နှစ်ခုစလုံးကိုပဲ မြတ်စွာဘုရားက ဟောတယ်။

တချို့ အနောက်တိုင်းက အယူအဆတွေမှာ စိတ်ဆိုတာ ဦးနှောက်ကိုပဲ ပြောတယ်။ မြတ်စွာဘုရားက စိတ်ကို ဝိညာဏ၊ စိတ္တ၊ မနော ဆိုတဲ့ စကားလုံးတွေနဲ့ သုံးပြီး ဖော်ပြတယ်။ မြန်မာလူမျိုးတွေလည်း ဝိညာဏကို ဝိညာဉ်လို့ ခေါ်တာရှိတယ်။ လူရဲ့ စိတ်အစဉ်မှာ လူတစ်ယောက်ဟာ သေဆုံးသွားလို့ရှိရင် physical body ကြီး ကျန်ရစ်တာတော့ လူတိုင်းငြင်းစရာမရှိဘူးပေါ့။ နောက်ဆုံးမှာ cremate လုပ်ပစ်လိုက်ရတယ်၊ သို့သော် အဲဒါကို ကြည့်ပြီးတော့ လူရဲ့သန္တာန်မှာရှိတဲ့ ဝိညာဉ်လေးဟာ ထွက်သွားပြီး နောက်ဘဝတစ်ခုမှာ ဝင်စား
စာမျက်နှာ-၆
တယ်လို့ဆိုတဲ့ အယူအဆတစ်ရပ် ပေါ်လာတယ်။ အဲဒါ ဗုဒ္ဓဘာသာအယူအဆတစ်ခု မဟုတ်ဘူး။ မြတ်စွာဘုရားက ဝိညာဏံ ပဋိစ္စသမုပ္ပန္နံ လို့ဟောတယ်။ ဝိညာဏဆိုတာ အကြောင်းတရားကို စွဲမှီပြီး ဖြစ်ပေါ်လာတဲ့အရာသာ ဖြစ်တယ်။ ရှိနေတဲ့အရာ မဟုတ်ဘူး။ ဥပမာ မြန်မာတွေ အသုံးပြုနေတဲ့ စောင်းကိုပဲ ကြည့်လိုက်၊ စောင်းမှာ စောင်းကြိုးရှိတယ်။ စောင်းအိုးရှိတယ်၊ တီးခတ်တဲ့လူရှိတယ်။ စောင်းကြိုး၊ စောင်းအိုး ဒီအတိုင်းထားလို့ရှိရင် တီးခတ်သူဆိုတဲ့ အကြောင်းတရားတစ်ခုနဲ့ မပေါင်းလို့ရှိရင် အသံဆိုတာ ထွက်မလာဘူး။ တစ်ခါ အဲဒီအသံဟာ စောင်းကြိုးထဲ ရှိတာလည်း မဟုတ်ဘူး၊ စောင်းအိုးထဲ ရှိတာလည်း မဟုတ်ဘူး၊ တီးသူရဲ့လက်ထဲမှာ ရှိတာလည်း မဟုတ်ဘူး။ အဲဒီ အကြောင်း ၃-ခု ပေါင်းစုံလိုက်တဲ့အခါမှ အသံလေး ပေါ်ထွက်လာတယ်။ ပေါ်လာပြီးတော့ ပျောက်သွားတယ်။ မြတ်စွာဘုရားက
စာမျက်နှာ-၇
လူတွေရဲ့ သန္တာန်မှာဖြစ်တဲ့ စိတ်ဆိုတာလည်း အဲဒီအတိုင်းပဲတဲ့။ အကြောင်းတရားတွေ ပေါင်းဆုံလိုက်တဲ့အခါမှသာ ဖြစ်တယ်။ ဆိုပါစို့... လောကလူတွေ နေ့စဉ်နဲ့အမျှ မျက်လုံးလေးနှစ်လုံး ဖွင့်လိုက်တဲ့အခါမှာ မြင်ကွင်းထဲမှာရှိတဲ့ အဆင်းအာရုံတွေဟာ မျက်စိထဲ ထင်ဟပ်လာတယ်။ ထင်ဟပ်လာတဲ့အခါ မြင်တယ်ဆိုတဲ့ မြင်သိစိတ်ကလေး ပေါ်လာတယ်။ အဲဒီ ပေါ်လာတဲ့ မြင်သိစိတ်ကလေးဟာ မျက်စိဆိုတဲ့ အကြောင်းတရား၊ ထင်ဟပ်လာတဲ့ ရူပါရုံဆိုတဲ့ အကြောင်းတရား အဲဒီနှစ်ခု ပေါင်းစပ်လိုက်မှ မြင်သိစိတ်ဆိုတာ ပေါ်တာ၊ နဂိုက မြင်သိစိတ် ရှိနေတာ မဟုတ်ဘူး။ အဲဒီလို သဘာဝတရားနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ဟောတာဖြစ်သောကြောင့် realism လို့ပဲ မြတ်စွာဘုရားရဲ့ တရားတော်ကို ပြောရတယ်။ materialism လည်း မဟုတ်ဘူး၊ Idealism လည်း မဟုတ်ဘူး။
စာမျက်နှာ-၈
မွန်မြတ်တဲ့ လုပ်ငန်း

သို့သော် စိတ်ထားဖြူစင်မှုအတွက် စိတ်ရဲ့ အညစ်အကြေးကို သန့်စင်စေရမယ်။ ခန္ဓာကိုယ် အညစ်အကြေး ကင်းစင်မှုထက် စိတ်အညစ်အကြေး ကင်းစင်မှုဟာ ပိုအရေးကြီးတယ်။ အခုဆေးရုံကြီးမှာ ဆေးကုသတဲ့ လုပ်ငန်းဆိုတာ ရောဂါဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ ရောဂါပျောက်အောင် ကုသပေးတာဆိုတော့ လုပ်ငန်းအနေနဲ့ အလွန်မွန်မြတ်တယ်။ သို့သော် ထိုလုပ်ငန်းမွန်မြတ်မှုဟာ စိတ်ဓာတ်နဲ့ ပေါင်းစပ်လိုက်မှ ပိုပြီးတော့ မွန်မြတ်နိုင်တယ်ပေါ့။

ကောင်းမြတ်တဲ့ စိတ်ဓာတ်နဲ့ လုပ်မယ်ဆိုလို့ရှိရင် ကုသိုလ်ရတဲ့ လုပ်ငန်းကြီးပဲ။ အလွန်မွန်မြတ်တယ်လို့ ပြောရမှာ။

ဘုရားလက်ထက်က ကျောင်းတွေမှာဆိုလို့ရှိရင် "ဂိလာနသာလာ" လို့ခေါ်တဲ့ အဆောင်ရှိတယ်။ အခုလို စနစ်တကျ ဆောက်ထားတဲ့
စာမျက်နှာ-၉
ဆေးရုံကြီးတွေတော့ မဟုတ်ဘူးပေါ့။ သို့သော် သီးသီးသန့်သန့် မကျန်းမာတဲ့ ပုဂ္ဂိုလ်တွေ နေဖို့ အဆောက်အဦးကတော့ ရှိတယ်။ အဲဒါကို စာပေကျမ်းဂန်မှာ “ဂိလာနသာလာ” လို့ ခေါ်တယ်။ “သာလာ”ဆိုတဲ့ စကားလုံးကတော့ အဆောက်အဦးလို့ ရည်စူးတာပါ။ အခုခေတ်တော့ “သာလာ”ကို ဇရပ်လို့ပဲ ဘာသာပြန်နေကြတယ်။ ဘုရားလက်ထက်မှာ “သာလာ”ဆိုတာ စည်းဝေးတဲ့ ခန်းမတွေကိုလည်း ခေါ်တယ်၊ “ဥပဋ္ဌာနသာလာ”တဲ့။ အဲ ဂိလာနရဟန်းတွေနေဖို့ ဆောက်ထားတဲ့ဟာကိုလည်း “ဂိလာနသာလာ” လို့ခေါ်တယ်။ အဲဒီ “ဂိလာနသာလာ”ကို မြတ်စွာဘုရားက မကြာခဏ ကြွသွားပြီးတော့ အားပေးစကားပြောတယ်။ ကိုယ်တိုင်လည်း ပြုစုစောင့်ရှောက်တဲ့ အလုပ်ကို လုပ်တယ်။
စာမျက်နှာ-၁၀
ဒါ လူသားတွေ အချင်းချင်း အကြင်နာတရားထားလို့ အလွန်မွန်မြတ်တဲ့ လုပ်ငန်းတစ်ခုလို့ မြတ်စွာဘုရားက ဒီလိုလည်း ဟောတယ်။ ဒါကြောင့် မြတ်စွာဘုရားရဲ့ အလိုတော်ကို သိရှိကြတဲ့ ဗုဒ္ဓရဲ့ တရားတော်တွေကို ဖွင့်ဆိုတဲ့ “အဋ္ဌကထာ” တို့၊ “ဋီကာ” ကျမ်းတွေကို ရေးသားကြတဲ့ ဆရာတော်ကြီးတွေက ဂိလာနုပဋ္ဌာနံ ဗုဒ္ဓပ္ပသတ္ထိ = သူနာကို ပြုစုတဲ့ လုပ်ငန်းကို ဘုရားက အင်မတန်မှ ချီးမွမ်းတယ်၊ ဘယ်လောက်တောင် ချီးမွမ်းတုန်းဆိုရင် ယော မံ ဥပဋ္ဌဟေယျ, သော ဂိလာနံ ဥပဋ္ဌဟေယျ။ ငါ့ကို လုပ်ကြွေးတဲ့ ပုဂ္ဂိုလ်ဟာ ဂိလာနကိုပဲ လုပ်ကြွေးသင့်တယ်။ တန်းတူထားပြီးတော့ပြောတဲ့ စကားတစ်ခုပဲပေါ့နော်။ အဲဒီတော့ လုပ်ငန်းအနေနဲ့ အလွန်မွန်မြတ်တယ်ဆိုတာ ထင်ရှားတယ်၊ အဲဒီလို အလွန်မွန်မြတ်တဲ့ လုပ်ငန်းကို မွန်မြတ်တဲ့ စိတ်ဓာတ်နဲ့ လုပ်ဖို့တော့ လိုတာပေါ့နော်၊ စိတ်ဓာတ်မွန်မြတ်မှ လုပ်ငန်းလည်း မွန်မြတ်မှုဖြစ်မှာပါ။
စာမျက်နှာ-၁၁
ဗြဟ္မစိုရ်တရားလေးပါး

ဒါကြောင့်မို့ ဆရာဝန်၊ ဆရာမတွေရဲ့ လုပ်ငန်းဆိုတာ “ဗြဟ္မစိုရ်တရားလေးပါး” လွှမ်းခြုံနေတဲ့ စိတ်နဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းတစ်ခုပါ။ “ဗြဟ္မစိုရ်” တရားဆိုတာ လောကမှာ အများရဲ့ ကောင်းကျိုးချမ်းသာကို လိုလားတာကို မေတ္တာ လို့ ခေါ်တယ်။ ဆင်းရဲဒုက္ခရောက်နေတဲ့လူ ဆင်းရဲဒုက္ခက လွတ်စေချင်တာ ကရုဏာ၊ ဆင်းရဲဒုက္ခက လွတ်မြောက်ပြီးတော့ ချမ်းသာပျော်ရွှင်နေတဲ့ ပုဂ္ဂိုလ်ကို ဝမ်းမြောက်တာ မုဒိတာ။ နောက် ဝမ်းမြောက်သွားတာရော၊ ဆင်းရဲဒုက္ခထဲမှာ ခံနေတဲ့ ပုဂ္ဂိုလ်တွေရော ဘယ်အရာကိုမှ ကိုယ်စွမ်းဆောင်နိုင်တာမရှိဘူး၊ ကံအတိုင်းပဲလို့ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားနိုင်တာက ဥပေက္ခာ လို့ခေါ်တယ်။
စာမျက်နှာ-၁၂
မေတ္တာ

ဆေးရုံဆေးခန်း ရောက်လာပြီးတော့ လူနာတွေ၊ မကျန်းမမာဖြစ်တဲ့ ပုဂ္ဂိုလ်တွေ ကုသမှုခံယူပြီးလို့ဆိုတဲ့အချိန်မှာ “တို့ဟာ မွန်မြတ်တဲ့ လုပ်ငန်းကြီးကို လုပ်နေရပြီ" လို့ စိတ်ထဲမှာ အင်မတန်နှစ်သက်ကျေနပ်မယ်၊ "ရောဂါဝေဒနာတွေ ပျောက်ကင်းပါစေ၊ ပျော်ရွှင်နိုင်ကြပါစေ" ဒါ မေတ္တာ ပဲ၊ အဲဒီလို လူနာတစ်ယောက်အပေါ်မှာ ထားလိုက်တဲ့ အကျိုးစီးပွားကို လိုလားတဲ့ စိတ်ကလေးကို မေတ္တာ လို့ခေါ်တယ်။ မေတ္တာ ကိုတော့ loving kindness လို့ အင်္ဂလိပ်လို ပြန်လေ့ရှိတာပေါ့။

သို့သော် ပြန်သင့်တာကတော့ မေတ္တာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်က spirit of friend လို့ ပြန်ရမယ်၊ မိတ္တဆိုတဲ့ စကားလုံးက လာတာ။ မိတ္တဆိုတာ မိတ်ဆွေ၊ မိတ်ဆွေတွေအပေါ်မှာ ထားတဲ့ စိတ်ဓာတ်ကို မေတ္တာ ခေါ်တယ်။ လူတိုင်းလူတိုင်းဟာ မိတ်ဆွေတွေ ရှိကြတယ်။ ကိုယ့်
စာမျက်နှာ-၁၃
မိတ်ဆွေအပေါ်မှာ စိတ်ဘယ်လိုထားသလဲဆိုတာကို ကြည့်ရင် မေတ္တာ ရဲ့ သဘောဟာ ထင်ထင်ရှားရှားတွေ့ရတယ်။

သို့သော် လောကမှာ မေတ္တာဆိုတာကို သံယောဇဉ်ချစ်ခင်မှုတွေနဲ့၊ ရာဂနဲ့ ချစ်ခင်မှုတွေနဲ့ ရောထွေးပြီးတော့ ဒီစကားလုံးကို သုံးနေကြလို့ အင်မတန်ဖြူစင်မြင့်မြတ်တဲ့ စကားလုံးဟာ နိမ့်ကျသွားတဲ့ အဓိပ္ပါယ်မျိုး ရောက်သွားတတ်တယ်ပေါ့နော်။ တကယ်က မေတ္တာဆိုတာ အင်မတန်ဖြူစင်တဲ့ စိတ်နှလုံးဖြစ်တယ်။ မိတ်ဆွေတွေရဲ့ စိတ်ဓာတ်လို့ဆိုတော့ မိတ်ဆွေဆိုတာ ကိုယ့်မိတ်ဆွေတစ်ယောက် လာလို့ရှိရင် ဝမ်းသာတယ်။ ကောင်းစားလို့ရှိရင် ပျော်ရွှင်တယ်၊ သူ့အကျိုးစီးပွားတွေ လိုလားတယ်၊ သူ့ကို ကောင်းစားစေချင်တယ်၊ အဲဒီစိတ်ဓာတ်ကို မေတ္တာလို့ ခေါ်တယ်။

အဲဒီ မေတ္တာ တရားဟာ သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု၊ “သတ္တဝါတွေ ချမ်းသာကြပါစေ”
စာမျက်နှာ-၁၄
လို့ နှုတ်ကရွတ်နေမှ မေတ္တာ မဟုတ်ဘူး။ တကယ်က မေတ္တာဆိုတာ စိတ်ထဲမှာ ထားရမယ့် မွန်မြတ်တဲ့ စိတ်နေသဘောထားတစ်ခုပဲ။ ဘယ်သူ့ပဲတွေ့တွေ့၊ ကိုယ့်ပတ်ဝန်းကျင် သိသူဖြစ်စေ၊ မသိသူဖြစ်စေ၊ နောက်ဆုံးမှာ ကိုယ့်ကို ရန်လုပ်မယ့် ပုဂ္ဂိုလ်ပဲဖြစ်စေဦးတော့ အကျိုးစီးပွားကို လိုလားတယ်၊ သူ ဒုက္ခမရောက်ပါစေနဲ့ ဆိုတဲ့စိတ် ထားလို့ရှိရင် ဒါ မေတ္တာလို့ ခေါ်တာပဲ၊ အဲဒီ မေတ္တာဟာ အလွန်မွန်မြတ်တယ်လို့ ဗြဟ္မဝိဟာရ မြင့်မြတ်တဲ့ နေထိုင်မှုလို့ မြတ်စွာဘုရားဟောတယ်။

ဆေးနဲ့ပတ်သက်ပြီးတော့ အမှုထမ်းမယ့် ပုဂ္ဂိုလ်တွေဟာ ဒီ မေတ္တာ များများဖြစ်နိုင်တယ်ပေါ့နော်။ ဒီလို မွန်မြတ်တဲ့စိတ်နဲ့ မေတ္တာတရား မိမိသန္တာန်မှာ ဖြစ်ပွားအောင် အားထုတ်လိုက်မယ်ဆိုရင် အလွန်တန်ဖိုးရှိတဲ့ ကုသိုလ်ကောင်းမှု အားထုတ်ပြီးသား ဖြစ်သွားတယ်။
စာမျက်နှာ-၁၅
ကရုဏာ

နောက်တစ်ခုက ဆေးရုံရောက်လာလို့ မကျန်းမမာ ရောဂါဝေဒနာတွေ သည်းနေတဲ့ လူနာကို ကြည့်လို့ရှိရင်လည်း စိတ်ထဲကဘာဖြစ်လဲ၊ "ဒီလူနာ ရောဂါသက်သာပါစေ၊ ဒီရောဂါပျောက်ပါစေ"လို့၊ ဒါ ဆရာဝန်၊ ဆရာမတိုင်းမှာလည်း ပျောက်ကင်းစေချင်တဲ့ စိတ်ဆန္ဒရှိပြီးသား။ ကိုယ်ကုတဲ့လူနာ ပျောက်ကင်းစေချင်တယ်။ အဲဒီရောဂါဝေဒနာ ပျောက်စေချင်တဲ့ စိတ်ဓာတ်ကို ကရုဏာ လို့ခေါ်တယ်။ မြန်မာလိုပြန်တော့ ကရုဏာကို အကြင်နာတရားလို့ ပြန်တယ်။ စကားလုံးရဲ့ အဓိပ္ပါယ်က အကြင်နာတရား။ စိတ်ထဲမှာ ဖြစ်ပွားတဲ့ ပုဂ္ဂိုလ်ဟာ ငြိမ်ငြိမ်မနေနိုင်ဘူး။ သူ့ဒုက္ခကို ငါဘယ်လိုဖယ်ရှားရမလဲလို့ စိတ်ထဲမှာဖြစ်တာ၊ ပူပန်သောကရောက်တာတော့ မဟုတ်ဘူး၊ ပူပန်သောကရောက်တဲ့ အနေအထားမျိုးကို ကရုဏာ လို့မခေါ်ဘူး။
စာမျက်နှာ-၁၆
သို့သော် ကရုဏာဟာ ဘာနဲ့သွားပြီး ရောတတ်တုန်းလို့ဆိုတော့ ပူပန်သောကနဲ့ သွားရောတတ်တယ်။ ပူပန်သောကကျတော့ ကရုဏာ မဟုတ်ဘူး၊ ပူပန်သောကဆိုတာ အကုသိုလ်တရားဖြစ်တယ်၊ ဒေါသနဲ့ တွဲပြီးတော့ ဖြစ်လာတယ်။ ဒီနှစ်ခုဟာ အင်မတန်မှန်းလို့ ကရုဏာ ရဲ့ အနီးကပ်ရန်သူဟာ ဒေါမနဿတရားလို့ဆိုတယ်။ ဒီဒေါမနဿ စိတ်ဆင်းရဲတဲ့ ခံစားမှုဟာ ကရုဏာနဲ့ အနီးကပ်ဆုံးပဲ၊ ကရုဏာဆိုတာ အလွန်သန့်စင်တဲ့ ကုသိုလ်တရားတစ်ခုပဲ။ အဲဒီသန့်စင်တဲ့ ကုသိုလ်တရားဟာ အချိန်မရွေး ဒေါမနဿဘက် ပြောင်းသွားရင် အကုသိုလ်ဖြစ်သွားတယ်။ အဲဒါကို မသိလို့ရှိရင် ကိုယ့်စိတ်ထဲမှာ ကရုဏာလို့ထင်ပြီး မွေးမြူရင်တော့ အကုသိုလ်တွေ ကိုယ့်သန္တာန်မှာ တိုးတာပဲရှိမယ်။ ကရုဏာ မဟုတ်ဘူး၊ ကရုဏာဆိုတာ သောက မပါရဘူး။ သောကမပါဘဲနဲ့ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒုက္ခက
စာမျက်နှာ-၁၇
လွတ်မြောက်စေချင်တဲ့ မွန်မြတ်တဲ့ သဘာဝတစ်ခုပဲ။ "သူ့ဒုက္ခကို ဘယ်လိုကယ်တင်ရမလဲ။"

ဘုန်းကြီးတို့ စဉ်းစားကြည့်မိတယ်။ ဆရာဝန်၊ ဆရာမတွေမှာ လူနာနဲ့ပတ်သက်ပြီး သောကမရှိဘူး၊ ဘာလို့လဲဆိုတော့ လူနာက သောကဖြစ်စရာ လူနာမှမဟုတ်တာကိုး၊ ကိုယ့်အမျိုးဆိုရင်တော့ ဖြစ်ကောင်းဖြစ်မှာပေါ့နော်၊ များသောအားဖြင့် သောကဖြစ်တယ်ဆိုတာ တွယ်တာမှုရှိမှ သောကလာတာ။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် သောကဆိုတာကတော့ အကုသိုလ်ပဲ၊ စိတ်နဲ့ယှဉ်တွဲလာတဲ့ ခံစားချက်တစ်မျိုး။ ကရုဏာဆိုတဲ့ အကြင်နာတရားက အဲဒါမျိုးမဟုတ်ဘူး။ ကရုဏာဆိုတဲ့ အကြင်နာတရားက အသိပညာနဲ့ယှဉ်တွဲပြီး လာတယ်၊ “အေး...ဒီဆင်းရဲဒုက္ခက သူလွတ်ပါစေ" လွတ်သွားရင် စိတ်ထဲမှာ ဝမ်းသာတယ်။ လွတ်စေချင်တယ်၊ ခံနေရတဲ့ ဒုက္ခပျောက်စေချင်တယ်။ အခက်အခဲတွေက လွတ်မြောက်စေချင်တယ်။
စာမျက်နှာ-၁၈
သို့သော် စိတ်ကတော့ မပူဘူး၊ မပူပေမယ့်လို့ သူက အငြိမ်မနေဘူး၊ ဒုက္ခလွတ်ရာလွတ်ကြောင်းကို ရှာကြံပြီးတော့ ပေးတယ်။ လွတ်မြောက်နိုင်တဲ့ နည်းလမ်းတွေကို ဆောင်ရွက်ပေးတယ်၊ အဲဒါဟာ ကရုဏာလို့ခေါ်တယ်။

အဲတော့ ဆေးပညာနဲ့ အသက်မွေးပြီဆိုလို့ရှိရင် ကရုဏာ စစ်စစ် ထားနိုင်ရမယ်၊ ကရုဏာ တရား ထားနိုင်ပြီဆိုရင် မွန်မြတ်တဲ့ စိတ်ထားနဲ့ လုပ်တာဖြစ်သောကြောင့် အလွန်ကုသိုလ်ရစရာကောင်းတဲ့ ကုသိုလ်တစ်ခု ကိုယ့်သန္တာန်မှာ ရတယ်။ ကုသိုလ်တွေဖြစ်နေတယ်။

မြတ်စွာဘုရားကလည်း ကုသိုလ်နဲ့အကုသိုလ် ဒီနှစ်ခုခွဲခြားဟောတယ်။ ဒါကြောင့်မို့ ဘုရားကို idealism လို့ပြောကြတာဟာ ဘုရားက စိတ်ကို အဓိကထားဟောတယ်ဆိုတာ စိတ်သာအရှိတရားလို့ ဟောတာမဟုတ်ဘူး။ သို့သော် ဖြူစင်မြင့်မြတ်ဖို့အတွက် စိတ်ကအဓိကကျတယ်။
စာမျက်နှာ-၁၉
လောကလူတွေက ဒီ... ရုပ်တရားသာ သန့်ရှင်းရေးသာ ကြိုးစားကြတယ်။ ဒီ physical body နဲ့ ပတ်သက်ပြီးတော့သာ သူတို့ deal လုပ်တာ။ သန့်သန့်ရှင်းရှင်းနေတယ်။ သန့်သန့်ရှင်းရှင်းလုပ်တယ်ဆိုတာ physical body ကိုသာ သန့်ရှင်းဖို့ ကြိုးစားကြတာ။ စိတ်ဓာတ်သန့်ရှင်းဖို့ကျတော့ မေ့ထားကြတယ်။ မြတ်စွာဘုရားက အဲဒါကို စိတ်ဓာတ်သန့်ရှင်းမှုကို မမေ့ဖို့ ဒီလိုဟောတယ်။

ဒါကြောင့်မို့ မြင့်မြတ်တဲ့ စိတ်ဓာတ်တစ်ခု ကိုယ့်သန္တာန်မှာ တည်ဆောက်ထားရမယ်၊ မွေးမြူပေးထားရမယ်။ တစ်ချိန်တည်းမှာလည်းပဲ physical body ကို သန့်ရှင်းရေး မလုပ်ရဘူးလို့ ဒီလိုဟောတာမဟုတ်ဘူး၊ ဒီသန့်ရှင်းမှုနှစ်ခုထဲမှာ physical body ကိုလည်း သန့်ရှင်းအောင် လုပ်ရမယ်။ mind ကိုလည်း သန့်ရှင်းအောင် လုပ်ရမယ်၊ mental cleaning သာလျှင် physical cleaning တင် မလုံလောက်ဘူး။ နှစ်ခုစလုံး လုပ်ရမယ်လို့
စာမျက်နှာ-၂၀
ဒီလိုဆိုလိုတယ်။ အဲတော့ ဆေးပညာနဲ့ အခုဆေးရုံမှာ လာရောက်ပြီးတော့ လူတွေဆေးကုပြီလို့ ဆိုတဲ့အခါမှာ ရောဂါဝေဒနာ ပျောက်ကင်းစေချင်တဲ့ မွန်မြတ်တဲ့ ကရုဏာ တရားရှေ့ထားပြီးတော့ ကုမယ်ဆိုလို့ရှိရင် ကရုဏာ လို့ဆိုတဲ့ ဗြဟ္မဝိဟာရ တရားကို မိမိကျင့်သုံးရာရောက်တယ်။

မုဒိတာ

နောက်တစ်ခုက ဘာတုန်းဆိုလို့ရှိရင် အဲဒီလူနာတစ်ယောက်ဟာ မိမိကုသပေးလို့ ရောဂါပျောက်ကင်းပြီးတော့ ကျန်းမာပြီး ဆေးရုံကဆင်းသွားလို့ရှိရင် ဝမ်းသာရတယ်။ အဲဒီဝမ်းသာမှုကို မုဒိတာ လို့ခေါ်တာပါ။ လူတစ်ယောက် အဆင်ပြေလို့ ပျော်ရွှင်သွားပြီဆိုရင် သူ့ကိုကြည့်ပြီး ကိုယ်က jealousy မဖြစ်ဘူး။ ဝမ်းသာတယ်၊ sympathetic joy လို့ ပြန်ပေမယ့်လို့ မုဒိတာကို
စာမျက်နှာ-၂၁
appreciative joy လို့ ပြန်သင့်တယ်၊ appreciate လုပ်တယ်။ သူ့ရဲ့ ခံစားချက်တွေကို အသိအမှတ်ပြုပြီးတော့ ကိုယ်လည်း သူ့ကိုကြည့်ပြီးတော့ ကိုယ်လည်း ပျော်ရွှင်မှု စိတ်ချမ်းသာမှုတွေ ရတယ်။ အဲဒါလည်းပဲ ဗြဟ္မဝိဟာရ တရားတစ်မျိုးပဲ။ အဲဒီလိုစိတ်ထဲမှာ ထားနိုင်ပြီဆိုရင် မုဒိတာလို့ခေါ်တယ်။

ဥပေက္ခာ

နောက် တစ်ခါတစ်ရံမှာ ရောဂါဆိုတာ incurable ကုလို့မရတာလည်း ရှိတာပဲ၊ အဲတော့ ကုလို့မရတဲ့ ရောဂါဝေဒနာနဲ့ ပတ်သက်လာတဲ့အခါကျတော့ သောကလည်း မဖြစ်စေရဘူး။ ကိုယ့်စိတ်ထဲကို တည်ငြိမ်အောင် ထားပြီးတော့ "သော်... သတ္တဝါတစ်ခု ကံတစ်ခုပဲ၊ ငါတတ်နိုင်သမျှ ပြုစုမယ်၊ တတ်နိုင်သမျှ ပြုလုပ်ပေးမယ်၊ အသက်ရှင်မှု၊ မရှင်၊ ရောဂါပျောက်မှု၊ မပျောက်မှုက သူ့ကံ"
စာမျက်နှာ-၂၂
ပေါ်မှာ မူတည်တယ်"လို့ စိတ်ကို တည်ငြိမ်စွာ ထားနိုင်တာကို “ဥပေက္ခာ”လို့ခေါ်တယ်။

သို့သော် မြန်မာတွေမှာ နားလည်နေတာ “ဥပေက္ခာ”ဆိုတာ လျစ်လျူရှုထားတာ ဘာမှ လုပ်မပေးတော့ဘူး၊ အဲဒီ အဓိပ္ပါယ်မျိုး သွားဆောင်နေတယ်။ အဲဒါမမှန်ဘူးပေါ့။ “ဥပေက္ခာ”ဆိုတာ စိတ်ကို တည်ငြိမ်အောင် ထားနိုင်တာ၊ ဘယ်လို အတွေးနဲ့ တည်ငြိမ်အောင် ထားတာတုန်းဆိုတော့ “သဗ္ဗေသတ္တာ ကမ္မဿကာ” သတ္တဝါတွေဆိုတာ ကိုယ့်ကံနဲ့ ကိုယ်ပဲ။ ကံပေါ်မှာ မူတည်တာပဲ။ ကံကောင်းရင်လည်း ပျောက်မှာပဲ။ ကံမကောင်းရင်လည်း မပျောက်ဘူး။ အားလုံးဟာ ကံတရားအတိုင်းပဲလို့ ဒီလိုထားပြီးတော့ စိတ်မှာ ပူပန်သောက မရောက်ဘူး။ အဲဒီလို တည်တည်ငြိမ်ငြိမ် Equanimity လို့ခေါ်တာ၊ ဒါကို အဲဒီ “ဥပေက္ခာ”က Equanimity စိတ်ကို ငြိမ်ငြိမ်လေးထားနိုင်တာ။
စာမျက်နှာ-၂၃

မွန်မြတ်တဲ့ စိတ်ဓါတ်
ဟာ.. ကြည့်လိုက်မယ်ဆိုလို့ရှိရင် “မေတ္တာ”ရယ်၊ “ကရုဏာ”ရယ်၊ “မုဒိတာ”ရယ်၊ “ဥပေက္ခာ”ရယ်၊ လူနာတွေရဲ့ အခြေအနေအလိုက် “မေတ္တာ”လည်း ဖြစ်တယ်။ “ကရုဏာ”လည်း ဖြစ်တယ်။ “မုဒိတာ”လည်း ဖြစ်တယ်။ “ဥပေက္ခာ”လည်း ဖြစ်တယ်။ ကိုယ့်သန္တာန်မှာ ဒီဖြစ်လာတဲ့ တရားလေးတွေကို တန်ဖိုးထားပြီးတော့ မှန်မှန်ကန်ကန် ဒီမွန်မြတ်တဲ့ လုပ်ငန်းတစ်ခုကို မွန်မြတ်တဲ့ စိတ်ဓါတ်တွေနဲ့ ပြုစုစောင့်ရှောက်မယ် ဆိုလို့ရှိရင် ကုသိုလ်ရပါတယ်။ ဒါလည်း ဒီကုသိုလ်ဟာလည်း အလွန်မွန်မြတ်တဲ့ ကုသိုလ်ပဲ၊ အဲတော့ “မေတ္တာ” “ကရုဏာ” “မုဒိတာ”ဆိုတာ ဆေးရုံမှာ ဂန်ထမ်းတဲ့ ပုဂ္ဂိုလ်တွေသာ ရနိုင်တာလားလို့ဆိုတော့ မဟုတ်ဘူး သာမန်ပုဂ္ဂိုလ်တွေလည်းပဲ “မေတ္တာ” “ကရုဏာ” “မုဒိတာ” “ဥပေက္ခာ” ဥပမာမယ်...

ကျောင်းဆရာပဲ ဖြစ်စေ၊ ကျောင်းဆရာမပဲ ဖြစ်စေ၊
စာမျက်နှာ-၂၄
ပညာရေး ဝန်ထမ်းပဲ ဖြစ်စေ၊ တခြား ရုံးဝန်ထမ်းတွေပဲဖြစ်စေ “မေတ္တာ”၊ “ကရုဏာ”၊ “မုဒိတာ”၊ “ဥပေက္ခာ”လို့ဆိုတဲ့ ဒီမိမိရဲ့ စိတ်ထား၊ သဘောထားလေးတွေဟာ ရှိသင့်တာတွေချည်းပဲ။

ဘယ်မှာပဲဖြစ်ဖြစ် အများနဲ့ ဆက်ဆံတဲ့အခါမှာ သူများရဲ့ အကျိုးကိုလိုလားတဲ့ စိတ်ထားရင် ဘယ်လုပ်ငန်းပဲဖြစ်စေ ပညာရေးဆိုရင် ပညာရေးလုပ်ငန်း၊ နောက်ဆုံးမှာ မီးဖိုချောင်ထဲမှာ ထမင်းချက်တဲ့ ပုဂ္ဂိုလ်ကစပြီးတော့ “ကောင်းကောင်းမွန်မွန် စားကြပါစေ” ဆိုရင် ဒါ “မေတ္တာ” ဖြစ်တာပဲ၊ ဒီစိတ်လေး ထားလိုက်တာနဲ့ ကိုယ့်မှာ “မေတ္တာ” ဖြစ်လာတယ်၊ အေး... ဆာလောင်ခြင်းဆိုတဲ့ ဒုက္ခတွေကလွတ်ကင်းကြပါစေဆိုရင် ဒါ “ကရုဏာ” ဖြစ်တယ်။ စားသောက်ပြီးတော့ ပျော်ပျော်ရွှင်ရွှင် ဝဝလင်လင် ကျန်းကျန်းမာမာ ဖြစ်နေတာကို ကြည့်ရင် “မုဒိတာ”ဖြစ်တယ်။ “မေတ္တာ” “ကရုဏာ” “မုဒိတာ”ဆိုတာ ဘယ်နေရာပဲဖြစ်ဖြစ် ဖြစ်အောင်
စာမျက်နှာ-၂၅
ထားနိုင်မယ်ဆိုလို့ရှိရင် အင်မတန် မွန်မြတ်တဲ့ စိတ်ထားတွေလို့ မြတ်စွာဘုရားက ဒီလိုဟောတာ။

မိခင်၊ ဖခင်တွေလည်း သားသမီးနဲ့ ပတ်သက်တဲ့ “မေတ္တာ” “ကရုဏာ” “မုဒိတာ” “ဥပေက္ခာ”ဆိုတာ ရှိတယ်။ အဲတော့ လူတိုင်းလူတိုင်းမှာ ရှိနိုင်တယ်ပေါ့နော်။ မိခင်တွေကျတော့ ဘယ်လိုရှိတုန်းဆိုရင် ကိုယ့်သားသမီးပေါ်မှာ ကောင်းကျိုးချမ်းသာတွေကို လိုလားကြတယ်၊ ကြီးပွားစေချင်တယ်၊ ပညာရေးဘက်က တိုးတက်စေချင်တယ်။ စီးပွားရေးဘက်က တိုးတက်စေချင်တယ်၊ ရာထူးဌာနန္တရတွေ တိုးတက်စေချင်တယ်.. “မေတ္တာ” အဆင်မပြေတဲ့အခါမှာ ကြည့်... သူ့ဒုက္ခတွေ လွတ်ကင်းပါစေ၊ လွတ်မြောက်စေချင်တာ “ကရုဏာ”။ အဆင်ပြေလို့ရှိရင်လည်း ချမ်းသာပြီးတော့နေတာကို “မုဒိတာ”။ နောက်ဆုံးမှာ အဆင်ပြေသွားပြီး သူ့ကိုယ်သူ ရပ်တည်လို့ ဘဝတစ်ခုမှာ ထိုက်ထိုက်တန်တန် ပြည့်ပြည့်စုံစုံ နေပြီဆိုရင်
စာမျက်နှာ-၂၆
“ဥပေက္ခာ”။ အတိုင်းအတာတစ်ခုအရ “မေတ္တာ” “ကရုဏာ” “မုဒိတာ” “ဥပေက္ခာ”ဆိုတာ ဖြစ်ကြတယ်။

အဲဒီ စိတ်ဓါတ်တွေဟာ ဘယ်ပုဂ္ဂိုလ်မှာပဲဖြစ်ဖြစ် မွန်မြတ်တဲ့စိတ်ဓါတ်တွေပဲ၊ မိမိတို့သန္တာန်မှာ ဖြစ်ရင် မွန်မြတ်တဲ့ပုဂ္ဂိုလ်လို့ပဲ ခေါ်ရမှာပဲ။ ဒါကြောင့်မို့ မြတ်စွာဘုရားက စိတ်ဓါတ်နဲ့ ပတ်သက်ပြီးတော့ ဒီလိုဟောတယ်။ Idealism လို့ခေါ်တဲ့ စိတ်သာအဓိကဆိုတာ ဒီလိုမဟုတ်ဘူး၊ ရုပ်နဲ့ စိတ်ဆိုတာ နှစ်ခုတွဲဖက်ပြီးတော့နေတာ ဒါကကျင့်စဉ်အပိုင်းနဲ့ ပတ်သက်လာလို့ရှိရင် မွန်မြတ်တဲ့စိတ်ထားဖို့။
ရောဂါ
နောက်တစ်ခုက လောကမှာ ရောဂါဆိုတာ အကျဉ်းချုံးလိုက်ရင်တော့ နှစ်မျိုးပဲပေါ့။ ၉၆ ဖြာ ရောဂါဝေဒနာတို့၊ အခုခေတ် အမည်တပ်ရမယ့် ရောဂါတွေနဲ့ဆိုရင်တော့ အများကြီးပေါ့။ ဘာပဲ
စာမျက်နှာ-၂၇
ဖြစ်ဖြစ် ရောဂါဝေဒနာကို ၂ ခုတည်းနဲ့ ပြောလို့ရတယ်၊ မြတ်စွာဘုရားက ၂ ခုတည်းလို့ ပြောထားတယ်။ Physical disease & mental disease ဒီ ၂ ခုပဲရှိတယ်၊ ရုပ်ပိုင်းဆိုင်ရာရောဂါရယ်၊ စိတ်ပိုင်းဆိုင်ရာရောဂါရယ်၊ အဲဒီ ရုပ်ပိုင်းဆိုင်ရာရောဂါမှာတော့ မြတ်စွာဘုရား သတ်မှတ်ထားတာနဲ့ လောကက သတ်မှတ်တာ အတူတူပဲ။ ရုပ်ပိုင်းဆိုင်ရာရောဂါဆိုတာ ဒီကုသလို့ ပျောက်ကင်းတယ်ဆိုတာ ခဏပဲ ပျောက်တာ၊ ဘယ်သူမှထာဝရ ပျောက်တာမရှိဘူး။

ဘာဖြစ်လို့ မပျောက်တာတုန်းဆိုတော့ မြတ်စွာဘုရားက ဟောထားတာရှိတယ်၊ လူတွေရဲ့ သန္တာန်မှာ ဖွဲ့စည်းထားတာက “ရုပ်”၊ “ဝေဒနာ”၊ “သညာ”၊ “သင်္ခါရ”၊ “ဝိညာဏ”လို့ခေါ်တဲ့ ခန္ဓာ ၅ ပါး။ ခန္ဓာ ၅ ပါးဆိုတာ အစု ၅ စုကို ပြောတာ။ ဘုန်းကြီးတို့တတွေမှာ ရှိတာ Physical body လို့ခေါ်တဲ့ Physical aggregate၊ [?] Material
စာမျက်နှာ-၂၈
aggregate, matter aggregate ဆိုတဲ့ “ရူပက္ခန္ဓာ”ဆိုတာ ရုပ်အစုရှိတယ်၊ အဲဒါရယ် လူတွေမှာ စိတ်ရဲ့ ခံစားမှုတွေရှိတယ်။ အဲဒါက “ဝေဒနာ”။ စိတ်ထဲမှာ မှတ်သားမှုတွေရှိတယ်။ မြင်ပြီးတော့ မှတ်သားတယ်။ ကြားပြီးတော့ မှတ်သားတယ်။ အဲဒါကို “သညာ”လို့ခေါ်တယ်။ မှတ်ထားတဲ့အတိုင်း လူတွေဟော ခံစားမှုကလာတာ။ ဒါကြောင့်မို့ မှတ်သားမှုကလည်းပဲ သိဖို့အရေးကြီးတယ်။ နောက်တစ်ခု “သင်္ခါရ”ဆိုတာ လူတွေရဲ့ စိတ်တွေရဲ့ လှုံ့ဆော်လှုပ်ရှားမှုတွေ... “သင်္ခါရ”။ “ဝိညာဏ”ဆိုတာက အသိစိတ်ပေါ့နော်၊ အဲဒီလို ခန္ဓာ ၅ ပါးရှိတယ်။ ခန္ဓာ ၅ ပါးရှိတဲ့အထဲကနေပြီးတော့ ရုပ်ခန္ဓာက တစ်ခု၊ နာမ်နဲ့ ပတ်သက်တဲ့ ခန္ဓာက ၄ ခု၊ အားလုံးပေါင်းလိုက်လို့ရှိရင် ဘုန်းကြီးတို့သန္တာန်မှာ ဒီလိုရုပ်နဲ့ နာမ် ၂ မျိုးတည်းပဲရှိတယ်။

လူတိုင်းလူတိုင်းဟာ ရုပ်နာမ်ကလွဲလို့ ဘာတစ်ခုမှ မရှိဘူး၊ အဲဒါ သဘာဝကို ဆင်ခြင်စဉ်းစား
စာမျက်နှာ-၂၉
ကြည့်လိုက်လို့ရှိရင် ဒီရုပ်နာမ် ၂ မျိုးတည်းပဲရှိတယ်။ အဲဒီရုပ်နာမ် ၂ မျိုးထဲမှာ မြတ်စွာဘုရားက ဟောထားတာ။ ရုပ်ကိုရလာတာလည်း ဒုက္ခကိုရလာတာပဲတဲ့။ “ယာ ဘိက္ခဝေ ရူပဿ ဥပ္ပါဒေါ ဒုက္ခဿသော ဥပ္ပါဒေါ”။ ဘုန်းကြီးတို့တတွေ ရထားတာကိုက ဒုက္ခကြီးကို ရထားတာ။ ဒုက္ခရထားတာနဲ့ တပြိုင်နက် အဲဒီ ရုပ်ခန္ဓာဟာ ဘာလဲလို့ဆိုရင် ဒုက္ခပဲတဲ့။ ဟုတ်တာပေါ့။ ရုပ်ခန္ဓာဆိုတာ နည်းနည်းလေးရဲ့ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ ခန္ဓာကိုယ်မှာရှိတာတွေကို ကြည့်လိုက်မယ်ဆိုရင် လူတွေဟာ မျက်စိကို ရထားတယ်။ နားကို ရထားတယ်။ နှာခေါင်းကို ရတယ်။ လျှာကို ရတယ်။ ကျန်တဲ့ Body လို့ဆိုတဲ့ ခန္ဓာကိုယ်ကြီး ရုပ်ခန္ဓာရတယ်။ ဘယ်ဟာပဲဖြစ်ဖြစ် ရုပ်ကရောဂါမဖြစ်နိုင်တဲ့နေရာ တစ်နေရာမှ မရှိဘူးလေ။ မျက်စိကလည်း ရောဂါဖြစ်တာပဲ၊ နားကလည်း ရောဂါဖြစ်တာပဲ၊ နှာခေါင်း၊ လျှာ၊
စာမျက်နှာ-၃၀
ခန္ဓာကိုယ် ရောဂါဖြစ်တာပဲ။ အဲဒါ ရထားလို့ ရောဂါဆိုတာ ဖြစ်ရတာပေါ့။

လူတွေက ရောဂါလို့ဆိုတဲ့အခါမှာ အသက်ကို အန္တရာယ်ပြုလာမှ ရောဂါလို့ယူဆတာကိုး၊ တကယ်တော့ ရောဂါရဲ့ အဓိပ္ပါယ်က ဘာတုန်းဆိုတော့ (ပါဠိသံ မှန်ဖတ်မယ်ဆိုရင် “ရာဂ” လို့ ဖတ်ရတယ်) ရောဂါဆိုတာ “ရုဇ္ဇတိတိ ရောဂေါ” ခံရခက်တာတွေ မှန်သမျှ “ရာဂ”တွေချည်းပဲ။ ခံရခက်တယ်၊ ထိခိုက်တယ်၊ ပျက်စီးတယ်၊ အဲဒါတွေဟာ အကုန်လုံး “ရောဂါ”တွေချည်းပဲ။ ဒါကြောင့်မို့လို့ မျက်စိကိုရတာကလည်း “ရောဂါ”ရတာပဲ၊ နားကိုရလာတာလည်း “ရောဂါ”ရလာတာပဲ၊ ဘာဖြစ်လို့တုန်းဆိုတော့ မျက်စိဆိုတာလည်း နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာတွေ ရှိတာပဲ၊ နားမှာလည်း နားကိုက်တာ ရှိတာပဲ။ နှာခေါင်းမှာလည်း ထိခိုက်တာရှိတာပဲ။ လျှာမှာလည်း ထို့အတူပဲ။ ကျန်တဲ့ ရုပ်ပိုင်းဆိုင်ရာတွေ အားလုံးမှာလည်းပဲ ဖြစ်နိုင်တာတွေချည်းပဲ အကုန်လုံး။
စာမျက်နှာ-၃၁
ဒါကြောင့်မို့ ခန္ဓာ ၅ ပါး ရထားတာဟာ ရောဂါကိုရထားတာပဲလို့ မြတ်စွာဘုရားက ဟောတယ်။ အဲဒါက တရားဓမ္မမှုထောင့်ကနေ ကြည့်မယ်ဆိုလို့ရှိရင် လူတွေက ကျန်းမာပါတယ်လို့ ပြောတဲ့ ခန္ဓာကိုယ်မှာပဲ ရောဂါတွေရှိတယ်လို့ ဒီလိုပြောရမယ်။ တစ်နေ့တစ်ချိန်ကျတော့ ပျက်စီးသွားတာချည်းပဲလေ၊ မပျက်စီးတာတစ်ခုမှ မရှိဘဲ ထာဝရပြောင်းလဲနေတဲ့ သဘာဝတရားကြီးပဲ။

သို့သော် ပြောင်းတာကို ပြောင်းမှန်း ဘုန်းကြီးတို့တတွေ မသိနိုင်ဘူး၊ မသိနိုင်တာက စူးစိုက်ပြီး မကြည့်လို့ မသိတာ။ စူးစိုက်ပြီး လေ့လာကြည့်မယ်ဆိုရင် ပြောင်းနေတယ်ဆိုတဲ့သဘောကို သိနိုင်တယ်၊ ဥပမာမယ်... မြစ်ကမ်းနားမှာထိုင်ပြီး မြစ်ရေတွေ စီးနေတာကို ကြည့်၊ ကြည့်လို့ရှိရင် မျက်စိကို မပြောင်းဘဲနဲ့ ကြည့်ထား၊ ကိုယ်ကြည့်ထားတဲ့ မြစ်ရေလေးကို မျက်စိလေးမှိတ်ပြီး နောက်ထပ် ပြန်ဖွင့်ကြည့်လိုက်၊ အဲဒီရေ ဟုတ်သေးလား။
စာမျက်နှာ-၃၂
မဟုတ်တော့ဘူးနော်၊ အဲဒါ အင်မတန်မှ ထင်ရှားတယ်။ အဲဒီလိုပဲ ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်အားလုံး နာမ်အားလုံးဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြောင်းသွားပြီ။ ပြောင်းသွားတာဟာ ဒီ... Difference ကို မသိနိုင်လို့သာ လူတွေက ပြောင်းမှန်းမသိလိုက်တာကိုး။

ပြောင်းတယ်ဆိုတာ စဉ်းစားကြည့်ပေါ့။ လူတွေဟာ မွေးလာတဲ့ တစ်နှစ်သားအရွယ်ကနေပြီးတော့ ၁၀ နှစ်သား၊ ၁၀ နှစ်သားကနေပြီးတော့ နောက် အနှစ် ၂၀၊ ၃၀ ကြည့်ကြည့်လိုက်လို့ရှိရင် ပြောင်းလဲမှုတွေက နည်းနည်းကြာလာတဲ့အခါမှာ ထင်ထင်ရှားရှား မတူညီတဲ့ဟာတွေက ပေါ်လာမှပဲ “သော်... ပြောင်းသွားတယ်”လို့ ပြောကြတာကိုး၊ သို့သော် သူပြောင်းနေတာဟာ စက္ကန့်တိုင်း ပြောင်းနေတာ၊ ချက်ချင်းကြီး ပြောင်းသွားတာ မဟုတ်ဘူး၊ စက္ကန့်ပိုင်းအလိုက် ပြောင်းနေတာ။ ပထမတွေ့တာက Primary လို့ပြောရင် မူရင်းလို့
စာမျက်နှာ-၃၃
ပြောရင် နောက်ဟာက Copy ပဲ။ အဲဒီ Copy က ပထမဟာနဲ့ တူနေသည့်အတွက်ကြောင့် ပြောင်းမှန်းမသိတာပေါ့။ အဲဒါက သဘာဝတရားဟာ ဒီတိုင်းပဲရှိတယ်ဆိုတာ သိရင် ငါလို့ပြောစရာလည်း တစ်ခုမှမရှိဘူး။ ငါ့ဟာလို့ ပြောစရာလည်း တစ်ခုမှမရှိတော့ဘူး။ ဒါကြောင့်မို့ မြတ်စွာဘုရားက “ရုပ်တရားကို ရလာတာဟာ ဒုက္ခရလာတာပဲ”တဲ့။

ဒုက္ခလို့ဆိုတဲ့နေရာမှာ အများစုက ဒုက္ခဆိုလို့ရှိရင် အ... စားဝတ်နေရေး အဆင်မပြေရင် ဒုက္ခ၊ မကျန်းမာရင် ဒုက္ခ၊ ဘဝမှာ အဆင်မပြေတာတွေရှိရင် ဒုက္ခပေါ့လေ၊ နာတာ၊ ကျင်တာ၊ ကိုက်တာ၊ အဲတာ အဲဒီကျတော့မှ ဒုက္ခလို့ထင်တာ။ အဆင်ပြေနေပြီဆိုလို့ရှိရင် ဒုက္ခလို့မထင်ဘူး။

မြတ်စွာဘုရား ဆိုလိုတဲ့ ဒုက္ခက အဲဒီထက် ပိုလေးနက်တယ်။ ဒီ ထာဝရပြောင်းနေတာကြီးကိုက ဒုက္ခလို့ ဆိုလိုတယ်။ သူက ရပ်နေလို့မှမရတာ၊ အဲဒီ ထာဝရပြောင်းနေတာကြီးကိုက
စာမျက်နှာ-၃၄
ဒုက္ခ။ ဒါကြောင့်မို့ “ယဒနိစ္စံ တံ ဒုက္ခံ” မမြဲတာကိုပဲ မြတ်စွာဘုရားက ဒုက္ခလို့ပြောတာ၊ မပျော်လို့ပြောတဲ့ဒုက္ခ၊ အရပ်ထဲမှာ ပြောနေတဲ့ “ဪ... ဒုက္ခ ဒုက္ခ” ဆိုတဲ့ ဒုက္ခမျိုးမဟုတ်ဘူး။

အဲဒီလို မမြဲတာကြီးကို ကိုယ့်စိတ်တိုင်းကျ လုပ်လို့ရမလားဆိုတော့ မရဘူး။ ကိုယ်ဖြစ်ချင်တာတစ်ခုမှ ဖြစ်လာမှာမဟုတ်ဘူး။ ဒါနဲ့ပတ်သက်လာရင် လူတွေကတော့ တွေးရင်တွေးမယ်၊ ငါဖြစ်ချင်တာတွေ ဖြစ်လာတယ်၊ ငါဖြစ်ချင်တာတွေ ဖြစ်လာတယ်။ မဟုတ်ဘူး၊ ဆိုင်ရာဆိုင်ရာ အကြောင်းအကျိုးတွေ ညီညွတ်လို့ဖြစ်တာ။ ငါဖြစ်ချင်လို့ ဖြစ်တာမဟုတ်ဘူး။ Accidentally ပဲ။ တိုက်ဆိုင်သွားမှုတွေသာ ဖြစ်တယ်။ ကိုယ်ဖြစ်ချင်တာ မဖြစ်ဘူးဆိုတာ စဉ်းစားကြည့်လေ၊ ခေါင်းပေါ်က ဆံပင်လေး မဖြူချင်ဘူးဆိုရင်လည်း မရဘူးလေ။ သွားမကျိုးချင်ဘူးလည်း မရဘူး၊ ပါးရေမတွန့်ချင်ဘူးဆိုတာလည်း မရဘူး။ အမြဲတမ်း ငယ်ငယ်
စာမျက်နှာ-၃၅
ရွယ်ရွယ်လေးဆိုတာလည်း မရဘူး။ မရနိုင်တာတွေ၊ အဲဒါကိုပဲ “အနတ္တ” လို့ပြောတာ “အဝသဝတ္တနံ”၊ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဒီ... ကိုယ့်သန္တာန်မှာရှိတဲ့ ရုပ်တွေ၊ ဝေဒနာတွေ၊ သညာတွေ၊ သင်္ခါရတွေ၊ ဝိညာဏတွေဆိုတဲ့ ဒီခန္ဓာတွေဟာ ကိုယ်လုပ်ချင်တဲ့အတိုင်း လုပ်မှမလုပ်တာ၊ သူ့သဘာဝအတိုင်းပဲ သူသွားနေတာ၊ အဲတော့ ကိုယ်ပိုင်ဆိုင်တယ်ဆိုတာ တကယ်ကျတော့ ဘာမှအဓိပ္ပါယ်မရှိဘူးလို့ဆိုတယ်။ အဲဒါကို မြတ်စွာဘုရားက မြင်အောင်ကြည့်ခိုင်းတာ။

အဲဒီမှာ ရောဂါနဲ့ ပတ်သက်လာလို့ရှိရင် Physical body [?] [?] [?] ရောဂါဝေဒနာဖြစ်လာမှ လူတွေဟာ ဒါရောဂါလို့ သတ်မှတ်ကြတယ်။ အဲဒီရောဂါဟာ ဘယ်တော့မှ ပျောက်ကင်းအောင် ကုလို့မရဘူးတဲ့။ ခဏတဖြုတ်မှာ သူရဲ့လှုပ်ရှားမှု မထင်ရှားရုံလောက်ပဲ၊ လူတွေမှာ ကျန်းမာတယ်ဆိုတာ အဲဒီလိုပြောရတယ်။
စာမျက်နှာ-၃၆

စိတ်မနာပါစေနဲ့
တစ်ခါတုန်းက နကုလပိတာဆိုတဲ့ ဒကာကြီးတစ်ယောက်ရှိတယ်။ သူက မြတ်စွာဘုရားနဲ့ အလွန်ရင်းနှီးတယ်။ ဘဝကလည်း မြတ်စွာဘုရားနဲ့ အတော်ခဲ့တဲ့ ဘဝတွေကများတော့ ဘုရားကို သူ့သားလို့ သူကယူဆတယ်။ သံသရာက အချစ်နဲ့ မြတ်စွာဘုရားအပေါ်မှာ သံယောဇဉ်ဖြစ်တယ်။ သို့သော် အဲဒီအချိန်မှာ သူက တရားထူးတရားမြတ် ရပြီးတဲ့ ပုဂ္ဂိုလ်ဖြစ်နေပြီး အနာဂါမ်အဆင့်လောက် ရောက်နေပြီ။ အသက်အရွယ်ကြီးလာလို့ ကျန်းမာမှုတွေ ယိုယွင်းလာတဲ့အခါမှာ ဘုရားဆီကို မရောက်နိုင်ဘူး။ တစ်နေ့တော့ ရောဂါဝေဒနာသက်သာလို့ ကြိုးစားပြီးတော့ ကျောင်းအရောက်လာတယ်။

ရောက်လာတဲ့အခါ ဘာပြောတုန်းဆိုတော့ “တပည့်တော် ဘုရား...တဲ့၊ အသက်အရွယ်ကလည်း ကြီးပြီ။ အရှင်ဘုရားဆီလည်း မလာနိုင်
စာမျက်နှာ-၃၇
ဘူး၊ ခန္ဓာကိုယ်ကလည်း အမြဲတမ်း နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာတွေ ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ တပည့်တော်ကို ဆုံးမဩဝါဒလေး ပေးပါဦး” လို့ လျှောက်တယ်။ အဲဒီအခါ မြတ်စွာဘုရားက “အေး... ဟုတ်တာပေါ့။ ခန္ဓာကိုယ်ကြီးဆိုတာ အမြဲတမ်း နာနေတာပဲ။” - ဘယ်လောက် ကျန်းမာတဲ့လူ ဖြစ်ပါစေလေ၊ ဣရိယာပုထ် မပြောင်းဘဲနဲ့ နေကြည့်လိုက် Body posture တွေက ပြောင်းနေရတာ၊ ထိုင်တာကြာရင် ညောင်းလာတာပဲ၊ အိပ်တာ ကြာလာရင် ညောင်းလာတာပဲ၊ လမ်းလျှောက်တာ ကြာလာရင်လည်း ပြောင်းလာတာပဲ။ တစ်ခုနဲ့တစ်ခု အပြောင်းအလဲလေး လုပ်သည့်အတွက်ကြောင့် ကိုယ့်ကိုယ်ကို ကျန်းမာတယ်လို့ ထင်နေရတာကိုး၊ အကြာကြီး ထိုင်လိုက်တာနဲ့ တပြိုင်နက် သူကသူရဲ့ သဘာဝက ပေါ်လာတာပဲ။
စာမျက်နှာ-၃၈
အဲဒါကြောင့်မို့ မြတ်စွာဘုရားက “အေး... ရုပ်ခန္ဓာကိုယ်ကြီးဆိုတာ အမြဲတမ်း နာနေတာပါ။ မဆန်းပါဘူး။ ခန္ဓာကိုယ်ကြီးဟာ ကြက်ဥ၊ ငှက်ဥလိုပဲ အထိမခံဘူး။” ဒါတော့ ဈေးဝယ်တဲ့ ပုဂ္ဂိုလ်တွေ ကြက်ဥတွေဝယ်ရင် သတိထားရမှာပေါ့။ ဒီပြင် ဟင်းသီးဟင်းရွက်တွေ ဝယ်ရတာက ဘယ်နေရာ ထည့်ထည့်၊ ကြက်ဥကျတော့ ကွဲကျမှာ ကြောက်ရတာကိုး။ အဲဒီတော့ ကြက်ဥ၊ ငှက်ဥတွေဟာ မထိလိုက်နဲ့ ထိလိုက်ရင် ကွဲသွားနိုင်သလို လူ့ခန္ဓာကိုယ်ကြီးလည်း ခလုတ်မတိုက်လိုက်နဲ့ တိုက်လိုက်ရင် ပဲ့သွားမှာပဲ။ ဒါကြောင့်မို့ မြတ်စွာဘုရားက “အဏ္ဍဘူတော” ခန္ဓာကိုယ်ကြီးဆိုတာ ကြက်ဥငှက်ဥလိုပဲတဲ့။ “ပရိယာနဒ္ဓါ” အင်မတန်ပါးတဲ့ အရေလေးနဲ့ ဖုံးအုပ်ထားတာတဲ့။

အဲဒီတော့ လိုက်နာကျင့်သုံးရမယ့် ဩဝါဒလေးတစ်ခု မြတ်စွာဘုရားက ဟောတယ် “ခန္ဓာကိုယ်ကြီး နာချင်နာပါစေ စိတ်မနာပါစေနဲ့” လို့ ဒီလို
စာမျက်နှာ-၃၉
ပြောတာ။ ခန္ဓာကိုယ်နာတာကတော့ သဘာဝအတိုင်းပဲ။ မရဘူးလို့ ဒီလိုပြောတာ၊ စိတ်က မနာအောင် လုပ်လို့ရတယ်။ ဒါကြောင့် ဘုရားက “စိတ်မနာပါစေနဲ့” ဒီလိုပြောတာ။
ကာယိကရောဂနှင့် စေတသိကရောဂါ
ဘုရားက Physical disease ထက် ပိုပြီးတော့ အရေးကြီးတာ Mental disease ဖြစ်တယ်လို့ပြောတာ၊ စိတ်ရောဂါလို့ဆိုတဲ့နေရာမှာ သဘာဝစိတ်လေးဟာ ဖြူစင်နေတဲ့အချိန်။ ဆိုပါစို့... ခုနကလို “မေတ္တာ” တို့၊ “ကရုဏာ” တို့၊ “မုဒိတာ” တို့၊ “ဥပေက္ခာ” တို့ဆိုတဲ့ ဒီကောင်းမြတ်တဲ့အနေထားလေးတွေ ဖြစ်နေလို့ရှိရင် သူက စိတ်မှာရောဂါကင်းနေတယ်၊ ကျန်းမာတယ်လို့ ပြောရမယ်။ အေး... “လောဘ”ဖြစ်လာပြီ၊ “ဒေါသ”ဖြစ်လာပြီ၊ “မောဟ”တွေ ဖြစ်လာပြီ၊ “မာန်မာန”တွေ ဖြစ်လာပြီဆိုရင် စိတ်ဟာ ထိခိုက်လာတာပဲ။ ရောဂါဖြစ်လာတယ်လို့
စာမျက်နှာ-၄၀
ဒီလိုဆိုလိုတာပေါ့။ အဲဒီ စိတ်ရောဂါကို မြတ်စွာဘုရားက မဖြစ်ပါစေနဲ့။ ရုပ်နဲ့ဆိုင်ရာ ရောဂါဝေဒနာက ပျောက်အောင်မကုနိုင်ပေမယ့်လို့ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာက ပျောက်အောင် ကုနိုင်တယ်။

ဆိုပါစို့... ခုနလို အသိဉာဏ်တွေရှိပြီးတော့ စိတ်ထဲမှာ “လောဘ” ဘယ်တော့မှ မပေါ်ပေါက်အောင်၊ “ဒေါသ”တွေ ဘယ်တော့မှ မပေါ်အောင်၊ “မောဟ”တွေ ဘယ်တော့မှ မပေါ်အောင်ဆိုတဲ့ နည်းစနစ်တွေရှိတယ်။ အဲဒီနည်းစနစ်တွေနဲ့ ကုလိုက်လို့ရှိရင် အမြစ်ပြတ်တယ်လို့ ခေါ်တာ။

“ကာယိကရောဂ” လို့ဆိုတဲ့ Physical disease က ဘယ်တော့မှ အမြစ်မပြတ်ဘူး၊ ခန္ဓာကိုယ်ရှိနေသေးသမျှ လာဦးမှာပဲ။ ဒါကြောင့်မို့ Diagnosis မှာ ရောဂါမရှိဘူးဆိုလည်း ဝမ်းသာစရာမဟုတ်ဘူး၊ ရှိတယ်ဆိုလည်း ကြောက်စရာ၊ ဝမ်းနည်းစရာမဟုတ်ဘူး။ ဘာဖြစ်လို့တုန်းဆိုရင်
စာမျက်နှာ-၄၁
အတူတူပဲ။ Physical body ရှိတဲ့ ပုဂ္ဂိုလ်တိုင်းမှာ ရှေ့နဲ့နောက် ဒါပဲကွာတာပဲလေ။ အဲတော့ စိတ်နဲ့ပတ်သက်လာတဲ့အခါကျတော့ သူက ပိုကြောက်စရာကောင်းတယ်။ လောကလူတွေက မြင်ရတဲ့ဟာသာ ပိုကြောက်တာ၊ မမြင်ရတာကို သိပ်မကြောက်ဘူး။ မျက်ကန်း တစ္ဆေမကြောက်ဘူးဆိုတာ အဲဒါနဲ့တူတယ်။

စိတ်ရောဂါနဲ့ပတ်သက်ပြီးတော့ မကြောက်ကြဘူး။ အခု ဒီမှာ ခေတ်အခြေအနေအရ Mental disease လို့ သတ်မှတ်တဲ့ ရောဂါမျိုးဟာ သာမန်လူတွေနဲ့မတူတဲ့ ရောဂါမျိုးဖြစ်မှ လူတွေက စိတ်ရောဂါလို့ သတ်မှတ်တယ်။ မြတ်စွာဘုရားက အဲဒါကို စိတ်ရောဂါလို့ အဲဒီအဆင့်ထက် ပိုပြီးတော့ လေးနက်တာကို စိတ်ရောဂါလို့ သတ်မှတ်တယ်။ စိတ်ရောဂါဆိုတာ ခုနက “လောဘ” ဖြစ်မယ်၊ “ဒေါသ” ဖြစ်မယ်၊ “မောဟ” ဖြစ်မယ်၊ “မာန်မာန” ဖြစ်မယ်၊ အဲဒါ စိတ်ရောဂါတစ်ခုပဲ။ အဲဒီစိတ်
စာမျက်နှာ-၄၂
ရောဂါကျတော့ သာမန်ဆေးကျွေးရုံနဲ့ ဒီရောဂါဟာ မပျောက်နိုင်ဘူး။ အခု သာမန်စိတ်ရောဂါဆိုတာတွေကျတော့ ဆေးကျွေးတာတို့၊ treatment တွေနဲ့ ပျောက်တယ်၊ သက်သာတယ်၊ ပျောက်ကင်းတယ် လို့ ဒီလိုရှိတယ်ပေါ့နော်။ ရောဂါကုထုံး။

မြတ်စွာဘုရားသတ်မှတ်ထားတဲ့ “စေတသိကရောဂ” ဆိုတာတော့ ရဟန္တာ ဖြစ်မှ ပျောက်တယ်။ အဲဒါ ပျောက်တဲ့နည်းလမ်း ရှိသလားလို့ ဆိုတော့ ရှိတယ်၊ မြတ်စွာဘုရားက ဆေးရုံဆေးခန်း သွားပြီးတော့၊ “ဂီလာန သာလာ” တွေ သွားပြီးတော့ ရဟန်းတွေကို အဲဒီရောဂါပျောက်ဖို့ရာအတွက် ဘာကို ဟောလေ့ရှိတုန်းဆိုတော့ “သတော ဘိက္ခဝေ ဝိဟရေယျ သမ္ပဇာနော”။ ဆိုလိုတာကတော့ “ချစ်သားရဟန်းတို့၊ သတိတရားကြီးစွာ ထားပြီးတော့ ဆင်ခြင်တုံတရားနဲ့ နေကြ” လို့ ဒီလိုပြောတာ။
စာမျက်နှာ-၄၃
သူ့ကို ကုစားရမယ့် ဆေးတွေက အပြင်ဘက်ကဆေး မဟုတ်ဘူး။ စိတ်ကို စိတ်နဲ့ပဲ ပြန်ကုစားတာ။ ဆိုလိုတာကတော့ ကိုယ့်သန္တာန်မှာ စိတ်အစဉ်ထဲမှာ အကောင်းရှိသလို၊ အဆိုးတွေလည်း ရှိတယ်။ အဆိုးက ပိုများတယ်။ စိတ်ထဲမှာ စိတ်ရဲ့ အညစ်အကြေးတွေဆိုတာ ရှိတယ်။ အဲဒီ စိတ်ရဲ့ အညစ်အကြေးတွေကို စိတ်ထဲမှာ ဖြူစင်တဲ့အပိုင်းဆိုတာလည်း ရှိတယ်၊ အဲဒီ ဖြူစင်တဲ့အပိုင်းကို ကြီးထွားလာအောင် လုပ်ပြီးတော့ ညစ်နွမ်းတဲ့အပိုင်းတွေကို ထုတ်ပစ်တဲ့နည်းစနစ်ပဲ။

သတိသမ္ပဇည

ဆိုပါစို့ ... သတိကို လေ့ကျင့်မွေးမြူပြီးတော့ ကာမဂုဏ် အာရုံတွေထဲမှာ မေ့လျော့နေတာ၊ သတိလက်လွတ် ဖြစ်နေတာကို ထုတ်ပစ်လို့ရတယ်။ “အလောဘ” လို့ခေါ်တဲ့ generosity ကို ကိုယ့်ရဲ့နှလုံးသားထဲမှာ မွေးမြူပြီးတော့ “လောဘ” ဆိုတာ
စာမျက်နှာ-၄၄
ကို ထုတ်ပစ်လို့ရတယ်။ “အဒေါသ” ဆိုတဲ့ “မေတ္တာ” တရားကို တည်ဆောက်ပြီးတော့ “ဒေါသ” ဆိုတဲ့ အမုန်းတရားကို ထုတ်ပစ်တာ၊ “အမောဟ” ဆိုတဲ့ wisdom နဲ့ knowledge နဲ့ “မောဟ” ဆိုတဲ့ delusion ကို ထုတ်ပစ်ရမယ်။ ဒီလိုဆိုလိုတာ။

အဲတော့ ဘုန်းကြီးတို့တတွေရဲ့ စိတ်ထဲမှာ အကောင်းနဲ့အဆိုးဟာ ဒွန်တွဲပြီးတော့ ရှိနေတယ်။ အဲဒီထဲမယ် အကောင်းကို အင်အားရှိလာအောင် လုပ်ပေးပြီးတော့ အဆိုးတရားတွေကို ဖယ်ရှားပစ်တဲ့နည်းစနစ်ပဲ၊ အဲဒါကိုပဲ meditation လုပ်တယ် လို့ ပြောတာနော်။ meditation လုပ်တယ်ဆိုတာ အပြင်ဘက်ကို လေ့ကျင့်တာ မဟုတ်ဘူး။ energy လို့ဆိုတဲ့ mental power တွေဟာ စိတ်ထဲမှာပဲ ရှိတယ်၊ ကိုယ့်ခန္ဓာကိုယ်ထဲမှာပဲ ရှိတယ်၊ ကိုယ့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဒီ mental power တွေကို ကောင်းတဲ့အပိုင်းတွေကို လေ့ကျင့်မွေးမြူပြီးတော့ မကောင်းတဲ့အပိုင်းတွေကို ဖယ်ရှားပစ်တာ၊ အဲဒီ
စာမျက်နှာ-၄၅
နည်းနဲ့ ကုသလို့ရှိရင် ဒီ “လောဘ” ဆိုတဲ့ရောဂါ၊ “ဒေါသ” ဆိုတဲ့ရောဂါ၊ “မောဟ” ဆိုတဲ့ရောဂါ ဒါတွေဟာ အကုန်လုံး ရှင်းသွားနိုင်တယ်၊ ပျောက်ကင်းသွားနိုင်တယ်။

ဒီရောဂါတွေ ပျောက်ကင်းသွားတဲ့ နည်းစနစ်ကို မြတ်စွာဘုရားက “သတိသမ္ပဇည” ဆိုတဲ့ လေ့ကျင့်မှုနှစ်ခုကို ပေးထားတယ်။ ဒီနှစ်ခုမှာ သတိမရှိရင် သမ္ပဇညဆိုတာ မဖြစ်ဘူး၊ “သတိ သမ္ပဇည” ဆိုတာ အမြဲတမ်း တွဲဖက်ထားတယ်။ “သတိ” ဆိုတာ အမှတ်ရနေတာ၊ အမှတ်ရတယ်ဆိုတာ ကိုယ့်စိတ်ရဲ့ အခြေအနေကို ကိုယ်သိနေတာ။ အဲဒီကိုယ့်စိတ်နဲ့ ကိုယ့်အခြေအနေပေါ်မှာ mindful ဖြစ်နေတာကို “သတိ” လို့ခေါ်တာပေါ့။ အင်္ဂလိပ်လို “သတိ” ကို mindfulness လို့ပဲ ပြန်တယ်။ အဲဒီတော့ စိတ်အာရုံစိုက်ထားတာ၊ စိုက်ထားတဲ့အခါကျတော့ သဘာဝကို သိတာက “သမ္ပဇည”၊ စိတ်အာရုံစိုက်ထားတာက “သတိ”။
စာမျက်နှာ-၄၆
အဲဒီ “သတိ”၊ “သမ္ပဇည” နှစ်ခု ပူးပေါင်းပြီးတော့ အလုပ်လုပ်ပြီဆိုရင် သဘာဝတရားတွေရဲ့ အစစ်အမှန်ကို သိလာပြီး မကောင်းတဲ့စိတ်ရဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်ပြီ။ ဘယ်လို ဖယ်ရှားတာတုန်းဆိုရင် ကောင်းတာတွေကို ထူထောင်ပြီးတော့၊ ကောင်းတာတွေကို အင်အားပြည့်လာအောင် လုပ်ခြင်းဖြင့် မကောင်းတာတွေကို ဖယ်ရှားပစ်လိုက်တာ၊ အပြန်အလှန် ကျင့်သုံးတဲ့ နည်းစနစ်ပေါ့နော်။ သဘာဝကို သဘာဝနဲ့ ပြန်ထိန်းချုပ်တဲ့ နည်းစနစ်ပဲ။ စိတ်ရဲ့ စွမ်းအားထဲမှာ မကောင်းတဲ့ သဘာဝတရားတွေကို ကောင်းတဲ့ သဘာဝတရားနဲ့ ပြန်ပြီးတော့ ထိန်းချုပ်ပစ်လိုက်တယ်။ အဲဒီထိန်းချုပ်နိုင်ပြီး စိတ်စွမ်းအားတွေ မိမိမှာ ကြံ့ခိုင်မှုတွေ ရလာနိုင်တယ်။ ဒါကြောင့်မို့ ဘုရားက “သတော ဘိက္ခဝေ ဝိဟရေယျ သမ္ပဇာနော”၊ “သတိ သမ္ပဇညနဲ့နေ” လို့ဆိုတာ။
စာမျက်နှာ-၄၇
ဒါဖြင့် ဘယ်လိုနေရမှာတုန်းလို့ဆိုတော့ သတိနဲ့နေဖို့ရာအတွက် အာရုံ ၄ မျိုး ပေးထားတယ်။ အဲတော့ physical body ပေါ်မှာ စိတ်စိုက်ထားတာဖြစ်စေ၊ ခံစားချက်ပေါ်မှာ စိတ်စိုက်တာပဲဖြစ်စေ၊ မိမိရဲ့ စိတ်အစဉ်ပေါ်မှာ စိတ်စိုက်တာပဲဖြစ်စေ၊ ကျန်တဲ့ သဘာဝတရားတွေပေါ်မှာ စိတ်စိုက်တာပဲဖြစ်စေ၊ ကိုယ့်သန္တာန်နဲ့၊ ကိုယ့်ရဲ့ခန္ဓာနဲ့၊ ကိုယ့်ရဲ့အတွင်းနဲ့ ကင်းကွာမသွားအောင် စိတ်ကို အတွင်းဘက်ကို ဦးလှည့်ပေးတာဟာ ဒါ “သတိ” ပဲ။

ဘုန်းကြီးတို့တတွေက သေချာစဉ်းစားကြည့်ရင် နေ့စဉ်နဲ့အမျှ စိတ်ဟာ အတွင်းကို သတိထားတာ နည်းတယ်။ အပြင်ပဲ စိတ်ကူးနေကြတာ။ အေး... ဘာလုပ်ရဦးမယ်၊ ဘယ်သွားရဦးမယ်၊ ဒီ... အပြင်ကိစ္စတွေပဲ စိတ်ဟာ လွှတ်ထားတာ ဖြစ်နေတယ်။ ကိုယ့်ရဲ့အတွင်းဘက်ကို ပြန်လှည့်တာ မရှိဘူး၊ ဒါကြောင့်မို့လို့ အတွင်းဘက်ကို ပြန်လှည့်
စာမျက်နှာ-၄၈
ပေးရမယ်။ အနီးဆုံးဟာ မသိဆုံးအရာ ဖြစ်နေတယ်... အခုဟာတွေတော့ သိကြတယ်။ အနီးဆုံးဖြစ်တဲ့ ကိုယ့်ခန္ဓာကိုယ်မှာ ဘာနဲ့တူတုန်းဆိုလို့ရှိရင် ကိုယ့်မျက်တောင်မွေး ကိုယ်မမြင်ရသလို၊ ကိုယ့်မျက်ခုံးမွေးကို ကိုယ်မမြင်ရသလိုပဲ။ အနီးဆုံးဟာကို မမြင်နိုင်ကြဘူး။ အပြင်ကိုပဲ မြင်နေကြတယ်။ အဲဒါ မြတ်စွာဘုရားက ပြောင်းပြန်ခိုင်းတာပဲ။ အနီးကို ပြန်ကြည့်ခိုင်းတာ။ အနီးကို ပြန်ကြည့်တာဟာ သတိနဲ့ ပြန်ကြည့်တဲ့အခါကျတော့၊ အနီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာ အသိဉာဏ်နဲ့ ရှင်းရှင်းလင်းလင်း သိလာရလို့ရှိရင် သမ္ပဇည လို့ခေါ်တယ်။

ယောနိသောမနသိကာရ

ဘာပဲဖြစ်ဖြစ် လုပ်ရင် အမှတ်တမဲ့ မလုပ်ဘူး၊ စဉ်းစားဆင်ခြင်ပြီးတော့ လုပ်တယ်။ ဥပမာမယ်... ဒေါသထွက်တယ်ဆိုရင် ဒီဒေါသ ဘာလို့ဖြစ်တာလဲ၊
စာမျက်နှာ-၄၉
ဘယ်က ပေါ်လာတာတုန်းနော်၊ ဘာကို အကြောင်းပြုပြီးတော့ ဘာဖြစ်တာတုန်းဆိုတာကို အကြောင်းရင်းကို လိုက်ရှာကြည့်။ အကြောင်းရင်းကို လိုက်ရှာကြည့်လိုက်ရင် တွေ့လိမ့်မယ်၊ ကိုယ်မကြိုက်တဲ့ အာရုံတစ်ခုရယ်၊ မကြိုက်တဲ့အာရုံပေါ်မှာ ကိုယ်နှလုံးသွင်းတာ မမှန်တာရယ်၊ ဒီနှစ်ခု အကြောင်းပြုပြီးတော့ ဖြစ်တာ။ ကိုယ့်စိတ်က နဂိုထဲက ဒါမကြိုက်ဘူးဆိုတာ သတ်မှတ်ထားတယ်။ အဲဒီမကြိုက်တာကို လုပ်ရမလား၊ ဒီမကြိုက်တာကြီး ဖြစ်ရမလားဆိုတဲ့ အတွေးပေါ်မှာ ဒီဟာ ဒေါသက ဖြစ်တာပဲ။ အဲတော့ မကြိုက်တဲ့အာရုံဆိုတာ ပြင်လို့တော့ မရဘူး၊ မကြိုက်တဲ့၊ မကြိုက်စရာကောင်းတဲ့ အာရုံပဲ ရှိနေမှာပဲ၊ သူ့ဟာသာသူနော်။

အာရုံဆိုတာ နှစ်မျိုးရှိတယ်။ desirable object နဲ့ undesirable object။ နှစ်သက်စရာ အာရုံဆိုတာလည်း လောကမှာ ရှိနေမှာပဲ၊ မနှစ်မြို့စရာ အာရုံဆိုတာလည်း လောကမှာ ရှိနေမှာပါ။ သူ့ကို
စာမျက်နှာ-၅၀
ပြင်ဖို့ မလိုဘူး။ ပြင်ရမှာ ဘာတုန်းဆိုရင် ကိုယ့်ရဲ့ attention ကို ပြင်ရမှာ။ မနှစ်သက်စရာ အာရုံပေါ်မှာ ကိုယ်ဘယ်လို စဉ်းစားမလဲ၊ နှစ်သက်စရာ အာရုံကျတော့ ဘယ်လိုစဉ်းစားသလဲ။ အဲဒီစဉ်းစားနည်းကို ပြင်ခိုင်းတာ။ မစဉ်းစားခဲ့ရင် နှစ်သက်စရာ အာရုံဆိုရင် ဟာ... လိုချင်လိုက်မယ်၊ ဒါသဘာဝလို ဖြစ်နေတယ်။ မနှစ်သက်စရာ အာရုံဆိုရင် မုန်းတီးတဲ့ စိတ်ဖြစ်လာတယ်။ အဲဒီဟာကို လမ်းကြောင်းပြောင်းပစ်ရမယ်။ အဲဒါကို စာပေလို ပြောတော့ “ယောနိသောမနသိကာရ” လို့ခေါ်တယ်။

“ယောနိသောမနသိကာရ” ဆိုတာကို ဒီကနေ့ အင်္ဂလိပ်လို ဘာသာပြန်တဲ့ စာအုပ်တွေထဲမှာ wise attention လို့ ပြန်ကြတယ်။ စာပေအတိုင်း ပြန်မယ်ဆိုရင် proper attention လို့ ပြန်ရမယ်၊ သင့်လျော်အောင် စဉ်းစားတတ်တာ။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မကြိုက်တာတွေ့လို့ရှိရင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဆိုတာ
စာမျက်နှာ-၅၁
လည်း စဉ်းစားလို့ရှိရင် မလာဘူး “ဒေါသ”။ အဲဒီလို ဥပမာမယ်... လူတစ်ယောက်ဟာ တစ်ခုခု မှားမှားယွင်းယွင်း လုပ်လို့ရှိရင် ကိုယ်က ဒီလောက်တောင် မိုက်မဲရမလားဆိုပြီး “ဒေါသ” ဖြစ်တယ်။ အဲဒါ improper attention, unwise attention လို့ခေါ်တယ်။ wise attention ဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဪ... သူမသိလို့လုပ်တာပဲ။ သိအောင်လုပ်ရမယ်... ဒီဟာကိုး၊ သော် အသိဉာဏ်ဆိုတာ အင်မတန်အရေးကြီးတာပါလားဆိုတာကို စဉ်းစားလိုက်ရင် “ဒေါသ” မဖြစ်တော့ဘူး။

လောကလူတွေ ကြည့်လေ။ ကိုယ့်ကိုယ်ကိုကျတော့ရှိရင် စဉ်းစားပုံလေးကြည့်၊ ကလေးတစ်ယောက် ပန်းကန်လွတ်ကျတယ်ဆိုလို့ရှိရင် ဒီကောင်လေး နမော်နမဲ့နိုင်လို့ လွတ်ကျတယ်လို့ ပြောတယ်။ ကိုယ့်ကျတော့ရင် ဘာဖြစ်သလဲ၊ မတော်လို့ပဲ စဉ်းစားတယ်။ အဲတော့ သူများကိုလည်း မတော်လို့ဆိုတာ စဉ်းစားလိုက်မယ်ဆိုရင် “ဒေါသ”
စာမျက်နှာ-၅၂
မဖြစ်ဘူးပေါ့။ အဲဒီလို ဒေါသမဖြစ်အောင် စဉ်းစားတာကို proper attention, wise attention လို့ ပြောထားတာ။

ဘယ်နေရာပဲဖြစ်ဖြစ် wise attention ဟာ သိပ်အရေးကြီးတယ်။ စိတ်ဓာတ်မွန်မြတ်ဖို့အတွက် wise attention ဆိုတဲ့ proper attention ရှိရမယ်။ မရှိဘူးဆိုရင် လောကကြီးမှာ ဒီကြိုက်စရာ အာရုံလည်းရှိတယ်၊ မကြိုက်စရာ အာရုံလည်း ရှိတာပဲ။ ရှိနေမှာပဲ၊ ဒါရှောင်လွဲလို့ မရဘူး၊ ကိုယ့်မျက်စိအောက် ကိုယ့်နားမှာ ကြားနေမှာပါ။ အဲဒီတော့ အရေးကြီးတာက ကိုယ်က ထိန်းချုပ်ပြုပြင်ပေးရမှာကတော့ “ယောနိသောမနသိကာရ” ဆိုတာ ရှိရမယ်လို့၊ အဲဒါမရှိသမျှ ကုသိုလ်ဘယ်တော့မှ မဖြစ်ဘူး။ ဒါကြောင့်မို့လို့ proper attention, wise attention ကြိုးစားပြီးတော့ ဖြည့်ဆည်းပေးရမယ်၊ အဲဒါဟာ ကိုယ့်စိတ်ကို ပြင်တာပဲ။ သူက သတိထား
စာမျက်နှာ-၅၃
တယ်။ “သမ္ပဇည” ဆင်ခြင်တုံတရားထားတယ်ပေါ့။ ဒီထက် အဆင်မြင့်တဲ့ “သမ္ပဇည” ကျတော့ ဘယ်လောက်ထိအောင် အဆင်မြင့်လာတုန်းဆိုတော့ ခုနက ပြောသလို သဘာဝတရားဆိုတာ ဘယ်ဟာမှ မမြဲဘူး။ ထာဝရအမြဲတမ်း ပြောင်းလဲနေတယ်... ဟာ... ဆင်ခြင်တုံတရားနဲ့။ အခွင့်အရေးဆိုတာ တစ်ခါပဲလာတယ်။

မြတ်စွာဘုရားက စိတ်ရဲ့ထွက်ပေါက်များပြီးတော့ ပေးထားတာတွေ ရှိတယ်၊ ဒေါသစိတ်ရဲ့ထွက်ပေါက်က “မေတ္တာ” ပဲ။ နောက်ပြီးတော့ “လောဘစိတ်” ရဲ့ထွက်ပေါက်။ “လောဘ” ဆိုတာ နှစ်ခုရှိတယ်၊ လူတွေမှာ သံယောဇဉ်ရှိတာ နှစ်မျိုးရှိတယ်ပေါ့။ လူအပေါ်မှာ သံယောဇဉ်ရှိတာတစ်ခု၊ ပစ္စည်းပေါ်မှာ သံယောဇဉ်ရှိတာတစ်ခု။ လူအပေါ်မှာ သံယောဇဉ်ရှိလို့ရှိရင်လည်း မခွဲနိုင် မခွာရက်ဖြစ်တယ်။ ပစ္စည်းပေါ်မှာ သံယောဇဉ်ရှိလို့ရှိရင်
စာမျက်နှာ-၅၄
လည်း မသုံးရက်မစွဲရက်ဖြစ်တယ်။ အဲဒီနှစ်ခုစလုံးကို၊ လူအပေါ်မှာ သံယောဇဉ်ဖြစ်လို့ရှိရင် impurity ကို ဆင်ခြင်စဉ်းစားပေးရမယ်။ သံယောဇဉ်မဖြစ်အောင် ကြိုးစားပြီးတော့၊ လူရဲ့သဘာဝအလယ်မှာ တွယ်တာနှစ်သက်မှု၊ ဘယ်မှာတွယ်တာနေတာတုန်း၊ အဲဒီတွယ်တာမှု ပျောက်အောင် လုပ်ပေးရမယ်။ နောက်ဆုံးမှာ မမြဲတဲ့သဘောတရားကို ဆင်ခြင်စဉ်းစားပေးရမယ်။ အေး... တို့တွေ့တယ်ဆိုတာ ခဏတွေ့တာနော်၊ ကိုယ့်လမ်းကိုယ်သွားကြမယ်၊ မကြာခင်ပဲ ခွဲကြမယ်။ ဟော... ဒီလိုဆင်ခြင်စဉ်းစားပေးလို့ရှိရင် ခုနသံယောဇဉ်တွေ ကြီးတာတွေကို လျော့ချနိုင်တယ်။

ပစ္စည်းနဲ့ပတ်သက်ပြီးတော့ တွယ်တာမှုတွေရှိလာရင် မသုံးရက်မစွဲရက် ဖြစ်လာရင် အေး... ငါမသုံးလည်း ဒီပစ္စည်းလေးဟာ ပျက်သွားမှာပဲ။ အချိန်တန်လို့ရှိရင် ဘယ်အရာမှ မမြဲဘူးဆိုရင်၊ ဟာ... သုံးစွဲမှုဆိုတာ ဖြစ်လာတယ်။ အကျိုးရှိ
စာမျက်နှာ-၅၅
အောင် ငါလုပ်မယ်ဆိုတဲ့ စိတ်တွေ၊ အဲဒါတွေကို “သမ္ပဇည” လို့ ပြောတာ။ အဲဒါကြောင့် meditation ဆိုတာ ဘုရားခန်းထဲသွားပြီးတော့ သို့မဟုတ် ရိပ်သာတွေသွားပြီးတော့ ဒီလိုထိုင်နေမှ meditation ဆိုတာ concentration လုပ်တာ။ အဲဒါလည်း လိုအပ်တယ်။ တစ်ချိန်တစ်ခါ ကိုယ့်ရဲ့စိတ်တွေအကုန် အချိန်ယူပြီးတော့ ကျန်တဲ့အာရုံတွေက ရုတ်သိမ်းပြီးတော့နေတာ။

meditation ဆိုတာ ဘာတုန်းဆိုတော့ contemplation။ သဘာဝတရားကို လုပ်ရင်းကိုင်ရင်းလည်း စဉ်းစားတာ၊ ဆရာဝန်၊ ဆရာမတွေဆို ဆေးကုရင်းလည်း စဉ်းစားလို့ရတယ်။ သံဝေဂဖြစ်စရာတွေ ဆေးရုံဆိုတော့ ပိုများတာပေါ့။ ပိုများတယ်။ ကိုယ့်မျက်စိအောက်တင် အသက်ပျောက်သွားတာတွေလည်း ရှိတယ်။ ကျန်းမာသွားတာတွေလည်း ရှိတယ်။ ဟာ... အဲဒီအချိန်မှာဆိုလို့ရှိရင် သံဝေဂဖြစ်စရာတွေ၊
စာမျက်နှာ-၅၆
ဪ... သဘာဝဆိုတာ ဒီလိုပဲ။ အဲဒီတော့ စဉ်းစားရမှာ ခန္ဓာရှိတိုင်း ဒီလိုပဲ ခံရမှာပဲ။ ဒီလိုဖြစ်နိုင်တယ်။ ဪ... သံသရာကြီးဆိုတာ အင်မတန်ကြောက်စရာကောင်းပါလားလို့၊ အဲဒါကို ပြောတာ။ “သတိ သမ္ပဇည” လို့ဆိုတာ။

ဒါတွေကလည်း သူ့ဟာသူတော့ ဖြစ်မလာဘူး၊ မွေးမြူပေးရတယ်၊ မကြာမကြာ ဆင်ခြင်စဉ်းစားပေးရတယ်။ အဲဒီဆင်ခြင်စဉ်းစားပေးမှုဟာ အလွန်တန်ဖိုးရှိတဲ့ အသိဉာဏ်တွေပါပဲ၊ မြတ်စွာဘုရား သာသနာတော်နဲ့ ကြုံတဲ့အချိန်လေးမှာ ဒီလိုလေးမှ မစဉ်းစားနိုင်ဘူးဆိုလို့ရှိရင် နောက်ထပ် စဉ်းစားဉာဏ်ရဖို့ဆိုတာ တော်တော်ခဲယဉ်းတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ opportunity ဆိုတာ တစ်ခါပဲလာတယ်... သူက အခွင့်အရေးဆိုတာ တစ်ခါပဲလာတယ်။ နောက်ထပ်လာချင်မှ လာနိုင်တယ်နော်။
စာမျက်နှာ-၅၇
ကိုယ်လုပ်မှ ကိုယ်ရ။

ဒီဘဝပြီးသွားရင် နောင်ဘဝ ဘယ်ရောက်မယ်ဆိုတာ မတွေးနိုင်ဘူး။ လောကမှာ အခု ဒီကနေ့ကမ္ဘာမှာ လူဦးရေ သန်းပေါင်း ၆၀၀၀ ကျော် ရှိတယ်ထင်တယ်။ မြတ်စွာဘုရား တရားတော်တွေ နာခွင့်ရတဲ့ လူဦးရေက အင်မတန်မှ နည်းတယ်ပေါ့။ အင်မတန်မှ နည်းတဲ့အထဲမယ် တို့တတွေ နာခွင့်ရတယ်။ အေး... နာခွင့်ရတဲ့ တရားတော်တွေနဲ့ တရားဆိုတာ ဆေးနဲ့ အလားတူတယ်ပေါ့။ ဆေးဆိုတာ မသောက်ဘဲနဲ့ ခေါင်းအုံးအောက်တို့၊ ဗီရိုအောက်တို့၊ အိပ်ရာခင်းအောက်တို့ ဖွက်ထားလို့ရှိရင်တော့ ရောဂါမပျောက်ဘူးပေါ့။ ဆေးဆိုတာ မှန်မှန်သောက်ရတာပဲ၊ တရားဆိုတာလည်း မှန်မှန်နှလုံးသွင်းရတာပဲ။

ကိုယ့်စိတ်ထဲမှာ နှလုံးသွင်းခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ၊ စိတ်ရဲ့အညစ်အကြေးတွေဟာ တဖြည်းဖြည်းသန့်စင်ပြီးတော့ နောက်ဆုံး
စာမျက်နှာ-၅၈
မှာ ကိုယ့်စိတ်ဟာ ကြံ့ခိုင်တဲ့စိတ်ဓာတ်မျိုး ကိုယ်ရလာမှာ ဖြစ်တယ်။ ကိုယ့်စိတ်ဓာတ် ကိုယ်ကြံ့ခိုင်လာအောင် ကိုယ်ပဲလုပ်ရမှာ၊ သူများလုပ်လို့မရဘူး။

အဲဒါကြောင့် မြတ်စွာဘုရားက “အတ္တာ ဟိ အတ္တနော နာထော” လို့ ဟောတာနော်။ ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုတာ အင်မတန်မှ လက်တွေ့လည်းကျတယ်။ အဲဒီတော့ ကိုယ်လုပ်မယ့်ကိစ္စလေးကို တရားလို့ဆိုလိုက်တာနဲ့ တပြိုင်နက် လူတွေမှာ တချို့ပုဂ္ဂိုလ်တွေမှာ တရားနဲ့ဝေးတဲ့ ပုဂ္ဂိုလ်တွေဆိုရင် တရားလို့ပြောလိုက်တာနဲ့ ပျင်းစရာကြီးလို့ အောက်မေ့တယ်၊ မဟုတ်ဘူး၊ တရားဟာ မိမိရဲ့ဘဝပဲ။ ကိုယ့်ဘဝပဲ။ တရားလို့ပြောလိုက်တာနဲ့ အမျိုးသမီးတွေက မယ်သီလရှင် ဝတ်ရမှာလား၊ အမျိုးသားတွေက ဘုန်းကြီးဝတ်ရမှာလား။ ဒီလိုမဟုတ်ပါဘူး။ မဟုတ်ဘူး။ မိသားစုနဲ့နေရင်းလည်း တရားဆိုတာ ရတယ်။ ကျင့်ဖို့ရာ အဓိကဖြစ်တယ်
စာမျက်နှာ-၅၉
ပေါ့။ နှလုံးသွင်းတရားဟာ အင်မတန်မှ အရေးကြီးတယ်။

မြတ်စွာဘုရား လက်ထက်တုန်းက မိသားစုနဲ့ နေရင်းနဲ့ သောတာပန်၊ သကဒါဂမ်၊ အနာဂါမ်တွေ ဖြစ်တာ ရှိတာပဲ။ နောက်ဆုံး ရဟန္တာဖြစ်သွားတာ။ ရဟန္တာဖြစ်သွားရင်တော့ သူက မိသားစုနဲ့ မနေတော့ဘူးပေါ့။ အနာဂါမ်ဖြစ်သည်အထိအောင်တောင်မှ မိသားစုအသိုင်းအဝိုင်းထဲမှာ ရှိနေသေးတာပဲ။ အဲဒီလို တရားဆိုတာ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ကျင့်တဲ့ပုဂ္ဂိုလ်မှာ ရနိုင်တာပဲ။ စွန့်ရမှာက... တွယ်တာမှု။

တကယ်ကတော့ သံယောဇဉ်ဆိုလို့ရှိရင် လူတွေက ထင်ကြတယ်။ ပစ္စည်းသံယောဇဉ်၊ သားသံယောဇဉ်၊ သမီးသံယောဇဉ်ဆိုတော့ ပစ္စည်းကို စွန့်ရမှာလား၊ သားကို စွန့်ရမှာလား၊ သမီးကို စွန့်ရမှာလား။ ဘယ်ဟာမှ စွန့်စရာမလိုဘူး၊ စွန့်ရမှာက
စာမျက်နှာ-၆၀
ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ တွယ်တာမှုကို စွန့်ရမှာ။ အဲဒီတော့ အစွန့်မှားတတ်တယ်နော်၊ အစွန့်မှားတတ်တယ်၊ အတွယ်အတာမရှိဘဲနဲ့ နေလို့မရဘူးလား။ ရတာပေါ့။ အတွယ်အတာမရှိဘဲနဲ့နေတာ၊ မေတ္တာနဲ့နေတာပဲ။ မိသားစုထဲမှာလည်းပဲ အတွယ်အတာကင်းပြီးတော့ နေလို့ရတယ်။

ကြည့်လေ၊ စက္ကူရွက်ကလေးနှစ်ရွက် အတူတူထား၊ စက္ကူလေးနှစ်ခု ပူးထား၊ ဟာ... အချိန်မရွေး ဒီစက္ကူလေးနှစ်ခုက တစ်ခုနဲ့တစ်ခု ကပ်မနေဘူးလေ။ ထိနေပေမယ့် ကပ်နေတာမဟုတ်ဘူး။ အဲဒီကြားထဲမှာ glue ဆိုတဲ့ ကော်လေးမထည့်လိုက်နဲ့၊ ထည့်လိုက်ရင်တော့ ဒီနှစ်ခုက ပူးကပ်သွားမှာပဲ။ အဲဒီတော့ ကော်နဲ့အလားတူတဲ့ သံယောဇဉ်ဆိုတာ အဲဒီတွယ်တာမှုကို ပြောတာ။ အဲဒီမှာ ကော်ကိုသာ ခွဲခိုင်းတာ။ ဟိုဘက်စက္ကူကို ထုတ်ပစ်ဖို့လည်း မလိုဘူး။ ဒီဘက်စက္ကူကို ဆုတ်ဖို့လည်း မလိုဘူး။ အဲဒီတော့ သားစွန့်ဖို့လည်း
စာမျက်နှာ-၆၁
မလိုဘူး၊ သမီးစွန့်ဖို့လည်း မလိုဘူး။ ရာထူးစွန့်ဖို့လည်း မလိုဘူး။ လိုတာက ဘာတုန်းဆိုရင် တွယ်တာမှုကို စွန့်ဖို့... ဒီလိုဆိုလိုတယ်။

အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားက တရားတော်တွေဟာ “သတိသမ္ပဇည” တရား ကိုယ့်သန္တာန်မှာ ဖြစ်ပွားအောင် ကြိုးစားပြီးတော့ အမှန်အကန်သိမယ်ဆိုရင် ဘဝမှာ နေပျော်ပြီးတော့ နောက်ဆုံးမှာ ဘဝကလွတ်မြောက်တဲ့ နိဗ္ဗာန်ချမ်းသာဆိုတာကိုလည်း ရပြီးတော့ ဒီ... “ကာယိကရောဂါ” ဆိုတဲ့ ရောဂါလည်း နောက်ဆုံးပိတ် နောက်ထပ်ဖြစ်စရာ မရှိတော့ဘူး။ “စေတသိကရောဂါ” ဆိုတဲ့ mental disease တွေလည်း လုံးဝချုပ်ငြိမ်းသွားပြီးတော့ နောက်ဆုံးရောဂါ အားလုံးပျောက်ငြိမ်းတဲ့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ cy2epd8snqcte0i9c9hebix0q89cjho မေတ္တာနှလုံးအစဉ်သုံး 0 6418 22222 2026-06-20T00:16:53Z Tejinda 173 "{{header | title = မေတ္တာနှလုံးအစဉ်သုံး | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဘေသဇ္ဇဂု..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22222 wikitext text/x-wiki {{header | title = မေတ္တာနှလုံးအစဉ်သုံး | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ဘေသဇ္ဇဂုရု]] | previous2 = | next = [[ရှစ်ယောက်နှင့် တစ်ယောက်]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

မေတ္တာနှလုံးအစဉ်သုံး
အမှာစကား

သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ ပြာသိုလဆန်း (၆)ရက်၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အာဇာနည်လမ်း၊ မင်္ဂလာဗျူဟာအသင်းချုပ်ကြီး၏ ရွှေရတု (၃)ထပ် ကျောင်းဆောင်ဖြစ်မြောက်ရေး အထူးတရားပွဲ၌ ဟောကြားအပ်သော မေတ္တာနှလုံးအစဉ်သုံး တရားဒေသနာတော်။

ဓမ္မအသိ ရှိလျက်နေမည်
၃-၁၀-၂၀၁၀

နှစ်တစ်နှစ်ရဲ့အစမှာ တရားလက်ဆောင် အနေနဲ့ ဟောကြားပေးမှာဖြစ်တယ်။ ။

ဒီကနေ့ ၂၀၀၉-ခုနှစ်စတင်ရောက်ရှိလာ တော့ ကမ္ဘာနှစ်ဦးအခါသမယမှာ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တဲ့ “ကကစူပမသုတ်”ဆိုတာရှိတယ်။ နှစ်ဦးကာလကနေစပြီးတော့ ၂၀၀၉-ခုနှစ်၊ တစ်နှစ်လုံး၊ အဲဒီကနေစပြီးတော့ အသက်ရှင်နေသမျှ ကာလပတ်လုံးမှာ မိမိရော မိမိနဲ့ဆက်ဆံနေကြရတဲ့ ပတ်ဝန်းကျင်က လူတွေအားလုံးဟာ မေတ္တာနှလုံး
စာမျက်နှာ-၂
အစဉ်သုံးပြီး နေထိုင်သွားကြမယ်ဆိုရင် ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာနေမှာ ဖြစ်ပါတယ်။

ဒီကနေ့ခေတ်ကြီးမှာ အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် မေတ္တာတရား ခြောက်ခန်းလာတာကိုတွေ့ရမှာဖြစ်တယ်။ ဒီလို မေတ္တာတရားတွေ လျော့ပါးလာသည့်အတွက်ကြောင့် မေတ္တာဓါတ်တွေ နည်းလာသည့်အတွက်ကြောင့် ကမ္ဘာကြီးပူနွေးလာရတာကလည်း ဖြစ်ကောင်းဖြစ်နိုင်ခြေပိုများတယ်။ အိုဇုန်းလွှာကြီးပေါက်လို့ဆိုတာတွေက ပြင်ပကိုကြည့်ပြီး ပြောတာဖြစ်တယ်။ တကယ်တော့ သတ္တဝါတွေရဲ့ နှလုံးသားမှာ မေတ္တာအငြိမ်းဓာတ်တွေ ခန်းခြောက်လာလို့ သတ္တဝါတွေရဲ့ ခန္ဓာကထွက်တဲ့ ပူလောင်တဲ့စိတ်က ထုတ်လုပ်လိုက်တဲ့ အရာတွေဟာ အပူတွေချည်းပဲ ဖြစ်တယ်။ ဒါကြောင့်မို့လို့ လူတွေရဲ့ စိတ်အစဉ် ငြိမ်းချမ်းစေဖို့ မေတ္တာနှလုံးကို အစဉ်သုံးကြရမှာ ဖြစ်တယ်။
စာမျက်နှာ-၃

မေတ္တာဖြင့်ပြောဆိုဆက်ဆံခြင်း
ဒီသုတ္တန်မှာ မြတ်စွာဘုရားက ဒီအဓိပ္ပါယ်ကိုပဲ ထင်ထင်ရှားရှား ဟောထားတာတွေ့ရတယ်။

လောကမှာ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံကြတဲ့ နေရာမှာ အများအားဖြင့် ဝစီကံနဲ့ ပြောဆိုဆက်ဆံကြရတာ များပါတယ်။ ဒါကြောင့် နှစ်ဦးကာလမှာ အားလုံးပဲ ဝစီကံနဲ့ပတ်သက်ပြီး ဘယ်လိုပြောဆိုဆက်ဆံကြရမှာလဲဆိုတာကို မြတ်စွာဘုရားက ညွှန်ပြတဲ့အတိုင်း မိမိကိုယ်တိုင်က ကျင့်သုံးဖို့ အရေးကြီးတယ်။

တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံကြရာမှာ တစ်ခါတစ်ရံ တစ်ဦးနဲ့တစ်ဦး မေတ္တာသက်ရောက်မှုရှိသလို တစ်ခါတစ်ရံမှာ မေတ္တာခမ်းခြောက်မှုလည်းရှိနိုင်တယ်။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာက တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံကြရာမှာ ဘယ်လိုအချက်တွေပေါ်မှာ အခြေခံထားရမလဲဆို
စာမျက်နှာ-၄
တာကို ဒီသုတ္တန်မှာ ရှင်းလင်းဟောကြားပေးထားတာ ဖြစ်တယ်။
ပြောသင့်တဲ့အချိန်နဲ့မပြောသင့်တဲ့အချိန်
အပြောအဆိုနဲ့ပတ်သက်ပြီးတော့ ဒီကနေ့ ဘယ်လိုပြောရမယ်ဆိုတာကို သန္နိဋ္ဌာန်ချထားရမယ်။ စကားပြောတဲ့နေရာမှာ ဘယ်အချိန်အခါမှာ ပြောရမလဲ?ဆိုတာ ရှိတယ်။ ပြောသင့်တဲ့အချိန်၊ မပြောသင့်တဲ့အချိန်ဆိုတာ ရှိတယ်။

ဆိုပါစို့ မိဘနဲ့သားသမီးတောင်မှ မပြောသင့်တဲ့အချိန်ပြောလိုက်ရင် ပြဿနာတတ်နိုင်တယ်။ မခံနိုင်ဖြစ်တတ်တယ်။ ဥပမာ- လူကြားသူကြားထဲ မပြောသင့်တာပြောမိလို့ အနှောက်အယှက်ဖြစ်ကြရတယ်။

ဒါကြောင့် စကားပြောတဲ့အခါမှာ ပြောသင့်သလား?၊ ပြောသင့်တဲ့အချိန်လား?ဆိုတာ
စာမျက်နှာ-၅
စဉ်းစားဆင်ခြင်ကြရမယ်။ ဒါကြောင့် ဘုန်းကြီးတို့အနေနဲ့ ဒီကနေ့ကစပြီးတော့ စကားပြောတော့မယ်ဆိုရင် ပြောသင့်တဲ့အချိန်မှသာပြောမယ်။ မပြောသင့်တဲ့အချိန်ဆိုရင် မပြောဘူး။ ဒီလိုစိတ်ဆုံးဖြတ်ထားနိုင်ရမယ်။
စကားပြောဆိုရာ၌ လိုက်နာရမည့်အချက်များ
ဗုဒ္ဓမြတ်စွာရဲ့ စကားနဲ့ပြောမယ်ဆိုရင် “ကာလေန ဝက္ခာမိ၊ နော အကာလေန” - ပြောသင့်တဲ့အချိန်ကာလမှသာလျှင် ပြောမယ်။ “အကာလေ” အချိန်မတန်တဲ့အခါမှာ “နော ဝက္ခာမိ” ငါမပြောဘူးတဲ့။ ဒါလည်း လိုက်နာသင့်တဲ့ အချက်တစ်ခုပါပဲ။

နောက်တစ်ခုက ဘာပြောသလဲ? ဆိုရင် “ဘူတေန ဝက္ခာမိ၊ နော အဘူတေန”။ လူတွေက ဟုတ်တာလည်း ပြောတာပဲ။ မဟုတ်တာလည်း
စာမျက်နှာ-၆
ပြောတာပဲ။ ဟုတ်တာ မဟုတ်တာ အကုန်လုံးကို ပြောနေကြတာပါပဲ။ ဒါကြောင့်မို့လို့ “ဘူတေန ဝက္ခာမိ” - ဟုတ်မှန်တာကိုသာလျှင် ပြောမယ်။ “နော အဘူတေန” - မဟုတ်မမှန်တာကို ငါမပြောပါဘူးလို့ ဟောထားတယ်။ ဒါက ဒုတိယသန္နိဋ္ဌာန်ချထားပြီးတော့ လိုက်နာကျင့်သုံးရမယ်။

နောက်တစ်ခုက လောကလူတွေက စကားပြောတာကို သိပ်ပြီးတော့ မရွေးချယ်ဘူး။ “သဏှေန ဝက္ခာမိ၊ နော ဖရုသေန”။ “သဏှေန ဝက္ခာမိ” - နူးညံ့သိမ်မွေ့စွာ ပြောမယ်။ “နော ဖရုသေန” - ကြမ်းတမ်းတမ်း မပြောပါဘူးတဲ့။

လောကလူတွေဟာ စိတ်ကြည်လင်နေတဲ့အခါမှာ ချိုသာတဲ့စကား၊ နူးညံ့သိမ်မွေ့တဲ့ စကားကို ပြောတယ်။ စိတ်ဆိုးဒေါသဖြစ်တဲ့အခါမှာတော့ ကြမ်းတမ်းရိုင်းပြတဲ့စကားတွေကို ဆိုလာကြတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက ငါစကားပြောတဲ့
စာမျက်နှာ-၇
အခါမှာ နူးညံ့သိမ်မွေ့စွာ ပြောမယ်။ ကြမ်းတမ်းပြီး ရိုင်းစိုင်းတဲ့စကားမပြောပါဘူးလို့ စိတ်ဆုံးဖြတ်ချက်ချထားရမယ်တဲ့။ ဒါက တတိယတစ်ခုနော်။

နောက်တစ်ချက်က “အတ္ထသံဟိတေန ဝက္ခာမိ၊ နော အနတ္ထသံဟိတေန”တဲ့။ “အတ္ထသံဟိတေန ဝက္ခာမိ” - အကျိုးရှိတဲ့စကားကိုသာ ပြောမယ်တဲ့။ “နော အနတ္ထသံဟိတေန” - အကျိုးမဲ့တဲ့စကားကို မပြောဆိုဘူးတဲ့။

လောကမှာ လူတွေက စကားပြောတဲ့အခါ အကျိုးရှိတာတွေကိုချည်း ပြောတာမဟုတ်ဘူး။ အကျိုးမရှိတဲ့စကားတွေကိုလည်း ပြောကြတယ်။ အကျိုးအကြောင်းဆီလျော်မှုရှိတာကိုချည်းပြောတာမဟုတ်ဘူး။ အကျိုးအကြောင်းမဆီလျော်တာကိုလည်း ပြောကြတယ်။ မဆီမဆိုင်ပြောတတ်ကြတယ်။ ဒါကြောင့် တစ်ချို့က မဆီမဆိုင်စကားတွေလာမပြောနဲ့လို့ ပြောကြတယ်။ “အတ္ထသံဟိတေန
စာမျက်နှာ-၈
ဝက္ခာမိ” - အကျိုးအကြောင်းဆီလျော်တဲ့ အကျိုးရှိတဲ့စကားကိုသာ ငါပြောမယ်။ “နော အနတ္ထသံဟိတေန” - အကျိုးမရှိတဲ့စကားကို ငါမပြောဘူးလို့ အဓိဋ္ဌာန်ပါတဲ့။

နောက်တစ်ချက်က “မေတ္တစိတ္တော ဝက္ခာမိ၊ နော ဒေါသန္တရေန”။ လူတွေက စကားပြောပြီဆိုရင် စိတ်ကြည်နေတဲ့အချိန်မှာတော့ ကောင်းကောင်းမွန်မွန်ပြောတယ်။ စိတ်မကြည်ဘူးဆိုရင် ဒေါသထွက်နေပြီဆိုရင်တော့ ပြောတဲ့စကားဟာ ဒေါသသံပါလာတယ်။ ကောင်းကောင်းမွန်မွန် မပြောတော့ဘူး။

ဒါကြောင့်မို့ မြတ်စွာဘုရားက မိမိကိုယ်ကို ဆောက်တည်ထားပါတဲ့။ “မေတ္တစိတ္တော ဝက္ခာမိ” - စကားပြောတဲ့အခါမှာ “မေတ္တာစိတ်နဲ့ ပြောမယ်”တဲ့။

“နော ဒေါသန္တရေန” - “ဒေါသစိတ်နဲ့ မပြောပါဘူး”လို့ မိမိကိုယ်ကို ဆောက်တည်ထားရပါမယ်တဲ့။ ဟော.. စကားပြောတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး
စာမျက်နှာ-၉
မေတ္တာဓာတ်တွေဖြစ်ဖို့ မိမိကိုယ်ကို လိုက်နာထားရမယ့်အချက်။ ကိုယ်ကိုယ်တိုင်က အရင်လိုက်နာထားရမယ်။ ထိန်းသိမ်းစောင့်ရှောက်ရမယ်။
စကားအရာအင်္ဂါ(၅)ချက်
ပြန်ပြီးတော့ကြည့်လိုက်ရင် စကားပြောတဲ့အခါမှာ-
(၁) ပြောသင့်တဲ့အချိန်မှာ ပြောမယ်။ မပြောသင့်တဲ့အချိန်မှာ မပြောဘူး။
(၂) မှန်တာကိုပဲပြောမယ်။ မမှန်တာကိုမပြောဘူး။
(၃) ပြောမယ်ဆိုရင်လည်း ကြင်ကြင်နာနာ ယဉ်ယဉ်ကျေးကျေးနဲ့ သိမ်သိမ်မွေ့မွေ့ပြောမယ်။ ရိုင်းရိုင်းစိုင်းစိုင်းမပြောဘူး။
(၄) ပြောတဲ့အခါမှာ အကျိုးရှိတဲ့စကားကိုသာပြောမယ်။ အကျိုးမရှိတာကို မပြောဘူး။
(၅) ပြောတဲ့အခါမှာ မေတ္တာနဲ့ပြောမယ်။ ဒေါသနဲ့မပြောဘူး။ မြတ်စွာဘုရားရဲ့ အဆုံးအမကိုကြည့်ပြီး ရှေးလူကြီးတွေက ပြောတယ် စိတ်ဆိုးနေရင် စကားမပြောနဲ့တဲ့။
စာမျက်နှာ-၁၀
ဘာဖြစ်လို့လဲဆိုတော့ စကားကောင်းမထွက်တတ်ဘူး။ မိမိကိုယ်တိုင်က စကားပြောတဲ့စည်းကမ်းလေးတွေ ချမှတ်ထားပြီးတော့ ဒီအတိုင်းသတိထားပြီး လိုက်နာကျင့်သုံးလိုက်မယ်ဆိုရင် မိမိနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြဿနာတတ်စရာအကြောင်းမရှိတော့ဘူး။
အပြောအဆိုမှာ ကိုယ်တိုင်စည်းကမ်းရှိပါ
မေတ္တာနှလုံးပျက်သွားတာ ကိုယ့်ရဲ့အပြောကြောင့်ပဲ။ မပြောသင့်တာကို ပြောမိလို့၊ ကြမ်းကြမ်းတမ်းတမ်း ပြောမိလို့၊ မဟုတ်တာသွားပြောမိရင်လည်း ပြဿနာတက်တတ်တယ်။

ဒါကြောင့်မို့လို့ အပြောအဆိုနဲ့ပတ်သက်ပြီးတော့ ကိုယ်ကိုယ်တိုင်က စည်းကမ်းရှိဖို့ ဗုဒ္ဓမြတ်စွာက ဟောကြားပေးထားတယ်။
စာမျက်နှာ-၁၁
ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ တရားတွေက လက်တွေ့လိုက်နာကျင့်သုံးဖို့ ဟောထားတဲ့တရားတွေချည်းပါပဲ။ တကယ်လိုက်နာကျင့်သုံးကြည့်လိုက်မယ်ဆိုရင်လည်း ထိရောက်တဲ့အကျိုးတွေရပါတယ်။ ဒါဗုဒ္ဓရဲ့တရားတွေပါ။

လူလူချင်း ဆက်ဆံတဲ့အခါမှာ စကားများပြီး ရန်ဖြစ်ကြတာ များပါတယ်။ စိတ်ထဲကနေပြီး ရန်ဖြစ်ကြတာ နည်းပါတယ်။ တစ်ဦးနဲ့တစ်ဦး စကားများရာကစပြီးတော့ ရန်ဖြစ်ကြတာပါပဲ။

ပြီးတော့ လောကမှာ မကျေမနပ်ဖြစ်တာတွေကလည်း စကားတွေကြောင့်ပဲ၊ ကွယ်ရာမှာ အတင်းပြောကြတာကြောင့်ပဲ၊ ငါ့ကို ဘယ်သူက ဘယ်လိုပြောလိုက်တာဆိုပြီးတော့ ပြဿနာဖြစ်တော့တာပါပဲ။

တစ်ဆင့်ပြန်ကြားတာတွေကနေပြီးတော့ အပြောအဆိုကနေစပြီးတော့ ပြဿနာဖြစ်ကြတာပါ။ လူတွေဆိုတာ “လောကီအစုတ်၊ လူတို့နှုတ်က၊ မဟုတ်လည်းပြော၊ ဟုတ်လည်းပြော” လူတွေရဲ့
စာမျက်နှာ-၁၂
ပါးစပ်က စားဖို့နဲ့ ပြောဖို့ပဲရှိတဲ့အတွက်ကြောင့် အပြောအဆိုမှာ စည်းကမ်းမရှိ လျှောက်ပြောနေကြတာပါပဲ။

ဒါကြောင့်မို့ မြတ်စွာဘုရားက အပြောအဆိုနဲ့ပတ်သက်ပြီးတော့ မူချထားတာဖြစ်တယ်။ ကိုယ်ကိုယ်တိုင်လိုက်နာပြီးတော့ စည်းကမ်းချထားမယ်ဆိုရင် ပြဿနာတက်စရာမရှိနိုင်ပါဘူး။

ဒါပေမယ့် ကိုယ်နေနေရတဲ့ (Society) မှာက နှုတ်စည်းကမ်းရှိတဲ့သူတွေရှိသလို နှုတ်စည်းကမ်းမရှိတဲ့သူတွေလည်း ရှိနိုင်တယ်။ ပြောချင်ရာပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားတွေကို လိုက်ပြီးတော့ ပြဿနာဖြစ်နေရင်တော့ ဆုံးနိုင်မှာမဟုတ်တော့ဘူးတဲ့။ အဲဒါကိုတော့ မြတ်စွာဘုရားက မေတ္တာနှလုံးအစဉ်သုံးတဲ့။ ဒီလိုဟောခဲ့ပါတယ်။ ဘာပဲပြောပြော မေတ္တာနဲ့သာ တုန့်ပြန်ပါတဲ့။
စာမျက်နှာ-၁၃

ပြောသင့်တဲ့စကားကိုသာပြောပါ
လောကကြီးကလူတွေဟာ ပြောသင့်တာလည်းပြောတာပဲ။ မပြောသင့်တာကိုလည်း ပြောကြတာပဲ။ ဟုတ်တာလည်းပြောတာပဲ။ မဟုတ်တာလည်း ပြောကြတာပဲ။ သိမ်မွေ့စွာပြောတဲ့လူရှိသလို ကြမ်းကြမ်းတမ်းတမ်းလည်း ပြောဆိုကြတာပါပဲ။

မေတ္တာစိတ်နဲ့ပြောသလို ဒေါသနဲ့ပြောတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနိုင်တယ်။ အပြော(၄)မျိုးကို လူတွေအားလုံး ကြုံတွေ့ကြရမှာဖြစ်တယ်။

လူ့လောက၊ လူ့အသိုင်းအဝိုင်းမှာနေရင် ဒီလိုအပြောမျိုးစုံကို ကြုံတွေ့ကြရမှာပါပဲ။ ဗုဒ္ဓမြတ်စွာကိုယ်တိုင်တောင်မှ ဒီလိုအပြောတွေနဲ့ ကြုံတွေ့ရပါတယ်။ မြတ်စွာဘုရားကို လာပြောတဲ့သူတိုင်း ယဉ်ယဉ်ကျေးကျေးလာပြောတာမဟုတ်ဘူး၊ ရိုင်းရိုင်းစိုင်းစိုင်းလာပြောတဲ့သူတွေလည်း ရှိတာပါပဲ။
စာမျက်နှာ-၁၄
သံယုတ်ထဲမှာပါတဲ့ အက္ကောသလဘာရဒွါဇဆိုရင် ဘုရားကို လာဆဲနေတာတောင် ရှိသေးတယ်။ ဒီလိုကြမ်းကြမ်းတမ်းတမ်း ပြောဆိုနေသမျှတွေကို လိုက်ပြီးဖြေရှင်းနေမယ်ဆိုရင်၊ ပြဿနာတက်နေမယ်ဆိုရင် လောကမှာ ပြဿနာကုန်နိုင်စရာအကြောင်းမရှိဘူး။ ဖြေရှင်းလို့ရနိုင်စရာအကြောင်းမရှိဘူး။

ဒါကြောင့်မို့ မြတ်စွာဘုရားက ဘယ်လိုစကားမျိုးတွေနဲ့လာပြောပြော ဘာကိုလိုက်နာရမလဲဆိုတော့ မြတ်စွာဘုရားက အချက်(၅)ချက်ထပ်ပြီးတော့ ဟောထားသေးတယ်။
ကကစူပမသုတ်
ဗုဒ္ဓမြတ်စွာက ဒီကကစူပမသုတ်မှာ “ကက” ဆိုတာ လွှကိုခေါ်တယ်။ သစ်ခွဲတဲ့နေရာမှာသုံးတဲ့ ဟိုဘက်ဒီဘက် လက်ကိုင်ပါတဲ့ လွှကြီးတွေကို “ကကစ” လို့ ခေါ်တယ်။
စာမျက်နှာ-၁၅
လွှဥပမာပေးထားတဲ့သုတ်မို့လို့ ကကစူပမသုတ်လို့ ခေါ်တယ်။ အဲဒီသုတ္တန်ရဲ့ ရှေ့ပိုင်းမှာ ရဟန်းတော်တစ်ပါးကို အကြောင်းပြုပြီးတော့ ဟောကြားထားတယ်။

အဲဒီရဟန်းတော်ဟာလည်း စကားကြောင့် ပြဿနာတက်တာပါပဲ။ အဲဒီကိုယ်တော်ရဲ့ ဘွဲ့က “ဖဂ္ဂုဏ” တဲ့။ လူ့ဘဝတုန်းက ဆံထုံးကြီးနဲ့နေခဲ့လို့ သူ့ကို “မောဠိယ ဖဂ္ဂုဏ” တဲ့။ သူဟာ သင်္ကန်းဝတ်လာတဲ့အခါကျတော့ ဘိက္ခုနီတွေနဲ့ အင်မတန်အကျွမ်းဝင်တယ်။ ခင်မင်ရင်းနှီးတယ်။

ခင်မင်ရင်းနှီးတော့ ပြဿနာဖြစ်လာတယ်။ ပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့ မခံဘူး။ ပြဿနာဖြစ်တယ်။ ဒီကိုယ်တော့်အပြစ်ကို ပြောသံကြားရင်လည်း ဘိက္ခုနီတွေက မခံဘူး။ ရန်ဖြစ်ကြတယ်။ ဘိက္ခုနီတွေရဲ့ အပြစ်ကို ပြောတာကြားရင်လည်း ဒီကိုယ်တော်က မခံဘူး၊ ရန်ဖြစ်ပြန်တယ်။
စာမျက်နှာ-၁၆
ဒါဘုရားလက်ထက်က ဖြစ်နေကြတာကို ပြောတာနော်။ အပြောမှာ ပြဿနာတက်တယ်ဆိုတာ ဒီကနေ့ခေတ်မှာပဲ အပြောနဲ့ပြဿနာတက်နေတာ အများကြီးနော်။

ဒါကြောင့်မို့ နှုတ်ကိုစည်းကမ်းထားရမယ်လို့ပြောတာ။ ဒီလိုပြဿနာတွေ များလာတဲ့အခါကျတော့ မြတ်စွာဘုရားက သူ့ကိုခေါ်ပြီးတော့ ဆုံးမတယ်နော်။ သူက မြတ်စွာဘုရားရှင် ဆုံးမတဲ့အခါကျတော့ ပြန်တော့မပြောပေမယ့် ဒီအတိုင်းပဲဆက်ပြီး လုပ်နေတော့တာပါပဲ။ ဒီအကြောင်းကို မြတ်စွာဘုရားက ရဟန်းတွေကို ပြန်ပြီးဟောပြတာနော်။
သူ့မကောင်းလည်းကိုယ်ကောင်းပါ
မြတ်စွာဘုရားက လောကမှာတဲ့ ကိုယ့်အပေါ်မှာ ပတ်ဝန်းကျင်ကကောင်းလို့ ကိုယ်ကကောင်းနေတာ။ ဆိုလိုတာက သူများတွေကတော်နေလို့
စာမျက်နှာ-၁၇
ကောင်းနေတဲ့ သူတော်ကောင်းဖြစ်နေရတာ။

တချို့ကျတော့ ကိုယ့်ပတ်ဝန်းကျင်က သိပ်ကောင်းတယ်လေ။ ကိုယ့်အလိုအတိုင်းပြည့်နေလို့ ပတ်ဝန်းကျင်က သဘောကောင်းလိုက်တာ။ ပတ်ဝန်းကျင်အဆိုးနဲ့တွေ့ရတဲ့အခါမှာ သဘောကောင်းသလား၊ မကောင်းဘူးလားဆိုတာကို ဆုံးဖြတ်ကြည့်ရမယ်။

တချို့ကျတော့လည်း တစ်စုံတစ်ခုရပြီးတော့ ဦးစားပေးခံနေရလို့ သဘောကောင်းနေတာလည်း ရှိသေးတယ်။ ဦးစားပေးခံရလို့ သဘောကောင်းနေတာမျိုးဟာလည်း ရှိတတ်ပါတယ်။

အဲဒီလို ပုဂ္ဂိုလ်မျိုးဟာ တကယ်သဘောကောင်းတာမျိုးမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကောင်းနေတာ တကယ်ယဉ်ကျေးတဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ “နိဝါတ” ဘယ်တော့မှ စိတ်မဆိုးတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူး၊ “ဥပသန္တ” စိတ်နှလုံးငြိမ်းအေးတဲ့
စာမျက်နှာ-၁၈
ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ စဉ်းစားကြည့်ပေါ့။

ငါဟာ တကယ်သဘောကောင်းတဲ့သူလား။ ပတ်ဝန်းကျင်ကောင်းလို့ကောင်းတာ၊ စိတ်မဆိုးတတ်တာလား။ စိတ်ဆိုးစရာမရှိလို့ စိတ်မဆိုးတာလား။ စိတ်ဆိုးစရာတွေ့ရင် စိတ်ဆိုးမှာပါလား။

ပတ်ဝန်းကျင်ကောင်းလို့ ငါကောင်းနေတာပါလား။ တကယ့်ကို ပတ်ဝန်းကျင်က မကောင်းတဲ့ကြားမှာ ငါကောင်းအောင်နေနိုင်ရဲ့လား။ ကိုယ့်ကို ထော်လော်ကန့်လန့်လုပ်နေတဲ့ သူတွေရဲ့ကြားထဲမှာ ကိုယ့်စိတ်ကို ဘယ်လောက်ထိန်းနိုင်သလဲဆိုတာကို စဉ်စားကြည့်ပါ။
သူကောင်းလို့ကောင်းတဲ့ဝေဒေဟိကာ
ဒါကြောင့်မို့ မြတ်စွာဘုရားက ဒီသုတ္တန်ရဲ့အစ၊ ရှေ့ပိုင်းမှာ သာဝတ္ထိပြည်မှာတဲ့ “ဝေဒေဟိ
စာမျက်နှာ-၁၉
ကာ” ဆိုတဲ့ အိမ်ရှင်သူဌေးမကြီးတစ်ယောက်ရှိတယ်။ အဲဒီသူဌေးမကြီးမှာ ကာဠိဆိုတဲ့ အိမ်စေတစ်ယောက်ရှိတယ်။

အဲဒီကာဠိဟာ အလွန်တော်တယ်။ အိမ်သန့်ရှင်းရေး၊ ချက်ပြုတ်ရေးအကုန်လုံးကို ကျွမ်းကျင်တယ်။ စေ့စပ်သေချာတယ်။ အိမ်မှုကိစ္စတွေအားလုံးကို နိုင်နင်းတယ်။ အိမ်ရှင်သူဌေးမကြီးက ဘာမှပြန်ကြည့်စရာမလိုဘူး၊ ဘာမှပြောစရာမလိုအောင်

ထောင့်စုံကနေပြီးတော့ အကုန်ဖြည့်ဆည်းလုပ်ကိုင်ပေးတယ်။

အဲဒီအခါမှာ အိမ်ရှင်မကြီး ဝေဒေဟိကာဟာ စိတ်နှလုံးအေးချမ်းတဲ့အတွက် ဒေါသထွက်တာမရှိဘူး။ ဒါကြောင့် ပတ်ဝန်းကျင်က အိမ်ရှင်သူဌေးမကြီး ဝေဒေဟိကာဟာ အလွန်စိတ်ကောင်းရှိတယ်ဆိုပြီးတော့ ချီးကျူးစကားဆိုလာကြတယ်။ အဲဒါကို ကာဠိဆိုတဲ့ ကျွန်မက စဉ်းစားမိတယ်။ ငါတော်လို့
စာမျက်နှာ-၂၀
ငါကောင်းလို့ ငါလုပ်ပေးနေလို့ သူဌေးမကြီးကကောင်းနေတာလား။ ငါမလုပ်မကိုင်ပဲထားရင် ငါ့အပေါ်မှာ သူကောင်းနိုင်ပါ့မလားဆိုပြီး သူဌေးမကြီးရဲ့စိတ်ကို စမ်းသပ်ကြည့်တယ်။

တစ်နေ့ကျတော့ ကာဠိဟာ အခါတိုင်း ထမင်းဟင်းချက်ဖို့အတွက် မနက်စောစော အိပ်ရာကမထသေးဘဲ အိပ်ရာထဲမှာ ငြိမ်နေလိုက်တယ်။ အချိန်

ရောက်လို့ စားသောက်ခန်းထဲကို သူဌေးမကြီးဝင်လာတဲ့အခါ ထမင်းဟင်းချက်ပြုတ်ပြင်ဆင်ထားတာကို မတွေ့ရလို့ နေမကောင်းဘူးလို့ ထင်မှတ်ပြီး ဘာမှမပြောဘဲ နေလိုက်တယ်။

နောက်တစ်နေ့မနက်မှာလည်း ဒီအတိုင်းပဲ အိပ်ရာမထတဲ့အတွက် သူဌေးမကြီးက ကာဠိနေမကောင်းလို့ အိပ်နေတာလားလို့မေးတော့ နေကောင်းပါတယ်။ ဒါဖြင့် ဘာလို့အိပ်ရာကမထသေးလဲဆိုတော့ မထချင်လို့လို့ ပြန်ဖြေတယ်။ အဲဒီအခါမှာ
စာမျက်နှာ-၂၁
သူဌေးမကြီးရဲ့စိတ်မှာ ဒေါသအနည်းငယ်ဖြစ်လာတဲ့အတွက် လေသံဟာ မာလာတယ်။ ဒီတစ်နေ့တော့ ဒီအတိုင်းပဲ နေလိုက်တယ်။

နောက်တစ်နေ့မှာ သူထပြီးတော့လုပ်မှာပဲဆိုပြီးတော့ ဒီအတိုင်းနေလိုက်တယ်။ နောက်တစ်နေ့ကျပြန်တော့လည်း ဒီအတိုင်းပဲ ကာဠိဟာ အိပ်ရာကမထသေးဘဲ ကြည့်နေလိုက်ပါတယ်။

အဲဒီအခါကျတော့ အိမ်ရှင်သူဌေးမဟာ ဒေါသစိတ်ကနေ ကိုယ်ထိလက်ရောက်ထိဖြစ်လာပြီး ကာဠိကို ရိုက်နှက်ပါတယ်။ အဲဒီအခါမှာ ကာဠိရဲ့ခေါင်းကို ရိုက်မိပြီးတော့ ခေါင်းမှာသွေးထွက်လာပါတယ်။ ဒီတော့မှ ကာဠိဟာ အိမ်နားချင်းပတ်ဝန်းကျင်ကို လှည့်ပြီးတော့ ဒီမှာကြည့်ကြပါဦး အရမ်းသဘောကောင်းပြီး စိတ်ကောင်းတယ်ဆိုတဲ့ အရပ်ကချီးမွမ်းနေတဲ့ သူဌေးမကြီးရဲ့ ရက်စက်ပုံကိုကြည့်ကြပါဦးဆိုပြီးတော့ အရပ်လှည့်ပြီးအော်တော့
စာမျက်နှာ-၂၂
တယ်။ ကာဠိကလည်း စမ်းသပ်တာတောင် ခေါင်းအကွဲခံပြီး စမ်းသပ်ခံတယ်။ ဒီမှာကြည့်ကြပါဦးတော် ခေါင်းကွဲအောင်ရိုက်နှက်တယ်။ ဒါ.. ဘယ်လိုသဘောကောင်းတဲ့အိမ်ရှင် ဖြစ်နိုင်မှာလဲ။ ကိုယ့်အိမ်မှာခိုင်းတဲ့ အလုပ်သမားကိုတောင်မှ ခေါင်းကွဲအောင်ရိုက်နှက်တဲ့ အိမ်ရှင်ဆိုပြီး အရပ်ကိုတိုင်ပြောတယ်။

အဲဒီနေ့ကစပြီးတော့ သဘောကောင်းတဲ့ အိမ်ရှင်မကြီးဟာ ဆိုးတဲ့အိမ်ရှင်မကြီးဆိုပြီးတော့ ချက်ချင်းသတင်းရောက်သွားတာပါပဲ။ အဲဒါကြောင့် အဋ္ဌကထာဆရာကြီးက အဲဒီနေရာမှာ ရေးထားတာမှတ်သားစရာကောင်းတယ်။

(၁) “ဂုဏာ နာမ သဏိကံ အာဂစ္ဆန္တိ” ဂုဏ်ဆိုတာ ဖြည်းဖြည်းချင်းတက်လာတာ။
(၂) “ဒေါသော ခဏေနေ၀ ပတ္တရတိ” မကောင်းသတင်းကျတော့ ချက်ချင်းပြန့်
စာမျက်နှာ-၂၃
တယ်တဲ့။

ဂုဏ်တစ်ခုရဖို့ဆိုတာ အချိန်တွေအများကြီးလိုတယ်တဲ့။ လူတစ်ယောက် ဂုဏ်တက်လာဖို့ဆိုတာ ချက်ချင်း “ဝုန်း” “ဒိုင်း” ဆိုပြီး မတက်ဘူး။

သို့သော် အပြစ်ဆိုတာမျိုးကျတော့ မကောင်းသတင်းက ချက်ချင်းထွက်ပေါ်လာတယ်။ မကောင်းတာကျတော့ ချက်ချင်းထွက်တယ်။ ကောင်းတာကျတော့ တဖြည်းဖြည်းမှ ပြန့်လာတယ်။ အဲဒီအချိန်ကစပြီးတော့ ဝေဒေဟိကာသူဌေးမကြီးဟာ ဆိုးလိုက်တာ ဆိုးလိုက်တာဆိုပြီးတော့ ဖြစ်လာတော့တာပါပဲ။
ပင်ကိုယ်ကကောင်းဖို့လိုတယ်
မြတ်စွာဘုရားက ဘာဟောလိုတာလဲဆိုရင် အေး.. သူများတော်နေလို့ကောင်းနေတဲ့ အကောင်းမျိုးမဖြစ်စေနဲ့လို့ ဟောတာ။ ပင်ကိုယ်က မကောင်းလို့ ဒီလိုဖြစ်ရတာကိုး။ ပင်ကိုယ်ကကောင်းလို့ရှိရင် ဒီလို
စာမျက်နှာ-၂၄
ရိုက်နှက်သည်အထိ ဘယ်ဖြစ်လိမ့်မလဲ။ ပင်ကိုယ်ကကောင်းအောင် ကျင့်ပါလို့ ဒီလိုဟောတာနော်။ အဲဒီနောက်မှာ မြတ်စွာဘုရားက လောကမှာ လူတွေဟာ အချင်းချင်းဆက်ဆံနေကြရတဲ့အခါမှာ ကိုယ့်အကြောင်းကို မပြောသင့်တဲ့အချိန်မှာပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။ မဟုတ်မမှန်တာတွေ ပြောတာလည်း ရှိချင်ရှိမယ်။ ရိုင်းရိုင်းပြပြ ပြောတာတွေလည်း ကြုံနိုင်တယ်။ ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ပြောတာတွေလည်း ကြုံတွေ့နိုင်တယ်။ အဲဒီလိုကြုံလာခဲ့လို့ရှိရင် မြတ်စွာဘုရားက အဲဒီစကားမုန်တိုင်းတွေကို ဘာနဲ့ခံယူမလဲတဲ့။ အဲဒီနေရာမှာ မေတ္တာနှလုံးအစဉ်သုံးလို့ ပြောတာနော်။
တရားကျင့်တယ်ဆိုတာ
မြတ်စွာဘုရားက ကျင့်စဉ်လေးပေးထားတယ်။ ဘာပေးထားတုန်းဆိုရင် **“စတ္တာရိ
စာမျက်နှာ-၂၅
စိတ္တံ ဝိပရိဏတံ ဘဝိဿတိ”** အဲဒီလိုစကားမျိုးတွေကြားလာခဲ့ရင် ငါ့စိတ်က အပြောင်းအလဲမဖြစ်စေရဘူးလို့ အဲဒီလိုစိတ်မဆိုးနဲ့တဲ့။ အဲဒီလိုပြောတာနော်။ ပင်ကိုယ်စိတ်ကလေးက ရုပ်ပျက်ဆင်းပျက်ဖြစ်မသွားစေနဲ့၊ ဒေါသစိတ်မဖြစ်ပေါ်နဲ့။ စိတ်ဓာတ်မပြောင်းလဲသွားစေနဲ့တဲ့။ အပြောမခံရခင်က စိတ်ကတစ်မျိုး၊ ကိုယ့်ကိုလာပြောတဲ့အခါမှာ အပြောခံလိုက်ရတဲ့စိတ်ကတစ်မျိုး အဲဒီလိုမပြောင်းလဲသွားစေနဲ့တဲ့။

အပြောမခံလိုက်ရခင်က စိတ်မျိုးကိုထိန်းထားပါတဲ့။ မျက်နှာကြောတင်းသွားတာတို့၊ ဒေါသနဲ့ပြန်ပြောမိတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီလိုစိတ်ကလေး ပြောင်းလဲမသွားအောင်လို့ မြတ်စွာဘုရားက ထိန်းပါလို့ပြောတာနော်။

တရားကျင့်တယ်ဆိုတာ ဒါပါပဲ။ တရားကျင့်တယ်ဆိုတာ အများက “တင်ပလ္လင်ခွေထိုင်ပြီး မျက်စိကိုစုံမှိတ်ထားတာ အဲဒီလိုမျိုးထိုင်တာကိုမှ
စာမျက်နှာ-၂၆
တရားကျင့်တယ်””လို့၊ တရားအားထုတ်တယ်လို့ ထင်တယ်။ ဒီလိုကျင့်တာ တစ်မျိုး၊ သမာဓိရအောင် ကျင့်တာခေါ်တယ်။

ကိုယ့်စိတ်ကလေးကို ပြောင်းလဲသွားတာမျိုး မဖြစ်အောင် ထိန်းနိုင်တာကိုလည်း တရားကျင့်တယ်လို့ သတ်မှတ်နိုင်တယ်။ ဒီကနေ့ နှစ်ဦးကာလကနေစပြီးတော့ ကိုယ့်စိတ်ကလေးကို (determine) လုပ်လိုက်ရမယ်။ စိတ်ဆုံးဖြတ်ချက်ချပြီးတော့ စိတ်ကလေးကို ထိန်းသိမ်းမယ်လို့ သန္နိဋ္ဌာန်ချထားလိုက်ပါ။
မိမိစိတ်ကို ထိန်းသိမ်းနည်း
အဲဒီလိုစိတ်ကလေးကို မထိန်းနိုင်လို့ ပြောင်းသွားပြီဆိုရင် ဘာဖြစ်ဦးမလဲဆိုရင် ထပ်ပြီးထိန်းလိုက်ရမှာက မကောင်းတဲ့စကားနဲ့ မတုံ့ပြန်နဲ့၊ ရိုင်းရိုင်းစိုင်းစိုင်း မတုံ့ပြန်နဲ့တဲ့။ မကြားဝံ့မနာသာ စကားမျိုး
စာမျက်နှာ-၂၇
တွေ မထွက်ပါစေနဲ့တဲ့။ စိတ်ကပြောင်းသွားပြီဆိုရင် ယုတ်ယုတ်မာမာ မကြားဝံမနာသာ စကားမျိုးတွေ မထွက်ပါစေနဲ့တဲ့၊ မထွက်စေရဘူးဆိုပြီး ကျင့်ပါတဲ့။

နံပါတ်(၁)က စိတ်မဆိုးမိအောင်လို့ ထိန်းလိုက်ပါ။

နံပါတ်(၂)က တကယ်လို့ စိတ်မထိန်းနိုင်လို့ ဒေါသဖြစ်မိရင်လည်း မကြားဝံ့မနာသာ စကားတွေနဲ့ မတုံ့ပြန်လိုက်ပါနဲ့တဲ့။

လူက ကိုယ့်ကို လာပြီးဆဲရင် ပြန်ပြီးတော့ ဆဲတတ်ကြတယ်နော်။ ဒါကြောင့် ယုတ်ယုတ်မာမာ စကားလုံးတွေနဲ့ ပြန်မပြောပါနဲ့လို့ ပြောတာ။

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ ဒါက မျိုသိပ်နိုင်တဲ့အဆင့်အထိ ပြောတယ်။ တချို့က ပြောသေးတယ်။ သိပ်ရတာ များလာရင် ပေါက်ကွဲကုန်မယ်နော်တဲ့။

တစ်နည်းအားဖြင့်တော့ သည်းခံတယ်
စာမျက်နှာ-၂၈
ဆိုတာ အတိုင်းအတာ ရှိတယ်။ ဒါကြောင့်မို့ မပေါက်ကွဲရအောင် ဘယ်လိုလုပ်ရမလဲဆိုရင်

(၃)ဒီစကားပြောလာတဲ့ ပုဂ္ဂိုလ်ရဲ့ကောင်းကျိုးကို လိုလားတဲ့စိတ်ကလေး မွေးလိုက်ပါတဲ့။

ဟော..စိတ်ဓာတ်ကို ပြောင်းလိုက်တာနော်။ ဟုတ်တာကော၊ မဟုတ်တာရော ပြောလာတဲ့ ပုဂ္ဂိုလ်ရဲ့အကျိုးကို လိုလားတဲ့စိတ် မွေးလိုက်ပါ။ ဒေါသစိတ်နဲ့ မတုံ့ပြန်ဘဲ နေလိုက်ပါ။

(၄)စတုတ္ထအချက်ကတော့- ဒီလိုပြောတဲ့ ပုဂ္ဂိုလ်ရဲ့အကျိုးကို လိုလားတဲ့စိတ်နဲ့ တကယ့်ကို မေတ္တာပို့ပေးပါ။

သူ့ကိုပဲကြည့်ပြီးတော့ မေတ္တာပွားပေးပါ။ ဒီလိုမှမလုပ်ရင် ပေါက်ကွဲသွားနိုင်တာကိုး။ အဲဒါကြောင့် မြတ်စွာဘုရားရှင်က ကိုယ့်ကိုဒီလိုမျိုး ဆက်ဆံလာလို့ရှိရင် ပထမအချက်က ပြောလာတဲ့သူကို စိတ်မဆိုးမိအောင် စိတ်ကို ထိန်းလိုက်ပါ။
စာမျက်နှာ-၂၉
ဒုတိယက ကြမ်းတမ်းတဲ့စကားတွေနဲ့ မတုံ့ပြန်ပါနဲ့တဲ့။ တတိယကတော့ အဲဒီပုဂ္ဂိုလ်ရဲ့ အကျိုးကို လိုလားတဲ့စိတ်ကလေး မေတ္တာစိတ်ကို မွေးလိုက်ပါတဲ့။ ပိုပြီးတော့ ခိုင်မာလာအောင် အဲဒီပုဂ္ဂိုလ်ကို မေတ္တာပွားများပေးလိုက်ပါတဲ့။

လေ့ကျင့်ပေးရင်စွမ်းရည်တက်။ လွယ်လွယ်ကူကူတော့ ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လေ့ကျင့်ယူရမှာ ဖြစ်တယ်။ လေ့ကျင့်ရင်တော့ အောင်မြင်နိုင်တယ်။ တချို့က ပြောတယ်။ ကိုယ်နဲ့မတန်တဲ့သူကို ဘယ်လိုမှ မေတ္တာထားလို့ မရဘူးတဲ့။ ဒါဟာ “အမုန်းတရားကို အရှုံးပေးနေတာပါပဲ”လေ။ ဒီလူမှာ မေတ္တာဓာတ် အလွန်အားနည်းနေလို့ပဲ ဖြစ်မယ်။

လူတွေရဲ့မွေးရာပါသန္တာန်မှာ အကောင်းနဲ့ အဆိုး(၂)မျိုးပဲ ရှိတယ်။ သဘာဝ(၂)မျိုးမှာ ဒေါသ
စာမျက်နှာ-၃၀
ဆိုတဲ့အဆိုးတရားက လွှမ်းမိုးနေလို့ မေတ္တာဓာတ်တွေ အားနည်းနေတာ ဖြစ်တယ်။ ဒါဆို ဘယ်လိုလုပ်ရမလဲဆိုရင် မေတ္တာဓာတ်တွေရလာအောင်လို့ တစ်ဖြည်းဖြည်းနဲ့ လေ့ကျင့်ယူရမှာပေါ့။ မလေ့ကျင့်ဘဲနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

တောင်တက်သမားတွေ ဆိုရင်လည်း လေ့ကျင့်ရတာပါပဲ။ ဘောလုံးသမားတွေဆိုရင်လည်း လေ့ကျင့်ကြရတာပါပဲ။ ရေကူးသမားတွေလည်း လေ့ကျင့်ရတာပဲ။ လေ့ကျင့်တယ်ဆိုရင် စွမ်းရည်တက်လာတာပါပဲ။ စိတ်ကိုလည်း လေ့ကျင့်ပေးရင် စွမ်းရည်တက်လာမှာပါပဲ။

ဒီပုဂ္ဂိုလ်ကိုပဲ ဦးတည်ပြီးတော့ မေတ္တာပွားရုံနဲ့တော့ မလုံလောက်သေးပါဘူး။ အဲဒီတော့ မေတ္တာကို ထပ်ပြီးတော့ တိုးချဲ့လိုက်ပါဦးတဲ့။ သတ္တဝါအားလုံးရဲ့အပေါ်မှာ မေတ္တာပွားများလိုက်ပါ။
စာမျက်နှာ-၃၁
မေတ္တာဓာတ်ကို ပိုပြီးတော့ ခိုင်မာအောင် တိုးချဲ့လိုက်တာ။ ဘုရားဟောတဲ့ စိတ်ထားလေးတွေ ဘယ်လောက်ကောင်းလိုက်သလဲနော်။ ပထမအချက်အနေနဲ့ ကိုယ့်အပေါ်မှာ မကောင်းသတင်းပြောလာတဲ့အခါမှာ မိမိစိတ်ကို ပြောင်းလဲမသွားအောင် စိတ်ကို မဆိုးအောင်ထိန်းလိုက်ပါ။ တကယ်လို့ စိတ်ဆိုးမိပြီဆိုရင်လည်း ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ မတုန့်ပြန်မိပါစေနဲ့။

အဲဒီလို ပြောလာတဲ့သူအပေါ်မှာ ကောင်းကျိုးကိုလိုလားတဲ့ မေတ္တာစိတ်ကလေးမွေးလိုက်ပါ။

နောက်ဆုံးမှာ မေတ္တာပွားများပေးပါ။ နောက်တစ်ခု ဒီလူအပေါ်ကနေ မေတ္တာစိတ်ကလေး ထားနေရာကနေ ပိုပြီးကျယ်ပြန့်တဲ့မေတ္တာနဲ့ သတ္တဝါအားလုံးအပေါ်မှာ မေတ္တာဖြန့်ကျက်လိုက်ပါတဲ့။
စာမျက်နှာ-၃၂

မေတ္တာဆိုတာ ရန်မရှိတာ

မေတ္တာဆိုတာ အဝေရ = ရန်မရှိဘူးတဲ့။ ရန်မရှိဘူးဆိုလို့ တချို့က ထင်ကောင်းထင်လိမ့်မယ်။ ကိုယ်ကတော့ မေတ္တာပို့တာပဲ။ ကိုယ့်ကို လာပြီးရန်လုပ်တဲ့သူတွေ ရှိနေတာပဲလို့။

မြတ်စွာဘုရားတောင်မှ မေတ္တာပွားတာ သတ္တဝါတွေအားလုံးအပေါ်မှာနော်။ ဒါတောင်မှ ဒေဝဒတ်ကြီးကလာပြီးတော့ ရန်လုပ်သေးတာပဲ။ ရှိတာပေါ့နော်။ အဲဒီတော့ ရန်ဆိုတဲ့နေရာမှာ ဘာကိုဆိုလိုတာလဲဆိုတာ အဓိကအားဖြင့် “ပုဂ္ဂလဝေရ”၊ “အကုသလဝေရ”။

ပုဂ္ဂလဝေရဆိုတာ ပုဂ္ဂိုလ်ရန်သူ။ အကုသလဝေရဆိုတာ အကုသိုလ်ဆိုတဲ့ စိတ်ထဲက ရန်သူ။ မေတ္တာဆိုတဲ့နေရာမှာ ဒေါသဆိုတဲ့ရန် မရှိဘူး။ မေတ္တာရှိသွားတဲ့အတွက် ဒေါသဆိုတဲ့ရန် မရှိတော့ဘူးလို့ဆိုတာ အဝေရ = ရန်ကင်းသွားတာ။
စာမျက်နှာ-၃၃
မေတ္တာထားလိုက်ရင် လူက အဆင့်မြင့်သွားပြီ။ မေတ္တာမထားနိုင်ရင်တော့ လူက နိမ့်ကျသွားတာပဲ။

ဟော.. သူကဆဲလို့ ကိုယ်က ပြန်ဆဲရင် နှစ်ယောက်စလုံး “လူမိုက်”ဖြစ်သွားပြီနော်။ မေတ္တာထားလိုက်လို့ရှိရင် နံပါတ်(၁)က ကန့်သတ်လို့ မရဘူးနော်။ မေတ္တာဆိုတာ အကန့်အသတ်မထားရဘူး။

တချို့ကဆိုသေးတယ်၊ သတ္တဝါတွေကျန်းမာကြပါစေ။ ခြင်တို့၊ ဂျပိုးတို့ မပါဆိုတာလေ။ ဒါမျိုး မေတ္တာကို ဒီပုဂ္ဂိုလ်မှာ ထားမယ်။ မထားဘူးဆိုပြီး အဲဒီလိုမဟုတ်စေရဘူး။ အားလုံးကို ခြုံငုံပြီး မေတ္တာပွားရမှာ ဖြစ်လို့ အပ္ပမာဏ = အတိုင်းအတာ အကန့်အသတ်မရှိဘူး။ အစဉ်ထာဝရ မေတ္တာထားရမယ်။ သတ္တဝါတွေအားလုံးအပေါ်မှာ ဖြန့်ကျက်တဲ့မေတ္တာနဲ့ နေနိုင်ထားနိုင်အောင် ကြိုးစားပါတဲ့၊ ဒီသုတ္တန်မှာ ဟောထားတယ်။
စာမျက်နှာ-၃၄

မေတ္တာ၏ဥပမာ

အဲဒီ (၅)ချက်ကို ပွားလိုက်လို့ မေတ္တာထားနိုင်တဲ့သူရဲ့စိတ်ဟာ ဘယ်လို စကားတွေကိုပဲဖြစ်ဖြစ် မတုန်လှုပ်နိုင်စေတော့ဘူးတဲ့။

မြတ်စွာဘုရားက ဥပမာဟောထားတယ်။ တူရွင်းကြီးကို ယူပြီးတော့ ဟောဒီ မဟာပထဝီ မြေကြီးတွေကို ကုန်အောင်တူးလို့ မရနိုင်သလို မြေကြီးကို ပျောက်ကွယ်သွားအောင် မလုပ်နိုင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ မြေကြီးဆိုတာ အင်မတန် ကျယ်ပြန့်လို့ပါပဲ။ အဲဒီလိုပဲတဲ့၊ အခုနက မေတ္တာပွားထားသူ မြေကြီးလို ကြံ့ခိုင်တဲ့မေတ္တာဓာတ်ရှိတဲ့ပုဂ္ဂိုလ်ကို ဘယ်လိုစကားမျိုးတွေပဲ လာပြောပြော၊ တုန်လှုပ်မှု မရှိတော့ဘူး။

နောက်ဥပမာတစ်ခုက လူတစ်ယောက်က မြစ်ကြီးကို မီးနဲ့ရှို့မယ်ဆိုပြီးတော့ မီးတုတ်ကြီးနဲ့ လာတယ်။ ဒါပေမယ့် မြစ်ကြီးက ပူလာပါ့မလား?။
စာမျက်နှာ-၃၅
မပူလာနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြစ်ကြီးထဲမှာ ရေတွေအများကြီး၊ သူယူလာတဲ့မီးတုတ်က သေးသေးလေးမို့လို့ပါပဲ။ အဲဒီလိုပဲတဲ့ မေတ္တာပွားများတဲ့ လူတစ်ယောက်ကို ဘယ်လို စကားမီးတုတ်တွေနဲ့ပဲဖြစ်ဖြစ် လာပြီးရှို့လို့ကတော့ သူ့ရဲ့စိတ်ဟာ မလောင်ပါဘူး။

နောက်တစ်ခု ဥပမာပေးထားတာကတော့ ပန်းချီဆရာတစ်ယောက်က စုတ်တံနဲ့ဆေးယူလာပြီးတော့ ကောင်းကင်က လေဟာနယ်ထဲမှာ ဆေးချယ်ရင် သူရေးတဲ့အရုပ်ဟာ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အာကာသဆိုတဲ့ လေဟာပြင်ကို ဆေးချယ်လို့ မရသလိုပါပဲ။

မေတ္တာဓာတ်တွေပြည့်နေတဲ့သူရဲ့စိတ်မှာ ဒေါသရုပ်တွေ လာရေးလို့ မရပါဘူး။ ဘယ်တော့မှ ဒေါသနဲ့တုန့်ပြန်မှာ မဟုတ်ပါဘူး။ တကယ်လို့ ဒေါသနဲ့တုန့်ပြန်မယ်ဆိုရင် အရုပ်ဆိုးအကျည်းတန်တဲ့
စာမျက်နှာ-၃၆
အရုပ်တွေပေါ်လာမှာ ဖြစ်တယ်။ ဒေါသဖြစ်လာရင် အရုပ်ဆိုးသွားတာပဲ။ နည်းနည်းဆိုးလာတာတောင် မျက်နှာကြော တင်းသွားတယ်။

ပြုံးနေတဲ့မျက်နှာ မရှိတော့ဘူး။ ဒီထက်ဆိုးလာရင် မျက်ထောင့်နီလာမယ်။ ဒီထက်ဆိုးလာရင် နှုတ်ခမ်းက တလှုပ်လှုပ် ဖြစ်လာမယ်။ ဒီထက်ဆိုးလာရင် လက်က ရိုက်နှက်မိလာမယ်။ အဲဒီစိတ်မှာ အရုပ်ရေးလို့ပေါ်လာတဲ့ အရုပ်တွေပေါ့။

အေး.. မေတ္တာနှလုံးသားပိုင်ရှင်ကတော့ အာကာသ (Space) လို့ခေါ်တဲ့ လေဟာနယ်မှာ အရုပ်ရေးလို့ မထင်သလို သူ့ရဲ့စိတ်မှာ ဘာအရုပ်မှ မပေါ်ပါဘူးတဲ့။ အဲဒီလိုအာကာသမှာ ဆေးလာချယ်လို့ အရုပ်မထင်သလို၊ မိမိရဲ့စိတ်မှာလည်း ဒေါသရုပ်တွေ မထင်ရအောင်လို့ မေတ္တာကို ပွားများပါတဲ့။
စာမျက်နှာ-၃၇
အဲဒီလို ဥပမာတွေနဲ့ဟောပြီးတော့ မြတ်စွာဘုရားက (၂)ဘက်အရိုးတပ်ထားတဲ့ လူနဲ့ ရန်သူတွေက ကိုယ့်ကိုတိုက်ဖျက်မယ်ဆိုရင်တောင် စိတ်ဖောက်ပြန်မပြောင်းလဲပါစေနဲ့တဲ့။

စိတ်ဖောက်ပြန်ပြောင်းလဲသွားမယ်။ ဒေါသထွက်သွားမယ်ဆိုရင် မင်းငါ့ရဲ့ အဆုံးအမကို လိုက်နာရာမရောက်ဘူးတဲ့။ ကြားဖူးကြတယ်မလား။ Jesus Christ က ဟောတာလေ။ ဘယ်ဘက်ပါးကို လာရိုက်ရင် နောက်ပါးတစ်ဘက်ကို ထိုးပေးလိုက်ပါ။ ပါးတစ်ဘက်ကို လာချရင် နောက်ပါးတစ်ဘက်ကို ထိုးပေးလိုက်ပါတဲ့။ မတုန့်ပြန်နဲ့။ အဲဒါကို လူတွေက အတုခိုးပြီး ပြောနေကြတယ်။

မြတ်စွာဘုရားက ကကစူပမသုတ်မှာ ရန်သူက ကိုယ့်ကို လွှနဲ့တိုက်နေရင်တောင်မှ မတုန့်ပြန်နဲ့တဲ့။ ပြန်စဉ်းစားကြည့်မယ်ဆိုရင် ဘယ်လောက်အထိ ခက်ခဲမလဲဆိုတာကို ကြည့်ပါ။
စာမျက်နှာ-၃၈
အဲဒီလောက်အထိခက်ခဲတဲ့ အရာကို ဗုဒ္ဓရဲ့ မေတ္တာနဲ့ အသုံးချကြည့်လိုက်မယ်ဆိုရင် လွယ်ကူသွားတာကို တွေ့နိုင်တယ်။ တကယ်မေတ္တာ ပေါက်ပေါက်ရောက်ရောက်နဲ့ အောင်မြင်သွားပြီဆိုရင် ဒီအခက်အခဲတွေဟာ တကယ်အောင်မြင်တယ်။ မြတ်စွာဘုရားက မဖြစ်နိုင်တာကို မဟောဘူး။
ခန္တီဝါဒီရသေ့လိုသည်းခံပါ
ကြည့်လေ..မြတ်စွာဘုရား ဘုရားမဖြစ်ခင်တုန်းက ခန္တီဝါဒီရသေ့ဆိုတာ ဖြစ်ခဲ့တယ်။ သည်းခံခြင်းကို အဓိကထားပြီးတော့ သူ့စိတ်ကို စိတ်မဆိုးရအောင် ထိန်းချုပ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်။ ဘာဖြစ်ဖြစ် ခံနိုင်ရည်ရှိရမယ်ဆိုတဲ့ ခန္တီဝါဒီရသေ့ ဖြစ်တယ်။

ခန္တီဝါဒီရသေ့ သည်းခံတယ်ဆိုတဲ့သဘောကို မကျေနပ်လို့ ကလာဗုဆိုတဲ့ ဘုရင်ကြီးက ခန္တီဝါဒီ
စာမျက်နှာ-၃၉
ရသေ့ကို ဆူးတွေရှိတဲ့ ကြိမ်တွေနဲ့ ရိုက်ပါတယ်။ ဒါပေမယ့် ရသေ့ကတော့ အပြုံးမပျက်ဘူး။

ဘာလို့လဲဆိုတော့ စိတ်ကမှ မပြောင်းလဲတာကိုး။ စိတ်ပြောင်းသွားမှ မျက်နှာပြောင်းတာကို။ အဲဒါနဲ့ ရသေ့ကို ရိုက်နှက်ရင်းနဲ့မေးတယ်။ “ဘာဝါဒလဲ”တဲ့။ ရသေ့က ငါက ခန္တီဝါဒပဲ။ ဘယ်လောက်ရိုက်ရိုက် စိတ်မပြောင်းဘူး။ ဒါနဲ့ ဒီလောက်ဖြစ်လှတာ သည်းခံခြင်း ဘယ်မှာရှိလဲဆိုတော့ သူ့ရင်ထဲမှာ ရှိတယ်။ ဒီတော့ “ဖြတ်ဟာ လက်”ဆိုပြီး လက်ကို ဖြတ်တယ်။ အပြုံးမပျက်ဘူး။ ခြေထောက်ကို ဖြတ်လည်း အပြုံးမပျက်ဘူး။ ဒီလိုအမျိုးစုံ နှိပ်စက်တာတောင် စိတ်ဖောက်ပြန်မသွားဘဲနဲ့ စိတ်ကို ကြံ့ကြံ့ခိုင်ခိုင်ထားတာဟာ ဟောဒီ မေတ္တာဓာတ်ကြောင့်ပဲ။ မေတ္တာဓာတ်လေ့ကျင့်ထားတာနော်။ သာမန်ပုဂ္ဂိုလ်ဆိုရင် ဟော..မဖြစ်နိုင်လောက်ပါဘူးဆိုပြီးတော့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် မြတ်စွာ
စာမျက်နှာ-၄၀
ဘုရားက မဖြစ်နိုင်တာကို မဟောဘူး။ တကယ်ကျင့်ရင် တကယ်ဖြစ်ပါတယ်တဲ့။ ကိုယ့်ကို သေအောင်လုပ်တဲ့ ပုဂ္ဂိုလ်ပဲဖြစ်ပါစေ။ ကိုယ်တုန့်ပြန်ရမယ့်အချက်ကတော့ စိတ်ကလေးဖောက်ပြန်မသွားပါစေနဲ့တဲ့။ မကြားဝံ့တဲ့စကားတွေနဲ့ မတုန့်ပြန်ပါနဲ့တဲ့။ ဒီလိုဖြစ်အောင်လုပ်နေတဲ့ပုဂ္ဂိုလ်ရဲ့ အကျိုးစီးပွားကိုသာ လိုလားတဲ့စိတ်ကလေးထားပါတဲ့။ သူ့ကို မေတ္တာပွားများလိုက်ပါတဲ့။ အဲဒီလိုပွားများလို့ရတဲ့ မေတ္တာဓာတ်ကလေးကို ပိုမိုခိုင်မာကျယ်ပြန့်လာအောင် တစ်လောကလုံးကို ဖြန့်ကျက်ပြီး ခိုင်မာတဲ့ မေတ္တာဓာတ်မျိုး ရယူပါတဲ့။ ဒီလိုဟောကြားခဲ့တယ်။

ဘုရားဟောတဲ့တရားဟာ အင်မတန်မှ မှန်ကန်တယ်။ ကျင့်လို့မရတဲ့ အကျင့်ကို မြတ်စွာဘုရားက ဘယ်တော့မှ မဟောဘူး။ ဟောထားတဲ့ တရားမှန်သမျှဟာလည်း အကုန်လုံးကျင့်လို့ရတဲ့ တရားတွေချည်းပါပဲ။ တကယ့်ကျင့်ရင် တကယ်
စာမျက်နှာ-၄၁
ခိုင်မာပြီး ခံနိုင်ရည်ရှိသွားမယ်။ မြတ်စွာဘုရားရဲ့ တရားတွေဟာ စွမ်းရည်အလွန်ကြီးမားတယ်နော်။ အဲဒါကြောင့်မို့လို့ မဟာသတိပဋ္ဌာန်သုတ်မှာဆိုရင် ဒီလမ်းကြောင်းလေးကို လျှောက်လိုက်တာနဲ့ အကျိုး(၇)မျိုးရမယ်တဲ့။
ရင်တွင်းအဂ္ဂကို ဖယ်ရှားခြင်း
ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂါ သတ္တာနံ ဝိသုဒ္ဓိယာ။

သတိပဋ္ဌာန်ကျင့်စဉ်ဆိုတဲ့ ဒီလမ်းကြောင်းလေးဟာ အဆိုး(၄)မျိုးကို ဖယ်ရှားနိုင်တယ်တဲ့။

အဆိုး(၄)မျိုးက သောက၊ ပရိဒေဝ၊ စိတ်ထဲမှာပူပန်နေရတာတို့၊ ပူပန်မှုကို မထိန်းနိုင်လို့ ငိုကြွေးနေရတာတို့။ သောကဆိုတဲ့ ရင်တွင်းပူဆာမှု၊ ရင်တွင်းပူဆာမှုကြောင့် မထိန်းနိုင်တဲ့ ငိုကြွေးနေရမှု၊ အဲဒါတွေကို ကျော်လွှားနိုင်တယ်။ အဲဒါ စိတ်ဓာတ်ကြံ့
စာမျက်နှာ-၄၂
Physical pain, Mental pain စတဲ့ ကိုယ်တွင်းဆင်းရဲမှု၊ စိတ်ဆင်းရဲမှုတွေ လုံးဝချုပ်ငြိမ်းသွားဖို့ရာအတွက်လည်းပဲ ဟောဒီကျင့်စဉ်ကို ကျင့်ပါလို့ဟောတာ။

သတိပဋ္ဌာန်တရားကိုသာ မြတ်စွာဘုရားကဟောထားတာနော်။ သတိပဋ္ဌာန်တရားဆိုတာဟာလည်း “မဂ္ဂင်ရှစ်ပါးအကျင့်”ပါပဲ။ သို့သော် သမ္မာသတိတစ်ခုတည်း မဟုတ်ဘူးနော်။ သတိတစ်ခုတည်း မဟုတ်ဘူး။ ပညာလည်း ပါရမှာပါ။ သင်္ကပ္ပလည်း ပါရမယ်။ သမာဓိလည်း ပါရမယ်။ ပေါင်းလိုက်လို့ရှိရင် မဂ္ဂင်(၅)ပါးတရားတွေ ရလာတယ်။ ကာရကမဂ္ဂင်တွေ။

တကယ်တမ်း တရားအားထုတ်တယ်ဆိုတာ ဒီ(၅)ခုနဲ့ လုပ်တာ ဖြစ်တယ်။ ဒီ(၅)ခု မပေါင်းမိရင် မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သတိဆိုတာဟာ အာရုံရဲ့သဘောကို အမှတ်ရနေတာ။ သတိကယူပေးတဲ့
စာမျက်နှာ-၄၃
အာရုံကိုမှ အသိဉာဏ်က သိအောင်လုပ်ပေးတာ ဒီတော့ သတိက အလုပ်လုပ်နေအောင် ဘယ်သူက တွန်းအားပေးနေလဲဆိုတော့ သမ္မာဝါယာမဆိုတဲ့ ဝီရိယက တွန်းအားပေးတယ်။ စိတ်ကလေးငြိမ်နေအောင် သမ္မာသမာဓိက တွန်းအားပေးတယ်။

ပြီးတော့ သမ္မာသင်္ကပ္ပဆိုတဲ့ အတွေးလေးက ပညာကို အထောက်အကူပြုတယ်။ သမ္မာဒိဋ္ဌိဆိုတဲ့ အသိဉာဏ်က အမှန်ကို သိလိုက်တယ်။ သဘာဝအမှန်ကို သိဖို့ရန်အတွက် ကျန်တဲ့အရာတွေက အထောက်အကူပြုနေတာ၊ သမ္မာဝါယာမရဲ့ အထောက်အကူ၊ သမ္မာသမာဓိ၊ သမ္မာသင်္ကပ္ပရဲ့ အထောက်အကူတွေနဲ့ အမှန်မြင်ဆိုတဲ့ သမ္မာဒိဋ္ဌိတွေပေါ်လာရတာနော်။ ဒါမှ မဂ္ဂင်ရှစ်ပါးရဲ့ ပေါင်းခြင်းနဲ့ အဆိုးတရားနည်းလမ်းတွေကို ကျော်လွှားနိုင်မယ်နော်။ ဒါပေမယ့် အပြောသာလွယ်တာ တကယ်ကျော်လွှားနိုင်ဖို့ဆိုတာ ခက်တယ်။ သောက
စာမျက်နှာ-၄၄
ဆိုတာ ကိုယ်နဲ့ပတ်သက်တဲ့ အရာတွေပေါ်မှာ ဆုံးရှုံးရမယ်ဆိုတဲ့ စိတ်တွေဟာ ပူပန်လာတယ်။ ဆုံးရှုံးရတော့မယ်ဆိုလို့ ပူတာ၊ ဒါ “သောက”။ ပူတာတင်မကတော့ဘူး။ ငိုကျွေးနေရတဲ့ “ပရိဒေဝ”စတဲ့ ဒီအဆင့်တွေကို ကျော်လွှားနိုင်ဖို့ဆိုရင် ဗုဒ္ဓမြတ်စွာရဲ့ တရားတွေကို ကျင့်သုံးပါလို့ ဒါကိုဆိုလိုတာနော်။

သောကဆိုတာ ကိုယ့်ရဲ့နှစ်သက်တဲ့အရာတစ်ခု ဆုံးရှုံးရတော့မယ်ဆိုလို့ ပူတဲ့အပူခေါ်တယ်။ ဒေါမနဿကတော့ အဲဒါနဲ့မဆိုင်ဘူး။ စိတ်ရဲ့အလိုမကျမှုဖြစ်တယ်နော်။ ဒါကြောင့် မြတ်စွာဘုရားက (၂)ခုစလုံးနဲ့ ဟောထားတာနော်။

ရင်တွင်းမှာ ပူလောင်စေတတ်တဲ့ ဒီအဆိုးတရား(၄)မျိုးကို ဖယ်ရှားနိုင်ဖို့ဆိုရင် ဒီတရားကျင့်လိုက်ရင် ဖယ်ရှားနိုင်တယ်။
စာမျက်နှာ-၄၅

ရဟန္တာတွေလည်း ကျင့်ကြတယ်

ရဟန္တာတွေဆိုရင် ဒီတရားတွေကို ကျင့်သုံးကြလို့ မတုန်လှုပ်ကြတော့ဘူး။ အရှင်သာရိပုတ္တရာမထေရ်ကြီးဆိုရင် တန်ဆောင်မုန်းလပြည့်နေ့မှာ ပရိနိဗ္ဗာန်စံတယ်နော်။ သူ့ရဲ့သက်တမ်းကို ဘယ်အချိန်မှာသိလဲဆိုရင် တစ်ပတ်အလိုလောက်မှာ သမာပတ်ဝင်စားပြီး ကြည့်လိုက်တော့ စဉ်းစားတယ်။

မြတ်စွာဘုရားလည်း အသက်ကြီးပြီ သက်တော်ရှစ်ဆယ်ရှိနေပြီ၊ မြတ်စွာဘုရားမှာ သေမှရပ်တဲ့ရောဂါရှိနေတယ်။ ဒါပေမယ့် ဘုရားက သမာပတ်နဲ့ တားထားတယ်။ မြတ်စွာဘုရားက ဘာကြောင့် တားထားသလဲဆိုတော့ မသေချင်သေးလို့ မဟုတ်ပါဘူး။ သူ့မှာ ကယ်ချွတ်ရမယ့် “သုဘဒ္ဒကို တရားဟောဖို့ ကျန်နေသေး”လို့ သမာပတ်ကို (၁၀)လထိ တားထားတယ်။ အဲဒီ ဖလသမာပတ်ကို အာယုသင်္ခါရလို့ ခေါ်တယ်။ အသက်ကို
စာမျက်နှာ-၄၆
(၁၀)လတိတိ ဆက်ပေးထားတယ်။ အကယ်၍ မြတ်စွာဘုရားသာ (၁၀)လ စောပြီး ပရိနိဗ္ဗာန်စံသွားရင် သုဘဒ္ဒကြီးကို ကယ်ချွတ်ဖို့ မဖြစ်နိုင်တော့ဘူး၊ ဒါကြောင့်လဲ မြတ်စွာဘုရားက တားထားတာနော်။

အရှင်သာရိပုတ္တရာမထေရ်မြတ်ကတော့ ပရိနိဗ္ဗာန်စံဖို့ရန် (၇)ရက်လောက်ကျန်တဲ့အခါမှာ မကြောက်ဘူး။ ရဟန္တာတွေရဲ့စိတ်မှာ နေချင်သေးတယ်ဆိုရင်လည်း ဘဝကိုစုံမက်တဲ့ တဏှာဖြစ်တယ်နော်။ သေချင်တယ်ဆိုရင်လည်း ဘဝကို မုန်းတီးတဲ့အကြောင်းဖြစ်တယ်။

အစွန်း(၂)ဘက်လွတ်သလားဆိုတော့ မလွတ်ဘူး။ ရဟန္တာပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ဟာ နေချင်တာလည်း မဟုတ်ဘူး။ သေချင်တာလည်း မဟုတ်ဘူး။ အို.. ဒီလေးလံတဲ့ခန္ဓာကိုယ်ကြီးရဲ့ ဝတ္တရားတွေကနေ လွတ်တော့မယ်ဆိုပြီး မျှော်မိတာလေးတော့ရှိတယ်။
စာမျက်နှာ-၄၇
အေး.. ဘာကြောင့် ဒီလောက်တောင် စိတ်ဓာတ်ကြံ့ခိုင်သွားသလဲဆိုတော့ မြတ်စွာဘုရား ဟောကြားထားတဲ့ မေတ္တာဘာဝနာတရားတွေကို ပွားများထားလို့။ ဒါကြောင့် မြတ်စွာဘုရားရဲ့ တရားတွေဟာ အဆိုး(၄)မျိုးကို ဖယ်ရှားပြီးတော့ အကောင်း(၃)မျိုးကို တိုးပွားစေတယ်။ အကောင်း(၃)မျိုးက ဘာတွေလဲဆိုတော့ သတ္တဝါနံ ဝိသုဒ္ဓိယာ = စိတ်ဓာတ်ဖြူစင်သွားနိုင်တယ်။

နောက်ဆုံးနိဗ္ဗာန်လမ်းကြောင်းကိုတွေ့ရှိပြီး နိဗ္ဗာန်ကို ဆိုက်ရောက်သွားနိုင်ပါတယ်။ ဗုဒ္ဓမြတ်စွာရဲ့ တရားတွေကို လိုက်နာကျင့်သုံးကြတဲ့သူတိုင်း အဆိုး(၄)မျိုးကို ဖယ်ရှားနိုင်ပြီး အကောင်း(၃)မျိုးကို တိုးတက်စေဖို့ ရယူနိုင်စေဖို့ ဒီလိုဆိုလိုတယ်။

ကိုယ့်ကိုညှင်းဆဲနေတဲ့ ပုဂ္ဂိုလ်ရဲ့အပေါ်မှာ မိမိရဲ့စိတ်ကို မပြောင်းလဲစေရဘူး၊ မကြားဝံ့တဲ့စကားတွေနဲ့ မတုန့်ပြန်ဘူး၊ မေတ္တာစိတ်နဲ့ဆက်ဆံပြီး
စာမျက်နှာ-၄၈
မေတ္တာဘာဝနာပွားများရမယ်။ ဒီမေတ္တာတရားတွေ ပိုမိုကျယ်ပြန့်လာပြီး သတ္တဝါတိုင်းအပေါ်မှာ မေတ္တာစိတ် ထားနိုင်ကြရမယ်။

ဒါကြောင့်မို့ ဒီနှစ်ဦးအခါကာလ သမယမှာ တရားချစ်ခင်သူတော်စင်အပေါင်းတို့သည် မိမိတို့ရင်ဆိုင်ကြုံတွေ့နိုင်တဲ့ စကား(၅)မျိုး၊ ထိုစကား(၅)မျိုးနဲ့ မိမိတို့ကိုယ်တိုင်က လက်ခံကျင့်သုံးကြရမယ်။ မိမိတို့က ကျင့်သုံးထားပေမယ့်လို့ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါမှာ မေတ္တာနဲ့ အခိုင်အမာကာဆီးထားပြီး မေတ္တာနှလုံးအကျင့်ကောင်းကို အစဉ်ကျင့်သုံးနိုင်ကြပါစေကုန်သတည်း။ am1sys68voxby7730vzr6ajjgmxj5ag ရှစ်ယောက်နှင့် တစ်ယောက် 0 6419 22223 2026-06-20T00:17:53Z Tejinda 173 "{{header | title = ရှစ်ယောက်နှင့် တစ်ယောက် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = မေတ္တာ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22223 wikitext text/x-wiki {{header | title = ရှစ်ယောက်နှင့် တစ်ယောက် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[မေတ္တာနှလုံးအစဉ်သုံး]] | previous2 = | next = [[လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

ရှစ်ယောက်နှင့် တစ်ယောက်
အမှာစကား

သာသနာတော်နှစ် ၂၅၅၀-ပြည့်နှစ်၊ ကောဇာ သက္ကရာဇ် ၁၃၆၈-ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈-ရက်၊ ရန်ကုန်တိုင်း၊ ဥက္ကံမြို့၊ ဘုရားကြီးကျောင်းတိုက်အတွင်းဝယ် ဝိနယာဓိက ဝိနည်းစာတော်ပြန် မေးဖြေပွဲကြီးနှင့် စပ်လျဉ်း၍ ဆင်ယင်ကျင်းပပြုလုပ်အပ်သော ညဉ့်ဦးယံဓမ္မသဘင်အခမ်းအနားဝယ် ဟောကြားအပ်သည့် “ရှစ်ယောက်နှင့် တစ်ယောက်” တရားဒေသနာတော်။ ။

ဤစာအုပ်သည် ဟောတရားကို အသံမှ စာလုံးအဖြစ် ကူးပြောင်းကာ တည်းဖြတ်ထုတ်ဝေအပ်သော စာအုပ်ဖြစ်သည်။ အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ်၌ လာရှိသော “အက္ခဏသုတ်” ကိုပင် “ရှစ်ယောက်နဲ့တစ်ယောက်” ဟု အမည်ပေးကာ ဟောထားခြင်းဖြစ်သည်။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တိုင်း သိရှိကြသည့် “သြကာသကန်တော့ချိုး” တွင် ပါဝင်သည့် “ရပ်ပြစ်ရှစ်ပါး” ဆိုသည်မှာ အဆိုပါ ရှစ်ယောက်ရဲ့ ဖြစ်ရာဘုံဘဝ ရှစ်မျိုးကို ရည်ညွှန်းသည်။ ။

ဤစာအုပ်ကို ဖတ်ရှုပြီးလျှင် မူရင်း အက္ခဏသုတ်ကိုလည်း ဖတ်ရှုလေ့လာသင့်သည်။ ရရှိထားပြီး မိမိတို့ရဲ့ ဘဝအခြေအနေကောင်းများကို လက်တွေ့အသုံးချကာ ဘဝတန်ဖိုးကို အပြည့်အဝ အရယူနိုင်ကြပါစေ။

ဓမ္မအသိ ရှိလျက်နေမည်။

ဒီကနေ့ညဟောမယ့် တရားရဲ့ အမည်က ရှစ်ယောက်နဲ့တစ်ယောက်တဲ့။ “ရှစ်ယောက်နဲ့တစ်ယောက်” ဆိုတာ ဘယ်နှစ်ယောက်တုန်း၊ ကိုးယောက်နော်၊ ကိုးယောက်လို့ မပြောဘဲနဲ့ ဘာဖြစ်လို့ “ရှစ်ယောက်နဲ့တစ်ယောက်” လို့ ပြောရသလဲဆိုတာ တရားနာပြီးရင် သဘောပေါက်မှာပါ။ တရားချစ်ခင်သူတော်စင်တို့ဟာ ရှစ်ယောက်ထဲမှာပါသလား၊ သို့မဟုတ် တစ်ယောက်ထဲမှာပါသလား ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ကြရမှာပါ။
စာမျက်နှာ-၂
ဒီဒေသနာတော်အရ “ရှစ်ယောက်နဲ့တစ်ယောက်” ဆိုတာ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်က ရှစ်ယောက်ရှိတယ်၊ လောကမှာ ဘဝအခြေအနေ အကျိုးပေးမလှလို့ ကံဆိုးမိုးမှောင်ကျပြီး အခြေအနေမလှတဲ့ပုဂ္ဂိုလ်က ရှစ်ယောက်၊ ကံကောင်းလို့ အခြေအနေကောင်းရထားတဲ့ ပုဂ္ဂိုလ်က တစ်ယောက်ထဲပဲရှိတယ်။ ဆိုလိုတာက ကိုးယောက်မှာ တစ်ယောက်ပဲ ကံကောင်းတယ်လို့ ပြောတာနော်။ အေး ကံမကောင်းတဲ့လူက ရှစ်ယောက်၊ ကံကောင်းတဲ့လူက တစ်ယောက်ထဲပဲရှိတယ်၊ အဲဒီတစ်ယောက်ထဲမှာ တရားချစ်ခင်သူတော်စင်ပရိသတ်တို့ ပါတယ်မပါဘူးဆိုတာ ကိုယ့်ဖာသာကိုယ် ကြည့်ရမယ်။
စာမျက်နှာ-၃

အခွင့်ကောင်းသူနဲ့ မရသူ
ကံမကောင်း အကြောင်းမလှ အခြေအနေမပေးတဲ့ပုဂ္ဂိုလ် ရှစ်ယောက်ဆိုတာ ဘယ်သူတွေလဲ။ သံသရာဝဋ်က လွတ်ကင်းဖို့ တရားဓမ္မတွေကို မြတ်စွာဘုရားက ဟောတယ်၊ ထိုဟောထားတဲ့ တရားဓမ္မတွေကိုကျင့်ဖို့ အခွင့်အလမ်း မရရှိတဲ့ ပုဂ္ဂိုလ်တွေကို ပြောတာ။ လောကမှာ လူဖြစ်လာသော်လည်း အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တွေက အများကြီးပဲ၊ သံသရာလည်နေကြတဲ့အထဲမှာ လူတိုင်းလူတိုင်း အခွင့်ကောင်း ရရှိနေကြတာ မဟုတ်ဘူး၊ အခွင့်ကောင်းမရတဲ့ပုဂ္ဂိုလ်တွေ အများကြီးပဲ။

အခွင့်အရေးဆိုတာနဲ့ပတ်သက်ပြီး ပြောရရင် အခွင့်အရေးဆိုတာ အမျိုးမျိုးရှိတယ်၊ ဆိုပါစို့—
စာမျက်နှာ-၄
တယ်လီဗစ်ရှင်းကြည့်ချင်တယ်ဆိုရင် အိမ်မှာတယ်လီဗစ်ရှင်းရှိပေမယ့် လျှပ်စစ်မီးမရှိဘူး၊ လျှပ်စစ်မီးက မလာဘူးဆိုရင် ကြည့်လို့ရမလား၊ မရဘူး၊ မီးလာတဲ့အခါမှ ကြည့်လို့ရတယ်၊ အခွင့်အရေးဆိုတာ အမြဲတမ်းရှိရဲ့လား၊ မရှိဘူး၊ ဟိုလျှပ်စစ်မီးနဲ့ ဝေးကွာတဲ့ တောရွာတွေမှာ လျှပ်စစ်မီးမပြောနဲ့ ကြယ်ကလေးတွေ လကလေးတွေရဲ့ အလင်းရောင်နဲ့ နေကြရတယ်။ ကြယ်ရောင် လရောင်လေးတွေကို အားကိုးပြုပြီးတော့ ညအခါမှာ ခရီးသွားကြရတယ်။

ဟိုယခင်တုန်းက ဧရာဝတီတိုင်းက လူတွေဟာ ဒီရေအတက်အကျကြည့်ပြီးတော့ ချောင်းတွေမြောင်းတွေမှာ ခရီးသွားကြရတယ်နော်၊ ရေတက်ချိန်ကလေးကိုကြည့်ပြီး လှေလောင်းတွေနဲ့ ခရီးသွားရတယ်၊ ချောင်းကြိုချောင်းကြားလေးမှာ
စာမျက်နှာ-၅
ရေကျသွားပြီဆိုရင် သွားလို့ရသေးရဲ့လား၊ မရဘူး။ အခွင့်အရေးဆိုတာ အမြဲတမ်းရှိမနေဘူးလို့မှတ်ပါ။

လူ့ဘဝရနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း အခွင့်ကောင်း အမြဲတမ်း ကြုံတာမဟုတ်ဘူးတဲ့၊ အခွင့်အရေးကြုံတဲ့အခိုက်ကလေးမှာ အခွင့်သာခိုက်ကလေးမှာ ရသင့်ရထိုက်တာတွေကို ရအောင်ယူလိုက်မှ အခွင့်အရေးရနိုင်တယ်။ အခွင့်အရေးဆိုတာ နောက်တစ်ခါ ပြန်လာချင်မှလာတယ်။ အခွင့်ကောင်းကို opportunity လို့ခေါ်တယ်။ opportunity ဆိုတဲ့ အခွင့်ကောင်းဟာ ရံဖန်ရံခါမှသာ ရောက်လာတတ်တယ်၊ တစ်ခါရောက်လာပြီးရင်လည်း နောက်ထပ် ရောက်ချင်မှရောက်လာတယ်၊ ရောက်လာတဲ့အချိန်လေးမှာ လုပ်ရင်လုပ်လိုက်၊ မလုပ်လိုက်ဘူးဆိုရင် သွားရော။ ထို့အတူပဲ သံသရာကြီးထဲမှာလည်း သတ္တဝါရယ်လို့
စာမျက်နှာ-၆
ဖြစ်လာပြီးတော့ အခွင့်ကောင်းလေးတွေလက်လွတ်ဆုံးရှုံးပြီး ဘယ်လိုမှ အခွင့်မရတဲ့ ပုဂ္ဂိုလ်မျိုးတွေဟာ “ရှစ်ယောက်” တောင်ရှိတယ်။

ကဲ ဆိုပါစို့၊ အခုလို ကြည့်စရာရှုစရာတွေ ပေါများနေတဲ့ အချိန်လေးမှာ မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်တွေဟာ ထိုကြည့်စရာရှုစရာလေးတွေကို ကြည့်လို့ရရဲ့လား။ ကြံကြံဖန်ဖန် လူရွှင်တော်တွေက ပြောတာရှိသေးတယ်နော်၊ မင်းတုန်းမင်းကြီးတဲ့ ပဉ္စမသံဂါယနာတင်သွားပေမယ့်လို့ ဖာလူဒါတော့ သောက်မသွားရဘူးလို့ ပြောတယ်၊ ဘာဖြစ်လို့တုန်းဆို မင်းတုန်းမင်းလက်ထက်က ဖာလူဒါမှမရှိတာနော်၊ အဲလို ကြံကြံဖန်ဖန် ပြောတဲ့လူက ရှိသေးတယ်၊ ကဲတယ်လီဗစ်ရှင်းရော ကြည့်သွားရရဲ့လား၊ အဲဒီတုန်းကမှ မရှိသေးတာ၊ ဟုတ်ရဲ့လား။
စာမျက်နှာ-၇
အဲဒီတော့ အခွင့်အရေးဆိုတာ အမြဲတမ်းရှိနေတာ မဟုတ်ဘူး၊ သူ့ခေတ်နဲ့ သူ့အခါ ဒီလိုပေါ်လာတာမျိုး ဖြစ်တယ်၊ မျက်စိနှစ်ကွင်း အလင်းမရတဲ့ပုဂ္ဂိုလ်က လောကမှာ ကြည့်စရာ မြင်စရာတွေ ဘယ်လောက်ပေါပေါ၊ သူ့မှာ အခွင့်အရေးက ဘယ်လိုမှ မလာတော့ဘူး၊ အေး ဒီကနေ့ခေတ်မှာ နားထောင်ချင်စရာ အသံမျိုးစုံ၊ music တွေကလည်း ပေါမှပေါ၊ ငြိမ့်ညောင်းသာယာတဲ့ သီချင်းတွေကစပြီးတော့ pop music တွေအထိ၊ ဒီကနေ့မှာ နားကောင်းတဲ့လူတွေ နားထောင်ခွင့်ရသော်လည်း နားလေးနေတဲ့ပုဂ္ဂိုလ်၊ နားမကြားရတဲ့ပုဂ္ဂိုလ်အဖို့ ထိုသီချင်းသံကို နားထောင်နိုင်ခွင့်ရရဲ့လား မရဘူးနော်။
စာမျက်နှာ-၈

အခွင့်အရေးဆုံးရှုံးသူများ
ဒီနေရာမှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ပုဂ္ဂိုလ်ရှစ်ယောက်ဟာ “သံသရာဝဋ်က ကျွတ်လွတ်ရေးအတွက် မြတ်သောအကျင့်ကျင့်ဖို့ အခွင့်အရေး ဆုံးရှုံးနေကြတယ်” တဲ့၊ တစ်ယောက်သောပုဂ္ဂိုလ်သာလျှင် အဲဒီအခွင့်အရေးကို ရတယ်။ ကဲ ဘယ်ပုဂ္ဂိုလ်တွေဟာ အခွင့်အရေးဆုံးရှုံးနေတုန်းဆိုတာ ကြည့်ကြရအောင်။

လောကမှာ မြတ်စွာဘုရား ပွင့်တော်မူလာတယ်၊ မှန်ကန်တဲ့ တရားဓမ္မတွေကို ဟောပြောတော်မူတယ်၊ အဲဒီလို ဘုရားပွင့်ပြီး တရားဟောနေတဲ့အချိန်၊ ဒီကနေ့ကမ္ဘာ ဂေါတမဗုဒ္ဓရဲ့ လက်ထက်တော်အခါနဲ့ ပြောမယ်ဆိုရင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၅၀-ကျော်က ဗုဒ္ဓမြတ်စွာ ပေါ်ထွန်း
စာမျက်နှာ-၉
ခဲ့တယ်။ ပေါ်ထွန်းခဲ့ပြီးတော့ ဣသိပတန မိဂဒါဝုန်တောမှာ ဓမ္မစကြာတရား ဟောခဲ့တယ်၊ အဲဒီဓမ္မစကြာတရားကို လူသားအနေနဲ့ နာခွင့်ရလိုက်တာ ဘယ်နှစ်ယောက်ရှိသလဲ၊ ပဉ္စဝဂ္ဂီငါးဦးပဲရှိတယ်။ လူတွေအများကြီးထဲက ဓမ္မစကြာတရားနာခွင့်ရလိုက်တာ လူငါးဦးပဲရှိတယ်၊ နတ်ဗြဟ္မာတွေကသာ များတာကိုး၊ လူသားအနေနဲ့ ငါးဦးထဲပဲ နာခွင့်ရခဲ့ကြတယ်၊ အဲဒီလို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် လောကမှာပွင့်ပြီး တရားဟောတော်မူတဲ့အခါ သတ္တဝါတိုင်း တရားနာခွင့်ရကြရဲ့လား၊ မရကြဘူး။ တရားနာခွင့်မရဘဲ အခွင့်အရေးလုံးဝဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်သူတွေလဲလို့ဆိုရင် -

၁။ ငရဲကျနေသူဟာ အခွင့်အရေးလုံးဝဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။
စာမျက်နှာ-၁၀
ငရဲကျနေသူ ဘုရားပွင့်ပြီး တရားဟောနေတဲ့အချိန်ကာလတွေမှာ ကံမကောင်း အကြောင်းမလှလို့ ငရဲဘုံရောက်ပြီး ဒုက္ခခံနေရတဲ့ပုဂ္ဂိုလ်တွေ မရှိဘူးလား၊ ဘုရားပွင့်တဲ့အချိန် ငရဲကျနေတဲ့ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားဟောတဲ့ တရားကို နာယူပြီး မြတ်သောအကျင့်ကျင့်ပြီး နိဗ္ဗာန်ရဖို့ဆိုတဲ့ အခွင့်အလမ်းတွေ သူ့မှာရှိရဲ့လား၊ မရှိဘူး၊ အဲဒီငရဲကျနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ လုံးဝအခွင့်အရေးဆုံးရှုံးနေသူ ဖြစ်တယ်။

ငရဲဘုံဆိုတာကို ပါဠိလို နိရယ လို့ခေါ်တယ်။ “နိရ်” ဆိုတာက မရှိဘူး၊ “အ” က ချမ်းသာသုခ၊ ချမ်းသာသုခ တစ်စက်ကလေးမှမရှိတဲ့ ဘုံဘဝကို နိရယ လို့ခေါ်တာပါ၊ ငရဲဘုံရောက်နေတဲ့ ပုဂ္ဂိုလ်
စာမျက်နှာ-၁၁
ဟာ သူ့မှာလည်း မျက်စိနှစ်လုံးပါတာပဲ၊ သူ့မျက်စိနှစ်လုံးက မြင်ရတဲ့အရာမှန်သမျှ ကြောက်မက်ဖွယ်ရာနဲ့ အနိဋ္ဌာရုံတွေချည်းပဲ မြင်တယ်။ အကောင်းမြင်ရတယ်လို့ မရှိဘူးတဲ့။ ။

ဘုန်းကြီးတို့ လူသားတွေရဲ့ မျက်စိက ကောင်းတာလည်းမြင်ရတယ်၊ မကောင်းတာလည်း မြင်ရတယ်၊ လှတာလည်း မြင်ရတယ်၊ မလှတာလည်း မြင်ရတယ်၊ နှစ်သက်စရာတွေလည်း မြင်ရတယ်၊ မနှစ်သက်စရာတွေလည်း မြင်ရတယ်၊ ဟိုငရဲဘုံကျတော့ မြင်သမျှမြင်ကွင်းဟာ အကောင်းတစ်ခုမှမရှိဘူးတဲ့၊ မြင်ရတဲ့အရာတွေမှန်သမျှ ကြောက်စရာတွေ၊ တုန်လှုပ်စရာတွေ၊ စိတ်ထိခိုက်စရာတွေ၊ ဆင်းရဲစရာတွေချည်းပဲ မြင်ရတယ်။

နားက ကြားလိုက်ရလို့ရှိရင်လည်း ချိုသာတဲ့အသံ၊ စိတ်ချမ်းသာတဲ့အသံ တစ်သံမှမကြားရဘူး၊
စာမျက်နှာ-၁၂
အင်မတန်မှ ဆင်းရဲစရာကောင်းတဲ့ အသံမျိုးတွေပဲကြားရတယ်တဲ့၊ နှာခေါင်းက အနံ့ရလိုက်တာလည်း မွှေးကြိုင်တဲ့ အနံ့ဆိုတာ ဝေလာဝေး၊ နှာခေါင်းပိတ်ထားရမယ့် အနံ့မျိုးတွေချည်းပဲ သူတို့ရတယ်တဲ့၊ လျှာကလျှက်ရတဲ့ အရသာလည်း ကောင်းတဲ့အရသာ တစ်ခုမှမရှိဘူး၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့ အရသာလည်း တစ်ခုမှချမ်းသာတာ မရှိဘူးတဲ့။

သော် ငရဲဘုံဆိုတာ မျက်စိကမြင်ရတာ၊ နားကကြားရတာ၊ နှာခေါင်းက နမ်းရှူရတာ၊ လျှာကလျှက်ရတာ၊ ခန္ဓာကိုယ်ကထိရတာ၊ ဘယ်အရာမှ ကျေနပ်စရာ နှစ်သက်စရာမရှိဘူး၊ အဲဒီလို ဘုံဘဝမျိုးရောက်နေတဲ့ပုဂ္ဂိုလ်ဟာ တရားနာနိုင်မလား၊ မနာနိုင်ဘူးတဲ့၊ တရားမနာနိုင်ရုံတွင်မကဘူး။ တရားရဲ့အရသာ ခံစားနိုင်ဖို့ဆိုတာလည်း သူ့မှာမရှိဘူး၊ ဘုရားပွင့်နေတဲ့ အချိန်လေးမှာ မြတ်စွာ
စာမျက်နှာ-၁၃
ဘုရားဟောတဲ့တရား အင်မတန်မှ ကြုံတောင့်ကြုံခဲတဲ့တရားကို နာခွင့်မရသည့်အတွက်ကြောင့် အဲဒီပုဂ္ဂိုလ်ဟာ အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။

၂။ တိရစ္ဆာန်ဖြစ်နေသူ ထို့အတူပဲ နောက်တစ်ဦးကြည့်- တိရစ္ဆာန်ဖြစ်နေသူတဲ့။ ငရဲလောက်တော့ မဆင်းရဲဘူး၊ သို့သော် ဆင်းရဲတယ်၊ ဘုရားပွင့်ပြီးတော့ တရားဟောနေတဲ့အချိန် တိရစ္ဆာန်ဘုံရောက်နေတယ်၊ နွားဖြစ်နေတယ်၊ ခွေးဖြစ်နေတယ်၊ ကြက်ဖြစ်နေတယ်၊ ဝက်ဖြစ်နေတယ်ပေါ့။ တိရစ္ဆာန်ဘုံဆိုတာ ငရဲလောက်တော့ မဆင်းရဲဘူး၊ သို့သော် ဆင်းရဲတယ်၊ တိရစ္ဆာန်ဘဝဟာ အင်မတန်မှ ဒုက္ခရောက်
စာမျက်နှာ-၁၄
တယ်။ လူတွေအနိုင်ကျင့်တာ ခံနေရတာဟာ တိရစ္ဆာန်တွေပဲ၊ လူတွေက တိရစ္ဆာန်တွေကို အနိုင်ကျင့်ပြီး သတ်ဖြတ်စားသောက်ကြတယ်။

ဘုန်းကြီးတို့ ဒီကနေ့ တရားဟောလာရင်းတောင်မှ ကားလမ်းဘေးက ရွာလေးတွေမှာ ကြက်ကလေးတွေ မွေးထားတာ မြင်တော့ စိတ်ထဲမှာ တွေးမိသေးတယ်၊ သော် ဒီကြက်ကလေးတွေ အခုငယ်သေးတယ်၊ ကြီးတဲ့အချိန်မှာ ဟင်းအိုးထဲရောက်မယ့် အကောင်တွေချည်းပဲလို့ တွေးမိတယ်။

လမ်းမှာတွေ့ခဲ့သေးတယ်၊ ကြက်တွေကို ခြေထောက်တွေမှာ ပူးချည်ထားပြီး မော်တော်ဆိုင်ကယ်နောက်က ဆွဲသွားတာ၊ အရှင်လတ်လတ် ကြက်တွေနော်၊ ဘယ်သူကမှ သူတို့ကို မကယ်တုန်း၊ ဘယ်သူ့မှ မကယ်ဘူး၊ လူတွေ ဘယ်လောက်ရက်စက်တယ်ဆိုတာကြည့်၊ သူတို့လည်း သူတို့
စာမျက်နှာ-၁၅
ဘဝမှာ အင်မတန်ပျော်ရှာကြတာ၊ ထိုပျော်နေတဲ့ ဘဝကလေးမှာ ကြာကြာမနေကြရဘူး။ လူတွေက နှိပ်စက်ညှဉ်းပန်းပြီး သတ်ဖြတ်စားသောက်ကြတယ်။

ကြက်တွေ ဝက်တွေ ခြေထောက်နှစ်ချောင်း ကြိုးနဲ့ပူးပြီး ချည်ထားရုံမကဘူး၊ ဇောက်ထိုးဆွဲထားသေးတယ်၊ တစ်ချို့များ ကြက်တွေခြင်းထဲထည့်ပြီး အရှင်လတ်လတ် ကားပေါ်ကပစ်ချတာတွေတောင် တွေ့ဖူးတယ်၊ သော် တိရစ္ဆာန်ဘဝဟာ ဘယ်သူမှကယ်တင်မယ့်သူ မရှိဘူး၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က တိရစ္ဆာန်တွေရဲ့ ဒုက္ခကို “အညမညခါဒက ဒုဗ္ဗလခါဒက” တဲ့၊ တိရစ္ဆာန်တွေဆိုတာ ကြီးနိုင်ငယ်ညှင်း အချင်းချင်းသတ်ပြီးတော့ စားနေကြတာတဲ့။
စာမျက်နှာ-၁၆
ဖား-ဖားချင်းစား၊ ငါး-ငါးချင်းစားဆိုတာလို၊ အကောင်ကြီးရင် အကောင်ငယ်ကို စားပစ်တာပဲ၊ တိရစ္ဆာန်တွေဟာ အချင်းချင်းစားကြတယ်တဲ့။ အားရှိတဲ့အကောင်က အားနည်းတဲ့အကောင်ကို စားပစ်တယ်၊ အတော်ကြောက်စရာကောင်းတဲ့ဘုံ။

တယ်လီဗီးရှင်းမှာ ကြည့်ဖူးကြပါလိမ့်မယ်။ discovery channel အစရှိတာတွေမှာရှိတဲ့ တိရစ္ဆာန်တွေအကြောင်း ရိုက်ပြထားတာရှိတယ်။ သံဝေဂယူစရာ တစ်ခါတစ်ရံကြည့်ရတယ်၊ ဗဟုသုတတော့ဖြစ်တယ်၊ ဘုန်းကြီးတို့ အမေရိကနေတုန်းက discovery channel က safari ဆိုတဲ့ အခန်းကို ကြည့်တယ်၊ အာဖရိကတိုက် တောရိုင်းထဲက တိရစ္ဆာန်တွေရဲ့ သဘာဝကို ရိုက်ကူးထားတာ၊ အဲဒီရိုက်ကူးထားတဲ့အထဲမှာ အို-သမင်လေးတွေ အစာစားနေကြတာ၊ တော်ကြာ
စာမျက်နှာ-၁၇
ကျားကလိုက်ဖမ်း၊ ပြေးလိုက်ရှာကြတာ၊ နောက်ဆုံးမိတဲ့အကောင် အစားခံလိုက်ရတာပဲ။ ။ ကျွဲရိုင်းတွေ အုပ်လိုက်ကြီးနေကြ၊ တော်ကြာခြင်္သေ့ကလာ၊ ဝိုင်းလိုက်၊ ပြေးလိုက်ကြတာ အကုန်လုံး၊ ကွဲပြီးတော့ ကျန်ရစ်တဲ့အကောင် သတ်စားခံရတာ၊ အကောင်တွေက မောလို့ ရေငတ်လို့ ရေထဲဆင်းတဲ့အခါကျတော့ ရေထဲမှာ မိကျောင်းတွေက စောင့်နေကြတယ်၊ ရေလေးသောက်နေတုန်းရှိတယ်၊ အမြီးနဲ့ရိုက်ပြီး ဝိုင်းကိုက်စားကြပြန်ရော၊ သွေးရဲရဲ သံရဲရဲနဲ့၊ အတော်သနားစရာကောင်းတဲ့ ဘဝတွေပဲနော်၊ ဘယ်တော့မှလည်း လွတ်လမ်းမရှိကြဘူး၊ သူ့ခမျာများ ခြင်္သေ့ ကျားပါးစပ်ထဲမှာ မျက်လုံးကလေးပြူးလျက် အသက်ပျောက်သွားရှာကြတယ်။ တစ်ခါတုန်းက ကြည့်လိုက်ရတယ်၊ ကျွဲကြီးတစ်ကောင်ကို ခြင်္သေ့တွေက
စာမျက်နှာ-၁၈
ဝိုင်းကိုက်စားနေကြတယ်၊ နောက်ကဖဲ့စား၊ ရှေ့ကကျွဲကြီးက အော်တုန်းပဲရှိသေးတယ်၊ နောက်ပိုင်းက ပေါင်တွေ အကုန်ပဲ့ကုန်ပြီ မရှိတော့ဘူး၊ တိရစ္ဆာန်ဘဝဆိုတာ အင်မတန်မှ သနားစရာကောင်းတယ်၊

မြတ်စွာဘုရားက တိရစ္ဆာန်လောကဟာ ငရဲပြီးရင်တော့ အဆိုးဆုံးပဲတဲ့၊ အင်မတန်ဆိုးတဲ့ဘဝ၊ လူတွေက ထင်ကောင်းထင်ကြမယ်၊ အိမ်မွေးထားတဲ့ ကြောင်ကလေးတွေ ခွေးကလေးတွေကို ကြည့်ပြီးတော့ သူတို့မှာ ဘာအလုပ်အကိုင်မှမရှိဘူး။ ချမ်းချမ်းသာသာ စားနေကြရတယ်၊ အနည်းစုကလေးကိုကြည့်ပြီး ထင်ကောင်းထင်မယ်၊ တစ်ချို့မွေးထားတဲ့ ခွေးတွေများ ချမ်းချမ်းသာသာ ကျကျနနနေကြရတယ်၊ မွေးတာမှ စပါယ်ရှယ်မွေးထားတာ၊ စပါယ်ရှယ်ခွေးစာကျွေးရတယ်၊ ဟိုဟိုဒီဒီ သွားတဲ့အခါလည်း ကားကြီးစီးပြီးသွားရတယ်။
စာမျက်နှာ-၁၉
အိပ်တဲ့အခါမှာလည်း လူ့အိပ်ယာမှာလိုပဲ အိပ်ရတယ်၊ ဒါကံကောင်းတဲ့ တိရစ္ဆာန်တစ်ချို့ပါ၊ ချမ်းသာတဲ့လူက မွေးထားတဲ့ ခွေးတစ်ချို့ကျတော့ ကံကောင်းတာမျိုးရှိတော့ရှိတယ်။

သို့သော် တိရစ္ဆာန်ဘဝဆိုတာ ဘယ်လိုပဲ တရားဟောဟော၊ နားလည်နိုင်တဲ့စွမ်းရည်သတ္တိ သူတို့မှာရှိရဲ့လား၊ အသိဉာဏ်ကမရှိဘူး၊ သူတို့အတွေးထဲမှာ ဘာပဲရှိတုန်းဆိုရင် ဘာစားရမတုန်း၊ ဘယ်နေရာအိပ်ရမတုန်း၊ ဒါပဲ၊ စားဖို့အိပ်ဖို့နဲ့ ကာမကိစ္စ၊ ဒါပဲရှိတယ်၊ ဆန့်ကျင်ဖက်အကောင်လာရင် ကိုက်ဖို့၊ ရန်ဖြစ်ဖို့ ဒါလောက်ပဲ သူတို့မှာ စဉ်းစားတာ၊ ဒီပြင်ဘာတစ်ခုမှမရှိဘူး၊ ကောင်းတဲ့ကုသိုလ်ဖြစ်ဖို့ဆိုတာ အခွင့်အရေးရှိရဲ့လား၊ မရှိဘူး၊ ဒါကြောင့်မို့လို့ တိရစ္ဆာန်ဘဝရောက်နေတဲ့အချိန်မှာ ဘုရားပွင့်တရားဟောနေသော်လည်း ဒီပုဂ္ဂိုလ်
စာမျက်နှာ-၂၀
ဟာလည်း အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲတဲ့။

၃။ ပြိတ္တာဖြစ်နေသူ ဟော နောက်တစ်ယောက်က ငရဲကျနေတာလည်း မဟုတ်ဘူး၊ တိရစ္ဆာန်ဖြစ်နေတာလည်း မဟုတ်ဘူး၊ ဘယ်ရောက်နေတုန်းဆိုရင် ဆင်းရဲဒုက္ခတွေ အမျိုးမျိုးခံနေရတဲ့ ပြိတ္တာဘဝရောက်နေတာ။ အဲဒီပြိတ္တာဘဝဆိုတာ စားစရာမရှိလို့ မစားရတာများတယ်။ အမြဲတမ်းဆာလောင်နေတာပဲ။ ဘယ်တော့မှ ဗိုက်ပြည့်အောင်မစားရဘူး၊ နေစရာကလည်း မရှိဘူး၊ ဟိုခြုံဖုတ်၊ ဟိုသစ်ပင်ကပ်ပြီးတော့ နေကြရတယ်။ လူတွေကတော့ တစ္ဆေသရဲလို့ခေါ်မှာပေါ့နော်၊ ဟိုသစ်ပင် ဟိုခြံကြား ဒီလိုကပ်ပြီး
စာမျက်နှာ-၂၁
တော့နေရတယ်၊ လူတကာစွန့်ပစ်လိုက်တဲ့ မစင်အညစ်အကြေး နှပ်တတွေး ဒါတွေကို လိုက်ရှာပြီးစားကြတယ်၊ ပြိတ္တာဘဝ အင်မတန်မှဆင်းရဲတယ်၊ အမြဲတမ်းဆာနေတာ။

ကာလကဉ္စိကာဆိုတဲ့ ပြိတ္တာကြီးတစ်ကောင်အကြောင်း အဋ္ဌကထာမှာပါတယ်၊ ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါကာလတုန်းက ဂင်္ဂါမြစ်ကမ်းခြေမှာ တောင်ပြေးလိုက်၊ မြောက်ပြေးလိုက်နဲ့ ကမ်းခြေတလျှောက်မှာ ပြေးလွှားနေတဲ့ ပြိတ္တာကြီးတစ်ကောင်ကို ဆွမ်းခံကြွတဲ့ကိုယ်တော်တွေကတွေ့သတဲ့၊ တွေ့တဲ့အခါကျတော့ အဲဒီပြိတ္တာကြီးကို ဘာဖြစ်လို့ ပြေးလွှားနေတာလဲ ဘာလိုချင်လို့လဲလို့ မေးတဲ့အခါ ရေသောက်ချင်လို့တဲ့၊ ရေငတ်လွန်းလို့တဲ့၊ ရေငတ်တယ်ဆိုတာ သာမန်ငတ်တာမဟုတ်
စာမျက်နှာ-၂၂
ဘူး၊ တစ်ကိုယ်လုံးပူလောင်ပြီးတော့ မသောက်ရမနေနိုင်လောက်အောင် ဖြစ်နေတာနော်။

အဲဒီတော့ ရဟန်းတွေက ပြောကြသတဲ့၊ “မင်းဟာ မြစ်ကမ်းခြေမှာ မင်းပြေးနေတာပဲ မဟုတ်လား၊ မြစ်ရေတွေ မမြင်ဘူးလား၊ အဲဒီမှာ သောက်ပါတော့လား” လို့ဆိုတော့ “အရှင်ဘုရား၊ တပည့်တော် ရေမမြင်ရဘူးဘုရား” တဲ့၊ ကဲ ဘယ်လောက်သနားစရာကောင်းလဲ၊ တပည့်တော် ရေမမြင်ရဘူးဘုရားတဲ့၊ ရေသောက်ချင်လွန်းလို့ တပည့်တော် ရေရှာနေတာပါတဲ့၊ ရေသံတွေတော့ ကြားနေတယ်တဲ့၊ ဘယ်နေရာကြည့်လိုက်ကြည့်လိုက် သူ့မှာ ရေမဟုတ်တော့ဘူး၊ သူရောက်သွားရင် ရေမဟုတ်
စာမျက်နှာ-၂၃
တော့ဘူး၊ အဲဒါနဲ့ ရဟန်းတွေက သနားလို့ “ကဲ ဒီလိုဆိုလို့ရှိရင် မင်း ဒီအနားမှာ ပက်လက်လှန်အိပ်၊ တို့သပိတ်တွေနဲ့ခပ်ပြီး မင်းပါးစပ်ထဲ ရေလောင်းထည့်ပေးကြမယ်” ဆိုပြီး သပိတ်တွေနဲ့ ဂင်္ဂါမြစ်ထဲက ရေတွေခပ်ပြီး သူ့ပါးစပ်ထဲ လောင်းထည့်ပေးကြသတဲ့။

အဲဒီလို လောင်းထည့်ပေးတာ တစ်ပါးတည်းမဟုတ်ဘူး၊ အပါးသုံးဆယ်လောက် လောင်းထည့်လိုက်တာ၊ တစ်နာရီလောက်ထိအောင် လောင်းကြတာ၊ ရေသောက်ရပြီလားဆိုတော့ မသောက်ရသေးဘူးတဲ့၊ ရဟန်းတွေက “ကဲ တို့လည်း ဆွမ်းခံချိန်နီးပြီတဲ့၊ တို့ရေတွေ လောင်းထည့်လိုက်တာ မင်းတစ်ကိုယ်လုံးကို ရွှဲရွှဲစိုနေပြီ၊ ရေမသောက်ရသေးဘူးလား” ဆိုတော့ “အရှင်ဘုရားတို့ လောင်းထည့်တဲ့ရေ တပည့်တော် လည်ချောင်းထဲရောက်လျက်နဲ့ မရောက်ဘူးပြောရင် တပည့်တော် ဒီဘဝက မလွတ်ပါစေနဲ့ဘုရား” တဲ့၊ ရေတစ်စက်မှ လည်ချောင်းထဲမရောက်ဘူးတဲ့။
စာမျက်နှာ-၂၄
ကဲ သူ့ဘဝဟာ ဘယ်လောက်ဆင်းရဲတဲ့ ဘဝတုန်း၊ အဲဒီဘဝမျိုးရောက်နေလို့ရှိရင် အခုလို တရားဓမ္မနာပြီးတော့ ကျွတ်တန်းဝင်နိုင်ပါ့မလား၊ မဝင်နိုင်ဘူး၊ သံသရာလည်နေတဲ့အချိန်မှာ ငရဲလည်းရောက်သွားနိုင်တာပဲ၊ တိရစ္ဆာန်လည်းဖြစ်နိုင်တာပဲ၊ ပြိတ္တာဘဝလည်းရောက်နိုင်တာပဲ။ အဲဒီလိုရောက်သွားပြီဆိုလို့ရှိရင်၊ ဒီပုဂ္ဂိုလ်ဟာ အခွင့်ကောင်းတွေ လက်လွတ်ဆုံးရှုံးသွားတဲ့ ပုဂ္ဂိုလ်ပဲ။ အင်မတန်မှ ကြောက်စရာကောင်းတယ်။

ရှင်မဟာမောဂ္ဂလာန်နဲ့ ရှင်လက္ခဏတို့ ဂိဇ္ဈကုဋ်တောင်ပေါ်ကျောင်းကနေပြီးတော့ မြို့ထဲဆွမ်းခံဖို့ ဆင်းလာကြတယ်၊ ဆင်းလာရင်း ရှင်မဟာမောဂ္ဂလာန်က ဒိဗ္ဗစက္ခုနဲ့ ဘာတွေ့တုန်းဆို ဂိဇ္ဈကုဋ်တောင် ကောင်းကင်ယံမှာ အော်ဟစ်ငြီးငြူငိုကြွေးတဲ့ အရိုးစုပြိတ္တာကြီးတွေ့သတဲ့၊ skeleton ပေါ့။
စာမျက်နှာ-၂၅
ကြည့်လိုက်ရင် အရိုးစုချည်းပဲ၊ အဲဒီအရိုးစုပြိတ္တာကြီးက ကောင်းကင်မှာသွားနေတာ၊ လင်းတတွေ၊ စွန်တွေ၊ ကျီးကန်းတွေက သူ့ကို ဝိုင်းဆိတ်နေကြတာတဲ့၊ ဒီပြင်လူတွေမှာ ပကတိမျက်စိနဲ့မမြင်ရဘူး၊ ရှင်မဟာမောဂ္ဂလာန်က ဒိဗ္ဗစက္ခုနဲ့မြင်တာ၊ အသံကိုလည်း ဒိဗ္ဗသောတနဲ့ ကြားလိုက်တာ၊ အဲဒီအကောင်ကြီးဟာ ဒီလိုပဲ အော်ဟစ်ပြီးတော့ ကောင်းကင်ယံမှာ ပြေးလွှားနေရှာတာတဲ့၊ ကဲ သူဘယ်လိုလုပ် တရားနာနိုင်ပါ့မတုန်း။

သူ့အရိုးလေးတွေက မထိလိုက်နဲ့၊ ထိလိုက်ရင် သိပ်နာတာပဲတဲ့ သူဟာ ဟိုဘဝက ဘာဖြစ်ခဲ့တုန်းဆို၊ သူနွားသတ်သမားဖြစ်ခဲ့တယ်၊ နွားတွေသတ်ပြီး အရိုးကနေ အသားကိုခြစ်မယူဘူးလား၊ ယူတဲ့အခါကျတော့ သူ့မျက်စိထဲမှာ အဲဒီအရိုးပုံကြီးပဲ မြင်နေတာ နွားသတ်သမားသေတဲ့အခါ ငရဲကျ။
စာမျက်နှာ-၂၆
ငရဲကပြန်လွတ်တဲ့အခါ အမဲရိုးတွေပဲ မျက်စိထဲမှာ မြင်နေတယ်၊ သေပြီး ငရဲကလွတ်လာတဲ့အခါ ပြိတ္တာလာဖြစ်ပြန်တယ်၊ အဆစ်ဒုက္ခခံရတာနော်။

အဲဒီလို ပြိတ္တာဘဝရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်လိုလုပ်ပြီးတော့ တရားနာဖို့ တရားကျင့်ဖို့ အခွင့်အလမ်းရှိနိုင်ပါ့မတုန်း၊ မရှိနိုင်ဘူးတဲ့၊ ဒါကြောင့်မို့ ဒီပုဂ္ဂိုလ်ဟာလည်း အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲတဲ့။

၄။ အရူပနှင့် အသညသတ် ထို့အတူပဲ မြတ်စွာဘုရားက လောကကြီးမှာ ပွင့်နေပြီး တရားဓမ္မတွေ ဟောနေပြီ။ ဒီပုဂ္ဂိုလ်က ဘယ်ရောက်နေတုန်းလို့ဆိုတော့ ရုပ်ခန္ဓာကိုယ်ကြီးမပါတဲ့ ဗြဟ္မာဘုံရောက်နေတယ်၊ အသိစိတ်ပဲ
စာမျက်နှာ-၂၇
ရှိတယ်၊ ရုပ်ခန္ဓာကြီးမရှိဘူး၊ သူက သာမန်ပုဂ္ဂိုလ်တော့ မဟုတ်ဘူး၊ လွန်ခဲ့တဲ့ဘဝတုန်းက သူဈာန်ရအောင် အားထုတ်ထားတော့ ဈာန်ကို ပဉ္စမဈာန်အဆင့်ထိအောင် အဆင့်မြင့် တရားကျင့်ခဲ့တဲ့ ယောဂီပုဂ္ဂိုလ်ကြီး၊ သို့သော်လည်း သူ့အတွေးအခေါ်လေး လွဲချော်သွားတာရှိတယ်။

ဘာလွဲချော်သွားတုန်းဆိုတော့ “ဒီရုပ်ခန္ဓာကိုယ်ကြီးရှိလို့ ခေါင်းကိုက်တာ, ဗိုက်နာတာတို့ဆိုတာတွေဖြစ်နေတာ၊ အိပ်ရတာ စားရတာတို့ဆိုတာလည်း ဟောဒီရုပ်ခန္ဓာကိုယ်ကြီးကြောင့်ပဲ။ ဒုက္ခမှန်သမျှ ဟောဒီရုပ်ခန္ဓာကိုယ်ကြီးရှိနေလို့ ဖြစ်နေတာ၊ စိတ်ကလေးချည်းဆို ဘယ်လောက်ကောင်းမတုန်း” သူ့အတွေးက အဲဒီလိုတွေးတာ၊ အဲဒီလို သွားတွေးပြီးတော့ “နောင်ဘဝ ငါမှာ ရုပ်ခန္ဓာကြီး မရပါရစေနဲ့၊ စိတ်ကလေးပဲ ရပါရစေ”
စာမျက်နှာ-၂၈
လို့တောင့်တတယ်။ တောင့်တတဲ့အတိုင်း အရူပဗြဟ္မာဘုံ သွားပြီးဖြစ်တယ်၊ ကမ္ဘာပေါင်းများစွာကြာတယ်၊ ဒီပုဂ္ဂိုလ်လည်း အဲဒီဘဝမှာ ချမ်းချမ်းသာသာတော့ နေရပါရဲ့၊ မြတ်စွာဘုရား တရားဟောတာ နာခွင့်ရရဲ့လား၊ မရှိဘူးတဲ့၊ လွဲသွားပြီ၊ တရားတော်မှမနာရလို့ရှိရင် သံသရာဝဋ်က လွတ်ဖို့ဆိုတာမရှိဘူး။

မြတ်စွာဘုရား အလောင်းတော်ဘဝက တောထွက်ပြီး တရားကျင့်တယ်၊ တရားကျင့်တဲ့အခါ ပထမဆရာမျိုးစုံထံ နည်းယူပြီးတော့ ကျင့်တာ၊ အဲဒီထဲမှာ အာဠာရကာလမဆိုတဲ့ ဆရာကြီးတစ်ဦးလည်း ပါတယ်၊ ဥဒကရာမပုတ္တဆိုတဲ့ ဆရာကြီးတစ်ဦးလည်း ပါတယ်၊ အာဠာရကာလာမဆိုတဲ့ ဆရာကြီးက ဈာန်အဆင့်အားဖြင့် ရူပါဝစရဈာန် လေးဆင့်အထိ ပေါက်ရောက်အောင်မြင်တဲ့အပြင်
စာမျက်နှာ-၂၉
အရူပါဝစရဈာန်မှာ တတိယအဆင့်အထိ ရောက်ထားတဲ့ ပုဂ္ဂိုလ်၊ သူက သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး၊ ခုနစ်ဆင့်ပေါက်ထားတဲ့ ပုဂ္ဂိုလ်ကြီး၊ ဘုရားအလောင်းက သူ့ဆီကသင်ပြီးတော့ တရားအားထုတ်လိုက်တာ သူနဲ့တန်းတူ သူ့အဆင့်ကို ရရှိဖူးတယ်။

တစ်ဖန် ဥဒကရာမပုတ္တဆိုတဲ့ ရသေ့ဆရာကြီးက သူကိုယ်တိုင်ကတော့ ဈာန်ရှစ်ဆင့်ထိအောင် မပေါက်သေးဘူး၊ သူလည်း ဘုရားအလောင်းနဲ့တွေ့တဲ့အခါက ခုနစ်ဆင့်ပဲ ရောက်သေးတယ်။ ဒါပေမဲ့လို့ သူက ရှစ်ဆင့်မြောက် နေဝသညာနာသညာယတနဆိုတဲ့ နောက်ဆုံးအဆင့် ဘယ်လိုအားထုတ်ရတယ်ဆိုတဲ့ နည်းစနစ်ကို သူ့ဆရာဆီကရထားလို့ ဘုရားအလောင်းကို သင်ပေးတယ်၊ ဘုရားအလောင်းက အားထုတ်လိုက်
စာမျက်နှာ-၃၀
တာ သူ့ဆရာကြီး ပေါက်ရောက်တဲ့ အဆင့်ထိအောင် ပေါက်သွားလို့ ဘုရားအလောင်းကို သူက ဆရာတင်ထားတယ်၊ နောက်ပိုင်းမှာ သူလည်းပဲ ရှစ်ဆင့်ထိအောင် ပေါက်ပြီးသွားတယ်၊ အဲဒီပုဂ္ဂိုလ်ကြီးနှစ်ဦးဟာ ဘုရားအလောင်းရဲ့ ဆရာကြီးတွေပဲ။

ဘုရားဖြစ်ပြီးတဲ့အခါ ဓမ္မစကြာတရားဟောခါနီး ကြည့်လိုက်တော့ အာဠာရ ကာလာမဆိုတဲ့ ရသေ့ကြီးက တရားမဟောခင် ခုနစ်ရက်လောက် အလိုမှာ သေသွားပြီတဲ့။ သေသွားပြီး ခုနကပြောတဲ့ ရုပ်မရှိ နာမ်သာရှိတဲ့ အရူပဘုံကို ရောက်နေတယ်၊ အကယ်၍ ရုပ်ရော နာမ်ရော ရှိမယ်ဆိုလို့ရှိရင် ဘုရားက လိုက်ပြီးတော့ တရားဟောမှာ၊ ဘာဖြစ်လို့တုန်းဆိုရင် သူ့ဆရာတော်ဖူးတာကိုး၊ ကျေးဇူးဆပ်ချင်တယ်၊ တစ်ခါ ဥဒကရာမပုတ္တ ဆရာကြီး ကြည့်လိုက်တဲ့အခါကျတော့ ညဉ့်ဦးယံကပဲ
စာမျက်နှာ-၃၁
ကွယ်လွန်သွားပြီ၊ သူလည်းပဲ အရူပဗြဟ္မာဘုံမှာ သွားဖြစ်နေတယ်။

သူတို့နှစ်ယောက်ဟာလည်းပဲ မြတ်စွာဘုရားနဲ့ တေ့လွဲလွဲသွားကြတာ၊ တစ်ဦးက တရားဟောမလို့ ခုနစ်ရက်အလို၊ ကျန်တစ်ဦးက တစ်ရက်အလိုလေးမှာ နှစ်ဦးစလုံး သေဆုံးသွားကြပြီ၊ တရားလိုက်ဟောလို့ရတဲ့ ဘဝမျိုး မဟုတ်သည့်အတွက်ကြောင့် ဘယ်လိုမှ သူတို့ဘုရားနဲ့တွေ့ဖို့ အခွင့်အရေးဟာ မရှိတော့ဘူးတဲ့၊ ဘာဖြစ်လို့တုန်း၊ သူတို့ဘဝသက်တမ်းက အလွန်ရှည်တယ်၊ အရိမေတ္တေယျ ဘုရားပွင့်တောင်မှလည်း သူတို့က ရှိနေကြဦးမှာပဲ။ မကျွတ်သေးဘူး၊ ဒါပေမယ့် သူတို့ တရားနာခွင့်တော့ ရမှာမဟုတ်ဘူး၊ ဘာဖြစ်လို့တုန်း၊ နားမှမပါတာကိုး၊ အဲဒီပုဂ္ဂိုလ်ကြီး နှစ်ဦးကြည့်၊
စာမျက်နှာ-၃၂
ဘယ်လောက်ဆုံးရှုံးသွားတုန်း၊ အင်မတန်မှ ဆုံးရှုံးနစ်နာတယ်တဲ့။

ထို့အတူပဲ တစ်ချို့ပုဂ္ဂိုလ်က ဈာန်တရား အားထုတ်ရင်း မမှန်ကန်တဲ့ အတွေးကလေးပေါ်လာတယ်၊ ဘာတွေပေါ်လာတုန်းဆိုရင် စားချင်တာလည်း ဒီစိတ်၊ သွားချင်တာလည်း ဒီစိတ်၊ စိတ်မရှိရင် အေးမှာပဲ၊ ဒီစိတ်က နေရာတကာဆောင်နေတယ်။ စိတ်က တော်တော်ဆိုးတယ်၊ ဒီစိတ်တွေ မပါရင်ကောင်းမှာပဲ ဆိုပြီးတော့ စိတ်ကို မုန်းတီးပြီးတော့ “နောင်ဘဝ စိတ်မရပါစေနဲ့” လို့ ဆန္ဒပြုတယ်။ စိတ်မပါဖို့ရာ ဆန္ဒပြုပြီး သေဆုံးသွားတဲ့အခါ အဲဒီပုဂ္ဂိုလ်ဟာ အသညသတ္တဆိုတဲ့ ဗြဟ္မာကြီး သွားဖြစ်တယ်၊ အဲဒီဗြဟ္မာကြီးက ဘာနဲ့တူတုန်းဆိုတော့ ရုပ်တုကြီးတွေလိုပေါ့။
စာမျက်နှာ-၃၃
ယခုခေတ် လမ်းလယ်ခေါင်မှာထားတဲ့ ရုပ်တုကြီးတွေဟာ စကားပြောတတ်ရဲ့လား၊ နေပူတာလည်း ပူမှန်းမသိဘူး၊ ဘာမှမသိဘူး၊ ရုပ်တုကြီးလိုပဲ။ အဲဒီပုဂ္ဂိုလ်ဟာ ဒီဘဝက ထိုင်လျက် သေသွားလို့ရှိရင် ဟိုမှာ ကမ္ဘာငါးရာ ထိုင်လျက်ဖြစ်တယ်၊ ဒီဘဝက လဲလျောင်းပြီး သေသွားရင် ဟိုဘဝမှာလည်း လဲလျက်ကြီး ကမ္ဘာငါးရာ၊ ဒီလိုနဲ့ ဘုရားအဆူဆူ ပွင့်သော်လည်း တရားနာခွင့်မရတော့ဘူးတဲ့၊ ကဲ ဘယ်လောက် အခွင့်အရေး ဆုံးရှုံးတုန်း။

တစ်ချိန်ကျ အဲဒီပုဂ္ဂိုလ်တွေဟာ ပြန်ပြီးတော့ သံသရာလည်ကြဦးမှာ၊ “ဗြဟ္မာပြည်မှာ တဝင်းဝင်း ဝက်စားကျင်းမှာ တရှုတ်ရှုတ်” ဆိုတဲ့အတိုင်း သံသရာလည်ဦးမှာ၊ ဗြဟ္မာဖြစ်တုန်းကတော့ တဝင်းဝင်းနေပေမဲ့လို့ ဗြဟ္မာပြည်က စုတေစိတ်ကျသွားတဲ့အခါ နောက်ဘဝတစ်ခုခုမှာ ဝက်ပြန်ဖြစ်တာကို
စာမျက်နှာ-၃၄
ပြောတာနော်၊ ဗြဟ္မာဘုံက စုတေပြီး ချက်ခြင်းတော့ ဝက်မဖြစ်ဘူးပေါ့၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် သူရထားတဲ့ ဈာန်ကုသိုလ်ရဲ့တန်ခိုးက အစွမ်းသတ္တိက အင်မတန်မှကြီးတယ်၊ ဘဝတစ်ခု နှစ်ခုလောက် ခြားပြီးလို့ရှိရင် သူလည်း ဒုဂ္ဂတိဘုံ ရောက်ဦးမှာပဲတဲ့၊

ဘာဖြစ်လို့တုန်း သူ့သန္တာန်မှာ ကိလေသာတွေ ရှိနေတုန်းကိုး၊ အေး အဲဒီပုဂ္ဂိုလ်ဟာလည်းပဲ အခွင့်အရေး ဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်ပဲ။

အသညသတ် ဗြဟ္မာပြည်ရောက်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ အရူပ ဗြဟ္မာပြည်ရောက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘုရားဘယ်လိုပွင့်သော်လည်း တရားနာဖို့ အခွင့်အရေးတွေ ဆုံးရှုံးသွားပြီတဲ့၊ ဒါ့ကြောင့်မို့လို့ ဒီပုဂ္ဂိုလ်ဟာလည်း အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ဦးထဲမှာ ပါနေပြန်တယ်။
စာမျက်နှာ-၃၅
ကဲ ဘုရားပွင့်ပြီး တရားဟောနေတဲ့အချိန်မှာ ငရဲကျနေတဲ့ပုဂ္ဂိုလ်လည်း အခွင့်အရေး ဆုံးရှုံးတယ်၊ တိရစ္ဆာန်ဖြစ်နေတဲ့ပုဂ္ဂိုလ်လည်း အခွင့်အရေးဆုံးရှုံးတယ်၊ ပြိတ္တာဖြစ်နေတဲ့ ပုဂ္ဂိုလ်လည်း အခွင့်အရေးဆုံးရှုံးတယ်၊ သက်တမ်းရှည်ကြာပြီး ရုပ်သာရှိနေတဲ့ ဗြဟ္မာ၊ နာမ်သာရှိတဲ့ဗြဟ္မာ ဖြစ်နေလို့ရှိရင်လည်း အခွင့်အရေး ဆုံးရှုံးတယ်တဲ့၊ ဟော ဒီပုဂ္ဂိုလ်လေးယောက် အခွင့်အရေး ဆုံးရှုံးနေပြီ။
၅ - ပန္တရစ် လူဖြစ်သူ
ကဲ နောက်တစ်ဦးက ဘယ်သူလဲလို့ဆိုရင် မြတ်စွာဘုရားပွင့်လို့ တရားဟောနေတဲ့အချိန် ဘုရားတရားနဲ့မနီး၊ အလွန်ဝေးလံတဲ့ အရပ်၊ သာသနာထွန်းကားတဲ့ နေရာမှာ လူသွားဖြစ်နေ
စာမျက်နှာ-၃၆
တယ်၊ အဲဒီပုဂ္ဂိုလ်မှာရော တရားဟောတာ ကြားနာခွင့် အခြေအနေကောင်း ရပါ့မလား၊ မရဘူးတဲ့၊ အဲဒီပုဂ္ဂိုလ်ဟာလည်းပဲ အခွင့်အရေး ဆုံးရှုံးတဲ့ပုဂ္ဂိုလ်ထဲမှာ ပါတယ်။ လောကမှာ ဝေးလံဒေသ တောတောင်ထူထပ်တဲ့အရပ်မှာဖြစ်တဲ့ လူရိုင်းဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အချို့ဒေသတွေမှာရှိတယ်။

ဘုန်းကြီးတို့ သီဟိုဠ်မှာနေတုန်းက သီဟိုဠ်ကျွန်းမှာ “ဝဲ”ဆိုတဲ့ လူရိုင်းတွေရှိတယ်၊ သီဟိုဠ်ကျွန်းလေးက သေးသေးလေး၊ အရှေ့အနောက် မိုင် - ၁၅၀ လောက်၊ တောင်နဲ့မြောက် မိုင်-၂၀၀ လောက်သာရှိတဲ့ ကျွန်းကလေး၊ အဲဒီကျွန်းမှာ မူလကျွန်းနေ လူရိုင်းတွေ ကနေ့အထိ ရှိနေတုန်းပဲ၊ အဲဒီလူရိုင်းတွေက အဝတ်မဝတ်ဘူး၊ တောထဲမှာပဲ နေကြတယ်။ ငယ်ငယ်လေးထဲက အကောင်ဘလောင်တွေကို ပစ်ခတ်စားသောက်ပြီး နေထိုင်
စာမျက်နှာ-၃၇
ကြတာ၊ သူတို့ကို အိမ်ဆောက်ပေးရင်လည်း အိမ်မှာမနေဘူး၊ တောထဲထွက်ပြေးကြတယ်၊ အဝတ်အစားပေးလည်း မဝတ်ဘူးတဲ့၊ Aborigine လို့ခေါ်တဲ့ မူလလူရိုင်းမျိုးတွေဟာ ဒီကနေ့ထိ ရှိနေတုန်းပဲ၊

Australia နိုင်ငံမှာလည်း မူလကျွန်းနေ Aborigine ဆိုတဲ့ လူရိုင်းတွေရှိတာပဲ၊ တောထဲမှာ တိရစ္ဆာန်တွေနဲ့နေပြီး တိရစ္ဆာန်တွေကိုသတ်ဖြတ်ပြီး စားသောက်ပြီးနေတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီပုဂ္ဂိုလ်တွေဟာ ဘုရားတရားဆိုတာကို ဘယ်လိုမှ မသိဘူး၊ တရားဓမ္မနဲ့ပတ်သက်လို့ ဘာမှ စိတ်မဝင်စားဘူး၊ သူတို့စားဖို့သောက်ဖို့လောက်ပဲ စဉ်းစားတယ်။ ပျော်ဖို့ပါးဖို့ပဲ စဉ်းစားတယ်။ တောထဲမှာပဲ ဒီလိုနေကြတဲ့ လူသားမျိုးနွယ်တွေတဲ့၊ အဲဒီပုဂ္ဂိုလ်တွေဟာလည်း တရားထူးရရှိဖို့ အခွင့်အရေးတွေ ဆုံးရှုံးနေကြတာပဲ မဟုတ်လား။
စာမျက်နှာ-၃၈

၆ - မိစ္ဆာဒိဋ္ဌိ ဖြစ်သူ
နောက်တစ်ခု အခွင့်အရေး ဆုံးရှုံးနေသူက မိစ္ဆာဒိဋ္ဌိ ဖြစ်နေသူပဲ၊ ဘုရားပွင့်တယ်၊ ဘုရားပွင့်တဲ့ ဒေသမှာပဲ လူဖြစ်တယ်၊ ဘုရားက တရားဟောနေတယ် ဆိုပါစို့၊ မြတ်စွာဘုရားက သာဝတ္ထိပြည်မှာ သီတင်းသုံးတယ်၊ အဲဒီပုဂ္ဂိုလ်ကလည်း သာဝတ္ထိပြည်မှာပဲ လူဖြစ်တယ်၊ သို့သော် ကံ ကံ၏အကျိုးကို မယုံကြည်တဲ့ပုဂ္ဂိုလ်၊ မိစ္ဆာအယူဝါဒရှိနေတဲ့ပုဂ္ဂိုလ် ဖြစ်နေမယ်။ မက္ခလိဂေါသာလကို ကိုးကွယ်သူ ဖြစ်နေမယ်၊ ပုရာဏကဿပကို ကိုးကွယ်သူ ဖြစ်နေမယ်၊ ရဟန်းဂေါတမ ဟောတဲ့တရားတွေ မမှန်ဘူးလို့ ယူဆသူ ဖြစ်နေမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ကရော ဘုရားတရားနာပါ့မလား၊ မနာဘူး။
စာမျက်နှာ-၃၉
မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ကံနဲ့ ကံရဲ့အကျိုးကို ငြင်းပယ်သူတွေ ဖြစ်ကြတယ်၊ ဒါနကောင်းမှုလုပ်တာရဲ့ အကျိုးဆိုတာ မရှိဘူးတဲ့၊ ဒီလောကမှာ ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေအတွက် နောင်လောကဆိုတာ မရှိဘူး၊ နောင်လောကက ပုဂ္ဂိုလ်တွေအတွက် ဒီလောကဆိုတာ မရှိဘူး၊ ကုသိုလ် အကုသိုလ်ရဲ့ အကျိုးတို့ အပြစ်တို့ဆိုတာ မရှိဘူးလို့ ဆိုတဲ့အယူဝါဒ၊ နတ္ထိကဝါဒ၊ ဒီမိစ္ဆာအယူဝါဒယူနေတဲ့ ပုဂ္ဂိုလ်မျိုးတွေ၊ အဲဒီ မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေဟာ ဘုရားပွင့်လို့ တရားဟောသော်လည်း အကျွတ်တရားရဖို့ အခွင့်အလမ်းရှိရဲ့လား၊ မရှိဘူး။ အဲဒီ မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်လည်းပဲ အခွင့်အရေးဆုံးရှုံးတဲ့ ပုဂ္ဂိုလ်ထဲမှာပါတယ်။

“ဒီမိစ္ဆာအယူဝါဒကို သူတို့စွန့်လွှတ်လိုက်ရင် ဗုဒ္ဓမြတ်စွာတရားကို နာမယ်ဆိုလို့ရှိရင် သူတို့မှာ
စာမျက်နှာ-၄၀
နားထောင်နိုင်ဖို့ နားရှိမယ်၊ အသိဉာဏ်လည်းရှိမယ် ဆိုရင် ရနိုင်မယ်၊ သို့သော် ယုံကြည်မှုမရှိသည့်အတွက်ကြောင့် ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မကို မနာကြဘူးတဲ့၊ မနာလို့ တရားကိုမသိရသည့်အတွက်ကြောင့် သံသရာဝဋ်က ကျွတ်လွတ်ဖို့ဆိုတာ သူတို့အခွင့်အရေးမရှိဘူး၊ ဒါကြောင့်မို့လို့ အဲဒီ မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်ဟာလည်းပဲ အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်တဲ့။
၇ - အသိဉာဏ်မရှိသူ
ဟော နောက်တစ်ယောက် ရှိသေးတယ်၊ မြတ်စွာဘုရားက တရားဟောသော်လည်းပဲ သူနားလည်နိုင်စွမ်းမရှိဘူး၊ အသိပညာမရှိဘူး၊ ခုခေတ်လိုပြောရင်တော့ IQ မမြင့်ဘူးလို့ ပြောရမှာပေါ့
စာမျက်နှာ-၄၁
နော်၊ အဲဒီပုဂ္ဂိုလ်ရဲ့ IQ မမြင့်တဲ့ပုဂ္ဂိုလ်က ဘာပြောပြော နားလည်နိုင်တဲ့ စွမ်းရည်သတ္တိမရှိဘူး။ အသိဉာဏ်တုံးလာတာ၊ မွေးထဲက နလဘိန်းတုံး ဖြစ်လာတယ်၊ အဲဒီပုဂ္ဂိုလ်မျိုးဟာလည်း ဘုရားနဲ့ အကြိမ်ကြိမ်တွေ့တွေ့ပြီး တရားနာပေမယ့် တရားထူး တရားမြတ်ရနိုင်တဲ့ အခွင့်အရေး မရှိဘူးတဲ့။

အားလုံးပေါင်းကြည့် ဘယ်နှစ်ဦးရှိသွားပြီလဲ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ပွင့်၍ တရားဟောနေတဲ့အချိန်မှာ ငရဲကျနေတဲ့ ပုဂ္ဂိုလ်က တစ်ယောက်၊ တိရစ္ဆာန်ဖြစ်နေတဲ့ ပုဂ္ဂိုလ်က တစ်ယောက်၊ ပြိတ္တာဖြစ်နေတဲ့ ပုဂ္ဂိုလ်က တစ်ယောက်၊ အသက်ရှည်ပြီး ရုပ်သာရှိတဲ့ဗြဟ္မာ၊ နာမ်သာရှိတဲ့ ဗြဟ္မာဖြစ်နေတဲ့ ပုဂ္ဂိုလ်က တစ်ယောက်၊ လူရိုင်းမျိုးမှာ ဖြစ်ပြီးတော့ သာသနာမထွန်းကားတဲ့ အရပ်မှာ ဖြစ်နေတဲ့ ပုဂ္ဂိုလ်က
စာမျက်နှာ-၄၂
တစ်ယောက်၊ ဘုရားပွင့်တဲ့နေရာမှာဖြစ်သော်လည်း မိစ္ဆာအယူဝါဒရှိနေတဲ့ ပုဂ္ဂိုလ်က တစ်ယောက်၊ နောက်ပြီး ဘုရားပွင့်တဲ့နေရာမှာ ဖြစ်သော်လည်း အသိဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်က တစ်ယောက်တဲ့။ အားလုံးဘယ်နှစ်ယောက်ရှိသွားပြီလဲ၊ ခုနစ်ယောက်ရှိပြီ၊ အေး သံသရာကြီးထဲမှာ လောကမှာ လူရယ်လို့ဖြစ်လာတဲ့အခါမှာ လူတိုင်းလူတိုင်းဟာ အခွင့်ကောင်းတွေကို ရနေကြတာမဟုတ်ဘူးတဲ့။
၈ - ဘုရားမပွင့်တဲ့အခါ ဉာဏ်ရှိသူ
နောက်တစ်ယောက်က လူ့ဘဝမှာ လူဖြစ်တယ်၊ အသိဉာဏ်လည်းရှိတယ်၊ သို့သော် ဘုရားမပွင့်ဘူးတဲ့၊ အဲဒီပုဂ္ဂိုလ်လည်း အခွင့်အရေးဆုံးရှုံးတာပဲ၊ အားလုံးပေါင်းလိုက်တော့ ဘယ်နှစ်ယောက်
စာမျက်နှာ-၄၃
ဖြစ်သွားတုန်း၊ ရှစ်ယောက်၊ အဲဒီ ရှစ်ယောက်ဟာ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်ရှစ်ယောက်တဲ့။
တစ်ယောက်
ဟူသည်မှာ “တစ်ယောက်” ဆိုတာ ဘယ်သူလဲ၊ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူတဲ့အချိန်မှာလည်းဖြစ်တယ်၊ တရားဓမ္မတွေ ထွန်းကားနေတဲ့အချိန်လည်းဖြစ်တယ်၊ အဲဒီအချိန်မှာ လူလာဖြစ်တယ်၊ အသိဉာဏ်လည်းရှိတယ်၊ ဟော အဲဒီပုဂ္ဂိုလ်ကျတော့ မြတ်သောအကျင့်ကျင့်ဖို့ရာ အခွင့်အလမ်းတွေ အများကြီးရသွားပြီ။

မြတ်စွာဘုရားပွင့်လို့ ပထမဆုံး ဒီအခွင့်အရေးကို ရလိုက်သူဟာ အရှင်ကောဏ္ဍညပေါ့။ မြတ်စွာ
စာမျက်နှာ-၄၄
ဘုရားကိုယ်တော်မြတ်က ဓမ္မစကြာတရားဟောတဲ့အခါမှာ တရားနာခွင့်ရတာ ဟောဒီ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ၊ အဿဇိဆိုတဲ့ ငါးဦးနော်။ ဒီငါးဦးဟာ ဘုရားအလောင်းတော် တောထွက်လာတဲ့အချိန်မှာ နောက်ကနေ လိုက်လာကြတဲ့ ပုဂ္ဂိုလ်ငါးဦးနော်၊ သူတို့က ဗုဒ္ဓဂယာမှာ ဘုရားအလောင်း တရားကျင့်နေတဲ့အချိန် အနီးအပါးက နေပြီး အားပေးစကားပြောပြီး ဝတ်ကြီးဝတ်ငယ်ပြုပြီး နေကြတာ။

ဘုရားအလောင်းတော်ဟာ ဒုက္ကရစရိယာ လို့ခေါ်တဲ့ တပအကျင့်တွေ၊ အစာဖြတ် ရေဖြတ်တဲ့အကျင့်တွေ ကျင့်တယ်။ နောက်တော့ အဲဒီအကျင့်တွေဟာ အသိဉာဏ်ကို ရစေနိုင်တဲ့ အကျင့်တွေမဟုတ်ဘူးလို့ စဉ်းစားဆင်ခြင်ပြီး ထိုအကျင့်တွေကို စွန့်ပယ်လိုက်တယ်၊ စွန့်ပယ်လိုက်တဲ့
စာမျက်နှာ-၄၅
အချိန်ကနေစပြီးတော့ ကောဏ္ဍညဦးဆောင်တဲ့ ရသေ့ငါးဦးက အထင်အမြင်လွဲသွားတယ်၊ သော် ရဟန်းဂေါတမဟာ တရားအကျင့်ကို စွန့်လွှတ်လိုက်ပြီး ဆက်ပြီး တရားမကျင့်တော့ဘူး၊ တရားထူး တရားမြတ်လည်း ရမှာမဟုတ်တော့ဘူးဆိုပြီး ဘုရားအလောင်းအနီးမှာ မနေကြတော့ဘဲ ဂယာကနေ ဗာရာဏသီပြည်ဘက်ကို ထွက်သွားကြတယ်။

အဲဒီလို သူတို့စွန့်ခွာသွားတဲ့နောက်မှာ ဘုရားအလောင်းတော်ဟာ ခန္ဓာကိုယ်ကို မျှမျှတတဖြစ်အောင် အစာရေစာများ ပြန်လည်ဘုဉ်းပေးသုံးဆောင်လို့ ခန္ဓာကိုယ်မျှတတဲ့အခါမှာ မဇ္ဈိမပဋိပဒါဆိုတဲ့ အလယ်လမ်းကျင့်စဉ်ကို ကျင့်တယ်။ အာနာပါနကို အခြေခံတဲ့ကျင့်စဉ်ကို ကျင့်တာနော်၊ အဲဒီ အာနာပါနကမ္မဌာန်းကို အားထုတ်တဲ့အခါ
စာမျက်နှာ-၄၆
ပထမဈာန်ရတယ်၊ ဒုတိယဈာန်ရတယ်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်၊ အဲဒီကနေ ဈာန်အဆင့်ဆင့်တက်သွားပြီး နောက်ဆုံးမှာ အဘိဉာဏ်တွေရလို့ ထိုသမထကျင့်စဉ်ကနေပြီးတော့ ဝိပဿနာလမ်းကြောင်းကို ပြောင်းလိုက်တဲ့အခါမှာ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်ဆိုတဲ့ မဂ်လေးပါး ဖိုလ်လေးပါး အဆင့်ဆင့်တစ်ခုပြီးတစ်ခု ရသွားပြီး နောက်ဆုံး အရဟတ္တမဂ် အရဟတ္တဖိုလ်ရပြီးတော့ ဘုရားအဖြစ်ကို ရောက်သွားတယ်၊ အဲဒီကမ္မဋ္ဌာန်းနဲ့ပဲ ဘုရားအလောင်းတော်ဟာ ဘုရားအဖြစ်သို့ ရောက်သွားတယ်။

ဘုရားအဖြစ်သို့ ရောက်ပြီးတော့ တရားဟောရမယ့်ပုဂ္ဂိုလ်တွေ ကြည့်လိုက်တဲ့အခါ ဘယ်သူအသိဉာဏ်ရှိသလဲ၊ ငါဟောတဲ့တရား ဘယ်သူ
စာမျက်နှာ-၄၇
နားလည်နိုင်မလဲ ကြည့်လိုက်တော့ နောက်ဆုံးမှာ ပဉ္စဝဂ္ဂီငါးဦးဟာ ငါ့ကိုပြုစုခဲ့တဲ့ကျေးဇူးတရားတွေ ရှိတယ်၊ သူတို့ကို ဟောမယ်ဆိုပြီး ဓမ္မစကြာတရားဟောတာနော်၊ အဲဒီပုဂ္ဂိုလ်ငါးဦးဟာ သူတို့မှာ ကိုယ်ပိုင်အသိဉာဏ်ကလည်းရှိတယ်၊ မြတ်စွာဘုရားကလည်း ပွင့်လာတယ်၊ တရားဓမ္မလည်းဟောတယ်၊ ဟော အခြေအနေသုံးခုစလုံး သူတို့မှာ ရမသွားဘူးလား၊ အေး ရသွားတာနဲ့ ရှင်ကောဏ္ဍညကစပြီး သောတာပန်ဖြစ်သွားကြတယ် မဟုတ်လား၊ အဲဒီလိုပုဂ္ဂိုလ်မျိုး တစ်ဦးသည်သာလျှင် အခြေအနေကောင်းနဲ့ကြုံတယ်လို့ ပြောတာနော်။

ထဲက ဟောဒီ တစ်ယောက်ထဲပဲ အခွင့်အရေးရတယ်၊ အဲဒီ တစ်ယောက်ထဲမှာပါတဲ့ ပုဂ္ဂိုလ်တွေက ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါကာလတုန်းက ပဉ္စဝဂ္ဂီ
စာမျက်နှာ-၄၈
ငါးဦးကလည်း ဒီတစ်ယောက်ထဲမှာပါတယ်။ ယသအမှူးရှိတဲ့ သူငယ်ချင်း လေးယောက်ကလည်း ဒီတစ်ယောက်ထဲမှာပါတယ်၊ အရှင်မောဂ္ဂလာန်တို့၊ အရှင်သာရိပုတ္တရာတို့လည်း ဒီထဲမှာ ပါကြတယ်၊ အသီတိမဟာသာဝက ရှစ်ကျိပ်သော တပည့်တွေလည်း ဒီ “တစ်ယောက်”ဆိုတဲ့အထဲမှာ အကုန်ပါကြတယ်။ နောက်ဆုံးမှာ မြတ်စွာဘုရားဟောတဲ့ တရားဓမ္မနာရလို့ အကျွတ်တရားရသွားတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း ဘုရားပွင့်လို့ တရားဟောတဲ့အခါမှာ တရားနာခွင့်ရပြီး မြတ်သောအကျင့်ကို ကျင့်လို့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြသွားကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ ဟောဒီ “တစ်ယောက်”ထဲမှာ ပါကြတယ်။

အခု တရားချစ်ခင် သူတော်စင်ပရိသတ်တို့လည်း လူ့ဘဝရနေကြပြီ၊ ဗုဒ္ဓမြတ်စွာရဲ့ သာသနာ
စာမျက်နှာ-၄၉
တော်မြတ်ကြီး ထွန်းလင်းနေသည့်အတွက်ကြောင့် တရားဓမ္မကျင့်ကြံကြိုးကုတ် အားထုတ်ဖို့ နည်းလမ်းတွေ ဒီကနေ့အထိ ရှိနေတုန်းပဲ၊ အဲဒီတော့ ဘုရားလည်း ရှိနေသေးတယ်၊ တရားလည်းရှိနေသေးတယ်၊ တရားရှိနေရင် ဘုရားရှိလည်း ရှိတာပဲ။ ဘာဖြစ်လို့တရားရှိနေရင် ဘုရားရှိတယ်လို့ ပြောနိုင်တုန်းဆိုတော့ မြတ်စွာဘုရားက ပရိနိဗ္ဗာန်စံခါနီးမှာ ဟောထားခဲ့တာရှိတယ်။ “ယာ ခေါ အာနန္ဒ မယာ ဓမ္မာ စ ဝိနယော စ ဒေသိတော ပညတ္တာ၊ သာ ဝေါ မမစ္စယေန သတ္တာ”တဲ့၊

အာနန္ဒ- ညီတော်အာနန္ဒာ၊ ယော ဓမ္မာ အကြင်ဓမ္မကိုလည်းကောင်း၊ ယာ ဝိနယောစ အကြင်ဝိနယကိုလည်းကောင်း၊ မယာ- ငါဘုရားသည်၊ ဒေသိတော- ဟောပြောအပ်ခဲ့လေပြီ။ ပညတ္တာ- ပညတ်အပ်ခဲ့လေပြီ။ သော
စာမျက်နှာ-၅၀
ထိုငါဟောအပ်တဲ့ဓမ္မ ငါပညတ်ခဲ့တဲ့ ဝိနယသည်။ မမ- ငါရဲ့၊ အစ္စယေန- ပရိနိဗ္ဗာန်စံလွန်ပြီးတဲ့အခါကာလမှာ၊ ဝေါ- အသင်ချစ်သားတို့ရဲ့၊ သတ္တာ ဆုံးမတတ်တဲ့ ဆရာသည်၊ ဘဝိဿတိ- ဖြစ်ပေလိမ့်မယ်ဟူ၍၊ ဘဂဝါ- ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ- ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။

မြတ်စွာဘုရား ဟောထားတဲ့ တရားဓမ္မတွေ ဒီကနေ့အထိ ထွန်းကားပြီး တည်ရှိနေကြတာ ဖြစ်သောကြောင့် ဘုရားပွင့်တဲ့အချိန်လို့ မဆိုနိုင်ဘူးလား၊ အေး ဘုရားကလည်း ပွင့်နေတယ်၊ တရားဓမ္မတွေကိုလည်း ဟောနေတယ်၊ မိမိကိုယ်တိုင်ကလည်း အကောင်းအဆိုး အကြောင်းအကျိုး ခွဲခြားသိနိုင်တဲ့အသိဉာဏ်လည်း ရှိနေတယ်၊ တရားဓမ္မကို ခံယူနိုင်တဲ့ ဉာဏ်စွမ်းအားလည်းရှိနေတယ်
စာမျက်နှာ-၅၁
ဆိုတော့ တရားထူး တရားမြတ်ရနိုင်တဲ့ မြတ်သောအကျင့်ကိုကျင့်ဖို့ အခွင့်အလမ်းတွေ မရှိဘူးလား၊ ရှိတယ်၊ မြတ်သောအကျင့်ကျင့်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိတယ်၊ ပုဂ္ဂိုလ်အဆင့်ကတော့ အမျိုးမျိုးရှိတာပေါ့။

ဘယ်လိုအမျိုးမျိုးရှိတုန်းဆိုရင် နံပါတ် ၁-က “ဥဂ္ဃဋိတညူ”တဲ့၊ ဒီပုဂ္ဂိုလ်ကတော့ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်မျိုးပေါ့၊ အသိဉာဏ်အထက်မြက်ဆုံး ပုဂ္ဂိုလ်၊ နည်းနည်းလေး ပြောလိုက်တာနဲ့ တစ်မဂ် တစ်ဖိုလ်ရသွားနိုင်တယ်၊ ဥပမာ အရှင်သာရိပုတ္တရာ မထေရ်မြတ်တို့လိုပေါ့၊ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဆိုလို့ရှိရင် ပထမတုန်းက တရားဓမ္မရှာရင်း သိစ္စည်းပရိဗိုဇ်ကြီးရဲ့ တပည့်အဖြစ် ခံယူတယ်၊ ပရိဗိုဇ်ဝတ်နေတယ်၊ သူ့ထံက ပညာတွေသင်လိုက်တဲ့အခါ ဘာမှမယ်မယ်ရရမရှိဘူး၊ သူတို့
စာမျက်နှာ-၅၂
လိုချင်တဲ့တရားမဟုတ်ဘူးဆိုတာ သိလာတယ်။ ဒါကြောင့်မို့ တရားစစ် တရားမှန်ကို ဟောပြောနိုင်တဲ့ ပုဂ္ဂိုလ်ကို ရှာရင်းရှာရင်းနဲ့ နောက်ဆုံးမှာ ပဉ္စဝဂ္ဂီငါးဦးထဲက ရှင်အဿဇိမထေရ်မြတ်နဲ့ သွားပြီးတော့တွေ့တာ၊

တွေ့တဲ့အခါမှာလည်းပဲ ရာဇဂြိုဟ်ပြည်ထဲမှာ ဆွမ်းခံသွားရင်းကနေ အမှတ်မထင်တွေ့တော့ ပုဂ္ဂိုလ်ရဲ့ အခြေအနေကို ကြည့်လိုက်တာ၊ အကဲခတ်လိုက်တာနဲ့ ဒီပုဂ္ဂိုလ်ကတော့ တရားထူးတရားမြတ် ဖြစ်ရတဲ့ပုဂ္ဂိုလ် ဖြစ်လောက်တယ်ဆိုပြီး ရှင်အဿဇိနောက်ကနေလိုက်ပြီး ရှင်အဿဇိ ဆွမ်းဘုဉ်းပေးတဲ့နားမှာ ဝတ်ကြီးဝတ်ငယ်ပြုလို့ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ မေးတယ် “အရှင်ဘုရားရဲ့ ဆရာက ဘယ်သူတုန်း၊ ဘယ်သူ့ကို ဆရာတင်ပြီးတော့ သင်္ကန်းဝတ်တာတုန်း၊ အရှင်ဘုရားရဲ့ဆရာက ဘာတွေ
စာမျက်နှာ-၅၃
ဟောတာတုန်း”ဆိုတဲ့ မေးခွန်းတွေကို မေးလိုက်တာပေါ့နော်၊

အဲလိုမေးတဲ့အခါ ရှင်အဿဇိက “သူသာသနာ့ဘောင်ဝင်လာတာ မကြာသေးပါဘူးတဲ့၊ ဘုရားရဲ့ဝါဒ အကျယ်တဝင့် သူမပြောနိုင်ပါဘူးတဲ့၊ သူသိသလောက် အကျဉ်းကလေးပြောပါ့မယ်” ဆိုတော့ ရှင်သာရိပုတ္တရာအလောင်း ဥပတိဿပရိဗိုဇ်က “အရှင်ဘုရားတဲ့၊ တပည့်တော်ကို အတိုလေးပဲ အမိန့်ရှိပါတဲ့၊ အဓိပ္ပါယ်ကပဲ အရေးကြီးပါတယ်၊ စကားလုံးတွေများဖို့ မလိုပါဘူး၊ အရှင်ဘုရား အကျယ်မပြောချင်နေပါ၊ အကျဉ်းလေးပဲသာ ပြောပါ”တဲ့။ ဒီတော့ အရှင်အဿဇိ ပြောလိုက်တာမှ လေးကြောင်းပဲရှိတဲ့ ဂါထာလေးတစ်ပုဒ်ပါ၊

“ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ။
စာမျက်နှာ-၅၄
တေသဉ္စ ယော နိရောဓော၊ ဧဝံ ဝါဒီ မဟာသမဏော။”

ယေ ဓမ္မာ- အကြင်အကျိုးတရားတို့သည်။ ဟေတုပ္ပဘဝါ- အကြောင်းတရားကို အခြေခံ၍ ဖြစ်ပေါ်လာကြပေကုန်၏၊ တေသံ- ထိုအကျိုးတရားတို့ရဲ့၊ ဟေတုံ- အကြောင်းစစ် အကြောင်းမှန်ကို၊ တထာဂတော- မြတ်စွာဘုရားသည်၊ အာဟ- ဟောတော်မူခဲ့လေပြီ။

ရှင်အဿဇိက ရှင်းပြလိုက်တဲ့ စကားဟာ “ဘယ်အရာပဲဖြစ်ဖြစ်၊ အကြောင်းကင်းပြီး မဖြစ်ဘူးတဲ့၊ အကြောင်းတရားကို အခြေခံပြီးတော့မှသာ ဖြစ်တာတဲ့၊ အဲဒီအကြောင်းတရားကို မြတ်စွာဘုရား ဟောပါတယ်”တဲ့၊ အကြောင်းတရားနဲ့ အကျိုးတရား၊ ဒီနှစ်ခုကို ပြောလိုက်တာ၊ အဲဒီစကားကို နားထောင်ပြီးလဲပြီးရော သောတာပန်ဖြစ်သွားတယ်၊
စာမျက်နှာ-၅၅
သောတာပန်ဖြစ်တယ်ဆိုတာ သံသယတွေ ကင်းသွားတာ၊ ဝိစိကိစ္ဆာ လုံးဝမရှိတော့ဘူး၊ မှားယွင်းတဲ့အမြင် လုံးဝမရှိတော့ဘူး၊ အမြင်မှန်ရသွားပြီ။ အကြောင်းတရားနဲ့ အကျိုးတရား မြင်ဖို့ဆိုတာလည်း လွယ်တာမဟုတ်ဘူး၊ ကဲ တရားချစ်ခင် သူတော်စင်ပရိသတ်တို့ အကြောင်းအကျိုးလေးကို မြင်တတ်အောင်ကြည့်။

လူတိုင်း လူတိုင်းမှာ မျက်စိရှိနေကြတယ်။ မျက်စိလေးနှစ်လုံး ဖွင့်လိုက်လို့ရှိရင် မြင်စရာ အာရုံလေးက မျက်စိထဲမှာ ပေါ်မလာဘူးလား၊ ပေါ်လာတယ်၊ ပေါ်လာတဲ့အခါကျတော့ ဥပမာ - ပန်းပွင့်ကလေးကို ကြည့်တယ်ဆိုလို့ရှိရင် ပန်းပွင့်ကလေးနဲ့ မျက်လုံးလေး ဆုံလိုက်တဲ့အခါ ပန်းပွင့်ကလေးကို မြင်တယ်ဆိုတဲ့ အသိစိတ်လေး ပေါ်မလာဘူးလား၊ အဲဒီမြင်သိစိတ်ကလေး ပေါ်လာတာဟာ ဘာကို
စာမျက်နှာ-၅၆
အကြောင်းပြတုန်းဆိုတော့ မြတ်စွာဘုရားက “စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ”တဲ့။ စက္ခုဉ္စ- စက္ခုပသာဒရုပ်ကိုလည်းကောင်း၊ လောကမှာ မြင်တတ်တဲ့မျက်စိကလေး၊ ရူပေ စ- အဆင်းအာရုံကိုလည်းကောင်း၊ ပဋိစ္စ- အကြောင်းပြု၍၊ စက္ခုဝိညာဏံ- မြင်သိစိတ်ကလေးသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်ပေါ်လာရပေတော့၏။

မြင်သိစိတ်ကလေးဖြစ်တယ်ဆိုတာက “ဟေတုပ္ပဘဝါ” အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားလေးတစ်ခုပဲ၊ အဲဒီမြင်သိစိတ်ကလေး ဖြစ်ဖို့ရာအတွက် ဒီမှာ အကြောင်းနှစ်ခုကို မြတ်စွာဘုရား ပြထားတယ်၊ မျက်စိရယ် မြင်စရာအာရုံရယ်။ မျက်စိနဲ့ မြင်စရာအာရုံ ဒီနှစ်ခုကို အကြောင်းပြုပြီး ဟောဒီမြင်သိစိတ်ကလေး ပေါ်လာတာလို့ အကြောင်းနဲ့အကျိုး ဒီနှစ်ခုကို ဟောတာ၊ ကဲ ဒါဖြင့်
စာမျက်နှာ-၅၇
မျက်စိမှိတ်ထားမယ် ဆိုလို့ရှိရင်ရော မြင်သိစိတ် ပေါ်ပါ့မလား၊ မြင်စရာအာရုံ မရှိဘူးဆိုရင်ရော မြင်သိစိတ်ပေါ်ပါ့မလား၊ မပေါ်ဘူး၊ မျက်စိလည်း ရှိရမယ်၊ မြင်သိစိတ်လည်း ရှိရမယ်၊ မြင်စရာအာရုံနဲ့ မျက်စိဆုံမိတာ ဖြစ်ရမယ်၊ အနည်းဆုံး အဲဒီ အကြောင်းနှစ်ခု ပေါင်းဆုံတဲ့အခါမှာ မြင်မှုဖြစ်ပေါ် လာတယ်။

သာမန်အားဖြင့် မြတ်စွာဘုရားက ဒီနှစ်ခုဟာ အဓိကအရေးကြီးလို့ မျက်စိနဲ့ မြင်စရာအာရုံ ဒီနှစ်ခုကိုသာ အကြောင်းအနေနဲ့ သုတ္တန်တွေမှာ ဟောထားသော်လည်း အခြားအကြောင်းတွေ ရှိသေးတယ်။ ကဲ ပန်းပွင့်ကလေးတစ်ပွင့် မြင်ဖို့ရာ အတွက် မျက်စိရှိတယ်၊ ပန်းပွင့်လေးရှိတယ်။ သို့သော် မျက်စိနဲ့ ပန်းပွင့်ကြားမှာ အမှောင်ဖုံးနေမယ်ဆိုရင် မြင်ပါ့မလား၊ အဲဒီတော့ အလင်းရောင်
စာမျက်နှာ-၅၈
လေးရဲ့ အကူအညီ မလိုဘူးလား၊ ဒါကြောင့်မို့လို့ ညမှောင်မိုက်ထဲ ခရီးသွားတဲ့အခါကျတော့ ဓာတ်မီး ကလေးနဲ့ သွားကြရတာလေ၊ ဓာတ်မီးကလေး ထိုးကြည့်မှ မြင်ရတာ၊ အဲဒီတော့ အလင်းရောင် လေးကလည်း အကြောင်းတစ်ခု မဖြစ်ဘူးလား၊ အေး ဒါကြောင့်မို့ မျက်စိလည်း ရှိရမယ်၊ မြင်စရာ အာရုံကလည်း ရှိရမယ်၊ ဟော အလင်းရောင်လေး ကလည်း ရှိရမယ်၊

နောက်တစ်ခု ဘာလိုတုန်းဆိုရင် သတိထားမိဖို့ လိုသေးတယ်၊ “သတိမမူ ဂူမမြင်”၊ သတိမူရင် မြူတောင်မြင်တယ်လို့ ဆိုကြတယ်လေ၊ သတိ မထားရင် မမြင်တာတွေ အများကြီးပဲ၊ အဲဒါကြောင့် မို့ attention လို့ ခေါ်တဲ့ မနသိကာရလေးကလည်း ရှိရဦးမယ်တဲ့၊ ပေါင်းလိုက်တဲ့အခါ မျက်စိရယ်, အဆင်းအာရုံရယ်, အလင်းရယ်, နှလုံးသွင်းမှုဆိုတဲ့
စာမျက်နှာ-၅၉
မနသိကာရရယ်၊ လေးခုဖြစ်သွားတယ်၊ အဲဒီလေးခု သည် အကြောင်းတဲ့၊ မြင်သိစိတ်ကလေးသည် အကျိုး၊ အကြောင်းကို မှီတည်ပြီး ဒီအကျိုးတရား လေးက ဖြစ်တာ၊ အဲဒီမြင်သိ စိတ်ကလေးဟာ နဂိုတုန်းက မျက်စိနဲ့ရူပါရုံ မဆုံခင်က ဘယ်နေရာမှာ ရှိနေတုန်း၊ သေသေချာချာ စဉ်းစားကြည့်နော် မျက်စိနဲ့ရူပါရုံ မဆုံခင်က မြင်သိစိတ်လေးဟာ ဘယ်နေရာမှာ ရှိတုန်းဆိုရင် ဘယ်နေရာမှ မရှိဘူး။

ဆိုပါစို့ ဥပမာတစ်ခု ပြောရအောင်၊ စောင်း ကလေးတစ်ခု၊ ခုခေတ်ဆိုရင်တော့ စောင်းထက်ပိုပြီးတော့ လူတွေအသိများတာ ဂစ်တာလေးတစ်ခု ဆိုပါတော့နော်၊ ဂစ်တာလေးကို တီးမယ်ဆိုလို့ရှိရင် ဂစ်တာထဲမှာ အသံလေးတွေက ဘယ်နားမှာ ရှိနေတုန်း၊ ကြိုးထဲမှာလား, အိုးထဲမှာလား, တီးတဲ့လူရဲ့ ၊ လက်ထဲမှာလား, ဘယ်မှာ ရှိတယ်လို့ထင်တုန်း၊
စာမျက်နှာ-၆၀
ဘယ်မှာမှရှိနေတာ မဟုတ်ဘူးနော်၊ ကြိုးထဲမှာလည်း အသံတွေရှိနေတာ မဟုတ်ဘူး၊ အိုးထဲမှာလည်း အသံတွေရှိနေတာ မဟုတ်ဘူး၊ တီးတဲ့လူရဲ့ လက်ထဲမှာလည်း အသံရှိနေတာ မဟုတ်ဘူး၊ သို့သော် ကြိုးရယ်, အိုးရယ်, တီးတဲ့လူရယ် သုံးခု ပေါင်းလိုက်တဲ့အခါ အသံထွက်မလာဘူးလား၊

အဲဒါလိုပဲ မျက်စိ, အဆင်းအာရုံ အလင်း, နှလုံးသွင်းမှုလို့ဆိုတာတွေ ပေါင်းလိုက်တဲ့အခါ မြင်သိစိတ်ကလေး ပေါ်လာတာ၊ နဂိုတုန်းက တစ်နေရာမှာ ရှိနေတာ မဟုတ်ဘူးတဲ့၊ ထို့အတူပဲ စဉ်းစားကြည့်၊ အလှူအတန်း လုပ်တဲ့အခါ အိုးစည် တို့ ဒိုးပတ်တို့ တီးကြတယ်မဟုတ်လား၊ အိုးစည်တို့ ဒိုးပတ်တို့ထဲမှာ အိုးစည်သံတွေ, ဒိုးပတ်သံတွေ ရှိနေ သလား၊ မရှိဘူး၊ ဘာကို အကြောင်းပြုတုန်းဆိုရင် အဲဒါ စည်ရယ်, လက်ရယ်, တီးခတ်မှု လုံ့လ
စာမျက်နှာ-၆၁
စွမ်းအားရယ် ဟောဒီ အကြောင်းသုံးခုပေါင်းမှ ထွက်လာတာ မဟုတ်ဘူးလား။ ။

အဲဒီထက် ထင်ရှားတဲ့ ဥပမာလေးတစ်ခု ကြည့်ဦး၊ ဆေးလိပ်သောက်တတ်တဲ့ လူတွေက အိတ်ထောင့်ထဲမှာ ဘာဆောင်ထားတုန်း၊ မီးခြစ်ဘူးကလေး ဆောင်ထားကြတယ်။ အဲဒီ မီးခြစ်ဘူး ထဲမှာ မီးရှိရဲ့လား၊ မီးရှိရင် အိတ်ထောင့်ထဲ ထဲ့ထားက လောင်သွားမှာပေါ့နော်၊ မီးဆိုတာ လောင်တတ်တဲ့သဘောရှိတယ်၊ သို့သော် မီးလိုချင်ရင် အဲဒီ မီးခြစ်ဘူးထဲက မရဘူးလား၊ ခြစ်ပေးခြင်းဆိုတဲ့ အကြောင်းတစ်ခု ထပ်ပိုးလိုက်ရင် မီး မရဘူးလား၊ သို့သော်လည်းပဲ lighter လို့ဆိုတဲ့ ဂတ်စ်မီးခြစ်ဘူး ဆိုလို့ရှိရင်တော့ အထဲမှာ gas လည်းရှိရမယ်၊ မီးခြစ် ဖို့ရာအတွက် ဘီးလုံးလေးလည်းရှိရမယ်၊ အမာခံ လေး ပွတ်တဲ့နေရာလည်း ရှိရမယ်၊ ဒီအင်္ဂါရပ်တွေ
စာမျက်နှာ-၆၂
ပြည့်စုံပြီဆိုလို့ရှိရင် နောက်ဆုံးမှာ လူကနေပြီးတော့ လက်ညှိုးလေးနဲ့ လက်မလေးနဲ့ဖိပြီး ခြစ်လိုက်ခြင်းဆိုတဲ့ အကြောင်းကလေးတစ်ခု ထည့်လိုက်ရင် မီး ကလေးက ဝုန်းကနဲတောက်လာတာ မဟုတ်လား၊ အဲဒီမီးကလေးဟာ ဒီထဲမှာရှိနေတာ မဟုတ်ဘူးတဲ့ အကြောင်းနဲ့တိုက်ဆိုင်လာလို့ အကြောင်းကြောင့် ပေါ်လာတယ်ဆိုတာကို ရှင်းပြတာပဲ။

“ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ”။ ဒီနေရာမှာ အကြောင်း တရားကို ဟောလိုက်တာ၊ ယေ ဓမ္မာ- အကြင် အကျိုးတရားတွေဟာ၊ ဒုက္ခသစ္စာဆိုတဲ့ အကျိုး တရားတွေဟာ၊ ဟေတုပ္ပဘဝါ- အကြောင်းကနေ စတင်ပြီး ဖြစ်လာကြတာ၊ အကြောင်းကို စွဲပြီးတော့ ဖြစ်ကြတာ၊ အကြောင်းမရှိဘဲနဲ့ လုံးဝမဖြစ်ဘူးတဲ့။ ဘုန်းကြီးတို့သန္တာန်မှာ ဖြစ်နေတဲ့ အရာမှန်သမျှ
စာမျက်နှာ-၆၃
အကြောင်းပေါ်မှာ စွဲမှီပြီး ဖြစ်နေတာချည်းပဲ၊ အဲဒီ အကြောင်းကို စွဲမှီပြီးတော့ဖြစ်နေတာ၊ မဖြစ်ခင်က တစ်နေရာရာမှာ ရှိနေတာလဲ မဟုတ်ဘူး၊ ဖြစ်ပြီး တော့ရော တစ်ခါထဲပျောက်သွားကြတာပဲ၊ အဲဒါကို အနိစ္စလို့ ခေါ်တာပဲ။

"အဟုတွာ-ဘယ်နေရာမှာမှ ထင်ရှားရှိနေတာ မဟုတ်ဘဲနဲ့၊ သမ္ဘောတိ- အကြောင်းတွေ ပေါင်းဆုံလို့ ဖြစ်လာရတယ်၊ ခုနက မြင်သိစိတ် လေးဟာ ခန္ဓာကိုယ်ထဲမှာ ဘယ်နေရာမှ ရှိနေတာ မဟုတ်ဘူး၊ သို့သော် မျက်စိရယ်, မြင်စရာအာရုံ ရယ်, အလင်းရောင်ရယ်, နှလုံးသွင်းမှုရယ်၊ အဲဒီ လေးခု ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် မြင်သိစိတ် ပေါ်လာတယ်၊ ကြားသိစိတ်၊ နံသိစိတ်၊ လျှက် သိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်တွေ အားလုံးလည်း ဒီတိုင်းပဲလို့ မှတ်ရမယ်နော်။
စာမျက်နှာ-၆၄
ဟေတုံ ပဋိစ္စ သမ္ဘူတာ-အကြောင်းရှိတဲ့အခါ မှာ ပေါ်လာတယ်၊ ဟေတုဘင်္ဂါ နိရုဇ္ဇရေ-အကြောင်းချုပ်သွားတာနဲ့ ချုပ်သွားရောတဲ့၊ အနိစ္စဆိုတာ အဲဒါပြောတာ၊ အဟုတွာ- ဘယ်နေရာမှာ ရှိနေတာ မဟုတ်ဘဲနဲ့၊ သမ္ဘောတိ- အကြောင်းတွေ တိုက်ဆိုင်ပြီးတဲ့အခါမှာ ပေါ်လာတယ်၊ ဟုတွာ-အကြောင်းတွေ တိုက်ဆိုင်လို့ ဖြစ်ပေါ်လာပြီးတဲ့ နောက်မှာလည်း၊ ပဋိဝေတိ - ပျောက်ကွယ်၍ သွားတယ်၊ မမြဲဘူးတဲ့၊ မြင်သိစိတ်လေးဟာ အမြဲ ရှိနေတာ ဟုတ်ကဲ့လား၊ သူ့ဟာလေးနဲ့သူ ဖြစ်ပြီး ပျောက်သွားတာ၊

စဉ်းစားကြည့်လေ၊ စောင်းကလေးကို လက် ကလေးနဲ့ တီးလိုက်တဲ့အခါ စောင်းသံလေး ထွက်လာပြီး ပျောက်မသွားဘူးလား၊ နောက်ထပ် တီးရင် နောက်ထပ်ပေါ် နောက်ထပ်တီး နောက်
စာမျက်နှာ-၆၅
ထပ်ပေါ် တစ်နာရီတီးရင် တစ်နာရီလုံးလုံး ပေါ်နေ မှာ၊ သို့သော် ပေါ်လာတဲ့ အသံတွေဟာ ရပ်တည် နေတာ ဟုတ်ကဲ့လား၊ ပျောက်သွားတာနော်၊ အဲဒါ ကိုပြောတာ အနိစ္စ။

မြတ်စွာဘုရားရဲ့ တရားတော်ဆိုတာက အင်မတန်မှ လက်တွေ့ကျတယ်၊ မြတ်စွာဘုရားက လူတိုင်းလူတိုင်း သိနိုင်တဲ့ သဘာဝတရားတွေကို ဟောတာ၊ ဒီအချက်တွေ ရှုဆင်ခြင်နေတာကိုပဲ တရားအားထုတ်တယ်လို့ ခေါ်တာနော်၊ မျက်စိကြီး မှိတ်ပြီးတော့ ငုတ်တုတ်ကြီး ထိုင်နေမှ တရား အားထုတ်တာမဟုတ်ဘူး၊ တရားဓမ္မကို ဆင်ခြင် သုံးသပ်နေလို့ရှိရင် ဘယ်လို အနေအထားမျိုးပဲ နေနေနော် တရားအားထုတ်တာပဲ။ မျက်စိမှိတ်ပြီး ဟိုတွေးဒီတွေးတွေးနေရင်လည်း တရားအားထုတ်တာ မဟုတ်ဘူးနော်။
စာမျက်နှာ-၆၆
အေး ဒါ့ကြောင့်မို့ တရားဓမ္မဆိုတာ သဘာဝ အတိုင်း မိမိသန္တာန်မှာ ဖြစ်ပေါ်နေတဲ့ အရာတွေကို ခေါ်တယ်။ အဲဒီ သဘာဝတရားတွေကို ဆင်ခြင် စဉ်းစားပြီးတော့ ရှုမှတ်နေတာ၊ အဲဒီလို ရှုမှတ်ပြီး သဘာဝတရားတွေကို သိနေတာသည်ပင်လျှင် တရားအားထုတ်နေတာဖြစ်တယ်၊ တရားသိနေတယ်လို့ ဒီလိုပြောတာ၊ အဲဒီလို သိနေမယ်ဆိုလို့ရှိရင် ခုနက အသိလေး သိနေရမယ်။ ဪ မျက်စိ ရယ် အဆင်းအာရုံရယ် ဒီနှစ်ခုဆုံမိလို့ မြင်သိစိတ် ကလေး ပေါ်လာတာပါလားလို့ ဒီအတွေးလေးတွေးနေလို့ရှိရင် ထိုမြင်ရာအာရုံပေါ်မှာ လောဘဆိုတာ ဖြစ်စရာအကြောင်း မရှိတော့ဘူး၊ ဒေါသဆိုတာလည်း ဖြစ်စရာအကြောင်း မရှိတော့ဘူး၊

လောဘဖြစ်တယ်ဆိုတာ မြင်သိစိတ်နဲ့ မြင်ပြီးတဲ့နောက် ဒီအာရုံပေါ်မှာ မသင့်မတင့် နှလုံးသွင်း
စာမျက်နှာ-၆၇
သည့်အတွက်ကြောင့် ဖြစ်ရတာ၊ မသင့်မတင့် နှလုံးသွင်းသည့်အတွက်ကြောင့် ဒေါသဖြစ်ရတာ။ မဆင်မခြင် မစဉ်းစားနိုင်သည့် အတွက်ကြောင့် မောဟဖြစ်ရတာလို့ဆိုတော့ ဒီတရားတွေဟာ သူ့ ဆိုင်ရာဆိုင်ရာ အကြောင်းလေးတွေနဲ့ချည်းပဲ ဖြစ်နေ ကြရတာ၊ အဲဒီလို ရှင်းရှင်းလင်းလင်း သိလာနိုင်တယ်။ အဲဒီ အသိဉာဏ်မျိုးကို ရှစ်ယောက်သော ပုဂ္ဂိုလ်တွေ မရနိုင်ဘူးတဲ့၊ တစ်ယောက်သော ပုဂ္ဂိုလ် သာလျှင် အသိဉာဏ်ရဖို့ အခွင့်အရေးရကြတယ်။

