ဝီကီးပီးဒီးယား rkiwiki https://rki.wikipedia.org/wiki/%E1%80%A1%E1%80%93%E1%80%AD%E1%80%80%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC MediaWiki 1.46.0-wmf.23 first-letter မီဒီယာ အထူး ဆွီးနွီးချက် အသုံးပြုလူ အသုံးပြုလူ ဆွီးနွီးချက် ဝီကီးပီးဒီးယား ဝီကီးပီးဒီးယား ဆွီးနွီးချက် ဖိုင် ဖိုင် ဆွီးနွီးချက် မီဒီယာဝီကီ မီဒီယာဝီကီ ဆွီးနွီးချက် တမ်းပလိတ် တမ်းပလိတ် ဆွီးနွီးချက် အကူအညီ အကူအညီ ဆွီးနွီးချက် ကဏ္ဍ ကဏ္ဍ ဆွီးနွီးချက် TimedText TimedText talk Module Module talk Event Event talk ဟတ်ဒစ်စ် ဒရိုက်ဗ် 0 1543 17782 13394 2026-04-12T11:21:04Z Amherst99 477 17782 wikitext text/x-wiki [[File:HardDiskAnatomy.jpg|thumb|right|A disassembled and labeled 1997 HDD lying atop a mirror]] '''စွာ့ဒ်ဒစ်ဒရိုက်ဗ်''' ဆိုစွာမှာ [[ကွန်ပျူတာ]]တွင် သတင်းအချက်အလက်တိအား သိမ်းဆည်းထားရာ အသုံးပြုရေ လျှပ်စစ် သံလိုက်ပြားတိနန့်ဖွဲ့စည်းတည်ဆောက်ထားရေ ပစ္စည်းတခုဖြစ်ရေ။<ref name="ostep">{{Cite web |title=Operating Systems: Three Easy Pieces, Chapter: Hard Disk Drives |url=http://pages.cs.wisc.edu/~remzi/OSTEP/file-disks.pdf |publisher=Arpaci-Dusseau Books |year=2014 |first1=Remzi H. |last1=Arpaci-Dusseau |first2=Andrea C. |last2=Arpaci-Dusseau}}</ref> ကွန်ပျူတာ စနစ် တခု လည်ပတ်ရန်အတွက် မဟိမဖြစ်ရေ ပစ္စည်းတခုဖြစ်ရေ။ ကွန်ပျူတာစနစ် လည်ပတ် အလုပ် လုပ်ဆောင်နိုင်ဖို့အတွက် အချက်အလက်မှတ်ဉာဏ်ဆိုင်ရာ အလုပ်လုပ်ဆောင်မှုတွင် အသုံးပြုပါရေ။ ကွန်ပျူတာ မှတ်ဉာဏ် (memory)အတွက် အဓိက မှတ်ဉာဏ်(primary memory)နန့် ဒုတိယ မှတ်ဉာဏ်(secondary memory)ဟုဟိရာ စွာ့ဒ်ဒစ်ဒရိုက်ဗ်ရေ ဒုတိယမှတ်ဉာဏ်ဖြစ်ရေ။ ကွန်ပျူတာစနစ်မောင်းနှင်မှု ပရိုဂရမ် အိုအတ်စ်(OS-Operating System) အား သိမ်းဆည်း ထားရာ နီရာဖြစ်ရေ။ အခြား အသုံးပြုရန် ကွန်ပျူတာတွင် ထည့်သွင်းထားရေ [[ပရိုဂရမ်]]တိလည်း ၎င်းအတွင်းတွင် ထည့်သွင်း သိမ်းဆည်းထားရေ။ ပရိုဂရမ်တိအပြင် သီချင်းတိ၊ စာအုပ်တိ၊ ရုပ်ရှင် ဗီဒီယို ဇာတ်ကားတိ နန့်အခြား သတင်းအချက်အလက်တိလဲ ထည့်သွင်းသိမ်းဆည်းထားရေ။ အဓိက မှတ်ဉာဏ်(main memory)နန့်မတူရေ အချက်မှာ ၎င်းတွင် လျှပ်စစ် ခလုပ်ပိတ်ထားရေအချိန်တွင်လဲ သိမ်းဆည်းထားရေ အချက်အလက်တိကို မပျောက်လားပဲ မှတ်သားထားနိုင်ရေ။ လိုအပ်ရေအချိန်တွင် ပရိုဂရမ်တိမှ ရှာဖွေကာ ပြန်လည် အသုံးပြုနိုင်ရေ။ သံလိုက်ကြိုးမှတ်ဉာဏ် (magnetic tape data storage)တိနန့်မတူရေ အချက်မှာ အချက်အလက် (data)တိအား အစဉ်လိုက်(sequentially) မသိမ်းဆည်းပဲ (random-access)အချက်အလက်တိဧတစိတ်တစ်ဒေသတိအဖြစ် ပိုင်းပြီးကေ သိမ်းဆည်းခြင်းကြောင့် သိမ်းဆည်းမှတ်နိုင်မှု ပမာဏ ပိုမိုကြီးမားကာ အချက်အလက်တိ ထည့်ခြင်း ပြန်လည်ထုတ်ယူခြင်း ပိုမိုမြန်ဆန်ပါရေ။ == သမိုင်း == '''စွာ့ဒ်ဒစ်ဒရိုက်ဗ်'''တိကို ၁၉၅၆ ခုနှစ်တွင် ကွန်ပျူတာ အချက်အလက်တိ သိမ်းဆည်ရန် IBM ကုမ္ပဏီမှ စတင် မိတ်ဆက်ခရေ။ ၁၉၆၀ ခုနှစ် အစောပိုင်းမှာ သုံးစွဲခကတ်ရေ။ မိန်းဖရိမ်ကွန်ပျူတာ(mainframe computer)တိမှာ သုံးစွဲခရေ။ ပထမဆုံး IBM မှ စတင်ထုတ်လုပ်ခရေ စွာ့ဒ်ဒစ်ဒရိုက်ဗ် ကတော့ 350 RAMAC ဖြစ်ရေ။ ၎င်းကတော့ အရွယ်အစားအားဖြင့်ရေခဲသေတ္တာ ၂လုံးစာလောက်ဖြစ်ပြီးကေ၊ အချက်အလက် ဝင်ဆံ့နိုင်မှုမှာ ၃.၇၅ မက်ဂါဘိုက်(3.75MB)မှ သာ ဖြစ်ရေ။ စာလုံးရေပေါင်း ၅သန်း သိမ်းဆည်းနိုင်ရေ။ ဒစ်ပြား(disk platters) အပြား ၅၀ နန့်အချက်အလက်တိကို သိမ်းဆည်းပါရေ။ ၁၉၆၁ ခုနှစ်မှာတော့ IBM က IBM 1311 ကို အောက်ရို့ဘာ ၁၁ရက်နေ့မှာ စတင်မိတ်ဆက်ခရေ။ ၎င်းမှာ အဝတ်လျှော်စက် ၁လုံးစာ အရွယ်အစားဖြစ်ပြီးကေ စာလုံးရေပေါင်း သန်း၂၀၀ ကျော် သိမ်းဆည်းနိုင်ရေ။ ဒစ်အတွဲ(disk pack)တစ်ခု ကေသိမ်းဆည်းနိုင်ရေ ပမာဏဖြစ်ရေ။ ထို ဒစ်အတွဲတိကို အဖြုတ်အတပ်လုပ်ပနာ ပြောင်းလဲ အသုံးပြုနိုင်ရေ။ ပထမဆုံး ရွှေ့ပြောင်းတပ်ဆင်နိုင်ရေ စွာ့ဒ်ဒစ်(removable disk) ဖြစ်ရေ။ အသုံးပြုသူတိမှ ဒစ်အတွဲတိ ထပ်မံဝယ်ယူ ပြောင်းလဲ တပ်ဆင်နိုင်ရေ။ နောက်မျိုးဆက်တိဖြစ်ရေ ရွှေ့ပြောင်းတပ်ဆင်နိုင်ရေ စွာ့ဒ်ဒစ်တိဧကနဦး အစ ဖြစ်ရေ။ ၁၉၈၀ခုနှစ် အစောပိုင်းမှာတော့ ၃၀၀ မက်ဂါဘိုက် အထိ သိမ်းဆည်းဝင်ဆန့်နိုင်ရေ စွာ့ဒ်ဒစ်တိ ပေါ်ထွက်လာရေ။ ==မှတ်စု== {{Notelist}} ==ကိုးကား== {{Reflist}} [[Category:ကွန်ပျူတာနည်းပညာ]] r9vr3jjjd0vdkxy74thhrftshz6r2p8