ဝီကီးပီးဒီးယား rkiwiki https://rki.wikipedia.org/wiki/%E1%80%A1%E1%80%93%E1%80%AD%E1%80%80%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC MediaWiki 1.46.0-wmf.24 first-letter မီဒီယာ အထူး ဆွီးနွီးချက် အသုံးပြုလူ အသုံးပြုလူ ဆွီးနွီးချက် ဝီကီးပီးဒီးယား ဝီကီးပီးဒီးယား ဆွီးနွီးချက် ဖိုင် ဖိုင် ဆွီးနွီးချက် မီဒီယာဝီကီ မီဒီယာဝီကီ ဆွီးနွီးချက် တမ်းပလိတ် တမ်းပလိတ် ဆွီးနွီးချက် အကူအညီ အကူအညီ ဆွီးနွီးချက် ကဏ္ဍ ကဏ္ဍ ဆွီးနွီးချက် TimedText TimedText talk Module Module talk Event Event talk ရခိုင်သင်္ကြန် 0 3928 17789 17788 2026-04-17T06:27:43Z ~2026-23611-07 1014 /* ဆက်စပ်ဆောင်းပါး */ 17789 wikitext text/x-wiki {{Infobox holiday |holiday_name = ရခိုင်သင်္ကြန် |type = buddhist |image = Rakhine_Thingyan_2011.jpeg |imagesize = 250px |caption = ရခိုင်သင်္ကြန်ပွဲတော် |official_name = Arakan Thingyan (ရခိုင်သင်္ကြန်) |nickname = ရီလောင်းပွဲတော် |observedby = [[ရခိုင်]] |litcolor = |longtype = |significance = မြန်မာနှစ်သစ်ကူး |begins = အကြိုနိ |ends = နှစ်ဆန်း(၁)ရက်နိ |date = နှစ်သစ် |flower = [[ပိတောက်ပန်း]] ရိုးရာအစားအစာ = မုန့်ဖက်ထုပ်၊မုန့်လုံးချေ |celebrations = |observances = ဘုရားရီသပ္ပါယ်ခြင်း၊နံ့သာသွီးခြင်း၊ ရီလောင်းခြင်း၊ ဥပုသ်စောင့်ခြင်း၊ သက်ကြီးရို့ ကန်တော့ခြင်း၊ |relatedto = [[ဆောင်ခရမ် အားလပ်ရက်]], [[:en:Lao New Year|လာအိုနှစ်သစ်ကူး]], [[:en:Puthandu|Tamil New Year]], [[:en:Cambodian New Year|ကမ်ဗောဒီယား နှစ်သစ်ကူးရက်]] }} [[သင်္ကြန်]]စွာ သင်္က္တဆိုရေ ပါဠိပုဒ်က လာရေ သက္ကတရရစ်သံနန့် သင်္ကြန်ဆိုရေ စကားကို ဖြစ်ပေါ်လာခြင်းဖြစ်ပါရေ။ သင်္က္တဧ့ အနက်မှာ ကူးပြောင်းခြင်း၊ တနီရာက တနီရာသို့ ရောက်ဟိခြင်းဆိုပနာ ဖြစ်ရေ။ မြန်မာနိုင်ငံဟိ တိုင်းရင်းသားရို့ဧ့ ကျင်းပမြဲဖြစ်ရေ ဆယ့်နှစ်လရာသီပွဲတော် တိမာ သင်္ကြန်ရီသဘင် ပွဲတော်စွာ ကကောင်းကြီးကျယ်စည်ကားရေ ပွဲတော်တစ်ခုဖြစ်လီရေ။ တိုင်းရင်းသား လူမျိုးရို့ဧ့ နှစ်သစ်ကူးသင်္ကြန်ပွဲစွာ ရှီးယခင်ကာလတိမာ မိဘဆရာသမား တိနန့် သက်ကြီးဝါကြီးတိကို သနပ်ခါး နံ့သာရည်တိ၊ သပြီခက်ချေတိနန့် ကန်တော့ကတ်ရေ အလိ့အထဟိခကတ်ပါရေ။ ဂုခါမာတော့ခါ တယောက်နန့်တယောက်၊ တဖွဲ့ နန့်တဖွဲ့ အလွန်အကြူး အပြန်အလှန် ရီကဇပ်မှုတိ၊ အားကဇပ်စိတ်ဓာတ် သဘောမျိုးတိ အပြိုင်အဆိုင်စကားနိုင် သံချပ်တိနန့် ပျော်ရွှင်ပွဲပိုင် ဆင်နွှဲမှုတိ ဖြစ်ပါရေ။ ရခိုင်လူမျိုးရို့မာ ဆယ့်နှစ်လရာသီ ပွဲတော်တိအထဲက တန်ခူးလ(ဧပြီလ)မာ ကျင်းပရေ သင်္ကြန်ပွဲတော်စွာ တစ်မူ ထူးခြားရေ ရိုးရာနှစ်သစ်ကူးရီသဘင် ပွဲတော်ဖြစ်ပါရေ။ ပွဲတော်ကျင်းပရီးအတွက် ရက်အနည်းငယ်လောက်ကပင် မြို့လုံးကျွတ် ရွာလုံးကျွတ်၊ ရပ်ကွက်တိုင်းမာ မဏ္ဍပ်ကြီးငယ်တိ ဆောက်လုပ်ကတ်ရပါရေ။<ref>https://www.mdn.gov.mm/my/rkhiungriuraasngknpaitteaa</ref> ==သမိုင်းနောက်ခံ== [[သင်္ကြန်]]ဆိုရေ ဝေါဟာရဝေါဟာကို ရခိုင်ဓညဝတီပြည့်သျှင် စန္ဒာသူရိယမင်းကြီးရေ မြတ်စွာဘုရားသျှင်နန့် အယင်ဘဝက သူငယ်ချင်းဖြစ်ခဖူးရေလို့ စာဆိုတိဟိခဖူးပါရေ။ ယေဇူးနန့် ဘီစီ-၅၂၈မှာ မြတ်စွာဘုရားရေ နောက်လိုက်သံဃာ အပါး၅၀၀ နန့်တတူ ကျောက်တော်တောင်ကို ကြွချီလာပျာယ် ဘုရင်နန့် တိုင်းသူပြည်သားတိ ကိုးကွယ်ဖို့ မဟာမြတ်မုနိ ဆင်းတုတော်ကို ပုံစံတူကိုယ်ပွားတော် အဖြစ်သွန်းလုပ်စီခပါရေ။ ရခိုင်ပြည်သူ ရခိုင်ပြည်သားရို့စွာ ယင်းဆင်းတုတော်ကို အမွှီးနံ့သာရီ တိနန့် ပက်ဖြန်းဗနာ ရီသပ္ပါယ်ပူဇော်ကတ်ရပါရေ။ ယင်းတွက်ကြောင်း နှစ်စဉ် နှစ်စဉ်ဒေအချိန်မှာ ဘုရားဆင်းတုတော်တိကို ရီသပ္ပါယ်ပူဇော်ရေ ဓလေ့ဖြစ်ထွန်းလာရရေ လို့ ရခိုင်သမိုင်းစာအုပ်တိမာ ဖွင့်ဆိုပါရေ။ ရီသပ္ပါယ် ပူဇော်အပြီးမှာ ကျန်ဟိခရေ နံ့သာရီစင်တိ နန့် ရခိုင်ပြည်သူတိ အချင်းချင်းပက်လောင်းခြင်းအားဖြင့် ရီလောင်းရေ ဓလေ့ပေါ်ပေါက်လာခြင်းဖြစ်ပါရေ။ ယင်းချင့်ကိုအစွဲပြုပနာ သင်္ကြန်ပွဲတော် အဖြစ်ကျင်းပခြင်းဖြစ်တေလို့ ရခိုင်ရို့ဧ့ သင်္ကြန် သမိုင်းကို