ဒီအသိဉာဏ်ရဖို့ အခွင့်အရေးရတဲ့ ပုဂ္ဂိုလ် တိုင်းဟာ ဒီအသိဉာဏ်မျိုး ရကြသလားဆိုတော့ မရဘူး၊ ဘာဖြစ်လို့မရလ်၊ ရအောင်မလုပ်လို့ မရတာ၊ နေ့စဉ်နဲ့အမျှ နေကြထိုင်ကြတဲ့အခါမှာ အချို့ ပုဂ္ဂိုလ်တွေဟာ တရားဓမ္မဘက်မှာ စိတ်ကူးတောင် မထည့်ဘူး၊ ရောင်းရေးဝယ်တာ ကိစ္စတွေ၊ သွားရေး
စာမျက်နှာ-၆၈
လာရေးကိစ္စတွေ၊ လူမှုရေးကိစ္စတွေနဲ့ပဲ အချိန် ကုန်ပြီးတော့နေကြတယ်။ ဘယ်လိုလုပ်ပြီး ဒီတရားကို သိပါ့မလဲ။ မသိဘူး၊ အဲဒီလိုဆိုရင် မိမိကိုယ်တိုင်လည်း ရှစ်ယောက်ထဲ ပါမသွားပေဘူးလား၊ တရား ဓမ္မကို မသိရဘူးဆိုရင် ခုနက ရှစ်ယောက်သော ပုဂ္ဂိုလ်တွေဟာ အခွင့်အရေးဆုံးသလိုပဲ ရနေတဲ့ အခိုက်ကလေးမှာ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေကို နှလုံးမသွင်းမိဘူးဆိုလို့ရှိရင်၊ နှလုံးသွင်း ဆင်ခြင်ဖို့ စိတ် မရှိဘူးဆိုလို့ရှိရင် မိမိကိုယ်တိုင်လည်း အခွင့် အရေး ရနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်ပါ့မလား၊ မဖြစ်ဘူး၊ ဒါကို သတိကြပ်ကြပ်ထားဖို့ အင်မတန်မှ လိုအပ်တယ် ရှစ်ယောက်သော ပုဂ္ဂိုလ်တွေ အခွင့်အရေး ဆုံးနေ ကြတယ်၊ ငါဟာ တစ်ယောက်သော ပုဂ္ဂိုလ်ထဲ ပါတယ်၊ သို့သော် မလုပ်ဘဲနေရင် ငါလည်းပဲ အခွင့် အရေး ဆုံးရှုံးသွားလိမ့်မယ်၊ မြတ်စွာဘုရားသခင်
စာမျက်နှာ-၆၉
ကိုယ်တော်မြတ်က၊ “မနုဿတ္တဘာဝေါ ဒုလ္လဘော"တဲ့၊ လူ့ဘဝဆိုတာ ရဖို့အင်မတန်ခက်တယ်၊ ဘာဖြစ် လို့ ခက်တုန်းဆို စဉ်းစားကြည့်ပေါ့၊ လူ့ဘဝက ဘာကြောင့် ရနိုင်တာတုန်းဆို ကုသိုလ်ကြောင့်ရတာ၊ ကဲ ကုသိုလ်စိတ်ဖြစ်တဲ့ အချိန်ဟာ များသလား၊ နည်းသလား ကိုယ့်ဟာကိုယ် စဉ်းစားကြည့်၊ နံနက် မိုးသောက် အလင်းရောက်တဲ့အချိန်က ညအိပ်ယာ ဝင်တဲ့အချိန်အထိ ကြည့်လိုက်၊ အိပ်ပျော်နေတဲ့ အချိန်တော့ထား၊ ကုသိုလ်စိတ်မရှိဘူး ဘဝင်စိတ်ပဲ ဖြစ်တယ်၊ အိပ်နေတဲ့အချိန်ကို နှုတ်ထားလိုက်၊ ဘဝင်စိတ်တွေ မဖြစ်လို့ ဝီထိစိတ်ဖြစ်နေတဲ့အချိန် နံနက်မိုးသောက် အလင်းရောက်လို့ မျက်စိနှစ်လုံး ဖွင့်လိုက်တဲ့အချိန်ကစပြီးတော့ အိပ်ယာပေါ်မှာလှဲပြီး မျက်စိနှစ်လုံးပိတ်ပြီး အိပ်ပျော်သွားတဲ့ အချိန်ထိ ကြည့်၊ ကုသိုလ်စိတ် ဘယ်နှစ်ခါဖြစ်လဲ။
စာမျက်နှာ-၇၀
ကုသိုလ်စိတ် ဖြစ်တဲ့အချိန်နဲ့ အကုသိုလ်စိတ် ဖြစ်တဲ့အချိန် ဘယ်ဟာက များသလဲ၊ ကုသိုလ်နဲ့မှ လူ့ဘဝရတယ်ဆိုတော့ ကုသိုလ်စိတ် ဖြစ်ဖို့ရာ အင်မတန် ခဲယဉ်းတော့ လူ့ဘဝ ဖြစ်ဖို့ရာရော မခဲယဉ်းဘူးလား၊ ဒါ့ကြောင့်မို့ ခဲယဉ်းတယ်လို့ ပြောတာ၊ လူ့ဘဝရဖို့ခက်တယ်ဆိုပေမယ့် တစ်ချို့က ထင်တယ်၊ ဒီကနေ့ လူဦးရေတွေ တိုးနေတယ်၊ သန်းပေါင်း ၅ဝဝဝ ကျော်သွားပြီ၊ ကမ္ဘာမှာ လူဦးရေတွေ တိုးနေတယ်၊ အဲဒီတော့ လူ့ဘဝရခဲတယ်လို့ မထင်ကြဘူး။ သို့သော် တိရစ္ဆာန်ဦးရေနဲ့ နှိုင်းယှဉ် ပြီးတော့ ကြည့်မယ်ဆိုရင် လူဦးရေဟာ ဘာမှပြောပလောက်တာ မရှိဘူး၊ ကုသိုလ်ကံနဲ့မှ လူ့ဘဝ ရနိုင်တာဖြစ်သောကြောင့် ကုသိုလ်ဖြစ်ဖို့ အချိန် သည် မည်မျှနည်းသလဲ၊ ကိုယ့်ဟာသာကိုယ် စဉ်းစားကြည့်၊ သူများကို မကြည့်နဲ့။
စာမျက်နှာ-၇၁
ကိုယ့်ရဲ့ဘဝကိုပဲ ကိုယ်ကြည့်၊ ငါ့ရဲ့ဘဝမှာ ကုသိုလ်ဖြစ်တဲ့အချိန်နဲ့ အကုသိုလ်ဖြစ်တဲ့အချိန် ဘယ်ဟာကများသလဲ၊ သို့မဟုတ် ကုသိုလ်လည်း မဖြစ်ဘူး၊ အကုသိုလ်လည်း မဖြစ်ဘူး၊ ဘဝင်စိတ်တွေ ဖြစ်နေတဲ့ အိပ်ပျော်နေအချိန် ဘယ်ဟာက များသလဲ၊ နာရီနဲ့ တွက်ကြည့်လိုက်မယ်ဆိုရင် နိုးနေတဲ့ အချိန်လေးမှာတောင် ကုသိုလ်စိတ်က များများ မဖြစ်ဘူး၊ ဒီလိုဆိုရင် လူ့ဘဝရဖို့ရာ “လူ့ပြည်က အပ်တစ်စင်းထောင်ထား၊ ဗြဟ္မာပြည်က အပ်တစ်စင်းချလိုက်ရင် အပ်ဖျားချင်းသာ ထိကောင်း ထိဖို့က လွယ်ကောင်းမယ်၊ လူ့ဘဝရဖို့ကခက်တယ်”ဆိုတာ မမှန်ပေဘူးလား၊ မှန်တယ်၊ ဘာဖြစ်လို့တုန်း ဆိုလို့ရှိရင် ကုသိုလ်စိတ်ဖြစ်တဲ့အချိန်က အလွန်နည်းလို့။
စာမျက်နှာ-၇၂
အဲဒါကြောင့် မြတ်စွာဘုရားသခင်ကိုယ်တော် မြတ်က -

“မနုဿတ္တလာဘီ လဒ္ဓါန၊ သဒ္ဓမ္မ သုပ္ပဝေဒိတေ။
ယေ ခဏံ နာဓိဂစ္ဆန္တိ၊ အတိနာမေန္တိ တေ ခဏေ။” လို့ ဟောတော်မူတာ။

“သဒ္ဓမ္မေ သုပ္ပဝေဒိတေ- သူတော်ကောင်း တရားကို ရှင်တော်ဘုရား ဟောကြားနေတဲ့ အခိုက်အခါကာလမှာ၊ မနုဿတ္တလာဘီ-လူ့ဘဝရရှိခြင်း ကို၊ လဒ္ဓါန- ရရှိကြပါကုန်လျက်၊ ယေ- အကြင် ပုဂ္ဂိုလ်တို့သည်၊ ခဏံ- တကယ့် အခွင့်ကောင်းအခါကောင်းကြီးကို၊ နာဓိဂစ္ဆန္တိ- အခွင့်ကောင်းအခါကောင်းမှန်း မသိကြလေကုန်၊ တေ-ထိုအခွင့် ကောင်းအခါကောင်းကြီးကို အခွင့်ကောင်းအခါ ကောင်းမှန်း မသိကြတဲ့ ပုဂ္ဂိုလ်တို့သည်၊ ခဏံ
စာမျက်နှာ-၇၃
တကယ့်တန်ဖိုးရှိတဲ့ လူ့ဘဝ ရခိုက်အခါ တန်ဖိုးရှိတဲ့အခါသမယကို။ အတိနာမေန္တိ-ကုန်လွန်စေကြသည် ဟူ၍၊ ဘဂဝါ- ရွှေဘုန်းတော်သခင် ရှင်တော်မြတ် ဘုရားသည်၊ အဝေါစ-ကောင်းစွာမသွေ ဟောကြား တော်မူခဲ့ပါပေသတည်း။”

အင်မတန်ကောင်းတဲ့ အခွင့်ကောင်းကြီးရဲ့ တန်ဖိုးကိုမသိလို့ရှိရင် အဲဒီအခွင့်ကောင်းကြီးဆိုတာ ထာဝရရှိနေမယ့်အရာ မဟုတ်ဘူးနော်၊ အခွင့်ကောင်းကြီးဆိုတာ မကြာခင်ကုန်တော့မှာ၊ လူတိုင်း လူတိုင်းမှာ အခုလို သာသနာတော်ကြီး ပွင့်လင်း နေခိုက် ကိုယ်ကလည်း ကျန်းမာရေးကောင်းတယ်။ မျက်စိလည်းကောင်းတယ်၊ အကုန်လုံး ကောင်းနေတဲ့ အချိန်လေးမှာ တရားဓမ္မ အားထုတ်နိုင်တဲ့ အချိန်လေးမှာ တရားအားမထုတ်နိုင်ဘူး၊ ဟိုကိစ္စ ဒီကိစ္စတွေနဲ့ အချိန်ဖြုန်းပြီး နေလိုက်မယ်ဆိုရင်
စာမျက်နှာ-၇၄
ဒီအခွင့်အရေးတွေ လက်လွတ် ဆုံးရှုံးသွားနိုင်တယ်။

ဒီအခွင့်အရေးဆိုတာက အမြဲတမ်းရှိနေမှာ မဟုတ်ဘူးတဲ့၊ အဲဒီအခွင့်အရေးတွေ ကုန်သွားတာနဲ့တစ်ပြိုင်နက် နောက်ထပ် ရချင်မှရမှာ။ အဲဒါကို ပြောတာ၊ အခွင့်ကောင်းကို တန်ဖိုးရှိရှိ အသုံး မချတတ်လို့ရှိရင် ဒီအခွင့်ကောင်းဟာ ကုန်သွားမှာတဲ့၊ ကုန်သွားပြီဆိုမှ လုပ်မယ်ဆိုရင် “မိုးလွန်မှ ထွန်ချ၊ နေဝင်မှ စပါးလှမ်း”ဆိုတာမျိုးလိုဖြစ်ပြီး ထိုပုဂ္ဂိုလ်ရဲ့ လုပ်သမျှတွေဟာ ဘာမှအရာထင်တော့ မှာ မဟုတ်တော့ဘူးတဲ့၊ အေး ဒါ့ကြောင့်မို့လို့ ဘုန်းကြီးတို့တစ်တွေဟာ ရှစ်ယောက်ထဲမှာမပါဘူး၊ တစ်ယောက်ထဲမှာပါတယ်၊ သို့သော် အခွင့်ကောင်း ရှိနေတဲ့အချိန်ကလေးမှာ လုပ်သင့်တာလုပ်ရမယ်။ မလုပ်ရင် ရှစ်ယောက်ထဲ ပါသွားလိမ့်မယ်။
စာမျက်နှာ-၇၅
“အခွင့်သာခိုက်မူ ရအောင်ယူ၊ ထိုသူပညာရှိ”တဲ့၊ လယ်တီဆရာတော်ကြီးက အမိန့်ရှိတယ်။ “အခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊ အမိုက်နှင့်ပြင် ရှိသေးလိမ့်လေး”တဲ့၊ ဟုတ်ကဲ့လား၊ အခွင့်သာခိုက်ကလေးမှ မလုပ်ဘူးဆိုရင် ကိုယ့်လောက် မိုက်တဲ့လူ မရှိတော့ဘူးလို့ ဒီလိုပြောတာ၊ မြတ်စွာ ဘုရားသခင်ကိုယ်တော်မြတ်ကလဲ အခွင့်သာနေတဲ့ အချိန်လေးမှာ လုပ်ရမယ်၊ ဘာတွေလုပ်ရမတုန်း ဆိုလို့ရှိရင် မြတ်စွာဘုရားဟောတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ဖို့ပဲ။ ဘုရားသာသနာတော်မှာ မဂ္ဂင်ရှစ်ပါး အကျင့် တရားကလွဲလို့ တခြားကျင့်စရာမရှိဘူး၊ မဂ္ဂင်ရှစ်ပါး အကျင့်တရားဆိုတာကလည်းပဲ လူတိုင်းလူတိုင်း သန္တာန်မှာ အခြေခံအားဖြင့် ရှိနေတဲ့တရားပဲ။ ရှိနေတဲ့တရားကို အရှိအတိုင်းသိအောင် လေ့ကျင့်
စာမျက်နှာ-၇၆
ရမှာ။ ကိုယ့်သန္တာန်မှာ ဘာတွေရှိတုန်းဆိုရင် အာရုံပြုကြည့်၊ ဘုန်းကြီးတို့တတွေမှာ ကာယဆိုတဲ့ ရုပ်ခန္ဓာကိုယ်ကြီး ရှိတယ်နော်၊ အာရုံကိုသိတတ်တဲ့ အသိစိတ်ဆိုတာရှိတယ်၊ ဝေဒနာလို့ဆိုတဲ့ ခံစား ချက်တွေ ရှိတယ်၊ မှတ်သိမှုတွေးကြံမှုဆိုတဲ့ သဘာဝ ဓမ္မတွေ ရှိတယ်။

သို့သော် ကိုယ့်သန္တာန်မှာရှိတဲ့ ဒီသဘာဝတရားတွေကို သူ့သဘာဝအတိုင်းမြင်အောင် ရှုမှတ် ပွားများနေတာဟာ မဂ္ဂင်ရှစ်ပါး ကျင့်နေတာပဲ ဖြစ်တယ်။ ဥပမာ ထွက်လေဝင်လေလေးကို ရှုနေ လို့ရှိရင် ကာယာနုပဿနာပဲ၊ ဝမ်းနည်းတယ်။ ဝမ်းသာတယ်၊ ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတဲ့ ခံစားချက်လေးကို ရှုနေလို့ရှိရင် ဝေဒနာနုပဿနာ၊ ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘနဲ့ ယှဉ်တွဲလာတဲ့စိတ်၊ ဒေါသနဲ့ ယှဉ်တွဲလာတဲ့စိတ်၊ မောဟနဲ့ ယှဉ်တွဲ
စာမျက်နှာ-၇၇
လာတဲ့စိတ်၊ ဒီစိတ်ကလေးတွေကို ရှုမယ်ဆိုလို့ရှိရင် စိတ္တာနုပဿနာ၊ ကျန်တဲ့ ကြံတွေးမှု၊ ကြံစည်မှုတွေ၊ ရုပ်ခန္ဓာတွေ စသည် ရှုမယ်ဆိုလို့ရှိရင် ဓမ္မာနုပဿနာ၊ အဲဒီလို မိမိသန္တာန်မှာရှိတဲ့ သဘာဝ တရားတွေကို အမှန်မြင်အောင်ကြည့်ဖို့ လိုအပ်တယ်တဲ့။

အဲဒီလို အမှန်မြင်အောင် ကြည့်တာကိုပဲ သမ္မာဒိဋ္ဌိ လို့ခေါ်တာ၊ သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင်ဖို့ အတွက် ဘာလုပ်ရမလဲ၊ သမ္မာသင်္ကပ္ပဆိုတဲ့ မှန်မှန် ကန်ကန် စဉ်းစားတတ်ဖို့လိုတယ်၊ မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့အတွက် ကြိုးစားဖို့လိုအပ်တယ်၊ ဒါက သမ္မာဝါယာမ၊ ထိုကြိုးစားတဲ့အခါမှာ စိတ်စိုက်ဖို့ လိုအပ်သေးတယ်၊ ဒါက သမ္မာသတိ၊ အာရုံတစ်ခု ထဲမှာ စိတ်ကို ငြိမ်အောင်ထားတာက သမ္မာ သမာဓိတဲ့၊ ပေါင်းလိုက်တဲ့အခါကျတော့ မဂ္ဂင်ငါးပါး၊
စာမျက်နှာ-၇၈
ဒီမဂ္ဂင် ငါးပါးအဓိကဖြစ်တယ်၊ “ကာရကမဂ္ဂင်” သို့မဟုတ် “ကာရကမဂ္ဂင်” လို့ခေါ်တယ်၊ တရားဓမ္မ ကျင့်ကြံကြိုးကုတ် အားထုတ်တဲ့အခါမှာ ဒီမဂ္ဂင် ငါးခုဟာ ဟန်ချက်ညီညီနဲ့ အလုပ်လုပ်သွားပြီ ဆိုလို့ရှိရင် သဘာဝတွေကို အမှန်အတိုင်း သိနိုင်မှာ ဖြစ်တယ်။ ဆိုပါစို့ ထွက်လေ ဝင်လေလေးကို ရှူမှတ် နေတယ် ဆိုလို့ရှိရင် ထွက်လေ ဝင်လေလေးကို သူ့သဘာဝလေးမတိုင်း မသိသိအောင် ကြိုးစားတာ သမ္မာဝါယာမ၊ ထို ထွက်လေ ဝင်လေလေးကို အမြဲ တမ်း သတိကပ်ထားတာက သမ္မာသတိ၊ ထို ထွက်လေ ဝင်လေ အာရုံတစ်ခုထဲပေါ်မှာ စိတ်ကို တည်ငြိမ်အောင် ထားတာက သမ္မာသမာဓိ၊ ထွက်လေ ဝင်လေလေးရဲ့ သဘာဝကို စဉ်းစားတွေးခေါ်နေတာက သမ္မာသင်္ကပ္ပတဲ့။
စာမျက်နှာ-၇၉
ဟော အဲဒီလို လေးခု ပေါင်းစပ်လိုက်တဲ့အခါ ဘာပေါ်လာတုန်းဆိုရင် သမ္မာဒိဋ္ဌိ၊ ထွက်လေ ဝင်လေလေးရဲ့ သဘာဝတရားကို အမှန်မြင်လိုက် တာက သမ္မာဒိဋ္ဌိ၊ ထွက်လေ ဝင်လေလေးရဲ့ သဘာဝတရားကို အမှန်မြင်လိုက်တဲ့ သမ္မာဒိဋ္ဌိဆိုတာ ပေါ်လာတယ်၊ အဲဒီလို အမှန်မြင်လိုက်တယ်ဆိုတာ ထွက်လေ ဝင်လေလေးဟာ သူ့သဘာဝပဲ။ ထွက်လေဝင်လေပဲ “ငါမဟုတ်ပါလား”ဆိုတာ မြင်လာတယ်၊ ငါမဟုတ်ဘူးဆိုတဲ့ အမြင်ဟာ အမှန် မြင်ပေါ့၊ အဲဒီ အမှန်မြင်လိုက်တဲ့အခါကျတော့မှ ရုပ်နာမ်ဓမ္မ- သင်္ခါရတွေနဲ့ ပတ်သက်လာပြီးတော့ အမှန်မြင်လာတာနဲ့ တစ်ပြိုင်ထဲ “ငြီးငွေ့မှု”ဆိုတာ ပေါ်လာတယ်၊ ငြီးငွေ့လာတာနဲ့ တစ်ပြိုင်နက်ထဲ “တွယ်တာမှု”ဆိုတာ မရှိတော့ဘူး၊ တွယ်တာမှု မရှိတာနဲ့တစ်ပြိုင်နက် “လွတ်မြောက်” သွားတာပဲလေ။
စာမျက်နှာ-၈၀
အဲဒီလို အဆင့်ဆင့် အကျိုးရှိသွားအောင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ကာယ၊ စိတ္တ၊ ဝေဒနာ၊ ဓမ္မလို့ဆိုတဲ့ သတိပဋ္ဌာန် အာရုံလေးပါးအပေါ်မှာ လူတိုင်းလူတိုင်းဟာ ဘယ်အချိန် မှာပဲဖြစ်ဖြစ် မိမိတို့အားလပ်တဲ့ အချိန်လေးမှာ အာရုံစိုက်ပြီးတော့ ကြည့်မယ်ဆိုရင် ခုနကပြောတဲ့ အသိဉာဏ်တွေအားလုံး ပေါ်လာကြမှာပါတဲ့၊ အဲဒီလို ပေါ်လာတဲ့အခါမှာ ဝိမုတ္တ လွတ်မြောက်မှုဆိုတာကို ရမှာဖြစ်ပါတယ်။

အဲဒီလိုမှ မကြည့်နိုင်ဘူးဆိုရင် အတွယ်အတာတွေနဲ့ လူတွေမှာ ဘာတွေဖြစ်မလဲ၊ တွယ်တာမှုရှိရင် သောကတွေလာမယ်၊ သောကတွေဖြစ်ရင် ဒုက္ခတွေ ဖြစ်မယ်၊ ဒေါမနဿတွေ ဖြစ်မယ်နော်၊ သောကတွေနဲ့ လူ့လောကမှာ လူတွေနေကြရတာ။ အဲဒီသောကတွေ ပရိဒေဝတွေ၊ ငိုကြွေးရတယ်။
စာမျက်နှာ-၈၁
စိတ်ဆင်းရဲရတယ်၊ ကိုယ်ဆင်းရဲရတယ်၊ အဲဒါတွေ လွန်မြောက်ဖို့အတွက် နည်းလမ်းကတော့ တစ်ခု ထဲပဲ၊ ဒီနည်းလမ်းဟာ မြတ်စွာဘုရား ချမှတ်တော် မူတဲ့ ဒီမဂ္ဂင်ရှစ်ပါး သတိပဋ္ဌာန် အကျင့်တရားပဲတဲ့၊ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂါ သတ္တာနံ ဝိသုဒ္ဓိယာ၊ သောက ပရိဒေဝါနံ သမတိက္ကမာယ၊ ဒုက္ခဒေါမနုဿာနံ အတ္ထင်္ဂမာယ၊ ဉာယဿ အဓိဂမာယ၊ နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ” လို့ ဟောတော် မူတာ ဖြစ်တယ်။

“ဘိက္ခဝေ - ချစ်သား ရဟန်းတို့၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ-သတိပဋ္ဌာန်တရားလေးပါး အကျင့်တရားလို့ဆိုတဲ့၊ အယံ မဂ္ဂေါ-ဤကျင့်စဉ် ဟာ၊ သတ္တာနံ-သတ္တဝါတို့ရဲ့၊ ဝိသုဒ္ဓိယာ-ကိလေသာ
စာမျက်နှာ-၈၂
အညစ်အကြေးတွေ စင်ကြယ်ဖို့ရာ၊ ဧကာယနော-တစ်ကြောင်းတည်းသော လမ်းပါပဲ။” ကိလေသာ အညစ်အကြေးတွေ ကင်းစင်သွားမှ၊ ကိလေသာ အပူအပင်မရှိမှ စိတ်ငြိမ်းအေးမှုဆိုတာ ရမှာနော်၊ “သောကပရိဒေဝါနံ - စိုးရိမ်ရခြင်း၊ ငိုကြွေးရခြင်း တို့ကို၊ သမတိက္ကမာယ - ကျော်လွှားနိုင်ဖို့ရာ။” လူတွေဟာ နေ့စဉ်နဲ့အမျှ နေကြထိုင်ကြတဲ့အခါမှာ သောကကို ရင်ဝယ်ပိုက်ပြီးတော့ နေကြရတာ၊ သောကတွေ ကြီးထွားလာတဲ့အခါ ငိုကြရပြန်တယ်၊ စိုးရိမ်တယ်ဆိုတာကြည့်လေ၊ ပျက်စီးမှာစိုးရိမ်တယ်၊ ပျက်စီးသွားပြီးရင်လည်း စိုးရိမ်တယ်၊ ဆုံးရှုံးမှာ စိုးရိမ်တယ် ဆုံးရှုံးပြီးသွားရင်လည်း စိုးရိမ်ရတယ်၊ ငိုကြွေးရတယ်။

“ဒုက္ခဒေါမနုဿာနံ- ကိုယ်ဆင်းရဲခြင်း၊ စိတ် ဆင်းရဲခြင်းတို့ရဲ့၊ အတ္ထင်္ဂမာယ- ချုပ်ငြိမ်းစေဖို့ရာ၊
စာမျက်နှာ-၈၃
ဉာယဿ အဓိဂမာယ- နိဗ္ဗာန်ကို ရောက်စေတတ်တဲ့ လမ်းကြောင်းကို သိရှိဖို့ရာ၊ နိဗ္ဗာနဿ-နိဗ္ဗာန်ကို၊ သစ္ဆိကိရိယာယ-မျက်မှောက်ပြုဖို့ရာ၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာန်ဆိုတဲ့ ကျင့်စဉ်တရားသည်(၁) မဂ္ဂင် ရှစ်ပါးအကျင့်တရားသည်သာလျှင်၊ ဧကာယနော-တစ်ကြောင်းတည်းသော လမ်းပါပဲရယ်လို့၊ ဘဂဝါ-ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ-ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ ပါပေသတည်း။”

စာမျက်နှာ-၈၄

နိဂုံးစကား
ကံဆိုးသူ ရှစ်ယောက်၊ ကံကောင်းတဲ့ ပုဂ္ဂိုလ် တစ်ယောက်၊ ကံကောင်းတဲ့ပုဂ္ဂိုလ် တစ်ယောက် ထဲမှာ တို့တတွေ ပါနေတဲ့အချိန်၊ မဂ္ဂင်ရှစ်ပါး အကျင့် တရားကို ကျင့်သုံးခြင်းဖြင့်သာလျှင် တကယ့် ကံကောင်းတဲ့ ပုဂ္ဂိုလ်ဖြစ်နိုင်မှာ ဖြစ်သောကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် ကံကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ခိုက်မှာ မဂ္ဂင်ရှစ်ပါး အကျင့် တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြ ပါစေကုန်သတည်း။ e5w7av0410s6grwuguunwwdouvf7x0r လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား 0 6420 22224 2026-06-20T00:19:46Z Tejinda 173 "{{header | title = လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22224 wikitext text/x-wiki {{header | title = လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ရှစ်ယောက်နှင့် တစ်ယောက်]] | previous2 = | next = [[သေချာသောလမ်းမှ လျှောက်လှမ်းပါ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား
၁။ လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား
၂။ ဖြေဆိုမိန့်ကြား အမြင်များ

မှတ်တမ်း
သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၀-ပြည့်နှစ်၊ ပြာသိုလဆန်း ၁၄-ရက်၊ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ ကံမြင့်ကျောင်းတိုက် ဓမ္မာရုံအတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ညဦးယံဓမ္မသဘင် အခမ်းအနား၌ ဗိုလ်တထောင်မြို့နယ်၊ ၄၇-လမ်း၊ အမှတ် (၁၆၂/၁၆၄) နေ ကိုဝင်းဌေး၊ မစန္ဒာ၊ သား-မြတ်ဘုန်းခန့်၊ သမီး-မြကြာဖြူ မိသားစုတို့၏ အမတဒါန၊ ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား" တရားဒေသနာတော်။

“လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့် စိတ်ထား”တဲ့။ လောကမှာလူတွေတွေ့ကြုံနေရတဲ့ လောကဓံဟာ မုန်တိုင်းလိုပြင်းထန်တယ်။ မုန်တိုင်းလို ပြင်းထန်နေတဲ့ လောကဓံနဲ့ ကြုံတွေ့တဲ့အခါမှာ ကြံ့ခိုင်တဲ့စိတ်ထား မရှိဘူးဆိုရင် ပြိုလဲသွားနိုင်တယ်။

ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် ဟောထားတဲ့ လောကဓမ္မသုတ် (အကျဉ်း/ အကျယ်) ၂-သုတ် ရှိတယ်။ အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ်မှာ လောကဓမ္မသုတ် လို့ မြတ်စွာဘုရား ဟောထားတာ။
စာမျက်နှာ-၂
ထို လောကဓမ္မဆိုတဲ့ စကားလုံးကို မြန်မာလို မပြန်တော့ဘဲ၊ လောကဓမ္မ-လောကဓံ လို့ ဒီလိုခေါ်နေကြတယ်။ လူတိုင်း, လူတိုင်းဟာ လောကဓံ လောကဓံနဲ့ ပြောနေကြတယ်။ အဓိပ္ပါယ်က ဘာကိုဆိုလိုတာတုန်းဆိုရင် “လောကဓမ္မ” “လောကမှာကြုံတွေ့ရတဲ့ သဘာဝတရား' လို့ ဒီလို ဆိုလိုတယ်နော်။

ဓမ္မဆိုတာ ဒီနေရာမှာ သဘာဝကို ပြောတာ။ အေး ဓမ္မ ဆိုတဲ့စကားလုံးက ပါဠိဘာသာမှာ အနက်အဓိပ္ပါယ် အများဆုံး စကားလုံးပဲ၊ ဗုဒ္ဓမြတ်စွာကလည်း ဒီစကားလုံးကို အသုံးပြုပြီး ဟောခဲ့တာတွေ အလွန်များတယ်။ ကြည့်လေ သရဏဂုဏ်ခန်းမှာဆိုရင် ဓမ္မံ သရဏံ ဂစ္ဆာမိဆိုပြီး ဓမ္မကို သုံးခဲ့တာပဲ။ ဓမ္မဝိနယ လို့ ဟောတဲ့အထဲမှာလည်းပဲ ဓမ္မဆိုတဲ့ စကားလုံးကို သုံးခဲ့တာပဲ။ ကြည့် လောကဓံမှာလည်းပဲ လောကဓမ္မလို့ ဒီလို သုံးခဲ့တယ်။ အဲဒီ ဓမ္မဆိုတဲ့ စကားလုံးဟာ အဓိပ္ပါယ်အကျယ်ဆုံးနဲ့ အများဆုံး စကားလုံး ဖြစ်တယ်။ ဒီစကားလုံးကို ဘာသာပြန်ဖို့
စာမျက်နှာ-၃
အလွန်ခက်သည့်အတွက်ကြောင့်၊ ဒီကနေ့ ဗုဒ္ဓရဲ့ တရားတော်များကို ဘာသာပြန်တဲ့ ပုဂ္ဂိုလ်တွေက ဓမ္မဆိုတဲ့ စကားလုံးကို ဘာသာမပြန်ကြတော့ဘူး။ သာမန်ပဲ “ဓမ္မ” လို့ပဲ သုံးလိုက်ကြတော့တယ်။ ဘာဖြစ်လို့ “ဓမ္မ” လို့ သုံးသလဲလို့ဆိုရင်၊ အဓိပ္ပါယ်မိအောင် မပြန်နိုင်လို့ပေါ့နော်။ ဒီစကားလုံးကိုက အဓိပ္ပါယ်တွေ မြောက်မြားစွာထွက်နေတယ်။ ထွက်နေသည့်အတွက်ကြောင့် ဆိုင်ရာဆိုင်ရာ စကားလုံး ဆက်သွယ်တဲ့ အဓိပ္ပါယ်တွေနဲ့ မိအောင် ပြန်ဖို့ဆိုတာ အလွန်ခဲယဉ်းတယ်။ ဒါကြောင့်မို့လို့ ဘာသာမပြန်ဘဲ သုံးတဲ့စကားလုံး (Untranslated Word) ဖြစ်တယ်။

ဘာသာမပြန်ပေမယ်လို့ ဗုဒ္ဓတရားတော်တွေကို လေ့လာနေကြတဲ့ ပုဂ္ဂိုလ်တွေ၊ မြန်မာပြည်က ပုဂ္ဂိုလ်တွေရော၊ နိုင်ငံခြားက ပုဂ္ဂိုလ်တွေရော ဓမ္မဆိုတဲ့ စကားလုံးကို သိနေကြပြီး၊ ဘာသာမပြန်ကြတော့ဘူး။ ဓမ္မ လို့ပဲ ဒီလိုသုံးကြတယ်။
စာမျက်နှာ-၄
သို့သော် ဒီစကားလုံးမှာ ဗုဒ္ဓရဲ့ တရားတော်တွေကို ဒီစကားလုံးနဲ့ တိုက်ရိုက်သုံးပြီး ရေးသားတဲ့ စာအုပ်တွေထဲမှာ စကားလုံး စာလုံးပေါင်း နှစ်မျိုး ရှိနေတယ်။ ပါဠိစစ်စစ် စာလုံးပေါင်းတဲ့ ပုဂ္ဂိုလ်တွေကတော့ DHAMMA လို့ပေါင်းတယ်။ ဓမ္မဆိုတဲ့ စကားလုံး၊ ဒါကပါဠိစစ်စစ်။ သို့သော် Sanskrit လို့ခေါ်တဲ့၊ အိန္ဒိယနိုင်ငံမှာ ဒီကနေ့ ကျမ်းစာတွေမှာ အသုံးပြုတဲ့ ဘာသာစကားတစ်ခု ရှိတယ်၊ အဲဒီ Sanskritဆိုတဲ့ ဘာသာစကားနဲ့ ဘာသာပြန်တဲ့ ပုဂ္ဂိုလ်တွေကတော့ Sanskrit စာလုံးကို အသုံးပြုပြီး DHARMA လို့ ဒီလိုစာလုံး ရေးကြတယ်။ ဘယ်လိုပဲရေးရေး၊ DHAMMA လို့ပဲ သုံးသုံး၊ DHARMA လို့ပဲ သုံးသုံး၊ ဒီစကားလုံးရဲ့ အဓိပ္ပါယ်က အတူတူပဲ လို့ ဒီလိုမှတ်ရမယ်။

အဲဒီတော့ ဒီနေရာမှာ ဓမ္မဆိုတာ သဘာဝကို ဆိုလိုတယ်။ သဘာဝဆိုတာ သူ့မှာ ကိုယ်ပိုင် သဘာဝ ရှိတယ်လို့ပြောတာ။ သဘာဝမှာ၊ သ
စာမျက်နှာ-၅
ဆိုတာမိမိရဲ့၊ ဘာဝ-အခြေခံမှတ်သားစရာ အချက် Individual Characteristic (သို့မဟုတ်) Own Nature လို့ဆိုတာပေါ့။ ဒီနေရာမှာ လောကဓမ္မဆိုတာ လောကရဲ့ သဘာဝကို ပြောတာ။

လောကဓံ (၈)မျိုး မြတ်စွာဘုရားက လောကသဘာဝကို ရှစ်မျိုးခွဲပြီး လောကဓမ္မသုတ်မှာ ဟောထားတာ။ ဒါ မြန်မာပရိသတ်တွေ လောကဓံ ရှစ်မျိုးဆိုတာကိုတော့ လူတိုင်း သိကြတယ်။

မြတ်စွာဘုရားက-“လောကဓမ္မာ လောကံ အနုပရိဝတ္တန္တိ” ဟောဒီလောကရဲ့ သဘာဝတရားတွေက လောကနောက် အစဉ်မပြတ် လိုက်နေတယ်တဲ့။ တစ်ခါ အပြန်အားဖြင့်- “လောကော စ လောကဓမ္မာ အနုပရိဝတ္တန္တိ” လောကကလည်း၊ လောကသဘာဝနောက် အမြဲလိုက်နေတယ်လို့၊
စာမျက်နှာ-၆
လောကသားနဲ့ ဟောဒီ လောကရဲ့ သဘာဝတွေဟာ အပြန်အလှန် ဆက်သွယ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာနော်။ အပြန်အလှန် ဆက်စပ်နေတယ်။

လောကကို ပါဠိစာပေမှာ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက လို့ (၃)မျိုး ခွဲတယ်။ သတ္တလောကဆိုတာ သတ္တဝါတွေအားလုံးကို ရည်ညွှန်းပြီး ပြောတဲ့စကား။ သင်္ခါရလောကဆိုတာ သက်ရှိသက်မဲ့အားလုံး ခြုံပြီး ခေါ်တာ။ အကြောင်းတရားတွေက ဖန်တီးပြုလုပ်ထားလို့၊ အကြောင်းတရားတွေပေါ်မှာ မှီတည်ပြီး ဖြစ်နေတဲ့အရာမှန်သမျှ သင်္ခါရလောက။ ဩကာသလောကဆိုတာ သက်ရှိသတ္တဝါတွေ၊ သက်မဲ့အရာတွေရဲ့ တည်ရှိရာဘုံဖြစ်တယ်။

သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက၊ ဒီလောက (၃)မျိုးထဲမှာ အခု လောကဓမ္မသုတ်မှာ သုံးထားတဲ့ လောကက သတ္တလောက - သက်ရှိသတ္တဝါတွေကို ရည်ညွှန်းပြီး ပြောတယ်လို့
စာမျက်နှာ-၇
ဒီလိုမှတ်ရမယ်။ သက်ရှိသတ္တဝါတွေ ကြုံတွေ့နေရတဲ့ အတွေ့အကြုံ ရှစ်မျိုးရှိတယ်။ အဲဒီ ရှစ်မျိုးက ဘာတုန်းဆိုရင်-

၁။ “လာဘော” ကိုယ်လိုချင်တာ ရတယ်၊
၂။ “အလာဘော” ကိုယ်လိုချင်တာ မရဘူး၊
၃။ “ယသော” အခြံအရံရှိတယ် (သို့) ကျော်စောထင်ရှားတယ်၊
၄။ “အယသော” အခြံအရံကင်းမဲ့တယ်၊ မကျော်စောဘူး၊
၅။ “နိန္ဒာ” ကဲ့ရဲ့မှုကို ခံရတယ်၊
၆။ “ပသံသာ” ချီးမွမ်းခံရတယ်၊
၇။ “သုခ” ကိုယ်စိတ်နှစ်ပါး ချမ်းသာတယ်။ အဆင်ပြေတယ်၊
၈။ “ဒုက္ခ” ကိုယ်စိတ်နှစ်ပါး မချမ်းသာဘူး၊ ဆင်းရဲတယ်၊ အဆင်မပြေဘူး၊

ဟော အားလုံးပေါင်းလိုက်တဲ့အခါကျတော့ လောကဓံရှစ်မျိုးတဲ့။ လောကမှာ သတ္တဝါတွေ
စာမျက်နှာ-၈
ကြုံတွေ့နေရတဲ့ လူသားတွေ ကြုံတွေ့နေရတဲ့ သဘာဝရှစ်မျိုးရှိတယ်လို့ ဒီလိုပြောတာနော်။

အဲဒီ သဘာဝရှစ်မျိုးသည် သတ္တလောကနဲ့ အမြဲတမ်း ဆက်သွယ်နေတယ်၊ သတ္တလောကကလည်း အဲဒီရှစ်မျိုးနဲ့ အမြဲတမ်း ဆက်သွယ်မှု ရှိနေတယ်တဲ့။ အဲဒီလို အမြဲတမ်းဆက်သွယ်မှုရှိနေတဲ့၊ မတည်ငြိမ်တဲ့ အနေအထားနဲ့ ပတ်သက်ပြီးတော့ စိတ်ဓာတ်တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့က အလုပ်ပဲ နော်။

လောကထဲမှာ နေထိုင်တာဖြစ်တော့ လောကဓံရှစ်မျိုးက တစ်မျိုးမျိုးနဲ့ လူတွေကြုံတွေ့မှာပဲ။ မကြုံတွေ့တဲ့လူ မရှိဘူး။ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးလည်း လောကဓံနဲ့ ကြုံရတာပဲ။ အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလာန် စတဲ့ ရဟန္တာတွေလည်း လောကဓံနဲ့ ကြုံတွေ့ရတာပဲ။ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်သတ္တဝါဖြစ်စေ၊ လောကထဲမှာနေရင်
စာမျက်နှာ-၉
လောကရဲ့ သဘာဝနဲ့ ဆက်စပ်နေမှာပဲလို့ ပြောတာနော်။

အဲဒီလို ဆက်စပ်နေတဲ့အခါမှာ မဆက်စပ်အောင် လုပ်လို့မရဘူး။ ရပါ့မလား။ အေး လောကရဲ့ သဘာဝတွေကို ဖျောက်ဖျက်ပစ်လို့ မရဘူး။ ကိုယ်လုပ်နိုင်တာ ဘာတုန်းဆိုရင် ကြံ့ခိုင်တဲ့စိတ်ထား ရှိအောင် လုပ်ဖို့ပဲ။ ဒါ ကိုယ်လုပ်လို့ ရတာပဲ။ အဲဒီတော့ ကိုယ်လုပ်လို့ ရတာကို လုပ်ရမယ်လို့ ဆိုလိုတယ်။ လူတိုင်းလူတိုင်းတော့ ပြောနေကြတာပဲ။ လောကဓမ္မ, လောကဓံနဲ့ ပြောနေကြတာ။ ထို လောကဓံနဲ့ ကြုံတွေ့နေရတဲ့အခါ စိတ်နေစိတ်ထား ဘယ်လိုထားရမလဲဆိုတာသိဖို့ အရေးမကြီးဘူးလား။ အရေးကြီးတယ်။

အေး လောကဓံနဲ့ ကြုံတွေ့လာလို့ရှိရင် ဘယ်ပုံဘယ်နည်း နှလုံးသွင်းရမလဲဆိုတာဟာ အရေးကြီးဆုံး
စာမျက်နှာ-၁၀
ပဲတဲ့။ လောကဓံကတော့ ကြုံမှာပဲ။ ကိုယ်လိုချင်တာ ရတဲ့အခါ ရှိတယ်။ အောင်မြင်တယ်၊ ကြီးပွားတယ်။ လိုချင်တာအကုန်ရတယ်။ လာဘဆိုတဲ့ နံပါတ်(၁) လောကဓံကိုပဲကြည့်၊ လူတွေမှာ တစ်စုံတစ်ခုရလိုမှုနဲ့ ကြိုးပမ်းအားထုတ်နေကြရတာ။ အားလုံး လူတိုင်း, လူတိုင်းဟာ ရလိုမှုနဲ့ ကြိုးပမ်းအားထုတ်နေကြတယ်။ ဘာကိုရလိုမှု ရှိသလဲဆိုရင် ချမ်းသာသုခ၊ ချမ်းသာပျော်ရွှင်မှုကို ရလိုကြတယ်။ အဲဒီ ချမ်းသာသုခကို ရလို၍ ကြိုးပမ်းအားထုတ်နေကြတာ၊ ကြိုးပမ်းအားထုတ်တဲ့အခါ တစ်ခါတစ်ရံကျတော့ ရတယ်။ တစ်ခါတစ်ရံကျတော့ မရဘူး။ ဒါက အခြေအနေတစ်ခုကို ပြောတာ။

စီးပွားတစ်ခု လုပ်တယ်။ ငွေကြေးဓန မြောက်မြားစွာ ရချင်တယ်။ အလုပ်အကိုင်ကောင်းတွေ ရှာတယ်၊ ကြိုးပမ်းအားထုတ်တယ်။ အားထုတ်တိုင်း တစ်ခါတလေကျတော့ မရဘူး။ တစ်ခါတလေ
စာမျက်နှာ-၁၁
ကျတော့ ရတယ်။ တစ်ခါတလေကျတော့ ဆုံးရှုံးမှုနဲ့တောင် ကြုံရသေးတယ်။

အေး ရတဲ့အခါရှိသလို မရတဲ့အခါရှိတယ်။ ဘာပဲဖြစ်ဖြစ် ရချင်လို့ ကြိုးပမ်းတာ။ ရချင်လို့ ကြိုးပမ်းလို့ ရလာလို့ရှိရင် လူရဲ့ စိတ်က ဘယ်လိုတုန်းဆိုရင်၊ ရချင်တာရလို့ရှိရင် မပျော်ကြဘူးလား။ အေး ကလေးလေးတွေဆိုရင် ကြည့်လေ၊ သူတို့လည်း လောကဓံ ခံရတာပဲ။ သူတို့ရချင်တာလေး ရပြီဆိုရင် ပျော်တာပဲ။ အဲဒီပျော်တာလည်း လောကရဲ့ သဘာဝတရား မုန်တိုင်းနဲ့ တိုက်လိုက်လို့ သူဟာ လှုပ်သွားတယ်လို့ ခေါ်တယ်။

အေး လူတွေက အဆိုးလောကဓံနဲ့ ကြုံပြီဆိုရင် ညည်းကြတယ်။ “လောကဓံနဲ့ကြုံလို့၊ လောကဓံနဲ့ ကြုံလို့' ဆိုပြီးတော့ ညည်းကြတယ်။ ကောင်းတာလေးနဲ့တွေ့ပြီဆိုရင် မှိန်းနေတာ၊ လောကဓံမှန်းတောင် မသိဘူး။ ပြောလည်း မပြောတော့ဘူး။ ဟုတ်လား အောင်မြင်ကြီးပွားနေရင် လောကဓံလို့
စာမျက်နှာ-၁၂
မထင်ဘူး။ အဲဒါလည်း လောကဓံပဲ။ အေး အောင်မြင်ကြီးပွားနေလို့ စိတ်ကလေးက လှုပ်ရှားပြီးတော့ မာန်မာနတွေတက်ကြွပြီး ပျော်လို့ ရွှင်လို့ ဒီလိုဖြစ်နေတာလည်း ဒါလောကဓံလို့ခေါ်တယ်။ လောကဓံကို မခံနိုင်ဘူး။ ကြံ့ခိုင်တဲ့စိတ်ထား မရှိဘူးလို့ ပြောရမယ်။

အောင်မြင်ကြီးပွားမှု ရလာလို့ရှိရင် ဘာဖြစ်သလဲ?။ အောင်မြင်ကြီးပွားမှု ရလာရင် စိတ်ဓာတ်တက်ကြွမှုတွေ၊ မာန်မာနတွေ ဖြစ်လာတယ်။ စိတ်ဓာတ်ဟာ တသမတ်တည်း တည်ငြိမ်နေတာမျိုး မဖြစ်ဘူး။ အေး “ငါလိုလူ ဇမ္ဗူရှိသေးလား” လို့ ထင်တယ်။ လုပ်ချင်တာတွေ အကုန်လုပ်တယ်၊ ကိုယ်ရချင်တာတွေ အကုန်ရပြီး ပျော်လိုက်တာ၊ ဟော စိတ်ဓာတ်တွေတက်ကြွ၊ ဘယ်သူ့ကိုမှတောင် လူမထင်ဘူး။ “ကိုယ်လုပ်ချင်တာ အကုန်ရတယ်”ဆိုပြီး လာဘလောကဓံ ရလာပြီဆိုရင် မောက်မာလာတယ်၊ တက်ကြွလာတယ်၊ ခြေဖျားထောက်လာကြတယ်။ ဒါ လောကဓံ မခံနိုင်တာလို့ ခေါ်တယ်။ ဒါပေ
စာမျက်နှာ-၁၃
မယ့် အများစုက ရတာကို လောကဓံလို့ မထင်မှတ်ကြဘူး။

အေးကောင်းပြီး၊ လိုချင်တာတွေ မရဘူး။ ကလေးလေး မုန့်တောင်းတယ် မရဘူး။ ဘာဖြစ်လဲ? ငိုတယ်။ အဲဒီကလေးလေးငိုတာ ဘာလို့ငိုတာတုန်း၊ မုန့်မရလို့ ငိုတာ၊ ဟော လူကြီးတွေကျတော့ တစ်စုံတစ်ခု ပျက်စီးဆုံးရှုံးပြီဆိုရင် စိတ်ဓာတ်တွေ ကျလာတယ်။ ဒါ လောကဓံပဲ။ ကိုယ်လိုချင်တာ မရတော့ဘူးဆိုရင်၊ စိတ်ဓာတ်တွေ ညှိုးငယ်ပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ ဖြစ်သွားတတ်တယ်နော်။ ဒါ လောကရဲ့ သဘာဝအတိုင်း ဖြစ်တာကို စိတ်က လိုက်ပြီးတော့ လှုပ်ရှားတာ။ မုန်တိုင်းဒဏ်ကို မခံနိုင်သလိုပဲတဲ့။

ရတယ်ဆိုတာလည်း မုန်တိုင်းပဲ။ မရဘူးဆိုတာလည်း မုန်တိုင်းပဲ။ ကိုယ့်စိတ်ကို လာတိုက်ခိုက်တာတွေချည်းပဲ အကုန်လုံး။ အဲဒီတိုက်ခိုက်တဲ့အခါမှာ ရလာတဲ့ “လာဘ”ဆိုတဲ့ လောကဓံ တိုက်ခိုက်လည်း
စာမျက်နှာ-၁၄
မာန်မာနတွေ မတက်ကြွဖို့၊ “အလောဘ” မရဘူးဆိုတဲ့ လောကဓံက လာတိုက်တော်ရင်လည်း စိတ်ဓာတ် မတုန်လှုပ်ဖို့၊ စိတ်ဓာတ်မကျဖို့၊ အဲဒီလို တည်ငြိမ်တဲ့ စိတ်ထားကို ထိန်းထားနိုင်ပြီဆိုမှ ကြံ့ခိုင်တဲ့စိတ်ထား ဖြစ်တာနော်။

မုန်တိုင်းတိုက်လာပြီဆိုလို့ရှိရင် သစ်ပင်ကြီးတွေဟာ ယိမ်းထိုးနေကြတာပဲ။ ဘာဖြစ်လို့တုန်းဆိုရင် အတိုက်မခံနိုင်တာ၊ သာမန်လေကလေး တိုက်ရင်ကို သစ်ခက်တွေက သစ်ပင်တွေက လှုပ်ရှားလာတယ်။ သိပ်ကြီးမားတဲ့ လေကြီးတွေ တိုက်လာပြီဆိုရင်တော့ သစ်ပင်ဟာ အမြစ်ကထောင်ပြီးတော့ လဲသွားတယ်။ လူတွေလည်း အတူတူပဲ။ လာဘဆိုတာက နည်းနည်းလာတာက တစ်မျိုး၊ အများကြီး ရတာက တစ်မျိုး၊ “မုန်တိုင်းလိုပဲ”၊ ပြင်းထန်တာလည်း ရှိသလို မပြင်းထန်တာလည်း ရှိတယ်နော်။ ဥပမာ လေး,ငါးသိန်း ရတာနဲ့ သိန်းပေါင်းတစ်ထောင် ရတာနဲ့ မတူပြန်ဘူး။ အဲလို လာဘ- ရတဲ့အခါ၊ အဲဒီလို သိန်း
စာမျက်နှာ-၁၅
တစ်ထောင်လောက် ရတဲ့အခါ၊ ပိုပြီးတော့ တိုက်ခိုက်မှုက ပြင်းထန်တယ်လို့ ပြောရမယ်။

အေး သစ်ပင်တစ်ပင်ဟာ ကြံ့ခိုင်မှု အားနည်းလေလေ၊ မုန်တိုင်းဒဏ် ခံရလေလေ၊ နောက်ဆုံး မခံနိုင်တော့ ဘာဖြစ်သွားသလဲ? ပြိုလဲသွားတယ်။

ကျောက်သားအပြည့် ရှိနေတဲ့ တောင်ကြီးတွေ ကျတော့ လေမုန်တိုင်းသေးသေးတိုက်လည်း မလှုပ်ဘူး။ ပြင်းပြင်းထန်ထန်ကြီးတိုက်လည်း မလှုပ်ဘူး။ ကြံ့ခိုင်နိုင်တယ်။

မြတ်စွာဘုရားက လောကဓံနဲ့ ပတ်သက်လာလို့ရှိရင် အဲဒီကျောက်အတိပြီးတဲ့ တောင်ကြီးလို ကြံ့ခိုင်တဲ့စိတ်ထားမျိုး ရအောင်မွေးရမယ်လို့ ဟောတာနော်။

လောကဓံကို ရှောင်ကွင်းရမယ်လို့ မဟောဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူး။ လောကဓံကို ရှောင်ကွင်းနိုင်တဲ့လူ ရှိလည်းမရှိဘူး။ လောကကြီးက ထွက်ပြေးလို့လည်း မရဘူး၊ တချို့ကထင်တယ် လောကဓံနဲ့တွေ့လို့ လောကကြီးက ထွက်ပြေးရင် လွတ်မြောက်သွားမယ်။
စာမျက်နှာ-၁၆
အဲဒီအတွေးမျိုးတွေးတဲ့သူက ဘာပြောသလဲဆိုရင် ‘သေ,အေးတာပဲ” လို့ ပြောကြသေးတယ်နော်။ ဘယ်အေးမလဲ၊ သေတဲ့နောက်မှာ ပိုဆိုးဦးမယ်။

အခုရရှိထားတဲ့ လက်ရှိဘဝလေးက ဘုရားမှန်း တရားမှန်း သံဃာမှန်း သိသေးတယ်၊ တရားအားထုတ်လို့ ရသေးတယ်။ သေသွားပြီးတဲ့နောက် ဘယ်ရောက်မှန်းလည်း မသိဘဲနဲ့၊ ဘယ်လိုလုပ် အေးမလဲနော်။ မအေးနိုင်ဘူး။ နောက်ဘဝ ပိုပြီးတော့ စိတ်မအေးရသေးတယ်။ ဘာဖြစ်လို့ စိတ်မအေးရသလဲ?။ Warranty မှ မရှိသေးတာပဲ။ ကိုယ့်မှာ Warranty ရှိနေသေးရင် တော်သေးတာပေါ့နော်။ အေး ဒါကြောင့်မို့လို့ ကိုယ်လုပ်ရမယ့် အလုပ်က ဘာတုန်းဆိုရင် စိတ်ဓာတ်ကြံ့ခိုင်အောင် လုပ်ဖို့ပဲ။

ကြံ့ခိုင်အောင်ထားဖို့ဆိုတာ ဘယ်လိုနည်းနဲ့ ထားရမလဲ။ ကြံ့ခိုင်အောင်ထားတဲ့နည်း မြတ်စွာ
စာမျက်နှာ-၁၇
ဘုရားက အဲဒီသုတ္တန်မှာ ပေးထားတယ်။ ကြံ့ခိုင်အောင်ထားတဲ့နည်းက ဘယ်လိုတုန်း?။ တစ်စုံတစ်ခု ကိုယ်ကြိုးပမ်းအားထုတ်လို့ ရလာပြီ။ လာဘဆိုတဲ့ လောကဓံနဲ့ ကြုံတွေ့လာပြီ၊ တစ်စုံတစ်ခု ကြိုးပမ်းအားထုတ်လို့ မရဘူး၊ ဆုံးရှုံးနစ်နာမှုတွေနဲ့ ကြုံလာတယ်၊ အလာဘဆိုတဲ့ လောကဓံနဲ့ ကြုံလာတယ်ဆိုရင် အခုအခံ နှလုံးသွင်းတရားနဲ့ မြတ်စွာဘုရားက စဉ်းစားဆင်ခြင်ဖို့ နည်းပေးတယ်။

ဘယ်လိုစဉ်းစားရမလဲ?။ “ဪ ငါလိုချင်တာတွေတော့ ရပြီ၊ ရလာတာဟာ ထာဝရလား? တစ်ခဏလား?။ စဉ်းစားလိုက်တဲ့အခါ အဖြေပေါ်လာတယ်။ “လောကမှာ ထာဝရဆိုတာ ဘယ်ဟာမှ မရှိဘူး။ တစ်ခဏလေးတွေချည်းပဲ”၊ ဟုတ်လား။ “အေး ငါလိုချင်တာရလာပြီ။ လာဘဆိုတာ အောင်အောင်မြင်မြင် ငါရလာပြီ။ ငါရလာတဲ့ လာဘဟာ တစ်ခဏပဲ။ ထာဝရ မဟုတ်ဘူး။ အနိစ္စ-မမြဲတဲ့သဘော။ ဝိပရိဏာမဓမ္မ။ ရလာတဲ့ အခြေအနေတစ်ခုကနေ
စာမျက်နှာ-၁၈
မရဘူးဆိုတဲ့ အခြေအနေတစ်ခု ပြောင်းလဲသွားနိုင်သေးတယ်။ “အညထာဘာဝ” တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်သေးတယ်၊ ငါထင်ထားတဲ့အတိုင်း မဖြစ်နိုင်ဘူး။ ဟောဒီလိုတွေးပေးပါတဲ့။

သာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေက အဲဒီလို မတွေးဘူးတဲ့။ မတွေးဘူးဆိုတော့ သူကရလာတဲ့ လာဘဆိုတဲ့ လောကဓံနဲ့ ကြုံလိုက်တာနဲ့ တစ်ပြိုင်နက် ဘာဖြစ်သွားလဲဆိုရင် “အေး ငါလိုလူ ဇမ္ဗူမှာရှိသေးလား” ဆိုပြီးတော့ မြောက်ကြွမြောက်ကြွနဲ့ မာန်မာနတွေ ဖြစ်လာလိုက်တာ အလွန်ပဲ။ ရတာကို အကြောင်းပြုပြီးတော့ မာန်မာနတွေ တက်လာတယ်။ စိတ်ဓာတ်က ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီး သုံးလိုက်ဖြုန်းလိုက်နဲ့ ရလိုက်တာတွေ ကုန်သွားပြန်တယ်။ နောက်ဆုံးမှာ မရတဲ့၊ ဘာမှမရှိတဲ့ အခြေအနေတစ်ခုကို ပြန်ရောက်သွားပြန်ရောနော်။

အေး မရတဲ့အခါကျတော့လည်း မစဉ်းစားဘူး။ “ငါ့ကံနှယ် ဆိုးလိုက်ပါဘိတော့တယ်” လို့ ဒီလိုတွေးပြန်
စာမျက်နှာ-၁၉
တယ်။ “ငါ့ကံကို ဆိုးတာ။ ကံဆိုးလို့ လောကကြီးမှာ မနေတာကောင်းပါတယ်” ဆိုပြီး၊ ဟော နောက်ဆုံး ကိုယ့်ကိုယ်ကို သတ်သေတာတို့၊ ရင်ထုမနာဖြစ်ပြီး ငိုတာတို့၊ စိတ်ဓာတ်တွေ ကျနေတာတို့၊ အဆိပ်သောက်တာတို့ မဖြစ်လာဘူးလား?။ အေး စိတ်ဓာတ်ကြံ့ခိုင်မှုကို မရှိတဲ့ ပုဂ္ဂိုလ်တွေမှာဖြစ်တယ်။ လောကမှာ ကြုံတွေ့ရတဲ့ သဘာဝတရားတွေအပြင် သူတို့က ထပ်ဆင့်ပြီးတော့ ဒုက္ခတွေကို ဖြစ်စေပြန်တာပဲ။

အဲဒါကြောင့် မြတ်စွာဘုရားက စဉ်းစားတဲ့။ တစ်စုံတစ်ခု အောင်မြင်မှုကို ရလာလို့ရှိရင်လည်း “ဪ ဒီရတယ်ဆိုတာ မြဲတဲ့အရာ မဟုတ်ဘူး။ တစ်ခဏလေးသာဖြစ်တယ်။ ပြောင်းလဲသွားနိုင်တယ်။ အခြေအနေတစ်ခု ပျက်စီးသွားနိုင်သေးတယ်။ ငါ ဘာလုပ်သင့်သလဲ?။ လုပ်သင့်တဲ့အလုပ် လုပ်မှပဲ။ ရလာတာအတွက် ငါဘယ်လို အကျိုးရှိအောင် ငါ ဘယ်လို အသုံးချမလဲ?။” ဟောဒီလို စဉ်းစားပါတဲ့။
စာမျက်နှာ-၂၀
မရဘူးဆိုလို့ရှိရင်လည်း ဒီလိုပဲစဉ်းစားရမယ်။ အေး “မရဘူးဆိုတာလည်း တစ်ခဏပဲ။ အခြေအနေ မပေးသေးလို့ မရတာ၊ အခြေအနေပေးလာရင် ရမှာပေါ့။ မရလို့ရှိရင် ရှိတာနဲ့ ငါရောင့်ရဲရမယ်။ ထပ်ပြီးတော့ ကြိုးစားရမယ်။ မရဘူးဆိုတာလည်း နိစ္စ-ထာဝရမဟုတ်ဘူး။ အနိစ္စ-တစ်ခဏမျှသာ ဖြစ်တယ်။ မမြဲတဲ့သဘောပါ။ တစ်ချိန်ကျတော့ ပြောင်းလဲလာဦးမှာပဲ” ဆိုပြီးတော့ ကိုယ့်စိတ်ကလေးကို ကိုယ်ပြန်ထိန်းတဲ့။

အဲဒီလိုစဉ်းစားရင် ရလာတာကို အကြောင်းပြုပြီးတော့လည်း မာန်မာနတွေ မဖြစ်ဘူး။ စိတ်ဓာတ်တွေ မတက်ကြွဘူး။ မရတာကို အကြောင်းပြုပြီးတော့ စိတ်ဓာတ်တွေမကျဘူး။ Depression မဖြစ်ဘူးပေါ့နော်။ အဲဒါကို “ကြံ့ခိုင်တဲ့စိတ်ထား” လို့ ပြောတာ။

ဒီစိတ်ထားမျိုးက သူ့ဖာသာသူ အလိုလိုတော့ ဖြစ်လာမှာတော့ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်က လေ့ကျင့်ရမယ်။ မြတ်စွာဘုရားက “ဒီလိုစဉ်းစား” လို့
စာမျက်နှာ-၂၁
စဉ်းစားနည်းကို ပြောတာ။ ဒါ ဒီသုတ္တန်မှာ တစ်ခုဟောထားတာနော်။ ဒီလိုစဉ်းစားပါလို့။

နောက် စဉ်းစားတဲ့နည်းကလေးတစ်ခုက ဘယ်လိုတုန်းဆိုတော့၊ အေး လာဘဆိုတဲ့ ရတဲ့ လောကဓံနဲ့ ကြုံလာတယ်။ အောင်မြင်ကြီးပွားလာလို့ရှိရင် “အေး အောင်မြင်ကြီးပွားနေတာကို ငါဝမ်းသာပြီးတော့ မာန်မာနတွေ တက်ကြွပြီး နေမယ်ဆိုရင်၊ ဘေးကလူတွေက ငါ့ကို အမြင်ကတ်လာနိုင်တယ်။ တစ်စုံတစ်ခုကို အကျိုးရှိတဲ့အလုပ်ကို လုပ်ရမယ်ဆိုတဲ့ အသိဉာဏ်တွေလည်း ငါ့မှာရှိမှာမဟုတ်ဘူး။ ဒါကြောင့် ဒါတွေဟာ အထင်ကြီးစရာလည်း မလိုဘူး။ ရလာတဲ့ အချိန်ကလေးမှာ အကျိုးရှိအောင်လုပ်မယ်ဆိုတဲ့ အကျိုးရှိအောင် လုပ်မယ့်နည်းလေးတစ်ခုကို စဉ်းစားဆင်ခြင်ပြီး အကျိုးရှိအောင်ပဲ လုပ်သင့်တယ်”တဲ့။ ဟုတ်လား။

မရလာဘူးဆိုလို့ရှိရင်လည်း၊ အေး မရလို့ စိတ်ပျက်တာဟာ အဖြေမဟုတ်ဘူး။ စိတ်ပျက်
စာမျက်နှာ-၂၂
နေသည့်အတွက် ရလာမှာလည်း မဟုတ်ဘူး။ ဒါကြောင့် “ငါ အခြေအနေ မပေးသေးလို့ ရနိုင်တဲ့ အနေအထားလေးတွေ ငါ့မှာ မရှိသေးလို့ ဘယ်ဘက်က ငါ့မှာ ချို့ယွင်းနေသလဲ”ဆိုတဲ့ ချို့ယွင်းချက်ကို ကြည့်ပြီး အဖြေရှာရမယ်၊ မရလာသည့်အတွက်ကြောင့် စိတ်ဓာတ်မကျဘဲနဲ့ အဖြေရှာပြီးတော့ ရအောင်ကြိုးစားတာ၊ ဒါမှန်ကန်တဲ့ နည်းလမ်းတစ်ခုပဲ။

အေး လောကဓံဆိုတာ ကိုယ်လိုချင်တာတွေ ရလာရင်လည်း လောကဓံပဲ။ မရဘူးဆိုတာလည်း လောကဓံပဲ။ လာဘ လောကဓံနဲ့ အလာဘ လောကဓံ။

ယသ, အယသ။ ယသ, အယသဆိုတာ လောကမှာ အခြွေအရံတွေနဲ့၊ အပေါင်းအသင်းနဲ့ ပျော်ပျော်ပါးပါး ဒီလိုနေရတဲ့အလှည့် ရှိတယ်။ တစ်ခါတလေကျတော့
စာမျက်နှာ-၂၃
မရှိဘူး။ တစ်ယောက်တည်း ငုတ်တုတ်၊ ဒီလိုလည်း ဖြစ်တတ်သေးတယ်နော်။ အခြံအရံများတဲ့အခါ ရှိသလို၊ အခြံအရံ မရှိတဲ့အခါလည်းရှိတယ်။ အခြံအရံများလို့ရှိရင်၊ အသိုင်းအဝိုင်းများလို့ရှိရင် စိတ်ဓာတ်က တစ်မျိုး၊ အသိုင်းအဝိုင်းမရှိဘူး၊ တစ်ယောက်တည်း ဘယ်သူကမှ အဖက်မလုပ်ဘူး၊ ကိုယ့်ကို အပေါင်းအသင်း မလုပ်ဘူးဆိုရင် စိတ်ဓာတ်က တစ်မျိုးဖြစ်သွားပြန်တယ်။ အဲဒါ ကြံ့ခိုင်တဲ့စိတ်ထား မရှိလို့ဘဲတဲ့။ အခြံအရံနဲ့ နေလို့ရှိရင် “ဪ ဒီအခြံအရံတွေ ငါနဲ့အတူတကွ နေတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာ၊ ကောင်းကျိုးကို ငါဘာလုပ်ပေးရမလဲ”၊ သူတို့ရဲ့ ကောင်းကျိုးကို ငါ ဘာအကျိုးပြုနိုင်သလဲ” ဟော စဉ်းစားရမယ်။ အခြံအရံမဲ့လာပြီဆိုလို့ရှိရင် တစ်ယောက်တည်း နေတဲ့တခါကျလို့ရှိရင် “တရားနှလုံးသွင်းဖို့ ငါ့မှာ အချိန်ရလိုက်တာ၊ ငါလုပ်ချင်တာတွေ ကောင်းကောင်းမွန်မွန် လုပ်လို့ရပြီ”၊ ဟော ဒီလိုစဉ်းစား
စာမျက်နှာ-၂၄
လိုက်လို့ရှိရင် စိတ်ဓာတ်ကျစရာတွေ ရှိပါ့မလား။ မရှိဘူး။ အဲဒီလို မတွေးဘဲနဲ့ “ဪ ငါ့ဆီ ဘယ်သူမှ မလာကြဘူး၊ ငါတစ်ယောက်တည်း ပစ်ထားတယ်”ဆိုရင်၊ စိတ်ထဲမှာ ဟော lonely ဖြစ်လာတယ်။ လူတွေမှာ lonely ဖြစ်လာရင် Depression ဖြစ်ပြန်ရော၊ များသောအားဖြင့် နိုင်ငံခြားတိုင်းပြည်တွေမှာ ဟောဒီ lonely ဖြစ်ပြီးတော့ တစ်ကိုယ်တည်းနေရလို့ Depression ဖြစ်တဲ့သူတွေ အများကြီး ရှိတယ်နော်။

မြန်မာပြည်မှာ အဲဒါ အဖြစ်နည်းတယ်။ ဘာဖြစ်လို့တုန်းဆိုရင် ဗုဒ္ဓတရားတော်နဲ့ မြန်မာလူမျိုးတွေရဲ့ နှလုံးသွင်းတရားနဲ့ လူတွေရဲ့ အလေ့အကျင့်တွေကြောင့် မြန်မာပြည်မှာ သိပ်ပြီးတော့ lonely မဖြစ်ကြဘူး။

အထူးသဖြင့် အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ ဟိုး အနောက်တိုင်းတွေမှာ တကယ် lonely ဖြစ်ကြတာ။ ဘုန်းကြီးတို့ ဂျာမဏီသွားတယ်။ အဘွားအို၊
စာမျက်နှာ-၂၅
အဘိုးအိုကြီးတွေ လမ်းမှာ ဈေးခြင်းတောင်းလေးဆွဲပြီးတော့ သွားနေကြတာတွေ့တယ်။ တစ်ခါတစ်ရံမှာ အဘိုးကြီးနဲ့အဘွားကြီး နှစ်ယောက်တွေ့ရတယ်။ တစ်ခါတစ်ခါ အဘိုးကြီးတစ်ယောက်တည်းတွေ့တယ်။ တစ်ခါတလေ အဘွားကြီး တစ်ယောက်တည်းတွေ့တယ်။ တွေ့တဲ့အခါမှာ သူတစ်ယောက်တည်း ဆိုတော့ lonely ဖြစ်လို့ ဘာလုပ်သလဲဆိုရင် ခွေးကလေး မွေးထားတယ်။ ခွေးကလေးနဲ့ သွားတယ်။ ခွေးကလေးကို အဖော်ပြုထားတယ်။ လူဆိုတာ တစ်ယောက်တည်း မနေတတ်ဘူး။ တစ်ယောက်တည်း ဆိုလို့ရှိရင် လူက ကြောက်စိတ် ဝင်တာလည်း ဖြစ်တယ်၊ ပျင်းတာလည်းရှိတယ်။ ဒါ သတ္တဝါရဲ့ သဘောပဲ။ တစ်ယောက်တည်းနေရင် ပျင်းတယ်။ .. လူမပြောနဲ့ ဗြဟ္မာတွေတောင်မှပဲ တစ်ယောက်တည်း နေရရင် ပျင်းလာတဲ့ သဘောရှိတယ်။ ကမ္ဘာကြီး ပျက်သွားပြီး၊ ကမ္ဘာပြန်တည်တဲ့အချိန်မှာ ဗြဟ္မာပြည် ပြန်ပေါ်လာတဲ့အခါမှာ အဦးဆုံး အထက်ဗြဟ္မာ
စာမျက်နှာ-၂၆
ဘုံက ဗြဟ္မာတစ်ဦးဟာ ရှေးဦးစွာ ဗြဟ္မာအနေနဲ့ ဖြစ်ပေါ်လာတယ်။ ကမ္ဘာပေါင်း မြောက်မြားစွာ သူတစ်ယောက်တည်းပဲ။ အဲဒီလိုဖြစ်လာတဲ့အခါ သတ္တဝါဆိုတာ အပေါင်းအဖော်လေးနဲ့ နေချင်တာ ကြည့် ဗြဟ္မာကြီးကလည်း အပေါင်းအဖော်လေးနဲ့ နေချင်တာဆိုတော့၊ သူတစ်ယောက်တည်းနေရတာ ကြာလာတဲ့အခါ သူ့စိတ်ထဲမှာ ဘယ်လိုတမ်းတလာသလဲဆိုရင် “အေး ခုအချိန်မှာ ငါ့အဖော်ကလေး၊ ဘာလေး လာရင်ကောင်းမှာပဲ” ဒီလို စိတ်ထဲမှာ ဖြစ်လာတယ်။

အဲဒီလို စိတ်ဖြစ်လိုက်တဲ့ အချိန်မှာ “ထန်းသီးကြွေခိုက် ကျီးနင်းခိုက်” (သို့မဟုတ်) “ထန်းသီးကြွေခိုက်၊ ကျီးပျံခိုက်” (အဲ မြန်မာစကားကတော့ “ထန်းသီးကြွေခိုက်၊ ကျီးနင်းခိုက်”နဲ့ ပြောကြတယ် နော်။ စာထဲမှာပါတဲ့အတိုင်းပြောရင်၊ “ထန်းသီးကြွေခိုက်၊ ကျီးပျံခိုက်”ဆိုတာက အမှန်။ ထန်းသီးက
စာမျက်နှာ-၂၇
ကြွေအကျ၊ ကျီးကဖြတ်အပံ့၊ ထန်းသီးကနေ ကျီးကန်းကို ဖိမိပြီးတော့ သေတယ်ဆိုတဲ့ဟာကို ပြောတာနော်။ အပေါ်က ထန်းသီးကပြုတ်အကျ၊ ကျီးက အောက်က ဖြတ်အပံ့ သေသွားတယ်။ အဲဒါမျိုးကို ဆိုလိုတယ်။ “ထန်းသီးကြွေခိုက် ကျီးပျံခိုက်”။ သို့သော် မြန်မာပြည်မှာ ဒီလိုမျိုး အပြောများတာက “ထန်းသီးကြွေခိုက် ကျီးနင်းခိုက်” ပြောတယ်နော်။ ကျီးက ထန်းသီးအပေါ် တက်နားလိုက်လို့၊ ထန်းသီးက ကြွေကျသွားတယ်လို့ ပြောတယ်။ ပါဠိစကားလုံးမှာ “ကာကတာလိယ”ဆိုတဲ့စကားလုံး ရှိတယ်။ “ကာကတာလိယ”ဆိုတဲ့ စကားလုံး ရှိတယ်။ ကာက တာလ။ ကာကဆိုတာ ကျီး၊ တာလ-ဆိုတာ ထန်းသီး၊ အဲဒီကျီးနဲ့ ထန်းသီးလို မရည်ရွယ်ဘဲနဲ့၊ မတော်တဆ ဖြစ်သွားတာကို ဆိုလိုတယ်။)

အဲဒီ ဗြဟ္မာကြီးဟာလည်း သူက စိတ်ကူးလိုက်တာ။ “ငါတစ်ယောက်တည်းဆိုရင် ပျင်းစရာကြီး၊ နောက်တစ်ယောက် ပေါ်လာရင်တော့ ကောင်းမှာပဲ”
စာမျက်နှာ-၂၈
လို့တွေးလိုက်တဲ့အချိန်လေးမှာ ဗြဟ္မာတစ်ယောက် ဘွားကနဲ ရောက်လာတယ်။ ဗြဟ္မာပြည်မှာ ဖြည်းဖြည်းလေး မွေးနေရတာ မဟုတ်ဘူး။ ဥပပတ် ပဋိသန္ဓေ အရ ဗြဟ္မာတစ်ဦး ရုတ်တရက်ပေါ်လာတာ။ ပေါ်လာတော့ သူ့အတွေးလေးထဲမှာ ဘယ်လိုတွေးမိသလဲ ဆိုတော့ “ကြည့်၊ ငါ့ဆန္ဒအရ ပေါ်လာတာ၊ ဒါ ငါဖန်ဆင်းတာ”၊ ဟော ဖန်ဆင်းရှင်ဝါဒ အဲဒီက စလာတယ်။ သူအတွေးနဲ့သူ၊ ကိုယ့်အတွေးနဲ့ကိုယ်၊ သူက “ဪ ငါက ဒီဗြဟ္မာကို ဖန်ဆင်းလိုက်တာ၊ အဲဒီတော့ ငါဖန်ဆင်းနိုင်သူ၊ အရာခပ်သိမ်းကို ငါမြင်သူ၊ လောကကြီးကို ကြီးစိုးသူ”ဆိုတဲ့ အတွေးတွေနဲ့ သူ့ကိုယ်သူ အထင်ကြီးသွားတယ်။

အဲ နောက်ရောက်လာတဲ့ ဗြဟ္မာက၊ သူက သက်တမ်းသိပ်ကြာအောင် မနေရဘူး။ မကြာခင် ဗြဟ္မာပြည်က စုတေသွားပြီး လူ့ပြည်သွားဖြစ်တယ်။ ဖြစ်လာတဲ့အခါ သမထကျင့်စဉ်တစ်ခုကို အောင်အောင်မြင်မြင် ကျင့်တယ်။ ဘာရသလဲဆိုရင်
စာမျက်နှာ-၂၉
“ပုဗ္ဗေနိဝါသာနုဿတိ” အတိတ်ဘဝကို သိနိုင်တဲ့၊ ပုဗ္ဗေနိဝါသ အဘိညာဉ်ကို ရတယ်။ သူက ပြန်ပြီးတော့ ကြည့်လိုက်တဲ့အခါ သူ ဗြဟ္မာပြည်က လာတယ်ဆိုတာ သွားမြင်တယ်။ ဗြဟ္မာပြည်က လာတုန်းက အဲဒီမှာ ဗြဟ္မာကြီးတစ်ဦး ရှိတယ်ဆိုတာလည်း သူ မြင်တယ်။

အဲဒီတော့ သူမှာ အယူအဆတစ်ခု ဘယ်လို ပေါ်လာတုန်းဆိုရင် “အဲဒီ ဗြဟ္မာကြီးက ငါမရှိခင်ကတည်းက ရှိနေတဲ့ ဗြဟ္မာကြီး။ သူက ဟိုမှာရှိနေတုန်း ငါက သေရတယ်။ သူက မသေဘူး။ သူ သိပ်အသက်ရှည်တယ်။ သူက သေမှာမဟုတ်ဘူး။ ငါပဲ သေရတယ်” ဆိုပြီးတော့ အဲဒီလိုတွေးတာကနေပြီးတော့ သူက လူတွေကို တဆင့်ဖြန့်တယ်ပေါ့။ “မဟာဗြဟ္မာဆိုတာ၊ လောကကြီးကို ဖန်ဆင်းတာရှိတယ်။ ငါလည်း သူက ဖန်ဆင်းတာ၊ ငါက အစောကြီးသေရပြီး၊ အခု လူ့ပြည်မှာ လာဖြစ်ရတယ်”ဆိုပြီး သူကနေ လိုက်ဟောလာလိုက်တာနဲ့ “ထာဝရဘုရား ဖန်ဆင်းတယ်”
စာမျက်နှာ-၃၀
ဆိုတဲ့ အယူအဆ ပေါ်လာတယ်လို့ ဒီဃနိကာယ် ဗြဟ္မဇာလသုတ် မှာ ဒီလို ဟောထားတယ်နော်။ ဒါ “ထာဝရဘုရား အယူအဆ”ဆိုတာ အဲဒီက အစပေါ့။

“လောကကို ဗြဟ္မာက ဖန်ဆင်းတယ်ဆိုတဲ့ အယူအဆဟာ မတော်တဆပေါ်လာခဲ့တဲ့ အယူအဆတစ်ရပ်ပဲ” တကယ်ကတော့ သူဘယ်သူမှ ဖန်ဆင်းတာ မဟုတ်ဘူး။ ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားရာက ဒီအယူအဆတစ်ရပ် ပေါ်လာတယ်လို့ ပြောတာ။ အေး ဗြဟ္မာတောင်မှပဲ သူတစ်ဦးတည်း ပျင်းတယ်ဆိုတဲ့ စိတ်ရှိတော့ လောကမှာ လူတွေက တစ်ယောက်တည်း နေရပြီဆိုရင် lonely ဖြစ်လာကြတယ်။ lonely ဖြစ်လာပြီ Depression ဝင်လာတယ်။ ဟောဒါမျိုးတွေ ဖြစ်လာတယ်။

နိုင်ငံခြားတိုင်းပြည်တွေမှာ ပိုပြီးတော့ ဆိုးတာပေါ့။ မြန်မာပြည်မှာရှိတဲ့ အဘိုးအဘွားတွေက သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေကနေ ဂရုစိုက်ကြတော့၊ သိုက်သိုက်ဝန်းဝန်း ဆိုတော့၊
စာမျက်နှာ-၃၁
ကံကောင်းကြတယ်လို့ ပြောရမှာပေါ့။ ဟိုမှာကျတော့ အဘိုးကြီးတွေ၊ အဘွားကြီးတွေ၊ သားသမီးတွေနဲ့ Christmas တို့ New Year တို့မှာပဲ ဆုံကြတယ်။ တချို့ကျတော့ Greeting Card ကလေး ပို့လိုက်တာနဲ့ပဲ ကျေနပ်နေရတယ်။ ဟုတ်လား။ အဝေးမှာနေကြတာ။ တစ်ခါတစ်ရံ အိမ်ပြန်လာတာမျိုး ကြုံရတယ်။ အေး အဲဒီ အဘိုးကြီးတွေ လမ်းမှာ တစ်ခါတလေ လဲပြီးတော့ သေသွားတာရှိတယ်။ ခွေးကလေး တစ်ကောင်နဲ့နေတာ၊ အိမ်ထဲမှာ သေနေတာရှိတယ်။ ဒီလို အမျိုးမျိုးပဲ သူတို့ဆီမှာနော်။ တကယ့်ကို lonely ဖြစ်တယ်။ အဲဒီလို “အယသ” လို့ခေါ်တဲ့ တစ်ကိုယ်တည်း နေရပြီ၊ အခြံအရံ ကင်းမဲ့ပြီဆိုရင် လူတွေမှာ စိတ်ဓာတ်ကျသွားတတ်တယ်။

အဲဒီလို စိတ်ဓာတ်မကျအောင် တစ်ယောက်တည်း နေရပြီဆိုရင် အကျိုးရှိတဲ့အလုပ် ဘာရှိလဲ?
စာမျက်နှာ-၃၂
အကျိုးရှိအောင် ငါဘာလုပ်မလဲ? ကိုယ့်မှာ အဖော်ကောင်းတစ်ခု ရှာထားဖို့လိုတယ်။ အဖော်ကောင်းဆိုတာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအတွက် ကမ္မဋ္ဌာန်းနဲ့နေတယ်၊ တရားနဲ့ နှလုံးသွင်းပြီးနေတယ်။ lonely မဖြစ်ဘူး။ စိတ်ဓာတ် ထိန်းနိုင်သွားတယ်။

အေး ဒါကြောင့်မို့လို့ အခြံအရံများတယ်ဆိုရင်လည်း ကိုယ့်စိတ်က စဉ်းစားရမှာက “သူတို့အတွက် ငါဘာလုပ်ပေးရမလဲ” ဒါ ကြည့်။ စိတ်ဓာတ်တွေ တက်ကြွပြီးတော့ “ဪ ငါ့မှာ နောက်လိုက် နောက်ပါတွေ များနေတယ်” ဆိုပြီးတော့ အထင်မကြီးနဲ့။ “အခုလို ဖြစ်တာလည်း တစ်ခဏပဲ။ အခြံအရံ များတာဆိုတာလည်း တစ်ခဏပဲ”။ နောက်ကျတော့ တစ်ယောက်မှ မရှိတဲ့ အခြေအနေမျိုး ရောက်နိုင်တယ်။ “အခြံအရံများနေတဲ့အခိုက် ငါ သူတို့အတွက် ဘာလုပ်ပေးနိုင်သလဲ”ဆိုတာ ဆင်ခြင်စဉ်းစားတာ ဒါ လမ်းမှန်ကျတယ်။
စာမျက်နှာ-၃၃
အခြံအရံ ကင်းမဲ့သွားပြီဆိုလို့ရှိရင်၊ “အေး အခြံအရံ ကင်းမဲ့တယ်ဆိုတာလည်း တစ်ခဏပဲ။ ထာဝရ မဟုတ်ဘူး။ အခြံအရံမရှိတဲ့အချိန်မှာ တရားဓမ္မ နှလုံးသွင်းချိန်တွေ ငါ့မှာ ပိုရလာတယ်။ စာဖတ်ချိန်တွေ ငါ့မှာ ပိုရလာတယ်” စသည်ဖြင့် ဒီလို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်စိတ်ကို lonely မဖြစ်အောင်၊ Depression မရအောင်၊ စိတ်ဓာတ်ကျတာမျိုး မဖြစ်အောင် ဆင်ခြင်စဉ်းစားရမယ်။ ဒါ လောကဓံကို ကြံ့ကြံ့ခံတဲ့နည်းတွေပေါ့နော်။ လောကဓံကို ကြံ့ကြံ့ခံနိုင်ရမယ်။

အဲဒီလိုမှ ကြံ့ကြံ့မခံနိုင်ဘူးဆိုရင်၊ အခြံအရံ များရင် စိတ်ထားက တစ်မျိုးဖြစ်သွားတယ်။ အခြံအရံမဲ့လို့ရှိရင် စိတ်ထားက တစ်မျိုးဖြစ်သွားပြီးတော့၊ စိတ်ဓာတ် မတည်ငြိမ်မှု၊ ကြံ့ခိုင်မှု မရှိသည့်အတွက်ကြောင့် လောကဓံမုန်တိုင်း တိုက်တိုင်း ယိမ်းထိုးနေတဲ့စိတ်၊ မတည်ငြိမ်တဲ့ စိတ်တွေနဲ့ဆိုရင် သူ့ရဲ့ သန္တာန်မှာ ကောင်းကျိုးချမ်းသာတွေ မရနိုင်ဘူး။
စာမျက်နှာ-၃၄
ကောင်းတဲ့ လောကဓံနဲ့တွေ့ရင် စိတ်က သဘောကျ၊ ကျေနပ်တယ်ဆိုတာ အဘိဓမ္မာ သဘောအရ ဘာဖြစ်တာတုန်းလို့ဆိုရင်၊ ဗုဒ္ဓမြတ်စွာက အဲဒါကို အနုရာဓ လို့ခေါ်တယ်။ ဒီအာရုံပေါ်မှာ ကျေနပ်ပြီး လိုက်လျောတာ။ အဲဒီ အနုရာဓဆိုတာ ဘာတုန်းဆိုရင် လောဘရဲ့ သဘောပဲ။ လောဘဖြစ်တာ။ ကိုယ်ကြိုက်တဲ့ အနေအထားလေး ရလာလို့ရှိရင်၊ တွယ်တာပြီးတော့ စိတ်က ကျေနပ်နေတာ၊ အနုရာဓ လိုက်လျောတာ လောဘနော်။

အကယ်၍ ကိုယ်မလိုချင်တဲ့ မကောင်းတဲ့ လောကဓံနဲ့ ကြုံပြီဆိုလို့ရှိရင် အဲဒီအနေအထားကို စိတ်က ဆန့်ကျင်လာတယ်။ ဆန့်ကျင်တာကို ဝိရောဓ လို့ ခေါ်တယ်။ အဲဒီ ဝိရောဓ ဆန့်ကျင်လာပြီဆိုရင် ဘာဖြစ်တတ်တုန်းဆိုရင် ဒေါသ ဖြစ်လာတယ်။

အဲဒီတော့ ကောင်းတဲ့ လောကဓံနဲ့ ကြုံလို့ရှိရင် လောဘဖြစ်တယ်။ လောဘဖြစ်ရင် စိတ်မငြိမ်မသက်
စာမျက်နှာ-၃၅
ဖြစ်မယ်။ မကောင်းတဲ့ လောကဓံနဲ့ ကြုံလို့ရှိရင် ဒေါသဖြစ်မယ်။ စိတ်မငြိမ်မသက် ဖြစ်မယ်။ အဲဒီတော့ လောဘ, ဒေါသ ဝင်လာတာနဲ့တစ်ပြိုင်နက် စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ မရှိတော့ဘူးတဲ့။ လောဘက အရောင်ဆိုးလိုက်၊ ဒေါသက အရောင်ဆိုးလိုက်နဲ့ ဆိုပြီးတော့၊

လောကဓံတရားတွေအပေါ်မှာ လောဘနဲ့၊ ဒေါသနဲ့။ လိုက်လျောလိုက်၊ ဆန့်ကျင်လိုက်၊ လိုက်လျောလိုက်၊ ဆန့်ကျင်လိုက်နဲ့ လောကဓံရဲ့ဒဏ်ကို ခံနေရတယ်လို့ ပြောတာနော်။ အေး အဲဒီလိုမဖြစ်အောင် ဆင်ခြင်ရမယ်။

နိန္ဒာနဲ့ ပသံသာ - နောက်တစ်ခုက ဘာလို့တုန်းဆိုရင် “နိန္ဒာ၊ ပသံသာ” ချီးမွမ်းခံရတာနဲ့ ကဲ့ရဲ့ခံရတာတဲ့။

လောက လူတွေက ချီးမွမ်းခံရပြီဆိုလို့ရှိရင် ကျေနပ်ကြတယ်။ နှစ်သက်ကြတယ်။ ကဲ့ရဲ့ခံရပြီဆိုလို့ရှိရင်
စာမျက်နှာ-၃၆
မခံနိုင်ကြပြန်ဘူး။ စိတ်က လှုပ်ရှားမှုက ဒီလို ဖြစ်လာတယ်။

အဲဒါနဲ့ ပတ်သက်ပြီးတော့ စဉ်းစားပုံ စဉ်းစားနည်းကတော့ အရင်ကနည်းအတိုင်း အတူတူပဲ။

လောကဓံရှစ်မျိုးကို မြတ်စွာဘုရားက စဉ်းစားပုံ၊ စဉ်းစားနည်းကတော့ “အေး အချီးမွမ်းခံရရင်လည်းပဲ တစ်ခဏပဲ။ အစဉ်ထာဝရ မဟုတ်ဘူး။ ကဲ့ရဲ့ခံရရင်လည်းပဲ တစ်ခဏပဲလို့ ဒီလို စဉ်းစားပြီးတော့ ချီးမွမ်းမှု၊ ကဲ့ရဲ့မှုဆိုတဲ့ လောကဓံမုန်တိုင်းက ကိုယ့်စိတ်ကို လွှမ်းမသွားအောင် သတိထားပြီး ဆင်ခြင်ပါ” လို့ မြတ်စွာဘုရားက ဒီလိုဟောတယ်နော်။

ဗြဟ္မဇာလသုတ်လာ ကျင့်စဉ် ဗြဟ္မဇာလသုတ်မှာ မြတ်စွာဘုရားက ချီးမွမ်းမှု ကဲ့ရဲ့ခံရမှုနဲ့ ပတ်သက်ပြီးတော့ လိုက်နာရမယ့် စည်းကမ်းချက်ကလေးတွေ ပေးထားတာ ရှိတယ်။ ဘုရား, တရား, သံဃာ ရတနာသုံးပါးရဲ့ အပြစ်ကို
စာမျက်နှာ-၃၇
ပြောပြီး နောက်ကလိုက်လာတဲ့ သုပ္ပိယဆိုတဲ့ ပရိဗိုဇ်ကြီးတစ်ယောက်၊ ဘုရားအတင်းပြောတယ်။ တရားအတင်းပြောတယ်၊ သံဃာအတင်းပြောတယ်၊ မကောင်းကြောင်းတွေ ပြောတယ်။ သူ့နောက်က ပါလာတဲ့ ဗြဟ္မဏ္ဏလုလင်ကျတော့ အဲဒီလို မဟုတ်ဘူး။ သူ့ဆရာက အကောင်းမပြော၊ သူက အကောင်းပြောတယ်။

အဲဒီလို ဘုရား, တရား, သံဃာတွေ ချီးမွမ်းကဲ့ရဲ့ပြီး မြတ်စွာဘုရား သံဃာတွေရဲ့ နောက်ကနေ လိုက်လာကြတယ်။ ရာဇဂြိုဟ်ပြည်နဲ့ နာလန္ဒဆိုတဲ့ မြို့ကလေးကြားမှာ ခရီးသွားနေကြတယ်။ ဥယျာဉ်တစ်ခုကို မြတ်စွာဘုရား ဝင်နားတယ်။ ဝင်နားတဲ့အခါမှာလည်းပဲ၊ သူတို့နှစ်ယောက်လည်း အဲဒီမှာ ဝင်နားပြီးတော့ ဆရာက ဒီအတိုင်းလည်းပဲ ဘုရား, တရား, သံဃာ အပြစ်တွေ ပြောတယ်၊ တပည့်ကတော့ ချီးမွမ်းတယ်။
စာမျက်နှာ-၃၈
မြတ်စွာဘုရားက ချီးမွမ်းမှု၊ ကဲ့ရဲ့မှုနဲ့ ပတ်သက်ပြီး ဒီဗြဟ္မဇာလသုတ်မှာ လိုက်နာဖို့ ဟောထားတာ အလွန်မှတ်သားစရာ ကောင်းတယ်။ ကိုယ်ကိုယ်တိုင် လိုက်နာကျင့်သုံးဖို့ပဲ။

မြတ်စွာဘုရားက “ငါ့ကိုဖြစ်စေ၊ တရားဓမ္မကိုပဲ ဖြစ်စေ၊ သံဃာကိုပဲဖြစ်စေ အပြစ်ပြောလာလို့ရှိရင် စိတ်မဆိုးရဘူး”။ ဒါက ပဌမအချက်နော်။ အပြစ်ပြောခံရရင် စိတ်မဆိုးဖို့။

ဒါကျင့်ဖို့တော့ မလွယ်တော့ မလွယ်ဘူးပေါ့။ လူတွေက ထင်တယ်။ တပည့်တော် စိတ်မဆိုးဘဲ မနေနိုင်ဘူးလို့၊ နေနိုင်အောင် နေရမှာပေါ့။ နေနိုင်အောင် အတွေးတစ်ခုနဲ့ လိုက်နာကျင့်သုံးရမယ်။ အဲဒီတော့ မြတ်စွာဘုရားက “ငါ့ကိုဖြစ်စေ၊ တရားကိုဖြစ်စေ၊ သံဃာကိုဖြစ်စေ ကဲ့ရဲ့ပြီဆိုလို့ရှိရင်တဲ့ စိတ်မဆိုးနဲ့၊ အာဃာတ မဖြစ်စေနဲ့၊ မကျေမနပ်တွေ မဖြစ်စေနဲ့တဲ့၊ မဖြစ်အောင်ထိန်း” လို့ ဆိုလိုတယ်။
စာမျက်နှာ-၃၉
မထိန်းရင် ဘာဖြစ်မလဲဆိုတော့ မြတ်စွာဘုရားက “အေး မထိန်းနိုင်ဘူးဆိုလို့ရှိရင် မင်းရဲ့ တိုးတက်လမ်း ပိတ်သွားလိမ့်မယ်တဲ့”၊ မြတ်စွာဘုရားက “ဒေါသဖြစ်နေမယ်ဆိုရင် ဒီဒေါသက မင်းအတွက် အန္တရာယ်ချည်းပဲ” လို့ ပြောတာပေါ့နော်။

စိတ်ဆိုးနေပြီဆိုလို့ရှိရင် ဒါ ကိုယ့်ရဲ့ စိတ်ဓာတ်ပျော့ညံ့မှုနှင့် ကိုယ့်ရဲ့စိတ်ဓာတ် ညစ်နွမ်းသွားမှုဆိုတာ ဒါ ကိုယ့်အတွက် အန္တရာယ်တစ်ခုပဲ။ မကောင်းကျိုးပေးဖို့ရာ ကိုယ့်ရင်ထဲမှာ အဆိပ်ဝင်လာသလိုပဲ။ ကိုယ့်သွေးသားထဲမှာ အဆိပ်တွေ ရောက်လာသလိုပဲ။ ဒေါသဆိုတဲ့ တရားကို ကိုယ်က လက်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ထိုဒေါသက ကိုယ့်ကို မကောင်းကျိုးကို ပေးမှာသေချာတယ်လေ။ ဒါကြောင့်မို့လို့ စိတ်ဆိုးနေမယ်ဆိုရင် မင်းပဲ အန္တရာယ်ဖြစ်မယ်။ --- အပြစ်ပြောတဲ့သူမှာ ဘာမှမဖြစ်သေးဘူး။ ကိုယ့်မှာ ဒေါသဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်အတွက် ကြီးပွားတိုးတက်မှုတွေ၊ စိတ်ကောင်းနှလုံးကောင်း
စာမျက်နှာ-၄၀
ဆုံးရှုံးသွားတာတွေ ဒီလို ဖြစ်သွားနိုင်တယ်” လို့ ဒီလိုဆိုလိုတယ်နော်။ အဲဒါက ဒုတိယအချက်။

တတိယအချက်က ဘာတုန်းလို့ဆိုတော့ “အဲဒီလို အပြစ်ပြောခံရလို့၊ အကဲ့ရဲ့ခံရလို့ စိတ်ဆိုးနေမယ်ဆိုရင်တဲ့၊ သူပြောတဲ့ စကားရဲ့ အနက်အဓိပ္ပါယ် အကောင်းအဆိုး ခွဲခြားသိပါ့မလား၊ မသိတော့ဘူး” “အကောင်းအဆိုး ခွဲခြားသိပါ့မလား မသိဘူး၊ “အသိဉာဏ်တွေ တုံးသွားတယ်”လို့ ဆိုလိုတယ်။ စိတ်ဆိုးလိုက်တာနဲ့ တစ်ပြိုင်နက် လူမှာ အသိဉာဏ်တွေ တုံးသွားတာပဲ။ ပြောသင့်တာလား၊ မပြောသင့်တာလား၊ ဘာမှမခွဲခြားနိုင်တော့ဘူး။ အဲဒီ အသိဉာဏ်တွေ တုံးသွားနိုင်တယ်။ ဒါ တတိယအချက်။

“အဲဒီတော့ စိတ်မဆိုးနဲ့။ စိတ်ဆိုးရင် မင်းပဲ နစ်နာမယ်။ ဟုတ်လား။ စိတ်ဆိုးလို့ရှိရင် အဆိုးအကောင်း၊ အကျိုးအကြောင်း မသိနိုင်တော့ဘူး။ လုပ်ရမယ့်တာဝန်က ဘာတုန်းဆိုရင် သူများက ကိုယ့်ကို လာပြီးတော့ ကဲ့ရဲ့ပြစ်တင်ရှုတ်ချလာမယ်
စာမျက်နှာ-၄၁
ဆိုရင်၊ “မဟုတ်ရင် မဟုတ်တဲ့အကြောင်း ဖြေရှင်းလိုက်”တဲ့၊ ဒါပဲ။ “စိတ်ဆိုးနေမယ့်အစား ဖြေရှင်းချက်ပေးပါ” လို့၊ ဒီ(၄)ချက်ပဲ မြတ်စွာဘုရားက ဒါ ဗြဟ္မဇာလသုတ်မှာ ဟောခဲ့တာနော်။

တစ်ခါ ချီးမွမ်းမှုနဲ့ ပတ်သက်ပြီးတော့ လိုက်နာဖို့ (၃)ချက် မြတ်စွာဘုရားက ဟောခဲ့တယ်။ “ငါ့ကိုဖြစ်စေ၊ တရားဓမ္မကိုဖြစ်စေ၊ သံဃာကိုဖြစ်စေ၊ ချီးမွမ်းထောမနာ ပြုလာမယ်ဆိုရင် ဝမ်းမသာနဲ့။ စိတ်ဓာတ်တွေက တက်ကြွမနေနဲ့” အဲဒီဝမ်းသာပြီး၊ စိတ်ဓာတ်တွေ တက်ကြွကြည်နူးလာပြီဆိုရင် ဘာဖြစ်တုန်း၊ “မင်း တိုးတက်မှုခြေလှမ်းတွေ ပျောက်သွားလိမ့်မယ်”တဲ့။

လူဆိုတာ တစ်ခါတလေကျတော့၊ သိပ်ပြီးတော့ ကြည်နူးဝမ်းသာလို့ရှိရင်၊ ဝမ်းသာလုံးဆိုတာမျိုး ရှိသေးတယ်နော်။ ဘာလုပ်ရ၊ ညာလုပ်ရ မသိဘူး။ ကိုယ့်ကိုယ်ကို သိပ်ပြီးတော့ အထင်ကြီးသွားတတ်တယ်နော်။ အဲဒါကြောင့် ဝမ်းသာမနေနဲ့တဲ့။ ဝမ်းသာ
စာမျက်နှာ-၄၂
လို့ရှိရင် ကိုယ့်အတွက်ပဲ အန္တရာယ်ဖြစ်လိမ့်မယ်။ ဝမ်းသာတာလည်း အန္တရာယ် ဖြစ်တတ်တယ်။

တရားထူးတရားမြတ်ရလို့ သိပ်ဝမ်းသာနေလို့ရှိရင် အန္တရာယ်ဖြစ်တတ်တယ်။ ဒါကို လျော့ချပေးရတယ်။ တရားထူးတရားမြတ်ရလို့ သိပ်ဝမ်းသာနေလို့ရှိရင် တရားက ရှေ့မတိုးဘူး ဖြစ်တတ်တယ်နော်။ ဒါကြောင့်မို့လို့ ပီတိသမ္ဗောဇ္ဈင် တောင်မှပဲ ပွားသင့်တဲ့အချိန်မှ ပွားရတယ်။ မပွားသင့်တဲ့အချိန် မပွားရဘူး။ စိတ်လှုပ်ရှားမှုတစ်ခု။ ဒါကြောင့်မို့လို့ “ဝမ်းသာလွန်းအားကြီးနေလို့ရှိရင်လည်း၊ ဒီအနှောင့်အယှက်ဖြစ်တတ်တယ်”တဲ့ မြတ်စွာဘုရားက။ လုပ်ရမယ့်တာဝန်က ဘာတုန်းဆိုရင် “မှန်ရင် သူတို့ ချီးမွမ်းတဲ့အတိုင်း ဟုတ်ရင် ဟုတ်တယ်လို့ ဝန်ခံချက်ပေးလိုက်”တဲ့။ ဒါပဲ။ ဒီ(၃)ချက်ပဲ။

အဲဒါ ချီးမွမ်းမှု၊ ကဲ့ရဲ့မှုဆိုတဲ့ လောကဓံမုန်တိုင်းနဲ့ ပတ်သက်လာရင်၊ လူတိုင်းလူတိုင်း လိုက်နာကျင့်သုံးရမှာက ဒီနှစ်ချက်ပဲ။ ဒီအချက်တွေပဲလို့ မြတ်စွာ
စာမျက်နှာ-၄၃
ဘုရားက ဗြဟ္မဇာလသုတ်မှာ ဟောတဲ့အချက်။ ဒါ ချီးမွမ်းမှု၊ ကဲ့ရဲ့မှုဆိုတာကို လူတိုင်းလူတိုင်းပဲ ဒါ ခံရတတ်တယ်ပေါ့နော်။ များသောအားဖြင့် လူတွေက ချီးမွမ်းလို့ရှိရင်၊ သူက ကိုယ့်ကိုယ်ကို ရှိတာထက် ပိုပြီးတော့ အထင်ကြီးသွားတယ်။ ကဲ့ရဲ့တာကျလို့ရှိရင်တော့ နည်းနည်းလေးမှ မခံနိုင်ဘူး၊ ကဲ့ရဲ့လို့ရှိရင် အလွန်အမင်း ကဲ့ရဲ့တယ်လို့ ထင်တတ်တယ်။

ချီးမွမ်းတာကျရင် လိုနေသေးတယ်လို့ ထင်တယ်။ ကဲ့ရဲ့ပြီဆိုရင် အလွန်အကျွံလို့ အောက်မေ့တတ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူရဲ့စိတ်ဓာတ်ကိုက၊ အနေအထားကိုက အဲဒီလို ရှိနေတတ်တယ်နော်။

“ဪ ချီးမွမ်းခံရလို့ ကျေနပ်နေလည်း လောဘဖြစ်သွားတယ်။ ကဲ့ရဲ့ခံရလို့ရှိရင် စိတ်ဆိုးရင်လည်း ဒေါသဖြစ်သွားတယ်။ အဲဒီ အနုရော၊ ဝိရောဓကို ဒီနှစ်ခု မပယ်ရှားနိုင်သေးသမျှ၊ စိတ်ဓာတ်ကြံ့ခိုင်မှာ မဟုတ်ဘူး”တဲ့။ မြတ်စွာဘုရားက။
စာမျက်နှာ-၄၄
သုခနဲ့ ဒုက္ခ - နောက်တစ်ခုက သုခ၊ ဒုက္ခ၊ “သုခ”ဆိုတာ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှု၊ “ဒုက္ခ”ဆိုတာ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှု၊ ကိုယ်ချမ်းသာတာနဲ့၊ စိတ်ချမ်းသာတာရယ် ကြုံတဲ့အခါမှာ တစ်ခါတလေ အေး ချမ်းသာသုခနဲ့ ကြုံတဲ့ဆုံတဲ့အခါလည်း ရှိတယ်။ တစ်ခါတရံကျတော့လည်း အဆင်မပြေဘူး။ ဆင်းရဲဒုက္ခနဲ့ ကြုံကြဆုံကြတာလည်း ရှိတယ်။ ချမ်းသာသုခနဲ့ ကြုံတဲ့အခါကျလို့ရှိရင်၊ လူတွေမှာ စိတ်ဓာတ်တွေ တက်ကြွလာပြီးတော့ အကုသိုလ်မှုပြုဖို့ရာ လွယ်ကူသွားတယ်။ ဆင်းရဲဒုက္ခနဲ့တွေ့တဲ့အခါကျတော့၊ လူတွေမှာ စိတ်ဓာတ်တွေ ကျသွားပြန်တယ်။ စိတ်ဓာတ်မတည်ငြိမ်မှုတွေ ဒီလို ဖြစ်နိုင်တယ်။

အဲဒီလို မဖြစ်ရအောင် မြတ်စွာဘုရားက “ကောင်းတဲ့ လောကဓံလေးမျိုး”နဲ့ပဲ ကြုံကြုံ၊ “မကောင်းတဲ့ လောကဓံလေးမျိုး”နဲ့ပဲ ကြုံကြုံ၊ နှလုံးသွင်းကြရမှာကတော့၊ “အေး ငါကြုံတဲ့ ဒီ
စာမျက်နှာ-၄၅
လောကဓံဟာ အစဉ်ထာဝရ မဟုတ်ဘူး။ တစ်ခဏမျှသာ ဖြစ်တယ်။ မကြာခင် ပြောင်းလဲသွားနိုင်တယ်။ အဲဒီအစဉ်ထာဝရ မဟုတ်တဲ့ အရာတစ်ခုအပေါ်မှာ လိုက်ပြီးတော့၊ ဘာဖြစ်လို့ ငါ့စိတ်တွေ ဆုံးရှုံးရမလဲ? ပင်ကိုယ်စိတ်ကလေးတွေ ဘာကြောင့် ဒီလောကဓံမုန်တိုင်းရဲ့ အလွှမ်းအမိုးကို ခံရမလဲ” လို့ ကိုယ့်စိတ်ကို ကြံ့ခိုင်သွားအောင် အားတင်းပေးရမယ်ပေါ့နော်။

မြတ်စွာဘုရားက အဲဒီမှာ ဒီလိုအားမတင်းတဲ့ ပုဂ္ဂိုလ်တွေကျတော့၊ ကောင်းတဲ့ လောကဓံတွေကလည်း သူစိတ်ကို လွှမ်းမိုးသွားတယ်။ လောဘတွေ လွှမ်းမိုးသွားတယ်။ လောဘတွေ လွှမ်းမိုးသွားတဲ့ စိတ်ဓာတ်ဟာ ခိုင်မာတဲ့စိတ်ဓာတ် မဖြစ်လာဘူး။ ပျော့ညံ့သွားတဲ့ စိတ်ဓာတ်တွေ ဖြစ်သွားတယ်။

ဆိုးတဲ့လောကဓံတွေနဲ့တွေ့တဲ့အခါကျတော့လည်း ဒေါသဆိုတဲ့ အကုသိုလ်တရားက လွှမ်းမိုးသွားပြန်ရော။ စိတ်အစဉ်မှာ ဒေါသက ကြီးစိုးနေတယ်။ အဲဒီလို အဆိုးလောကဓံနဲ့ ကြုံသည့်အတွက်
စာမျက်နှာ-၄၆
ကြောင့်၊ ဒေါသ ဖြစ်နေတာကို မထိန်းသိမ်းနိုင်ဘူးဆိုလို့ရှိရင် လူ့စိတ်ဟာ ငြိမ်းချမ်းမှုတွေ ဆုံးရှုံးသွားတယ်တဲ့။

ဒါကြောင့် မြတ်စွာဘုရားက “ဣဋ္ဌဿ ဓမ္မာ န မထေန္တိ စိတ္တံ” ကောင်းတဲ့ လောကဓံတွေက ငါ့စိတ်ကို မတုန်လှုပ်စေရဘူး”
“အနိဋ္ဌတာ နော ပဋိဃာတမေတိ” မကောင်းတဲ့၊ အလိုမရှိအပ်တဲ့ အဆိုးလောကဓံတွေနဲ့ ကြုံလို့ရှိရင်လည်း ထိုအဆိုးလောကဓံတွေကြောင့် မုန်းတီးခြင်းဆိုတဲ့ ဒေါသ မဖြစ်စေရဘူး” လို့၊ ဒီလို ကျင့်ပါလို့ မြတ်စွာဘုရားက ဟောတယ်နော်။ အဲဒီနည်းနဲ့သာလျှင် လူတိုင်းလူတိုင်း ကြုံတွေ့နေရတဲ့ လောကရဲ့ သဘာဝလောကဓံတရားတွေကို ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ထားမျိုး ရနိုင်မှာဖြစ်ပါတယ်။

လောကဓံဆိုတာကတော့ ရှောင်ကွင်းလို့ မရနိုင်ဘူးတဲ့။ မည်သူပဲဖြစ်ဖြစ် လောကဓံ ရှောင်ကွင်းလို့ မရနိုင်ဘူး။ လောကဓံကြောင့် စိတ်ဓာတ်တွေ တုန်လှုပ်
စာမျက်နှာ-၄၇
နေတဲ့ပုဂ္ဂိုလ်ဟာ ဘာဖြစ်နိုင်တုန်း။ မြတ်စွာဘုရားက “အနုရာဓ ဝိရောဓ သမာပန္နာ” အဆိုးလောကဓံတွေကို ဆန့်ကျင်ပြီး၊ အကောင်းလောကဓံတွေနဲ့ ကျေနပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ပဋိသန္ဓေနေခြင်းကလည်း မလွတ်နိုင်ဘူးတဲ့။ အိုခြင်းကလည်း မလွတ်နိုင်ဘူး။ သေခြင်းကလည်း မလွတ်နိုင်ဘူးတဲ့။ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿဆိုတဲ့ ဘဝမှာ ကြုံတွေ့ရမယ့် အဆိုးတရားတွေကို မလွန်မြောက်နိုင်ဘူး။ ကုန်ကုန်ပြောရလို့ဆိုရင် ဒုက္ခက လွတ်လမ်းမရှိဘူးလို့ ဆိုလိုတယ်နော်။

အေး ဒါကြောင့်မို့လို့ “အနုရောမ ဝိရောဓ ဝိပ္ပဟီနော” အဆိုးလောကဓံနဲ့ ကြုံလည်းပဲ ဆန့်ကျင်မှုဆိုတဲ့ ဒေါသလည်း မဖြစ်စေရဘူး။ အကောင်းလောကဓံနဲ့ ကြုံတဲ့အခါမှာလည်း လိုက်လျောတဲ့ လောဘဆိုတာ မဖြစ်စေရဘူး။
စာမျက်နှာ-၄၈
လောဘ, ဒေါသဆိုတဲ့ အရာနှစ်ခု မဖြစ်အောင် ထိန်းသိမ်းနေတဲ့ ပုဂ္ဂိုလ်ဟာ “အိုခြင်း၊ နာခြင်း၊ သေခြင်း”ဆိုတဲ့ သံသရာဝဋ်ဆင်းရဲမှာ ကြုံတွေ့ရမယ့် ဒုက္ခတွေက လွတ်ကင်းနိုင်တယ်။ ‘သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ”ဆိုတဲ့ ဘဝမှာ ကြုံတွေ့ရမယ့် သဘာဝတရားတွေ၊ အဆိုးတရားတွေကနေ လွတ်မြောက်နိုင်တယ်။ နောက်ဆုံး ဆင်းရဲဒုက္ခအားလုံးမှ လွတ်မြောက်နိုင်တယ်လို့ မြတ်စွာဘုရားက အဲဒီ လောကဓမ္မသုတ်မှာ ဟောထားတယ်။

အေး ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့သည် လောကမှာ နေတဲ့အချိန် လောကရဲ့ သဘာဝ(၈)မျိုးကိုတော့ တွေ့နေရမှာပဲ။

ကိုယ်ရချင်တာရတယ် ဆိုတဲ့အလှည့်တွေ့ရသလို၊ ကိုယ်ရချင်တာတွေ မရဘူးဆိုတာလည်း တွေ့လိမ့်မယ်။

အခြံအရံရှိတယ်ဆိုတာလည်း တွေ့ရသလို၊ အခြံအရံကင်းမဲ့တဲ့အခါမျိုးလည်း တွေ့ရမယ်။
စာမျက်နှာ-၄၉
ကဲ့ရဲ့ခံရတဲ့အခါတွေ့ရသလို၊ ချီးမွမ်းခံရတာ လည်းတွေ့ရလိမ့်မယ်။

ချမ်းသာသုခရတယ် ဆိုတဲ့အခါ ရှိသလို၊ ဆင်းရဲဒုက္ခကြုံတွေ့တဲ့အခါဆိုတာလည်း ရှိလိမ့်မယ်။

အဲဒီလို လောကဓံမုန်တိုင်းတွေနဲ့ ကြုံတွေ့တဲ့အခါတိုင်း “သြော် ဒီလောကဓံ သဘာဝတရားတွေဟာ ဘယ်အရာမှ မမြဲပါလား၊ ထာဝရ မဟုတ်ဘူး။ တစ်ခဏသာဖြစ်တယ်”လို့ ထိုလောကဓံကြောင့်၊ အကောင်း လောကဓံကြောင့်လည်း လောဘ မဖြစ်အောင်၊ အဆိုး လောကဓံကြောင့်လည်း ဒေါသ မဖြစ်အောင် ဆင်ခြင်ရမယ်။

နောက်ဆုံးမှာ လောဘ၊ ဒေါသ ကင်းစင်သွားပြီ ဆိုလို့ရှိရင်၊ ရဟန္တာ ဖြစ်သွားတယ်ပေါ့။ ကိလေသာတွေရော အကုန်လုံး ချုပ်ငြိမ်းပြီး “လိုက်လျောမှုနဲ့ ဆန့်ကျင်မှု”ဆိုတဲ့ ဒီသဘာဝတရားနှစ်ခု၊ ကိုယ့်စိတ်ထဲမှာ လိုက်လျောတာလည်း မရှိတော့ဘူး။ ဆန့်ကျင်
စာမျက်နှာ-၅၀
တာလည်း မရှိတော့ဘူးဆိုရင် အင်မတန်မှ အေးချမ်းသွားပါပြီနော်။

အေး နောက်ဆုံး ရဟန္တာပုဂ္ဂိုလ်တွေရဲ့ စိတ်မှာ လိုက်လျောတာဆိုတာလည်း မရှိဘူး။ ဆန့်ကျင်တာဆိုတာလည်း မရှိဘူး။ လိုက်လျောမှု၊ ဆန့်ကျင်မှု နှစ်ခုစလုံးကနေ လွတ်မြောက်သွားပြီဆိုရင် အလွန်ငြိမ်းချမ်းတဲ့ ဘဝမျိုးကို ရမှာပါတဲ့။

စိတ်ဓာတ် မတုန်လှုပ်ဖို့ မင်္ဂလသုတ်မှာ ဟောထားတဲ့အတိုင်း “ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ”

လောကဓံတရားတွေနဲ့ ကြုံတွေ့တဲ့အခါ စိတ်မတုန်မလှုပ်တာ မင်္ဂလာအစစ်ပဲလို့ ပြောတာနော်။

အေး ဘုန်းကြီးတို့တစ်တွေလည်း ရဟန္တာ အဆင့် မရောက်နိုင်သေးတောင်မှ “အနုရော”ဆိုတဲ့ လိုက်လျောတဲ့ စိတ်တွေ၊ “ဝိရောဓ”ဆိုတဲ့ ဆန့်ကျင်တဲ့စိတ်တွေကို တတ်နိုင်သမျှ ထိန်းသိမ်း
စာမျက်နှာ-၅၁
စောင့်ရှောက်သွားကြမယ် ဆိုလို့ရှိရင်၊ ထိုက်သင့်သလောက် မင်္ဂလာနဲ့ ပြည့်စုံပြီး ကိုယ့်ရဲ့ စိတ်တည်ငြိမ်မှုကို ရကြမှာပါတဲ့။ အဲဒီလို ရနိုင်အောင် လေ့ကျင့်ပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်သွားကြမယ်ဆိုရင် ချမ်းသာသုခရကြမှာပါ။ လောကဓံမုန်တိုင်းကို ရှောင်ရှားလို့တော့ မရဘူးနော်။

လောကဓံမုန်တိုင်းကို ကြံ့ကြံ့ခံတဲ့စိတ်ထားနဲ့ ကိုယ့်စိတ်ထား မလှုပ်မရှားအောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု
စာမျက်နှာ-၅၂

ဖြေဆိုမိန့်ကြား အမြင်များ
မှတ်တမ်း
၂၀၀၂-ခုနှစ်၊ ဇန်နဝါရီ ၁၅-ရက်၊ ည ၇-နာရီအချိန်၊ စစ်ကိုင်း မဟာသုဗောဓာရုံကျောင်းတိုက်၌တွေ့ဆုံ မေးမြန်းရာဝယ်၊ ဆရာတော် ကိုယ်တိုင် ဖြေဆိုသည်။

ကျော်နန္ဒအောင်။ ။တပည့်တော် လျှောက်ပါရစေဘုရား။ ဆရာတော်က ပရိယတ္တိလောကမှာ စာမေးပွဲတွေလည်း အဆင့်ဆင့် အောင်မြင်ခဲ့ပြီးလည်းဖြစ်၊ ကိုယ်တိုင်လည်း နှစ်များစွာ စာပေပို့ချခဲ့ပြီး၊ ပို့ချနေဆဲလည်းဖြစ်၊ စာပေပို့ချမှုနဲ့ ပတ်သက်လို့လည်း နိုင်ငံတော်က စာချအမြင့်ဆုံးဘွဲ့ဖြစ်တဲ့ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကိုလည်း ဆက်ကပ်ခံရပြီးဖြစ်ပါတယ်။ ကိုယ်တိုင်လည်း စာသင်သားဘဝများစွာကို ဖြတ်သန်းလာခဲ့ရတော့ ဒီကနေ့အထိ မြန်မာနိုင်ငံမှာ သင်ကြားနေတဲ့ ပရိယတ္တိဓမ္မအပေါ် ဆရာတော်ရဲ့ သုံးသပ်ချက် အမြင်ကို သိပါရစေဘုရား။
စာမျက်နှာ-၅၃
Traditional Education ပေါ့လေ၊ ဒီစနစ်နဲ့ပဲ ဒီနေ့မြန်မာပြည်မှာ ကျင့်သုံးနေကြတာပါ။ ဒီစနစ်နဲ့ပဲ အတော်တတ်နေကြပါတယ်။ ကျမ်းတတ်ပုဂ္ဂိုလ်တွေဆိုတာ ဒီစနစ်နဲ့ပဲ တတ်ကြတာပါ။ ခြွင်းချက်အနေနဲ့တော့ ရှိကောင်းရှိနိုင်ပါတယ်။ ဘုန်းကြီးတို့ နိုင်ငံခြားရောက်တဲ့အခါကျတော့ မြန်မာဘုန်းကြီးဆိုရင် အဘိဓမ္မာတတ်တယ်။ ကမ္မဋ္ဌာန်းပြတတ်တယ်ဆိုတဲ့ အရည်အချင်းနှစ်ရပ်ကို အထူးသဖြင့် သီဟိုဠ်(သီရိလင်္ကာ)က ပါမောက္ခကြီးတွေက သိပ်အထင်ကြီးကြပါတယ်။ လေးလည်း လေးစားကြပါတယ်။ ဒီလို လေးစားခံရတာဟာ မြန်မာပြည်ရဲ့ ပရိယတ္တိပညာရေးစနစ်ရဲ့ မှန်ကန်မှုလို့ ပြောရပါမယ်။ မြန်မာသင်နည်းစနစ်က နှစ်လည်း အကြာကြီးတော့ မဟုတ်ပါဘူး။ ဉာဏ်အလတ်တန်းစားဆိုရင် (၁၀)နှစ်လောက် သင်ရပါတယ်။ နိုင်ငံခြားသားတွေတောင် ဆယ်နှစ်လောက်ဆိုရင် ဓမ္မာစရိယတန်းလောက် ရောက်သွားပါတယ်။ ဥပမာ
စာမျက်နှာ-၅၄
အားဖြင့် နီပေါကလာတဲ့ ဒေါ်သုဓမ္မဝတီတို့ ဦးဉာဏပုဏ္ဏိကတို့ဆိုရင် (၁၀)နှစ်လောက်နဲ့ ဓမ္မာစရိယ ပြီးသွားကြပါတယ်။ အခြား ပညာရပ်တွေ တက္ကသိုလ်တွေနဲ့စာရင် ကြာတယ်လို့ မပြောနိုင်ပါဘူး။ သူတို့ရဲ့ ပိဋကတ်စာပေ အရည်အသွေးက နိုင်ငံခြားမှာ တခြားနဲ့ယှဉ်ရင် အင်မတန် မြင့်မားပါတယ်။

ဘုန်းကြီးတို့ သီဟိုဠ်မှာ နေလာခဲ့တော့ သီဟိုဠ်ဘုန်းကြီးတွေကိုယ်တိုင်က ဘုန်းကြီးတို့ကို အတော်လေးစားပါတယ်၊ အကယ်၍ သင်နည်းစနစ် မှားနေတယ်ဆိုရင်တော့ မြန်မာပြည်ရဲ့ ပရိယတ္တိစာပေ အောက်တန်းကျမှာပါ။ ထေရဝါဒနိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က အောက်တန်းမကျပါဘူး။ ပိဋကတ်ဘက်မှာနော်၊ သို့သော် မြန်မာဘုန်းကြီးတွေက နိုင်ငံတကာသုံးဖြစ်တဲ့ ဘာသာစကားကို မသင်ကြားသည့်အတွက်ကြောင့် တခြားနိုင်ငံခြားသားတွေကို ဓမ္မကို မိမိသိသလောက်
စာမျက်နှာ-၅၅
ရှင်းမပြနိုင်ဘူးဆိုတာတော့ရှိပါတယ်။ ဒါက အားနည်းချက်ပါ။

ကျော်။ ။ ပိဋကတ် အရည်အချင်းမှာ မြန်မာပြည်က အခြားထေရဝါဒနိုင်ငံတွေထက်စာရင် ဘယ်အခြေအနေမှာ ရှိပါသလဲဘုရား။

ဆရာတော်။ ။ ပိဋကတ်နှင့် ပတ်သက်လို့ကတော့ မြန်မာဘုန်းကြီးတွေကို မမီပါ၊ သီဟိုဠ်(သီရိလင်္ကာ)လည်း မမီပါ။ တခြားနိုင်ငံတွေဆိုရင် ထည့်ကိုပြောမနေပါနဲ့တော့။ မြန်မာပြီးရင် သီဟိုဠ်က အတော်ဆုံးလို့ ပြောရမှာပါ။ ဒါပေမယ့် ပိဋကတ် အရည်အချင်းမှာ မြန်မာနိုင်ငံကို လုံးဝမမီပါဘူး။

မြန်မာပြည်ရဲ့ ပိဋကတ်သင်တန်းစနစ်ဟာ မှန်ကန်တယ်လို့ ဘုန်းကြီးယူဆတယ်။ Language မတတ်တာလေးကို ကြည့်ပြီးတော့ ပြောလို့မရပါ။ Language အရည်အချင်းက ၄-၅-နှစ်လောက်နဲ့
စာမျက်နှာ-၅၆
ရနိုင်ပါတယ်။ ပိဋကတ် အရည်အချင်းကတော့ ဒီလောက်နှစ်နှင့် မရနိုင်ပါ။ ပိဋကတ်အရည်အချင်းက ပိုပြီးအဓိကကျပါတယ်။ ဒါမှ နှိုင်းယှဉ်လို့ရမှာကိုး။

အင်္ဂလိပ်ဘာသာဆိုတာ Media ဘာသာသဘောမျိုးပဲရှိတာလေ။ အင်္ဂလိပ်စာ ဘယ်လောက်တတ်နေနေ ပိဋကတ်စာပေ မတတ်ရင်တော့ ဓမ္မကို ဘယ်လိုမှ ရှင်းပြလို့ရမှာ မဟုတ်ပါဘူး။ ။

အခု ကမ္ဘာမှာ သုံးနေတဲ့ ဝိသုဒ္ဓိမဂ်ကြီးကို အင်္ဂလိပ်လို The Path of Purification လို့ ပြန်ထားတယ်။ ပြန်တဲ့ဆရာတော်က သီဟိုဠ်(သီရိလင်္ကာ)မှာနေတဲ့ ဦးဉာဏမောလိပါ၊ ဂျာမန်ဘုန်းကြီး ဖြစ်ပါတယ်။ အင်မတန်ကြိုးစားပြီးတော့ ပြန်ပါတယ်။ သို့သော် သူ့ရဲ့ ပါဠိအရည်အချင်းက မြန်မာဘုန်းကြီးတွေလောက် မပြည့်စုံဘူး။ ဒါကြောင့် ဘာသာပြန်တဲ့နေရာမှာ ချို့ယွင်းချက်တွေ အများကြီးရှိပါတယ်။ အဲဒါ အခြားဘုန်းကြီးတွေ မမြင်ဘူး၊ မြန်မာပြည်က ဘုန်းကြီးတွေမြင်ပါတယ်။ မြန်မာပြည်
စာမျက်နှာ-၅၇
က အင်္ဂလိပ်စာတတ်တာနဲ့ ဒီမှာ မှားနေတယ်လို့ ပြောနိုင်တယ်။

ဒါနဲ့ ပတ်သက်လို့ ကိုယ်တိုင်လည်း လေ့လာထားလို့ အပြောဆုံးက အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်လုပ်နေတဲ့ ဦးသီလာနန္ဒပါ၊ ဒီထဲမှာ အမှားတွေ အများကြီးပဲတဲ့၊ ဝါကျဆက်တာက အစပေါ့၊ သူငယ်ငယ်တုန်းက ထင်တယ်တဲ့၊ ဒီစာချတန်းသင်တဲ့ စနစ်တွေဟာ အချိန်ကုန်တာပဲလို့ ယူဆခဲ့တယ်တဲ့၊ အခု ဝိသုဒ္ဓိမဂ်ကျမ်းကြီး ပြန်ထားတာကို ဖတ်ရတဲ့အခါကျတော့ ဒို့ငယ်ငယ်က သင်ခဲ့တာ ဟာတယ်ပြီးစနစ်ကျပါလားလို့ မြင်တယ်တဲ့။

ကျော်။ ။ မြန်မာပြန် အမှားအချို့ကိုလည်း အနည်းငယ်လောက် သိပါရစေဘုရား။

ဆရာတော်။ ။ ဘာဖြစ်လို့လဲဆိုတော့ ဝိသုဒ္ဓိမဂ်ထဲမှာ “ပ” တို့ “ဟိ” တို့ကိုတွေ့လိုက်လို့ “အပိစ”လို့
စာမျက်နှာ-၅၈
တွေ့လို့ရှိရင် ဟိုကပြန်ထားတာက However လို့ But လို့ပဲ ပြန်တာတွေ့ရတယ်။ ဒီကတည်းက အကုန်လွဲကုန်ပြီ၊ မြန်မာဘုန်းကြီးတွေကျတော့ သိတယ်၊ “အပိစ”လို့ ဆိုကတည်းက ဒါ နောက်တစ်နည်း သွားတယ်ဆိုတာ သိပါတယ်။ အများကြီး လွဲပါတယ်။ ဒေသနာသုဒ္ဓိဆိုတဲ့ စကားလုံးလေးမှာ ဘာသာပြန်ထားတာက 'ဒေသနာ'ဆိုတာ မြတ်စွာဘုရားဟောကြားချက်လို့ ယူဆပြီးတော့ အင်္ဂလိပ်လို Purification by teaching လို့ ပြန်ထားပါတယ်။ လုံးဝလွဲသွားပါတယ်။ ဒေသနာသုဒ္ဓိဆိုတာ အဲဒါကိုဆိုတာ မဟုတ်ဘူး။ ရဟန်းတော်တွေဟာ အာပတ်ကို ဒေသနာကြားတဲ့အခါမှာ ဒေသနာကြားခြင်းဖြင့် သာလျှင် ကိုယ်ကျင့်တရားဟာ စင်ကြယ်နိုင်တယ်။ ပါတိမောက္ခသံဝရသီလနဲ့ ပတ်သက်ပြီးတော့ ပြောတဲ့ စကားပါ။ အဲဒီလို အလားတူ အမှားတွေ အများကြီးပါ။ ဝါကျမနိုင်လို့ မှားတာတွေ၊ ပါဠိမနိုင်လို့ မှားတာတွေ အများကြီးပါ။ အဲဒီအမှားတွေကို ထောက်ပြနိုင်တာ
စာမျက်နှာ-၅၉
ဟာ မြန်မာပြည်က ဆရာတော်တွေပါ။ ဘုန်းကြီးတို့ အနေနဲ့ ကိုယ့်ရဲ့ အားသာချက်နဲ့ အားနည်းချက်ဆိုတာ သိရပါမယ်။

နောက် ဘုန်းကြီးတို့ မဟာသတိပဋ္ဌာနသုတ်မှာ Grammar သုံးတဲ့အခါ “တွာ”နဲ့ဆုံးတဲ့ အသုံးပြုတဲ့ပုဒ် “ပုဗ္ဗကာလကြိယာ”လို့ခေါ်တယ်၊ “တွာ”နဲ့ဆုံးတဲ့ ပုဒ်တွေမှန်သမျှ တော်တော်များများကို အနောက်တိုင်းသားတွေက ပြန်လိုက်လို့ရှိရင် Perfect နဲ့ပဲ ပြန်လေ့ရှိတယ်၊ Having ဆိုတာကိုသုံးပြီး ပြန်လေ့ရှိတယ်။ အဲဒါ ဘယ်ကျတော့ သွားပြီး ထိခိုက်လဲဆိုတော့ မဟာသတိပဋ္ဌာနသုတ်မှာ “ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ” အဘိဇ္ဈာ- ဒေါမနဿကို ပယ်ဖျောက်၍ဆိုတဲ့ စကားမှာ “၍”ဆိုတဲ့ “တွာ”၊ “ဝိနေယျ” ဆိုတဲ့ပုဒ်ကို ဘာသာပြန်တော့ Having removed attachment and hatred ဆိုတော့ ဘာအဓိပ္ပာယ်သွားရတုန်း
စာမျက်နှာ-၆၀
ပြောရရင် သတိပဋ္ဌာန်တရား အားမထုတ်ခင် လောဘနှင့်ဒေါသကို အရင်ပယ်ရမယ်၊ ပြီးတော့မှ သတိပဋ္ဌာန်တရားကို အားထုတ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ရသွားတယ်။ ဒီတော့ သူတို့ရဲ့ Interpretation က ဘယ်လိုဆွဲသတုန်းဆိုတော့ ဝိပဿနာတရားကို သမထကျင့်စဉ်တစ်ခု မကျင့်ဘဲနဲ့ ဝိပဿနာကို တိုက်ရိုက် အားထုတ်လို့ မရဘူးလို့ အဓိပ္ပါယ်ရသွားပါတယ်။ Perfect နဲ့ ပြန်တဲ့အတွက်ကြောင့်ပါ။ နိုင်ငံခြားက အင်္ဂလိပ်လိုပြန်တဲ့ စာအုပ်တော်တော်များများဟာ အဲဒီလိုဖြစ်နေပါတယ်။ Interpretation လွဲနေပါတယ်။ လွဲလို့ သုဒ္ဓယာနိကဝိပဿနာဆိုတဲ့ ဝိပဿနာသက်သက် သွားတဲ့လမ်းဟာ မှားတယ်လို့ ဆိုတဲ့အထိ ထိခိုက်လာပါတယ်။ ဘာသာပြန်လွဲတာပါ။

ဆရာတော် ဦးသီလာနန္ဒ ပြန်တာကျတော့ အဲဒီလို မဟုတ်ဘူး။ “တွာ”က မြန်မာပြည်မှာ Grammar နဲ့ ပြောမယ်ဆိုရင် ငါးမျိုးရှိတယ်။ အဲဒီ ငါးမျိုး ရွေးချယ်တတ်ဖို့ လိုပါတယ်။ တချို့ “တွာ”က
စာမျက်နှာ-၆၁
Preceding အရင်ဖြစ်နှင့်တာ တစ်ခု၊ ပုဗ္ဗကာလ။ နောက်မှ ဖြစ်တာရှိတယ် Following အပရကာလ။ နောက် Simultaneously တစ်ပြိုင်နက်ဖြစ်တာ ရှိတယ်။ Because of အကြောင်းဆိုတာ ရှိတယ်။ When ဆိုတဲ့ အချိန်ကို သတ်မှတ်ပြတာ ရှိတယ်။ ငါးခုရှိပါတယ်၊ အဲဒီငါးခုကို သူတို့က မရွေးချယ်ဘဲနဲ့ အကုန်လုံး ပုဗ္ဗကာလချည်း လုပ်တဲ့အခါကျတော့ အကုန်လွဲကုန်တယ်။

ဥပမာအားဖြင့် နေမင်းကြီးသည် အမိုက်မှောင်ကို ပယ်ဖျောက်၍ ထွန်းတောက်တယ်ဆိုတဲ့နေရာမှာ နေမင်းကြီး ထွက်လိုက်တာနဲ့ အမိုက်အမှောင်က တစ်ခါတည်း ပျောက်သွားတာ၊ အမိုက်မှောင် ပျောက်ပြီးတော့မှ နေမင်းကြီးထွက်တာ မဟုတ်ဘူး။ နေမင်းကြီး ထွက်တာရယ် အမိုက်မှောင်ပျောက်တာရယ် ဒီနှစ်ခုဟာ တစ်ပြိုင်နက်ဖြစ်တာ၊ ဒီတော့ ဘာသာပြန်တဲ့နေရာမှာ The sun rises dispelling darkness ဒီလိုပြန်တယ်။ နေမင်းကြီးထွက်လာတာ
စာမျက်နှာ-၆၂
အမိုက်မှောင် ပျောက်ပြီး ထွက်လာတာ၊ အဲဒီလိုပဲ မဟာသတိပဋ္ဌာနသုတ်ကို ဘာသာပြန်တော့လည်း ကာယာနုပဿနာ သတိပဋ္ဌာန် ပွားနေတာဟာ အဘိဇ္ဈာနဲ့ ဒေါမနဿကို ပယ်ဖျောက်ပြီး ပွားနေတာ၊ ပွားရင်း ပယ်ဖျောက်နေတာ။ ဒီလို အဓိပ္ပာယ်ယူရမှာ၊ ဒါတွေကျတော့ မြန်မာပြည်ရဲ့ သင်နည်းစနစ်က ပိုပြီးတိတိကျကျ ရှိတယ်လို့ ပြောရပါမယ်။ တခြား သင်နည်းစနစ်တွေမှာ ဒါမျိုးမရှိပါ။ ရှေးကျပေမယ့် တိကျတယ်၊ တကယ်တတ်ပါတယ်။

ကျော်။ ။ ဆရာတော်တို့ ငယ်ငယ်တုန်းက သင်ခဲ့ရပုံကလေးရော ဘုရား။

ဆရာတော်။ ။ ဘုန်းကြီးတို့ ငယ်ငယ်တုန်းကတော့ ထုံးစံတိုင်း သင်ခဲ့ရတာပါပဲ၊ သို့သော်လည်း ကံကောင်းတာက ဟိုရှေးတုန်းက နားမလည်တဲ့ ပါဠိသဒ္ဒါကြီးကို ကျက်ပြီးတော့ ပါဠိကတစ်ဆင့်
စာမျက်နှာ-၆၃
မြန်မာပြန်ရတယ်။ ပြီးတော့ ရုပ်တွက်ရတယ်။ ရှေးမူကြီးအတိုင်းတော့ မဟုတ်ခဲ့ပါဘူး။ ဝိသုဒ္ဓါရုံ သုတ်နက်နဲ့ အခြေခံပြီး ဘာသာပြန်ထားတာလေးကို ကျက်ရတော့ အများကြီး ပါဠိ Grammar မှာ လွယ်သွားပါတယ်။ သုတ်နက်နဲ့ သင်တဲ့စနစ်က ပိုပြီး လွယ်ပါတယ်။ ငယ်ငယ်တုန်းက စာပေအတော်များများကို အမိအရ ကျက်ထားတဲ့အတွက်ကြောင့် ကြီးလာတဲ့အခါ သိပ်ပြီး ပြန်ဖတ်ဖို့ မလိုတော့ဘူး ဖတ်ရင်းနဲ့ ရှေ့ကို မြင်မြင်သွားခဲ့ပါတယ်၊ တစ်ခုနဲ့တစ်ခု ကျေးဇူးပြုသွားတယ်ပေါ့လေ၊

မြန်မာပြည်ရဲ့ ပါဠိပညာရေးစနစ်သည် မနိမ့်ကျလှပါဘူး။ ဒီလိုပဲ သင်ခဲ့ရတာပါ။ ဘာပညာပဲဖြစ်ဖြစ် စာမေးပွဲစနစ်သင်တာဟာ Introduction သဘောမျိုးပဲ ဖြစ်ပါတယ်။ တတ်တယ်လို့ ပြောလို့မရပါ။ ပညာရပ်နဲ့ ဆက်သွယ်မိရုံလောက်ပါ။ ကျွမ်းကျင်မှုကျတော့ မိမိရဲ့ လေ့လာလိုက်စားမှုအပေါ် မူတည်
စာမျက်နှာ-၆၄
ပါတယ်။ သင်ထားတာကို လေ့လာလိုက်စားသွားမယ်ဆိုရင်တော့ ပညာရေးစနစ်က အများကြီး သင်တာပါ။

ကျော်။ ။ ဆရာတော် အင်္ဂလိပ်စာ သင်ယူခဲ့ပုံနဲ့ အငယ်တန်း၊ အလတ်တန်းလောက် စသည်မှာ အင်္ဂလိပ်စာတွဲပြီး သင်သင့်၊ မသင်သင့် ပရိယတ္တိစာပေနဲ့ အင်္ဂလိပ်စာပေ သင်ယူမှုအပေါ် ဆရာတော်ရဲ့ သဘောထားခံယူချက်၊ ဘာသာစကား ကျွမ်းကျင်ဖို့ လိုအပ်ပုံ စသည်များကို မိန့်ပါဦးဘုရား။

ဆရာတော်။ ။ ဘာသာစကား မတတ်တာကတော့ အားနည်းချက်ရှိပါတယ်။ ဒါဖြင့် အငယ်တန်းကတည်းက အင်္ဂလိပ်စာထည့်ရင် ကောင်းမလားဆိုရင်တော့ ဘုန်းကြီးတော့ သဘောမတူပါဘူး။ အဲဒီစနစ်ကို သီဟိုဠ်(သီရိလင်္ကာ)နဲ့ ယိုးဒယားတို့မှာ လုပ်နေကြပါတယ်၊ သူတို့ကို ကြည့်ပါ။ ငယ်ငယ်ကတည်းက အင်္ဂလိပ်တို့ သင်္ချာတို့ ထည့်သင်တော့
စာမျက်နှာ-၆၅
ပိဋကတ်ဘက်မှာ ပျော့သွားပါတယ်။ ဒီမှာက ပိဋကတ်ကို အင်တိုက်အားတိုက် သင်ထားတာပါ။ အကယ်၍သာ အဲဒီပညာရပ်တွေတွဲပြီးသင်မယ်ဆိုရင် ကြိုက်တဲ့ပုဂ္ဂိုလ်တွေလည်း ရှိမှာပါ။ စာသင်သားတွေ ဒီထက်တော်လာမယ်လို့ ယူဆတဲ့ပုဂ္ဂိုလ်များလည်း ရှိပါတယ်။ ထူးချွန်တဲ့ပုဂ္ဂိုလ်တွေလည်း ပေါ်လာမှာပါ။ သို့သော်လည်း အများစုနဲ့ ပြောရမယ်ဆိုရင်တော့ အင်္ဂလိပ်နဲ့ သင်္ချာ ထည့်သင်မယ်ဆိုရင် ပိဋကတ်တော်ဘက်က ပျော့သွားမှာ သေချာတယ်လို့ ဘုန်းကြီး ယုံကြည်နေပါတယ်။ ။

ဘုန်းကြီး အင်္ဂလိပ်စာသင်တာ ၂၆-နှစ်မှ သင်တာပါ။ မန္တလေး သကျသီဟစာမေးပွဲအောင်ပြီး ကမ္ဘာအေးမှာ တိပိဋက ပါဠိမြန်မာ အဘိဓာန် Compiler အနေနဲ့ သွားရင်း ချမ်းမြေ့ရိပ်သာ ဆရာတော်ထံ ဝိဇ္ဇာလင်္ကာရဆရာတော်ရဲ့ စီစဉ်ပေးချက်အရ အင်္ဂလိပ်စာတစ်ချိန်၊ သက္ကတတစ်ချိန် ဖွင့်ပေးပါတယ်။ သက္ကတကိုတော့ နီပေါက
စာမျက်နှာ-၆၆
ဦးဉာဏပုဏ္ဏိက သင်ပေးပါတယ်။ အဲဒီမှာ စပြီးသင်တာပါ။

ကိုယ်တွေ့ပြောရမယ်ဆိုရင်တော့ အင်္ဂလိပ်စာ သင်သည့်အတွက်ကြောင့် နှိုင်းယှဉ်တတ်ပြီးတော့ ပါဠိကို ပိုပြီး ရှင်းရှင်းမြင်တတ်သွားခဲ့ပါတယ်။ ဘာသာနှစ်ခုလုံးအတွက် အကျိုးပြုပါတယ်။ အင်္ဂလိပ်စာ သင်လို့ လွယ်သွားတာဟာ ပါဠိသင်ခဲ့လို့၊ အင်္ဂလိပ်စာ သင်သည့်အတွက်ကြောင့် ပါဠိကို ပိုရှင်းရှင်းကြီး မြင်သွားပါတယ်။ စစ်ကိုင်းတောင်ရိုး ဝိပဿနာချောင်မှာ ကိုယ့်ရဲ့ နောင်တော်ကြီးထံမှာ စပြီးသင်ခဲ့တာပါ။ ငယ်၊ လတ်ကြီးထိအောင်ပေါ့။ (၆)နှစ်ကြာခဲ့ပါတယ်။ ငယ်ငယ်တုန်းက အဲဒီလို သင်ခဲ့တာပါ။ ဆရာသမားများကတော့ ထေရုပ္ပတ္တိအကျဉ်းမှာ ပါသွားပါပြီ။ ပညာရေးနဲ့ ပတ်သက်လို့ကတော့ ဒီလောက်ပါပဲ။

လျှောက်စရာရှိရင်လည်း လျှောက်ပါဦး။
စာမျက်နှာ-၆၇
ကျော်။ ။ ကျမ်းစာများ ရေးဖို့ရော အစီအစဉ် ရှိပါသလားဘုရား။ အထူးအားဖြင့်တော့ စာသင်သားများအတွက် ပရိယတ္တိသာသနာအတွက်ပေါ့ဘုရား။ ဆရာတော် ထေရုပ္ပတ္တိမှာတော့ ထေရုပ္ပတ္တိကထာတွေရေးတာ များများတွေ့နေရလို့ပါ။ ပြီးတော့ ဆရာတော်ရဲ့ အနာဂတ်သာသနာအပေါ် မျှော်မှန်းထားရှိချက်များပေါ့၊ အဲဒါ သိချင်ပါသေးတယ်ဘုရား။ ။

ဆရာတော်။ ။ စာပေတွေကတော့ တော်တော်များများရေးလို့ ပြည့်စုံနေကြပါတယ်၊ ပိဋကတ်နဲ့ ပတ်သက်လို့လည်း နိဿယတွေ တော်တော် ပြည့်ပြည့်စုံစုံရှိပါတယ်။ ဘာသာပြန်တွေလည်း ရှိပါတယ်။ တောင်မြို့ဆရာတော်ကြီး ရေးသွားလို့ အဋ္ဌကထာတွေလည်း တော်တော် ပြည့်ပြည့်စုံစုံရှိပါတယ်၊ အဲဒါတွေကိုတော့ ရေးဖို့ စိတ်မဝင်စား
စာမျက်နှာ-၆၈
ပါဘူး။ သို့သော်လည်း ပိဋကတ်ကို ကြည့်မယ်ဆိုရင်တော့ မကုန်မခန်းနိုင်တဲ့ ပညာသမုဒ္ဒရာကြီးပါ။ Ocean of knowledge ပါ။

ခုလောလောဆယ်တော့ ဝိသုဒ္ဓိမဂ်ကျမ်းကြီးကို ဝိသုဒ္ဓိမဂ္ဂသင်္ဂဟ ဆိုပြီးတော့ စာမျက်နှာ(၇၀၀)လောက်ရှိတဲ့ ကျမ်းကြီးကို စာမျက်နှာ(၂၀၀)လောက် ဖြစ်သွားအောင် အနှစ်ချုပ်ပြီးတော့ ရေးနေပါတယ်။ သီလနိဒ္ဒေသတစ်ခုတော့ ပြီးသွားပါပြီ။ အဋ္ဌကထာဆရာကြီးရေးတဲ့ ဝါကျတွေကိုပဲ ဖြတ်တောက်ပြီးတော့ ယူပြီးရေးထားတာပါ။ ဝိသုဒ္ဓိမဂ်ကျမ်းကြီးကို ချုံ့တဲ့ ကျမ်းပေါ့လေ။ နောက် ဓမ္မပဒ၊ ဓမ္မပဒဝတ္ထုကြီးတွေက တော်တော်ရှည်ပါတယ်။ ရှည်တော့ တချို့နေရာတွေမှာ ဇာတ်ကြောင်းတွေ မျောသွားတာရှိပါတယ်။ ဓမ္မပဒဂါထာနဲ့ ဇာတ်ကြောင်းနဲ့ တစ်ခါတလေ ဟပ်လို့မရတာလေးတွေ ရှိပါတယ်။ သေသေချာချာဖတ်တဲ့ ပုဂ္ဂိုလ်တွေတွေ့ပါမယ်။ ဘုန်းကြီးကိုယ်တိုင်လည်း ငယ်ငယ်က ခံစားခဲ့ရဖူးပါတယ်။
စာမျက်နှာ-၆၉
အချိန်ရရင်လည်း ဖတ်ကြည့်ပေါ့လေ။ အနုသန္ဓေ မဆက်မိတဲ့ သဘောပေါ့လေ။ အဲဒါလေးတွေ မဖြစ်ရအောင် မြတ်စွာဘုရားဟောထားတာနဲ့ ဓမ္မအနှစ်နဲ့ အံကျဖြစ်အောင် ချိန်ပြီးတော့ ဓမ္မပဒဝတ္ထုတော်တွေကို ပါဠိလို ရေးပါတယ်။ နောက်မှ ဘာသာပြန်ချင်ပြန်မယ်ပေါ့။ ရည်ရွယ်ချက်ကတော့ နိုင်ငံခြားက ပါဠိလာသင်တဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်က ကျောင်းသားတွေ ရှိပါတယ်။ သူတို့တစ်တွေ ဓမ္မပဒကို ခပ်ကျဉ်းကျဉ်းနဲ့ ပါဠိလို လေ့လာနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်ပါ၊ နောက်ကျတော့ အင်္ဂလိပ်လို ပြန်ပါမယ်။

နောက်တစ်ခုက ကြီးကြီးကျယ်ကျယ် ပြောတာတော့ မဟုတ်ပါဘူး။ ဘုန်းကြီးတို့ခေတ်မှာ ပါဠိရေးနိုင်တဲ့ မှတ်တိုင်တစ်ခု ရှိစေချင်တယ်။ ဆရာတော်တွေ မတတ်တာမဟုတ်ပါ၊ တတ်ပါတယ်။ သို့သော်လည်း စာအုပ်ဖြစ်မလာကြပါဘူး။ ဖြစ်မလာတဲ့အခါကျတော့ သမိုင်းဆရာတွေ ပြန်လေ့လာတဲ့အခါမှာ
စာမျက်နှာ-၇၀
ဒီတစ်ခေတ်မှာ ပါဠိလို ရေးတဲ့စာအုပ် မပေါ်ခဲ့ဘူးဆိုရင် ပါဠိတတ်တဲ့ဘုန်းကြီး မရှိဘူးလို့ မှတ်ချက်ချသွားနိုင်ပါတယ်။ ပြစရာမရှိလို့ပါ။ ပုဂံခေတ်ဆိုရင်လည်း သဒ္ဒနီတိကျမ်းဆိုတဲ့ ကျမ်းကြီးရှိပါတယ်။ ပုဂံခေတ် ပါဠိအရည်အချင်းဟာ မညံ့ပါဘူး၊ မြင့်ပါတယ်။ နောက်-ပင်းယမှာလည်း စတုရင်္ဂဗလ အမတ်ကြီးက အဘိဓာန်ဋီကာကျမ်းကြီးကို ပါဠိလို ရေးခဲ့တာရှိပါတယ်။ ပင်းယရဲ့ ပါဠိပညာဟာလည်း အဆင့်မြင့်တယ်လို့ ပြောရပါမယ်။ နောက် အင်းဝခေတ်မှာလည်း ရှိပါတယ်။ နောက် ကုန်းဘောင်ခေတ်ကျတော့ လယ်တီဆရာတော်ကြီးတို့၊ ဝိသုဒ္ဓါရုံဆရာတော်ကြီးတို့၊ ရွှေကျင်ဆရာတော်ကြီးတို့ ပါဠိလိုရေးတဲ့ကျမ်းတွေ ပေါ်လာပြီး တော်တော်များများရှိပါတယ်။ ပါဠိရဲ့ အဆင့်အတန်းဟာ ကုန်းဘောင်ခေတ်ထိအောင် မနိမ့်ကျခဲ့ပါဘူး။ လွတ်လပ်ရေးခေတ်နောက်ပိုင်းကျတော့ ပါဠိလိုရေးတာ အတော်နည်းသွားပါတယ်။ အခု လောလောဆယ်တော့ ဗန်းမော်ဆရာတော်ကြီးက
စာမျက်နှာ-၇၁
အပါဒါန်နဲ့ ပတ်သက်ပြီး ရေးတယ်၊ မဟာစည်ဆရာတော်ကြီးရဲ့ ဝိပဿနာရှုနည်းကျမ်းကိုလည်း ပါဠိလို ရေးထားတာတွေ့ရတယ်၊ ဒီလောက်ပါပဲ။

တကယ်တော့ ပါဠိလို ကောင်းကောင်းရေးနိုင်တဲ့ ဆရာတော်ကြီးတစ်ပါး ရှိခဲ့ပါတယ်။ သပြေကန်ဆရာတော်ကြီးပါ။ အလွန်ပြောင်မြောက်တဲ့ ဆရာတော်ကြီးပါ။ ကျမ်းကြီးကျမ်းခိုင် တစ်စောင်လောက်ကို ရေးနိုင်ပါတယ်၊ သို့သော်လည်း မရေးခဲ့ရပါဘူး။ ဆရာတော်ဦးသီလာနန္ဒတို့ဆိုရင် ပါဠိကျမ်းကြီးတွေ ကောင်းကောင်းရေးနိုင်ပါတယ်။ အင်္ဂလိပ်-သက္ကတ အင်မတန်ကျွမ်းကျင်ပါတယ်၊ ပိဋကတ်တွေကို Edit လုပ်နိုင်တဲ့ ဆရာတော်ကြီးပါ။ သို့သော်လည်း ဒီဘက်မှာ ယနေ့အထိ မရေးသေးပါဘူး။ အင်္ဂလိပ်လိုတော့ ရေးပါတယ်။ ဘုန်းကြီးလည်း ရေးသင့်တယ်ထင်လို့ပါ၊ အခုအသုံးကျတာမကျတာထက် နောင်သမိုင်းမှတ်တိုင်အတွက် ပါဠိပညာကို လေ့လာမယ်ဆိုရင် ဒီခေတ်မှာ ပါဠိတတ်တဲ့ပုဂ္ဂိုလ်
စာမျက်နှာ-၇၂
မရှိဘူးလို့ ကောက်ချက်ဆွဲသွားမှာ ပြန်တွေးကြည့်မိလို့ပါ။

နောက်တစ်ခုက လိုင်းပြောင်းသွားတယ် ပြောရမလားပဲ၊ နဂိုကတော့ Traditional Education နဲ့ သွားနေတာပါ။ နိုင်ငံခြားသားတွေကို ဟောရပြောရတယ်ဆိုတော့ အင်္ဂလိပ်စာနဲ့ အဟောအပြောများလာတယ်။ လောလောဆယ် ရည်ရွယ်ထားတာက Centre for Buddhist Studies ပါ။ တက္ကသိုလ်အဆင့် မဟုတ်ပါ။ ဗုဒ္ဓဘာသာကို လေ့လာတဲ့ ဌာနတစ်ခုလုပ်ပြီး ဓမ္မအဆီအနှစ်တွေကို စာမဖတ်အားသူတွေအတွက် Booklet တွေရေးပြီး ဖြန့်ဝေပေးသွားမှာပါ။ Live for Knowledge of Dhamma “ဓမ္မအတွက် အသက်ရှင်နေပါ”ဆိုတဲ့ Motto ပေါ့။ ဘုန်းကြီးရဲ့ ပရိယတ္တိနဲ့ ပတ်သက်လို့က ဒီလောက်ပါပဲ။
စာမျက်နှာ-၇၃
ကျော်။ ။ တပည့်တော်များနှင့်တကွ အပ္ပမာဒစာဖတ်ပရိသတ်ကြီးအတွက် ဆရာတော်ရဲ့ ဩဝါဒဓမ္မလက်ဆောင်ကိုလည်း နာယူပြီး ကျင့်သုံးချင်ပါတယ်ဘုရား။ ချီးမြှင့်ပါဦးဘုရား။ ။

(ထိုအခါ ဆရာတော်ကြီးသည် ကျွန်တော်တို့အား အသင့်ရိုက်နှိပ်ထားသည့် “ဘဝတန်ဖိုး အရယူ” ဟူသည့် ဩဝါဒစာရွက်ကို စွန့်လိုက်ပါသည်။ ဆရာတော့်မူရင်းအတိုင်း အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြလိုက်ရပါသည်။ အတုယူ ကျင့်ကြံနိုင်ကြပါစေဟု ဆန္ဒပြုအပ်ပါသည်။)

၂၀၁၃ မေလထုတ် အတွဲ(၄) အမှတ်(၅)၊ ၂၀၀၃ ဇွန်လထုတ် အတွဲ(၄) အမှတ်(၆) အပ္ပမာဒစာစောင်၌ ဖော်ပြသည်။ iy5i1q76y4cbvgv8n0c7fsr30qn9vq1 သေချာသောလမ်းမှ လျှောက်လှမ်းပါ 0 6421 22225 2026-06-20T02:12:26Z Tejinda 173 "{{header | title = သေချာသောလမ်းမှ လျှောက်လှမ်းပါ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22225 wikitext text/x-wiki {{header | title = သေချာသောလမ်းမှ လျှောက်လှမ်းပါ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား]] | previous2 = | next = [[သောတာပန်ပုဂ္ဂိုလ်များ နေ့စဉ်ဘဝမှာ နေထိုင်ကြပုံ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

သေချာသောလမ်းမှ လျှောက်လှမ်းပါ
မှတ်တမ်း
သာသနာနှစ် - ၂၅၅၂-ခုနှစ်
ကောဇာသက္ကရာဇ် - ၁၃၇၀ ပြည့်နှစ် တပေါင်းလပြည့်ကျော် (၁၀) ရက်၊ ၂၀. ၃. ၂၀၀၉

ရန်ကုန်တိုင်း တာမွေမြို့နယ်၊ ကျောက်မြောင်း အရှေ့ရပ်ကွက်၊ အောင်တော်မူအေးစေတီ၊ ဗုဒ္ဓပူဇနိယ ပွဲတော်နှင့်စပ်လျဉ်း၍ ပထမအကြိမ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ညဉ့်ဦးယံဓမ္မသဘင်အခမ်းအနားဝယ် နှစ်ဘက်မိဘများအား ကျေးဇူးဆပ်သောအားဖြင့် ကျောင်းဆရာကြီး ဦးထွန်းညွန့် + ဒေါ်ခင်ကြည် မိသားစု တို့၏ အမတဒါန ဓမ္မဒါနအဖြစ် ဟောကြားအပ်သော “သေချာသောလမ်းကလျှောက်လှမ်းပါ” တရားဒေသနာတော်

ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်တွေထဲမှာ “အပဏ္ဏကပဋိပဒါ” ဆိုတာ ရှိတယ်။ အပဏ္ဏက ဆိုတာ အလွဲအချော်မရှိသောလို့ အဓိပ္ပာယ်ရတယ်။ အလွဲအချော်မရှိတဲ့လမ်းစဉ်၊ အလွဲအချော်မရှိတဲ့ကျင့်စဉ်ကို အပဏ္ဏကပဋိပဒါ လို့ ခေါ်တယ်။

မြန်မာလူမျိုးတွေ ပြောလေ့ရှိကြတယ်။ “အရင်လို လမ်းအိုလိုက်တဲ့” မမှားနိုင်တဲ့လမ်းကို ပြောကြတယ်။ တစ်ခါတစ်ရံ အသစ်ထွင်ထားတဲ့လမ်းမျိုးက လိုရာစခန်းကို မပေါက်ဘဲ ရှိတတ်တယ်။ အများသွားနေကျလမ်း၊ သုံးနေကျလမ်းကတော့ မရောက်ဘူးဆိုတာ မရှိဘူး။ လျှောက်လှမ်းသွားတဲ့လူတွေ အကြိမ်ကြိမ် ရောက်ရှိသွားကြပြီးဖြစ်တယ်။ ဒါကြောင့် “အရင်လို လမ်းအိုလိုက်” ဆိုတာ သွားနေကျလမ်းဟောင်းအတိုင်း လျှောက်လှမ်းပါလို့ ဒီလိုအဓိပ္ပာယ်ကို ဆိုလိုပါတယ်။
စာမျက်နှာ-၂
ဗုဒ္ဓမြတ်စွာက နိဗ္ဗာန်ခရီးကို လျှောက်လှမ်းတဲ့ပုဂ္ဂိုလ် (သို့မဟုတ်) သံသရာခရီးကို လျှောက်လှမ်းတဲ့ပုဂ္ဂိုလ်တိုင်းဟာ ရှေးရှေးသူတော်စင်တွေ သွားရိုးသွားစဉ်ဖြစ်တဲ့ လမ်းကြောင်းကြီးအတိုင်း လျှောက်လှမ်းသွားမယ်ဆိုရင် လိုရာစခန်းကို မရောက်ရှိ ရောက်နိုင်မယ်တဲ့။ ဒီလိုမလွဲနိုင်တဲ့လမ်း၊ သေချာတဲ့လမ်းကို အပဏ္ဏကပဋိပဒါ လို့ ခေါ်တယ်။ စာလုံးပေါင်းတဲ့အခါ အပဏ္ဏက ဆိုတာ ပါဠိစကားဖြစ်သည့်အတွက်ကြောင့် ပဏ္ဏ ဆိုတဲ့စကားလုံးက “ပ” စောက်ရယ် “ဏ” ကြီးနှစ်လုံးဆင့်ပြီးရေးတဲ့စကားလုံး၊ အပဏ္ဏက ဆိုတာ အလွဲအမှားမရှိ၊ အတိမ်းအစောင်းမရှိ သေချာတဲ့လမ်းလို့ ဒီလိုအဓိပ္ပာယ်ရတယ်။

လောကမှာ အမြင်တွေ၊ အပြောအဆိုတွေ အမျိုးမျိုးရှိတယ်။ တရားလမ်းစဉ်တစ်ခုဟာ စကားလေးတစ်ခွန်း နဲနဲလေးလွဲသွားတာနဲ့ လမ်းကြောင်းလွဲသွားနိုင်တယ်။ ပကတိလမ်းမကြီးမှာ လမ်းမွှာတွေ၊ လမ်းသွယ်တွေများနေလျှင် လိုရာစခန်းမရောက်နိုင်ဘဲ မှားတဲ့လမ်းကို လျှောက်လှမ်းမိတတ်သလို သံသရာခရီးလမ်းလျှောက်လှမ်းတဲ့အခါ လူတွေရဲ့ အထင်အမြင်တွေက
စာမျက်နှာ-၃
လွှမ်းမိုးထားသည့်အတွက်ကြောင့် လွဲချော်သွားနိုင်တယ်။ ဒါကြောင့်မို့ မလွှဲတဲ့လမ်း သေချာတဲ့လမ်းကလျှောက်လို့ ပြောတာ။

ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေနှင့်ပတ်သက်ပြီးတော့ကိုပဲ လွဲချော်သွားတာတွေရှိနိုင်လို့ မြတ်စွာဘုရားက မှတ်ကျောက်ကလေးတွေ ပေးထားတာရှိတယ်။ ဒီကနေ့ခေတ်မှာ မှတ်ကျောက်ကို ဘယ်ပုဂ္ဂိုလ်တွေအသုံးပြုသလဲဆိုလျှင် ရွှေအရောင်းအဝယ်လုပ်တဲ့သူတွေ အသုံးပြုကြတယ်။ ရွှေစစ်, မစစ်ကို မှတ်ကျောက်နှင့်တိုက်ပြီး ကြည့်လိုက်တဲ့အခါ ရွှေအစစ်နှင့် ရွှေအတု ခွဲခြားလို့ရတယ်။

လောကမှာ အတုဆိုတာတွေက အစစ်နှင့် အလွန်တူတာမို့ ခွဲခြားဖို့ခက်တယ်။ တုထားတဲ့အရာက အစစ်နှင့် အလွန်တူတယ်ပေါ့။ အတုနှင့်အစစ် တစ်ခါတစ်ရံ အလွန်ခွဲခြားဖို့ခက်သည့်အတွက်ကြောင့် ခွဲခြားနိုင်သည့်နည်းလမ်းကလေးတွေ ပေးထားရတယ်။ ရွှေမှာ အစစ်အတုရှိတယ်။ စိန်မှာ အစစ်အတုရှိတယ်။ ကျောက်သံပတ္တမြားတွေမှာလည်း အစစ်အတုရှိတယ်။ ထို့အတူပဲ တရားဓမ္မတွေမှာလည်း အစစ်အတုရှိတယ်တဲ့။
စာမျက်နှာ-၄
ရွှေစင်ထင်ပြီးတော့ ရွှေအတုကို ဝယ်မိလိုက်လျှင် ထိုပုဂ္ဂိုလ်ဟာ အများကြီး ဆုံးရှုံးသွားတယ်။ ဆုံးရှုံးတယ်ဆိုတာ တစ်ဘဝပဲ ဆုံးရှုံးတာပါ။ ဒီထက်ပိုပြီး မဆုံးရှုံးဘူး။ တရားအတုကို လိုက်နာကျင့်သုံးမိပြီဆိုလျှင် သံသရာမှာပါ ဆုံးရှုံးနိုင်တယ်။ အဲဒီဆုံးရှုံးမှုက ပိုကြီးတယ်လို့ ပြောတာ။ ဒါကြောင့်မို့ တရားဓမ္မကို ကျင့်သုံးလိုက်နာကြရတယ်ဆိုတာ အစစ်အတု ခွဲခြားတတ်ဖို့ “စံ” ကလေးတွေ မှတ်ထားဖို့လိုတယ်။

ဒီကနေ့ခေတ် မြန်မာနိုင်ငံမှာ ဓမ္မကထိက ဆရာတော်တွေက ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ပိဋကတ်သုံးသွယ်၊ နိကာယ်ငါးဖြာ၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်က ထုတ်နှုတ်ပြီး ဟောကြတယ်။ ဘုရားဟောတရားအတိုင်း ဟောတာဆိုလျှင်တော့ လွဲစရာအကြောင်းမရှိဘူး။ သို့သော် မိမိတို့ရဲ့ ကိုယ်ပိုင်အာဘော်ကလေးတွေ ထဲ့ပြီး ပြောသွားတာကျတော့ လွဲသွားနိုင်သေးတယ်တဲ့။

ဓမ္မနှင့်ပတ်သက်ပြီး အငြင်းပွားစရာကလေးတွေ ဖြစ်ပေါ်လာတတ်တယ်။ တစ်ပါးကလည်း ဒါ ဘုရားဟောလို့ ပြောသွားတယ်။ နောက်တစ်ပါးကလည်း
စာမျက်နှာ-၅
ဒါ ဘုရားဟောမဟုတ်ဘူးလို့ ပြောသွားတယ်။ အငြင်းပွားစရာတစ်ခုဖြစ်လာတယ်။ တစ်ပါးက ဒါ ပိဋကတ်စာထဲပါတယ်။ နောက်တစ်ပါးက ဒါ ပိဋကတ်ထဲမပါဘူးဆိုရင် အငြင်းပွားစရာတစ်ခုဖြစ်လာမယ်။ အဲဒီလို အငြင်းပွားစရာတွေ ရှိ၊ မရှိ၊ ရှိတယ်၊ သာသနာ့သမိုင်းမှာ မြောက်များစွာ ပေါ်ထွန်းခဲ့တယ်။ ဒါကြောင့် အဘိဓမ္မာ (၇) ကျမ်းအပါအဝင်ဖြစ်တဲ့ ကထာဝတ္ထု ကျမ်းဆိုတာ ရှိတယ်။ အယူအဆရေးရာတွေနှင့်ပတ်သက်ပြီး မတူညီတဲ့ အယူဝါဒတွေ ဖြေရှင်းဆုံးဖြတ်ပေးတာ၊ မတူညီတဲ့ အယူဝါဒတွေ၊ မှားယွင်းတဲ့ အယူအဆတွေကို ဖြေရှင်းဆုံးဖြတ်တဲ့ ကျမ်းစာတစ်ခုဖြစ်သည်။

အဲဒီ ကထာဝတ္ထု ကို မြန်မာနိုင်ငံ ယစ်မျိုးမင်းကြီး ဦးရွှေဇံအောင်က ပထမဆုံး ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာ ပြန်ဆိုပေးတယ်။ အင်္ဂလိပ်လိုနာမည်ကို "Points of Controversy" လို့ခေါ်တယ်။ "Points of Controversy" ဆိုတာ အငြင်းပွားစရာအချက်များလို့ ပြောတာ။ ဗုဒ္ဓရဲ့ တရားဓမ္မနှင့်ပတ်သက်ပြီး အငြင်းပွားစရာအချက်တွေ ရှိတာပဲ။ အရာခပ်သိမ်းမှာ အငြင်းပွားစရာအချက်
စာမျက်နှာ-၆
တွေ ရှိတတ်တယ်။ ဘုရားဟောတာက အငြင်းပွားစရာမဟုတ်ဘူး။ တင်ပြတဲ့ပုဂ္ဂိုလ်တွေရဲ့ အယူအဆ၊ အတွေးအခေါ်တွေနှင့် ပြောလိုက်ပြီဆိုလျှင် အငြင်းပွားစရာတွေ အများကြီးဖြစ်သွားတယ်။ မြတ်စွာဘုရားဟောထားတဲ့တရားကတော့ အမှန်အတိုင်းပဲ၊ သို့သော် မြတ်စွာဘုရား တရားတော်ကို ထပ်ဆင့်ဟောပြောတဲ့အချိန် "Interpretation" လို့ခေါ်တယ်။ "Interpretation problem" လို့ခေါ်တယ်။ “ဘာသာပြန်ဆိုမှု ပြဿနာပေါ့” အဓိပ္ပာယ်ကောက်တဲ့အခါ လမ်းကြောင်းလွဲသွားတာ။

ဗုဒ္ဓရဲ့ ဆိုလိုချက်တွေ၊ မြတ်စွာဘုရားရဲ့ အာဘော်တွေ မဟုတ်တော့ဘူး၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အာဘော်တွေဖြစ်သွားပြီး လွဲမှားသွားတယ်။ ဒီလိုလွဲမှားမှုမျိုးက မြတ်စွာဘုရားလက်ထက်ကတည်းက ရှိခဲ့တာ။ ဒီကနေ့ခေတ်မှာလည်း ရှိတာပဲ။ ဘုရားလက်ထက်ကတည်းက မြတ်စွာဘုရားကိုယ်တိုင် တစ်ခါတစ်ခါ ဖြေရှင်းဆုံးဖြတ်ပေးရတယ်။ ဖြေရှင်းဆုံးဖြတ်လို့ လွဲမှားတဲ့အယူအဆကို စွန့်လွှတ်သွားတဲ့ပုဂ္ဂိုလ်ရှိသလို၊ စွန့်လွှတ်မှုမရှိတဲ့ပုဂ္ဂိုလ်လည်း ရှိတာပဲ။ ဘုရားကိုယ်တိုင်
စာမျက်နှာ-၇
ရှင်းလင်းပြတာတောင်မှ မစွန့်လွှတ်တဲ့ပုဂ္ဂိုလ်ရှိသေးတယ်။

ဘယ်သူတွေလည်းဆိုရင် မြတ်စွာဘုရားလက်ထက်က သာတိဆိုတဲ့ရဟန်းတို့၊ အရိဋ္ဌဆိုတဲ့ရဟန်းတို့ရှိတယ်။ အရိဋ္ဌဆိုတဲ့ရဟန်းက (မြန်မာလို ဦးအရိဋ္ဌပေါ့)။ စာတတ်ပေတတ် ဘုန်းကြီးတစ်ပါးပဲ။ စာတတ်ပေတတ်ဆိုတိုင်း မလွဲမှားဘူးလို့ မအောက်မေ့နှင့်၊ အရိဋ္ဌဆိုတာ စာတတ်ပေတတ်ရဟန်း၊ သို့သော် သူ့ရဲ့ အတွေးအခေါ်မှားယွင်းမှုကြောင့် သူတင်ပြတဲ့စကားရပ်ဟာ ချွတ်ချော်တိမ်းပါးသွားတယ်။

ပဌမ ပါရာဇိကနှင့်ပတ်သက်ပြီး မေထုန်အထိအတွေ့က ဈာန်မဂ်ဖိုလ်ရဖို့ အန္တရာယ်ဖြစ်စေနိုင်တယ်လို့ မြတ်စွာဘုရားက ဟောထားတယ်။ အရိဋ္ဌရဟန်းက ပိုးဖဲကတ္တီပါတို့ရဲ့ အတွေ့အထိနှင့် လူ့ခန္ဓာကိုယ်ရဲ့ အတွေ့အထိ ဒီအတွေ့အထိနှစ်ခုဟာ ဘာမှမထူးဘူး။ ဒါကြောင့်မို့ မေထုန်ကိစ္စကို ပါရာဇိကလို့ ပညတ်တာ မမှန်ဘူးလို့ဆိုတဲ့ လွဲမှားစွာ နှိုင်းယှဉ်မှုပြုတယ်။ နှိုင်းယှဉ်ကြည့်တာ လွဲမှားသွားခဲ့လျှင်လည်း လမ်းကြောင်းဟာ လွဲသွားတတ်တယ်။
စာမျက်နှာ-၈
မြတ်စွာဘုရားက ဒီအလုပ်ဟာ မလုပ်သင့်ဘူး။ ဈာန်၊ မဂ်၊ ဖိုလ်ရဲ့ အန္တရာယ်ဖြစ်တယ်၊ ဆိုလိုတာက “ဈာန်” မရနိုင်ဘူး၊ “မဂ်” မရနိုင်ဘူး၊ နတ်ပြည်မရောက်နိုင်ဘူး။ နတ်ပြည်လမ်းကြောင်းရဲ့ အန္တရာယ်ဖြစ်တယ်။ Obstacle အဟန့်အတားဖြစ်တယ်လို့ ပြောထားတဲ့တရားတွေကို မဖြစ်နိုင်ပါဘူးလို့ အရိဋ္ဌက ပြောတယ်။ အဲဒီလို ဘုရားရှိတုန်းမှာပဲ controversy အငြင်းပွားမှုဆိုတာ ဖြစ်ပေါ်လာတယ်။ ကျန်တဲ့ရဟန်းတွေက ဝိုင်းဝန်းပြောဆိုတာ မရလို့ ဘုရားဆီပို့တာ၊ ဘုရားက ရှင်းပြပေမယ်လို့ သူလက်မခံဘူး။

သာတိဆိုတဲ့ရဟန်းကတော့ အယူဝါဒရေးရာနဲ့ပတ်သက်ပြီး ဘာကိုစွဲမြဲထားသလဲဆိုရင် လူတွေရဲ့ခန္ဓာမှာရှိတဲ့ အသိစိတ်ကလေးဟာ ခံစားတတ်တယ်။ ဒီစိတ်ကလေးရှိနေတဲ့အခါ လူတွေဟာ စကားပြောတယ်၊ ခံစားတယ်။ အဲဒီအသိစိတ်ကလေးဟာ တစ်ဘဝကနေ တစ်ဘဝကူးနေတာတဲ့။ ဒီဘဝ ဒီခန္ဓာကိုယ်ကြီးဟောင်းသွားတဲ့အခါ နောက်ဘဝခန္ဓာအသစ်ရှာပြီး ကူးသွားတယ်လို့ ဒီလိုပြောတယ်။ ဗမာတွေပြောတဲ့ ဝိညာဉ်ကလေး၊ လိပ်ပြာကလေးပေါ့။ ဒါလေးက လူရဲ့
စာမျက်နှာ-၉
ခန္ဓာထဲမှာ ထာဝရမြဲနေတယ်။ သေသွားလျှင် ထွက်သွားပြီးတော့ နောက်ဘဝတစ်ခု ရောက်သွားတယ်။ ဘဝတစ်ခုကူးတယ်ပေါ့။

မြတ်စွာဘုရားက စိတ်ကလေးတစ်ခုဟာ အခုဖြစ်ပြီး အခုချုပ်သွားတယ်။ နောက်ထပ်ဖြစ်တာက နောက်စိတ်။ စဉ်ဆက်မပြတ် အကြောင်းတရားတွေ အမှီပြုပြီးတော့ ဖြစ်နေတာ။ ဒီစိတ်ကလေး ထပ်ဖြစ်တာမဟုတ်ဘူး။ နောက်ဖြစ်တဲ့စိတ်က နောက်စိတ်။ အဲဒီလို စဉ်ဆက်မပြတ်ဖြစ်နေတာ။ စိတ်ကလေးရဲ့သက်တမ်းဟာ အင်မတန်တိုတောင်းတဲ့ အချိန်ပိုင်းကလေး သုံးခုပဲရှိတယ်။ ဖြစ်ပြီး ချုပ်သွားတဲ့စိတ်ကလေး နောက်ထပ်ပေါ်လာတာမဟုတ်ဘူး။ နောက်ထပ်ပေါ်တာက အလားတူစိတ် Copy သာဖြစ်တယ်။

ဆိုပါစို့- ဖယောင်းတိုင်မီးကလေး ထွန်းထားပြီးတော့ ငြိမ်းလိုက်လို့ ငြိမ်းသွားတယ်။ နောက်ထပ် တစ်ခါထပ်ပြီးတော့ ထွန်းလိုက်တယ်။ အဲဒီတော့ နောက်ထပ်ထွန်းလို့ လင်းလာတဲ့မီးကလေးက ပထမငြိမ်းသွားတဲ့ ဖယောင်းတိုင်မီးလားဆိုတော့ ဘယ်ဟုတ်မလဲ။ ငြှိမ်းသွားတဲ့မီးက ဘယ်တော့မှ ပြန်မလာတော့ဘူး။
စာမျက်နှာ-၁၀
ထို့အတူပဲ ဖြစ်ပြီး ပျက်သွားတဲ့စိတ်ဟာ ဘယ်တော့မှ ပြန်မပေါ်ဘူး။ နောက်ထပ်ပေါ်တာက နောက်စိတ်ပဲ။ အဲဒီတော့ မြဲတယ်ဆိုတဲ့ ဝိညာဉ်ဆိုတာ မရှိဘူးလို့ မြတ်စွာဘုရားက ရှင်းပြပေမယ်လို့ သာတိရဟန်း သဘောပေါက်သွားခြင်းမရှိဘူးတဲ့။

ဗမာပြည်မှာလည်း ဟိုဆရာတော်က ဒီလိုဟောတယ်။ ဒီဆရာတော်က ဒီလိုဟောတယ်နဲ့ သံသယမဖြစ်ကြရလေအောင်၊ စာထဲမှာပါတယ်ဆိုတာလည်း အဓိကမဟုတ်ဘူး။ စာထဲမပါဘူးဆိုတာလည်း အဓိကမဟုတ်ဘူး။ မြတ်စွာဘုရားဟောခဲ့တဲ့ အဓိကသေချာတဲ့လမ်းက ဘာလဲဆိုတာကိုသာ မှတ်ရမယ်။ ဒါဟာ Criterion မှတ်ကျောက်ကလေးတစ်ခုပဲ။

မိထွေးတော်ဂေါတမီကို မြတ်စွာဘုရားက သင်ပေးသွားတယ်။ တစ်ယောက်ယောက်က “ဓမ္မ - မှန်ကန်တဲ့တရား၊ ဝိနယ - ဘုရားရဲ့အဆုံးအမ၊ ဆုံးမချက်၊ သတ္တုသာသန - မြတ်စွာဘုရားရဲ့သြဝါဒ” လို့ အတည်ပြုပြီး လာပြောမယ်ဆိုလျှင် မှတ်ကျောက်တင်ကြည့်လိုက်ပါတဲ့၊ ဘုရားရဲ့ ဓမ္မ၊ ဝိနယ၊ သတ္ထုသာသနာ တရားတော်မှန်လျှင် ရှိနေတဲ့အတွယ်အတာတွေ လျှော့သွား
စာမျက်နှာ-၁၁
ရမယ်။ မုန်းတီးတဲ့စိတ်တွေ လျှော့သွားရမယ်။ နောက်ဆုံးမှာ လျှော့သွားပြီး လုံးဝပျောက်ကွယ်သွားစေနိုင်တဲ့ စွမ်းအားရှိတယ်။ အဲဒီလိုမဟုတ်ဘဲနှင့် လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ တိုးလာမယ်ဆိုရင် ဒါဘုရားအဆုံးအမတွေ မဟုတ်ဘူးလို့ သေချာဆုံးဖြတ်လိုက်တဲ့။

ကျင့်စဉ်တစ်ခုကို ကျင့်လို့ ကိုယ့်သန္တာန်မှာ လာဘ (လောဘ) နဲသွားသလား။ ဒေါသနဲသွားသလား၊ မောဟနဲသွားသလား၊ ဒါအဓိကျတယ်။ လောဘလည်းနဲမသွားဘူး၊ ဒေါသနှင့်မောဟလည်းနဲမသွားဘဲ အကုသိုလ်တွေနဲမသွားဘဲနှင့် အကုသိုလ်တွေတိုးသာလာတယ်ဆိုလျှင် ဒါမှားတဲ့အကျင့်၊ ဒါဘုရားဟောတဲ့တရားမဟုတ်ဘူးလို့ မြတ်စွာဘုရားက မှတ်ကျောက်ပေးထားတယ်။ အဲဒီ “စံ” နှင့်ပဲ တိုင်းတာပြီးတော့ မှားတယ်, မှန်တယ်ကို ဆုံးဖြတ်ရမယ်တဲ့။

ကျန်တဲ့ History တို့, ဘာတို့ဆိုတာတွေက သိပ်ပြီးအရေးပါလှတာ မဟုတ်ဘူး။ အရေးအကြီးဆုံးက တရားကို လက်ခံကျင့်သုံးလိုက်လို့ ကိုယ့်သန္တာန်မှာ အသိဉာဏ်တွေ တိုးတက်လာသလား, သို့မဟုတ် အသိဉာဏ်တွေ ဆုတ်ယုတ်သွားသလား။ ကောင်းမွန်တဲ့
စာမျက်နှာ-၁၂
စိတ်သဘောထားတွေ တိုးတက်လာသလား။ သို့မဟုတ် ဆုတ်ယုတ်သွားသလား၊ သူတော်ကောင်းစိတ် ပိုပြီးဝင်လာသလား သို့မဟုတ် လျော့နည်းသွားသလားဆိုတာသာ အရေးကြီးတယ်။

ကြည့်လေ။ တချို့တရားတွေက လိုက်နာကျင့်သုံးလိုက်တဲ့အခါ ဘာဖြစ်သလဲဆိုရင် မာနတွေဝင်လာတယ်။ ငါလိုတတ်တဲ့သူ မရှိဘူး။ ငါကသာတယ် ဗမာပြည်မှာလည်း တစ်ခါတလေ ပေါ်တတ်သေးတယ်။ နဲနဲပါးပါး တရားသိသွားပြီဆိုလျှင် ဘုန်းကြီးတောင် ရှိမခိုးနိုင်တော့ဘူးဆိုတဲ့ အနေအထားဖြစ်သွားတယ်။ ယခင်က သံဃာကိုလေးစားပြီး ဘုန်းကြီးကိုရှိခိုးတယ်။ တရားကျင့်ပြီးတဲ့နောက် ဘုန်းကြီးကိုရှိမခိုးနိုင်တော့ဘူးဆိုတော့ သူက မာန်မာနတွေ ပိုတက်သွားတဲ့သဘောပေါ့။ မာနဆိုတာ ကုသိုလ်လား, အကုသိုလ်လား မေးလျှင် အကုသိုလ်ပဲ။ ကိုယ့်ရဲ့အရည်အချင်းကို ဘုန်းကြီးထက်သာတယ်ဆိုတဲ့ အနေအထားထိရောက်အောင် မြှင့်ပြီး, ကိုယ့်အနေနှင့် အရိုအသေပေးရမည့်ပုဂ္ဂိုလ် မရှိတော့ဘူးလို့ ထင်လာတာ မာနဝင်တာပဲ။ မာနက ဝင်မှန်းမသိအောင် တစ်ခါတစ်ခါ သိမ်မွေ့တယ်လို့ ဆိုလိုတာ။
စာမျက်နှာ-၁၃
မှန်ကန်တဲ့တရားကို သိရှိနားလည်လာတဲ့ပုဂ္ဂိုလ်က အဲဒီလိုမဟုတ်ဘူး။ ရိုသေလေးစားထိုက်တဲ့ပုဂ္ဂိုလ် ဘယ်သူ့ကိုမဆို ရိုရိုသေသေ, လေးလေးစားစား ဆက်ဆံနိုင်တဲ့ အနေအထားမျိုးရှိတယ်။ အားလုံးအပေါ်မှာ မေတ္တာထားနိုင်တဲ့ စိတ်ဓါတ်ရှိတယ်။ စိတ်ကောင်းနှလုံးကောင်း မွေးတယ်။ မာန်မာနတွေကင်းတယ်, ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့စိတ်တွေ လျော့ကျလာတယ်။ တကယ်တတ်ပြီဆိုတဲ့ပုဂ္ဂိုလ်တွေက ပြောလေ့ရှိတယ်၊ “ငါမတတ်သေးဘူးလို့ သိတဲ့နေ့ဟာ စာတတ်တဲ့နေ့ပဲ” တဲ့။

တကယ်တတ်တဲ့သူဟာ အရာရာကို မှန်မှန်ကန်ကန် မြင်တတ်လာတယ်။ ဆရာတော်ကြီးတွေက ဘယ်လိုဥပမာပေးသလဲဆိုလျှင် စပါးသီးထဲမှာ အဆန်ပြည့်တဲ့စပါးနှင့် အဆန်မပြည့်တဲ့စပါး နှစ်ခုရှိတယ်။ အဆန်ပြည့်တဲ့စပါးက ငိုက်ကျတယ်။ အဆန်မပြည့်တဲ့စပါးက ထောင်ထောင်ထောင်ထောင်နဲ့ နေတယ်။ ကြည့်လိုက်ရင် အဆန်မပါဘူး, သူက အခွံချည်းပဲ။ အဲဒီအခွံတွေချည်းပဲဆိုလျှင် ပိုထောင်တယ်တဲ့။ အဆန်ပြည့်သွားလျှင် ငိုက်ကျသွားတယ်။ အဲဒါဘာကို
စာမျက်နှာ-၁၄
သရုပ်ဖော်သလဲဆိုရင် တရားကိုသိရင် အားလုံးကို လေးစားတတ်သွားတယ်လို့ ဒီလိုဆိုလိုတာ။ မာန်မာန ပိုပြီးနည်းသွားတယ်လို့ ပြောတာ။ ပညာရှိလာတဲ့ပုဂ္ဂိုလ်က မာန်မာနပိုနည်းလာတယ်။

ပညာရှိလို့ မာန်မာနတွေ ပိုတက်သွားတယ်ဆိုတာ လုံလောက်အောင် ပညာမရှိလို့ပဲလို့ မှတ်ရမယ်။ အဆန်ပြည့်တဲ့စပါးတွေ ငိုက်ကျသွားသလိုပဲ။ ပညာရှိတဲ့ပုဂ္ဂိုလ်က အားလုံးကို လေးစားနိုင်တဲ့ အနေအထားမျိုး ရောက်သွားတယ်တဲ့။ အဆန်မဲ့တဲ့စပါးသည် ထောင်သလို မတတ်တတတ် ပညာရှိတဲ့ပုဂ္ဂိုလ်က ဆောင့်ကြွားကြွား မာန်မာနတရားတွေ တက်ကြွလာတတ်တယ်တဲ့။

အဲဒီတော့ ဘုရားရဲ့တရားတော်တွေကို လေ့လာကျင့်သုံးတဲ့အခါ တကယ်တရားသိပြီဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထားက ဘယ်လိုရှိသလဲဆိုလျှင် ဥပမာ သောတာပန် ဖြစ်သွားပြီဆိုသူရဲ့ စိတ်ဓါတ်က “သူသိတဲ့တရားဓမ္မတွေကို တလောကလုံးသိစေချင်တယ်”, သို့သော် သူလျှို့ဝှက်ချင်တာက သူ့ရဲ့အရည်အချင်းပဲ။ ဘယ်လောက်အထိ လျှို့ဝှက်ချင်သလဲဆိုရင် သူပိုင်တဲ့ရွှေအိုး လူမြင်မှာစိုးသလိုဖြစ်တယ်။ အေး
စာမျက်နှာ-၁၅
အဲဒီလိုမဟုတ်ဘဲ ကိုယ့်အရည်အချင်း လူတကာကို ပြချင်တဲ့ပုဂ္ဂိုလ်ဟာ ရွှေတုလိုပဲ မှတ်ရမယ်။

သောတာပန် ပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထားက (၂) ခုရှိတယ်။ သူသိတဲ့တရားကို တလောကလုံးက လူတွေသိစေချင်တယ်။ သူ့ရဲ့အရည်အချင်းကို ရွှေအိုးလို ဝှက်ထားချင်တယ်။ သူ့လိုတော့ ဖြစ်စေချင်တယ်။ သို့သော် သူ ဒီအရည်အချင်းတွေရှိပါတယ်ဆိုတာတော့ မပြဘူး။ ဒါပြောတာနော်။ အဲဒါ သောတာပန် ပုဂ္ဂိုလ်ရဲ့ စိတ်ဓါတ်ပဲ။ သူတော်ကောင်းရဲ့ စိတ်ဓါတ်ကလည်း အဲဒီအတိုင်းရှိတယ်လို့ ပြောတာ။ သူတော်စင်ဖြစ်လို့ တရားဓမ္မသိသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကိုယ်အမူအရာ, နှုတ်အမူအရာသည် ဆောင့်ကြွားကြွားမရှိဘဲ ငြိမ်သက်အေးချမ်းတဲ့ အမူအရာရှိလာတယ်ဆိုတာ ထင်ရှားတယ်။

အိန္ဒိယနိုင်ငံမှာ တတိယသံဂါယနာတင်တဲ့ အသောကမင်းကြီးဟာ ယခင်က ဗုဒ္ဓဘာသာမဟုတ်ဘူး, နေ့စဉ်နှင့်အမျှ ဗြာဟ္မဏတွေကို ပင့်ဖိတ်ပြီးတော့ ကျွေးမွေးဧည့်ခံတဲ့ ဗြာဟ္မဏဘာသာဝင်တစ်ဦးပေါ့။ သို့သော် အစဉ်အလာအရ ဗြာဟ္မဏတွေကို ကိုးကွယ်
စာမျက်နှာ-၁၆
နေရသော်လည်းပဲ စိတ်ထဲမှာ မကျေနပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗြာဟ္မဏတွေရဲ့ အမူအရာကို ကြည့်လိုက်ရင် တည်ငြိမ်အေးဆေးမှုမရှိဘူး။ စကားလည်းပြောချင်ရာပြောကြတယ်။ အမူအရာလည်း ငြိမ်သက်မှုမရှိဘူး။ လူကိုကြည့်လိုက်ရင် တရားရတဲ့သူနှင့် တရားမရတဲ့သူ သိပ်ကွာတယ်။ နှုတ်ကိုထိန်းသိမ်းမှုမရှိဘူး။ နှုတ်ထိန်းသိမ်းမှုမရှိတာ စိတ်ထိန်းသိမ်းမှုမရှိလို့ပဲ။ ကိုယ်အမူအရာ ထိန်းသိမ်းမှုမရှိဘူး။ ကိုယ်အမူအရာထိန်းသိမ်းမှုမရှိတာလည်း စိတ်ရဲ့ငြိမ်းချမ်းမှုမရှိလို့ပဲ။ အဲဒီလို ကိုယ်အမူအရာငြိမ်သက်သွားတယ်, နှုတ်အမူအရာ ငြိမ်သက်သွားတယ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ တရားထူး, တရားမြတ်ရှိတယ်လို့ အကဲခတ်လို့ရတယ်ပေါ့။

တစ်နေ့ကျတော့ နိဂြောဓသာမဏေဆိုတဲ့ ခုနှစ်နှစ်အရွယ် ကိုရင်လေးတစ်ပါး နန်းရင်ပြင်က ဖြတ်ပြီး ဆွမ်းခံကြွသွားတယ်။ ကိုရင်လေးပေမယ်လို့ ကြည့်လိုက်တဲ့အခါ သွားတာလာတာ အလွန်ဣန္ဒြေရတယ်။ ပြောတာဆိုတာ ဣန္ဒြေရတယ်, လူကိုကြည့်လိုက်လျှင် သိတယ်လေ။ ပြောတာဆိုတာ ဣန္ဒြေရသလား, မျက်နှာပိုးသေသလား။ နေတာထိုင်တာ သေသေသပ်သပ်ရှိရဲ့
စာမျက်နှာ-၁၇
လားလို့ ကြည့်လိုက်လျှင် တစ်ယောက်နှင့်တစ်ယောက် မတူဘူး။ အဲဒီလို နန်းရင်ပြင်က ဖြတ်သွားတဲ့ နိဂြောဓသာမဏေလေးကို မြင်လိုက်တဲ့အခါ အသောကမင်းကြီးက ဘယ်လိုတွေးမိသလဲဆိုလျှင် “ကြည့်စမ်းပါ, ကလေး။ ဒီပြင်ကလေးတွေလို ပြေးလွှား, ခုန်ပေါက်, ဆော့ကစားတဲ့အမူအရာ လုံးဝမရှိဘူး။ တကယ့်ကို လူကြီးဣန္ဒြေနှင့် မထေရ်ကြီးတစ်ပါး ကြွသွားသလို စက္ကူချပြီး သူ့လမ်းသူ ငြိမ်ငြိမ်သက်သက် လျှောက်သွားတာ, ဆော့ကစားတဲ့ကလေးအရွယ် ဒီလောက်ငြိမ်သက်နေတယ်ဆိုတာ သူ့ရဲ့နှလုံးသားထဲမှာ ထူးခြားတဲ့တရားရှိလောက်တယ်” တဲ့။ ဒီအတွေးမျိုး သူတွေးလိုက်တယ်။

အဲဒီလိုတွေးလိုက်တာနှင့်တပြိုင်နက် သဘောပေါက်သွားပြီ, ဒီကိုရင်ကလေးနှလုံးသားထဲ တရားရှိမရှိ သူသိချင်လာတယ်။ ဒါကြောင့် နန်းတော်ကို ပင့်တယ်။ ကိုရင်လေးက နန်းတော်ကိုရောက်လာတဲ့အခါ သူ့ထက်ကြီးတဲ့ရဟန်းရှိမရှိ ကြည့်ပြီး မရှိလို့ ရှင်ဘုရင်ထိုင်တဲ့ ရာဇပလ္လင်ပေါ်ထိုင်လိုက်တယ်, အသောကမင်းကြီးက သိပ်သဘောကျသွားတယ်။ အမူအရာကြည့်တာနှင့်
စာမျက်နှာ-၁၈
ရင်ထဲက တရားကို ခန့်မှန်းနိုင်သွားပြီ။ ဒါကြောင့် ဒီကိုရင်လေးအကြောင်းကို မေးမြန်းစုံစမ်းပြီး နောက်ဆုံး သူ့ကို တရားလေးတစ်ပုဒ် ဟောပါဆိုတော့ ကိုရင်လေးက သူသိတဲ့ တရား ဟောတယ်။

“အပ္ပမာဒေါ = မမေ့မလျော့ခြင်းတရားသည်၊ အမတပဒံ = မသေရာနိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်၏။
ပမာဒေါ = မေ့လျော့ခြင်းတရားသည်၊ မစ္စုနော ပဒံ = သေခြင်းသို့ ရောက်ကြောင်း ဖြစ်၏။”

မြတ်စွာဘုရားက ဟောတယ်တဲ့။ ကာမဂုဏ် အာရုံတွေထဲမှာ စိတ်ဝင်စားနေတာကို ပမာဒလို့ ခေါ်တယ်။ ပမာဒ-မေ့လျော့တယ်ဆိုတာ တခြားဘာမှမလုပ်ဘဲ မေ့နေတာ။ အရပ်ထဲကလူတွေ ပြောကြတယ်။ “ဟာ-ငါသွားစရာရှိတယ်။ မေ့နေလိုက်တာ” အဲဒီအမေ့မျိုးကို ပြောတာမဟုတ်ဘူး။ မေ့တယ်ဆိုတာ ဘာလဲဆိုလျှင် ကာမဂုဏ်ကိစ္စ၊ အပျော်အပါးကိစ္စတွေထဲ စိတ်ကိုလွှတ်ထားတာ၊ တရားဓမ္မဘက်ကို လှည့်တောင်မကြည့်ဘူး။ အဲဒါကို မေ့နေတယ်လို့ ခေါ်တယ်။ အလုပ်ကိစ္စတွေနှင့်ပဲ နစ်မြုပ်ထားတာကို မေ့နေတယ်လို့ ခေါ်တယ်။

မြတ်စွာဘုရားဆိုလိုတာက အပ္ပမာဒဆိုတာ ကာမဂုဏ်အာရုံထဲမှာ စိတ်ကို နှစ်မြှုပ်မထားဘူးတဲ့။
စာမျက်နှာ-၁၉
ကာမဂုဏ်အာရုံတွေဆိုတာ ဘာလဲဆိုလျှင် နေ့စဉ်နှင့်အမျှ လူ့ဘဝမှာ စား၊ ဝတ်၊ နေရေး ကိစ္စတွေပဲ လုပ်တယ်။ မိသားစုကိစ္စတွေပဲ လုပ်တယ်။ စီးပွားရေးကိစ္စတွေပဲ လုပ်တယ်။ တခြားကိစ္စတွေပဲ လုပ်တယ်။ ကုသိုလ်ကောင်းမှုဘက်ကို စိတ်လုံးဝမလှည့်ဘူး၊ အဲဒီလို သာမန်ကိစ္စတွေထဲမှာ စိတ်ကို နှစ်မြုပ်ထားတာကို မေ့တယ်လို့ပြောတာ၊ ပမာဒဆိုတာ အဲဒါကိုပြောတာ။

အပ္ပမာဒဆိုတာ အဲဒါရဲ့ ဆန့်ကျင်ဘက် ကုသိုလ်ကောင်းမှုလုပ်ဖို့ စိတ်ကိုဦးတည်တယ်။ ဒါနကောင်းမှုလုပ်ဖို့ စိတ်ကိုလှည့်တယ်။ သီလဘက်ကို စိတ်ကိုလှည့်တယ်၊ သမာဓိဘက်ကို စိတ်ကိုလှည့်ထားတယ်။ ဒီကိစ္စတွေက ပိုအရေးကြီးတယ်လို့ သတိထားတယ်။ အဲဒါက အပ္ပမာဒပဲ။

“ပမာဒေါ = မေ့လျော့ခြင်းသည်၊ သဗ္ဗဝိပတ္တီနံ = ပျက်စီးခြင်းအလုံးစုံတို့၏၊ မူလံ = အခြေအမြစ် ဖြစ်၏။” ကာမဂုဏ်အာရုံတွေထဲမှာ စိတ်ကိုနှစ်မြှုပ်ထားတဲ့ ပမာဒဟာ ပျက်စီးမှုအားလုံးရဲ့ အခြေအမြစ်ပဲလို့ ဆိုတယ်။ ပျက်စီးမှုအားလုံးဆိုတာ ကာမဂုဏ်အာရုံထဲမှာ နှစ်မြုပ်ထားတော့ တရားဓမ္မလမ်းကြောင်းကို သွေဖယ်ပြီး နေတဲ့အတွက် အကုသိုလ်တွေလုပ်မိပြီး ဘဝတစ်ခုလုံး ပျက်စီးသွားတယ်။
စာမျက်နှာ-၂၀
သံသရာထဲ နစ်မြုပ်သွားတယ်။ ဒါက ပျက်စီးခြင်းပဲ။

အဲဒီလိုမဟုတ်ဘဲနှင့် ကာမဂုဏ်အာရုံထဲ အချိန်မဖြုန်းဘဲနှင့် တရားဓမ္မဘက်ကို ဦးတည်ပြီး သတိရတယ်၊ သတိထားတယ်။ အေး လူ့ဘဝရလာလျှင် ဒါနကောင်းမှုလည်း လုပ်ရမယ်။ သီလလည်း ဆောက်တည်ရမယ်။ ဘာဝနာလည်း လုပ်ရမယ်။ တရားဓမ္မကို မမေ့လျော့သင့်ဘူး၊ တခြားကိစ္စဆိုတာ ဘဝရလာသည့်အတွက်ကြောင့် မတတ်သာလို့ လုပ်ကြရတယ်။ တရားဓမ္မက အဓိကအလုပ်လို့ သိမြင်လာပြီဆိုရင် ဒါ “အပ္ပမာဒ” ဖြစ်လာပြီလို့ ခေါ်တယ်။

အဲဒါကို ကိုရင်လေးက ရှင်းပြီး ဟောတယ်။ “အပ္ပမာဒေါ အမတပဒံ = ကာမဂုဏ်အာရုံတွေမှ စိတ်ကိုခွာပြီး တရားဓမ္မဘက် ဦးလှည့်ပြီးနေတဲ့ အပ္ပမာဒတရားဟာ အစဉ်ထာဝရ မသေရာနိဗ္ဗာန်ရဲ့ အကြောင်းတရား ဖြစ်ပါတယ်တဲ့။ ပမာဒေါ မစ္စုနော ပဒံ = ကာမဂုဏ်အာရုံတွေထဲကို ဦးလှည့်ထားမယ်ဆိုလျှင် သံသရာထဲမှာ ခဏခဏ မွေးဖွားရတော့ ခဏခဏ သေရခြင်းရဲ့ အကြောင်း ဖြစ်ပါတယ်တဲ့။ အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ = ကာမဂုဏ်အာရုံတွေဘက်သာ
စာမျက်နှာ-၂၁
ဦးလှည့်မနေဘဲ၊ တရားဓမ္မကို ဦးလှည့်ပြီး မမေ့မလျော့နေတဲ့ ပုဂ္ဂိုလ်တွေဟာ ကုသိုလ်ကောင်းမှုရေးရာမှာ သေနေတာမဟုတ်ဘူး၊ တရားတဲ့ဘက်ကို ဦးတည်ပြီး လုပ်နေသည့်အတွက်ကြောင့် မသေတာနှင့် အတူတူပဲတဲ့။”

ဒီတရားလေးကို ဟောလိုက်တဲ့အခါ အသောကမင်းကြီးက သဘောကျပြီး ဗုဒ္ဓဘာသာဘက် ကူးပြောင်းသွားတယ်။

ကြည့်-မှန်ကန်တဲ့အတွေးနှင့် အရိယာသူမွန်တွေရဲ့ အနေအထားက အဲဒီလိုရှိတယ်။ တရားနာလိုက်သည့်အတွက်ကြောင့် ကိုယ်စိတ်ဟာ ယဉ်ကျေးလာသလား၊ လောဘတွေ နည်းလာသလား၊ ဒေါသတွေ နည်းလာသလား၊ အရင်က တစ်နေ့ကို ဆယ်ခါလောက် စိတ်ဆိုးရင် တရားနာပြီးတဲ့နောက်မှာ တစ်ခါတောင်မှ အနိုင်နိုင်ဆိုးတော့တယ်ဆိုရင် ဒါတိုးတက်မှုပဲ။ လောဘဖြစ်တဲ့၊ ဒေါသဖြစ်တဲ့ အကြိမ်တွေ နည်းလာပြီဆိုရင် ဒါတိုးတက်မှုပဲ။

မြတ်စွာဘုရားကလည်း အဲဒီ “စံ” ကို ပေးထားခဲ့တယ်။ ဘုရားဟောတရားမှန်သလား၊ မမှန်ဘူးလား
စာမျက်နှာ-၂၂
ဆိုတာ အဲဒါပဲ တိုင်းပါတဲ့။ Criterion ဆိုတဲ့ ဒီ “စံ” “မှတ်ကျောက်” ပေါ် တင်ကြည့်ပါတဲ့။ သူများကို သွားမေးဖို့မလိုဘူး၊ ကိုယ့်ရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုဟာ ကိုယ့်ပေါ်မှာသာ ရှိပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ ဒီလိုဟောထားတယ်၊ “သူများစိတ် မသိလျှင် နေပါစေ၊ ကိုယ့်စိတ်ကို သိအောင် ကြိုးစားပါ” တဲ့။

သူများစိတ်သိဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ။ များသောအားဖြင့် လူတွေက သူများအကြောင်း သိဖို့ကြိုးစားကြတာများတယ်။ ကိုယ့်အကြောင်းတော့ ကိုယ်သိတယ် ထင်တာကိုး။ အဲဒီတော့ ကိုယ့်အကြောင်း ကိုယ်သိအောင် ကြိုးစားပါ။ အထူးသဖြင့် ကိုယ့်စိတ်ကလေး ကိုယ်သိအောင် ကြိုးစားပါတဲ့။ ဒီလိုပြောတာ။

သိအောင်ကြိုးစားပါဆိုတော့ ဘာတွေသိအောင် ကြိုးစားရမှာလဲဆိုလျှင် ငါ့စိတ်ထဲမှာ တွယ်တာတဲ့၊ မက်မောတဲ့ တဏှာလောဘတွေ ဘယ်လောက်အထိ ရှိသလဲ။ ဒေါသဆိုတဲ့ စိတ်ဆိုးစိတ်မိုက်တွေ ငါ့သန္တာန်မှာ ဘယ်လောက်အထိ ရှိနေသလဲ။ ငါ့စိတ်ကလေးဟာ တည်ငြိမ်မှုကော ရှိရဲ့လား။ ကုသိုလ်
စာမျက်နှာ-၂၃
ကောင်းမှုအပေါ်မှာ တွန့်ဆုတ်မှုတွေ ရှိသလား။ တရားဓမ္မနှင့် ပတ်သက်ပြီး သံသယတွေ ရှိသလား၊ မရှိဘူးလားဆိုတာ ကိုယ့်ကိုကိုယ် အစဉ်ထာဝရ စစ်ဆေးပြီး ကြည့်ရမယ်တဲ့။

စိတ်ရဲ့အညစ်အကြေးတွေ ကိုယ့်သန္တာန်မှာ ရှိနေတာတွေ့ရလျှင် ဒီအညစ်အကြေးတွေကို ဖယ်ရှားပစ်ဖို့က အဓိကပဲ။ အဲဒီဖယ်ရှားပစ်တဲ့ နည်းလမ်းမှာလည်းပဲ နည်းလမ်းမှန်နှင့် ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်လျှင် ထိုအညစ်အကြေးတွေ လျော့သထက်လျော့၊ ပျောက်သထက်ပျောက်သွားလျှင် ဒါမှန်ကန်တဲ့တရားလို့ မှတ်ပါတဲ့။ အဲဒီလိုမဟုတ်ဘူး၊ မှားယွင်းတဲ့တရားဖြစ်လို့ ဒီ “စံ” နှုန်းနှင့် မကိုက်ညီဘူးဆိုလျှင် ဘုရားဟောတရားမဟုတ်ဘူးလို့ မှတ်ပါတဲ့။

ဒီလို မြတ်စွာဘုရားက မိထွေးတော်ဂေါတမီကို ဟောထားတာရှိတယ်။ ဘာဖြစ်လို့လဲဆိုလျှင် ဟိုလူကလည်း ဒါဘုရားဟောတဲ့တရား၊ ဒီလူကလည်း ဒါဘုရားဟောတာလို့ဆိုပြီး လာလာပြောကြမယ်။ ဟော၊ မဟော နှစ် (၂၅၀၀) ဆိုတော့ ကိုယ်တိုင်က ဘုရားမီခဲ့တာမဟုတ်ဘူး။ ကိုယ်တိုင်လည်း နာခဲ့ရတာ
စာမျက်နှာ-၂၄
မဟုတ်ဘူး။ ဘယ်လိုလုပ်ပြီး ဆုံးဖြတ်မှာတုန်း၊ သိလည်းမသိနိုင်ဘူး။ ဒီတော့ ဘာနှင့်လက်ခံရမလဲ။ လက်ခံတဲ့ နည်းလမ်းကတော့ ရှိတာပေါ့။ ဒါကြောင့် နိုင်ငံခြားသားတွေနှင့် တစ်ခါတစ်ခါတွေ့တဲ့အခါ ရာဇဝင်သမိုင်းနှင့် ပတ်သက်ပြီး မေးလာလို့ရှိရင် History is just History ပဲ။ သမိုင်းဟာ သမိုင်းပဲလို့ ပြောရတယ်။

ဆိုပါစို့-တစ်ချို့နိုင်ငံခြားသားတွေက “အဘိဓမ္မာ” ဟာ ဘုရားဟောမဟုတ်ဘူးဆိုပြီး ဘုရားဟောအဖြစ် လက်မခံလိုကြဘူး။ “အဘိဓမ္မာ” ဟာ နောက်မှရေးထားတဲ့ ကျမ်းတွေပဲလို့ သူတို့က ပြောကြတယ်။

ဘုန်းကြီးတို့က “အဘိဓမ္မာ” ကို ဘုရားဟောအဖြစ် ဘာဖြစ်လို့ လက်ခံရသလဲဆိုလျှင် အဘိဓမ္မာတရားတွေဟာ မြတ်စွာဘုရားဟောပါတယ်လို့ အားလုံးကလက်ခံထားတဲ့ သုတ္တန်တွေထဲက အဆီအနှစ်ထုတ်ပြီး ရေးထားတာတွေချည်းပဲ။ Essence of teaching မြတ်စွာဘုရားရဲ့ သင်ကြားချက် အနှစ်သာရတွေ အားလုံး သုတ္တန်မှာလာတဲ့ တရားအားလုံး အဘိဓမ္မာမှာ ရှင်းပြထားတာရှိတယ်။ ရှင်းပြထားသည့်အတွက်ကြောင့် သုတ္တန်နှင့် အဘိဓမ္မာဟာ ကွဲပြားခြားနားမှု မရှိဘူး။
စာမျက်နှာ-၂၅
သုတ္တန်ထဲမှာ ကြည့်လို့မပြည့်စုံတဲ့အချက်ကို အဘိဓမ္မာထဲမှာ ကြည့်လျှင် ပြည့်ပြည့်စုံစုံသိရတယ်။

ဒါကြောင့် ဘုရားဟော ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာထက် ပိုအရေးကြီးတာကတော့ တရားကိုနာယူပြီး ကျင့်သုံးလို့ အကျိုးရှိသလား၊ မရှိဘူးလားက ပိုအရေးကြီးပါတယ်တဲ့။ ဒီလိုကိစ္စမျိုးမှာ မြတ်စွာဘုရားက ဟောထားခဲ့တာရှိတယ်။ အဂ္ဂိဝစ္ဆသုတ်မှာ ကြည့်တဲ့။

ရှေးတုန်းက အဝေးကပစ်တဲ့ လက်နက်ဟာ များပဲရှိတာပေါ့။ (အခုခေတ်တော့ သေနတ်ပေါ့နော်)။ ရှေးတုန်းက အဝေးကပစ်လိုက်တဲ့ မြှားအမှန်ခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘာအရေးအကြီးဆုံးလဲဆိုလျှင် အဲဒီမြှားကို နှုတ်ပစ်ဖို့နှင့်၊ ဆေးကုဖို့က အရေးမကြီးဘူးလား? အရေးကြီးဆုံးက အဲဒါပဲနော်။ မြားဘယ်သူပစ်တာလဲဆိုတာက အရေးမကြီးဘူး။ ဒီမြှားတံဟာ ဘာသားနှင့်လုပ်ထားတာလဲဆိုတာလည်း အရေးမကြီးဘူး။ ဘယ်နေရာက ပစ်လိုက်တာလဲဆိုတာလည်း အရေးမကြီးဘူး။ အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်မှာ စူးနေတဲ့မြားကို မြန်မြန်နှုတ်ပစ်ပြီး ရောဂါပျောက်ဖို့က အရေးကြီးတယ်တဲ့။
စာမျက်နှာ-၂၆
အဲဒါ ဘာကိုပြောသလဲဆိုလျှင် အဘိဓမ္မာကို ဘုရားဟောတယ်၊ ဘုရားမဟောဘူး၊ ဟောတယ်၊ မဟောဘူးက အရေးမကြီးဘူးတဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀) က ကိစ္စဖြစ်တယ်။ အရေးကြီးဆုံးက ဘာလဲဆိုလျှင် ကိုယ့်မှာစူးနေတဲ့ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ မြှားနှုတ်ဖို့က အရေးကြီးတာတဲ့။ အရေးကြီးတဲ့ကိစ္စမလုပ်ဘဲနှင့် အရေးမကြီးတဲ့ကိစ္စ သွားလုပ်နေလျှင် အကျိုးရှိမှာမဟုတ်ဘူး။

မြတ်စွာဘုရားက သံသရာအစကို မရှာတာလည်း အဲဒီသဘောပဲ။ တစ်ချို့ကပြောတယ်၊ ဂေါတမမြတ်စွာဘုရားက အရာအားလုံးကို သိတယ်လို့ ပြောတယ်တဲ့။ မသိပါဘူး။ ဘာလို့တုန်းဆိုရင် သံသရာအစမသိလို့တဲ့။ မြတ်စွာဘုရားကိုယ်တိုင်က သံသရာအစမရှိဘူးလို့ မပြောဘူး။ မသိနိုင်ဘူးလို့ ပြောတာ။ “မသိနိုင်ဘူးနှင့် မရှိဘူး” က အဓိပ္ပာယ် တခြားစီပဲ။ အနမတဂ္ဂဆိုတဲ့ ပါဠိရဲ့အဓိပ္ပာယ်က အမတ+အဂ္ဂ-အစကို မသိနိုင်ဘူးလို့ ပြောတာ။ နောက်တစ်နည်းက အနု+အမတ+အဂ္ဂ - အနု-နောက်ကြောင်းပြန်ပြီး လျှောက်ရှာလျှင် အဂ္ဂ-အစကို အ-မတ-မသိနိုင်ဘူးတဲ့။
စာမျက်နှာ-၂၇
ဒီလိုပြောတာ။

နောက်ကြောင်းပြန်လှည့်ပြီး ရှာလျှင် အစကိုရှာလို့ရမှာမဟုတ်ဘူး။ ကိုယ့်မျိုးရိုးကလေးတင် ရှာကြည့်ပါဘူး။ ကိုယ့်အမေပဲ ရှာကြည့်ပါဦး၊ အမေပြီးရင် အမေ့အမေကိုရှာ၊ အမေ့အမေပြီးရင် အဲဒီအမေ့အမေကို ရှာ။ အဲဒီအမေ့အမေတွေ ရှာနေရင် ဘယ်တော့ဆုံးမတုန်း၊ မဆုံးဘူး။ အားလုံးအမေတိုင်းဟာ အမေရှိခဲ့တာချည်းပဲ။

မြတ်စွာဘုရားက အနမတဂ္ဂသံယုတ်မှာ ဥပမာပေးထားတာရှိတယ်၊ “ဟောဒီကမ္ဘာမြေကြီးက မြေသားတွေကိုယူပြီး ဆီးသီးလောက် အလုံးကလေးတွေလုံး (ဆီးသီးဆိုတာ ဗမာဆီးသီးရိုးရိုးဖြစ်မယ်။ ယိုးဒယားဇီးသီး အကြီးကြီးပြောတာ မဟုတ်ဘူး)။ ဒါကအမေ။ ဒါကအမေ့အမေ၊ ဒါကအမေ့အမေရဲ့ အမေ၊ အဲဒီလိုချပြီး ရေတွက်ရင် ကမ္ဘာမြေကြီးကို လုံးထားတဲ့ ဆီးသီးလုံးလေးတွေသာ ကုန်သွားမယ်၊ အမေစာရင်းမကုန်သေးဘူး” လို့ပြောတာ၊ အနမတဂ္ဂဆိုတာ အဲဒီအဓိပ္ပာယ်ပြောတာ။

အဲဒီတော့ သံသရာအစမသိနိုင်တာကို
စာမျက်နှာ-၂၈
မသိနိုင်မှန်း သိတာဟာ သိတာပေါ့။ မြတ်စွာဘုရားက အကျိုးမရှိတဲ့အလုပ်ကို ဘယ်တော့မှမလုပ်ဘူး။ ဒါကြောင့် မာလုကျပုတ္တရဟန်းကို ပြောတယ်။ ဒါတွေလိုက်ရှာနေလို့ လောဘကင်းဖို့၊ ဒေါသကင်းဖို့၊ မောဟကင်းဖို့ မဖြစ်နိုင်ဘူးတဲ့။ အရေးကြီးဆုံးက ကိုယ့်သန္တာန်မှာ လောင်နေတဲ့မီး ငြိမ်းဖို့က အရေးကြီးတာတဲ့။ ကိုယ့်ရင်ဝ စူးနေတဲ့မြား နှုတ်ဖို့က အရေးကြီးတာ။ ဒါတွေလိုက်ပြီး အငြင်းပွားနေဖို့ အကျိုးမရှိဘူးတဲ့။

အငြင်းပွားမှုက မလုပ်အပ်တဲ့အလုပ်ပဲတဲ့။ ဟိုဟာရှိတယ်၊ ဟိုဟာမရှိဘူးလို့ ငြင်းနေမဲ့အစား ကိုယ်လုပ်သင့်တာဘာလဲဆိုလျှင် ကိုယ့်သန္တာန်မှာ လောဘရှိသလား၊ လောဘမရှိဘူးလား၊ အဲဒါပဲ စစ်ဆေးသင့်တယ်။ အဲဒီလိုမစစ်ဆေးဘဲ History က အကြောင်းအရာတွေကြည့်ပြီး ဘယ်သူရှိခဲ့တယ်၊ ဘယ်သူမရှိဘူး ငြင်းနေတာ အငြင်းပဲဖြစ်မှာပဲ။ ဘာမှလည်း တန်ဖိုးရှိမှာမဟုတ်ဘူး။

မြတ်စွာဘုရား တရားတော်တွေမှာ Criterion အဖြစ် ဟောထားခဲ့တာတွေရှိတယ်။ မဟာပဒေသ လေးပါးဆိုပြီး မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီးမှာ
စာမျက်နှာ-၂၉
ဟောထားတယ်။ မဟာပဒေသဆိုတာ တကယ့်အရေးတကြီး ပုဂ္ဂိုလ်တွေကို ရည်ညွှန်းပြီး ပြောလာလျှင်၊ ဆိုပါစို့-ပုဂ္ဂိုလ်တစ်ပါးက တင်ပြလာမယ်။ “ဒါဟာ မြတ်စွာဘုရားဟောတဲ့တရား။ ဘုရားထံက သူကိုယ်တိုင်နာခဲ့ရတယ်” လို့ (ဒါ ဘုရားကိုညွှန်းပြောတာလေ၊ ဘုရားဆီက သူကိုယ်တိုင်နာခဲ့တယ်ဆိုတော့ တော်တော်သေချာနေပြီ) အဲဒီလိုပြောလာလျှင်တောင် လက်မခံနဲ့ဦးတဲ့။ အငြင်းပွားမှုမရှိအောင် ပြောလာသည့်တရားသည် လက်တွေ့နှင့် ကိုက်ညီမှုရှိသလားလို့ သုတ္တဝိနယမှာ ချပြီးကြည့်၊ လက်တွေ့နှင့် ကိုက်ညီမှုမရှိလျှင် ထိုပုဂ္ဂိုလ်ရဲ့ တင်ပြချက်ကို အမှားလို့သာမှတ်ပါတဲ့။ ငါဘုရားဟောတဲ့တရားမဟုတ်ဘူးတဲ့။

Representation ဆိုတဲ့ တစ်ဆင့်ပြန်ပြောပြတဲ့ စကားတွေဟာ လွဲမှားမှုတွေ အများကြီးဖြစ်နိုင်တယ်။ ဒါကြောင့် မြတ်စွာဘုရားက သေချာတဲ့လမ်းမှ လွဲချော်သွားမှာစိုးလို့ ဟောဒီမဟာပဒေသလေးပါးကို ဟောခဲ့တယ်။ ကြည့်-ဘုရားကို ရည်ညွှန်းပြီးပြောတဲ့စကားတောင်မှ ဘုရားက လက်မခံနှင့်၊ ညှိကြည့်ဦးတဲ့။ ညှိကြည့်လို့ သုတ်ထဲမှာဟောတဲ့တရားတွေပဲ၊ တခြားတရားတွေ
စာမျက်နှာ-၃၀
နှင့်လည်း ဘောင်ဝင်တယ်။ တကယ်လက်တွေ့လည်း ကျတယ်။ လက်တွေ့မှာလည်း တကယ်အကျိုးရှိပြီဆိုလျှင် အဲဒီအခါကျ လက်ခံလိုက်တဲ့။

နောက်တစ်ချက်က-တကယ့်စာတတ်ပေတတ် မထေရ်ကြီးတွေ၊ ပုဂ္ဂိုလ်ကြီးတွေပါဝင်တဲ့ သံဃအဖွဲ့အစည်းကြီးတစ်ရပ်က ပြောတဲ့စကားပါဆိုလျှင်တောင်မှ လက်မခံလိုက်နှင့်ဦးတဲ့။ သူပြောတဲ့စကားဟာ ဟုတ်မဟုတ် ဘုရားဟောကျမ်းဂန်နှင့် သို့မဟုတ် လက်တွေ့နှင့် ညှိနှိုင်းပြီးတော့ကြည့်တဲ့။ မှန်ပြီဆိုမှ လက်ခံတဲ့။ ဒါ-ဒုတိယအချက်ပဲ။

တတိယအချက်ကတော့ ကျောင်းတိုက်ကြီးတစ်တိုက်မှာရှိတဲ့ စာတတ်ပေတတ် ကိုယ်တော်တွေ အများစုက ဒါ-ဘုရားဟောပါလို့ ပြောလာလျှင် ဟုတ်မဟုတ်ကို စာပေကျမ်းဂန်နှင့် နှိုင်းယှဉ် သို့မဟုတ် လက်တွေ့နှင့် ကြည့်ပြီးမှသာလျှင် လက်ခံရမယ်လို့ ဒီလိုဟောတယ်။

နောက်ဆုံးတစ်ခုကျတော့ စာတတ်ပေတတ် ပုဂ္ဂိုလ်တစ်ဦးကပြောတဲ့ စကားဖြစ်ပေမယ့် အမှန်လို့ ယူဆလို့မရဘူးတဲ့။ ဘာလို့လည်းဆိုလျှင် မြတ်စွာဘုရား
စာမျက်နှာ-၃၁
ဟောတဲ့တရားနှင့် ကိုက်မကိုက်၊ လက်တွေ့ကျင့်သုံးမှုနှင့် ကိုက်မကိုက် ဒါတွေကို ပြန်ညှိနှိုင်းပြီးမှသာ လက်ခံရမယ်လို့ မြတ်စွာဘုရားက ကုသိနာရုံအသွားမှာ ဘောဂနဂရမြို့ အာနန္ဒစေတီအနီးမှာ ဒီစကားကို ခဏခဏ ဟောခဲ့တယ်။

ရှေ့ပိုင်းသာသနာမှာတောင် Points of Controversy ဆိုတာတွေ ပေါ်လာသေးတာ၊ နောက်ပိုင်းသာသနာမှာ ပိုပြီးတော့တောင် ပေါ်လာစရာအကြောင်းရှိတယ်တဲ့။ ဒါကြောင့် အငြင်းပွားမှုဆိုတာတွေကို ရှောင်ရှားပြီး အရေးကြီးတဲ့အလုပ်ပဲလုပ်ဖို့ လိုအပ်တယ်တဲ့။

ခုနကပြောသလိုပဲ မြှားနဲ့ပစ်လိုက်လျှင် ဘယ်သူကပစ်တဲ့မြှားလည်း၊ ဘာသားနှင့်လုပ်တဲ့မြှားလည်း အဲဒါတွေမသိမချင်း ဒီမြှားကို အနုတ်မခံဘူးဆိုတာမျိုး မဖြစ်စေနှင့်တဲ့။ ကိုယ့်သန္တာန်မှာ စူးဝင်နေတဲ့မြား ကျွတ်ဖို့က အရေးကြီးတယ်။ ဘယ်သူကပစ်ပစ်၊ ဘာသားနှင့်လုပ်ထားတာပဲဖြစ်ဖြစ် မြှားနှုတ်ဖို့က အရေးကြီးတယ်ပေါ့။
စာမျက်နှာ-၃၂
ဒါကြောင့်မို့ တရားဓမ္မနှင့် ပတ်သက်ပြီး လွဲချော်မှုမရှိတဲ့ အကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး မလွဲတဲ့လမ်းက လျှောက်တာကို သေချာတဲ့လမ်းက လျှောက်လှမ်းတယ်လို့ ဒီလိုပြောတယ်။

အေး-မြတ်စွာဘုရားရဲ့ နိဗ္ဗာန်ခရီးကို လျှောက်လှမ်းတဲ့ ပုဂ္ဂိုလ်တွေမှာ သေချာတဲ့လမ်းဆိုတာရှိတယ်။ အင်္ဂုတ္တရနိကာယ်မှာ “အပဏ္ဏကပဋိပဒါ” တဲ့။ နိဗ္ဗာန်လမ်းမပေါ်တက်ပြီ၊ တရားထူးတရားမြတ်ကို ရချင်ပြီ (သို့မဟုတ်) သံသရာခရီးမှာ ဖြောင့်တန်းတဲ့လမ်းကို သွားချင်တယ်ဆိုလျှင် အဲဒီလမ်းကြောင်းဟာ တစ်ခုတည်းသောလမ်းပဲ။ အဲဒီလမ်းကနေလျှောက်လို့ ဆိုလိုတာ။

အပဏ္ဏကကျင့်စဉ် သုံးမျိုးကို မြတ်စွာဘုရား ဟောထားတာရှိတယ်။ နံပါတ်တစ်က ဣန္ဒြိယသံဝရ။ ဣန္ဒြိယသံဝရဆိုတာ ဗမာလိုပြောတော့ ဣနြေကို စောင့်ထိန်းခြင်းလို့ ပြောတယ်။ အရပ်ထဲမှာ ပြောနေတဲ့ “ဒီလူကလည်း ဣနြေမရှိလိုက်တာ” ဆိုတဲ့ဟာမျိုးနဲ့ မဆိုင်ဘူးနော်။ ခပ်တည်တည်ကြီး ထိုင်နေတာကိုလည်း ဣနြေလို့ပြောတာမဟုတ်ဘူးနော်၊
စာမျက်နှာ-၃၃
မျက်စိကမြင်ပြီး အကုသိုလ်မဖြစ်အောင် ထိန်းတာကို ပြောတာ။ နားကကြားပြီး အကုသိုလ်မဖြစ်အောင် ထိန်းတာကို ပြောတာ။ လောကမှာ လူတွေနေ့စဉ် မျက်စိကမြင်ပြီး အကုသိုလ်ဖြစ်တယ်။ ကိုယ်မကြိုက်တာမြင်ရင် ဒေါသဖြစ်တယ်။ ကြိုက်တာမြင်လျှင် လောဘဖြစ်တယ်။ လောဘ၊ ဒေါသ မဖြစ်ရင် မောဟဖြစ်တယ်။ အာရုံရဲ့သဘာဝကို သတ်မှတ်ပိုင်းခြားနိုင်စွမ်းမရှိသည့်အတွက်ကြောင့် ထိုအာရုံပေါ်မှာ နှစ်မျောသွားတာ။

သာမန်ပုဂ္ဂိုလ်တွေ မျက်စိကမြင်လိုက်လျှင် အမြင်အာရုံပေါ်မှာ အတွေးတွေဝင်လာပြီး လောဘဖြစ်တယ်၊ ဒေါသဖြစ်တယ်။ မြင်ပြီဆိုလျှင် မြင်တဲ့အာရုံပေါ်မှာတွေးတယ်။ နောက်-အကြားအာရုံပေါ်မှာလည်းတွေးတယ်။ နှာခေါင်းက အနံ့ရလျှင်လည်း အနံ့ပေါ်မှာတွေးတယ်။ လျှာက အရသာခံလျှင်လည်း အရသာအာရုံပေါ်မှာတွေးတယ်။ ခန္ဓာကိုယ်က အထိအတွေ့ကိုလည်းတွေးတယ်။ စိတ်ထဲက အတွေးအာရုံကိုလည်း ထပ်ဆင့်တွေးတယ်။ အဲဒီအာရုံအပေါ်မှာ လောဘမဖြစ်အောင် ထိန်းတာ၊ ဒေါသ မဖြစ်အောင်
စာမျက်နှာ-၃၄
ထိန်းတာကို ဣနြေကို ထိန်းတယ်လို့ပြောတာ။ အဲဒီလမ်းကြောင်း မလျှောက်ဘဲနှင့် နိဗ္ဗာန်လမ်းကြောင်းပေါ် မရောက်နိုင်ဘူးတဲ့။ ဒါလက်တွေ့ကျင့်သုံးရမယ့်ကိစ္စတစ်ခုပဲ။ ဒါကို စာပေအနေနှင့် “ဣန္ဒြိယသံဝရ” လို့ခေါ်တယ်။

ဣနြေယဆိုတာ ဗမာလိုဘာသာမပြန်ဘူး။ ဣနြေလို့ပဲသုံးတယ်။ အဓိပ္ပာယ်မပေါ်ဘူး ဖြစ်နေတယ်။ ဣန္ဒြိယဆိုတာ စိုးပိုင်မှုကိုပြောတာ။ ဘာကိုပိုင်စိုးတာလဲဆိုလျှင် မျက်စိက စက္ခုဝိညာဏ်စိတ်ကို မြင်ခြင်းကိစ္စ၌ စိုးပိုင်တယ်။

စက္ခုဆိုတာ စက္ခုပသာဒ ရုပ်ကလေးကိုပြောတာ။ စက္ခုပသာဒ ရုပ်ကလေးကိုမှီပြီး ဖြစ်ပေါ်လာတဲ့စိတ်ကို ပိုင်စိုးတယ်။ ဘယ်လိုပိုင်စိုးသလဲဆိုလျှင် မျက်လုံးကကြည်လျှင် စိတ်ကပီပြင်တယ်။ မျက်လုံးကမကြည်လျှင် စိတ်ကမပီပြင်ဘူး။ ဒီလိုဟာမျိုးကို ပြောတာ။ ဥပမာအားဖြင့် မှန်သည် အရိပ်ထင်တဲ့ ရုပ်ပုံကို ပိုင်စိုးထားတယ်၊ မှန်ကကြည်လျှင် အရုပ်ဟာ ကြည်လင်ပြတ်သားတယ်။ မှန်-မကြည်လျှင် အရုပ်က ကြည်လင်ပြတ်သားမှုမရှိဘူး။ အဲဒီတော့ သူက စိုးပိုင်ထားတာ
စာမျက်နှာ-၃၅
ချုပ်ကိုင်ထားတာကို ပြောတာ။ အဲဒါကို ဣနြေလို့ခေါ်တာ။ “ဣန္ဒြိယပစ္စယော” ဆိုတာလည်း အဲဒီဟာကို ဆိုလိုတယ်။

အမြင်ကိစ္စမှာ မျက်စိက အဓိကဖြစ်တယ်။ မျက်စိမရှိလျှင် မမြင်ရတော့ဘူး၊ အကြားကိစ္စမှာ နားကအဓိက၊ အနံ့ကိစ္စမှာ နှာခေါင်းက အဓိက၊ အတွေးကိစ္စမှာ စိတ်ကအဓိက၊ အဲဒီအဓိကဖြစ်တဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ ဣနြေ (၆) ပါးနဲ့ ပတ်သက်ပြီး လောဘမဖြစ်အောင်၊ ဒေါသ မဖြစ်အောင် ထိန်းချုပ်မှုကို ဣန္ဒြိယသံဝရလို့ခေါ်တယ်တဲ့။ ဒါကလေ့ကျင့်ပြီး ယူရမှာ။

လေ့ကျင့်တယ်ဆိုတဲ့ သဘောက ဆိုပါစို့၊ မလေ့ကျင့်တဲ့ပုဂ္ဂိုလ်က ဆယ်ခါမြင်လျှင် ဆယ်ခါစလုံး လောဘဖြစ်ချင်ဖြစ်မယ်။ ဒေါသဖြစ်ချင်ဖြစ်မယ်၊ ဟော-လေ့ကျင့်ထားတဲ့ပုဂ္ဂိုလ်က ဆယ်ခါမြင်ရင် ကိုးခါလောက်ပဲ သတိလွတ်ပြီး လောဘ၊ ဒေါသ ဖြစ်မယ်။ တစ်ကြိမ်တော့ ကောင်းသွားမယ်။ ဒီထက်ပိုပြီး လေ့ကျင့်လျှင် ရှစ်ခါလောက်ပဲ လောဘ၊ ဒေါသဖြစ်မယ်၊ နှစ်ခါလောက်က ကောင်းသွားမယ်၊ လောဘ၊ ဒေါသ မဖြစ်ဘူး။
စာမျက်နှာ-၃၆
တဖြည်းဖြည်း လေ့ကျင့်သွားတဲ့အခါ လောဘ၊ ဒေါသ မဖြစ်တဲ့ အကြိမ်က များပြီး ဖြစ်တဲ့အကြိမ်က နည်းနည်းသွားမယ်။ ဒါ လေ့ကျင့်တယ်လို့ ခေါ်တယ်။ ဘာဝနာဆိုတဲ့ အဓိပ္ပာယ်ကလည်း အဲဒါကို ပြောတာ။

ဘာဝနာဆိုတာ ဖြစ်စေတာနဲ့ ပွားအောင်လုပ်တာ။ အဲဒီနှစ်ခု၊ မြတ်စွာဘုရားလို အဆင့်အမြင့်ဆုံး Perfect ဖြစ်သွားပြီဆိုရင် မျက်စိက ကောင်းတာမြင်လို့လည်း လောဘ မဖြစ်တော့ဘူး၊ မကောင်းတာမြင်လို့လည်း ဒေါသ မဖြစ်တော့ဘူး။ ဘာကြောင့် မဖြစ်တာလဲဆိုရင် အာရုံတွေကို မြတ်စွာဘုရားက ရှင်းရှင်းလင်းလင်း သိပြီးသား ဖြစ်သွားလို့တဲ့။

ပုထုဇဉ်တွေက အဲဒီလို မသိတော့ အာရုံတွေမှာ နှစ်မျောသွားတယ်။ နှစ်မျောသွားပြီး အာရုံတွေပေါ်မှာ လောဘဖြစ်လိုက်၊ ဒေါသဖြစ်လိုက်နဲ့ နေတာ။ မြတ်စွာဘုရားကတော့ အဲဒီအာရုံကို ကျကျနန သိထားပြီးဖြစ်တဲ့အတွက်ကြောင့် လောဘ၊ ဒေါသ ဖြစ်စရာအကြောင်း မရှိတော့ဘူး။ ဒါက အပြင်ဘက်က အကြောင်း၊ အတွင်းဘက်ကနေလည်း လောဘ၊ ဒေါသဖြစ်စရာ အနုသယဓါတ်နေနှင့်ကို လုံးဝ မရှိတော့ဘူး။
စာမျက်နှာ-၃၇
အတွင်းစိတ်မှာလည်း ထိခိုက်စရာအကြောင်း လုံးဝ မရှိတော့ဘူး၊ အပြင်အာရုံကိုလည်း ရှင်းရှင်းလင်းလင်း သိထားပြီးပြီ။ ဟော နှစ်ခု။

ဘုန်းကြီးတို့တစ်တွေကတော့ အပြင်ကိုလည်း ရှင်းရှင်းလင်းလင်း မသိဘူး။ အတွင်းကလည်း ရှုပ်နေတယ်ဆိုတော့ မီးထပွင့်တာပေါ့။ လောဘဆိုတဲ့မီး ပွင့်လိုက်၊ ဒေါသဆိုတဲ့မီး ပွင့်လိုက် ဖြစ်နေတာပေါ့။ အဲဒါ ဣန္ဒြိယသံဝရ လို့ ခေါ်တယ်။ ဣန္ဒြေကို မစောင့်စည်းနိုင်ဘူး။ လောဘ၊ ဒေါသ၊ မောဟ အကုသိုလ် မဖြစ်အောင် ထိန်းသိမ်းနိုင်ပြီဆိုလျှင် ဣန္ဒြိယသံဝရ မှန်ကန်တဲ့လမ်းတစ်ခုကို လျှောက်နေတာ။

နောက်နံပါတ်နှစ်က ဘောဇနေမတ္တညုတာ။ ဘောဇနေမတ္တညုတာ ဆိုတာ လူတွေ အသက်ရှင်အောင် အာဟာရကို နေ့စဉ် စားသုံးနေကြရတယ်။ အဲဒီအာဟာရက သိပ်အရေးကြီးတယ်။ တရားထူး၊ တရားမြတ်ရဖို့ကလည်း အဲဒီအာဟာရက ဥပနိဿယသတ္တိအနေနှင့် ကျေးဇူးပြုတယ်။

အားလုံး ကြားဖူးကြပါလိမ့်မယ်။ မာတိကာ
စာမျက်နှာ-၃၈
ရွာတအမျိုးသမီးကြီး ကူညီစောင့်ရှောက်ပေးလို့ ရဟန်းတော်တွေ တရားထူးရသွားကြတာလေ။ သပ္ပါယဖြစ်တဲ့အာဟာရနှင့် သပ္ပါယမဖြစ်တဲ့အာဟာရဆိုပြီး နှစ်မျိုးရှိတယ်။ သပ္ပါယဆိုတာ မိမိအတွက် အကျိုးဖြစ်ထွန်းတဲ့ အာဟာရမျိုးကို ခေါ်တယ်။ အသပ္ပါယဆိုတာ အကျိုးမဖြစ်ထွန်းဘူး။ အကျိုးဖြစ်ထွန်းတဲ့ အာဟာရကို စားတဲ့အခါ အသိဉာဏ်က ပိုပွင့်လင်းလာပြီး တရားသဘောကို ပိုပြီးသဘောပေါက်လာတယ်။

အာဟာရကိုမှီပြီး လူရဲ့အသက်ဟာ တည်နေရတာ ဖြစ်သောကြောင့် အာဟာရကို စားရတယ်။ အဲဒီလို စားသုံးတဲ့အခါမှာ မြတ်စွာဘုရားက မတ္တညုတာ - အတိုင်းအတာကို သိပါတဲ့။ အဲဒါ ဘာကိုပြောတာလဲဆိုလျှင်

လောကလူတွေက အစာကို စားတဲ့အခါ အစာရဲ့အကျိုးပြုမှုဆိုတဲ့ အဓိကအချက်ကို မျက်ကွယ်ပြုပြီး အဓိကမဟုတ်တာကို ရှေ့တန်းတင်ကြတယ်။ အဓိကအချက်က ဘာလဲဆိုရင် အစာစားတာဟာ အသက်ရှည်ဖို့၊ အာဟာရက လူရဲ့အသက်ကို Sustain လုပ်ပေးထားတာ။ အစာမစားရလျှင် ဘယ်သူမှ အသက်မရှည်ဘူး။ အစာစားခြင်းရဲ့ အဓိကရည်ရွယ်ချက်က ခန္ဓာကိုယ်ကြီး
စာမျက်နှာ-၃၉
တည်တံ့ဖို့၊ နောက်တစ်ခုက ဆာလောင်ခြင်းကို ဖြေဖျောက်ဖို့၊ မျှမျှတတရှိဖို့၊ လုပ်နိုင်ကိုင်နိုင်ဖို့ပဲ။

အဲဒါ မူလရည်ရွယ်ချက်တွေ ပျောက်သွားပြီး ဝအောင်စားတယ်။ လှအောင်စားတယ်။ ကြိုက်လို့စားတယ်၊ ဒါမျိုးတွေ ဖြစ်လာတယ်။ ဒါကြောင့်မို့ ရဟန်းတော်တွေကတော့ ဘောဇနေမတ္တညုတာ - အစာစားတာနှင့်ပတ်သက်ပြီးတော့ မှန်ကန်တဲ့အတွေးရှိအောင်လို့ မြတ်စွာဘုရားက ဟောတယ်။

အစာစားလျှင် ရည်ရွယ်ချက်မထားရမှာတွေက နေဝ ဒဝါယ၊ န မဒါယ၊ န မဏ္ဍနာယ၊ န ဝိဘူသနာယ တဲ့။ ကလေးတွေလို ဆော့နိုင်၊ ပျော်နိုင်၊ ပါးနိုင်ဖို့ စားတာမျိုး မဖြစ်စေရဘူးတဲ့။ အစာစားပြီးတော့ အပျော်ကျူးဖို့လည်း မဟုတ်ဘူးတဲ့၊ ခန္ဓာကိုယ်လှပလာအောင်၊ အသားအရေတွေ ပြည့်ဖြိုးလာအောင် စားတာလည်း မဟုတ်ဘူးတဲ့။ အဲဒီရည်ရွယ်ချက်နှင့် မစားရဘူးတဲ့။

ရဟန်းတော်များ အစာစားသည့်အခါမှာ ဆင်ခြင်ရတယ်လေ။ “ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ မသုံးပါဘူး” တဲ့။ အဲဒီလို ရည်ရွယ်ချက်တွေ မထားတာကို
စာမျက်နှာ-၄၀
ဘောဇနေမတ္တညုတာ လို့ ခေါ်တယ်။ တိုင်းတာသတ်မှတ်ထားတဲ့အတိုင်း လောကလူတွေက အဲဒီရည်ရွယ်ချက်တွေနှင့် မစားသည့်အတွက်ကြောင့် မဖြစ်သင့်တာတွေ ဖြစ်တယ်ပေါ့။ နောက်ဆုံး အကျိုးရှိတာ မရှိတာ မကြည့်ဘဲနှင့် ကြိုက်မကြိုက်ပေါ်မှာ မူတည်ပြီး စားကြသည့်အတွက်ကြောင့် ဒီဘဝမှာတင် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်တယ်။

ရောဂါဖြစ်လျက် မတည့်တာ သွားစားတယ်။ ကိုယ်ကြိုက်တာ သွားစားတော့ ရောဂါရှိသည့်အတွက် ရောဂါတိုးပြီး အသက်တိုတယ်ပေါ့။ မကောင်းတဲ့အကျိုးတွေ ဖြစ်တာပဲ။ - “ဤသည့်စားဖွယ် အမယ်မယ်ကို မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ မသုံးပါဘူး” (ဒီလို ရည်ရွယ်ချက်မျိုးနဲ့ မစားပါဘူး) - “လေးဖြာဓါတ်ဆောင် ဤကိုယ်ကောင်သည် ရှည်အောင် တည်လျှက်” (ဒါ မူလရည်ရွယ်ချက်-အစာမစားလျှင် သေသွားမယ်၊ ဒါကြောင့်မို့ ဓါတ်လေးပါးနှင့် ဖွဲ့စည်းထားသည့် ဤခန္ဓာကိုယ်ကြီး တည်တံ့ဖို့အတွက် စားပါတယ်တဲ့)
စာမျက်နှာ-၄၁
“အသက်မျှတမ်း” တဲ့ (သက်တမ်းစေ့စေ့နေပြီး - အစာအာဟာရ ပြည့်ပြည့်ဝဝစားရရင် သက်တမ်းစေ့နေနိုင်တယ်)။ “မမောပန်းငြား” (ပင်ပင်ပန်းပန်း မရှိဘဲနှင့်)။ “ဘုရားသာသနာ ကျင့်နှစ်ဖြာကို” (ဒီ - ထားရမဲ့ရည်ရွယ်ချက်၊ ကျင့်ကြံကြိုးကုတ် အားထုတ်ရမည့် လုပ်ငန်းတွေ၊ သာသနဗြဟ္မစရိယ၊ မဂ္ဂဗြဟ္မစရိယဆိုတဲ့ အကျင့်)။ “ကျင့်ပါနိုင်စေ” (အဲဒါတွေ ကျင့်ဖို့ ရည်ရွယ်ချက်နှင့် ထားတယ်)။ ပြီးတော့ စားတဲ့အခါမှာလည်း အကန့်အသတ်ကလေး ရှိရမယ်တဲ့။ ကြိုက်တာကျတော့ ဖိစားတယ်ဆိုတာမျိုး မဖြစ်ရအောင်လို့။ “ဝေဒနာဟောင်း သစ်မဖြစ်စေရ” တဲ့ (ဝေဒနာဟောင်း - ဆိုတာ မစားဘဲနေလျှင် အစာအိမ်ရောဂါဖြစ်မယ်၊ ဆာလောင်တဲ့ရောဂါ ဖြစ်တယ်။ ပါစကဝမ်းမီးက အစာအိမ်ကို လောင်သည့်အတွက်ကြောင့် အစာအိမ်မှာ အချဉ်ပေါက်ပြီး အစာအိမ်ရောဂါဖြစ်တယ်။ အဲဒါက ဝေဒနာဟောင်း။ အဲဒါကို ငြိမ်းအောင် စားရမယ်။ ဝေဒနာသစ် - ဆိုတာ မတည့်တာ စားလို့ဖြစ်
စာမျက်နှာ-၄၂
လာတာ ဝေဒနာသစ်ပဲ။ ဒါစားလို့ ဖြစ်လာတာ။ ဒါကြောင့် ပြောကြတယ်။ ဒီနေ့ မတည့်တာ စားမိလို့ တစ်ခုခုဖြစ်တယ်။ မတည့်တာ စားလို့ သွေးတိုးသွားတယ်။ ဆီးချိုတွေ တက်သွားတယ်။ အဲဒါ ဝေဒနာအသစ်လို့ ခေါ်တယ်။ နောက်ဆုံး ဘာရောဂါမှ မရှိတဲ့လူလည်း အစားများသွားလို့ အစာမကြေဘူး၊ အော့အန်တယ်။ အဲဒါတွေ မဖြစ်စေရဘူးလို့ ဆိုလိုတယ်)။ - “ပိုက်မျှလစ်” (ခန္ဓာကိုယ် အသက်မျှမျှတတဖြစ်အောင်)။ - “ခပ်သိမ်းပြစ်ကို မဖြစ်လေအောင်” (အစားအစာနှင့်ပတ်သက်ပြီး ကိုယ့်မှာ ဘာအပြစ်မှ မရှိအောင်)။ - “ချမ်းမြေ့အောင်ဟု သုံးဆောင်မှီဝဲပါသတည်း” (သင့်တော်ရုံ အစာစားထားသည့်အတွက်ကြောင့် ခန္ဓာကိုယ်က နေလို့ထိုင်လို့ ကောင်းတယ်ပေါ့)။

မြတ်စွာဘုရားက သာသနာတော်ကြီး တည်စအခါမှာ ဘုန်းကြီးတွေကို မွန်းလွဲချိန် မစားရဘူးလို့ တစ်ခါတည်း မပညတ်ဘူး။ ရှေးသူတော်စင်တွေ ကျင့်လာတဲ့အကျင့်တစ်ခုက နံနက်အရုဏ်တက်မှ
စာမျက်နှာ-၄၃
(၁၂) နာရီအထိ နံနက်စာ တစ်ထပ်ပဲ စားတယ်လို့ ပြောတယ်။ ထမင်းက နှစ်ထပ်ရှိတယ်ပေါ့။ အခုခေတ် အနောက်တိုင်းလို Breakfast ရှိတယ်၊ Lunch ရှိတယ်၊ Dinner ရှိတယ် ပြောတယ်။ ပြောရမယ်ဆို မြတ်စွာဘုရားက (Breakfast) နံနက်စာ တစ်ခုပဲ စားတယ်။ နံနက်စာဆိုတာ (၁၀) နာရီ၊ (၁၂) နာရီအတွင်း စားတဲ့အစာ၊ ဘယ်နှစ်ခါစားစား တစ်ထပ်ပဲ စားတယ်လို့ ခေါ်တယ်။ မြတ်စွာဘုရားက ရဟန်းတွေကို နေ့လွဲ ညစာ မစားရဘူးလို့ တစ်ခါတည်း မပယ်ဘူး။

သာသနာ့ဘောင်ဝင်လာချိန်မှာ တချို့ကိုယ်တော်တွေ ညစာစားကြတယ်။ တချို့က ဆာတတ်တယ်လေ။ မနက်စာစားပြီးရင် ညစာစားကြတယ်။ နေ့လည်မှာလည်း စားတယ်၊ ညမှာလည်း စားတယ်။ နေ့ (၁၂) နာရီကျော်မှလည်း စားတယ်၊ အဲဒီလို ပုဂ္ဂိုလ်တွေရှိတယ်။ ဒီအချိန် မစားရလို့ ဥပဒေအနေနှင့် မပညတ်သေးဘူး။ သို့သော် ဩဝါဒတော့ ပေးထားတယ်။

ရှင်ဥဒါယီဆိုတဲ့ မထေရ်ကြီးတစ်ပါးဆိုလျှင် မြတ်စွာဘုရားက “ဒီနေ့ကနေစပြီး ရှင်ရဟန်းတွေ
စာမျက်နှာ-၄၄
ညစာ မစားကြနှင့်တော့ဆိုပြီး ဝိကာလဘောဇန သိက္ခာပုဒ်ကို ပညတ်လိုက်တယ်။” နေ့လည် (၁၂) နာရီကနေ နောက်တစ်ရက် အရုဏ်တက်ချိန်အထိ မစားရဘူးလို့ ပညတ်လိုက်တော့ ပထမ စိတ်ဆိုးတယ်။ လူတွေမှာက မနက်စာကို ဖြစ်သလို စားတာ၊ ညစာကမှ အကောင်းလုပ်စားတာလို့ ပြောတယ်။ အဲဒီခေတ်က လူတွေက သားနှင့် သမီးနှင့် ဝိုင်းဖွဲ့ပြီး မအိပ်ခင် ပိုပြီးကောင်းကောင်းမွန်မွန် စားကြတယ်လို့ ပြောတယ်။ အဲဒီတော့ လူ့ဘဝကလာတဲ့ ဥဒါယီက စိတ်ဆိုးတယ်။ သူစိတ်ဆိုးတယ်ဆိုတဲ့အကြောင်း ဘုရားကို ပြန်လျှောက်တယ်။ တကယ့်အကောင်းဆုံးအချိန်မှ ရွေးပယ်လေခြင်းပေါ့။ အကောင်းဆုံး ညစာမှ ဒို့မစားရလျှင် လူ့ဘဝကြီးမှာ ဘာလုပ်ဖို့လဲတဲ့။

နောက်တော့ သူက မြတ်စွာဘုရားကို ပြန်လျှောက်တယ်။ “တပည့်တော် ကျေးဇူးတင်တယ် ဘုရား” တဲ့။ ညစာစားဖို့အတွက် ညအခါ တပည့်တော် တခါ ဆွမ်းခံထွက်တယ်တဲ့။ အဲဒီညကလည်း မိုးတွေက မှောင်မည်းပြီး တက်နေတဲ့အချိန် လူတွေ ညစာစားပြီး၊ အိမ်စေကျွန်မတွေက စားသောက်ပြီးတဲ့ ပန်းကန်
စာမျက်နှာ-၄၅
ခွက်ယောက်တွေကို အိမ်အပြင်ဘက် ထွက်ဆေးကြတယ်ပေါ့။ အခုခေတ်နဲ့တော့ မတူဘူးပေါ့။ အဲဒီခေတ်က အပြင်မှာ ဆေးကြတယ်။ အဲဒီအခါမှာ မီးလည်း ရှိတာမဟုတ်ဘဲနှင့် မှောင်ကြီးထဲမှာ အိမ်မှာ ချက်ပြုတ်တဲ့ အမျိုးသမီးတစ်ယောက်က အပြင်ဘက်ထွက်ပြီး ပန်းကန်ခွက်ယောက်တွေ ဆေးနေတဲ့အနားကို ဥဒါယီက သွားပြီး ဆွမ်းရပ်တယ်တဲ့။ မိုးတွေကမှောင်၊ လျှပ်စီးတွေကလက်။ အဲဒီပန်းကန်ဆေးနေတဲ့ အမျိုးသမီးနား ဆွမ်းကျန်ဟင်းကျန်လေးများ ရမလားလို့ သွားရပ်တာကိုး။ ဟိုအမျိုးသမီးကလည်း ပန်းကန်ကို အာရုံစိုက်ပြီး ဆေးနေတဲ့အချိန် လျှပ်စီးက လက်လိုက်တော့ အနားနား မဲမဲကြီးရပ်နေတာ မြင်ပြီး “အမလေး - ဘီလူးကြီး” ဆိုပြီး လန့်အော်တယ်။ သူ့စကားနဲ့ ပြောမယ်ဆိုရင် “အဘုံ မေ ပိသာစော စတာယံ” - အမလေး သေပါပြီ ဘီလူးကြီးတော်နေ့လို့ လန့်အော်တာ။ “နှမ - ငါ ဘီလူး မဟုတ်ပါဘူး၊ ဆွမ်းခံကိုယ်တော်ပါ” လို့ ပြောတယ်။ အဲဒီအခါကျတော့ အမျိုးသမီးက “အရှင်ဘုရားမှာ အမေ မရှိလို့လား၊ အမေ သေနေ
စာမျက်နှာ-၄၆
လို့လား၊ ကိုယ့်အမေကို ချက်ခိုင်းပြီး စားပါလားတဲ့” ဆိုပြီး ပြောတယ်တဲ့။

မြတ်စွာဘုရားက ညစာ မစားရဘူးလို့ မပညတ်ခင်တုန်းက ညစာမစားဘဲ မနေနိုင်တော့ သူဆွမ်းခံစားတဲ့အခါ အဲဒီလို ဒုက္ခသုက္ခတွေ၊ တစ်ခါတစ်ရံ သူခိုးတွေ၊ လူဆိုးတွေနဲ့ တွေ့တယ်။ အဲဒီလို ဒုက္ခတွေ အမျိုးမျိုး ရောက်ခဲ့တယ်ပေါ့လေ။

အခုလို မြတ်စွာဘုရားက ညစာ မစားရဘူးလို့ ပညတ်လိုက်တဲ့အခါ အဲဒီဒုက္ခတွေ သက်သာသွားတယ်ပေါ့၊ အခက်အခဲတွေ မရှိတော့ဘူး။ မစားရဘူးဆိုသည့်အတွက်ကြောင့် မစားဘဲ နေလိုက်တော့လည်း အတွယ်အတာပြတ်သွားတာပေါ့။ မနက်ဘဲ ဝအောင်စားပြီး ညစာ မစားရတော့ အများကြီး သက်သာသွားတာပေါ့။

မြတ်စွာဘုရားက အစာအာဟာရနှင့်ပတ်သက်ပြီး ရဟန်းတွေကို ဘယ်လိုဟောသလဲဆိုလျှင် “ငါဟာ ဘုရားဖြစ်ကတည်းက နံနက်စာ တစ်ထပ်ပဲ စားတယ်။ စားသည့်အတွက်ကြောင့် ခွန်အားလည်းရှိတယ်။ ပေါ့ပေါ့ပါးပါးလည်း ရှိတယ်။ ရောဂါလည်း နည်းတယ်။ သင်တို့လည်း အဲဒီအတိုင်း လိုက်နာကြ။ မနက်စာ
စာမျက်နှာ-၄၇
သေချာသောလမ်း လျှောက်လှမ်းပါ တစ်ထပ်ပဲစား၊ အထိုင်အထလည်း ပေါ့ပါးတယ်။ အင်အားလည်းရှိတယ်” တဲ့။ အဲဒီလို အကျိုးအပြစ်ကို ဟောပြီးတော့မှ ဒီသိက္ခာပုဒ်ကို ပညတ်တာပါ။ By force နဲ့ လုပ်တာ မဟုတ်ဘူးတဲ့။ အစားအသောက်နှင့်ပတ်သက်ပြီး မြတ်စွာဘုရားက ချက်ချင်းကြီး မစားနှင့်လို့ မပိတ်ပင်ဘူး။ တဖြည်းဖြည်းချင်း စည်းကမ်းသတ်မှတ်လိုက်တာ နောက်ဆုံးတော့ ဒီကနေ့ခေတ် သတ်မှတ်ထားတဲ့အတိုင်း မွန်းမလွှဲမီအချိန် နံနက်ပိုင်းပဲ သံဃာတော်တွေ စားရတော့တယ်တဲ့။

အဲဒီမှာ ခုနကလို ရည်ရွယ်ချက် မှန်မှန်ကန်ကန်နှင့် စားလျှင် ဘောဇနေမတ္တညုတာ တဲ့။ မှန်မှန်ကန်ကန် စားသည့်အတွက်ကြောင့် ဒါကလည်း တရားဓမ္မကျင့်တဲ့အခါမှာ အလွန်အထောက်အကူဖြစ်လို့ သတိပေးတာ။ မှန်ကန်တဲ့ ကျင့်စဉ်တစ်ခု၊ ဒါ လူပဲဖြစ်စေ၊ ရဟန်းသံဃာပဲဖြစ်စေ လိုက်နာရမည့် အကျင့်တစ်ခုပဲ။ လူဝတ်ကြောင်
စာမျက်နှာ-၄၈
တွေကိုတော့ ဘယ်အချိန်စား၊ ဘယ်အချိန် မစားနှင့်လို့ မသတ်မှတ်ဘူး။ သို့သော် ရှစ်ပါးသီလ ဆောက်တည်လိုက်လျှင် မနက်စာပဲ စားရတော့တယ်။ ညပိုင်းစားတာ အားမပေးတော့ဘူး။ တရားအားထုတ်ဖို့ အချိန်ပိုရလာတယ်၊ ခန္ဓာကိုယ်မှာ စားပြီးလျှင် ထမင်းဆီယစ်တယ်ဆိုရင် “ထိနမိဒ္ဓ” ဝင်တတ်တယ်။ အဲဒီလို မဖြစ်အောင် မြတ်စွာဘုရားက အစာကို လျော့စားခိုင်းလိုက်တယ်။

စားလိုက်သည့်အတွက် ကျန်းမာရေးလည်း ပိုကောင်းလာတယ်။ မြတ်စွာဘုရားရဲ့စနစ်အတိုင်း ဒီကနေ့ခေတ် ဆရာဝန်တွေကလည်း ထောက်ခံကြတယ်။ ဘုန်းကြီးတွေ ကျန်းမာကြတာ ဘာလို့လဲဆိုလျှင် ညစာ မစားလို့တဲ့။

လူတွေရဲ့ ဗိုက်ထဲက အူက အမြဲအလုပ်လုပ်နေရတယ်တဲ့။ တစွပ်စွပ်စားသည့်အတွက်ကြောင့် အူက အနားမရဘူး။ လူကသာ နားနေတာ။ တော်ကြာ ဟိုဟာလေးစားလိုက်၊ ဒါလေးစားလိုက်နဲ့ ပါးစပ်က ထည့်နေတာ၊ အတွင်းက အူတွေက အစာဝင်လာလျှင် သူတို့က ငြိမ်နေလို့ မရဘူး။ သူတို့က အလုပ်လုပ်နေကြရတာ။ အဲဒီတော့ (၂၄) နာရီမှာ လူကသာ အိပ်နေတာ အူက အိပ်လို့မရဘူး ဖြစ်နေတယ်။ ဘုန်းကြီးတွေကတော့ ည အစာမရှိတော့ လူလည်းအိပ်၊ အူလည်းအိပ်ပေါ့။ အဲဒါကြောင့် ကျန်းမာရေး ပိုကောင်းတယ်တဲ့။
စာမျက်နှာ-၄၉
ဒီကနေ့ခေတ် ဆေးပညာကလည်း ဒီအချက်ကို ထောက်ခံတယ်။

မြတ်စွာဘုရားကိုယ်တိုင်က “ဗလံ လဟုကတ္တံ - ခွန်အားလည်းရှိတယ်။ နေရထိုင်ရတာလည်း ပေါ့ပါးတယ်” တဲ့။ မစားတဲ့အကျိုး။ အဲဒါကြောင့် ဒါလည်း မှန်ကန်တဲ့ကျင့်စဉ် အပဏ္ဏကပဋိပဒါ ပဲတဲ့။

နောက်ဆုံးတစ်ခုက ဇာဂရိယာနုယောဂ တဲ့၊ တရားဓမ္မကို ကျင့်တဲ့အခါမှာ နိုးနိုးကြားကြား ကျင့်ရမယ်။ နိုးကြားတယ်ဆိုတာ ခုနက Mindfulness ကို ပြောတာ။ သတိပဋ္ဌာန်ကျင့်စဉ်ကို ပြောတာ၊ တရားကျင့်နေမှ Mindfulness မဟုတ်ဘူး၊ လူရဲ့ဘဝမှာပါ Mindfulness ဖြစ်ဖို့ မြတ်စွာဘုရားက သင်ပေးတာ။ ဇာဂရိယာနုယောဂ ဆိုတာ တရားကျင့်နေတဲ့ ပုဂ္ဂိုလ်တွေကို ဦးတည်ပြောမယ်ဆိုလျှင် ကျန်းမာရေးအတွက် လမ်းလျှောက်တယ်။ လမ်းလျှောက်ရင်းလည်း ကိုယ့်စိတ်ထဲမှာရှိနေတဲ့ အညစ်အကြေးတွေ၊ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ မဖြစ်ရအောင် ထိန်းသိမ်းတယ်။ ဖြစ်လာလျှင် ရှင်းပစ်တယ်။ တရားအာရုံတစ်ခုခုကို ယူပြီး ထိုင်နေတယ်။ လောဘ၊ ဒေါသ၊ မောဟ ဖြစ်လာလျှင် ရှင်းပစ်တယ်။
စာမျက်နှာ-၅၀
ကိုယ့်စိတ်ကလေးကို အမြဲ Purify ဖြစ်အောင် လုပ်နေတာကို ဇာဂရိယာနုယောဂ လို့ ခေါ်တယ်တဲ့။ ဘယ်နေရာမှာပဲဖြစ်ဖြစ် လုပ်ရင်ဖြစ်တာပဲ။ ကိုယ့်စိတ်ထဲမှာ မဖြူစင်တဲ့အတွေးလေးတွေ ဝင်လာတာနဲ့တပြိုင်နက် အဲဒီအတွေးကို ပြောင်းလဲပြီးတော့ ဖြူစင်အောင် လုပ်ပေးလိုက်တာပေါ့။ စိတ်ဆိုတာ အတွေးပေါ်မှာ မူတည်ပြီး ဖြူတာ၊ မည်းတာဖြစ်တယ်။ အဲဒီတော့ မကောင်းတဲ့အတွေးတွေဝင်ပြီး မကောင်းတဲ့စိတ်တွေ ဝင်လာလျှင် ကောင်းတဲ့စိတ်နဲ့ အစားထိုးလိုက်တာပေါ့။ ဥပမာအားဖြင့် သူများအပေါ်မှာ မုန်းတီးတဲ့စိတ်ကလေး ဝင်လာလျှင် “မုန်းနေလို့ ဘာအကျိုးရှိမှာလည်း၊ မုန်းနေလျှင် ဒေါသပွား၊ ဒေါသဆိုတာ အကုသိုလ်ပဲ၊ အကုသိုလ်ဟာ ငါ့ကိုပဲ မကောင်းကျိုးပေးမှာ” ဆိုတဲ့အတွေးဟာ ဒေါသကို ဖယ်ရှားပစ်တဲ့အတွေးပဲ။

အဲဒီတော့ တရားကျင့်တယ်ဆိုတာ ကိုယ်သန္တာန်မှာ ရှိတဲ့သဘာဝ တစ်ခုနဲ့တစ်ခု ပြန်ချေဖျက်တဲ့ နည်းစနစ်ပဲ။ မုန်းတီးတဲ့နှလုံးသား ပေါ်လာလျှင် မေတ္တာနှလုံးသားနဲ့ အစားထိုးလိုက်တယ်။ လောဘဖြစ်လာ
စာမျက်နှာ-၅၁
လျှင် အလောဘနဲ့ အစားထိုးတယ်။ မောဟဖြစ်လာလျှင် အမောဟနဲ့ အစားထိုးတယ်။ အဲဒီအစားထိုးနေတာသည်ပင်လျှင် တရားကျင့်နေတာတဲ့။ လောဘဖြစ်လျှင် ဖြစ်မှန်းသိလိုက်တယ်။ မဖြစ်အောင် ထိန်းတယ်။ ဒေါသဖြစ်လျှင် ဖြစ်မှန်းသိပြီး မဖြစ်အောင် ထိန်းတယ်။ မောဟဖြစ်လျှင် ဖြစ်မှန်းသိလိုက်တယ်။ မဖြစ်အောင် ထိန်းတယ်။ အဲဒီလို ထိန်းလိုက်တာကိုပဲ တရားကျင့်နေတယ်။ အဲဒါကိုပဲ “ဇာဂရိယာနုယောဂ” လို့ စာပေကျမ်းဂန်မှာ ခေါ်တယ်။

“စင်္ကမေန နိသဇ္ဇာယ အာဝရဏီယေဟိ ဓမ္မေဟိ စိတ္တံ ပဋိဝိသောဓေန္တိ” - စိတ်ရဲ့ အညစ်အကြေးတွေ မကပ်ရအောင်၊ စိတ်ကို ဖြူစင်နေအောင် လုပ်ပါတဲ့။ လမ်းလျှောက်နေရင်းလည်း လုပ်ပါ။ ထိုင်နေရင်းလည်း လုပ်ပါလို့ ဆိုလိုတယ်။ အဲဒီတော့ ကိုယ့်သန္တာန်မှာ သတိထားပြီး လောဘ၊ ဒေါသ၊ မောဟတွေ မဖြစ်သေးလျှင် မဖြစ်အောင် ထိန်းဖို့၊ ဖြစ်လာလျှင်လည်း လျော့နည်းသွားအောင် လုပ်ဖို့၊ နောက်ဆုံး ပျောက်သွားအောင် လုပ်ဖို့၊ ဒီအကျင့်ဟာ မလွဲတဲ့အကျင့်ပဲတဲ့။ ဒါ လမ်းဟောင်းပဲ။ ဘယ်သွားတဲ့
စာမျက်နှာ-၅၂
လမ်းဟောင်းလဲဆိုလျှင် နိဗ္ဗာန်သွားတဲ့လမ်းဟောင်းပေါ့။

လောကမှာ ဗုဒ္ဓဘာသာတွေရဲ့ ဦးတည်ချက်ဟာ ဘာလဲဆိုလျှင် နိဗ္ဗာန်ပဲ။ အားလုံးဟာ နိဗ္ဗာန်ကို ဦးတည်နေကြတာပဲ။ နိဗ္ဗာန်ကို ဘယ်လမ်းကလျှောက်မှာလဲဆိုလျှင် ဒီလမ်းကပဲ။ တခြားဘာသာဝင်တွေမှာလဲ ဦးတည်ချက် သူ့ဟာသူ ရှိကြတာပဲ။ သူတို့ဦးတည်ချက်က ဘယ်လမ်းက လျှောက်မလဲဆိုလျှင် ဘုရားသခင်ထံ ဆုတောင်းပြီး လျှောက်ကြတယ်။ ဗုဒ္ဓဘာသာဝင်တွေ လျှောက်တဲ့လမ်းကတော့ ဒီလိုမဟုတ်ဘူး။ ကိုယ်တိုင်ကျင့်ပြီး Internal Power တွေကို ပြောင်းလဲစေတဲ့လမ်းပဲ။

ဗုဒ္ဓဘာသာတရားက External ကို အားမကိုးဘူး။ External Condition တွေထက် Internal Condition တွေက ပိုပြီး Powerful ဖြစ်တယ်တဲ့။ ကိုယ့်စိတ်အတွင်းသာ မသန့်ပြန့်ဘဲနဲ့ အပြင်အားကိုးရုံမျှနဲ့ ဘာမှဖြစ်မလာဘူးဆိုတာ ထင်ရှားတယ်လေ။ အတွင်းနဲ့အပြင်မှာ အတွင်းလည်းကောင်း၊ အပြင်လည်းကောင်းသွားပြီဆိုလျှင် လုံးဝအကောင်းဖြစ်ပြီး အကောင်းတွေကို ရမှာဖြစ်ပါတယ်။
စာမျက်နှာ-၅၃
ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့သည် “သေချာတဲ့လမ်းမှ လျှောက်လှမ်းပါ” လို့ဆိုတဲ့နေရာမှာ အခု ဗုဒ္ဓမြတ်စွာရဲ့ “အပဏ္ဏကပဋိပဒါ” ကျင့်စဉ်ဟာ သေချာတဲ့လမ်းပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ Criterion ဆိုတဲ့ “စံ”၊ ကိုယ့်ရဲ့နှလုံးသား ဖြူစင်မှု၊ လောဘ၊ ဒေါသ၊ မောဟ ငြိမ်းအေးကြောင်းဖြစ်သည့် တရားသည် မှန်ကန်တဲ့တရား၊ ဘုရားဟောတရားအစစ်။ လောဘ၊ ဒေါသ၊ မောဟကို မငြိမ်းစေတတ်ဘူး။ အကုသိုလ်တွေကို တိုးပွားစေတတ်တယ်။ ကုသိုလ်တရားတွေကို လျော့နည်းသွားအောင်လုပ်တဲ့ နည်းစနစ်တွေ၊ တရားဓမ္မတွေဟာ မှန်ကန်တဲ့တရားမဟုတ်ဘူး။ မှန်ကန်မှုတွေကို တိုင်းတာဖို့ ဒီနည်းစနစ်ကို ဗုဒ္ဓမြတ်စွာက မိထွေးတော်ဂေါတမီအား ဟောထားတယ်။ တစ်နည်းအားဖြင့် ပရိနိဗ္ဗာန်စံခါနီး ခရီးအကြွမှာ မဟာပဒေသလို့ခေါ်တဲ့ “စံ”နှုန်းတွေနဲ့အညီ သေချာတဲ့လမ်းက လျှောက်လှမ်းနိုင်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ 8ygnsuae7oi8f6tbpgiznrtrrmhsnv2 သောတာပန်ပုဂ္ဂိုလ်များ နေ့စဉ်ဘဝမှာ နေထိုင်ကြပုံ 0 6422 22226 2026-06-20T02:13:43Z Tejinda 173 "{{header | title = သောတာပန်ပုဂ္ဂိုလ်များ နေ့စဉ်ဘဝမှာ နေထိုင်ကြပုံ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22226 wikitext text/x-wiki {{header | title = သောတာပန်ပုဂ္ဂိုလ်များ နေ့စဉ်ဘဝမှာ နေထိုင်ကြပုံ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[သေချာသောလမ်းမှ လျှောက်လှမ်းပါ]] | previous2 = | next = [[ဟောသူ နာသူ စိတ်ထားဖြူ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

သောတာပန်ပုဂ္ဂိုလ်များ နေ့စဉ်ဘဝမှာ နေထိုင်ကြပုံ
မှတ်တမ်း

သာသနာတော်နှစ်-၂၅၅၆ ခုနှစ်၊ ကောဇာသက္ကရာဇ်-၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်၊ (၂၉-၁၀-၂၀၁၂)ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၁)ရပ်ကွက် သံဃဒါန ဆွမ်းလောင်းအဖွဲ့၏ ပထမအကြိမ် ဆင်ယင်ကျင်းပပြုလုပ်အပ်သော ဓမ္မပူဇာပွဲသဘင်၌ ဟောကြားအပ်သော "သောတာပန် ပုဂ္ဂိုလ်များ နေ့စဉ်ဘဝမှာ နေထိုင်ကြပုံ” တရားဒေသနာတော်။

ဗုဒ္ဓမြတ်စွာဘုရားရဲ့ တပည့်သာဝကတွေ သောတာပန်ဖြစ်သွားတယ်ဆိုတာ ရှိတယ်။ ပထမဆုံးအဆင့် တကယ့်သူတော်ကောင်းစစ်စစ်ဖြစ်သွားလို့ အရိယာသူတော်စင်ဘဝရောက်တဲ့အခါ နေ့စဉ်ဘဝမှာ ဘယ်လိုများ နေထိုင်ကြသလဲဆိုတာ သိချင်ကြတယ်။ လူတိုင်းလူတိုင်းဟာ ဘဝတစ်ခုရလာပြီဆိုရင်တော့
စာမျက်နှာ-၂
ဘဝမှာ မိမိတို့အဆင်ပြေသလိုနေကြတယ်။ အမျိုးမျိုးအဖုံဖုံ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အနေအထားအတိုင်း လူတွေဟာ ဘဝမှာ နေနည်းအမျိုးမျိုးနဲ့ နေထိုင်ကြတယ်။ ဘဝတစ်ခုရလာလို့ ထိုဘဝမှာ အသက်ရှည်တည်နေရေးအတွက် တချို့တချို့ပုဂ္ဂိုလ်တွေက နေ့စဉ်နဲ့အမျှ မကောင်းမှုဒုစရိုက်တွေနဲ့ အသက်မွေးဝမ်းကျောင်းရှာဖွေပြီး နေကြတယ်။

ဆိုလိုတာက သတ္တဝါတွေရဲ့ အသက်ကို သတ်ဖြတ်ပြီးတော့ မိမိရဲ့ဘဝမှာ ရပ်တည်ဖို့ ကြိုးစားကြတယ်။

အဒိန္နာဒါန - သူများပစ္စည်းတွေကို မတရားတဲ့နည်းနဲ့ ရအောင်ယူ၊ ခိုးဆိုးလုယက်တိုက်ခိုက်ပြီး ရလာတဲ့ပစ္စည်းတွေနဲ့ ဘဝတစ်ခုမှာ ရပ်တည်ဖို့ ကြိုးစားကြတယ်။ ကာမေသုမိစ္ဆာစာရ - ဘဝမှာ အပျော်ကြူးပြီး သူတပါးသားမယားတွေ ဖြစ်မှားပြီးတော့ ဘဝမှာ နေထိုင်ကြတယ်။ အေး၊ တချို့ပုဂ္ဂိုလ်တွေကျတော့ နှုတ်ကိုမစောင့်စည်းဘူး၊ လိမ်လည်လှည့်ဖြားတတ်ကြတယ်။ ဟိုနေရာဖြင့် လိမ်သွားပြန်ပြီ၊ ဒီနေရာဖြင့် လိမ်သွားပြန်ပြီ (သို့
စာမျက်နှာ-၃
မဟုတ်) မမှန်မကန်တဲ့စကားတွေပြော၊ မမှန်မကန်တဲ့နည်းတွေနဲ့ လုပ်ပြီးတော့ အပြောတမျိုး၊ အလုပ်တမျိုးလုပ်ပြီးတော့ မုသာဝါဒဆိုတဲ့ ဝစီဒုစရိုက်နဲ့ အသက်မွေးပြီး နေကြတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးပဲ။ အေး၊ တချို့ပုဂ္ဂိုလ်တွေကျတော့ တစ်ဦးနဲ့တစ်ဦး မတည့်အောင် ရန်တိုက်ပေးတယ်၊ တချို့ပုဂ္ဂိုလ်တွေက စကားကို ချိုချိုသာသာ မပြောဘူး၊ အမြဲတမ်း ကြမ်းကြမ်းတမ်းတမ်း တစ်ဖက်သား ကြောက်ရွံ့လောက်အောင်၊ မခံနိုင်လောက်အောင်ပြောပြီး ဘဝမှာနေထိုင်ကြတယ်။ တချို့ပုဂ္ဂိုလ်တွေကတော့ တရားလက်လွတ်စကားတွေ၊ လောကမှာ အကျိုးမပြုတဲ့၊ ဘယ်သူ့ကိုမှ ကောင်းကျိုးချမ်းသာ မဖြစ်စေတတ်တဲ့ သပ္ပလာပ စကားမျိုးတွေ ပြောဆိုပြီးတော့ ဘဝမှာ နေထိုင်ကြတယ်။ ။

ဟာ၊ နေပုံထိုင်ပုံတွေက အမျိုးမျိုး၊ တချို့ပုဂ္ဂိုလ်တွေကျတော့ ဒုစရိုက်တွေကိုရှောင်လို့ သုစရိုက်တရားတွေ ပွားများအားထုတ်ပြီး ဘဝမှာနေကြတယ်။ ဒါန ကောင်းမှုပြုကြတယ်၊ အခါအားလျော်စွာ သီလတွေ
စာမျက်နှာ-၄
ဆောက်တည်ကြတယ်၊ ဥပုသ်သီတင်းစောင့်သုံးကြတယ်။ ကမ္မဋ္ဌာန်းဘာဝနာများ ပွားများအားထုတ်ကြလို့၊ ဟော ဘဝမှာ နေကြထိုင်ကြတာတွေ အများကြီးပဲ။ တစ်ယောက်နဲ့တစ်ယောက် မတူဘူးပေါ့။ ဒါက ဗုဒ္ဓဘာသာဝင်လို့အမည်ခံထားတဲ့ပုဂ္ဂိုလ်တွေ ဒါနကောင်းမှုနဲ့ နေကြတယ်၊ ငါးပါးသီလနဲ့ နေကြတယ်၊ ရှစ်ပါးသီလနဲ့ နေကြတယ်။

အေး၊ တရားစခန်းတွေမှာ တရားဓမ္မ ကျင့်ကြံအားထုတ်ပြီးတော့နေကြတယ်။ နေ့စဉ် မိမိတို့အိမ်မှာလည်းပဲ ကမ္မဋ္ဌာန်းထိုင်ပြီး အချိန်ကို ကုန်ဆုံးစေကြတယ်၊ ဘဝတစ်ခုမှာ ဒီလိုနေကြတယ်။ တခြားဘာသာဝင်တွေလဲ သူတို့ဘာသာတရားရဲ့ အဆုံးအမအတိုင်း ဘဝတစ်ခုမှာ နေထိုင်ကြတယ်၊ ဘဝခရီးဖြတ်သန်းကြတယ်ပေါ့။

အဲဒီတော့ လူတိုင်းလူတိုင်းဟာ ဘဝရလာပြီဆိုရင် ဘဝမှာ နေကောနေကြတာပဲ၊ သို့သော် ဘယ်ပုံဘယ်နည်း နေကြသလဲဆိုတဲ့ *the way of life* မတူညီ
စာမျက်နှာ-၅
ကြတော့ဘူး။ နေပုံနေနည်း မတူဘူး။ တစ်ယောက်က ဒါနကောင်းမှုနဲ့နေတယ်၊ တစ်ယောက်က မလှူမတန်းဘဲနေတယ်၊ တစ်ယောက်က ငါးပါးသီလနဲ့ နေတယ်၊ အခြားတစ်ယောက်က သီလကို ဂရုမစိုက်ဘဲနေတယ်၊ တချို့က ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်ပြီးနေတယ်၊ တချို့ကျတော့ ကမ္မဋ္ဌာန်းကို ဘယ်တော့မှ နှလုံးမသွင်းဘဲ နေတယ်လို့။ နေပုံနေနည်းဟာ ဒီလိုကွဲပြားနေကြတယ်။

ပုထုဇဉ်တွေရဲ့ နေပုံနေနည်းကတော့ အမျိုးမျိုးအဖုံဖုံပဲ။ အဲဒီထဲမှာ မြတ်စွာဘုရားရဲ့ တပည့်သာဝက အစစ်ဖြစ်သွားတဲ့ သောတာပန်တို့၊ သကဒါဂါမ်တို့၊ အနာဂါမ်တို့ဆိုတဲ့ အရိယာသူတော်စင်တွေကျတော့ သူတို့လည်း လူ့ဘဝမှာနေကြတာဖြစ်သောကြောင့် ဘယ်လိုဘဝမျိုး၊ ဘယ်လိုအနေအထားမျိုးနဲ့ နေကြတာလဲ၊ သူတို့ရဲ့ နေ့စဉ်ဘဝမှာ ဘယ်လိုနေကြတာလဲ။ သာမန်ပုဂ္ဂိုလ်တွေနေသလို နေတာလားလို့ သူတို့ရဲ့ နေပုံနေနည်းသိချင်လာတဲ့ပုဂ္ဂိုလ်တွေ မြတ်စွာဘုရား
စာမျက်နှာ-၆
ခေတ်ကတည်းက ပေါ်ထွန်းလာလို့ ဗုဒ္ဓမြတ်စွာကို ဒီမေးခွန်းမျိုး မေးလာကြတယ်။ မေးလာသည့်အတွက်ကြောင့် အရိယာသူတော်စင်တွေဟာ မိမိတို့နေ့စဉ်ဘဝမှာ ဘယ်လိုနေတယ်ဆိုတာ မြတ်စွာဘုရား ဟောခဲ့တယ်။ မြတ်စွာဘုရားဟောတဲ့အတိုင်း မှတ်သားထားပြီး တို့တစ်တွေဟာ ဘယ်ပုံနေတာလဲဆိုတာ ကိုယ့်ကိုကိုယ် ဆန်းစစ်ဖို့လိုတယ်။

နေ့စဉ်ဘဝမှာ ငါဘယ်လိုနေသလဲ၊ တစ်နေ့တာ အချိန်တစ်ခုကို ဘယ်ပုံဘယ်နည်းနဲ့ ကုန်ဆုံးစေသလဲ။ ကိုယ့်ကိုကိုယ် ဆင်ခြင်သုံးသပ်ရမယ်။ လောကမှာ ဆင်ခြင်သုံးသပ်မှုမရှိရင် ဘယ်တော့မှ အဖြေမထွက်ဘူး။ ဒါကြောင့်မို့ ကိုယ့်ဘဝမှာ ဘယ်ပုံနေတယ်ဆိုတာကို ဆင်ခြင်သုံးသပ်ကြည့်ဖို့လိုတယ်။ အဲဒီလို ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ မိမိရဲ့ နေပုံထိုင်ပုံဟာ မှားယွင်းနေတယ်ဆိုလို့ရှိရင် ပြင်ရမှာပဲ။ မိမိရဲ့ နေပုံထိုင်ပုံက ကောင်းတယ်ဆိုရင်လည်း ဆက်လက်ပြီးတော့ ဒီနေပုံနေနည်းနဲ့ နေထိုင်ရမှာပဲ။
စာမျက်နှာ-၇
လူတိုင်းလူတိုင်းဟာ ဘဝတစ်ခုမှာ မသေမချင်း နေသွားကြမှာချည်းပဲ။ အဲဒီလို နေသွားတဲ့ထဲမှာ *the way of life* ထဲမှာ ဒို့ဟာ အကောင်းဆုံးနည်းနဲ့ ဘဝတစ်ခုမှာ နေထိုင်ဖို့ ဘယ်ဟာအကောင်းဆုံးလဲဆိုတာ ရွေးချယ်ကြဖို့လိုတာပေါ့။ မြတ်စွာဘုရားလက်ထက်တော်အခါကာလတုန်းက မဟာနာမလို့ခေါ်တဲ့ သာကီဝင်မင်းဟာ မြတ်စွာဘုရားနဲ့ ညီအစ်ကိုဝမ်းကွဲတော်တယ်။ မြတ်စွာဘုရားရဲ့ ဘထွေးတော်ရဲ့သားဖြစ်တယ်။ မဟာနာမမင်းက သူကိုယ်တိုင်က သောတာပန်၊ နောက်ပိုင်းကျတော့ သကဒါဂါမ်အဆင့်အထိ ရောက်တယ်ပေါ့။ သူကိုယ်တိုင် သောတာပန်ဘဝမှာနေတာ သူမသိဘူးလားလို့တော့ ပြောစရာရှိတယ်။ သို့သော် မြတ်စွာဘုရားဆီက အဖြေလိုချင်လို့ အဲဒီအရိယာသာဝက သောတာပန်တို့၊ သကဒါဂါမ်တို့၊ အနာဂါမ်တို့လို့ဆိုတာ ဘယ်လိုများ နေကြပါလိမ့်မလဲဆိုတဲ့ တွေးတောမှု၊ စဉ်းစားမှု၊ ဆင်ခြင်မှုဟာ သူ့စိတ်ကူးထဲမှာ ပေါ်လာတယ်။
စာမျက်နှာ-၈
တစ်နေ့တော့ မြတ်စွာဘုရားကို ချဉ်းကပ်ပြီးတော့ “ယာ သော ဘ အရိယသာဝကာ အာဂတဖလော ဝိညာတသာသနာ” (မဟာနာမသုတ္တ၊ အံ ဆက္ကနိပါတ၊ နှာ-၂၅၀)” အရိယသာဝက - အရိယာဖြစ်တဲ့ မြတ်စွာဘုရားရဲ့တပည့် (သို့မဟုတ်) အရိယာဖြစ်နေတဲ့ မြတ်စွာဘုရားရဲ့ သာဝက၊ အာဂတဖလ - တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ တရားဓမ္မရဲ့ အကျိုးကျေးဇူးကို ရရှိပြီး (သို့မဟုတ်) အနည်းဆုံး သောတာပတ္တိဖိုလ်လို့ဆိုတဲ့ အကျိုးတရားကို ရရှိထားတဲ့ပုဂ္ဂိုလ်၊ ဝိညာတသာသန - မြတ်စွာဘုရားဟောကြားတဲ့ အဆုံးအမတွေနဲ့ ပတ်သက်ပြီးတော့ သိထားပြီးဖြစ်တဲ့ပုဂ္ဂိုလ်။ ဘုရားအဆုံးအမကို သိတယ်၊ လက်တွေ့ကျင့်သုံးလို့ နိဗ္ဗာန်ကို အာရုံပြုနိုင်တဲ့ မဂ်ဖိုလ်ဆိုတဲ့ တရားကို ရပြီးသားဖြစ်တယ်။ “သော ကတမေန ဝိဟာရေန ဗဟုလီ ဝိဟရတိ” အဲဒီလို မြတ်စွာဘုရားရဲ့ အဆုံးအမကို သဘောပေါက်ပြီး မိမိကိုယ်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်လို့ ပထမအဆင့်အနေနဲ့ ပေါက်ရောက်ပြီး သောတာပန်ဖြစ်သွားတဲ့ ပုဂ္ဂိုလ်ဟာ
စာမျက်နှာ-၉
ဘယ်လိုနေထိုင်ခြင်းမျိုးနဲ့ သူ့ရဲ့ နေ့စဉ်ဘဝမှာ အများအားဖြင့် နေထိုင်သလဲဆိုတဲ့ ဒီမေးခွန်းကို မေးတယ်။

အဲဒီတော့ သာမန်အနည်းအားဖြင့်ကတော့ ပုထုဇဉ်ဘဝတုန်းကနေသလို နေမှာပေါ့။ သို့သော်လည်း ဆိုးဆိုးဝါးဝါးကြီး မဟုတ်ဘူး၊ အရိယာသူတော်စင် ဖြစ်သွားတဲ့အခါမှာ ဘယ်လိုနေနည်းနဲ့ နေတာများသလဲ။ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်ပေါ့။ တစ်နေ့တာအချိန်ပိုင်းတွေမှာ တရားနှလုံးသွင်းပြီးတော့ နေတဲ့အချိန်က များသလား၊ သီလကို ဆင်ခြင်ပြီးတော့ နေတဲ့အချိန်က များသလား၊ ဒါနကောင်းမှုပြုပြီးတော့ နေတဲ့အချိန်က များသလား၊ သို့မဟုတ် တခြားကိစ္စဝိစ္စတွေနဲ့ အချိန်ကုန်ပြီးတော့ နေတာက များသလားလို့ ကိုယ့်ဟာကိုယ် ဆင်ခြင်သုံးသပ်ကြည့်လို့ရှိရင် အဖြေတစ်ခုကို ထုတ်နိုင်လာမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ “ကတမေန ဝိဟာရေန ဗဟုလီ ဝိဟရတိ” ဘယ်လိုနေထိုင်ခြင်းဖြင့် အများအားဖြင့် နေသလဲ၊ သောတာပန်ဖြစ်သွားရင် ဘယ်လိုနေတာများသလဲ။
စာမျက်နှာ-၁၀
ပုထုဇဉ်တွေကျတော့ အပျော်နဲ့ အပါးနဲ့နော်၊ ကုသိုလ်ကောင်းမှု သတိရတဲ့အချိန်က အင်မတန်မှ နည်းပြီး အပျော်အပါးတွေနဲ့နေတာက များတယ်ပေါ့။ အဲ၊ အရိယာဖြစ်သွားရင် ဘယ်လိုများ ထူးခြားလာလေမလဲ၊ ဘယ်လိုများ နေမှုထိုင်မှုတွေဟာ ဘယ်လိုနေတာက များပါသလဲဆိုတာ ဒီဟာကိုသိချင်လို့ မြတ်စွာဘုရားကို လျှောက်တယ်။ လျှောက်တဲ့အခါမှာ မြတ်စွာဘုရားက သူ့ရဲ့မေးခွန်းကို ဖြေတာပဲ။ အရိယာသာဝက ဖြစ်သွားပြီဆိုလို့ရှိရင် အချိန်တော်တော်များများဟာ သောတာပန်ပုဂ္ဂိုလ်တွေဘဝမှာ ဥပမာ-တစ်နေ့တာနေ့ပိုင်း (၁၂)နာရီဆိုပါစို့၊ (၂၄)နာရီ နေ့ညရှိတဲ့အထဲမှာ အိပ်ချိန်ကလွဲရင် ကျန်တဲ့အချိန်မှာ ဘာတွေနဲ့နေကြသလဲ၊ ဘယ်လိုနေကြသလဲဆိုတာကို မြတ်စွာဘုရားက ရှင်းပြတယ်။

အဲဒီတော့ သောတာပန်ပုဂ္ဂိုလ်တွေ သောတာပန်ဖြစ်လာပြီဆိုတဲ့အခါမှာ နေ့စဉ်နဲ့အမျှ နေပုံထိုင်ပုံကတော့ အတော်လေး ပြောင်းလဲလာတယ်။
စာမျက်နှာ-၁၁
သောတာပန်ပုဂ္ဂိုလ် ဖြစ်သွားပြီဆိုလို့ရှိရင် ဘုရားကို ကြည်ညိုတဲ့စိတ်က ပိုပြီးတော့ ထက်သန်လာတယ်။ တရားပေါ်မှာ မြတ်နိုးတဲ့စိတ်ကလည်း ပိုပြီးတော့ ထက်သန်လာတယ်။ သံဃာပေါ်မှာ ယုံကြည်တဲ့စိတ်ကလည်း ပိုပြီးတော့ ထက်သန်လာတယ်။ ငါးပါးသီလနဲ့ ပတ်သက်လာလို့ရှိရင်လည်း အသက်ပမာ မြတ်မြတ်နိုး ထိန်းသိမ်းစောင့်ရှောက်တတ်တဲ့ အနေအထားမျိုးတွေ ရှိလာတယ်။ သောတာပန်ဖြစ်လာရင် နေ့စဉ်နဲ့အမျှ လှူဒါန်းမှုဆိုတာလည်း မပြတ်လုပ်တယ်၊ ကိုယ်လှူခဲ့တန်းခဲ့သမျှကိုလည်း မပြတ်ပြန်ပြီးဆင်ခြင်သုံးသပ်တာ ဖြစ်တတ်တယ်ပေါ့။ သောတာပန်ဖြစ်လာရင် ဘုရားကို ပိုမြတ်နိုးတယ်၊ တရားကို ပိုမြတ်နိုးလာတယ်၊ သံဃာကို ပိုမြတ်နိုးတယ်။

ပုထုဇဉ်ဘဝတုန်းကတော့ ဘုရားကို သတိရတဲ့အချိန်ကနည်းတယ်။ အိပ်ခါနီး ဘုရားရှိခိုးတတ်တဲ့ ပုဂ္ဂိုလ်ဆို အိပ်ခါနီးမှသတိရ၊ အိပ်ယာထမှ ဘုရားရှိခိုးတတ်တဲ့ ပုဂ္ဂိုလ်ဆိုရင် အိပ်ယာထလေးပဲ သတိရတယ်။
စာမျက်နှာ-၁၂
ကျန်တဲ့အချိန်တွေမှာတော့ သတိမရကြဘူးပေါ့။ အဲ သောတာပန်ဖြစ်သွားရင် အဲဒီလိုမဟုတ်ဘူး၊ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေရင်းလည်း မြတ်စွာဘုရားပေါ်မှာ အာရုံရောက်တယ်၊ တရားပေါ်မှာ အာရုံရောက်တယ်။ သံဃာပေါ်မှာလည်း အာရုံရောက်တယ်။ တစ်ခါ သားမယားတွေနဲ့ အတူတူနေတဲ့အချိန်မှာတောင်မှ မြတ်စွာဘုရားပေါ်မှာ အာရုံရောက်တယ်၊ တရားပေါ်မှာ အာရုံရောက်တယ်၊ သံဃာပေါ်မှာလည်း အာရုံရောက်တယ်။ အဲဒီ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အာရုံပြုနိုင်တဲ့စိတ်နဲ့ နေတာက ပိုပြီးတော့များတယ်လို့ ဒီလိုဆိုတာ။ ဘာဖြစ်လို့တုန်း၊ သောတာပန်ရဲ့အရည်အချင်းကိုက အဲဒါတွေ။ သာမန်ပုထုဇဉ်တစ်ယောက် ဘုရားကို ကြည်ညိုတယ်လို့ဆိုပေမယ့်လို့ သောတာပန်လို နှစ်နှစ်ကာကာ ကြည်ညိုမှုမျိုးက နည်းတယ်ပေါ့။

သောတာပန်က အသိဉာဏ်နဲ့ ကြည်ညိုတာဖြစ်လို့ “ဗုဒ္ဓေ အဝေစ္စပ္ပသာဒေန သမန္နာဂတော” တဲ့၊ မြတ်စွာဘုရားကို အသိဉာဏ်နဲ့ ဂုဏ်ရည်ထိအောင် ကြည်ညို
စာမျက်နှာ-၁၃
လေးစားတယ်၊ ခြင်းချက်မရှိ မြတ်စွာဘုရားအပေါ်မှာ အသိဉာဏ်နဲ့ တွဲဖက်လာတဲ့ ကြည်ညိုမှုမျိုးနဲ့ ကြည်ညိုတာ၊ “ဓမ္မေ အဝေစ္စပ္ပသာဒေန သမန္နာဂတော” တရားနဲ့ ပတ်သက်လာလို့ရှိရင်လည်း တရားဓမ္မရဲ့ စွမ်းရည်သတ္တိကို ကိုယ်ထိလက်ရောက်သိထားတဲ့ ပုဂ္ဂိုလ်ပီပီပေါ့၊ ဒီတရားအပေါ်မှာ ယုံကြည်စိတ်ချမှုဟာ အသိဉာဏ်နဲ့ တွဲဖက်နေတဲ့ သဒ္ဓါစွမ်းအားနဲ့ ယုံကြည်တာ။ “သံဃေ အဝေစ္စပ္ပသာဒေန သမန္နာဂတော” သံဃာရဲ့ဂုဏ်ကို အာရုံပြုပြီးတော့ သံဃာရဲ့ အကျိုးကျေးဇူးကိုလည်း နှစ်နှစ်ကာကာ၊ အရိယာသံဃာတွေအပေါ်မှာ ဒီလိုယုံကြည်မြတ်နိုးမှုက ခိုင်မာတယ်လို့ ဒီလိုပြောတာ။ ဘုရား၊ တရား၊ သံဃာကို ကြည်ညိုရုံတင်မကဘူး၊ ငါးပါးသီလ ကျိုးခြင်း၊ ပေါက်ခြင်း၊ ပျောက်ခြင်း၊ ကျားခြင်း မရှိဘူး၊ ငါးပါးဆို ငါးပါးလုံးအပြည့်အဝ စင်စင်ကြယ်ကြယ်နဲ့ နောက်ဆုံးမှာ ကိုယ့်သီလကို ဆင်ခြင်လိုက်ရင် သမာဓိတွေဖြစ်လာမယ်၊ အပရာမဋ္ဌ - သီလနဲ့ နိဗ္ဗာန်ကို ဦးတည်တာကလွဲလို့ တဏှာနဲ့မတွေးဘူး၊
စာမျက်နှာ-၁၄
ဒီသီလကို အခြေခံပြီးတော့ အေး၊ ဒီဘဝမှာ ငါငါးပါးသီလ လုံလုံခြုံခြုံစောင့်ရှောက်ရင် နောင်ဘဝမှာ နတ်ပြည်ရောက်မယ်ဆိုတဲ့ အတွေးမျိုးကို မတွေးဘူး။ ဒီဘဝ သီလစောင့်ထားလို့ရှိရင် ငါနောင်ဘဝမှာ အသက်ရှည်မယ်၊ ကျန်းမာမယ်ဆိုတဲ့ အတွေးမျိုးလည်း မတွေးဘူး။ တကယ့်ကို ဓမ္မအနေနဲ့ မြတ်မြတ်နိုးနိုး ကိုယ်ကိုယ်တိုင် ဖြည့်ကျင့်တယ်။ ကိုယ်ကိုယ်တိုင် ဖြည့်ကျင့်လိုက်တဲ့ သီလ၊ ကိုယ်ကိုယ်တိုင် ဖြည့်ကျင့်ရတဲ့အပေါ်မှာ လေးလေးမြတ်မြတ်ဖြစ်နေတာ။ အပရာမဋ္ဌတဏှာအတွေးတွေ မတွေးဘူး၊ ဒိဋ္ဌိအတွေးတွေ မတွေးဘူး။ ဝိညာတတ္ထ - သူ့ရဲ့သီလစင်ကြယ်မှုနဲ့ ပတ်သက်လာလို့ရှိရင် မြတ်မြတ်နိုးနိုး ထိန်းသိမ်းစောင့်ရှောက်တယ်၊ တကယ့်ပညာရှင်တွေကတောင်မှ ချီးကျူးရလောက်အောင် သီလအပေါ်မှာ တန်ဖိုးထားပြီး စောင့်ရှောက်တတ်တယ်ဆိုတဲ့ အဖြေလေးတွေ ထွက်လာတယ်။ အဲဒါကြောင့်မို့လို့ မဟာနာမရဲ့ မေးခွန်းမှာ အရိယာပုဂ္ဂိုလ်တွေဟာ ဘယ်လိုနေထိုင်ပါသလဲဆိုတာ
စာမျက်နှာ-၁၅
မြတ်စွာဘုရားကတစ်ခုချင်းဖြေတာ၊ (၆)မျိုးနဲ့ ဖြေထားတယ်။ (၆)မျိုးဆိုတာ ဖြစ်နိုင်တာတွေ (၆)မျိုးကို ပြောတာ၊ (၆)မျိုးလုံးနေတယ်လို့ ဒီလိုပြောတာတော့ မဟုတ်ဘူး၊ ဖြစ်နိုင်တဲ့ (၆)မျိုးက ဘာလဲ။

ဘုရားဂုဏ်ကိုအာရုံပြုပြီးတော့နေတယ်၊ သို့မဟုတ် တရားဂုဏ်ကို အာရုံပြုပြီးတော့နေတယ်၊ သို့မဟုတ် သံဃာ့ဂုဏ်ကို အာရုံပြုပြီးတော့နေတယ်၊ ဒီလိုနေတာ။ သို့မဟုတ် မိမိရဲ့ စောင့်ရှောက်ထိန်းသိမ်းထားတဲ့ ကိုယ်ကျင့်သီလနဲ့ ပတ်သက်ပြီး ကျေနပ်အားရတဲ့ အတွေးတွေနဲ့နေတယ်။ မိမိကိုယ်တိုင် စွန့်ကြဲပေးကမ်းလှူဒါန်းတတ်တဲ့ ဝါသနာအရ မစ္ဆရိယဆိုတဲ့ နှမြောတွန့်တိုမှုတွေကင်းပြီး အိမ်မှာနေရင်း ကိုယ့်မိသားစုကို ပေးတယ်။ ကျွေးတယ်။ မွေးတယ်။ ဒီလိုကျွေးတာ မွေးတာကအစ အိမ်မှာ တွန့်တိုတဲ့စိတ်ဓာတ်တွေ မဖြစ်ဘဲနဲ့ ရက်ရက်ရောရော ကျွေးမွေးလှူဒါန်းတယ်ဆိုတဲ့ ကိုယ့်ရဲ့ စာဂတရား၊ ဒါကို အမှတ်ရပြီးတော့လည်းနေတယ်၊ သြော် အင်မတန်မှ ဝမ်းသာစရာကောင်းတယ်၊ ငါအရတော်
စာမျက်နှာ-၁၆
လေစွ၊ လူတွေက နှမြောကြတယ်၊ ငါတော့ မနှမြောဘူး၊ ကိုယ့်အတွက်ချည်းမကြည့်ဘူး၊ အများအတွက် ကြည့်ပြီးတော့ အားလုံးကို လှူဒါန်းပေးကမ်းပြီးတော့ ငါစားနိုင်တယ်၊ ကံကောင်းလေစွလို့ ကိုယ့်ကိုယ်ကို နှလုံးသွင်းပြီးတော့ ကိုယ့်ရဲ့ စာဂတရားကို သတိရတဲ့အချိန်တွေနဲ့နေတယ် (သို့မဟုတ်) စဉ်းစားတယ်။

နတ်တွေကိုကြည့်ပြီး အေး - နတ်ပြည်ဆိုတာ ရှိတယ်၊ စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီဆိုတဲ့ နတ်တွေ၊ ဗြဟ္မာဘုံရောက်နေတဲ့ ဗြဟ္မာတွေ၊ ဒီနတ်တွေ ဗြဟ္မာတွေဟာ သဒ္ဓါတရားရှိလို့ နတ်၊ ဗြဟ္မာ ဖြစ်ကြတယ်။ သဒ္ဓါစွမ်းအားတွေနဲ့ ပြည့်စုံလို့ နတ်တွေဖြစ်တာ၊ ငါလည်း သူတို့လို သဒ္ဓါစွမ်းအားရှိတာပဲ၊ အဲဒီနတ်တွေဟာ လူ့ဘဝတုန်းက ကိုယ်ကျင့်သီလကောင်းကြတယ်။ ဒါကြောင့်မို့ နတ်ပြည်ရောက်ကြတယ်၊ ငါလည်းပဲ သူတို့မှာရှိတဲ့ သီလမျိုး ငါ့မှာရှိတယ်၊ နတ်ပြည်ရောက်နေတဲ့ နတ်တွေဟာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို တော်
စာမျက်နှာ-၁၇
တော်များများ သိကြတယ်၊ နာယူကြတယ်၊ မှတ်သားကြတယ်။ ငါလည်းပဲ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို သိတယ်၊ နာယူမှတ်သားတယ်။ သုတဆိုတာနဲ့ ပြည့်စုံတယ်။ နတ်ပြည်မှာရောက်နေကြတဲ့ နတ်တွေဟာ စွန့်ကြဲမှုဆိုတဲ့ စာဂတရားကို လက်မနှေးကြဘူး၊ ငါလည်း စွန့်ကြဲမှုဆိုတဲ့ စာဂတရားကို လုပ်ဆောင်တယ်၊ နတ်ပြည်မှာရှိတဲ့ နတ်တွေဟာ အမှန်တရားနဲ့ပတ်သက်ပြီး ဆင်ခြင်နိုင်တဲ့တရား၊ လုပ်သင့်တာနဲ့ မလုပ်သင့်တာ၊ အပြစ်ရှိတာနဲ့ အပြစ်မရှိတာ ဆင်ခြင်စဉ်းစားနိုင်တယ်။ ကံ,ကံ၏အကျိုးကို သိမြင်ခြင်းဆိုတဲ့ ဉာဏ်ကစပြီး နောက်ဆုံးမှာ ရုပ်နာမ်ဓမ္မ သင်္ခါရတို့ရဲ့ ဖြစ်ပျက်ကို ဆင်ခြင်နိုင်စွမ်းရှိတဲ့ အသိပညာမျိုးတွေရှိလို့ သူတို့က နတ်ပြည်ကို ရောက်ကြတာ၊ ငါ့မှာလည်းပဲ အဲဒီပညာမျိုး ရှိတာပဲ။

နတ်တွေမှာရှိတဲ့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာနဲ့ ကိုယ့်သန္တာန်မှာရှိတဲ့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာကို နှိုင်းယှဉ်ပြီးတော့ သူ့မှာရှိတဲ့ သဒ္ဓါ၊ သီလ၊ သုတ၊
စာမျက်နှာ-၁၈
စာဂ၊ ပညာ ငါ့မှာလည်းရှိတယ်၊ နှိုင်းယှဉ်ပြီးတဲ့အခါမှာ စိတ်အားတွေ ပိုပြီးတက်လာအောင် ဆင်ခြင်တာကို ဒေဝတာနုဿတိ လို့ခေါ်တယ်။ (ဒေဝတာနုဿတိဆိုတာ နတ်ကိုသတိရတာမဟုတ်ဘူး၊ နတ်ရဲ့ ဂုဏ်ကျေးဇူးတွေကို သတိရတာကိုပြောတာမဟုတ်ဘူး။) နတ်ကောင်း နတ်မြတ်တွေမှာ ဒီအရည်အချင်းရှိလို့ နတ်ပြည်ရောက်တာ၊ သူတို့မှာရှိတဲ့ အရည်အချင်းမျိုး ငါ့မှာရှိနေတယ်လို့ ဒီလိုရှုမြင်သုံးသပ်တဲ့ သဘောကို ပြောတာ။

အဲဒီလို ရှုမြင်သုံးသပ်မှု (၆)မျိုးနဲ့ ဒီအရိယာသာဝကတွေ နေကြ၊ ထိုင်ကြတယ်ဆိုတာကို မြတ်စွာဘုရားက မဟာနာမမင်းကြီးအား တစ်ခုစီရှင်းပြတယ်။ ဒါကြောင့်မို့ ဘုရားရှင်းပြသလိုပဲ ဘုန်းကြီးတို့တတွေလည်း ကိုယ့်ဘဝနေ့စဉ်အချိန်မှာ ဘာနဲ့ငါအနေများသလဲ ဆင်ခြင်သုံးသပ်ရမယ်။ ဒီလိုနေတယ်ဆိုကတည်းက ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရမယ်။
စာမျက်နှာ-၁၉
သောတာပန်ပုဂ္ဂိုလ်တွေဟာ အခုလို ဘုရားကို အာရုံပြုပြီးတော့နေတယ်၊ တရားကို အာရုံပြုပြီးတော့ နေတယ်၊ သံဃာ့ဂုဏ်ကို အာရုံပြုပြီးနေတယ်၊ ကိုယ့်သီလကို ဆင်ခြင်သုံးသပ်ပြီးတော့နေတယ်၊ ကိုယ်လှူဒါန်းခဲ့တဲ့ စာဂဂုဏ်ကို အာရုံပြုပြီးနေတယ်၊ ကိုယ့်သန္တာန်မှာရှိတဲ့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာလို့ဆိုတဲ့ ဒီတရားတွေနဲ့ နတ်တွေမှာရှိတဲ့ တရားတွေနဲ့ နှိုင်းယှဉ်ပြီးတော့ ငါ့မှာလည်းရှိတယ်ဆိုပြီးတော့ အားတက်သရောဖြစ်မယ့် အတွေးတွေနဲ့ သတိရမှုနဲ့နေတယ်။ အဲဒီလိုနေတဲ့အခါမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ဖြစ်လာလဲ။

အဲဒီလိုမဟုတ်ဘဲနဲ့ ဘုန်းကြီးတို့တတွေဟာ အပျော်အပါးတွေနဲ့နေကြမယ်၊ တစ်နေ့လုံး TV ထိုင်ကြည့်မယ်၊ သို့မဟုတ် အလုပ်ခွင်ထဲမှာပဲ နစ်မြုပ်နေမယ်၊ သို့မဟုတ် မကောင်းမှုဒုစရိုက်တွေထဲမှာ နစ်မြောနေမယ်၊ ဒီလိုဘဝမှာ ဒီလိုနေမယ်ဆိုလို့ရှိရင် ကိုယ့်စိတ်အခြေအနေတွေက ဘယ်လိုဖြစ်နေမလဲ စဉ်းစားကြည့်၊ အဲဒီလိုမဟုတ်ဘဲနဲ့ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး
စာမျက်နှာ-၂၀
နဲ့ အခုပြောခဲ့တဲ့ ကိုယ့်ရဲ့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ လို့ဆိုတဲ့ ဒီတရားတွေ၊ အရည်အချင်းတွေကို နတ်တွေသန္တာန်မှာရှိတာနဲ့ နှိုင်းယှဉ်ပြီးနေမယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးတွေ ကိုယ့်သန္တာန်မှာ တိုးတက်လာနိုင်မလဲဆိုတာ မြတ်စွာဘုရားကဟောတာ။

အဲဒီတော့ သောတာပန်ဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ မိမိဘဝမှာ အလုပ်လုပ်နေတဲ့အချိန်မှာပဲ ဖြစ်စေ၊ အခြားအချိန်မှာပဲဖြစ်စေ မြတ်စွာဘုရားကို သတိရတိုင်း ဘုရားရဲ့ ဂုဏ်ကို အာရုံပြုတယ်၊ ဘုရားဂုဏ်ကို အာရုံပြုလိုက်တဲ့အခါ ဘုရားရဲ့ အရည်အချင်းတွေဆိုတာ အကုန်လုံး မိမိရဲ့ရင်ထဲ နှလုံးထဲမှာ ရောက်လာတယ်။ သာမန် “ဣတိပိ သော ဘဂဝါ၊ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ” ဆိုတဲ့ ရတာလေးကို ရွတ်ဆိုဆင်ခြင်တာမျိုး မဟုတ်ဘူး၊ မြတ်စွာဘုရားရဲ့ အရည်အချင်းတွေ၊ ဂုဏ်ရည်တွေကို နှစ်နှစ်ကာကာ ယုံကြည်ပြီးတော့ နှလုံးသွင်း ဆင်ခြင်တယ်။
စာမျက်နှာ-၂၁
ဆိုပါစို့၊ လောကမှာ ဘုရားဆိုတာ အရဟံ - လောဘဆိုတာ ဖယ်ရှားပြီးသားဖြစ်ရမယ်၊ ဒေါသဆိုတာ ဖယ်ရှားပြီးသားဖြစ်ရမယ်၊ မောဟဆိုတာ ဖယ်ရှားပြီးသားဖြစ်ရမယ်၊ ကိလေသာရန်သူတွေနဲ့ ဝေးနေတဲ့ပုဂ္ဂိုလ်၊ ဆိုလိုတာက ဘုရားဆိုတာ ဘယ်တော့မှ လောဘမဖြစ်ဘူး၊ စိတ်မဆိုးဘူး၊ ဒေါသ မဖြစ်ဘူး၊ အမှန်မသိတဲ့ မောဟတွေ လွှမ်းမိုးနေတာမရှိဘူး၊ မာန်မာနတွေ မရှိဘူး၊ မြတ်စွာဘုရားရဲ့ စိတ်ထဲမှာ ကိလေသာဆိုတဲ့ အညစ်အကြေးတွေ လုံးဝမရှိဘူး၊ ကင်းဝေးနေတယ်။ ဆိတ်ကွယ်ရာ၌သော်လည်း မကောင်းမှုကို မလုပ်ဘူးတဲ့။ ဒီဂုဏ်က သာမန်ဂုဏ် မဟုတ်ဘူး။

ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်၊ လူဆိုတာ ကိုယ်တစ်ယောက်ထဲမှာတော့ ဘယ်သူမှမမြင်ဘူး၊ ဘယ်သူမှမသိဘူးဆိုပြီး မဟုတ်တဲ့အလုပ်ကို လုပ်တတ်ကြတယ်။ လောကမှာ လူကြီးလူကောင်းလို့ခေါ်တဲ့ ပုဂ္ဂိုလ်တွေတောင်မှ တိတ်တိတ်ပုန်း မဟုတ်တာတွေ လုပ်ထား
စာမျက်နှာ-၂၂
တာတွေရှိတယ်။ မြတ်စွာဘုရားကတော့ ဆိတ်ကွယ်ရာ မရှိဘူးဆိုတာ ဆိတ်ကွယ်ရာမှာတောင် မဟုတ်တာ မလုပ်ဘူးလို့ပြောတာ။ လူရှေ့သူရှေ့ဆို ဝေးရော။

လောက လူသားတွေက လူရှေ့ သူရှေ့ကျတော့ ဟန်ဆောင်ပြီးတော့ နေပေမယ့်လို့ ကွယ်ရာမှာတော့ မဟုတ်တာလုပ်တတ်သေးတယ်။ ဪ- မြတ်စွာဘုရားကျတော့ အဲဒီလို လူရှေ့သူရှေ့မပြောနဲ့၊ ကွယ်ရာမှာတောင် ဘယ်တော့မှ မကောင်းတဲ့အလုပ်ကို မလုပ်ပါလား၊ ဒါကြောင့်မို့လို့ အရဟံ ဆိုတဲ့ဂုဏ်နဲ့ ပြည့်စုံတာပါလား၊ ကိလေသာတွေ ဖယ်ရှားနိုင်တယ်၊ ဘုရားဆိုတဲ့ ပုဂ္ဂိုလ်မြတ်မှာ လောဘလည်းမရှိရဘူး၊ ဒေါသလည်း မရှိရဘူး၊ မောဟလည်း မရှိရဘူး၊ စိတ်ဟာ အင်မတန်မှ ဖြူစင်တဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်၊ အရဟံ ဆိုတာ အဲဒါကို ပြောတာ။

အဲဒီလို ဖြူစင်သည့်အတွက်ကြောင့် အင်မတန်မှ ရှိခိုးထိုက်တယ်၊ မြတ်နိုးထိုက်တယ်၊ ပူဇော်ထိုက်တယ်။ လူတွေရဲ့ ပစ္စည်းလေးပါးပေးလှူမှုကို ခံယူထိုက်တယ်၊
စာမျက်နှာ-၂၃
သောတာပန်ပုဂ္ဂိုလ်များ နေ့စဉ်ဘဝမှာ နေထိုင်ကြပုံ

ဟော- အရဟံ- ပူဇော်အထူးကို ခံယူထိုက်တယ်ဆိုတာ အဲဒါ။ ဒါကြောင့်မို့ အရဟံ ကို အဓိပ္ပာယ်သုံးမျိုးနဲ့ ခွဲခြားပြောကြတယ်။ အရဟလို့ပြောလို့ရှိရင် “ထိုက်တန်သူ” လို့ အဓိပ္ပာယ်ရတယ်၊ ဘာဖြစ်လို့ ထိုက်တန်တာလဲ၊ သူ့မှာရှိတဲ့ အရည်အချင်းဟာ ဘာနဲ့မဆို ထိုက်တန်တယ်၊ ဒီလိုပြောတယ်။

နောက်တစ်ခုက အ-ရဟံ လို့ အ-ရဲ့ အဓိပ္ပာယ်တစ်ခုယူပြီးတော့ အ-ရဟံ = ဆိတ်ကွယ်ရာမှာ မကောင်းမှု မလုပ်ဘူး၊ နောက်တစ်ခါ ရဟနဲ့ အနဲ့ တွဲဖတ်ရင် အရဟံ၊ နောက်တစ်ခါ အရ-ဟံ၊ အရနဲ့ ဟကို ခွဲပြီး အဓိပ္ပာယ်ယူတဲ့အခါ အရဆိုတာ ကိလေသာရန်သူတွေကို၊ ဟဆိုတာ ဖယ်ရှားပြီးဖြစ်တယ်။ ဒါကြောင့်မို့ “အရဟံ, အရ-ဟံ, အ-ရဟံ” လို့ သုံးမျိုးခွဲ၍ ဖွင့်ဆိုလေ့ရှိတယ်။ ဘယ်လိုပဲကြည့်ကြည့် မြတ်စွာဘုရားရဲ့ ဂုဏ်ရည်တစ်ခုဟာ သာမန်ပုဂ္ဂိုလ်တွေ လိုက်မမိတဲ့ ဂုဏ်ရည်ပဲ။ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ပြီးတော့ ဘုရားကို ကြည်ညိုနိုင်တယ်။
စာမျက်နှာ-၂၄
ဆိုပါစို့၊ ကိုယ်က လောဘတွေဖြစ်နေတယ်ဆိုရင် ဪ- ငါ့စိတ်ထဲမှာ လောဘတွေ လွှမ်းနေတယ်။ မြတ်စွာဘုရားဆိုရင် ဒီလိုလောဘမျိုးမရှိဘူး။ ကိုယ်က စိတ်ဆိုးတယ်၊ မြတ်စွာဘုရားကို အာရုံပြုလိုက်၊ ဘုရားမှာ ဒီလိုစိတ်ဆိုးတာမရှိဘူး၊ ဘုရားရဲ့ စိတ်ဓာတ်မှာ ဒီလိုစိတ်ဆိုးတာ မရှိဘူး။ ကိုယ်က အမှန်မသိလို့တွေဝေတယ်၊ လုပ်သင့်တာ မလုပ်သင့်တာ ခွဲဝေမသိဘူး၊ ဪ- မြတ်စွာဘုရားမှာ ဒီလိုလုပ်သင့်တာ မလုပ်သင့်တာ ခွဲမသိဘူးတွေဝေတဲ့ မောဟမျိုး မရှိဘူး။ ကိုယ့်ရဲ့ အခြေအနေနဲ့ မြတ်စွာဘုရားအခြေအနေ ကွာခြားပုံ ဆင်ခြင်သုံးသပ်ကြည့်လိုက်ရင် အရဟံ ဆိုတဲ့ ဂုဏ်ကို အာရုံပြုလို့ရတယ်။ အလွန်ကျေနပ်စရာကောင်းတဲ့ အနေအထားတစ်ခု၊ မြတ်စွာဘုရားရဲ့ အရည်အသွေးတစ်ခု ပေါ်လွင်လာမှာဖြစ်တယ်ပေါ့။ ။

ထို့အတူပဲ ဘုရားဟော ကိလေသာတွေကိုဖယ်ရှားနိုင်လို့ ဘုရားဖြစ်ပြီ ဆိုတဲ့အခါ ကိလေသာတွေကို ဖယ်ရှားလိုက်တာ ဘာကြောင့်ဖယ်ရှားနိုင်တာလဲ၊ အမှန်
စာမျက်နှာ-၂၅
တရားကို သိလို့ပဲဖြစ်တယ်။ ဒါကြောင့်မို့ နောက်က သမ္မာသမ္ဗုဒ္ဓေါ- မှန်မှန်ကန်ကန်သိတာ၊ ဘယ်သူက ပြောလို့ သိတာလဲဆိုတော့ သံ-ကိုယ်တိုင်၊ ဒွေး-သိတယ်၊ သိသင့်သိထိုက်တဲ့ တရားတွေကို အမှန်အကန် ကိုယ်တိုင်သိတယ်၊ ဆရာမရှိဘူး၊ ဘယ်သူကမှ နည်းပြတာမဟုတ်ဘဲ သိတယ်။ ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာ သိစရာကိုလည်း အမှန်အကန်သိတယ်။ ဒါမှ ဘုရားလို့ခေါ်တာ။

နောက်တစ်ခုက ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝ-ဆိုတာ အသိဉာဏ်၊ စရဏ-ဆိုတာ ကိုယ်ကျင့်တရား။ ဉာဏ်လည်းရှိတယ်၊ ကိုယ်ကျင့်တရားလည်းရှိတယ်၊ အဆင့်မြင့်တဲ့ ဝိဇ္ဇာဉာဏ်တွေရှိပြီးတော့ အဆင့်မြင့်တဲ့ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံတယ်။ အဲဒီလို ဝိဇ္ဇာစရဏနဲ့ ပြည့်စုံလို့ သုဂတော တဲ့၊ အောင်မြင်ပေါက်ရောက်ပြီးသား ဖြစ်တယ်။ နိဗ္ဗာန်ကို ကိုယ်တိုင်ကိုယ်ကျ မျက်မှောက်ပြုပြီးသားဖြစ်တယ်။ တစ်နည်းအားဖြင့် မှန်ကန်တဲ့ စကားကိုသာ ပြောတတ်တယ်၊ ဒီလိုအဓိပ္ပာယ်နဲ့ သုဂတော လို့ဆိုတာ။
စာမျက်နှာ-၂၆
နောက်တစ်ခုက မြတ်စွာဘုရားဆိုတာ လောကဝိဒူ- လောကအကြောင်းကို ကောင်းကောင်းသိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ လောကအကြောင်းကိုကောင်းကောင်း သိသည့်အတွက်ကြောင့် လောကသားတွေကို ဆုံးမတဲ့နေရာမှာတော့ တုနိုင်တဲ့ပုဂ္ဂိုလ် မရှိဘူးတဲ့၊ အတုမဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ အနုတ္တရော ပုရိသဓမ္မသာရထိ- အဲဒီလို ဆုံးမထိုက်တဲ့ ပုဂ္ဂိုလ်ကို ဆုံးမတဲ့နေရာမှာ အတုမရှိအောင် စွမ်းဆောင်နိုင်တယ်။ သတ္ထာ ဒေဝမနုဿာနံ- လူတွေ နတ်တွေရဲ့ တကယ့်ကိုဆရာကြီးဖြစ်တယ်လို့ ဒီဂုဏ်တော်ကိုဟောတယ်။ နောက်တစ်ခါ ဗုဒ္ဓေါ- ကိုယ်တိုင်သာ သိတာမဟုတ်ဘူး၊ သူများကိုလည်း သိအောင်ဟောပြောပေးနိုင်တယ်။ ဘဂဝါ- ဘုန်းကံအနေနဲ့လည်း သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး၊ ပါရမီတော်တွေကို ဖြည့်ကျင့်ထားရှိသည့်အတွက်ကြောင့် တကယ့်ကိုစွမ်းနိုင်တဲ့ ဘုန်းကံတွေနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့။ ဪ- ဘုရားရဲ့ အရည်အချင်းတွေ အခုလို ဆင်ခြင်သုံးသပ်ပြီးတော့ တစ်ခုစီဖြစ်စေ၊
စာမျက်နှာ-၂၇
အားလုံး ခြုံငုံ၍ဖြစ်စေ မြတ်စွာဘုရားရဲ့ ဂုဏ်တွေကို အခုလို အာရုံပြုပြီးနေတယ်။

သောတာပန်ပုဂ္ဂိုလ်တွေဟာ အခုလို အာရုံပြုပြီးနေတဲ့အခါ ဘယ်လို အကျိုးကျေးဇူးတွေ ဖြစ်လာသလဲ။ ဘုရားဂုဏ်ကို အာရုံပြုပြီးနေတဲ့အချိန်မှာ “စု ရာဂပရိယုဋ္ဌိတံ စိတ္တံ ဟောတိ” အဲဒီအချိန်လေးမှာ တဏှာရာဂ ထကြွသောင်းကျန်း ဖြစ်ပေါ်လာတာမရှိဘူး။ အဲဒီအချိန်မှာ လောဘမဖြစ်ဘူးလို့ ဆိုလိုတယ်။

လောဘဟာ Positive ရှိနေပေမယ့်လို့ အဲဒီအချိန်မှာ Activate မဖြစ်ဘူး၊ လောဘဆိုတာ အမြဲဖြစ်နေတာ မဟုတ်ဘူးလေ၊ လိုချင်စရာအာရုံနဲ့တွေ့မှ ဖြစ်လာတာ။ အဲဒီမှာ မြတ်စွာဘုရားကို အာရုံပြုနေတဲ့အချိန်မှာ ရာဂလွှမ်းမိုးတဲ့စိတ်၊ ရာဂလွှမ်းမိုးခံရတဲ့စိတ်မျိုးဟာ ဖြစ်မလာဘူးတဲ့။ ဒေါသလွှမ်းမိုးခံရတဲ့စိတ်မျိုးလည်း ဖြစ်မလာဘူး၊ မောဟလွှမ်းမိုးခံရတဲ့စိတ်မျိုးဟာ ဖြစ်မလာဘူး။ အကုသိုလ်ဆိုတာ ရာဂ၊ ဒေါသ၊ မောဟက အခြေခံပြီး ဖြစ်သည့်အတွက်ကြောင့် ဒီသုံးမျိုးကိုပဲပြောတာ။ ဆိုလို
စာမျက်နှာ-၂၈
တာက မကောင်းတဲ့စိတ်ယုတ်မာတွေ ဘုရားကိုအာရုံပြုနေတဲ့အချိန်မှာ ဘယ်တော့မှမပေါ်ဘူးလို့ပြောတာ။ ရာဂ၊ ဒေါသ၊ မောဟ ကျန်တဲ့ အကုသိုလ်တရားတွေဟာ ကိုယ့်စိတ်ကိုလွှမ်းမိုးလာတာ မရှိဘူးတဲ့။ ဒီလိုဆိုလိုတယ်ပေါ့။

မြတ်စွာဘုရားကို အာရုံပြုနေတဲ့အချိန်လေးမှာ ကိလေသာစိတ်တွေ၊ ကာမဂုဏ်အာရုံစိတ်တွေ၊ အကုသိုလ်စိတ်တွေ၊ မကောင်းတဲ့အတွေးတွေ ဘာတစ်ခုမှ ဖြစ်မလာတော့ဘူး။ ဒီလိုမလာတာကိုက အင်မတန်မှ စိတ်နှလုံးအေးချမ်းဖို့အတွက် ဖြစ်လာတယ်။ ဒါကိုယ်တိုင်ဆင်ခြင်သုံးသပ်ကြည့်ရင် သိနိုင်တယ်။

ကောင်းပြီ၊ ဒီလို မြတ်စွာဘုရားရဲ့ ဂုဏ်ကို အာရုံပြုနေတဲ့စိတ်လေးဟာ တဖြောင့်တည်းသွားနေတာ၊ လောဘလို ဟိုတွေးဒီတွေး လိုချင်မက်မောနေတာ မဟုတ်ဘူး၊ ဒေါသလို ဟိုတွေးဒီတွေး မကျေနပ်ဖြစ်နေတာ မဟုတ်ဘူး၊ မောဟလို မဆုံးဖြတ်နိုင်ဘဲနဲ့ ဘာလုပ်
စာမျက်နှာ-၂၉
ရမလဲ၊ ဘာမလုပ်ရဘူးလဲဆိုတာကိုမသိတဲ့တွေဝေနေတာမျိုး မဟုတ်ဘူး။ ဥဇုဂတစိတ္တာ တဲ့။ ဘုရားအာရုံပေါ်မှာ တဖြောင့်တည်း တည်ငြိမ်နေတယ်။

ဘုရားအာရုံပြုနေတဲ့အချိန်လေး အဲဒီလို ဘုရားအာရုံလေးအပေါ်မှာ တည်ငြိမ်နေတဲ့အခါမှာ အရဟံ ဆိုတဲ့ စကားလုံးကို အာရုံပြုလိုက်တယ်။ စကားလုံးလေးကိုလည်း သိတယ်၊ စကားလုံးလေးရဲ့ အဓိပ္ပာယ်ကိုလည်းသိတယ်၊ သိတယ်ဆိုတဲ့ ကျေနပ်စရာ၊ နှစ်သက်စရာ အသိဉာဏ်လေးကို တိုးတက်ဖြစ်ပေါ်လာတယ်။ ဓမ္မနဲ့ ပတ်သက်လာတဲ့ ဝမ်းမြောက်မှုတွေဖြစ်လာတယ်၊ ဪ- ဒီလိုအဓိပ္ပာယ်ပါလား၊ ဘုရားဆိုတာ ဒီလိုပုဂ္ဂိုလ်ပါလားလို့ အာရုံပြုရင်းနဲ့ စိတ်ထဲမှာ ဝမ်းသာလာတယ်။ ဝမ်းမြောက်လာတယ်။ အဲဒါကို ပါမောဇ္ဇ လို့ခေါ်တယ်။

အဲဒီလို ဝမ်းမြောက်လာတဲ့အခါ ဘာဖြစ်လဲ။ “ပမုဒိတဿ ပီတိ ဇာယတိ” ဝမ်းမြောက်လာပြီဆိုလို့ရှိရင် ကြက်သီးမွေးညှင်းထသလို ခန္ဓာကိုယ်မှ သိမ့်သိမ့်နဲ့ ပီတိတွေဖြစ်လာတယ်။ အဲဒီလို ပီတိဖြစ်လာတဲ့အခါ
စာမျက်နှာ-၃၀
မှာ “ပီတိမနဿ ကာယာ ပဿမ္ဘတိ” ပီတိတွေ ဖြစ်လာတဲ့ စိတ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့ ခန္ဓာကိုယ်ဟာ ငြိမ်းချမ်းလာတယ်။ စိတ်လည်း ငြိမ်းချမ်းသွားတယ်။ အေးမြတဲ့ရေစင်တွေ သွန်းလောင်းလိုက်သလို စိတ်ထဲမှာ အပူတွေကင်းသွားတယ်၊ ငြိမ်းချမ်းသွားတယ်၊ အေးမြသွားတယ်၊ ဒီလိုဆိုလိုတာပေါ့။ “သဒ္ဓကာယာ သုခံ ဝေဒိယတိ” အဲဒီလို ကိုယ်စိတ်ငြိမ်းချမ်းသွားပြီဆိုတဲ့အခါမှာ ခန္ဓာရော စိတ်ရောဟာ နေလို့ထိုင်လို့ကောင်းပြီး ချမ်းသာလာတယ်။ ချမ်းသာလာတယ်ဆိုတာ နွေရာသီ အင်မတန်ပူတဲ့အချိန်မှာ လေအေးအေးလေးခံလိုက်ရလို့ရှိရင် ချမ်းသာသွားသလိုပဲ၊ အဲဒီလို ကိုယ်ရောစိတ်ရော အေးမြချမ်းသာသွားတာ၊ အဲဒီချမ်းသာမှုကို ခံစားရတယ်။

အဲဒီလို ချမ်းသာမှုကို ခံစားရတဲ့အခါ “သုခိနော စိတ္တံ သမာဓိယတိ” ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှုရှိတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ဟာ တည်ငြိမ်လာတယ်၊ စိတ်တည်ငြိမ်တယ်ဆိုတာ စိတ်လေလွင့်တာမရှိဘူး၊ စိတ်တွေ
စာမျက်နှာ-၃၁
သောတာပန်ပုဂ္ဂိုလ်များ နေ့စဉ်ဘဝမှာ နေထိုင်ကြပုံ

စုစည်းလို့မရဘူးဆိုတဲ့ ဥဒ္ဓစ္စတွေကင်းပြီး စိတ်ကလေးဟာ ငြိမ်နေတယ်။ အဲဒါဟာ ဘုရားဂုဏ်ကို အာရုံပြုပြီးတော့ နေခြင်းကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးဖြစ်တယ်။ သောတာပန်ပုဂ္ဂိုလ်ရဲ့ မွန်မြတ်တဲ့ နေနည်းထိုင်နည်း ဖြစ်တယ်ပေါ့။ ။

ပုထုဇဉ်ပုဂ္ဂိုလ်တွေကော ဒီလိုမရဘူးလားဆိုတော့ ဘုရားဂုဏ်တော်ကို အာရုံပြုပြီးနေမယ်ဆိုရင် အခုလို ဘုရားအာရုံထဲမှာ စိတ်ကလေးက ငြိမ်ပြီးတော့ သမာဓိရသွားမှာ သေချာတယ်။ ဝမ်းသာမယ်၊ ဝမ်းသာရင် ပီတိဖြစ်မယ်၊ ပီတိဖြစ်ရင် ကိုယ်စိတ်ငြိမ်းချမ်းမယ်၊ ငြိမ်းချမ်းရင် ချမ်းသာမယ်၊ ချမ်းသာရင် စိတ်တည်ငြိမ်မှုဖြစ်တယ်။ အဲဒီလို စိတ်ကလေး ငြိမ်သွားတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ သောတာပန်ပုဂ္ဂိုလ်။ အဲဒီလို စိတ်ငြိမ်နေတဲ့အနေအထားတစ်ခုဟာ ဘာကိုဆိုလိုတာလဲဆိုရင် အများသတ္တဝါတွေကိုကြည့်လိုက်၊ လူတွေဟာ သောကတွေနဲ့ ပူလောင်နေကြတယ်၊ သားရေးသမီးရေးကိစ္စတွေနဲ့ ပူလောင်တယ်။ စီးပွားရေးကိစ္စတွေနဲ့ ပူလောင်တယ်။
စာမျက်နှာ-၃၂
လူမှုရေးကိစ္စတွေနဲ့ ပူလောင်တယ်။ အများကို ကြည့်လိုက်မယ်ဆိုရင် ပူနေကြတယ်။ အဲဒီပူနေတဲ့အချိန်မှာ ဘုရားဂုဏ်ကို အာရုံပြုပြီးနေလိုက်လို့ စိတ်တည်ငြိမ်နေပြီဆိုရင် အေးမြသွားတယ်။ ဒါကြောင့်မို့ “အပူထဲမှာ အေးအောင်နေတယ်” ဆိုတာ အဲဒါပြောတာနော်။ အပူထဲမှာ အပူမမိအောင် အေးမြတဲ့စိတ်နှလုံးနဲ့ နေနိုင်တဲ့ အနေအထားပဲ။

သောတာပန်ပုဂ္ဂိုလ်တွေဟာ အဲဒီလိုနေတယ်လို့ ဆိုလိုတယ်။ အဲဒါကို မြတ်စွာဘုရားက “ဝိသမဂတာယ ပဇာယ သမပ္ပတ္တာ ဝိဟရတိ” ဝိသမဂတာယ ပဇာယ ဆိုတာ အေးချမ်းမှုကင်းနေတဲ့ သတ္တဝါတွေ အများစုထဲမှာ သူဟာ အေးအေးချမ်းချမ်းနေထိုင်တဲ့ အနေအထားကို ရောက်သွားတယ်။ နောက်တစ်ခုက “သဗျာဗဓ ပဇာယ အဗျာဗဓော ဝိဟရတိ” ဆင်းရဲဒုက္ခရောက်နေတဲ့ သို့မဟုတ် စိတ်ဓာတ်တွေ ဖောက်ပြန်နေတဲ့ သတ္တဝါတွေကြားမှာ စိတ်နှလုံးအေးချမ်းစွာ နေနိုင်တယ်။ “ဓမ္မသောတံ သမာပန္နော ဗုဒ္ဓါနုဿတိ”
စာမျက်နှာ-၃၃
ဘာဝေတိ ဗုဒ္ဓါနုဿတိ ဆိုတဲ့ ဘုရားရဲ့ ဂုဏ်ကို အာရုံပြုတယ်၊ အာရုံပြုနေတဲ့ စိတ်အလျဉ်ကြောထဲမှာပဲ သူဟာ မျောပြီး အေးချမ်းတဲ့အရသာကို တွေ့ရှိခံစားနေရတယ်။ သောတာပန်ပုဂ္ဂိုလ်ဆိုတာ ဘုရားဂုဏ်ကို အာရုံပြုပြီး ဒီအာရုံလေးနဲ့ပဲ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေမဖြစ်ဘဲ ငြိမ်းချမ်းတဲ့ အနေအထားတစ်ခုကို နေနိုင်တယ်၊ ဒီလိုနေကြတယ်လို့ပြောတယ်။

အဲဒီအတိုင်းပဲ တရားဂုဏ်ကို အာရုံပြုတဲ့အခါမှာလည်းပဲ တရားဓမ္မနဲ့ ပတ်သက်လာတဲ့ ဂုဏ်ရည်တွေကို ရှုမြင်သုံးသပ်တယ်။ သွာက္ခာတော- မြတ်စွာဘုရားကိုယ်တိုင်ဟောထားတာ၊ မှန်ကန်တဲ့အတိုင်းဟောတယ်၊ အကြောင်းနဲ့အကျိုးနဲ့ အံကျကိုက်ညီအောင်ဟောတယ်၊ လွဲမှားတာမရှိရုံတင်မကဘူး၊ သန္ဒိဋ္ဌိကော- ဒီတရားကို ကိုယ်တိုင်သိလို့လည်းရတယ်။ အကာလိကော- ကိုယ်တိုင်သိတယ်ဆိုတာ အချိန်စောင့်နေစရာမလိုဘူး၊ အခုလုပ်ရင် အခုသိတယ်။ ဧဟိပဿိကော- ကိုယ်သိသလို သူများတွေလည်းသိအောင် ဖိတ်ခေါ်ပြီး
စာမျက်နှာ-၃၄
ပြလို့ရတယ်။ သြပနေယျကော- တရားဓမ္မဟာ အခုနှလုံးသွင်းရင် အခုအေးချမ်းတာမို့ လူတိုင်းလူတိုင်းရဲ့ စိတ်ထဲမှာ တရားမရောက်ရောက်အောင် ပို့ဆောင်ထားထိုက်တယ်။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ- ပညာရှိပုဂ္ဂိုလ်တွေဟာ အသီးသီး ခံစားသိရှိနိုင်ကြတယ်လို့ ဆိုတယ်။

တရားဂုဏ်တွေ ကိုယ်တိုင်သိရှိလာတဲ့အခါမှာ အင်မတန်မှ မှန်ကန်တာပဲလို့ ဝမ်းမြောက်ဝမ်းသာဖြစ်လာတယ်။ တွေးလိုက်တိုင်း ဝမ်းမြောက်တယ်။ ဝမ်းမြောက်ရင် ဘာဖြစ်လဲ၊ ပီတိဖြစ်တယ်၊ ပီတိဖြစ်ရင် ဘာဖြစ်လဲ၊ ပဿဒ္ဓိ- ငြိမ်းချမ်းမှုဖြစ်တယ်။ ငြိမ်းချမ်းရင် ဘာဖြစ်လဲ၊ သုခ- ချမ်းသာတယ်၊ ချမ်းသာလို့ရှိရင် စိတ္တံ သမာဓိယတိ- စိတ်ကလေးဟာ တည်ငြိမ်လာတယ်၊ အဲဒီအချိန်ပိုင်းလေးဟာ ပူလောင်နေတဲ့ သတ္တဝါတွေကြားထဲမှာ အေးအေးချမ်းချမ်းနေနိုင်တဲ့ အနေအထားမျိုး၊ ဒေါသနဲ့ စိတ်ဖောက်ပြန်နေတဲ့ သတ္တဝါတွေကြားထဲမှာ ကိုယ်က စိတ်ဖောက်ပြန်မှုကင်းပြီးတော့ ငြိမ်းချမ်းစွာ
စာမျက်နှာ-၃၅
နေနိုင်တယ်၊ ဒီလိုဆိုလိုတာပေါ့။ အေး- သောတာပန်ပုဂ္ဂိုလ်တွေဟာ နေ့စဉ်ဘဝမှာ အခုလို တရားဓမ္မနှလုံးသွင်းပြီးတော့ နေထိုင်ကြတာဖြစ်တယ်။

ထို့အတူပဲ သံဃာ့ဂုဏ်ကို အာရုံပြုမလား၊ ပြုတဲ့အခါမှာလည်းပဲ သံဃာ့ဂုဏ်ကို အာရုံပြုတယ်၊ အာရုံပြုလိုက်တဲ့အခါမှာ သုပ္ပဋိပန္နော၊ ဥဇုပ္ပဋိပန္နော၊ ဉာယပ္ပဋိပ္ပန္နော၊ သာမီစိပ္ပဋိပ္ပန္နော မဂ္ဂင်(၈)ပါး အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်နေကြပုံ မှန်းမျှော်ပြီးကြည့်လိုက်၊ အရိယာသူတော်စင် ဖြစ်သွားပြီဆိုလို့ရှိရင် အာဟုနေယျာ- အဝေးကယူလာတဲ့ ပစ္စည်းတွေ လှူထိုက်တယ်၊ ပါဟုနေယျာ- ဧည့်သည်တွေအတွက် ထားတဲ့ပစ္စည်းကို လှူထိုက်တယ်။ ဒက္ခိဏေယျာ- ရည်သန်တောင့်တပြီးလှူတဲ့အလှူကို လှူထိုက်တယ်။ အဉ္စလီကရဏီယော- ဘာမှမလှူတောင် လက်အုပ်ကလေးချီလိုက်တာနဲ့ပဲ ကောင်းကျိုးချမ်းသာတွေရနိုင်တယ်။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ- ကုသိုလ်လုပ်ဖို့အတွက် အကောင်းဆုံးလယ်မြေဖြစ်တယ်ဆိုတဲ့
စာမျက်နှာ-၃၆
အရည်အချင်းတွေကို ဆင်ခြင်သုံးသပ်ကြည့်လိုက်တာနဲ့ပဲ ဒီပုဂ္ဂိုလ်ရဲ့ စိတ်ဓာတ်ဟာ ဝမ်းမြောက်မှုတွေဖြစ်လာတယ်၊ ဒီလိုပြောတာ။

ထို့အတူပဲ ကိုယ့်သီလလေးကို ကိုယ်ဆင်ခြင်တယ်၊ အေး- “ငါဒီကနေ့ ပါဏာတိပါတမှ ရှောင်ကြဉ်တယ်၊ လုံးဝရှောင်ကြတယ်၊ အရိယာသူတော်စင်တွေ ပါဏာတိပါတမှ ရာသက်ပန်ရှောင်ကြဉ်ကြသလိုလည်း ဒီနေ့ အရိယာသူတော်စင်တွေလို ကျင့်ရပြီ” လို့ သောတာပန်ပုထုဇဉ်တွေအနေနဲ့ ကိုယ့်သီလကို ကိုယ်ဆင်ခြင်ကြတယ်။ အဒိန္နာဒါနာ- ဒီနေ့ သူများပစ္စည်း မတရားယူတာမဟုတ်ဘူး၊ ကာမေသုမိစ္ဆာစာရာ- ကာမဂုဏ်အာရုံတွေနဲ့ ပတ်သက်ပြီးတော့ ပြစ်မှားတာမျိုးမရှိဘူး။ မုသာဝါဒ- လိမ်ပြောတာမျိုး ငါမရှိဘူး။ သုရာမေရယ- မူးယစ်ဆေးဝါး အရက်သေစာသောက်စားတာမရှိဘူးလို့ ငါးပါးသီလ ငါလုံခြုံနေတယ်လို့ ကိုယ့်သီလကို အသက်ထက်တန်ဖိုးထားပြီး ငါစောင့်ရှောက်ရမယ်။
စာမျက်နှာ-၃၇
အင်မတန်မှစင်ကြယ်တဲ့သီလ ငါ့မှာရှိတယ်လို့ ဟောဒီလိုတွေးတောလိုက်တာနဲ့ ဝမ်းမြောက်မှုဆိုတာ ဖြစ်လာတယ်။ ဝမ်းမြောက်ရင် ပီတိဖြစ်မယ်၊ ပီတိဖြစ်ရင် ပဿဒ္ဓိ ဆိုတဲ့ ငြိမ်းချမ်းမှုဖြစ်လာမယ်။ ငြိမ်းချမ်းမှုဖြစ်ရင် သုခ ဆိုတဲ့ ချမ်းသာမှုခံစားရမယ်။ သုခဖြစ်လာတာနဲ့ စိတ်လေးဟာ တည်ငြိမ်လာတယ်လို့ ဒီလိုဆိုလိုတာ။ ဒီလိုအကျိုးတရားတွေ လက်တွေ့ရရှိကြတယ်။

ထို့အတူ သီလဆင်ခြင်သလိုပဲ ကိုယ်လှူတဲ့တန်းတဲ့အိမ်မှာ နေရင်းကနေ ဒါကတော့ ဘယ်သူ့ကိုကျွေးမယ်၊ ဘယ်သူ့ကိုမကျွေးဘူး။ ဒါကတော့ ဘယ်သူ့မှမပေးဘူးဆိုတဲ့ စိတ်မျိုးမထားဘူး၊ အားလုံးညီတူညီမျှ အိမ်မှာနေရင်းကစပြီး ကိုယ့်အတွက်သာမစဉ်းစားဘဲနဲ့ အားလုံးအတွက်စဉ်းစားပြီးတော့ မစ္ဆရိယ တရားကို ဖယ်ရှားပြီးတော့ ဖြူစင်တဲ့စိတ်ဓာတ်နဲ့ နေနိုင်တယ်ဆိုတဲ့ ဂုဏ်ကို အာရုံပြုလိုက်ရင် ဝမ်းမြောက်မှု (ပါမောဇ္ဇ) တွေ ဖြစ်လာမယ်။
စာမျက်နှာ-၃၈
ထို့အတူပဲ ငါ့မှာ သဒ္ဓါတရားရှိတယ်၊ သီလရှိတယ်။ သုတရှိတယ်၊ စာဂရှိတယ်၊ ပညာရှိတယ်၊ အေး- ငါ့လို သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာနဲ့ ပြည့်စုံကြလို့ ကောင်းကင်ဘုံက နတ်တွေဟာ နတ်ပြည်ရောက်ကြတာ။ ဒီအရည်အချင်းတွေဟာ နတ်ပြည်လောက်တော့ အသာလေးရောက်နိုင်တဲ့ အရည်အချင်းတွေပဲလို့ နတ်တွေရဲ့ အရည်အချင်းပေါ်မှာ အာရုံပြုပြီး ဝမ်းသာကြည်နူးမှု (ပါမောဇ္ဇ) ဖြစ်လာလို့ရှိရင် ပီတိဆိုတာဖြစ်တယ်။

ခုနလို နောက်ဆုံးမှာတော့ စိတ်ကလေးတည်ငြိမ်မှု သမာဓိဖြစ်လာတယ်။ အဲဒီ သမာဓိလေးနဲ့ နေလိုက်တဲ့အချိန်မှာ အထဲမှာ အေးချမ်းသွားတယ်။ ရှုပ်ထွေးနေတဲ့ထဲမှာ ရှင်းနေတယ်၊ အဲဒီလို အရှုပ်ထဲမှာ ရှင်းအောင်နေတယ်။ အပူထဲမှာ အေးအောင်နေတယ်ဆိုတဲ့ နည်းမျိုးတွေနဲ့ အရိယာသူတော်စင်တွေဟာ ဒီလိုနေသွားကြတာဖြစ်တယ်လို့ မြတ်စွာဘုရားက မဟာနာမမင်းရဲ့ အမေးကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။
စာမျက်နှာ-၃၉
အေး၊ ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့၊ “သောတာပန်ပုဂ္ဂိုလ်များ နေ့စဉ်ဘဝမှာ နေထိုင်ကြပုံ” ဆိုတာ မြတ်စွာဘုရားမိန့်ကြားတဲ့အတိုင်း အရိယာသူတော်စင်တွေ ဒီပုံဒီနည်းနဲ့ နေကြတာဖြစ်တယ်။ တို့တတွေလည်း အရိယာမဖြစ်သေးခင် သူတို့ကဲ့သို့ နေနိုင်ထိုင်နိုင်အောင် ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်။ အရိယာသူတော်စင်ဖြစ်ပြီးလို့ရှိရင်လည်း ဒီလိုနေနည်းမျိုးတွေနဲ့ တို့တွေနေကြရမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ မှန်ကန်တဲ့နေနည်းနဲ့ ဘဝမှာနေတတ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု ... သာဓု ... သာဓု hogi389iy3u50urmcd6dimmihd7bu7m ဟောသူ နာသူ စိတ်ထားဖြူ 0 6423 22227 2026-06-20T02:14:45Z Tejinda 173 "{{header | title = ဟောသူ နာသူ စိတ်ထားဖြူ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = သောတာပန်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22227 wikitext text/x-wiki {{header | title = ဟောသူ နာသူ စိတ်ထားဖြူ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[သောတာပန်ပုဂ္ဂိုလ်များ နေ့စဉ်ဘဝမှာ နေထိုင်ကြပုံ] | previous2 = | next = [[နိုင်သူနှင့် ရှုံးသူ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

ဟောသူ နာသူ စိတ်ထားဖြူ
မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊
ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၄) ရက် ၅. ၁၂. ၂၀၁၀ (တနင်္ဂနွေနေ့)
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဗုဒ္ဓဝါဠုက စေတီတော်အား ဦးထိပ်ပန်ဆင်လျက်
တတိယအကြိမ်မြောက် ကိုင်းတန်းလမ်းမိသားစု သံဃဒါန ဆွမ်းလောင်းအသင်း၏ အနှိုင်းမဲ့အလှူ ဓမ္မပူဇာ
အထူးတရားပွဲ၌ ကိုင်းတန်းလမ်း အမှတ်(၆၈) ဦးမောင်မောင်အားရည်စူး၍ ဒေါ်နန်းတွိ သားသမီး မြေးမိသားစု
နှင့်
ကိုင်းတန်းလမ်း အမှတ်(၆၄) ဦးဦး ဒေါ်ခင်ခင်ဝင်း သား မောင်တင့်မျိုးထက်၊ သမီး မလဲ့ယဉ်မျိုးဦး မိသားစုတို့၏ အမတဒါန
ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ဟောသူ နာသူ စိတ်ထားဖြူ” တရားဒေသနာတော်

“ဟောသူ”ဆိုတာ တရားဓမ္မကို ဟောပြောတဲ့ ဓမ္မကထိက ပုဂ္ဂိုလ်၊ “နာသူ”ဆိုတာ တရားဓမ္မကို နာယူတဲ့ တရားနာပရိသတ်၊ နှစ်ဦးနှစ်ဝ ဟောတဲ့ပုဂ္ဂိုလ်ကလည်း စိတ်ထားဖြူစင်ဖို့ အင်မတန်မှ အရေးကြီးတယ်၊ နာယူတဲ့ပုဂ္ဂိုလ်ကလည်း စိတ်ထားဖြူစင်ဖို့ အရေးကြီးတယ်၊ ဒါကြောင့်မို့ “ဟောသူ နာသူ စိတ်ထားဖြူ” ခေါင်းစဉ်နဲ့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူ ခဲ့တဲ့ ဒေသနာတော်တွေထဲက ထုတ်နှုတ်ပြီး ဟောပါ့မယ်၊ တရားဟောတဲ့ပုဂ္ဂိုလ်က ဘယ်လိုစိတ်ထားနဲ့ ဟောရမယ်၊ တရားနာတဲ့ပုဂ္ဂိုလ်ကလည်း ဘယ်လို စိတ်ထားနဲ့ နာရမယ်ဆိုတာ သိဖို့ လိုအပ်တယ်၊
စာမျက်နှာ-၂
မြတ်စွာဘုရားက အကျိုးရှိရာ အကျိုးရှိကြောင်း ကောင်းကျိုးချမ်းသာတွေကို ဖြစ်ပေါ်စေတတ်တဲ့ လမ်းညွှန်ချက်များကို ပေးထားတာ ရှိပါတယ်။

ဘုန်းကြီးတို့ မြန်မာနိုင်ငံသို့ ပိဋကတ် ၃-ပုံ စတင် ရောက်ရှိလာတဲ့အချိန်ကို သမိုင်းမှတ်တမ်းအဆို အရ အနော်ရထာမင်းကြီးလက်ထက် ပုဂံခေတ်မှာ စတင်ရောက်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်၊ သို့သော် ဒီထက်စောပြီးတော့လည်း ရောက်ဖို့ရာ အကြောင်းတွေ ရှိတယ်၊ ဘာဖြစ်လို့လဲဆိုရင် ပုဂံ ခေတ်ထက်စောတဲ့ သရေခေတ္တရာပြည်ခေတ်ဆိုတာ ရှိတယ်၊ ဒွတ္တဘောင်မင်းကြီးလက်ထက်မှာ ရှင်သာရိပုတ္တရာတို့ကို ရှင်အဿဇိဟောကြားခဲ့တဲ့ “ယေဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ” (အကြောင်းတရားတို့မှ ဖြစ်ပေါ်လာကုန်သော တရားတို့၏ အကြောင်းရင်းကို မြတ်စွာဘုရား ဟောကြားတော်မူ၏) ဒီဂါထာလေးကို ရေးမှတ်ထားတဲ့ ရွှေပေ လွှာရွှေပုရပိုက်ကို မြေထဲက တူးဖော် ရရှိတဲ့ သမိုင်း အထောက်အထား ရှိတယ်။
စာမျက်နှာ-၃
ဒီလို လေးနက်တဲ့ တရားဓမ္မတွေ ပုဂံခေတ် မတိုင်မီ သရေခေတ္တရာလို့ ခေါ်တဲ့ ပြည်ခေတ်က တည်းက ရောက်ရှိနေတယ်လို့ ဒီလို ပြောရမယ်။

အဲဒီလို ရောက်ရှိလာတဲ့ ဗုဒ္ဓမြတ်စွာရဲ့ တရား ဓမ္မတွေဟာ အင်မတန်မှ များတယ်၊ စာမျက်နှာနဲ့ ပြောမယ်ဆိုရင် နှစ်သောင်းပတ်ဝန်းကျင်မှာ ရှိနိုင်တယ်ပေါ့။ ဒါတောင် တူရာတွေကို ချုံးပြီး ရိုက်ထား တာ။
တိပိဋကဓရဘွဲ့
ဒီကနေ့ တိပိဋကဓရရွေးချယ်ရေးစာမေးပွဲမှာ ပြဋ္ဌာန်းထားတာဟာ ဒီစာတွေအကုန် မဟုတ်ဘူး၊ အုပ်ရေ-၂၀ ပဲ ပြဋ္ဌာန်းထားတယ်၊ အဲဒီအုပ်ရေ-၂၀ဟာ စာမျက်နှာပေါင်း ၈၀၂၆-မျက်နှာလို့ ဆိုတယ်။ အဲဒီ ၈၀၂၆-မျက်နှာသော စာတွေကို ကျက်မှတ်ပြီး ပြန်ဆိုရတယ်၊ အနည်းဆုံး ၁၀-နှစ်လောက် ကြာတယ်၊ အလွတ်ရအောင် ကျက်ပြီး ပြန်ဆိုနိုင်ရမယ်၊ ပြန်ဆိုနိုင်ရင် “ဓရ” (ဆောင်ထားသူ) ဆိုတဲ့ ဘွဲ့ပေးတယ်။
စာမျက်နှာ-၄
အဲဒီ မိမိပြန်ဆိုထားတဲ့ စာပိုဒ်တွေရဲ့ အဓိပ္ပါယ်တွေ - ကျမ်းရင်းကလာတဲ့ အဓိပ္ပါယ်, အဋ္ဌကထာ ဋီကာက လာတဲ့ အဓိပ္ပါယ် - အဲဒီအဓိပ္ပါယ်အသေး စိတ်ကို စာအုပ်တွေမှာ ဖတ်ရှုလေ့လာပြီး နားလည် အောင် သဘောပေါက်အောင် သင်ယူမှတ်သားပြီး တော့မှ ရေးဖြေစာမေးပွဲကို ဖြေဆိုရတယ်၊ အောင် မြင်ပြီဆိုရင် “ကောဝိဒ” ဆိုတဲ့ဘွဲ့ ပေးတယ်။ “ကောဝိဒ” ဆိုတာ “လိမ္မာကျွမ်းကျင်သူ”လို့ အဓိပ္ပါယ် ရတယ်။

“ဓရ” ဆိုတာ နှုတ်တက်အာဂုံဆောင်သူ, “ကောဝိဒ” က လိမ္မာကျွမ်းကျင်သူ၊ ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ တိပိဋကဓရ တိပိဋကကောဝိဒ လို့ ဘွဲ့နှစ်ခုစုံမှ တိပိဋကဓရပုဂ္ဂိုလ်ဆိုတာ ဖြစ်တယ်။
ပိဋကတ် ၃-ပုံ ရောက်ရှိနေသော်လည်း
ပြောချင်တာက မြန်မာပြည်မှာ ပိဋကတ် ၃-ပုံ ရောက်ရှိနေသော်လည်း ဗုဒ္ဓ ဓမ္မ သံဃာကို ကြည်ညို ကြတဲ့ ဒကာဒကာမတွေရဲ့ ပိဋကတ်နဲ့ ပတ်သက်တဲ့
စာမျက်နှာ-၅
အသိဉာဏ်ဟာ အားပျော့နေသေးတယ်, အားနည်း နေသေးတယ်၊ အဓိကအခက်အခဲ
ဘာဖြစ်လို့ အားနည်းနေရသလဲဆိုရင် အချိန် မရှိလို့ မလေ့လာနိုင်လို့ စီးပွားရေးတစ်ဖက် လူမှုရေး တစ်ဖက်နဲ့ ဒီလိုနေရလို့ - ဒီလို ပြောကောင်း ပြော ကြလိမ့်မယ်၊ အဲဒါက အဓိကအခက်အခဲ မဟုတ်ဘူး၊ အဓိကအခက်အခဲက ဘုရားဟောတဲ့ တရားတွေဟာ ပါဠိလိုဟောထားတာ၊ ပါဠိလိုဟောထားတဲ့ တရားဓမ္မတွေကို မြန်မာလိုပြန်ဖို့ဆိုတာ မလွယ်ဘူး။ ပြန်ထားတာတွေတော့ ရှိတယ်ပေါ့၊ ပါဠိမတတ်တာ အခက်အခဲပေါ့။
တရားဟောပုံစနစ် အဆင့်ဆင့် ပြောင်းလဲလာပုံ
ဘုန်းကြီးတွေဟောတဲ့ တရားလောက်ပဲ လူတွေက နာကြရတာ၊ ရှေးတုန်းကဆိုရင် ယပ်တောင် ခေတ်တို့ ယပ်လှဲခေတ်တို့ဆိုတာ ပေါ်ခဲ့တယ်၊ ယပ်
စာမျက်နှာ-၆
ကြီးကို ထောင်ပြီး ယပ်နဲ့ မျက်နှာပိတ်ပြီး ဟောတဲ့ ခေတ်မှာ ယပ်ထောင်တရား ဆိုပြီးတော့ ရတာတွေ အကုန်ရွတ်ပြီး ဟောလိုက်တာပေါ့၊ ဝေဝေဆာဆာ မဟုတ်ဘူး၊ ကျက်ထားတဲ့အတိုင်း အစအဆုံး ဟော လိုက်တယ်၊ အဲဒါကို ယပ်ထောင်ခေတ်လို့ ပြောတယ်၊ အဲဒီယပ်ထောင်တရားတွေနဲ့ မြန်မာလူမျိုးတွေဟာ စတင်ပြီးတော့ တရားပွဲတွေမှာ နာကြရတယ်။

အဲဒီ ယပ်ထောင်ခေတ် ကုန်သွားတဲ့အခါကျ တော့ ယပ်ထောင်ကို ပြောင်းပြန်ပြန်လိုက်ပြီး ယပ်လှဲ ခေတ်ဆိုတာ ပေါ်လာပြန်တယ်၊ ဘာတွေ လုပ်လာ ကြတုန်းဆိုလို့ရှိရင် ယပ်လှဲတရားစာတွေ ထုတ်ပြီး ဇာတ်လမ်းဇာတ်ကွက် ကောင်းကောင်းတွေကို အဆို အငိုနဲ့ လွမ်းခန်းဆွေးခန်းတွေကို ဦးစားပေးပြီး ဟောတဲ့နည်း ပေါ်လာခဲ့တယ်။

အဲဒီတော့ မြန်မာနိုင်ငံရဲ့ ဓမ္မလုပ်ငန်းဟာ ပိဋကတ်နဲ့ အလှမ်းဝေးနေသေးတယ်၊ အဲဒီလို ဟော ခဲ့တဲ့ တရားတွေဟာ ပိဋကတ်ထဲက မဟုတ်ဘူးလား
စာမျက်နှာ-၇
ဆိုတော့ ဟုတ်ပါတယ်၊ ဟုတ်ပေမယ့် များသောအား ဖြင့် ပုံဝတ္ထုတွေပဲ များတယ်၊ ဇာတ်လမ်းဇာတ်ကွက် တွေ ဟောတာဆိုတော့ ဒကာဒကာမတွေကလည်း ပွဲကြည့်ရသလိုပဲ၊ တရားနာတဲ့အခါ ဇာတ်လမ်းလေးတွေ မှတ်ပြီးတော့ နာကြတယ်၊ လွမ်းခန်း ဆွေးခန်း ဟောတဲ့အခါ မျက်ရည်လေးသုတ်ပြီး နာကြတယ် ပေါ့။

အဲဒီလိုခေတ်တွေကို ဖြတ်ကျော်လာပြီးတော့ နောက်ပိုင်းခေတ်ရောက်လာတဲ့အခါ မြန်မာပြည်မှာ စစ်ကိုင်းတောင်ရိုး အနီးစခန်းဆရာတော်ဘုရားကြီးဆိုတာ ပေါ်လာတယ်၊ အဲဒီအနီးစခန်းဆရာတော် ဘုရားကြီးက လွမ်းခန်းဆွေးခန်းတွေ မဟောဘူး၊ သုတ္တန်ပါဠိတော်ကြီးတွေကို အစအဆုံး ရွတ်ဆို မြန်မာပြန်ပြီးတော့ ဟောတယ်၊ ပါဠိတော်ဟောစဉ် ကြီးတစ်ခု ပေါ်လာခဲ့တယ်။

အဲဒီ ပါဠိတော်ဟောစဉ်ကြီးဟာ ပထမလူတွေက နားမယဉ်ကြဘူး၊ နားမယဉ်တော့ ဘုန်းကြီးတို့ ကြားဖူးတယ်၊ အနီးစခန်းဆရာတော် မန္တလေးက
စာမျက်နှာ-၈
တရားဟောပြီးပြန်တော့ သမ္ဗန်လှေနဲ့ ဧရာဝတီမြစ်ကို ကူးရတယ်၊ အဲဒီတုန်းက စစ်ကိုင်းတံတားကြီးကို စစ်အတွင်းမှာ အင်္ဂလိပ်က သွားလို့ ဂိုးနှစ်ဂိုး ရေ ထဲ ပြုတ်ကျနေတယ်၊ စစ်ကိုင်းတောင်ရိုးကနေ မန္တလေးဖက် ကူးချင်လို့ရှိရင် အညာအခေါ် “ငှက်” ခေါ်တဲ့ သမ္ဗန်နဲ့ ကူးရတယ်၊ မတ်တပ်ရပ်ပြီးတော့ တက်နှစ်ချောင်းနဲ့ ခတ်လှော်တဲ့ သမ္ဗန်ပေါ့၊ ရန်ကုန် မှာလည်း ရှိပါတယ်၊ အခုတော့ အဲဒီလိုခတ်တာ မဟုတ်တော့ဘူး၊ ပဲ့ချိပ်စက်နဲ့ မောင်းကြတယ်၊ အဲ ဒီလို ငှက်သမ္ဗန်နဲ့ ဟိုဖက်ကမ်းကို ကူးပြီး သွားတာ။

တစ်ရက်တော့ အနီးစခန်းဆရာတော်ကြီး တရားဟောပြီး ပြန်လာတဲ့အခါ ဆရာတော်ကြီးက သမ္ဗန်ပဲ့ပိုင်းမှာ ထိုင်တယ်၊ နောက်ဆရာတော်တစ်ပါးက ဦးပိုင်းမှာ ထိုင်တယ်၊ ဈေးဝယ်ရာက ပြန်လာတဲ့ ဒကာမကြီးနှစ်ယောက်က အလယ်မှာ ထိုင်ကြတယ်၊ ဒကာမကြီးနှစ်ယောက်က ဘာပြောလဲဆိုရင် “ညက အနီးစခန်းကိုယ်တော်တရားဟောတာ သွားနာတယ်”
စာမျက်နှာ-၉
ဟောသူ နာသူ စိတ်ထားဖြူတဲ့၊ “ပါဠိတွေ ရွတ်ပြီး အနက်တွေ ဆိုနေတာ နား မလည်ဘူး” လို့ ပြောသတဲ့။

ဆိုလိုတာက ဒီလိုပါဠိတော်ကြီးတွေကို ဟော သော်လည်း လူတွေနဲ့ မနီးစပ်ဘူး ဖြစ်နေတယ်၊ ဝေး မြဲဝေးနေတယ်ပေါ့ ဘာဖြစ်လို့တုန်း? လူတွေ နားထဲ မှာ ပါဠိပါဌ်သားတွေ ရွတ်ပြီး အနက်တွေ ပြန်တာ ရှင်းပြီးတော့ မသွားသေးဘူး၊ ရှင်းမသွားသည့် အတွက်ကြောင့် ဘုရားဟောတဲ့ ပိဋကတ်ပါဠိတော်တွေနဲ့ လူတွေဟာ ဝေးမြဲ ဝေးနေကြတယ်။

နောက်ပိုင်းခေတ် ရောက်လာကြတဲ့အခါကျ တော့ တရားရိပ်သာတွေ ပေါ်လာလို့ မဟာစည် ဆရာတော်ဘုရားကြီးတို့ သုတ္တန်တွေကို ကျကျနန ဟောကြတယ်၊ ပါဠိတော်စကားတွေကို ကဗျာလင်္ကာတွေ စီကုံးပြီး လူတွေမှတ်လွယ်အောင် ဟောလာတဲ့အခါ အတော်အသင့် လူတွေဟာ တရားနဲ့ နီးစပ်လာတယ်၊ သုတ္တန်တရားတော်တွေနဲ့ တဖြည်းဖြည်း နီး စပ်လာတယ်။
စာမျက်နှာ-၁၀
ဒီကနေ့ခေတ် ရောက်လာတဲ့အခါ တရား ဟောတဲ့စနစ်တွေ ပြောင်းသင့်သလောက် ပြောင်းလာတယ်၊ တရားနာတဲ့ပုဂ္ဂိုလ်တွေကလည်း ပြောင်းသင့် - သလောက် ပြောင်းလာတယ်၊ ခံယူနိုင်မှုတွေဟာ တိုးတက်လာတယ်လို့ ပြောရမယ်၊ ဒါ ဝမ်းသာစရာ တစ်ခုပဲ။
စာချတာဝန်သာ
ဘုန်းကြီးတို့လည်း တရားဟောတယ်၊ သို့သော် တစ်သက်လုံး ဘုန်းကြီးတို့ တာဝန်ယူရတဲ့အလုပ်က တရားဟောတဲ့အလုပ် မဟုတ်ဘူး၊ စာသင်တိုက်မှာ စာချတဲ့တာဝန်နဲ့ ကြီးလာခဲ့ရတာ၊ အသက်အရွယ် ရောက်လို့ နိုင်ငံခြားတိုင်းပြည်တွေ သွား, ဘာသာစကား သင်ကြားလို့ အသင့်အတင့် တတ်မြောက်လာတဲ့အခါ နိုင်ငံခြားသားတွေကို စာသင်ပေးတယ်၊ ဗုဒ္ဓရဲ့ တရားတော်တွေ နိုင်ငံခြားသားတွေ နားလည်လွယ် အောင် လိုရင်း တိုရှင်း အနှစ်ချုပ်ပြီး ပြောရတဲ့ အလေ့အကျင့်တွေ ရလာတယ်။
စာမျက်နှာ-၁၁
နိုင်ငံခြားသားတွေနဲ့ မြန်မာတွေ ကွာခြားတာ ဘာရှိသလဲဆိုတော့ နိုင်ငံခြားသားတွေက သင်တန်း တက်နေတဲ့အချိန် ရှင်းလင်းဟောပြောတာ နား မလည်ဘူးဆိုရင် ချက်ချင်းလက်ညှိုးထောင်တယ်။ မဆိုင်းမတွ မေးခွန်းမေးတာပဲ။

မြန်မာလူမျိုးတွေကတော့ အဲဒီလို မဟုတ်ဘူး၊ ယပ်တောင်ခေတ်ကတည်းက ခေါင်းလေးငုံ့ပြီး တရား နာလာတဲ့အကျင့်က ဒီကနေ့အထိ ဒီအတိုင်းပဲ၊ ဒီ လိုလေးပဲ နာတယ်၊ နားလည်သည်ဖြစ်စေ, နား မလည်သည်ဖြစ်စေ - ခေါင်းငုံ့ပြီး တရားနာတယ်၊ သိသိ မသိသိ တရားဆုံးအောင်တော့ နာကြတာပဲ။ တရားကြောရှည်တဲ့ကိုယ်တော်နဲ့တွေ့ရင်တော့ တွန့် လိမ်နေတာလည်း ရှိတယ်၊ ထိုင်ရင်း အိပ်ပျော်သွား တာတွေလည်း ရှိတယ်ပေါ့။ အဲဒီလို ခေတ်အမျိုးမျိုး ကျော်ဖြတ်လာခဲ့ကြတယ်။

ဒီကနေ့ ဘုန်းကြီးတို့ တရားဟောတယ်ဆိုတာဟာ စာသင်ပေးတဲ့ ပုံစံနဲ့ ဟောတယ်၊ ဘာဖြစ်လို့ ဒီ ပုံစံ ဟောတာတုန်းဆိုတော့ ကိုယ်က ဟိုပုံစံနဲ့ မဟော
စာမျက်နှာ-၁၂
တတ်ဘူး၊ ဟောလည်း မဟောချင်ဘူး၊ လူတွေ ရှင်းရှင်းနဲ့ ဘယ်လိုနားလည်အောင် ဟောရမလဲ ဆိုတဲ့စိတ် ရှိတယ်၊ သူများကို နားလည်အောင် ရှင်း ပြောမယ်ဆိုရင် ကိုယ်တိုင်က အရင်နားလည်မှ ပြော လို့ ရတာ၊ subject matter တစ်ခုဟာ ရှင်းပြတဲ့ ပုဂ္ဂိုလ်က လည်နေလို့ရှိရင် နားထောင်တဲ့ပုဂ္ဂိုလ်ကလည်း လည်သွားမှာပေါ့၊ ရှင်းပြတဲ့ပုဂ္ဂိုလ်က ပိုင်ပိုင် နိုင်နိုင်ရှိမှ နားထောင်တဲ့ပုဂ္ဂိုလ်က နားလည်တယ်။
ဟောသင့်လို့ ဟောခြင်းသာ
အဲဒါကြောင့်မို့ ဘုန်းကြီးတို့ ဒီကနေ့ တရား ဟောတယ်ဆိုတာ “ဟောသင့် ဟောထိုက်လို့ ဟောတယ်” လို့ စိတ်ထဲမှာ ခံယူထားတယ်၊ ဟောတဲ့အခါ မှာလည်း အပိုတွေ မပါရအောင် ဂရုစိုက်ပြီး ဟောတယ်၊ “ကိုယ့်တရား မဟုတ်ဘူး၊ ဘုရားရဲ့တရား၊ လူ တွေ နားလည်ကြပါစေ” တို့လူမျိုးတွေရဲ့ လက်ထဲမှာ ပိဋကတ် ၃-ပုံ ရောက်နေတာ ကြာလှပြီ၊ နှစ်ပေါင်း
စာမျက်နှာ-၁၃
ဆောင် ချီနေပြီ၊ ကနေ့အထိ လူတွေအသိ ဉာဏ်ထဲ အရောက်နည်းနေသေးတယ်။

ရောက်တယ်ဆိုတာတောင် ဘာရောက်တုန်း ဆိုရင် ၅၅၀-ဇာတ်တို့ ဓမ္မပဒဝတ္ထုတို့ ဝတ္ထုဇာတ်လမ်းတွေပဲ အရောက်များတယ်၊ အနှစ်သာရရှိတဲ့ တရားတွေ သိပ်ပြီးတော့ မရောက်သေးဘူး၊ ဒီလိုအနေ အထားမျိုး ရှိတယ်၊ အဲဒါကြောင့် အနှစ်သာရရှိတဲ့ တရားတွေ များများရောက်စေချင်တယ်၊ ဒါကြောင့်မို့ လို့ တရားဟောတာ၊ အဲဒီလို တရားဟောတာ၊ ကိုယ့် ကိုယ်ကို ရည်ရွယ်ချက်မှန်ကန်အောင်, မြတ်စွာဘုရား ရဲ့ လမ်းညွှန်ချက်အတိုင်း စိတ်ထားဖြူစင်အောင် ကြိုးစားပြီးတော့ ဟောတာ။
အပ်ဝင် ပုဆိန်ထွက်
ဒါတောင်မှပဲ တစ်နေ့က ဘုန်းကြီးတစ်ပါးက ဖုန်းဆက်တယ်၊ “ဆရာတော်တို့ တရားလိုက်ဟော နေတယ်လို့ ကြားတယ်”တဲ့၊ “တရားလိုက်ဟောနေ
စာမျက်နှာ-၁၄
လို့ရှိရင် “အပ်ဝင် ပုဆိန်ထွက်”လည်း ဖြစ်နေဦးမယ်”တဲ့၊ သူက ပြောတာ။

“နေပါဦး - ကိုယ်တော်ပြောတဲ့ ‘အပ်ဝင်ပုဆိန် ထွက်”ဆိုတာ ဘာပြောတာလဲ” လို့ ဆိုတော့
ကျောင်းမှာ သံဃာတွေကို စာမချဘဲနဲ့ တရားလိုက် ဟောတာကို သူက အပြစ်ပြောတဲ့ သဘောပေါ့နော်၊ စာသင်ပေးလို့ရတဲ့ အကျိုးအမြတ်ကို “ပုဆိန်”, ဒကာ ဒကာမတွေကို ဟောလို့ ရတာက “အပ်” လို့ ဆိုလို တာပေါ့။

ဒီလို သူ့အမြင်ကို ပြောတော့ ဘုန်းကြီးတို့က “တို့က ဒီလို မမြင်ဘူး” လို့၊ “တို့ သာသနာဟာ ဒကာဒကာမတွေကို မှီပြီး ရပ်တည်ရတယ်၊ မြတ်စွာ ဘုရားကိုက “ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာ” လို့ဆိုပြီး ပရိသတ်လေးပါး, လက်တွဲပြီး သာသနာ ပြုဖို့ ပရိသတ်လေးပါး ထားခဲ့တာ”။

ဘုန်းကြီးတွေက ဘုန်းကြီးတွေချည်းပဲ စာချ နေရုံနဲ့ ပြီးတာ မဟုတ်ဘူး၊ ဒကာဒကာမတွေ နား လည်အောင်လည်း ဟောပြောသင့်တယ်၊ မြတ်စွာ
စာမျက်နှာ-၁၅
ဘုရားကိုယ်တိုင်က “ဒေသစာရီကြွကြ၊ တရားဟော ကြ” လို့ သာသနာ စတင်တဲ့အချိန်မှာ “ဒေသေထ ဘိက္ခဝေ ဓမ္မံ အာဒိကလျာဏီ မဇ္ဈကလျာဏီ ပရိယောသာနကလျာဏီ” (“ချစ်သားရဟန်းတို့... အစကောင်း အလယ်ကောင်း အဆုံးကောင်းသော တရားတော်ကို ဟောကြားကြလော့”) လို့ မိန့်တော်မူခဲ့တယ်၊ ဘာဖြစ်လို့ ဟော ခိုင်းတာတုန်းဆို “အဿဝနတာ ဓမ္မဿ ပရိဟာယန္တိ” (“တရားမနာရခြင်းကြောင့် တရားဓမ္မတို့ ဆုတ်ယုတ်ကုန်၏”)၊ တရားမနာရလို့ရှိရင် လူတွေဟာ အသိတရား ဆုံးရှုံးမှု ဖြစ်ကြတယ်၊ ဟုတ်တယ် ဗုဒ္ဓမြတ်စွာရဲ့ တရားကို မနာဖူးသည့်အတွက်ကြောင့် အသိဉာဏ် မရရှိကြဘူး၊ နာရမှသာ “သြော် တရားတွေဟာ ဒီလို ရှိတာပါလား”ဆိုတာ သဘောပေါက်လာကြတယ်၊ ဒကာဒကာမတွေ အသိဉာဏ်ရတာ ‘အပ်ဝင်’တာ မဟုတ်ဘူး၊ အပ်ထက်ကြီးမားတဲ့ ပုဆိန်ထက်ကြီးမားတဲ့အရာကို ရတာ။
သာသနာတည်နိုင်ဖို့

စာမျက်နှာ-၁၆
ဘာဖြစ်လို့တုန်း ဆိုတော့ သာသနာဆိုတာ ဘုန်းကြီးတွေတင် ပြုလို့ မရဘူး၊ ဒကာဒကာမတွေပါ ပြုမှ ဖြစ်တယ်၊ သာသနာရဲ့ ထောက်တိုင်ကြီးလေး ရပ် ရှိတယ်လို့ ပြောရမယ်၊ အမျိုးသားရဟန်းတော်, အမျိုးသမီးရဟန်းတော်၊ (အမျိုးသမီးရဟန်းတော် ဒီ ကနေ့ မရှိတော့ သီလရှင်ပေါ့။) အမျိုးသားဥပါသကာ, အမျိုးသမီးဥပါသိကာလို့ ဟောဒီလေးဦး၊ ဒီ society ကြီးဟာ ဦးထမ်းပဲ့ထမ်း သာသနာတော်ကို ကြိုးပမ်း အားထုတ်မှ သာသနာတည်နိုင်တာ။
ရည်ရွယ်ချက် မှန်ရမည်
ဒါကြောင့်မို့ ကိုယ်တော်ပြောတဲ့ “အပ်ဝင် ပုဆိန်ထွက်”ဆိုတာ မဟုတ်ဘူး၊ တရားဆိုတာ ဟော ရတယ်၊ သို့သော် ရည်ရွယ်ချက်တော့ မှန်ရမယ်၊ တရားဟောတဲ့ ဘုန်းကြီးကလည်း ရည်ရွယ်ချက်မှန်ဖို့ လိုတယ်။

နောက်တစ်ခုပြောရဦးမယ်၊ တရားပွဲကျင်းပတဲ့ ပုဂ္ဂိုလ်တွေကလည်း ရည်ရွယ်ချက်မှန်ဖို့ လိုတယ်။
စာမျက်နှာ-၁၇
မြန်မာနိုင်ငံမှာ ဝမ်းနည်းစရာသတင်းတွေ ကြားရတယ်၊ တရားပွဲကျင်းပတာ တရားပွဲကို ကန်ထရိုက် ဆွဲပြီး ကျင်းပတယ်ဆိုတဲ့ သတင်းတွေတောင် ထွက်တယ်၊ ဟုတ် မဟုတ်တော့ ဘုန်းကြီးတို့ မသိဘူးပေါ့။ တရားပွဲရက်ရှည် ကျင်းပတယ်၊ ကျင်းပပြီးတော့ အလှူခံလို့ရတဲ့ ငွေကြေးကို တစ်ချို့တစ်ဝက် ဓမ္မကထိကကို လှူတယ်၊ ကျန်တာက ကုန်ကျစရိတ် ပေါ့၊ အသံချဲ့စက်တို့ ဘာတို့ ငှားခတွေနဲ့၊ တစ်ချို့ ဆီမှာ လုပ်တာ ဟုတ်သလောက် ဟုတ်တယ်၊ အဲဒီ လို အသံတွေ ကြားရတယ်၊ အဲဒါကတော့ တကယ် မဖြစ်သင့်တဲ့ ကိစ္စ ဖြစ်တယ်လို့ ပြောရမှာပဲ။

ဘာသာရေးကိစ္စတစ်ခုက ဘာသာရေးအမြင်နဲ့ပဲ လုပ်သင့်တယ်၊ တရားကိုမြတ်နိုးတဲ့အနေနဲ့ပဲ လုပ် သင့်တယ်၊ တရားဆိုတာ အလွန်မွန်မြတ်လို့ လူတိုင်း နာယူခွင့် ရှိရမယ်။

နောက်တစ်ခု ပြောရဦးမယ်၊ တရားပွဲကို organizeလုပ်တဲ့လူတွေ ရှိတယ်၊ ဆိုလိုတာက တရား ပွဲမှာ အလှူခံတဲ့လူတွေပေါ့၊ သတိထားဖို့ ကောင်း
စာမျက်နှာ-၁၈
တာက ဓမ္မပူဇာများများရအောင် အလှူခံတာမျိုးတွေ လုပ်ကြတယ်၊ ဘုန်းကြီးတို့ စိတ်မကောင်းဘူး၊ စိတ်မကောင်းဘူးဆိုတာ ဘာလဲဆိုရင် သူတို့လှူ လိုက်တဲ့ ဓမ္မပူဇာလေးတွေကို ကြည့်လိုက်လို့ရှိရင် ဆင်းရဲသားတွေရဲ့ ခါးကြားက ထွက်လာတဲ့ အစွမ်း လေးတွေတွေ့ရတယ်၊ အေး ဒါလေးတွေကတော့ သူတို့ခမျာ တရားနာချင်ရှာလွန်းလို့ ပိုက်ဆံပေး နာ ရတဲ့ အဖြစ်မျိုး ဖြစ်နေတယ်၊ ဒါ မဖြစ်သင့်ဘူး။

ဓမ္မပူဇာလှူတဲ့သူက လှူချင်လှူ မလှူချင်နေ ဘုန်းကြီးဆိုတာ တရားပွဲပင့်ရင် လာဟောမှာပဲ၊ “ဓမ္မ ပူဇာ ရချင်လို့ တရားဟောတာ မဟုတ်ဘူး၊ တရား ဟောလို့ ဓမ္မပူဇာ ရတာ”- ဒီလိုသာ ဖြစ်ရမယ်၊ ဓမ္မပူဇာ ရလို့ တရားဟောတာ မဟုတ်ဘူး၊ ဓမ္မပူဇာဆိုတာ လှူတဲ့လူအတွက် ကုသိုလ်ပဲ၊ သူကလည်း တရားကို ပူဇော်တာ၊ ဟောတဲ့ပုဂ္ဂိုလ်ကလည်း အဲဒါကို မမျှော်ကိုးရဘူး၊ အဲဒီလို မဟုတ်ဘူးဆိုလို့ရှိရင် အရောင်းအဝယ်တစ်ခုလို ဖြစ်လာနိုင်တယ်၊ ဒါ မရှိ ဘဲ ဘုန်းကြီးတို့ပြောတာ မဟုတ်ဘူး၊ တကယ်ရှိတာ။
စာမျက်နှာ-၁၉
နယ်ဘက် တရားပွဲတစ်ပွဲမှာ နာမည်ကျော် ဆရာတော်ကြီးတစ်ပါး - (ဘွဲ့တော့ ထုတ်မပြော တော့ဘူး၊ ဘုန်းကြီးတို့ကလည်း လူစုံတော့ ကြားရတယ်ပေါ့)၊ တရားပွဲတစ်ပွဲမှာ တရားဟောပြီး ရေစက် ပါ ချပြီး ဆရာတော်က ကားပေါ်ရောက်ပြီး ပြန်တော့မယ်၊ တရားပွဲစီစဉ်တဲ့ ပုဂ္ဂိုလ်တွေက “ခဏနေပါဦး၊ ခဏနေပါဦး၊ စာရင်းရှင်းလို့ မပြီးသေးလို့”တဲ့။

အဲဒါ ဘာတုန်းဆိုလို့ရှိရင် ဓမ္မပူဇာထဲက ငွေကို အသံချဲ့စက်ငှားခက ဘယ်လောက်၊ ဖျာငှားခက ဘယ်လောက်၊ မီးငှားခက ဘယ်လောက်၊ စက်ငှားခက ဘယ်လောက်ဆိုတာ - အဲဒီစာရင်းရှင်းတာ မပြီး သေးလို့တဲ့၊ ဓမ္မပူဇာကို မလှူနိုင်သေးဘူး၊ ဒါ တကယ် ဖြစ်တာ၊ ပုံပြင် မဟုတ်ဘူး၊ မြန်မာပြည်မှာ ဒီလို ဖြစ်နေတာတွေ ရှိတယ်၊ အဲဒါမျိုးတော့ မဖြစ် သင့်ဘူး။

ဒါ့အပြင် တရားပွဲတွေမှာ ဂိတ်ဝကနေ ပိတ် ပြီး အလှူခံတာတွေဟာ မမှန်ကန်ဘူးလို့ ဘုန်းကြီး တို့တော့ ခံစားမိတယ်, ဘာဖြစ်လို့တုန်းဆိုရင် တရား
စာမျက်နှာ-၂၀
နာချင်လို့ လာတဲ့ပုဂ္ဂိုလ်က အလှူခံပုံးထဲမှာ အလှူ ငွေ မထည့်လို့ရှိရင် ရှက်စရာဖြစ်နေတယ်၊ (အလှူခံတဲ့သူကလည်း အဲဒီနားမှာ ရှိနေတယ်) ဒီငွေဖလား ထဲကို ပိုက်ဆံလေး မထည့်ဘဲနဲ့ ဝင်သွားရမှာ သူ့ အဖို့မှာ ရှက်စရာ ဖြစ်ကောင်း ဖြစ်နေပေလိမ့်မယ်၊ ဒါမျိုးက မဖြစ်သင့်ဘူး။

တရားနာတယ်ဆိုတာ အခမဲ့ပဲ နာသင့်တယ်။ သဒ္ဓါတရားပေါက်လို့ လှူတာကိုပဲ လက်ခံသင့်တယ်။ လှူအောင်တော့ မတောင်းခံသင့်ဘူးပေါ့။ ဘုန်းကြီး တို့က အဲဒါကို လုံးဝမနှစ်သက်ဘူး၊ ဘုန်းကြီးတို့ နာမည်တွေ သုံးပြီး အလှူခံတယ်ဆိုတာလည်း ကြား ရတယ်၊ ဆရာတော်ကြီးက ကျန်းမာရေး မကောင်းပါဘူး ညာဘူးနဲ့ အသံချဲ့စက်ကြီးနဲ့ ပြောဆိုအလှူခံတယ်၊ အင်မတန်မှ ရှက်စရာကောင်းတယ်၊ သနား လာအောင် ပြောပြီး တောင်းတာနဲ့ အတူတူပဲ၊ ဒါ သူတောင်းစားအဆင့်ရောက် သွားတယ်၊ အဲဒီလို မဖြစ်သင့်ဘူး။
စာမျက်နှာ-၂၁
ဟိုးလွန်ခဲ့တဲ့ တစ်နှစ်က ဘုန်းကြီးက တရား ဟောပြီး နောက်တစ်ရက် စင်္ကာပူသွားမှာ၊ ဆေးကု သွားတာ မဟုတ်ဘူး၊ သူတို့က ဆေးကုသွားတယ် ထင်တာ၊ စင်္ကာပူမှာ အဘိဓမ္မာသင်တန်းပို့ချဖို့ ပင့် တာ၊ နှစ်စဉ်ပင့်တာ၊ အဘိဓမ္မာသင်တန်းပို့ချဖို့ ပင့် တာကို “စင်္ကာပူ ဆေးကုသွားမှာ၊ ဆေးဖိုးဝါးခ လှူ ကြပါဦး”လို့ အဲဒီတရားပွဲလုပ်တဲ့လူတွေက သူတို့ သဘောနဲ့သူတို့ အလှူခံတာမျိုး၊ ဘုန်းကြီးတို့ နောက် တော့ ပြန်ကြားတယ်၊ ဘာဆေးဖိုးဝါးခမှ မလိုဘူး။

ဘုန်းကြီးဆိုတာ ဘယ်နေရာ ရောက်ရောက် လှူမယ့်လူက ရှိပြီးသားပါ၊ စင်္ကာပူရောက်တဲ့အခါ စင်္ကာပူဒကာဒကာမတွေ ရှိတယ်၊ သူတို့ကပဲ လှူ ကြ ဆေးကုစရာရှိ ကုသပေးကြတယ်၊ တကယ်လည်း ဆေးကုသွားတာ မဟုတ်ဘူး၊ အဲဒီလိုမျိုးတွေ ပြောတာကတော့ လုံးဝမကောင်းတဲ့ အပြောအဆို မျိုးတွေပဲ၊ ဘုန်းကြီးတို့လည်း သိက္ခာကျတယ်၊ အဲဒီ လိုမျိုး လုံးဝမပြောသင့်ဘူး၊ ဒါသတိထားစရာကို
စာမျက်နှာ-၂၂
ပြောပြတာ၊ တကယ်လည်း ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေကို ပြောပြတာ။
ဓမ္မပူဇာဆိုတာ
ဒါကြောင့်မို့ ဓမ္မပူဇာဆိုတာ လှူချင်တဲ့ စေတနာရှိတဲ့ ပုဂ္ဂိုလ်သာ လှူပါစေ၊ “လှူကြပါ ဒါန်း ကြပါ” လို့ ပြောစရာ မလိုဘူး၊ လှူချင်လို့ရှိရင် လှူ ချင်တဲ့ပုဂ္ဂိုလ်တွေ အဆင်ပြေအောင် အလှူလက်ခံတဲ့ နေရာလေးသာ ရှိသင့်တယ်၊ အလှူခံဖလားဆိုတာ မထားသင့်ဘူး၊ တချို့ဆို လမ်းပိတ်ပြီးတော့တောင် အလှူခံကြတာ။
အလှူခံတာလား ငွေကောက်တာလား ?
ဘုန်းကြီးတို့ တစ်ခါက ပုဂံညောင်ဦးဘက်ကို ဒကာကြီးတစ်ယောက်နဲ့ ခရီးသွားဖူးတယ်၊ ခရီးသွားတဲ့အခါ ဂိတ်တစ်ဂိတ်မှာ ရှေ့ကနေ မောင်းတံကြီးနဲ့ တားပြီး အလှူခံတယ်၊ အလှူခံတာ ဘယ်လို အလှူခံတုန်းဆို ဖြတ်ပိုင်းနဲ့ အလှူခံတာ၊ အလှူခံတယ်လည်း ဆိုသေးတယ်- ဖြတ်ပိုင်းမှာ ရေးထားတာ
စာမျက်နှာ-၂၃
ငါးဆယ်တဲ့၊ ဖြတ်ပိုင်း ဖြုတ်ပေးတယ်၊ အဲဒီတော့ ဘုန်းကြီးနဲ့ ပါလာတဲ့ ဒကာကြီးကလည်း ခပ်ရွတ်ရွတ် ကိုး၊ သူက “မင်းတို့ ဒါ ဘာလုပ်တာလဲ”တဲ့၊ “အလှူ ခံတာလား ငွေကောက်တာလား”တဲ့၊ “အလှူခံတာ ပါ”တဲ့၊ “ဟ အလှူခံပါတယ်ဆိုရင် ဘာလို့ ငါးဆယ် လို့ ရေးထားတာလဲ၊ ငါ သဒ္ဓါတာ ငါးကျပ်ပဲ”ဆိုပြီး ငါးကျပ်တန်ပေးခဲ့ပြီး ကားကိုဆက်မောင်းသွားတယ်။ ဒါ ကိုယ်တွေ့ကြုံခဲ့တဲ့ ဖြစ်ရပ်တစ်ခုပဲပေါ့။
ရန်ကုန်က ဒကာတစ်ယောက်
နောက်တစ်ခါ ဒီရန်ကုန်က ဒကာတစ်ယောက်၊ ဘုန်းကြီးတို့ သံလျင်ဘက်မှာ ကျောင်းဆောက်တယ်။

ကျောင်းဆောက်တယ်ဆိုတာ ဒကာဒကာမတွေ လှူတဲ့ငွေနဲ့ ဆောက်တာ၊ ဒကာဒကာမတွေက သူ့ဟာ သူ သဒ္ဓါပေါက်လို့ လှူဒါန်းနေကြတာပဲ၊ ဘုန်းကြီးတို့က ဘာမှ သွားပြီး အလှူခံနေစရာ မလိုဘူး၊ သူ့ ဟာသူ သဒ္ဓါပေါက် လှူတာပဲ။
စာမျက်နှာ-၂၄
အဲဒီ ဒကာတစ်ယောက်က ဘာလာလျှောက် တုန်းဆိုရင် “ဆရာတော် ကျောင်းဆောက်နေတာ ဖြတ်ပိုင်းလေး ရိုက်ပေးပါ”တဲ့၊ “သူ အလှူခံပေးပါမယ်”တဲ့၊ “ဟာ ဒကာကြီး - ဘယ်လိုပြောလိုက်တာ လဲ၊ ဘုန်းကြီးတို့က တစ်သက်လုံး ဒီလို အလှူခံပြီး လုပ်တဲ့ဘုန်းကြီး မဟုတ်ဘူး” လို့၊ “မလုပ်ပါနဲ့” လို့၊ လောကမှာ အဲဒီလိုလူတွေကလည်း ရှိသေးတယ်၊ ကိုယ်လှူချင်ရင် ကိုယ့်ဖာသာလှူ၊ သူများကို သွားပြီး အလှူခံတာမျိုးကို မလုပ်သင့်ဘူး။
မုံရွာက ဒကာတစ်ယောက်
တစ်နေ့ကတင်ပဲ မုံရွာမှာ ဘုန်းကြီးတို့ တရား ပွဲသွားတယ်၊ တရားပွဲကျင်းပတဲ့ဒကာက “ဆရာတော် ရဲ့ အတ္ထုပ္ပတ္တိရိုက်ပြီး ဝေပါရစေ”တဲ့၊ “အေး ဝေပေါ့” လို့ ဆိုတော့ စာမူကြမ်းလာပြတယ်၊ ဘာတွေပြတုန်း ဆို - ဘုန်းကြီးတို့ကို လှူထားတဲ့ ကျောင်းတိုက်ပေါ့။ အသစ်တည်ထောင်တဲ့ ကျောင်းတိုက် ရှိတယ်၊ အဲဒီ ကျောင်းတိုက်မှာ ဘယ်အဆောက်အဦးတွေတော့
စာမျက်နှာ-၂၅
ပြီးပြီ၊ ဘယ်အဆောက်အဦးတွေတော့ ဆောက်ဖို့ လိုသေးတယ်လို့ သူက ထည့်ထားတယ်၊ “ဟာ ဘာ ဖြစ်လို့ ဒါတွေ ထည့်တာလဲ၊ မထည့်နဲ့၊ လူတွေက သိနေကြတာပဲ၊ သူလှူချင် သူ့ဖာသူ လာလှူလိမ့်မယ်၊ ဒါက အလှူခံတဲ့သဘောပဲ၊ လုံးဝမလုပ်ပါနဲ့” လို့ - ဘုန်းကြီးတို့က စောစောသိလို့ ပယ်ဖျက်ခိုင်း လိုက်ရတယ်။
အလှူခံသူ အမုန်းခံရတတ်တယ်
စေတနာသဒ္ဓါတရားပေါက်ရင် လူဆိုတာ ရှိတာ အကုန်ထုတ်လှူတာ၊ သူများလာ အလှူခံလို့ရှိရင် ငါးကျပ်ငါးပြားပဲ ထည့်မှာပေါ့ - လူ့စိတ်ကိုက ဒီလိုရှိတယ်၊ ကြည့်လေ - မြတ်စွာဘုရား ဆုံးမ ထားတာတွေ ရှိတယ် . “ယာစကော အပ္ပိယော ဟောတိ” တဲ့၊ “အလှူခံတဲ့သူဟာ အမုန်းခံရတယ်”တဲ့၊ ပြီးတော့ “ယာစနံ ရောဒနံ အာဟု” တဲ့၊ “အေး တောင်းတာဟာ ငိုတာပဲ”တဲ့၊ ဘာဖြစ်လို့ ငိုချင်ရ မှာလဲ၊ ဘာဖြစ်လို့ လူတကာရဲ့ အမုန်းခံရမှာလဲ။
စာမျက်နှာ-၂၆
ရှေးတုန်းက အမတ်ကြီးအိမ်ကို ကိုရင်လေး တစ်ပါး သွားပြီး အလှူခံတယ်တဲ့၊ အလှူခံတော့ အမတ်ကြီးက ပြောတယ်၊ “ကိုရင် - “ယာစကော အပ္ပိယော ဟောတိ” - တောင်းတတ်တဲ့ ပုဂ္ဂိုလ်ဟာ အမုန်းခံရတယ်ဆိုတာ မသိဘူးလား” လို့ ဆိုတော့ ကိုရင်ကလည်း အညံ့မခံဘူး၊ “ဒကာကြီး - “ယာစံ အဒဒမပ္ပိယော” - တောင်းလာတာကို မလှူရင်လည်း အမုန်းခံရတယ်ဆိုတာ ဒကာကြီးမသိဘူးလား” လို့ ပြန်ပြောသတဲ့။

အလှူခံတဲ့ပုဂ္ဂိုလ်ကို အလှူခံခြင်းကို ခံရတဲ့ ပုဂ္ဂိုလ်ကလည်း မုန်းတယ်၊ အလှူခံတာ မရလို့ရှိရင်လည်း အလှူခံကလည်း မလှူတဲ့သူကို မုန်းတယ်, အဲဒါ တစ်ဦးနဲ့ တစ်ဦး အမုန်းပွားရုံပဲ ရှိတယ်၊ ဘာမှ အကျိုးမရှိဘူး၊ သဒ္ဓါတရားပေါက်လို့ သူ့ဖာသာ သူ လှူတာ- ဒီလိုပဲ ဖြစ်သင့်တယ်။

ဘုန်းကြီးတို့ မှတ်မှတ်ရရ ဒီအသက် ဒီအရွယ် ရောက်လာပြီ၊ ကိုယ့်ရဟန်းဒကာ ရဟန်းအမတောင် နှစ်ခါပဲ တောင်းဖူးတယ်၊ ဒါ ရဟန်းအမက မ
စာမျက်နှာ-၂၇
တောင်းဘူး, မကောင်းဘူးနဲ့- ခဏခဏပြောလို့ နှစ်ခါ တော့ တောင်းဖူးတယ်၊ ဘာလိုချင်တယ်ဆိုတာ ပြောဖူးတယ်။

မန္တလေးမှာ အင်မတန်စာတတ်တဲ့ ဆရာတော် ကြီးတစ်ပါးကို ကျောင်းဒကာ ကျောင်းအမက လျှောက်တယ်၊ “ဆရာတော် လိုတာရှိရင် အမိန့်ရှိပါ ဘုရား” ဆရာတော်ကြီးက ဘာပြောတုန်းဆို “တို့ ကလေးမှ မဟုတ်တာ၊ ကလေးလို မုန့်တောင်းနေရ ဦးမှာလား၊ ကိုယ့်ဖာသာ ကြည့်ပေါ့” လို့ ပြောတယ်၊ “ဘာလိုတယ်ဆိုတာ ကိုယ့်ဖာသာ ကြည့်၊ လိုတယ်ထင်တာ လှူ၊ တို့က ဘာလိုတယ် ညာလိုတယ်ဆိုတာ ပြောစရာ မလိုဘူး” လို့ မိန့်ကြားတယ်။

ဘုန်းကြီးဆိုတာ “ဉာတိ ပဝါရိတ” ဖြစ်မှ တောင်းရတာ၊ ဆွေမျိုးဆိုရင် တောင်းကောင်းတယ်၊ “အလိုရှိရင် ဆရာတော် တပည့်တော်ဆီ အလှူခံပါ ဘုရား” လို့ ဖိတ်ကြားထားသူဆိုရင်လည်း တောင်း ကောင်းတယ်ပေါ့။
စာမျက်နှာ-၂၈

စောင်းပါး ရိပ်ခြေ
ဘုန်းကြီးဆိုတာ ဝိနည်းသိက္ခာပုဒ်အတိုင်း နေ ထိုင်မယ်ဆိုရင် ပစ္စည်းလေးပါးနဲ့ ပတ်သက်လာလို့ရှိရင် “ပရိကထာ” တဲ့။ “သြဘာသ” တဲ့ “နိမိတ္တ” တဲ့ “ဝိညတ္တိ” တဲ့ - ၄-မျိုး ရှိတယ်။

ပစ္စည်းရလိုမှုကြောင့် စကားရိပ်ပြောတာ၊ ပရိယာယ်နဲ့ ပြောတာပေါ့။ ရိပ်ပြီးတော့ ပြောတာပေါ့။ ရိပ်တယ်ဆိုတာ စောင်းချိတ်ပြီး မရရအောင် ပြော တာပေါ့။ အဲဒါ ‘ပရိကထာ” “သြဘာသ” “နိမိတ္တ” လို့ ခေါ်တယ်၊ တိုက်ရိုက်တောင်းတာ မဟုတ်ဘူး၊ စောင်း ချိတ်ပြောတဲ့ ပုံဝတ္ထုလေးတောင် ရှိသေးတယ်၊ အဲဒါကို သာမန္တဇပ္ပ (နီးစပ်အောင်ပြောခြင်း)လို့ ဆိုတယ်။
ပုံဝတ္ထုလေးတစ်ခု
ဘုန်းကြီးတစ်ပါး - အိမ်ကြွကြွလာတတ်တဲ့ အလေ့ ရှိတယ်၊ အိမ်တစ်အိမ် ဝင်တယ်၊ ဆွမ်းစား ချိန် ဝင်လာတဲ့အခါ ဆွမ်းလှူရမယ်၊ အိမ်ရှင်ဒကာမ ကြီးက မလှူချင်ဘူး၊ မလှူချင်တော့ “ဒီကိုယ်တော်”
စာမျက်နှာ-၂၉
ကလည်း ဆွမ်းချိန်ကြီး ကြွလာတယ်”ဆိုပြီး ကြားအောင် ဒီလိုပြောတယ်... “အိုးထဲမှာ ဆန်မရှိဘူး”တဲ့၊ “ဆန်သွားချေးဦးမယ်” ဆိုပြီးတော့ အိမ်အပြင် ထွက်သွားတယ်။

ကိုယ်တော်ကလည်း မပြန်ဘူး၊ ဒကာမကြီးပြန်လာသည်အထိ အိမ်မှာ ရှိနေတယ်၊ ဒကာမကြီး အပြင်သွားတဲ့အချိန်မှာ သူက မီးဖိုချောင်ထဲ ဝင်ကြည့်လိုက်တယ်၊ ဆန်မရှိဘူးဆိုတာ တကယ်လားလို့၊ ဒကာမကြီးက “ဆန်လည်း ဘယ်သူမှ ချေးမယ့်သူ မရှိဘူး”တဲ့၊ “ကိုယ်တော်လည်း ဘာမှ ကပ်စရာ မရှိဘူး” လို့ ဦးညူပြောဆိုတယ်။

အဲဒီကိုယ်တော်က ဘာပြောတုန်းဆိုတော့ “ဒကာမကြီးရေ - ဘုန်းကြီး ဒီနေ့ ကံမကောင်းဘူးဆိုတာ သိပါတယ်”တဲ့၊ “ဟောဒီအိမ်ကို လာတုန်း လမ်းမှာ မြွေကြီးတစ်ကောင်တွေ့ခဲ့တယ်၊ အဲဒီကတည်းက နိမိတ်မကောင်းဘူးလို့ အထင်သား” “အဲဒီမြွေကြီးက ဟောဟိုအခန်းထောင့်မှာ ထောင်ထားတဲ့ ကြံချောင်းကြီးလောက်ရှိတယ်”တဲ့၊ “ဒါနဲ့ [?] ကိုယ်တော်သူမှ ချေးမယ် [?] မရှိဘူး” လို့
စာမျက်နှာ-၃၀
(မှတ်ချက်- ဤစာမျက်နှာ၏ စာသားများသည် အဓိကစာသားတွင် မပါဝင်ဘဲ စာမျက်နှာအမှတ်အသားသာ ဖြစ်ပါသည်။)
စာမျက်နှာ-၃၁
(မှတ်ချက်- ဤစာမျက်နှာ၏ စာသားများသည် အဓိကစာသားတွင် မပါဝင်ဘဲ စာမျက်နှာအမှတ်အသားသာ ဖြစ်ပါသည်။)
စာမျက်နှာ-၃၂
ပြောတာ မလုပ်ရဘူး၊ “ဝိညတ္တိ” တောင်းတာ မလုပ်ရဘူး။

ကျောင်းကိုတော့ အရိပ်အယောင်ပြရင် ပြကောင်းတယ်တဲ့၊ ဆေးကိုတော့ တောင်းလည်း တောင်းကောင်းတယ်တဲ့၊ ဝိနည်းသိက္ခာပုဒ်တွေမှာ ဒီလိုရှိတယ်၊ ပစ္စည်းလေးပါးနဲ့ ပတ်သက်ပြီး လုပ်သင့် မလုပ်သင့် ဒီလိုပြထားတယ်။

အဲဒီတော့ တောင်းတာကို ဘုန်းကြီးတွေမှာ ခွင့်မပြုဘူး၊ အလှူခံဖို့ လျှောက်ထားဖိတ်ကြားထားတဲ့ ဒကာဒကာမ မဟုတ်လို့ရှိရင် တောင်းခံခွင့်မရှိဘူး၊ အဲဒီတော့ “ဘုန်းကြီးက တောင်းတာ မဟုတ်ပါဘူး၊ ဒကာဒကာမက သူ့ဖာသာ နှိုးဆော်တာပါ” ဆိုလို့ရှိရင်လည်း အင်မတန်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေက အဲဒီလိုလုပ်တာကို မကြိုက်ကြဘူး၊ ကိုယ့်အတွက် ဆွယ်တရားဟောတာကို လုံးဝမကြိုက်ဘူး။
စာမျက်နှာ-၃၃

အတုယူဖွယ်ရာ ရှင်သာရိပုတ္တရာ
ရှင်သာရိပုတ္တရာမထေရ်နဲ့ ရှင်မောဂ္ဂလာန် မထေရ် တောရကျောင်းလေးမှာ သီတင်းသုံးတယ်။ အဲဒီလို သီတင်းသုံးနေတဲ့အချိန်မှာ ရှင်သာရိပုတ္တရာ လေနာရောဂါ ဖြစ်တယ်ပေါ့။ ဗိုက်နာတယ်၊ ရှင်မောဂ္ဂလာန်က “အရှင်ဘုရား- ဗိုက်နာတာ အရင်တုန်းက ဘာနဲ့ ပျောက်တုန်း” ဆိုတော့ “ပျားတို့ သကာတို့ ထောပတ်တို့နဲ့ ရောပြီးတော့ နွားနို့နဲ့ ကျိုချက်ထားတဲ့ အာဟာရမျိုး အိမ်မှာနေတုန်းက မယ်တော်ကြီးက လုပ်ကျွေးဖူးတယ်”တဲ့၊ “အဲဒါလေးနဲ့ ပျောက်ဖူးတယ်”တဲ့၊ ဒါ နှစ်ပါး စကားပြောနေတာ။

အဲဒီလို ပြောတာကို အနီးအနားမှာ ရှိနေတဲ့ နတ်က ကြားသွားတယ်၊ ရှင်သာရိပုတ္တရာကို ကိုးကွယ်တဲ့ ဒကာဒကာမအိမ်ကို သွားပြီးတော့ ကလေးတစ်ယောက်ကို ဝင်ပူးတယ်၊ နတ်ကတော်က ပေးတဲ့အခါမှာ သူက ဘာပြောလဲဆိုရင် “မနက်ကျ ရှင်သာရိပုတ္တရာကို အဲဒီအာဟာရမျိုး ကပ်လို့ရှိရင် သူလွှတ်မယ်ပေါ့” ဆိုတော့ အိမ်ရှင်တွေက ပြော
စာမျက်နှာ-၃၄
တာပေါ့၊ “တို့က ဒီရှင်သာရိပုတ္တရာရဲ့ ဒကာဒကာမတွေပဲ၊ တို့ကပ်နေကျပဲ၊ ဘာမှ အပမ်းကြီးတဲ့ကိစ္စ မဟုတ်ဘူး” လို့ ပြောတယ်။

နောက်ရက်ကျတော့ ရှင်သာရိပုတ္တရာက မကျန်းမာလို့ ကျောင်းမှာပဲ နေရစ်တယ်၊ ရှင်မောဂ္ဂလာန်က ဆွမ်းခံရင်း အဲဒီအိမ်ကို ကြွသွားတယ်၊ အဲဒီအိမ်က ဒကာဒကာမတွေက အဆင်သင့် နတ်ပြောတဲ့အတိုင်း အကုန်လုပ်ထားတယ်၊ ရှင်မောဂ္ဂလာန်ကို ကပ်တယ်၊ ရှင်မောဂ္ဂလာန်ကတော့ မစဉ်းစားဘူး၊ မစဉ်းစားရင် မသိဘူး၊ ကပ်တာ ဘုဉ်းပေးလိုက်တယ်ပေါ့၊ ရှင်သာရိပုတ္တရာအတွက် ဒကာဒကာမတွေက ထည့်ပေးလိုက်တယ်။

ကျောင်းရောက်တဲ့အခါ ရှင်သာရိပုတ္တရာက “ငါပြောတဲ့အတိုင်း ရနေပါလား၊ ဘယ်လို ရတာလဲ။ သူ့ဖာသာ သဘာဝအတိုင်း ရတာလား” လို့ စဉ်းစားကြည့်လိုက်တဲ့အခါ နတ်ရဲ့ပယောဂ ပါနေတာကို သိရတယ်၊ ရှင်သာရိပုတ္တရာက တစ်ခွန်းတည်းပဲ ပြော
စာမျက်နှာ-၃၅
ဟောသူ နာသူ စိတ်ထားဖြူတယ်- “ငါ့ရှင်မောဂ္ဂလာန်၊ ဒီအာဟာရ မစင်ကြယ်ဘူး၊ မစားထိုက်ဘူး”တဲ့။ “ဒီ နို့ဃနာထမင်းဟာ မစားထိုက်ဘူး၊ မစင်ကြယ်ဘူး” လို့ဆိုတော့ ရှင်မောဂ္ဂလာန်ကလည်း မစင်ကြယ်ဘူးဆိုတော့ ဘာဖြစ်လို့တုန်း ညာဖြစ်လို့တုန်း လို့ မေးမနေဘူး၊ သပိတ်ကို ယူပြီးတော့ ချက်ချင်းသွားသွန်ပစ်လိုက်တာပဲ၊ အဲဒီသပိတ်ထဲက နို့ဃနာတွေ သွန်ပစ်လိုက်တာနဲ့ တစ်ပြိုင်တည်း ရှင်သာရိပုတ္တရာရဲ့ စွဲကပ်နေတဲ့ လေနာရောဂါလည်း ပျောက်သွားတယ်တဲ့။ အဲဒီမှာ ရှင်သာရိပုတ္တရာက ပြောတယ် - “ဗိုက်နာလို့ ငါ့ရဲ့ အူတွေ အပြင်ထွက်ချင် ထွက်သွားပါစေ၊ မအပ်စပ်တဲ့ပစ္စည်းကို ငါမသုံးဘူး။”

ဘုန်းကြီးတို့ အဲဒီလောက် မကျင့်နိုင်ရင်တောင်မှပဲ ဒီမထေရ်မြတ်ကြီး ကျင့်တာကို အတုယူအားကျကြရမှာ၊ ဒါကြောင့်မို့လို့ ဆွယ်တရားဟောလို့ ရလာတဲ့ဟာတွေဟာ ဘယ်အရာမှ ကောင်းတာ
စာမျက်နှာ-၃၆
မရှိဘူး၊ ဒါကြောင့်မို့ ဒါတွေလည်း သတိပြုဖို့ကောင်းတယ်။
နှစ်ဦးနှစ်ဝ အကျိုးရှိ
သူ့ဖာသူ သဒ္ဓါတရားအလျောက် ဖြစ်လာတဲ့ အရာမျိုးကို လက်ခံရင် “သူလည်း ကုသိုလ်ရတယ်, ကိုယ်လည်း ပစ္စည်းလေးပါးနဲ့ ပတ်သက်ပြီးတော့ သုံးစွဲရတယ်” “ဓမ္မိယလဒ္ဓ” လို့ ခေါ်တယ်၊ တရားသဖြင့် ရလာတာ၊ ဒါမျိုးက နှစ်ဦးနှစ်ဝအကျိုးရှိတယ်၊ အဲဒါမျိုးသာ ဖြစ်သင့်တယ်။

စာပေကို လေ့လာကြည့်မယ်ဆိုရင် ဒီအချက်အလက်တွေ စာပေကျမ်းဂန်ထဲမှာ တွေ့ရမယ်၊ ဒီအချက်ဟာ တရားပွဲကျင်းပတဲ့ ပုဂ္ဂိုလ်တွေလည်း သတိထားသင့်တဲ့ အချက်တစ်ခုပဲ။

ကောင်းပြီ - တရားပွဲကျင်းပတယ်ဆိုကတည်းက ဓမ္မပူဇာလှူတဲ့ပုဂ္ဂိုလ် ရှိပြီးသားပဲ၊ တရားနာလာတဲ့ပုဂ္ဂိုလ်တွေက လှူချင်တယ်ဆိုရင် သူ့ဖာသာ လှူ
စာမျက်နှာ-၃၇
ရပါစေ၊ မလှူဘူးဆိုရင်လည်း တရားပွဲလာတာ မျက်နှာမငယ်ပါစေနဲ့။

ဘုန်းကြီးတို့က တွေးမိတယ် - “တရားနာရတာ ပိုက်ဆံပေးပြီး နာရသလိုများ ဖြစ်နေပြီလား” လို့၊ “တရားကလည်း တို့တရား မဟုတ်ဘူး၊ ဘုရားရဲ့ တရား၊ ဘုရားတရားကို ရောင်းမစားထိုက်ဘူး”

ဒါကြောင့်မို့ ဘုန်းကြီးတို့က ပြောထားတယ်။ ဘုန်းကြီးတို့ တရားပွဲမှာ လာပြီး စာအုပ်ရောင်းတာ တို့ CD ရောင်းတာတို့ မလုပ်ပါနဲ့လို့ ပြောထားတယ်၊ ဘာဖြစ်လို့ မလုပ်နဲ့လို့ ပြောထားသလဲဆိုရင် ဘုန်းကြီးတို့ ရောင်းတယ်လို့ ထင်မှာစိုးလို့ အထင်မခံနိုင်တာပဲ၊ ဒါတွေဟာ ကိုယ်နဲ့ လုံးဝမပတ်သက်စေချင်ဘူး။

ဒါကြောင့်မို့လို့ တရားပွဲကျင်းတာ ကုသိုလ်စစ်စစ်ရပြီးတော့ တရားနာတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ တရားနာကြရဖို့ - ဒါက အဓိကကျပါတယ်။
စာမျက်နှာ-၃၈

တရားပွဲကျင်းပတာ ကုသိုလ်ရ
တရားပွဲကျင်းပတယ်ဆိုတာ အင်မတန်မှ ကုသိုလ်ရတယ်၊ “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ”၊ တရားနာခွင့်ရအောင် ဖန်တီးပြီး လုပ်ဆောင်ပေးတယ်ဆိုတာ အင်မတန်ကောင်းတဲ့ ကုသိုလ်တစ်ခုပဲ။ အင်မတန်မွန်မြတ်တဲ့ ကုသိုလ်ကို လုပ်ရာမှာ လုပ်ပုံလုပ်နည်း မဟန်သည့်အတွက်ကြောင့် အပြစ်တွေ ဖြစ်လာတယ်ဆိုရင် မကောင်းဘူးပေါ့။ ဒီတော့ “သန့်သန့်ရှင်းရှင်းဖြစ်အောင် လုပ်ဖို့ အင်မတန်အရေးကြီးတယ်လို့” - သတိရှိသင့်ပါတယ်၊ တရားဟောတဲ့ ပုဂ္ဂိုလ်ကလည်း စိတ်ထားဖြူစင်ရမယ်, တရားနာတဲ့ပုဂ္ဂိုလ်ကလည်း စိတ်ထားဖြူစင်ရမယ်၊
ဥဒါယီသုတ်
မြတ်စွာဘုရားက အင်္ဂုတ္တရနိကာယ်မှာ ဥဒါယီသုတ်ဆိုတာ ရှိတယ်၊ တစ်နေ့တော့ ရှင်ဥဒါယီဆိုတဲ့ မထေရ်ကြီးက မြို့ထဲမှာ ပရိသတ်များစွာရဲ့အလယ်မှာ တရားဟောနေတယ်၊ ရှင်အာနန္ဒာက ရှင်ဥဒါယီ
စာမျက်နှာ-၃၉
တရားဟောနေတာကို တွေ့ခဲ့ရလို့ မြတ်စွာဘုရားကို လျှောက်တယ်၊ “အရှင်ဘုရား - ဥဒါယီကိုယ်တော်ကြီး တရားဟောနေတာ တွေ့ခဲ့ရတယ်ဘုရား”တဲ့။ မြတ်စွာဘုရားက ဥဒါယီရဲ့စိတ်ထား မဖြူစင်လို့နဲ့တူတယ်၊ ကြိုက်ပုံမရဘူး၊ တကယ်ဆို ဘုရားကိုယ်တိုင်က တရားဟောဖို့ တိုက်တွန်းတာပဲ၊ ဥဒါယီဟာ တရားဟော ဓမ္မကထိက ဆိုပေမယ့် စိတ်ထားဖြူစင်ပုံမရဘူး။

အဲဒါကြောင့်မို့ ဘယ်လို အမိန့်ရှိတုန်းဆို - “အာနန္ဒ - သူများကို တရားဟောဖို့ဆိုတာ လွယ်တယ်လို့ မအောက်မေ့လေနဲ့”တဲ့၊ “တရားဟောတဲ့ ပုဂ္ဂိုလ်ဆိုတာ နှလုံးသွင်းမှန်ကန်ဖို့ လိုအပ်တယ်၊ နှလုံးသွင်းရမယ့် အချက် ၅-ချက် ရှိတယ်”တဲ့၊ “မှန်ကန်တဲ့ နှလုံးသွင်းနဲ့ တရားဟောရမယ်”။

ပထမအချက်က ဘာတုန်းဆိုရင် ကိုယ်ဟောတဲ့တရားကို ဟောစဉ်မပျက် ဟောမယ်ဆိုတဲ့ နှလုံးသွင်း ရှိရမယ်၊ တောင်ရောက် မြောက်ရောက်တွေ လျှောက်မပြောရဘူးလို့ - ဒီလိုပြောတာ၊ “အနု-
စာမျက်နှာ-၄၀
ပုဗ္ဗိကထာ”ဆိုတာ ရှိတယ်၊ မြတ်စွာဘုရားတရားဟောရင် ပထမ ဒါနအကြောင်း ဟောတယ်၊ ဒါနပြီးရင် သီလကို ဟောတယ်၊ သီလပြီးရင် “သဂ္ဂ” နတ်ပြည်အကြောင်း ဟောတယ်၊ နတ်ပြည်အကြောင်းပြီးရင် ကာမဂုဏ်အာရုံတွေရဲ့ အပြစ်အနာအဆာကို ဟောတယ်၊ ပြီးတဲ့အခါ “နိက္ခမ္မ အာနိသံသ” ကာမဂုဏ်စွန့်လွှတ်မှုရဲ့ အကျိုးကျေးဇူးကို ဟောတယ်၊ ပြီးတော့မှ စိတ်အခြေအနေတွေ တိုးတက်လာတဲ့အခါ သစ္စာလေးပါးတရားကို ဟောတယ်၊ အဲဒီလို ဟောစဉ်အတိုင်း ဟောတာ၊ သို့မဟုတ် အကြောင်းအရာတစ်ခုကို ခေါင်းစဉ်တပ်လိုက်တယ်၊ အဲဒီခေါင်းစဉ် တပ်ထားတာကိုပဲ စီကာစဉ်ကာ ဟောရမယ်တဲ့။

တရားဟောတယ်ဆိုတာ တောင်ရောက် မြောက်ရောက် ဟိုရောက်သွားလိုက် ဒီရောက်သွားလိုက် ဘာမှတ်ရမှန်းမသိအောင် မရဘူးတဲ့၊ ဒီလိုဆိုလိုတယ်။

နောက်တစ်ခုက “ပရိယာယဒဿီ”တဲ့၊ ကိုယ်ဟောတဲ့ အကြောင်းအရာတစ်ခုကို ခိုင်လုံတဲ့
စာမျက်နှာ-၄၁
အကြောင်းပြချက်တွေ ပါရှိရမယ်၊ ပြောချင်တာတွေ လျှောက်ပြော, မဟုတ်တာတွေ မဖြစ်စေရဘူးတဲ့၊ ခိုင်မာတဲ့အကြောင်းတရားတွေကို ပြနိုင်ရမယ်၊ ဒါ ဒုတိယအချက်။

တတိယအချက်က “အနုဒ္ဒယံ ပဋိစ္စ” “တရားဓမ္မတွေ သိကြပါစေ၊ တရားထူးတရားမြတ်တွေ ရကြပါစေ၊ အသိဉာဏ်တွေ ဖွံ့ဖြိုးတိုးတက်ကြပါစေ” လို့ တရားနာတဲ့ ပုဂ္ဂိုလ်တွေရဲ့အကျိုးစီးပွားကို လိုလားခြင်း, သနားခြင်း စိတ်ထားကို အကြောင်းပြုပြီးတော့ ဟောရမယ်တဲ့။

နောက်စတုတ္ထက ဘာတုန်းဆို - “န အာမိသန္တရော ကထံ ကထေဿာမိ”၊ ဆိုလိုတာက လာဘ်လာဘကို မျှော်ကိုးတဲ့စိတ်ထားနဲ့ တရားမဟောရဘူးတဲ့၊ တရားဟောရင် ပစ္စည်းတွေ လာဘ်လာဘတွေ ရတယ်၊ လာဘ်လာဘကို မျှော်ကိုးပြီး ဓမ္မပူဇာကို မျှော်ကိုးပြီး တရားမဟောရဘူးတဲ့၊ စိတ်ထဲမှာ အဲဒါမျိုး မထားဘဲ ဟောနိုင်မှ တရားဟောသင့်တယ်ပေါ့။
စာမျက်နှာ-၄၂
နောက်တစ်ခုက ဘာတုန်းဆိုလို့ရှိရင် “အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ကထံ ကထေဿာမိ၊ ဘယ်သူ့ကိုမှ ထိပါးပုတ်ခတ်တာ မလုပ်ဘူး၊ မိမိကိုယ်ကိုလည်း ထိပါးမှု မလုပ်ဘူး၊ (မိမိကိုယ်ကို ထိပါးတယ်ဆိုတာ တခြားပြောတာ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကို နှိမ်ချပြောတာ)၊ ကိုယ့်ကိုယ်ကိုတော့ မြှောက်ပင့်ပြီး သူတစ်ပါးကို နှိမ်ချတာမျိုး, ပုတ်ခတ်တဲ့အနေမျိုးလည်း မဟောရဘူးတဲ့။

စိတ်ထားမှန်ကန်စွာနဲ့ တရားဟောရင် ဟောသူဘက်က စိတ်ထားဖြူတယ်လို့ ပြောရမယ်၊ သူဟောတဲ့ တရားဟာ စင်ကြယ်တဲ့တရားလို့ ဥဒါယီသုတ္တန်မှာ မြတ်စွာဘုရားက ဒီအချက် ၅-ချက်ကို ဟောတော်မူတယ်၊ ဒီနှလုံးသွင်းမှန်ကန်မှု ရှိရမယ်။

ဒေသနာအစဉ်အတိုင်း ဟောမယ်၊ အကြောင်းပြချက်ခိုင်လုံစွာ ဟောမယ်၊ သနားကရုဏာကို ရှေးရှုပြီးတော့ ဟောမယ်၊ လာဘ်လာဘကို မျှော်ကိုးတဲ့အနေနဲ့ မဟောရဘူး၊ လာဘ်လာဘကို မျှော်ကိုးတဲ့ စိတ်နဲ့ မဟောရဘူး၊ မိမိကိုယ်ကို မြှောက်ဝါကြွားပြီး
စာမျက်နှာ-၄၃
ဟောသူ နာသူ စိတ်ထားဖြူ သူတစ်ပါးကို နှိမ့်ချအပြစ်ဆိုပြီးတော့ မဟောရဘူးတဲ့။

အဲဒီလို နှလုံးသွင်းမှန်ကန်တဲ့ပုဂ္ဂိုလ်မှ စိတ်ထားဖြူစင်မှ သူတစ်ပါးကို တရားဟောသင့်တယ်တဲ့၊ အဲဒါမျိုးမဟုတ်ရင် မဟောသင့်ဘူးလို့ မြတ်စွာဘုရားက ဟောတယ်၊ တရားဟောတာဆိုပေမယ့် ဒီလိုအခြေအနေမျိုးတွေနဲ့ ပြည့်စုံမှ ဟောသင့်တယ်။
ကဿပသံယုတ်
နောက် ကဿပသံယုတ်မှာ မြတ်စွာဘုရား ဟောထားတာ ရှိသေးတယ်၊ သတိပေးထားတာ ရှိတယ်၊ ရှင်မဟာကဿပကို စံနမူနာထားပြီး မြတ်စွာဘုရားက ဟောတယ်၊ တရားဟောပုဂ္ဂိုလ်တိုင်းဟာ မှန်ကန်တဲ့စိတ်ဓာတ်နဲ့ ဖြူစင်တဲ့စိတ်ဓာတ်နဲ့ တရားဟောရမယ်၊ ညစ်နွမ်းတဲ့စိတ်ဓာတ်တွေ မရှိစေရဘူး။

အဲဒီလိုဖြူစင်တဲ့စိတ်ဓာတ်ဆိုတာ ဘာလဲဆိုလို့ရှိရင် တရားရဲ့ ကောင်းမြတ်တဲ့ ဓမ္မဂုဏ်ကို အာရုံပြုပြီး ဟောသင့်တယ်၊ “သွာက္ခာတော ဘဂဝတာ
စာမျက်နှာ-၄၄
ဓမ္မာ” မြတ်စွာဘုရားဟောတဲ့ တရားက မှန်တယ်၊ မှန်တဲ့တရားကို “သန္ဒိဋ္ဌိကော” လူတိုင်းလူတိုင်း ကိုယ်တိုင်ကျင့် ကိုယ်တိုင်သိနိုင်တယ်။

“အကာလိကော” အခုလုပ် အခုအကျိုးရတယ်၊ “ဧဟိပဿိကော” ကိုယ့်မိတ်ဆွေတွေကို ဖိတ်ခေါ်ပြီး လာစမ်းပါ, ကြည့်စမ်းပါ, နာစမ်းပါလို့ ပြောထိုက်တဲ့တရား။

“ဩပနေယျိကော” အခုတရား နှလုံးသွင်းရင် အခုပဲ စိတ်ဟာ ငြိမ်းအေးသွားတာ ဖြစ်လို့ ချက်ချင်း နှလုံးသွင်းသင့်တယ်။

“ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း အသီးသီး ခံစားသိရှိနိုင်တယ်တဲ့။

အဲဒီလို တရားရဲ့ ဂုဏ်ရည်နဲ့ ကိုက်ညီအောင် တရားရဲ့ ဂုဏ်ရှိမှု, ဒီပြည့်စုံတဲ့ ဂုဏ်အရည်အချင်းတွေကို ထုတ်ဖော်ပြီး တရားနဲ့အညီ ဟောသင့်တယ်တဲ့။
စာမျက်နှာ-၄၅
အဲဒီလို ဟောပြောတဲ့အခါမှာ မှန်ကန်တဲ့စိတ်ထားကို ဘယ်လိုထားရမလဲဆိုလို့ရှိရင် “ငါဟောတဲ့ တရားကို တရားနာပရိသတ် နာခွင့်ရကြပါစေ” ဒီစိတ်ရှိရမယ်၊ ငါဟောတဲ့တရား နာကြပါစေ။

ဘာဖြစ်လို့ ဒီလိုစိတ်ထား ထားရမလဲဆိုတော့ - “အဿဝဏ၊ ဓမ္မဿ ပရိဟာယန္တိ” တရားဆိုတာ မနာရရင် ဆုံးရှုံးနစ်နာမှု ဖြစ်တတ်တယ်။ ဒါကြောင့်မို့ ဆုံးရှုံးမှု မဖြစ်ရအောင် ဟောရတာ၊ “ဓမ္မဿ အညတာရော ဘဝိဿန္တိ” တရားနားလည်နိုင်သူတွေ ရှိနိုင်တယ်၊ တရားနားလည်ရင် စိတ်ဓာတ်ခိုင်မာသွားနိုင်တယ်၊ ငြိမ်းချမ်းသွားနိုင်တယ်။ တရားမနာရလို့ရှိရင် ဓမ္မအသိ ဆုံးရှုံးသွားနိုင်တယ်။

ဒါကြောင့်မို့ “ငါဟောတဲ့တရားကို အားလုံးနာနိုင်ကြပါစေ”- အဲဒီလိုစိတ် ထားပါတဲ့၊ နောက်ဆက်ပြီး စိတ်ထားရမှာ “ငါဟောတဲ့တရားကို နာပြီးတဲ့အခါမှာ တရားရဲ့အနှစ်သာရကို သိရှိကြပါစေ၊ ဓမ္မအသိတွေ ရရှိကြပါစေ” လို့ စိတ်ထားရမယ်တဲ့။
စာမျက်နှာ-၄၆
“ဓမ္မအသိတွေ သိရှိပြီးတဲ့အခါမှာ အဲဒီဓမ္မနဲ့ လျော်စွာ နေ့စဉ်နှင့်အမျှ ကျင့်သုံးနေထိုင်နိုင်ကြပါစေ” တရားဆိုတာ way of life ပဲ၊ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ လူ့လောကမှာ လူတွေနေကြထိုင်ကြတဲ့အခါမှာ တရားဓမ္မနဲ့ ဘယ်လိုနေရတယ်ဆိုတာ သိရမယ်၊ တရားအသိရှိလာတဲ့ပုဂ္ဂိုလ်ဟာ နေရထိုင်ရတာကအစ အင်မတန်ချမ်းသာတယ်၊ ဒါကြောင့်မို့ “တရားအတိုင်း လိုက်နာကျင့်သုံးပြီး နေထိုင်နိုင်ကြပါစေ”ဆိုတဲ့ မွန်မြတ်တဲ့စိတ်ထားတွေနဲ့ ဟောပါလို့ ကဿပသံယုတ်မှာ မြတ်စွာဘုရားက ဒီလိုဆုံးမထားတယ်။

ဒါတွေကို ဘုန်းကြီးတို့က လိုက်နာဖို့ ကြိုးစားရမယ်၊ ဒါက တရားဟောတဲ့ ပုဂ္ဂိုလ်တွေဘက်က လိုက်နာရမယ့် အချက်တွေကို ပြောတာ၊ ဘုန်းကြီးတို့ ဒီအချက်တွေကို လိုက်နာနိုင်အောင် ကြိုးစားရမယ်၊ မလိုက်နာရင် တရားမဟောသင့်ဘူး၊ ဒါက ဟောသူဘက်က စိတ်ထားဖြူပုံကို ပြောတာ၊ ဒီလို
စာမျက်နှာ-၄၇
စိတ်မျိုးမထားဘူးဆိုရင် ဟောသူဘက်က စိတ်ထားမဖြူဘူးလို့ ပြောရမယ်။
တရားနာခြင်း၏ အကျိုးကျေးဇူးများ
တရားဆိုတာ နာရတယ်၊ တရားနာလို့ရှိရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ? တရားပွဲလာပြီး တရားနာတယ်ဆိုရင် ချက်ချင်းလက်ငင်း အကျိုးတွေ ရတယ်၊ ဘာတွေရသလဲ?

“အသုတံ သုဏာတိ” မကြားဖူးတာတွေ ကြားရတယ်၊ “သုတံ ပရိယောဒပေတိ” အရင်တုန်းက ကြားဖူးတယ်၊ စိတ်ထဲမှာ မရှင်းဘူး၊ အခုတစ်ခါ နာလိုက်ရတော့ စိတ်ထဲမှာ ရှင်းသွားတယ်၊ နားလည်သွားတယ်။

မကြားဖူးတာတွေ ကြားရတယ်၊ ကြားဖူးတာတွေလည်း ရှင်းသွားတယ်၊ ကြားဖူးတာတွေ ရှင်းသွားတဲ့အခါ ဘာဖြစ်တုန်းဆို သံသယတွေလည်း ကင်းသွားတယ်၊ သံသယတွေ ကင်းရုံတင်မကဘူး,
စာမျက်နှာ-၄၈
မှန်မှန်ကန်ကန် မြင်တတ်လာတယ်၊ ဘဝအပေါ်မှာ အမြင်မှန်လာတယ်၊ ဒီလိုဆိုလိုတယ်။

နောက်ပြီး တရားနာရလို့ စိတ်တွေဟာ ကြည်နူးလာတယ်တဲ့၊ ဒါတရားနာတဲ့ပုဂ္ဂိုလ် ရနိုင်တဲ့အကျိုးကျေးဇူးပဲလို့ ဒီလိုဆိုလိုတာနော်၊ အဲဒါက တရားနာတဲ့ပုဂ္ဂိုလ်ဘက်က နေပြီးတော့ ဟုတ်လား၊ ဒါရနိုင်တဲ့အကျိုး၊ ဒါကြောင့်မို့ တရားဆိုတာ ဟောပြောပေးရတယ်။
တရားနာသူ စိတ်ထားဖြူ
ဒါဖြင့် တရားနာသူတွေဘက်က စိတ်ထားဖြူစင်အောင် ဘယ်လိုနာရမလဲ? တရားနာတဲ့ပုဂ္ဂိုလ်တွေဘက်ကလည်း စိတ်ထားဖြူစင်ဖို့ လိုအပ်တယ်တဲ့၊ အကျိုးရှိအောင် တရားနာတတ်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်၊ အကျိုးရှိအောင် တရားနာတတ်တယ်ဆိုတာ ဘာလဲဆိုရင် ဒီအချက်တွေကို သတိထားရမယ်၊ တရားစကားနဲ့ ပတ်သက်ပြီး တရားစကားအပေါ်မှာ အပြစ်ရှာ ရှုတ်ချတာမျိုး မလုပ်ရဘူးတဲ့၊
စာမျက်နှာ-၄၉
နောက်တစ်ခုက တရားဟောပြောတဲ့ ဓမ္မကထိကပုဂ္ဂိုလ်ကိုလည်း ရှုတ်ချတာမျိုး မလုပ်ရဘူးတဲ့၊

နောက်တစ်ခု ကိုယ့်ကိုယ်ကိုလည်း ရှုတ်ချတာမျိုး မလုပ်ရဘူးတဲ့။

ဒါဖြင့် တရားကို ရှုတ်ချတယ်ဆိုတာ ဘာလဲဆိုရင် “ဒီတရားကလည်း ဘယ်လိုတရားကြီးမှန်း မသိဘူး၊ ဘာနားလည်ရမှန်း မသိဘူး”ဆိုတာ တရားကို ရှုတ်ချတာလို့ ခေါ်တယ်။ ဓမ္မကထိကကို ရှုတ်ချတယ်ဆိုတာ “ဘာတွေ ဟောနေမှန်းလည်း မသိဘူး၊ ဘာတွေ ပြောနေမှန်းလည်း မသိဘူး”ဆိုတာ ရှုတ်ချတာ၊

ကိုယ့်ကိုယ်ကို ရှုတ်ချတယ်ဆိုတာ ဘာပြောတာတုန်းဆိုရင် “အေး- ဒီလိုလေးနက်တဲ့ တရားကြီးတွေ ငါဘယ်လိုနားလည်နိုင်မတုန်း၊ နားမလည်ဘူး။ ကိုယ့်ကိုယ်ကို ဒီတရားနဲ့ မတန်ဘူးလို့ ဒီလိုကိုယ့်ကိုယ်ကို အထင်သေး အမြင်သေးလည်း မလုပ်ရဘူး၊ ဒီလိုဆိုလိုတယ်။
စာမျက်နှာ-၅၀
တရားနာတဲ့ ပုဂ္ဂိုလ်ဘက်က အဲဒီလိုစိတ်ထားမျိုးတွေ မရှိရဘူးလို့ ပြောတာ၊ အဲဒီစိတ်ထားတွေ ရှိပြီးတော့ တရားနာမယ်ဆိုရင် တရားထူးတရားမြတ် မရနိုင်ဘူးလို့ ဘုရားက ဟောထားတာ၊ အဲဒါကြောင့်မို့ အဲဒီလိုစိတ်ထားမျိုးတွေ မရှိစေရဘူးတဲ့။

နောက်တစ်ခုက တရားနာပြီဆိုလို့ရှိရင် ဟိုတွေး ဒီတွေးတွေ လျှောက်တွေးမနေရဘူး၊ တရားထဲမှာ အာရုံစိုက်ပြီး နာရမယ်တဲ့၊ “ဝိက္ခိတ္တစိတ္တ” စိတ်တွေက ဟိုရောက်ဒီရောက်နဲ့ စိတ်မငြိမ်ဘဲ တရားနာတာမျိုး မလုပ်ရဘူး၊ စိတ်အာရုံဟာ တရားထဲမှာ စိုက်ထားပြီး တရားနာရမယ်လို့ ဒီလိုဟောတယ်၊ နောက်တစ်ခုက ဟောထားတဲ့တရားအပေါ်မှာ မှန်ကန်တဲ့နှလုံးသွင်းတရား ရှိရမယ်တဲ့။

ဒီအချက်တွေနဲ့ ပြည့်စုံမှ တရားနာရင်းကနေပြီး တရားထူးတရားမြတ်တွေ ရနိုင်တယ်၊ တရားထူးတရားမြတ် မရရင်တောင် အသိဉာဏ်တွေ ရနိုင်တယ်လို့ ဒီလိုပြောတာ။
စာမျက်နှာ-၅၁
အဲဒါနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက သမ္မတ္တနိယာမသုတ်မှာ (အင်္ဂုတ္တိုရ်) ဟောထားတာ၊ ဒါက တရားနာသူတွေ မှတ်သားဖို့ အချက်တွေပေါ့။ တရားစကားကို မရှုတ်ချရဘူး၊ တရားဟော ဓမ္မကထိကကို မရှုတ်ချရဘူး၊ အပြစ်မတင်ရဘူး၊ မိမိကိုယ်ကို မရှုတ်ချရဘူး၊ အပြစ်မတင်ရဘူး၊ စိတ်ပျံ့လွင့်ပြီး မနေရဘူး၊ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ တရားနာရမယ်၊ မှန်ကန်တဲ့နှလုံးသွင်း ရှိရမယ်၊ မှန်ကန်တဲ့ နှလုံးသွင်းဆိုတာ တရားပေါ်မှာ နှလုံးသွင်းတတ်ဖို့ပေါ့၊ ကိုယ့်သန္တာန် အသိဉာဏ်ထင်ဟပ်ပြီးတော့ ဒီအတိုင်း ဟုတ်နေတာပါလား, ဟုတ်နေတာပါလား လို့ မှန်ကန်တဲ့ နှလုံးသွင်းရှိဖို့ လိုအပ်တယ်၊

နောက်သုတ်တစ်သုတ်မှာ ဘာကို ထပ်တိုးထားတုန်းဆိုရင် တရားနာတဲ့ပုဂ္ဂိုလ်ဟာ ထိုက်သင့်သလို အသိပညာရှိဖို့ လိုအပ်တယ်တဲ့၊ ထိုင်းမှိုင်းတဲ့ အတဲ့ နတဲ့ ပုဂ္ဂိုလ်၊ ဗူးလုံး နားမထွင်းတဲ့ ပုဂ္ဂိုလ်မျိုး မဖြစ်သင့်ဘူးတဲ့၊ အသိပညာရှိတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။ စဉ်းစားတတ်ရမယ်လို့ ဆိုတယ်၊ ကောင်းတယ် ဆိုး
စာမျက်နှာ-၅၂
တယ်, အကြောင်းအကျိုး ညီညွတ်တယ် မညီညွတ်ဘူးဆိုတဲ့ စဉ်းစားတဲ့ အသိဉာဏ်မျိုး ရှိရမယ်လို့ ဒီလိုဆိုတယ်။

နောက်တစ်ခု အရေးကြီးတာ ဘာတုန်းဆိုရင် ကိုယ်မသိတာကို သိချင်ယောင်မဆောင်ရဘူးတဲ့၊ မသိရင် မသိဘူး။ သိရင် သိတယ်၊ တချို့က ကိုယ်မသိပေမယ့်လို့ “ငါသိပြီးသားပါ”ဆိုပြီး လုပ်တတ်တယ်လေ၊ အထင်ရောက်တတ်တယ်၊ ဒါတွေ ငါသိဖူးတာပဲ, ငါကြားဖူးတာပဲ, ငါမှတ်ထားဖူးတာပဲ, ငါအကုန်သိပြီးသားပဲတွေဆိုပြီး အာရုံမထားကြဘူး၊ အဲဒီလိုမျိုးလည်း မရှိရဘူးတဲ့၊ အဲဒါတွေ ရှိမယ်ဆိုရင် စိတ်ထားဖြူစင်မှု မရှိဘူးလို့ ပြောတာ။

နောက်သုတ္တန်တစ်ခုမှာ ဘာတွေ ထည့်ပြီး မြတ်စွာဘုရား ဟောတုန်းဆိုရင် တရားနာတဲ့အခါမှာ ဂုဏ်အရည်အချင်းတွေကို ကျေးဇူးတရားတွေကို ကျေးဇူးကန်းတဲ့အနေမျိုး မဖြစ်စေရဘူး၊ ဘယ်နေရာပဲဖြစ်ဖြစ် ဝေဖန်ပြစ်တင်တာမျိုး မလုပ်ရဘူး၊ စကားနဲ့ ဝေဖန်ပြစ်တင်မှုမျိုးကို “မက္ခ” လို့ ခေါ်တာပေါ့၊
စာမျက်နှာ-၅၃
“မက္ခ”ဆိုတာ ဂုဏ်ကျေးဇူးကို ချေဖျက်တယ်၊ “ဒါတွေက ငါသိပြီးသားတွေပါ၊ ဒါတွေက အပေါစားတွေပါ၊ ဒါတွေ လူတိုင်းသိနေတာပါ”နဲ့ ဒီလိုပြောတာမျိုးဟာ ဂုဏ်ကျေးဇူးကို သေးသိမ်စေတာဖြစ်လို့ “မက္ခ”လို့ ခေါ်တယ်၊ တရားဆိုတာ သိပြီးသားလည်း ထပ်ပြီးတော့ ရိုရိုသေသေပဲ နားထောင်ရတယ်၊ ဒီလိုဆိုတာ။

နောက်တစ်ခုက ဘာတုန်းဆိုလို့ရှိရင် အပြစ်ရှာပြီးတော့ တရားနာတာတဲ့၊ တရားနာတဲ့အခါမှာ ဘယ်စကားလုံးကဖြင့် မှားတယ်၊ ဘယ်ဟာကဖြင့် မမှန်ဘူး၊ ကိုယ်သိထားတာနဲ့ ဒါနဲ့ လွဲနေတယ်လို့ - အဲဒီလို အပြစ်ရှာတဲ့ စိတ်ထားမျိုးနဲ့ တရားမနာရဘူး။ နောက်တစ်ခုကတော့ ဓမ္မကထိကအပေါ်မှာ ဒေါသဖြစ်တဲ့ စိတ်ဓာတ်မျိုး မရှိရဘူး၊ တိုက်ခိုက်လိုတဲ့ စိတ်မျိုး မရှိရဘူး၊ အပြစ်တင်လိုတဲ့ စိတ်ဓာတ်မျိုး မရှိရဘူးတဲ့၊ အဲဒီလို မြတ်စွာဘုရားက တရားနာတဲ့
စာမျက်နှာ-၅၄
အခါမှာတဲ့ အဲဒီလိုအချက်တွေနဲ့ ညီညွတ်ဖို့ လိုအပ်ပါတယ်တဲ့။

အဲဒါမှ တရားနာတဲ့ပုဂ္ဂိုလ်ဟာ စိတ်ထားဖြူစင်တဲ့ပုဂ္ဂိုလ် ဖြစ်ပြီး တရားနာရင်းနဲ့ အသိဉာဏ်တွေရပြီး နောက်ဆုံး မဂ်ဖိုလ်ထိအောင် ရနိုင်တယ်လို့ မြတ်စွာဘုရားက ဒီသုတ္တန်တွေမှာ ဒီလိုဟောတယ်။
ဒုက္ကထာသုတ်
ပြီးတော့ တရားနာပုဂ္ဂိုလ်ကို ကြည့်ပြီး တရားဟောသင့်တယ်၊ စကားတိုင်းဟာ စကားကောင်းမဖြစ်ဘူး၊ ပြောတဲ့စကားတိုင်းဟာ အကောင်းဖြစ်ပေမယ့်လို့ အကောင်းမဖြစ်တာတွေ ရှိတယ်၊ ပုဂ္ဂိုလ်နဲ့ လိုက်လျောညီထွေမှ အကောင်းဖြစ်နိုင်တယ်၊ ဆိုပါစို့ - သဒ္ဓါတရားမရှိတဲ့သူကို သဒ္ဓါတရားအကြောင်း သွားဟောပြောလို့ရှိရင် စကားအကောင်း မဖြစ်ဘူးတဲ့၊ ဘာဖြစ်လို့တုန်းဆိုတော့ သူက သဒ္ဓါတရားမှ မရှိတာ၊ သဒ္ဓါအကြောင်းပြောရင် သူက စိတ်တိုတယ်၊ ဘာတွေလာပြောနေတာလဲဆိုပြီး စိတ်ဆိုးတယ်၊ အဲ
စာမျက်နှာ-၅၅
ဒါကြောင့်မို့လို့ သဒ္ဓါတရား မရှိတဲ့ပုဂ္ဂိုလ်ကို သဒ္ဓါတရားအကြောင်းဟောရင် စကားအကောင်း မဖြစ်ဘူးတဲ့၊ သဒ္ဓါတရားရှိတဲ့ပုဂ္ဂိုလ်ကျမှ စကားကောင်း ဖြစ်တယ်။

ထို့အတူပဲ သီလမရှိတဲ့ပုဂ္ဂိုလ်ကို သီလအကြောင်း သွားပြောရင် စိတ်တိုတယ်၊ သီလအကြောင်း သွားပြောရင် စကားကောင်း မဖြစ်ဘူး၊ အောင်မြင်တဲ့စကား မဖြစ်ဘူး၊ သီလရှိတဲ့ပုဂ္ဂိုလ်ကိုမှ သီလအကြောင်းပြောရမယ်၊ ဒါမှ စကားကောင်းဖြစ်တယ်။

နောက်တစ်ခုကတော့ ဗဟုသုတလိုက်စားတဲ့ ပုဂ္ဂိုလ်ကျမှ သုတနဲ့ပတ်သက်တဲ့စကားမျိုးဟာ စကားကောင်း ဖြစ်တယ်၊ ဗဟုသုတနည်းတဲ့ပုဂ္ဂိုလ်, သုတကို မလိုလားတဲ့ပုဂ္ဂိုလ်ကို သွားပြောလို့ရှိရင် အဲဒီပုဂ္ဂိုလ်က စိတ်တိုတယ်၊ ဒေါသထွက်တယ်၊ စကားကောင်း မဖြစ်ဘူးတဲ့။

နောက်တစ်ခု ပညာရှိတဲ့ပုဂ္ဂိုလ်မှ ပညာနဲ့ ပတ်သက်တဲ့ စကားပြောလို့ ရတယ်၊ စကားကောင်း
စာမျက်နှာ-၅၆
ဖြစ်တယ်၊ ပညာမရှိတဲ့ပုဂ္ဂိုလ်ကို ပညာအကြောင်းသွားပြောရင် စိတ်ဆိုးတယ်တဲ့၊ စကားကောင်း ဖြစ်မလာဘူး၊ မအောင်မြင်ဘူးလို့ ဒီလိုပြောတာ။

ဒီတော့ တရားနာပုဂ္ဂိုလ်ဆိုတာကလည်းပဲ သဒ္ဓါမဲ့တဲ့ပုဂ္ဂိုလ် ရှိတယ်၊ သီလမရှိတဲ့ပုဂ္ဂိုလ် ရှိတယ်၊ ဗဟုသုတမရှိတဲ့ပုဂ္ဂိုလ် ရှိတယ်၊ စွန့်ကြဲမှုစာဂ မရှိတဲ့ပုဂ္ဂိုလ် ရှိတယ်၊ ပညာမဲ့တဲ့ပုဂ္ဂိုလ် ရှိတယ်တဲ့၊ ဒီပုဂ္ဂိုလ်မျိုးတွေကို သဒ္ဓါအကြောင်းတို့ သီလအကြောင်းတို့ ဗဟုသုတအကြောင်းတို့ စွန့်လွှတ်မှုအကြောင်းတို့ ပညာအကြောင်းတို့ သွားပြောမယ်ဆိုရင် စကားကောင်း မဖြစ်ဘူးတဲ့။

စကားကောင်း ဖြစ်ဖို့ရာအတွက် သဒ္ဓါတရားရှိသူကို သဒ္ဓါအကြောင်းဟောရင် ကျေနပ်လို့ ဝမ်းသာတယ်၊ ငါ့မှာ ဒါတွေရှိတယ်၊ သီလရှိတဲ့ပုဂ္ဂိုလ်ကို သီလအကြောင်းဟောရင် ဝမ်းသာတယ်, ကျေနပ်တယ်၊ ဗဟုသုတရှိတဲ့သူကို ဗဟုသုတဆိုင်ရာတွေ ဟောရင် ကျေနပ်တယ်, သဘောကျတယ်၊ စွန့်ကြဲတတ်တဲ့ပုဂ္ဂိုလ် လှူဒါန်းတတ်တဲ့ပုဂ္ဂိုလ်ကို စာဂ
စာမျက်နှာ-၅၇
ဟောသူ နာသူ စိတ်ထား အကြောင်းပြောရင် ကျေနပ်တယ်, သဘောကျတယ်။ ပညာရှိတဲ့ပုဂ္ဂိုလ်ကို ပညာအကြောင်းပြောရင် ကျေနပ်တယ်, သဘောကျတယ်၊ စကားကောင်းဖြစ်တယ်။ ဒီအချက်တွေကို မြတ်စွာဘုရားက “ဒုက္ကထာသုတ္တန်” မှာ ဟောထားတယ်၊ ဒါတွေက အလွန်မှတ်သားစရာကောင်းတယ်။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့ဟာ ဒီကနေ့ ဟောပြတဲ့ သုတ္တန်တွေ အားလုံး စုပေါင်းလိုက်မယ်ဆိုရင်တော့ လေးသုတ်ရှိတယ်၊ အဲဒီသုတ္တန်တွေမှာလာတဲ့ မြတ်စွာဘုရားရဲ့ လမ်းညွှန်ချက်တွေ လိုက်နာကျင့်သုံးကြမယ်ဆိုရင် တရားဟောမယ့်ပုဂ္ဂိုလ် လိုက်နာရမည့်အချက်တွေ၊ တရားနာပရိသတ် လိုက်နာရမည့်အချက်တွေအတိုင်း လိုက်နာသင့်တယ်၊ အဲဒီအချက်တွေနဲ့ ညီညွတ်အောင် ဟောပြောနိုင်မယ် နာယူနိုင်မယ်ဆိုရင် နှစ်ဦးနှစ်ဝ အကျိုးရှိပါတယ်။

တရားဟောတဲ့ ပုဂ္ဂိုလ်ကလည်းပဲ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မကို အာရုံစိုက်ပြီးဟောလို့ရှိရင် တရား
စာမျက်နှာ-၅၈
ထူးရနိုင်တယ်၊ “ရှင်ခေမက”ဆိုတဲ့ ရဟန်းတော်တစ်ပါးဟာ တရားဓမ္မကို အာရုံစိုက်ပြီး ဟောလို့ တရားသိသွားဖူးတယ်၊ ဟောတာကတော့ သူများပဲ။ ဒါပေမယ့် အာရုံစိုက်ပြီးတော့ ဟောလို့ သူကိုယ်တိုင် အကျွတ်တရားရသွားဖူးတယ်။

ဘာနဲ့ ဥပမာတူတုန်းဆို ကူးတို့သမား (ferry man) နဲ့ ဥပမာတူတယ်၊ ကူးတို့သမားက လှေလှော်ပြီးတော့ ခရီးသည်ကို ဟိုဘက်ပို့တယ်၊ ပို့တာကတော့ ခရီးသည်ကို ပို့တာပဲ၊ ဒါပေမယ့် သူလည်း ရောက်သွားတာပဲပေါ့။

အဲဒီလိုပဲ တရားဟောတဲ့ပုဂ္ဂိုလ်ဟာ သူများကို ဟောတာ၊ ကိုယ်ဟောတဲ့တရား ကိုယ်တိုင်ကြားနာပြီး ကိုယ်လည်း အကျိုးရှိရမယ်၊ ဒီလိုဖြစ်သင့်တယ်ပေါ့။

အေး ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ ဩဝါဒတွေကို အခြေခံကစပြီး လိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုရင် တရားဟောတဲ့ပုဂ္ဂိုလ်လည်းပဲ စိတ်ထားဖြူစင်ဖို့ လိုအပ်တယ်၊ တရားနာကြတဲ့ပုဂ္ဂိုလ်တွေကလည်း စိတ်ထားဖြူစင်ဖို့ လိုအပ်တယ်၊ နှစ်ဦး
စာမျက်နှာ-၅၉
နှစ်ဝ စိတ်ထားဖြူစင်ပြီး တရားဟောကြမယ် နာကြမယ်ဆိုရင် မိမိတို့ရည်ရွယ်ချက်ဖြစ်တဲ့ တရားဓမ္မကို သိရှိခြင်း, တရားဓမ္မကို ကျင့်သုံးခြင်းဖြင့် သံသရာဝဋ်ဆင်းရဲက ထွက်ပေါက်ကို ရရှိကြမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ ယုံကြည်ပြီး ဒီကနေ့ “ဟောသူ နာသူ စိတ်ထား” ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောတဲ့ တရားအတိုင်း လိုက်နာကျင့်သုံးတော်မူနိုင်ကြပါစေကုန်သတည်း။ 47dabzefxicf42hxgkxhkyw2gktfz99 22228 22227 2026-06-20T02:15:05Z Tejinda 173 22228 wikitext text/x-wiki {{header | title = ဟောသူ နာသူ စိတ်ထားဖြူ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[သောတာပန်ပုဂ္ဂိုလ်များ နေ့စဉ်ဘဝမှာ နေထိုင်ကြပုံ]] | previous2 = | next = [[နိုင်သူနှင့် ရှုံးသူ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

ဟောသူ နာသူ စိတ်ထားဖြူ
မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊
ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၄) ရက် ၅. ၁၂. ၂၀၁၀ (တနင်္ဂနွေနေ့)
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဗုဒ္ဓဝါဠုက စေတီတော်အား ဦးထိပ်ပန်ဆင်လျက်
တတိယအကြိမ်မြောက် ကိုင်းတန်းလမ်းမိသားစု သံဃဒါန ဆွမ်းလောင်းအသင်း၏ အနှိုင်းမဲ့အလှူ ဓမ္မပူဇာ
အထူးတရားပွဲ၌ ကိုင်းတန်းလမ်း အမှတ်(၆၈) ဦးမောင်မောင်အားရည်စူး၍ ဒေါ်နန်းတွိ သားသမီး မြေးမိသားစု
နှင့်
ကိုင်းတန်းလမ်း အမှတ်(၆၄) ဦးဦး ဒေါ်ခင်ခင်ဝင်း သား မောင်တင့်မျိုးထက်၊ သမီး မလဲ့ယဉ်မျိုးဦး မိသားစုတို့၏ အမတဒါန
ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ဟောသူ နာသူ စိတ်ထားဖြူ” တရားဒေသနာတော်

“ဟောသူ”ဆိုတာ တရားဓမ္မကို ဟောပြောတဲ့ ဓမ္မကထိက ပုဂ္ဂိုလ်၊ “နာသူ”ဆိုတာ တရားဓမ္မကို နာယူတဲ့ တရားနာပရိသတ်၊ နှစ်ဦးနှစ်ဝ ဟောတဲ့ပုဂ္ဂိုလ်ကလည်း စိတ်ထားဖြူစင်ဖို့ အင်မတန်မှ အရေးကြီးတယ်၊ နာယူတဲ့ပုဂ္ဂိုလ်ကလည်း စိတ်ထားဖြူစင်ဖို့ အရေးကြီးတယ်၊ ဒါကြောင့်မို့ “ဟောသူ နာသူ စိတ်ထားဖြူ” ခေါင်းစဉ်နဲ့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူ ခဲ့တဲ့ ဒေသနာတော်တွေထဲက ထုတ်နှုတ်ပြီး ဟောပါ့မယ်၊ တရားဟောတဲ့ပုဂ္ဂိုလ်က ဘယ်လိုစိတ်ထားနဲ့ ဟောရမယ်၊ တရားနာတဲ့ပုဂ္ဂိုလ်ကလည်း ဘယ်လို စိတ်ထားနဲ့ နာရမယ်ဆိုတာ သိဖို့ လိုအပ်တယ်၊
စာမျက်နှာ-၂
မြတ်စွာဘုရားက အကျိုးရှိရာ အကျိုးရှိကြောင်း ကောင်းကျိုးချမ်းသာတွေကို ဖြစ်ပေါ်စေတတ်တဲ့ လမ်းညွှန်ချက်များကို ပေးထားတာ ရှိပါတယ်။

ဘုန်းကြီးတို့ မြန်မာနိုင်ငံသို့ ပိဋကတ် ၃-ပုံ စတင် ရောက်ရှိလာတဲ့အချိန်ကို သမိုင်းမှတ်တမ်းအဆို အရ အနော်ရထာမင်းကြီးလက်ထက် ပုဂံခေတ်မှာ စတင်ရောက်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်၊ သို့သော် ဒီထက်စောပြီးတော့လည်း ရောက်ဖို့ရာ အကြောင်းတွေ ရှိတယ်၊ ဘာဖြစ်လို့လဲဆိုရင် ပုဂံ ခေတ်ထက်စောတဲ့ သရေခေတ္တရာပြည်ခေတ်ဆိုတာ ရှိတယ်၊ ဒွတ္တဘောင်မင်းကြီးလက်ထက်မှာ ရှင်သာရိပုတ္တရာတို့ကို ရှင်အဿဇိဟောကြားခဲ့တဲ့ “ယေဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ” (အကြောင်းတရားတို့မှ ဖြစ်ပေါ်လာကုန်သော တရားတို့၏ အကြောင်းရင်းကို မြတ်စွာဘုရား ဟောကြားတော်မူ၏) ဒီဂါထာလေးကို ရေးမှတ်ထားတဲ့ ရွှေပေ လွှာရွှေပုရပိုက်ကို မြေထဲက တူးဖော် ရရှိတဲ့ သမိုင်း အထောက်အထား ရှိတယ်။
စာမျက်နှာ-၃
ဒီလို လေးနက်တဲ့ တရားဓမ္မတွေ ပုဂံခေတ် မတိုင်မီ သရေခေတ္တရာလို့ ခေါ်တဲ့ ပြည်ခေတ်က တည်းက ရောက်ရှိနေတယ်လို့ ဒီလို ပြောရမယ်။

အဲဒီလို ရောက်ရှိလာတဲ့ ဗုဒ္ဓမြတ်စွာရဲ့ တရား ဓမ္မတွေဟာ အင်မတန်မှ များတယ်၊ စာမျက်နှာနဲ့ ပြောမယ်ဆိုရင် နှစ်သောင်းပတ်ဝန်းကျင်မှာ ရှိနိုင်တယ်ပေါ့။ ဒါတောင် တူရာတွေကို ချုံးပြီး ရိုက်ထား တာ။
တိပိဋကဓရဘွဲ့
ဒီကနေ့ တိပိဋကဓရရွေးချယ်ရေးစာမေးပွဲမှာ ပြဋ္ဌာန်းထားတာဟာ ဒီစာတွေအကုန် မဟုတ်ဘူး၊ အုပ်ရေ-၂၀ ပဲ ပြဋ္ဌာန်းထားတယ်၊ အဲဒီအုပ်ရေ-၂၀ဟာ စာမျက်နှာပေါင်း ၈၀၂၆-မျက်နှာလို့ ဆိုတယ်။ အဲဒီ ၈၀၂၆-မျက်နှာသော စာတွေကို ကျက်မှတ်ပြီး ပြန်ဆိုရတယ်၊ အနည်းဆုံး ၁၀-နှစ်လောက် ကြာတယ်၊ အလွတ်ရအောင် ကျက်ပြီး ပြန်ဆိုနိုင်ရမယ်၊ ပြန်ဆိုနိုင်ရင် “ဓရ” (ဆောင်ထားသူ) ဆိုတဲ့ ဘွဲ့ပေးတယ်။
စာမျက်နှာ-၄
အဲဒီ မိမိပြန်ဆိုထားတဲ့ စာပိုဒ်တွေရဲ့ အဓိပ္ပါယ်တွေ - ကျမ်းရင်းကလာတဲ့ အဓိပ္ပါယ်, အဋ္ဌကထာ ဋီကာက လာတဲ့ အဓိပ္ပါယ် - အဲဒီအဓိပ္ပါယ်အသေး စိတ်ကို စာအုပ်တွေမှာ ဖတ်ရှုလေ့လာပြီး နားလည် အောင် သဘောပေါက်အောင် သင်ယူမှတ်သားပြီး တော့မှ ရေးဖြေစာမေးပွဲကို ဖြေဆိုရတယ်၊ အောင် မြင်ပြီဆိုရင် “ကောဝိဒ” ဆိုတဲ့ဘွဲ့ ပေးတယ်။ “ကောဝိဒ” ဆိုတာ “လိမ္မာကျွမ်းကျင်သူ”လို့ အဓိပ္ပါယ် ရတယ်။

“ဓရ” ဆိုတာ နှုတ်တက်အာဂုံဆောင်သူ, “ကောဝိဒ” က လိမ္မာကျွမ်းကျင်သူ၊ ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ တိပိဋကဓရ တိပိဋကကောဝိဒ လို့ ဘွဲ့နှစ်ခုစုံမှ တိပိဋကဓရပုဂ္ဂိုလ်ဆိုတာ ဖြစ်တယ်။
ပိဋကတ် ၃-ပုံ ရောက်ရှိနေသော်လည်း
ပြောချင်တာက မြန်မာပြည်မှာ ပိဋကတ် ၃-ပုံ ရောက်ရှိနေသော်လည်း ဗုဒ္ဓ ဓမ္မ သံဃာကို ကြည်ညို ကြတဲ့ ဒကာဒကာမတွေရဲ့ ပိဋကတ်နဲ့ ပတ်သက်တဲ့
စာမျက်နှာ-၅
အသိဉာဏ်ဟာ အားပျော့နေသေးတယ်, အားနည်း နေသေးတယ်၊ အဓိကအခက်အခဲ
ဘာဖြစ်လို့ အားနည်းနေရသလဲဆိုရင် အချိန် မရှိလို့ မလေ့လာနိုင်လို့ စီးပွားရေးတစ်ဖက် လူမှုရေး တစ်ဖက်နဲ့ ဒီလိုနေရလို့ - ဒီလို ပြောကောင်း ပြော ကြလိမ့်မယ်၊ အဲဒါက အဓိကအခက်အခဲ မဟုတ်ဘူး၊ အဓိကအခက်အခဲက ဘုရားဟောတဲ့ တရားတွေဟာ ပါဠိလိုဟောထားတာ၊ ပါဠိလိုဟောထားတဲ့ တရားဓမ္မတွေကို မြန်မာလိုပြန်ဖို့ဆိုတာ မလွယ်ဘူး။ ပြန်ထားတာတွေတော့ ရှိတယ်ပေါ့၊ ပါဠိမတတ်တာ အခက်အခဲပေါ့။
တရားဟောပုံစနစ် အဆင့်ဆင့် ပြောင်းလဲလာပုံ
ဘုန်းကြီးတွေဟောတဲ့ တရားလောက်ပဲ လူတွေက နာကြရတာ၊ ရှေးတုန်းကဆိုရင် ယပ်တောင် ခေတ်တို့ ယပ်လှဲခေတ်တို့ဆိုတာ ပေါ်ခဲ့တယ်၊ ယပ်
စာမျက်နှာ-၆
ကြီးကို ထောင်ပြီး ယပ်နဲ့ မျက်နှာပိတ်ပြီး ဟောတဲ့ ခေတ်မှာ ယပ်ထောင်တရား ဆိုပြီးတော့ ရတာတွေ အကုန်ရွတ်ပြီး ဟောလိုက်တာပေါ့၊ ဝေဝေဆာဆာ မဟုတ်ဘူး၊ ကျက်ထားတဲ့အတိုင်း အစအဆုံး ဟော လိုက်တယ်၊ အဲဒါကို ယပ်ထောင်ခေတ်လို့ ပြောတယ်၊ အဲဒီယပ်ထောင်တရားတွေနဲ့ မြန်မာလူမျိုးတွေဟာ စတင်ပြီးတော့ တရားပွဲတွေမှာ နာကြရတယ်။

အဲဒီ ယပ်ထောင်ခေတ် ကုန်သွားတဲ့အခါကျ တော့ ယပ်ထောင်ကို ပြောင်းပြန်ပြန်လိုက်ပြီး ယပ်လှဲ ခေတ်ဆိုတာ ပေါ်လာပြန်တယ်၊ ဘာတွေ လုပ်လာ ကြတုန်းဆိုလို့ရှိရင် ယပ်လှဲတရားစာတွေ ထုတ်ပြီး ဇာတ်လမ်းဇာတ်ကွက် ကောင်းကောင်းတွေကို အဆို အငိုနဲ့ လွမ်းခန်းဆွေးခန်းတွေကို ဦးစားပေးပြီး ဟောတဲ့နည်း ပေါ်လာခဲ့တယ်။

အဲဒီတော့ မြန်မာနိုင်ငံရဲ့ ဓမ္မလုပ်ငန်းဟာ ပိဋကတ်နဲ့ အလှမ်းဝေးနေသေးတယ်၊ အဲဒီလို ဟော ခဲ့တဲ့ တရားတွေဟာ ပိဋကတ်ထဲက မဟုတ်ဘူးလား
စာမျက်နှာ-၇
ဆိုတော့ ဟုတ်ပါတယ်၊ ဟုတ်ပေမယ့် များသောအား ဖြင့် ပုံဝတ္ထုတွေပဲ များတယ်၊ ဇာတ်လမ်းဇာတ်ကွက် တွေ ဟောတာဆိုတော့ ဒကာဒကာမတွေကလည်း ပွဲကြည့်ရသလိုပဲ၊ တရားနာတဲ့အခါ ဇာတ်လမ်းလေးတွေ မှတ်ပြီးတော့ နာကြတယ်၊ လွမ်းခန်း ဆွေးခန်း ဟောတဲ့အခါ မျက်ရည်လေးသုတ်ပြီး နာကြတယ် ပေါ့။

အဲဒီလိုခေတ်တွေကို ဖြတ်ကျော်လာပြီးတော့ နောက်ပိုင်းခေတ်ရောက်လာတဲ့အခါ မြန်မာပြည်မှာ စစ်ကိုင်းတောင်ရိုး အနီးစခန်းဆရာတော်ဘုရားကြီးဆိုတာ ပေါ်လာတယ်၊ အဲဒီအနီးစခန်းဆရာတော် ဘုရားကြီးက လွမ်းခန်းဆွေးခန်းတွေ မဟောဘူး၊ သုတ္တန်ပါဠိတော်ကြီးတွေကို အစအဆုံး ရွတ်ဆို မြန်မာပြန်ပြီးတော့ ဟောတယ်၊ ပါဠိတော်ဟောစဉ် ကြီးတစ်ခု ပေါ်လာခဲ့တယ်။

အဲဒီ ပါဠိတော်ဟောစဉ်ကြီးဟာ ပထမလူတွေက နားမယဉ်ကြဘူး၊ နားမယဉ်တော့ ဘုန်းကြီးတို့ ကြားဖူးတယ်၊ အနီးစခန်းဆရာတော် မန္တလေးက
စာမျက်နှာ-၈
တရားဟောပြီးပြန်တော့ သမ္ဗန်လှေနဲ့ ဧရာဝတီမြစ်ကို ကူးရတယ်၊ အဲဒီတုန်းက စစ်ကိုင်းတံတားကြီးကို စစ်အတွင်းမှာ အင်္ဂလိပ်က သွားလို့ ဂိုးနှစ်ဂိုး ရေ ထဲ ပြုတ်ကျနေတယ်၊ စစ်ကိုင်းတောင်ရိုးကနေ မန္တလေးဖက် ကူးချင်လို့ရှိရင် အညာအခေါ် “ငှက်” ခေါ်တဲ့ သမ္ဗန်နဲ့ ကူးရတယ်၊ မတ်တပ်ရပ်ပြီးတော့ တက်နှစ်ချောင်းနဲ့ ခတ်လှော်တဲ့ သမ္ဗန်ပေါ့၊ ရန်ကုန် မှာလည်း ရှိပါတယ်၊ အခုတော့ အဲဒီလိုခတ်တာ မဟုတ်တော့ဘူး၊ ပဲ့ချိပ်စက်နဲ့ မောင်းကြတယ်၊ အဲ ဒီလို ငှက်သမ္ဗန်နဲ့ ဟိုဖက်ကမ်းကို ကူးပြီး သွားတာ။

တစ်ရက်တော့ အနီးစခန်းဆရာတော်ကြီး တရားဟောပြီး ပြန်လာတဲ့အခါ ဆရာတော်ကြီးက သမ္ဗန်ပဲ့ပိုင်းမှာ ထိုင်တယ်၊ နောက်ဆရာတော်တစ်ပါးက ဦးပိုင်းမှာ ထိုင်တယ်၊ ဈေးဝယ်ရာက ပြန်လာတဲ့ ဒကာမကြီးနှစ်ယောက်က အလယ်မှာ ထိုင်ကြတယ်၊ ဒကာမကြီးနှစ်ယောက်က ဘာပြောလဲဆိုရင် “ညက အနီးစခန်းကိုယ်တော်တရားဟောတာ သွားနာတယ်”
စာမျက်နှာ-၉
ဟောသူ နာသူ စိတ်ထားဖြူတဲ့၊ “ပါဠိတွေ ရွတ်ပြီး အနက်တွေ ဆိုနေတာ နား မလည်ဘူး” လို့ ပြောသတဲ့။

ဆိုလိုတာက ဒီလိုပါဠိတော်ကြီးတွေကို ဟော သော်လည်း လူတွေနဲ့ မနီးစပ်ဘူး ဖြစ်နေတယ်၊ ဝေး မြဲဝေးနေတယ်ပေါ့ ဘာဖြစ်လို့တုန်း? လူတွေ နားထဲ မှာ ပါဠိပါဌ်သားတွေ ရွတ်ပြီး အနက်တွေ ပြန်တာ ရှင်းပြီးတော့ မသွားသေးဘူး၊ ရှင်းမသွားသည့် အတွက်ကြောင့် ဘုရားဟောတဲ့ ပိဋကတ်ပါဠိတော်တွေနဲ့ လူတွေဟာ ဝေးမြဲ ဝေးနေကြတယ်။

နောက်ပိုင်းခေတ် ရောက်လာကြတဲ့အခါကျ တော့ တရားရိပ်သာတွေ ပေါ်လာလို့ မဟာစည် ဆရာတော်ဘုရားကြီးတို့ သုတ္တန်တွေကို ကျကျနန ဟောကြတယ်၊ ပါဠိတော်စကားတွေကို ကဗျာလင်္ကာတွေ စီကုံးပြီး လူတွေမှတ်လွယ်အောင် ဟောလာတဲ့အခါ အတော်အသင့် လူတွေဟာ တရားနဲ့ နီးစပ်လာတယ်၊ သုတ္တန်တရားတော်တွေနဲ့ တဖြည်းဖြည်း နီး စပ်လာတယ်။
စာမျက်နှာ-၁၀
ဒီကနေ့ခေတ် ရောက်လာတဲ့အခါ တရား ဟောတဲ့စနစ်တွေ ပြောင်းသင့်သလောက် ပြောင်းလာတယ်၊ တရားနာတဲ့ပုဂ္ဂိုလ်တွေကလည်း ပြောင်းသင့် - သလောက် ပြောင်းလာတယ်၊ ခံယူနိုင်မှုတွေဟာ တိုးတက်လာတယ်လို့ ပြောရမယ်၊ ဒါ ဝမ်းသာစရာ တစ်ခုပဲ။
စာချတာဝန်သာ
ဘုန်းကြီးတို့လည်း တရားဟောတယ်၊ သို့သော် တစ်သက်လုံး ဘုန်းကြီးတို့ တာဝန်ယူရတဲ့အလုပ်က တရားဟောတဲ့အလုပ် မဟုတ်ဘူး၊ စာသင်တိုက်မှာ စာချတဲ့တာဝန်နဲ့ ကြီးလာခဲ့ရတာ၊ အသက်အရွယ် ရောက်လို့ နိုင်ငံခြားတိုင်းပြည်တွေ သွား, ဘာသာစကား သင်ကြားလို့ အသင့်အတင့် တတ်မြောက်လာတဲ့အခါ နိုင်ငံခြားသားတွေကို စာသင်ပေးတယ်၊ ဗုဒ္ဓရဲ့ တရားတော်တွေ နိုင်ငံခြားသားတွေ နားလည်လွယ် အောင် လိုရင်း တိုရှင်း အနှစ်ချုပ်ပြီး ပြောရတဲ့ အလေ့အကျင့်တွေ ရလာတယ်။
စာမျက်နှာ-၁၁
နိုင်ငံခြားသားတွေနဲ့ မြန်မာတွေ ကွာခြားတာ ဘာရှိသလဲဆိုတော့ နိုင်ငံခြားသားတွေက သင်တန်း တက်နေတဲ့အချိန် ရှင်းလင်းဟောပြောတာ နား မလည်ဘူးဆိုရင် ချက်ချင်းလက်ညှိုးထောင်တယ်။ မဆိုင်းမတွ မေးခွန်းမေးတာပဲ။

မြန်မာလူမျိုးတွေကတော့ အဲဒီလို မဟုတ်ဘူး၊ ယပ်တောင်ခေတ်ကတည်းက ခေါင်းလေးငုံ့ပြီး တရား နာလာတဲ့အကျင့်က ဒီကနေ့အထိ ဒီအတိုင်းပဲ၊ ဒီ လိုလေးပဲ နာတယ်၊ နားလည်သည်ဖြစ်စေ, နား မလည်သည်ဖြစ်စေ - ခေါင်းငုံ့ပြီး တရားနာတယ်၊ သိသိ မသိသိ တရားဆုံးအောင်တော့ နာကြတာပဲ။ တရားကြောရှည်တဲ့ကိုယ်တော်နဲ့တွေ့ရင်တော့ တွန့် လိမ်နေတာလည်း ရှိတယ်၊ ထိုင်ရင်း အိပ်ပျော်သွား တာတွေလည်း ရှိတယ်ပေါ့။ အဲဒီလို ခေတ်အမျိုးမျိုး ကျော်ဖြတ်လာခဲ့ကြတယ်။

ဒီကနေ့ ဘုန်းကြီးတို့ တရားဟောတယ်ဆိုတာဟာ စာသင်ပေးတဲ့ ပုံစံနဲ့ ဟောတယ်၊ ဘာဖြစ်လို့ ဒီ ပုံစံ ဟောတာတုန်းဆိုတော့ ကိုယ်က ဟိုပုံစံနဲ့ မဟော
စာမျက်နှာ-၁၂
တတ်ဘူး၊ ဟောလည်း မဟောချင်ဘူး၊ လူတွေ ရှင်းရှင်းနဲ့ ဘယ်လိုနားလည်အောင် ဟောရမလဲ ဆိုတဲ့စိတ် ရှိတယ်၊ သူများကို နားလည်အောင် ရှင်း ပြောမယ်ဆိုရင် ကိုယ်တိုင်က အရင်နားလည်မှ ပြော လို့ ရတာ၊ subject matter တစ်ခုဟာ ရှင်းပြတဲ့ ပုဂ္ဂိုလ်က လည်နေလို့ရှိရင် နားထောင်တဲ့ပုဂ္ဂိုလ်ကလည်း လည်သွားမှာပေါ့၊ ရှင်းပြတဲ့ပုဂ္ဂိုလ်က ပိုင်ပိုင် နိုင်နိုင်ရှိမှ နားထောင်တဲ့ပုဂ္ဂိုလ်က နားလည်တယ်။
ဟောသင့်လို့ ဟောခြင်းသာ
အဲဒါကြောင့်မို့ ဘုန်းကြီးတို့ ဒီကနေ့ တရား ဟောတယ်ဆိုတာ “ဟောသင့် ဟောထိုက်လို့ ဟောတယ်” လို့ စိတ်ထဲမှာ ခံယူထားတယ်၊ ဟောတဲ့အခါ မှာလည်း အပိုတွေ မပါရအောင် ဂရုစိုက်ပြီး ဟောတယ်၊ “ကိုယ့်တရား မဟုတ်ဘူး၊ ဘုရားရဲ့တရား၊ လူ တွေ နားလည်ကြပါစေ” တို့လူမျိုးတွေရဲ့ လက်ထဲမှာ ပိဋကတ် ၃-ပုံ ရောက်နေတာ ကြာလှပြီ၊ နှစ်ပေါင်း
စာမျက်နှာ-၁၃
ဆောင် ချီနေပြီ၊ ကနေ့အထိ လူတွေအသိ ဉာဏ်ထဲ အရောက်နည်းနေသေးတယ်။

ရောက်တယ်ဆိုတာတောင် ဘာရောက်တုန်း ဆိုရင် ၅၅၀-ဇာတ်တို့ ဓမ္မပဒဝတ္ထုတို့ ဝတ္ထုဇာတ်လမ်းတွေပဲ အရောက်များတယ်၊ အနှစ်သာရရှိတဲ့ တရားတွေ သိပ်ပြီးတော့ မရောက်သေးဘူး၊ ဒီလိုအနေ အထားမျိုး ရှိတယ်၊ အဲဒါကြောင့် အနှစ်သာရရှိတဲ့ တရားတွေ များများရောက်စေချင်တယ်၊ ဒါကြောင့်မို့ လို့ တရားဟောတာ၊ အဲဒီလို တရားဟောတာ၊ ကိုယ့် ကိုယ်ကို ရည်ရွယ်ချက်မှန်ကန်အောင်, မြတ်စွာဘုရား ရဲ့ လမ်းညွှန်ချက်အတိုင်း စိတ်ထားဖြူစင်အောင် ကြိုးစားပြီးတော့ ဟောတာ။
အပ်ဝင် ပုဆိန်ထွက်
ဒါတောင်မှပဲ တစ်နေ့က ဘုန်းကြီးတစ်ပါးက ဖုန်းဆက်တယ်၊ “ဆရာတော်တို့ တရားလိုက်ဟော နေတယ်လို့ ကြားတယ်”တဲ့၊ “တရားလိုက်ဟောနေ
စာမျက်နှာ-၁၄
လို့ရှိရင် “အပ်ဝင် ပုဆိန်ထွက်”လည်း ဖြစ်နေဦးမယ်”တဲ့၊ သူက ပြောတာ။

“နေပါဦး - ကိုယ်တော်ပြောတဲ့ ‘အပ်ဝင်ပုဆိန် ထွက်”ဆိုတာ ဘာပြောတာလဲ” လို့ ဆိုတော့
ကျောင်းမှာ သံဃာတွေကို စာမချဘဲနဲ့ တရားလိုက် ဟောတာကို သူက အပြစ်ပြောတဲ့ သဘောပေါ့နော်၊ စာသင်ပေးလို့ရတဲ့ အကျိုးအမြတ်ကို “ပုဆိန်”, ဒကာ ဒကာမတွေကို ဟောလို့ ရတာက “အပ်” လို့ ဆိုလို တာပေါ့။

ဒီလို သူ့အမြင်ကို ပြောတော့ ဘုန်းကြီးတို့က “တို့က ဒီလို မမြင်ဘူး” လို့၊ “တို့ သာသနာဟာ ဒကာဒကာမတွေကို မှီပြီး ရပ်တည်ရတယ်၊ မြတ်စွာ ဘုရားကိုက “ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာ” လို့ဆိုပြီး ပရိသတ်လေးပါး, လက်တွဲပြီး သာသနာ ပြုဖို့ ပရိသတ်လေးပါး ထားခဲ့တာ”။

ဘုန်းကြီးတွေက ဘုန်းကြီးတွေချည်းပဲ စာချ နေရုံနဲ့ ပြီးတာ မဟုတ်ဘူး၊ ဒကာဒကာမတွေ နား လည်အောင်လည်း ဟောပြောသင့်တယ်၊ မြတ်စွာ
စာမျက်နှာ-၁၅
ဘုရားကိုယ်တိုင်က “ဒေသစာရီကြွကြ၊ တရားဟော ကြ” လို့ သာသနာ စတင်တဲ့အချိန်မှာ “ဒေသေထ ဘိက္ခဝေ ဓမ္မံ အာဒိကလျာဏီ မဇ္ဈကလျာဏီ ပရိယောသာနကလျာဏီ” (“ချစ်သားရဟန်းတို့... အစကောင်း အလယ်ကောင်း အဆုံးကောင်းသော တရားတော်ကို ဟောကြားကြလော့”) လို့ မိန့်တော်မူခဲ့တယ်၊ ဘာဖြစ်လို့ ဟော ခိုင်းတာတုန်းဆို “အဿဝနတာ ဓမ္မဿ ပရိဟာယန္တိ” (“တရားမနာရခြင်းကြောင့် တရားဓမ္မတို့ ဆုတ်ယုတ်ကုန်၏”)၊ တရားမနာရလို့ရှိရင် လူတွေဟာ အသိတရား ဆုံးရှုံးမှု ဖြစ်ကြတယ်၊ ဟုတ်တယ် ဗုဒ္ဓမြတ်စွာရဲ့ တရားကို မနာဖူးသည့်အတွက်ကြောင့် အသိဉာဏ် မရရှိကြဘူး၊ နာရမှသာ “သြော် တရားတွေဟာ ဒီလို ရှိတာပါလား”ဆိုတာ သဘောပေါက်လာကြတယ်၊ ဒကာဒကာမတွေ အသိဉာဏ်ရတာ ‘အပ်ဝင်’တာ မဟုတ်ဘူး၊ အပ်ထက်ကြီးမားတဲ့ ပုဆိန်ထက်ကြီးမားတဲ့အရာကို ရတာ။
သာသနာတည်နိုင်ဖို့

စာမျက်နှာ-၁၆
ဘာဖြစ်လို့တုန်း ဆိုတော့ သာသနာဆိုတာ ဘုန်းကြီးတွေတင် ပြုလို့ မရဘူး၊ ဒကာဒကာမတွေပါ ပြုမှ ဖြစ်တယ်၊ သာသနာရဲ့ ထောက်တိုင်ကြီးလေး ရပ် ရှိတယ်လို့ ပြောရမယ်၊ အမျိုးသားရဟန်းတော်, အမျိုးသမီးရဟန်းတော်၊ (အမျိုးသမီးရဟန်းတော် ဒီ ကနေ့ မရှိတော့ သီလရှင်ပေါ့။) အမျိုးသားဥပါသကာ, အမျိုးသမီးဥပါသိကာလို့ ဟောဒီလေးဦး၊ ဒီ society ကြီးဟာ ဦးထမ်းပဲ့ထမ်း သာသနာတော်ကို ကြိုးပမ်း အားထုတ်မှ သာသနာတည်နိုင်တာ။
ရည်ရွယ်ချက် မှန်ရမည်
ဒါကြောင့်မို့ ကိုယ်တော်ပြောတဲ့ “အပ်ဝင် ပုဆိန်ထွက်”ဆိုတာ မဟုတ်ဘူး၊ တရားဆိုတာ ဟော ရတယ်၊ သို့သော် ရည်ရွယ်ချက်တော့ မှန်ရမယ်၊ တရားဟောတဲ့ ဘုန်းကြီးကလည်း ရည်ရွယ်ချက်မှန်ဖို့ လိုတယ်။

နောက်တစ်ခုပြောရဦးမယ်၊ တရားပွဲကျင်းပတဲ့ ပုဂ္ဂိုလ်တွေကလည်း ရည်ရွယ်ချက်မှန်ဖို့ လိုတယ်။
စာမျက်နှာ-၁၇
မြန်မာနိုင်ငံမှာ ဝမ်းနည်းစရာသတင်းတွေ ကြားရတယ်၊ တရားပွဲကျင်းပတာ တရားပွဲကို ကန်ထရိုက် ဆွဲပြီး ကျင်းပတယ်ဆိုတဲ့ သတင်းတွေတောင် ထွက်တယ်၊ ဟုတ် မဟုတ်တော့ ဘုန်းကြီးတို့ မသိဘူးပေါ့။ တရားပွဲရက်ရှည် ကျင်းပတယ်၊ ကျင်းပပြီးတော့ အလှူခံလို့ရတဲ့ ငွေကြေးကို တစ်ချို့တစ်ဝက် ဓမ္မကထိကကို လှူတယ်၊ ကျန်တာက ကုန်ကျစရိတ် ပေါ့၊ အသံချဲ့စက်တို့ ဘာတို့ ငှားခတွေနဲ့၊ တစ်ချို့ ဆီမှာ လုပ်တာ ဟုတ်သလောက် ဟုတ်တယ်၊ အဲဒီ လို အသံတွေ ကြားရတယ်၊ အဲဒါကတော့ တကယ် မဖြစ်သင့်တဲ့ ကိစ္စ ဖြစ်တယ်လို့ ပြောရမှာပဲ။

ဘာသာရေးကိစ္စတစ်ခုက ဘာသာရေးအမြင်နဲ့ပဲ လုပ်သင့်တယ်၊ တရားကိုမြတ်နိုးတဲ့အနေနဲ့ပဲ လုပ် သင့်တယ်၊ တရားဆိုတာ အလွန်မွန်မြတ်လို့ လူတိုင်း နာယူခွင့် ရှိရမယ်။

နောက်တစ်ခု ပြောရဦးမယ်၊ တရားပွဲကို organizeလုပ်တဲ့လူတွေ ရှိတယ်၊ ဆိုလိုတာက တရား ပွဲမှာ အလှူခံတဲ့လူတွေပေါ့၊ သတိထားဖို့ ကောင်း
စာမျက်နှာ-၁၈
တာက ဓမ္မပူဇာများများရအောင် အလှူခံတာမျိုးတွေ လုပ်ကြတယ်၊ ဘုန်းကြီးတို့ စိတ်မကောင်းဘူး၊ စိတ်မကောင်းဘူးဆိုတာ ဘာလဲဆိုရင် သူတို့လှူ လိုက်တဲ့ ဓမ္မပူဇာလေးတွေကို ကြည့်လိုက်လို့ရှိရင် ဆင်းရဲသားတွေရဲ့ ခါးကြားက ထွက်လာတဲ့ အစွမ်း လေးတွေတွေ့ရတယ်၊ အေး ဒါလေးတွေကတော့ သူတို့ခမျာ တရားနာချင်ရှာလွန်းလို့ ပိုက်ဆံပေး နာ ရတဲ့ အဖြစ်မျိုး ဖြစ်နေတယ်၊ ဒါ မဖြစ်သင့်ဘူး။

ဓမ္မပူဇာလှူတဲ့သူက လှူချင်လှူ မလှူချင်နေ ဘုန်းကြီးဆိုတာ တရားပွဲပင့်ရင် လာဟောမှာပဲ၊ “ဓမ္မ ပူဇာ ရချင်လို့ တရားဟောတာ မဟုတ်ဘူး၊ တရား ဟောလို့ ဓမ္မပူဇာ ရတာ”- ဒီလိုသာ ဖြစ်ရမယ်၊ ဓမ္မပူဇာ ရလို့ တရားဟောတာ မဟုတ်ဘူး၊ ဓမ္မပူဇာဆိုတာ လှူတဲ့လူအတွက် ကုသိုလ်ပဲ၊ သူကလည်း တရားကို ပူဇော်တာ၊ ဟောတဲ့ပုဂ္ဂိုလ်ကလည်း အဲဒါကို မမျှော်ကိုးရဘူး၊ အဲဒီလို မဟုတ်ဘူးဆိုလို့ရှိရင် အရောင်းအဝယ်တစ်ခုလို ဖြစ်လာနိုင်တယ်၊ ဒါ မရှိ ဘဲ ဘုန်းကြီးတို့ပြောတာ မဟုတ်ဘူး၊ တကယ်ရှိတာ။
စာမျက်နှာ-၁၉
နယ်ဘက် တရားပွဲတစ်ပွဲမှာ နာမည်ကျော် ဆရာတော်ကြီးတစ်ပါး - (ဘွဲ့တော့ ထုတ်မပြော တော့ဘူး၊ ဘုန်းကြီးတို့ကလည်း လူစုံတော့ ကြားရတယ်ပေါ့)၊ တရားပွဲတစ်ပွဲမှာ တရားဟောပြီး ရေစက် ပါ ချပြီး ဆရာတော်က ကားပေါ်ရောက်ပြီး ပြန်တော့မယ်၊ တရားပွဲစီစဉ်တဲ့ ပုဂ္ဂိုလ်တွေက “ခဏနေပါဦး၊ ခဏနေပါဦး၊ စာရင်းရှင်းလို့ မပြီးသေးလို့”တဲ့။

အဲဒါ ဘာတုန်းဆိုလို့ရှိရင် ဓမ္မပူဇာထဲက ငွေကို အသံချဲ့စက်ငှားခက ဘယ်လောက်၊ ဖျာငှားခက ဘယ်လောက်၊ မီးငှားခက ဘယ်လောက်၊ စက်ငှားခက ဘယ်လောက်ဆိုတာ - အဲဒီစာရင်းရှင်းတာ မပြီး သေးလို့တဲ့၊ ဓမ္မပူဇာကို မလှူနိုင်သေးဘူး၊ ဒါ တကယ် ဖြစ်တာ၊ ပုံပြင် မဟုတ်ဘူး၊ မြန်မာပြည်မှာ ဒီလို ဖြစ်နေတာတွေ ရှိတယ်၊ အဲဒါမျိုးတော့ မဖြစ် သင့်ဘူး။

ဒါ့အပြင် တရားပွဲတွေမှာ ဂိတ်ဝကနေ ပိတ် ပြီး အလှူခံတာတွေဟာ မမှန်ကန်ဘူးလို့ ဘုန်းကြီး တို့တော့ ခံစားမိတယ်, ဘာဖြစ်လို့တုန်းဆိုရင် တရား
စာမျက်နှာ-၂၀
နာချင်လို့ လာတဲ့ပုဂ္ဂိုလ်က အလှူခံပုံးထဲမှာ အလှူ ငွေ မထည့်လို့ရှိရင် ရှက်စရာဖြစ်နေတယ်၊ (အလှူခံတဲ့သူကလည်း အဲဒီနားမှာ ရှိနေတယ်) ဒီငွေဖလား ထဲကို ပိုက်ဆံလေး မထည့်ဘဲနဲ့ ဝင်သွားရမှာ သူ့ အဖို့မှာ ရှက်စရာ ဖြစ်ကောင်း ဖြစ်နေပေလိမ့်မယ်၊ ဒါမျိုးက မဖြစ်သင့်ဘူး။

တရားနာတယ်ဆိုတာ အခမဲ့ပဲ နာသင့်တယ်။ သဒ္ဓါတရားပေါက်လို့ လှူတာကိုပဲ လက်ခံသင့်တယ်။ လှူအောင်တော့ မတောင်းခံသင့်ဘူးပေါ့။ ဘုန်းကြီး တို့က အဲဒါကို လုံးဝမနှစ်သက်ဘူး၊ ဘုန်းကြီးတို့ နာမည်တွေ သုံးပြီး အလှူခံတယ်ဆိုတာလည်း ကြား ရတယ်၊ ဆရာတော်ကြီးက ကျန်းမာရေး မကောင်းပါဘူး ညာဘူးနဲ့ အသံချဲ့စက်ကြီးနဲ့ ပြောဆိုအလှူခံတယ်၊ အင်မတန်မှ ရှက်စရာကောင်းတယ်၊ သနား လာအောင် ပြောပြီး တောင်းတာနဲ့ အတူတူပဲ၊ ဒါ သူတောင်းစားအဆင့်ရောက် သွားတယ်၊ အဲဒီလို မဖြစ်သင့်ဘူး။
စာမျက်နှာ-၂၁
ဟိုးလွန်ခဲ့တဲ့ တစ်နှစ်က ဘုန်းကြီးက တရား ဟောပြီး နောက်တစ်ရက် စင်္ကာပူသွားမှာ၊ ဆေးကု သွားတာ မဟုတ်ဘူး၊ သူတို့က ဆေးကုသွားတယ် ထင်တာ၊ စင်္ကာပူမှာ အဘိဓမ္မာသင်တန်းပို့ချဖို့ ပင့် တာ၊ နှစ်စဉ်ပင့်တာ၊ အဘိဓမ္မာသင်တန်းပို့ချဖို့ ပင့် တာကို “စင်္ကာပူ ဆေးကုသွားမှာ၊ ဆေးဖိုးဝါးခ လှူ ကြပါဦး”လို့ အဲဒီတရားပွဲလုပ်တဲ့လူတွေက သူတို့ သဘောနဲ့သူတို့ အလှူခံတာမျိုး၊ ဘုန်းကြီးတို့ နောက် တော့ ပြန်ကြားတယ်၊ ဘာဆေးဖိုးဝါးခမှ မလိုဘူး။

ဘုန်းကြီးဆိုတာ ဘယ်နေရာ ရောက်ရောက် လှူမယ့်လူက ရှိပြီးသားပါ၊ စင်္ကာပူရောက်တဲ့အခါ စင်္ကာပူဒကာဒကာမတွေ ရှိတယ်၊ သူတို့ကပဲ လှူ ကြ ဆေးကုစရာရှိ ကုသပေးကြတယ်၊ တကယ်လည်း ဆေးကုသွားတာ မဟုတ်ဘူး၊ အဲဒီလိုမျိုးတွေ ပြောတာကတော့ လုံးဝမကောင်းတဲ့ အပြောအဆို မျိုးတွေပဲ၊ ဘုန်းကြီးတို့လည်း သိက္ခာကျတယ်၊ အဲဒီ လိုမျိုး လုံးဝမပြောသင့်ဘူး၊ ဒါသတိထားစရာကို
စာမျက်နှာ-၂၂
ပြောပြတာ၊ တကယ်လည်း ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေကို ပြောပြတာ။
ဓမ္မပူဇာဆိုတာ
ဒါကြောင့်မို့ ဓမ္မပူဇာဆိုတာ လှူချင်တဲ့ စေတနာရှိတဲ့ ပုဂ္ဂိုလ်သာ လှူပါစေ၊ “လှူကြပါ ဒါန်း ကြပါ” လို့ ပြောစရာ မလိုဘူး၊ လှူချင်လို့ရှိရင် လှူ ချင်တဲ့ပုဂ္ဂိုလ်တွေ အဆင်ပြေအောင် အလှူလက်ခံတဲ့ နေရာလေးသာ ရှိသင့်တယ်၊ အလှူခံဖလားဆိုတာ မထားသင့်ဘူး၊ တချို့ဆို လမ်းပိတ်ပြီးတော့တောင် အလှူခံကြတာ။
အလှူခံတာလား ငွေကောက်တာလား ?
ဘုန်းကြီးတို့ တစ်ခါက ပုဂံညောင်ဦးဘက်ကို ဒကာကြီးတစ်ယောက်နဲ့ ခရီးသွားဖူးတယ်၊ ခရီးသွားတဲ့အခါ ဂိတ်တစ်ဂိတ်မှာ ရှေ့ကနေ မောင်းတံကြီးနဲ့ တားပြီး အလှူခံတယ်၊ အလှူခံတာ ဘယ်လို အလှူခံတုန်းဆို ဖြတ်ပိုင်းနဲ့ အလှူခံတာ၊ အလှူခံတယ်လည်း ဆိုသေးတယ်- ဖြတ်ပိုင်းမှာ ရေးထားတာ
စာမျက်နှာ-၂၃
ငါးဆယ်တဲ့၊ ဖြတ်ပိုင်း ဖြုတ်ပေးတယ်၊ အဲဒီတော့ ဘုန်းကြီးနဲ့ ပါလာတဲ့ ဒကာကြီးကလည်း ခပ်ရွတ်ရွတ် ကိုး၊ သူက “မင်းတို့ ဒါ ဘာလုပ်တာလဲ”တဲ့၊ “အလှူ ခံတာလား ငွေကောက်တာလား”တဲ့၊ “အလှူခံတာ ပါ”တဲ့၊ “ဟ အလှူခံပါတယ်ဆိုရင် ဘာလို့ ငါးဆယ် လို့ ရေးထားတာလဲ၊ ငါ သဒ္ဓါတာ ငါးကျပ်ပဲ”ဆိုပြီး ငါးကျပ်တန်ပေးခဲ့ပြီး ကားကိုဆက်မောင်းသွားတယ်။ ဒါ ကိုယ်တွေ့ကြုံခဲ့တဲ့ ဖြစ်ရပ်တစ်ခုပဲပေါ့။
ရန်ကုန်က ဒကာတစ်ယောက်
နောက်တစ်ခါ ဒီရန်ကုန်က ဒကာတစ်ယောက်၊ ဘုန်းကြီးတို့ သံလျင်ဘက်မှာ ကျောင်းဆောက်တယ်။

ကျောင်းဆောက်တယ်ဆိုတာ ဒကာဒကာမတွေ လှူတဲ့ငွေနဲ့ ဆောက်တာ၊ ဒကာဒကာမတွေက သူ့ဟာ သူ သဒ္ဓါပေါက်လို့ လှူဒါန်းနေကြတာပဲ၊ ဘုန်းကြီးတို့က ဘာမှ သွားပြီး အလှူခံနေစရာ မလိုဘူး၊ သူ့ ဟာသူ သဒ္ဓါပေါက် လှူတာပဲ။
စာမျက်နှာ-၂၄
အဲဒီ ဒကာတစ်ယောက်က ဘာလာလျှောက် တုန်းဆိုရင် “ဆရာတော် ကျောင်းဆောက်နေတာ ဖြတ်ပိုင်းလေး ရိုက်ပေးပါ”တဲ့၊ “သူ အလှူခံပေးပါမယ်”တဲ့၊ “ဟာ ဒကာကြီး - ဘယ်လိုပြောလိုက်တာ လဲ၊ ဘုန်းကြီးတို့က တစ်သက်လုံး ဒီလို အလှူခံပြီး လုပ်တဲ့ဘုန်းကြီး မဟုတ်ဘူး” လို့၊ “မလုပ်ပါနဲ့” လို့၊ လောကမှာ အဲဒီလိုလူတွေကလည်း ရှိသေးတယ်၊ ကိုယ်လှူချင်ရင် ကိုယ့်ဖာသာလှူ၊ သူများကို သွားပြီး အလှူခံတာမျိုးကို မလုပ်သင့်ဘူး။
မုံရွာက ဒကာတစ်ယောက်
တစ်နေ့ကတင်ပဲ မုံရွာမှာ ဘုန်းကြီးတို့ တရား ပွဲသွားတယ်၊ တရားပွဲကျင်းပတဲ့ဒကာက “ဆရာတော် ရဲ့ အတ္ထုပ္ပတ္တိရိုက်ပြီး ဝေပါရစေ”တဲ့၊ “အေး ဝေပေါ့” လို့ ဆိုတော့ စာမူကြမ်းလာပြတယ်၊ ဘာတွေပြတုန်း ဆို - ဘုန်းကြီးတို့ကို လှူထားတဲ့ ကျောင်းတိုက်ပေါ့။ အသစ်တည်ထောင်တဲ့ ကျောင်းတိုက် ရှိတယ်၊ အဲဒီ ကျောင်းတိုက်မှာ ဘယ်အဆောက်အဦးတွေတော့
စာမျက်နှာ-၂၅
ပြီးပြီ၊ ဘယ်အဆောက်အဦးတွေတော့ ဆောက်ဖို့ လိုသေးတယ်လို့ သူက ထည့်ထားတယ်၊ “ဟာ ဘာ ဖြစ်လို့ ဒါတွေ ထည့်တာလဲ၊ မထည့်နဲ့၊ လူတွေက သိနေကြတာပဲ၊ သူလှူချင် သူ့ဖာသူ လာလှူလိမ့်မယ်၊ ဒါက အလှူခံတဲ့သဘောပဲ၊ လုံးဝမလုပ်ပါနဲ့” လို့ - ဘုန်းကြီးတို့က စောစောသိလို့ ပယ်ဖျက်ခိုင်း လိုက်ရတယ်။
အလှူခံသူ အမုန်းခံရတတ်တယ်
စေတနာသဒ္ဓါတရားပေါက်ရင် လူဆိုတာ ရှိတာ အကုန်ထုတ်လှူတာ၊ သူများလာ အလှူခံလို့ရှိရင် ငါးကျပ်ငါးပြားပဲ ထည့်မှာပေါ့ - လူ့စိတ်ကိုက ဒီလိုရှိတယ်၊ ကြည့်လေ - မြတ်စွာဘုရား ဆုံးမ ထားတာတွေ ရှိတယ် . “ယာစကော အပ္ပိယော ဟောတိ” တဲ့၊ “အလှူခံတဲ့သူဟာ အမုန်းခံရတယ်”တဲ့၊ ပြီးတော့ “ယာစနံ ရောဒနံ အာဟု” တဲ့၊ “အေး တောင်းတာဟာ ငိုတာပဲ”တဲ့၊ ဘာဖြစ်လို့ ငိုချင်ရ မှာလဲ၊ ဘာဖြစ်လို့ လူတကာရဲ့ အမုန်းခံရမှာလဲ။
စာမျက်နှာ-၂၆
ရှေးတုန်းက အမတ်ကြီးအိမ်ကို ကိုရင်လေး တစ်ပါး သွားပြီး အလှူခံတယ်တဲ့၊ အလှူခံတော့ အမတ်ကြီးက ပြောတယ်၊ “ကိုရင် - “ယာစကော အပ္ပိယော ဟောတိ” - တောင်းတတ်တဲ့ ပုဂ္ဂိုလ်ဟာ အမုန်းခံရတယ်ဆိုတာ မသိဘူးလား” လို့ ဆိုတော့ ကိုရင်ကလည်း အညံ့မခံဘူး၊ “ဒကာကြီး - “ယာစံ အဒဒမပ္ပိယော” - တောင်းလာတာကို မလှူရင်လည်း အမုန်းခံရတယ်ဆိုတာ ဒကာကြီးမသိဘူးလား” လို့ ပြန်ပြောသတဲ့။

အလှူခံတဲ့ပုဂ္ဂိုလ်ကို အလှူခံခြင်းကို ခံရတဲ့ ပုဂ္ဂိုလ်ကလည်း မုန်းတယ်၊ အလှူခံတာ မရလို့ရှိရင်လည်း အလှူခံကလည်း မလှူတဲ့သူကို မုန်းတယ်, အဲဒါ တစ်ဦးနဲ့ တစ်ဦး အမုန်းပွားရုံပဲ ရှိတယ်၊ ဘာမှ အကျိုးမရှိဘူး၊ သဒ္ဓါတရားပေါက်လို့ သူ့ဖာသာ သူ လှူတာ- ဒီလိုပဲ ဖြစ်သင့်တယ်။

ဘုန်းကြီးတို့ မှတ်မှတ်ရရ ဒီအသက် ဒီအရွယ် ရောက်လာပြီ၊ ကိုယ့်ရဟန်းဒကာ ရဟန်းအမတောင် နှစ်ခါပဲ တောင်းဖူးတယ်၊ ဒါ ရဟန်းအမက မ
စာမျက်နှာ-၂၇
တောင်းဘူး, မကောင်းဘူးနဲ့- ခဏခဏပြောလို့ နှစ်ခါ တော့ တောင်းဖူးတယ်၊ ဘာလိုချင်တယ်ဆိုတာ ပြောဖူးတယ်။

မန္တလေးမှာ အင်မတန်စာတတ်တဲ့ ဆရာတော် ကြီးတစ်ပါးကို ကျောင်းဒကာ ကျောင်းအမက လျှောက်တယ်၊ “ဆရာတော် လိုတာရှိရင် အမိန့်ရှိပါ ဘုရား” ဆရာတော်ကြီးက ဘာပြောတုန်းဆို “တို့ ကလေးမှ မဟုတ်တာ၊ ကလေးလို မုန့်တောင်းနေရ ဦးမှာလား၊ ကိုယ့်ဖာသာ ကြည့်ပေါ့” လို့ ပြောတယ်၊ “ဘာလိုတယ်ဆိုတာ ကိုယ့်ဖာသာ ကြည့်၊ လိုတယ်ထင်တာ လှူ၊ တို့က ဘာလိုတယ် ညာလိုတယ်ဆိုတာ ပြောစရာ မလိုဘူး” လို့ မိန့်ကြားတယ်။

ဘုန်းကြီးဆိုတာ “ဉာတိ ပဝါရိတ” ဖြစ်မှ တောင်းရတာ၊ ဆွေမျိုးဆိုရင် တောင်းကောင်းတယ်၊ “အလိုရှိရင် ဆရာတော် တပည့်တော်ဆီ အလှူခံပါ ဘုရား” လို့ ဖိတ်ကြားထားသူဆိုရင်လည်း တောင်း ကောင်းတယ်ပေါ့။
စာမျက်နှာ-၂၈

စောင်းပါး ရိပ်ခြေ
ဘုန်းကြီးဆိုတာ ဝိနည်းသိက္ခာပုဒ်အတိုင်း နေ ထိုင်မယ်ဆိုရင် ပစ္စည်းလေးပါးနဲ့ ပတ်သက်လာလို့ရှိရင် “ပရိကထာ” တဲ့။ “သြဘာသ” တဲ့ “နိမိတ္တ” တဲ့ “ဝိညတ္တိ” တဲ့ - ၄-မျိုး ရှိတယ်။

ပစ္စည်းရလိုမှုကြောင့် စကားရိပ်ပြောတာ၊ ပရိယာယ်နဲ့ ပြောတာပေါ့။ ရိပ်ပြီးတော့ ပြောတာပေါ့။ ရိပ်တယ်ဆိုတာ စောင်းချိတ်ပြီး မရရအောင် ပြော တာပေါ့။ အဲဒါ ‘ပရိကထာ” “သြဘာသ” “နိမိတ္တ” လို့ ခေါ်တယ်၊ တိုက်ရိုက်တောင်းတာ မဟုတ်ဘူး၊ စောင်း ချိတ်ပြောတဲ့ ပုံဝတ္ထုလေးတောင် ရှိသေးတယ်၊ အဲဒါကို သာမန္တဇပ္ပ (နီးစပ်အောင်ပြောခြင်း)လို့ ဆိုတယ်။
ပုံဝတ္ထုလေးတစ်ခု
ဘုန်းကြီးတစ်ပါး - အိမ်ကြွကြွလာတတ်တဲ့ အလေ့ ရှိတယ်၊ အိမ်တစ်အိမ် ဝင်တယ်၊ ဆွမ်းစား ချိန် ဝင်လာတဲ့အခါ ဆွမ်းလှူရမယ်၊ အိမ်ရှင်ဒကာမ ကြီးက မလှူချင်ဘူး၊ မလှူချင်တော့ “ဒီကိုယ်တော်”
စာမျက်နှာ-၂၉
ကလည်း ဆွမ်းချိန်ကြီး ကြွလာတယ်”ဆိုပြီး ကြားအောင် ဒီလိုပြောတယ်... “အိုးထဲမှာ ဆန်မရှိဘူး”တဲ့၊ “ဆန်သွားချေးဦးမယ်” ဆိုပြီးတော့ အိမ်အပြင် ထွက်သွားတယ်။

ကိုယ်တော်ကလည်း မပြန်ဘူး၊ ဒကာမကြီးပြန်လာသည်အထိ အိမ်မှာ ရှိနေတယ်၊ ဒကာမကြီး အပြင်သွားတဲ့အချိန်မှာ သူက မီးဖိုချောင်ထဲ ဝင်ကြည့်လိုက်တယ်၊ ဆန်မရှိဘူးဆိုတာ တကယ်လားလို့၊ ဒကာမကြီးက “ဆန်လည်း ဘယ်သူမှ ချေးမယ့်သူ မရှိဘူး”တဲ့၊ “ကိုယ်တော်လည်း ဘာမှ ကပ်စရာ မရှိဘူး” လို့ ဦးညူပြောဆိုတယ်။

အဲဒီကိုယ်တော်က ဘာပြောတုန်းဆိုတော့ “ဒကာမကြီးရေ - ဘုန်းကြီး ဒီနေ့ ကံမကောင်းဘူးဆိုတာ သိပါတယ်”တဲ့၊ “ဟောဒီအိမ်ကို လာတုန်း လမ်းမှာ မြွေကြီးတစ်ကောင်တွေ့ခဲ့တယ်၊ အဲဒီကတည်းက နိမိတ်မကောင်းဘူးလို့ အထင်သား” “အဲဒီမြွေကြီးက ဟောဟိုအခန်းထောင့်မှာ ထောင်ထားတဲ့ ကြံချောင်းကြီးလောက်ရှိတယ်”တဲ့၊ “ဒါနဲ့ [?] ကိုယ်တော်သူမှ ချေးမယ် [?] မရှိဘူး” လို့
စာမျက်နှာ-၃၀
(မှတ်ချက်- ဤစာမျက်နှာ၏ စာသားများသည် အဓိကစာသားတွင် မပါဝင်ဘဲ စာမျက်နှာအမှတ်အသားသာ ဖြစ်ပါသည်။)
စာမျက်နှာ-၃၁
(မှတ်ချက်- ဤစာမျက်နှာ၏ စာသားများသည် အဓိကစာသားတွင် မပါဝင်ဘဲ စာမျက်နှာအမှတ်အသားသာ ဖြစ်ပါသည်။)
စာမျက်နှာ-၃၂
ပြောတာ မလုပ်ရဘူး၊ “ဝိညတ္တိ” တောင်းတာ မလုပ်ရဘူး။

ကျောင်းကိုတော့ အရိပ်အယောင်ပြရင် ပြကောင်းတယ်တဲ့၊ ဆေးကိုတော့ တောင်းလည်း တောင်းကောင်းတယ်တဲ့၊ ဝိနည်းသိက္ခာပုဒ်တွေမှာ ဒီလိုရှိတယ်၊ ပစ္စည်းလေးပါးနဲ့ ပတ်သက်ပြီး လုပ်သင့် မလုပ်သင့် ဒီလိုပြထားတယ်။

အဲဒီတော့ တောင်းတာကို ဘုန်းကြီးတွေမှာ ခွင့်မပြုဘူး၊ အလှူခံဖို့ လျှောက်ထားဖိတ်ကြားထားတဲ့ ဒကာဒကာမ မဟုတ်လို့ရှိရင် တောင်းခံခွင့်မရှိဘူး၊ အဲဒီတော့ “ဘုန်းကြီးက တောင်းတာ မဟုတ်ပါဘူး၊ ဒကာဒကာမက သူ့ဖာသာ နှိုးဆော်တာပါ” ဆိုလို့ရှိရင်လည်း အင်မတန်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေက အဲဒီလိုလုပ်တာကို မကြိုက်ကြဘူး၊ ကိုယ့်အတွက် ဆွယ်တရားဟောတာကို လုံးဝမကြိုက်ဘူး။
စာမျက်နှာ-၃၃

အတုယူဖွယ်ရာ ရှင်သာရိပုတ္တရာ
ရှင်သာရိပုတ္တရာမထေရ်နဲ့ ရှင်မောဂ္ဂလာန် မထေရ် တောရကျောင်းလေးမှာ သီတင်းသုံးတယ်။ အဲဒီလို သီတင်းသုံးနေတဲ့အချိန်မှာ ရှင်သာရိပုတ္တရာ လေနာရောဂါ ဖြစ်တယ်ပေါ့။ ဗိုက်နာတယ်၊ ရှင်မောဂ္ဂလာန်က “အရှင်ဘုရား- ဗိုက်နာတာ အရင်တုန်းက ဘာနဲ့ ပျောက်တုန်း” ဆိုတော့ “ပျားတို့ သကာတို့ ထောပတ်တို့နဲ့ ရောပြီးတော့ နွားနို့နဲ့ ကျိုချက်ထားတဲ့ အာဟာရမျိုး အိမ်မှာနေတုန်းက မယ်တော်ကြီးက လုပ်ကျွေးဖူးတယ်”တဲ့၊ “အဲဒါလေးနဲ့ ပျောက်ဖူးတယ်”တဲ့၊ ဒါ နှစ်ပါး စကားပြောနေတာ။

အဲဒီလို ပြောတာကို အနီးအနားမှာ ရှိနေတဲ့ နတ်က ကြားသွားတယ်၊ ရှင်သာရိပုတ္တရာကို ကိုးကွယ်တဲ့ ဒကာဒကာမအိမ်ကို သွားပြီးတော့ ကလေးတစ်ယောက်ကို ဝင်ပူးတယ်၊ နတ်ကတော်က ပေးတဲ့အခါမှာ သူက ဘာပြောလဲဆိုရင် “မနက်ကျ ရှင်သာရိပုတ္တရာကို အဲဒီအာဟာရမျိုး ကပ်လို့ရှိရင် သူလွှတ်မယ်ပေါ့” ဆိုတော့ အိမ်ရှင်တွေက ပြော
စာမျက်နှာ-၃၄
တာပေါ့၊ “တို့က ဒီရှင်သာရိပုတ္တရာရဲ့ ဒကာဒကာမတွေပဲ၊ တို့ကပ်နေကျပဲ၊ ဘာမှ အပမ်းကြီးတဲ့ကိစ္စ မဟုတ်ဘူး” လို့ ပြောတယ်။

နောက်ရက်ကျတော့ ရှင်သာရိပုတ္တရာက မကျန်းမာလို့ ကျောင်းမှာပဲ နေရစ်တယ်၊ ရှင်မောဂ္ဂလာန်က ဆွမ်းခံရင်း အဲဒီအိမ်ကို ကြွသွားတယ်၊ အဲဒီအိမ်က ဒကာဒကာမတွေက အဆင်သင့် နတ်ပြောတဲ့အတိုင်း အကုန်လုပ်ထားတယ်၊ ရှင်မောဂ္ဂလာန်ကို ကပ်တယ်၊ ရှင်မောဂ္ဂလာန်ကတော့ မစဉ်းစားဘူး၊ မစဉ်းစားရင် မသိဘူး၊ ကပ်တာ ဘုဉ်းပေးလိုက်တယ်ပေါ့၊ ရှင်သာရိပုတ္တရာအတွက် ဒကာဒကာမတွေက ထည့်ပေးလိုက်တယ်။

ကျောင်းရောက်တဲ့အခါ ရှင်သာရိပုတ္တရာက “ငါပြောတဲ့အတိုင်း ရနေပါလား၊ ဘယ်လို ရတာလဲ။ သူ့ဖာသာ သဘာဝအတိုင်း ရတာလား” လို့ စဉ်းစားကြည့်လိုက်တဲ့အခါ နတ်ရဲ့ပယောဂ ပါနေတာကို သိရတယ်၊ ရှင်သာရိပုတ္တရာက တစ်ခွန်းတည်းပဲ ပြော
စာမျက်နှာ-၃၅
ဟောသူ နာသူ စိတ်ထားဖြူတယ်- “ငါ့ရှင်မောဂ္ဂလာန်၊ ဒီအာဟာရ မစင်ကြယ်ဘူး၊ မစားထိုက်ဘူး”တဲ့။ “ဒီ နို့ဃနာထမင်းဟာ မစားထိုက်ဘူး၊ မစင်ကြယ်ဘူး” လို့ဆိုတော့ ရှင်မောဂ္ဂလာန်ကလည်း မစင်ကြယ်ဘူးဆိုတော့ ဘာဖြစ်လို့တုန်း ညာဖြစ်လို့တုန်း လို့ မေးမနေဘူး၊ သပိတ်ကို ယူပြီးတော့ ချက်ချင်းသွားသွန်ပစ်လိုက်တာပဲ၊ အဲဒီသပိတ်ထဲက နို့ဃနာတွေ သွန်ပစ်လိုက်တာနဲ့ တစ်ပြိုင်တည်း ရှင်သာရိပုတ္တရာရဲ့ စွဲကပ်နေတဲ့ လေနာရောဂါလည်း ပျောက်သွားတယ်တဲ့။ အဲဒီမှာ ရှင်သာရိပုတ္တရာက ပြောတယ် - “ဗိုက်နာလို့ ငါ့ရဲ့ အူတွေ အပြင်ထွက်ချင် ထွက်သွားပါစေ၊ မအပ်စပ်တဲ့ပစ္စည်းကို ငါမသုံးဘူး။”

ဘုန်းကြီးတို့ အဲဒီလောက် မကျင့်နိုင်ရင်တောင်မှပဲ ဒီမထေရ်မြတ်ကြီး ကျင့်တာကို အတုယူအားကျကြရမှာ၊ ဒါကြောင့်မို့လို့ ဆွယ်တရားဟောလို့ ရလာတဲ့ဟာတွေဟာ ဘယ်အရာမှ ကောင်းတာ
စာမျက်နှာ-၃၆
မရှိဘူး၊ ဒါကြောင့်မို့ ဒါတွေလည်း သတိပြုဖို့ကောင်းတယ်။
နှစ်ဦးနှစ်ဝ အကျိုးရှိ
သူ့ဖာသူ သဒ္ဓါတရားအလျောက် ဖြစ်လာတဲ့ အရာမျိုးကို လက်ခံရင် “သူလည်း ကုသိုလ်ရတယ်, ကိုယ်လည်း ပစ္စည်းလေးပါးနဲ့ ပတ်သက်ပြီးတော့ သုံးစွဲရတယ်” “ဓမ္မိယလဒ္ဓ” လို့ ခေါ်တယ်၊ တရားသဖြင့် ရလာတာ၊ ဒါမျိုးက နှစ်ဦးနှစ်ဝအကျိုးရှိတယ်၊ အဲဒါမျိုးသာ ဖြစ်သင့်တယ်။

စာပေကို လေ့လာကြည့်မယ်ဆိုရင် ဒီအချက်အလက်တွေ စာပေကျမ်းဂန်ထဲမှာ တွေ့ရမယ်၊ ဒီအချက်ဟာ တရားပွဲကျင်းပတဲ့ ပုဂ္ဂိုလ်တွေလည်း သတိထားသင့်တဲ့ အချက်တစ်ခုပဲ။

ကောင်းပြီ - တရားပွဲကျင်းပတယ်ဆိုကတည်းက ဓမ္မပူဇာလှူတဲ့ပုဂ္ဂိုလ် ရှိပြီးသားပဲ၊ တရားနာလာတဲ့ပုဂ္ဂိုလ်တွေက လှူချင်တယ်ဆိုရင် သူ့ဖာသာ လှူ
စာမျက်နှာ-၃၇
ရပါစေ၊ မလှူဘူးဆိုရင်လည်း တရားပွဲလာတာ မျက်နှာမငယ်ပါစေနဲ့။

ဘုန်းကြီးတို့က တွေးမိတယ် - “တရားနာရတာ ပိုက်ဆံပေးပြီး နာရသလိုများ ဖြစ်နေပြီလား” လို့၊ “တရားကလည်း တို့တရား မဟုတ်ဘူး၊ ဘုရားရဲ့ တရား၊ ဘုရားတရားကို ရောင်းမစားထိုက်ဘူး”

ဒါကြောင့်မို့ ဘုန်းကြီးတို့က ပြောထားတယ်။ ဘုန်းကြီးတို့ တရားပွဲမှာ လာပြီး စာအုပ်ရောင်းတာ တို့ CD ရောင်းတာတို့ မလုပ်ပါနဲ့လို့ ပြောထားတယ်၊ ဘာဖြစ်လို့ မလုပ်နဲ့လို့ ပြောထားသလဲဆိုရင် ဘုန်းကြီးတို့ ရောင်းတယ်လို့ ထင်မှာစိုးလို့ အထင်မခံနိုင်တာပဲ၊ ဒါတွေဟာ ကိုယ်နဲ့ လုံးဝမပတ်သက်စေချင်ဘူး။

ဒါကြောင့်မို့လို့ တရားပွဲကျင်းတာ ကုသိုလ်စစ်စစ်ရပြီးတော့ တရားနာတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ တရားနာကြရဖို့ - ဒါက အဓိကကျပါတယ်။
စာမျက်နှာ-၃၈

တရားပွဲကျင်းပတာ ကုသိုလ်ရ
တရားပွဲကျင်းပတယ်ဆိုတာ အင်မတန်မှ ကုသိုလ်ရတယ်၊ “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ”၊ တရားနာခွင့်ရအောင် ဖန်တီးပြီး လုပ်ဆောင်ပေးတယ်ဆိုတာ အင်မတန်ကောင်းတဲ့ ကုသိုလ်တစ်ခုပဲ။ အင်မတန်မွန်မြတ်တဲ့ ကုသိုလ်ကို လုပ်ရာမှာ လုပ်ပုံလုပ်နည်း မဟန်သည့်အတွက်ကြောင့် အပြစ်တွေ ဖြစ်လာတယ်ဆိုရင် မကောင်းဘူးပေါ့။ ဒီတော့ “သန့်သန့်ရှင်းရှင်းဖြစ်အောင် လုပ်ဖို့ အင်မတန်အရေးကြီးတယ်လို့” - သတိရှိသင့်ပါတယ်၊ တရားဟောတဲ့ ပုဂ္ဂိုလ်ကလည်း စိတ်ထားဖြူစင်ရမယ်, တရားနာတဲ့ပုဂ္ဂိုလ်ကလည်း စိတ်ထားဖြူစင်ရမယ်၊
ဥဒါယီသုတ်
မြတ်စွာဘုရားက အင်္ဂုတ္တရနိကာယ်မှာ ဥဒါယီသုတ်ဆိုတာ ရှိတယ်၊ တစ်နေ့တော့ ရှင်ဥဒါယီဆိုတဲ့ မထေရ်ကြီးက မြို့ထဲမှာ ပရိသတ်များစွာရဲ့အလယ်မှာ တရားဟောနေတယ်၊ ရှင်အာနန္ဒာက ရှင်ဥဒါယီ
စာမျက်နှာ-၃၉
တရားဟောနေတာကို တွေ့ခဲ့ရလို့ မြတ်စွာဘုရားကို လျှောက်တယ်၊ “အရှင်ဘုရား - ဥဒါယီကိုယ်တော်ကြီး တရားဟောနေတာ တွေ့ခဲ့ရတယ်ဘုရား”တဲ့။ မြတ်စွာဘုရားက ဥဒါယီရဲ့စိတ်ထား မဖြူစင်လို့နဲ့တူတယ်၊ ကြိုက်ပုံမရဘူး၊ တကယ်ဆို ဘုရားကိုယ်တိုင်က တရားဟောဖို့ တိုက်တွန်းတာပဲ၊ ဥဒါယီဟာ တရားဟော ဓမ္မကထိက ဆိုပေမယ့် စိတ်ထားဖြူစင်ပုံမရဘူး။

အဲဒါကြောင့်မို့ ဘယ်လို အမိန့်ရှိတုန်းဆို - “အာနန္ဒ - သူများကို တရားဟောဖို့ဆိုတာ လွယ်တယ်လို့ မအောက်မေ့လေနဲ့”တဲ့၊ “တရားဟောတဲ့ ပုဂ္ဂိုလ်ဆိုတာ နှလုံးသွင်းမှန်ကန်ဖို့ လိုအပ်တယ်၊ နှလုံးသွင်းရမယ့် အချက် ၅-ချက် ရှိတယ်”တဲ့၊ “မှန်ကန်တဲ့ နှလုံးသွင်းနဲ့ တရားဟောရမယ်”။

ပထမအချက်က ဘာတုန်းဆိုရင် ကိုယ်ဟောတဲ့တရားကို ဟောစဉ်မပျက် ဟောမယ်ဆိုတဲ့ နှလုံးသွင်း ရှိရမယ်၊ တောင်ရောက် မြောက်ရောက်တွေ လျှောက်မပြောရဘူးလို့ - ဒီလိုပြောတာ၊ “အနု-
စာမျက်နှာ-၄၀
ပုဗ္ဗိကထာ”ဆိုတာ ရှိတယ်၊ မြတ်စွာဘုရားတရားဟောရင် ပထမ ဒါနအကြောင်း ဟောတယ်၊ ဒါနပြီးရင် သီလကို ဟောတယ်၊ သီလပြီးရင် “သဂ္ဂ” နတ်ပြည်အကြောင်း ဟောတယ်၊ နတ်ပြည်အကြောင်းပြီးရင် ကာမဂုဏ်အာရုံတွေရဲ့ အပြစ်အနာအဆာကို ဟောတယ်၊ ပြီးတဲ့အခါ “နိက္ခမ္မ အာနိသံသ” ကာမဂုဏ်စွန့်လွှတ်မှုရဲ့ အကျိုးကျေးဇူးကို ဟောတယ်၊ ပြီးတော့မှ စိတ်အခြေအနေတွေ တိုးတက်လာတဲ့အခါ သစ္စာလေးပါးတရားကို ဟောတယ်၊ အဲဒီလို ဟောစဉ်အတိုင်း ဟောတာ၊ သို့မဟုတ် အကြောင်းအရာတစ်ခုကို ခေါင်းစဉ်တပ်လိုက်တယ်၊ အဲဒီခေါင်းစဉ် တပ်ထားတာကိုပဲ စီကာစဉ်ကာ ဟောရမယ်တဲ့။

တရားဟောတယ်ဆိုတာ တောင်ရောက် မြောက်ရောက် ဟိုရောက်သွားလိုက် ဒီရောက်သွားလိုက် ဘာမှတ်ရမှန်းမသိအောင် မရဘူးတဲ့၊ ဒီလိုဆိုလိုတယ်။

နောက်တစ်ခုက “ပရိယာယဒဿီ”တဲ့၊ ကိုယ်ဟောတဲ့ အကြောင်းအရာတစ်ခုကို ခိုင်လုံတဲ့
စာမျက်နှာ-၄၁
အကြောင်းပြချက်တွေ ပါရှိရမယ်၊ ပြောချင်တာတွေ လျှောက်ပြော, မဟုတ်တာတွေ မဖြစ်စေရဘူးတဲ့၊ ခိုင်မာတဲ့အကြောင်းတရားတွေကို ပြနိုင်ရမယ်၊ ဒါ ဒုတိယအချက်။

တတိယအချက်က “အနုဒ္ဒယံ ပဋိစ္စ” “တရားဓမ္မတွေ သိကြပါစေ၊ တရားထူးတရားမြတ်တွေ ရကြပါစေ၊ အသိဉာဏ်တွေ ဖွံ့ဖြိုးတိုးတက်ကြပါစေ” လို့ တရားနာတဲ့ ပုဂ္ဂိုလ်တွေရဲ့အကျိုးစီးပွားကို လိုလားခြင်း, သနားခြင်း စိတ်ထားကို အကြောင်းပြုပြီးတော့ ဟောရမယ်တဲ့။

နောက်စတုတ္ထက ဘာတုန်းဆို - “န အာမိသန္တရော ကထံ ကထေဿာမိ”၊ ဆိုလိုတာက လာဘ်လာဘကို မျှော်ကိုးတဲ့စိတ်ထားနဲ့ တရားမဟောရဘူးတဲ့၊ တရားဟောရင် ပစ္စည်းတွေ လာဘ်လာဘတွေ ရတယ်၊ လာဘ်လာဘကို မျှော်ကိုးပြီး ဓမ္မပူဇာကို မျှော်ကိုးပြီး တရားမဟောရဘူးတဲ့၊ စိတ်ထဲမှာ အဲဒါမျိုး မထားဘဲ ဟောနိုင်မှ တရားဟောသင့်တယ်ပေါ့။
စာမျက်နှာ-၄၂
နောက်တစ်ခုက ဘာတုန်းဆိုလို့ရှိရင် “အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ကထံ ကထေဿာမိ၊ ဘယ်သူ့ကိုမှ ထိပါးပုတ်ခတ်တာ မလုပ်ဘူး၊ မိမိကိုယ်ကိုလည်း ထိပါးမှု မလုပ်ဘူး၊ (မိမိကိုယ်ကို ထိပါးတယ်ဆိုတာ တခြားပြောတာ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကို နှိမ်ချပြောတာ)၊ ကိုယ့်ကိုယ်ကိုတော့ မြှောက်ပင့်ပြီး သူတစ်ပါးကို နှိမ်ချတာမျိုး, ပုတ်ခတ်တဲ့အနေမျိုးလည်း မဟောရဘူးတဲ့။

စိတ်ထားမှန်ကန်စွာနဲ့ တရားဟောရင် ဟောသူဘက်က စိတ်ထားဖြူတယ်လို့ ပြောရမယ်၊ သူဟောတဲ့ တရားဟာ စင်ကြယ်တဲ့တရားလို့ ဥဒါယီသုတ္တန်မှာ မြတ်စွာဘုရားက ဒီအချက် ၅-ချက်ကို ဟောတော်မူတယ်၊ ဒီနှလုံးသွင်းမှန်ကန်မှု ရှိရမယ်။

ဒေသနာအစဉ်အတိုင်း ဟောမယ်၊ အကြောင်းပြချက်ခိုင်လုံစွာ ဟောမယ်၊ သနားကရုဏာကို ရှေးရှုပြီးတော့ ဟောမယ်၊ လာဘ်လာဘကို မျှော်ကိုးတဲ့အနေနဲ့ မဟောရဘူး၊ လာဘ်လာဘကို မျှော်ကိုးတဲ့ စိတ်နဲ့ မဟောရဘူး၊ မိမိကိုယ်ကို မြှောက်ဝါကြွားပြီး
စာမျက်နှာ-၄၃
ဟောသူ နာသူ စိတ်ထားဖြူ သူတစ်ပါးကို နှိမ့်ချအပြစ်ဆိုပြီးတော့ မဟောရဘူးတဲ့။

အဲဒီလို နှလုံးသွင်းမှန်ကန်တဲ့ပုဂ္ဂိုလ်မှ စိတ်ထားဖြူစင်မှ သူတစ်ပါးကို တရားဟောသင့်တယ်တဲ့၊ အဲဒါမျိုးမဟုတ်ရင် မဟောသင့်ဘူးလို့ မြတ်စွာဘုရားက ဟောတယ်၊ တရားဟောတာဆိုပေမယ့် ဒီလိုအခြေအနေမျိုးတွေနဲ့ ပြည့်စုံမှ ဟောသင့်တယ်။
ကဿပသံယုတ်
နောက် ကဿပသံယုတ်မှာ မြတ်စွာဘုရား ဟောထားတာ ရှိသေးတယ်၊ သတိပေးထားတာ ရှိတယ်၊ ရှင်မဟာကဿပကို စံနမူနာထားပြီး မြတ်စွာဘုရားက ဟောတယ်၊ တရားဟောပုဂ္ဂိုလ်တိုင်းဟာ မှန်ကန်တဲ့စိတ်ဓာတ်နဲ့ ဖြူစင်တဲ့စိတ်ဓာတ်နဲ့ တရားဟောရမယ်၊ ညစ်နွမ်းတဲ့စိတ်ဓာတ်တွေ မရှိစေရဘူး။

အဲဒီလိုဖြူစင်တဲ့စိတ်ဓာတ်ဆိုတာ ဘာလဲဆိုလို့ရှိရင် တရားရဲ့ ကောင်းမြတ်တဲ့ ဓမ္မဂုဏ်ကို အာရုံပြုပြီး ဟောသင့်တယ်၊ “သွာက္ခာတော ဘဂဝတာ
စာမျက်နှာ-၄၄
ဓမ္မာ” မြတ်စွာဘုရားဟောတဲ့ တရားက မှန်တယ်၊ မှန်တဲ့တရားကို “သန္ဒိဋ္ဌိကော” လူတိုင်းလူတိုင်း ကိုယ်တိုင်ကျင့် ကိုယ်တိုင်သိနိုင်တယ်။

“အကာလိကော” အခုလုပ် အခုအကျိုးရတယ်၊ “ဧဟိပဿိကော” ကိုယ့်မိတ်ဆွေတွေကို ဖိတ်ခေါ်ပြီး လာစမ်းပါ, ကြည့်စမ်းပါ, နာစမ်းပါလို့ ပြောထိုက်တဲ့တရား။

“ဩပနေယျိကော” အခုတရား နှလုံးသွင်းရင် အခုပဲ စိတ်ဟာ ငြိမ်းအေးသွားတာ ဖြစ်လို့ ချက်ချင်း နှလုံးသွင်းသင့်တယ်။

“ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း အသီးသီး ခံစားသိရှိနိုင်တယ်တဲ့။

အဲဒီလို တရားရဲ့ ဂုဏ်ရည်နဲ့ ကိုက်ညီအောင် တရားရဲ့ ဂုဏ်ရှိမှု, ဒီပြည့်စုံတဲ့ ဂုဏ်အရည်အချင်းတွေကို ထုတ်ဖော်ပြီး တရားနဲ့အညီ ဟောသင့်တယ်တဲ့။
စာမျက်နှာ-၄၅
အဲဒီလို ဟောပြောတဲ့အခါမှာ မှန်ကန်တဲ့စိတ်ထားကို ဘယ်လိုထားရမလဲဆိုလို့ရှိရင် “ငါဟောတဲ့ တရားကို တရားနာပရိသတ် နာခွင့်ရကြပါစေ” ဒီစိတ်ရှိရမယ်၊ ငါဟောတဲ့တရား နာကြပါစေ။

ဘာဖြစ်လို့ ဒီလိုစိတ်ထား ထားရမလဲဆိုတော့ - “အဿဝဏ၊ ဓမ္မဿ ပရိဟာယန္တိ” တရားဆိုတာ မနာရရင် ဆုံးရှုံးနစ်နာမှု ဖြစ်တတ်တယ်။ ဒါကြောင့်မို့ ဆုံးရှုံးမှု မဖြစ်ရအောင် ဟောရတာ၊ “ဓမ္မဿ အညတာရော ဘဝိဿန္တိ” တရားနားလည်နိုင်သူတွေ ရှိနိုင်တယ်၊ တရားနားလည်ရင် စိတ်ဓာတ်ခိုင်မာသွားနိုင်တယ်၊ ငြိမ်းချမ်းသွားနိုင်တယ်။ တရားမနာရလို့ရှိရင် ဓမ္မအသိ ဆုံးရှုံးသွားနိုင်တယ်။

ဒါကြောင့်မို့ “ငါဟောတဲ့တရားကို အားလုံးနာနိုင်ကြပါစေ”- အဲဒီလိုစိတ် ထားပါတဲ့၊ နောက်ဆက်ပြီး စိတ်ထားရမှာ “ငါဟောတဲ့တရားကို နာပြီးတဲ့အခါမှာ တရားရဲ့အနှစ်သာရကို သိရှိကြပါစေ၊ ဓမ္မအသိတွေ ရရှိကြပါစေ” လို့ စိတ်ထားရမယ်တဲ့။
စာမျက်နှာ-၄၆
“ဓမ္မအသိတွေ သိရှိပြီးတဲ့အခါမှာ အဲဒီဓမ္မနဲ့ လျော်စွာ နေ့စဉ်နှင့်အမျှ ကျင့်သုံးနေထိုင်နိုင်ကြပါစေ” တရားဆိုတာ way of life ပဲ၊ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ လူ့လောကမှာ လူတွေနေကြထိုင်ကြတဲ့အခါမှာ တရားဓမ္မနဲ့ ဘယ်လိုနေရတယ်ဆိုတာ သိရမယ်၊ တရားအသိရှိလာတဲ့ပုဂ္ဂိုလ်ဟာ နေရထိုင်ရတာကအစ အင်မတန်ချမ်းသာတယ်၊ ဒါကြောင့်မို့ “တရားအတိုင်း လိုက်နာကျင့်သုံးပြီး နေထိုင်နိုင်ကြပါစေ”ဆိုတဲ့ မွန်မြတ်တဲ့စိတ်ထားတွေနဲ့ ဟောပါလို့ ကဿပသံယုတ်မှာ မြတ်စွာဘုရားက ဒီလိုဆုံးမထားတယ်။

ဒါတွေကို ဘုန်းကြီးတို့က လိုက်နာဖို့ ကြိုးစားရမယ်၊ ဒါက တရားဟောတဲ့ ပုဂ္ဂိုလ်တွေဘက်က လိုက်နာရမယ့် အချက်တွေကို ပြောတာ၊ ဘုန်းကြီးတို့ ဒီအချက်တွေကို လိုက်နာနိုင်အောင် ကြိုးစားရမယ်၊ မလိုက်နာရင် တရားမဟောသင့်ဘူး၊ ဒါက ဟောသူဘက်က စိတ်ထားဖြူပုံကို ပြောတာ၊ ဒီလို
စာမျက်နှာ-၄၇
စိတ်မျိုးမထားဘူးဆိုရင် ဟောသူဘက်က စိတ်ထားမဖြူဘူးလို့ ပြောရမယ်။
တရားနာခြင်း၏ အကျိုးကျေးဇူးများ
တရားဆိုတာ နာရတယ်၊ တရားနာလို့ရှိရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ? တရားပွဲလာပြီး တရားနာတယ်ဆိုရင် ချက်ချင်းလက်ငင်း အကျိုးတွေ ရတယ်၊ ဘာတွေရသလဲ?

“အသုတံ သုဏာတိ” မကြားဖူးတာတွေ ကြားရတယ်၊ “သုတံ ပရိယောဒပေတိ” အရင်တုန်းက ကြားဖူးတယ်၊ စိတ်ထဲမှာ မရှင်းဘူး၊ အခုတစ်ခါ နာလိုက်ရတော့ စိတ်ထဲမှာ ရှင်းသွားတယ်၊ နားလည်သွားတယ်။

မကြားဖူးတာတွေ ကြားရတယ်၊ ကြားဖူးတာတွေလည်း ရှင်းသွားတယ်၊ ကြားဖူးတာတွေ ရှင်းသွားတဲ့အခါ ဘာဖြစ်တုန်းဆို သံသယတွေလည်း ကင်းသွားတယ်၊ သံသယတွေ ကင်းရုံတင်မကဘူး,
စာမျက်နှာ-၄၈
မှန်မှန်ကန်ကန် မြင်တတ်လာတယ်၊ ဘဝအပေါ်မှာ အမြင်မှန်လာတယ်၊ ဒီလိုဆိုလိုတယ်။

နောက်ပြီး တရားနာရလို့ စိတ်တွေဟာ ကြည်နူးလာတယ်တဲ့၊ ဒါတရားနာတဲ့ပုဂ္ဂိုလ် ရနိုင်တဲ့အကျိုးကျေးဇူးပဲလို့ ဒီလိုဆိုလိုတာနော်၊ အဲဒါက တရားနာတဲ့ပုဂ္ဂိုလ်ဘက်က နေပြီးတော့ ဟုတ်လား၊ ဒါရနိုင်တဲ့အကျိုး၊ ဒါကြောင့်မို့ တရားဆိုတာ ဟောပြောပေးရတယ်။
တရားနာသူ စိတ်ထားဖြူ
ဒါဖြင့် တရားနာသူတွေဘက်က စိတ်ထားဖြူစင်အောင် ဘယ်လိုနာရမလဲ? တရားနာတဲ့ပုဂ္ဂိုလ်တွေဘက်ကလည်း စိတ်ထားဖြူစင်ဖို့ လိုအပ်တယ်တဲ့၊ အကျိုးရှိအောင် တရားနာတတ်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်၊ အကျိုးရှိအောင် တရားနာတတ်တယ်ဆိုတာ ဘာလဲဆိုရင် ဒီအချက်တွေကို သတိထားရမယ်၊ တရားစကားနဲ့ ပတ်သက်ပြီး တရားစကားအပေါ်မှာ အပြစ်ရှာ ရှုတ်ချတာမျိုး မလုပ်ရဘူးတဲ့၊
စာမျက်နှာ-၄၉
နောက်တစ်ခုက တရားဟောပြောတဲ့ ဓမ္မကထိကပုဂ္ဂိုလ်ကိုလည်း ရှုတ်ချတာမျိုး မလုပ်ရဘူးတဲ့၊

နောက်တစ်ခု ကိုယ့်ကိုယ်ကိုလည်း ရှုတ်ချတာမျိုး မလုပ်ရဘူးတဲ့။

ဒါဖြင့် တရားကို ရှုတ်ချတယ်ဆိုတာ ဘာလဲဆိုရင် “ဒီတရားကလည်း ဘယ်လိုတရားကြီးမှန်း မသိဘူး၊ ဘာနားလည်ရမှန်း မသိဘူး”ဆိုတာ တရားကို ရှုတ်ချတာလို့ ခေါ်တယ်။ ဓမ္မကထိကကို ရှုတ်ချတယ်ဆိုတာ “ဘာတွေ ဟောနေမှန်းလည်း မသိဘူး၊ ဘာတွေ ပြောနေမှန်းလည်း မသိဘူး”ဆိုတာ ရှုတ်ချတာ၊

ကိုယ့်ကိုယ်ကို ရှုတ်ချတယ်ဆိုတာ ဘာပြောတာတုန်းဆိုရင် “အေး- ဒီလိုလေးနက်တဲ့ တရားကြီးတွေ ငါဘယ်လိုနားလည်နိုင်မတုန်း၊ နားမလည်ဘူး။ ကိုယ့်ကိုယ်ကို ဒီတရားနဲ့ မတန်ဘူးလို့ ဒီလိုကိုယ့်ကိုယ်ကို အထင်သေး အမြင်သေးလည်း မလုပ်ရဘူး၊ ဒီလိုဆိုလိုတယ်။
စာမျက်နှာ-၅၀
တရားနာတဲ့ ပုဂ္ဂိုလ်ဘက်က အဲဒီလိုစိတ်ထားမျိုးတွေ မရှိရဘူးလို့ ပြောတာ၊ အဲဒီစိတ်ထားတွေ ရှိပြီးတော့ တရားနာမယ်ဆိုရင် တရားထူးတရားမြတ် မရနိုင်ဘူးလို့ ဘုရားက ဟောထားတာ၊ အဲဒါကြောင့်မို့ အဲဒီလိုစိတ်ထားမျိုးတွေ မရှိစေရဘူးတဲ့။

နောက်တစ်ခုက တရားနာပြီဆိုလို့ရှိရင် ဟိုတွေး ဒီတွေးတွေ လျှောက်တွေးမနေရဘူး၊ တရားထဲမှာ အာရုံစိုက်ပြီး နာရမယ်တဲ့၊ “ဝိက္ခိတ္တစိတ္တ” စိတ်တွေက ဟိုရောက်ဒီရောက်နဲ့ စိတ်မငြိမ်ဘဲ တရားနာတာမျိုး မလုပ်ရဘူး၊ စိတ်အာရုံဟာ တရားထဲမှာ စိုက်ထားပြီး တရားနာရမယ်လို့ ဒီလိုဟောတယ်၊ နောက်တစ်ခုက ဟောထားတဲ့တရားအပေါ်မှာ မှန်ကန်တဲ့နှလုံးသွင်းတရား ရှိရမယ်တဲ့။

ဒီအချက်တွေနဲ့ ပြည့်စုံမှ တရားနာရင်းကနေပြီး တရားထူးတရားမြတ်တွေ ရနိုင်တယ်၊ တရားထူးတရားမြတ် မရရင်တောင် အသိဉာဏ်တွေ ရနိုင်တယ်လို့ ဒီလိုပြောတာ။
စာမျက်နှာ-၅၁
အဲဒါနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက သမ္မတ္တနိယာမသုတ်မှာ (အင်္ဂုတ္တိုရ်) ဟောထားတာ၊ ဒါက တရားနာသူတွေ မှတ်သားဖို့ အချက်တွေပေါ့။ တရားစကားကို မရှုတ်ချရဘူး၊ တရားဟော ဓမ္မကထိကကို မရှုတ်ချရဘူး၊ အပြစ်မတင်ရဘူး၊ မိမိကိုယ်ကို မရှုတ်ချရဘူး၊ အပြစ်မတင်ရဘူး၊ စိတ်ပျံ့လွင့်ပြီး မနေရဘူး၊ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ တရားနာရမယ်၊ မှန်ကန်တဲ့နှလုံးသွင်း ရှိရမယ်၊ မှန်ကန်တဲ့ နှလုံးသွင်းဆိုတာ တရားပေါ်မှာ နှလုံးသွင်းတတ်ဖို့ပေါ့၊ ကိုယ့်သန္တာန် အသိဉာဏ်ထင်ဟပ်ပြီးတော့ ဒီအတိုင်း ဟုတ်နေတာပါလား, ဟုတ်နေတာပါလား လို့ မှန်ကန်တဲ့ နှလုံးသွင်းရှိဖို့ လိုအပ်တယ်၊

နောက်သုတ်တစ်သုတ်မှာ ဘာကို ထပ်တိုးထားတုန်းဆိုရင် တရားနာတဲ့ပုဂ္ဂိုလ်ဟာ ထိုက်သင့်သလို အသိပညာရှိဖို့ လိုအပ်တယ်တဲ့၊ ထိုင်းမှိုင်းတဲ့ အတဲ့ နတဲ့ ပုဂ္ဂိုလ်၊ ဗူးလုံး နားမထွင်းတဲ့ ပုဂ္ဂိုလ်မျိုး မဖြစ်သင့်ဘူးတဲ့၊ အသိပညာရှိတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။ စဉ်းစားတတ်ရမယ်လို့ ဆိုတယ်၊ ကောင်းတယ် ဆိုး
စာမျက်နှာ-၅၂
တယ်, အကြောင်းအကျိုး ညီညွတ်တယ် မညီညွတ်ဘူးဆိုတဲ့ စဉ်းစားတဲ့ အသိဉာဏ်မျိုး ရှိရမယ်လို့ ဒီလိုဆိုတယ်။

နောက်တစ်ခု အရေးကြီးတာ ဘာတုန်းဆိုရင် ကိုယ်မသိတာကို သိချင်ယောင်မဆောင်ရဘူးတဲ့၊ မသိရင် မသိဘူး။ သိရင် သိတယ်၊ တချို့က ကိုယ်မသိပေမယ့်လို့ “ငါသိပြီးသားပါ”ဆိုပြီး လုပ်တတ်တယ်လေ၊ အထင်ရောက်တတ်တယ်၊ ဒါတွေ ငါသိဖူးတာပဲ, ငါကြားဖူးတာပဲ, ငါမှတ်ထားဖူးတာပဲ, ငါအကုန်သိပြီးသားပဲတွေဆိုပြီး အာရုံမထားကြဘူး၊ အဲဒီလိုမျိုးလည်း မရှိရဘူးတဲ့၊ အဲဒါတွေ ရှိမယ်ဆိုရင် စိတ်ထားဖြူစင်မှု မရှိဘူးလို့ ပြောတာ။

နောက်သုတ္တန်တစ်ခုမှာ ဘာတွေ ထည့်ပြီး မြတ်စွာဘုရား ဟောတုန်းဆိုရင် တရားနာတဲ့အခါမှာ ဂုဏ်အရည်အချင်းတွေကို ကျေးဇူးတရားတွေကို ကျေးဇူးကန်းတဲ့အနေမျိုး မဖြစ်စေရဘူး၊ ဘယ်နေရာပဲဖြစ်ဖြစ် ဝေဖန်ပြစ်တင်တာမျိုး မလုပ်ရဘူး၊ စကားနဲ့ ဝေဖန်ပြစ်တင်မှုမျိုးကို “မက္ခ” လို့ ခေါ်တာပေါ့၊
စာမျက်နှာ-၅၃
“မက္ခ”ဆိုတာ ဂုဏ်ကျေးဇူးကို ချေဖျက်တယ်၊ “ဒါတွေက ငါသိပြီးသားတွေပါ၊ ဒါတွေက အပေါစားတွေပါ၊ ဒါတွေ လူတိုင်းသိနေတာပါ”နဲ့ ဒီလိုပြောတာမျိုးဟာ ဂုဏ်ကျေးဇူးကို သေးသိမ်စေတာဖြစ်လို့ “မက္ခ”လို့ ခေါ်တယ်၊ တရားဆိုတာ သိပြီးသားလည်း ထပ်ပြီးတော့ ရိုရိုသေသေပဲ နားထောင်ရတယ်၊ ဒီလိုဆိုတာ။

နောက်တစ်ခုက ဘာတုန်းဆိုလို့ရှိရင် အပြစ်ရှာပြီးတော့ တရားနာတာတဲ့၊ တရားနာတဲ့အခါမှာ ဘယ်စကားလုံးကဖြင့် မှားတယ်၊ ဘယ်ဟာကဖြင့် မမှန်ဘူး၊ ကိုယ်သိထားတာနဲ့ ဒါနဲ့ လွဲနေတယ်လို့ - အဲဒီလို အပြစ်ရှာတဲ့ စိတ်ထားမျိုးနဲ့ တရားမနာရဘူး။ နောက်တစ်ခုကတော့ ဓမ္မကထိကအပေါ်မှာ ဒေါသဖြစ်တဲ့ စိတ်ဓာတ်မျိုး မရှိရဘူး၊ တိုက်ခိုက်လိုတဲ့ စိတ်မျိုး မရှိရဘူး၊ အပြစ်တင်လိုတဲ့ စိတ်ဓာတ်မျိုး မရှိရဘူးတဲ့၊ အဲဒီလို မြတ်စွာဘုရားက တရားနာတဲ့
စာမျက်နှာ-၅၄
အခါမှာတဲ့ အဲဒီလိုအချက်တွေနဲ့ ညီညွတ်ဖို့ လိုအပ်ပါတယ်တဲ့။

အဲဒါမှ တရားနာတဲ့ပုဂ္ဂိုလ်ဟာ စိတ်ထားဖြူစင်တဲ့ပုဂ္ဂိုလ် ဖြစ်ပြီး တရားနာရင်းနဲ့ အသိဉာဏ်တွေရပြီး နောက်ဆုံး မဂ်ဖိုလ်ထိအောင် ရနိုင်တယ်လို့ မြတ်စွာဘုရားက ဒီသုတ္တန်တွေမှာ ဒီလိုဟောတယ်။
ဒုက္ကထာသုတ်
ပြီးတော့ တရားနာပုဂ္ဂိုလ်ကို ကြည့်ပြီး တရားဟောသင့်တယ်၊ စကားတိုင်းဟာ စကားကောင်းမဖြစ်ဘူး၊ ပြောတဲ့စကားတိုင်းဟာ အကောင်းဖြစ်ပေမယ့်လို့ အကောင်းမဖြစ်တာတွေ ရှိတယ်၊ ပုဂ္ဂိုလ်နဲ့ လိုက်လျောညီထွေမှ အကောင်းဖြစ်နိုင်တယ်၊ ဆိုပါစို့ - သဒ္ဓါတရားမရှိတဲ့သူကို သဒ္ဓါတရားအကြောင်း သွားဟောပြောလို့ရှိရင် စကားအကောင်း မဖြစ်ဘူးတဲ့၊ ဘာဖြစ်လို့တုန်းဆိုတော့ သူက သဒ္ဓါတရားမှ မရှိတာ၊ သဒ္ဓါအကြောင်းပြောရင် သူက စိတ်တိုတယ်၊ ဘာတွေလာပြောနေတာလဲဆိုပြီး စိတ်ဆိုးတယ်၊ အဲ
စာမျက်နှာ-၅၅
ဒါကြောင့်မို့လို့ သဒ္ဓါတရား မရှိတဲ့ပုဂ္ဂိုလ်ကို သဒ္ဓါတရားအကြောင်းဟောရင် စကားအကောင်း မဖြစ်ဘူးတဲ့၊ သဒ္ဓါတရားရှိတဲ့ပုဂ္ဂိုလ်ကျမှ စကားကောင်း ဖြစ်တယ်။

ထို့အတူပဲ သီလမရှိတဲ့ပုဂ္ဂိုလ်ကို သီလအကြောင်း သွားပြောရင် စိတ်တိုတယ်၊ သီလအကြောင်း သွားပြောရင် စကားကောင်း မဖြစ်ဘူး၊ အောင်မြင်တဲ့စကား မဖြစ်ဘူး၊ သီလရှိတဲ့ပုဂ္ဂိုလ်ကိုမှ သီလအကြောင်းပြောရမယ်၊ ဒါမှ စကားကောင်းဖြစ်တယ်။

နောက်တစ်ခုကတော့ ဗဟုသုတလိုက်စားတဲ့ ပုဂ္ဂိုလ်ကျမှ သုတနဲ့ပတ်သက်တဲ့စကားမျိုးဟာ စကားကောင်း ဖြစ်တယ်၊ ဗဟုသုတနည်းတဲ့ပုဂ္ဂိုလ်, သုတကို မလိုလားတဲ့ပုဂ္ဂိုလ်ကို သွားပြောလို့ရှိရင် အဲဒီပုဂ္ဂိုလ်က စိတ်တိုတယ်၊ ဒေါသထွက်တယ်၊ စကားကောင်း မဖြစ်ဘူးတဲ့။

နောက်တစ်ခု ပညာရှိတဲ့ပုဂ္ဂိုလ်မှ ပညာနဲ့ ပတ်သက်တဲ့ စကားပြောလို့ ရတယ်၊ စကားကောင်း
စာမျက်နှာ-၅၆
ဖြစ်တယ်၊ ပညာမရှိတဲ့ပုဂ္ဂိုလ်ကို ပညာအကြောင်းသွားပြောရင် စိတ်ဆိုးတယ်တဲ့၊ စကားကောင်း ဖြစ်မလာဘူး၊ မအောင်မြင်ဘူးလို့ ဒီလိုပြောတာ။

ဒီတော့ တရားနာပုဂ္ဂိုလ်ဆိုတာကလည်းပဲ သဒ္ဓါမဲ့တဲ့ပုဂ္ဂိုလ် ရှိတယ်၊ သီလမရှိတဲ့ပုဂ္ဂိုလ် ရှိတယ်၊ ဗဟုသုတမရှိတဲ့ပုဂ္ဂိုလ် ရှိတယ်၊ စွန့်ကြဲမှုစာဂ မရှိတဲ့ပုဂ္ဂိုလ် ရှိတယ်၊ ပညာမဲ့တဲ့ပုဂ္ဂိုလ် ရှိတယ်တဲ့၊ ဒီပုဂ္ဂိုလ်မျိုးတွေကို သဒ္ဓါအကြောင်းတို့ သီလအကြောင်းတို့ ဗဟုသုတအကြောင်းတို့ စွန့်လွှတ်မှုအကြောင်းတို့ ပညာအကြောင်းတို့ သွားပြောမယ်ဆိုရင် စကားကောင်း မဖြစ်ဘူးတဲ့။

စကားကောင်း ဖြစ်ဖို့ရာအတွက် သဒ္ဓါတရားရှိသူကို သဒ္ဓါအကြောင်းဟောရင် ကျေနပ်လို့ ဝမ်းသာတယ်၊ ငါ့မှာ ဒါတွေရှိတယ်၊ သီလရှိတဲ့ပုဂ္ဂိုလ်ကို သီလအကြောင်းဟောရင် ဝမ်းသာတယ်, ကျေနပ်တယ်၊ ဗဟုသုတရှိတဲ့သူကို ဗဟုသုတဆိုင်ရာတွေ ဟောရင် ကျေနပ်တယ်, သဘောကျတယ်၊ စွန့်ကြဲတတ်တဲ့ပုဂ္ဂိုလ် လှူဒါန်းတတ်တဲ့ပုဂ္ဂိုလ်ကို စာဂ
စာမျက်နှာ-၅၇
ဟောသူ နာသူ စိတ်ထား အကြောင်းပြောရင် ကျေနပ်တယ်, သဘောကျတယ်။ ပညာရှိတဲ့ပုဂ္ဂိုလ်ကို ပညာအကြောင်းပြောရင် ကျေနပ်တယ်, သဘောကျတယ်၊ စကားကောင်းဖြစ်တယ်။ ဒီအချက်တွေကို မြတ်စွာဘုရားက “ဒုက္ကထာသုတ္တန်” မှာ ဟောထားတယ်၊ ဒါတွေက အလွန်မှတ်သားစရာကောင်းတယ်။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့ဟာ ဒီကနေ့ ဟောပြတဲ့ သုတ္တန်တွေ အားလုံး စုပေါင်းလိုက်မယ်ဆိုရင်တော့ လေးသုတ်ရှိတယ်၊ အဲဒီသုတ္တန်တွေမှာလာတဲ့ မြတ်စွာဘုရားရဲ့ လမ်းညွှန်ချက်တွေ လိုက်နာကျင့်သုံးကြမယ်ဆိုရင် တရားဟောမယ့်ပုဂ္ဂိုလ် လိုက်နာရမည့်အချက်တွေ၊ တရားနာပရိသတ် လိုက်နာရမည့်အချက်တွေအတိုင်း လိုက်နာသင့်တယ်၊ အဲဒီအချက်တွေနဲ့ ညီညွတ်အောင် ဟောပြောနိုင်မယ် နာယူနိုင်မယ်ဆိုရင် နှစ်ဦးနှစ်ဝ အကျိုးရှိပါတယ်။

တရားဟောတဲ့ ပုဂ္ဂိုလ်ကလည်းပဲ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မကို အာရုံစိုက်ပြီးဟောလို့ရှိရင် တရား
စာမျက်နှာ-၅၈
ထူးရနိုင်တယ်၊ “ရှင်ခေမက”ဆိုတဲ့ ရဟန်းတော်တစ်ပါးဟာ တရားဓမ္မကို အာရုံစိုက်ပြီး ဟောလို့ တရားသိသွားဖူးတယ်၊ ဟောတာကတော့ သူများပဲ။ ဒါပေမယ့် အာရုံစိုက်ပြီးတော့ ဟောလို့ သူကိုယ်တိုင် အကျွတ်တရားရသွားဖူးတယ်။

ဘာနဲ့ ဥပမာတူတုန်းဆို ကူးတို့သမား (ferry man) နဲ့ ဥပမာတူတယ်၊ ကူးတို့သမားက လှေလှော်ပြီးတော့ ခရီးသည်ကို ဟိုဘက်ပို့တယ်၊ ပို့တာကတော့ ခရီးသည်ကို ပို့တာပဲ၊ ဒါပေမယ့် သူလည်း ရောက်သွားတာပဲပေါ့။

အဲဒီလိုပဲ တရားဟောတဲ့ပုဂ္ဂိုလ်ဟာ သူများကို ဟောတာ၊ ကိုယ်ဟောတဲ့တရား ကိုယ်တိုင်ကြားနာပြီး ကိုယ်လည်း အကျိုးရှိရမယ်၊ ဒီလိုဖြစ်သင့်တယ်ပေါ့။

အေး ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ ဩဝါဒတွေကို အခြေခံကစပြီး လိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုရင် တရားဟောတဲ့ပုဂ္ဂိုလ်လည်းပဲ စိတ်ထားဖြူစင်ဖို့ လိုအပ်တယ်၊ တရားနာကြတဲ့ပုဂ္ဂိုလ်တွေကလည်း စိတ်ထားဖြူစင်ဖို့ လိုအပ်တယ်၊ နှစ်ဦး
စာမျက်နှာ-၅၉
နှစ်ဝ စိတ်ထားဖြူစင်ပြီး တရားဟောကြမယ် နာကြမယ်ဆိုရင် မိမိတို့ရည်ရွယ်ချက်ဖြစ်တဲ့ တရားဓမ္မကို သိရှိခြင်း, တရားဓမ္မကို ကျင့်သုံးခြင်းဖြင့် သံသရာဝဋ်ဆင်းရဲက ထွက်ပေါက်ကို ရရှိကြမှာဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ ယုံကြည်ပြီး ဒီကနေ့ “ဟောသူ နာသူ စိတ်ထား” ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောတဲ့ တရားအတိုင်း လိုက်နာကျင့်သုံးတော်မူနိုင်ကြပါစေကုန်သတည်း။ sk699b9sk5eze69dxf6iy1ukkat3si2 နိုင်သူနှင့် ရှုံးသူ 0 6424 22229 2026-06-20T02:16:23Z Tejinda 173 "{{header | title = နိုင်သူနှင့် ရှုံးသူ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဟောသူ နာသ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22229 wikitext text/x-wiki {{header | title = နိုင်သူနှင့် ရှုံးသူ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ဟောသူ နာသူ စိတ်ထားဖြူ]] | previous2 = | next = [[ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

နိုင်သူနှင့်ရှုံးသူ
သာသနာတော်နှစ် ၂၅၅၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တန်ခူးလဆန်း ၇-ရက်၊ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ သီရိလမ်းမကြီး၊ ပိန္နဲကုန်းရပ်ကွက်လုံးဆိုင်ရာ ပထမအကြိမ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် အထူးဓမ္မသဘင်ပွဲ၌ ဟောကြားအပ်သော “နိုင်သူနှင့်ရှုံးသူ” အကြောင်း တရားဒေသနာတော်။

လူ့လောကမှာ လူတွေ အနိုင်အရှုံး သတ်မှတ်တဲ့နေရာ အယူအဆခြင်း မတူညီကြဘူး။ လောကရှုထောင့်က ကြည့်တဲ့အခါ အနိုင်လို့ ထင်ရပေမယ့်လို့ ဓမ္မရှုထောင့်ကကြည့်တဲ့အခါ အရှုံးဖြစ်နေတာတွေ တွေ့တယ်။ ဒါကြောင့်မို့ အနိုင်အရှုံးဆိုတာဟာ ရှုထောင့်အလိုက် ဘယ်သူကနိုင်ပြီး ဘယ်သူကရှုံးသလဲဆိုတာ

စာမျက်နှာ-၂
သိကြရတယ်။ တစ်ခါတစ်ရံ လူတွေဟာ ကိုယ်ကနိုင်လိုက်တယ်လို့ ယူဆတယ်။ သို့သော် ကိုယ်ကရှုံးသွားတာကို မသိကြဘူး။ အဲဒီတော့ နိုင်လိုက်တယ်ထင်ပြီး အရှုံးကြီးရှုံးသွားကြတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်ဘဝသာမကဘူး၊ တစ်သံသရာလုံးထိအောင် ရှုံးသွားကြတယ်။

မိမိကနိုင်လိုက်တယ်လို့ ထင်ပေမယ့် ရှုံးသွားတာတွေ အများကြီးပဲ။ အေး .. တစ်ချို့ပုဂ္ဂိုလ်ဟာ ရှုံးသွားတယ်လို့ ယူဆပေမယ့်လို့ အဲဒီရှုံးသွားတယ်ဆိုတဲ့ ပုဂ္ဂိုလ်က အနိုင်ရလိုက်တာကို မသိလိုက်ကြဘူး။ ဒါကြောင့် လောကအမြင်နဲ့ ဓမ္မအမြင်ဟာ အင်မတန်မှ ကွာခြားတယ်။ တစ်ခါတစ်ရံ လုံးဝဆန့်ကျင်ဘက် ဖြစ်တယ်။ မြတ်စွာဘုရားက အနိုင်ယူနည်းလေးမျိုးကို ဟောကြားထားတာရှိတယ်။ သို့သော် လောကလူတွေက အဲဒါကို အနိုင်ရတယ်လို့ မထင်ကြဘူး။ အရှုံးထင်ကြတယ်။ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဘာနဲ့အနိုင်ယူရမယ်ဆိုတာကို မြတ်စွာဘုရား ဟောထားတဲ့ ဒေသနာတော် အထင်အရှားရှိတယ်။

စာမျက်နှာ-၃

ဒေါသသမားကို အနိုင်ယူနည်း
“အကောဓေန ဇိနေ ကောဓံ”

ကောဓ ဆိုတာ ဒေါသခက်ထန်သူ၊ ဒေါသခက်ထန်တဲ့ လူတစ်ယောက်ကို ဘယ်လိုအနိုင်ယူမလဲဆိုတဲ့ နည်းစနစ်။ လောကလူသားတွေကတော့ ဒေါသခက်ထန်တဲ့ လူတစ်ယောက်ကို နှိမ်နင်းပြီးတော့ အနိုင်ယူမယ်၊ သတ်ဖြတ်ပြီးတော့ အနိုင်ယူမယ်လို့ ဒီအတွေးပဲရှိတယ်။ ဒီနေ့ခေတ်ကမ္ဘာမှာပဲ ကြည့်လေ၊ အင်မတန်ဆိုးသွမ်းတဲ့ ပုဂ္ဂိုလ်တွေကို အနိုင်ယူပုံ၊ အနိုင်ယူနည်းဟာ အဲဒီပုံစံအတိုင်း အနိုင်ယူတာပဲ။ ဒီနေ့ခေတ်ကမ္ဘာမှာ Terrorist ဆိုတဲ့ အကြမ်းဖက်သမားတွေရှိတယ်။ လူတကာ ဒုက္ခရောက်အောင် ရက်ရက်စက်စက် အကြမ်းဖက်လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တွေကို ဘာနဲ့အနိုင်ယူမလဲဆိုရင် ပြန်လည်အကြမ်းဖက်ခြင်းဖြင့် အနိုင်ယူကြတယ်ပေါ့။

အဲဒီလို ပြန်လည်အကြမ်းဖက်တဲ့နည်းဖြင့် အနိုင်

စာမျက်နှာ-၄
ယူတာဟာ တကယ်နိုင်တာ ဟုတ်ရဲ့လားလို့ မေးစရာရှိတယ်။ အဲဒီနည်းစနစ်ဟာ ဗုဒ္ဓမြတ်စွာရဲ့ ဓမ္မအမြင်ဘက်ကကြည့်လို့ရှိရင် အလွန်မှားယွင်းနေတဲ့ နည်းစနစ်တစ်ခုပဲ။ မြတ်စွာဘုရားက “အကောဓေန ဇိနေ ကောဓံ” ဒေါသခက်ထန်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မိမိက ဒေါသခက်ထန်ခြင်းမပြု၊ သည်းခံခြင်း၊ မေတ္တာထားခြင်း၊ အေးငြိမ်းတဲ့စိတ်ဓာတ်မျိုးဖြင့်သာလျှင် အနိုင်ယူလို့ ဟောတော်မူတယ်။ ဟော.. လောကရဲ့ အမြင်နဲ့ အလွန်ဆန့်ကျင်တယ်။ ခက်ထန်တဲ့ပုဂ္ဂိုလ်တစ်ယောက်ကို ဒေါသနဲ့မတုံ့ပြန်ဘဲ မေတ္တာနဲ့တုံ့ပြန်ရမယ်လို့ ဆိုလိုတာပဲ၊ ဒေါသကို မေတ္တာနဲ့ အနိုင်ယူပါ။ ခန္တီဆိုတဲ့တရားနဲ့ အနိုင်ယူပါ။

ဒီနေရာမှာ ခန္တီနဲ့ မေတ္တာ၊ ဘာကွာသလဲလို့ မေးစရာရှိတယ်။ စာပေကျမ်းဂန်မှာ ဖွင့်ထားတာကြည့်ရင် ခန္တီဆိုတဲ့တရားဟာ အဒေါသပဲဖြစ်တယ်။ မေတ္တာကလည်း အဒေါသပဲဆိုတော့ ခန္တီနဲ့ မေတ္တာဟာ တရားကိုယ်အားဖြင့် တူတယ်လို့ ပြောရမှာပဲ။

နောက်တစ်နည်းအားဖြင့် ခန္တီဆိုသည်မှာ

စာမျက်နှာ-၅
အဒေါသ အဓိကပဓါန ဦးဆောင်နေတဲ့ စိတ်ရဲ့သဘာဝတရား၊ စိတ်နေစိတ်ထားလို့ ဒီလိုအဓိပ္ပာယ်ရတယ်။ နောက်တစ်ခါ ခန္တီဆိုတဲ့ စကားလုံးရဲ့ ရှုထောင့်ကနေကြည့်မယ်ဆိုရင် (သဒ္ဒါနည်းအရ ပြောပြတဲ့ Literal meaning ပေါ့။) ခန္တီဆိုတာ “ခ”ဓာတ် (root) ကလာတယ်။ ခမုဓာတ်ကို အနက်ဖော်ရင် ‘ခမူ သဟနေ’ - စွမ်းနိုင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ရတယ်၊ ခန္တီဆိုတာ စွမ်းနိုင်တယ်လို့ အဓိပ္ပာယ်ရတယ်။ ဒါဖြင့် ဘာစွမ်းနိုင်တာလဲဆိုရင် တစ်စုံတစ်ယောက်က မိမိကို ဒေါသထွက်လာအောင် လာနှောင့်ယှက်ပေမယ့် ဒေါသ မထွက်အောင် ထိန်းထားနိုင်တယ်။ မူလစိတ်အခြေအနေလေး မပျက်အောင် ထိန်းထားနိုင်တယ်။ “အတ္တမနတာ စိတ္တဿ” ကြည်နူးနေတဲ့ စိတ်ကလေးကို ပြင်ပကအနှောင့်အယှက်ကြောင့် ပျက်စီးမသွား

အောင် ထိန်းသိမ်းထားနိုင်တဲ့ စွမ်းရည်သတ္တိတစ်မျိုးကို ခန္တီလို့ခေါ်တယ်။ “လောကကြီးမှာ တစ်ချို့ပုဂ္ဂိုလ်တွေ ‘ခန္တီ၊ ခန္တီ’ လို့ ပြောနေပေမယ့် တကယ်ခန္တီမဟုတ်ဘူး။ ဒါ

စာမျက်နှာ-၆
ကြောင့် ရယ်စရာအနေနဲ့ “ခန္တီစ - မနိုင်လို့ သည်းခံရခြင်းသည်လည်းကောင်း” ဆိုတဲ့ အဓိပ္ပာယ်ပေါ်လာတာပေါ့နော်။ မနိုင်လို့ အလျော့ပေးတာကို ခန္တီလို့ ထင်နေကြတယ်။ တကယ်တော့ ခန္တီဆိုတာ မနိုင်လို့ သည်းခံတာမဟုတ်ဘူး။ မိမိရဲ့ပင်ကိုယ်ကြည်နူးနေတဲ့ စိတ်လေးကို မပျက်အောင် ထိန်းထားနိုင်တဲ့ စွမ်းရည်သတ္တိ၊ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုသဘောထားကို ခန္တီလို့ပြောတာ။ အေး.. ဒေါသထွက်ပြီးတော့ လူက အံကြိတ်နေတယ်၊ သို့သော် ပြန်တော့မပြောဘူး။ ပြန်တော့မလုပ်ဘူးဆိုတာမျိုးကို ဒီကနေ ခန္တီလို့ခေါ်ကြတယ်။ စိတ်ပိုင်းဆိုင်ရာက တုံ့ပြန်နေတာဖြစ်တဲ့အတွက်ကြောင့် အဲဒီဟာ ခန္တီမဟုတ်ဘူးတဲ့။ ပြန်မပြော

တာပဲရှိတယ်၊ ခန္တီအစစ်မဟုတ်ဘူး။ ခန္တီဆိုသည်မှာ ပင်ကိုယ်အနေအထားလေး မပျက်အောင် ထိန်းနိုင်တာကို ပြောတာ။ အဲဒါကြောင့် ခန္တီဆိုတာ မေတ္တာမပျက်

စာမျက်နှာ-၇
အောင် ထိန်းထားနိုင်တဲ့ စွမ်းရည်သတ္တိပဲ။ လူတစ်ဘက်သား အကျိုးစီးပွားကို လိုလားတဲ့ စိတ်နေသဘောထားသည် မေတ္တာ၊ ထိုမေတ္တာ ပျက်မသွားရအောင် ထိန်းထားတာသည် ခန္တီပဲ။

မေတ္တာဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားကို လိုလားတဲ့ စိတ်နေသဘောထားပဲ။ စကားလုံးအရ ပြောရရင် မေတ္တာဆိုသည်မှာ “မိတ္တဿ ဧသာ” ဆိုတဲ့အတိုင်း မိတ်ဆွေရဲ့စိတ်ဓာတ်ကို မေတ္တာလို့ခေါ်တယ်။ မိတ်ဆွေရဲ့စိတ်ဓာတ်ဆိုသည်မှာ မိတ်ဆွေဟာ ဘယ်လိုစိတ်မျိုးထားသလဲ။ ကိုယ်ချစ်ခင်နှစ်သက်တဲ့ မိတ်ဆွေသူငယ်ချင်းတစ်ယောက်ရဲ့ ကောင်းစားမှုကို လိုလားတယ်။ အကျိုးတရားကို လိုလားတယ်၊ အဲဒါဟာ မေတ္တာပဲ။

ဘာသာပြန်မယ်ဆိုရင် မေတ္တာဆိုတာ “မိတ်ဆွေရဲ့စိတ်ဓာတ်” လို့ ဒီလိုပြန်ရမှာပေါ့။ အဲဒီမေတ္တာဆိုတဲ့ သဘောတရားဟာ ဒီနေရာမှာ ဒေါသဖြင့် တုံ့ပြန်မှုမပြုဘဲနဲ့ ပင်ကိုယ်အခြေအနေကောင်းအတိုင်း မိမိရဲ့စိတ်ကလေးကို ထိန်းထားနိုင်ပြီဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ “အကောဓေန ဇိနေ ကောဓံ” ဒေါသထွက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မေတ္တာဖြင့် အနိုင်ယူလိုက်

စာမျက်နှာ-၈
ခြင်းပဲဖြစ်တယ်။ ဒေါသထွက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အနိုင်ယူတာဟာ မေတ္တာနဲ့ ခန္တီနဲ့ အနိုင်ယူရမယ်တဲ့။ ဒါက ဓမ္မဘက်ကနေ အနိုင်ယူတဲ့နည်းပေါ့။

လောကအမြင်နဲ့ အနိုင်ယူတာကျတော့ အဲဒီလိုမဟုတ်ဘူး၊ ဒေါသကို ဒေါသနဲ့ပဲ တုံ့ပြန်တယ်။ သူက တစ်ချက်တီးရင် ငါက နှစ်ချက်တီးမယ်ဆိုတာမျိုး။ အဲဒီလို ဒေါသကို ဒေါသနဲ့ တုံ့ပြန်ဖြေရှင်းတဲ့နည်းစနစ်ဟာ တကယ့်အနိုင်ရခြင်းမဟုတ်ဘူး။ ရှုံးခြင်းပဲလို့ ဒီလိုဆိုလိုပါတယ်။ ဒါက မျက်မြင်ပစ္စက္ခ သဘာဝတရားနဲ့ကြည့်ပြီးတော့ ပြောတာ။ အဲဒီတော့ တစ်ယောက်က ဒေါသထွက်နေတယ်၊ အဲဒီ ဒေါသထွက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ကျန်တဲ့ပုဂ္ဂိုလ်က ခန္တီ မေတ္တာနဲ့ တုံ့ပြန်တယ်။ အဲဒီလို တုံ့ပြန်တဲ့အခါမှာ ဒေါသထွက်နေတဲ့ ပုဂ္ဂိုလ်ရဲ့ နှိပ်စက်ညှင်းဆဲမှုကို ခန္တီ မေတ္တာထားတဲ့ပုဂ္ဂိုလ်က ခံလိုက်ရတယ်။ လောကလူတွေရဲ့ အမြင်မှာ “ခံလိုက်ရသည့်အတွက် ခန္တီ မေတ္တာနဲ့ တုံ့ပြန်တဲ့ပုဂ္ဂိုလ်ဟာ ရှုံးသူဖြစ်နေတယ်။ ဒေါသနဲ့ အနိုင်ယူတဲ့ပုဂ္ဂိုလ်ကိုတော့ နိုင်သူလို့ ဒီလိုသတ်မှတ်ကြတယ်။

သို့သော် ဓမ္မကြောင်းက ကြည့်လိုက်တဲ့အခါ

စာမျက်နှာ-၉
ဒေါသထွက်တဲ့ပုဂ္ဂိုလ်က ရှုံးသူဖြစ်သွားတယ်။ ခန္တီ မေတ္တာနဲ့ တုံ့ပြန်တဲ့ပုဂ္ဂိုလ်က နိုင်သူဖြစ်တယ်။ ဒေါသထွက်တဲ့ပုဂ္ဂိုလ်က ဘယ်လိုရှုံးတာလဲ၊ ခန္တီ မေတ္တာနဲ့ တုံ့ပြန်သူက ဘယ်လိုနိုင်တာလဲ။ ဓမ္မရှုထောင့်ကကြည့်လိုက်၊ ဒေါသနဲ့တုံ့ပြန်တဲ့ပုဂ္ဂိုလ်ဟာ နံပါတ်(၁) သူ့မှာ စိတ်နှလုံးပူလောင်ပြီးနေတယ်။ စိတ်နှလုံးပူလောင်လာတော့ နံပါတ်(၂) မပြောသင့်တဲ့စကားတွေ ဖရုသဝါစာ ကြမ်းတမ်းတဲ့စကားတွေနဲ့ ဝစီကံထိုက်လာတယ်။ နံပါတ်(၃) ဝစီကံထိုက်ရုံမကဘူး။ ဒေါသ မပြေနိုင်တဲ့အတွက် ကိုယ်ထိလက်ရောက် ကျူးလွန်မှုပြုလာတယ်။ အဲဒီတော့ တစ်ခုပြီးတစ်ခု သူဟာမှားလာခဲ့တယ်။ စိတ်နှလုံးပူလောင်တာက ပထမ၊ ကြမ်းတမ်းတဲ့စကား ပြောဆိုမိတာက ဒုတိယ၊ ကိုယ်ထိလက်ရောက် နှိပ်စက်ညှင်းပမ်းမိတာက တတိယလို့ဆိုတဲ့ အဆင့်အထိ ရောက်သွားတယ်။

အဲဒီလို ရောက်သွားတဲ့အတွက် စိတ်ဆိုးတယ်ဆိုကတည်းက အကုသိုလ်ရဲ့လွှမ်းမိုးမှု ဒီလူခံနေရပြီပေါ့။ အကုသိုလ်ခံနေရရုံမကဘူး၊ မနောကံအဆင့်

စာမျက်နှာ-၁၀
ကနေပြီး ဝစီကံအဆင့်ဆို ကျူးလွန်မှုတွေ လုပ်လာတယ်။ ဝစီကံအဆင့်ကနေပြီး ကာယကံကျူးလွန်မှုတွေ လုပ်လာတယ်။ သူလုပ်တဲ့လုပ်ရပ်တွေဟာ သံသရာမှာ နစ်မွန်းဖို့ပဲ။ နောက်ဆုံးမှာ ဒေါသသမားဟာ ဘယ်ရောက်သွားသလဲဆိုရင် ဆင်းရဲဒုက္ခတို့ရဲ့ စုပြုံကျရောက်ရာဖြစ်တဲ့ ငရဲဘုံကို ရောက်သွားတယ်။

ဓမ္မအမြင်နဲ့ ကြည့်ရင် သူက ရှုံးသွားပြီ၊ သေတော့ ငရဲဘုံရောက်တယ်။ လောကအမြင်နဲ့ ကြည့်ရင် သူက နိုင်လိုက်တယ်ပေါ့။ သို့သော် သူဟာ အရှုံးကြီးရှုံးသွားတာ၊ သူ့ရဲ့နှလုံးသားထဲမှာ ကုသိုလ်၊ မေတ္တာဆိုတာ မကျန်တော့ဘဲ ဒေါသရဲ့လွှမ်းမိုးမှုကြောင့် ဒီဘဝမှာလည်း ငြိမ်းချမ်းမှုတွေ သူ့မှာ ကင်းဝေးသွားတယ်။ နောက်ဘဝမှာလည်း လူ့ဘုံထက် နိမ့်ကျတဲ့ ဆင်းရဲဒုက္ခတွေ စုပြုံကျရောက်နေတဲ့ ငရဲဘုံကို ရောက်သွားတယ်။ ငရဲဘုံက လွတ်လာတဲ့အခါမှာလည်း အဲဒီဒေါသသမားဟာ အရုပ်ဆိုးအကျည်းတန်တဲ့ ဘဝကို ရောက်တယ်။ သံသရာမှာ တစ်သံသရာလုံး သူရှုံးတာ။ သူကလှချင်ပေမယ့်လို့ ဒေါသရဲ့အကျိုးကို ရထားသည့်အတွက်၊

စာမျက်နှာ-၁၁
ဒေါသကံတွေ ကျူးလွန်ထားသည့်အတွက် ဘယ်ဘဝရောက်ရောက် သူဟာ အရုပ်ဆိုးအကျည်းတန်တဲ့ ပုဂ္ဂိုလ်ဖြစ်နေတယ်။ အေး၊ ဒါကြောင့်မို့လို့ လောကအမြင်မှာ အနိုင်ရလိုက်တယ်လို့ ထင်ပေမယ့် ရှုံးသွားတဲ့ပုဂ္ဂိုလ်ပဲ၊ နိုင်သူမဟုတ်ဘူး သံသရာမှာ ရှုံးသူသာဖြစ်တယ်။

ကဲ တစ်ဘက်က မေတ္တာနဲ့ တုံ့ပြန်တဲ့ပုဂ္ဂိုလ်က လောကအမြင်နဲ့ ကြည့်မယ်ဆိုရင် ဒီလူ အရှုံးပေးလိုက်ရတာ ဘာမှပြန်မပြောရဲဘူး၊ ဘာမှပြန်မလုပ်ရဲဘူး၊ အားလုံးငုံ့ခံလိုက်ရတယ်၊ လောကမှာ အရှုံးသမားကြီးလို့ ဒီလိုမြင်ကြမှာ။ ဟော ဓမ္မရှုထောင့်ကကြည့်လိုက်ရင် သူဟာ မေတ္တာမပျက် ကိုယ့်ကိုယ်ကို ထိန်းထားနိုင်တဲ့အတွက်ကြောင့် ခန္တီဆိုတဲ့တရား နှလုံးသားထဲမှာ ကိန်းတယ်၊ မေတ္တာမပျက်ဘူး၊ မေတ္တာမပျက်သည့်အတွက် သူ့ရဲ့နှလုံးဟာ အေးချမ်းတယ်။ အေးချမ်းသည့်အတွက် နှုတ်ကနေ ဖရုသဝါစာဆိုတဲ့ ဝစီကံကို ကျူးလွန်မှုမလုပ်ဘူး။ ကာယကံကျူးလွန်မှုမလုပ်ဘူး။ စတင်ကတည်းက နှလုံးသားထဲမှာ အဆိုး

စာမျက်နှာ-၁၂
တရားတွေ ဝင်မလာဘဲ အကောင်းတရားတွေနဲ့ ရပ်တည်နေနိုင်တာဖြစ်တယ်။ အဲဒီလို ရပ်တည်နေနိုင်သည့်အတွက် လူတွေရဲ့အမြင်မှာ အရှုံးပေးလိုက်ရသူလို့ ထင်ရသော်လည်း တကယ်ကတော့ သူဟာ နိုင်လိုက်တာသာဖြစ်တယ်။

သံသရာမှာ ကြည့်မယ်ဆိုရင်လည်း ဒီပုဂ္ဂိုလ်ဟာ ဒေါသနဲ့မတုံ့ပြန်သည့်အတွက် သေသည်၏အခြားမဲ့ ကောင်းရာသုဂတိဘုံ ရောက်သွားတယ်။ ကောင်းရာသုဂတိဘုံ ရောက်ရုံမျှမက၊ ဖြစ်လေရာဘဝမှာ ရုပ်ဆင်းအင်္ဂါ လှပချောမောတယ်။ ဟော ဓမ္မရှုထောင့်ကကြည့်မယ်ဆိုရင် ဒီဘဝမှာလည်း သူဟာ နိုင်တာပဲ။ ဒေါသကြောင့် အရုပ်ဆိုးနေတဲ့ပုဂ္ဂိုလ်နဲ့ ခန္တီမေတ္တာကြောင့် ရုပ်လှနေတဲ့ပုဂ္ဂိုလ်ဟာ ယှဉ်လို့မရအောင် ကွာခြားတယ်။ အလှချင်းပြိုင်ရင် ဘယ်သူကနိုင်မလဲဆိုရင် မေတ္တာသမားက နိုင်မှာပေါ့။

အဲဒီတော့ သူတို့နှစ်ယောက်ဟာ သံသရာခရီးသွားတဲ့အခါ ဘယ်သူကနိုင်တာတုန်းဆိုတော့ ခန္တီ မေတ္တာသမားက နိုင်တာ။ ဒေါသသမားက ရှုံးသွားပြီ။

စာမျက်နှာ-၁၃
ဘဝတိုင်းမှာ ဒေါသသမားက နိမ့်ကျပြီးတော့ ခန္တီသမားက အဆင့်မြင့်တယ်။ အထက်တန်းကျတယ်။ ဒီလိုဆိုလိုတာနော်။ ဒါကြောင့် မြတ်စွာဘုရားက တစ်ကယ့်အောင်နိုင်တဲ့နည်းကို ပေးတာ။ “အကောဓေန ဇိနေ ကောဓံ” တဲ့ ဒေါသထွက်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို ခန္တီမေတ္တာနဲ့ပဲ အနိုင်ယူပါလို့ ပြောတာ။ ဒါမှန်ကန်တဲ့ အနိုင်ယူနည်းတစ်ခုဖြစ်တယ်။

ဒီလိုအနိုင်ယူတဲ့နေရာမှာ သိကြားမင်းကြီးဟာ စံပြုလောက်တဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ။ လူ့ဘဝမှာတုန်းက ခန္တီမေတ္တာကို အလေ့အကျင့်လုပ်တယ်။ မဃလုလင်ဘဝမှာ သူ့ကိုဘယ်လိုပဲ စော်ကားစော်ကား၊ သည်းခံခြင်း ခွင့်လွှတ်ခြင်းဆိုတဲ့ စိတ်သဘောထားနဲ့ပဲ သူကနေတယ်။ ဘယ်သူ့ကိုမှ ဒေါသနဲ့မတုံ့ပြန်ခဲ့ဘူး။ မဃဝတ္ထုဇာတ်လမ်းကို သိတဲ့ပုဂ္ဂိုလ်တိုင်း ဒါဟာ အင်မတန်မှ ထင်ရှားတယ်။

အေး ဒါ့အပြင် ဓမ္မပဒထဲမှာ ဝတ္ထုလေးတစ်ပုဒ်ရှိသေးတယ်၊ တစ်ခါတုန်းက ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ဟာ နတ်ပြည်မှာ နတ်စည်းစိမ်ခံစားနေတဲ့

စာမျက်နှာ-၁၄
ပုဂ္ဂိုလ်တွေထံ ဒေသစာရီ ကြွချီတော်မူတယ်။ ရှင်မဟာမောဂ္ဂလာန်ဟာ လူတွေကို Encourage လုပ်ချင်လို့၊ တိုက်တွန်းချင်လို့ နတ်ပြည်ကို ခရီးသွားတယ်။ ဘာကုသိုလ်လုပ်လို့ နတ်စည်းစိမ်ရတာလဲလို့ မေးမြန်းတယ်။ ခုခေတ်လိုတော့ အင်တာဗျူးလုပ်တာပေါ့။ အဲဒီလို အင်တာဗျူးလုပ်ပြီး ပြန်ဟောတာ၊ အဲဒါကို “ဝိမာနဝတ္ထု” လို့ခေါ်တယ်။ ဘယ်သူဖြင့် ဘယ်လိုကောင်းမှုလုပ်လို့ နတ်ပြည်မှာ နတ်စည်းစိမ်ခံစားနေရတယ်ဆိုတာ ပြန်ဟောတာ။

အေး.. အဲဒီလိုပဲ ငရဲဘုံ၊ ပြိတ္တာဘုံတို့ အပါယ်ဒုဂ္ဂတိဘုံတွေလည်းပဲ ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ် ကြွသွားပြီးတော့ ဘယ်လိုအကုသိုလ်တွေကြောင့် ဒီလိုဒုက္ခခံစားနေရတာလဲလို့ စုံစမ်းမေးမြန်းပြီး လူ့ပြည်မှာ ပြန်ဟောလေ့ရှိတယ်၊ ဒါဟာ ရှင်မဟာမောဂ္ဂလာန်ရဲ့ ထူးခြားတဲ့ သာသနာပြုနည်းတစ်ခုပေါ့။ အေး.. ဘယ်သူဖြင့် မကောင်းတာလုပ်လို့ ငရဲခံနေရတယ်။ သို့မဟုတ် ပြိတ္တာဘုံရောက်နေတယ်၊ ဆင်းရဲဒုက္ခတွေ ခံနေရတယ်၊ ဘယ်သူကဖြင့် ကောင်းတာတွေလုပ်လို့

စာမျက်နှာ-၁၅
နတ်ပြည် နတ်ဘုံမှာ စည်းစိမ်ချမ်းသာတွေ ခံစားနေရတယ်ဆိုတာတွေကို ရှင်မဟာမောဂ္ဂလာန်က ပြန်ဟောလေ့ရှိတယ်။

အဲဒီလိုပြန်ဟောတဲ့အထဲမှာ အမျိုးသမီးတစ်ဦး နတ်ပြည်မှာ နတ်သမီးဖြစ်နေတဲ့အကြောင်းပါတယ်။ သူမဟာ ဘုံဗိမာန်ကြီးနဲ့ စီစားနေတယ်၊ ဘုံဗိမာန်တံခါးဝ ရောက်သွားတဲ့အခါ အဲဒီဗိမာန်ရှင်က ထွက်လာပြီး ရှင်မဟာမောဂ္ဂလာန်ကို ရှိခိုးဦးချတယ်။ ထိုအခါမှာ “ဘာလုပ်ခဲ့လို့ ဒီလိုကြီးကျယ်ခမ်းနားလှတဲ့ ဘုံဗိမာန်ကြီးနဲ့ လှလှပပ စည်းစိမ်ချမ်းသာတွေကို ခံစားနိုင်တာလဲ၊ ဘယ်ကုသိုလ်လုပ်ခဲ့တာလဲ” လို့မေးတယ်။ အဲဒီနတ်သမီးက လျှောက်တယ်၊ “အရှင်ဘုရား ဒါန သီလ စတဲ့ကောင်းမှုတွေကို တပည့်တော်မ ဘာတစ်ခုမှ မလုပ်ခဲ့ဘူးဘုရား၊ တပည့်တော်လုပ်ခဲ့တာကတော့ တပည့်တော်ရဲ့ယောက်ျားက အတော်ဆိုးတယ်။ အမြဲတမ်း တပည့်တော်ကို အကြောင်းရှာပြီးတော့ ရိုက်နှက်၊ မာန်မဲ၊ ဆဲရေးပြီးတော့နေတာ၊ အဲဒီလိုနှိပ်စက်ပေမယ့်လို့ တပည့်တော် စိတ်ထဲက ဘယ်လိုထားသလဲ

စာမျက်နှာ-၁၆
ဆိုတော့ “အော် (အိန္ဒိယနိုင်ငံရဲ့ ဥပဒေအရ ငါ့ရဲ့ယောက်ျားဟာ ငါ့ကို အမှတ်တံဆိပ်ခတ်ပြီးတော့ ကျွန်မအဖြစ် ကြေညာလို့ရတယ်၊ သူလုပ်ချင်တာလုပ်လို့ရတယ်)” ဆိုပြီးတော့ တပည့်တော်ဟာ သူ့ကို သည်းခံခွင့်လွှတ်တယ်။ ဘယ်တော့မှ ဒေါသနဲ့မတုံ့ပြန်ခဲ့ဘူး။ သည်းခံနေခဲ့တယ်။ ဘယ်လောက်နှိပ်စက် နှိပ်စက်၊ အပြုံးမပျက် သည်းခံပြီး ခန္တီတရားနဲ့ နေခဲ့ပါတယ်။ တပည့်တော်လုပ်ခဲ့တဲ့ ကုသိုလ်က ဒါပဲဘုရား။ တခြား ဒါနကောင်းမှုတွေလည်း လုပ်ခဲ့တာမရှိဘူး၊ သီလလည်း လုပ်ခဲ့တာမရှိဘူး၊ “လင်ဆိုးမယား တစ်ပါးဖါး” ဆိုတဲ့အတိုင်း အင်မတန်ဆိုးတဲ့ ယောက်ျားရဲ့ နှိပ်စက်တာကို သည်းခံခွင့်လွှတ်ခြင်း၊ မေတ္တာဖြင့် တုံ့ပြန်ခဲ့ခြင်းအတွက်ကြောင့် တပည့်တော် ဒီစည်းစိမ်ရတာပါ” လို့ သူကိုယ်တိုင်က ပြန်ပြောပြတယ်။

ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ဟာ အခုလိုပဲ ဒေသစာရီ ကြွချီပြီး မေးမြန်းလေ့ရှိတယ်။ သူ့ရဲ့ သာသနာပြုလုပ်ငန်းဟာ အလွန်အောင်မြင်တယ်လို့ ပြောရမှာပေါ့။ အဲလို အလွန်အောင်မြင်သည့်အတွက်

စာမျက်နှာ-၁၇
ကြောင့် မခံနိုင်တဲ့ပုဂ္ဂိုလ်တွေက လူသတ်သမားတွေငှားပြီး ရှင်မဟာမောဂ္ဂလာန်ကို လုပ်ကြံသတ်ဖြတ်တဲ့ အဆင့်အထိ ရောက်သွားတာပေါ့။ တစ်ချို့ကတော့ ပြောကြလိမ့်မယ်။ ဒါ အတိတ်ကံကြောင့်လို့။ အတိတ်ကံကြောင့်ဆိုတာလည်း ဟုတ်တယ်။ သို့သော် အတိတ်ကံက ပစ္စုပ္ပန်လုပ်ရပ်ပေါ်မှာ မူတည်တယ်။ သူ့ရဲ့ သာသနာပြုလုပ်ငန်းဟာ အလွန်အောင်မြင်တယ်။ ဒီလိုအောင်မြင်လို့လည်း ဒီရှင်မဟာမောဂ္ဂလာန်ကိုတော့ ဖယ်ရှားပစ်မှဖြစ်မယ်ဆိုတဲ့ အတွေးဝင်လာတယ်။ သူ့ဘာသူ တရားကျင့်ပြီး သမာပတ်ချမ်းသာ ခံစားပြီး အေးအေးဆေးဆေးနေမယ်ဆိုရင် ဒီအဖြစ်ဆိုး မကြုံနိုင်ဘူးလို့ ဆိုနိုင်တာပေါ့။ သို့သော် ကံကြမ္မာရဲ့ အကျိုးပေးဖို့ ကြုံလာတယ်။ ဟောဒီလုပ်ရပ်ဟာ အကုသိုလ်ကံကို နိုးထလာစေတဲ့ လုပ်ရပ်တစ်ခုပဲပေါ့။ မုန်းတဲ့ပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ် ပိုမုန်းအောင်လုပ်ပေးသလို ဖြစ်သွားတယ်။

နောက်တစ်ခုက ရှင်မဟာမောဂ္ဂလာန်ဟာ သံဃာပရိသတ်ထဲမှာ သီတင်းသုံးနေမယ်ဆိုရင် ဒီလို

စာမျက်နှာ-၁၈
အဖြစ်ဆိုးနဲ့ ကြုံမှာမဟုတ်ဘူး။ ကာဠသိလာဆိုတဲ့ တောင်ကုန်းပေါ်မှာ တစ်ပါးတည်းနေတာကိုက ဒီလိုအဖြစ်ဆိုး ကြုံဖို့အတွက် ဖြစ်လာတာပေါ့။ ဒါတွေဟာလည်း ပစ္စုပ္ပန်အကြောင်းပဲ။ ဒီလိုအကြောင်းတရားတွေ စုပေါင်းညီညာ ဖြစ်လာတဲ့အခါ အတိတ်ကံ အကျိုးပေးဖို့ ကြုံလာရတယ်။ အတိတ်ကံသက်သက် အကျိုးပေးလို့မရဘူး၊ ပစ္စုပ္ပန်အခြေအနေပေးမှ ဖြစ်တာ၊ အခုလို ဒေသစာရီ ကြွချီပြီး တရားဟောတာဟာလည်း သာသနာပြုလုပ်ငန်း အောင်မြင်သည့်အတွက်ကြောင့် အခြားတစ်ဘက်က မခံမရပ်နိုင်ဖြစ်ပြီး ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကို အပြတ်ရှင်းချင်တဲ့ စိတ်တွေပေါ်လာတာ။

အေး.. ဒါကြောင့်မို့ ဒီနေရာမှာ ဘုန်းကြီးတို့ မြတ်စွာဘုရားက အကောဓေန ဇိနေ ကောဓံ။ ဒေါသမာန်ပွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဖြင့်သာ အနိုင်ယူပါ။

သိကြားမင်းကြီးက သည်းခံခွင့်လွှတ်မှု လူ့ဘဝတုန်းကလည်း ကျင့်ခဲ့တယ်။ နတ်ဘုရင်ဖြစ်တဲ့အခါမှာ

စာမျက်နှာ-၁၉
လည်း သည်းခံရတဲ့အချက်တွေ အများကြီး ကြုံတွေ့ခဲ့ရတယ်ပေါ့။ တာဝတိံသာနတ်ပြည်ရဲ့ ရှေးဦးစွာ ရောက်ရှိနေတဲ့ နတ်တွေကို အသုရလို့ခေါ်တယ်။ လူတွေအနေနဲ့ပြောရမယ်ဆိုရင် တစ်ချို့ကျွန်းနိုင်ငံတွေမှာ အဘောရိဂျီနီ (aborigine) မူလကျွန်းနေ လူရိုင်းမျိုးတွေရှိတယ်။ အဲဒီလိုပဲ တာဝတိံသာနတ်ပြည်မှာ မူလကရောက်နေတဲ့ ရှေးဟောင်းနတ်တွေရှိတယ်။ အဲဒီနတ်တွေကို အသုရလို့ခေါ်တယ်။ “ဒီကနေ့ခေတ်မှာ သြစတြေးလျနိုင်ငံကို ကြည့်ပေါ့။ အဘောရိဂျီနီတွေ မူလကျွန်းနေလူတွေရှိတယ်။ နောက် အမေရိကမှာလည်း Red Indian ဆိုတဲ့ လူတွေရှိတယ်။ မူလကျွန်းနေလူတွေပေါ့။ နောက်ရောက်လာတဲ့ပုဂ္ဂိုလ်တွေက တစ်ခြားနိုင်ငံက ပြောင်းလာကြတာ။ သီဟိုဠ်ကျွန်းမှာလည်း “အဲဒ” ဆိုတဲ့ အဘောရိဂျီနီ ကျွန်းနေလူတွေရှိတယ်။ အဲဒီလို ကျွန်းနေလူတွေ လူဟောင်းတွေရှိနေသလိုပဲ နတ်ပြည်မှာလည်း သိကြားမင်းကြီးတို့ ရောက်သွားတဲ့အခါမှာ အသုရဆိုတဲ့ နတ်တွေရှိနေတယ်။ နောက်ကျတော့ အသုရ

စာမျက်နှာ-၂၀
ဆိုတဲ့ နတ်တွေဟာ နတ်ဖြစ်ပေမယ့်လို့ သူတို့ဟာ အရက်အမြဲတမ်းသောက်တဲ့ နတ်တွေ၊ အရက်ကြိုက်တဲ့ နတ်တွေပေါ့။ သိကြားမင်းနဲ့အဖွဲ့ နောက်ထပ် ရောက်လာပြီဆိုတော့ သူတို့က နတ်သားအသစ်တွေ ရောက်လာလို့ အရက်နဲ့ဧည့်ခံကြတာ။ အဲဒီလို ဧည့်ခံတဲ့အခါမှာ သိကြားမင်းကြီးက သူနဲ့အတူဖြစ်တဲ့ နတ်တွေကို သတိပေးပြီး မသောက်ဖို့ပြောတယ်။ ဟိုနတ်တွေက သောက်နေကျအတိုင်း သောက်ကြတယ်။ အကုန်လုံး မူးယစ်သွားကြတယ်။ နောက်မှရောက်တဲ့နတ်တွေက မသောက်သည့်အတွက် မူးယစ်မှုမရှိဘူး။ အဲဒီလို မူးယစ်နေတဲ့ အသုရနတ်တွေကို သိကြားမင်းကြီးက ဒီနတ်တွေနဲ့အတူနေလို့ မဖြစ်ဘူးဆိုပြီး အဲဒီနတ်တွေကို ခြေထောက်နှစ်ချောင်းကိုင်ပြီး ပင်လယ်ထဲပစ်ချလိုက်ကြလို့ ပြောတာပဲ။ အဲဒီလို မြင့်မိုရ်တောင်ထိပ်က ပင်လယ်ထဲ ပစ်ချလိုက်တဲ့အခါ မြင့်မိုရ်တောင်ရဲ့ အောက်ခြေပိုင်းမှာ အသုရဘုံဆိုတာ ဖြစ်တယ်။

တာဝတိံသာနတ်ပြည်မှာ ပင်လယ်ကသစ်ပွင့်

စာမျက်နှာ-၂၁
တယ်၊ အသုရနတ်ပြည်မှာတော့ သခွပ်ပင်ပွင့်တယ်။ အသုရဘုံက နတ်တွေ အရက်မူးပြေလို့ ကြည့်လိုက်တဲ့အခါမှာ သူတို့ဘုံလို့ပဲထင်ကြတယ်။ သို့သော် သခွပ်ပင်ပွင့်တဲ့အခါ ခါတိုင်းပွင့်နေကျ ကသစ်ပင်မဟုတ်ပါလားဆိုတာ သူတို့သတိထားမိတယ်။ တာဝတိံသာနတ်ပြည်မှာ ကသစ်ပင်ပွင့်တာကိုး၊ သခွပ်ပင်ပွင့်လို့ မဟုတ်မှန်းသိတဲ့အခါ တို့တော့ လှည့်စားခံရပြီ၊ မောင်းထုတ်ခံရပြီလို့ မကျေမချမ်းနိုင်ပဲ တာဝတိံသာနတ်ပြည် တက်ပြီးစစ်တိုက်ကြသတဲ့။

ပရိတ်ကြီး (၁၁) သုတ်ထဲမှာ ဓဇဂ္ဂသုတ်ဆိုတာရှိတယ်။ သိကြားမင်းကြီးလည်း စစ်တိုက်ထွက်ရတယ်။ အသုရနတ်တွေ စစ်လာတိုက်တဲ့အခါမှာ တာဝတိံသာနတ်တွေ မကြောက်အောင် သိကြားမင်းကြီးက အားပေးစကားပြောတာကို စံနမူနာယူပြီး မြတ်စွာဘုရားက ဓဇဂ္ဂသုတ်ကိုဟောတာ။ ဓဇဂ္ဂဆိုတာ အောင်တံခွန် အလံများလို့ ဆိုလိုတယ်။

အဲဒီမှာ တစ်ခါက သိကြားမင်းကြီးက တာဝတိံသာနတ်ပြည်ကို ရောက်လာတဲ့ ဝေပစိတ္တိ အသူရမင်းကို
စာမျက်နှာ-၂၂
မြင်မြင်ချင်း ဖမ်းလိုက်တယ်၊ ဖမ်းတယ်ဆိုတာ စိတ်နဲ့ပဲ ဖမ်းလိုက်တာ၊ ဖမ်းလိုက်တဲ့အခါ ခြေနှစ်ဖက်၊ လက်နှစ်ဖက်၊ ဦးခေါင်း ချည်နှောင်ပြီးသား ဖြစ်သွားတယ်။ အဲဒီလိုချည်ထားပြီးတော့ ဝေပစိတ္တိအသုရကို သုဓမ္မာ နတ်သဘင်အဝင်အထွက်နေရာမှာ ချည်နှောင်ထားတယ်၊ ကိစ္စရှိလို့ သုဓမ္မနတ်သဘင် ဝင်လိုက်ထွက်လိုက် လုပ်တဲ့အခါ သိကြားမင်းကို မြင်တိုင်းမြင်တိုင်း အဲဒီ ဝေပစိတ္တိအသုရက ဆဲတယ်၊ ဘယ်လောက်ဆဲဆဲ။ သိကြားမင်းကြီးက မတုံ့ပြန်ဘူး။ မကြားချင်ယောင်ဘဲ ဆောင်တယ်။ နောက်ကလိုက်လာတဲ့ မာတလိနတ်သားက အားမလို အားမရ ဖြစ်တယ်။ “စော်စော်ကားကား ဒီလောက်ဆဲနေတာ ဘာလို့ မတုံ့ပြန်ရတာလဲ၊ မှတ်လောက်သားလောက်အောင် အပြစ်ပေးဖို့ကောင်းတယ်ပေါ့။ ဒီ ဝေပစိတ္တိအသုရကို အပြစ်ပေးဖို့ ကောင်းတယ် ပြောတော့၊ သိကြားမင်းကြီးက ဘာပြန်ပြောတာတုန်းဆိုရင် “အေး .. ငါ အခုသူ့ကို မတုံ့ပြန်ဘဲနေတာ အပြစ်ပေးနေတာပဲ၊ ဒီ အပြစ်ပေးနည်းက အလွန်ယဉ်ကျေးတဲ့ အပြစ်ပေးနည်းပဲ၊ သူ့ကို ငါပြန်မပြော
စာမျက်နှာ-၂၃
တာသည်ပင်လျှင် သူ့ကို ငါဆုံးမနေတာ”တဲ့။ အဲဒီလို ပြန်ပြောဘူးတယ်။ အဲဒီသုတ္တန်ဟာ သက္ကသံယုတ်မှာ ရှိတယ်။

ဒီနေရာမှာ မတုံ့ပြန်မှုနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားဟောထားတဲ့ သုတ္တန်တစ်ခုဟာ အလွန်မှတ်သားစရာကောင်းတယ်။ သံယုတ်ပါဠိတော်မှာ “အတ္တာသကဘာရဒွါဇသုတ်”ဆိုတာ ရှိတယ်။ ဗြာဟ္မဏတွေဟာ မြတ်စွာဘုရားကို ဆန့်ကျင်သူတွေ ဖြစ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယနိုင်ငံမှာ ဗြာဟ္မဏနှင့် သမဏဆိုတဲ့ ဘာသာရေးနှစ်ခု ရှိတယ်။ ပထမတုန်းက ဗြာဟ္မဏတွေ ဦးဆောင်ခဲ့တယ်။ နောက်ပိုင်းမှာ ဗြာဟ္မဏတွေက လောဘကြီးပြီး စီးပွားဥစ္စာအတွက် ကိုယ်ကျင့်တရားပျက်ပြားလာတဲ့အခါမှာ သမဏဆိုတဲ့ အုပ်စုတစ်စုပေါ်လာတယ်။ မြတ်စွာဘုရားဟာ သမဏအုပ်စုထဲပါတာပေါ့။ အဲဒါကြောင့် ဗြာဟ္မဏတွေက နောက်မှပေါ်လာတဲ့ သမဏတွေကို ကျေနပ်မှုမရှိကြဘူး။ မကျေနပ်ဘူးပေါ့။ အမြဲတမ်း အပြစ်မြင်နေတယ်။
စာမျက်နှာ-၂၄
တစ်နေ့တော့ ဗြာဟ္မဏတစ်ယောက် ဗုဒ္ဓဘာသာအဖြစ်ခံယူပြီး သမဏအဖြစ် ကူးပြောင်းသွားတယ်။ အဲဒီလို ကူးပြောင်းသွားတာကို မကျေနပ်တဲ့ သူ့ညီတစ်ယောက်က မြတ်စွာဘုရားကို ဆဲရေးတယ်။ တော်တော်မှ နစ်နစ်နာနာ ဆဲတာပေါ့။ အဲဒီလိုဆဲတာကို မြတ်စွာဘုရားက အပြုံးမပျက် နားထောင်နေတယ်။

မြတ်စွာဘုရားက ဥပမာလေးတစ်ခု ပြောပြတယ်။ “ငါဥပမာတစ်ခုပြောမယ်၊ မင်းတို့အိမ်ကို မိတ်ဆွေတွေလာတဲ့အခါမှာ မုန့်ပဲသွားရေစာနဲ့ ဧည့်မခံဘူးလား၊” ဧည့်ခံတယ်။ အဲဒီလိုဧည့်ခံတဲ့ဟာကို မိတ်ဆွေတွေက စားသုံးမသွားရင် အဲဒီ မုန့်ပဲသွားရေစာတွေ ဘယ်သူ့ဟာလည်း၊ သူမစားရင်တော့ ကိုယ့်ဟာပဲပေါ့။ “အေး .. အဲဒီအတိုင်းပဲ မင်းက ငါ့ကိုဆဲရေးခြင်းဖြင့် ဧည့်ခံတာကို ငါလက်မခံဘူး။ ဆဲတာတွေမှန်သမျှ မင်းဟာတွေပဲ”လို့ ပြောတယ်။

အဲဒီအဓိပ္ပါယ်က စဉ်းစားကြည့်ရင် အလွန်လေးနက်တာပေါ့။ လူတစ်ယောက်က ကိုယ့်လာဆဲလို့ ကိုယ်က ဒေါသနဲ့တုံ့ပြန်ရင် သူဆဲတာကို အသိအမှတ်
စာမျက်နှာ-၂၅
ပြုရာရောက်တယ်။ ဒေါသနဲ့မတုံ့ပြန်ဘဲ အမှတ်မထားဘဲ နေလိုက်တယ်။ ခန္တီမေတ္တာနဲ့ နေလိုက်တယ်ဆိုရင် သူဆဲတာကို အသိအမှတ်မပြုဘူး၊ လက်မခံဘူး။ စိတ်ဆိုးရင် လက်ခံခြင်းဖြစ်တယ်။ စိတ်မဆိုးဘူးဆိုရင် လက်မခံဘူး။ အဲဒါကြောင့်မို့ မြတ်စွာဘုရားက မင်းရဲ့ဆဲရေးမှုတွေကို တစ်ခုမှလက်မခံဘူးတဲ့။ “လက်မခံတဲ့ လက်ဆောင်”ပဲ။ ဒါကြောင့်မို့ ကိုယ့်ကိုလာဆဲတဲ့အခါ မတုံ့ပြန်ဘဲနေရင်၊ သူပေးလာတဲ့ လက်ဆောင်ကို လက်မခံတာပဲ ဖြစ်တယ်။ တုံ့ပြန်လိုက်မယ်ဆိုရင် သူပေးတဲ့ လက်ဆောင်ကို ကိုယ်ကလက်ခံရာရောက်သွားတယ်။ အဲဒီလိုရှင်းပြလိုက်တဲ့အခါ ပုဏ္ဏားက သဘောကျသွားပြီး သူ့ကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကူးပြောင်းပြီး ရဟန်းပြုသွားတယ်။ ။

ဒီနေရာမှာလည်း နိုင်လိုက်တာက ဘယ်သူလဲ။ ရှုံးလိုက်တာက ဘယ်သူလဲ၊ အနိုင်အရှုံးကို ကြည့်လို့ရတာပေါ့။ ဒါကြောင့် မြတ်စွာဘုရားရဲ့ နည်းစနစ်က “အနိုင်အရှုံး”ဆိုတဲ့နေရာမှာ ဓမ္မအမြင်နဲ့ကြည့်တာ သံသရာနဲ့ချီပြီး ကြည့်တာ။ တစ်ခဏလေးမှာ နိုင်လိုက်
စာမျက်နှာ-၂၆
သလို ထင်လိုက်ရပေမယ့် အရှုံးကြီးရှုံးသွားတယ်လို့ မှတ်ရမယ်။

ဒါကြောင့် ဒီဒေသနာတော်အရ တရားချစ်ခင်သူတော်စင် ပရိသတ်တို့ မိမိကိုယ်တိုင် ဒီလိုဒေါသထွက်စရာ၊ မိမိကို စော်ကားလာသူတွေ့ရင် အနိုင်ယူမှာလား။ အရှုံးပေးမှာလား၊ ဒေါသနဲ့တုံ့ပြန်လို့ရှိရင် အရှုံးပေးတာပဲ။ ခန္တီမေတ္တာနဲ့တုံ့ပြန်မှ အနိုင်ယူတာပဲလို့ လောကအမြင်နဲ့မတူတဲ့ ဓမ္မအမြင်မှာ “နိုင်သူနှင့် ရှုံးသူ” ဒီလိုကွဲပြားခြားနားတယ်။
မကောင်းသူကို အနိုင်ယူနည်း
ကဲနောက်တစ်ခု “အသာဓု သာဓုနာ ဇိနေ”တဲ့၊ လောကလူတွေဟာ လူတိုင်းအကောင်းချည်းလုပ်တာ မဟုတ်ဘူး၊ မကောင်းတာလည်း လုပ်ကြတယ်။ ကိုယ့်အပေါ်မကောင်းဘူး၊ သူ့အပေါ်မကောင်းဘူး၊ ဒီလူကဖြင့် သူ့အမေအပေါ်မကောင်းဘူး၊ အဖေအပေါ်မကောင်းဘူး။ ညီအစ်ကိုမောင်နှမတွေအပေါ်မှာ
စာမျက်နှာ-၂၇
မကောင်းဘူး။ မိတ်ဆွေသင်္ဂဟတွေအပေါ်မှာ မကောင်းဘူး။ အဲဒီမကောင်းတဲ့ အမူအရာတွေနဲ့ ဆက်ဆံတယ်။ မကောင်းတာတွေလုပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ်က ကောင်းတာလုပ်ပြီးတော့ နေရမယ်၊ သူ မကောင်းတာလုပ်တာမျိုးကို လိုက်ပြီးမတုရဘူး။ မကောင်းတာကို မကောင်းတာနဲ့မတုံ့ပြန်ရဘူး။ မကောင်းတာကို ကိုယ်ကကောင်းတာနဲ့ တုံ့ပြန်ရတယ်။ အဲဒီတော့ မကောင်းတာကို ကိုယ်ကမကောင်းတာနဲ့ တုံ့ပြန်မယ်ဆိုရင် ကိုယ်ကအနိုင်မရဘူး၊ ကိုယ်ပဲရှုံးတယ်။ အေး .. မကောင်းတာကို ကောင်းတာနဲ့တုံ့ပြန်မယ်ဆိုရင် ကိုယ်ကအနိုင်ရတယ်လို့ ပြောတာ။ မြတ်စွာဘုရားက “မကောင်းသူကို မိမိကိုယ်တိုင်က သူ့အပေါ်မှာကောင်းခြင်းဖြင့် ကိုယ်ကအနိုင်ယူပါ”တဲ့။ ။

အေး .. မကောင်းတဲ့ပုဂ္ဂိုလ်ကို ကိုယ်ကကောင်းလိုက်သဖြင့် အနိုင်ယူတယ်ဆိုတာ ကြည့်၊ မြတ်စွာဘုရားရှင်ဟာ ဒေဝဒတ်နဲ့ ဆက်ဆံတဲ့အခါမှာ အမြဲကောင်းတယ်။ ဒေဝဒတ်ကသာ ဘုရားအပေါ်
စာမျက်နှာ-၂၈
အမြဲတမ်းမကောင်းတာ၊ သံသရာကတည်းက မြတ်စွာဘုရားအပေါ် ကောင်းခဲ့တယ်လို့မရှိဘူး၊ အမြဲတမ်းဒုက္ခပေးနေတာ။ ဘုရားဖြစ်တဲ့ဘဝမှာလည်း ဘုရားအပေါ်ကောင်းတာမရှိဘူး။ မကောင်းတာတွေချည်းပဲ လုပ်တယ်။ အဲဒီလိုမြတ်စွာဘုရားအပေါ် အမြဲတမ်းမကောင်းပေမယ့်လို့ ဘုရားက ဒေဝဒတ်အပေါ်မှာ အမြဲတမ်းကောင်းခဲ့တယ်။ မကောင်းတာဘယ်တော့မှ မလုပ်ဘူး။

ကြည့်လေ၊ ဒေဝဒတ် သာသနာဘောင်ဝင်တယ်ဆိုရင် သင်္ကန်းဝတ်ပေးတယ်၊ တရားဓမ္မတွေဟောပေးတယ်၊ သမထကျင့်စဉ်တွေဟောပေးတယ်။ မြတ်စွာဘုရားထံမှ သင်ကြားပြီးတော့ ဒေဝဒတ်ဟာ ဈာန်အဘိညာဉ်တွေ ရသည်အထိ အောင်မြင်သွားတယ်။ ဘုရားက ဒေဝဒတ်အပေါ်ကောင်းတယ် ဆုံးမစရာရှိရင် ဆုံးမတယ်။ ဒေဝဒတ် မကောင်းတာကို မြတ်စွာဘုရားက ကောင်းတဲ့နည်းနဲ့ပဲ ဆက်ဆံတယ်။ အဲဒီတော့ ကြည့်လိုက်မယ်ဆိုရင် ဒေဝဒတ် သာသနာဘောင်ဝင်လာတဲ့ အချိန်ကစပြီး တဖြည်းဖြည်းနဲ့ မြတ်စွာဘုရား
စာမျက်နှာ-၂၉
ကို ဒုက္ခပေးလာလိုက်တာ၊ ဘုရားက သက်တော် ၇၂ နှစ်အရွယ် အကြီးအကျယ် ဒုက္ခပေးတာ။

ဘယ်လောက်ထိအောင် ဒုက္ခပေးသလဲဆိုရင် အဇာတသတ်နဲ့ပေါင်းပြီး လက်ဖြောင့်လေးသည်တော် လူသတ်သမားတွေ စေလွှတ်တယ်။ ဘုရားကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတယ်။ မအောင်မြင်ခဲ့ဘူး။ နောက်တစ်ခါ နာဠာဂီရိဆင်ကြီးကို အရက်တွေမူးနေအောင် တိုက်ပြီး ဘုရားကြွလာတဲ့လမ်းမှာ လွှတ်တယ်။ ဆင်ထိုးသတ်ခံရအောင် လုပ်တယ်။ ဒါလဲ မအောင်မြင်ခဲ့ဘူး။ နောက်ဆုံး ဒီလိုလုပ်ရပ်တွေမအောင်တဲ့အခါ သူကိုယ်တိုင် ဂိဇ္ဈကုဋ်တောင်စောင်းကနေ ကျောက်မောင်းဆင်ပြီး မြတ်စွာဘုရား စင်္ကြန်လျှောက်နေတဲ့အချိန်

ကျောက်တုန်းလိမ့်ချတာ၊ တစ်ခါတည်း လက်စသတ်သေအောင် ကြံတယ်။ အဲဒီအချိန်မှာ အပေါ်ကလိမ့်ဆင်းလာတဲ့ အင်မတန်ကြီးမားတဲ့ ကျောက်တုန်းက အလွန်ကြီးမားတဲ့ ကျောက်တုံးတစ်တုံးကို ဝင်တိုက်ပြီး ကျောက်ဖတ်ကလေးတစ်ခုဟာ မြတ်စွာဘုရားရဲ့ ခြေမကို သွားမှန်တာပေါ့။
စာမျက်နှာ-၃၀
အဲဒီအချိန်မှာ မြတ်စွာဘုရားဟာ ကာယိကဒုက္ခ နာကျင်တဲ့ဆင်းရဲဒုက္ခကို ခံစားရတယ်၊ လမ်းမလျှောက်နိုင်ဘူး။ သံဃာတော်အရှင်မြတ်တွေက ရောက်လာကြတယ်၊ ထမ်းစင်နဲ့ထမ်းပြီး ဇီဝကရဲ့ သရက်ဥယျာဉ်ကျောင်းကို ပင့်ခေါ်သွားရတယ်။ အဲဒီအခြေအနေမျိုး ရောက်အောင် ဒေဝဒတ်ဟာ မြတ်စွာဘုရားအပေါ် ဆိုးခဲ့တယ်။ သို့သော် မြတ်စွာဘုရားက ဒေဝဒတ်အပေါ် အမြဲတမ်းကောင်းခဲ့တယ်၊ ဆုံးမစရာရှိရင် ဆုံးမတယ်။ သတိပေးစရာရှိရင် သတိပေးတယ်။

နောက်ဆုံးကျတော့ ဒေဝဒတ်ဟာ သူ့ရဲ့မှားတာတွေကို သိလာတယ်။ မြတ်စွာဘုရားရဲ့ ကောင်းတာတွေကို အာရုံပြုပြီး “ငါကသာ ဆိုးတာ၊ ဘုရားက ငါ့အပေါ် အင်မတန်ကောင်းတယ်။”

နောက်ဆုံး ဒေဝဒတ်ကြီးဟာ မကျန်းမမာဖြစ်လာတယ်။ ဘယ်အခါမှာ မကျန်းမမာဖြစ်လာသလဲဆိုတော့ သံဃာသင်းခွဲပြီး ရဟန်း ၅၀၀ ခေါ်သွားတယ်၊ ခေါ်သွားတဲ့အခါ မြတ်စွာဘုရားက “ဒီလိုဓမ္မန့်မကျွမ်းကျင်တဲ့ ကိုယ်တော်လေးတွေ ဒုက္ခရောက်လိမ့်မယ်။ သာရိ
စာမျက်နှာ-၃၁
ပုတ္တရာနဲ့ မောဂ္ဂလာန်တို့ လိုက်သွားပြီး ဒီကိုယ်တော်လေးတွေ ဖြောင်းဖြနားချပြီး ပြန်ခေါ်လာကြ”လို့ လွှတ်လိုက်တယ်။ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်တို့ ကြွလာတဲ့အခါမှာ ဒေဝဒတ်က ဝမ်းသာတယ်။ “ကြည့် ငါ့လမ်းစဉ်မှန်လို့ ဂေါတမဘုရားရဲ့ တပည့်ကြီး နှစ်ပါးတောင် ငါ့နောက်လိုက်လာပြီ”လို့၊ အဲလိုထင်ပြီး ရှင်သာရိပုတ္တရာကို လက်ယာရံက ထားတယ်၊ ရှင်မောဂ္ဂလာန်ကို လက်ဝဲဘက်ကထားပြီးတော့ သံဃာတွေကို တရားဟောတယ်။

ဒေဝဒတ် အနားယူအိပ်စက်နေတဲ့ အချိန် ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်တို့က တရားဟောကြတယ်။ ဟိုကိုယ်တော်လေးတွေ အမှန်တရားသိပြီး နောက်ဆုံးမှာ တရားထူးတရားမြတ်ရကြတယ်။ အဲဒီပုဂ္ဂိုလ်တွေကို အကုန်လုံး ပြန်ခေါ်လာခဲ့ကြတယ်။ ဒေဝဒတ်တစ်ဦးထဲ ကျန်ရစ်တယ်။ အဲဒီအချိန်ကျမှ သူဟာ စိတ်နှလုံးပူလောင်သွားတယ်။ သူ့မှာ နောက်လိုက်နောက်ပါ မရှိတော့ဘူး။ စိတ်နှလုံးပူလောင်သည့်အတွက် နှလုံးထဲက သွေးတွေဟာ လျှံပြီး သွေးအန်တဲ့
စာမျက်နှာ-၃၂
အနေအထားရောက်သွားတယ်။

အဲဒီလို သွေးအံပြီး မမာမကျန်းဖြစ်တဲ့အခါ သူစဉ်းစားတယ်၊ “အော် မြတ်စွာဘုရားက ငါ့အပေါ် သိပ်ကောင်းတယ်၊ လုပ်ခဲ့သမျှ ငါက အဆိုးတွေချည်း လုပ်ခဲ့တာ”လို့ နောင်တရလာတယ်။ မြတ်စွာဘုရားကို ဝန်ချချင်တယ်၊ နောက်ဆုံးတွေ့ချင်ပါတယ်ဆိုပြီးတော့ အတင်းအကြပ်ပို့ခိုင်းလို့ မြတ်စွာဘုရား သီတင်းသုံးတဲ့ ဇေတဝန်ကျောင်းကို ထမ်းစင်ကြီးနဲ့ထမ်းပြီး သူ့ကို ခေါ်လာခဲ့ရတယ်။ နောက်ဆုံး ဇေတဝန်ကျောင်းနားက ဇေတဝန်ရေကန်ကြီးကို အနီးအနားမှာ ထမ်းစင်ချပြီး ခဏအပန်းဖြေဖို့ ခြေထောက်ချ မြေကြီးပေါ်နင်းလိုက်တဲ့အချိန်မှာ မြေကြီးကျုံ့ပြီးတော့ ဒေဝဒတ်ဟာ မြေမျိုသွားတာ။ ဘာဖြစ်လို့လဲဆိုရင် သူလုပ်ထားတဲ့လုပ်ရပ်တွေနဲ့ မြတ်စွာဘုရားကို ပြန်တွေ့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ သို့သော် သူဟာ အဲဒီအချိန်မှာ မိုက်မှားတဲ့ နောင်တကိုတော့ သူရထားပြီ၊ သူဆိုးပေမယ့် ဘုရားက မဆိုးဘူးဆိုတာ သိတယ်။

ကဲ ဒီအဖြစ်အပျက်ကြည့် ပထမပိုင်းမှာ ဒေဝဒတ်
စာမျက်နှာ-၃၃
က အနိုင်ရနေသလိုရှိတယ်၊ ဘုရားကို ဒုက္ခအမျိုးမျိုးပေးနေတယ်။ မြတ်စွာဘုရားက ဒေဝဒတ်ကို အကောင်းနဲ့သာ တုံ့ပြန်တယ်၊ အဆိုးနဲ့မတုံ့ပြန်ဘူး ဒါကြောင့်မို့ လောကအမြင်နဲ့ကြည့်မယ်ဆိုရင် မြတ်စွာဘုရားက ရှုံးနေသလိုရှိတယ်။ သို့သော် နောက်ဆုံးမှာ အနိုင်ရလိုက်တာက မြတ်စွာဘုရား ရှုံးသွားတာက ဒေဝဒတ်။ နောက်ဆုံးမှာ ဒေဝဒတ်ဟာ သံသရာမှာ ဘယ်လောက်ထိအောင် ရှုံးသွားသလဲဆိုရင် လက်ရှိဘဝမှာ မြေမျိုခြင်းဖြင့် အဆုံးသတ်ရတယ်။ အဝီစိငရဲမှာ မြတ်စွာဘုရားကို စော်ကားခဲ့တဲ့ အပြစ်ဒဏ်တွေကို ခံနေရတာ။ တစ်ကမ္ဘာပတ်လုံး။ ဘဒ္ဒကမ္ဘာကုန်ဆုံးသည်အထိအောင် ငရဲမှာခံရမှာဖြစ်တယ်။ အဲဒါကြောင့်မို့ ဒေဝဒတ်ဟာ တကယ်ရှုံးသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက မကောင်းတဲ့ပုဂ္ဂိုလ်ကို မကောင်းတာနဲ့မတုံ့ပြန်နဲ့ ကောင်းတာနဲ့တုံ့ပြန်ပြီး အနိုင်ယူပါလို့ ဒီလိုဟောတာ။
စာမျက်နှာ-၃၄

မစ္ဆရိယသမားကို အနိုင်ယူနည်း
နောက်တစ်ခုက “ဇိနေ ကဒရိယံ ဒါနေန”တဲ့။ နှမြောတဲ့ပုဂ္ဂိုလ်ကို မိမိက ပေးကမ်းစွန့်ကြဲခြင်းဖြင့် အနိုင်ယူပါတဲ့။

နှမြောတဲ့ပုဂ္ဂိုလ်နဲ့ စွန့်ကြဲပေးကမ်းတတ်တဲ့ပုဂ္ဂိုလ်၊ ဘယ်သူက နိုင်လို့ ဘယ်သူရှုံးတာလဲ အနိုင်အရှုံး တွက်ကြည့်ရမယ်။ ဒီနေရာမှာ ကဒရိယဆိုတဲ့ စကားလုံးဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ ကဒရိယဆိုတာ ထဒ္ဓမစ္ဆရီ တစ်ကယ့်ကို ပြင်းထန်တဲ့မစ္ဆရိယ ကြီးမားတဲ့ပုဂ္ဂိုလ်ကို ခေါ်တာ။ အေး .. မစ္ဆရိယနဲ့ ကဒရိယ ဘယ်လိုကွာသလဲဆိုရင် နှမြောဝန်တိုတတ်တဲ့ မစ္ဆရိယပုဂ္ဂိုလ်ဟာ ကိုယ့်ပစ္စည်းသာ ကိုယ်နှမြောတာ လှူမယ်တန်းမယ်မဟုတ်ဘူး။ ရလာတဲ့အခွင့်အရေးကို ကိုယ်သာခံစားချင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုး။ ကဒရိယ ကျတော့ အဲလိုမဟုတ်ဘူး။ ကိုယ့်ဟာလည်း မတူဘူး။ သူများလှူလို့ရှိရင်လည်း တားမြစ်တယ်။ မစ္ဆရိယစိတ်ရှိတဲ့ ပုဂ္ဂိုလ်က ကိုယ်ကိုယ်တိုင်သာ မလှူတာ၊ သူများလှူတာ
စာမျက်နှာ-၃၅
ကို မပြောဘူး။ ကဒရိယဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ အဲလိုမဟုတ်ဘူး၊ သူများလှူတာကိုလည်း မလှူရအောင် ဟန့်တားတတ်တဲ့ပုဂ္ဂိုလ်။ သူက ပိုပြင်းထန်တယ်။ အဲဒီလို ပိုပြင်းထန်တဲ့ မစ္ဆရိယစိတ်ရှိတဲ့ပုဂ္ဂိုလ်ကို ပေးကမ်းစွန့်ကြဲခြင်းဖြင့်သာလျှင် သူ့ကိုအနိုင်ရနိုင်တယ်လို့ အနိုင်ယူနည်းကို မြတ်စွာဘုရားက ဟောတယ်။ ဒါက ပစ္စုပ္ပန်ဘဝ အနိုင်ရပုံပဲ။

သံသရာမှာ အနိုင်ရပုံကို ကြည့်မယ်ဆိုရင် နှမြောဝန်တိုနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘာမှမလှူဘူး။ ဘာမှမလှူသည့်အတွက် သံသရာမှာ လူဖြစ်ရင် ဘယ်တော့မှ ပြည့်ပြည့်စုံစုံမရဘူးတဲ့၊ ဆင်းရဲမွဲတေတဲ့လူ ဖြစ်ရတယ်။ ဒါနကောင်းမှုပြုတဲ့ ပုဂ္ဂိုလ်ကျတော့ အစစအရာရာ ပြည့်စုံတယ်။ ဒါနရှိတဲ့လူနဲ့ မရှိတဲ့လူ ဘဝသံသရာမှာ ခရီးသွားတဲ့အခါ အလွန်ပဲကွာခြားတယ်။ အဲဒါကို ကြည့်မယ်ဆိုလို့ရှိရင် ဒါနမရှိတဲ့ ပုဂ္ဂိုလ်ဟာ အရှုံးသမားပဲ။ ဒါနရှိတဲ့ပုဂ္ဂိုလ်ဟာ အနိုင်ရတဲ့
စာမျက်နှာ-၃၆
ပုဂ္ဂိုလ်ပဲ။

ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါ ကာလတုန်းက သူငယ်ချင်း ရဟန်းတော်နှစ်ပါးရှိတယ်။ သုမနသုတ္တန်မှာလာတဲ့ သူငယ်ချင်းရဟန်းနှစ်ပါး တစ်ပါးက ဝိပဿနာတရားအားထုတ်တယ်၊ ဒါနကောင်းမှုလုပ်စရာမလိုဘူး။ ဝိပဿနာအကျင့်ပဲ ကျင့်မယ်လို့ဆိုတယ်။ တစ်ပါးကတော့ အေး ဘုန်းကြီးဆိုပေမယ့်လို့ ဒါနကောင်းမှုဆိုတာ လုပ်သင့်တယ်။ သာရကိဃဝတ်ဆိုတာ ဖြည့်သင့်တယ်လို့ ယူဆပြီး ကိုယ်ရလာတဲ့ဆွမ်းသင်္ကန်းကို သီတင်းသုံးဖော်တွေကို မျှဝေလှူဒါန်းတယ်။ ဟိုတစ်ပါးကတော့ ဘယ်သူ့ကိုမှ လှူစရာမလိုဘူး၊ တရားကျင့်ဖို့က အဓိကတဲ့။ ခုခေတ်လိုဆို ဒါနက သံသရာရှည်တယ်လို့ ပြောတာဖြစ်ချင်ဖြစ်မယ်။ လှူစရာမလိုဘူးဆိုပြီး မလှူဘဲနေတဲ့ပုဂ္ဂိုလ်။ သူငယ်ချင်း ၂-ပါး၊ တစ်ပါးနဲ့တစ်ပါး အမြင်မတူကြဘူး။

အဲတော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီး သံသရာခရီးကို သွားကြရတယ်။ အဲဒီကဿပမြတ်စွာဘုရား လက်ထက်က ရဟန်း ၂-ပါး ပျံလွန်တော်မူကြတဲ့အခါ နတ်ပြည်သွားဖြစ်တယ်၊ ဝိပဿနာအကျင့်သာကျင့်ပြီး
စာမျက်နှာ-၃၇
ဘာမှမလှူတဲ့ ပုဂ္ဂိုလ်က နတ်ပင်ဖြစ်လင့်ကစား ဟိုပုဂ္ဂိုလ်ရဲ့ အဆင့်အတန်းကို မမှီဘူး။ ဒါနကုသိုလ်ကောင်းမှုရှိတဲ့ ကိုယ်တော်က ဖြစ်လာတဲ့နတ်က အသက်လည်းပိုရှည်တယ်။ အဆင်းလည်းပိုလှတယ်။ ချမ်းသာသုခလည်း ပိုကြီးတယ်။ ခွန်အားဗလလည်း ပိုကြီးတယ်၊ အစိုးရမှုလည်း ပိုကြီးတယ်။ နတ်၌ဖြစ်သော အဆင်း၊ အသံ၊ အနံ့၊ အရသာတွေကလည်း ဟိုပုဂ္ဂိုလ်ထက်သာတယ်။ ဒါနကောင်းမှု မလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်က အစစအရာရာ နိမ့်ကျတယ်။ အော် အဲဒီမှာတင် ဒါနမရှိသူက ရှုံးသွားပြန်ပြီ၊ သံသရာမှာ သူဟာ အရှုံးနဲ့တွေ့ရပြန်ပြီး -

နတ်ပြည်ကနေပြီး လူ့ပြည်ရောက်တဲ့အခါမှာ ဒါနကောင်းမှုပြုခဲ့တဲ့ပုဂ္ဂိုလ်က ဘုရင့်ရဲ့သား လာဖြစ်တယ်။ ဒါနကောင်းမှုမပြုခဲ့တဲ့ ကိုယ်တော်က အထိမ်းတော်ရဲ့သား လာဖြစ်တယ်။ ဒီမှာလည်း ရှုံးသွားပြန်ပြီ။ အဲဒီလို အနိုင်အရှုံးဆိုတာ ကောင်းတာလုပ်တာနဲ့ မကောင်းတာလုပ်တာ၊ ဒါနရှိတာနဲ့ မရှိတာ၊ နိုင်သူနဲ့ ရှုံးသူ။ ဒီပစ္စုပ္ပန်ဘဝမှာတင် မဟုတ်ဘူး။ သံသရာမှာပဲ
စာမျက်နှာ-၃၈
ကြည့်လိုက်မယ်၊ ဒါနကောင်းမှု မရှိတဲ့ပုဂ္ဂိုလ်ဟာ ရှုံးနေတယ်။ ဒါနရှိတဲ့ ပုဂ္ဂိုလ်ဟာ အနိုင်ရနေတယ်။ ဒီလိုအနိုင်အရှုံးဆိုတာ တွက်လို့ရတယ်ပေါ့။
လူလိမ်ကို အနိုင်ယူနည်း
နောက်တစ်ခုက “သစ္စေနာလိကဝါဒိနံ”တဲ့။ “အလိကဝါဒီ”ဆိုတာ ဘယ်တော့မှ မှန်မှန်မပြောဘူး။ မဟုတ်တာ မမှန်တာကို အမြဲပြောနေတဲ့ ပုဂ္ဂိုလ်မျိုးကို သစ္စေန-မိမိက မှန်တာကိုသာ ပြောခြင်းဖြင့် အနိုင်ယူပါတဲ့။

ဆိုလိုတာက လိမ်တတ်တဲ့သူကို မလိမ်ဘဲနဲ့ ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန် ပြောခြင်းဖြင့် အနိုင်ယူရမယ်။ ဒါ ပစ္စုပ္ပန်ဘဝမှာ အနိုင်ယူပုံကိုပြောတာ ဘယ်လောက်လိမ်လိမ် ကိုယ်က မှန်တာကိုပဲ ပြောတယ်။ မှန်တာပြောလို့ မှန်တာပြောတဲ့သူ ဒုက္ခရောက်ချင်ရောက်သွားမယ်၊ လိမ်ပြောတဲ့သူက အထက်တန်းရောက်ချင်ရောက်သွားမယ်ပေါ့။ လောကီလူတွေရဲ့
စာမျက်နှာ-၃၉
အမြင်ကို ကြည့်မယ်ဆိုရင် မလိမ်လို့ နေရာတကာ မှန်မှန်ကန်ကန်ပြောလို့ ဒီလူဒုက္ခရောက်တာ၊ မကြီးပွားတာလို့ ပြောမယ်။ ဟိုလူကတော့ လိမ်ပြီးတော့ ပစ္စုပ္ပန်ဘဝမှာ ကြီးပွားတိုးတက်နေတာလည်း ရှိနိုင်တာပေါ့။

အဲဒီတော့ အနိုင်အရှုံးဟာ လိမ်တဲ့ပုဂ္ဂိုလ်က နိုင်သယောင်ရှိတယ်။ မှန်မှန်ပြောတဲ့ပုဂ္ဂိုလ်က အရှုံးသမားဖြစ်နေတယ်။ သို့သော် သံသရာနဲ့ကြည့်လိုက်မယ် ဓမ္မအမြင်နဲ့ကြည့်လိုက်မယ်ဆိုရင် လိမ်တဲ့ပုဂ္ဂိုလ်သည် ဘယ်လောက်ထိအောင် နိမ့်ကျသွားလဲဆိုတာ မြတ်စွာဘုရားက ဟောထားတယ်။ `ဧကံ ဓမ္မံ အတီတဿ၊ မုသာဝါဒိဿ ဇန္တနော။ ဝိတိဏ္ဏ ပရလောကဿ၊ နတ္ထိ ပါပံ အကာရိယံ။` မှန်ကန်စွာ ပြောဆိုမှု ဝစီသစ္စာတရားတစ်ခုကို ကျော်လွန်ပြီး လိမ်ညာပြောဆိုတတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သူမလုပ်တဲ့ အကုသိုလ်ဆိုတာ မရှိဘူးတဲ့။

အဲဒီတော့ လူတစ်ယောက်ရဲ့ သန္တာန်မှာ အကုသိုလ်မျိုးစုံဝင်နေတယ်။ အကုသိုလ်တွေ ဝင်လာတယ်ဆိုကတည်းက ဒီပုဂ္ဂိုလ်ဟာ ဆုတ်ယုတ်ဖို့ပဲ။ မှန်မှန်
စာမျက်နှာ-၄၀
ကန်ကန်ပြောတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အကုသိုလ်ဘယ်တော့မှ မလုပ်ဘူးဆိုတဲ့ အဓိပ္ပါယ်ရတယ်။ အေး .. ဒါကြောင့် အကုသိုလ်ရဲ့ လွှမ်းမိုးမှုခံရတဲ့ ပုဂ္ဂိုလ်ဟာ အကုသိုလ်ဟာ ဘယ်ကိုပို့သလဲဆိုရင် “ယေကေစိ အကုသလာ ဓမ္မာ၊ သဗ္ဗေ တေ အဓောဘာဂဂါမိနိယာ” အကုသိုလ်မှန်သမျှဟာ အောက်ဆွဲချတာပဲ။ ကုသိုလ်မှန်သမျှဟာ အထက်ကို မတင်တယ်။

အကုသိုလ်တွေ လွှမ်းမိုးနှိပ်စက်မှု ခံရတဲ့ လိမ်လည်တတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ သန္တာန်မှာ အကုသိုလ်တွေ လွှမ်းမိုးနေသည့်အတွက်ကြောင့် ထိုပုဂ္ဂိုလ်ဟာ ကြည့်လိုက်မယ်ဆိုရင် အောက်တန်း

နောက်တန်းကျတဲ့ ဘဝမျိုးနဲ့ သံသရာမှာ ကျင်လည်ရမယ်။ သူက အရှုံးသမားဖြစ်နေတယ်။ မှန်ကန်စွာ ပြောတတ်တဲ့လူတစ်ယောက်ရဲ့ သန္တာန်မှာ အကုသိုလ်ဆိုတဲ့ အညစ်အကြေးတွေ ကင်းစင်တဲ့အတွက် ဒီဘဝမှာ သူဟာ ရှုံးသလိုလို ကြုံရသော်လည်းပဲ သံသရာမှာ သူက အဆင့်မြင့်သထက်မြင့်လာတယ်။
စာမျက်နှာ-၄၁
ဘာနဲ့ဥပမာတူလဲဆိုရင် နီတိကျမ်းတွေမှာ ပြောတယ်။ “တွင်းတူးတဲ့လူနဲ့ တံတိုင်းစီတဲ့လူ”တဲ့။ တွင်းတူးတဲ့သူဆိုတာ တွင်းနက်လေ အောက်ရောက်သွားလေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပထမ စတူးခါစ မြေကြီးပေါ်မှာ ထိုင်တူးမှာပေါ့။ တွင်းနက်သွားရင် တွင်းထဲဆင်းတူးရတာ၊ သူက တဖြည်းဖြည်း နိမ့်ကျသွားတယ်။ တံတိုင်းစီတဲ့လူက အဲဒီလိုမဟုတ်ဘူး။ တံတိုင်းမြင့်လာလေ လူကလည်း အထပ်မြင့်လာတယ်။ အဲဒီလိုပဲ လိမ်တတ်တဲ့ပုဂ္ဂိုလ်ဟာ အကုသိုလ်ရဲ့ လွှမ်းမိုးမှုကြောင့် နိမ့်ကျသွားတယ်။ တွင်းတူးတဲ့ပုဂ္ဂိုလ်နဲ့ အလားတူတယ်။

မှန်ကန်တဲ့ စကားကိုဆိုတဲ့သူဟာ တဖြည်းဖြည်း မြင့်တက်လာတယ်။ မှန်ကန်တဲ့စကားတွေဆိုမှုကို အကြောင်းပြုပြီး သူ့ရဲ့သန္တာန်မှာ ကုသိုလ်တွေ တဖြည်းဖြည်းမြင့်တက်လာတယ်။ ဒါကြောင့် သံသရာနဲ့ကြည့်မယ်ဆိုရင် ဓမ္မရှုထောင့်က ကြည့်မယ်ဆိုရင် လိမ်တဲ့လူဟာ အရှုံးသမားဖြစ်ပြီး မှန်ကန်စွာပြောဆိုတဲ့ ပုဂ္ဂိုလ်က အနိုင်ရတယ်ပေါ့။
စာမျက်နှာ-၄၂
ဒါကြောင့် တရားချစ်ခင်သူတော်စင်ပရိတ်သတ်တို့ လောကအမြင်နဲ့ “နိုင်သူနှင့် ရှုံးသူ”ဟာ ပုံစံတစ်မျိုးနဲ့ မြင်ရမှာဖြစ်သော်လည်း ဓမ္မအမြင်နဲ့ကြည့်မှ တကယ့်နိုင်သူအစစ်နဲ့ ရှုံးသူအစစ်ကို မြင်ကြရမှာ။ တို့တတွေဟာ နိုင်သူဘက်ကနေမလား၊ ရှုံးသူဘက်ကနေမလား။ သို့မဟုတ် တို့တတွေဟာ ဘယ်နည်းနဲ့ အနိုင်ယူမလဲဆိုတာကိုလည်းပဲ ဗုဒ္ဓမြတ်စွာဟောကြားတဲ့ ဒေသနာတော်အရ မှတ်သားသင့်တယ်။ မှတ်သားပြီးတော့ မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ လက်တွေ့ကျင့်သုံးဖို့ လိုအပ်တယ်။ လက်တွေ့ကျင့်သုံးခြင်းဖြင့် ဘုန်းကြီးတို့တတွေဟာ သံသရာမှာ အရှုံးသမားများမဖြစ်ဘဲ အနိုင်ရသူများဖြစ်အောင် ကြိုးစားအားထုတ်ရမယ်။

ဒါကြောင့် တရားချစ်ခင်သူတော်စင်ပရိသတ်တို့သည် ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ ...

“အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓု သာဓုနာ ဇိနေ။”
“ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိကဝါဒိနံ။” ဟူသော ဒေသနာတော်
စာမျက်နှာ-၄၃
ကို ဦးထိပ်ထားပြီး သံသရာဘဝမှာ အနိုင်ရတဲ့ပုဂ္ဂိုလ်တွေသာ ဖြစ်ကြပါစေကုန်သတည်း။

သာဓု ----- သာဓု ------- သာဓု။ l4xkmxh2xtgrm7u49gqlepvor03jx5h ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း 0 6425 22230 2026-06-20T04:43:34Z Tejinda 173 "{{header | title = ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | sect..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22230 wikitext text/x-wiki {{header | title = ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[နိုင်သူနှင့် ရှုံးသူ]] | previous2 = | next = [[]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁

ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း
ဓမ္မဒါန သာသနာတော်နှစ် - ၂၅၅၅ ခုနှစ်
ကောဇာသက္ကရာဇ် - ၁၃၇၃ ခုနှစ်
ခရစ်နှစ် - ၂၀၁၁ ခုနှစ်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။ တရားအလှူသည် အခြားအလှူကို အောင်၏။ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း တရားစာအုပ်ကို ဓမ္မဗျူဟာသာသနမာမကအဖွဲ့၊ လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မစာပေသင်တန်းကျောင်း၏ ဝိသုဒ္ဒိမဂ်၊ အဘိဓမ္မာ (ဂုဏ်ထူးဆောင်) နှင့် အဘိဓမ္မာ (ရိုးရိုး) စာအုပ်စု၊ ၂-ကြိမ်မြောက် ထုနှင်းပွဲ ကျေးဇူးရှပ်ပူဇော်ပွဲ အထိမ်းအမှတ် “အမတဒါန၊ ဓမ္မဒါနအဖြစ်” ထုတ်ဝေဓမ္မဒါနပြုပါသည်။
စာမျက်နှာ-၂

အပိုင်း (၁)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တပေါင်းလဆန်း ၄-ရက်၊ ခရစ်နှစ်-၂၀၁၅ ဖေဖေါ်ဝါရီလ ၁၆-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

အကြောင်းတရားနှင့် စပ်လျဉ်းပြီး ဗုဒ္ဓမြတ်စွာက “ပဋိစ္စ - သမုပ္ပါဒ်” ဆိုတဲ့ ဒေသနာတော်ကို ဟောကြားတော်မူခဲ့တယ်။ ထိုပဋိစ္စသမုပ္ပါဒ်ဒေသနာထက် ပိုမိုကျယ်ဝန်းတဲ့ “ပဋ္ဌာန” ဆိုတဲ့ “အနန္တနယသမန္တပဋ္ဌာန်းကျမ်းကြီး” ကိုလည်းပဲ ဟောကြားတော်မူခဲ့တယ်။

ပဋိစ္စသမုပ္ပါဒ်ရော ပဋ္ဌာန်းပါ အလွန်အမင်း နက်နဲပြီးတော့ ခက်ခဲလှတဲ့ ကျမ်းကြီးနှစ်ကျမ်းလို့ အများသိကြတယ်။ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်တွေဟာ အကြောင်းတရားနဲ့ အကျိုးတရားပေါ်မှာ အခြေခံဟောတာဖြစ်လို့ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မကို လေ့လာတဲ့အခါမှာ ဒီဒေသနာတော်နှစ်ရပ်ရဲ့ အရေးပါမှုဟာ အလွန်တရာမှ ထင်ရှားတယ်။

အကြောင်းအကျိုး ဒေသနာတော် ၃-ရပ်

ပဋ္ဌာန်းကို လိုက်မယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ်နဲ့ ချုံရမှာ ဖြစ်တယ်။ ပဋိစ္စသမုပ္ပါဒ်ကို ထပ်ချဲ့ချင်ရင်တော့ သစ္စာလေးပါးနဲ့ တွဲရမှာ ဖြစ်တယ်။

အကြောင်းနဲ့ အကျိုးကို အကျဉ်းဆုံးဟောကြားတာကတော့ သစ္စာလေးပါးပဲ။ အကြောင်းနှစ်မျိုး အကျိုးနှစ်မျိုး၊ ပဝတ္တိ, နိဝတ္တိ လို့ သစ္စာနှစ်မျိုး ခွဲနိုင်တယ်။ သံသရာထဲမှာ ဆက်လက်ဖြစ်ပေါ်နေတာက ပဝတ္တိ၊ ဆက်လက်ဖြစ်ပေါ်မှုကနေ ရပ်ဆိုင်းသွားတာက နိဝတ္တိ။

သစ္စာလေးပါးကို ပဝတ္တိနဲ့ နိဝတ္တိ နှစ်မျိုးခွဲရင် ဒုက္ခသစ္စာနဲ့ ဒုက္ခသမုဒယသစ္စာဆိုတာ ပဝတ္တိသစ္စာပဲ။ သံသရာထဲမှာ ဒုက္ခသမုဒယက ထုတ်လုပ်လို့ ဒုက္ခတွေ ဆက်လက်ပြီးတော့ ဖြစ်ပေါ်နေတယ်လို့ ဒုက္ခနဲ့ ဒုက္ခသမုဒယ - အကျိုးတရားနဲ့ အကြောင်းတရားတစ်စုံကို မြတ်စွာဘုရားဟောကြားတော်မူတယ်။
စာမျက်နှာ-၃
ထိုသံသရာထဲကထွက်တဲ့ နိဝတ္တိသစ္စာအဖြစ် နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာ နှစ်မျိုးကို ဟောတယ်။ မဂ္ဂသစ္စာကို ကျင့်သုံးခြင်းဖြင့် နိရောဓကို ဆိုက်ရောက်နိုင်တယ်၊ သံသရာဝဋ်ဒုက္ခ လုံးဝအဆုံးသတ်သွားတယ်။

အဲဒီ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို ချဲ့ထွင်ပြီး ဟောတဲ့အခါမှာ ပဋိစ္စသမုပ္ပါဒ် အနုလောမဒေသနာတော်ကို မြတ်စွာဘုရားဟောကြားခဲ့တယ်။ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာကို ချဲ့ထွင်ပြီးဟောတဲ့အခါမှာ ပဋိစ္စသမုပ္ပါဒ် ပဋိလောမဒေသနာအဖြစ် ဟောတယ်။ ဒါ့ကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်အနုလောမဒေသနာနှင့် ပဋိလောမဒေသနာနှစ်ရပ်ဟာ သစ္စာလေးပါးကို ချဲ့ဖွင့်ထားတာ ဖြစ်တယ်လို့ သိရမယ်။

ထိုပဋိစ္စသမုပ္ပါဒ်ကို ပြည့်ပြည့်စုံစုံဖြစ်ဖို့ ပဋ္ဌာန်းဒေသနာတော်မြတ်နဲ့ မြတ်စွာဘုရားက ထပ်ပြီးတော့ ရှင်းတယ်။
နည်းနှစ်မျိုးအထူး
အကြောင်းတရားကို ဟောကြားလို့ ထူးခြားတဲ့ ဒီဒေသနာတော်နှစ်ရပ်ဟာ ဘယ်ပုံဘယ်နည်း ထူးခြားမှုရှိသလဲဆိုတာ အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို ရေးတဲ့ အရှင်အနုရုဒ္ဓါက ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပဋ္ဌာန်းနည်း ဒီနည်းနှစ်ခုရဲ့ ခြားနားချက်ကို အတိုဆုံး စကားလုံးလေးနဲ့ ပြောထားတာ ရှိတယ်။ “တတ္ထ ဘာဝီဘာဝါကာရမတ္တာပလက္ခိတော ပဋိစ္စသမုပ္ပါဒနယော” တဲ့။ “ဒီအကြောင်းတရားတွေ ရှိနေသည့်အတွက်ကြောင့် အကျိုးတရား ရှိလာရတယ်” ဆိုတဲ့ ဒီအချက် (ဘာ့ကြောင့်ရှိလာရတယ်, ဘယ်လိုစွမ်းရည်သတ္တိတွေကြောင့် ရှိလာရတယ်ဆိုတဲ့ ဓမ္မရဲ့သတ္တိတွေကို ဖော်မပြဘဲနဲ့ ဒီအကြောင်းရှိလို့ ဒီအကျိုးတွေ ရှိနေရတယ်ဆိုတာ) ကို ဖော်ပြတာဟာ ပဋိစ္စသမုပ္ပါဒ်နည်းပဲတဲ့။
စာမျက်နှာ-၄
ပဋ္ဌာန်းနည်းကျတော့ အဲဒီလို မဟုတ်ဘူး၊ အကြောင်းတရားကိုလည်း ဖော်ပြတယ်၊ အကျိုးတရားကိုလည်း ဖော်ပြတယ်၊ အကြောင်းတရားရဲ့ စွမ်းဆောင်မှုသတ္တိကိုလည်း ဖော်ပြတယ်။ အကြောင်းရယ်၊ အကျိုးရယ်၊ အကြောင်းရဲ့သတ္တိရယ်ဆိုပြီး သုံးမျိုးဖော်ပြတယ်။ ပဋိစ္စသမုပ္ပါဒ်မှာတော့ အကြောင်းတရားနဲ့ အကျိုးတရား နှစ်မျိုးကိုသာ ဖော်ပြပြီး အကြောင်းတရားရဲ့ စွမ်းရည်သတ္တိကို ဖော်ပြမထားဘူး။
အခက်လေးပါး
ဒီလို ဖော်ပြမထားပေမယ့်လို့ ပဋိစ္စသမုပ္ပါဒ်ဒေသနာရဲ့ နက်နဲမှုဟာ အင်မတန်မှ ကြီးမားတယ်။ ပဋိစ္စသမုပ္ပါဒ်အကြောင်းကို ရှင်းပြဖို့ဆိုတာ အလွန်တရာခက်တယ်လို့ အခက်လေးမျိုးထဲမှာ အဋ္ဌကထာကျမ်းပြုဆရာကြီးက မှတ်တမ်းတင်ထားတယ်။

* လောကမှာ သစ္စာလေးပါးကို နားလည်အောင် ရှင်းလင်းပြောကြားဖို့ ခက်တယ်။
* သင်္ခါရတရားတွေကို သတ္တဝါလို့ ထင်နေသည့်အတွက်ကြောင့် ဒီသင်္ခါရတရားတွေရဲ့ သတ္တသုညဖြစ်ပုံ, သတ္တဆိုတဲ့ သဘာဝမပါဘဲနဲ့ သင်္ခါရသက်သက်လို့ - သတ္တဝါနဲ့ ဆက်စပ်ပြီး နားလည်အောင် ရှင်းပြဖို့ဆိုတာ အင်မတန်မှ ခက်တယ်။
* တစ်ဘဝက စုတေသွားလို့ နောက်ဘဝရောက်တယ်ဆိုတဲ့ ဘဝနှစ်ခုဆက်စပ်မှုကို ပြုတဲ့ ပဋိသန္ဓေအကြောင်းကို ရှင်းပြဖို့လည်း အလွန်ခက်တယ်။
* နောက်တစ်ခု အခက်ကတော့ ဒီ ပဋိစ္စသမုပ္ပါဒ်ပဲ။
စာမျက်နှာ-၅

ရှင်မဟာဗုဒ္ဓဃောသ၏ ဝန်ခံချက်
ပဋိစ္စသမုပ္ပါဒ်ဟာ ရှင်းပြဖို့လည်း အလွန်ခက်တယ်၊ နားလည်ဖို့လည်း အလွန်ခက်တယ်၊ ရှင်းရှင်းလင်းလင်းကြီး သိမြင်ဖို့လည်း အလွန်ခက်တယ်။ ဒါကြောင့်မို့ ရှင်မဟာဗုဒ္ဓဃောသက ပဋိစ္စသမုပ္ပါဒ်အခန်းကို ဖွင့်တဲ့အခါမှာ “ပင်လယ်ကြီးထဲမှာ ထောက်တည်ရာ မရသလို အင်မတန်နက်ရှိုင်းလှတဲ့ ပဋိစ္စသမုပ္ပါဒ်ကို သူ ကုန်စင်အောင် မသိနိုင်သည့်အတွက်ကြောင့် သူ့မှာ ထောက်တည်ရာ မရခဲ့ပါဘူး” တဲ့၊ “အလွန်ခဲယဉ်းပါတယ်” လို့ တိတိလင်းလင်း ဝန်ခံထားတာ။

“သို့သော်လည်း ရှေးဆရာတွေရဲ့နည်းကို အမှီပြုပြီးတော့သာ ဟောဒီပဋိစ္စသမုပ္ပါဒ်ကို သူ ရဲရဲကြီး ဖွင့်ဆိုနိုင်ခဲ့တာပါ။ သူ့ရဲ့စွမ်းရည်သတ္တိသက်သက်နဲ့ဆို ပဋိစ္စသမုပ္ပါဒ်ကို ပီပီပြင်ပြင်ဖွင့်ဆိုလို့ မဖြစ်နိုင်ဘူး။ အင်မတန်နက်တဲ့ ပင်လယ်ကြီးထဲမှာ ရေငုပ်တဲ့ ကရိယာတန်ဆာပလာ မပါဘဲနဲ့ ပင်လယ်ကြမ်းပြင်ထိအောင် ငုပ်ဆင်းဖို့ဆိုတာ မဖြစ်နိုင်သလိုဘဲ ရှင်မဟာဗုဒ္ဓဃောသလည်း ရေငုပ်အဆင်တန်ဆာနဲ့ အလားသဏ္ဌာန်တူတဲ့ ရှေးဟောင်းအဋ္ဌကထာကြီးများမှာ ဖွင့်ဆိုထားတဲ့ နည်းစနစ်တွေကိုမရဘဲနဲ့ ဒီပဋိစ္စသမုပ္ပါဒ်ကျမ်းကြီးကို ဖွင့်နိုင်မှာမဟုတ်ပါဘူး” တဲ့ - ပဋိစ္စသမုပ္ပါဒ်ကို ဖွင့်တဲ့အခါ ရှင်မဟာဗုဒ္ဓဃောသက ရေးထားတယ်။
ရှင်အာနန္ဒမထေရ်မြတ်၏ အထင်
ပဋိစ္စသမုပ္ပါဒ်ရဲ့ နက်နဲမှုဟာ အင်မတန်မှ ကြီးမားတယ်။ တစ်ခါတုန်းက ရှင်အာနန္ဒာမထေရ်မြတ်က နက်နဲခက်ခဲတယ်ဆိုတဲ့
စာမျက်နှာ-၆
ပဋိစ္စသမုပ္ပါဒ်ကို သူ့ရဲ့ဉာဏ်ထဲမှာ လွယ်ကူနေသယောင် ရှိတယ်လို့ မြတ်စွာဘုရားရှေ့မှာ ပြောမိလို့ မြတ်စွာဘုရားက ချက်ချင်းပဲ ရှင်အာနန္ဒကို ဆုံးမဩဝါဒပေးတယ်။ “အာနန္ဒ - ပဋိစ္စသမုပ္ပါဒ် လွယ်တယ်ဆိုရင် ကိုယ်ပိုင်ဉာဏ်နဲ့ သိပြီးတော့ ဘုရားဖြစ်မှာပေါ့” တဲ့။ တကယ်က ဘုရားဟောထားတာကို ကြည့်ပြီးတော့ လွယ်တယ်လို့ ထင်နေရတာ၊ ကိုယ်ပိုင်ဉာဏ်နဲ့ သိတာ မဟုတ်ဘူး။
အကြောင်းအကျိုးအမှန်ကို မသိခြင်းကြောင့်သာ
အကြောင်းအကျိုးအမှန်ကို မသိသည့်အတွက်ကြောင့် သတ္တဝါတွေဟာ သံသရာထဲက မလွတ်နိုင်ကြတာ၊ ဘာသာတရားတွေ အမျိုးမျိုး ပေါ်ထွန်းနေတာဟာလည်း ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ အကြောင်းတရားနဲ့ အကျိုးတရားကို မသိလို့ပဲ။ အကြောင်းတရား၊ အကျိုးတရားကို အမှန်အတိုင်းသိမယ်ဆိုရင် ဘာသာအယူအဆတွေ ကွဲပြားနေစရာ ဘာမှ အကြောင်းမရှိဘူး။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်တွေထဲမှာ ပဋိစ္စသမုပ္ပါဒ်ဟာ အလွန်အရေးပါတယ်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟာ ဘုရားအဖြစ်သို့ ရောက်ပြီးတဲ့နောက်မှာ ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင်သုံးသပ်သလို ပဋိစ္စသမုပ္ပါဒ်ကိုလည်း ဆင်ခြင်သုံးသပ်တယ်။ အနုလုံ၊ ပဋိလုံ ဆင်ခြင်သုံးသပ်တဲ့အခါ သဘာဝတရားတွေထဲမှာ “ပဋိစ္စသမုပ္ပါဒ်နဲ့ နိဗ္ဗာန်” ဟာ အလွန့်အလွန် မြင်နိုင်ခဲတဲ့တရားတွေ, သတ္တဝါတွေ သဘောကျလောက်အောင် ရှင်းပြဖို့လည်း အလွန်ခက်တဲ့တရားတွေလို့ ဆင်ခြင်သုံးသပ်တယ်။
စာမျက်နှာ-၇
မြတ်စွာဘုရားသခင်ရဲ့စိတ်ထဲမှာ သတ္တဝါတွေရဲ့ အနေအထား, တရားတော်ရဲ့ နက်နဲခက်ခဲမှု- ဒီနှစ်ခု နှိုင်းယှဉ်လိုက်တဲ့အခါ အလွန့်အလွန် အလှမ်းကွာနေတာ သိရလို့... ဒီတရားတွေကို ရှင်းပြရင် ငါပဲ ပင်ပန်းရုံရှိမှာပဲလို့ - မြတ်စွာဘုရားဟာ ရုတ်တရက် အလှမ်းကွာလွန်းအားကြီးတာနဲ့ တရားဟောဖို့ရန် ဝန်လေးသွားတဲ့သဘောလေး ဖြစ်ပေါ်လာတယ်။ အဲဒီအချိန်မှာ သဟမ္ပတိဗြဟ္မာကြီးပေါ်လာပြီး တောင်းပန်တယ်။ ဒါ ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်သုံးသပ်ပြီးတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ စိတ်ဓာတ်၊ ပဋိစ္စသမုပ္ပါဒ်ကို နားမလည်ရင် သံသရာရဲ့ထွက်ပေါက် ရဖို့ရာ အလွန်ခဲယဉ်းတယ်။

မြတ်စွာဘုရားလက်ထက်တော်အခါကာလတုန်းက ဘုရားမပွင့်ခင်ကတည်းက ဘာသာတရားတွေကို ဦးဆောင်ကြံစည်ပြီး ဟောပြောနေတဲ့ပုဂ္ဂိုလ်တွေဟာ သမထကျင့်စဉ် အောင်မြင်ပေါက်မြောက်ကြပေမယ့်လို့ သူတို့မှာ အတ္တဆိုတဲ့အစွဲလေး ကျန်နေသေးတယ်။ အတ္တဆိုတဲ့အစွဲ၊ ထာဝရမြဲတယ်ဆိုတဲ့အယူအဆတစ်ခုကို မကျော်လွှားနိုင်ဘဲ ရှိနေကြတယ်။ ဘာဖြစ်လို့လဲဆိုရင် ပဋိစ္စသမုပ္ပါဒ်ကို မသိလို့ပဲ။ အကြောင်းအကျိုးကို ဆင်ခြင်သုံးသပ်နိုင်တဲ့ ပညာရပ် မရှိသည့်အတွက်ကြောင့် သမာဓိအစွမ်းတန်ခိုးတွေ ဘယ်လောက်ထက်အောင်ကျင့်ကျင့် နောက်ဆုံးအတ္တအစွဲလေးကို ကျော်လွှားသွားခြင်းငှာ မစွမ်းနိုင်ကြဘူးတဲ့၊ အကြောင်းနဲ့ အကျိုး ဆင်ခြင်သုံးသပ်မှုက မပြည့်စုံကြဘူး။

မြတ်စွာဘုရားဟာ ကိုယ်ပိုင်ဉာဏ်နဲ့ ဝိပဿနာကျင့်စဉ်တစ်ခုကို တွေ့ရှိပြီး ဒီပဋိစ္စသမုပ္ပါဒ်အကြောင်းတရားတွေကို လေ့လာ
စာမျက်နှာ-၈
ဆန်းစစ်ရင်းနဲ့ အမှန်တရားကို သိရှိပြီးတော့ ဘုရားအဖြစ်သို့ ရောက်သွားတယ်။

သမထကျင့်စဉ်က မြတ်စွာဘုရားကိုယ်တိုင် တီထွင်ပြီးတော့ ဟောကြားရတာ မဟုတ်ဘူး။ ဝိပဿနာကျင့်စဉ်, ပဋိစ္စသမုပ္ပါဒ်အပါအဝင် အကြောင်းအကျိုးကို ဆင်ခြင်နိုင်တဲ့ ဒီအသိဉာဏ်မျိုးကျတော့ မြတ်စွာဘုရားဟာ ဓမ္မစကြာထဲမှာပါတဲ့အတိုင်း “ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု” ဘယ်သူ့ထံကမှ မကြားဖူးဘူး၊ ဘယ်သူ့ထံကမှ သင်လာခဲ့တာမဟုတ်တဲ့ အသိဉာဏ်ထူးတွေ ရလာတယ်လို့ ဒီလိုဟောတယ်။ ဘယ်ဆရာထံကမှ မကြားဖူးတဲ့ အကြောင်း, ကျိုး ဆက်နွယ်ပြီးဖြစ်တဲ့ ဒီပဋိစ္စသမုပ္ပါဒ်ဒေသနာဟာ မြတ်စွာဘုရားဟောတဲ့ တရားတော်တွေထဲမှာ အလွန့်အလွန် အရေးပါလှတယ်။
အခက်နှစ်ခုကို ယှဉ်တွဲလေ့လာသုံးသပ်ခြင်း
အဲဒီပဋိစ္စသမုပ္ပါဒ်ကို အလွန်တရာခက်ခဲတဲ့ ပဋ္ဌာန်းနည်းနဲ့ ယှဉ်တွဲပြီးတော့ လေ့လာမယ်ဆိုလို့ရှိရင် အလွန်စိတ်ဝင်စားစရာကောင်းမှာပဲ။ အဋ္ဌကထာဆရာကြီးတွေ ဖွင့်သွားပြီးသား ဖြစ်သည့်အတွက်ကြောင့် ဘုန်းကြီးတို့တစ်တွေဟာ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ဖို့အတွက် သိပ်အလွန်တရာကြီး ခက်ခဲစရာတော့ မရှိပါဘူး။ နားလည်နိုင်တဲ့ အနေအထားမျိုး ရောက်သွားနိုင်တယ်။ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် အင်မတန်နက်တဲ့ ပင်လယ်ထဲမှာ ဒီအတိုင်းငုပ်ရင်သာ ခက်တာကိုး၊ ရေငုပ်ဝတ်စုံ တစ်ခုခုအကူအညီနဲ့ ငုပ်မယ်ဆိုရင်တော့ အဲဒီလောက် ခက်ခဲစရာအကြောင်းမရှိဘူးလို့ ဒီလို ပြောရမယ်။
စာမျက်နှာ-၉
အရှင်အနုရုဒ္ဓါက အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပဋ္ဌာန်းနည်းကို သီးခြားစီ ရေးခဲ့တယ်။ သို့သော် နိဗ္ဗာန်ရောက်ကြောင်းတရား ဝိသုဒ္ဓိမဂ်ကျမ်းကို ဖွင့်ဆိုတဲ့ ရှင်မဟာဗုဒ္ဓဃောသက ပဋိစ္စသမုပ္ပါဒ်နည်းကို ပဋ္ဌာန်းနည်းနဲ့ ရောပြီးတော့ ဖွင့်ပြသွားတယ်။

အဲဒါကြောင့်မို့ ဘုန်းကြီးတို့တစ်တွေ ဝိသုဒ္ဓိမဂ်ကျမ်းကြီးကို အခြေခံလိုက်မယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်လို့ ရသွားနိုင်ပါတယ်။

အဲဒီတော့ လေ့လာသုံးသပ်လို့ရမယ်ဆိုတဲ့နေရာမှာ ရှေးဦးစွာ ပဋ္ဌာန်းဒေသနာတော်ကို မလေ့လာခင် ပဋိစ္စသမုပ္ပါဒ်မှာ အသုံးပြုထားတဲ့တရား တစ်ဆယ့်နှစ်ခု - အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာမရဏ တို့ရဲ့ အဓိပ္ပါယ်လေးတွေကို ရှေးဦးစွာ နားလည်ထားဖို့ လိုအပ်တယ်။

ပဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့လည်း ၂၄-ပစ္စည်းဆိုင်ရာ ပစ္စည်းတရား, ပစ္စယုပ္ပန်တရား, ပစ္စယသတ္တိဆိုတဲ့ ဒီအချက်သုံးချက်ကို အခြေခံအားဖြင့် လေ့လာထားဖို့ လိုအပ်တယ်။ အဲဒီလို လေ့လာထားပြီဆိုရင် ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ကြည့်လို့ အလွန်ကြီး ခက်ခဲတော့မှာ မဟုတ်ပါဘူး၊ နားလည်သဘောပေါက်နိုင်ပါတယ်။

ဒီကနေ့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” လို့ဆိုတဲ့ အပိုဒ်လေးတစ်ပိုဒ်ပဲ ပြောကြရအောင်။ ဒါမပြောခင် ရှေးဦးစွာ “ပဋိစ္စသမုပ္ပါဒ” ဆိုတာ ဘာလဲ?
စာမျက်နှာ-၁၀

ပဋိစ္စသမုပ္ပါဒ ဟူသည်
“ပဋိစ္စသမုပ္ပါဒ” မှာ “သမုပ္ပါဒ” က “ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရား” လို့ အဓိပ္ပါယ်ရတယ်။ “ပဋိစ္စ” က “အခြားအကြောင်းတစ်ခုကို အမှီပြုပြီး” လို့ အဓိပ္ပါယ်ရတယ်။ “အမှီပြုပြီး အကျိုးတရားကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရား”။ ပဋိစ္စသမုပ္ပါဒကို *dependent origination* လို့ အင်္ဂလိပ်လို ပြန်လေ့ရှိတယ်။ ပဋိစ္စကို *dependent* လို့ပြန်ပြီးတော့ သမုပ္ပါဒကို *origination* လို့ ပြန်လို့ရှိရင် ဖြစ်ပေါ်စေခြင်းဆိုတဲ့ အဓိပ္ပါယ်ပဲ ရတယ်။

အမှန်ကတော့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ အကြောင်းတရားကို ရည်ညွှန်းတာ။ အဲဒီအကြောင်းတရားသည် အခြားအကြောင်းတစ်ခုကို အမှီပြုတယ်။ ဒီစကားလုံးလေးကို ကြည့်လိုက်ရင် တခြားအကြောင်းတစ်ခုကို အမှီပြုရတယ်ဆိုကတည်းက သူဟာ မူလအကြောင်း မဟုတ်ဘူးဆိုတဲ့အဓိပ္ပါယ် ပေါ်တယ်ပေါ့။ ဒီအကြောင်းတရားကိုယ်တိုင်က အခြားအကြောင်းတစ်ခုကို အမှီပြုရသည့်အတွက်ကြောင့် သူကိုယ်တိုင်က အကျိုးတရားလို့ပဲ ပြောရမှာပဲ။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာဟောတဲ့ တရားဓမ္မတွေထဲမှာ “အကြောင်းမဲ့ အကြောင်း” ဆိုတာ မရှိဘူး၊ “မူလအကြောင်း” ဆိုတာလည်း မရှိဘူး၊ “အကြောင်းနဲ့ အကျိုးဟာ အပြန်အလှန်ဆက်သွယ်နေတယ်” ဆိုတာသာ ရှိတယ်။

ဆိုပါစို့ - အိန္ဒိယ philosophy တွေထဲမှာ *Sankhya philosophy* ဆိုတာ ရှိတယ်၊ အဲဒါ မြန်မာလိုတော့ တချို့က
စာမျက်နှာ-၁၁
သံခ်ယာဝါဒလို့ ခေါ်ကြတာပေါ့။ သို့သော်လည်း အိန္ဒိယစကားလုံး *Sankhya philosophy* မှာ မူလအကြောင်းတစ်ခု ရှာထားတယ်။ အဲဒီမူလအကြောင်းကို “ပကတိ” လို့ ခေါ်တယ်။ အဲဒီ ပကတိဆိုတဲ့ မူလအကြောင်းဟာ သူ့ဘာသာနေလို့ရှိရင် နိစ္စထာဝရပဲ။ *Purusha* (ပုရုသျှ) ဆိုတဲ့ အရာတစ်ခုနဲ့ ပေါင်းလိုက်တဲ့အခါ သူဟာ လှုပ်ရှားလာတယ်၊ လှုပ်ရှားလာပြီးတော့ နောက် သတ္တဝါအဖြစ် သံသရာထဲမှာ လည်တယ်လို့ အချက်ပေါင်း ၂၅-ချက် ထည့်သွင်းပြီး သတ္တဝါတွေရဲ့ အစကို ရှာပြထားတဲ့ *philosophy* တစ်ခု။ အဲဒီ *philosophy* မှာ ပကတိဆိုတာ ပထမဆုံးအကြောင်းတရား၊ မူလအကြောင်းတရား ဖြစ်တယ်လို့ ပြောတယ်။

နောက်တစ်ခါ *Kanada* (ကဏာဒ) ဆိုတဲ့ အယူအဆရေးရာတွေးခေါ်သူ၊ ခုခေတ်လိုပြောရင်တော့ *philosopher* ပေါ့။ သူကလည်း အဏုမြူလေးဟာ နိစ္စထာဝရတဲ့၊ အင်မတန်သေးငယ်တဲ့ မြူမှုန့်လေးတစ်ခု၊ အဲဒီမြူမှုန့်လေးဟာ နောက်တစ်ခုနဲ့ ပေါင်းစပ်သွားလို့ရှိရင် အသက်ဝင်လှုပ်ရှားလာတယ်လို့ ပြောတယ်။ အဲဒီ ပထမအသေးဆုံးမြူမှုန့်လေးက ဘယ်တော့မှ ပျက်စီးသွားတာ မရှိဘူး၊ အဲဒါကြောင့်မို့ နိစ္စဆိုတဲ့ သဘောတရားကို သူတို့ကျော်လွှားပြီး မသွားနိုင်ကြဘူး။

အဲဒီ အယူအဆအတွေးအခေါ်တွေအရ မူလအကြောင်းဆိုတာ ရှိသော်လည်း ဗုဒ္ဓရဲ့ ဒေသနာတော်အရ မူလအကြောင်းဆိုတာ မရှိဘူး။ မြတ်စွာဘုရားက “အဝိဇ္ဇာ” ကို ပထမထား ဟောထားတာဟာ မူလအကြောင်းဖြစ်လို့ ဟောတာမဟုတ်ဘူး၊
စာမျက်နှာ-၁၂
အဓိကအကြောင်းဖြစ်လို့ စတင်ရှင်းတဲ့သဘောပဲ။ အဝိဇ္ဇာရဲ့ အကြောင်းဆိုတာ ရှိသေးတယ်။ “အာသဝသမုဒယာ အဝိဇ္ဇာ သမုဒယော” “အာသဝလို့ဆိုတဲ့ ကာမာသဝ, ဘဝါသဝ, ဒိဋ္ဌာသဝ, အဝိဇ္ဇာသဝဆိုတဲ့ သဘာဝတရားတွေ စီးဝင်လာလို့ အဝိဇ္ဇာ ဖြစ်ရတယ်” လို့ ဒီလိုဟောတော့ အဝိဇ္ဇာဟာ အကြောင်းမဲ့အကြောင်း (*causeless cause*) မဟုတ်ဘူး၊ မူလအကြောင်း (*root cause*) လည်း မဟုတ်ဘူး၊ အဝိဇ္ဇာမှာလည်း အကြောင်းရှိတယ်။ အဲဒီအဓိပ္ပါယ်ကို ရှင်းလင်းလို၍ - မြတ်စွာဘုရားသုံးထားတဲ့စကားလုံးလေးကိုက “ပဋိစ္စသမုပ္ပါဒ” - “အကြောင်းတစ်ခုကိုစွဲမှီပြီးတော့မှ အကျိုးကိုထုတ်လုပ်နိုင်တဲ့ အကြောင်းတရား” တဲ့။ ပဋိစ္စသမုပ္ပါဒ်ရဲ့ အဓိပ္ပါယ်က သူကိုယ်တိုင်က အကြောင်းတစ်ခုကို အမှီပြုရတယ်၊ အဝိဇ္ဇာသည် ပဋိစ္စ - အကြောင်းတစ်ခုကို အမှီပြုပြီးတဲ့အခါမှာ သင်္ခါရဆိုတဲ့ အကျိုးတရားကို ဖြစ်စေတယ်။ *independent* မဟုတ်ဘူး, *dependent*, သူကိုယ်တိုင်က အကြောင်းတစ်ခုကို အမှီပြုပြီးတော့ ဖြစ်တာ။

အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ စကားလုံးဟာ အကြောင်းကို အမှီပြုပြီးတော့ အကျိုးတရားကို ထုတ်လုပ်တဲ့ အကြောင်းတရားလို့ ဒီလိုအဓိပ္ပါယ်ရတယ်။
ပဋိစ္စသမုပ္ပန္န ဟူသည်
နောက်စကားလုံးတစ်ခုမှတ်ဖို့ လိုသေးတယ်၊ ဘာလဲဆိုရင် ပဋိစ္စသမုပ္ပန္န။ ပဋိစ္စသမုပ္ပန္နဆိုတာ အကျိုးတရားကို ရည်ညွှန်းတယ်။ အဲဒီအကျိုးတရားဟာလည်း အကြောင်းကိုအမှီပြုပြီးတော့ အကြောင်း
စာမျက်နှာ-၁၃
တရားက ထုတ်လုပ်လိုက်တဲ့ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးတရား ဖြစ်တယ်။

အဲဒီစကားလုံးကို ကြည့်လို့ရှိရင်လည်း အကြောင်းကိုစွဲမှီမှု မရှိဘဲနဲ့ ဘယ်အရာမှ မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ်ဟာ ရှင်းလင်းပြီးသား ဖြစ်သွားတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ ဒေသနာတော်အရ “အကြောင်းကင်းတဲ့ အကျိုး” ဆိုတာ မရှိဘူး၊ “အကြောင်းကင်းတဲ့ အကြောင်း” ဆိုတာလည်း မရှိဘူး၊ အားလုံးဟာ ဆိုင်ရာဆိုင်ရာအကြောင်းတွေနဲ့ ဖြစ်ပေါ်လာရတာချည်းပဲ၊ ဒီလိုဆိုလိုတယ်။
နှိုင်းယှဉ်လေ့လာစရာ အချက်ကလေးတစ်ခု
ဒီနေရာမှာ နှိုင်းယှဉ်လေ့လာစရာ အချက်ကလေးတစ်ခု ရှိတယ် - ပဋိစ္စသမုပ္ပန္န ဆိုတဲ့စကားလုံးနဲ့ ခပ်ဆင်ဆင်တူတဲ့ မိစ္ဆာဝါဒမှာဖော်ပြတဲ့ စကားလုံးလေးက အဓိစ္စသမုပ္ပန္နတဲ့၊ အဲဒီနှစ်ခုကို နှိုင်းယှဉ်ပြီး လေ့လာဖို့ လိုအပ်တယ်။

ပဋိစ္စသမုပ္ပန္နဆိုတာ အကြောင်းတစ်ခုကို မှီပြီးတော့မှ ဖြစ်ပေါ်လာတဲ့ အကျိုးတရားလို့ ပြောတာ။ အဓိစ္စသမုပ္ပန္နဆိုတာ ဘာအကြောင်းတရားကိုမှ မမှီဘဲနဲ့ သူ့ဖာသာဖြစ်လာတဲ့ အကျိုးတရားလို့ ဒီလိုဆိုလိုတယ်။ အဲဒီ အဓိစ္စသမုပ္ပန္နဆိုတဲ့ စကားလုံးက မိစ္ဆာဝါဒကို ဖော်ပြတဲ့စကားလုံးတစ်ခု၊ ဒါ့ကြောင့်မို့ အဓိစ္စသမုပ္ပန္နဝါဒဆိုတာ မိစ္ဆာဝါဒထဲမှာ ပါတယ်။

ဒီတော့ မြတ်စွာဘုရားရဲ့ ဝါဒက “အဓိစ္စသမုပ္ပန္န” မဟုတ်ဘူး, “ပဋိစ္စသမုပ္ပန္န” အကြောင်းတရားကို မှီပြီးတော့မှ အကျိုး
စာမျက်နှာ-၁၄
တရားဆိုတာ ဖြစ်နိုင်တယ်။ အကြောင်းတရား မရှိဘဲနဲ့ အကျိုးတရားဆိုတာ မရှိဘူး။

ပဋိစ္စဆိုတဲ့ စကားဖြင့် *causeless causes* တွေကို ဖယ်ရှားပစ်တာ။ လောကလူတွေက ပြောတယ်လေ - ကမ္ဘာကြီးကို ဘယ်သူဖန်ဆင်းလဲ? *God* ဖန်ဆင်းတယ်၊ *Hinduism* မှာဆိုရင် ဗြဟ္မာကြီးက ဖန်ဆင်းတယ်။ အေး ထပ်ပြီးတော့ မေးကြည့် - *God* ကို ဘယ်သူဖန်ဆင်းလဲ, ဗြဟ္မာကို ဘယ်သူဖန်ဆင်းလဲ? ဖန်ဆင်းတဲ့သူ မရှိဘူး၊ မရှိသည့်အတွက်ကြောင့် သူတို့အယူအဆအရ "*God*" of "*Goos*" os por *causeless cause*, *root cause* ဖြစ်နေတယ်။ အဲဒါမျိုးကို ဗုဒ္ဓတရားတော်မှာ မှားယွင်းတဲ့အယူအဆ တစ်ရပ်အဖြစ် ရှင်းလင်းဟောထားတယ်။

ဒါ ဘာနဲ့သိနိုင်တုန်းဆိုရင် ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ စကားလုံးနဲ့ပဲ ဖော်ပြလိုက်တာ၊ အရာခပ်သိမ်းဟာ ဆိုင်ရာအကြောင်းကို အမှီပြုပြီးတော့မှ ဖြစ်လာနိုင်တယ်။ အကြောင်းတရားသည်ပင်လျှင် အခြားအကြောင်းတရားတစ်ခုကို အမှီပြုပြီးမှ အကျိုးတရားကို ထုတ်လုပ်နိုင်တယ်လို့ ပဋိစ္စသမုပ္ပါဒ်မှာ ဒီလိုရှင်းထားတယ်နော်၊ ဒါ စကားလုံးက ဖော်ပြတဲ့ အဓိပ္ပါယ်တစ်ခုပဲ။
ပါဠိဝါကျ ၄-ကြောင်း
ပဋိစ္စသမုပ္ပါဒ်ဆိုတာကို အကြမ်းဖျင်းနားလည်ဖို့အတွက် ပါဠိဝါကျလေး ၄-ကြောင်းကို လေ့လာထားရမယ်။ အဲဒီပါဠိဝါကျလေး ၄-ကြောင်းက အရိယသာဝကသုတ် (နိဒါနသံယုတ်) နဲ့ ထိုထိုသုတ္တန်လေးတွေမှာ ပါတယ်ပေါ့။
စာမျက်နှာ-၁၅
“ဣမသ္မိံ သတိ ဣဒံ ဟောတိ” - “ဣမသ္မိံ - ဤအကြောင်းတရားသည်၊ သတိ - ရှိနေလို့ရှိရင်၊ ဣဒံ - ဤအကျိုးတရားသည်၊ ဟောတိ - ရှိနေတယ်” ဒီအကြောင်းတရားရှိရင် ဒီအကျိုးတရားရှိမယ်၊ ဆိုလိုတာက “ဒါရှိရင် ဒါရှိမယ်, အကြောင်းရှိရင် အကျိုးရှိမယ်၊ ဒါရှိလို့ ဒါရှိနေတာ”- ဒီအဓိပ္ပါယ်ကို ဖော်ပြတာ။

နောက်တစ်ခုက “ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ” - “ဣမဿ- ဤအကြောင်းတရား၏၊ ဥပ္ပါဒါ - ဖြစ်ပေါ်လာမှုကြောင့်၊ ဣဒံ - ဤအကျိုးတရားသည်၊ ဥပ္ပဇ္ဇတိ - ဖြစ်လာ၏”။

ဒါ ပဋိစ္စသမုပ္ပါဒ်ရဲ့ အဓိပ္ပါယ်ကို ရှင်းတာ၊ “ဒါတွေရှိရင် ဒါတွေ ရှိလိမ့်မယ်၊ ဒါဖြစ်လို့ ဒီဟာဖြစ်တယ်” ဆိုတာက အဓိပ္ပါယ်က ရှင်းရှင်းလေးပဲ။

အဲဒါကို *negative* ဆန့်ကျင်ဘက်စကားလုံးနဲ့ ပြန်ပြီးပြောတဲ့အခါကျတော့ “ဣမသ္မိံ အသတိ ဣဒံ န ဟောတိ” “ဒါမရှိရင် ဒီဟာမရှိတော့ဘူး”။

“ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဇတိ” - “ဒါချုပ်ငြိမ်းသွားလို့ရှိရင် ဒီဟာလည်း ချုပ်ငြိမ်းသွားမှာပဲ”။ ဒီစကားလုံးလေးက သံသရာကလွတ်ကြောင်းရှိတယ်ဆိုတာကို ဖော်ပြတာ၊ သံသရာထဲမှာ ဘာ့ကြောင့်လည်နေတာကိုလည်း ဖော်ပြတယ်၊ သံသရာကလွတ်ကြောင်းထွက်ပေါက်ကိုလည်း သိမြင်စေတဲ့အရာ။ ပဋိစ္စသမုပ္ပါဒ်ကို အကျဉ်းလေးနဲ့ ရည်ညွှန်းပြောဆိုထားတဲ့ ပါဠိဝါကျ ၄-ခုပဲ။

(၁) “ဣမသ္မိံ သတိ ဣဒံ ဟောတိ”
ဒါရှိနေလို့ရှိရင်- ဒါရှိတယ်။
စာမျက်နှာ-၁၆
(၂) “ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ”
ဒါဖြစ်လို့- ဒီဟာဖြစ်ရတယ်။

(၃) “ဣမသ္မိံ အသတိ ဣဒံ န ဟောတိ”
ဒါမရှိရင်- ဒါမရှိဘူး။

(၄) “ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဇတိ”
ဒါချုပ်ငြိမ်းသွားရင်- ဒီဟာလည်း ချုပ်ငြိမ်းသွားမယ်။

ဒီလိုနားလည်လိုက်တဲ့နေရာမှာ၊ ဒါတကယ့်ထွက်ပေါက်ပဲ။ မြတ်စွာဘုရားဟောတဲ့ တရားထဲမှာ ခြွင်းချက်ဆိုတာ မရှိဘူး။ နခသိခါသုတ္တန်မှာ မြတ်စွာဘုရားက ဟောထားတာ ရှိတယ် - “အင်မတန်သေးငယ်တဲ့ မြူမှုန်လေးလောက်ပင်ဖြစ်စေ နိစ္စထာဝရ မြဲတဲ့အရာဆိုတာကို တွေ့လို့ရှိရင် မြတ်သောအကျင့်လို့ဆိုတဲ့ မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်စရာမလိုဘူး” တဲ့။ မြဲတာလေးရှိနေမယ်ဆိုရင် မြတ်သောအကျင့်ကို ကျင့်စရာမလိုဘူးတဲ့။ တကယ်တော့ မြဲတယ်ဆိုတာ တစ်ခုမှ မရှိဘူး။

ဒီအကြောင်းတရားတွေ ရှိနေရင် ဒီအကျိုးတရားတွေ ရှိနေမှာပဲ၊ ဒီအကြောင်းတရားတွေဖြစ်နေသမျှ ဒီအကျိုးတရားတွေ ဖြစ်နေမှာပဲ၊ ဒီအကြောင်းတရားတွေ မရှိတော့ဘူးဆိုလို့ရှိရင် ဒီအကျိုးတရားတွေလည်း မရှိတော့ဘူး၊ ဒီအကြောင်းတရားတွေ ချုပ်ငြိမ်းသွားတာနဲ့ တစ်ပြိုင်နက် ဒီအကျိုးတရားတွေ ချုပ်ငြိမ်းသွားမှာပဲလို့ ပဋိစ္စသမုပ္ပါဒ်ကို ဒီလိုမြတ်စွာဘုရားက ရှင်းတယ်။

တရားကိုမြင်ဖို့ဆိုတာ ပဋိစ္စသမုပ္ပါဒ်ကိုမြင်မှ တရားကိုမြင်မယ်၊ “ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ, သော ဓမ္မံ ပဿတိ”၊
စာမျက်နှာ-၁၇
ပဋိစ္စသမုပ္ပါဒ်မှ မမြင်သေးလို့ရှိရင် တရားဓမ္မအစစ်အမှန်ကို မြင်ဦးမှာ မဟုတ်ဘူးတဲ့။ ဒါကြောင့်မို့လို့ ပဋိစ္စသမုပ္ပါဒ်ဟာ အလွန့်အလွန် အရေးကြီးတဲ့ တရားတစ်ခု ဖြစ်တယ်။
“အဝိဇ္ဇာပစ္စယာ သင်္ခါရာ”
ပဋိစ္စသမုပ္ပါဒ်ကို မြတ်စွာဘုရားက ဘာနဲ့စလဲ? “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ”- အဝိဇ္ဇာနဲ့စတယ်။ ဘာဖြစ်လို့ အဝိဇ္ဇာနဲ့စရသလဲ? အဝိဇ္ဇာနဲ့စခြင်းမှာ အကြောင်းမရှိတာ မဟုတ်ဘူး၊ အကြောင်းရှိတယ်။

ပဋိစ္စသမုပ္ပါဒ်တစ်ခုလုံးကို ခြုံငုံပြီးတော့ ပြောမယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ်ကို နှစ်ပိုင်းထားရမယ်..

ရှေ့ပိုင်းမှာ အကြောင်းတရားက နှစ်ခုရှိတယ်၊ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”, “သင်္ခါရာပစ္စယာ ဝိညာဏံ” လို့ ဒီလိုဟောတယ်။ အဝိဇ္ဇာနဲ့ သင်္ခါရသည် အတိတ်နဲ့ဆိုင်တယ်- အတိတ်နဲ့ဆိုင်တဲ့အကြောင်းတရားက နှစ်ခု။ ဒီထဲမှာ တိုက်ရိုက်ဖော်ပြထားတာက တဏှာ, ဥပါဒါန်, ဘဝ လို့ ပစ္စုပ္ပန်နဲ့ဆိုင်တဲ့အကြောင်းတရားသုံးခု မြတ်စွာဘုရားက ဟောထားတယ်။ ပဋိစ္စသမုပ္ပါဒ်ဟာ သံသရာစဉ်ဆက်မပြတ်ဖြစ်နေတာကို ရှင်းပြတဲ့ဒေသနာ ဖြစ်တယ်။

ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ဟာ အတိတ်, ပစ္စုပ္ပန်, အနာဂတ် ကာလသုံးပါးကို ဆက်စပ်ပြီးတော့ ဟောထားတဲ့ဒေသနာ ဖြစ်တယ်။ သို့သော်လည်း ပဋိစ္စသမုပ္ပါဒ်ဟာ သုံးဘဝကို ရှင်းပြတယ်ဆိုတာကို လက်မခံတဲ့သူတွေလည်း ရှိသေးတယ်။
စာမျက်နှာ-၁၈
ထိုင်းနိုင်ငံက နာမည်ကျော်ဆရာတော်တစ်ပါးက ပဋိသမုပ္ပါဒ်ဟာ တစ်ဘဝတည်းနဲ့သာ သက်ဆိုင်တယ်လို့ စာအုပ်ရေးတယ်၊ ဟောလည်း ဟောတယ်၊ သူ့ရဲ့ ဟောပြောချက်ဟာ ဂျာမဏီနိုင်ငံမှာ ပြန့်နေတယ်။ ဘုန်းကြီးတို့ရောက်သွားတော့ မြူးနစ်မှာ သူ့ရဲ့ သာဝကတွေနဲ့တွေ့တယ်။ အဲဒီမြူးနစ်က German Buddhist Union ဆိုတဲ့ အဖွဲ့ရဲ့ အဆောက်အဦးထဲမှာ ဘုန်းကြီးတို့က ပဋိစ္စသမုပ္ပါဒ်ဟာ တစ်ဘဝအတွက် မဟုတ်ဘူး၊ သုံးဘဝဟောတယ်ဆိုတာကို ရှင်းပြတယ်။ သို့သော် ဘယ်သူကမှ argument တော့ မလုပ်ဘူး၊ ငြိမ်ပြီးတော့ပဲ နားထောင်နေကြတယ်။

အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ဟာ တစ်ဘဝတည်း မဟုတ်ဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် သံသရာအတွက် ရှင်းပြတာဖြစ်လို့၊ တစ်ဘဝတည်းဆိုရင် သံသရာလည်စရာမှ မရှိတာ။ “အတိတ်ကအကြောင်း ရှိခဲ့လို့ ပစ္စုပ္ပန်မှာ လာဖြစ်တယ်၊ ပစ္စုပ္ပန်အကြောင်းတွေကြောင့် အနာဂတ်မှာ ဖြစ်ဦးမယ်” ဆိုတဲ့ အနေအထားတစ်ခုနဲ့ ပဋိစ္စသမုပ္ပါဒ်ကို ရှင်းတယ်။

အဲဒီမှာ ပဋိစ္စသမုပ္ပါဒ်ကို ရှင်းတဲ့အခါမှာ အကြောင်းနှစ်ခု ဦးဆောင်မှု ပေးထားတယ်၊ ဘာလဲဆိုရင် “အဝိဇ္ဇာနဲ့ တဏှာ”။ အတိတ်အကြောင်းကို မြတ်စွာဘုရားက ရှင်းပြတဲ့အခါမှာ အဝိဇ္ဇာကို ဦးတည်ပြီး ရှင်းတယ်။ အနာဂတ်အတွက် ပစ္စုပ္ပန်က အကြောင်းတရားကို ရှင်းတဲ့အခါမှာ တဏှာကို ဦးတည်ပြီး ရှင်းတယ်။ ဘာဖြစ်လို့လဲ? ကံတရားတွေကို ဖြစ်ပေါ်စေတဲ့နေရာမှာ စွမ်းအားကြီးတဲ့ သဘာဝတရားနှစ်ခုဟာ အဝိဇ္ဇာနဲ့ တဏှာပဲ။
စာမျက်နှာ-၁၉
ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်လို့ ဝဋ်သုံးပါးဆိုတာ ရှိတယ်။ ကိလေသာလို့ဆိုတဲ့အထဲမှာ အဓိကက အဝိဇ္ဇာနဲ့ တဏှာပဲ။ အဲဒီအဝိဇ္ဇာနဲ့ တဏှာကို အစွဲပြုပြီး ကံဆိုတာ ဖြစ်လာတာ၊ ဖြစ်လာတဲ့ကံက အဝိဇ္ဇာ၊ တဏှာ မပါဘဲ အကျိုးပေးလို့ မရဘူး။ ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်မှာ ကိလေသာနဲ့ ကံကို တွဲတွဲပေးထားတယ်။ ကြည့်— “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”၊ “သင်္ခါရပစ္စယာ ဝိညာဏံ”၊ အဲဒီမှာ အဝိဇ္ဇာနဲ့ သင်္ခါရဆိုတာ ကိလေသာနဲ့ ကံပဲ။

နောက်တစ်ခါ အနာဂတ်အတွက် ပစ္စုပ္ပန်အကြောင်းနှစ်ခု— “တဏှာပစ္စယာ ဥပါဒါနံ”၊ “ဥပါဒါနပစ္စယာ ဘဝေါ”၊ “တဏှာနဲ့ ဥပါဒါန်” က ကိလေသာ၊ “ဘဝ” က ကမ္မဘဝမို့ ကံ၊ အဲဒီမှာလည်း ကိလေသာနဲ့ ကံ တွဲပေးထားတယ်။ ဒီတော့ ကိလေသာနဲ့ ကံ နှစ်ခု ပေါင်းစပ်လိုက်မှ ဘဝတစ်ခုဟာ ဖြစ်ပေါ်လာနိုင်တယ်။ ကိလေသာတွေထဲမှာ အဝိဇ္ဇာနဲ့ တဏှာသည် ကံရဲ့ အထူးခြားဆုံးသောအကြောင်းတရား ဖြစ်တယ်။ ဒါကြောင့်မို့ ဒီနှစ်ခုကို ဦးတည်ပြီး မြတ်စွာဘုရား ဟောတာ။
အဝိဇ္ဇာနဲ့ တဏှာ ဦးဆောင်ပုံ
အဲဒီ ကံဆိုတဲ့နေရာမှာ ကံဟာ သုဂတိဘုံ၊ ဒုဂ္ဂတိဘုံကို ရောက်စေတတ်တယ်။ ဒုဂ္ဂတိဘုံကို ရောက်စေတတ်တဲ့ကံက တစ်မျိုး၊ သုဂတိဘုံကို ရောက်စေနိုင်တဲ့ကံက တစ်မျိုး။ အဲဒီကံနှစ်မျိုးထဲမှာ “အဝိဇ္ဇာသည် ဒုဂ္ဂတိဘုံကို ရောက်စေတတ်တဲ့ ကံရဲ့ ထူးခြားတဲ့ အကြောင်း” တစ်ခု ဖြစ်တယ်၊ special cause ပေါ့။ ဝိသုဒ္ဓိမဂ်မှာ “ဒုဂ္ဂတိဂါမိနော ကမ္မဿ ဝိသေသဟေတု အဝိဇ္ဇာ” - “ဒုဂ္ဂတိ
စာမျက်နှာ-၂၀
ဂါမိနော ကမ္မဿ - ဒုဂ္ဂတိဘုံကို ရောက်စေတတ်သော ကံရဲ့၊ ဝိသေသဟေတု - special အကြောင်းတစ်ခု၊ အရေးပါတဲ့ ထူးခြားတဲ့အကြောင်းဟာ၊ အဝိဇ္ဇာ - အဝိဇ္ဇာပဲ” လို့ ပြောတာ။ တဏှာကျတော့ “သုဂတိဂါမိနော ကမ္မဿ ဝိသေသဟေတု တဏှာ” - “သုဂတိဘုံကို ရောက်စေတတ်တဲ့ ကံတွေကိုတော့ ဘယ်သူက ဦးဆောင်နေတာတုန်းဆိုတော့ တဏှာက ဦးဆောင်နေတာ” တဲ့။

ဒါကြောင့်မို့ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်မှာသာမက အခြားသုတ္တန်တွေမှာလည်း အဝိဇ္ဇာနဲ့ တဏှာ ဒီနှစ်ခုကို ဦးတည်ပြီးတော့ ဟောထားတာတွေ ရှိတယ်။ ပဋိစ္စသမုပ္ပါဒ်မှာလည်း ဒီလို ဟောထားတာ ရှိတယ်။

ဒါကြောင့်မို့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” လို့ အဝိဇ္ဇာကို ဦးတည်ပြီး မြတ်စွာဘုရားက အတိတ်အကြောင်းမှာ ဟောထားတယ်။ အဝိဇ္ဇာနဲ့ တဏှာဟာ ပူးတွဲပြီးတော့ နေကြတာနော်၊ တဏှာရှိတဲ့နေရာတိုင်းမှာ အဝိဇ္ဇာရှိတယ်၊ အဝိဇ္ဇာရှိတဲ့နေရာတိုင်းတော့ တဏှာ မရှိဘူး။ အဘိဓမ္မာသဘောနဲ့ ပြောမယ်ဆိုရင် အဝိဇ္ဇာက တစ်ခါတစ်ရံ ဒေါသနဲ့ပေါင်းတာရှိတယ်၊ တစ်ခါတစ်ရံ လောဘနဲ့ပေါင်းတာ ရှိတယ်။

လောကမှာ လူတွေ လိုချင်တာက “သုခ”၊ လူတွေရဲ့ အတွေ့အကြံဟာ သုခနဲ့ ဒုက္ခ - ချမ်းသာမှုနဲ့ ဆင်းရဲမှု၊ အဲဒီမှာ သုခ ဒုက္ခကို အကြောင်းပြုပြီးတော့ လူတွေဟာ ကံတရားကို ပြုလုပ်ကြတယ်။

အဲဒီလို ပြုလုပ်ကြတဲ့နေရာမှာ ဒုက္ခကို အကြောင်းရင် အဝိဇ္ဇာနဲ့ တဏှာမှာ - ဘယ်သူက ဦးဆောင်သွားလဲဆိုတာ စဉ်းစားကြည့်ပေါ့ ...
စာမျက်နှာ-၂၁
ဒုက္ခနဲ့ ပတ်သက်လာလို့ရှိရင် ဒုက္ခဆိုတာ တဏှာရဲ့ အကြိုက် မဟုတ်ဘူး၊ တဏှာက ဒုက္ခကို မကြိုက်တော့ တဏှာဖြစ်ဖို့ မလွယ်ဘူး။ အဲဒီအခါမှာ ဘယ်သူက ဦးဆောင်တုန်းဆိုတော့ အဝိဇ္ဇာက ဦးဆောင်သွားတယ်၊ တဏှာက အဝိဇ္ဇာပါသည့်အတွက်ကြောင့် နောက်က လိုက်သွားတယ်။

သုခနဲ့ ပတ်သက်လာတဲ့အခါကျတော့ တဏှာက ဦးဆောင်သွားတယ်၊ အဝိဇ္ဇာက နောက်က လိုက်တယ်။ ဒီလို အဝိဇ္ဇာနဲ့ တဏှာဟာ တစ်လှည့်စီ ခေါင်းဆောင်ကြတယ်လို့ ပြောတယ်။

ထင်ရှားတဲ့ ဥပမာလေးတစ်ခုနဲ့ စဉ်းစားကြည့်ပေါ့- ခုခေတ် ဖြစ်နေတဲ့ စိတ်ကြွဆေးစတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး သူငယ်ချင်းအပေါင်းအသင်းတွေက ဆွဲဆောင်လို့ မူးယစ်ဆေးဝါး စွဲသွားတဲ့ ငယ်ရွယ်သူ ကလေးတစ်ယောက်ကိုပဲ ကြည့်။

ပထမ အဲဒီကလေးဟာ မူးယစ်ဆေးဝါးရဲ့ အပြစ်ကို သူ မမြင်ဘူး၊ မမြင်သည့်အတွက်ကြောင့် သူစမ်းကြည့်တယ်။ မမြင်ဘူးဆိုကတည်းက ဒါဟာ “အဝိဇ္ဇာ”၊ စမ်းကြည့်တာက “တဏှာ”။

ကောင်းဆိုးမသိလို့ လုပ်မိတယ်ပေါ့၊ ကဲ မူးယစ်ဆေးဝါးရဲ့ အပြစ်ဟာ အင်မတန်ဆိုးတယ်ဆိုတာ သိသွားပြီ။ သိသွားပြီဆိုတဲ့အခါကျတော့ drug addict (ဆေးစွဲသူ) ဖြစ်သွားပြီ။ ဖြစ်သွားတာနဲ့ တစ်ပြိုင်နက် ဖြတ်လို့ ရသေးလား၊ မရတော့ဘူး။ အဲဒါကျတော့ တဏှာက ဦးဆောင်သွားတယ်။ မကောင်းမှန်းတော့ သိတယ်၊ သို့သော်လည်း ဖြတ်လို့ မရတော့ဘူး၊ တဏှာက ဦးဆောင်နေပြီ။

ဝိသုဒ္ဓိမဂ်မဟာဋီကာမှာ “ဒုက္ခေ အဝိဇ္ဇာ တဏှာ အနုဝတ္တတိ” - ဒုက္ခနဲ့ ပတ်သက်လာလို့ရှိရင် အဝိဇ္ဇာက ဦးဆောင်သွားပြီးတော့
စာမျက်နှာ-၂၂
တဏှာက နောက်က လိုက်ရတာပါတဲ့။ ဘာဖြစ်လို့ အဝိဇ္ဇာက ဒုက္ခနဲ့ ပတ်သက်လာရင် ဦးဆောင်သတုန်း? ဒုက္ခကို ဒုက္ခလို့ မမြင်ရအောင် အဝိဇ္ဇာက ဖုံးပေးထားတယ်၊ ဒီလို ဦးဆောင်ဖုံးပေးထားသည့်အတွက်ကြောင့် တဏှာက လိုက်ပြီး တွယ်တယ်။ တွယ်သည့်အတွက်ကြောင့် ကံတရားတွေကို လုပ်တယ်၊ ဒီလို ပြောတယ်နော်။

သုခနဲ့ တွေ့လာတဲ့အခါကျတော့ - “သုခေ တဏှာ အဝိဇ္ဇာ အနုဝတ္တတိ” - သုခနဲ့ ပတ်သက်လာတဲ့အခါကျတော့ တဏှာ အကြိုက် ဖြစ်နေတယ်၊ အပြစ်မြင်စရာအကြောင်း မရှိတော့ဘူး၊ တဏှာက တွယ်တယ်၊ တွယ်တာတဲ့နောက် အဝိဇ္ဇာက လိုက်ရတယ်။ ဒါကြောင့် အဝိဇ္ဇာနဲ့ တဏှာ - ဒီနှစ်ခုရဲ့ အပြန်အလှန် ဦးဆောင်မှုနဲ့ သံသရာကြီးထဲမှာ ဘုန်းကြီးတို့တတွေ လည်ပတ်နေရတယ်လို့ - ပဋိစ္စသမုပ္ပါဒ်မှာ အချုပ်အားဖြင့် ဒီလိုရှင်းပြထားတာနော်။
အဝိဇ္ဇာဆိုင်ရာ သိဖွယ်
အဝိဇ္ဇာဆိုတာ “သာဝဇ္ဇ” - အပြစ်ရှိတဲ့ အကုသိုလ်တရား၊ အပြစ်ရှိတဲ့ အကုသိုလ်တရား ဖြစ်တဲ့အတွက်ကြောင့် “ဒုက္ခဝိပါက လက္ခဏာ” - မကောင်းတဲ့အကျိုးပဲ ထုတ်လုပ်တယ်။ ဒါက ပုံသေကားချပ် မှတ်ရမယ့် သဘာဝနော်၊ အဝိဇ္ဇာသည် အကုသိုလ်၊ အကုသိုလ်ဖြစ်သည့်အတွက်ကြောင့် အပြစ်ရှိတယ်၊ အပြစ်ရှိတဲ့တရားတစ်ခုသည် ကောင်းကျိုးချမ်းသာ မပေးဘူးတဲ့၊ “ဒုက္ခဝိပါက လက္ခဏာ” - မကောင်းတဲ့အကျိုးကို ပေးတယ်၊ ဒါ အဝိဇ္ဇာရဲ့ သဘောတရား။
စာမျက်နှာ-၂၃
အဘိဓမ္မာသဘောနဲ့ကြည့်ရင် အဝိဇ္ဇာဆိုတာ ဉာဏ်နဲ့ ဆန့်ကျင်ဘက်သဘောတရား၊ သိမှုရဲ့ဆန့်ကျင်ဘက် မသိမှုသဘောတရား၊ အကုသိုလ်စိတ် ၁၂-ခုနဲ့ ယှဉ်တွဲပြီးဖြစ်တဲ့ သဘောတရားပဲ။ လိုချင်မှုကို အခြေခံတဲ့စိတ်နဲ့လည်း ယှဉ်တွဲတယ်၊ မုန်းတီးမှုကို အခြေခံတဲ့စိတ်နဲ့လည်း ယှဉ်တွဲတယ်၊ သံသယဖြစ်တဲ့စိတ်နဲ့လည်း ယှဉ်တွဲတယ်၊ စိတ်ဓာတ်မတည်မငြိမ် ပျံ့လွင့်တဲ့စိတ်နဲ့လည်း ယှဉ်တွဲတယ်လို့ ဒီလို ပြောတာ။

ဘယ်အရာကို မသိတာကို အဝိဇ္ဇာလို့ သတ်မှတ်သလဲ? ဓမ္မရေးရာနဲ့ ပတ်သက်တဲ့အခါကျတော့ အဆင့်မြင့်တဲ့နေရာကို ကြည့်ရမှာပေါ့၊ သံသရာ ဘာ့ကြောင့် လည်သလဲ၊ သံသရာထဲမှာ ဆင်းရဲဒုက္ခတွေ ဘာကြောင့်ဖြစ်နေသလဲဆိုတဲ့ အဓိကအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ လေ့လာထားတာဖြစ်လို့ ဟိုကိစ္စမသိ ဒီကိစ္စ မသိ၊ မသိတာတွေ မှန်သမျှကို အဝိဇ္ဇာလို့ ဒီလိုပြောလို့ မရဘူး။ ပြောလို့ မရတာ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် တချို့မသိမှုက အရေးမပါဘူးလေ၊ ဥပမာ - လမ်းမသိတာတို့၊ ရွာနာမည် မသိတာတို့၊ လူနာမည် မသိတာတို့၊ ဒါမျိုးတွေ မသိမှုတွေ အများကြီးရှိတယ်လေ၊ အဲဒါတွေက အရေးပါလားလို့ဆိုရင် မပါဘူး၊ သိရင်လည်း သံသရာဝဋ်က လွတ်ဖို့မှ မဟုတ်တာနော်။

လူ့သဘာဝနဲ့ ကြည့်လိုက်လို့ရှိရင် ဒီပန်းပွင့်လေး ဘယ်လိုခေါ်တုန်း - မသိဘူး၊ ဒါဟာ အရေးမပါဘူး။ သို့သော် ဆိုင်ရာဆိုင်ရာ လေ့လာတဲ့အခါကျတော့ အမည်နာမလေးတွေ သိတာတော့ ဒါပညာရပ်တစ်ခုပေါ့နော်၊ သို့သော် သံသရာဝဋ်က လွတ်ဖို့ဆိုတဲ့နေရာမှာ အရေးပါတဲ့ အသိမဟုတ်ဘူးလို့ - ဒီလို ပြောတာ။
စာမျက်နှာ-၂၄
ဒါကြောင့်မို့ အဝိဇ္ဇာက မသိတာဆိုတာ ဘာကို မသိတာလဲ? သုတ္တန်နည်း၊ အဘိဓမ္မာနည်း နှစ်မျိုးနဲ့ ပြောရင် အဝိဇ္ဇာဟာ သစ္စာလေးပါးကို အမှန်မသိအောင် ဖုံးထားတာတဲ့။ ဒါက အင်မတန် အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ၊ သစ္စာလေးပါးကို ဖုံးထားတယ်ဆိုတာက အကြောင်းနဲ့အကျိုးကို မသိအောင် လုပ်ထားတယ်လို့ ပြောတာ။ မြတ်စွာဘုရားဟောတဲ့တရားဟာ အကြောင်းနဲ့အကျိုးက အဓိကတရား ဖြစ်တယ်၊ ဒါကြောင့်မို့ သစ္စာလေးပါးကို မသိအောင် - ဒုက္ခကို ဒုက္ခလို့ မသိအောင် ဖုံးကွယ်တယ်၊ ဒုက္ခသမုဒယ - ဒုက္ခ၏ အကြောင်းတရားကို ဒုက္ခ၏အကြောင်းတရားလို့ မသိအောင် ဖုံးကွယ်တယ်၊ ဒုက္ခနိရောဓ - ဆင်းရဲဒုက္ခတွေ ချုပ်ငြိမ်းရာကို ချုပ်ငြိမ်းရာလို့ မသိရအောင် ဖုံးကွယ်ထားတယ်၊ ဒုက္ခနိရောဓဂါမိနီပဋိပဒါ - ဒုက္ခနိရောဓကို ဆိုက်ရောက်စေတတ်တဲ့ အကျင့်ကိုလည်း မသိအောင် ဖုံးကွယ်ထားတယ်။

ဖုံးကွယ်ခြင်းဆိုတာ အဝိဇ္ဇာရဲ့ အဓိကဆောင်ရွက်ချက်ပဲ။ ဒါ - အမှန်မသိအောင် ဖုံးထားတယ်လို့ ဆိုလိုက်ကတည်းက အမှန်ကို မသိဘူးဆိုရင် သူက အမှားတော့ သိနေမှာပေါ့။ သဘာဝအစစ်အမှန်ကို မသိဘူး၊ မသိဘူးဆိုတာ လုံးဝကြီး မသိတာ မဟုတ်ဘူး၊ အမှန်မသိတာ၊ အမှားသိနေတယ်ပေါ့၊ ဒီလိုအဓိပ္ပါယ်ကို ပြောတာ။

အဲဒီသုတ္တန်နည်းအားဖြင့် “ဒုက္ခေ အညာဏံ၊ ဒုက္ခသမုဒယေ အညာဏံ၊ ဒုက္ခနိရောဓေ အညာဏံ၊ ဒုက္ခနိရောဓဂါမိနီပဋိပဒါယ အညာဏံ” လို့ သစ္စာလေးပါးကို မသိတာကို အဝိဇ္ဇာလို့ ဒီလိုဖွင့်ဆိုတယ်။
စာမျက်နှာ-၂၅
အဘိဓမ္မာဒေသနာကျတော့ သူက နောက်ထပ်လေးခု ထပ်ထည့်လိုက်တယ် - “ပုဗ္ဗန္တေ အညာဏံ၊ အပရန္တေ အညာဏံ၊ ပုဗ္ဗန္တာပရန္တေ အညာဏံ၊ ပဋိစ္စသမုပ္ပါဒေသု ဓမ္မေသု အညာဏံ” လို့ - နောက်ထပ်လေးခု ထပ်ထည့်လိုက်တဲ့အခါ ရှစ်ခုဖြစ်သွားတယ်။ အတိတ်နဲ့သက်ဆိုင်တဲ့ ခန္ဓာကို မသိတာ၊ အနာဂတ်နဲ့သက်ဆိုင်တဲ့ ခန္ဓာကို မသိတာ၊ ထိုအတိတ်၊ အနာဂတ် နှစ်မျိုးလုံးနဲ့သက်ဆိုင်တဲ့ ခန္ဓာကို မသိတာ၊ ပဋိစ္စသမုပ္ပါဒ်ကို မသိအောင် ဖုံးတာတဲ့ - ဝါကိုလည်း အဝိဇ္ဇာလို့ ဒီလိုဟောတယ်။ ဒီတော့ အဝိဇ္ဇာရဲ့အလုပ်က ဘာလဲဆိုရင် အမှန်မသိအောင် ဖုံးကွယ်ပေးတာ။
အဝိဇ္ဇာ၏ လက္ခဏာ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်
အဝိဇ္ဇာဆိုတာ အမှန်မသိခြင်း သဘာဝလက္ခဏာ ရှိတယ်။ အဝိဇ္ဇာပေါ်လာလို့ရှိရင် အမှန်မသိတော့ဘူး၊ အမှန်မသိဘူးဆိုတာ သဘာဝတရားအတိုင်း မှန်ကန်သောအားဖြင့် မသိဘူး။ မသိတော့ ဘာဖြစ်လဲ၊ အဝိဇ္ဇာက ဘာကိစ္စဆောင်ရွက်သလဲဆိုရင် “သမ္မောဟန ရသ” တဲ့ - အမှန်တရားနဲ့ ပတ်သက်လာလို့ရှိရင် တွေဝေသွားအောင် လုပ်ထားတယ်။

အမှန်မသိရုံတင် မကဘူး၊ တွေဝေသွားအောင်လည်း လုပ်ထားတယ်။ တွေဝေသွားအောင် လုပ်ထားသည့်အတွက်ကြောင့် အဝိဇ္ဇာကို ရှုမြင်တဲ့အခါမှာ ဘယ်ပုံသဏ္ဌာန်နဲ့ ပေါ်လာသလဲဆိုရင် “ဆန္ဒန ပစ္စုပဋ္ဌာနာ” လို့ ဆိုတဲ့အတိုင်း အသိဉာဏ်ထဲမှာ အမှန်မသိရအောင် ဖုံးကွယ်ထားတဲ့သဘောပဲ။
စာမျက်နှာ-၂၆
လောကမှာ အကြောင်းအရာတစ်ခုကို ဖုံးကွယ်ထားပြီဆိုလို့ရှိရင် အမှန်မသိကြဘူးလေ၊ ကိုယ့်အိမ်မှာ အိမ်တွင်းရေးကိစ္စတို့၊ ဟိုကိစ္စ ဒီကိစ္စတို့ကို အမှန်မပြောဘဲ ဖုံးထားရင် ဘယ်သိမလဲ။ အဲဒီလို ဖုံးကွယ်ခြင်းအနေအထားအားဖြင့် အဝိဇ္ဇာကို ရှုမြင်ကြရတယ်။

အဝိဇ္ဇာဟာ ဘာ့ကြောင့် အင်အားတွေ ကောင်းပြီး ဖြစ်ပေါ်နေရသလဲဆိုလို့ရှိရင် လောဘတွေ စီးဝင်နေလို့၊ အမြင်မှားမှုတွေ စီးဝင်နေလို့၊ တွေဝေမှုတွေ စီးဝင်နေလို့ပဲ။ ဆိုလိုတာက အာသဝကြောင့် အဝိဇ္ဇာဖြစ်နေတယ်လို့ ဒီလို ပြောတာနော်၊ ကောင်းပြီ - ဒါ အဝိဇ္ဇာရဲ့သဘောတရား။
သင်္ခါရဆိုင်ရာ သိဖွယ်
အဲဒီလို အကုသိုလ်အစစ်ကြီးဖြစ်တဲ့ အဝိဇ္ဇာက ဘာတွေကို ထုတ်လုပ်နေသတုန်းဆိုတော့ သင်္ခါရကို ထုတ်လုပ်တယ်။ ဒီနေရာမှာ သင်္ခါရဆိုတာ “သဗ္ဗေ သင်္ခါရာ အနိစ္စာ” ဆိုတဲ့ သင်္ခါရနဲ့ မတူဘူး၊ “သင်္ခါရက္ခန္ဓာ” ဆိုတဲ့ သင်္ခါရနဲ့လည်း မတူဘူး၊ ခြားနားတယ်။ ဒီသင်္ခါရက ဘဝတစ်ခုကို တည်ဆောက်ပြုပြင်ပေးတတ်တဲ့ “စေတနာ သင်္ခါရ” ကို ပြောတာ။

“သဗ္ဗေ သင်္ခါရာ အနိစ္စာ” မှာပါတဲ့ “သင်္ခါရ” ဆိုတာ အကြောင်းတရားတွေက စုပေါင်းဖန်တီးတယ်ဆိုတဲ့အဓိပ္ပါယ်ပဲ ယူရတယ်။ ဒီနေရာမှာ “သင်္ခါရ” က အကြောင်းတရားတွေ စုပေါင်းဖန်တီးတာ မဟုတ်ဘူး၊ သူကိုယ်တိုင်က ဘဝတစ်ခုကို တည်
စာမျက်နှာ-၂၇
ဆောက်ပြုပြင်နိုင်တဲ့ စွမ်းရည်သတ္တိရှိတယ်လို့ ဆိုလိုတာ။ ဒါကြောင့်မို့ ဒီသင်္ခါရက ကံကို ပြောတာ။ သင်္ခါရကို သုံးမျိုးခွဲလိုက်တယ် -

(၁) ပုညာဘိသင်္ခါရ - ကုသိုလ်နဲ့ပတ်သက်လို့ရှိရင် ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘာဝနာကောင်းမှု လုပ်သမျှတွေဟာ ကာမာဝစရကုသိုလ်စိတ်မှာ ယှဉ်တဲ့စေတနာနဲ့ လုပ်တာပဲ။ အဲဒီတော့ ပုညာဘိသင်္ခါရဆိုတာ ဒါနစေတနာ၊ သီလစေတနာ၊ ဘာဝနာစေတနာလို့ ခေါ်ရတဲ့ ကာမာဝစရကုသိုလ်စေတနာ ၈-ခုနဲ့ ရူပါဝစရဈာန်ကုသိုလ်စေတနာ ၅-ခု၊ ဒီ ၁၃-ခုကို ခေါ်တာလို့ မှတ်ပါ။

(၂) အပုညာဘိသင်္ခါရ - အပုညာဘိသင်္ခါရဆိုတာ အကုသိုလ်စေတနာကို ပြောတာ၊ အကုသိုလ်စိတ်နဲ့ ယှဉ်တွဲလာတဲ့ စေတနာကို အဓိကထားလို့ အကုသိုလ်စေတနာ ၁၂-ခုဟာ အပုညာဘိသင်္ခါရပဲ။

(၃) အာနေဉ္စာဘိသင်္ခါရ - ရုပ်နဲ့ ဆက်စပ်မှု မရှိတော့သည့်အတွက်ကြောင့် ကုန်လှုပ်မှုကင်းသွားတဲ့ အဆင့်မြင့်တဲ့ သမာဓိစွမ်းအားကို ရထားတဲ့ အရူပါဝစရဈာန်ကုသိုလ်စေတနာ ၄-ခုကို အာနေဉ္စာဘိသင်္ခါရလို့ ခေါ်တယ်။

အားလုံးပေါင်းလိုက်တဲ့အခါကျတော့ ပဋိစ္စသမုပ္ပါဒ်မှာ ဒီစေတနာ ၂၉-မျိုးပဲ၊ သင်္ခါရဆိုတာ ဒီစေတနာ ၂၉-မျိုးကို ခေါ်တယ်ပေါ့။ ဒီမှာ သတိထားဖို့ရာက သင်္ခါရဆိုတာ ကုသိုလ်လည်း ပါတယ်၊ အကုသိုလ်လည်း ပါတယ်။
စာမျက်နှာ-၂၈

သင်္ခါရသုံးမျိုးခွဲပုံ တစ်နည်း -
ကုသိုလ်၊ အကုသိုလ် ပြုလုပ်တဲ့အခါမှာ လှုပ်ရှားမှု action ကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားတွေနဲ့ ပတ်သက်ပြီးတော့ ခွဲတာ ရှိသေးတယ်။

* ကာယသင်္ခါရ - ကာယဝိညတ် ကိုယ်အမူအရာနဲ့ ပြုလုပ်တာ၊
* ဝစီသင်္ခါရ - ဝစီဝိညတ် နှုတ်ကနေ ပြောဆိုပြီးတော့ ပြုလုပ်တာ၊
* စိတ္တသင်္ခါရ - စိတ်ထဲသက်သက် ဖြစ်တာ။

ကာယသင်္ခါရဆိုတာ ခန္ဓာကိုယ်ကို လှုပ်ရှားပြီးတော့ ပြုလုပ်တဲ့ အကုသိုလ်စေတနာ ၁၂-ခု၊ ကာမာဝစရကုသိုလ်စေတနာ ၈-ခု၊ အဲဒီ ၂၀ ကို ကာယသင်္ခါရလို့ ခေါ်တယ်။ နှုတ်မှာ ဖြစ်ပေါ်လာတဲ့ အကုသိုလ်စေတနာ ၁၂-ခုနဲ့ ကာမာဝစရကုသိုလ်စေတနာ ၈-ခု - အဲဒီ ၂၀ ကို ဝစီသင်္ခါရလို့ ခေါ်တယ်။
“အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်” ဟူသည် -
“အဝိဇ္ဇာပစ္စယာ သင်္ခါရာ” လို့ ဆိုတဲ့နေရာမှာ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်၊ ဒါ ပဋိစ္စသမုပ္ပါဒ်အနေနဲ့ကတော့ ဒီလောက်ပဲ ပြောတယ်။ “အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်” ဆိုတာ “အဝိဇ္ဇာက သင်္ခါရကို ထုတ်လုပ်နေတာလား” လို့ မေးရင် အဲဒီအဓိပ္ပါယ်မျိုးကို ပြောတာ မဟုတ်ဘူး။ ဆိုလိုတာက အဝိဇ္ဇာရှိနေလို့ သင်္ခါရ ရှိနေရတယ်လို့ ပြောတာနော်၊ “အဝိဇ္ဇာဝသေန သင်္ခါရဘာဝတော” တဲ့၊ ခုန “ဣမိဿာ သတိ ဣဒံ ဟောတိ” - “ဒါ ရှိလို့ ဒါ ရှိတယ်”၊ “အဝိဇ္ဇာရှိနေတဲ့အတွက်ကြောင့် သင်္ခါရဆိုတဲ့ ကံတရားတွေ ရှိနေရတယ်” လို့ ဒီလို ဆိုလိုတယ်။
စာမျက်နှာ-၂၉
အဲဒီလိုအဓိပ္ပါယ် မယူဘဲနဲ့ ပြောမယ်ဆိုရင် ... အဝိဇ္ဇာဆိုတာ မသိတာ၊ သင်္ခါရဆိုတာ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္စာဘိသင်္ခါရဆိုပြီး ကုသိုလ်၊ အကုသိုလ် နှစ်မျိုးစလုံး ပါတယ်။ အဲဒီတော့ တချို့က ပြောကြတယ် - “မသိလို့ အကုသိုလ်ဖြစ်တယ်” “မသိလို့ ကုသိုလ်ဖြစ်တယ်” လို့၊ အေး - “မသိလို့ အကုသိုလ်ဖြစ်တယ်” ဆိုတာ လူကြားကောင်းသေးတယ် - ဟုတ်လား၊ “မသိလို့ ကုသိုလ်တွေ ပြုလုပ်နေကြတယ်” လို့ ပြောတော့ ဆန့်ကျင်ဘက် ဖြစ်သွားတယ်။ “မင်း - ဒါနကောင်းမှုပြုနေတာလည်း မသိလို့ လုပ်တာ၊ မိုက်လို့ လုပ်တာ” လို့ ပြောလို့ ရတယ်နော်၊ ဈာန်တရားတွေ အားထုတ်ပြီးတော့ အောင်မြင်ပေါက်ရောက်နေတာ - ဒါတွေလည်းပဲ မသိလို့ လုပ်နေတာလား၊ အဝိဇ္ဇာကြောင့် လုပ်နေတာလို့ တချို့က ဒီလို ကောက်ချက်ဆွဲတယ်။

အဲဒီအဓိပ္ပါယ်မျိုးကို ပြောတာ မဟုတ်ဘူး၊ “ဒါရှိလို့ ရှိနေရတယ်” လို့ ပြောတာနော်၊ ကုသိုလ်ပဲဖြစ်ဖြစ်၊ အကုသိုလ်ပဲဖြစ်ဖြစ် ကံအရာမြောက်နေကြရတာ ဟောဒီ အဝိဇ္ဇာရှိလို့။ အဲဒီလို မဟုတ်ဘူးဆိုလို့ရှိရင် “အဝိဇ္ဇာကြောင့် ကုသိုလ်ဖြစ်တယ်၊ အဝိဇ္ဇာကြောင့် အကုသိုလ်ဖြစ်တယ်” ဆိုရင် - “အဝိဇ္ဇာကြောင့် အကုသိုလ်ဖြစ်တယ်” ဆိုတာ ထားတော့၊ “အဝိဇ္ဇာကြောင့် အကုသိုလ်ဖြစ်တယ်” ဆိုတာကို ဒါ လူတိုင်းလက်ခံတယ်။

“အဝိဇ္ဇာကြောင့် ကုသိုလ်ဖြစ်တယ်” ဆိုရင် ကုသိုလ်လည်း မလုပ်ရဘူးလို့ ကောက်ချက်ဆွဲပြီး misunderstand ဖြစ်နိုင်တယ်။ အဲဒီလို ဆိုလိုတာ မဟုတ်ဘူး၊ အဝိဇ္ဇာရှိနေသေးသည့်အတွက်ကြောင့် ကံတရားတွေဟာ စုမိဆောင်းမိ ဖြစ်နေတာ၊ အဝိဇ္ဇာက
စာမျက်နှာ-၃၀
ကိလေသာ။ ဒါကြောင့်မို့ အဝိဇ္ဇာကို ပယ်လိုက်တာနဲ့ တစ်ပြိုင်နက် ကံတွေဟာ မစုနိုင်တော့ဘူး။ ဆိုပါစို့ - ရဟန္တာတွေရဲ့ သန္တာန်မှာ ဈာန်တရားတွေ ရှိတယ်၊ သို့သော် အဝိဇ္ဇာမရှိတာနဲ့ တစ်ပြိုင်နက် ကံအရာ မမြောက်တော့ဘူးလို့ ဒီလိုပြောတာ။

ဒီတော့ အကုသိုလ်ဆိုတာက ကိလေသာပဲလေ၊ စိတ်ရဲ့ အညစ်အကြေးတွေပဲ၊ အကုသိုလ်ဆိုတဲ့ ကိလေသာတွေကို ပယ်လိုက်တာနဲ့ တစ်ပြိုင်နက် - (အကုသိုလ်ကို တွန်းလှန်ဖို့ဆိုတာ ကုသိုလ်ရှိရတာကိုး)၊ အကုသိုလ်တွေ အားလုံး ဖယ်ရှားပြီးပြီဆိုရင် ကုသိုလ်ဆိုတာ လိုမှ မလိုတော့တာ၊ မလိုတော့လို့ ရဟန္တာပုဂ္ဂိုလ်တွေကျတော့ “ကုသိုလ်” လို့ မပြောတော့ဘူး၊ “ကြိယာ” လို့ ပြောတယ်နော်။ ဒီအဓိပ္ပါယ်မျိုးကို ဆိုလိုတာပေါ့။ အဝိဇ္ဇာရှိနေသည့်အတွက်ကြောင့် ဒီကံတရားတွေဟာ ဖြစ်ပေါ်ပြီး နေရတယ်။
မျက်မမြင် လမ်းသွားတာနဲ့ တူပုံ
နောက်တစ်နည်း အဓိပ္ပါယ်ပြောတာတော့ ရှိသေးတယ်၊ အဝိဇ္ဇာဆိုတာ အမှန်မသိတာ၊ အမှန်မသိသည့်အတွက်ကြောင့် သတ္တဝါတွေဟာ မျက်မမြင်လမ်းသွားတာနဲ့ အတူတူပဲပေါ့။ မျက်စိနှစ်ကွင်း အလင်းမရတဲ့ပုဂ္ဂိုလ်ဟာ လမ်းခရီးကို ဦးဆောင်သူမပါဘဲနဲ့ လျှောက်လှမ်းလို့ရှိရင် တစ်ခါတလေလည်း ဖြောင့်ချင်ရင်
စာမျက်နှာ-၃၁
ဖြောင့်သွားမယ်၊ လိုရာစခန်း ရောက်မယ်၊ တစ်ခါတလေလည်း မရောက်ဘူးတဲ့။

ထို့အတူပဲ အဝိဇ္ဇာမကင်းသေးတဲ့ ပုဂ္ဂိုလ်တွေ သံသရာခရီးကို သွားတဲ့အခါမှာ တစ်ခါတစ်ရံ ကောင်းတာလည်း လုပ်မိတယ်၊ တစ်ခါတစ်ရံ မကောင်းတာလည်း လုပ်မိတယ်၊ ကောင်းတာလုပ်မိရင် ကုသိုလ်၊ မကောင်းတာလုပ်မိရင် အကုသိုလ်ပေါ့၊ အဲဒီအဓိပ္ပါယ်မျိုးနဲ့ ရှင်းတာလည်း ရှိတယ်ပေါ့။

အမှန်မသိမှုကြောင့်မို့လို့ လုပ်မိလုပ်ရာ လုပ်တယ်၊ လုပ်မိလုပ်ရာ လုပ်တဲ့အထဲမှာ ကိုယ်ထင်တာ ကိုယ်လုပ်တယ်၊ ကိုယ်ထင်တာ ကိုယ်စွတ်လုပ်ပေမယ့် ကောင်းတာ လုပ်မိတဲ့အခါလည်း ရှိတယ်၊ မကောင်းတာ လုပ်မိတဲ့အခါလည်း ရှိတယ်ပေါ့။

လူတွေဟာ ကောင်းတာလုပ်မိလို့ ကောင်းတာတွေ ရလာရင် မသိဘဲနဲ့ ဘာပြောလဲ? “ကြက်ကန်းဆန်အိုးတိုးတယ်” လို့ ပြောကြတယ်နော်၊ ဒါမျိုးကလည်း ရှိသေးတာပဲလေ၊ ကိုယ်ကိုယ်တိုင် ရွေးချယ်နိုင်တဲ့ အစွမ်းသတ္တိမရှိပေမယ့်လို့ တစ်ခါတစ်ရံ အကောင်းနဲ့ စွတ်တွေ့သွားတာလည်း ရှိသေးတယ်။

အဲဒီလိုပဲ သံသရာကျင်လည်တဲ့အခါ အဝိဇ္ဇာရှိနေသေးတဲ့ ပုဂ္ဂိုလ်တွေဟာ ကောင်းတာလည်း လုပ်မိတယ်၊ မကောင်းတာလည်း လုပ်မိတယ်လို့ ဒီလိုပြောတာ၊ အဲဒီနည်းနဲ့လည်း ပြောလို့ရတယ်ပေါ့။
သစ္စာလေးပါးကို မသိ၍ သင်္ခါရပြုပုံ
နောက်တစ်ခါ “အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်” ဆိုတဲ့နေရာမှာ သစ္စာလေးပါးထဲက ဒုက္ခဆိုတာကို တကယ်မသိဘူး၊ မသိသည့်အတွက်ကြောင့် ဒုက္ခကို သုခလို့ ထင်တယ်၊ သုခလို့ ထင်ပြီးတော့ ကောင်းမှုတွေ လုပ်တယ်၊ လုပ်လိုက်သည့်အတွက်ကြောင့် ရလာတော့ ဘာရတုန်းဆိုတော့ ဒုက္ခပြန်ရတယ်။
စာမျက်နှာ-၃၂
ဆိုပါစို့ - လူ့ဘဝကို ချမ်းသာတယ်လို့ ထင်တယ်၊ နတ်ဘဝကို ချမ်းသာတယ်လို့ ထင်တယ်၊ ဗြဟ္မာဘဝကိုလည်း ချမ်းသာတယ်လို့ ထင်တယ်၊ ထင်သည့်အတွက်ကြောင့် ကုသိုလ်ကောင်းမှုတွေ လုပ်ပြီးတော့ လူ့ချမ်းသာ ခံစားရပါလို၏၊ နတ်ချမ်းသာ ခံစားရပါလို၏၊ ဗြဟ္မာချမ်းသာ ခံစားရပါလို၏ လို့ ဆုတောင်းတယ်။ ရလာတော့ ဘာရလဲဆိုရင် ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ - ဒုက္ခတွေ ပြန်ရတယ်ပေါ့။

အိမ်ထောင်ပြုတဲ့သူတွေလိုပဲ - ဘယ်သူပဲဖြစ်ဖြစ် တော်တော်များများ ငယ်ရွယ်သူတွေ အိမ်ထောင်ပြုပြီလို့ ဆိုလို့ရှိရင် စိတ်ထဲမှာ ပျော်မယ်ဆိုတဲ့ အရာလေးတစ်ခုပဲ စဉ်းစားပြီးတော့ ဘဝကြင်ဖော်အဖြစ် ရွေးချယ်ကြတယ်၊ နောက်ပိုင်းလာမယ့် ပြဿနာတွေကို စဉ်းစားမိတဲ့သူက အလွန်ရှားတယ်။ ပျော်ရွှင်မှုဆိုတာလေးတစ်ခုကို အကြောင်းပြုပြီးတော့ အိမ်ထောင်ကျကြတယ်၊ အဲဒါလိုပဲ ဒီဒုက္ခနဲ့ သုခ ယှဉ်တွဲလာတဲ့အခါမှာ သုခလေးတစ်ခုကို တစ်ဖက်သပ်ကြည့်ပြီးတော့ သုခရနိုးနဲ့ လုပ်ရင်း ဒုက္ခတွေနဲ့ တိုးကြတာ - အဲဒီအဓိပ္ပါယ်ကို ပြောတာနော်။

ဒုက္ခသမုဒယကို အမှန်မသိသည့်အတွက်ကြောင့် သုခရဲ့ အကြောင်းလို့ ထင်တယ်၊ သုခဖြစ်စေတတ်တဲ့ အကြောင်းလို့ ထင်တယ်၊ ဒါကြောင့်မို့ ကုသိုလ်ကောင်းမှုပြုတယ်၊ ရလာပြန်တော့ ဒုက္ခတွေပဲ ရလာပြန်တယ်။

ဒုက္ခနိရောဓ - အစစ်အမှန် နိဗ္ဗာန်ဆိုတာကို မသိသည့်အတွက်ကြောင့် နိဗ္ဗာန်လို့ ထင်တဲ့အရာတွေကို မှန်းဆပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သို့မဟုတ် ကိုယ့်ဘာသာတရားက သင်တဲ့
စာမျက်နှာ-၃၃
အတိုင်း ကြိုးစားကြတယ်၊ ကြိုးစားတဲ့အတိုင်း ရလားဆိုတော့ မရဘူးလေ၊ ဒုက္ခနိရောဓအစစ် မဟုတ်ဘူးလေ။

ဘာသာတိုင်းမှာ “မောက်ခ်ရှ” ဆိုတဲ့ လွတ်မြောက်မှုလေးတွေ ရှိတယ်ပေါ့၊ ထာဝရဘုံလေးတွေ ရှိတယ်ပေါ့၊ ထာဝရကောင်းကင်ဘုံလို့ ပြောလိုပြောနော်၊ အမည်နာမလေးတွေသာ ကွဲနေတာ၊ ထာဝရဘုံလေးတွေကို သူတို့သတ်မှတ်ပြီးတော့ - ဗုဒ္ဓဘာသာက သတ်မှတ်တဲ့ နိဗ္ဗာန်လိုပဲ ဒုက္ခနိရောဓလို့ သတ်မှတ်ပြီးတော့ ကြိုးပမ်းအားထုတ်ကြတယ်၊ သို့သော် ဒုက္ခနိရောဓအစစ်ကို ရလားဆိုတော့ မရဘူး။

ဒုက္ခနိရောဓဂါမိနိပဋိပဒါကို မသိသည့်အတွက်ကြောင့် မှားမှားယွင်းယွင်း အကျင့်တွေကျင့်ပြီးတော့ တကယ့် ဒုက္ခနိရောဓကို ရောက်စေတတ်တဲ့ အရာမျိုးကို မရောက်ဘူးတဲ့၊ ဒါ သစ္စာလေးပါးကို မသိသည့်အတွက်ကြောင့် မှားယွင်းချွတ်ချော်မှုတွေနဲ့ ပတ်သက်ပြီးတော့ ပြောတာ။

ကောင်းပြီ - အဝိဇ္ဇာက အခုလို သင်္ခါရတရားတွေကို ဖြစ်ပေါ်စေတာဟာ အဝိဇ္ဇာသည် သင်္ခါရတရားတွေ ဖြစ်ပေါ်ဖို့ရာအတွက် chance ပေးတဲ့သဘောပဲ။ အဝိဇ္ဇာရှိနေသည့်အတွက်ကြောင့် သင်္ခါရတရားတွေဟာ ဖြစ်ပေါ်လာရတယ်၊ အဝိဇ္ဇာက သင်္ခါရတရားတွေကို ထုတ်လုပ်တာ မဟုတ်ဘူး၊ သူရှိနေသည့်အတွက်ကြောင့် ဒီကံတရားတွေဟာ ရှိလာရတယ်။
စာမျက်နှာ-၃၄

အကုသိုလ်အဝိဇ္ဇာသည် ကုသိုလ်သင်္ခါရကို ကျေးဇူးပြုပုံ
ကောင်းပြီ - အဲဒီလို ကံတရားတွေ ရှိလာရတဲ့အခါမှာ အဝိဇ္ဇာက အကုသိုလ်ဖြစ်လျက်သားနဲ့ ကုသိုလ်ဖြစ်တဲ့ ပုညာဘိသင်္ခါရကို ဘယ်လိုနည်းနဲ့ ကျေးဇူးပြုတာလဲ? မတူညီတဲ့အကြောင်းတရားက မတူညီတဲ့အကျိုးတရားတွေကို ဖြစ်ပေါ်စေတာများ ရှိသလား? ဆိုပါစို့ - တမာစေ့စိုက်ပြီးတော့ သရက်ပင်ပေါက်တာများ တွေ့ဖူးသလား? မတွေ့ဖူးဘူးနော်၊ ဒါဖြင့် အဝိဇ္ဇာဆိုတဲ့ တမာစေ့စိုက်ပြီး ပုညာဘိသင်္ခါရဆိုတဲ့ သရက်ပင်ပေါက်နေတာကျတော့ ဘယ်လိုပြောမလဲ? အဲဒါကို ဘယ်လိုရှင်းသလဲဆိုလို့ရှိရင် မတူညီတဲ့အကျိုးတွေကိုလည်း ပေးတတ်တဲ့သဘာဝ ရှိတယ်။

သစ်ပင်လေးတစ်ပင်က မျိုးစေ့လေးတစ်ခုကိုကြည့် - သရက်စေ့လေးကို စိုက်လိုက်တဲ့အခါမှာ ဘယ်နှစ်မျိုးထွက်လာသလဲဆိုလို့ရှိရင် သရက်စေ့က အမြစ်ထွက်လာတယ်၊ အညှောက်ထွက်လာတယ်၊ အဲဒီအညှောက်က ပင်စည်ဖြစ်တယ်၊ နောက် အကိုင်းတွေဖြစ်တယ်၊ အရွက်တွေဖြစ်တယ်၊ အသီးတွေပေါ်လာတယ်၊ အပွင့်တွေပေါ်လာတယ်၊ အဲဒီထဲမှာ သရက်စေ့နဲ့တူတာဆိုလို့ရှိရင် သရက်သီးပဲရှိတယ်၊ ဟုတ်ကဲ့လား၊ အမြစ်ကလည်း သရက်စေ့နဲ့ တူရဲ့လား၊ မတူဘူး၊ ဟော - မတူတာတွေဖြစ်တယ်ဆိုတာ လက်တွေ့ပြတယ်ပေါ့။

အဝိဇ္ဇာက အကုသိုလ်ဖြစ်ပေမယ့်လို့ သူနဲ့ပတ်သက်ပြီး ဖြစ်လာတာက ကုသိုလ်ဖြစ်ချင် ဖြစ်မှာပဲ၊ ဒါက ဖြစ်နိုင်တယ်ဆိုတာကို ပြောတာနော်၊ အေး - မျိုးစေ့နဲ့ မတူတာ အမြစ်၊ မျိုးစေ့နဲ့ မတူတာ အပင်၊ မျိုးစေ့နဲ့ မတူတာ ပင်စည်၊ မျိုးစေ့နဲ့ မတူတာ အကိုင်း
စာမျက်နှာ-၃၅
အခက်၊ မျိုးစေ့နဲ့ မတူတာ အရွက်၊ မျိုးစေ့နဲ့ မတူတာ အပွင့်၊ မျိုးစေ့နဲ့ တူတာကျတော့ အသီး - ဒီတစ်ခုပဲရှိတယ်၊ တူတာလည်း ထုတ်တယ်၊ မတူတာလည်း ထုတ်တယ်လို့ ဒီလိုနားလည်ရမယ်ပေါ့။

အဲဒီတော့ အဝိဇ္ဇာသည် အကုသိုလ်စစ်စစ်ဖြစ်လျက်သားနဲ့ ပုညာဘိသင်္ခါရဆိုတဲ့ ကုသိုလ်ကို ဖြစ်စေတယ်၊ chance ပေးတယ်။ အဲဒီလို ပေးတဲ့အခါမှာ ပဋ္ဌာန်းပစ္စည်းအနေနဲ့ ဘာကို အကြောင်းပြုပြီးတော့ ပေးသလဲ?
ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ပုံ
ပဋ္ဌာန်းနည်းဖြင့် လေ့လာကြည့်မယ်ဆိုလို့ရှိရင် - အဝိဇ္ဇာက ကုသိုလ်ဖြစ်ဖို့ အကြောင်းပြုတဲ့အခါ “အာရမ္မဏပစ္စည်း”၊ “ဥပနိဿယပစ္စည်း” ဒီ ၂-ပစ္စည်းဖြင့် ကျေးဇူးပြုတယ်။

“အဝိဇ္ဇာ”ကို ဝိပဿနာရှုမယ်၊ ကိုယ့်သန္တာန်မှာ အဝိဇ္ဇာဖြစ်လာပြီ၊ ဓမ္မာနုပဿနာထဲပါတဲ့ နီဝရဏတရားတွေကို ရှုတဲ့အခါမှာ အဝိဇ္ဇာနီဝရဏ၊ သို့မဟုတ် စိတ္တာနုပဿနာကျတော့ အဝိဇ္ဇာကို တိုက်ရိုက်ရှုတာ မဟုတ်ဘူး - “သမ္မောဟံ ဝါ စိတ္တံ သမ္မောဟံ စိတ္တန္တိ ပဇာနာတိ” မောဟနဲ့ယှဉ်တဲ့စိတ်ကို ရှုတာကို ပြောတာနော်။

ဓမ္မအနေနဲ့ အဝိဇ္ဇာကို ဝိပဿနာရှုလို့ ရတယ်ပေါ့။ ကိုယ့်သန္တာန်မှာဖြစ်တဲ့ အဝိဇ္ဇာကို ဝိပဿနာရှုတဲ့အခါမှာ အဝိဇ္ဇာသည် အာရုံအကြောင်းတရား မဖြစ်ဘူးလား? ရှုတဲ့စိတ် ဝိပဿနာဉာဏ်က မဟာကုသိုလ်ဉာဏသမ္ပယုတ်စိတ် ဖြစ်တယ်။

ဒီနေရာမှာ အဝိဇ္ဇာဆိုတဲ့ အာရုံအကြောင်းတရားသည် မဟာကုသိုလ်ဆိုတဲ့ သင်္ခါရတရားကို ပဋ္ဌာန်းနည်းအရ အာရမ္မဏ
စာမျက်နှာ-၃၆
သတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဒီလိုပြောတာ၊ ပဋ္ဌာန်းကျတော့ အဝိဇ္ဇာသည် ကာမာဝစရကုသိုလ်စိတ်ရဲ့ အာရုံ ဖြစ်နိုင်တယ်လို့ ပြောတာ။

ဒီကာမာဝစရကုသိုလ်စိတ်ဟာ အဝိဇ္ဇာကို အကြောင်းပြုပြီးတော့ ဖြစ်တာ၊ အဝိဇ္ဇာကို အာရုံပြုပြီးတော့ ဖြစ်တာ၊ ဒါ့ကြောင့်မို့ ဒီနေရာမှာ အဝိဇ္ဇာက ကာမာဝစရကုသိုလ်ကို အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတယ်။

တစ်ခါ ရူပါဝစရဈာန် ရထားပြီးတော့ အဘိညာဉ်စိတ်ဖြစ်တယ်၊ အဘိညာဉ်တန်ခိုးတွေ ရတယ်၊ စေတောပရိယအဘိညာဉ်၊ ဒိဗ္ဗစက္ခုအဘိညာဉ် စသည်ဖြင့် အဘိညာဉ်တွေ ရထားတယ်၊ အဲဒီအဘိညာဉ်စိတ်နဲ့ အဝိဇ္ဇာကို ကြည့်လို့ရတယ်၊ ကိုယ့်သန္တာန်မှာဖြစ်တဲ့ အဝိဇ္ဇာကိုဖြစ်စေ၊ သူများသန္တာန်မှာဖြစ်တဲ့ အဝိဇ္ဇာကိုဖြစ်စေ၊ အဲဒီလို ရှုတဲ့အခါမှာလည်းပဲ အဝိဇ္ဇာသည် အဘိညာဉ်ကုသိုလ်စိတ်အား အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတယ်၊ အဝိဇ္ဇာကို အာရုံပြုပြီးတော့ အဘိညာဉ်စိတ်တွေ ဖြစ်တယ်၊ ဒီလို ဆိုလိုတာနော်။

ကဲ နောက်တစ်ခု - ဘုန်းကြီးတို့တစ်တွေ တရားနာရလို့ အသိတရားတွေ ရလာတဲ့အခါကျတော့ “အဝိဇ္ဇာဆိုတာ မကောင်းဘူး၊ အကုသိုလ်တရားပဲ၊ သစ္စာလေးပါးကို အမှန်မသိတဲ့ အဝိဇ္ဇာကို တို့-ဖယ်ရှားပစ်မှဖြစ်မယ်” ဆိုပြီး အဝိဇ္ဇာက လွတ်မြောက်ဖို့အတွက် ဒါနကောင်းမှုတွေ လုပ်မယ်၊ သီလတွေ ဆောက်တည်မယ်၊ ဘာဝနာတွေ ပွားမယ်၊ ဒီလိုရော မလုပ်ဘူးလား၊ အဝိဇ္ဇာကို ဖယ်ရှားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုရင် အဲဒီအဝိဇ္ဇာဟာ
စာမျက်နှာ-၃၇
ဖြစ်ပေါ်လာတဲ့ ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တွေကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်။

အဝိဇ္ဇာကို ဖယ်ရှားဖို့ ဈာန်တရားကို အားထုတ်တယ်၊ ဈာန်ရလာတယ်၊ အဲဒီဈာန်ကုသိုလ်စိတ်ကို အဝိဇ္ဇာက ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်။

နောက်တစ်ခု - လူတွေဟာ အမှန်တရားကို မသိသည့်အတွက်ကြောင့် ကုသိုလ်ကောင်းမှု ပြုလုပ်ကြတယ်၊ ကာမဘုံကို တောင့်တပြီးတော့ ပြုကြတယ်၊ ရူပဘုံကို တောင့်တပြီးတော့ ပြုကြတယ်၊ ကုသိုလ်ကောင်းမှုလုပ်တာ ကာမဘဝ, ရူပဘဝ ရလိုစိတ်နဲ့ ပြုလုပ်တယ်၊ အဲဒီကုသိုလ်စိတ်တွေကို အဝိဇ္ဇာက ဥပနိဿယသတ္တိနဲ့ အထောက်အကူပြုတယ်။

ဒါကြောင့်မို့ အဝိဇ္ဇာက ပုညာဘိသင်္ခါရကို ကျေးဇူးပြုတာ ပဋ္ဌာန်းနည်းနဲ့ပြောမယ်ဆိုလို့ရှိရင် အာရမ္မဏပစ္စည်းနဲ့ ဥပနိဿယပစ္စည်း ဒီလို ၂-ပစ္စည်း ဖြစ်တယ်။

တစ်ခါ အဝိဇ္ဇာက အာနေဉ္စာဘိသင်္ခါရဆိုတဲ့ အရူပါဝစရဈာန်ကုသိုလ်စိတ်ကို ဥပနိဿယပစ္စည်းတစ်မျိုးတည်းနဲ့ပဲ ကျေးဇူးပြုတယ်၊ အဝိဇ္ဇာကို လွန်မြောက်ဖို့ရန် ရည်ရွယ်ချက်နဲ့ အရူပဈာန်ကို အားထုတ်တယ်၊ အဲဒီလို အားထုတ်လို့ရှိရင် အဝိဇ္ဇာက အာနေဉ္စာဘိသင်္ခါရကုသိုလ်ကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်။

နောက် အရူပဘုံကို တောင့်တပြီးတော့ အရူပဈာန်ကို အားထုတ်တယ်၊ အဝိဇ္ဇာဖြင့် အမှန်မသိသည့်အတွက်ကြောင့် အရူပဘုံဟာ သံသရာက လွတ်တဲ့ဘုံပဲ၊ ဒုက္ခတွေအားလုံး ချုပ်ငြိမ်းတဲ့ဘုံပဲ
စာမျက်နှာ-၃၈
လို့ ဒီလို အထင်မှားပြီးတော့ အရူပဘုံကို တောင့်တပြီး လုပ်လို့ရှိရင်လည်း အဝိဇ္ဇာက အာနေဉ္စာဘိသင်္ခါရကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ ဒီလိုပြောတယ်။
အကုသိုလ်အဝိဇ္ဇာသည် အကုသိုလ်သင်္ခါရကို ကျေးဇူးပြုပုံ
အဝိဇ္ဇာက အကုသိုလ်၊ အဲဒီအကုသိုလ်တရားက အပုညာဘိသင်္ခါရကို ကျေးဇူးပြုတယ်ဆိုတာကတော့ အင်မတန်မှ ရှင်းပါတယ်၊ ဒါက အဝိဇ္ဇာကို သာယာတဲ့တဏှာရာဂ ဖြစ်နိုင်တယ်၊ ဒိဋ္ဌိဖြစ်နိုင်တယ်၊ အဝိဇ္ဇာကို မုန်းတီးတဲ့ဒေါသ ဖြစ်နိုင်တယ်၊ ပုထုဇဉ်တွေမှာလေ။

အဝိဇ္ဇာနဲ့ပတ်သက်ပြီးတော့ ဒေါသဖြစ်တယ်၊ အယူမှားမှုတွေ ဖြစ်လာမယ်ဆိုလို့ရှိရင် အဝိဇ္ဇာက အပုညာဘိသင်္ခါရကို အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတယ်၊ အဝိဇ္ဇာက အာရုံအကြောင်း တရားပစ္စည်း ဖြစ်ပေါ်လာတဲ့အကုသိုလ်တွေက အာရမ္မဏိက ပစ္စယုပ္ပန်၊ အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ ပြောတာနော်။

တစ်ခါ အဝိဇ္ဇာကို အလေးအနက်ထားပြီးတော့ အာရုံပြုတယ်၊ စွဲလမ်းတယ်ဆိုလို့ရှိရင်တော့ အာရမ္မဏာဓိပတိ ဖြစ်နိုင်တယ်၊ အာရမ္မဏူပနိဿယ ဖြစ်နိုင်တယ်၊ ဒါကြောင့် ဖြစ်နိုင်တဲ့ ပစ္စည်းတွေက အာရမ္မဏ ဖြစ်နိုင်တယ်၊ အာရမ္မဏာဓိပတိ ဖြစ်နိုင်တယ်၊ အာရမ္မဏူပနိဿယ ဖြစ်နိုင်တယ်။

တစ်ဖန် အဝိဇ္ဇာနဲ့ အပြစ်မမြင်လို့ အကောင်းထင်ပြီးတော့ အကုသိုလ်တွေ လုပ်တယ်၊ အဲဒီလို အဝိဇ္ဇာဖြင့် အပြစ်မမြင်ဘဲနဲ့
စာမျက်နှာ-၃၉
အကုသိုလ်လုပ်လို့ရှိရင် အဝိဇ္ဇာသည် အကုသိုလ်ကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ ဒီလိုပြောတာ။

ဒါ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့တွဲစပ်ပြီး လေ့လာတာပဲနော်၊ အဲဒီလို ဆက်သွယ်မှု ရှိတယ်ပေါ့။

နောက်တစ်ခု အကုသိုလ်စိတ်ဖြစ်တဲ့အခါမှာ အဝိဇ္ဇာဟာ လောဘနဲ့ တွဲဖြစ်တာ ရှိတယ်၊ ဒေါသနဲ့ တွဲဖြစ်တာ ရှိတယ်၊ အကုသိုလ်ဇောစိတ်တွေဖြစ်ရင် ပထမဇောကနေ ဒုတိယဇော၊ ဒုတိယဇောကနေ တတိယဇော၊ ဇောအချင်းချင်း တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီးတော့ ဖြစ်သွားတာတွေ ရှိတယ်၊ အဲဒီလို ပထမဇောကနေ ဒုတိယဇောဆိုတာမျိုးကျတော့ အနန္တရသတ္တိ၊ သမနန္တရသတ္တိ၊ အာသေဝနသတ္တိ၊ ဥပနိဿယသတ္တိ၊ နတ္ထိသတ္တိ၊ ဝိဂတသတ္တိတွေနဲ့ ကျေးဇူးပြုတယ်လို့ ဒီလိုပြောတာနော်၊ ရှေ့နဲ့နောက်ကျတော့ အနန္တရမျိုး ဖြစ်သွားတယ်။

တစ်ခါ- အဝိဇ္ဇာဟာ လောဘမူစိတ်ထဲမှာ ယှဉ်တွဲပြီးတော့ ဖြစ်နေတယ်ဆိုရင် ဘာသတ္တိတွေနဲ့ ကျေးဇူးပြုတုန်း? အဝိဇ္ဇာနဲ့ အကုသိုလ်စိတ်ဆိုတာ တစ်ပြိုင်နက်ယှဉ်တွဲပြီး ဖြစ်လာတာ ဖြစ်တယ်၊ Born together သဟဇာတ အတူတကွ ဖြစ်လာကြတာ၊ အဝိဇ္ဇာက ဟိတ် ၆-မျိုးထဲမှာ မောဟဟိတ်အနေနဲ့ ပါတာ ဖြစ်သောကြောင့် ဟေတုပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ အတူတကွဖြစ်တာ ဖြစ်သောကြောင့် သဟဇာတပစ္စည်းနဲ့လည်း ကျေးဇူးပြုတယ်၊ အပြန်အလှန်ရလို့ အညမညပစ္စည်းနဲ့လည်း ကျေးဇူးပြုတယ်၊ အဝိဇ္ဇာကို အမှီပြုပြီးတော့ ကျန်တဲ့တရားတွေဟာ အပြန်အလှန်မှီခိုပြီး ဖြစ်ကြတာ ဖြစ်သောကြောင့် နိဿယသတ္တိနဲ့လည်း ကျေးဇူးပြုတယ်။
စာမျက်နှာ-၄၀
အဝိဇ္ဇာနဲ့ လောဘမူစိတ်တွေဟာ ဖြစ်တာလည်း အတူတူ၊ ချုပ်တာလည်း အတူတူ၊ အာရုံလည်းတူတယ်၊ မှီရာလည်း တူတယ်ဆိုတဲ့ စိတ်တစ်ခုတည်းမှာ ဖြစ်ကြတာ ဖြစ်သောကြောင့် သမ္ပယုတ္တသတ္တိနဲ့လည်း ကျေးဇူးပြုတယ်။

ရှိနေတုန်း ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိသတ္တိနဲ့လည်း ကျေးဇူးပြုတယ်၊ မကင်းကွာခင် ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတသတ္တိနဲ့လည်း ကျေးဇူးပြုတယ်လို့ - အဝိဇ္ဇာက အကုသိုလ်ကျတော့ ပစ္စယသတ္တိတွေ မြောက်မြားစွာ ပါဝင်နိုင်တယ်လို့ ဒီလိုပြောတာနော်၊ ဒါပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်တဲ့ နည်းစနစ်တစ်ခုပါပဲ။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာရဲ့ အင်မတန်လေးနက်တဲ့ ဒေသနာတော်နှစ်ရပ်ကို မိမိတို့ဘဝနဲ့စပ်ဟပ်ပြီးတော့ သိအောင် ကြိုးစားရမယ်၊ မြတ်စွာဘုရားရဲ့ဒေသနာတော်တွေကို ကြိုးစားပြီးတော့ လေ့လာလိုက်စားခြင်းဖြင့် မှန်ကန်တဲ့အသိဉာဏ်တွေကို ရပြီး မိမိတို့ရဲ့သံသရာက လွတ်ကြောင်းဖြစ်တဲ့ အသိဉာဏ်ထူးတွေကို ကိုယ်စီကိုယ်ငှ ရအောင် အားထုတ်နိုင်ကြပါကုန်စေသတည်း။
စာမျက်နှာ-၄၁

အပိုင်း (၂)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ တောဇာသက္ကရာဇ် ၃၇၁-ခုနှစ်၊ တပေါင်းလဆန်း ၅-ရက်၊ ခရစ်နှစ် ၂၀၁၀၊ ဖေဖေါ်ဝါရီလ ၁၇-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော်အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာ အနန္တောအနန္တငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အာသာဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

ဒီကနေ့ “သင်္ခါရပစ္စယာ ဝိညာဏံ” ကို ပဋ္ဌာန်းနည်းအရ ရှင်းပြမယ်၊ မနေ့က “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” - အဝိဇ္ဇာဆိုတဲ့ ကိလေသာကို အကြောင်းပြုပြီးတော့ သင်္ခါရဆိုတဲ့ ကုသိုလ်အကုသိုလ်ကံတရားတွေ ဖြစ်ပေါ်တည်ရှိနေပုံကို ပြောခဲ့ပြီ၊ ဒီနေရာမှာ အဝိဇ္ဇာနဲ့ အကုသိုလ်က သဘောတူညီမှုရှိသော်လည်းပဲ အဝိဇ္ဇာနဲ့ ကုသိုလ်
စာမျက်နှာ-၄၂
ကျတော့ သဘောမတူဘူး၊ သဘာဝချင်း ကွဲပြားခြားနားပြီးတော့ ဒီလိုအကျိုးပြုနိုင်သလားလို့ မေးစရာရှိတယ်။

လောကမှာ သဘာဝချင်းမတူဘဲနဲ့ အကျိုးပေးတာတွေ အများကြီးရှိတယ်၊ ဥပမာ- မျိုးစေ့လေးတစ်ခုက အပင်ပေါက်လာအောင် လုပ်ရာမှာ ထိုမျိုးစေ့နဲ့ အလားသဏ္ဌာန်မတူတဲ့ ရေကလည်း အကျိုးပြုတာ ရှိတယ်၊ ထိုမျိုးစေ့နဲ့ အလားသဏ္ဌာန်မတူတဲ့ မြေကြီးကလည်းပဲ အကျိုးပြုတယ်ပေါ့။

နောက်တစ်ခု ကြည့်မယ်ဆိုလို့ရှိရင် စက္ခုဝိညာဏ်ဆိုတဲ့ မြင်သိစိတ်ကလေး ဖြစ်ပေါ်ဖို့ရာအတွက် အလင်းရောင်လေးက ကျေးဇူးပြုတယ်၊ အဲဒီအလင်းရောင်လေးနဲ့ စက္ခုဝိညာဏ်စိတ်ဆိုတာ သဘာဝအားဖြင့် တူညီမှုမရှိဘူး၊ အဲဒီလို ကူညီမှုမရှိတာတွေက အကျိုးပြုတယ်ဆိုတာ လောကမှာ အထင်အရှားရှိတယ်။

ဒါကြောင့်မို့ မတူညီတဲ့အကုသိုလ်တရားက ဘယ်လိုလုပ်ပြီးတော့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကုသိုလ်တရားမျိုးကို ဖြစ်ပေါ်စေနိုင်သလဲဆိုတာကို ပဋ္ဌာန်းနည်းနဲ့ နားလည်သဘောပေါက်ကြရမယ်။
“သင်္ခါရပစ္စယာ ဝိညာဏံ”

သင်္ခါရဆိုင်ရာ သိဖွယ်
ဒီကနေ့ “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ကံကို ပဋ္ိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက သင်္ခါရဆိုတဲ့ အမည်နဲ့ ဟောထားတယ်။ ပဋ္ိစ္စသမုပ္ပါဒ်ရှေ့ပိုင်းမှာ သင်္ခါရအမည်နဲ့ ဟောထားသော်လည်း
စာမျက်နှာ-၄၃
နောက်ပိုင်းမှာ “ဘဝပစ္စယာ ဇာတိ” ဆိုပြီးတော့ ဘဝဆိုတဲ့နာမည်နဲ့လည်း ဟောပြန်တယ်ပေါ့။

ဒါ လောကမှာသတ္တဝါတွေအဖို့ ကံတရားဟာ ဘယ်လောက် အရေးပါတယ်ဆိုတာကို ထင်ရှားသိစေတယ်၊ ကံတရားနဲ့ ကိလေသာဟာ တွဲဖက်ပြီးတော့ သတ္တလောကကြီးတစ်ခုလုံးကို ခြယ်လှယ်မွမ်းမံနေတယ်ဆိုတာကို ထင်ရှားသိစေလိုတဲ့အတွက် မြတ်စွာဘုရားက ကိလေသာနှင့် ကံကို နှစ်မျိုးနှစ်မျိုး တွဲဖက်ပြီးတော့ ပဋိစ္စသမုပ္ပါဒ်မှာ ဟောထားတာ။
ကံ - သင်္ခါရ - ဘဝ
ကံကို သင်္ခါရလို့ ဟောတယ်၊ ကံကိုပဲ ဘဝလို့ ဟောတယ်၊ အဲဒီတော့ ဘဝဟာ ၂-မျိုးရှိသည့်အတွက်ကြောင့် ဥပပတ္တိဘဝနဲ့ ကမ္မဘဝ၊ ကံက ထုတ်လုပ်လိုက်တဲ့ခန္ဓာကို ဥပပတ္တိဘဝလို့ ခေါ်ပြီး ကံတရားကိုတော့ ကမ္မဘဝလို့ ဒီလို ခွဲခြားပြီး ကြည့်ကြရတယ်။

သို့သော် “ဘဝပစ္စယာ ဇာတိ” ဆိုတဲ့ စကားလုံးမှာ ဘဝဆိုတာ ဥပပတ္တိဘဝကို ဆိုလိုတာ မဟုတ်ဘဲနဲ့ ကံကိုပဲ ဆိုလိုတယ်ဆိုတာ အဋ္ဌကထာကျမ်းဂန်တွေမှာ ရှင်းလင်းဖော်ပြထားတာ ရှိတယ်၊ ဘဝဂါမိကမ္မ - ဘဝကိုပို့ဆောင်ပေးတဲ့ကံ -သို့မဟုတ်- ဘဝကို ပစ်ချပေးတဲ့ကံမျိုးကို ဒီနေရာမှာ ဘဝလို့ပဲ သုံးလိုက်တယ်ပေါ့။

ဗုဒ္ဓဘာသာဖြစ်ဖို့ရာအတွက် အခြေခံအားဖြင့် ဘာလိုအပ်သလဲဆိုတာကို ဒါနဲ့ ဆက်စပ်ပြီးတော့ ကြည့်မယ်ဆိုလို့ရှိရင် ကံနဲ့ ကံရဲ့အကျိုးကို လက်ခံဖို့ လိုအပ်တယ်၊ ကံတရားကို လက်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ကံရဲ့အကျိုးဆက်ကိုလည်း လက်ခံပြီးသားဖြစ်
စာမျက်နှာ-၄၄
တယ်၊ ကံတရားကို လက်မခံဘူး၊ ကံရဲ့အကျိုးကို လက်မခံဘူးဆိုလို့ရှိရင် ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံမရှိဘူးလို့ ပြောလို့ရတယ်။

ပဋ္ိစ္စသမုပ္ပါဒ်မှာ ကံတရားရဲ့ အရေးပါမှုကြောင့် မြတ်စွာဘုရားက “သင်္ခါရပစ္စယာ ဝိညာဏံ”၊ “ဘဝပစ္စယာ ဇာတိ” လို့ ဒီလို ၂-ဌာန ဟောထားတယ်။

ဒုစရိုက် ၁၀-ပါးကို ပြတဲ့အခါမှာ မနောကံမှာ မိစ္ဆာဒိဋ္ဌိဆိုတာ ပါတယ်၊ သုစရိုက် ၁၀-ပါး မနောကံအရာမှာ သမ္မာဒိဋ္ဌိလို့ ပါတယ်။ အဲဒီမှာ ကံကိုငြင်းပယ်တဲ့ အယူအဆတစ်ရပ်ကို မိစ္ဆာဒိဋ္ဌိလို့ ပြောတာ၊ ဒါကြောင့်မို့ “နတ္ထိကဒိဋ္ဌိ” ဆိုတာ တိုက်ရိုက်အားဖြင့် ကံရဲ့အကျိုးကို ငြင်းပယ်

နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ၊ နတ္ထိ ဟုတံ - လှူတာ ပူဇော်တာ ပသတာ လက်ဆောင်ပေးတာဆိုတဲ့ ဒါနကောင်းမှုရဲ့ အကျိုးတွေကို လက်မခံတာ၊ အဲဒါလည်း ကံကိုလက်မခံတဲ့ သဘောပဲ။

နတ္ထိ သုကဋ ဒုက္ကဋာနံ ကမ္မာနံ ဖလာနံ ဝိပါကော - ကောင်းစွာပြုအပ် မကောင်းသဖြင့်ပြုအပ်တဲ့ ကုသိုလ်ကံအကုသိုလ်ကံတွေရဲ့ အကျိုးဆိုတာ မရှိဘူးလို့ ကံကို ငြင်းပယ်တယ်။

အဲဒီကံကို ငြင်းပယ်တဲ့ မိစ္ဆာဒိဋ္ဌိရှိနေလို့ဆိုရင် ကံကို ငြင်းပယ်တဲ့အတွေးရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းရာသုဂတိကို မရောက်နိုင်ဘူးတဲ့၊ ဒါကြောင့်မို့ အဲဒီမိစ္ဆာဒိဋ္ဌိကို “သဂ္ဂါဝရဏ” - ကောင်းရာသုဂတိကို တားမြစ်နိုင်တဲ့အပြစ်လို့ စာပေကျမ်းဂန်မှာ ဆိုတယ်။

ဒီမနောကံအရာ မိစ္ဆာဒိဋ္ဌိဆိုတာ သက္ကာယဒိဋ္ဌိကို ပြောတာမဟုတ်ဘူး၊ သက္ကာယဒိဋ္ဌိဆိုတာ သောတာပန်ဖြစ်မှ ဖယ်ရှားလို့ရ
စာမျက်နှာ-၄၅
မယ်၊ သက္ကာယဒိဋ္ဌိ ရှိနေပေမယ်လို့ ကံ, ကံ၏အကျိုးကို လက်ခံတဲ့ ပုဂ္ဂိုလ်ဆိုရင် ကောင်းရာသုဂတိကို ရောက်နိုင်တယ်၊ သက္ကာယဒိဋ္ဌိကို တဒင်္ဂအနေနဲ့ နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ဖယ်ရှားနိုင်တယ်၊ အကြွင်းမဲ့ဖယ်ရှားတာကျတော့ သောတာပတ္တိမဂ်ဉာဏ်နဲ့မှ ဖယ်ရှားလို့ရတယ်။

ဒီတော့ ဗုဒ္ဓဘာသာဖြစ်ဖို့ အရေးကြီးတာဘာတုန်းဆိုရင် ကံကို လက်ခံဖို့ အရေးကြီးတယ်၊ ကံကို ငြင်းပယ်တယ်၊ ကံရဲ့အကျိုးကို ငြင်းပယ်ပြီဆိုလို့ရှိရင် ဘယ်လိုနည်းနဲ့မှ ဗုဒ္ဓဘာသာမဖြစ်နိုင်ဘူး၊ ဒါအခြေခံအားဖြင့် ဆိုလိုတာ။

ဝိနည်းကျမ်းဂန်ထဲမှာ မြတ်စွာဘုရားက ဘာသာအယူဝါဒကွဲပြားတဲ့ သာသနာတစ်ခုမှာ ဝင်ရောက်ပြီး သာသနာ့ဝန်ထမ်းလုပ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်အတွင်း ရဟန်းအဖြစ် ဝင်ရောက်ချင်တယ်ဆိုရင် ၄-လစောင့်ဆိုင်းပြီး အကဲခတ်ခြင်းကို ခံရမယ်၊ ၄-လတိုင်တိုင် ချမှတ်ထားတဲ့ ကျင့်ဝတ်စည်းကမ်းကို လိုက်နာပြီးတော့ စောင့်ကြည့်တာကို ခံရမယ်။ ဆိုလိုတာ ၄-လ ဆိုင်းရမယ်၊ အညတိတ္တိယ ပရိဝါသ လို့ ခေါ်တယ်၊ သင်တန်းပေးထားတဲ့ အပိုင်းပေါ့၊ ၄-လဆိုင်းငံ့ထားပြီး အယူဝါဒတွေနဲ့ပတ်သက်ပြီးတော့ အကဲခတ်စမ်းသပ်လေ့ကျင့်လို့ ၄-လပြည့်တဲ့အခါကျမှ ကျေနပ်ပြီဆိုရင် ရဟန်းပြုပေးနိုင်တယ်လို့ ဒီလိုဆိုထားတယ်။

အဲဒီပညတ်ချက်ဟာ ကံနဲ့ ကံရဲ့အကျိုးကိုလက်ခံတဲ့ ကမ္မဝါဒီပုဂ္ဂိုလ်တွေဆိုလို့ရှိရင် အဲဒီလို ၄-လစောင့်ဆိုင်းပြီးတော့ စမ်းသပ်ခံတဲ့အတိုင်းအတာတစ်ခု လုပ်စရာမလိုဘူးတဲ့၊ ချက်ချင်း သာသနာ့
စာမျက်နှာ-၄၆
ထဲ ဝင်ခွင့်ပြုတယ်၊ ရဟန်းခံခွင့်ပြုတယ်၊ အဲဒါကို ထောက်ထားမယ်ဆိုလို့ရှိရင် ကံကို လက်ခံခြင်းဟာ ဗုဒ္ဓဘာသာဖြစ်ဖို့အတွက် တကယ့်အခြေခံကောင်းကြီးလို့ ယူဆရတယ်။

ဒီတော့ မြတ်စွာဘုရားဟောတဲ့ တရားတော်တွေဟာလည်းပဲ အကြောင်းနဲ့ အကျိုးကို ဟောတယ်၊ အဲဒီအကြောင်းနဲ့ အကျိုးဆိုတဲ့အထဲမယ် ကိလေသာဆိုတာလည်း အကြောင်းတစ်အုပ်၊ ကံဆိုတာလည်း အကြောင်းတစ်ခုပဲ။
ကံနှင့် ကိလေသာ အရေးကြီးပုံ
အကြောင်းတွေက တစ်ခုတည်းမဟုတ်ဘူး၊ အကြောင်းပေါင်း မြောက်မြားစွာ ဟောကြားထားတာ ဖြစ်တယ်၊ အဲဒီအကြောင်းတွေထဲမှာ အရေးပါတဲ့အကြောင်းကတော့ ကိလေသာနဲ့ ကံပဲဖြစ်တယ်၊ သံသရာဝဋ်က လွတ်ဖို့ဆိုတာလည်းပဲ ဒီအကြောင်းနှစ်ပါးထဲက ကိလေသာကို ပယ်ဖျက်ဖို့က အင်မတန်မှ အရေးကြီးတယ်၊ ကိလေသာဆိုတဲ့အဖော်သဟဲရမှ ကံဆိုတာ အကျိုးပေးလို့ရတယ်၊ ကိလေသာရဲ့အကူအညီ မရဘဲနဲ့ ကံတစ်ခုတည်းကနေ မထုတ်လုပ်နိုင်ဘူးတဲ့၊ ဟုတ်တာပေါ့ မျိုးစေ့ကလေးက သူ့ဖာသာသူနေရင် အပင်မပေါက်ဘူးလေ၊ မြေနဲ့ရေနဲ့ ထိတွေ့ပေးလိုက်မှ မြေရဲ့အကူအညီရ၊ ရေရဲ့အကူအညီရပါမှ မျိုးစေ့က အပင်ကို ဖြစ်ပေါ်စေတာ။

ထို့အတူပဲ ကံတရားဟာ သီးသီးသန့်သန့် ကံချည်းရှိနေမယ်၊ ကိလေသာအကူအညီမပါဘူးဆိုရင် ထိုကံတရားသည် အကျိုးတစ်စုံတစ်ရာကို ပေးစွမ်းနိုင်ခြင်း မရှိဘူးတဲ့၊ ဒီသဘောကို သိဖို့ အင်မတန်မှ အရေးကြီးတယ်။
စာမျက်နှာ-၄၇

ကံဆိုတာ ဖယ်ရှားလို့မရ
ဒါကြောင့်မို့ ဝဋ်သုံးပါး - ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် လို့ဆိုတဲ့အထဲမယ် ဘယ်ဝဋ်ကို ဖယ်ရှားရမှာလဲလို့ဆိုရင် ကိလေသာကို ဖယ်ရှားရမယ်၊ ကိလေသာကို ဖယ်ရှားလိုက်တာနဲ့ တစ်ပြိုင်နက် ရှိနေတဲ့ ကံတရားတွေဟာ အလုပ်မဖြစ်တော့ဘူး၊ စွမ်းဆောင်နိုင်မှုမရှိတော့ဘူး၊ ကံတွေက အကျိုးမပေးလို့သာ ကံကို ဖယ်ရှားတယ်လို့ ပြောနေကြတာ တကယ်တော့ ကံဆိုတာ ဖယ်ရှားလို့မရဘူး။

ဘာဖြစ်လို့တုန်းဆိုတော့ လုပ်ထားပြီးသား ကိစ္စတစ်ခုကို မလုပ်ဘူးလို့ ပြောလို့မှ မရတော့ဘဲ၊ လုပ်ပြီးသားဆိုတာ ပြီးခဲ့ပြီလေ၊ ပြီးခဲ့တဲ့အရာတစ်ခုကို ဘယ်သူက ပြင်လို့ရမလဲ၊ ရှိမှမရှိတော့တာ၊ လုပ်ပြီးဖြစ်နေပြီ၊ ပြီးပြီးသားဖြစ်နေပြီ၊ ပြီးပြီးသားဖြစ်နေတဲ့အရာကို ဘယ်လိုမှ ပြန်ယူလို့ရတာမဟုတ်ဘူး၊ ဒါကြောင့်မို့ ကံဆိုတာ ဖယ်ရှားပစ်လို့မရဘူး။

ဖယ်ရှားပစ်လို့ရတာက ကိလေသာ၊ ကိလေသာကုန်လို့ရှိရင် ကံကုန်တယ်၊ ဒါကြောင့်မို့ “ကိလေသနိရောဓာ ကမ္မနိရောဓော” တဲ့၊ ကိလေသာတွေ ချုပ်ငြိမ်းသွားမှ ကံတရားဟာ အလုပ်မဖြစ်တော့ဘဲ ငြိမ်းသွားမှာ၊ ကံတရားကို သိရှိနားလည်ဖို့ အလွန်တရာ အရေးပါတယ်။
အစွန်းရောက် ကမ္မဝါဒ
သို့သော် အရာရာဟာ အတိတ်ကလုပ်ခဲ့တဲ့ ကံကြောင့်ပဲလို့ အစွန်းရောက်ကမ္မဝါဒမျိုးကျတော့ မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်၊ အဲဒါက ပုဗ္ဗေကတဟေတုဒိဋ္ဌိ တဲ့၊ အခုဘဝဖြစ်နေတဲ့ သုခဒုက္ခ ဆင်းရဲ
စာမျက်နှာ-၄၈
ချမ်းသာခံစားရမှု ဘဝအတွေ့အကြုံ မှန်သမျှဟာ အရင်ကလုပ်ခဲ့တဲ့ကံကြောင့်လို့ တသမတ်တည်းစွဲယူခြင်းကို ပုဗ္ဗေကတဟေတုဒိဋ္ဌိလို့ ခေါ်တယ်၊ အဲဒါ ကမ္မဝါဒအစွန်းရောက်သွားတဲ့ သဘောပဲ။

မြတ်စွာဘုရားက ဘယ်အရာမှ အစွန်းရောက်တာကို လက်မခံဘူး၊ မဇ္ဈိမပဋိပဒါပဲ၊ အကောင်းပဲဖြစ်စေ လွန်သွားရင် အဆိုးဖြစ်တာပဲ၊ အဲဒီတော့ အရာရာ ကံကြောင့်သာလို့ ဒီလိုပြောလိုက်မယ်ဆိုရင် အခြားအကြောင်းတရားတွေကို ငြင်းပယ်ရာရောက်တယ်။ အခြားတရားတွေကို ငြင်းပယ်လိုက်တာနဲ့ တစ်ပြိုင်နက် မှန်ကန်တဲ့အတွေး မဟုတ်တော့ဘူး၊ မှားယွင်းတဲ့အတွေးတွေ ဖြစ်သွားတယ်။

ဆိုပါစို့ - လောကမှာ လူတွေရောဂါဖြစ်တယ်၊ နှာစေးချောင်းဆိုးဖြစ်တယ်၊ အစွန်းရောက်ကမ္မဝါဒီသမားက အဲဒီနှာစေးချောင်းဆိုးဖြစ်ရတာဟာ အတိတ်က အကုသိုလ်ကံကြောင့် ငါနှာစေးရတယ်၊ ချောင်းဆိုးရတယ်လို့ ဒီလိုယူလို့ရှိရင် ပစ္စုပ္ပန်အကြောင်းတရားကို သူမျက်ကွယ်ပြုရာရောက်တယ်။ တကယ်တော့ သူနှာစေးတာ၊ ချောင်းဆိုးတာက အအေးမိလို့၊ ပစ္စုပ္ပန်အကြောင်းတရားက ဆန့်ကျင်ဘက်အအေးဒဏ်ကို မခံနိုင်လို့၊ ခန္ဓာကိုယ်ရဲ့ ရာသီဥတုကို ခုခံနိုင်တဲ့စွမ်းအား လျော့ကျနေလို့၊ မတည့်တဲ့ရာသီဥတုကြောင့် မိမိမှာ ရောဂါတစ်ခုဖြစ်တယ်၊ ဒါဟာ အကြောင်းပဲ၊ ဒီအကြောင်းကိုလည်း လက်ခံရမယ်လို့ ပြောတယ်၊ အဲဒါကို လက်မခံဘဲနဲ့နေမယ်ဆိုလို့ရှိရင် အစွန်းရောက်ကမ္မဝါဒ ဖြစ်သွားလိမ့်မယ်။

သို့သော် ဘဝတစ်ခုမှာ ကံက အရေးပါတယ်ဆိုတာတော့ သေချာတယ်၊ “ကံဟု မူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာတည့်”၊ အဓိကအကြောင်းတရားအနေနဲ့ ကံကိုတော့ လက်ခံရ
စာမျက်နှာ-၄၉
မယ်၊ သို့သော် “ကံ - ဉာဏ် - ဝီရိယ” လို့ ဆိုတဲ့အတိုင်း ဉာဏ်ရည်ဉာဏ်သွေးရှိလို့ လုံ့လဝီရိယရှိလို့ ကောင်းကျိုးချမ်းသာတွေ ရနိုင်တာ၊ ကံရဲ့ အကျိုးတရားသက်သက်မဟုတ်ဘူး၊ ဉာဏ်ရဲ့စွမ်းဆောင်မှုကိုလည်း အသိအမှတ်ပြုရမယ်၊ ဝီရိယရဲ့စွမ်းဆောင်မှုကိုလည်း အသိအမှတ်ပြုရမယ်၊ ဒီလိုဆိုတယ်။

ဒါကြောင့် ကံတရားနဲ့ပတ်သက်ပြီးတော့ ကျကျနန နားလည်ဖို့ လိုတယ်၊ အခြေခံအားဖြင့် ဘုန်းကြီးတို့တစ်တွေ ဘဝတစ်ခုစလာရတာ ကံတရားကြောင့်ဆိုတာ သေချာတယ်၊ အခြားဘယ်အရာကမှ မလုပ်နိုင်တာကို ကံက အဓိကစွမ်းဆောင်မှုပေးသွားတယ်၊ အဲဒါကို “သင်္ခါရပစ္စယာ ဝိညာဏံ” သို့မဟုတ် “ဘဝပစ္စယာ ဇာတိ”၊ ဘယ်နေရာမှာ ဟောဟော မြတ်စွာဘုရားဟောတဲ့ တရားတွေဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်မှုမရှိဘူး၊ သတ္တဝါတို့ရဲ့ အကြိုက်အဇ္ဈာသယကိုလိုက်ပြီးတော့ စကားလုံးလေးတွေ ပြောင်းလဲပေးတာမျိုးတော့ ရှိတာပေါ့။
ဘဝသုတ္တန်
အင်္ဂုတ္တရနိကာယ် တိကနိပါတ်မှာ ဘဝသုတ္တန်ဆိုတဲ့ သုတ် ၂-သုတ် ရှိတယ်၊ ပထမဘဝသုတ်နဲ့ ဒုတိယဘဝသုတ်၊ အဲဒီသုတ်မှာ ဘဝနဲ့ပတ်သက်ပြီးတော့ ရှင်အာနန္ဒက မေးခွန်းထုတ်ထားတယ်၊ “အရှင်ဘုရား - အများက ဘဝ, ဘဝနဲ့ ပြောနေကြတာ ဘယ်လိုအတိုင်းအတာကြောင့် ဘဝတစ်ခု ရရှိနိုင်လာပါသလဲ” ဆိုတဲ့ မေးခွန်းတစ်ခု မေးထားတာရှိတယ်၊ အဲဒီမေးခွန်းရဲ့အဖြေ
စာမျက်နှာ-၅၀
အချုပ်က မြတ်စွာဘုရားက ကံကိုပဲ ဟောထားတယ်၊ “အကျိုးတရားကို ရင့်ကျက်စေတတ်တဲ့ကံတရား မရှိဘူးဆိုရင် ဘဝဆိုတာ မဖြစ်နိုင်ဘူး” တဲ့၊ အကျိုးပေးဖို့ ရင့်ကျက်လာတဲ့ ကံတရားကို အမှီပြုမှသာလျှင် ဘဝဆိုတာ ဖြစ်လာတယ်။

အဲဒီသုတ္တန်မှာ မြတ်စွာဘုရားက ဘဝတစ်ခုအစပြုလာတဲ့အခါမှာ ကံရဲ့စွမ်းဆောင်မှုကို ဘယ်လိုဥပမာပေးထားလဲဆိုရင် “ကမ္မံ ခေတ္တံ” - ကံဟာ မြေလွှာနဲ့ အလားသဏ္ဌာန်တူတယ်။ “ဝိညာဏံ ဗီဇံ” - ပဋိသန္ဓေဝိညာဏ်စိတ်ကလေးဟာ မျိုးစေ့နဲ့ အလားသဏ္ဌာန်တူတယ်၊ “တဏှာ သနေဟာ” - တွယ်တာမှု တဏှာလေးဟာ ရေနဲ့ အလားသဏ္ဌာန်တူတယ်၊ အစေးဓာတ်နဲ့ အလားသဏ္ဌာန်တူတယ်၊ Moisture ပေါ့။

အပင်တစ်ခုပေါက်လာတယ်ဆိုလို့ရှိရင် ဘာရမလဲ၊ မြေရှိရမယ်၊ ရေရှိရမယ်၊ မျိုးစေ့ရှိရမယ်၊ ဒီ ၃-မျိုးပဲ၊ အဲဒီ ၃-မျိုး ပေါင်းဆုံလာလို့ရှိရင် အပင်ပေါက်တာပဲ၊ ဒါမှန်တယ်၊ ဘဝတစ်ခုမှာလည်းပဲ ထို့အတူပဲ၊ မြေနဲ့ အလားသဏ္ဌာန်တူတဲ့ ကံဆိုတာ ရှိရမယ်၊ မျိုးစေ့နဲ့ အလားသဏ္ဌာန်တူတဲ့ ပဋိသန္ဓေစိတ်၊ ရေအစေးနဲ့ အလားသဏ္ဌာန်တူတဲ့ အတွယ်အတာ၊ ဒါတွေပေါင်းစပ်ပြီးတော့ ဘဝတစ်ခုဟာ ရရှိလာတယ်လို့ ပြောတယ်။

ဒီနေရာမှာ စဉ်းစားစရာက “ကမ္မံ ခေတ္တံ” - ကံကို မြေလွှာသဖွယ်ကားတာဟာ အကယ်၍ ကံမရှိဘူးဆိုလို့ရှိရင် ဝိညာဏ်လို့ဆိုတဲ့ သန္ဓေမျိုးစေ့လေးဟာ ပေါက်လာနိုင်စရာမရှိဘူး၊ ကံပေါ်မှာ အမှီပြုပြီးတော့ ဘဝတစ်ခုကို အစပြုတယ်ဆိုတာ ဘာမှအခြေပြုစရာမရှိသေးဘူး၊ အခြေပြုစရာမရှိတဲ့အချိန်မှာ ကံသက်သက်
စာမျက်နှာ-၅၁
ကိုသာ အမှီပြုကြရတာ၊ ဒါကြောင့်မို့ ကံဟာ မြေလွှာနဲ့ အလားသဏ္ဌာန်တူတယ်လို့ ဒီလိုဟောတာ၊ “ကမ္မံ ခေတ္တံ” - ကံဆိုတဲ့ မြေလွှာပေါ်မှာ သန္ဓေဆိုတဲ့ ဝိညာဏ်မျိုးစေ့လေး ပေါ်လာတယ်။ အဲဒီမျိုးစေ့လေး ရှင်သန်လာအောင် ကွယ်ကာမှုလေးကနေပြီးတော့ ရေဆွတ်ဖျန်းပေးတယ်၊ အစိုဓာတ်ကလေး ပေးတယ်၊ အင်မတန်ထင်ရှားတဲ့ဥပမာနဲ့ မြတ်စွာဘုရားက အဲဒီသုတ္တန်မှာ ဟောထားတယ်။

ပဋိစ္စသမုပ္ပါဒ်မှာ လူတွေရဲ့ ပဋိသန္ဓေစိတ်လေးဟာ ကံနဲ့ ဆက်သွယ်ပြီးတော့မှ ဖြစ်ပေါ်လာတယ်၊ “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဒီလိုဟောတယ်၊ ကဲ ဒီနေရာမှာ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို ကြည့်ကြရအောင်၊ မနေ့က အကျဉ်းအားဖြင့် ပြောထားခဲ့တယ်။
သင်္ခါရမည်ပုံနှင့် အရ
သင်္ခါရဆိုတာ ဒီနေရာမှာ ကံကိုပြောတာ၊ ဘာဖြစ်လို့ ကံကို သင်္ခါရလို့ ခေါ်သလဲဆိုရင် ဖန်တီးတတ်လို့၊ ဖြစ်ပေါ်စေတတ်လို့၊ “သင်္ခတံ အဘိသင်္ခရောန္တီတိ သင်္ခါရာ” - ရုပ်တွေနာမ်တွေကို ဖန်ဆင်းပေးတယ်၊ ဖန်ဆင်းတယ်ဆိုတာ ဆောက်လုပ်ပေးတာ၊ ဖြစ်ပေါ်စေတာ၊ ထုတ်လုပ်တာ - ဒီလိုဆိုလိုတယ်၊ ဒီနေရာမှာ သင်္ခါရဆိုတာ ကုသိုလ်ကံနဲ့ အကုသိုလ်ကံ ဒီ ၂-ခုကို ရည်ညွှန်းပြီးတော့ ပြောတယ်။

အကုသိုလ်ကံက ၁၂-မျိုး ရှိတယ်၊ ကုသိုလ်ကံဆိုတဲ့နေရာမှာ ပဋိစ္စသမုပ္ပါဒ်က သံသရာအကြောင်းရှင်းပြတာ ဖြစ်သောကြောင့် လက်လှမ်းမမှီတဲ့ လောကုတ္တရာကုသိုလ်တွေကို ထည့်မပြောဘူး၊ လောကီကုသိုလ်ကိုပဲ ထည့်ပြောလို့ရတယ်၊ ဒါကြောင့်မို့ ကာမာ
စာမျက်နှာ-၅၂
ဝစရကုသိုလ်စိတ် ၈-ခု၊ ရူပဈာန်တရားနဲ့ ပတ်သက်လာတဲ့ ရူပါဝစရကုသိုလ်စိတ်က ၅-ခု၊ အရူပဈာန်နဲ့ ပတ်သက်ပြီးတော့ အရူပါဝစရကုသိုလ်စိတ်က ၄-ခု၊ လောကီကုသိုလ် ၁၇-ခုပေါ့၊ အဲဒီ ၁၇-ခုမှာ ယှဉ်တွဲတဲ့စေတနာတွေနဲ့ အကုသိုလ်စိတ် ၁၂-ခုနဲ့ ယှဉ်ပြီးတော့ ဖြစ်ပေါ်လာတဲ့စေတနာတွေကို ဒီနေရာမှာ သင်္ခါရလို့ ပြောတယ်။
ကံမည်ပုံ
စေတနာကို ဘာကြောင့် ကံလို့ ခေါင်းစဉ်တပ်ရသလဲဆိုတော့ စေတနာတွေက အားလုံးကို စုပေးတဲ့သဘောရှိတယ်၊ အခုခေတ်စကားနဲ့ ပြောရမယ်ဆိုလို့ရှိရင် Organizer ပေါ့၊ သဘာဝတရားတွေကို စုစည်းပေးတာ၊ စုစည်းပေးလိုက်လို့ရှိရင် Energy စွမ်းအင်သတ္တိ ရမယ်၊ သူကိုယ်တိုင်ကလည်း စွမ်းဆောင်မှုရှိတယ်၊ အခြားသဘာဝတရားတွေကိုလည်း စွမ်းဆောင်မှုရှိလာအောင် စွမ်းအားတွေပေးတယ်၊ ဒါကြောင့်မို့ စေတနာကို အင်္ဂလိပ်လို ပြန်တဲ့အခါမှာ Volition လို့ ပြန်လေ့ရှိသော်လည်း တကယ်ပြန်သင့်တာက Stimulation ဖြစ်တယ်၊ အားလုံးရဲ့စွမ်းအားတွေ ထက်လာအောင် စုစည်းပေးတဲ့ သဘော၊ အဲဒီလို စွမ်းအားတွေစုပိသွားတာကြောင့် ဘာတွေပေါ်လာတုန်းဆိုလို့ရှိရင် စိတ်ကတွေးမှု မနောကံ၊ နှုတ်ကထုတ်ပြောမှု ဝစီကံ၊ ကိုယ်ထိလက်ရောက်မှု ကာယကံ သဘောတရားတွေ ပေါ်လာတယ်။

အဲဒီလို ကမ္မဆိုတဲ့ ပြုလုပ်မှုတွေ ပေါ်လာစေတတ်လို့ စေတနာကို ကမ္မလို့ ခေါ်လိုက်တာ၊ အားလုံး စိတ်ရဲ့တွေးခေါ်မှု၊
စာမျက်နှာ-၅၃
နှုတ်ရဲ့ပြောဆိုမှု၊ ကိုယ်ထိလက်ရောက် ဆောင်ရွက်လုပ်ကိုင်မှုဆိုတဲ့ အဲဒီအမှုတွေက ကမ္မပဲ၊ ကမ္မဆိုတဲ့ စကားလုံးက အမှုပဲ၊ အဲဒီပြုလုပ်မှုတွေ သက်သက်ကို မဆိုလိုဘဲနဲ့ အဲဒီပြုလုပ်မှုတွေရဲ့ နောက်ကွယ်ကနေပြီး ဒီလိုပြုလုပ်မှုတွေကို ဖြစ်ပေါ်စေအောင် ဘယ်သူက စွမ်းဆောင်နေသလဲဆိုရင် စေတနာက စွမ်းဆောင်နေတာ၊ ဒါကြောင့်မို့လို့ ဒီစေတနာလေးကို ကမ္မလို့လည်း ခေါ်တယ်၊ ဖန်တီးတတ်လို့ သင်္ခါရလို့လည်း ခေါ်တယ်၊ ဘဝတစ်ခုကို သယ်ဆောင်သွားတတ်လို့ ဘဝလို့လည်း ခေါ်တယ်ပေါ့။

လောကမှာ လူတွေ နေ့စဉ်နဲ့အမျှ ကြံတွေးနေတဲ့ကိစ္စတွေ၊ နှုတ်ကထုတ်ပြောနေတဲ့ ကိစ္စတွေ၊ ကိုယ်ထိလက်ရောက်လုပ်ကိုင်နေတဲ့ ကိစ္စတွေက ဘယ်သူရဲ့တွန်းအားလဲဆိုရင် ဟောဒီစေတနာရဲ့တွန်းအားတွေပဲ၊ သဘာဝတရားတွေကို တွန်းအားပေးလိုက်တဲ့အခါကျတော့ အင်အားတွေတက်လာတယ်၊ အင်အားတွေတက်လာလို့ လုပ်ဆောင်မှုတွေက ထင်ရှားလာတာပေါ့၊ ထင်ရှားလာသည့်အတွက်ကြောင့် ဒီလုပ်ရပ်ကို အမှီပြုပြီး ကောင်းကျိုးဆိုးကျိုးဆိုတာ ဖြစ်ပေါ်လာတယ်။

ဒီသင်္ခါရဆိုတဲ့ ကံတရားတွေဟာ လောဘ၊ ဒေါသ၊ မောဟ ဆိုတာတွေက ဦးဆောင်သွားလို့ရှိရင် မကောင်းတဲ့ကံ ဖြစ်တယ်၊ အလောဘ၊ အဒေါသ၊ အမောဟ စတဲ့တရားတွေက ဦးဆောင်သွားလို့ရှိရင် ကောင်းတဲ့စေတနာ၊ ကောင်းတဲ့ကံ ဖြစ်လာတယ်၊ ကုသိုလ်ကံ၊ အကုသိုလ်ကံလို့ ကံနှစ်မျိုးနှစ်စား ကွဲပြားခြားနားလာတယ်ပေါ့။
စာမျက်နှာ-၅၄

ဝိညာဏ မည်ပုံနှင့် အရ
အဲဒီ ကွဲပြားခြားနားလာတဲ့ ကံတရားတွေဟာ သူတို့ရဲ့ စွမ်းအားသတ္တိအလိုက် ဝိညာဏ်စိတ်တွေကို ဖြစ်ပေါ်စေတယ်၊ ဒီနေရာမှာ ဝိညာဏ ဆိုတာကို - မြန်မာပြည်မှာ သာမန်အရပ်သားတွေက ဝိညာဏ်ဆိုရင် ဝိညာဉ်ကောင်တို့ လိပ်ပြာကောင်တို့ သွားသတိရတယ်၊ လူတွေမမြင်ရတဲ့ လောကကိုလည်း ဝိညာဉ်လောကလို့ တချို့က ပြောတယ်၊ အဲဒါတွေနဲ့ ရောထွေးပြီးတော့ မျက်စိလည်စရာ ရှိတယ်။

ဒီနေရာမှာ ဝိညာဏဆိုတာ ဘာကိုပြောတာလဲဆိုတော့ အသိစိတ်လေးကို ပြောတာ၊ အဲဒီစိတ်ကလေးဟာ စိတ္တဆိုတဲ့ အသုံးလိုပဲ၊ စိတ္တနဲ့ တူတဲ့ အသုံးတစ်ခုက ဝိညာဏပဲ၊ တစ်ခါတစ်ရံ မနလို့ သုံးတာ ရှိတယ်၊ ဒါကြောင့်မို့ သုတ္တန်တစ်ခုမှာ ဒါအတူတူပဲလို့ မြတ်စွာဘုရားက “ယံ စိတ္တံ တံ မနော၊ ယံ မနော တံ ဝိညာဏံ” လို့ ဒီလိုသုံးထားတာ ရှိတယ်၊ စိတ္တရယ် မနရယ် ဝိညာဏရယ် အတူတူပဲ။

အဲဒီတော့ ဝိညာဏ ဆိုတဲ့ စကားလုံးမှာ ဝိ ဆိုတာ မတူ ထူးခြားတဲ့အနေအားဖြင့် ဉာဏ က သိတာ၊ ဘယ်သူနဲ့ မတူတာတုန်းဆိုရင် ပညာသိတဲ့ အသိနဲ့လည်း မတူဘူး၊ စိတ်ထဲကမှတ်ပြီးတော့သိတဲ့ သညာသိနဲ့လည်း မတူဘူးတဲ့၊ ပညာသိ သညာသိတွေနဲ့ မတူ၊ ထူးခြားတဲ့အသိရှိတဲ့ သဘောတရားလို့ ဒီလိုဆိုလိုတယ်။

စိတ်ထဲကသိတဲ့ အသိဟာ “အာရမ္မဏံ ဝိဇာနာတိ” ဆိုတဲ့ ဝိဂြိုဟ်စကားအရ “ဝိဇာနာတိ - မတူ ထူးခြားစွာသိတယ်” ဆိုတာ ကောက်ချက်ချတော့ ဘာတုန်းဆိုရင် “အာရုံကို ရယူတာ” ဒီလိုဆိုလိုတယ်၊ ပညာအနေနဲ့ သိတာလည်း မဟုတ်ဘူး၊ စိတ်ထဲက
စာမျက်နှာ-၅၅
မှတ်ထားတဲ့ သညာသိအနေနဲ့ သိတာလည်း မဟုတ်ဘူးတဲ့၊ ပညာသိ သညာသိတို့နဲ့ မတူ ထူးခြားတဲ့ အသိရှိတဲ့ သဘာဝတရားတစ်မျိုးကို ဝိညာဏလို့ ခေါ်တယ်။

“ဝိညာဏ”ဆိုတဲ့ တရားတစ်ခုဟာ နေရာလိုက်လို့ ကောက်ယူတဲ့ တရားဓမ္မအနေအထားချင်း မတူဘူး၊ “ဝိညာဏက္ခန္ဓာ”ဆိုတဲ့ ခန္ဓာနဲ့ ဆက်စပ်ပြီးပြောတဲ့ ဝိညာဏ်ကျတော့ စိတ်မှန်သမျှကို ဝိညာဏ်လို့ ခေါ်တယ်၊ classified လုပ်ထားတာ ရှိတယ် - စိတ်အကျဉ်း ၈၉-ပါး, အကျယ် ၁၂၁-ပါး ရှိတယ်၊ အဲဒီစိတ်အမျိုးအစားအားလုံးကို ခြုံငုံပြီးတော့ ဝိညာဏက္ခန္ဓာလို့ ခေါ်တာ။

သို့သော် “သင်္ခါရပစ္စယာ ဝိညာဏံ” ကျတော့ အဲဒီ ၈၉-မျိုးလုံးကို ဆိုလိုတာ မဟုတ်တော့ဘူး၊ သူ့နေရာနဲ့သူ စကားလုံးအဓိပ္ပါယ်က ယူရတယ်နော်၊ ဒါ လူတွေပြောတဲ့ စကားလုံးတွေရဲ့ အားနည်းချက်လို့ ပြောရမယ်။ စကားလုံးတွေ ထပ်မထွင်တော့ဘူး၊ “ဝိညာဏ”ဆိုတဲ့ စကားလုံးက တစ်နေရာမှာယူဆတဲ့ အနေအထားတစ်မျိုးရှိသော်လည်း နောက်တစ်နေရာမှာ တစ်မျိုးရှိတယ်ပေါ့။

ဒီနေရာမှာ “ဝိညာဏ” လို့ဆိုတာကျတော့ ဘာကိုပြောတာတုန်းဆို ကံရဲ့ အကျိုးတရားဖြစ်တဲ့ ဝိညာဏတွေကိုသာ ယူရမယ်၊ ကျန်တာတွေ မယူရဘူးလို့ ပြောတယ်။

ဒါကြောင့်မို့ “ဝိပါကဝိညာဏ” ကိုသာ ယူရတယ်၊ ဝိပါကဆိုတာ အကျိုးတရားတဲ့၊ မြန်မာလို ဝိပါက်, ဝိပါက်နဲ့ ခေါ်ကြတာ၊ ကာလဝိပါက် နောက်ပိုးတက်လို့ဆိုတာ ဝိပါကဆိုတဲ့ အဓိပ္ပါယ်က ဒီနေရာမှာ ဘာကိုပြောတာလဲဆိုရင် သဘာဝချင်း မတူတဲ့ လယ်၌ ဖြစ်သော သဘောကို ခေါ်သည်။
စာမျက်နှာ-၅၆
ကုသိုလ် အကုသိုလ်တို့ရဲ့ “ပါက” - “ရင့်ကျက်ဖြစ်ပေါ်လာတဲ့” အကျိုးတရား၊ ကုသိုလ်, အကုသိုလ်တို့ရဲ့ အကျိုးကို ဝိပါက လို့ ခေါ်တယ်။

အဲဒီ ဝိပါကကို အမျိုးအစားအလိုက် ခွဲခြားလိုက်တဲ့အခါ သံသရာဝဋ်နဲ့ပတ်သက်တဲ့ ပဋိစ္စသမုပ္ပါဒ်အကမှာ လောကီဝိပါက် ၃၂-မျိုးကို ယူရတယ်၊ အဲဒီ ၃၂-မျိုးကိုသာလျှင် “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့နေရာမှာ ဆိုလိုတယ်လို့ ဒီလိုမှတ်ရမယ်နော်၊ ဒီ ဝိပါက်စိတ် ၃၂-မျိုးဟာ ကံတရားရှိမှ ဖြစ်ပေါ်လာပါတယ်။
ဥပစိတကမ္မ
ကံဆိုတဲ့နေရာမှာလည်းပဲ ဝိသုဒ္ဓိမဂ်မှာ ပြောထားတယ် - “ဥပစိတကမ္မဘာဝ ဝိပါကဘာဝတော”တဲ့၊ ဥပစိတကမ္မဆိုတာ အကျိုးပေးဖို့ အနေအထားအထိ အင်အားရှိနေတဲ့ ကံမျိုးကိုခေါ်တာ၊ ကံကလည်းပဲ တချို့ကံက အကျိုးပေးနိုင်လောက်အောင် စွမ်းဆောင်မှုမရှိဘူးပေါ့၊ သတ္တိမရှိဘူး၊ ဒါကတော့ ထင်ရှားပါတယ်၊ သစ်ပင်ကနေပြီးတော့ အသီးလေးတွေသီးတဲ့အခါ တချို့အသီးလေးတွေက နုနုနဲ့ ကြွေကျသွားတယ်၊ အစေ့က မရင့်သေးဘူး၊ အစေ့မရင့်သေးလို့ရှိရင် အပင်မပေါက်နိုင်ဘူးပေါ့။

ကံတရားတွေမှာလည်းပဲ ထို့အတူပဲ - ရင့်ကျက်မှုမရသေးတဲ့ မပြည့်မစုံမလုံလောက်သေးတဲ့ ကံတွေကျတော့ ဥပစိတကမ္မ လို့ မခေါ်ဘူးတဲ့၊ အကျိုးပေးနိုင်လောက်အောင် အင်အားမရှိတဲ့ ကံတွေကလည်းပဲ အများကြီးပဲတဲ့၊ သစ်ပင်ကသီးတဲ့ အသီးတွေထဲမှာ အစေ့တိုင်း အပင်ပေါက်နိုင်တာ မဟုတ်ဘူး။
စာမျက်နှာ-၅၇
ကံတွေထဲမှာလည်းပဲ ကံတိုင်းဟာ အကျိုးပေးနိုင်စွမ်း မရှိဘူး၊ ဆိုပါစို့ - ပဋ္ဌာန်းမှာ ကမ္မပစ္စယော လို့ ဟောတဲ့အခါမှာ သဟဇာတကမ္မအနေနဲ့ စေတနာမှန်သမျှကို ကံလို့ပဲ ဟောတယ်၊ ဘာဖြစ်လို့လဲဆိုရင် စေတနာမှန်သမျှ စွမ်းဆောင်မှုကို ပေးတယ်, တွန်းအားတွေ ပေးတယ်။

အခု ဒီနေရာမှာ ဆိုလိုတဲ့ ကံကျတော့ အဲဒီကံမျိုး မဟုတ်ဘူး၊ ကုသိုလ်စိတ်တွေနဲ့ယှဉ်တွဲဖြစ်ပေါ်လာတဲ့စေတနာ, အကုသိုလ်စိတ်တွေနဲ့ ယှဉ်တွဲဖြစ်ပေါ်လာတဲ့စေတနာ၊ ဒီစေတနာမျိုးကိုသာလျှင် ဒီနေရာမှာ ကံလို့ ပြောတာ၊ အခြား ဝိပါက်စိတ်တွေနဲ့ ယှဉ်တွဲလာတဲ့စေတနာတွေ, ကြိယာစိတ်တွေနဲ့ ယှဉ်တွဲလာတဲ့စေတနာတွေ ရှိသေးတယ်၊ အဲဒီစေတနာတွေကိုတော့ အခု ဒီနေရာမှာ ဆိုလိုတဲ့ “သင်္ခါရပစ္စယာ ဝိညာဏံ”က သင်္ခါရဆိုတဲ့ ကံထဲမှာ မပါဘူးလို့၊ ဒီလိုမှတ်ယူရမှာပေါ့။

ဘုန်းကြီးတို့တစ်တွေဟာ နေ့စဉ်နှင့်အမျှ လောဘအခြေခံတဲ့စိတ်, ဒေါသအခြေခံတဲ့စိတ်, မောဟအခြေခံတဲ့စိတ် - သို့မဟုတ် အလောဘအခြေခံတဲ့စိတ်, အဒေါသအခြေခံတဲ့စိတ်, အမောဟအခြေခံတဲ့စိတ်တွေနဲ့ ကြံတွေးကြတယ်၊ နှုတ်က ပြောဆိုကြတယ်၊ ကိုယ်ထိလက်ရောက် လုပ်ကြတယ်၊ အဲဒီလိုဖြစ်ပေါ်နေဖို့ စေတနာဆိုတဲ့ တွန်းအားတွေက ဖြစ်နေတယ်၊ အဲဒီတွန်းအားတွေဟာ စိတ်စွမ်းဆောင်ဖို့ အောင်အောင်မြင်မြင်ကြီး ဖြစ်ပေါ်ပြီးရင်တော့ ရပ်တည်နိုင်တဲ့ အတိုင်းအတာတစ်ခုအတွင်းမှာ အားလုံးဟာ ပျက်စီးသွားတာပဲ။
စာမျက်နှာ-၅၈
စိတ်တစ်ခုရဲ့ သက်တမ်းဟာ အင်မတန်မှ တိုတယ်၊ ဖြစ်, တည်, ပျက် (ဥပါဒ်, ဌီ, ဘင်) ဆိုတဲ့ ခဏငယ်သုံးခုပဲ ရှိတယ်၊ ဖြစ်ခိုက်အချိန်ပိုင်းလေးရယ်, ပျက်သွားတဲ့အချိန်ပိုင်းလေးရယ်, ဖြစ်မှုပျက်မှုရဲ့ ကြားထဲမှာရှိတဲ့ အချိန်ပိုင်းလေးရယ်၊ စဖြစ်တဲ့အချိန်ပိုင်းလေးကို ဥပါဒ် လို့ ခေါ်တယ်၊ ပျက်သွားတဲ့အချိန်ပိုင်းလေးကို ဘင် လို့ ခေါ်တယ်၊ အဲဒီနှစ်ခုကြား အချိန်ပိုင်းလေးကို ဌီ လို့ ခေါ်တယ်။

စိတ်ဟာ အင်မတန်မှ တိုတောင်းသည့်အတွက်ကြောင့် မြတ်စွာဘုရားက စိတ္တယမိုက်ကို ဟောတဲ့အခါမှာ ခဏကို ထည့်တောင် မဟောဘူး၊ ဘာဖြစ်လို့လဲ သိပ်တိုလွန်းအားကြီးလို့။

ဒါကြောင့်မို့ ဘုန်းကြီးတို့တစ်တွေရဲ့ သန္တာန်မှာ စိတ်ကလေးဟာ ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် အကျိုးတရားတွေကို ထုတ်လုပ်လိုက်တယ်၊ စိတ်ဖြစ်တာနဲ့ တစ်ပြိုင်နက် စိတ္တဇရုပ်က တစ်ခါတည်း မွေးဖွားပြီးသားဖြစ်တယ်၊ ပြိုင်တူဖြစ်စေတယ်၊ အဲဒီလောက်ထိအောင် စွမ်းအားထက်တယ်၊ ဖြစ်တဲ့အခိုက်ဥပါဒ်ခဏမှာ စွမ်းအားတွေထွက်တယ်ပေါ့၊ ဒါကြောင့်မို့ စိတ်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ဆိုင်ရာအကျိုးရုပ်တရားကို သူကထုတ်လုပ်ပြီးသားဖြစ်သွားတယ်၊ ထုတ်လုပ်လို့ရတဲ့စိတ်က အဲဒီလိုထုတ်လုပ်နေတယ်။

အဲဒီတော့ ကောင်းပြီ- ခုနက စေတနာဆိုတာလည်း စိတ်နဲ့ယှဉ်တွဲပြီးတော့ ဖြစ်ရတာ ဖြစ်တော့ စိတ်တစ်ခုမှာ စေတနာတစ်ခု၊ သာမန်စိတ်တွေမှာရှိတဲ့ စေတနာကျတော့ စွမ်းအားဒီလောက် မရှိဘူး၊ ကုသိုလ်စိတ်, အကုသိုလ်စိတ်တွေမှာ ဖြစ်ပေါ်လာတဲ့စေတနာကျတော့ စွမ်းအားတွေ တက်လာတယ်၊ အရှိန်အဟုန်တွေ energy တွေ ရှိလာတယ်၊ အဲဒီအရှိန်အဟုန်တွေက ကံ
စာမျက်နှာ-၅၉
တရားအနေနဲ့ ဘုန်းကြီးတို့တစ်တွေရဲ့ သန္တာန်မှာ accumulate ဖြစ်လာတယ်၊ accumulate ဖြစ်တယ်ဆိုတာ စုမိသွားတယ်၊ ကံတရားတွေဟာ ဥပစိတံ - စုဆောင်းမိသွားပြီ။ ကံတရားတွေက ဖြစ်ပြီး ဘယ်နေရာမှာ စုနေလဲ?

ဒါဖြင့် ကံတရားတွေ ဖြစ်ပြီး ဘယ်နေရာမှာ စုနေသလဲ? - စဉ်းစားကြည့်မယ်ဆိုရင် ဦးနှောက်ထဲမှာ စုတာလား၊ နှလုံးသားထဲမှာ စုတာလား၊ တစ်နေရာမှာ စုနေသလားလို့၊ ဖြစ်သွားတဲ့ကံတရားတွေဟာ ဘယ်နေရာမှာ တည်ရှိသလဲဆိုတာ စဉ်းစားရမယ်၊ အကယ်၍ ဦးနှောက်ထဲမှာ စုတယ်ဆိုရင် - ဦးနှောက်ဟာ ရုပ်တရားပဲ၊ လူသေရင် ဦးနှောက်သေသွားမှာ၊ တချို့ဆိုရင် လူမသေခင် ဦးနှောက်သေသွားတာ ရှိသေးတယ်၊ အကယ်၍ နှလုံးသားထဲမှာ စုနေတယ်ဆိုရင်လည်း - နှလုံးသားအစားထိုးလဲလှယ်လိုက်လို့ရှိရင် ကံတရားတွေဟာ အခြေအနေဆိုးသွားနိုင်တာပေါ့။ အဲဒီတော့ နှလုံးသားထဲမှာလည်းပဲ ဒီကံတရားတွေဟာ စုနေတာ မဟုတ်ဘူး၊ ကံတရားတွေရဲ့ စွမ်းရည်သတ္တိဟာ နှလုံးသားထဲမှာ ရှိတာ မဟုတ်ဘူး၊ ဦးနှောက်ထဲမှာ ရှိတာလည်း မဟုတ်ဘူး၊ ဘယ်မှာ ရှိတာလဲလို့ မေးမယ်ဆိုလို့ရှိရင် “စိတ္တသန္တတိ” လို့ခေါ်တဲ့ စိတ်ဖြစ်စဉ်လေးတစ်ခုမှာ ရှိတယ်ပေါ့။

စိတ်ဖြစ်စဉ်ဆိုတာ non-stop ဘယ်တော့မှ မရပ်ဘူး၊ စိတ်တစ်ခုပြီးရင် နောက်တစ်ခု၊ နောက်တစ်ခုပြီးရင် နောက်တစ်ခု၊ စိတ်ဖြစ်စဉ်ရပ်ဆိုင်းသွားတာ ၂-နေရာပဲရှိတယ် - နိရောဓသမာပတ် ဝင်စားခိုက်မှာ ခေတ္တခဏရပ်သွားတာ ရှိတယ်၊ အသညသတ်ဘုံ
စာမျက်နှာ-၆၀
ရောက်သွားလို့ရှိရင်လည်းပဲ ရပ်ဆိုင်းသွားတာ ရှိတယ်၊ ကျန်တဲ့အချိန်မှာဆိုရင် စိတ်ဖြစ်စဉ်ဟာ ဘယ်တော့မှ မရပ်ဆိုင်းဘူးတဲ့။

ဒါကြောင့်မို့ ကံတရားတွေဟာ accumulate ဖြစ်တယ်ဆိုတာ ဘယ်မှာ စုမိဆောင်းမိတာတုန်းဆို ကိုယ့်ရဲ့ စိတ်ဖြစ်စဉ်ထဲမှာ စုမိဆောင်းတယ်လို့ ဒီလိုပြောရမှာ စိတ်အစဉ်ဆိုတာ တွန်းအားပေးသွားတာ၊ ပထမစိတ်မှာရှိတဲ့ စေတနာရဲ့ စွမ်းအင်တွေဟာ ပထမစိတ်ချုပ်တာနဲ့ တစ်ပြိုင်နက် ဒုတိယစိတ်၊ ဒုတိယစိတ်ချုပ်သွားရင် တတိယစိတ်၊ တတိယစိတ်ချုပ်သွားရင် စတုတ္ထစိတ်ဖြစ်။

ခေတ်စကားနဲ့ ပြောရရင် ဒါ on-line ပေါ့နော်၊ ကိုယ့် line ထဲမှာ ဒီစေတနာကံတရားတွေဟာ ဖြစ်နေတာလို့ ပြောရတယ်။

အဲဒီလို on-line အနေနဲ့ ကိုယ့်ရဲ့ စိတ်ဖြစ်စဉ်ကြီးတစ်ခုတည်းမှာ တည်ရှိနေတဲ့ သင်္ခါရလို့ဆိုတဲ့ ကံတရားတွေဟာ ဘဝသစ်တစ်ခုကို အစပြုပြီးတော့ ထုတ်လုပ်ပေးနိုင်တာကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က “သင်္ခါရပစ္စယာ ဝိညာဏံ”လို့ ဒီလိုဟောတာနော်။

ဒီတော့ ဘဝသစ်ကို ကံတရားက ဘယ်ပုံထုတ်လုပ်တာလဲ။ သူ့ချည်း စွမ်းဆောင်နိုင်မှု ရှိရဲ့လားလို့ - ကံတရားအကြောင်းကို သေသေချာချာ လေ့လာလို့ရှိရင် ကံတရားတွေက မြောက်မြားစွာ စုမိကြတယ်၊ ဘုန်းကြီးတို့တစ်တွေ လွန်ခဲ့တဲ့ အတိတ်ဘဝတွေကလည်း မြောက်မြားစွာသော ကံတရားတွေ စုထားကြတယ်၊ ဒီဘဝမှာလည်းပဲ မြောက်မြားစွာသော ကံတရားတွေ စုမိကြတယ်၊ မိမိတို့ရဲ့ စိတ်အစဉ်ထဲမှာ ကံတရားတွေဟာ ဖြစ်နေတယ်၊ ပျောက်သွား
စာမျက်နှာ-၆၁
တာ မရှိဘူး၊ ပြောဆိုစရာလေးတစ်ခုတော့ ရှိတာပေါ့၊ ကံတွေမှာလည်း စွမ်းရည်သတ္တိချင်း မတူသည့်အတွက်ကြောင့် သူတို့ရဲ့ အတိုင်းအတာတွေကလည်း မတူကြဘူးလို့ ပြောတယ်။
ကံတို့ စွမ်းရည်သတ္တိချင်း မတူပုံ
တချို့ကံတရားက စွမ်းရည်သတ္တိ မပြည့်သည့်အတွက်ကြောင့် အကျိုးပေးချင်းပေးရင် ဒီဘဝမှာပဲ ပေးတယ်၊ နောက်ဘဝထိအောင် မလိုက်နိုင်တဲ့ ကံတရား ရှိသေးတယ်၊ အဲဒါကို ဒိဋ္ဌဓမ္မဝေဒနီယကံလို့ ခေါ်တယ်၊ အကျိုးပေးစရာရှိရင် ဒီဘဝတင်ပဲ အကျိုးပေးတယ်၊ အကယ်၍ ဒီဘဝအဆုံးသတ်သွားပြီဆိုရင် သူလည်း expired ဖြစ်သွားတယ်၊ အဲဒီ expire ဖြစ်သွားတဲ့ ကံတွေကိုပဲ အဟောသိကံလို့ ပြောတာနော်၊ အဟောသိကံဆိုတာ ကံအနေနဲ့သာ ဖြစ်ခဲ့တာ၊ သို့သော် အကျိုးတရားအနေနဲ့ လာမှာ မဟုတ်တော့ဘူးတဲ့၊ အခုခေတ်စကားနဲ့ ပြောရင်တော့ expired ဖြစ်သွားပြီပေါ့၊ ဒိဋ္ဌဓမ္မဝေဒနီယကံသည် မျက်မှောက်ဘဝမှာ အကျိုးပေးနိုင်တဲ့ စွမ်းရည်သတ္တိရှိတယ်၊ နောက်ဘဝအထိအောင် သူက မပါနိုင်ဘူး၊ မပါနိုင်သည့်အတွက်ကြောင့် ဒီဘဝအဆုံးသတ်တာနဲ့ တစ်ပြိုင်နက် သူက အဟောသိကံဖြစ်သွားတယ်လို့ ခေါ်တယ်။

တစ်ခါ ဥပပဇ္ဇဝေဒနီယကံဆိုတာက သူ့ရဲ့ အကျိုးပေးနိုင်စွမ်းသတ္တိက ဒီဘဝကသေပြီး နောက်ဘဝမှာရှိတယ်၊ သူအကျိုးပေးရမယ့်အချိန်က ဒုတိယဘဝဖြစ်တယ်၊ သို့သော် ကံမကောင်းအကြောင်းမလှလို့ သူ့ထက်ဦးတဲ့ ကံကအကျိုးပေးသွားရင် သူက အကျိုးမပေးနိုင်တော့ဘူးပေါ့။
စာမျက်နှာ-၆၂
ဘောလုံးလေးတွေမှာ ဂဏန်းရေးပြီးတော့ ထီဖွင့်တာတွေ့ဖူးကြပါလိမ့်မယ်၊ အပေါက်ကလေးကျဉ်းကျဉ်းတစ်ခုတည်း ဖွင့်ထားပြီးတော့ ဂဏန်းမျိုးစုံရေးထားတဲ့ ဘောလုံးလေးတွေ လှည့်ပြီးတော့ ထုတ်လိုက်တဲ့အခါ ဘယ်နံပါတ်ထွက်မယ်ဆိုတာ မသိနိုင်ဘူး၊ အဲဒါလိုပဲ ကံတွေမြောက်မြားစွာထဲက ဒီဘဝအဆုံးသတ်သွားတဲ့အခါမှာ ဒုတိယဘဝမှာ ဘယ်ကံက အခွင့်အရေးရသွားမယ်ဆိုတာ မသိဘူး၊ အဲဒီတော့ ကံတစ်ခုက အခွင့်အရေးရသွားရင် ကျန်တဲ့ ဥပပဇ္ဇဝေဒနီယကံတွေက အခွင့်အရေးမရဘူးတွေ အများကြီး ဖြစ်သွားမယ်၊ အခွင့်အရေး မရတော့ဘူးဆိုရင် အခွင့်အရေးရတဲ့ကံက ဒုတိယဘဝမှာ ဝိညာဏဆိုတဲ့ အကျိုးကို ထုတ်လုပ်ပြီးတော့ ကျန်တဲ့ကံတွေကတော့ expired ဖြစ်သွားတယ်၊ မလာတော့ဘူး။

အပရာပရိယဝေဒနီယကံဆိုတဲ့ နောက်တစ်မျိုးရှိသေးတယ်။ ဇောနဲ့ သတ်မှတ်ပြီးတော့ ပြောတာပေါ့၊ အပရာပရိယဝေဒနီယကံဆိုတာကျတော့ သူက တတိယဘဝကနေပြီး ဘဝသံသရာအဆုံးသတ်အောင်၊ ဆိုလိုတာက သံသရာထဲရှိနေသမျှ ဒီကံကတော့ ဘယ်တော့မှ expire မဖြစ်ဘူး၊ သူ expire ဖြစ်တာက ရဟန္တာဖြစ်ပြီး ဘဝအဆုံးသတ်သွားပြီဆိုရင်တော့ expire ဖြစ်တယ်။

ပါဠိတော်လာ စကားနဲ့ ပြောမယ်ဆိုရင် အပရပရိယာယ၊ အပရဆိုတာ နောက်တစ်ခုဖြစ်တဲ့ ပရိယာယ အလှည့်အကြိမ် အခွင့်အလှည့်၊ ဒီဘဝဆိုတဲ့ အလှည့်လည်း မဟုတ်ဘူး၊ ဒုတိယဘဝဆိုတဲ့ အလှည့်လည်း မဟုတ်ဘူး၊ သင့်လျော်တဲ့အချိန်အလှည့်ကို ပြောတာ- သူ့အလှည့်က၊ သူက waiting list သဘောမျိုးပဲ၊ အမြဲတမ်းစောင့်ဆိုင်းနေမှာပဲ, သူကတော့ ready ပဲ၊ အကြောင်းတရား
စာမျက်နှာ-၆၃
တွေနဲ့ ပေါင်းဆုံမိတာနဲ့ တစ်ပြိုင်နက် အကျိုးတရားကို ထုတ်လုပ်ပေးတယ်၊ ကံတရားက သူ့ချည်းတော့ ထုတ်လုပ်လို့ မရဘူးတဲ့။

ဒါ့ကြောင့် အချိန်အကန့်အသတ်နဲ့ ပြောမယ်ဆိုရင် ဒိဋ္ဌဓမ္မဝေဒနီယကံကလည်းပဲ ဒီဘဝအဆုံးသတ်သွားရင် expire ဖြစ်သွားတယ် အဟောသိကံ ဖြစ်သွားတယ်၊ ဥပပဇ္ဇဝေဒနီယကံကလည်းပဲ ဒုတိယဘဝရောက်သွားတာနဲ့ အဟောသိကံ ဖြစ်သွားတယ်။

အပရာပရိယဝေဒနီယကံက ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာနစုတိ ပရိနိဗ္ဗာန်စံလိုက်တာနဲ့ တစ်ပြိုင်နက် ဘဝအဆုံးသတ်သွားသည့်အတွက်ကြောင့် သူလည်း အဲဒီကျတော့မှ expire ဖြစ်သွားတော့တယ်၊ ဒါက အတိုင်းအတာတစ်ခုနဲ့ ပြောပြတဲ့ ကံတရားတွေပေါ့။
ကံတို့ အကျိုးပေးရာအခါ
အဲဒီကံတရားတွေက ဝိညာဏဆိုတဲ့ အကျိုးတရားကို အခွင့်အခါသင့်တိုင်း ထုတ်လုပ်တယ်၊ အဲဒီလို အကျိုးထုတ်လုပ်တဲ့အခါမှာ ထုတ်လုပ်တဲ့အချိန်က ၂-ချိန် ရှိတယ်တဲ့၊ ဘယ်အချိန်မှာ ထုတ်လုပ်တုန်းဆိုရင် ဘဝတစ်ခုအစပြုတဲ့ ပဋိသန္ဓေကာလမှာ ထုတ်လုပ်တာကတစ်ခု၊ ပဋိသန္ဓေနေပြီးတဲ့နောက် ဘဝဆက်လက်တည်ရှိနေတဲ့အချိန် အသက်ရှင်နေသမျှ ကာလပတ်လုံး ပဝတ္တိဆိုတဲ့ ဆက်လက်ဖြစ်ပေါ်နေတဲ့ အချိန်ပိုင်းမှာ ထုတ်လုပ်တာကတစ်ခု၊ စာလိုပြောရင် ပဋိသန္ဓေအခါနဲ့ ပဝတ္တိအခါ။

“ပဋိသန္ဓေအခါ”ဆိုတာ ဘဝတစ်ခုအစပြုတဲ့ အချိန်ပိုင်းဖြစ်တယ်၊ “ပဝတ္တိအခါ”ဆိုတာ ဘဝတစ်ခုအစပြုပြီးတဲ့နောက် သေဆုံးသည်အထိ အချိန်ပိုင်းပဲ အဲဒီနှစ်ခုမှာ သင်္ခါရဆိုတဲ့ ကံတရား
စာမျက်နှာ-၆၄
က ဝိညာဏလို့ဆိုတဲ့ အကျိုးစိတ်တွေကို ဖြစ်ပေါ်စေတယ်တဲ့၊ ဒီလိုပြောတာ။
နည်းနှစ်နည်း၌ ဟောပုံ
ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဒီလိုဟောထားတာ။

ပဋ္ဌာန်းနည်းနဲ့သုံးသပ်ပြီးတော့ ကြည့်မယ်ဆိုရင် မြတ်စွာဘုရားက ဥပနိဿယပစ္စည်းမှာ ဘယ်လိုဟောထားလဲဆိုတော့ “ကုသလံ ကမ္မံ ဝိပါကဿ ဥပနိဿယပစ္စယေန ပစ္စယော”၊ “အကုသလံ ကမ္မံ ဝိပါကဿ ဥပနိဿယပစ္စယေန ပစ္စယော” တဲ့၊ ကုသိုလ်ကံသည် ဝိပါကဆိုတဲ့ အကျိုးတရားကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်၊ အင်အားကောင်းတဲ့ မှီရာတစ်ခုအနေနဲ့ ကျေးဇူးပြုတယ်လို့ပေါ့၊ ကံကနေပြီး ဝိပါက်စိတ်ကို ဖြစ်ပေါ်စေတာဟာ ဘယ်စွမ်းရည်သတ္တိကို ကျေးဇူးပြုသလဲဆိုတာ ပဋ္ဌာန်းမှာ သတ္တိပါ ထည့်ဟောတယ်၊ ပဋိစ္စသမုပ္ပါဒ်ကျတော့ “သင်္ခါရပစ္စယာ ဝိညာဏံ”၊ “ဘဝပစ္စယာ ဇာတိ” လို့ ဒီလောက်ပဲဟောတယ်၊

ပဋ္ဌာန်းမှာကတော့ ကုသိုလ်ကံကပဲဖြစ်ဖြစ်, အကုသိုလ်ကံကပဲဖြစ်ဖြစ် အကျိုးတရားတွေကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ကံတရားရှိလို့ အကျိုးတရားတွေ ရှိနေရတယ်လို့ ဒီလိုဆိုလိုတာ၊ ထို့အတူပဲ ကမ္မပစ္စည်းမှာ မြတ်စွာဘုရားက ဘယ်လို
စာမျက်နှာ-၆၅
ဟောတုန်းဆိုတော့ “ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” - “ကုသိုလ်၊ အကုသိုလ်ကံဟာ ဝိပါက်နာမ်ခန္ဓာတွေအား ကမ္မသတ္တိနဲ့ ကျေးဇူးပြုပါတယ်” လို့ ဒီလိုဟောတယ်။

ဒီတော့ ကုသိုလ် အကုသိုလ်ကံဟာ ဝိပါကလို့ဆိုတဲ့ ဝိညာဏကိုသာ ကျေးဇူးပြုတာ မဟုတ်ဘူး၊ “ကဋတ္တာ စ ရူပါနံ” လို့ ကမ္မဇရုပ်တွေကိုလည်း ထုတ်လုပ်ပေးသေးတယ်၊ ပဋိစ္စသမုပ္ပါဒ်မှာတော့ မြတ်စွာဘုရားက “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ပဲ ဟောထားတယ်၊ ရုပ်တွေကို ထုတ်လုပ်တဲ့အကြောင်းကို ဒီနေရာမှာ မဟောဘူးနော်၊ ဘာဖြစ်လို့ မဟောတာတုန်းဆိုလို့ရှိရင် ဝိညာဏကို ဦးတည်ထားတာ၊ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဟောတဲ့အခါကျတော့ အဲဒါပါလာတယ်၊ ဝိညာဏရှိလာတာနဲ့ တစ်ပြိုင်နက် နာမရူပတွေ ဖြစ်လာတယ်ဆိုတဲ့အထဲမယ် ပါတယ်။

ပဋ္ဌာန်းနဲ့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ အခြေခံအားဖြင့် တစ်ထပ်တည်းပါပဲ၊ ပဋ္ဌာန်းက စွမ်းရည်သတ္တိဓမ္မသတ္တိကို ဖော်ပြတယ်၊ ပဋိစ္စသမုပ္ပါဒ်မှာ အကြောင်းတရားနဲ့ အကျိုးတရားနှစ်မျိုးကိုပဲ ရှင်းတယ်၊ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှုရှိတာတွေလောက်ပဲ ရှင်းတယ်ပေါ့။
ကံက ဘဝတစ်ခုကို ထုတ်လုပ်ပုံ
အဲဒီတော့ ကုသိုလ်ကံ အကုသိုလ်ကံတရားတွေက အကျိုးတရားတွေကို ထုတ်လုပ်ပြီဆိုတဲ့အခါမှာ ဘုန်းကြီးတို့ဘဝမှာ ဘယ်လိုနည်းနဲ့ ထုတ်လုပ်သလဲ?

လူတွေဟာ ဘဝတစ်ခုအဆုံးသတ်တော့မယ်ဆိုရင် ကိုယ်ဖြတ်သန်းလာတဲ့ဘဝမှာ ကောင်းတာတွေလည်း လုပ်ကြတယ်, ဆိုးတာတွေလည်း လုပ်ကြတယ်၊ နောက်ဆုံးအချိန်ရောက်လာပြီဆို
စာမျက်နှာ-၆၆
လို့ရှိရင် အဲဒီကိုယ်လုပ်ခဲ့တဲ့ အကောင်းအဆိုးတွေဟာ အရိပ်သဖွယ် မိမိရဲ့စိတ်ကို လွှမ်းမိုးပြီး ပေါ်လာတတ်တယ်၊ ဒါသေချာပေါက်ပဲ။

သေအံ့မူးမူးအချိန် ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ အိပ်မက်ထဲမှာလိုလို တကယ်ပဲမြင်ရတာလိုလို စိတ်အစဉ်မှာ လွှမ်းမိုးပြီး ပေါ်လာလိမ့်မယ်၊ အဲဒီလိုလွှမ်းမိုးပြီးတော့ ပေါ်လာတတ်တာ ၃-မျိုး ရှိတယ်ပေါ့။ - ကိုယ်လုပ်ခဲ့တဲ့ ကံအာရုံကတစ်ခု၊ - ကမ္မနိမိတ်ဆိုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံကို လုပ်တဲ့အချိန်တုန်းက ပတ်ဝန်းကျင်အခြေအနေတွေကတစ်ခု၊ ဂတိနိမိတ်ဆိုတာ နောင်ဘဝမှာဖြစ်ပေါ်လာမယ့် အရိပ်နိမိတ်တွေကတစ်ခုဆိုပြီး - သုံးခုရှိတယ်။

အဲဒီ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် အာရုံတစ်မျိုးမျိုးဟာ သေခါနီးပုဂ္ဂိုလ်မှာ ပေါ်လာတတ်တယ်ပေါ့။
ကံအာရုံ
ကံဆိုတာ ဘယ်လိုကံမျိုးပေါ်လာသလဲဆိုရင် ဘဝတစ်ခုကို ထုတ်လုပ်တော့မယ့် စွမ်းအားပြည့်တဲ့ အခွင့်ရလာတဲ့ ကံတရားတစ်ခုဟာ စိတ်အစဉ်ကို လွှမ်းမိုးပြီး အဲဒီအချိန်မှာ ပေါ်နေတတ်တယ်၊ အဲဒီလို ဘာ့ကြောင့်ပေါ်တာတုန်းဆိုရင် ကံတရားရဲ့ စွမ်းရည်သတ္တိကြောင့်ပဲ ပေါ်တာ၊ ဘယ်သူကမှ လာလုပ်ပေးတာ မဟုတ်ဘူး၊ ကံတရားရဲ့ စွမ်းရည်သတ္တိနဲ့ စိတ်အစဉ်ထဲမှာ ဒါတွေ လာပေါ်တယ်။
စာမျက်နှာ-၆၇
အဲဒီကံ ပေါ်နေတယ်ဆိုလို့ရှိရင် ဥပမာ- လူတစ်ယောက်ဟာ စိတ်ဆိုးခဲ့တဲ့ဒေါသနဲ့ ပတ်သက်တဲ့ကံ ဆိုလို့ရှိရင် အဲဒီအချိန်မှာ အဲဒီစိတ်မျိုးတွေ ပေါ်လာတယ်၊ စိတ်တွေ ရှိနေတယ်၊ စိတ်တွေဆိုးနေတယ်၊ အရင်တုန်းက ခံစားမှုမျိုးတွေ ခံစားနေရတယ်။ ဒါမျိုးဖြစ်လာတယ်၊ ဒီလိုပဲ ကောင်းတာတွေလုပ်နေတဲ့ပုဂ္ဂိုလ်မှာ အရင်တုန်းက ကမ္မဋ္ဌာန်းထိုင်နေတယ်, ဘုရားကို အာရုံပြုနေတယ်ဆိုရင် အဲဒီအခြေအနေတွေ လာပေါ်တာပဲ၊ စိတ်အစဉ်ထဲမှာ အဲဒီလို ကံအာရုံ ပေါ်လာတတ်တယ်။
ကမ္မနိမိတ်
ကမ္မနိမိတ်ဆိုတာ ကံပြုစဉ်က အခြေအနေ (condition of kamma) ကို ပြောတာ၊ ဘုရားခန်းမှာ တရားထိုင်တယ်ဆိုရင် ဘုရားရုပ်ပွားတော် ပေါ်နေတယ်၊ ဘုရားကို ဆီမီး ပန်း ရေချမ်းတွေ ဆက်ကပ်ထားတာတွေ ပတ်ဝန်းကျင်အခြေအနေတွေ အကုန်လုံး စိတ်ထဲမှာ အိပ်မက်မက်သလို ပေါ်နေတတ်တယ်။

မကောင်းတာလုပ်ထားတဲ့ပုဂ္ဂိုလ်မှာ မကောင်းတဲ့အခြေအနေမျိုးတွေ လာပေါ်တတ်တယ်၊ ဆိုပါစို့ - တိရစ္ဆာန်တွေကို သတ်ဖြတ်နေတယ်ဆိုရင် အခုပဲ တိရစ္ဆာန်တွေကို သတ်နေရသလို ဒေါသဖြစ်တယ်၊ တိရစ္ဆာန်က ကိုယ့်ကို ရန်လုပ်တယ်၊ ကိုယ်က တိရစ္ဆာန်ကို သတ်နေတယ်၊ အဲဒီပုံစံမျိုးတွေ လာပေါ်တတ်တယ်ပေါ့၊ ပတ်ဝန်းကျင်အခြေအနေတွေ အကုန်လာပေါ်တယ်၊ အဲဒါကို ကမ္မနိမိတ်ပေါ်တယ်လို့ ခေါ်တယ်။
စာမျက်နှာ-၆၈

ဂတိနိမိတ်
ဂတိနိမိတ်ဆိုတာကျတော့ ပေါ်ပုံပေါ်နည်း အမျိုးမျိုးပေါ့၊ သို့သော် စာပေကျမ်းဂန်မှာ ရေးထားတာကတော့ လူ့ပြည်ပြန်ရောက်မယ့် ပုဂ္ဂိုလ်တစ်ယောက်ဟာ “အမိဝမ်းရေ” ပေါ်တယ်၊ ဒါပေါ်နိုင်တာတစ်ခုကို ပြောတဲ့သဘောပါ။ တခြားနည်းနဲ့လည်း ဂတိပေါ်တယ်လို့ ပြောနိုင်တယ်။

အဲဒီဂတိနိမိတ်ပေါ်တာ ဘာလဲဆိုရင် သေခါနီးအချိန်မှာ ကုသိုလ်ကောင်းမှုလုပ်ထားတဲ့ပုဂ္ဂိုလ်ဟာ သေငယ်ဇောနဲ့ မျောသွားပြီဆိုတဲ့ အချိန်လေးမှာ အိပ်မက်ထဲမှာလိုလို ဘာတွေပေါ်တတ်တုန်း၊ လူ့ပြည်ပြန်ရောက်မယ့်ပုဂ္ဂိုလ်ဟာ မြို့တစ်မြို့ရောက်သွားတယ်, အိမ်တစ်အိမ်တွေ့တယ် အဲဒီအိမ်ပေါ် တက်သွားတယ်။ ဝါလည်း ဂတိနိမိတ်ပဲပေါ့၊ အဲဒီအိမ်ပေါ် သူတက်နေရတယ်လို့ ပေါ်တယ်၊ အဲဒီအိမ်ကလူတွေက သူ့ကို ခေါ်သွားတယ်တို့ ဒီလိုပေါ်တာမျိုးတွေပေါ့။

နတ်ပြည်ရောက်တော့မယ်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းပဲ နတ်ပြည်က နတ်သားတွေက သူ့ကို လာခေါ်နေကြတယ်, ရထားကြီးနဲ့တင် ခေါ်သွားတယ်, ဥယျာဉ်ဗိမာန်တွေထဲ သူရောက်သွားတယ်ဆိုတဲ့ အနေအထားမျိုးတွေ ပေါ်လာတယ်ပေါ့။ ကိုယ်ရောက်မယ့်နေရာတွေကို ကြိုတင်ပြီးတော့ ထင်ယောင်မြင်ယောင်ဖြစ်လာတယ်၊ ဒါ ဂတိနိမိတ်လို့ ခေါ်တယ်။

တကယ့်ကို မြင်ရတဲ့ ဂတိနိမိတ်ကလည်း ရှိသေးတယ်ပေါ့။ ဒိပြင်ပုဂ္ဂိုလ်တွေက မမြင်ရဘူး၊ ကာယကံရှင်ကိုယ်တိုင်ကတော့ တကယ့်မျက်စိနဲ့မြင်ရတဲ့ ဂတိနိမိတ်မျိုး ရှိတတ်တယ်ပေါ့။
စာမျက်နှာ-၆၉

ဓမ္မိကဥပါသကာဝတ္ထု
ဓမ္မိကဥပါသကာရဲ့ဝတ္ထုမှာ ဆိုထားတယ်၊ ဓမ္မိကဥပါသကာကြီးက ရောဂါဝေဒနာ အကြီးအကျယ်ဖြစ်ပြီး သေခါနီးဆဲဆဲ ရောက်နေတဲ့အချိန်မှာ ရဟန်းတွေပင့်ပြီး မဟာသတိပဋ္ဌာန်သုတ်ကို နာနေတယ်။

အဲဒီလို တရားနာနေတဲ့အချိန်မှာ နတ်ပြည်ခြောက်ထပ်က နတ်ရထားတွေ သူ့အိမ်ဝရောက်လာပြီး ခေါ်ကြတယ်၊ “ကျွန်တော်တို့ဘုံကို လိုက်ခဲ့ပါ” ဆိုပြီး အလုအယက်ခေါ်ကြတယ်၊ အခုခေတ် ဆိုက်ကားသမား မြင်းလှည်းသမားတွေ ရထားဆိပ်တို့ သင်္ဘောဆိပ်တို့မှာ အလုအယက်ခေါ်သလိုပဲ သူတို့ကခေါ်တဲ့အခါ ရဟန်းတွေရွတ်နေတဲ့ မဟာသတိပဋ္ဌာန်သုတ်ကို နာနေတဲ့ ဒကာကြီးက ဘာပြောတုန်းဆို “နေကြပါဦး၊ ဆိုင်းကြပါဦး” လို့ ပြောတယ်၊ သူက တကယ်မြင်နေတာ၊ တရားနာရင်း သူ့ကိုလာခေါ်နေတဲ့အသံတွေလည်း ကြားတယ်၊ “ဆိုင်းကြပါဦး၊ ဆိုင်းကြပါဦး” ဆိုတော့ ရဟန်းတော်တွေက “တို့ကို ရပ်ခိုင်းတာဖြစ်မယ်” ဆိုပြီးတော့ ဆက်မရွတ်တော့ဘူး၊ ရပ်လိုက်ကြတယ်။

အဲဒီအချိန်မှာ သူက မေ့မျောသွားတယ်၊ ရဟန်းတော်တွေ ပြန်သွားမှ သတိပြန်ရလာတဲ့အခါ မိသားစုတွေက ငိုနေကြတယ်၊ “ဘာဖြစ်လို့ ငိုနေကြတာလဲ” သူသတိပြန်လည်တော့ မေးတယ်၊ “ခုနက အဖေပဲ သံဃာတော်တွေပင့် တရားနာနေတာကို ရပ်ပါဦး၊ ဆိုင်းပါဦးဆိုလို့ ကိုယ်တော်တွေ ပြန်ကြွကုန်ပြီ” ဆိုတော့ “ငါကိုယ်တော်တွေကို ပြောတာမဟုတ်ဘူး” တဲ့၊ “ဟိုမှာ နတ်ပြည်ကရထားတွေနဲ့ လာခေါ်နေပြီ၊ မမြင်ကြဘူးလား” လို့ဆိုတော့ ဘယ်သူကမှ
စာမျက်နှာ-၇၀
မမြင်ဘူး၊ သူတို့အဖေ ကယောင်ကတမ်းနဲ့ ပြောတယ်ပဲ ထင်နေကြတာ။ တကယ်တော့ သူ့မျက်စိနဲ့ သေချာမြင်နေတာ၊ ဘုရားလောင်းတွေနေတဲ့ တုသိတာဘုံက အကောင်းဆုံးဆိုတာ သိရလို့ ပန်းကုံးတစ်ကုံးတောင်းပြီး အဲဒီတုသိတာဘုံက နတ်ရထားဆီ လှမ်းပစ်ပြီး ချိတ်လိုက်တဲ့အခါ ပန်းကုံးကိုတော့ မြင်ရတယ်တဲ့၊ ရထားကိုတော့ မမြင်ရဘူးတဲ့။ ဒါ ဂတိနိမိတ်ပဲပေါ့။ တကယ်မြင်ရတဲ့ အနေအထားတစ်ခုပဲပေါ့။
စိတ္တသူကြွယ်ဝတ္ထု
ထို့အတူပဲ အနာဂါမ်ဥပါသကာ စိတ္တသူကြွယ်ဟာလည်းပဲ သေအံ့မူးမူးအချိန် မိသားစုအားလုံး ဝိုင်းပြီးနေတဲ့အချိန်မှာ နှုတ်ကပြောတာ၊ ဘာတွေပြောတုန်း၊ “ဒါလည်း မမြဲပါဘူး၊ ဒါလည်း မခိုင်မာပါဘူး၊ အမြဲရှိတဲ့အရာ မဟုတ်ပါဘူး” အဲဒီလိုပြောတယ်၊ မိသားစုက “ဪ- သေခါနီးကြောက်လို့ ယောင်နေတာပဲ” ဒီလိုထင်တယ်နော်၊ အဲဒါမျိုးတွေက သေခါနီးမှာ ပြောတတ်ကြတယ်။

သတိလည်လာတဲ့အခါ ပြန်မေးကြတယ် - “ဘာဖြစ်လို့ အဲဒီလိုပြောတာတုန်း” “တစ်ယောက်တည်း စကားပြောနေလား” ဆိုတော့ “မဟုတ်ဘူး” တဲ့၊ “ငါ့ဆီ နတ်တွေလာတယ်” တဲ့၊ “လာပြီးတဲ့အခါ နတ်တွေကပြောတာ “သူဌေး စိတ်ကူးမလွဲနဲ့၊ သူတို့ နတ်ဘုံက ပျော်စရာကောင်းတယ်၊ အဲဒီကို စိတ်ညွှတ်လိုက်၊ အဲဒီလိုစိတ်ညွှတ်လိုက်ရင် အဲဒီနတ်ပြည်ကို ရောက်မှာ”။ အဲဒီလို လာ
စာမျက်နှာ-၇၁
ပြောကြတယ်၊ “အေး - မင်းတို့ဘုံလည်း မမြဲပါဘူး၊ ထာဝရဘုံမဟုတ်ပါဘူး” လို့ ငါကပြောတာ” တဲ့၊ “သူတို့နဲ့ စကားပြောနေတာ” တဲ့။

ဒီလို ဂတိနိမိတ်ထင်ပုံထင်နည်းတွေကတော့ အများကြီးပဲ။ ငရဲကျမယ့် ပုဂ္ဂိုလ်ဆိုလို့ရှိရင် ငရဲမီးတွေ ထင်တတ်တယ်၊ ခွေးနက်ကြီးတွေ ထင်တတ်တယ်၊ ကြောက်စရာကောင်းတဲ့ လူကြီးတွေက လာပြီးဆွဲခေါ်တာတို့ ဒါမျိုးတွေ ထင်တတ်တယ်၊ ဒါကြောင့်မို့ မျက်လုံးကြီးပြူးပြီး ရုန်းကန်သေရင်တော့ သေချာတာပဲ၊ အဲဒါ သူ့ကိုလာဆွဲခေါ်နေလို့ သူလန့်တဲ့သဘောပေါ့နော်၊ အဲဒီလို သေခါနီးအချိန်မှာဆိုရင် အာရုံနိမိတ်တွေ အမျိုးမျိုးရှိကြတယ်။
ပြုံးသေ မဲ့သေ
မနှစ်တုန်းက အမေရိကန်နိုင်ငံက လာတဲ့ အမျိုးသမီးတစ်ယောက် - သူက ဆေးရုံကြီးတွေမှာ သေခါနီး အခြေအနေမကောင်းတဲ့ လူနာတွေကို ပြုစုစောင့်ရှောက်ရတဲ့ nurse လုပ်တယ်၊ အဲဒီတော့ လူတွေသေသွားတဲ့အခါမှာ သူက အမျိုးစုံမြင်ဖူးတယ်၊ တချို့လူတွေက ရုန်းကန်ပြီးတော့ သေသွားတယ်၊ တချို့လူတွေက ပြန်လည်တိုက်ခိုက်ပြီးတော့ သေသွားတယ်၊ တချို့လူတွေက မျက်လုံးကြီးပြူးပြီးတော့ သေသွားတယ်၊ ကြောက်စရာလန့်စရာ မြင်လို့ ကြောက်ပြီးတော့ သေသွားတဲ့လူ၊ တချို့လူတွေကျတော့ ပြုံးပြုံးကလေးနဲ့ သေသွားတဲ့လူ စသည်ဖြင့် - လူမျိုးစုံသေတာတွေကို သူက အနီးကပ်ပြီးတော့ ကြည့်ရတယ်၊ အဲဒါတွေဟာ ဘာကြောင့်တုန်းလို့ မေးဖူးတယ်။
စာမျက်နှာ-၇၂
အဲဒီတော့ ဗုဒ္ဓဘာသာတရားတော်အရတော့ ခုနပြောတဲ့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တွေ တွေ့နေတဲ့အခါမှာ လူတွေရဲ့မျက်နှာ အခြေအနေမှာ ပျော်စရာတွေတွေ့တဲ့အခါကျတော့ ပြုံးသေတာပေါ့နော်၊ ကြောက်စရာတွေတွေ့တဲ့အခါကျတော့ မဲ့သေတာပေါ့၊ ရုန်းတာကန်တာပေါ့။ အဲဒီတော့ ကြောက်စရာလန့်စရာတွေတွေ့တယ်ဆိုရင် မကောင်းတဲ့နိမိတ်တစ်ခုပဲပေါ့၊ ပျော်စရာတွေတွေ့လို့ ပြီးပြီဆိုလို့ရှိရင် အဲဒီလူဟာ ကောင်းတဲ့ဘုံရောက်တာ သေချာတယ်။ ဒါ့ကြောင့်မို့လို့ အဲဒီအချိန်မှာ ကိုယ်လုပ်ခဲ့တဲ့ကံတရားတွေဟာ အရိပ်သဖွယ် မိမိရဲ့စိတ်ကို လွှမ်းမိုးပြီးတော့ လာတတ်တယ်တဲ့။
အဝိဇ္ဇာ - တဏှာ - ကံ ၃-ဦးပေါင်း၍ အလုပ်လုပ်ပုံ
အဲဒီလို လွှမ်းမိုးလာပြီဆိုလို့ရှိရင် နောက်ဆုံးစိတ်ကလေးတွေ ဖြစ်လာတယ်၊ အဲဒီအာရုံလေးပေါ်မှာ စိတ်ကလေးဟာ ကိုင်းညွတ်နေပြီးတော့ အဲဒီစိတ်ထဲမှာ ပေါ်လာတဲ့အာရုံကို ခွာလို့မရဘူး၊ ဖယ်ပစ်လို့မရဘူး။ ဘာဖြစ်လို့မရလဲဆိုလို့ရှိရင် အဝိဇ္ဇာက အဲဒီအချိန်မှာ စိတ်ကို လွှမ်းမိုးထားတယ်။

အဝိဇ္ဇာက လွှမ်းမိုးထားနေတဲ့အချိန်မှာ တဏှာဆိုတဲ့ အတွယ်အတာကနေပြီးတော့ သဘောကျအောင် - ဥပမာဆိုပါတော့ မကောင်းတဲ့ဘဝတောင်မှပဲ တွယ်တာအောင် တဏှာကနေပြီး တွယ်တာမှုကို ပေးထားတယ်၊ အဲဒီလို တွယ်တာမှုပေးထားလို့ ဒီစိတ်အစဉ်လေးဟာ ဒီအာရုံပေါ်မှာ ညွတ်နေတယ်ဆိုတဲ့အချိန်လေးမှာ ကံတရားကနေ ဘဝသစ်တစ်ခုကို ပစ်ချလိုက်တယ်တဲ့။ သုံးဦးပေါင်းပြီးတော့ အလုပ်လုပ်တဲ့သဘောပေါ့။ အဝိဇ္ဇာက အာရုံရဲ့အပြစ်
စာမျက်နှာ-၇၃
တွေကို မမြင်အောင်၊ အမှန်မမြင်နိုင်အောင် ကွယ်ပေးထားတယ်၊ မဟုတ်တာတွေ မြင်နေတယ်နော်၊ မရှိတာတွေကို မြင်နေတယ်။

အဲဒီမြင်နေတဲ့အပေါ်မှာ တဏှာက ညွှတ်ကိုင်းစေတယ်၊ တဏှာက ညွတ်နေတဲ့အပေါ်မှာ ကံတရားကနေ စီမံပြီးတော့ ပစ်ချပေးလိုက်တယ်တဲ့၊ ဒါနဲ့ ဒီဘဝလည်း အဆုံးသတ်ရော နောက်ဘဝတစ်ခု ရောက်သွားတယ်ပေါ့။

ဒီတော့ ရောက်သွားတယ်ဆိုတာ ဘယ်သူရောက်သွားတာတုန်းဆိုတော့ ဘယ်သူမှ ရောက်သွားတာတော့ မဟုတ်ဘူး၊ အကြောင်းနဲ့ အကျိုးပဲနော်။ ဒီဘဝစိတ်အစဉ်တစ်ခု အဆုံးသတ်သွားတာနဲ့ တစ်ပြိုင်နက် ကံတရားကြောင့် ဘဝသစ်တစ်ခုမှာ ဝိညာဏ်လို့ဆိုတဲ့ ဝိပါက်စိတ်ကလေးပေါ်လာတာကို ပြောတာ။ အဲဒီဝိပါက်စိတ်ကလေးဟာ မသေခင်ကယူထားတဲ့ အာရုံနဲ့ ကံဆိုတဲ့ မြေလွှာပေါ်မှာ ပေါက်ဖွားလာတာဖြစ်လို့ ကမ္မံ ခေတ္တံ လို့ မြတ်စွာဘုရားက ဟောထားတယ်။

အဲဒီမှာ တဏှာကနေ အကောက်အကူပြုတာ ဖြစ်သောကြောင့် တဏှာ သွေဟော၊ ဘဝသစ်တစ်ခုမှာ ဝိညာဏ်ဆိုတဲ့ မျိုးစေ့လေးဟာ ကံဆိုတဲ့ မြေလွှာပေါ်မှာ တဏှာဆိုတဲ့ရေ လောင်းထည့်လိုက်သည့်အခါ အမြစ်ကလေးဆင်း အညှောင့်လေးပေါက်လာပြီး ဘဝတစ်ခု အသစ်ရကြပြန်တာပေါ့။ အဲဒီသဘောကို မြတ်စွာဘုရားက “သင်္ခါရပစ္စယာ ဝိညာဏံ” ကံတရားက ဖန်တီးလို့ ဘဝတစ်ခု ချက်ချင်းရောက်သွားတာ၊ ကြားထဲမှာ ဘဝမရှိဘူး။

သို့သော် ဒီနေရာမှာ အယူအဆ မတူညီတာတွေ ရှိတယ်ပေါ့။ ကံဆိုတဲ့မြေလွှာပေါ်မှာ ဝိညာဏ်ဆိုတဲ့ မျိုးစေ့လေးကို တဏှာ
စာမျက်နှာ-၇၄
ဆိုတဲ့ ရေလေး လောင်းထည့်လိုက်တဲ့အခါ ဘဝသစ်တစ်ခု ပြန်ပြီးတော့ အစပြုလာရတယ်၊ အဲဒီအဓိပ္ပါယ်ကို ဖော်ပြချင်လို့ တစ်လောကလုံး သက်ရှိသတ္တဝါတွေ မှန်သမျှ “သင်္ခါရပစ္စယာ ဝိညာဏံ”၊ “ဘဝပစ္စယာ ဇာတိ” လို့ ပဋိစ္စသမုပ္ပါဒ်မှာ ဆိုတယ်။

“ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော”၊ “ကုသလံ အကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော” လို့ ပဋ္ဌာန်းဒေသနာတော်မှာ ဟောတယ်။ ဘဝတစ်ခုကို ကိလေသာရယ် ကံရယ် ၂-ခု ပေါင်းစပ်ပြီးတော့ ထုတ်လုပ်တာ ဖြစ်တယ်။ အဝိဇ္ဇာက အမှန်မသိရအောင်၊ အာရုံရဲ့အပြစ်ကို မမြင်အောင် ဖုံးကွယ်ထားတယ်၊ တဏှာက ညွှတ်ကိုင်းပေးလိုက်တယ်၊ ကံက ပစ်ချပေးလိုက်သည့်အတွက်ကြောင့် ဘဝတစ်ခု အစပြုလာခဲ့ကြရတယ်။
လိပ်ပြာကောင် အယူအဆ
ဒီနေရာမှာ တချို့ရဲ့အယူအဆ ရှိတယ်... လူတစ်ယောက် သေဆုံးသွားပြီဆိုရင် ဝိညာဉ်လေးက အိမ်ပေါ်က ၇-ရက် မဆင်းဘူးလို့ ပြောကြတာ ရှိသေးတယ်နော်၊ တိဘက်လူမျိုးတွေ ယုံကြည်တာကတော့ ၄၉-ရက်၊ ဂျပန်လူမျိုးတွေလည်း spirit ဆိုတာ ယုံကြည်ကြတယ်၊ ဒါလူမျိုးတိုင်း လူမျိုးတိုင်း ဒီလိုသဘောရှိကြတယ်။ အတ္တ၊ အသက်၊ လိပ်ပြာ၊ ဝိညာဉ်ကောင်၊ မြန်မာတွေကျတော့ လိပ်ပြာလို့ ခေါ်တယ်။ လူ့အသက်ကလေးဟာ ဘဝတစ်ခုအစပြုဖို့အတွက် နေရာတစ်ခုကို ရှာရတယ်၊ ရှာမတွေ့သေးလို့ ခေတ္တခဏ
စာမျက်နှာ-၇၅
နားခိုတဲ့ အန္တရာဘဝဆိုတဲ့ ကြားဘဝကလေးတစ်ခု ရှိသေးတယ်လို့ ယူဆကြတယ်။

သို့သော်လည်း ဗုဒ္ဓမြတ်စွာဒေသနာအရ မသေခင်ကတည်းက ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်နေပြီ၊ မှတ်ပုံတင်လိုက်ပြီ။ သေခါနီးအချိန်မှာ ကံတရားက ဘယ်ဘုံကို ပို့မယ်ဆိုတာ မှတ်ပုံတင်ထားပြီးသားပဲ၊ အဲဒီပေါ်မှာ လွဲချော်မှုမရှိဘဲနဲ့ ရောက်သွားမှာ သေချာပါတယ်။ “ကြားဘဝ” ဆိုတာ မရှိပါဘူး။

လူ့ဘဝက သေသွားလို့ ပြိတ္တာဖြစ်ရင်လည်း ပြိတ္တာဘဝ၊ အဲဒီပြိတ္တာတို့၊ တစ္ဆေတို့၊ သရဲတို့ကိုပဲ လူတွေက မကျွတ်ဘူးလို့ ပြောနေကြတာ။ “သံသရာက မကျွတ်ဘူး” လို့ ပြောရင် ကိုယ်လည်း မကျွတ်သေးဘူးပဲနော်၊ တစ္ဆေ၊ သရဲဆိုမှ မကျွတ်တဲ့သတ္တဝါ မဟုတ်ဘူး၊ အားလုံးဟာ မကျွတ်တဲ့ပုဂ္ဂိုလ်တွေချည်းပဲ။

သို့သော် အစွဲအလမ်းတစ်ခုကြောင့် ကိုယ်မမြင်ရတဲ့ ဘုံဘဝရောက်နေတာကျတော့ ဝိညာဉ်လောကလို့ လူတွေက ခေါ်ကြတယ်၊ မမြင်ရလို့ ခေါ်တာပေါ့။ လူတွေမျက်စိနဲ့ မမြင်ရတာတွေ အများကြီးပဲ ရှိတယ်။ တကယ်တော့ ကံတရားကနေ စီမံဖန်တီးပေးလိုက်လို့ ၃၁-ဘုံထဲက ဘုံတစ်ခုကို ရောက်ရှိသွားတာပဲ။ လူတွေနဲ့ အနီးဆုံးဘုံကတော့ ပြိတ္တာဘုံပေါ့၊ ပြိတ္တာဘဝ ရောက်နေပြီဆိုရင်တော့ နေစရာမရှိ စားစရာမရှိ ဖြစ်တတ်တယ်။

ပြိတ္တာဘုံရောက်တယ်ဆိုရင် နည်းနည်းတော်သေးတယ်လို့ ခေါ်ရမယ်၊ သူ့ထက်ဆိုးတာ နှစ်ဘုံကျန်သေးတယ်၊ ငရဲနဲ့ တိရစ္ဆာန်နော်၊ ပြိတ္တာဘုံရောက်တဲ့ပုဂ္ဂိုလ်က အမျှဝေလို့ သာဓုခေါ်လိုက်ရင်
စာမျက်နှာ-၇၆
ကောင်းကောင်းမွန်မွန် နေလို့ရသေးတယ်ပေါ့။ တိရစ္ဆာန်တို့ ငရဲတို့ဆိုတာတော့ ကံမကုန်မချင်း သွားရော၊ ဒီတိုင်းပဲ ဒုက္ခခံရမယ်။
တိုက်တွန်းချက်
ဒါကြောင့်မို့လို့ “သင်္ခါရပစ္စယာ ဝိညာဏံ” - “ကံတရားတွေ ဖန်တီးလို့ ပဋိသန္ဓေစိတ်နဲ့ အကျိုးဝိပါက်စိတ်တွေဟာ ဖြစ်ပေါ်လာရတယ်” ဆိုတဲ့ မြတ်စွာဘုရားရဲ့ ဒေသနာတော်ကို မှတ်သားနားလည်ပြီး ပဋ္ဌာန်းဒေသနာတော်မှာပါတဲ့အတိုင်း ကုသိုလ်ကံ၊ အကုသိုလ်ကံတွေက အကျိုးတရားကို ကမ္မပစ္စည်း၊ ဥပနိဿယပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ အဲဒီစွမ်းရည်တွေကို အသုံးပြုပြီး ဝိညာဏဆိုတဲ့ အကျိုးတရားကို ဖန်တီးပေးနေတာပါလားလို့ အကြောင်းနဲ့ အကျိုးကို ဆင်ခြင်သိမြင်ကြပြီးတဲ့အခါမှာ “တို့တစ်တွေ မကောင်းတဲ့အကြောင်းတရားကို လုပ်မိလို့ရှိရင် မကောင်းတဲ့အကျိုးတရားတွေ ရမှာဖြစ်တယ်၊ မကောင်းတဲ့အကြောင်းတရားတွေကို ရှောင်ရှားလို့ ကောင်းတဲ့အကြောင်းတရားတွေကို ရအောင် ကြိုးစားမှတော်မယ်” လို့ ကိုယ်စီကိုယ်စီ သိမြင်တဲ့ဉာဏ်နဲ့ ကောင်းတဲ့အကျိုးတရားတွေကို ရစေနိုင်တဲ့ ကောင်းတဲ့အကြောင်းတရားတွေကို ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-၇၇

အပိုင်း (၃)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ သက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တပေါင်းလဆန်း ၆-ရက်၊ ခရစ်နှစ်-၂၀၁၀၊ ဖေဖေါ်ဝါရီလ ၁၈-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ် မော်လာဈေး၊ အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဖေါ်လှခင်မိသားစု၊ ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
ကံတရားနှင့် ပတ်သက်၍ နည်းနှစ်နည်းဖြင့် ဟောပုံ
မြတ်စွာဘုရားက ကံတရားနှင့်ပတ်သက်ပြီး “သင်္ခါရပစ္စယာ ဝိညာဏံ”၊ “ဘဝပစ္စယာ ဇာတိ” လို့ ပဋိစ္စသမုပ္ပါဒ်မှာ နှစ်ဌာန ဟောကြားခဲ့တယ်၊ ပဋ္ဌာန်းပါဠိတော် ပစ္စယနိဒ္ဒေသ ကမ္မပစ္စည်းမှာတော့ “ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” - ဒီလိုဟောတယ်။
စာမျက်နှာ-၇၈
ဒီတော့ ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋ္ဌာန်းပါဠိတော်ရဲ့ ထူးခြားချက်က ဘာလဲလို့ဆိုရင် “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဟောလိုက်တာက ကံကြောင့် ပဋိသန္ဓေဝိညာဏ်စိတ်၊ ဝိပါက်စိတ်တွေဖြစ်တယ်လို့ ဒီအချက်တစ်ချက်ကိုပဲ ဦးတည်ပြီး ဟောလိုက်တယ်၊ ကံကြောင့်ဖြစ်တဲ့ရုပ်တွေ ဖြစ်ပေါ်လာပုံကို “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့စကားအရ ဖော်ပြထားခြင်း မရှိဘူး၊ သို့သော် “ဝိညာဏပစ္စယာ နာမရူပံ” ဆိုကာလာတဲ့အခါကျတော့ ဝိညာဏကို ဦးတည်ပြီးတော့ ကံကြောင့်ဖြစ်တဲ့ ရုပ်တရားတွေ ပေါ်လာပုံကို ဆက်ပြီးတော့ ဟောထားတယ်၊ အဲဒီ “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့ စကားရယ်၊ “ဝိညာဏပစ္စယာ နာမရူပံ” ဆိုတဲ့ စကားရပ်ရယ် - အဲဒါ နှစ်ခု။

ပဋ္ဌာန်းပါဠိတော်မှာ “ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ” လို့ဆိုတယ်။ “ကုသလာကုသလံ ကမ္မံ” ဆိုတဲ့စကားနဲ့ “သင်္ခါရပစ္စယာ” ဆိုတာ တူတယ်၊ “ဝိပါကာနံ ခန္ဓာနံ” ဆိုတာနဲ့ “ဝိညာဏံ” ဆိုတဲ့စကား တူတယ်၊ “ကဋတ္တာ စ ရူပါနံ” ဆိုတာကျတော့ “ဝိညာဏပစ္စယာ နာမရူပံ” ထဲမှာ ထည့်ဟောတယ်၊ အမည်မျှလောက်သာ ကွာခြားတာ ဖြစ်တယ်။

ဆိုလိုတာက...။

အဓိကကျတဲ့ ပဋိသန္ဓေစိတ် ဝိပါက်စိတ်တွေ၊ ကံရဲ့အကျိုးစိတ်တွေကို ရှေးဦးစွာဖော်ပြချင်လို့ ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ စိတ်ကို ဦးတည်ပြီးတော့ ဟောလိုက်တာ၊ ကမ္မဇရုပ်ကိုတော့ ဝိညာဏ်ပေါ်လာမှ ပေါ်ရတာဖြစ်သည့်အတွက်ကြောင့် “ဝိညာဏပစ္စယာ နာမရူပံ” ဆိုတဲ့အထဲမှာ ထည့်ဟောထားတယ်။
စာမျက်နှာ-၇၉
ပဋ္ဌာန်းမှာ ကံရဲ့အကျိုး နှစ်မျိုးစလုံးကို တစ်ပေါင်းတည်း ဟောတယ်၊ “ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ” တဲ့။ “ဝိပါကာနံ ခန္ဓာနံ” ဆိုတာ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ရဲ့ အကျိုးဖြစ်တဲ့ ဝိပါက်စိတ်စေတသိက်ကို ရည်ညွှန်းတယ်၊ “ကဋတ္တာ စ ရူပါနံ” ဆိုတာကတော့ ကံကြောင့်ဖြစ်တဲ့ ရုပ်တရားတွေကို ရည်ညွှန်းတယ်။ ဒီတော့ ကံတရားက ထုတ်လုပ်တာ နှစ်မျိုးလို့ မှတ်ရမယ်။

ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋ္ဌာန်းကို ပေါင်းစပ်ပြီးတော့ မှတ်တဲ့အခါမှာ စေတနာလို့ ခေါ်ရတဲ့ ကံတရား၊ ဒီနေရာမှာ သင်္ခါရလို့ ခေါ်တဲ့ ကံတရား၊ တခြားနေရာမှာ ဘဝလို့ခေါ်တဲ့ ကံတရား၊ အဲဒီကံတရားက အကျိုးနှစ်မျိုးကို ထုတ်တယ်၊ ပထမအကျိုးက မိမိနှင့် အလားတူတဲ့ ဝိပါကဆိုတဲ့ နာမ်အကျိုးတရားကို ထုတ်တယ်၊ ဒုတိယက မိမိနဲ့ သဘာဝချင်းမတူတဲ့ ကမ္မဇရုပ် - သို့မဟုတ် - ကဋတ္တာရုပ်ဆိုတဲ့ အကျိုးတရားကို ထုတ်လုပ်တယ်။ ဒါကြောင့် ကံတရားက နာမ်တရားကိုလည်း ဖြစ်စေတယ်၊ ရုပ်တရားကိုလည်း ဖြစ်စေတယ်၊ ဒါအားလုံးကို ခြုံပြီးပြောတာ။

ဘုံဘဝနဲ့ ထပ်ပြီးတော့ ခွဲပြောမယ်ဆိုရင် အသညသတ်ဘုံမှာဆိုရင် ကံတရားက ကဋတ္တာရုပ်လို့ခေါ်တဲ့ ဇီဝိတနဝကကလာပ် ကမ္မဇရုပ်တစ်မျိုးကိုသာ ထုတ်လုပ်ပေးတယ်၊ နာမ်တရားကို ထုတ်လုပ်ပေးခြင်း မရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နာမ်တရားဖြစ်မှု မရှိတဲ့ဘုံဖြစ်လို့။ အရူပဘုံကျတော့ ကံတရားက “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ဆိုတဲ့အတိုင်းပဲ ရုပ်တရားပါဝင်ခြင်း မရှိဘူး၊ နာမ်တရားသက်သက်ကိုသာ ထုတ်တယ်။ အရူပ ၄-ဘုံ၊ အသညသတ်ဘုံမှတစ်ပါး ကျန်တဲ့ ပဉ္စဝေါကာရ ၂၆-ဘုံဆိုတဲ့ ခန္ဓာ ၅-ပါးရှိတဲ့ဘုံမှာတော့ နာမ်
စာမျက်နှာ-၈၀
ဖြစ်တဲ့ အကျိုးဝိပါက်ကိုလည်း ထုတ်လုပ်တယ်၊ ရုပ်ဖြစ်တဲ့ ကမ္မဇရုပ်ကိုလည်း ထုတ်လုပ်တယ်။
ကံက ထုတ်လုပ်တာချင်း တူသော်လည်း အမည်အားဖြင့် မတူရခြင်း
စေတနာဆိုတဲ့ ကံတရားက ဒီလိုအကျိုးနှစ်မျိုး ထုတ်လုပ်တဲ့အခါမှာ အမည်နှစ်မျိုး ခွဲခြားပြီးတော့ ဖော်ပြထားတယ်၊ နာမ်တရားကိုတော့ ဝိပါက - အကျိုးတရားလို့ သုံးထားပြီးတော့ ရုပ်တရားကိုတော့ “ကဋတ္တာရူပ”၊ “ကမ္မဇရူပ”၊ “ကံကြောင့်ဖြစ်တဲ့ရုပ်” လို့ ဖေါ်ပြထားတယ်။ ဒီလိုခွဲခြားဖော်ပြတာဟာ အကြောင်းရှိသလားလို့ဆိုတော့ အကြောင်းရှိပါတယ်။

ကံဆိုတဲ့ စေတနာတရားဟာ နာမ်တရားဖြစ်တယ်၊ ထိုနာမ်တရားနဲ့ သဘာဝချင်းတူတဲ့ ဝိပါက်စိတ် နာမ်တရားတွေကို ထုတ်လုပ်တဲ့အခါ ကံတရားရဲ့ အကျိုးဖြစ်တဲ့ နာမ်တရားကိုတော့ “ဝိပါက” လို့ခေါ်တယ်၊ ရုပ်တရားတွေကိုတော့ ကံတရားရဲ့ အကျိုးဖြစ်ပေမယ့်လို့ ဝိပါကလို့ မသုံးဘူး၊ ဒီလိုဆိုလိုတယ်။

ဘာဖြစ်လို့ မသုံးတာတုန်းဆိုတော့... သစ်ပင်တစ်ပင်မှာကြည့် - အသီးဆိုတဲ့စကားလုံးကို ဖလ၊ သစ်ပင်တစ်ပင်ဟာ ဘယ်ကနေ စပြီးပေါက်ဖွားလာသလဲ၊ အကြောင်းရှာရင် မျိုးစေ့က စတင်ပေါက်ဖွားလာတယ်။ မျိုးစေ့လေးတစ်စေ့ ပိုက်လိုက်တဲ့အခါ ထိုမျိုးစေ့လေးက အမြစ်ကို ထုတ်လုပ်ပေးတယ်၊ ပင်စည်ကို ထုတ်လုပ်ပေးတယ်၊ အကိုင်းအခက်တွေကို ထုတ်လုပ်ပေးတယ်၊ အရွက်တွေကို ထုတ်လုပ်ပေးတယ်၊ အပွင့်တွေကို ထုတ်လုပ်ပေးတယ်၊ အသီးကို ထုတ်လုပ်ပေးတယ်။ အဲဒီလို ထုတ်လုပ်ပေးတဲ့အထဲမှာ မျိုးစေ့နဲ့
စာမျက်နှာ-၈၁
အလားတူတာက အသီးတစ်ခုတည်းပဲ၊ အသီးကိုသာ မျိုးစေ့နဲ့အလားတူလို့ ဖလ လို့ခေါ်တယ်၊ ကျန်တာတွေကျတော့ သူ့နာမည်နဲ့သူ ထားတယ်။

အဲဒီသဘောလိုပဲ စေတနာဆိုတဲ့ ကံတရားက မိမိနှင့် သဘာဝချင်းတူတဲ့ နာမ်တရားတွေကို ထုတ်လုပ်တဲ့အခါ အဲဒီနာမ်တရားတွေကို ဝိပါက လို့ခေါ်တယ်။ ဒါကို စာပေကျမ်းဂန်မှာ ရုဠ် လို့ခေါ်တယ်၊ ရုဠ်ဆိုတဲ့ သဘောတရားက ဒီပေါ်မှာ တက်ရောက်ထင်ရှားတဲ့သဘောရှိတယ်။

ဆိုပါစို့ - ပင်္ကဇဆိုတဲ့ စကားလုံးမှာ ပင်္ကံဆိုတာ ရွှံ့ညွန်၊ ဇဆိုတာ ပေါက်တာ၊ ရွှံ့ညွန်ထဲမှာ ပေါက်တယ်လို့ နာမည်ပေးလိုက်တာ၊ ရွှံ့ညွန်ထဲမှာ ပေါက်တဲ့အပင်တွေက အမျိုးအစား တော်တော်များလိမ့်မယ်၊ ကန်စွန်းပင်တွေလည်း ရွှံ့ညွန်ထဲပေါက်တာရှိတယ်၊ ကြာလည်းပေါက်တာရှိတယ်။ သို့သော်လည်း ပင်္ကဇ ဆိုတဲ့စကားလုံးက ကြာတစ်မျိုးတည်းကိုသာ ရည်ညွှန်းပြီးတော့ ပြောဆိုတာ၊ ကျန်တဲ့ ကန်စွန်းစတဲ့အပင်တွေကို မရည်ညွှန်းဘူးတဲ့၊ ပင်္ကဇ လို့ဆိုရင် “ကြာ” လို့ပဲ သိရတယ်ပေါ့။

ထို့အတူပဲ ဝိပါကဆိုတဲ့ စကားလုံးလေးက အကျိုးလို့ အဓိပ္ပါယ်ရပေမယ့်လို့ ကံရဲ့အကျိုးဖြစ်တဲ့ ရုပ်တရားကို ဝိပါက လို့ မခေါ်ဘူးတဲ့၊ ကံတရားနဲ့ နာမ်တရားချင်းတူတဲ့ ဝိပါက်စိတ်စေတသိက်ဆိုတဲ့ အကျိုးတရားမျိုးကိုသာလျှင် ဝိပါက လို့ခေါ်တာပါတဲ့၊ ကျန်တာတွေကို မခေါ်ဘူးလို့ ဆိုလိုတာ။

ဒါကြောင့်မို့ ကံတရားကထုတ်လုပ်တဲ့ ရုပ်ကို ခေါ်ဖို့ရာအတွက် စကားလုံးတစ်လုံး ထပ်ရှာရတယ်၊ ကမ္မဇရုပ် (သို့မဟုတ်)
စာမျက်နှာ-၈၂
ကဋတ္တာရုပ် (သို့မဟုတ်) ကမ္မသမုဋ္ဌာနရုပ်ဆိုတဲ့ အသုံးအနှုန်းတွေ သုံးထားတယ်ပေါ့။ ပဋ္ဌာန်းပါဠိတော်မှာ ကဋတ္တာရုပ်လို့ သုံးထားတယ်၊ ကံတရားကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်တွေလို့ သုံးတယ်။
နည်းနှစ်နည်း အထူး
ဒီတော့ ပဋ္ဌာန်းနဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ အကြောင်းတရား၊ အကျိုးတရား ဟောတာချင်း အတူတူပဲ၊ သို့သော် ဟောပုံဟောနည်း ကွဲပြားခြားနားတယ်။ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပဋ္ဌာန်းနည်း ထူးခြားချက်က ဘာတုန်း? -

ပဋိစ္စသမုပ္ပါဒ်က အကြောင်းတရားနဲ့ အကျိုးတရားကိုပဲ ဟောတယ်၊ အကြောင်းတရားရဲ့ စွမ်းရည်သတ္တိတွေကို ဖော်မပြဘူးတဲ့။ ဒါက အကြောင်းတရားမှ ဒါက အကျိုးတရား - အဲဒီလောက်ပဲပြတယ်၊ ဒီအကြောင်းတရားတွေ ရှိနေလို့ ဒီအကျိုးတရားတွေ ဖြစ်ရတယ် ဆိုတဲ့သဘောလောက်ပဲ ဟောတယ်။

ပဋ္ဌာန်းကျတော့ ဒီထက်ပိုလာတယ်၊ ဒီအကြောင်းတရားကြောင့် ဒီအကျိုးတရားတွေ ဖြစ်ရတယ်၊ ဒီအကြောင်းတရားက ဒီလိုစွမ်းရည်သတ္တိတွေကို အသုံးပြုတယ်ဆိုပြီး ဓမ္မတင်မကဘူး၊ ဓမ္မရဲ့သတ္တိကိုပါ ဖော်ညွှန်းပြတယ်။

ဒီလို ဖော်ညွှန်းပြပေမယ့်လို့ ဓမ္မနဲ့ ဓမ္မသတ္တိဆိုတာ ခွဲခြားလို့ ရကောင်းတဲ့အရာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် စကားပြောတဲ့အခါမှာ ခွဲပြောလို့ရတယ်၊ လူနဲ့ လူ့ရဲ့သတ္တိ ခွဲပြောသလိုပဲ၊ ဓမ္မနဲ့ ဓမ္မရဲ့သတ္တိ ကွဲပြားခြားနားမှုရှိပေမယ့်လို့ ခွဲပြီးတော့ ပြောတာမျိုးရှိတယ်။ ဥပစာစကားနဲ့ ပြောလို့ရှိရင် အဘေဒဘေဒူပစာ
စာမျက်နှာ-၈၃
လို့ ပြောတယ်၊ “အဘေဒ” ဆိုတာ တကယ်ကွဲပြားခြားနားနေတာ မဟုတ်ဘဲနဲ့ “ဘေဒ” ကွဲပြားခြားနားသယောင် ပြောကြတဲ့စကားတွေကို အဘေဒဘေဒူပစာလို့ ခေါ်တယ်။ ဒီစကားမျိုးကို လူတွေလည်း သုံးနေတာပဲ၊ သတ္တိနဲ့ သတ္တိမန္တ ခွဲပြီးပြောတဲ့သဘော၊ ဓမ္မနဲ့ ဓမ္မသတ္တိကို ခွဲပြီးတော့ ပြောတဲ့သဘော၊ ဓမ္မနဲ့ ဓမ္မသတ္တိကို ခွဲခြားပြီး ဖော်ပြလိုက်တာ။

“သင်္ခါရပစ္စယာ ဝိညာဏံ”၊ “ဝိညာဏပစ္စယာ နာမရူပံ” - ဒီနှစ်ခု ဆက်စပ်ပြီး ကြည့်လိုက်တဲ့အခါ ပဋ္ဌာန်းပါဠိတော်မှာ ဟောထားတဲ့ “ကုသလာကုသလံ ကမ္မံ” - ကုသိုလ်၊ အကုသိုလ်ကံဆိုတာ၊ “ဝိပါကာနံ ခန္ဓာနံ” - ဝိပါက်နာမက္ခန္ဓာတွေကိုလည်း ကျေးဇူးပြုတယ်။ “ကဋတ္တာ စ ရူပါနံ” - ကဋတ္တာရုပ်လို့ခေါ်တဲ့ ကမ္မဇရုပ်တွေကိုလည်း ကျေးဇူးပြုတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ ပေါင်းစပ်မိသွားပါတယ်။
ဗုဒ္ဓဟောပြောချက်နှင့် ဘာသာရေးဆရာ တချို့ဟောပြောချက်
ဗုဒ္ဓရဲ့ ဟောပြောချက်ထဲမှာ ကံတရားဟာ အင်မတန်မှ အရေးကြီးတယ်၊ မြတ်စွာဘုရားမပွင့်မီက၊ ပွင့်တော်မူတဲ့အချိန်မှာ ကံတရားနဲ့ပတ်သက်တဲ့ အယူအဆတွေဟာ အင်မတန်မှ ကွဲပြားခြားနားတယ်။

မြတ်စွာဘုရားပွင့်တဲ့အချိန်မှာ ထင်ရှားရှိနေတဲ့ ဘာသာတရားအမျိုးမျိုးကို ဟောပြောနေကြတဲ့ ဘာသာရေးဆရာကြီးတွေကလည်း ကံတရားကို ဟောပြောကြတာပဲ၊ သူတို့က ကံအကြောင်းကို ဟောပြောတဲ့အခါ ဘာကို အခြေပြုပြီးတော့ ဟောပြောသလဲဆိုရင် အတ္တ၊ ဇီဝကို အခြေပြုပြီး ဟောပြောတယ်။ အရာရာကို
စာမျက်နှာ-၈၄
အတ္တက ခံစားတယ်လို့ ဆိုတယ်၊ ခံစားတတ်တဲ့ အစဉ်ထာဝရရှိတဲ့ အရာတစ်ခုကို ဖန်တီးပြီး ကံအကြောင်းကို ရှင်းပြတယ်။

ပြုလုပ်သူနဲ့ ခံစားသူ - ဒါက သာမန်ပုဂ္ဂိုလ်တွေအနေနဲ့ ပြုလုပ်သူနဲ့ ခံစားသူဟာ ရှိနေတာပဲ။ “ငါလုပ်တယ်၊ ငါခံစားရတယ်”၊ “ငါ” ဆိုတာ ဘယ်သူလဲလို့ လိုက်ရှာတဲ့အခါမှာ အမျိုးမျိုးရှိတယ်။ ငါဆိုတဲ့ သတ်မှတ်ချက်ကလေးက အတ္တကို ပြောတာရှိတယ်။ ဇီဝကို ပြောတာရှိတယ်။ ခန္ဓာငါးပါးထဲက တစ်ခုခုကို လက်ညှိုးထိုးပြီးတော့ ငါလို့ ပြောကြတာရှိတယ်။

မြတ်စွာဘုရားက “ငါဆိုတာ တကယ်ရှိလား” ဆိုတော့ “မရှိဘူး၊ ခန္ဓာ ၅-ပါးပဲ ရှိတယ်” တဲ့။ “ခန္ဓာ ၅-ပါးပဲ ရှိသည့်အတွက်ကြောင့် ပြုလုပ်သူဆိုတာကို ရှာလို့မရဘူး၊ သဘာဝတရားတွေဟာ အကြောင်းတရားကြောင့် ဖြစ်တာသာ ဖြစ်တယ်၊ အဲဒီအကြောင်းတရားတွေကို ငါလို့ ပြောမယ်ဆိုရင် မမှန်ဘူး၊ ငါလို့ ပြောစရာ အကြောင်းတစ်ခုမှ မရှိဘူး” တဲ့။ ဘာဖြစ်လို့တုန်း? “သူ့သဘာဝအတိုင်း သူဖြစ်နေတာမို့ ငါလို့ပြောစရာမရှိဘူး၊ ငါလို့သတ်မှတ်စရာ မရှိသည့်အတွက်ကြောင့် ငါ့ဟာလို့လည်း ပြောစရာမရှိဘူး၊ ငါခံစားရတာလို့လည်း ပြောစရာမရှိဘူး” တဲ့။
ပြုလုပ်သူနဲ့ ခံစားသူဆိုတာ မရှိပုံ
ဒီနေရာမှာ ဓမ္မသဘာဝက အလွန်နက်နဲသည့်အတွက်ကြောင့် သာမန်ပုဂ္ဂိုလ်တွေမှာ ထိုးထွင်းသိနိုင်တဲ့ အသိဉာဏ်မရှိကြဘူးပေါ့။ မရှိသည့်အတွက်ကြောင့် “ငါလုပ်တယ်၊ ငါခံစားတယ်” ထင်ပြီး လုပ်သူကိုလည်း အသိအမှတ်ပြုတယ်၊ ခံစားမှုကိုလည်း အသိ
စာမျက်နှာ-၈၅
အမှတ်ပြုတယ်၊ စကားအနေနဲ့ ပြောရုံတင်မကဘူး၊ တကယ်လည်း ရှိတယ်လို့ ယူဆတယ်။ “ဒီဘဝ ငါကုသိုလ်ကောင်းမှုတွေလုပ်တယ်။ နောက်ဘဝ ငါခံစားရမယ်၊ ငါလုပ်လို့ ငါခံစားရတယ်၊ သူလုပ်တော့ သူခံစားရတယ်၊ ဒီဘဝ မကောင်းမှုအကုသိုလ်တွေလုပ်တယ်။ နောင်ဘဝ ခံရမယ်” လို့ - လုပ်သူနဲ့ ခံရသူ ဒီနှစ်ခုဟာ ရှိနေတဲ့ အနေအထားတစ်ခုအနေနဲ့ သတ္တဝါတွေရဲ့စိတ်ထဲမှာ အထင်မှား အမြင်မှားအနေနဲ့ ပွဲနေတယ်။

အဲဒါ မြတ်စွာဘုရားရဲ့ တရားတော်အရ “လုပ်သူ” ဆိုတာဘာလဲ၊ လုပ်သူဆိုတာ တကယ်တော့ မရှိဘူး၊ သဘာဝတရား အကြောင်းတရားဖြစ်ပေါ်လာကို “လုပ်သူ” လို့ ပြောတာ၊ ဒါကြောင့်မို့ ဝိသုဒ္ဓိမဂ်မှာ ရေးထားတဲ့ စကားလုံးလေးတစ်ခုက - “ကမ္မဿ ကာရကော နတ္ထိ” တဲ့၊ ကံကိုပြုလုပ်တဲ့ပုဂ္ဂိုလ်ဆိုတာ မရှိဘူး။ ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်မှာ “သင်္ခါရပစ္စယာ ဝိညာဏံ” လို့သာပြောတာ၊ သတ္တဝါကို ထည့်မဟောဘူးနော်၊ ကံကြောင့် အကျိုးဖြစ်တယ်လို့ပဲ ပြောတယ်၊ ကံလုပ်တဲ့သူကို ထည့်မဟောဘူး။ ပဋ္ဌာန်းမှာလည်းပဲ “ကုသလာကုသလံ ကမ္မံ” - ကုသိုလ်အကုသိုလ်ကံဟာ “ဝိပါကာနံ ဓမ္မာနံ” - အကျိုးဝိပါက်စိတ်စေတသိက်တွေကို၊ ဝိပါက်ခန္ဓာတွေကို၊ “ကဋတ္တာ စ ရူပါနံ” - ကံကြောင့်ဖြစ်တဲ့ ကမ္မဇရုပ်တွေကို “ကမ္မပစ္စယေန” - ကမ္မပစ္စယသတ္တိဖြင့် “ပစ္စယော ဥပကာရကော” - ကျေးဇူးပြုတယ်လို့ပဲ ဟောထားတယ်၊ ပြုလုပ်သူကို ဖော်ပြထားတာမရှိဘူး၊ ဒါဟာ အင်မတန်မှ အဓိပ္ပါယ်ရှိတယ်ပေါ့။

“ကမ္မဿ ကာရကော နတ္ထိ - ကံကိုပြုလုပ်တဲ့ပုဂ္ဂိုလ် မရှိဘူး” ဒါဖြင့် ဘာရှိတုန်းဆိုတော့ အကြောင်းတရားပဲရှိတယ်၊ ကံ
စာမျက်နှာ-၈၆
ကိုလုပ်သူမရှိဘူး၊ အကြောင်းတရားပဲရှိတယ်။ အကြောင်းတရားဖြစ်ပေါ်လာတာကို မျက်စိမှားပြီးတော့ လုပ်သူအဖြစ် သတ်မှတ်နေကြတယ်၊ တကယ်က လုပ်တဲ့ပုဂ္ဂိုလ်မရှိဘူး၊ သဘာဝတရား အကြောင်းတရားအနေနဲ့ ဖြစ်ပေါ်လာတာကိုပဲ ပြုလုပ်သူလို့ ပုဂ္ဂိုလ်နဲ့ ဆက်စပ်ပြီးတော့ မှတ်ယူနေကြတယ်။

“ဝိပါကဿ စ ဝေဒကော - ကံရဲ့ အကျိုးတရားကို ခံစားသူဆိုတာလည်း မရှိဘူး” တဲ့၊ ဒါဖြင့် ဘာရှိတုန်းဆိုရင် အကျိုးတရားဖြစ်ပေါ်လာမှုသာရှိတာ၊ အကြောင်းတရားရှိလို့ အကျိုးတရားပေါ်တာ၊ အဲဒါကိုပဲ အကြောင်းတရားကို လုပ်သူ၊ အကျိုးတရားကို ခံစားသူလို့ ဒီလိုအထင်မှားနေကြတာပေါ့။

အဲဒီလို အထင်မှားမှုရှိနေသည့်အတွက်ကြောင့် သံသရာမှာ လည်နေရတာ၊ အမှန်မတွေ့သေးတာ။ အဝိဇ္ဇာက ဖုံးထားသည့်အတွက်ကြောင့် အမှန်ကိုမမြင်နိုင်ဘူး၊ မမြင်နိုင်သည့်အတွက်ကြောင့် သံသရာထဲက ထွက်ပေါက်ကို ရှာမရဘူး။

အေး အမြင်မှန်ပြီဆိုတဲ့အခါကျတော့ ဘယ်လိုမြင်တုန်း၊ “သုဒ္ဓဓမ္မာ ပဝတ္တန္တိ” တဲ့ - သဘာဝတရားသက်သက်ပဲ ဖြစ်နေတယ်၊ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေ ဖြစ်လာတယ်၊ ထိုဖြစ်လာတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံက ဝိပါကဆိုတဲ့ အကျိုးတရားတွေကို ထုတ်လုပ်တယ်၊ ကဋတ္တာရူပလို့ဆိုတဲ့ အကျိုးတရားတွေကို ထုတ်လုပ်တယ်၊ ဒါပဲရှိတယ်၊ အကြောင်းကြောင့် အကျိုးပေါ်တာပဲရှိတယ်။ “သုဒ္ဓဓမ္မာ ပဝတ္တန္တိ ဧတံ သမ္မဒဿနံ” - အဲဒါမှ မှန်ကန်တဲ့အမြင်တဲ့၊ ဒီလိုဆိုထားတယ်။
စာမျက်နှာ-၈၇
ဒီတော့ မြတ်စွာဘုရားရဲ့ ဒေသနာတော်အရ ကံဆိုတာရှိတယ်၊ ကံကို ပြုလုပ်သူမရှိဘူး၊ ပုဂ္ဂိုလ်သတ္တဝါဆိုတာ မရှိဘူး၊ သဘာဝတရားပဲ ဖြစ်ပေါ်နေတာ၊ ဆိုင်ရာဆိုင်ရာ အကြောင်းတွေကြောင့် အကျိုးတရားတွေ ဖြစ်ပေါ်လာရတယ်ပေါ့။

ကံတရားတွေ ဖြစ်ပေါ်လာပုံကို ကြည့်လေ၊ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ကံကို ဘယ်သူကလုပ်တာတုန်း၊ ဘယ်သူ့ကြောင့် ဒီကံတရားတွေက ဖြစ်ပေါ်လာတာတုန်းဆိုတော့ အဝိဇ္ဇာကြောင့်ဖြစ်တယ်လို့ပဲ ဟောတယ်၊ ပုဂ္ဂိုလ်ကလုပ်လို့ ဖြစ်တယ်လို့ ဟောတာမဟုတ်ဘူးနော်၊ ဒီလိုသဘာဝဆိုက်ထိမှ မှန်တယ်၊ သဘာဝဆိုက်ထိအောင် မမြင်နိုင်သေးဘူးဆိုရင် သံသရာက လွတ်လမ်းကို မတွေ့နိုင်သေးဘူးတဲ့။

ဒါကြောင့်မို့ မြတ်စွာဘုရားက အကြောင်းတရားနဲ့ အကျိုးတရား ဒီနှစ်ခုကို ရှင်းပြတယ်၊ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေက ဝိပါက်နာမက္ခန္ဓာဆိုတဲ့ နာမ်အကျိုးတရားကို ထုတ်လုပ်တယ်၊ ကဋတ္တာရုပ်လို့ဆိုတဲ့ ရုပ်အကျိုးတရားတွေကို ထုတ်လုပ်တယ်၊ အဲဒီလို ထုတ်လုပ်တဲ့အခါမှာ ဘယ်သူတွေရဲ့ အကူအညီနဲ့ ထုတ်လုပ်ရတုန်းဆိုလို့ရှိရင် အဝိဇ္ဇာဆိုတဲ့ ကိလေသာ၊ တဏှာဆိုတဲ့ ကိလေသာ - ဒီစွမ်းအားထက်တဲ့ ကိလေသာနှစ်မျိုးရဲ့ အကူအညီနဲ့ ထုတ်လုပ်တာ။

အဝိဇ္ဇာက အမှောင်ချပေးလိုက်တယ် - သို့မဟုတ် - အမှန်မမြင်ရအောင် ဖုံးကွယ်ပေးထားတယ်၊ ဖုံးကွယ်ပေးထားလိုက်တဲ့အခါ တဏှာက တွယ်တာလာတယ်၊ အဲဒီတွယ်တာလာတဲ့အချိန်မှာ ထို
စာမျက်နှာ-၈၈
တွယ်တာမှုဆိုတာကို အခြေပြုပြီးတော့ ကံတရားက ဖန်တီးပေးလိုက်တယ်တဲ့။ ဒါနဲ့ပဲ ဘဝတစ်ခုဟာ အစပြုလာကြတယ်။
ဘဝတစ်ခု၌ အစပြုလာသော ဝိညာဏ်
အဲဒီသဘောကို မြတ်စွာဘုရားက “သင်္ခါရပစ္စယာ ဝိညာဏံ”၊ ပဋိစ္စသမုပ္ပါဒ်မှာ ပဋိသန္ဓေဝိညာဏ်စိတ် အကျိုးစိတ်တွေပေါ်လာတယ်၊ ဒီလိုပေါ်လာတဲ့အခါမှာ ပထမစတင်ပေါ်တာကို ပဋိသန္ဓေစိတ်လို့ခေါ်တယ်။ ပဋိသန္ဓေဆိုတာ ပဋိ - တစ်ဖန်၊ သန္ဓေ - ပြန်ဆက်တာ၊ ဘဝနှစ်ခု ဆက်စပ်ပေးတဲ့သဘော၊ ဟိုဘဝက စုတိစိတ်ကျလိုက်တာနဲ့ တစ်ပြိုင်နက် ပြတ်စဲမသွားအောင် ပဋိသန္ဓေစိတ်ကလေးက ပေါ်လာတာ၊ ဒါကြောင့်မို့ ဘဝနှစ်ခုကို ဆက်စပ်ပေးတဲ့စိတ်ဖြစ်လို့ သူ့ကို ပဋိသန္ဓေစိတ်လို့ ခေါ်တာ၊ သူ့ဆောင်ရွက်မှုကိစ္စက ရှေးဘဝနဲ့ နောက်ဘဝနှစ်ခုကို ဆက်ပေးလိုက်တာ၊ ကြားထဲမှာ အဆက်မပြတ်ရအောင် ဆက်ပေးလိုက်တာ၊ စိတ်အစဉ်ဆိုတာ ဘယ်တော့မှ အဆက်မပြတ်ဘူး၊ အဲဒီနှစ်ခုဟာ အမြဲတမ်း on line ဖြစ်နေတာ၊ စုတိစိတ်ဆိုတာ ချုပ်သွားတာနဲ့ တစ်ပြိုင်နက် ပဋိသန္ဓေစိတ်ဆိုတာ ပေါ်လာတာ။

အဲဒါကိုပဲ ပဋ္ဌာန်းပါဠိတော်မှာ စုတိစိတ်ချုပ်သွားပြီး ပဋိသန္ဓေစိတ်ပေါ်လာတာကိုပဲ “စုတိစိတ်က ချုပ်ပေးသွားခြင်းဖြင့် ပဋိသန္ဓေစိတ် ပေါ်လာဖို့ရန် အထောက်အကူပြုတယ်” လို့ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ ဥပနိဿယပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယောလို့ ဟောတာ၊ မရှိတော့မှ ကျေးဇူးပြုလိုက်တာ...
စာမျက်နှာ-၈၉
ပေးလိုက်တာကလည်း နောက်တစ်ခု ဖြစ်လာဖို့ရန်အတွက် ကျေးဇူး ပြုလိုက်တာပဲ။
ကျေးဇူးပြုတယ်ဆိုတဲ့ ပစ္စယအဓိပ္ပါယ်
ကျေးဇူးပြုတယ်ဆိုတဲ့ ပစ္စယရဲ့ အဓိပ္ပါယ်က ဖြစ်အောင် လုပ်တာကလည်း ကျေးဇူးပြုတာပဲ။ ရပ်တည်နေနိုင်အောင် လုပ်ထားတာကိုလည်း ကျေးဇူးပြုတယ်လို့ ခေါ်တယ်။

ပန်းပွင့်လေးတွေ လှလှပပစုပြီးတော့ ရပ်တည်နေနိုင်အောင် ပန်းအိုးကနေ အထောက်အကူပြုထားတယ်၊ ကျေးဇူးပြုတယ် ခေါ်တာပေါ့။ ဒီလိုပဲ အကြောင်းနဲ့ အကျိုးဆိုတာ ဆက်စပ်ပြီးတော့ ကျေးဇူးပြုနေတာ၊ ဒါတွေကို ရည်ညွှန်းပြီးတော့ မြတ်စွာဘုရားက ပစ္စယ လို့ ပြောတယ်။ ပစ္စယ ဆိုတာ ဖြစ်စေတာရယ်၊ ရပ်တည်စေတာရယ် ဒီနှစ်ခုနဲ့ ကျေးဇူးပြုတဲ့သဘောပဲ။

ကံနဲ့ ကမ္မဝိပါက - ဘဝတစ်ခုမှာ ကံတရားကြောင့် ကံရဲ့ အကျိုးတရားဖြစ်တဲ့ ပဋိသန္ဓေစိတ်ဟာ ပေါ်လာရတယ်။ ပဋိသန္ဓေစိတ်ပေါ်လာတဲ့အခါမှာ ထိုပဋိသန္ဓေစိတ်နဲ့တွဲဖက်ပြီးတော့ ကံကြောင့်ဖြစ်တဲ့ ရုပ်တရားတွေလည်း ပေါ်လာတယ်။ “ဝိညာဏပစ္စယာ နာမရူပံ” နဲ့ ဒီသဘောကို ဆက်ပြီး ပြောရမယ်။
“ကံ၏ သဘောတရားများ”
ဒီကနေ့တော့ ကံတရားနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား ထိုထိုသုတ္တန်မှာ ဟောထားတဲ့ အချက်အလက်ကလေးတွေ၊ ပဋိစ္စ-
စာမျက်နှာ-၉၀
သမုပ္ပါဒ်နဲ့ ပဋ္ဌာန်းကို ပိုပြီး နားလည်သဘောပေါက်ရအောင် ထိုထိုသုတ္တန်တွေမှာပါတဲ့ ကံရဲ့ သဘာဝတရားတွေကို ဆက်စပ်ပြီး မှတ်သားဖို့ လိုအပ်တယ်။

ကံတရားက မိမိရဲ့ အကျိုးဝိပါက်စိတ်ကို ထုတ်လုပ်တဲ့အခါ အချိန်အခါ ၂-ခုမှာ ထုတ်လုပ်တယ်။ ပထမအချိန်အခါက ပဋိသန္ဓေ လို့ခေါ်တဲ့ ဘဝအစမှာ တစ်ခါထုတ်လုပ်တယ်။ နောက်ဘဝတစ်ခု စတင်ပြီးတဲ့နောက် ဆက်လက်ဖြစ်ပေါ်နေတဲ့ တစ်သက်တာကာလ လို့ခေါ်တဲ့ ပဝတ္တိအချိန်ပိုင်းမှာလည်းပဲ ကံတရားက ဆက်လက်ပြီးတော့ အကျိုးဝိပါက်စိတ်တွေကို ဖြစ်ပေါ်စေတယ်။ အဲဒီလို ကံတရားက ထုတ်လုပ်ပေးလိုက်တဲ့ အကျိုးဝိပါက်စိတ်တွေဟာ တကယ်ကတော့ ကံတရားဆိုတာ ဘယ်ကံက ထုတ်လုပ်တာတုန်းလို့ဆိုရင် သေခါနီးမှာဖြစ်လာတဲ့ မရဏာသန္နဇောက အာရုံတစ်ခုအနေနဲ့ ရယူလိုက်တဲ့ အကျိုးပေးခွင့် အလှည့်အကြိမ် ကျလာတဲ့ အင်အားကောင်းတဲ့ ကံတစ်ခုက ထုတ်လုပ်ပေးလိုက်တာ။ ဒီတော့ ကံဟာ အတိတ်နဲ့ပဲ သက်ဆိုင်တယ်ပေါ့။
ကံနှင့် စိတ်-ဥတု-အာဟာရ
အတိတ်ဘဝ ကံကြောင့် ဖြစ်ပေါ်လာတဲ့ နာမ်တရား၊ ကံကြောင့်ဖြစ်ပေါ်လာတဲ့ ရုပ်တရားတွေဟာ ဘယ်လိုနည်းနဲ့ စဉ်ဆက်မပြတ် ဒီဘဝမှာ ဆက်လက်ပြီးတော့ သွားနေကြသလဲ ဆိုလို့ရှိရင် ပစ္စုပ္ပန်ဘဝမှာရှိနေတဲ့ ဥတုကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်တရားတွေ၊ အာဟာရကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်တရားတွေ၊ စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ ရုပ်တရားတွေ၊ အဲဒါတွေနဲ့ ဆက်စပ်ပြီးတော့ ကံကြောင့်
စာမျက်နှာ-၉၁
ဖြစ်တဲ့ရုပ်တရားဟာ ကံဆိုတဲ့ သဘာဝတရားက ထပ်ဆင့်ပြီးတော့ ထုတ်နေတာ မရှိတော့သော်လည်း သူဟာ အခြားအကြောင်းတရားတွေရဲ့ အထောက်အကူတွေနဲ့ ဆက်လက်ပြီးတော့ သွားနေတယ် လို့ ဆိုတယ်။

ဥပမာ - မျိုးစေ့လေးတစ်ခုကို မြေထဲမှာချပြီးတော့ စိုက်လိုက်ရင် အဲဒီမျိုးစေ့က အမြစ်က သက်ဆင်းလာတယ်၊ အညှောက်ကလေး ပေါက်လာတယ်၊ ပြီးတာနဲ့ တစ်ပြိုင်နက် ဒီမျိုးစေ့လေးဟာ ဆွေးသွားတယ်၊ ချစိုက်လိုက်တဲ့ မျိုးစေ့လေးက မရှိတော့ဘူး။ ဒီအပင်ကလေး သူချထားတဲ့ အမြစ်ကလေးနဲ့ အညှောက်ကလေး ဆက်လက်ရှင်သန်နေဖို့ ဘယ်သူက ထိန်းသွားတုန်းဆိုရင် မြေတို့၊ ရေတို့၊ လေတို့၊ အပူငွေ့တို့ဆိုတာတွေက ထိန်းသွားတာ။

အဲဒါလိုပဲ ကံမျိုးစေ့ကနေ ချပေးလိုက်တဲ့ သန္ဓေစိတ်နဲ့ ထိုသန္ဓေစိတ်နှင့် အတူတကွ ဖြစ်ပေါ်လာတဲ့ ကမ္မဇရုပ်ကလေးတွေ တစ်ဘဝတာကာလမှာ ရှင်သန်ရပ်တည်နေအောင် ဥတုကြောင့် ဖြစ်တဲ့ရုပ်တွေ၊ အာဟာရကြောင့် ဖြစ်တဲ့ရုပ်တွေ၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေက အထောက်အကူပေးပြီးတော့ သွားကြတာပဲ၊ အားလုံးကနေ သယ်ဆောင်ပြီးတော့ သွားကြတာ။ ဒါကြောင့်မို့လို့ ကံက ထုတ်လိုက်တဲ့ ရုပ်ဟာ အနှစ်-၅၀, ၆၀, ၇၀, ၈၀, ၁၀၀၊ ကံရဲ့ အရှိန်ကောင်းရင် ကောင်းသလောက်၊ ဥတု၊ အာဟာရ စွမ်းရည်သတ္တိတွေ ဖြစ်ရင်ဖြစ်သလောက် ကံကနေ ထုတ်လုပ်ပေးထားတဲ့ ကမ္မဇရုပ်နဲ့ ဒီဝိပါက်စိတ်တွေဟာ ရှင်သန်နေကြတယ်။ အဲဒီလို ရှင်သန်နေဖို့ဆိုတာ ကံရဲ့စွမ်းအား တစ်ခုတည်းနဲ့ ဖြစ်တာ မဟုတ်ဘူး၊ အထောက်အကူတွေရဲ့ စွမ်းအားတွေ အများကြီး ပါတယ်ပေါ့။
စာမျက်နှာ-၉၂
ဒါကို စဉ်းစားကြည့်ဖို့က - စထုတ်လိုက်တဲ့ ကံက အင်မတန်မှ အရှိန်ပြင်းတဲ့ကံဆိုရင် အထောက်အကူပြုတဲ့ ဥတုတို့၊ အာဟာရတို့ကလည်းပဲ စွမ်းအားထက်တယ်ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်တစ်ယောက်ဟာ အသက်ရှည်တယ်လို့ ပြောကြတာပဲ၊ အသက် ၁၀၀, ၁၂၀ စသဖြင့် ရှည်သွားတယ်။ ကံက ထုတ်လုပ်တုန်းကလည်း ခပ်ညံ့ညံ့၊ အထောက်အကူပြုတဲ့ ဥတုတို့၊ အာဟာရတို့ကလည်း ညံ့လာတယ်ဆိုရင် သိပ်အသက်မရှည်ဘူး။
ဘုရားနှစ်ဆူတို့၏ သက်တမ်း
ဒီသဘောကို ဘာနဲ့ စဉ်းစားလို့ရလဲလို့ ဆိုတော့ ဘုန်းကြီးတို့တစ်တွေ ဆက်စပ်ပြီး စဉ်းစားရမှာက ကဿပမြတ်စွာဘုရားနဲ့ ဂေါတမမြတ်စွာဘုရားကို ယှဉ်ကြည့် - ကဿပမြတ်စွာဘုရားက လူတွေရဲ့ သက်တမ်း နှစ်သောင်းတမ်းမှာပွင့်လို့ အသက်နှစ်သောင်း နေရတယ်၊ ဂေါတမမြတ်စွာဘုရားကျတော့ အသက် ၁၀၀-တမ်းမှာ ပွင့်လို့ အသက်-၈၀ နေရတယ်။ ဒါ ကံကို ပုံချလို့ ရမလား။

ဘုရားဖြစ်အောင် ကျင့်ရတဲ့ကံဟာ ကဿပဘုရားဖြစ်အောင် ဖြည့်ကျင့်ရတဲ့ကံနဲ့ ဂေါတမမြတ်စွာဘုရားဖြစ်အောင် ဖြည့်ကျင့်ခဲ့ရတဲ့ ပါရမီကံတရားတွေဟာ အတူတူပါပဲ။ ဘုရားတိုင်း ဘုရားတိုင်းဟာ အနည်းဆုံး လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ ၁၀-ပါး၊ အပြား-၃၀၊ စွန့်ခြင်းကြီး ၅-ပါးဆိုတာတွေကို ဖြည့်ကျင့်ပြီးတော့ လာကြရတာချည်းပဲ။ ဒီတော့ ကံနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ဘာမှပြောစရာ အကြောင်းမရှိဘူး၊ တူညီတဲ့ ကံတရားတွေကို ဖြည့်ကျင့်လာခဲ့တာပဲ။ ကဿပမြတ်စွာဘုရားက ပိုကံကောင်းလို့
စာမျက်နှာ-၉၃
အသက်ရှည်တာ မဟုတ်ဘူး၊ ဂေါတမမြတ်စွာဘုရားက ကံညံ့လို့ အသက်တိုတာ မဟုတ်ဘူး။

ဘာအကြောင်းတရားလဲဆိုတာကို အဋ္ဌကထာက ဆောက်ပြထားတယ်- “ဥတုနာ ဘာဇနေန စ အာယု ဟာယတိပိ ဝဍ္ဎတိ” တဲ့။ ခုနကပြောတဲ့ ထိန်းတဲ့ဟာ လိုတယ်ပေါ့၊ ကံက သူ့လုပ်ငန်းလုပ်ပြီးသွားပြီ၊ ခုနက မျိုးစေ့လေးက မျိုးစေ့ချပြီးသွားပြီး သူ့လုပ်ငန်းသူလုပ်တာ ပြီးသွားပြီ၊ လုပ်ပြီးသွားတာနဲ့တစ်ပြိုင်နက် သူက မရှိတော့ဘူး။ ဆက်လက်ထိန်းသိမ်းရမှာက ဘယ်သူက ထိန်းသိမ်းတာတုန်း ဆိုတော့ - မျိုးစေ့ကို ဥတုတို့၊ အာဟာရတို့က ထိန်းသိမ်းသွားတာ။

ထို့အတူပဲ လူ့ရဲ့သက်တမ်းဟာ ကဿပမြတ်စွာဘုရားရှင် ပွင့်တော်မူရာ သက်တမ်းကာလမှာ ရှိကြတဲ့ ရာသီဥတုတို့၊ အာဟာရတို့ဆိုတာဟာ ဥတုက အလွန်ကောင်းသည့်အတွက်ကြောင့် ထိုဥတုကို မှီပြီးတော့ စိုက်ပျိုးရတဲ့ သီးနှံတွေဟာလည်း အဆီသြဇာ ပြည့်တယ်။ ဒီလို ဥတုကောင်းခြင်း၊ ဥတုကို မှီပြီး ဖြစ်ပေါ်လာတဲ့ သီးနှံတွေကလည်း အာဟာရဓာတ် ကြွယ်ဝခြင်းတို့ကြောင့် အဲဒီအာဟာရဓာတ်တွေကို စားသုံးနေရတဲ့ ကဿပမြတ်စွာဘုရားရဲ့ ရုပ်ခန္ဓာကိုယ်တော်ကို အဲဒီဥတုနဲ့ စားသုံးရတဲ့အာဟာရဓာတ်က အနှစ်နှစ်သောင်းတိုင်အောင် ရှည်ကြာစေနိုင်တယ်ပေါ့။

ဂေါတမဘုရားလက်ထက် ရောက်တဲ့အခါကျတော့ ဥတုကလည်း ညံ့သွားတယ်၊ ညံ့တဲ့ဥတုမှာ စိုက်ထားတဲ့ အသီးအနှံတွေကလည်း အဆီသြဇာ ညံ့လာတယ်၊ ညံ့တဲ့အာဟာရတွေကို စားသုံးရတဲ့အခါ ဂေါတမမြတ်စွာဘုရားရဲ့ ကံတရားဟာ ဘယ်လောက်ပဲ ကောင်းကောင်း၊ ဘယ်လောက်ပဲ အရှိန်အဝါရှိရှိ အထောက်အကူ
စာမျက်နှာ-၉၄
ပြုတဲ့ အာဟာရဓာတ်တွေတို့၊ ဥတုတို့က ညံ့သွားတယ်။ ညံ့သွားသည့်အတွက်ကြောင့် အနှစ်-၁၀၀ ထက် ပိုပြီးတော့ ထိန်းထားနိုင်စွမ်း မရှိဘူးတဲ့။ ဒီသဘောကို ပြောတာနော်၊ ဒီတော့ ကံနဲ့ ပတ်သက်လာလို့ရှိရင် သူ့အတိုင်းအတာတစ်ခုအရသာ မှတ်သားကြရမှာ ဖြစ်တယ်။
ပဋိသန္ဓေစိတ်ဖြစ်ရန် အခြားအထောက်အကူများ
ဘုန်းကြီးတို့တစ်တွေ ဘဝတစ်ခု အခုရလာတော့ စွမ်းအားရှိတဲ့ ကံတစ်ခုကနေ ကိုယ့်ကို ပစ်ချပေးလိုက်တယ်။ မနေ့က ပြောတဲ့အတိုင်း “ကမ္မံ ခေတ္တံ၊ ဝိညာဏံ ဗီဇံ၊ တဏှာ သနေဟာ” ပေါင်းစပ်ပြီးတော့ အလုပ်လုပ်လိုက်တယ်။ အဲဒီအလုပ်လုပ်လိုက်တဲ့အခါမှာ ဝိပါကလို့ဆိုတဲ့ ပဋိသန္ဓေစိတ်ကလေး ဖြစ်ပေါ်လာတာဟာ ကံက ဖန်တီးပေးလိုက်တာတော့ မှန်တယ်၊ သို့သော် ဒီပဋိသန္ဓေစိတ်ကလေးဟာ အခြားအထောက်အကူတွေ သူ့မှာ ရှိနေသေးတယ်။

ဘာအထောက်အကူတွေလဲ လို့ဆိုရင် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဆိုတဲ့ အာရုံအထောက်အကူတွေ သူ့မှာ ရှိနေသေးတယ်။ အဲဒီအာရုံလေးပေါ်မှာ မှီပြီးတော့မှ ဒီသန္ဓေစိတ်ကလေးဟာ ပေါ်လို့ရတယ်။ မှီစရာအာရုံ မရှိလို့ရှိရင် စိတ်ဆိုတာ မဖြစ်နိုင်ဘူး။ “အာရမ္မဏ ဝိဇာနန လက္ခဏာ - အာရုံကိုသိတဲ့ သဘောတရား” လို့ဆိုတဲ့နေရာမှာ အာရုံနဲ့ကင်းပြီး ဖြစ်တဲ့စိတ်ဆိုတာ မရှိဘူး၊ အာရုံမပါဘဲနဲ့ စိတ်ဆိုတာ ဘယ်တော့မှ မဖြစ်ဘူးတဲ့။ အာရုံကို မှီပြီးတော့မှသာ ဖြစ်ပေါ်လာနိုင်တယ်လို့ ဒီလိုပြောတယ်၊ ဒီပဋိသန္ဓေစိတ်
စာမျက်နှာ-၉၅
ကို ကံက ဖန်တီးတာ မှန်တယ်၊ သို့သော် အာရုံဆိုတဲ့ ကြိုးတန်းကလေးကို ကိုင်ပြီးမှ သူဟာ ဖြစ်ပေါ်လို့ရတယ်။ နို့မို့ဆိုရင် ဒီသန္ဓေစိတ်ကလေးဟာ ပေါ်ပေါက်လာခြင်း မရှိနိုင်ဘူး။

စိတ်ဆိုတာ ခန္ဓာ ၅-ပါး ရှိတဲ့ ဘုံတွေမှာဆိုရင် အာရုံတင်မကဘူး၊ မှီရာဝတ္ထုရုပ်ကလေးကလည်း ရှိရသေးတယ်။ ဆိုလိုတာက အောက်က မှီစရာလည်း ရှိရမယ်၊ အပေါ်က ဆွဲကိုင်စရာလည်း ရှိရမယ်။ အာရုံက ကြိုးတန်းလေးနဲ့ အလားသဏ္ဌာန် တူတယ်၊ အာရုံကြိုးတန်းလေးကို ဆွဲကိုင်ပြီး အောက်က ထိုင်စရာဆိုတဲ့ ဝတ္ထုရုပ်လေးလည်း ရှိရတယ်၊ ဒီနှစ်ခုရှိမှ သူက ရပ်တည်နိုင်စွမ်းရှိတယ်ပေါ့။ (သို့သော် မှီစရာဝတ္ထုရုပ်ဆိုတာတော့ ဘုံတိုင်းမှာ မရှိဘူး၊ အရူပဘုံကျတော့ ရုပ်မရှိသည့်အတွက်ကြောင့် သူ့ကို အထူးမပြောတော့ဘူး)။
ပဋ္ဌာန်းသတ္တိများ
ကောင်းပြီ - ကံဆိုတာ အဓိကအကြောင်းတစ်ခုကို ဦးတည်ပြီးတော့ ပြောလိုက်တာ၊ သန္ဓေစိတ်ကလေး ပေါ်ဖို့ရန်အတွက် ကံဆိုတဲ့ အကြောင်းအပြင် အာရုံဆိုတဲ့ အကြောင်းတရားလေးလည်း ပါသေးတယ်။ အဲဒီအာရုံဆိုတဲ့ အကြောင်းတရားကို ပဋ္ဌာန်းကျတော့ “အာရမ္မဏပစ္စယော” လို့ ဒီလို ဟောထားတယ်။

စုတိစိတ်ကလေး ချုပ်ပေးတာကိုက ပဋိသန္ဓေစိတ်ကလေး ဖြစ်ဖို့ အထောက်အကူပြုတာပဲ၊ အဲဒါကို စုတိစိတ်ကလေးရဲ့ အခြားမဲ့မှာ ဒီပဋိသန္ဓေစိတ်ကလေး ပေါ်ရတာ ဖြစ်သောကြောင့် အနန္တရပစ္စယော၊ သမနန္တရပစ္စယော။ အဲဒီစုတိစိတ်ကလေး လုံးဝပျောက်-
စာမျက်နှာ-၉၆
ကွယ်သွားမှ ပဋိသန္ဓေစိတ်ကလေး ပေါ်လာခွင့်ရှိတာ ဖြစ်သောကြောင့် နတ္ထိပစ္စယော၊ ဝိဂတပစ္စယော၊ ပဋ္ဌာန်းရဲ့စွမ်းရည်သတ္တိတွေနဲ့ ဒီလို အထောက်အကူပြုကြတာပေါ့၊ ရှေ့စိတ်ကနေပြီးတော့ အထောက်အကူပြုတာ။

ဒါကြောင့်မို့ ပဋ္ဌာန်းကို လေ့လာတဲ့အခါမှာ Four points of view ဆိုတဲ့ လေးဘက်လေးတန်ကနေပြီးတော့ အကြောင်းတရားတွေဟာ အထောက်အကူပြုကြပုံကို ရှုမြင်နိုင်တယ်။

ပဋိသန္ဓေစိတ်ကလေးကို လေးဘက်လေးတန် အကြောင်းတရားတွေက ဘယ်လိုအထောက်အကူပြုသလဲ ဆိုတော့ ပဋိသန္ဓေစိတ်ကလေးရဲ့ အရင်ဖြစ်ပြီးတော့ ချုပ်သွားတဲ့ စုတိစိတ်- (ဟိုဘဝက နောက်ဆုံးစိတ်ကလေး)- အဲဒီနောက်ဆုံးစိတ်ကလေးသည် သူကိုယ်တိုင်ချုပ်ငြိမ်းပေးခြင်းဖြင့် ပဋိသန္ဓေစိတ်ကလေး ဖြစ်ပေါ်ခွင့်ကို ပြုလိုက်တာ။ ဒါက အကြောင်းတစ်ခုပဲ၊ အဲဒီအကြောင်းကို ပဋ္ဌာန်းမှာ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယောလို့ ဒီလိုဟောလိုက်တယ်၊ အဲဒါက point တစ်ခုပဲ။

ဟောဒီ ပဋိသန္ဓေစိတ်ကလေးဟာ ကံကြောင့်ဖြစ်တာ ဖြစ်ပေမယ့်လို့ အာရုံနဲ့ ကင်းပြီးတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်လို့ဆိုတဲ့ သေခါနီးမှာ ကံကြောင့် ပေါ်လာပြီးတော့ မရဏာသန္နဇောက ရယူဖော်ပြပေးတဲ့ အာရုံလေးကို အမှီပြုပြီးတော့ ဖြစ်ပေါ်ရတာ ဖြစ်သောကြောင့် အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတယ်၊ အဲဒါ point တစ်ခုပဲ။

နောက်တစ်ခုက ဒီသန္ဓေစိတ်ကလေးဟာ လူ့ဘုံဘဝနဲ့ ပြောမယ်ဆိုရင် သူ့မှာ အမှီမရှိဘဲနဲ့ မဖြစ်နိုင်ဘူး၊ သူ့အမှီလေးက ဘာ-
စာမျက်နှာ-၉၇
တုန်းဆိုရင် သူနဲ့ပြိုင်တူ ဖြစ်ပေါ်လာတဲ့ ဟဒယဝတ္ထုရုပ်ကလေးကို သူက မှီရတယ်။ ဒါကြောင့်မို့လို့ ဒီအခိုက်ကလေးမှာ ပဋိသန္ဓေစိတ်နဲ့ ဟဒယဝတ္ထုကို “ဩက္ကန္တိက္ခဏေ နာမရူပံ အညမညပစ္စယေန ပစ္စယော” လို့ ဒီလိုဟောတာ၊ အပြန်အလှန် ပြိုင်တူဖြစ်လာတာ။

ဒီသန္ဓေစိတ်ကလေးနဲ့ ဟဒယဝတ္ထုဆိုတဲ့ ကံကြောင့်ဖြစ်လာတဲ့ ရုပ်ကလေး - ပဋိသန္ဓေစိတ်ကလေးကလည်းပဲ ကံက ထုတ်လုပ်လိုက်တာ၊ ဟဒယဝတ္ထုရုပ်ကလေးကလည်း ကမ္မဇရုပ် - ကံက ထုတ်လုပ်လိုက်တာပဲ။ နှစ်ခုစလုံးကို တစ်ပြိုင်နက် ထုတ်ပေးလိုက်တာ၊ ထုတ်ပေးလိုက်တဲ့ ပဋိသန္ဓေစိတ်ကလေးနဲ့ ဟဒယဝတ္ထုရုပ်တို့သည် အပြန်အလှန် အားပြုပြီး နေကြရတယ်။ အဲဒါကို သဟဇာတပစ္စယော၊ အညမညပစ္စယောလို့ ဟောတာ၊ ရှိနေခိုက်မှာ ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိပစ္စယော၊ ကင်းကွာပြီးတော့ မသွားခင် ကျေးဇူးပြုတာဖြစ်သောကြောင့် အဝိဂတပစ္စယောလို့ ဒီလိုဟောတာ။

ဒီပဋိသန္ဓေစိတ်ကလေးကို ရှေ့စိတ်ကလည်း အထောက်အကူပြုတယ်၊ အာရုံကလည်း အထောက်အကူပြုတယ်၊ မှီရာဝတ္ထုရုပ်ကလည်း အထောက်အကူပြုတယ်။

တစ်ခါ internal condition - ပဋိသန္ဓေစိတ်ကလေးက သူတစ်ခုတည်း ရပ်တည်တာလားလို့ ဆိုရင် သူတစ်ခုတည်း မရပ်တည်နိုင်ဘူး၊ ပဋိသန္ဓေစိတ်ကလေးဟာ သူ့ရဲ့စိတ်အမျိုးအစား အလျော်စွာ ယှဉ်ဘက်စေတသိက်ကလေးတွေနဲ့ unity ဖွဲ့ထားတယ်။ ဥပေက္ခာသန္တီရဏစိတ် ဆိုလို့ရှိရင် စေတသိက်က ၁၀-ခု၊ အားလုံးပေါင်းလိုက်တဲ့အခါ unity of eleven ပေါ့။ သဘာဝ-
စာမျက်နှာ-၉၈
တရား ၁၁-ခုကို ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလေးတစ်ခု၊ molecule လေးတစ်ခု၊ အဲဒီ unit ကလေးတစ်ခု ဖွဲ့တာက ပဋိသန္ဓေစိတ်ကလေးတစ်ခုတည်းတင် မဖြစ်နိုင်ဘူး၊ ကျန်တဲ့ယှဉ်ဘက် စေတသိက်ကလေးတွေလည်း ပါတယ်။

မဟာဝိပါက်စိတ် ဆိုလို့ရှိရင် သူ့အတိုင်းအတာက ယှဉ်ဘက်စေတသိက် ၃၅-ခု ပါဝင်ပြီးတော့ ဖွဲ့စည်းထားတယ်၊ ၃၆-မျိုး ပါဝင်တဲ့ unity လေးတစ်ခုပဲ၊ အဲဒီ unity လေးဟာ အပြန်အလှန် အထောက်အကူပြုနေကြတယ်။ ဒီလို အပြန်အလှန် အထောက်အကူပြုတာတွေဟာ အတူတကွဖြစ်နေတာ ဖြစ်သောကြောင့် သဟဇာတပစ္စည်း၊ အပြန်အလှန် အထောက်အကူပြုနေကြတယ် - အညမညပစ္စည်း၊ ဟိုတစ်ခုရှိလို့ ဒီတစ်ခုရှိလို့ ရတယ်၊ ဟိုတစ်ခုနဲ့ ဒီတစ်ခုဟာ အပြန်အလှန် မှီတွယ်ပြီးတော့ နေကြရတယ်၊ တစ်ခုပျက်သွားရင် ကျန်တာတွေ အကုန်ပျက်သွားတယ်၊ ဒီလိုသဘောကို ပြောတာ။

ဒီတော့ ပဋိသန္ဓေစိတ်ကလေးဟာ သာမန်အားဖြင့် ပြောမယ်ဆိုရင် ကံတည်းဟူသော အကြောင်းကြောင့် ဖြစ်တယ် - “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ မြတ်စွာဘုရားက ဒီတစ်ခုတည်းကို ပဋိစ္စသမုပ္ပါဒ်မှာ ဟောလိုက်တာနော်၊ ပဓာနအကြောင်းကတော့ ကံဆိုတာ မှန်တယ်၊ သို့သော် ဒါတစ်ခုတည်း လုံလောက်သလားဆိုတော့ မလုံလောက်ဘူး၊ ပဋ္ဌာန်းကျတော့ လေးဘက်လေးတန်က ဟောထားတယ်။ ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋ္ဌာန်းကို တွဲဖက်လေ့လာတဲ့အခါမှာ ဒီသဘောတွေကို တွေ့ရတယ်ပေါ့။
စာမျက်နှာ-၉၉
အဓိက ကံအကြောင်းကို ရည်ညွှန်းပြီးတော့ မြတ်စွာဘုရားက “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဟောတာ၊ ပဋ္ဌာန်းကျတော့ လေးဘက်လေးတန် အကြောင်းတရားတွေက စုပေါင်းပြီးတော့ ဖန်တီးလိုက်တာတဲ့၊ အဲဒီသဘောကို ရည်ညွှန်းပြီးတော့ သင်္ခတ၊ အသင်္ခတ ဆိုတဲ့ အသုံးကို သုံးတာ။ သင်္ခတဆိုတာ အကြောင်းတရားတွေက စုပေါင်းပြီးတော့ ပြုလုပ်ထားတဲ့အရာကို သင်္ခတ၊ အသင်္ခတဆိုတာ အကြောင်းတရားတွေက စုပေါင်းလုပ်ထားတာ မဟုတ်ဘူးလို့ ပြောတာ။

ကောင်းပြီ - ဒီကံတရားလေးက သတ္တဝါတွေအားလုံး၊ ကမ္ဘာလောကကြီးတစ်ခုလုံးကို ခြုံပြီးတော့ ပြောမယ်ဆိုလို့ရှိရင် ဘဝတစ်ခုကို ဆက်စပ်မှုပေးတဲ့ အနေနဲ့ သူထုတ်လုပ်လိုက်တဲ့ ပဋိသန္ဓေစိတ် အမျိုးအစားပေါင်းက ၁၉-မျိုး ရှိတယ်။
အကုသိုလ်ကံက ထုတ်လုပ်သော ပဋိသန္ဓေစိတ်
ဆိုပါစို့ - အကုသိုလ်ကံက ထုတ်တဲ့ ဝိပါက်စိတ်က တစ်ခုရှိတယ်၊ အကုသိုလ်ကံကြောင့် ဖြစ်လာတဲ့ ဝိပါက်စိတ်က “ဥပေက္ခာသန္တီရဏ အကုသလဝိပါက်စိတ်”၊ ဥပေက္ခာသန္တီရဏ - သန္တီရဏထဲမှာ ခံစားမှုမထင်ရှားတဲ့ဟာ၊ သန္တီရဏဆိုတဲ့ နာမည်ကတော့ ခေါ်လို့ရအောင် ပေးထားတဲ့နာမည်ပဲ၊ သူ့ရဲ့ function က ဒီနေရာမှာ သန္တီရဏဆိုတဲ့ အလုပ်ကိုလုပ်တာ မဟုတ်ဘူး၊ သန္တီရဏဆိုတာ inquire ပေါ်လာတဲ့ အာရုံတစ်ခုကို စူးစမ်းတဲ့သဘောကို ပြောတာ။
စာမျက်နှာ-၁၀၀
ဒီနေရာမှာ သူလုပ်တဲ့ကိစ္စက ဘဝတစ်ခုကို ဆက်စပ်ပေးတဲ့ အလုပ်ကို လုပ်တာ၊ သန္တီရဏဆိုတဲ့ အသုံးကို မသုံးဘဲနဲ့ “အဟိတ်မနောဝိညာဏဓာတ်” လို့ ခေါ်တယ်၊ ဝိညာဏထဲမှာ သူက မနောဝိညာဏ၊ ဝိညာဏထက်ပိုပြီး သူက အစွမ်းထက်လို့ မနောဝိညာဏလို့ သုံးတာ။ အဲဒီ အဟေတုက မနောဝိညာဏ - အကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ စိတ်ကလေးကို အကုသိုလ်တရားတွေက ထုတ်လုပ်လိုက်တာ။

အကုသိုလ်တရားလို့ ဆိုရာမှာ အကုသိုလ်စိတ်ဟာ ၁၂-ခု ရှိတယ် - လောဘကို အခြေခံတာက ၈-ခု၊ ဒေါသကို အခြေခံတာက ၂-ခု၊ မောဟသက်သက်ကို အခြေခံတာက ဥဒ္ဓစ္စတို့၊ ဝိစိကိစ္ဆာတို့ဆိုတဲ့ ပျံ့လွင့်မှုနဲ့ သံသယဖြစ်မှုကို အခြေခံဖြစ်တာက ၂-ခု၊ အဲဒီ ၁၂-ခုထဲက လောဘကို အခြေခံတဲ့ ကံစေတနာ ၈-ခု၊ ဒေါသကို အခြေခံတဲ့ ကံစေတနာ ၂-ခု၊ အဲဒါတွေက ပဋိသန္ဓေအကျိုးကို ထုတ်လုပ်တယ်။ သို့သော် ဥဒ္ဓစ္စ - ပျံ့လွင့်မှုဆိုတာနဲ့ ယှဉ်တွဲလာတဲ့ စေတနာလေးကျတော့ ပဋိသန္ဓေအကျိုးကို မထုတ်လုပ်ဘူးတဲ့၊ ဝိစိကိစ္ဆာဆိုတဲ့ သံသယဖြစ်မှုနဲ့ ယှဉ်တွဲလာတဲ့ စေတနာလေးကျတော့ ပဋိသန္ဓေအကျိုးကို ထုတ်လုပ်တယ်တဲ့။
ဥဒ္ဓစ္စစေတနာ ပဋိသန္ဓေအကျိုး မပေးခြင်းအကြောင်း
ဒီနေရာမှာ ဥဒ္ဓစ္စနဲ့ ယှဉ်တွဲလာတဲ့ စေတနာက ဘာဖြစ်လို့ ပဋိသန္ဓေအကျိုးကို မထုတ်သလဲဆိုတဲ့ မေးခွန်းလေးတစ်ခု ပေါ်လာတယ်။ အဋ္ဌကထာဆရာက အဖြေပေးတာကတော့ “သောတာပတ္တိမဂ်နဲ့ ပယ်တဲ့တရားတွေထဲမှာ ဥဒ္ဓစ္စ မပါလို့” လို့ဆိုတဲ့အဖြေကို ဖြေ-
စာမျက်နှာ-၁၀၁
တယ်၊ အဲဒီအဖြေက secondary အဖြေမျိုး ဖြစ်တယ်၊ တကယ့် အခြေခံကျတဲ့ အဖြေမျိုး မဟုတ်ဘူး၊ သို့သော် အဋ္ဌကထာမှာ ဒီလို ရေးထားတော့ ဒီလိုပဲ မှတ်ထားရမှာပေါ့။

ဒဿနေန ပဟာတဗ္ဗတရား လို့ဆိုတာ သောတာပတ္တိမဂ်နဲ့ ပယ်တဲ့အထဲမှာ ဝိစိကိစ္ဆာသာ ပါတယ်၊ ဥဒ္ဓစ္စ မပါဘူး၊ ဥဒ္ဓစ္စတာ အရဟတ္တမဂ်နဲ့မှ ပယ်လို့ရတယ်။ သူဆိုလိုတာက - ဥဒ္ဓစ္စကို ပယ်နိုင်တာက အရဟတ္တမဂ်တဲ့၊ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်တွေက မပယ်သေးသည့်အတွက်ကြောင့် အကယ်၍ ဥဒ္ဓစ္စစေတနာကသာ ပဋိသန္ဓေအကျိုးပေးမယ်ဆိုရင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တွေဟာ အပါယ်ကျဦးမယ့်သဘော ဖြစ်နေတယ်။

ဒီနေရာမှာ နောက်အကြောင်းတစ်ခုကို ရှာကြည့်မယ်ဆိုရင် ဝိစိကိစ္ဆာနဲ့ ဥဒ္ဓစ္စ - သူတို့ဟာ ငြိမ်သက်မှုမရှိတဲ့ လှုပ်ရှားတဲ့ စိတ်နှစ်ခု၊ သူတို့က “ပဝဋကသဘာဝ” ဒီစေတသိက်တရားနှစ်ခုကို အာရုံပေါ်မှာ လိမ့်ဆင်းနေတဲ့ သဘောတရားတွေလို့ ပြောတယ်၊ အာရုံတစ်ခုတည်းမှာ ငြိမ်ငြိမ်သက်သက်နေနိုင်တဲ့အရာတွေ မဟုတ်ဘူး၊ ဥဒ္ဓစ္စက အာရုံတစ်ခုတည်းမှာ လွင့်ပျံ့နေတယ်၊ ဝိစိကိစ္ဆာကျတော့ အာရုံအမျိုးမျိုးပေါ်မှာ လွင့်ပျံလှုပ်ရှားနေတယ်။

ဒီတော့ ဥဒ္ဓစ္စဟာ တည်ငြိမ်မှု အားနည်းနေသည့်အတွက်ကြောင့် ဥဒ္ဓစ္စနဲ့ ယှဉ်လာတဲ့ စေတနာကလည်းပဲ တည်ငြိမ်မှု အားနည်းတယ်လို့ ပြောနိုင်တယ်။ ဘာဖြစ်လို့တုန်းဆို မငြိမ်သက်တဲ့အရာနဲ့ တွဲနေလို့ရှိရင် အားလုံးသဘာဝတရားတွေဟာ မငြိမ်မသက်တွေပဲ ဖြစ်မှာပေါ့၊ ဥဒ္ဓစ္စက စိတ်ကိုစုပေးနိုင်တဲ့ သမာဓိနဲ့-
စာမျက်နှာ-၁၀၂
လည်း ဆန့်ကျင်တဲ့သဘော ရှိတယ်၊ အာရုံတစ်ခုတည်းမှာ မငြိမ်မသက်လှုပ်ရှားနေတယ်၊ အာရုံတစ်ခုတည်းမှာ စုလို့မရတဲ့ သဘာဝတရားဖြစ်သည့်အတွက် သူနဲ့ယှဉ်လာသည့် စေတနာသည် ဘဝတစ်ခုကို ထုတ်လုပ်ဖို့ရန် စွမ်းအားမပြည့်ဘူးလို့ ပြောလို့ရတယ်ပေါ့။ အဲဒီလို စွမ်းအားပြည့်အောင် မရှိသည့်အတွက် ပဋိသန္ဓေအကျိုးကို မပေးနိုင်ဘူး၊ ပဋိသန္ဓေအကျိုး မပေးနိုင်သည့်အတွက်ကြောင့် သူဟာ ဒဿနေန ပဟာတဗ္ဗ - သောတာပတ္တိမဂ် ပယ်တဲ့တရားထဲမှာ မပါဘူးတဲ့။ ဒါကြောင့် ဥဒ္ဓစ္စစေတနာသည် ပဋိသန္ဓေအကျိုးကို မပေးဘူးလို့ ဆိုရရင် သင့်လျော်မယ်လို့ ထင်တယ်။

ပဋိသန္ဓေအကျိုးပေးတာက ဥဒ္ဓစ္စစေတနာမပါတဲ့ အကုသိုလ်စေတနာ ၁၁-ခု၊ သူတို့က ပဋိသန္ဓေစိတ်ကို အပါယ် ၄-ဘုံမှာ ထုတ်လုပ်တယ်။ ငရဲဘုံက သတ္တဝါတွေလည်းပဲ ဒီသန္ဓေစိတ်ပဲ၊ တိရစ္ဆာန်ဘုံက သတ္တဝါတွေလည်းပဲ ဒီသန္ဓေစိတ်ပဲ၊ ပြိတ္တာတို့၊ အသုရကာယ်တို့က သတ္တဝါတွေလည်းပဲ ဒီသန္ဓေစိတ်ပဲ၊ အကုသိုလ်က ထုတ်လုပ်လိုက်တာ။ ဒီတော့ ထုတ်လုပ်တာချင်း တူပြီးတော့ ဘာဖြစ်လို့ ဒုက္ခချင်း မတူရတာလဲ။
သန္ဓေစိတ်ချင်း တူသော်လည်း ဒုက္ခချင်း မတူပုံ
သန္ဓေစိတ်ချင်းတော့ တူတယ်၊ သို့သော် ငရဲဘုံရောက်တဲ့ သတ္တဝါတွေက ပိုပြီးတော့ ဒုက္ခပြင်းထန်တယ်၊ ငရဲသက်သက်သာတာက တိရစ္ဆာန်၊ တိရစ္ဆာန်ထက် သက်သာတာ ပြိတ္တာလို့ ပြောရမယ်၊ အဆိုးဆုံးကတော့ ငရဲပဲ၊ ငရဲပြီးရင် တိရစ္ဆာန်ပဲ၊ တိရစ္ဆာန်ပြီးရင် ပြိတ္တာက အဆိုးဆုံးတဲ့၊ ဒီလိုပြောရမှာပေါ့။ ဒီတော့ သန္ဓေစိတ်-
စာမျက်နှာ-၁၀၃
ချင်း တူလျက်သားနဲ့ ဘာဖြစ်လို့ ဒီလိုကွဲပြားခြားနားမှုရှိသလဲလို့ ဆိုလို့ရှိရင် တခြားအကြောင်းတရားတွေ ရှိသေးတယ်လို့ ပြောရမယ်။

ကံတစ်ခု ဆောင်ရွက်တဲ့အခါမှာ ထိုကံရဲ့ စွမ်းအားပြည့်မှု၊ စွမ်းအားလျော့ကျမှု ဒါမျိုးလေးတွေ ရှိသေးတယ်။ အဲဒီ ကံတရားနဲ့ ပတ်သက်လာလို့ရှိရင် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က လွဲလို့ ဘယ်သူမှ မသိနိုင်ဘူးတဲ့၊ ဒီကံက အကုသလဝိပါက် သန္တီရဏစိတ်ကို ငရဲဘုံမှာ ထုတ်လုပ်မှာလား၊ တိရစ္ဆာန်ဘုံမှာ ထုတ်လုပ်ပေးမှာလား၊ ပြိတ္တာဖြစ်အောင် ထုတ်လုပ်မှာလားဆိုတာ ဘုရားက လွဲပြီး ဒီစွမ်းအားတွေကို ခွဲခြားပြနိုင်တဲ့ပုဂ္ဂိုလ် မရှိဘူးလို့ ဆိုလိုတယ်။
မြတ်စွာဘုရားရှင်သာ သိနိုင်၏
“သဗ္ဗတ္ထဂါမိနီ ပဋိပဒါ” - တထာဂတဗလလို့ခေါ်တဲ့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သာ ရနိုင်တဲ့ စွမ်းအားဆိုတာ ရှိတယ်၊ မြတ်စွာဘုရားသာ ရနိုင်တယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ မရနိုင်တဲ့ စွမ်းအား။ အဲဒီစွမ်းအားထဲမှာ “သဗ္ဗတ္ထဂါမိနီ ပဋိပဒံ ယထာဘူတံ ပဇာနာတိ” တဲ့ - မြတ်စွာဘုရားဟာ ဘယ်ဘုံဘယ်ဘဝ ရောက်မယ်ဆိုတဲ့ ကံတရားတွေကို ကြိုတင်ပြီး အကုန်လုံးသိတယ်။

ဆိုပါစို့ - လူတစ်ဦးတစ်ယောက် ဒါနကောင်းမှုပြုကြတဲ့အခါမှာ ပုဂ္ဂိုလ်တွေရဲ့ အသေးစိတ်အနေအထားတွေကို ကြည့်ပြီး မြတ်စွာဘုရားက “ဒီလူကတော့ လူ့ပြည်ဖြစ်မှာ၊ ဟိုလူကတော့ တာဝတိံသာနတ်ပြည်ဖြစ်မှာ၊ ဟိုလူကတော့ တုသိတာနတ်ပြည်ဖြစ်မှာ” ဆိုပြီးတော့ ပြောလို့ အကုန်လုံးရတယ်၊ လုပ်နေတဲ့ အချိန်အခါမှာ ကြည့်ပြီး မြတ်စွာဘုရားက ဒါကို ကြိုတင်ပြီးတော့-
စာမျက်နှာ-၁၀၄
ပြောလို့ ရတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် စုပေါင်းပြီးတော့ လုပ်ပေမယ့်လို့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဓာတ်တွေ တူနိုင်ပါ့မလား? မတူနိုင်ဘူး၊ မတူညီတဲ့ အနေအထားတွေ အများကြီး ရှိတယ်။

အေး - ဝိပဿနာတရားကို ကျင့်တယ်ဆိုလို့ရှိရင်လည်း ဆိုပါစို့ - ယောဂီ-၁၀၀ ကမ္မဋ္ဌာန်း စုပြီးတော့ ထိုင်နေကြတယ်၊ အားလုံး ဝိပဿနာဉာဏ်စဉ်တွေ တတ်အောင် ကြိုးစားနေကြတယ်။ အဲဒီကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေရဲ့ ဝိပဿနာဉာဏ်တွေကို မြတ်စွာဘုရားက ကြည့်ပြီးတဲ့အခါ “ဒီပုဂ္ဂိုလ်ကတော့ သင်္ခါရုပေက္ခာဉာဏ်လောက်ပဲ ရောက်မယ်၊ ဟိုပုဂ္ဂိုလ်ကတော့ သောတာပန်ဖြစ်မယ်၊ ဟိုပုဂ္ဂိုလ်ကတော့ သကဒါဂါမ်အဆင့်ထိ ရောက်မယ်၊ ဟိုပုဂ္ဂိုလ်ကတော့ အနာဂါမ်၊ ဟိုပုဂ္ဂိုလ်ကတော့ ရဟန္တာထိအောင် ဖြစ်နိုင်တယ်” ဆိုတာကို အတိအကျ ပြောနိုင်တယ်၊ level တွေ, degree တွေ မတူညီဘူးဆိုတာ သာမန်ပုဂ္ဂိုလ်တွေ မသိနိုင်ဘူး။

ဒါကြောင့်မို့လို့ “ကမ္မဝိပါကော အစိန္တေယျော” တဲ့ - “ကမ္မဝိပါကော” - ကံရဲ့ အကျိုးတရားဆိုတာကို “အစိန္တေယျ” - ကြံစည်လို့ မရနိုင်ဘူးတဲ့၊ ဉာဏ်မမှီဘူးလို့ ပြောတာ။ ဉာဏ်မမှီလို့ မြတ်စွာဘုရားက “န စိန္တိတဗ္ဗာ” - မကြံနဲ့၊ ကြံရင် ဘာဖြစ်မလဲ၊ “ဥမ္မာဒဿ ဝိဃာတဿ ဘာဂီ” တဲ့ - ရူးသွားလိမ့်မယ်တဲ့၊ ဒါပဲ။ ရူးချင်ရင်တော့ ကြံပေါ့လို့ ဆိုလိုတာနော်၊ ဘာဖြစ်လို့တုန်းဆို မမှီတဲ့အရာတစ်ခု သွားသွားလို့ရှိရင် ရူးဖို့ပဲ ရှိတယ်ပေါ့။ အစိန္တေယျ ၄-ပါး ဆိုတဲ့အထဲမှာ ကမ္မဝိပါကော အစိန္တေယျော။

တချို့က “မကြံနဲ့” လို့ ပြောတာကို သဘောမပေါက်ဘူး၊ သဘောမပေါက်တော့ “မကြံရဘူး” လို့ ပြောတာကို ပိတ်ပင်တယ်-
စာမျက်နှာ-၁၀၅
လို့ ထင်တယ်၊ အလှမ်းမမှီတဲ့ အရာတစ်ခုကို လုပ်မယ်ဆိုရင် မနိုင်ဝန်ထမ်းတာနဲ့ အတူတူပဲပေါ့။ “ဘာဖြစ်ဖြစ် ကြံလို့ရတယ်” ဆိုတဲ့လူတွေကို သူမနိုင်တဲ့ အလေးချိန်ကြီးတစ်ခု ထမ်းခိုင်းရင် ဘယ်လိုနေမလဲ။ စူဠကမ္မဝိဘင်္ဂသုတ်နဲ့ မဟာကမ္မဝိဘင်္ဂသုတ်ဆိုပြီးတော့ ဟောထားတာ ရှိတယ်၊ အဲဒီကမ္မဝိဘင်္ဂသုတ်တွေကို လေ့လာကြည့်မယ်ဆိုလို့ရှိရင် ကံနဲ့ပတ်သက်ပြီး လူတွေ မျက်စိလည်စရာတွေ အများကြီးရှိတယ်။

မြတ်စွာဘုရားကိုယ်တိုင်သာလျှင် ကံနဲ့ ပတ်သက်ပြီးတော့ အဆုံးအဖြတ် ပေးနိုင်တယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ အဆုံးအဖြတ် မပေးနိုင်ဘူး၊ ဘာဖြစ်လို့တုန်း? ဖြစ်လာတဲ့စေတနာဟာ အခြေခံအားဖြင့် တူသော်လည်းပဲ တစ်ယောက်နဲ့တစ်ယောက် စွမ်းအင်သတ္တိချင်း မတူဘူး၊ အဲဒါကြောင့် မြတ်စွာဘုရားရဲ့ ဒသဗလ နံပါတ် (၃) “သဗ္ဗတ္ထဂါမိနီ ပဋိပဒံ ပဇာနာတိ” လို့ ပြောတာ၊ တကယ့် တထာဂတဗလ - မြတ်စွာဘုရားကိုယ်တော်မြတ်များသာ ရနိုင်တဲ့ စွမ်းအားတစ်မျိုးလို့ ဒီလိုခေါ်တာနော်။

ဒုတိယ တထာဂတဗလကလည်းပဲ ကံနဲ့ ပတ်သက်တယ်။ “ကမ္မသမာဒါနံ ဌာနသော ဟေတုသော ဝိပါကံ ယထာဘူတံ ပဇာနာတိ” တဲ့၊ အကျိုးတရားတွေနဲ့ ပတ်သက်လာလို့ရှိရင်လည်း ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေနဲ့ မြတ်စွာဘုရားက ခွဲခြားပြီးတော့ သိနိုင်တယ်ဆိုတာ - မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သာ သိနိုင်တယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ သိဖို့ မလွယ်ဘူး။ ဒါကြောင့် မြတ်စွာဘုရားဟောတဲ့ “သင်္ခါရပစ္စယာ ဝိညာဏံ”၊ “စေတနာကြောင့် ဟောတဲ့ အစိန္တေယျတရားတွေကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး” ...
စာမျက်နှာ-၁၀၆
ပဋိသန္ဓေစိတ်ဖြစ်တယ်”ဆိုတာကို ဘုန်းကြီးတို့တစ်တွေ မှတ်သားရတယ်။

ကဲ ပဋိသန္ဓေစိတ်ဖြစ်တယ်ဆိုတာကို ပြောမယ်ဆိုရင် အပါယ်ဘုံမှာဖြစ်တဲ့ ပဋိသန္ဓေစိတ်က “အဟိတ်ပနောဝိညာဏ ဓာတ် ဥပေက္ခာသန္တီရဏ” ပေါ့၊ အဲဒီဥပေက္ခာသန္တီရဏစိတ်လေးက ပဋိသန္ဓေအခါမှာဆိုရင် ဘဝတစ်ခုနဲ့ တစ်ခု ဆက်စပ်မှုကို ဆောင်ရွက်ပေးတယ်၊ ကံရဲ့ စွမ်းအားကြောင့် သူပေါ်လာတယ်၊ နောက်လည်းပဲ ကံရဲ့စွမ်းအားကြောင့် ပေါ်ဦးမယ်၊ ဘယ်အချိန်ပေါ်မှာတုန်းဆိုရင် သေတဲ့အချိန်မှာ အဲဒီစိတ်နဲ့ပဲ သေတယ်၊ စုတိစိတ်ရဲ့ အာရုံက ပြောင်းလို့မရဘူး၊ ဒီစုတိစိတ်ရဲ့ အာရုံက ပဋိသန္ဓေစိတ်ရဲ့ အာရုံပဲ၊ ဒါ ပုံသေကားချပ်ပဲ၊ ပဋိသန္ဓေနဲ့ စုတိကြားမှာ ဖြစ်လာသမျှ ဘဝင်စိတ်တွေအားလုံးဟာလည်း ဒီစိတ်ပဲတဲ့၊ ကျန်တဲ့စိတ် မဖြစ်ဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ ဘဝတစ်ခုဆိုတာကို ဒါနဲ့ ကန့်သတ်ထားလို့ပဲ။

ကံတရားက အရှိန်နဲ့ စွမ်းအားတွေထည့်ပြီးတော့ ပေးလိုက်တဲ့အကျိုးတရားဟာ သူ့စွမ်းအားရှိသလောက် သွားနေမှာ၊ ဥပမာအခုခေတ်စကားနဲ့ပြောရင် ပစ်စင်တစ်ခုကနေပြီးတော့ လောင်ချာနဲ့ ဒုံးပျံကြီးတစ်ခု ပစ်လိုက်တယ်ပေါ့၊ ပစ်လိုက်တဲ့နေရာက သူ့ဟာသူ နေရာမှာပဲ ကျန်ရစ်တယ်၊ ဒုံးပျံကြီးက ရှေ့ဆက်ပြီး အရှိန်နဲ့ သွားနေတာ၊ အရှိန်မကုန်မချင်း သူကဆက်လက်ပြီးတော့ သွားနေမှာပဲ။ အရှိန်ကုန်တဲ့နေရာမှာ ထိုးကျတယ်။

ကံကနေ ဘဝတစ်ခု ဖန်တီးလိုက်တယ်ဆိုတာလည်း အဲဒီသဘောပဲ၊ ကံစွမ်းအားနဲ့ ဘဝတစ်သက်တာလုံး အရှိန်နဲ့ သွားနေ
စာမျက်နှာ-၁၀၇
တာ၊ အဲဒီလို အရှိန်နဲ့သွားနေတဲ့ ဒုံးပျံကြီးကို ဒုံးခွင်းဒုံး ပစ်လိုက်ရင်လည်း ဒီဒုံးပျံကြီးဟာ ပျက်ကျသွားနိုင်သေးတယ်၊ အရှိန်မကုန်ခင် ပျက်ကျသွားနိုင်တယ်၊ အဲဒါမျိုးလိုပဲ အခြားကံဆိုးတစ်ခုက ဝင်ပြီးတော့ အနှောင့်အယှက်ပြုလိုက်လို့ရှိရင်လည်းပဲ လူတွေရဲ့ကံကြမ္မာဟာ အဆုံးသတ်သွားနိုင်သေးတာပဲ။

ကံနဲ့ ပတ်သက်လာလို့ရှိရင် စတင်ပြီးတော့ ဖြစ်ပေါ်စေတဲ့ ကံကို ဇနကကံ လို့ ခေါ်လိုက်တယ်၊ သူက အကျိုးတရားကို ထုတ်လုပ်ပေးလိုက်တယ်၊ သူ ထုတ်လုပ်ပေးလိုက်တာကို အထောက်အကူပြုလို့ရှိရင် ဥပတ္ထမ္ဘကကံ လို့ ခေါ်တယ်၊ အထောက်အကူမပြုဘဲနဲ့ သူ့ကို ဖျက်ဆီးပစ်မယ်ဆိုလို့ရှိရင် ဥပစ္ဆေဒကကံ လို့ ခေါ်တယ်၊ ဒုံးခွင်းဒုံးစနစ်လိုပဲ ကံမှာလည်းပဲ ကံနဲ့ ကံကို ဖျက်ဆီးနေတာ ရှိတယ်။

ဘာဖြစ်လို့တုန်း? လူတွေမှာ လုပ်ထားတာတွေက ကောင်းတာတွေလည်း ရှိတယ်၊ မကောင်းတာတွေလည်း ရှိတယ်၊ စွမ်းအားပြည့်ပြီးတော့ အခွင့်အရေးရလာတဲ့ ကံတစ်ခုကနေ ဝင်ရောက်ပြီးတော့ နှောင့်ယှက်လို့ ရတယ်။

ဆိုပါစို့ - လူတစ်ယောက်ဟာ အတိတ်ဘဝမှာ ကုသိုလ်ကံတွေလည်း လုပ်ခဲ့တယ်၊ အကုသိုလ်ကံတွေလည်း လုပ်ခဲ့တယ်၊ အဲဒီထဲမှာ ကုသိုလ်ကံတစ်ခုကနေ ဝင်ပြီးတော့ အကျိုးပေးလိုက်လို့ လူ့ဘဝရောက်လာတယ်၊ သို့သော် သူလုပ်ထားတဲ့ အကုသိုလ်ကံတွေက “အေး- ကုသိုလ်ကံက လက်ဦးသွားတယ်၊ နေနှင့်ဦး” ဆိုပြီးတော့ အကွက်ကောင်းကို လိုက်ချောင်းနေတယ်၊ ကုသိုလ်ကံက လူ့ဘဝကို ပို့လိုက်တာ၊ ပို့လိုက်တော့ အကွက်ကောင်းကို လိုက်
စာမျက်နှာ-၁၀၈
ချောင်းပြီးတော့ လူ့ဘဝမှာ အနှောင့်အယှက်တွေ ပေးတယ်၊ အဲဒီလူ ခဏခဏ ရောဂါဖြစ်အောင် လုပ်တယ်၊ ဆေးရုံ ခဏခဏ တက်ရအောင် လုပ်တယ်၊ မတရားအစွပ်အစွဲ ခံရအောင်တွေ လုပ်တယ်၊ ဒုက္ခအမျိုးမျိုးတွေ့အောင် လုပ်တယ်၊ သူပိုင်တဲ့ပစ္စည်းတွေ ပျက်စီးအောင် လုပ်တယ်၊ အကုသိုလ်ကံက ဒုက္ခလိုက်ပေးတာတွေပေါ့။ နောက်ဆုံး သူက စွမ်းရည်သတ္တိမြင့်လာလို့ရှိရင်လည်း ဘဝတစ်ခု အဆုံးသတ်အောင် လုပ်လိုက်တယ်၊ accident နဲ့ သေသွားတယ်ပေါ့။

ထို့အတူပဲ ကုသိုလ်ကံ အကုသိုလ်ကံတွေ လုပ်တဲ့အထဲမယ် အကုသိုလ်ကံက အခွင့်အရေးရလို့ လက်ဦးသွားတယ်၊ မွေးဖွားဖြစ်ရတယ်၊ ဒီလို အကုသိုလ်က လက်ဦးသွားသည့်အတွက်ကြောင့် ကုသိုလ်က “အေး ငါကသာ အကျိုးပေးရရင် လူ့ဘုံတို့ နတ်ဘုံတို့ ပို့မှာ၊ ငါက နောက်ကျသွားတယ်၊ အကုသိုလ်ကံက လက်ဦးသွားလို့ ခွေးဘဝရောက်သွားတယ်၊ ဒါပေမယ့် ငါတတ်နိုင်သမျှ မင်းကို စောင့်ရှောက်မယ်”ဆိုပြီး သူဌေးအိမ် ပို့ထားတယ်၊ အဲဒီခွေးဟာ လူ့အဆင့်အတန်းနဲ့ နေရထိုင်ရတယ်၊ model မြင့်တဲ့ကားကြီး စီးလို့ တချို့အိမ်မှာဆိုရင် ရွှေပန်းကန်နဲ့ ထမင်းကျွေးတယ်လို့တောင် ကြားဖူးတယ်၊ ခွေးစာက သပ်သပ်၊ လူထက်တောင်မှ ခမ်းနားနေသေးတယ်၊ သူ့ဖို့က ကြက်ဥက ဘယ်နှစ်လုံးဆိုတာ ပါသေးတယ်၊ အဲဒါ ကုသိုလ်ကံတွေရဲ့ အကျိုးတရားလို့ ဒီလိုပြောတာနော်၊ အကုသိုလ်ကံက လက်ဦးသွားလို့ ခွေးဖြစ်ပေမယ့် ကုသိုလ်ကံက လိုက်ပြီးတော့ စောင့်ရှောက်တဲ့ သဘောတရားတဲ့၊ ဒါမျိုးတွေလည်း လောကမှာ ရှိတယ်။
စာမျက်နှာ-၁၀၉

သမ္ပတ္တိနဲ့ ဝိပတ္တိ
ကံတရားနဲ့ ပတ်သက်လာလို့ရှိရင် ကံသက်သက် မဟုတ်ဘူး၊ အခြေအနေတွေကိုပါ ကြည့်ရတယ်၊ သမ္ပတ္တိနဲ့ ဝိပတ္တိဆိုတာ ရှိတယ်၊ “သြကာသ” ဆိုတဲ့အထဲမှာ ဝိပတ္တိတရား ၄-ပါး ဆိုပြီးတော့ လူတွေဟာ ဝိပတ္တိတရား ၄-ပါးကို ကြောက်ပြီးတော့ အမြဲတမ်း လွတ်မြောက်ဖို့ရန်အတွက် ဆုတောင်းနေကြတယ်။

ဝိပတ္တိတရား ၄-ပါးဆိုတာ ဂတိဝိပတ္တိ - ချို့တဲ့ မကောင်းတဲ့ဘဝမျိုး၊ ဘယ်လိုဟာမျိုးလဲဆိုရင် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဘဝဟာ ဂတိဝိပတ္တိ၊ အဲဒီဘဝ ရောက်သွားလို့ရှိရင် ကုသိုလ်ကံတွေက အကျိုးပေးချင်သော်လည်းပဲ အကျိုးပေးလို့ မရဘူးတဲ့၊ ဝဝလင်လင် စားရုံလောက်ပဲ သူလုပ်နိုင်တယ်၊ ဒါပေမယ့် လူ့အဆင့် မပေးနိုင်ဘူး၊ လူ့အဆင့်ရောက်အောင် ဘယ်လိုမှ မလုပ်နိုင်ဘူး၊ ဂတိဝိပတ္တိလို့ ခေါ်တယ်၊ လူ့ဘုံလူ့ဘဝ နတ်ဘုံ နတ်ဘဝကို ဂတိသမ္ပတ္တိ လို့ ခေါ်တယ်၊ သမ္ပတ္တိနဲ့ ဝိပတ္တိ ၂-ခု မှတ်ထားရမယ်၊ ဂတိသမ္ပတ္တိဆိုတာ ပြည့်စုံတဲ့ဂတိ၊ ဂတိဝိပတ္တိဆိုတာ ချို့တဲ့တဲ့ဂတိ။

အဲဒီဘဝတွေ ရောက်လာပြီးတဲ့အခါမှာ နောက်တစ်ခုက ဥပဓိဝိပတ္တိနဲ့ ဥပဓိသမ္ပတ္တိတဲ့၊ ဥပဓိသမ္ပတ္တိဆိုတာ ရုပ်ရည်ချောမော လှပတင့်တယ်တာ၊ ဥပဓိဝိပတ္တိဆိုတာ အရုပ်ဆိုး အကျည်းတန်တာ၊ ခွေးတောင်မှပဲ ချောလို့ရှိရင် “ခွေးကလေးက လှလိုက်တာ” ဆိုပြီးတော့ လူတကာ မွေးချင်တယ်၊ အဲဒါ ဥပဓိသမ္ပတ္တိလို့ ခေါ်တယ်၊ ခွေးဝဲစားဆိုရင် ဟိုလူက ခဲနဲ့ ပေါက်ထုတ်လိုက်၊ ဒီလူက ခဲနဲ့ပေါက်ထုတ်လိုက်နဲ့ ဥပဓိဝိပတ္တိ ဖြစ်သွားတယ်။
စာမျက်နှာ-၁၁၀
လူဆိုလည်း အတူတူပဲ၊ ဥပဓိဝိပတ္တိ ဖြစ်လာပြီ ဆိုလို့ရှိရင် ဘုရင့်သားတောင် ဘုရင် မဖြစ်ဘူး၊ သီဟိုဠ်ကျွန်းမှာ ဘုရင့်သား တစ်ဦး - ငယ်ငယ်ကတည်းက ကြက်တိုက်ဝါသနာပါတယ်၊ ကြက်တိုက်ရင်း ကြက်အတက်နဲ့ ထိုးမိတဲ့အခါကျတော့ အဲဒီမင်းသားလေးဟာ မျက်လုံးတစ်ဖက် ပျက်သွားတယ်၊ အရွယ်ရောက်တဲ့အခါကျတော့ သူ့အမေမိဖုရားကြီးက ဘုရင်ကြီးဆီ သူ့သားကို မင်းမြှောက်ဖို့ ပြောတယ်၊ ဘုရင်ကြီးက ဘာပြောတုန်း။

“မင့်သားက အင်္ဂါချို့တဲ့နေတယ်၊ ဘုရင်မဖြစ်နိုင်ဘူး၊ တော်ကြာကျတော့ တစ်ဖက်ကန်းဘုရင်ကြီး ဖြစ်နေမှာစိုးလို့”တဲ့၊ ဒီတော့ သီဟိုဠ်ကျွန်းတစ်ကျွန်းလုံးကို အစိုးရတဲ့ မင်းရဲ့ ရာထူးမပေးဘူး၊ ကျွန်းသေးသေးလေးမှာ အရာခံဘုရင်လေး တစ်ဦးလောက်ပဲ သူဖြစ်တယ်၊ အကယ်၍သာ မျက်လုံးပျက်မသွားဘူး ဥပဓိဝိပတ္တိ မဖြစ်ဘူးဆိုရင် သူဘုရင်ဖြစ်မှာ သေချာတယ်၊ ကုသိုလ်ကံက အကျိုးပေးချင်ပေမယ့်လို့ ခုနကလို တစ်ခုခုပျက်စီးသွားလို့ရှိရင် အကျိုးပေးလို့ မရဘူးတဲ့။

ခြုံငုံပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် ကုသိုလ်ကံတွေ ဘယ်လောက်ကောင်းကောင်း ဝိပတ္တိနဲ့ ကြုံနေလို့ရှိရင် အလုပ်မဖြစ်ဘူးတဲ့၊ အကုသိုလ်ကံတွေက ဘယ်လောက်ကြီးကြီး သမ္ပတ္တိနဲ့ ပြည့်စုံနေရင် အလုပ်မဖြစ်ဘူး၊ ဒုက္ခသိပ်ပြီးတော့ မပေးနိုင်ဘူး၊ ဒီလို ဆိုလိုတယ်ပေါ့။ ကုသိုလ်ကံတွေကလည်း သမ္ပတ္တိနဲ့တွေ့မှ အပြည့်အဝ အကျိုးပေးတယ်၊ သူတို့နဲ့ ဆန့်ကျင်ဘက် ဖြစ်လာလို့ရှိရင် အကျိုးမပေးဘူးတဲ့၊ ဒီသဘောတရားတွေကိုလည်းပဲ ကံနဲ့ ဆက်စပ်ပြီးတော့ နားလည်ရမယ်ပေါ့။
စာမျက်နှာ-၁၁၁
ဘယ်လောက်ဆင်းရဲတဲ့ဘဝ ရောက်ရောက် - ဟိုးရှေးတုန်းကဆို ကျွန်စနစ်တွေ ရှိတော့ ကျွန်မရဲ့ သားသမီးပဲဖြစ်စေ ရုပ်အဆင်း လှတယ်ဆိုရင် ရာထူးကောင်းကောင်း ရတယ်၊ ဘယ်လောက်ပဲ ချမ်းသာတဲ့လူပဲဖြစ်ဖြစ် ရုပ်ဆိုးအကျည်းတန်လာလို့ရှိရင် သိပ်ပြီးတော့ လူရာမသွင်းချင်ဘူး။

သီဟိုဠ်ကျွန်းမှာ အမတ်ကြီးတစ်ဦးရဲ့ဇနီးက အတော်အရုပ်ဆိုးတာ၊ ပွဲနေထိုင်နေသွားလို့ရှိရင် သူ့ကို အိမ်ကျွန်မပဲ မှတ်နေကြတာ ဘယ်သူကမှ အရေးမလုပ်ဘူးနော်၊ ဥပဓိဝိပတ္တိဖြစ်လို့ သူ့ကို အမတ်ကတော်လို့ ဘယ်သူမှ မထင်ဘူး။

ဘုရားအလောင်း ကုသမင်း ကြည့်လေ- တိုင်းခန်းလှည့်တဲ့အခါကျတော့ သူ့ညီလေးကို ရှေ့ကတင်ပြီးတော့ သွားရတယ်၊ သူက အရုပ်ဆိုးလွန်းအားကြီးလို့၊ သူ့ရဲ့နေရာက ဘယ်နေရာတုန်းဆိုလို့ရှိရင် ဆင်ထိန်းတို့ မြင်းထိန်းတို့ လုပ်နေရတာ၊ အဲဒါ ဥပဓိဝိပတ္တိလို့ ခေါ်တယ်။

သီဟိုဠ်က စစ်သူကြီး ကြည့် - လူက ပုပုလေး၊ ပုက္ခနေတယ်၊ ဒါပေမယ့် လေးပစ် အင်မတန်မှ တော်တယ်၊ အဲဒီတော့ အရုပ်ဆိုးအကျည်းတန်နေတဲ့ လူတစ်ယောက်က ဘုရင့်ဆီမှာ လေးသည်တော်အနေနဲ့ အမှုထမ်းဖို့ ဘုရင်က မကြိုက်ဘူး၊ ဒီလို ပုပုကွကွ အရုပ်ဆိုးအကျည်းတန်တဲ့သူက ဘုရင့်ရဲ့လေးသည်တော်ဆိုရင် လူတကာမြင်ရင် ရယ်စရာကြီး ဖြစ်နေမှာစိုးလို့ ရုပ်ဖြောင့်တဲ့ လူတစ်ယောက်ကို ရှေ့တန်းတင်ပြီးတော့ သူက ခစားရတယ်၊ အလုပ်လုပ်စရာရှိရင် နောက်ကွယ်က သူက လုပ်ပေးရတယ်၊ ဥပဓိသမ္ပတ္တိနဲ့ ဥပဓိဝိပတ္တိဟာလည်းပဲ ရာထူးရဖို့ထိ အရေး
စာမျက်နှာ-၁၁၂
ပါတယ်။ ဒါကို သတိထားရတယ်ပေါ့၊ ဒါလည်း ကံတွေနဲ့ ပတ်သက်လာတာပဲ။

နောက် ကာလဝိပတ္တိနဲ့ ကာလသမ္ပတ္တိ၊ လူတွေ အကျင့်စာရိတ္တကောင်းတဲ့အခါမျိုးက ကာလသမ္ပတ္တိ၊ လူတွေ အကျင့်စာရိတ္တပျက်တဲ့အခါမျိုးက ကာလဝိပတ္တိတဲ့၊ အဲဒီကာလဝိပတ္တိ ဖြစ်နေလို့ရှိရင်လည်း အကုသိုလ်ကံတွေချည်းပဲ လာတာ၊ အကျင့်ပျက်တဲ့ အနေအထားတစ်ခု ခေတ်တစ်ခေတ်မှာ ဆိုလို့ရှိရင် ဘယ်သူမှ မငြိမ်းချမ်းဘူးပေါ့၊ ဒုတိယကမ္ဘာစစ်ကြီးအတွင်းဆိုရင် ဒါ ကာလဝိပတ္တိ ဖြစ်နေတာ၊ ကာလဝိပတ္တိဖြစ်နေတဲ့အခါကျတော့ ငြိမ်းချမ်းမှုကို လူတွေ မရနိုင်ကြဘူးတဲ့၊ ကောင်းကျိုးချမ်းသာတွေ မရနိုင်ဘူး၊ ကာလသမ္ပတ္တိဖြစ်ပြီဆိုရင်တော့ စီးပွားရေးတွေလည်း တိုးတက်ကြတယ်၊ ပညာရေးတွေလည်း တိုးတက်လာကြတယ်၊ အစစအရာရာ တိုးတက်လာတယ်လို့ ဒီလိုပြောတယ်။

ဒါကြောင့်မို့လို့ ကံတရားဟာလည်းပဲ သမ္ပတ္တိနဲ့ ဝိပတ္တိပေါ်မှာ မှီပြီးတော့ အကျိုးဖြစ်ထွန်းမှုကို ဖော်ဆောင်ကြရတယ်တဲ့၊ ကံတရားသက်သက်တင် မဟုတ်ဘူး၊ အထောက်အကူတွေ အများကြီး လိုအပ်တယ်လို့ ဒါ ပြောတာနော်။

လောဏကပလ္လသုတ်ကို ဒီနေရာမှာ မှတ်သားသင့်တယ်ပေါ့၊ ကံနဲ့ပတ်သက်လာလို့ရှိရင် လောဏကပလ္လသုတ်မှာ လူနှစ်ယောက် အကုသိုလ်လုပ်တာချင်း အတူတူ တစ်ယောက်က လုံးဝမခံရဘူး၊ တစ်ယောက်က အပြင်းအထန် ငရဲခံရတယ်၊ လုပ်တာချင်း အတူတူပဲ၊ ဘာဖြစ်လို့ ဟိုတစ်ယောက်က ခံရပြီးတော့ ဒီတစ်ယောက်က မခံ
စာမျက်နှာ-၁၁၃
ရသလဲလို့ ဆိုလို့ရှိရင် ပုဂ္ဂိုလ် ၂-ယောက်ရဲ့ အခြေအနေချင်း မတူဘူးတဲ့၊ ပုဂ္ဂိုလ်တစ်ယောက်က သီလ သမာဓိ ပညာဆိုတဲ့ စွမ်းရည်သတ္တိတွေ သူ့မှာရှိတယ်တဲ့၊ ဘာဝိတသီလ, ဘာဝိတစိတ္တ, ဘာဝိတပညာတဲ့၊ စိတ်ဓာတ်ရေးရာကအစ ဒီပုဂ္ဂိုလ်က ကောင်းတဲ့စိတ်ဓာတ်တွေ ကောင်းတဲ့ကိုယ်ကျင့်တရားတွေ ကောင်းတဲ့အသိဉာဏ်တွေ ရှိတယ်၊ ဟိုတစ်ယောက်က လုံးဝမရှိဘူး၊ မရှိသည့်အတွက်ကြောင့် အကုသိုလ်ကံ လုပ်တဲ့အခါမှာ ဟိုလူက ပြည့်ပြည့်ဝဝခံရပြီး ဒီလူကတော့ မခံရဘဲနဲ့ ပျောက်သွားတယ်၊ ဒါလည်း ဟုတ်တာပဲ။

ဒီခေတ်ထဲမှာရော မရှိဘူးလား၊ ဒါမျိုးတွေ ရှိတယ်လေ - ပိုက်ဆံချမ်းသာတဲ့လူ ရာဇဝတ်မှုကျူးလွန်ရင် ပျောက်သွားတာပဲ။ ဘာမှမရှိတော့ဘူး၊ ဆင်းရဲတဲ့လူ ရာဇဝတ်မှုကျူးလွန်နဲ့၊ ကျူးလွန်တာနဲ့ အပြည့်အဝခံရမယ်၊ ဒါ မတရားဘူးလို့ ပြောလို့ မရဘူး။ အခြေအနေချင်း မတူဘူးလို့ ပြောရမယ်၊ ကံမှာလည်းပဲ ဒီသဘော ရှိတာပဲ၊ ရာထူးရှိတဲ့လူ အာဏာရှိတဲ့လူ ဆိုရင် ပျောက်သွားတာပဲ။ ရာထူးအာဏာ မရှိတဲ့လူဆို ပိုခံရတယ်။

အဲဒါကို မြတ်စွာဘုရားက လောဏကပလ္လသုတ်မှာ ဆားခဲလေးနဲ့ ဥပမာပေးထားတယ်၊ ဆားခဲတစ်ခဲကို သောက်ရေတစ်ဖန်ခွက်ထဲ ထည့်လိုက်လို့ရှိရင် အဲဒီရေဟာ သောက်မရလောက်အောင် ငန်သွားနိုင်တယ်ပေါ့။ ဘာဖြစ်လို့တုန်း? ရေက နည်းတာကိုး၊ အဲဒီဆားခဲကို ကန်ထဲမှာ ထည့်လိုက်မယ်၊ မြစ်ထဲမှာ ထည့်လိုက်မယ်ဆိုရင် အငန်ဓာတ်က ပျောက်သွားတယ်၊ ဘာဖြစ်လို့တုန်း? ရေက များလို့၊ အဲဒါကြောင့်မို့လို့ ကံဆိုတာလည်း သိပ်ကြောက်ဖို့ မလိုဘူး၊ ကောင်းတာတွေ လုပ်ဖို့တော့ လိုတယ်ပေါ့၊
စာမျက်နှာ-၁၁၄
မကောင်းတာတွေ လုပ်ပြီး မကောင်းတာတွေ များရင်တော့ ခံရမှာပဲ၊ ဆားတွေ သိပ်များရင်တော့ ငန်မှာပဲလေ - သေချာတယ်၊ ရေနည်းရင်တော့ ဆားငန်မှာပဲ၊ ရေနဲ့ အလားသဏ္ဌာန်တူတဲ့ ကိုယ့်ရဲ့ အရည်အသွေးတွေ များအောင်လုပ်ဖို့ လိုအပ်တယ်၊ ကောင်းကံ မကောင်းကံဆိုတာတော့ ရှိတယ်။

အေး-

ဒါကြောင့်မို့လို့ ကံနဲ့ ပတ်သက်လာတဲ့ အချက်အလက်တွေဟာ ထိုထိုသုတ္တန်တွေမှာ မြောက်မြားစွာရှိတယ်၊ မြတ်စွာဘုရားက သဉ္စေတနိကသုတ်မှာ ကံနဲ့ပတ်သက်တဲ့ စေတနာနဲ့ လှုံ့ဆော်ပြီးတော့ ဖြစ်ပေါ်လာတဲ့ စုမိဆောင်းမိဖြစ်တဲ့ (စုစည်းပြီးသား ကံဆိုတာ အကျိုးပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ကံကို ပြောတာ) ကံတစ်ခုဟာ သူ့ရဲ့အကျိုးတရားကို မခံစားရဘဲနဲ့ ပျောက်ကွယ်သွားတယ်ဆိုတာ မရှိဘူးတဲ့။

ဒါတော့ သေချာတယ်နော်၊ မြတ်စွာဘုရားက “သဉ္စေတနိကာနံ ကမ္မာနံ ကဋတ္တာနံ ဥပစိတာနံ” ဆိုတာ - ဥပစိတဆိုတာ အကျိုးပေးဖို့ အနေအထားထိအောင် အင်အားတွေ ပြည့်နေတဲ့ကံမျိုးကို ပြောတာ၊ ဥပစိတ - လုပ်ရုံတင် မဟုတ်ဘူး၊ လုပ်ပြီးတော့ အင်အားပြည့်နေတဲ့ ကံတစ်ခု၊ အဲဒီကံကို အကျိုးတရား မခံစားရဘဲနဲ့ ပျောက်သွားတယ်ဆိုတာ မရှိဘူးတဲ့။

မြတ်စွာဘုရားက ကံရဲ့အကျိုးတရားဟာ ဒိဋ္ဌဓမ္မ လို့ခေါ်တဲ့ ဒီဘဝမှာ ပေါ်ချင်လည်း ပေါ်မယ်၊ ဥပပဇ္ဇလို့ ခေါ်တဲ့ ဒုတိယဘဝမှာ ပေါ်ချင်လည်း ပေါ်မယ်၊ အပရပရိယာယ လို့ ခေါ်တဲ့ တတိယဘဝက စပြီးတော့ သံသရာထဲမှာရှိနေသမျှ ကာလပတ်လုံး ပေါ်ချင်လည်း ပေါ်မယ်တဲ့၊ အဲဒီကံတရားဟာ ဘယ်တော့မှ ပျောက်
စာမျက်နှာ-၁၁၅
မသွားဘူး၊ online ဖြစ်နေမယ် ဒီလိုပြောတာ၊ မနေ့က ပြောခဲ့သလို ဒိဋ္ဌဓမ္မကလည်း အချိန်ကုန်ရင်တော့ expire ဖြစ်မှာပဲ၊ ဒါတွေကတော့ -

မြတ်စွာဘုရားက နောက်တစ်ခု ဆက်ပြီးတော့ ဟောတာကတော့ အဲဒီလို စေတနာနဲ့ လှုံ့ဆော်ပြီးတော့ စုမိဆောင်းမိဖြစ်နေတဲ့ ကုသိုလ်ကံပဲဖြစ်ဖြစ် အကုသိုလ်ကံပဲဖြစ်ဖြစ် အဲဒီကံတရားတွေကို မခံစားရဘဲနဲ့ ဒုက္ခတစ်ခု အဆုံးသတ်သွားတယ်၊ နိဗ္ဗာန်ရသွားတယ်ဆိုတာလည်း မရှိဘူးတဲ့၊ ဒီကံတရားတွေကို မဖယ်ရှားဘဲနဲ့ ဒုက္ခတစ်ခု အဆုံးမသတ်နိုင်ဘူးတဲ့ ဒီလိုပြောတာ၊ ဒါ ကံတရားနဲ့ ပတ်သက်လာလို့ရှိရင် အင်္ဂုတ္တရနိကာယ်မှာ သဉ္စေတနိကသုတ်ဆိုတာ ဟောထားတာ ရှိတယ်။

နောက် နိဒါနသုတ်ဆိုတာလည်း ဟောထားတာ ရှိတယ်၊ မြတ်စွာဘုရားက လောဘဦးတည်ပြီးတော့ လုပ်တဲ့ကံ၊ ဒေါသဦးတည်ပြီးတော့ လုပ်တဲ့ကံ၊ မောဟဦးတည်ပြီးတော့ လုပ်တဲ့ကံ၊ အဲဒီကံတရားတွေဟာ သူတို့က အကျိုးပေးလာတဲ့အခါမှာဆိုရင် အဲဒီကံရဲ့ အကျိုးတရားတွေက ပေါ်လာတယ်၊ ပေါ်လာတဲ့အခါမှာ မျက်မှောက်ဘဝမှာ ခံစားရတာ ရှိတယ်၊ ဒုတိယဘဝမှာ ခံစားရတာ ရှိတယ်၊ သံသရာမဆုံးခင်အထိ ခံစားရတာ ရှိတယ်လို့ မြတ်စွာဘုရားက ဒီလို ဟောထားတယ်။

အခုက ပဋိသန္ဓေစိတ်ကို ဦးတည်ပြီးတော့ ပြောတာ၊ ပဝတ္တိအခါမှာ ကံကြောင့်ဖြစ်တဲ့ ဝိပါက်စိတ်တွေဟာ ဘယ်လိုဘယ်ပုံနည်းနဲ့ လူတွေရဲ့သန္တာန်မှာ ပေါ်ပေါ်လာတတ်တာလဲ၊ သို့မဟုတ် ဘဝတစ်ခုတည်းမှာ အကုသိုလ်ကံတွေက ဘယ်လိုဝင်ပြီးတော့
စာမျက်နှာ-၁၁၆
အကျိုးပေးတတ်တာလဲ၊ ကုသိုလ်ကံတွေကလည်း ဘယ်လိုဝင်ပြီးတော့ အကျိုးပေးတတ်တာလဲဆိုတာ ပဝတ္တိအခါနဲ့ ပတ်သက်ပြီး နောက်ရက်ကျမှ “သင်္ခါရပစ္စယာ ဝိညာဏံ” နဲ့ ဆက်ပြီးတော့ ဟောပါမယ်။

ဒါကြောင့်မို့လို့ တရားချစ်ခင် သူတော်စင်အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာရဲ့ ကံတရားနဲ့ ပတ်သက်တဲ့ ဒေသနာအရပ်ရပ်ကို ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်းတို့နဲ့ ဆက်စပ်ပြီး လေ့လာကြည့်မည်ဆိုလို့ရှိရင် ဘုန်းကြီးတို့တစ်တွေဟာ ကံတရားနဲ့ ပတ်သက်လာလို့ရှိရင် မကောင်းတဲ့ကံတွေကို ရှောင်ဖို့ ကောင်းတဲ့ကံတွေကို လုပ်မိဖို့၊ လုပ်မိထားတဲ့ မကောင်းတဲ့ကံကိုလည်း စိုးရိမ်ပြီးတော့ မနေဘဲနဲ့ ကံတွေပျောက်သည့် နည်းလမ်းတွေ ရှိသည့်အတိုင်း မကောင်းတဲ့ကံကို မကောင်းဘူးလို့ သိပြီး ထိုကံတွေရဲ့ ပျောက်ရာပျောက်ကြောင်း ကောင်းတဲ့ကံတွေကို များစွာပြုလုပ်ခြင်းဖြင့် ကမ္မက္ခယ လို့ဆိုတဲ့ ကံကုန်မှုကို ရရှိနိုင်တယ်၊ ကိလေသာတွေကို ကုန်အောင် လုပ်ခြင်းဖြင့် ကံတရားတွေက လွတ်မြောက်နိုင်တယ်ဆိုတာကို ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ နောက်ဆုံးမှာ ကိလေသာတွေ ကုန်အောင် အားထုတ်ခြင်းဖြင့် ကံတရားတွေက အားလုံး လွတ်မြောက်နိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-၁၁၇

အပိုင်း (၄)
သာသနာတော်နှစ် ၂၅၄၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ခုနှစ်၊ တပေါင်းလဆန်း ၇-ရက်၊ ခရစ်နှစ် ၂၀၀၉၊ ဖေဖေါ်ဝါရီလ ၁၉-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မော်လာဈေး၊ အစုအဖို့ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

“သင်္ခါရပစ္စယာ ဝိညာဏံ” - ကံတရားက ပဋိသန္ဓေအခါမှာ အကျိုးဝိပါက်စိတ်ကို ထုတ်လုပ်ပုံ၊ ပဝတ္တိအခါမှာ အကျိုးဝိပါက်စိတ်ကို ဖြစ်စေပုံတွေဟာ ကမ္မဝိပါကော အစိန္တေယျော လို့ဆိုတဲ့အတိုင်း နားလည်သဘောပေါက်ဖို့ အင်မတန်မှ ခဲယဉ်းတယ်၊ ကံဆိုတဲ့နေရာမှာ ပဓာနအကြောင်းတစ်ခုကိုသာ ဦးတည်ပြီးတော့ ပြောရတာ၊ တခြားအကြောင်းတွေလည်း ပါနေသေးတယ်၊ ဒါ့ကြောင့်မို့
စာမျက်နှာ-၁၁၈
ထည့်တွက်ရမည့် အကြောင်းပေါင်းမြောက်မြားစွာကို ထည့်သွင်းစဉ်းစားမှသာလျှင် အဓိကထားတဲ့ကံတရားရဲ့ ထုတ်လုပ်မှုကို သဘောပေါက်နားလည်မှာ ဖြစ်တယ်။

အကုသိုလ်ကံတွေထဲမှာ ဥဒ္ဓစ္စစေတနာ မပါတဲ့ ကျန်တဲ့ အကုသိုလ်စေတနာ ၁၁-ခုက ပဋိသန္ဓေအခါမှာ အကျိုးတရားတစ်ခုကို ထုတ်လုပ်တယ်၊ အကျိုးထုတ်လုပ်တယ်ဆိုတာ တခြားစကားနဲ့ ပြောမယ်ဆိုလို့ရှိရင် ဘဝတစ်ခုကို ဖန်တီးတဲ့အခါမှာ အပါယ်ဘုံမှာသာ ဖန်တီးပေးလေ့ရှိတယ်ပေါ့။

အဲဒီကံကထုတ်လုပ်တဲ့ ဘဝတစ်ခုကို အစပြုတဲ့ သန္ဓေစိတ်လေးဟာ ဥပေက္ခာသန္တီရဏ လို့ဆိုတဲ့ အကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့စိတ်, အင်မတန်မှ အင်အားနည်းတယ်၊ ကောင်းတဲ့အခြေအနေတွေ တစ်ခုမှ မပါဘူး၊ ခိုင်မြဲအောင်ဆောက်တည်ထားနိုင်တဲ့ အလောဘ အဒေါသ အမောဟဆိုတဲ့ ခိုင်မာစေနိုင်တဲ့ သဘာဝစွမ်းအားတွေလည်း တစ်ခုမှမပါဘူး၊ မပါသည့်အတွက်ကြောင့် အဟေတုကစိတ် - အဟိတ်စိတ်လို့ခေါ်တယ်၊ ငရဲဘုံက သတ္တဝါတွေ၊ တိရစ္ဆာန်ဘုံက သတ္တဝါတွေ၊ ပြိတ္တာဘုံက သတ္တဝါတွေဟာ ဒီဥပေက္ခာသန္တီရဏစိတ်နဲ့ ပဋိသန္ဓေနေကြရတယ်၊ ဒီလို အဟိတ်ပဋိသန္ဓေနေသော သတ္တဝါတွေ ဖြစ်သောကြောင့် လူတွေက တိရစ္ဆာန်တွေကို အဟိတ်တိရစ္ဆာန်တွေလို့ ဒီလိုခေါ်ကြတာ။
လူတို့၏ ပဋိသန္ဓေစိတ်
လူတွေအနေနဲ့ ပြောမယ်ဆိုရင် ကုသိုလ်ကောင်းမှုကြောင့် လူ့ဘဝရလာကြတယ်၊ ကုသိုလ်ကောင်းမှုလို့ ဆိုတဲ့နေရာမှာ ဒါန
စာမျက်နှာ-၁၁၉
ကို အကြောင်းပြုပြီးရတဲ့ ကုသိုလ်၊ သီလဆောက်တည်မှုကို အကြောင်းပြုပြီးတော့ရတဲ့ ကုသိုလ်၊ ကမ္မဋ္ဌာန်းဘာဝနာပွားများလို့ ရှေ့ပိုင်းမှာရတဲ့ ကုသိုလ်တွေက ကာမာဝစရကုသိုလ်၊ ဒီကာမာဝစရကုသိုလ်ကို ၈-မျိုး ခွဲပြီးတော့ ထားတယ်။

ဒီကာမာဝစရကုသိုလ်စေတနာက ပဋိသန္ဓေအခါမှာ အကျိုးပေးပြီလို့ ဆိုတဲ့အခါမှာ အကျိုးဝိပါက်စိတ် ၉-မျိုးကို ထုတ်လုပ်ပေးတယ်၊ ၉-မျိုးဆိုတာ အလောဘ အဒေါသ အမောဟဆိုတဲ့ ဟိတ်နဲ့ မယှဉ်တဲ့ ဥပေက္ခာသန္တီရဏစိတ်က တစ်ခု၊ မဟာဝိပါက်စိတ်က ၈-ခု လို့ ပေါင်းလိုက်တော့ လူတွေမှာ ဖြစ်ပေါ်နိုင်တဲ့ ပဋိသန္ဓေစိတ်ဟာ ၉-မျိုး ရှိတယ်။

အဲဒီ ၉-မျိုးထဲမှာ ကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ ဥပေက္ခာသန္တီရဏစိတ်နဲ့ ပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ်ကတော့ လူစဉ်မမှီတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်တယ်၊ ဝမ်းတွင်းက ကန်းလာတဲ့ပုဂ္ဂိုလ်၊ ဝမ်းတွင်းက နားမကြားတဲ့ ပုဂ္ဂိုလ် တစ်ခုခုချို့တဲ့ပြီးတော့မှ လူ့ဘဝရောက်လာတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်တယ်၊ ဥပေက္ခာသန္တီရဏစိတ်ဟာ မဟာကုသိုလ်စိတ်က ထုတ်လုပ်တယ် ဆိုပေမယ့်လို့ ကံရဲ့စွမ်းအားက အင်မတန်မှ ပျော့ညံ့နေသည့်အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့သန္ဓေစိတ်ကလည်းပဲ အင်အားရှိတဲ့သန္ဓေစိတ် မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ လူ့ဘဝ ရသော်လည်းပဲ လူစဉ်မမှီတဲ့ဘဝမျိုး ဖြစ်လာတတ်တယ်။

ကျန်တဲ့ မဟာဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေကြရတယ်ဆိုတဲ့ နေရာမှာလည်းပဲ ဉာဏ်ရှိ ဉာဏ်မရှိ နှစ်မျိုးထပ်ပြီးတော့ ခွဲတယ်၊ စာလိုပြောရင်တော့ ဉာဏသမ္ပယုတ်က ၄-မျိုး၊ ဉာဏဝိပ္ပယုတ်က ၄-မျိုး၊
စာမျက်နှာ-၁၂၀
မဟာကုသိုလ်ကို ဆောင်ရွက်ပြုလုပ်တဲ့အချိန်မှာ အသိဉာဏ်ရှိရှိနဲ့ ရှေ့နောက်အကုသိုလ်ခြံရံခြင်း မရှိဘူး၊ (အကုသိုလ် မခြံရံဘူးဆိုတာ မိမိလုပ်ထားတဲ့ ကုသိုလ်နဲ့ ပတ်သက်ပြီးတော့ အကုသိုလ်စိတ် မဖြစ်တာကို ပြောတာ၊ ပုထုဇဉ်ဆိုတာ ကုသိုလ်ဖြစ်လိုက် အကုသိုလ်ဖြစ်လိုက်တော့ ရှိနေမှာပေါ့ ဒါနဲ့ မပတ်သက်တဲ့ အကုသိုလ်တွေကို မဆိုလိုဘူး) ဆိုပါစို့ - ဒါနကောင်းမှုလေးတစ်ခု လုပ်တယ်၊ မလုပ်ခင်ကလည်းပဲ ဒီဒါနကောင်းမှုအတွက် ကုသိုလ်စိတ်တွေ ဖြစ်တယ်၊ လုပ်ပြီးတဲ့အခါမှာလည်း ဒီဒါနကောင်းမှုနဲ့ ပတ်သက်ပြီး ကုသိုလ်ပဲဖြစ်တယ်၊ အကုသိုလ်မဖြစ်ဘူးဆိုရင် ဒါ ရှေ့နောက်အကုသိုလ် မခြံရံဘူးလို့ ပြောတာ။

အဲဒီလို မဟုတ်ဘဲနဲ့ ဒါနကောင်းမှုပြုလုပ်တဲ့အခါမှာ မပြုလုပ်ခင်ကတည်းက မှားယွင်းတဲ့အတွေးတွေ အကုသိုလ်စိတ်တွေ ခြံရံပြီးနေတယ်၊ လုပ်လိုက်တဲ့အချိန်တော့ ကုသိုလ်ဖြစ်တယ်ပေါ့၊ လုပ်ပြီးတဲ့နောက်မှာလည်းပဲ ထိုကုသိုလ်နဲ့ ပတ်သက်ပြီးတော့ အကုသိုလ်စိတ်တွေ ဝင်ပြန်တယ်၊ အဲဒီလို ရှေ့နောက်အကုသိုလ် ခြံရံလိုက်တယ်ဆိုရင်ပဲ ဒီကုသိုလ်စိတ်ဟာ ပျော့ညံ့သွားတယ်။ အဲဒါမျိုးကို “ဩမက” လို့ ခေါ်တာပေါ့။

ရှေ့နောက်အကုသိုလ် မခြံရံဘဲနဲ့ ကိုယ်လုပ်တဲ့ကုသိုလ်ဟာ ရှေ့ကလည်း ကုသိုလ်၊ နောက်ကလည်း ကုသိုလ်၊ ကောင်းမှုနဲ့ ပတ်သက်ပြီး ကုသိုလ်စိတ်တွေချည်းပဲ ဖြစ်နေတယ်၊ ဒီလို ရှေ့နောက်အကုသိုလ်မခြံရံတဲ့ ကုသိုလ်မျိုး၊ အသိဉာဏ်ရှိရှိနဲ့ ဖြစ်ပေါ်လာတဲ့ စွမ်းအားကြီးတဲ့ ကုသိုလ်မျိုးကျတော့ “တိဟိတ်ဥက္ကဋ္ဌကုသိုလ်” လို့
စာမျက်နှာ-၁၂၁
ခေါ်တာပေါ့။ ဒီလို အသိဉာဏ်ရှိတာကိုပဲ အကုသိုလ်ခြံရံ မခြံရံနဲ့ အကောင်းနဲ့ အညံ့ ထပ်ခွဲသေးတယ်။

အသိဉာဏ်မပါဘူး ဆိုလို့ရှိရင်တော့ ဒွိဟိတ်လို့ ခေါ်တာပေါ့၊ ဒွိဟိတ်ဆိုတာ အလောဘဆိုတဲ့ဟိတ်၊ အဒေါသဆိုတဲ့ဟိတ်၊ အမောဟဆိုတဲ့ဟိတ် - ဟိတ်သုံးပါး၊ အဲဒီထဲမယ် အလောဘ အဒေါသတို့ ရှိတယ်၊ အမောဟ မပါဘူးဆိုလို့ရှိရင် ဒွိဟိတ်လို့ ခေါ်တယ် ဆိုလိုတာက အသိဉာဏ် မပါဘူး၊ အသိဉာဏ် အမောဟ ပါလာလို့ရှိရင် တိဟိတ်လို့ ခေါ်တယ်၊ အမောဟပါမှတော့ ကျန်တဲ့ အလောဘ အဒေါသဆိုတာ မပါဘဲ မရှိဘူး၊ အမောဟဆိုတဲ့ အသိဉာဏ်သာ ပါ-မပါ နှစ်မျိုးနဲ့ ခွဲတယ်၊ ဒါကြောင့်မို့လို့ အမောဟဆိုတဲ့ အသိဉာဏ် ဦးဆောင်လာပြီဆိုရင် ဉာဏသမ္ပယုတ်ကုသိုလ် လို့ ခေါ်တယ်၊ အမောဟဆိုတဲ့ အသိဉာဏ် ကင်းနေပြီဆိုရင်တော့ ဉာဏဝိပ္ပယုတ်ကုသိုလ် လို့ ခေါ်တယ်။

အဲဒီလို ကုသိုလ်ရဲ့ အဆင့်အတန်းက မတူသည့်အတွက်ကြောင့် ပဋိသန္ဓေအကျိုးကို ပေးတဲ့အခါမှာလည်းပဲ အဆင့်အတန်းမတူတဲ့ ပဋိသန္ဓေအကျိုးကို ပေးတယ်၊ မိမိကံနဲ့ အလားတူတဲ့ အကျိုးတရားကို ပေးတာ နိယာမပဲ၊ ဒါကို ပြောတာ။

ဆိုပါစို့ - အသိဉာဏ်ပါတဲ့ တိဟိတ်ကုသိုလ်သည် တိဟိတ်ပဋိသန္ဓေအကျိုးကို ပေးတယ်ပေါ့၊ အသိဉာဏ်မပါတဲ့ ဒွိဟိတ်ကုသိုလ်မျိုးကျတော့ ဒွိဟိတ်ပဋိသန္ဓေတို့ အဲဒီလိုအကျိုးမျိုးကို ပေးတယ်၊ မိမိကံနဲ့ အလားသဏ္ဌာန်တူတဲ့ အကျိုးမျိုးကို ပေးတာဟာ ကမ္မနိယာမသဘောတရားတစ်ခုလို့ မှတ်ရမယ်။
စာမျက်နှာ-၁၂၂
နောက်တစ်နည်းကတော့ ကမ္မနိယာမဆိုတာ ကိုယ်လုပ်ခဲ့တဲ့ကံနဲ့ အလားသဏ္ဌာန်တူတဲ့ အကျိုးတရားကို ကိုယ်ရတယ်၊ မိမိပြုမူဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်အတိုင်း အကျိုးပေးတဲ့အခါ အဲဒီလို အကျိုးမျိုး ပေါ်လာတာကိုလည်းပဲ ကမ္မနိယာမလို့ ဒီလိုသုံးတယ်ပေါ့၊ အဲဒီကမ္မနိယာမရဲ့ သဘာဝအတိုင်း ကံတရားတွေက ဆိုင်ရာဆိုင်ရာ အကျိုးတရားတွေကို ထုတ်လုပ်လာကြတယ်၊ လူဖြစ်လာတဲ့အခါမှာ လူ့ဘဝရောက်တဲ့ ကုသိုလ်ကံရဲ့အရည်အသွေး အားလျော်စွာ လူချင်းတူသော်လည်းပဲ ပဋိသန္ဓေစိတ်ချင်းက မတူလာကြဘူး။ တချို့ကျတော့ အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ် ဖြစ်တယ်၊ တချို့ကျတော့ အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ် ဖြစ်တယ်ပေါ့။

အဲဒီအသိဉာဏ်ရှိမရှိဆိုတဲ့ ပုဂ္ဂိုလ်တွေမှာပဲ- တချို့ကျတော့ ဝမ်းသာမှုဆိုတဲ့ သောမနဿက လွှမ်းမိုးပြီးတော့ သန္ဓေစိတ်မှာ ပါလာလို့ ထိုပုဂ္ဂိုလ်ရဲ့ စိတ်နှလုံးဟာ အမြဲတမ်းကြည်ရွှင်ပြုံးတဲ့သဘောမျိုးတွေ အများဆုံးတွေ့ရတယ်ပေါ့၊ happy ပုံစံပေါ့။ ပျော်ရွှင်နေတဲ့ သဘောတရားတွေဟာ သန္ဓေစိတ်ကနေ အခြေခံပေးလိုက်တဲ့သဘောပေါ့၊ သောမနဿနဲ့ ပဋိသန္ဓေနေတယ်လို့ ဒီလိုပြောတယ်၊

ဥပေက္ခာလို့ဆိုတဲ့ သောမနဿလျော့နည်းသွားတဲ့ ခံစားမှုနဲ့ ပဋိသန္ဓေနေတဲ့ပုဂ္ဂိုလ်တွေကျတော့ တော်ရုံနဲ့ ပြုံးချင်တာ မရှိဘူးပေါ့၊ အမြဲတမ်း သူက ခပ်တည်တည်ပုံစံမျိုး ဖြစ်နေတတ်တယ်၊ ပြုံးရွှင်မှုနည်းတယ်၊ အဲဒီလို ခံစားချက်နဲ့လည်းပဲ လူတွေဟာ ထူးခြားမှု ဖြစ်ပေါ်လာတတ်တယ်၊ အသိဉာဏ်နဲ့လည်းပဲ ထူးခြားမှုဖြစ်ပေါ်လာတယ်။
စာမျက်နှာ-၁၂၃

မြတ်စွာဘုရား၏ သန္ဓေစိတ်
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်လည်းပဲ ဟောဒီ မဟာဝိပါက်စိတ် ၈-ခုထဲက ၁-ခုနဲ့ ပဋိသန္ဓေနေတာပဲ၊ လူသားမှန်သမျှ မဟာဝိပါက်စိတ် ၈-ခုထဲက တစ်ခုခုနဲ့ နေရတယ်။

ဒါဖြင့် မြတ်စွာဘုရားရဲ့ သန္ဓေစိတ်က ဘယ်စိတ်လဲလို့ မေးလို့ရှိရင် ပထမမဟာဝိပါက်စိတ်လို့ ပြောတယ်၊ ပထမမဟာဝိပါက်စိတ်ဆိုတာ “သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်”၊ သောမနဿသဟဂုတ်ဆိုတာ- ဝမ်းသာမှုနဲ့ ယှဉ်တွဲတယ်၊ ဉာဏသမ္ပယုတ်ဆိုတာ - အသိဉာဏ်နဲ့ ယှဉ်တယ်၊ အသင်္ခါရိကဆိုတာ- ထက်မြက်မှုရှိတဲ့စိတ်တဲ့၊ ဒီလို အင်္ဂါ ၃-ချက်နဲ့ညီတဲ့ စိတ်ဓာတ်နဲ့ မြတ်စွာဘုရားအလောင်းတော်ဟာ ပဋိသန္ဓေတည်နေခဲ့တယ်လို့ ဒီလိုဆိုတယ်။

သို့သော် မြတ်စွာဘုရားရဲ့ ပဋိသန္ဓေနဲ့ ပတ်သက်ပြီးတော့ သီဟိုဠ်ကျွန်းမှာ အဘိဓမ္မာတတ်ကျွမ်းကြတဲ့ ဆရာတော်ကြီးတွေထဲက တချို့ပုဂ္ဂိုလ်တွေက မြတ်စွာဘုရားရဲ့ပဋိသန္ဓေစိတ်ဟာ သောမနဿ မဖြစ်နိုင်ဘူးတဲ့၊ မြတ်စွာဘုရားဟာ အရာရာ တည်ကြည်မှု ရှိတယ် ဆိုပြီးတော့ ဥပေက္ခာနဲ့ ပဋိသန္ဓေနေတယ်လို့ ဒီလိုယူဆတာလည်း ရှိတယ်ပေါ့။

သို့သော် အများလက်ခံထားတာတော့ သောမနဿပဲ၊ ဒါကြောင့်မို့ မြတ်စွာဘုရားကို ချီးမွမ်းတဲ့အခါမှာ ရှိတယ် ... ပိယမုခ - မြတ်စွာဘုရားဟာ အမြဲတမ်းပြုံးရွှင်တဲ့ မျက်နှာရှိတယ်၊ စကားပြောတဲ့အခါမှာလည်းပဲ ပြုံးပြီးတော့ ပြောလေ့ရှိတယ်၊ သုခသမ္ဘာသ - ဘုရားနဲ့ စကားပြောဖို့ရန်အတွက် အင်မတန်မှ...

Footnote: ၁။ စာမျက်နှာ ၁၀၆-၁၀၈ တွင် ဖော်ပြထားသော အကြောင်းအရာသည် ကံ၏ အကျိုးပေးပုံနှင့် ပတ်သက်၍ ဖြစ်သည်။
Footnote: ၂။ စာမျက်နှာ ၁၀၉-၁၁၂ တွင် ဝိပတ္တိတရား (၄) ပါးနှင့် သမ္ပတ္တိတရားတို့၏ အကျိုးသက်ရောက်ပုံကို ရှင်းပြထားသည်။
စာမျက်နှာ-၁၂၄
ဆက်ဆံရေးကောင်းတယ်လို့၊ မိဟိတပုဗ္ဗင်္ဂမ = စကားပြောရင် ပြီးပြီးမှ ပြောတတ်တဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့် သောမနဿ ပဋိသန္ဓေနေတယ်ဆိုတာက ပိုပြီးတော့ မှန်တယ်လို့ မှတ်ယူကြတယ်ပေါ့။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ရဲ့ ပဋိသန္ဓေစိတ်ဟာ “သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်” လို့ဆိုတဲ့ စွမ်းအားပြည့် အထက်မြက်ဆုံး ပဋိသန္ဓေစိတ်ဖြစ်တယ်။ တိဟိတ်ပုဂ္ဂိုလ်တိုင်း တရားထူး ရနိုင်သလား?

ကျန်တဲ့လူသားတွေဟာ ကိုယ့်ဆိုင်ရာဆိုင်ရာ ပဋိသန္ဓေစိတ်တွေနဲ့ လူ့ဘဝကို ရလာကြတယ်၊ အသိဉာဏ်မပါတဲ့ ပုဂ္ဂိုလ်က ဉာဏ်စွမ်းအားထက်မြက်မှု အားပျော့ပြီးတော့ အသိဉာဏ်ပါတဲ့ ပုဂ္ဂိုလ်က ထက်ထက်မြက်မြက် ရှိတယ်ပေါ့။

ဒါကြောင့်မို့ အခုခေတ်မှာ အသိဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ကို bright ဖြစ်တယ်လို့ IQ မြင့်တယ်လို့ ဒီလို ပြောတာပေါ့။ သာမန် အကြောင်းအရာလေးတစ်ခုကိုပဲ အသိဉာဏ်အားပျော့တဲ့ပုဂ္ဂိုလ်က အချိန်ကြာကြာ စဉ်းစားပြီးတော့မှသာ သိနိုင်တယ်၊ ရုတ်တရက် အဖြေ မထုတ်နိုင်ဘူး၊ ချက်ချင်းနားလည်ပြီးတော့ သွက်လက်ချက်ချာတဲ့ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်မျိုးကို ဉာဏသမ္ပယုတ်နဲ့ ပဋိသန္ဓေနေတယ်လို့ ဒီလို ပြောရတယ်။

မြန်မာပြည်မှာ အရင်တုန်းက တရားအားထုတ်တဲ့အခါမှာ လူတွေက စဉ်းစားလေ့ ရှိကြတယ် “တိဟိတ်ပုဂ္ဂိုလ်မှ တရားထူး တရားမြတ် ရနိုင်တယ်” လို့ ဆိုပါစို့ - ဉာဏသမ္ပယုတ် ပဋိသန္ဓေ နေတဲ့ပုဂ္ဂိုလ်မှ ဒီဘဝမှာ ထူးခြားတဲ့အဆင့်မြင့်တဲ့ တရားဓမ္မတွေကို
စာမျက်နှာ-၁၂၅
မျက်မှောက်ပြုနိုင်တယ်ပေါ့၊ ဉာဏဝိပ္ပယုတ်နဲ့ ပဋိသန္ဓေနေလာလို့ရှိရင်တော့ အဆင့်မမှီဘူး၊ အဆင့်မမှီဘူးဆိုတာ တရားထူးတရားမြတ် ရလောက်အောင်ထိကို မဖြစ်ဘူးတဲ့၊ သို့သော် အလဟဿ ဖြစ်တာတော့ မဟုတ်ဘူး၊ အတိုင်းအတာတစ်ခုအထိတော့ ရတယ်ပေါ့။

အဲဒီတော့ တချို့က “တို့က တိဟိတ်မဟုတ်ဘူး၊ ဒွိဟိတ်များ ဖြစ်နေမလား၊ တိဟိတ်မှ တရားထူးတရားမြတ်ရတယ် ဒွိဟိတ်က မရဘူး ဆိုလို့ရှိရင် ကိုယ့်ကိုယ်ကို တိဟိတ်လား ဒွိဟိတ်လား” လို့ စဉ်းစားတွေးခေါ်မှုတွေ ဖြစ်ပေါ်လာတတ်တယ်ပေါ့။

ဒီတော့ တိဟိတ်လား ဒွိဟိတ်လားလို့ဆိုတာ ဘယ်လိုနည်းနဲ့ စမ်းသပ်ကြည့်ရမလဲလို့ဆိုရင် အက္ခဏသုတ္တန်မှာ ဆိုထားတဲ့အတိုင်း ကြည့်မယ်ဆိုရင် တစ်ဦးနဲ့ တစ်ဦး စကားပြောတဲ့အခါမှာ ကောင်းတဲ့စကားလား ဆိုးတဲ့စကားလား ခွဲခြားသိနိုင်စွမ်းရှိပြီဆိုရင်တော့ တိဟိတ်ပုဂ္ဂိုလ်လို့ သတ်မှတ်ရမှာပဲ။ ဒွိဟိတ်ပုဂ္ဂိုလ်ဆိုတာ ကျတော့ ကောင်းတာပြောတာလား ဆိုးတာပြောတာလားဆိုတာကိုပဲ ကောင်းကောင်းသိနိုင်တာ မဟုတ်ဘူး၊ ပြောစကားရဲ့ အနက်အဓိပ္ပါယ်ကို လွယ်လွယ်ကူကူနဲ့ သိနိုင်စွမ်း မရှိဘူးတဲ့။ တိဟိတ်ပုဂ္ဂိုလ်ကျတော့ ဒါမျိုးတွေ သိနိုင်စွမ်းတယ်။ ဒါ့ကြောင့်မို့လို့ ဒီလို ပြောစကားနဲ့ ပတ်သက်ပြီးတော့ ကောင်းစကားလား၊ ဆိုးစကားလား ခွဲခြားပြီးတော့ သိနိုင်စွမ်းရှိတဲ့အသိဉာဏ်ရှိရင်တော့ တိဟိတ်ပုဂ္ဂိုလ်ပဲ၊ ကြိုးစားရင် ကြိုးစားသလောက် ဒီဘဝမှာ အတိုင်းအတာတစ်ခုအထိ ရလာမှာပဲ၊ အဲဒါကိုပဲ ဥပနိဿယသမ္ပတ္တိလို့ ခေါ်တာ။
စာမျက်နှာ-၁၂၆
ဒါပေမယ့် အဲဒီလို တိဟိတ်ပုဂ္ဂိုလ်ဖြစ်တိုင်း တရားထူးရသလားဆိုတော့ မရဘူး၊ အခြားအကြောင်းတွေကြောင့် မရတာ၊ ဆိုပါစို့ - မလုပ်လို့ မရတာလည်း ပါတယ်၊ အစ္ဆန္ဒိက = စိတ်ဆန္ဒ မရှိတဲ့ ပုဂ္ဂိုလ်တွေမှာ မအောင်မြင်ဘူး၊ လုံ့လဝီရိယကင်းမဲ့တဲ့ပုဂ္ဂိုလ်ကလည်းပဲ တရားထူးတရားမြတ် မရနိုင်ဘူး။ သန္ဓေစိတ်က ဘယ်လောက် ကောင်းကောင်း မကြိုးစားဘူး, ပျင်းတယ်ဆိုရင် တရားထူးတရားမြတ် မရနိုင်ဘူး။

နောက်တစ်ချက်ကလည်းပဲ နည်းလမ်းပြတဲ့ ဆရာကောင်း သမားကောင်း မတွေ့ဘူးဆိုရင်လည်း မရနိုင်ဘူး၊ ဆရာကောင်း သမားကောင်းကို ရဖို့လည်း လိုအပ်တယ်၊ မိမိကိုယ်တိုင်ကလည်းပဲ ယောနိသောမနသိကာရ ရှိဖို့ လိုတယ် = မှန်ကန်သောအမြင်တစ်ခု ရှိဖို့လည်း လိုတယ်၊ တရားဓမ္မကိုလည်းပဲ လက်တွေ့ကျင့်သုံးဖို့ လိုအပ်တယ်။

သောတာပန်ဖြစ်ဖို့ ပညာရဖို့ အင်္ဂါရပ်တွေထဲမှာ အပြင်အင်္ဂါ (external condition) က နှစ်မျိုးနဲ့ အတွင်းအင်္ဂါ (internal condition) က နှစ်မျိုး - အဲဒီလေးမျိုး ပေါင်းစပ်မိမှ တရားထူး တရားမြတ်ဆိုတာ ရတာ။

အပြင်အင်္ဂါရပ်နှစ်ခုဆိုတာ သမ္ဗုရိသူပနိဿယနဲ့ သဒ္ဓမ္မသဝနံ၊ သူတော်ကောင်းနဲ့ ဆုံဆည်းမိဖို့ဆိုတာ သူတော်ကောင်းထံ ဆည်းကပ်မှုရမယ်၊ ကြည့်လေ - ရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ အရှင်အဿဇိနဲ့မှ မဆုံဆည်းမိဘူးဆိုရင် သူ တရားနာခွင့်ရမှာ မဟုတ်ဘူး၊ ဘယ်လိုပဲ ဥပနိဿယနဲ့ ပြည့်စုံနေပါစေ၊ သိဉ္စည်းပရိဗိုဇ်ကြီးဆီ ရောက်နေတာကြာပြီပဲ၊ သို့သော် တရားထူးတရား
စာမျက်နှာ-၁၂၇
မြတ်နဲ့ အလှမ်းဝေးနေသေးတယ်၊ ရှင်အဿဇိနဲ့တွေ့လိုက်တာ တစ်ခဏပဲ ရှိသေးတယ်၊ ရှင်အဿဇိဆိုတဲ့ သမ္ဗုရိသူပနိဿယ သူတော်ကောင်းနဲ့ ပေါင်းမိခြင်းဆိုတဲ့ ဒီအကြောင်းတရားပြည့်စုံသွားတယ်၊ ပြည့်စုံရုံတင်မကဘူး၊ ရှင်အဿဇိရှင်းပြတဲ့ သစ္စာ ၄-ပါးကို အတိုချုပ်ရှင်းပြတဲ့ တရားဓမ္မကို နာလိုက်ရတယ် - သဒ္ဓမ္မသဝနံ၊ ဒါက အပြင်အကြောင်းတရားနှစ်ခု။

အဲဒီအပြင်အကြောင်းတရားနှစ်ခုအပြင် ကိုယ့်မှာရှိတဲ့ အခံတရားက ဘာတုန်းဆိုလို့ရှိရင် ယောနိသောမနသိကာရ - ကြားနာတဲ့တရားပေါ်မှာ မှန်မှန်ကန်ကန် စဉ်းစားတွေးခေါ်နိုင်တဲ့ attention ကို wise attention လို့ ခေါ်တယ်၊ မှန်မှန်ကန်ကန် စဉ်းစားတွေးခေါ်တဲ့ ယောနိသောမနသိကာရကို အများအားဖြင့် ပြောကြတာကတော့ မနောဒွါရာဝဇ္ဇန်းလို့ ပြောလေ့ရှိတယ်ပေါ့၊ အာဝဇ္ဇန်းလို့ ဆိုလေ့ရှိတယ်၊ သို့သော် ကျမ်းဂန်များကို သေသေချာချာ လေ့လာကြည့်လို့ရှိရင် ယောနိသောမနသိကာရဆိုတဲ့ စကားလုံးက သာမန်အာဝဇ္ဇန်းမျှသာ မကဘူး၊ သတိလည်း ပါနိုင်တယ်၊ ပညာလည်း ပါနိုင်တယ်၊ ဝီရိယလည်း ပါနိုင်တယ်၊ ဒီသဘာဝတရားတွေ စုစည်းထားတဲ့ သဘောတရားတစ်ခု။

ဒါ့ကြောင့်မို့ ဝိဘင်းပါဠိတော်မှာဆိုရင် သစ္စာနုလောမိက ဉာဏ်ထိအောင် ယောနိသောမနသိကာရကို ကောက်တယ်၊ မှန်ကန်စွာ နှလုံးသွင်းတတ်မှု၊ တစ်ခါတစ်ရံ ယောနိသောမနသိကာရလို့ဆိုတာ ဝိပဿနာဉာဏ်ကို ကောက်တာလည်း ရှိတယ်ပေါ့။

အဲဒီတော့ နေရာဌာနကို ကြည့်ပြီးတော့ မှန်မှန်ကန်ကန် စဉ်းစားတွေးခေါ်တတ်မှု, နှလုံးသွင်းတတ်မှု ဆင်ခြင်တတ်မှုဟာ
စာမျက်နှာ-၁၂၈
ယောနိသောမနသိကာရပဲ၊ ရှင်သာရိပုတ္တရာအလောင်း ရှင်ဥပတိဿပရိဗိုဇ်မှာ ယောနိသောမနသိကာရဆိုတာ ရှိတယ်။

ဒါ့အပြင် တရားဓမ္မပေါ်မှာ ဆင်ခြင်စဉ်းစားနိုင်မှု ရှိတယ်၊ တရားနာရင်းပဲ applied လုပ်ကြည့်တယ်လို့ ခေါ်တယ်၊ တရားနာရင်း ကျင့်တယ်ဆိုတာ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာမှာရှိတာနဲ့ စပ်ဟပ်ပြီးတော့ ကြည့်တာ၊ အချိန်တိုအတွင်းမှာ တရားကျင့်တဲ့သဘော၊ အဲဒါကို ဓမ္မာနုဓမ္မပဋိပတ္တိ လို့ ပြောတယ်၊ ဓမ္မဆိုတာ အဆင့်မြင့်တဲ့ လောကုတ္တရာတရား၊ အနုဓမ္မဆိုတာ ထိုအဆင့်မြင့်တဲ့ လောကုတ္တရာတရားနဲ့ လျော်တဲ့ ထိုလောကုတ္တရာတရားကို ရစေနိုင်တဲ့ သီလ သမာဓိ ပညာဆိုတဲ့ ကျင့်စဉ်ကို ပြောတာ၊ ဒီတော့ ဓမ္မအတွက်သင့်လျော်တဲ့ အနုဓမ္မဆိုတဲ့ ကျင့်စဉ်တစ်ခုကို ကျင့်တာဟာ တရားထူးတရားမြတ်ရခြင်း အကြောင်းတစ်ခုပဲ။ ဒီနှစ်ခုက internal condition တွေ။

အတွင်းအကြောင်းနဲ့ အပြင်အကြောင်း နှစ်မျိုး ပေါင်းစပ်လိုက်တဲ့အခါမှာ ထူးခြားတဲ့ တရားထူးတရားမြတ်တွေကို ရလာတယ်လို့ ပြောတာ၊ အပြင်အကြောင်းက ချို့တဲ့နေရင်လည်း မရနိုင်ဘူး၊ အတွင်းအကြောင်းက ချို့တဲ့နေရင်လည်း မရနိုင်ဘူး။

တစ်ခါတစ်ရံမှာ အနှောင့်အယှက်ဝင်ပြီးတော့ တရားထူးတရားမြတ် မရနိုင်တာ ရှိသေးတယ်၊ ကြီးမားတဲ့ အနှောင့်အယှက်ကြီးတစ်ခုက အခြေအနေကောင်းတွေကို ဖျက်ဆီးပစ်လိုက်တာမျိုးလည်း ရှိတတ်သေးတယ်၊ အဇာတသတ်လို ပုဂ္ဂိုလ်မျိုးပေါ့။
စာမျက်နှာ-၁၂၉

ကုစားမရသော အပြစ်
တကယ်တော့ အဇာတသတ်မင်းဟာ ဥပနိဿယသမ္ပတ္တိ ရှိတယ်၊ တိဟိတ်ပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ၊ အသိဉာဏ်ထက်မြက်တယ်၊ သို့သော် ဒေဝဒတ်ဆိုတဲ့ မိတ်ဆွေယုတ်နဲ့ မှားမှားယွင်းယွင်း ပေါင်းမိပြီး ဒေဝဒတ်ရဲ့ စကားကို နားထောင်ပြီးတော့ မိမိရဲ့ ဖခင်အရင်းကို သတ်ဖြတ်မှုလို့ဆိုတဲ့ ပိတုဃာတကကံကြီးကို ကျူးလွန်လိုက်တယ်၊ ပြင်လို့မရတဲ့ အမှားကြီးတစ်ခုကို ကျူးလွန်လိုက်တော့ အဲဒီအမှားကြီးက ကြားထဲမှာ ကန့်လန့်ပိတ်သွားတယ်၊ သူ့ရဲ့ အခွင့်အရေးတွေဟာ လုံးဝဆုံးရှုံးသွားတယ်၊ ပြင်လို့ မရဘူးဆိုတဲ့ စကားလုံးတစ်ခုကို အဒုကိစ္ဆာ လို့ ပြောတယ်၊ incurable ကုစားလို့ မရဘူးတဲ့။

တချို့ကိစ္စတွေက ပြင်လို့ မရဘူး၊ ပြင်လို့မရတာကိုပဲ ကုစားလို့ မရဘူးလို့ ပြောတာ၊ ပဉ္စာနန္တရိယကံတွေထဲက ကံကြီးတစ်ခုကို ကျူးလွန်လိုက်ပြီ ဆိုလို့ရှိရင် အဲဒီအမှားဟာ ပြင်ဖို့ တော်တော်ခက်သွားတဲ့ အမှားတစ်ခု ဖြစ်သွားတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ အင်မတန်ကြီးမားတဲ့ပြစ်မှုကြီးတစ်ခုကို ကျူးလွန်လိုက်တာဖြစ်သည့်အတွက်ကြောင့် အခြေခံကောင်းတွေဟာ ပျက်စီးဆုံးရှုံးသွားတယ်၊ လက်လွတ်သွားတယ်လို့ ဒီလိုပြောတယ်ပေါ့။ ဒီလိုနည်းနဲ့လည်း တရားထူးတရားမြတ်က လွဲချော်သွားနိုင်သေးတယ်တဲ့။
တူညီသော အကျိုး
အေး - ကောင်းပြီ - လူ့ဘဝရဲ့သန္ဓေစိတ်ကလေးကို ကံက ပေးလိုက်တယ်၊ မဟာဝိပါက်စိတ် ၈-ခု၊ အကောင်းဆုံးဆိုရင် မဟာ
စာမျက်နှာ-၁၃၀
ဝိပါက်ဉာဏသမ္ပယုတ်စိတ် ၄-ခုဆိုတဲ့ ပဋိသန္ဓေစိတ်လေးခု ပေးထားတယ်၊ အဲဒီပဋိသန္ဓေစိတ် ရထားတဲ့ ပုဂ္ဂိုလ်ဟာ အခုနက internal condition တွေနဲ့ external condition တွေနဲ့ ပေါင်းဆုံပြီးတော့ - ပြင်ဘက်က ကောင်းတဲ့အကြောင်းနှစ်ခု, အတွင်းဘက်က ကောင်းတဲ့အကြောင်းနှစ်ခုနဲ့ ပေါင်းဆုံပြီးတော့ အကြောင်းညီညွတ်သွားပြီဆိုရင် တရားထူးတရားမြတ် ရသွားနိုင်ပါတယ်၊ တခြားအကြောင်းတွေကတော့ အများကြီး ရှိသေးတာပေါ့နော်၊ အကြောင်းတရားဆိုတာတစ်ခုတည်း မဟုတ်ဘူး၊ အကြောင်းပေါင်းမြောက်မြားစွာ ရှိတယ်။

နတ်ပြည် ၆-ထပ်မှာဖြစ်ကြတဲ့ နတ်တွေမှာလည်းပဲ ထို့အတူပဲ မဟာဝိပါက်စိတ် ၈-ခုနဲ့ပဲ သန္ဓေတည်ကြတယ်၊ ဗြဟ္မာတွေကျတော့ သူတို့ဘုံအားလျော်စွာ သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီး ဈာန်တွေကိုရရှိသွားလို့ ထိုဈာန်ကုသိုလ်တွေကနေပြီးတော့ တူညီသော အကျိုးတစ်ခုကို ပေးကြတယ်၊ “ဇနေတိ သဒိသံ ပါကံ” ကုသိုလ်နဲ့ ထပ်တူထပ်မျှ အကျိုးပေးတာကတော့ ဒီဈာန်ကုသိုလ်တွေကို ပြောတာ။

ကာမာဝစရကုသိုလ်တွေက ထပ်တူညီတဲ့အကျိုး မပေးဘူး၊ ထပ်တူညီတဲ့အကျိုး မပေးဘူးဆိုတာက - တိဟိတ်ကုသိုလ်ကလည်း ညံ့သွားလို့ရှိရင် ဒွိဟိတ်ပဋိသန္ဓေအကျိုးကို ပေးသေးတယ်၊ ဒွိဟိတ်ပဋိသန္ဓေကလည်းပဲ အဟိတ်ပဋိသန္ဓေအကျိုးကို ပေးသေးတယ်၊ ထပ်တူထပ်မျှ တူညီတဲ့အကျိုးကို ကာမာဝစရကုသိုလ်တွေက မပေးနိုင်ဘူး၊ ရူပါဝစရကုသိုလ်ကံကျတော့ အဲဒီလို မဟုတ်ဘူး၊ ကိုယ်ရထားတဲ့ ကုသိုလ်ရဲ့စွမ်းအားအတိုင်းပဲ၊ ဆိုလိုတာက ပထမဈာန်ရရင် ပထမဈာန်ဝိပါက်ဆိုတဲ့ အကျိုးကို ပေးတယ်။
စာမျက်နှာ-၁၃၁
နောက်ဆုံး အဆင့်မြင့်ဆုံး နေဝသညာနာသညာယတန ဈာန်ကုသိုလ် ရထားတဲ့ပုဂ္ဂိုလ်ရဲ့ ရရှိလာတဲ့အကျိုးက နေဝသညာနာသညာယတနဝိပါက်၊ ထပ်တူညီမျှတဲ့ အကျိုးပေးတယ်၊ အဲဒါကို အဘိဓမ္မတ္ထသင်္ဂဟကျမ်းထဲမှာ “ဇနေတိ သဒိသံ ပါကံ” လို့ အဲဒီလို ပြောတာ။

အေး - လူ့လောကမှာ သူတစ်ပါးကို သတ်ခဲ့လို့ ဒီဘဝ အသတ်ခံရတယ်ဆိုတာမျိုးကျတော့ “ကမ္မသရိက္ခက - ကံနှင့်အလားတူတဲ့အကျိုး” လို့ ဒီလိုပြောရမယ်၊ သို့သော် ရောပြီးတော့ ပြောနေကြတယ်၊ “ဇနေတိ သဒိသံ ပါကံ”၊ “အေး - ကံတူ အကျိုးပေးတွေ” လို့ပဲ ပြောကြတာနော်၊ အဲဒီတော့ ပုံစံတူအကျိုးပေးတာကတော့ ခုနက ဈာန်ကုသိုလ်တွေကမှ ပုံစံတူအကျိုးပေးတာ သေချာတယ်။

ကောင်းပြီ - လူ့ဘဝမှာ ပဋိသန္ဓေအခါမှာ ဘဝတစ်ခုအစပြုလာတဲ့အချိန်မှာ ဒီစိတ်ကလေးတွေက စတာ၊ ဒီစိတ်ကလေးတွေက စတာကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်မှာ “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဒီလိုဟောတာ။

“ဝိညာဏပစ္စယာ နာမရူပံ” သန္ဓေစိတ်နှင့်အတူ ဖြစ်လာသော “နာမ”

ဒါဖြင့် ဒီသန္ဓေစိတ်ကလေး ပေါ်လာတဲ့အခါ ဒီသန္ဓေစိတ်ကလေး တစ်မျိုးတည်းပဲ ပေါ်သလား? လူ့ဘုံလူ့ဘဝနဲ့ ပြောရမယ်ဆိုရင် ဒီသန္ဓေစိတ်ကလေး ပေါ်လာလို့ရှိရင် ထိုသန္ဓေစိတ်ကလေး
စာမျက်နှာ-၁၃၂
နဲ့ယှဉ်တွဲလာတဲ့ စိတ်ရဲ့စွမ်းအားတွေ စိတ်ရဲ့လှုပ်ရှားမှုတွေလို့ ပြောရမယ့် စေတသိက်တွေ ပါလာပြီ၊ စိတ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် အဲဒီစေတသိက်တွေကလည်း ပြိုင်တူပေါ်လာကြတယ်။

ဆိုပါစို့ - မဟာဝိပါက်စိတ် ၈ ခုထဲက ၁-ခုခု ပေါ်လာပြီဆိုရင် ယေဘူယျအားဖြင့် ပြောလို့ရှိရင် ၃၃-မျိုးသော စေတသိက်တွေနဲ့ ပြိုင်တူပေါ်လာတယ်။

ဆိုပါစို့ - ပထမ မဟာဝိပါက်စိတ်ဆိုရင် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်၊ အဲဒီစိတ်ကလေးနဲ့ သန္ဓေတည်တဲ့ ပုဂ္ဂိုလ်မှာ စေတသိက်-၃၃ ပါလာတယ်၊ အဲဒီမှာ ပဋိသန္ဓေစိတ်ကလေးကိုတော့ “ဝိညာဏ” လို့ နာမည်ပေးတယ်၊ အဲဒီဝိညာဏဆိုတဲ့သန္ဓေစိတ်ကလေး ပေါ်လာတာကြောင့် သူနဲ့အတူတကွ ယှဉ်တွဲလာတဲ့ စေတသိက်တွေကိုတော့ “နာမ” လို့ အမည်ပေးပြီးတော့ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်မှာ “ဝိညာဏပစ္စယာ နာမရူပံ” ဆိုတဲ့ အထဲမှာ ထည့်ဟောလိုက်တာ။

ဒီတော့ သန္ဓေစိတ်ကလေး ပေါ်လာရင် သူနဲ့ယှဉ်တဲ့ စေတသိက်လေးတွေဟာ အတူပါလာတယ်၊ ကံတရားက ဖန်တီးတဲ့အခါမှာ စိတ်နဲ့ စေတသိက်ကို နာမ်လို့ပဲ ဒီလိုရောပြီးတော့ မှတ်ရအောင်၊ စိတ်စေတသိက်အတိအကျကိုတော့ အဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်တွေ ပြောနိုင်တာပေါ့။ စိတ်အားလျော်စွာ စေတသိက်တွေရဲ့ပမာဏတွေကို အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ လာတဲ့အတိုင်း ဒီလို ပြောရတယ်။
စာမျက်နှာ-၁၃၃
အခု သန္ဓေစိတ်ကလေးကတစ်ခု, သန္ဓေစိတ်နဲ့ ယှဉ်တဲ့ စေတသိက်က တစ်ခု၊ အဲဒါလေးက “နာမ်”၊ ကံကနေ ထုတ်လုပ်လိုက်တယ်။
သန္ဓေစိတ်နှင့်အတူ ဖြစ်လာသော “ရူပါ”
ကံက တခြားဘာထုတ်လုပ်သေးတုန်းဆို ကမ္မဇရုပ်ကိုလည်း ထုတ်လုပ်ပေးသေးတယ်၊ လူသားတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် မဟာဝိပါက်စိတ်စေတသိက် ဒါက တစ်ပိုင်း၊ နောက် ကမ္မဇရုပ်၊ ကမ္မဇရုပ်ထဲမှာ လူ့ဘဝအတွက် အခြေခံအကျဆုံး ကမ္မဇရုပ်ကို ဘာကစပြောရမတုန်းဆိုလို့ရှိရင် body ဆိုတဲ့ လူ့ခန္ဓာကိုယ်မှာ ကာယပသာဒဟာ အရေးကြီးဆုံးပဲ၊ အဲဒီကာယပသာဒ ဦးဆောင်တဲ့ ရုပ်ပေါင်းက ၁၀-ခု၊

ရုပ်ဆိုတာ ဘယ်တော့မှ တစ်ခုတည်းတည်ပြီးတော့ မနေဘူး။ အနည်းဆုံး ၈-ခုနဲ့ ဖွဲ့စည်းတယ်၊ ထိုအနည်းဆုံး ၈-ခုကို အဋ္ဌကလာပ်ရုပ်လို့ ခေါ်တယ်၊ စုပြီးတော့ တည်တာ၊ အခြေခံအားဖြင့် အားလုံးရဲ့ တည်ရာအနေနဲ့ ပထဝီရုပ်, ထိုပထဝီဆိုတဲ့ မာမှုပျော့မှုသဘောကို စုစည်းပေးတဲ့ အာပေါ, ရင့်ကျက်စေတတ်တဲ့ တေဇောနဲ့ တွန်းကန်ထောက်ကူပြုထားတဲ့ ဝါယောဆိုတဲ့ မဟာဘုတ် ၄-ပါး၊ အဲဒီမဟာဘုတ် ၄-ပါး အစုအစည်းမှာ မျက်စိနဲ့ မြင်လို့ရတဲ့ အဆင်း, နှာခေါင်းနဲ့ နမ်းရှုလို့ရတဲ့ အနံ့, လျှာနဲ့ လျက်လို့ရတဲ့ အရသာ, အာဟာရဓာတ်သဘောဖြစ်တဲ့ ဩဇာဆိုတဲ့ ဒီမှီတွယ်ပြီးတော့ ဖြစ်လာတဲ့ ရုပ်က ၄-ခု၊ အားလုံးပေါင်းလိုက်တဲ့အခါကျတော့ ရုပ်က ၈-ခု၊ အဲဒီရုပ် ၈-ခုဟာ အဝိနိဗ္ဗာဂ (indivisible) ခွဲစိတ်လို့ မရတဲ့
စာမျက်နှာ-၁၃၄
အရာပဲ၊ unity of matter ပေါ့၊ ၈-ခုကိုမှ ၁-ခု ဖွဲ့စည်းထားတာ၊ ဘယ်အရာပဲဖြစ်ဖြစ် မြူမှုန်လေးကအစ ဒီ ၈-ခုရဲ့အစုအဝေးလေးပဲ၊ အဲဒီ ၈-ခုက သူ့ရဲ့ သဘာဝအတိုင်းအတာတွေ မပျက်စီးဘဲနဲ့ ခွဲခြားလို့ မရဘူး၊ ခွဲလိုက်ရင် ပျက်စီးသွားတယ်၊ ဒါကြောင့် indivisible ခွဲလို့ မရဘူးလို့ ပြောတာ။

သက်ရှိသတ္တဝါတွေကျတော့ ဇီဝိတိန္ဒြေဆိုတာ တစ်ခုထပ်ထည့်ရတယ်၊ ဒါကြောင့်မို့ ဗုဒ္ဓစာပေအရ ဇီဝဆိုတာ ကံတရားက ထုတ်လုပ်တဲ့ အကျိုးတရားတစ်ခုသာ ဖြစ်တယ်၊ သက်ရှိသတ္တဝါတွေမှာသာလျှင် ဒီဇီဝိတိန္ဒြေဆိုတာ ဖြစ်နိုင်တယ်ပေါ့။ Biology တို့ ဘာတို့ကပြောတဲ့ ဇီဝမျိုးက ဗုဒ္ဓဘာသာတရားတော်နှင့် မဆိုင်တဲ့ဟာမျိုးပဲ၊ ဒီတော့ ဇီဝရှိနိုင်တာဟာ သက်ရှိသတ္တဝါတွေပဲ၊ ဘာဖြစ်လို့တုန်း၊ ကံက ထုတ်လုပ်တာဖြစ်လို့၊ ကံနှင့်သက်ဆိုင်တယ်။

ဒီတော့ ခုနရုပ်တွေထဲမှာ ဇီဝိတိန္ဒြေဆိုတဲ့ ရုပ်ကလေးတစ်ခုထည့်လိုက်တဲ့အခါ ၉-ခု၊ အဲဒီ ၉-ခုကို အခြေခံပြီးတော့ ဖွဲ့စည်းရမယ်၊ ဒီထဲမှာ ကာယပသာဒရုပ်ကို ထည့်လိုက်တဲ့အခါကျတော့ ရုပ် ၁၀-ခု အပေါင်း၊ ၁၀-ခုသည် ၁-ခုဖြစ်တယ်၊ 10 in one ပေါ့၊ ၁၀-ခုကို ၁-ခု လုပ်ထားတာ၊ ၁၀-ခုကို ၁-ခု unity လေး ဖွဲ့ထားတာ၊ အဲဒီရုပ်အစုလေးဟာ ခုနပဋိသန္ဓေစိတ်ကလေးနဲ့ အတူပေါ်လာတယ်၊ ကံကနေ ထုတ်လုပ်ပေးလိုက်တာ၊

အဲဒီလိုပဲ နောက်ထပ်အရေးပါတာတစ်ခုက ဘာတုန်းဆိုရင် ဝတ္ထုဒသကကလာပ် ဟဒယဝတ္ထုလို့ ပြောချင်ပြော၊ သို့မဟုတ် မြတ်စွာဘုရားဟောတဲ့အတိုင်း ဟဒယဆိုတဲ့စကားလုံး မထည့်ဘဲနဲ့ ဝတ္ထုဒသကကလာပ်၊ စိတ်ရဲ့မှီရာ ဝတ္ထုရုပ်၊ အဲဒီဝတ္ထုရုပ်ဦးဆောင်
စာမျက်နှာ-၁၃၅
တဲ့ ရုပ်ကလာပ်၊ ရုပ်ပေါင်း ၁၀-ခု အဲဒါက တစ်စု၊ ခုနက ကာယပသာဒဦးဆောင်တာက ၁၀-ခု၊ ဝတ္ထုရုပ်ဦးဆောင်တာက ၁၀-ခု၊ လူသားဖြစ်ဖို့ရန်အတွက် အဲဒီရုပ်ပေါင်း-၂၀။

တစ်ခါ လူသားတွေမှာ ဖိုမဆိုတဲ့ ကွဲပြားခြားနားမှုလေးက ရှိတယ်၊ ကွဲပြားခြားနားမှု ရှိလာသည့်အတွက်ကြောင့် ဖို, မအတွက် ဘာဝဒသကကလာပ်ဆိုတာ - အမျိုးသမီးတွေကျတော့ ဣတ္ထိဘာဝဒသကကလာပ်ဆိုတဲ့ ရုပ် ၁၀-ခု၊ အမျိုးသားဖြစ်မည့်ပုဂ္ဂိုလ်ကျတော့ ပုမ္ဘာဝဒသကကလာပ်ဆိုပြီးတော့ ရုပ် ၁၀-ခု... ပေါင်းလိုက်တဲ့အခါကျတော့ ရုပ်-၃၀ ရတယ်။

အဲဒီ ရုပ်ပေါင်း-၃၀ ရယ်၊ ခုနက စိတ်စေတသိက်ရယ် - အဲဒီအစုလေးဟာ ကံတရားကနေ ထုတ်လုပ်လိုက်လို့ လူ့ဘဝရဲ့အဆုံးပဲ၊ အဲဒီအစဆုံးကို ကလလ လို့ ခေါ်တယ်၊ ကလလဆိုတာ အလွန်သေးငယ်တဲ့ အစက်အပေါက်ကလေးတစ်ခုကို ပြောတာ။
ကလလရေကြည် ပမာဏ
ဘယ်လောက်သေးသလဲဆိုလို့ရှိရင် စာပေကျမ်းဂန်တွေမှာ ဖေါ်ပြတာ - အပ်ကလေးကို ဆီထဲနှစ်ပြီးတော့ အကြိမ်ကြိမ် ခါလိုက်တဲ့အခါ အပ်ဖျားလေးမှာကျန်နိုင်တဲ့ ဆီပေါက်ကလေးလောက် ဖြစ်တယ်တဲ့၊ သာမန်မျက်စိနဲ့ မမြင်နိုင်ဘူး၊ microscope နဲ့ ကြည့်မှ မြင်ရတဲ့ အနေအထားမျိုးပေါ့၊ အဲဒီလောက်ထိအောင် သေးတဲ့ အဖွဲ့အစည်းလေးကို ပြောတာ။

ဒါ့ကြောင့်မို့ ကလလရေကြည်လေးက ဘယ်မှာတည်တာတုန်းလို့ မေးလို့ရှိရင် - မြတ်စွာဘုရားက “မာတာပတ္တိကသမ္ဘဝေါ”
စာမျက်နှာ-၁၃၆
လို့ - မိခင်ဖခင်တို့ရဲ့ ovum လို့ခေါ်တဲ့အရာနှင့် sperm လို့ခေါ်တဲ့အရာ၊ မိခင်ဖခင်တို့ရဲ့မျိုးဥထဲမှာ ဒီကလလရေကြည်လေးက တည်တယ်လို့ ဆိုတယ်၊ ဒီ ကလလရေကြည်ဆိုတာ ovum နှင့် sperm ကို ခေါ်တာ မဟုတ်ဘူး၊ ကလလရေကြည်ဆိုတာ ခုနက ရုပ်နဲ့ နာမ်အစုကလေးကို ခေါ်တာ၊ ဒါကြောင့်မို့လို့ အလွန်သေးတယ်၊ အဲဒီထဲမှာ ဒီလူ့ရဲ့သန္ဓေက စတာ။

လူသားရဲ့အစဟာ အဲဒီမှာ၊ အဲဒါကို ဘယ်သူက ဖန်တီးပေးတာတုန်းဆိုတော့ ကံက ဖန်တီးပေးတာ၊ ဒါဖြင့် ကံက ဖန်တီးပေးထားတဲ့ ဒီပဋိသန္ဓေစိတ်ကလေးရယ် စေတသိက်ကလေးတွေရယ် ခုနက ရုပ်ပေါင်း-၃၀ ရယ်... ဒါတွေက မိဘရဲ့ သုက်သွေးလို့ခေါ်တဲ့အရာပေါ်မှာ အခြေပြုပြီးတော့ ကြီးထွားရတယ်, အစပျိုးရတယ်။

ဥပမာ ဘာနဲ့တူတုန်း ဆိုလို့ရှိရင် - မိဘရဲ့သုက်သွေးက မြေလွှာနဲ့ တူတယ်၊ အခုပြောတဲ့ ကလလလေးက မျိုးစေ့လေးနဲ့ တူတဲ့ သဘောပေါ့။

ဒါဖြင့် ဒီကလလလေးဟာ မိခင်ရဲ့ဝမ်းထဲက မိဘရဲ့ သုက်သွေးပေါ်မှာသာ မှီတည်နိုင်သလားလို့ ဆိုတော့ ဒီကနေ့ခေတ်မှာ ဒါတွေ အမျိုးမျိုးလုပ်နေကြတာ ရှိတာပေါ့၊ လူတွေတီထွင်တဲ့ ဖန်ပြွန်လူသားဆိုတာ ရှိတယ်၊ မိဘရဲ့ သုက်သွေးကို တစ်နေရာပြောင်းရွှေ့ပြီးတော့ မွေးမြူကြတယ်၊ ဘာပဲဖြစ်ဖြစ် သန္ဓေတည်နိုင်လောက်တဲ့ အနေအထားတစ်ခုပေါ်မှာ သန္ဓေတည်တာကတော့ ဖြစ်နိုင်တာချည်းပဲ၊ ဘာဖြစ်လို့တုန်းဆိုတော့ ဒီသန္ဓေတည်ရတယ်ဆိုတာ ခုနက ကလလဆိုတဲ့ မျိုးစေ့လေးရဲ့ ပေါက်ဖွားရာ ဖြစ်တာကိုး၊ ပေါက်
စာမျက်နှာ-၁၃၇
ဖွားနိုင်ဖို့ အခြေအနေပေးပြီဆိုလို့ရှိရင် ဘယ်နေရာပဲဖြစ်ဖြစ် ပေါက်ဖွားလို့ ရတယ်ပေါ့။
သတ္တဝါတွေ မွေးဖွားလာနည်း ၄-မျိုး
လောကမှာ အားလုံးသောသတ္တဝါတွေ မွေးဖွားလာပုံ မွေးဖွားလာနည်းက ၄-မျိုးလို့ဆိုတာ မဇ္ဈိမနိကာယ် မဟာသီဟနာဒသုတ်မှာ မြတ်စွာဘုရားက ဟောထားတာ ရှိတယ်။

နံပါတ်(၁)က အဏ္ဍဇ - ဥထဲမှာ သန္ဓေတည်လာတာလို့ ဆိုတယ်။
နံပါတ်(၂)က ဇလာဗုဇ - မိခင်ရဲ့သားအိမ်ထဲမှာ သန္ဓေတည်တာ။
နံပါတ်(၃)က သံသေဒဇ - အညှီအဟောက် အစိုဓာတ်တွေပေါ်မှာ သန္ဓေတည်တာ။
နံပါတ်(၄)က ဥထဲမှာ ဖြစ်တာလည်း မဟုတ်ဘူး၊ မိခင်ရဲ့သားအိမ်ထဲမှာလည်း မဖြစ်ဘူး၊ အပုပ်အညိုမှာ စွဲပြီးတော့ ဖြစ်တာလည်း မဟုတ်ဘူး၊ ရုတ်တရက် ဘွားကနဲ ခန္ဓာကိုယ်ထင်ရှား ပေါ်လာတာမျိုးကျတော့ ဩပပါတိက လို့ ခေါ်တယ်။

လူသားတွေ မွေးဖွားပုံမွေးဖွားနည်းက ဒီ ၄-မျိုးနဲ့ဆိုင်တယ်၊ ဒါကြောင့်မို့ ဥက မွေးတယ်ဆိုတဲ့ လူသားဆိုတာ ရာဇဝင်ထဲမှာ ရှိတယ်ပေါ့၊ ဒါတွေက ဖြစ်တောင့်ဖြစ်ခဲပေါ့။ များသောအားဖြင့် လူသားတွေက ဇလာဗုဇပဲ။
စာမျက်နှာ-၁၃၈
အဏ္ဍဇနဲ့ ဇလာဗုဇ နှစ်ခုပေါင်းပြီးတော့ ဂဗ္ဘသေယျက လို့ ဒီလိုလည်း ခေါ်တယ်၊ အမိဝမ်းထဲမှာ ကိန်းပြီးတော့ မွေးလာကြတာ၊ ကြက်ကလေးတွေ ငှက်ကလေးတွေက အဏ္ဍဇ၊ လူသားတွေ နွားတွေက ဇလာဗုဇ။

သံသေဒဇဆိုတာ လူသားတွေလည်းပဲ သံသေဒဇအနေနဲ့ မွေးလာတာ ရှိတယ်၊ အားလုံး ကြားဖူးကြလိမ့်မယ် - ပဒုမဒေဝီတို့ ဇာတ်လမ်းတွေနော်၊ နောက် ပေါက္ခရသာတိပုဏ္ဏားတို့ ကြာပွင့်ထဲမှာ မွေးလာတယ်ဆိုတာ၊ အစေးအညံ့တစ်ခုကို စွဲပြီးတော့ သန္ဓေတည်လာတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။

ဩပပါတိကဆိုတာကျတော့ ကမ္ဘာဦးမှာ ဖြစ်လေ့ရှိတဲ့ လူသားတွေပေါ့၊ အမေအဖေ မရှိသေးတဲ့ခေတ်က ကမ္ဘာဦးလူသားတွေဟာ ဩပပါတိကတဲ့၊ ကိုယ်ထင်ရှားဖြစ်ပေါ်လာတဲ့ မွေးဖွားနည်းနဲ့ မွေးဖွားလာတာ။

ဒီတော့ သတ္တလောကကြီးတစ်ခုလုံးမှာ သတ္တဝါတွေ မွေးဖွားလာမှုက ၄-ပါး ၄-နည်း ရှိတယ်လို့ ဒီလို ပြောတယ်၊ ဒါပေမယ့်လို့ အကုန်လုံးခြုံပြီး ပြောတဲ့အခါကျတော့ ဒီလိုပြောရတယ် - ငရဲတို့ နတ်ပြည်တို့ကျတော့ ဥပပါတ်ပဋိသန္ဓေပဲ၊ ဗြဟ္မာတွေလည်း ဥပပါတ်ပဋိသန္ဓေပဲ၊ ကိုယ်ထင်ရှား မွေးဖွားလာတာ၊ ငရဲမှာ သန္ဓေတည်ပြီးတော့ ၉-လ ၁၀-လလွယ်တဲ့ ငရဲသားရဲ့မိခင်ဆိုတာ မရှိဘူး၊ ငရဲရောက်တဲ့လူက ချက်ချင်းပဲ ဘွားကနဲပေါ်လာတဲ့ပုံစံနဲ့ ဖြစ်ကြရတယ်ပေါ့၊ “ဘုမ္မဇိုဝ်းဖြတ်၊ ကြွင်းနတ်-နိဇ္ဈာ၊ ငရဲရွာ၊ တစ်သာ ဥပပါတ်” တဲ့၊ ဥပပါတ်တစ်မျိုးတည်းပဲ ရှိတယ်၊ “အကြွင်းဂတိ၊ လေးယောနိ၊ ရဘိ ပုံသေမှတ်” လို့ဆိုတဲ့စကားအရ ကျန်တာ
စာမျက်နှာ-၁၃၉
တွေကတော့ ဒီလူ့ဘုံအပါအဝင် ၄-မျိုးလုံး ရနိုင်တယ်လို့ ဒီလို ပြောတယ်။
လူသားများ သန္ဓေတည်ပုံ
သို့သော် ယေဘူယျကတော့ လူတွေက ဇလာဗုဇပဲ များတယ်ပေါ့၊ ဘယ်သူ့ရဲ့စွမ်းအားနဲ့ ဒီသဘာဝတရားတွေ ပေါ်လာတုန်းဆိုလို့ရှိရင် ကံရဲ့စွမ်းအားနဲ့ ပေါ်တာ၊ ဒီကနေ့ခေတ်မှာ ovum နဲ့ sperm လို့ခေါ်တဲ့ ဒီကလလရေကြည်မျိုးစေ့ ကျဖို့ရန်အတွက် လူတွေဟာ အမျိုးမျိုးကြိုးစားပြီးတော့ ပုံတူဆိုပြီးတော့ human cloning ဆိုတာတွေ လုပ်လာကြတယ်၊ clone ဆိုတဲ့ ပုံတူတွေ မွေးဖွားဖို့ ကြိုးစားလာကြတယ်။

ဟိုလူ့ဆီက cell ကလေးယူ၊ မျိုးဥနဲ့စပ်၊ စပ်ပြီးတဲ့အခါကျတော့ သန္ဓေတည်အောင် လုပ်တာမျိုးတွေ၊ တိရစ္ဆာန်တွေမှာ စမ်းသပ်ပြီး ပုံတူလုပ်ယူတာမျိုးတွေပေါ့။

တစ်ခါတုန်းက ဂျာမနီသွားတော့ အဲဒီမှာ အဘိဓမ္မာသင်တန်းလာတက်တဲ့ ဂျာမန်ကြီးတစ်ယောက်က မေးဖူးတယ်၊ “clone နဲ့ ပတ်သက်ပြီးတော့ အဘိဓမ္မာအရ ဘယ်လိုဖြေရှင်းမလဲ၊ ဖြစ်နိုင်သလား” တဲ့၊ ဘုန်းကြီးက ဖြေလိုက်တယ် - “ဖြစ်နိုင်တယ်” လို့၊ “ဘာဖြစ်လို့တုန်းဆို သန္ဓေတည်နိုင်တဲ့ အနေအထားဆို ဘယ်နေရာဖြစ်ဖြစ် တည်နိုင်တယ်” လို့၊ သန္ဓေတည်ဖို့ရန်အတွက် အခြေအနေ ၃-ရပ် ဟောထားတာ ရှိတယ်၊ ဒါ ယေဘူယျသဘာဝကို ကြည့်ပြီး ဟောတာ၊ လူတွေရဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုမှာ မာတာစ ဥတုနီ - မိခင်က ဓမ္မတာလာပြီးစ ဖြစ်ရမယ်၊ မာတာ ပိတရော သန္နိပတိတာ
စာမျက်နှာ-၁၄၀
* ovum နဲ့ sperm ပေါင်းစပ်တာ ဖြစ်ရမယ်၊ ဂန္ဓဗ္ဗ လို့ဆိုတဲ့ သန္ဓေလောင်းသတ္တဝါက ရှိရမယ်။

အဲဒီ ဂန္ဓဗ္ဗနဲ့ ပတ်သက်လာတဲ့ အယူအဆကျတော့ အမျိုးမျိုး ကွဲပြားခြားနားမှု ရှိတယ်၊ ဂန္ဓဗ္ဗ သန္ဓေလောင်းဆိုတာ ဘယ်သူ့ကို ခေါ်တာတုန်း၊ သေတဲ့လူကို ပြောတာနော်၊ သန္ဓေလောင်းအနေနဲ့ waiting list စောင့်နေတာမျိုးတော့ မရှိဘူးပေါ့နော်၊ ခရီးသွားတဲ့အခါ တစ်ခါတစ်လေ လက်မှတ်မရလို့ရှိရင် waiting list နဲ့ စောင့်နေရတယ်၊ အေး လူ့ပြည်ကိုလာချင်တဲ့လူကလည်းပဲ လက်မှတ်ကြီးကိုင်ပြီးတော့ waiting list နဲ့ စောင့်နေစရာ မလိုဘူး၊ ဒီလိုတော့ မဟုတ်ဘူးပေါ့။

ဂန္ဓဗ္ဗ - သန္ဓေလောင်းဆိုတာ သတ္တဝါတွေဟာ စက္ကန့်မလပ် သေဆုံးနေကြတယ်၊ အဲဒီသေဆုံးနေတဲ့အချိန်မှာ ခုနပြောတဲ့ အခြေအနေနှစ်ရပ်က ရှိနေတယ်ဆိုရင် အဲဒီသေဆုံးတဲ့သတ္တဝါက ကံအားလျော်စွာ ဒီနေရာမှာ ဖြစ်လာမှာပဲ၊ ဘယ်လောက်ဝေးလံတဲ့နေရာပဲ ဖြစ်ဖြစ်။

ဆိုပါစို့ - တယ်လီဗေးရှင်းလွှင့်တာလိုပေါ့၊ ဟိုး နိုင်ငံခြားက လွှင့်လိုက်ပေမယ့်လို့ ကိရိယာနဲ့ ဖမ်းယူလိုက်တဲ့အချိန်မှာ ချက်ချင်းရောက်လာတဲ့ ရုပ်သံမျိုးပဲ၊ အဲဒါမျိုးလိုပဲ သန္ဓေသားဟာ စုတိစိတ်ကျဆဲဖြစ်တဲ့ပုဂ္ဂိုလ်တွေ၊ စုတိစိတ်ကျလို့ ဥပါဒ်-ဌီ-ဘင် စုတိစိတ်ကလေး ချုပ်သွားတာနဲ့ တစ်ပြိုင်နက် သူဟာ ဂန္ဓဗ္ဗ- သန္ဓေလောင်းပဲ၊ အဆင်သင့်ဖြစ်နေတဲ့နေရာကို သူကျရောက်ပြီးတော့ မွေးဖွားမှာပဲ၊ အဲဒီလို အဆင်သင့်ဖြစ်နေတဲ့နေရာလည်း ရှိတယ်၊ ခုနက clone ဆိုတဲ့ပုံစံမျိုးနဲ့ ဖန်တီးထားတဲ့ နေရာမျိုးလည်း ဖြစ်နိုင်တယ်။
စာမျက်နှာ-၁၄၁
ဘယ်နေရာမျိုးမှာပဲဖြစ်ဖြစ် သန္ဓေတည်လို့ ရတယ်ပေါ့၊ သန္ဓေတည်နိုင်တဲ့ အနေအထားမျိုးတစ်ခု ဖြစ်အောင်တော့ ဖန်တီးရမှာပေါ့။

ဇာတ်တော်တွေထဲမှာပါတယ်- ပဒုမဒေဝီ သားငါးရာလို့ ဆိုတယ်၊ မိခင်တစ်ဦးတည်းက တစ်ချိန်တည်း သားပေါင်းငါးရာ မွေးဖွားဖို့ဆိုတာ ဖြစ်နိုင်စရာအကြောင်း မရှိဘူး၊ ငါးတစ်ကောင်ရဲ့ ဝမ်းထဲမှာတော့ အဥလေးတွေဟာ သန်းချီရှိနိုင်တာပေါ့၊ လူသားတစ်ယောက်ရဲ့သန္တာန်မှာ ဒါမျိုး ရှိဖို့ မဖြစ်နိုင်ဘူး။ ဘယ်လိုနည်းနဲ့ ပဒုမဒေဝီမိဖုရားဟာ သားငါးရာရသတုန်းဆိုရင် အကြီးဆုံးသားက ရိုးရာမွေးဖွားတာ၊ ကျန်တဲ့သားတွေက သွေးစက်ပေါ်မှာ ဇီဝကလပ် (cell) တည်ပြီး မွေးတာ၊ ဒီတော့ အကြီးဆုံးသားက ဇလာဗုဇ၊ ကျန်တဲ့သားတွေက သံသေဒဇ အညီမှာစွဲပြီး ဖြစ်တာပေါ့။ အဲဒီလို အညီမှာတောင်မှ စပြီး လူဖြစ်သေးတာပဲ၊ လူဖြစ်နိုင်တဲ့ အနေအထားတွေ ရှိပါတယ်။

လူတွေဟာ ပုံတူဆိုတဲ့ နေရာမှာ ကံကြမ္မာကူအောင်တော့ လုပ်လို့ မရဘူး၊ ရုပ်ပိုင်းဆိုင်ရာတော့ တူအောင်လုပ်လို့ ရတယ်၊ ရုပ်ပိုင်းဆိုင်ရာ တူအောင်လုပ်တာ ကံနဲ့ချည်းလည်း မဆိုင်ဘူး၊ ဆိုပါစို့ - မြေနက်တွင်းထဲမှာအောင်းတဲ့ ဖွတ်ရဲ့အရောင်ဟာ အနက်ရောင်ပဲ ဖြစ်တယ်၊ မြေနီတွင်းထဲမှာအောင်းတဲ့ ဖွတ်ရဲ့အရောင်ဟာလည်း အနီဖြစ်တယ်ပေါ့၊ ဒါ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုလို့ ဆိုလိုတာ။

အဲဒါကြောင့်မို့လို့ ခုနက clone ဆိုတာကို ဖန်တီးလိုက်တဲ့အခါကျတော့ ဆိုင်ရာဆိုင်ရာပုဂ္ဂိုလ်ရဲ့ cell လေးတွေ အပေါ်မှာ ခုနက ကလလဆိုတဲ့ မျိုးစေ့လေးက ကျလာတာ ဖြစ်သည့်အတွက်ကြောင့် အလားသဏ္ဍာန်တူတဲ့ ပုဂ္ဂိုလ် ဖြစ်သွားတယ်၊ ဒီရုပ်ပိုင်း
စာမျက်နှာ-၁၄၂
ဆိုင်ရာတူညီမှုလို့ ဆိုတဲ့နေရာမှာ တစ်ခါတစ်ရံကျတော့ စိတ်ရဲ့ လွှမ်းမိုးမှုကြောင့် တူသွားတာလည်း ရှိတယ်။
လူဖြူ ဇနီးမောင်နှံ
အားလုံးကြားဖူးကြလိမ့်မယ် - အနောက်တိုင်းမှာ လူဖြူဇနီးမောင်နှံနှစ်ယောက် ရှိတယ်၊ အဲဒီဇနီးမောင်နှံနှစ်ယောက်က မွေးလာတဲ့ သားလေးကျတော့ အမည်းဖြစ်နေတယ်၊ အမည်းဖြစ်တဲ့အခါ ယောက်ျားရဲ့ မသင်္ကာစိတ်တွေနဲ့ ပြဿနာဖြစ်တာပေါ့၊ လူဖြူ အမျိုးသမီးက အမည်းမွေးလာတယ်ဆိုတော့ ပြဿနာဖြစ်တယ်၊ အဲဒီပြဿနာကို မဖြေရှင်းနိုင်တော့ လင်မယားချင်း ကွဲရမည့်အနေအထားမျိုး ရောက်လာတယ်၊ နောက်တော့ အဖြေရှာလို့တွေ့သွားတယ်၊ အဖြေက ဘာလဲဆိုလို့ရှိရင် အဲဒီအမျိုးသမီးနေတဲ့အခန်းထဲမှာ ကပ္ပလီလူမည်းကြီးရဲ့ပုံ ချိတ်ထားတာ ရှိတယ်၊ အမြဲတမ်း အဲဒါချည်းပဲ မြင်နေတော့ ဒီပုံကြီးဟာ မျက်စိထဲမှာ စွဲပြီးတော့ စိတ်စွဲလမ်းမှုဆိုတာမျိုး ဖြစ်သွားတယ်ပေါ့။ အဲဒီစိတ်စွဲလမ်းမှုကြောင့် သူမွေးလာတဲ့ ကလေးဟာလည်းပဲ အမည်းကြီးဖြစ်သွားတယ်၊ အဲဒီရုပ်မျိုး ထွက်လာတယ်၊ ဒါက စိတ်က ဖန်တီးပေးလိုက်တဲ့ clone လို့ ပြောလို့ရတာပေါ့၊ ဒါက တစ်ဆင့်ကြားဖူးတာ။
ဇာတိရွာမှ ဖြစ်ရပ်
နောက်တစ်ခု တကယ်လက်တွေ့ဖြစ်ခဲ့တာတစ်ခုရှိတယ်၊ ဘုန်းကြီးတို့ရဲ့ ဇာတိရွာမှာ ဖြစ်တာ၊ အဲဒီဇာတိရွာမှာ တောသူတောင်သားတွေဆိုတာ အလွန်ရိုးသားကြတယ်၊ မြို့တောင်မှ
စာမျက်နှာ-၁၄၃
ရောက်ဖူးတာ မဟုတ်ဘူး၊ အဲဒီမိသားစုက မွေးလာတဲ့သားလေး နှစ်ယောက်က ဆံပင်က ငွေရောင်ဆံပင်နဲ့ မျက်လုံးပြာနဲ့ အသားက တကယ့်ဥရောပအရောင်။

ဘယ်လိုလုပ်ဖြစ်လဲလို့ စုံစမ်းလိုက်တဲ့အခါ မြန်မာပြည်မှာ ငှက်ဖျားရောဂါအတွက် တောနယ်တွေထိအောင် သွေးစစ်တာတွေ လုပ်တယ်၊ အဲဒီလို သွေးစစ်တာတွေလုပ်တဲ့အခါ ရွာအနှံ့ မျက်နှာဖြူ ပြင်သစ်လူမျိုး နိုင်ငံခြားဆရာဝန်ကြီးတွေ လာကြတယ်။ ရွာက အမျိုးသမီးငယ်တစ်ယောက်က အဲဒီနိုင်ငံခြားသားတွေကို မကြည့်ရဲဘူး ကြောက်တယ်၊ ကြောက်တော့ ပုန်းနေတာ၊ သူတို့လာပြီဆိုရင် သူထွက်ပြေးတယ်၊ ပုန်းတယ်၊ ရွာလူကြီးတွေက မရမက ပုန်းနေတဲ့ထဲက ဆွဲထုတ်ပြီးတော့ သွေးစစ်ခိုင်းတယ်၊ ဒီလူမျိုးခြားတွေ ကြည့်ပြီးတော့ စိတ်စွဲလမ်းမှုတွေ ရှိသွားတယ်၊ ကြောက်လို့ စွဲတဲ့အစွဲ၊ အဲဒီနောက်မှာ သူမွေးလာတဲ့ကလေးတွေက အဲဒီလို ဥရောပရုပ်တွေနဲ့ မွေးတယ်၊ ဒါလည်း clone တစ်ခုပဲပေါ့နော်။

ဘာမှ ခုနကလို cell တွေ ဘာတွေ ယူတာမဟုတ်ဘူး၊ စိတ်စွမ်းအားကြောင့် ဖြစ်သွားတာ၊ အဲဒီကလေးတွေ ဘုန်းကြီးတို့ကျောင်းတောင်မှ သင်္ကန်းလာဝယ်သေးတယ်၊ ဒီကလေးတွေ အခုလည်း ရှိကောင်း ရှိပါလိမ့်မယ်၊ သင်္ကန်းဝတ်နဲ့တော့ မရှိတော့ဘူးပေါ့၊ အဲဒီလို ထူးထူးဆန်းဆန်း စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာကြောင့်ဖြစ်စေ ထူးခြားမှုလေးတွေက ဒါဖြစ်တတ်တဲ့သဘောလေးတွေပါပဲ။
စာမျက်နှာ-၁၄၄

ကံကပေးတာ မှန်သော်လည်း
ရုပ်ရဲ့အခြေအနေတွေဟာ အခြေခံကံက ပေးလိုက်ပေမယ့်လို့ ပတ်ဝန်းကျင်ရဲ့အနေအထားတစ်ခုပေါ်မှာ ရပ်တည်ပြီး ရုပ်တရားရဲ့ပြောင်းလဲမှုဆိုတာ ရှိပါတယ်၊ ဥတုနဲ့ အာဟာရ ထောက်ပံ့မှုကို အခြေခံပြီးတော့ ကံတရားက ဖန်တီးတဲ့ရုပ်ဟာ ရပ်တည်ရတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ဖန်တီးလိုက်တဲ့ ကံတရားက မရှိတော့ဘူးလေ။

မနေ့က ပြောခဲ့သလိုပဲ မျိုးစေ့လေးကို မြေထဲချ စိုက်လိုက်ရင် မျိုးစေ့လေးကတော့ ပုတ်ပြီး ဆွေးသွားမယ်၊ အဲဒီမျိုးစေ့လေးက ဖြစ်ပေါ်လာတဲ့အပင်လေးကို ရှင်သန်နေအောင် ရေတို့ အလင်းရောင်တို့ အပူတို့က စောင့်ရှောက်ထားတာ။

လူ့ဘဝမှာလည်းပဲ ထို့အတူပဲ- ကလလဆိုတဲ့မျိုးစေ့လေးချပြီးတော့ ကံတရားက ရုပ်တွေ ဆက်လက်ထုတ်နေပေမယ့် အဲဒီကံတရားကထုတ်သမျှရုပ်တွေဟာ စိတ်တို့ ဥတုတို့ အာဟာရတို့ဆိုတဲ့ အကြောင်း ၃-ပါးက ဝိုင်းပြီး ထောက်ပံ့ကူညီထားရတာ၊ အဲဒီစိတ်တို့ ဥတုတို့ အာဟာရတို့ဆိုတာတွေကလည်းပဲ ဒီကံရဲ့ စွမ်းရည်သတ္တိကြောင့်မို့ သူတို့ဖြစ်ပေါ်လာတာ၊ အပြန်အလှန်ပေါ့၊ ဒီအကြောင်းတရားတွေဟာ အပြန်အလှန် အထောက်အကူပြုပြီးတော့ ဘဝတစ်ခုဟာ ရှင်သန်နေကြတာတဲ့။

ဆိုပါစို့ - လူတွေက ပြောကြတယ်၊ လူတွေ အရပ်ပုတာ အရပ်ရှည်တာ ထွားကြိုင်းတာ ပိန်လှီတာ- ဒါမျိုးတွေဟာ အာဟာရပေါ် မူတည်ပြီးတော့ ဖြစ်တယ်၊ ဥတုပေါ်မှာ မှီပြီးတော့ ဖြစ်တယ်၊

ဒုတိယကမ္ဘာစစ် ကာလတုန်းက မြန်မာပြည်ကို invade လုပ်တဲ့ Japan တွေဟာ တကယ့်အပုလေးတွေ သေနတ်လေးတွေ
စာမျက်နှာ-၁၄၅
ကလည်း တစ်တောင်လောက်ပဲရှိတဲ့ သေနတ်ကလေးတွေပေါ့၊ ဂျပန်ငပုလို့ ခေါ်ကြတယ်၊ အဲဒီအချိန်တုန်းက အင်မတန်ပုတဲ့သူတွေ၊ သို့သော် အခုအချိန်မှာသွားကြည့်လို့ရှိရင် ဂျပန်တွေက အပုမဟုတ်တော့ဘူး၊ ဘာ့ကြောင့်မပုတာတုန်းဆိုလို့ရှိရင် အစာအာဟာရကို သူတို့ ပြင်ပေးလိုက်တယ်ပေါ့။

မြန်မာပြည်မှာလည်းပဲ တစ်ချိန်တုန်းက ရိုးရာမောင်းထောင်းဆန် စားသည့်အတွက်ကြောင့် ရွှေဘိုနယ်က လူကြီးတွေဟာ ထွားထွားကြိုင်းကြိုင်းကြီးတွေ ရှိတယ်တဲ့၊ ယောင်တစောင်းကြီးတွေနဲ့၊ မြန်မာလူမျိုးတွေဟာ အင်မတန်မှ ထွားကြိုင်းတယ်ဆိုတာ မှတ်တမ်းရှိတယ်ပေါ့၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဆိုရင် အလွန်ထွားကြိုင်းတယ်လို့ ပြောတယ်၊ သန်သန်မာမာ ထွားထွားကြိုင်းကြိုင်းကြီးတွေပေါ့။

နောက်ပိုင်းကျတော့ မြန်မာတွေက ဆန်အဖြူတွေ ကြိုက်လာတော့ ဖွတ်ရင်းဖွတ်ရင်းနဲ့ ဖွဲဓာတ်တွေကမရှိ ကော်တွေပဲကျန်တဲ့ ဆန်ဖြူတွေချည်းပဲ စားလာတဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ ပုပုပြီးတော့ ညှက်ညှက်လာတယ်၊ မြန်မာလူမျိုးတွေဟာ ပိန်ပိန်သေးသေး ပုပုညှက်ညှက်ကလေးတွေ ဖြစ်ဖြစ်လာတယ်။

အဲဒါကြောင့်မို့လို့ အရင်တုန်းက “ဘားပလက်”ဆေးဆိုတာ တီထွင်ထားတာ၊ ဆန်လုံးညိုတွေ စားဖို့ဆိုပြီးတော့ မြန်မာပြည်မှာ တစ်ချိန်တုန်းက ဆော်သြခဲ့သေးတယ်၊ ဟိုးရှေးတုန်းကလူကြီးတွေက မောင်းထောင်းဆန်စားတာ၊ မောင်းထောင်းဆန်စားသည့်အတွက်ကြောင့် လူတွေမှာ အခုခေတ်လိုပြောရင် B ဓာတ်တွေပေါ့၊ B1 တို့ B2 တို့ဆိုတာတွေ ပြည့်ပြည့်ဝဝ ရတယ်ပေါ့၊ အခုခေတ်ကျတော့
စာမျက်နှာ-၁၄၆
ဆန်ကို ထပ်ပြီးတော့ ချောလိုက်သေးတယ်၊ ချောလိုက်တဲ့အခါကျတော့ ဖွဲဓာတ်တွေက တစ်ခုမှ မကျန်တော့ဘူး၊ ကော်လောက်ပဲ ကျန်တော့တယ်၊ အဲဒါတွေ စားတဲ့အခါကျတော့ လူတွေဟာ ထွားကြိုင်းမှု နည်းလာတယ်။

ဟော အခုတစ်ခါ အစာအာဟာရတွေ ကျွေးလိုက်တော့ ဒီကနေ့ခေတ် တချို့ကလေးတွေဟာ အမေအဖေထက် ထွားလာတာကို ပြန်တွေ့ရတယ်၊ မိသားစုနှစ်ဦးရှိပြီ- ဘုန်းကြီးတို့ သတိထားမိတာ၊ အမေအဖေထက်ကို ကလေးတွေက ထွားထွားကြိုင်းကြိုင်းကြီးတွေ ဖြစ်နေကြတယ်၊ ဘာဖြစ်လို့လဲဆိုရင် အစာအာဟာရ စားတာသောက်တာပေါ် မူတည်လို့ပဲ။

ဒီတော့ ရုပ်ခန္ဓာကိုယ်ဆိုတာက ကံတရားနှင့်ချည်း မဆိုင်ဘူး၊ အာဟာရဆိုတာတွေနဲ့လည်း သက်ဆိုင်မှုရှိတယ်၊ ဒါပြင်လို့ရတယ်ပေါ့။ သန္ဓေစိတ်ကိုတော့ ပြင်ပရ...

အေး- အဓိကက နာမ်တရားပဲ၊ အခြေခံဖြစ်တဲ့ ကံတရားက ပေးလိုက်တဲ့ အခြေခံနာမ်တရားဆိုတာကတော့ ပြင်ဖို့ရာ မရဘူး။ သန္ဓေစိတ်ပေါ်မှာ မှီပြီးတော့ ဖြစ်လာတဲ့အတိုင်းပဲ၊ ကံကပေးတဲ့အတိုင်း လူရဲ့စိတ်နေသဘောထားတွေက။

ကောင်းတဲ့ပုဂ္ဂိုလ်နှင့်ပေါင်းရင် အကောင်းဖြစ်တာမျိုးတို့ ဒီလိုပြင်လို့ရတာမျိုးလည်း ရှိတာပေါ့။ အခု ပြင်လို့မရဘူးဆိုတာက ဒွိဟိတ်ပဋိသန္ဓေ- ဉာဏ်မရှိတဲ့ ပဋိသန္ဓေနဲ့ နေလာတဲ့ပုဂ္ဂိုလ်တွေကို ဉာဏ်ရှိအောင် အဆင့်မှီအောင် ပြင်လို့တော့ မရဘူးနော်၊ ဒီဘဝ
စာမျက်နှာ-၁၄၇
မှာ သူ့ရဲ့အတိုင်းအတာလေးတစ်ခုလောက်သာ သူက သင်ကြားလို့ရမယ်၊ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ကလည်းပဲ ဉာဏ်ထက်သည့်အားလျော်စွာ သူကြိုးစားရင် ကြိုးစားသလောက် ဖြစ်လာတယ်။

ကောင်းပြီ - ကံတရားက ဖန်တီးပေးလိုက်တဲ့ ဒီပဋိသန္ဓေစိတ်ကတော့ ရာသက်ပန်တစ်ခုလုံးအတွက် ဒီအတိုင်းပဲ သွားတော့မယ်၊ ပထမဆုံးစိတ်ကလေးကို ပဋိသန္ဓေလို့ ခေါ်ပြီးတော့ နောက်ဆုံးစိတ်လေးကို စုတိလို့ ခေါ်တယ်၊ အာရုံလည်း အတူတူပဲ။ သေခါနီးမှာ ရယူပေးလိုက်တဲ့ ကံက ဖန်တီးပေးလိုက်တဲ့ အာရုံပေါ်မှာ အမှီပြုပြီးတော့ ဒီစိတ်တွေ ဖြစ်တယ်၊ မသေခင်စပ်ကြား ကြားမှာဖြစ်ပေါ်နေတဲ့ ဘဝဂ်လို့ဆိုတဲ့ ဘဝဆက်စပ်မှုကို ဖြစ်ပေါ်စေတဲ့ စိတ်တွေကိုတော့ ဘဝင်လို့ ခေါ်တယ်။
ဝီထိဖြစ်စဉ် နှစ်မျိုး
ဒီတော့ လူတွေရဲ့ စိတ်အစဉ်ကို နှစ်လိုင်းလို့ ခွဲပြီးတော့ မှတ်သင့်တယ်ပေါ့ - ငြိမ်သက်တဲ့စိတ်တွေရဲ့ဖြစ်စဉ်ကတစ်ခုနဲ့ လှုပ်ရှားတဲ့စိတ်တွေရဲ့ဖြစ်စဉ်ကတစ်ခုလို့ ဒီလိုပြောရမယ်၊ အရောင်နဲ့ ခွဲပြောမယ်ဆိုရင် blue line နဲ့ red line ပေါ့။ လူတွေက မွေးဖွားလာတဲ့အချိန်မှာ ငြိမ်သက်နေတာဖြစ်တော့ blue line ပေါ့။ Blue line ဆိုတာ ဘာလဲဆိုရင် ပဋိသန္ဓေရယ်၊ ဘဝင်ရယ်၊ စုတိရယ်၊ ဟော ဒါတွေက ငြိမ်သက်နေတာ၊ ငြိမ်သက်တယ်ဆိုတာ ပစ္စုပ္ပန်ဘဝမှာရှိတဲ့ အာရုံနဲ့ ဘာမှမပတ်သက်ဘူး၊ ဘဝတစ်ခုမှ ကံက ပစ်လွှတ်လိုက်တဲ့ အချိန်အတိုင်းပဲ သွားနေတာ၊ ကံရဲ့အရှိန်နဲ့ သွားနေတာ၊ ပစ္စုပ္ပန်အာရုံနဲ့ ဆက်သွယ်မှု ဘာတစ်ခုမှ မရှိဘူး။
စာမျက်နှာ-၁၄၈
ပစ္စုပ္ပန်အာရုံတစ်ခု ဝင်လာပြီဆိုတဲ့အခါ အဲဒီ blue line ဟာ ပြတ်သွားပြီးတော့ red line ဖြစ်လာတယ်ပေါ့၊ အဲဒါကြောင့်မို့ ဘဝင်စိတ်ကို mind door လို့ ခေါ်တယ်၊ မနောဒွါရလို့ ခေါ်တယ်။ အဲဒီကနေပြီးတော့ စိတ်တွေဟာ ပစ္စုပ္ပန်မျက်မှောက်ဘဝမှာ ရရှိတဲ့ မျက်စိက မြင်ရတဲ့ အာရုံ၊ နားက ကြားလိုက်ရတဲ့ အာရုံ၊ နှာခေါင်းက နမ်းလို့ရတဲ့ အာရုံ၊ လျှာက လျက်လို့ရတဲ့ အရသာအာရုံ၊ ခန္ဓာကိုယ်က ထိတွေ့လို့ရတဲ့ အာရုံ၊ စိတ်ထဲက စိတ်ကူးလို့ရတဲ့ အာရုံတွေဟာ ဖြစ်ပေါ်ပြီးတော့ ပစ္စုပ္ပန်မှာ ဖြစ်ပေါ်လာတဲ့ အာရုံတွေနဲ့ စိတ်ဟာ ဖြစ်စဉ်တစ်ခု ဝင်လာတယ်၊ အဲဒါကို ဝီထိစိတ်လို့ ခေါ်တာပေါ့။

ခုနတုန်းက blue line ကို ဝီထိမုတ်စိတ်လို့ ခေါ်တာပေါ့။ အဲဒါကို အင်္ဂလိပ်လို ပြန်တဲ့အခါကျတော့ thought free လို့ ဒီလိုပြန်လေ့ရှိတယ်။

ဒီတော့ စိတ်ဖြစ်စဉ်ဟာ နှစ်ခုရှိတယ်လို့ ဒီလိုမှတ်ရမယ်၊ သူဟာသူ ငြိမ်သက်ပြီးတော့နေတဲ့ဖြစ်စဉ်ကတစ်ခု၊ လှုပ်ရှားတဲ့ဖြစ်စဉ်ကတစ်ခု၊ လှုပ်ရှားတဲ့ဖြစ်စဉ်က ပစ္စုပ္ပန်အာရုံတစ်ခုနဲ့ပတ်သက်ပြီး လှုပ်ရှားလာတယ်၊ အဲဒီလှုပ်ရှားတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ငြိမ်သက်တဲ့ဖြစ်စဉ်တစ်ခုက ရပ်တန့်သွားရမယ်၊ နှစ်ခုလုံး ပြိုင်ပြီးတော့ မသွားနိုင်ဘူးတဲ့၊ စိတ်ဟာ တစ်ခုချင်းပဲ သွားလို့ရတယ်၊ စိတ်နှစ်ခု ပြိုင်တူသွားတာမျိုး မရှိဘူး။
စာမျက်နှာ-၁၄၉

ပဝတ္တိအခါ၌ ကံတရားက အကျိုးတရားအချို့ကို ထုတ်လုပ်ပုံ
အဲဒီမှာ ပဋိသန္ဓေစိတ်တို့၊ ဘဝင်စိတ်တို့၊ စုတိစိတ်တို့ဆိုတာ ကံကနေ အခြေခံဖန်တီးပေးလိုက်တဲ့ ကံရဲ့အကျိုးတရားများသာဖြစ်တယ်၊ အဲဒီမှာ ပဋိသန္ဓေစိတ်နောက်ပိုင်းကနေပြီး မသေမီကာလအတွင်းမှာ ပဝတ္တိဆိုတဲ့အချိန်မှာလည်းပဲ ကံတရားက အကျိုးတရားအချို့ကို ဖြစ်စေတတ်သေးတယ်။

ဆိုပါစို့ - စက္ခုဝိညာဏ်စိတ်၊ သောတဝိညာဏ်စိတ်၊ ဃာနဝိညာဏ်စိတ်၊ ဇိဝှါဝိညာဏ်စိတ်၊ ကာယဝိညာဏ်စိတ်ဆိုတဲ့ - မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ လျက်သိစိတ်၊ ထိသိစိတ်- အဲဒီစိတ်တွေဟာ ကံရဲ့အကျိုးတရားတွေပဲ၊ သူတို့တွေကို ကံက ဖန်တီးပေးတာ၊ ဒါကြောင့်မို့လို့ ဓမ္မသင်္ဂဏီပါဠိတော်မှာ "ကမ္မဿ ကဋတ္တာ ဥပစိတတ္တာ ဥပ္ပန္နံ ဟောတိ စက္ခုဝိညာဏံ" - ကံတရားကို လုပ်ခဲ့လို့ ကံတရားတွေ စုစည်းမိခဲ့လို့ ကံတရားတွေက ရင့်ကျက်လာသည့်အတွက်ကြောင့် ဒီစိတ်လေးပေါ်ရတယ်လို့ - ဒီလိုပြောတာ။

ဒီစိတ်ကလေးပေါ်တဲ့အခါမှာ ကံတရားသက်သက်နဲ့ ပေါ်တာလားဆိုတော့ မဟုတ်ဘူး၊ ကံတရားသက်သက်နဲ့ သူတို့မပေါ်နိုင်ဘူး၊ ဘာကြောင့်ပေါ်ရတာတုန်းဆိုလို့ရှိရင် အာရုံနဲ့ဝတ္ထု တိုက်ဆိုင်မှုကြောင့် ပေါ်ရတာ၊ တခြားအချိန်မှာဆိုရင် ပေါ်လို့မရဘူး။

ဒါဖြင့် တခြားအချိန်မှာ ဒီစိတ်လေးတွေ ဘယ်သွားနေသလဲလို့ တချို့က စဉ်းစားကောင်း စဉ်းစားလိမ့်မယ်၊ အဲဒီလို စဉ်းစားမိလို့ရှိရင် မီးခြစ်ဘူးထဲက မီးကလေးဟာ ဘယ်နားနေသလဲလို့ ကိုယ့်ဟာကိုယ် မေးပြီး အဖြေရှာကြည့်ပေါ့။ gas မီးခြစ် - မီးကလေးဟာ ဘယ်နားနေသလဲလို့ အဖြေရှာကြည့်လို့ရှိရင် ဟောဒီမြင်သိ
စာမျက်နှာ-၁၅၀
စိတ်ကလေးတွေ ဘယ်နားနေသလဲဆိုတဲ့ အဖြေတွေ့မှာပေါ့၊ မီးခြစ်ဘူးထဲက မီးကလေးဟာ ဘယ်မှာနေတယ်လို့ ထင်လဲ? မေးကြည့်လိုက်ပေါ့။ မီးခြစ်ဘူးထဲမှာ မီးရှိသလား မရှိဘူးလား၊ မရှိဘူး။ သို့သော် ခုနက ပစ္စုပ္ပန်အကြောင်းနဲ့ တိုက်ဆိုင်တဲ့အခါကျတော့ မီးမရဘူးလား၊ ရတယ်။

ပြောရရင်တော့ possibility - ဖြစ်နိုင်တဲ့အနေအထားတစ်ခု ရှိတယ်၊ ဖြစ်နိုင်တဲ့အနေအထားက ဘာတုန်းဆိုရင် ကံတရားက ဖန်တီးပေးထားတဲ့ စက္ခုပသာဒရုပ်ရှိတယ်၊ အပြင်ဘက်က ရူပါရုံက ဒီစက္ခုပသာဒမှာ လာပြီးတော့- အရပ်ပြောပြောလို့ရှိရင် အပြင်ဘက်က မြင်စရာတစ်ခုက မျက်စိထဲမှာလာပြီးတော့ ထင်ဟပ်ပြီဆိုလို့ရှိရင် အဲဒီထင်ဟပ်မှုဟာ တိုက်ခိုက်မှုတစ်ခုပဲ၊ သာမန်အားဖြင့်တော့ ဒါတိုက်ခိုက်မှုလို့ မသိရဘူးပေါ့။

အဲဒီလို တိုက်လိုက်တာဟာ- ဆိုပါစို့ - နှစ်ခုတိုက်လိုက်လို့ မီးပွင့်သွားသလိုမျိုးပဲ၊ အဖိုနှင့် အမ ဝါယာကြိုးနှစ်ခုကို ထိလိုက်တာနဲ့ ဖျတ်ကနဲ မီးပွင့်သွားသလိုမျိုးပဲ၊ အဲဒီအပြင်ဘက်က မြင်စရာအာရုံဟာ စက္ခုပသာဒကို လာထိခိုက်တာနဲ့ တစ်ပြိုင်နက် ဝတ္ထုအာရုံဆုံစည်းမှုကို အကြောင်းပြုပြီးတော့ စက္ခုဝိညာဏ်စိတ် ဖြစ်ပေါ်လာတာတဲ့။

မြတ်စွာဘုရားက သုတ္တန်တွေမှာ ဒီလိုဟောတာပဲလေ၊ "ဝတ္ထုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ" တဲ့၊ စက္ခုပသာဒရုပ်ရယ်၊ ရူပါရုံရယ် ဒီနှစ်ခုပေါင်းဆုံမိသည့်အတွက်ကြောင့် မြင်သိစိတ်ကလေး ဖြစ်လာရတာလို့၊ မြင်သိစိတ်ကလေးကို ရှိနေတယ်လို့ ဟောတာမဟုတ်ဘူး၊ ဖြစ်လာရတယ်လို့ ဟောတာ၊ အဲဒီ
စာမျက်နှာ-၁၅၁
ဖြစ်လာရတဲ့ မြင်သိစိတ်ဟာ ဘယ်သူ့ရဲ့ အကျိုးဆက်လဲလို့ဆိုရင် ကံရဲ့အကျိုးဆက်လို့ပဲ ဟောတယ် မြတ်စွာဘုရားက၊ သို့သော် ကံကြောင့်ဖြစ်လာတဲ့ အကျိုးဆက်သည် ဝတ္ထုအာရုံ ဆုံတဲ့အခါမှာသာ ဖြစ်တယ်၊ ကျန်တဲ့အချိန်မှာ မဖြစ်ဘူးလို့ ဒီလိုပြောတယ်၊ အဲဒီသဘောလေးတွေကို၊ ကံတရားက ပဝတ္တိအခါမှာ အကျိုးဝိပါက်တွေကို ထုတ်လုပ်တယ်ဆိုတဲ့အချိန်မှာ ဖြစ်နိုင်ချေရှိတဲ့ အကျိုးဝိပါက်တွေကို ထုတ်လုပ်ထားတယ်။

အဲဒီ ကံတရားက အခြေခံ ထုတ်လုပ်ထားတဲ့အပေါ်မှာ ပစ္စုပ္ပန် အာရုံနဲ့ ဝတ္ထု ဆုံစည်းမှုဟာ အကြောင်းတရားတွေ ဖြစ်ပေါ်စေတယ်၊ အဲဒါကို သာဓာရဏပစ္စယနဲ့ အသာဓာရဏပစ္စယလို့ ဒီလိုခွဲခြားပြီး ဟောတယ်။

သာဓာရဏပစ္စယဆိုတာ အများနဲ့သက်ဆိုင်တဲ့ အကြောင်းတစ်ခု၊ အသာဓာရဏပစ္စယဆိုတာ အများနဲ့မသက်ဆိုင်တဲ့ အကြောင်းတစ်ခုလို့ မှတ်၊ ဒီနေရာမှာ ကံက အများနဲ့မသက်ဆိုင်ဘူး၊ မျက်စိဖြစ်ဖို့ ကံက မျက်စိဖြစ်ဖို့ ကံပဲ၊ ဒါကြောင့်မို့လို့ အသာဓာရဏပစ္စယ၊ ခုနက ဒွါရနဲ့ အာရုံ တိုက်ဆိုင်တာက အကြောင်းတရားတစ်ခုလို့ ဒီလိုသုံးတယ်၊ တခြားစိတ်တွေလည်းပဲ ဒွါရအာရုံ ဆုံပြီးတော့ ဖြစ်လာတာ ရှိတယ်ပေါ့။

အဲဒီလို ကံရဲ့ထုတ်လုပ်တဲ့ အကျိုးတရားတွေနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီးတို့တစ်တွေ ပဝတ္တိအခါမှာ ဖြစ်ပေါ်လာတဲ့ အကျိုးဝိပါက်စိတ်တွေဟာ ဆိုင်ရာဆိုင်ရာ ဝတ္ထုနဲ့ အာရုံ ဆုံဆည်းပြီးတော့ ထိခိုက်မှုရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာတယ်။ သို့သော်
စာမျက်နှာ-၁၅၂
အကြောင်းတရားအရင်းက ဘယ်သူလဲလို့ဆိုရင် ကံလို့ပဲ ပြောရမယ်။
စက္ခုဝိညာဏ်စိတ် နှစ်မျိုး
စက္ခုဝိညာဏ်စိတ်ကလေးဖြစ်တဲ့အခါမှာ မြင်သိစိတ်ကလေးဟာ အကောင်းမြင်တဲ့အခါ ရှိတယ်၊ အဆိုးမြင်တဲ့အခါ ရှိတယ်။

အကောင်းအဆိုးဆိုတာက တစ်ခါတစ်ရံ ခွဲရခက်တဲ့အရာမျိုးပဲ၊ ဆိုပါစို့- စာလိုပြောရင် ဣဋ္ဌာရုံနဲ့ အနိဋ္ဌာရုံပေါ့၊ လောကလူတွေက ကိုယ်ကြိုက်ရင် ဣဋ္ဌာရုံပဲ၊ မကြိုက်ရင် အနိဋ္ဌာရုံပဲ၊ ဒီတော့ တစ်ယောက်က ကြိုက်တယ်၊ တစ်ယောက်က မကြိုက်ဘူးဆိုရင် ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ သတ်မှတ်ဖို့ရန် ခက်တယ်၊ ဒူးရင်းသီးကြိုက်တဲ့သူက ဣဋ္ဌာရုံပဲ၊ မကြိုက်တဲ့လူက အနိဋ္ဌာရုံပဲ၊ အဲဒီတော့ အဲဒီစံက ဘယ်လိုသတ်မှတ်တုန်းဆိုတော့ အကောင်းနဲ့အဆိုးဆိုတဲ့နေရာမှာ ယေဘူယျနှုန်းထားနဲ့ သတ်မှတ်တဲ့ဟာမျိုးပေါ့။

လူတကာ မကြိုက်တဲ့အရာ၊ လူတကာ ကြိုက်တဲ့အရာ၊ လူတကာက အကောင်းလို့သတ်မှတ်တဲ့အရာ၊ လူတကာက မကောင်းလို့သတ်မှတ်တဲ့အရာပေါ့၊ မျက်စိနဲ့မြင်ပြီးတော့ ဆင်းရဲတဲ့အရာတွေဆိုရင် ဒါမကောင်းတဲ့အရာလို့ ပြောမှာပေါ့၊ မျက်စိနဲ့မြင်ပြီးတော့ ပျော်ရွှင်စရာတွေဆိုရင် ကောင်းတဲ့အရာလို့ ပြောရမှာပေါ့။

အဲဒီမှာ မကောင်းတာကို မြင်ပြီးတော့ မြင်သိစိတ်ကလေး ပေါ်တယ်ဆိုရင် အကုသိုလ်ရဲ့အကျိုးလို့ သတ်မှတ်တယ်၊ ကောင်းတာကို မြင်ပြီးတော့ မြင်သိစိတ်ကလေး ပေါ်တယ်ဆိုရင် ကုသိုလ်ရဲ့
စာမျက်နှာ-၁၅၃
အကျိုးလို့ သတ်မှတ်တယ်၊ စက္ခုဝိညာဏ်စိတ်ဟာ နှစ်မျိုးလို့ ဒီလိုပြောတာ။

ထို့အတူပဲ နားက ကြားတဲ့အခါမှာလည်းပဲ ကောင်းတဲ့အသံ၊ မကောင်းတဲ့အသံ၊ နှာခေါင်းက နံတဲ့အခါမှာလည်းပဲ ကောင်းတဲ့အနံ့၊ မကောင်းတဲ့အနံ့၊ လျှာကလည်းပဲ ကောင်းတဲ့အရသာ၊ မကောင်းတဲ့အရသာ၊ ကိုယ်ကလည်းပဲ ကောင်းတဲ့အထိအတွေ့၊ မကောင်းတဲ့အထိအတွေ့- ကောင်း၊ မကောင်းဆိုတာ ရှိတယ်။ မကောင်းတာမှန်သမျှ အကုသိုလ်ရဲ့အကျိုး၊ ကောင်းတာမှန်သမျှ ကုသိုလ်ရဲ့အကျိုးလို့ မှတ်ရမယ်၊ ဒီဝိပါက်စိတ်တွေဟာ ပြုပြင်ပြောင်းလဲလို့မရဘူးတဲ့။

ဒါကြောင့်မို့ ဝိပါက်စိတ်တွေကို ဝိပါကပစ္စယောမှာ ဟောထားတာ - "နိရုဿာဟ သန္တဘာဝ" တဲ့၊ ဝိပါက်စိတ်တွေဟာ လှုပ်ရှားမှုကင်းပြီးတော့ ငြိမ်သက်တယ်၊ ဘာမှမလှုပ်ရှားဘူး၊ ဘာမှမလှုပ်ရှားဘူးဆိုတာ ဘာနဲ့တူတုန်းဆိုတော့ မှန်ထဲက ပုံရိပ်လိုပဲ။ မှန်ထဲက ပုံရိပ်ဆိုတာ အပြင်ဘက်က လူက လှုပ်မှ လှုပ်တာလေ၊ သူ့ချည်းလှုပ်လို့ရတာလား၊ မရဘူး၊ ဝိပါက်စိတ်တွေက ကံတရားရဲ့ပုံရိပ်အနေနဲ့ ထင်လာတာတဲ့၊ ဒါကြောင့်မို့လို့ သူတို့မှာ ဘာ activity မှ မရှိဘူး၊ ကံကလှုပ်လို့ လှုပ်တဲ့သဘောလောက်ပဲ ရှိတယ်၊ ကံအကျိုးပေးတဲ့အတိုင်းပဲ၊ အဲဒါက ပဝတ္တိအခါမှာ ကံတရားက ထုတ်လုပ်လိုက်တဲ့ အကျိုးတရားတွေပဲ။
စာမျက်နှာ-၁၅၄

ကံက ထုတ်လုပ်ပြီးတဲ့နောက် ...
ဘုန်းကြီးတို့ လူ့ဘဝရလာတဲ့အခါမှာ ကံက ပဋိသန္ဓေစိတ် စေတသိက်ဆိုတဲ့ အကျိုးတရားကို ထုတ်လုပ်တာနဲ့ တစ်ပြိုင်နက် အချို့အချို့သော ကမ္မဇရုပ်တွေကို စတင်ပြီးတော့ ထုတ်လုပ်တယ်။ နောက်ပိုင်းကျတော့ တဖြည်းဖြည်း ကမ္မဇရုပ်တွေ ပြည့်စုံပြီးတော့ လာတယ်၊ ဒီလိုနဲ့ လူ့ဘဝဟာ ပြည့်စုံပြီးတော့ ကိုယ်အင်္ဂါတွေ တဖြည်းဖြည်း ပြည့်ပြည့်စုံစုံနဲ့ လူရယ်လို့ ဖြစ်လာတဲ့အခါမှာ "ဝိညာဏပစ္စယာ နာမရူပံ" - နာမ်တွေ ရုပ်တွေ ဖြစ်လာတယ်။

နာမ်တွေ ရုပ်တွေ ဖြစ်လာတဲ့အခါကျ "နာမရူပပစ္စယာ သဠာယတနံ" တဲ့၊ အပြင်ဘက်အာရုံတွေနဲ့ ဆက်သွယ်ဖို့ရန်အတွက် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတာတွေ ပေါ်လာတယ်။ ပေါ်လာတဲ့အခါ ဘာဖြစ်တုန်းဆိုတော့ ဆက်သွယ်လို့ရတာပေါ့၊ "သဠာယတနပစ္စယာ ဖဿော" တဲ့၊ ဆက်သွယ်လိုက်တဲ့အခါ ဘာတွေဖြစ်တုန်းဆိုတော့ ခံစားမှုတွေ အတွေ့အကြုံတွေ ရလာတယ်။ ဒါမျိုးမြင်ရင် ပျော်တယ်၊ ဟိုဟာမျိုးမြင်ရင် စိတ်ညစ်တယ်ဆိုတာမျိုးတွေပေါ့။ အတွေ့အကြုံတွေ ခံစားမှုတွေ ပေါ်လာတယ်၊ "ဖဿပစ္စယာ ဝေဒနာ" ဖြစ်လာတယ်၊ အဲဒီခံစားမှုပေါ်မှာ အခြေခံပြီးတော့ ကြိုက်တယ်၊ မကြိုက်ဘူး ဖြစ်လာတယ်။

ကြိုက်တာတွေတွေ့လာတယ် - "ဝေဒနာပစ္စယာ တဏှာ"၊ တွေ့လာတဲ့အခါမှာ စွဲလမ်းမှုဆိုတဲ့ တဏှာ၊ ထိုအာရုံပေါ်မှာ အမြင်အမျိုးမျိုးမြင်မှုဆိုတဲ့ ဒိဋ္ဌိ၊ ဥပါဒါန်ဆိုတာ လာပြန်တယ် "တဏှာပစ္စယာ ဥပါဒါနံ"၊ အဲဒီဥပါဒါန်ဆိုတာ ရှိလာကာနဲ့ တစ်ပြိုင်နက် ဘဝတစ်ခုဆိုတာ ဖြစ်လာတယ် "ဥပါဒါနပစ္စယာ ဘဝေါ"။
စာမျက်နှာ-၁၅၅
ဘဝရှိလာသည့်အတွက်ကြောင့် ဇာတိဆိုတာ ရှိလာမယ် "ဘဝပစ္စယာ ဇာတိ"၊ ဇာတိရှိလာသည့်အတွက်ကြောင့် ဇရာတို့ မရဏတို့ဆိုတာ ရှိလာမယ် .. "ဇာတိပစ္စယာ ဇရာမရဏံ"၊ ဇရာမရဏ ရှိလာရုံတင်မကဘူး၊ ဘဝတစ်ခုမှာ စိုးရိမ်စရာတွေ ဖြစ်လာတဲ့အခါ သောကတွေ ဖြစ်လာမယ်၊ မထိန်းနိုင်တဲ့အခါ ရတယ်၊ ဝမ်းနည်းမှုတွေ ကြုံရတယ်၊ စိတ်ဆင်းရဲမှုတွေ ကြုံရတယ်၊ အပြင်းအထန် စိတ်ပင်ပန်းမှုတွေ ခံရတယ်တဲ့။

ဘဝကြီးတစ်ခုလုံးဟာ အကောင်းနဲ့ အဆိုး ယှဉ်ကြည့်လိုက်မယ်ဆိုရင် အဆိုးတွေက များတယ်၊ မြောက်မြားစွာသော ဆိုးကျိုးတရားတွေ ထုတ်လုပ်ပေးတာကို အကြောင်းပြုပြီးတော့ ဒုက္ခသက်သက်ကို ရထားကြတာပဲလို့ မြတ်စွာဘုရားက "ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ" - တကယ့် ဆင်းရဲဒုက္ခကြီးပဲလို့ အဲဒါမျိုးကို ရထားတာလို့ - ပဋိစ္စသမုပ္ပါဒ်မှာ ဒီလိုဟောထားတာ ဖြစ်ပါတယ်။

အဲဒီ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့ ဆက်သွယ်ပြီး ကြည့်လိုက်တဲ့အခါ ပဋိသန္ဓေစိတ်ကလေးနဲ့ ခုနက ဟဒယဝတ္ထုရုပ်ကလေးတို့ဟာ အပြန်အလှန်ဖြစ်နေကြသည့်အတွက်ကြောင့် အညမညပစ္စယော၊ အတူတကွဖြစ်လာကြတာ ဖြစ်သောကြောင့် သဟဇာတပစ္စယော၊ မှီရာအနေနဲ့ဖြစ်လို့ နိဿယပစ္စယော၊ ရှိနေတဲ့အခိုက်မှာ ကျေးဇူးပြုလို့ အတ္ထိပစ္စယော၊ အဝိဂတပစ္စယောလို့ ဒီလိုဟောတာပါ။

မနေ့ကပြောခဲ့တဲ့အတိုင်း four points of view လေးဘက်လေးတန်ကနေပြီး အထောက်အကူပြုတယ်ပေါ့၊ အချင်းချင်းအပြန်
စာမျက်နှာ-၁၅၆
အလှန်မှာလည်းပဲ သဟဇာတပစ္စည်းတို့၊ အညမညပစ္စည်းတို့၊ နိဿယပစ္စည်းတို့နဲ့ ဒီလိုအထောက်အကူပြုပြီးတော့ ဒီအကျိုးတရားလေးတစ်ခု ရပ်တည်ဖို့အတွက် အကြောင်းပေါင်း မြောက်မြားစွာ ဖန်တီးပြီးတော့ ဘဝဟာ ရပ်တည်နေရတာပါလားလို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ သဘာဝတရားကို ရှုမြင်သုံးသပ်ခြင်းဖြင့် မိမိတို့ဘဝပေါ်မှာ တွယ်တာမှုဆိုတဲ့ တဏှာကို ဖယ်ရှားနိုင်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-၁၅၇

အပိုင်း (၅)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တပေါင်းလဆန်း ၈-ရက်၊ ခရစ်နှစ် ၂၀၁၀၊ ဖေဖေါ်ဝါရီလ ၂၀-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မော်လာရော၊ အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

ဗုဒ္ဓမြတ်စွာက ပဋိစ္စသမုပ္ပါဒ်ဖြင့် သတ္တဝါအားလုံးတို့၏ ဘဝရုပ်ပုံသရုပ်ကို ပုံဖော်ပေးခဲ့တာ ဖြစ်တယ်။ ပဋိစ္စသမုပ္ပါဒ်ကို ခြုံငုံပြီး ကြည့်မယ်ဆိုရင် မြတ်စွာဘုရားက "သင်္ခါရပစ္စယာ ဝိညာဏံ" ဆိုတဲ့ စကားဖြင့် သတ္တဝါတွေ ဘာကြောင့်ဖြစ်လာတယ်ဆိုတာကို ဖော်ပြတာဖြစ်တယ်၊ “သင်္ခါရကြောင့် ပဋိသန္ဓေဝိညာဏ်စိတ် ဖြစ်ရတယ်” လို့ သတ္တဝါတွေ စတင်လာမှုဟာ ပဋိသန္ဓေဝိညာဏ်စိတ်က စတင်
စာမျက်နှာ-၁၅၈
လာတယ်၊ ထိုသတ္တဝါတွေ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ဘဝကြီးတစ်ခုလုံးကို ပြုပြင်ဖန်တီးပေးတတ်တဲ့ "သင်္ခါရ" ဆိုတဲ့ "ကံတရားတွေ" ကို အကြောင်းတရားအဖြစ် မြတ်စွာဘုရားက ဟောပြတယ်။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ
ဒါဖြင့် ကံတရားက သူ့ဟာသူ အလိုအလျောက်ဖြစ်လာတာလားဆိုတဲ့အခါ "အဝိဇ္ဇာပစ္စယာ သင်္ခါရာ" လို့ အဝိဇ္ဇာဆိုတဲ့ အမှန်မသိမှု၊ အမှန်မသိမှုဆိုတာ အမှားကိုသိနေမှု၊ အမှန်တရားကို ဖုံးကွယ်ထားလို့ အမှန်ကိုမသိတဲ့ အနေအထားတစ်ခုမှာ သတ္တဝါတွေဟာ လုပ်မိလုပ်ရာ ကောင်းတဲ့အမှုဖြစ်စေ၊ မကောင်းတဲ့အမှုဖြစ်စေ ပြုလုပ်မိကြတယ်။ သင်္ခါရပစ္စယာ ဝိညာဏံ။

ထိုသို့ ပြုလုပ်မိခြင်းသည်ပင် သတ္တဝါတွေ ဖြစ်ပေါ်လာခြင်းရဲ့ အကြောင်းတရားပဲလို့ ဒီစကားကို ဟောကြားခြင်းဖြင့် မြတ်စွာဘုရားဟာ ဘာကို ပယ်ဖျက်သလဲ?

သတ္တဝါတွေ ဖြစ်လာရတာ - သို့မဟုတ် - သတ္တဝါတွေ ကြုံတွေ့ရတဲ့ သုခ၊ ဒုက္ခတွေဟာ ဘယ်သူလုပ်တာတုန်းလို့ အဖြေထုတ်ဖို့ ကြိုးစားကြတဲ့အခါမှာ တချို့က "ဣဿရ နိမ္မာန" - လောကကြီးကို ကြီးစိုးထားတဲ့ တန်ခိုးရှင်ကြီးတစ်ဦးက ဖန်ဆင်းလို့ ဖြစ်လာတာလို့ - တန်ခိုးရှင်ရဲ့ဖန်ဆင်းမှုကို အကြောင်းတစ်ခုအဖြစ် ယူဆတယ်၊ သတ္တဝါတွေ လောကမှာ ဖြစ်ပေါ်လာတာတွေဟာ "ဣဿရ နိမ္မာန" လို့ဆိုတဲ့ တန်ခိုးရှင်ကြီးရဲ့ဖန်ဆင်းမှုသည် သတ္တဝါ...
စာမျက်နှာ-၁၅၉
အားလုံး သတ္တလောကကြီးတစ်ခုလုံး ဖြစ်ပေါ်လာခြင်းရဲ့ အကြောင်းတရားလို့ ဒီလိုယူဆပြီးတော့ မှတ်သားထားကြတယ်။

ဗုဒ္ဓမြတ်စွာက ဒီအကြောင်းတရားကို reject လုပ်တယ်ပေါ့။ ဘာနဲ့ reject လုပ်လဲဆိုတော့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ” လို့ အကြောင်းတရားမှန်ကို ဖော်ထုတ်ခြင်းဖြင့် reject လုပ်လိုက်တယ်။

ဒီလို တန်ခိုးရှင်ကြီးရဲ့ ဖန်ဆင်းမှုကြောင့် ဖြစ်တယ်လို့ဆိုတဲ့ အယူအဆဟာ အားလုံးက လက်ခံထားတဲ့ အယူအဆမဟုတ်ဘူး၊ တချို့က တန်ခိုးရှင်ကြီးရဲ့ ဖန်ဆင်းမှုဆိုတဲ့ အကြောင်းတရားကို လက်မခံဘူး၊ ဘာပြောလဲဆိုရင် သတ္တဝါတွေ လောကမှာ ဖြစ်ပေါ်လာတာဟာ သူ့ဟာသူ သူ့အလိုအလျောက် ဖြစ်ပေါ်လာကြတာပါ လို့ အကြောင်းတရားကို ငြင်းပယ်တဲ့အယူအဆနဲ့ အကြောင်းတရားကို ပယ်ဖျက်တဲ့ဝါဒ, အကြောင်းတရားကို လက်မခံတဲ့ “အဟေတုက ဝါဒ”ဆိုတာနဲ့ အဖြေထုတ်ကြတယ်ပေါ့။

သူဖြစ်ချင်လို့ ဖြစ်လာတယ်ဆိုတာ “အဓိစ္စသမုပ္ပန္န”- ဘာကိုမှ စွဲမှီပြီး ဖြစ်လာတာမဟုတ်ဘူး, accidental မတော်တဆ သတ္တဝါ ဖြစ်လာတာလို့ ဒီလိုအယူအဆတစ်ခုကလည်းပဲ “ဣဿရ နိမ္မာန” ဆိုတဲ့အယူအဆတစ်ခုကို ဆန့်ကျင်ပြီးတော့ ပေါ်လာတာဖြစ်တယ်။

အဲဒီလို လောကမှာ အဖြေရှာကြတဲ့အခါမှာ အကြောင်း အမျိုးမျိုး ထုတ်ကြတယ်၊ အဲဒီအကြောင်းအမျိုးမျိုး ထုတ်ကြတဲ့အခါမှာ ဣဿရ နိမ္မာနဆိုတဲ့ မမှန်ကန်တဲ့ အကြောင်းတရားတွေကို ဖော်ပြပြီး ပြောဆိုတဲ့အရာကိုလည်း မြတ်စွာဘုရားက ပယ်ဖျက်
စာမျက်နှာ-၁၆၀
တယ်၊ အကြောင်းမဲ့ဖြစ်တယ်ဆိုတာကိုလည်း မြတ်စွာဘုရားက လက်မခံဘူးတဲ့။ ။

လောကမှာ သတ္တဝါတွေဖြစ်ပေါ်လာဖို့ အကြောင်းတရားဆိုတာ ရှိတယ်၊ အဲဒီအကြောင်းတရားဟာ “ဣဿရ နိမ္မာန” စတဲ့ အကြောင်းတရား မဟုတ်ဘူးတဲ့၊ ဘာအကြောင်းတရားလဲ ဆိုတော့ “အဝိဇ္ဇာနဲ့ သင်္ခါရ” “ကိလေသာနဲ့ ကံ”ကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ထောက်ပြတယ်။ ပဋိစ္စသမုပ္ပါဒ်ရဲ့အနှစ်က အဲဒါပဲ။
ဝိညာဏပစ္စယာ နာမရူပံ
လူ့လောကမှာ ဒိဆိုင်ရာအကြောင်းတွေကြောင့် သတ္တဝါလို့ ဖြစ်လာပြီ ဆိုတဲ့အခါမှာ သတ္တဝါလို့ ခေါ်ဖို့ရာအတွက် အချက်အလက်တွေက ဘာတွေတုန်းဆိုတာကို စုံလင်အောင် ပြတယ်။ “ဝိညာဏပစ္စယာ နာမရူပံ”တဲ့၊ အာရုံရှိရာကို ကိုင်းညွှတ်တတ်တဲ့ -သို့မဟုတ်- သိတတ်တဲ့ နာမ်တရားနဲ့ အာရုံကို ရယူမှု မပြုတတ်တဲ့ ရုပ်တရား၊ ဆိုလိုတာက body and mind ပေါ့၊ သတ္တဝါလို့ ခေါ်ဖို့ရာအတွက် ခန္ဓာကိုယ်ကြီးနဲ့ အသိစိတ်- ဒီနှစ်ခုဟာ ယေဘုယျအားဖြင့် ရှိရတယ်၊ သို့သော် အင်မတန်ထူးဆန်းတဲ့ သတ္တဝါကြီးတွေလည်း ရှိတော့ ရှိသေးတာပေါ့။ ။

Body သာ ရှိပြီး စိတ်မရှိတဲ့သတ္တဝါကျတော့ သတ္တဝါလို့ မထင်မှာစိုးလို့ သတ္တဝါဆိုတဲ့ စကားလုံးကို ထည့်သုံးထားတာ ရှိတယ် “အသညသတ္တ”- သညာဆိုတာ အမှတ်စိတ်, အသိစိတ် ဒီလို ဆိုတယ်၊ အသိစိတ်ကင်းမဲ့တဲ့သတ္တဝါ - အသိစိတ်မပါတဲ့သတ္တဝါ, စိတ်မဲ့သတ္တဝါဆိုတာလည်း ရှိတယ်ပေါ့၊ ထူးထူးခြားခြား ဖြစ်ပေါ်
စာမျက်နှာ-၁၆၁
လာတဲ့ သတ္တဝါမျိုး၊ သူကျင့်တဲ့ သမထကျင့်စဉ်တစ်ခုကို အစွဲပြုပြီးတော့ သူ့ရဲ့ဆန္ဒအားလျော်စွာ “စိတ်မဲ့သတ္တဝါ” “သညာမဲ့သတ္တဝါ” အနေနဲ့ ဖြစ်လာတာလည်း ရှိတယ်။

အချို့သတ္တဝါတွေကျတော့ ရုပ်ခန္ဓာလို့ ခေါ်တဲ့ body ကြီး ပေါ်မှာ အပြစ်မြင်တယ်၊ ဒီရုပ်ခန္ဓာကြီးရှိနေလို့ ခေါင်းကိုက်ရတယ်, နားကိုက်ရတယ် စသည်ဖြင့် ဆင်းရဲဒုက္ခတွေဟာ ဒီခန္ဓာကိုယ်ကြီးကြောင့် ဖြစ်နေတာ၊ ရုပ်မရှိရင် ကောင်းမှာပဲဆိုတဲ့ ဆန္ဒအရ သူတို့ကျင့်ကြံအားထုတ်တဲ့တရားရဲ့ စွမ်းရည်သတ္တိ အကျိုးပေးမှုကြောင့် သူတို့ကျတော့ “ရုပ်မဲ့သတ္တဝါ” ဆိုပြီးတော့ ဖြစ်လာတယ်၊ ဒီလို “အရူပသတ္တဝါ” “ရုပ်မဲ့သတ္တဝါ”ဆိုတာလည်း ရှိသေးတယ်ပေါ့။

သို့သော် အများစုကိုကြည့်မယ်ဆိုလို့ရှိရင် အားလုံးဟာ ရုပ်နှင့် နာမ် နှစ်မျိုး တွဲဖက်ထားတဲ့ သတ္တဝါတွေတဲ့၊ ဒီတော့ သတ္တဝါလို့ ခေါ်ဖို့ရာက ဘဝတစ်ခုအစပြုလိုက်တဲ့အခါမှာ ဝိညာဏံဆိုတဲ့ အသိစိတ်လေးက စလိုက်တာ၊ အသိစိတ်လေး စလိုက်တာနဲ့ တစ်ပြိုင်နက် ထိုအသိစိတ်လေးသည် ရုပ်နဲ့နာမ်နှစ်လုံးကို ထုတ်ပေးလိုက်တယ်၊ သတ္တဝါဆိုတာ အခြေခံအားဖြင့် ရုပ်နဲ့ နာမ်လို့ နှစ်မျိုး ရှိတယ်။
နာမရူပပစ္စယာ သဠာယတနံ
ထိုရုပ်နာမ်နှစ်မျိုး ရှိလာတဲ့အခါမှာ ဘာဖြစ်လာလဲဆိုတော့ “နာမရူပပစ္စယာ သဠာယတနံ” - ပြင်ပအာရုံတွေနဲ့ ဆက်သွယ်ဖို့ရန်အတွက် မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဆိုတဲ့ ဆက်သွယ်ရေး အင်္ဂါရပ်တွေ ပေါ်ပေါက်လာခဲ့တယ်၊ အကယ်၍ ဆက်သွယ်ရေးအင်္ဂါ
စာမျက်နှာ-၁၆၂
ရပ်တွေ မပေါ်ဘူးဆိုရင် လူဟာ သစ်တုံးကျောက်တုံးကြီးလို ဖြစ်နေမှာပေါ့၊ သတ္တဝါဟာ ပြင်ပနဲ့ ဆက်သွယ်မှုမရှိဘဲ ဖြစ်နေမယ်၊ ဒါကြောင့်မို့ သတ္တဝါဆိုလို့ရှိရင်ကတော့ ပြင်ပဗဟိဒ္ဓအာရုံတွေနဲ့ ဆက်သွယ်မှု ရဖို့ရန်အတွက် မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဆိုတဲ့ အာယတန ၆-ပါး- ရုပ်နာမ်တွေ ဖြစ်ပွားလာရင် ဒါတွေ ပါရှိလာတယ်လို့ သတ္တဝါတွေကို ပုံဖော်ပြီးတော့ မြတ်စွာဘုရားက ဟောတယ်။
သဠာယတနပစ္စယာ ဖဿော
အေး - ရုပ်နဲ့ နာမ်ရှိလို့ ပြင်ပဗဟိဒ္ဓအာရုံနဲ့ ဆက်သွယ်မှုရဖို့အတွက် organ တွေပေါ့- sense organ လို့လည်း ခေါ်တယ်, အာရုံကို ရယူနိုင်တဲ့ အင်္ဂါရပ်တွေ ပေါ်လာတဲ့အခါမှာ ဘာလုပ်လဲဆိုရင် ထိုအင်္ဂါရပ်တွေကို အသုံးပြုပြီးတော့ သတ္တဝါတွေဟာ ပြင်ပ အာရုံတွေနဲ့ ဆက်သွယ်မှု ရလာတယ်၊ အဲဒါကို “သဠာယတန ပစ္စယာ ဖဿ” လို့ ဒီလိုခေါ်တာ။
ဖဿပစ္စယာ ဝေဒနာ
ဆက်သွယ်မှုရလာတဲ့အခါ ဘာတွေဖြစ်လာတုန်း ဆိုတော့ အဲဒီအာရုံပေါ်တွေမှာ ကောင်း မကောင်း အတွေ့အကြုံ ခံစားမှုတွေ ပေါ်လာတယ်၊ ဆက်သွယ်မှုအနေအထားပေါ်မှာ အမှီပြုပြီးတော့ ကောင်း, မကောင်း ခံစားမှုတွေ အထင်အရှားပေါ်လာတာ ဖြစ်သောကြောင့် “ဖဿပစ္စယာ ဝေဒနာ” လို့ ပဋိစ္စသမုပ္ပါဒ်မှာ ဒီလို သရုပ်ဖော်တယ်။
စာမျက်နှာ-၁၆၃
ဒီတော့ သတ္တဝါဆိုတာ ဒီလိုအချက်အလက်တွေ ရှိရမယ်၊ mind နဲ့ body ရှိရမယ်၊ အင်္ဂါရပ်တွေ ပါရမယ်၊ အင်္ဂါရပ်တွေ ပါသည့်အတွက်ကြောင့် ပြင်ပအာရုံနဲ့ ဆက်သွယ်မယ်၊ ဆက်သွယ်တဲ့အခါမှာလည်း ကောင်း မကောင်းဆိုတဲ့ ပြင်ပအာရုံတွေအပေါ်မှာ ခံစားမှုတွေ ပါလာမယ်၊ သတ္တလောကရဲ့ အခြေခံအချက်အလက်တွေလို့ဆိုတယ်၊ လူဆိုတာ ဒါပဲလို့ ပြောရမှာပဲ။
ဝေဒနာပစ္စယာ တဏှာ
ကဲ - အဲဒီလိုပေါ်လာတဲ့အခါ ဒီလောက်နဲ့တင် ရပ်သွားသလား ဆိုတော့ မရပ်ဘူး၊ သတ္တဝါမှန်သမျှ ဒီအခြေအနေရှိရာကနေပြီးတော့ မျိုးဆက်မပြတ်မှုအတွက် ဘာတွေဖြစ်လာပြန်လဲ။ နောက်ထပ် ဆက်ပြီးတော့ ထုတ်လုပ်ဖို့ တွယ်တာမှုပေါ်လာတယ်၊ အကယ်၍သာ အတွေ့အကြုံရပြီးတော့ ရပ်သွားမယ်ဆိုရင် သတ္တဝါတွေဟာ နောက်ထပ်မျိုးဆက် ဆက်ဖို့ မရှိတော့ဘူး၊ မျိုးဆက် ဆက်ဖို့အတွက် ဘာလာတုန်းဆိုရင် ရလာတဲ့ အတွေ့အကြုံခံစားမှုတွေအပေါ်မှာ ကောင်းတဲ့ခံစားမှုတွေကို တွယ်တာလာတယ်။ မကောင်းတာတွေ့တဲ့အခါမှာလည်း ကောင်းတာကို မျှော်လင့်လာတယ်ဆိုတဲ့ တဏှာ တွယ်တာမှု တောင့်တမှုတွေ ပေါ်လာတယ်၊ အဲဒီပေါ်လာခြင်းကို မြတ်စွာဘုရားက “ဝေဒနာပစ္စယာ တဏှာ” လို့ ဒီလို ဟောတယ်။

ဝေဒနာဆိုတဲ့နေရာမှာ ဒုက္ခဝေဒနာ, သုခဝေဒနာဆိုတာ ရှိတယ်၊ အဲဒီလို သုခ, ဒုက္ခဆိုတဲ့ ချမ်းသာ, ဆင်းရဲဝေဒနာ ရှိတဲ့အခါမှာ သာမန်စဉ်းစားကြည့်လိုက်မယ်ဆိုရင် ချမ်းသာသုခနဲ့ ခံစား
စာမျက်နှာ-၁၆၄
ချက်ဆိုရင် လိုချင်တယ်, တွယ်တာတယ်, တဏှာဖြစ်တယ်၊ ဒုက္ခဝေဒနာနဲ့တွေ့တဲ့အခါကျတော့ တဏှာ မဖြစ်ဘူး၊ အဲဒီအာရုံကို မုန်းတီးတဲ့ဒေါသဖြစ်တယ်၊ သို့သော် ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက “ဝေဒနာပစ္စယာ ဒေါသော” လို့ မဟောဘူး၊ ဝေဒနာမှန်သမျှကို ခြုံပြီး “ဝေဒနာပစ္စယာ တဏှာ” လို့ပဲ ဟောလိုက်တယ်။

အတွေ့အကြုံခံစားမှုကို ကြည့်ပြီး ဖြစ်ပေါ်လာတဲ့အခါမှာ ထိုအာရုံတွေပေါ်မှာ တွယ်တာစွဲလမ်းမှုတွေ ဖြစ်တယ်လို့ဆိုတာ ဘာကြောင့် ဒီလိုဟောရသလဲ? ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ရှင်းထားတာကတော့ “ဒုက္ခ သုခံ ပတ္ထယတိ” သတ္တဝါတွေရဲ့ အခြေအနေ စရိုက်စိတ်နေသဘောထားကို ကြည့်လိုက်မယ်ဆိုရင် ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်က ချမ်းသာမှုကို လိုချင်တယ်၊ လိုချင်တာကို ရှောင်တိမ်းလို့ မရဘူးလို့ ပြောတယ်၊ “ဒုက္ခ သုခံ ပတ္ထယတိ” ဆင်းရဲဒုက္ခခံစားရတဲ့ ပုဂ္ဂိုလ်က ချမ်းသာတာကို လိုလားတယ်၊ “သုခီ ဘိယျောပိ ဣစ္ဆတိ” ချမ်းသာတဲ့ပုဂ္ဂိုလ်ကလည်း ပိုချမ်းသာချင်တယ်ဆိုတော့ တဏှာတွေပဲ ဖြစ်ပွားတာက ယေဘုယျအားဖြင့် များပြားတယ်တဲ့။

ဒါကြောင့်မို့ ပုထုဇဉ်သတ္တဝါတွေရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် လွှမ်းမိုးနေတာက တွယ်တာမှုပဲ၊ မုန်းတီးမှု မပါဘူးလားဆိုတော့ ပါတယ်။ သို့သော် တွယ်တာမှုရှိမှ မုန်းတီးမှုဆိုတာ ဖြစ်တာ၊ တွယ်တာမှုကင်းနေလို့ရှိရင် မုန်းတီးမှုဆိုတာ မလာဘူး၊ နီဝရဏတရားထဲမှာ ကာမစ္ဆန္ဒနီဝရဏရှိမှ နောက်က ဗျာပါဒ နီဝရဏဆိုတာ လာတာ၊ ကာမစ္ဆန္ဒနီဝရဏ လုံးဝရှင်းလိုက်ပြီဆိုရင် ဗျာပါဒနီဝရဏ လာစရာအကြောင်း မရှိဘူး၊ ဘာဖြစ်လို့တုန်းဆို
စာမျက်နှာ-၁၆၅
ကြိုက်တာရှိမှ မကြိုက်တာဆိုတာ လာတာကိုး၊ ဒီတော့ ကြိုက်တာ မရှိဘဲနဲ့ မကြိုက်တာဆိုတာ လာလို့မှ မရဘဲ။

ဒါကြောင့်မို့ သုခဝေဒနာနဲ့ပဲတွေ့တွေ့ ဒုက္ခဝေဒနာနဲ့ပဲတွေ့တွေ့ သတ္တဝါတွေရဲ့ စိတ်နေသဘောထားဟာ ဘာလဲဆိုရင် တွယ်တာတဲ့တဏှာပဲ၊ အကောင်းကို မျှော်လင့်တဲ့တဏှာဟာ ဖြစ်မြဲပဲ၊ ဒါကြောင့်မို့ မြတ်စွာဘုရားက “ဝေဒနာပစ္စယာ တဏှာ” လို့ပဲ ဒီလိုဟောလိုက်တာ။
မြားသုံးချက် စူးခံရသည်နှင့် တူပုံ
သံယုတ်ပါဠိတော် သလ္လသုတ်မှာ ကြည့်မယ်ဆိုလို့ရှိရင် လောကလူတွေမှာ ကာယိကဒုက္ခ လို့ခေါ်တဲ့ ခေါင်းကိုက်တာတို့ သွားကိုက်တာတို့ နားကိုက်တာတို့ ခန္ဓာကိုယ်မှာ ထိခိုက်မှုကြောင့် နာကျင်တာတို့ စတာတွေ ဖြစ်ပေါ်လာတဲ့အခါမှာ ကာယိကဒုက္ခဝေဒနာ ခံစားကြရတယ်၊ အဲဒီဒုက္ခဝေဒနာပေါ်မှာ ပဋိဃာနုသယ လို့ခေါ်တဲ့ မုန်းတီးမှုဒေါသဟာ ဖြစ်ပေါ်လာတတ်တယ်။

ထိုဖြစ်ပေါ်လာမှုသည် အကြိမ်ကြိမ်ဖြစ်ပေါ်လာမှု ဖြစ်သောကြောင့် ဒီအကြောင်းမျိုးနဲ့ ဆုံတိုင်းဆုံတိုင်း ဒီမုန်းတီးမှုဆိုတာ ပေါ်လာတယ်၊ “အနုရူပံ ကာရဏံ လဘိတွာ ဥပ္ပဇ္ဇန္တိ” အထောက်အကူပြုမယ့် အကြောင်းတစ်ခု ဝင်လာပြီဆိုလို့ရှိရင် ပေါ်ပေါ်လာတတ်တယ်၊ ခေတ်စကားနဲ့ပြောလို့ရှိရင် အနုသယဆိုတာ lie latent လို့ ပြောပေမယ့် positive ဆိုတဲ့ အဓိပ္ပါယ်မျိုးပဲ အကြောင်းတစ်ခု ပေါ်လာလို့ရှိရင် သူက သတ္တိပြလာတယ်ပေါ့၊ သင့်လျော်တဲ့ အကြောင်းနဲ့ ဆုံတိုင်း ဒါက ပေါ်လာတတ်တယ်၊ ဒုက္ခဝေဒနာနဲ့ ကြုံ
စာမျက်နှာ-၁၆၆
တိုင်း ကြုံတိုင်း ဒေါသဖြစ်ဖို့ဆိုတာ အလေ့အထလေးတစ်ခု ဖြစ်သွားတယ်၊

အဲဒီလို ဖြစ်လာတဲ့အခါမှာ သတ္တဝါတွေက ဒါနဲ့တင် ရပ်သလားဆိုတော့ မရပ်ဘူး၊ ဒေါသဖြစ်တဲ့အခါမှာ ဒေါမနဿဝေဒနာ ခံစားတယ်၊ စိတ်ကပါ ဒုက္ခဝေဒနာပေါ်မှာ မုန်းတီးမှုတွေ ဖြစ်လာသည့်အတွက် ဒေါမနဿဝေဒနာ ဆက်လက်ပြီး ဖြစ်ပေါ်တယ်၊ ဒုက္ခဝေဒနာဆိုတဲ့ ကာယိကဒုက္ခ ဖြစ်ပေါ်လာတာကို အကြောင်းပြုကာ စေတသိကဒုက္ခ ခေါ်တဲ့ စိတ်ဆင်းရဲမှုဆိုတာ ထပ်ပြီး ပေါ်လာတယ်။ ။

ဒါကြောင့်မို့လို့ သလ္လသုတ်မှာ ပထမ ကာယိကဒုက္ခ ခံစားရတာဟာ မြားတစ်ချက် စူးဝင်တာနဲ့ တူတယ်တဲ့၊ အဲဒီခြားတစ်ချက် စူးဝင်နေတဲ့အပေါ်မှာ စေတသိကဒုက္ခ ထပ်ဆင့်ဝင်လာတဲ့အခါကျတော့ ဒုတိယမြားတစ်ချက် စူးဝင်တာနဲ့ တူတယ်တဲ့။

ဒီတော့ သတ္တဝါတွေဟာ ကာယိကဒုက္ခမှ စေတသိကဒုက္ခဆိုတာကို ဘာနဲ့ အစားထိုးပြီးတော့ ဖယ်ရှားချင်သလဲ၊ ကာယိက ဒုက္ခ, စေတသိကဒုက္ခတို့ရဲ့ လွတ်မြောက်ရာနည်းလမ်းကို မသိသည့်အတွက်ကြောင့် ဘာရှာတုန်းဆိုတော့ - သုခကို ရှာတယ်၊ သုခနဲ့ အစားထိုးချင်တယ်၊ အဲဒီသုခနဲ့ အစားထိုးလို့ရှိရင် ဘာထပ်လာပြန်တုန်းဆိုရင် “သုခါယ ဝေဒနာယ ကာမရာဂါနုသယော အနုသေတိ”ဆိုတဲ့ တဏှာထပ်လာတယ်၊

သို့သော် - ဒုက္ခဝေဒနာတုန်းက ကာယိကဒုက္ခခံစားရတာက မြားဒဏ်တစ်ချက် စူးခံရတယ်၊ အဲဒီအပေါ်မှာ စိတ်မသက်မသာဖြစ်တော့ ဒုတိယမြားဒဏ်တစ်ချက် စူးခံရပြန်တယ်၊ တစ်ခါ ချမ်းသာမှု
စာမျက်နှာ-၁၆၇
ကို တောင့်တလိုချင်ပြန်တဲ့အခါကျတော့ မြားတစ်ချက် ထပ်စူးပြန်တယ်ဆိုတော့ လူတွေဟာ ဒုက္ခကြုံတိုင်း ကြုံတိုင်း မြားဒဏ်က ၃-ချက် အစူးခံရတယ်လို့ ဒီလို ဟောထားတာရှိတယ်။

အဲဒီအနေအထားကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က “ဝေဒနာပစ္စယာ တဏှာ” လို့ ဒီလို ဟောတာ ဖြစ်တယ်။

အဲဒါကိုပဲ ဝိသုဒ္ဓိအဋ္ဌကထာက ရှင်းလိုက်တာ - “ဒုက္ခ သုခံ ပတ္ထယတိ” “ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်က သုခကိုပဲ လိုချင်တယ်” လိုချင်တယ်ဆိုကတည်းက တဏှာဖြစ်တယ်လို့ ပြောလိုတာပဲ။ အေး ... ဒါကြောင့်မို့လို့ “ဝေဒနာပစ္စယာ တဏှာ” လို့ပဲ ဟောလိုက်တယ်၊ ဒါက သတ္တဝါတွေဟာ နောက်ထပ်မျိုးဆက် ဖြစ်ပေါ်ဖို့ရာအတွက် အကြောင်းတရားတစ်ခု ထပ်ဆင့်ပြီးတော့ ပေါ်လာခြင်းပဲ။

သာမန်သတ္တဝါတစ်ယောက်ဟာ ရုပ်, နာမ် ရှိမယ်၊ ထိုရုပ်နာမ်က ဆင့်ပွားပြီးတော့ ဗဟိဒ္ဓအာရုံတွေနဲ့ ဆက်သွယ်ဖို့ sense organ တွေ ဆက်သွယ်ရေးတွေ အင်္ဂါရပ်တွေ ပါလာတယ်၊ အင်္ဂါရပ်တွေ ပါလာသည့်အတွက်ကြောင့် ပြင်ပဗဟိဒ္ဓအာရုံတွေနဲ့ ဆက်သွယ်လိုက်တယ်၊ ဆက်သွယ်တယ်ဆိုတာ မြင်စရာတွေ မြင်လိုက်တယ်, ကြားစရာတွေ ကြားလိုက်တယ်, နှာခေါင်းက အနံ့တွေ ရတယ်, လျှာက အရသာတွေ ရတယ်, ခန္ဓာကိုယ်က အထိအတွေ့တွေ ရတယ်, စိတ်ထဲကနေပြီး စိတ်ကူးစိတ်သန်းအာရုံတွေ ရလာတယ်၊ ဒါ ဆက်သွယ်မှုတွေပဲပေါ့။
စာမျက်နှာ-၁၆၈

တဏှာပစ္စယာ ဥပါဒါနံ
အဲဒီအာရုံအပေါ်မှာ ကြိုက်မကြိုက်ဆိုတာတွေ ဖြစ်လာပြီးတော့ တဏှာဆိုတာ ပေါ်လာပြန်တယ်၊ “ဝေဒနာပစ္စယာ တဏှာ”၊ ဒီနေရာမှာ တဏှာဟာ ဖြစ်လာစအချိန်မှာ အင်အားသိပ်မကောင်းသေးလို့ တဏှာလို့ပဲ ခေါ်ပြီး အင်အားကောင်းလာတဲ့အခါကျတော့ “တဏှာပစ္စယာ ဥပါဒါနံ” လို့ ပြင်းထန်တဲ့စွဲလမ်းမှုတစ်ခု ဖြစ်လာတယ်၊ တဏှာတင် ဖြစ်တာ မဟုတ်ဘူး၊ တဏှာကို အခြေခံပြီးတော့ ဘာလာပြန်တုန်းဆိုလို့ရှိရင် ဒိဋ္ဌုပါဒါန - အယူအဆရေးရာတွေပါ ဆက်ပြီးတော့ လိုက်လာတယ်။

ဒိဋ္ဌိဆိုတာက သာမန်အားဖြင့် ကြည့်မယ်ဆိုရင် အမြင်မှားမှုပဲ “ဒီလူ အသိဉာဏ်မရှိလို့ အမြင်မှားတယ်” လို့ ပြောကောင်း ပြောမယ်၊ ဒိဋ္ဌိက မောဟနဲ့ အဓိကယှဉ်တွဲတယ်လို့ ဒီလို ထင်ကောင်းထင်လိမ့်မယ်၊ သို့သော် ဒိဋ္ဌိစေတသိက်ဟာ လောဘမူစိတ်ထဲမှာ ယှဉ်ပြီးတော့ ဖြစ်တာ၊ လောဘကို အခြေခံပြီး ဖြစ်တာမို့ လောဘမူစိတ်မှာသာ ဒိဋ္ဌိက ယှဉ်တယ် မောဟကိုသာ အခြေခံမယ်ဆိုရင် မောဟမူစိတ်မှာ ဒိဋ္ဌိဖြစ်ကောင်း ဖြစ်မယ်ပေါ့။

အခုတော့ အဲဒီလို မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကို တွယ်တာမှုဆိုတာကို အခြေပြုပြီးတော့ အယူမှားမှုတွေဟာ မျိုးစုံ ပေါ်လာတာ ဖြစ်တယ်၊ တဏှာဖြစ်တာနဲ့ တစ်ပြိုင်နက် မှားယွင်းတဲ့အယူအဆဆိုတဲ့ ဒိဋ္ဌိဟာလည်းပဲ ကပ်ပါလာတဲ့သဘော၊ ဒါကြောင့် “တဏှာပစ္စယာ ဥပါဒါနံ” လို့ ဘဝတစ်ခု ဖြစ်ပေါ်ရန်အတွက် ဟောဒီ အကြောင်းတရားတွေဟာ ထပ်ဆင့်ပြီးတော့ ဝင်လာတယ်။
စာမျက်နှာ-၁၆၉

ဥပါဒါနပစ္စယာ ဘဝေါ
ဒါ သတ္တဝါတွေရဲ့အခြေအနေဟာ ဒီအတိုင်းပဲနော်၊ အဲဒီလို ဥပါဒါန်ဖြစ်လာပြီး အယူအဆတွေ အမျိုးမျိုးဝင်လာမယ်၊ တွယ်တာမှုတွေ အမျိုးမျိုး ဝင်လာတယ်ဆိုရင် ဘာလုပ်လဲ? “ဥပါဒါနပစ္စယာ ဘဝေါ” လို့ ကိုယ်စီကိုယ်စီ ကိုယ့်ဘဝလေးတွေ ရှိလာကြပြီပေါ့။ ဖန်တီးလာကြပြီ၊ ကိုယ့်ဘဝ, သူ့ဘဝဆိုပြီးတော့ ဘဝလေးတွေ ဖြစ်လာကြပြီ။ ။

ဒီနေရာမှာ ဘဝဆိုတာ ဘာကို ပြောတာတုန်းဆိုရင် ကံကြောင့်ဖြစ်ပေါ်လာတဲ့ ခန္ဓာငါးပါး၊ ထိုခန္ဓာငါးပါးကို ရရှိစေတတ်တဲ့ အကြောင်းကံတို့ကို ပြောတာ၊ ကံကြောင့် ဖြစ်ပေါ်လာတဲ့ခန္ဓာ ငါးပါးကို ဥပပတ္တိဘဝလို့ သုံးပြီးတော့ ထိုခန္ဓာငါးပါးကို ရရှိစေတတ်တဲ့ ဘဝကို ဖြစ်ပေါ်စေတတ်တဲ့ ကံကိုတော့ ကမ္မဘဝလို့ ဒီလို သုံးတယ်။

ဥပပတ္တိဘဝ, ကမ္မဘဝ နှစ်မျိုးလုံးကို “ဥပါဒါနပစ္စယာ ဘဝေါ” လို့ ပြောတယ်၊ မြတ်စွာဘုရားသုံးစွဲထားတဲ့ စကားအတိုင်း သုံးလိုက်မယ်ဆိုရင် “ဥပါဒါနပစ္စယာ ဘဝေါ” - စွဲလမ်းမှုကို အခြေပြုပြီးတော့ လူတိုင်းမှာ ကိုယ်စီဘဝလေးတွေ ရှိလာကြတယ်လို့ ဒါ ဘဝကို သရုပ်ဖော်ထားတဲ့ စကားတစ်ခုပဲပေါ့။
ပယ်ဖျက်ပုံ
ဒီနေရာမှာ မြတ်စွာဘုရားက “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ” ဖြင့် မမှန်ကန်တဲ့ အကြောင်းတရားတွေ - သို့မဟုတ် - အကြောင်းမဲ့ဆိုတဲ့ စကားတွေကို ပယ်ဖျက်တာ၊
စာမျက်နှာ-၁၇၀
နောက်ပြီးတော့ “ဝိညာဏပစ္စယာ နာမရူပံ” ဆိုတဲ့စကားနဲ့က ဘာကို ပြောတာလဲဆိုရင် “ပဋိသန္ဓေဝိညာဏ်ဆိုတာ ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် နာမရူပဆိုတဲ့ နာမ်နဲ့ ရုပ် ပေါ်လာတယ်” လို့ - ဒီစကားက ဘာကို ရည်ညွှန်းတာလဲဆိုရင် အများထင်နေတာက ဒီဝိညာဏ်လေး ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် သတ္တဝါလို့ ဒီလိုသတ်မှတ်တယ်။

အဲဒီတော့ မြတ်စွာဘုရားက “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဟောလိုက်သဖြင့် သတ္တဝါမဟုတ်ဘူး, ဇီဝမဟုတ်ဘူး၊ နာမ်နဲ့ ရုပ် သက်သက်သာဖြစ်တယ်ဆိုတာကို ရှင်းပြတာပဲ။

ဝိသုဒ္ဓိမဂ်မဟာဋီကာကျမ်းကြီးမှာ ဒီအဓိပ္ပါယ်လေးကို ဖော်ပြထားတာ ရှိတယ်၊ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဆိုလိုက်တဲ့ စကားဟာ ဘာကို ပြောတာတုန်းဆိုရင် “ပဋိသန္ဓေဝိညာဏ်စိတ်ဆိုတာလေး ပေါ်လာတာနဲ့ တစ်ပြိုင်တည်း နာမ်နဲ့ ရုပ်တွေ ဖြစ်လာတယ်, သတ္တဝါဖြစ်လာတာ မဟုတ်ဘူး”၊ သို့သော် လူတွေကတော့ လူကလေး မွေးလာတယ်, သတ္တဝါလေး မွေးလာတယ်လို့ ဒီလိုပဲ ထင်ကြတယ်၊ တကယ်တော့ လူမွေးလာတာ မဟုတ်ဘူး၊ သတ္တဝါ မွေးလာတာ မဟုတ်ဘူး၊ နာမ်နဲ့ရုပ် ဒီနှစ်ခု ဖြစ်လာတာ၊ “ဝိညာဏပစ္စယာ နာမရူပံ”- ဒီအဓိပ္ပါယ်ကို ပြောတာ။

ဒါဖြင့် “နာမ်နဲ့ ရုပ်သာ ရှိတယ်” လို့ ပြောဆိုခြင်းဖြင့် ဘာကို ဖော်ပြတာတုန်းဆိုတော့ “အေး ... သတ္တဝါဆိုတဲ့ အထင်အမြင် အယူအဆဟာ ဟောဒီနာမ်နဲ့ ရုပ်ထဲမှာ လုံးဝမပါဘူး၊ နာမ်နဲ့ ရုပ်ဟာ သတ္တ ဇီဝတွေမှ ကင်းဆိတ်နေလို့ သုညသက်သက်သာ ဖြစ်တယ်” ဆိုတဲ့အဓိပ္ပါယ်ကိုလည်း မြတ်စွာဘုရားက ဖော်ပြတယ်၊ သုညဆိုတာ emptyness, ဘာတစ်ခုမှ ဒီထဲမှာ ထင်ထားတဲ့
စာမျက်နှာ-၁၇၁
အတိုင်း မရှိဘူး၊ သတ္တဆိုတာလည်း မရှိဘူး, ဇီဝဆိုတာလည်း မရှိဘူး၊ ရုပ်နာမ်သက်သက်မျှသာ ဖြစ်တယ် ။

ဒီရုပ်နာမ်တွေထဲမှာ ထိုအိန္ဒိယခေတ်ကတွေးခေါ်ထားတာတွေ အများကြီးပဲ၊ ဒီဝိညာဏ်ဆိုတာလေးက ဒီဘဝကနေ ဟိုဘဝ, ဟိုဘဝကနေ ဒီဘဝ, ဒီလိုကူးပြောင်းပြီးတော့ သွားလာနေတာတဲ့ သူတို့က ဘာနဲ့ ဥပမာပေးထားတုန်းဆိုတော့ “အဝတ်ကလေးတစ်ခု ဝတ်ထားတယ်၊ အဲဒီဝတ်ထားတဲ့ အဝတ်ကလေးဟောင်းလို့ရှိရင် နောက်ထပ်အဝတ်တစ်ခု လဲတယ်” နောက်ဥပမာတစ်ခုက “ဒီအိမ်ထဲက ထွက်ပြီး ဟိုအိမ်ထဲ ဝင်တယ်” ပေါ့။ အဲဒါကို သတ္တဝါလို့ သတ်မှတ်တယ်, ဇီဝလို့ သတ်မှတ်တယ်, ပုဂ္ဂလလို့ သတ်မှတ်တယ်, အတ္တလို့ သတ်မှတ်တယ်။

ဗုဒ္ဓမြတ်စွာရဲ့ သာသနာမှာဝင်ရောက်ပြီး ရဟန်းအဖြစ် ခံယူနေတဲ့ “သာတိ”ဆိုတဲ့ ကိုယ်တော်ကတောင်မှ အဲဒီအယူအဆကို လူ့ဘဝကတည်းက စွဲလမ်းနေတာ ဘုရားဟောတဲ့တရားကို သူ သဘောမကျနိုင်ဘူး၊ “ဒီဝိညာဏ်စိတ်ကလေး - သို့မဟုတ် - ဒီဝိညာဏ်ကလေး သတ္တဇီဝလေးဟာ ခန္ဓာကိုယ်တစ်ခုကနေ ခန္ဓာကိုယ်တစ်ခုကို ပြောင်းရွှေ့ပြီးတော့ သံသရာလည်နေတယ်”ဆိုတဲ့ ဒီအယူအဆကို သူလက်ခံတယ်၊ မြတ်စွာဘုရားက ရှင်းလင်းပြတာကို သူသဘောမကျနိုင်ဘူး။

ဘုရားလက်ထက်မှာလည်းပဲ အမြင်တစ်ခုဟာ စောင်းသွားပြီဆိုလို့ရှိရင် “အာဇာနဂ္ဂါဟီ”- စွဲစွဲလမ်းလမ်းယူတာ ဖြစ်သောကြောင့် “ဒုပ္ပဋိနိဿဂ္ဂိ”တဲ့၊ စွန့်လွှတ်ဖို့ဆိုတာ အလွန်ခက်တယ်။ အယူဝါဒတစ်ခုဟာ လွယ်လွယ်နဲ့ စွန့်လွှတ်နိုင်မှာ မဟုတ်ဘူးတဲ့၊
စာမျက်နှာ-၁၇၂
မှားယွင်းတဲ့ အယူအဆတစ်ရပ်ကို အမြင်မှန်ရအောင် ချေဖျက်ပစ်ဖို့ဆိုတာ အလွန်တရာမှ ခဲယဉ်းတယ်တဲ့။
မှားယွင်းသောအယူရှိတဲ့ ပုဂ္ဂိုလ်နား မကပ်သင့်ပုံ
ဒါကြောင့်မို့ အဋ္ဌကထာဆရာကြီးတွေက တိုက်တွန်း နှိုးဆော်ထားတာ ရှိတယ်၊ အသက်ရှည်လိုတဲ့ပုဂ္ဂိုလ်ဟာ ပြင်းထန်တဲ့အဆိပ်အတောက်ရှိတဲ့ မြွေဆိုးတွေနား မကပ်သင့်ဘူးတဲ့၊ မြွေဆိုးတွေနားမှာ ကပ်လို့ မြွေကိုက်ခံရလို့ရှိရင် သေဆုံးသွားနိုင်တယ်၊ ဒါကြောင့်မို့ မှားယွင်းတဲ့ အယူရှိတဲ့ ပုဂ္ဂိုလ်နားမှာ သူပြောမယ့် မှားယွင်းတဲ့စကားတွေ မကြားမိအောင် သူ့စကားကို နားမထောင်မိဖို့ သူ့ကို ဝေးဝေးက ရှောင်ရမယ်။

မှားယွင်းတဲ့အယူအဆရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သူက ယုတ္တိဆင်ပြီးတော့ ပြောလို့ ကိုယ်က နည်းနည်းသဘောကျသွားမယ်, မှားယွင်းတဲ့အယူအဆတစ်ရပ်ကို ကိုယ့်သန္တာန်မှာ လက်ခံသွားမိမယ်ဆိုရင် အလွန်အန္တရာယ်များတယ်ပေါ့။ ဒါကြောင့်မို့ ဒီလိုပုဂ္ဂိုလ်မျိုးရဲ့ စကားကိုလည်း နားမထောင်မိစေနဲ့လို့ ပြောတာ နားထောင်မိရင် အယူအဆတစ်ရပ်ဟာ မှားယွင်းသွားနိုင်တယ်၊ ဒါမျိုးက ဖြစ်နိုင်တယ်၊ ဒါကြောင့်မို့ အဋ္ဌကထာဆရာကြီးတွေက ဒီဂါထာလေးနဲ့ သတိပေးထားတာ ရှိတယ် ... “တဉ္ဇ အကလျာဏဇနံ၊ အာသီဝိသ မိဝေါရဂံ၊ အာရကာ ပရိဝဇ္ဇေယျ၊ ဘူတိကာမော ဝိစက္ခဏာ”တဲ့။
စာမျက်နှာ-၁၇၃

သုညဆိုတဲ့ စကားလုံး
“ဝိညာဏပစ္စယာ နာမရူပံ” ရုပ်နာမ်သက်သက်သာ ဖြစ်တယ်လို့ ဒီလိုဟောလိုက်ခြင်းဖြင့် သတ္တ, ဇီဝ မပါဘူးဆိုတဲ့ သုညတရားကိုလည်း မြတ်စွာဘုရားက ရှင်းပြရာ ရောက်တယ်၊ သုညဆိုတဲ့စကားလုံးက ဘာပြောတာတုန်းဆိုရင် သူတို့ထင်တဲ့ အရာတွေ မပါတာကို သုညလို့ ပြောတယ်နော်။

သုညဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေဟာ နောက်ပိုင်းမှာ ပြောင်းလဲပြီးတော့ ဖွင့်ဆိုတာတွေ ရှိတယ်၊ ထေရဝါဒဗုဒ္ဓသာသနာတော်မှာ သုညလို့ မြတ်စွာဘုရား မူလဖွင့်ဆိုချက်ကို သိရမယ်၊ ဆိုပါစို့ - ပါရာယနသုတ္တန်မှာ မောဃရာဇဆိုတဲ့ ကျောင်းသားတစ်ဦးကို မြတ်စွာဘုရားက သူ့အမေးကို ဖြေတဲ့အခါ

“သုညတော လောကံ အဝေက္ခဿု၊
မောဃရာဇ သဒါ သတော”

အစဉ်ထာဝရ သတိထားပြီးတော့ လောကကြီးကို သုညအနေနဲ့ သေသေချာချာကြည့် -တဲ့၊ လောကကြီးတစ်ခုလုံးဟာ ထင်နေတဲ့ သတ္တ ဇီဝဆိုတာ လုံးဝမပါတဲ့၊ သတ္တ ဇီဝဆိုတာ ဆိတ်သုဉ်းနေတယ်ဆိုတာ မြင်အောင်ကြည့် -တဲ့။ ။

ဘုန်းကြီးတို့တစ်တွေရဲ့ မျက်စိထဲမှာ သတ္တဝါတွေချည်းပဲ မြင်နေတယ်, ဇီဝတွေချည်းပဲ မြင်နေတယ်, ပုဂ္ဂလတွေချည်းပဲ မြင်နေတယ်၊ မြဲတဲ့အရာတွေချည်းပဲ မြင်နေတယ်၊ အဲဒါမျိုး မရှိဘူးဆိုတာကို ထင်ရှားလာအောင် “သုညတော လောကံ အဝေက္ခဿု” သုညအနေနဲ့ မြင်အောင်ကြည့်လို့ ဒီလို ပြောတာ။
စာမျက်နှာ-၁၇၄
အဲဒီ သုညကို အဓိပ္ပါယ်ဖော်တဲ့အခါ အမျိုးမျိုးအဓိပ္ပါယ် ဖော်ကြတယ်၊ ဗုဒ္ဓဘာသာကို လေ့လာတဲ့ပုဂ္ဂိုလ်တွေကတော့ မြတ်စွာဘုရားဟောတဲ့ သုတ္တန်တွေကို Early Buddhism စောစောပိုင်းက ဗုဒ္ဓဝါဒလို့ ယူဆပြီး နောက်ပိုင်းမှာ အဓိပ္ပါယ်အမျိုးမျိုး ဖော်ဆောင်တာကိုတော့ Later Buddhism ဆိုပြီးတော့ ဒီလို ခွဲကြတယ်။

Early Buddhism ဆိုတာ အခု ထေရဝါဒ မြန်မာနိုင်ငံမှာ ထွန်းကားနေတဲ့ သံဂါယနာ ၆-တန်တင်ထားတဲ့ ပိဋကတ်မှာ လာတဲ့အတိုင်းကို Early Buddhism လို့ သူတို့က ယူဆတယ်၊ နောက်ပိုင်းမှာ တိုးတက်ဖြစ်ပေါ်လာတဲ့ အဓိပ္ပါယ်တွေက အမျိုးမျိုး ဖြစ်ပေါ်လာတာ ရှိတယ်။

သုညဆိုတဲ့ စကားလုံးကို မြတ်စွာဘုရားက ရှင်းတဲ့အခါမှာ “သုညံ အတ္တေန ဝါ အတ္တနိယေန ဝါ” လို့ ဒီစကားနဲ့ ရှင်းတယ်၊ အတ္တဆိုတာ မပါဘူး၊ “အတ္တ”ဆိုတာ မရှိသည့်အတွက်ကြောင့် အတ္တက ပိုင်ဆိုင်တယ်ဆိုတဲ့ “အတ္တနိယ” မရှိဘူး၊

တစ်ခါ စကားနဲ့ပြောမယ်ဆိုလို့ရှိရင် “ငါ”ဆိုတာ မရှိဘူး။ ငါမရှိရင် “ငါ့ဥစ္စာ”ဆိုတာလည်း မရှိဘူး၊ ရှိမှ ငါ့ဥစ္စာဆိုတာ ဖြစ်နိုင်တာကိုး၊ ငါမှမရှိဘဲ ငါ့ဥစ္စာဆိုတာ ပြောလို့ မရဘူး၊ အဲဒီ စကားလုံးကျတော့ စာပေကျမ်းဂန်မှာ “အဟံ မမ”ဆိုတဲ့ စကားလုံးနဲ့ သုံးတယ်။

( အဟံဆိုတာ တကယ်က “ငါ” လို့ ပြောတာ၊ အဲဒါ အတ္တကို ရည်ညွှန်းတာ၊ သတ္တ ပုဂ္ဂလကို ရည်ညွှန်းတာ၊ “ငါ” ဆိုတဲ့စကားလုံးက ကိုယ့်ကိုယ်ကိုရည်ညွှန်းတာကို ပြောတာမဟုတ်
စာမျက်နှာ-၁၇၅
ဘူး အတ္တကို ပြောတာ၊ ဒါကြောင့်မို့ “နာဟံ န အတ္တနော” ငါလည်း မဟုတ်ဘူး၊ ငါ့ဟာလည်း မဟုတ်ဘူး၊ “နာဟံ န မမ” - အဟံဆိုတာလည်း မဟုတ်ဘူး, မမဆိုတာလည်း မဟုတ်ဘူး၊ ဒီလို ဆိုလိုတယ်။ ။

အဲဒါ “အတ္တ အတ္တနိယ”ဆိုတဲ့ အဓိပ္ပါယ်နဲ့ အတူတူပဲလို့ ဒီလိုမှတ်၊ ရုပ်တရားကိုဖြစ်စေ နာမ်တရားကိုဖြစ်စေ မိမိတို့တကယ် ရှိတဲ့ ရုပ်နဲ့ နာမ်တစ်ခုခုကို ငါလို့ သတ်မှတ်လိုက်ရင် ကျန်တဲ့ဟာ ငါ့ဥစ္စာ၊ ငါနဲ့ ငါ့ဥစ္စာ၊ ဆိုပါစို့ - “ငါ”ဆိုတာဟာ လူတွေဟာ ကိုယ့်ကိုယ်ကို “ငါ”လို့ ပြောနေတာ ဘာကို ပြောတာတုန်းလို့ အသေးစိတ် မေးလိုက်မယ်ဆိုရင် တစ်ခုစီကို “ငါ” လို့ ပြောစရာ တစ်ခုမှ မရှိဘူးနော်။ ။

သို့သော် ပေါင်းပြီးတော့ အကုန်လုံးကို “ငါ”လို့ ပြောလိုက်တယ်၊ ဥပမာ- စိတ်ကလေးကို “ငါ”လို့ ပြောလိုက်လို့ရှိရင် ထိုစိတ်ကလေးနဲ့ မှီရာရုပ်တရားကြီးကို “ငါ့ဥစ္စာ”လို့ ဒီလို သတ်မှတ်တယ်။ ဒါကြောင့်မို့ လူတွေက ပြောကြတယ်၊ ငါ့မျက်လုံးလို့ ပြောတယ်။ ငါ့နား ငါ့စိတ် ငါ့ကိုယ် ငါ့ဘဝလို့ သုံးလာကြပြီ၊ “ငါ”ဆိုတာကို လက်ခံထားသည့်အတွက်ကြောင့် ငါ့မျက်လုံး ငါ့ကိုယ် ငါ့စိတ်ဆိုတာတွေ ပေါ်လာတာပါ။

တကယ်တော့ ငါ့ကိုယ် ငါ့စိတ် ငါ့မျက်လုံးဆိုတာ ရှိရဲ့လား ဆိုတော့ မရှိဘူး၊ ကံတည်းဟူသော အကြောင်းတရားကြောင့် ဖြစ်ပေါ်နေတဲ့ ရုပ်တရားသက်သက်မျှသာ ဖြစ်တယ်၊ ငါ့မျက်လုံးဆိုတာလည်း ရုပ်တရားသက်သက်မျှသာ ဖြစ်တယ်၊ ငါ့စိတ်ဆိုတာလည်း နာမ်တရားသက်သက်မျှသာ ဖြစ်တယ်လို့၊ အဲဒီအထဲမှာ ငါလို့
စာမျက်နှာ-၁၇၆
ပြောစရာလည်း တစ်ခုမှ မရှိဘူး၊ ငါ့ဥစ္စာလို့ ပြောစရာလည်း တစ်ခုမှ မရှိဘူး၊ ဒါကြောင့်မို့ “သုည အတ္တေန ဝါ အတ္တနိယေန ဝါ” လို့ဆိုတာ။

အေး ... အသေးစိတ်ပြောတဲ့အခါကျတော့ “စက္ခု သုညီ အတ္တေန ဝါ အတ္တနိယေန ဝါ” - မျက်လုံးလေးဟာ သုညတဲ့၊ မျက်လုံးဟာ မျက်လုံးပဲ, ရုပ်တရားပဲ၊ အဲဒီမျက်လုံးထဲမှာ အတ္တဆိုတာ မရှိဘူး၊ မျက်လုံးဟာ အတ္တရဲ့ ပိုင်ဆိုင်တဲ့အရာလည်း မဟုတ်ဘူး၊ ဒါကြောင့်မို့ သူ့ကို အင်္ဂလိပ်လို ပြောတဲ့အခါကျတော့ Eye is empty, eye ဟာ ဘာမှ မရှိဘူး၊ eye ဟာ just eye ပဲ၊ ဘာကြောင့် empty ဖြစ်လဲဆိုလို့ရှိရင် “Neither I nor My property” - ငါလည်း မဟုတ်ဘူး၊ ငါ့ဥစ္စာလို့ ပိုင်ဆိုင်တဲ့အရာလည်း မဟုတ်ဘူးလို့ ဒီလိုပြောတာ၊ အဲဒါဟာ Early Buddhism က ဖွင့်ဆိုတဲ့ အဓိပ္ပါယ်တစ်ရပ်ပဲ။
သုညနှင့် ပတ်သက်၍ မှားယွင်းစွာ ဖွင့်ဆိုချက်
အခုနောက်ပိုင်းမှာ တိုးတက်ဖြစ်ပေါ်လာတဲ့ ဗုဒ္ဓဘာသာလို့ ယူဆကြတဲ့ဝါဒတွေ ပေါ်လာတယ်၊ သုညနဲ့ ပတ်သက်ပြီးတော့ Nagarjuna ဆိုတဲ့ အိန္ဒိယက ရဟန်းတစ်ပါး၊ သူက သုညဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ချဲ့ပြတယ်၊ မြတ်စွာဘုရားဟောတာက အတ္တနဲ့ အတ္တနိယ မရှိတာကို သုညလို့ ပြောတာ၊ သူ့ကျတော့ အဓိပ္ပါယ်တွေ ဘာတွေထပ်ချဲ့လိုက်သလဲဆိုရင် သူက “သဗ္ဗ သုည - all are empty” အားလုံးဟာ ဘာမှ မရှိဘူးတဲ့၊ အားလုံးလို့ ဆိုလိုက်ကတည်းက ဘာတစ်ခုမှ မကျန်တော့ဘူး။
စာမျက်နှာ-၁၇၇
ဟိုတုန်းက မြတ်စွာဘုရားက “စက္ခု သုည အတ္တေန ဝါ အတ္တနိယေန ဝါ” - စက္ခုဆိုတာ ရုပ်တရားအနေနဲ့ ရှိတယ်၊ အဲဒီ ရုပ်တရားမှာ အတ္တဆိုတာ မရှိဘူး၊ အတ္တရဲ့ ပိုင်ဆိုင်တယ်ဆိုတာ မဟုတ်ဘူးလို့၊ အတ္တလည်း မဟုတ်ဘူး၊ အတ္တရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းလည်း မဟုတ်ဘူးလို့ - ဒီအဓိပ္ပါယ်ကို မြတ်စွာဘုရားက ဟောတာ။

အေး - သူကျတော့ ရုပ်တရားလည်း မရှိဘူး၊ နာမ်တရားလည်း မရှိဘူး၊ “သဗ္ဗ သုည - all are empty” ဆိုပြီး ဘာမှ မရှိတော့ဘူးဆိုတဲ့ အဓိပ္ပါယ်ကို သူက ဖွင့်တယ်၊ Nagarjuna ရေးတဲ့ မူလမဓျမိကာရိကာ (Mulamadhyamakakarika) ဆိုတဲ့ ကျမ်းတစ်ကျမ်း ရှိတယ်၊ အဲဒါကို မဟာယာနတွေက သူတို့ရဲ့ Philosophy အတွေးအခေါ်ကျမ်းတစ်ခုအနေနဲ့ သင်ရိုးပြုကြတယ်။

သုညအဓိပ္ပါယ်ဟာ ဗုဒ္ဓမြတ်စွာရဲ့ မူရင်းသုညအဓိပ္ပါယ် မဟုတ်ဘဲနဲ့ ကိုယ်ပိုင်အတွေးအယူအဆနဲ့ “all are empty”၊ “သဗ္ဗံ သုည” အားလုံးဟာ သုညလို့ဆိုတာ၊ သူက ဘာနဲ့ ရှင်းပြတုန်းဆိုတော့ သူပြောချင်တဲ့သုညဆိုတာ ဘာလဲ? ပဋိစ္စသမုပ္ပါဒ်ကို သုညလို့ ပြောချင်တာတဲ့၊ ပဋိစ္စသမုပ္ပါဒ်ကို သုညဆိုတာ သူက ဘာကို ဆိုလိုတာတုန်းဆိုတော့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဆိုတဲ့ နေရာမှာ သင်္ခါရဆိုတာ မရှိရင် အဝိဇ္ဇာဆိုတာ မရှိနိုင်ဘူး၊ သင်္ခါရကို ထောက်ပြီးတော့ အဝိဇ္ဇာကို ပြောရတယ်တဲ့၊ အဝိဇ္ဇာကို ထောက်ပြီးတော့ သင်္ခါရဆိုတာ ပြောရတယ်တဲ့။

ဘာနဲ့ ဥပမာပေးတုန်းဆိုတော့ ပိတာပုတ္တ - သားနဲ့ အဖေ လိုပဲ၊ သားကို ထောက်ပြီး အဖေလို့ ခေါ်တာ၊ အဖေကို ထောက်ပြီး သားလို့ ခေါ်တာ၊ တစ်ခုခုကို ဖယ်လိုက်မယ်ဆိုရင် - အဖေကို ဖယ်လိုက်လို့ရှိရင် သားဆိုတာမရှိဘူး၊ သားကို ဖယ်လိုက်ရင်လည်း အဖေဆိုတာ မရှိနိုင်ဘူး၊ သူက အဲဒီဥပမာမျိုးကို ပေးပြီးတော့ ပြောတာ၊
စာမျက်နှာ-၁၇၈
ဆိုလိုတာက အပြန်အလှန် မှီနေရတယ်၊ သားနဲ့ အဖေဟာ အပြန်အလှန်ထောက်ထားပြီးတော့ ပြောနေတဲ့စကား၊ တစ်ခု ဖယ်လိုက်ရင် ကျန်တစ်ခုရပ်တည်နိုင်စွမ်း မရှိဘူး၊ နှစ်ခုပေါင်းမှ ရပ်တည်နိုင်တယ်ပေါ့။ ဒါကြောင့်မို့ All are empty - သုည လို့ သူက ပြောတာ။

သို့သော် မြတ်စွာဘုရားဆိုလိုတာထက် သူ့ “သုည” က ပိုလွန်းနေတယ်၊ ရုပ်တွေနာမ်တွေပါ မရှိဘူးဆိုတဲ့အဓိပ္ပါယ် ရောက်သွားတယ်၊ All are empty အဓိပ္ပါယ်က ဘာမှ မရှိဘူးဆိုတဲ့ အဓိပ္ပါယ် ရောက်သွားတာပေါ့ ... နိဗ္ဗာန်ကို သုညလို့ ပြောတာတောင်မှ ရာဂရဲ့ဆိတ်သုဉ်းမှု, ဒေါသရဲ့ ဆိတ်သုဉ်းမှု, မောဟရဲ့ ဆိတ်သုဉ်းမှုဆိုတာတွေနဲ့ တစ်ခုခုကိုင်ပြီးတော့ ပြောရတယ်။

Nagarjuna ဆိုတဲ့ အဲဒီသုညဝါဒီက သူလည်း ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးပဲ၊ သို့သော် သူရေးတဲ့နည်းက dialectic လို့ ခေါ်တယ်၊ ဒါပဋိစ္စသမုပ္ပါဒ်နဲ့ဆက်သွယ်နေလို့ ပြောတာ၊ dialectic ဝါဒလို့ ခေါ်တယ်၊ သူက အားလုံးကို ငြင်းပယ်တယ်၊ ငြင်းပယ်ပြီးတော့ အဖြေထုတ်သလားဆိုတော့ အဖြေမထုတ်ဘူး။

“ဘာဝ” လို့ ခေါ်တဲ့ ဖြစ်ပေါ်လာတဲ့သဘာဝတရားတစ်ခုဟာတဲ့ မိမိတည်းဟူသော အကြောင်းကြောင့် ဖြစ်တာလည်း မဟုတ်ဘူး၊ တခြားအကြောင်းကြောင့် ဖြစ်တာလည်း မဟုတ်ဘူး၊
စာမျက်နှာ-၁၇၉
မိမိအကြောင်း တခြားအကြောင်းဆိုတဲ့ အကြောင်းနှစ်မျိုးကြောင့် ဖြစ်တာလည်း မဟုတ်ဘူး၊ သို့သော် အကြောင်းမဲ့ဖြစ်တာလည်း မဟုတ်ဘူး” လို့ ရေးတယ်၊ ဘာကြောင့်ဖြစ်တာလဲဆိုတာတော့ သူက တိုက်ရိုက် မပြောဘူး၊ အဖြေ မထုတ်ဘူး။

နောက်တစ်ခု သူက ဘာပြောသလဲဆိုတော့ “သံသရာနဲ့ နိဗ္ဗာန်ဟာ အတူတူပဲ၊ ဘယ်လိုတူတာတုန်းဆိုရင် အမှန်တရားကို မမြင်နိုင်တဲ့ အမှန်တရားကို ဖုံးကွယ်ထားတဲ့ အဝိဇ္ဇာရှိနေတဲ့အချိန်မှာ နိဗ္ဗာန်ကို သံသရာအဖြစ် မြင်နေကြတာ၊ အဲဒီအမှန်တရားကို မမြင်တဲ့အဝိဇ္ဇာကို ဖယ်ရှင်းလိုက်တာနဲ့တစ်ပြိုင်နက် နိဗ္ဗာန်ကို မြင်ရတယ်” လို့ ဒီလိုပြောတယ်၊ အဲဒီ မဓျမိက Philosophy ကျမ်းကို သင်လို့ရှိရင်တော့ ခေါင်းတွေ ချာလပတ်ရမ်းသွားလိမ့်မယ်၊ ဘာမှ အဖြေမထုတ်နိုင်ဘူး။

သူက သံသရာနဲ့ နိဗ္ဗာန်တူတယ်ဆိုတာကို ဥပမာလေးတစ်ခုနဲ့ ပြောထားတယ်၊ ဟုတ်သယောင်ယောင်ပေါ့နော်၊ မှောင်စပျိုးချိန် လမ်းပေါ်မှာ မြွေလေးသဏ္ဌာန် ကြိုးခွေလေးတစ်ခု ကျနေတယ်၊ မှောင်ရီပျိုးနေတယ်ဆိုတော့ အဲဒီကြိုးကလေးကို ကြည့်လိုက်တဲ့အခါ အလင်းက ပြည့်ပြည့်ဝဝ မရတော့ မြွေဆိုပြီးတော့ လန့်တယ်၊ အဲဒီ မြွေလို့ထင်ရတဲ့ ကြိုးလေးကို ဓာတ်မီးနဲ့ဖြစ်စေ, အလင်းရောင်တစ်ခုခုနဲ့ဖြစ်စေ အသေအချာကြည့်လိုက်လို့ရှိရင် ကြိုးပဲ၊ အဲဒါကို သူက ဥပမာပေးထားတယ်။

“နဂိုတုန်းကလည်း ကြိုးပါပဲတဲ့နော်၊ အမှောင်ထဲတုန်းကလည်း ကြိုးပဲ, မြွေမဟုတ်ဘူး၊ အလင်းရောင်ထဲ ကြည့်လိုက်တဲ့အခါကျတော့လည်း ကြိုးပဲတဲ့၊ နဂိုက ကြိုးမို့ ကြိုးဖြစ်တယ်ပေါ့။
စာမျက်နှာ-၁၈၀
အဲဒီဥပမာနဲ့သူက နဂိုကတည်းက နိဗ္ဗာန်ပါတဲ့၊ မှောင်နေတဲ့အချိန်ကျတော့ မြွေထင်နေသလို သံသရာလို့ ထင်နေတာ” လို့ ဒီလို ပြောပြပြန်တယ်၊ အဲဒါ သုညဝါဒီရဲ့စကားပဲ။

မြတ်စွာဘုရားရဲ့ တရားတော်တွေကို နောက်ပိုင်း interpretation (အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်) တွေနဲ့ အမှန်တရားကနေ လွဲချော်သွားတဲ့ interpretation တွေ ပေါ်လာတယ်။

မြတ်စွာဘုရားက မဇ္ဈိမပဋိပဒါ - ဟိုဘက်ဒီဘက် ချိန်ခွင်လျှာမျှပြီးတော့ မှန်ကန်တဲ့လမ်းစဉ် အစွန်းမရောက်တဲ့လမ်းစဉ်နဲ့ သွားတာ၊ လွယ်လွယ်လေးနဲ့ အစွန်းရောက်သွားနိုင်တယ်၊ ဘုရားတရားတော်တွေက အလွန့်ကို သိမ်မွေ့နူးညံ့တယ်လို့ ပြောတာနော်။

သူပြောတဲ့ dialactic က မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် တစ်ခါတစ်ရံ မဖြေဘူးဆိုတဲ့ စကားတွေနဲ့လည်း သွားပြီး ဆက်စပ်နေတယ်၊ ဘုရားမဖြေတာက အဓိပ္ပါယ်ရှိတယ်လေ၊ ဖြေလို့ရှိရင် မမှန်ကန်တဲ့ဝါဒတစ်ခုကို လက်ခံရာ ရောက်သွားမှာ ဖြစ်လို့ပေါ့။
မြတ်စွာဘုရား အဖြေမပေးသော မေးခွန်းများ
ဆိုပါစို့ - “သတ္တဝါဟာ သေပြီးတဲ့နောက် ဖြစ်သလား?” “သတ္တဝါဟာ သေပြီးတဲ့နောက် မဖြစ်ဘူးလား?” “သတ္တဝါဟာ သေပြီးတဲ့နောက် တချို့ ဖြစ်တယ် တချို့မဖြစ်ဘူးလား?” “သတ္တဝါဟာ သေပြီးတဲ့နောက် လုံးဝမဖြစ်ဘူးလား၊ လုံးဝမဖြစ်တာလည်း မဟုတ်ဘူးလား?” ဆိုတဲ့ ဒီမေးခွန်း ၄-ခု။
စာမျက်နှာ-၁၈၁
အဲဒီမေးခွန်း ၄-ခုဟာ ဘယ်တစ်ခုကို မြတ်စွာဘုရားက အဖြေမပေးဘူး၊ ဘာဖြစ်လို့ အဖြေမပေးတာလဲဆိုတော့ ရှင်းရှင်းလေးပဲလေ၊ လူတစ်ယောက်ကို မေးကြည့်မယ်- “မင်းမှာ ကားရှိလား” လို့ မေးလိုက်တယ်၊ “မရှိဘူး” “အေး အဲဒီမရှိတဲ့ကားဟာ Made in Japan လား” လို့ မေးရင် ဘယ်လိုဖြေမလဲ၊ ကိုယ့်မှာ မရှိတဲ့ကားကို မေးတာဆိုတော့ ဟုတ်လား၊ “အဲဒီမရှိတဲ့ကားဟာ ဂျပန်မှာ လုပ်တာလား” ဆိုတာကို ဘယ်လိုလုပ်မလဲ။ ဖြေလို့ မရဘူးပေါ့။

နောက်ဥပမာတစ်ခုက သားသမီးမရှိပါဘူးဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့သားဟာ “အရပ်ရှည်သလား, အရပ်ပုသလား” လို့ မေးကြည့်မယ်၊ ဒီမေးခွန်းကို ဖြေလို့ ရမလား၊ မရဘူးနော်၊ အေး - အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားက မဖြေတာ - အဓိပ္ပါယ်ရှိတယ်။

တချို့ကတော့ မြတ်စွာဘုရား မဖြေတာကို မသိလို့ မဖြေသယောင်ယောင်, နှုတ်ဆိတ်နေသယောင်ယောင်နဲ့ ဒီလိုတွေ ဘာသာပြန်ကြတာတွေ ရှိသေးတယ်၊ အမှန်ကတော့ သတ္တဝါလို့မှ ကိုယ်ကမှ လက်မခံတဲ့အရာတစ်ခုကို သတ္တဝါအဖြစ်ကိုင်ပြီးတော့ မေးပြီဆိုရင် ဘုရားက ဘယ်တော့မှ လက်ခံမှာ ဖြေဆိုမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့တုန်းဆို မြတ်စွာဘုရားက သတ္တဝါလို့သတ်မှတ်တာ တစ်ခုမှ မရှိဘူးလေ၊ ရုပ်နဲ့ နာမ်ပဲ ရှိတာကိုး၊ အဲဒီနေရာတွေက အလွန်သိမ်မွေ့တယ်တဲ့။

ဒါကြောင့်မို့ ဒီပဋိစ္စသမုပ္ပါဒ်ကို ဟောတဲ့အခါမှာ မြတ်စွာဘုရားက “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဟောလိုက်တာဟာ သတ္တဝါဖြစ်တာ မဟုတ်ဘူး, ဇီဝဖြစ်တာ မဟုတ်ဘူး၊ နာမ်နဲ့ ရုပ်
စာမျက်နှာ-၁၈၂
နှစ်ခုတည်းပဲ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ပြရုံမျှမက နာမ်ရုပ်ဆိုတာ သတ္တဝါမပါတဲ့ သုညပဲ၊ သတ္တဝါတွေက ကင်းဆိတ်နေတဲ့ သုညပဲတဲ့၊ တကယ့်သုညအစစ်၊ ငါလို့ ပြောစရာ မရှိဘူး၊ ငါ့ဥစ္စာလို့ ပြောစရာ မရှိဘူး၊ နာမ်နဲ့ ရုပ်သက်သက်ပဲလို့ ဒီအဓိပ္ပါယ်ကို ဖော်ပြတာတဲ့။

ဒါတင်မကဘူး “ဝိညာဏပစ္စယာ နာမရူပံ” လို့ ပြောလိုက်သဖြင့် ဓမ္မစက္ကပဝတ္တနသုတ္တန်မှာ - (ဒီသုတ္တန်ဟာ အဓိကအားဖြင့် သစ္စာလေးပါးကို ရှင်းပြတဲ့သုတ္တန်ပဲ) - အေး နာမရူပံ လို့ ပြောလိုက်သဖြင့် ဒုက္ခလို့ ပြောလိုက်တာပဲ၊ ဒါဖြင့် ဝိညာဏ်ကြောင့် ဖြစ်လာတဲ့အရာဟာ ဘာလဲဆိုရင် ဒုက္ခပဲတဲ့၊ အဝိဇ္ဇာတို့ သင်္ခါရတို့က ဖန်တီးပေးလိုက်သည့်အရာသည် ဘာကို ဖန်တီးပေးတာလဲဆိုတော့ ဒုက္ခကို ဖန်တီးလိုက်တာပဲ။
ဒုက္ခ၏ ဆိုလိုချက်
“ဒုက္ခ” ဆိုတာ ဒီနေရာမှာ ဆင်းရဲတာကို ပြောတာ မဟုတ်ဘူး၊ ဒုက္ခရဲ့အဓိပ္ပါယ်တစ်ခုကို မှတ်ရမယ်၊ စကားလုံးချင်းက အသံတူနေလို့ သူ့ရဲ့အဓိပ္ပါယ်က ဒီနေရာမှာ ဒုက္ခဆိုတာ ဒု + ခ - “ဒု” ဆိုတာ နှစ်သက်ကျေနပ်စရာ မကောင်းဘူး၊ စက်ဆုပ်ရွံမုန်းစရာကောင်းတယ်၊ “ခ” ဆိုတာ ဘာမှ မရှိဘူး, ကိုယ်ထင်တဲ့အတိုင်း တစ်ခုမှ မဟုတ်ဘူး၊ ဒီအဓိပ္ပါယ်မျိုးကို ပြောတာ၊ ထင်တဲ့အတိုင်း ဘာမှမဟုတ်သည့်အပြင် ဘေးရန်ဟူသမျှရဲ့တည်ရာကြောင့် ကျေနပ်စရာ မကောင်းဘူး၊ ကိုယ်ထင်တဲ့အရာတွေ တစ်ခုမှ မရှိဘူးဆိုတဲ့ အဲဒီအဓိပ္ပါယ်နဲ့ ဒုက္ခလို့ ပြောတာ။
စာမျက်နှာ-၁၈၃

ကိုယ်ထင်တဲ့အတိုင်း တစ်ခုမှ မဟုတ်
သံယုတ်ထဲက သုတ္တန်တစ်ခုထဲမှာလည်းပဲ မြတ်စွာဘုရားဟောထားတယ်လေ၊ “ယော ဘိက္ခဝေ ရူပဿ ဥပ္ပါဒေါ ဒုက္ခဿသော ဥပ္ပါဒေါ” ရုပ်တရားဖြစ်ပေါ်လာတာ ဘာဖြစ်ပေါ်လာတာတုန်းဆို ဒုက္ခဖြစ်ပေါ်လာတာ၊ အဲဒီဒုက္ခဟာ ကိုယ်ထင်တဲ့အတိုင်း တစ်ခုမှမဟုတ်ဘူး၊ ရုပ်တရားဟာ ကိုယ်ထင်တဲ့အတိုင်း တစ်ခုမှ မဟုတ်ဘူး။

ဒါကြောင့်မို့ “တဏှာသင်္ခယသုတ်”, ရှင်မဟာမောဂ္ဂလာန်ရဲ့ မေးခွန်းကိုဖြေတဲ့ “ပစလာယနသုတ်” - တဏှာသင်္ခယအဓိပ္ပါယ်ကို ပြောတဲ့အခါ “သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေသာယ” ဆိုတဲ့ ဒီစကားတစ်ခုဟာ အင်မတန်မှ မှတ်သားထိုက်တဲ့ စကားတစ်ခု၊ သဗ္ဗေ ဓမ္မာဆိုတာ ဘုန်းကြီးတို့တစ်တွေသန္တာန်မှာ ရထားတဲ့ ရုပ်တရား နာမ်တရားတွေအားလုံးဟာ “နာလံ အဘိနိဝေသာယ”၊ “အဘိနိဝေသ” ဆိုတာ စိတ်ထဲမှာ စွဲမှတ်ထားတာ၊ ငါလို့ ငါ့ဥစ္စာလို့ မြဲတယ်လို့ ချမ်းသာတယ်လို့ အများက ထင်နေကြတယ်၊ အဲဒီအထင်အမြင်တွေအတိုင်း မထင်သင့်တဲ့တရားပါလို့ - ဒီလိုပြောတာနော်။

ရုပ်တရား နာမ်တရားတွေဟာ ငါ ငါ့ဥစ္စာလို့ စိတ်ထဲမှာ စွဲလမ်းမထားသင့်တဲ့တရားတဲ့၊ မြဲတယ် ချမ်းသာတယ် ငါပိုင်တယ် လို့ မစွဲလမ်းသင့်တဲ့တရား ဖြစ်တယ်၊ ဘာ့ကြောင့် အဲဒီလို ဖြစ်တာတုန်းဆိုတော့ ကိုယ်ထင်တဲ့အတိုင်း ဟုတ်မှ မဟုတ်တာဘဲ၊ တလွဲတွေချည်းပဲ ဖြစ်နေတယ်။

ကိုယ်ကတော့ ထာဝရလို့ ထင်တယ်, သူက တစ်ခဏပဲ ဖြစ်တယ်၊ ကိုယ်ကတော့ သုခလို့ ထင်တယ်, သူက ဒုက္ခဖြစ်တယ်၊
စာမျက်နှာ-၁၈၄
ကိုယ်ကတော့ ကိုယ်ပိုင်ဆိုင်တယ် ကိုယ့်အလိုကျဖြစ်မယ် ထင်တယ်, ကိုယ့်အလိုကျ တစ်ခုမှ မဖြစ်ဘူး၊ အဲဒီသဘာဝတရားတွေက ဒီလိုအနေအထား ရှိနေသည့်အတွက်ကြောင့် “သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေသာယ” တဲ့ ဒါက နှလုံးသွင်းဖို့ကို ပြောတာနော်။
ဝိသုဒ္ဓိမဂ်မဟာဋီကာ ဖွင့်ဆိုပုံ
ဒါကြောင့်မို့ ဝိသုဒ္ဓိမဂ်မဟာဋီကာကျမ်းမှာ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဟောလိုက်တဲ့ဟာရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်လာတဲ့ အဓိပ္ပါယ်က - “ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်ဆိုတာ သတ္တဝါပေါ်လာတာ မဟုတ်ဘူး, ဇီဝပေါ်လာတာ မဟုတ်ဘူး, ရုပ်တရားနဲ့ နာမ်တရားသက်သက် ပေါ်လာတာ၊ ရုပ်တရား နာမ်တရားသည် သတ္တမှ ဇီဝ မဖက်တာဖြစ်သောကြောင့် သုညအစစ်ပဲ” တဲ့။

ရုပ်တရား နာမ်တရား မရှိလို့ သုညပြောတာ မဟုတ်ဘူး၊ ဆိုပါစို့ - အိမ်ထဲမှာ လူမရှိဘူးလို့ ပြောတာက အိမ်မရှိဘူးလို့ ပြောတာ မဟုတ်ဘူးနော်၊ အိမ်ထဲမှာလူမရှိတာကို ပြောတာ၊ အခုလည်းပဲ ရုပ်နာမ်ကို မရှိဘူးလို့ ပြောတာ မဟုတ်ဘူး၊ ရုပ်နာမ်ထဲမှာ သတ္တ, ဇီဝ မရှိဘူးလို့ ပြောတာ၊ ဗုဒ္ဓမြတ်စွာရဲ့ သုညအဓိပ္ပါယ်က ဒီလို။

အဲဒီရုပ်နာမ်တရားသည် ရုပ်နာမ်တရားကိုယ်တိုင်က အတ္တလည်း မဟုတ်ဘူး၊ အတ္တရဲ့ property အတ္တပိုင်ဆိုင်တဲ့ပစ္စည်းလည်း မဟုတ်ဘူး၊ ငါလည်း မဟုတ်ဘူး၊ ငါ့ဟာလည်း မဟုတ်ဘူး၊ ဒါကြောင့် သုညလို့ ပြောထား
စာမျက်နှာ-၁၈၅
အေး - ရုပ်နာမ်သက်သက်သာ ဖြစ်တယ်၊ အများထင်နေသလို သတ္တ ဇီဝ မဟုတ်ဘူး၊ အဲဒီရုပ်နာမ်ဆိုတာလည်း ကြည့်လိုက်တဲ့အခါ ဓမ္မစက္ကပဝတ္တနသုတ်မှာ ရုပ်နာမ်ဟာ ဒုက္ခပဲ၊ အဲဒီ ဒုက္ခကို ဖော်ပြလိုက်ခြင်းအားဖြင့် ဒုက္ခရဲ့ အကြောင်းဖြစ်တဲ့ ဒုက္ခသမုဒယကိုလည်း ဟောပြောပြီးသား ဖြစ်သွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဆက်နွယ်လာတာကို ဒုက္ခသမုဒယပြောခြင်းဖြင့် ဒုက္ခရှိနေရင် ဒုက္ခနိရောဓရှိရမယ်၊ ထိုဒုက္ခနိရောဓ ရှိလာဖို့အတွက် နည်းလမ်းဆိုတာလည်း ရှိရမယ်၊ ဒုက္ခနိရောဓဂါမိနိပဋိပဒါလို့။

“ဝိညာဏပစ္စယာ နာမရူပံ” ဆိုတဲ့စကားလေးက ဆက်နွယ်လာပြီး သစ္စာလေးပါးကိုပါ ဖော်ပြရာရောက်တယ်လို့ ပဋိစ္စသမုပ္ပါဒ်က ပဋ္ဌာန်းနည်းတင်မကဘူး သုတ္တန်နည်းနဲ့လည်း လေ့လာသုံးသပ်လို့ ရတယ်လို့ ဒီလိုပြောရမှာပေါ့။
“ဝိညာဏပစ္စယာ နာမရူပံ” ၌ ဝိညာဏ်အရ
အဲဒီမှာ ပဋ္ဌာန်းနည်းနဲ့ လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် ဒီနေရာမှာ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ပြောတဲ့အခါ ဝိညာဏ်ဘယ်နှစ်မျိုးလဲလို့ မေးမယ်ဆိုရင် အဘိဓမ္မာကို လေ့လာထားတဲ့ပုဂ္ဂိုလ်တွေက ဝိညာဏ်ဆိုတာ စိတ် ၈၉-ပါးထဲက ကံတရားရဲ့အကျိုးဖြစ်တဲ့ ဝိပါက်စိတ်တွေကိုလည်း ဝိညာဏ်လို့ ခေါ်တယ်ဆိုတာ သိတယ်၊ ကုသိုလ်အကုသိုလ်စိတ်တွေကိုလည်းပဲ ဝိညာဏ်လို့ ခေါ်တယ်ဆိုတာ သိတယ်နော်။

သို့သော် “ဝိညာဏပစ္စယာ နာမရူပံ” ဆိုတဲ့နေရာမှာ ဝိညာဏအရ ဝိပါကဝိညာဏဆိုတဲ့ ဝိပါက်စိတ်တွေကို ဆိုလိုတယ်၊
စာမျက်နှာ-၁၈၆
နောက်တစ်ခုက ကမ္မဝိညာဏ - သို့မဟုတ် - အဘိသင်္ခါရဝိညာဏ လို့ခေါ်တဲ့ ကုသိုလ်အကုသိုလ်ကိုလည်း ဒီနေရာမှာ ဝိညာဏအရ ကောက်ယူရမယ်။

“သင်္ခါရပစ္စယာ ဝိညာဏံ” တုန်းကတော့ အကျိုးဝိပါက်စိတ်တစ်ခုတည်းကိုသာ ကောက်ယူတယ်၊ “ဝိညာဏပစ္စယာ နာမရူပံ” မှာလာတဲ့ ဝိညာဏကျတော့ အကျိုးတင်မကဘူး၊ အကြောင်းစိတ်ကိုလည်း ကောက်ယူတယ်၊

ဒါ စကားလုံးလေးတွေကို define လုပ်တယ် ခေါ်တာပေါ့ ဒီနေရာမှာ “သင်္ခါရပစ္စယာ ဝိညာဏံ” တုန်းက ဝိပါက်စိတ်လောက်ပဲ ကောက်တယ်၊ “ဝိညာဏပစ္စယာ နာမရူပံ” ကျတော့ အဓိပ္ပါယ်တွေက ပိုပြီးကျယ်လာတယ်လို့ ဒီလို မှတ်သားရမှာပေါ့။
“နာမ” အရနှင့် “ရူပါ” အရ
ဒါဖြင့် “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဆိုတဲ့အခါမှာ နာမ အရ ဘာကောက်သလဲ ဆိုလို့ရှိရင် ဝိညာဏ အရ စိတ်တွေကို ကောက်ထားသည့်အတွက်ကြောင့် နာမ အရ စေတသိက်ကို ကောက်ရတယ်၊ စိတ်နဲ့စေတသိက် နှစ်ခုကို နာမလို့ ခေါ်တာ သို့သော် တစ်ခါတစ်ရံကျတော့ ပြောပြီးသားကို ထပ်ပြီး မပြောရတော့ဘူး၊ ကျန်တာကိုပဲ ယူရတယ်ဆိုတဲ့ နည်းစနစ်တစ်ခု ရှိတယ် “ပါရိသေသနည်း” လို့ ခေါ်တယ်၊ ဝိညာဏ အရ စိတ်ကို ဖော်ပြလိုက်သဖြင့် နာမအရ စေတသိက်ကိုပဲ ကောက်ရမယ်၊ ဒါက နည်းစနစ်နဲ့ ယူရတဲ့ပုံစံ၊ ဒီတော့ နာမ အရ စေတသိက်ပဲ ဆိုင်တယ်လို့ မှတ်ရမယ်၊
စာမျက်နှာ-၁၈၇
ရူပအရကျတော့ ရုပ်တွေအားလုံးကို ယူတယ်၊ စိတ်ဖြစ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် စေတသိက်နဲ့ ရုပ်တွေဟာ စိတ်ဖြစ်ပေါ်မှုကို အခြေပြုပြီးတော့ ဒီနေရာကနေ ဖြစ်ပေါ်လာတယ်လို့ ဒီလို ပြောတာ။

အဲဒါကို ပဋ္ဌာန်းနဲ့ လေ့လာမယ်ဆိုလို့ရှိရင် ပဋ္ဌာန်းဆိုတာ ခက်လည်း ခက်တယ်၊ အလွန်လည်း နက်နဲတယ်ပေါ့၊ ဒီလို တစ်ထိုင်တည်း ရှင်းပြဖို့ဆိုတာ အခြေခံကောင်းကောင်းမရှိဘဲနဲ့ မလွယ်ဘူး၊ ပဋ္ဌာန်းကို အပေါ်ယံ perspective ခြုံငုံပြောတာလေးပဲ ပြောနိုင်ပါတယ်၊ တကယ့်ပဋ္ဌာန်းကျမ်းကြီးအတိုင်း ပြောမယ်ဆိုရင် အင်မတန်ကျယ်လွန်းအားကြီးတယ်။
“ဝိညာဏပစ္စယာ နာမရူပံ” , - နာမံ, - ရူပံ ဟု သုံးမျိုး ဖြစ်နိုင်ပုံ
ကောင်းပြီ - ဝိညာဏ်က နာမ်ရုပ်ကို ကျေးဇူးပြုတယ်ဆိုတဲ့နေရာမှာ “ဝိညာဏပစ္စယာ နာမရူပံ” မှာ တစ်ခုစီ ခွဲလိုက်မယ်ဆိုရင် “ဝိညာဏပစ္စယာ နာမံ”, “ဝိညာဏပစ္စယာ ရူပံ”, “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဒီလို ပြောလို့ ရတယ် သုံးမျိုးထွက်သွားတယ်၊

ဝိညာဏကြောင့် “နာမ” ဖြစ်တာ ရှိတယ်၊ ဝိညာဏကြောင့် “ရူပ” ဖြစ်တာ ရှိတယ်၊ ဝိညာဏကြောင့် “နာမရူပံ” နှစ်မျိုးဖြစ်တာ ရှိတယ်၊ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဆိုတဲ့အထဲမှာ “ဝိညာဏပစ္စယာ ရူပံ” လို့ ယူလိုက်ရင် အသညသတ်ဘုံပါ cover ဖြစ်သွားနိုင်တယ်ပေါ့။ ဒီနေရာမှာ “ဝိညာဏ” အရ “အဘိသင်္ခါရဝိညာဏ်” လို့ဆိုတဲ့ ကံတရားကို ကောက်ယူပြီး “ရူပ” ကျတော့
စာမျက်နှာ-၁၈၈
ကမ္မဇရုပ်ကို ကောက်ယူတယ်၊ ဒီစနစ်နဲ့ သွားလို့ရှိရင် - အတိတ်ဘဝက ကမ္မဝိညာဏ်ကြောင့် အသညသတ်ဘုံမှာ ရူပဆိုတာ ပေါ်လာရတယ်၊ အကြောင်းမဲ့ပေါ်တာ မဟုတ်ဘူး၊ ဒီအဓိပ္ပါယ်ကိုလည်း ဖော်ပြတယ်။

“ဝိညာဏပစ္စယာ နာမံ” လို့ ဆိုပြန်တော့လည်း ခုနက အရူပဘုံမှာ နာမ်တရားချည်းသက်သက်ဖြစ်တယ်၊ ပဉ္စဝေါကာရဘုံ ခန္ဓာငါးပါးရှိတဲ့ဘုံပေါ့ လူ့ဘုံတို့လို နတ်ဘုံတို့ကျတော့ “ဝိညာဏပစ္စယာ နာမရူပံ” နာမ်လည်း ပါတယ်, ရုပ်လည်း ပါတယ်လို့ ဒီလို ပြောတာ။

အဲဒီလိုပြောတာကို ထပ်ပြီး ရှင်းပြရမယ်ဆိုရင် ... ဆိုပါစို့ - “ဝိညာဏ” အရ ဝိပါက်စိတ်ကလေးကို ကောက်လိုက်တယ်၊ ဝိပါက်စိတ်ဆိုတာ သန္ဓေစိတ်ကလေးပေါ့။

လူသားတစ်ယောက်အနေနဲ့ ယေဘုယျအားဖြင့် ပြောရရင် မဟာဝိပါက်စိတ် ၈-ခုထဲက စိတ်ကလေးတစ်ခု ယှဉ်လာတဲ့ စေတသိက်က ၃၃-ခုနဲ့ ပေါင်းလိုက်တဲ့အခါကျတော့ ၃၄-ခု၊ အဲဒီ ၃၄-ခုဆိုတဲ့ အဖွဲ့အစည်းထဲမှာ “ဝိညာဏ” အရ ဒီမဟာဝိပါက်စိတ်ကလေးတစ်ခုကို ယူလိုက်တယ်။ ဒီမဟာဝိပါက်စိတ်ကလေးတစ်ခု ဖြစ်ပေါ်လာသည့်အတွက်ကြောင့် စေတသိက် ၃၃-ခု ပါလာတယ်၊ “ဝိညာဏပစ္စယာ နာမံ” ဒီလိုဖြစ်တယ်။

ဒီမဟာဝိပါက်စိတ်ကလေးက ခုနပြောခဲ့တဲ့ ယှဉ်ဖက်ဖြစ်တဲ့ စေတသိက်တွေကို ပဋ္ဌာန်းပစ္စည်းနဲ့ ဘယ်လိုဆက်သွယ်မလဲ? - စိတ်ကလေးနဲ့ ခုနကစေတသိက်တွေရဲ့ကြားမှာ ဆက်သွယ်မှု မရှိ
စာမျက်နှာ-၁၈၉
ဘဲနဲ့ ပေါင်းစပ်လို့ မရဘူး, ဆက်သွယ်မှု ရှိတယ်၊ ဆက်သွယ်ထားလို့သာ ဒီလို unity တစ်ခု ဖွဲ့ထားနိုင်တာ၊

ဆိုပါစို့ - နာရီလေးတစ်ခုကို သေသေချာချာကြည့်လိုက်လို့ရှိရင် အစိတ်အပိုင်းလေးတွေအားလုံး အချိုးကျပေါင်းစပ်ထားတယ်၊ အဲဒီပေါင်းစပ်ထားတဲ့ အစိတ်အပိုင်းလေးတွေ အကုန်လုံး မှန်မှန်ကန်ကန်ရှိနေမှ နာရီလေးဟာ အချိန်ကို ပြောပြနိုင်တယ်၊ နို့မို့ဆို အချိန်ကို မပြောပြနိုင်ဘူး၊

တစ်ခုခု ချို့တဲ့လိုက်မယ်ဆိုရင် နာရီလေးမျက်နှာပြင်ပေါ်မှာ ရှိတဲ့ လက်တံအရှည်နဲ့ အတိုလေး ဆိုပါတော့ - တစ်ချောင်းကို ဖြတ်လိုက်မယ်၊ အချိန်ကို သိပါ့မလား၊ အရှည်ကြီးတစ်ချောင်းတည်းကလည်း အချိန်ကို မပြောနိုင်ဘူး၊ အတိုလေး မပါရင် သူပြောလို့ မရဘူး၊ အတိုလေးတစ်ချောင်းထဲကလည်း အရှည်မပါဘဲဆိုရင် ပြောလို့ ရမလား၊ မရဘူးတဲ့၊ ကြားထဲမှာ ဘတ္ထရီတို့ ပင်နယံတို့ဆိုတာတွေကို ဖယ်လိုက်မယ်ဆိုရင်လည်း ဒီနာရီလေးက အချိန်ကို ပြောနိုင်ပါ့မလား၊ မပြောနိုင်ဘူး။

ဒီမှာလည်းပဲ ထို့အတူပဲ၊ ဒီပဋိသန္ဓေစိတ်ကလေးရယ် ထိုစိတ်နဲ့ယှဉ်တွဲပြီးလာတဲ့စေတသိက်လေးတွေဟာ အပြန်အလှန်ဆက်သွယ်ထားတာတဲ့။ ဒါဖြင့် အပြန်အလှန်ဆက်သွယ်ထားတယ်ဆိုတာက သူတို့က တစ်ပြိုင်နက်ဖြစ်ကြသည့်အတွက်ကြောင့် ပဋ္ဌာန်းရှုထောင့်ကနေ ကြည့်မယ်ဆိုရင် တစ်ပြိုင်နက်ဖြစ်တာကို သဟဇာတ လို့ ခေါ်တယ်၊ တစ်ပြိုင်နက်ဖြစ်ခြင်းသည်ပင် သတ္တိတစ်ခုပဲ၊ ဒါကို သဟဇာတသတ္တိလို့ ခေါ်တယ်၊ ပြိုင်တူမွေးလာတာက သတ္တိတစ်ခုပဲ၊ ပြိုင်တူဖြစ်လို့ ဒီလိုအထောက်အကူပေးနိုင်တယ်
စာမျက်နှာ-၁၉၀
လို့ ပြောတာ၊ အဲဒါ born together ဆိုတာ သဟဇာတနဲ့ ကျေးဇူးပြုနိုင်တယ်။

အတူတကွဖြစ်လာရုံတင်မကဘူး၊ အပြန်အလှန်ဆိုတာလေးတွေ ရှိတယ်၊ အပြန်အလှန်ဆိုတာ စိတ်ကလေးက စေတသိက်တွေကို အထောက်အကူပြုတယ်၊ စေတသိက်လေးတွေကလည်း စိတ်ကို အထောက်အကူပြုတယ်တစ်ခုနဲ့တစ်ခု အမှီပြုနေကြရတယ်၊ အညမညပစ္စယော ဆိုတဲ့သတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဒီလိုပြောတာ။

အဲဒီတော့ အပြန်အလှန်အားပြုပြီး မှီနေရတာ ဖြစ်သောကြောင့် နိဿယသတ္တိ လို့လည်း ပြောနိုင်တယ်၊ ဒီစိတ်နဲ့ စေတသိက်လေးတွေဟာတစ်ခုတည်းကဲ့သို့ တစ်ပြိုင်တည်း ဖြစ်တယ်၊ တစ်ပြိုင်တည်း ချုပ်တယ်၊ မှီရာဝတ္ထုတစ်နေရာတည်းက ပေါက်ဖွားလာတယ်၊ အာရုံတစ်ခုတည်းမှာ အလုပ်လုပ်ကြတယ်၊ ဒီအင်္ဂါ ၄-ချက်နဲ့ညီတော့တစ်ခုတည်းကဲ့သို့ ဖြစ်နေသည့်အတွက်ကြောင့် သမ္ပယုတ္တပစ္စယော - အားလုံးဟာ ယှဉ်တွဲပြီးတော့ နေတာ - သမ္ပယုတ္တပစ္စည်း။

ဝိပါက်စိတ်ဖြစ်သည့်အတွက်ကြောင့် ငြိမ်သက်တယ်တဲ့။ လှုပ်ရှားမှုကင်းတယ်၊ စိတ်က လှုပ်ရှားမှုကင်းသည့်အတွက်ကြောင့် စေတသိက်တွေကလည်း လှုပ်ရှားမှုကင်းသွားတယ်၊ မှန်ထဲမှာ ပေါ်တဲ့ ရုပ်ပုံလိုပဲ၊ လှုပ်ရှားမှုပြုပြင်မှု မရှိတော့ဘူးတဲ့၊ ဒါကြောင့် အဲဒါကို ဝိပါကသတ္တိ လို့ ခေါ်တယ်၊ စိတ်က ငြိမ်လို့ရှိရင် သူကလည်း ငြိမ်သွားရတာပဲပေါ့၊ ရေကလေးငြိမ်နေလို့ရှိရင် ရေပေါ်မှာရှိတဲ့ မှော်ကလေးတွေကော ငြိမ်မနေဘူးလား၊ ငြိမ်နေတယ်၊ ဝိပါက်
စာမျက်နှာ-၁၉၁
စိတ်ကလေး ငြိမ်နေသည့်အတွက်ကြောင့် ဝိပါက်စိတ်မှာ ယှဉ်လာတဲ့ စေတသိက်တွေရဲ့လှုပ်ရှားမှုဟာလည်း သိပ်မရှိဘူး၊ ငြိမ်သက်တယ်လို့ ဒီလို ပြောတာ၊ အဲဒါကို ဝိပါကသတ္တိလို့ ဒီလိုဆိုတယ်။

စိတ်နဲ့ စေတသိက်ဆိုတာ အပြန်အလှန်မှီတွဲနေတာ ဖြစ်သောကြောင့် အာဟာရတစ်မျိုးဖြစ်တဲ့ ဝိညာဏာဟာရ အရ အာဟာရသတ္တိနဲ့လည်း ကျေးဇူးပြုတယ်။

မနိန္ဒြေပါရှိနေသည့်အတွက်ကြောင့် ဣန္ဒြိယသတ္တိ နဲ့လည်း ကျေးဇူးပြုတယ်၊ အပြန်အလှန် ထင်ရှားရှိနေခိုက်မှာ ကျေးဇူးပြုတာ ဖြစ်သောကြောင့် အတ္ထိသတ္တိ နဲ့လည်း ကျေးဇူးပြုတယ်၊ မကင်းကွာဘဲ ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတသတ္တိ နဲ့လည်း ကျေးဇူးပြုတယ်။

အဲဒီပဋိသန္ဓေစိတ်ကလေးနဲ့ စေတသိက်လေးတွေဟာ အပြန်အလှန် ၉-ပစ္စယသတ္တိကို အသုံးပြုပြီးတော့ ယှဉ်တွဲနေကြတယ်တဲ့၊ ဒါက ပဋ္ဌာန်းရှုထောင့်ကနေ ကြည့်ရင် ဒီလိုပြောတာ။

ပဋိစ္စသမုပ္ပါဒ်မှာတော့ သာမန်ပဲ မြတ်စွာဘုရားက ဟောလိုက်တယ် - “ဝိညာဏပစ္စယာ နာမရူပံ” သန္ဓေစိတ်ကလေးဖြစ်လို့ စေတသိက်တွေ ဖြစ်လာရတယ်လို့ ဝိညာဏ်စိတ်ကလေးရှိနေသည့်အတွက်ကြောင့် နာမဆိုတာ ဖြစ်လာရတယ်လို့ ဒီလောက်လေးပဲ ပြောတယ်။

ပဋ္ဌာန်းနည်းကျတော့ သတ္တိပေါင်း ၉-မျိုး ယှဉ်တွဲပြီးတော့ ထားတယ်ဆိုတာကို သိရှိရတယ်ပေါ့။ ဒီတော့ ပဋ္ဌာန်းနည်းနဲ့ လေ့လာကြည့်မယ်ဆိုလို့ရှိရင် ဒီထက် အသေးစိတ်တာတွေ ရှိနိုင်တယ်ပေါ့။
စာမျက်နှာ-၁၉၂
ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် သုံးသပ်လေ့လာတယ်ဆိုတာ တကယ်ကတော့ အင်မတန်မှ ခဲယဉ်းပါတယ်၊ စာကိုပဲ တော်တော်မှတ်ပြီးတော့ သဘောကျအောင် တော်တော်ကြံရမှာ ဖြစ်ပါတယ်။ ရှေးဦးစွာပဋ္ဌာန်းကို ကျကျနန လေ့လာထားဖို့ လိုပါတယ်၊ ပြီးတဲ့အခါမှာ ဒီသဘာဝတရားတွေကို ပဋိစ္စသမုပ္ပါဒ်နဲ့ ဆက်စပ်ပြီးတော့ လေ့လာဖို့ လိုအပ်ပါတယ်။

အခုပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်းဆိုတာ အပေါ်ယံမြင်သာရုံလေး သဘောသွားလေးလောက် ပြောတာလို့ ဒီလိုမှတ်ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာက “ဝိညာဏပစ္စယာ နာမရူပံ” “နာမရူပပစ္စယာ သဠာယတနံ” “သဠာယတနပစ္စယာ ဖဿော” “ဖဿပစ္စယာ ဝေဒနာ” ဆိုပြီးတော့ သတ္တဝါရဲ့ သရုပ်ကို ပုံဖော်ပြတယ်၊ သတ္တဝါရယ်လို့ ဖြစ်လာပြီဆိုတဲ့အခါမှာ ထိုသတ္တဝါတွေ ညစ်နွမ်းဖို့ ဘာတွေဖြစ်ပေါ်လာတုန်းဆိုတော့ “ဝေဒနာပစ္စယာ တဏှာ” “တဏှာပစ္စယာ ဥပါဒါနံ” “ဥပါဒါနပစ္စယာ ဘဝေါ” လို့ဆိုပြီး ဘဝတစ်ခု ဖြစ်လာကြတယ်၊ ဘဝတစ်ခုရရှိလာပြီဆိုရင်တော့ “ဘဝပစ္စယာ ဇာတိ” ပဲ၊ မွေးဖွားခြင်းက အစပြုတယ်၊ မွေးဖွားမှုဆိုတာရှိလာပြီဆိုရင် “ဇာတိပစ္စယာ ဇရာမရဏ” ဆိုတာ လာမှာပဲ။

ဘုရားအလောင်းတော်တွေကျတော့ ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်သုံးသပ်တဲ့အခါမှာ လက်တွေ့ဘဝကနေ စပြီးကြည့်တယ်၊ လက်တွေ့ဘဝကစပြီး ကြည့်တယ်ဆိုတာ ဘယ်ပုံကြည့်တာတုန်းဆိုတော့ - “လောကကြီးဟာ သိပ်ပြီးစိတ်ပျက်စရာကောင်းတာပဲ” တဲ့၊ “ကိစ္ဆဝတာယံ လောကော အာပန္နော” သတ္တဝါတွေဟာ
စာမျက်နှာ-၁၉၃
problem တွေနဲ့ ပြဿနာတွေနဲ့ အင်မတန်မှ ဒုက္ခရောက်နေတာပါလားလို့ မြင်တယ်။

ဘုန်းကြီးတို့တစ်တွေကတော့ လောကကြီးဟာ ပျော်စရာချည်းလို့ပဲ မြင်နေတာနော်၊ မြင်ပုံမြင်နည်းကတော့ မတူဘူး၊ တို့ဟာ ဒုက္ခရောက်နေတယ်လို့ ဘယ်သူမှ မမြင်ဘူးနော်၊ စီးပွားရေးအဆင်မပြေမှ ဟိုဟာဒီဟာ အဆင်မပြေမှ မျက်ရည်လေးကျပြီးတော့ ဒုက္ခရောက်နေကြတယ် ထင်တာ၊ တကယ်ကတော့ သာမန်ကိုကပဲ သတ္တဝါတွေဟာ ဒုက္ခရောက်နေတယ်။

“ကိစ္ဆဝတာယံ လောကော အာပန္နော” ဘုရားအလောင်းတွေဟာ ဒီလိုသုံးသပ်တယ်၊ ဘာဖြစ်လို့တုန်း “ဇာယတိ စေဝ ဇီယတိ စ မီယတိ စ” - အို ... မွေးလာရတယ်လို့ ရှိသေးတယ်။ မွေးလာပြီးနောက် အေးအေးဆေးဆေးမွေးပြီး ပျော်ပျော်ပါးပါးနေရမလားဆိုတော့ မနေရဘူး၊ အိုလာတယ်နော်၊ အိုလာရုံတင် ကျေနပ်လား၊ မကျေနပ်သေးဘူး၊ သေရဦးမယ်၊ သေပြီးတော့ရော ပြီးပြီလားဆိုတော့ မပြီးသေးဘူးတဲ့၊ ဘဝတစ်ခုက ရွှေ့သွားပြီး နောက်ဘဝတစ်ခုက လာဦးမယ်ဆိုတော့ ဘယ်လောက်စိတ်ပျက်စရာကောင်းတဲ့ အခြေအနေလဲ' ဘုရားလောင်းတွေက အဲဒီလိုသုံးသပ်တယ်။

ဒီလိုအိုတာသေတာတွေဟာ ဘာကြောင့်များ ဖြစ်နေရတာတုန်းလို့ ကြည့်လိုက်တော့ - မွေးလို့ဖြစ်တာပဲဆိုတာ မြင်လာတယ်၊ ပဋိစ္စသမုပ္ပါဒ်ကို trace လိုက်လိုက်တာ အကြောင်းတရားတွေကို trace လုပ်တာ ခြေရာခံတယ်ပေါ့၊ မွေးလို့ဖြစ်လာတယ်။ ဒါဖြင့် ဒီလိုမွေးနေတာ ဘာဖြစ်လို့လဲ? ဘဝရှိလို့ပေါ့၊ ဘဝက ဘာ
စာမျက်နှာ-၁၉၄
လို့ ရှိတာတုန်း? လိုချင်တယ် တွယ်တာတယ် စွဲလမ်းတယ်ဆိုတဲ့ ဥပါဒါန်ရှိနေလို့၊ ဒီဥပါဒါန်က ဘာဖြစ်လို့ ဖြစ်တာတုန်းဆိုတော့ လိုချင်မှုတဏှာကြောင့် ဖြစ်တယ်၊ လိုချင်မှုတဏှာက ဘာကြောင့် လာတာတုန်းဆိုတော့ ခံစားရလို့ပဲ၊ ခံစားမှုက ဘယ်နှယ့်ကြောင့် ပေါ်လာရတာတုန်းဆိုတော့ အာရုံနဲ့ ဆက်သွယ်ထိတွေ့မှုကြောင့်ပဲ။

အာရုံနဲ့ ဆက်သွယ်ထိတွေ့မှုက ဘာကြောင့်တုန်းဆိုလို့ရှိရင် Organတွေ ဝတ္ထုတွေ ဆက်သွယ်ရေးအရာတွေ ပါလာလို့ပဲ။ အာယတန ၆-ပါး ပါလာလို့ပဲ၊ ဒါဖြင့် အာယတန ၆-ပါးက ဘာ ဖြစ်လို့ ဖြစ်လာရတာတုန်းဆိုတော့ ရုပ်နာမ်ကို ရထားလို့ပဲ၊ ရုပ်နာမ်တွေက ဘာ့ကြောင့်ကြီးထွားလာရတာတုန်းဆို သန္ဓေစိတ်ကလေးကြောင့်ပဲ၊ သန္ဓေစိတ်ကို ဘာ့ကြောင့်ရပြန်တုန်းဆိုတော့ ဖန်တီးထားတဲ့ ကံတရားကြောင့်ပဲ၊ ဒီဖန်တီးထားတဲ့ ကံတရားကို ဘယ်သူက လုပ်နေတာတုန်းဆိုတော့ ဟော - အဝိဇ္ဇာက လုပ်နေတာပါဆိုပြီး ဒီလို နောက်ကြောင်းပြန်ပြီးတော့ ပဋိစ္စသမုပ္ပါဒ်က “ဘဝ သရုပ်”ကို ဖော်ပြတာ ဖြစ်လာတယ်။ ။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ သည် အခုကဲ့သို့ ကျေနပ်စရာမကောင်းတဲ့လောကကြီးကို ချေဖျက်ချင်ပြီဆိုလို့ရှိရင် ဘာလုပ်ရမလဲ၊ အဝိဇ္ဇာဆိုတဲ့ အမှန်မသိတာကို ဖယ်ရှင်းဖို့ လိုတယ်၊ အမှန်မသိတာကို ဖယ်လိုက်နိုင်ပြီဆိုလို့ရှိရင် ဘဝတစ်ခုကို ဖန်တီးတဲ့ကံဆိုတာ ရပ်တည်နိုင်စွမ်း မရှိဘူး။

ဖန်တီးတဲ့ကံက ရပ်တည်နိုင်စွမ်း မရှိတော့ဘူးဆိုရင် ပဋိသန္ဓေ ဝိညာဏ်စိတ်ဆိုတာ ပေါ်လာမှာ မဟုတ်ဘူး၊ ပဋိသန္ဓေဝိညာဏ်
စာမျက်နှာ-၁၉၅
စိတ် ပေါ်မလာဘူးဆိုလို့ရှိရင် ရုပ်နဲ့ နာမ်ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး၊ ရုပ်နာမ်မှ မဖြစ်ဘူးဆိုရင် အာရုံကိုဖမ်းယူနိုင်တဲ့ အင်္ဂါရပ်တွေ ပေါ်လာမှာ မဟုတ်ဘူး၊ အာရုံကို ဖမ်းယူနိုင်တဲ့ အင်္ဂါရပ်တွေ ပေါ်မလာဘူးဆိုရင် ဆက်သွယ်မှုတွေ လာမှာ မဟုတ်ဘူး၊

ဆက်သွယ်မှုတွေ မရှိဘူးဆိုရင် ခံစားမှုပေါ်လာမှာ မဟုတ်ဘူး၊ ခံစားမှုဆိုတာ မရှိရင် တွယ်တာမှုဆိုတာလည်း လာမှာမဟုတ်ဘူး၊ မတွယ်တာရင် စွဲလမ်းတာဆိုတာလည်း မရှိနိုင်ဘူး၊ စွဲလမ်းမှုမှ မရှိရင် ဘဝဆိုတာ အဆက်ပြတ်သွားတာပေါ့၊ ဘဝမှ မရှိရင် ဇာတိဆိုတာ ဘယ်လာမလဲ၊ ဇာတိ မရှိဘူးဆိုရင် အိုရမှာတို့ သေရ မှာတို့ ဘာတို့ မရှိဘူးလို့ - ဒီလို ဆက်စပ်တွေးခေါ်ပြီးတော့ ဆုံးဖြတ်တာတဲ့။ ။

ဒါ ဘုရားအလောင်းတွေရှုတဲ့ ဝိပဿနာက အဲဒီအတိုင်းပဲ နော်၊ ပဋိစ္စသမုပ္ပါဒ်ရှုထောင့်ကနေပြီးတော့ ကြည့်လိုက်ရင် လူ့ဘဝကို အခုလို မြင်ရမှာ ဖြစ်တယ်။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်တို့ - ပဋိစ္စသမုပ္ပါဒ်ကို ဒီလိုမြင်အောင် ဘာနဲ့ ဆင်ခြင်တာတုန်းဆိုတော့ Right understanding လို့ ခေါ်တဲ့ သမ္မာဒိဋ္ဌိနဲ့ပဲ၊ သံသရာဝဋ်က လွတ်ဖို့ ရန်အတွက် မြတ်စွာဘုရားက သမ္မာဒိဋ္ဌိကို ရှေ့တန်းတင်ပြီး ဟောတယ်၊ သံသရာလည်ဖို့ကျတော့ အဝိဇ္ဇာကို ရှေ့တန်းတင်ထားတယ်။

သမ္မာဒိဋ္ဌိဆိုတာ ဝိဇ္ဇာပဲ အသိဉာဏ်ပဲ၊ အဝိဇ္ဇာကြောင့် သံသရာလည်တယ်၊ ထိုသံသရာကို ရပ်တန့်ချင်လို့ရှိရင် ဒီအသိ ပညာကိုရအောင် ရှာရမယ်၊ အဲဒီအသိပညာရဖို့အတွက် မှန်ကန်တဲ့
စာမျက်နှာ-၁၉၆
အတွေးတွေရှိဖို့ လိုတယ်၊ မှန်ကန်တဲ့အတွေးရှိဖို့အတွက် မှန်ကန်တဲ့အားထုတ်မှု လိုအပ်တယ်။

အဲဒီမှန်ကန်တဲ့အားထုတ်မှုဆိုတာ ကိုယ်ကျင့်တရားကို အခြေခံရမယ်၊ အဲဒီလို ရှိလာတဲ့အခါ စိတ်လေးဟာ မှန်ကန်တဲ့ လုပ်ရပ်တစ်ခု အပေါ်မှာ စိတ်အာရုံစိုက်ထားဖို့ လိုတယ်၊ စိုက်ထားတဲ့အာရုံလေးဟာ တည်ငြိမ်သွားဖို့ လိုတယ်- လို့ဆိုတဲ့ ဒီမဂ္ဂင်၈-ပါး သဘောတရားတွေရဲ့ မိမိစွမ်းအားတွေ ပြည့်လာပြီ ဆိုလို့ရှိရင် ခုန ကပြောတဲ့ အမှန်မသိတဲ့အဝိဇ္ဇာကို ဖယ်ရှားပစ်လိုက်နိုင်ပါတယ်။

အဝိဇ္ဇာဆိုတဲ့ ကိလေသာကို ဖယ်ရှားပစ်လိုက်တာနဲ့ တစ် ပြိုင်နက် ကံတရားတွေ မလာတော့ဘူး၊ ကံတရားတွေ မလာခဲ့လို့ရှိရင် ခုနက နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ပြဿနာတွေ တစ်ခုမှ မလာတော့ဘူး၊ ပြဿနာတွေအကုန်လုံး ငြိမ်းသွားမှာ ဖြစ်တယ်။

အဲဒီ အငြိမ်းဓာတ်ရသွားတာကိုပဲ တကယ့်သန္တိသုခ ထာဝရ ငြိမ်းတဲ့ အငြိမ်းလို့ မြတ်စွာဘုရားက ဟောကြားတာ ဖြစ်လို့ - အားလုံးသော တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့သည် သမ္မာဒိဋ္ဌိလို့ဆိုတဲ့ အသိဉာဏ်ကို ခိုင်ခိုင်မာမာ ဆောက်တည်ခြင်း ဖြင့် အဝိဇ္ဇာကို ဖယ်ရှားနိုင်ပြီး ပြဿနာတွေအားလုံးက သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ ကုန်သတည်း။
စာမျက်နှာ-၁၉၇
# အပိုင်း (၆)

သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂-ရက်၊ ခရစ်နှစ်-၂၀၁၀၊ ဇွန်လ ၈-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်း အနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မော်လမြိုင်အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုတော်သင်းဆေးဆိုင်၏ အတ္တဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

ဗုဒ္ဓမြတ်စွာရဲ့ ကြောင်းကျိုးဖေါ်ပြတဲ့ ဒေသနာတော်တွေထဲ မှာ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ထူးခြားတဲ့ဒေသနာတော်တစ်ရပ် ဖြစ်တယ်။ ပဋိစ္စသမုပ္ပါဒ်ကို ထိုးထွင်းသိမြင်ဖို့ အင်မတန်မှခဲယဉ်းတယ်၊ မြတ်စွာ ဘုရားဟောကြားလို့ မြတ်စွာဘုရားရဲ့ တရားတော်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်လိမ္မာတဲ့ အဋ္ဌကထာဆရာ ဋီကာဆရာတွေက ရှင်းလင်း
စာမျက်နှာ-၁၉၈
ဖော်ပြပြီးလို့ အတော်အသင့် နားလည်နိုင်တယ်၊ ဒါတောင်မှပဲ ပဋိစ္စသမုပ္ပါဒ်ဟာ ခက်ခဲတုန်းပဲ ရှိသေးတယ် အကြောင်းတရားနဲ့ အကျိုးတရားကို ရှင်းလင်းပြတဲ့ ဒေသနာတော်ဖြစ်လို့ ဗုဒ္ဓမြတ်စွာရဲ့ ဒေသနာတော်တွေထဲမှာလည်းပဲ အလွန့်အလွန်အရေးပါတဲ့ ဒေသနာ တော်တစ်ရပ် ဖြစ်တယ်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် သဗ္ဗညုတဉာဏ်တော်ကို ရပြီးခါစ မိမိထိုးထွင်း၍ သိတော်မူအပ်တဲ့ ပဋိစ္စသမုပ္ပါဒ်တရား၊ ထိုပဋိစ္စသမုပ္ပါဒ်ချုပ်ငြိမ်းရာ နိဗ္ဗာန်တရား - ပဋိစ္စသမုပ္ပါဒနဲ့ နိဗ္ဗာန်ကို ဆင်ခြင်သုံးသပ်လိုက်တဲ့အခါ အင်မတန်မှ ခဲယဉ်းတာကိုတွေ့ ရလို့ ဒီတရားတွေဟာဖြင့် အလွန့်အလွန်နက်နဲပြီး ခက်ခဲလှတယ်၊ ဒုဒ္ဒဿ - သတ္တဝါတွေ မြင်ဖို့ရန် အလွန်ခဲယဉ်းမယ်၊ သတ္တဝါတွေ အနေအထားကို ကြည့်လိုက်တဲ့အခါ ကာမဂုဏ်အာရုံတွေနဲ့ ပျော်ပါးချင်တဲ့စိတ်တွေက များနေတယ်၊ ဒီပဋိစ္စသမုပ္ပါဒ်ရဲ့သဘာဝ တရားတွေ နိဗ္ဗာန်ရဲ့သဘာဝတရားတွေကို သိဖို့ဆိုတာ အလွန့် အလွန်ခဲယဉ်းတယ်၊ တရား၏နက်နဲခက်ခဲမှု, သတ္တဝါတွေရဲ့ အသိ ဉာဏ်တိမ်ခြင်းရဲ့အကြောင်းဖြစ်တဲ့ ကာမဂုဏ်အာရုံတွေပေါ်မှာ ပျော်ပါးနေမှု - ဒီနှစ်ခု နှိုင်းယှဉ်ပြီးတော့ ကြည့်လိုက်တဲ့အခါ သိပ်အလှမ်းကွာနေလို့ မြတ်စွာဘုရားစိတ်ထဲမှာ “ငါတရားဟောရင် နားလည်တဲ့လူရှိမယ် မဟုတ်ဘူး၊ ငါပဲ ပင်ပန်းရုံ ရှိတော့မယ်” လို့ မြတ်စွာဘုရား စဉ်းစားခဲ့ဖူးတယ်ပေါ့။ အဲဒါကြောင့်မို့လို့ ဒီပဋိစ္စသမုပ္ပါဒ်ဟာ အလွန်နက်နဲတဲ့တရား ဖြစ်တယ်။

တစ်ဖန် ဒီထက်ကျယ်ဝန်းတဲ့ ပဋ္ဌာန်းတရားတော်ကြီးဆိုတာ ရှိသေးတယ်၊ ပဋိစ္စသမုပ္ပါဒ်ဟာ နက်နဲသလို ပဋ္ဌာန်းတရား
စာမျက်နှာ-၁၉၉
တော်ကြီးဟာလည်းပဲ နက်လည်းနက် ကျယ်လည်း ကျယ်တယ်၊ ပဋ္ဌာန်းတရားကို ဆင်ခြင် သုံးသပ်လိုက်တဲ့အခါမှာ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးဟာ ကျက်စားလို့ ရတယ်၊ အင်မတန်မှ စိတ်ဓာတ်တွေကြည်လင်ပြီး မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ကနေ စိတ္တဇဩဘာသဆိုတဲ့ ကြည်လင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ်ရောင်ကိုယ် ဝါတွေ ထွက်ပေါ်လာစေတယ်၊ အင်မတန်နက်နဲပြီးတော့ ကျယ်ဝန်းတဲ့ ပဋ္ဌာန်းတရားတော်ကြီးဟာလည်း အင်မတန်ခက်ခဲတဲ့ ဒေသနာ တစ်ခုပဲ။

ဘယ်လောက်ပဲကျမ်းဆရာတွေ ရှင်းရှင်းပြ ဒီပဋိစ္စသမုပ္ပါဒ်နဲ့ ပဋ္ဌာန်းဆိုတဲ့ တရားနှစ်ခုကတော့ နက်နဲခက်ခဲနေတုန်းပါပဲ။ အင်မတန်နက်နဲခက်ခဲတာကို သဘောပေါက်ရုံ ဟောဖို့ တောင်မှပဲ အင်မတန်မှ ကြိုးစားကြရပါတယ်၊ ဒီတော့ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်း နည်းဖြင့် လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် အခက်နှစ်ခုကို ဆက် စပ်ကြည့်သလို ဖြစ်တယ်၊ ဒါတောင် အသေးစိတ်အကုန်လုံးကို ကြည့်နိုင်စွမ်း မရှိပါဘူး၊ အဋ္ဌကထာဆရာတွေ ရှင်းပြထားတဲ့အထဲက သင့်တော်ရုံလောက်သာ ယူပြီး ဘုန်းကြီးတို့က ရှင်းလင်းပြတာ ဖြစ်ပါတယ်၊ “ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ် ခြင်း” အပိုင်း (၁)ကနေ (၅)အထိကို ဟောပြီးသား ဖြစ်တယ်၊ အခု ဒီကနေ့ အပိုင်း(၆)ကို ဟောပြောမှာ ဖြစ်ပါတယ်။
စာမျက်နှာ-၂၀၀
“ဝိညာဏပစ္စယာ နာမရူပံ” “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” “သင်္ခါရပစ္စယာ ဝိညာဏံ”ဆိုတဲ့ ဒီအပိုဒ်နှစ်ပိုဒ်ကို ပဋိစ္စသမုပ္ပါဒ်နည်းအရရော ထိုပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် ရောနှောပြီး ပြတဲ့နည်းစနစ်အရရော ဟောကြား လို့ ပြီးဆုံးပြီ၊ ဒီကနေ့ “ဝိညာဏပစ္စယာ နာမရူပံ”ဆိုတာကို ပဋ္ဌာန်းနည်းနဲ့ လေ့လာသုံးသပ်ပုံလေးကို ဟောကြားပါမယ်။

ဒီတော့ ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ပုံကို ပြောမယ်ဆို လို့ရှိရင် ရှေးဦးစွာ ပဋိစ္စသမုပ္ပါဒ်အရ နားလည်အောင် အရင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ “ဝိညာဏပစ္စယာ နာမရူပံ” ဆိုတော့ အင်မတန်မှ တိုတောင်း လှတဲ့ စကားလေးတစ်ခုပဲ၊ ဘုန်းကြီးတို့တစ်တွေရဲ့ သန္တာန်မှာ ဖြစ်တဲ့ နာမ်နဲ့ ရုပ်ဟာ ဝိညာဏ်တည်းဟူသော အကြောင်းတရားကြောင့် -သို့မဟုတ်- “ပဋိသန္ဓေဝိညာဏ်ရှိနေသည့်အတွက်ကြောင့် ဒီနာမ်နဲ့ ရုပ်တွေ ဖြစ်ရတယ်” လို့ အကျဉ်းချုပ် ဒီလိုပဲ မှတ်ရမှာပဲ။

အဝိဇ္ဇာကြောင့် သင်္ခါရဆိုတဲ့ ကံတရားတွေ ဖြစ်ခဲ့တယ်၊ သင်္ခါရဆိုတဲ့ ကံတရားက ထုတ်လုပ်လို့ ဘဝတစ်ခုမှာ ပဋိသန္ဓေ ဝိညာဏ်ဆိုတဲ့ ဝိညာဏ်စိတ် စပြီးတော့ ဖြစ်လာတယ်၊ အဲဒီ ဝိညာဏ်စိတ်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ဆိုင်ရာဆိုင်ရာ တွဲဖက် လာတဲ့ နာမ်တရားတွေ ရုပ်တရားတွေဆိုတာ ဖြစ်ပေါ်လာတယ် လို့ မှတ်ရမယ်။
စာမျက်နှာ-၂၀၁

ဝိညာဏ ဟူသည် -
ဝိညာဏလို့ ဆိုတဲ့နေရာမှာ ဒီဝိညာဏဆိုတဲ့ စကားလုံး အဓိပ္ပါယ်ကို သိဖို့ လိုတယ်၊ မြတ်စွာဘုရားက အဘိဓမ္မာ term မှာ “ဝိညာဏ” လို့ ရည်ညွှန်းတဲ့စကားလုံးက ဘာကို ရည်ညွှန်းတာ တုန်းဆိုရင် လူတွေရဲ့ သန္တာန်မှာဖြစ်တဲ့ အသိစိတ်ကလေးကို ရည် ညွှန်းတာပဲ။

သို့သော် မြန်မာလူမျိုးတွေက “ဝိညာဏ်”ဆိုလို့ရှိရင် ဘဝ တစ်ခုကနေ ဘဝတစ်ခုကို ကူးပြောင်းသွားနေတဲ့ အသက်ကောင် လိုလို လိပ်ပြာလိုလို- ဒါမျိုးတွေကိုတွေးပြီးတော့ ယူကြတာလည်း ရှိသေးတယ်ပေါ့၊ တကယ်ကတော့ “ဝိညာဏ - ဝိညာဏ်” လို့ဆိုတာ အရပ်ထဲမှာပြောနေတဲ့ ဝိညာဉ်ကို ပြောတာ မဟုတ်ဘူးဆိုတာကိုတော့ သတိထားဖို့ လိုတယ်ပေါ့၊ အရပ်ထဲမှာ ပြောနေတာက ဝိညာဉ်ကောင်လေး, လိပ်ပြာကောင်လေး, ဝိညာဉ်လောကတို့ - ဒီလို ပြောနေကြတယ်ပေါ့၊ သို့သော် အဲဒါကို ဆိုလိုတာ မဟုတ်ဘူး။

“ဝိညာဏ်”ဆိုတာ ဘုန်းကြီးတို့တစ်တွေရဲ့ သန္တာန်မှာ ဖြစ်တဲ့ အာရုံကိုသိတဲ့ အသိစိတ်ကို ပြောတာ၊ အာရုံကို ရယူတဲ့သဘော လေးကို ပြောတာ၊ အဲဒီသဘောလေးဟာလည်းပဲ တကယ်တော့ သိပ်ပြီးတော့ အခြေခံကျတဲ့သဘောလေး၊ ခန္ဓာငါးပါးမှာပါတဲ့ ဝိညာဏက္ခန္ဓာဆိုတာ လူတွေရဲ့သန္တာန်မှာ အာရုံကိုသိတဲ့ ပထမ ဆုံး ဖြစ်ပေါ်လာတဲ့ သဘောတရားလေး၊ ထိုသဘောတရားလေးဟာ စေတသိက်ဆိုတာတွေနဲ့ အမြဲတမ်းယှဉ်တွဲပြီးတော့ နေတယ်၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် စေတသိက်ဆိုတဲ့ သဘာဝတရား
စာမျက်နှာ-၂၀၂
တွေဟာ “စိတ်ရဲ့လှုပ်ရှားမှုတွေ” လို့ ပြောမယ်ဆိုရင်လည်း ပြောလို့ ရတယ်ပေါ့ ဒါကြောင့်မို့ တစ်ခါတစ်ရံ စေတသိက်ကို စိတ္တကိရိယာ - စိတ်ရဲ့ အမူအရာများလို့ စာပေကျမ်းဂန်များမှာ ဖွင့်ပြထားတယ်။

အဲဒီအမူအရာတွေကနေ ခွဲထုတ်ပြီး စိတ်ကလေးကို သူ့ချည်း ခွဲခြားသိဖို့ရာဆိုတာ အင်မတန်မှခဲယဉ်းတယ်၊ ဘယ်လောက်ထိ အောင် ခဲယဉ်းတုန်းဆိုလို့ရှိရင် ပင်လယ်ရေကြီးကို ခပ်ပြီးတော့ ဓာတ်ခွဲဖို့ရာ ခဲယဉ်းသလိုပဲ၊ ပင်လယ်ရေကို ခပ်လိုက်လို့ရှိရင် ဥပမာ - မြန်မာပြည်အနေနဲ့ ပြောမယ်ဆိုရင် ဒါက ဧရာဝတီမြစ်က စီးလာတဲ့ရေ ဒါက ဒုဋ္ဌဝတီက, ဒါက ချင်းတွင်းမြစ်က ရေလို့ ခွဲဖို့ ခက်သလို၊ အိန္ဒိယနိုင်ငံအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ဒါက ဂင်္ဂါမြစ် ရေ ဒါက ယမုနာမြစ်ရေ၊ ဒါက သရဘူ အစိရဝတီမြစ်ရေ၊ ဒါက မိုးပေါ်ကကျတဲ့မိုးရေ စသည်ဖြင့် ပင်လယ်ရေကို ခွဲဖို့ရန် ခက်သလို ပဲ- ဒါက စိတ်ပဲ, ဒါက စေတသိက်ပဲလို့ ပြောဖို့ရာ အင်မတန်မှ ခဲယဉ်းတယ်လို့ ပြောတယ်။
ဝိညာဏ်သိ ဟူသည်
အဲဒီထဲမယ် ဝိညာဏ်လို့ဆိုတဲ့ စိတ်ကလေးဟာ “ဝိဇာနာတီတိ ဝိညာဏံ” လို့ ဆိုတဲ့အတိုင်း သူက “အထူး”ဆိုတာ မတူထူးခြား စွာ, “ဇာနာတိ” သိတယ်၊ အာရုံကို သိတဲ့နေရာမှာ “သညာသိ” လို တစ်ခါမြင်ထားတာကို မှတ်ပြီးတော့သိတဲ့ အသိမျိုးလည်း မဟုတ်ဘူး၊ မှတ်ထားတဲ့ အမှတ်နဲ့ သိတာလည်း မဟုတ်ဘူး၊ “ပညာသိ” လို သဘာဝကို ကွဲကွဲပြားပြားသိတဲ့ အသိမျိုးလည်း မဟုတ်ဘူးတဲ့။
စာမျက်နှာ-၂၀၃
“သညာသိ, ပညာသိ” တို့နဲ့ မတူ, “ဝိညာဏ်သိ”ဆိုတာ ထူးခြားတဲ့ အသိတစ်မျိုးပါလို့ ဒီလို ပြောတာ။

ဒီတော့ မတူထူးခြားတဲ့အသိဆိုတာ ဘယ်လိုအသိတုန်း ဆိုတော့ အာရုံကို ရယူနိုင်တဲ့ အသိကို ပြောတာတဲ့၊ အာရုံဆိုတာ မျက်စိက မြင်တဲ့ ရူပါရုံ, နားနဲ့ ကြားလို့ရတဲ့ သဒ္ဒါရုံ, နှာခေါင်းနဲ့ နမ်းရှူလို့ရတဲ့ ဂန္ဓာရုံ, လျှာနဲ့ လျက်လို့ သိရတဲ့ ရသာရုံ, ခန္ဓာကိုယ်နဲ့ ထိတွေ့လို့ရတဲ့ ဖောဋ္ဌဗ္ဗာရုံနဲ့ စိတ်ထဲမှာ ကြံတွေးသိရတဲ့ ဓမ္မာရုံ လို့ အာရုံခြောက်ပါး ရှိတယ်၊ အဲဒီအာရုံခြောက်ပါးကို ရယူသိတတ်တဲ့ အသိကလေးကို ပြောတယ်။
ယှဉ်ဘက်တရားများ
အဲဒီအသိစိတ်ကလေး ပေါ်လာပြီးတဲ့နောက်မှာ ထိုအသိ စိတ်လေးက ဆက်နွယ်ပြီး အသိစိတ်ထဲမှာ ပါလာတဲ့ သဘာဝလှုပ် ရှားမှုတွေ ဆောင်ရွက်မှုတွေကျတော့မှ စေတသိက်တွေလို့ ခေါ်တယ်၊ မတူညီတဲ့သဘာဝ ရှိပြီး function လို့ ခေါ်တဲ့ သူတို့ရဲ့ ဆောင်ရွက်မှုလေးတွေ မတူကြဘူးပေါ့၊ အင်္ဂလိပ်လိုပြောတော့ သူက an awareness of an object, simply an awareness, aware လုပ်ရုံလေးပဲ၊ သူ့မှာ ခံစားတယ်ဆိုတာ မပါဘူး၊ တွေးကြံတယ်ဆိုတာ မပါဘူး၊ အာရုံကို ရတဲ့သဘောလေးပဲ။

အဲဒီအာရုံကို ရတဲ့သဘောဟာ သူ့ချည်း ရလာတာ မဟုတ်ဘူး၊ အာရုံနဲ့ ဆက်သွယ်မိလာအောင် ဖဿက လုပ်ပေးရတယ်၊ ဆက်သွယ်လာတဲ့ အာရုံပေါ်မှာ အတွေ့အကြုံ ရသွားတာက ဝေဒနာ၊ မှတ်တမ်းတင်လိုက်တာက သညာ၊ သူကိုယ်တိုင်ရဲ့
စာမျက်နှာ-၂၀၄
ဆောင်ရွက်ရော, ကျန်တဲ့သဘာဝတရားတွေကိုရောလည်း ဆောင်ရွက်နိုင်အောင် လှုံ့ဆော်ပေးတာက စေတနာ၊ အာရုံလေး တစ်ခုပေါ်မှာ စိုက်ပြီးတော့ ကျသွားတာက ဧကဂ္ဂတာ၊ ဒီသဘာဝ တရားတွေက ပျက်သွားပြီးရင် ထပ်ဖြစ်လာဖို့ရန်အတွက် ထိန်းချုပ် ပေးထားတာက ဇီဝိတိန္ဒြိယ၊ အာရုံဘက်ကို အမြဲတမ်း ဦးလှည့်ပေး နေတာက မနသိကာရ။ ။

ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိန္ဒြိယ, မနသိကာရ - စိတ်ဟာ ဒီသဘာဝတရား ၇-မျိုးနဲ့ ကင်းပြီး ဘယ် တော့မှ မဖြစ်ဘူး၊ စိတ်ရယ် ဒီသဘာဝတရား ၇-ခုရယ်က ခွဲလို့ မရအောင် ယှဉ်တွဲပြီး နေကြတယ်၊ ခွဲလို့ မရတာကို ဘာနဲ့ ခွဲတုန်း လို့ဆိုတော့ function ချင်း မတူလို့ ခွဲတာ၊ တကယ်ကြည့်မယ် ဆိုရင်တော့ သူတို့က unity ဖြစ်နေတာ၊ အားလုံးဟာ တွဲနေတာ, တစ်ခုတည်းလို နေတာ၊ ခွဲလိုက်လို့ရှိရင် “နာမ်” လို့ ခေါ်စရာ မရှိ တော့ဘူး။

ဆိုပါစို့ - သိပ္ပံဆရာတွေပြောနေတဲ့ $H_2O$ ဆိုတာ ကြည့်၊ ရေဟာ $H_2O$ လို့ atom သုံးမျိုး ပေါင်းစပ်ထားတာ၊ ရေကို ခွဲ လိုက်လို့ရှိရင် သူ့ရဲ့ဆိုင်ရာ ဂုဏ်သတ္တိတွေ ပျက်သွားတယ်၊ စိတ် ဟာလည်းပဲ စိတ်ရယ် ခုနကပြောခဲ့တဲ့ စေတသိက် ၇-ခုရယ် ၈-ခု၊ အဲဒီ ၈-ခုကို တစ်ခုစီ ခွဲလိုက်လို့ရှိရင် ဂုဏ်သတ္တိတွေ မရှိတော့ဘူး၊ နာမ်လို့ ခေါ်စရာ မရှိတော့ဘူး၊ သို့သော် ဒီ ၈-ခု ပေါင်းစပ် ထားလို့ရှိရင်တော့ ခုနပြောခဲ့တဲ့ functionတွေဟာ လာတယ်၊ ဆိုလိုတာက ဒီအသိဆိုတဲ့ နာမ်တရားမှာ function ၈-ခု ရှိတယ် လို့ ပြောချင်လည်း ပြောလို့ ရတယ် ဆောင်ရွက်မှုကိစ္စ ၈-ခု ရှိ
စာမျက်နှာ-၂၀၅
တယ်၊ အဲဒီ ၈-ခု ရှိသည့်အတွက်ကြောင့် သဘောတရား ၈-ခု လို့ ပြောတယ်။
စိတ်က ဦးဆောင်၏
အဲဒီ ၈-ခု ထဲမှာ ဘယ်သူက ဦးဆောင်နေသလဲလို့ ဆိုရင် ဝိညာဏဆိုတဲ့ အသိစိတ်လေးက ဦးဆောင်နေတယ်၊ ကျန်တာတွေက ဝိညာဏဖြစ်လို့ ဖြစ်ကြရတာ၊ ဒါကြောင့်မို့ အဘိဓမ္မာသဘောကို သုတ္တန်မှာကျတော့ ဘယ်လိုဟောတုန်းဆိုတော့ “မနောပုဗ္ဗင်္ဂမာ ဓမ္မာ” လို့ ဟောထားတယ်၊ “ဓမ္မာ (အဋ္ဌကထာအဆိုအရဆိုရင်) - စေတသိက်တရားတွေဟာ, မနောပုဗ္ဗင်္ဂမာ - စိတ်ကသာ ရှေ့သွား ရှိတယ်” လို့ ဆိုတယ်၊ စိတ်ဖြစ်လို့ လိုက်ပါပြီးတော့ ဖြစ်လာကြရတာ၊ ဆိုလိုတာကတော့ functionတွေထဲမှာ ဒီဝိညာဏရဲ့ functionက အဓိကကျတယ်ဆိုတာကို ပြောတာ၊ ရှေ့နောက် ဒီလို ခွဲဖို့ ပြောတာ မဟုတ်ဘူး၊ စိတ်က အရင်ဖြစ်ပြီးတော့ စေတသိက် ၇-ခုက နောက်မှ လိုက်လာတာလို့ ဒီလိုပြောတာလည်း မဟုတ်ဘူး။

ဒီတော့ ခွဲလို့ မရလောက်အောင် ယှဉ်တွဲနေတဲ့ သဘာဝ တရားကြီးကို ဘာ့ကြောင့် ခွဲပြောနေရသလဲလို့ ဆိုရင် function လေးတွေ မတူညီတဲ့တရားလေးတွေ ရှိနေလို့ပဲလို့၊ ဒီလို ဆိုလိုတာ ပေါ့နော်။

ဒီ မတူညီတဲ့သဘောတရားလေးတွေကို အဘိဓမ္မာအဆို အတိုင်း သုတမယဉာဏ်နဲ့ ရှုရမယ်၊ သုတမယဉာဏ်နဲ့ စဉ်းစား ဆင်ခြင်ပြီး ဘာဝနာမယဉာဏ် နောက်ကလိုက်ရမယ်ပေါ့၊ လေ့လာ ပွားများတဲ့အခါမှာ ဒီသဘာဝတရားတွေရဲ့ဖြစ်မှုတွေဟာ ပိုပြီးတော့
စာမျက်နှာ-၂၀၆
ထင်ထင်ရှားရှားပေါ်လာနိုင်တယ်၊ ဘာဝနာမယဉာဏ်နဲ့ ကိုယ်တွေ့ သိလာနိုင်တယ်၊ စိတ်ရဲ့ သဘာဝတရားလေးကို အာရုံပြုကြည့်လို့ရှိရင် “ဪ - မတူ ထူးခြားတဲ့အာရုံကို ရယူတဲ့သဘောလေး” ပဲ။ “ဝိညာဏ်ဆိုတာလေးက သညာနဲ့လည်း မတူဘူး, ပညာနဲ့လည်း မတူဘူး”။

ဖဿကို ကြည့်၊ စိတ်နဲ့ အာရုံတွေ့ဆုံပေးတဲ့သဘောလေး ပဲ၊ ဝေဒနာကြည့်ပြန်တော့ ခံစားတဲ့သဘော၊ အတွေ့အကြုံ ရသွားတဲ့သဘောလေးပဲ၊ သညာကြည့်ပြန်တော့ စိတ်နဲ့တွေ့လိုက်တဲ့ အာရုံကို မှတ်တမ်းတင်တဲ့သဘောလေးပဲ၊ စေတနာကြည့်ပြန်တော့ လှုံ့ဆော်ပေးတဲ့ သဘောလေးပဲ၊ ဧကဂ္ဂတာကြည့်ပြန်တော့ အာရုံ တစ်ခုတည်းပေါ်မှာ ဒီ ၈-ခုလုံးဟာ စုစည်းသွားတဲ့သဘောလေးပဲ၊ စုကျသွားတဲ့သဘောလေးပဲ၊ မနသိကာရကြည့်ပြန်တော့ အားလုံးကို ဦးလှည့်ပေးတဲ့ သဘောလေးပဲ၊ ဒီသဘာဝတရားလေးတွေ ဆက်လက်ပြီး ဖြစ်ပေါ်နေအောင် ထိန်းချုပ်ပေးတာ ဇီဝိတိန္ဒြိယပဲ လို့ - ဒီလို သဘာဝတရားလေးတွေရဲ့ တစ်ခုစီ တစ်ခုစီသော ဆောင်ရွက်မှုကိစ္စလေးတွေကို ကြည့်ပြီးတော့ စ-လို့ ဒီလိုပြော တာပါ။

ဒီတော့ ဝိညာဏက္ခန္ဓာမှာ ဝိညာဏလို့ ပြောလိုက်တဲ့အခါ သဘာဂစိတ်တွေကို ပုံစံအမျိုးမျိုးနဲ့ ခွဲထားတဲ့ ၈၉ သို့မဟုတ် ၁၂၁အားလုံး ပါဝင်တယ်လို့ ဆိုလို့ ရတယ်ပေါ့၊ ခု “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” “သင်္ခါရပစ္စယာ ဝိညာဏံ” “ဝိညာဏပစ္စယာ နာမရူပံ” မှာလာတဲ့ ဝိညာဏကျတော့ ဒါတွေ အကုန်လုံး မပါပြန်ဘူးပေါ့။
စာမျက်နှာ-၂၀၇
ဆိုင်ရာ ဆိုင်ရာလေးတင် ပါတယ်၊ ဒီတော့ စကားလုံးလေးတွေကို သတ်မှတ်ပြီးတော့ ပေးထားရတယ်။
“ဝိညာဏ” အရ ဝိပါကဝိညာဏ
“ဝိညာဏပစ္စယာ နာမရူပံ”နဲ့ ပတ်သက်ပြီး ပြောရအောင်၊ ဝိညာဏလို့ ဆိုတဲ့နေရာမှာ ဘာဝိညာဏတွေကို ယူမလဲ? ပထမ နားလည်ထားရမှာက ဝိညာဏဆိုတာ စိတ် ၈၉- အကျယ် ၁၂၁လို့ ဒီလိုနားလည်ထားရမယ်၊ ဒါကတော့ အခြေခံနားလည်ထားရ မှာ၊ စိတ်အားလုံးကို ဝိညာဏ၊ သို့သော် ဒီနေရာမှာ အားလုံးလား လို့ မေးတဲ့အခါကျတော့ အားလုံးမဟုတ်ဘူး၊ ဒီနေရာမှာ လိုအပ်တဲ့ ဝိညာဏတွေကို ခွဲမယ်ဆိုလို့ရှိရင် “သင်္ခါရပစ္စယာ ဝိညာဏံ” တုန်းက ပဋိသန္ဓေစိတ်ကလေးတင်ကို ယူရတယ်ပေါ့။ နောက် သုတ္တန်ဒေသနာတော်နည်းအရ တခြားစိတ်တွေကိုလည်း ယူတာ ရှိတယ်ပေါ့နော်။

ကဲ ဒီနေရာမှာ ဝိညာဏကို အဋ္ဌကထာဆရာက ၃-မျိုး ခွဲပြတယ်၊ နံပါတ် ၁-က ဝိပါကဝိညာဏတဲ့၊ “ဝိပါကဝိညာဏ”ဆိုတာ ဝိညာဏက ကုသိုလ် ရှိတယ်, အကုသိုလ် ရှိတယ်, ဝိပါက် ရှိတယ်, ကြိယာ ရှိတယ်ပေါ့၊ ဇာတိဘေဒဆိုတဲ့ အမျိုးအားဖြင့် ခွဲလိုက်မယ် ဆိုရင် ကောင်းကျိုးပေးတဲ့ အမျိုးအစုက ကုသိုလ်၊ ဆိုးကျိုးတွေကို ထုတ်လွှတ်တတ်တဲ့အမျိုးအစုက အကုသိုလ်၊ ထိုကုသိုလ်အကုသိုလ်နဲ့ မတူညီတဲ့ သဘာဝနှစ်ခုက ထုတ်လုပ်ထားတဲ့ အကျိုးတရားတွေ ကျတော့ ဝိပါက၊ အဲဒါတွေနဲ့ မသက်ဆိုင်ဘူး၊ ပြုလုပ်ရုံသက်သက်
စာမျက်နှာ-၂၀၈
ဆိုတဲ့စိတ်တွေကျတော့ ကြိယာ၊ ဟော ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာလို့ အဘိဓမ္မာမှာ ဒီလို ခွဲခြားရတယ်ပေါ့။

အခုဒီနေရာမှာ ဝိညာဏအရ နံပါတ်(၁)က ဝိပါကဝိညာဏ လို့ဆိုတော့ ကုသိုလ်တွေ မပါဘူး, အကုသိုလ်လည်း မပါဘူး, ကြိယာလည်း မပါဘူးဆိုတဲ့ အဓိပ္ပါယ်ကို ပြောတယ်၊ ဒီတော့ ဝိပါကဝိညာဏဆိုတော့ ဝိပါက်စိတ်ပေါင်းက ၃၆-မျိုး ရှိတဲ့အထဲမယ် ပဋိစ္စသမုပ္ပါဒ်နေရာ ဖြစ်သောကြောင့် လောကုတ္တရာဝိပါက် စိတ်ကို ထည့်ပြီးတော့ မပြောဘူး။
လောကုတ္တရာဝိပါက်စိတ် မယူခြင်းအကြောင်း
ဘာဖြစ်လို့တုန်းဆိုတော့ အပိုင်းကို နှစ်ပိုင်းခွဲထားတယ် - သံသရာပိုင်းနဲ့ နိဗ္ဗာန်ပိုင်း ဆိုပြီး၊ လောကုတ္တရာဆိုတာက ဝိပဿနာ ကျင့်ကြံကြိုးကုတ်အားထုတ်မှ ရရှိလာတဲ့သဘာဝတရား၊ အကြောင်း တရားလည်း ရှိရတယ်, အကျိုးတရားလည်း ရှိရတယ်၊ အကြောင်း တရားဆိုတာက မဂ်ပေါ့၊ အကျိုးတရားဆိုတာက ဖိုလ်ပေါ့၊ တစ်ဖက်က ပြောမယ်ဆိုရင် မဂ်စိတ်တို့ ဖိုလ်စိတ်တို့ဆိုတာ ဝိပဿနာရဲ့ အကျိုးအာနိသင်တွေပဲပေါ့၊ ဝိပဿနာတရားအားထုတ်ရင် အကျိုး အာနိသင်က ဘာရှိသလဲဆိုရင် မဂ်ဖိုလ်ပါပဲ၊ ဈာန်တရားအားထုတ် ရင်, သမထကျင့်စဉ်ကို ကျင့်ရင်တော့ သမထကျင့်စဉ်ရဲ့ အာနိသင် အကျိုးက ဘာလဲဆိုရင် အဘိညာဉ်ပဲပေါ့။ ။

မဂ်စိတ်ဖိုလ်စိတ်ဆိုတာ ဝိပဿနာဉာဏ် ရင့်သန်ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေ ရရှိလာတဲ့ အဲဒီပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ ဖြစ်ပေါ် လာတဲ့စိတ်မျိုးကို ပြောတာ၊ ဒီတော့ သာမန်နဲ့ မဖြစ်သည့်အတွက်
စာမျက်နှာ-၂၀၉
ကြောင့် လောကရဲ့ သဘာဝ သံသရာအကြောင်းကို ရှင်းပြတဲ့ ပဋိစ္စသမုပ္ပါဒ်မှာ သူတို့နဲ့ မသက်ဆိုင်ဘူး၊ မသက်ဆိုင်လို့ ဝိပါက ဝိညာဏ လို့ ဆိုတဲ့နေရာမှာ လောကီဝိပါက် - ၃၂ ကိုပဲ ကောက်တယ်၊ ဒါကြောင့် ဝိပါကဝိညာဏဆိုတာ လောကီဝိပါက် ၃၂-မျိုး လို့ ဒီလိုမှတ်ရမယ်။
ပဋိသန္ဓေ နှင့် ပဝတ္တိ
ဒီ ၃၂မျိုး ဆိုတဲ့အထဲမှာလည်းပဲ လူတွေရဲ့ဘဝမှာ အပိုင်း နှစ်ပိုင်း ခွဲပြီးတော့ မှတ်ထားရမယ်၊ ဘဝကို စတင်တဲ့အပိုင်းက တစ်ခု, ဆက်လက်သွားနေတဲ့အပိုင်းက တစ်ခု- နှစ်ခုရှိတယ်၊ ဘဝကို စတင်တဲ့အပိုင်းဟာ အတိတ်ဘဝနဲ့ ဒီဘဝကို ဆက်စပ်ပေးတာ မို့ ပဋိသန္ဓေ - ပြန်လည်ဆက်စပ်တဲ့အပိုင်းကလေးတစ်ခုပဲ၊ ပဋိသန္ဓေ အချိန်ဆိုတာ အင်မတန်တိုတောင်းတယ်၊ အတိတ်ဘဝပြီးဆုံးလို့ လက်ရှိဘဝ စတင်တဲ့အချိန်လေး, ပထမဆုံးအချိန်ကလေး၊ အဲဒါ လေးကို ပဋိသန္ဓေအခါလို့ ဒီလို သတ်မှတ်တယ်ပေါ့၊ ပဋိသန္ဓေစိတ် လေးပေါ်နေတဲ့အချိန်လေး- ဒါလေးက very short moment အလွန့်အလွန် တိုတောင်းတဲ့ အချိန်ပိုင်းလေး၊ ခဏငယ်သုံးချက် - စိတ္တက္ခဏတစ်ချက်မျှသာ ရှိတဲ့ တိုတောင်းတဲ့အချိန်ပိုင်းလေး။

အဲဒီနောက် နောက်ဆုံး စုတိထိအောင် အသက်ရှင်သမျှ ကာလပတ်လုံးပေါ့၊ ၈၀, ၉၀, ၁၀၀ ထိအောင် နှစ်ပေါင်းကြာအောင် ဆက်လက်ဖြစ်ပေါ်နေတာကို ပဝတ္တိပိုင်းလို့ ဒီလိုခေါ်တယ်၊ ဒီတော့ ပဋိသန္ဓေ, ပဝတ္တိ - နှစ်ခု မှတ်ထားနော်။
စာမျက်နှာ-၂၁၀
အဲဒီ ဝိပါက်စိတ်မှာလည်းပဲ ပဋိသန္ဓေ လို့ဆိုတဲ့ ဘဝတစ်ခုနဲ့ တစ်ခုကို စတင်ဆက်စပ်ပေးတဲ့ ဒီအကျိုးဝိပါက်စိတ်ဟာ ၁၉-ခုပဲ ရှိတယ်၊ ခုန လောကီဝိပါက် ၃၂-ထဲမှာ ၁၉-ခုပဲ ရှိတယ်၊ ဘဝ တစ်ခု စတင်တဲ့နေရာမှာ ဖြစ်ပေါ်လာနိုင်တာ ဒီ ၁၉-ခုပဲ၊ ဝိပါက် စိတ်အားလုံးဟာ ကံရဲ့အကျိုးတော့ မှန်တယ်၊ သို့သော် ပဋိသန္ဓေ ဖြစ်တာက ၁၉-ခုပဲတဲ့။
အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်
အဲဒီမှာ အကုသိုလ်ရဲ့ အကျိုး ပဋိသန္ဓေဆိုတာတစ်မျိုးတည်းပဲ ရှိတယ်၊ “အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်၊ သူ့ကို သန္တီရဏလို့ဆိုတာ ခေါ်လို့ လွယ်အောင်သာ ခေါ်ထားတာ၊ တကယ်ကတော့ သူက ဒီအချိန်မှာ သန္တီရဏကိစ္စ (စုံစမ်းခြင်းကိစ္စ)ကို လုပ်တာ မဟုတ်ဘူး၊ သူဆောင်ရွက်တာက ပဋိသန္ဓေကိစ္စ - ဘဝ တစ်ခုနဲ့ တစ်ခု ဆက်စပ်ပေးခြင်းကိစ္စကိုသာ ဆောင်ရွက်တယ်၊ သူ့ကို ဒီနေရာမှာ သန္တီရဏလို့ ခေါ်လို့ရှိရင် နာမည်နဲ့ ဆောင်ရွက်မှုဟာ လွဲနေတယ်ပေါ့နော်၊ သို့သော် လွယ်အောင်လို့သာ “ဥပေက္ခာ သန္တီရဏစိတ်”လို့ ခေါ်လိုက်တာ၊ သန္တီရဏဆိုတဲ့အမည်က စုံစမ်းတဲ့အခါမှာသာ ခေါ်ရတာ။ ။

ဥပေက္ခာသန္တီရဏစိတ်က ၅-ကိစ္စဆောင်ရွက်နိုင်တာ, ကိစ္စ ၅-မျိုး ထိအောင် ဆောင်ရွက်နိုင်တယ်ပေါ့။ ဒီတော့ ကိစ္စအလိုက် သူ့ကို ခေါ် ရတယ်၊ လူတွေကိုလည်း ကိစ္စအလိုက် ခေါ်နေကြတာ ပဲလေ၊ ရုံးမှာတော့ မန်နေဂျာ, အိမ်ကျတော့ ထမင်းချက် ဖြစ်ချင်လည်း ဖြစ်မှာပေါ့၊ သူလုပ်တဲ့အလုပ်ကို ကြည့်တာပေါ့။
စာမျက်နှာ-၂၁၁
အေး အဲဒီလိုပဲ- ဒီမှာလည်းပဲ အကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ ဥပေက္ခာသန္တီရဏစိတ်လေးဟာ ဘဝတစ်ခုကို စတင်ဆက်စပ်ပေးတဲ့အချိန်လေးမှာ ဖြစ်ပေါ်လာလို့ရှိရင် “ပဋိသန္ဓေ”ပဲ၊ အဲဒီနောက်မှာ သူ ဆက်လက်ဆောင်ရွက်တာကတော့ ဘဝတစ်ခု အဆက်ပြတ် မသွားအောင် သူက အကြောင်းတစ်ခုအနေနဲ့ ဆက်လက်ဖြစ်ပေါ် နေလို့ “ဘဝင်” လို့ ခေါ်တယ်၊ နောက်ဆုံး သေတဲ့အချိန်ကျတော့လည်း ဒီစိတ်နဲ့ သေတာမို့လို့ “စုတိ” လို့ ခေါ်လိုက်ပြန်တယ်။

ဒီကြားထဲမှာ ပဝတ္တိပိုင်းမှာ ဖြစ်ပေါ်လာတဲ့အခါ သူက အာရုံတွေနဲ့တွေ့တဲ့အခါ စုံစမ်းခြင်းကိစ္စကို ဆောင်ရွက်တယ် - “သန္တီရဏ”၊ ဇောပြီးတဲ့နောက်မှာ ဖြစ်ရလို့ရှိရင် သူက ပဋိသန္ဓေဘဝ အနေနဲ့ ဖြစ်တယ်၊ သို့သော် “တဒါရုံ” လို့ ခေါ်တယ်၊ အဲဒီလို ဆိုင်ရာဆိုင်ရာ သူဆောင်ရွက်တဲ့ သဘောလေးတွေကို ကြည့်ပြီးတော့ စိတ်ကို နာမည်ပေးထားတာ။

အကုသိုလ်ရဲ့ အကျိုးစိတ်က ဘုံဘဝနဲ့ပြောမယ် ဆိုလို့ရှိရင် ဘယ်ဘုံမျိုးမှာ ဖြစ်သလဲလို့ဆိုရင် ဆင်းရဲဒုက္ခတွေ အများဆုံးဖြစ်တဲ့ ငရဲဘုံ၊ ငရဲသူငရဲသားတွေဟာ တစ်ညီတည်း ဒီဝိပါက်ကလေးနဲ့ ဘဝကို စကြရတယ်၊ ဥပေက္ခာသန္တီရဏစိတ်လေးနဲ့ ဘဝကို စ,တယ်၊ ငရဲလောက် မဆင်းရဲပေမယ့် ဆင်းရဲတယ်ဆိုတဲ့ဘုံဘဝက တိရစ္ဆာန်ပဲ၊ အဲဒီတိရစ္ဆာန်တွေရဲ့ဘဝကိုလည်း ဘာနဲ့ စသလဲဆိုတော့ ဥပေက္ခာသန္တီရဏစိတ်လေးနဲ့ပဲ စတယ်၊ တစ်ခါ အဲဒီထက် ဆင်းရဲဒုက္ခတော့ နည်းနည်းသက်သာတယ်, အပါယ်ဘုံပဲ ဖြစ်တယ် - ပြိတ္တာတို့ အသုရကာယ်တို့၊ သူတို့ရဲ့ ဘုံဘဝတွေကိုလည်း ဘာနဲ့ စတုန်းဆိုတော့ ဒီဥပေက္ခာသန္တီရဏနဲ့ စတယ်၊ အကုသိုလ်ရဲ့။
စာမျက်နှာ-၂၁၂
အကျိုးဟာ အပါယ်လေးဘုံသားတို့ရဲ့ ပဋိသန္ဓေစိတ်အနေနဲ့ ဆောင်ရွက်တယ်တဲ့။ ဒီလို ဆိုလိုတာပေါ့။ ။

ကဲ ကောင်းပြီ - အဲဒီပဋိသန္ဓေစိတ်လေးဟာ အပါယ်ဘုံသားတွေအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ဥပေက္ခာသန္တီရဏစိတ်ကလေး ပေါ်လိုက်တာနဲ့တစ်ပြိုင်နက် ယှဉ်ဘက်စေတသိက်တွေဆိုတာပါ ပေါ်လာတယ်၊ ယှဉ်ဘက်စေတသိက်ဆိုတာကလည်း အစကတည်းက တစ်စုတည်းတွေ လာတာပဲ၊ ပြောချင်လို့သာ ခွဲပြောနေရတာ၊ အမှန်ကတော့ တစ်စုတည်း လာတာ။

အဲဒီဥပေက္ခာသန္တီရဏနဲ့ ယှဉ်တွဲပြီးတော့လာတဲ့ စေတသိက် ပေါင်း ၁၀-ခု ရှိတယ်၊ အဲဒီ ၁၀-ခုရယ် ဥပေက္ခာသန္တီရဏရယ် ပေါင်းတော့ ၁၁-ခု ရှိတယ်၊ ဒီတော့ functionတွေ ၁၁-ခု ပါဝင်တဲ့ ယူနပ်ကလေးတစ်ခုပဲ၊ သူတို့ရဲ့ဘဝပါ။
“ဝိညာဏပစ္စယာ နာမံ”
ဒီပဋိစ္စသမုပ္ပါဒ်မှာ အဲဒါကို ဘာပြောချင်တုန်းဆိုလို့ရှိရင် - ပဋိစ္စသမုပ္ပါဒ်မှာ အခုပြောတဲ့ ဥပေက္ခာသန္တီရဏလေးက ဝိညာဏပစ္စယာ၊ ကျန်တဲ့စေတသိက် ၁၀ ခုက နာမရူပံထဲက နာမံ၊ ဥပေက္ခာသန္တီရဏလေးက ဝိညာဏ၊ ကျန်တဲ့ သူနဲ့အတူ ယှဉ်တွဲပြီး ဖြစ်ပေါ်လာတဲ့စေတသိက်တွေက နာမတဲ့၊ ဟုတ်လား၊ “ဝိညာဏပစ္စယာ နာမရူပံ” မှာ နာမလေးတင်ကို ပြောတာနော်၊ စေတသိက်ကို ရည်ညွှန်းတယ်လို့ ဒီလိုဆိုလိုတယ်။ ။

ဒီတော့ ပဋ္ဌိသန္ဓေအခါမှာ အကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ် ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ယှဉ်ဘက်စေတသိက်
စာမျက်နှာ-၂၁၃
တွေက ပါလာတယ်တဲ့၊ အဲဒီမှာ ဥပေက္ခာသန္တီရဏစိတ်လေးသည် ဝိညာဏ၊ ယှဉ်ဘက်စေတသိက်သည် နာမ “ဝိညာဏပစ္စယာ နာမံ” လို့ ဒီလိုပြောလို့ ရတယ်၊ အဲဒီလို ဖြစ်လာတဲ့ စိတ်ကလေးဟာ ဒါက ပဋ္ဌိစ္စသမုပ္ပါဒ်နည်းကနေ ပြောတာ။
ပဋ္ဌာန်းနည်း
ပဋ္ဌာန်းနည်းကနေ ပြောမယ်ဆိုလို့ရှိရင် ပဋ္ဌာန်းက ၂၄ပစ္စည်း ရှိတဲ့အထဲမှာ အခု ဥပေက္ခာသန္တီရဏစိတ်ကလေးကလည်း နာမ်တရားပဲ၊ သူနဲ့ ယှဉ်ပြီးတော့ ဖြစ်တဲ့စေတသိက်တွေကလည်း နာမ်တရားပဲ၊ ဒီတော့ ပဋ္ဌာန်းနည်းနဲ့ ကျေးဇူးပြုရာမှာ အဘိဓမ္မတ္ထ သင်္ဂဟကျမ်းမှာ ၆-မျိုး ခွဲထားတယ်၊ တကယ်ခဲ့မယ်ဆိုရင်တော့ ၇-မျိုး ရနိုင်တယ်။

ဘယ်လိုခွဲတာတုန်းဆိုတော့ အဲဒီခွဲခြားချက်ကလေးက -

* နံပါတ် ၁ - နာမ်ကနေ နာမ်ကို ကျေးဇူးပြုတဲ့ အုပ်စုကတစ်ခု၊
* နံပါတ် ၂ - နာမ်ကနေ ရုပ်ကို ကျေးဇူးပြုတဲ့ အုပ်စုကတစ်ခု၊
* နံပါတ် ၃ - နာမ်ကနေ နာမ်ရုပ်နှစ်မျိုးကို ကျေးဇူးပြုတာကတစ်ခု၊
* နံပါတ် ၄ - ရုပ်ကနေ ရုပ်ကို ကျေးဇူးပြုတာကတစ်ခု၊
* နံပါတ် ၅ - ရုပ်ကနေ နာမ်ကို ကျေးဇူးပြုတာကတစ်ခု၊
* နံပါတ် ၆ - နာမ်ရုပ်ကနေ နာမ်ရုပ်ကို ကျေးဇူးပြုတာကတစ်ခု၊

နောက်တစ်ခု ဘာထည့်လို့ ရတုန်းဆိုရင် နာမ်, ရုပ်, နိဗ္ဗာန်, ပညတ်က နာမ်ကို ကျေးဇူးပြုတာ တစ်ခုလို့၊ ဒါ ပဋ္ဌာန်းရှုထောင့်ကနေ ပြောလို့ရှိရင် အဲဒါလည်း ထပ်ရှာကြည့်ရမယ်ပေါ့။
စာမျက်နှာ-၂၁၄
* နာမ်ကနေ နာမ်ကို ကျေးဇူးပြုတဲ့ ပစ္စည်းတွေက ၆-ခု ရှိတယ်၊ တချို့က ရှေ့နောက်သွားတာ ရှိတယ်၊ ရှေ့နောက်ကျတော့ အနန္တရပေါ့၊ မရှိတော့မှ ကျေးဇူးပြုတာကျတော့ နတ္ထိအုပ်စုပေါ့၊ ရှိနေတုန်း ကျေးဇူးပြုတာက အုပ်စုတစ်ခု၊ နာမ်ကနေ နာမ်ဆိုတဲ့ နေရာမှာ - ဒီတော့ အနန္တရ, သမနန္တရ, အာသေဝန, သမ္ပယုတ္တ, နတ္ထိ, ဝိဂတ။

အခု “ဝိညာဏပစ္စယာ နာမရူပံ” နာမံ ဆိုတဲ့နေရာ အခု ဥပေက္ခာသန္တီရဏစိတ်ကလေးက နေပြီးတော့ စေတသိက်တွေကို ဆက်သွယ်တဲ့နေရာမှာတော့ ရှေ့နောက် မဟုတ်ဘူး၊ ဥပေက္ခာသန္တီရဏစိတ်ကလေးက ဖြစ်ပြီး ချုပ်သွားမှ စေတသိက် ၁၀-ခုက ဖြစ်လာတာ မဟုတ်ဘူး၊ ဥပေက္ခာသန္တီရဏစိတ် ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် အတူတကွဖြစ်ခြင်း, အတူတကွချုပ်ခြင်း, တူညီသော အာရုံရှိခြင်း, တူညီသော မှီရာဝတ္ထုရှိခြင်းဆိုတဲ့ တူလေးတူနဲ့ လာလိုက်တာဆိုတော့ သူက တစ်ပြိုင်နက်ဖြစ်တာ- သဟဇာတမျိုးပေါ့။

ဒီနေရာမှာ နာမ်က နာမ်သက်သက်ကို သမ္ပယုတ္တ လို့ ပြောလို့ ရတယ်၊ နောက် ရနိုင်တာတွေက သဟဇာတလည်း ရတာပဲ၊ အညမညလည်း ရတာပဲ၊ နိဿယလည်း ရတာပဲ၊ ဝိပါက်စိတ် ဖြစ်သည့်အတွက်ကြောင့် ဝိပါကလည်း ရတာပဲ၊ အတ္ထိ, အဝိဂတတို့လည်း ရတာပဲ၊ ဒီလို ခွဲသွားရမှာပေါ့နော်။ ။

ဒီတော့ “နာမ်သက်သက်ကနေ နာမ်သက်သက်”ကို ကျေးဇူးပြုတာက ၆-ပစ္စည်း - အနန္တရ, သမနန္တရ, အာသေဝန, သမ္ပယုတ္တ, နတ္ထိ, ဝိဂတ၊
စာမျက်နှာ-၂၁၅
* နာမ်တရားသက်သက်က ရုပ်တရားသက်သက်ကို ကျေးဇူးပြုတာတော့ တစ်ပစ္စည်းတည်းပဲ ရှိတယ်၊ ပစ္ဆာဇာတပစ္စည်းလို့ ခေါ်တယ်၊ အဲဒါကျတော့ နာမ်ကနေ ရုပ်ကို သွားတာ။
* တစ်ခါ နာမ်က နေပြီးတော့ နာမ်ရောရုပ်ရော ပေါင်းပြီး ကျေးဇူးပြုတာက ၅-ပစ္စည်း ရှိတယ်၊ ဟေတုရယ်, ဈာနရယ်, မဂ္ဂရယ်, ကမ္မရယ်, ဝိပါကရယ်။
* တစ်ခါ ရုပ်သက်သက်က ရုပ်သက်သက်ကို ကျေးဇူးပြုတာက ရူပဇီဝိတိန္ဒြိယ၊ ရုပ်ကနေ ရုပ်ကို သွားတာ၊ ရုပ်ကို ထိန်းပေးတဲ့ရုပ်က ရူပဇီဝိတိန္ဒြိယဖြစ်တယ်၊ အဲဒီရူပဇီဝိတိန္ဒြိယက ဆိုင်ရာကမ္မဇရုပ်တွေကို ထိန်းပေးသွားတာ၊ ဒါကြောင့်မို့ ရုပ်ကနေ ရုပ်ကို ကျေးဇူးပြုတယ်၊
* တစ်ခါ ရုပ်သက်သက်က နာမ်သက်သက်ကို ကျေးဇူးပြုတာက ပုရေဇာတတစ်ပစ္စည်းပဲ။
* နာမ်ရုပ်နှစ်ပါးက နာမ်ရုပ်နှစ်ပါးကို ရောပြီးတော့ ကျေးဇူးပြုနိုင်တဲ့ ပစ္စည်းက ၉-မျိုးရှိတယ်တဲ့ - အဓိပတိ, သဟဇာတ, အညမည, နိဿယ, အာဟာရ, ဣန္ဒြိယ, ဝိပါက, အတ္ထိ, အဝိဂတ လို့ ဒီလို အကျဉ်းချုပ်မှတ်ထားပေါ့၊ ဒါတွေက လေ့လာထားတော့မှ ပိုနားလည်လို့ ရမှာနော်။

တစ်ခါ နာမ်ရယ်, ရုပ်ရယ်, နိဗ္ဗာန်ရယ်၊ ပစ္စည်းပိုင်းက နာမ်, ရုပ်, နိဗ္ဗာန်, ပညတ်က နာမ်တရားကို ကျေးဇူးပြုတယ်ဆိုတဲ့ ပစ္စည်းကျတော့ အာရမ္မဏနဲ့ ဥပနိဿယပစ္စည်း၊ ဒါဟာ ပဋ္ဌာန်းကို ခြုံငုံပြီးတော့ ခွဲတဲ့နည်း တစ်နည်းပေါ့။
စာမျက်နှာ-၂၁၆
အဲဒီမှာ “နာမ်က နာမ်ကို” ကျေးဇူးပြုလို့ရတဲ့ ပစ္စည်းတွေ အခုပြောလို့ ရတယ်ပေါ့။ ဒီတော့ ပြောမယ်ဆိုလို့ရှိရင် ဘာပစ္စည်းတွေ ရနိုင်တုန်းလို့၊ အခုပြောခဲ့တဲ့ အပါယ်ဘုံသားတွေရဲ့ ဥပေက္ခာသန္တီရဏစိတ်လေး ပေါ်လာလို့ရှိရင် ဒီစိတ်နဲ့ ပြိုင်တူပေါ်လာပြီးတော့ ယှဉ်တွဲလာတဲ့စေတသိက် ၁၀-ခုကို အတူတကွဖြစ်တာ ဖြစ်သောကြောင့် သဟဇာတ၊ ပဋိစ္စသမုပ္ပါဒ်နဲ့ ကြည့်လိုက်မယ်ဆိုရင် သူတို့ဟာ အတူတူဖြစ်ပြီးတော့ အကျိုးပြုတာ၊ အတူတူဖြစ်ခဲ့သားနဲ့ ဘယ်လိုအကျိုးပြုတာတုန်းလို့ မေးလို့ရှိရင် ဒီဥပေက္ခာသန္တီရဏစိတ်လေးမှမဖြစ်ရင် ကျန်တဲ့စေတသိက် ၁၀-ခုက မဖြစ်နိုင်ဘူးတဲ့၊ အဲဒါ ကျေးဇူးပြုတာပဲပေါ့၊ ဥပေက္ခာသန္တီရဏစိတ်မှ မဖြစ်ရင် ကျန်တာတွေ ဖြစ်ခွင့်မရှိဘူး၊ သူဖြစ်မှ ကျန်တာတွေ ဖြစ်လို့ ရတယ်ပေါ့။ အဲဒါသည်ပင်လျှင် ကျေးဇူးပြုတယ်လို့ ပြောတာနော်၊ သဟဇာတ အတူတကွဖြစ်လာကြတယ်။

အညမည အပြန်အလှန်ဖြစ်ကြတယ်၊ အပြန်အလှန်ဆိုတာ - သူက အကြောင်းဖြစ်လိုက်, ကျန်တာက အကျိုးဖြစ်လိုက်- ဒီလို၊ အပြန်အလှန်ဆိုတာက အပြန်အလှန် ကျေးဇူးပြုတယ်၊ သူ့ကြောင့် သူရှိရတယ်၊ သူရှိလို့လည်း သူဖြစ်ရတယ်ဆိုတဲ့ အဓိပ္ပါယ်နော်။ အပြန်အလှန် မှီတင်းပြီးတော့ နေရတယ်၊ သုံးချောင်းထောက်နဲ့ ဥပမာပေးထားတယ်၊ သုံးချောင်းထောက်ဆိုတာ တစ်ချောင်းပြုတ်ရင် ကျန်တဲ့နှစ်ချောင်းက ရပ်လို့ မရဘူးလေ၊ အဲဒီသဘောကို ပြောတာ၊ အပြန်အလှန်ရဲ့ သဘောက ကြောင်းကျိုးပြန်လှန် ဆက်စပ်မှု ရှိတယ်။
စာမျက်နှာ-၂၁၇
နောက် နိဿယ - မှီခိုပြီးတော့ ဖြစ်ကြရတယ်၊ ဝိပါက်စိတ် ဖြစ်သောကြောင့် ဝိပါက၊ ဝိပါကရဲ့သဘောက အင်မတန်မှ တည်ငြိမ်တယ်၊ လှုပ်ရှားမှု မရှိဘူး၊ “ဝိပါက လှုပ်ရှားမှုမရှိဘူး”ဆိုတာ “ကြိုးစားအားထုတ်မှု မရှိဘူး” ဆိုတဲ့အဓိပ္ပါယ်ကို ပြောတာ မဟုတ်ဘူးနော်၊ အကျိုးဆိုတာ ပြင်လို့ရတဲ့အရာ မဟုတ်ဘူး၊ ဆိုပါစို့ - မှန်ရိပ်ထဲမှာပေါ်တဲ့ရုပ်ကို ပြင်လို့ရလား၊ ကိုယ့်သန္တာန်မှာရှိတဲ့ ကိုယ့်မျက်နှာမှာ တကယ်ရှိနေတဲ့မျက်နှာရုပ်က မှန်ထဲမှာ ပေါ်မှာကိုး၊ ဒီတော့ မှန်ထဲကရုပ်ကို သွားပြင်လို့ ရမလား၊ မရဘူးနော်၊ ဝိပါက်စိတ်တွေဆိုတာ အတိတ်ကံရဲ့ အကျိုးအနေနဲ့ ပေါ်လာတာမို့ ဘာမှ ပြင်လို့ရတဲ့အရာ မဟုတ်ဘူး၊ ငြိမ်သက်နေတယ်လို့ ပြောတာနော်၊ အဲဒီ ငြိမ်သက်နေတဲ့ဝိပါက်စိတ်က သူနဲ့ ယှဉ်ဖက်တွေကိုလည်း အဲဒီလို ငြိမ်သက်သွားအောင် လုပ်တယ်ပေါ့။ ။

ဒါလည်း သဘာဝကျတယ်လေ၊ တစ်ခုက ငြိမ်ပြီး တစ်ခုက မငြိမ်ဘူး ဆိုလို့ရှိရင် ဘယ်လိုလုပ်ကြမလဲ၊ သဘာဝတရားတွေ အတူဖြစ်ရင် တစ်ခုက ငြိမ်နေရင် ကျန်တာတွေလည်း ငြိမ်နေတာတွေပဲ ဖြစ်ရမှာပေါ့နော်၊ ငြိမ်နေတဲ့ရေပြင်ပေါ်မှာ ရှိနေတဲ့ဗေဒါပင်တွေဟာလည်း ငြိမ်နေကျမှာပေါ့။ မှော်သေးမွှေးညှင်းတွေလည်း ငြိမ်နေမှာပေါ့။ ရေက မငြိမ်ဘူးဆိုရင် ကျန်တာတွေလည်း ဘယ်ငြိမ်ပါ့မလဲပေါ့၊ အဲဒီသဘောမျိုးပဲ၊ အဲဒါကို ဝိပါကသတ္တိလို့ ပြောတာ၊ ဒီတော့ ဝိပါကသတ္တိနဲ့လည်း ကျေးဇူးပြုနိုင်တယ်တဲ့။

နောက်တစ်ခါ ဝိညာဏလို့ ဆိုသဖြင့် မနိန္ဒြိယလည်းပဲ ရနိုင်တယ်၊ ဝိညာဏဟာ သိခြင်းကိစ္စမှာ ကြီးစိုးထားတာဖြစ်လို့
စာမျက်နှာ-၂၁၈
သူ့ကို ဣန္ဒြိယလို့ ခေါ်တယ်၊ အသိကိစ္စမှာ ယှဉ်ဖက်သဘာဝတရားတွေကို လွှမ်းမိုးကြီးစိုးထားတယ်။

နောက်တစ်ခုက သမ္ပယုတ္တ၊ အပြန်အလှန် ယှဉ်တွဲပြီးတော့ နေကြတယ်- အတူတူ ဖြစ်တယ်, အတူတူ ချုပ်တယ်၊ ဖြစ်တူတူ ချုပ်တူတူ ဆိုကတည်းက သူ့ကို ဘယ်လိုလုပ်ပြီးတော့ နှစ်ခုလို့ ပြောလို့ ရတော့မှာတုန်း၊ ဖြစ်လာတာလည်း တစ်ပြိုင်နက်ပဲ၊ ပျက်သွားတာလည်း တစ်ပြိုင်နက်ပဲ၊ ဒါတင်လား ဆိုတော့ မကသေးဘူး၊ ဖြစ်ပေါ်လာရာဝတ္ထုကလည်း အတူတူပဲတဲ့၊ မှီရာဝတ္ထုကလည်း အတူတူပဲ၊ အာရုံပြတဲ့ အာရုံကလည်းပဲ အတူတူပဲဆိုတော့ ဘယ်လိုလုပ်မှ သူတို့ကို ခွဲလို့မရတဲ့သဘောနော်၊ ခွဲလို့ မရနိုင်ဘူးလို့ ဒီလိုပြောတဲ့ သဘောပဲ၊ အဲဒါဟာ သမ္ပယုတ္တပဲ၊ ယှဉ်တွဲတယ်ဆိုတာ ဒီပုံစံနဲ့ ယှဉ်တွဲတာ၊

ဒီဥပေက္ခာသန္တီရဏဆိုတဲ့ ဝိညာဏစိတ်လေးရှိတုန်း စေတသိက်တွေကလည်း ရှိနိုင်တာဖြစ်လို့ အတ္ထိ၊ ရှိနေခိုက်သာပင် ကျေးဇူးပြုလို့ အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြုတာဖြစ်သောကြောင့် အဝိဂတလို့ - ဒီသဘောတွေကို ပြောပြတာ သူကနော်၊ အဲဒါ “ဝိညာဏပစ္စယာ နာမံ”ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောလို့ရတယ်။
“ဝိညာဏပစ္စယာ ရူပံ”
တစ်ခါ “ဝိညာဏပစ္စယာ ရုပ်”နဲ့ ပြောမယ်ဆိုရင် အရူပဘုံက လွဲလို့ရှိရင် သန္ဓေစိတ်ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ကမ္မဇရုပ်တွေ တစ်ခါတည်းပါလာတယ်၊ ဥပပါတ်ပဋိသန္ဓေဆိုလို့ရှိရင် သဂြိုဟ်ထဲမှာ ပါတဲ့အတိုင်းနော် - ကမ္မဇရုပ် ၇-ခု၊ သံသေဒဇဆိုတဲ့ အမှီ
စာမျက်နှာ-၂၁၉
အဟောက်ကို စွဲပြီးတော့ဖြစ်တဲ့ သတ္တဝါတွေဆိုလည်း ၇-ခု၊ အများဆုံးရနိုင်တာကို ပြောတာ။

ငရဲဘုံဆိုတာ ဥပပတ္တိပဲ၊ ငရဲဘုံဆိုတာ လူ့ဘုံလို ဖြည်းဖြည်းချင်းကြီးပြီး ဖြည်းဖြည်းချင်း မွေးနေတာ မဟုတ်ဘူး၊ ဖြစ်မယ့် အတိုင်းအတာအတိုင်း သွားဖြစ်တာ၊ ထန်းပင်ကြီးလောက် ကိုယ်ကြီးဆိုလည်း ဟိုမှာ ထန်းပင်ကြီးလောက် ဖြစ်သွားတာပဲ၊ ဒီက ပျောက်ပြီး ဟိုမှာသွားပေါ်တဲ့သဘောပဲနော်၊ ဖြစ်မယ့်အနေအထားတစ်ခုအတိုင်း ငရဲဘုံမှာ ဥပပတ္တိက ရုတ်တရက် ကိုယ်ထင်ရှား ဖြစ်ပေါ်လာတယ်၊ အပေါ်ကနေ ဘွားကနဲကျလာသလို ဖြစ်တာမျိုး၊ အဲဒီ ငရဲတို့ နတ်ပြည်တို့ဆိုတာ မွေးဖွားနေကြတာ မဟုတ်ဘူး၊ ဖြစ်မယ့် ခန္ဓာကိုယ်အတိုင်းအတာအတိုင်း တစ်ခါတည်း သွားဖြစ်တယ်။

မြတ်စွာဘုရားကို ပြစ်မှားပြီး အာနန္တရိယကံကြီးနှစ်ခုကို ကျူးလွန်သွားတဲ့ ရှင်ဒေဝဒတ်ဟာ အဝီစိငရဲကျသွားတာနဲ့ တစ်ပြိုင်နက် ငရဲခံရမယ့် သူ့ခန္ဓာကိုယ်ပမာဏကြီးအတိုင်း တစ်ခါတည်း ဖြစ်တာပဲ၊ သူ ငရဲခံရပုံကလည်း တော်တော်ကြောက်စရာကောင်းတယ်၊ ခေါင်းက နားရွက်ထိအောင် အဲဒါ သံအမိုးထဲမှာ စိုက်ဝင်နေတယ်၊ ခြေထောက်ကလည်း ခြေဖမျက်ထိအောင် သံမြေထဲမှာ မြုပ်နေတယ်၊ ဘယ်လိုမှ လှုပ်လို့မရအောင် သဘောမျိုး ဖြစ်တာပေါ့။ တစ်ခါ သံချောင်းကြီးတစ်ခုက အရှေ့နံရံကနေ ထွက်ပြီးတော့ ခန္ဓာကိုယ်ကို ဖောက်ပြီး အနောက်နံရံထိ စူးဝင်သွားသေးတယ်။ ဘေးတစ်ဖက်ကလည်း အဲဒီအတိုင်း ဖောက်ပြီးတော့ စူးဝင်သွားသေးတယ်၊ ဘယ်လိုမှ လှုပ်မရအောင် ငရဲဒုက္ခကို ကြီးစွာခံရတယ်လို့ ဓမ္မပဒအဋ္ဌကထာကြီးကို ဖတ်ကြည့်လို့ရှိရင် တွေ့မှာပေါ့။ အရှင်
စာမျက်နှာ-၂၂၀
ဒေဝဒတ် ငရဲခံနေရတဲ့ပုံပန်းသဏ္ဌာန်ကို အဲဒီမှာ ဖော်ပြထားတာ ရှိတယ်။

ဒီတော့ ဖြစ်မယ့်ပုံသဏ္ဌာန်အတိုင်း သွားဖြစ်တယ်၊ ဒီကနေပြီးတော့ အကုသိုလ်ကံကနေ ဖန်တီးလိုက်တာ ရုပ်ပုံလွှာက အဲဒီမှာ ချက်ချင်းပေါ်တာပဲ။ ။

ဒီတော့ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့ ကြည့်ပြီဆိုလို့ရှိရင် အခုပုံစံနဲ့ ကြည့်ရမှာ၊ ဘာပစ္စည်းတွေ ဆက်စပ်ပြီးတော့ ဖြစ်ပေါ်သလဲဆိုတော့ “ဝိညာဏပစ္စယာ နာမရူပံ” ဆိုတဲ့နေရာမှာ ဝိညာဏအရ နံပါတ် (၁)က ဝိပါကဝိညာဏလို့ မှတ်ထား၊ အကျယ်ပြောပြထားတာက ခုနက ဥပမာအနေနဲ့ ငရဲသားတွေရဲ့ သန္ဓေစိတ်ကို ပြောတာနော်၊ နောက် လူသားတွေရဲ့သန္ဓေစိတ်, နတ်တွေရဲ့ သန္ဓေစိတ်, ဗြဟ္မာတွေရဲ့ သန္ဓေစိတ်ကို ကြည့်ရမှာ၊ ဒီလို အမျိုးမျိုးခွဲပြီးတော့ ကြည့်ရမယ်။
“ဝိညာဏ” အရ အဘိသင်္ခါရဝိညာဏ်
နောက်တစ်ခု ဝိညာဏအရ နံပါတ်(၂)က အဘိသင်္ခါရဝိညာဏ်တဲ့၊ အဘိသင်္ခါရဝိညာဏ၊ အဘိသင်္ခါရဝိညာဏဆိုတာ တခြားဟာ ပြောတာ မဟုတ်ဘူးတဲ့၊ ကံကို ပြောတာ၊ ဝိပါကဝိညာဏတုန်းက ဝိပါက်တစ်မျိုးတည်းကိုယူထားတယ်၊ အဘိသင်္ခါရဝိညာဏကျတော့ ကုသိုလ်ကံ, အကုသိုလ်ကံ, ကုသိုလ်စိတ်, အကုသိုလ်စိတ်တွေကို ယူတယ်၊ အကုသိုလ်စိတ်ကတော့ ၁၂-ခု ပေါ့၊ ကုသိုလ်ကျတော့ လောကီကုသိုလ်တွေ ယူတာဆိုတော့ ၁၇
စာမျက်နှာ-၂၂၁
ခု၊ အားလုံး ၂၉-ခုပေါ့။ အဘိသင်္ခါရဝိညာဏ် ၂၉-ခု၊ တစ်လုံးတည်း မှတ်လို့ရှိရင် ဒီလို မှတ်ရတယ်။ “ဝိညာဏ” အရ စိတ်အားလုံး။

နောက် နံပါတ်(၃)ကို ဝိညာဏအရ ဘာကောက်တုန်းဆိုလို့ရှိရင် ကျန်တဲ့ဝိညာဏ်စိတ်တွေ အားလုံးကိုလည်း ကောက်နိုင်တယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ဝိညာဏ်စိတ်မှန်သမျှဟာ စေတသိက်နဲ့ ယှဉ်တွဲပြီးတော့ လာတာတွေချည်းပဲ။

ဒါ့ကြောင့်မို့လို့ ဒီပစ္စယသတ္တိတွေဟာ ကျေးဇူးပြုနိုင်တယ်လို့ “ဝိညာဏပစ္စယာ နာမရူပံ” မှာ ဝိညာဏအရ (၁) ဝိပါကဝိညာဏ၊ (၂) အဘိသင်္ခါရဝိညာဏ၊ (၃) ကျန်တဲ့ဝိညာဏ၊ ဒီလို ကောက်ရတယ်။

တစ်ခါ နာမရူပံမှာ နာမအရ ဘာကို ယူရမလဲလို့ ဆိုတော့ နာမဆိုတဲ့ စကားလုံးက စိတ်နဲ့ စေတသိက် နှစ်ခုလုံးကို ခေါ်တဲ့ အမည်နာမပဲ၊ သို့သော် ဒီနေရာမှာ ဝိညာဏက စိတ်ကို ယူထားပြီးဖြစ်သည့်အတွက်ကြောင့် နာမအရ စေတသိက်ကိုပဲ ယူရတယ်ပေါ့၊ အဲဒါကို ပါရိသေသနည်းလို့ ခေါ်တယ်၊ ယူပြီးသားကို ဖယ်ထားပြီးတော့ ကျန်တာပဲ ယူရမယ်၊ နို့မို့ဆိုရင် နှစ်ခုထပ်သွားမှာ စိုးလို့၊ အဲဒါကြောင့်မို့ နာမသဒ္ဒါဟာ စိတ်နဲ့ စေတသိက် နှစ်ခုလုံးဆိုင်ပေမယ့်လို့ ဒီနေရာမှာ စေတသိက်ကိုပဲ ယူတယ်၊ ဒီတော့

လောကီဝိပါက်စိတ်တွေနဲ့ ယှဉ်တဲ့စေတသိက်တွေကို ပထမယူမယ်၊ ဒါက နံပါတ်(၁)၊ နောက်ပြီးတဲ့အခါ အဘိသင်္ခါရဝိညာဏ ဆိုတော့ စေတသိက်တွေ အားလုံးနဲ့ သက်ဆိုင်သွားပြန်တယ်။
စာမျက်နှာ-၂၂၂
ဒါကြောင့်မို့ နံပါတ်(၂)ကျတော့ စေတသိက်-၅၂ အကုန်လုံး ယူထားတယ်။

ဒီတော့ အကျဉ်းချုပ်မှတ်ဖို့ရာက အားလုံးပေါင်းလိုက်တဲ့အခါကျတော့ ဝိညာဏကို သုံးမျိုးခွဲထားပေမယ့်လို့ ပေါင်းလိုက်တော့ “ဝိညာဏ” အရ လောကီစိတ်တွေ အကုန်လုံးကောက်တဲ့ သဘောပဲ၊ “နာမ” အရက စေတသိက်တွေကို အားလုံးယူတဲ့ သဘောပဲ။

“ရူပ” အရကျတော့ ပထမ ကမ္မဇရုပ်တင်ပဲ ယူတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပဋိသန္ဓေအခါမှာ ပေါ်နိုင်တာက ကမ္မဇရုပ်ပဲ ပေါ်နိုင်သေးတယ်၊ စိတ္တဇရုပ်တွေ မပေါ်သေးဘူး၊ ဥတုဇရုပ်တို့, အာဟာရဇရုပ်တို့ မပေါ်သေးသည့်အတွက်ကြောင့် ကမ္မဇရုပ်တစ်မျိုးတည်းပဲ ယူတယ်၊ နောက် အဲဒီကနေ ဆက်နွယ်ပြီးတော့ ယူလိုက်တဲ့အခါ ရုပ်-၂၈ မျိုးလည်း ယူနိုင်တယ်လို့ ဆိုတယ်။ ။

“ဝိညာဏပစ္စယာ နာမရူပံ” ဆိုတဲ့ ဒေသနာတော်ရဲ့ အောက်မှာ အားလုံးခြုံပြီးတော့ ကြည့်လိုက်တဲ့အခါကျတော့ ဝိညာဏအရ - စိတ်အားလုံးကို ယူပြီးတော့ နာမအရ - စေတသိက်အားလုံးကို ယူတယ်၊ ရူပအရ - ရုပ်အားလုံးကို ယူတယ်။

“ဝိညာဏပစ္စယာ နာမရူပံ” ဆိုတာကို နှစ်ပိုင်းခွဲပြီးတော့ “ဝိညာဏပစ္စယာ နာမံ” “ဝိညာဏ်ကြောင့် နာမ်ဖြစ်တယ်” လို့ ဆိုတဲ့နေရာမှာ ပဋ္ဌာန်းနည်းနဲ့ ကြည့်လိုက်မယ်ဆိုရင် ပစ္စည်းဘယ်နှစ်မျိုးရှိနိုင်ဆိုတာကို ၉-မျိုး ရနိုင်တယ်လို့ ထောက်ပြထားတယ်နော်၊ ဘာတွေတုန်းဆိုတော့ အခုပြောတဲ့ ဒီဝိညာဏဆိုတာ စိတ်, နာမဆိုတာ စေတသိက်ဆိုတော့ ဒီစိတ်နဲ့စေတသိက်ဆိုတာ born together သဟဇာတ၊ အပြန်အလှန်ဖြစ်လို့ အညမည၊ အချင်းချင်း
စာမျက်နှာ-၂၂၃
မှီတင်းတာ ဖြစ်သောကြောင့် နိဿယ၊ ဝိညာဏအရ ဝိပါက်ကို ယူမယ်ဆိုရင် ဝိပါက၊ တစ်ခါ ဝိညာဏကို သာမန်ယူမယ်ဆိုလို့ရှိရင် ဝိညာဏာဟာရ ရှိသည့်အတွက်ကြောင့် အာဟာရ၊ မနိန္ဒြိယ ဖြစ်သောကြောင့် ဣန္ဒြိယ၊ စိတ်နဲ့ စေတသိက်ဟာ ယှဉ်တွဲပြီးတော့ ဖြစ်တာဖြစ်သောကြောင့် သမ္ပယုတ္တ၊ ရှိနေတုန်း ကျေးဇူးပြုလို့ အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြုတာဖြစ်သောကြောင့် အဝိဂတလို့ ခြုံငုံပြီးတော့ ၉-ပစ္စည်းလို့ - ဒီပဋ္ဌိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့ ရောပြီးတော့ ဖွင့်ပြတဲ့ ဝိသုဒ္ဓိမဂ်တို့, သမ္မောဟဝိနောဒနီအဋ္ဌကထာတို့မှာ ဒီလိုရေတွက်ပြီးတော့ ပြထားတယ်။

တစ်ခါ “ဝိညာဏပစ္စယာ ရူပံ” ဆိုတာကို ကြည့်လိုက်မယ်၊ ဝိညာဏဆိုတဲ့သန္ဓေစိတ်လေးက ရုပ်ကို ကျေးဇူးပြုတယ်ဆိုတဲ့နေရာမှာ ဒီနေရာမှာ ရုပ်ဟာ ဘယ်ရုပ်လဲလို့ မေးရင် ပထမဆုံးစပြီးတော့ ဝိညာဏ်နဲ့ အပြန်အလှန် ရနိုင်တဲ့ရုပ်ဟာ ဟဒယဝတ္ထုရုပ်ကလေးပေါ့၊ ဆက်စပ်ပြီးတော့ ဖြစ်ပေါ်လာတာက ဟဒယဝတ္ထု၊ အတူတူ ဖြစ်တာက လူ့ဘဝအနေနဲ့ပြောမယ်ဆိုရင် ကာယပသာဒတို့, ဘာဝတို့ ဒါတွေလည်း ပါတယ်၊ အတူတူဖြစ်တာပဲ၊ သို့သော် ဒီနေရာမှာ ဟဒယဝတ္ထုရုပ်က သန္ဓေစိတ်ရဲ့မှီရာဖြစ်သောကြောင့် အဲဒီပဋိသန္ဓေဝိညာဏစိတ်ကလေးက ဟဒယဝတ္ထုရုပ်နဲ့ အပြန်အလှန် ဆက်သွယ်ပြီးတော့ ဖြစ်တယ်၊ ပဋ္ဌိစ္စသမုပ္ပါဒ်မှာ “ဝိညာဏပစ္စယာ ရူပံ” - ပဋိသန္ဓေဝိညာဏစိတ်က ရုပ်အား ကျေးဇူးပြုတယ်ဆိုတာ ဘယ်ပဋိသန္ဓေဝိညာဏက ဘယ်ရုပ်အားလဲလို့မေးရင် ပဋိသန္ဓေဝိညာဏက ဟဒယဝတ္ထုရုပ်ဆိုတော့ အရူပဘုံက ပဋိသန္ဓေမပါနိုင်ဘူး၊ ဒါကိုတော့ သတိထားပေါ့၊ ကျန်တဲ့ဘုံတွေမှာဆိုလို့ရှိရင် ပဋိသန္ဓေ
စာမျက်နှာ-၂၂၄
ဝိညာဏက နေပြီးတော့ ဟဒယဝတ္ထုအား ၉-ပစ္စယသတ္တိနဲ့ အကျိုးပြုနိုင်တယ်၊ ပဋ္ဌာန်းနည်းအရကျတော့ အကြောင်းတရား ၉-မျိုးနဲ့ ဆက်သွယ်ပြီးတော့ နေတယ်။ ။

လူတွေရဲ့ ပဋိသန္ဓေစိတ်လေးက ဟဒယဝတ္ထုကို မှီပြီးတော့ ဖြစ်တာ၊ ဖြစ်တယ်ဆိုပေမယ့်လို့ သူတို့က အပြန်အလှန် ဖြစ်နေကြတာ, ပြိုင်တူပေါ်ကြတာ ဖြစ်တယ်၊ ဒီတော့ ပြိုင်တူပေါ်လာတာ ဖြစ်သောကြောင့် သဟဇာတ၊ အပြန်အလှန် အထောက်အကူပြုလို့ အညမည၊ မှီရာဖြစ်လို့ နိဿယ၊ ပဋိသန္ဓေစိတ်ဆိုတာ ဝိပါက်စိတ်ဖြစ်လို့ ဝိပါက၊ ဝိညာဏာဟာရဖြစ်လို့ အာဟာရ၊ မနိန္ဒြိယ ဖြစ်လို့ ဣန္ဒြိယ၊ နောက်ပြီးတော့ စိတ်နဲ့ ရုပ်ဆိုတော့ အတူတူ ဖြစ်ကြပေမယ့်လို့ ရောလို့မရဘူး၊ ရောမရတာ သဘာဝချင်း မတူတာ၊ ရောမရသည့်အတွက်ကြောင့် ဝိပ္ပယုတ္တ၊ ရှိနေတုန်း ကျေးဇူးပြုလို့ အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြုလို့ အဝိဂတလို့ ဆိုတယ်။

သာမန်ကြည့်မယ်ဆိုလို့ရှိရင် ဒီနေရာမှာ ဒီလောက်စွမ်းရည်သတ္တိတွေ မရှိဘူးလို့ ထင်ကောင်းထင်လိမ့်မယ်၊ သတ္တိတွေ အများကြီး စွမ်းဆောင်ပြီးတော့ ပေးထားရတယ်၊ အမိဝမ်းတွင်းမှာ ပဋိသန္ဓေစိတ်လေး ဖြစ်တဲ့အခါမှာ ဒီသတ္တိတွေဟာ ထောက်ပံ့ထားပြီးတော့ ဒီသန္ဓေစိတ်ကလေးနဲ့ ဒီကျန်တဲ့ သဘာဝတရားတွေဟာ ခုလို ဆက်စပ်ပြီးတော့ ဖြစ်နေတာ၊ ဒါတွေကို သာမန်ပုဂ္ဂိုလ်တွေ ဘယ်လိုလုပ် မြင်မှာလဲ၊ မြတ်စွာဘုရားဉာဏ်တော်နဲ့သာ ကြည့်လို့ရတာကိုး၊ ဒီစွမ်းရည်သတ္တိတွေ ဒီလိုရှိနေတယ်ဆိုတာ၊ အဲဒီစွမ်းရည်သတ္တိတွေနဲ့ အထောက်အကူပြုထားလို့ ရှင်သန်လာတာပေါ့။ အကြောင်းမဲ့ဖြစ်တာ တစ်ခုမှ မရှိဘူး၊ အဲဒါကို ပြောတာ။
စာမျက်နှာ-၂၂၅
သင်္ခတမှာ သံဆိုတာ အကြောင်းတရားတွေက ပေါင်းပြီးတော့ ခတ ပြုလုပ်ခံထားရတဲ့အရာ၊ သင်္ခတ အကြောင်းတရားတွေက ပြုလုပ်ဖန်တီးထားခြင်းဆိုတဲ့ အဓိပ္ပါယ်တွေ ရတယ်၊ ဒါတွေကို သင်္ခတတရားလို့ ခေါ်တာပဲ၊ ဆိုင်ရာဆိုင်ရာအကြောင်းတရားတွေက ချုပ်ကိုင်ပြီးတော့ ဖန်တီးထားလို့ ဒါတွေဟာ ဖြစ်ပေါ်လာတာတွေ၊ ဒါ့ကြောင့်မို့လို့ “သင်္ခတံ ပဋိစ္စသမုပ္ပန္နံ အနိစ္စံ” ဆိုတဲ့အတိုင်း သင်္ခတတရားဟာ ပဋိစ္စသမုပ္ပန္န -ဆိုင်ရာအကြောင်းကို စွဲမှီ၍ ဖြစ်တာ၊ သင်္ခတံ - အကြောင်းတရားတွေက စုပေါင်းပြီးတော့ ဖန်တီးထားတာ၊ အနိစ္စ - အဲဒီသဘာဝတရားတွေဟာ တစ်ခုမှမြဲတာ မရှိဘူးတဲ့၊ ဘာဖြစ်လို့ မြဲတာ မရှိလဲဆိုတော့ ဆိုင်ရာအကြောင်းတရားတွေကလည်း အခိုက်အတန့် ဖြစ်လာတာမို့ မမြဲဘူး၊ မမြဲတဲ့ အကြောင်းတရားကြောင့် ဖြစ်လာတဲ့အကျိုးတရားဟာလည်း ဘယ်မှာ မြဲမှာလဲတဲ့၊ “အနိစ္စသမ္ဘူတံ ကုတော နိစ္စံ ဘဝိဿတိ” တဲ့၊ ဘုရားက စဉ်းစားဖို့ ပေးထားတဲ့ စကားလေး၊ “အနိစ္စသမ္ဘူတံ - မမြဲတဲ့အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားဟာ ကုတော နိစ္စံ ဘဝိဿတိ - ဘယ်မှာ မြဲမှာတုန်း”တဲ့၊ ဆင်ခြင်သုံးသပ်ဖို့ကို ပြောတာနော်။ ။

ဒီတော့ ဘုန်းကြီးတို့တစ်တွေမှာရှိတဲ့ အနုစိပ်ပြီးတော့ ကြည့်လို့ရတဲ့ အခုရုပ်နာမ်ဓမ္မတွေဟာ ဘယ်လိုလုပ်ပြီးတော့ တည်ရှိနေတယ်ဆိုတာဟာ ပဋ္ဌာန်းနည်းနဲ့ ဆက်စပ်ပြီးတော့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် “- စွမ်းရည်သတ္တိတွေ ဒီလောက်တောင် ပါဝင်ထားလို့ ဒီသဘာဝတရားတွေဟာ ဖြစ်ပေါ်လာတာပါလား” လို့ သဘောပေါက်နားလည်နိုင်ပါတယ်။
စာမျက်နှာ-၂၂၆
တစ်ခါ နောက်တစ်ခုကို ကြည့်မယ်၊ အဲဒီ “ဝိပါကဝိညာဏက ဟဒယဝတ္ထုကို ၉-ပစ္စည်းနဲ့ ကျေးဇူးပြုတယ်” လို့ ဆိုတော့ ကျန်တဲ့ရုပ်တွေကို ကျေးဇူးမပြုဘူးလား၊ ဆိုပါစို့ - လူတွေရဲ့ သန္ဓေစိတ်မှာ ကမ္မဇရုပ်-၃၀ ပါတယ်လို့ ဆိုတယ်၊ တစ်နည်းအားဖြင့် ကမ္မဇကလာပ် ၃-စည်းပါတယ်၊ ကာယဒသကကလာပ်ရယ်, ဘာဝဒသကကလာပ်ရယ်, ဝတ္ထုဒသကကလာပ်ရယ်၊ အဲဒီ ၃-မျိုးထဲက ပဋိသန္ဓေစိတ်နဲ့ ဟဒယဝတ္ထုက ၉-ပစ္စည်း၊ ကျန်တဲ့ ကာယဒသကကလာပ်တို့, ဘာဝဒသကကလာပ်တို့ ဒါတွေလည်း ပြောရင်ရော ဘယ်လိုပြောမတုန်း?

အဲဒီကာယဒသကကလာပ်ကျတော့ ဒီပဋိသန္ဓေစိတ်လေးက မှီတာ မဟုတ်ဘူး၊ မှီတာမဟုတ်သည့်အတွက်ကြောင့် အပြန်အလှန် အထောက်အကူဖြစ်တာ မဟုတ်ဘူး၊ တူတူဖြစ်ရုံပဲ ဖြစ်ကြတာ၊ တူတူဖြစ်ရုံပဲ ဖြစ်ကြတာ ဖြစ်သောကြောင့် အညမညဆိုတာ မပါဘူး၊ ကျန်တဲ့ပစ္စည်း ၈-ပါး ရနိုင်တယ်တဲ့၊ ခုနပြောတဲ့ အညမည နှုတ်လိုက်လို့ရှိရင် သဟဇာတ, နိဿယ, ဝိပါက, အာဟာရ, ဣန္ဒြိယ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတ လို့ ဒီ ၈-ပစ္စယသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ ဒီလို မှတ်ရမယ်တဲ့နော်။

တစ်ခါ “ဝိပါကဝိညာဏပစ္စယာ နာမရူပံ” နာမ်ရော ရုပ်ရော နှစ်ခုပေါင်းပြီးတော့ ပြောမယ်ဆိုလို့ရှိရင်လည်း ပဋ္ဌာန်းမှာ နာမ်ကနေပြီးတော့ နာမ်ရုပ်ကို ကျေးဇူးပြုနိုင်တဲ့ ပစ္စည်းအားလုံးဟာ ဒီထဲမှာ ဝင်သွားနိုင်တယ်၊ အဋ္ဌကထာဆရာကြီးက ဘာပြောထားတုန်းဆိုရင် “ဒီဟာကို အကျယ်ချဲ့ပြောရရင်တော့ ပဋ္ဌာန်းကျမ်းကြီး ကုန်အောင် ပြောရမှာပဲ”တဲ့၊ ဟုတ်ကဲ့လား။
စာမျက်နှာ-၂၂၇
ဒီတော့ ပဋ္ဌာန်းကျမ်းထဲမှာ ဖြစ်နိုင်တာတွေကို ယူလိုက်လို့ရှိရင် ဟောဒီ ဝိပါက်ဝိညာဏ်ကနေပြီးတော့ နာမ်ရုပ်ကို ကျေးဇူးပြုတယ်ဆိုတာ ပစ္စယသတ္တိတော်တော်များများရနိုင်တယ်လို့ ဒါ ပြောတာနော်၊ အဲဒီလို သဘာဝတရားတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးတော့ ပဋ္ဌိစ္စသမုပ္ပါဒ်အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် “ဝိညာဏပစ္စယာ နာမရူပံ” - “ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်” လို့ ဒီလောက်ပဲ သိရတယ်၊ ဟောပဋ္ဌာန်းနည်းနဲ့ ဝင်လိုက်တဲ့အခါကျတော့ ဘယ်ဝိညာဏ်ကနေ ဘယ်နာမ်ရုပ်ကို ဘယ်နာမ်ကို ဘယ်ရုပ်ကို ဘာသတ္တိတွေနဲ့ ကျေးဇူးပြုလဲလို့ အသေးစိတ်လာတဲ့အခါကျတော့ အင်မတန်မှ နက်နဲကျယ်ဝန်းသွားတယ်။

ဒီတော့ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ ပဋ္ဌိစ္စသမုပ္ပါဒ်နည်းအရ ဘုန်းကြီးတို့တစ်တွေ လူ့ဘဝသန္ဓေစိတ်ကလေး စလာလိုက်တာနဲ့ တစ်ပြိုင်နက် ထိုသန္ဓေစိတ်ကို မှီပြီးတော့ဖြစ်တဲ့ စေတသိက်တွေ၊ ထို့နောက်မှာ ဆက်ပြီးတော့ ဖြစ်တဲ့စိတ်တွေကို အမှီပြုပြီးတော့ စေတသိက်တွေ မိမိတို့သန္တာန်မှာ ဖြစ်ပေါ်နေရတယ်ဆိုတာရယ်၊ စိတ်ကို အကြောင်းပြုပြီးတော့ ရုပ်တရားတွေ စိတ်နဲ့ ဆက်သွယ်ပြီးတော့ ဖြစ်ပေါ်နေတယ်ဆိုတဲ့ သဘာဝတရားတွေရယ်၊ တစ်ခုနဲ့တစ်ခုဟာ အပြန်အလှန်ဆက်စပ်နေတယ်ဆိုတာကို ပဋ္ဌိစ္စသမုပ္ပါဒ်နည်းအရ သိရပြီ၊ ပဋ္ဌာန်းနည်းအရကျတော့ စွမ်းရည်သတ္တိအမျိုးမျိုးကို အခြေအနေအရပ်ရပ်ကို ဆက်စပ်ပြီးတော့ ဖြစ်ပေါ်နေကြတယ်။
စာမျက်နှာ-၂၂၈
ဒါ့ကြောင့်မို့လို့ သင်္ခတ - အကြောင်းတရားတွေက ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ထားတဲ့ အရာဖြစ်လို့ ဘယ်အရာမှ မမြဲဘူး၊ တကယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် တို့ခန္ဓာကိုယ်ထဲမှာ ဆိုင်ရာအကြောင်းတရားကြောင့် အကျိုးတရားတွေ ပေါ်နေခြင်းမျှသာ ဖြစ်တယ်၊ ငါလို့ ခေါ်စရာဆိုတာလည်း တစ်ခုမှ မရှိဘူး၊ ငါလို့ ခေါ်စရာမှ မရှိလို့ရှိရင် ငါ့ဥစ္စာဆိုတာလည်း ဘာရှိမှာတုန်း၊ ဒီတော့ ငါဆိုတာလည်း မရှိဘူး၊ ငါ့ဥစ္စာဆိုတာလည်း မရှိနိုင်ဘူးတဲ့နော်၊ ဒီနေရာမှာ ငါလည်း မရှိဘူး, ငါ့ဥစ္စာလည်း မရှိဘူးလို့ - ဆိုလိုတာက သဘာဝတရားသက်သက်မျှသာ ဖြစ်တယ်၊ အဲဒီသဘာဝတရားသက်သက်ကိုသာ ငါလို့ ငါ့ဥစ္စာလို့ အထင်ရောက်နေခြင်းမျှသာ ဖြစ်တယ်။ ။

ဆိုင်ရာအကြောင်းတရားကြောင့် ဖြစ်နေတဲ့ သဘာဝတရားသက်သက်တွေကို ရှုမြင်သုံးသပ်နိုင်မှသာလျှင် ဘုန်းကြီးတို့တစ်တွေရဲ့ သန္တာန်မှာ ဖြစ်နေတဲ့ တွယ်တာတဲ့ တဏှာရာဂတွေ၊ အထင်ရောက်နေတဲ့မာနတွေ, အမြင်မှားနေတဲ့ ဒိဋ္ဌိတွေ, ဒါတွေကို ဖယ်ရှားပြီး နောက်ဆုံးကျတော့ သဘာဝအစစ်အမှန်ကို သိမြင်ပြီးတော့ တွယ်တာမှုတဏှာတွေ အားလုံးဖြတ်နိုင်မှ နိဗ္ဗာန်ဆိုတဲ့အငြိမ်းဓာတ်ကို ရနိုင်မယ်ဆိုတာကို ကိုယ်စီကိုယ်ငှ သဘောကျပြီး တွယ်တာမှု တဏှာ ဖြတ်နိုင်ဖို့ သဘာဝအစစ်အမှန်တွေကို ကြည့်တတ်မြင်တတ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-၂၂၉

အပိုင်း (၇)
သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃-ရက်၊ ခရစ်နှစ်-၂၀၁၀၊ ဇွန်လ ၉-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မော်လာဈေး၊ အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပဋ္ဌာန်းနည်း တူညီမှုနှင့် ထူးခြားမှု
ဗုဒ္ဓမြတ်စွာက အကြောင်းတရားနဲ့ အကျိုးတရား မည်သို့မည်ပုံ ဆက်သွယ်ဖြစ်ပေါ်နေတယ်ဆိုတာကို ရှင်းလင်းဖေါ်ပြတဲ့ ဒေသနာနည်းနှစ်မျိုး ရှိတယ်၊ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပဋ္ဌာန်းနည်း နည်းနှစ်မျိုး ဟောကြားတာ ဖြစ်တယ်။
စာမျက်နှာ-၂၃၀
ဒီတော့ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပဋ္ဌာန်းနည်းနှစ်ခု ဆက်စပ်ပြီးတော့ လေ့လာရအောင်၊ တူညီချက်နဲ့ ထူးခြားချက်က ဘာလဲလို့ ပြောမယ်ဆိုရင် “ဒါက အကြောင်းတရား ဒါက အကျိုးတရား၊ အကြောင်းတရားရှိရင် အကျိုးတရားတွေဟာ ပေါ်လာတာပဲ” လို့ အကြောင်းနဲ့ အကျိုးကို ဖေါ်ပြတာချင်းကတော့ တူတယ်၊ ထူးခြားချက်က ဘာတုန်းဆိုလို့ရှိရင် ပဋ္ဌာန်းသမုပ္ပါဒ်နည်းက အကြောင်းနဲ့ အကျိုး နှစ်မျိုးပဲ ပြောတယ်၊ ပစ္စယသတ္တိဆိုတဲ့ အကြောင်းတရားရဲ့ စွမ်းရည်သတ္တိကို ထုတ်ဖေါ်ပြောတာ မရှိဘူး၊ ပဋ္ဌာန်းကျတော့ ပစ္စယသတ္တိကိုပါ ထည့်သွင်းပြီးဖေါ်ပြတယ်၊ ပဋ္ဌာန်းက ပဋိစ္စသမုပ္ပါဒ်ထက် တစ်ခုပိုတယ်လို့ ပြောရမှာပေါ့။

ဒါကြောင့် အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ “တတ္ထ တတ္တဝ ဘာဝီဘာဝါကာရမတ္တော ပဋိစ္စသမုပ္ပါဒနယော” လို့ဆိုတာ၊ “တတ္ထ”ဆိုတာ အကြောင်းတရားဖြစ်လာရင် သို့မဟုတ် အကြောင်းတရားထင်ရှားရှိနေရင် “ဘာဝီဘာဝါကာရမတ္တ” အကျိုးတရားဆိုတာ ဖြစ်လာရတယ်-သို့မဟုတ်- အကျိုးတရားဆိုတာ ရရှိလာရတယ်၊ အကြောင်းတရားရှိနေလို့ အကျိုးတရားဟာ ရှိလာရတယ်၊ အကြောင်းနဲ့ အကျိုး ဆက်စပ်မှုလေးတွေ ရှင်းလင်းဖေါ်ပြတဲ့နည်းက ပဋိစ္စသမုပ္ပါဒ်နည်းပါတဲ့။

ပဋ္ဌာန်းနည်းကျတော့ ဒါတင်မကဘူး “ပဋ္ဌာနနယော ပန အာဟစ္စပစ္စယဋ္ဌိတိ မာရဗ္ဗ ပဝုစ္စတိ” ဆိုတဲ့အတိုင်း အကျိုးတရားတွေကို တည်တံ့စေနိုင်တဲ့ -သို့မဟုတ်- အကျိုးတရားတွေကို ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းတရားရဲ့ စွမ်းရည်သတ္တိကိုပါ ထည့်သွင်းပြီး ဟောကြားပါတယ်တဲ့၊ ဒါ့ကြောင့် ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋ္ဌာန်းနည်းမှာ
စာမျက်နှာ-၂၃၁
တူညီမှုလေးတွေ ရှိသော်လည်းပဲ ထူးခြားမှုလည်း ရှိတယ်လို့ - ဆိုလိုတာပေါ့။

ဒီတော့ ပဋ္စ္စသမုပ္ပါဒ်နည်းက ပစ္စည်းနဲ့ ပစ္စယုပ္ပန်၊ အကြောင်းနဲ့ အကျိုး ဘယ်ပုံဘယ်နည်း ဆက်သွယ်တယ် - ဒီလောက်ပဲ ပြတယ်။ ဒီအကြောင်းတရားရှိနေလို့ ဒီအကျိုးတရားရှိတယ် - ဒါပဲ ပြတယ်၊ ပဋ္ဌာန်းနည်းကျတော့ အဲဒီနှစ်မျိုးအပြင် ဘယ်လိုစွမ်းရည်သတ္တိတွေကို အသုံးပြုထားလို့ ဒီအကျိုးတရားတွေဟာ ရှိနေတယ်ဆိုတဲ့ အကြောင်းတရားရဲ့ သတ္တိ (ဓမ္မသတ္တိ) ကိုပါ ထုတ်ဖေါ်ပြပြီး ဟောထားတာ ဖြစ်တယ်။
အဋ္ဌကထာဆရာကြီးတွေက နည်းနှစ်နည်းကို ပေါင်းစပ်ပြ၏
အဲဒီနှစ်ခုကို မြတ်စွာဘုရားဟောတုန်းက တစ်ခုစီ တစ်ခုစီ ပဋိစ္စသမုပ္ပါဒ်နည်းက တစ်မျိုး၊ ပဋ္ဌာန်းနည်းက တစ်မျိုး သပ်သပ်စီ ဟောထားပေမယ့်လို့ အဋ္ဌကထာဆရာကြီးတွေက ပဋ္စ္စသမုပ္ပါဒ်ကို ဖွင့်တဲ့အခါမှာ ပဋ္ဌာန်းနည်းကိုပါ ရောထည့်ပြီး ဖွင့်ကြတယ်။ ဒါ ပေါင်းစပ်လို့ ရတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာပေါ့၊ အကြောင်းတရားနဲ့ အကျိုးတရားကို ရှင်းလင်းပြတဲ့အခါမှာ အတူတူပဲ၊ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့ လေ့လာလို့ရှိရင် ဒီပုံ လေ့လာရမယ်၊ ဒီတော့ ပဋ္စ္စသမုပ္ပါဒ်ထဲကို ပဋ္ဌာန်းနည်း ထည့်သွင်းပြီး ဝိသုဒ္ဓိမဂ်အဋ္ဌကထာတို့ သမ္မောဟဝိနောဒနီအဋ္ဌကထာတို့မှာ ယှဉ်တွဲပြီး ရေးပြထားတယ်။

အင်မတန်ခက်ခဲနက်နဲတဲ့ ကျမ်းကြီးနှစ်ကျမ်းကို သို့မဟုတ် ဒေသနာတော်နှစ်ရပ်ကို စပ်ဟပ်ပြီး ဖွင့်ဆိုတဲ့ အဋ္ဌကထာဆရာကြီး
စာမျက်နှာ-၂၃၂
ဟာ လွယ်လွယ်ကူကူနဲ့ ဖွင့်ဆိုတာ မဟုတ်ပါဘူးတဲ့၊ ပဋ္စ္စသမုပ္ပါဒ်ကို ရှင်းလင်းဖေါ်ပြဖို့ရာ ကြိုးစားရတာဟာ “အင်မတန်နက်တဲ့ ပင်လယ်ကြီးထဲမှာ ထောက်တည်ရာ မရသလို သူ့မှာ ထောက်တည်ရာ မရနိုင်ပါဘူး” လို့ ဒီလိုပြောတယ်၊ ထောက်တည်ရာ မရလောက်အောင် ပဋ္စ္စသမုပ္ပါဒ်က နက်နဲလှပါတယ်လို့ - ဒီလို ဆိုခဲ့တယ်။

ဒါဖြင့် ဒီလောက်ခက်တဲ့ကျမ်းကြီးကို ဘယ်လိုအစွမ်းသတ္တိတွေနဲ့ ဖွင့်ပြတာတုန်းဆိုရင် ဗုဒ္ဓမြတ်စွာလက်ထက်တော်အခါကာလ ရှင်သာရိပုတ္တရာ စတဲ့ တကယ့်ပညာတတ်အကျော် ပညာမှာ ဧတဒဂ်ဘွဲ့ရတဲ့ ပုဂ္ဂိုလ်ကျော်တွေရဲ့ ရှင်းပြမှု၊ အစဉ်အလာမှတ်သားထားမှု tradition လို့ ခေါ်တဲ့ ရှေးဟောင်းအဋ္ဌကထာတွေရဲ့နည်း ရှေးဆရာတွေဖွင့်ဆိုခဲ့တဲ့ နည်းနာနိဿယတွေကို အမှီပြုပြီး ပဋ္စ္စသမုပ္ပါဒ်ကို ဖွင့်ပြတာတဲ့။
အနည်းငယ်လေး သဘောပေါက်ရုံမျှဖြင့် အကျိုးကျေးဇူး များလှ၏
ဒီတော့ ဒီလိုခက်ခဲနက်နဲတာကို အနည်းငယ်လေး သဘောပေါက်ရတယ်ဆိုရင်ပဲ အကျိုးကျေးဇူးက မနည်းလှပါဘူး၊ ပင်လယ်ကြီးကို မမြင်ဘူးတဲ့ပုဂ္ဂိုလ်ကို ပင်လယ်ပြရင် ကမ်းစပ်က ရပ်ပြီးတော့ “ပင်လယ်ဆိုတာ ဒါပဲ” လို့ ဒီလိုပဲ ပြလို့ရမှာပေါ့။ ဘယ်သူမှ ပင်လယ်ကြီးထဲကို ဆင်းပြနိုင်မှာ မဟုတ်ပါဘူး၊ ပင်လယ်ကြီးကို ကြည့်တဲ့ပုဂ္ဂိုလ်ကလည်း “သြော် - ပင်လယ်ဆိုတာ ဒါပဲ” လို့ - နှစ်သိမ့်ကျေနပ်မှုတော့ ရသွားတာပဲ၊ သူ့ကိုယ်သူလည်း “ငါ ပင်လယ်မြင်ဖူး
စာမျက်နှာ-၂၃၃
တယ်” လို့ပဲ ခံစားသွားရမှာပေါ့၊ အဲဒီသဘောလေးလောက်တော့ ရှိမှာပေါ့။

“ဝိညာဏပစ္စယာ နာမရူပံ” ဒီတော့ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ပဋ္စ္စသမုပ္ပါဒ်မှာ ဆိုထားတဲ့ စကားလေးတစ်ခု မနေ့က ရှင်းပြောခဲ့ပြီ - ဝိညာဏဆိုတာ အသိစိတ်ကလေးတစ်ခု၊ အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို သင်ထားတဲ့ ပုဂ္ဂိုလ်တွေအတွက်ဆိုရင် ဝိညာဏဆိုတာ စိတ် ၈၉-ပါး ပြောတာ၊ စိတ် ၈၉-ပါး ရှိခဲ့လို့ရှိရင် နောက်က ဘာတွေ ရှိလာနိုင်တုန်း? ပဋ္စ္စသမုပ္ပါဒ်ဆိုတာ “ဒါရှိရင် ဟိုဟာရှိတယ်” ဆိုတာကို ပြောတာပဲ၊ “ဣမသ္မိံ သတိ ဣဒံ ဟောတိ”၊ “ဒါ ရှိလို့ရှိရင် ဟိုဟာ ရှိတယ်” ဆိုပါစို့ - ဝိညာဏဆိုတဲ့ စိတ်ရှိလို့ရှိရင် နာမဆိုတဲ့ စေတသိက်နဲ့ ရူပဆိုတဲ့ ရုပ်တွေလည်း ရှိလာတယ်လို့ ဒီလို ပြောလိုတဲ့သဘော။

နောက်တစ်ခုက “ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ” - ဒီအကြောင်းတရား ဖြစ်ပေါ်လာလို့ရှိရင် ဒီအကျိုးတရား ဖြစ်ပေါ်လာတယ်။ ပဋ္စ္စသမုပ္ပါဒ်ရဲ့ ရှုပုံရှုနည်းကတော့ အဲဒီပုံစံနဲ့ သွားတာ၊ “ဒါ ရှိလို့ ဟိုဟာ ရှိရတယ်၊ ဒါ ဖြစ်လို့ ဟိုဟာ ဖြစ်ရတယ်” လို့ ဆက်စပ်နေမှုလေးကို ဒီလောက်ပဲ ပြောတာနော်။ ။

ဒီတော့ “ဝိညာဏပစ္စယာ နာမရူပံ”မှာ ဝိညာဏဆိုတဲ့ စိတ် ရှိသည့်အတွက်ကြောင့် နာမဆိုတဲ့ စေတသိက်တွေရယ်၊ ရူပဆိုတဲ့ ရုပ်တရားတွေရယ် ရှိလာရတယ်၊ သို့မဟုတ် ဝိညာဏဆိုတဲ့စိတ် ဖြစ်ပေါ်လာမှုကြောင့် နာမဆိုတဲ့ စေတသိက်ရယ်၊ ရူပဆိုတဲ့ ရုပ်
စာမျက်နှာ-၂၃၄
တရားတွေရယ် ဖြစ်ပေါ်လာရတယ်လို့၊ ဒါ ပဋ္စ္စသမုပ္ပါဒ်နည်းအရ ဒီလို သဘောပေါက်ထားရမယ်။
ပဋ္ဌာန်းနည်း
ပဋ္ဌာန်းနည်းကျတော့ ဒီထက် ပိုလာတယ်၊ ဝိညာဏက သူရှိတာနဲ့ ဘာဖြစ်လို့ နာမဆိုတဲ့ စေတသိက်က ရှိလာရတာတုန်း၊ ဝိညာဏက သူတို့ကို ဘယ်လိုအထောက်အကူပြုလို့တုန်း ဘယ်လိုစွမ်းရည်သတ္တိတွေ အသုံးပြုထားတုန်းဆိုတာလေးကို ပဋ္ဌာန်းကျတော့ အဲဒါကို ထည့်ပြောထားတယ်။

ဘာဖြစ်လို့ ရှိလာတာတုန်းဆိုတာ အကြမ်းဖျင်းပြောမယ်ဆိုရင် စိတ်ရှိလာရင် စေတသိက်ရှိလာရတယ်ဆိုတဲ့သဘောက ဘာဖြစ်လို့တုန်း? သဟဇာတ born together အတူတကွ မွေးလို့ရှိတာပေါ့။ ဒီလို ဆိုလိုတာပေါ့၊ အတူတကွ မွေးလာကြတာပဲ။ အကြောင်းတရားကို ပြောတာ မဟုတ်ဘူးနော်၊ တစ်ခါတစ်ခါကျတော့ အတူဖြစ်နေတဲ့သဘောကို ပြောတာ၊ အဲဒီလို အတူတကွ မွေးလာတဲ့အခါမှာ အပြန်အလှန်သဘော ရလို့ အညမည။

တစ်ခုနဲ့တစ်ခု မှီခိုနေရလို့ နိဿယ၊ ပြိုင်တူဖြစ်တယ် ပြိုင်တူချုပ်တယ် တစ်ခုတည်းသော မှီရာဝတ္ထုရုပ်က ပေါက်ဖွားပြီးတော့ အာရုံတစ်ခုတည်းမှာ ကျက်စားပျော်မွေ့ကြတယ်ဆိုတဲ့ “တူလေးတူ”နဲ့ ကြည့်လိုက်တဲ့အခါ ယှဉ်တွဲနေသည့်အတွက်ကြောင့် သမ္ပယုတ္တ၊ ဝိညာဏဆိုတဲ့ စိတ်ကလေး ထင်ရှားရှိနေတုန်း ထိုဝိညာဏနဲ့ ယှဉ်ဘက်စေတသိက်တွေ ထင်ရှားရှိရတယ်၊ သို့မဟုတ် ဝိညာဏက ထုတ်လုပ်လိုက်တဲ့ စိတ္တဇရုပ်တွေဆိုတာ ဖြစ်ပေါ်လာရတယ်လို့
စာမျက်နှာ-၂၃၅
ရှိနေတုန်း မကင်းကွာမီ ဖြစ်ပေါ်လာတာ ဖြစ်သောကြောင့် အတ္ထိ၊ အဝိဂတ၊ ဒါလေးတွေဟာ စွမ်းရည်သတ္တိလေးတွေပဲ။

ဘယ်သူ့ရဲ့ စွမ်းရည်သတ္တိတုန်းလို့ မေးလို့ရှိရင် ဒီနေရာမှာ “ဝိညာဏပစ္စယာ နာမရူပံ”မှာ ဝိညာဏရဲ့ စွမ်းရည်သတ္တိလို့ ပြောရမယ်၊ ပစ္စည်းတရားရဲ့ ပစ္စယသတ္တိပဲ၊ သတ္တိဆိုတာ စွမ်းဆောင်နိုင်မှု၊ အကျိုးတရား ဖြစ်ပေါ်လာအောင် -သို့မဟုတ်- အကျိုးတရား တည်တံ့လာအောင် -သို့မဟုတ်- မိမိရှိနေသည့်အတွက်ကြောင့် အကျိုးတရား ရှိလာအောင် ဒီလို စွမ်းဆောင်ပေးနေတဲ့ သတ္တိလေးတွေကို ရည်ညွှန်းပြီးတော့ ပြောတာပါ။
ဝိညာဏဆိုတာ ၃-မျိုး ရှိတယ်
အဲဒါကို မနေ့က အဋ္ဌကထာမှာ ရှင်းထားတဲ့အတိုင်း ဝိညာဏဆိုတာ ၃-မျိုးလို့ ဝိပါကဝိညာဏ၊ အဘိသင်္ခါရဝိညာဏ၊ ကျန်တဲ့ဝိညာဏတွေလို့ အဲဒါ ပြောခဲ့ပြီ၊ ဒီတော့ သာမန်အားဖြင့် ဝိညာဏဆိုတာ စိတ်အားလုံးကို ရည်ညွှန်းတယ်လို့ ဒီလို ပြောလို့ရတယ်၊ ပဋိသန္ဓေစိတ်ကတော့ အဓိကပေါ့။

ကဲ တစ်ဖန်ပြောမယ်ဆိုလို့ရှိရင် “ဝိညာဏပစ္စယာ နာမရူပံ” မှာ ဝိညာဏဆိုတဲ့ စိတ်ဟာ ကံတရားနဲ့ ဆက်စပ်ပြီးတော့နေတဲ့ အဘိသင်္ခါရဝိညာဏကို ရည်ညွှန်းတယ်လို့ဆိုရင် အဲဒီအဘိသင်္ခါရဝိညာဏလို့ဆိုတဲ့ ဝိညာဏက ဘယ်နာမ် ဘယ်ရုပ်တွေကို ဖြစ်ပေါ်စေသလဲဆိုတာကို- ဒါ တရားနဲ့ ပတ်သက်လာလို့ရှိရင် ကြွင်းကျန်မရှိအောင် ပြတဲ့သဘောပါ။
စာမျက်နှာ-၂၃၆
ဒီတော့ ဝိညာဏအရ အဓိကအားဖြင့် ပဋိသန္ဓေ ဆိုတော့ ဝိပါက်စိတ်တွေကိုသာ ရည်ညွှန်းပြီးတော့ ကောက်ထားပေမယ့်လို့ ကုသိုလ်စိတ် အကုသိုလ်စိတ်တွေလည်း ပါနိုင်တယ်၊ ဒါကြောင့်မို့လို့ အဘိသင်္ခါရဝိညာဏ်ဆိုတာ တခြားဟာကို ပြောတာ မဟုတ်ဘူး၊ အကုသိုလ်စေတနာကံနဲ့ တွဲဖက်ပြီးတော့လာတဲ့ အကုသိုလ်စိတ် ၁၂-ခုရယ်၊ လောကီကုသိုလ်စေတနာကံနဲ့ တွဲဖက်လာတဲ့ လောကီကုသိုလ်စိတ် ၁၇-ခုရယ်၊ အားလုံးပေါင်းလိုက်လို့ရှိရင် ၂၉-ခု၊ အဲဒီ ၂၉-ခုကို အဘိသင်္ခါရဝိညာဏ်လို့ ခေါ်တယ်။

အဲဒီအဘိသင်္ခါရဝိညာဏ်က ကံတရားပဲ၊ ကံတရားနဲ့ ဆက်စပ်ပြီးတော့ စေတနာကို ကံလို့ ကောက်ပေမယ့်လို့ စေတနာက သူ့ချည်းနေလို့ ရတာ မဟုတ်ဘူး၊ သူနဲ့ အတူတကွ ယှဉ်တွဲလာတဲ့ ကုသိုလ်အကုသိုလ်စိတ်တွေလည်း မကင်းရာ မကင်းကြောင်း ပါလာတယ်ပေါ့ ဒါကြောင့်မို့ စေတနာဆိုတဲ့ ကံတရားနဲ့ ယှဉ်တွဲလာတဲ့ ဝိညာဏ်စိတ်တွေက ၂၉-ခု၊ အဲဒီ ၂၉-ခုကလည်းပဲ ကမ္မဇရုပ်ကို အထောက်အကူပြုတယ်တဲ့၊ ကမ္မဇရုပ်ကို ဖြစ်ပေါ်စေတယ်။
သတ္တဝါ သုံးမျိုး
ဒီနေရာမှာ သတ္တဝါတွေကလည်း အင်မတန်အမျိုးစုံတယ်၊ အမျိုးစုံပေမယ့်လို့ ခြုံငုံပြီးတော့ ပြောလိုက်မယ်၊ ခန္ဓာနဲ့ သုံးသပ်ပြီးတော့ ပြောမယ်ဆိုရင် သတ္တဝါသုံးမျိုးပဲ ရှိတယ်လို့ ပြောရမယ် - (၁) ခန္ဓာငါးပါးရှိတဲ့ သတ္တဝါက တစ်မျိုး၊ (၂) ခန္ဓာလေးပါးရှိတဲ့ သတ္တဝါက တစ်မျိုး၊ (၃) ခန္ဓာတစ်ပါးတည်းသာရှိတဲ့ သတ္တဝါက
စာမျက်နှာ-၂၃၇
တစ်မျိုးတဲ့၊ လောကကြီးမှာရှိတဲ့ သတ္တဝါတွေကို ဓမ္မနဲ့ ပြောမယ်ဆိုလို့ရှိရင် သုံးမျိုးလို့ ခွဲရမယ်။
အသညသတ်သတ္တဝါ
ဒီတော့ နည်းတာက စပြောမယ်၊ ခန္ဓာတစ်ပါးသာ ရှိတဲ့ သတ္တဝါဆိုတာ ရုပ်ခန္ဓာသက်သက်သာရှိတဲ့ အသညသတ်ဗြဟ္မာကြီးတွေ၊ ဒါကို တချို့က ရုပ်သက်သက်ရှိတဲ့ သတ္တဝါဆိုတာ ရှိနိုင်ရဲ့လားလို့ ယုံကောင်းမှ ယုံလိမ့်မယ်၊ သို့သော် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဒိဗ္ဗစက္ခုဉာဏ်တော်ကြီးနဲ့ ကြွင်းကျန်မရှိအောင် ကြည့်ပြီးတော့ ဟောတာ အစဉ်အလာ စာထဲပါလို့ ဟောတာလည်း မဟုတ်ဘူး၊ တခြားတခြားပုဂ္ဂိုလ်တွေ ပြောသွားလို့ ပြောတာလည်း မဟုတ်ဘူး၊ ရာဇဝင်သမိုင်းကို ထောက်ပြီးတော့ ပြောတာလည်း မဟုတ်ဘူး၊ သိပ္ပံဆရာတွေရဲ့ တွေ့ရှိချက် သူများတွေ့ရှိချက်ကို တဆင့်ခံပြီး ပြောတာလည်း မဟုတ်ဘူး၊ ကိုယ်တိုင် ဒိဗ္ဗစက္ခုဉာဏ်နဲ့ စကြဝဠာအားလုံးကို ဖြန့်ကျက်ပြီးတော့ ကြည့်လိုက်တဲ့အခါ ဒီလို သတ္တဝါရှိတယ်ဆိုတာ ကိုယ်တိုင်သိတယ်နော်။

ဒါကြောင့်မို့ မြတ်စွာဘုရားက “သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေ” တဲ့၊ လောကကြီးကို ကိုယ်တိုင်သိပြီး ကိုယ်တိုင်လေ့လာ သိရှိပြီးမှ ဟောတာ ဖြစ်တယ်၊

အဲဒီမှာ အသညသတ္တ - ခန္ဓာတစ်ပါးတည်း ရှိတယ်ဆိုတာ အဲဒီပုဂ္ဂိုလ်က ရုပ်ခန္ဓာတစ်မျိုးတည်းပဲ ရှိတယ်၊ နာမ်ခန္ဓာ မရှိဘူး၊ အသိစိတ်ကင်းမဲ့တဲ့ သတ္တဝါတစ်မျိုးပေါ့နော်၊ အသိစိတ်ကင်းမဲ့တဲ့ သတ္တဝါဆိုပေမယ့် သူက သာမန်သတ္တပါတော့ မဟုတ်ဘူး၊ အလွန်
စာမျက်နှာ-၂၃၈
အဆင့်မြင့်တဲ့သတ္တဝါတစ်မျိုးပဲ၊ အသညသတ်ဘုံဆိုတာ ရပ်ပြစ်ရှစ်ပါးထဲပါလို့ အဆင့်နိမ့်တယ်လို့တော့ မအောက်မေ့လေနဲ့၊ အခွင့်အရေး ဆုံးရှုံးလို့သာ ပြောတာ၊ သူက သနားစရာသတ္တဝါတော့ မဟုတ်ဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ သူက သမထကျင့်စဉ်တစ်ခုကို ကျင့်ပြီး ရူပဈာန်ငါးဆင့်ထိအောင် အောင်မြင်ပေါက်ရောက်သွားတာ၊ နည်းတဲ့သမာဓိ မဟုတ်ဘူး။

သူပေါက်ရောက်တဲ့သမာဓိမှာ သူ့ရဲ့စိတ်တွေဟာ တွေးတောမှုဆိုတာလည်း မပါဘူး၊ အတွေးမျိုးစိတ်တွေပေါ့၊ မတွေးဘဲနဲ့ အာရုံတစ်ခုကို ယူနိုင်စွမ်းရှိတဲ့စိတ်ဆိုတာ အင်မတန်အစွမ်းထက်တဲ့စိတ် ဖြစ်သွားပြီပေါ့၊ စာလိုပြောရင် ဝိတက်လည်း မပါဘူး၊ ဝိစာရလည်း မပါဘူးနော်၊ တွေးတောကြံစည်မှု မရှိဘဲနဲ့ အာရုံနဲ့တွေ့နိုင်တယ်၊ အဲဒီအာရုံပေါ်မှာ ကျေနပ်နေတဲ့ ပီတိဆိုတာလည်း မရှိဘူး၊ ချမ်းသာမှုကို ခံစားနေတဲ့ခံစားမှုဆိုတဲ့ သုခဝေဒနာလည်း မရှိဘူး။

သူ့မှာရှိနေတာက ချမ်းသာခံစားမှု မထင်ရှားတဲ့ ဥပေက္ခာဝေဒနာနဲ့ တည်ငြိမ်နေတဲ့သမာဓိတရား၊ ဒီနှစ်မျိုးနဲ့ ဖွဲ့စည်းထားတဲ့ ပဉ္စမဈာန်ဆိုတဲ့ ငါးခုမြောက်အဆင့်ကို သူ ရထားတာ၊ နည်းတဲ့အဆင့် မဟုတ်ဘူး၊ ဒါ လူ့ဘဝတုန်းကပေါ့။

လူတိုင်း လူတိုင်းဟာ အသညသတ်ဘုံ သွားချင်လို့ရှိရင်တော့ ဒီကျင့်စဉ်ကို ကျင့်ပြီး အဲဒီအဆင့်ရောက်ပြီးမှသာလျှင် သွားလို့ရတယ်နော်၊ သာမန်ပုဂ္ဂိုလ်တွေက “တို့တစ်တွေ အသညသတ်ဘုံ၌ ဖြစ်ပါရစေ” လို့ ဆုတောင်းနေလို့လည်း ဖြစ်မှာမဟုတ်ဘူးနော်၊

ဒါဖြင့် အဲဒီ အသညသတ္တ - ခန္ဓာတစ်ပါးတည်း ဖြစ်တဲ့ ပုဂ္ဂိုလ်၊ အဲဒီဗြဟ္မာကြီးက ဘာဖြစ်လို့ အဲဒီဘုံမှာ သွားဖြစ်ရသလဲလို့
စာမျက်နှာ-၂၃၉
ဆိုရင် (ဈာန်ဝင်စားတဲ့အချိန် မဟုတ်ဘူး။) ဈာန်ကနေ ထပြီးတော့ သူတွေးလိုက်တဲ့အခါမှာ ဘာတွေတွေးမိတုန်းဆိုတော့ စိတ်ရဲ့ အပြစ်အနာအဆာတွေကို သူများတွေးမိတယ်၊ “သြော် - စိတ်ရှိလို့ ဒုက္ခသုက္ခတွေ ဖြစ်နေတာ” လို့။ ။

ဒါ ဟုတ်တော့ဟုတ်တာပဲ၊ အိပ်ပျော်နေတယ်ဆိုရင် စိတ်ဟာ အင်မတန်သိမ်မွေ့သွားတယ်၊ ဘဝင်စိတ်တော့ ရှိသေးတာပဲ။ သို့သော်လည်းပဲ အိပ်မောကျနေတဲ့အချိန်မှာ ဘာမှမသိတဲ့အနေအထားမျိုး ရောက်သွားတယ်နော်၊ ဒါတောင် သိနေသေးတယ်။ “စိတ်လုံးဝမရှိဘူးဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ၊ စားချင်တာလည်း ဒီစိတ်ကြောင့်ပဲ၊ သွားချင်တာလည်း ဒီစိတ်ကြောင့်ပဲ၊ ချင်တာမှန်သမျှ ဒီစိတ်ကြောင့်ပဲ” လို့ စိတ်နဲ့ပတ်သက်ပြီးတော့ သူက စိတ်ပျက်ဖွယ် ငြီးငွေ့ဖွယ်တွေကိုတွေးတောပြီးတော့ စိတ်ကို ရွံမုန်းတဲ့ အမြင်တွေ မြင်လာတယ်၊ မြင်လာတဲ့အခါ “စိတ်မဲ့သတ္တဝါ ဖြစ်ရရင် ဘယ်လောက်ကောင်းမလဲ” လို့၊ “စိတ်မပါဘူးဆိုရင် ရုပ်ချည်းက ဘာမှမသိဘူး အေးတာပဲ” လို့တွေးမိတယ်။ ။

တချို့လူတွေ ပြောတယ် မဟုတ်လား- “သေ အေးတာပဲ” ဆိုတာ၊ တကယ်တော့ သေရင် မအေးဘူး၊ ဒီထက်ပူတဲ့ဆီ ရောက်သွားနိုင်သေးတယ်နော်၊ ပစ္စုပ္ပန်တွေ့နေတဲ့ဆင်းရဲဒုက္ခတွေကို ကြည့်ပြီး “သေ အေးတာပဲ၊ သေ အေးတာပဲ” နဲ့ ခဏခဏ ပြောသံကြားနေရတယ်၊ သေလို့တော့ အေးမယ် မထင်နဲ့နော်၊ ဒီထက် ရှုပ်ထွေးတဲ့ဆီ ရောက်ချင်လည်း ရောက်သွားနိုင်တယ်။

အေး အဲဒီဗြဟ္မာဖြစ်မယ့်ပုဂ္ဂိုလ်က ဈာန်ရထားတဲ့ ယောဂီပုဂ္ဂိုလ်ကြီးပဲ၊ သမထကျင့်စဉ်အောင်မြင်ပေါက်ရောက်နေတဲ့ ယောဂီ
စာမျက်နှာ-၂၄၀
ပုဂ္ဂိုလ်ကြီးက ဒီအတွေးတွေတွေးမိသွားတယ်၊ တွေးမိသွားသည့်အတွက်ကြောင့် “စိတ်ဆိုတာ ဘယ်ရွံ့မုန်းစရာကောင်းတာပဲ၊ စိတ်ပျက်စရာအကောင်းဆုံးက စိတ်ပဲ” လို့ ဆိုပြီးတော့ “စိတ်မဲ့သတ္တဝါ ဖြစ်ရရင် ကောင်းမှာပဲ” လို့ဆိုတဲ့ ဆန္ဒဖြစ်သွားတယ်၊ wish ဖြစ်သွားတယ်၊ သူ့ရဲ့ဈာန်ကုသိုလ်ကလည်း အင်မတန်အစွမ်းထက်တယ်၊ အစွမ်းထက်တော့ သူ့ရဲ့ wish နဲ့ အကျိုးပေးမှာပဲတဲ့။

ဒါကတော့ ကံဆိုတာ လူ့ရဲ့ဆန္ဒအတိုင်း အကျိုးပေးတာလေ၊ စွမ်းရည်သတ္တိထက်တဲ့ကံဟာ သူ့ရဲ့ wish ပေါ်မှာ မူတည်တယ်။ စေတနာတို့ ပဏီဓိတို့ ပတ္ထနာတို့ဆိုတာ ရှိတာပေါ့။ စေတောပဏီဓိဆိုတာ စိတ်ရဲ့တောင့်တမှု ပြည့်စုံသွားတတ်တယ်၊ အဲဒါကြောင့် ဒီပဉ္စမဈာန်ရတဲ့ ယောဂီပုဂ္ဂိုလ်ကြီးဟာ စိတ်ရဲ့ အပြစ်ကို မြင်ပြီးတော့ “စိတ်မရှိတဲ့သတ္တဝါ ဖြစ်ရင် ကောင်းမှာပဲ” လို့ ဆန္ဒပြုသည့်အတွက်ကြောင့် သေတဲ့အခါကျတော့ ဗြဟ္မာပြည်မှာ အသညသတ္တဗြဟ္မာ ဖြစ်တာ စိတ်စွမ်းအားဟာနော်။

ဆန္ဒဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာ သူ့ရဲ့ဆန္ဒအတိုင်း ဖြစ်ကို ဖြစ်သွားတာ၊ အဲဒါ ကြာလိုက်တာ ဘယ်လောက်ထိ ကြာတုန်းဆို ကမ္ဘာ-၅၀၀ တဲ့၊ တစ်ကမ္ဘာရဲ့ အတိုင်းအတာကလည်း အင်မတန်မှ ရှည်ကြာတယ်၊ ကမ္ဘာ-၅၀၀ သက်တမ်းစေ့လို့ရှိရင်တော့ ဒီရပ်ဆိုင်းနေတဲ့အသိစိတ်လေးဟာ ပြန်ပေါ်လာတယ်။

လူတွေကတွေးကောင်းတွေးလိမ့်မယ် - ဗြဟ္မာပြည်ရောက်နေတဲ့ကာလ သူ့စိတ်တွေ ဘယ်ရောက်နေတုန်းလို့၊ စိတ်ဆိုတာ ရှိနေတာမှ မဟုတ်တာ၊ အကြောင်းရှိမှ ပေါ်လာတာ၊ စောင်းလေးကို စားပွဲပေါ်မှာ အလှတင်ထားရင် စောင်းသံလေးတွေ ဘယ်ရောက်
စာမျက်နှာ-၂၄၁
နေတုန်းလို့တွေးမိကြရဲ့လား၊ အဲဒီလိုပဲ မှတ်၊ မတီးသေးရင် စောင်းသံပေါ်လာမှာ မဟုတ်ဘူးနော်၊ အဲဒီလို သူ့ရဲ့ဆန္ဒကြောင့် စိတ်မဲ့တဲ့ သတ္တဝါ ဖြစ်သွားတဲ့အခါမှာ “အကြောင်းမရှိလို့ စိတ်မပေါ်တာ” ပဲ ရှိတယ်၊ တီးမယ့်သူမရှိလို့ စောင်းသံ မကြားရသလိုပဲ။

သူဟာ ကမ္ဘာ-၅၀၀ ပတ်လုံး စိတ်ဖြစ်ပေါ်စရာ အကြောင်းတွေ မရှိဘူး၊ သူ့မှာ စိတ်ဖြစ်စရာအကြောင်း မရှိသည့်အတွက်ကြောင့် စိတ်မဖြစ်ဘူးတဲ့၊ သူ့စိတ်တွေ ဘယ်သွားနေတုန်းလို့တော့ မအောက်မေ့လေနဲ့နော်။

အဲဒီအသိစိတ်ကလေး ပြန်ပေါ်လာခြင်းသည်ပင်လျှင် သူ့ဘဝအဆုံးသတ်ခြင်းပဲတဲ့၊ အဲဒီလိုဆိုရင် သူ့ရဲ့အတိုင်းအတာတစ်ခုက ကုန်ဆုံးသွားပြီ၊ သူ့ရဲ့ဆန္ဒအရ အသညသတ်ဘုံ ရောက်သွားတဲ့ အတိုင်းအတာတစ်ခုဟာ ကမ္ဘာ-၅၀၀ ပြည့်တာနဲ့ ကုန်ဆုံးသွားပြီ၊ ကုန်ဆုံးသွားတာနဲ့ အသိစိတ်ကလေးက ပြန်ပေါ်လာတယ်လို့ ပြောတာနော်၊ ပြန်ပေါ်လာတာ ဘယ်ကနေ ပြန်ပေါ်လာတုန်း ဆိုတော့ အကြောင်းက ဖြစ်လာတာ၊ အသိစိတ်ပေါ်ဖို့ အကြောင်းတရား ဖြစ်လာတာ။
အသညသတ်ဘုံ၌ “ဝိညာဏပစ္စယာ ရူပံ” ဖြစ်ပုံ
ဒီတော့ ဒီနေရာလေးကို ပြောမလို့ - အသညသတ်ဘုံဟာ ရုပ်ခန္ဓာတစ်ခုတည်းသာ ရှိတယ်၊ ရုပ်ခန္ဓာတစ်ခုတည်းသာ ရှိတော့ အသညသတ်ဘုံ ရောက်သွားတဲ့ပုဂ္ဂိုလ်မှာ ဝိညာဏဆိုတာ မရနိုင်ဘူးပေါ့၊ ဒီတော့ “ဝိညာဏပစ္စယာ ရူပံ” လည်း မဖြစ်နိုင်ဘူး၊ “ဝိညာဏပစ္စယာ နာမံ” ဆိုတာတော့ ဝေးရောပေါ့နော်။
စာမျက်နှာ-၂၄၂
အဲဒါကျတော့ သုတ္တန်ဒေသနာတော်နည်းအရ ဒီထဲမှာ ပါဝင်အောင် ဘယ်လိုထည့်ပြတုန်းလို့ ဆိုလို့ရှိရင် သူ ယောဂီပုဂ္ဂိုလ်ဘဝတုန်းက ကျင့်လာတဲ့ ပဉ္စမဈာန်ကုသိုလ်ဟာ အဘိသင်္ခါရဝိညာဏ်ပဲတဲ့၊ အဲဒီအဘိသင်္ခါရဝိညာဏ်ကြောင့် အသညသတ်ဘုံရောက်တဲ့အခါ ဇီဝိတနဝကကလာပ်လို့ဆိုတဲ့ အသညသတ် ကမ္မဇရုပ် သူ့သန္တာန်မှာ ဖြစ်ပေါ်ရတယ်၊ ယောဂီဘဝတုန်းက ကျင့်ခဲ့တဲ့ အဘိသင်္ခါရဝိညာဏ်ကြောင့် ဝိညာဏ်တည်းဟူသော အကြောင်းကြောင့် ရုပ်တရားပေါ်တယ်ဆိုတော့ “ဝိညာဏပစ္စယာ ရူပံ” ပေါ့၊ ကမ္မဇရုပ်ကလေးဟာ အဲဒီမှာပေါ်တယ်၊ သုတ္တန်နည်းအရ အဲဒီလို ယူပြီးတော့ ဒီနေရာမှာ ထည့်သွင်းပြထားတယ်။ “အသညသတ်ဘုံမှာ အဘိသင်္ခါရဝိညာဏ်ကြောင့် ကမ္မဇရုပ်ဖြစ်တယ်” တဲ့။

“ဝိညာဏ်ကြောင့် ကမ္မဇရုပ် ဖြစ်နိုင်တယ်” ဆိုတာ ဒါ တစ်ဘဝတည်းမှာ ဖြစ်နေတာကို ပြောတာ မဟုတ်ဘူး၊ ဒီပြင်နေရာတွေမှာက တစ်ဘဝတည်းအကြောင်းတွေကို ပြောနေတာ၊ ဒါလေးကိုတော့ သိထားဖို့ လိုတယ်ပေါ့နော်၊ အဘိသင်္ခါရဝိညာဏ်ဆိုတာ အတိတ်ဘဝ၊ ကမ္မဇရုပ်ဆိုတာ အခုလက်ရှိ အသညသတ်ရဲ့ဘဝ၊ အဲဒီလို ဖြစ်တယ်တဲ့။ ။

အဲဒီလို အဘိသင်္ခါရဝိညာဏ်ကြောင့် အသညသတ်ဘုံမှာ ကမ္မဇရုပ် ပေါ်လာတယ် ဆိုတဲ့အခါမှာ ပဋ္ဌာန်းနည်းကျတော့ ဘာသတ္တိကို အသုံးပြုလဲ? ပဋ္စ္စသမုပ္ပါဒ်နည်းအရကတော့ “ဝိညာဏပစ္စယာ ရူပံ” ပေါ့၊ “ဝိညာဏပစ္စယာ”၊ “အဘိသင်္ခါရဝိညာဏ်လို့ဆိုတဲ့ အကြောင်းတရားကြောင့်”၊ “ရူပံ” “ကမ္မဇရုပ် ဖြစ်တယ်” တဲ့။
စာမျက်နှာ-၂၄၃
ဘာသတ္တိကို အကြောင်းပြုလဲလို့ဆိုရင် ဥပနိဿယသတ္တိတဲ့၊ ဒီတစ်ပစ္စည်းတည်းပဲ၊ ဥပနိဿယသတ္တိဆိုတာ အလွန်အစွမ်းထက်တယ်၊ ဥပနိဿယသတ္တိက သက်ရှိရော သက်မဲ့ရော အကုန်လုံး ခြုံငုံထားတာမို့ ၂၄-ပစ္စည်းထဲမှာ အင်မတန်အစွမ်းထက်တဲ့ ဥပနိဿယပစ္စည်းဆိုတာ ပါတယ်နော်။

ကမ္မဋ္ဌာန်းအားထုတ်ခဲ့တဲ့ လူ့ဘုံလူ့ဘဝမှာ ဖြစ်တဲ့ ရူပါဝစရပဉ္စမဈာန်ကုသိုလ်အလုပ်ဆိုတဲ့ အဘိသင်္ခါရဝိညာဏ်ကနေပြီးတော့ အသညသတ်ဘုံကမ္မဇရုပ်အား ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုပြီးတော့ ဖြစ်ပေါ်လာရတယ်လို့ ဒီထဲမှာပဲ ထည့်သွင်းပြီးတော့ ပြောတယ်၊ ဒါက ရုပ်ခန္ဓာတစ်ခုတည်းရှိတဲ့ ပုဂ္ဂိုလ်အတွက် ပြောတာ။
နာမ်ခန္ဓာလေးပါးရှိသော အရူပသတ္တဝါ
ကဲ - ဒါဖြင့် နာမ်ခန္ဓာလေးပါးရှိတဲ့ပုဂ္ဂိုလ် - အရူပဗြဟ္မာတဲ့၊ အရူပဘုံရှိတယ်၊ အရူပဘုံရောက်ဖို့ သမထကျင့်စဉ်က ပိုပြီးတော့ အဆင့်မြင့်တယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ရူပဈာန်အားလုံးကို ရပြီးမှ အရူပဈာန်ကို ဆက်ကျင့်လို့ရတာ၊ ရူပဈာန်မရဘဲနဲ့ အရူပဈာန်ကို တက်လို့မရဘူးပေါ့၊ ရူပဈာန် ၅-ခုလုံးကို ပိုင်ပိုင်နိုင်နိုင်ရပြီးပြီဆိုတော့မှ အာရုံတွေကို ပြောင်းပြောင်း ပြောင်းပြောင်းပြီးတော့ အရူပဈာန်အဆင့် မြင့်ဆုံးထိ တက်သွားလို့ရတယ်။

အရူပဈာန်ကို ကသိုဏ်းရုပ်တွေနဲ့ ဆက်စပ်ထားတာ မရှိသည့်အတွက် အရူပလို့ခေါ်တာ၊ ရူပဈာန်ဆိုတာက ကသိုဏ်းရုပ်တွေနဲ့ ဆက်သွယ်ပြီး နေသေးတယ်၊ အရူပဈာန်ကျတော့ ကသိုဏ်း
စာမျက်နှာ-၂၄၄
ရုပ်တွေနဲ့ ဆက်သွယ်မနေဘူး၊ ကသိုဏ်းရုပ်တွေကို ဖယ်ရှားပြီးတော့ တက်သွားတဲ့ ဈာန်မျိုးဖြစ်လို့ “အရူပဈာန်” လို့ ခေါ်တာ။

အရူပဘုံဆိုတာကျတော့ သူက ရုပ်မဲ့ - ရုပ်မရှိဘူး၊ သူ့မှာလည်း အတွေးတစ်ခု ရှိတာပဲ၊ ဘာတွေးတာတုန်းလို့ဆိုရင် “စားချင်တာတို့ သွားချင်တာတို့ ဘာတို့ဆိုတာ စိတ်ကဖြစ်တာ” ဒါမှန်တယ်၊ ဒါပေမယ့် တကယ်စားတဲ့အခါကျတော့ စိတ်က စားရတာ မဟုတ်ဘူး၊ ရုပ်ကြီးက စားနေတာ၊ ခေါင်းကိုက်ပြီဆိုရင်လည်း ရုပ်ကြီးက ကိုက်တာပဲ၊ ကျောအောင့်တာလည်း ရုပ်ကြီးက အောင့်တာပဲ၊ တစ်စုံတစ်ခု ဒဏ်ရာရသွားရင်လည်း ရုပ်ကြီးကပ်ရတာပဲ၊ အရိုက်အနှက်ခံရတာ၊ အဖမ်းအဆီးခံရတာ၊ အချုပ်အနှောင်ခံရတာ၊ အခုတ်အထစ်ခံရတာတို့ အရာရာဟာ အားလုံးရုပ်တွေချည်းပဲ၊ ရုပ်တွေကြောင့်မို့လို့၊ ဒီတော့ ရုပ်မရှိဘူးဆိုရင် ဘယ်လောက်ကောင်းမလဲ။

အခုခေတ်ဆို သေချာစဉ်းစားကြည့်လိုက်လို့ရှိရင် လူတွေမှာ စိတ်ကသာ သူ့ဟာသူ နေတာ၊ မနက်အိပ်ယာထတာနဲ့ တစ်ပြိုင်နက် စိတ်အတွက် လုပ်ရတာလား၊ ရုပ်အတွက် လုပ်ရတာလား၊ မနက်အိပ်ယာထတာနဲ့ တစ်ပြိုင်နက် မျက်နှာသစ်ပေးရတယ်၊ သူ့ကို သွားတိုက်ပေးရတယ်၊ toilet ထဲ ဝင်ရတယ်၊ သူ့ကိစ္စတွေက မနည်းဘူး၊ ဒါတင်မရသေးဘူး - ကော်ဖီကြိုက်ရင် ကော်ဖီတိုက်ရသေးတယ်၊ မနက်စာ စားရသေးတယ်၊ အိမ်ရှိတာနဲ့ မကျေနပ်ရင် ဈေးသွားရဦးမယ်၊ ပီးရတယ် လိမ်းရတယ်၊ ပြင်ရတယ် ဆင်ရတယ်။ ဝတ်စားဆင်ယင်ရတယ်။ အားလုံးဟာ လိုက်ကြည့်လိုက်မယ်ဆိုရင်
စာမျက်နှာ-၂၄၅
ဒီရုပ်ခန္ဓာကိုယ်ကြီးအတွက် လုပ်နေကြရတာတွေချည်းပဲ၊ ဒီတော့ သူတွေးမယ်ဆိုလည်း တွေးစရာပဲ။

သူလည်း လူ့ဘဝက သမထကျင့်စဉ်တစ်ခုကို အောင်မြင်ပေါက်ရောက်အောင် ကျင့်ပြီးတဲ့အခါမှာ စဉ်းစားတယ်၊ “သြော် - ဒီရုပ်ကြီး ရှိလို့ ဒုက္ခသုက္ခတွေ အလွန်များတာပဲ၊ ရုပ်မရှိရင် ကောင်းမှာပဲ” ဆိုတဲ့ ဆန္ဒ သူ့မှာ ပေါ်လာတယ်၊ အဲဒီစိတ်ဆန္ဒကြောင့် သူလုပ်ထားတဲ့ ကုသိုလ်ကံက အစွမ်းထက်ရင် သူ့ရဲ့ဆန္ဒအတိုင်း အကျိုးပေးလိုက်တယ်။

ဗြဟ္မာပြည်ရောက်သွားတဲ့အခါကျတော့ ရုပ်မပါတဲ့ဘဝမှာ “ရုပ်မဲ့သတ္တဝါ” ဆိုပြီး သွားဖြစ်တာပေါ့။ ဒီတော့ သူ့မှာ ဝေဒနာဆိုတဲ့ခံစားမှု ရှိတယ်၊ သညာဆိုတဲ့ မှတ်တဲ့စိတ် ရှိတယ်၊ သင်္ခါရဆိုတဲ့တွေးတောမှုလှုံ့ဆော်မှုတွေ ရှိတယ်၊ ဝိညာဏဆိုတဲ့ အသိစိတ် ရှိတယ်၊ သို့သော် ရုပ်မပါဘူးတဲ့၊ အရူပသတ္တဝါ - ရုပ်မဲ့သတ္တဝါ ဖြစ်တယ်၊ သူကလည်းပဲ အဲဒီဘုံမှာ အလွန်ရှည်လျားစွာ သက်တမ်းအလိုက် တည်နေရတယ်ပေါ့။

သူတို့ကို ရပ်ပြစ်ရှစ်ပါးထဲ ထည့်တာတော့ အကြောင်းမဲ့ မဟုတ်ဘူး၊ ဘာ့ကြောင့် ရပ်ပြစ်ရှစ်ပါးထဲ ထည့်တာတုန်းလို့ဆိုတော့ - အကယ်၍ လူ့ပြည်မှာ ဘုရားပွင့်လာလို့ရှိရင် သူတို့မှာ တရားနာခွင့် chance မရှိဘူးတဲ့၊ ဒါကြောင့် ရပ်ပြစ်ရှစ်ပါးထဲမှာ ထည့်ထားတာနော်၊ တကယ်ကတော့ ရှုတ်ချပြီး ထည့်တာတော့ မဟုတ်ပါဘူး၊ သံသရာဝဋ်ကလွတ်ဖို့ အခွင့်အလမ်း အင်မတန်မှ နည်းသွားပြီပေါ့။
စာမျက်နှာ-၂၄၆
ဒါလည်းပဲ အရူပဘုံမှာ သောတာပန်သာ မဖြစ်နိုင်တာ သောတာပန်ဖြစ်ပြီးသားပုဂ္ဂိုလ် ရောက်သွားရင်တော့ သူက အဆင့်ဆင့် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်သွားနိုင်သေးတာပဲ၊ ဒီတော့ စိတ်က အဓိကဆိုတာတော့ ထင်ရှားတာပေါ့နော်၊ အသညသတ်ဘုံကျတော့ သူက ပုထုဇဉ်သက်သက်ပဲ၊ အရူပဘုံကတော့ ပုထုဇဉ်သက်သက် မဟုတ်ဘူး အရိယာတွေလည်း ဖြစ်တတ်တယ်ပေါ့။
အရူပဘုံ၌ “ဝိညာဏပစ္စယာ နာမံ” ဖြစ်ပုံ
ကဲ အဲဒီဘုံမှာရောက်နေတဲ့ အရူပဗြဟ္မာတွေအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် သူတို့မှာ အသိစိတ်ရှိတယ်၊ သို့သော် ရုပ်မရှိဘူး၊ ရုပ်မရှိသည့်အတွက်ကြောင့် “ဝိညာဏပစ္စယာ နာမရူပံ” လို့ အစုံတော့ မရဘူး၊ “ဝိညာဏပစ္စယာ နာမံ” တော့ ဖြစ်တယ်၊ စိတ်ရှိသည့်အတွက်ကြောင့် ဆိုင်ရာဆိုင်ရာ စေတသိက်တွေ ဖြစ်ရတယ်ပေါ့။

ဆိုပါစို့ - အရူပဝိပါက်စိတ်လေးခု၊ အရူပဝိပါက်စိတ်လေးခုဆိုတဲ့ “ဝိညာဏ” ကြောင့် ဆိုင်ရာဆိုင်ရာ စေတသိက်လေးတွေဆိုတဲ့ “နာမ” ဟာ ဖြစ်ပေါ်လာတယ်၊ အဲဒါဖြစ်တာလည်း ဘာသတ္တိတွေနဲ့ ဖြစ်လာတုန်းဆိုတော့ စိတ်နဲ့ စေတသိက်ဆိုတာ သဟဇာတပဲ၊ အညမည အပြန်အလှန် အထောက်အကူပြုတယ်၊ နိဿယမှီရာ ဖြစ်ကြတယ်၊ ဝိပါက်စိတ် ဖြစ်သည့်အတွက်ကြောင့် ဝိပါကလည်း ရတယ်။

နောက်ပြီးတော့ ဝိညာဏာဟာရအနေနဲ့ အာဟာရလည်း ရတယ်၊ ဣန္ဒြိယဖြစ်သောကြောင့် ဣန္ဒြိယလည်း ရတယ်၊ စိတ်နဲ့... (စာသားပြတ်တောက်နေသည်)

*Follow-up: ဤစာသားများ၏ နောက်ဆက်တွဲပိုင်းများကို ဆက်လက်ဖော်ပြပေးရမည့်အပြင်၊ သင် သိလိုသည့် အခြားသော အချက်အလက်များ ရှိပါသေးသလားခင်ဗျာ။*
စာမျက်နှာ-၂၄၇
စေတသိက်ဟာ ပြိုင်တူဖြစ်၊ ပြိုင်တူချုပ်၊ မှီရာဝတ္ထုတစ်ခုတည်းက ပေါ်လာပြီးတော့ အာရုံအတူတူ ပြုကြတာ ဖြစ်သောကြောင့် သမ္ပယုတ္တရတယ်၊ စိတ်ရှိနေတုန်း စေတသိက်ဖြစ်တာ၊ စိတ်ကင်းကွာမသွားခင် စေတသိက်ဖြစ်တာ ဖြစ်သောကြောင့် အတ္ထိ၊ အဝိဂတလို့ ဒီသတ္တိတွေကို အသုံးပြုပြီးတော့ အကြောင်းတရားက အကျိုးတရားကို အထောက်အကူပြုနေတာပါ။ ပဋ္ဌာန်းနည်းကို သွင်းကြည့်ရင် အဲဒီပုံစံမြင်ရမှာပေါ့နော်။

ပဋိစ္စသမုပ္ပါဒ်သက်သက်ကြည့်မယ်ဆိုရင် အရူပဝိပါက်စိတ်လေးခုမှာ စေတသိက်-၃၀ ယှဉ်တယ်။ အရူပဝိပါက်စိတ်လေးခုက “ဝိညာဏ”၊ ယှဉ်ဘက်စေတသိက်-၃၀ က “နာမ”။ ဒီလိုဆိုလိုတာပေါ့။ အဲဒီစိတ်ရှိသည့်အတွက်ကြောင့် စေတသိက်-၃၀ ဆိုတာဖြစ်ရတယ်၊ ဒါကိုပဲ “ဣမသ္မိံ သတိ ဣဒံ ဟောတိ”၊ “ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ” လို့ဆိုတယ်။ ပဋိစ္စသမုပ္ပါဒ်ရဲ့ ပုံသဏ္ဌာန်နဲ့ပြောတာ၊ ပဋ္ဌာန်းနည်းကျတော့ ခုနကလို စွမ်းရည်သတ္တိတွေထည့်ပြီးတော့ ပစ္စယသတ္တိတွေပါ ထည့်ပြောလာတယ်ပေါ့။
ခန္ဓာငါးပါးရှိသော သတ္တဝါ
နောက်တစ်ခါ ဘုံတစ်ဘုံကိုပြောမယ်ဆိုရင် ကျန်တဲ့ (၃၁ ဘုံထဲမှာ ဒီ ၅-ဘုံကို နှုတ်လိုက်လို့ရှိရင်) ၂၆-ဘုံ၊ အဲဒီ ၂၆-ဘုံဟာ ခန္ဓာငါးပါးရှိတဲ့ဘုံတဲ့၊ လူ့ဘုံအပါအဝင် ခန္ဓာငါးပါးရှိတဲ့ဘုံ။

ဒီတော့ ဘုံကို ခန္ဓာနဲ့ခွဲလိုက်တဲ့အခါ ခန္ဓာတစ်ပါးသာရှိတဲ့ဘုံကို “ဧကဝေါကာရဘုံ” လို့ ဒီလိုခေါ်တယ်။ ဝေါကာရဆိုတာ ဒီ
စာမျက်နှာ-၂၄၈
နေရာမှာ ခန္ဓာကိုပြောတာ။ ဘာဖြစ်လို့ “ဧကခန္ဓဘုံ” လို့ မသုံးတာလဲဆိုတာတော့ စာပေမှာ ဒီတိုင်းအစဉ်အလာအရ သုံးလာခဲ့တာ usage ရှိတယ်နော်။ “စတုဝေါကာရ” ဆိုတာ ခန္ဓာလေးပါးရှိတဲ့ဘုံ၊ “ပဉ္စဝေါကာရ” ဆိုတာ ခန္ဓာငါးပါးရှိတဲ့ဘုံလို့ ခန္ဓာနဲ့ရေတွက်ပြီးတော့ ၃၁-ဘုံကို ဒီလိုသုံးမျိုးခွဲလိုက်တယ်။

ဒီတော့ ပဉ္စဝေါကာရဘုံရောက်တဲ့အခါကျတော့ လူ့ဘုံအပါအဝင် အခုအဘိသင်္ခါရဝိညာဏ်လို့ဆိုတဲ့ ကံတရားက ကမ္မဇရုပ်အား ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်တဲ့။ ဒီလိုဆိုလိုတယ်။

နောက်တစ်ခု ဝိညာဏ - ဝိညာဏ်မှန်သမျှလို့ပြောမယ်။ ဆိုပါစို့ - ကျန်တဲ့ဝိညာဏ်စိတ်တွေ၊ ဘဝတစ်ခုအစပြုလာတဲ့အခါမှာ ပဋိသန္ဓေစိတ်ကလေးက အစပြုလာတာ၊ လူတွေရဲ့ပဋိသန္ဓေဆိုလို့ရှိရင် ၉-မျိုးထဲက တစ်မျိုးမျိုးက စမယ်ပေါ့။ အဲဒီအစပြုလာတဲ့သန္ဓေစိတ်လေးက စိတ်ဆိုပေမယ့်လို့ စိတ္တဇရုပ်ကို မထုတ်လုပ်နိုင်ဘူး။ ဘာဖြစ်လို့ မထုတ်လုပ်နိုင်တာတုန်းဆိုရင် ဘဝတစ်ခုမှာ စစချင်းအလုပ်နှစ်ခုကို မလုပ်နိုင်ဘူး၊ ဘဝဟောင်းနဲ့ ဘဝသစ်ကို ဆက်စပ်ရတဲ့အလုပ်က အင်မတန်ကြီးမားတဲ့အလုပ်ကြီးဖြစ်သည့်အတွက်ကြောင့် အခြားအလုပ်ကို သူမလုပ်နိုင်ဘူးတဲ့။

ဒါကြောင့်မို့ ပဋိသန္ဓေစိတ်ကလေးက စိတ္တဇရုပ်တွေကို မထုတ်လုပ်နိုင်ဘူး။

အဲဒီပဋိသန္ဓေနောက်မှာဖြစ်လာတဲ့စိတ်ကို “ပထမဘဝင်စိတ်” လို့ခေါ်တယ်။ ပထမဘဝင်စိတ်ဆိုတာ ဘဝမှာ ပဋိသန္ဓေပြီးနောက်ကလာတဲ့စိတ်၊ ပထမဆုံးဘဝင်စိတ်ဖြစ်လို့ ပထမဘဝင်စိတ်လို့ခေါ်တာ။ အဲဒီပထမဘဝင်စိတ်ကစပြီးတော့ နောက်ဖြစ်တဲ့စိတ်တွေဟာ သူတို့ဖြစ်တိုင်းဖြစ်တိုင်း ဖြစ်လိုက်တာနဲ့တစ်ပြိုင်
စာမျက်နှာ-၂၄၉
နက် စိတ္တဇရုပ်ကလေးတစ်ခုကိုပါ သူကမွေးဖွားပေးသွားတယ်။ စိတ်ဖြစ်တိုင်းဖြစ်တိုင်း စိတ္တဇရုပ်ကလေးတွေ မွေးဖွားပေးတယ်၊ သို့သော် စိတ္တဇရုပ်ကို မဖြစ်စေနိုင်တဲ့စိတ်ကလည်း ရှိသေးတယ်။

သာမန်လူတွေအနေနဲ့သိအောင် ပြောကြရမယ်ဆိုရင် မြင်သိစိတ်ကလေးကို စက္ခုဝိညာဏ်စိတ်လို့ခေါ်တယ်၊ ကြားသိစိတ်က သောတဝိညာဏ်စိတ်၊ နံသိစိတ်က ဃာနဝိညာဏ်စိတ်၊ လျက်သိစိတ်က ဇိဝှါဝိညာဏ်စိတ်၊ ထိသိစိတ်က ကာယဝိညာဏ်စိတ်။ ဒီတော့ ကုသိုလ်ရဲ့အကျိုး၊ အကုသိုလ်ရဲ့အကျိုး နှစ်မျိုးစီခွဲလိုက်တဲ့အခါ အဲဒီပဉ္စဝိညာဏလို့ အမည်ပေးထားတဲ့ စိတ်ကလေးက ၁၀-ခုရှိတယ်။ အဲဒီ ၁၀-ခုသော စိတ်တွေကတော့ စွမ်းအားသတ္တိ သိပ်ရှိတာမဟုတ်လို့ သူတို့လည်းပဲ စိတ္တဇရုပ်ကို မထုတ်လုပ်နိုင်ဘူးတဲ့၊ စိတ္တဇရုပ်ကို မထုတ်လုပ်တဲ့စိတ်တွေပဲ။

အရူပဝိပါက်လေးခုဆိုတာတော့ ဘုံကိုက ရုပ်မရှိတဲ့ဘုံမို့လို့ မထုတ်လုပ်တာ၊ ဒါကရှင်းတယ်ပေါ့၊ ရုပ်ရှိလျက်သားနဲ့ မထုတ်လုပ်နိုင်တာတော့ အဲဒီဒွေးပဉ္စဝိညာဏ်-၁၀ လို့ခေါ်ကြတဲ့ ဝိညာဏစိတ်-၁၀ ခုဟာ သူတို့ဖြစ်တဲ့အခိုက်မှာတော့ စိတ္တဇရုပ်ကို မထုတ်ဘူးတဲ့။

ကျန်တဲ့စိတ်တွေက ဘယ်စိတ်ပဲဖြစ်ဖြစ် စိတ္တဇရုပ်ကိုထုတ်တယ်။ အဲဒါဆိုရင် “ဝိညာဏပစ္စယာ ရူပံ” မှာ ဘာသတ္တိတွေကို အကြောင်းပြုသလဲလို့ဆိုရင် - စိတ်ကနေပြီးတော့ စိတ္တဇရုပ်ကိုထုတ်တယ်ဆိုရင် သဟဇာတ - ဝိတ်နဲ့ စိတ္တဇရုပ်သည် အကြောင်းနဲ့အကျိုးသည် ပြိုင်တူဖြစ်လာတာ၊ ဆီမီးဖြစ်တာနဲ့တစ်ပြိုင်နက် အလင်းရောင်လေးဟာ တစ်ပြိုင်နက်ဖြစ်လာတယ်၊ ပြိုင်တူဖြစ်တယ်
စာမျက်နှာ-၂၅၀
ပေါ့။ အဲဒီလိုပဲ စိတ်ကလေးပေါ်လာတာနဲ့တစ်ပြိုင်နက် စိတ်တွေဟာပေါ်လာတယ်၊ ဒါကြောင့်မို့ “ဝိညာဏပစ္စယာ ရူပံ” ဆိုတဲ့အထဲမှာ သူတို့လည်းရတယ်၊ သဟဇာတသတ္တိ။

မှီရာဖြစ်သည့်အတွက်ကြောင့် နိဿယသတ္တိ၊ နောက်တစ်ခါ စိတ်နဲ့ရုပ်ဆိုတာဟာ ယှဉ်တွဲလို့မရဘူး၊ ပြိုင်တူဖြစ်ပေမယ့်လို့ ဒီနေရာမှာ တူတာကတော့ ပြိုင်တူဖြစ်တယ်ဆိုတာကတော့ တူတယ်၊ ပြိုင်တူချုပ်တယ်ဆိုတာလည်း တူတယ်ဆိုဦးတော့ ဘာကမတူတုန်းဆိုလို့ရှိရင် မှီရာဝတ္ထုရုပ်က မတူဘူး၊ အာရုံပြုတာမတူဘူး၊ ရုပ်က အာရုံမပြုနိုင်ဘူး၊ စိတ်က အာရုံပြုတာ၊ ဒီလို တူလေးတူ မရသည့်အတွက်ကြောင့် သမ္ပယုတ္တ မရဘူး၊ မရတော့ ဝိပ္ပယုတ္တပေါ့။

ရှိနေတုန်းကိုထုတ်လုပ်တာဖြစ်သောကြောင့် အတ္ထိ၊ မကင်းကွာခင်ထုတ်လုပ်တာဖြစ်သောကြောင့် အဝိဂတဆိုတော့ ဟောပဋ္ဌာန်းနည်းကျတော့ ဒီသဘောတရားလေးတွေပါလာတယ်ပေါ့။ ဒီတော့ “ဝိညာဏပစ္စယာ နာမံ”၊ “ဝိညာဏပစ္စယာ ရူပံ” ဆိုတာ ဒီလိုသဘောပေါက် နားလည်ရမှာပဲ။

“နာမရူပပစ္စယာ သဠာယတနံ” ကဲ နောက်တစ်ခုသွားရအောင် “နာမရူပပစ္စယာ သဠာယတနံ” လို့ ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားကဟောလိုက်တယ်။ အဲဒီမှာ နာမအရ ဘာယူရမှာလဲ၊ ရူပအရ ဘာကိုယူရမှာလဲ၊ သဠာယတနဆိုတာက ဘာတွေလဲဆိုတာကို အရင်ကြည့်
စာမျက်နှာ-၂၅၁
ရမယ်။ “ဝိညာဏပစ္စယာ နာမရူပံ” တုန်းကလိုပဲ နာမအရ ဒီနေရာမှာ စေတသိက်ကိုယူရမယ်၊ စေတသိက်-၅၂ ကိုယူတယ်။

ရူပအရကျတော့ ရုပ် ၂၈-ခုလုံးလားဆိုတော့ - မဟုတ်ဘူး၊ သူက မိမိသန္တာန်မှာဖြစ်တဲ့ မဟာဘုတ်လေးပါး - ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယာ (ဓာတ်ကြီးလေးပါးဆိုတာနဲ့ တစ်ပြိုင်နက် စာထဲချည်းပဲသွား သတိမရလေနဲ့၊ ကိုယ့်ခန္ဓာမှာရှိတဲ့ ဓာတ်ကြီးလေးပါးကိုပြောတာနော်၊) မြတ်စွာဘုရားကတော့ ထင်ရှားအောင် ဓာတ်ကြီးလေးပါးကိုပြောတဲ့အခါမှာ ၃၂-ကောဋ္ဌာသနဲ့လည်းပြောတာပဲလေ၊ ဆံပင်၊ မွေးညင်းစတဲ့ အတုံးအခဲတွေရှိတဲ့ ပထဝီဓာတ်က - ၂၁၊ နောက် အရည်သဘော ၁၂-မျိုးကျတော့ အာပေါဓာတ်လို့ ဒီလိုခေါ်တယ်၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သန္တပ္ပနတေဇော၊ ဒယှနတေဇော၊ ဇိရဏတေဇော၊ ပါစကတေဇောဆိုတဲ့ အပူလေးမျိုးက တေဇော၊

နောက် ခန္ဓာကိုယ်ထဲမှာ ဆက်စပ်ပြီးတော့ ဖြစ်ပေါ်နေတဲ့ လေ ၆-မျိုးက ဝါယော၊ ဒါတွေဟာ ဓာတ်ကြီးလေးပါးလို့ပဲ ဒီလိုမှတ်ထားပေါ့နော်။

အဲဒီ ရူပအရ မဟာဘုတ်လေးပါး သို့မဟုတ် ဓာတ်ကြီးလေးပါး၊ နောက်ပြီးတော့ ဝတ္ထုရုပ် ၆-ပါး၊ ဝတ္ထုရုပ် ၆-ပါးဆိုတာ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု၊ ဟဒယဝတ္ထု၊ ဝတ္ထုဆိုတာ စိတ်ရဲ့မှီရာလို့ အဓိပ္ပါယ်ရတယ်၊ စိတ်ရဲ့ဖြစ်ပွားရာ၊ စိတ်ရဲ့မှီရာ၊ ဒါ့ကြောင့်မို့ base of mind လို့ ဒီလိုပြန်တာ၊ ဝတ္ထုဆိုတာ base ပဲ၊ မှီရာ၊ စိတ်ကလေးတွေဖြစ်တဲ့အခါမှာ အဲဒီပေါ်ကနေမှီပြီးတော့ဖြစ်တယ်လို့ဆိုတယ်။ ဒီတော့
စာမျက်နှာ-၂၅၂
ဝတ္ထုရုပ်က ၆-ခုရှိတယ်၊ စက္ခုဝတ္ထုစတဲ့ ငါးခုက ပသာဒရုပ်တွေ၊ ဒါကြောင့် ဝတ္ထုရုပ် ၆-ပါးက ပသာဒရုပ် ၅-ခုနဲ့ ဟဒယရုပ်။

နောက်တစ်ခုက ဇီဝိတိနြေ၊ မိမိနဲ့အတူတကွဖြစ်တဲ့ ကမ္မဇရုပ်တွေကို ဆက်လက်ရှင်သန်နေအောင် ထိန်သိမ်းစောင့်ရှောက်ပေးတဲ့ ရုပ်ဇီဝိတတဲ့၊ အားလုံးပေါင်းလိုက်တဲ့အခါကျတော့ မဟာဘုတ် ၄-ပါးရယ်၊ ဝတ္ထုရုပ် ၆-ပါးရယ်၊ ဇီဝိတိနြေရယ်၊ ဒါကိုယူရမယ်တဲ့။ နာမအရ စေတသိက်-၅၂၊ ရူပအရ မဟာဘုတ် ၄-ပါး၊ ဝတ္ထုရုပ် ၆-ပါးနဲ့ ဇီဝိတိနြေ၊ ဒါကိုယူထားတာ။

အဲဒီလိုယူတဲ့အခါမှာ ခုနပြောသလိုပဲ သတ္တဝါတွေအလိုက်၊ ဘုံတွေအလိုက်ခွဲလိုက်တော့- စကားလုံးက ဒီနေရာမှာ “နာမရူပပစ္စယာ” လို့ နှစ်လုံးတည်းသုံးထားပေမယ့်လို့ နားလည်ရမှာ သုံးမျိုးနားလည်ရမယ်တဲ့ - “နာမပစ္စယာ” ကတစ်ခု၊ “ရူပပစ္စယာ” ကတစ်ခု၊ “နာမရူပပစ္စယာ” ကတစ်ခု၊ ဆိုလိုတာက သုံးမျိုးခွဲပြီးတော့ကြည့် - နာမ၊ ရူပ၊ နာမရူပ၊ နာမသက်သက်ကတစ်ခု၊ ရူပသက်သက်ကတစ်ခု၊ နာမရူပတွဲရက်ကတစ်ခုဆိုတော့ သုံးခု၊ အဲဒီသုံးခုကို တူရာကိုပေါင်းထားလိုက်တာ။

ဒါကို သဒ္ဒါနည်းအရ ဧကသိသ်ပြုတယ်လို့ခေါ်တယ်။ ဧကသိသ်ဆိုတဲ့အဓိပ္ပါယ်က ဧကသေသ - တစ်ခုတည်းချန်ထားလိုက်တယ်၊ ကျန်တာတွေကို ဖယ်ထားလိုက်ပြီးတော့ တစ်ခုတည်းပဲလုပ်ထားလိုက်တယ်ပေါ့။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် အားလုံးပေါင်းစုပြီး တစ်ခုလုပ်လိုက်တယ်ပေါ့နော်၊ တူတာတွေစုပြီး တစ်ခုလုပ်ထားတယ်။
စာမျက်နှာ-၂၅၃
ဒါကြောင့်မို့ စာပေကျမ်းဂန်တွေမှာရေးတယ် “နာမဉ္စ ရူပဉ္စ နာမရူပဉ္စ နာမရူပံ” လို့၊ တူတာတွေကို ဖယ်ထားလိုက်ပြီးတော့ နာမရူပံ လို့ ဒီလိုပဲ နှစ်လုံးတည်းပဲသုံးလိုက်တယ်၊ တကယ်သုံးရမှာကတော့ နာမ၊ ရူပ၊ နာမရူပ လို့ဒီလိုသုံးရမယ်၊ အဲဒီလိုခွဲပြီးတော့ယူတယ်။

နောက် သဠာယတန ဆိုတော့ အာယတန ၆-ပါး၊ အဇ္ဈတ္တိကာယတန ၆-ပါးကိုပြောတာ၊ အဇ္ဈတ္တိကာယတန ၆-ပါးဆိုတာ စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတန၊ မနာယတနတဲ့။ ဘုန်းကြီးတို့တစ်တွေရဲ့သန္တာန်မှာရှိတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကာယနဲ့ မန၊ အဲဒါကိုပဲ အဇ္ဈတ္တိကာယတန ၆-ပါးလို့ခေါ်တယ်။ အဲဒီထဲက စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယတို့က ရုပ်၊ မနက စိတ်၊ ဒီသဘာဝတရားတွေကောက်ယူမှုလေးကို ရှေးဦးစွာမှတ်သားထားရမယ်၊ အဲဒါမှ နောက်ထပ်ရှင်းပြောမယ့်အရာကို နားလည်မှာဖြစ်တယ်ပေါ့နော်။ ဒီတော့ “နာမအရ - စေတသိက်-၅၂၊ ရူပအရ - မိမိသန္တာန်မှာရှိတဲ့ မဟာဘုတ် ၄-ပါးနဲ့ ဝတ္ထုရုပ် ၆-ပါး၊ ဇီဝိတိနြေ”။

နောက် သဠာယတနမှာလည်း နှစ်ခုခွဲလိုက်တယ် - ဆဌာယတနနဲ့ သဠာယတနလို့ နှစ်ခုခွဲတယ်၊ ဆိုလိုတာက မနာယတနနဲ့ ကျန်တဲ့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယဆိုတဲ့ အာယတန ၅-မျိုးတို့က သဘာဝချင်းမတူဘူး၊ ဒီတော့ မနာယတနကို ဆဌာယတန = ၆-ခုမြောက် အာယတနလို့ ဒီလိုခေါ်လိုက်တယ်၊ ကျန်တဲ့အာယတန ၅-ခုကိုတော့ “ပသာဒါယတန” သို့မဟုတ် “ပဉ္စာယတန” ၅-ခု၊ အားလုံးပေါင်းတဲ့အခါကျတော့ သဠာယတန
စာမျက်နှာ-၂၅၄
ဆိုတဲ့စကားလုံးကိုသုံးတယ်၊ “သ” ဆိုတဲ့အဓိပ္ပါယ်က ၆-ခုလို့ပြောတာ၊ သဠာယတန - ၆-ခုသောအာယတန။

အဲဒီမှာ “ဆဌာယတန” လို့ “ဆဋ္ဌ” လို့သုံးလိုက်လို့ရှိရင် ၆-ခုမြောက် တစ်ခုတည်းကိုပြောတာနော်၊ အဲဒါက မနာယတနကိုရည်ညွှန်းတယ်၊ ဒီတော့ ပေါင်းလိုက်တဲ့အခါ အဲဒါကလည်း နှစ်ခုခွဲယူတယ်၊ “ဆဠာယတန” လို့ မနာယတနကိုတစ်ခုယူတယ်။ ကျန်တာတွေကိုတစ်ခုယူတယ်၊ ရုပ်အာယတန ၅-ခုကိုတစ်ခုယူတယ်၊ နာမ်အာယတနကိုတစ်ခုယူတယ်ပေါ့။

ကောင်းပြီ - အဲဒီလိုခွဲပြီးတဲ့အခါမှာ ဘုန်းကြီးတို့နဲ့အလှမ်းကွာဝေးတဲ့ အရူပဘုံကို စဉ်းစားကြည့်၊ အရူပဘုံက ဗြဟ္မာတွေမှာ ရုပ်မရှိဘူး၊ နာမ်သက်သက်ပဲရှိတယ်၊ အခု မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်မှာဟောထားတာက “နာမရူပပစ္စယာ သဠာယတနံ” လို့ဟောထားတာနော်၊ အားလုံးကပြောလို့ရှိရင် အာယတန ၆-ပါးဖြစ်တယ်လို့ ဒီလိုပြောထားတာ၊ ဒါကအကြမ်းဖျင်းမှတ်ဖို့ရာ၊ ဒါက နာမ်ရုပ်ရှိလို့ရှိရင် အာယတန ၆-ပါးရှိတယ်၊ နာမ်ရုပ်ဖြစ်ပေါ်လာမှုကြောင့် အာယတန ၆-ပါး ဖြစ်ပေါ်လာရတယ်လို့ - ပဋိစ္စသမုပ္ပါဒ်က ဒီလိုပြောတယ်။
အရူပဘုံ၌ “နာမရူပပစ္စယာ သဠာယတနံ” ဖြစ်ပုံ
အဲဒီလိုပြောတာကို ဘုံအလိုက်၊ သတ္တဝါအလိုက် ခွဲခြားပြီးတော့မှတ်မယ်ဆိုလို့ရှိရင် - ကဲ အရူပဘုံကိုလည်း ဒီစကားကိုဆက်စပ်ကြည့်ရအောင် - အရူပဘုံဆိုတာ နာမ်သက်သက်ပဲရှိတယ်၊ အဲဒီတော့ “နာမရူပပစ္စယာ သဠာယတနံ” လို့ဆိုတော့ အရူပဘုံ
စာမျက်နှာ-၂၅၅
မှာ ရူပမရှိသည့်အတွက်ကြောင့် ရူပဖြုတ်ရမယ်၊ ရူပဖြုတ်ပြီးတော့ နာမ်သက်သက်ကိုဟောတာ၊ “နာမပစ္စယာ” - နာမ်သက်သက်ပဲ။

နောက် အာယတန ၆-ပါးထဲကလည်း စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနဆိုတဲ့ ၅-ခုက ရုပ်ဖြစ်နေတယ်၊ ရုပ်ဖြစ်နေသည့်အတွက်ကြောင့် အရူပဘုံမှာမရှိဘူး၊ အရူပဘုံမှာရှိနိုင်တာက မနာယတနတစ်ခုတည်းပဲ ရှိနိုင်တယ်၊ ဒီတော့ နာမအရက စေတသိက်၊ မနာယတနက စိတ်၊

ပြောင်းပြန်နော်၊ ခုနတုန်းက “ဝိညာဏပစ္စယာ နာမရူပံ” တုန်းက ဝိညာဏက စိတ်၊ နာမက စေတသိက်၊ အခု “နာမရူပပစ္စယာ သဠာယတနံ” မှာကျတော့ “နာမပစ္စယာ ဆဌာယတနံ” သို့မဟုတ် “နာမပစ္စယာ မနာယတနံ” ဆိုတော့ စေတသိက်ကနေစိတ်၊ အပြန်အလှန်ဖြစ်နေပုံကို မြတ်စွာဘုရားကဟောထားတာနော်၊ စိတ်ရှိလို့ စေတသိက်ရှိရတယ်၊ စေတသိက်ရှိလို့ စိတ်ရှိရတယ်ဆိုတဲ့ အပြန်အလှန်သဘောလေးကို ဒီမှာဟောထားတာ။

ဒီတော့ အရူပဘုံလေးမှာ ပဋိသန္ဓေအခါမှာ နာမ်ကြောင့်အာယတနဖြစ်တယ်လို့ဆိုတော့ ဘယ်နာမ်၊ ဘယ်အာယတနတွေကို ယူရမှာလဲလို့မေးရင် အရူပဘုံမှာဖြစ်နိုင်တာလေးတွေကိုကြည့်ရတယ်၊ ဆိုပါစို့ - နာမက စေတသိက်ဖြစ်သည့်အတွက်ကြောင့် ခုန အရူပဝိပါက်လေးခုမှာဖြစ်နေတဲ့ စေတသိက်-၃၀ ရှိတယ်၊ အဲဒီစေတသိက်-၃၀ ထဲက တစ်ခုခုကို နာမလို့ယူတာ၊ ယူပြီးရင် မနာယတနလို့ဆိုတာ ဘယ်သူ့ကိုယူရမှာတုန်းဆိုတော့ အရူပဝိပါက်လေးခုကိုယူရမှာ၊ ခုနတုန်းကနဲ့ ပြောင်းပြန်မှတ်ရမယ်။
စာမျက်နှာ-၂၅၆
ဒီတော့ နာမအရ စေတသိက်၊ အရူပဝိပါက်စိတ်မှာယှဉ်တဲ့ စေတသိက်က အရူပဝိပါက်စိတ်အား အကျိုးပြုတယ်၊ ပဋိစ္စသမုပ္ပါဒ်နည်းအရဆိုလို့ရှိရင်တော့ အရူပဝိပါက်စိတ်မှာယှဉ်တဲ့ စေတသိက်-၃၀ ရှိသည့်အတွက်ကြောင့် အရူပဝိပါက်စိတ်ဆိုတာရှိရတယ်လို့ ဒီလောက်ပဲသိရတယ်။
ပဋ္ဌာန်းနည်း
ပဋ္ဌာန်းကျတော့ ဘာသတ္တိတွေနဲ့ကျေးဇူးပြုတာလဲ၊ ဘယ်လိုစွမ်းရည်သတ္တိတွေ အသုံးပြုသလဲ၊ စေတသိက်-၃၀ က အရူပဝိပါက်စိတ်လေးခုကို ဘာသတ္တိတွေနဲ့ကျေးဇူးပြုတာတုန်းဆိုတော့ - သဟဇာတ - အတူတကွဖြစ်လာတာ၊ အဲဒီအတူတကွဖြစ်လာခြင်းသည် ဓမ္မရဲ့သတ္တိတစ်ခုပဲ၊ နောက်ပြီးတော့ စိတ်နဲ့စေတသိက်ဆိုတာ အပြန်အလှန်အထောက်အကူဖြစ်တော့ အညမည၊ အချင်းချင်းမှီခိုရာဖြစ်နေသည့်အတွက်ကြောင့် နိဿယ၊ ဖြစ်ခြင်းတူတူ၊ ချုပ်ခြင်းတူတူ၊ မှီရာဝတ္ထုရုပ်လည်းတူတယ်၊ အာရုံလည်းတူတယ်၊ တူလေးတူရှိလို့ သမ္ပယုတ္တ၊ အရူပဝိပါက်စိတ်က ဝိပါက်နဲ့ဆိုင်တာဖြစ်သောကြောင့် ဝိပါက၊ ထင်ရှားရှိနေတုန်း ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြုတာဖြစ်သောကြောင့် အဝိဂတလို့ဆိုတယ်၊ ပဋ္ဌာန်းကျတော့ ပစ္စယသတ္တိ ၇-ခုနဲ့ ကျေးဇူးပြုတယ်လို့ ဒီလိုဆိုတယ်။

ပဋိစ္စသမုပ္ပါဒ်မှာကျတော့ အရူပဘုံမှာ စေတသိက်ရှိလို့စိတ်ရှိတယ်၊ ဒါလောက်ပဲပြောတယ်၊ စေတသိက်ဖြစ်နေလို့ စိတ်ဖြစ်တယ်လို့ပဲပြောတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ဒီနှစ်ခုက အပြန်
စာမျက်နှာ-၂၅၇
အလှန်ကို ခွဲလို့မှမရတာ၊ ခွဲလို့မရသည့်အတွက်ကြောင့် အပြန်အလှန်သဘော မြတ်စွာဘုရားကဟောထားတာ၊ ဒီတော့ “နာမရူပပစ္စယာ သဠာယတနံ”၊ “နာမရူပပစ္စယာ မနာယတနံ”၊ ၆-ခုမြောက် အာယတနတစ်ခုတည်းကိုယူပြီး “နာမရူပပစ္စယာ ဆဠာယတနံ” ဒီလိုပဲသုံးရတယ်၊ အရူပဘုံအတွက်သပ်သပ်ဆိုရင် စေတသိက်ကနေ စိတ်အား သတ္တိ ၇-ခုကိုအသုံးပြုပြီးတော့ ကျေးဇူးပြုတယ်လို့ ဒီလိုမှတ်ရမှာပေါ့နော်။

ကဲ စေတသိက်ဆိုတဲ့အထဲမှာ အသေးစိတ်လိုက်ပြီးတော့ ရှာကြည့်လိုက် - အလောဘဆိုတဲ့ စေတသိက် မပါနိုင်ဘူးလား၊ ပါတယ်နော်၊ အရူပဝိပါက်လေးခုမှာယှဉ်တာ အလောဘဆိုတဲ့စေတသိက် - အဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်ဆို ရှာလို့ရမယ်နော်၊ အလောဘဆိုတဲ့စေတသိက်ပါတယ်၊ အဒေါသဆိုတဲ့စေတသိက်၊ အမောဟဆိုတဲ့ စေတသိက်တွေပါလာတယ်၊ အဲဒါတွေပါလာလို့ရှိရင် နောက်ထပ်ထပ်ပြီးတော့ ဝင်လာတဲ့သတ္တိတစ်ခုက ဘာလဲဆိုရင် ဟေတုသတ္တိ၊ အလောဘ၊ အဒေါသ ထပ်ထည့်လိုက်လို့ရှိရင် ဟေတုသတ္တိ၊ ဒီ ၇-ခုထဲကို ဟေတုသတ္တိထပ်ထည့်တာ၊ ၇-ခုဆိုတာ ခုနပြောတဲ့ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ဝိပါက၊ အတ္ထိ၊ အဝိဂတ၊ အဲဒီ ၇-ခုထဲကို ဟေတုသတ္တိ ထပ်ထည့်လို့ရတယ်။

တစ်ခါ အမောဟကိုယူလိုက်မယ်ဆိုရင် ထပ်တိုးလာဦးမယ်၊ အမောဟဆိုတာကျတော့ ဟေတုလည်းပါမယ်၊ နောက်တစ်ခါ ဣန္ဒြိယလည်းပါလာမယ်၊ မဂ္ဂလည်းပါလာမယ်၊ တစ်ခါ စေတနာကိုယူလိုက်ဦးမယ်၊ (အဲဒီစေတသိက်တွေထဲမယ် စေတနာပါတယ်။)
စာမျက်နှာ-၂၅၈
စေတနာဆိုရင် အာဟာရထဲမှာ မနောသဉ္စေတနာဟာရဆိုတာ စေတနာကို အာဟာရလို့ခေါ်တာရှိတယ်၊ အဲဒါထည့်လိုက်မယ်ဆိုရင် ၇-ခုထဲက တစ်ခါ ၈-ခုဖြစ်ပြန်တယ်ပေါ့၊ အာဟာရကိုယူလို့ရှိရင် ၈-ခုဖြစ်တယ်။

နောက်တစ်ခါ ဖဿ၊ ဖဿစေတသိက်ကလည်း အာဟာရထဲပါလို့ ဖဿထည့်လို့ရှိရင် ၇-ခုထဲမှာတစ်ခုထပ်ထည့်တော့ ၈-ခုဖြစ်တယ်တဲ့၊ အဲဒီလို ပဋ္ဌာန်းကျတော့ ပစ္စယသတ္တိတွေကို ခွဲခြားပြီး ဟောကြားသွားတာဖြစ်ပါတယ်။

တော့ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ပြောလို့ရှိရင် အကြောင်းနဲ့အကျိုး ဒီနှစ်ခုဟာ တစ်ခုရှိလို့တစ်ခုရှိတယ်၊ တစ်ခုဖြစ်လို့ ကျန်တဲ့တစ်ခုဖြစ်တယ်လို့ ဆက်စပ်ပြီးပြောရုံမျှပဲ ပြောလို့ရတယ်၊ ပဋ္ဌာန်းကျတော့ အဲဒီအကြောင်းတရားရဲ့ စွမ်းရည်သတ္တိတွေပါ မြတ်စွာဘုရားက ထုတ်ဖော်ပြီးဟောထားတယ်၊ လုံးဝပြည့်စုံတဲ့ အကြောင်းကျိုးဖော်ပြတဲ့ ဒေသနာတော်ကြီးဖြစ်တယ်။

ဒါ့ကြောင့်မို့လို့ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့သည် ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့်လေ့လာမယ်ဆိုလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ကိုလည်းပဲ ကျေညက်အောင်လေ့လာဖို့လိုတယ်။ ပဋ္ဌာန်းနည်းကိုလည်းပဲ ကျေညက်အောင် လေ့လာဖို့လိုတယ်၊ အဲဒီနှစ်ရပ်ပေါင်းစပ်ပြီးတော့မှသာလျှင် မြတ်စွာဘုရားဟောကြားထားတဲ့ ဒေသနာနယနှစ်ခုဟာ ပြီးပြည့်စုံမှာဖြစ်တယ်။

အခုကဲ့သို့ အကြောင်းတရားနဲ့ အကျိုးတရားကို ဆင်ခြင်သုံးသပ်နိုင်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ်ဟာ သံသရာက ထွက်မြောက်ဖို့ရာအတွက် များစွာအထောက်အကူဖြစ်တယ်ဆိုတာကို ကိုယ်စီကိုယ်ငှ
စာမျက်နှာ-၂၅၉
သဘောကျပြီးတော့ အကြောင်းတရား၊ အကျိုးတရားတွေရဲ့ ဆက်စပ်ဖြစ်ပေါ်နေမှုကို နားလည်အောင် ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-၂၆၀
*(ဤစာမျက်နှာသည် အလွတ်ဖြစ်ပါသည်)*
စာမျက်နှာ-၂၆၁

အပိုင်း (၈)
သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ သက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ဝါဆိုလဆန်း ၁-ရက်၊ ခရစ်နှစ်-၂၀၁၀၊ ဇွန်လ ၁၂-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ သီရိဗိမာန်တော်အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ် မော်လမြိုင်ကျောင်းတိုက် ဆရာတော် ဦးဉာဏိဿရက အနန္တောအနန္တငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှင်မိသားစု ကိုကျော်သင်းဆိုင်၏ အရေဒါန၊ ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

“နာမရူပပစ္စယာ သဠာယတနံ” ဆိုတာနဲ့ပတ်သက်ပြီး ပဋ္ဌာန်းနည်းဖြင့် ဆက်သွယ်ပုံ အစိတ်အပိုင်းတချို့ကို ရှင်းပြပြီးခဲ့ပြီ၊ “နာမရူပပစ္စယာ” ဆိုတဲ့စကားကို “နာမပစ္စယာ”၊ “ရူပပစ္စယာ”၊ “နာမရူပပစ္စယာ” လို့ အပိုင်း ၃-ပိုင်းခွဲခြားပြီး နားလည်ရမှာဖြစ်သလို “သဠာယတနံ” ဆိုတဲ့စကားလုံးကိုလည်း “သဠာယတနံ” နဲ့
စာမျက်နှာ-၂၆၂
“ဆဌာယတနံ” လို့ အပိုင်း ၂-ပိုင်းခွဲပြီး နားလည်ရမှာဖြစ်ပါတယ်။ “သဠာယတနံ” ဆိုတာ အဇ္ဈတ္တိကာယတန ၆-ပါးလုံးကို ရည်ညွှန်းတဲ့စကား၊ “ဆဌာယတနံ” ဆိုတာကတော့ ခြောက်ခုမြောက်ဖြစ်တဲ့ မနာယတနတစ်ခုတည်းကို ရည်ညွှန်းတဲ့စကားလို့ နားလည်ရပါမယ်။

အရူပဘုံမှာ ရုပ်မရှိသည့်အတွက်ကြောင့် “နာမရူပပစ္စယာ” ဆိုတဲ့အပိုင်းမှာ “နာမပစ္စယာ” တစ်မျိုးပဲရမှာပေါ့။ နောက် “သဠာယတနံ” ဆိုတဲ့အထဲမှာလည်းပဲ အဇ္ဈတ္တိကာယတန ၆-မျိုးရှိတဲ့အထဲမယ် စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနဆိုတဲ့ ပသာဒအာယတန ရှေ့ ၅-ခုက ရုပ်တွေသာဖြစ်တယ်၊ မနာယတနက နာမ်တရားဖြစ်တယ်။ မနာယတနအရ ဒီနေရာမှာ စိတ်ကိုပဲကောက်တယ်။

အဲဒီတော့ အရူပဘုံနဲ့ပတ်သက်ပြီးတော့ မနေ့က ပဋိသန္ဓေအခါ၊ ပဝတ္တိအခါမှာ “နာမ” ဆိုတဲ့ စေတသိက်တရားကို အကြောင်းပြုပြီးတော့ “မနာယတန” ဆိုတဲ့ စိတ်အာယတနတစ်ခု ဖြစ်ပေါ်ရပုံ၊ ပဋိသန္ဓေအခါမှာဖြစ်ပေါ်ရပုံနဲ့ ပဝတ္တိအခါမှာဖြစ်ပေါ်ရပုံ၊ အရူပဗြဟ္မာတွေရဲ့သန္တာန်မှာဖြစ်တဲ့ စိတ်နဲ့စေတသိက်တရားတွေရဲ့ အပြန်အလှန်ဆက်သွယ်မှု - ပဋိစ္စသမုပ္ပါဒ်နည်းအရကတော့ နာမဆိုတဲ့ စေတသိက်ရှိနေသည့်အတွက်ကြောင့် မနာယတနဆိုတဲ့ အာယတနဖြစ်ရတယ်လို့ ဤမျှလောက်သာ ရည်ညွှန်းပြောဆိုသော်လည်း ပဋ္ဌာန်းနဲ့ပတ်သက်လာတဲ့အခါကျတော့ ထိုနာမဆိုတဲ့ စေတသိက်တရားဟာ မနာယတနဆိုတဲ့စိတ်နဲ့ ဆက်သွယ်တဲ့အခါမှာ သာမန်ဆက်သွယ်မှုမျိုးမဟုတ်ဘဲနဲ့ စွမ်းရည်သတ္တိတွေ၊ ပစ္စယသတ္တိတွေ ပါဝင်ဆက်သွယ်နေမှုကို ပဋ္ဌာန်းနည်းအရ နားလည်ကြရမယ်။
စာမျက်နှာ-၂၆၃
စိတ်နဲ့စေတသိက်ဟာ ပြိုင်တူဖြစ်လာတာဖြစ်သောကြောင့် ပြိုင်တူဖြစ်ရခြင်းသည်ပင်လျှင် သတ္တိတစ်မျိုးပဲ၊ သဟဇာတ - အတူတကွဖြစ်လာခြင်းသည်ပင်လျှင် သဟဇာတသတ္တိလို့ခေါ်တယ်၊ စွမ်းရည်သတ္တိတစ်မျိုးရှိတယ်၊ တချို့က ပြိုင်တူဖြစ်ပေမယ့်လို့ အပြန်အလှန်မရတာရှိတယ်၊ စိတ်နဲ့စေတသိက်ကျတော့ အပြန်အလှန်အထောက်အကူဖြစ်နေကြတာဖြစ်သောကြောင့် အညမည၊ အပြန်အလှန်အထောက်အကူဖြစ်တယ်ဆိုတဲ့ စွမ်းရည်သတ္တိကိုလည်းပဲ အသုံးပြုထားတာဖြစ်တယ်။

ထိုစိတ်၊ စေတသိက်တွေဟာ အချင်းချင်း အပြန်အလှန်မှီရာဖြစ်နေသောကြောင့်လည်းပဲ နိဿယဆိုတဲ့သတ္တိ ပါဝင်ပတ်သက်တယ်၊ တစ်ခါ စိတ်နဲ့စေတသိက်ဟာ ခွဲလို့မရလောက်အောင် တူ ၄-တူနဲ့ ယှဉ်တွဲနေတာဖြစ်သောကြောင့် သမ္ပယုတ္တသတ္တိနဲ့လည်းပဲ ကျေးဇူးပြုတယ်။

ပဋိသန္ဓေအခါဆိုတော့ ဝိပါက်စိတ်တွေဖြစ်တာဖြစ်သောကြောင့် ဝိပါကသတ္တိတဲ့၊ တစ်နေ့ကပြောခဲ့သလို ဝိပါက - ကုသိုလ်၊ အကုသိုလ်ကံတို့ရဲ့အကျိုးတရားဆိုတာ လှုပ်ရှားမှု၊ ပြုပြင်မှုမရှိဘူး၊ အင်မတန်ငြိမ်သက်တယ်၊ သူနဲ့ယှဉ်တွဲဖြစ်ရတဲ့ သဘာဝတရားတွေဟာလည်း အားလုံးငြိမ်သက်သွားတယ်၊ ဒါသည်ပင်လျှင် ဝိပါကသတ္တိပဲ။

အတ္ထိသတ္တိဆိုတာက အကြောင်းတရားရှိခိုက် အကျိုးကိုဖြစ်ထွန်းစေသော်လည်း အကြောင်းတရားမရှိတော့ဘူးဆိုရင် မဖြစ်ထွန်းစေဘူး၊ အဲဒီတော့ ရှိခိုက်မှာ ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိသတ္တိ၊ အကြောင်းတရား ကင်းကွာမသွားခင် ကျေးဇူးပြုတာ
စာမျက်နှာ-၂၆၄
ဖြစ်သောကြောင့် အဝိဂတသတ္တိလို့ - ဒီလို အရူပဘုံနဲ့ပတ်သက်ပြီးတော့ ပဋိသန္ဓေအခါမှာရော၊ နောက် အရူပဝိပါက်စိတ်မှာ ယှဉ်တဲ့စေတသိက်တချို့က ပဝတ္တိအခါမှာ မနာယတနဆိုတဲ့စိတ်ကို ဒီ ၇-ပစ္စည်းနဲ့ ကျေးဇူးပြုတယ်။

အရူပဘုံမှာ ဝိပါက်စိတ်တင်ဖြစ်တာမဟုတ်ဘူး၊ ကုသိုလ်စိတ်လည်းဖြစ်သေးတယ်၊ ကြိယာစိတ်လည်းဖြစ်သေးတယ်၊ တခြားစိတ်တွေလည်းဖြစ်သေးတယ်၊ အဲဒီတော့ဖြစ်သည့်အတွက်ကြောင့် အရူပဘုံမှာဖြစ်လာပြီဆိုရင် ဖြစ်လာတဲ့ဆိုင်ရာစေတသိက်က မနာယတနဆိုတဲ့ ဆိုင်ရာစိတ်ကို အကယ်၍ ဝိပါက်မဟုတ်ဘူးဆိုလို့ရှိရင် ဝိပါကပစ္စည်းမပါတဲ့ စွမ်းရည်သတ္တိ ၆-မျိုးနဲ့ ကျေးဇူးပြုတယ်လို့ ဒီလိုမှတ်ရမယ်။
ပဉ္စဝေါကာရဘုံ၌ “နာမရူပပစ္စယာ သဠာယတနံ” ဖြစ်ပုံ
တစ်ခါ ပဉ္စဝေါကာရ (ခန္ဓာငါးပါးရှိတဲ့) ဘုံဆိုတာ လူ့ဘုံတို့၊ နတ်ဘုံတို့၊ အဲဒီခန္ဓာငါးပါးရှိတဲ့ဘုံတွေမှာလည်းပဲ “နာမရူပပစ္စယာ သဠာယတနံ” ဆိုတဲ့စကားကို ထပ်ပြီးခွဲခြမ်းစိတ်ဖြာမယ်ဆိုရင် “နာမလို့ဆိုတဲ့ စေတသိက်တရားရှိနေလို့ရှိရင် မနာယတနဆိုတဲ့ ခြောက်ခုမြောက် အာယတနဟာ ရှိလာရတယ်” ဆိုတဲ့ ကြောင်းကျိုးဆက်သွယ်မှု ပဋိစ္စသမုပ္ပါဒ်ကဆိုတယ်။ ဒီလိုယှဉ်ပြထားတဲ့အချက်ကို ပဋ္ဌာန်းနည်းနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင် ...

ပဋိသန္ဓေအခါမှာ - ဆိုပါစို့ - လူ့ဘုံဆိုလို့ရှိရင် အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ၊ (ဒါက လူစဉ်မမှီတဲ့ အချို့သော
စာမျက်နှာ-၂၆၅
လူသားတွေရဲ့ ပဋိသန္ဓေစိတ်၊) လူစဉ်မှီတဲ့ လူသားတွေရဲ့ ပဋိသန္ဓေစိတ်ကတော့ မဟာဝိပါက်စိတ် ၈-ခုထဲကတစ်ခုခု။

အဲဒီစိတ် ၉-ခုမှာယှဉ်ပြီးတော့ ဖြစ်ပေါ်လာတဲ့စေတသိက်တွေကို ဒီနေရာမှာ နာမလို့ဆိုလိုတယ်။ အဲဒီနာမကနေပြီးတော့ ယှဉ်လာတဲ့စိတ်လို့ဆိုတဲ့ မနာယတန၊ ဆိုပါစို့ - မဟာဝိပါက်စိတ်မှာယှဉ်တဲ့ စေတသိက်ဆိုတဲ့နာမ ရှိနေသည့်အတွက်ကြောင့် မနာယတနဆိုတဲ့ မဟာဝိပါက်စိတ်ရှိလာရတယ်လို့၊ ဒါတော့ခွဲခြားလို့မရဘူး၊ ပြိုင်တူဖြစ်လာတာတွေမို့၊ အပြန်အလှန်ဆက်သွယ်နေပုံကို သဘောပြောပြတာ - ပဋိစ္စသမုပ္ပါဒ်မှာ “နာမရူပပစ္စယာ သဠာယတနံ” ဆိုတဲ့အထဲ ဒါအကျုံးဝင်သွားပြီး။

ကောင်းပြီ - အဲဒီစေတသိက်တွေက သက်ဆိုင်ရာ ပဋိသန္ဓေစိတ်လို့ဆိုတဲ့ မနာယတနအား ဘာပစ္စည်းတွေနဲ့ကျေးဇူးပြုတုန်းလို့ပြောလို့ရှိရင် ခုနပြောခဲ့တဲ့ ၇-ပစ္စည်းနဲ့ပဲကျေးဇူးပြုတယ်၊ စိတ်ယှဉ်၊ စေတသိက်ယှဉ်ဆိုတာ၊ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ဝိပါက၊ အတ္ထိ၊ အဝိဂတလို့၊ ဒါက ယေဘူယျခြုံငုံပြောတော့ ၇-ပစ္စည်းလို့ပြောတာ၊ သီးသီးသန့်သန့်ထုတ်ပြီးတော့ ၇-ပစ္စည်းလို့ပြောတာ။

မဟာဝိပါက်စိတ် ၈-ခုမှာ ယှဉ်တဲ့စေတသိက်တွေထဲမှာ အလောဘတို့၊ အဒေါသတို့လည်းပါတယ်၊ ဖဿဆိုတာလည်းပါတယ်၊ စေတနာဆိုတာလည်းပါတယ်ပေါ့၊ အလောဘ၊ အဒေါသတို့ဦးတည်ပြီးတော့ပြောမယ်... နာမအရ အလောဘ၊ အဒေါသကို ဦးတည်ပြီးတော့ယူလိုက်မယ်၊ မနာယတနအရက အလောဘ၊ အဒေါသနဲ့ယှဉ်တဲ့စိတ်ကိုပြောမယ်ဆိုရင်တော့ ပစ္စယ
စာမျက်နှာ-၂၆၆
သတ္တိတစ်ခု ထပ်တိုးလာတယ်၊ အလောဘ အဒေါသက ဟေတု ဖြစ်သောကြောင့် ဟေတုသတ္တိတစ်ခု ထပ်တိုးလာတယ်၊ ခုနက ပြောခဲ့တဲ့ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ဝိပါက၊ အတ္ထိ၊ အဝိဂတတို့အပြင် ဟေတုသတ္တိတစ်ခု ထပ်ပိုလာတယ်ပေါ့။ စွမ်းရည်သတ္တိတစ်ခု ထပ်တိုးတယ်လို့ ဒီလိုပြောရမယ်။ ။

အကယ်၍ ပစ္စည်းဘက်ကို ဖဿလို့ ထားပြီးတော့ ဖဿနဲ့ ယှဉ်တဲ့ စိတ်တွေကို ပစ္စယုပ္ပန်ဘက်က ထားလိုက်မယ် ဆိုလို့ရှိရင်လည်း ဖဿသည် ဆိုင်ရာစိတ်အား အာဟာရသတ္တိနဲ့ ကျေးဇူးပြုနိုင်တာ ဖြစ်သောကြောင့် အာဟာရ ထပ်ထည့်ရမယ်၊ ၇-ခုထဲမှာ အာဟာရထပ်ထည့်တော့ ၈-ခု ဖြစ်သွားမယ်။

တစ်ခါ စေတနာဆိုတဲ့ သဘာဝတရားဟာလည်းပဲ ဖဿ၊ စေတနာ၊ ဝိညာဏ လို့ဆိုတဲ့ အာဟာရထဲမှာ ပါတယ်၊ ပါသည့်အတွက်ကြောင့် ဒီနာမအရ စေတနာကို ထပ်ပြီးတော့ ပြောလိုက်မယ်၊ မနာယတနအရက ထိုစေတနာနဲ့ ယှဉ်တဲ့စိတ်တွေကို ကောက်ဦးမယ်ဆိုလို့ရှိရင် အာဟာရ ထပ်ပြီးတော့ ထည့်ရဦးမယ်၊ အဲဒီကျတော့ ၈-ပစ္စည်း ဖြစ်သွားပြီ၊ စွမ်းရည်သတ္တိတွေ တိုးလာမယ်၊ ဒါ အကြောင်းတရားပေါ်မှာ မူတည်ပြီးတော့ ပဋ္ဌာန်းပစ္စည်းတွေကို ဆက်သွယ်ပြီးတော့ ပြောတဲ့စကား။ ။

တစ်ခါ ဟေတုထဲက - မဟာဝိပါက်စိတ်မှာ ယှဉ်တဲ့ စေတသိက်တွေထဲမယ် အမောဟလို့ဆိုတဲ့ ပညိန္ဒြေ - အသိပညာ၊ အဲဒီအမောဟဆိုတာကို ပစ္စည်းအဖြစ် ယူလိုက်မယ် ... နာမ အရ အမောဟစေတသိက်ကို ပြောတယ်၊ အမောဟစေတသိက်က သူနဲ့ ယှဉ်တဲ့ မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ်တွေကို ဘယ်ပစ္စယ
စာမျက်နှာ-၂၆၇
သတ္တိတွေကို အသုံးပြုပြီးတော့ အကြောင်းအကျိုးအဖြစ် ဆက်သွယ်သလဲလို့ ဆိုတဲ့အခါမှာ အမောဟက ဟိတ်ဖြစ်လို့ ခုနက ၇-မျိုးထဲမှာ ဟေတုဆိုတာ ထပ်ထည့်ရမယ်။ ။

အမောဟက ပညိန္ဒြေလည်း ဖြစ်သောကြောင့် ဣန္ဒြိယကို ထပ်ထည့်ရမယ်၊ မဂ္ဂင် ၈-ပါးထဲမှာ သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်ဟာလည်း အမောဟပ် ဖြစ်တာ ဖြစ်သောကြောင့် မဂ္ဂပစ္စည်းကို ထပ်ထည့်ရမယ်၊ ဒီလို ပစ္စည်းလေးတွေ တိုးလာတဲ့သဘောလေးတွေ ရှိတယ်ပေါ့နော်၊ အဲဒီလို ဆက်သွယ်ပြီးတော့ နားလည်ရမယ်တဲ့၊ ဒါ ပဉ္စဝေါကာရဘုံမှာ ဖြစ်နိုင်တဲ့သဘောတရားလေးတွေကို ပြောတာ။
နာမသည် ရုပ်အား ကျေးဇူးပြုပုံ
ပဉ္စဝေါကာရဘုံဆိုတော့ နာမဆိုတဲ့ စေတသိက်က နေပြီးတော့ မနာယတနဆိုတဲ့ စိတ်ကို ကျေးဇူးပြုရုံမျှမကဘူး နာမဆိုတဲ့ စေတသိက်က သဠာယတနထဲက အာယတန ၅-ပါး - ရုပ်အာယတနတွေကိုလည်းပဲ ပြန်လှန်ဆက်သွယ်မှု ရတယ်၊ ဘာလို့လဲဆိုတော့ ပဉ္စဝေါကာရဘဝမှာရှိတဲ့ သတ္တဝါတွေဟာ ခန္ဓာငါးပါးနဲ့ ဖွဲ့စည်းထားတာ ဖြစ်လို့ အပြန်အလှန်ဆက်သွယ်မှုတွေ ရှိလာတယ်၊ အဲဒီလိုရှိလာတော့ စေတသိက်ကနေပြီး စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနတို့နဲ့ အဆက်အသွယ် မဖြစ်တာ မဟုတ်ဘူး၊ သူကလည်း အဆက်အသွယ် ဖြစ်တယ်။

နာမဆိုတဲ့ စေတသိက်တရားတွေ ရှိသည့်အတွက်ကြောင့် စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနဆိုတဲ့ ဒီအာယတနတွေဟာလည်းပဲ ဆက်သွယ်
စာမျက်နှာ-၂၆၈
ပြီးတော့ ဖြစ်ပေါ်လာတယ်၊ နာမအရ နာမ်တရားကို ယူထားပြီး အာယတနအရ ရုပ်တရားယူသည့်အတွက်ကြောင့် နာမ်နဲ့ ရုပ်ဟာ အတူတကွ ဖြစ်ပေါ်လာနိုင်တယ်၊ ဒါကြောင့်မို့ သဟဇာတသတ္တိဆိုတာ ရတယ်၊ အချို့နာမ်နဲ့ ရုပ်သည် အတူတကွ ဖြစ်နိုင်တယ်။ နောက် မှီရာဖြစ်နိုင်သည့်အတွက်ကြောင့် နိဿယ။

ပဋိသန္ဓေအခါမှာ ပြောမယ်ဆိုရှိရင် ဝိပါက်စိတ်နဲ့သာ ဆိုင်တာမို့ ဝိပါက၊ နာမ်နဲ့ ရုပ် ဖြစ်သည့်အတွက်ကြောင့် အတူတကွ ဖြစ်ကြပေမယ့်လို့ နာမ်နဲ့ ရုပ်ဟာ သဘာဝချင်း ဆက်စပ်မှုမရှိတော့ ပြိုင်တူဖြစ်ခြင်း၊ ပြိုင်တူပျက်ခြင်း၊ မှီရာဝတ္ထုတူခြင်း၊ အာရုံတူခြင်းဆိုတဲ့ တူ ၄-မျိုးကို မရနိုင်သည့်အတွက်ကြောင့် ဝိပ္ပယုတ္တ၊ ရှိနေတုန်း ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိ၊ မကင်းကွာခင်ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတလို့ ဒီလိုပဋိသန္ဓေအခါမှာ အပြန်အလှန် ဆက်သွယ်မှုလေးတွေကို သဘောပေါက်ရမယ်တဲ့၊ ဒါ ပဋိသန္ဓေစိတ်နဲ့ စေတသိက် - သို့မဟုတ် - ပဋိသန္ဓေစိတ်နဲ့ မှီရာရုပ်ကလေးတွေ ဆက်သွယ်မှု၊ ဗုဒ္ဓစာပေက ဆိုထားတဲ့ လူသားတွေရဲ့ ပြောင်းလဲမှု။

ဒီနေရာမှာ လူသားတစ်ဦးအနေနဲ့ ပြောမယ်ဆိုရင် ပဋိသန္ဓေစိတ်ပေါ်တဲ့အချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အာယတနဟာ သတ္တဝါ အမျိုးအစားအလိုက် ခွဲခြားပြီး ကြည့်မှ ပိုပြီး တိကျမယ်။

လူတွေ မွေးဖွားပုံမွေးဖွားနည်းက “ဂဗ္ဘသေယျက” သို့မဟုတ် “ဇလာဗုဇ” ပေါ့နော်၊ မိခင်ရဲ့သားအိမ်မှာ သန္ဓေတည်ပြီးတော့ မွေးဖွားကြတယ်၊ ဒါ ဒီကနေ့ခေတ် အများစုမွေးဖွားတာ။
စာမျက်နှာ-၂၆၉
သို့သော် မွေးဖွားနိုင်တာတွေကို ပြောမယ်ဆိုရင် လူသားတွေဟာ ကိုယ်ထင်ရှား ဘွားကနဲပေါ်လာတဲ့ ဥပပါတ်ပဋိသန္ဓေအနေနဲ့ မွေးဖွားလို့ ရတယ်၊ ဒါတော့ အင်မတန် ရှားပါလိမ့်မယ်၊ ကမ္ဘာဦးက လူသားတွေတော့ အဲဒီပုံစံနဲ့ မွေးဖွားလာတယ်လို့ ပြောတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ အဲဒီတုန်းက လူ့ပြည်မှာ အမေလုပ်မယ့် ပုဂ္ဂိုလ် မရှိသေးဘူး၊ ပထမဆုံး စ,မွေးရတဲ့ သတ္တဝါဟာ ဘယ်က သတ္တဝါလဲလို့ဆိုတော့ ဗြဟ္မာပြည်မှာ သက်တမ်းစေ့လို့ စုတေစိတ် ကုလာတဲ့ ဗြဟ္မာကြီးတွေ၊

ဘယ်သတ္တဝါပဲဖြစ်ဖြစ် သူ့ဘုံသူ့ဘဝမှာ သက်တမ်းစေ့လို့ ကံကုန်ပြီဆိုလို့ရှိရင်ကတော့ ဘဝတစ်ခုကနေ ရွေ့လျောစမြဲပဲ။ အဲဒီတော့ ဗြဟ္မာကြီးတွေဟာ ကံကုန်လာတဲ့အခါ လူ့ဘုံလို့ သတ်မှတ်တဲ့ လူသားလို့သတ်မှတ်ရမယ့် သတ္တဝါတစ်မျိုးတည်းမှာ ရှေးဦးစွာ မွေးလာတယ်၊ အဲဒီလို ပထမဆုံးမွေးလာတဲ့ လူသားဟာ မိဘ ရှိတာ မဟုတ်ဘူး၊ မိဘမရှိသည့်အတွက် ကနေ့ခေတ် မွေးဖွားတဲ့ ပုံစံမျိုးနဲ့ မွေးဖွားတာမဟုတ်ဘူး၊ ခန္ဓာကိုယ်ထင်ရှားပေါ်လာတဲ့ မွေးဖွားနည်းနဲ့ မွေးဖွားလာတာ။

အဲဒီအချိန်တုန်းက ကမ္ဘာကြီးရဲ့ အခြေအနေဟာ ဒီကနေ့ပုံစံ မဟုတ်သေးဘူး၊ သဘာဝတရားဟာ အမြဲတမ်း ပြောင်းလဲနေတာ ဖြစ်တယ်၊ ကမ္ဘာရဲ့ မြေလွှာဆိုတာလည်း အခုလို တောတွေ တောင်တွေနဲ့ ပုံစံမျိုး မဟုတ်သေးဘူး၊ ကမ္ဘာကြီးက တည်ထွန်းကာစ ဆိုတော့ ရေပြင်ကြီးဖြစ်ပြီးတော့ ဒီကမ္ဘာကြီးကို အလင်းရောင်ပေးမယ့် နေတွေ လတွေဆိုတာလည်း အဲဒီတုန်းက မရှိသေးဘူး။
စာမျက်နှာ-၂၇၀
ကံပစ်ချလို့ လူ့ဘုံကိုရောက်လာတဲ့ ဗြဟ္မာပြည်က ပြောင်းရွှေ့လာတဲ့ -သို့မဟုတ်- ဗြဟ္မာပြည်က သေဆုံးလို့ လူ့ဘုံမှာဖြစ်လာတဲ့ အဦးဆုံး“ကမ္ဘာဦးလူသား”ဟာ အမှောင်ကြီးထဲမှာ လူလာဖြစ်ရတာ၊ သူ့အတွက် အလင်းမရှိဘူး၊ ဒါကြောင့်မို့လို့ သူ့ကို အလင်းပေးတဲ့အနေနဲ့ သူ့ခန္ဓာကိုယ်က ထွက်လာတဲ့ အလင်းရောင်နဲ့ သူက နေလို့ ရတယ်ပေါ့၊ ဒါကို “သယံပဘာ”- ကမ္ဘာဦးက လူသားတွေဟာ နေတွေလတွေရဲ့ အလင်းရောင်နဲ့ နေတာ မဟုတ်ဘူး၊ “ကိုယ်ပိုင်အလင်းရောင်” ရှိတယ်လို့ - အဲဒီလို ဆိုတယ်။

ပြီးတော့ ကမ္ဘာမြေကြီးက ယနေ့ကဲ့သို့ ပုံစံမျိုး မဟုတ်သေးသည့်အတွက်ကြောင့် သူတို့ကျက်စားသွားလာသည့် နေရာက ကောင်းကင်ပဲ၊ “အန္တလိက္ခ”ဆိုတာ ကောင်းကင်မှာပဲ သူတို့သွားလာတယ်။ ။

ဒီကနေ့ခေတ် လူတွေဟာ စိုက်ပျိုးပြီးတော့ အစာအာဟာရကို စားကြတယ်၊ အဲဒီခေတ်က စိုက်ပျိုးစရာ မြေလွှာလည်း မရှိသေးဘူး, စားစရာလည်း မရှိဘူးဆိုတော့ “ပီတိဘက္ခ” - ကျေနပ်မှုလေးဟာ သူ့အတွက် ထောက်ပံ့ပေးနေတဲ့ အာဟာရလေးတစ်မျိုးပဲ၊ ဒီတော့ ကမ္ဘာဦးက လူသားတွေ မွေးဖွားလာပုံကတော့ အဲဒီပုံစံပဲ၊ နောက်ပိုင်းကျမှ လူတွေဟာ ကိုယ်ရောင်ကိုယ်ဝါတွေလည်း ပျောက်တယ်၊ အဲဒီအချိန်တုန်းက “သတ္တ - သတ္တဝါ” လို့ပဲ ခေါ်တယ်ပေါ့၊ အမျိုးသား အမျိုးသမီး ခွဲခြားမှုလည်း မရှိသေးဘူး။

ဟိုး နောက်ပိုင်း ရောက်တဲ့အခါကျတော့မှ လူသားတွေဟာ ခုလို ပြောင်းလဲတိုးတက်လာတယ်၊ ဒါက ဗုဒ္ဓစာပေက ဆိုထားတဲ့ လူသားတွေရဲ့ ပြောင်းလဲမှု။
စာမျက်နှာ-၂၇၁
“ဒါဝင်”ဆိုတဲ့ သိပ္ပံဆရာကြီးကတော့ Evolutionဆိုတဲ့ သီအိုရီအရ မျောက်ကနေ တိုးတက်ပြီး လူဖြစ်လာတယ်လို့ ပြောတာ၊ အဲဒီတော့ နောက်က လူဖြစ်တာထက် ဗြဟ္မာက လူဖြစ်တာ ပိုကောင်းပါတယ်၊ Evolutionဆိုတာ ကမ္ဘာလူသားတွေပေါ်ပြီး နှစ်ပေါင်းအလွန်ကိုကြာမှ သူက အာဖရိကတိုက်တို့ကလို လူမျိုးနွယ်ရဲ့အရိုးတွေကို ကြည့်ရှုလေ့လာပြီးတော့မှ အဖြေထုတ်တာဆိုတော့ သူ့ဟာက ရှေးမကျဘူးပေါ့။ အင်မတန်မှ နောက်ကျတယ်လို့ ပြောရမယ်၊ သူဖော်ထုတ်တဲ့ ကမ္ဘာဦးလူသားဟာ သိပ်နောက်ကျတယ်။

မြတ်စွာဘုရားရဲ့ “အဂ္ဂညသုတ္တန်” မှာပါတဲ့ ဒီကမ္ဘာဦးလူသားဟာ လက်လှမ်းမမှီနိုင်လောက်အောင် အစောဆုံး ရှေးအကျဆုံး ဖြစ်လို့ ဒါကပိုပြီး မှန်ကန်မှုရှိတယ်ပေါ့၊ အရိုးကို မြေကြီးထဲက တူးပြီးတော့မှ လေ့လာရတာ မဟုတ်ဘူး၊ မြတ်စွာဘုရားက ဒိဗ္ဗစက္ခုဉာဏ်တော်ကြီးနဲ့ ကမ္ဘာမှာ ဘယ်ပုံစတင်ဖြစ်ပေါ်လာတယ်ဆိုတာ အကုန်လုံး ထင်ထင်ရှားရှားသိနိုင်တဲ့ဉာဏ်နဲ့ ကြည့်ပြီးမှ ဟောတာ ဖြစ်လို့ အရိုးကနေ ဆက်စပ်ပြီးတော့တွေးယူရတဲ့ သိပ္ပံဆရာတွေရဲ့ ပညာနဲ့ လက်လှမ်းမမှီဘူးပေါ့။

အဲဒါ ကမ္ဘာဦးလူသားတွေကတော့ သြပပါတိကပဋိသန္ဓေလို့ ဆိုပြီးတော့ ဒီလို သန္ဓေတည်နေခဲ့ကြတယ်ပေါ့၊ လူသားတွေ မွေးနိုင်တဲ့ နောက်တစ်နည်းက ဘာတုန်းဆိုလို့ရှိရင် အဏ္ဍဇတဲ့ - အဥကနေ မွေးတာ၊ မြန်မာရာဇဝင်တွေထဲမှာတော့ နဂါးအဥကနေ မွေးတာတွေ ဘာတွေ ရှိတယ်၊ ဘုရားသမိုင်းတွေ ဖတ်ကြည့်လိုက်လို့ရှိရင် အဥက မွေးတာတွေတွေ့ရတယ်။
စာမျက်နှာ-၂၇၂
နောက် မွေးနိုင်တဲ့နည်းတစ်နည်းကတော့ သံသေဒဇ လို့ ခေါ်တယ်၊ သံသေဒဇဆိုတာ အစိုဓာတ် အညှိ moisture တစ်ခုခုကို အစွဲပြုပြီးတော့ သန္ဓေတည်တာမျိုးတွေ၊ အဲဒါတွေက သံသေဒဇ လို့ ဒီလို ပြောလို့ရတယ်။

ခုခေတ် clone တို့ ဘာတို့ လုပ်တဲ့နည်းက ဒီပုံစံ သံသေဒဇ ပုံစံမျိုး ဖြစ်တယ်၊ လူသားတွေထဲမှာတော့ မြန်မာရာဇဝင်က ဝေဠုဝတီတို့ ဝါးပင်မှာသန္ဓေတည်သူလို့ ဒီလိုဆိုတယ်၊ ပါဠိစာပေမှာဘုရားလက်ထက်က မွေးဖွားလာတဲ့အထဲမှာတော့ ပေါက္ခရသာဒီပုဏ္ဏားတို့ဆိုတာ ကြာဖူးထဲမှာ လူဖြစ်လာတဲ့ပုဂ္ဂိုလ်၊ ဒါလည်း သံသေဒဇပုဂ္ဂိုလ်ပဲ၊ ငါးရာ့ငါးဆယ်ထဲမှာပါတဲ့ ပဒုမဝတီတို့ အဲဒီ ပဒုမဝတီမိဖုရားက မွေးဖွားလာတဲ့ ပစ္စေကဗုဒ္ဓါအလောင်းငါးရာတို့၊ အဲဒီငါးရာထဲမှာ တစ်ဦးကတော့ ပုံမှန်အတိုင်း သန္ဓေတည်ပြီး မွေးတာ၊ ကျန်တဲ့ ၄၉၉-ယောက်ကတော့ သံသေဒဇလို့ ပြောရမယ်။

အဲဒီလို လူသားတွေ မွေးဖွားပုံ မွေးဖွားနည်းက ၄-မျိုး ရှိတယ်၊ ယောနိ ၄-မျိုးလို့ခေါ်တယ်၊ အဲဒီယောနိ ၄-မျိုးထဲက တစ်မျိုးမျိုးနဲ့ လူသားတွေ မွေးဖွားနိုင်တယ်။

သို့သော် အခုပြောတာက ပဋိသန္ဓေအခါမှာ “နာမ”ဆိုတဲ့ စေတသိက်က စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနဆိုတဲ့ ဒီသဠာယတနနဲ့ ဆက်သွယ်ပြီးတော့ သဟဇာတ၊ နိဿယ၊ ဝိပါက၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတတို့ ဒီ ၆-ပစ္စည်းကို ပြောတာ၊ ဒါ ယေဘူယျ ခြုံငုံပြီးတော့ ပြောတာ။

ယနေ့ မွေးဖွားပုံမွေးဖွားနည်းနဲ့ ပြောမယ်ဆိုရင် လူတွေဟာ သန္ဓေတည်နေတဲ့အချိန် ကလလရေကြည်အခိုက်မှာ စက္ခာယတန
စာမျက်နှာ-၂၇၃
ဆိုတာ မရနိုင်သေးဘူး၊ အဲဒီလို နားလည်ရမယ်၊ စက္ခာယတန မရှိသေးဘူး၊ သောတာယတနလည်း မရှိသေးဘူး၊ ဃာနာယတနလည်း မဖြစ်သေးဘူး၊ ဇိဝှါယတနလည်း မဖြစ်သေးဘူး၊ ကာယာယတနတော့ ဖြစ်နေပြီ၊ ဒီတစ်မျိုးပဲ ရတယ်လို့ ဒီလိုပြောရမယ်၊ အဲဒီတော့ အသေးစိတ်ပြောမယ်ဆိုရင် သူက အကျယ်ကြီးပဲ။
အဘိဓမ္မာသဘော ဟူသည် ..
အဘိဓမ္မာသဘောဟာ သတ္တဝါအားလုံးကို ခြုံငုံပြီး သတ္တဝါအားလုံးကို cover ဖြစ်အောင် ပြောရတာ ဖြစ်တယ်၊ ဒီလို ခြုံငုံသုံးသပ်ပြောတဲ့အခါမှာ ယေဘူယျမှတ်တယ်၊ အသေးစိတ် တစ်ဦးစီတစ်ဦးစီ ပြောတဲ့အခါကျတော့ တစ်မျိုးပြောင်းမှတ်ရမယ်၊ အပြောင်းအလဲလေးတွေတော့ ရှိတယ်လို့ ဒီလို သဘောပေါက်ရမယ်။
ပဝတ္တိအခါ၌ ကျေးဇူးပြုပုံ
ပဝတ္တိအခါဆိုတာ - ပဋိသန္ဓေပြီးရင် “ပဝတ္တိ”လို့ ခေါ်တယ်။ မသေမချင်း ဆက်လက်ပြီး ဖြစ်ပေါ်နေတာ ပဝတ္တိ၊ အဲဒီမှာလည်းပဲ ဝိပါက်စိတ်၌ယှဉ်တဲ့ စေတသိက်တွေ - ဒါလူသားတွေရဲ့ သန္တာန်မှာဖြစ်တဲ့ ဝိပါက်စိတ်နဲ့ယှဉ်တဲ့ စေတသိက်တရားတွေဟာ ဝိပါက်စိတ်လို့ဆိုတဲ့ မနာယတနကို ၇-ပစ္စယသတ္တိဖြင့် ကျေးဇူးပြုတယ်၊ ဒါကတော့ (ခုနတုန်းကလို) စိတ်နဲ့စေတသိက်ဆိုတော့ သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ - ဒီ ၇-ခုပဲ၊ ခုနလိုပဲ ပြောင်းလဲတဲ့ သဘောတရားလေးတွေတော့ ရှိတယ်။
စာမျက်နှာ-၂၇၄
နောက်တစ်ခုက ပဝတ္တိအခါမှာ ဝိပါက်စိတ်သာ ဖြစ်တာ မဟုတ်ဘူး၊ ကျန်တဲ့စိတ်တွေလည်း ဖြစ်လာတယ် ဆိုပါစို့ - လူသားတစ်ယောက်ဟာ မိခင်ရဲ့ ဝမ်းထဲမှာ ကလလရေကြည်လို့ စတင်ဖွဲ့စည်းတည်နေပြီ ဆိုတဲ့အချိန်မှာ ပဋိသန္ဓေစိတ်လေးရယ်၊ စိတ်နဲ့ ယှဉ်ပြီးတော့ ဖြစ်တဲ့ စေတသိက်ရယ်၊ ကံက ဖန်တီးပေးလိုက်တဲ့ ကမ္မဇရုပ်အချို့ရယ်- ကာယ၊ ဘာဝ၊ ဝတ္ထုလို့ဆိုတဲ့ ကမ္မဇရုပ်-၃၀၊ လူသားတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် အဲဒါလေးတွေက ပြိုင်တူဖြစ်လာကြတယ် ကလလရေကြည်ဆိုတဲ့အထဲမယ် ဒီသဘာဝတရားလေးတွေ ပါလာတယ်ပေါ့။ အဲဒီအချိန်မှာ စိတ်အနေနဲ့က ဝိပါက်စိတ်ပဲ ရှိသေးတယ်။
ဘဝအစ စိတ်ဖြစ်စဉ်
ပဋိသန္ဓေအခိုက်အတန့်လေးကို လွန်မြောက်သွားတဲ့အခါ ပဋိသန္ဓေနောက်မှာ ဒုတိယအနေနဲ့ ဖြစ်တဲ့စိတ်၊ ဒုတိယစိတ်ကို “ပထမဘဝင်စိတ်” လို့ ခေါ်တယ်၊ အဲဒီဒုတိယစိတ် ဖြစ်လာတဲ့အချိန်မှာလည်းပဲ ဝိပါက်စိတ်ပဲ ရှိသေးတယ်၊ သူ့ကျတော့ ပဋိသန္ဓေလို့ မခေါ်တော့ဘူး၊ ဘဝင်္ဂ လို့ပဲ ခေါ်တယ်၊ ဘာဖြစ်လို့ ဘဝင်လို့ ခေါ်လဲဆိုတော့ “ဘဝစဉ်ဆက် ပြတ်မသွားအောင် ဆောင်ရွက်တဲ့ ကိစ္စ” ရှိလို့၊ ဆောင်ရွက်မှုကိစ္စကို ကြည့်ပြီးတော့ သူ့ကို ဘဝင်လို့ ခေါ်တယ်၊ အဲဒီဘဝင်စိတ် ဘယ်နှစ်ကြိမ်ဖြစ်တုန်းဆိုရင် ၁၆-ကြိမ် ဖြစ်တယ်။ အဲဒီထိအောင် ဝိပါက်စိတ်ပဲ ရှိသေးတယ်။

ဘဝင်စိတ်တွေ ဖြစ်ပြီးတဲ့အဆုံးမှာ “မနောဒွါရာဝဇ္ဇန်း”ဆိုတဲ့ ကြိယာစိတ်ကလေး ဖြစ်လာတယ်၊ ဘယ်သူကနေ လုပ်ပေးလိုက်
စာမျက်နှာ-၂၇၅
တာတုန်းဆိုရင် ကံအရှိန်ကနေ တွန်းပို့ထားပြီး ဒွါရအာရုံထိခိုက်မှုကြောင့် ဖြစ်တာ၊ ရှေ့စိတ်ချုပ်သွားတဲ့အခါ နောက်စိတ်ပေါ်ဖို့ရာအတွက် စွမ်းရည်သတ္တိတွေ ဖြစ်လာတယ်။ အဲဒါကြောင့် နောက်ဆုံး ဘဝင်စိတ် ချုပ်ပြီးတဲ့အချိန်မှာ မနောဒွါရာဝဇ္ဇန်းဆိုတဲ့ စိတ်ကလေးဟာ ဖြစ်ပေါ်လာတယ်၊ သူကတော့ ကြိယာစိတ်တစ်မျိုးပဲ၊ ကံရဲ့ အကျိုးမဟုတ်ဘူး၊ ဝိပါက်စိတ်မဟုတ်ဘူး၊ သို့သော် ကံနဲ့ဆက်စပ်ပြီးတော့ ဘဝမှာ ဖြစ်ပေါ်ပြီးတော့ လာတာ။

မနောဒွါရာဝဇ္ဇန်း ပြီးတဲ့အခါမှာ ဘာစိတ်လာတုန်းလို့ဆိုတော့ အဲဒီကျတော့မှ “အကုသိုလ်ဇော” စိတ်က အရင်ဆုံးလာတယ်၊ လောဘမူစိတ် အရင်ဆုံးလာတယ်- “လောဘဇော” ဘဝတစ်ခုရလာတဲ့အခါမှာ အဲဒီဘဝအပေါ်မှာ တွယ်တာမှုဆိုတဲ့တဏှာက အရင်ဆုံးဖြစ်လာတယ်။

ဒါ့ကြောင့်မို့ လောဘမူစိတ်တွေထဲက စိတ်တစ်ခုက အရင်ပေါ်လာတယ်။ အရှိန်အဟုန်နဲ့ ပေါ်လာတာ ဖြစ်သောကြောင့် သူ့ကို “ဇော”လို့ ခေါ်တယ်၊ ဝိပါက်စိတ် မဟုတ်တော့ဘူး၊ ပထမဇောမှ ဒုတိယဇော၊ တတိယဇော၊ စတုတ္ထဇော၊ ပဉ္စမဇော၊ ဆဋ္ဌဇော၊ သတ္တမဇောထိအောင် အဲဒီမှာ အကုသိုလ်လောဘမူစိတ် စဖြစ်တယ်၊ ဒါကြောင့်မို့လို့ လူတွေရဲ့ဘဝဟာ ဝိပါက်စိတ်နဲ့ စတယ်၊ ပြီးရင် ကြိယာစိတ်လာတယ်၊ ပြီးရင် အကုသိုလ်စိတ်လာတယ်၊ ကုသိုလ်ဖြစ်ဖို့ရာ ဝေးနေသေးတယ်နော်၊ ဘဝတစ်ခုမှာ အကုသိုလ်က စတယ်၊
စာမျက်နှာ-၂၇၆

ပဋ္ဌာန်းနည်း - “နာမသည် မနာယတန” အား
အဲဒီတော့ ပဉ္စဝေါကာရဘုံဘဝ လူသားတွေအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် “ဘဝနိကန္တိပထမဇော”- ဘဝကို တွယ်တာမှုဆိုတဲ့ လောဘဇောလေး စောလာတယ်၊ အဲဒီ လောဘမှာယှဉ်တဲ့ စေတသိက်လေးက လောဘ၊ အဲဒီဇောစိတ်က မနာယတန - အတူတူဖြစ်ကြတာပဲ။

“နာမပစ္စယာ သဠာယတနံ”နဲ့ပြောမယ်ဆိုရင် အဲဒီလောဘဆိုတဲ့ တွယ်တာမှုလေးက “နာမ”၊ အဲဒီနာမနဲ့ ယှဉ်ပြီးတော့ လာတဲ့ လောဘမူစိတ်ကျတော့ “မနာယတန”၊ ဒါ “နာမရူပပစ္စယာ သဠာယတနံ”ထဲမှာ အကျုံးဝင်တယ်၊ အဲဒီတော့ ပြိုင်တူဖြစ်ကြတာ အတူတကွမွေးလာတာ ဖြစ်သောကြောင့် သဟဇာတ၊ အပြန်အလှန်ဖြစ်လို့ အညမည၊ မှီရာဖြစ်လို့ နိဿယ၊ ယှဉ်ပြီးတော့ ဖြစ်လို့ သမ္ပယုတ္တ။

ဒီနေရာမှာ ဝိပါကဆိုတာ မရဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ လောဘမူစိတ်ဆိုတာ အကုသိုလ်စိတ်ဖြစ်လို့ ဝိပါက်စိတ် မဟုတ်တော့ဘူး၊ ဒါကြောင့်မို့လို့ ဝိပါက ဖယ်ရတယ်၊ ခုနက ၇-ပစ္စည်းထဲမှာ ဝိပါက မပါလို့ ၆-ပစ္စည်း၊ ၆-ပစ္စယသတ္တိဖြင့် ကျေးဇူးပြုတယ်လို့ ဒီလို နားလည်ရမှာပေါ့နော်။

ပဋ္ဌာန်းသဘောက သိပ်ပြီး အသေးစိတ်လွန်းအားကြီးတော့ တစ်ခုတစ်ခုကို လေ့လာဖို့ဆိုတာ တော်တော်လေးကို ခက်ခဲတယ်ပေါ့။
စာမျက်နှာ-၂၇၇
ကဲ နောက်တစ်ခု စဉ်းစားကြည့်ကြဦးစို့၊ ပဝတ္တိအခါပိုင်းမှာ ကြည့်လိုက်ဦး၊ ပဝတ္တိအခါပိုင်းမှာ “နာမရူပပစ္စယာ သဠာယတနံ” လို့ ခေါင်းစီးလေးကိုတော့ မမေ့နဲ့၊ နာမဆိုတာ စေတသိက်ကိုပဲ ယူရမယ်၊ စေတသိက်သည် ဝိပါက်စိတ်တွေမှာယှဉ်တဲ့ စေတသိက် ရှိတယ်၊ ဝိပါက်စိတ်မဟုတ်တဲ့ စိတ်တွေမှာယှဉ်တဲ့ စေတသိက်လည်း ရှိတယ်၊ အဲဒီစေတသိက်က စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနဆိုတဲ့ အာယတနတွေနဲ့ ဘယ်ပုံဘယ်နည်း ဆက်သွယ်မှု ရှိသလဲ၊ ဘာပစ္စည်းတွေနဲ့ အထောက်အကူပြုကြသလဲလို့ ဘယ်လိုဆက်သွယ်သလဲ၊ ဒါက ပစ္ဆာဇာတသတ္တိတဲ့၊ ခုန စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနဆိုတဲ့ ရုပ်တရားတွေဟာ ဘယ်သူ့ကြောင့် ဖြစ်တာတုန်းဆိုရင် ကံကြောင့်ဖြစ်တဲ့ရုပ်တွေပဲ၊ စက္ခုပသာဒ၊ သောတပသာဒ၊ ဃာနပသာဒ၊ ဇိဝှါပသာဒ၊ ကာယပသာဒဆိုတာ ကမ္မဇရုပ်တွေ။

အဲဒီကမ္မဇရုပ်တွေဟာ ကံအရှိန်ကြောင့် ကံက ထုတ်လိုက်လို့ ပေါ်ချိန်တန်တဲ့အခါမှာ ပေါ်လာပြီး သူ့ရဲ့ သန္တာန်မှာ စိတ်ရဲ့ ခဏတိုင်း ခဏတိုင်းမှာ ဖြစ်ကြတယ်၊ (ခဏတိုင်း ခဏတိုင်းဆိုတာ စိတ်ဥပါဒ်ခဏအချိန်မှာလည်း သူတို့ဖြစ်တယ်၊ စိတ်ရဲ့ ဒီခဏမှာလည်း သူတို့ဖြစ်တယ်၊ စိတ်ရဲ့ ဘင်ခဏမှာလည်း သူတို့ဖြစ်တယ်။)

ဒီလို စိတ်နဲ့ ဆက်စပ်ပြီး ဖြစ်ပေမယ့်လို့ စိတ်ကြောင့် ဖြစ်တာ မဟုတ်ဘူး၊ သူတို့က ကံကြောင့် ဖြစ်တာ၊ အဲဒီကံကြောင့် ဖြစ်တဲ့ စက္ခုပသာဒ မျက်စိအကြည်ရုပ်၊ သောတပသာဒ နားအကြည်
စာမျက်နှာ-၂၇၈
ရုပ်၊ ဃာနပသာဒ နှာခေါင်းအကြည်ရုပ်၊ ဇိဝှါပသာဒ လျှာအကြည်ရုပ်၊ ကာယပသာဒ ကိုယ်အကြည်ရုပ်- ဒီအကြည်ရုပ်လေးတွေက သူတို့ဖာသာသူတို့ စဉ်ဆက်မပြတ် ဖြစ်နေပေမယ့်လို့ “ကံကြောင့် ဖြစ်နေပေမယ့်လို့ ဘယ်သူက သူတို့ကို အထောက်အကူပြုတုန်းဆိုတော့ သူတို့နောက်မှာဖြစ်မယ့် စိတ်စေတသိက်တွေက သူတို့ကို အထောက်အကူပြုထားတယ်၊ စိတ်စေတသိက်မဖြစ်တော့ဘူး ဆိုရင် သူတို့လည်း ဖြစ်မှာမဟုတ်တော့ဘူး၊ အဲဒါကို ပစ္ဆာဇာတ ပစ္စည်း” လို့ ခေါ်တယ်။

နောက်မှဖြစ်တဲ့ စိတ်စေတသိက်တွေက ကြိုတင်ပြီးတော့ ဖြစ်နှင့်နေတဲ့ ရုပ်တရားတွေကို အထောက်အကူပြုတယ်၊ အထောက်အကူပြုတယ်ဆိုပေမယ့်လို့ နောက်မှ ဖြစ်တယ်လို့ ဆိုပေမယ့်လို့ - ရှိနေတုန်း ကျေးဇူးပြုတယ်ဆိုတာကိုတော့ သတိထားရမယ်၊ ရုပ်တွေက ကြိုတင်ဖြစ်နှင့်ပြီးတော့ ချုပ်သွားတာ မဟုတ်ဘူး၊ သူတို့က ကြိုတင်ဖြစ်နှင့်ပြီးတော့ ရှိနေတုန်းမှာ သူတို့နောက်က ဖြစ်ပေါ်လာတဲ့ စိတ်စေတသိက်တွေကနေ သူတို့ကို အထောက်အကူပြုတာ သူတို့ကို ဖြစ်စေတာ မဟုတ်ဘူး၊ ဒါကြောင့်မို့ ပစ္ဆာဇာတပစ္စည်းက ဥပက္ကာရကတစ်မျိုးတည်းပဲ ရတယ်၊ အထောက်အကူဖြစ်တာ - Supporting cause အထောက်အကူပြုရုံပဲ ပြုတယ်။

ဒီတော့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယဆိုတဲ့ ဒီပသာဒရုပ်တွေကို စေတသိက်တွေက ပစ္ဆာဇာတသတ္တိနဲ့ အထောက်အကူပြုတယ်ဆိုတော့ ပစ္ဆာဇာတရယ်၊ ဝိပ္ပယုတ္တရယ်၊ အတ္ထိရယ်၊ အဝိဂတရယ် ၄-ပစ္စည်းနဲ့ ကျေးဇူးပြုတယ်။
စာမျက်နှာ-၂၇၉
ဝိပါက်စိတ်မဟုတ်တဲ့ ကျန်တဲ့စိတ်တွေကလည်းပဲ ဒီအတိုင်းပဲ၊ ကျန်တဲ့စိတ်တွေက စက္ခု၊ သောတာ၊ ဃာန၊ ဇိဝှါ၊ ကာယဆိုတဲ့ ကြိုတင်ဖြစ်နှင့်နေတဲ့ ကမ္မဇရုပ်တွေ ထင်ရှားရှိနေသေးခင်၊ မပျက်စီးသေးခင် သူတို့နောက်မှာ ဖြစ်ပေါ်လာတဲ့ စိတ်စေတသိက်တွေက အထောက်အကူပြုတယ်၊ အဲဒါကို ပစ္ဆာဇာတသတ္တိလို့ ပြောတယ်။

ပစ္ဆာဇာတသတ္တိနဲ့အတူ ပါဝင်လာနိုင်တာတွေက ဘာတွေတုန်းဆိုတော့ နာမ်နဲ့ ရုပ် ဖြစ်သည့်အတွက်ကြောင့် ဆက်စပ်မှုမရှိလို့ ဝိပ္ပယုတ္တ- ယှဉ်တွဲမှု မရှိဘူး၊ ရှိနေတုန်း ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြုတာဖြစ်လို့ အဝိဂတလို့ ခေါ်တယ်၊ ၄-ပစ္စယသတ္တိနဲ့ ကျေးဇူးပြုတယ်။
ပဋ္ဌာန်းနည်း - “ရူပသည် သဠာယတန” အား
ကဲ နာမကို ဖယ်ထားလိုက် - ပြီးသွားပြီ “ရူပပစ္စယာ သဠာယတနံ”ကို ပြောကြရအောင်၊ သူက ထပ်စိပ်ဦးမယ်၊ ခုဟာ ရူပအကြောင်းကို ပြောမယ်၊ ခုနက နာမ်ချည်းပဲ ပြောလာခဲ့တာ နော်၊ “နာမရူပပစ္စယာ သဠာယတနံ” မှာ နာမရဲ့ အရနဲ့ ပြောလာတာ၊ အခုဟာက ရူပအရနဲ့ ပြောမယ်၊

ရူပဆိုတာ စောစောတုန်းက ပြောထားခဲ့တဲ့အတိုင်း ဝတ္ထုရုပ် ၆-ပါး၊ မဟာဘုတ် ၄-ပါး၊ ဇီဝိတိန္ဒြေကို - ဒါတွေကို ပြောတာ၊ “ရူပပစ္စယာ သဠာယတနံ” မှာ ဒီပြင်ရုပ်တွေကို ပြောတာ မဟုတ်ဘူး၊
စာမျက်နှာ-၂၈၀

ဟဒယဝတ္ထုရုပ်နှင့် ပဋ္ဌာန္ဓေစိတ်
ကဲ ကောင်းပြီ - ဝတ္ထုရုပ် ၆-ပါးထဲက ဟဒယဝတ္ထုရုပ်က မနာယတနကို ကျေးဇူးပြုတယ်၊ ဟဒယဝတ္ထုရုပ်ကနေ မနာယတနကို ကျေးဇူးပြုတာနဲ့ ပတ်သက်ပြီးတော့ ဘာစွမ်းရည်သတ္တိတွေကို အသုံးပြုခဲ့သလဲ?

ပဋ္ဌန္ဓေအခါမှာ လူသားသတ္တဝါတစ်ယောက်ကို ကြည့် - လူတွေရဲ့ ကလလရေကြည်နဲ့ သန္ဓေစိတ်လေး ပေါ်တဲ့အချိန်မှာ မဟာဝိပါက်စိတ်နဲ့ ယှဉ်ဘက်စေတသိက်တွေ - ဒါက နာမ်အစု၊ အတူတကွပေါ်လာတာက ကာယဒသကကလာပ်ဆိုတဲ့ ရုပ် ၁၀-ခု၊ ဘာဝဒသကကလာပ် ရုပ် ၁၀-ခု၊ ဝတ္ထုဒသကကလာပ် ရုပ် ၁၀-ခု လို့ ဆိုပြီးတော့ “ကမ္မဇရုပ်-၃၀” ပေါ်လာတယ်၊ ကမ္မဇရုပ် ၃၀-ရယ် စိတ်ရယ် စေတသိက်ရယ် အားလုံးပေါင်းပြီးတော့ ကလလရေကြည်မှာ ဖြစ်ပေါ်လာကြတယ်။ ။

အဲဒီလို ဖြစ်ပေါ်လာတဲ့ ပဋ္ဌန္ဓေစိတ်ကလေးကို ဒီနေရာမှာ မနာယတနလို့ ပြောရမယ်၊ အဲဒီထဲမှာ ပါလာတဲ့ ဟဒယဝတ္ထုရယ်၊ ပဋ္ဌန္ဓေစိတ်ဆိုတဲ့ မနာယတနရယ်၊ အဲဒီနှစ်ခုက ဘယ်လို စွမ်းရည်သတ္တိတွေနဲ့ အတူတူရှိနေကြတာလဲ၊ (အင်မတန်သေးငယ်တဲ့အရာထဲမှာ ရှိနေကြတယ်၊ သာမန်အမြင်နဲ့တော့ မမြင်နိုင်ဘူးပေါ့၊ မြတ်စွာဘုရားဟောလို့ ဒါ သိရတာ၊ ဟဒယဝတ္ထုနဲ့ ပဋ္ဌန္ဓေစိတ်ကလေးဟာ အပြန်အလှန်အထောက်အကူပြုနေတာ၊) သူတို့က အတူတကွဖြစ်ပေါ်လာတာ ဖြစ်သောကြောင့် သဟဇာတ၊ အတူတကွတည်နေတာ၊ တစ်ခုနဲ့တစ်ခု အပြန်အလှန်မှီတင်းနေတာဖြစ်သောကြောင့် အညမည၊ မှီရာဖြစ်သောကြောင့် နိဿယ၊ အပြန်
စာမျက်နှာ-၂၈၁
အလှန်ဖြစ်ပေမယ့်လို့ စိတ်နဲ့ ရုပ် ဖြစ်သည့်အတွက်ကြောင့် ယှဉ်တွဲလို့ မရလို့ ဝိပ္ပယုတ္တ၊ ရှိနေတုန်း ကျေးဇူးပြုတာ ဖြစ်သောကြောင့် အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတလို့ သတ္တိ ၆-မျိုးနဲ့ သူတို့ဟာ စွမ်းဆောင်ထားတယ်။ ဒီလို ဆိုလိုတယ်၊ ဒါ ဟဒယဝတ္ထုလေးရဲ့စွမ်းဆောင်မှုကို ပြောတာ၊ ဟဒယဝတ္ထုက သန္ဓေစိတ်ကလေးကို -သို့မဟုတ်- ဟဒယဝတ္ထုဆိုတဲ့ ရုပ်တရားက မနာယတနကို ကျေးဇူးပြုပုံပဲ။

မြတ်စွာဘုရားကတော့ ပဋိစ္စသမုပ္ပါဒ်မှာ သာမန် ဒီလိုဟောလိုက်တယ်၊ cover ဖြစ်အောင် “နာမရူပပစ္စယာ သဠာယတနံ” လို့ - “နာမ်ရုပ်ကြောင့် အာယတန ၆-ပါး ဖြစ်ရတယ်”လို့ ဒီလောက်ပဲဟောလိုက်တယ်၊ အဲဒီမှာ ရုပ်ဆိုတာကို ဘယ်ရုပ်လို့ မပြောတော့ဘူး၊ ဟဒယဝတ္ထုရုပ်ကို ပြောမယ်ဆိုလို့ရှိရင် မနာယတနကို ခုပြောတဲ့ သတ္တိ ၆-မျိုးနဲ့ ကျေးဇူးပြုတယ်။
မဟာဘုတ်နှင့် ဥပါဒါရုပ်
တစ်ခါ ရုပ်ကို - မဟာဘုတ်လေးပါးပဲ ယူကြပါစို့၊ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဆိုတဲ့ မဟာဘုတ် ၄-ပါး၊ အဲဒီ မဟာဘုတ် ၄-ပါးကို ပဋ္ဌန္ဓေအခါမှာဖြစ်ဖြစ်၊ ပဝတ္တိအခါမှာ ဖြစ်ဖြစ် “နာမရူပပစ္စယာ သဠာယတနံ” မှာ ရူပအရ မဟာဘုတ် ၄-ပါးကို ပြောမယ်၊ သဠာယတနအရ အာယတန ၅-ပါးကိုပဲ ပြောမယ်။ ဒီလို ရုပ်ရုပ်ချင်းပြောလိုက်မယ်ဆိုလို့ရှိရင် စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနဆိုတဲ့ ပသာဒအာယတနတွေက ဥပါဒါရုပ်၊ မဟာဘုတ်နဲ့ ဥပါဒါရုပ်၊
စာမျက်နှာ-၂၈၂
“မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော” လို့ မဟာဘုတ်နဲ့ ဥပါဒါရုပ်ဟာ ပြိုင်တူဖြစ်လာတယ်။

ကြည့်လေ- ခွဲလို့မရတဲ့ ရုပ် ၈-ခုထဲမှာ ကြည့်ပေါ့၊ မဟာဘုတ်နဲ့ ဥပါဒါရုပ်တွေဟာ ပြိုင်တူဖြစ်ကြတယ်။ အဲဒီမှာ အတူတကွ ဖြစ်လာတာ ဖြစ်သောကြောင့် သဟဇာတ၊ မှီပြီးတော့ ဖြစ်တာ ဖြစ်သောကြောင့် နိဿယ၊ ရှိနေတုန်း ကျေးဇူးပြုတာ ဖြစ်သောကြောင့် အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြုလို့ အဝိဂတလို့ - ဒီသတ္တိ ၄-မျိုးကို အသုံးပြုပြီးတော့ “နာမရူပပစ္စယာ သဠာယတနံ” မှာ ဒါကိုလည်း နားလည်ရမယ်။
ရူပအရ ရုပ်ဇီဝိတ ယူလျှင်
နောက်တစ်ခါ “ရူပ” အရ ရုပ်ဇီဝိတကို ယူပြီး သဠာယတနမှာကျတော့ စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနကို ယူမယ်ဆိုရင် ဒီအာယတန ၅-ပါးက ကံကြောင့်ဖြစ်တဲ့ရုပ်တွေ၊ အဲဒီကံကြောင့်ဖြစ်တဲ့ရုပ်တွေကို ရုပ်ဇီဝိတလို့ဆိုတဲ့ “ရူပ”က ထိန်းသိမ်းစောင့်ရှောက်တယ်။

ဒါကြောင့် ပဋ္ဌန္ဓေအခါမှာပဲဖြစ်ဖြစ် ပဝတ္တိအခါမှာပဲဖြစ်ဖြစ် ရုပ်ဇီဝိတကနေပြီးတော့ စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနဆိုတဲ့ အာယတန ၅-မျိုးကို ဣန္ဒြိယ၊ အတ္ထိ၊ အဝိဂတဆိုတဲ့ ၃-ပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ ဘာဖြစ်လို့တုန်းဆို ဇီဝိတိန္ဒြိယက ဣန္ဒြိယသတ္တိ လွှမ်းမိုးကြီးစိုးထားတယ်၊ ဘယ်နေရာမှာ လွှမ်းမိုးကြီးစိုးတုန်းဆိုလို့ရှိရင် မိမိနဲ့ အတူတကွ ဖြစ်တဲ့ ကမ္မဇရုပ်တွေကို စောင့်ရှောက်တဲ့နေရာမှာ သူက လွှမ်းမိုး
စာမျက်နှာ-၂၈၃
ကြီးစိုးတယ်၊ ဒါကြောင့်မို့ ဣန္ဒြိယ၊ အတ္ထိ၊ အဝိဂတ အနေနဲ့ ဆက်သွယ်မှုရှိကြတယ်၊ သတ္တိ ၃-မျိုးကို အသုံးပြုတယ်။
ရူပအရ အာဟာရယူလျှင်
တစ်ခါ “ရူပ” အရ ရုပ်အာဟာရကို ယူလိုက်မယ်၊ ရုပ်အာဟာရကို ယူပြီး သဠာယတနံအရကျတော့ ခုနက စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယလို့ အဲဒီ ၅-ခုကိုပဲ ယူလိုက်မယ်ဆိုရင် ဘာပစ္စည်းတွေ ရပြန်တုန်းဆိုတော့ “ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ” ဆိုတဲ့ အတိုင်းပဲ၊ အာဟာရ၊ အတ္ထိ၊ အဝိဂတ ပစ္စည်း ၃-မျိုး၊ စွမ်းရည်သတ္တိ ၃-မျိုးကို အသုံးပြုပြီး ဖြစ်လာတာ။
ရူပအရ ပသာဒရုပ်ကို ယူလျှင်
တစ်ခါ “ရူပ” အရ ပသာဒရုပ် ၅-ခုကို ယူလိုက်မယ်၊ ပသာဒရုပ် ၅-ခုကနေပြီးတော့ မနာယတနဆိုတဲ့ စိတ်နဲ့ ဘယ်လို ဆက်စပ်မှုရှိကြမလဲ၊ ပသာဒရုပ် ၅-ခုဆိုတာ ကြည့်လိုက်မယ်ဆိုရင် စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ လို့ စက္ခုဝတ္ထုကို မှီပြီးတော့မှ စက္ခုဝိညာဏ်စိတ်ဆိုတာ ဖြစ်တာ၊ သောတဝတ္ထု စသည်ကို မှီပြီးမှ သောတဝိညာဏ်စသည် ဖြစ်တာ။

အဲဒီလိုဖြစ်တော့ မနာယတနအရ ဆိုင်ရာဆိုင်ရာ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်စိတ်တွေကို ယူလိုက်မယ်လို့ဆိုရင် စက္ခုဝတ္ထုပေါ်မှာ တည်ပြီးတော့ ဖြစ်တာ ဖြစ်သောကြောင့် မှီရာဖြစ်တဲ့ ဟောဒီ စက္ခုပသာဒရုပ်က စက္ခုဝိညာဏ်စိတ်ကို နိဿယသတ္တိနဲ့ ကျေးဇူးပြု။
စာမျက်နှာ-၂၈၄
မယ်နော် မှီရာဖြစ်လို့၊ စက္ခုဝတ္ထုက စက္ခုဝိညာဏ်စိတ်လေး မဖြစ်ခင် ကြိုတင်ဖြစ်နှင့်ပြီးသားဖြစ်လို့ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုမယ်၊ Born together မဟုတ်ဘူး၊ သူတို့ကျတော့ born earlier၊ နောက် ပသာဒရုပ် ၅-ပါးဆိုတာမှာ စက္ခုန္ဒြေဆိုတဲ့ ဣန္ဒြိယ စက္ခုဝိညာဏ်စိတ်ဖြစ်ဖို့ရာမှာ မြင်ခြင်းကိစ္စမှာ လွှမ်းမိုးကြီးစိုးထားတာ ဖြစ်သောကြောင့် ဣန္ဒြိယသတ္တိနဲ့ ကျေးဇူးပြုမယ်။

နာမ်နဲ့ ရုပ်ဖြစ်လို့ ယှဉ်တွဲလို့ မရသည့်အတွက်ကြောင့် ဝိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုမယ်၊ ရှိနေတုန်း အထောက်အကူဖြစ်တာ ဖြစ်သောကြောင့် အတ္ထိပစ္စည်း၊ မကင်းကွာခင် ကျေးဇူးပြုတာ ဖြစ်သောကြောင့် ... အဝိဂတလို့ ... ပသာဒရုပ်ကနေပြီးတော့ မနာယတနကို အားလုံးပေါင်း ၆-ပစ္စည်းလို့ ဒီလိုမှတ်ရမယ်၊ ဒါက ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်း ထည့်ကြည့်လို့ရှိရင် ဒီအတိုင်း တွေ့ရမယ်။
ဝတ္ထုရုပ်တွေနဲ့ မနာယတနဆိုတဲ့ စိတ်
နောက်တစ်ခါ ဝတ္ထုရုပ်တွေနဲ့ မနာယတနဆိုတဲ့စိတ်၊ ပဉ္စဝိညာဏ်စိတ်မှတစ်ပါး ကျန်တဲ့စိတ်တွေ၊ ဝတ္ထုရုပ်တွေနဲ့ ကျန်တဲ့ မနာယတန ဆိုတဲ့ ကျန်တဲ့စိတ်တွေကို၊ အဲဒီ ကျန်တဲ့စိတ်တွေနဲ့ ပတ်သက်လာလို့ရှိရင်တော့ ဘာပစ္စည်းတွေ ကျေးဇူးပြုတုန်းဆိုရင် နိဿယ, ပုရေဇာတ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတ လို့ ပဝတ္တိအခါမှာ ဒီသတ္တိ ၅-မျိုးနဲ့ ကျေးဇူးပြုတယ်။
စာမျက်နှာ-၂၈၅
ခြုံငုံပြောရင် ဒီသတ္တိတွေနဲ့ ကျေးဇူးပြုနိုင်တယ်။

နောက်တစ်ခု အားလုံးပေါင်းလိုက်တဲ့ အခါကျတော့ “နာမရူပပစ္စယာ သဠာယတနံ” လို့ ဆိုတဲ့အခါမှာ ပဉ္စဝေါကာရဘုံမှာ နာမဆိုတာ စေတသိက်တွေကို ပြောတာ၊ ရူပဆိုတာ ဝတ္ထုရုပ်တွေကို ပြောတာ၊ ဒီတော့ စေတသိက်တွေ ဝတ္ထုရုပ်တွေ ဆိုတဲ့ နာမရူပက မနာယတနဆိုတဲ့ စိတ်အား ဘာသတ္တိတွေနဲ့ ကျေးဇူးပြုနိုင်တုန်း၊ စေတသိက်တွေရယ် ဝတ္ထုရုပ်တွေက ခြုံငုံပြီးတော့ ပြောမယ်ဆိုလို့ရှိရင် စေတသိက်နဲ့ စိတ်ဆိုတာ အတူတကွဖြစ်လာတာ ဖြစ်သောကြောင့် သဟဇာတ, အညမည, နိဿယ, ဝိပါက, သမ္ပယုတ္တ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတ လို့ general ပေါ့- စိတ်ရော စေတသိက်ရော အကုန်လုံးပေါင်းပြီးတော့ ခြုံငုံပြောလိုက်လို့ရှိရင် ဒီလိုသတ္တိတွေနဲ့ ကျေးဇူးပြုနိုင်တယ်။
သဲလွန်စလေးလောက်သာ ဖြစ်ပုံ
မြတ်စွာဘုရားက ဟောလိုက်တာတော့ “နာမရူပပစ္စယာ သဠာယတနံ” “နာမ်ရုပ်တွေ ရှိနေသည့်အတွက်ကြောင့် အာယတန ၆-ပါးဟာ ရှိရတယ်” လို့ ပဋိစ္စသမုပ္ပါဒ်မှာ ဒီလို နားလည်လိုက်ရပေမယ့်လို့ ပဋ္ဌာန်းကြည့်လိုက်တဲ့အခါကျတော့ အင်မတန်မှ ကျယ်ဝန်းများပြားသွားတယ်၊ ဒါတောင်မှပဲ သဲလွန်စလေးလောက် အဋ္ဌကထာဆရာက နည်းနည်းလေးစီ ရှင်းပြီးတော့ ပြောထားတာ၊ အသေးစိတ်ပြောမယ်ဆိုရင် ဒီထက် ကျယ်ဝန်းသွားစရာရှိတယ်။

ဒါ့ကြောင့် ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်တယ်ဆိုတာ ပဋိစ္စသမုပ္ပါဒ်ကိုလည်း လေ့လာပြီးသား ဖြစ်ရမယ်၊
စာမျက်နှာ-၂၈၆
ပဋ္ဌာန်းကျမ်းကိုလည်း သင်ကြားပြီးသား ဖြစ်ရမယ်၊ အခြေခံအားဖြင့် ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋ္ဌာန်း နှစ်ခုစလုံးကို သင်ကြားပြီးမှသာလျှင် နားလည်နိုင်မှာ ဖြစ်ပါတယ်၊ အဲဒီလိုမှ မဟုတ်ရင် ကိုယ့်သန္တာန်မှာ ဖြစ်နေပေမယ့်လို့ ကိုယ်နားမလည်တာတွေ အများကြီးပဲနော်။

ကိုယ်နဲ့ နီးလို့ ကိုယ်သိတယ်လို့ ဒီလိုလည်း မအောက်မေ့ကြနဲ့၊ ကိုယ်နဲ့ နီးပြီးတော့ ကိုယ်မသိတာ- ဥပမာ ကိုယ့်မျက်ခုံးမွှေး ဘယ်နှစ်ပင်ရှိမှန်း သိမှမသိတာ၊ နီးပြီးတော့ မသိတာတွေ အများကြီးပဲ။

အဲဒီတော့ နီးတာတွေကို သိအောင် ကြိုးစားပေါ့၊ အထူးသဖြင့် မိမိတို့သန္တာန်မှာ ဖြစ်နေတဲ့ နာမ်တရားတွေ ရုပ်တရားတွေ မည်သို့မည်ပုံ ဆက်သွယ်ပြီးတော့ ဖြစ်ပေါ်နေတယ်ဆိုတာ ဟော ဒီပဋိစ္စသမုပ္ပါဒ်တို့ ပဋ္ဌာန်းတို့ကို အသေးစိတ်လေ့လာခြင်းအားဖြင့် သိရှိနားလည်နိုင်တယ်ပေါ့။

အေး တချို့က မေးကောင်းမေးလိမ့်မယ်၊ အခုလို အသေးစိတ်သိမှ နိဗ္ဗာန်ရမှာလားဆိုတော့ ဒီလို အသေးစိတ်သိမှ နိဗ္ဗာန်ရမှာတော့ မဟုတ်ပါဘူးနော်၊ ထိုက်သင့်သလောက် သိလို့ရှိရင်လည်းပဲ တွယ်တာမှုတဏှာကို ဖယ်နိုင်တယ်၊ အရေးကြီးတာက နိဗ္ဗာန်ရောက်ဖို့ရာကတော့ အတွယ်အတာကွာဖို့က အဓိကပဲ၊ အတွယ်အတာတွေကို ဖယ်ရှားနိုင်ဖို့က အဓိကပဲပေါ့။
ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာမောဂ္ဂလာန်
ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာမောဂ္ဂလာန်ကို ကြည့် - တရားအားထုတ်တဲ့အခါမှာ ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာမောဂ္ဂလာန်-
စာမျက်နှာ-၂၈၇
သောတာပန်ဖြစ်တုန်းကတော့ နှစ်ဦးစလုံးဟာ ဂါထာလေးတစ်ပုဒ် နားကြားရင်းက နှစ်ပါဒလောက် ကြားလိုက်တာနဲ့ အကြောင်းနဲ့ အကျိုးဆိုတာကို သဘောပေါက်သွားလို့ သောတာပန်ဖြစ်သွားကြတယ်၊ ရဟန္တာဖြစ်ဖို့ ဝိပဿနာကျင့်စဉ်ကျင့်တဲ့အခါမှာ ရှင်သာရိပုတ္တရာက နှစ်ပတ်ကြာပေမယ့်လို့ ရှင်မဟာမောဂ္ဂလာန်ကျတော့ ၇-ရက်နဲ့ပဲ ပြီးသွားတယ်ပေါ့နော်၊ ဘာဖြစ်လို့ ရှင်သာရိပုတ္တရာ ကြာနေတာတုန်းလို့ မေးလို့ရှိရင်တော့ အသေးစိတ်လိုက်လို့။

အဲဒီတော့ အခုလို အသေးစိတ် လိုက်သင်နေရင် သံသရာထဲမှာ ကြာနေလိမ့်မယ်လို့ တချို့က ကြောက်ကောင်း ကြောက်နေကြလိမ့်မယ်၊ အဲဒီလိုတော့ ကြောက်လန့်စရာ မလိုပါဘူးနော်။
အသိဉာဏ်တန်ဖိုး
အသိဉာဏ်ဆိုတာဟာ အင်မတန်မှ တန်ဖိုးရှိပါတယ်၊ အသိဉာဏ်ရှိလေလေ မြတ်စွာဘုရားဟောကြားတဲ့ တရားဓမ္မတွေရဲ့ အတိမ်အနက်ကို သိလာလေလေမို့ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးကို ပိုပြီးတော့ တန်ဖိုးရှိမှန်း သိလာလေလေ ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့သည် ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ လာတဲ့အတိုင်း “နာမရူပပစ္စယာ သဠာယတနံ” လို့ ရှင်းလင်းဟောကြားထားတဲ့ မြတ်စွာဘုရားရဲ့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို အဋ္ဌကထာဆရာကြီးက ပဋ္ဌာန်းနည်းနဲ့ ဆက်စပ်ပြီးတော့ ဖွင့်ပြထားတယ်၊ အဲဒီဖွင့်ပြတာကို အခု အကျဉ်းချုပ်ရှင်းပြထားခြင်း ဖြစ်ပါတယ်။
စာမျက်နှာ-၂၈၈
ဒါ့ကြောင့်မို့ “မြတ်စွာဘုရားတရားတော်ဟာ တို့တစ်တွေ လက်လှမ်းမမှီရလောက်အောင် အင်မတန်မှ နက်နဲတယ်ဆိုတာ မှန်ပါပေတယ်” လို့ တရားဓမ္မပေါ်မှာ ပိုပြီးတော့ ကြည်ညိုလေးစားမှုတွေ ဖြစ်ပြီးတော့ ဆထက်ထမ်းပိုး ကုသိုလ်တရားတွေ ရအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-၂၈၉

အပိုင်း (၉)
သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပထမဝါဆိုလဆန်း ၂-ရက်၊ ခရစ်နှစ်-၂၀၁၀၊ ဇွန်လ ၁၃-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး၊ အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
“သဠာယတနပစ္စယာ ဖဿော”
“သဠာယတနပစ္စယာ ဖဿော” လို့ ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက ဟောထားတယ်၊ “အာယတန ၆-ပါးရှိလို့ ဖဿဆိုတာ ရှိလာရတယ်” လို့၊ အရပ်စကားနဲ့ ပြောရမယ်ဆိုရင် မျက်စိရှိလို့ ပြင်ပက မြင်စရာအာရုံနဲ့ ဆက်သွယ်မှုရလာတယ်၊ နားရှိလို့ ပြင်ပက အသံအာရုံနဲ့ ဆက်သွယ်မှုရလာတယ်၊ နှာခေါင်းရှိသည့်
စာမျက်နှာ-၂၉၀
အတွက်ကြောင့် အပြင်ဘက်က အနံ့အာရုံနဲ့ ဆက်သွယ်မှုရလာတယ်၊ လျှာရှိသည့်အတွက်ကြောင့် ပြင်ပက ရသအာရုံနဲ့ ဆက်သွယ်မှုဆိုတာရလာတယ်၊ ကိုယ်ကာယရှိသည့်အတွက်ကြောင့် အပြင်ဘက်က ဖောဋ္ဌဗ္ဗဆိုတဲ့အာရုံနဲ့ ဆက်သွယ်မှုရလာတယ်၊ မန ဆိုတဲ့စိတ်ရှိသည့်အတွက်ကြောင့် ပြင်ပက ဓမ္မဆိုတဲ့ အာရုံပေါင်းမျိုးစုံစုထားတဲ့ အထွေထွေအာရုံတွေနဲ့ ဆက်သွယ်မှုရလာတယ်လို့၊ ဒီလိုဆက်သွယ်မှုတွေ ရလာတယ်ဆိုတာ ဖဿကို ပြောတာ၊ စိတ်ကလေးကို အာရုံတစ်ခုနဲ့ ဆက်သွယ်မှုရလာစေတယ်ဆိုတာ ဖဿ။

အကြမ်းဖျင်း ပြောရမယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ်က သက်ရှိသတ္တဝါတွေကို သရုပ်ဖော်ပေးထားတာ၊ သက်ရှိသတ္တဝါတွေ မိခင်ဝမ်းထဲမှာ ပဋိသန္ဓေတည်နေလိုက်တာနဲ့ တစ်ပြိုင်နက် ထိုပဋိသန္ဓေစိတ်နဲ့ ယှဉ်တွဲဖြစ်လာတဲ့ နာမ်တရား ရုပ်တရားတွေဟာ ဖွံ့ဖြိုးတိုးတက်လာတယ်၊ အဲဒါကို “ဝိညာဏပစ္စယာ နာမရူပံ” လို့ ခေါ်တယ်။

အဲဒီလို နာမ်တွေ ရုပ်တွေ ဖွံ့ဖြိုးတိုးတက်လာတဲ့အခါ ဆက်သွယ်စရာအင်္ဂါတွေ sense organ တွေ ပါလာတယ်၊ အဲဒါကို “နာမရူပပစ္စယာ သဠာယတနံ” လို့ ဒီလိုဟောထားတာ၊ ဆက်သွယ်မှုကိုပြုနိုင်တဲ့ အင်္ဂါရပ်တွေ ပါလာသည့်အတွက်ကြောင့် ပြင်ပက အာရုံနဲ့ အဆက်အသွယ်တွေ ရလာတယ် ဆိုတာက - “သဠာယတနပစ္စယာ ဖဿော”၊ အဆက်အသွယ်တွေ ရလာတယ်ဆိုတော့ အကောင်းအဆိုးခံစားမှုတွေ ပေါ်လာတယ်၊ ဒါက “ဖဿပစ္စယာ ဝေဒနာ”။

ခံစားမှုတွေ ပေါ်လာတဲ့အတွက်ကြောင့် လိုချင်တပ်မက်မှု တွယ်တာမှုဆိုတဲ့ တဏှာတွေ ဖြစ်လာတယ် - “ဝေဒနာပစ္စယာ
စာမျက်နှာ-၂၉၁
တဏှာ”၊ အဲဒီတွယ်တာမှုတွေက ခိုင်မာစွဲလမ်းလာပြီဆိုရင်တော့ “တဏှာပစ္စယာ ဥပါဒါနံ” ဆိုပြီး ဖြစ်လာတယ်၊ အဲဒီလို စွဲလမ်းလာပြီဆိုရင် လူတွေမှာ ဘဝတစ်ခုကို တည်ဆောက်မယ့်ကံနဲ့ ထိုကံက တည်ဆောက်ထားတဲ့ဘဝဆိုတာ ရှိလာကြတယ်၊ အဲဒီလိုရှိလာတာကို “ဥပါဒါနပစ္စယာ ဘဝေါ” လို့ ခေါ်တယ်။

ဘဝရှိလာမှတော့ ဖြစ်မှုစတင်ခြင်း - ဇာတိဆိုတာ ရှိလာတာပဲ၊ ဒါကြောင့်မို့ “ဘဝပစ္စယာ ဇာတိ”၊ ဇာတိရှိမှတော့ ဇရာမရဏဆိုတာ လာတော့တာပဲဆိုပြီး “ဇာတိပစ္စယာ ဇရာမရဏံ” ဒီကြားထဲမှာ အိုခြင်းသေခြင်းဆိုတဲ့ စပ်ကြားထဲမှာ ဇာတိရဲ့အကျိုးဆက်အနေနဲ့ ဘာတွေလာသလဲဆိုရင် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတွေ လာတယ်တဲ့၊ စိုးရိမ်ရတယ်, ငိုကြွေးရတယ်, ကိုယ်ဆင်းရဲမှုနဲ့ ကြုံရတယ်, စိတ်ပင်ပန်းနွမ်းနယ်မှုတွေနဲ့ လူ့ဘဝရလာတဲ့ ပုဂ္ဂိုလ်တိုင်း ကြုံရတယ်ဆိုတာကို ပဋိစ္စသမုပ္ပါဒ်က သက်ရှိသတ္တဝါတို့ရဲ့ဘဝကို သရုပ်ဖော်ပြီး ဟောထားတယ်။

ပဋိစ္စသမုပ္ပါဒ်က သက်ရှိသတ္တဝါတွေနဲ့သာ သက်ဆိုင်တယ်၊ ပဋ္ဌာန်းကျတော့ သက်ရှိနဲ့တင်မကဘူး၊ သက်မဲ့တွေပါ မြတ်စွာဘုရားက ထည့်သွင်းပြီး ဥပနိဿယပစ္စည်းကို ဟောတယ်၊ အင်မတန်မှ ကျယ်ဝန်းတယ်ပေါ့။

ဒီကနေ့ “သဠာယတနပစ္စယာ ဖဿော” ဆိုတာနဲ့ ပတ်သက်ပြီး သာမန်အရပ်တွေးနဲ့ ပြောရမယ်ဆိုရင် လူတွေမှာ မျက်စိပါလာတယ်, နားပါလာတယ်, နှာခေါင်းပါလာတယ်, လျှာပါလာတယ်, ကိုယ်ပါလာတယ်, စိတ်ပါလာတယ်၊ ဒီလိုပါလာတဲ့အတွက်ကြောင့် ပြင်ပအာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿသဘောတရားတွေ
စာမျက်နှာ-၂၉၂
ဖြစ်လာတယ်၊ ဒါတွေ မပါရင် ဘယ်လိုမှ ဆက်သွယ်မှု မရဘူး၊ တယ်လီဖုန်းပါလာတဲ့အခါကျတော့ တယ်လီဖုန်းနဲ့ အဝေးကို လှမ်းပြီး ဆက်သွယ်ကြသလိုပဲ လူမှာဆက်သွယ်စရာကိရိယာလေးတွေ ပါလာတာ၊ အဲဒီပါလာသည့်အတွက်ကြောင့် ပြင်ပအာရုံတွေနဲ့ ဆက်သွယ်မှုတွေ ရလာတယ်။
သဠာယတနကို ဆဋ္ဌာယတန နဲ့ သဠာယတန ဟု နှစ်မျိုး ယူပုံ
“သဠာယတနပစ္စယာ ဖဿော” ဆိုတဲ့နေရာမှာ သတ္တဝါတွေကလည်း ဘဝအလိုက် အမျိုးမျိုးရှိတယ်၊ အဲဒီအမျိုးအစားအလိုက် သဠာယတနကို အရင်တစ်ခါပြောခဲ့သလို ဆဋ္ဌာယတနနဲ့ သဠာယတန လို့ ဒီစကားလုံးနှစ်ခုကိုပေါင်းပြီးတော့ သဠာယတနလို့ ပြောလိုက်တာ။ ဘာဖြစ်လို့တုန်းဆိုရင် အချို့သတ္တဝါက စိတ်သာရှိတယ်, ရုပ်မရှိဘူး၊ စိတ်သာရှိတဲ့သတ္တဝါအတွက်က “ဆဋ္ဌာယတန”-ခြောက်ခုမြောက် အာယတနဆိုတာ မနာယတနကို ပြောတာ၊ စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတနတို့ဆိုတာ ရုပ်တရားတွေပေါ့၊ အဲဒီရုပ်တရားတွေ မရှိတဲ့ အရူပဗြဟ္မာတွေကျတော့ နာမ်သက်သက်ပဲ ဖြစ်တယ်၊ ဒါကြောင့်မို့လို့ သူတို့အတွက် ခြုံမိငုံမိအောင် ဆဋ္ဌာယတန- ခြောက်ခုမြောက်အာယတနလို့ ပြောတာ။

တစ်ခါ ရုပ်နဲ့ နာမ်ရောပြီးတော့လာတဲ့ ပဉ္စဝေါကာရဘုံသား- လူတွေလို, နတ်ပြည်ခြောက်ထပ်က နတ်တွေလို, တခြားသတ္တဝါတွေလို အဲဒီပုဂ္ဂိုလ်တွေကျတော့ ရုပ်နဲ့ နာမ်ရောထားတာ ဖြစ်သည့်အတွက် သဠာယတန (အာယတန ၆-ပါး) လို့ - ဆဋ္ဌာယတန,
စာမျက်နှာ-၂၉၃
သဠာယတန ဒီစကားလုံးနှစ်ခုကို ပေါင်းလိုက်ပြီး သဠာယတနဆိုတဲ့ စကားလုံးတစ်ခုတည်းကို သုံးလိုက်တယ်၊ ဒါကို သဒ္ဒါနည်းနဲ့ ပြောမယ်ဆိုရင် ဧကသိသ်လုပ်တယ်၊ တစ်ခုကြွင်းလုပ်ထားတယ်လို့ ပြောတယ်၊ စကားကျဉ်းအောင်လို့ ချုံးထားလိုက်တယ်။
အတွင်းအာယတနကိုသာ ယူသောနည်း
အဲဒီတော့ အာယတန ၆-ပါးနဲ့ ပတ်သက်လာတဲ့အခါမှာ သက်ရှိသတ္တဝါတွေနဲ့ သက်ဆိုင်တဲ့ အဇ္ဈတ္တိကာယတန internal base လို့ ခေါ်တယ်၊ လူတွေရဲ့သန္တာန်မှာ အတွင်းအာယတန ၆-ပါး၊ အဲဒီ အတွင်းအာယတန ၆-ပါးကိုသာလျှင် ပဋိစ္စသမုပ္ပါဒ်မှာ “သဠာယတနပစ္စယာ ဖဿော” လို့ ဒီလိုဟောတာ၊ များသောအားဖြင့် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရက သက်ရှိသတ္တဝါတွေနဲ့သာ သက်ဆိုင်တယ်၊ မျက်စိနဲ့ မြင်ရတဲ့အာရုံတို့, နားကကြားရတဲ့ အသံတို့ဆိုတာ တချို့က သက်မဲ့ကလာတာတွေ ရှိသေးတယ်၊ ပြင်ပကလာတာတွေ ရှိသေးတယ်၊ ဒါကြောင့်မို့လို့ ဒီနေရာမှာ အာယတန ၆-ပါးလို့ ပြောတဲ့အခါမှာ စက္ခု သောတ ဃာန ဇိဝှါ ကာယ မန လို့ဆိုတဲ့ အဇ္ဈတ္တိကာယတန - အတွင်းအာယတန ၆-ပါးကိုသာ ပြောတယ်လို့ ဒီလိုဆိုတယ်။
အပြင်အာယတနကိုပါ ယူသောနည်း
သို့သော် အဘိဓမ္မာနဲ့ ပတ်သက်ပြီးတော့ အားလုံး ခြုံမိငုံမိဖို့ရာအတွက် တချို့အဘိဓမ္မာဆရာတွေက အာယတန ၆-ပါးလို့ ဆိုတဲ့နေရာမှာတဲ့ အတွင်းအာယတန ၆-ပါးတင်မကပါဘူး၊
စာမျက်နှာ-၂၉၄
အပြင်အာယတနတွေကလည်းပဲ အကြောင်းတရားဖြစ်နိုင်ပါတယ်, ဖြစ်နိုင်ခွင့်ရှိပါတယ်၊ အကျိုးတရားကသာ သက်ရှိသတ္တဝါတွေရဲ့ သန္တာန်နဲ့ သက်ဆိုင်တယ်၊ အပြင်အာယတနတွေကတော့ မိမိသန္တာန် မဟုတ်ဘဲ တခြားသန္တာန်မှာ ဖြစ်တာနဲ့လည်း သက်ဆိုင်နိုင်ပါတယ်-လို့ ဆိုပြီးတော့ သူတို့ကျတော့ အဓိပ္ပါယ် ... ဘယ်လိုဖော်တုန်း ဆိုလို့ရှိရင် “သဠာယတနပစ္စယာ ဖဿော” ဆိုတဲ့ စကားလုံးမှာ သဠာယတနကို ၃-မျိုး ခွဲလိုက်တယ်။

နံပါတ်တစ်က ဆဋ္ဌာယတန၊ နံပါတ်နှစ်က အဇ္ဈတ္တိကကို ရည်ညွှန်းပြီးတော့ သဠာယတန၊ နံပါတ်သုံးက ဗာဟိရအာယတန ခြောက်ပါးကို ရည်ညွှန်းပြီးတော့ သဠာယတနလို့၊ စကားလုံးသုံးလုံးကို သုံးတယ်၊ “ဆဋ္ဌာယတန, သဠာယတန, သဠာယတန”၊ အဲဒီစကားလုံး ၃-လုံးကို တစ်ခါချုံးလိုက်တဲ့အခါ “သဠာယတန” လို့ ဖြစ်တယ်လို့ ဒီလိုယူဆကြတယ်။

အဲဒီယူဆတဲ့နည်းကိုလည်းပဲ အဋ္ဌကထာမှာ ပြထားတယ်၊ ဒါကြောင့်မို့ ဖြစ်နိုင်တဲ့ သဘာဝတရားတွေကို ရှင်းပြထားတာ ဖြစ်သောကြောင့် ဒါလည်းပဲ မှတ်သားသင့်တယ်ပေါ့၊ ထိုထိုသုတ္တန်တွေကို ကြည့်မယ်ဆိုလို့ရှိရင်လည်း ဗာဟိရာယတန လို့ဆိုတဲ့ အပြင်အာယတနတွေကလည်း ဖဿနဲ့ ဆက်သွယ်တဲ့နေရာမှာ ဖြစ်ပေါ်လာနိုင်တယ်ပေါ့။
နှစ်နည်း မှတ်ရမယ် -
ဒါကြောင့်မို့ ဒီနေရာမှာ နှစ်နည်းမှတ်ရမယ် - သဠာယတနဆိုတဲ့ စကားလုံးကို ဆဋ္ဌာယတန, သဠာယတန ဆိုပြီးတော့ စကား
စာမျက်နှာ-၂၉၅
လုံးနှစ်လုံးကို ချုံးထားတယ်ဆိုတာက တစ်ခု၊ တစ်ခါ သဠာယတနဆိုတဲ့ စကားလုံးကို ဆဋ္ဌာယတန, သဠာယတန, သဠာယတန ဆိုတဲ့ စကားလုံး ၃-လုံးကို ချုံးထားတယ်လို့၊ ဒီတော့ အာယတနတွေ အားလုံးပါဝင်တယ်လို့ ဒုတိယနည်းက ဒီလိုဆိုလိုတယ်ပေါ့။

ဒီတော့ သဠာယတနဆိုတဲ့နေရာမှာ အကျဉ်းချုပ်ပြောရလို့ရှိရင် အခုဒီပဋိစ္စသမုပ္ပါဒ်နဲ့ ပတ်သက်ပြီးတော့ အာယတန ၁၂-ပါးလုံးကို ဖဿဖြစ်ဖို့ရာ အကြောင်းတစ်ခုအနေနဲ့ ထည့်သွင်းပြီး မှတ်သားရမယ်ပေါ့။
ဖဿ အရ
“သဠာယတနပစ္စယာ ဖဿော” မှာ- အာယတန ၆-ပါး ရှိသည့်အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးတရားကို ပြတဲ့အခါမှာ ဖဿ၊ ဖဿဆိုတာ စိတ်ကိုမှီပြီး ဖြစ်ပေါ်လာတဲ့ စေတသိက်တရားတစ်မျိုးပဲ၊ စိတ်တိုင်းစိတ်တိုင်းမှာ ဖဿရှိသည့်အတွက်ကြောင့် စိတ် ၈၉-ခု ရှိလို့ ဖဿလည်းပဲ ၈၉-မျိုး ရှိနိုင်တယ်၊ ဒီနေရာမှာ ပဋိစ္စသမုပ္ပါဒ်ဆိုတာ လောကီစိတ်တွေနဲ့သာ သက်ဆိုင်တာဖြစ်သောကြောင့် လောကီစိတ်-၈၁ ရှိသည့်အတွက်ကြောင့် ဖဿပေါင်း-၈၁ ရှိတယ်လို့ ဒီလိုပြောရမယ်။

သို့သော် ပဋိစ္စသမုပ္ပါဒ်မှာ အဓိကအားဖြင့်တော့ ဝိပါက်စိတ်-အကျိုးစိတ်တွေကို ရည်ညွှန်းတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် “သင်္ခါရပစ္စယာ ဝိညာဏံ” ကနေစပြီးတော့ အကျိုးစိတ်တွေကိုသာ ယေဘူယျအားဖြင့် ရည်ညွှန်းပြီး ပြောတာဖြစ်သောကြောင့် ဝိပါက်
စာမျက်နှာ-၂၉၆
စိတ်တွေကိုသာလျှင် ယေဘူယျအားဖြင့် ကောက်တယ်ပေါ့၊ ဝိပါက်နဲ့ ယှဉ်တဲ့ ဖဿကိုသာ ကောက်တယ်၊ သို့သော် တစ်ခါတစ်ရံကျတော့လည်း ဖဿရှိသမျှ အကုန်လုံးကို ကောက်ယူပြတာလည်း ရှိသေးတယ်ပေါ့။

ဒီတော့ ဖဿဆိုတာက သဘာဝအားဖြင့်ကတော့ တစ်ခုတည်းပဲ၊ သို့သော် ဒီနေရာမှာ ဖဿကို ၆-မျိုး မှတ်ရမယ်၊ ဘာနဲ့ ၆-မျိုး မှတ်တာတုန်းဆိုတော့ ဒွါရ ၆-ပါး ရှိလို့ ဖဿကိုလည်း ၆-မျိုးခွဲပြောတယ်၊ ဒွါရ ၆-ပါးလို့ဆိုတာ စာထဲကို သွားသတိမထားလိုက်နဲ့၊ စာထဲကဟာကို အမှတ်မထားနဲ့၊ ကိုယ့်သန္တာန်မှာ ဒွါရ ၆-ပါးဆိုတာ ဘာလဲလို့ဆိုတော့ စက္ခုဒွါရ, သောတဒွါရ, ဃာနဒွါရ, ဇိဝှါဒွါရ, ကာယဒွါရ, မနောဒွါရ ဒီဒွါရ ၆-ပါးပဲ။
ဒွါရ ဆိုတာ
ဒွါရဆိုတာ ပါဠိစကား, မြန်မာလိုပြန်ရင် တံခါးလို့ ပြောတာ၊ တံခါးဆိုတာ ဘာလုပ်တာလဲဆိုတော့ တံခါးဆိုတာ ဝင်ဖို့ထွက်ဖို့ပဲ၊ ဝင်တဲ့ထွက်တဲ့လူတွေ အသုံးချတာကို တံခါးလို့ ခေါ်တာ၊ “တံခါးဆိုတာ ဝင်စရာနဲ့ ထွက်စရာ”။

ဒါဖြင့် ဒီဒွါရဆိုတာကျတော့ ဘယ်သူ့ရဲ့တံခါးလဲဆိုတော့ “စိတ်ရဲ့တံခါး” လို့ ဒီလိုပြောမယ်၊ စိတ်ရဲ့ဝင်စရာထွက်စရာ၊ တကယ်တော့ ဒါတင်စားပြီးတော့ ပြောတာ၊ metaphorical word ပေါ့၊ စိတ်ဆိုတာ အပြင်ထွက်သွားတာလည်း မရှိဘူး၊ အတွင်းကို ဝင်လာတာလည်း မရှိဘူးပေါ့၊ မရှိပေမယ့်လို့ စိတ်နဲ့ပတ်သက်လာလို့ရှိရင် သုတ္တန်ပါဠိတော်တွေထဲမှာလည်း မြတ်စွာဘုရားဟောထားတယ်လေ- “ဒူရင်္ဂမံ ဧကစာရံ၊ အသရီရံ ဂုဟာသယံ” ဆိုတဲ့ ဓမ္မပဒမှာ-
စာမျက်နှာ-၂၉၇
“ဒူရင်္ဂမံ” စိတ်ဆိုတာ အဝေးကြီးကို သွားတတ်တယ်လို့ ဒီလိုဟောတယ်။ ဒါတင်စားပြီးတော့ ပြောတာ။

စိတ်က အဝေးသွားတယ်ဆိုတာ ဘာပြောတုန်း? အင်မတန်ဝေးလံတဲ့ ဒေသမှာရှိတဲ့ အာရုံကို ယူနိုင်တယ်လို့ ဒီလိုပြောတာ၊ ဘယ်လောက်ဝေးဝေး အင်မတန်ဝေးလံတဲ့အာရုံကို ချက်ချင်းယူနိုင်သည့်အတွက်ကြောင့် အဝေးကို သွားတယ်လို့ ဒီလိုပြောတာ။

ဒီနေရာမှာလည်းပဲ ဒွါရလို့ဆိုတဲ့နေရာမှာ အပြင်အာရုံကို ယူတာကို အပြင်ထွက်ပြီးတော့ အာရုံပြုတယ်လို့ အဓိပ္ပါယ်ပြုပြီး - မျက်စိကနေ အဆင်းအာရုံကို ယူတဲ့အခါမှာ “မျက်စိတံခါးဝက ထွက်ပြီး အဆင်းအာရုံကို ယူတယ်” လို့ ဒီလိုဆိုလိုတာ၊ ဒါကြောင့်မို့လို့ စိတ်ရဲ့ထွက်ပေါက် စိတ်ရဲ့ဒွါရတွေဟာ သက်ရှိသတ္တဝါတွေမှာ ၆-မျိုး ရှိတယ်တဲ့၊ အဲဒီ ၆-မျိုးက ဘာတွေတုန်းဆိုရင် မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်လို့ ဒီလို ၆-မျိုးရှိတာပေါ့။
ဖဿ ၆-မျိုး
ဒီဒွါရ ၆-ပါးရှိသည့်အတွက်ကြောင့် ထိုဒွါရ ၆-ပါးကနေ ထွက်ပြီး အာရုံယူတာ ဖြစ်သောကြောင့် ဖဿကို ဒွါရ ၆-ပါးနဲ့ နာမည်ပေးလိုက်တဲ့အခါကျတော့ ဖဿ ၆-မျိုး ဖြစ်သွားတယ်၊ စက္ခုနဲ့ နာမည်ပေးလိုက်တဲ့အခါကျတော့ စက္ခုသမ္ဖဿ၊ သံ ဆိုတဲ့ စကားလုံးလေးကို ထည့်ထားတယ်၊ ပါဠိမှာ စက္ခုဖဿ လို့တော့ မခေါ်ဘူး၊ မြတ်စွာဘုရားဟောတဲ့ တရားတော်တွေထဲမှာ သံ ဆိုတဲ့ စကားလုံးလေးကို ထည့်ထားပြီးတော့ စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿ, မနော-
စာမျက်နှာ-၂၉၈
သမ္ဖဿလို့ ဒွါရ ၆-ပါး ရှိသည့်အတွက်ကြောင့် ဖဿကို ၆-မျိုးခွဲယူတယ်၊ သဘာဝတရားကတော့ အတူတူပဲ, သို့သော် သက်ဆိုင်ရာ ဒွါရတွေကို ကြည့်ပြီး အမျိုးအစား ၆-မျိုး ခွဲယူတယ်။
အာယတနအများက ဖဿကို ဖြစ်စေပုံ
ဒါကြောင့်မို့လို့ ပဋိစ္စသမုပ္ပါဒ်အနေနဲ့ အာယတန ၆-ပါး ရှိလာလို့ရှိရင် ဟောဒီ ဖဿ ၆-မျိုးဆိုတာ ဖြစ်လာနိုင်တယ်၊ ဒါဖြင့် အာယတနတစ်မျိုးတည်းက ဖဿကို ဖြစ်စေတာလား၊ သို့မဟုတ် အာယတနအားလုံးက ဖဿတွေကို ဖြစ်စေတာလား? ဆိုတော့ မဟုတ်ဘူးတဲ့၊ အနည်းဆုံး အာယတန ၃-ခု ဆုံတဲ့အခါမှာ ဖဿကို ဖြစ်စေတယ်၊ ဒါကြောင့်မို့လို့ အာယတနအများက ဖဿကို ဖြစ်စေတယ်လို့ မှတ်ရမယ်။

ဆိုပါစို့ - စက္ခာယတနဆိုတဲ့ မျက်စိအကြည်၊ ထိုမျက်စိအကြည်ထဲမှာ ထင်ဟပ်လာတဲ့ ရူပါယတနဆိုတဲ့ အဆင်းအာရုံ၊ အဲဒီစက္ခာယတနနဲ့ ရူပါယတန နှစ်ခုဆုံလိုက်တဲ့အခါမှာ မနာယတနဆိုတဲ့ စိတ်ကလေး ပေါ်လာတယ်၊ အဲဒီစိတ်ပေါ်လာလိုက်တာနဲ့ တစ်ပြိုင်နက် ဖဿဆိုတာ ပေါ်လာတယ်၊ အဲဒီတော့ အာယတန ၃-မျိုး - ဖဿဖြစ်လာဖို့ရာအတွက်က စက္ခာယတန, ရူပါယတန, မနာယတနလို့ ဒီလို ၃-ခု ရှိတယ်။

သုတ္တန်ပါဠိတော်တွေမှာဆိုရင် မြတ်စွာဘုရားက ဘယ်လိုဟောတုန်းဆိုရင် “စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ တိဏ္ဏံ သင်္ဂတိ ဖဿော” လို့ ဒီလိုဟောတာ။
စာမျက်နှာ-၂၉၉
ဒါကို လက်တွေ့ဘဝနဲ့ ကိုက်ကြည့်ပေါ့၊ မျက်စိလည်း ရှိရမယ်၊ မြင်စရာအာရုံလည်း ရှိရမယ်၊ မျက်စိနဲ့ မြင်စရာအာရုံ ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် မြင်သိစိတ်ပေါ်လာပြီ၊ ဟော ၃-ခု ဖြစ်သွားပြီ၊ မျက်စိရယ်, မြင်စရာအာရုံရယ်, မြင်သိစိတ်ရယ်၊ အဲဒီ ၃-ခုဟာ အာရုံနဲ့ ဆက်သွယ်မှုရှိသည့်အတွက်ကြောင့် ၃-ခု ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် ဖဿဆိုတာ ပေါ်လာတာလို့ ဒီလိုပြောတာနော်။

ဒီတော့ ဖဿဖြစ်ပေါ်လာပုံလေးက ကြည့် - အာယတန ၃-ခုနဲ့ လာတာ၊ အဲဒီမှာ စက္ခုပသာဒဆိုတာ ရှိတယ်, ရူပါရုံဆိုတာ ရှိတယ်, စက္ခုဝိညာဏ်စိတ်ဆိုတဲ့ မနာယတနရှိတယ်၊ ဒီ ၃-ခုဆုံတဲ့အခါ ဖဿဆိုတာ လာတယ်လို့ - ဒါကို ပြလို၍ အာယတနများစွာကနေပြီးတော့ ဖဿတစ်ခုဖြစ်လာတယ်လို့ ဒီလိုဆိုလိုတာ။

ပဋိစ္စသမုပ္ပါဒ်နည်းအရကတော့ အာယတနတွေ ဖြစ်လာလို့ ဖဿဆိုတာ ဖြစ်လာရတာ၊ ဆိုပါစို့ - မျက်စိနဲ့ အဆင်းအာရုံမဆုံဘူးဆိုရင် မြင်သိစိတ်မဖြစ်ဘူး၊ မြင်သိစိတ်မဖြစ်လို့ရှိရင် စက္ခုသမ္ဖဿဆိုတဲ့ မျက်စိပေါ်မှာ မှီပြီးတော့ဖြစ်တဲ့ အထိအတွေ့ ဆက်သွယ်မှုဆိုတာ မဖြစ်နိုင်ဘူး၊ ဒါက ပဋိစ္စသမုပ္ပါဒ်က ဒီလောက်ပဲ ပြောတယ်။
ပဋ္ဌာန်းနည်း
ကောင်းပြီ - ပဋ္ဌာန်းနည်းကျတော့ “သဠာယတနပစ္စယာ ဖဿော” ဆိုတဲ့နေရာမှာ စက္ခာယတနနဲ့ ဖဿ ဘယ်လိုဆက်သွယ်သလဲ? ဒါကို အရင်ကြည့်ရမယ်။
စာမျက်နှာ-၃၀၀
သဠာယတနဆိုတာ စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတန ဆိုတဲ့ အဇ္ဈတ္တိကာယတန ၆-ပါး၊ အဇ္ဈတ္တိကာယတန ၆-ပါးနဲ့ အသီးသီးဖြစ်တဲ့အခါမှာ ဖဿနဲ့က ဘာပစ္စည်းတွေနဲ့ ဆက်သွယ်လာသလဲဆိုတာ ပဋ္ဌာန်းနည်းအရ လေ့လာသုံးသပ်ကြည့်ရမယ်။

စက္ခာယတနဆိုတာက ရုပ်တရား၊ ဖဿဆိုတာက နာမ်တရား စေတသိက်တရား- စက္ခုသမ္ဖဿလို့ခေါ်တယ်၊ စက္ခုဒွါရမှာ ပေါ်လာတဲ့ ဖဿဖြစ်သောကြောင့် စက္ခုသမ္ဖဿလို့ခေါ်တယ်၊ ဒီမှာ စက္ခာယတနဆိုတာကို တခြားနာမည်နဲ့ ပြောမယ်ဆိုရင် မှီရာဝတ္ထုရုပ်ကလေးပေါ့၊ စက္ခာယတနဆိုတာ စက္ခုဝတ္ထုပဲ၊ စက္ခုဝတ္ထုလို့ခေါ်ခေါ်, စက္ခာယတနလို့ခေါ်ခေါ်, စက္ခုပသာဒလို့ပဲခေါ်ခေါ်, စက္ခုဒွါရလို့ခေါ်ခေါ် အတူတူပဲလို့ ဒီလိုမှတ်ရမယ်။

စက္ခုပသာဒရုပ်ကလေးကို တစ်ခါတစ်ရံ စိတ်ရဲ့အာရုံကို ထွက်ယူရာ တံခါးဝသဖွယ်ဖြစ်သောကြောင့် စက္ခုဒွါရလို့ ဒွါရနဲ့ နာမည်ပေးတယ်၊ တစ်ခါတစ်ရံကျတော့ စိတ်ရဲ့မှီရာဝတ္ထုရုပ်ဖြစ်သောကြောင့် စက္ခုဝတ္ထုလို့ နာမည်ပေးတယ်၊ အာယတနနဲ့ ပတ်သက်လာတဲ့အခါကျတော့ စက္ခာယတနလို့ ဒီလိုနာမည်ပေးထားတယ်။

သဘာဝဖြစ်ပုံလေးကို သေချာကြည့်လိုက်ရင် မြင်သိစိတ် ဘယ်ဝတ္ထုရုပ်ပေါ်မှာ မှီပြီးဖြစ်လာသလဲ၊ ဆိုပါစို့ - စောင်းသံကလေးဟာ စောင်းအိုးပေါ်မှီပြီးတော့ဖြစ်တာ၊ စည်သံလေးဟာ စည်ကိုမှီပြီးတော့ဖြစ်တာ။
စာမျက်နှာ-၃၀၁
အဲဒါလိုပဲ မြင်သိစိတ်လေးဟာ စက္ခုပသာဒဆိုတဲ့ မျက်စိအကြည်ရုပ်ကိုမှီပြီးဖြစ်တယ်၊ အခု ဒီနေရာမှာ စက္ခာယတနဆိုတာ မျက်စိအကြည်ရုပ်ကလေးပဲ၊ စက္ခုဝတ္ထုလေးပဲ၊ သို့မဟုတ် မျက်စိတံခါးလေးပဲ၊ အဲဒါကို အမှီပြုပြီးတော့ စက္ခုဝိညာဏ်စိတ်ဖြစ်တယ်။ စက္ခုဝိညာဏ်စိတ် ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီစက္ခုဝိညာဏ်စိတ်နဲ့ ယှဉ်ပြီးပါလာတဲ့, အာရုံနဲ့ ဆက်သွယ်ပေးတဲ့ ဖဿဆိုတာ စက္ခုဝိညာဏ်စိတ်နဲ့ အတူတူ ပေါ်လာတာပဲ၊ အဲဒီတော့ မှီရာဝတ္ထုရုပ်ဖြစ်တဲ့ စက္ခုပသာဒရုပ် စက္ခာယတနက ဖဿဆိုတဲ့ (စက္ခုဝိညာဏ်စိတ်နဲ့ အတူတကွဖြစ်တဲ့ဖဿဆိုတဲ့) သဘာဝတရားကို ပဋ္ဌာန်းပစ္စည်းနဲ့ ဘယ်ပုံကျေးဇူးပြုထားတာတုန်း? ပဋ္ဌာန်းနည်း လေ့လာတဲ့အခါကျတော့ ဘယ်လိုဖြစ်တုန်းဆိုတာ သိရအောင် စိတ်အစဉ်ကို ကြည့်လိုက်ရအောင်။
စိတ်အစဉ် ဖြစ်ပုံ
မျက်စိနဲ့ အဆင်းအာရုံလေး.. ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်အစဉ်မှာ ပထမဆုံးဘာလာတုန်းဆိုတော့ (ဘဝင်စိတ်တွေကို ချန်ထားလိုက်ရင်) တံခါးကိုဖွင့်ပေးတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ပေါ်လာတယ်၊ ဒီစိတ်ပေါ်ပြီး ပျက်သွားမှ မြင်သိစိတ်ဆိုတဲ့ စက္ခုဝိညာဏ်စိတ် ပေါ်လာတယ်၊ အဲဒီစိတ်ပျက်သွားပြီဆိုတဲ့အခါကျတော့မှ အဲဒီအာရုံကိုလက်ခံတဲ့ သမ္ပဋိစ္ဆင်းစိတ်ပေါ်လာတာ၊ အာရုံကိုလက်ခံတဲ့စိတ်ပျက်သွားမှ အာရုံကိုစုံစမ်းတဲ့ သန္တီရဏစိတ်ပေါ်လာတာ၊ အာရုံကိုစုံစမ်းတဲ့ သန္တီရဏစိတ်ပြီးတဲ့အခါမှာ ဆုံးဖြတ်တဲ့ သတ်မှတ်ချက်ချတဲ့ ဝုဋ္ဌောဆိုတဲ့ စိတ်ကလေးပေါ်လာတယ်၊ ပြီးတော့မှ
စာမျက်နှာ-၃၀၂
အာရုံ၏အရသာကို ခံစားတဲ့ဇော၊ ထိုဇောရဲ့နောက်က ဆက်ပြီး ဖြစ်ပေါ်လာတဲ့ တဒါရုံ၊ ပြီးတဲ့အခါမှ သက်တမ်းစေ့လို့ ဒီရူပါရုံလေးရဲ့ သက်တမ်းဟာစေ့သွားတယ်၊ သက်တမ်းစေ့သွားလို့ ချုပ်သွားတယ်ပေါ့၊ ဒီလိုဆိုလိုတာ။
စက္ခာယတနများစွာထဲမှ အမှီခံစက္ခာယတန
အဲဒီတော့ စက္ခာယတနဆိုတဲ့ စက္ခုပသာဒလေးဟာ ဘယ်အချိန်က ပေါ်နေတာတုန်းလို့ မေးမယ်ဆိုလို့ရှိရင် ဒီစက္ခာယတနလေးက ကမ္မဇရုပ်ကလေးပဲ- ကံကြောင့်ဖြစ်တဲ့ ရုပ်တရား၊ ကံကြောင့်ဖြစ်တဲ့ရုပ်တရားဟာ သူစတင်ဖြစ်လာတဲ့အချိန်မှ စပြီးတော့ စဉ်ဆက်မပြတ် ဖြစ်နေတာ၊ စိတ်ရဲ့ခဏတိုင်း ခဏတိုင်းမှာ ဟောဒီကမ္မဇရုပ်တွေက ဖြစ်နေတာ၊ ဖြစ်နှင့်ပြီးသားကမ္မဇရုပ်တွေက စိတ် ၁၇-ချက်ခန့်ဆိုရင် ပျက်သွားကြတယ်၊ နောက်ထပ် အသစ်ဖြစ်တာတွေက ဆက်လက်ပြီးဖြစ်နေတယ်၊ သူ့သက်တမ်းလေးတွေနဲ့ သူသွားနေတာပဲ အမြဲတမ်း စဉ်ဆက်မပြတ်။

စိတ္တက္ခဏတိုင်း ဖြစ်တယ်လို့ဆိုတာက စိတ်မှာ ဖြစ်, တည်, ပျက် ဆိုတဲ့ ခဏ ၃-မျိုးရှိတယ်၊ အင်မတန်တိုတောင်းတဲ့လေးတွေ၊ စိတ်ကလေးဖြစ်တဲ့အခိုက်မှာလည်း ကမ္မဇရုပ်က အသစ်ဖြစ်တယ်၊ တည်တဲ့အခိုက်မှာလည်း ကမ္မဇရုပ်အသစ်ဖြစ်တယ်၊ စိတ်ကလေးပျက်သွားတဲ့ အချိန်ပိုင်းမှာလည်း ကမ္မဇရုပ်က အသစ်ဖြစ်တယ်၊ သူက ကံရဲ့အရှိန်နဲ့ သွားနေတာ, စိတ်နဲ့မပတ်သက်ဘူး၊ သို့သော် ဆက်သွယ်မှုတော့ရှိတယ်ပေါ့၊ အဲဒီလို သွားနေတဲ့ စက္ခုပသာဒရုပ်လေးဟာ မျက်စိမပျက်မချင်း စပေါ်လာတဲ့-
စာမျက်နှာ-၃၀၃
အချိန်ကနေ တစ်သက်လုံး ဒီပုံစံနဲ့ သွားနေမှာပဲ၊ သွားနေတဲ့အခါ စက္ခာယတနတွေဟာ မြောက်မြားစွာရှိတယ်၊ သန်းချီ ကုဋေချီပြီး တော့ ရှိနေမယ်ပေါ့။

အဆင်းအာရုံလေးနဲ့ အဲဒီစက္ခုပသာဒလေးနဲ့ ဆုံပြီ၊ ဆုံလိုက် လို့ မြင်သိစိတ်ကလေး ပေါ်လာတယ်ဆိုတဲ့ အချိန်မှာ အဲဒီမြင်သိ စိတ်လေးဟာ မြောက်မြားစွာသောစက္ခုပသာဒရုပ်တွေထဲက ဘယ် စက္ခုပသာဒရုပ်ကို မှီသလဲလို့ သိရတယ်၊ သူနဲ့ပြိုင်တူဖြစ်တဲ့ စက္ခုပသာဒရုပ်ကို မှီသလားဆိုတော့ မမှီဘူး၊ သူ့ရဲ့အရင် ကြိုတင် ပြီးတော့ ရူပါရုံလေးပေါ်လာတဲ့ အချိန်မှာပေါ်တဲ့ စက္ခုပသာဒရုပ် လေးကို မှီတယ်။

စက္ခုဝိညာဏ်စိတ်လေးက ရူပါရုံနဲ့ စက္ခုပသာဒ ဆုံလိုက် တဲ့ အချိန်ကလေးမှာ ဘဝင်စိတ်က ချက်ခြင်းပြတ် မသွားနိုင်သည့် အတွက်ကြောင့် “အတီတဘဝင်”ဆိုတဲ့ လွန်သွားတဲ့ဘဝင်လေးက တစ်ချက်၊ အာရုံသစ် ဝင်လာသည့်အတွက်ကြောင့် ဘဝင်က မငြိမ် မသက် ဖြစ်သွားတာက တစ်ချက် “ဘဝင်္ဂစလန၊ ဘဝင်လေးပြတ် သွားတာက တစ်ချက် “ဘဝင်္ဂုပစ္ဆေဒ” ဆိုတော့ အနည်းဆုံး ဘဝင် ၃-ချက် လွန်သွားတယ်။

ဘဝင် ၃-ချက် လွန်သွားတဲ့အခါမှ ဒီရူပါရုံလေးနဲ့ ဆက်သွယ် ပြီး အလုပ်လုပ်ဖို့ရာ ဖွင့်ပေးတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဆိုတာ ပေါ် လာတယ်၊ အဲဒီစိတ်ပျက်တဲ့အချိန်မှ စက္ခုဝိညာဏ်စိတ် ဆိုတာ ပေါ်တာ၊ ဒီစက္ခုဝိညာဏ်စိတ်ကလေးဟာ ဘယ်စက္ခုပသာဒကို မှီ သလဲ? - သူမတိုင်ခင်က ကြိုတင်ပြီးတော့ ဖြစ်နှင့်နေတဲ့ စက္ခု- ပသာဒရုပ်တွေ ရှိတယ်၊ သူဖြစ်ပြီးတဲ့နောက်မှ ဖြစ်လာတဲ့ စက္ခု-
စာမျက်နှာ-၃၀၄
ပသာဒရုပ်တွေ ရှိတယ်၊ သူနဲ့ကပ်ပြီးတော့ ဖြစ်တဲ့ စက္ခုပသာဒရုပ် တွေ ရှိတယ်၊ ရူပါရုံနဲ့ သက်တမ်းတူတဲ့ အတီတဘဝင်ရဲ့ဥပါဒ်နဲ့ ပြိုင်လာတဲ့ စက္ခုပသာဒရုပ်တွေ ရှိတယ်၊ ဒီလို စက္ခုပသာဒရုပ်တွေ အများကြီးရှိတဲ့အထဲက ဘယ်သူ့ကိုမှီသလဲလို့ဆိုရင် “ရူပါရုံနဲ့ ပြိုင် ပြီးတော့ ဖြစ်လာတဲ့ စက္ခုပသာဒရုပ်လေးကို မှီတယ်”တဲ့၊ သူ့ထက် စိတ်ပေါင်း ဘယ်လောက်စောသလဲဆိုရင် အတီတဘဝင်, ဘဝင်္ဂ- စလန, ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်းဆိုတဲ့ စိတ် ၄-ချက် သူက စော တယ်ပေါ့။
စက္ခာယတနက ဖဿကို ကျေးဇူးပြုပုံ
အဲဒီ စိတ် ၄-ချက်စောတဲ့ ဒီစက္ခာယတနလေးက စက္ခု- ဝိညာဏ်စိတ်နဲ့ ယှဉ်တွဲလာတဲ့ ဖဿကို ဘာပစ္စည်းတွေနဲ့ ကျေးဇူး ပြုတာတုန်းဆိုတော့ နိဿယပစ္စယော တဲ့၊ မှီရာအနေနဲ့ ကျေးဇူးပြု တယ်၊ နောက်တစ်ခါ ပုရေဇာတပစ္စယော- ကြိုတင်ဖြစ်နှင့်ပြီးတော့ ကျေးဇူးပြုတယ်၊ စက္ခာယတနလေးက ဖဿမဖြစ်ခင် ကြိုတင်ပြီး တော့ ဖြစ်နေတယ်၊ ကြိုတင်ဖြစ်နှင့်သောအားဖြင့် ကျေးဇူးပြုတယ် ပုရေဇာတပစ္စယော။

နောက်တစ်ခုစက္ခာယတနလေးက စက္ခုန္ဒြေဆိုပြီး ဣန္ဒြေ လို့လည်း ခေါ်တယ်၊ အဲဒါကြောင့်မို့လို့ ဣန္ဒြိယသတ္တိနဲ့လည်း ကျေးဇူးပြုတယ်၊ စက္ခာယတနလေးက ရုပ်တရား, ဖဿက နာမ် တရား၊ ရုပ်နဲ့ နာမ် ဆိုတာ ပေါင်းစပ်လို့ မရသည့်အတွက်ကြောင့် ဝိပ္ပယုတ္တပစ္စယော - ဒီသတ္တိနဲ့ ကျေးဇူးပြုတယ်၊ စက္ခာယတနလေး ရှိနေတုန်း ဖဿကို အကျိုးပြုတာ ဖြစ်သောကြောင့် အတ္ထိပစ္စယော၊
စာမျက်နှာ-၃၀၅
မကင်းကွာခင် ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတပစ္စယော တဲ့။

“စက္ခာယတနပစ္စယာ ဖဿာ” လို့ ဆိုတဲ့နေရာမှာ ပဋ္ဌာန်း က ဘယ်နှစ်ပစ္စည်း ဝင်လာတုန်းဆိုတော့ ၆-ပစ္စည်း ဝင်လာတယ် လို့ ဒီလိုပြောတာ၊ ဒါပဋ္ဌာန်းနည်းနဲ့ ကြည့်လိုက်လို့ရှိရင် ၆-ပစ္စည်း - နိဿယပစ္စည်း, ပုရေဇာတပစ္စည်း, ဣန္ဒြိယပစ္စည်း, ဝိပ္ပယုတ္တ- ပစ္စည်း, အတ္ထိပစ္စည်း, အဝိဂတပစ္စည်းလို့ ဒါ သူ့ရဲ့ စွမ်းရည်သတ္တိ တွေကို အသုံးပြုတာ။

ဆိုလိုတာက ဒီသဘာဝတရားနှစ်ခုဟာ ဆက်သွယ်လာတဲ့ အခါမှာ ဒီအကြောင်းတရားမှာ စွမ်းရည်သတ္တိလေးတွေ ရှိတယ်၊ အဲဒီစွမ်းရည်သတ္တိတွေက ဘာတွေလဲဆိုတာကို ပဋ္ဌာန်းနည်းအရ ရှင်းပြတာ၊ ပဋိစ္စသမုပ္ပါဒ်မှာတော့ ဒီလောက် အသေးစိတ် မရှင်းပြ ဘူး၊ အကြောင်းတရား ရှိလို့ အကျိုးတရား ရှိရတယ်ဆိုတာ လောက် ပဲ ပြောတယ်၊ ပဋ္ဌာန်းကျတော့ အသေးစိတ် ထပ်ပြီးတော့ ရှင်းပြတယ် လို့ ဒီလိုပြောတာ။

ဒါလေးကို နားလည်လိုက်လို့ရှိရင် သောတာယတနနဲ့ “သောတာယတနပစ္စယာ ဖဿာ” ဆိုလည်း ဒီ ၆-ပစ္စည်းပဲ၊ “ဃာနာယတနပစ္စယာ ဖဿာ” ဆိုလည်း ဒီ ၆-ပစ္စည်းပဲ၊ “ဇိဝှါယတနပစ္စယာ ဖဿော” ဆိုလည်း ဒီ ၆-ပစ္စည်းပဲ၊ “ကာယာယတနပစ္စယာ ဖဿာ” ဆိုလည်း ဒီ ၆-ပစ္စည်းပဲ၊ ဆိုင်ရာ ဆိုင်ရာ အာရုံလေးတွေ ပြောင်းသွားတာပဲ ရှိတယ်။ ရူပါရုံနဲ့ စက္ခုပသာဒဆိုရင် စက္ခုဝိညာဏ်စိတ်ပေါ့၊ သဒ္ဒါရုံနဲ့ သောတပသာဒဆိုရင် သောတဝိညာဏ်စိတ်ပေါ့၊ ဂန္ဓာရုံနဲ့ ဃာန-
စာမျက်နှာ-၃၀၆
ပသာဒဆိုရင် ဃာနဝိညာဏ်စိတ်၊ ရသာရုံနဲ့ ဇိဝှါပသာဒဆိုရင် ဇိဝှါ-ဝိညာဏ်စိတ်၊ ဖောဋ္ဌဗ္ဗာရုံနဲ့ ကာယပသာဒဆိုရင် ကာယဝိညာဏ် စိတ်လို့ ဆိုင်ရာ ဆိုင်ရာ သဘာဝတရားလေးတွေ သူ့ဒွါရနဲ့ သူ, သူ့အာရုံနဲ့ သူ, သူ ဖဿနဲ့ သူ အဲဒီလိုသွားကြတယ်။
မနာယတနက ဖဿကို ကျေးဇူးပြုပုံ
ကဲ နောက်ဆုံးမနာယတနဆိုတာ ဘာကို ပြောတာတုန်း ဆိုတော့ - သာမန်အားဖြင့် စိတ်ပေါင်း ၈၉-ခုကို ပြောတာ၊ ဒီ နေရာမှာတော့ လောကီစိတ်ပဲ ယူတယ်၊ လောကီစိတ်ထဲမှာ တစ်ခါ ဝိပါက်စိတ်တွေလောက်တင် တချို့ကျမ်းက ယူတယ်ပေါ့။

ကဲ ထားတော့၊ မနာယတနဆိုတဲ့စိတ်၊ “မနာယတနပစ္စယာ ဖဿော” လို့ ဆိုလို့ရှိရင် ဘယ်ဖဿ ဖြစ်မှာတုန်းဆိုရင် မနော- သမ္ဖဿပဲ၊ မနောဒွါရမှာဖြစ်တဲ့ ဖဿတရား၊ ဒီမှာလည်းပဲ သုတ္တန် ပါဠိတော်အရ ပြောရမယ်ဆိုရင် “မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏံ တိဏ္ဏ သင်္ဂတိ ဖဿော” ပဲ၊ ဓမ္မ ဆိုတဲ့ အာရုံနဲ့ မန ဆိုတဲ့ မနောဒွါရ ဆုံတွေ့ လိုက်တဲ့အခါမှာ မနောဝိညာဏ်စိတ် ဖြစ်တယ်၊ အဲဒီ ၃-ခု ပေါင်းဆုံမိခြင်းကြောင့် ဖဿဆိုတာ ပေါ်လာ တယ်လို့ သုတ္တန်ပါဠိတော်တွေမှာ ဒီလိုရှင်းတယ်။

အခု ဒီပဋ္စ္စသမုပ္ပါဒ်မှာ “မနာယတနပစ္စယာ မနော- သမ္ဖဿော” လို့ ပြောမယ်၊ “မနာယတနကြောင့် ဖဿဖြစ်တယ်” ဆိုတဲ့နေရာမှာ မနောသမ္ဖဿဖြစ်ပုံ ကြည့်ရမယ်၊ မနာယတနက လည်းပဲ နာမ်တရားပဲ၊ မနောသမ္ဖဿကလည်းပဲ နာမ်တရားပဲ၊ စိတ်နဲ့ စေတသိက် ဆိုတာ born together အတူတကွ မွေးဖွား-
စာမျက်နှာ-၃၀၇
ကြတယ်၊ ခုနက ရုပ်နဲ့ နာမ်လို မဟုတ်ဘူး၊ ခုနက စက္ခုပသာဒတို့ သောတပသာဒတို့ ဃာနပသာဒတို့ ဇိဝှါပသာဒတို့ ကာယပသာဒ တို့ဆိုတာ ကြိုတင်မွေးဖွားထားတာ၊ ကြိုတင်မွေးဖွားပြီး စိတ်ကို အထောက်အကူပြုတာ,ဖဿကို အထောက်အကူပြုကြတာ၊ စိတ် နဲ့ စေတသိက်က ပြိုင်တူမွေးဖွားလာတာ ဖြစ်သောကြောင့် ပဋ္ဌာန်း ပစ္စည်းအရ မျိုးတူတာ ဖြစ်တယ်၊ ဘာမျိုးတုန်းဆိုရင် သဟဇာတမျိုး တဲ့၊ ပဋ္ဌာန်းမှာလည်း မတူညီတဲ့မျိုးလေးတွေ ရှိတယ်ပေါ့။

ဆိုပါစို့ ပြိုင်တူမွေးဖွားလာတာက သဟဇာတအုပ်စု၊ ကြိုတင်ပြီးတော့ မွေးဖွားလာတာကို ပုရေဇာတအုပ်စု၊ အကြောင်း တရားရဲ့နောက်မှာ မွေးဖွားလာတဲ့ ပစ္ဆာဇာတအုပ်စု၊ အာရုံအနေနဲ့ ကျေးဇူးပြုတာက အာရမ္မဏအုပ်စု၊ အဲဒီလို သူ့ အုပ်စုလေးနဲ့သူ ရှိ တယ်၊ အခု ဒီဟာကျတော့ စိတ်နဲ့ စေတသိက်ဆိုတော့ ပြိုင်တူ မွေးဖွားလာသည့်အတွက်ကြောင့် သဟဇာတအုပ်စု တဲ့။ သဟဇာတအုပ်စုဖြစ်သည့်အတွက်ကြောင့်အခု မနာယတန ကနေ မနောသမ္ဖဿဖြစ်လာတဲ့ အခါကျတော့ ဘယ်နှစ်ပစ္စည်းနဲ့ ကျေးဇူးပြုတုန်းဆိုတော့ ၉-ပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ ဒါလည်းပဲ ဝိပါက်ကို ယူသည့်အတွက်ကြောင့် ဝိပါက် ပါတယ်၊ ဝိပါက်စိတ် မဟုတ်ဘူး ဆိုရင်တော့ ဝိပါက် မပါရဘူးဆိုတာကိုတော့ မှတ်ရမှာ ပေါ့နော်။

အဲဒီတော့ ဝိပါက်ကိုရည်ရွယ်ပြီးတော့ ဝိပါက်စိတ် မနာယတန ဆိုတာ စိတ်ပဲ၊ မနောသမ္ဖဿဆိုတာ ဖဿတရား၊ အဲဒီမှာ ၉- ပစ္စယသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ၉-ပစ္စယသတ္တိဆိုတာ ဘာလဲဆိုရင် သဟဇာတ-အတူတကွဖြစ်ပြီးတော့ ကျေးဇူးပြုတယ်၊ အညမည-
စာမျက်နှာ-၃၀၈
အပြန်အလှန် ဖြစ်ပြီးတော့ ကျေးဇူးပြုတယ်၊ နိဿယ- မှီရာဖြစ်ပြီး တော့ ကျေးဇူးပြုတယ်၊ ဝိပါက - စိတ်က ငြိမ်သက်ပြီးတော့ နေတဲ့ အတွက်ကြောင့် စေတသိက်ကလည်း ငြိမ်သက်စေရတယ်ဆိုတဲ့ ဝိပါကသတ္တိနဲ့ ကျေးဇူးပြုတယ်။

နောက်တစ်ခုက စိတ်ဆိုတော့ ဝိညာဏာဟာရ ရှိနေသည့် အတွက်ကြောင့် အာဟာရသတ္တိနဲ့လည်း ကျေးဇူးပြုတယ်၊ မနိန္ဒြေ ရှိသည့်အတွက်ကြောင့် ဣန္ဒြိယသတ္တိနဲ့လည်း ကျေးဇူးပြုတယ်၊ နောက် စိတ်နဲ့ စေတသိက် ဖြစ်သည့်အတွက်ကြောင့် တူ ၄-တူ သမ္ပယုတ္တပစ္စည်းနဲ့လည်း ကျေးဇူးပြုတယ်၊ ရှိနေတုန်း ကျေးဇူးပြုလို့ အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြုတာဖြစ်သောကြောင့် အဝိဂတလို့ - ပေါင်းလိုက်တဲ့အခါကျတော့ ၉-ပစ္စယသတ္တိနဲ့ ကျေးဇူးပြုတယ်။

ပဋိစ္စသမုပ္ပါဒ်နဲ့ ပြောတဲ့အခါကျတော့ “သဠာယတနပစ္စယာ ဖဿာ” လို့ မြတ်စွာဘုရားက ဒါလောက်ပဲ ဟောတယ်၊ ပဋ္ဌာန်း ကျတော့ ထပ်ပြီး အသေးစိတ်လိုက်တာ၊ “စက္ခာယတနပစ္စယာ ဖဿာ၊ သောတာယတနပစ္စယာ ဖဿာ၊ ဃာနာယတနပစ္စယာ ဖဿာ၊ ဇိဝှါယတနပစ္စယာ ဖဿာ၊ ကာယာယတနပစ္စယာ ဖဿာ၊ မနာယတနပစ္စယာ ဖဿာ”ဆိုပြီး အသေးစိတ် ဆိုင်ရာ ဆိုင်ရာ တစ်ခုစီနဲ့ ပဋ္ဌာန်းနည်းတွေနဲ့ ဆက်သွယ်ပြီးတော့ ဒီလို မြတ်စွာဘုရားက ဟောထားတယ်၊ ဒါက သက်ရှိသတ္တဝါတွေ မိမိ တို့ရဲ့သန္တာန်တူမှာ ဖြစ်တဲ့တရားတွေနဲ့ ပြောသွားတာ။

ဥပမာမယ် စက္ခာယတနကလည်း ပုဂ္ဂိုလ်တစ်ဦးရဲ့ သန္တာန် မှာ ဖြစ်တယ်၊ ဖဿကလည်း ဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဖြစ်တဲ့ ဖဿ၊ ပုဂ္ဂိုလ် မကွဲဘူး၊ “သူ့သန္တာန်ဖြစ်တဲ့ စက္ခာယတနက ငါ့သန္တာန်မှာ”
စာမျက်နှာ-၃၀၉
ဖြစ်တဲ့ ဖဿကို ကျေးဇူးပြုတာမျိုး” မဟုတ်ဘူး၊ သန္တာန်တူတယ် လို့ ပြောတာက ကိုယ့်သန္တာန်မှာဖြစ်တဲ့ စက္ခာယတနက ကိုယ့် သန္တာန်မှာဖြစ်တဲ့ ဖဿကို ကျေးဇူးပြုတယ်လို့ ပြောတာ။
အပြင်အာယတနတွေက ကျေးဇူးပြုပုံ
ကဲ ကောင်းပြီ - “ဗာဟိရာယတန” အပြင်အာယတနတွေ ကနေပြီးတော့ ကျေးဇူးပြုနိုင်တယ်လို့ ဆိုတဲ့ အယူအဆတစ်ရပ်အရ ကျတော့ ပဌာန်းနည်းနဲ့ ဘယ်လိုရှုမြင်သုံးသပ်မလဲ? ဆိုပါစို့ - ခုန တုန်းက ပြောထားတဲ့ ဗာဟိရာယတနတွေကိုလည်း ထည့်ပြီးတော့ ပြောတယ်၊ ဗာဟိရာယတနတွေက ၆-ခု ရှိတယ်၊ ရူပါယတန အဆင်း, သဒ္ဒါယတန အသံ, ဂန္ဓာယတန အနံ့, ရသာယတန အရသာ, ဖောဋ္ဌဗ္ဗာယတန အထိအတွေ့, ဓမ္မာယတန သဘာဝ တရား ဆိုပြီးတော့ အားလုံး ဗာဟိရာယတန ၆-ပါး ရှိတယ်၊ အဲဒီ ၆-ပါးက နေပြီးတော့လည်းပဲ ဖဿကို ကျေးဇူးပြုနိုင်သေးတယ်။

တချို့အဘိဓမ္မာဆရာတွေရဲ့ အဆိုအရ ဒါကို ပဋ္ဌာန်းပစ္စည်း နဲ့ ဘယ်လိုပြောမလဲလို့ ဆိုတဲ့အခါကျတော့ ကြည့် - ရူပါယတန ကနေ ဖဿကို ကျေးဇူးပြုရမယ်၊ ဘယ်ဖဿတုန်းဆိုရင် ရူပါယတန က ကျေးဇူးပြုတာက စက္ခုသမ္ဖဿ၊ မျက်စိလေးပေါ်မှာ စက္ခု- ဝိညာဏ်စိတ်နဲ့ ယှဉ်တွဲပြီးတော့လာတဲ့ ဖဿလေးကို ကျေးဇူးပြု တာ၊ ဒီတော့ စက္ခုဝိညာဏ်စိတ်လေးက ဘာကို အာရုံပြုတာတုန်း ဆိုတော့ အဆင်းအာရုံကို အာရုံပြုတာ၊ အဆင်းအာရုံကို အာရုံပြု ပြီးတော့မှ စက္ခုဝိညာဏ်စိတ်ကလေး ပေါ်တယ်၊ စက္ခုဝိညာဏ်စိတ် လေးပေါ်လိုက်တော့မှ ဖဿ ပါလာတာ။
စာမျက်နှာ-၃၁၀
ဒီတော့ သုတ္တန်ပါဠိတော်မှာ ခုနကပြောထားတဲ့အတိုင်း “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ တိဏ္ဏ သင်္ဂတိ ဖဿော” “မျက်စိနဲ့ အဆင်းအာရုံ ဆုံလိုက်မိတဲ့အခါမှာ ထိုမျက်စိ နဲ့ အဆင်းကို အကြောင်းပြုပြီးတော့ မြင်သိစိတ်လို့ခေါ်တဲ့ စက္ခု- ဝိညာဏ်စိတ်ကလေး ပေါ်လာရတယ်”၊ တိဏ္ဏ သင်္ဂတိ ဖဿော - အဲဒီ စက္ခုပသာဒရယ်, အဆင်းအာရုံရယ်, မြင်သိစိတ်ရယ် ၃-ခု ဆုံစည်းမိလိုက်ခြင်းကြောင့် ဖဿဆိုတာ ပေါ်လာရတယ်၊ အဲဒီလို ဟောတော့ ခုနက စက္ခာယတနနဲ့ ဖဿ ဆက်သွယ်မှုကို ပြောပြီးပြီ၊ နိဿယတို့ ပုရေဇာတတို့ နည်းတွေနဲ့ နော်၊ အဲဒီလို ၆-ပစ္စည်း။

ခုတစ်ခါ ရူပါယတနက ဖဿကို ဘာပစ္စည်းတွေနဲ့ ကျေးဇူး ပြုလဲလို့ ပဋ္ဌာန်းရှုထောင့်က ကြည့်မယ်ဆိုလို့ ရှိရင်တော့ သူက အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတယ်၊ အာရုံအနေနဲ့ ကျေးဇူးပြုတာ ဖြစ်သောကြောင့် ရူပါယတနက အာရုံ, ရူပါယတနကို အာရုံပြုပြီး တော့မှ စက္ခုဝိညာဏ်စိတ်လေး ပေါ်လို့ရတာ ဖြစ်သောကြောင့် အာရမ္မဏ၊ အဲဒီအာရမ္မဏသည် ကြိုတင်ပြီးတော့ ဖြစ်နေတဲ့ အာရမ္မဏဖြစ်သောကြောင့် အာရမ္မဏပုရေဇာတ၊ ရှိနေတုန်း ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြု တာဖြစ်သောကြောင့် အဝိဂတဆိုပြီးတော့ ၄-ပစ္စယသတ္တိနဲ့ ကျေးဇူး ပြုတယ်၊ ဗာဟိရာယတနနဲ့ ထည့်ပြီးတော့ ဒီ “သဠာယတနပစ္စယာ ဖဿာ” ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့ လေ့လာသုံးသပ် လို့ရှိရင် ဒီလို အဖြေထုတ်လို့ ရတယ်ပေါ့။

ထို့အတူပဲ ဒါ နားလည်သွားလို့ရှိရင် သဒ္ဒါယတန ဆိုတဲ့ သဒ္ဒါရုံ, ဂန္ဓာယတနဆိုတဲ့ ဂန္ဓာရုံ, ရသာယတန ဆိုတဲ့ ရသာရုံ,-
စာမျက်နှာ-၃၁၁
ဖောဋ္ဌဗ္ဗာယတန ဆိုတဲ့ ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာယတနဆိုတဲ့ ဓမ္မာရုံ - အဲဒီဗာဟိရာယတန ၆-ပါးလည်းပဲ ဆိုင်ရာ ဆိုင်ရာ စိတ်သဘာဝ တရားတွေနဲ့ ဆက်သွယ်ပြီးတော့ ဖြစ်လာတဲ့ ဖဿကို ခုလိုပြောတဲ့ အာရမ္မဏသတ္တိနဲ့လည်း ကျေးဇူးပြုတယ်လို့ ဒီ ၄-ပစ္စည်းနဲ့ပဲ သွား တယ်ပေါ့နော်၊ နောက်ဆုံး အားလုံးခြုံငုံပြီးတော့ ပြောတဲ့အခါကျ တော့ တစ်ခါတစ်ရံ ဗာဟိရာယတန ၆-မျိုးလုံးက ကျေးဇူးပြုနိုင် သေးတယ်။

အဲဒီလို ကျေးဇူးပြုတဲ့အခါ ကျလို့ရှိရင် ဗာဟိရာယတနက နေပြီးတော့ မနောသမ္ဖဿတစ်ခုတည်းကို ကျေးဇူးပြုတယ်၊ ဘာ ဖြစ်လို့တုန်းဆိုတော့ စိတ်က အဲဒီအာရုံတွေအားလုံးကို တွေးခေါ် ပြီးတော့ ကြည့်လို့ ရတာကိုး၊ ရူပါရုံကိုလည်းပဲ စဉ်းစားလို့ ရတယ်၊ သဒ္ဒါရုံကိုလည်း စဉ်းစားလို့ ရတယ်၊ ဂန္ဓာရုံတို့ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ တို့ကိုလည်း စဉ်းစားလို့ ရတယ်၊ ဓမ္မာရုံကိုလည်း စဉ်းစားလို့ ရတယ်။

အဲဒီလို စဉ်းစားလို့ရလို့ ပေါ်လာတဲ့ မနောသမ္ဖဿကို ဘာ သတ္တိနဲ့ ကျေးဇူးပြုတုန်းဆိုတော့ အဲဒီကျတော့ အာရမ္မဏသတ္တိ တစ်ခုတည်းနဲ့ပဲ ကျေးဇူးပြုတယ်လို့ ပြောတာ၊ အာရုံဖြစ်ပြီးတော့ ကျေးဇူးပြုတယ်၊ ပုရေဇာတတို့ မပါလာတော့ဘူး၊ ဒါက “သဠာယတနပစ္စယာ ဖဿာ”ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ပဌာန်းနည်း ဖြင့် သုံးသပ်ပြတဲ့နည်းပေါ့၊ အဋ္ဌကထာဆရာ သုံးသပ်ပြတဲ့နည်းပဲ။
စာမျက်နှာ-၃၁၂

“ဖဿပစ္စယာ ဝေဒနာ”
တစ်ခါ နောက်တစ်ခု သွားကြည့်ရအောင်၊ ဘုန်းကြီးတို့ တစ်တွေမှာ သဘာဝကို စဉ်းစားကြည့်လိုက် . . . အာရုံနဲ့ စိတ်နဲ့ ဆက်သွယ်မှု ရသွားတာဟာ ဖဿလို့ ပြောတာ၊ အဲဒီလို ဆက် သွယ်မှု ရသွားလို့ရှိရင် ဒီတိုင်းပဲ ရပ်နေသလားဆိုတော့ မရပ်ဘူး၊ အာရုံက နှစ်သက်စရာအာရုံ ဆိုလို့ရှိရင် ချမ်းသာတဲ့ခံစားမှု ပေါ် လာတယ်၊ အာရုံက နှစ်သက်စရာအာရုံ မဟုတ်ဘူး ဆိုလို့ရှိရင် ဆင်းရဲတဲ့ ခံစားမှု ပေါ်လာတယ်၊ ဆိုလိုတာက အာရုံကို ကြည့်ပြီး တော့ ခံစားမှုတွေ ပေါ်လာတာ၊ အာရုံနဲ့ စိတ်နဲ့ ဆက်သွယ်တာကို အကြောင်းပြုပြီးတော့ ခံစားမှုဆိုတဲ့ ဝေဒနာတွေ ပေါ်လာတယ်။

ဒါ မှန်တယ်လေ- မမြင်ဘဲနဲ့ အတွေ့ အကြုံဆိုတာ မရဘူး၊ မကြားဘဲနဲ့ အတွေ့အကြုံဆိုတာလည်း မရဘူး၊ အားလုံးဟာ စမ်း သပ်ပြီးတော့ ကြည့်ကြရတာ၊ မျက်စိနဲ့ မြင်ဖူးတဲ့အာရုံပေါ်မှာ အတွေ့ အကြုံ, နားနဲ့ ကြားဖူးတဲ့အသံပေါ်မှာ အတွေ့အကြုံ, နှာခေါင်းနဲ့ အနံ့ရဖူးတဲ့ အနံ့ပေါ်မှာ အတွေ့အကြုံ, လျှာနဲ့ လျှက်ဖူးတဲ့ အရသာ အာရုံပေါ်မှာ အတွေ့အကြုံ, ခန္ဓာကိုယ်နဲ့ ထိတွေ့ဖူးတဲ့ အတွေ့ အာရုံပေါ်မှာ အတွေ့အကြုံ, စိတ်ထဲမှာ ကူးဖူးတဲ့ အတွေးအာရုံ ပေါ်မှာ အတွေ့အကြုံ ဆိုတာ၊ အဲဒီအတွေ့အကြုံလေးတွေကိုပဲ ဝေဒနာလို့ ခေါ်တာ၊ ဝေဒနာဆိုတာ experience of object, feeling လို့လည်း ပြန်ကြတယ်ပေါ့၊ အများကတော့ ဝေဒနာ ဆိုတာ feeling လို့ပဲ သိကြတယ်၊ အာရုံလေးတစ်ခုကို ဆုံမိထား လို့ရှိရင် အတွေ့အကြုံလေးက ရ,ထားတယ်။
စာမျက်နှာ-၃၁၃
လူတွေမှာ အတွေ့အကြုံဆိုတာ ရှိတယ်လေ၊ သံပုရာသီး မြင်လို့ရှိရင် ချဉ်တယ်ဆိုတဲ့ အတွေ့ အကြုံက ရှိထားတော့ သံပုရာ သီးမြင်တာနဲ့ အလိုလိုချဉ်နေပြီ၊ ဆားမြင်တာနဲ့ ငန်နေပြီနော်၊ အတွေ့အကြုံနဲ့ ပြောတာ၊ ငရုတ်သီးမြင်လို့ရှိရင် စပ်နေပြီ - လူက ကြိုတင်ပြီးတော့၊ ဒိပြင်ဟာတွေတော့ သိပ်ပြီးတော့ မထင်ရှားဘူး၊ သံပုရာသီးမြင်လို့ရှိရင် အလိုအလျှောက်ကို တံတွေးက ဖြစ်လာ တာ၊ ဘာဖြစ်လို့တုန်းဆိုတော့ အတွေ့အကြုံရှိလို့၊ “ဖဿပစ္စယာ ဝေဒနာ” ဆိုတာ ဒီလို လာတာပေါ့၊ ဖဿရဲ့စွမ်းဆောင်မှုအား ကြီး လေလေ ဝေဒနာဖြစ်ပေါ်လာမှုအားက ကြီးလေလေပဲ၊ ဒါကြောင့် ပဋ္ဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက “ဖဿပစ္စယာ ဝေဒနာ” လို့ ဒီလို ဟောလိုက်တယ်။

အဲဒီလို ဟောတဲ့အခါမှာ ခုနတုန်းက ဖဿကို ဘယ်နှစ်မျိုး ခွဲတာလဲ၊ ဒွါရ ၆-ပါးကို ကြည့်ပြီး ဖဿကို ၆-မျိုးတဲ့၊ စက္ခုဒွါရမှာ ဖဿတစ်မျိုး- စက္ခုသမ္ဖဿ၊ သောတဒွါရက ဖဿတစ်ခု၊ ဃာနဒွါရ က ဖဿတစ်ခု၊ ဇိဝှါဒွါရက ဖဿတစ်ခု၊ ကာယဒွါရက ဖဿတစ်ခု၊ မနောဒွါရက ဖဿတစ်ခုလို့ ဆိုပြီးတော့ ဖဿကို ၆-မျိုးခွဲတယ်။

အဲဒီဖဿကို ၆-မျိုး ခွဲသလိုပဲ ဝေဒနာဟာလည်းပဲ ဖဿလို စေတသိက်သဘာဝတရားလေးတစ်ခုပဲ၊ စိတ်အားလုံးနဲ့ ဆက်သွယ် ပြီးတော့ ဖြစ်ပေါ်နိုင်တဲ့သဘာဝတရားလေးတစ်ခု၊ ဖဿကို ခွဲသလို ပဲ ဝေဒနာကိုလည်းပဲ ဒီနေရာမှာ ၆-မျိုး ခွဲတယ်၊ ဖဿကို ကြည့် ပြီး သူ့ကို နာမည်ပေးလိုက်တယ်၊ စာလိုပြောရင် “စက္ခုသမ္ဖဿဇာ-ဝေဒနာ” လို့ အဲဒီလိုခေါ်တယ်၊ စက္ခုသမ္ဖဿဇာဝေဒနာ ဆိုတာ စက္ခုသမ္ဖဿကြောင့် ဖြစ်လာတဲ့ ဝေဒနာလို့ - ဒီလို ပြောတာ၊
စာမျက်နှာ-၃၁၄
စက္ခုဝေဒနာ, သောတဝေဒနာလို့ အဲဒီလို စာထဲမှာ မသုံးဘူး၊ ဖဿနာမည်ပါ ထည့်ပြီးတော့ ပြောထားတာ၊ စက္ခုသမ္ဖဿဇာ- ဝေဒနာ, သောတသမ္ဖဿဇာဝေဒနာ, ဃာနသမ္ဖဿဇာဝေဒနာ, ဇိဝှါသမ္ဖဿဇာဝေဒနာ, ကာယသမ္ဖဿဇာဝေဒနာ, မနော- သမ္ဖဿဇာဝေဒနာ လို့ အကြောင်းတရားရဲ့နာမည်ကိုပါ ထည့်ပြီး တော့ ဝေဒနာကို ၆-မျိုး ခွဲပေးထားတယ်။

ဒီတော့ “ဖဿပစ္စယာ ဝေဒနာ” မှာလည်းပဲ ဝေဒနာကို ၆- မျိုးလို့ ဒီလို မှတ်ရမှာပေါ့၊ အဲဒီလိုပြောတော့ ပဋ္ဌာန်းနည်းအရ ဖဿနဲ့ ဝေဒနာဟာ ဘယ်လိုဆက်သွယ်မရှိသလဲ?သာမန်အကြမ်း သဘောပဲ စဉ်းစားကြည့်လိုက်၊ ဆိုပါစို့ - ခုနက ရူပါရုံနဲ့ စက္ခုပသာဒ ဆုံလိုက်တဲ့အခါမှာ (မျက်လုံးလေးနဲ့ အဆင်းအာရုံဆုံလိုက်တဲ့အခါ မှာ) မြင်သိစိတ်လေး ပေါ်လာတယ်။

အဲဒီမြင်သိစိတ် ပေါ်လာတာနဲ့တစ်ပြိုင်နက် ဘယ်သူလာတုန်း ဆိုရင် ဖဿ ဆုံစည်းပေးမှုလေး လာတယ်၊ ဖဿ လာလိုက်တာနဲ့ ဘာလာတုန်းဆိုရင် နောက်က “ဖဿပစ္စယာ ဝေဒနာ”ဆိုတာလာ တယ်၊ ဒါ သုတ္တန်ပါဠိတော်တွေမှာလည်း ဖြစ်စဉ်လေးကို ဒီလိုပဲ ဟောထားတာ၊ ဒါပေမယ့် ရှေ့နောက်ဖြစ်တယ်လို့တော့ မအောက် မေ့နဲ့၊ ပိုပြီး ထင်ရှားလို့ မြတ်စွာဘုရားက ရှေ့နောက်အနေနဲ့ ထားတာနော်။

မြန်မာလိုပြောရင် “စက္ခုပသာဒမျက်စိအကြည်နဲ့ အဆင်း အာရုံလေးနဲ့ ဆုံလိုက်တဲ့အခါမှာ မြင်သိစိတ်ပေါ်တယ်၊ အဲဒီ ၃-မျိုး ဆုံစည်းမှုလေးသည်ပင် ဖဿဖြစ်လာတယ်၊ ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်လာတယ်၊ ဝေဒနာဖြစ်ခြင်းကြောင့် တဏှာဖြစ်တယ်”
စာမျက်နှာ-၃၁၅
လို့ ဒီလို သွားတယ်၊ ဒါက သုတ္တန်ပါဠိတော်တွေမှာ ဖြစ်စဉ်လေးကို ဒီလိုဟောထားတာ။
ဖဿဖြစ်ပြီးမှ ဝေဒနာ ဖြစ်လာတာ မဟုတ်
အဲဒီနေရာမှာ ဖဿဖြစ်လို့ ဝေဒနာဖြစ်တယ် ဆိုတာ ဖဿ ဖြစ်ပြီးမှ ဝေဒနာဖြစ်လာတာ မဟုတ်ဘူး၊ ဖဿရဲ့အရှိန်ကို ကြည့် ပြီး ဝေဒနာရဲ့အရှိန်အဝါကို ဆုံးဖြတ်ရတာဖြစ်သောကြောင့် ဖဿနဲ့ ဝေဒနာသည် ပြိုင်တူဖြစ်သော်လည်းပဲ ဖဿအရှိန် ကြီးလေလေ ဝေဒနာအရှိန် ကြီးလေလေ ဖြစ်သောကြောင့် ဖဿကြောင့် ဝေဒနာ ဖြစ်တယ်လို့ ဒီလိုဟောတာ။

ကဲ ကောင်းပြီ - အဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်တွေ - မြင်သိ စိတ်လေးမှာ စေတသိက်ပေါင်း ဘယ်လောက်ယှဉ်တုန်း ဆိုတော့ ၇-ခု ယှဉ်တယ်၊ အဲဒီ ၇-ခုက ဘာတွေတုန်းဆိုတော့ ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိန္ဒြေ, မနသိကာရလို့ စေတသိက် ၇-ခု၊ စက္ခုဝိညာဏ်စိတ် ဖြစ်တိုင်းဖြစ်တိုင်း အဲဒီ ၇-ခု ကပါတယ်၊ အဲဒီ ၇-ခုရယ် စက္ခုဝိညာဏ်စိတ်ကလေးရယ် အားလုံး ပေါင်းလိုက်လို့ရှိရင် ၈-ခု။

ဒီ ၈-ခုက inseparable ခွဲစိတ်လို့ မရတဲ့ ၈-ခုပေါ့၊ စကား ပြောတဲ့အခါသာ ခွဲပြောလို့ ရတာ၊ သဘာဝတရားကို သွားခွဲစိတ် လိုက်လို့ရှိရင် သူ့ရဲ့စွမ်းရည်သတ္တိတွေ ပျက်သွားတယ်၊ စွမ်းရည် သတ္တိမပျက်ဘဲနဲ့ ခွဲလို့ တစ်ခုစီ တစ်ကန့်စီ ထားလို့ မရဘူးတဲ့၊ အဲဒီ တော့ ပြိုင်တူဖြစ်ကြတယ်လို့ ပြောတာက ဖဿနဲ့ ဝေဒနာဟာ ပြိုင်တူဖြစ်ပေမယ့်လို့ ပဋ္ဌာန်းသမုပ္ပါဒ်မှာ “ဖဿပစ္စယာ ဝေဒနာ” လို့
စာမျက်နှာ-၃၁၆
ပါတယ်နော်၊ ရှေ့နောက်ကဲ့သို့ ဟောထားတာ၊ တကယ်က ရှေ့ နောက် မဟုတ်ဘူး, ပြိုင်တူဖြစ်တာတဲ့၊ အဲဒီတော့ ပြိုင်တူဖြစ်တယ် ဆိုတဲ့နေရာမှာ ပဋ္ဌာန်းနည်းနဲ့ ဆင်ခြင်သုံးသပ်ကြည့်လိုက်မယ် ဆိုရင် ဘယ်လိုတွေ့နိုင်တုန်းဆိုတာကို ကြည့်ရအောင်။
ပဋ္ဌာန်းနည်း
ဆိုပါစို့ - စက္ခုသမ္ဖဿဆိုတာလေးက ဘယ်မှာရှိတာတုန်း ဆိုရင် စက္ခုဝိညာဏ်စိတ်မှာရှိတာ၊ အဲဒီစက္ခုသမ္ဖဿကြောင့် ဖြစ် လာတဲ့ ဝေဒနာလေးကရော ဘယ်မှာရှိတာတုန်းဆိုရင် စက္ခု- ဝိညာဏ်စိတ်မှာပဲ ရှိတယ်၊ ရှိသည့်အတွက်ကြောင့် သူတို့နှစ်ခုဟာ ပြိုင်တူဖြစ်လာကြတယ်၊ ပြိုင်တူဖြစ်လာသည့်အတွက်ကြောင့် ဘာ ပစ္စည်းတုန်းလို့ မေးလို့ရှိရင် သဟဇာတပစ္စည်းပေါ့၊ သဟ ဆိုတာ ပြိုင်တူ၊ ဇာတ ဆိုတာ ဖြစ်တာ။

ပြိုင်တူဖြစ်လာပြီးတော့ ဘာဖြစ်လို့ အကြောင်းရယ် အကျိုး ရယ်လို့ ပြောရတုန်းလို့ဆိုရင် - ကဲ စဉ်းစားကြည့်ပေါ့ ဖယောင်း တိုင်မီးလေးထွန်းလိုက်တာနဲ့ တစ်ပြိုင်နက် အလင်းရောင်လေးက ပေါ်လာတယ်လို့ ဆိုတဲ့အခါမှာ မီးတောက်ကလေး ပေါ်လိုက်တာ နဲ့ အလင်းရောင်ပေါ်တာဟာ ပြိုင်တူပဲ၊ ဘယ်သူ့ကို အကြောင်းလို့ ပြောမလဲဆိုရင် မီးတောက်ကလေးက အကြောင်း, အလင်းရောင် ကလေးက အကျိုးပဲလို့ ဒီလိုပြောရမယ်၊ နေမင်းကြီးပေါ်လာလို့ အလင်းရောင် ပေါ်လာတယ်ဆိုရင် နေမင်းကြီးက အကြောင်းပဲ, အလင်းရောင်က အကျိုးပဲပေါ့။
စာမျက်နှာ-၃၁၇
အဲဒါလိုပဲ အခု ဖဿနဲ့ ဝေဒနာဟာ ပြိုင်တူပေါ်လာပေ မယ့်လို့ ဖဿက အကြောင်းတရား, ဝေဒနာက အကျိုးတရားလို့ ဒီလို သုံးတယ်၊ အဲဒါဟာ သဟဇာတ born together ဆိုတာ အဲဒါပြောတာ၊ အတူတကွဖြစ်ပေါ်လာကြတယ်၊ အတူတကွဖြစ်ပေါ် လာသည့်အတွက်ကြောင့် သဟဇာတသတ္တိ ရတယ်၊ အပြန်အလှန် ကျေးဇူးပြုတာ ဖြစ်သောကြောင့် အညမညသတ္တိ၊ မှီရာအနေနဲ့ ကျေးဇူးပြုတာ ဖြစ်သောကြောင့် နိဿယသတ္တိ၊ ဒီပဋ္ဌာန်းသမုပ္ပါဒ်မှာ ဝိပါက်တရားတွေကို အဓိကထားတာ ဖြစ်သောကြောင့် ဝိပါက သတ္တိ၊ စိတ်ဖြစ်သောကြောင့် အာဟာရသတ္တိ။

နောက် ဖဿနဲ့ ဝေဒနာဆိုတာ နာမ်တရားတွေချည်း ဖြစ် သောကြောင့် သမ္ပယုတ္တသတ္တိ၊ ရှိနေတုန်း ကျေးဇူးပြုတာ ဖြစ်သော ကြောင့် အတ္ထိသတ္တိ၊ မကင်းကွာခင် ကျေးဇူးပြုတာဖြစ်သောကြောင့် အဝိဂတသတ္တိ၊ ၈-ပစ္စယသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဖဿက ပစ္စယသတ္တိကို အသုံးပြုပြီးတော့ ဒီဝေဒနာလေးကို ဖြစ်ပေါ်စေ တယ်၊ ဝေဒနာရဲ့သဘာဝတရားတွေကို ထင်ရှားစေတယ်လို့ အကြောင်းအကျိုးအနေနဲ့ မြတ်စွာဘုရားက ဒီလိုဟောတာ။

တစ်ခါ အဲဒီဖဿလေးက စက္ခုဝိညာဏ်စိတ်နဲ့ အတူတကွ ဖြစ်တဲ့ ဝေဒနာလေးကို ဒီလိုကျေးဇူးပြုတယ်လို့ဆိုတော့ အဲဒီဖဿ က ဒီပြင်စိတ်တွေနဲ့ ယှဉ်တဲ့ဝေဒနာတွေကျတော့ ဘာပစ္စယသတ္တိနဲ့ ကျေးဇူးပြုတုန်း? ဥပမာ ဆိုပါစို့ - စက္ခုဝိညာဏ်စိတ်ကို မှီပြီးတော့ ဖြစ်တဲ့ ဖဿက သူ့နောက်မှာဖြစ်တဲ့ သမ္ပဋိစ္ဆင်းစိတ် ရှိတယ်၊ သန္တီရဏစိတ်ရှိတယ်၊ ဝိပါက်စိတ်တွေထဲက၊ နောက်တဒါရုံ ရှိတယ်၊ အဲဒီစိတ်တွေနဲ့ ယှဉ်ပြီးတော့ ဖြစ်လာတဲ့ဝေဒနာကို ဘာသတ္တိနဲ့
စာမျက်နှာ-၃၁၈
ကျေးဇူးပြုတုန်းလို့ဆိုတဲ့ အခါကျတော့ အဲဒါကျတော့ ဥပနိဿယ သတ္တိနဲ့ ကျေးဇူးပြုတယ်လို့ ဒီလိုပြောတယ်၊ ခုနက အတူတူဖြစ်လာ တာ မဟုတ်သောကြောင့် ဥပနိဿယသတ္တိလို့ ဒီလိုပြောတာနော်၊ ဒါက ပဉ္စဒွါရပိုင်းမှာ ဒီလိုပြောတာ။

တစ်ခါ မနောဒွါရလို့ဆိုတဲ့ mind door ပေါ့၊ မနောဒွါရပိုင်း မှာဆိုလို့ရှိရင် မနောသမ္ဖဿဆိုတာ ရှိတယ်၊ မနောသမ္ဖဿ ဆိုတာ စိတ်နဲ့အတူတကွဖြစ်တဲ့ ဖဿ၊ အဲဒီဖဿလေးက သူနဲ့ အတူတကွ ဖြစ်တဲ့ ဝိပါက်စိတ်တွေမှာရှိတဲ့ ဝေဒနာလေး- ဒါ ပြိုင်တူဖြစ်ကြတာ၊ အဲဒီဝိပါက်စိတ်နဲ့ မနောသမ္ဖဿက နေပြီးတော့ ဆိုင်ရာဝိပါက်စိတ် နဲ့ အတူတကွဖြစ်လာတဲ့ ဝေဒနာကို ဘာသတ္တိနဲ့ ကျေးဇူးပြုတုန်း ဆိုတော့ ခုနကပြောခဲ့တဲ့ ၈-မျိုးပဲ၊ သဟဇာတ, အညမည, နိဿယ, ဝိပါက, အာဟာရ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတ ဒီ ၈-ပစ္စည်းနဲ့ပဲ ကျေးဇူးပြုတယ်လို့ ဒီလိုပြောတယ်၊ ဒါက မနောဒွါရပိုင်းမှာ။

တစ်ခါ ဆိုပါစို့ - ပဋိသန္ဓေစိတ်လေးမှာရှိတဲ့ ဖဿက အဲဒီ ပဋိသန္ဓေစိတ်ကလေးမှာရှိတဲ့ ဝေဒနာကို ဘာသတ္တိနဲ့ ကျေးဇူးပြု တုန်းဆို ဒီ၈-မျိုးပဲ၊ ဘဝင်စိတ်မှာရှိတဲ့ ဖဿက ဘဝင်စိတ်မှာရှိတဲ့ ဝေဒနာကို ဘာသတ္တိနဲ့ ကျေးဇူးပြုတုန်းဆို ဒီ ၈-မျိုးပဲ၊ စုတိစိတ် မှာရှိတဲ့ ဖဿက စုတိစိတ်မှာရှိတဲ့ ဝေဒနာကို ကျေးဇူးပြုတာလည်း ပဲ ဒီ ၈-မျိုးပဲလို့ ဟော ၈-ပစ္စည်းနဲ့ပဲ ကျေးဇူးပြုတယ်။
ဝိသုဒ္ဓိမဂ်အဆို
အဲဒီမှာက ဝိသုဒ္ဓိမဂ်မှာ ထူးဆန်းတာ ပြောထားတာ တစ်ခု ပါလာတယ်၊ အဲဒီ မနောဒွါရမှာ မနောဒွါရာဝဇ္ဇန်းစိတ်နဲ့ ယှဉ်တွဲ
စာမျက်နှာ-၃၁၉
လာတဲ့ ဖဿက မနောဒွါရမှာရှိတဲ့ တဒါရုံ၊ ဒီတဒါရုံနဲ့ အတူတကွ ဖြစ်လာတဲ့ ဝေဒနာကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်ဆိုတဲ့ စကားလေးတစ်ခု ပါလာတယ်။

ဘာဖြစ်လို့ ထူးဆန်းတယ်လို့ ပြောရတုန်းဆိုလို့ ရှိရင် အခု ပြောနေတာတွေက ပဋ္ဋိစ္စသမုပ္ပါဒ်မှာ ဝိပါက်စိတ်တွေကိုပဲ ပြောတာ များတယ်၊ မနောဒွါရာဝဇ္ဇန်းဆိုတာ ဝိပါက်စိတ် မဟုတ်ဘူး, ကြိယာ စိတ်၊ အဲဒီကြိယာစိတ်နဲ့ ယှဉ်လာတဲ့ ဖဿက တဒါရုံဆိုတဲ့ ဝိပါက် စိတ်နဲ့ ယှဉ်ပြီးတော့ ဖြစ်လာတဲ့ ဝေဒနာကို ပဋ္ဌာန်းပစ္စည်းအနေနဲ့ ဘယ်လိုကျေးဇူးပြုတုန်းဆိုတော့ သူက ဥပနိဿယသတ္တိနဲ့ ကျေးဇူး ပြုတယ်လို့ အဲဒီလို ရေးတာ။

ဘာဖြစ်လို့ ဒီလိုရေးတုန်းဆိုရင် ပစ္စည်းပိုင်းမှာဆိုရင် အပိုင်း ကို နှစ်ပိုင်းခွဲလိုက်တာပေါ့၊ အကြောင်းတရားပိုင်းနဲ့ အကျိုးတရား ပိုင်း၊ အကြောင်းတရားပိုင်းကျတော့ ခုနက ဝိပါက်စိတ်သာမကဘူး တခြားအကြောင်းတရားပါ ယူနိုင်တယ်ဆိုတဲ့ယူဆချက်နဲ့ မနောဒွါရာ-ဝဇ္ဇန်းကို ထည့်ပြီးတော့ ပြောတာ၊ ဒါက စဉ်းစားစရာတစ်ခုကို ပြောတာ။

ဒီသဘာဝတရားတွေကို အဘိဓမ္မာမသင်ဖူးရင် နားလည်ဖို့ ခဲယဉ်းတယ်ပေါ့နော်၊ သို့သော် မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးကို အာရုံပြုပြီး ကြည်ညိုနိုင်တယ်၊ ပဋ္ဋိစ္စသမုပ္ပါဒ်ကလည်း ခက်ခဲတယ်၊ ခက်ခဲတဲ့ ပဋ္ဋိစ္စသမုပ္ပါဒ်ကို လေးနက်အောင် ပဋ္ဌာန်းကျမ်းကြီးနဲ့ ဆင်ခြင်သုံးသပ်တယ်ဆိုတာ အလွန့်အလွန်ခက်ခဲတယ်၊ အလွန် ခက်ခဲတဲ့သဘာဝတရားတွေကို ဒီလိုရှင်းလင်းဟောကြားတဲ့ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးဟာ အင်မတန်မှ ကြီးမားပါတယ်
စာမျက်နှာ-၃၂၀

လို့ မြတ်စွာဘုရားရဲ့ဉာဏ်တော်တွေကို အာရုံပြုပြီးတော့ ကြည်ညို နိုင်ပါတယ်။

ဒါကြောင့် တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်းတို့ သည် ဗုဒ္ဓမြတ်စွာက “သတ္တဝါတွေ သိဖို့ရာခက်ခဲတဲ့ အခက်ခဲတွေ ထဲမှာ ပဋိစ္စသမုပ္ပါဒ်ဆိုတာ အင်မတန်နားလည်ဖို့ ခက်တယ်၊ နိဗ္ဗာန် ဆိုတာလည်း အင်မတန်နားလည်ဖို့ ခက်တယ်တဲ့၊ ဒီလောက် ခက်ခဲတဲ့တရားတွေကို ကာမဂုဏ်အာရုံတွေနဲ့ ပျော်ပါးနေကြတဲ့ သတ္တဝါတွေကို ရှင်းပြရင်တော့ နားလည်မှာ မဟုတ်ဘူး၊ ဒါကြောင့် မို့ တရားဟောရင် ငါဘုရားပဲ ပင်ပန်းမှာပဲ” လို့ ဆိုတဲ့ စိတ်အကြံ ပေါက်လောက်အောင် ခက်ခဲတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့ တွဲဖက်လိုက်တဲ့အခါ ခက်သည်ထက် ပိုပြီးတော့ ခက်သွားတာ ပေါ့နော်။

အဲဒီလို ခက်သွားပေမယ့်လို့ မြတ်စွာဘုရားရဲ့ ဉာဏ်တော် ကြီးကို တအံ့တသြ ကြည်နူးဝမ်းသာပြီး ဘုရားကို အရင်က ထက် ပိုပြီး လေးစားကြည်ညိုလာပြီး သဘာဝတရားတွေကို အဓိပ္ပါယ်ရှိရှိ ခွဲခြမ်းစိတ်ဖြာပြီး ဟောကြားနိုင်တဲ့ မြတ်စွာဘုရားသခင်ရဲ့ဉာဏ် တော်ဟာ အင်မတန်မှ ကြီးမားပါပေတယ်လို့ ဘုရားဂုဏ်တော်ကို အာရုံပြုကာ “ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ် ခြင်း” ဆိုတဲ့ နားလည်ဖို့ ခက်ခဲတဲ့ ဒီသဘာဝတရားတွေကို ကြိုးစား ပြီး နားလည်အောင် အားထုတ်နိုင်ကြပါစေကုန်သတည်း။

စာမျက်နှာ-၃၂၁

အပိုင်း (၁ဝ)
သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်။ ပထမဝါဆိုလဆန်း ၃-ရက်၊ ခရစ်နှစ်-၂၀၁၀၊ ဇွန်လ ၁၄-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး၊ အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
“ဝေဒနာပစ္စယာ တဏှာ”
“ဝေဒနာပစ္စယာ တဏှာ” - ဝေဒနာဆိုတာကို မြန်မာလူမျိုးတွေက ရောဂါနဲ့ တွဲဖက်ပြီး နားလည်နေကြတယ်၊ တကယ်တော့ ဝေဒနာတိုင်းဟာ ရောဂါဝေဒနာမဟုတ်ဘူး၊ ရောဂါဝေဒနာဆိုတာ ဒုက္ခဝေဒနာတစ်မျိုးတည်းကိုသာလျှင် ရည်စူးပြီးတော့ ပြောတာဖြစ်သည်။ ဒီနေရာမှာ ဝေဒနာလို့ဆိုတဲ့နေရာမှာ စိတ်ရဲ့ခံစားမှု
စာမျက်နှာ-၃၂၂
feeling လို့ အင်္ဂလိပ်လို ပြန်တယ်။ သို့သော် experience လို့ ပြန်လို့ရှိရင်လည်း အာရုံရဲ့သဘာဝကို အတွေ့အကြုံရသွားခြင်း၊ အာရုံနဲ့ဆုံလို့ရှိရင် စိတ်ပျော်တယ်၊ ဟိုအာရုံနဲ့ ဆုံလို့ရှိရင် စိတ်မပျော်ဘူးဆိုတာ အတွေ့အကြုံလေးတစ်ခုပဲပေါ့၊ စိတ်ရဲ့ခံစားချက်ကလေးတွေကို ဝေဒနာလို့ခေါ်တာ။

မြန်မာပြည်မှာ ရောဂါနဲ့ ဝေဒနာတွဲပြီးတော့ သုံးနေသည့်အတွက်ကြောင့် “ဝေဒနာပစ္စယာ တဏှာ” ဆိုလို့ရှိရင် ရောဂါကြောင့် တဏှာဖြစ်တယ်လို့ ဒီလိုအဓိပ္ပါယ်မျိုးတွေ သာမန်အားဖြင့် တွေးမိသွားနိုင်တယ်ပေါ့၊ ဒါ့ကြောင့်မို့ ဝေဒနာဆိုတာ စိတ်ရဲ့ခံစားမှုလို့ ဒီလိုမှတ်ရမယ်။
ဝေဒနာ ၃-မျိုး
ဝေဒနာကို သဘာဝအားဖြင့် ၃-မျိုးခွဲထားတာရှိတယ်၊ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်၊ စိတ်အားလုံးမှာ ဝေဒနာရှိတယ်၊ စိတ်ရှိရင် ဝေဒနာရှိတယ်လို့ အကြမ်းဖျဉ်းအားဖြင့် မှတ်ထားရမှာပေါ့။ ခံစားချက် ၃-မျိုးကို စာပေကျမ်းဂန်အရပြောရင် သုခဝေဒနာ, ဒုက္ခဝေဒနာ, အဒုက္ခမသုခဝေဒနာ၊ ဒီ ၃-မျိုးက သဘာဝရှုထောင့်က ခွဲတာ။

သုခဝေဒနာဆိုတာ ချမ်းသာတယ်၊ pleasant feeling ခန္ဓာကိုယ်အနေနဲ့ နေလို့ထိုင်လို့ ကောင်းတာလည်း သုခ၊ စိတ်ထဲက ပျော်တာလည်း သုခ၊ သုခဝေဒနာလို့ အားလုံး ကြုံတွေ့ဖူးကြတယ်၊ နေလို့ထိုင်လို့ ကောင်းတယ်, စားလို့သောက်လို့ ကောင်းတယ်, အိပ်လို့ ကောင်းတယ် စသည်ဖြင့် ပြောကြတာပေါ့၊ စိတ်က
စာမျက်နှာ-၃၂၃
လည်း ပျော်တယ်ဆိုရင် ဒါ သုခဝေဒနာပဲ၊ comfortable ပေါ့၊ စိတ်အခြေအနေလေး အဆင်ပြေနေတယ်ပေါ့၊ ဒီအာရုံလေးနဲ့ ကြုံတွေ့လိုက်လို့ရှိရင် သုခဝေဒနာဖြစ်တယ်၊ စာပေကျမ်းဂန်တွေမှာတော့ သုခဝေဒနာဆိုတာ ဣဋ္ဌာရုံရဲ့အရသာကို ခံစားတယ်၊ ဆိုတာ ကိုယ်လိုချင်တဲ့အာရုံ၊ ကိုယ်လိုချင်တာလေး ရတယ်ဆိုရင် စိတ်ပျော်တယ်ပေါ့၊ ကိုယ်လိုချင်တာလေးနဲ့ တွေ့နေရလို့ရှိရင် စိတ်ထဲမှာ နှစ်ခြိုက်နေတယ်၊ အဲဒီသဘောလေးကို “သုခဝေဒနာ”လို့ ခေါ်တယ်။

နောက်တစ်ခုက ဒုက္ခဝေဒနာ၊ ဒုက္ခဝေဒနာဆိုတာ ခံရခက်တယ်၊ ဘယ်သူမှ မခံချင်ဘူး၊ ခန္ဓာကိုယ်မှာဖြစ်တဲ့ ဝေဒနာတစ်မျိုးပဲ၊ ခါးကိုက်တယ် နားကိုက်တယ် ကျောအောင့်တယ် စသည်ဖြင့် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ခံရခက်တဲ့အနေအထားမျိုး၊ စိတ်ထဲမှာဖြစ်တဲ့ ခံရခက်တဲ့အနေအထားမျိုး၊ စိတ်မပျော်ဘူး စိတ်မချမ်းသာဘူး စသည်ဖြင့် စိတ်ထဲမှာ comfortable မဖြစ်တဲ့အရာတွေအားလုံး၊ ခန္ဓာကိုယ်ပေါ်မှာ အဆင်မပြေတာ၊ စိတ်ထဲမှာ အဆင်မပြေတဲ့ဟာတွေကို “ဒုက္ခဝေဒနာ”လို့ ဒီလိုသတ်မှတ်တယ်ပေါ့၊ အဲဒီဒုက္ခဝေဒနာ unpleasant feeling ပေါ့၊ ကိုယ်မကြိုက်တဲ့ ခံစားမှုလေးတစ်မျိုး။

တစ်ခါတစ်ရံကျတော့ လူတွေမှာ သုခလည်းမဟုတ်ဘူး, ဒုက္ခလည်းမဟုတ်ဘူး၊ သုခအနေနဲ့လည်း မထင်ရှားဘူး, ဒုက္ခအနေနဲ့လည်း မထင်ရှားဘူးဆိုတဲ့ သာမန်အနေအထား - စိတ်ထဲမှာ ခံစားမှုတစ်မျိုး ရှိသေးတယ်၊ အဲဒါကျတော့ “အဒုက္ခမသုခဝေဒနာ” လို့ ခေါ်တယ်၊ negative နှစ်ခုနဲ့ - အဒုက္ခဆိုတာ
စာမျက်နှာ-၃၂၄
ဆင်းရဲတာလည်း မဟုတ်ဘူး၊ မသုခဆိုတာ ချမ်းသာတာလည်း မဟုတ်ဘူး၊ Neither pleasant feeling nor unpleasant feeling လို့ ဒီလိုဆိုလိုတာပေါ့။

အဒုက္ခမသုခဝေဒနာကို တစ်နည်းအားဖြင့် နာမည်ပေးရင် ဥပေက္ခာလို့ ပြောတယ်၊ ဥပေက္ခာဆိုတာ ချမ်းသာတဲ့ခံစားမှုမျိုးလည်း မဟုတ်ဘူး, ဆင်းရဲတဲ့ခံစားမှုမျိုးလည်း မဟုတ်ဘူး၊ အလယ်အလတ် သဘောမျိုး ခံစားမှုမျိုး၊ စိတ်ဟာ အဲဒီအချိန်မှာ ချမ်းသာတာလည်း မဟုတ်ဘူး, ဆင်းရဲတာလည်း မဟုတ်ဘူးဆိုတဲ့ အနေအထားမျိုး၊ ဒါလည်း စဉ်းစားပြီးကြည့်မယ်ဆိုရင် ပေါ်လွင်ထင်ရှားပါတယ်။

ရိပ်သာတရားသွားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေလောကမှာ သိကြတယ်၊ ယောဂီတွေ ပြောကြတယ်၊ “ဝေဒနာကို ကျော်အောင်မှတ်၊ ဝေဒနာကို ကျော်အောင်မှတ်” လို့ ဆိုတယ်၊ ဝေဒနာကို ကျော်အောင်မှတ် ဆိုတာ ဒုက္ခဝေဒနာ တစ်မျိုးတည်းကို ရည်စူးပြီးတော့ ပြောတာ၊ အဲဒီတော့ ပြည့်ပြည့်စုံစုံပြောရင် ဒုက္ခဝေဒနာကို ကျော်အောင်မှတ်လို့ ပြောရမယ့်သဘောပဲ၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် တရားထိုင်ပြီဆိုလို့ရှိရင် ဟိုနားကနာ ဒီနားကနာ, ဟိုကအောင့် ဒီကအောင့်၊ ကြာရှည်ထိုင်တော့ physical unpleasant feeling က ပေါ်လာတယ်၊ physical pain ပေါ့- ခန္ဓာကိုယ်ရဲ့ နာကျင်ကိုက်ခဲမှု၊ အဲဒီဝေဒနာတွေဟာ သမာဓိစွမ်းအားနဲ့ ဆက်ပြီးမှတ်လိုက်တဲ့အခါမှာ နာတာကျင်တာ ကိုက်တာခဲတာတွေ ပျောက်သွားတာကို ဝေဒနာကျော်တယ်လို့ ပြောကြတယ်၊ ဒုက္ခဝေဒနာကိုသာ ကျော်တယ်လို့ ပြောရမယ်၊ သုခဝေဒနာ ကျော်တာမဟုတ်
စာမျက်နှာ-၃၂၅
ဘူး၊ ဒီတော့ ဝေဒနာကျော်တယ်လို့ ပြောလို့ရှိရင် သုခဝေဒနာကို ပြောတာမဟုတ်ဘူး၊ ဒုက္ခဝေဒနာကို ပြောတာလို့ မှတ်ရမယ်။

သုခနဲ့ ဒုက္ခဆိုတာ သုခ မရှိရင် ဒုက္ခလာမှာပဲ၊ ဒုက္ခ မဖြစ်ရင် သုခ လာမှာပဲ၊ သုခ လျော့နည်းသွားလို့ရှိရင် ဥပေက္ခာ၊ ဒုက္ခ လျော့နည်းသွားရင်လည်း ဥပေက္ခာပဲ၊ ဒါကြောင့်မို့ သူတို့က ဥပေက္ခာကို neutral feeling လို့လည်း အင်္ဂလိပ်လိုပြန်တယ်ပေါ့၊ စပ်ကြားက ခံစားချက်ကလေးတစ်ခုပဲ၊ အဲဒါကသိဖို့ အင်မတန်မှ ခက်ခဲတယ်ပေါ့ သာမန်အားဖြင့် မသိနိုင်ဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် လူတွေသိနိုင်တာက သုခနဲ့ ဒုက္ခပဲ၊ အဒုက္ခမသုခဆိုတဲ့ စပ်ကြားလေးကိုတော့ ထင်ထင်ရှားရှား မသိနိုင်ကြဘူးတဲ့။

ဒါကြောင့်မို့ “အဒုက္ခ မသုခဝေဒနာ” ဆိုတာကို အနုမာနဉာဏ်နဲ့ပဲ မှန်းဆပြီးတော့ ကြည့်လို့ရတယ်၊ သုခလျော့နည်းသွားတယ်, ဒုက္ခလည်း လျော့နည်းသွားတယ်၊ သုခလို့လည်း မဆိုသာဘူး, ဒုက္ခလို့လည်း မဆိုသာဘူးဆိုတဲ့ အနေအထားမျိုးလေးတစ်ခုက အဒုက္ခမသုခဝေဒနာ၊ ဒါဝေဒနာကို သဘာဝအားဖြင့် ခွဲတာ။
သုခနှစ်မျိုး
နောက်တစ်ခါ ထပ်ပြီးတော့ သုခကို နှစ်မျိုးခွဲလိုက်သေးတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် သုခဆိုတဲ့ ချမ်းသာမှုဟာ ခန္ဓာကိုယ်ပေါ်မှာ ဒီ physical body- က စ,လာတဲ့ ချမ်းသာခံစားမှုလား၊ စိတ်ထဲမှာ စဖြစ်တဲ့ ချမ်းသာခံစားမှုလားလို့ နှစ်မျိုးရှိတယ်၊ အဲဒါကို စာလိုပြောရင် “ကာယိကသုခနဲ့ စေတသိကသုခ”။
စာမျက်နှာ-၃၂၆
ကာယိကသုခဆိုတာ ရုပ်ခန္ဓာကိုယ်မှာဖြစ်တဲ့ - physical pleasant feeling ပေါ့၊ physical happiness လို့လည်း ပြန်တယ်၊ ရုပ်ခန္ဓာကိုယ်မှာဖြစ်တဲ့ နေလို့ထိုင်လို့ ကောင်းတဲ့အနေအထားမျိုး၊ ဒါကို ကာယိကသုခလို့ ခေါ်တယ်၊ စိတ်မပါဘူးလား ဆိုတော့ ပါတယ်၊ ခန္ဓာကိုယ်က နေထိုင်ကောင်းလို့ရှိရင် စိတ်ကလည်း ပျော်လာတာပဲပေါ့၊ ဒီတော့ ခန္ဓာကိုယ်နေထိုင်ကောင်းဖို့ သက်သက် comfortableness က ကာယိကသုခ။

ကာယိကသုခဆိုတာ ရုပ်ခန္ဓာကိုယ်က စပြီးတော့ စိတ်ကို ကူးဆက်သွားတယ်လို့ ဒီလိုမှတ်၊ ရုပ်ခန္ဓာကိုယ် နေရထိုင်ရတာ ရုပ်ပိုင်းဆိုင်ရာ တောင့်တောင့်တင်းတင်းကြီး မရှိဘူး၊ နေလို့ထိုင်လို့ အင်မတန်ကောင်းတယ် အဆင်ပြေတယ်ဆိုရင် ဒါ ကာယိကသုခ ဖြစ်တယ်ပေါ့၊ စိတ်လည်း ချမ်းသာတယ်။

စေတသိကသုခ ဆိုတာကျတော့ ရုပ်ခန္ဓာကိုယ်က စ,တာမဟုတ်ဘူး၊ သူက စိတ်ကပဲ စ,တာ၊ ရုပ်အနေအထားက ဘယ်လိုပဲရှိရှိ စိတ်က ပျော်တာ၊ တချို့ဆို ကြည့်လေ - အင်မတန်ပူပြင်းတဲ့ နွေရာသီ, ကတ္တရာလမ်းပေါ် ဖိနပ်မစီး ခေါင်းမဆောင်းဘဲနဲ့ သီချင်းလေး တအေးအေး သွားနေတဲ့ လူတွေကိုကြည့် သူတို့မှာ physical comfortable ဘယ်ရှိမလဲ၊ ကားနဲ့ ထီးလေးနဲ့ ဖိနပ်လေးနဲ့ သွားတဲ့လူလောက် ဘယ်လိုလုပ် ချမ်းသာမလဲနော်၊ အဲဒီလိုဟာမျိုးကျတော့ စိတ်ပျော်တာ၊ စိတ်ပျော်နေလို့ရှိရင် လူက ခန္ဓာကိုယ်ရဲ့ဒုက္ခကို ပမာမထားတော့ဘူးပေါ့၊ အဲဒါကျတော့ mental happiness လို့ ပြောလို့ရတယ်၊ အဲဒါကို “သောမနဿ”လို့ ပါဠိ
စာမျက်နှာ-၃၂၇
စာပေမှာ ပြောတယ်၊ ဝမ်းသာတယ်လို့ ဒီလိုပြန်ကြတယ်၊ စိတ်ထဲမှာဖြစ်တဲ့ ချမ်းသာသုခတစ်မျိုးပဲ ပေါ့နော်။
ဒုက္ခနှစ်မျိုး
ထို့အတူပဲ ဒုက္ခဝေဒနာကို နှစ်မျိုး ထပ်ခွဲလိုက်တယ်၊ physical pain နဲ့ mental pain - “ကာယိကဒုက္ခနဲ့ စေတသိကဒုက္ခ”၊ ကာယိကဒုက္ခကို “ဒုက္ခ”လို့ပဲ ခေါ်တယ်၊ စေတသိကဒုက္ခကျတော့ “ဒေါမနဿ” လို့ ခေါ်တယ်၊ ဒီတော့ ကာယိကဒုက္ခက ဒုက္ခလို့ဆိုတော့ ဆိုပါစို့ - သူကလည်းပဲ စိတ်ထိအောင် အကျိုးသက်ရောက်သွားတာ၊ စိတ်အနေနဲ့ကတော့ ချမ်းသာတယ် ပထမ၊ သို့သော်လည်း ခေါင်းတွေ မနေနိုင်မထိုင်နိုင်အောင် ကိုက်လာတယ်, သွားတွေ ကိုက်တယ်, နေမကောင်းဘူး, ကျောအောင့်တယ် စသည်ဖြင့် physical pain ဖြစ်လာလို့ရှိရင် စိတ်ကိုလည်းပဲ အကျိုးသက်ရောက်လာတာပဲ၊ စိတ်လည်း မပျော်တော့ဘူး၊ မပျော်ရုံတင်မကဘူး, တချို့မှာတော့ ဒေါမနဿတွေ ဖြစ်တယ်၊ ဒေါသတွေဖြစ်တယ်ဆိုတာ ဖြစ်လာတယ်ပေါ့၊ အဲဒါ ဆိုလိုတာက ရုပ်ပိုင်းခန္ဓာကိုယ်က စလာတဲ့ ဒုက္ခ၊ အဲဒါက “ကာယိကဒုက္ခ” စိတ်တော့ ပါရတာချည်းပဲ၊ ရုပ်က စတာ။

“ဒေါမနဿ”ဆိုတာ ရုပ်ခန္ဓာကိုယ်မှာတော့ ကျန်းကျန်းမာမာပဲ၊ သွားကိုက်တာလည်း မရှိဘူး, နားကိုက်တာလည်း မရှိဘူး, ဘယ်နေရာမှ အောင့်တာ နာတာ မရှိဘူး၊ သို့သော်လည်းပဲ စိတ်မချမ်းသာစရာသတင်း ကြားတယ် -သို့မဟုတ်- တစ်စုံတစ်ယောက်နဲ့ အဆင်မပြေလို့ စိတ်ဆိုးတယ် စိတ်ဆင်းရဲတယ်ဆိုတာတွေက
စာမျက်နှာ-၃၂၈
ဒေါမနဿ၊ အဲဒါကျတော့ စိတ်ကလာတာနော်၊ ရုပ်အနေနဲ့ ဘယ်လိုအဆင်ပြေပြေ စိတ်ကနေလာတဲ့ဟာကျတော့ ဒေါမနဿလို့ ခေါ်တယ်၊ အဲဒါကျတော့ mental pain ပေါ့၊ ဟော ဒီလို ထပ်ခွဲလိုက်တယ်။
ဝေဒနာ ၅-မျိုး
ဒီလို ထပ်ခွဲလိုက်တဲ့အခါကျတော့ ဝေဒနာဟာ ခံစားချက်ဟာ ၅-ခု ဖြစ်သွားတယ်၊ ခုနက အဒုက္ခမသုခကို ဥပေက္ခာလို့ ပြောပြီးပြီ၊ ဥပေက္ခာကျတော့ physical, mental မခွဲသည့်အတွက်ကြောင့် သူ့ကို တစ်မျိုးတည်းပဲ ထား၊ ဒုက္ခကိုတော့ physical, mental ခွဲတယ်၊ သုခကိုလည်း physical, mental ခွဲတယ်၊ ကာယိက, စေတသိက ခွဲလိုက်တယ်၊ ခွဲလိုက်သည့်အတွက်ကြောင့် “သုခ, သောမနဿ, ဒုက္ခ, ဒေါမနဿ, ဥပေက္ခာ” လို့ ဆိုပြီးတော့ ဝေဒနာ ၅-မျိုး ဖြစ်သွားတယ်ပေါ့၊ အဲဒီဝေဒနာ ၅-မျိုးဟာ ဆိုင်ရာဆိုင်ရာ မတူညီတဲ့ အာရုံတွေကြောင့် စိတ်မှာဖြစ်ပေါ်လာတဲ့ ခံစားချက်တွေ။

စိတ်ရှိတိုင်း ခံစားချက်ရှိတယ်၊ သို့သော် သိမ်မွေ့တာနဲ့ ကြမ်းတမ်းတာ မတူညီမှုတွေတော့ ရှိတာပေါ့နော်၊ ဒေါသနဲ့ တွဲလာတဲ့ ခံစားချက်ကျတော့ ဒေါမနဿလို့ ခေါ်တယ်၊ လောဘနဲ့ တွဲလာတဲ့ ခံစားချက်က သောမနဿလည်း ရှိတယ်, ဥပေက္ခာလည်း ရှိတယ်၊ ခန္ဓာကိုယ်နဲ့ ပတ်သက်လာလို့ရှိရင် သုခတို့ ဒုက္ခတို့ ဒီလိုရှိတယ်ပေါ့၊ ဝေဒနာဆိုတာ အဲဒါကို ပြောတာ။
စာမျက်နှာ-၃၂၉
ဒီတော့ လူတိုင်းလူတိုင်းမှာ ဝေဒနာဆိုတာ ရှိတယ်ပေါ့၊ ခံစားမှုလေးတွေ ရှိတယ်၊ အဲဒီခံစားမှုလေးတွေဟာ ဘာကိုဖြစ်ပေါ်စေတတ်သလဲ, ဘာရဲ့အကြောင်းလဲလို့ - ပဋ္စ္စသမုပ္ပါဒ်ကျတော့ “ဝေဒနာပစ္စယာ တဏှာ”လို့ မြတ်စွာဘုရားက ဟောတယ်၊ ခံစားချက်လေးဟာ တဏှာကို ဖြစ်ပေါ်စေတယ်လို့ ခံစားချက်ကို အကြောင်းပြုပြီးတော့ လူတွေက တဏှာဖြစ်တယ်၊ ဒီလိုဟောတယ်။
ဝေဒနာ ၆-မျိုး
အဲဒါနဲ့ ပတ်သက်ပြီးတော့ ဆင်ခြင်စဉ်းစားကြည့်ဖို့ လိုတယ်ပေါ့၊ ဒါဖြင့် ခံစားချက်တွေက ဘယ်ကလာလဲ၊ ဘယ်လိုခံစားချက်တွေတုန်း၊ ခုနက ၃-မျိုးနဲ့ ၅-မျိုးကို ဆိုင်ရာဆိုင်ရာ ရှေ့ပိုင်းက ဖဿနဲ့ တွဲပြီးတော့ ပြောလိုက်မယ်၊ မျက်စိက အာရုံနဲ့ ဆုံပြီးတော့ ခံစားတာလား၊ နားက အသံနဲ့ ဆုံပြီးတော့ ခံစားတာလား၊ ဒွါရ ၆-ပါးနဲ့ အာရုံတွေနဲ့ တွဲလိုက်လို့ရှိရင် ဖဿဖြစ်သလိုပဲ ဝေဒနာဟာ ၆-မျိုး ဖြစ်လာတယ်နော်၊ “မျက်စိနဲ့ ရူပါရုံ ဆုံမိရာကနေပြီးတော့ ခံစားချက်ပေါ်တယ်၊ နားနဲ့ အသံ ဆုံမိရာက ခံစားချက်ပေါ်တယ်၊ နှာခေါင်းနဲ့အနံ့ ဆုံမိရာကနေ ခံစားချက်ပေါ်တယ်၊ လျှာနဲ့ အရသာ ဆုံမိရာကနေပြီးတော့ ခံစားချက်ပေါ်တယ်တဲ့၊ ခန္ဓာကိုယ်နဲ့ အထိအတွေ့အာရုံ ဆုံမိရာကနေပြီးတော့ ခံစားချက်ပေါ်တယ်၊ စိတ်နဲ့ ဓမ္မာရုံ ဆုံမိရာကနေပြီး ခံစားချက်ပေါ်တယ်”လို့ - မြတ်စွာဘုရား အဲဒီရှုထောင့်က ကြည့်ပြီးတော့ ဝေဒနာကို ၆-မျိုး ဟောထားတာလည်း ရှိတယ်။
စာမျက်နှာ-၃၃၀
မနေ့တုန်းက ပြောခဲ့တယ် - စက္ခုသမ္ဖဿဇာဝေဒနာ, သောတသမ္ဖဿဇာဝေဒနာ, ဃာနသမ္ဖဿဇာဝေဒနာ, ဇိဝှါသမ္ဖဿဇာဝေဒနာ, ကာယသမ္ဖဿဇာဝေဒနာ, မနောသမ္ဖဿဇာဝေဒနာလို့ ဝေဒနာ ၆-မျိုး၊ ဖဿ ၆-မျိုးအလိုက် ဝေဒနာ ၆-မျိုး ဟောထားတာ၊ ထိတွေ့မှု အားကောင်းလေလေ ခံစားမှု အားကောင်းလေလေပဲ၊ မှန်တယ်၊ ဒါကြောင့်မို့ “ဖဿပစ္စယာ ဝေဒနာ” လို့ ပဋိစ္စသမုပ္ပါဒ်မှာ ဟောထားတယ်၊ ထိတွေ့မှု အရှိန်ပြင်းရင် ခံစားမှု အရှိန်ပြင်းတယ်, ထိတွေ့မှု အရှိန်ပျော့ရင် ခံစားမှု အရှိန်ပျော့တယ်၊ ဟောဒီသဘောပဲ ဆိုလိုတယ်။

ဒီတော့ ကောင်းပြီ- ဒီကနေ့ပြောရမှာက “ဝေဒနာပစ္စယာ တဏှာ” ခံစားမှုကို အကြောင်းပြုပြီးတော့ တဏှာဖြစ်တယ်လို့ ဆိုတယ်၊ ဒါဖြင့် တဏှာအမျိုးအစား ဘယ်လောက်ရှိသလဲလို့- တဏှာနဲ့ ပတ်သက်ပြီးတော့ ပြောကြရအောင်။
တဏှာ ဟူသည်
တဏှာဆိုတာ လောဘစေတသိက်ကိုပဲ ခေါ်တာ၊ သူ့ကို ဘာဖြစ်လို့ တဏှာလို့ နာမည်ပေးလိုက်လဲဆိုရင် “တဿတိ ပရိတဿတီတိ တဏှာ” ဆိုတဲ့ ပါဠိ definition အရ ဒီသဘာဝတရား စိတ်ထဲမှာပေါ်လာလို့ရှိရင် စိတ်ဟာ အလိုလို ဆာလောင်မွတ်သိပ်လာတယ်၊ ဟိုဟာလိုချင် ဒါလိုချင် ဖြစ်လာတယ်၊ အားမရ ဖြစ်လာတယ်နော်၊ လိုချင်မှုတွေ ဖြစ်လာတယ်နော်၊ တဿတိ ပရိတဿတီတိ စိတ်ရဲ့ပူဆာမှုတွေ၊ ရေသောက်ချင်လို့ ရေငတ်လာတာလိုပေါ့, ထမင်းဆာလာတာလိုပေါ့၊ အာရုံကို လိုချင်လာတဲ့
စာမျက်နှာ-၃၃၁
သဘောတွေ ပေါ်လာတယ်တဲ့၊ အဲဒီအာရုံကို လိုချင်လာတဲ့ သဘောရှုထောင့်ကနေပြီးတော့ “တဏှာ” လို့ ခေါ်လိုက်တယ်နော်။

လောဘဆိုတာ လိုချင်တာ, ရာဂဆိုတာ စိတ်ကို အရောင်ဆိုးတာ စွဲနေတာ၊ ဟော- သူ့ရှုထောင့်လေးကနေသူ နာမည်ပေးလိုက်တာ၊ တကယ်ကတော့ လောဘပဲ၊ အကုသိုလ်စိတ်တွေမှာ ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာတဲ့ လောဘကိုပဲ ဒီနေရာမှာ တဏှာလို့ ခေါ်လိုက်တာတဲ့၊ ဒီတဏှာဟာ လောဘမူလစိတ်ဆိုတဲ့ စိတ် ၈-မျိုးနဲ့ ယှဉ်တွဲပြီးတော့ ဖြစ်လေ့ရှိတယ်။
တဏှာ ၆-မျိုး
တဏှာနဲ့ ပတ်သက်ပြီးတော့ အမျိုးအစား ဘယ်လိုရှိသလဲလို့ တဏှာကို အမျိုးအစားခွဲတဲ့အခါ အာရုံနဲ့ခွဲရတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ တဏှာက အာရုံပေါ်လာတဲ့အခါမှာ တွယ်တာတာကိုး၊ ဆိုပါစို့ - လိုချင်တယ်လို့ဆိုတာ မျက်စိကမြင်လို့ နှစ်သက်စရာကောင်းလို့ လိုချင်တယ်၊ နားကကြားလို့ ကိုယ်ကြိုက်လို့ လိုချင်တယ်၊ နှာခေါင်းက အနံ့ရပြီးတော့ လိုချင်တယ်၊ လျှာက အရသာခံပြီးတော့ လိုချင်တယ်၊ ခန္ဓာကိုယ်က ထိတွေ့ပြီးတော့ လိုချင်တယ်၊ စိတ်ကူးထဲကနေ ကျေနပ်ပြီးတော့ လိုချင်တယ် ဆိုတော့ - ဟော လိုချင်တာဟာ အာရုံနဲ့ ဆက်သွယ်ပြီးတော့ ဖြစ်ပေါ်နေတာတွေ၊ အဲဒီတော့ အာရုံဟာ ဒီလိုချင်မှုတွေကို သွေးဆောင်ဖျားယောင်းနေသလို ရှိတယ်ပေါ့။

လိုချင်မှုတွေကြောင့် ဒီတဏှာဟာ ဖြစ်နေရတယ်၊ ဒါ့ကြောင့် တဏှာကို အာရုံနဲ့ နာမည်ပေးပြီးတော့ ခွဲရတယ်၊ မျက်စိနဲ့မြင်ရတဲ့
စာမျက်နှာ-၃၃၂
အာရုံကို ရူပါရုံလို့ ခေါ်တယ်၊ အဲဒီရူပါရုံကို လိုချင်တာကျတော့ ရူပတဏှာ၊ အသံကြားပြီးတော့ အဲဒီအသံကို နားထောင်ချင်တာကျတော့ သဒ္ဒတဏှာ၊ မွှေးကြိုင်တဲ့ အနံ့လေးကို ရပြီးတော့ အဲဒီအနံ့ကို ရှူရှိုက်ချင်တာက ဂန္ဓတဏှာ၊ အရသာရှိတာလေးကို စားပြီးတော့ အဲဒီအရသာလေးကို လိုချင်တာက ရသတဏှာ၊ ခန္ဓာကိုယ်နှင့် ထိတွေ့လို့ အိစက်ညက်ညောတဲ့ အထိအတွေ့ကောင်းတဲ့အရာကို ထိတွေ့ချင်လို့ လိုချင်တာက ဖောဋ္ဌဗ္ဗတဏှာလို့ စာပေကျမ်းဂန်မှာ ဒီလို မြတ်စွာဘုရားသုံးတဲ့ စကားလုံးတွေနဲ့ သုံးလို့ရှိရင် အဲဒီလို ခေါ်မှာပေါ့။

နောက်တစ်ခါ စိတ်ကူးထဲကနေပြီးတော့ရလာတဲ့ စိတ်ထဲမှာပေါ်လာတဲ့ အာရုံနဲ့ ပတ်သက်ပြီး လိုချင်တာကျတော့ general စကားလုံးတစ်ခုကို သုံးလိုက်မယ် - ဓမ္မ လို့၊ ဒါပေမယ့်လို့ ဓမ္မလို့ သုံးလိုက်တာနဲ့ “ဓမ္မံ သရဏံ ဂစ္ဆာမိ” တို့ “တရား” တို့နဲ့ ဘာမှမဆိုင်ဘူးနော်၊ ဒီဓမ္မဆိုတဲ့စကားလုံးက ဗုဒ္ဓစာပေမှာ အလွန်ကျယ်ဝန်းတယ်၊ ဒါကြောင့်မို့လို့ အင်္ဂလိပ်လို ပြန်ရင်တောင်မှ ဓမ္မကို ဘယ်တော့မှ ဘာသာမပြန်ကြဘူး၊ ဓမ္မလို့ပဲ ထားလိုက်တယ်ပေါ့၊ အေး အဲဒါကျတော့ ဓမ္မတဏှာလို့ ခေါ်တယ်ပေါ့၊ စိတ်နဲ့သိရတဲ့ အာရုံတွေကို လိုချင်တဲ့တဏှာလို့ - ဟော အာရုံနဲ့ ခွဲလိုက်တဲ့အခါကျတော့ တဏှာ ၆-မျိုးဖြစ်တယ်။

အဲဒီ တဏှာ ၆-မျိုးဟာ “ဝေဒနာပစ္စယာ - ဝေဒနာရှိနေလို့”, “တဏှာ - တဏှာဟာ ပေါ်လာတာ” လို့- ဒီလိုပြောရတာပေါ့၊ ဆက်စပ်မှုရှိတာကို ပြောတာ၊ အာရုံနဲ့ စိတ်နဲ့ တွေ့ဆုံလိုက်သည့် ဖဿဆိုတဲ့ တွေ့ဆုံမှု အားကောင်းသည့်အတွက်ကြောင့်
စာမျက်နှာ-၃၃၃
ခံစားမှုတွေ ပေါ်လာတယ်၊ ခံစားမှုကို နောက်ထပ်လိုချင်တယ်ဆိုတဲ့ တဏှာလိုက်လာတယ်ပေါ့၊ အဲဒီလို ဆက်သွယ်ပြီးတော့ လာတယ်။
တဏှာ ၃-မျိုး
ဒီတော့ တဏှာဟာ အာရုံရှုထောင့်ကနေ ခွဲလိုက်တဲ့အခါ တဏှာ ၆-မျိုး၊ အဲဒီတဏှာ ၆-မျိုးက ဖြစ်ပုံဖြစ်နည်းအားဖြင့် သုံးမျိုးရှိတယ်၊ အဲဒီတဏှာရဲ့ သဘာဝ၊ ဒါက သူ့ရဲ့ aspect ခေါ်တယ်၊ ဖြစ်ပေါ်လာပုံ၊ အာရုံပေါ်မှာ ရှုမြင်သုံးသပ်မှုပေါ်မှာ ကြည့်ပြီး တဏှာကို ၃-မျိုး ထပ်ခွဲပြန်တယ်၊ တစ်ခုစီ တစ်ခုစီကို ၃-မျိုး ထပ်ခွဲတယ်။

ဆိုပါစို့ - မျက်စိက အဆင်းအာရုံလေးကို မြင်ပြီးတော့ လိုချင်တပ်မက်တဲ့ တဏှာဖြစ်တယ် ဆိုတဲ့နေရာမှာ လိုချင်တပ်မက်မှု သက်သက်လား, ဒီ့ပြင် ဘာတွေပါသေးလဲ၊ လိုချင်တပ်မက်မှု သက်သက်ဆိုရင် ဖြစ်ပုံက တစ်မျိုး၊ တခြားအတွေးအခေါ်တွေနဲ့ ရောတွေးလာလို့ရှိရင် အတွေ့အကြုံက တစ်မျိုးဖြစ်သွားပြီ၊ ဒါကြောင့်မို့လို့ ဒီရူပတဏှာဆိုတာလေးကိုပဲ ၃-မျိုးထပ်ခွဲတယ်၊ “ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ” တဲ့၊ ဓမ္မစကြာထဲမှာ ပါတဲ့အတိုင်းပေါ့နော်။

“ကာမတဏှာ” ဆိုတာ မျက်စိကမြင်ရတဲ့ နှစ်သက်စရာကောင်းတဲ့ အဆင်းအာရုံလေးကို ကြည့်ပြီးတော့ လိုချင်တာ၊ အဲဒီအာရုံကို တပ်မက်တဲ့အနေနဲ့ လိုချင်တာကျတော့ ကာမတဏှာလို့
စာမျက်နှာ-၃၃၄
ခေါ်တယ်၊ ဘာမှအတွေးတွေ အမြင်တွေ အယူအဆတွေမှ မပါဘူး, လိုချင်ရုံသက်သက်ပဲ၊ အဲဒါက ကာမတဏှာပဲ။

အဲဒီလို မဟုတ်ဘဲနဲ့- အရာခပ်သိမ်းဟာ ခိုင်မာတယ် ခိုင်မြဲတယ် ဘယ်တော့မှ ပျက်စီးမသွားဘူးဆိုတဲ့ သဿတအယူအဆ အတွေးအမြင်တစ်ခု လွှမ်းမိုးပြီးတော့ လိုချင်တဲ့ လိုချင်မှုကျတော့ “ဘဝတဏှာ”လို့ ခေါ်တယ်၊ ဘဝဆိုတာ Becoming အမြဲတမ်း ဖြစ်နေတဲ့သဘောနော်၊ အမြဲတမ်း ဖြစ်နေတာကိုတွေးခေါ်ပြီးတော့ လိုချင်တဲ့ဟာကျတော့ ဘဝတဏှာလို့ ခေါ်တယ်။

အဲဒီလို အမြဲတမ်းဖြစ်တာ မဟုတ်ဘူးလို့ဆိုတဲ့ အယူအဆနဲ့ တွဲဖက်ပြီးတော့ လာလို့ရှိရင် “ဝိဘဝတဏှာ” လို့ ခေါ်တယ်၊ အဲဒါကလည်း အနိစ္စသဘောနဲ့ တွဲဖက်တဲ့သဘောကို ပြောတာမဟုတ်ဘူး၊ ဒီနေရာမှာ ဥစ္ဆေဒဒိဋ္ဌိအမြင်နဲ့ တွဲလာတာကို ပြောတာနော်။

အဲဒီတော့ အယူအဆက ၂-ရပ်ရှိတယ် - သဿတဒိဋ္ဌိရယ် ဥစ္ဆေဒဒိဋ္ဌိရယ်၊ တကယ်ကတော့ ဒီသဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိဆိုတဲ့အယူအဆတွေဟာ အတ္တဆိုတာကို လက်ခံထားပြီးတဲ့နောက်မှာ ပေါ်လာတဲ့အယူအဆ ၂-ရပ်ပဲ။

ထာဝရမြဲတဲ့အရာ ရှိတယ်ဆိုတဲ့ သဿတအယူအဆနဲ့ တွဲလာလို့ရှိရင် ဘဝတဏှာ၊ ဖြစ်ပြီးရင် ပြီးသွားတာပဲ, နောက်ထပ် ဘာမှမလာတော့ဘူး၊ ရုပ်ဝါဒီတွေလိုပေါ့နော်၊ ဒီတော့ ဘာမှမလာတော့ဘူးလို့ ဘယ်တော့မှလည်း မဖြစ်တော့ဘူးလို့ ဒီလိုယူဆတဲ့ ဥစ္ဆေဒဝါဒနဲ့ ယှဉ်တွဲလာတဲ့ တဏှာကျတော့ ဝိဘဝတဏှာ၊
စာမျက်နှာ-၃၃၅
ဘဝ, ဝိဘဝ, ဝိ ဆိုတဲ့စကားလုံးလေး သုံးလိုက်တယ်၊ ထာဝရအစဉ် ဖြစ်နေတာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်။

ခုနက ရူပတဏှာကလည်းပဲ ဒီ ၃-မျိုး, သဒ္ဒတဏှာကလည်း ဒီလို ၃-မျိုး ရှိတယ်နော်၊ အသံနဲ့ပတ်သက်ပြီး ရိုးရိုးနှစ်သက်လို့ရှိရင် ကာမတဏှာ၊ သဿတဒိဋ္ဌိနဲ့ ယှဉ်တွဲလာလို့ရှိရင် ဘဝတဏှာ၊ ဥစ္ဆေဒဒိဋ္ဌိနဲ့ယှဉ်တွဲလာပြီဆိုရင် ဝိဘဝတဏှာဆိုတော့ ဟော သဒ္ဒတဏှာကလည်းပဲ ၃-မျိုးဖြစ်သွားပြီပေါ့။
တဏှာ ၁၀၈
ဒီလို တဏှာ တစ်မျိုးတစ်မျိုးဟာ ၃-မျိုးစီ ဖြစ်သွားတယ်ဆိုတော့ ၆-ခုကို ၃-နဲ့မြှောက်တော့ ၁၈-ခု ဖြစ်သွားတယ်နော်၊ အဲဒီလို တဏှာအမျိုးအစားတွေကို analyze လုပ်ကြည့်တဲ့အခါကျတော့ ၁၈-မျိုး ရလာနိုင်တယ်ပေါ့။ ဒါ လူတိုင်းလူတိုင်းမှာ ၁၈-မျိုး ဖြစ်တယ်လို့ ဒီလိုပြောတာတော့ မဟုတ်ဘူး၊ ဖြစ်နိုင်တာလေးကို ပြောတာ - possible၊ တစ်ပြိုင်နက်ဖြစ်တာကို ပြောတာလည်း မဟုတ်ဘူး။

အေး ကောင်းပြီ - အဲဒီ ၁၈-မျိုးက တစ်ခါ အာရုံကို ခွဲကြည့်လိုက်ဦး - အဆင်းအာရုံဆိုတာ မှန်ထဲကြည့်ရင် ကိုယ့်ရုပ်ကို မမြင်ရဘူးလား၊ အေး ကိုယ့်ရုပ်ကို ကြိုက်တာက ရူပတဏှာ၊ ကိုယ့်အသံလေး ကိုယ်သဘောကျလို့ရှိရင် သဒ္ဒတဏှာ ဟုတ်လား၊ ကိုယ့်အသံမဟုတ်ဘူး အဆိုတော်တွေဆိုတဲ့ အသံတို့ သူများအသံတို့ အပြင်ဘက်က အသံတို့ကို ကြိုက်တယ်ဆိုရင် ဗဟိဒ္ဓ၊ ဒီတော့ internal နဲ့ external ပေါ့၊ အာရုံက internal အတွင်းအာရုံ၊
စာမျက်နှာ-၃၃၆
external အပြင်အာရုံလို့ ၂-မျိုးရှိတယ်၊ အဲဒီတော့ အတွင်းနဲ့ ပတ်သက်လာတဲ့ အာရုံပေါ်မှာ ဖြစ်တာက ၁၈-ခု၊ အပြင်အာရုံပေါ်မှာ ဖြစ်တာက ၁၈-ခု ဆိုတော့ ၃၆-ဖြစ်သွားတယ်၊ ဟော တဏှာတွေ ပွားလာတဲ့သဘောနော်။

အဲဒီ ၃၆-ကို အတိတ်တုန်းကလည်း ၃၆-ပဲ အခု ပစ္စုပ္ပန်မှာကြည့်ရင်လည်း ၃၆-ပဲ၊ နောင်လာလတ္တံ့မှာလည်းပဲ ၃၆-လို့ - ၃၆-ကို ၃-ခုနဲ့မြှောက်လိုက်တဲ့အခါကျတော့ ၁ဝ၈၊ တဏှာ-၁၀၈ဆိုတာ အဲဒါကို ပြောတာ။

ဘုန်းကြီးတို့ငယ်စဉ်က သင်လာခဲ့ရတဲ့ အဆိုလေးနဲ့တော့ အခု ဝိသုဒ္ဓိမဂ်မှာပြောထားတဲ့ ခွဲပုံလေးက မတူတာလေးတော့ ရှိတယ်ပေါ့။ အခုပြောတာက ၆-ပါးကို ၃-နဲ့ မြှောက်ပေါ့၊ ဝိသုဒ္ဓိမဂ်မှာက ၆-ကို ၃-နဲ့ မြှောက်ပြီးတော့မှ internal, external အဇ္ဈတ္တိက, ဗာဟိရ ၂-ခုနဲ့ မြှောက်တာ၊ ပြီးတော့မှ ကာလ ၃-ပါးနဲ့ မြှောက်တယ်၊ သူမြှောက်ပုံက ဘုန်းကြီးတို့ငယ်စဉ်တုန်းက ရထားတာတော့ “တဏှာသုံးတန် အရင်းခံ၊ အာ, ကာ, သန်နှင့် မြှောက်” ဆိုပြီးတော့ - တဏှာ ၃-ခုဆိုတော့ ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ သုံးခုကို တည်၊ အာဆိုတာ အာရုံ ၆-ပါးနဲ့ မြှောက်၊ အဲဒါကို ကာ ဆိုတာ ကာလသုံးပါးနဲ့ မြှောက်၊ သန်ဆိုတာ သန္တာန် ၂-ခုနဲ့ မြှောက်၊ သန္တာန်ဆိုတာ အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓ Internal External, ဘယ်လိုမြှောက်သွားသွား အစဉ်က အဓိကမဟုတ်ဘူး၊ ၁၀၈-ကတော့ ဖြစ်တာချည်းပဲနော်၊ သို့သော် ဝိသုဒ္ဓိမဂ်ကျမ်းမှာတော့ အခုပြောခဲ့တဲ့ပုံစံနဲ့ ခွဲပြထားတာပေါ့။
စာမျက်နှာ-၃၃၇

“ဝေဒနာပစ္စယာ တဏှာ” ဟု ဟောတော်မူခြင်း
ဒီတော့ “ဝေဒနာပစ္စယာ တဏှာ”- “ဝေဒနာဆိုတဲ့ ခံစားမှုလေးကြောင့် တဏှာဖြစ်ရတယ်” လို့ ဆိုတဲ့နေရာမှာ ခုနတဏှာကျတော့ တဏှာက အာရုံပြုတာ ဘာကို အာရုံပြုတာတုန်း ဆိုတော့ မျက်စိကမြင်တဲ့ အဆင်းအာရုံ၊ နားကကြားရတဲ့ အသံ၊ သူကြိုက်တာ အသံကြိုက်တာ၊ အဆင်းကြိုက်တာ၊ အနံ့ကို ကြိုက်တာ၊ အရသာကို ကြိုက်တာ၊ အထိအတွေ့ကို ကြိုက်တာ၊ စိတ်ကူးထဲက ကောင်းတဲ့ဟာလေးတွေကို ကြိုက်တယ်၊ “အာရမ္မဏပစ္စယာ တဏှာ” လို့ မပြောသင့်ဘူးလား၊ ဘာဖြစ်လို့ “ဝေဒနာပစ္စယာ တဏှာ” လို့ ပြောလဲ၊ ကြိုက်တာက အာရုံ၊ အာရုံကို ကြိုက်လို့ တဏှာဖြစ်တာကို ဘာဖြစ်လို့ ဝေဒနာကြောင့် တဏှာဖြစ်တယ်လို့ ပြောရသလဲ၊ ဒါ စဉ်းစားစရာလေးတစ်ခုနော်။ ။

ကဲ စဉ်းစားပြီးတော့ ကြည့်ရအောင်၊ မိခင်ဖခင်တွေက သားသမီးကို ချစ်ကြတယ်နော်၊ ကိုယ့်သားကိုယ့်သမီးဆို သိပ်ချစ်ကြတယ်၊ သားကို ချစ်ပါတယ်၊ သမီးကို ချစ်ပါတယ်ဆိုတဲ့ မိခင်တွေဟာ တစ်နေ့ကျတော့ အဲဒီသားသမီးတွေအပေါ်မှာ စိတ်ဆိုးပြီးတော့ အမွေပြတ် ကြေညာတာတွေရော မရှိဘူးလား။

အဲဒီနေရာမှာ စဉ်းစားကြည့် - မိခင်ချစ်တာက သားသမီးကို ချစ်တာ ဟုတ်ကဲ့လား? အစဉ်အမြဲ ချစ်နေတာရော ဟုတ်ကဲ့လား? တကယ်ကတော့ မိခင်ကချစ်တာ ဘယ်သူ့ကို ချစ်တာတုန်းဆိုရင် သူ့ရဲ့ခံစားချက်ကိုပဲ သူချစ်တာ၊ ဒီသားလေး ဒီသမီးလေးမျက်နှာ မြင်နေရရင် သူ့စိတ်ထဲမှာ ပျော်နေတာ၊ အဲဒီ ပျော်နေတယ်ဆိုတဲ့ သောမနဿဝေဒနာ သုခဝေဒနာလေးကို သူ
စာမျက်နှာ-၃၃၈
ချစ်နေတာ၊ အဲဒါလေးကို ပျက်စီးအောင် လုပ်လို့ရှိရင် သူ့ရန်သူဖြစ်သွားပြီး တကယ်က သားသမီးချစ်တာ မဟုတ်ဘူး၊ ဟော ဘုရားဟောတာကို လူတွေက သတိမထားမိဘူး၊ ဟုတ်ကဲ့လား။ ။

ပြောလို့ရှိရင် “သားချစ်တယ်၊ သမီးချစ်တယ်”ပဲ ပြောမယ်။ “ဘယ်ပစ္စည်းကို စုံမက်တယ်” ပဲပြောမယ်၊ မဟုတ်ဘူး၊ ပစ္စည်းချစ်တယ်ဆိုတာလည်းပဲ ဒီပစ္စည်းလေးမြင်နေရရင် သူက ပျော်နေတာ တကယ်က အဲဒီပျော်တာကို ချစ်တာ၊ ဒီပျော်ရွှင်မှုကို ဘယ်သူက ပေးလဲဆိုရင် ဒီပစ္စည်းလေးက ပေးတယ်၊ ဟောဒီဝမ်းသာမှုကြည်နူးမှု ပျော်ရွှင်မှုတွေကို ဘယ်သူက ပေးတုန်း? သားက ပေးနေတယ်၊ သမီးက ပေးနေတယ်၊ ပစ္စည်းဥစ္စာတွေက ပေးနေတယ်၊ ဒါ့ကြောင့်မို့ သူက သားကို ချစ်တယ်၊ သမီးကို ချစ်တယ်၊ ပစ္စည်းကို ချစ်တယ်လို့ နာမည်တပ်လိုက်တာ၊ တကယ်ချစ်တာက အဲဒါ မဟုတ်ဘူးတဲ့။ ။

တကယ်ချစ်တာက ကိုယ့်ရဲ့ feeling ကိုပဲ ကိုယ်ချစ်နေတာတဲ့၊ ကိုယ့် feeling ကို ပျက်စီးအောင် လုပ်ပြီဆိုရင် ဒီလူဟာ ရန်သူပဲ၊ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် ဟုတ်ကဲ့လား၊ နောက်ဆုံးမှာ အမွေပြတ်ကြော်ငြာတာတွေထိအောင် ဖြစ်ကုန်ကြတာပေါ့၊ သူချစ်တာကို မဖျက်ဆီးနဲ့လေ၊ တကယ် သားချစ်တယ်ဆိုရင် ဘာပြောစရာလိုလဲ၊ ဒါ ဟုတ်လား၊ သားရှိနေရင် အမြဲတမ်း ချစ်နေရမှာပေါ့။ ဘာလုပ်လုပ်ပေါ့ သို့သော် သူသဘောမကျတော့ မချစ်တော့ဘူး။

သဘောကျတယ်ဆိုကတည်းက ဝေဒနာပဲ မဟုတ်လား၊ သူသဘောကျနေတာက သူ့ရဲ့သုခဝေဒနာလေး၊ အေး သူလိုချင်တာက သူ့ရဲ့သုခဝေဒနာလေး၊ ဒီသုခဝေဒနာလေးကို ဘယ်သူက ပေး
စာမျက်နှာ-၃၃၉
တာတုန်း သားက ပေးနေတာ၊ သမီးက ပေးနေတာ၊ သားသမီးက မပေးတော့ဘဲ သူ့ရဲ့ သုခဝေဒနာ သောမနဿဝေဒနာကို ဖျက်ဆီးပစ်ပြီဆိုရင် “ဒီသားသမီး သွားတော့ မလာနဲ့တော့” လို့ အိမ်ကနေ မောင်းချတာမျိုးတွေ ဖြစ်ကုန်တယ်နော်။

အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားက “ဝေဒနာပစ္စယာ တဏှာ” လို့ ဟောတာ၊ မြတ်စွာဘုရားက အရင်းကျကျကို အမြဲတမ်း လိုက်တယ်၊ အပေါ်ယံလေးတင် မကြည့်ဘူး၊ ဒါကြောင့်မို့ တရားဟာ profound အင်မတန်နက်နဲတယ်လို့ ဒီလိုပြောတယ်၊ အဓိကက အဲဒါ။

အေး ကောင်းပြီ - “ဝေဒနာပစ္စယာ တဏှာ” အခုလို “တဏှာဆိုတာဟာ ဒီဝေဒနာဆိုတဲ့ ခံစားချက်ကို အကြောင်းပြုပြီးတော့ တဏှာဖြစ်ရတယ်” ဆိုတာ ဒါ ပဋိစ္စသမုပ္ပါဒ်အရ ဝေဒနာနဲ့ တဏှာ ဆက်သွယ်ပုံကို ဒါ သိရပြီး ပဋ္ဌာန်းနည်းကျတော့ ဘယ်လိုဆက်သွယ်သလဲလို့ ပြောရမယ်ဆိုရင် စိတ်ယှဉ် စေတသိက်ယှဉ်နဲ့ ကြည့်လိုက်မယ်ဆိုရင် ဝေဒနာသည် သဗ္ဗစိတ္တသာဓာရဏစေတသိက်ဆိုတော့ စိတ်အားလုံးမှာ ရှိတယ်၊ တဏှာကတော့ လောဘမူစိတ် ၈-ခုမှာ ရှိတယ်၊ ဒီတော့ လောဘမူစိတ် ၈-ခုမှာ ဝေဒနာနဲ့ တဏှာ ဆုံမိကြတယ်ပေါ့။ သို့သော် အဲဒီမှာဆုံမိတဲ့ ဝေဒနာသည် တဏှာကို ဖြစ်စေနိုင်လားလို့ဆိုရင် မဖြစ်စေနိုင်ဘူးပေါ့၊ တခြားဝေဒနာကသာ တဏှာကို ဖြစ်စေနိုင်တာဖြစ်သောကြောင့် အကယ်၍ လောဘမူစိတ်ထဲမှာရှိတဲ့
စာမျက်နှာ-၃၄၀
ဝေဒနာက တဏှာကို ဖြစ်စေတယ်ဆိုရင် သူတို့ဟာ born together အတူတကွဖြစ်လို့ သဟဇာတမျိုး ဖြစ်တာပေါ့၊ သဟဇာတတို့ အညမညတို့၊ ဒီနေရာမှာ အဲဒီပစ္စည်းတွေကို မပြောဘူး။

“ဝေဒနာပစ္စယာ တဏှာ” ဆိုတာ ဥပနိဿယသတ္တိတစ်မျိုးတည်းပဲ ပြောတယ်တဲ့၊ အားကြီးတဲ့ ခံစားချက်ဆိုတဲ့ အားကြီးမှုအပေါ်မှာ တွယ်တာမှုဆိုတဲ့ တဏှာဟာ လာတယ်တဲ့၊ ဥပနိဿယသတ္တိဆိုတဲ့ အားကြီးသော မှီရာတစ်ခုအနေနဲ့ စွမ်းရည်သတ္တိလေးတစ်ခုကို အသုံးပြုတယ်လို့ ဒီတစ်ပစ္စည်းတည်းကိုပဲ ပြောတယ်နော်၊ များသောအားဖြင့် ပဋိစ္စသမုပ္ပါဒ်မှာတော့ ဝိပါကအကျိုးတရားတွေနဲ့ ပတ်သက်ပြီး ပြောတယ်၊ သို့သော် အကျိုးတရားတင်မကဘူး၊ ယူလို့ရတာတွေ အားလုံးကို အကုန်လုံးဆက်သွယ်ပြီးတော့ ဟောထားတာတွေလည်း ရှိတယ်ပေါ့။

အေး “ဝေဒနာပစ္စယာ တဏှာ” လို့ လုံးပြီးတော့ ပြောထားတဲ့အခါကျတော့ ဝေဒနာက သုခရှိတယ်၊ ဒုက္ခရှိတယ်၊ အဒုက္ခမသုခရှိတယ်နော်၊ အဲဒီလို ရှိတဲ့အခါကျတော့ စဉ်းစားစရာက သုခဝေဒနာ ဖြစ်လို့ အဲဒီသုခဝေဒနာပေါ်မှာ တဏှာဖြစ်တယ်ဆိုတာ သဘာဝကျတယ်၊ လိုချင်စရာကောင်းလို့ လိုချင်တာဖြစ်လို့ ဒါ သဘာဝကျတယ်၊ ဒုက္ခဝေဒနာကျတော့ လိုချင်စရာမကောင်းဘဲနဲ့ ဘာဖြစ်လို့ လိုချင်တဲ့တဏှာ ဖြစ်ရတာလဲ။ “သုခဝေဒနာကြောင့် တဏှာဖြစ်တယ်”

ဒီတော့ ပြောမယ်ဆိုရင် “သုခဝေဒနာပစ္စယာ တဏှာ” - “သုခဝေဒနာကြောင့် တဏှာဖြစ်တယ်” ဆိုရင် သဘာဝကျတယ်။
စာမျက်နှာ-၃၄၁
တခြားနေရာမှာလည်းပဲ - မြတ်စွာဘုရားက သံယုတ်ပါဠိတော်မှာ ဟောထားတာ ရှိတယ်၊ “သုခါယ ဝေဒနာယ ရာဂါနုသယော အနုသေတိ” တဲ့၊ သုခဝေဒနာပေါ်မှာ ရာဂဆိုတာ ကိန်းသွားတယ်၊ သုခဝေဒနာကို အကြောင်းပြုပြီးတော့ ရာဂလေး ကိန်းသွားတယ်။ ကိန်းသွားတယ်ဆိုတာက ရာဂဟာ positive ဖြစ်သွားပြီလို့ ပြောတာနော်၊ သုခဝေဒနာလို့ ကြုံလိုက်တာနဲ့ တစ်ပြိုင်နက် ပုထုဇဉ်သတ္တဝါတွေဟာ ဒီချမ်းသာဆိုတာလေးနဲ့ တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ရာဂက ဖြစ်လာတော့တာပဲ၊ တစ်ခါတည်း positive ရောက်တာနော်၊ သုခဝေဒနာဖြစ်လာလိုက်တာနဲ့ တစ်ပြိုင်နက် အနုသယဓာတ်အနေနဲ့ ဟော- အတွေ့အကြုံလေးတစ်ခု ရသွားပြီး ဒီအာရုံနဲ့ ဒီစိတ်နဲ့ဆုံရင် တဏှာလာတော့တာပဲ၊ အနုသယဆိုတာ အဲဒါကို ပြောတာ။

အနုသယဆိုတာ “အနုရူပံ ကာရဏံ လဘိတွာ ဥပ္ပဇ္ဇတိ” သင့်လျော်တဲ့အကြောင်းကို ရလို့ ဖြစ်ပေါ်နေတဲ့ အနေအထားမျိုးတစ်ခုကို ပြောတယ်၊ သို့မဟုတ် သင့်လျော်တဲ့ အနေအထားတစ်ခုကို ရလာပြီး ဖြစ်နိုင်တဲ့အနေအထား potentiality လို့ ဒီလို ဆိုလိုတယ်၊ ဖြစ်နိုင်တဲ့အနေအထားတစ်ခုရောက်တာပဲနော်။ ။

ဆိုပါစို့ - ဂက်(စ)မီးခြစ်လေးကို ခြစ်လိုက်မယ်လို့ ဆိုရင် တစ်စုံတစ်ယောက်က လက်ကလေးနဲ့ဖိပြီး ဘီးလုံးလေးကို ခြစ်လိုက်ရင် မီးတောက်မယ့်အနေအထားလို ဖြစ်နေတယ်ပေါ့၊ အနုသယဆိုတာ အဲဒီပုံစံမျိုးလေး၊ စိတ်ထဲမှာ ဒီအာရုံနဲ့ ဒီစိတ်နဲ့ ဆုံလိုက်ရင် ဒါလေး ပေါ်လာမယ်၊ မီးလေး ပေါ်လာသလို ရာဂလေး ပေါ်လာမယ်၊ အဲဒါကို အနုသယလို့ ပြောတာနော်။
စာမျက်နှာ-၃၄၂
ကောင်းပြီ - “သုခါယ ဝေဒနာယ ရာဂါနုသယော အနုသေတိ” သုခဝေဒနာပေါ်မှာ လူတွေရဲ့စိတ်ထဲမှာ ရာဂဆိုတာ အတွေ့အကြုံကြီး ရသွားပြီးတော့ ရာဂဟာ ကိန်းသွားတယ်၊ ကိန်းသွားတယ်ဆိုတာ ဖြစ်ဖို့ အခြေအနေတစ်ခု ရသွားပြီး နောက်ထပ် လာရင် ဖြစ်တော့မယ်နော်။
ဒုက္ခဝေဒနာကြောင့် တဏှာ ဖြစ်ပုံ
“ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယော အနုသေတိ” ဒုက္ခဝေဒနာကျတော့ ဒေါသ၊ ဆန့်ကျင်ဘက်၊ စိတ်ရဲ့ဆန့်ကျင်မှု ဒေါသကိန်းတယ်လို့ ပြောတယ်၊ ဒုက္ခဝေဒနာမှာ ရာဂဆိုတဲ့တဏှာ မကိန်းဘူးနော်၊ ဒုက္ခဝေဒနာကျတော့ ဒေါသကိန်းတယ်၊ အဲဒါ ဒေသနာတော်နဲ့ ညှိမယ်ဆိုရင် “ဒုက္ခဝေဒနာပစ္စယာ ဒေါသော” လို့ပဲ ဟောရမှာပေါ့ အဲဒီလို မဟောဘဲနဲ့ မြတ်စွာဘုရားက “ဝေဒနာပစ္စယာ တဏှာ” လို့ ဒီနေရာမှာ ဘာဖြစ်လို့ ဟောလဲ၊ ငါလည်း မေးခွန်းတက်စရာတစ်ခုပဲနော်။ ။

တစ်ခါ အဒုက္ခမသုခဝေဒနာဆိုတဲ့ နေရာမှာ သုခလည်း မထင်ရှားဘူး၊ ဒုက္ခလည်း မထင်ရှားဘူး၊ သုခလည်း မဟုတ်၊ ဒုက္ခလည်း မဟုတ်ဘူး ဆိုတော့ ဒီစပ်ကြား ခံစားချက်ကြီးတစ်ခုအပေါ်မှာလည်း ဘာဖြစ်လို့ တဏှာသွားဖြစ်ရတာတုန်း၊ ဘာမှန်းမှ မသိတဲ့အရာကြီးပဲ။ ။

သုတ္တန်ပါဠိတော်ကျတော့ “အဒုက္ခမသုခါယ ဝေဒနာယ အဝိဇ္ဇာနုသယော အနုသေတိ” တဲ့၊ “မသိဘူး၊ မသိလို့ အဝိဇ္ဇာ အနုသယကိန်းတယ်” လို့ ပြောတာ၊ သူ့ရဲ့သဘာဝကို မသိလိုက်
စာမျက်နှာ-၃၄၃
ဘူး၊ မသိလိုက်သည့်အတွက်ကြောင့် သူဖြစ်နေမှန်း မသိတာက ဒါ အဝိဇ္ဇာအနုသယပဲပေါ့နော်၊ အဲဒီလို ဆိုထားတယ်။

ဒီမှာတော့ ဝေဒနာတွေ ၃-မျိုးစလုံးကို လုံးပြီးတော့ မြတ်စွာဘုရားက ဘာဖြစ်လို့ “ဝေဒနာပစ္စယာ တဏှာ” လို့ တဏှာတစ်ခုတည်း ဟောသလဲ၊ အဲဒီမေးခွန်းကို ဝိသုဒ္ဓိမဂ်မှာ မေးခွန်းမထုတ်ပေမယ့်လို့ အဖြေပေးထားတာ ရှိတယ်ပေါ့။ ။

အဖြေက ဘာတုန်းဆိုလို့ရှိရင် ရှင်းရှင်းလေးပဲ လောကလူတွေရဲ့ စိတ်နေသဘောထားကို ကြည့်လိုက်တယ်၊ “ဒုက္ခ သုခံ ပတ္ထယတိ” - ဆင်းရဲဒုက္ခရောက်နေတဲ့လူက ဘာလိုချင်တာတုန်း ဆိုရင် သုခလိုချင်တယ်၊ ဟုတ်ကဲ့လား၊ ဆင်းရဲနေတဲ့သူက သုခလိုချင်တယ်၊ လိုချင်တယ်ဆိုတာ တဏှာပဲ မဟုတ်ဘူးလား၊ ဒုက္ခရောက်နေတဲ့လူက သုခကို လိုချင်နေတယ်၊ ဟော ဒုက္ခဆိုတာ ဒုက္ခဝေဒနာပဲ၊ ဒုက္ခဝေဒနာခံစားနေရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သုခဝေဒနာကို မျှော်လင့်တောင့်တနေသည့်အတွက်ကြောင့် “ဒုက္ခဝေဒနာပစ္စယာ တဏှာ” ပဲ ဖြစ်ပြန်တယ်ပေါ့။

“သုခီ ဘိယျောပိ ဣစ္ဆတိ” တဲ့ - “ချမ်းသာတဲ့လူကျတော့ ပိုပြီး ချမ်းသာချင်တယ်” တဲ့၊ ချမ်းသာသုခရတဲ့ပုဂ္ဂိုလ်က ပိုပြီးတော့ ချမ်းသာချင်တယ်ဆိုတော့ သူကလည်းပဲ တဏှာပဲပေါ့။

ဒါဖြင့် အဒုက္ခမသုခ ချမ်းသာတာလည်း မဟုတ်ဘူး၊ ဆင်းရဲတာလည်း မဟုတ်ဘူးကျတော့ ဘာဖြစ်တုန်းဆို “ဥပေက္ခာ ပန သတ္တာ၊ သုခ ပိဏ္ဏဝ ဘာသိတာ”၊ သူက ချမ်းသာတာလည်း မဟုတ်ဘူး၊ ဆင်းရဲတာလည်း မဟုတ်ဘူးဆိုတော့ ဒီခံစားချက်ဟာ အင်မတန်ငြိမ်သက်သည့်ခံစားချက် ဖြစ်နေလို့ သူ့ကို သုခလို့ပဲ
စာမျက်နှာ-၃၄၄
မှတ်ယူရတယ်၊ ဟုတ်တယ်လေ၊ ဒုက္ခမဖြစ်ဘူးဆိုရင် သုခထဲပဲ သွင်းတယ်ပေါ့၊ ဒါ့ကြောင့် ဥပေက္ခာကလည်း သုခဖြစ်သည့်အတွက်ကြောင့် ပိုပြီးချမ်းသာမှုကို လိုချင်ပြန်တဲ့ တဏှာပဲ ဖြစ်တယ်လို့ - ဟော ဒီလို အဖြေပေးထားတယ်။ ဘာဝေဒနာနဲ့ပဲ ကြုံကြုံ “ဝေဒနာပစ္စယာ တဏှာ” ပဲ လာတယ်လို့ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်မှာ အဓိကပဓာန တဏှာပဲ ဖြစ်တာပဲ၊ ဒီလို ဆိုလိုတယ်နော်။
ဘုရားရဟန္တာမှာလည်း ခံစားချက် ရှိ၏
ဒါဖြင့်ရင် ကောင်းပြီ၊ နောက်ထပ် စဉ်းစားစရာလေးတစ်ခုက ဝေဒနာဆိုတာ လူတိုင်းမှာ ရှိတယ်၊ စိတ်ရဲ့ခံစားချက်ဆိုတာ လူတိုင်းမှာ ရှိတယ်၊ ဒီတော့ ရဟန္တာပုဂ္ဂိုလ်တွေမှာရော ခံစားချက် မရှိဘူးလား၊ ရှိတယ်၊ ရဟန္တာပုဂ္ဂိုလ်တွေကျတော့ ဝေဒနာရှိနေသော်လည်း “ဝေဒနာပစ္စယာ တဏှာ” ဟာ ဘာဖြစ်လို့ မလာသလဲ၊ သူတို့ကျတော့ “ဝေဒနာပစ္စယာ တဏှာ” မလာဘူး။

ဘာဖြစ်လို့ မလာတာတုန်းဆိုတော့ အနုသယ မရှိတော့လို့၊ possibilities တွေ အခြေအနေတွေ မရှိတော့ဘူး၊ ဂက်(စ)မီးခြစ်ထဲမှာ ဂက်(စ)တွေ ကုန်နေပြီ၊ ကုန်ရင် တောက်ပါဦးမလား၊ မတောက်တော့ဘူး၊ အဲဒါမျိုးလိုပဲ သူတို့သန္တာန်မှာ ဒီ possibility ဆိုတဲ့ ဖြစ်နိုင်ခြေတွေ လုံးဝမရှိတော့ဘူး၊ အနုသယ မရှိတော့ဘူးလို့ ပြောတာ၊ အနုသယမရှိသည့်အတွက်ကြောင့် “ဝေဒနာရှိရုံနဲ့ တဏှာ မလာဘူးတဲ့၊ ဝေဒနာရှိပြီးတော့ တဏှာဖြစ်ပေါ်ဖို့ အခြေအနေလေးကလည်း ရှိရဦးမယ်” ပေါ့၊ ဒီလို ဆိုလိုတာပေါ့၊ အဲဒီ တဏှာ
စာမျက်နှာ-၃၄၅
ဖြစ်စေနိုင်တဲ့ အခြေအနေလေးကို ဒီနေရာမှာ အနုသယလို့ ပြောတယ်။

ရဟန္တာပုဂ္ဂိုလ်တွေမှာ သုခဝေဒနာ ရှိတယ်၊ ဒုက္ခဝေဒနာ ရှိတယ်၊ အဒုက္ခမသုခဝေဒနာ ရှိတယ်၊ ရဟန္တာမှာလည်း ဝေဒနာရှိတာပဲ၊ ရဟန္တာမှာ မရှိတဲ့ဝေဒနာဟာ ဘာတုန်းဆိုရင် ဒေါမနဿဝေဒနာတော့ မရှိဘူး၊ mental pain မရှိဘူး၊ physical pain ကတော့ ရှိတယ်၊ ဘုရားတောင်မှ physical pain ရှိတာပဲ၊ ရဟန္တာပုဂ္ဂိုလ်တွေမှာလည်းပဲ ခါးအောင့်တယ်တို့ ကြောအောင့်တယ်တို့ နားကိုက်တယ်တို့ ရှိတာပဲ။

ခန္ဓာကိုယ်ရလာတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းမှာ နေမကောင်းတာတို့ - မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဆိုရင် ဒေဝဒတ်က ဂိဇ္ဈကုဋ်တောင်ကနေပြီး ကျောက်တုံးကြီးကို လှိမ့်ချလိုက်တဲ့အခါမှာ အောက်က ကျောက်တုံးကြီးတစ်ခုနဲ့ တိုက်မိပြီး ကျောက်ဖတ်လေးက ကွာပြီး ဘုရားခြေထောက်ကို မှန်တာ အင်မတန်မှ နာကျင်တာပေါ့၊ မနာဘဲ ဘယ်ရှိမလဲ၊ ဘုရားလည်း သွေးနဲ့ သားနဲ့ပဲ- နာတာပေါ့။ သို့သော် နာတာပေါ်မှာ စိတ်ဆင်းရဲမှု မလိုက်ဘူး။

ဘုန်းကြီးတို့တစ်တွေက နာရင် စိတ်ဆင်းရဲမှု လိုက်လာတယ်၊ မြတ်စွာဘုရားကျတော့ စိတ်ဆင်းရဲမှု မလိုက်ဘူး၊ physical pain ကတော့ ရှိတာပေါ့၊ နာတာကို နာတယ်လို့ သိတာပဲပေါ့။ ဟုတ်တယ် မဟုတ်လား၊ နာတာကို နာတာလို့ သိတယ်၊ ဘုရားရဟန္တာတွေက နာတာကိုလည်း နာတယ်လို့ သိတာပဲ၊ သို့သော် ဒေါမနဿ မဖြစ်ဘူး၊ ကောင်းတာကိုလည်းပဲ ကောင်းတယ်လို့ သိတယ်၊ သို့သော် လောဘမဖြစ်ဘူး၊ ဘုန်းကြီးတို့တစ်တွေက ကောင်း
စာမျက်နှာ-၃၄၆
တာကို ကောင်းတယ်လို့ သိပြီးတဲ့နောက်မှာ လိုချင်တယ်ဆိုတာလေး လိုက်လာတယ်။ ။

ဒီကောင်းတာကို ကောင်းတယ်လို့ သိတယ်ဆိုတဲ့ နေရာမှာ နော် - ဘုရားရဟန္တာဖြစ်ရင် တချို့ကထင်တယ်၊ သစ်တုံးကြီးလိုများ ခံစားမှုတွေ မရှိတော့ဘူးလို့ ဒီလိုအောက်မေ့နေတယ်၊ ဒီလို မဟုတ်ဘူး၊ ဘုရားရဟန္တာလည်း ခံစားမှုရှိတယ်၊ သို့သော် အဲဒီခံစားမှုသည် လောဘမပါတဲ့ ခံစားမှု၊ ဒေါသမပါတဲ့ ခံစားမှု၊ အဲဒါကို နားလည်ရမယ်၊ သာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေက ဒီလိုနားလည်ဖို့တော့ မလွယ်ဘူးပေါ့။ ကိုယ်က ကိုယ်ခံစားတာက လောဘနဲ့ ခံစားတာကိုး၊ ဒေါသလေးနဲ့ တွဲလာတယ်၊ လောဘလေးနဲ့ တွဲလာတယ်၊ ကိုယ့်ရဲ့ခံစားချက်တွေကလေး၊

မြတ်စွာဘုရားကျတော့ ခံစားမှုတွေက လောဘပါမလာဘူး၊ ဒေါသပါမလာဘူး၊ ရဟန္တာတွေမှာလည်း ခံစားမှုတွေ ရှိတယ်၊

ကောင်းရင် ကောင်းတယ်၊ လှရင် လှတယ်လို့ မြင်တယ်၊ အရုပ်ဆိုးရင် အရုပ်ဆိုးတယ်လို့ မြင်တယ်နော်၊ နို့မို့ဆိုရင် ဘုရားက ပန်းလှတာကို မလှဘူးလို့ သိနေမှာပေါ့၊ ဘယ်လိုလုပ်ပြီး အသုဘကမ္မဋ္ဌာန်းချည်းပဲ ရှုခိုင်းနေမတုန်း၊ ဟုတ်လား၊ လှရင် လှတယ်လို့ပဲ မြင်တာပဲ၊ ကောင်းရင် ကောင်းတယ်လို့ပဲ မြင်တာပဲ။

ကြည့်လေ - မြတ်စွာဘုရားက ဣန္ဒသာလလှိုဏ်ဂူထဲမှာ သီတင်းသုံးနေတုန်း သိကြားမင်းကြီးက ဘုရားဆီ လာချင်တာ၊ ရှေ့ပြေးကြိုတင်ပြီး လျှောက်ခိုင်းလိုက်တာ၊ သူလာမယ်ဆိုတာ သတင်းပို့တာ၊ ပဉ္စသိင်္ခကို အရင်လွှတ်လိုက်တာ၊ ပဉ္စသိင်္ခဆိုတဲ့ နတ်ကလည်းပဲ စောင်းသမားကိုး၊ စောင်းသမားဆိုတော့ ဘုရားနဲ့ သူက
စာမျက်နှာ-၃၄၇
ရင်းရင်းနှီးနှီး အခွင့်အရေးရတာ၊ သိကြားမင်းက တပန်အနေနဲ့ လွှတ်လိုက်တာ၊ သိကြားမင်းလာမယ့်အကြောင်း လျှောက်ခိုင်းလိုက်တာ၊ သူက မလျှောက်ဘဲနဲ့ ဘုရားရှေ့မှာ သီချင်းဆို စောင်းတီးပေးခဲ့တာ၊ ဒါ အခွင့်အရေးယူတာလို့ ခေါ်တယ်နော်။

အခွင့်အရေးယူပြီးတော့ တစ်ခါတည်း စောင်းတီးတာမှ ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ်သီချင်းတွေ တစ်ကိုယ်တော် songs တွေကိုဆိုပြီးတော့ စောင်းလည်း တီးတယ်၊ နောက်ပြီးတော့ သူ့ရဲ့ရည်းစား သူရိယဝစ္ဆသာရဲ့ လှပုံချောပုံတွေကို ဖွဲ့နွဲ့ပြီးတော့လည်းပဲ စောင်းတီးသေးတယ်၊ ဘုရားရှေ့မှာနော်။

အဲဒီလို စောင်းတီးပြီးတဲ့အခါ မြတ်စွာဘုရားက ဘာပြောတုန်းဆိုတော့ “ပဉ္စသိင်္ခ - မင်းသီချင်းသံနဲ့ စောင်းသံဟာ လိုက်ဖက်ပါပေတယ်”။

ဘုရားက သူ မင်းသားဘဝ အလောင်းတော်ဘဝတုန်းက သူလည်း စောင်းတီးတတ်တာပဲပေါ့၊ သီချင်းဆိုတတ်မှာပဲပေါ့၊ ဒီတော့ ပဉ္စသိင်္ခတီးတဲ့ စောင်းသံဟာ အဆင့်မြင့်တယ်ဆိုတာတော့ သိတာပေါ့နော်၊ “အေး စောင်းသံလေးနဲ့ သီချင်းသံလေးက လိုက်ဖက်လိုက်တာ” လို့ ဘုရားက ပြောတာ၊ သို့သော် ဘုရားက “ထပ်တီးပါဦး၊ ငါ နားထောင်ချင်သေးတယ်၊ ဒီသီချင်းလေး ထပ်ဆိုပါဦး” လို့တော့ မပြောဘူးပေါ့။ ကောင်းတာကို ကောင်းတယ်လို့တော့ appreciate လုပ်တာပေါ့၊ အဲဒီ appreciate လုပ်တယ်ဆိုတာ သိလို့လုပ်တာပေါ့၊ ဒါကြောင့် မြတ်စွာဘုရားက အကောင်းအဆိုး ခံစားတယ်ဆိုတာ မသိသာဘူးလား။
စာမျက်နှာ-၃၄၈

တဏှာကိုသာ တားမြစ်၏
ဘုန်းကြီးတို့ စစ်ကိုင်းနေတုန်းက နော်ဝေနိုင်ငံတက္ကသိုလ်မှာ music သင်တဲ့ ပါမောက္ခကြီးတစ်ယောက် လာဖူးတယ်၊ သူက မေးခွန်းမေးတယ်၊ ဘာမေးလဲဆိုရင် “အရှင်ဘုရားတို့ မြတ်စွာဘုရားက ဂီတကို တားမြစ်ပါသလား” တဲ့- သူက မေးတယ်နော်၊ “သီချင်းတို့ တီးလုံးသံတွေ ဒါတွေကို တားမြစ်သလား” လို့ ပြောကြမယ်ဆိုရင်တော့ လူတွေက “နစ္စ, ဂီတ, ဝါဒိတ, ဝိသုက, ဒဿန” ဆိုပြီးတော့လေ ၈-ပါးသီလဆောက်တည်တဲ့ပုဂ္ဂိုလ်တွေ၊ ဒါက မြတ်စွာဘုရားက ဥပုသ်စောင့်တဲ့အခါမှာ “ဒါ တဏှာရာဂကို ပွားစေတတ်လို့ ဒါတွေက အချိန်ဖြုန်းတာသက်သက်ဖြစ်လို့ မကြည့်နဲ့” လို့ပဲ ပြောတာပေါ့နော်၊ သို့သော် လောကကြီးမှာ ဂီတတွေ ဘာတွေ မရှိရဘူးလို့ ဒီလို ပြောတာမှ မဟုတ်တာ၊ ဒီတော့ ဘုန်းကြီးတို့ကို အဲဒီမေးခွန်းလေး လာမေးတယ်၊ “မြတ်စွာဘုရားက ဂီတကို music ကို ကန့်ကွက်သလား” တဲ့။ “reject လုပ်သလား၊ တားမြစ်သလား” ဆိုတော့ “မြတ်စွာဘုရားက မတားမြစ်ပါဘူး” လို့ “အဲဒီဂီတပေါ်မှာ သာယာတဲ့တဏှာကိုပဲ ဘုရားက တားတာပါ” လို့ ပြောတော့ သူ ဆက်မမေးတော့ဘူး။

အကယ်၍ “ဂီတကို တားတယ်” လို့ဆိုရင် သူက ဆက်ပြီးတော့ ပြောကောင်းပြောလိမ့်မယ်၊ ပဉ္စသိင်္ခ စောင်းလာတီးတာကို “ဟေ့ ပဉ္စသိင်္ခ - ငါ့နားဆူတယ်၊ မလုပ်နဲ့လို့ မပြောဘူး” လို့၊ ဘုရားက သီချင်းဆုံးအောင် နားထောင်တယ်။ ဒီတော့ မြတ်စွာဘုရားက ဒီတူရိယာသံတွေ ဂီတသံတွေ သီချင်းသံတွေကို မတားမြစ်ပါဘူး။ သို့သော် ရဟန်းတွေကိုတော့ တရားကို သီချင်းလုပ်မဆိုရဘူးလို့
စာမျက်နှာ-၃၄၉
တော့ ပြောတယ်၊ ဘာဖြစ်လို့လဲ၊ သီချင်းလုပ်ဆိုလို့ရှိရင် ကိုယ့်အသံကိုလည်း ကိုယ်သာယာမှုတဏှာတွေ ပေါ်မယ်၊ သူများတွေကလည်း အသံကောင်းလိုက်တာ ဆိုပြီးတော့ သာယာမှုတွေ ဖြစ်လိမ့်မယ်၊ အဲဒါကြောင့်မို့လို့ သီချင်းလုပ်မဆိုရဘူးလို့ ပြောတယ်။

မြတ်စွာဘုရားက ဟောထားတာ ရှိတယ်၊ သို့သော် ရဟန်းတော်တွေမှာ “ဓမ္မနဲ့ ပတ်သက်တဲ့ ဂီတကိုတော့ နားထောင်လို့ရတယ်၊ ဓမ္မကိုတော့ သီချင်းလုပ်ပြီးတော့ မဆိုရဘူး” လို့ ဒီလိုဆိုတယ်၊ “ဓမ္မူပသံဟိတံ တံ ဝဇ္ဇတိ” လို့ စာထဲမှာ ဆိုထားတယ်၊ ဓမ္မူပသံဟိတံ - တရားနဲ့ ပတ်သက်တဲ့၊ ဂီတံ - ဂီတသည် ဝဇ္ဇတိ - သင့်လျော်တယ်။

ဆိုပါစို့- အောင်ခြင်း ၈-ပါးတို့ ဘာတို့ ဆိုတဲ့အခါမှာ ခုနက လောဘစိတ်တွေ ဒေါသစိတ်တွေ မဖြစ်ဘူးလေ၊ ဘုရားကို အာရုံပြုပြီးတော့ ကြည်နူးဝမ်းသာတဲ့ ဘုရားဂုဏ်တော်တွေကို အာရုံပြုတဲ့စိတ်ပဲ ဖြစ်တာပေါ့၊ ဟိုမဟုတ်တဲ့- “ကိုကိုရေ ရူးပြီ ရူးပြီ” ဆိုတာကျတော့ ဘယ်လိုလုပ်မတုန်း၊ အဲဒါမျိုးကျတော့ ဒိပြင်စိတ်တွေ ဖြစ်မှာပေါ့နော်၊ “ဂီတူပသံဟိတံ ဓမ္မံ” “ဓမ္မကို သီချင်းလုပ်ပြီးတော့ မဆိုနဲ့” လို့ ဒီလိုပြောတာ၊ သို့သော် တရားနဲ့ ပတ်သက်တဲ့သီချင်းကတော့ ကောင်းကျိုးချမ်းသာတွေကို ပေးစွမ်းနိုင်လို့ အောင်ခြင်း ၈-ပါးတို့ ဘုရားဂုဏ် တရားဂုဏ်နဲ့ ပတ်သက်တဲ့ ထူးမခြားနားတို့ ဘာတို့ ဒီလိုဟာမျိုးကျတော့ နားထောင်ကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်လေးကို ပြောတာပေါ့နော်။

အေး တချို့က နားထောင်ချင်တဲ့လူတွေကလည်း ပြောကြသေးတယ်နော်၊ ပွဲကြည့်ချင်တဲ့သူတွေက ဘာပြောလဲဆိုတော့-
စာမျက်နှာ-၃၅၀
“မကြည့်တတ်ရင် တဏှာ၊ ကြည့်တတ်ရင် ဘာဝနာ” ဆိုပြီး - ပွဲခင်းထဲသွားပြီးတော့ ကမ္မဋ္ဌာန်းတရားပဲ အားထုတ်နေသယောင်ယောင် လုပ်နေတာ၊ အဲဒီလိုတော့လည်း မလုပ်သင့်ဘူးပေါ့နော်၊ အဲဒါနဲ့ချည်းပဲ အမြဲတမ်းသွားလုပ်မနေနဲ့ပေါ့။ ဒီတော့ ကိုယ့်သန္တာန်မှာ ကိုယ်ကြည့်၊ တဏှာဖြစ်တာလား ဘာဝနာဖြစ်တာလား- ကိုယ့်ဖာသာကိုယ် ကြည့်မှာပေါ့နော်၊ အဲဒီလို ရှိတယ်။

မြတ်စွာဘုရားက ဂီတတို့ အလှအပတို့ကို ဒီလို တားမြစ်တာ မဟုတ်ဘူး၊ ဒါကြောင့်မို့ နိုင်ငံခြားမှာ စာအုပ်လေးတွေ ရေးထားတာ ရှိတယ်၊ Buddhism in beauty ဆိုပြီး အလှအပနဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓဘာသာက ဘယ်လိုယူဆတုန်းဆိုရင် ဗုဒ္ဓဘာသာက အလှအပကို အသိအမှတ်ပြုတာပဲ၊ ကျောင်းတွေ ဘာတွေဆိုရင် ပန်းချီကားချပ်တွေဘာတွေ ချယ်ဖို့ မြတ်စွာဘုရားက ခွင့်ပြုတယ်၊ သို့သော် အမျိုးသမီးရုပ်တွေ ဘာတွေ ဒီလိုလှအောင်ရေးတာမျိုးတော့ ခွင့်မပြုဘူး၊ ဘာပြုလို့တုန်းဆိုရင် ဘုရားက reasonable ဖြစ်တယ်လေ၊ ဒါကိုကြည့်ပြီးတော့ တဏှာရာဂစိတ်တွေ ပွားမှာစိုးလို့ တခြားပန်းခက်ပန်းတောင်ကလေးတွေ ကျောင်းကို ဒီလိုလုပ်တာချယ်တာမျိုး၊ တခြားပန်းချီကားတွေကို ခွင့်ပြုတယ် မြတ်စွာဘုရားကနော်၊ ကျောင်းတွေမှာ လှအောင်ပအောင် လုပ်တာ၊ ဒါကို မြတ်စွာဘုရားက မတားမြစ်ဘူးပေါ့ - ဒါမျိုးကျတော့နော်၊ ဒါ ဂီတနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားရဲ့ ဟောကြားချက် ဖြစ်တယ်။

ဂီတလောက၊ အဆိုအကလောကက လူတွေမှာ အယူအဆက နှစ်မျိုးရှိတယ်။
စာမျက်နှာ-၃၅၁

ဇာတ်ဆရာအမေးနှင့် ဘုရားရှင်အဖြေ
သံယုတ်ပါဠိတော်မှာ တာလပုဋသုတ်ဆိုတာ ရှိတယ်၊ အဲဒီတာလပုဋသုတ်နဲ့ ပတ်သက်ပြီးတော့ မှတ်သားစရာတစ်ခုပေါ့။ မြတ်စွာဘုရားမိန့်ကြားတဲ့စကားက တကယ်ပဲ reasonable ဖြစ်ပါတယ်၊ ကျိုးကြောင်းဆီလျော်မှု ရှိတယ်၊ တာလပုဋဆိုတာ ဇာတ်ဆရာကြီးပဲ၊ သူ့ဇာတ်အဖွဲ့မှာ လူပေါင်းထောင်ချီပါတယ်၊ တကယ့်ကို ကြီးမားတဲ့ ဇာတ်အဖွဲ့ကြီး၊ နိုင်ငံတစ်နိုင်ငံလုံးကို လှည့်ပြီး သူတို့ကပြကြတယ်၊ ဇာတ်အဖွဲ့ဆိုတော့ ထမင်းချက်တွေလည်း ပါမှာပေါ့။ အထုပ်ထမ်းမယ့်လူတွေလည်း ပါမှာပေါ့။ လူပေါင်း ၁ဝဝဝ ဆိုတာနော်၊ မင်းသားမင်းသမီးတွေလည်း ပါမယ်ပေါ့၊ လူပျက်တွေလည်း ပါမယ်ပေါ့၊ ခုခေတ်လိုဆိုရင် လူရွှင်တော်တွေရော တီးတဲ့မှုတ်တဲ့လူတွေရော အားလုံး သူ့အဖွဲ့သားတွေက တစ်ထောင်လောက်ရှိတယ်။

တစ်နေ့ကျတော့ သူတို့က သာဝတ္ထိပြည်ဘက်ကို လာပြီး ကပြတယ်၊ ကပြရင်း အားတဲ့အခါကျတော့ ဘုရားကို လာဖူးတယ်ပေါ့၊ ဖူးပြီးတော့ ဇာတ်ဆရာကြီးက ဘာလျှောက်တုန်းဆိုတော့ - “အရှင်ဘုရား - တပည့်တော်တို့ ဇာတ်သဘင်လောကမှာ ပြောတာ ရှိတယ်ဘုရား” တဲ့၊ ရှေးတုန်းက အစဉ်အလာပြောလာတဲ့ စကားလေးရှိတယ် “ဒီဇာတ်သဘင်နဲ့ လူတွေကို ပျော်ရွှင်အောင် လုပ်တာကြောင့် သေတဲ့အခါ ပဟာသဆိုတဲ့ နတ်ပြည်မှာ ဖြစ်ရတယ်လို့ဆိုပါတယ်၊ အဲဒါ ဟုတ်ပါသလား” တဲ့၊ ဘုရားကို မေးတယ်။

ဘုရားက အဲဒီမှာ လိုက်တော့ ဘယ်လိုဖြေဘုန်းဆိုတော့ “အေး - နဂိုကမှ လူတွေမှာ တဏှာရာဂက ရှိနေတယ်၊
စာမျက်နှာ-၃၅၂
ဒေါသက ရှိနေတယ်၊ မာန်မာနတွေ ရှိနေတယ်၊ အဲဒီ တဏှာရာဂစိတ်တွေ ဒေါသစိတ်တွေ လူတွေမှာ တိုးသထက်တိုးလာအောင် လုပ်တာ၊ (ဟုတ်တယ်လေ ဇာတ်ပွဲသွားကြည့်လို့ရှိရင် ငိုခန်းကျတော့ ငိုကြတာပဲလေ၊ ငိုခန်းကျ ငိုအောင်လုပ်တယ်၊ ရယ်ရမယ့်အခန်းကျတော့ ရယ်အောင်လုပ်တယ် - ဆိုကတည်းက လောဘတွေ ဖြစ်စေတယ်၊ ဒေါသတွေ ဖြစ်စေတယ်) လောဘ ဒေါသ မောဟတွေကို တိုးတက်လာအောင် လုပ်တာ ဖြစ်သည့်အတွက်ကြောင့်” တဲ့၊ “နဂိုကမှ လောဘရှိနေတဲ့လူတွေ လောဘတိုးအောင်၊ ဒေါသရှိနေတဲ့လူတွေ ဒေါသတိုးအောင် လုပ်သည့်အတွက်ကြောင့် သေလို့ရှိရင်တော့ ပဟာသနတ်ပြည် မဟုတ်ဘူး၊ ပဟာသငရဲကို ကျမယ်” တဲ့၊ ဒီလိုဟောတယ်။ ။

ဒီတော့ ငရဲရောက်တဲ့အခါလည်းပဲ အဲဒီလူရွှင်တော်ကို ဘေးကလူက ကြည့်ရင်တော့ ပျက်လုံးထုတ်နေသလို ထင်မှာ၊ မဟုတ်ဘူး - သူ့ခမျာ အော်နေတာ၊ ဒုက္ခရောက်လို့ အော်နေတာ၊ ဘေးကလူက ကြည့်ရင်တော့ dance လုပ်နေတာလို့ အောက်မေ့မယ်၊ မဟုတ်ဘူး- ပူလွန်းလို့ ခုန်ပေါက်နေတာ၊ အဲဒီလိုပဲ ဖြစ်မယ်။

အဲဒီသုတ္တန်မှာ ဖတ်ကြည့်ပေါ့၊ သံယုတ်ပါဠိတော်မှာ ရှိတယ်၊ ဂါမဏိသံယုတ် တာလပုဋသုတ်ပဲ၊ မြတ်စွာဘုရားကတော့ အဲဒီလို ဟောထားတာ ရှိတယ်၊ အဲဒါလည်းပဲ စိတ်နေသဘောထား ပါဦးမယ်လို့ ထင်တယ်၊ အေး လောဘရှိတဲ့သူတွေ ပိုပြီးတော့ လောဘဖြစ်အောင်၊ ဒေါသရှိတဲ့သူတွေ ဒေါသပိုဖြစ်အောင် ဒီလိုသွေးဆောင်ဖြားယောင်းပြီးတော့ ကပြတယ်ဆိုလို့ရှိရင် လူတွေကို
စာမျက်နှာ-၃၅၃
ပိုပြီးတော့ မေ့လျော့မိန်းမောစေတတ်တာမို့ သူကလည်းပဲ ယစ်ပူးစေတတ်တဲ့ အရာတစ်ခုဖြစ်တော့ မူးယစ်ဆေးတစ်မျိုးလို ဖြစ်တာပေါ့။

ဘယ်အရာပဲဖြစ်ဖြစ် စွဲတတ်တယ်၊ အဲဒီလို စွဲလာလို့ရှိရင် အကောင်းစွဲရင် ကိစ္စမရှိဘူး၊ မကောင်းတာစွဲမိလို့ရှိရင် တော်တော်ဆိုးတယ်နော်၊ ခု တရုတ်ပြည်မှာ ကလေးတွေ Internet စွဲနေတယ်ဆိုတာ ရှိသေးတယ်နော်၊ Internet မသွားရရင် မနေနိုင်လို့၊ ဒီတော့ တရုတ်ပြည်က အစိုးရကနေ အဲဒီကလေးတွေကို training ပေးနေရတယ်တဲ့ အကုန်လုံး၊ Internet စွဲမသွားရအောင်လို့။

အဲဒီလို တစ်ခုခုစွဲသွားတာလိုပဲ- ခုဟာ ဇာတ်ပွဲကလည်း မကြည့်ဘဲ မနေနိုင်အောင် အဲဒီလို စွဲသွားအောင် လုပ်မယ်လို့ ဒီစေတနာဆိုး ပါလာမယ်ဆိုရင်တော့ မြတ်စွာဘုရားဟောတဲ့အတိုင်း ပဟာသငရဲ ကျဖို့ရာရှိတယ်ပေါ့၊ အဲဒါ တာလပုဋသုတ်မှာ မြတ်စွာဘုရား ဒီလိုဟောထားတာ ရှိတယ်ပေါ့။ ။

မြတ်စွာဘုရားကတော့ စိတ်စေတနာပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ချက်ချတယ်၊ တစ်ဖက်သားကို အကုသိုလ်ပွားအောင် လုပ်လို့ရှိရင် ကိုယ်လည်း အကုသိုလ်ပွားမယ်၊ တစ်ဖက်သားလည်း အကုသိုလ်ပွားမယ်၊ အကုသိုလ်ပွားရင် ဒီအကုသိုလ်က မကောင်းကျိုးပေးတာပဲပေါ့။ ဒီလိုဆိုလိုတယ်။

ဒီတော့ အလှအပကို လှတယ် ပတယ်လို့ ဒီလိုသိတာကတော့ ဒါ appreciate လုပ်တာပဲ၊ ဘုရားရဟန္တာတွေက ကောင်းတာကို ကောင်းတယ်လို့ သိတယ်၊ မကောင်းတာကို မကောင်းဘူးလို့ သိတယ်၊ မကောင်းဘူးဆိုတဲ့နောက်မှာ ဒေါသမလိုက်ဘူး၊ ကောင်းတယ်ဆိုတဲ့နောက်မှာလည်းပဲ လောဘမလိုက်ဘူးတဲ့၊ ဒီ

*အကြောင်းအရာနှင့် ပတ်သက်၍ နောက်ထပ်သိရှိလိုသည်များ သို့မဟုတ် ဆက်လက်ဆွေးနွေးလိုသည်များ ရှိပါသလားခင်ဗျာ?*
စာမျက်နှာ-၃၅၄
နေရာမှာပဲ သဘာဝကိုသိပြီးတော့ စဉ်းစားဆင်ခြင်တတ်တယ်လို့ ဒီလိုဆိုလိုတယ်နော်။

အေး “ဝေဒနာပစ္စယာ တဏှာ” မှာ ဝေဒနာရှိတိုင်း တဏှာ ဖြစ်တာတော့ မဟုတ်ဘူး၊ ဘုရားရဟန္တာတွေမှာ ဝေဒနာရှိပေမယ့် တဏှာ မလာဘူးတဲ့။ ကျန်တဲ့ပုဂ္ဂိုလ်တွေမှာတော့ ဝေဒနာရှိရင် အကျင့်ကြီးပါနေလို့ အနုသယဓာတ်က ရှိနေသည့်အတွက်ကြောင့် ဝေဒနာပြီးရင်တော့ တဏှာလာတယ်၊ အဲဒီလို ဝေဒနာကြောင့် တဏှာဖြစ်ရတယ်ဆိုတာကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ် လို့ ပဋ္ဌာန်းရှုထောင့်ကနေပြီးတော့ ဆင်ခြင်လေ့လာသုံးသပ်လို့ ရတယ်။

ဒါ့ကြောင့် တရားချစ်ခင်သူတော်စဉ် ပရိသတ်အပေါင်းတို့ သည် ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ သဘာဝတရားတွေကို ဆင်ခြင်စဉ်းစားပြီးတဲ့အခါ ဗုဒ္ဓမြတ်စွာရဲ့ဉာဏ်တော်ကြီးကို မှန်းမျှော်ပြီးတော့ ကြည်ညိုကာ ဗုဒ္ဓါနုဿတိဘာဝနာဖြင့် ကြည်နူး ဝမ်းသာမှုတွေဖြစ်ခါ နောက်ဆုံးမှာ မဂ် ဖိုလ် နိဗ္ဗာန် ရသည်အထိ အသိဉာဏ်တွေ တိုးတက်သွားအောင် ကြိုးစားအားထုတ်နိုင်ကြပါစေ ကုန်သတည်း။
စာမျက်နှာ-၃၅၅

အပိုင်း (၁၁)
သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပထမဝါဆိုလဆန်း ၄-ရက်၊ ခရစ်နှစ် ၂၀၁၁၊ ဇွန်လ ၁၅-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်း အနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မော်လမြိုင်၊ အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဘေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

“တဏှာပစ္စယာ ဥပါဒါနံ”
“တဏှာပစ္စယာ ဥပါဒါနံ” - “တဏှာတည်းဟူသော အကြောင်းကြောင့် ဥပါဒါနလို့ခေါ်တဲ့ အာရုံကို မြဲမြံစွာဆုပ်ကိုင် ထားခြင်း စွဲလမ်းခြင်းဆိုတဲ့ သဘာဝတရားဟာ ဖြစ်ပေါ်လာရတယ်” လို့ ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က မိန့်ကြားတော်မူခဲ့တယ်၊ “ဝေဒနာပစ္စယာ တဏှာ” - အာရုံတွေကို ထိ
စာမျက်နှာ-၃၅၆
တွေ့လာလို့ ခံစားမှုတွေ ပေါ်လာတဲ့အခါမှာ သတ္တဝါတွေရဲ့ သန္တာန်မှာ တဏှာ ဖြစ်လာတယ်၊ ထိုတဏှာက ဖြစ်ရုံတင် ရပ်မသွားသေးဘဲနဲ့ ဥပါဒါန အစွဲအလမ်းဆိုတဲ့ အဆင့်ထိအောင် တိုးတက်ပြီးတော့ သွားတယ်၊ ခိုင်ခိုင်မာမာကြီး စွဲလမ်းတယ်လို့။

“တဏှာပစ္စယာ ဥပါဒါနံ” လို့ ဆိုတဲ့နေရာမှာ ဥပါဒါနကို ဥပ + အာဒါန၊ ဒီလို ပုဒ်ခွဲလိုက်၊ ဥပရဲ့ အဓိပ္ပါယ်က ခိုင်ခိုင်မြဲမြဲ၊ အာဒါနဆိုတာ ဆုပ်ကိုင်ထားခြင်းလို့ အဓိပ္ပါယ်ရတယ်။

ဝိဘာဝိနီဋီကာကျမ်းမှာ ဥပမာပေးထားတယ်၊ ဖားတစ်ကောင်ကို မြွေက ကိုက်ဖမ်းတဲ့အခါမှာ မလွတ်တမ်း ခိုင်ခိုင်မာမာ ဆွဲပြီး ဖမ်းသလို၊ တဏှာကလည်း အာရုံကို အဲဒီလို စွဲစွဲမြဲမြဲ ဖမ်းဆုပ်ထားတယ်၊ မလွတ်တမ်း ဖမ်းဆုပ်ထားတယ် အဲဒီလို ဆိုတယ်။

မြန်မာစကားမှာတော့ ဥပါဒါန်ကို စွဲလမ်းတယ်လို့ ပြောတယ်၊ စွဲလမ်းတယ်ဆိုတာ စွဲမြဲစွာ ဖြစ်တာ၊ ရုတ်တရက်ဖြည်လွှတ်လို့ မရတဲ့သဘောကို ပြောတာပဲနော်။

ဒီတော့ ဥပါဒါန်ဆိုတဲ့နေရာမှာ သဘာဝတရား ဘယ်နှစ်မျိုးကို ဥပါဒါန်လို့ ခေါ်သလဲဆိုရင် တဏှာနဲ့ ဒိဋ္ဌိ နှစ်မျိုးကို ခေါ်တာ၊ တဏှာဆိုတဲ့ အာရုံကိုတပ်မက်တဲ့ လောဘ၊ ဒိဋ္ဌိဆိုတဲ့ အမြင်မှားမှု - အဲဒီနှစ်ခုကို ဥပါဒါန်လို့ သုံးတာ၊ ဒါကြောင့် ဥပါဒါန်ဆိုတာ တဏှာနဲ့ ဒိဋ္ဌိကိုပဲ ပြောတယ်၊ ကျန်တဲ့ကိလေသာတွေကို မပြောဘူး။

တဏှာက “ဝေဒနာပစ္စယာ တဏှာ” ဆိုတဲ့အတိုင်း ဝေဒနာရှိလို့ ဖြစ်တယ်၊ “တဏှာပစ္စယာ ဥပါဒါနံ” အရ ဥပါဒါန်ရဲ့ အကြောင်းကတော့ တဏှာဖြစ်တယ်၊ ဥပါဒါန်အရ တဏှာနဲ့ ဒိဋ္ဌိ လို့ နှစ်ခုယူထားတယ်၊ အဲဒီမှာ ဒိဋ္ဌိဆိုတာကတော့ စဖြစ်ကတည်း
စာမျက်နှာ-၃၅၇
က စွဲလမ်းတတ်တဲ့ သဘောရှိလို့ ဒိဋ္ဌိကိုတော့ အစကတည်းက ဥပါဒါန်လို့ပဲ ခေါ်လိုက်တယ်။

တဏှာကို အဆင့်နှစ်ဆင့်အနေနဲ့ မှတ်ရမယ်၊ ဒိဋ္ဌိကတော့ အဆင့်တစ်ဆင့်တည်းပဲ ရှိတယ်။ ဖြစ်လာတာနဲ့ တစ်ပြိုင်နက် ဒိဋ္ဌိက စွဲလမ်းမှု ဖြစ်တယ်၊ ဘာလို့လဲဆိုတော့ လောကမှာ လူတွေက အယူအဆဆိုတာကို လွယ်လွယ်ကူကူနဲ့ စွန့်နိုင်ကြတာ မဟုတ်ဘူး၊ “ဣဒမေဝ သစ္စံ မောဃမညံ” - “ဒါသာလျှင် အမှန်, တခြား အမြင်တွေဟာ အလွဲအမှား” လို့ အယူအဆတစ်ရပ်၊ အမြင်နဲ့ ပတ်သက်လာရင် စွဲလမ်းမှုက ဖြစ်ကတည်းက စွဲလာတာဖြစ်လို့ ဒိဋ္ဌိဟာ စဖြစ်ကတည်းက ဥပါဒါန်ပဲ။ တဏှာက အဆင့်နှစ်ဆင့် ရှိတယ်။

တဏှာကတော့ အဲဒီလို မဟုတ်ဘူးတဲ့၊ တဏှာက အဆင့်နှစ်ဆင့် ရှိတယ်၊ မရသေးရင် လိုချင်တယ်၊ ပြီးရင် စွဲလမ်းတယ်၊ အာရုံက နှစ်မျိုးရှိတယ်၊ မရသေးတဲ့အာရုံကတစ်ခု၊ ရပြီးတဲ့ အာရုံကတစ်ခု၊ အဲဒါကို စာပေကျမ်းဂန်မှာ ဘယ်လိုပြောတုန်းဆို - “အပတ္တဝိသယ ပတ္ထနာ” - ကိုယ်မရသေးတဲ့အာရုံကို တောင့်တတာက တဏှာတဲ့နော်၊ လူဆိုတာ မရသေးရင် လိုချင်တာပဲ၊ မရသေးတဲ့အာရုံတစ်ခု၊ မပိုင်ဆိုင်ရသေးတဲ့အာရုံတစ်ခုကို လိုချင်နေတယ်၊ အဲဒီလိုချင်မှုဟာ သိပ်ပြင်းထန်သေးတာ မဟုတ်သေးဘူး။ “သပ္ပတ္တဝိသယ ဂဟဏံ ဥပါဒါနံ” - ရပြီးတဲ့အာရုံကိုတော့ ဆုပ်ကိုင်ထားတယ်၊ အဲဒါကျတော့မှ စွဲလမ်းဆိုတာ လာတာပေါ့။ ဒါကြောင့် တဏှာအနေနဲ့က နှစ်ဆင့်လို့ ဒီလို မှတ်ရမယ်။
စာမျက်နှာ-၃၅၈
“ဝေဒနာပစ္စယာ တဏှာ” ဆိုတဲ့ တဏှာက အပျော့စား တဏှာ၊ စွဲလမ်းမှုမပါသေးတဲ့ တဏှာ၊ ဥပါဒါန်ဆိုတဲ့အမည် ရသွားတဲ့ တဏှာကျတော့ ပြင်းထန်သွားတဲ့တဏှာ၊ ဖြည်ချွတ်လို့ မရနိုင်တဲ့ တဏှာမျိုးလို့ - တဏှာကို နှစ်ဆင့်ခွဲပြီးတော့ မှတ်ရမယ်၊ ဒီတော့ မရသေးခင် လိုချင်တောင့်တနေတဲ့ တဏှာဟာ ထိုက်တန်သလောက် ရှောင်လွှဲမယ်ဆိုရင် ရှောင်လွှဲလို့ ရတယ်၊ ပြောင်းလဲလို့ ရတယ်၊ ဥပါဒါန်အဆင့်ရောက်သွားပြီဆိုရင် ဖြည်ဖို့ အင်မတန်မှ ခက်သွားပြီ။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က တဏှာနဲ့ ဥပါဒါန်ရဲ့ ဒီသဘောကို ပိုင်ပိုင်နိုင်နိုင်သိလို့ သတ္တဝါတွေကို ချေချွတ်တဲ့အခါမှာ တဏှာအဆင့်ဆိုရင် ဘာနဲ့ချွတ်ရမယ်၊ ဥပါဒါန်အဆင့်ဆိုရင် ဘာနဲ့ချေချွတ်ရမယ်ဆိုတာ မြတ်စွာဘုရားက သတ္တဝါတွေရဲ့ စရိုက်ကို လိုက်ပြီးတော့ တရားဓမ္မဟောတယ်၊ ဆုံးမမှုနည်းပရိယာယ်တွေ အသုံးပြုပြီးတော့ ဆုံးမတယ်၊ ဒါကြောင့် မြတ်စွာဘုရားကို “အနုတ္တရော ပုရိသဒမ္မသာရထိ” လို့ဆိုတာ၊ “ပုရိသဒမ္မ” ဆိုတာ “ဆုံးမထိုက်တဲ့ပုဂ္ဂိုလ်ကို”၊ “သာရထိ - ဆုံးမတဲ့နေရာမှာ”၊ “အနုတ္တရ - အသာဆုံးပဲ” တဲ့၊ အတော်ဆုံးပဲလို့ ဒီလိုပြောတာနော်။

ဒီနေရာမှာ တဏှာနဲ့ ဥပါဒါန်ကို ခွဲခြားရှုမြင်ပြီး တဏှာကို ဘာနဲ့ ဖျောက်မလဲ၊ ဥပါဒါန်ကို ဘာနဲ့ ဖျောက်မလဲဆိုတာ နည်းပရိယာယ်တွေကို အသုံးပြုပြီးတော့ သတ္တဝါတွေရဲ့စရိုက် သတ္တဝါတွေရဲ့သန္တာန်မှာဖြစ်ပေါ်နေတဲ့ တဏှာနဲ့ဥပါဒါန်ကို မြတ်စွာဘုရား ချေချွတ်ခဲ့ပုံကို အားလုံးသိကြတဲ့ ဇာတ်လမ်းလေးတွေ ရှိတယ်ပေါ့။
စာမျက်နှာ-၃၅၉

ညီတော် နန္ဒမင်းသားကို ချေချွတ်ပုံ
ထင်ရှားတဲ့ ဇာတ်လမ်းတစ်ခုက ညီတော်နန္ဒမင်းသား၊ နန္ဒမင်းသားနဲ့ အာနန္ဒာနဲ့ မရောစေနဲ့ပေါ့၊ အာနန္ဒာက ငမ်းကွဲ၊ နန္ဒဆိုတာက အဖေတူအမေကွဲ၊ အရင်းလို့ပဲ ပြောပါတော့၊ နန္ဒမင်းသားက သုဒ္ဓေါဒနမင်းကြီးနဲ့ မဟာပဇာပတိဂေါတမီတို့က မွေးတာ၊ သူက မြတ်စွာဘုရားထက် တစ်ရက်နှစ်ရက်ပဲ ငယ်တယ်၊ ရှင်အာနန္ဒာက ဘုရားနဲ့ ဖွားဖက်တော်၊ အဖေကွဲ အမေကွဲ၊ နန္ဒမင်းသားကျတော့ အဖေတူ အမေကွဲ၊ ဘုရားနဲ့ အင်မတန်မှ ရုပ်တူတယ်။

အာနန္ဒာကတော့ ဒီလောက် ရုပ်မတူဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ သုဒ္ဓေါဒနမင်းကြီးရဲ့ ညီတစ်ယောက်က မွေးတာကိုး၊ ညီအစ်ကိုဆိုတာ တစ်ခါတစ်လေ ရုပ်ကကွဲချင်ကွဲတာပဲ၊ ဆင်ဆင်လေး တူပြီးတော့ တစ်ခါတစ်လေ အစ်ကိုက အသားညိုပြီးတော့ ညီက အသားဖြူနေတာလည်း ရှိတာပဲ၊ ညီအကိုမောင်နှမ ဆိုပေမယ့် ရုပ်အဆင်း ကွဲနေတာလေး ရှိတတ်သေးတာကိုးနော်။

ညီတော်နန္ဒက မြတ်စွာဘုရားနဲ့ အင်မတန်တူတယ်၊ အရပ်အမောင်းအားဖြင့်လည်း မြတ်စွာဘုရားထက် လက်လေးသစ်ပဲ နိမ့်တယ်၊ လက်လေးသစ်ဆိုတာ ဘာမှ မပြောပလောက်ဘူး၊ တိုင်းကြည့်မှပဲ သိမှာကိုးနော်၊ ဝိနည်းကျမ်းထဲမှာ မှတ်တမ်းပါလို့ ဒီအချက်ကို သိရတာ၊ မြတ်စွာဘုရားဝတ်တဲ့သင်္ကန်းက ခပ်ဖားဖား၊ ရဟန်းတော်တွေဝတ်တဲ့သင်္ကန်းက ဘုရားသင်္ကန်းလောက် မကြီးဘူး၊ ခပ်သေးသေး၊ သင်္ကန်းကို ကြည့်လိုက်တာနဲ့ ဘုရားဝတ်တဲ့ သင်္ကန်းနဲ့ ရဟန်းတွေဝတ်တဲ့သင်္ကန်းက ကွဲပြားခြားနားမှုရှိတယ်။
စာမျက်နှာ-၃၆၀
တစ်ခါတုန်းက ညီတော်နန္ဒဟာ သာသနာ့ဘောင်ဝင်လာပြီး မြတ်စွာဘုရားဝတ်သလို သင်္ကန်းခပ်ဖားဖားကြီး ဝတ်ပြီးတော့ လာတယ်၊ ခပ်လှမ်းလှမ်းက ညီတော်နန္ဒကို မြင်ကြတဲ့အခါမှာ စုပြီး ထိုင်နေကြတဲ့ ရဟန်းတော်တွေက “ဟိုမယ် ဘုရားကြွလာပြီ၊ ဘုရားကြွလာပြီ” ဆိုပြီး အမြင်မှားကြတယ်၊ မှားပေမှာပေါ့ ညီအစ်ကိုပဲနော်၊ အနီးရောက်တဲ့အခါကျတော့မှ “ဘုရားမဟုတ်ဘူး၊ ညီတော်နန္ဒ” လို့ ကွဲကွဲပြားပြား သိကြရတယ်၊

ဒါ့ကြောင့်မို့ မြတ်စွာဘုရားက ဝိနည်းစည်းကမ်းမှာ ဘုရားနဲ့ ပမာဏတူတဲ့သင်္ကန်းမျိုးကို မဝတ်ရဘူးလို့ ဥပဒေစည်းကမ်းလုပ်ထားရတယ်ပေါ့။ တခြားပုဂ္ဂိုလ်ဆိုရင်တော့ ရောချင်မှ ရောမှာ၊ ညီအစ်ကိုဆိုတော့ ရောသွားတာ ရှိတယ်ပေါ့။

အားလုံးသိတဲ့အတိုင်း ညီတော်နန္ဒဟာ သာသနာ့ဘောင်ကို ကြည်ညိုလို့ ဝင်လာတာ မဟုတ်ဘူး၊ အစ်ကိုအရင်းကို လေးစားကြောက်ရွံ့ရလို့ ဝင်လာတာ၊ မင်္ဂလာအခမ်းအနား ကျင်းပမယ့်နေ့မှာ သူ့လက်ထဲ မြတ်စွာဘုရားက သပိတ်ထည့်လိုက်တယ်၊ ထည့်လိုက်တော့ ဒီသပိတ်ကြီးကို လက်က ကိုင်ထားရတယ်၊ ဘုရားကြွတဲ့နောက်က သူထမ်းလိုက်ရတာပေါ့၊ ဘုရားက ဘာမှ မပြောဘူး၊ သူ့လက်ထဲ သပိတ်ထည့်လိုက်တော့ သပိတ်ကို လိုက်ပို့ရတယ်။ ဟိုနား ယူနိုး၊ ဒီနား ယူနိုးနဲ့ အဲဒီမှာ လိုက်သွားလိုက်ရတာ၊ ကျောင်းရောက်ရော ဆိုပါစို့၊ သပိတ်ပေးပြီးတော့ ခေါ်သွားတာ၊ အဲဒါကို သပိတ်ထမ်းခေါ်တယ်လို့ ပြောကြတယ်၊ ထမ်းချင်မှလည်း ထမ်းမှာပါ၊ ပွေ့ချင်လည်း ပွေ့မှာပေါ့၊ ဒါပေမယ့် ပုံထဲမှာတော့ သပိတ်ကလေး ထမ်းပြီး လိုက်သွားရတယ်ပေါ့။
စာမျက်နှာ-၃၆၁
ဒီတော့ မင်္ဂလာအခမ်းအနားကျင်းပမယ့်နေ့ - မင်္ဂလာဆောင်မှာကလည်း တခြားလူ မဟုတ်ဘူး၊ အဖေတူအမေတူ နှမအရင်းနဲ့ မင်္ဂလာဆောင်မှာ၊ မောင်နှမနှစ်ယောက်စလုံးကို နာမည်တူ ပေးထားတာ နန္ဒနဲ့ နန္ဒာ၊ တစ်ခါတစ်ခါကျတော့ သုန္ဒရီနန္ဒာလို့လည်း နာမည်ပေးတယ်၊ သို့မဟုတ် အဘိရူပနန္ဒာလို့လည်း ခေါ်တယ်၊ “ဇနပဒကလျာဏီ” ဆိုတာတော့ ဘွဲ့ဖြစ်လောက်တယ်၊ ခုခေတ်လိုပဲ မယ်ဘွဲ့ရွေးတာမျိုးတွေရဲ့ နာမည်ဖြစ်မှာပေါ့လေ၊ Miss Universe လိုပဲပေါ့၊ ဇနပဒကလျာဏီဆိုတာ ဒီဒေသမှာ အချောဆုံးလို့ ဒီလို အဓိပ္ပါယ်ရတယ်၊ ဒီတော့ “ဇနပဒကလျာဏီ” ဆိုတာ နာမည် မဟုတ်ဘူး၊ အချောဆုံးလို့ ဒီလိုပြောတဲ့အဓိပ္ပါယ်နော်။

သူ့ရဲ့နာမည်က နန္ဒာပဲ၊ သို့မဟုတ် အဘိရူပနန္ဒာ၊ နန္ဒမင်းသားနဲ့ မောင်နှမအရင်း၊ သို့သော် သာကီဝင်မင်းတွေရဲ့ ထုံးတမ်းစဉ်လာအရ မောင်နှမအရင်း လက်ဆက်ကြတယ်၊ ဘာဖြစ်လို့ မောင်နှမအရင်း လက်ဆက်တုန်းဆိုတော့ - မြန်မာတွေတောင် ပြောကြတယ် မဟုတ်လား.. “အမျိုးချင်းထပ်ရင် မြတ်တယ်” လို့။ တခြားလူ ဝင်လာမှာ စိုးတယ်၊ တချို့က မျိုးရိုးမဟုတ်ဘူး၊ ပစ္စည်းဥစ္စာတွေ “ဖိတ်ခြင်း ဖိတ် ကိုယ့်အိတ်ထဲ ဖိတ်” ဆိုပြီး လုပ်ကြတာပေါ့လေ။