ဂုပိုင် တအံ့တအား တွိ့ဟိရပါရေ။ ရခိုင်လူမျိုးတိရေ သမိုင်းတလျှောက်မှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်လာရေလူမျိုးတိအဖြစ်ထင်ရှားပါရေ။ ယင်းနန့် အညီ ဒေသင်္ကြန်ပွဲတော်ရေ ဘာသာရေးကို အခြီခံပျာယ် ဖြစ်ပေါ်လာရေ ယဉ်ကျေးမှုပွဲတော်ဖြစ်ပါရေ။<ref>https://web.facebook.com/100064554829745/posts/%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9E%E1%81%BE%E1%80%80%E1%81%A4%E1%80%94%E1%80%B9%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%80%95%E1%81%9A%E1%80%9C%E1%80%AC%E1%80%95%E1%80%B6%E1%80%AF-%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%81%BE%E1%80%80%E1%81%A4%E1%80%94%E1%80%B9-%E1%80%A1%E1%80%80%E1%80%B0%E1%80%B8%E1%80%A1%E1%80%B1%E1%81%BF%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%81%80%E1%80%AB-%E1%80%80%E1%80%B0%E1%80%B8%E1%80%B1%E1%81%BF%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%81%BF%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%E1%82%94-%E1%80%96%E1%80%BC%E1%80%84%E1%80%B9%E1%80%B7/820104275143159/?_rdc=1&_rdr#</ref> ==ရခိုင်သင်္ကြန်ကျင့်ပပုံ== [[ရခိုင်သင်္ကြန်]]ကိုတော့ခါ သင်္ကြန် အကြိုနိ ၊ အကျနိ ၊ အကြတ်နိ ၊ အတက်နိနန့် နှစ်ဆန်းတရက်နိ ဆိုပနာ သတ်မှတ်ကတ်ပါရေ။<ref>https://www.bbc.com/burmese/ethnic/2010/04/100408_yakhine_thingyan_</ref> သင်္ကြန်အကြိုနိ့ မတိုင်ခင် တရက်အလိုမာ ရပ်ကွက်တိ အိမ်တိ ဘုန်းကြီးကျောင်းတိ နန့် သိမ် အဆောက်အအုံ စသည်ရို့ ကို အယင်ဆုံး ဆီးကြောသန့်စင်ကတ်ရပါရေ။ နှစ်သစ်ကို ရောက်ဖို့ဖြစ်လို့ နှစ်ဟောင်းက အညစ်အကြေးတိကို သန့်စင်ခြင်းဖြစ်တေလို့လေ့ ရှိးလူကြီးတိ အဆိုဟိပါရေ။<ref>https://web.facebook.com/100064554829745/posts/%E1%80%9B%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9E%E1%81%BE%E1%80%80%E1%81%A4%E1%80%94%E1%80%B9%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%80%95%E1%81%9A%E1%80%9C%E1%80%AC%E1%80%95%E1%80%B6%E1%80%AF-%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%81%BE%E1%80%80%E1%81%A4%E1%80%94%E1%80%B9-%E1%80%A1%E1%80%80%E1%80%B0%E1%80%B8%E1%80%A1%E1%80%B1%E1%81%BF%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%81%80%E1%80%AB-%E1%80%80%E1%80%B0%E1%80%B8%E1%80%B1%E1%81%BF%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%81%BF%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%E1%82%94-%E1%80%96%E1%80%BC%E1%80%84%E1%80%B9%E1%80%B7/820104275143159/?_rdc=1&_rdr#</ref> သင်္ကြန်ရက်တိအတွင်းမာ လူကြီးတိ ဥပုသ်သီလဆောက်တည်ကတ်ပြီးကေ အချေ လူရွယ် လူလတ်တိ ပျော်ရွှင်စွာ ရီကဇပ်ခွင့်ရကတ်ပါရေ။ ရီကဇပ်ကတ်ရာမာ အပျိုချေလှပျိုဖြူတိမှာ တူညီဝတ်စုံတိ ဝတ်ဆင်ပနာ ရီကဇပ်မဏ္ဍပ်အတွင်းဘက်ကနီပနာ အပြန်အလှန် ရီကဇပ်ကတ်ပါရေ။ မဏ္ဍပ်အတွင်းမာ လောင်းလှီတိနန့် ရီအပြည့်ဖြည့်ထားပြီးကေ မမာ့ချေတိက ကာလသားတိသို့ တစ်လှည့်စီ ရီကမ်းပီးရပါရေ။ တစုံတလီ ပြဿနာမဖြစ်ပေါ်စီဖို့အတွက် 'မဏ္ဍပ် သျှင်မ'လို့ခေါ်ရေ မမာ့ကြီးတိက ထိန်းကွပ်ပီးထားကတ်ခြင်းနန့် ယဉ်ကျေးစွာ ပျော်ရွှင်ကဇပ်ခွင့်ရရေ ပွဲတော်အဖြစ် အမြဲတမ်းဂုဏ်ယူပနာ ဟိကတ်လီရေ။ ညချမ်းအချိန်အခါမာလေ့ သင်္ကြန် အလှပြမဏ္ဍပ်စင်တိမာ ရပ်ကွက်တိုင်းက အပျိုချေလှပျိုဖြူတိဧ့ သင်္ကြန်ယိမ်းအက ပြိုင်ပွဲတိ၊ သံချပ်ထိုးပြိုင်ပွဲတိ၊ ရခိုင် တေးသံသျှင်တိဧ့ ကပြဖျော်ဖြီမှုတိနန့် သင်္ကြန်ကာလ အနှစ်သာရတိကို တရက် ထက်တရက် မရိုးရရောင် ကပြဖျော်ဖြီကတ်စွာလေ့ သင်္ကြန်ကာလဧ့ အနှစ်သာရ ပသာဒတခုပင်ဖြစ်လီရေ။<ref>https://www.mdn.gov.mm/my/rkhiungriuraasngknpaitteaa</ref> ===အကြိုနိ=== သင်္ကြန်အကြိုနိရောက်စွာနန့် ယောကျားချေ၊ မမာ့တိစုပေါင်းပနာ ညဇာဖက်ပိုင်းမှာ ရွာထဲ ရပ်ထဲက လပျိုခေါင်း အိမ်မှာ ဖြစ်စီ၊ အပျိုခေါင်းအိမ်မာဖြစ်စီ၊ ရပ်ရွာလူကြီး