အေး အဲဒီမှာ မောင်နှမချင်းလက်ဆက်ဖို့ မင်္ဂလာပွဲကျင်းပမယ့်နေ့မှာ သပိတ်ကမ်းပြီးတော့ ခေါ်သွားတာနဲ့ လိုက်သွားရတာ ဟိုလည်းရောက်ရော “သင်္ကန်းဝတ်မလား” လို့ မေးတော့ မဝတ်ချင်ဘူးလို့ မပြောရဲဘူး၊ မပြောရဲတော့ ခေါင်းငြိမ့်ရတာပေါ့၊ ခေါင်းငြိမ့်လိုက်တာနဲ့ တစ်ပြိုင်နက် ခေါင်းအရိတ်ခံလိုက်ရတော့တာပေါ့။
စာမျက်နှာ-၃၆၂
အဲဒီလို ရဟန်းဖြစ်သွားတဲ့အခါမှာ ဘယ်လိုမှ သူမပျော်နိုင်ဘူးပေါ့၊ စိတ်က နန်းတော်ပဲ ရောက်နေတယ်၊ နန်းတော်ရောက်ရုံတင် မကဘူး၊ မင်္ဂလာပွဲကြီး ကျင်းပတော့မှာဆိုတော့ နှမတော် ဇနပဒကလျာဏီ နန္ဒာအပေါ်မှာ စိတ်ရောက်ပြီးတော့ နေတယ်၊ အဲဒါက စွဲလမ်းနေတဲ့ ဥပါဒါန်အဆင့် ရောက်သွားပြီ၊ လိုချင်တဲ့ တဏှာ မဟုတ်ဘူး၊ စွဲလမ်းတဲ့ ဥပါဒါန်အဆင့် ရောက်သွားပြီ၊ အဲဒီဥပါဒါန်ဟာ တရားဟောပြီးတော့ ချွတ်လို့ မရဘူး၊ စွဲလမ်းနေတာနဲ့ ဘယ်လိုမှတရားမတိုးဘူး၊ ရောဂါဆိုးတော့ ဆေးမတိုးဘူး။

ရှင်နန္ဒရဲ့သန္တာန်မှာဖြစ်တဲ့ တဏှာက လွန်ကဲသွားတဲ့အခါ စွဲလမ်းတဲ့ဥပါဒါန် ဖြစ်သွားပြီ၊ တရားမတိုးတော့ဘူး၊ တရားမတိုးလို့ရှိရင် ဘာနဲ့ ပြန်လုပ်ရတုန်းဆိုတော့ - မြန်မာတွေပြောတဲ့ စကားလိုပေါ့၊ “ငါးကြင်းဆီနဲ့ ငါးကြင်းကြော်” ဆိုတာ၊ ဥပါဒါန်ကို ဘာနဲ့ ပြန်နှုတ်တုန်းဆိုရင် တဏှာတစ်ခုခုနဲ့ ပြန်နှုတ်လိုက်တယ်၊ စာပေကျမ်းဂန်မှာ ဥပမာပေးထားတယ်၊ “ဆူးစူးလို့ရှိရင် ဆူးနဲ့ထွင်”၊ သစ်ပင်ပေါ်က သရက်သီးလိုချင်လို့ရှိရင် အောက်က သရက်သီးတစ်လုံး ကောက်ယူပြီး ပစ်ချတယ်ပေါ့၊ သရက်သီးကို သရက်သီးနဲ့ ပစ်ချသလို၊ ဆူးကို ဓားနဲ့ထွင်သလို၊ မြန်မာစကားပုံက ငါးကြင်းဆီနဲ့ ငါးကြင်းကြော်၊ အဲဒီပုံစံမျိုးပဲ။

မြတ်စွာဘုရားက နန္ဒမင်းသားကို ဥပါဒါန်အစွဲ ပြုတ်ဖို့ရန်အတွက် နောက်ထပ် တဏှာအာရုံအသစ်ကို ဖန်တီးပေးတယ်၊ ဒါ အင်မတန်လိမ္မာပါးနပ်တဲ့ နည်းစနစ်တစ်ခုပဲပေါ့၊ ဘယ်လိုဖန်တီးပေးတာတုန်းလို့ဆိုတော့ တာဝတိံသာနတ်ပြည် အလည်ခေါ်သွားတယ်၊ တာဝတိံသာနတ်ပြည် သွားတဲ့အခါကျတော့ သိကြားမင်းကြီး
စာမျက်နှာ-၃၆၃
ရဲ့အခြံအရံနတ်သမီးတွေက အင်မတန်ချောတယ်၊ အဲဒီအင်မတန်ချောတဲ့ နတ်သမီးတွေကို မြင်လိုက်တာနဲ့ပဲ နန်းတော်က ဇနပဒကလျာဏီကို မေ့သွားတယ်၊ ဥပါဒါန်က အဲဒီမှာတင်ပဲ ပြတ်သွားတယ်၊ တရားနဲ့ ဖြုတ်တာ မဟုတ်ဘူး၊ အာရုံအသစ်နဲ့ ပြောင်းလိုက်တာနော်။

ဇနပဒကလျာဏီထက် ရုပ်ပိုချောတဲ့နတ်သမီးတွေ မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ဇနပဒကလျာဏီအပေါ်မှာ စွဲနေတဲ့ ဥပါဒါန်ဟာ အလိုအလျောက် ပြုတ်သွားတယ်၊ စိတ်များ တော်တော် ထူးဆန်းတယ်နော်၊ အဲဒီဥပါဒါန်ပြုတ်သွားပြီးတော့ နတ်သမီးတွေအပေါ်မှာ တဏှာသွားဖြစ်ပြန်တယ်၊ အဲဒါ “အပတ္တဝိသယ ပတ္ထနာ” - မရသေးတာကို ပိုင်ဆိုင်ချင်တဲ့တဏှာ ဖြစ်သွားတယ်၊ မစွဲလမ်းသေးဘူး မပိုင်သေးဘူး၊ နတ်သမီးဆိုတဲ့အာရုံကို ပြလိုက်တာနဲ့ပဲ နန္ဒမင်းသားရဲ့စိတ်ထဲမှာ စွဲနေတဲ့ ဥပါဒါန်တရားဟာ အလိုအလျှောက် ပြုတ်သွားတယ်၊

ပြုတ်သွားတာမှ ဘယ်လောက်ထိအောင် ပြတ်သွားတုန်းဆိုရင် ဇနပဒကလျာဏီဟာ နတ်သမီးတွေနဲ့ ယှဉ်ပြီးတော့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် လမ်းမှာတွေ့ခဲ့တဲ့ သစ်ငုတ်တိုပေါ်မှာ ထိုင်နေတဲ့မျောက်အိုမကြီးလောက်အဆင့်ပဲ ရှိတော့တယ်တဲ့၊ ဒါ တဏှာလုံးဝကို မရှိတော့တဲ့သဘောပဲ၊ ဥပါဒါန်တင်မကဘူး တဏှာပါ မကျန်တော့ဘူး အကုန်ပြုတ်ထွက်သွားတာနော်၊ အဲဒါ ဆေးမီးတိုလို့ ခေါ်တယ်ပေါ့။

“ဆေးမီးတို” ဆိုတော့ တချို့က အမြီးတိုတဲ့ဆေး ထင်တယ် မဟုတ်ဘူး၊ ဆေးမြီး မဟုတ်ဘူး၊ ဆေးမယ်၊ အမယ်များ
စာမျက်နှာ-၃၆၄
တဲ့ဆေးဆိုတာ ရှိတယ်၊ အမယ်တစ်မယ်တည်းကျတော့ “ဆေးပယ်တို” ဆေးအမယ် မရှိဘူး တစ်မယ်ပဲပေါ့၊ ဘိစပ်တို့ စူလာနဖာတို့လို နေမှာပေါ့။ တစ်မျိုးတည်းဖော်တဲ့ ဆေးပေါ့နော်။

အဲဒီမှာ နတ်သမီးအာရုံကို တဏှာဖြစ်သွားတာနဲ့ တစ်ပြိုင်နက် ဇနပဒကလျာဏီအပေါ်မှာ စွဲလမ်းနေတဲ့ ဥပါဒါန်တရားသည် အလိုအလျှောက် ပြုတ်ထွက်သွားတယ်တဲ့၊ နတ်သမီးအပေါ်မှာ ဖြစ်ပေါ်လာတဲ့ တောင့်တတဲ့တဏှာကိုတော့ တရားနဲ့ ချွတ်တယ်၊ ဒီနည်းစနစ်ကို အသုံးပြုတာနော်။

ဒီနည်းစနစ်ကို မသိတဲ့ မြန်မာနိုင်ငံက မိဘတွေဟာ သားသမီးတွေနဲ့ ပတ်သက်လာလို့ရှိရင် ဒီနည်းစနစ်ကို မသုံးသည့်အကွက်ကြောင့် အိမ်က ထွက်ပြေးကြတာတို့ ကိုယ့်ကိုယ်ကို သတ်သေသွားကြတာတို့ ဖြစ်ကုန်ကြတာ၊ ဒါ ထွက်ပေါက်ပိတ်လိုက်တာကိုး။

မြတ်စွာဘုရားက ထွက်ပေါက် မပိတ်ဘူး၊ ဖွင့်ပေးလိုက်တာ၊ ဇနပဒကလျာဏီအပေါ်မှာ စွဲနေတဲ့ နန္ဒမင်းသားရဲ့စိတ်ကို မပိတ်လိုက်ဘူး၊ “နင် စွဲရမလား” လို့ဆိုပြီး တရားဖိမဟောဘူးနော်၊ လမ်းဖွင့်ပေးလိုက်တယ်၊ သူ့ထက်သာတာကို ပြလိုက်တယ်၊ ပြလိုက်တာနဲ့ သူ့ဟာသူ ထွက်ပေါက်ရသွားတယ်၊ အဲဒီကျတော့မှ တရားချတာ၊ အဲဒီနည်းစနစ်ကလေးလည်း သုံးကြည့်ဖို့တော့ ကောင်းတယ်ပေါ့။

ကိုယ့်သားသမီးက စွဲနေတာ တစ်ယောက်၊ ကိုယ်က ပိတ်ထားလိုက်တဲ့အခါ ချောင်ပိတ်ရိုက်လိုက်သလို ဖြစ်သွားပြီး ကိုယ်ထင်တဲ့အတိုင်း ဖြစ်မလာတော့ဘူးပေါ့။ အေး အဲဒါ ဥပါဒါန်နဲ့
စာမျက်နှာ-၃၆၅
တဏှာရဲ့ သဘောကို နားလည်ဖို့၊ လူ့ရဲ့စိတ်ဟာ အဲဒီလို ရှိတယ်၊ သူ့အလိုအလျှောက် ပြောင်းသွားတာ။
ဇနပဒကလျာဏီကို ချေချွတ်ပုံ
ဒါတင်လားလို့ ဆိုတော့ ဒါတင်မကသေးဘူး။ အဲဒီ နန္ဒမင်းသားရဲ့နှမတော် ဇနပဒကလျာဏီ အဘိရူပနန္ဒာကိုယ်တိုင်ကလည်း ရုပ် အင်မတန်မှ လှတယ်၊ စာထဲမှာတော့ ယသောဓရာ ပြီးရင် သူအချောဆုံးလို့ ဒီလိုပြောတာ၊ ဒီလို ရုပ်အချောဆုံးဆိုတော့ သူကလည်း သူ့ရုပ်အလှအပပေါ်မှာ အလှမာန်တက်နေတယ်။ သိပ်လှသည့်အတွက်ကြောင့် သူ့ကိုယ်သူ သူ့လောက်လှတာ မရှိဘူး ဆိုပြီးတော့ သူ့ရုပ်ပေါ်မှာ မာန်တက်နေတယ်၊ အဲဒီမာန်တက်နေတာကို မြတ်စွာဘုရားက ဘာနဲ့ကုတုန်းဆိုရင် အာရုံအသစ်နဲ့ပဲ ဖြေတယ်၊ ဒါ တရားဟောလို့ မရဘူး။ သူ့ရုပ်အဆင်းပေါ်မှာ သူ ဥပါဒါန်ဖြစ်နေတာကို သူ့ထက်လှတဲ့ ရုပ်အဆင်းတစ်ခုကို ဖန်တီးပြလိုက်တာနဲ့ တစ်ပြိုင်နက် သူ့ရုပ်ပေါ်မှာ သူ စိတ်ပျက်သွားတယ်၊ ဒါလည်း ဥပါဒါန်ကို တဏှာနဲ့ ချွတ်လိုက်တဲ့နည်း တစ်နည်းပဲပေါ့နော်၊ ဆေးမီးတိုနဲ့ ကုတာ။
ခေမာမိဖုရားကို ချေချွတ်ပုံ
အဲဒီဥပမာအတိုင်းပဲ - ဗိမ္ဗိသာရမင်းကြီးရဲ့ အလွန်ချောမောလှပတဲ့ ခေမာမိဖုရား၊ ခေမာမိဖုရားကလည်း အလွန်ချောတော့ သူ့ကိုယ်သူ သူ့လောက်လှတာ မရှိဘူးဆိုပြီး အလှမာန်တက်နေတယ်၊ မြတ်စွာဘုရားက ခေမာမိဖုရားကို ချွတ်တာလည်းပဲ ဒီပုံစံ
စာမျက်နှာ-၃၆၆
ပဲ၊ ဘယ်လိုမှ တရားဟောလို့ မရဘူး၊ ၃၂-ကောဌာသတို့ အသုဘကမ္မဋ္ဌာန်းတို့ သွားဟောရင် ကျောင်းဘယ်လာလိမ့်မတုန်းနော်၊ ဘုရားစကား ဘယ်လက်ခံလိမ့်မလဲ၊ “ကိုယ်တော်ကြီးက မှိုမျှစ်ချိုး ပြောတယ်” ဆိုပြီးတော့တောင် နှုတ်ခမ်းမဲ့ရွဲ့ပြဦးမှာနော်။

မြတ်စွာဘုရားကျောင်း မရောက်ရောက်အောင် ဗိမ္ဗိသာရမင်းကြီးက သီချင်းရေးဆရာတွေကို ဝေဠုဝန်ဥယျာဉ်ကြီးရဲ့ ဘွဲ့ကို သီချင်းတွေစပ်ပြီးတော့ သီချင်းအဆိုကောင်းတဲ့ လူတွေကို နန်းတွင်းမှာ ဆိုခိုင်းလိုက်တဲ့အခါ ဝေဠုဝန်ဥယျာဉ်ကို သွားချင်စိတ်တွေ ပေါက်လာတယ်၊ အဲဒါနဲ့ ကျောင်းရောက်တာ။

ဘုရားမရှိဘူး ထင်ပြီး ကျောင်းသွားတာ ဘုရားနဲ့ တန်းတိုးတယ်၊ တန်းတိုးတဲ့အခါ မြတ်စွာဘုရားအနီးအပါးမှာ အင်မတန်ချော အင်မတန်လှပတဲ့ နိမ္မိတရုပ် အမျိုးသမီးလေး ဖန်ဆင်းထားတယ်၊ အဲဒီအမျိုးသမီးမြင်လိုက်တာနဲ့တစ်ပြိုင်နက် သူ့ရဲ့အလှအပတွေဟာ မရှိတော့ဘူး၊ စာထဲမှာ ဘယ်လောက်ထိအောင် ဆိုထားတုန်းဆို ဒေါင်းနဲ့ ကျီးကန်းလို ကွာသွားတယ်ပေါ့၊ ဒေါင်းဆိုတာ အလွန်လှတယ် မဟုတ်လား၊ သူ့ကိုယ်သူ ကျီးကန်းလို ဖြစ်သွားတယ်၊ ဟိုက ဒေါင်းဖြစ်နေတယ်၊ ဘုရားအနီးအပါးမှာ ယပ်လေခပ်နေတဲ့အမျိုးသမီးရဲ့ အလှက သူ့ကိုယ်သူ ပြန်ကြည့်လိုက်တဲ့အခါကျတော့ အဲဒီမှာ သူ့ကိုယ်သူ စိတ်ပျက်သွားတယ်၊ ဒါကလည်း သူ့ရုပ်သူ စွဲလမ်းနေတဲ့ ဥပါဒါန်ကို တဏှာနဲ့ ချွတ်ပေးလိုက်တာပဲ။ ပြီးတော့မှ တဏှာကို မြတ်စွာဘုရားက တရားနဲ့ ချွတ်ပေးတာတဲ့။
စာမျက်နှာ-၃၆၇
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က နည်းပရိယာယ်သုံးပြီးတော့ ဥပါဒါန်ကို တဏှာနဲ့ ပြန်ချွတ်ပေးတဲ့ နည်းစနစ်တွေပေါ့၊ အဲဒီလိုနည်းနဲ့ သတ္တဝါတွေကို ကယ်တင်ခဲ့တယ်၊ လမ်းမှားနေတဲ့နေရာကနေပြီးတော့ လမ်းမှန်ရောက်အောင် ဆုံးမသွန်သင်ပေးခဲ့တယ်။

အေး ဒါကြောင့်မို့လို့ တဏှာဆိုသည်မှာ မရသေးခင်တော့ လိုချင်တာ၊ ရပြီးရင် ဆုပ်ကိုင်ထားတယ်၊ ဆုပ်ကိုင်ထားပြီဆိုလို့ရှိရင် ဥပါဒါန်ဖြစ်သွားပြီလို့ ဒီလိုမှတ်ရမယ်ပေါ့။
ဥပါဒါန် ၄-မျိုး
ကဲ “တဏှာပစ္စယာ ဥပါဒါနံ” လို့ ပြောလိုက်တဲ့အခါမှာ ဥပါဒါန်က ဘယ်နှစ်မျိုး ရှိတာတုန်းဆိုတော့ ဥပါဒါန်ကို လေးမျိုးခွဲပြီးတော့ ဟောထားတယ်၊ နံပါတ်တစ်က ကာမုပါဒါန၊ နံပါတ်နှစ်က ဒိဋ္ဌုပါဒါန၊ နံပါတ်သုံးက သီလဗ္ဗတုပါဒါန၊ နံပါတ်လေးက အတ္တဝါဒုပါဒါန လို့၊ ကာမုပါဒါန်ဆိုတာ တဏှာကို ပြောတာ၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် - ဒီသုံးခုက ဒိဋ္ဌိ။

မှားယွင်းတဲ့အမြင်နဲ့ ပတ်သက်တဲ့ အယူအဆသုံးမျိုးကို ပြောတယ်၊ ဒီတော့ တရားကိုယ်အားဖြင့် ပြောမယ်ဆိုရင် တဏှာနဲ့ ဒိဋ္ဌိ၊ အဲဒီနှစ်ခုသည် အာရုံပေါ်မှာ မလွတ်တမ်း ဆုပ်ကိုင်စွဲလမ်းထားတတ်တယ်၊ လွှတ်ဖို့ အင်မတန်ခက်သည့်အတွက်ကြောင့် “ဥပါဒါနံ” လို့ ခေါ်တယ်။
စာမျက်နှာ-၃၆၈

ကာမုပါဒါန
အဲဒီမှာ ကာမုပါဒါနဆိုတဲ့ စကားလုံးကို ကာမ + ဥပါဒါန လို့ ပုဒ်ခွဲတယ်၊ ကာမဆိုတာကို နှစ်မျိုးမှတ်ရမယ်၊ “လိုချင်စရာအာရုံ” နဲ့ “လိုချင်တာ” ဒီလို နှစ်မျိုးခွဲပြီးတော့ မှတ်ရမယ်၊ ဒီနှစ်မျိုးလုံးကို ကာမဆိုတဲ့ စကားလုံးကပဲ ဖော်ပြတာပဲ၊ လိုချင်စရာအာရုံကိုလည်း ကာမလို့ခေါ်တယ်၊ လိုချင်စရာအာရုံကို လိုချင်တာလည်း ကာမပဲ။

လိုချင်စရာအာရုံကို ဝတ္ထုကာမ လို့ ခေါ်တယ်၊ လိုချင်စရာအာရုံကို လိုချင်တာကျတော့ ကိလေသာကာမ လို့ ခေါ်တယ်။

အဲဒီအဓိပ္ပါယ်နှစ်ခုနဲ့ ဥပါဒါန်နဲ့တွဲပြီးတော့ ပြောရင် - လိုချင်စရာအာရုံကို စွဲစွဲလမ်းလမ်း ဖြစ်နေတဲ့တဏှာသည် ကာမုပါဒါန၊ ဒါနံပါတ်တစ် တစ်ခုမှတ်ရမယ်၊ နောက် နံပါတ်နှစ်ကျတော့ လိုချင်စရာအာရုံကို လိုချင်တဲ့တဏှာသည်ပင်လျှင် စွဲစွဲလမ်းလမ်းဖြစ်မှု - ဥပါဒါနလို့ ဒီလိုအဓိပ္ပါယ်ရှိတယ်။

ဒီတော့ ကာမကို ဝတ္ထုကာမ၊ ကိလေသာကာမလို့ နှစ်မျိုးမှတ်ရမယ်၊ ကာမကို “ဝတ္ထုကာမ” လို့ ယူရင် - လိုချင်စရာအာရုံကို စွဲလမ်းခြင်းလို့ မှတ်၊ လိုချင်စရာအာရုံက ကာမ(ဝတ္ထုကာမ)၊ စွဲလမ်းတဲ့ ဥပါဒါနက တဏှာ၊ ဟော ဒီလိုကွဲပြားတယ် နှစ်ခု။

ကာမအရ လိုချင်တဲ့တဏှာကို ကောက်ယူတယ်၊ ဥပါဒါနကလည်းပဲ စွဲလမ်းတဲ့တဏှာကို ကောက်ယူတယ်ဆိုရင် ဒီနှစ်ပုဒ်ဟာ အရတူတယ်၊ အဲဒါကျတော့ ကာမကလည်းပဲ တဏှာကို ပြောတာပဲ၊ ဥပါဒါနကလည်း တဏှာကိုပဲ ပြောတယ်၊ အဲဒီစွဲလမ်းမှုဟာ ကာမနဲ့ပတ်သက်တဲ့ စွဲလမ်းမှု၊ လိုချင်စရာအာရုံကို လိုချင်တတ်တဲ့
စာမျက်နှာ-၃၆၉
တဏှာနဲ့ ပတ်သက်တဲ့ စွဲလမ်းမှုလို့ ဒီလိုဆိုလိုတယ်၊ တရားကိုယ်ကောက်ယူလိုက်တဲ့အခါ ခိုင်မြဲတဲ့တဏှာကိုပဲ ကာမုပါဒါနလို့ ခေါ်တယ်။
ဒိဋ္ဌုပါဒါန
တစ်ခါ ဒိဋ္ဌုပါဒါန - ဒိဋ္ဌိ + ဥပါဒါနလို့ ပုဒ်ဖြတ်၊ ဒိဋ္ဌိဆိုတာ မှားယွင်းတဲ့အမြင်၊ ဥပါဒါနဆိုတာ စွဲလမ်းတာ၊ အဲဒီမှာလည်းပဲ မှားယွင်းတဲ့အမြင်ကို စွဲလမ်းတာလား သို့မဟုတ် မှားယွင်းသောအမြင်သည်ပင် စွဲလမ်းမှုလားလို့ - ဟော ဒီလို စဉ်းစားလိုက်မယ်ဆိုရင် နှစ်မျိုးစလုံး အဓိပ္ပါယ်ရတယ်။

မှားယွင်းသောအမြင်ကို စွဲလမ်းခြင်းလို့ ဆိုလို့ရှိရင်လည်း မှားယွင်းသောအမြင်ဆိုတာက ရှေ့ပိုင်းကအမြင်၊ စွဲလမ်းခြင်းဆိုတာ နောက်ပိုင်းက မှားယွင်းတဲ့အမြင်၊ နှစ်ခုစလုံးဟာ ဒိဋ္ဌိချည်း အရကောက်တယ်ပေါ့၊ တစ်ဖန် ဒိဋ္ဌိဆိုတာ မှားယွင်းတဲ့အမြင်၊ ဥပါဒါနက စွဲလမ်းခြင်းလို့ ဆိုလို့ရှိရင် မှားယွင်းသောအမြင်သည်ပင်လျှင် စွဲလမ်းခြင်းလို့ ဒီလိုအဓိပ္ပါယ်ရတယ်။

ဒီတော့ ဒိဋ္ဌုပါဒါနဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်တာလဲ၊ ဘယ်လိုအမြင်ကို ဒိဋ္ဌုပါဒါနလို့ ခေါ်တာတုန်းလို့ဆိုတော့ “ဒသ ဝတ္ထုကာ မိစ္ဆာဒိဋ္ဌိ” တဲ့၊ အခြေခံအချက် ၁၀-မျိုးနဲ့ ပတ်သက်လာတဲ့အမြင်ကို မိစ္ဆာဒိဋ္ဌိလို့ ဒီနေရာမှာ ဆိုလိုတယ်။

ဒီအချက် ၁၀-မျိုးဆိုတာ နတ္ထိကဒိဋ္ဌိနဲ့ ပတ်သက်တယ်၊ (၁) နတ္ထိ ဒိန္နံ - လှူခြင်းတန်းခြင်းရဲ့ အကျိုးဆိုတာ မရှိဘူး၊ အကျိုး
စာမျက်နှာ-၃၇၀
ကို ငြင်းပယ်တဲ့အမြင်တစ်ခု၊ ဒါက တစ်ချက်၊ (၂) နတ္ထိ ယိဋ္ဌံ - အကြီးအကျယ်ယဇ်ပူဇော်ခြင်းရဲ့ အကျိုးဆိုတာ မရှိဘူး၊ (၃) နတ္ထိ ဟုတံ - လက်ဆောင်ပဏ္ဏာပေးတာစတဲ့ အသေးအဖွဲပေးကမ်းမှုတွေရဲ့ အကျိုးတရားဆိုတာ မရှိဘူးလို့ ဒါနနဲ့ ပတ်သက်တဲ့ အကျိုးတရားသုံးမျိုးကို ငြင်းပယ်ထားတယ်၊ နတ္ထိကဒိဋ္ဌိလို့ ခေါ်တယ်။ အကျိုးကို ငြင်းပယ်တဲ့ဝါဒ၊

နောက်တစ်ခုနံပါတ် (၄) က နတ္ထိ သုကဋဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော၊ သုကဋဆိုတာ ကောင်းစွာပြုအပ်တဲ့၊ ဒုက္ကဋ်ဆိုတာ မကောင်းသဖြင့် ပြုအပ်တဲ့ ကုသိုလ်အကုသိုလ်တို့ရဲ့ အကျိုးဆိုတာ မရှိဘူးလို့ အကျိုးတရားကို ငြင်းပယ်တယ်။

နံပါတ် (၅) က နတ္ထိ မာတာ - အမေဆိုတာ မရှိဘူး၊ အမေကို အသိအမှတ် မပြုတာပေါ့၊ သို့သော် အဓိပ္ပါယ်ယူတဲ့အခါကျတော့ အမေမရှိဘူးလို့ ပြောလိုတာ မဟုတ်ဘူး၊ အမေပေါ်မှာ ပြုစုလုပ်ကျွေးလို့ ကုသိုလ်ရတယ်ဆိုတာ မရှိဘူး၊ အမေကို စော်ကားလို့ အပြစ်ဖြစ်တယ်ဆိုတာလည်း မရှိဘူး၊ ဘာဖြစ်လို့တုန်း အမေကိုမှ အသိအမှတ် မပြုတာကိုး။

နံပါတ် (၆) က နတ္ထိ ပိတာ - အဖေဆိုတာ မရှိဘူး၊ အဖေကို အသိအမှတ် မပြုဘူး၊ အဖေကို အသိအမှတ်မပြုဘူးဆိုတာ အဖေအပေါ်မှာ ပြုစုလုပ်ကျွေးခြင်းကြောင့်လည်း ကုသိုလ်မရဘူး၊ စော်ကားခြင်းကြောင့်လည်း အပြစ်မဖြစ်ဘူးလို့ ဒီလိုယူဆတယ်။

နံပါတ် (၇) က နတ္ထိ အယံ လောကော - တခြားဘဝ ပရလောကမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေအတွက် ဒီလောကဆိုတာ မရှိဘူး၊ နံပါတ် (၈) နတ္ထိ ပရော လောကော - တမလွန်လောကမှာ ရှိ
စာမျက်နှာ-၃၇၁
နေတဲ့ပုဂ္ဂိုလ်အတွက်လည်းပဲ ဒီလောကဆိုတာ မရှိဘူး၊ တမလွန်လောကလူတွေအတွက် ဒီလောကဆိုတာ မရှိဘူး၊ ဒီလောကလူအတွက် နောက်လောကဆိုတာ မရှိဘူးလို့ ဒီလိုဆိုလိုတာ၊ ဆိုလိုတာက ကိုယ့်ဖြစ်ရာဘဝမှာပဲ ကိုယ်အဆုံးသတ်မယ်ပေါ့။ ခွေးကလည်း လူလာမဖြစ်ဘူး၊ လူကလည်း ခွေးသွားမဖြစ်ဘူးပေါ့နော်၊ တစ်ဘဝဟာ တစ်ဘဝပြီးရင် ပြီးတာပဲဆိုတဲ့ ဥစ္ဆေဒအယူအဆ။

နောက် နံပါတ် (၉) က နတ္ထိ သတ္တာ သြပပါတိကာ - သတ္တဝါတွေ သေပြီးတော့ ပြန်မွေးတယ်ဆိုတာ မရှိဘူး၊ သေပြီးရင် ပြီးတာပဲ နောက်ထပ်ဘယ်သူမှ ပြန်မဖြစ်တော့ဘူး၊ အဲဒီအယူအဆ။

နောက် နံပါတ် (၁၀) က နတ္ထိ သမဏဗြာဟ္မဏာ - သူတော်စင် သမဏဗြာဟ္မဏတွေ၊ သမ္မဂ္ဂတာ သမ္မာပဋိပန္နော - မှန်ကန်တဲ့ အကျင့်ကို ကျင့်လို့ မှန်မှန်ကန်ကန် တရားထူးတရားမြတ်တွေ ရပြီး ဟောဒီလောကကြီးရဲ့အကြောင်းကို ကိုယ်တိုင်သိပြီးတော့ မျက်မှောက်ပြုပြီး ဟောနိုင်ပြောနိုင်တဲ့ သမဏဗြာဟ္မဏဆိုတာ မရှိဘူး၊ ဘုရားဆိုတာ မရှိဘူးပေါ့။

အားလုံး မရှိဘူးဆိုတာ ၁၀-ချက်၊ အဲဒီ အခြေခံ ၁၀-ချက် ပေါ်မှာ ဒီလိုငြင်းပယ်ထားတဲ့ အယူဝါဒဟာ နတ္ထိကဒိဋ္ဌိ၊ အဲဒီ နတ္ထိကဒိဋ္ဌိကိုပဲ ဒီနေရာမှာ ဒိဋ္ဌုပါဒါနလို့ ပြောတာ၊ ဒုစရိုက် ၁၁ ပါးထဲမှာပါတဲ့ မိစ္ဆာဒိဋ္ဌိဆိုတာလည်း ဒါကိုပဲ ပြောတယ်။

အဲဒီအယူဝါဒရှိတဲ့ပုဂ္ဂိုလ်ဟာ ကောင်းရာသုဂတိကို မရောက်နိုင်ဘူး၊ ကံ၊ ကံ၏အကျိုးကို ငြင်းပယ်တယ်၊ ကံ၏အကျိုးကို ငြင်းပယ်လိုက်သဖြင့် ကံကိုလည်းပဲ ငြင်းပယ်ပြီးသား ဖြစ်သွားတယ်ပေါ့။
စာမျက်နှာ-၃၇၂
အကျိုးကို ငြင်းပယ်လိုက်တာနဲ့ တစ်ပြိုင်နက် အကြောင်းကံကိုလည်း ငြင်းပယ်လိုက်ပြီးသား ဖြစ်သွားတယ်။

အဲဒီငြင်းပယ်မှုဟာ ဒီအယူအဆကို သာမန်ယူဆတာ မဟုတ်ဘူး၊ ဣဒမေဝ သစ္စံ = ဒါသာလျှင် အမှန်၊ ငါ့အမြင်ဟာ မှန်တယ်၊ မောဃမညံ = တခြားအယူဝါဒတွေဟာ အလကားပဲရှိတယ်၊ မရှိဘူးလို့ - ဟော ဒီအမြင်မျိုး မြင်လာလို့ရှိရင် အဲဒီအယူသည် ဒိဋ္ဌုပါဒါနလို့ ပြောတာ၊ မှားယွင်းတဲ့ စွဲလမ်းမှုအယူတစ်ခုပဲ။
သီလဗ္ဗတုပါဒါန
သီလဗ္ဗတုပါဒါန = သီလဗ္ဗတ + ဥပါဒါန၊ သီလဆိုတာ တိရစ္ဆာန်တွေရဲ့ အကျင့်စရိုက် အလေ့အထကို ဒီနေရာမှာ သီလလို့ ခေါ်တယ်၊ ငါးပါးသီလ၊ ရှစ်ပါးသီလကို ပြောတာ မဟုတ်ဘူး၊ အဲဒီအလေ့အထကို ဆောက်တည်တာက ဝတ၊ အဲဒီအလေ့အထကို ဆောက်တည်ကျင့်သုံးလို့ရှိရင် သံသရာက စင်ကြယ်တယ်လို့ ယူဆစွဲလမ်းတာက ဥပါဒါန။ ။

ဆိုပါစို့ - ခွေးရဲ့အလေ့အထက သီလ၊ အဲဒီခွေးရဲ့ အလေ့အထအတိုင်း လိုက်နာကျင့်သုံးဖို့ ဆောက်တည်လိုက်တာက ဝတ၊ အဲဒီဝတကို ကျင့်သုံးလို့ရှိရင် သံသရာဝဋ်ကလွတ်တယ်၊ ကိလေသာတွေက စင်ကြယ်တယ်လို့ မှားယွင်းစွာဖြစ်တာ စွဲလမ်းတာက ဥပါဒါန၊ ဒီနေရာမှာတော့ သီလဗ္ဗတုပါဒါန၊ အဲဒီ သီလ၊ ဝတပေါ်မှာ စွဲလမ်းတာတဲ့၊ ဒီအကျင့်ဟာ ကျင့်လို့ရှိရင် သံသရာဝဋ်က လွတ်တယ် သို့မဟုတ်- ကိလေသာ အာသဝေါတွေက စင်ကြယ်
စာမျက်နှာ-၃၇၃
တယ်လို့ ဆိုပြီးတော့ ဒီအယူအဆတစ်ရပ်ဟာ စွဲစွဲမြဲမြဲယူဆတယ်ပေါ့။ အဲဒါ သီလဗ္ဗတုပါဒါနလို့ ခေါ်တယ်။
အတ္တဝါဒုပါဒါန
အတ္တဝါဒုပါဒါနမှာ ဝါဒဆိုတာ ပြောစရာ၊ ဥပါဒါနဆိုတာ စွဲလမ်းစရာ၊ ပြောစရာနဲ့ စွဲလမ်းစရာဆိုတာ ဘာလဲလို့ဆိုရင် အတ္တပဲ၊ Soul လို့ ခေါ်တဲ့ ခန္ဓာကိုယ်ထဲမှာ ခန္ဓာကိုယ်ရဲ့ပိုင်ရှင် - သို့မဟုတ် - အရာခပ်သိမ်းကို ပြုလုပ်တတ်တဲ့ ကာရက၊ အကျိုးတရားတွေကို ခံစားတတ်တဲ့ ဝေဒက၊ ခန္ဓာကိုယ်ကြီးကို ပိုင်စိုးထားတယ်ဆိုတဲ့ ဒီအတ္တဟာ ခန္ဓာကိုယ်မှာရှိတယ်လို့ အဲဒီယူဆပြောဆိုမှုကို အတ္တဝါဒလို့ ခေါ်တယ်၊ အဲဒီအတ္တသည် ပြောစရာ စွဲလမ်းစရာမျိုး ဖြစ်လာသည့်အတွက်ကြောင့် ဥပါဒါန၊ အဲဒါကိုပဲ “အတ္တဝါဒုပါဒါန” လို့၊ ဒါက အဓိပ္ပါယ်တစ်မျိုး။

နောက်အဓိပ္ပါယ်တစ်မျိုးက “အတ္တ”ဆိုတာ ပြောစရာစကားအဖြစ်သာ ပြောရတာ၊ ပရမတ္ထအားဖြင့်တော့ တကယ်ရှိတာ မဟုတ်ဘူးတဲ့၊ ပြောစရာသက်သက်မျှ ဖြစ်တာကို စွဲလမ်းနေတယ်လို့ ဆိုတဲ့အဓိပ္ပါယ်နဲ့ “အတ္တဝါဒုပါဒါန” လို့ ဒီလိုအဓိပ္ပါယ်ရတယ်။

ဒီတော့ အတ္တဝါဒုပါဒါနဆိုတာ သူက သက္ကာယဒိဋ္ဌိကို ပြောတာ၊ သက္ကာယဆိုတာ ခန္ဓာငါးပါး၊ ဒိဋ္ဌိဆိုတာ ခန္ဓာငါးပါးနဲ့ ဆက်ပြီးတော့ မှားယွင်းတဲ့ အယူအဆတစ်ရပ်၊ ခန္ဓာငါးပါးမှာ မှားယွင်းတဲ့ အယူအဆတွေ ဖြစ်တယ်၊ ခန္ဓာတစ်ပါးမှာ လေးမျိုးလေးမျိုး ဆိုတော့ ခန္ဓာငါးပါးဆိုတော့ ၂၀-ဖြစ်တာပေါ့။ အဲဒါကိုပဲ သက္ကာယဒိဋ္ဌိ-၂၀ လို့ ပြောတယ်။
စာမျက်နှာ-၃၇၄
ရုပ်နဲ့ ပတ်သက်လာလို့ရှိရင် ... (အတ္တကို ငါဆိုတဲ့ စကားလုံးလေးနဲ့ပဲ ပြောရအောင်) ငါဆိုတဲ့ စကားလုံးနဲ့ ပြောမယ်ဆိုရင် “ရုပ်သည်ပင် ငါ၊ ငါသည်ပင် ရုပ်ပဲ၊ ငါဆိုတာ ဘယ်ဟာလဲ၊ ဒီရုပ်ကို ပြောတာပဲ၊ ရုပ်ဆိုတာ ငါပဲ၊ ရုပ်နဲ့ ငါ အတူတူပဲ” ရူပံ အတ္တတော သမနုပဿတိ၊ ရုပ်ကိုပဲ အတ္တလို့ ရှုမြင်လို့ရှိရင် ဒါလည်း သက္ကာယဒိဋ္ဌိတစ်ခုပဲ။

နောက်တစ်ခါ ရုပ်ကို အတ္တလို့ မရှုဘူး၊ “ရုပ်ဟာ အတ္တရဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုပဲ” လို့၊ အတ္တက ဒီရုပ်ကို ပိုင်တာ၊ အတ္တက သူပိုင်တဲ့မျက်စိနဲ့ အပြင်ဘက်အာရုံကို ကြည့်တယ်၊ သူပိုင်တဲ့နားနဲ့ အသံကို နားထောင်တယ်ပေါ့။ အတ္တဆိုတာ ရှိတယ်၊ ကျန်တာက သူ့ရဲ့အသုံးအဆောင်ပစ္စည်းတွေလို့၊ မျက်စိ နား နှာ လျှာ ကိုယ် တို့က သူ့ရဲ့အသုံးအဆောင်ပစ္စည်းပေါ့။ အတ္တရဲ့ property အနေနဲ့ ဒီလိုမြင်တာက တစ်ခု၊ အမျိုးစုံပေါ့ မြင်ပုံမြင်နည်း မတူဘူးပေါ့။

နောက်တစ်ခုကျတော့ ဘယ်လိုမြင်တုန်းဆိုရင် “ရုပ်ဟာ အတ္တပေါ်မှာ တည်ရှိနေတယ်” လို့၊ အတ္တက ကြီးရင် ရုပ်က ကြီးတယ်ပေါ့၊ အတ္တက သေးရင် ရုပ်ကသေးတယ်ပေါ့၊ ဆင်ကောင်ကြီးကျတော့ အတ္တက ကြီးလို့ ရုပ်က အကြီးကြီး ဖြစ်ရတယ်ပေါ့။ ပုရွက်ဆိတ်လေးကျတော့ အတ္တက သေးလို့ ရုပ်ကလေးက သေးသေးလေး ဖြစ်တယ်ပေါ့၊ ဒီလိုယူဆတာ။

နောက်တစ်ခါ “အတ္တဟာ ရုပ်ထဲမှာပဲ တည်နေတယ်” လို့ ရုပ်ကို အတ္တရဲ့တည်ရာ location အဖြစ် သတ်မှတ်လိုက်တယ်၊ အားလုံးပေါင်းလိုက်တော့ လေးမျိုးပေါ့။
စာမျက်နှာ-၃၇၅
ရုပ်နဲ့ ပတ်သက်တာ လေးမျိုး၊ “ရုပ်ကို အတ္တလို့ ရှုမြင်တယ်။ ရုပ်ကို အတ္တရဲ့ပစ္စည်းအဖြစ် ရှုမြင်တယ်၊ ရုပ်ဟာ အတ္တမှာ ရှိတယ်လို့ ရှုမြင်တယ်၊ အတ္တဟာ ရုပ်မှာ ရှိတယ်လို့ ရှုမြင်တယ်” - မှားယွင်းတဲ့အမြင်လေးမျိုးပေါ့။

အဲဒီလိုပဲ ဝေဒနာဆိုတဲ့ ခံစားချက်နဲ့လည်း ပတ်သက်လာလို့ရှိရင် ဒီလိုပဲ မြင်တယ်၊ “ခံစားတယ်ဆိုတာ ငါပဲ၊ ငါသည်ပင် ခံစားတာပဲ” ဆိုရင် - ဟော ဝေဒနာနဲ့ အတ္တ အတူတူထားပြီး ပြောတဲ့စကားပေါ့။ “ငါ့ရဲ့ခံစားချက်” ဆို ခံစားချက်က သူ့ရဲ့ property ဖြစ်သွားတယ်၊ ဒီလိုပုံစံမျိုးနဲ့ ဝေဒနာမှာလည်းပဲ လေးမျိုး၊ သညာမှာလည်း လေးမျိုး၊ သင်္ခါရမှာလည်း လေးမျိုး၊ ဝိညာဏမှာလည်း လေးမျိုးဆိုတော့ အားလုံးပေါင်းလိုက်တဲ့အခါ-၂၀၊ အဲဒါ သက္ကာယဒိဋ္ဌိ-၂၀ လို့ ခေါ်တယ်၊ အဲဒီ သက္ကာယဒိဋ္ဌိ-၂၀ ကိုပဲ ဒီနေရာမှာ “အတ္တဝါဒုပါဒါန” လို့ ဒီလိုပြောတာ၊ ဒါလည်း စွဲလမ်းတဲ့အရာတစ်ခုပဲ။ ။

ဒီသက္ကာယဒိဋ္ဌိကတော့ တရားဓမ္မကို မကြားနာရဘူးတဲ့ ပုဂ္ဂိုလ်တွေမှာ “ပရိယုဋ္ဌာန” အနေနဲ့ ဖြစ်တယ်ပေါ့၊ တရားဓမ္မကို ကြားနာထားတဲ့ပုဂ္ဂိုလ် ရုပ်တရားနာမ်တရားတွေကို ကွဲကွဲပြားပြား သိပြီဆိုရင်တော့ ပရိယုဋ္ဌာန မဖြစ်ဘူး၊ “အနုသယ” အနေနဲ့တော့ ရှိမယ်ပေါ့။ သို့သော် သက္ကာယဒိဋ္ဌိက အနုသယအနေနဲ့ ရှိနေရုံနဲ့တော့ အပါယ်မကျဘူး၊ ဒါကြောင့်မို့လို့ သက္ကာယဒိဋ္ဌိကို “မဂ္ဂါဝရဏ” လို့ ပြောတယ်၊ မဂ်ဖိုလ်တော့ မရနိုင်ဘူး၊ သက္ကာယဒိဋ္ဌိတန်းလန်း ရှိနေလို့ရှိရင် မဂ်ဖိုလ်မရဘူး၊ သက္ကာယဒိဋ္ဌိ တဒင်္ဂပဟာန ပျောက်အောင်လုပ်နိုင်မှ မဂ်ဖိုလ်ရတယ်လို့ ဒီလိုပြောတယ်။
စာမျက်နှာ-၃၇၆
ဒါကြောင့်မို့လို့ ပူရဏကဿပတို့ မက္ခလိဂေါသာလတို့ရဲ့ တပည့်တွေလည်းပဲ နတ်ပြည်မှာ ရောက်နေတာတွေ ရှိတယ်၊ ဗကဗြဟ္မာကြီးတို့ဆိုလည်း ဗြဟ္မာပြည်ရောက်နေပြီပဲ၊ မိစ္ဆာအယူဝါဒရှိနေတာတွေပဲ၊ အဲဒီတော့ သူက သဂ္ဂါဝရဏတော့ မဟုတ်ဘူး၊ မဂ္ဂါဝရဏပဲ ဖြစ်တယ်။ (သဂ္ဂါဝရဏ = နတ်ပြည်ရောက်ဖို့ အဟန့်အကား)

ဒါကြောင့်မို့လို့ သက္ကာယဒိဋ္ဌိကို ဒုစရိုက် ၁၀-ပါးထဲက မိစ္ဆာဒိဋ္ဌိလို့ မပြောရဘူး၊ အဲဒါနဲ့ မဆိုင်ဘူး၊ ဒုစရိုက် ၁၀-ပါးထဲက မိစ္ဆာဒိဋ္ဌိက နတ်ပြည်ကို မရောက်တာ၊ နတ္ထိကဒိဋ္ဌိကမှ ဒုစရိုက် မိစ္ဆာဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိကို မိစ္ဆာဒိဋ္ဌိဆိုတာနဲ့ ရောပြီးတော့ မပြောရဘူး၊ တခြားစီ ခွဲခြားပြီးတော့ မှတ်ရမယ်။ ။

ဒီတော့ ဒီသက္ကာယဒိဋ္ဌိဆိုတာဟာ သိမ်မွေ့သွားပြီ၊ သိမ်မွေ့သွားသည့်အတွက်ကြောင့် သက္ကာယဒိဋ္ဌိ ရှိနေသော်လည်းပဲ သူက သဂ္ဂါဝရဏတော့ မဖြစ်ဘူးတဲ့၊ မဂ္ဂါဝရဏပဲ ဖြစ်တယ်။ (မဂ္ဂါဝရဏ = မဂ်ရဲ့ အဟန့်အတား)

အဲဒါကြောင့်မို့လို့ သက္ကာယဒိဋ္ဌိပယ်ဖို့ရန်အတွက် နာမရူပပရိစ္ဆေဒဉာဏ်ကနေ စပြီးတော့ ဝိပဿနာကျင့်စဉ်ကို ကျင့်ရတာ သူက ရုပ်နဲ့နာမ် ကွဲကွဲပြားပြားသိသွားပြီ၊ နောက်ဆုံး သောတာပန် ဖြစ်တဲ့အခါကျမှ သက္ကာယဒိဋ္ဌိဆိုတာ လုံးဝပျောက်သွားတာပေါ့။ အဲဒါ အတ္တဝါဒုပါဒါန်၊

ဒီဥပါဒါန်လေးမျိုးမှာ ကာမုပါဒါန်ဆိုတာကတော့ တဏှာကိုပဲ ပြောတယ်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ဆိုတဲ့ ဒီသုံးမျိုးကတော့ ဒိဋ္ဌိကိုပဲ ပြောတယ်လို့ - မိစ္ဆာအယူဝါဒသုံးမျိုး၊
စာမျက်နှာ-၃၇၇
ဒိဋ္ဌိကို သုံးမျိုးခွဲပြောတာဟာ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် သူက အဆင့်ဆင့်ရှိတာကိုး၊ အရေးကြီးဆုံးက လူ့လောကမှာ လူရယ်လို့ ဖြစ်လာပြီ - သို့မဟုတ် - သတ္တဝါတစ်ယောက်အနေနဲ့ ဖြစ်လာပြီဆိုရင် ဘာဖြစ်လာလဲဆိုရင် ကိုယ့်ဘဝအရေးကို ကိုယ်စဉ်းစားလာတယ်၊ စဉ်းစားလာတဲ့အခါမှာ လူဆိုတာ ဘဝမှာ တည်မြဲချင်လာတယ်၊ တည်မြဲချင်လာတဲ့အခါကျတော့ ဘဝမှာ တည်မြဲနိုင်တဲ့အရာလေးတစ်ခုကို စဉ်းစားစိတ်ကူးပြီးတော့ လာတယ်၊ စဉ်းစားစိတ်ကူးလာတော့ အတ္တဆိုတဲ့ အယူအဆ ပေါ်လာတာနဲ့ တစ်ပြိုင်နက် အဲဒီအတ္တဟာ မြဲတယ်လို့ ယူဆလိုက်လို့ရှိရင် သဿတဒိဋ္ဌိဘက် ရောက်သွားတယ်၊ မမြဲဘူး သေပြီးတဲ့နောက် လုံးဝထာဝရပြတ်သွားတယ်လို့ ယူဆလိုက်လို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိဘက် ရောက်သွားပြန်တယ်ပေါ့။

သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိဆိုတာ အတ္တအယူဝါဒကနေ ပေါက်ဖွားလာတဲ့ အရာနှစ်ခုပဲ ဖြစ်တယ်၊ အတ္တဝါဒလက်ခံမှု မရှိဘဲနဲ့ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိဆိုတာ မဖြစ်ဘူးတဲ့၊ အတ္တအယူအဆကနေပြီးတော့ ပေါက်ပွားလာတဲ့ သဘောတရားပေါ့၊ ရုပ်နဲ့နာမ်သာ ရှိတယ်၊ အတ္တဆိုတာ မရှိဘူးလို့ ဒီလိုမြင်လိုက်တာနဲ့ တစ်ပြိုင်နက် သဿတလည်း လာစရာအကြောင်း မရှိဘူး၊ ဥစ္ဆေဒလည်း လာစရာအကြောင်း မရှိဘူးပေါ့။

အေး ကောင်းပြီ၊ နတ္ထိကဒိဋ္ဌိဆိုတဲ့ မိစ္ဆာအယူကို ပြင်းစွာ စွဲလမ်းတဲ့ ဒိဋ္ဌုပါဒါန်ဆိုတာ အင်မတန်မှ အရေးကြီးလို့ ဒုစရိုက်ထဲမှာလည်း ပါတယ်၊ ဒါ့ကြောင့် အဲဒီဒိဋ္ဌုပါဒါန်ဟာ ပိုပြီးတော့ အရာကျယ်တာ ဖြစ်လို့ “သဂ္ဂါဝရဏ = နတ်ပြည်တောင် မရောက်နိုင်
စာမျက်နှာ-၃၇၈
ဘူး” ကံရဲ့အကျိုးကို ငြင်းပယ်တာမို့လို့၊ သံသရာဝဋ်က လွတ်ဖို့ဆိုပြီးတော့ ကြိုးပမ်းလာကြတဲ့အခါမှာ အကျင့်တရားတွေနဲ့ ပတ်သက်ပြီးတော့ ဆင်ခြင်သုံးသပ်မှု မှားယွင်းတဲ့ အလေ့အထတွေကို ဆောက်တည်ပြီးတော့ ကျင့်သုံးတတ်ကြလို့ အဲဒါကျတော့ သီလဗ္ဗတုပါဒါန်၊ ခန္ဓာငါးပါးနဲ့ပတ်သက်လာတဲ့ အယူအဆနဲ့ ပတ်သက်ပြီးတော့ ပြောကြ ဆိုကြ ငြင်းကြခုန်ကြတဲ့အခါကျတော့ အတ္တဝါဒုပါဒါန်၊ ဒိဋ္ဌိကိုပဲ သုံးမျိုးခွဲပြီးတော့ ဟောတယ်။

သို့သော် လယ်တီဆရာတော်ကြီးကတော့ ဒိဋ္ဌုပါဒါန်မှာ (၆၂)ပါးသော မိစ္ဆာဒိဋ္ဌိအယူဝါဒတွေအားလုံးကိုပဲ ထည့်ပြီးတော့ ဖွင့်ပြတယ်၊ ဝိသုဒ္ဓိမဂ်မှာတော့ အခုပြောခဲ့တဲ့အတိုင်း နတ္ထိကဒိဋ္ဌိက ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတပရာမာသက သီလဗ္ဗတုပါဒါန်နဲ့ သက္ကာယဒိဋ္ဌိ ၂၀-က အတ္တဝါဒုပါဒါန်လို့ ဒါကို ဝိသုဒ္ဓိမဂ်မှာ ဒီလိုပဲ ရေးတယ်ပေါ့၊ အဲဒီဥပါဒါန်အားလုံးဟာ တဏှာကို အခြေခံပြီးတော့ ဖြစ်တာပါလို့ ဒီလို ဆိုလိုတယ်။
ဒိဋ္ဌိရဲ့ အခြေခံတရား
ဒါဖြင့် မှားယွင်းတယ်ဆိုတဲ့ ဒိဋ္ဌိဟာ မောဟကို အခြေမခံဘဲနဲ့ ဘာဖြစ်လို့ တဏှာကို အခြေခံရတာလဲ? စဉ်းစားကြည့်၊ အဘိဓမ္မာမှာ ဒိဋ္ဌိစေတသိက်ဟာ လောဘမူစိတ်နဲ့ ယှဉ်တယ်ပေါ့၊ မောဟမူစိတ်နဲ့ မယှဉ်ဘူး၊ လောဘနဲ့ပဲ ယှဉ်တွဲဖြစ်တယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ သတ္တဝါဆိုတာ ကိုယ့်အရေး ကိုယ်စဉ်းစားတာလေ၊ လူတိုင်းလူတိုင်းဟာ ကိုယ့်အရေးက နံပါတ်တစ်ပဲ၊ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားတော့ ကိုယ့်ကိုယ်ကို လုံခြုံချင်တယ်၊ ကိုယ့်ကိုယ်ကို ထာဝရ
စာမျက်နှာ-၃၇၉
မြဲချင်တယ်ဆိုတဲ့ အတွေးတွေ၊ ကိုယ်ခံစားဖို့ဆိုတဲ့ အတွေးတွေဟာ အရင်ဝင်လာတယ်၊ Selfish လို့ ခေါ်တာပေါ့နော်။

အဲဒီအတွေးဟာ ဘာ့ကြောင့်တုန်းဆိုရင် ကိုယ့်ကိုယ်ကို ချစ်လို့၊ ကိုယ့်ကိုယ်ကို စွဲလမ်းတဲ့တဏှာကို အကြောင်းပြုပြီး ဒီအယူအဆအတွေး ပေါ်လာတာ ဖြစ်တယ်၊ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ချစ်ခင်မြတ်နိုးမှုဆိုတဲ့ တဏှာကို အကြောင်းပြုပြီး ဒီမိစ္ဆာအယူဝါဒ ပေါ်လာတာ လောဘနဲ့ ယှဉ်တွဲပြီး လာတာမို့ “တဏှာပစ္စယာ ဥပါဒါန” ထဲမှာ ဒိဋ္ဌိကို ထည့်ထားတာလို့ - ဒါ ဒီလိုစဉ်းစားလို့ရတာပေါ့နော်။
ပဋ္ဌာန်းနည်း
ဒီတော့ တဏှာက တဏှာကို ကျေးဇူးပြုတယ်။ ဆိုပါစို့ - “တဏှာပစ္စယာ ဥပါဒါန”ကို ဥပါဒါန်လေးမျိုးနဲ့ ပြောတယ်၊ ကျန်တဲ့ ဥပါဒါန်တွေကို မပြောဘဲနဲ့ “တဏှာပစ္စယာ ကာမုပါဒါန” = “တဏှာဟူသောအကြောင်းကြောင့် ကာမုပါဒါန်ဖြစ်တယ်”လို့ ဒီလိုပြောမယ်ဆိုရင် ပဋ္ဌာန်းနည်းနဲ့အရ ဒီတဏှာက ကာမုပါဒါန်ကို ဘာသတ္တိနဲ့ ကျေးဇူးပြုတာတုန်းဆိုရင် ရှေ့တဏှာက အားပျော့တဲ့တဏှာ၊ နောက်တဏှာက အားကောင်းတဲ့တဏှာ၊ ရှေ့နောက်ဖြစ်သည့်အတွက်ကြောင့် ဥပနိဿယသတ္တိလို့ ပြောတယ်၊ ရှေ့မှာဖြစ်တဲ့တဏှာက ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုလိုက်လို့ နောက်တဏှာသည် ဥပါဒါန်အဆင့် ရောက်သွားတာတဲ့။

ရှေ့ရှေ့စိတ်တွေရဲ့ စွမ်းရည်သတ္တိကို နောက်နောက်စိတ်တွေက ဆက်ခံရတာဖြစ်လို့ ရှေ့ရှေ့စိတ်တွေကို အကြောင်းပြုပြီးတော့
စာမျက်နှာ-၃၈၀
နောက်နောက်စိတ်တွေက ပိုပိုပြီး ခိုင်မာ၊ ပိုပိုပြီး ရင့်ကျက်လာတာကိုး၊ ဒါ့ကြောင့် ရှေ့ရှေ့စိတ်တွေက နောက်နောက်စိတ်တွေကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ် - “တဏှာက ကာမုပါဒါန်ကို ဥပနိဿယတစ်ပစ္စည်းနဲ့ ကျေးဇူးပြုတယ်”ပေါ့။ ပဋ္ဌာန်းနည်း - “တဏှာက ဒိဋ္ဌိကို”

တဏှာက ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် လို့ဆိုတဲ့ ဥပါဒါန်တွေကိုတော့ ဘာသတ္တိတွေနဲ့ ကျေးဇူးပြုတုန်းဆိုတော့ တဏှာနဲ့ ဒိဋ္ဌိဆိုတာကျတော့ သဘာဝချင်း မတူတော့ဘူး၊ သဂြိုဟ်သရုပ်မှာ ကြည့်မယ်ဆိုရင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ်မှာဆိုရင် လောဘယှဉ်တဲ့ ဒိဋ္ဌိရှိတယ်၊ ဒီတော့ လောဘနဲ့ ဒိဋ္ဌိဟာ ဒိဋ္ဌိဂတသမ္ပယုတ်စိတ်မှာ အတူတကွ ဖြစ်ကြတာ၊ အတူတကွ ဖြစ်လာတဲ့ လောဘက အတူတကွ ဖြစ်လာတဲ့ ဒိဋ္ဌိကို သဟဇာတသတ္တိ၊ ကျေးဇူးပြုနိုင်တယ်။

အပြန်အလှန်ဖြစ်သည့်အတွက်ကြောင့် အညမညသတ္တိနဲ့လည်း ကျေးဇူးပြုတယ်၊ နိဿယသတ္တိနဲ့လည်း ကျေးဇူးပြုတယ်။ သမ္ပယုတ္တသတ္တိနဲ့လည်း ကျေးဇူးပြုတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ပြိုင်တူဖြစ်တယ်။ ပြိုင်တူချုပ်တယ်၊ မှီရာဝတ္ထုတစ်ခုတည်း၊ အာရုံပြုရာတစ်ခုတည်း၊ တူညီတဲ့အာရုံ တူညီတဲ့မှီရာရှိလို့ သမ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ရှိနေခိုက်မှာ ကျေးဇူးပြုလို့ အတ္ထိသတ္တိ၊ မကင်းကွာခင် ကျေးဇူးပြုလို့ အဝိဂတသတ္တိ။

ပဋ္ဌာန်းရှုထောင့်ကပြောလို့ရှိရင် “တဏှာပစ္စယာ ဒိဋ္ဌုပါဒါနံ” သို့မဟုတ် “တဏှာပစ္စယာ သီလဗ္ဗတုပါဒါန” “တဏှာပစ္စယာ
စာမျက်နှာ-၃၈၁
အတ္တဝါဒုပါဒါန” ဆိုတဲ့နေရာမှာ ဘာပစ္စယသတ္တိတွေနဲ့ စွမ်းရည်သတ္တိနဲ့ ပဋ္ဌာန်းနည်းအရ ကျေးဇူးပြုတယ်လို့ ပြောရမလဲလို့ဆိုရင် သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ - ဒီသတ္တိတွေနဲ့ ကျေးဇူးပြုတယ်လို့ ပြောရမယ်။

နောက်တစ်ဖန် ဘာပါနိုင်သေးတုန်းဆိုတော့ တဏှာလို့ဆိုတာ လောဘပဲ၊ လောဘဟာ ဟိတ်ပဲလေ၊ ဟေတု ၆-မျိုးထဲမှာ ပါတယ်၊ ဟေတုခြောက်မျိုးထဲ ပါသည့်အတွက်ကြောင့် လောဘဆိုတဲ့ဟိတ်က ဒိဋ္ဌိဆိုတဲ့ ဥပါဒါန်အား ဟေတုသတ္တိနဲ့လည်း ကျေးဇူးပြုနိုင်တယ်လို့၊ ဒီလိုအဓိပ္ပါယ်ရတယ်၊ ဒီတော့ ဟေတုသတ္တိ ထည့်လိုက်မယ်၊ ခုနတုန်းက သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ - ၆-ခုထဲကို ဟေတု ထည့်လိုက်လို့ရှိရင် ၇-ပစ္စည်း ဖြစ်သွားတယ်။

နောက်တစ်နည်းပြောမယ်ဆိုလို့ရှိရင် စိတ်တစ်ခုတည်းမှာ ဖြစ်တဲ့ လောဘတဏှာကနေပြီးတော့ ဒီဒိဋ္ဌုပါဒါန်ကို ကျေးဇူးပြုတာ မဟုတ်ဘူး၊ ကွဲပြားခြားနားတဲ့စိတ်မှာ ဖြစ်တဲ့ တဏှာက ဒိဋ္ဌိကို ကျေးဇူးပြုတာ၊ အတူဖြစ်တာက ကျေးဇူးပြုတာ မဟုတ်ဘူးလို့ ဒီလိုယူရင်ရော မရဘူးလားဆိုရင် ရတယ်၊ အဲဒီလို ယူလိုက်တဲ့အခါ တဏှာက ဒိဋ္ဌိကို ကျေးဇူးပြုတာ ဥပနိဿယသတ္တိလို့ ပြောတယ်။

တဏှာဆိုတဲ့ အားကြီးတဲ့မှီရာကို ရသည့်အတွက်ကြောင့် ဒိဋ္ဌိဆိုတဲ့ မှားယွင်းတဲ့ စွဲလမ်းမှုတစ်ခု ပေါ်လာရတယ်၊ ဥပနိဿယသတ္တိ အားကြီးတဲ့မှီရာတစ်ခုလို့ ဒီလိုအထောက်အကူ ဖြစ်တယ်။

ဒါ့ကြောင့်မို့လို့ ဗုဒ္ဓမြတ်စွာက ပဋိစ္စသမုပ္ပါဒ်မှာ “တဏှာပစ္စယာ ဥပါဒါန” လို့ဆိုရာမှာ ဘုန်းကြီးတို့တစ်တွေ နားလည်ရမှာ
စာမျက်နှာ-၃၈၂
က တဏှာဆိုတာ အားပျော့သေးတဲ့တဏှာ၊ ဥပါဒါနံဆိုတာ အားကောင်းတဲ့တဏှာနဲ့ မှားယွင်းတဲ့အယူအဆ ဒိဋ္ဌိ၊ ဒီနှစ်ခုကို ဆိုလိုတယ်၊ အဲဒီနှစ်ခုစလုံးဟာ တဏှာကို အခြေခံပြီး ဖြစ်တာဖြစ်သောကြောင့် တဏှာရှိနေသေးလို့ရှိရင် နောက်က ဥပါဒါန်ဆိုတာ လာမှာပဲလို့။

ဒါ့ကြောင့်မို့လို့ ပဋိစ္စသမုပ္ပါဒ်နည်းကို ပဋ္ဌာန်းနည်းနဲ့ ကြည့်ရင် စွမ်းရည်သတ္တိတွေ အသုံးပြုပြီး ကျေးဇူးပြုတယ်ဆိုတာကို သိရတယ်၊ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သည့် ပဋိစ္စသမုပ္ပါဒ်၊ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ပဋ္ဌာန်း၊ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပဋ္ဌာန်းနည်း ဒီနှစ်ရပ်ကို ပေါင်းစပ်ပြီးတော့ သဘာဝတရားတွေရဲ့ ဖြစ်မှုကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် မိမိတို့သန္တာန်မှာ တဏှာတရားတွေ မကြီးထွားရလေအောင် ဥပါဒါန်တရားတွေ မဖြစ်ရလေအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-၃၈၃

အပိုင်း (၁၂)
သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၃-ရက်၊ ခရစ်နှစ်-၂၀၁၀၊ ဇွန်လ ၂၀-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်လင်းစံတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

“ဥပါဒါနပစ္စယာ ဘဝေါ” “ဥပါဒါနပစ္စယာ ဘဝေါ” - “ဥပါဒါန်ကြောင့် ကမ္မဘဝ ဥပပတ္တိဘဝလို့ ခေါ်တဲ့ ဘဝနှစ်မျိုး ဖြစ်ပေါ်လာရတယ်” ပါဠိစကားလုံး အသုံးအနှုန်းအတိုင်း ပြောမယ်ဆိုရင် “ဥပါဒါန်ကြောင့် ဘဝဖြစ်ရတယ်။”
စာမျက်နှာ-၃၈၄
ဥပါဒါန်အကြောင်းကို ရှင်းပြပြီးခဲ့ပြီ၊ ပြင်းထန်တဲ့ စွဲလမ်းတဲ့ တဏှာနဲ့ မှားယွင်းတဲ့အယူအဆ၊ ဒီသဘာဝတရားနှစ်ခုဟာ ပြင်းပြင်းထန်ထန် စွဲလမ်းတတ်သည့်အတွက် ဥပါဒါန်လို့ ခေါ်တယ်။ နှစ်သက်စရာ ကာမအာရုံတွေကို စွဲလမ်းလို့ရှိရင် ကာမုပါဒါန်လို့ ခေါ်တယ်၊ ဒါက တဏှာရာဂနဲ့ ပတ်သက်တဲ့ ဥပါဒါန်က တစ်မျိုး။

နောက် အယူဝါဒနဲ့ ပတ်သက်တဲ့ ဥပါဒါန်ကျတော့ ၃-မျိုး၊ ဒိဋ္ဌုပါဒါန (အမြင်နဲ့ ပတ်သက်တဲ့ အစွဲအလမ်း)၊ အတ္တဝါဒုပါဒါန (အတ္တဆိုတဲ့ အယူဝါဒနဲ့ ပတ်သက်တဲ့ အစွဲအလမ်း)၊ သီလဗ္ဗတုပါဒါန် (အလေ့အထကို ဆောက်တည်ကျင့်သုံးခြင်းဟာ သံသရာဝဋ်က လွတ်မြောက်ခြင်းအကြောင်းဖြစ်တယ်လို့ ဒီလိုစွဲလမ်းတဲ့ အယူဝါဒနဲ့ ပတ်သက်တဲ့ စွဲလမ်းမှု) ပေါင်း ၃-မျိုး၊ အဲဒီဥပါဒါန် ၄-မျိုးကို အကြောင်းပြုပြီး ဥပါဒါန်ရှိနေသေးသမျှ ကာလပတ်လုံး ဘဝဆိုတာ လာမှာပဲ။

ဘဝဆိုတဲ့စကားလုံးကို လူတိုင်းသိနေကြတာပဲ၊ အင်္ဂလိပ်လို ပြန်တော့လည်း ဘဝကို becoming ဖြစ်ပေါ်နေမှုလို့ ဒီလိုပြန်တယ်၊ အဲဒီတော့ ဖြစ်ပေါ်နေတာဟာ ဘာတွေဖြစ်ပေါ်နေတာလဲဆိုတာ ဘုန်းကြီးတို့ စဉ်းစားကြရမယ်။

“ဥပါဒါနပစ္စယာ ဘဝေါ” ဆိုတော့ ဘဝဆိုတာ ဘာလဲ “ဘဝတီတိ ဘဝေါ” - “ဖြစ်လာတတ်လို့ ဘဝလို့ ခေါ်တယ်”၊ မြန်မာလူမျိုးတွေအဖို့ ဒီစကားလုံးဟာ ရင်းနှီးပြီးသား ဖြစ်တယ်၊ ဒါပေမယ့် of literal meaning ကို ဘုန်းကြီးတို့ မစဉ်းစားမိကြဘူး၊ သူ့ဘဝ ကိုယ့်ဘဝ - ဘဝဆိုတာ ဘာလဲလို့ မေးလို့ရှိရင် ဘဝ
စာမျက်နှာ-၃၈၅
ဆိုတာ ဘဝပဲပေါ့လို့ ပြောကောင်းပြောကြမှာပဲနော်၊ အင်္ဂလိပ်လို ပြန်တော့လည်း life (သို့မဟုတ်) becoming လို့ ပြန်တယ်။
ဘဝ၏အဓိပ္ပါယ်
ဘဝဆိုတာ ရှိနေတယ်၊ ဒီတော့ ပါဠိစာပေအနေနဲ့ ဘဝရဲ့အဓိပ္ပါယ်ကို ရှင်းပြောကြစို့၊ ဘဝကို ဝစနတ္ထပြုတယ်၊ အင်္ဂလိပ်တော့ definition ပေါ့၊ define လုပ်တယ်လို့ ခေါ်တယ်၊ definition နဲ့ ပြောမယ်ဆိုရင် “ဘဝတီတိ ဘဝေါ” - ဖြစ်လာတတ်သောကြောင့် ဘဝခေါ်တယ်။

ဒီတော့ “ဖြစ်လာတယ်”ဆိုတာ ဘာတွေဖြစ်တာတုန်းလို့ တစ်ခါထပ်ဆင့်ပြီး စဉ်းစားရမယ်၊ ဖြစ်လာတာ နှစ်မျိုးရှိလို့ ဘဝဟာ နှစ်မျိုးရှိတယ်ပေါ့၊ “ကမ္မဘဝ”တဲ့၊ လူတွေဟာ အစွဲအလမ်းတစ်ခု ရှိပြီးတော့ လုပ်ကိုင်ဆောင်ရွက်လာကြတယ်၊ စိတ်ထဲကတွေးကြံလာတယ်၊ တွေးကြံထားတဲ့အတိုင်း နှုတ်က ထုတ်ပြောတယ်၊ နှုတ်က ထုတ်ပြောရုံတင်မကဘူး၊ ကိုယ်ထိလက်ရောက် လုပ်တယ်၊ အဲဒီ အတွေး အပြော အလုပ်ဆိုတာတွေဟာ သရုပ်ထုတ်ကြည့်လိုက်တဲ့အခါကျတော့ ဒါကိုပဲ ကမ္မ - ကံလို့ ခေါ်တာပဲပေါ့။

အဓိကအကြောင်းတရားက ဘယ်သူတုန်းဆိုတော့ စေတနာပဲပေါ့၊ စေတနာကြောင့်တွေးတယ်၊ စေတနာရဲ့ လှုံ့ဆော်မှုကြောင့် နှုတ်က ထုတ်ပြီးတော့ ပြောတယ်၊ စေတနာရဲ့ လှုံ့ဆော်မှုကြောင့် ကိုယ်ထိလက်ရောက် ပြုလုပ်တယ်၊ စာလိုပြောရင် စိတ်က စပြောမယ်ဆိုရင် မနောကံ၊ ဝစီကံ၊ ကာယကံပေါ့၊ အစဉ်က အဓိကမဟုတ်ဘူးပေါ့။ ဖြစ်စဉ်နဲ့ ပြောမယ်ဆိုရင် မနောကံက စတယ်လို့
စာမျက်နှာ-၃၈၆
ပြောလို့ရတယ်ပေါ့။ စိတ်ထဲကတွေးတယ်၊ တွေးတဲ့အတိုင်း ပြောတယ်၊ အလုပ်လုပ်တယ်ပေါ့။

သို့သော် စာပေကျမ်းဂန်မှာ ဟောစဉ်အနေနဲ့ “ကာယကံ၊ ဝစီကံ၊ မနောကံ” ဒီလိုဟောတယ်၊ ဘာဖြစ်လို့ ဟောစဉ်မှာ ကာယကံကို အဓိကထားတာတုန်းဆိုရင် ကာယကံဆိုတာက ပိုပြီးထင်ရှားတာကိုး၊ ကိုယ်ထိလက်ရောက်လုပ်တယ်ဆိုတာ ပိုပြီးထင်ရှားတယ်၊ ဝစီကံဆိုတာကတော့ ကြားလိုက်တဲ့လူအတွက်သာ ထင်ရှားတာ၊ မကြားလိုက်တဲ့လူက ရှိသေးတာကိုး၊ မနောကံဆိုတာက ဖြစ်တဲ့ပုဂ္ဂိုလ်ကလွဲပြီး ကျန်တဲ့ပုဂ္ဂိုလ်က သိချင်မှသိမှာ၊ အဲဒါက ဟောစဉ်မှာ ကာယကံက သိသာထင်ရှားလို့ ပထမဆုံးထား ဟောတယ်၊ ထို့နောက်မှာ ဝစီကံကို ဟောတယ်၊ ထို့နောက်မှာ မသိသာတဲ့ မနောကံကို ဟောတယ်၊ ဖြစ်စဉ်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် မနောကံနဲ့ တွေးကြံပြီးတဲ့အခါကျတော့ ဝစီကံနဲ့ ထုတ်ပြီးတော့ ပြောတယ်၊ ကာယကံနဲ့ ပြုလုပ်တယ် ဒီလိုဆိုလို့ရတယ်ပေါ့။

ကဲ ကောင်းပြီ - ကမ္မဘဝဆိုတာ အဲဒါနဲ့ပဲ ဖြစ်လာတာပဲ၊ ကိုယ့်သန္တာန်မှာ အတွေးတွေ ဖြစ်လာတယ်၊ ပြောဆိုမှုတွေ ဖြစ်လာတယ်၊ လုပ်ကိုင်ဆောင်ရွက်မှုတွေ ဖြစ်လာတယ်၊ အဲဒီဖြစ်လာတဲ့ စေတနာနဲ့ ပတ်သက်လာတဲ့ သဘာဝတရားတွေ၊ စေတနာဦးဆောင်တဲ့ သဘာဝတရားတွေကို “ကမ္မဘဝ”လို့ ခေါ်တယ်၊ လူတွေက ဘဝ၊ ဘဝလို့ ရည်ညွှန်းနေတာတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင် ကိုယ့်ခန္ဓာနဲ့ ဆက်စပ်ပြီးတော့ ကိုယ့်ရဲ့စားဝတ်နေရေး၊ ကိုယ့်ရဲ့ပညာရေး၊ ကိုယ့်ရဲ့အရေးကိစ္စတွေကို ဘာလို့ပြောနေကြတာ များသောအားဖြင့် ဘဝဆိုတာကို ဒီလိုပဲ နားလည်ကြတယ်။
စာမျက်နှာ-၃၈၇
နိုင်ငံခြားတိုင်းပြည်တွေမှာ သူများအတွက်ချည်းပဲ လုပ်ပေးနေရတယ်၊ သူများစိတ်တိုင်းကျ နေရတယ်၊ ကိုယ့်စိတ်တိုင်းကျ မနေရဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေက ဘာပြောတုန်းဆိုတော့ "I have not my life"တဲ့၊ သူတို့ ပြောလေ့ရှိတဲ့စကားတစ်ခု၊ "I have not my life" “ငါ့ဘဝ မရှိပါဘူး” သူ့ဘဝချည်းပဲ ဖြည့်ဆည်းပေးနေရတဲ့ လူတွေက အဲဒီလို ငြီးတွားပြီးတော့ ပြောလေ့ရှိကြတယ်။

ဒါဖြင့် ကိုယ့်ဘဝဆိုတာ ဘာတုန်းဆိုတော့ ကိုယ့်စိတ်တိုင်းကျ ကိုယ်နေချင်သလို နေတယ်၊ ကိုယ်ပြောချင်သလို ပြောမယ်၊ ကိုယ်သွားချင်တဲ့နေရာ သွားမယ်၊ တချို့ကျ ကိုယ်နေချင်သလိုနေလို့ မရဘူး၊ ကိုယ်ပြောချင်သလိုလည်း ပြောလို့မရဘူး၊ ကိုယ်သွားချင်တဲ့နေရာလည်း သွားလို့မရဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ ကိုယ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အလိုကျ အမြဲတမ်းငဲ့ညှာပြီးတော့ နေရတဲ့ဘဝပဲ ရှိတယ်လေ၊ အဲဒီလိုနေရတယ်ဆိုရင် လူတွေက “ငါ့ဘဝ မရှိဘူး” လို့ ဒီလိုပြောကြတာပေါ့။ ။

ဘဝဆိုတာ ကမ္မဘဝတဲ့၊ ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ စေတနာစွမ်းအားတွေဟာ ဒါကမ္မဘဝပဲပေါ့၊ ကုသိုလ်စေတနာတွေ ဖြစ်ရင် ကုသိုလ်ကမ္မဘဝ၊ အကုသိုလ်စေတနာတွေ ဖြစ်ရင် အကုသိုလ်ကမ္မဘဝ၊ ကိုယ့်သန္တာန်မှာ ဘာတွေဖြစ်နေသလဲဆိုတာ ကိုယ့်ဟာကိုယ် အသိဆုံးပဲ၊ ကိုယ့်ဟာကိုယ် အသိဆုံးဆိုတာ သိနိုင်တယ်လို့ ပြောတာ၊ လူတိုင်းသိကြလားလို့ဆိုတော့ မသိဘူး၊ ဘာဖြစ်လို့မသိလဲဆိုတော့ ကိုယ်က သိနေတာ တခြားဟာတွေကိုပဲ သိနေတာ၊ ကိုယ့်သန္တာန်မှာ ဖြစ်နေတာကို သတိမထားသည့်အတွက်ကြောင့် အသိဉာဏ် မပေါ်လာဘူးပေါ့။
စာမျက်နှာ-၃၈၈
အေး ကောင်းပြီ “ဥပါဒါနပစ္စယာ ဘဝေါ” နံပါတ် ၁-က ကမ္မဘဝ၊ ကမ္မဘဝဖြစ်လာတယ် - သို့မဟုတ် - သူ့ကို အဓိပ္ပါယ်တစ်မျိုးနဲ့ ယူမယ်ဆိုလို့ရှိရင် ဖြစ်လာခြင်းရဲ့ အကြောင်းတရားလို့။

နောက်ဘဝတစ်ခု ရှိသေးတယ်၊ အဲဒီဘဝကို “ဥပပတ္တိဘဝ”လို့ ခေါ်တယ်၊ ဒါဘာကိုပြောတာတုန်းဆို ကံကြောင့် ဖြစ်လာတဲ့ခန္ဓာ၊ ကံကြောင့် ရလာတဲ့ခန္ဓာ၊ ဆိုပါစို့ - လူသားတွေအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် လူသားတွေဟာ ကုသိုလ်ကံလုပ်ခဲ့သည့်အတွက်ကြောင့် ကုသိုလ်ကံက ဖန်တီးပေးလိုက်တဲ့ လူ့ရဲ့ဘဝတစ်ခုရတယ်၊ လူ့ရဲ့ဘဝဆိုတာ ဘာတုန်း? လူ့ရဲ့ခန္ဓာပဲ၊ လူ့ရဲ့ခန္ဓာဆိုတာ ဘာတုန်း? ရုပ်ခန္ဓာကြီးရှိတယ်၊ ခံစားမှုတွေရှိတယ်၊ မှတ်သားမှုတွေရှိတယ်၊ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ လှုံ့ဆော်တွေးတောကြံစည်မှုတွေရှိတယ်၊ အသိစိတ်တွေရှိတယ် - အဲဒီခန္ဓာ ၅-ပါး ပေါင်းစပ်ထားတဲ့ ဘဝတစ်ခုကို ဥပပတ္တိဘဝလို့ ဒီလိုခေါ်တယ်ပေါ့၊ ဥပပတ္တိဘဝကို စာက ဘယ်လိုပြောတုန်းဆို “ကမ္မာဘိနိဗ္ဗတ္တာ ခန္ဓာ” - “ကံကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာတွေဟာ ဥပပတ္တိဘဝပဲ”တဲ့။

ဥပပတ္တိဘဝဆိုတာ ကံကြောင့်ရလာတဲ့ ခန္ဓာတွေ၊ သတ္တဝါတွေမှာ ရုပ်နဲ့နာမ် ဒီနှစ်ခုရှိတယ်၊ အဲဒီရုပ်နဲ့နာမ်ကို ခန္ဓာနဲ့ ပြောတဲ့အခါ ခန္ဓာ ၅-ပါးလို့ ဒီလိုပြောတာပေါ့။ ဒီတော့ ကံကြောင့် ရလာတဲ့ ရုပ်နဲ့နာမ်လို့ ဒီလိုပြောလည်း ရတာပဲ၊ အဲဒါကို အကျယ်ချဲ့ရင် ခန္ဓာ ၅-ပါး၊ ကံကြောင့်ရလာတဲ့ အာယတန၊ ကံကြောင့်ရလာတဲ့ ဓာတ်လို့ ဒီလိုပြောလို့လည်း ရတယ်။
စာမျက်နှာ-၃၈၉
ကောင်းပြီ - ဥပပတ္တိဘဝဆိုတာ “ကမ္မာဘိနိဗ္ဗတ္တာ ခန္ဓာ” - “ကံတရားကို အခြေပြုပြီး ဖြစ်ပေါ်လာတဲ့ ခန္ဓာတွေကို ဥပပတ္တိဘဝ” လို့ ခေါ်တယ်၊ ကံတရားကို ကမ္မဘဝလို့ ခေါ်တယ်။ ကမ္မဘဝအရ စေတနာသာမက ...

အဲဒီ ကံတရား ဆိုတဲ့နေရာမှာ စေတနာတင်လားလို့ မေးလို့ရှိရင် စေတနာတင် မကဘူး၊ များသောအားဖြင့်တော့ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ဆိုတဲ့ နိဗ္ဗေဓိကသုတ္တန်မှာ ပါတဲ့ စကားလေးကို ကြည့် - စေတနာကို အဓိကထားပြီးတော့ ကံ လို့ ပြောနေကြတယ်။

သို့သော် စေတနာမဟုတ်တဲ့ ကံတွေ ရှိသေးတယ်၊ မနောကံ ၃-မျိုးမှာကြည့် - ကုသိုလ်မနောကံ၊ အကုသိုလ်မနောကံလို့ မနောကံ ၃-မျိုးစီ ရှိတယ်၊ ကုသိုလ်မနောကံဆိုတာ အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိ၊ အဲဒါလည်းပဲ ကံပဲ၊ အနဘိဇ္ဈာဆိုတာ အလောဘ၊ အဗျာပါဒဆိုတာ အဒေါသ၊ သမ္မာဒိဋ္ဌိဆိုတာ အသိဉာဏ် အမောဟ၊ အဲဒီသဘာဝတရားတွေဟာ စေတနာမဟုတ်ဘူး၊ စေတနာမဟုတ်ပေမယ့် သူတို့ကို ကံလို့ ခေါ်တယ်၊ ကံဆိုတာဟာ စေတနာတင် ပြောတာ မဟုတ်ဘူးတဲ့၊ စေတနာသမ္ပယုတ္တဓမ္မ စေတနာနဲ့ ယှဉ်တဲ့ တရားအချို့ကိုလည်း ကံလို့ခေါ်တယ်။

တချို့သုတ္တန်တွေမှာဆိုရင် မဂ္ဂင် ၈-ပါးကိုလည်း ကံလို့ ခေါ်တာ ရှိသေးတယ်၊ ဗောဇ္ဈင် ၇-ပါးကိုလည်း ကံလို့ ခေါ်တယ်၊ ဆိုလိုတာကတော့ တစ်စုံတစ်ခုအကျိုးကို ထုတ်လုပ်မယ့်သဘာဝတရားတွေကို ရည်ညွှန်းပြီး ခေါ်ထားတယ်လို့ ဒီလို မှတ်ရမှာပေါ့ အေး။
စာမျက်နှာ-၃၉၀
“ငါ့ကံပဲ၊ သူ့ကံပဲ”နဲ့ ကံကို ပြောနေကြတဲ့အခါမှာတော့ လူတွေဟာ ကုသိုလ်ကံ၊ အကုသိုလ်ကံ ဒီနှစ်ခုကိုသာ သာမန်လောက်ကို ရည်ညွှန်းပြီးတော့ ပြောနေကြတယ်။

အကုသိုလ်မနောကံဆိုတဲ့ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ ဒီ ၃-ခုကိုလည်း ကံလို့ ခေါ်တာပဲ၊ အဘိဇ္ဈာဆိုတာ လောဘ၊ ဗျာပါဒဆိုတာ ဒေါသ၊ မိစ္ဆာဒိဋ္ဌိဆိုတာ ဒိဋ္ဌိ၊ အဲဒီတော့ လောဘ၊ ဒေါသ၊ ဒိဋ္ဌိဆိုတဲ့ ဒီသဘာဝတရား ၃-ခုကိုလည်း စေတနာမဟုတ်ပေမယ့်လို့ ကံလို့ ခေါ်တယ်လို့ ဒီလိုမှတ်ရမယ်။

ဒီတော့ ကမ္မဘဝဆိုသည်မှာ စေတနာနှင့်တကွ ဝေဒနာနှင့်ယှဉ်သော စေတသိက်တချို့ကိုပါ ကမ္မဘဝအရ မှတ်ယူရမယ်။ ဥပပတ္တိဘဝဆိုတာကျတော့ အဲဒီကံတရားက ထုတ်လုပ်လိုက်လို့ ရလာတဲ့ခန္ဓာကို ဥပပတ္တိဘဝလို့ မှတ်ရမယ်၊ “ဥပါဒါနပစ္စယာ ဘဝေါ” ဆိုတဲ့နေရာမှာ ဟောဒီဘဝနှစ်မျိုးကို ရတယ်လို့ ဒီလိုမှတ်ရမယ်။

ဘုန်းကြီးတို့ ကိုယ့်ဘဝ ကိုယ်ကြည့်လည်းပဲ ဘဝနှစ်ခု ရှိနေကြတာပဲ၊ လူတွေမှာနော် ဘဝတစ်ခုတည်း မဟုတ်ဘူး၊ သူ့မှာ ဘာဘဝတွေ ရှိတုန်းဆိုရင် ကမ္မဘဝတွေ ရှိတယ်၊ နေ့စဉ်နဲ့အမျှ တွေးကြတယ်၊ ပြောကြတယ်၊ လုပ်ကိုင်ဆောင်ရွက်ကြတယ်ဆိုတာ ဒါတွေက ကမ္မဘဝတွေပဲ၊ အတိတ်ကကံကြောင့် အခုရလာတဲ့ ခန္ဓာကြီးကျတော့ ဥပပတ္တိဘဝ၊ ဒီဘဝမှာလည်းပဲ အတိတ်ကပေးလိုက်တဲ့ ဘဝကတော့ ဥပပတ္တိဘဝ၊ အခုဆက်ပြီး လုပ်နေတာတွေက ကမ္မဘဝတဲ့၊ အဲဒီနှစ်ခုစလုံးဟာ ဥပါဒါန်တွေ ရှိနေလို့ ရှိနေရတာလို့ ဒီလိုဆိုလိုတယ်၊
စာမျက်နှာ-၃၉၁
“ဥပါဒါနပစ္စယာ ဘဝေါ” ဆိုတာ ဥပါဒါန်တွေ ရှိနေလို့ ဘဝရှိနေကြရတယ်။

တစ်ခါ ဥပပတ္တိဘဝကို ထပ်ပြီးတော့ အသေးစိတ် ခွဲသေးတယ်၊ ၃၁-ဘုံနဲ့ထပ်ပြီးတော့ ခွဲကြည့်တဲ့အခါ ဥပပတ္တိဘဝကို တူရာတူရာ ပေါင်းလိုက်တယ်၊ အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေ ဘဝကြီး ၉-ပါးဆိုတာ ကြားဖူးကြလိမ့်မယ်၊ ဘဝကြီးဆိုတာ ကြီးလို့ ခေါ်တာ မဟုတ်ပါဘူး၊ ကိုယ်ရထားတဲ့ဘဝဟာလည်း ဘဝပါပဲ၊ သို့သော်လည်း ဘဝကြီး ၉-ပါးလို့ စာထဲမှာ ရေးလေ့ရှိတယ်ပေါ့၊ အခု ပြောတဲ့ဥပပတ္တိဘဝကို ၉-မျိုး ခွဲပြီးတော့ ပြောတယ်၊ ကမ္မဘဝကို ခွဲတာ မဟုတ်ဘူး၊ ဥပပတ္တိဘဝကို ခွဲလိုက်တဲ့အခါ ၉-မျိုးတဲ့။
ဘဝကြီး ၉-ပါး
အဲဒီ ၉-မျိုးက ဘာတွေတုန်းဆိုရင် နံပါတ် ၁ - ကာမဘဝ၊ ကာမဘုံ။ ကာမနဲ့ ကမ္မနဲ့ အသံချင်း နဲနဲတူတော့ ရောထွေးပြီးတော့ မှားတတ်တယ်၊ ကာမဘဝဆိုတာ အပါယ် ၄-ဘုံ၊ လူ့ပြည်၊ နတ်ပြည်တို့ ကာမရာဂနဲ့ ပတ်သက်ပြီးတော့ ဖြစ်နေတဲ့ ဘုံဘဝတွေပေါ့၊ ကာမ ၁၁-ဘုံ၊ အဲဒါတွေက ကာမဘဝ။

ကာမကို လွန်မြောက်အောင် သမထကျင့်စဉ်တစ်ခုနဲ့ ကျင့်ပြီး ကာမဆန္ဒတွေအားလုံး ကျော်လွှားသွားပြီး ဈာန်အဘိဉာဏ်ရတဲ့ပုဂ္ဂိုလ်တွေ ပျော်စံတဲ့နေရာကျတော့ နံပါတ် ၂ - ရူပဘဝနဲ့ နံပါတ် ၃ - အရူပဘဝတဲ့။

ဒီတော့ ဘဝဟာ အဆင့်လိုက် ခွဲလိုက်တဲ့အခါကျတော့ ကာမဘဝ၊ ရူပဘဝနဲ့ အရူပဘဝ၊ ရူပဘဝဆိုတာ ရူပဈာန်ကို
စာမျက်နှာ-၃၉၂
အခြေခံပြီးတော့ ရောက်ရှိသွားတဲ့ ရူပဗြဟ္မာ ၁၆-ဘုံ၊ အရူပဘဝဆိုတာ အရူပဈာန်ကို အခြေခံပြီးတော့ရတဲ့ အရူပဗြဟ္မာ ၄-ဘုံ၊ အဲဒီဗြဟ္မာဘုံတွေကို ရူပဘဝ၊ အရူပဘဝလို့ ဒီလိုခေါ်လိုက်တယ်။

အဲဒီတော့ မှတ်မှာက ၃၁-ဘုံက ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ၊ ဒီ ၃-ခုနဲ့ ပြောလိုက်ရင် ၃၁-ဘုံ ကုန်သွားတယ်၊ ကာမဘဝက ကာမ ၁၁-ဘုံ၊ ရူပဘဝက ရူပ ၁၆-ဘုံ၊ အရူပဘဝက အရူပ ၄-ဘုံ ပေါင်းလိုက်ရင် ၃၁-ဘုံပဲ။

တစ်ခါ ၃၁-ဘုံလုံးကိုပဲ ခြုံပြီး အသိစိတ်နဲ့ သညာနဲ့ ခွဲပြီးတော့ ဘုံ ၃-မျိုး ထပ်ခွဲပြန်သေးတယ်၊ ဒါ နောက်တစ်မျိုးထပ်ခွဲတာ၊ “သညီဘဝ၊ အသညီဘဝ၊ နေဝသညီနာသညီဘဝ” ဝိသုဒ္ဓိမဂ်မှာတော့ သညီဆိုတဲ့အသုံးကို မသုံးဘဲနဲ့ “သညာဘဝ၊ အသညာဘဝ၊ နေဝသညာနာသညာဘဝ” လို့ ဒီလိုသုံးတယ်။

ဒီလို သညာနဲ့ ခွဲရင်လည်းပဲ ၃၁-ဘုံပဲ၊ နံပါတ် ၄ - သညာဘဝဆိုတာ ပဋိသန္ဓေစိတ်မှာ အမှတ်သညာကို ဦးတည်ပြီးတော့ ပြောတာ၊ အသိစိတ်နဲ့တကွဖြစ်တဲ့ အမှတ်သညာ ပြည့်ပြည်ဝဝနဲ့ တကွဖြစ်တဲ့ ဘုံဘဝလို့ ဒီလိုပြောတာ။

နောက်တစ်ခုက နံပါတ် ၅ - အသညာဘဝ၊ အသိစိတ်၊ အမှတ်သညာ မရှိတဲ့ ဘုံဘဝတဲ့။

နံပါတ် ၆ - နေဝသညာနာသညာဘဝဆိုတာ အသိစိတ်၊ အမှတ်သညာ ရှိတယ်လို့လည်း မဟုတ်ဘူး၊ သို့မဟုတ် လုံးဝမရှိဘူးလည်း မဟုတ်ဘူးဆိုတဲ့ - ပြောရလောက်အောင် သိမ်မွေ့တဲ့ သညာသာရှိတဲ့ ဘုံဘဝလို့ ဒီလို ပြောပြန်တာ၊ ဒီတော့ နေဝသညာ
စာမျက်နှာ-၃၉၃
နာသညာဘဝဆိုတာ တစ်ဘုံတည်းပဲ၊ အရူပ ၄-ဘုံထဲက နေဝသညာနာသညာဈာန်ရဲ့ အကျိုးပေးအနေနဲ့ ဖြစ်သွားတဲ့ဘုံဟာ နေဝသညာနာသညာဘုံဘဝပဲ၊ အဲဒီဘုံဘဝမှာ အမှတ်သညာလေးဟာ မရှိဘူးလို့လည်း ပြောလို့ရတယ်၊ မရှိတာ လုံးဝမဟုတ်ဘူးလို့လည်း ပြောလို့ရတယ်၊ စကားကို နှစ်ခွပြောလို့ ရတယ်နော်။ ဒီတော့ “နေဝသညာ” “သညာ မရှိဘူး”ဆိုတာ ဘာမရှိတာလဲဆိုတော့ “ကြမ်းတမ်းတဲ့ သိသာထင်ရှားတဲ့ အမှတ်သညာ မရှိဘူး” “သိမ်မွေ့တဲ့သညာ မရှိဘူးဆိုတာတော့ မဟုတ်ဘူး၊ ရှိတယ်” ဟော သူက double negativeနဲ့ သုံးလိုက်တော့ “န အသညာ”၊

“နေဝသညာ”ဆိုတာ “အမှတ်သညာ မရှိဘူး”လို့ ပြောလိုက်တာ၊ အဲဒီစကားကို ပြန်ပြီးတော့ double negativeနဲ့ “န အသညာ” “မရှိဘူးချည်းလည်း မဟုတ်ပါဘူး” လို့ ပြန်ပြောတဲ့ စကားပဲ၊ ဘာနဲ့ ဥပမာနားလည်ရမလဲဆိုရင် မီးဖိုချောင်ထဲမှာ ဆီပုလင်း ထောင်ပြီးတော့ သုံးတဲ့အိမ်မှာ ဆိုလို့ရှိရင် ဆီဆမ်းမလို့ သို့မဟုတ် ဆီခပ်မလို့ ဆီပုလင်းကြည့်လိုက်တဲ့အခါ ဆီတွေကုန်နေတာ မြင်လို့ရှိရင် “ဆီမရှိတော့ဘူး”လို့ ပြောကြတယ်၊ “ဆီမရှိရင် အဲဒီပုလင်းထဲ ဆေးထည့်မယ်” ဆိုရင် အဲဒီကျတော့ ပြောင်းပြီးတော့ ပြောဦးမယ် - “ဟာ ဆီတွေနဲ့” လို့ ပြောဦးမယ်၊ ခုနတုန်းက “မရှိဘူး” လို့ ပြောတယ်၊ ဆေးထည့်မယ်ဆိုပြန်တော့ “ဆီရှိတယ်” လို့ ပြောပြန်တယ်ပေါ့၊ လူတွေက ဒီလိုပဲ ပြောတာနော်။

ဒီတော့ “မရှိဘူး”ဆိုတာ “သုံးလောက်အောင် မရှိတာ”ကို ရည်ရွယ်ပြီး ပြောတာ၊ “ရှိနေတယ်”ဆိုတာ “မသုံးလောက်ပေမယ့်လို့ ရှိနေတယ်” လို့ ပြောတာ၊ ဟော အဲဒီစကားမျိုးပဲ၊ နေဝသညာ
စာမျက်နှာ-၃၉၄
နာသညာရဲ့ အဓိပ္ပါယ်ကို အဲဒီလို မှတ်ရမယ်တဲ့၊ အဲဒီတော့ လုံလောက်အောင် မရှိဘူး၊ နဲနဲလေးတော့ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ အဲဒီလို သတ္တဝါမျိုးကလည်း ရှိတယ်တဲ့၊ အမှတ်သညာ လုံးဝ မရှိဘူးလို့ ပြောတာ “ကြမ်းတမ်းတဲ့အမှတ်သညာ လုံးဝမရှိဘူး၊ သိမ်မွေ့တဲ့အမှတ်သညာ မရှိတာတော့ မဟုတ်ဘူး၊ ရှိတယ်” ဆိုတဲ့ သတ္တဝါမျိုး ဘုံမျိုးက တစ်ဘုံတည်းပဲတဲ့၊ အဲဒါ အမြင့်ဆုံးအရူပဘုံမှာရှိတဲ့ သတ္တဝါ။

အသိစိတ်၊ အမှတ်သညာ လုံးဝမရှိတဲ့ဘုံ “အသညာဘဝ”ကျတော့ အသညသတ်လို့ ခေါ်တယ်၊ ရူပါဝစရဘုံထဲက ပဉ္စမဈာန်ဘုံထဲမှာ ပါဝင်တဲ့ အသညသတ်ဘုံတဲ့၊ ရုပ်ချည်းပဲ ဖြစ်တယ်၊ အဲဒါလည်း တစ်ဘုံပဲ။

ဒီတော့ ၃၁-ဘုံထဲမှာ ဒီနှစ်ဘုံ နှုတ်လိုက်တော့ ၂၉-ဘုံ ကျန်တယ်၊ အဲဒီကျန်တဲ့ ၂၉-ဘုံဟာ “သညာဘဝ” လို့ ခေါ်တယ်။ ကျန်တဲ့ဘုံတွေဟာ လူ့ဘုံက သညာရှိတယ်၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ် ၄-ဘုံလည်း သညာရှိတယ်၊ နတ်ပြည် ၆-ထပ်လည်း အမှတ်သညာ ရှိတယ်၊ ဒါကြောင့်မို့ အဲဒီဘဝတွေကျတော့ သညာဘဝတဲ့၊ ကျန်တဲ့ ရူပ ၁၅-ဘုံနဲ့ အောက်အရူပ ၃-ဘုံဆိုတဲ့ ဗြဟ္မာဘဝတွေလည်း သညာရှိတယ်၊ ဟော ဒီလို သညာနဲ့ ခွဲလိုက်တဲ့အခါကျတော့လည်းပဲ ဘုံ ၃၁-ပဲ ရပြန်တယ်၊ ဘဝကြီး ၆-မျိုး ရှိသွားပြီနော်၊

နောက်တစ်ခါကျတော့ ဝေါကာရလို့ ခေါ်တဲ့ ခန္ဓာနဲ့ ခွဲပြန်တယ်၊ ခန္ဓာကို ဒီနေရာမှာ “ဝေါကာရ”ဆိုတဲ့ စကားလုံးကို သုံး
စာမျက်နှာ-၃၉၅
ထားတယ်၊ ဧကဝေါကာရ - ခန္ဓာတစ်ခုသာ ရှိတဲ့ဘုံ၊ စတုဝေါကာရ - ခန္ဓာ ၄-ခုရှိတဲ့ဘုံ၊ ပဉ္စဝေါကာရ - ခန္ဓာ ၅-ခုရှိတဲ့ဘုံလို့ ဆိုပြီးတော့ ဘဝကို တစ်ခါထပ်ပြီးတော့ ခန္ဓာရှုထောင့်ကနေ ကြည့်ပြီးတော့ ထပ်ခွဲလိုက်တယ်။

ဧကဝေါကာရဘဝ - ခန္ဓာတစ်ခုတည်းသာ ရှိတယ်ဆိုတဲ့ ဘုံဟာ အသညသတ်ဘုံပဲ၊ ရူပက္ခန္ဓာတစ်မျိုးပဲ ရှိတယ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဆိုတာ မရှိဘူး၊ ဒါကြောင့် ဧကဝေါကာရ - ခန္ဓာတစ်ခုသာ ရှိတယ်၊ အဲဒါက ၃၁-ဘုံထဲက တစ်ဘုံ။

နောက်တစ်ခါ စတုဝေါကာရဘဝ - ခန္ဓာ ၄-ခု ရှိတယ်ဆိုတာ အရူပ ၄-ဘုံမှာ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဆိုတဲ့ ခန္ဓာ ၄-မျိုးပဲ ရှိတယ်၊ ရူပက္ခန္ဓာ မရှိဘူးတဲ့။ အဲဒီအရူပဘုံက ၄-ဘုံ။

၃၁-ဘုံထဲမှာ အဲဒီ ၅-ဘုံနှုတ်လိုက်တဲ့အခါကျတော့ ကျန်တာ ၂၆-ဘုံ၊ အဲဒီ ၂၆-ဘုံကို ပဉ္စဝေါကာရဘဝ - ခန္ဓာ ၅-ပါးရှိတဲ့ ဘဝ - ဒီလို သတ်မှတ်တယ်။

ပေါင်းလိုက်တဲ့အခါကျတော့ နံပါတ် ၇ - ဧကဝေါကာရဘဝ၊ နံပါတ် ၈ - စတုဝေါကာရဘဝ၊ နံပါတ် ၉ - ပဉ္စဝေါကာရဘဝ လို့ မှတ်။

ကာမ၊ ရူပ၊ အရူပ ရှုထောင့်က ခွဲတာ တစ်စု၊ သညာနဲ့ ခွဲတာ တစ်စု၊ ဝေါကာရဆိုတဲ့ ခန္ဓာနဲ့ ခွဲတာ တစ်စု၊ အားလုံးဟာ ၃၁-ဘုံကို ခွဲတာချည်းပဲ ပေါင်းလိုက်တဲ့အခါကျတော့ ၉-ခု ရှိသွားတယ်၊ အဲဒါကို ဥပပတ္တိဘဝ - ဘဝ ၉-မျိုး၊ ဘဝကြီး ၉-ပါးလို့ အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေ မှတ်ကြတယ်၊ ဘဝကြီး ၉-ပါးဆိုတာ တခြား
စာမျက်နှာ-၃၉၆
မဟုတ်ဘူး၊ အကုန်လုံး ၃၁-ဘုံက ဘဝတွေချည်းပဲ၊ တခြားဘဝ မဟုတ်ဘူး၊
လူသားတို့၏ ဘဝ
ဒီတော့ လူသားတွေအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ဘယ်ဘဝထဲ ပါတုန်းဆိုရင် လူသားတွေဟာ “ကာမဘဝ” ထဲမှာ ပါတယ်။ “သညာဘဝ” ထဲမှာ ပါတယ်၊ “ပဉ္စဝေါကာရဘဝ” ထဲမှာ ပါတယ်ပေါ့၊ အဲဒီဥပပတ္တိဘဝတွေဟာ ဘယ်သူ့ကြောင့် ဖြစ်နေတာတုန်းဆိုရင် ခုနက “ဥပါဒါနပစ္စယာ ဘဝေါ” ပဲ၊ ဥပါဒါန်ကြောင့်မို့လို့ ဒီဘဝတွေ ရထားတယ်လို့ ဒီလိုဆိုလိုတယ်နော်၊ ဥပါဒါန်ရှိနေသေးသမျှကာလပတ်လုံး ကမ္မဘဝကလည်း ဖြစ်လာဦးမယ်၊ ဥပပတ္တိဘဝတွေလည်း ဖြစ်လာဦးမယ်။
သင်္ခါရနှင့် ကမ္မဘဝ
ဘဝရဲ့သရုပ်တွေကို ရှေးဦးစွာကြည့်ပြီး “ဥပါဒါနပစ္စယာ ဘဝေါ” “ဥပါဒါန်ကြောင့် ဘဝဖြစ်လာတယ်” ဆိုတဲ့နေရာမှာ ကံကိုလည်းပဲ ယူထားတယ်၊ ကံကြောင့်ဖြစ်လာတဲ့အကျိုးတရားကိုလည်း ယူထားတယ်၊ ကံကို ယူထားတာက ကမ္မဘဝ၊ ကံကြောင့်ဖြစ်လာတဲ့အကျိုးတရားကို ယူတာက ဥပပတ္တိဘဝ၊ ဘဝနှစ်ခုစလုံး ယူတယ်။

ပဋိစ္စသမုပ္ပါဒ်မှာ စစချင်းတုန်းက “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ဆိုပြီးတော့ အဲဒီတုန်းက ဒီကံတရားကို သင်္ခါရဆိုတဲ့ နာမည်နဲ့ သုံးခဲ့တယ်၊ သင်္ခါရဆိုတာလည်း ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္စာဘိသင်္ခါရဆိုတာ ဒီကံကိုပဲ
စာမျက်နှာ-၃၉၇
ပြောတာပဲ၊ အခု “ဥပါဒါနပစ္စယာ ဘဝေါ” မှာ ကမ္မဘဝကို ပြောမယ်ဆိုလို့ရှိရင်လည်း ဒီကံပဲ ပြောတယ်၊ ပဋိစ္စသမုပ္ပါဒ်မှာ ကံက နှစ်ထပ်ကွမ်း ပါမနေဘူးလား၊ ဒီလိုထပ်ပြီးတော့ ပြောတာဟာ အကျိုးရှိရဲ့လားလို့ မေးမြန်းစရာ ရှိလာတယ်။

အဲဒီတော့ အဖြေက “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ပြောတဲ့အချိန်တုန်းက အတိတ်ဘဝက ကံတရားတွေကို ရည်ညွှန်းတာပါတဲ့၊ အတိတ်ဘဝက အကြောင်းတရား၊ ဒီဘဝ သန္ဓေစိတ်ဖြစ်ဖို့အတွက် အတိတ်ဘဝက အကြောင်းတရားကို “သင်္ခါရ”လို့ နာမည်ပေးလိုက်တယ်၊ သင်္ခါရဆိုတာ ဖန်တီးတယ်၊ တည်ဆောက်တယ်ဆိုတဲ့ အဓိပ္ပါယ်တဲ့။

သင်္ခါရကြောင့် ဒီဘဝမှာ ဝိညာဏက စပြီးတော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်လို့ဆိုတာတွေ ဖြစ်မနေဘူးလား၊ ဥပါဒါန်ထိအောင် ဖြစ်လာတယ်၊ ဒီဘဝမှာ အကယ်၍ ကံတွေ ဆက်လုပ်နေဦးမယ်ဆိုရင် အလားတူ ဆက်ဖြစ်နေဦးမှာပဲ၊ ဒီဘဝမှာ ဆက်လုပ်နေတဲ့ကံတွေကို ပြောချင်တဲ့အခါကျတော့ “ဘဝ”ဆိုတဲ့ စကားလုံးနဲ့ပဲ ပြောလိုက်တယ်၊ ဒီဘဝမှာ ကံတွေ ဆက်လုပ်နေသေးတယ်၊ ဒီဘဝလုပ်နေတဲ့ကံက နောင်ဘဝဖြစ်ဖို့အတွက်၊ အဲဒါကြောင့်မို့လို့ “ဘဝပစ္စယာ ဇာတိ” လို့ လာဦးမယ်၊ ဒီတော့ နောင်ဘဝအတွက် ပဋိသန္ဓေအကျိုးပေးမယ့် ဒီဘဝမှာလုပ်နေတဲ့ ကံတွေကို ရည်ညွှန်းပြီးတော့ ဒီနေရာမှာ “ဥပါဒါနပစ္စယာ ဘဝေါ” လို့ ဒီလို ထပ်ပြောတာပါတဲ့။

ဆိုလိုတာက ဒီပဋိစ္စသမုပ္ပါဒ်ဟာ သုံးဘဝကို ရှင်းပြတဲ့ စကား၊ သို့သော် ဒီပဋိစ္စသမုပ္ပါဒ်ကို အယူဝါဒတစ်မျိုး ရှိကြသေး
စာမျက်နှာ-၃၉၈
တယ်၊ “ပဋိစ္စသမုပ္ပါဒ်ဟာ တစ်ဘဝတည်းနဲ့ သက်ဆိုင်တယ်၊ သုံးဘဝ ရှင်းပြတယ်ဆိုတာ မဟုတ်ဘူး”လို့ အင်္ဂလိပ်လိုရေးတဲ့ စာအုပ်တစ်အုပ်မှာ အဲဒီလိုရေးထားတာ ရှိတယ်၊ တချို့ကလည်း ဒါကို ယုံကြည်တယ်၊ ဘဝမကြိုက်တဲ့ပုဂ္ဂိုလ်တွေပေါ့လေ၊ မကြိုက်ဘူးဆိုတာလည်း နိဗ္ဗာန်လိုချင်လို့ ဘဝမကြိုက်တာ မဟုတ်ဘူးပေါ့၊ တချို့က အတိတ်ဘဝ မယုံတာ ရှိတယ်၊ အနာဂတ်ဘဝ မယုံတာ ရှိတယ်၊ ဘဝကို မယုံတဲ့ပုဂ္ဂိုလ်တွေက ပဋိစ္စသမုပ္ပါဒ်ကို ဒီဘဝနဲ့သာ သက်ဆိုင်တယ်လို့ ဒီလိုပြောတယ်။

ထိုင်းနိုင်ငံက ဘုန်းကြီးတစ်ပါးရေးထားတဲ့ စာအုပ်တစ်အုပ်မှာ ဆိုထားတယ်၊ ရှင်မဟာဗုဒ္ဓဃောသရေးတာတွေ မှားတယ်ဆိုပြီး ဝေဖန်ရေးထားတာတွေ ရှိတယ်၊ သူက ပဋိစ္စသမုပ္ပါဒ်က ဒီဘဝနဲ့သာ သက်ဆိုင်တယ်၊ နောင်ဘဝနဲ့ မဆိုင်ဘူး၊ အဲဒီလို ဆိုလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်က ဒီဘဝနဲ့သာ သက်ဆိုင်တယ်၊ အတိတ်နဲ့လည်း မဆိုင်ဘူး၊ အနာဂတ်နဲ့လည်း မဆိုင်ဘူး၊ သံသရာက ပြတ်နေတာပေါ့။

မြတ်စွာဘုရားဟောလိုတာက ပဋိစ္စသမုပ္ပါဒ်ဆိုတာ အကြောင်းအကျိုးဆက်နွယ်ပြီးတော့ သံသရာလည်နေပုံကို ဟောတာ၊ အကြောင်းတရားတွေကို ပြောချင်တာ၊ ဒါကြောင့်မို့ အဝိဇ္ဇာနဲ့ သင်္ခါရဟာ အတိတ်နဲ့ ပတ်သက်တယ်လို့ ဒီလိုဟောပြီးတော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ - ဒါတွေက ပစ္စုပ္ပန်ဘဝနဲ့ သက်ဆိုင်တယ်၊ ဇာတိကျတော့ အနာဂတ်နဲ့ သက်ဆိုင်တယ်လို့ ဒီလိုသွားတာ။
စာမျက်နှာ-၃၉၉
အဲဒီလို သွားတော့ သုံးဘဝကို ရှင်းပြမှ သံသရာဆိုတာ ရှိတယ်၊ နို့မို့ဆိုရင် သံသရာမရှိဘူးဆိုတဲ့ အဓိပ္ပါယ် ရောက်သွားမယ်။ ဒီအကြောင်းအကျိုးတွေ ဆက်စပ်နေသည့်အတွက်ကြောင့် သံသရာထဲမှာ ဒုက္ခကြီးဟာ ဆက်နေဦးမှာပဲလို့ဆိုတဲ့ အဓိပ္ပါယ်ကို ရှင်းပြတယ်၊ နိဂုံးမှာ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော” ဆိုပြီးတော့ ဟောတာ၊ ဒုက္ခလို့ နာမည်ပေးထားတဲ့ ဘဝကြီးဟာ ဟောဒီအကြောင်းတွေ ဆက်စပ်ပြီးတော့ ဖြစ်ပေါ်နေသည့်အတွက်ကြောင့် စဉ်ဆက်မပြတ် ဒီဒုက္ခကြီးဟာ ဖြစ်ပေါ်နေဦးမှာပဲတဲ့၊ အဲဒါကို ပြတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်းပဲ မြတ်စွာဘုရားက နည်းပေးထားတယ်၊ “အဝိဇ္ဇာယတွေဝ အသေသဝိရာဂ နိရောဓာ” ပဋိလောမပဋိစ္စသမုပ္ပါဒ်မှာ ဟောတယ်။

အဝိဇ္ဇာကို “အသေသဝိရာဂ နိရောဓ”ဆိုတာ ဝိရာဂဆိုတာ ဒီနေရာမှာ မဂ်ကို ပြောတာ၊ အဲဒီမဂ်စိတ်နဲ့ အကြွင်းအကျန်မရှိအောင် အဝိဇ္ဇာကို ဖြတ်လိုက်နိုင်ပြီဆိုရင် အဝိဇ္ဇာ မရှိတော့ဘူး၊ အဝိဇ္ဇာ မရှိရင် သင်္ခါရ မရှိနိုင်ဘူး၊ သင်္ခါရ မရှိရင် ဝိညာဏ မရှိတော့ဘူး၊ ဝိညာဏ မရှိရင် နာမရူပ မလာတော့ဘူး၊ နာမရူပမှ မရှိရင် သဠာယတနဆိုတာ မလာဘူး၊ သဠာယတနမှ မရှိရင် ဖဿ မလာဘူး၊ ဝေဒနာ မလာဘူး၊ တဏှာ မလာဘူး၊ ဥပါဒါန် မလာဘူး၊ ဘဝဆိုတာ မလာဘူးဆိုတာ အားလုံးဟာ စဉ်ဆက်ပြတ်သွားတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ရှင်းပြတယ်နော်။

အဲဒီလို မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်ကို အတိတ်ရယ် အနာဂတ်ရယ် ပစ္စုပ္ပန်ရယ် ကြောင်းကျိုးစဉ်ဆက်ဖြစ်ပေါ်နေမှုတွေကို ရှင်းပြတယ်၊ ဒီတော့ ဘုရားဟောတဲ့ တရားပေမယ့်လို့ အယူ
စာမျက်နှာ-၄၀၀
အဆလွဲသွားလို့ မှားယွင်းတဲ့အမြင်တစ်ခုဟာ ဖြစ်ပေါ်လာရင် အတော်မှ အန္တရာယ်ကြီးတယ်ပေါ့။ မြတ်စွာဘုရားလက်ထက်ကလည်းပဲ မှားယွင်းတဲ့အယူရှိတဲ့ပုဂ္ဂိုလ်တွေက ဘုရားဟောတာလို့ပဲ ထောက်ပြကြတာပဲ၊ သာတိရဟန်းတို့ဆိုရင် ဘုရားဟောတဲ့တရား သူနားလည်တဲ့အတိုင်း ပြောရမယ်ဆိုရင်တဲ့ “ဟောဒီဝိညာဏ်လေး သည်ပင် တစ်ဘဝကနေ တစ်ဘဝ ကူးနေတာ”လို့ ဒီလိုပြောတာပဲ။
တရားဓမ္မနဲ့ ပတ်သက်တဲ့ အယူအဆ
ဒါကြောင့် တရားတွေ ဖတ်ရင်းဖတ်ရင်းကနေပြီးတော့ မိစ္ဆာဒိဋ္ဌိ ဖြစ်တတ်သေးတယ်ဆိုတာ သတိထားဖို့ပဲ၊ အယူအဆ မတတ်ဘူးဆိုရင် မှားယွင်းတဲ့အတွေးအခေါ်တစ်ခု ဝင်သွားတတ်တယ်၊ ဝင်သွားရင် မိစ္ဆာဒိဋ္ဌိ၊ မှားယွင်းတဲ့အမြင် ဖြစ်တတ်တယ်၊ ဥပမာ - ပဋိစ္စသမုပ္ပါဒ်ကို သုံးဘဝနဲ့ မပတ်သက်ဘူး၊ တစ်ဘဝတည်းသာ ဟောတာလို့ ဒီအယူအဆကိုတင်ပြရင် မိစ္ဆာဒိဋ္ဌိ ဖြစ်သွားမယ်၊ အဲဒါမျိုးက မြတ်စွာဘုရားကို စွပ်စွဲရာလည်း ရောက်တယ်၊ အဲဒါကြောင့် တရားဓမ္မနဲ့ ပတ်သက်ပြီး အလွန်သတိထားရမယ်၊ မှားမှားယွင်းယွင်းတွေ မဖြစ်စေချင်ဘူး၊ ကိုယ့်အယူအဆ အတွေးအခေါ်တွေက မှားယွင်းသွားတတ်တယ်၊ အဲဒီမှားယွင်းမှု မဖြစ်စေဖို့ ဘက်စုံကြည့်တတ်ရတယ်။

အေး ကောင်းပြီ - “ဥပါဒါနပစ္စယာ ဘဝေါ” ဆိုတာ ဒီနေရာမှာ ယုတ္တိလည်း ရှိတယ်၊ သဘာဝလည်း ကျတယ်၊ လူတွေဟာ ဥပါဒါန်စွဲလမ်းမှုကြောင့် ဘဝမှာတွေးကြတယ်၊ ကြံကြတယ်၊ ပြောကြတယ်၊ ဆိုကြတယ်၊ ကံတရားတွေ လုပ်နေကြတယ်၊ အဲဒီကံ
စာမျက်နှာ-၄၀၁
တရားတွေ လုပ်နေခြင်းသည်ပင်လျှင် နောင်ဘဝဖြစ်ဖို့ရာအတွက် “ဘဝပစ္စယာ ဇာတိ” ဖြစ်တော့မှာပေါ့၊ အခုဘဝ လူတိုင်းလူတိုင်းဟာ အိပ်ချည်းနေတာမှ မဟုတ်တာပဲ၊ အချိန်မရွေး ဘာတွေ ဖြစ်နေတာတုန်းလို့ မေးလို့ရှိရင် လူတွေရဲ့ သန္တာန်မှာ ကံတရားတွေ ဖြစ်နေတာပဲ၊ အဲဒါ accumulation ကံတရားတွေဟာ လူတွေရဲ့စိတ်ထဲမှာ စုမိဆောင်းမိ ဖြစ်လာတယ်။
ပုထုဇဉ်တို့၏ အတွေး
ကြည့်လေ - မနက်မိုးလင်းတဲ့ အချိန်ကစပြီး မျက်လုံးလေး နှစ်လုံးဖွင့် အိပ်ရာက နိုးလိုက်တာနဲ့ သွားပြီ၊ အဲဒီတော့ ကိုယ့်ကိုယ်ကိုလည်း ဆန်းစစ်ကြည့် - “ငါတွေးတဲ့အတွေးဟာ အကောင်းတွေးလား၊ အဆိုးတွေးလား” ဆန်းစစ်ဖို့ လိုတယ်ပေါ့ ဘာက စတွေးတာတုန်းလို့ ကိုယ့်ကိုယ်ကို မေးကြည့်လိုက်ပေါ့၊ မနက်မိုးလင်းရင် ဘာက စတွေးလဲ၊ အဲဒီအတွေးဟာ လောဘနဲ့တွေးသလား၊ ဒေါသနဲ့တွေးသလား၊ မောဟနဲ့တွေးသလား၊ မာန်မာနတွေနဲ့တွေးသလားလို့ဆိုတဲ့ အတွေးတွေကို ဆန်းစစ်ကြည့်လိုက်တဲ့အခါ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာတွေနဲ့တွေ့ပြီဆိုလို့ရှိရင် အဲဒါ အကုသိုလ်ဖြစ်တာပဲ၊ အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ ကုသိုလ်စိတ်တွေနဲ့တွေးတဲ့အခါ ကုသိုလ်ဖြစ်တာပေါ့။

သတ္တဝါတွေဟာ များသောအားဖြင့် နိုးလာတဲ့အချိန်က စပြီးတော့ တွေးလိုက်တာ ညအိပ်ရာဝင်တဲ့အထိပဲ၊ အိပ်ပျော်သွားမှ ရပ်သွားတယ်၊ အဲဒီတွေးသမျှ အတွေးတွေဟာ ကုသိုလ်ဆိုရင်လည်း ဖြစ်မယ်၊ အကုသိုလ်ဆိုရင်လည်း ဖြစ်မယ်၊ ဒီနှစ်ခုက ရှောင်တိမ်းလို့
စာမျက်နှာ-၄၀၂
ရရဲ့လား၊ မရဘူး၊ ကိုယ်တွေးနေတဲ့ အတွေးသည် ကုသိုလ်တွေးတာတွေလည်း ဖြစ်မယ်၊ အကုသိုလ်တွေးတာတွေလည်း ဖြစ်မယ်။
ရဟန္တာတို့၏ အတွေး
ဒါဖြင့် ရဟန္တာပုဂ္ဂိုလ်တွေလည်း မတွေးဘူးလားဆိုတော့ တွေးတယ်၊ သို့သော် ရဟန္တာပုဂ္ဂိုလ်တွေက လောဘနဲ့ မတွေးဘူး၊ ဒေါသနဲ့ မတွေးဘူး၊ မောဟနဲ့ မတွေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လောဘ၊ ဒေါသ၊ မောဟတွေက သူတို့သန္တာန်မှာ မရှိတော့ဘူး၊ လောဘ၊ ဒေါသ၊ မောဟဆိုတာက လုံးဝချုပ်ငြိမ်းသွားပြီ။ ချုပ်ငြိမ်းသွားသည့်အတွက်ကြောင့် သူတို့တွေးသမျှ အတွေးသည် အလောဘနဲ့တွေးရင်တွေးမယ်၊ အဒေါသနဲ့တွေးရင်တွေးမယ်၊ အမောဟနဲ့တွေးရင်တွေးမယ်၊ ဒါမျိုးနဲ့ပဲတွေးလို့ ရတော့တာပေါ့။
ရဟန္တာတို့ ပြုသမျှသည် ကံမမြောက်
ဒီတော့ သူတို့တွေးတဲ့ အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ အတွေးတွေက ကံဖြစ်သလားလို့ဆိုတော့ ကံမဖြစ်ဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် ကံရဲ့အဖော်သဟဲ အဓိကအကြောင်းတရားတွေ၊ ကံအကျိုးပေးဖို့ အဓိကအကြောင်းတရားတွေက ကိလေသာတွေ ဖြစ်တယ်၊ ကိလေသာတွေကမှ ကံဖြစ်ဖို့ရာအတွက် အားပေးတယ်။

“အဝိဇ္ဇာပစ္စယာ သင်္ခါရာ” မှာ အဝိဇ္ဇာဆိုတာ ကိလေသာ၊ “ဥပါဒါနပစ္စယာ ဘဝေါ” မှာ တဏှာတို့ ဥပါဒါန်တို့ဆိုတာ ကိလေသာ
စာမျက်နှာ-၄၀၃
တွေလေ၊ အဲဒါတွေနဲ့လာမှ ကံဆိုတာ လာတာ၊ ရဟန္တာတွေရဲ့ သန္တာန်မှာ ကိလေသာတွေ အမြစ်ပြတ်နေသည့်အတွက်ကြောင့် သူတို့တွေးတဲ့အတွေးဟာ သန့်ရှင်းတဲ့အတွေးမျှသာ ဖြစ်တယ်၊ ကံမျိုးစေ့ မပါဘူး၊ ဒါကြောင့်မို့ “ကြိယာ”လို့ ခေါ်တာနော်၊ ကြိယာဆိုတာ ပြုခြင်းသက်သက်ပဲ။

ဘာနဲ့ ဥပမာတူတုန်းဆိုလို့ရှိရင် သရက်ပင်ကြီးတစ်ပင် အပွင့်တွေ ပွင့်နေတယ်၊ ပွင့်နေတဲ့အချိန်မှာ ရေသောက်မြစ်ကို ဖြတ်လိုက်မယ်လို့ ဆိုလို့ရှိရင် အဲဒီသရက်ပင်က အပွင့်တွေကနေ အသီးသီးဦးမလား၊ ရေသောက်မြစ်နဲ့ အလားသဏ္ဌာန်တူတဲ့ ကိလေသာတွေကို ဖယ်လိုက်တဲ့ ရဟန္တာပုဂ္ဂိုလ်ရဲ့စိတ်က ဖြစ်ပေါ်လာတဲ့ နေ့စဉ်ပြောနေတဲ့ လှုပ်ရှားမှုတွေဟာ ဒီအဖူးအပွင့်တွေ ဖြစ်သွားပြီ၊ အဖူးအပွင့်တွေ ဖြစ်ရာကနေ အသီးဆိုတာ မလာတော့ဘူးပေါ့။ ဒီလိုဆိုလိုတာပေါ့။

ရဟန္တာပုဂ္ဂိုလ်တွေလုပ်သမျှ အကုသိုလ် မလုပ်ဘူး၊ ကုသိုလ်တွေတော့ လုပ်တယ်၊ ရှင်သာရိပုတ္တရာ တရားဟောတယ်၊ မကျန်းမာတဲ့ပုဂ္ဂိုလ်တွေကို ပြုစုစောင့်ရှောက်တယ်၊ ကျန်တဲ့ရဟန္တာပုဂ္ဂိုလ်တွေလည်း ကောင်းတဲ့အလုပ်တွေကို လုပ်ကြတယ်၊ အဲဒါတွေဟာ သာမန်ကြည့်ရင် ကုသိုလ်လို့ ပြောရမယ်၊ သို့သော် ကုသိုလ်လားဆိုတော့ မဟုတ်တော့ဘူး၊ ကြိယာ - ပြုကာမျှပဲဆိုတဲ့အဓိပ္ပါယ် ရသွားတယ်၊ အဲဒါ ဘာ့ကြောင့် ဒီလိုခေါ်ရလဲဆိုလို့ရှိရင် ကံကို ဆက်စပ်ပေးနိုင်မယ့် ကိလေသာတွေ မရှိတော့လို့ - ဒီလိုပြောရမယ်၊ အေး ဒါကြောင့်မို့လို့ ကိလေသာနဲ့တွဲဖက်မှ ကံဆိုတာက ဖြစ်
စာမျက်နှာ-၄၀၄
တာဖြစ်လို့ ရဟန္တာပုဂ္ဂိုလ်တွေအားလုံးတွေးသမျှဟာ အပြစ်ကင်းတဲ့တွေးတောမှုတွေသာ ဖြစ်တယ်။
ပုထုဇဉ်တို့ ပြုသမျှသည် ကံမြောက်၏
ပုထုဇဉ်တွေကျတော့ တွေးသမျှတွေမှာ အပြစ်မကင်းတာက ပိုများတာပေါ့၊ အေး တွေးတာက အပြစ်မကင်းဘူးဆိုရင် ပြောတာ အပြစ်ကင်းနိုင်ပါ့မလား၊ မကင်းနိုင်ဘူး၊ ပြောတာက အပြစ်မကင်းဘူးဆိုရင် လုပ်တာလည်း အပြစ်မကင်းနိုင်တော့ဘူးပေါ့။ ဒီတော့ ကိုယ့်ရဲ့လှုပ်ရှားမှု၊ ကိုယ့်ရဲ့ပြောဆိုမှုတွေဟာလည်းပဲ အကုသိုလ်ဝစီကံ၊ အကုသိုလ်ကာယကံတွေ ဒီလိုဖြစ်လာတတ်တယ်၊ ဒီဘဝမှာ ကံတွေဟာ ကိုယ့်သန္တာန်မှာ accumulate စုမိဆောင်းမိတွေ ဖြစ်လာတယ်၊ စုမိဆောင်းမိတယ်ဆိုတာ အသီးသီးလာတာပဲ၊ အသီးလေးက သီးသီးချင်းတော့ သူက အားမရှိသေးဘူးပေါ့၊ အချိန်တန်လို့ ရင့်ကျက်လာပြီဆိုရင် အစေ့ကလေးထွက်လာပြီး နောက်အပင်ပေါက်ဖို့ အဆင်သင့်ဖြစ်လာပြီး၊ ကံရဲ့ သဘောက အဲဒီအတိုင်းပဲပေါ့၊ မျိုးစေ့လေးတွေနဲ့ အလားသဏ္ဌာန်တူတယ်၊ အပင်ပေါက်ဖို့ အနေအထားမျိုး ရင့်ကျက်ပြီးတော့ လာပြီဆိုရင် သူက မျိုးစေ့တစ်ခုကို ထုတ်လုပ်တယ်။

အေး ဒါ့ကြောင့်မို့ ဒီမှာ “ဥပါဒါနပစ္စယာ ဘဝေါ” နေ့စဉ်နှင့်အမျှ ဘုန်းကြီးတို့တစ်တွေရဲ့ သန္တာန်မှာ ကံတရားတွေ စုမိဆောင်းမိနေတယ်၊ ပစ္စုပ္ပန်ဘဝမှာ ကံတရားတွေ စုမိဆောင်းမိဖြစ်နေခြင်းသည် နောင်ဘဝတစ်ခုအတွက် စုဆောင်းနေတာနဲ့ အလားတူတယ်၊ ယခုနှစ်မှာ သရက်ပင်ကြီးက သရက်သီးတွေ သီးနေ
စာမျက်နှာ-၄၀၅
တယ်၊ အဲဒီသရက်သီးတွေ ရင့်လာပြီးတော့ ဒီနှစ်သရက်စေ့လေးက နောင်နှစ်အခါကျတော့ အပင်ပေါက်ဖို့အတွက် ဖြစ်နေတယ်ပေါ့။ ဒီလိုဆိုလိုတာ၊ အခုဘဝမှာ ပြုထားတဲ့ ကံတရားတွေက နောက်ဘဝတွေအတွက် ဒါမျိုးဆက်အသစ်တွေ ဖြစ်လာပြန်တယ်ပေါ့၊ အဲဒီလိုနဲ့ ကံတရားတွေဟာ ဘုန်းကြီးတို့တစ်တွေရဲ့သန္တာန်မှာ အများကြီး ဖြစ်လာကြတယ်။
“ကိလေသနိရောဓာ ကမ္မနိရောဓော”
အဲဒီတော့ အများကြီးဖြစ်လာတဲ့ ဒီကံတွေ မကုန်ဘဲနဲ့ သံသရာဝဋ်က ဘယ်လိုလုပ်လွတ်နိုင်မလဲဆိုတော့ ကံကို ကုန်အောင် လုပ်လို့ မရဘူး၊ ကံဆိုတာ လုပ်ပြီးသွားပြီလေ၊ လုပ်ပြီးသွားတဲ့အရာတစ်ခုကို သွားဖျက်ဆီးလို့ ဘယ်ရတော့မလဲ၊ ပြီးနေပြီပဲ၊ ပြီးနေတဲ့အခါကျတော့ တကယ်က အဲဒီကံတွေ အကျိုးပေးလို့မရအောင် ဘာလုပ်ရမတုန်းဆိုတော့ ကိလေသာကိုပဲ ပယ်ရတယ်၊ မသိတာ သိအောင် လုပ်ရမယ်၊ တွယ်တာတာတွေကို ဖြုတ်ရမယ်၊ ဒေါသတွေကို မေတ္တာနဲ့ ဖလှယ်ရမယ်ပေါ့။ အဲဒီတော့ လောဘ၊ ဒေါသ၊ မောဟတွေကို ဖယ်ရှားပစ်ခြင်းဟာ ကံအသစ်တွေ မဖြစ်ဖို့၊ ကံတွေအကျိုးပေးဖို့ အခွင့်အလမ်း မရှိအောင် လုပ်တာနဲ့ တူတူပဲပေါ့။

ဒါကြောင့်မို့လို့ တရားဓမ္မ နာနေတဲ့အချိန်မှာ လောဘတွေ မဖြစ်ဘူး၊ ဒေါသတွေ မဖြစ်ဘူး၊ မောဟတွေ မဖြစ်ဘူးဆိုလို့ရှိရင် ဒီတရားနာခြင်းသည် လောဘ၊ ဒေါသ၊ မောဟတွေကို ဖယ်ရှားတဲ့သဘောပေါ့။ အဲဒီဖယ်ရှားနေတဲ့ သဘောလေးဟာ အခုချိန်မှာ
စာမျက်နှာ-၄၀၆
အကုသိုလ်ကံတွေ ကိလေသာတွေ မဖြစ်သည့်အတွက်ကြောင့် ကံအကျိုးပေးမှုတွေကို အားပျော့သွားအောင် လုပ်နေတာနဲ့ တူတယ်။ ဒီလိုဆိုလိုတာပေါ့နော်၊ နည်းလမ်းက ဒါပဲ၊ ကံကို ပယ်ရမှာ မဟုတ်ဘူး၊ ပယ်ရမှာက ကိလေသာ။

ဆိုပါစို့ - “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” မှာ အဝိဇ္ဇာကို ဖယ်ရမှာ၊ သင်္ခါရကို ဖယ်လို့ မရဘူး၊ အဝိဇ္ဇာကို ဖယ်လိုက်တာနဲ့ တစ်ပြိုင်နက် သင်္ခါရကလည်း ဖယ်ပြီးသား ဖြစ်သွားတာပဲ၊ တဏှာ၊ ဥပါဒါန်၊ ဘဝဆိုတဲ့နေရာမှာလည်းပဲ တဏှာနဲ့ ဥပါဒါန်ကို ဖယ်ရမှာ၊ တဏှာနဲ့ ဥပါဒါန်ကို ဖယ်လိုက်တာနဲ့ တစ်ပြိုင်နက် ကမ္မဘဝဆိုတာကလည်းပဲ အကျိုးပေးလို့ မရတော့ဘူးပေါ့၊ ဒါကြောင့်မို့ “ကိလေသနိရောဓာ ကမ္မနိရောဓော” တဲ့၊ “ကိလေသာချုပ်သွားလို့ရှိရင် ကံတရားတွေလည်း ချုပ်တာပါပဲ” တဲ့။
“ကံကုန်တယ်” ဟူသည်
သို့သော် တစ်ခါတစ်ရံ “ကံကုန်တယ်” လို့ ပြောကြတယ်၊ ကံကုန်တာကတော့ “တစ်ဘဝ သေသွားတာ”ကို “ကံကုန်တယ်”လို့ ပြောကြတာနဲ့ တူပါတယ်။ သို့သော် “ကပ္ပက္ခယ” “ကံကုန်တယ်” ဆိုတဲ့စကားလုံးကို တစ်ခါတစ်ရံမှာ ကံတွေကို ကုန်စေတတ်တယ်ဆိုတာ အရဟတ္တမဂ်ကို ရည်စူးပြီးတော့ ဟောတာ၊ သို့သော် အများဆုံးကတော့ အာသဝက္ခယ လို့ ပြောတာနော်၊ အာသဝလို့ဆိုတာကို ကြည့်လိုက်ရင် အာသဝဆိုတာ ကိလေသာတွေပဲပေါ့။ အာသဝတွေကုန်မှ ကံဆိုတာ ကုန်မှာ ဖြစ်တယ်။
စာမျက်နှာ-၄၀၇
ဒါ့ကြောင့်မို့လို့ တကယ်ကုန်အောင် လုပ်ရမှာက ကံမဟုတ်ဘူး၊ ဘာကို ကုန်အောင် လုပ်ရမှာလဲ? ကိလေသာကို ကုန်အောင် လုပ်ရမှာ၊ အဲဒီတော့ မဂ်က ကိလေသာကို ပယ်တာပဲ၊ သို့သော် တစ်ခါတစ်ရံ ကံကို ပယ်တယ်လို့ ပြောတဲ့စကားလည်း ရှိတယ်၊ ရှိပေမယ့်လို့ အဓိကတိုက်ရိုက်ပြောမယ်ဆိုရင် ကိလေသာကို ပယ်ရမယ်၊ ကိလေသာကို ပယ်လိုက်တာနဲ့ တစ်ပြိုင်နက် ကံတရားတွေဟာ အကျိုးပေးခွင့် မရတော့ဘူး။

အချိန်လွန်သွားတဲ့ ကံတွေကလည်း သူ့ဖာသာသူ expire ဖြစ်သွားတယ်၊ အချိန်မလွန်သေးတဲ့ ကံကလည်း အကျိုးပေးစရာ မရှိတော့ဘူး၊ ပေးလို့ မရတော့တဲ့ အနေအထားမျိုး ရောက်သွားတယ်၊ တစ်ဘက်က ပြောမယ်ဆိုရင် ကိလေသာကုန်ရင် ကံလည်း ကုန်သွားတယ်လို့ပဲ ပြောရမှာပေါ့၊ ဒီလိုဆိုလိုတယ်ပေါ့။

အေး ကောင်းပြီ- နေ့စဉ်နှင့်အမျှ ဥပါဒါန်တွေကို အကြောင်းပြုပြီး ကမ္မဘဝတွေ ဖြစ်နေကြတယ်၊ အဲဒီအတိတ်က ကမ္မဘဝတွေကြောင့် ဥပပတ္တိဘဝတွေ ရနေကြတယ်၊ ဥပပတ္တိဘဝကို အခြေခံပြီးတော့ ကမ္မဘဝတွေထပ်ဖြစ်ကြပြန်တယ်၊ ဒါ လက်ရှိအနေအထားက ဒီလိုဖြစ်နေကြတယ်။ ဥပါဒါန်ကြောင့် ဘဝဖြစ်ပုံ

ကဲ ကောင်းပြီ- “ဥပါဒါနပစ္စယာ ဘဝေါ” “ဥပါဒါန်ကြောင့် ဘဝဖြစ်တယ်” လို့ ဆိုတော့ ဘယ်လိုဖြစ်သလဲ၊ ကာမအစွဲအလမ်းကြောင့် ဘဝဖြစ်တယ်ဆိုရင် ကာမုပါဒါန ဘုန်းကြီးတို့တစ်တွေ နေ့စဉ်နှင့်အမျှ လူတွေဟာ လုပ်ကိုင်ဆောင်ရွက်နေကြတယ်၊ ဘယ်သူ
စာမျက်နှာ-၄၀၈
ပဲဖြစ်ဖြစ် ဘာလို့လုပ်နေကြတာတုန်းဆိုရင် ချမ်းသာချင်လို့ လုပ်နေကြတာချည်းပဲ။

တခြားဘာသာဝင်တွေ - ဥပမာမယ် သူတို့ဘာသာရဲ့ဓလေ့ထုံးတမ်းစဉ်လာ သတ္တဝါတွေကို သတ်တယ် ဖြတ်တယ်ဆိုတာက ဘာလုပ်ဖို့လဲဆိုတော့ ချမ်းသာချင်လို့ လုပ်တာ၊ ချမ်းသာဖို့ဆိုတဲ့ ကာမကို တောင့်တပြီးတော့ အဲဒါကို စွဲလမ်းပြီးတော့ အလုပ်တစ်ခု လုပ်နေကြတာပဲ မဟုတ်ဘူးလား။

လောကလူတွေဟာ ဒီနှစ်သက်စရာအာရုံတွေပေါ်မှာ စွဲလမ်းမှုကို အခြေခံပြီးတော့ ကောင်းတာတွေလည်း လုပ်တယ်။ ဆိုးတာတွေလည်း လုပ်တယ်၊ ဟော “ဥပါဒါနပစ္စယာ ဘဝေါ” ပဲ။ ကံတွေ ဖြစ်နေတာ ကြည့်။

ဒီထဲမှာ အတွေးလေးတွေက ဝင်လာသေးတယ်၊ မှားယွင်းတဲ့အမြင်ကလေးနဲ့ လုပ်တာ ရှိတယ်၊ ခွေးလိုကျင့် နွားလိုကျင့်တယ်၊ “ဒီအကျင့်တွေ ဆောက်တည်ပြီးတော့ ကျင့်မယ်ဆိုရင် ဒီထက်ကောင်းတဲ့ဘဝ ငါရမှာ” ဆိုလို့ရှိရင် ဒါသီလဗ္ဗတုပါဒါန်ကို အခြေခံပြီးတော့ ကမ္မဘဝတွေ ဖြစ်လာတယ်၊ ဘဝတစ်ခုရအောင် လုပ်တာ။

ဒီဘဝမှာ ဒါနကောင်းမှုတွေ လုပ်တယ်၊ သီလတွေ ဆောက်တည်တယ်၊ ဘာဖြစ်ချင်လို့လဲ၊ နောင်ဘဝ နတ်ပြည်မှာ ရွှေဗိမာန်ကြီးနဲ့ နတ်သမီးသွားဖြစ်မယ်၊ နတ်သားသွားဖြစ်မယ် စသည်ဖြင့် ဒီထက်ပြည့်စုံချမ်းသာတဲ့ ဘဝကြီးတစ်ခုကို မျှော်လင့်တောင့်တတယ်၊ မျှော်လင့်တောင့်တပြီးတော့ စွဲလမ်းနေတာက ကာမုပါဒါန၊ လုပ်သမျှကုသိုလ်ကံတွေက ကမ္မဘဝ၊ အဲဒီကမ္မဘဝ
စာမျက်နှာ-၄၀၉
ကြောင့် နောင်ဘဝရလာတာက ဥပပတ္တိဘဝ - ဒီလိုဖြစ်လာတာ နော်။

ဒီတော့ ပုထုဇဉ်ဆိုတာ “ပုထုဇ္ဇနော ဥမ္မတ္တကော” တဲ့။ “ပုထုဇဉ်ဆိုတာ အရူးပဲ” လို့ ပြောတာ၊ ပုထုဇဉ်ကလည်း ရူးတဲ့လူကို အရူးလို့ ပြောသေးတာ၊ အရိယာသူတော်စင်တွေအမြင်နဲ့ ကြည့်မယ်ဆိုရင် တကယ်ကတော့ ပုထုဇဉ်ဟာ အရူးပဲ၊ မကောင်းတာကို အကောင်းထင်နေတာ၊ မဟုတ်တာကို အဟုတ်ထင်နေကြတာ၊ ကြည့် - ကာမဂုဏ်အာရုံတွေပေါ်မှာ တွယ်တာမှုကို အကြောင်းပြုပြီး လုပ်ချင်ရာတွေ လုပ်နေတယ်၊ လုပ်ချင်ရာ လုပ်လို့ ငရဲကျသွားတယ်၊ ကောင်းတာတွေ လုပ်တဲ့အခါ ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်၊ တရားကျင့်တဲ့လူကလည်း ဒီထက်ကောင်းတဲ့ ဘဝရချင်လို့ တရားကျင့်တယ်၊ ရူပဘုံရောက်ရောက် အရူပဘုံရောက်ရောက် ဘယ်ဘုံပဲရောက်ရောက်၊ “ဥပါဒါနပစ္စယာ ဘဝေါ” ပဲ၊ ဒီထဲကနေ သွားတာချည်းပဲ အကုန်လုံးနော်၊ အယူအဆမှားယွင်းမှုကို အခြေခံပြီးတော့ လုပ်လို့ရှိရင် ဘဝဆိုတာ ဖြစ်လာတာပဲ။

အတ္တဆိုတာ သေရင်တော့ ပြတ်တာပဲ၊ အဲဒီတော့ ပြတ်တဲ့အခါ ဘယ်ဘုံမှာပြတ်ရင် ပိုကောင်းသလဲဆိုတဲ့ အယူအဆတစ်ခု၊ သေရင်တော့ ကောင်းကင်ဘုံကို ရောက်မှာပဲ၊ ကောင်းကင်ဘုံကျတော့ ထာဝရနေရမှာပဲ၊ ထာဝရကောင်းကင်ဘုံကြီးကို ရောက်မှာပဲဆိုတဲ့ အယူအဆတစ်ခုနဲ့ ကောင်းတာတွေကို လုပ်မယ်ဆိုလို့ရှိရင် မှားယွင်းတဲ့ အယူအဆတစ်ရပ်ကို အခြေခံပြီး လုပ်တာပဲ၊ အဲဒါလည်း “ဥပါဒါနပစ္စယာ ဘဝေါ” ပဲ၊ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်
စာမျက်နှာ-၄၁၀
ဒီထဲက လွတ်မသွားဘူး၊ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် “ဥပါဒါနပစ္စယာ ဘဝေါ” ထဲမှာ ပါတယ်။
ဓမ္မပဒဝတ္ထု
ကောင်းပြီ- လောကမှာ ထူးဆန်းတာလေးတွေကို စဉ်းစားကြည့်လို့ ရတယ်၊ ဥပါဒါန်အခြေခံပြီးတော့ ဘဝတွေရကြတယ်ဆိုတာ ဟုတ်တယ်၊ လူ့ရဲ့ဆန္ဒဆိုတာ အမျိုးမျိုးရှိတယ်၊ ဓမ္မပဒထဲမှာလာတဲ့ ကာဠိယက္ခိနိဝတ္ထု တို့ဘာတို့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက် မုန်းတီးမှုအာဃာတကို အကြောင်းပြုပြီး “နောင်ဘဝကျ နင့်ကို ငါဂလဲ့စားချေရပါလို၏၊ နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို၏” ဆိုတဲ့ဆုတောင်းမှုတွေနဲ့ သွားတာရော မရှိဘူးလား၊ ရှိတယ်၊ အဲဒါလည်း “ဥပါဒါနပစ္စယာ ဘဝေါ” ထဲမှာ ပါတာပဲ။

ကံတစ်ခုကို လုပ်ပြီဆိုကတည်းက ဥပါဒါန်ကို အခြေခံတာပဲ၊ လုပ်ပြီးတဲ့အခါ အဲဒီထဲမှာ ပါဝင်လာတာတွေက ဘာတုန်းဆို စေတနာတို့ ပတ္ထနာတို့ ဖြစ်တယ်၊ ဦးတည်ချက်ကလေးတွေ ရှိလာတယ်။

သာဝတ္ထိပြည်က အမျိုးသမီးနှစ်ဦးဆိုရင် အိမ်ထောင်ဖက်အတူတူဖြစ်ကြပြီးတော့ ရန်ဘက်ဖြစ်သွားကြတယ်၊ အဲဒီလိုရန်ဘက်ဖြစ်သွားကြပြီးတော့ ဂလဲ့စားချေကြတာ ကြောင်ဘဝရောက်သွားလိုက်၊ ကြက်ဘဝရောက်သွားလိုက်၊ သမင်ဘဝရောက်လိုက်၊ ကျားဘဝရောက်လိုက်နဲ့ နောက်ဆုံး လူ့ဘဝနဲ့ ဘီလူးမဘဝမှာ ဘုရားနဲ့တွေ့လို့ အဆုံးသတ်သွားကြတာ၊ နို့မို့ သူတို့ရန်ငြိုးက အပြန်
စာမျက်နှာ-၄၁၁
အလှန် ဂလဲ့စားချေနေကြတာ၊ အဲဒီအနေအထားမျိုးတွေ ဖြစ်တယ်ပေါ့။ အဲဒါတွေဟာလည်း “ဥပါဒါနပစ္စယာ ဘဝေါ” ပဲ။

အစွဲအလမ်းဆိုတာက အင်မတန်မှ ကြောက်စရာကောင်းတယ်၊ နိကန္တိဆိုတဲ့ တဏှာဟာ ကံကြီးတစ်ခုလုံးကိုတောင် အဆုံးအဖြတ်ပေးနိုင်တဲ့ အလားအလာရှိတယ်။
ဗိမ္ဗိသာရမင်းကြီး၏ အစွဲ
ဥပမာလေးတစ်ခု ကြည့်ရအောင်၊ မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ပထမဆုံးကြွကြွခြင်း ခရီးဦးကြိုဆိုပြီး သောတာပန်ဖြစ်သွားတဲ့ ဗိမ္ဗိသာရမင်းကြီး၊ ဗိမ္ဗိသာရမင်းကြီးဟာ နောက်ဆုံးမှာ ထောင်သွင်းအကျဉ်းချပြီးတော့ အသတ်ခံလိုက်ရတယ်၊ အသတ်ခံလိုက်ရတော့ ဘယ်ရောက်သွားလဲဆို စတုမဟာရာဇ်နတ်ဘုံက ဝေဿဝဏ်နတ်မင်းကြီးရဲ့ အခြံအရံထဲက ဘီလူးကြီး သွားဖြစ်တယ်။

ဒီတော့ သောတာပန်ဖြစ်လျက်သားနဲ့ ဘာကြောင့် ဘီလူးကြီးသွားဖြစ်ရတာလဲ၊ ဘာဖြစ်လို့ အဆင့်မြင့်တဲ့နတ်ပြည် မရောက်တာလဲ၊ အောက်ဆုံးနတ်ပြည်လည်း ရောက်သေးတယ်၊ ဘုရင်လည်းမဟုတ်ဘူး၊ အညံ့စားပဲရောက်သွားတယ်၊ ဘယ်သူကနေ အဆုံးအဖြတ်ပေးသွားတာလဲဆိုတော့ “နိကန္တိ” လို့ဆိုတဲ့ ဘဝပေါ်မှာ တွယ်တာမှုလေးက အဆုံးအဖြတ်ပေးသွားတာ၊ သူက အဲဒီဘဝမှာ အကြိမ်ကြိမ်ဖြစ်ခဲ့သည့်အတွက်ကြောင့် သေခါနီးမှာ အဲဒီဘဝကိုပဲ ဆန္ဒရှိတယ်၊ အဲဒီမှာပဲ ဖြစ်ချင်စိတ်ရှိတယ်၊ အဲဒီဘဝသွားဖြစ်တယ်၊ နိကန္တိကြောင့် အဆင့်မြင့်တဲ့ဘဝ မရောက်နိုင်ဘူး။
စာမျက်နှာ-၄၁၂
သူ့ရဲ့စေတနာတွေ ပတ္ထနာတွေက အဲဒီဘဝကို စုဝေးရောက်သွားတယ်၊ ဘဝတစ်ခုဟာ ဖြစ်နေကျနေရာလေးကို ပြန်ပြီးတော့ ဖြစ်တတ်တယ်၊ မသိမသာ တွယ်တာမှုတွေက ရှိနေတာ၊

ဒါ့ကြောင့် လူတွေမှာ ဒေသစွဲ ရှိတယ်၊ အရပ်စွဲရှိတယ်။ အိမ်စွဲရှိတယ်၊ နောက်ဆုံး စွဲပြီဆိုရင် အိမ်ပေါ်ကဘောင်မဆင်းဘူးဆိုတာ ရှိသေးတာပဲနော်၊ အဲဒီလို နိကန္တိကြောင့် ဖြစ်ရတာ၊ အဲဒီတော့ ကံကို နိကန္တိကနေ ဦးဆောင်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို သိရတယ်ပေါ့။

ဗိမ္ဗိသာရမင်းကြီးဟာ အထက်နတ်ပြည်တွေမှာ ဖြစ်နိုင်တဲ့ ကုသိုလ်တွေ ရှိပါလျက်သားနဲ့ စတုမဟာရာဇ်နတ်ပြည်က ဇနဝသဘဆိုတဲ့ နတ်ဘီလူးသွားဖြစ်တယ်၊ ပုဏ္ဏကတို့ အာဠာဝကတို့နဲ့ တစ်တန်းတည်းပေါ့၊ သူငယ်ချင်းတွေ သွားဖြစ်တယ်။
မေဏ္ဍကသူဌေး မိသားစု
မေဏ္ဍကသူဌေးရဲ့ ဇာတ်လမ်းကို ကြည့်မယ်ဆိုရင်လည်း အတိတ်ဘဝက သုတို့ ပစ္စေကဗုဒ္ဓကို ဆွမ်းလှူကြတယ်၊ သူဌေးကြီးရယ် သူဌေးကတော်ကြီးရယ် သားရယ် ချွေးမရယ် ကျွန်ရယ် ၅ဦးသား လှူကြတာ၊ အဲဒီထဲမယ် ကျွန်လုပ်တဲ့လူက ကောင်းတဲ့ဆုတွေတောင်းရင် ရလျက်သားနဲ့ “ကျွန်ဆု”ပဲ ပြန်တောင်းတယ်။

လူ့ရဲ့စိတ်ဓာတ်ဟာ တော်တော်ထူးဆန်းတယ်၊ ကျွန်ဆုတောင်းသည့်အတွက်ကြောင့် ကျွန်ပဲ ပြန်ဖြစ်တယ်၊ တကယ်ကတော့ ဆုတောင်းမယ်ဆိုရင် သူစိတ်ညွှတ်လိုက်မယ်ဆိုရင် ဒီထက်အဆင့်သာအောင် ဆုတောင်းပေါ့၊ အဲဒါကို သတိထားရမယ်။
စာမျက်နှာ-၄၁၃
မကောင်းတဲ့ နိမ့်ကျတဲ့ ဒီဆန္ဒတွေကို မမွေးမြူရဘူး၊ မြင့်မြင့်ကြံဖို့ လိုတယ်ပေါ့နော်။

ပြောချင်တော့ ပြောမှာပေါ့ - “လူနေခြုံကြား၊ စိတ်နေ ဝိဘုံဖျား” လို့၊ ဒါပေမယ့် စိတ်နေ ဂတိဘုံဖျားက ပိုကောင်းတယ်၊ နို့မို့ဆို ခြုံကြားထဲက ထွက်မှာမဟုတ်ဘူး၊ လူရဲ့စိတ်ဓာတ်မှာ တွယ်တာမှုက အင်မတန်မှ ထူးဆန်းတယ်။
မဂ္ဂဇင်းတစ်စောင်မှာပါတဲ့ ဇာတ်လမ်းတစ်ပုဒ်
မဂ္ဂဇင်းတစ်စောင်ထဲမှာ ဖတ်ဖူးတယ်၊ တကယ့်အဖြစ်အပျက် ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော် - ရန်ကုန်မြို့က ရွှေတိဂုံဘုရားပေါ်မှာ တန်ဆောင်းကြီးဆောက်လှူတဲ့ သူဌေးကြီးတစ်ယောက်အကြောင်းကို ရေးထားတာ ဖတ်ဖူးတယ်။ အဲဒီသူဌေးက ရွှေတိဂုံဘုရားမှာ တန်ဆောင်းဆောက်လှူပြီး ဘုရားကိုနေ့စဉ်လာပြီး ဆုတောင်းတယ်တဲ့၊ “ဘုရားအလောင်းတွေ ပျော်စံတဲ့ တုသိတာနတ်ပြည်မှာ ဖြစ်ရပါလို၏” လို့ အမြဲတမ်းဆုတောင်းတယ်၊ ဒါသူ့ဆုတောင်း။

အဲဒီအချိန်က မြန်မာပြည်ကို အင်္ဂလိပ်အုပ်စိုးနေတဲ့အချိန်ပေါ့၊ အင်္ဂလန်ကပြန်လာတဲ့လူတွေက (အဲဒီတုန်းကတော့ ဘိလပ်ပြန်လို့ ခေါ်တာပေါ့နော်။) “ဟာ သူဌေးမင်း - တုသိတာနတ်ပြည်ဆိုတာ ခင်ဗျားလည်း မြင်ဖူးတာမဟုတ်ဘူး၊ ဘယ်မှန်းလည်းမသိဘူး၊ အဲဒါ ဆုတောင်းမနေနဲ့ ဘိလပ်ကမှ တကယ့်နတ်ပြည်ဗျ။ ဘိလပ်ကို ဆုတောင်း” ဆိုတော့ စိတ်ပြောင်းသွားတယ်၊ “သူတို့ပြောတာ ဟုတ်ကောင်းဟုတ်လိမ့်မယ်” အင်္ဂလန်ဆိုတာ ဘယ်လို
စာမျက်နှာ-၄၁၄
ကောင်းတာ၊ နိုင်ငံကြီးက ဘယ်လောက်ကြီးကျယ်တာ၊ ဘယ်လိုတိုးတက်တာနဲ့ ပြောတော့ သူစိတ်ပါသွားပြီး အင်္ဂလန်ဖက် စိတ်ညွှတ်သွားတယ်၊ သေတဲ့အခါ အင်္ဂလန်သွားဖြစ်တယ်တဲ့။

ဒါ “ဥပါဒါနပစ္စယာ ဘဝေါ” ကို ပြောတာနော်၊ စိတ်တွေ စေတနာတွေက အဲဒီဘက်ကို ဦးလှည့်သွားတာ၊ အဲဒီလို အင်္ဂလန်သွားဖြစ်ပြီး တက္ကသိုလ်ကျောင်းသားအရွယ်ရောက်တော့ သူငယ်ချင်းတစ်ယောက်နဲ့ ကျောင်းတက်တယ်၊ အဲဒီမှာ မြန်မာကျောင်းသားတစ်ယောက်မှာ ရွှေတိဂုံဘုရားပုံတော်တစ်ခုပါလာတယ်၊ တစ်နေ့ကျတော့ ရွှေတိဂုံဘုရားပုံ အမှတ်မထင်မြင်လိုက်တော့ သူ့စိတ်ထဲမှာ တစ်မျိုးဖြစ်လာတယ်၊ ဒါဘယ်ကလဲ မေးတော့ မြန်မာပြည်ကလို့ ပြောတယ်၊ ရွှေတိဂုံဘုရားပုံ သူ့မျက်စိထဲက မထွက်ဘူး၊ ဒါနဲ့ သူ မြန်မာပြည်လာတယ်။

မြန်မာပြည်လာအခါ အဲဒီခေတ်က သင်္ဘောနဲ့ လာကြရတယ်၊ လာရင်းကနေ ရွှေတိဂုံဘုရားမြင်တဲ့အခါကျတော့ သူ့စိတ်ထဲမှာ အတိတ်ဘဝက ပုံရိပ်တွေ ပေါ်လာတယ်၊ မြန်မာပြည်မှာ သူ့သားတစ်ယောက်ရှိတယ်ဆိုတာပါ မှတ်မိလာတယ်၊ တဖြည်းဖြည်းချင်း ပေါ်လာတယ်၊ နောက်ဆုံး ရွှေတိဂုံဘုရားပေါ်ရောက်သွားပြီးတော့ သူဘယ်သူဆိုတာပါ စိတ်ထဲပေါ်လာတယ်တဲ့၊ သူ့သားကို ခေါ်ခိုင်းတယ် ။

သူနဲ့အတူလာတဲ့ အင်္ဂလိပ်ကတော့ စိတ်ပျက်နေပြီ၊ “ဒီကောင်တော့ ရူးသွားပြီ” လို့၊ သားခေါ်ခိုင်းပြီးတွေ့လည်းတွေ့ရော ဖက်ငိုတယ်တဲ့၊ သူက သူ့လျှို့ဝှက်ချက်ကို ပြောတယ်၊ ဘုရားရုပ်ထုရဲ့ပလ္လင်ထဲမှာ အဖိုးတန်ပတ္တမြားတစ်လုံးကို မြှုပ်နှံပြီး ဘုရားကို
စာမျက်နှာ-၄၁၅
ပူဇော်ထားတာ ရှိတယ်၊ အဲဒါကို သူသတိရတယ်၊ “မင်းတို့ ငါ့ကိုမယုံလို့ရှိရင် ဒီအောက်မှာ ပတ္တမြားရှိတယ်၊ ငါသက်သေပြတဲ့အနေနဲ့ တူးကြည့်” ဆိုတော့ ဂေါပကတွေနဲ့ ညှိနှိုင်းပြီးတော့ အဲဒီပလ္လင်ကို တူးကြတယ်၊ အဲဒီပတ္တမြားတွေ့တယ်တဲ့၊ သူဟာ မြန်မာပြည်က မပြန်တော့ဘူးတဲ့၊ မြန်မာပြည်မှာပဲ အသက်ဆုံးသည်အထိ နေသွားတယ်လို့ ပြောတယ်၊

True story ဆိုတာတော့ စိတ်ဝင်စားစရာပဲ၊ အဲဒီအတိုင်း ဖြစ်နိုင်ချေကတော့ ရှိတာပေါ့နော်၊ တကယ်ဖြစ်နိုင်ချေရှိတယ်။ ဘဝဆိုတာ ဆက်တိုက်ဖြစ်တတ်တယ်၊ ဘဝဆိုတာ ဆက်တိုက်ဆက်တိုက် ဖြစ်တတ်တယ်၊ မြတ်စွာဘုရားဟောတဲ့တရားတော်တွေထဲမှာ ရွှေပန်းတိမ်သည်သားလေးဟာ ဘဝ-၅၀၀ ရွှေပန်းတိမ်သည်ချည်းပဲဖြစ်တယ်လို့ ဒီလိုဟောတာ၊ ဥပသာဠကပုဏ္ဏားကြီးလည်း သေပြီး သူ့အလောင်း ဒီနေရာမှာ မြှုပ်တာချည်းပဲ၊ ဥပသာဠကဆိုတဲ့ နာမည်နဲ့ ဘဝ-၅၀၁ ရှိပြီ၊ ဒီသင်္ချိုင်းကို သူသဘောကျတာ၊ လူဆိုတာက အမျိုးမျိုး၊ သူသေရင် ဒီနားမြှုပ်ဆိုတာ သင်္ချိုင်းသဘောကျတာ ခေါ်တာပေါ့။ အဲဒီလို လူတွေမှာ တွယ်တာမှုလေးတွေရှိလို့ ဖြစ်တယ်။
စစ်ကိုင်းကျောင်းက ဦးဇင်းတစ်ပါး
နောက် စဉ်းစားစရာတစ်ခု ပြောပြမယ်၊ ဘုန်းကြီးတို့ စစ်ကိုင်းကျောင်းမှာ ဦးဇင်းတစ်ပါးရှိတယ်၊ တစ်ရက်ကျတော့ သူ့
စာမျက်နှာ-၄၁၆
ခေါင်းမှာ အနာရွတ်ကြီးတွေ မြင်လို့ မေးမိတယ်၊ “ဘယ်သူက ခေါင်းရိုက်ထားလို့ ဒီအနာရွတ်ဖြစ်နေတာလဲ” မေးတော့ “မဟုတ်ဘူးဘုရား”တဲ့၊ “မွေးရာပါ”တဲ့၊ အနာရွတ်က မွေးရာပါရှိတယ်။

ဘယ်လိုဖြစ်တာတုန်းဆိုတော့ ဟိုဘဝတုန်းက သူက တံငါသည်တဲ့၊ အင်းစောင်းက တံငါဘဲလေးမှာ နေတာတဲ့၊ ညကျတော့ ဓားပြလာတိုက်ပြီး သူ့ကို ရိုက်သတ်သွားတာတဲ့၊ ခေါင်းမှာ အနာရွတ်ကြီး၊ အဲဒီအနာရွတ်ကြီးက ဒီဘဝအထိ ပါလာတာ၊ အဲဒါ ဘာဖြစ်လို့ပါလာတုန်းဆိုလို့ရှိရင် ခုနက စိတ်စွဲလမ်းမှုတွေပဲ။

အေး တချို့ကျတော့- ခြေထောက်လေးတွေ ပြတ်နေတာ၊ လက်လေးတွေ ပြတ်နေတာ၊ သိပ္ပံနည်းအရ ဘာဓာတ်မပြည့်စုံလို့လို့ ပြောကြမှာပေါ့နော်၊ တကယ်တော့ စိတ်စွဲလမ်းမှုကြောင့် ဖြစ်တာပေါ့။ ဆိုပါစို့ - လူသတ်ခံရတဲ့လူက သူမသေခင် လက်တွေအရင်ဖြတ်တယ်၊ “ငါ့လက်ကြီးပြတ်သွားပြီ” “လက်မရှိတော့ဘူး” ဆိုတဲ့စိတ်စွဲလမ်းမှုကြီးနဲ့ သေသွားတဲ့အခါ ဒီဘဝမှာလည်း လက်ပြတ်ကြီး ဖြစ်နေတယ်၊ စိတ်ရဲ့စွဲလမ်းမှုက အဲဒီလောက်ပြင်းထန်တယ်လို့ ပြောတာ၊ ဒါလည်း “ဥပါဒါနပစ္စယာ ဘဝေါ” ထဲမှာ ပါတာပဲပေါ့။
မိခင်ရဲ့စိတ်စွဲလမ်းမှု
သူလုပ်တဲ့ကံတရားတွေကို အခြေခံပြီး စိတ်စွဲလမ်းမှုကြောင့် ဖြစ်တာတွေလည်း ရှိတယ်၊ ဘုန်းကြီးတို့ဇာတိရွာမှာ မိခင်ရဲ့စိတ်စွဲလမ်းမှုကြောင့် သားကလေးတွေ ရုပ်ပြောင်းနေတာလည်း ရှိတယ်။ ဒါလည်း စိတ်နဲ့ပတ်သက်တယ်လို့ ပြောရမယ်၊ အဲဒီအမျိုးသမီးက
စာမျက်နှာ-၄၁၇
မြို့တွေဘာတွေ ရောက်ဖူးတာမဟုတ်ဘူး၊ တောရွာကလေးမှာပဲ နေတာ၊ ဘုန်းကြီးတို့ဇာတိရွာက ဧရာဝတီမြစ်ဘေး ဟိုးအညာက စဉ့်ကူးမြို့နယ် မြစ်ကူးချောင်းကြားဆိုတော့ သွားရေးလာရေးခက်တယ်ပေါ့။

အဲဒီရွာဖက် နိုင်ငံခြားက မျက်နှာဖြူဆရာဝန်တွေ ငှက်ဖျားရောဂါ ရှိမရှိ လိုက်ပြီးစစ်တယ်၊ အဲဒီလိုစစ်တဲ့အခါ အဲဒီအမျိုးသမီးက နိုင်ငံခြားက မျက်နှာဖြူကြီးတွေကို မကြည့်ရဲဘူး၊ ကြောက်တယ်၊ [?]

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ကုလားဆို သိပ်ကြောက်တာ၊ လူကြီးတွေကလည်း ကုလားကြီးလာပြီဆိုပြီး ခြောက်ထားတာ၊ အဟုတ်မှတ်နေတာ ကြောက်တာပေါ့။ အဲဒီတုန်းက ကုလားဆို ကြောက်စရာမှတ်နေတာ။

အဲဒီအမျိုးသမီးကလည်း နိုင်ငံခြားသားကို သိပ်ကြောက်တယ်၊ ဒီလူကြီးတွေ လာပြီဆိုရင် သူက ပုန်းတော့တာပဲ၊ ရွာလူကြီးတွေက လူတိုင်းစေ့ သွေးဖောက်စစ်ဖို့ရာ သူ့ကို မရမကဆွဲထုတ်ပြီး စစ်တာ၊ အဲဒီစိတ်စွဲလမ်းမှုကြောင့် သူမွေးလာတဲ့ကလေးနှစ်ယောက်က တကယ့်ဥရောပရုပ်ပဲ၊ ဆံပင်က ငွေရောင်နဲ့ မျက်လုံးက အပြာ၊ အသားကလည်း နီစပ်ကြီး၊ ခုချိန်ထိ ရှိသေးတယ်၊ ဒါအတွက် အကြောင်းရှာလိုက်မယ်ဆိုလို့ရှိရင် ခုနက “ဥပါဒါနပစ္စယာ ဘဝေါ” လို့ ပြောရမှာပဲ။

ဒီတော့ ဥပါဒါန်စွဲလမ်းမှုကို အခြေခံပြီး ကံတရားတွေကို ပြုလုပ်ကြတယ်၊ ထိုကံအားလျော်စွာ စေတနာစွမ်းအားတွေ၊ ဆန္ဒစွမ်းအားတွေ၊ စိတ်စွမ်းအားတွေကြောင့် ဥပပတ္တိဘဝဆိုတဲ့ခန္ဓာကြီး
စာမျက်နှာ-၄၁၈
တစ်ခုက ပေါ်လာရတယ်၊ ပေါ်လာတဲ့အခါလည်း သဏ္ဌာန်အမျိုးမျိုးနဲ့ အသွင်အပြင်အမျိုးမျိုးနဲ့ ပေါ်လာတယ်။

ပထမ စိတ်ဆန်းကြယ်တယ်၊ စိတ်ဆန်းကြယ်လို့ သညာဆန်းကြယ်တယ်၊ သညာတွေ ဆန်းကြယ်သည့်အတွက်ကြောင့် ကံဆန်းကြယ်တယ်၊ ကံဆန်းကြယ်သည့်အတွက်ကြောင့် species လို့ခေါ်တဲ့ အမျိုးဇာတ်တွေ ဆန်းကြယ်တယ်၊ အမျိုးဇာတ်တွေ ဆန်းကြယ်လာလို့ ပုံသဏ္ဌာန်တွေလည်း ဆန်းကြယ်တယ်။

လိပ်ပြာလေးတွေရဲ့အတောင်ကို ဘယ်ပန်းချီဆရာက လာခြယ်ထားတာတုန်းဆိုရင် အကိုဒီအကြောင်းတွေနဲ့ ပြောရမှာပဲ၊ ဘယ်လိုလုပ်ပြီးတော့ ဒီလိပ်ပြာအတောင်က colour မျိုးစုံ ရှိရတာလဲ? ဘယ် design ဆရာက ဆွဲပေးတာလဲ? စိတ်ဆန်းကြယ်မှုကို အကြောင်းပြုပြီးတော့ ဒီလိုဖြစ်လာတာ၊ စိတ်ဆန်းကြယ်မှုဟာ လောကသဘာဝဆန်းကြယ်တာတွေ၊ ကျန်တဲ့ရုပ်ဝတ္ထုဆန်းကြယ်တာတွေ လိုက်မမှီလောက်အောင် ဆန်းကြယ်တယ်၊ အဲဒီဆန်းကြယ်မှုကို အကြောင်းပြုပြီးတော့ ဘဝအမျိုးမျိုးဆန်းကြယ်ရတယ်၊ အားလုံးဟာ “ဥပါဒါနပစ္စယာ ဘဝေါ” ထဲမှာ အကျုံးဝင်နိုင်တယ်ပေါ့။
ပဋ္ဌာန်းနည်း
အေး ကောင်းပြီ - ပဋ္ဌာန်းရှုထောင့်က ပြောမယ်ဆိုရင် ဥပါဒါန် ၄-မျိုးက ဘဝကံကို အထောက်အကူပြုတဲ့အခါ ဘာသတ္တိတွေကို အသုံးပြုသလဲ၊ ဥပါဒါန် ၄-မျိုး တစ်မျိုးစီကပဲဖြစ်စေ ရူပဘုံ အရူပဘုံက ကံတရားတွေ, ကာမဘုံက ကုသိုလ်ကံတွေကို
စာမျက်နှာ-၄၁၉
ဥပနိဿယပစ္စည်း တစ်မျိုးတည်းနဲ့ သူက စွမ်းဆောင်ပေးတယ်။ ဥပနိဿယသတ္တိလို့ ဒီလိုယူရမယ်။

နောက်တစ်ခါ ဥပါဒါန်ဆိုတာ ကြည့်လိုက်မယ်ဆိုရင် တဏှာနဲ့ ဒိဋ္ဌိပဲ၊ အဲဒီတဏှာဒိဋ္ဌိကနေပြီးတော့ ကမ္မဘဝ အကုသိုလ်ကံ ဖြစ်ခဲ့မယ်ဆိုရင် အကုသိုလ်စေတနာနဲ့ ဒီဥပါဒါန် (တဏှာတို့ ဒိဋ္ဌိတို့ဟာ စိတ်တစ်ခုတည်းမှာ အတူဆုံဖြစ်ကြလို့) ဥပါဒါန်ကြောင့် အကုသိုလ်ကမ္မဘဝ ဖြစ်လာကြတဲ့အခါ အတူတကွဖြစ်ခြင်းလို့ဆိုတဲ့ သဟဇာတ၊ မှီရာအထောက်အကူပြုတဲ့ နိဿယ၊ အပြန်အလှန် အညမည၊ ယှဉ်တွဲသည့် သမ္ပယုတ္တ၊ ရှိနေတုန်း ကျေးဇူးပြုသည့် အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြုလို့ အဝိဂတလို့ဆိုပြီး ဒီသတ္တိတွေနဲ့လည်း ကျေးဇူးပြုတယ်။

နောက်တစ်ခုက အကယ်၍ တဏှာဆိုရင် တဏှာက ထိုတဏှာနဲ့ အတူတကွယှဉ်ပြီး ဖြစ်လာတဲ့စေတနာကို ကျေးဇူးပြုတယ်ဆိုရင် ဟေတုသတ္တိပါ ပါလာနိုင်တယ်ပေါ့။ ဒိဋ္ဌိဆိုရင်တော့ ဟေတုသတ္တိမပါဘူး၊ တဏှာဆိုရင် ဟေတုသတ္တိပါ ပါလာတယ်၊ ဒီတော့ ဟေတု, သဟဇာတ, အညမည, နိဿယ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတတဲ့၊ ရုပ်နဲ့နာမ်ကို ပြောမယ်ဆိုရင်တော့ ဝိပ္ပယုတ္တ၊ ဒါက ပဋ္ဌာန်းရှုထောင့်ကနေ ကြည့်တာ၊ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့ သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင် အဲဒီပစ္စည်းတွေ ပါဝင်လာတယ်လို့ ဒီလိုမှတ်ရမှာပေါ့။

“ဥပါဒါနပစ္စယာ ဘဝေါ” လို့ မြတ်စွာဘုရား ဟောထားတဲ့တရားတော်ဟာ အင်မတန်မှ ကျယ်ဝန်းပါပေတယ်၊ ကမ္ဘာလောကကြီးတစ်ခုလုံးကို ခြုံငုံသုံးသပ်ပြီးတော့ အားလုံးကို ခြုံမိငုံမိအောင်
စာမျက်နှာ-၄၂၀
ဟောထားတဲ့တရား ဖြစ်ပါတယ်၊ ဒီထဲမှာ အားလုံးအကျုံးဝင်ပြီးတော့ နေတယ်။

“ဥပါဒါနပစ္စယာ ဘဝေါ” ဆိုတဲ့အတိုင်း တို့တစ်တွေဟာ ဥပါဒါန်ရှိနေသေးသမျှ ဒီကမ္မဘဝဆိုတဲ့ ကံတရားတွေလည်း လာနေဦးမှာပဲ၊ ဥပပတ္တိဘဝဆိုတာလည်း ရနေကြဦးမှာပဲ၊ အဲဒီတော့ ဖယ်ရှားရမှာကတော့ “ဥပါဒါန်ဆိုတဲ့ တဏှာဒိဋ္ဌိ အစွဲအလမ်းတွေကို တို့တစ်တွေကြိုးစားပြီးတော့ ဖယ်ရှားရမယ်”လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီး တဏှာ, ဒိဋ္ဌိဆိုတဲ့ ကိလေသာတွေကို ဖယ်ရှားနိုင်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-၄၂၁

အပိုင်း (၁၃)
သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၃-ရက်၊ ခရစ်နှစ်-၂၀၁၀၊ ဇွန်လ ၂၉-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီပိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာ အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်ခင်မိသားစု ကိုကျပ်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

ဒီကနေ့ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်းကို နိဂုံးချုပ်ဟောကြားမယ့်နေ့ ဖြစ်ပါတယ်။
စာမျက်နှာ-၄၂၂
မနေ့တုန်းက “ဥပါဒါနပစ္စယာ ဘဝေါ” ဆိုတာနဲ့ပတ်သက်ပြီးတော့ ရှင်းလင်းဟောကြားခဲ့ပြီ၊ ဘဝဆိုတာ ကမ္မဘဝနဲ့ ဥပပတ္တိဘဝလို့ ဘဝနှစ်မျိုးရှိတယ်၊ ကံတရားတွေကိုလည်း ဘဝ (ကမ္မဘဝ)လို့ ခေါ်တယ်၊ ကံတရားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးခန္ဓာကိုလည်း ဘဝ (ဥပပတ္တိဘဝ)လို့ ခေါ်တယ်။

ဒီနေရာမှာ သုံးထားတဲ့စကားလေးရှိတယ်- “ကမ္မဘဝ, ဝိပါကဘဝ” လို့၊ အဲဒီအသုံးလေးက ပိုပြီးတော့ ရှင်းသလိုရှိတယ်၊ ကမ္မဘဝဆိုတာ သတ္တဝါတွေရဲ့သန္တာန်မှာ ကံတရားတွေ ဖြစ်ပေါ်နေမှုသည် ကမ္မဘဝ၊ အဲဒီကံတရားကနေပြီးတော့ ထုတ်လုပ်လိုက်လို့ အကျိုးတရားတွေ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေမှုသည် ဝိပါကဘဝ၊ ဒီလို ကမ္မဘဝ, ဝိပါကဘဝ ဆိုတဲ့အသုံးကိုလည်း သုံးထားတာရှိတယ်။

သို့သော် အများသိတဲ့အသုံး၊ စာပေမှာ တွင်ကျယ်နေတဲ့အသုံးကတော့ ကမ္မဘဝနဲ့ ဥပပတ္တိဘဝတဲ့၊ ဥပပတ္တိဆိုတာ ခန္ဓာအနေနဲ့ ဖြစ်ပေါ်လာတာ၊ ကံကနေ အကျိုးတရားတွေကို ထုတ်လုပ်လိုက်လို့ အကျိုးခန္ဓာတွေ ရရှိလာတာက ဥပပတ္တိဘဝ၊ “ဥပါဒါနပစ္စယာ ဘဝေါ” မှာ ဒီနှစ်ခုစလုံး သက်ဆိုင်တယ်။ “ဘဝပစ္စယာ ဇာတိ” ၌ ဘဝအရ

သို့သော် “ဘဝပစ္စယာ ဇာတိ” မှာ ပါတဲ့ဘဝက ဥပပတ္တိဘဝနဲ့ မဆိုင်ဘူး၊ ကမ္မဘဝတစ်မျိုးတည်းကိုပဲ ယူရမယ်၊ ဘာဖြစ်လို့
စာမျက်နှာ-၄၂၃
ဥပပတ္တိဘဝကို မယူရလဲဆိုတော့ ဇာတိဆိုတာလည်း ဥပပတ္တိဘဝပဲ။ “ဘဝပစ္စယာ ဇာတိ” လို့ သွားပြောတဲ့အခါ “ဥပပတ္တိဘဝကြောင့် ဥပပတ္တိဘဝ ဖြစ်တယ်” ဆိုတဲ့အဓိပ္ပါယ်မျိုး ဖြစ်သွားတယ်၊ စာပေမှာ သူ့နေရာလေးနဲ့သူ တစ်ခါတစ်ခါ ယူဆရတာလေးတွေရှိတယ်ပေါ့၊ အဓိပ္ပါယ်ကို define လုပ်တယ်လို့ခေါ်တယ်၊ ဒီနေရာမှာ ဒါပဲလိုအပ်တယ်၊ မလိုအပ်တဲ့ဟာတွေကို မယူရဘူး၊ လိုအပ်တာတွေကိုသာ ယူရတယ်။

တစ်ခါတစ်ရံမှာ ကျယ်ပြန့်တဲ့စကားလုံးတစ်လုံးကို သုံးလိုက်တဲ့အခါ ဒီနေရာမှာ သက်ဆိုင်တဲ့အနက်အဓိပ္ပါယ်တစ်မျိုးကိုသာ ယူကြရတယ်၊ အဲဒီလိုမဟုတ်လို့ရှိရင် စကားလုံးက ဖော်ပြတဲ့အထဲ မလိုအပ်တာတွေ ပါလာနိုင်တယ်တဲ့၊ ဒါ့ကြောင့် စကားလုံးအရ လိုအပ်ချက်တွေကို ခွဲခြားသတ်မှတ်ပြီး ပြောကြရတယ်။

ဒီနေရာမှာ အဋ္ဌကထာဆရာတွေ ဋီကာဆရာတွေ ဖွင့်ပြကြတယ် - “ဘဝပစ္စယာ ဇာတိ” ဆိုတဲ့နေရာမှာ ဥပပတ္တိဘဝကို မလိုအပ်ဘူး၊ ကမ္မဘဝတစ်မျိုးကိုသာ ယူပါလို့ - ဒါဘယ်နေရာမှာပဲဆို ဒီလိုချည်းပါပဲ။

မြန်မာစကားထဲမှာ လိုက်ရှာရင်လည်း ဒါမျိုးတွေ အများကြီးတွေ့မှာပေါ့၊ အရှေ့ အနောက် တောင် မြောက်လို့ ပြောလိုက်မယ်ဆိုလို့ရှိရင် သက်ဆိုင်ရာသက်ဆိုင်ရာ စကားအရ အရှေ့တို့ အနောက်တို့နဲ့ တွဲပြီးပြောတာဖြစ်သောကြောင့် တောင်သည် “mountain” လို့ပြောတဲ့ “တောင်” မဟုတ်ဘူးတဲ့၊ “အရပ်ဒေသ” ဆိုတဲ့ “တောင်”တဲ့၊ ဒီလိုယူကြရတာရှိတယ်ပေါ့။
စာမျက်နှာ-၄၂၄
ဒါကြောင့်မို့လို့ စကားလုံးတစ်လုံးဟာ တစ်ခုခုနဲ့ ထိန်းချုပ်ထားရတယ်၊ အဲဒီလို ထိန်းချုပ်မှုမရှိတဲ့စကားလုံးကျတော့ ခုနကလို သတ်မှတ်ပြီးတော့ ပေးရတယ်။

*“အတ္ထပကရဏ လိင်္ဂါ၊ ဩစိတျာ ကာလဒေသတော၊*
*သဒ္ဒက္ကာ ဝိဘဇီယန္တိ၊ န သဒ္ဒါယေဝ ကေဝလာ”* - လို့ ဆိုတယ်။

“စကားဝေါဟာရနဲ့ ပတ်သက်လာတဲ့အခါမှာ သဒ္ဒါစကားလုံးက ဖော်ပြတဲ့ အနက်အဓိပ္ပါယ်တွေကို အကုန်လုံး မယူရဘူး”တဲ့၊ “အတ္ထ - လိုအပ်တဲ့အနက်၊ ပကရဏာ - အရာဌာန စသည်ကိုကြည့်ပြီး ယူရမယ်”တဲ့၊ လိင်္ဂ - ဆိုတာ ဒီနေရာမှာ gender ပေါ့၊ ဣတ္ထိလိင် ပုလ္လိင် နပုလ္လင်ပေါ့၊ အဲဒီ gender ကိုကြည့်ပြီးတော့လည်း ယူရတယ်၊ ဩစိတျာ - အသင့်ယုတ္တိရှိတာကိုသာ ယူရတယ်တဲ့၊ ကာလ - အချိန်ကာလကိုကြည့်ပြီး ယူရတယ်၊ ဒေသ - အရပ်ဒေသကိုကြည့်ပြီး ယူရတယ်၊ စကားလုံးရဲ့အဓိပ္ပါယ်ကို ယူတဲ့အခါမှာ ဆောက်စရာလေးတွေနဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို အနက်မှန်ဖော်ထုတ်ကြရတယ်။

အခု “ဘဝပစ္စယာ ဇာတိ” လို့ ဆိုတဲ့နေရာမှာ ဘဝဆိုတဲ့စကားလုံးသည် ကမ္မဘဝနဲ့လည်း သက်ဆိုင်တယ်၊ ဥပပတ္တိဘဝနဲ့လည်း သက်ဆိုင်တယ်၊ သို့သော် နောက်က ဇာတိလို့ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ဥပပတ္တိဘဝဆိုတာလည်း ဇာတိပဲပေါ့။ ဒါ့ကြောင့် “ဘဝပစ္စယာ” မှာ ဘဝအရ ကမ္မဘဝတစ်မျိုးတည်းကိုပဲ ယူရမယ်၊ နောက်စကားလုံးကနေ အဓိပ္ပါယ်ကို ပြန်ကန့်သတ်ပေး
စာမျက်နှာ-၄၂၅
တဲ့သဘောပဲပေါ့။ ဒီလိုဆိုင်ရာဆိုင်ရာ ကန့်သတ်ပေးမှုလေးတွေဟာ စာပေကျမ်းဂန်မှာ ရှိတယ်။

မြန်မာစကားမှာ “တောင်” ဆိုတဲ့စကားလုံးကို မှတ်ကြည့်လေ၊ “တောင်တောင်အီအီတွေ လျှောက်မတွေးနဲ့” ဆိုရင် အရပ်မျက်နှာ “တောင်”ကိုလည်း ပြောတာလည်းမဟုတ်ဘူး၊ ကျောက်တွေနဲ့ရောပြီး မြင့်မောက်နေတဲ့ “တောင်ကြီး”ကို ပြောတာလည်းမဟုတ်ဘူး၊ ဒီလိုစကားလုံးလေးတွေဟာ ဆိုင်ရာဆိုင်ရာ ကန့်သတ်ပြီးတော့ အဓိပ္ပါယ်အမှန်ကို ယူဆကြရတယ်။

ဒါကြောင့်မို့ ဒီနေရာမှာလည်း “ဘဝပစ္စယာ ဇာတိ” လို့ ဆိုလိုက်တော့ “ကံတရားလို့ဆိုတဲ့ ဘဝမှာ ကံတရားတွေ ဖြစ်ပေါ်နေမှုကြောင့် ဇာတိလို့ဆိုတဲ့ ဘဝတစ်ခုမှာ အစပြုမှုတွေ ပဋိသန္ဓေတွေ ပေါ်လာရတယ်”၊ ဒါကြောင့်မို့လို့ ဘဝအရ ကမ္မဘဝတစ်မျိုးတည်းကိုသာ ယူရမယ်။
ဇာတိ ဟူသည်
ဇာတိဆိုတဲ့ စကားလုံးလေးက ဖြစ်မှု မွေးဖွားမှု၊ ဘာတွေဖြစ်တာတုန်း ဘာတွေမွေးဖွားတာတုန်းဆိုတော့ ဒီစကားလုံးအရ အဓိပ္ပါယ်မထင်ရှားဘူး၊ ဇာတိရဲ့အဓိပ္ပါယ်က ဖြစ်ခြင်း, မွေးဖွားခြင်း ဆိုတဲ့အဓိပ္ပါယ်ရတယ်ပေါ့။ ဒီတော့ ဇာတိဆိုတဲ့စကားလုံးလေးက ဘာကိုညွှန်းတာတုန်း, ဘာတွေဖြစ်တာတုန်းလို့ဆိုရင် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ - ဒါတွေဖြစ်တယ်လို့ ဆိုလိုတာ၊ ဘဝဆိုတာ ဘယ်ကစတုန်းဆိုတော့ လူ့လောကနဲ့ ပြောမယ်ဆိုလို့ရှိရင် ပဋ္ဌာန္ဓေစိတ်လေးက စတယ်။
စာမျက်နှာ-၄၂၆
ဘဝတစ်ခုခုဟာ ဝိညာဏ်က စတယ်၊ ဘာ့ကြောင့် ဒီဝိညာဏ်က စရတုန်းဆိုရင် ကံကြောင့် စရတာ၊ ဒါကြောင့်မို့လို့ ပဋိစ္စသမုပ္ပါဒ်အစမှာဆိုရင် “သင်္ခါရပစ္စယာ ဝိညာဏံ” - သင်္ခါရတရားတို့ကြောင့် ဝိညာဏ်တရားတို့ ဖြစ်ကုန်၏လို့ ဒီလိုဟောခဲ့တာ၊ အခု နောင်ဘဝအတွက် ရည်ညွှန်းပြီးတော့ “ဘဝပစ္စယာ ဇာတိ” - ဘဝတရားတို့ကြောင့် ပဋိသန္ဓေနေမှု (ဇာတိ) ဖြစ်၏လို့ ဟောတာ၊ ဇာတိဆိုတာ ဖြစ်ခြင်း၊ ဘာတွေဖြစ်တာတုန်းဆိုရင် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ - ဒါတွေပဲ ဖြစ်တာပေါ့။

အဲဒီဖြစ်မှုတွေကို ရည်ညွှန်းပြီးတော့ ဇာတိဆိုတဲ့ စကားလုံးလေးကို သုံးတယ်၊ ဇာတိကို အင်္ဂလိပ်လို birth လို့ ပြန်တယ်၊ မွေးဖွားခြင်းပေါ့။ တစ်ခါတစ်ရံ ဇာတိဆိုတဲ့ စကားလုံးဟာ မွေးဖွားရာဒေသကိုလည်း ရည်ညွှန်းတာရှိတယ်၊ ဇာတိဒေသလို့ ပြောတာ၊ အခု ဒီနေရာမှာတော့ ဓမ္မစကြာမှာပါတဲ့ “ဇာတိပိ ဒုက္ခာ” - မွေးဖွားရခြင်းဟာလည်းပဲ ဒုက္ခ၊ ဒီလိုဆိုတဲ့ အနက်အဓိပ္ပါယ်နဲ့ တူတယ်။

ဒါကြောင့်မို့ ဒီနေရာမှာ ဇာတိဆိုတာ birth၊ ဘဝတစ်ခုမှာ မွေးဖွားလာတာ၊ “မွေးဖွားလာတယ်” ဆိုတာ တရားအရ ပြောမယ်ဆိုရင် “ခန္ဓာနံ ပါတုဘာဝေါ” - ခန္ဓာတို့၏ ထင်ရှားဖြစ်ပေါ်လာခြင်း - လို့ ဒီလိုဆိုတယ်၊ “မွေးတယ်ဆိုတာ ခန္ဓာတွေ ပေါ်လာတာ”။

လူသားတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် ပထမဆုံး ပဋိသန္ဓေစိတ်ကလေး ပေါ်လာတယ်၊ ဒါဟာ ဝိညာဏက္ခန္ဓာ ပေါ်လာတာ၊ ဝိညာဏက္ခန္ဓာ ပေါ်လာသည့်အတွက်ကြောင့် ထိုဝိညာဏက္ခန္ဓာနဲ့ ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာတဲ့ စေတသိက်တွေ ပေါ်လာတယ်၊ ဝေဒနာက္ခန္ဓာတို့ သညာက္ခန္ဓာတို့ သင်္ခါရက္ခန္ဓာတို့ဆိုတဲ့ နာမ်ခန္ဓာတွေ ပေါ်လာတယ်၊ ကံကနေ အတူတကွ ပူးပေါင်းပြီး
စာမျက်နှာ-၄၂၇
ထုတ်လုပ်လိုက်လို့ အပြန်အလှန် အကျိုးပြုပြီးတော့၊ အပြန်အလှန် မှီခိုမယ့် ကမ္မဇရုပ်တွေလည်းပဲ ဖြစ်ပေါ်လာတယ်၊ ဒါ ရူပက္ခန္ဓာ ပေါ်တာ။

ဘဝတစ်ခုမှာ ပဋိသန္ဓေစိတ်ကိုလည်း ကံက ထုတ်လုပ်တာ၊ ရုပ်ဆိုတဲ့ ကမ္မဇရုပ်ကိုလည်း ကံက ထုတ်လုပ်တယ်၊ အဲဒီရုပ်နဲ့ နာမ်ဟာ တစ်ပြိုင်နက်တည်း ဘဝတစ်ခုကို အစပြုတာ၊ အဲဒီလို ဘဝတစ်ခုမှာ ရုပ်နဲ့ နာမ် နှစ်ခုစလုံး ပြိုင်တူအစပြုသော်လည်း အဓိက ပဓာနကျတဲ့ အကြောင်းတစ်ခုကို ဦးတည်ပြီးတော့ “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ (ဝိညာဏ်ကို ဦးတည်ပြီး ပြောတာနော်၊ ပြီးတော့မှ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ရှေ့နောက်ကဲ့သို့ မြတ်စွာဘုရားက ဟောထားတာ၊ သို့သော်လည်း ဝိညာဏ်နဲ့ နာမ်ရုပ်က ပြိုင်တူပေါ်တယ်လို့ ဒီလိုမှတ်ရမယ်။

ဘဝတစ်ခုမှာ နာမ်တွေ ရုပ်တွေ ဖြစ်လာတယ်၊ ဒါကြောင့်မို့ “ခန္ဓာနံ ပါတုဘာဝေါ” တဲ့၊ ဇာတိရဲ့ အဓိပ္ပါယ်ကို ပြောချင်လို့ရှိရင် “ခန္ဓာတွေရဲ့ ဖြစ်ပေါ်လာမှု” တဲ့၊ လူဖြစ်ဖြစ် နတ်ပဲဖြစ်ဖြစ် သတ္တဝါတွေ “ဘဝတစ်ခုရတယ်” ဆိုတာ “ခန္ဓာရလာတာ” ကို ပြောတာ၊ “ခန္ဓာရလာတယ်” ဆိုတာ အသိစိတ်ရယ် ထိုအသိစိတ်ကို မှီပြီးဖြစ်တဲ့ ခံစားချက်တွေရယ်၊ မှတ်သားမှုတွေရယ်၊ စေ့ဆော်မှုတွေရယ်၊ ၎င်းတို့ရဲ့မှီရာဖြစ်တဲ့ ရုပ်တရားတွေရယ် - ပေါင်းလိုက်တဲ့အခါကျတော့ ခန္ဓာ ၅-ပါး၊ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ လို့ဆိုတဲ့ ခန္ဓာ ၅-ပါး၊ အဲဒီ ခန္ဓာ ၅-ပါး ပေါ်လာတာကိုပဲ “ဇာတိ” လို့ ဒီလိုခေါ်တာ။
စာမျက်နှာ-၄၂၈
အဲဒါ ဘယ်သူ့ကြောင့် ပေါ်လာရသလဲဆိုတော့ “ဘဝပစ္စယာ ဇာတိ” တဲ့၊ ဘဝဆိုတာ ကမ္မဘဝ၊ ကံတွေ စုဆောင်းမိလို့၊ ကံတွေ ဖြစ်နေလို့ ထိုကံတရားတွေက ထုတ်လုပ်လိုက်လို့ ဇာတိဆိုတဲ့ ရုပ်နာမ်ဓမ္မတွေ ဘဝတစ်ခုမှာ အစပြုပေါ်လာတယ်။ “သင်္ခါရပစ္စယာ ဝိညာဏံ” နှင့် “ဘဝပစ္စယာ ဇာတိ”။

နောက် ဒီနေရာမှာ ဇာတိလို့ဆိုတဲ့နေရာမှာ “သင်္ခါရပစ္စယာ” တုန်းကလို “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ဆိုရင် ပဋိသန္ဓေစိတ်တစ်မျိုးပဲ အဓိပ္ပါယ်ရတယ်၊ ဒီမှာကျတော့ ပဋိသန္ဓေစိတ်လို့ မပြောဘဲနဲ့ “ဘဝပစ္စယာ ဇာတိ” လို့ ပြောလိုက်ခြင်းအားဖြင့် ဒီစကားလုံးက ၃၁-ဘုံကို ခြုံမိငုံမိ ဖြစ်သွားတယ်။

“သင်္ခါရပစ္စယာ ဝိညာဏံ” တုန်းက ဘယ်သူလွတ်နေတုန်းဆိုရင် “သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်” လို့ဆိုတော့ - လောကမှာ “ဝိညာဏ်မဲ့တဲ့ သတ္တဝါ” ဆိုတာ ရှိသေးတယ်၊ ဝိညာဏ်မဲ့သတ္တဝါဆိုတာ အသညသတ်ဘုံက ဗြဟ္မာကြီးတွေ၊ ဒီအသညသတ်ဘုံက ဗြဟ္မာကြီးတွေကျတော့ သန္ဓေစိတ်မရှိဘူး၊ ရုပ်သက်သက် ဖြစ်တာကိုး၊ အဲဒါကျလို့ရှိရင် “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့စကားထဲမှာ မပါနိုင်ဘူး ဖြစ်နေတယ်၊ အေး ခုပြောလိုက်တယ် - “ဘဝပစ္စယာ ဇာတိ” ဆိုတဲ့အထဲမှာ မွေးဖွားခြင်းလို့ သုံးလိုက်သည့်အတွက်ကြောင့် ဝိညာဏ်လည်း ပါတယ်၊ နာမ်ရုပ်လည်း ပါတယ်၊ အကုန်လုံး ပါသွားတယ်ပေါ့။ ဒါကြောင့်မို့ “သဗ္ဗတ္ထ ဘဝဂါမိကမ္မံ ကမ္မဘဝေါ” တဲ့၊ ဘဝကို ပို့ဆောင်ပေးတဲ့ ကံအားလုံးဟာ ကမ္မဘဝ။
စာမျက်နှာ-၄၂၉
အသညသတ်ဘုံ ရောက်သွားအောင်လည်း ကံက ပို့ပေးတယ်။ ဘယ်ကံက ပို့ပေးတာလဲဆိုတော့ သမထကျင့်စဉ်ထဲမှာ ကျင့်ပြီးတော့ အောင်မြင်သွားတဲ့ ပဉ္စမဈာန်ကုသိုလ်ကံက အသညသတ်ဘုံကို ပို့ပေးလိုက်တာ၊ ရိုးရိုးမပို့ဘဲနဲ့ ဘာဖြစ်လို့ ရုပ်ချည်းသက်သက်ဖြစ်အောင် ပို့ပေးရတာတုန်းဆိုတော့ ဒါ သူ့ဆန္ဒပဲ၊ ဆန္ဒက အဆုံးအဖြတ်ပေးသွားတာပဲ။

ဘဝကို ဆန္ဒတို့ နိကန္တိတို့က အဆုံးအဖြတ်ပေးနိုင်တယ်၊ ဒါကြောင့်မို့လို့ ကိုယ့်ဘဝမှာ ဆန္ဒဟာ အင်မတန်မှ အရေးကြီးတယ်၊ wish လို့ ခေါ်တယ်၊ ဆန္ဒဟာ သာမန်အားဖြင့်တော့ သိပ်ပြီးတော့ မကြီးထွားဘူးလို့ ထင်ရတယ်၊ အင်မတန်မှ ပြင်းထန်တဲ့ ဆန္ဒရဲ့ စွမ်းဆောင်မှုပဲ။

တကယ်တော့ ပဉ္စမဈာန်ကုသိုလ်ရဲ့ အကျိုးပေးရာ တစ်ပြင်တည်းဖြစ်တဲ့ ဗြဟ္မာက ဝေဟပ္ဖိုလ်ဗြဟ္မာပဲ၊ အဲဒီဝေဟပ္ဖိုလ်ဗြဟ္မာတွေကျတော့ ရုပ်ရောနာမ်ရော အပြည့်အစုံလာတယ်၊ သူ့ကျတော့မှ နာမ်မပါဘဲနဲ့ ရုပ်ချည်းသက်သက် ဖြစ်ရတယ်ဆိုတာ သူ့ဆန္ဒအရ ဖြစ်တာ၊ လူတွေလည်းပဲ ကိုယ့်ဆန္ဒနဲ့ကိုယ် လုပ်နေကြတာပဲလေ၊ လက်ရှိဘဝမှာတောင်မှလည်းပဲ ဆန္ဒကနေ အဆုံးအဖြတ်ပေးတာ အများကြီးပဲ။ အေး ဒီနေရာမှာ “ဘဝပစ္စယာ ဇာတိ” မှာ ဇာတိလို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် ရုပ်ရောနာမ်ရော ဆိုင်မယ်လို့ မှတ်ရတယ်။
စာမျက်နှာ-၄၃၀

ပဋ္ဌာန်းနည်း
ဒီနေရာမှာ ကံကြောင့် ရုပ်ပဲဖြစ်ဖြစ် နာမ်ပဲဖြစ်ဖြစ်၊ ကံနဲ့ ပတ်သက်လာတဲ့ ရုပ်တွေ နာမ်တွေ ဖြစ်ရတာ၊ ပဋ္ဌာန်းနည်းအရ ဘယ်သတ္တိက ကျေးဇူးပြုတာတုန်းဆိုရင် အင်မတန်အင်အားကောင်းတဲ့ ဥပနိဿယပစ္စည်း၊ ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ တစ်ခုမှတ်ရမယ်၊ နောက်တစ်ခုကတော့ နာနာက္ခဏိကကမ္မလို့ဆိုတဲ့ ကမ္မပစ္စည်းကနေပြီးတော့ ကျေးဇူးပြုတယ်၊ အဲဒီ ကမ္မသတ္တိ၊ ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုထားသည့်အတွက်ကြောင့် ကမ္မဘဝကြောင့် ဇာတိဆိုတာ သံသရာထဲမှာ ဒီလိုဖြစ်ပြီးတော့ နေကြရတယ်လို့ ပဋိစ္စသမုပ္ပါဒ်မှာ “ဘဝပစ္စယာ ဇာတိ” လို့ ဟောတာကို မြတ်စွာဘုရားက ပဋ္ဌာန်းကျတော့ “ကမ္မံ ဝိပါကာနံ ခန္ဓာနံ” ဆိုပြီးတော့ ဒီလိုဟောတာနော်။

အဲဒီလို ကံက ဝိပါကခန္ဓာတွေကို ဥပနိဿယသတ္တိ၊ နာနာက္ခဏိကကမ္မသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဒီနေရာမှာတော့ ရှင်းပါတယ်။ ပဋ္ဌာန်းက အခက်အခဲ မရှိတော့ဘူး။

အနာဂတ်ဘဝကို ပြောတဲ့အခါကျတော့ ဇာတိဆိုတာ “ကံတွေ ရှိနေသေးသမျှ နောင်မွေးဖွားရဦးမှာပဲ” လို့ ပြောလိုက်တဲ့စကားပဲ၊ ကုသိုလ်ကံဆိုလို့ရှိရင် ကောင်းတဲ့ဘုံတွေမှာ မွေးဖွားရမှာပေါ့၊ အကုသိုလ်ကံဆိုလို့ရှိရင် မကောင်းတဲ့ဘုံတွေမှာ မွေးဖွားမယ်၊ ဒီတော့ ကံရှိနေသေးသမျှ မွေးဖွားရမယ်ဆိုတဲ့ ဇာတိလာမယ်။ ဥပနိဿယသတ္တိ၊ ကမ္မသတ္တိတွေနဲ့ ကျေးဇူးပြုတယ်၊ ဒါကြောင့်မို့ ဇာတိဆိုတဲ့ စကားလုံးလေးဟာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊
စာမျက်နှာ-၄၃၁
ဖဿ၊ ဝေဒနာ - ဒီ ၅-မျိုးကိုပဲ ပြန်ပြီးတော့ ရည်ညွှန်းပါတယ်လို့ ဒီလိုမှတ်ရမယ်။

ဇာတိရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုတဲ့အခါ “ခန္ဓာနံ ပါတုဘာဝေါ” အပြင် “အာယတနာနံ ပဋိလာဘော” တဲ့၊ အာယတနတွေကို ရလာတယ်၊ အာယတနဆိုတာလည်း ရုပ်နဲ့နာမ်ပဲ၊ ခန္ဓာဆိုတာလည်း ရုပ်နဲ့နာမ်ပဲ၊ ဒါတွေရလာတာလို့ ပဋိစ္စသမုပ္ပါဒ်မှာ ဒီလိုဟောတယ်။

သုတ္တန်ပါဠိတော်မှာတော့ မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ ဟောထားတာ ရှိတယ်၊ ဒါဖြင့် ခန္ဓာရလာတယ်ဆိုတာ အကောင်းရတာလားလို့ဆိုတော့ သံယုတ်ပါဠိတော်မှာ “ယော ဘိက္ခဝေ ရူပဿ ဥပ္ပါဒေါ ဒုက္ခဿသော ဥပ္ပါဒေါ၊ ရောဂါနံ ဌိတိ၊ ဇရာမရဏဿ ပါတုဘာဝေါ” လို့ ဒီလိုဟောထားတယ်၊ “ရုပ်တရားရဲ့ ဖြစ်ပေါ်လာမှုသည် ဒုက္ခရဲ့ဖြစ်ပေါ်လာမှုပဲ။ ဒုက္ခဖြစ်ပေါ်လာမှုပဲ။”

ဒါဖြင့် ဘုန်းကြီးတို့တစ်တွေ “ဘဝပစ္စယာ ဇာတိ” လို့ ရလာတဲ့ ဇာတိဟာ သုခလား ဒုက္ခလားလို့ဆိုရင် ဒုက္ခကို ရသွားတာ၊ ဒီနေရာမှာ ဒုက္ခဆိုတဲ့နေရာမှာ ဖြစ်မှုပျက်မှုတွေက တရစပ် အမြဲမပြတ် အနှောင့်အယှက်ပေးနေတာကို ခံရတဲ့အတွက်ကြောင့် ဒုက္ခ၊ တစ်ခုခုက နှောင့်ယှက်နေလို့ရှိရင် ဘယ်ချမ်းသာတာ ဟုတ်မလဲ၊ ဆင်းရဲနေတာပေါ့၊ အဲဒီဆင်းရဲမျိုးကို ပြောတာနော်၊ “ဥဒယဗ္ဗယ ပဋိပီဠန” တဲ့၊ ဖြစ်မှုပျက်မှုတွေက အမြဲတမ်းကပ်ပြီးတော့ နှိပ်စက်နေတယ်၊ အဲဒါကြောင့် ဒုက္ခ။
စာမျက်နှာ-၄၃၂
တစ်နည်းအားဖြင့် ဆင်းရဲပေါင်းစုံ ပြဿနာပေါင်းစုံတို့ရဲ့ တည်ရာဖြစ်လို့ ဒုက္ခလို့ ဒီလိုပြောတာ၊ အေး problems တွေ အားလုံးဟာ ဘဝတစ်ခုမှာ မွေးဖွားလာပြီဆို လာပြီလေ၊ ခေါင်းကိုက်ရတာလည်း problem ပဲ၊ နားကိုက်တာလည်း problem ပဲ၊ ဖျားကြနာကြတာတွေလည်း ပြဿနာတွေပဲ၊ ဟိုကိစ္စ ဒီကိစ္စ လူမှုရေး စီးပွားရေး ပညာရေး နိုင်ငံရေးစတဲ့ အရေးကိစ္စတွေ အဆင်မပြေဖြစ်ရတာမှန်သမျှ လူ့လောကကြီးမှာ ပြဿနာအားလုံးဟာ သူ့ကြောင့်ပဲ၊ သူ့နဲ့ ဆက်စပ်ပြီးတော့ နေတယ်၊ ဖြစ်လာတဲ့အပေါ်မှာ မူတည်ပြီးတော့ ဒါတွေဖြစ်ကြတာ။

အဲဒါတွေကို ရှုမြင်နိုင်အောင် မြတ်စွာဘုရားက “ယော ဘိက္ခဝေ ရူပဿ ဥပ္ပါဒေါ ဒုက္ခဿသော ဥပ္ပါဒေါ၊ ယော ဘိက္ခဝေ ဝေဒနာယ ဥပ္ပါဒေါ ဒုက္ခဿသော ဥပ္ပါဒေါ”၊ ဆိုလိုတာက ခန္ဓာ ၅-ပါးလုံးပဲ၊ ဘာခန္ဓာပဲရရ ရတာဒုက္ခလို့ ဒီလိုဟောတယ်။
“ဇာတိပစ္စယာ ဇရာမရဏံ”
ဒုက္ခတင်ရတာလားဆိုတော့ မဟုတ်ဘူး၊ “ဇရာမရဏဿ ပါတုဘာဝေါ” တဲ့၊ ရလာတဲ့ဒုက္ခဟာ အိုတာ နာတာ သေတာဆိုတာ ရှိလာဦးမယ်၊ “ရောဂါနံ ဌိတိ” တဲ့၊ ရလာတဲ့ ရုပ်တရား နာမ်တရားတွေမှာ ရောဂါဆိုတာ ပါလာပြီးသားပဲ၊ အဲဒါတွေကိုပဲ ရောဂါလို့ ခေါ်တာပေါ့၊ ရောဂါရဲ့အဓိပ္ပါယ်က “ရုဇ္ဇတီတိ ရောဂေါ” - နာတယ် ကျင်တယ် နှိပ်စက်တယ်၊ အဲဒါကို ရောဂါလို့ ခေါ်တာ။
စာမျက်နှာ-၄၃၃
ပါဠိစကားလုံး ရောဂါဆိုတာ မြန်မာစကားလုံးလို ဖြစ်နေပြီ၊ နာကျင်ကိုက်ခဲ နှိပ်စက်နေတဲ့ဟာကို ရောဂါလို့ ခေါ်တာပဲ။

အဲဒီရောဂါတစ်ခု ဖြစ်ပေါ်နေတယ်ဆိုတာ ဟောဒီ ရုပ်တရား နာမ်တရားပေါ်လာတာဟာ ရောဂါပေါ်လာတာပဲလို့ ဒီလိုပြောတာ၊ ဟော အဲဒါကို သိမယ်ဆိုလို့ရှိရင် ဘုန်းကြီးတို့တစ်တွေ “ကျန်းမာတယ်” လို့ ပြောဖို့ မသင့်တဲ့စကား ဖြစ်လာတယ်ပေါ့၊ လူတွေက “ကျန်းမာတယ်” လို့ ပြောတာ ရုပ်တရားနာမ်တရားတွေက သူ့အကြောင်းနဲ့ အကျိုးညီညွတ်နေတဲ့အခါ “ကျန်းမာတယ်” လို့ ပြောကြတာပဲ၊ အဆင်ပြေဖြစ်နေတာလည်း သူ့ဟာနဲ့သူ ဖြစ်နေတာ၊ အဆင်မပြေဘူးဆိုတာလည်း သူ့ဟာနဲ့သူ လာတာပဲ၊ ကိုယ်ဘာမှတတ်နိုင်တာမှမဟုတ်ဘူး၊ သို့သော် အဆင်ပြေအောင် အထောက်အကူဆိုတာမျိုးလေးတွေတော့ ပေးနိုင်တယ်ပေါ့၊ အဲဒီအထောက်အကူက သာမန်အကူအညီလောက်ပဲ ရှိတယ်၊ အေး ရာသီဥတုကို ဂရုစိုက်ပြီးနေတယ်၊ ဆေးဝါးဓာတ်စာ စားပေးတယ်၊ ကျန်းမာရေးဂရုစိုက်တယ်ဆိုတာလေးကျတော့ သူ့အဆင်ပြေမှုတွေ ပါလာတယ်ပေါ့၊ အဲဒီလောက်ပဲ လုပ်လို့ရတယ်။

သို့သော် အတိုင်းအတာတစ်ခုထက် ကြာရှည်ခံအောင် လုပ်လို့ရပါ့မလား၊ မရဘူး၊ သူ့အကြောင်းနဲ့သူ ဖြစ်နေတာဖြစ်တော့ ကိုယ်က အထောက်အကူပြုပေးနိုင်ရုံလောက်ပဲ၊ အကူအညီပေးရုံလောက်ပဲ ပေးနိုင်တယ်။ လုံးဝကြီးကောင်းအောင် မလုပ်နိုင်ဘူးတဲ့။

အေး ကောင်းပြီ၊ “ဘဝပစ္စယာ ဇာတိ” လို့ ဇာတိဖြစ်လာတာနဲ့ တစ်ပြိုင်နက် အဲဒီဇာတိရှိလာရင် နောက်ဆက်က ဘာလာ
စာမျက်နှာ-၄၃၄
တုန်းဆိုတော့ “ဇာတိပစ္စယာ ဇရာမရဏံ” ဆိုပြီး ဇရာမရဏလာတယ်၊ ဒါဖြင့် ဇရာဆိုတာ ဘာပြောတာတုန်းဆို အိုတာကို ပြောတာ။
ဇရာ၏ သရုပ်
မြတ်စွာဘုရားက ပါဠိတော်မှာ ဇရာရဲ့သရုပ်ကို ဖွင့်ဆိုထားတဲ့စကားလုံးတွေ ရှိတယ်၊ အဲဒီဖွင့်ဆိုထားတဲ့ စကားလုံးတွေထဲမှာ စကားလုံးတစ်လုံးက ခဏ္ဍိစ္စ တဲ့၊ ခဏ္ဍိစ္စဆိုတာ ကျိုးပဲ့တာ၊ ဘာတွေကျိုးပဲ့တာတုန်းဆိုတော့ သွားတွေဘာတွေ ကျိုးပဲ့ကုန်တာ၊ ဇရာရဲ့သဘောက သွားတွေကျိုးလာတယ်၊ နောက်တစ်ခုက ပါလိစ္စ တဲ့၊ ခေါင်းဖြူလာတယ်၊ နောက်တစ်ခုက ဝလိတ္တစတာ အရေတွေတွန့်လာတယ်၊ ဟော... ဒါ ဇရာရဲ့သဘောကို ပြောပြတာနော်၊ ခဏ္ဍိစ္စ၊ ပါလိစ္စ၊ ဝလိတ္တစတာ လို့ ဇရာကို ဒီစကားလုံးတွေနဲ့ သရုပ်ဖော်တယ်။

နောက်ဆုံးထင်ရှားအောင် သရုပ်ဖော်ပုံက ဘာတုန်းဆိုတော့ ဣန္ဒြိယာနံ ပရိပါကော တဲ့၊ သစ်ပင်က သစ်သီးလေးတွေဟာ ပထမသီးလာခါစတုန်းက စိမ်းစိမ်းနုနုလေး၊ စိမ်းတာတောင်မှ အနုကလေးနဲ့ စိမ်းတာ၊ တဖြည်းဖြည်းကျတော့ စိမ်းရောင်ရင့်လာတယ်၊ နောက်ပိုင်းရင့်လာတဲ့အခါကျတော့ အစိမ်းရောင်ကနေပြီးတော့ ဝါတတ်တဲ့အသီးဆို ဝါသွားတာပေါ့နော်၊ အဲဒါဘာဖြစ်လာတာတုန်းဆိုရင် ရင့်ကျက်တဲ့သဘောကို ပြောတာ၊ ဘုန်းကြီးတို့တစ်တွေ ရထားတဲ့ “စက္ခု သောတ ဃာန ဇိဝှာ ကာယ - မျက်စိ နား နှာ လျှာ ကိုယ်” လို့ဆိုတဲ့ ဣန္ဒြေရယ်၊ ဣန္ဒြေဆိုတာ စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေ လို့ဆိုတဲ့ ဒီသဘာဝ
စာမျက်နှာ-၄၃၅
တွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် ရင့်လာတယ် မှည့်လာတယ်၊ အဲဒါကို ပြောတာ၊ “ဣန္ဒြိယာနံ ပရိပါကော” တဲ့၊ ဣန္ဒြေတို့ရဲ့ ရင့်မှည့်လာတဲ့သဘောတဲ့။

ဟုတ်ပြီ - မျက်လုံးကလည်း မှည့်လာတယ်တဲ့၊ မျက်လုံးမှည့်လာတဲ့အခါကျတော့ အရောင်ပြောင်းသွားတာလည်း ရှိတယ်၊ မှုန်သွားတာလည်း ရှိတယ်၊ နားကလည်း မှည့်လာတယ်၊ လေးသွားတယ်ပေါ့၊ နှာခေါင်းကလည်း အနံ့အရင်ကလောက် မကောင်းတော့ဘူး၊ လျှာကလည်းပဲ အရင်ကလောက် မသွက်လက်တော့ဘူး၊ အရသာခံလို့ မကောင်းတော့ဘူး။

အဲဒါကြောင့်မို့လို့ အဖိုးကြီးအဖွားကြီးတွေက ပြောကြတယ် - “တို့ငယ်ငယ်တုန်းက အသီးအနှံတွေက အရသာရှိတယ်၊ ခုခေတ်အရသာ မရှိတော့ဘူး”၊ ဘယ်အရသာရှိမလဲ၊ သူ့လျှာကမှ မကောင်းတော့တာကိုး၊ အပြင်ဖက်က မကောင်းတာတင်မဟုတ်ဘူး၊ သူ့လျှာကိုက မကောင်းတော့တာ၊ လျှာကိုက ယုတ်ညံ့လာတာ၊ ပျက်စီးမှုန်သလို ပြောမယ်ဆိုလို့ရှိရင် လျှာက အရသာခံဖို့ စွမ်းအားတွေလည်း လျော့လာတယ်လို့ ပြောရမယ်။

နားက ကြားနိုင်မှုစွမ်းအားတွေလည်း လျော့လာတယ်၊ နှာခေါင်းက အနံ့ရမှုစွမ်းအားတွေလည်း လျော့လာတယ်၊ ခန္ဓာကိုယ်က ထိတွေ့မှုအားတွေဟာလည်း လျော့လာတယ်၊ အင်မတန်မှ သိသာတယ်။

ကမ္ဘာအေးလှိုင်ဂူထဲမှာ တပေါင်းလပြည့်နေ့ဆိုရင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် သံဃနာယက အစည်းအဝေးကြီး ကျင်းပတယ်၊ နှစ်စဉ်ကျင်းပတဲ့အထဲမယ် နှစ်စဉ်နှစ်စဉ် ဖိနပ်တရံ
စာမျက်နှာ-၄၃၆
၃၀-လောက် အဲဒီမှာ ကျန်ရစ်တယ်၊ ဘာဖြစ်လို့ ကျန်ရစ်တာတုန်းဆိုတော့ မှားပြီးတော့ စီးသွားကြလို့၊ ခြေထောက်က ကိုယ့်ဖိနပ် သူ့ဖိနပ်ဆိုတာကို မပြောနိုင်တော့ဘူး၊ သတင်းမပေးနိုင်တော့ဘူး။

ဘုန်းကြီးတို့လည်း ကိုယ်တွေ့ပဲ၊ ငယ်ငယ်တုန်းက သူများဖိနပ် မှားစီးတယ်ဆိုတာ မရှိဘူး၊ မှားစီးသွားတဲ့လူကို “ဘာလို့ မှားစီးရတာလဲ” လို့ “ကိုယ့်ခြေထောက်နဲ့ ကိုယ့်ဖိနပ်နဲ့ဟာ အံကျပဲ၊ မှားစရာအကြောင်းမရှိဘူး” လို့ ငယ်ငယ်က ထင်တယ်၊ အခုမဟုတ်ဘူး၊ ကိုယ်လည်း မှားစီးချင်လာပြီ၊ မမှတ်မိတော့ဘူး၊ ခြေထောက်က မသိတော့ဘူး၊ အဲဒီတော့ ကာယပသာဒရုပ်တွေဟာ ယုတ်လျော့လာတာ၊ ဒါကိုပြောတာ ဇရာဆိုတာ ဣန္ဒြိယာနံ ပရိပါကော။

ကိုယ့်ဖိနပ် သူ့ဖိနပ် မျက်စိကလည်း မမှတ်နိုင်တော့ဘူး၊ ခြေထောက်က စွပ်ကြည့်လည်း မသိတော့ဘူး၊ သူ့ဟာ ကိုယ့်ဟာ မခွဲနိုင်တော့ဘူး၊ ငယ်ငယ်တုန်းက အဲဒါတွေ အကုန်ခွဲလို့ရတယ်၊ သူများဖိနပ် ကိုယ့်ဖိနပ်ဆိုရင် စွပ်ကြည့်ရင် သိတယ်၊ မှောင်ထဲမှာတင်ကို ရွေးလို့ရတယ်၊ အခုချိန်မှာတော့ မရဘူး၊ မှောင်ထဲမပြောနဲ့ မြင်နေတာတောင် သူများဖိနပ်မှားစီးတာ ရှိတယ်။

အဲဒီလို ဘုန်းကြီးတို့ နိုင်ငံတော်သံဃာ့ဗဟိုဝန်ဆောင် အစည်းအဝေး တက်နေတုန်းကဆိုရင် နှစ်စဉ်နှစ်စဉ် ဖိနပ်တွေ ကျန်ရစ်တယ်၊ ဘာဖြစ်လို့ ကျန်ရစ်တုန်းဆို ရှေ့က ကိုယ်တော်ကြီးက မှားစီးသွားတော့ နောက်က ကိုယ်တော်က ကိုယ့်ဖိနပ်မဟုတ်တော့ ထားပစ်ခဲ့တာ၊ အဲဒါဘာကိုပြောတာတုန်းဆိုရင် ဇရာရဲ့သဘောကို ပြောတာ။
စာမျက်နှာ-၄၃၇
ဇာတိရှိလို့ ဇရာလာတယ်ဆိုတာ ပဋ္ဌာန်းနည်းနဲ့ ပြောမယ်ဆိုရင် ဥပနိဿယသတ္တိပဲ၊ ဇာတိရှိနေရင် ဇရာလာမှာပဲ၊ ရှောင်တိမ်းလို့မရဘူး။
မရဏ ဟူသည်
နောက်လာမယ့်ဟာကတော့ မရဏပဲ၊ သေတယ်ဆိုတာ ဘာပြောတာတုန်းဆိုတော့ သေခြင်းတရားနဲ့ပတ်သက်ပြီး စကားလုံးနှစ်လုံးနဲ့ သရုပ်ဖော်ထားတာ ရှိတယ်၊ သေတယ်ဆိုတာ “ခန္ဓာနံ ဘေဒေါ” တဲ့၊ ခန္ဓာတွေ ပျက်စီးသွားတာကို သေတယ်လို့ခေါ်တာ၊ ဝိညာဏက္ခန္ဓာ ပျက်စီးသွားတယ်၊ ဝေဒနာက္ခန္ဓာ ပျက်စီးသွားတယ်၊ သညာက္ခန္ဓာ ပျက်စီးသွားတယ်၊ သင်္ခါရက္ခန္ဓာ ပျက်စီးသွားတယ်၊ ရူပက္ခန္ဓာက ကမ္မဇရုပ်တွေ စိတ္တဇရုပ်တွေ အာဟာရဇရုပ်တွေ ပျက်စီးသွားတယ်၊ ဥတုဇရုပ်ကြီးတော့ ကျန်ရစ်တာပေါ့။

ဒါကြောင့်မို့ ရှေးတုန်းကဆိုရင် ရုပ်ကလာပ်ကို ဥတုဇရုပ်ကလာပ်လို့ ဒီလိုရေးတယ်၊ ဥတုကြောင့်ဖြစ်တဲ့ရုပ်ပဲ ကျန်တော့တယ်၊ အားလုံး ဘာတွေပါသွားတုန်းဆိုတော့ ကမ္မဇရုပ်တွေပါသွားတယ်၊ စိတ္တဇရုပ်တွေ ပါသွားတယ်၊ အာဟာရဇရုပ်တွေလည်း အသစ်မဖြစ်တော့ဘူး၊ သေသွားလို့ ကျန်နေရစ်တဲ့ရုပ်က ဥတုဇရုပ်တစ်မျိုးပဲ ကျန်ရစ်တဲ့အတွက်ကြောင့် သေသွားတဲ့ပုဂ္ဂိုလ်ရဲ့ အလောင်းနဲ့ ခုနရှင်နေတုန်းက ရုပ်နဲ့ မတူတတ်ဘူး၊ တစ်ခါတစ်လေကျလို့ရှိရင် တော်တော်လေးကွာသွားတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ကမ္မဇရုပ်ကလည်း ချုပ်သွားတယ်၊ စိတ္တဇရုပ်ကလည်း ချုပ်သွားတယ်၊ အာဟာရဇရုပ်ကလည်း ချုပ်သွားတယ်၊ ကျန်တာက ဥတုဇရုပ်
စာမျက်နှာ-၄၃၈
တစ်မျိုးပဲ ကျန်ရစ်တယ်၊ အဲဒါကို ပြောတာ “ခန္ဓာနံ ဘေဒေါ”၊ ခန္ဓာတွေ ပျက်စီးသွားတယ်၊ ရူပက္ခန္ဓာက ကမ္မဇရုပ်တွေ ပျက်စီးသွားပြီ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာတွေ အားလုံးပျက်စီးသွားတာကို သေတယ်လို့ခေါ်တယ်။

နောက်တစ်ခု သရုပ်ဖော်တာက “ကဠေဝရဿ နိက္ခေပေါ” တဲ့၊ အလောင်းကောင်ကြီးကို ချရတယ်၊ မြှုပ်နှံရတယ်၊ မီးသင်္ဂြိုဟ်ရတယ်၊ “ကဠေဝရဿ” ဆိုတာ ရုပ်အလောင်း၊ “နိက္ခေပေါ” ဆိုတာ မြေကြီးထဲမြှုပ်တာ သို့မဟုတ် ချတာ၊ မီးသင်္ဂြိုဟ်တာပေါ့။ အဲဒါနဲ့ သေတယ်ဆိုတာကို သရုပ်ဖော်လိုက်တယ်။

အဲဒီနှစ်ခုမှာ “ခန္ဓာနံ ဘေဒေါ” လို့ သရုပ်ဖော်တာက ပိုပြီးတော့ သဘာဝတရားဆိုင်ရာပဲ၊ “ကဠေဝရဿ နိက္ခေပေါ” ဆိုတဲ့စကားလုံးကျတော့ ရုပ်အလောင်းကြီးကို ချသွင်းမြှုပ်နှံရတယ်၊ ဂူသွင်းမြှုပ်နှံရတယ်လို့ဆိုတာကတော့ အများသိအောင်လို့ သမ္မုတိသစ္စာပိုင်းကနေ ပြောလိုက်တဲ့စကား၊ “ခန္ဓာနံ ဘေဒေါ” ဆိုတာ ပရမတ္ထသစ္စာပိုင်းက ပြောလိုက်တာ၊ သေတယ်ဆိုတာ ခန္ဓာတွေ ပျက်စီးသွားတာကို ပရမတ္ထသစ္စာအနေနဲ့ ပြောတာ၊ သမ္မုတိအနေနဲ့ ပြောလို့ရှိရင် အသုဘချတာကို ပြောတာ၊ ရုပ်အလောင်းကြီးကို သဂြိုဟ်မြှုပ်နှံရတာကို ပြောတာတဲ့၊ မြတ်စွာဘုရားက ဒီစကားလုံးလေးနဲ့ သရုပ်ဖော်တာ၊ ပါဠိတော်တွေမှာ ဒီအတိုင်းပဲရှင်းထားတယ်။ ဒါရှင်းရှင်းလေးပဲ နားမလည်နိုင်စရာ ဘာမှအကြောင်းမရှိဘူး။

မရဏဆိုတာ ဘာလဲဆိုရင် မြတ်စွာဘုရားက “ခန္ဓာနံ ဘေဒေါ” တဲ့၊ ခန္ဓာတို့ရဲ့ ပျက်စီးသွားမှုကို မရဏလို့ခေါ်တာ။
စာမျက်နှာ-၄၃၉
“ကဠေဝရဿ နိက္ခေပေါ” - ရုပ်အလောင်းချမှုကိုလည်း မရဏလို့ခေါ်တယ်။
ရုပ်အလောင်း ကျန်မှု မကျန်မှု
အဲဒီတော့ ၃၁-ဘုံမှာရှိတဲ့ သတ္တဝါတွေမှာ အားလုံး ရုပ်အလောင်းကြီး ကျန်ရစ်သလားဆိုတော့ ရုပ်အလောင်းမကျန်ရစ်တာလည်း ရှိတယ်၊ ဥပမာ - ငရဲတို့ဘာတို့မှာ ရုပ်အလောင်းမကျန်ရစ်ဘူး၊ တစ္ဆေတွေ ပြိတ္တာတွေဟာ လူတွေရဲ့မျက်စိမှာ မရောက်လာဘူး၊ သူတို့ကို လူတွေက မမြင်ရဘူးပေါ့။ ဒါဖြင့် အဲဒီ တစ္ဆေတို့ သရဲတို့ဆိုတာ ပြိတ္တာပဲပေါ့။

သူတို့သေသွားတဲ့အခါ အလောင်းချစရာ မရှိဘူးလားဆိုတော့ စာအုပ်တစ်အုပ်က ရေးထားတယ် - တစ္ဆေသေလို့ရှိရင် ပုတ်သင်ညိုအသေကို တွေ့ရတယ်တဲ့၊ အဲဒါ ဟုတ်မဟုတ်တော့ မသိဘူး၊ အတည်ပြုလို့တော့ မရဘူး၊ အဲဒီတော့ အသက်ရှင်တုန်းကမှ လူတွေရဲ့မျက်စိအောက် မရောက်ဘူးဆိုရင် သေရင်လည်း မရောက်ဘူးပေါ့၊ ရှိတော့ရှိတယ်၊ လူ့မျက်စိအောက် မရောက်တာတွေ ရှိတာပဲ၊ လေရှိတယ်၊ ဒါပေမဲ့ မျက်စိက မြင်ရရဲ့လား။ မမြင်ရဘူး။

အဲဒီတော့ ၃၁-ဘုံကျင်လည်ကြတဲ့ ပုဂ္ဂိုလ်သတ္တဝါတွေထဲက နတ်တွေဆိုတာ “ကဠေဝရဿ နိက္ခေပေါ” ဆိုတာ မရှိဘူး၊ သူတို့မှာ အလောင်းချရတယ်လို့ မရှိဘူး၊ ဒါကြောင့် နတ်ပြည်မှာ သင်္ချိုင်းမရှိဘူး၊ သင်္ဂြိုဟ်စက်လည်း မရှိဘူး၊ ရေခဲတိုက်တွေလည်း မရှိဘူး၊ နတ်တွေရဲ့ ခန္ဓာကိုယ်က အလွန်သိမ်မွေ့တယ်၊ သေလို့ရှိရင်
စာမျက်နှာ-၄၄၀
မီးတောက်လေး ငြိမ်းသွားသလို ငြိမ်းသွားတယ်၊ သေသွားတာနဲ့ တစ်ပြိုင်နက် ဥတုဇရုပ်ဆိုတာ မကြွင်းကျန်ဘူး၊ သူတို့ရဲ့ခန္ဓာကို ကမ္မဇရုပ်က လွှမ်းမိုးထားတယ်။

လူတွေရဲ့သန္တာန်မှာတော့ ဥတုဇရုပ်က လွှမ်းမိုးနေတယ်၊ ဟုတ်တာပေါ့၊ ကံတွေနဲ့ ပေးတုန်းက ကလလရေကြည်ဆိုတာ အင်မတန်သေးတဲ့ဟာလေးပဲ၊ နောက်ပိုင်းရောက်တဲ့အခါကျတော့ တဖြည်းဖြည်း ကြီးထွားလာတာ၊ အစာတွေစားရင်း စားရင်းနဲ့ ကြီးလာတာဆိုတော့ လူတွေရဲ့ ရုပ်က ရုပ်ကြမ်းတွေက များလာတာကိုး၊ များလာတော့ သေတော့ ဒါကြီးကျန်ရစ်တာပေါ့။

နတ်တွေကျတော့ သူတို့ရဲ့ခန္ဓာကိုယ်ကိုက ကံက ဖန်တီးပေးထားတာသက်သက်ဆိုတော့ ကမ္မဇရုပ်ချုပ်သွားတာနဲ့ တစ်ပြိုင်နက် အကုန်လုံးချုပ်သွားတယ်၊ အဲဒီတော့ နတ်ပြည်မှာ အသုဘချရတာ မရှိဘူး၊ ဗြဟ္မာပြည်မှာလည်း ဗြဟ္မာအလောင်းဆိုတာ မရှိဘူးပေါ့၊ သေသွားတာနဲ့ တစ်ပြိုင်နက် ပျောက်သွားတယ်လို့ ဒီလိုမှတ်ရမယ်၊ အဲဒီဘုံတွေကို ကြည့်ပြီးတော့ “ခန္ဓာနံ ဘေဒေါ” လို့ မြတ်စွာဘုရားက ဟောတယ်လို့ အဓိပ္ပါယ်ယူလည်းရတယ်။

လူတွေကို ကြည့်ပြီးတော့ “ကဠေဝရဿ နိက္ခေပေါ” လို့ ဟောတယ်လို့ ယူလို့ရတယ်ပေါ့၊ လူတွေကျတော့ အလောင်းက ချနေရသေးတယ်၊ ၃၁-ဘုံကို cover ဖြစ်အောင်လို့ မြတ်စွာဘုရားက ဒီမရဏဆိုတဲ့ စကားလုံးကို သရုပ်ဖော်ပြတယ်။

ကောင်းပြီ “ဇာတိပစ္စယာ ဇရာမရဏံ”၊ မွေးဖွားလာလို့ရှိရင် တဖြည်းဖြည်း အိုမင်းရင့်ရော်လာခြင်းဆိုတဲ့ ဇရာ၊ နောက်ဆုံး သေဆုံးရခြင်းဆိုတဲ့ မရဏ - ဒါနဲ့ပဲ ဘဝတစ်ခုဟာ အဆုံးသတ်ရ
စာမျက်နှာ-၄၄၁
တယ်၊ ဇာတိရှိလို့ ဇရာမရဏ ဖြစ်ရတယ်ဆိုတာ ဥပနိဿယသတ္တိနဲ့ ဖြစ်လာတာ။
ဇာတိဖြစ်ရင် ဇရာမရဏ ဖြစ်၏
အဲဒီနောက်ဆက်အနေနဲ့ ဇာတိဖြစ်လာလို့ရှိရင် ဇရာမရဏဆိုတာ သေချာပေါက်အကျိုးတစ်ခုအနေနဲ့ မြတ်စွာဘုရားက ဟောတာ၊ လူဖြစ်ဖြစ် နတ်ဖြစ်ဖြစ် ဗြဟ္မာပဲဖြစ်ဖြစ် ဇာတိရှိရင် နောက်က ဇရာနဲ့ မရဏက လာမှာပဲ။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ရဲ့ ရုပ်ခန္ဓာကိုယ်တော်ကြီးဟာ ပါရမီပုံရိပ် အမှတ်တံဆိပ်နဲ့ အင်မတန်မှ သပ္ပါယ်တဲ့ ခန္ဓာကိုယ်ဖြစ်ပေမယ့်လို့ အသက် ၇၀-ကျော်လာလို့ ၈၀-ထဲရောက်လာတဲ့အခါ တစ်ခုသောနေ့မှာ မြတ်စွာဘုရားက အရှေ့ဖက်ကိုလှည့်ပြီး ထိုင်နေတယ်၊ ကျောပေါ်က သက္ကန်းလေးက အောက်ကိုကျနေတော့ ရှင်အာနန္ဒာက အနားနားမှာ ထိုင်နေရင်း ကျောမှာ အရေကလေးတွေ တွန့်နေတာကိုတွေ့တယ်၊ တွေ့တဲ့အခါ မြတ်စွာဘုရားကို လျှောက်တယ်၊ “အံ့သြစရာကောင်းလိုက်တာ၊ ဇရာတရားက အရှင်ဘုရားခန္ဓာကိုယ်မှာလည်း အရေကလေးတွေ တွန့်နေပြီ” တဲ့၊ တွန့်ရောပေါ့၊ အသက် ၇၀-ကျော် ၈၀-ဆိုတာ၊ ဘုရားလည်း အရေတွန့်တာပဲ။

အဲဒီမှာ မြတ်စွာဘုရားက - “ဇိဏ္ဏံ ဇမ္ဗိ ဇရာ အတ္ထု၊ ဒုဗ္ဗဏ္ဏကရဏီ ဇရာ” - “အိုခြင်းတရားက လူကို အရုပ်ဆိုးအောင် လုပ်တာ” တဲ့။
စာမျက်နှာ-၄၄၂
ဟုတ်လိုက်လေနော် - သွားတွေ ကျိုးသွားလို့ရှိရင် တချို့ပါးတွေ နှစ်ဖက်စလုံး ချိုင့်သွားပြီးတော့ ပေးစေ့ကြီးက ရှေ့ထိုးလာတယ်၊ ခုခေတ်တော့ အဲဒီလိုမဖြစ်တော့အောင် သွားစိုက်ဆိုင်သွားပြီး စိုက်ထားကြတာကိုး၊ နို့မို့ဆို လူတွေက သွားတွေအကုန် ကျိုးသွားလို့ရှိရင် သွားတွေမပါတော့ဘူးဆိုရင် အတော်အရုပ်ဆိုးတာနော်၊ လူတိုင်းတော့မဟုတ်ဘူး၊ တချို့ကျတော့ ပိုအရုပ်ဆိုးသွားတယ်၊ သွားတွေကျိုးလို့ရှိရင် မေးစေ့ကြီးက ချွန်ပြီး ရှေ့ထိုးလာတယ်၊ အဲဒီတော့ စကားပြောတော့လည်း နှုတ်ခမ်းသားလေးနဲ့ သွားဖုံးကလေးနဲ့ ပြောတာဆိုတော့ မပီကလာပီကလာတွေ ဖြစ်လာတယ်၊ အဖိုးကြီးအဖွားကြီးတွေမှာ ဒီလိုဖြစ်ရတာ၊ အဲဒါကိုပြောတာ “ဒုဗ္ဗဏ္ဏကရဏီ ဇရာ” - “ဇရာတရားဟာ လူကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်တယ်”။

ဘယ်သဘာဝတရားပဲဖြစ်ဖြစ် အိုခြင်းနဲ့ လာပြီးဆုံစည်းရတယ်၊ ရုပ်တရားတွေကျတော့ အိုခြင်းဆိုတာ အင်မတန်မှ ထင်ရှားတယ်၊ နာမ်တရားတွေကတော့ အိုခြင်းဆိုတာကို မတွေ့ရဘူး။ မတွေ့ရတာလည်း ပုံသဏ္ဌာန်မရှိလို့ မတွေ့ရတာ၊ သို့သော် မပျက်ခင်ကလေးမှာ အိုခြင်းဆိုတာ ရှိတာပဲ၊ အဲဒါကို “ဌိတိ” လို့ ခေါ်တာပေါ့နော်၊ “ဥပါဒ် ဌီ ဘင်” - ဖြစ် တည် ပျက် ဆိုတဲ့ ခဏငယ် ၃-ခုနဲ့ အရာခပ်သိမ်းဟာ ဒီလိုပဲ သွားနေတာချည်းပဲ၊ ဖြစ်လာတယ်၊ ပျက်သွားတယ်၊ မပျက်ခင်စပ်ကြားလေးမှာ ရပ်တန့်သွားတယ်၊ ဒါလေးကို ဆိုလိုတာ၊ အဲဒီ မပျက်ခင်စပ်ကြားလေး ရပ်တန့်သွားတာကို “ဌိတိ” လို့ ခေါ်တာပဲ၊ “ဌိတိ” ဆိုတာကိုက ရပ်သွားတာကို ပြောတာ။
စာမျက်နှာ-၄၄၃
ခဲလေးတစ်လုံး ကောက်ပြီးတော့ ကောင်းကင်ကို မြှောက်ကြည့်ပါလား၊ မြှောက်လိုက်လို့ရှိရင် အပိုင်းနှစ်ပိုင်းတွေ့ရလိမ့်မယ်၊ မြှောက်လိုက်တဲ့အချိန်မှာ မြှောက်လိုက်တဲ့အချိန်နဲ့ ခဲလေးအပေါ်တက်နေတဲ့အပိုင်း ရှိတယ်၊ အချိန်ကုန်ရင် ပြန်ကျတဲ့အပိုင်း ရှိတယ်၊ တက်နေတာရယ် ပြန်ကျတာရယ်၊ မမြင်ရဘူးလား၊ အေး မကျခင်စပ်ကြားလေးမှာ ရပ်သွားတယ်ဆိုတာလေးလည်း ရှိသေးတယ်၊ အဲဒီရပ်သွားတဲ့အပိုင်းလေးကို “ဌိတိ” လို့ ခေါ်တာပဲ၊ အတက်နဲ့အကျတင်ရှိတာမဟုတ်ဘူး၊ တက်တာရပ်သွားတဲ့အပိုင်းလေးက ခဏလေးရှိသေးတယ်ပေါ့။ အဲဒီ moment ကို “ဌိတိ” လို့ ပြောတာပဲ။

ရုပ်တရားတွေမှာလည်း ဒီအတိုင်းပဲ၊ ရုပ်တရားတွေကျတော့ ဖြစ်လာတဲ့အချိန်လေးက တိုတောင်းတယ်၊ ပျက်သွားတဲ့အချိန်လေးက တိုတောင်းတယ်၊ တည်တန့်တဲ့အချိန်က ရှည်လျားတယ်၊ နာမ်တရားတွေကျတော့ ဖြစ်တာရယ် တည်တန့်တာရယ် ပျက်သွားတာရယ် ၃-မျိုးလုံး တူညီတဲ့အချိန်ပိုင်း ရှိတယ်ပေါ့။

ရုပ်တရားတွေကျတော့ မတူညီဘူး၊ ဖြစ်တဲ့အချိန်လေးက တိုတယ်၊ ပျက်တဲ့အချိန်လေးက တိုတယ်၊ ရပ်တည်နေတဲ့အချိန်က ရှည်လျားတယ်တဲ့၊ ဒါ့ကြောင့်မို့ ရုပ်တရားတွေက ကြာကြာရှိနေတယ်ပေါ့၊ အေး အဲဒါကို ပဋိစ္စသမုပ္ပါဒ်နဲ့ သတ္တဝါတွေရဲ့ဘဝကို မြတ်စွာဘုရားက ရှင်းပြတဲ့အခါမှာ “ဇာတိပစ္စယာ ဇရာမရဏံ” လို့ ဇာတိရှိလာရင် သေချာရှိမယ့်အချက်တွေက ဘာလဲဆိုရင် ဇရာနဲ့ မရဏ ဖြစ်တယ်လို့ ဒီလိုဟောတာ။
စာမျက်နှာ-၄၄၄

“သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ”
အဲဒီနောက်မှာ ဆက်ပြောတာက “သောက ပရိဒေ၀ ဒုက္ခ၊ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ” လို့ နှစ်ပိုင်းခွဲထားတယ်။ ဇာတိရှိလို့ရှိရင် သောက၊ ပရိဒေဝတို့၊ ဒုက္ခတို့၊ ဒေါမနဿတို့၊ ဥပါယာသတို့ လာလိမ့်မယ်။ အဲဒါက လူတိုင်းမှာ မလာဘူး။ ငါ့ကြောင့်မို့ လူတိုင်းမှာ လာတာမဟုတ်သည့်အတွက်ကြောင့် “ဇာတိပစ္စယာ ဇရာမရဏံ” ဆိုတာကို အဓိကထားဟောတာ။

လေး။ တချို့လည်း သတ္တဝါတွေထဲမှာ သောကမရှိတဲ့ပုဂ္ဂိုလ်လည်း ရှိနိုင်တာပဲ။ မွေးဖွားလာပေမယ့် အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတာတော့ ရှိမယ်။ သို့သော် သောကမဖြစ်ဘူးဆိုတာ - ဆိုပါစို့ - ရဟန္တာတွေကျတော့ သောကဘယ်ဖြစ်မလဲနော်။ ပရိဒေဝ - လောကမှာ မငိုရတဲ့ပုဂ္ဂိုလ်လည်း ရှိကောင်းရှိနိုင်တယ်ပေါ့။ ပြောလေ့ရှိကြတယ်၊ လူ့ဘဝရောက်လာတာ ကလေးလေးတွေဟာ ငိုပြီးတော့ ရောက်လာကြတာ။ သေသွားတဲ့အခါ သူက မငိုနိုင်တော့ ဘေးကလူတွေက ငိုပြီးတော့ လွှတ်လိုက်တယ်။

အဲဒါနဲ့ ပတ်သက်ပြီးတော့ လောကမှာ လူ့ဘဝရရချင်း မငိုဘဲနဲ့ မွေးတဲ့ကလေး ရှိသလားလို့ ဘုန်းကြီး တစ်ခါတုန်းက စဉ်းစားမိတယ်။ လောကရဲ့ အစဟာ ငိုခြင်းနဲ့ပဲ စလာတာ။ အဲဒီတော့ မငိုဘဲနဲ့ လောကထဲ ရောက်လာတဲ့လူ ရှိသလားလို့ ဂျာမဏီမှာတုန်းက အဘိဓမ္မာသင်ရင်း အဲဒီမေးခွန်းလေးကို မေးလိုက်တယ်။ ဂျာမန်အမျိုးသမီးတစ်ယောက်က “ရှိတယ် ဘုရား” လို့ ဖြေတယ်။ သူကိုယ်တွေ့မို့ ပြောတာလားတော့ မသိဘူးနော်။
စာမျက်နှာ-၄၄၅
မြန်မာပြည်မှာတော့ မွေးပြီဟေ့ဆိုရင် အော်ဟစ်လာတာပဲ။ မငိုရင်လည်း ရိုက်တယ် ထင်တယ်၊ ကျောထုပေးတာတို့။ အဲဒီတော့ ငိုရတဲ့သဘော ရှိတယ်ပေါ့။ ငိုခြင်းနဲ့စပြီး လောကကြီးထဲ ရောက်လာခဲ့ကြတယ်။ ဒီတော့ လောကကြီးထဲ ရောက်လာတာကိုက အငိုနဲ့စတာ ဘယ်ကောင်းမလဲ၊ လူ့ဘဝရောက်လာတာ ငိုပြီးတော့ ရောက်လာတာ ဖြစ်နေပြီနော်။ ဒါပေမဲ့ လူတိုင်းတော့ မဟုတ်ဘူးလို့ ပြောရမှာပေါ့။ ဟုတ်တာပေါ့ - ဘုရားအလောင်းလေးတော့ အဲဒီလို ငိုထွက်လာတာ မဟုတ်ဘူး။
ဘုရားအလောင်းတော်လေး၏ ဘဝအစ
ဘုရားအလောင်းလေး မွေးဖွားတဲ့အခါမှာ မယ်တော်က မတ်တပ်ရပ်လျက် မွေးဖွားတာ။ ဒါ သူများနဲ့ မတူတဲ့အချက်၊ မိခင်လုပ်သူက မွေးဖွားတဲ့အခါမှာ မတ်တပ်ရပ်လျက် မွေးဖွားတာ။ ဘုရားအလောင်းလေးက မွေးဖွားလာတဲ့အခါမှာ ပထမဆုံး နတ်တွေက ဖမ်းယူလိုက်တယ်ပေါ့။ နတ်တွေလက်ထဲ ရောက်တယ်၊ လူမမြင်ရတဲ့နတ်တွေ၊ ပြီးတော့မှ လူတွေလက်ထဲ ရောက်တယ်၊ ပြီးတော့မှ မြေကြီးပေါ်မှာ ခြေစုံရပ်ပြီးတော့ ၇-လှမ်း လှမ်းတယ်၊ ပြီးတော့ စကားပြောတယ်ဆိုတာ အားလုံး ဗုဒ္ဓဝင်ဖတ်ဖူးကြလိမ့်မယ်။ ဒါက အင်မတန်ထူးခြားတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ပေါ့နော်။

မွေးမွေးချင်း မဆိုဘဲနဲ့ စကားပြောတာက ရှိသေးတယ်လေ။ ဘုရားအလောင်းမှာ မွေးမွေးချင်း စကားပြောတာ သုံးဘဝရှိတယ်လို့ ဆိုတယ်။ မဟောသဓဇာတ်တော်မှာ လာတဲ့အခါ ဘုရားအလောင်းလေးက မွေးမွေးချင်း သူ့လက်ထဲမှာ နတ်ဆေးကလေး
စာမျက်နှာ-၄၄၆
ပါလာတယ်။ မွေးမွေးချင်း စကားပြောတယ်၊ သူ့အမေကို အဲဒီဆေးလေး ပေးတယ်။ ဒါကြောင့် မဟောသဓ - မဟာ + ဩသဓ - ကောင်းမြတ်တဲ့ဆေး ရှိသူ၊ ဆေးကို ယူဆောင်လာတဲ့သားဆိုတဲ့ အဓိပ္ပါယ်အနေနဲ့ “မဟောသဓ” လို့ နာမည်ပေးတာ။ ဩသဓဆိုတာ ဆေးပေါ့နော်။ အဲဒါလည်း မဟောသဓဘဝမှာ ဆိုလို့ရှိရင် မွေးမွေးချင်း ဆေးကလေးကို ပြုပြီးတော့ စကားပြောလို့ သူ့ကို မွေးမွေးချင်း စကားပြောတယ်လို့ ပြောတယ်။

တစ်ခါ ပါရမီတော်တွေဖြည့်လို့ ပါရမီပြည့်တဲ့ နောက်ဆုံးဘဝမှာဆိုရင် ဝေဿန္တရာဖြစ်တယ်။ နန်းတော်မှာ မွေးတာမဟုတ်ဘူး၊ မြို့လှည့်လည်ရင်းကနေ ကုန်သည်တွေနေတဲ့လမ်းကို ကျော်လွန်ပြီးတော့ အဲဒီဖြတ်အကူးလေးမှာ မွေးဖွားတာဖြစ်လို့ သူ့ကို “ဝေဿန္တရ” လို့ ခေါ်တာ။ ဝေဿဆိုတာ ကုန်သည်ပဲ၊ တရဆိုတာ ကုန်သည်လမ်းကို ဖြတ်ကျော်ပြီးတော့ မွေးတာဖြစ်လို့ သူ့ကို ဝေဿန္တရာလို့ အမည်ပေးထားတာ။ ဝေဿန္တရာမွေးတော့လည်းပဲ လက်ဖဝါးလေး ဖြန့်ပြီးတော့ မိခင်ကို တောင်းတယ်တဲ့၊ “ဘာလှူစရာရှိတုန်း၊ သူများကို ပေးချင်တယ်”ပေါ့။ “ဘာပေးစရာရှိတုန်း သူ့ကိုပေးပါ”တဲ့။ ဒါကြောင့်မို့ ဝေဿန္တရာတဲ့။ အင်မတန်မှ အလှူရေစက် လက်နဲ့မကွာဆိုတာ သူမှအစစ်ပဲ။ နောက်ဆုံးပါရမီ ဖြည့်သွားတာ၊ ဒါနကိုပဲ အကြီးအကျယ်ဖြည့်သွားတာ ဝေဿန္တရာဘဝမှာနော်။ ဘုရားအလောင်းတွေ ပါရမီဖြည့်တာလည်းပဲ ဒါနနဲ့ပဲ ဖြည့်တယ်၊ နောက်ဆုံး ဖြည့်သွားတာလည်းပဲ ဒါနပဲ။

အေး ဘုရားအလောင်းဘဝမှာ မဟောသဓဘဝရယ်၊ ဝေဿန္တရာဘဝရယ်၊ သိဒ္ဓတ္ထမင်းသားဘဝရယ်လို့ မွေးမွေးချင်း
စာမျက်နှာ-၄၄၇
စကားပြောတာ သုံးဘဝရှိတယ် - ဒီလိုမှတ်တမ်း ရှိတယ်ပေါ့။ ကျန်တဲ့ဘဝလည်း ရှိချင်ရှိဦးမှာပေါ့၊ အဲဒီလို ထူးခြားတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။

ဒါကြောင့် “ဇာတိပစ္စယာ ဇရာမရဏံ” ဆိုတာတော့ သေချာပေါက်ဖြစ်သည့်အတွက်ကြောင့် အဲဒါကိုဟောပြီး သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဆိုတဲ့ ရင်ထဲမှာ အခံရခက်တဲ့ သဘာဝတရားတွေဟာလည်း မွေးဖွားလာလို့ရှိရင် လူတွေကြုံတွေ့နိုင်တဲ့ ဆင်းရဲဒုက္ခတွေပဲလို့ ဆိုပြီးတော့ အဲဒါတွေလည်း ဖြစ်လာနိုင်တယ်လို့ ပြောတာနော်။
သောက
အဲဒီမှာ သောကဆိုတာ ဘာတုန်းလို့ဆိုရင် တစ်စုံတစ်ခု ပျက်စီးဆုံးရှုံးတော့မယ်ဆိုရင် သောကဖြစ်တယ်၊ ပျက်စီးဆုံးရှုံးသွားပြီဆိုရင်လည်း သောကဖြစ်တယ်။ သောကဆိုတာ စိုးရိမ်တာ။ ကိုယ့်အတွက်လည်း စိုးရိမ်တယ်၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်လည်း စိုးရိမ်တယ်၊ ပစ္စည်းဥစ္စာတွေအတွက်လည်း စိုးရိမ်တယ်၊ တစ်ခုခုဖြစ်တဲ့အခါကျတော့ လူတွေက ပြောကြတယ် မဟုတ်လား စိတ်ပူတယ်၊ တစ်စုံတစ်ခုဖြစ်တော့မယ်။ ဥပမာ - ရောဂါရတယ်၊ ရောဂါအကြောင်းကြားရင် စိတ်ပူတယ်၊ အဲဒါသောကပဲ၊ Worry လို့ခေါ်တယ်။ အဲဒါဟာ ဝမ်းနည်းကြေကွဲစရာတွေနဲ့ ကြုံတွေ့တဲ့အခါမှာ သောကဆိုတာ ဖြစ်ပေါ်လာတတ်တယ်။ လူအများစုမှာတော့ ဖြစ်တယ်ပေါ့။ ဒါကြောင့် ဇာတိရဲ့ အကျိုးဆက်အနေနဲ့ သောကကို ပြတယ်။
စာမျက်နှာ-၄၄၈

ပရိဒေဝ
အဲဒီသောကကို မထိန်းနိုင်လို့ရှိရင် အသံထွက်လာတာ၊ ငိုယိုတဲ့အသံနော်။ အမျိုးစုံငိုတယ်လို့ ပြောတာပဲ၊ တချို့ဆို ဖွဲ့ဖွဲ့နွဲ့နွဲ့ငိုနေတာ၊ ရိုးရိုးငိုတာမဟုတ်ဘူး။ ငယ်ငယ်တုန်းက ကြားဖူးလိုက်တယ် - ဓမ္မကထိကဆရာတော်တစ်ပါး ဟောတဲ့အထဲမယ် ကြားဖူးလိုက်တယ်။ သမီးလေးသေတဲ့အခါကျတော့ အမေလုပ်တဲ့လူကိုက ရိုးရိုးမငိုဘူး၊ “အမလေး သမီးရဲ့ - ကင်မုံသီးလို ပြားပြားကြီးနော်”တဲ့။ သူ့သမီးလေးက အလောင်းပြင်ထားတဲ့အခါကျတော့ အဲဒီမှာ ပြားပြားချပ်ချပ်ဖြစ်နေတာကို ကင်မုံသီးလိုဆိုတော့ အနားနားရှိတဲ့သမီးက တဘောင်နဲ့တိုးမယ်၊ “အမေ ကင်မုံသီးဆိုတာ အလုံးကြီး”တဲ့။ အဲဒီတော့ သူငိုတာနဲ့ မှားနေတယ်၊ အဲဒါကို သူက မလျှော့ဘူး၊ “ထုပြီးမို့ပါအေ” လို့ ပြောတယ်၊ ကြံကြံဖန်ဖန်နော်၊ အဲဒါမျိုးကို ပရိဒေဝလို့ခေါ်တယ်။

ဝစီဝိပ္ပလာပတဲ့ - ပါးစပ်က ထွက်မထွက်ရာတွေ လျှောက်ပြောတာ။ သောကတွေဖြစ်ပြီးတဲ့အခါကျတော့ အသံက ပြောချင်ရာတွေ လျှောက်ပြောလာတာ၊ အဲဒါ ပရိဒေဝလို့ခေါ်တယ်။ စိတ္တဇသဒ္ဒါဆိုတဲ့ ရုပ်ကိုကောက်တယ်၊ ပရိဒေဝဆိုတာ အသံကိုပဲကောက်တယ်။ သောကဖြစ်လာလို့ မထိန်းနိုင်လို့ရှိရင် ပါးစပ်က ပြောချင်ရာတွေ လျှောက်ပြောတဲ့ အသံတွေ၊ ငိုယိုတဲ့အသံတွေ အဲဒါတွေကိုပဲ ပရိဒေဝလို့ခေါ်တယ်။
စာမျက်နှာ-၄၄၉

ဒုက္ခနဲ့ ဒေါမနဿ
နောက်တစ်ခုက ဒုက္ခနဲ့ ဒေါမနဿတဲ့။ ဒုက္ခဆိုတာ သွားကိုက်တာတို့၊ နားကိုက်တာတို့၊ ခါးကိုက်တာတို့ စတဲ့ ကိုယ်ဆင်းရဲမှုတွေ။ ဒေါမနဿဆိုတာကတော့ စိတ်ဆင်းရဲမှုတွေ။ တရားကိုယ်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် သောကကလည်း ဒေါမနဿဝေဒနာပဲ၊ ခံရခက်တဲ့ စိတ်ဆင်းရဲမှုပဲ၊ ဒေါမနဿကလည်း ဒေါမနဿဝေဒနာပဲ။

ဘာဖြစ်လို့ ဒေါမနဿဝေဒနာကို နှစ်မျိုးထည့်ဟောရတာလဲလို့ဆိုရင် သောကဆိုတာ ဆုံးရှုံးမှုနဲ့ ပတ်သက်ပြီးတော့ ဖြစ်တဲ့ စိုးရိမ်မှုကို ပြောတာ။ ဆုံးရှုံးတော့မယ် - သို့မဟုတ် - ဆုံးရှုံးသွားပြီဆိုလို့ရှိရင် သောကဆိုတာဖြစ်တာ။ ဒေါမနဿဆိုတာ အဲဒီလိုမဟုတ်ဘူး၊ ဆုံးရှုံးတာနဲ့ မဆိုင်ဘူး။ စိတ်ဆိုးလို့ရှိရင်လည်း စိတ်ထဲမှာ မကျေမနပ်ဖြစ်တာ - အဲဒါ ဒေါမနဿ။ ဒါကြောင့် ဒုက္ခနဲ့တွဲပြီး ဒေါမနဿလို့ဟောတာ။
ဥပါယာသ
နောက်ဆုံး ဥပါယာသဆိုတာကျတော့ ပေါက်ကွဲလာတဲ့ ပြင်းထန်တဲ့ဒေါသ၊ လူကို ပင်ပန်းသွားစေတတ်တဲ့ ဒေါသမျိုး။ တချို့ကျတော့ ဒေါသကြီးလွန်းအားကြီးတဲ့အခါ ပေါက်ကွဲသွားတတ်တာတွေ ရှိတယ်။ ကိုယ့်ဒေါသ ကိုယ်မထိန်းနိုင်တဲ့လူ နောက်ဆုံးကျတော့ အသံတောင် မထွက်နိုင်တော့ဘူး။ အော်ရင်း ဟစ်ရင်း ခုန်ရင်း ပေါက်ရင်းနဲ့ အသံကို မထွက်တော့ဘူး၊ အဲဒါ ဥပါယာသ ဖြစ်သွားတာ။
စာမျက်နှာ-၄၅၀
အဲဒီလို အခြေအနေဆိုးတွေ ကြုံတွေ့ရတာဟာလည်းပဲ ဇာတိကြောင့် ဖြစ်တာပါ၊ ပဋ္ဌာန်းနည်းနဲ့ ပြောမယ်ဆိုလို့ရှိရင် ဒါ ဥပနိဿယသတ္တိပဲ။ ဥပနိဿယသတ္တိကြောင့်မို့လို့ ဒါတွေ အမျိုးမျိုးလာတယ်။ ဒါ ဇာတိနဲ့ပတ်သက်ပြီး ပြောရင် ဥပနိဿယသတ္တိ၊ အကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ ပြောလို့ရှိရင်နော်။

ဒါကြောင့်မို့ ပါဠိကအမှန်ဆိုတဲ့အခါမှာ ပဋိစ္စသမုပ္ပါဒ်မှာ “ဇာတိပစ္စယာ ဇရာမရဏံ” လို့ ဆိုရမယ်။ ဒါက ဝါကျ၊ ဝိဘတ် အဆုံးသတ်ထားတာ၊ ပြီးတော့မှ “သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ”။ တချို့က “ဇရာမရဏံ” လို့ မဆိုဘဲနဲ့ “ဇရာမရဏ သောက ပရိဒေဝ” အဲဒီလိုဆိုတာလည်း ရှိတယ်၊ မဟုတ်ဘူး။ အမှန်က “ဇာတိပစ္စယာ ဇရာမရဏံ”၊ ဒါ မရှောင်လွဲနိုင်တဲ့ အရာတစ်ခုကို ပြောတာ။

ဈေးဝယ်တာလိုပေါ့၊ ဈေးဝယ်ရင်းနဲ့ အဆစ်ကလေး တောင်းကြသေးတာပဲလေ၊ အဲဒါလိုပဲ နောက်ဆက်တွဲအဆစ်လေးက “သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ” တဲ့။ အဲဒါတွေလည်း ဖြစ်လာမယ်လို့ ဒီလို မြတ်စွာဘုရားက ဟောတာ။ ပေါင်းလိုက်တဲ့အခါကျတော့ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” တဲ့။ “ကေဝလဿ - ဘာနဲ့မှ မရောဘူး”၊ “ဒုက္ခက္ခန္ဓဿ - ဆင်းရဲဒုက္ခသက်သက်” လို့ ဟောတာ။ “ခုပြောတဲ့ ဆိုင်ရာဆိုင်ရာ အကြောင်းတွေကြောင့် ဒုက္ခအစုဟာ ဒီလိုဖြစ်ပေါ်လာရတယ်” လို့ ဒီလိုဟောတယ်။
စာမျက်နှာ-၄၅၁

ပဋိစ္စသမုပ္ပါဒ်ကို သဘာဝတရား ၁၂-ခုဖြင့် ပုံဖော်ပုံ
ဒီတော့ ပဋိစ္စသမုပ္ပါဒ်ကို ကြည့်မယ်ဆိုလို့ရှိရင် မြတ်စွာဘုရားက မှားယွင်းတဲ့ အယူအဆတွေကို တားမြစ်ဖို့အတွက် သဘာဝတရား ၁၂-ခုကို အသုံးပြုပြီးရှင်းတာ။ ဘဝတစ်ခုကို သရုပ်ဖော်သွားတာ။ သဘာဝတရား ၁၂-ခုဆိုတာ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာမရဏပေါ့။ ဒီသဘာဝတရား ၁၂-မျိုးကို ပင်တိုင်ထားပြီးတော့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ရှင်းတယ်တဲ့။
အယူမှားတို့ကို တားမြစ်ပုံ
အဲဒီမှာ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” လို့ ဒီလိုဟောလိုက်သဖြင့် မြတ်စွာဘုရားက ဒီစကားနဲ့ ပတ်သက်ပြီးတော့ ဘာကိုတားမြစ်သလဲ?

လောကလူတွေက ဘယ်လိုယုံကြည်နေသလဲလို့ဆိုရင် “ဘဝတစ်ခု ရလာတာဟာ ထာဝရဘုရားကြီးက ဖန်ဆင်းလို့၊ ဘုရားသခင် အလိုတော်ကျ လူလာဖြစ်ရတယ်” ဆိုတဲ့ အယူအဆဟာ အင်မတန်မှ ကြီးမားတဲ့ အယူအဆတစ်ခုပဲ။ ဖန်ဆင်းရှင်ဝါဒ၊ အိန္ဒိယ Philosophy တွေကြည့်မယ်ဆိုလို့ရှိရင် အဲဒါတွေက အင်မတန်မှ ထင်ရှားတယ်။ အိန္ဒိယ Philosophy တွေမှာ ဗြဟ္မာကြီးက ဖန်ဆင်းတာ၊ “ဣဿရနိမ္မာန” ဗြဟ္မာကြီးကနေ ဖန်ဆင်းလို့ လောကလူတွေဆိုတာ ဖြစ်လာတာ၊ အဲဒီအယူအဆဟာ လူတွေခေါင်းထဲမှာ စွဲနေတယ်။
စာမျက်နှာ-၄၅၂
စွဲနေသည့်အတွက်ကြောင့် မြတ်စွာဘုရားက “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” လို့ ပြောလိုက်လို့ရှိရင် အေး - ဖန်ဆင်းရှင်ဆိုတာ မရှိဘူးတဲ့၊ ဟောဒီသဘာဝတရားပဲရှိတယ်။ “အဝိဇ္ဇာကြောင့် ကံတရားတွေဖြစ်လာတယ်”။ သင်္ခါရဆိုတဲ့ စကားလုံးကို သုံးတာကိုက ကြည့် - မသိမှုအဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။

သင်္ခါရဆိုတဲ့ အဓိပ္ပါယ်က ဖန်ဆင်းခြင်း၊ ပြုပြင်စီမံခြင်းဆိုတဲ့ အဓိပ္ပါယ်ရတယ်။ အဲဒီတော့ သင်္ခါရဆိုတဲ့ စကားလုံးကို ရွေးသုံးထားတာကို ကြည့်၊ “အဝိဇ္ဇာပစ္စယာ ကမ္မံ” လို့ မသုံးဘဲနဲ့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” လို့ သုံးထားတာ။ ဘဝတစ်ခုကို ဖန်ဆင်းတာဟာ ဘယ်သူက ဖန်ဆင်းတာလဲဆိုရင် အဝိဇ္ဇာကြောင့် ဘဝကို ဖန်ဆင်းတတ်တဲ့ သင်္ခါရဆိုတာ ပေါ်လာတယ်လို့ - ဒီလိုပြောလိုတာ။ ဖန်ဆင်းရှင်ဆိုတာ မရှိဘူး၊ အဝိဇ္ဇာကြောင့် ဘဝတစ်ခုကို တည်ဆောက်တတ်တဲ့ သင်္ခါရဆိုတာ ဖြစ်လာရတယ်လို့ ဒီလိုဟောတာ။

အဲဒီစကားလုံးဖြင့် မြတ်စွာဘုရားက ဘာကိုပယ်ဖျက်သလဲဆိုရင် လူတွေရဲ့ခေါင်းထဲမှာ စွဲနေတဲ့ “ကာရက လို့ဆိုတဲ့ ပြုလုပ်တဲ့ ဖန်ဆင်းတဲ့ပုဂ္ဂိုလ်ရှိတယ်” ဆိုတဲ့ ယူဆချက်ကို မြတ်စွာဘုရားက ပယ်ဖျက်လိုက်တာပဲ။

နောက်တစ်ခုက “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဟောလိုက်သဖြင့် ဘာကိုပယ်ဖျက်တာလဲဆိုရင် “သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်” လို့ ပြောလိုက်တာနဲ့ပဲ “အတ္တဟာ ဒီဘဝကသေပြီး နောက်ဘဝကို ကူးလာတယ်” ဆိုတဲ့ အယူအဆတစ်ခုကို ပယ်ဖျက်လိုက်တာပဲ။
စာမျက်နှာ-၄၅၃
ကံတရားကနေပြီးတော့ ဝိညာဏ်ကို ထုတ်လုပ်ပေးလိုက်တယ်ဆိုကတည်းက ကူးလာတာမဟုတ်ဘူးဆိုတာ ထင်ရှားတယ်လေ၊ ကူးလာတာမဟုတ်ဘူး၊ ကံတရားကြောင့် ဝိညာဏ်ဖြစ်လာတာ။ အတိတ်ဘဝက ဝိညာဏ်လေးက ဒီကိုကူးလာတာမဟုတ်ဘူးလို့ ပြောတာ။ “သင်္ခါရပစ္စယာ ဝိညာဏံ” ကို ကြည့်မယ်ဆိုလို့ရှိရင် “ကံတရားကနေ ဖန်တီးပေးတာ” လို့၊ “ဘဝတစ်ခုကနေ တစ်ခု ဝိညာဏ်လေးက ကူးပြောင်းပြီးတော့ သံသရာထဲမှာ လည်နေတယ်” ဆိုတဲ့ အယူအဆတစ်ရပ်ကို မြတ်စွာဘုရားက တားမြစ်လိုက်တာပဲ၊ မှန်ကန်တဲ့ အယူအဆတစ်ခု ဖြစ်ပေါ်စေတယ်။

တစ်ခါ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဟောလိုက်သဖြင့် ဝိညာဏ်ကြောင့် နာမ်တွေရုပ်တွေဆိုတာ ဖြစ်လာရတယ်။ အဲဒီလိုမဟောလို့ရှိရင် သတ္တဝါဆိုတဲ့ အယူအဆနဲ့ ဃနသညာ (သဘာဝတရားဟာ တစ်ဆက်တည်းဖြစ်နေသည့်အတွက်ကြောင့်) တစ်ခုတည်းလို့ ထင်နေတဲ့ အထင်ကြီးတစ်ခုလုံးကို မြတ်စွာဘုရားက ပယ်ဖျက်လိုက်တယ်။ ဒါ ရုပ်နဲ့ နာမ်နဲ့ ပေါင်းစပ်ထားတာ၊ တစ်ခုတည်းမဟုတ်ဘူး။ ဒီလိုဆိုလိုတယ်ပေါ့။

နောက် “နာမရူပပစ္စယာ သဠာယတနံ” ဆိုတာနဲ့ မြတ်စွာဘုရားက ဘာကိုရှင်းပြတုန်းဆိုရင် “လူ့ရဲ့ခန္ဓာကိုယ်ထဲမှာ အတ္တဆိုတဲ့ ပိုင်စိုးနေတဲ့အရာ ရှိတယ်၊ အဲဒီအတ္တဆိုတဲ့ ပိုင်စိုးနေတဲ့ အရာလေးက ကြည့်တတ်တယ်၊ မြင်တတ်တယ်၊ တပ်မက်တတ်တယ်၊ ထိတွေ့တတ်တယ်၊ ခံစားတတ်တယ်” ဆိုတဲ့ အယူအဆ
စာမျက်နှာ-၄၅၄
တွေရှိတယ်။ အဲဒီလိုဟာ မဟုတ်ဘူး၊ သဘာဝတရား ဖြစ်ပေါ်နေမှုသာ ဖြစ်တယ်။

သဠာယတနဆိုတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တွေ ပေါ်လာသည့်အတွက်ကြောင့် ပြင်ပအာရုံနဲ့ ဆက်သွယ်လာတာ၊ အတ္တမဟုတ်ဘူး။ သဘာဝတရားတွေ ဆက်သွယ်လာတာ ဖြစ်တယ်။ အဲဒါကို ဖဿလို့ခေါ်တယ်။ ဖဿဟာ အတ္တမဟုတ်ဘူး။ တစ်ခါ “ဖဿပစ္စယာ ဝေဒနာ” လို့ ဟောလိုက်တော့ ခံစားတာကလည်း အတ္တက ခံစားတာမဟုတ်ဘူး၊ ဝေဒနာက ခံစားတာ။ “ဝေဒနာပစ္စယာ တဏှာ” လို့ ဟောသဖြင့် ခံစားမှုကြောင့် လိုချင်မှုဖြစ်ပေါ်လာတာလည်း အတ္တက လိုချင်မှုဖြစ်ပေါ်လာတာမဟုတ်ဘူး၊ တဏှာက လိုချင်မှုဖြစ်ပေါ်လာတာ။

“တဏှာပစ္စယာ ဥပါဒါနံ” ကို ဟောလိုက်သဖြင့် စွဲလမ်းမှုကလည်းပဲ တဏှာနဲ့ ဒိဋ္ဌိက စွဲလမ်းတာ၊ အတ္တဆိုတာက စွဲလမ်းတာမဟုတ်ဘူးလို့ - မြတ်စွာဘုရားက အဓိပ္ပါယ်တွေကို ရှင်းသွားတာ။

“ဥပါဒါနပစ္စယာ ဘဝေါ” - အစွဲအလမ်းကြောင့် ကံတရားတွေ ခန္ဓာတွေဖြစ်ပေါ်လာတယ်ဆိုတာလည်း အတ္တက ဖြစ်တာမဟုတ်ဘူး၊ ဒီအကြောင်းရှိလို့ ဒီအကျိုးတွေ ဖြစ်လာတာ။

“ဘဝပစ္စယာ ဇာတိ” - ဖြစ်လာတာတွေကလည်း ဘဝတည်းဟူသောအကြောင်းကြောင့်၊ ကံဆိုသောအကြောင်းကြောင့် နောက်ထပ် ဇာတိဖြစ်လာတာပဲ၊ အတ္တကောင်လေး ဖြစ်လာတာမဟုတ်ဘူးလို့
စာမျက်နှာ-၄၅၅
... ဒီလိုမှားယွင်းတဲ့ အယူအဆတွေကို မြတ်စွာဘုရားက ပယ်ဖျက်လိုက်တယ်။ ပယ်ဖျက်လိုက်ပြီးတော့ သဘာဝတရားသက်သက်သာ တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီးတော့ အကြောင်းအကျိုးအနေနဲ့ ဖြစ်ပေါ်နေတယ်ဆိုတာကို သရုပ်ဖော်ပြတယ်။
သတ္တဝါဟုခေါ်စရာ တစ်ခုမှ မရှိပုံ
ဒီထဲမယ် သတ္တဝါလို့ခေါ်စရာ တစ်ခုမှ မရှိဘူး။ “အဝိဇ္ဇာကို သတ္တဝါလို့ ခေါ်မှာလား” “သင်္ခါရကို သတ္တဝါလို့ ခေါ်မှာလား” လို့ဆိုတော့ “ဘယ်အရာကိုမှ သတ္တဝါလို့ ခေါ်စရာအကြောင်းမရှိဘူး” တဲ့။ သူ့သဘာဝအတိုင်း ဖြစ်နေတဲ့ သဘာဝတရားသက်သက်မျှသာဖြစ်တယ်။ အဲဒီသဘာဝတရားတွေ စုဝေးပြီး ဖြစ်ပေါ်လာတဲ့ သဘာဝတရားတွေအပေါ်မှာ လူတွေက “သူပဲ၊ ငါပဲ၊ သတ္တဝါပဲ၊ လူပဲ၊ နတ်ပဲ” ဆိုတဲ့ အတွေးအထင်တွေ ရောက်လာတာ။ အဲဒီအတွေးအထင်ဟာ အမှန်မဟုတ်ဘူးတဲ့။

အမှန်ကတော့ အခုပြောတဲ့ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ် - ဒီသဘာဝတရားတွေသာ ဖြစ်တာလို့... နောက်ဆုံးမှာ မြတ်စွာဘုရားက “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” - ဟာ ဒီအကြောင်းတရားတွေရှိလို့ အကျိုးတရားတွေရှိတယ်၊ ဒုက္ခတရားအစုသက်သက်ပဲ ဖြစ်ပေါ်နေတာ ဖြစ်တယ်လို့ ဟောတော်မူတယ်။
တရား ၁၂-မျိုးလုံး သုည
အဝိဇ္ဇာဟာ အတ္တမဟုတ်ဘူး၊ အတ္တမဟုတ်ရုံတင်မကဘူး အတ္တရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းလည်း မဟုတ်ဘူး၊ အတ္တမှာ အဝိဇ္ဇာတည့်
စာမျက်နှာ-၄၅၆
နေတာလည်း မဟုတ်ဘူး၊ အဝိဇ္ဇာမှာ အတ္တရှိနေတာလည်း မဟုတ်ဘူးလို့ဆိုပြီးတော့ လေးဖက်လေးတန်က ငြင်းပယ်ထားတယ်။ အဲဒါကို သုညလို့ ပြောတာပဲ။

အဝိဇ္ဇာကလည်း ဆိုင်ရာအကြောင်းတရားတွေကြောင့် ဖြစ်တာ၊ သင်္ခါရကလည်း ဆိုင်ရာအကြောင်းတရားတွေကြောင့် ဖြစ်ကာ၊ အဲဒီတရားတွေဟာ ဆိုင်ရာဆိုင်ရာ အကြောင်းတရားနဲ့ ဆက်စပ်ပြီး ဖြစ်တာဖြစ်သောကြောင့် ဝသဝတ္တန ကိုယ့်အလိုအတိုင်း ဖြစ်နိုင်တယ်ဆိုတဲ့ “အတ္တသဘာဝ” မရှိဘူးတဲ့။ အဲဒီအတ္တသဘာဝက ဆိတ်သုဉ်းနေတဲ့တရားမျှသာဖြစ်လို့ ပဋ္ဌာန်းသမုပ္ပါဒ်မှာ အသုံးပြုတဲ့ တရား ၁၂-မျိုးဟာ သုညပဲ။ ဘာမှမရှိဘူးလို့ ပြောတာ၊ မရှိဘူးဆိုတာ “အတ္တ” ဆိုတာ မရှိဘူးလို့ပြောတာနော်။

တော်ကြာ Empty (သုည) ဆိုတဲ့ စကားလုံးဟာ “မရှိဘူး” ဆိုတာ “အဝိဇ္ဇာလည်း မရှိဘူး၊ သင်္ခါရလည်း မရှိဘူး” ဒီလို ပြောလိုတာမဟုတ်ဘူး။ “အဝိဇ္ဇာမှာ အတ္တဆိုတာ မရှိဘူး၊ အဝိဇ္ဇာဟာ အဝိဇ္ဇာတရားသက်သက်ပဲ ဖြစ်တယ်၊ အတ္တမဟုတ်ဘူး၊ ဒါကြောင့်မို့ အဝိဇ္ဇာဟာ အတ္တလည်းမဟုတ်ဘူး၊ အတ္တရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းလည်း မဟုတ်ဘူး” ဒီလိုဆိုလိုတယ်။

“ဒါကြောင့် သုညပဲ၊ သုညတရားသက်သက်မျှသာ ဖြစ်တယ်” ဆိုတဲ့ ဒီသဘာဝတရားကို ပဋ္ဌာန်းသမုပ္ပါဒ်မှာ မြတ်စွာဘုရားက ရှင်းလင်းဖော်ပြတယ်။

အဲဒီလို ရှင်းလင်းဖော်ပြတာတွေကို သဘောပေါက်နားလည်မှသာလျှင် ဘဝမှာတွယ်တာနေတဲ့ တဏှာကို ဖယ်ရှားနိုင်မှာဖြစ်တယ်။ အရေးအကြီးဆုံး အဓိကကတော့ “အမှန်မြင်မှ အတွယ်အကာကို ဖယ်ရှားနိုင်မှာ”။
စာမျက်နှာ-၄၅၇
ဘဝကြီးတစ်ခုလုံးကို ကြီးစိုးထားတာက ဘယ်သူလဲဆိုရင် အဝိဇ္ဇာနဲ့ တဏှာပဲ။ အဝိဇ္ဇာက အမှန်မမြင်အောင် ဖုံးကွယ်ပေးထားတယ်၊ တဏှာက တွယ်ထားတယ်။ သူတို့နှစ်ခု ပူးပေါင်းပြီး အလုပ်လုပ်လို့ ဒီနှစ်ခုကို “ဝဋ်မြစ်” လို့ပြောတာ။ သံသရာထဲမှာ တွယ်မနေအောင် သူတို့နှစ်ခုကို ဖယ်ရှားဖို့ လိုအပ်တယ်။
ပဋ္ဌာန်းသမုပ္ပါဒ်မှာ အဝိဇ္ဇာကို အစထားပုံ
အဲဒါကြောင့် အမှန်မြင်ဖို့ရာအတွက် မြတ်စွာဘုရားက ပဋ္ဌာန်းသမုပ္ပါဒ်မှာ အဝိဇ္ဇာကို အစဆုံးပြောတာဟာ ဘာဖြစ်လို့တုန်းဆိုတော့ အဓိကပဓာနဖြစ်လို့ ပြောတာ။

ဆိုပါစို့ - မြွေတစ်ကောင်က လူကို ရစ်ပတ်ထားပြီဆိုလို့ရှိရင် အရေးအကြီးဆုံးနေရာက ဘာတုန်းဆိုရင် မြွေရဲ့ခေါင်းက အရေးအကြီးဆုံးပဲ။ မြွေရဲ့ခေါင်းကို ကိုင်နိုင်ပြီဆိုရင် အပြီးသတ်တော့ ကိုယ်တို့က လူကို ဘာမှအန္တရာယ် မပေးနိုင်ဘူး၊ ခေါင်းကသာ အန္တရာယ်ပေးနိုင်တာ။ ထို့အတူပဲ အဝိဇ္ဇာဟာ ခေါင်းနဲ့အလားသဏ္ဌာန်တူတယ်ပေါ့။ အဝိဇ္ဇာကို ဖယ်လိုက်နိုင်တာနဲ့ တစ်ပြိုင်နက် နောက်ကဟာတွေက အလိုလိုချုပ်ကိုင်ပြီးသား ဖြစ်သွားတယ်။

ဒါကြောင့် အဝိဇ္ဇာကို ပဋ္ဌာန်းသမုပ္ပါဒ်မှာ ရှေးဦးစွာတင်ပြီး ဟောတာ အကြောင်းမဲ့မဟုတ်ဘူး၊ အဓိကပဓာနကျတဲ့ တရားတစ်ခုအနေနဲ့ မြတ်စွာဘုရားက ဟောတာ။ သံသရာလည်ဖို့အတွက် အမှန်မသိတာက အဓိကအကြောင်းတရား ဖြစ်တယ်။
စာမျက်နှာ-၄၅၈

မဂ္ဂင် ၈-ပါးမှာ သမ္မာဒိဋ္ဌိကို အစထားပုံ
အမှန်မသိသည့်အတွက်ကြောင့် တွယ်တာမှုဆိုတာ လိုက်လာတယ်။ ဒါဆိုရင် အမှန်သိအောင် ဘာလုပ်ရမလဲဆိုလို့ရှိရင် မဂ္ဂင် ၈-ပါး ဖြစ်ပွားစေရမယ်။ မဂ္ဂင် ၈-ပါးကျတော့ ကြည့်လေ - သမ္မာဒိဋ္ဌိတဲ့၊ အမှန်မြင်မှုကို ရှေ့တန်းတင်ပြီးတော့ ဟောလိုက်တာ။ သံသရာဝဋ်က လွတ်ဖို့ရာကျတော့ အမှန်မြင်ဖို့က အဓိကကျတယ်။

ဒါကြောင့်မို့လို့ အဝိဇ္ဇာရဲ့ဆန့်ကျင်ဖက်က “သမ္မာဒိဋ္ဌိ” ပဲပေါ့။ ဒီသဘာဝတရားနှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုလို့ရှိရင် သမ္မာဒိဋ္ဌိ မိမိသန္တာန်မှာ ရင့်သန်လာပြီဆိုရင် အဝိဇ္ဇာရဲ့ သဘောကို သိသွားပြီ။ သိသွားလို့ အဝိဇ္ဇာကို ဖယ်ရှားနိုင်ပြီဆိုလို့ရှိရင် အဝိဇ္ဇာငြိမ်းသွားတာနဲ့ တစ်ပြိုင်နက် သင်္ခါရဆိုတာ မလာတော့ဘူး၊ သင်္ခါရမလာရင် ဝိညာဏဖြစ်စရာ မရှိတော့ဘူး၊ ဝိညာဏဖြစ်စရာမရှိရင် နာမရူပလည်း မလာနိုင်ဘူး၊ နာမရူပမှ မရှိရင် သဠာယတနဆိုတာ မရှိနိုင်ဘူး၊ သဠာယတနမှ မရှိရင် ဖဿတို့၊ ဝေဒနာတို့၊ တဏှာတို့ဆိုတာ မလာဘူး၊ တဏှာမှမလာရင် ဥပါဒါန်တို့၊ ဘဝတို့၊ ဇာတိတို့ဆိုတာ မလာတော့ဘူးပေါ့။ အဲဒါသည်ပင်လျှင် ဒုက္ခဿ နိရောဓော ဒုက္ခရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဆိုတာ အဲဒါပဲလို့ ပဋ္ဌာန်းသမုပ္ပါဒ်နဲ့ မြတ်စွာဘုရားက ရှင်းလင်းဟောကြားပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့သည် ပဋ္ဌာန်းသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ပြီး သဘာဝတရားတွေရဲ့ စွမ်းဆောင်နိုင်မှုတွေကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် နောက်ဆုံးမှာ ဒီသဘာဝတရားတွေ ချုပ်ငြိမ်းသွားတဲ့ တကယ့်
စာမျက်နှာ-၄၅၉
အငြိမ်းဓာတ်နိဗ္ဗာန်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။ n449w57oagq0nza3umoufrxj3ofznyo