အိမ်တိမာဖြစ်စီ၊ မဏ္ဍာပ်မာဖြစ်စီ ဘုရားရီသပ္ပာယ်ဖို့ နံ့သာဖြူ၊ နံ့သာနီတိကို တပျော်တပါး သွီးကလိ့ဟိရေ။ ယင်းနိကို 'နံ့သာသွီးနိ'လို့လေ့ ခေါ်ကတ်ပြီးကေ ကာလသားတိက အိုးစည်ဗုံမောင်းတီးပနာ သံချပ်ထိုးကာ ညလုံးပေါက် ကခုန် မြူးထူးကတ်လီရေ။ သင်္ကြန်အကျ နိ နံနက်ပိုင်းမာ လူကြီးလူငယ်တိ စုရုံး စီတန်းပြီးကေ ရခိုင်မင်္ဂလာစည်တော်တီးပနာ ညဇာဖက်က သွီးထားရေ အမွှီးနံ့သာရည်တိ ကို ငွီဖလားကြီးတိနန့် ထည့်ပနာ ဘုန်းကြီးကျောင်းတိသို့ လှည့်လည် လားရောက်ကတ်ပါရေ။ သင်္ကြန် အကြိုနိမာတော့ခါ ရခိုင်ယောကျားချေတိစွာ ဘုရား ရီသပ္ပါယ်လေ့ ဟိပါရေ။ နံ့သာသွီးပွဲကို ရခိုင်ရပ်ရွာတိုင်းမာ ကျင်းပ ပြုလုပ်ကတ်ပိုင် မြို့တိမာ ဆိုကေလေ့ ရပ်ကွက် အလိုက် ကျင်းပကတ်ပါရေ။<ref>https://www.bbc.com/burmese/ethnic/2010/04/100207_yakhine_thingyan</ref> နံ့သာသွီးပွဲကို အိမ်တိုင်းအိမ်တိုင်း လပျို အပျိုတိ ပါဝင်ဆင်နွှဲကတ်ရပြီးကေ ကျောက်ပျဉ်ထက်မာ နံ့သာတုံးတိကို ဘုရားရီသပ္ပါယ်ဖို့ သွီးကတ်စွာ ဖြစ်ပါရေ။ နောက်တနိ သင်္ကြန် အကြိုနိကို ရောက်ရေအခါမာတော့ခါ ဘုရားရီသပ္ပာယ် အမှုကို ပြုလုပ်ကတ်ရပါရေ။ ဘုရားရီသပ္ပယ်ရေ အခါမာလေ့ စည်းကမ်းတိ ဟိပါရေ။ ရပ်ရွာထဲမာဟိရေ လူပျို အပျိုတိကတော့ခါ ဘုရားရီသပ္ပာယ်စွာကို မလားလို့ မရပါ။ မလားကေ ဒဏ်ရိုက်ခံရပိုင် လူပျို အပျိုတိ ကြားထဲကလေ့ ဖယ်ကြဉ်း ခံရတတ်ပါရေ။ အပျိုကြီးတိ လပျိုကြီးတိက စေတနာပေါက် ဘုရားရီသပ္ပာယ်စွာကို ပါဝင် ဆင်နွှဲနိုင်ပါရေ။ ဘုရားရီသပ္ပာယ်ဖို့ သက်ဆိုင်ရာ ဘုန်းကြီးကျောင်းတိကို လားရေ အခါမာလေ့ အဝတ်အစား ကောင်းတိကို ဝတ်ပြီးကေ စီတန်း လမ်းလျှောက်ပြီးပနာ အိုးစည် ဗုံမောင်းတိနန့် လားကတ်ရပါရေ။ ဘုန်းကြီးကျောင်းကို ရောက်ကေ ကျောင်းထက် ဘုရားဆင်းတုတော် တိကို ကျောင်းအောက်ကို ချယူပြီးကေ အမွှေးနံ့သာ တိနန့် ပက်ဖျန်းပြီးကေ ရီသပ္ပာယ် ရပါရေ။ ရခိုင်ရိုးရာဓလိ့ထုံးစံအရ ဘုရားစွာ မသပ္ပာယ်ကေ ရီလောင်းကဇပ်စွာကို မပြုလုပ်ရပါ။ ဘုရား ရီသပ္ပာယ်ပြီးကေ ကျောင်းထိုင် ဆရာတော်တိပါးမာ ငါးပါးသီလ ခံယူကတ်ပြီးကေ အိမ်ကို ပြန်လာကတ်ပနာ နောက်တနိတွက် မုန့်ပဲသရေစာတိ ပြုလုပ်ကတ်ရပါရေ။<ref>https://www.bbc.com/burmese/ethnic/2010/04/100408_yakhine_thingyan_</ref> ===အကျနိ၊ အကြတ်နိ၊ အတက်နိ=== သင်္ကြန် အကျနိက စတင်ပြီးကေ ရီပက် ကဇပ်ကတ်ရပါရေ။ ရီလောင်းရေ အခါမာလေ့ ရပ်ကွက်အလိုက် မဏ္ဍပ်တိ ဆောက်ပြီးကေ လှီတိမာ ရီဖြည့်ပနာ မမာ့က တဖက် ယောကျားချေက တဖက် ကဇပ်ကြရပါရေ။ မမာ့တိက တူညီ သင်္ကြန် အဝတ်အစားတိ ဝတ်ဆင်ကတ်ပြီးကေ မဏ္ဍပ်တွင်းကနိန်ပနာ ကဇပ်ရပြီး ယောကျားချေတိကတော့ မဏ္ဍပ်ရှိက လားရောက်ပြီးကေ အဖွဲ့လိုက် ရီပက်ကဇပ် ကတ်ပါရေ။ ရီလောင်းချိန်မာ ယောကျားချေတိကတော့ခါ ကိုယ်ကြိုက်ရေ မမာ့ချေကို ရွီးချယ်ပြီး ရီလောင်းကဇပ်ကတ်ပိုင် ချစ်ရီးလေ့ ဆိုတတ်ကတ်ပါရေ။ မိဘ မောင်ဖွားတိ အနိန်နန့် သင်္ကြန် ကာလမာ ဂုပိုင် ချစ်ရီးဆိုစွာကို ဝင်ရောက် တားဆီးပိုင်ခွင့်တိ မဟိရပါ။ ယင့်ချင့်ကို မေတ္တာရီလောင်း ရေလို့ ခေါ်ကတ်ပါရေ၊ မေတ္တာရေ ဆိုတာကတော့ ကိုယ်ကြိုက်ရေ မမာ့ချေကို မဏ္ဍပ်ရှိကို ခေါ်ယူပြီးကေ တယောက်တည်း သီးသန့် ခွက်ချေနန့် ရီလောင်းခွင့် ရဟိခြင်းပါ။ သင်္ကြန်အတွက် အမှတ်တရ လက်ဆောင်တိကိုလည်း အပြန်အလှန် ဖလှယ်တတ်ကတ်ပါရေ။ မေတ္တာရေ ဆိုတဲ့ အတိုင်း မေတ္တာစကားတိကို သီကုံးပြီး ချစ်ရေးဆိုနိုင်ပါတယ်။ ယောကျားချေ တိက အဖွဲ့လိုက် ရီလောင်းကဇပ်ဖို့ လာရောက်ရေ အခါ ရှိကအဖွဲ့က မပြီးသိမ့်ရေ အတွက် စောင့်နီရရေ အဖွဲ့တိက သံချပ်တိထိုးပြီးကေ ကခုန် နီကတ်တွက်နန့် ရီလောင်းရေ မဏ္ဍပ် အနီးတဝိုက်မာ သံချပ်သံ တေးခြင်းသံတိနန့် မြိုင်ဆိုင်စီပါရေ။ မဏ္ဍပ် ထဲမာ အလျား(၅)နံ ဟိရေ လောင်းကြီးကို မဏ္ဍပ် အလယ်မာ ချထားရပါရေ။ မဏ္ဍပ်အရှိဖက်မှာ သစ်သားတန်း(ရင်တား) ကိုရာဇမတ်ကွက်နန့် တကွအခိုင်အမာ ကာရံထားရပါရေ။ မဏ္ဍပ် ကို အုန်းခက်အုန်းလက် ပိတောက် ငုဝါတိနန့် အလှဆင်ပနာ မဏ္ဍပ် ဖူးစီးစာတမ်းကိုလေ့ ချိန်ဆွဲထားကတ်ရပါရေ။ နိ့စဉ်မိုးထ (၁၀)နာရီကပင် ညဇာ (၄)နာရီလောက်ထိ အပျိုလပျိုတိ ရီကစပ်ခွင့်ရကတ်ပါရေ။ သင်္ကြန်မဏ္ဍပ်အထဲမာ ဟိရေ လောင်းကြီးနောက်ဖက်မှာ မဏ္ဍပ်ကိုမျက်နှာမူပြီးကေ တန်းစီထိုင်ကတ်ရပါရေ။ လပျို ယောင်္ကျားချေတိက အုပ်စုလိုက်ပင်ဖြစ်စီ တယောက်ချင်းပင်ဖြစ်စီ မဏ္ဍပ်ပြင်ပကနီပနာ သံချပ်ထိုး ခွန်းတောက်တိ သီဆိုနိုင်ပါရေ။ ပြီးကေ ကိုယ်ကြိုက်နှစ်သက်ရေ မမာ့ချေတိကို ရီဝင်လောင်းကတ်ရပါရေ။ ရီလောင်းရေအခါ မဏ္ဍပ်သျှင် အရီးရို့ပါးက ခွင့်ပြုချက်တောင်းပြီးမှရာ မိမိရို့ ရီလောင်းချင်ရေ လှပျိုဖြူတိကို ရွီးချယ်ခေါ်ယူ ရီးလောင်းကတ်ရပါရေ။ ရီလောင်းရေအခါ မရီးအပျိုတိက အယင်ဆုံး လပျိုတိရီပုံးထဲမာ လောင်းထဲက ရီဖြည့်ပီးကတ်ရပါရေ။ ယောင်္ကျားပျိုတိက စလို့ရီသုံးခေါက် စတင်လောင်းပနာ ခေါ်ခါမှ မရီးရို့ကပြန်လို့ ရီးလောင်းခွင့်ရပါရေ။ ယင်းပိုင်နန့် ရခိုင်သင်္ကြန်မာ ရခိုင်သားနန့် ရခိုင်သမ ရီကစပ်ကတ်ရပါရေ။ မဏ္ဍပ် ပြင်ပမာ ခိုက်ရန်ဖြိုက်ပွားခြင်းမဟိရအောင်လေ့ ထိန်းသိမ်းကတ်ရပါသိရေ။<ref> https://www.bbc.com/burmese/ethnic/2010/04/100408_yakhine_thingyan_</ref> သင်္ကြန်သုံးရက် အတွင်းမာတော့ခါ မုန့်ပဲ သရီစာတိကို အိမ်တိုင်းအိမ်တိုင်း ပြုလုပ်ကတ်ပြီးကေ ဘုန်းကြီးကျောင်းတိကို လားရောက်လှူဒါန်းရေ အပြင် ဆွေမျိုးတိနန့် ရင်းနှီး ခင်မင်သူတိကို ဖိတ်ခေါ် ကျွေးမွီးကတ်ရပါရေ။ လူကြီး မိဘတိကတော့ သင်္ကြန် သုံးရက်လုံး ဘုရားကျောင်းကန်ကို လားရောက်ပြီး ဥပုတ်သီလ ဆောက်တည်ကတ်ပါရေ။<ref>https://www.bbc.com/burmese/ethnic/2010/04/100408_yakhine_thingyan_</ref> ===နှစ်ဆန်းတရက်နိ=== နှစ်ဆန်းတရက် နိမာတော့ ရီကဇပ်စွာကို ရပ်လိုက်ပြီးကေ ကုသိုလ် ကောင်းမှုကို လုပ်ဆောင်ကတ်ပါရေ။ သက်ကြီး ရွယ်ကြီးတိကို ပူဇော်စွာတိ၊ ခြီသည်းလက်သည်းညှပ်ပီးစွာတိ၊ ဘေးမဲ့ ငါးလွှတ်စွာတိ ပြုလုပ်ကတ်ပြီးကေ ညဇာဖက်ပိုင်းမာတော့ခါ ဘုရားကျောင်းကန်တိကို လားပနာပြီး ဆီမီးပူဇော် ကတ်ပါရေ။<ref>https://www.bbc.com/burmese/ethnic/2010/04/100408_yakhine_thingyan_</ref><ref>https://www.mdn.gov.mm/my/rkhiungriuraasngknpaitteaa</ref> တချို့ဒေသတိမာ နှစ်ဆန်းတရက်နိ ညဇာဖက်မာ ကတက်မုန့် ကောက်ခြင်း အလေ့အထကိုလည်း ပြုလုပ်ကတ်ပါရေ၊ ကတက်မုန့်ကောက်ခြင်းဆိုစွာ လပျိုခေါင်းနန့် အပေါင်းအပါတိ သို့မဟုတ် ဘုန်းကြီးကျောင်းသားတိ ရို့က ဗုံ၊ နှဲ ၊ လင်ကွန်း တိနန့် တအိမ်ဝင် တအိမ်ထွက် မုန့်ကောက်ခံခြင်းဖြစ်ပါရေ၊ အိမ်တိုင်းက မထည့်ကေ မနီရပါ၊ ဆူညံနီအောင် အိမ်ထက်တက်ပနာ ကခုန် တီးမှုတ်ကတ်ပါရေ၊ တချို့အိမ်တိ ဆိုကေ မုန့်မထည့်သိမ့်ပဲ၊ တမင်တကာ ကခိုင်းပြီးမှ ထည့်စွာတိ ပြုလုပ်ကတ်ပါရေ၊ မုန့်မထည့်သမျှ မဆင်းပဲ ကခုန်ကရေ ဓလေ့ဖြစ်ပါရေ၊ နောက်ထပ် ဓလေ့တခုကတော့ခါ မျက်နှာအိုးမဲသုတ်ခြင်း ဓလေ့ဖြစ်ပါရေ၊ အိမ်ထောင်ရှင်တိ၊ သို့မဟုတ် အပျိုကြီး လပျိုုကြီးက မနာတမ်း ကျီစပ်ရေ ဓလေ့ဖြစ်ပါရေ၊ နှစ်ဆန်းတရက်နိ ညဇာဖက်ဆိုကေ အုပ်စုလိုက်ဖွဲ့ပနာ ခင်မင်ရလူတိကို မျက်နှာမာ အိုးမဲသုတ်ခြင်း ဓလေ့ဖြစ်ပါရေ၊ ငြင်းခုံရုန်းကန်ကေ ကြိုးတိနန့် ချိုင်ပနာ အလျော့ပီးရေအထိ အားပနာတမ်း မာန်မပါတမ်း ကဇပ်ရေ ဓလေ့လည်းဖြစ်ပါရေ၊ သင်္ကြန်လမာ ရီလောင်းပွဲတိကိုလည်းကောင်း၊ ကျင်ပွဲကိုလည်းကောင်း၊ လှီပြိုင်ပွဲ (ခေါ်) ပြိုင်လောင်းပြိုင်ပွဲကိုလည်းကောင်း ရာသီပွဲတိ အဖြစ်ကျင်းပလေ့ဟိပါရေ။ ===သံချပ်=== သင်္ကြန်ရာသီ ရောက်လာကေ ရခိုင်ပြည်နယ် အနှံ့မာ ရခိုင် သင်္ကြန် သံချပ်သံတိက ညံစီလာပါရေ။ ရခိုင်သံချပ် တိကတော့ခါ များသောအားဖြင့် ခေတ်ကာလအတွင်း လူထုနန့် အံဝင်ဂွင်ကျ မဖြစ်ရေ နိုင်ငံရီး ၊ လူမှုရီး ၊ စီးပွားရီး အစဟိရေ အကြောင်းအရာ တိကို သရော်ပြီးကေ ဖွဲ့ဆိုထားရေ သံချပ်တိ ဖြစ်ပါရေ။ ယင်းသံချပ်တိစွာ ရခိုင်သင်္ကြန်ဧ့ ပြယုဒ်တခုဖြစ်ပြီးကေ သံချုပ်သံတိ ကြားကေ သင်္ကြန်ပိုးတိက ဝင်လာတက်ပြီးကေ စိတ်တိကို မြူးကြွလာစီပါရေ။<ref>https://www.bbc.com/burmese/ethnic/2010/04/100408_yakhine_thingyan_ </ref> ==ဆက်စပ်ဆောင်းပါး== * [[ရခိုင်ပြိုင်လောင်းပွဲ]] * [[ကျင်ပွဲ]] * [[နံသာသွီးပွဲ]] * [[သံချပ်]] * [[ဥပုသ်စောင့်]] * [[မုန့်လုံးချေ]] * [[ဘုရားရီသပ္ပါယ်]] * [[သင်္ကြန်]] ==ကိုးကား== hpyfhzlw1vsir7tenyfv16jwz8es2ky